မာတိကာသို့ ခုန်သွားရန်

စာမျက်နှာ:ပါရာဇိကပါဠိတော်.pdf/138

ဝီကီရင်းမြစ် မှ
ဤစာမျက်နှာကို ပရုဖ်မဖတ်ရသေးပါ

ပေယျာလ တစ်ဆယ့်ငါးမျိုး ပြီး၏။

ပစ္စည်းနှင့်စပ်သော စကားရပ် ပြီး၏။

ဥတ္တရိမနုဿဓမ္မ စက်မြှုပ် 'စက္ကပေယျာလ' ပြီး၏။

၂၂၂။ အထင်ကြီးခြင်း 'ရနိုးခြင်း'ဖြင့် မဝါကြွားလိုသော ရဟန်း၊ (သည်းခြေပျက်၍) ရူးသော ရဟန်း၊ (ဘီလူးဖမ်း၍) စိတ်ပျံ့လွင့်သော ရဟန်း၊ ဝေဒနာဖိစီးသော ရဟန်း၊ အစလက်ဦးလွန်ကျူးသောရဟန်းအား အာပတ် မသင့်၊

၁။ ပေယျာလ-စာပိုဒ်၌မြှုပ်ထားခြင်း။

ဝိနီတဝတ္ထုခေါင်းစဉ်မာတိကာ

အထင်ကြီးခြင်း 'ရနိုးခြင်း' တော၌ ဆွမ်းခံခြင်း ဥပဇ္ဇျာယ်ဆရာ ဣရိယာပုတ် သံယောဇဉ်ဆိတ်ကွယ်ရာ၌ တရားထူးများ ကျောင်း လုပ်ကျွေးခြင်း။

မခဲယဉ်း လုံ့လဝီရိယ ထို့ပြင် ငါ့သျှင်တို့ သေမင်းမှ မကြောက် စိတ်နှလုံး မသာယာသူသည်ကြောက်သည်၊ ကောင်းစွာ အားထုတ်ခြင်း အားထုတ်မှုဖြင့် နှစ်သိမ့်ခြင်း ထို့ပြင် ဝေဒနာကို သည်းခံခြင်းနှစ်မျိုး။

ပုဏ္ဏားဝတ္ထုငါးပုဒ် အရဟတ္တဖိုလ်ကို ဖြေဆိုသော ရဟန်းသုံးပါး အိမ်ရာတည်ထောင် လူတို့ဘောင်ကာမဂုဏ်တို့ကို ပိတ်ဆို့အပ်ပြီ၊ မွေ့လျော်ခြင်း ထို့ပြင် ဖဲသွားပြီ။

အရိုးစု သားတစ် နွားသတ်ယောက်ျား နှစ်ယောက် အသားတုံး ငှက်မုဆိုး အရေမရှိ ဆိတ်သတ်သမား သန်လျက် ဝက်ထိုးသမား လှံ သားမုဆိုး မြှား ညှဉ်းဆဲသူ (ပါးကွပ်) အပ် ရထားထိန်း။

အကြင် အပ်ဖြင့် ချုပ်အပ်၏၊ ထို အပ်သည် ကုန်းတိုက်သူ မည်၏၊ ရပ်ရွာကိုကောက်ကျစ်စဉ်းလဲသူ 'တရားသူကြီး' သည် ဝှေးစေ့ဝန်ရှိသူ 'ဝှေးစေ့ကြီးသူ' ဖြစ်ရ လေပြီ။ သူ့ သား မယားကို သွားလာသော ထိုသူသည် မစင်တွင်း၌ နစ်မြုပ်ရလေပြီ၊ ပုဏ္ဏားပျက်သည် မစင်ကိုစားရလေပြီ။