ထိုကလေးသည် သေလေ၏၊ ထိုရဟန်းအား တွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်၏။ပ။
ရဟန်း သင်သည် အဘယ်စိတ်ရှိသနည်းဟု (မေးတော်မူရာ)
မြတ်စွာဘုရား တပည့်တော်မှာ သေစေလိုစိတ် မရှိပါဟု (လျှောက်ထား၏)။
ရဟန်း မသေစေလိုသော ရဟန်းအား အာပတ် မသင့်ဟု (မိန့်တော်မူ၏)။ (၃)
တစ်ရံရောအခါ ရဟန်းတစ်ပါးသည် ရွာတွင်းရှိ ဆွမ်းစားဇရပ်၌ နေရာခင်းရာ ဆုံလုပ်ရန် သစ်လုံးကိုနင်းမိ၍ လိမ့်လေရာ ကလေးတစ်ယောက်ကို ဖိမိ၍ သေစေ၏၊ ထိုရဟန်းအား တွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်၏။ပ။
ရဟန်း သေစေလိုစိတ်မရှိသော ရဟန်းအား အာပတ် မသင့်ဟု (မိန့်တော်မူ၏)။ (၄)
တစ်ရံရောအခါ သားအဖနှစ်ယောက်တို့သည် ရဟန်းများ အထံ၌ ရဟန်းပြု ကြကုန်၏၊ အချိန် အခါကိုလျှောက်ထားရာ သားက အဖကို "အသျှင်ဘုရား ကြွပါ၊ သံဃာတော်သည် အသျှင်ဘုရားကိုမျှော်လင့်နေပါသည်"ဟု လျှောက်ထား၍ ကျောက်ကုန်း၌ ကိုင်၍ တွန်းလေရာ ထိုရဟန်းသည် လဲကျ၍သေလေ၏၊ ထိုရဟန်းအား တွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်၏။ပ။
ရဟန်း သင်သည် အဘယ်စိတ်ရှိသနည်းဟု (မေးတော်မူရာ)
မြတ်စွာဘုရား တပည့်တော်သည် သေစေလိုစိတ် မရှိပါဟု (လျှောက်ထား၏)။
ရဟန်း သေစေလိုစိတ်မရှိသော ရဟန်းအား အာပတ် မသင့်ဟု (မိန့်တော်မူ၏)။ (၅)
တစ်ရံရောအခါ သားအဖနှစ်ယောက်တို့သည် ရဟန်းများ အထံ၌ ရဟန်းပြု ကြကုန်၏၊ အချိန် အခါကိုလျှောက်ထားရာ သားက အဖကို "အသျှင်ဘုရား ကြွပါ၊ သံဃာတော်သည် အသျှင်ဘုရားကိုမျှော်လင့်နေပါသည်"ဟု လျှောက်ထား၍ သေစေလိုသဖြင့် ကျောက်ကုန်း၌ ကိုင်၍ တွန်းလေရာ ထိုရဟန်းသည် လဲကျ၍ သေလေ၏၊ ထိုရဟန်းအား တွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်၏။ပ။ ရဟန်း သင်သည်ပါရာဇိက ကျပြီဟု (မိန့်တော်မူ၏)။ (၆)
တစ်ရံရောအခါ သားအဖနှစ်ယောက်တို့သည် ရဟန်းများ အထံ၌ ရဟန်းပြုကြကုန်၏၊ အချိန် အခါကိုလျှောက်ထားရာ သားက အဖကို "အသျှင်ဘုရား ကြွပါ၊ သံဃာတော်သည် အသျှင်ဘုရားကိုမျှော်လင့်နေပါသည်"ဟု လျှောက်ထား၍ သေစေလိုသဖြင့် ကျောက်ကုန်း၌ ကိုင်၍ တွန်းလေရာ ထိုရဟန်းသည် လဲကျသော်လည်း မသေချေ၊ ထိုရဟန်းအား တွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်၏။ပ။ ရဟန်းပါရာဇိကအာပတ် မသင့်၊ ထုလ္လစ္စဉ်းအာပတ် သင့်၏ဟု (မိန့်တော်မူ၏)။ (၇)
၁၈၁။ တစ်ရံရောအခါ ရဟန်းတစ်ပါးအား ဆွမ်းစားစဉ် အမဲသားတုံးသည် လည်ချောင်း၌ နင့်'ဆို့' နေ၏၊ ရဟန်းတစ်ပါးသည် ထိုရဟန်း၏ လည်ပင်းကို ရိုက်လေရာ သွေးနှင့်တကွ အမဲသားတုံး ကျလာပြီး ထိုရဟန်းသည် သေလေ၏၊ ထိုရဟန်းအား တွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်၏။ပ။ ရဟန်းသေစေလိုစိတ် မရှိသော ရဟန်းအား အာပတ် မသင့်ဟု (မိန့်တော်မူ၏)။ (၈)
တစ်ရံရောအခါ ရဟန်းတစ်ပါးအား ဆွမ်းစားစဉ် အမဲသားတုံးသည် လည်ချောင်း၌ နင် 'ဆို့' နေ၏၊ ရဟန်းတစ်ပါးသည် သေစေလို၍ ထိုရဟန်း၏ လည်ပင်းကို ရိုက်လေရာ သွေးနှင့်တကွ အမဲသားတုံး ကျလာပြီးလျှင် ထိုရဟန်းသည် သေလေ၏၊ ထိုရဟန်းအား တွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်၏။ပ။ ရဟန်း သင်သည် ပါရာဇိက ကျပြီဟု (မိန့်တော်မူ၏)။ (၉)
တစ်ရံရောအခါ ရဟန်းတစ်ပါးအား ဆွမ်းစားစဉ် အမဲသားတုံးသည် လည်ချောင်း၌ နင် 'ဆို့' နေ၏၊ ရဟန်းတစ်ပါးသည် သေစေလို၍ ထိုရဟန်း၏ လည်ပင်းကို ရိုက်လေရာ သွေးနှင့်တကွ အမဲသားတုံး ကျလာသော်လည်း ထိုရဟန်းသည်