မာတိကာသို့ ခုန်သွားရန်

စာမျက်နှာ:ပါရာဇိကပါဠိတော်.pdf/76

ဝီကီရင်းမြစ် မှ
ဤစာမျက်နှာကို ပရုဖ်မဖတ်ရသေးပါ

ဝေစုကို ယူဆောင်၍ထား၏၊ သပိတ်ရှင် ရဟန်းသည် မိမိဥစ္စာဟု ထင်မှတ်၍ သုံးဆောင်၏၊ ထို (ပစ္စည်းရှင်) ရဟန်းသည် သိ၍ ထို (သပိတ်ရှင်) ရဟန်းကို "သင် ရဟန်းမဟုတ်တော့ပြီ"ဟု စွပ်စွဲ၏၊ ထိုရဟန်းအား တွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်၏။ပ။ ရဟန်း မိမိဥစ္စာဟု ထင်မှတ်သော ရဟန်းအား အာပတ် မသင့်ဟု (မိန့်တော်မူ၏)။ (၆၂)

၁၄၈။ တစ်ရံရောအခါ သရက်သီးသူခိုးတို့သည် သရက်သီးကို ချွေချပြီး သရက်သီးထုပ်ကို ယူဆောင်၍သွားကုန်၏၊ ဥစ္စာရှင်တို့သည် ထိုသူခိုးတို့ကို လိုက်ကြရာ သူခိုးတို့သည် ဥစ္စာရှင်ကိုမြင်၍ အထုပ်ကိုချ၍ ပြေးကုန်၏၊ ရဟန်းတို့သည် ပံ့သကူဟု ထင်မှတ်၍ အကပ်ခံပြီး သုံးဆောင်ကုန်၏၊ ဥစ္စာရှင်တို့သည်ထိုရဟန်းတို့ကို "သင် (အသျှင်ဘုရား) တို့သည် ရဟန်း မဟုတ်ကြတော့ပြီ"ဟု စွပ်စွဲ ကုန်၏၊ ထိုရဟန်းတို့အား တွေးတောမှု 'သံသယက္ကုစ္စ' ဖြစ်၏။ပ။ မြတ်စွာဘုရားအား ဤအကြောင်းကိုလျှောက်ထားကြကုန်၏။

ရဟန်းတို့ သင်တို့သည် အဘယ်စိတ်ရှိကုန်ကြသနည်းဟု (မေးတော်မူရာ)

မြတ်စွာဘုရား တပည့်တော်တို့သည် (ခိုးလိုသောစိတ်မရှိကြပါ)၊ ပံ့သကူဟု ထင်မှတ်ကြပါသည်ဟု (လျှောက်ထားကုန်၏)။

ရဟန်းတို့ ပံ့သကူဟု ထင်မှတ်သော ရဟန်းအား အာပတ် မသင့်ဟု (မိန့်တော်မူ၏)။ (၆၃)

တစ်ရံရောအခါ သပြေသီး သူခိုးတို့သည်။ပ။ တောင်ပိန္နဲသီး သူခိုးတို့သည်။ပ။ ပိန္နဲသီး သူခိုးတို့သည်။ပ။ ထန်းသီး သူခိုးတို့သည်။ပ။ ကြံသူခိုးတို့သည်။ပ။ တည်သီး သူခိုးတို့သည် တည်သီးကို ဆွတ်ခူး၍တည်သီးထုပ်ကို ယူလျက် သွားကုန်၏၊ ဥစ္စာရှင်တို့သည် ထိုသူခိုးတို့ကို လိုက်ကြရာ သူခိုးတို့သည်ဥစ္စာရှင်တို့ကိုမြင်၍ အထုပ်ကို ချ၍ ပြေးကုန်၏၊ ရဟန်းတို့သည် ပံ့သကူဟု ထင်မှတ်ကြ၍ အကပ်ခံပြီးသုံးဆောင်ကြကုန်၏၊ ဥစ္စာရှင်တို့သည် ထိုရဟန်းတို့ကို "သင် (အသျှင်ဘုရား) တို့သည် ရဟန်း မဟုတ်ကြတော့ပြီ"ဟု စွပ်စွဲကုန်၏၊ ထိုရဟန်းတို့အား တွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်ကုန်၏။ပ။ ရဟန်းတို့ပံ့သကူဟု ထင်မှတ်သော ရဟန်းအား အာပတ် မသင့်ဟု (မိန့်တော်မူ၏)။ (၆၄-၆၉)

တစ်ရံရောအခါ သရက်သီးသူခိုးတို့သည် သရက်သီးကို ချွေချပြီး သရက်သီးထုတ်ကို ယူ၍ သွားကုန်၏၊ ဥစ္စာရှင်တို့သည် ထိုသူခိုးတို့ကို လိုက်ကြရာ သူခိုးတို့သည် ဥစ္စာရှင်တို့ကိုမြင်၍ အထုပ်ကိုပစ်ချ၍ ပြေးကုန်၏၊ ရဟန်းတို့သည် "ဥစ္စာရှင်များ မမြင်မီ (သုံးဆောင်အံ့)"ဟု ခိုးလိုသော စိတ်ရှိသည်ဖြစ်၍ သုံးဆောင်ကြကုန်၏၊ ဥစ္စာရှင်တို့သည် ထိုရဟန်းတို့ကို "သင် (အသျှင်ဘုရားတို့သည်) ရဟန်းမဟုတ်ကြတော့ပြီ"ဟု စွပ်စွဲကြကုန်၏၊ ထိုရဟန်းတို့အား တွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်၏။ပ။ ရဟန်းတို့ သင်တို့သည် ပါရာဇိက ကျကုန်ပြီဟု (မိန့်တော်မူ၏)။ (၇၀)

တစ်ရံရောအခါ သပြေသီးသူခိုးတို့သည်။ပ။ တောင်ပိနဲ္နသီးသူခိုးတို့သည်။ပ။ ပိနဲ္နသီးသူခိုးတို့သည်။ပ။ ထန်းသီးမှည့်သူခိုးတို့သည်။ပ။ ကြံသူခိုးတို့သည်။ပ။ တည်သီးသူခိုးတို့သည် တည်သီးတို့ကို ဆွတ်ခူး၍တည်သီးထုပ်ကို ယူ၍ ပြေးကုန်၏၊ ဥစ္စာရှင်တို့သည် ထိုသူခိုးတို့ကို လိုက်ကြရာ သူခိုးတို့သည်ဥစ္စာရှင်တို့ကိုမြင်၍ အထုပ်ကို