မာတိကာသို့ ခုန်သွားရန်

စာမျက်နှာ:မဟာဂီတပေါင်းချုပ်ကြီး.pdf/၄၇

ဝီကီရင်းမြစ် မှ
ဤစာမျက်နှာကို ပရုဖ်မဖတ်ရသေးပါ
၃၀
မဟာဂီတပေါင်းချုပ်ကျမ်း

စက်ဦး × ခြူးညောင်ဆောင်မြင့်မှာ၊ ရွှေသန်းညာစံပျော်ခါ x ရှေ့ပြုပ္ပါကသာ၊ စကြာရောက်လှာ-သီးသီး × ပြီးစီးအောင်ကိုပင် x ချီးအံ့ကုန်နိုင်ထင် x နှုန်း-အင်-ဘက်-ကင်း x ထိန်ဝင်း မြေပေါ် ရွှေတေဇော်လေ လျှံကဲ၊ ထွန်းပါလို့ရဲ x ဘုန်းတေဇာငယ်လေ၊ နှုန်းနေဖြာတယ်လေ၊ ထွန်း ပပဝင်း × ဇေယျာမြေမြင့် ညာနန်းပေါင်း၊ ဧရာ ခွေလှည့်ယှက်သန်း၊ မင်းဝံ တောင်ညွန့်ခန်း×နန်းရွှေဝ ဘုံငယ်မှာ၊ နှိုင်းဆဝတိန်သာ x သာယာ သာယာ ရင့်ကျူး၊ နု ပျို ဆန်း လှ ထူး xစံပျော်မြူးပါလို့၊ ကျူးလွန်အောင်လေတည့် ကျူးလွန်အောင်။

(ပြင်တီးပြေးကြိုး ၂-ပုဒ် ပြီး၏။)


၂၅။ ကျောင်းတော်ကြီးအနုမောဒနာ ပြင်တီးပြေကြိုး

စိန်ကြောင် လိုပင် မြင်လျှင် ဝင်းဝင်းညီး x မီးမှားမှား ဟာဟုတ်ဘူး၊ ကျူးကဲတောင်း ကျောင်းလုံးထွန်း×၊ တောင်ဆောင်သာ ဘုံများ တိုးဆင့်ဆင့်ပွား* ဆန်းပြား ထူးထွေလာ x တွေးတောမှန်နိုင်ရာ × ဝိသုကာ နတ်တကာပေါင်းကြဝိုင်းညီကာ × သိကြား ဆော်ဖန်လာ x ပြီးကြောင်းစီးကြောင်းx စိန်ကြောင်လေ ပတ္တမြား၊ ကိုးပါးမျက်ရှင် ဖြာချည့်လေး x အရောင်မပြား ပြယား မျက်ရှင်မြွာလေတည့်၊ ဆက်ယှဉ်ကာလေတည့် ဆက်ယှဉ်ကာ. အကြံတော်လှလှကျော်ကျူးအောင်ကိုပင် x ဆောင်ဆောင်ဘုံမြင့်မှာ၊ ထောင်ထောင်ရာ ဘုရားကျောင်းဦး × နောင်ခါဘုံမြင့် မြင့်ရွှေနန်းမှာ စမ္ပာယ်ကာ × သံသရာဘို့သာ၊ ရိက္ခာ ကံကျွေးရင်းနှီး .ပြီးစီးမြောက်အောင်ပင် x ချီးအံ့ ကုန်နိုင်ထင် နှုန်းအင်ဘက်ကင်း နှုန်းအင်ဘက်ကင်း သန့်ရှင်းခါကျော် သာခေါ်လေလှူပွဲ အုန်းခြိမ့်ခြိမ့်သဲ × သံဃာတော်တည့် စေ့ကုန်အောင် လှူတော်မူတည့်သိန်းသောင်းများစွာ ဝတ္ထုပေါင်း x ဆွမ်းကောင်း ပန်းကောင်း၊ မုံ့ဘွယ်ရာများလှမဆိုပါ x မီးမှာလေ ထွေထွေထူး၊ ကုန်အောင် ရေနိုင်ဘူး၊ က ခုန်မြူးပါလို့ ကျူးကြော်ငြာလေတည့် ကျူးကြော်ငြာ။။


၂၆။ ဖေါင်လား ၊ ဖေါင်ငင်၊ ဖေါင်ဆိုက်ကြိုး

ဘုံဆောင်မြင့် စိန်ကြောင် ဖလ်ရှိန်လေညီးလို့လင်းလင်း× ကြွားကြွားမိုးဖျား၊ သီခေါင်လေ တိမ်မှောင်လေ ဝေးရရှင်းရှင်း x စိုး စကြာငယ်လေ ကိုးမျက်မြွာငယ် လောကလောင်းမင်း x ဘုန်းတေဇာငယ်လေ နှုန်းနေဖြာတယ်လေး၊ ထွန်းပ ဝင်းဝင်း x ရေနန်း ဗိမာန်လေ ထူးလှကောင်းခြင်း၊ ရွှမ်းရွှမ်း