မာတိကာသို့ ခုန်သွားရန်

စာမျက်နှာ:ပါရာဇိကပါဠိတော်.pdf/139

ဝီကီရင်းမြစ် မှ
ဤစာမျက်နှာကို ပရုဖ်မဖတ်ရသေးပါ

လင်ကို ကျူးလွန်၍ ကျင့်သော မိန်းမသည် အရေမရှိသော ပြိတ္တာမ ဖြစ်ရလေပြီ၊ နတ်ဝင်မ 'နတ်ကတော်' သည် အရုပ်ဆိုးမ ဖြစ်ရလေပြီ၊ လင်တူမယားကို မီးအိုး ကင်းဖြင့်လောင်းသောမိန်းမသည် မီးကျီး ပြိတ္တာမ ဖြစ်ရလေပြီ။

ခိုးသူသတ်ယောက်ျားသည် ဦးခေါင်းပြတ် ပြိတ္တာဖြစ်ရပြီ၊ ကဿပမြတ်စွာဘုရား သာသနာတော်၌ရှင်ရဟန်းဖြစ်ကြသော ရဟန်း ရဟန်းမိန်းမ သိက္ခမာန် သာမဏေ သာမဏေမတို့သည် ထိုအခါ၌မကောင်းမှုကို ပြုကုန်ပြီ၊ တိုသူတို့သည် ကောင်းကင်ပျံ မီးလောင်ပြိတ္တာများ ဖြစ်ကြရပြီ။

တပေါဒါမြစ် ရာဇဂြိုဟ်စစ်ပွဲ ဆင်ပြောင်တို့ ဆင်းသက်ခြင်း အသျှင်သောဘိတ ရဟန္တာ ရဟန်းသည် မဟာကပ်ငါးရာကို အောက်မေ့နိုင်၏၊ ဤကား ခေါင်းစဉ် မာတိကာတည်း။

ဝီနီတဝတ္ထု ဖြတ်ထုံးများ

၂၂၃။ တစ်ရံရောအခါ ရဟန်းတစ်ပါးသည် အထင်ကြီးခြင်း 'ရနိုးခြင်း' ဖြင့် အရဟတ္တဖိုလ်ကိုပြောဆိုမိ၏၊ "မြတ်စွာဘုရားသည် သိက္ခာပုဒ်တော်ကို ပညတ်တော်မူအပ်ပြီ၊ ငါသည် ပါရာဇိကကျလေသလော"ဟု ထိုရဟန်းအား တွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်၏၊ ထိုအခါ ရဟန်းသည် မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ထား၏၊ ရဟန်း အထင်ကြီးခြင်း 'ရနိုးခြင်း' ဖြင့် ပြောဆိုသော ရဟန်းအား အာပတ် မသင့်ဟု (မိန့်တော်မူ၏)၊

တစ်ရံရောအခါ ရဟန်းတစ်ပါးသည် "ဤသို့ နေလျှင် ငါ့ကို လူအများသည် ချီးမွမ်းလိမ့်မည်"ဟုမျှော်လင့်တောင့်တ၍ တော၌ နေ၏၊ ထိုရဟန်းကို လူအများသည် မြှောက်စားချီးမွမ်း၏၊ ထိုရဟန်းအားတွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်၏။ပ။ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ထား၏၊ ရဟန်းပါရာဇိကအာပတ် မသင့်၊ သို့သော်လည်း ရဟန်းတို့ မျှော်လင့်တောင့်တ၍ တော၌ မနေအပ်၊ နေသောရဟန်းအား ဒုက္ကဋ်အာပတ် သင့်၏ဟု (မိန့်တော်မူ၏)။

တစ်ရံရောအခါ ရဟန်းတစ်ပါးသည် "ဤသို့ ဆွမ်းခံလျှင် ငါ့ကို လူအများသည် ချီးမွမ်းလိမ့်မည်"ဟုမျှော်လင့် တောင့်တ၍ ဆွမ်းခံ လှည့်လည်၏၊ ထိုရဟန်းကို လူအများသည် မြှောက်စားချီးမွမ်း၏၊ ထိုရဟန်းအား တွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်၏။ပ။ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ထား၏၊ ရဟန်း ပါရာဇိကအာပတ် မသင့်၊ သို့သော်လည်း ရဟန်းတို့ မျှော်လင့်တောင့်တ၍ ဆွမ်းခံမလှည့်လည်အပ်၊ လှည့်လည်သော ရဟန်းအား ဒုက္ကဋ်အာပတ် သင့်၏ဟု (မိန့်တော်မူ၏)၊ (၃)

တစ်ရံရောအခါ ရဟန်းတစ်ပါးသည် ရဟန်းတစ်ပါးကို "ငါ့သျှင် ငါတို့၏ ဥပဇ္ဈယ်ဆရာ၏ အတူနေတပည့်တို့သည် အားလုံး ရဟန္တာချည်း ဖြစ်ကြသည်"ဟု ပြောဆို၏၊ ထိုရဟန်းအား တွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်၏။ပ။ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ထား၏။

ရဟန်း သင်သည် အဘယ်စိတ်ရှိသနည်းဟု (မေးတော်မူရာ)