မာတိကာသို့ ခုန်သွားရန်

စာမျက်နှာ:ပါရာဇိကပါဠိတော်.pdf/196

ဝီကီရင်းမြစ် မှ
ဤစာမျက်နှာကို ပရုဖ်မဖတ်ရသေးပါ

ဝိနီတဝတ္ထု ခေါင်းစဉ်မာတိကာ

အဘယ်သို့လျှင် အမြုံမသည် သားသမီးရပါမည်နည်း၊ ချစ်ခင်အပ်သူသည်လည်းကောင်း၊ တင့်တယ်သောသူသည်လည်းကောင်း ဖြစ်ရပါမည်နည်း၊ အဘယ်ကို လှူရမည်နည်း၊ အဘယ်ဖြင့် လုပ်ကျွေးရမည်နည်း၊ အဘယ်သို့လျှင် ကောင်းရာသုဂတိသို့ ရောက်ရပါမည်နည်း။ ဤကား ခေါင်းစဉ် မာတိကာတည်း။

ဝိနီတဝတ္ထု ဖြတ်ထုံးများ

၂၉၅။ တစ်ရံရောအခါ အမြုံမတစ်ယောက်သည် အိမ်သို့ ကပ်တတ်သော ရဟန်းအား "အသျှင်ဘုရား အဘယ်သို့လျှင် တပည့်တော်မသည် သားဖွားမြင်ရပါအံ့နည်း"ဟု လျှောက်၏။

နှမ သို့ဖြစ်လျှင် မြတ်သော အလှူကို လှူလော့ဟု (ဆို၏)။

အသျှင်ဘုရား မြတ်သော အလှူကား အဘယ်ပါနည်းဟု (မေး၏)။

မေထုန်အမှုတည်းဟု (ပြော၏)။

ထိုရဟန်းအား တွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်၏။ပ။ ရဟန်း သင်သည် သံဃာဒိသိသ် အာပတ်သင့်ပြီဟု (မိန့်တော်မူ၏)။ (၁)

တစ်ရံရောအခါ သားဖွားလေ့ရှိသော မိန်းမတစ်ယောက်သည် အိမ်သို့ ကပ်တတ်သော ရဟန်းအား"အသျှင်ဘုရား အဘယ်သို့လျှင် တပည့်တော်မသည် သားကို ရပါအံ့နည်း"ဟု လျှောက်၏။

နှမ သို့ဖြစ်လျှင် မြတ်သော အလှူကို လှူလော့ဟု (ဆို၏)။

အသျှင်ဘုရား မြတ်သော အလှူကား အဘယ်ပါနည်းဟု (မေး၏)။

မေထုန်အမှုတည်းဟု (ပြော၏)။

ထိုရဟန်းအား တွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်၏။ပ။ ရဟန်း သင်သည် သံဃာဒိသိသ် အာပတ်သင့်ပြီဟု (မိန့်တော်မူ၏)။ (၂)

တစ်ရံရောအခါ မိန်းမတစ်ယောက်သည် အိမ်သို့ ကပ်တတ်သော ရဟန်းအား "အသျှင်ဘုရားအဘယ်သို့လျှင် တပည့်တော်မသည် လင်ယောက်ျား၏ ချစ်ခင်အပ်သူ ဖြစ်ရပါအံ့နည်း"ဟု လျှောက်၏။

နှမ သို့ဖြစ်လျှင် မြတ်သော အလှူကို လှူလော့ဟု (ဆို၏)။

အသျှင်ဘုရား မြတ်သော အလှူကား အဘယ်ပါနည်းဟု (မေး၏)။

မေထုန်အမှုတည်းဟု (ပြော၏)။

ထိုရဟန်းအား တွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်၏။ပ။ ရဟန်း သင်သည် သံဃာဒိသိသ် အာပတ်သင့်ပြီဟု (မိန့်တော်မူ၏)။ (၃)

တစ်ရံရောအခါ မိန်းမတစ်ယောက်သည် အိမ်သို့ ကပ်တတ်သော ရဟန်းအား "အသျှင်ဘုရားအဘယ်သို့လျှင် တပည့်တော်မသည် တင့်တယ်သော အဆင်းအင်္ဂါရှိသူ ဖြစ်ရပါမည်နည်း"ဟု လျှောက်၏။

နှမ သို့ဖြစ်လျှင် မြတ်သော အလှူကို လှူလော့ဟု (ဆို၏)။

အသျှင်ဘုရား မြတ်သော အလှူကား အဘယ်ပါနည်းဟု (မေး၏)။

မေထုန်အမှုတည်းဟု (ပြော၏)။

ထိုရဟန်းအား တွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်၏။ပ။ ရဟန်း သင်သည် သံဃာဒိသိသ်အာပတ်သင့်ပြီဟု (မိန့်တော်မူ၏)။ (၄)

တစ်ရံရောအခါ မိန်းမတစ်ယောက်သည် အိမ်သို့ ကပ်တတ်သော ရဟန်းအား "အသျှင်ဘုရားတပည့်တော်မသည် အသျှင်ဘုရားအား အဘယ်ကို လှူရပါမည်နည်း"ဟု လျှောက်၏။

နှမ မြတ်သော အလှူကို လှူလော့ဟု (ဆို၏)။

အသျှင်ဘုရား မြတ်သော အလှူကား အဘယ်ပါနည်းဟု (မေး၏)။

မေထုန်အမှုတည်းဟု (ပြော၏)။

ထိုရဟန်းအား တွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်၏။ပ။ ရဟန်း သင်သည် သံဃာဒိသိသ် အာပတ်သင့်ပြီဟု (မိန့်တော်မူ၏)။ (၅)

တစ်ရံရောအခါ မိန်းမတစ်ယောက်သည် အိမ်သို့ ကပ်တတ်သော ရဟန်းအား "အသျှင်ဘုရားတပည့်တော်မသည် အသျှင်ဘုရားကို အဘယ်ဖြင့် လုပ်ကျွေးရပါမည်နည်း"ဟု လျှောက်၏။

နှမ မြတ်သော အလှူဖြင့် လုပ်ကျွေးလော့ဟု (ဆို၏)။

အသျှင်ဘုရား မြတ်သော အလှူကား အဘယ်ပါနည်းဟု (မေး၏)။

မေထုန်အမှုတည်းဟု (ပြော၏)။

ထိုရဟန်းအား တွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်၏။ပ။ ရဟန်း သင်သည် သံဃာဒိသိသ် အာပတ်သင့်ပြီဟု (မိန့်တော်မူ၏)။ (၆)