မာတိကာသို့ ခုန်သွားရန်

စာမျက်နှာ:ပါရာဇိကပါဠိတော်.pdf/142

ဝီကီရင်းမြစ် မှ
ဤစာမျက်နှာကို ပရုဖ်မဖတ်ရသေးပါ

တစ်ရံရောအခါ ရဟန်းတစ်ပါးသည် မကျန်းမမာ ဖြစ်နေ၏၊ ထိုရဟန်းကို ရဟန်းတို့သည် -

"အသျှင်ဘုရားအား လူတို့၏ ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ်သော ဈာန်မဂ်ဖိုလ်တရား ရှိပါသလော"ဟု မေးကြကုန်၏။

ငါ့သျှင်တို့ လုံ့လဝီရိယရှိသော ရဟန်းသည် ပြီးစေအပ်သော တရားရှိသည်သာတည်းဟု ပြောဆို၏၊ ထိုရဟန်းအား တွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်၏။ပ။ ရဟန်း ဝါကြွားလိုစိတ်မရှိသော ရဟန်းအားအာပတ် မသင့်ဟု (မိန့်တော်မူ၏)။ (၂၀)

တစ်ရံရောအခါ ရဟန်းတစ်ပါးသည် မကျန်းမမာ ဖြစ်နေ၏၊ ထိုရဟန်းကို ရဟန်းတို့သည် -

"အသျှင်ဘုရားအား လူတို့၏ ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ်သော ဈာန်မဂ်ဖိုလ်တရားရှိပါသလော"ဟု မေးကြကုန်၏။

ငါ့သျှင်တို့ အလွန်အားထုတ်သော ရဟန်းသည် ပြီးစေအပ်သော တရားရှိသည်သာတည်းဟု ပြောဆို၏။ ထိုရဟန်းအား တွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်၏။ပ။ ရဟန်း ဝါကြွားလိုစိတ်မရှိသော ရဟန်းအားအာပတ် မသင့်ဟု (မိန့်တော်မူ၏)။ (၂၁)

တစ်ရံရောအခါ ရဟန်းတစ်ပါးသည် မကျန်းမမာ ဖြစ်နေ၏၊ ထိုရဟန်းကို ရဟန်းတို့သည် -

"ငါ့သျှင် ခံ့ကျန်းပါ၏လော၊ မျှတပါ၏လော"ဟု မေးကြကုန်၏။

ငါ့သျှင်တို့ဟူးဟူးငြားငြားသော 'တော်စွာ လျော်စွာသော' သူသည် သည်းခံနိုင်လိမ့်မည် မဟုတ်ပေဟုပြောဆို၏။ ထိုရဟန်းအား တွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်၏။ပ။ ရဟန်း ဝါကြွားလိုစိတ် မရှိသောရဟန်းအား အာပတ် မသင့်ဟု (မိန့်တော်မူ၏)။ (၂၂)

တစ်ရံရောအခါ ရဟန်းတစ်ပါးသည် မကျန်းမမာ ဖြစ်နေ၏၊ ထိုရဟန်းကို ရဟန်းတို့သည် -

"ငါ့သျှင် ခံ့ကျန်းပါ၏လော၊ မျှတပါ၏လော"ဟု မေးကြကုန်၏။

ငါ့သျှင်တို့ ပုထုဇဉ်ပုဂ္ဂိုလ်သည် သည်းခံနိုင်မည်မဟုတ်ပေဟု ပြောဆို၏၊ ထိုရဟန်းအား တွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်၏။ပ။

ရဟန်း သင်သည် အဘယ်စိတ်ရှိသနည်းဟု (မေးတော်မူရာ)

မြတ်စွာဘုရား တပည့်တော်သည် ဝါကြွားလိုစိတ် ရှိပါသည်ဟု (လျှောက်ထား၏)။

ရဟန်း ပါရာဇိက အာပတ်မသင့်၊ ထုလ္လစ္စဉ်းအာပတ် သင့်၏ဟု (မိန့်တော်မူ၏)။ (၂၃)

၂၂၆။ တစ်ရံရောအခါ ပုဏ္ဏားတစ်ယောက်သည် ရဟန်းတို့ကို ပင့်ဖိတ်၍ "ရဟန္တာ အသျှင်မြတ်တို့သည် ကြွလာတော်မူကြပါကုန်လော့"ဟု လျှောက်ထား၏၊ "ငါတို့လည်း ရဟန္တာ မဟုတ်ကြကုန်၊ ဤပုဏ္ဏားကလည်း ငါတို့ကို ရဟန္တာအသုံးအနှုန်းဖြင့် ပြောဆိုသုံးနှုန်းနေ၏၊ ငါတို့သည် အဘယ်သို့ပြုကျင့်ရပါကုန်အံ့နည်း"ဟု ထိုရဟန်းတို့အား တွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်ကြကုန်၏၊ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ထားကြကုန်၏။ ရဟန်းတို့ ကြည်ညို၍ ဆိုရာ၌ အာပတ်မသင့်ဟု (မိန့်တော်မူ၏)။ (၂၄)

တစ်ရံရောအခါ ပုဏ္ဏားတစ်ယောက်သည် ရဟန်းတို့ကို ပင့်ဖိတ်၍ "ရဟန္တာ အသျှင်မြတ်တို့သည်ထိုင်တော်မူပါကုန်လော့။ ရဟန္တာ အသျှင်မြတ်တို့သည် ဘုဉ်းပေးတော်မူပါကုန်လော့။ ရဟန္တာအသျှင်မြတ် တို့သည် ရောင့်ရဲနှစ်သိမ့်တော်မူပါကုန်လော့။ ရဟန္တာ အသျှင်မြတ်တို့သည်ကြွတော်မူပါကုန်လော့"ဟု လျှောက်ထား၏။