အကြောင်းသုံးမျိုးတို့ဖြင့် မြတ်သော မဂ္ဂင်ရှစ်ပါးကို ဝင်စားခဲ့ပြီ၊ ဝင်စားသည်၊ ဝင်စားနေ၏၊ မြတ်သောမဂ္ဂင်ရှစ်ပါးကို ရသည်၊ လေ့လာခြင်းရှိ၏၊ ငါသည် မြတ်သော မဂ္ဂင်ရှစ်ပါးကို မျက်မှောက်ပြု အပ်ပြီဟုသိလျက် မဟုတ်မမှန် ပြောဆိုသော ရဟန်းအား ပါရာဇိကအာပတ် သင့်၏။
အကြောင်းသုံးမျိုးတို့ဖြင့် သောတာပတ္တိဖိုလ်ကို သကဒါဂါမိဖိုလ်ကို အနာဂါမိဖိုလ်ကို အရဟတ္တ ဖိုလ်ကိုဝင်စားခဲ့ပြီ၊ ဝင်စားသည်၊ ဝင်စားနေ၏၊ အရဟတ္တဖိုလ်ကို ရသည်၊ လေ့လာခြင်းရှိ၏၊ ငါသည့်အရဟတ္တဖိုလ်ကို မျက်မှောက်ပြုအပ်ပြီဟု သိလျက် မဟုတ်မမှန် ပြောဆိုသော ရဟန်းအား ပါရာဇိကအာပတ် သင့်၏။
အကြောင်းသုံးမျိုးတို့ဖြင့် ငါသည် ရာဂကို စွန့်ပြီ ထွေးအန်ပြီ လွှတ်ပြီ ပယ်ပြီ စွန့်ပစ်ပြီ ထိတ်လန့်စေပြီကောင်းစွာ ထိတ်လန့်စေပြီဟု သိလျက် မဟုတ်မမှန် ပြောဆိုသော ရဟန်းအား ပါရာဇိကအာပတ် သင့်၏။
အကြောင်းသုံးမျိုးတို့ဖြင့် ငါသည် ဒေါသကို စွန့်ပြီ ထွေးအန်ပြီ လွှတ်ပြီ ပယ်ပြီ စွန့်ပစ်ပြီ ထိတ်လန့်စေပြီကောင်းစွာ ထိတ်လန့်စေပြီဟု သိလျက် မဟုတ်မမှန် ပြောဆိုသော ရဟန်းအား ပါရာဇိက အာပတ်သင့်၏။
အကြောင်းသုံးမျိုးတို့ဖြင့် ငါသည် မောဟကို စွန့်ပြီ ထွေးအန်ပြီ လွှတ်ပြီ ပယ်ပြီ စွန့်ပစ်ပြီထိတ်လန့်စေပြီ ကောင်းစွာ ထိတ်လန့်စေပြီဟု သိလျက် မဟုတ်မမှန် ပြောဆိုသော ရဟန်းအား ပါရာဇိကအာပတ် သင့်၏။
အကြောင်းသုံးမျိုးတို့ဖြင့် ရာဂမှ ငါ၏ စိတ်သည် အပိတ်အပင် 'နီဝရဏ' ကင်းပြီဟု သိလျက်မဟုတ်မမှန် ပြောဆိုသော ရဟန်းအား ပါရာဇိကအာပတ် သင့်၏။
အကြောင်းသုံးမျိုးတို့ဖြင့် ဒေါသမှ ငါ၏ စိတ်သည် အပိတ်အပင် 'နီဝရဏ' ကင်းပြီဟု သိလျက်မဟုတ်မမှန် ပြောဆိုသော ရဟန်းအား ပါရာဇိကအာပတ် သင့်၏။
အကြောင်းသုံးမျိုးတို့ဖြင့်။ပ။ အကြောင်းခုနစ်မျိုးတို့ဖြင့် မောဟမှ ငါ၏ စိတ်သည် အပိတ်အပင်'နီဝရဏ' ကင်းပြီဟု သိလျက် မဟုတ်မမှန် ပြောဆိုသော ရဟန်းအား ပါရာဇိကအာပတ် သင့်၏။
မပြောမီ ရှေးမဆွကပင် ထိုရဟန်းသည် "မဟုတ်မမှန် ပြောမည်"ဟု သိ၏၊ ပြောဆဲရဟန်းသည် "မဟုတ်မမှန်ပြောသည်"ဟု သိ၏၊ ပြောပြီး ရဟန်းသည် "ငါ မဟုတ်မမှန် ပြောမိပြီ"ဟု သိ၏။
အယူအဆကို ဖုံးထားလျက် နှစ်သိမ့်သဘောတူညီမှုကို ဖုံးထားလျက် နှစ်သက်ကျေနပ်မှုကို ဖုံးထားလျက်ရည်မှန်းချက်ကို ဖုံးထားလျက် မောဟမှ ငါ၏ စိတ်သည် အပိတ်အပင် 'နီဝရဏ' ကင်းပြီဟု သိလျက်မဟုတ်မမှန် ပြောဆိုသော ရဟန်းအား ပါရာဇိကအာပတ် သင့်၏။
သုဒ္ဓိကဝါရ ပြီး၏။