မပြောမီ ရှေးမဆွကပင် ထိုရဟန်းသည် "မဟုတ်မမှန် ပြောမည်"ဟု သိ၏၊ ပြောဆဲ ရဟန်းသည် "မဟုတ်မမှန် ပြောသည်"ဟု သိ၏၊ ပြောပြီး ရဟန်းသည် "ငါ မဟုတ်မမှန် ပြောမိပြီ"ဟု သိ၏၊ (ငါ့အား ပဌမဈာန် မရှိဟူသော မိမိ၏) အယူအဆကို ဖုံးထားလျက် (ငါ့အား ပဌမဈာန် မရှိဟူသောမိမိ၏) နှစ်သိမ့် သဘောတူညီမှုကို ဖုံးထားလျက် (ငါ့အား ပဌမဈာန် မရှိဟူသော မိမိ၏) နှစ်သက်ကျေနပ်မှုကို ဖုံးထားလျက် အကြောင်းခြောက်မျိုးတို့ဖြင့် ပဌမဈာန်ကို ဝင်စားခဲ့ပြီဟု သိလျက် မဟုတ်မမှန် ပြောဆိုသော ရဟန်းအား ပါရာဇိကအာပတ် သင့်၏။
မပြောမီ ရှေးမဆွကပင် ထိုရဟန်းသည် "မဟုတ်မမှန် ပြောမည်"ဟု သိ၏၊ ပြောဆဲ ရဟန်းသည် "မဟုတ်မမှန် ပြောသည်"ဟု သိ၏၊ ပြောပြီး ရဟန်းသည် "ငါ မဟုတ်မမှန် ပြောမိပြီ"ဟု သိ၏၊ (ငါ့အား ပဌမဈာန် မရှိဟူသော မိမိ၏) အယူအဆကို ဖုံးထားလျက် (ငါ့အား ပဌမဈာန် မရှိဟူသောမိမိ၏) နှစ်သိမ့် သဘောတူညီမှုကို ဖုံးထားလျက် (ငါ့အား ပဌမဈာန် မရှိဟူသော မိမိ၏) နှစ်သက်ကျေနပ်မှုကို ဖုံးထားလျက် (ငါ့အား ပဌမဈာန် မရှိဟူသော မိမိ၏) ရည်မှန်းချက်ကို ဖုံးထားလျက်အကြောင်းခုနစ်မျိုးတို့ဖြင့် ပဌမဈာန်ကို ဝင်စားခဲ့ပြီဟု သိလျက် မဟုတ်မမှန် ပြောဆိုသော ရဟန်းအားပါရာဇိကအာပတ် သင့်၏။
၂၀၁။ မပြောမီ ရှေးမဆွကပင် ထိုရဟန်းသည် "မဟုတ်မမှန် ပြောမည်"ဟု သိ၏၊ ပြောဆဲရဟန်းသည် "မဟုတ်မမှန် ပြောသည်"ဟု သိ၏၊ ပြောပြီး ရဟန်းသည် "ငါ မဟုတ်မမှန် ပြောမိပြီ"ဟုသိ၏၊ (ဤ) အကြောင်းသုံးမျိုးတို့ဖြင့် ပဌမဈာန်ကို ဝင်စားသည်ဟု သိလျက် မဟုတ်မမှန် ပြောဆိုသောရဟန်းအား ပါရာဇိကအာပတ် သင့်၏။
မပြောမီ ရှေးမဆွကပင် ထိုရဟန်းသည် "မဟုတ်မမှန် ပြောမည်"ဟု သိ၏၊ ပြောဆဲ ရဟန်းသည့်"မဟုတ်မမှန် ပြောသည်"ဟု သိ၏၊ ပြောပြီး ရဟန်းသည် "ငါ မဟုတ်မမှန် ပြောမိပြီ"ဟု သိ၏၊ အယူအဆကို ဖုံးထားလျက် အကြောင်းလေးမျိုးတို့ဖြင့် ပဌမဈာန်ကို ဝင်စားသည်ဟု သိလျက် မဟုတ် မမှန်ပြောဆိုသော ရဟန်းအား ပါရာဇိကအာပတ် သင့်၏။
မပြောမီ ရှေးမဆွကပင် ထိုရဟန်းသည် "မဟုတ်မမှန် ပြောမည်"ဟု သိ၏၊ ပြောဆဲ ရဟန်းသည် "မဟုတ်မမှန် ပြောသည်"ဟု သိ၏၊ ပြောပြီး ရဟန်းသည် "ငါ မဟုတ်မမှန် ပြောမိပြီ"ဟု သိ၏၊ အယူအဆကို ဖုံးထားလျက် နှစ်သိမ့်သဘောတူညီမှုကို ဖုံးထားလျက် အကြောင်းငါးမျိုးတို့ဖြင့် ပဌမဈာန်ကို ဝင်စားသည်ဟု သိလျက် မဟုတ်မမှန် ပြောဆိုသော ရဟန်းအား ပါရာဇိကအာပတ် သင့်၏။
မပြောမီ ရှေးမဆွကပင် ထိုရဟန်းသည် "မဟုတ်မမှန် ပြောမည်"ဟု သိ၏၊ ပြောဆဲ ရဟန်းသည် "မဟုတ်မမှန် ပြောသည်"ဟု သိ၏၊ ပြောပြီး ရဟန်းသည် "ငါ မဟုတ်မမှန် ပြောမိပြီ"ဟု သိ၏၊ အယူအဆကို ဖုံးထားလျက် နှစ်သိမ့်သဘောတူညီမှုကို ဖုံးထားလျက် နှစ်သက်ကျေနပ်မှုကို ဖုံးထားလျက်အကြောင်းခြောက်မျိုးတို့ဖြင့် ပဌမဈာန်ကို ဝင်စားသည်ဟု သိလျက် မဟုတ်မမှန် ပြောဆိုသော ရဟန်းအား ပါရာဇိကအာပတ် သင့်၏။
မပြောမီ ရှေးမဆွကပင် ထိုရဟန်းသည် "မဟုတ်မမှန် ပြောမည်"ဟု သိ၏၊ ပြောဆဲ ရဟန်းသည် "မဟုတ်မမှန် ပြောသည်"ဟု သိ၏၊ ပြောပြီး ရဟန်းသည် "ငါ မဟုတ်မမှန် ပြောမိပြီ"ဟု သိ၏၊ အယူအဆကို ဖုံးထားလျက် နှစ်သိမ့်သဘောတူညီမှုကို ဖုံးထားလျက် နှစ်သက်ကျေနပ်မှုကို ဖုံးထားလျက်ရည်မှန်းချက်ကို ဖုံးထားလျက် အကြောင်းခုနစ်မျိုးတို့ဖြင့် ပဌမဈာန်ကို ဝင်စားသည်ဟု သိလျက် မဟုတ်မမှန် ပြောဆိုသော ရဟန်းအား ပါရာဇိကအာပတ် သင့်၏။