မာတိကာသို့ ခုန်သွားရန်

စာမျက်နှာ:မဟာဂီတပေါင်းချုပ်ကြီး.pdf/၄၉

ဝီကီရင်းမြစ် မှ
ဤစာမျက်နှာကို ပရုဖ်ဖတ်ပြီးပါပြီ
၃၂
မဟာဂီတပေါင်းချုပ်ကျမ်း

သန်း ထောင်ရာ၊ ရင့်ငြာ ရင့်ငြာလျှမ်းမျှလေး × ဟေမာ ချိန်ခါဆန်းစလေးxနှင်းနှင့် လေညှင်း ဝင်လာပုံမောင်း၊ ဒေဝါပဇ္ဇုန်လောင်းပါလို့ ရေကြောင်းမှိုင်းရီရီလေတည့်မှ အောင်ပွဲတပ်တော်ချီ။


တကောင်းမြို့ ကောင်းစားစဉ်ရေးသော

၃၀။ ဖေါင်လားကြိုးဟောင်း

ဘယ်ဘယ်တဲ့။ ဘယ်ကမ္ဘာတွင် ကြားရဘူးဘဲ × စိုးမိုး စိုးမိုးပိုင်သည်လေ လောက လောင်းမင်း×လောင်းထွတ်ချာစက်ဘုန်း ဝါ ညီးလို့လင်းလင်းx မူးရေပင် စီးလာဝင်ဖြိုး ပြည့်လျှမ်းလျှမ်း × ဘောင်နန်းစကြာလေ စီးကြမင်းပေါင်း ဝင်းဝင်းဖူးစ လျှပ်လားလျှပ်လား တွေးမိယိုးမှား × ပျော်ပျော်မြန်းလို့ စံရွှင်ကာ x လာမည်သာ လာမည်သာ မှာလို့လို့လေး x ထင်ယောင်ကာ ထင်ယောင်ကာ မြှော်မိမိလေး x လာမည်သာ လာမည်သာ မှာလို့လို့လေး x ထင်ယောင်ကာ ထင်ယောင်ကာမျှော်မိမိ ထဲပိုက်ကာလေတည့် ထဲပိုက်ကာ။


၃၁။ ဖေါင်ငင်ကြိုးဟောင်း

ကမ်းက ကမ်းကခွာ၊ စည်ငြာခြိမ့်သဲ၊ ကြေညာ ပတ်တန်းလို့၊ ဆွဲကြကြ ရွှေလှေလျှံဝင်းမှူး x နန်းမဆောင်မှာ၊ မသာဘိဘဲ ခွေယိုင်ပတ်ဆိုင်းဆွဲလို့လို့၊ ထွေတလာဆန်းထူးxဦးနှင့်ပဲ့မှာ ရွှေနီကြာ၊ ထုံဆံမွှေး မြူးလို့ပျံမည်စေ ကျူးလို့ပျံ့မည်စေ၊ ဘုံနန်းဆောင်မှာ၊အာနီစွဲလို့၊နန်းညွန့်ရွှင်စံမြဲ ရွှေစက်တင်အရှင်လားလို့၊ တွေးကြမှတ်ယူမှား၊ ဘယ်ရာဝင်ဆန်းလို့တူမဆွယ်ဘူးဝေး × နန္ဒမူ လိုဏ်ကသာ မြူးတွန်လို့လေး၊ ရွှေဟင်းသာဖေါင်တော်မှာ၊ လူးလွန့်လေး x ဖေါင်ဝန်မှာ ကြိမ်ကိုင်ကာ ဆော်ခါနှိုးလို့လေး × ဖေါင်တော်မှာ ရွှေသော်တာ ပေါ်လာထွန်းသို့၊ တိမ်းစွန်း လကို သယ်လေတည့်မှ တိမ်းစွန်း လ ကိုသယ်။


၃၂။ဖေါင်ဆိုက်ကြိုးဟောင်း

ဖျော်ဖြေလို့ နေပါရင်လေး၊ ပြောင်းပြန်သံထူး မိုးလုံးမိုးလုံး ဝေမှောင်လေ လောင်းဆင့်ကဲမိုး၊ ချမ်းဧးမြတောင်း လွမ်းကပေါင်း ပျော်ကြောင်းဖြေကာ၊ တန်နိုင်ပါ၊မင်းရှင်လေ ချစ်ဟောင်း ယွင်းတိမ်းစောင်း၊သံပြောင်းညွတ်ကာ ဆန်းမာယာ၊ လာမည်သာ လာမည်သာ မှာလို့လေး × ထင်ယောင်ကာ ထင်ယောင်ကာ မြှော်မိမိ ထဲပိုက်ကာလေတည့် ထဲပိုက်ကာ။