မာတိကာသို့ ခုန်သွားရန်

ဋီကာကျော်မြန်မာပြန်-တတိယတွဲ

ဝီကီရင်းမြစ် မှ
by မေဓာဝီ ဆရာဆိုင်
မူရင်းကျမ်းစာနဲ့ တိုက်ဆိုင်စစ်ဆေးရန်လိုသည်
6434မေဓာဝီ ဆရာဆိုင်

စာမျက်နှာ-၁

ကျမ်းစာအမှတ်စဉ်—၁၂

ဋီကာကျော်မြန်မာပြန်

တတိယတွဲ

သစ္စဝါဒီဋီကာ, အဘိဓမ္မတ္ထ ဝိနယဂဏ္ဌိနှင့် ကာယနဂဏ္ဌိကျမ်းပြု
ပရိယတ္တိသာသနဟိတဓမ္မာစရိယ ဘွဲ့တံဆိပ်ရ
မေဓာဝီ ဆရာဆိုင် ပြန်ဆို၍
အဂ္ဂမဟာပဏ္ဍိတ မစိုးရိမ်ဆရာတော်ဘုရားကြီး
တည်းဖြတ်သုတ်သင်တော်မူသည်။

ပြည်ထောင်စု မြန်မာနိုင်ငံတော် ဗုဒ္ဓသာသနာအဖွဲ့ သာသနာနှစ်-၂၄၉၉
ကောဇာသက္ကရာဇ်-၁၃၁၇

အကျိုးအကြောင်းကို ဖော်ပြသော နိဒါန စာတမ်း

(၁) ဘာဝေတဗ္ဗ ပနိဒ္ဒေဝီ၊
ဘာဝနာ ဥယျ မုတ္တမံ။ ပဋိပတ္တိ ရသော၊
ပတ္ထယန္တေန သာသနေ။ ။
ဟူသော “အဘိဓမ္မတ္ထသင်္ဂဟ” ကျမ်းပြု သီဟဠဝါသီ မဟာထေရ် အရှင် အနုရုဒ္ဓါ-၏ ကျမ်းပြီး နိဂမ အာသီသ ဥယျာဉ် နှင့်အညီ မြတ်စွာဘုရား၏ သာသနာတော်၌ ပျော်စရာ ကောင်းလှသော

[က] ဈာန်ဝင်စား၍ ချမ်းချမ်းသာသာ စံစားမှု-ဈာနသုခ,
[ခ] ဖိုလ်ဝင်စား၍ ချမ်းချမ်းသာသာ စံစားမှု-ဖလသုခ,

ယခုဘဝ ပစ္စုပ္ပန် ခန္ဓာကိုယ်မှာ ဧကန် ရကြ၍ ထို ဈာန် ချမ်းသာ, ဖိုလ်ချမ်းသာတို့ကို ကောင်းစွာပိုင်ပိုင် ကိုယ်တိုင် ကိုယ်ကျ အသီးအသီး အသက အသက ခံစား စံစား ရရှိကြစေခြင်းငှါ

ကောင်းစွာ ဟောကြားတော်မူခဲ့သော မြတ်စွာဘုရား၏ အဘိဓမ္မာ ဒေသနာတို့ကို လေ့လာ သင်ကြား (အထိုက်အလျောက်) တတ် မြောက် နားလည်ကြရပေလိမ့်မည်။ [အဘိဓမ္မာ ခုနစ်ကျမ်းလုံးကိုပင် မဟုတ်သော်လည်း အောက် ထစ်ဆုံး အဖြစ်ဖြင့် “သင်္ဂြိုဟ်” ဟူ၍ ခေါ်ကြသော “အဘိဓမ္မတ္ထသင်္ဂဟကျမ်း” တစ်ကျမ်းကိုပင် ကြိုးပမ်း လေ့လာကြရပေလိမ့်မည်။]

(၂) တတ်မြောက် နားလည် ရမည် ဆို သော ကြောင့် တတ်မြောက် နားလည်ချင်လှ၍ အဘိဓမ္မာဆိုင်ရာ ကျမ်းစာအုပ် များကို ကြည့်ရှုလိုက်သည့်အခါ

[က] ပါဠိတော်က ပါဠိဘာသာ,
[ခ] အဋ္ဌကထာက ပါဠိဘာသာ,
[ဂ] အဖွင့်ဋီကာများက ပါဠိဘာသာ ညီညီ-ညာညာ တည်ရှိ၍ နေကြလေသောကြောင့် ပါဠိဘာသာကို မလေ့လာဘူးသူ မလေ့လာနိုင်သူတို့အတွက် အဓိပ္ပါယ်မကွဲ အနက်မကို အခက်အခဲ များစွာနှင့် ကြုံကြိုက်ကြရ ပြန်တော့သည်။

(၃) ထို ပါဠိဘာသာ သက်သက်ကို၎င်း, ပါဠိတချက် မြန်မာတချက် နိဿယအနက် ကျမ်းစာများကို၎င်း, မလေ့လာနိုင်သူ မလိုက်စားနိုင်သူတို့၏ အခက်ကို သက်သာ ချောင်ချိစေလျက် လေ့လာလိုက်စား အခြေခံ သဘောတရားများ ဖြစ်ပွါး လွယ်ကူကြ စေရန် မြန်မာဘာသာပြန် သက်သက်ဖြင့် အနက် မပျက် အဓိပ္ပါယ် မပျက် အချက်အလက် ကျကျ ရေးသားပြန်ဆို၍ ထားအပ်သော အဘိဓမ္မာဆိုင်ရာ

[က] ပါဠိတော် မြန်မာပြန်
[ခ] အဋ္ဌကထာ မြန်မာပြန်
[ဂ] အဖွင့်ဋီကာ မြန်မာပြန်များသည် မြန်မာဆန်ဆန်ဖြင့် အမှန်ပင် ရှိသင့်ရှိထိုက်လှပါပေ၏။

(၄) ရှိသင့်ရှိထိုက်သည့်အတိုင်း ပြည်ထောင် စု သမ္မတ မြန်မာနိုင်ငံတော် ဗုဒ္ဓသာသနာအဖွဲ့ကြီးက ဦးစီးအားပေး အရေး တယူ အလေးမူလျက် စင်ကြယ် သန့်ရှင်းသော သမ္မာဆန္ဒ ဝီရိယ, ကြံစည်မှုတို့ကြောင့် ယခုအခါ

အဘိဓမ္မတ္ထ သင်္ဂဟ အဋ္ဌကထာ မြန်မာပြန်
ဋီကာကျော် ခေါ် အဖွင့် မြန်မာပြန် ကျမ်းတို့ကို တခမ်းတနား မြန်မာဘာသာအားဖြင့် ရေးသားပြန်ဆို ကာ (ပူးတွဲ) ရိုက်နှိပ်ထုတ်ဝေနိုင်ပေပြီ။

စာမျက်နှာ-၂

(၅) ဤဋီကာကျော် ပါဠိဘာသာကျမ်းကို မြန်မာဘာသာ သက်သက် ပြန်ဆို ရေးသားသူမှာ ရန်ကုန်မြို့ ပါဠိဆရာကြီး မေဓာဝီ ဆရာဆိုင်-ဖြစ်၍ ပြန်ဆိုပုံ ပြန်ဆိုနည်းမှာ ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီး ကြီးမှူး၍ ဆရာတို့ ပြန်ဆိုသော မြန်မာ ပြန် ပိဋကများကဲ့သို့ ပါဠိမပါ မြန်မာနိဿယပင် ဖြစ်ပေသည်။ “ဤသို့ပြန်ဆိုနည်းသာလျှင် အဘိဓမ္မာ ပိဋကအတွက် သင့်လျော် လုံလောက်ပေပြီ”ဟု ဤစာရေးသူက ထင်မြင် ယုံကြည်မိပေသည်။ [သုတ္တန်ပိဋက ဝတ္ထု၊ ဘာသာပြန် များကိုကား မင်းဘူးမြို့ ဆရာတော် အရှင်သြဘာသသည် ဝေဿန္တရာ ဇာတ်တော်ကြီးကို ကဗျာနည်း အလင်္ကာနည်း တို့ဖြင့် သင့်လျော်သလို ပြန်ဆိုတော်မူဘိသကဲ့သို့ သင့်လျော်သလို ဘာသာပြန်လိုက ပြန်သင့်ပေသည်။ အဘိဓမ္မာ ပိဋက ဆိုင်ရာ အတွက် မှာကား ရှေးရှေး နိဿယများမှ ပါဠိ ကိုသာ ချန်ထားလျက် နိဿယစကားအတိုင်း ပြန်ဆိုထားသော ဤသို့သော မြန်မာပြန်မျိုးသာ သင့်လျော်ပေပြီ-ဟု ဆိုလိုပေသည်။

(၆) သမ္ပတ္တိ စက်လေးဖြာတို့ဖြင့် ကောင်းစွာ ကြုံကြိုက်လျက် ရှိကြကုန်သော အမျိုးကောင်းသား အမျိုးကောင်း သမီးတို့သည် (ဝါ) ရဟန်း ရှင်လူ သူတော်စင် သူတော်ကောင်း တို့သည်

အဘိဓမ္မတ္ထသင်္ဂဟ မြန်မာပြန်
ဋီကာကျော် အဖွင့် မြန်မာပြန် ကျမ်းတို့ကို ချမ်းချမ်းသာသာ လွယ်လွယ် ကူကူဖြင့် “သင်သင်အံအံ၊ ကြံကြံ-ကျင့်ကျင့်” ပညာဉာဏ် ပွင့်ကြကုန်သည် ဖြစ်၍ ပရိယတ္တိ သာသနာ ပဋိပတ္တိ သာသနာ အတူတူ တိုးပွါး ဈာနသုခ, ဖလသုခ အကျိုးတရားတို့ကို တိုးပွါး ရရှိကြသည် အထိ ရိုးရိုး သားသား ဖြောင့်ဖြောင့် မတ်မတ် (ဝါ) ရိုးရိုးကျင့် မြင့်မြင့်ကြံ အခြေခံ ကလျာဏ ပုထုဇဉ် အတန်းက အစချီလျက် ရုပ် နာမ်ကို ဟုတ်မှန်သည့်အတိုင်း သိရှိ နားလည်စေနိုင်သော

“အဘိဓမ္မာ-ဘာသာပြန်ကျမ်း” တည်းဟူသော ပရိယတ္တိလည်းရှိ ကမ္မဋ္ဌာန်းအားထုတ်မှု ပဋိပတ္တိလည်း ရှိကြလျက် ကိုယ်၏ ယဉ်ကျေးမှု, စိတ်၏ယဉ်ကျေးမှု ကိုယ်ချမ်းသာ စိတ်ချမ်းသာ စုံလင်စွာ ပေါ်ထွက် လက်တွေ့ ဉာဏ်ဖြင့် ကျင့်ကြံ အားထုတ် ခံစား စံစား အရသာ ထွေနိုင်ကြပေလိမ့်မည်-ဟု အထူးမျှော်လင့် ဝမ်းမြောက် သင့်ကြပါပေသတည်း။

၁၃၁၆-ခု၊ သီတင်းကျွတ်လဆန်း ၇-ရက်နေ့

[ပဋ္ဌာန်း] ဦးဝိသုဒ္ဓ မန္တလေး ပရိယတ္တိသာသနဟိတ နှင့် အစိုးရစာချ ဓမ္မာစရိယ
ပါဠိနယူပဒေသကျောင်း မစိုးရိမ်တိုက် မန္တလေးမြို့။

စာမျက်နှာ-၃

သမုစ္စည်းပိုင်း

၁။ ။ ဒွါသတ္တတိဝိဓာ ဝုတ္တာ, ဝတ္ထုဓမ္မာ သလက္ခဏာ။
တေသံ ဒါနိ ယထာယောဂံ၊ ပဝက္ခာမိ သမုစ္စယံ။


အာရမ္မဏဝိဇာနန ဖုသန, ကက္ခဠတ္တ, သန္တိ အစရှိသော မိမိတို့၏ ကိစ္စလက္ခဏာနှင့် တကွ ဖြစ်ကုန်သော ၇၂-ပါး အပြားရှိကုန်သော သဘောတရားတို့ကို ငါသည် ဆိုအပ်ခဲ့ကုန်ပြီ၊ ယခုအခါ၌ ၇၂ -ပါး အပြားရှိကုန်သော ထိုသဘောတရားတို့၏ ပေါင်းခြင်းကို ယှဉ်သင့် သည်အား လျော်စွာ ငါသည် အပြားအားဖြင့် ဆိုပေအံ့။

၁။ ။အာရုံကိုသိခြင်း အစရှိသော လက္ခဏာ ရှိကုန်သော စိတ်စေတသိက်, နိပ္ဖန္နရုပ် နိဗ္ဗာန်တို့၏ အစွမ်းအားဖြင့် ၇၂-ပါး အပြားရှိကုန်သော သဘောတရားတို့ကို ငါသည် ဆိုအပ်ခဲ့ကုန်ပြီ၊ ယခုအခါ၌ ထိုတရားတို့၏ တခုတခုစီပေါင်းခြင်း၏ အစွမ်းအားဖြင့် ယှဉ်သင့်သည်အား လျော်စွာ အကုသလသင်္ဂဟ စသည်အပြား ရှိသော တက္ခပေါင်းရာဖြစ်သော အစုကို ငါသည် ဆိုပေအံ့” ဤသို့ အနက်ယောဇနာခြင်းကို ပြုအပ်၏။

သင်္ဂဟမာတိကာ

၂။ ။အကုသလသင်္ဂဟော မိဿကသင်္ဂဟော ဗောဓိပက္ခိယသင်္ဂဟော သဗ္ဗသင်္ဂဟော စေတိ သမုစ္စယသင်္ဂဟော စတုဗ္ဗိဓော ဝေဒိတဗ္ဗော။

အကုသလသင်္ဂဟ၎င်း၊ မိဿကသင်္ဂဟ၎င်း၊ ဗောဓိပက္ခိယ သင်္ဂဟ၎င်း၊ သဗ္ဗသင်္ဂဟ၎င်း၊ ဤသို့ လေးပါး အပြားရှိသော သမုစ္စယသင်္ဂဟကို သိအပ်၏။


၁-ဒွါသတ္တတိဝိဓာ-အရ စိတ်သည် အာရုံသိမှုတူ၍ ၁-ပါး၊ စေတသိက် ၅၂-ပါး၊ နိရုပ် ၁၈-ပါး၊ နိဗ္ဗာန်တို့ကိုယူ၊ အနိပ္ဖန္နရုပ်ကိုကား နိပ္ဖန္နရုပ်တို့၏ အခိုက်အတန့်မျှသာ ဖြစ်သောကြောင့် မယူရ။
ထို ၇၂-ပါးသော ပရမတ္ထ သဘောတရားများကို အတူတကွ ပေါင်းစည်းရာ သင်္ဂဟဖြစ်သောကြောင့် သမုစ္စယသင်္ဂဟ မည်၏-ဟု မှတ်။

စာမျက်နှာ-၄

သင်္ဂဟမာတိကာအဖွင့်

၂။ ။အကုသိုလ်တို့ကိုသာလျှင် သဘောတူသောတရားအစု၏ အစွမ်းဖြင့် ပေါင်းရာဖြစ်သော သင်္ဂဟသည် အကုသလသင်္ဂဟ မည်၏၊ ကုသိုလ် အစရှိသည်တို့၏ အစွမ်းဖြင့် အရောရော ဖြစ်ကုန်သော တရားတို့ကို ပေါင်းရာဖြစ်သော သင်္ဂဟသည် မိဿကသင်္ဂဟ ၁ မည်၏၊ သစ္စာလေးပါးကို ထိုးထွင်း၍ သိတတ် သည်-ဟု ဆိုအပ်သော အရိယာမဂ်၏အဘို့၌ ဖြစ်ကုန်သောကြောင့် ဗောဓိပက္ခိယ မည်ကုန်သော သတိပဋ္ဌာန် စသည်အပြားရှိကုန်သော တရားတို့၏ သဘောတူသော တရားအစု၏ အစွမ်းဖြင့် ပေါင်းရာ ဖြစ်သော သင်္ဂဟသည် ဗောဓိပက္ခိယသင်္ဂဟ မည်၏၊ ခန္ဓာအစ ရှိသည်တို့၏ အစွမ်းဖြင့် ဆိုအပ်သော အလုံးစုံသော ၇၂-ပါး အပြား ရှိကုန်သော သဘောတရားတို့ကို ပေါင်းရာ ဖြစ်သော သင်္ဂဟသည် သဗ္ဗသင်္ဂဟ မည်၏။

အကုသလသင်္ဂဟ အာသဝ ၄-ပါး

၃။ ။ ကထံ? အကုသလသင်္ဂဟေ တာဝ စတ္တာရော အာသဝါ – ကာမာသဝေါ ဘဝါသဝေါ ဒိဋ္ဌာသဝေါ အဝိဇ္ဇာသဝေါ။


၁-စင်စစ် အကုသိုလ်ဇာတ်အားဖြင့် တူသောသဘော ရှိကုန်သော အာသဝေါ စသော တရားတို့ကို တပေါင်းတည်း ပြု၍ ပြဆိုရာ ဖြစ်သော သင်္ဂဟသည် အကုသလသင်္ဂဟ မည်၏။
၂-ကုသိုလ် အကုသိုလ် အဗျာကတ ဖြစ်သော တရားတို့ကို ရောနှော၍ သိမ်းယူပြဆိုရာ ဖြစ်သော သင်္ဂဟသည် မိဿကသင်္ဂဟ မည်၏။ - ၃-ဗောဓိဉာဏ်၏ ရင့်ခြင်းအကြောင်း ဖြစ်ကုန်သော သတိပဋ္ဌာန်စသော တရားတို့ကို ဝါ-အရိယာမဂ်ဉာဏ်၏ အဆောက်အဦ အသင်းအပင်း၌ ဖြစ်ကုန်သော သတိစသော တရားတို့ကို တပေါင်းတည်း သိမ်းယူ ပြဆိုရာ ဖြစ်သောကြောင့် ဗောဓိပက္ခိယသင်္ဂဟ မည်၏။
၄-အလုံးစုံသော ပရမတ္ထတရားတို့ကို ခန္ဓာ အစရှိသည်တို့၏ အစွမ်းဖြင့် တပေါင်းတည်း သိမ်းယူပြဆိုရာ ဖြစ်သော သင်္ဂဟသည် သဗ္ဗသင်္ဂဟ မည်၏-ဟု မှတ်။

စာမျက်နှာ-၅

အဘယ်သို့ သိအပ်သနည်း ဟူမူကား—အကုသလသင်္ဂဟ ရှေးဦးစွာဝေဖန်ခြင်းကို ငါဆိုအပ်၏၊ အာသဝတို့သည် ကာမာသဝ ၎င်း၊ ဘဝါသဝ၎င်း၊ ဒိဋ္ဌာသဝ၎င်း၊ အဝိဇ္ဇာသဝ၎င်း၊ ဤသို့ လေးပါးအပြားရှိကုန်၏။

အကုသလသင်္ဂဟအာသဝ ၄-ပါးအဖွင့်

၃။ ။ရှေးအဘို့ကို မထင် မမြင် သည်ဖြစ်၍ ကြာမြင့်စွာ ထုံ တတ်သော အနက်ကြောင့် အာသဝ မည်ကုန်၏၊ တနည်းကား အနာမှ ယိုသော အစေးကဲ့သို့ စက္ခု အစရှိသော အပြားအားဖြင့် အာရုံတို့၌ ယိုစီး တတ် သော ကြောင့် အာသဝ မည် ကုန် ၏။ တနည်းကား—ဘုံ အား ဖြင့် ဘဝဂ် မည်သော နေဝသညာနာသညာယတနဘုံကို နှံ့၍ တရားအားဖြင့် ဂေါတြဘူတိုင်အောင် နှံ့၍ ဖြစ်တတ်ကုန်သောကြောင့် အာသဝ မည်ကုန်၏၊ ဤ“အာသဝ” ဟူသောပုဒ်၌ အာ, အက္ခရာသည် ပိုင်းခြားခြင်း အနက်ရှိ၏။ အဝသည်လည်း ကြိယာကို ပိုင်းခြားသော မရိယာ အဝ, ကြိယာကို နှံ့သော အဘိဓိ အဝဓိ တို့၏ အစွမ်းဖြင့် နှစ်ပါး အပြားရှိ၏၊ ထိုနှစ်ပါးတို့တွင် “အာပါဋလိပုတ္တံ ဝုဋ္ဌောတိ” ဤသို့ အစရှိသော ပါဌ်တို့၌ကဲ့သို့ ကြိယာကို အပပြု၍ ဖြစ်သော အဝဓိ သည် မရိယာ အဝဓိ မည်၏။ “အာဘဝဂ္ဂါ သဒ္ဓါ အလဂ္ဂတာ” ဤသို့ အစရှိသော ပါဌ်တို့၌ကဲ့သို့ ကြိယာကို နှံ့၍ ဖြစ်သော အဝဓိသည် အဘိဓိ အဝဓိ မည်၏၊ ဤအာသဝေါ ဟူသော ပါဠိ၌ အာသဒ္ဓါကို အဘိဓိ အဝ၌ မှတ်အပ်၏။ ထို့ကြောင့်သာလျှင် ထိုလောဘ စသော တရားသုံးပါးတို့သည် ဖြစ်ရာဌာနလည်းဖြစ်သော အာရုံဖြစ်၍လည်း ဖြစ်သော နေဝသညာနာသညာယတနဘုံ၌၎င်း၊ အာရုံဖြစ်သော ဂေါတြဘူ၌၎င်း၊ ဖြစ်


၁-ရှည်မြင့်စွာသော ကာလပတ်လုံး ထုံခြင်းရှိသော အနက်, ထူထပ်သော အနက်ကြောင့် ၎င်း၊ အိုင်းအမာမှ မန်းရည်ပြည်စေးများ ယိုစီးသကဲ့သို့ စက္ခုစသော ဒွါရခြောက်ပါးမှ ရူပါရုံ စသော အာရုံခြောက်ပါး၌ ယိုစီးတတ်သောကြောင့်၎င်း၊ ဘုံအားဖြင့် ဘဝဂ်တိုင်အောင် ဓမ္မအားဖြင့် ဂေါတြဘူတိုင်အောင် နှံ့၍ ဖြစ်တတ်သောကြောင့်၎င်း အာသဝ မည်၏။

စာမျက်နှာ-၆

ကုန်၏၊ ထို့ကြောင့် ဤအာသဝေါ-ပုဒ်၌ အာ ဥပသာရပုဒ်သည် အဘိဓိ၌ ဖြစ်၏-ဟု မှတ်အပ်၏။

နေဝသညာနာသညာ ဘုံကို နှံ့၍၎င်း၊ ဂေါတြဘူကို နှံ့၍၎င်း၊ ဖြစ်တတ်ကုန်သော တပါးကုန်သော မာန အစရှိသော တရားတို့သည် ထင်ရှားရှိကုန်သော်လည်း ငါ၏ကိုယ်, ငါ၏ဥစ္စာ-ဟု မှားသောအားဖြင့် စွဲလမ်းခြင်း၏ အစွမ်းဖြင့် အထူးသဖြင့် နှံ့၍ ဖြစ်တတ်သည် ဖြစ်၍ ယစ်ခြင်းကို ပြုတတ်သည် ဖြစ်၍ မုဒရက်ရည်နှင့် တူသည်အဖြစ်ကြောင့် ထိုလောဘ စသော တရားသုံးပါးတို့သည် သာလျှင် အာသဝ ဟူသော ဝေါဟာရဖြင့် ထင်ရှားကုန်၏။ ထို့ကြောင့် ထိုလောဘ စသော တရားသုံးပါးသည်သာလျှင် အာသဝ မည်ကုန်၏၊ မာန စသော တရားတို့သည် အာသဝ မမည်ကုန်၊ ဤသို့မှတ်အပ်၏-ဟူလို။ ။

ကာမတဏှာသည်ပင် အာသဝ မည်သောကြောင့် ကာမ ရာဂသည် ကာမာသဝ မည်၏၊ ရူပဘဝ အရူပဘဝတို့၌ ပြင်းစွာ တပ်နှစ်သက်တတ်သောရာဂသည် ဘဝါသဝ ၁ မည်၏၊ ကုသိုလ် ဈာန်၌ တပ်နှစ်သက်သော တဏှာကို၎င်း၊ သဿတဒိဋ္ဌိနှင့် တကွ ဖြစ်သော ရာဂကို၎င်း၊ ဤအာသဝ၌သာလျှင် ပေါင်းအပ်ကုန်၏။ ထိုသုံးပါးသော ရာဂတို့တွင် ရှေးဦးစွာသော ဆန္ဒရာဂသည် ဥပပတ္တိဘဝတို့၌ ဖြစ်သော ရာဂတည်း၊ နှစ်ခုမြောက်သော နိကန္တိ ဖြစ်သောရာဂသည် ရူပ အရူပ ကုသိုလ်ဈာန်-ဟု ဆိုအပ်သော ကမ္မဘဝ၌ဖြစ်သော ရာဂတည်း၊ သုံးခုမြောက်ဖြစ်သော သဿတ ဒိဋ္ဌိနှင့် တကွ ဖြစ်သော ရာဂသည် ဘဝဒိဋ္ဌိနှင့် တကွ ဖြစ်သော ရာဂတည်း။

၆၂-ပါးအပြားရှိသောဒိဋ္ဌိသည် ဒိဋ္ဌာသဝ မည်၏။ ဒုက္ခအစရှိကုန် သော သစ္စာလေးပါး တို့၌၎င်း၊ ရှေးဖြစ်သော အတိတ်အဘို့၌၎င်း၊


၁-ကာမဂုဏ် ငါးပါးတို့၌ လိုချင်တပ်မက်သော လောဘစေတသိက်သည် ကာမာသဝ မည်၏။
၂-ရူပဘုံ အရူပဘုံတို့၌ တပ်နှစ်သက်သော လောဘစေတသိက်သည် ဘဝါသဝ မည်၏။
၃-၆၂ ပါးသော ဒိဋ္ဌိသည် ဒိဋ္ဌာသဝ မည်၏။

စာမျက်နှာ-၇

နောက် ဖြစ်သော အနာဂတ် အဘို့၌၎င်း၊ အတိတ် အနာဂတ် ဖြစ်သော ခန္ဓာ အာယတန ဓာတ်အစွန်းတို့၌၎င်း၊ ပဋိစ္စသမုပ္ပါဒ် တို့၌၎င်း၊ ဤသို့ ရှစ်ပါးကုန်သော အရာတို့၌ မသိခြင်းသည် အဝိဇ္ဇာသဝ ၁ မည်၏။

သြဃ ၄-ပါး

၄။ ။စတ္တာရော ဩဃာ ကာမောဃော, ဘဝေါဃော, ဒိဋ္ဌောဃော, အဝိဇ္ဇောဃော။

သြဃတို့သည် ကာမောဃ၎င်း၊ ဘဝေါဃ၎င်း၊ ဒိဋ္ဌောဃ၎င်း၊ အဝိဇ္ဇောဃ၎င်း၊ ဤသို့ လေးပါးအပြားရှိကုန်၏။

သြဃ ၄-ပါးအဖွင့်

၄။ ။လွှမ်းမိုးနှိပ်စက်၍ အောက်သို့ ဆောင်တတ်သောကြောင့် ရေအယဉ်ကို သြဃ-ဟု ဆိုအပ်၏၊ တနည်းကားမိမိ၏အောက်သို့ ရောက်သည်ကိုပြု၍ နစ်မွန်းစေတတ်သော ကြောင့် ရေအယဉ်ကို ဩဃ-ဟု ဆိုအပ်၏၊ ထိုလောဘ စသောတရားသုံးပါးတို့သည်လည်း သတ္တဝါတို့ကို နှိပ်စက်၍ သတ်ကုန်သကဲ့သို့၎င်း ဆင်းရဲ၌ နစ်မွန်း စေကုန်သကဲ့သို့၎င်း ဖြစ်တတ်ကုန်၏၊ ဤသို့ ရေအယဉ်နှင့် တူသည် အဖြစ်ကြောင့် ဩဃ ၂ မည်ကုန်၏၊ ဤသြဃနိဒ္ဒေသ၌ အာသဝ တရားတို့ကိုသာလျှင် အကြင်အကြင်ဆိုအပ်ခဲ့ပြီးသော အနက်ကြောင့် ဩဃ-ဟူ၍လည်း ဆိုအပ်ကုန်၏။


၁-သစ္စာလေးပါးတို့၌၎င်း, အတိတ်ဖြစ်သော ခန္ဓာ အာယတန ဓာတ် အစွန်းဖြစ်သော ပုဗ္ဗန္တ၌၎င်း, အနာဂတ်ဖြစ်သော ခန္ဓာ အာယတန ဓာတ် အစွန်းဖြစ်သော အပရန္တ၌၎င်း, အတိတ် အနာဂတ် ဖြစ်သော ခန္ဓာအာယတန ဓာတ် အစွန်းဖြစ်သော ပုဗ္ဗန္တာပရန္တတို့၌၎င်း, ပဋိစ္စသမုပ္ပါဒ် အင်္ဂါ ၁၂-ပါး၌၎င်း မသိခြင်း မောဟသည် အဝိဇ္ဇာသဝ မည်၏။ (အကျဉ်း အားဖြင့် လောဘ, ဒိဋ္ဌိ, မောဟ စေတသိက်များပင်တည်း။) ဈာန်စိတ်တည်းဟူသော ကမ္မဘဝ၌ တပ်သော လောဘ, သဿတဒိဋ္ဌိဟူသော ဘဝဒိဋ္ဌိနှင့် တကွ ဖြစ်သော လောဘတို့သည်လည်း ဘဝါသဝ မည်၏-ဟု မှတ်။
၂-သတ္တဝါတို့ကို လွှမ်းမိုး၍ အောက်သို့ ဆောင်တတ်သောကြောင့်၎င်း ဆင်းရဲ အောက်၌ နစ်မွန်းစေတတ်သောကြောင့်၎င်း, ရေအယဉ်နှင့် တူသောကြောင့် ဩဃ မည်၏။

စာမျက်နှာ-၈

ယောဂ ၄-ပါး

၅။ ။စတ္တာရော ယောဂါ ကာမယောဂေါ, ဘဝယောဂေါ, ဒိဋ္ဌိယောဂေါ, အဝိဇ္ဇာယောဂေါ။
ယောဂတို့သည် ကာမယောဂ၎င်း၊ ဘဝယောဂ၎င်း၊ ဒိဋ္ဌိယောဂ၎င်း၊ အဝိဇ္ဇာယောဂ၎င်း၊ ဤသို့ လေးပါးအပြားရှိကုန်၏။

ယောဂ ၄-ပါးအဖွင့်

၅။ ။ဝဋ်ဆင်းရဲ၌၎င်း၊ ဘဝ-ဟု ဆိုအပ်သော ယန္တရား၌၎င်း၊ သတ္တဝါတို့ကို ကံ၏အကျိုးနှင့် ယှဉ်စေတတ်ကုန်သောကြောင့် ယောဂ ၁ မည်၏၊ တနည်းကား—ဘဝတပါး အစရှိသည်ကို ဘဝ တပါးအစရှိသည်တို့နှင့် ဆင်းရဲ၌၎င်း၊ ဘဝ-ဟု ဆိုအပ်သော ယန္တရား၌၎င်း ယှဉ်စေတတ် သောကြောင့် ယောဂ မည်၏။ တနည်းကားသတ္တဝါတို့ကို ဆင်းရဲနှင့် ယှဉ်စေတတ်သော ကြောင့် ယောဂ မည်၏။ အောက်၌ ဆိုအပ်ကုန်ပြီးသော လောဘစသော တရားသုံးပါးတို့သည်ပင် ယောဂ မည်ကုန်၏။

ဂန္ထ ၄-ပါး

၆။ ။စတ္တာရော ဂန္ထာ အဘိဇ္ဈာကာယဂန္ထော, ဗျာပါဒကာယဂန္ထော, သီလဗ္ဗတပရာမာသကာယဂန္ထော, ဣဒံသစ္စာဘိနိဝေသကာယဂန္ထော။


၁-ဝဋ်ဆင်းရဲ၌၎င်း ဘဝတည်းဟူသော ယန္တရားစက်၌၎င်း, သတ္တဝါတို့ကို ကံ၏ အကျိုး တရားနှင့် ယှဉ်စေတတ်သောကြောင့်၎င်း, ဘဝတပါး စသည်ကို ဘဝတပါးစသည်နှင့်၎င်း ဝဋ်ဒုက္ခနှင့်၎င်း သတ္တဝါတို့ကို ယှဉ်စေတတ်, ဖွဲ့ချည်တတ် သောကြောင့်၎င်း ယောဂ မည်၏-ဟူလို။

စာမျက်နှာ-၉

ဂန္ထတို့သည် အဘိဇ္ဈာကာယဂန္ထ၎င်း၊ ဗျာပါဒကာယဂန္ထ၎င်း၊ သီလဗ္ဗတပရာမာသကာယဂန္ထ၎င်း၊ ဣဒံသစ္စာဘိနိဝေသကာယဂန္ထ၎င်း၊ ဤသို့ လေးပါးအပြားရှိကုန်၏။

ဂန္ထ ၄-ပါးအဖွင့်

၆။ ။နာမ်တရားအပေါင်းဖြင့် ရုပ်အပေါင်းကို ပစ္စုပ္ပန်ဖြစ်သော ကာယဖြင့် အနာဂတ်ဖြစ်သော ကာယကို ဖြေနိုင်ခက်သည်ကိုပြု၍ ရစ်ထုံးတတ်သောကြောင့် ကာယဂန္ထ ၁ မည်ကုန်၏၊ နွားတို့၏ အလေ့အစရှိသော အလေ့ဖြင့်၎င်း၊ အကျင့်ဖြင့်၎င်း၊ ထိုနှစ်ပါးစုံဖြင့်၎င်း သံသရာမှစင်ကြယ်၏-ဟု ဤသို့ သဘော မဟုတ်သောအားဖြင့် စွဲလမ်းခြင်းသည် ပရာမာသ မည်၏။ “ဤငါ၏ ကိုယ်သည်၎င်း၊ လောကသည်၎င်း မြဲ၏” အစရှိသောအယူသည် သာလျှင် မှန်၏၊ တပါးသောအယူသည် မမှန်၊ ဤသို့ မြဲမြံစွာ စွဲလမ်းခြင်းသည် ထူထံ သစ္စာဘိနိဝေသ ၂ မည်၏။

ဥပါဒါန် ၄-ပါး

၇။ ။စတ္တာရော ဥပါဒါနာ ကာမုပါဒါနံ, ဒိဋ္ဌုပါဒါနံ, သီလဗ္ဗတုပါဒါနံ, အတ္တဝါဒုပါဒါနံ။


၁-စုတိ ပဋိသန္ဓေတို့၏ အစွမ်းဖြင့် သုံးပါး၌ ဆက်စပ် ထုံးဖွဲ့တတ်သောကြောင့် ဂန္ထ မည်၏။ နာမကာယနှင့် ရူပကာယကို၎င်း, ပစ္စုပ္ပန်ကာယနှင့် အနာဂတ်ကာယကို၎င်း, ဖြေနိုင်ခက်အောင် ရစ်ပတ် ထုံးဖွဲ့တတ်သောကြောင့် တဏှာသည် အဘိဇ္ဈာကာယဂန္ထ မည်၏။ ဒေါသသည် ဗျာပါဒကာယဂန္ထ မည်၏။
၂-နွားတို့၏ အလေ့ နွားတို့၏ အကျင့် သဘော စသည်ဖြင့် သံသရာမှ စင်ကြယ်၏-ဟု သဘော မဟုတ်သော အားဖြင့် စွဲလမ်းခြင်း ဒိဋ္ဌိသည် သီလဗ္ဗတပရာမာသ မည်၏။ ၃-ငါ၏ အယူသည်သာလျှင် မှန်၏။ တပါးသော အယူသည် မမှန် အချည်းနှီးသာ တည်း-ဟု မြဲမြံစွာစွဲလမ်းခြင်း သီလဗ္ဗတပရာမာသမှ ကြွင်းသော ဒိဋ္ဌိအပေါင်းသည် ဣဒံသစ္စာဘိနိဝေသကာယဂန္ထ မည်၏-ဟူလို။

စာမျက်နှာ-၁၀

ဥပါဒါန်တို့သည် ကာမုပါဒါန်၎င်း၊ ဒိဋ္ဌုပါဒါန်၎င်း၊ သီလဗ္ဗတု ပါဒါန်၎င်း၊ အတ္တဝါဒုပါဒါန်၎င်း၊ ဤသို့ လေးပါးအပြားရှိကုန်၏။

ဥပါဒါန် ၄-ပါးအဖွင့်

၇။ ။မြွေသည် ဘာကို မြဲစွာဖမ်းယူသကဲ့သို့ အာရုံကိုပြင်းစွာ ယူတတ်ကုန်သောကြောင့် ဥပါဒါန်မည်ကုန်၏၊ ကာမတဏှာသည် သာလျှင် ဥပါဒါန်မည်သောကြောင့် ကာမုပါဒါန် ၁ မည်၏။ တနည်း—ဝတ္ထုကာမဂုဏ်တို့ကို မြဲယူတတ်သောကြောင့် ကာမုပါဒါန်မည်၏၊ ငါ၏ ဤနွား၏သီလ, နွား၏အကျင့် အစရှိသည်ဖြင့် သံသရာမှစင်ကြယ်၏-ဟု ဤသို့ နွားသီလ နွားအကျင့် အစရှိသည် တို့ ကို စွဲလမ်းခြင်းသည် သီလဗ္ဗတုပါဒါန် ၂ မည်၏၊ ဤမိစ္ဆာအယူဖြင့် ငါ၏ကိုယ်-ဟူ၍ ဆိုတတ်ကုန်၏၊ ဤသို့ ဆိုကြောင်းဖြစ်သောကြောင့် ဝါဒမည်၏၊ ဥပါဒါနက္ခန္ဓာငါးပါးတို့ဖြင့် ဝိသေသ သာမညအားဖြင့် နှစ်ဆယ်သောအပြားအားဖြင့် တိတ္ထိတို့ကြံဆအပ်သော အတ္တကို ယူကြောင်းသည် အတ္တဝါဒ မည်၏၊ ထို အတ္တဝါဒ သည်ပင်လျှင် ဥပါဒါန်ဖြစ်သောကြောင့် အတ္တဝါဒုပါဒါန် ၃ မည်၏။

နီဝရဏ ၆-ပါး

၈။ ။ဆ နီဝရဏာနိ ကာမစ္ဆန္ဒနီဝရဏံ, ဗျာပါဒနီဝရဏံ, ထိနမိဒ္ဓနီဝရဏံ, ဥဒ္ဓစ္စကုက္ကုစ္စနီဝရဏံ, ဝိစိကိစ္ဆာနီဝရဏံ, အဝိဇ္ဇာနီဝရဏံ။


၁-မြွေသည် ဘာကို မြဲမြံစွာ ဖမ်းယူသကဲ့သို့ အာရုံကို ပြင်းစွာ မြဲမြံစွာ စွဲလမ်းတတ် သောကြောင့် ဥပါဒါန် မည်၏။
၂-တေဘူမက တရားတို့မှ သမျှကို စွဲလမ်းတတ်သော ကာမတဏှာသည် ကာမုပါဒါန် မည်၏။
၃-ငါ၏ နွားတို့၏ အလေ့ နွားတို့၏အကျင့် စသည်ဖြင့် သံသရာမှ စင်ကြယ်၏-ဟု ဂေါသီလ, ဂေဝတ စသည်တို့ ကို ပြင်းစွာ စွဲလမ်းခြင်းသည် သီလဗ္ဗတုပါဒါန် မည်၏။
၄-တိတ္ထိတို့သည် ကြံဆအပ်သော ၂၀-သော အတ္တဒိဋ္ဌိ ဝါ-သက္ကာယဒိဋ္ဌိကို ဆိုကြောင်း, ဖြစ်သော မှားသော အယူသည် အတ္တဝါဒုပါဒါန် မည်၏-ဟူလို။

စာမျက်နှာ-၁၁

နီဝရဏတို့သည် ကာမစ္ဆန္ဒနီဝရဏ၎င်း၊ ဗျာပါဒနီဝရဏ၎င်း၊ ထိနမိဒ္ဓနီဝရဏ၎င်း၊ ဥဒ္ဓစ္စကုက္ကုစ္စနီဝရဏ၎င်း၊ ဝိစိကိစ္ဆာနီဝရဏ ၎င်း၊ အဝိဇ္ဇာနီဝရဏ၎င်း၊ ဤသို့ ၆-ပါး အပြားရှိကုန်၏။

နီဝရဏ ၆-ပါးအဖွင့်

၈။ ။ဈာန်အစရှိသည်တို့၏ အစွမ်းဖြင့် ဖြစ်သော ကုသိုလ် စိတ်ကို တားမြစ်တတ်ကုန်၏၊ ထို့ အတူ ထိုကုသိုလ်စိတ်အား ဖြစ်ခြင်းငှါ မပေးတတ်ကုန်သောကြောင့် နီဝရဏ ၁ မည်ကုန်၏။

တနည်းကား—ပညာစက္ခုကို ဖုံးလွှမ်း ပိတ်ပင်တတ် ကုန်သော ကြောင့် နီဝရဏ မည်ကုန်၏၊ ငါးပါးကုန်သော ကာမဂုဏ်တို့၌ ပြင်းစွာ တပ်နှစ်သက်တတ်ကုန်သော ရာဂ-ဟု ဆိုအပ်သော ကာမ သည်ပင်လျှင် အာရုံကို အလိုရှိခြင်းဟူသော အနက်ကြောင့်လည်း ဆန္ဒ မည်၏၊ ထိုနှစ်ပါးသော သတ္တိကြောင့် ကာမစ္ဆန္ဒ မည်၏။ ထိုကာမစ္ဆန္ဒသည်ပင် နီဝရဏ မည်၏။

အကြောင်းဖြစ်သောကြောင့် ဗျာပါဒ မည်၏။ “အနတ္ထိမေ အစရိ” ဤသို့ အစရှိသောနည်းဖြင့် ဖြစ်သော ကိုးပါးအပြားရှိသော ရန်ငြိုး ခြင်းလျှင် နီးစွာသော အကြောင်းရင်းရှိသည်အဖြစ်ကြောင့် ၉-ပါး အပြားရှိသော ဒေါသသည် ဗျာပါဒ မည်၏။

တနည်းကားအရာမဟုတ်သည်၌ဖြစ်သော အမျက်ထွက်ခြင်း နှင့်တကွ ၁၀-ပါးအပြားရှိသော ဒေါသသည် ဗျာပါဒ မည်၏။ ထိုဗျာပါဒသည်ပင် နီဝရဏမည်သောကြောင့် ဗျာပါဒနီဝရဏ မည်၏။


၁-ဈာန်အစရှိသည်တို့၏ အစွမ်းဖြင့် ဖြစ်ထိုက်သော ကုသိုလ်စိတ်ကို တားမြစ်တတ်, ထိုဈာန်စသည်တို့၏ အဖြစ်ဖြင့် ဖြစ်ခွင့်ကို မပေးတတ်သောကြောင့်၎င်း, ပညာမျက်စိကို ဖုံးလွှမ်းပိတ်ပင်တတ်, တားမြစ်တတ်သောကြောင့်၎င်း နီဝရဏ မည်၏။

စာမျက်နှာ-၁၂

ထိနမိဒ္ဓသည်ပင် နီဝရဏမည်သောကြောင့် ထိနမိဒ္ဓနီဝရဏ မည်၏၊ ထို့ အတူ ဥဒ္ဓစ္စကုက္ကုစ္စ နီဝရဏ မည်၏။ အဘယ့်ကြောင့် ပြားသောလက္ခဏာ ရှိကုန်သော ထိုထိနမိဒ္ဓ, ဥဒ္ဓစ္စ ကုက္ကုစ္စ တို့ကို နှစ်ပါးနှစ်ပါးတို့ကို တပေါင်းတည်းပြု၍ တခုတည်းသော နီဝရဏအဖြစ်ဖြင့် ဟောအပ်ကုန်သနည်း၊ ဤသည်ကား-စောဒနာ ခြင်းတည်း၊ ကိစ္စ, အကြောင်း, ဆန့်ကျင်ဘက် ၁ တို့၏ တူသည်၏ အဖြစ်ကြောင့် ဟောအပ်ကုန်၏၊ ဤကားအဖြေတည်း။ ယင်းစကား အကျယ်ဖော်ပြဦးအံ့—ထိနမိဒ္ဓတို့၏ မိမိနှင့် ယှဉ်သော စိတ်, စေတသိက်ကို တွန့်သည်အဖြစ်သို့ ရောက်စေခြင်း ကိစ္စသည်တူ၏။ ဥဒ္ဓစ္စကုက္ကုစ္စတို့၏ မငြိမ်သက်သည်အဖြစ်ကို ပြုခြင်းကိစ္စသည်တူ၏။ ထို့အတူ ရှေးဖြစ်ကုန်သော နှစ်ပါးကုန်သော ထိနမိဒ္ဓတို့၏ ကိုယ်၏ တဆန့်ဆန့်ရှိသည် အဖြစ်-ဟု ဆိုအပ်သော အကြောင်းသည်တူ၏။ အာဟာရဟူသည် အကြောင်းမည်၏၊ ဤအနက်ကို မှတ်အပ်၏။ နောက်ဖြစ်ကုန်သော နှစ်ပါးကုန်သော ဥဒ္ဓစ္စကုက္ကုစ္စတို့၏ ဆွေမျိုး တို့၏ ပျက်စီးခြင်း အစရှိသည်တို့ကို ကြံခြင်း-ဟု ဆိုအပ်သော အကြောင်းသည် တူ၏၊ ရှေး၌ ဖြစ်ကုန်သော နှစ်ပါးကုန်သော ထိနမိဒ္ဓတို့၏ ဆန့်ကျင်ဘက်ဖြစ်သော ဝီရိယသည်တူ၏၊ နောက်၌ ဖြစ်ကုန်သော နှစ်ပါးကုန်သော ဥဒ္ဓစ္စကုက္ကုစ္စတို့၏ ဆန့်ကျင်ဘက် ဖြစ်သော သမာဓိသည် တူ၏၊ ထို့ ကြောင့် ထိုထိနမိဒ္ဓ ဥဒ္ဓစ္စကုက္ကုစ္စ


၁-ကိစ္စအကြောင်း ဆန့်ကျင်ဘက် တူသောကြောင့် နှစ်ပါးပင် ဖြစ်သော်လည်း တပါးတည်းပြု၍ ထိန, မိဒ္ဓ, ဥဒ္ဓစ္စ ကုက္ကုစ္စ-ဟု ဟောထားခြင်း ဖြစ်၏။
တူပုံကား-ထိနနှင့် မိဒ္ဓတို့သည် သမ္ပယုတ် ဖြစ်သော စိတ်၏ တွန့်တိုခြင်းသို့ ရောက်စေခြင်း-ဟု ဆိုအပ်သော ကိစ္စချင်း တူကြ၏။ ဥဒ္ဓစ္စနှင့် ကုက္ကုစ္စတို့သည် သမ္ပယုတ် ဖြစ်သော စိတ်၏ မငြိမ်သက်သည်၏ အဖြစ်ကို ပြုခြင်း-ဟု ဆိုအပ်သော ကိစ္စချင်း တူကြ၏။
ထိနနှင့် မိဒ္ဓသည် ပျင်းရိခြင်း ကိုယ်တဆန့်ဆန့် ရှိသည်အဖြစ်-ဟု ဆိုအပ်သော အကြောင်းချင်း တူကြ၏။ ဥဒ္ဓစ္စနှင့် ကုက္ကုစ္စတို့သည် ဆွေမျိုး စည်းစိမ် ပျက်စီးခြင်း, စသည်ကို ကြံခြင်း-ဟု ဆိုအပ်သော အကြောင်းချင်း တူကြ၏။
ထိန၏ ဆန့်ကျင်ဘက်ကား ဝီရိယ, မိဒ္ဓ၏ ဆန့်ကျင်ဘက်ကား ဝီရိယ, ဥဒ္ဓစ္စ၏ ဆန့်ကျင်ဘက်ကား သမထ(သမာဓိ), ကုက္ကုစ္စ၏ ဆန့်ကျင်ဘက်ကား သမထ (သမာဓိ) ဤသို့ ကိစ္စ အာဟာရ ဆန့်ကျင်ဘက်ခြင်း တူကြ၏-ဟု မှတ်။

စာမျက်နှာ-၁၃

တို့ကို တခုသော နီဝရဏအဖြစ်ဖြင့် ဆိုအပ်ကုန်၏၊ ထို့ကြောင့် ရှေးအဋ္ဌကထာ ဆရာတို့သည်

ကိစ္စာဟာရဝိပက္ခာနံ၊ ဧကတ္တာ ဧကမေတ္ထ ဟိ။
ကတမုဒ္ဓစ္စကုက္ကုစ္စံ၊ ထိနမိဒ္ဓ တာဒိနာ။
လီနတာ သန္တတာ ကိစ္စေ၊ တထာ ဉာတိ ဝိတက္ကနံ။
ဟေတုဝီရိယသမတာ၊ ဣမေ တေသံ ဝိရောဓိနော။
ဟု ဆိုကုန်ပြီ။

အနက်ကား—ကိစ္စ အကြောင်း, ဆန့်ကျင်ဘက်တို့၏ တူသည်၏ အဖြစ်ကြောင့် ဤရှစ်ပါးကုန်သော နီဝရဏတို့တွင် ဥဒ္ဓစ္စကုက္ကုစ္စ ကို၎င်း၊ ထိနမိဒ္ဓကို၎င်း တခုတည်းသော နီဝရဏကိုသာလျှင် မြတ်စွာဘုရားသည် ပြုအပ်၏။

ထိုထိန မိဒ္ဓ ဥဒ္ဓစ္စကုက္ကုစ္စ တို့၏ သမ္ပယုတ်ဖြစ်သော နာမက္ခန္ဓာကို တွန့်သည်အဖြစ်သို့ ရောက်စေခြင်း, မငြိမ်သက်သည် အဖြစ်ကိုပြုခြင်း သည်လျှင် ကိစ္စ မည်၏၊ ကိုယ်၏ တဆန့်ဆန့် ရှိသည်အဖြစ် ဆွေမျိုး တို့၏ ပျက်စီးခြင်းကို ကြံခြင်းသည် ဟေတု မည်၏၊ ဝီရိယနှင့် သမာဓိ-ဟု ဆိုအပ်ကုန်သော ဤတရားတို့သည် ထိန မိဒ္ဓ ဥဒ္ဓစ္စ ကုက္ကုစ္စတို့၏ ဆန့်ကျင်ဘက် ဖြစ်ကုန်၏။

အနုသယ ၇-ပါး

၉။ ။ သတ္တ အနုသယာ – ကာမရာဂါနုသယော ဘဝရာဂါနုသယော ပဋိဃာနုသယော မာနာနုသယော ဒိဋ္ဌာနုသယော ဝိစိကိစ္ဆာနုသယော အဝိဇ္ဇာနုသယော။

အနုသယတို့သည် ကာမရာဂါနုသယ၎င်း၊ ဘဝရာဂါနုသယ၎င်း၊ ပဋိဃာနုသယ၎င်း၊ မာနာနုသယ၎င်း၊ ဒိဋ္ဌာနုသယ၎င်း၊ ဝိစိကိစ္ဆာနုသယ၎င်း၊ အဝိဇ္ဇာနုသယ၎င်း၊ ဤသို့ ၇-ပါး အပြားရှိကုန်၏။

စာမျက်နှာ-၁၄

အနုသယ ၇-ပါးအဖွင့်

၉။ ။မဂ်ဖြင့် မပယ်အပ်သေး၍ အဖန်တလဲလဲ သတ္တဝါတို့၏ သန္တာန်၌ ဖြစ်တတ်ကုန်သောကြောင့် အနုသယ ၁ မည်ကုန်၏၊ ကာမ ရာဂ အစရှိသည်တို့၏ ဖြစ်ခြင်းငှါ လျောက်ပတ်သော အကြောင်းကို ရ၍ ဖြစ်ကုန်၏၊ ဤကားအနုသယအနက်တည်း။ အဘယ့်ကြောင့် အပ္ပဟီနဋ္ဌကြောင့် အနုသယမည်သနည်း-ဟူမူ မဂ်ဖြင့် မပယ်အပ် သေးကုန်သော အာရုံစသော အကြောင်းကို ရသည်ရှိသော် ဖြစ်ခြင်းငှါ ထိုက်ကုန်သော ကိလေသာတို့သည် သန္တာန်၌ အဖန် တလဲလဲ ကိန်းကုန်သကဲ့သို့ ဖြစ်ကုန်၏။ ထို့ကြောင့် ထိုမဂ်ဖြင့် မပယ်အပ်သေးသော ကိလေသာတို့ကို အနုသယ-ဟု ဆိုအပ်ကုန်၏ ဟူလို။ အနာဂတ်ဖြစ်ကုန်သော ထိုကိလေသာတို့သည် မုချအားဖြင့် အနုသယမည်ကုန်၏၊ အတိတ်ပစ္စုပ္ပန် ဖြစ်ကုန်သော ကိလေသာ တို့ကိုလည်း ထိုအနာဂတ်ဖြစ်သော ကိလေသာနှင့် ညစ်နွမ်းခြင်း သဘော တူသည်အဖြစ်ကြောင့် ထိုအနာဂတ်ဖြစ်သော ကိလေသာ အတူ အနုသယ-ဟု ဆိုအပ်ကုန်၏၊ ထိုစကားမှန်၏၊ ကာလကွဲပြား ရုံမျှဖြင့် တရားတို့၏ သဘောပြားခြင်းသည် မရှိချေ။ ထို့ကြောင့် တံ သဘာဝ-ဟု ဆိုအပ်၏။ မပယ်အပ်သော အနက်ကြောင့် အနုသယ မည်ကုန်သည် အကယ်၍ ဖြစ်ကုန်အံ့—ဤသို့ဖြစ်ကုန်သော် အလုံးစုံလည်း ဖြစ်ကုန် သော မပယ်အပ်ကုန်သော ကိလေသာတို့သည် အနုသယ မည်ကုန် သည် မဟုတ်ပါလော၊ ဤသို့အကယ်၍ စောဒနာငြားအံ့-ငါတို့သည် မဂ်ဖြင့် မပယ်ကာမျှဖြင့် အနုသယ-ဟု မဆိုကုန်၊ စင်စစ်အားဖြင့် ကား မပယ်အပ်သော အနက်ကြောင့် အားအစွမ်းသို့ ရောက်ကုန်


၁-မဂ်ဖြင့် မပယ်ရသေးသဖြင့် သတ္တဝါတို့၏ သန္တာန်၌ အဖန်တလဲလဲ ဖြစ်တတ်, ကိန်းတတ်သောကြောင့် အနုသယ မည်၏။ ထိုအနုသယဟူသည် မုချအားဖြင့် အနာဂတ် ကိလေသာများသာ ဖြစ်၏။ သို့သော် သဘောအားဖြင့် တူသောကြောင့် အတိတ် ကိလေသာ ပစ္စုပ္ပန် ကိလေသာတို့ကိုလည်း ပရိယာယ်အားဖြင့် အနုသယ-ဟု ဆိုအပ်ကုန်၏။ မဂ်ဖြင့် မပယ်ရသေးသော အားအစွမ်းနှင့် ပြည့်စုံသော ကာမရာဂ စသော ကိလေသာတို့ကိုသာ အနုသယ-ဟု ဆိုရ၏။ ကိလေသာ သာမညကိုကား အနုသယမဟု မဆိုရ-ဟု မှတ်။

စာမျက်နှာ-၁၅

သော ကိလေသာတို့သည် အနုသယ မည်ကုန်၏-ဟု ငါတို့ ဆိုကုန်၏။ အားအစွမ်းနှင့် ပြည့်စုံခြင်းသည်လည်း တပါးသော ကိလေသာတို့နှင့် မဆက်ဆံသော ကာမဂုဏ်တို့၏ အသီးဖြစ်သော အနုသယ သဘောတည်း၊ ထို့ကြောင့် ငြင်းခုံခြင်းဖြင့် အကျိုးမရှိပြီ။ ကာမရာဂသည်ပင်လျှင် အနုသယ ဖြစ်သောကြောင့် ကာမရာဂါနုသယ မည်၏။

သုတ္တန်နည်း သံယောဇဉ် ၁၀-ပါး

၁၀။ ။ဒသ သံယောဇနာနိ – ကာမရာဂသံယောဇနံ ရူပရာဂသံယောဇနံ အရူပရာဂသံယောဇနံ ပဋိဃသံယောဇနံ မာနသံယောဇနံ ဒိဋ္ဌိသံယောဇနံ သီလဗ္ဗတပရာမာသသံယောဇနံ ဝိစိကိစ္ဆာသံယောဇနံ ဥဒ္ဓစ္စသံယောဇနံ အဝိဇ္ဇာသံယောဇနံ သုတ္တန္တေ။

သုတ္တန်၌ ဟောတော်မူအပ်ကုန်သော သံယောဇဉ်တို့သည် ကာမရာဂသံယောဇဉ်၎င်း၊ ရူပရာဂသံယောဇဉ်၎င်း၊ အရူပရာဂသံယောဇဉ်၎င်း၊ ပဋိဃသံယောဇဉ်၎င်း၊ မာနသံယောဇဉ်၎င်း၊ ဒိဋ္ဌိသံယောဇဉ်၎င်း၊ သီလဗ္ဗတပရာမာသသံယောဇဉ်၎င်း၊ ဝိစိကိစ္ဆာသံယောဇဉ်၎င်း၊ ဥဒ္ဓစ္စသံယောဇဉ်၎င်း၊ အဝိဇ္ဇာသံယောဇဉ်၎င်း၊ ဤသို့ ဆယ်ပါးအပြားရှိကုန်၏။

သုတ္တန်နည်း သံယောဇဉ် ၁၀-ပါး အဖွင့်

၁၀။ ။သတ္တဝါတို့ကို နှောင်ဖွဲ့တတ်ကုန်သောကြောင့် သံယောဇဉ် မည်ကုန်၏။


၁။ သတ္တဝါတို့ကို သံသရာတည်းဟူသော နှောင်အိမ်၌ အာရုံအမျိုးမျိုးတည်းဟူသော ကြိုးတို့ဖြင့် တုပ်နှောင်ဖွဲ့ချည်တတ်သောကြောင့် သံယောဇဉ် မည်၏။

စာမျက်နှာ-၁၆

ကိလေသာ ၁၀-ပါး

၁၂။ ။ဒသ ကိလေသာ – လောဘော ဒေါသော မောဟော မာနော ဒိဋ္ဌိ ဝိစိကိစ္ဆာ ထိနံ ဥဒ္ဓစ္စံ အဟိရိကံ အနောတ္တပ္ပံ။

ကိလေသာတို့သည် လောဘ၎င်း၊ ဒေါသ၎င်း၊ မောဟ၎င်း၊ မာန၎င်း၊ ဒိဋ္ဌိ၎င်း၊ ဝိစိကိစ္ဆာ၎င်း၊ ထိန၎င်း၊ ဥဒ္ဓစ္စ၎င်း၊ အဟိရိက၎င်း၊ အနောတ္တပ္ပ၎င်း၊ ဤသို့ ဆယ်ပါးအပြားရှိကုန်၏။

ကိလေသာ ၁၀-ပါး အဖွင့်

၁၂။ ။ထိုလောဘ စသော တရားတို့ဖြင့် စိတ်သည် ပူပန်တတ်၏။ ထိုသို့ ပူပန်ကြောင်း ဖြစ်သောကြောင့် ကိလေသာ¹ မည်ကုန်၏။ တနည်းအား—ထိုလောဘ စသော ကိလေသာတို့သည် စိတ်ကို နှိပ်စက်အပ်သောကြောင့် ကိလေသာ မည်ကုန်၏။

တရားကိုယ်ကောက်နည်း

၁၃။ ။အာသဝါဒီသု ပနေတ္ထ ကာမဘဝနာမေန တဗ္ဗတ္ထုကာ တဏှာ အဓိပ္ပေတာ, သီလဗ္ဗတပရာမာသော ဣဒံသစ္စာဘိနိဝေသော အတ္တဝါဒုပါဒေါ စ တထာပဝတ္တံ ဒိဋ္ဌိဂတမေဝ ပဝုစ္စတိ။

အထူးကိုဆိုဦးအံ့—ဤအကုသလသင်္ဂဟ၌ အာသဝ အစရှိသည်တို့၌ ကာမဟူသောအမည် ဘဝဟူသောအမည်ဖြင့် ထိုကာမဟူသောအမည် ဘဝဟူသောအမည်၏ မှီရာဖြစ်သော လောဘတဏှာကို အလိုရှိအပ်၏။ ထိုသို့သော အခြင်းအရာအားဖြင့် ဖြစ်သော ဒိဋ္ဌိစေတသိက်ကိုပင်လျှင် သီလဗ္ဗတပရာမာသဟူ၍၎င်း၊ ဣဒံသစ္စာဘိနိဝေသဟူ၍၎င်း၊ အတ္တဝါဒုပါဒါန်ဟူ၍၎င်း ဆိုအပ်၏။


၁။ စိတ်၏ ပူပန်ကြောင်းဖြစ်သောကြောင့်၎င်း၊ စိတ်ကို နှိပ်စက်ညှဉ်းဆဲတတ်သောကြောင့်၎င်း ကိလေသာ မည်၏။

စာမျက်နှာ-၁၇

တရားကိုယ်ကောက်နည်း အဖွင့်

၁၃။ ။ကာမဘဝနာမေန ဟူသည်ကား၊ ဝါ-ဟူသောပုဒ်ကို ကာမဘဝ-ဟု ဆိုအပ်ကုန်သော အာရုံတို့၏ အမည်ဖြင့်-ဟု အနက်ပေး။ တထာပဝတ္တံ-ဟူသည်ကား၊ -ဟူသောပုဒ်ကို ဂေါသီလ ဂေဝတ အစရှိသည်တို့ကို မှားသောအားဖြင့် စွဲလမ်းခြင်း အစရှိသည်တို့၏ အစွမ်းဖြင့် ဖြစ်သော-ဟု အနက်ပေး။

၁၄။ ။အာသဝေါဃာ စ ယောဂါ စ,
တယော ဂန္ထာ စ ဝတ္ထုတော။
ဥပါဒါနာ ဒုဝေ ဝုတ္တာ၊
အဋ္ဌ နီဝရဏာ သိယုံ။
ဆဠေဝါနုသယာ ဟောန္တိ၊
နဝ သံယောဇနာ မတာ။
ကိလေသာ ဒသ ဝုတ္တောယံ၊
နဝဓာ ပါပသင်္ဂဟော။


သဘောတရားကိုယ်အားဖြင့် အာသဝ၊ သြဃတို့ကို၎င်း၊ ယောဂတို့ကို၎င်း၊ ဂန္ထတို့ကို၎င်း၊ သုံးပါးအပြားရှိကုန်၏ဟူ၍ မိန့်ဆိုအပ်ကုန်၏။ ဥပါဒါန်တို့ကို နှစ်ပါးအပြားရှိကုန်၏-ဟူ၍ မိန့်ဆိုအပ်ကုန်၏။ နီဝရဏတို့သည် ရှစ်ပါးအပြားရှိကုန်၏။ အနုသယတို့သည် ခြောက်ပါးအပြားရှိကုန်၏။ သံယောဇဉ်တို့ကို ကိုးပါးအပြားရှိ၏-ဟူ၍ သိအပ်ကုန်၏။ ကိလေသာတို့ကို ဆယ်ပါးအပြားရှိ၏-ဟူ၍ သိအပ်ကုန်၏။ ဤသို့ ကိုးပါးအပြားအားဖြင့် ဤအကုသလသင်္ဂဟကို ငါသည် ဆိုအပ်ပြီ။

၁၄။ ။အာသဝတို့ကို၎င်း၊ သြဃတို့ကို၎င်း၊ ယောဂတို့ကို၎င်း၊ ဂန္ထတို့ကို၎င်း၊ သရုပ်အားဖြင့် ဆိုအပ်ပြီးသောနည်းဖြင့် သုံးပါးတို့


၁။ အာသဝအရာစသည်တို့၌ ကာမာသဝ, ဘဝါသဝ-ဟု လာရှိရာ ကာမအရ ဝတ္ထုကာမကို၊ ဘဝအရ ကမ္မဘဝနှင့် ဥပပတ္တိဘဝကို ဟောရင်းဖြစ်သော်လည်း ၎င်းဝတ္ထုကာမစသည်တို့၏ အကြောင်းရင်းဖြစ်သော တဏှာကိုသာ ဌာနူပစာအားဖြင့် ကောက်ယူရမည်ဟူသော အဓိပ္ပါယ်ကို မှတ်အပ်၏။ (အကြွင်းပေါ်လွင်ပြီ။)

စာမျက်နှာ-၁၈

ဟူ၍ ဆိုအပ်ကုန်၏။ ထို့အတူ ဥပါဒါန်တို့ကို တဏှာ၊ ဒိဋ္ဌိတို့၏ အစွမ်းဖြင့် နှစ်ပါးတို့ဟူ၍ ဆိုအပ်ကုန်၏။ နီဝရဏတို့သည် ထိန၊ မိဒ္ဓ၊ ဥဒ္ဓစ္စ၊ ကုက္ကုစ္စတို့ကို အသီးယူခြင်းကြောင့် ရှစ်ပါးတို့သာဖြစ်ကုန်၏။ ကာမရာဂါနုသယ၊ ဘဝရာဂါနုသယတို့၏ တဏှာသဘောရှိသည်အဖြစ်ဖြင့် တပေါင်းတည်းယူအပ်သည်အဖြစ်ကြောင့် အနုသယတို့သည် ခြောက်ပါးတို့သာဖြစ်ကုန်၏။ သုတ္တန်ဒေသနာ၊ အဘိဓမ္မာဒေသနာ နှစ်ခုအပေါင်း၌ တဏှာသဘောရှိကုန်သော သံယောဇဉ်တို့ကို၎င်း၊ ဒိဋ္ဌိသဘောရှိကုန်သော သံယောဇဉ်တို့ကို၎င်း တပေါင်းတည်းပြု၍ ပေါင်းယူအပ်သည်အဖြစ်ကြောင့် သံယောဇဉ်တို့ကို ကိုးပါးတို့ဟူ၍ သိအပ်ကုန်၏။ ကိလေသာတို့ကိုကား—သုတ္တန်အားဖြင့်၎င်း၊ အဘိဓမ္မာအားဖြင့်၎င်း ဆယ်ပါးတို့ဟူ၍ ဆိုအပ်ကုန်၏။ ဤသို့ အကုသိုလ်တို့၏ သင်္ဂဟနည်းကို ကိုးပါးအပြားရှိ၏-ဟူ၍ မိန့်ဆိုအပ်၏။

ဤလောဘ စသောတရားတို့တွင် လောဘ၊ ဒိဋ္ဌိတို့ကို ကိုးပါး၊ ရှစ်ပါးအပြားဖြင့် ရေတွက်အပ်ကုန်၏။ အဝိဇ္ဇာကို ၇-ပါးအပြားဖြင့် ရေတွက်အပ်၏။ ပဋိဃကို ငါးပါးအပြားဖြင့် ရေတွက်အပ်၏။ ဝိစိကိစ္ဆာကို ၄-ပါးအပြားအားဖြင့် ရေတွက်အပ်၏။ မာန၊ ဥဒ္ဓစ္စတို့ကို သုံးပါးအပြားဖြင့် ရေတွက်အပ်ကုန်၏။ ထိနကို နှစ်ပါးအပြားဖြင့် ရေတွက်အပ်၏။ ကုက္ကုစ္စ၊ မိဒ္ဓ၊ အဟိရိကတို့ကို၎င်း၊ အနောတ္တပ္ပ၊ ဣဿာ၊ မစ္ဆရိယတို့ကို၎င်း တပါးအပြားဖြင့် ရေတွက်အပ်ကုန်၏။ ဤသို့လျှင် အကုသိုလ်တရားတို့ကို ၉-ပါးအပြားဖြင့် ရေတွက်အပ်ကုန်၏။

ပါပသင်္ဂဟအဖွင့်ပြီး၏။

မိဿကသင်္ဂဟ၊ ဟိတ် ၆-ပါး

၁၅။ ။မိဿကသင်္ဂဟေ ဆ ဟေတူ – လောဘော ဒေါသော မောဟော အလောဘော အဒေါသော အမောဟော။

စာမျက်နှာ-၁၉

မိဿကသင်္ဂဟ၌ ဤသို့ဝေဖန်ခြင်းကို ငါသည်မိန့်ဆိုအပ်၏။ ဟိတ်တို့သည် လောဘဟိတ်၎င်း၊ ဒေါသဟိတ်၎င်း၊ မောဟဟိတ်၎င်း၊ အလောဘဟိတ်၎င်း၊ အဒေါသဟိတ်၎င်း၊ အမောဟဟိတ်၎င်း၊ ဤသို့ ခြောက်ပါးအပြားရှိကုန်၏။

မိဿကသင်္ဂဟ ဟိတ် ၆-ပါး အဖွင့်

၁၅။ ။ဟိတ်တို့၌ ဆိုသင့်ဆိုထိုက်သော စကားကို အောက်ပကိဏ်းပိုင်း၌ အဖွင့်ဆိုအပ်ခဲ့ပြီးပြီ။

ဈာနင် ၇-ပါး

၁၆။ ။သတ္တ ဈာနင်္ဂါနိ – ဝိတက္ကော ဝိစာရော ပီတိ ဧကဂ္ဂတာ သောမနဿံ ဒေါမနဿံ ဥပေက္ခာ။

ဈာနင်တို့သည် ဝိတက်ဈာနင်၎င်း၊ ဝိစာရဈာနင်၎င်း၊ ပီတိဈာနင်၎င်း၊ ဧကဂ္ဂတာဈာနင်၎င်း၊ သောမနဿဈာနင်၎င်း၊ ဒေါမနဿဈာနင်၎င်း၊ ဥပေက္ခာဈာနင်၎င်း၊ ဤသို့ ၇-ပါးအပြားရှိကုန်၏။

ဈာနင် ၇-ပါး အဖွင့်

၁၆။ ။အာရုံသို့ကပ်၍ ကြံခြင်း-ဟု ဆိုအပ်သော ရှုတတ်သောအနက်ကြောင့်၎င်း၊ ထိုက်သည်အားလျော်စွာ ဆန့်ကျင်ဘက်ဖြစ်သော နီဝရဏတရားတို့ကို လောင်ကျွမ်းစေတတ်သောအနက်ကြောင့်၎င်း၊ ဝိတက်စသောတရားတို့သည် ဈာန်¹ မည်ကုန်၏။ ထိုဈာန်တို့ဟူသည် အပေါင်းဖြစ်ကုန်သော ဈာန်တရားတို့ကို အစိတ်၏


၁။ ကောင်းသောကုသိုလ်အာရုံ၌ဖြစ်စေ၊ မကောင်းသောအကုသိုလ်အာရုံ၌ဖြစ်စေ၊ စူးစူးစိုက်စိုက် စွဲစွဲမြဲမြဲကပ်၍ ရှုတတ်သောကြောင့် ဈာန်မည်၏။ ထို့ကြောင့် ကုသိုလ်ဈာန်၊ အကုသိုလ်ဈာန် နှစ်မျိုးအရ ဈာန် ၇-ပါးဖြစ်၏။ ဒေါမနဿကား အကုသိုလ်သက်သက်ဈာန်ဖြစ်၏၊ ကြွင်း ၆-ပါးတို့ကား ကုသိုလ်၊ အကုသိုလ်၊ အဗျာကတ ၃-မျိုးတို့နှင့်ဆိုင်သော ဈာန်များဖြစ်ကြ၏။

စာမျက်နှာ-၂၀

အဖြစ်ဖြင့် သိအပ်ကုန်သောကြောင့် အင်္ဂါတို့လည်း မည်ကုန်၏။ ထိုနှစ်ပါးသော အနက်ကြောင့် ဈာနင်္ဂါနိ မည်ကုန်၏။ အစိတ်မှလွတ်သော အပေါင်းမရှိသော်လည်း သေနင်္ဂရထ အစရှိသည်တို့ကဲ့သို့ ဝိတက်အစရှိသည်တို့ကို တပေါင်းတည်းဖြစ်၍ နီဝရဏတရားတို့ကို လောင်ကျွမ်းတတ်သည်အဖြစ်ကြောင့် အသီးအသီးအစိတ်၏အဖြစ်ဖြင့် ဆိုအပ်ကုန်၏။ ဤ ၇-ပါးသော ဈာနင်တို့တွင် ဒေါမနဿသည် အကုသိုလ်ဈာနင်မည်၏၊ ကြွင်းသော အင်္ဂါတို့သည် ကုသိုလ်၊ အကုသိုလ်၊ အဗျာကတ ဈာနင်မည်ကုန်၏။

မဂ္ဂင် ၁၂-ပါး

၁၇။ ။ ဒွါဒသ မဂ္ဂင်္ဂါနိ – သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပော သမ္မာဝါစာ သမ္မာကမ္မန္တော သမ္မာအာဇီဝေါ သမ္မာဝါယာမော သမ္မာသတိ သမ္မာသမာဓိ မိစ္ဆာဒိဋ္ဌိ မိစ္ဆာသင်္ကပ္ပော မိစ္ဆာဝါယာမော မိစ္ဆာသမာဓိ။

မဂ္ဂင်တို့သည် သမ္မာဒိဋ္ဌိ၎င်း၊ သမ္မာသင်္ကပ္ပ၎င်း၊ သမ္မာဝါစာ၎င်း၊ သမ္မာကမ္မန္တ၎င်း၊ သမ္မာအာဇီဝ၎င်း၊ သမ္မာဝါယာမ၎င်း၊ သမ္မာသတိ၎င်း၊ သမ္မာသမာဓိ၎င်း၊ မိစ္ဆာဒိဋ္ဌိ၎င်း၊ မိစ္ဆာသင်္ကပ္ပ၎င်း၊ မိစ္ဆာဝါယာမ၎င်း၊ မိစ္ဆာသမာဓိ၎င်း၊ ၁၂-ပါးအပြားရှိကုန်၏။

မဂ္ဂင် ၁၂-ပါး အဖွင့်

၁၇။ ။သမ္မာဒိဋ္ဌိစသော တရားတို့သည် သုဂတိဘဝ၊ ဒုဂ္ဂတိဘဝတို့သို့၎င်း၊ နိဗ္ဗာန်သို့၎င်း ရွှေ့လျားရောက်စေတတ်သောကြောင့် မဂ်မည်ကုန်၏။ ထိုသုဂတိ၊ ဒုဂ္ဂတိ၊ နိဗ္ဗာန်တို့သို့ ရောက်ကြောင်းဖြစ်


၁။ ဈာန်၏အစိတ်ဖြစ်သောကြောင့် ဈာနင်မည်၏။ ၂။ သုဂတိဘုံ၊ ဒုဂ္ဂတိဘုံ၊ နိဗ္ဗာန်သို့ ရွှေ့လျားရောက်စေတတ်သောကြောင့် မဂ်မည်၏။

စာမျက်နှာ-၂၁

ကုန်သော သမ္မာဒိဋ္ဌိစသော အစိတ်တို့သည် အင်္ဂါ¹ မည်ကုန်၏။ ထိုနှစ်ပါးသောအနက်ကြောင့် မဂ္ဂင်² မည်ကုန်၏။

တနည်းကား-အင်္ဂါရှစ်ပါးရှိသော မဂ်၏ အစိတ်တို့သည် မဂ္ဂင်မည်ကုန်၏။ မဖောက်မပြန်သောအားဖြင့် မြင်တတ်သောကြောင့် သမ္မာဒိဋ္ဌိမည်၏။ ထိုသမ္မာဒိဋ္ဌိသည်ကား အတ္ထိ၊ ဒိန္နံဟူ၍အစရှိသော အစွမ်းဖြင့် ၁၀-ပါးအပြားရှိ၏။

တနည်းကား-ပရိညာ အစရှိသော ကိစ္စ၏ အစွမ်းအားဖြင့် ၄-ပါးအပြားရှိ၏။

ထိုဝိတက်ဖြင့် မဖောက်မပြန်သောအားဖြင့် သမ္ပယုတ်တရားတို့သည် အာရုံကို ကြံတတ်ကုန်၏၊ ထိုသို့ကြံတတ်ကြောင်းဖြစ်သောကြောင့် သမ္မာသင်္ကပ္ပမည်၏။ ထိုသမ္မာသင်္ကပ္ပသည် နေက္ခမ္မသင်္ကပ္ပ၊ အဗျာပါဒသင်္ကပ္ပ၊ အဝိဟိံသာသင်္ကပ္ပတို့၏ အစွမ်းအားဖြင့် သုံးပါးအပြားရှိ၏။ သမ္မာဝါစာ အစရှိသည်တို့ကို အောက်ဒုတိယပိုင်း အဖွင့်၌ ထင်စွာပြဆိုအပ်ကုန်ပြီးသည်သာတည်း။ ထိုဝီရိယတရားဖြင့် မဖောက်မပြန်သောအားဖြင့် သမ္ပယုတ်တရားတို့သည် အားထုတ်တတ်ကုန်၏၊ ထိုအားထုတ်ကြောင်းဖြစ်သောကြောင့် သမ္မာဝါယာမမည်၏။ ထိုတရားသဘောဖြင့် သမ္ပယုတ်တရားတို့သည် မဖောက်ပြန်သောအားဖြင့် အောက်မေ့တတ်ကုန်၏၊ ထိုသို့အောက်မေ့ကြောင်းဖြစ်သောကြောင့် သမ္မာသတိမည်၏။ ဤသမ္မာသတိ၊ သမ္မာဝါယာမတို့၏ အပြားကို အထက် ဗောဓိပက္ခိယသင်္ဂဟ၌ အဖွင့်ဆိုလတ္တံ့။ ထိုဧကဂ္ဂတာသည် မဖောက်ပြန်သောအားဖြင့် မိမိသည်သာလျှင် မိမိနှင့်ယှဉ်သောစိတ်ကို ထားအပ်၏။ ထိုသို့ထားတတ်သောကြောင့် သမ္မာသမာဓိမည်၏။ ပဌမဈာန် အစရှိသည်တို့၏ အစွမ်းဖြင့် ငါးပါးအပြားရှိသော ဧကဂ္ဂတာသည်


၁။ ထိုသုဂတိ၊ နိဗ္ဗာန်တို့၏ အကြောင်းအစိတ်ဖြစ်သောကြောင့် အင်္ဂါမည်၏။ ထိုနှစ်ပါးပေါင်း၍ မဂ္ဂင်မည်၏။
မိစ္ဆာဒိဋ္ဌိစသော တရားများကား ဒုဂ္ဂတိဘုံသို့ရောက်ကြောင်းဖြစ်သောကြောင့် မဂ္ဂင်မည်ကုန်၏။

စာမျက်နှာ-၂၂

သမ္မာသမာဓိမည်၏။ မိစ္ဆာဒိဋ္ဌိ အစရှိသည်တို့သည်လည်း ဒုဂ္ဂတိဘဝသို့ ရောက်ကြောင်းဖြစ်သောကြောင့် မဂ္ဂင်မည်ကုန်၏။

ဣန္ဒြေ ၂၂-ပါး

၁၈။ ။ဗာဝီသတိန္ဒြိယာနိ – စက္ခုန္ဒြိယံ သောတိန္ဒြိယံ ဃာနိန္ဒြိယံ ဇိဝှိန္ဒြိယံ ကာယိန္ဒြိယံ ဣတ္ထိန္ဒြိယံ ပုရိသိန္ဒြိယံ ဇီဝိတိန္ဒြိယံ မနိန္ဒြိယံ သုခိန္ဒြိယံ ဒုက္ခိန္ဒြိယံ သောမနဿိန္ဒြိယံ ဒေါမနဿိန္ဒြိယံ ဥပေက္ခိန္ဒြိယံ သဒ္ဓိန္ဒြိယံ ဝီရိယိန္ဒြိယံ သတိန္ဒြိယံ သမာဓိန္ဒြိယံ ပညိန္ဒြိယံ အနညာတညဿာမီတိန္ဒြိယံ အညိန္ဒြိယံ အညာတာဝိန္ဒြိယံ။

ဣန္ဒြေတို့သည် စက္ခုန္ဒြေ၎င်း၊ သောတိန္ဒြေ၎င်း၊ ဃာနိန္ဒြေ၎င်း၊ ဇိဝှိန္ဒြေ၎င်း၊ ကာယိန္ဒြေ၎င်း၊ ဣတ္ထိန္ဒြေ၎င်း၊ ပုရိသိန္ဒြေ၎င်း၊ ဇီဝိတိန္ဒြေ၎င်း၊ မနိန္ဒြေ၎င်း၊ သုခိန္ဒြေ၎င်း၊ ဒုက္ခိန္ဒြေ၎င်း၊ သောမနဿိန္ဒြေ၎င်း၊ ဒေါမနဿိန္ဒြေ၎င်း၊ ဥပေက္ခိန္ဒြေ၎င်း၊ သဒ္ဓိန္ဒြေ၎င်း၊ ဝီရိယိန္ဒြေ၎င်း၊ သတိန္ဒြေ၎င်း၊ သမာဓိန္ဒြေ၎င်း၊ ပညိန္ဒြေ၎င်း၊ အနညာတညဿာမီတိန္ဒြေ၎င်း၊ အညိန္ဒြေ၎င်း၊ အညာတာဝိန္ဒြေ၎င်း၊ ဤသို့ ၂၂-ပါး အပြားရှိကုန်၏။

ဣန္ဒြေ ၂၂-ပါး အဖွင့်

၁၈။ ။မြင်ခြင်း အစရှိသော ကိစ္စတို့ကြောင့် စက္ခုဝိညာဏ် အစရှိသည်တို့ကို၎င်း၊ များသောအားဖြင့် ထိုဣတ္ထိ၊ ပုရိသိန္ဒြေတို့နှင့်တကွဖြစ်ကုန်သော မိန်းမ၊ ယောက်ျားတို့၏ သန္တာန်၌သာလျှင် ဣတ္ထိလိင် အစရှိသည်တို့ဖြစ်ခြင်းကြောင့် လိင်အစရှိသည်တို့ကို၎င်း၊ သဟဇာတ်တရားတို့ကို စောင့်ရှောက်တတ်သည်အဖြစ်ကြောင့် တည်တတ်ကုန်သော ကမ္မဇရုပ်၊ သမ္ပယုတ်တရားတို့ကို၎င်း၊ အာရုံကိုသိခြင်း၌ သမ္ပယုတ်တရားတို့ကို၎င်း၊ ဣဋ္ဌာရုံ အစရှိသည်တို့ကို ခံစားခြင်းကိစ္စရှိသည်အဖြစ်၌ သုခဝေဒနာ

စာမျက်နှာ-၂၃

အစရှိသည်တို့နှင့်တကွဖြစ်သော တရားတို့ကို၎င်း၊ ယုံကြည်ခြင်း အစရှိသည်တို့၌ ယုံကြည်ခြင်း အစရှိသော အစွမ်းကြောင့်ဖြစ်ကုန်သော ထိုသဟဇာတ်တရားတို့ကို၎င်း၊ မသိဘူးသေးသော သစ္စာလေးပါးတို့ကို သိအောင်ပြုအံ့-ဟု ကျင့်သောပုဂ္ဂိုလ်အား အနညာတညဿာမီတိ ဖြစ်ခြင်းကြောင့် ထိုသို့သော အခြင်းအရာအားဖြင့် ဖြစ်ကုန်သော သဟဇာတ်တရားတို့ကို၎င်း၊ ပဌမမဂ်ဖြင့် သိအပ်သော အပိုင်းအခြားကို မလွန်မူ၍ သိခြင်းကြောင့်၎င်း၊ ရဟန္တာတို့၏ ဥစ္စာဖြစ်သည်အဖြစ်ကြောင့်၎င်း၊ သောတာပတ္တိမဂ်ဖြင့် သိအပ်သော အပိုင်းအခြားကို မလွန်မူ၍ သိသောအခြင်းအရာဖြင့် ဖြစ်ကုန်သော သဟဇာတ်တရားတို့ကို၎င်း၊ မိမိတို့အစဉ်လိုက်ကုန်သော တရားတို့၌ အစိုးရခြင်းတည်းဟူသောအနက်ကြောင့် ဣန္ဒြေမည်ကုန်၏။ ထိုကြောင့် စက္ခုန္ဒြိယံ ဤသို့အစရှိသော စကားကို မိန့်ဆိုတော်မူပြီ။ (“တို့ကို” ဟု ပါသမျှအနက်တို့ကို အစိုးရခြင်း၌စပ်)။

သမ္မာအဋ္ဌကထာ၌ ဤဆိုအပ်ပြီးသည်မှ တပါးဖြစ်ကုန်သော မိမိတို့၏အကြောင်းဖြစ်သော ကံကိုပြတတ်သောအနက် အစရှိကုန်သော ဣန္ဒြိယသဒ္ဒ၏ အနက်တို့ကို အဖွင့်ဆိုအပ်ကုန်ပြီ။ ဇီဝိတိန္ဒြိယံ ဟူသည်ကား-ရုပ်ဇီဝိတ၊ နာမ်ဇီဝိတတို့၏ အစွမ်းဖြင့် နှစ်ပါးအပြားရှိသော ဇီဝိတိန္ဒြေတည်း-ဟူလို။

အစမထင်သော သံသရာ၌ မသိဘူးသေးသော နိဗ္ဗာန်ကို၊ တနည်းကား သစ္စာလေးပါးတရားကိုသာလျှင် သိစေအံ့-ဟု ဤသို့မြတ်သော အလိုဖြင့် ကျင့်သော ယောဂီပုဂ္ဂိုလ်၏ ဣန္ဒြေသည်


၁။ သမ္ပယုတ်တရားတို့ကို အစိုးရသောကြောင့် ဣန္ဒြေမည်၏။
တနည်း—ဝိပါက်၊ ကဋတ္တာရုပ်တို့ကို အစိုးရသော၊ မြည်မည်သောကံကို ပြတတ်သောကြောင့် ဣန္ဒြေမည်၏။
တနည်း—ဣန္ဒမည်သော ကံကြောင့် ပြီးကုန်သည်ဖြစ်ရကား ဣန္ဒြေမည်၏။ တနည်း—ဣန္ဒမည်သော မြတ်စွာဘုရားသည် မြင်အပ်၊ ဟောအပ်သောကြောင့် ဣန္ဒြေမည်၏။

စာမျက်နှာ-၂၄

အနညာတညဿာမီတိန္ဒြေ မည်၏။ သောတာပတ္တိမဂ်သည် မြင်အပ်ပြီးသော အပိုင်းအခြားကို မလွန်မူ၍ သိတတ်သောကြောင့် အညိန္ဒြေမည်၏၊ ဣန္ဒြေလည်းမည်၏။ ထို့ကြောင့် အညိန္ဒြေ မည်၏။ လေးပါးကုန်သော သစ္စာတို့ကို ထိုးထွင်းကာသိပြီး၍ တည်သော ရဟန္တာပုဂ္ဂိုလ်၏ ဣန္ဒြေသည် အညာတာဝိန္ဒြေ မည်၏။ ဣန္ဒြေမည်ကုန်သော တရားတို့၏ သရုပ်ကို ပြခြင်းငှါ ဤဣန္ဒြိယနိဒ္ဒေသ၌ ပညိန္ဒြေကို ယူခြင်းကို မြတ်စွာဘုရားသည် ပြုတော်မူ၏။ ပုဂ္ဂိုလ်၏အလိုကိစ္စ အထူးကို ပြခြင်းငှါ အနညာတညဿာမီတိ အစရှိသည်တို့ကို ယူခြင်းကိုပြုအပ်၏။

ဤဣန္ဒြိယနိဒ္ဒေသ၌ သတ္တဝါဟူသောပညတ်၌ ထူးသောမှီရာရှိသည်ဖြစ်ခြင်းကြောင့် အဇ္ဈတ္တိကာယတန² ငါးပါးတို့ကို အစ၌ မြတ်စွာဘုရားသည် ဟောအပ်ကုန်၏။ မနိန္ဒြေကိုကား အဇ္ဈတ္တိကာယတန၏ အဖြစ်နှင့်တူသည်အဖြစ်ကြောင့် အဇ္ဈတ္တိကာယတန အဆုံး၌သာလျှင် ဟောတော်မူအပ်သော်လည်း နာမ်ဣန္ဒြေတို့နှင့်


၁။ အစမထင် သံသရာပြင်၌ တရံတဆစ်မျှ မသိဘူးသေးသော အမြိုက်နိဗ္ဗာန်၊ သစ္စာလေးပါး တရားထူးကို သိအောင်ပြုအံ့-ဟု ကျင့်သော ယောဂီပုဂ္ဂိုလ်၏ ဣန္ဒြေသည် အနညာတညဿာမီတိ မည်၏။
၂-သောတာပတ္တိမဂ်သည် မြင်အပ်ပြီးသော အပိုင်းအခြားကို မလွန်မူ၍ သိတတ်သော ဣန္ဒြေသည် အညိန္ဒြေ မည်၏။
၃-သိအပ်ပြီးသော သစ္စာလေးပါး တရားတို့ကို သိပြီးသော ရဟန္တာပုဂ္ဂိုလ်၏ ဣန္ဒြေသည် အညာတာဝိန္ဒြေ မည်၏။ တရားကိုယ်အားဖြင့် သောတာပတ္တိမဂ်၌ရှိသော ပညာသည် အနညာတညဿာမီတိန္ဒြေ မည်၏၊ အထက်မဂ်သုံးခု၊ အောက်ဖိုလ်သုံးခု၌ရှိသော ပညာသည် အညိန္ဒြေ မည်၏။ အရဟတ္တဖိုလ်၌ရှိသော ပညာသည် အညာတာဝိန္ဒြေ မည်၏။
ဣန္ဒြေဟောစဉ်
၄- သတ္တဝါ-ဟု ခေါ်ဝေါ်အပ်သော အက္ခရာအစဉ်-ဟု ဆိုအပ်သော နာမပညတ်၏ ထူးသောမှီရာ အကြောင်းဖြစ်သောကြောင့် အဇ္ဈတ္တိကာယတန ငါးပါးကို အစ၌ ဟောတော်မူသည်။
၅-မနိန္ဒြေကို အဇ္ဈတ္တိကာယတနမျိုး ဖြစ်၍ အဇ္ဈတ္တိကာယတန၏ အခြားမဲ့၌ ဆိုသင့်သော်လည်း သုခိန္ဒြေစသော နာမ်ဣန္ဒြေတို့နှင့် တပေါင်းတည်း ပြခြင်းငှါ ဇီဝိတိန္ဒြေ၏ အခြားမဲ့၌ ဆိုရ၏။

စာမျက်နှာ-၂၅

တကွ တပေါင်းတည်းပြခြင်းငှါ ဇီဝိတိန္ဒြေ၏ အခြားမဲ့၌ မိန့်ဆိုအပ်၏။ ထိုသတ္တပညတ်သည် ဣတ္ထိန္ဒြေ စသည်တို့၏ အစွမ်းကြောင့် မိန်းမ၊ ယောက်ျားဟူ၍ ခွဲဝေခြင်းသို့ ရောက်၏။ ဤသို့ သတ္တဝါ-ဟု ခေါ်ဝေါ်အပ်သော အထူးသို့ ရောက်ခြင်းကို ပြခြင်းငှါ ထိုအဇ္ဈတ္တိကာယတန ငါးခု၏အခြားမဲ့၌ ဘာဝရုပ်နှစ်ခုအပေါင်းကို မိန့်ဆိုအပ်၏။ ထိုကမ္မဇရုပ်တရားတို့သည် ဤဇီဝိတိန္ဒြေ၏ အစွမ်းကြောင့် တည်ကုန်၏။ ဤသို့သော အကြောင်းကို ပြခြင်းငှါ ထိုဘာဝနှစ်ပါးမှ နောက်၌ ဇီဝိတိန္ဒြေကို ဆိုအပ်၏။ သတ္တ-ဟု မှတ်အပ်သော ပရမတ္ထတရား အစုအပေါင်းသည် အပေါင်းသန္တာန်၏ အစွမ်းဖြင့်ဖြစ်သည်ဖြစ်၍ ဤဝေဒနာတို့ကြောင့် ညစ်နွမ်းလတ္တံ့-ဟု ၎င်း၏ညစ်ညူးခြင်း၏ အကြောင်းကို ပြခြင်းငှါ ထိုဇီဝိတိန္ဒြေမှ နောက်၌ ဝေဒနာငါးခုအပေါင်းကို မိန့်ဆိုအပ်၏။

ထိုဝေဒနာတို့မှ အထူးသဖြင့် စင်ကြယ်ခြင်းကို အလိုရှိကုန်သော ယောဂီပုဂ္ဂိုလ်တို့၏ ဖြူစင်ခြင်း၏အကြောင်းကို ပြခြင်းငှါ ထိုဝေဒနာငါးခုအပေါင်းမှ နောက်၌ သဒ္ဓါအစရှိသော တရားငါးခုအပေါင်းကို မိန့်ဆိုအပ်၏။ ဆည်းပူးအပ်ပြီးသော ဖြူစင်ခြင်း၏အကြောင်းဖြစ်သော ကောင်းမှုရှိကုန်သော သူတော်ကောင်းတို့သည် ဤ


၁။ သတ္တဝါ-ဟု ဆိုအပ်သော နာမပညတ်၏ ဣတ္ထိ၊ ပုရိသိန္ဒြေတို့၏ အစွမ်းဖြင့် မိန်းမ၊ ယောက်ျား-ဟု ကွဲပြားသော အဖြစ်သို့ ရောက်ခြင်းကို ပြခြင်းငှါ ကာယိန္ဒြေ၏ အခြားမဲ့၌ ဘာဝရုပ် ၂-ပါးကို ဟောတော်မူ၏။
၂။ ဥပါဒိန္န ကမ္မဇရုပ်တရားတို့သည် ဇီဝိတိန္ဒြေ၏အစွမ်းဖြင့် တည်ကြသောကြောင့် ဤဥပါဒိန္န ကမ္မဇရုပ်တရားတို့၏ တည်ရာအကြောင်းကို ပြခြင်းငှါ ထိုဘာဝရုပ်တို့၏ အခြားမဲ့၌ ဇီဝိတိန္ဒြေကို ဟောတော်မူ၏။
၃။ သတ္တဝါ-ဟု ခေါ်ဝေါ်အပ်သော ဥပါဒိန္နတရား အပေါင်းသည် သန္တာန်အစဉ်၏ အစွမ်းဖြင့်ဖြစ်သည်ရှိသော် ဤဝေဒနာတို့ကြောင့် ညစ်နွမ်းတတ်သည်-ဟု ညစ်နွမ်းခြင်း၏ အကြောင်းကို ပြခြင်းငှါ မနိန္ဒြေ၏ အခြားမဲ့၌ သုခိန္ဒြေစသော ဝေဒနိန္ဒြေ ငါးပါးကို ဟောတော်မူ၏။
၄- ထိုညစ်နွမ်းခြင်း၏ အကြောင်းဖြစ်သော ဝေဒနာတို့မှ စင်ကြယ်ခြင်းကို အလိုရှိကုန်သော ပုဂ္ဂိုလ်တို့၏ စင်ကြယ်ခြင်း၏ အကြောင်းကို ပြခြင်းငှါ ထိုဝေဒနိန္ဒြေ ငါးပါးတို့၏ အခြားမဲ့၌ သဒ္ဓိန္ဒြေ အစရှိသော ဣန္ဒြေအပေါင်းကို ဟောတော်မူ၏။

စာမျက်နှာ-၂၆

အနညာတညဿာမီတိန္ဒြေ အစရှိကုန်သော ဣန္ဒြေတို့ကြောင့် ထိုဝေဒနာတို့မှ စင်ကြယ်ကုန်၏-ဟု ဤသို့သောအကြောင်းကို ပြခြင်း၎င်း၊ အထူးသဖြင့် စင်ကြယ်ခြင်းသို့ ရောက်ကုန်သည်၊ ပြီးပြီးသောကိစ္စရှိကုန်သည်-ဟု ဤသို့သောအကြောင်းကို ပြခြင်းအကျိုးငှါ၎င်း၊ အဆုံး၌ ၃-ပါးကုန်သော ဣန္ဒြေတို့ကို မိန့်ဆိုအပ်ကုန်၏။ ဤမျှ အတိုင်းအရှည်ရှိသော စက္ခုစသော ၂၂-ပါးသော တရားဖြင့်သာ လိုအပ်သော အနက်၏ ပြီးပြည့်စုံခြင်းသည် ဖြစ်၏။ ထို့ကြောင့် တပါးကုန်သော ဖဿစသော တရားတို့ကို ဣန္ဒြေအဖြစ်ဖြင့် မြတ်စွာဘုရားသည် မဟောအပ်ကုန်။ ဤဆိုအပ်ပြီးသော အလုံးစုံသည် ထိုစက္ခုစသည်တို့၏ အစဉ်အားဖြင့် ဟောခြင်းအကြောင်းတည်း။ ထို့ကြောင့် အလွန်ချဲ့လွန်းသဖြင့် အကျိုးမရှိပြီ။

ဗိုလ် ၉-ပါး

၁၉။ ။နဝဗလာနိ သဒ္ဓါဗလံ၊ ဝီရိယဗလံ၊ သတိဗလံ၊ သမာဓိဗလံ၊ ပညာဗလံ၊ ဟိရီဗလံ၊ ဩတ္တပ္ပဗလံ၊ အဟိရိကဗလံ၊ အနောတ္တပ္ပဗလံ

ဗိုလ်တို့သည် သဒ္ဓါဗိုလ်၎င်း၊ ဝီရိယဗိုလ်၎င်း၊ သတိဗိုလ်၎င်း၊ သမာဓိဗိုလ်၎င်း၊ ပညာဗိုလ်၎င်း၊ ဟိရီဗိုလ်၎င်း၊ ဩတ္တပ္ပဗိုလ်၎င်း၊ အဟိရိကဗိုလ်၎င်း၊ အနောတ္တပ္ပဗိုလ်၎င်း၊ ဤသို့ ၉-ပါးအပြားရှိကုန်၏။


၁-ဆည်းပူးအပ်ပြီးသော ဖြူစင်ခြင်း၏ အကြောင်းဖြစ်သော ကောင်းမှု ရှိကုန်သော သူတော်ကောင်းတိုသည် ဤအနညာတညဿာမီတိန္ဒြေ စသော ဣန္ဒြေ သုံးပါးတို့ဖြင့် ညစ်နွမ်း ခြင်း၏ အကြောင် ဖြစ်သော ဝေဒနာတို့မှ စင်ကြယ်ရ၏-ဟု စင်ကြယ်ခြင်း၏ အကြောင်း အဖြစ်ကို၎င်း၊ စင်ကြယ်ခြင်း ရောက်သည်၏ အဖြစ်, ပြီးပြီးသော ကိစ္စရှိသည်၏အဖြစ် ကို၎င်း ပြခြင်းငှါ အဆုံး၌ အနညာတညဿာမီတိန္ဒြေစသော ဣန္ဒြေသုံးပါးကို ဟောတော် မူ၏-ဟု မှတ်။
စက္ခုစသော ၂ ၂-ပါးသော ဣန္ဒြေတို့ကို ဟောခြင်းဖြင့်ပင် အလိုရှိအပ်သော အကျိုးများ ပြီးစီးခြင်းကြောင့် ဖဿ, ပထဝီ စသော တရားတို့ကို ဣန္ဒြိယ အရာ၌ မဟောအပ်ကုန်-ဟု မှတ်။

စာမျက်နှာ-၂၇

ဗိုလ် ၉-ပါး အဖွင့်

၁၉။ ။သဒ္ဓါမရှိသောသူ၏အဖြစ်၊ ပျင်းရိခြင်း၊ မေ့လျော့ခြင်း၊ ပျံ့လွင့်ခြင်း၊ မသိခြင်း၊ အရှက်မရှိခြင်း၊ အလန့်မရှိခြင်း-ဟု ဆိုအပ်ကုန်သော ဆန့်ကျင်ဘက်တရားတို့သည် တုန်လှုပ်ချောက်ချားခြင်းငှါ မတတ်နိုင်သည်အဖြစ်ကြောင့်၎င်း၊ သမ္ပယုတ်တရားတို့၌ မိမိစွာဖြစ်သည်အဖြစ်ကြောင့်၎င်း၊ ဤသဒ္ဓါအစရှိကုန်သော ၇-ပါးသော တရားတို့သည် ဗိုလ်မည်ကုန်၏။ အဟိရိက၊ အနောတ္တပ္ပ နှစ်ပါးအပေါင်းသည်ကား သမ္ပယုတ်တရားတို့၌ မြဲမြံစွာဖြစ်သည်အဖြစ်ကြောင့် ဗိုလ်မည်၏။ (တုန်လှုပ်ချောက်ချားခြင်းငှါ မတတ်နိုင်သည်အဖြစ်ကြောင့် ဗိုလ်မည်၏။)

အဓိပတိ ၄-ပါး

၂၀။ ။စတ္တာရော အဓိပတိ—ဆန္ဒာဓိပတိ၊ ဝီရိယာဓိပတိ၊ စိတ္တာဓိပတိ၊ ဝီမံသာဓိပတိ

အဓိပတိတို့သည် ဆန္ဒာဓိပတိ၎င်း၊ ဝီရိယာဓိပတိ၎င်း၊ စိတ္တာဓိပတိ၎င်း၊ ဝီမံသာဓိပတိ၎င်း၊ ဤသို့ လေးပါးအပြားရှိကုန်၏။

အဓိပတိ ၄-ပါး အဖွင့်

၂၀။ ။မိမိနှင့်စပ်၍ဖြစ်ကုန်သော တရားတို့၏ အကြီးဖြစ်ကုန်သော တရားတို့သည် အဓိပတိမည်ကုန်၏။ ယင်းစကား ထင်ရှားအောင်ပြဦးအံ့—ဆန္ဒဝတော ကိံ နာမ န သိဇ္ဈတိ ဤသို့အစ


၁။ အဿဒ္ဓိယ၊ ကောသဇ္ဇ၊ ပမာဒ၊ ဥဒ္ဓစ္စ၊ အဝိဇ္ဇာ၊ အဟိရိက၊ အနောတ္တပ္ပ-ဟု ဆိုအပ်ကုန်သော ဆန့်ကျင်ဘက်တရားတို့သည် မတုန်လှုပ်စေနိုင်သောကြောင့်၎င်း၊ သမ္ပယုတ်တရားတို့ မြဲမြံစွာဖြစ်သည်အဖြစ်ကြောင့်၎င်း၊ ဤအကြောင်း ၂-ပါးကြောင့် သဒ္ဓါစသော ၇-ပါးတို့သည် ဗိုလ်မည်ကုန်၏။
အဟိရိကနှင့် အနောတ္တပ္ပ တရား ၂-ပါးတို့ကား သမ္ပယုတ်တရားတို့၌ မြဲမြံစွာဖြစ်သောကြောင့်သာ ဗိုလ်မည်ကုန်၏။
၂-မိမိနှင့် စပ်၍ ဖြစ်ကုန်သော သမ္ပယုတ်တရားတို့၏ အရှင်သခင် အကြီးအမှုး ဖြစ်သောကြောင့် အဓိပတိမည်၏။

စာမျက်နှာ-၂၈

ရှိသော ရှေး၌ဖြစ်သော စိတ္တုပ္ပါဒ်မှ ပကတူပနိဿယ ပစ္စည်းကို ရ၍ဖြစ်သော နောက်စိတ်၌ အကြီးဖြစ်ကုန်သော ဆန္ဒအစရှိသည်တို့သည် မိမိနှင့်ယှဉ်သော သမ္ပယုတ်တရားတို့ကို ပြီးစေတတ်ကုန်၏။ ထိုသမ္ပယုတ်တရားတို့သည်လည်း ထိုဆန္ဒအစရှိသည်တို့၏ အစွမ်းကြောင့်ဖြစ်ကုန်၏၊ ထို့ကြောင့် ထိုဆန္ဒအစရှိသော တရားတို့သည် မိမိနှင့်စပ်ကုန်သော တရားတို့၏ အကြီးဖြစ်ကုန်၏။ ဆန္ဒအစရှိကုန်သော လေးပါးကုန်သော တရားတို့မှတပါးဖြစ်ကုန်သော အဓိပတိတရားတို့၏ အဓိပတိမည်သည်အဖြစ်ကို တားမြစ်သည်၏အစွမ်းအားဖြင့် အကြီး၏အဖြစ်သည် အဓိပတိမည်၏။ တပါးသော ဣန္ဒြေတို့သည် ရှိကုန်သော်လည်း သက်သက် ရူပါရုံကိုမြင်ခြင်း အစရှိသည်တို့၌ စက္ခုဝိညာဏ် အစရှိသည်တို့ကို မိမိအလိုလိုက်စေကာမျှသည်သာလျှင် ဣန္ဒြေအဖြစ်မည်၏။ ဤသည်လျှင် အဓိပတိနှင့် ဣန္ဒြေတို့၏ အထူးတည်း။

အာဟာရ ၄-ပါး

၂၁။ ။စတ္တာရော အာဟာရာ—ကဗဠိကာရော အာဟာရော၊ ဖဿော ဒုတိယော၊ မနောသဉ္စေတနာ တတိယာ၊ ဝိညာဏံ စတုတ္ထံ

အာဟာရတို့သည် အလုပ်အကျွေးကို မပြုအပ်သော်လည်း ပြုအပ်သကဲ့သို့သော အာဟာရ၎င်း၊ နှစ်ခုတို့၏ ပြည့်ကြောင်းဖြစ်သော ဖဿအာဟာရ၎င်း၊ သုံးခုတို့၏ ပြည့်ကြောင်းဖြစ်သော မနောသဉ္စေတနာအာဟာရ၎င်း၊ လေးခုတို့၏ ပြည့်ကြောင်းဖြစ်သော ဝိညာဏအာဟာရ၎င်း၊ ဤသို့ လေးပါးအပြားရှိကုန်၏။


၁။ မိမိအဓိပတိတနေခိုက် အခြားသော အဓိပတိတရားတို့၏ အဓိပတိအဖြစ်ကို တားမြစ်၍ မိမိသာ အစိုးရသည်အဖြစ်သည် အဓိပတိအစိုးရခြင်းဖြစ်၏။
၂-တပါးသော ဣန္ဒြေများ အစိုးရခြင်းရှိသော်လည်း မိမိနှင့်စပ်သော တရားကိုသာ မိမိအလိုသို့ လိုက်စေခြင်းသဘော, အစိုးရခြင်း သဘောမျိုးသည် ဣန္ဒြေ အစိုးရခြင်း ဖြစ်၏။
(ဤကား- အဓိပတိနှင့် ဣန္ဒြိယ အစိုးရပုံချင်း ခြားနားချက်တည်း။)

စာမျက်နှာ-၂၉

အာဟာရ ၄-ပါး အဖွင့်

၂၁။ ။ဩဇာလျှင် ရှစ်ခုတို့၏ ပြည့်ကြောင်းဖြစ်ကုန်သော ရုပ်အစရှိသည်တို့ကို ဆောင်တတ်ကုန်သောကြောင့် အာဟာရ¹ မည်ကုန်၏။ အကျယ်ချ၍ ပြဦးအံ့—ကဗဠိကာရအာဟာရသည် ဩဇာလျှင် ရှစ်ခုတို့၏ ပြည့်ကြောင်းဖြစ်သော အဋ္ဌကလာပ်ရုပ်ကို ဆောင်၏။ ဖဿအာဟာရသည် ဝေဒနာသုံးပါးတို့ကို ဆောင်၏။ မနောသဉ္စေတနာအာဟာရ-ဟု ဆိုအပ်သော ကုသိုလ်၊ အကုသိုလ်ကံသည် ဘုံသုံးပါးတို့၌ ပဋိသန္ဓေကို ဆောင်၏။ ဝိညာဏအာဟာရ-ဟု ဆိုအပ်သော ပဋိသန္ဓေဝိညာဏ်သည် မိမိနှင့်တကွဖြစ်သော နာမ်ရုပ်တို့ကို ဆောင်၏။

မိမိတို့၏ ပစ္စယုပ္ပန်ဖြစ်ကုန်သော တရားတို့ကို ဆောင်တတ်ကုန်သော တပါးကုန်သော တရားတို့သည်လည်း အကယ်၍ကားရှိကုန်၏၊ ထိုသို့ပင်ရှိကုန်သော်လည်း အဇ္ဈတ္တိကသန္တာန်၏ ထူးသောအကြောင်းဖြစ်သောကြောင့် ဤတရားလေးပါးတို့ကိုသာလျှင် အာဟာရဟူ၍ ဆိုအပ်ကုန်၏။ ထူးသောအကြောင်း၏ အကျယ်ကို ဆိုဦးအံ့—ကဗဠိကာရအာဟာရလျှင် အစာရှိကုန်သော သတ္တဝါတို့၏ ရူပကာယ၏ ကဗဠိကာရအာဟာရသည် ထူးသောအကြောင်းဖြစ်၏။ အဘယ့်ကြောင့်ဖြစ်သနည်း-ဟူမူ ကံအစရှိသည်သည် ဖြစ်စေအပ်သော်လည်း ထိုရူပကာယ၏ ကဗဠိကာရအာဟာရဟူသော အထောက်အပံ့၏ အစွမ်းကြောင့်သာလျှင် ဆယ်နှစ်အစရှိ


၁။ ဩဇာလျှင် ရှစ်ခုမြောက်သော အာဟာရဇ အဋ္ဌကလာပ်ရုပ်စသည်ကို ဆောင်တတ်သောကြောင့် အာဟာရမည်၏။
ကဗဠီကာရာဟာရသည် ဩဇာလျှင် ရှစ်ခုမြောက်သော အဋ္ဌကလာပ်ရုပ်ကိုဆောင်သည်။
ဖဿာဟာရသည် ဝေဒနာသုံးပါးကို ဆောင်သည်။
မနောသဉ္စေတနာဟာရ-ဟု ဆိုအပ်သော ကုသိုလ်၊ အကုသိုလ်ကံသည် ဘဝသုံးပါး၌ ပဋိသန္ဓေကိုဆောင်သည်။
ဝိညာဏာဟာရ-ဟု ဆိုအပ်သော ပဋိသန္ဓေဝိညာဏ်သည် သဟဇာတ်ဖြစ်သော နာမ်ရုပ်ကို ဆောင်သည်။

စာမျက်နှာ-၃၀

သော ကာလတို့ပတ်လုံး တည်နိုင်သည်၏ အဖြစ်ကြောင့် ကဗဠိကာရအာဟာရသည် ရူပကာယ၏ ထူးသောအကြောင်းဖြစ်၏။

ထို့ကြောင့်သာလျှင် ဤကဗဠိကာရအာဟာရသည် အထိန်းသည် သတို့သားကို နို့ရည်တိုက်ခြင်းစသည်ဖြင့် ထောက်ပံ့ခိုင်စေသကဲ့သို့၎င်း၊ ဆွေးမြေ့သော အိမ်ကို ထောက်ပံ့ခိုင်စေသော ယန္တရားတိုင်ကဲ့သို့၎င်း ဖြစ်၏-ဟု မိန့်ဆိုအပ်၏။ ဖဿအာဟာရသည်လည်း သုခဝေဒနာ အစရှိကုန်သော ဝေဒနာတို့၏ အကြောင်းဖြစ်သော အာရုံကို တွေ့ထိ၍သာလျှင် သုခဝေဒနာ အစရှိသည်တို့ကို ဖြစ်စေခြင်းဖြင့် သတ္တဝါတို့၏ ကြာမြင့်စွာတည်ခြင်းအကြောင်းဖြစ်၏။ မနောသဉ္စေတနာဟာရသည် ကုသိုလ်ကံ၊ အကုသိုလ်ကံတို့၏ အစွမ်းဖြင့် အားထုတ်သည်ဖြစ်၍သာလျှင် ဘုံသုံးပါးတို့၌ တည်ခြင်းကို ဖြစ်စေတတ်သောကြောင့် သတ္တဝါတို့၏ တည်ခြင်းအကြောင်းဖြစ်၏။ ဝိညာဏာဟာရသည် အာရုံကိုသိတတ်သည်ဖြစ်၍ နာမ်ရုပ်ကိုဖြစ်စေသဖြင့် သတ္တဝါတို့၏ တည်ခြင်းအကြောင်းဖြစ်၏။ ဤဆိုအပ်ပြီးသောနည်းဖြင့် ဤလေးပါးတို့တို့ကိုသာလျှင် အတ္တဖြစ်သော ရူပကာယတရား၏ ထူးသောအကြောင်း၏ အဖြစ်ကြောင့် အာဟာရတို့ဟူ၍ ဆိုအပ်ကုန်၏။ ဖဿအစရှိသည်တို့၏ ဒုတိယအစရှိသောအဖြစ်ကို ဒေသနာအစဉ်အားဖြင့်သာ ဆိုအပ်၏-ဟု သိအပ်၏။ ဖြစ်စဉ်အားဖြင့် မဆိုအပ်-ဟု သိလေ။

၂၃။ ။ပဉ္စဝိညာဏေသု ဈာနင်္ဂါနိ, အဝီရိယေသု ဗလာနိ, အဟေတုကေသု မဂ္ဂင်္ဂါနိ န လဗ္ဘန္တိ။ တထာ ဝိစိကိစ္ဆာစိတ္တေ ဧကဂ္ဂတာ မဂ္ဂိန္ဒြိယဗလဘာဝံ န ဂစ္ဆတိ။

ဒွေးပဉ္စဝိညာဏ်တဆယ်တို့၌ ဈာနင်တို့ကို မရအပ်ကုန်၊ ဝီရိယမယှဉ်သောစိတ် ၁၆-ခုတို့၌ ဗိုလ်တို့ကို မရအပ်ကုန်၊ အဟိတ်စိတ်


၁။ အဇ္ဈတ္တိကသန္တာန်၏ ထူးသောအကြောင်းတရားများဖြစ်သောကြောင့် ဤတရားလေးပါးတို့ကိုသာ အာဟာရ-ဟု ဆိုအပ်ကုန်၏-ဟု မှတ်။

စာမျက်နှာ-၃၁

၁၈-ခုတို့၌ မဂ္ဂင်တို့ကို မရအပ်ကုန်၊ ထို့အတူ ဝိစိကိစ္ဆာသဟဂုတ် စိတ်၌ ဧကဂ္ဂတာစေတသိက်သည် မဂ္ဂင် ဣန္ဒြေ ဗိုလ်အဖြစ်သို့ မရောက်။

၂၃။ ။ပဉ္စဝိညာဏ်တို့၌ ဝိတက်မယှဉ်ခြင်းကြောင့် အာရုံတို့၌ ရှေ့ရှုကျရောက်ကာမျှ ဖြစ်သောကြောင့် ထိုပဉ္စဝိညာဏ်တို့၌ ဥပေက္ခာ သုခ ဒုက္ခတို့သည် ထင်ရှားရှိကုန်သော်လည်း ကသိုဏ်း စသော အာရုံကိုကပ်၍ ကြံသောအခြင်းအရာ မရှိခြင်းကြောင့် ဈာနင်၏အဖြစ်ဖြင့် မထုတ်ဆောင်အပ်ကုန်၊ ထိုစကားမှန်၏၊ ဈာနင်ဟူသည် ဝိတက်လျှင် နောက်ဆုံးအကွပ် အကြီးအကြပ်ရှိ၏-ဟု ဆိုအပ်၏။ ဒွေးပဉ္စဝိညာဏ် ၁၀-ပါး၊ မနောဓာတ်သုံးပါး၊ သန္တီရဏသုံးခုတို့၏ အစွမ်းဖြင့် ၁၆-ပါးသောစိတ်တို့၌ ဝီရိယ မယှဉ်သောကြောင့် ထို ၁၆-ပါးသောစိတ်တို့၌ သမာဓိသည် ထင်ရှားရှိသော်လည်း ဗိုလ်အဖြစ်သို့ မရောက်၊ ထိုစကားမှန်၏၊ ဗိုလ်ဟူသည် ဝီရိယလျှင် နောက်ပိတ်အကွပ် အကြီးအကြပ်ရှိ၏-ဟု ဆိုအပ်၏၊ ထိုမှတပါး အဟိတ်စိတ် ၁၈-ပါးတို့၌ ဟိတ်မယှဉ်သောကြောင့် မဂ္ဂင်တို့ကို မရအပ်ကုန်၊ ထိုစကားမှန်၏၊ မဂ္ဂင်ဟူသည် ဟိတ်တရားလျှင် နောက်ပိတ်အကွပ် အကြီးအကြပ်ရှိ၏-ဟူ၍ ဆိုအပ်၏။ ဤသို့သော အနက်သဘောကို နှလုံးထားတော်မူ၍ ဒွေပဉ္စဝိညာဏေသု ဤသို့ အစရှိသောစကားကို မိန့်ဆိုပြီ၊ ဈာနင်တို့ကို မရအပ်ကုန်-ဟု စာစပ်ခြင်းကို ပြုအပ်၏။


၁-ဒွေးပဉ္စဝိညာဏ် ၁၀-တို့၌ ဝိတက် ကင်းသဖြင့် အာရုံသို့ ရှေ့ရှုကျကာမျှ ဖြစ်၍ ထိုဒွေးပဉ္စဝိညာဏ် ၁၀-၌ ရှိသော ဥပေက္ခာ, သုခ, ဒုက္ခဝေဒနာတို့သည် အာရုံသို့ ကပ်၍ ရှုခြင်းအခြင်းအရာ မရှိသောကြောင့် ဈာနင် မထိုက်ပေ။
၂-ဒွေးပဉ္စဝိညာဏ် ၁၀-ပါး, မနောဓာတ် ၃-ပါး, သန္တီရဏ ၃-ပါး-ဟု ဆိုအပ်သော ဝီရိယ မယှဉ်သောစိတ် ၁၆-ပါးတို့၌ ဝီရိယ မယှဉ်၊ ဝီရိယ အထောက်အပံ့ ကင်းသဖြင့် အားနည်းသောကြောင့် ၎င်း၌ရှိသော ဧကဂ္ဂတာစေတသိက်ကို သမာဓိဗိုလ် မထိုက်။
၃-အဟိတ်စိတ်တို့၌ ယှဉ်သော ဝိတက်, ဝီရိယ, ဧကဂ္ဂတာတို့သည် ဟိတ်ကင်းသဖြင့် အားနည်းသောကြောင့် မဂ်ကိစ္စ မတတ်နိုင်ကြကုန်။

စာမျက်နှာ-၃၂

အဓိမောက္ခနှင့် မယှဉ်ခြင်းကြောင့် ဝိစိကိစ္ဆာစိတ်၌ ဧကဂ္ဂတာသည် တည်ကြည်ကာမျှသာ ဖြစ်သောကြောင့် မိစ္ဆာသမာဓိ, သမာဓိန္ဒြေ, သမာဓိဗိုလ် ဟူသော ခေါ်ဝေါ်ခြင်းသို့ မရောက်၊ ထို့ကြောင့် တတ္ထ ဝိစိကိစ္ဆာ စိတ္တေ ဤသို့ အစရှိသော စကားကို (မိန့်ဆိုပြီ)။

၂၄။ ။ဒွိဟေတုကတိဟေတုကဇဝနေသွေဝ ယထာသမ္ဘဝံ အဓိပတိ ဧကောဝ လဗ္ဘတီတိ

ဒွိဟိတ်ဇော ၁၇-ခု တိဟိတ်ဇော ၃၄-ခုတို့၌သာလျှင် ဖြစ်သင့်သည်အားလျော်စွာ အဓိပတိကို တခုစီသာလျှင် ရအပ်၏။

၂၄။ ။ဒွိဟေတုက တိဟေတုက သဒ္ဒဖြင့် ဧကဟိတ်စိတ်တို့၌ အဓိပတိတို့၏ မဖြစ်ခြင်းကို ပြ၏၊ ဇဝနေသွေဝ ဟူသောပါဌ်၌ အဝဓာရဏ အနက်ရှိသော ဧဝသဒ္ဒါသည် လောကီဝိပါက်တို့၌ အဓိပတိတို့၏ မဖြစ်ခြင်းကို ပြခြင်းအကျိုးရှိ၏၊ အကြောင်းကား ထိုလောကီဝိပါက်စိတ်တို့သည် ဆန္ဒအစရှိသည်တို့ကို အကြီးပြုကုန်၍ မဖြစ်ကုန်သောကြောင့် လောကီဝိပါက်စိတ်တို့၌ အဓိပတိတို့ မဖြစ်ကုန်၊ ဝီမံသာဓိပတိသည် ဒွိဟိတ်ဇောတို့၌ မဖြစ်သောကြောင့်၎င်း၊ နောက်စိတ်ကို ပြုပြင်စီရင်တတ်သော ရှေးဖြစ်သောစိတ်-ဟု ဆိုအပ်သော အကြောင်း၏ ဖြစ်သင့်သည်အားလျော်စွာ ဖြစ်ခြင်းကြောင့်


၁-ဝိစိကိစ္ဆာစိတ်၌ ရှိသော ဧကဂ္ဂတာသည် အဓိမောက္ခနှင့် ကင်းသောကြောင့် စိတ်၏ တည်ကြည်ရုံမျှ ဖြစ်၍ မိစ္ဆာသမာဓိမဂ်, သမာဓိန္ဒြေ, သမာဓိဗိုလ် မထိုက်-ဟု မှတ်။
၂-ဒွိဟေတုက တိဟေတုက-ဟူသောပါဌ်ဖြင့် ဧကဟိတ်စိတ် အဟိတ်စိတ်တို့၌ အဓိပတိ မရအပ်ဟူသော အဓိပ္ပါယ်ကို ပြ၏။ အကြောင်းကား ဟိတ်မရှိသဖြင့်၎င်း၊ ယှဉ်ဖော်ယှဉ်ဘက် ဟိတ်မရှိသဖြင့်၎င်း အလွန်တရာ တွေဝေသောကြောင့်တည်း။
၃-ဇဝနေသွေဝ-ဟူသော ပါဠိဖြင့် လောကီဝိပါက်စိတ်တို့၌ အဓိပတိ မဖြစ်ဟူသော အဓိပ္ပါယ်ကို ပြ၏။ အကြောင်းသော်ကား လောကီဝိပါက် စိတ်များသည် ပဋိသန္ဓေစိတ် ဘဝင်စိတ်များဖြစ်ကြ၍ အားထုတ်ခြင်းကင်းသောကြောင့် အဓိပတိမဖြစ်-ဟု မှတ်။

စာမျက်နှာ-၃၃

၎င်း၊ တခုသော အဓိပတိကိုသာလျှင် ရအပ်သည်အဖြစ်ကို ရည်၍ ယထာသမ္ဘဝံ ဟူသော ဤစကားကို မိန့်ဆိုပြီ။

တခုသောအဓိပတိကိုသာလျှင် ရအပ်၏၊ အဘယ့်ကြောင့်ဆိုသော် တခုသော အဓိပတိကိုရသည်မှ တပါး ၃-ပါး ၄-ပါးသော အဓိပတိကို တပြိုင်နက်ရအပ်သည်ရှိသော် တပါးသည် တပါးအား အဓိပတိသတ္တိနှင့် မယှဉ်ခြင်းကြောင့်တည်း။ ထိုစကားသင့်စွ၊ ထို့ကြောင့် သာလျှင် မြတ်စွာဘုရားသည် “ဟေတူ ဟေတုသမ္ပယုတ္တကာနံ။ပ။ ပစ္စယာ” ဤသို့ အစရှိသည်ဖြင့် ဟေတုပစ္စယနိဒ္ဒေသ၌ ဟောတော်မူသကဲ့သို့ “အဓိပတိ အဓိပတိသမ္ပယုတ္တကာနံ” ဤသို့ စသည်ဖြင့် မဟောမူ၍ “ဆန္ဒာဓိပတိ ဆန္ဒသမ္ပယုတ္တကာနံ” ဤစသည်ဖြင့် တခုတခုသော အဓိပတိ၏ သတ္တိဖြင့်သာလျှင် အဓိပတိပစ္စည်းကို ထုတ်အပ်၏။

၂၅။ ။ဆ ဟေတူ ပဉ္စ ဈာနင်္ဂါ, မဂ္ဂင်္ဂါ နဝ ဝတ္ထုတော။
သောဠသိန္ဒြိယဓမ္မာ စ၊ ဗလဓမ္မာ နဝေရိတာ။
စတ္တာရောဓိပတိ ဝုတ္တာ၊ တထာဟာရာတိ သတ္တဓာ။
ကုသလာဒိသမာကိဏ္ဏော၊ ဝုတ္တောမိဿကသင်္ဂဟော။


တရားကိုယ်အားဖြင့် ဟိတ်တို့ကို ခြောက်ပါးအပြားရှိကုန်၏-ဟူ၍ ဆိုအပ်ကုန်၏၊ ဈာနင်တို့ကို ငါးပါးအပြားရှိကုန်၏-ဟူ၍ ဆိုအပ်ကုန်၏၊ မဂ္ဂင်တို့ကို ကိုးပါးအပြားရှိကုန်၏-ဟူ၍ ဆိုအပ်ကုန်၏၊ ဣန္ဒြေတရားတို့ကို ၁၆-ပါးအပြားရှိကုန်၏-ဟူ၍ ဆိုအပ်ကုန်၏၊ ဗိုလ်တရားတို့ကို ကိုးပါးအပြားရှိကုန်၏-ဟူ၍ ဆိုအပ်ကုန်၏၊ အဓိပတိတို့ကို လေးပါးအပြားရှိကုန်၏-ဟူ၍ ဆိုအပ်ကုန်၏၊ အာဟာရတို့ကို ထို့အတူ လေးပါးအပြားရှိကုန်၏-ဟူ၍ဆိုအပ်ကုန်၏၊ ဤသို့ ခုနစ်ပါး


၁-ယထာသမ္ဘဝံ-ဟူသော ပါဌ်ဖြင့် ဒွိဟိတ်ဇောတို့၌ ဝီမံသာဓိပတိ မဖြစ်သင့်သောကြောင့်၎င်း၊ နောက်စိတ်ကို ပြုပြင်တတ်သော ရှေးစိတ်-ဟု ဆိုအပ်သော ဥပနိဿယ၏ ဒွိဟိတ်ဇော, တိဟိတ်ဇော ဖြစ်သင့်သည်အားလျော်စွာ ဖြစ်ခြင်းကြောင့်၎င်း၊ လျော်သော အဓိပတိ တပါးပါးကို ရ၏-ဟူသော အဓိပ္ပါယ်ကို ပြ၏။

စာမျက်နှာ-၃၄

အပြားအားဖြင့် ကုသိုလ်စသည်နှင့် ပြွမ်းသော မိဿကသင်္ဂဟကို မိန့်ဆိုအပ်၏။

၂၅။ ။သဘောသတ္တိအားဖြင့် ဟိတ်တရားတို့ကို ခြောက်ပါးအပြားရှိကုန်၏-ဟူ၍ ဆိုအပ်ကုန်၏၊ သောမနဿ ဒေါမနဿ ဥပေက္ခာတို့၏ ဝေဒနာအစွမ်းဖြင့် တပေါင်းတည်းယူအပ်သည်အဖြစ်ကြောင့် ဈာနင်တို့ကို ငါးပါးအပြားရှိကုန်၏-ဟူ၍ ဆိုအပ်ကုန်၏၊ မိစ္ဆာသင်္ကပ္ပ မိစ္ဆာဝါယာမ မိစ္ဆာသမာဓိတို့၏ ဝိတက် ဝီရိယ စိတ္တေကဂ္ဂတာ၏ အဖြစ်ဖြင့် တူသည်အဖြစ်အားဖြင့် သမ္မာသင်္ကပ္ပ အစရှိသည်တို့နှင့် တပေါင်းတည်းယူအပ်သည်အဖြစ်ကြောင့် မဂ္ဂင်တို့ကို ကိုးပါးအပြားရှိကုန်၏-ဟူ၍ ဆိုအပ်ကုန်၏၊ ငါးပါးကုန်သော ဝေဒနိန္ဒြေတို့၏ ဝေဒနာအဖြစ်နှင့် တူသည်အဖြစ်နှင့် သုံးပါးကုန်သော လောကုတ္တရာ ဣန္ဒြေတို့၏၎င်း၊ ပညိန္ဒြေ၏၎င်း၊ ဉာဏ်၏အဖြစ်နှင့် တူသည်အဖြစ်ဖြင့် တပေါင်းတည်းယူအပ်သည်အဖြစ်ကြောင့် ရုပ်ဇီဝိတိန္ဒြေ နာမ်ဇီဝိတိန္ဒြေတို့ကိုလည်း အသီးယူအပ်သည်အဖြစ်ကြောင့် ဣန္ဒြေတရားတို့ကို ၁၆-ပါးအပြားရှိကုန်၏-ဟူ၍ ဆိုအပ်ကုန်၏၊ ဗိုလ်တရားတို့ကိုကား အကြင်အကြင် ဆိုအပ်ပြီးသောနည်းဖြင့် ကိုးပါးအပြားရှိကုန်၏-ဟူ၍ ဆိုအပ်ကုန်၏၊ အဓိပတိတရားတို့ကို လေးပါးအပြားရှိကုန်၏-ဟူ၍ ဆိုအပ်ကုန်၏၊ အာဟာရတို့ကို ထို့အတူ လေးပါးအပြားရှိကုန်၏-ဟူ၍ ဆိုအပ်ကုန်၏။ ဤသို့ ကုသိုလ်အစရှိကုန်သော ၃-ပါးသော တရားတို့နှင့် ရော၏။ ထိုကြောင့်သာလျှင် မိဿကသင်္ဂဟအမည်ရှိသော သင်္ဂဟကို ၇-ပါးအပြားအားဖြင့် မိန့်ဆိုအပ်၏။


၁-ဟိတ်စသော တရားတို့ကို တရားကိုယ်တူရာ ပေါင်း၍ စီစစ်လိုက်သည်ရှိသော်
(၁) ဟိတ်ကား ၆-ပါး၊
(၂) ဈာနင်ကား ၅-ပါး၊
(၃) မဂ္ဂင်ကား ၉-ပါး၊
(၄) ဣန္ဒြေကား ၁၆-ပါး၊
(၅) ဗိုလ်ကား ၉-ပါး၊
(၆) အဓိပတိကား ၄-ပါး၊
(၇) အာဟာရကား ၄-ပါးသာ ဖြစ်၏-ဟူလို။

စာမျက်နှာ-၃၅

ဤမိဿကသင်္ဂဟ၌ ပညာကို ငါးပါးအပြားအားဖြင့် ရေတွက်အပ်၏၊ ဝီရိယ ဧကဂ္ဂတာတို့ကို လေးပါးအပြားအားဖြင့် ရေတွက်အပ်ကုန်၏၊ စိတ်ကို၎င်း၊ သတိကို၎င်း၊ သုံးပါးအပြားအားဖြင့် ရေတွက်အပ်၏၊ ဝိတက်ကို၎င်း၊ ဝေဒနာကို၎င်း၊ သဒ္ဓါကို၎င်း၊ နှစ်ပါးအပြားအားဖြင့် ရေတွက်အပ်၏-ဟူ၍ သိအပ်ကုန်၏၊ ကြွင်းကုန်သော တရားတို့ကို တပါးတပါးသောအစုဖြင့် ရေတွက်အပ်ကုန်၏၊ ဤသို့ သင်္ဂဟတို့ကို ၂၈-ပါးတို့ဟူ၍ ဆိုအပ်ကုန်၏။

မိဿကသင်္ဂဟအဖွင့်ပြီးပြီ။

ဗောဓိပက္ခိယသင်္ဂဟ

သတိပဋ္ဌာန် ၄-ပါး

၂၆။ ။ဗောဓိပက္ခိယသင်္ဂဟေ စတ္တာရော သတိပဋ္ဌာနာ၊ ကာယာနုပဿနာ သတိပဋ္ဌာနံ၊ ဝေဒနာနုပဿနာ သတိပဋ္ဌာနံ၊ စိတ္တာနုပဿနာ သတိပဋ္ဌာနံ၊ ဓမ္မာနုပဿနာ သတိပဋ္ဌာနံ။

ဗောဓိပက္ခိယသင်္ဂဟ၌ ဤသို့ ဝေဖန်ခြင်းကို ငါသည်ဆိုအပ်၏။ သတိပဋ္ဌာန်တို့သည် ကာယာနုပဿနာသတိပဋ္ဌာန်၎င်း၊ ဝေဒနာနုပဿနာသတိပဋ္ဌာန်၎င်း၊ စိတ္တာနုပဿနာသတိပဋ္ဌာန်၎င်း၊ ဓမ္မာနုပဿနာသတိပဋ္ဌာန်၎င်း၊ ဤသို့ လေးပါးအပြားရှိကုန်၏။

သတိပဋ္ဌာန် ၄-ပါးအဖွင့်

၂၆။ ။ကိုယ်စသောအာရုံ၌ လွန်စွာသက်ဝင်၍ တည်တတ်, ဖြစ်တတ်သောကြောင့် ပဋ္ဌာနမည်၏၊ အသုဘအခြင်းအရာတို့ကို


၁-မိဿကသင်္ဂဟ ပြဆိုအပ်သော တရားတို့တွင် ပညာကို ငါးကိစ္စ, ငါးဌာန၊ ဝီရိယ ဧကဂ္ဂတာတို့ကို လေးကိစ္စ လေးဌာန၊ စိတ် သတိတို့ကို သုံးကိစ္စ, သုံးဌာန၊ ဝိတက် ဝေဒနာ သဒ္ဓါတို့ကို နှစ်ကိစ္စ, နှစ်ဌာန၊ ဤရှစ်ပါးမှ ကြွင်းသော တရားတို့ကို တကိစ္စ တဌာန တို့ဖြင့် ရေတွက်အပ်ကုန်၏။
၂-သစ္စာလေးပါးတရားကို သိတတ်သောကြောင့် ဗောဓိမည်သော အရိယာမဂ်၏ အပင်းအသင်း၌ ဖြစ်ကုန်သော သတိပဋ္ဌာန် သမ္မပ္ပဓာန် စသော တရားတို့သည် ဗောဓိပက္ခိယ မည်ကုန်၏။ ထိုတရားတို့ကို ရေတွက်ဖော်ပြရာဖြစ်သော သင်္ဂဟသည် ဗောဓိပက္ခိယသင်္ဂဟ မည်၏။

စာမျက်နှာ-၃၆

ယူခြင်းအစရှိသည်တို့၏ အစွမ်းဖြင့် ကိုယ်အစရှိသောအာရုံသို့ဝင်၍ ကိုယ်အစရှိသောအာရုံ၌ ဖြစ်တတ်၏၊ ဤကား ပဋ္ဌာနပုဒ်၏ အနက်တည်း။ သတိသည်သာလျှင် ကိုယ်စသောအာရုံ၌ ဖြစ်တတ်သောကြောင့် သတိပဋ္ဌာန်မည်၏၊ ထိုသတိပဋ္ဌာန်သည်ကား ကာယ, ဝေဒနာ, စိတ္တ, ဓမ္မတို့၌ အသုဘ, အနိစ္စ, ဒုက္ခ, အနတ္တ ဟူသောအခြင်းအရာကို ယူခြင်း၏အစွမ်းအားဖြင့်၎င်း၊ သုဘသညာ, သုခသညာ, နိစ္စသညာ, အတ္တသညာ ဟူ၍ ဆိုအပ်ကုန်သော ဖောက်ပြန်ခြင်းတို့ကို ပယ်သည်အစွမ်းအားဖြင့်၎င်း၊ လေးပါးအပြားရှိ၏၊ ထို့ကြောင့် စတ္တာရော သတိပဋ္ဌာနာ-ဟု မိန့်ဆိုအပ်၏။

စက်ဆုပ်ဘွယ်ရှိကုန်သော ဆံအစရှိသည်တို့၏ ဖြစ်ရာဖြစ်သောကြောင့် အတ္တဘောသည် ကိုယ်မည်၏၊ တနည်းကား-ထွက်သက်ဝင်သက်တို့၏ အပေါင်းသည် ကာယမည်၏၊ ထိုကိုယ်ကို အဖန်တလဲလဲ အောက်မေ့ခြင်းသည် ကာယာနုပဿနာမည်၏၊ ဒုက္ခဒုက္ခ ဝိပရိဏာမဒုက္ခ, သင်္ခါရဒုက္ခဖြစ်ကုန်သော ဝေဒနာတို့ကို ဝေဒနာ၏အစွမ်းဖြင့် အောက်မေ့ခြင်းသည် ဝေဒနာနုပဿနာမည်၏၊ ထို့အတူ သရာဂ မဟာဂတ အစရှိသည်တို့၏အစွမ်းဖြင့်၎င်း၊ သမ္ပယောဂအပြား ဘုံအပြားအားဖြင့်၎င်း၊ ပြားသောစိတ်ကို အောက်မေ့ခြင်းသည် စိတ္တာနုပဿနာမည်၏၊ ပြားသောလက္ခဏာရှိကုန်သော သညာ သင်္ခါရ-ဟု ဆိုအပ်ကုန်သော တရားတို့ကို အောက်မေ့ခြင်းသည် ဓမ္မာနုပဿနာမည်၏။

သမ္မပ္ပဓာန် ၄-ပါး

၂၇။ ။စတ္တာရော သမ္မပ္ပဓာနာ၊ ဥပ္ပန္နာနံ ပါပကာနံ ပဟာနာယ ဝါယာမော၊ အနုပ္ပန္နာနံ ပါပကာနံ


၁-အခြားတပါး များစွာသော အာရုံတို့၌ စိတ်ပျံ့နှံ့ ပြေးဝင်ခြင်းကို တားမြစ်၍ ကိုယ်စသောအာရုံ၌သာလျှင် အစဉ်ဝင်လျက် တည်တန့်စွာ ဖြစ်တတ်သောကြောင့် သတိပဋ္ဌာန် မည်၏။ သတိပဋ္ဌာန်-ဟူသည် သတိတပါးတည်းပင် ဖြစ်သော်လည်း ယူသောကိစ္စ, ပယ်သောကိစ္စအားဖြင့် အာရုံပြားသောကြောင့် လေးပါးပြားရ၏။

စာမျက်နှာ-၃၇

အနုပ္ပါဒါယ ဝါယာမော၊ အနုပ္ပန္နာနံ ကုသလာနံ ဥပ္ပါဒါယ ဝါယာမော၊ ဥပ္ပန္နာနံ ကုသလာနံ ဘိယျောဘာဝါယ ဝါယာမော။

သမ္မပ္ပဓာန်တို့သည် ဖြစ်ကုန်ပြီးသော အကုသိုလ်တရားတို့ကို ပယ်ခြင်းငှါ လုံ့လပြုခြင်း၎င်း၊ မဖြစ်ကုန်သေးသော အကုသိုလ်တရားတို့ကို မဖြစ်စေခြင်းငှါ လုံ့လပြုခြင်း၎င်း၊ မဖြစ်ကုန်သေးသော ကုသိုလ်တရားတို့ကို ဖြစ်စေခြင်းငှါ လုံ့လပြုခြင်း၎င်း၊ ဖြစ်ကုန်ပြီးသော ကုသိုလ်တရားတို့ကို အလွန်ပွါးများစေခြင်းငှါ လုံ့လပြုခြင်း၎င်း၊ ဤလေးပါးအပြားရှိကုန်၏။

သမ္မပ္ပဓာန် ၄-ပါးအဖွင့်

၂၇။ ။ထိုဝီရိယဖြင့် သမ္မယုတ္တတရားတို့သည် ကောင်းစွာ အားထုတ်တတ်ကုန်၏၊ ထိုသို့ အားထုတ်ကြောင်းဖြစ်သောကြောင့် ဝီရိယသည် သမ္မပ္ပဓာန်မည်၏၊ ထိုဝီရိယသည် ကိစ္စအပြားအားဖြင့် လေးပါးအပြားရှိ၏၊ ထို့ကြောင့် “စတ္တာရော သမ္မပ္ပဓာနာ” ဤသို့ အစရှိသော စကားကို မိန့်ဆိုပြီ၊ အသုဘဟူ၍ နှလုံးသွင်းခြင်းကမ္မဋ္ဌာန်းကို အဖန်တလဲလဲ အားထုတ်သည်အစွမ်းဖြင့် လုံ့လပြုခြင်းသည် ဝါယာမမည်၏၊ ဘိယျောဘာဝါယ ဟူသည်ကား၊ -ဟူသောပုဒ်ကို အလွန်ပွါးခြင်းငှါ-ဟု အနက်ပေး။

ဣဒ္ဓိပါဒ် ၄-ပါး

၂၈။ ။စတ္တာရော ဣဒ္ဓိပါဒါ၊ ဆန္ဒိဒ္ဓိပါဒါ၊ ဝီရိယိဒ္ဓိပါဒါ၊ စိတ္တိဒ္ဓိပါဒါ၊ ဝီမံသိဒ္ဓိပါဒါ။


၁-ကောင်းစွာ အားထုတ်ကြောင်း, ပြီးစေကြောင်းဖြစ်သောကြောင့် သမ္မပ္ပဓာန်မည်၏။ ထိုသမ္မပ္ပဓာန်သည် ဝီရိယတရားတပါးတည်း ဖြစ်သော်လည်း ဖြစ်ပြီးသော အကုသိုလ်တရားတို့ကို ပယ်ခြင်းစသော ကိစ္စတို့၏အစွမ်းဖြင့် လေးပါးပြားရ၏-ဟု မှတ်။

စာမျက်နှာ-၃၈

ဣဒ္ဓိပါဒ်တို့သည် ဆန္ဒိဒ္ဓိပါဒ်၎င်း၊ ဝီရိယိဒ္ဓိပါဒ်၎င်း၊ စိတ္တိဒ္ဓိပါဒ်၎င်း၊ ဝီမံသိဒ္ဓိပါဒ်၎င်း၊ ဤသို့ လေးပါးအပြားရှိကုန်၏။

ဣဒ္ဓိပါဒ် ၄-ပါးအဖွင့်

၂၈။ ။ဤဣဒ္ဓိဝိဓအဘိညာဏ်ဖြင့် ဓိဋ္ဌာန်အပ် ဖန်ဆင်းအပ်သော နဂါး ဂဠုန် အသွင်အစရှိသော ဝတ္ထုသည် ပြည့်စုံတတ်၏၊ ထိုသို့ပြည့်စုံကြောင်းဖြစ်သော သတ္တိကြောင့် ဣဒ္ဓိဝိဓဉာဏ်သည် ဣဒ္ဓိမည်၏၊ ဣဒ္ဓိဝိဓဉာဏ်၏ တည်ရာသည် ဣဒ္ဓိပါဒ်မည်၏၊ ဆန္ဒသည်သာလျှင် တည်ရာဖြစ်သောကြောင့် ဆန္ဒိဒ္ဓိပါဒ်မည်၏။

ဗောဇ္ဈင် ၇-ပါး

၃၁။ ။သတ္တဗောဇ္ဈင်္ဂါ၊ သတိသမ္ဗောဇ္ဈင်္ဂေါ၊ ဓမ္မဝိစယသမ္ဗောဇ္ဈင်္ဂေါ၊ ဝီရိယသမ္ဗောဇ္ဈင်္ဂေါ၊ ပီတိသမ္ဗောဇ္ဈင်္ဂေါ၊ ပဿဒ္ဓိသမ္ဗောဇ္ဈင်္ဂေါ၊ သမာဓိသမ္ဗောဇ္ဈင်္ဂေါ၊ ဥပေက္ခာသမ္ဗောဇ္ဈင်္ဂေါ။

ဗောဇ္ဈင်တို့သည် သတိသမ္ဗောဇ္ဈင်၎င်း၊ ဓမ္မဝိစယသမ္ဗောဇ္ဈင်၎င်း၊ ဝီရိယသမ္ဗောဇ္ဈင်၎င်း၊ ပီတိသမ္ဗောဇ္ဈင်၎င်း၊ ပဿဒ္ဓိသမ္ဗောဇ္ဈင်၎င်း၊ သမာဓိသမ္ဗောဇ္ဈင်၎င်း၊ ဥပေက္ခာသမ္ဗောဇ္ဈင်၎င်း၊ ဤသို့ ၇-ပါးအပြားရှိကုန်၏။

ဗောဇ္ဈင် ၇-ပါးအဖွင့်

၃၁။ ။ဝိပဿနာကို အားထုတ်သောကာလမှစ၍ ယောဂါဝစရပုဂ္ဂိုလ်သည် သစ္စာတို့ကို ထိုးထွင်း၍ သိတတ်သောကြောင့် ဗောဓိမည်၏။


၁-ဈာန်, မဂ်, ဗိုလ်ချမှု ပြီးစီးအောင်မြင်မှုသည် ဣဒ္ဓိမည်၏။ ထိုပြီးစီးအောင်မြင်မှု၏ အခြေခံအကြောင်းရင်းဖြစ်သော ဆန္ဒ, ဝီရိယ, စိတ္တ, ဝီမံသ တရားတို့သည် ဣဒ္ဓိပါဒ် မည်ကုန်၏။

စာမျက်နှာ-၃၉

တနည်းကား—သတိအစရှိသော အကြင်တရားအပေါင်းဖြင့် ယောဂါဝစရပုဂ္ဂိုလ်သည် သစ္စာတို့ကို ထိုးထွင်း၍ သိတတ်၏။ ထိုသို့ သိကြောင်းဖြစ်သောကြောင့် သတိစသော တရားအပေါင်းသည် ဗောဓိမည်၏၊ တနည်း—ကိလေသာတည်းဟူသော အိပ်ပျော်ခြင်းမှ နိုးတတ်ကြောင်းဖြစ်သောကြောင့် သတိစသော တရားအပေါင်းသည် ဗောဓိမည်၏။ တနည်းကား ကိလေသာတည်းဟူသော အကောက်မရှိမူ၍ မဂ်ဖိုလ်သို့ ရောက်သဖြင့် ပွင့်ကြောင်းဖြစ်သောကြောင့် သတိစသော တရားအပေါင်းသည် ဗောဓိမည်၏။

ထိုယောဂါဝစရပုဂ္ဂိုလ်၏ အကြောင်းဖြစ်ကုန်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏၊ တနည်းကား-သတိစသော တရားအပေါင်း၏ အစိတ်ဖြစ်ကုန်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ ထိုဗောဇ္ဈင်တို့သည် ဓမ္မသဘောအားဖြင့် ၇-ပါးအပြားရှိကုန်၏။ ထို့ကြောင့် “သတိသမ္ဗောဇ္ဈင်္ဂေါ” အစရှိသော စကားကို မိန့်ဆိုပြီ၊ သတိသည်သာလျှင် ကောင်းသောဗောဇ္ဈင်ဖြစ်သောကြောင့် သတိသမ္ဗောဇ္ဈင်မည်၏။ တနည်းကား-သတိသည်သာလျှင် ကောင်းသော ယောဂါဝစရပုဂ္ဂိုလ်၏ အကြောင်းဖြစ်သောကြောင့် သတိသမ္ဗောဇ္ဈင်မည်၏၊ တနည်းကား-ကောင်းသော ပညာ


၁-သစ္စာလေးပါးတရားတို့ကို ထိုးထွင်း၍ သိတတ်သောကြောင့်...ပုဂ္ဂိုလ်သည် ဗောဓိမည်၏။
တနည်း–ညီညွတ်သော သတိစသော တရား ၇-ပါးသည် သစ္စာလေးပါးကို သိခြင်း၏အကြောင်းဖြစ်သောကြောင့် ဗောဓိမည်၏။
တနည်း -ညီညွတ်သော တရား ၇-ပါးသည် ကိလေသာအစဉ်-ဟု ဆိုအပ်သော အိပ်ပျော်ခြင်းမှ နိုးကြောင်းဖြစ်သောကြောင့် ဗောဓိမည်၏။
တနည်း—ညီညွတ်သော ထိုတရား ၇-ပါးသည် ကိလေသာကြောင့် တွန့်တိုခြင်းမရှိသဖြင့် မဂ်ဖိုလ်သို့ ရောက်ခြင်းဖြင့် ပွင့်ကြောင်းဖြစ်သောကြောင့်လည်း ဗောဓိမည်၏။
၂-သစ္စာလေးပါးကို ထိုးထွင်း၍ သိသော ယောဂီပုဂ္ဂိုလ်၏ အကြောင်းဖြစ်သောကြောင့် ဗောဇ္ဈင်မည်၏။
တနည်း—သတိစသော ညီညွတ်သော တရားအပေါင်း-ဟု ဆိုအပ်သော ဓမ္မသာမဂ္ဂီဗောဓိ၏ အစိတ်ဖြစ်သောကြောင့် ဗောဇ္ဈင်မည်၏-ဟူလို။

စာမျက်နှာ-၄၀

စသော တရားအပေါင်း၏ အစိတ်ဖြစ်သောကြောင့် သတိသမ္ဗောဇ္ဈင်မည်၏၊ အနိစ္စ စသော တရားတို့ကို စုံစမ်းဆင်ခြင်တတ်သောကြောင့် ဝိပဿနာပညာသည် ဓမ္မဝိစယမည်၏။ ဥပေက္ခာသမ္ဗောဇ္ဈင်္ဂေါ ဟူသောပါဌ်၌ တတြမဇ္ဈတ္တုပေက္ခာကို ဥပေက္ခာ-ဟု အလိုရှိအပ်၏။

ဌာနအားဖြင့် ဝေဖန်ခြင်း

၃၅။ ။သင်္ကပ္ပပဿဒ္ဓိ စ ပီတုပေက္ခာ,
ဆန္ဒော စ စိတ္တံ ဝိရတိတ္တယဉ္စ။
နဝေကဌာနာ ဝိရိယံ နဝဋ္ဌ၊
သတီ သမာဓီ စတု ပဉ္စ ပညာ။
သဒ္ဓါ ဒုဌာနုတ္တမသတ္တတိံသ-
ဓမ္မာနမေသော ပဝရော ဝိဘာဂေါ။


ဝိတက်, ပဿဒ္ဓိစေတသိက်တို့၎င်း၊ ပီတိ, တတြမဇ္ဈတ္တတာစေတသိက်တို့၎င်း၊ ဆန္ဒစေတသိက်၎င်း၊ လောကုတ္တရာစိတ်၎င်း၊ ဝိရတီစေတသိက်တို့၏ သုံးခုတို့၏ အပေါင်း၎င်း၊ ဤသို့ ကိုးပါး


၁-ဝိတက်စေတသိက်သည် သမ္မာသင်္ကပ္ပမဂ္ဂင် တဌာန တကိစ္စသာ တပ်၏။
ပဿဒ္ဓိစေတသိက်သည် ပဿဒ္ဓိသမ္ဗောဇ္ဈင် တဌာန တကိစ္စသာ တပ်၏။
ပီတိစေတသိက်သည် ပီတိသမ္ဗောဇ္ဈင် တဌာန တကိစ္စသာ တပ်၏။
တတြမဇ္ဈတ္တတာစေတသိက်သည် ဥပေက္ခာသမ္ဗောဇ္ဈင် တဌာန တကိစ္စသာ တပ်၏။
ဆန္ဒစေတသိက်သည် ဆန္ဒိဒ္ဓိပါဒ် တဌာန တကိစ္စသာ တပ်၏။
လောကုတ္တရာစိတ်သည် စိတ္တိဒ္ဓိပါဒ် တဌာန တကိစ္စသာ တပ်၏။
သမ္မာဝါစာစေတသိက်သည် သမ္မာဝါစာမဂ္ဂင် တဌာန တကိစ္စသာ တပ်၏။
သမ္မာကမ္မန္တစေတသိက်သည် သမ္မာကမ္မန္တမဂ္ဂင် တဌာန တကိစ္စသာ တပ်၏။
သမ္မာအာဇီဝစေတသိက်သည် သမ္မာအာဇီဝမဂ္ဂင် တဌာန တကိစ္စသာ တပ်၏။
သဒ္ဓါစေတသိက်သည် သဒ္ဓိန္ဒြေ, သဒ္ဓါဗိုလ်အားဖြင့် နှစ်ဌာန နှစ်ကိစ္စ တပ်၏။
ပညိန္ဒြေစေတသိက်သည် ဝီမံသိဒ္ဓိပါဒ်, ပညိန္ဒြေ, ပညာဗိုလ်, ဓမ္မဝိစယသမ္ဗောဇ္ဈင်, သမ္မာဒိဋ္ဌိမဂ္ဂင်အားဖြင့် ငါးဌာန ငါးကိစ္စ တပ်၏။
သတိစေတသိက်သည် သတိပဋ္ဌာန်လေးပါး, သတိန္ဒြေ, သတိဗိုလ်, သတိသမ္ဗောဇ္ဈင်, သမ္မာသတိမဂ္ဂင်အားဖြင့် ရှစ်ဌာန ရှစ်ကိစ္စ တပ်၏။

စာမျက်နှာ-၄၁

သောတရားတို့သည် တခုသောဌာနရှိကုန်၏၊ ဝီရိယစေတသိက်သည် ကိုးဌာန၌ရှိ၏၊ သတိစေတသိက်သည် ရှစ်ဌာန၌ရှိ၏၊ ဧကဂ္ဂတာစေတသိက်သည် လေးဌာန၌ရှိ၏၊ ပညိန္ဒြေစေတသိက်သည် ငါးဌာန၌ရှိ၏၊ သဒ္ဓါစေတသိက်သည် နှစ်ဌာန၌ရှိ၏၊ ဤသို့ မြတ်ကုန်သော ၃၇-ပါးသော ဗောဓိပက္ခိယတရားတို့၏ မြတ်သော ဤသို့သဘောရှိသော ဝေဖန်ခြင်းကို ငါသည်ဆိုအပ်၏။

ဌာနအားဖြင့် ဝေဖန်ခြင်းအဖွင့်

၃၅။ ။သတ္တဓာ။ပ။ဟော-ဟုဆိုပြီး၍ တဖန် ထို ၇-ပါးအပြားရှိသော သင်္ဂဟနည်းကို ပြခြင်းငှါ “သတိ ပဿဒ္ဓိ” အစရှိသော စကားကို မိန့်ဆိုအပ်၏၊ ထိုဗောဓိပက္ခိယတရားတို့တွင် ဝီရိယသည် သမ္မပ္ပဓာန်လေးပါး။ပ။ သမ္မာဝါယာမတို့၏အစွမ်းဖြင့် ကိုးကိစ္စတပ်သည်၏အဖြစ်ကြောင့် ကိုးဌာနရှိ၏၊ သတိသည် သတိပဋ္ဌာန်လေးပါး။ပ။ သမ္မာသတိတို့၏အစွမ်းအားဖြင့် ရှစ်ကိစ္စတပ်သောကြောင့် ရှစ်ဌာနရှိ၏၊ သမာဓိသည် သမ္မာဓိ။ပ။ သမ္မာသမာဓိတို့၏အစွမ်းဖြင့် လေးကိစ္စတပ်သောကြောင့် လေးဌာနရှိ၏။ ပညာသည် ဝီမံသိဒ္ဓိပါဒ်။ပ။ သမ္မာဒိဋ္ဌိတို့၏အစွမ်းဖြင့် ငါးကိစ္စတပ်သောကြောင့် ငါးဌာနရှိ၏၊ သဒ္ဓါသည် သဒ္ဓိန္ဒြေ သဒ္ဓါဗိုလ်တို့၏အစွမ်းဖြင့် နှစ်ကိစ္စတပ်သောကြောင့် နှစ်ဌာနရှိ၏၊ အရိယာမဂ်၏ အဘိုး၌ ဖြစ်သည်အဖြစ်ကြောင့် ထူးကုန်သော ၃၇-ပါးသော တရားတို့ကို မြတ်သော ဤခွဲဝေခြင်းကို သိအပ်၏။

၃၆။ ။သ လောကုတ္တရေ ဟောန္တိ၊ နဝေတာ နဝ သင်္ဂဟေ။ ဝိတက္ကပီတိ စိတ္တာနိ၊ အညတ္တရ လောကုတ္တရေ၊ လောကိယေ ယထာသမ္ဘဝံ၊ ဆ ဝိသုဒ္ဓိ ပဝတ္တိယံ။

လောကုတ္တရာစိတ်၌ အလုံးစုံကုန်သော ဗောဓိပက္ခိယတရားတို့သည် ဖြစ်ကုန်၏၊ ဝိတက် ပီတိ စေတသိက်တို့သည် အချို့သော


၁-ဝီရိယစေတသိက်သည် သမ္မပ္ပဓာန်လေးပါး, ဝီရိယိဒ္ဓိပါဒ်, ဝီရိယိန္ဒြေ, ဝီရိယဗိုလ်, ဝီရိယသမ္ဗောဇ္ဈင်, သမ္မာဝါယာမမဂ္ဂင်အားဖြင့် ကိုးဌာန ကိုးကိစ္စ တပ်၏-ဟူလို။

စာမျက်နှာ-၄၂

လောကုတ္တရာစိတ် မဖြစ်ကုန်၊ လောကီသောဘဏစိတ်၌လည်း ခြောက်ပါးသော ဝိသုဒ္ဓိတို့ ဖြစ်လတ်သော် ယှဉ်သင့်သည်အားလျော်စွာ ဖြစ်ကုန်၏။

၃၆။ ။ရှစ်ပါးအပြားရှိသော လောကုတ္တရာစိတ်၌ အလုံးစုံကုန်သော ၃၇-ပါးသော ဗောဓိပက္ခိယတရားတို့သည် ဖြစ်ကုန်၏။ ဒုတိယဈာန်နှင့် ယှဉ်သော လောကုတ္တရာစိတ်၌ ဝိတက်၏ စတုတ္ထ, ပဉ္စမဈာန်နှင့် ယှဉ်သော လောကုတ္တရာ၌ ပီတိ၏ မဖြစ်ခြင်းကြောင့် ဝိတက် ပီတိတို့သည် အချို့သော လောကုတ္တရာစိတ်၌ မဖြစ်ကုန်။

လောကီဖြစ်သော ကာမာဝစရကုသိုလ် မဟဂ္ဂုတ်ကုသိုလ်စိတ်၌ သီလဝိသုဒ္ဓိအစရှိသော ခြောက်ပါးသော ဝိသုဒ္ဓိတို့၏ ဖြစ်လတ်သော် ထိုထိုသို့သော သတိပဋ္ဌာန်အစရှိသော ကိစ္စအားလျော်သည်အစွမ်းအားဖြင့် အချို့ကုန်သော ဗောဓိပက္ခိယတရားတို့သည် အချို့သော လောကီဖြစ်သော ကာမာဝစရကုသိုလ် မဟဂ္ဂုတ်ကုသိုလ်စိတ်၌ အသီးသီးဖြစ်ကုန်၏၊ အချို့သော ဗောဓိပက္ခိယတရားတို့သည် အချို့သော လောကီစိတ်၌ မဖြစ်ကုန်။

ဗောဓိပက္ခိယသင်္ဂဟအဖွင့်ပြီးပြီ။

သဗ္ဗသင်္ဂဟ

ခန္ဓာငါးပါး

၃၇။ ။သဗ္ဗသင်္ဂဟေ ပဉ္စက္ခန္ဓာ ရူပက္ခန္ဓာ ဝေဒနာက္ခန္ဓာ၊ သညာက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာ၊ ဝိညာဏက္ခန္ဓာ။


၁-လောကုတ္တရာစိတ်၌ ထိုအလုံးစုံသော ဗောဓိပက္ခိယတရားတို့သည် တပြိုင်နက် ဖြစ်ကုန်၏။ သို့သော် ဝိတက်စေတသိက်သည် ပဌမဈာန်၌သာ ဖြစ်၍ ဒုတိယစသော ဈာန်တို့၌ မဖြစ်၊ ပီတိသည် ပဌမ ဒုတိယ တတိယဈာန်တို့၌သာ ဖြစ်၍ စတုတ္ထဈာန် ပဉ္စမဈာန်တို့၌ မဖြစ်။
လောကီကုသိုလ် ကြိယာ သောဘဏစိတ်တို့၌ကား ဉာဏဒဿနဝိသုဒ္ဓိမှတပါး သီလဝိသုဒ္ဓိ, ဒိဋ္ဌိဝိသုဒ္ဓိ စသော လောကီဝိသုဒ္ဓိ ခြောက်ပါး ဖြစ်လတ်သော် ယှဉ်သင့် ဖြစ်သင့်သည်အားလျော်စွာ ထိုဗောဓိပက္ခိယတရားတို့သည် ဖြစ်ကုန်၏-ဟူလို။

စာမျက်နှာ-၄၃

သဗ္ဗသင်္ဂဟ၌ ဤသို့ ဝေဖန်ခြင်းကို ငါသည်ဆိုအပ်၏။ ခန္ဓာတို့သည် ရူပက္ခန္ဓာ၎င်း၊ ဝေဒနာက္ခန္ဓာ၎င်း၊ သညာက္ခန္ဓာ၎င်း၊ သင်္ခါရက္ခန္ဓာ၎င်း၊ ဝိညာဏက္ခန္ဓာ၎င်း၊ ဤသို့ ငါးပါးအပြားရှိကုန်၏။

ခန္ဓာငါးပါးအဖွင့်

၃၇။ ။အတိတ် အနာဂတ် ပစ္စုပ္ပန် အစရှိသောအပြားအားဖြင့် ကုန်သော ထိုသို့သော သဘောတူဖြစ်ကုန်သော တရားတို့သည် တပေါင်းတည်းအစုဟူသော အနက်ကြောင့် ခန္ဓာမည်ကုန်၏၊ ထို့ကြောင့် မြတ်စွာဘုရားသည် “တဒေက။ပ။ ရူပက္ခန္ဓာ-ဤသို့ အစရှိသော စကားကို ဟောတော်မူပြီ၊ ထိုခန္ဓာတို့ကို တည်ရာဖြစ်သောခွက်၊ သုံးဆောင်အပ်သော ဘောဇဉ်၊ စားဘွယ်အမ် ဟင်းလျာ၊ ချက်ပြုတ်တတ်သော စားဖိုသည်၊ စားတတ်သောသူတို့နှင့် တူသည်အဖြစ်ကြောင့် ငါးပါးတို့ဟူ၍ မြတ်စွာဘုရားသည် ဟောတော်မူအပ်ကုန်၏၊ ထို့ကြောင့် အရှင်အနုရုဒ္ဓါဆရာသည်လည်း “ရူပက္ခန္ဓာ” ဤသို့ အစရှိသော စကားကို မိန့်ဆိုပြီ။


၁-အတိတ် အနာဂတ် ပစ္စုပ္ပန် အစရှိသော အားဖြင့် ကုန်သော ထိုထိုသို့သော သဘောတူ ဖြစ်ကုန်သော တရားတို့သည် ပညာဖြင့် တပေါင်းတည်း ပြုအပ်သော ပေါင်းခြင်း အနက်သဘောကြောင့် ခန္ဓာ မည်၏။
၂-ထိုခန္ဓာငါးပါးတို့တွင် ရူပက္ခန္ဓာသည် ဝေဒနာ၏ မှီရာဖြစ်သောကြောင့် တည်ရာ ခွက်နှင့် တူ၏၊ ဝေဒနာက္ခန္ဓာသည် ဝိညာဏ်၏ ခံစားအပ်သောကြောင့် ဘောဇဉ်နှင့် တူ၏။ သညာက္ခန္ဓာသည် ဝေဒနာ၏ သာယာခံစားခြင်းကို ရခြင်း၏ အကြောင်း ဖြစ်သောကြောင့် စားဘွယ်ဟင်းလျာနှင့် တူ၏။ သင်္ခါရက္ခန္ဓာသည် ပြုပြင်စီရင်တတ်သောကြောင့် စားဖိုသည်နှင့် တူ၏။ ဝိညာဏက္ခန္ဓာသည် ဝေဒနာတည်းဟူသော ဘောဇဉ်ကို စားတတ်သောကြောင့် စားတတ်သော ထမင်းရှင်နှင့် တူ၏။
ဤမျှသော ရူပက္ခန္ဓာ အစရှိသောတရားတို့၏ ခွက်အစရှိသည်နှင့် တူသောသဘာဝအားဖြင့် အလိုရှိအပ်သော ခန္ဓာ၏ အနက်ပြီးပြည့်စုံသောကြောင့် ခန္ဓာကို ငါးပါးသာ ဟောတော်မူ၏။
ခန္ဓာငါးပါး၏ အစဉ်ကိုလည်း ထိုခွက်စသော ဥပမာအရအားဖြင့်သာ ဟောတော်မူ၏-ဟူလို။

စာမျက်နှာ-၄၄

ယင်းစကား ချပြဦးအံ့—ရုပ်သည် ဝေဒနာ၏ မှီရာဖြစ်သောကြောင့် ထည့်စရာတည်ရာခွက်နှင့်တူ၏၊ ဝေဒနာသည် ဝိညာဏ်၏ ခံစားအပ်သည်အဖြစ်ကြောင့် ဘောဇဉ်နှင့်တူ၏၊ သညာသည် ဝေဒနာ၏ သာယာခံစားမှုကို ရခြင်း၏အကြောင်းဖြစ်သောကြောင့် အမ်ဟင်းလျာနှင့်တူ၏၊ သင်္ခါရတို့သည် ပြုပြင်တတ်သောကြောင့် စားဖိုသည်နှင့်တူကုန်၏၊ ဝိညာဏ်သည် ဝေဒနာဟူသော ဘောဇဉ်ကို စားတတ်သောကြောင့် စားသောသူနှင့်တူ၏၊ ဤဆိုအပ်ပြီးသော စကားအစဉ်ဖြင့် လိုအပ်သောအနက် လိုအပ်သောအကျိုး၏ ပြည့်စုံခြင်းဖြစ်၏။ ထို့ကြောင့် မြတ်စွာဘုရားသည် ငါးပါးတို့ကိုသာလျှင် ဟောတော်မူအပ်ကုန်၏။

ဒေသနာအစဉ်၌လည်း ဤသို့ ရုပ်စသည်တို့၏ ခွက်အစရှိသည်တို့နှင့် တူသည်ဖြစ်သည်သာလျှင် အကြောင်းတည်း၊ အဘယ်ကြောင့်ဆိုသော် အကြင်ခွက်၌ စား၏၊ အကြင်ဘောဇဉ်ကို စား၏၊ အကြင်ငါး အမ်စသော ဟင်းလျာဖြင့် စား၏၊ အကြင်ချက်ပြုတ်တတ်သော စားဖိုသည်သည် စားစေ၏၊ အကြင်ထမင်းရှင်သည် စား၏၊ ထိုခွက်စသည်တို့၏ အစဉ်အားဖြင့် ဟောခြင်းအလိုရှိသည်အဖြစ်ကြောင့်တည်း၊ ဝါ-ဖြစ်သော အကြောင်းကြောင့်ဖြစ်၏။

ဥပါဒါနက္ခန္ဓာငါးပါး

၃၈။ ။ပဉ္စုပါဒါနက္ခန္ဓာ၊ ရူပုပါဒါနက္ခန္ဓာ၊ ဝေဒနုပါဒါနက္ခန္ဓာ၊ သညုပါဒါနက္ခန္ဓာ၊ သင်္ခါရုပါဒါနက္ခန္ဓာ၊ ဝိညာဏုပါဒါနက္ခန္ဓာ။

ဥပါဒါန်၏ အာရုံဖြစ်သော ခန္ဓာတို့သည် ရူပုပါဒါနက္ခန္ဓာ၎င်း၊ ဝေဒနုပါဒါနက္ခန္ဓာ၎င်း၊ သညုပါဒါနက္ခန္ဓာ၎င်း၊ သင်္ခါရုပါဒါနက္ခန္ဓာ၎င်း၊ ဝိညာဏုပါဒါနက္ခန္ဓာ၎င်း၊ ဤသို့ ငါးပါးအပြားရှိကုန်၏။

စာမျက်နှာ-၄၅

ဥပါဒါနက္ခန္ဓာငါးပါးအဖွင့်

၃၈။ ။ဥပါဒါန်တို့၏ အာရုံဖြစ်သော ခန္ဓာတို့သည် ဥပါဒါနက္ခန္ဓာမည်ကုန်၏၊ ဥပါဒါန်တို့၏ အာရုံအဖြစ်ဖြင့် ယူအပ်ကုန်သော ထိုရုပ်အစရှိသည်တို့သည် ငါးပါးတို့သာလျှင် ဖြစ်ကုန်၏၊ ထို့ကြောင့် “ရူပုပါဒါနက္ခန္ဓာ” ဤသို့ အစရှိသောစကားကို မိန့်ဆိုအပ်၏၊ ခန္ဓာနှစ်မျိုးအထူးကား-ရုပ္ပနသဘောအစရှိသည်ဖြင့် တူကုန်သော အလုံးစုံသောတရားတို့ကို ပေါင်းခြင်းငှါ အာသဝေါတရားတို့၏ အာရုံလည်းဖြစ်ကုန်သော အာသဝေါတရားတို့၏ အာရုံလည်း မဖြစ်ကုန်သော တရားတို့ကို သာမညအားဖြင့် ပဉ္စက္ခန္ဓာ-ဟူ၍ ဟောအပ်ကုန်၏၊ ဝိပဿနာဇော၏ အာရုံကို ပြခြင်းငှါ အာသဝေါတရားတို့၏ အာရုံဖြစ်ကုန်သော တရားတို့ကို ဥပါဒါနက္ခန္ဓာ-ဟူ၍ ဟောအပ်ကုန်၏၊ ဤသည်လျှင် ထိုခန္ဓာ ဥပါဒါနက္ခန္ဓာတို့၏ အထူးတည်း။

ဤရုပ်စသော ခန္ဓာငါးပါးတို့တွင် ဝေဒနာအစရှိသည်တို့သည် အာသဝေါတရားတို့၏ အာရုံသည်၎င်း၊ အာသဝေါတရားတို့၏ အာရုံမဟုတ်ကုန်သည်၎င်း ဖြစ်ကုန်သကဲ့သို့ ထို့အတူ ရုပ်သည် စင်စစ် ကာမာဝစရဖြစ်သောကြောင့် အာသဝေါတရားတို့၏ အာရုံသည်၎င်း၊ အာသဝေါတရားတို့၏ အာရုံမဟုတ်သည်၎င်း မဖြစ်၊ စင်စစ် အာသဝေါတရားတို့၏ အာရုံသာဖြစ်၏။


၁-ဥပါဒါန်တရားတို့၏ အာရုံဖြစ်သော ခန္ဓာသည် ဥပါဒါနက္ခန္ဓာ မည်၏။ ကာမုပါဒါန်စသော ဥပါဒါန်တရား အာသဝေါတရားတို့၏ အာရုံဖြစ်ကုန်သော လောကီခန္ဓာငါးပါးတို့သည် ဥပါဒါနက္ခန္ဓာ မည်ကုန်၏။
ဥပါဒါန်တရား အာသဝေါတရားတို့၏ အာရုံမဟုတ်ကုန်သော လောကုတ္တရာ နာမ်ခန္ဓာလေးပါးတို့သည် ခန္ဓာသာ မည်ကုန်၏၊ ဥပါဒါနက္ခန္ဓာ မမည်ကုန်၊ ရူပက္ခန္ဓာကား သာသဝါဓမ္မာဟူသော ဒုက်အရ လောကီအာသဝေါတရားတို့၏ အာရုံ ဧကန် ဖြစ်၏။ နာမ်ခန္ဓာလေးပါးသည်သာ ဥပါဒါန် အာသဝေါတရားတို့၏ အာရုံဖြစ်လျှင် ဥပါဒါနက္ခန္ဓာ မည်၏။ ဥပါဒါန် အာသဝေါတရားတို့၏ အာရုံမဟုတ်လျှင် ခန္ဓာသာမည်၏-ဟု မှတ်။

စာမျက်နှာ-၄၆

ထိုသို့ဖြစ်သော်လည်း သဘောတူသော ရုပ်အစုကို ပေါင်းသည်၏ အလွမ်းဖြင့် ထိုရုပ်ကို ခန္ဓာတို့၌ ဟောအပ်၏၊ ဥပါဒါန်တရားတို့၏ အာရုံဖြစ်သည် အဖြစ်ကြောင့်၎င်း၊ နာမက္ခန္ဓာတို့နှင့် တူသော အစုဖြစ်သည်၏ အဖြစ်ကြောင့်၎င်း၊ ဥပါဒါနက္ခန္ဓာတို့၌ ဟောအပ်၏။ ဤသို့မှတ်အပ်၏။

အာယတန ၁၂-ပါး

ဒွါဒသာယတနာနိ စက္ခာယတနံ၊ သောတာယတနံ၊ ဃာနာယတနံ၊ ဇိဝှါယတနံ၊ ကာယာယတနံ၊ မနာယတနံ၊ ရူပါယတနံ၊ သဒ္ဒါယတနံ၊ ဂန္ဓာယတနံ၊ ရသာယတနံ၊ ဖောဋ္ဌဗ္ဗာယတနံ၊ ဓမ္မာယတနံ။

အာယတနတို့သည် စက္ခာယတန၎င်း၊ သောတာယတန၎င်း၊ ဃာနာယတန၎င်း၊ ဇိဝှါယတန၎င်း၊ ကာယာယတန၎င်း၊ မနာယတန၎င်း၊ ရူပါယတန၎င်း၊ သဒ္ဒါယတန၎င်း၊ ဂန္ဓာယတန၎င်း၊ ရသာယတန၎င်း၊ ဖောဋ္ဌဗ္ဗာယတန၎င်း၊ ဓမ္မာယတန၎င်း၊ ဤသို့ ၁၂-ပါး အပြားရှိကုန်၏။

အာယတန ၁၂-ပါးအဖွင့်

၃၉။ ။ ဤစက္ခုစသော အာယတနတို့၌ ထိုထိုသို့သော ဒွါရ အာရုံတို့၌ ဖြစ်ကုန်သော စိတ်စေတသိက်တို့သည် ထိုထိုသို့သော မိမိ၏ ကိစ္စဖြင့် လုံ့လပြုတတ်ကုန်သောကြောင့် အာယတန


၁- ထိုထိုဒွါရ အာရုံ၌ ဖြစ်ကုန်သော စိတ်စေတသိက် တရားတို့သည် ထိုထိုသို့သော အာရုံကို ခံစားခြင်း အစရှိသော မိမိတို့ ကိစ္စဖြင့် အားထုတ်ရာဌာန ဖြစ်သောကြောင့်၎င်း၊ ထိုထိုဒွါရ အာရုံ၌ ဖြစ်ကုန်သော စိတ်စေတသိက် တရားတို့ကို တတ်သောကြောင့်၎င်း၊ ရှည်စွာသော သံသရာ ဆင်းရဲကို ဖြစ်စေတတ်သောကြောင့်၎င်း၊ စက္ခုပသာဒ စသည်တို့သည် အာယတန မည်ကုန်၏။

စာမျက်နှာ-၄၇

မည်ကုန်၏။ တနည်းကား—ဒွါရအာရုံ၌ ဖြစ်ကုန်သော ထိုတရားတို့ကို ထိုစက္ခာယတန အစရှိသည်တို့သည် ချဉ်းကပ်တတ်ကုန်သောကြောင့်လည်း အာယတန မည်ကုန်၏။ တနည်းကား—ရှည်စွာသော သံသရာဒုက္ခကို ဖြစ်စေတတ်ကုန်သောကြောင့်လည်း အာယတန မည်ကုန်၏။ တနည်းကား—အကြင်စက္ခာယတန အစရှိသည်တို့သည် စက္ခုဝိညာဏ် အစရှိသည်တို့၏ အကြောင်း ဖြစ်ကုန်သောကြောင့်လည်း အာယတန မည်ကုန်၏။

နည်းတစ်ပါးကို ငါဆိုဦးအံ့—သတ္တလောက၌ နေရာ၊ တည်ရာ၊ စုဝေးရာ၊ ဖြစ်ရာအရပ်ကို အာယတန-ဟူ၍ ဆိုအပ်၏၊ ထို့ကြောင့် ထို ၁၂-ပါးသော တရားတို့သည်လည်း ထိုထိုသို့သော ဒွါရ၌ ဖြစ်ကုန်သော ထိုထိုသို့သော အာရုံ၌လည်း ဖြစ်ကုန်သော စက္ခုဝိညာဏ် အစရှိသည်တို့၏ နေရာဖြစ်သည် အဖြစ်ကြောင့်၎င်း၊ တည်တတ်သည်အဖြစ်အားဖြင့် ဖြစ်ကုန်သော ထိုစက္ခုဝိညာဏ် အစရှိသည်တို့၏သာလျှင် တည်ရာဖြစ်သည် အဖြစ်ကြောင့်၎င်း၊ ဒွါရ အာရုံဖြစ်သည် အဖြစ်ကြောင့် ထိုစက္ခုဒွါရ ရူပါရုံ အစရှိသည်တို့၌ စုဝေးကုန်သော ထိုစက္ခုဝိညာဏ် အစရှိသည်တို့၏သာလျှင် စုဝေးရာဖြစ်သောကြောင့်၎င်း၊ ထိုစက္ခုဒွါရ အစရှိသည်တို့၌သာလျှင် ဖြစ်ကုန်သော ထိုစက္ခုဝိညာဏ် အစရှိသည်တို့၏သာလျှင် ဖြစ်ရာ ဖြစ်သောကြောင့်၎င်း၊ အာယတန မည်ကုန်၏။

ထိုအာယတနတို့သည်ကား—ဒွါရဖြစ်၍ ဖြစ်ကုန်သော အဇ္ဈတ္တိကာယတနတို့သည် ခြောက်ပါးတို့၎င်း၊ အာရုံဖြစ်၍ ဖြစ်ကုန်သော ဗာဟိရာယတနတို့သည် ခြောက်ပါးတို့၎င်း၊ ဤသို့သော အခြားအားဖြင့် ၁၂-ပါးအပြားရှိကုန်၏၊ ထို့ကြောင့် “စက္ခာယတနံ” ဤသို့ အစရှိသော စကားကို မိန့်ဆိုတော်မူ၏၊ စက္ခုပသာဒလည်းဟုတ်၏။ ထိုစက္ခုပသာဒဟူသည် အာယတနလည်းဟုတ်သောကြောင့် စက္ခာယတန မည်၏၊ ကြွင်းသော အာယတနစသော ပုဒ်တို့၌လည်း ထိုအတိုင်း ဝိဂြိုဟ်ကို ပြုအပ်၏၊ ဤအာယတန ၁၂-ပါးတို့တွင် အဇ္ဈတ္တိကာယတနတို့တွင် သနိဒဿန သပ္ပဋိဃ အာရုံရှိသည်အဖြစ်

စာမျက်နှာ-၄၈

ကြောင့် စက္ခာယတနသည် ထင်ရှား၏။ ထို့ကြောင့် စက္ခာယတနကို ရှေးဦးစွာ မိန့်ဆိုအပ်၏။ ထိုစက္ခာယတန၏ အခြားမဲ့၌ အနိဒဿန သပ္ပဋိဃ အာရုံရှိကုန်သော ဤမှတပါးသော သောတာယတနအစရှိသည်တို့ကို မိန့်ဆိုအပ်ကုန်၏၊ ထိုသောတာယတန စသည်တို့တွင်လည်း မရောက်သော အာရုံကို ယူတတ်သည်အဖြစ်အားဖြင့် တူသည်အဖြစ်ကြောင့် စက္ခာယတန၏ အခြားမဲ့၌ သောတာယတနကို မိန့်ဆိုအပ်၏၊ ဤသောတာယတနမှ တပါးကုန်သော သုံးပါးကုန်သော အာယတနတို့တွင် လျှင်မြန်စွာ အာရုံကိုယူခြင်း(၁) စွမ်းနိုင်သည် အဖြစ်ကြောင့် ဃာနာယတနကို ရှေးဦးစွာ မိန့်ဆိုအပ်၏၊ အဘယ်ကြောင့်ဆိုသော် ရှေ့မှ ထားကာမျှဖြစ်သော ဘောဇဉ်အစရှိသည်၏ အနံ့သည် လေကို အစဉ်လျှောက်သဖြင့် ဃာနပသာဒ၌ ထိ၏၊ ထို့ကြောင့် အာရုံကို ရှေးဦးစွာ ယူနိုင်၏။ ထိုဃာန၏အခြားမဲ့၌ ဖြစ်ရာအရပ် တူသည်အဖြစ်ကြောင့် ဇိဝှါယတနကို မိန့်ဆိုအပ်၏၊ ထိုဇိဝှါယတန၏ အခြားမဲ့၌ အလုံးစုံသော ရူပကာယကို နှံ့၍ တည်သော ကာယာယတနကို မိန့်ဆိုအပ်၏။ ထိုကာယာယတန၏ အခြားမဲ့၌ ငါးပါးကုန်သော အဇ္ဈတ္တိကာယတနတို့၏လည်း အာရုံကိုယူခြင်းငှါ စွမ်းနိုင်သော မနာယတနကို မိန့်ဆိုတော်မူ၏၊ အကြင်အကြင် ဆိုအပ်ကုန်ပြီးသော အဇ္ဈတ္တိကာယတန ခြောက်ပါးတို့၏ အစဉ်အားဖြင့် ထိုထိုသို့သော အဇ္ဈတ္တိကာယတနတို့၏ အာရုံဖြစ်ကုန်သော ရူပါယတနစသည်တို့ကို မိန့်ဆိုအပ်ကုန်၏။


၁။ အဇ္ဈတ္တိကာယတနတို့တွင် သနိဒဿန သပ္ပဋိဃလျှင် အာရုံရှိသည်ဖြစ်၍ ထင်ရှားသောကြောင့် စက္ခာယတနကို ရှေးဦးဟောတော်မူ၏။ ထို့နောင် အနိဒဿန သပ္ပဋိဃလျှင် အာရုံရှိကုန်သော သောတာယတန စသည်တို့ကို ဟောတော်မူ၏။ ထိုတွင်လည်း မရောက်သော အာရုံကို ယူတတ်သော အဖြစ်ဖြင့် တူသောကြောင့် စက္ခာယတန၏ အခြားမဲ့၌ သောတာယတနကို ဟောတော်မူ၏။ ထို့နောင် လျှင်မြန်စွာ အာရုံကို ယူခြင်းငှါ စွမ်းနိုင်သော ဃာနာယတနကိုဟောတော်မူ၏။ ထို့နောင်ကိုယ် အစိတ်၌ ဖြစ်ခြင်းအားဖြင့် တူသောကြောင့် ဇိဝှါယတနကို ဟောတော်မူ၏၊ ထို့နောင် အလုံးစုံသော ကိုယ်အရပ်၌ ဖြစ်သော ကာယာယတနကို ဟောတော်မူ၏။ ထို့နောင် စက္ခုစသော အဇ္ဈတ္တိကာယတနငါးပါးတို့၏ အာရုံကို ယူခြင်းငှါ စွမ်းနိုင်သော မနာယတနကို ဟောတော်မူ၏၊ ထို့နောင် အဇ္ဈတ္တိကာယတန ခြောက်ပါးတို့၏ အစဉ်အားလျော်စွာ ဗာဟိရာယတန ခြောက်ပါးတို့ကို ဟောတော်မူ၏—ဟု မှတ်။

စာမျက်နှာ-၄၉

ဓာတ် ၁၈-ပါး

၄၀။ ။ ဃာနဓာတု၊ ဇိဝှါဓာတု၊ ကာယဓာတု၊ ရူပဓာတု၊ သဒ္ဒဓာတု၊ ဂန္ဓဓာတု၊ ရသဓာတု၊ ဖောဋ္ဌဗ္ဗဓာတု၊ စက္ခုဝိညာဏဓာတု၊ သောတဝိညာဏဓာတု၊ ဃာနဝိညာဏဓာတု၊ ဇိဝှါဝိညာဏဓာတု၊ ကာယဝိညာဏဓာတု၊ မနောဓာတု၊ မနောဝိညာဏဓာတု။

ဓာတ်တို့သည် စက္ခုဓာတ်၎င်း၊ သောတဓာတ်၎င်း၊ ဃာနဓာတ်၎င်း၊ ဇိဝှါဓာတ်၎င်း၊ ကာယဓာတ်၎င်း၊ ရူပဓာတ်၎င်း၊ သဒ္ဒဓာတ်၎င်း၊ ဂန္ဓဓာတ်၎င်း၊ ရသဓာတ်၎င်း၊ ဖောဋ္ဌဗ္ဗဓာတ်၎င်း၊ စက္ခုဝိညာဏဓာတ်၎င်း၊ သောတဝိညာဏဓာတ်၎င်း၊ ဃာနဝိညာဏဓာတ်၎င်း၊ ဇိဝှါဝိညာဏဓာတ်၎င်း၊ ကာယဝိညာဏဓာတ်၎င်း၊ မနောဓာတ်၎င်း၊ မနောဝိညာဏဓာတ်၎င်း၊ ဤသို့ ၁၈-ပါး အပြားရှိကုန်၏။

ဓာတ် ၁၈-ပါးအဖွင့်

၄၀။ ။ မိမိ မိမိ၏ သဘောကို ဆောင်တတ်ကုန်သောကြောင့် ဓာတ် မည်ကုန်၏၊ တနည်းကား—ဖြစ်သင့်သည်အားလျော်စွာ များသောအပြားရှိသော သံသရာဒုက္ခကို ဖြစ်စေတတ်ကုန်သောကြောင့် ဓာတ် မည်ကုန်၏၊ တနည်းကား—ဝန်ဆောင်းကုန်သော သတ္တဝါတို့သည် ဝန်ကိုဆောင်အပ်ကုန်သကဲ့သို့ သတ္တဝါတို့သည် ဆောင်အပ်ကုန်သောကြောင့် ဓာတ် မည်ကုန်၏၊ အလိုသို့ လိုက်၍ မဖြစ်သင့်သဖြင့် ထိုသဘောတရားတို့သည် သံသရာဒုက္ခကို ဖြစ်စေကာမျှတို့သည်သာလျှင် ဖြစ်ကုန်သောကြောင့် ဓာတ် မည်ကုန်၏၊ ထိုတရားသဘောတို့ဖြင့် သတ္တဝါတို့သည် သံသရာဒုက္ခကို ပြီးစေအပ်၏၊ ဤသို့ ပြီးစေကြောင်းဖြစ်သော သတ္တိကြောင့် ဓာတ် မည်ကုန်၏၊ ဤတရားသဘော၌ ထိုသို့ ပြီးစေအပ်သော သင်္ခါရဆင်းရဲကိုလည်း ထားအပ်၏၊ ထိုသို့ ထားရာဖြစ်သောကြောင့်

စာမျက်နှာ-၅၀

ဓာတ် မည်ကုန်၏၊ အကြော အသွေး အစရှိကုန်သော အတ္တဘော၏ အစိတ်တို့သည် ဓာတ်မည်ကုန်သကဲ့သို့၎င်း၊ ဆေးခန်း မြင်းသီလာ အစရှိသော ကျောက်၏ အစိတ်တို့သည် ဓာတ်မည်ကုန်သကဲ့သို့၎င်း၊ ထိုတရားသဘောရှိသည် သိအပ်ကုန်သော တရားအပေါင်း၏ အစိတ်ဖြစ်ကုန်သောကြောင့် ဓာတ် မည်ကုန်၏။ ရှေးဆရာတို့သည် အဘယ်သို့ ဆိုကုန်သနည်းဟူမူ—

ဝိဒဟတိ ဝိဓာနဉ္စ၊ ဝိယတေ စ ဝိယတေ။
ဧတာယ စီယတေ ဧတ္ထ၊ ဣတိ ဝါ ဓာတု သမ္မတာ။
သရီရသေလာဝယဝ ဓာတုယော ဝိယ ဓာတုယာ။
ဟု မိန့်ဆိုကုန်ပြီ။

အနက်ကား—သံသရာဒုက္ခကို စီရင်တတ် ဖြစ်စေတတ်သောကြောင့်၎င်း ဓာတ်-ဟု သိအပ်၏၊ သံသရာဒုက္ခကို ဖြစ်စေကာမျှ ဖြစ်သောကြောင့်၎င်း ဓာတ်-ဟု သမုတ်အပ်၏၊ သတ္တဝါတို့သည် ဆောင်အပ်သောကြောင့်၎င်း ဓာတ်-ဟု သမုတ်အပ်၏၊ ထိုတရားသဘောဖြင့် သတ္တဝါတို့သည် သံသရာဒုက္ခကို ပြီးစေအပ်၏။ ဤ ပြီးစေကြောင်းဖြစ်သောကြောင့်၎င်း ဓာတ်-ဟု သမုတ်အပ်၏။ ဤတရားသဘော၌ သံသရာဒုက္ခကို ထားအပ်၏၊ ဤသို့ ထားရာဖြစ်သောကြောင့်၎င်း ဓာတ်-ဟု သမုတ်အပ်၏၊ အတ္တဘော အစိတ်ဖြစ်ကုန်သော သွေး အစရှိသော ဓာတ်တို့ကဲ့သို့၎င်း၊ ကျောက်၏ အစိတ်ဖြစ်ကုန်သော ဓာတ်တို့ကဲ့သို့၎င်း ဖြစ်ကုန်သောကြောင့်


၁။ မိမိတို့၏ ကက္ခဠ, ဖုသန စသော သဘောကို ဆောင်တတ်သောကြောင့်၎င်း, ဖြစ်သင့်သည်အားလျော်စွာ များပြားသော သံသရာဒုက္ခကို စီရင်တတ်သောကြောင့်၎င်း, ဝန်ထမ်းပုဂ္ဂိုလ်တို့သည် ဝန်ကို ဆောင်အပ်သကဲ့သို့ သတ္တဝါတို့သည် ဆောင်အပ်သောကြောင့်၎င်း, သတ္တဝါတို့သည် သံသရာဒုက္ခကို အဖန်တလဲလဲ ပြုပြင်စီရင်ကြောင်း ဖြစ်သောကြောင့်၎င်း, အကြောင်း၏အဖြစ်ဖြင့် ပြုအပ် စီရင်အပ်သော သံသရာဆင်းရဲ၏ ထားရာ ဖြစ်သောကြောင့်၎င်း, အကြောအသွေး အစရှိသော ကိုယ်၏ အစိတ်ဓာတ်တို့ကဲ့သို့၎င်း, ဆေးခန်း မြင်းသီလာစသော ကျောက်အစိတ်ဓာတ်တို့ကဲ့သို့၎င်း, သိအပ်သော တရားအပေါင်း၏အစိတ်ဖြစ်ကုန်သောကြောင့် ဓာတ်မည်ကုန်၏-ဟူလို။
(ဓာတ် ၁၈-ပါး၏ ဟောစဉ်ကို အာယတနနည်းအတိုင်းသိ)။

စာမျက်နှာ-၅၁

ဓာတ် မည်ကုန်၏၊ ထိုဓာတ်တို့ကိုကား—မနာယတနကို သတ္တဝိညာဏဓာတ်၏ အစွမ်းဖြင့် ၇-ပါးအပြားအားဖြင့် ခွဲဝေ၍ ကြွင်းကုန်သော ၁၁-ပါးသော အာယတနတို့နှင့်တကွ ဓာတ် ၁၈-ပါးကိုဟူ၍ မြတ်စွာဘုရားသည် ဟောအပ်ကုန်၏၊ ထို့ကြောင့် “စက္ခုဓာတု” ဤသို့ အစရှိသော စကားကို မိန့်ဆိုပြီ၊ အစဉ်ပြုခြင်းကို အာယတန၌ ဆိုအပ်ပြီးသောနည်းဖြင့် မှတ်အပ်၏။

သစ္စာ ၄-ပါး

၄၁။ ။စတ္တာရိ အရိယသစ္စာနိ၊ ဒုက္ခံ အရိယသစ္စံ၊ ဒုက္ခသမုဒယော အရိယသစ္စံ၊ ဒုက္ခနိရောဓော အရိယသစ္စံ၊ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စံ။

အရိယသစ္စာတို့သည် ဒုက္ခ-ဟု ဆိုအပ်သော အရိယသစ္စာ၎င်း၊ ဒုက္ခ၏ အကြောင်းဖြစ်သော အရိယသစ္စာ၎င်း၊ ဒုက္ခ၏ ချုပ်ရာဖြစ်သော အရိယသစ္စာ၎င်း၊ ဒုက္ခ၏ချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်း အကျင့်-ဟု ဆိုအပ်သော အရိယသစ္စာ၎င်း၊ ဤသို့ လေးပါးအပြားရှိကုန်၏။

သစ္စာ ၄-ပါးအဖွင့်

၄၁။ ။ အရိယာပုဂ္ဂိုလ်တို့ကို ပြုတတ် ပြီးစေတတ်သည် အဖြစ်ကြောင့် အရိယာမည်ကုန်၏၊ မှန်ကန်သည်ဖြစ်သောကြောင့် သစ္စာလည်းမည်ကုန်၏၊ ထို့ကြောင့် အရိယသစ္စာ မည်ကုန်၏၊ ယင်းအရ အကျယ်ပြဆိုဦးအံ့—ဤအရိယသစ္စာတို့သည် ၄-ပါးကုန်သော—



၁။ အရိယာပုဂ္ဂိုလ်၏ အဖြစ်ကို ပြုတတ်သောကြောင့် အရိယာ မည်၏။ မှန်ကန်သောကြောင့် သစ္စာ မည်၏။ အရိယာပုဂ္ဂိုလ်တို့၏ အဖြစ်ကို ပြုတတ်သော မှန်ကန်သောတရား ဖြစ်သောကြောင့် အရိယသစ္စာ မည်ကုန်၏-ဟူလို။

တနည်း—အရိယာပုဂ္ဂိုလ်တို့သည် ထိုးထွင်း၍ သိအပ်သော သစ္စာဖြစ်သောကြောင့် အရိယသစ္စာ မည်ကုန်၏။ အရိယာမည်သော မြတ်စွာဘုရား၏ သစ္စာဖြစ်သောကြောင့် အရိယသစ္စာ မည်ကုန်၏။ ထိုသစ္စာတို့သည် ကိလေသာတို့သည် ဖျက်ဆီးအပ်သော သဘော၊ ကိလေသာသည် မဖျက်အပ်သောသဘော၊ အကျိုးသဘော, အကြောင်းသဘောတို့၏ အစွမ်းဖြင့် လေးပါးအပြားရှိ၏-ဟု မှတ်။

စာမျက်နှာ-၅၂

အရိယမဂ်ကို ကျင့်ဆဲဖြစ်ကုန်သော မဂ္ဂဋ္ဌာန်ပုဂ္ဂိုလ်တို့၎င်း၊ ၄-ပါးကုန်သော ဖလဋ္ဌာန်ပုဂ္ဂိုလ်တို့၎င်း၊ ဤသို့ ရှစ်ယောက်သော အရိယာပုဂ္ဂိုလ်တို့ကို ပြီးစေတတ်ကုန်၏၊ အကြောင်းသော်ကား—သစ္စာ ၄-ပါးကို ထိုးထွင်း၍ သိခြင်းသည် မရှိသော် ထိုအရိယာပုဂ္ဂိုလ်တို့၏ အရိယာအဖြစ်သို့ မရောက်ခြင်းကြောင့်၎င်း၊ ထိုသစ္စာ ၄-ပါးကို ထိုးထွင်း၍ သိသည်ရှိသော်သာလျှင် စင်စစ် ထိုအရိယာအဖြစ်သို့ ရောက်ခြင်းကြောင့်၎င်း ပြီးစေကုန်၏။

ဒုက္ခ, ဒုက္ခ၏အကြောင်း, ဒုက္ခ၏ချုပ်ရာ, ထိုချုပ်ရာသို့ ရောက်ကြောင်းတို့၏သာလျှင် အစဉ်အားလျော်စွာ နှိပ်စက်တတ်သည်၏အဖြစ်သည်၎င်း၊ ဒုက္ခ၏ အကြောင်း၏ အဖြစ်သည်၎င်း၊ ဒုက္ခမှ ထွက်မြောက်ရာ၏ အဖြစ်သည်၎င်း၊ နိဗ္ဗာန်သို့ ရောက်ကြောင်း အဖြစ်သည်၎င်း ဖြစ်၏၊ ဒုက္ခသစ္စာမှတပါးကုန်သော တရားတို့၏ နှိပ်စက်တတ်သောအဖြစ် အစရှိသည်သည် မဖြစ်။ ဒုက္ခသစ္စာအစရှိသည်တို့၏ နှိပ်စက်တတ်သည်အဖြစ် အစရှိသော သဘောသာလျှင် ဖြစ်၏။ မနှိပ်စက် မညှဉ်းဆဲတတ်သည် အစရှိသည် အဖြစ်သည် မဖြစ်ပေ။ ထို့ကြောင့် ဒုက္ခသစ္စာအစရှိသည်တို့မှ တပါးကုန်သော တရားကို “ဗာဓကတ္တ” အစရှိသည်၏ အမြဲမဖြစ်ခြင်း, ဒုက္ခသစ္စာ အစရှိသည်တို့၌ နှံ့၍ ဖြစ်တတ်ကုန်သည်၏အဖြစ်-ဟု ဆိုအပ်သော လက္ခဏာဖြင့် ထိုဒုက္ခသောသစ္စာတို့သည် မှန်ကုန်၏၊ မြဲကုန်၏။ ထို့ကြောင့် ရှေးဆရာတို့သည်—

ဗောဓာနုရူပံ စတ္တာရော၊ ဆိန္ဒ စတုရော မလေ။
ခီဏဒေါသေ စ စတ္တာရော၊ သာမောရိယ ပုဂ္ဂလေ။
အညတ္ထ ဗာဓကာ၊ န ဟိ ဧတေဟိ လဗ္ဘန္တိ။
နာဗာဓကတ္တမေတေသံ၊ တေနေတာနိ ဝေ တထာ။
ဟု မိန့်ဆိုကုန်ပြီ။

အနက်ကား—လေးပါးကုန်သော အရိယသစ္စာတို့သည် သစ္စာလေးပါးကို သိသည်အားလျော်စွာ လေးပါးကုန်သော ကိလေသာ အညစ်အကြေးတို့ကို ဖြတ်တတ်ကုန်သော လေးပါးကုန်သော

စာမျက်နှာ-၅၃

မဂ္ဂဋ္ဌာန်ဖြစ်ကုန်သော အရိယာပုဂ္ဂိုလ်တို့ကို၎င်း၊ ကုန်ပြီးသော ကိလေသာအပြစ်ရှိကုန်သော လေးယောက်ကုန်သော ဖလဋ္ဌာန်ဖြစ်ကုန်သော အရိယာပုဂ္ဂိုလ်တို့ကို၎င်း ပြီးစေကုန်၏၊ ထိုဒုက္ခ အစရှိသည်တို့မှ တပါးသော တရားတို့၌ နှိပ်စက်တတ်သည်အဖြစ် စသည်ကို မရအပ်သည်သာလျှင်တည်း။ ထိုဒုက္ခစသော တရားတို့၌သာလျှင် ဖြစ်၏။ ထိုဒုက္ခ အစရှိသည်တို့၏ မနှိပ်စက်တတ်သည်၏အဖြစ်သည် မဖြစ်၊ နှိပ်စက်တတ်သည်အဖြစ် အစရှိသည်သာလျှင် ဖြစ်၏။ ထို့ကြောင့် ထိုအရိယသစ္စာတို့သည် စင်စစ်အားဖြင့် မှန်ကန်ကုန်၏။

တနည်းကား—ထိုအရိယာပုဂ္ဂိုလ်တို့သည် ထိုးထွင်း၍ သိအပ်သည် အဖြစ်ကြောင့် အရိယာပုဂ္ဂိုလ်တို့၏ သစ္စာဖြစ်ရကား အရိယသစ္စာ မည်ကုန်၏၊ တနည်းကား—ထိုမြတ်စွာဘုရားသည် ဟောအပ်သောကြောင့် အရိယာဖြစ်သော မြတ်စွာဘုရား၏ သစ္စာတို့ဖြစ်ရကား အရိယသစ္စာ မည်ကုန်၏၊ ထိုအရိယသစ္စာတို့သည် ကိလေသာတို့သည် ဖျက်ဆီးအပ်, ကိလေသာတို့သည် မဖျက်ဆီးအပ်သော အကျိုးအကြောင်းတို့၏ အစွမ်းဖြင့် လေးပါးအပြားရှိကုန်၏၊ ထို့ကြောင့် “စတ္တာရိ အရိယသစ္စာနိ” ဤသို့ အစရှိသော စကားကို မိန့်ဆိုပြီ။

ထို “ဒုက္ခသစ္စံ” အစရှိသော ပါဌ်၌ စက်ဆုပ်အပ်သည် အဖြစ်ကြောင့်၎င်း၊ အချည်းနှီးဖြစ်သည် အဖြစ်ကြောင့်၎င်း ဒုက္ခ မည်၏။ ကံအစရှိကုန်သော ပစ္စည်းအပေါင်းတို့သည် တည်သည်ရှိသော် ဒုက္ခသစ္စာဖြစ်ခြင်း၏ အကြောင်းဖြစ်သည် အဖြစ်ကြောင့် ထိုရာဂကြောင့် ဒုက္ခသည် ဖြစ်တတ်၏၊ ဤသို့ ဒုက္ခ၏ ဖြစ်ကြောင်းဖြစ်သောကြောင့် သမုဒယ မည်၏၊ ဒုက္ခသစ္စာ၏ ဖြစ်ကြောင်းသည် ဒုက္ခသမုဒယ မည်၏၊ ဤအသင်္ခတတရား၌ တနည်း—ဤအသင်္ခတတရားဖြင့် ဒုက္ခသစ္စာ၏ တဖန်မဖြစ်သောအားဖြင့် ချုပ်၏၊ ဤသို့ ဒုက္ခ၏ တဖန်မဖြစ်ခြင်းဖြင့် အပြီးချုပ်ရာ ချုပ်ငြိမ်းရာ သတ္တိကြောင့် ဒုက္ခနိရောဓ မည်၏၊ ဒုက္ခ၏ ချုပ်ရာ နိဗ္ဗာန်ကို အာရုံ

စာမျက်နှာ-၅၄

ပြုသောအားဖြင့် ရောက်တတ်သောကြောင့် ဒုက္ခနိရောဓဂါမိနီ မည်၏၊ ထိုသမ္မာဒိဋ္ဌိ စသော တရားအပေါင်းဖြင့် ထိုဒုက္ခ၏ချုပ်ရာ နိဗ္ဗာန်သို့ အရိယာပုဂ္ဂိုလ်တို့သည် ရောက်တတ်၏၊ ထိုသို့ ရောက်ကြောင်းဖြစ်သောကြောင့် ဒုက္ခနိရောဓဂါမိနီပဋိပဒါ မည်၏။

၄၂။ ။ဧတ္ထ ပန စေတသိက၊ သုခုမ ရူပ နိဗ္ဗာန ဝသေန၊ ဧကူနသတ္တတိ ဓမ္မာ ဓမ္မာယတန ဓမ္မဓာတုတိ သင်္ခံ ဂစ္ဆန္တိ၊ မနာယတနမေဝ သတ္တဝိညာဏ ဓာတု ဝသေန ဘိဇ္ဇတိ။

အထူးကို ဆိုဦးအံ့—သဗ္ဗသင်္ဂဟ၌ စေတသိက် ငါးဆယ့်နှစ်ပါး၊ သုခုမရုပ် တစ်ဆယ့်ခြောက်ပါး၊ နိဗ္ဗာန်တို့၏ အစွမ်းဖြင့် တစ်ခုယုတ် ခုနစ်ဆယ်သော တရားတို့သည် ဓမ္မာယတန ဓမ္မဓာတ်-ဟု ရေတွက်ခြင်းသို့ ရောက်ကုန်၏၊ မနာယတနတစ်ခုသည်ပင် သတ္တဝိညာဏဓာတ်၏ အစွမ်းဖြင့် ပြား၏။

၄၂။ ။စေတသိက်တို့၏၎င်း၊ ၁၆-ပါးသော သုခုမရုပ်တို့၏၎င်း၊ နိဗ္ဗာန်၏၎င်း အစွမ်းဖြင့် တစ်ခုယုတ် ၇၀-သော တရားတို့သည် အာယတနတို့တွင် ဓမ္မာယတန, ဓာတ်တို့တွင် ဓမ္မဓာတ်(၁) ဟူ၍ ရေတွက်ခြင်းသို့ ရောက်ကုန်၏။

၄၃။ ။ရူပဉ္စ ဝေဒနာ သညာ၊ သေသ စေတသိကာ တထာ၊ ဝိညာဏမိတိ ပဉ္စတေ၊ ပဉ္စက္ခန္ဓာတိ ဘာသိတာ။

ရုပ်အဋ္ဌဝီသ၎င်း၊ ဝေဒနာ စေတသိက်၎င်း၊ သညာ စေတသိက်၎င်း၊ ဝေဒနာ သညာမှ ကြွင်းသော စေတသိက် ၅၀-တို့၎င်း၊


၁။ ဤစေတသိက် စသော တစ်ခုယုတ် ခုနစ်ဆယ်သော တရားတို့သည် သဘောလက္ခဏာကို ဆောင်ခြင်းအနက် သဘောသာရှိသောကြောင့် ဓမ္မာယတန, ဓာတ်မည်ကုန်၏။ ကြွင်းသော စက္ခုဓာတ် စသည်ကား အသီးအသီး အမည်ထူးများရပြီးဖြစ်၍ သဘောကို ဆောင်သော်လည်း ဓမ္မဓာတ် မမည်ရပြီ-ဟူလို။

စာမျက်နှာ-၅၅

ထိုမြို့ စိတ်တစ်ခုယုတ် ၉၀-၎င်း၊ ဤသို့ ငါးပါးကုန်သော ထိုတရားတို့ကို ခန္ဓာငါးပါးဟူ၍ ဟောတော်မူအပ်ကုန်၏။

၄၃။ ။သေသ စေတသိကာ-ဟူသည်ကား ဝေဒနာ သညာတို့မှ ကြွင်းကုန်သော ငါးဆယ်ကုန်သော စေတသိက်တို့သည် ဖြစ်ကုန်၏၊ အဘယ်ကြောင့် ဝေဒနာ သညာတို့ကို အသီးအခြား ခန္ဓာဟူ၍ ပြုအပ်ပါသနည်း၊ ဤသို့ မေးအပ်သည်ရှိသော် တရားတို့၌သာယာတတ်သော ဝေဒနာ, ထိုသာယာတတ်သော ဝေဒနာအား ကျေးဇူးပြုတတ်သော အကြောင်း၏အဖြစ်ကြောင့် အသီးအခြား ခန္ဓာဖွဲ့ခြင်းကို ပြုအပ်၏၊ ဤသို့ ဖြေဆိုအပ်၏၊ ယင်းအရ အကျယ်ဖော်ပြဦးအံ့—ဤသုံးပါးတရားတို့၌ ဝေဒနာသည် သာယာတတ်သည် အစွမ်းဖြင့် ဖြစ်တတ်၏၊ အသုဘ၌ သုဘ အစရှိသည်ဟူ၍ သညာဖောက်ပြန်သည် အစွမ်းဖြင့် ထိုဝေဒနာ၏ ထိုသို့ ဝဋ်တရားတို့၌ သာယာသော အခြင်းအရာအားဖြင့် ဖြစ်၏။ ထို့ကြောင့် သညာသည် ထိုသို့ ဝဋ်တရားတို့၌ ခံစားခြင်းဝေဒနာ၏ အကြောင်းဖြစ်၏။ ထို့ကြောင့် သံသရာ၏ ပဓာန၌ ဖြစ်သော အကြောင်း၏အဖြစ်ကြောင့် ထိုဝေဒနာ သညာတို့ကို အသီးခွဲဝေ၍ ဟောတော်မူအပ်ကုန်၏၊ ထိုစကားမှန်၏၊ အရှင်အနုရုဒ္ဓါ ဆရာသည် နာမရူပပရိစ္ဆေဒကျမ်း၌—

ဝဋ္ဋဓမ္မေသု အဿာဒံ၊ တဒဿာဒုပဿဝနံ၊
ဝိနိဘုဇ္ဇ နိဒဿေတုံ၊ ခန္ဓဒွယမုဒါဟဋံ။
ဟု မိန့်ဆိုအပ်၏။

အနက်ကား—ဝတ္ထုတရားတို့၌ ခံစားခြင်း, ထိုခံစားခြင်းအကြောင်းကို အသီးခွဲဝေ၍ ပြခြင်းငှါ ခန္ဓာ ၂-ပါးကို ထုတ်အပ်၏။

၄၄။ ။ပဉ္စုပါဒါနက္ခန္ဓာတိ၊ တထာ တေဘူမကာ မတာ၊ ဘေဒါဘာဝေန နိဗ္ဗာနံ၊ ဓမ္မသင်္ဂဟ နိဿဋံ။

စာမျက်နှာ-၅၆

ထို့အတူ ဘုံသုံးပါး၌ ဖြစ်ကုန်သော ထိုသဘောတရား ငါးပါးတို့ကို ငါးပါးသော ဥပါဒါနက္ခန္ဓာ-ဟု သိအပ်ကုန်၏၊ နိဗ္ဗာန်သည် ပစ္စုပ္ပန်, အတိတ်, အနာဂတ်, အဇ္ဈတ္တ, ဗဟိဒ္ဓ, ဒူရ, အာသန္တ, ဟီန, ပဏီတ, သုခုမ, သြဠာရိက-ဟု ဆိုအပ်သော ၁၁-ပါးသော အပြားမရှိခြင်းကြောင့် ခန္ဓာဟူသော အရေအတွက်မှ လွတ်၏။

၄၄။ ။အာယတနဓာတ်တရားတို့၌ နိဗ္ဗာန်ကို ရေတွက်အပ်သည် မဟုတ်ပါလော၊ ခန္ဓာတို့၌ အဘယ်ကြောင့် မရေတွက်အပ်ပါသနည်း၊ ဤသို့သော စောဒနာစကားကို နှလုံးထား၍ “ဘေဒဘာဝေန” ဤသို့ အစရှိသော စကားကို မိန့်ဆိုပြီး၊ ယင်းစကားအရ အကျယ်ကို ပြဦးအံ့—အတိတ်အစရှိသော အပြားအားဖြင့် ကုန်သော တရားတို့၏ အစုဟူသော အနက်ကြောင့် ခန္ဓာဟူသော အမည်သည် ဖြစ်၏။ ထို့ကြောင့် နိဗ္ဗာန်(၁) သည်ကား အတိတ်စသော အပြားမရှိသောကြောင့် ခန္ဓာဟူသော အရေအတွက်မှ လွတ်၏။ ဤသို့သော အနက်ကို မှတ်အပ်၏။

၄၅။ ။ဒွါရာလမ္မဏဝသေန၊ ဘဝန္တာယတနာနိ စ၊
ဒွါရာလမ္ဗတဒုပ္ပန္န၊ ပရိယာယေန ဓာတုယော။


အာယတနတို့သည် ခြောက်ပါးသောဒွါရ ခြောက်ပါးသော အာရုံ၏ အပြားဖြင့် ၁၂-ပါးအပြားရှိကုန်၏၊ ဓာတ်တို့သည်လည်း ခြောက်ပါးသောဒွါရ, ခြောက်ပါးသောအာရုံ, ထိုဒွါရ, အာရုံကို မှီ၍ ဖြစ်သော ဝိညာဏ်တို့၏ အစဉ်ဖြင့် ၁၈-ပါး အပြားရှိကုန်၏။)

၄၅။ ။ခြောက်ပါးကုန်သော ဒွါရ၏၎င်း၊ ခြောက်ပါးကုန်သော အာရုံတို့၏၎င်း အပြားအားဖြင့် အာယတနတို့သည် ၁၂-ပါးအပြား


၁။ အတိတ်, အနာဂတ်, ပစ္စုပ္ပန်, အဇ္ဈတ္တ, ဗဟိဒ္ဓ, ဒူရ, အာသန္တ, ဟီန, ပဏီတ, သုခုမ, သြဠာရိက-ဟု ဆိုအပ်သော ၁၁-ပါး အပြားရှိသော တရားမှာ ခန္ဓာမည်၏၊ နိဗ္ဗာန်ကား ထို ၁၁-ပါးသော အပြားမရှိသောကြောင့် ခန္ဓာ မမည်-ဟု မှတ်။ (အကြွင်းပေါ်ပြီ။)

စာမျက်နှာ-၅၇

ရှိကုန်၏၊ ခြောက်ပါးကုန်သော ဒွါရတို့၏၎င်း၊ ခြောက်ပါးကုန်သော အာရုံတို့၏၎င်း၊ ထိုနှစ်ပါးစုံကိုမှီ၍ ဖြစ်ကုန်သော ထိုဒွါရ အာရုံ အတိုင်းအရှည်ရှိသည်သာလျှင် ဖြစ်ကုန်သော ဝိညာဏ်တို့၏၎င်း အစဉ်ဖြင့် ဓာတ်တို့သည် ၁၈-ပါး အပြားရှိကုန်၏။

၄၆။ ။ဒုက္ခံ တေဘူမကံဝ ဝဋ္ဋံ၊ တဏှာ သမုဒယာ ဘဝေ၊
နိရောဓောနာမ နိဗ္ဗာနံ၊ မဂ္ဂေါ လောကုတ္တရော မတော။


ဘုံသုံးပါး၌ဖြစ်သော တရားသည် ဒုက္ခသစ္စာ မည်၏၊ လောဘစေတသိက်သည် သမုဒယသစ္စာ မည်၏၊ နိဗ္ဗာန်သည် နိရောဓသစ္စာ မည်၏၊ လောကုတ္တရာဖြစ်သော မဂ္ဂင်ရှစ်ပါးကို မဂ္ဂသစ္စာ မည်၏ ဟူ၍ သိအပ်၏။

၄၆။ ။ဤဝဋ်တရားအား သုံးပါးကုန်သော ဘုံတို့ရှိကုန်သောကြောင့် တိဘူမံ မည်၏၊ တိဘူမံ-သဒ္ဒါသည်ပင်လျှင် တေဘူမကံ မည်၏။

ဤသံသရာစက်၌ လောကီကုသိုလ်ကံ အကုသိုလ်ကံသည်၎င်း၊ ထိုကံ၏အကျိုးဖြစ်သော ဝိပါက်သည်၎င်း ဖြစ်တတ်၏၊ ထိုသို့ ဖြစ်ရာဖြစ်သော သတ္တိကြောင့် ဝဋ် မည်၏၊ တဏှာ-ဟူသည်ကား ကာမတဏှာ အစရှိသည်တို့၏ အစွမ်းဖြင့် သုံးပါး အပြားရှိသော၊ တဖန်ခြောက်ပါးသော အာရုံ၏ အစွမ်းဖြင့် ၁၈-ပါး အပြားရှိသော၊ အတိတ် အနာဂတ် ပစ္စုပ္ပန်တို့၏ အစွမ်းဖြင့် ၅၄-ပါး အပြားရှိသော၊ အဇ္ဈတ္တိက ဗဟိရတို့၏ အစွမ်းဖြင့် ၁၀၈-ပါး အပြားရှိသော တဏှာတည်း။ အဘယ်ကြောင့် တဏှာမှတပါးကုန်သော ဒုက္ခ၏အကြောင်းတို့သည် ရှိကုန်သော်လည်း တဏှာကိုသာလျှင် သမုဒယဟူ၍ ဆိုအပ်ပါသနည်း၊ ဤသို့မေးလတ်သော် ပဓာနဖြစ်သော အကြောင်း၏အဖြစ်ကြောင့် ဆိုအပ်၏-ဟု ဆိုအပ်၏။ ယင်းအရ အကျယ်ပြဆိုဦးအံ့—လောကီဖြစ်သော ကုသိုလ် အကုသိုလ်

စာမျက်နှာ-၅၈

ကံ၏ ဆန်းကျယ်စွာ ဖြစ်ခြင်း၏ အကြောင်းဖြစ်သောကြောင့်၎င်း၊ ကုသိုလ် အကုသိုလ်ကံ၏ အပေါင်းအဖော်၏ အဖြစ်သို့ ရောက်ခြင်းကြောင့်၎င်း၊ ဒုက္ခ၏ ဆန်းကျယ်စွာ ဖြစ်ခြင်း၏ အကြောင်းဖြစ်သောကြောင့်၎င်း၊ တဏှာသည် ဒုက္ခ၏ ထူးသော အကြောင်းဖြစ်၏။ ထို့ကြောင့် တဏှာသည် ဒုက္ခ၏ ပဓာနဖြစ်သော အကြောင်းဖြစ်၏။

ဒုက္ခနိရောဓဂါမိနီပဋိပဒါ-ဟူသောအမည်ဖြင့် ဟောအပ်သော မဂ်သည် မဂ်မည်၏၊ လောကုတ္တရာဖြစ်သော မဂ်ကို မဂ်ဟူ၍ သိအပ်၏၊ ဤသို့ တဖန် မဂ္ဂသဒ္ဒကို ယောဇနာအပ်၏။

၄၇။ ။မဂ္ဂယုတ္တာ ဖလာ စေဝ၊ စတုသစ္စဝိနိဿဋာ၊
ဣတိ ပဉ္စ ပဘေဒေန၊ ပဝုတ္တော သဗ္ဗသင်္ဂဟော။


မဂ္ဂင်ရှစ်ပါးနှင့် ယှဉ်ကုန်သော မဂ်စိတ္တုပ္ပါဒ်တို့သည်၎င်း၊ ဖိုလ်စိတ္တုပ္ပါဒ်တို့သည်၎င်း၊ သစ္စာလေးပါးမှ လွတ်ကုန်၏၊ ဤသို့ ငါးပါးသော အပြားအားဖြင့် သဗ္ဗသင်္ဂဟကို ငါသည် မိန့်ဆိုအပ်၏။

၄၇။ ။အဋ္ဌင်္ဂမဂ်မှ လွတ်ကုန်သော အဋ္ဌင်္ဂမဂ်မှ ကြွင်းကုန်သော, အဋ္ဌင်္ဂမဂ်နှင့် ယှဉ်ကုန်သော ဖဿစသည်တို့၎င်း၊ သမ္ပယုတ်တရားနှင့် တကွဖြစ်သောဖိုလ်၎င်း၊ ဤသို့ ထိုတရားတို့သည် သစ္စာလေးပါးတို့မှ မုချလွတ်ကုန်၏၊ ပရိယာယ်အားဖြင့်ကား—အညတာဝိနိဒ္ဒေသ၌လည်း “မဂ္ဂင်္ဂံ မဂ္ဂပရိယာပန္ံ”-ဟူ၍ ဘုရားဟောတော်မူအပ်သည် အဖြစ်ကြောင့် ဖိုလ်တရားတို့၌ သမ္မာဒိဋ္ဌိ အစရှိသည်တို့ကို မဂ္ဂသစ္စာ၌, ဤမှတပါးကုန်သော ဖိုလ်နှင့်ယှဉ်သော တရားတို့ကို သင်္ခါရဒုက္ခနှင့်တူသည် အဖြစ်ကြောင့် ဒုက္ခသစ္စာ၌ ရေတွက်ခြင်းကို ပြုခြင်းငှါ တတ်ကောင်း၏ အကျိုးကား—ရေတွက်ခြင်းကို ပြုအပ်သည်ရှိသော် သစ္စာဒေသနာ၏လည်း အလုံးစုံကို ပေါင်း၍ ယူတတ်သည်အဖြစ်သည် ပြည့်စုံ၏။

စာမျက်နှာ-၅၉

အဘယ်ကြောင့် ခန္ဓာအစရှိကုန်သော များစွာကုန်သော ထိုတရားတို့ကို ဟောအပ်ပါကုန်သနည်းဟူမူ၊ မြတ်စွာဘုရားသည်လည်း ထိုထိုများသော အပြားအားဖြင့်သာလျှင် ဟောတော်မူအပ်သည် အဖြစ်ကြောင့် ဟောတော်မူအပ်ကုန်၏၊ မြတ်စွာဘုရားသည်လည်း အဘယ်ကြောင့် ထိုသို့များသော အပြားအားဖြင့် ဟောတော်မူအပ်ကုန်သနည်း၊ ဤသို့ မေးလတ်သော် သုံးပါးအပြားရှိသော သတ္တဝါတို့အား ချီးမြှောက်ခြင်းကို အလိုရှိသောကြောင့် ဟောအပ်ကုန်၏၊ ဤသို့ဆိုအပ်၏၊ ယင်းစကားအရ အကျယ်အားဖြင့် ဖွင့်ပြဦးအံ့—နာမ်၌ တွေဝေသောသတ္တဝါ, ရုပ်၌ တွေဝေသော သတ္တဝါ, နာမ်ရုပ်နှစ်ပါး၌ တွေဝေသော သတ္တဝါတို့၏ အစွမ်းဖြင့်၎င်း၊ ရင့်သော မရင့်လွန်းသော, နုသောဣန္ဒြေတို့၏ အစွမ်းအားဖြင့်၎င်း၊ အကျဉ်းဖြစ်သော ဒေသနာ၌ နှစ်သက်သော သတ္တဝါ, အလယ်အလတ်ဖြစ်သော ဒေသနာ၌ နှစ်သက်သော သတ္တဝါ, အကျယ်ဖြစ်သော ဒေသနာ၌ နှစ်သက်သော သတ္တဝါတို့၏ အစွမ်းအားဖြင့်၎င်း၊ သတ္တဝါတို့သည် သုံးပါးအပြားရှိကုန်၏၊ ထိုသတ္တဝါတို့တွင် နာမ်၌ တွေဝေသော သတ္တဝါတို့၏ အစွမ်းဖြင့် ခန္ဓဒေသနာကို မြတ်စွာဘုရားသည် ဟောတော်မူအပ်၏။ အကြောင်းသော်ကား—ထိုခန္ဓဒေသနာ၌ နာမ်ကို လေးပါးအပြားအားဖြင့် ဝေဖန်အပ်သောကြောင့်တည်း၊ ရုပ်၌တွေဝေသော သတ္တဝါတို့၏ အစွမ်းအားဖြင့် အာယတနဒေသနာကို မြတ်စွာဘုရားသည် ဟောတော်မူအပ်၏၊ အကြောင်းသော်ကား—ထိုအာယတနဒေသနာ၌ ရုပ်ကို အခွံနှင့်တကွ ၁၁-ပါးအားဖြင့် ဝေဖန်အပ်သောကြောင့်တည်း၊ နာမ်ရုပ်နှစ်ပါး၌ တွေဝေကုန်သော သတ္တဝါတို့၏ အစွမ်းဖြင့် ဓာတ်ဒေသနာတော်ကို မြတ်စွာဘုရားသည် ဟောတော်မူအပ်၏၊ အကြောင်းသော်ကား—ထိုဓာတ်ဒေသနာ၌ နာမ်ရုပ်နှစ်ပါးတို့ကိုလည်း အကျယ်အားဖြင့် ဝေဖန်အပ်သောကြောင့်တည်း။

ထို့အတူ ရင့်သောဣန္ဒြေရှိကုန်သော သတ္တဝါတို့၏၎င်း၊ အကျဉ်းဖြစ်သော ဒေသနာ၌ နှစ်သက်သော သတ္တဝါတို့၏၎င်း

စာမျက်နှာ-၆၀

အစွမ်းဖြင့် ခန္ဓာဒေသနာကို ဟောတော်မူအပ်၏၊ ဤသို့အစရှိသော စကားကို ယှဉ်စေအပ်၏၊ သံသရာဝဋ်ဆင်းရဲ၌ ဖြစ်ခြင်း သံသရာဝဋ်ဆင်းရဲမှ လွတ်ခြင်း နှစ်ပါးတို့၏ အကြောင်း၏ အစွမ်းဖြင့် ဉာဏ်တည်းဟူသော မျက်စိဖြင့် ရှုအပ်သော်သာလျှင် သုံးပါးအပြားရှိသည်လည်းဖြစ်သော ထိုတရားသဘောသည် ကျေးဇူးအထူးကို ဆောင်တတ်၏၊ တပါးသောအပြားဖြင့် သစ္စာဒေသနာတော်သည် ကျေးဇူးအထူးကို ဆောင်တတ်သည်မဟုတ်၊ ဤသို့ မှတ်အပ်၏။

ဤဆိုအပ်ပြီးသောစကားဖြင့် အဘိဓမ္မတ္ထဝိဘာဝနီမည်သော အဘိဓမ္မတ္ထသင်္ဂြိုဟ်ကျမ်း၏အဖွင့်၌ သတ္တမသမုစ္စည်းပိုင်းအဖွင့်သည် ပြီးဆုံးခြင်းသို့ရောက်ပြီ။

စာမျက်နှာ-၆၁

!

စာမျက်နှာ-၆၂

!

စာမျက်နှာ-၆၃

ပစ္စည်းပိုင်း

၁။ ။ယေသံ သင်္ခတဓမ္မာနံ၊ ယေဓမ္မာ ပစ္စယာ ယထာ။
တံ ဝိဘာဂမိဟေဒါနိ၊ ပဝက္ခာမိ ယထာရဟံ။

အကြင်သို့ သဘောရှိကုန်သော သဟိတ်စိတ် ဧကသတ္တတိ (၇၁)၊ မောဟမူဒွေး၌ မောဟကြဉ်သော စေတသိက် ဧကပညာသ (၅၁)၊ သဟိတ်စိတ္တဇရုပ်၊ သဟိတ် ပဋိသန္ဓေကမ္မဇရုပ် အစရှိကုန်သော ပစ္စယုပ္ပန်တရားတို့အား အကြင် ဟိတ် ၆-ပါး အစရှိသော ပစ္စည်းတရားတို့သည် အကြင် ဟေတုသတ္တိ အစရှိသော အပြားဖြင့် ကျေးဇူးပြုတတ်ကုန်၏၊ ထိုပစ္စယုပ္ပန်တရားတို့အား ထိုပစ္စည်းတရားတို့၏ ကျေးဇူးပြုတတ်သော သတ္တိအပြားကို ဤပစ္စယသင်္ဂဟအရာ၌ ယခုအခါ ထိုက်သည်အားလျော်စွာ ငါသည် အပြားအားဖြင့် ဆိုပေအံ့။

၁။ ။ယခုအခါ၌ အကြင်အကြင် ဆိုအပ်ကုန်ပြီးသော နာမ်ရုပ်တို့၏ ပဋိစ္စသမုပ္ပါဒ်နည်း၊ ပဋ္ဌာန်းနည်း၏ အစွမ်းဖြင့် ပစ္စည်းတို့ကို ပြခြင်း၊ "ယေသံ" ဤသို့ အစရှိသော စကားကို အားထုတ်အပ်၏။ အကြောင်းတို့သည် ပေါင်း၍ ပြုပြင်အပ်သည် အဖြစ်ကြောင့် သင်္ခတ-ဟု ဆိုအပ်ကုန်သော အကြင်ပစ္စယုပ္ပန်တရားတို့အား အကြင်ပစ္စည်းတရားတို့သည် အကြင်အကြင်သို့သော အကြောင်းသတ္တိဖြင့် ဋီကာလ၌၎င်း၊ ဥပါဒ်ကာလ၌၎င်း ကျေးဇူးပြုတတ်ကုန်၏။ ထိုပစ္စယုပ္ပန်တရားတို့အား ထိုပစ္စည်းတရားတို့၏ ကျေးဇူးပြုခြင်းဟူသော အခြင်းအရာအပြားကို ဤ (သမုစ္စယသင်္ဂဟ၏ အခြားမဲ့ဖြစ်သော) ပစ္စယသင်္ဂဟအရာ၌ ထိုထိုပစ္စယုပ္ပန်တရားတို့သည် ရှိသော် ထိုထိုပစ္စည်းတရားတို့၏ ထိုထိုသို့သော ကျေးဇူးပြုတတ်သည်၏ အဖြစ်-ဟု ဆိုအပ်သော အခြင်းအရာအားလျော်စွာ ယခုအခါ၌ ငါသည် အပြားအားဖြင့် ဆိုပေအံ့-ဤသို့ အနက်ယောဇနာခြင်းကို ပြုအပ်၏။

စာမျက်နှာ-၆၄

နည်း ၂-ပါးအပြား

၂။ ။ပဋိစ္စသမုပ္ပါဒနယော ပဋ္ဌာနနယော စေတိ ပစ္စယသင်္ဂဟော ဒုဝိဓော ဝေဒိတော။

ပဋိစ္စသမုပ္ပါဒ်နည်း၎င်း၊ ပဋ္ဌာန်းနည်း၎င်း၊ ဤသို့ ပစ္စယသင်္ဂဟသည် နှစ်ပါးအပြားရှိ၏ ဟူ၍ သိအပ်၏။

နည်း ၂-ပါးအဖွင့်

၂။ ။ထို ပဋိစ္စသမုပ္ပါဒနယ, ပဋ္ဌာနနယဝသေန-ဟူသော ပါဌ်၌ ဝိဂြိုဟ်ကို ဤသို့ ပြုအပ်၏၊ ထိုအဝိဇ္ဇာ စသော အကြောင်းကြောင့် ပစ္စည်းတို့၏ ညီညွှတ်ခြင်းသို့ အညီအညွတ်ရောက်၍ အကျိုးတို့၏ ဖြစ်ခြင်းသည် ရှိ၏။ ထိုသို့ဖြစ်ကြောင်း ဖြစ်သော သတ္တိကြောင့် ထိုအဝိဇ္ဇာစသော အကြောင်းသည် ပဋိစ္စသမုပ္ပါဒ် မည်၏။

ဤပဋ္ဌာန်းကျမ်း၌ အထူးထူး အပြားပြားရှိကုန်သော ပစ္စည်းတို့သည် ရှိကုန်၏၊ ဤသို့ အစရှိသော ဝစနတ္ထကြောင့် ပဋ္ဌာန်းမည်၏၊ အဆုံးမရှိသော ထက်ဝန်းကျင်သော အဘိုအားဖြင့် ဖြစ်သော ပဋ္ဌာန်းကျမ်းကြီးကို ရ၏၊ ထိုပဋ္ဌာန်းကျမ်းကြီး၌ ဟောတော်မူအပ်သောနည်းသည် ပဋ္ဌာန်းနည်းမည်၏။

နည်း ၂-ပါး အထူး

၃။ ။တတ္ထ တာဝ ဘာဝိဘာဝကာရဏမ္မတ္တလက္ခဏာ ပဋိစ္စသမုပ္ပါဒနာ၊ ပဋ္ဌာနာ ပန အာဟစ္စပစ္စယဋ္ဌိတိ၊ ဥဘယံ ပန ဝေမိဿိတွာ ပပဉ္စန္တိ အာစရိယာ။


၁-အကြောင်းတရားတို့၏ ညီညွတ်ခြင်းသို့ အညီအညွတ် ကပ်ရောက်၍ အကျိုးတရားတို့၏ ဖြစ်ကြောင်း ဖြစ်သောကြောင့် အဝိဇ္ဇာစသော အကြောင်းတရားသည် ပဋ္စ္စသမုပ္ပါဒ်မည်၏။
၂-အထူးထူး အပြားပြားသော ပစ္စည်းတို့၏ ဖြစ်ရာဖြစ်သောကြောင့် ပဋ္ဌာန်းမည်၏။

စာမျက်နှာ-၆၅

ထိုနည်းနှစ်ပါးတို့တွင် ထိုအဝိဇ္ဇာ စသော အကြောင်းတရားတို့၏ ဖြစ်သဖြင့် ဖြစ်လေ့ရှိကုန်သော သင်္ခါရ အစရှိသော အကျိုးတရားတို့၏ ဖြစ်သော အခြင်းအရာမျှဖြင့် မှတ်အပ်သောနည်းသည် ပဋိစ္စသမုပ္ပါဒ်နည်းမည်၏၊ ပဋ္ဌာန်းနည်းကို အထူးပြု၍ ဖြစ်သော ပစ္စည်း-ဟု ဆိုအပ်သော တည်ရာကို အကြောင်းပြု၍ မိန့်ဆိုအပ်၏၊ နည်းနှစ်ပါးတို့ကို ရောနှော၍ အဋ္ဌကထာဆရာတို့သည် ရေးကုန်၏၊ ငါတို့သည်ကား အသီးအသီး ပြကုန်အံ့။

နည်း ၂-ပါး အထူးအဖွင့်

၃။ ။တတ္ထ-ဟူသည်ကား၊ ဝါ-ဟူသောပုဒ်ကို ထိုနည်းနှစ်ပါးတို့တွင်-ဟု အနက်ပေး။ ထိုအဝိဇ္ဇာ အစရှိသော ပစ္စည်းတရားတို့၏ ဖြစ်ခြင်းကြောင့် သင်္ခါရစသော ပစ္စယုပ္ပန်တရားတို့၏ ဖြစ်ခြင်းဟူသော အလေ့၏အဖြစ်သည် တာဝတာဝီဘာမည်၏။ ထိုအဝိဇ္ဇာ အစရှိကုန်သော ပစ္စည်းတရားတို့၏ ဖြစ်ခြင်းကြောင့် သင်္ခါရအစရှိကုန်သော ပစ္စယုပ္ပန်တရားတို့၏ ဖြစ်လေ့ရှိသည်၏အဖြစ်သည်သာလျှင် အခြင်းအရာမျှတည်း၊ ထိုအဝိဇ္ဇာအစရှိကုန်သော ပစ္စည်းတို့၏ ဖြစ်ခြင်းကြောင့် သင်္ခါရအစရှိသော ပစ္စယုပ္ပန်တရားတို့၏ ဖြစ်ခြင်းဟူသော အလေ့၏အဖြစ်-ဟု ဆိုအပ်သော အခြင်းအရာမျှဖြင့် မှတ်အပ်သောနည်းသည် တာဝဘာဘာဝကာရဏမ္မတ္တလက္ခဏာမည်၏။

ထိုအထက်ပါ စကားဖြင့် ထိုအဝိဇ္ဇာ အစရှိကုန်သော ပစ္စည်းတို့၏ မဖြစ်ခြင်းကြောင့် သင်္ခါရအစရှိကုန်သော ပစ္စယုပ္ပန်တရားတို့၏ မဖြစ်ခြင်းဟူသော အလေ့၏အဖြစ်-ဟု ဆိုအပ်သော အခြင်းအရာမျှဖြင့် မှတ်အပ်သည်အဖြစ်ကိုလည်း တာဝ...ပ...လက္ခဏာ ဟူသောပုဒ်၏ အစွမ်းအားဖြင့် ပြအပ်၏၊ အဘယ့်ကြောင့် ပြအပ်သနည်းဆိုသော် အနွယ, ဗျတိရေက၏ အစွမ်းဖြင့်လည်း ပစ္စည်းလက္ခဏာကို ပြအပ်သောကြောင့်တည်း။ ထို့ကြောင့် မြတ်စွာဘုရားသည် "ဣမသ္မိံ သတိ...ပ... နိရုဇ္ဇတိ" ဟူသော စကားကို

စာမျက်နှာ-၆၆

ဟောတော်မူပြီ၊ အနက်ကား- ဤ ပစ္စည်းအကြောင်းတရားသည် ရှိလတ်သော် ဤအကျိုးတရားသည် ဖြစ်၏၊ ဤပစ္စည်းအကြောင်းတရား၏ ဖြစ်ခြင်းကြောင့် အကျိုးတရားသည် ဖြစ်၏၊ ဤပစ္စည်းတရားသည် မရှိပါမူ ဤအကျိုးတရားသည် မဖြစ်၊ ဤအကြောင်းတရား၏ ချုပ်ခြင်းကြောင့် ဤအကျိုးတရားသည် ချုပ်၏၊ ဤအကြောင်းကြောင့် အကြောင်းကိုစွဲ၍ အကျိုးသည် ဖြစ်တတ်၏။ ထိုသို့ အကျိုးတရား၏ ဖြစ်ကြောင်းဖြစ်သော သတ္တိကြောင့် ပစ္စည်းမည်၏။ ဤအကြောင်းအကျိုးသည် ထိုအကြောင်းနှင့် စပ်၍ဖြစ်ခြင်းရှိသည် အဖြစ်အားဖြင့် တည်တတ်၏၊ ထိုသို့တည်ရာဖြစ်သော သတ္တိကြောင့် ဋ္ဌိတိမည်၏။ အထူးပြု၍ ဖြစ်သော ပစ္စည်း-ဟု ဆိုအပ်သော တည်ရာသည် အာဟစ္စပစ္စယဋ္ဌိတိမည်၏။ အကြောင်းသော်ကား—ပဋိစ္စသမုပ္ပါဒ်နည်းသည် ထိုအဝိဇ္ဇာ အစရှိကုန်သော ပစ္စည်းတရားတို့၏ ဖြစ်ခြင်းကြောင့် သင်္ခါရစသော ပစ္စယုပ္ပန်တရားတို့၏ ဖြစ်ခြင်းဟူသော အလေ့၏ဖြစ်ခြင်း-ဟု ဆိုအပ်သော အခြင်းအရာမျှကို စွဲ၍ ဖြစ်သောကြောင့် ဟေတု အစရှိသောပစ္စည်းကို မှတ်ခြင်း-ဟု ဆိုအပ်သော အထူးကို မင်မူ၍ သာမညအားဖြင့်သာလျှင် ဖြစ်၏၊ ဤပဋ္ဌာန်းနည်းသည်ကား—ဟေတု အစရှိသော ထိုထိုသို့သော ပစ္စည်းတို့၏ ထိုထိုသို့သော ပစ္စယုပ္ပန်


* ၁-အဝိဇ္ဇာ အစရှိသော အကြောင်းတရားတို့၏ ဖြစ်ခြင်းကြောင့် ဖြစ်လေ့ရှိကုန်သော သင်္ခါရ အစရှိကုန်သော အကျိုးတရားတို့၏ ဖြစ်ခြင်းဟူသော အခြင်းအရာမျှဖြင့် မှတ်အပ်သောနည်းသည် ပဋိစ္စသမုပ္ပါဒ်နည်းမည်၏။
* ၂-အထူးပြ၍ ဖြစ်သော ပစ္စည်း-ဟု ဆိုအပ်သော တည်ရာကို အကြောင်းပြု၍ ဖြစ်သောနည်းသည် ပဋ္ဌာန်းနည်းမည်၏။ ဤကား နည်း ၂-ပါး၏အထူးတည်း။
* (၁) အဝိဇ္ဇာပစ္စယာ (၂) သင်္ခါရာ-ဟု အကြောင်းနှင့် အကျိုးကိုသာ ဟောတော်မူခြင်းသည် ပဋိစ္စသမုပ္ပါဒ်နည်းမည်၏။
* (၁) ဟေတူ၊ (၂) ဟေတုသမ္ပယုတ္တကာနံ ဓမ္မာနံ တံ သမုဋ္ဌာနာနဉ္စ ရူပါနံ၊ (၃) ဟေတုပစ္စယေန ပစ္စယော၊ ဟူ၍ အကြောင်း အကျိုး, သတ္တိအစွမ်းကိုပါ ဟောတော်ပြခြင်းသည် ပဋ္ဌာန်းနည်းမည်၏။
* ပစ္စည်းနှင့် ပစ္စယုပ္ပန်ကိုသာ ဟောပြတော်မူသော နည်းသည် ပဋိစ္စသမုပ္ပါဒ်နည်းမည်၏။
* ပစ္စည်း, ပစ္စယုပ္ပန်, ပစ္စယသတ္တိ သုံးမျိုးကို ဟောပြတော်မူသော နည်းသည် ပဋ္ဌာန်းနည်းမည်၏။

စာမျက်နှာ-၆၇

ဖြစ်သော တရားအထူးအား ထိုထိုသို့ ကျေးဇူးပြုတတ်သည်အဖြစ်-ဟု ဆိုအပ်သော အစွမ်းသတ္တိသာ ဖြစ်သော အခြင်းအရာအထူးကို စွဲ၍ အထူးပြု၍ ဖြစ်၏၊ ထို့ကြောင့် ဤပဋ္ဌာန်းနည်းကို အထူးပြု၍ ဖြစ်သော ပစ္စည်း-ဟု ဆိုအပ်သော တည်ရာကို အကြောင်းပြု၍ ဆိုအပ်၏၊ ထို့ကြောင့် ဤပဋ္ဌာန်းနည်းသည်သာ အာဟစ္စပစ္စယဋ္ဌိတိမည်၏။

အချို့သော ဆရာတို့သည်ကား လည်ချောင်း အာစောက် အစရှိသည်တို့၌ ထိ၍ ရွတ်ဆိုအပ်သော ပစ္စည်းသည် အာဟစ္စပစ္စယဋ္ဌိတိမည်၏၊ ဤသို့ဖွင့်ဆိုကုန်၏၊ ထိုကေစိဆရာတို့၏ စကားသည်ကား-ကြားဘူးကာမျှသာ ဖြစ်သောကြောင့် ထိုကေစိဆရာတို့အား ပညာရှိတို့ ရယ်ဖွယ်စကားအဖြစ်ကို ပြ၏၊ အဘယ့်ကြောင့် ပြသနည်းဆိုသော်-ပဋိစ္စသမုပ္ပါဒ်နည်းကို၎င်း, တပါးသော တစုံတခုသောနည်းကို၎င်း၊ လည်ချောင်း အာစောက် အစရှိသည်တို့၌ မထိမူ၍ ပြုခြင်းငှာ မတတ်ကောင်းသောကြောင့်တည်း။

ဝေမိဿိတွာ-ဟူသည်ကား၊ ပဋ္ဌာန်းနည်းကိုလည်း ပဋိစ္စသမုပ္ပါဒ်နည်း၌သာလျှင် ထည့်၍ ထိုအဝိဇ္ဇာ အစရှိသော ပစ္စည်းတရားတို့၏ ဖြစ်ခြင်းဟူသော အလေ့၏အဖြစ်အားဖြင့်၎င်း၊ ဟေတု အစရှိသော ပစ္စည်း၏ အစွမ်းအားဖြင့်၎င်း ပေါင်းကုန်၍ အဋ္ဌကထာဆရာတို့သည် ရေးကုန်၏၊ ငါတို့သည်ကား အသီးအသီးသာလျှင် ပြကုန်အံ့၊ ဤသည်လျှင် အရှင်အနုရုဒ္ဓါဆရာ၏ အလိုတော်ကျ အဓိပ္ပါယ်တည်း။

ပဋိစ္စသမုပ္ပါဒ်နည်း

၄။ ။တတ္ထ အဝိဇ္ဇာပစ္စယာ သင်္ခါရာ၊ သင်္ခါရပစ္စယာ ဝိညာဏံ၊
ဝိညာဏပစ္စယာ နာမရူပံ၊ နာမရူပပစ္စယာ သဠာယတနံ၊ သဠာယတနပစ္စယာ ဖဿော၊ ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာပစ္စယာ တဏှာ၊ တဏှာပစ္စယာ ဥပါဒါနံ၊

စာမျက်နှာ-၆၈

ဥပါဒါန ပစ္စယာ ဘဝေါ၊ ဘဝပစ္စယာ ဇာတိ၊ ဇာတိပစ္စယာ ဇရာ မရဏံ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿုပါယာသာ သမ္ဘဝန္တိ ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတီတိ။
အယမေတ္ထပဋိစ္စသမုပ္ပါဒနယော။

ထိုနည်း ၂-ပါးတို့တွင် အဝိဇ္ဇာ...ပ... သမုဒယောဟောတိ ဟူသော ဤနည်းသည် ဤပစ္စယသင်္ဂဟအရာ၌ ပဋ္စ္စသမုပ္ပါဒ်နည်းမည်၏၊ သစ္စာလေးပါးတရားကို ဖုံးလွှမ်းတတ်သော မောဟဟူသော အကြောင်းကြောင့် ပုညာဘိသင်္ခါရ, အပုညာဘိသင်္ခါရ, အာနဉ္စာဘိသင်္ခါရတို့သည် ဖြစ်ကုန်၏၊ သင်္ခါရဟူသော အကြောင်းကြောင့် ပဋိသန္ဓေစိတ် ဧကူနဝီသ (၁၉)-ဟု ဆိုအပ်သော ဝိညာဏ်သည် ဖြစ်၏၊ ဝိညာဏ်ဟူသော အကြောင်းကြောင့် နာမ်သည်၎င်း၊ ရုပ်သည်၎င်း၊ နာမ်ရုပ်သည်၎င်း ဖြစ်၏၊ နာမ်ရုပ်ဟူသော အကြောင်းကြောင့် စက္ခာယတန, သောတာယတန, ဃာနာယတန, ဇိဝှါယတန, ကာယာယတန, မနာယတနသည် ဖြစ်၏၊ သဠာယတနဟူသောအကြောင်းကြောင့် စက္ခုသမ္ဖဿ, သောတသမ္ဖဿ, ဃာနသမ္ဖဿ, ဇိဝှါသမ္ဖဿ, ကာယသမ္ဖဿ, မနောသမ္ဖဿသည် ဖြစ်၏၊ ဖဿဟူသော အကြောင်းကြောင့် စက္ခုသမ္ဖဿဇာဝေဒနာ, သောတသမ္ဖဿဇာဝေဒနာ, ဃာနသမ္ဖဿဇာဝေဒနာ, ဇိဝှါသမ္ဖဿဇာဝေဒနာ, ကာယသမ္ဖဿဇာဝေဒနာ, မနောသမ္ဖဿဇာဝေဒနာသည် ဖြစ်၏၊ ဝေဒနာဟူသော အကြောင်းကြောင့် ကာမတဏှာ, ဘဝတဏှာ, ဝိဘဝတဏှာသည် ဖြစ်၏၊ တဏှာဟူသော အကြောင်းကြောင့် ကာမုပါဒါန်, ဒိဋ္ဌုပါဒါန်, သီလဗ္ဗတုပါဒါန်, အတ္တဝါဒုပါဒါန်သည် ဖြစ်၏၊ ဥပါဒါန်ဟူသော အကြောင်းကြောင့် ကမ္မဘဝ, ဥပပတ္တိဘဝသည် ဖြစ်၏၊ ဘဝဟူသော အကြောင်းကြောင့် ပဋိသန္ဓေနေခြင်း (ဇာတိ) သည် ဖြစ်၏၊ ဇာတိဟူသော အကြောင်းကြောင့် အိုခြင်း, သေခြင်းသည် ဖြစ်၏၊ စိုးရိမ်ခြင်း၊ ငိုကြွေးခြင်း၊ ဆင်းရဲခြင်း၊ နှလုံးမသာယာခြင်း၊ ပြင်းစွာပင်ပန်းခြင်းတို့သည် ဖြစ်ကုန်၏၊ အကြင်အကြင် ဆိုအပ်ပြီးသော ပစ္စည်းအဆက်ဆက်-ဟု

စာမျက်နှာ-၆၉

ဆိုအပ်သော အစီအရင်ဖြင့် ချမ်းသာအစရှိသည်တို့နှင့် မရောသော ထိုဆင်းရဲအစု၏ ဖြစ်ခြင်းသည် ထင်ရှား၏၊ ဤကား ဤအရာ၌ ပဋ္စ္စသမုပ္ပါဒ်နည်းတည်း။

ပဋ္စ္စသမုပ္ပါဒ်နည်းအဖွင့်

အဝိဇ္ဇာ အဖွင့်

၄။ ။မသိတတ်သောကြောင့် အဝိဇ္ဇာမည်၏။ တနည်းကား မရအပ်သော ကာယဒုစ္စရိုက်စသည်ကို ရစေတတ်သောကြောင့် အဝိဇ္ဇာမည်၏၊ တနည်းကား-ရအပ်သော ကာယသုစရိုက်စသည်ကို မရစေတတ်သောကြောင့် အဝိဇ္ဇာမည်၏၊ သိအပ်သော သစ္စာလေးပါးစသည်ကို မသိခြင်းကို ပြုတတ်သောကြောင့် အဝိဇ္ဇာမည်၏၊ တနည်းကား သတ္တဝါတို့ကို ပရမတ္ထအားဖြင့် ထင်ရှားမရှိသော ယောက်ျား မိန်းမစသည်၌ ငါ-ဟူ၍ ထင်စေတတ်သောကြောင့် အဝိဇ္ဇာမည်၏၊ တနည်းကား သတ္တဝါတို့ကို ပရမတ္ထအားဖြင့် ထင်ရှားရှိသော ခန္ဓာအစရှိသည်၌ ခန္ဓာစသည်ဖြင့် မထင်စေတတ်သောကြောင့် အဝိဇ္ဇာမည်၏၊ ဤအဝိဇ္ဇာဟူသော အမည်သည် လေးပါးကုန်သော အရိယသစ္စာတို့၌၎င်း၊ ပုဗ္ဗန္တ, အပရန္တ, ပုဗ္ဗာပရန္တ, ပဋ္စ္စသမုပ္ပါဒ် တရားလေးပါးတို့၌၎င်း မသိခြင်း၏အမည်တည်း၊ အဝိဇ္ဇာသည်သာလျှင် ပစ္စည်းဖြစ်သောကြောင့် အဝိဇ္ဇာပစ္စည်းမည်၏။

သင်္ခါရအဖွင့်

ထိုအဝိဇ္ဇာ-ဟူသော အကြောင်းကြောင့် ပြုပြင်စီရင်အပ်သော ဝိပါက်ခန္ဓာ, ကဋတ္တာရုပ်ကို ပြုပြင်တတ်ကုန်သောကြောင့် ကုသိုလ်ကံ


၁-သစ္စာလေးပါးကို မသိတတ်သောကြောင့်၎င်း, မလျောက်ပတ်သည်ဖြစ်၍ မရထိုက်သော ကာယဒုစ္စရိုက်စသည်ကို ရတတ်၍, လျောက်ပတ်သည်ဖြစ်၍ ရထိုက်သော ကာယသုစရိုက်စသည်ကို မရတတ်သောကြောင့်၎င်း, သိအပ်သော သစ္စာလေးပါးစသည်ကို မသိအပ်သည်ကို ပြုသောကြောင့်၎င်း, ပရမတ္ထအားဖြင့် ထင်ရှားမရှိသော ယောက်ျား မိန်းမစသည်၌ ယောက်ျား မိန်းမ-ဟု ထင်မှားစေတတ်သောကြောင့်၎င်း, ပရမတ္ထအားဖြင့် ထင်ရှားရှိသော ခန္ဓာစသည်၌ ခန္ဓာ-ဟု မထင်မှတ်စေတတ်သောကြောင့်၎င်း အဝိဇ္ဇာမည်၏။

စာမျက်နှာ-၇၀

အကုသိုလ်ကံတို့သည် သင်္ခါရမည်ကုန်၏၊ ထိုသင်္ခါရတို့သည် ပုညာဘိသင်္ခါရ၎င်း၊ အပုညာဘိသင်္ခါရ၎င်း၊ အာနဉ္စာဘိသင်္ခါရ၎င်း၊ ဤသို့သုံးပါးအပြားရှိကုန်၏၊ ထိုသုံးပါးသော သင်္ခါရတို့တွင် ကာမာဝစရ, ရူပါဝစရ ဖြစ်ကုန်သော ၁၃-ပါးသော ကုသိုလ်စေတနာတို့သည် ပုညာဘိသင်္ခါရမည်၏၊ ၁၂-ပါးသော အကုသိုလ်စေတနာတို့သည် အပုညာဘိသင်္ခါရမည်၏၊ ၄-ပါးကုန်သော အရူပကုသိုလ်စေတနာတို့သည် အာနဉ္စာဘိသင်္ခါရမည်၏၊ ဤသို့ ဤတခုယုတ် ၃ဝ-ကုန်သော စေတနာတို့သည် သင်္ခါရမည်ကုန်၏။

ဝိညာဏ် အဖွင့်

ပဋိသန္ဓေအစွမ်းဖြင့် တခုယုတ်နှစ်ဆယ် (၁၉) အပြားရှိသော၊ ပဝတ္တိအစွမ်းဖြင့် ၃၂-ပါးအပြားရှိသော ဝိပါက်စိတ်တို့သည် ဝိညာဏ်မည်၏။

နာမရူပအဖွင့်

နာမ်သည်၎င်း၊ ရုပ်သည်၎င်း နာမ်ရုပ်မည်၏၊ ထိုနာမ်ရုပ်တို့တွင် ဝေဒနာအစရှိသော ခန္ဓာသုံးပါးအပေါင်းသည် ဤအရာ၌ နာမ်


၁-ပြုပြင်စီရင်အပ်သော ဝိပါက်နာမက္ခန္ဓာ, ကဋတ္တာရုပ်, အကျိုးတရားတို့ကို ပြုပြင်စီရင်တတ်သောကြောင့် သင်္ခါရမည်၏။

ထိုသင်္ခါရသည် ပုညာဘိသင်္ခါရ, အပုညာဘိသင်္ခါရ, အာနဉ္စာဘိသင်္ခါရ ဟူ၍ သုံးပါးအပြားရှိ၏၊ ကာမ, ရူပ ကုသိုလ်စေတနာ ၁၃-ခုသည် ပုညာဘိသင်္ခါရမည်၏။ အကုသိုလ်စေတနာ ၁၂-ခုသည် အပုညာဘိသင်္ခါရမည်၏။ အရူပကုသိုလ်စေတနာ ၄-ခုသည် အာနဉ္စာဘိသင်္ခါရမည်၏။

၂-သင်္ခါရပစ္စယာဝိညာဏံ-၌ သင်္ခါရအရ ပဋိသန္ဓေအခါ၌ ဥဒ္ဓစ္စသဟဂုတ်စိတ်ကြဉ်သော အလုံးစုံသော ပုညာဘိသင်္ခါရ, အပုညာဘိသင်္ခါရ, အာနဉ္စာဘိသင်္ခါရ-ဟု ဆိုအပ်သော ကုသိုလ် အကုသိုလ်စေတနာ ၂၉-ပါးကို ယူရ၏။
ဝိညာဏ်-အရ ပဋိသန္ဓေစိတ် ဧကူနဝီသ-ဟု ဆိုအပ်သော ဝိညာဏ်, သို့မဟုတ် လောကီဝိပါက် ဗတ္တိသ (၃၂)-ဟု ဆိုအပ်သော ဝိညာဏ် သို့မဟုတ် စိတ်တခုယုတ်ကိုးဆယ် (၈၉)-ဟု ဆိုအပ်သော ဝိညာဏ်ကို ယူရ၏။
၃-ဝိညာဏပစ္စယာနာမရူပေ-၌ ဝိညာဏံ-အရ ပဋိသန္ဓေစိတ် ဧကူနဝီသ-ဟု ဆိုအပ်သော ဝိညာဏ်, သို့မဟုတ် လောကီဝိပါက် ဗတ္တိသ ဟူသော ဝိညာဏ်ကို ယူရ၏။
၄-နာမရူပံဝယ် နာမ-အရ စေတသိက် ပဉ္စတိံသ (၃၅) ကိုယူ၊ ရူပံ-အရ ကမ္မဇရုပ်ကိုသာ ယူရ၏။

စာမျက်နှာ-၇၁

မည်၏။ ဘူတရုပ်, ဥပါဒါရုပ်အပြားဖြင့် နှစ်ပါးအားရှိသော ကံကြောင့်ဖြစ်သော ရုပ်သည် ရုပ်မည်၏၊ ထိုနာမ်ရုပ်နှစ်ပါးအပေါင်းသည်လည်း ဤပဋ္စ္စသမုပ္ပါဒ်နည်း၌ ပဋိသန္ဓေဝိညာဏ်နှင့်တကွ ဖြစ်၏၊ ဤသို့မှတ်အပ်၏။

နာမရူပပစ္စယာ ဟူသောပါဠိ၌ ဝေဒနာအစရှိသော ခန္ဓာသုံးပါးအပေါင်း-ဟု ဆိုအပ်သော နာမ်၎င်း၊ "မိမိသန္တာန်၌ အကျုံးဝင်သော လေးပါးသော မဟာဘုတ်, ခြောက်ပါးသော ဝတ္ထုရုပ်, ဇီဝိတိန္ဒြေ-ဟူသော ရုပ်၎င်း၊ ဆိုအပ်ပြီးသော နာမ်ရုပ်၎င်း နာမ်ရုပ်မည်၏။ ဤသို့ သရုပ်တခုကြွင်းကို သိအပ်၏။

သဠာယတန အဖွင့်

စက္ခာယတန အစရှိကုန်သော ခြောက်ပါးကုန်သော အဇ္ဈတ္တိကာယတနတို့သည် အာယတနမည်၏၊ အချို့သော ဆရာတို့၏ အယူအားဖြင့် ရူပါယတန အစရှိကုန်သော ခြောက်ပါးသော ဗာဟီရာယတနတို့သည်လည်း အာယတနမည်၏၊ ခြောက်ပါးသော အာယတနတို့သည်၎င်း၊ ခြောက်ခုမြောက်သော မနာယတနသည်၎င်း သဠာယတနမည်၏။

ဖဿ အဖွင့်

စက္ခုသမ္ဖဿ အစရှိသည်တို့၏ အစွမ်းဖြင့် ခြောက်ဒွါရ၌ ဖြစ်သော ဖဿသည် ဖဿမည်၏။

ဝေဒနာ အဖွင့်

သုခဝေဒနာ, ဒုက္ခဝေဒနာ, ဥပေက္ခာဝေဒနာတို့၏ အစွမ်းဖြင့် သုံးပါးအပြားရှိသော ဝေဒနာသည် ဝေဒနာမည်၏။


၁-နာမရူပပစ္စယာသဠာယတနံ-၌ နာမအရ ဝေဒနာစသော ခန္ဓာ ၃-ပါးကိုယူ၊ ရူပအရ မိမိသန္တာန်၌ အကျုံးဝင်သော မဟာဘုတ် ၄-ပါး, ဝတ္ထုရုပ်ခြောက်ပါး, ဇီဝိတိန္ဒြေကို ယူရ၏။ သဠာယတန-အရ အဇ္ဈတ္တိကာယတန ခြောက်ပါးကိုယူ၊
တနည်း–ဗာဟီရာယတန ခြောက်ပါးကို ယူရ၏။

စာမျက်နှာ-၇၂

တဏှာ အဖွင့်

ကာမတဏှာ, ဘဝတဏှာ, ဝိဘဝတဏှာ-ဟူ၍ သုံးပါးအပြားရှိသော တဏှာသည် တဏှာမည်၏၊ ထိုတဏှာတို့သည် ခြောက်ပါးသောအာရုံ အစရှိသည်တို့၏ အစွမ်းဖြင့် ၁ဝ၈-ပါး အပြားရှိကုန်၏။

ဥပါဒါန်အဖွင့်

ကာမုပါဒါန် အစရှိသည်တို့၏ အစွမ်းဖြင့် လေးပါးကုန်သော ဥပါဒါန်တို့သည် ဥပါဒါန်မည်ကုန်၏၊ တဏှာနှင့် ဥပါဒါန် အထူးကား ဤ "တဏှာပစ္စယာ ဥပါဒါနံ"-ဟူသောပုဒ်၌ အားနည်းသော တဏှာသည် တဏှာမည်၏၊ အားကြီးသော တဏှာသည် ဥပါဒါန်မည်၏၊ တနည်းကား လက်သို့မရောက်သေးသော အာရုံကို တောင့်တခြင်းသည် တဏှာမည်၏၊ အမိုက်တိုက်၌ ဥစ္စာကိုယူအံ့သော ခိုးသူတို့၏ လက်ကိုဆန့်သကဲ့သို့ တဏှာကိုမှတ်အပ်၏၊ လက်သို့ရောက်ပြီးသော အာရုံကို မြဲမြံစွာ စွဲလမ်းခြင်းသည် ဥပါဒါန်မည်၏၊ ခိုးသူတို့၏ လက်သို့ရောက်ပြီးသော ဥစ္စာကို မြဲမြံစွာကိုင်သကဲ့သို့ ဥပါဒါန်ကိုမှတ်အပ်၏၊ တဏှာသည် နည်းသော အလိုရှိသောသူ၏ အဖြစ်နှင့် ဆန့်ကျင်ဘက်ဖြစ်၏။ ဥပါဒါန်သည် ရောင့်ရဲခြင်းနှင့် ဆန့်ကျင်ဘက်ဖြစ်၏။ တဏှာသည် ရှာမှီးခြင်းကြောင့် ဖြစ်သော ဆင်းရဲခြင်း၏ အကြောင်းအရင်းဖြစ်၏၊ ဥပါဒါန်သည် ရပြီးသော ဥစ္စာကို စောင့်ခြင်းကြောင့် ဖြစ်သော ဆင်းရဲခြင်း၏ အကြောင်းရင်းဖြစ်၏၊ ဤသည်လျှင် ထိုတဏှာ, ဥပါဒါန်တို့၏ အထူးတည်း။

ဘဝ အဖွင့်

ဘဝသည် ကမ္မဘဝ, ဥပပတ္တိဘဝ-ဟု နှစ်ပါးအပြားရှိ၏။ ထိုနှစ်ပါးတို့တွင် ရှေးဦးစွာသော ကမ္မဘဝသည် ထိုကုသိုလ်ကံ


၁-ဥပါဒါနပစ္စယာဘဝေ-၌ ဥပါဒါနအရ ဥပါဒါန်တရားလေးပါးကိုယူ။ ၂-ဘဝအရ ကမ္မဘဝ, ဥပပတ္တိဘဝ ၂-ပါးကို ယူရ၏။ ချမ်းသာအမျိုးမျိုး, ဆင်းရဲအမျိုးမျိုးရှိ၏ ဖြစ်ပေါ်ခြင်း၏ အကြောင်းဖြစ်သောကြောင့် စေတနာတရားသည် ကမ္မဘဝမည်၏။ ထင်ရှားစွာ ဖြစ်ပေါ်လာသော ဝိပါက်, ကမ္မဇရုပ်-ဟု ဆိုအပ်သော ကာမဘဝစသော အကျိုးတရားသည် ဥပပတ္တိဘဝမည်၏။ (အကြွင်းပေါ်လွင်ပြီ)

စာမျက်နှာ-၇၃

အကုသိုလ်ကံတည်းဟူသော အကြောင်းကြောင့် ဝိပါက်နာမက္ခန္ဓာ, ကဋတ္တာရုပ်-ဟု ဆိုအပ်သော အကျိုးတရားသည် ဖြစ်တတ်၏။ ထိုသို့ဖြစ်ကြောင်း ဖြစ်သော သတ္တိကြောင့် ဘဝမည်၏၊ ထိုကမ္မဘဝသည် ကာမာဝစရကုသိုလ်, အကုသိုလ် အစရှိသည်တို့၏ အစွမ်းဖြင့် တခုယုတ်သုံးဆယ် (၂၉) အပြားရှိ၏၊ နှစ်ခုမြောက်သော ဥပပတ္တိဘဝသည်ကား-ကံကြောင့် ဖြစ်တတ်သောကြောင့် ဘဝမည်၏၊ ထိုဥပပတ္တိဘဝသည် ကာမဘဝ အစရှိသည်တို့၏ အစွမ်းဖြင့် ကိုးပါးအပြားရှိ၏၊ "ဥပါဒါနပစ္စယာ ဘဝေ"-ဟူသောပါဠိ၌ ဥပပတ္တိဘဝကိုလည်း အလိုရှိအပ်၏၊ "ဘဝပစ္စယာ ဇာတိ"-ဟူသော ပါဌ်၌ ကမ္မဘဝကိုသာလျှင် အလိုရှိအပ်၏၊ အဘယ့်ကြောင့်ဆိုသော် ထိုကမ္မဘဝသည် ပဋိသန္ဓေအား ကျေးဇူးပြုတတ်၏။ ထို့ကြောင့် ကမ္မဘဝကိုသာ အလိုရှိအပ်၏၊ တပါးသော ဥပပတ္တိဘဝသည်ကား-ကျေးဇူးမပြုတတ်၊ အဘယ့်ကြောင့် ကျေးဇူးမပြုတတ်ပါသနည်း-ဟူမူ ထိုဥပပတ္တိဘဝသည် ရှေးဦးစွာ ဖြစ်ဆဲဖြစ်ကုန်သော ခန္ဓာတို့၏ သဘောသည် ဇာတိမည်၏၊ ထိုဇာတိတရားသည်ပင် ထိုဇာတိမည်သော တရား၏ အကြောင်းဖြစ်ခြင်းငှာ မသင့်သောကြောင့်တည်း။

ဇာတိ, ဇရာ စသော အဖွင့်

ထိုထိုသော သတ္တဝါတို့၏ ထိုထိုသို့သော ဂတိစသည်တို့၌ အတ္တဘောကိုရခြင်းသည် ဇာတိမည်၏၊ ထိုသို့သော အခြင်းအရာအားဖြင့် ဖြစ်သော အတ္တဘော၏ ဟောင်းနွမ်းဆွေးမြည့်သည်၏ အဖြစ်သည် ဇရာမည်၏၊ တဘဝဖြင့် ပိုင်းခြားအပ်သော ထိုအတ္တဘော၏ အဆုံးသည် မရဏမည်၏၊ ဆွေမျိုးတို့၏ ပျက်စီးခြင်း အစရှိသည်တို့ဖြင့် နှိပ်စက်အပ်သောသူ၏ စိတ်ပူပန်ခြင်းသည် သောကမည်၏၊ ထိုဆွေမျိုးတို့၏ ပျက်စီးခြင်း အစရှိသည်တို့ဖြင့် နှိပ်စက်အပ်သောသူ၏သာလျှင် ဝစီဝိညတ်နှင့်တကွ ဖြစ်သော အထူးထူး အပြားပြားအားဖြင့် ဆိုသောအသံသည် ပရိဒေဝမည်၏။ ကိုယ်၌ဖြစ်သော ဒုက္ခဝေဒနာသည် ဒုက္ခမည်၏၊ စိတ်၌ဖြစ်သော ဒုက္ခဝေဒနာသည် ဒေါမနဿမည်၏၊ ဆွေမျိုးတို့၏ ပျက်စီးခြင်း

စာမျက်နှာ-၇၄

စသည်တို့ဖြင့် နှိပ်စက်အပ်သောသူ၏ အလွန်ပြင်းစွာသော စိတ်၏ဆင်းရဲခြင်းကို ဖြစ်စေတတ်သော ပြင်းစွာသောပင်ပန်းခြင်းသည် ဥပါယာသမည်၏။

အဝိဇ္ဇာ စသည်တို့၏ ပစ္စည်းအဖြစ်ဖြင့် ယူရပုံ

ဤပဋ္စ္စသမုပ္ပါဒ်နည်း၌ ဝတ္ထု, အာရုံ အစရှိသောပစ္စည်းတပါးသည် ရှိသော်လည်း အဝိဇ္ဇာအစရှိသော တခုခုသောပစ္စည်းကို ဟောရခြင်း၏ ပြဓာန်းသည် အဖြစ်ကြောင့်၎င်း၊ ထင်ရှားသည်အဖြစ်ကြောင့်၎င်း ပြုအပ်၏-ဟု မှတ်အပ်၏။

အဝိဇ္ဇာ၏ ပစ္စည်းဖြစ်ပုံ

ဤပဋ္စ္စသမုပ္ပါဒ်နည်း၌ အဝိဇ္ဇာနုသယသည် အဖန်တလဲလဲ ဖြစ်စေအပ်သော သေက္ခပုဂ္ဂိုလ်, ပုထုဇဉ်ပုဂ္ဂိုလ်တို့၏ သန္တာန်၌ သာလျှင် သင်္ခါရတရားတို့၏ ဝိပါက်ခန္ဓာတို့ကို ရင့်ကျက်စေခြင်း သဘောရှိသည်အဖြစ်အားဖြင့် ဖြစ်ခြင်းကြောင့် အဝိဇ္ဇာ-ဟူသော အကြောင်းကြောင့် သင်္ခါရတို့သည် ဖြစ်ကုန်၏။ (အဝိဇ္ဇာရှိသူမှ သင်္ခါရဖြစ်နိုင်၏-ဟူလို)

ဝိညာဏ် စသည်ဖြစ်ပုံ

ပဋိသန္ဓေဝိညာဏ်ကိုလည်း သင်္ခါရတို့သည် ဖြစ်စေအပ်သည်ဖြစ်၍ ဘဝတပါး၌ တည်၏၊ အကြောင်းသော်ကား-ဇနကဖြစ်သော အကြောင်းမရှိသည်ရှိသော် ထိုဝိညာဏ်၏ ဖြစ်ပေါ်လာခြင်းသည် မရှိရာသောကြောင့် သင်္ခါရ-ဟူသော အကြောင်းကြောင့် ပဋိသန္ဓေဝိညာဏ်ဖြစ်၏-ဟူလို။ နာမ်ရုပ်သည် ရှေးသွားပြဓာန်းသည်လည်း ဖြစ်သော, တည်ရာလည်းဖြစ်သော ပဋိသန္ဓေဝိပါက်ဝိညာဏ်သည် ထောက်ပံ့ခိုင်စေအပ်သည်ဖြစ်၍ ပဋိသန္ဓေအခါ, ပဝတ္တိအခါတို့၌ တည်တတ်၏၊ ထို့ကြောင့် ဝိညာဏ်-ဟူသော အကြောင်းကြောင့် နာမ်ရုပ်ဖြစ်၏-ဟူလို။ သဠာယတနသည်လည်း နာမ်ရုပ်-ဟူသော အကြောင်းရှိသည်ဖြစ်၍ ခြောက်ပါးအပြားရှိသော ဖဿ၏

စာမျက်နှာ-၇၅

အကြောင်း၏ အဖြစ်ဖြင့် ထိုက်သည်အားလျော်စွာ ဖြစ်၏၊ တပါးသော အကြောင်းအားဖြင့် မဖြစ်၊ ထို့ကြောင့် နာမ်ရုပ်-ဟူသော အကြောင်းကြောင့် သဠာယတနဖြစ်၏-ဟူလို။ ဖဿသည်လည်း သဠာယတန ဖြစ်သည်ရှိသော်သာလျှင် အာရုံကို တွေ့ထိနိုင်၏။ အကြောင်းသော်ကား—အာရုံမရှိသည်ရှိသော် ထိုဖဿ၏ဖြစ်ခြင်း မရှိရာသောကြောင့် သဠာယတနဖြစ်မှသာလျှင် အာရုံကို တွေ့ထိနိုင်၏။ ထို့ကြောင့် သဠာယတန-ဟူသော အကြောင်းကြောင့် ဖဿဖြစ်၏-ဟူလို။ ဣဋ္ဌာရုံ, အနိဋ္ဌာရုံ, တဒိဋ္ဌမဇ္ဈတ္တာရုံ-ဟု ဆိုအပ်သော အာရုံကိုလည်း တွေ့ထိ၍သာလျှင် ဝေဒနာကို ခံစားနိုင်၏၊ မထိ၍ မခံစားနိုင်၊ ထို့ကြောင့် ဖဿ-ဟူသော အကြောင်းကြောင့် ဝေဒနာဖြစ်၏-ဟူလို။ ခံစားအပ်ကုန်သော တရားတို့၌လည်း တပ်နှစ်သက်သည်ဖြစ်၍ အဖန်တလဲလဲ တပ်နှစ်သက်ဖွယ်-ဟု ရှုလေ့ရှိသော သတ္တဝါအပေါင်းအား ဝေဒနာအကြောင်းရှိသည်ဖြစ်၍ တဏှာသည် ဖြစ်၏။ ထို့ကြောင့် ဝေဒနာ-ဟူသော အကြောင်းကြောင့် တဏှာဖြစ်၏-ဟူလို။ သတ္တဝါတို့သည် တဏှာ-ဟု ဆိုအပ်သော ချစ်ခြင်းဖြင့် တပ်နှစ်သက်ကုန်သည်ဖြစ်၍ ဥပါဒါန်တရားတို့၏ အာရုံဖြစ်ကုန်သော တရားတို့၌ မြဲမြံစွာ စွဲလမ်းခြင်းဖြစ်ကုန်၏၊ အကြောင်းသော်ကား သတ္တဝါတို့သည် တဏှာဖြင့် ရူပါရုံစသည်တို့ကို သာယာကုန်၍ သာယာကုန်၍ ကာမဂုဏ်ငါးပါးတို့၌ တဏှာဖြင့် ခံစားခြင်းသို့ ရောက်ကုန်၏၊ ထို့ကြောင့် တဏှာသည် ကာမုပါဒါန်၏ အကြောင်းဖြစ်၏၊ ထို့အတူ ရူပါရုံ အစရှိသည် အပြားရှိသော အာရုံ၌ တပ်နှစ်သက်သော သတ္တဝါသည် ပေးလှူအပ်သော ကုသိုလ်၏ အကျိုးသည် မရှိ၊ ဤသို့ အစရှိသဖြင့် မိစ္ဆာအယူကို၎င်း၊ သံသရာမှ လွတ်ခြင်းငှာ အလိုရှိသည်ဖြစ်၍ သံသရာမှ စင်ကြယ်ခြင်း၏ အကြောင်းမဟုတ်သည်၌ သံသရာမှ စင်ကြယ်ခြင်း၏ အကြောင်း-ဟူ၍ မှားသောအားဖြင့် စွဲလမ်းခြင်းကို၎င်း၊ ဥပါဒါနက္ခန္ဓာတို့၌ ငါ၏ကိုယ်, ငါ၏ကိုယ်နှင့် စပ်၍ ဖြစ်ခြင်း-ဟူ၍ စွဲလမ်းခြင်းဖြစ်၍ ဖြစ်သော အတ္တဝါဒအယူနှစ်ခုတို့၏ အကြောင်းကို၎င်း စွဲယူ၏၊ ထို့ကြောင့် တဏှာသည် ဒိဋ္ဌုပါဒါန် အစရှိသည်တို့၏ အကြောင်းဖြစ်၏။ ထို့ကြောင့် တဏှာဟူသော အကြောင်းကြောင့် ဥပါဒါန်ဖြစ်၏-ဟူလို။ ထိုက်သည်အား

စာမျက်နှာ-၇၆

လျော်စွာ သမ္ပယောဂ, အနုသယတို့၏ အစွမ်းဖြင့် ဥပါဒါန်၌ တည်ကုန်သော သတ္တဝါတို့သည် ကုသိုလ်ကံ, အကုသိုလ်ကံကို အားထုတ်ခြင်းငှာ ဖြစ်ကုန်၏၊ ထို့ကြောင့် ဥပါဒါန်သည် ဘဝ၏ အကြောင်းဖြစ်၏၊ ဥပပတ္တိဘဝ-ဟု ဆိုအပ်သော ဇာတိကိုလည်း ကမ္မဘဝလျှင် အကြောင်းရှိသည်ဖြစ်၍ မျိုးကြောင့် အညွန့်ကိုရအပ်သကဲ့သို့ ထိုထိုသို့သော ဘဝ၌ အဖန်တလဲလဲရအပ်၏။ ထို့ကြောင့် ကမ္မဘဝသည် ဇာတိ၏ အကြောင်းဖြစ်၏-ဟူလို။ ဇာတိသည်ရှိသော်သာ ဇရာမရဏသည်ဖြစ်၏၊ အကြောင်းကား-ပဋိသန္ဓေ မတည် မဖြစ်ကုန်သော သတ္တဝါတို့အား ဇရာမရဏ၏ ဖြစ်ခြင်းသည် မရှိသောကြောင့်တည်း၊ ထို့ကြောင့် ဇာတိသည် ဇရာမရဏတို့၏ အကြောင်းဖြစ်၏။ ဤသို့ အကြင်အကြင် ဆိုအပ်ခဲ့ပြီးသောနည်းဖြင့် ထိုသင်္ခါရအစ, ဇရာမရဏအဆုံးရှိကုန်သော ပစ္စယုပ္ပန်တရားတို့၏ ထိုအဝိဇ္ဇာ အစရှိသော ပစ္စည်းတရားဖြစ်သည်ရှိသော် သင်္ခါရ အစရှိသော ပစ္စယုပ္ပန်တရားတို့၏ ဖြစ်ခြင်းကို မှတ်အပ်၏။

ဧဝမေတဿ ... ပ ... သမုဒယောဟောတိ-ဟူသည်ကား၊ အကြင်အကြင် ဆိုအပ်ပြီးသော ပစ္စည်းအဆက်ဆက်-ဟု ဆိုအပ်သော အကြောင်းကြောင့် ဝဋ်-ဟု ဆိုအပ်သော သုခစသည်တို့နှင့် မရောသော၊ တနည်းကား-အလုံးစုံသော ထိုဒုက္ခအစု၏သာ ဖြစ်ခြင်း ဖြစ်၏၊ ချမ်းသာမှု သုခ, တင့်တယ်မှု သုဘတို့၏ ဖြစ်ခြင်း မဟုတ်ပေ။ ဗိဿနိုးနတ်, ထာဝရဘုရား အစရှိသည်တို့သည် ဖန်ဆင်းခြင်း အစရှိသော အကြောင်းကြောင့်လည်း ဤဝဋ်ဆင်းရဲ ဒုက္ခအစုဖြစ်သည် မဟုတ်၊ ဧတ္ထ-အရ ဤပစ္စယသင်္ဂဟအရာ၌-ဟု အနက်ပေး။

အဓွန့်စသည် အပြား

၅။ ။တတ္ထ တယော အဒ္ဓါ, ဒွါဒသင်္ဂါနိ ဝီသတာကာရာ, တိသန္ဓိ, စတုသင်္ခေပါ, တီဏိ ဝဋ္ဋာနိ, ဒွေမူလာနိ စ ဝေဒိတဗ္ဗာနိ။

စာမျက်နှာ-၇၇

ထိုပဋိစ္စသပ္ပါဒ်နည်း သုံးပါးကုန်သော အဓွန့်ကာလတို့ကို၎င်း၊ ၁၂-ပါးကုန်သော အင်္ဂါတို့ကို၎င်း၊ နှစ်ဆယ်သော အခြင်းအရာတို့ကို၎င်း၊ သုံးပါးသော အစပ်တို့ကို၎င်း၊ လေးပါးသော အလွှာတို့ကို၎င်း၊ သုံးပါးသော ဝဋ်တို့ကို၎င်း၊ နှစ်ပါးသော မူလတို့ကို၎င်း၊ သိအပ်ကုန်၏။

အဓွန့် အဖွင့်

၅။ ။အမြဲဖြစ်တတ်သောကြောင့် ကာလသည် အဓွန့် မည်၏။

အဓွန့်သုံးပါး

၆။ ။ကထံ၊ အဝိဇ္ဇာ သင်္ခါရာ အတီတော အဒ္ဓါ၊ ဇာတိ ဇရာ မရဏံ အနာဂတော အဒ္ဓါ၊ မဇ္ဈေ အဋ္ဌ ပစ္စုပ္ပန္နော အတိတယော အဒ္ဓါ။ အဘယ်သို့ သိအပ်ပါသနည်းဟူမူ-အဝိဇ္ဇာနှင့် သင်္ခါရတို့သည် အတိတ်ဖြစ်သော ကာလ မည်ကုန်၏၊ ဇာတိ၊ ဇရာ၊ မရဏသည် အနာဂတ်ဖြစ်သော ကာလ မည်၏၊ အလယ်၌ ရှစ်ပါးကုန်သော ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ တဏှာ၊ ဥပါဒါန်၊ ဘဝတို့သည် ပစ္စုပ္ပန်ဖြစ်သော ကာလမည်၏၊ ဤသို့ သုံးပါးကုန်သော ကာလတို့ကို သိအပ်ကုန်၏။

အဓွန့်သုံးပါး အဖွင့်

၆။ ။ဤအဝိဇ္ဇာ သင်္ခါရ စသောစကား၌ အတိတ်ဘဝ၌ အကျုံးဝင်သော အကြောင်းဖြစ်ကုန်သော တရားတို့ကိုသာလျှင် အလိုရှိအပ်သည်၏ အဖြစ်ကြောင့် အဝိဇ္ဇာ၊ သင်္ခါရတို့သည် အတိတ်


၁။ အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန် ကာလသုံးပါးသည် အမြဲမပြတ်ဖြစ်တတ်သောကြောင့် အဓွန့် မည်၏။

စာမျက်နှာ-၇၈

ဖြစ်သော ကာလ မည်၏၊ အဒ္ဓါ သဒ္ဓါဖြင့် အင်္ဂါ အစရှိကုန်သော တရားတို့ကိုသာလျှင် ယူရ၏၊ အကြောင်းကား-အဝိဇ္ဇာ စသော တရားမှလွတ်သော တစ်စုံတစ်ခုသော ကာလကို မရအပ်သောကြောင့်တည်း၊ ထိုစကား မှန်၏၊ ဖြစ်ကုန်ပြီးသော တရား၊ မဖြစ်ကုန်သေးသောတရားတို့ကို အတိတ်ကာလ၊ အနာဂတ်ကာလ-ဟု ခေါ်ဆိုကြကုန်၏၊ ဥပဒ် အစရှိသော ခဏငယ်သုံးခု အပေါင်း၌ အကျုံးဝင်ကုန်သော တရားတို့ကိုသာလျှင် ပစ္စုပ္ပန်ကာလဖြင့် ခေါ်ဆိုကြကုန်၏။

ဇာတိ၊ ဇရာ၊ မရဏသည် ပစ္စုပ္ပန် အကြောင်းကြောင့် အနာဂတ်ကာလ၌ ဖြစ်တတ်သောကြောင့် အနာဂတ် အဓွန့်ကာလ မည်၏၊ အလယ်၌ အင်္ဂါရှစ်ပါးတို့သည် ပစ္စုပ္ပန် အဓွန့်ကာလ မည်၏။ အကြောင်းသော်ကား-အတိတ်အကြောင်းကြောင့် ပစ္စုပ္ပန်ဘဝ၌ ဖြစ်ဆဲ ဖြစ်သော အကျိုးသဘောရှိသည်၏ အဖြစ်ကြောင့်၎င်း၊ အနာဂတ် အကျိုး၏လည်း ဤပစ္စုပ္ပန်ဘဝ၌ အကြောင်းသဘော ရှိသည်၏ အဖြစ်ကြောင့် အလယ်၌ ဖြစ်ကုန်သော ဝိညာဏ် အစရှိကုန်သော အင်္ဂါရှစ်ပါးတို့သည် ပစ္စုပ္ပန်ဖြစ်သော အဓွန့်ကာလ၃ မည်၏။

၈။ ။သောကာဒိဝစနံ ပနေတ္ထ နိဿန္ဒဖလ နိဒဿနံ။

ဤပဋိစ္စသမုပ္ပါဒ်နည်း၌ သောက အစရှိသော စကားကို ဆိုခြင်းသည် ဇာတိ၏ မုချမဟုတ်သော အကျိုးဆက်မျှကို ပြခြင်းဖြစ်၏။


၁။ အတိတ်ဘဝ၌ အကျုံးဝင်သော အဝိဇ္ဇာ၊ သင်္ခါရ-ဟူသော အကြောင်းတို့ကို သာလျှင် အလိုရှိအပ်သည်၏ အဖြစ်ကြောင့် အဝိဇ္ဇာနှင့် သင်္ခါရတို့သည် အတိတ်ဖြစ်သော ကာလ မည်၏။
၂။ ပစ္စုပ္ပန်ဘဝ၌ အကျုံးဝင်သော တဏှာ၊ ဥပါဒါန် အစရှိသော အကြောင်းကြောင့် အနာဂတ်ဘဝ ဖြစ်လတံ့သောကြောင့် ဇာတိ၊ ဇရာ၊ မရဏသည် အနာဂတ်ဖြစ်သော ကာလ မည်၏။
၃။ အတိတ်အကြောင်းကြောင့် ဤပစ္စုပ္ပန်ဘဝ၌ ဖြစ်ဆဲအကျိုး သာ ရှိသောကြောင့်၎င်း၊ အနာဂတ် အကျိုးငါးပါး၏ ဤပစ္စုပ္ပန်ဘဝ၌ အကြောင်းသဘော ရှိသောကြောင့်၎င်း၊ ဝိညာဏ်စသည်တို့ကို ပစ္စုပ္ပန်ကာလ မည်၏-ဟူလို။

စာမျက်နှာ-၇၉

၈။ ။သောက ပရိဒေဝ-အစရှိသည်တို့ကိုလည်း အင်္ဂါ၏ အဖြစ်ဖြင့် ဆိုအပ်ကုန်သည် မဟုတ်ပါလော၊ ဤသို့ညိုသော စောဒနာခြင်းကို နှလုံးထားတော်မူ၍ “သောကာဒိဝစနံ” ဤသို့ အစရှိသော စကားကို မိန့်ဆိုပြီ၊ သောက အစရှိသော စကားကို ဆိုရခြင်းသည် ပဋိသန္ဓေ၏ မုချမဟုတ်သော အကျိုးမျှကို ပြခြင်းတည်း၊ အသီးအခြား အင်္ဂါကို ပြခြင်းမဟုတ်၊ ဤသို့သော အနက်ကို မှတ်အပ်၏။

၉။ ။အဝိဇ္ဇာ သင်္ခါရဂ္ဂဟဏေန ပနေတ္ထ တဏှာ ဥပါဒါန ဘဝါ ဂဟိတာ ဘဝန္တိ။

ဤ ၁၂-ပါးသော အင်္ဂါတို့တွင် အဝိဇ္ဇာ၊ သင်္ခါရကို ယူသဖြင့် တဏှာ၊ ဥပါဒါန်၊ ဘဝတို့ကိုလည်း ယူအပ်ကုန်၏။

၉။ ။တဏှုပါဒါန။ပ။ ဟောန္တိ-ဟူသည်ကား ကိလေသာ အဖြစ်ခြင်း တူသည်၏ အဖြစ်ကြောင့် အဝိဇ္ဇာကို ယူသဖြင့် တဏှာ၊ ဥပါဒါန်တို့ကိုလည်း ယူအပ်ကုန်၏၊ ကံအဖြစ်ခြင်း တူသည်၏ အဖြစ်ကြောင့် သင်္ခါရကိုယူသဖြင့် ကမ္မဘဝကိုလည်း ယူအပ်၏။

၁၀။ ။တထာ တဏှုပါဒါန ဘဝဂ္ဂဟဏေန စ အဝိဇ္ဇာ သင်္ခါရာ။

ထို့အတူ တဏှာ၊ ဥပါဒါန်၊ ဘဝတို့ကို ယူသဖြင့်လည်း အဝိဇ္ဇာ၊ သင်္ခါရကို ယူအပ်ကုန်၏။


၁။ အဝိဇ္ဇာနှင့် တဏှာ၊ ဥပါဒါန်တို့သည် ကိလေသာ အဖြစ်ခြင်း တူသောကြောင့် အဝိဇ္ဇာကို ယူသဖြင့် တဏှာနှင့် ဥပါဒါန်တို့ကို ယူရ၏။
၂။ သင်္ခါရနှင့် ကမ္မဘဝတို့သည် ကံအဖြစ်ခြင်း တူသောကြောင့် သင်္ခါရကို ယူသဖြင့် ကမ္မဘဝကိုလည်း ယူအပ်၏-ဟူလို။

စာမျက်နှာ-၈၀

၁၀။ ။ထို့အတူ တဏှာ၊ ဥပါဒါန်၊ ဘဝတို့ကို ယူသဖြင့်လည်း အဝိဇ္ဇာ၊ သင်္ခါရတို့ကိုယူအပ်ကုန်၏၊ ဤသို့ အနက်စပ်ခြင်းကို သိအပ်၏၊ ဤစကား၌လည်း ဆိုအပ်ပြီးသော နည်းဖြင့် ထိုတဏှာ၊ ဥပါဒါန်၊ ကမ္မဘဝတို့ကို ယူသဖြင့် ထိုအဝိဇ္ဇာ၊ သင်္ခါရတို့ကို ပေါင်းယူခြင်းကို မှတ်အပ်၏။

၁၁။ ။ဇာတိ၊ ဇရာ၊ မရဏဂ္ဂဟဏေန စ ဝိညာဏာဒိ ဖလပဉ္စကမေဝ ဂဟိတန္တိ ကတွာ။

ဇာတိ၊ ဇရာ၊ မရဏကို ယူသဖြင့်လည်း ဝိညာဏ် အစရှိသော အကျိုးငါးပါး အပေါင်းကိုသာလျှင် ယူအပ်၏၊ ထို့ကြောင့်

၁၁။ ။ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာတို့၏ ဖြစ်ဆဲ၊ ရင့်ဆုံး၊ ပျက်ဆဲမျှကိုသာလျှင် ဇာတိ၊ ဇရာ၊ မရဏ ဟူ၍လည်း ဆိုအပ်၏၊ ဤသို့ နှလုံးထား၍ “ဇာတိ ဇရာ မရဏေနာတိ အာဒိဝစနံ” ဤသို့ အစရှိသော စကားကို မိန့်ဆိုပြီ။

အခြင်းအရာ-၂၀

၁၂။ ။အတီတေ ဟေတဝေါ ပဉ္စ၊ ဣဒါနိ ဖလပဉ္စကံ။
ဣဒါနိ ဟေတဝေါ ပဉ္စ၊ အာယတိံ ဖလပဉ္စကန္တိ။
ဝီသတာကာရာ တိသန္ဓိ၊ စတုသင်္ခေပါ စ ဘဝန္တိ။
လွန်လေပြီးသော ဘဝ၌ ငါးပါးကုန်သော အကြောင်းတို့ကို၎င်း၊ ယခုပစ္စုပ္ပန်ဘဝ၌ အကျိုးငါးပါး အပေါင်းကို၎င်း၊ ယခုပစ္စုပ္ပန်ဘဝ၌ ငါးပါးသော အကြောင်းတို့ကို၎င်း၊ နောင်လာလတံ့သော ဘဝ၌


၁။ တဏှာ၊ ဥပါဒါန်၊ ဘဝကို ယူသဖြင့် အဝိဇ္ဇာ၊ သင်္ခါရကို ယူရာ၌လည်း အထက်ပါအတိုင်းပင်။
၂။ ဇာတိ၊ ဇရာ၊ မရဏ-ဟူသည် တရားကိုယ် အသီးအခြားမရှိ၊ ဝိညာဏ်၊ နာမ်၊ ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာတို့၏ ဖြစ်ဆဲ၊ ရင့်ဆုံး၊ ပျက်ဆဲ အခိုက်အတန့်သာဖြစ်၍ ဇာတိ၊ ဇရာ၊ မရဏကို ယူသဖြင့် ဝိညာဏ်စသော အကျိုးတရားငါးပါးကို ယူရ၏-ဟူလို။

စာမျက်နှာ-၈၁

အကျိုးငါးပါး အပေါင်းကို၎င်း၊ ဤသို့ ၂၀-သော အခြင်းအရာတို့သည်၎င်း၊ သုံးပါးသော အစပ်တို့သည်၎င်း၊ လေးပါးသော အလွှာတို့သည်၎င်း ဖြစ်ကုန်၏။

အခြင်းအရာ ၂၀-အဖွင့်

၁၂။ ။အတီတေ ဟေတဝေါ ပဉ္စ-ဟူသည်ကား၊ သရုပ်အားဖြင့် ဆိုအပ်ကုန်သော နှစ်ပါးကုန်သော အဝိဇ္ဇာ၊ သင်္ခါရတို့ကို ပေါင်းသည်၏ အစွမ်းဖြင့် ယူအပ်ကုန်သော သုံးပါးကုန်သော တဏှာ၊ ဥပါဒါန်၊ ဘဝတို့၏ အစွမ်းဖြင့် ပစ္စုပ္ပန်အကျိုးအား ကျေးဇူးပြုကုန်သော အတိတ်ဘဝ၌ ဖြစ်ကုန်သော အကြောင်းတို့သည် ငါးပါးတို့တည်း။

ဣဒါနိ ဖလပဉ္စကံ-ဟူသည်ကား၊ အတိတ်ဖြစ်သော အကြောင်းငါးပါးကြောင့် ဤပစ္စုပ္ပန်ဘဝ၌ ဖြစ်သော ဝိညာဏ် အစရှိသော အကျိုးငါးပါးအပေါင်းသည် ဖြစ်၏။

ဣဒါနိ ဟေတဝေါ ပဉ္စ-ဟူသည်ကား၊ သရုပ်အားဖြင့် ဆိုအပ်ကုန်သော တဏှာ အစရှိကုန်သော သုံးပါးတို့ကို တပေါင်းတည်း ယူသောအားဖြင့် ရအပ်ကုန်သော အဝိဇ္ဇာ၊ သင်္ခါရ-ဟု ဆိုအပ်ကုန်သော နှစ်ပါးတို့၏အစွမ်းဖြင့် နောင်အနာဂတ်ဘဝ၌ အကျိုးတရားငါးပါးအား ကျေးဇူးပြုတတ်ကုန်သော ဤပစ္စုပ္ပန်ဘဝ၌ အကြောင်းတရားတို့သည် ငါးပါးတို့တည်း။

အာယတိံ ဖလပဉ္စကံ-ဟူသည်ကား၊ ဇာတိ၊ ဇရာ၊ မရဏကို ယူသဖြင့် ဆိုအပ်သော ပစ္စုပ္ပန်ဖြစ်သော အကြောင်းငါးပါးကြောင့် အနာဂတ်ဘဝ၌ ဖြစ်လတံ့သော ဝိညာဏ် အစရှိသော အကျိုးငါးပါးသည် ဖြစ်၏။ ထို့ကြောင့် ဤဆိုအပ်ပြီးသော အားဖြင့် နှစ်ဆယ် အတိုင်းအရှည်ရှိသော တရားတို့သည် အတိတ် အစရှိသည်

စာမျက်နှာ-၈၂

တို့တွင် ထိုထိုသော အတိတ်ဖြစ်သော အကြောင်း အစရှိသည်၌ ထည့်လောင်းအပ်သောကြောင့် အာကာရ မည်ကုန်၏။

အစပ် ၃-ပါးအဖွင့်

အတိတ်အကြောင်းတို့၏၎င်း၊ ဤပစ္စုပ္ပန်ဘဝ၌ အကျိုးငါးပါး အပေါင်း၏၎င်း အကြား၌ တစ်ခုသော အစပ်တည်း၊ ဤပစ္စုပ္ပန်ဘဝ၌ အကျိုးငါးပါး အပေါင်း၏၎င်း၊ ဤပစ္စုပ္ပန်ဘဝ၌ အကြောင်းတို့၏၎င်း အကြား၌ တစ်ခုသောအစပ်တည်း၊ ဤပစ္စုပ္ပန်ဘဝ၌ အကြောင်းတို့၏၎င်း၊ အနာဂတ်ကာလ၌ အကျိုး၏၎င်း အကြား၌ တစ်ခုသော အစပ်တည်း၊ ဤသို့သော အခြားအားဖြင့် အစပ်သုံးပါးတို့၂ ဖြစ်ကုန်၏၊ ထိုစကား မှန်၏၊ သင်္ခါရ၊ ဝိညာဏ်တို့၏ အကြား၌ တစ်ခုသော အစပ်တည်း၊ ဝေဒနာ၊ တဏှာတို့၏ အကြား၌ တစ်ခုသော အစပ်တည်း၊ ဘဝ၊ ဇာတိတို့၏ အကြား၌ တစ်ခုသော အစပ်တည်း ဟူသော ဤစကားကို သမ္မောဟဝိနောဒနီအဋ္ဌကထာ၌ မိန့်ဆိုအပ်၏။

ယင်းစကားကို အကျယ်ချဲ့၍ ပြဆိုဦးအံ့—ထိုသုံးပါးသော အစပ်တို့တွင် အကြောင်းကြောင့် အကျိုး၏ မပြတ်သော ဖြစ်ခြင်းရှိသည်၏ အဖြစ်ကြောင့် အကြောင်းနှင့် အကျိုး စပ်၍ ဖြစ်သော ရှေးဦးစွာသော အစပ်သည် ဖြစ်၏။ ထို့အတူ တတိယ အစပ်သည်လည်း ဖြစ်၏၊ နှစ်ခုတို့၏ ပြည့်ကြောင်းဖြစ်သော အစပ်သည်ကား-အကျိုးတရားကြောင့် အကြောင်းတရား၏ မပြတ်သော ဖြစ်ခြင်းရှိသည်၏ အဖြစ်ကြောင့် အကျိုးအကြောင်း၏ စပ်ခြင်းဖြစ်၍


၁။ အဝိဇ္ဇာ၊ သင်္ခါရ၊ တဏှာ၊ ဥပါဒါန်၊ ကမ္မဘဝ-ဟူသော အတိတ်အကြောင်းငါးပါး၊ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ-ဟူသော ပစ္စုပ္ပန်အကျိုးငါးပါး၊ တဏှာ၊ ဥပါဒါန်၊ ကမ္မဘဝ၊ အဝိဇ္ဇာ၊ သင်္ခါရ-ဟူသော ပစ္စုပ္ပန်အကြောင်းငါးပါး၊ ဇာတိ၊ ဇရာ၊ မရဏ-သဘော ဖြစ်သော ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ-ဟူသော အနာဂတ်အကျိုးငါးပါး၊ ပေါင်း အခြင်းအရာ ၂၀-ဖြစ်၏။
၂။ အတိတ်အကြောင်း၏ အဆုံးဖြစ်သော သင်္ခါရနှင့် ပစ္စုပ္ပန်အကျိုး၏ အစဖြစ်သော ဝိညာဏ်သည် တစ်စပ်၊ ပစ္စုပ္ပန်အကျိုး၏ အဆုံးဖြစ်သော ဝေဒနာနှင့် ပစ္စုပ္ပန်အကြောင်း၏ အစဖြစ်သော တဏှာသည် တစ်စပ်၊ ပစ္စုပ္ပန်အကြောင်း၏ အဆုံးဖြစ်သော ဘဝနှင့် အနာဂတ်အကျိုး၏ အစဖြစ်သော ဇာတိသည် တစ်စပ်၊ ဤသို့အားဖြင့် အစပ်သုံးပါး ဖြစ်၏။အဖွ

စာမျက်နှာ-၈၃

အကျိုးဖြစ်သော တရားသည်လည်း တပါးသော အကြောင်းသဘောရှိသော တရား၏ အကြောင်း ဖြစ်သောကြောင့် အကျိုးကြောင့်လည်း အကြောင်းသည် မပြတ် ဖြစ်နိုင်၏။

အလွှာ ၃-ပါးအဖွင့်

ဤကံ၏ အကျိုးတရားတို့၌ အဝိဇ္ဇာ အစရှိသည်တို့ကို၎င်း၊ ဝိညာဏ် စသည်တို့ကို၎င်း ပေါင်းအပ်ကုန်၏၊ ထိုသို့ ပေါင်းရာဖြစ်သော သတ္တိကြောင့် သခေပ မည်၏၊ အတိတ်ဖြစ်သော အကြောင်း၎င်း၊ ဤပစ္စုပ္ပန်၌ အကျိုး၎င်း၊ ဤပစ္စုပ္ပန်၌ အကြောင်း၎င်း၊ အနာဂတ်၌ အကျိုး၎င်း၊ ဤသို့သော အများအားဖြင့်လေးပါးကုန်သော အလွှာတို့သည် ဖြစ်ကုန်သောကြောင့် စတုသခေပ၁ မည်ကုန်၏။

၁၃။ ။အဝိဇ္ဇာ တဏှုပါဒါနာ စ ကိလေသဝဋ္ဋံ၊ ကမ္မဘဝ သင်္ခါရာ စ ကမ္မဝဋ္ဋံ၊ ဥပပတ္တိ ဘဝသင်္ခါတာ ဘဝေကာဒသ ဝသေသာ စ ဝိပါကဝဋ္ဋန္တိ တီဏိ ဝဋ္ဋာနိ။

အဝိဇ္ဇာသည်၎င်း၊ တဏှာ၊ ဥပါဒါန်တို့သည်၎င်း ကိလေသဝဋ်၂ မည်၏၊ ကမ္မဘဝ-ဟု ဆိုအပ်သော ဘဝတစိတ်သည်၎င်း၊ သင်္ခါရတို့သည်၎င်း ကမ္မဝဋ်၃ မည်၏၊ ဥပပတ္တိဘဝ-ဟု ဆိုအပ်သော


၁။ အတိတ်အကြောင်းငါးပါးသည် တစ်လွှာ၊ ပစ္စုပ္ပန်အကျိုးငါးပါးသည် တစ်လွှာ၊ ပစ္စုပ္ပန်အကြောင်းငါးပါးသည် တစ်လွှာ၊ အနာဂတ်အကျိုးငါးပါးသည် တစ်လွှာ၊ ပေါင်းလေးလွှာ ဖြစ်၏၊ အကျဉ်းချုံး၍ ပေါင်းရုံး ရေတွက်ရာ ဖြစ်သောကြောင့် အလွှာမည်၏-ဟု မှတ်။
၂။ အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန် ၃-ပါးသည် ကိလေသာတရား ဖြစ်၍ ကိလေသဝဋ် မည်၏။
၃။ ကမ္မဘဝနှင့် သင်္ခါရ ၂-ပါးသည် ကံ-တရားများဖြစ်၍ ကမ္မဝဋ် မည်၏၊ ထို၌ အနာဂတ်ဘဝ ပဋိသန္ဓေ၏ အကြောင်းဖြစ်သော စေတနာသည် ကမ္မဘဝ မည်၏၊ ဤပစ္စုပ္ပန်ဘဝ ပဋိသန္ဓေ၏ အကြောင်းဖြစ်သော ရှေးရှေးဘဝ စေတနာသည် သင်္ခါရ မည်၏။ ဘဝေကာဒသ ပါဌ်ဖြင့် ဘဝ-ဟူသည် ကမ္မဘဝ၊ ဥပပတ္တိဘဝ-ဟု ၂-မျိုးရှိသဖြင့် ကမ္မဘဝသည် ဘဝတစိတ်သာ ဖြစ်၏-ဟူသော အဓိပ္ပါယ်ကို ပြ၏။

စာမျက်နှာ-၈၄

ဘဝတစိတ်သည်၎င်း၊ ဆိုအပ်ပြီးသည်မှ ကြွင်းကုန်သော ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ ဇာတိ၊ ဇရာ၊ မရဏ တို့သည်၎င်း ဝိပါကဝဋ်၁ မည်ကုန်၏။ ဤသို့ သုံးပါးသော ဝဋ်တို့ကိုသိအပ်ကုန်၏။

ဝဋ် ၃-ပါးအဖွင့်

၁၃။ ။ကမ္မဘဝသင်္ခေပါ ဘဝေကဒေသေ-ဟူသောပါဌ်၌ နောင်အနာဂတ်ဘဝ၌ ပဋိသန္ဓေအား နာနာက္ခဏိက ကမ္မပစ္စယ သတ္တိဖြင့် ကျေးဇူးပြုတတ်သော စေတနာသည် ဘဝ မည်၏၊ ရှေး အတိတ်ဖြစ်သော ကမ္မဘဝကြောင့် ဖြစ်ရာဖြစ်သော အတ္တဘော၌ ဖြစ်သော ဤပစ္စုပ္ပန်ဘဝ၌ ပဋိသန္ဓေအကြောင်းဖြစ်သော စေတနာသည် သင်္ခါရ မည်၏၊ ဤသို့ သိအပ်၏။ (အတိတ်စေတနာသည် သင်္ခါရ၊ ပစ္စုပ္ပန်စေတနာသည် ကမ္မဘဝ)

အဝသေသာစ-ဟူသည်ကား၊ ဝိညာဏ် စသော ငါးပါးတို့၏အပေါင်း၊ ဇာတိ၊ ဇရာ၊ မရဏတို့၏အစွမ်းအားဖြင့် ခုနစ်ပါးအပြားရှိကုန်သော ပစ္စုပ္ပန်အကျိုး၏ အစွမ်းဖြင့် ဟောတော်မူအပ်သော တရားတို့သည် အဝသေသာ မည်ကုန်၏။

အနာဂတ်၌ အကျုံးဝင်ကုန်သော ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ ဇာတိ၊ ဇရာ၊ မရဏတို့၏အစွမ်းဖြင့် ခုနစ်ပါးသော တရားတို့ကို သိအပ်ကုန်၏။

ဥပါဒါနပစ္စယာ ဘဝေါ-ဟူသောပါဌ်၌ ဘဝသဒ္ဒါဖြင့် ကမ္မဘဝကိုလည်း ဟောအပ်သည်၏ အဖြစ်ကြောင့် ဘဝေကာဒသ သဒ္ဒါကို အရှင်အနုရုဒ္ဓါဆရာသည် မိန့်ဆိုအပ်၏။


၁။ ဥပပတ္တိဘဝနှင့် ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ ဇာတိ၊ ဇရာ၊ မရဏတို့သည် အကျိုးတရား ဖြစ်၍ ဝိပါကဝဋ် မည်၏၊ သံသရာ၌ မပြတ်မလပ် ချာချာ လည်စေတတ်သောကြောင့် ဝဋ် မည်၏-ဟု မှတ်။

စာမျက်နှာ-၈၅

ဝဋ်မြစ် ၂-ပါး

၁၄။ ။အဝိဇ္ဇာ တဏှာဝသေန ဒွေ မူလာနိ စ ဝေဒိတာနိ။
အဝိဇ္ဇာ၊ တဏှာတို့၏ အစွမ်းအားဖြင့် နှစ်ပါးကုန်သော မူလတို့ကို သိအပ်ကုန်၏။

ဝဋ်မြစ် ၂-ပါးအဖွင့်

၁၄။ ။အဝိဇ္ဇာ၊ သင်္ခါရ၊ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ-ဟု ဆိုအပ်သော ရှေးအဘိုးဖြစ်သော ဝဋ်၏အမြစ်ကား အဝိဇ္ဇာတည်း၊ တဏှာ၊ ဥပါဒါန်၊ ဘဝ၊ ဇာတိ၊ ဇရာ၊ မရဏ-ဟု ဆိုအပ်သော နောက်အဘိုးဖြစ်သော ဝဋ်၏အမြစ်ကား-တဏှာတည်း။ ဤသို့ နှစ်လုံးပိုက်၍ အဝိဇ္ဇာ။ပ။ မူလာနိ-ဟု မိန့်ဆိုပြီ။

၁၅။ ။တေသမေဝ စ မူလာနံ၊ နိရောဓန နိရုဇ္ဇတိ။
ဇရာ မရဏ မှာယ၊ ပီဠိတာန မဘိဏှသော။
အာသဝါနံ သမုပ္ပါဒါ၊ အဝိဇ္ဇာ စ ပဝတ္တတိ။

သံသရာစက် လည်သည်မှတပါး သံသရာစက် ပြတ်သည်ကို ဆိုဦးအံ့—ထိုနှစ်ပါးသော မူလတို့၏သာလျှင် အရဟတ္တမဂ်ဖြင့် အကြွင်းမဲ့ ချုပ်စေခြင်းကြောင့် ဝဋ်တရားသည် ချုပ်၏၊ အိုခြင်း၊ သေခြင်း၊ တွေဝေ မိန်းမောခြင်းဖြင့် အဖန်တလဲလဲ နှိပ်စက်အပ်ကုန်သော သတ္တဝါတို့အား အာသဝေါတရားတို့၏ ဖြစ်ခြင်းကြောင့် အဝိဇ္ဇာသည်လည်း ဖြစ်၏။

၁၅။ အဝိဇ္ဇာ၊ တဏှာ-ဟု ဆိုအပ်ကုန်သော ထိုဆင်းရဲတို့၏ အကြောင်းရင်းတို့၏သာလျှင် တဖန်မဖြစ်ခြင်း သဘောရှိသည်၏ အဖြစ်ရောက်ခြင်း-ဟု ဆိုအပ်သော အရဟတ္တမဂ်


၁။ အဝိဇ္ဇာသည် ရှေးရှေးဘဝ သံသရာစက်၏ အကြောင်းရင်း မူလ ဖြစ်၏။
၂။ တဏှာသည် နောက်နောက်ဘဝ၏ အကြောင်းရင်း ဖြစ်၏၊ အကြောင်းရင်း ဖြစ်၍ မူလ မည်၏-ဟု မှတ်။

စာမျက်နှာ-၈၆

ဉာဏ်ဖြင့် သစ္စာလေးပါးကို သိခြင်းကြောင့် ပြီးသော မဖြစ်ခြင်းကြောင့် တရားသည် ချုပ်၏။

အဖန်တလဲလဲ ဇရာ၊ မရဏ-ဟု ဆိုအပ်သော မိန်းမောတွေဝေခြင်းဖြင့် နှိပ်စက်အပ်ကုန်သော သတ္တဝါတို့အား၎င်း၊ သောက အစရှိသည်တို့သည် အဖန်တလဲလဲ နှိပ်စက်အပ်ကုန်သော သတ္တဝါတို့အား၎င်း၊ ကာမာသဝ အစရှိကုန်သော အာသဝေါတရားလေးပါးတို့၏ ဖြစ်ခြင်းကြောင့် တဖန် အဝိဇ္ဇာသည်လည်း ဖြစ်၏။ ထိုစကား သင့်၏၊ “အာသဝသမုဒယာ အဝိဇ္ဇာသမုဒယော”ဟူသော ဤစကားကို မြတ်စွာဘုရားသည် ဟောတော်မူအပ်၏၊ ထိုအာသဝါနံ သမုပ္ပါဒါ ဟူသောပါဠိဖြင့် အဝိဇ္ဇာ၏ အကြောင်းကိုပြအပ်၏။ ဤသို့ အဝိဇ္ဇာ၏ အကြောင်းကို မပြအပ်သည်ရှိသော် ပဋိစ္စသမုပ္ပါဒ် စက်သည် မစပ်ခဲ့ရာ၊ ထို့ကြောင့် အဝိဇ္ဇာ၏ အကြောင်းကို ပြအပ်၏-ဟူလို။

၁၆။ ။ဝဋ္ဋမာနဗန္ဓမိစ္ဆေဝံ၊ တေဘူမကမနာဒိကံ။
ပဋိစ္စသမုပ္ပါဒေါတိ၊ ပဋ္ဌပေသိ မဟာမုနိ။

ဤဆိုအပ်ပြီးသောနည်းဖြင့် မပြတ်လည်သော၊ အစမထင်သော ဘုံသုံးပါး၌ ဖြစ်သော တရားကို အကြောင်းတရားတို့၏ ညီညွတ်ခြင်းကိုစွဲ၍ အကျိုးတရားတို့၏ ဖြစ်ရာ ပဋိစ္စသမုပ္ပါဒ်တရားဟူ၍ မြတ်စွာဘုရားသည် ပညတ်တော်မူ၏။

၁၆။ ဤဆိုအပ်ပြီးသောနည်းဖြင့် မပြတ်လည်သော၊ အစမရှိသော ဘုံသုံးပါး၌ အကျုံးဝင်သည်၏ အဖြစ်ကြောင့် ဘုံသုံးပါး၌ ဖြစ်သော၊ ကိလေသာ၊ ကံ၊ ကံ၏အကျိုးတို့၏ အစွမ်းဖြင့် သုံးပါးသော ဝဋ်၏ဖြစ်သော တရားအပေါင်းကို ပဋိစ္စသမုပ္ပါဒ် ဟူ၍ မြတ်စွာဘုရားသည် ပညတ်တော်မူ၏

စာမျက်နှာ-၈၇

ပဋ္ဌာန်းနည်း ၂၄-ပစ္စည်း

၁၇။ ။ဟေတုပစ္စယော၊ အာရမ္မဏပစ္စယော၊ အဓိပတိပစ္စယော၊ အနန္တရပစ္စယော၊ သမနန္တရပစ္စယော၊ သဟဇာတပစ္စယော၊ အညမညပစ္စယော၊ နိဿယပစ္စယော၊ ဥပနိဿယပစ္စယော၊ ပုရေဇာတပစ္စယော၊ ပစ္ဆာဇာတပစ္စယော၊ အာသေဝနပစ္စယော၊ ကမ္မပစ္စယော၊ ဝိပါကပစ္စယော၊ အာဟာရပစ္စယော၊ ဣန္ဒြိယပစ္စယော၊ ဈာနပစ္စယော၊ မဂ္ဂပစ္စယော၊ သမ္ပယုတ္တပစ္စယော၊ ဝိပ္ပယုတ္တပစ္စယော၊ အတ္ထိပစ္စယော၊ နတ္ထိပစ္စယော၊ ဝိဂတပစ္စယော၊ အဝိဂတပစ္စယောတိ၊ အယမေတ္ထ ပဋ္ဌာနနယော။

(၁) ဟိတ်ဖြစ်၍ ကျေးဇူးပြုတတ်သော တရား၎င်း။
(၂) အာရုံဖြစ်၍ ကျေးဇူးပြုတတ်သော တရား၎င်း။
(၃) အကြီးအမှူးဖြစ်၍ ကျေးဇူးပြုတတ်သော တရား၎င်း။
(၄) အခြားမဲ့၌ ဖြစ်၍ ကျေးဇူးပြုတတ်သော တရား၎င်း။
(၅) ခြားနားခြင်းမရှိ၍ ကျေးဇူးပြုတတ်သော တရား၎င်း။
(၆) အတူတကွ ဖြစ်၍ ကျေးဇူးပြုတတ်သော တရား၎င်း။
(၇) အချင်းချင်းဖြစ်၍ ကျေးဇူးပြုတတ်သော တရား၎င်း။
(၈) မှီရာဖြစ်၍ ကျေးဇူးပြုတတ်သော တရား၎င်း။
(၉) အားကြီးသော အကြောင်းဖြစ်၍ ကျေးဇူးပြုတတ်သော တရား၎င်း။
(၁၀) ရှေး၌ဖြစ်၍ ကျေးဇူးပြုတတ်သော တရား၎င်း။
(၁၁) နောက်မှဖြစ်၍ ကျေးဇူးပြုတတ်သော တရား၎င်း။
(၁၂) အဖန်တလဲလဲ မှီဝဲထုံအပ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရား၎င်း။
(၁၃) မျိုးစေ့ဖြစ်၍ ကျေးဇူးပြုတတ်သော တရား၎င်း။
(၁၄) အကျိုးဖြစ်၍ ကျေးဇူးပြုတတ်သော တရား၎င်း။

စာမျက်နှာ-၈၈

(၁၅) အာဟာရဖြစ်၍ ကျေးဇူးပြုတတ်သော တရား၎င်း။
(၁၆) ဣန္ဒြေဖြစ်၍ ကျေးဇူးပြုတတ်သော တရား၎င်း။
(၁၇) ဈာန်ဖြစ်၍ ကျေးဇူးပြုတတ်သော တရား၎င်း။
(၁၈) မဂ်ဖြစ်၍ ကျေးဇူးပြုတတ်သော တရား၎င်း။
(၁၉) ယှဉ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရား၎င်း။
(၂၀) မယှဉ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရား၎င်း။
(၂၁) ရှိသည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရား၎င်း။
(၂၂) မရှိသည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရား၎င်း။
(၂၃) ကင်းသည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရား၎င်း။
(၂၄) မကင်းသည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရား၎င်း၊ ဤသို့ ၂၄-ပစ္စည်းတို့သည် အနန္တနယ ဖြစ်သော သမန္တပဋ္ဌာန်း ကျမ်းကြီး၌ တည်ကုန်၏။

၂၄-ပစ္စည်း အဖွင့်

၁၇။ ။ဤသို့ အကြင်အကြင် ဆိုအပ်ခဲ့ပြီးသော အပြားအားဖြင့် ပဋိစ္စသမုပ္ပါဒ်နည်းကို အသီးအသီးခွဲဝေသောအားဖြင့် ပြပြီး၍ ယခုအခါ၌ ပဋ္ဌာန်းနည်းကို ပြခြင်းငှါ “ဟေတုပစ္စယော”ဤသို့အစရှိသော စကားကို မိန့်ဆိုအပ်ပြီ၊ ထိုဟေတုပစ္စယာ အစရှိသော စကား ဝိဂြိုဟ်ကို ဤဆိုလတံ့သောနည်းဖြင့် သိအပ်၏။

ဟေတုပစ္စည်းအဖွင့်

ထိုလောဘ အစရှိသော ပစ္စည်းတရားဖြင့် ပစ္စယုပ္ပန်တရားသည် တည်တတ်၏၊ ထိုသို့ ပစ္စယုပ္ပန်တရားတို့၏ တည်ကြောင်းဖြစ်သော သတ္တိကြောင့် ဟိတ်ခြောက်ပါးသည် ဟေတု မည်၏၊ ဓာတ်သဒ္ဒါတို့၏ များသောအနက်ရှိသည်၏ အဖြစ်ကြောင့် ဟိ သဒ္ဒါကို ဤအရာ၌ တည်ခြင်းအနက်ရှိ၏ဟူ၍ မှတ်အပ်၏။

စာမျက်နှာ-၈၉

တနည်းကား သစ်ပင်သည် အထက်သို့ သြဇာဓာတ်ကို ရှေ့ရှုဆောင်တတ်သော အမြစ်ကြောင့် အလွန်စည်ပင် ပြန့်ပွါးခြင်းသို့ ရောက်သကဲ့သို့ ထို့အတူ ကုသိုလ်ကံ၊ အကုသိုလ်ကံ၏ အကြောင်းဖြစ်၍ ဖြစ်သော ထိုလောဘ အစရှိသော အကြောင်းကြောင့် ထိုလောဘ အစရှိသောတရားလျှင် အကြောင်းရှိသော အကျိုးတရားသည် အလွန်ပွါးခြင်းသို့ ရောက်တတ်၏၊ ထိုသို့ ရောက်ကြောင်းဖြစ်သော သတ္တိကြောင့် ဟိတ်ခြောက်ပါးသည် ဟေတု မည်၏။ ထိုဟိတ်ဟူသည် ပစ္စည်းလည်း ဖြစ်သောကြောင့် ဟေတုပစ္စည်း မည်၏၊ ဤဟေတုပစ္စည်းသည် ဟိတ်ဖြစ်၍ ကျေးဇူးပြုတတ်သော တရား၊ ဟိတ်အဖြစ်ဖြင့် ကျေးဇူးပြုတတ်သော တရားပင်တည်း ဟူသော အဓိပ္ပါယ်ကို ဆိုလို၏။

တည်ရာဖြစ်သော အနက်ကြောင့် ဟိတ်၁ မည်၏၊ ကျေးဇူးပြုတတ်သော အနက်ကြောင့် ပစ္စည်း၂ မည်၏၊ ဤသို့ အကျဉ်းအားဖြင့် ဟေတုပစ္စည်း မည်၏-ဟူလို။

ဟေတုပစ္စယုပ္ပန် တရားများ

ထိုဟေတုပစ္စည်းသည် ပဝတ္တိအခါ၌ စိတ်ကြောင့်ဖြစ်ကုန်သော ရုပ်တို့အား၎င်း၊ ပဋ္ဋိသန္ဓေအခါ၌ ကံကြောင့်ဖြစ်ကုန်သော ရုပ်တို့အား၎င်း၊ ပဝတ္တိအခါ၊ ပဋိသန္ဓေအခါ နှစ်ပါးစုံ၌ မိမိနှင့် ယှဉ်ကုန်သော နာမ်တရားတို့အား၎င်း သစ်ပင်၏ အမြစ်တို့သည် ကောင်းစွာ


၁။ သမ္ပယုတ္တတရားတို့၏ တည်ရာ၊ တည်ကြောင်း၊ ပွါးစီးစည်ပင်ခြင်းသို့ ရောက်ကြောင်း ဖြစ်သောကြောင့် ဟိတ် ၆-ပါးသည် ဟိတ် မည်၏။
၂။ ကျေးဇူးပြုတတ်သောကြောင့် ပစ္စည်း မည်၏။
အထူးကား—အာရုံ၌ သဟဇာတတရားတို့၏ ကောင်းစွာ တည်တန့်နိုင်သော ဝိသေသသတ္တိထူးသည် ဟိတ် မည်၏။ ဤသို့ တည်တန့်နိုင်အောင် ထောက်ပံ့ ကျေးဇူးပြုမှု သာမညသတ္တိသည် ပစ္စည်း မည်၏။ ဤ ဟိတ်နှင့် ပစ္စည်း အထူးကိုမှတ်။

စာမျက်နှာ-၉၀

တည်ရာ၏ အဖြစ်ကို ပြီးစေကုန်သကဲ့သို့ ကောင်းစွာ တည်ရာ၏ အဖြစ်ကို ပြီးစေတတ်သည်-ဟု ဆိုအပ်သော မူလဖြစ်သော အနက်ဖြင့် ကျေးဇူးပြုတတ်ကုန်သော ဟိတ်ခြောက်ပါး တရားတို့တည်း၊ ဝါ-တရားတို့သည် ဟေတုပစ္စည်း မည်၏၊ ဤသို့ မှတ်အပ်
အားနည်းသော ယောက်ျားသည် တောင်ဝှေး အစရှိသော ဝတ္ထုကို ဆွဲကိုင်အပ်သကဲ့သို့ စိတ်၊ စေတသိက်တို့သည် ဆွဲအပ်သောကြောင့် အာရမ္မဏ၁ မည်၏၊ ဆွဲကိုင်ရခြင်း အကြောင်းကား စိတ်၊ စေတသိက်တို့သည် အကြင်အကြင် အာရုံကို အာရုံပြု၍ ဖြစ်ကုန်၏၊ ထိုထိုအာရုံ တရားတို့သည် ထိုထိုအာရုံ ပြုကုန်သော အာရမ္မဏိကတရားတို့အား အာရုံ၏ အဖြစ်ဖြင့် ကျေးဇူးပြုသည် မည်၏၊ ထို့ကြောင့် ဆွဲကိုင်အပ်၏-ဟူလို။

အကြင်အကြောင်းကြောင့် အကြင်သဘောတရားသည် စိတ်၊ စေတသိက်တို့အား အာရုံ၏ အဖြစ်ဖြင့် ကျေးဇူးပြုတတ်သော အဖြစ်သို့ မရောက်ရာ၊ ထိုသဘောထားမျိုး မရှိ၊ ထို့ကြောင့် “ယံယံ ဓမ္မံ အာရဗ္ဘ” စသည်ဖြင့် မြတ်စွာဘုရားသည် (ပဋ္ဌာန်းပစ္စယနိဒ္ဒေသ၌) ဟောတော်မူအပ်၏။

အဓိပတိပစ္စည်းအဖွင့်

မိမိနှင့်စပ်၍ ဖြစ်ခြင်းရှိကုန်သော တရားတို့၏ အကြီးအမှူးဖြစ်သော ပစ္စည်းသည် အဓိပတိပစ္စည်း၂ မည်၏။


၁။ အားနည်းသော ယောက်ျားသည် တောင်ဝှေး၊ တုတ်၊ လှံကန် အစရှိသည်ကို စွဲကိုင်အပ်သကဲ့သို့ အာရမ္မဏိက ဖြစ်သော စိတ်၊ စေတသိက်တရားတို့သည် စွဲကိုင်အပ်သောကြောင့် အာရုံခြောက်ပါးသည် အာရမ္မဏပစ္စည်း မည်၏။
၂။ မိမိနှင့် စပ်၍ ဖြစ်ကုန်သော တရားတို့၏ အကြီးအမှူး အဖြစ်ဖြင့် ကျေးဇူးပြုတတ်သော လွန်ကဲသော တရားသည် အဓိပတိပစ္စည်း မည်၏။

စာမျက်နှာ-၉၁

အနန္တရပစ္စည်း၊ သမနန္တရပစ္စည်း အဖွင့်

ထိုပစ္စည်းအား ပစ္စယုပ္ပန်တရားနှင့် တကွ အခြားမရှိသောကြောင့် အနန္တရပစ္စည်း၁ မည်၏၊ သဏ္ဌာန်မရှိသောကြောင့် အလွန်သိမ်မွေ့စွာ အခြားမရှိသည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရားသည် သမနန္တရပစ္စည်း၂ မည်၏၊ မိမိမိမိ၏ အခြားမဲ့၌ လျောက်ပတ်သော စိတ္တုပ္ပါဒ်ကို ဖြစ်စေခြင်းငှါ စွမ်းနိုင်သော ရှေးရှေး၌ဖြစ်၍ ချုပ်ပြီးသော တရားကို အနန္တရပစ္စည်းဟူ၍၎င်း၊ သမနန္တရပစ္စည်းဟူ၍၎င်း ဆိုအပ်၏၊ ထိုငါဆိုသော စကားသည် မှန်၏၊ ထိုပစ္စည်းနှစ်ပါးတို့၏ အထူးကား-အနန္တရ၊ သမနန္တရ-ဟု သဒ္ဒါမျှသာထူး၏၊ အနက်အားဖြင့်ကား—ထိုပစ္စည်းနှစ်ခုအပေါင်းသည် ကောင်းစွာ အခြားမဲ့၌ ချုပ်ပြီးသော တရားအပေါင်း၏သာလျှင် အမည်တည်း၊ ထိုပစ္စည်းနှစ်ပါးတို့၏ အနက်အားဖြင့် အထူးကို မရအပ်သည်သာတည်း။

အချို့သော ဆရာတို့သည် အနက်အခြားမရှိသည်၏ အဖြစ်ကြောင့် အနန္တရပစ္စည်း-မည်၏၊ ကာလအခြားမရှိသည်၏ အဖြစ်ကြောင့် သမနန္တရပစ္စည်း-မည်၏-ဟု အကြင်စကားကို မိန့်ဆိုကုန်၏၊ ထိုစကားကို “နိရောဓ။ပ။ သမနန္တရပစ္စယေန ပစ္စယော” ဤသို့ အစရှိသောပါဌ်ဖြင့် ဆန့်ကျင်၏။

အဘယ့်ကြောင့် ဆန့်ကျင်ပါသနည်းဟူမူ၊ နေဝသညာ နာသညာယတနာသည် ၇-ရက် အစရှိသော ကာလပတ်လုံး ချုပ်ပြီးသည်


၁။ ပစ္စယုပ္ပန်တရားနှင့်တကွ ခြားခြင်းမရှိသော အဖြစ်ဖြင့် ကျေးဇူးပြုတတ်သောကြောင့် အနန္တရပစ္စည်း မည်၏။
၂။ ရုပ်ကလာပ်တို့ကဲ့သို့ အလုံးအဝန်း စသော သဏ္ဌာန်မရှိသည်၏ အဖြစ်ကြောင့် ကောင်းစွာ ပစ္စယုပ္ပန်တရားတို့နှင့်တကွ ခြားခြင်းမရှိသည်၏ အဖြစ်ဖြင့် ကျေးဇူးပြုတတ်သော တရားသည် သမနန္တရပစ္စည်း မည်၏။
(၎င်းအနန္တရပစ္စည်းနှင့် သမနန္တရပစ္စည်းတို့သည် သံ-သဒ္ဒါ မျှသာ ထူး၏။ သဘော အနက်အားဖြင့်ကား အထူးမရှိ၊ သို့သော် ဝေနေယျ သတ္တဝါတို့၏ အလိုအားလျော်သောအားဖြင့် ၂-မျိုးခွဲ၍ ဟောတော်မူရ၏။ အနက်သဘောအားဖြင့် ၎င်းပစ္စည်း ၂-ပါးသည် ကောင်းစွာ အခြားမရှိဘဲ ချုပ်သော စိတ်၊ စေတသိက် အပေါင်း၏ အမည်သာ ဖြစ်၏-ဟု မှတ်။)

စာမျက်နှာ-၉၂

ဖြစ်၍ ဖလသမာပတ်အား သမနန္တရသတ္တိဖြင့် ကျေးဇူးပြုတတ်သောကြောင့် ဆန့်ကျင်၏၊ ထို့ကြောင့် မှားသောနှလုံးသွင်းခြင်းကို မပြုမူ၍ သဒ္ဒါမျှသာလျှင် ဤပစ္စည်းနှစ်ပါး၌ ထူးသောအကြောင်းကို ယုံကြည်အပ်၏၊ အနက်သဘောအားဖြင့် ထူးသောအကြောင်းကို မယုံကြည်အပ်၊ မမှတ်အပ်၊ ယင်းမထူးပုံကို ထင်ရှားအောင် ဖော်ပြဦးအံ့—ရှေး၌ဖြစ်သော တရားတို့၏ ချုပ်ခြင်းကို၎င်း၊ နောက်၌ဖြစ်သော တရားတို့၏ ဖြစ်ခြင်းကို၎င်း ခြားတတ်သော တစ်စုံတစ်ခုသော တရားမရှိသည်၏ အဖြစ်ကြောင့် ထိုတရားတို့ကို မပြတ် ဖြစ်ခြင်းငှါ စွမ်းနိုင်သည်၏ အဖြစ်အားဖြင့် ချုပ်ခြင်းသည် အနန္တရပစ္စည်း၏ သတ္တိမည်၏၊ ဤပစ္စယုပ္ပန်တရားသည် ဤပစ္စည်းတရားမှ အထက်အရပ်၌ တည်၏။ ဤပစ္စယုပ္ပန်တရားသည် ပစ္စည်းတရား၏ အောက်၌တည်၏၊ ဤပစ္စယုပ္ပန်တရားသည် ဤပစ္စည်းတရား၏ ထက်ဝန်းကျင်၌တည်၏၊ ဤသို့ ခွဲဝေခြင်းမရှိသည်၏ အဖြစ်ဖြင့် မိမိနှင့်တူသည်၏ အဖြစ်ကဲ့သို့ ပစ္စယုပ္ပန်တရားကို ဆောင်၍ ကောင်းစွာ မပြတ်ဖြစ်သည်၏ အဖြစ်အားဖြင့် နောက်တရားကို ဖြစ်စေခြင်းငှါ စွမ်းနိုင်သည်ဖြစ်၍ ချုပ်ခြင်းသည် သမနန္တရပစ္စည်း၏ သတ္တိမည်၏၊ ဤသို့ ထိုပစ္စည်းနှစ်ပါးတို့သည် သဒ္ဒါမျှသာလျှင် ထူးကုန်၏။

ယင်းစကားကို ဆက်၍ ပြဆိုဦးအံ့—နိရောဓသမာပတ်အား အနန္တရ သတ္တိဖြင့် ကျေးဇူးပြုတတ်သော်လည်း နေဝသညာ နာသညာယတနာ၏၎င်း၊ အသညသတ် ပဋိသန္ဓေမှ ရှေးဖြစ်သော စုတိစိတ်၏၎င်း၊ ကာလတပါး၌လည်း ဖြစ်ကုန်သော်လည်း အနာဂါမိဖိုလ်၊ အရဟတ္တဖိုလ်၊ ကာမ တိဟိတ် ပဋိသန္ဓေတို့ကို အလယ်ကြား၌ နာမ်တရား၏ အဖြစ်ဖြင့် တူသော ဇာတ်ရှိသော နာမ်တရားဖြင့် ခြားခြင်းမရှိသောကြောင့် ပြားသောဇာတ်ရှိကုန်သော ရုပ်တရားတို့၏လည်း ခြားခြင်းကို ပြုပြင်ခြင်း၌ မစွမ်းနိုင်သည်၏ အဖြစ်ကြောင့် မပြတ်ဖြစ်စေခြင်း၌၎င်း၊ မိမိနှင့်တူသည်၏ အဖြစ်ကဲ့သို့ ဆောင်၍ ဖြစ်စေခြင်း၌၎င်း စွမ်းနိုင်သည်၏ အဖြစ်သည်ရှိ၏။ ထို့ကြောင့် ထိုနိရောဓသမာပတ်အား ပစ္စည်းတတ်သော နေဝ

စာမျက်နှာ-၉၃

သညာနာသညာယတနာ ကာမတိဟိတ် စုတိစိတ်ကြိုက်လည်း အနန္တရပစ္စည်း သမနန္တရပစ္စည်းကို ရအပ်၏၊ ထို့ကြောင့် သဘောတရားအားဖြင့် အထူးမရှိသော်လည်း ထိုထိုသိုသော အနန္တရပစ္စည်း သမနန္တရပစ္စည်း အပြားအားဖြင့် သိလတံ့ကုန်သော ဝေနေယျ သတ္တဝါတို့၏ အလိုဖြင့် ဤပစ္စည်း နှစ်ပါးတို့ကို မြတ်စွာဘုရားသည် ဟောတော်မူအပ်ကုန်သောကြောင့် သံ-ပ-ဟူသော ဥပသာရ ပုဒ်တို၏ အနက် အထူးမျှဖြင့်သာလျှင် အထူးကို ယုံကြည်အပ်၏။

သဟဇာတပစ္စည်းအဖွင့်

မိမိမဖြစ်သည်ရှိသော် တကွ ဖြစ်ကုန်သော တရားတို့၏လည်း မဖြစ်ခြင်းကြောင့် ဆီမီးသည် မိမိနှင့်တကွ ဖြစ်သော အလင်းအား ကျေးဇူးပြုသကဲ့သို့ မိမိနှင့် တကွ ဖြစ်ကုန်သော ပစ္စယုပ္ပန်တရားတို့အား တကွဖြစ်သည်အဖြစ်ဖြင့် ကျေးဇူးပြုတတ်သော တရားသည် သဟဇာတပစ္စည်း မည်၏။

အညမည ပစ္စည်းအဖွင့်

နာမ်ဖြစ်ကုန်သော ခန္ဓာလေးပါးတို့သည်၎င်း၊ မဟာဘုတ် လေးပါး ရုပ်တရားတို့သည်၎င်း၊ ပဋိသန္ဓေခဏ၌ ဟဒယဝတ္ထု ရုပ် ပဉ္စဝေါကာရပဋိသန္ဓေစိတ်-ဟု ဆိုအပ်ကုန်သော တရားတို့သည်၎င်း၊ သစ်သားသုံးခု တိဒဏ္ဍသည် တခုသည် တခုကို ထောက်ပံ့ခိုင်စေ ကျေးဇူးပြုတတ်သော တရားတို့အား အပြန်အလှန် ထောက်ပံ့ခိုင်စေသည် အဖြစ်ဖြင့် ကျေးဇူးပြုတတ်သော တရားသည် အညမည ပစ္စည်း မည်၏။


၁။ ဆီမီးသည် မိမိနှင့် အတူတကွ ဖြစ်သော အလင်းဓာတ်အား တကွဖြစ်၍ ကျေးဇူးပြုသကဲ့သို့ မိမိနှင့် တကွဖြစ်ကုန်သော ပစ္စယုပ္ပန်တရားတို့အား တကွဖြစ်သည် အဖြစ်ဖြင့် ကျေးဇူးပြုတတ်သောကြောင့် သဟဇာတပစ္စည်း မည်၏။
၂။ လှံကန်သုံးခုသည် တခုသည် တခုကို ထောက်ပံ့ခိုင်စေသကဲ့သို့ အချင်းချင်း တပါးသည် တပါးကို အပြန်အလှန် ထောက်ပံ့ခိုင်စေသည် အဖြစ်ဖြင့် ကျေးဇူးပြုတတ်သောကြောင့် အညမညပစ္စည်း မည်၏။

အထူးကား—အတူတကွ ဖြစ်၍သာ ကျေးဇူးပြုလျှင် သဟဇာတပစ္စည်း မည်၏။ တကွလည်းဖြစ်, အချင်းချင်း အပြန်အလှန်လည်း ဖြစ်၍ ကျေးဇူးပြုလျှင် အညမညပစ္စည်း မည်၏။ ဤကား သဟဇာတပစ္စည်းနှင့် အညမညပစ္စည်း ၂-ပါး အထူးတည်း။

စာမျက်နှာ-၉၄

အညမညပစ္စည်းနှငိ့် သဟဇာတပစ္စည်းတို့၏ အထူး

အချင်းချင်း ကျေးဇူးပြုတတ်သည်၏ အစွမ်းဖြင့် သာလျှင် ကျေးဇူးပြုတတ်သည်၏ အဖြစ်သည် အညမညပစ္စယသတ္တိ မည်၏။ ပစ္စယုပ္ပန်တရားတို့နှင့် တကွ ဖြစ်ကာမျှဖြင့် ကျေးဇူးပြုတတ်သည် အဖြစ်သည် အညမညပစ္စယသတ္တိမဟုတ် သဟဇာတပစ္စယသတ္တိသာ ဖြစ်၏၊ ဤသည်လျှင် ထိုအညမညပစ္စည်း သဟဇာတပစ္စည်း နှစ်ပါးတို့၏ အထူးတည်း။

ထိုစကားမှန်၏၊ သဟဇာတပစ္စည်း၏ အဖြစ်ဖြင့်သာ ဖြစ်လေ့ရှိသော တစုံတခုသော အညမညပစ္စည်းသည်မရှိ။ အဘယ့်ကြောင့် မရှိပါသနည်း-ဟူမူ စိတ္တဇရုပ်တို့အား သဟဇာတသတ္တိဖြင့် ကျေးဇူးပြုတတ်သော နာမ်တရား၏၎င်း၊ ဥပါဒါရုပ်တို့အား၎င်း သဟဇာတသတ္တိဖြင့် ကျေးဇူးပြုတတ်ကုန်သော မဟာဘုတ်တို့၏၎င်း၊ အညမညပစ္စည်းအဖြစ်ကို ပဋ္ဌာန်း၌ မြတ်စွာဘုရားသည် မထုတ်အပ်သည် အဖြစ်ကြောင့် မရှိပေ။ ထိုစကားမှန်၏၊ သဟဇာတ သတ္တိဖြင့်သာလျှင် မိမိအား ကျေးဇူးပြုတတ်ကုန်သော တရားတို့အား ကျေးဇူးပြုတတ်သည် အဖြစ်သည် အညမညပစ္စယသတ္တိသည် အကယ်၍ ဖြစ်အံ့၊ ဤသို့ ဖြစ်သည်ရှိသော် ထိုအခါ၌ သဟဇာတပစ္စည်း အညမညပစ္စည်းတို့သည် တူကုန်ရာ၏၊ ထို့ကြောင့် အညမညပစ္စည်း အဖြစ်ဖြင့်သာလျှင် ကျေးဇူးပြုသည် အဖြစ်သည် အညမညပစ္စည်း မည်၏၊ တကွဖြစ်ကာမျှဖြင့် ကျေးဇူးပြုသည် အဖြစ်သည် အညမညပစ္စည်း မဖြစ်-ဟူလို။

နိဿယပစ္စည်းအဖွင့်

ပုဆိုး (အထည်ပိတ်သား) သည် ပန်းချီဆေး၏ မှီရာဖြစ်သကဲ့သို့ တကွဖြစ်သော နာမ်ရုပ်တို့၏ မှီရာဖြစ်ကုန်သော ခန္ဓာလေးပါးတို့၎င်း၊ မြေကြီးသည် သစ်ပင် တောင် အစရှိသည်တို့၏ တည်ရာ ဖြစ်သကဲ့သို့ တည်ရာ၏ အဖြစ်-ဟု ဆိုအပ်သော အခြင်းအရာအားဖြင့်သာလျှင် မိမိနှင့် တကွ ဖြစ်သော ရုပ်သတ္တဝိညာဏဓာတ်တို့၏ အစဉ်အတိုင်း မှီရာဖြစ်ကုန်သော ဘူတရုပ်, ဝတ္ထုရုပ်တို့၎င်း၊

စာမျက်နှာ-၉၅

ဤသို့ ဤတရားတို့ကား- မှီတတ်သောတရားတို့သည် မှီအပ်သောကြောင့် နိဿယပစ္စည်း မည်၏။

ဥပနိဿယပစ္စည်းအဖွင့်

ဥပသဒ္ဓ၏ အလွန်ဟူသော အနက်ကို ပြတတ်သောကြောင့် အားရှိသည် အဖြစ်အားဖြင့် မှီရာရှိသောပစ္စည်းသည် ဥပနိဿယပစ္စည်း မည်၏၊ ထိုဥပနိဿယပစ္စည်း၏ အပြားကို အရှင်အနုရုဒ္ဓါ ဆရာကိုယ်တိုင်ပင်လျှင် ဆိုတော်မူလတံ့။

ပုရေဇာတပစ္စည်းအဖွင့်

ခြောက်ပါးသော ဝတ္ထုရုပ်တို့၎င်း၊ ခြောက်ပါးသော အာရုံတို့၎င်း၊ ဤသို့ ဤတရားတို့သည် ပစ္စယုပ္ပန်တရားကို ရှေးဦးစွာ ဖြစ်နှင့်သည် အဖြစ်ဖြင့် ကျေးဇူးပြုတတ်ကုန်သောကြောင့် ပုရေဇာတပစ္စည်း မည်၏။

ပစ္ဆာဇာတပစ္စည်းအဖွင့်

နောက်၌ ဖြစ်၍ ကျေးဇူးပြုတတ်သော တရားသည် မရှိပါ ကံကြောင့်ဖြစ်သော ခန္ဓာအစဉ်၏ မပြတ်တည်ကြောင်း အဖြစ်သို့ ရောက်မည်ဖြစ်သော ရူပကာယကို ခိုင်စေတတ်သည် အဖြစ်ဖြင့် ကျေးဇူးပြုတတ်ကုန်သော နောက်၌ ဖြစ်ကုန်သော စိတ်စေတသိက် ဖြစ်ကုန်သော တရားတို့သည် ပစ္ဆာဇာတပစ္စည်း မည်၏၊ ထို


၁။ ပုဆိုးသည် ပန်းချီဆေး၏ မှီရာ ဖြစ်သကဲ့သို့၎င်း၊ မြေကြီးသည် သစ်ပင်, တော, တောင် စသည်တို့၏ တည်ရာ ဖြစ်သကဲ့သို့၎င်း ပစ္စယုပ္ပန်တရားတို့၏ မှီရာ တည်ရာ ဖြစ်သောကြောင့် နိဿယပစ္စည်း မည်၏။
၂။ ပစ္စယုပ္ပန်တရားတို့အား အားကြီးသော မှီရာအဖြစ်ဖြင့် ကျေးဇူးပြုတတ်သောကြောင့် ဥပနိဿယပစ္စည်း မည်၏။
၃။ ပစ္စယုပ္ပန်တရားမှ ရှေးဦးစွာ ဖြစ်နှင့်၍ တည်နေသည် အဖြစ်ဖြင့် ကျေးဇူးပြုတတ်သောကြောင့် ပုရေဇာတပစ္စည်း မည်၏။
၄။ ပစ္ဆာဇာတပစ္စည်း မရှိသော် ကံကြောင့် ဖြစ်သော ခန္ဓာအစဉ် မပြတ်တည်ခြင်း၏ အကြောင်းအထောက်အပံ့အဖြစ်ဖြင့် ပစ္စယုပ္ပန်တရား၏ နောက်မှဖြစ်၍ ကျေးဇူးပြုတတ်သောကြောင့် ပစ္ဆာဇာတပစ္စည်း မည်၏။ ထိုပစ္ဆာဇာတပစ္စည်းသည် ဠင်းတငယ်၏ ကိုယ်တို့အား ကျေးဇူးပြုသော ကဗဠီကာရအာဟာရ၌ တောင့်တသော တဏှာနှင့် ယှဉ်သော စေတနာနှင့် တူ၏။

စာမျက်နှာ-၉၆

ပစ္ဆာဇာတပစ္စည်းကို ဠင်းတငယ် ကိုယ်တို့၏ အာဟာရ၌ စားလိုသော တောင့်တသောစေတနာသည် နောက်၌ဖြစ်၍ ကျေးဇူးပြုသကဲ့သို့ နောက်မှ ဖြစ်၍ ကျေးဇူးပြုတတ်သော တရား-ဟု မှတ်အပ်၏။

အာသေဝနပစ္စည်းအဖွင့်

ရှေးရှေး၌ လေ့ကျက်အပ်သော ကျမ်းသည် နောက်နောက်၌ လေ့ကျက်အပ်သော ကျမ်းကို လွယ်ကူစွာ သင်ယူစေနိုင်ခြင်းဖြင့် ကျေးဇူးပြုသကဲ့သို့ ကုသိုလ်အစရှိသည် အဖြစ်ဖြင့် မိမိနှင့်တူသော ကုသိုလ်စသော ပစ္စယုပ္ပန်တရားအား အဖန်တလဲလဲ လေ့ကျက်အပ်သည် ဖြစ်၍ အားရှိသည် အဖြစ်ဖြင့် ထူးသော မိမိနှင့်တူသော ဇာတ်ရှိသည် အဖြစ်ကို ယူစေခြင်းသည် အာသေဝန မည်၏၊ ထို အဖန်တလဲလဲ ထုံခြင်းဟူသော သတ္တိဖြင့် မိမိနှင့်တူသော ဇာတ်ရှိကုန်သော ပစ္စယုပ္ပန်တရားတို့အား ကျေးဇူးပြုတတ်ကုန်သော ပစ္စယုပ္ပန်တရားနှင့်တူသော ဇာတ်ရှိကုန်သော ပစ္စည်းတရားတို့သည် သာလျှင် အာသေဝနပစ္စည်း မည်၏၊ အကြောင်းသော်ကား ပြားသော ဇာတ်ရှိကုန်သော ရှေးဖြစ်သော ပစ္စည်းတရားတို့သည် ပြားသော ဇာတ်ရှိကုန်သော နောက်ဖြစ်ကုန်သော ပစ္စယုပ္ပန်တရားတို့ကို အဖန်တလဲလဲ ထုံခြင်း လေ့ကျက်ခြင်းဟူသော သတ္တိဖြင့် အဖန်တလဲလဲ လေ့ကျက်အပ်သည် ဖြစ်၍ အားရှိသည် အဖြစ်အားဖြင့် ထူးသော ကုသိုလ်အစရှိသည့် အဖြစ်-ဟု ဆိုအပ်သော မိမိ၏ သဘောကို ယူစေခြင်းငှါ မစွမ်းနိုင်ကုန်၊ မိမိ-ဟု ဆိုအပ်သော


၁။ ရှေးရှေး၌ လေ့ကျက်အပ်သော ကျမ်းဂန်သည် နောက်နောက် လေ့ကျက်အပ်သော ကျမ်းဂန်ကို လွယ်ကူစွာ သင်ယူစေနိုင်ခြင်းဖြင့် ကျေးဇူးပြုသကဲ့သို့ ရှေးကုသိုလ်တရားသည် ကုသိုလ်အစရှိသည် အဖြစ်ချင်း တူသော နောက်ကုသိုလ် ပစ္စယုပ္ပန်တရားအား အဖန်တလဲလဲ လေ့ကျက်အပ်သည် ဖြစ်၍ အားရှိသောကြောင့် ထူးသော မိမိနှင့် တူသော ဇာတ်ရှိသည် အဖြစ်ကို ယူစေခြင်းသည် အာသေဝနပစ္စည်း မည်၏။ ဆိုလိုရင်းကား ရှေးကုသိုလ်စသော ပစ္စည်းတရားသည် နောက်၌ဖြစ်သောကုသိုလ်စသောပစ္စယုပ္ပန်တရားအား မိမိနှင့် တူအောင် အဖန်တလဲလဲ ပြုပြင်ခြင်း ဖြစ်စေခြင်းသည် အာသေဝနပစ္စည်း မည်၏။ ထို့ကြောင့် ယင်းအာသေဝန ပစ္စည်းကား ဇာတ်တူသာလျှင် ကျေးဇူးပြု၏။ ဇာတ်ပြားသော တရားအား ကျေးဇူးမပြု-ဟု မှတ်။

စာမျက်နှာ-၉၇

ပြားသော ဇာတ်ရှိကုန်သော နောက်၌ ဖြစ်ကုန်သော တရားတို့သည်လည်း (မိမိအလိုလို) ထိုပြားသော ဇာတ်ရှိကုန်သော ရှေး၌ ဖြစ်ကုန်သော တရားတို့မှ ပြားသော ဇာတ်ရှိကုန်သော ရှေး၌ ဖြစ်ကုန်သော တရားတို့၏ သဘောကို မယူနိုင်ကုန်သောကြောင့် ပစ္စယုပ္ပန်တရားတို့နှင့် တူသော ဇာတ်ရှိကုန်သော ဇာတ်တူတရားတို့အား ကျေးဇူးပြုကုန်သော ဇာတ်တူပစ္စည်းတရားတို့သည်သာလျှင် အာသေဝနပစ္စည်း မည်၏။

အာသေဝန ပစ္စယုပ္ပန် တရားများ

ထိုအာသေဝန ပစ္စည်းတပ်သော တရားတို့သည် အခြားမဲ့ဖြစ်၍ ချုပ်ကုန်ပြီးသော လောကီကုသိုလ် အကုသိုလ်တရားတို့သည်၎င်း၊ အာဝဇ္ဇန်းကြဉ်သော ကြိယာဇောတို့သည်၎င်း၊ ဖြစ်ကုန်၏-ဟူ၍ မှတ်အပ်၏။

ကမ္မပစ္စည်းအဖွင့်

စိတ်၏အားထုတ်ခြင်း-ဟု ဆိုအပ်သော ဗျာပါရ၏ အဖြစ်ဖြင့် သဟဇာတ တရားတို့အား၎င်း၊ အထူးထူးသော ခဏနှင့်ယှဉ်ကုန်သော ဝိပါက်တို့အား၎င်း၊ ကတ္တာရုပ်တို့အား၎င်း၊ ကျေးဇူးပြုတတ်သော စေတနာသည် ကမ္မပစ္စည်း မည်
မိမိ၏ အားထုတ်ခြင်း မရှိသည်ဖြစ်၍ ငြိမ်သက်စွာ ဖြစ်ခြင်းဖြင့် သဟဇာတ်ဖြစ်သော နာမ်ရုပ်တို့အား အားထုတ်ခြင်း မရှိသည်


၁။ စိတ်၏ အားထုတ်ခြင်း-ဟု ဆိုအပ်သော ဗျာပါရ၏ အဖြစ်ဖြင့် သဟဇာတ်တရားတို့အား၎င်း အထူးထူးသော ခဏနှင့် ယှဉ်ကုန်သော ဝိပါက်တို့၎င်း, ကတ္တာရုပ်အား၎င်း, ကျေးဇူးပြုတတ်သော စေတနာသည် ကမ္မပစ္စည်း မည်၏။
ဆိုလိုရင်း -သစ်ပင်၏ အမြစ်သည် သစ်ပင်နှင့် တကွဖြစ်၍ ထိုသစ်ပင်အား မြဲမြန် ခိုင်ခံ့စေခြင်း ကျေးဇူးပြုသကဲ့သို့ ထို့အတူ ပဝတ္တိအခါ စေတနာသည် သဟဇာတ်ဖြစ်ကုန်သော နာမ်ရုပ်တို့အား ကျေးဇူးပြုသောကြောင့် သဟဇာတကမ္မပစ္စည်း မည်၏။
ကောင်းစွာ လှမ်းစီရင်အပ်သော မျိုးစေ့သည် အပင်အညွှန့်ကို ဖြစ်စေခြင်း ကျေးဇူးပြုသကဲ့သို့ ထိုအတူ အတိတ်ဖြစ်သော ရှေးရှေးဘဝ ကုသိုလ်, အကုသိုလ် စေတနာသည် ပဋိသန္ဓေ ဝိပါက် နာမက္ခန္ဓာ, ကတ္တာရုပ်တို့အား ကျေးဇူးပြုသောကြောင့် နာနာက္ခဏိကကမ္မပစ္စည်း မည်၏-ဟု မှတ်။

စာမျက်နှာ-၉၈

ဖြစ်၍ ငြိမ်သက်စွာ ဖြစ်ခြင်းငှါ ကျေးဇူးပြုတတ်ကုန်သော ဝိပါက်ဖြစ်ကုန်သော စိတ်စေတသိက်တို့သည် ဝိပါကပစ္စည်း မည်၏။ အဘယ့်ကြောင့် ငြိမ်သက်စွာဖြစ်လျက် ကျေးဇူးပြုပါသနည်း-ဟူမူ ထိုဝိပါက်ဖြစ်သော စိတ်စေတသိက်တို့သည် စိတ်ကိုအားထုတ်ခြင်းဟု ဆိုအပ်သော လုံ့လဖြင့် မပြီးစေအပ်သည် အဖြစ်ကြောင့် ကံကို ပြုအပ်သည်ဖြစ်၍ ဝါ-အားထုတ်မှ ပြီးခြင်းကြောင့်သာလျှင် အားထုတ်ခြင်း မရှိသည်ဖြစ်၍ ငြိမ်သက်စွာ ဖြစ်ခြင်းရှိကုန်သောကြောင့် အားထုတ်ခြင်း မရှိသည်ဖြစ်၍ ငြိမ်သက်စွာ ဖြစ်ခြင်းဖြင့် ကျေးဇူးပြုကုန်၏၊ ကိလေသာတို့မှ ငြိမ်းသည်ဖြစ်၍ ငြိမ်သက်သောသဘောမျိုး ရှိကုန်သည် မဟုတ်ကုန်-ဟူလို၊ ထိုစကားမှန်၏၊ ထိုသို့အားထုတ်ခြင်း မရှိသည်ဖြစ်၍ ငြိမ်သက်သော သဘောရှိသည်အဖြစ်ကြောင့်သာလျှင် ဘဝင်အစရှိသည်တို့ကို သိနိုင်ခဲကုန်၏၊ အာရုံ၌ ရှေးရှုကျကာမျှ, အာရုံကို ဝန်ခံကာမျှ အာရုံကို စုံစမ်းကာမျှ ဖြစ်ကုန်သော ဝိပါက်တို့ကိုလည်း သိနိုင်ခဲကုန်၏၊ ဆက်၍ဆိုဦးအံ့—-ပဉ္စဒွါရ၌

ဇာတို့၏ ဖြစ်ခြင်းသာလျှင် ထိုပဉ္စဝိညာဏ် သမ္ပဋိစ္ဆာန် သန္တီရဏ ဟု ဆိုအပ်ကုန်သော ဝိပါက်တို့၏ ရူပါရုံ အစရှိသည်ကို ယူအပ်သည် အဖြစ်ကို သိအပ်၏။

အာဟာရပစ္စည်းအဖွင့်

ရုပ်နာမ်တို့ကို ခိုင်စေတတ်သည် အဖြစ်ဖြင့် ကျေးဇူးပြုတတ်ကုန်သော လေးပါးကုန်သော အာဟာရတို့သည် အာဟာရပစ္စည်း မည်၏၊ ထောက်ပံ့ခိုင်စေတတ်သည် ဟူသောစကားသည် မှန်၏။ ဇနကသတ္တိဖြင့် ကျေးဇူးပြုတတ်သည်၏ အဖြစ်သည် ရှိသော်လည်း ခိုင်စေတတ်သည် အဖြစ်သည်သာ အာဟာရ၏ ပဓာနဖြစ်သော ကိစ္စတည်း၊ ဖြစ်စေတတ်သော်လည်း အာဟာရသည် မပြတ်


၁။ မိမိကို အားထုတ်ခြင်း ဗျာပါရ မရှိသည်ဖြစ်၍ ငြိမ်သက်စွာ ဖြစ်ခြင်းဖြင့် သဟဇာတ်ဖြစ်ကုန်သော နာမ်ရုပ်တို့အား အားထုတ်ခြင်း မရှိသည်ဖြစ်၍ ငြိမ်သက်စွာ ဖြစ်ခြင်းအကျိုး ကျေးဇူးပြုတတ်သော တရားသည် ဝိပါကပစ္စည်း မည်၏။
၂။ ပစ္စယုပ္ပန် ဖြစ်ကုန်သော ရုပ်နာမ်တရားတို့အား ထောက်ပံ့ခိုင်စေတတ်သည် အဖြစ်ဖြင့် ကျေးဇူးပြုတတ်သောကြောင့် အာဟာရလေးပါးသည် အာဟာရပစ္စည်း မည်၏။

စာမျက်နှာ-၉၉

ဖြစ်ခြင်း၏ အစွမ်းဖြင့် ထောက်ပံ့သည်ဖြစ်၍သာလျှင် ဖြစ်စေ၏။ ထို့ကြောင့် ခိုင်စေတတ်သည် အဖြစ်သည်သာလျှင် အာဟာရအဖြစ် မည်၏။

ဣန္ဒြိယပစ္စည်းအဖွင့်

ထိုထိုသော ရူပါရုံကို ရှုခြင်း စသောကိစ္စတို့ကြောင့် အကျိုးပစ္စယုပ္ပန်တရားတို့ကို မိမိသို့ အစဉ်လိုက်စေခြင်း-ဟု ဆိုအပ်သော အစိုးရခြင်းအနက်ဖြင့် ကျေးဇူးပြုတတ်သော တရားသည် ဣန္ဒြိယပစ္စည်း မည်၏။

ဈာနပစ္စည်းအဖွင့်

ကသိုဏ်း အစရှိသော အာရုံသို့ကပ်၍ ကြံခြင်း လက္ခဏာရေး သုံးပါးသို့ ကပ်၍ ကြံခြင်း အစွမ်းအားဖြင့် ကပ်၍ အာရုံကို ကြံတတ်ကုန်သော ဝိတက်အစရှိသည်တို့သည် ဈာနပစ္စည်း မည်၏။

မဂ္ဂပစ္စည်းအဖွင့်

သုဂတိဘဝမှ၎င်း၊ ကုသိုလ်မှ၎င်း၊ ဒုဂ္ဂတိဘဝမှ၎င်း၊ အကုသိုလ်မှ၎င်း၊ ထုတ်ဆောင်တတ်သော အနက်အားဖြင့် ကျေးဇူးပြုတတ်ကုန်သော သမ္မာဒိဋ္ဌိ အစရှိသော တရားတို့သည် မဂ္ဂပစ္စည်း မည်၏။


၁။ ဒဿနစသော ထိုထိုကိစ္စတို့၌ စက္ခုဝိညာဏ်စသော ပစ္စယုပ္ပန်တရားတို့ကို မိမိအလို အစဉ်လိုက်စေခြင်း-ဟု ဆိုအပ်သော အစိုးရသော အဖြစ်ဖြင့် ကျေးဇူးပြုတတ်သောကြောင့် ဣန္ဒြိယပစ္စည်း မည်၏။
၂။ ကသိုဏ်းစသော အာရုံ, တေဘူမကတရားတို့၏ နိစ္စတာစသော လက္ခဏာ, နိဗ္ဗာန်၏ တထလက္ခဏာကို ကပ်၍ကြံခြင်း ရှုခြင်း၏ အစွမ်းဖြင့် ကပ်ရောက်၍ ထိုအာရုံတို့ကို ကြံတတ် ရှုတတ်ကုန်သောကြောင့် ဝိတက် အစရှိကုန်သော ၇-ပါးသော တရားတို့သည် ဈာနပစ္စည်း မည်၏။
၃။ သုဂတိဘုံမှ မကောင်းမှုကို ပြုလေ့ရှိကုန်သော သူတို့ကို ဒုဂ္ဂတိဘုံ၌ ဖြစ်စေသောအားဖြင့် ထုတ်ဆောင်တတ်သော အနက်သဘော, အပါယ်လေးဘုံမှ ကောင်းမှုကို ပြုလေ့ရှိကုန်သော သူတို့ကို သုဂတိဘုံ၌ ဖြစ်စေသောအားဖြင့် ထုတ်ဆောင်တတ်သော အနက်သဘောအားဖြင့် ကျေးဇူးပြုတတ်ကုန်သောကြောင့် သမ္မာဒိဋ္ဌိစသော တရားတို့သည် မဂ္ဂပစ္စည်း မည်၏၊ ဆိုလိုရင်းကား-သုဂတိဘဝမှ၎င်း, ကုသိုလ်မှ၎င်း, ဒုဂ္ဂတိဘဝမှ၎င်း, အကုသိုလ်မှ၎င်း ထွက်မြောက်အောင် ကျေးဇူးပြုတတ်သောကြောင့် မဂ္ဂပစ္စည်း မည်၏ဟူလို။

စာမျက်နှာ-၁၀၀

သမ္ပယုတ္တပစ္စည်းအဖွင့်

ပရမတ္ထအားဖြင့် ပြားကုန်သော်လည်း တူသည် အဖြစ်သို့ ရောက်ကုန်သကဲ့သို့ တူသောဖြစ်ခြင်း အစရှိသည်၏ အဖြစ်-ဟု ဆိုအပ်သော သမ္ပယောဂလက္ခဏာဖြင့် ကျေးဇူးပြုတတ်ကုန်သော နာမ်တရားတို့သည်သာလျှင် သမ္ပယုတ္တပစ္စည်း မည်၏။

ဝိပ္ပယုတ္တပစ္စည်းအဖွင့်

တပါးသည် တပါးနှင့်စပ်သည် အဖြစ်ဖြင့် ယှဉ်ကုန်သော်လည်း ဆိုအပ်ပြီးသော ဧကုပ္ပါဒ အစရှိသော အပြားအားဖြင့် မယှဉ်သည်၏ အဖြစ်ကြောင့် ထူးသည်အဖြစ်သို့ ရောက်သဖြင့် ကျေးဇူးပြုတတ်ကုန်သော ဆဝတ္ထု စိတ်စေတသိက်တို့သည်။ (ဝ-နာမ်နှင့်ရုပ်, ရုပ်နှင့်နာမ်တို့သည်) ဝိပ္ပယုတ္တပစ္စည်း မည်ကုန်၏။

အတ္ထိပစ္စည်းအဖွင့်

ပစ္စုပ္ပန်ကာလ သဘော-ဟု ဆိုအပ်သော ထင်ရှားသည် အဖြစ်ဖြစ်သော တရားကို ခိုင်စေတတ်သည်အဖြစ်ဖြင့် ကျေးဇူးပြုတတ်ကုန်သော “သဟဇာတံ ပုရေဇာတံ”ဤသို့ အစရှိသော အပြားဖြင့် ဆိုလတံ့ကုန်သော တရားတို့သည် အတ္ထိပစ္စည်း မည်၏၊ ထောက်ပံ့ခိုင်စေတတ်သည် အဖြစ်ကို ဆိုရသောအကြောင်းကား-အတ္ထိပစ္စည်း


၁။ ပရမတ္ထအားဖြင့် ကုန်သော်လည်း တူသည်အဖြစ်သို့ ရောက်ကုန်သကဲ့သို့ ဧကုပ္ပါဒ အစရှိသော သမ္ပယောဂလက္ခဏာဖြင့် ကျေးဇူးပြုတတ်ကုန်သောကြောင့် နာမက္ခန္ဓာတရားလေးပါးတို့သည် သမ္ပယုတ္တပစ္စည်း မည်၏။
၂။ တပါးသည် တပါးနှင့် စပ်သည် အဖြစ်ဖြင့် ယှဉ်ကုန်သော်လည်း ဆိုအပ်ပြီးသော ဧကုပ္ပါဒ အစရှိသော လက္ခဏာအားဖြင့် မယှဉ်သည် ဖြစ်၍ မနှီးနှောသည် အဖြစ်ကြောင့် ထူးသည်အဖြစ်သို့ ရောက်သဖြင့် ကျေးဇူးပြုတတ်သော စိတ်စေတသိက်တရားတို့သည် ဝိပ္ပယုတ္တပစ္စည်း မည်၏။
၃။ ပစ္စုပ္ပန် သဘောလက္ခဏာ ရှိသည်၏ အဖြစ်-ဟု ဆိုအပ်သော ထင်ရှားသည် အဖြစ်ကြောင့် ထိုထင်ရှားရှိကုန်သော သဘောရှိကုန်သော တရားတို့ကို ခိုင်စေတတ်သည် အဖြစ်ဖြင့် ကျေးဇူးပြုတတ်ကုန်သော သဟဇာတတ္ထိ စသော ငါးပါးသော တရားတို့သည် အတ္ထိပစ္စည်း မည်၏။

စာမျက်နှာ-၁၀၁

တို့၏ ဖြစ်စေတတ်သော သတ္တိသည် ရှိလင့်ကစား ဌိတိခဏ၌သာလျှင် အတ္ထိပစ္စည်းတို့၏ အစွမ်းသတ္တိသည် လွန်ကဲ၏၊ ထို့ကြောင့် ထိုသတ္တိပစ္စည်းတို့၏ ထောက်ပံ့ခိုင်စေတတ်သည် အဖြစ်ကိုသာလျှင် ယူအပ်၏။

နတ္ထိပစ္စည်းအဖွင့်

တခုသော ဖဿ အစရှိသော တရားအပေါင်းသည် ဖြစ်လတ်သော် နှစ်ခုမြောက်သော ဖဿ အစရှိသော တရားအပေါင်း၏ မရှိခြင်းကြောင့် မိမိ၏ တည်ခြင်းသည် ရှိလတ်သော် ဖြစ်ခြင်းအခွင့်ကို မရကုန်သော မိမိ၏အခြားမဲ့၌ ဖြစ်ဆဲဖြစ်ကုန်သော စိတ်စေတသိက်တို့အား ဖြစ်ရန်အခွင့်ကို ပေးသည်အစွမ်းဖြင့် ကျေးဇူးပြုတတ်ကုန်သော အခြားမဲ့ဖြစ်၍ ချုပ်ကုန်သော စိတ်စေတသိက်တို့သည် နတ္ထိပစ္စည်း မည်၏။

ဝိဂတပစ္စည်းအဖွင့်

စေတသိက်တို့အား မိမိသဘော ကင်းသည်အဖြစ်ဖြင့် ကျေးဇူးပြုတတ်သော တရားတို့သည် ဝိဂတပစ္စည်း မည်၏။


၁။ တခုသော ဖဿ စသော တရားအပေါင်း ဖြစ်နေသည်ရှိသော် နှစ်ခုမြောက်သော ဖဿ စသော တရားအပေါင်း မဖြစ်နိုင်သောကြောင့် မိမိ တည်ရှိနေသဖြင့် ဖြစ်ခွင့် မရကုန်သော မိမိ၏ အခြားမဲ့၌ ဖြစ်လတံ့ကုန်သော စိတ်စေတသိက်တရားတို့အား ဖြစ်ခွင့်ပေးသည်အစွမ်းဖြင့် ကျေးဇူးပြုတတ်ကုန်သော အခြားမဲ့ဖြစ်၍ ချုပ်ကုန်ပြီးသော စိတ်စေတသိက်တရားတို့သည် နတ္ထိပစ္စည်း မည်၏။
၂။ မိမိ၏ ဖုသန စသော သဘောမကင်းသဖြင့် မိမိ၏ အခြားမဲ့၌ မဖြစ်လတံ့ကုန်သော စိတ်စေတသိက်တရားတို့အား မိမိသဘော ကင်းသည်အဖြစ်ဖြင့် ကျေးဇူးပြုတတ်ကုန်သော နတ္ထိပစ္စည်းတရားတို့သည်ပင် ဝိဂတပစ္စည်း မည်၏။
ချုပ်သည်၏ အခြားမဲ့၌ ကင်းဆိတ်သည်၏ အဖြစ်သည် နတ္ထိပစ္စည်း မည်၏။ ချုပ်ခြင်း ဘင်သို့ ရောက်သည်၏ အဖြစ်သည် ဝိဂတပစ္စည်း မည်၏။ (ဤသို့အထူးကိုမှတ်)

စာမျက်နှာ-၁၀၂

အတ္ထိ ပစ္စည်းနှင့် ထူးခြားပုံ

ချုပ်ခြင်းသို့ မရောက်သည် အစွမ်းအားဖြင့် ကျေးဇူးပြုတတ်ကုန်သော အတ္ထိပစ္စည်းတို့သည်သာလျှင် အဝိဂတပစ္စည်း မည်၏။ မိမိ၏ သဘောနှင့် တကွ ဖြစ်သည် အဖြစ်ဖြင့်သာလျှင် ကျေးဇူးပြုတတ်သော တရားသတ္တိသည် အတ္ထိပစ္စည်း၏ သတ္တိ မည်၏။ ချုပ်ခြင်းသို့ မရောက်သည် အစွမ်းဖြင့် ကျေးဇူးပြုတတ်သည် အဖြစ်သည် အဝိဂတပစ္စည်း၏ သတ္တိ မည်၏၊ ဤဆိုအပ်ပြီးသော သတ္တိအထူးကို ထိုပစ္စည်းနှစ်ပါးတို့၏ သရုပ်အထူး မရှိသော်လည်း မှတ်အပ်၏။

ထိုစကားမှန်၏၊ ၂၄-ပါးသော ပစ္စည်းတရားတို့၏ သတ္တိအထူးကို ခပ်သိမ်းသော အခြင်းအရာဖြင့် သိ၍ မြတ်စွာဘုရားသည် ၂၄-ပါးသော ပစ္စည်းတရားတို့ကို ဟောတော်မူအပ်ကုန်၏၊ ဤသို့ မြတ်စွာဘုရား၌ ယုံကြည်သဖြင့် ထိုပစ္စည်းတရားတို့သည် ဤသို့ ထူးကုန်၏-ဟု သုတမယဉာဏ်ကို ဖြစ်စေ၍ စိန္တာမယဉာဏ် ဘာဝနာမယဉာဏ်တို့ဖြင့် ထိုပစ္စည်းတို့၏ အထူးကို သိခြင်း ပြင်းစွာအားထုတ်ခြင်းကို ပြုအပ်၏။

ဆက်၍ ဆိုဦးအံ့ အတ္ထိပစ္စည်း-ဟု ဆိုအပ်သော တရားအပေါင်း၏ မထူးသည် အဖြစ်သည် ရှိသော်လည်း ထိုထိုသိုသော အပြားအားဖြင့် ဝေနေယျသတ္တဝါတို့၏ အစွမ်းအားဖြင့် အောက်၌ ဟောအပ်ပြီးသော်လည်း အတ္ထိပစ္စည်းကို တဖန် အပြားအထူးဖြင့် မြတ်စွာဘုရားသည် ဟောတော်မူအပ်၏၊ အဘယ်ကဲ့သို့နည်း-ဟူမူ အဟေတုကဒုက်ကို ဟောပြီးသော်လည်း ဟေတုဝိပ္ပယုတ္တဒုက်ကို ဟောအပ်သကဲ့သို့တည်း၊ ဤသို့ မှတ်အပ်၏။


၁။ ချုပ်ခြင်းသို့ မရောက်သည် အစွမ်းဖြင့် ကျေးဇူးပြုတတ်ကုန်သော အတ္ထိပစ္စည်းတရားတို့သည်ပင် အဝိဂတပစ္စည်း မည်၏။
အထူးကား ထင်ရှားရှိသော သဘောနှင့် ပြည့်စုံသည် အဖြစ်ဖြင့် ကျေးဇူးပြုတတ်သော အဖြစ်သည် အတ္ထိပစ္စည်း မည်၏၊ ချုပ်ခြင်း ဘင်သို့ မရောက်သည် အစွမ်းဖြင့် ကျေးဇူးပြုတတ်သော အဖြစ်သည် အဝိဂတပစ္စည်း မည်၏။

စာမျက်နှာ-၁၀၃

နိဒ္ဒေသ

၁၈။ ဆဓာ နာမန္တု နာမဿ၊ ပဉ္စဓာ နာမရူပီနံ။
ဧကဓာ ပုန ရှုပဿ၊ ရူပံ နာမဿစေကဓာ။
ပညတ္တိ နာမရူပနိ၊ နာမဿ ဒုဝိဓာ ဒွယံ။
ဒွယဿ နဝဓာ စေတိ၊ ဆဗ္ဗိပစ္စယာ ကထံ။ ။

ဥဒ္ဒေသမှတပါး နိဒ္ဒေသကို ဆိုဦးအံ့—နာမ်သည် နာမ်အချင်းချင်းအား ခြောက်ပါးအပြားဖြင့် ကျေးဇူးပြု၏၊ နာမ်သည် နာမ်ရုပ်တို့အား ငါးပါးသော အခြင်းအရာဖြင့် ကျေးဇူးပြု၏၊ တဖန် နာမ်သည် ရုပ်အား တပါးသော အခြင်းအရာဖြင့် ကျေးဇူးပြုတတ်၏၊ နာမ်ပစ္စည်းတပ်သည်မှတပါး ရုပ်ပစ္စည်းတပ်သည်ကို ဆိုဦးအံ့—ရုပ်သည် နာမ်အား တပါးသောအားဖြင့် ကျေးဇူးပြုတတ်၏၊ ပညတ် နာမ်ရုပ်တို့သည် နာမ်အား နှစ်ပါးသော အခြင်းအရာဖြင့် ကျေးဇူးပြုတတ်ကုန်၏၊ သုဒ္ဓမှတပါး မိဿကကို ဆိုဦးအံ့—နာမ်ရုပ် နှစ်ပါးအပေါင်းသည် နာမ်ရုပ် နှစ်ပါးအပေါင်းအား ကိုးပါးသော အခြင်းအရာဖြင့် ကျေးဇူးပြုတတ်၏၊ ဤသို့ ပစ္စည်းတို့သည် ခြောက်ပါးအပြားအားဖြင့် တည်ကုန်၏။

နိဒ္ဒေသအဖွင့်

၁၈။ လေးပါးသော ခန္ဓာ-ဟု ဆိုအပ်သော နာမ်သည် ထိုသဘောရှိသည်သာလျှင် ဖြစ်သော နာမ်အား ခြောက်ပါးသော အခြင်းအရာတို့ဖြင့် ကျေးဇူးပြု၏၊ ထိုနာမ်သည်ပင်လျှင် အပေါင်းဖြစ်ကုန်သော နာမ်ရုပ်တို့အား ငါးပါးအပြားဖြင့် ကျေးဇူးပြု၏၊ တဖန် ဘူတရုပ် ဥပါဒါရုပ်အားဖြင့် ပြားသော ရုပ်အား တပါးသော အပြားဖြင့် ကျေးဇူးပြု၏၊ ရုပ်သည်လည်း နာမ်အား တပါးသော အားဖြင့် ကျေးဇူးပြု၏၊ ပညတ် နာမ်ရုပ်တို့သည် နာမ်အား နှစ်ပါးသော အပြားဖြင့် ကျေးဇူးပြုကုန်၏၊ နာမ်ရုပ် နှစ်ပါးအပေါင်းသည် ထိုသို့သဘောရှိသော

စာမျက်နှာ-၁၀၄

နာမ်ရုပ် နှစ်ပါးအပေါင်းအား ကိုးပါးအပြားဖြင့် ကျေးဇူးပြု၏၊ ဤသို့ ပစ္စည်းတို့သည် ခြောက်ပါးအပြားဖြင့် တည်ကုန်၏။

နာမ်သည် နာမ်အားကျေးဇူးပြုပုံ ၆-ပစ္စည်း

၁၉။ ။အနန္တရ နိရုဒ္ဓါ စိတ္တ စေတသိကာ ဓမ္မာ ပစ္စုပ္ပန္နာနံ စိတ္တ စေတသိကာနံ ဓမ္မာနံ အနန္တရ သမနန္တရ နတ္ထိ ဝိဂတဝသေန, ပုရိမာနိ ဇဝနာနိ ပစ္ဆိမာနံ ဇဝနာနံ အာသေဝန ဝသေန သဟဇာတ စိတ္တ စေတသိကာ ဓမ္မာ အညမညံ သမ္ပယုတ္တ ဝသေန တိ စ ဆဓာ နာမံ နာမဿ ပစ္စယာ ဟောတိ။

ဆဓာအရ အကျယ်ချ၍ ပြဦးအံ့—အခြားမဲ့ဖြစ်၍ ချုပ်ကုန်ပြီးသော စိတ် စေတသိက်ဖြစ်ကုန်သော ရဟန္တာတို့၏ စုတိကြဉ်သော စိတ်တခုယုတ် ကိုးဆယ်, စေတသိက် ဒွေပညာသ နာမက္ခန္ဓာတို့သည် မိမိအတူလိုက်၍ ဖြစ်ကုန်သော စိတ်, စေတသိက်ဖြစ်ကုန်သော ရဟန္တာတို့၏ စုတိစိတ်နှင့် တကွ စိတ်တခုယုတ် ကိုးဆယ်, စေတသိက်ဒွေပညာသ နာမက္ခန္ဓာတို့အား အနန္တရ, သမနန္တရ, နတ္ထိ, ဝိဂတ သတ္တိဖြင့် ကျေးဇူးပြုကုန်၏၊ ရှေး၌ ဖြစ်ကုန်သော အဆုံးဇော မဂ် ဖိုလ်ကြဉ်သော ဇော သတ္တ စတ္တာလီသ, စေတသိက်ဒွေပညာသ နာမက္ခန္ဓာတို့သည် နောက်


၁-(၁) နာမ်သည် နာမ်အချင်းချင်းအား သတ္တိ ၆-မျိုး ၆-နည်း ၆-ပစ္စည်းဖြင့် ကျေးဇူးပြု၏။
(၂) နာမ်သည် နာမ်နှင့် ရုပ်အား သတ္တိ ၅-မျိုး ၅-နည်း ၅-ပစ္စည်းဖြင့် ကျေးဇူးပြု၏။
(၃) နာမ်သည် ရုပ်အား သတ္တိ ၁-မျိုး ၁-နည်း ၁-ပစ္စည်းဖြင့် ကျေးဇူးပြု၏။
(၄) ရုပ်သည် နာမ်အား သတ္တိ ၁-မျိုး ၁-နည်း ၁-ပစ္စည်းဖြင့် ကျေးဇူးပြု၏။
(၅) ပညတ်နှင့် နာမ်ရုပ်တို့သည် နာမ်အား သတ္တိ ၂-မျိုး ၂-နည်း ၂-ပစ္စည်းဖြင့် ကျေးဇူးပြု၏။
(၆) နာမ်ရုပ် ၂-ပါးသည် နာမ်ရုပ် ၂-ပါးအား သတ္တိ ၉-မျိုး ၉-နည်း ၉-ပစ္စည်းဖြင့် ကျေးဇူးပြု၏။
ဤစကားသည် ဆိုလတံ့စကား၏ မာတိကာစကားမျှ ဖြစ်သည်။

စာမျက်နှာ-၁၀၅

နောက်၌ ဖြစ်ကုန်သော ပဌမဇော ဖိုလ်ဇောကြဉ်သော ဇောဧကပညာသ, စေတသိက် ဒွေပညာသ နာမက္ခန္ဓာတို့အား အာသေဝန သတ္တိဖြင့် ကျေးဇူးပြုကုန်၏၊ တကွဖြစ်ကုန်သော စိတ် စေတသိက်တရားတို့သည် အချင်းချင်းအား သမ္ပယုတ္တသတ္တိဖြင့် ကျေးဇူးပြုကုန်၏၊ ဤသို့နာမ်သည် နာမ်အချင်းချင်းအား ခြောက်ပါးသော အခြင်းအရာဖြင့် ကျေးဇူးပြု၏။

နာမ်သည် နာမ်အား ကျေးဇူးပြုပုံ ၆-ပစ္စည်းအဖွင့်

ကံ၏ အဟုန်သည် ပစ်ချအပ်သည်ဖြစ်၍ ကျသကဲ့သို့ ဖြစ်၍ဖြစ်သော ဝိပါက်ဖြစ်သော အဗျာကတသည် မိမိ၏သဘောကို ယူ၍ အဖန်တလဲလဲ ထုံ၍ တပါးသော ဝိပါက်ဖြစ်သော အဗျာကတကို မဖြစ်စေတတ်၊ ရှေး၌ဖြစ်သော ဝိပါက်၏ အာနုဘော်ကို ယူ၍လည်း မဖြစ်၊ “န မဂ္ဂ။ပ။ ဧကံ”ဟူ၍ ပဋ္ဌာန်း၌ ဘုရားဟောတော်မူခြင်းကြောင့် အဟိတ်ကြိယာတို့တွင် ဟသိတုပ္ပါဒ်၏သာလျှင် ဆရာတို့သည် အာသေဝန၏ အဖြစ်ကို ထုတ်ခြင်းကြောင့် အာဝဇ္ဇန်းဒွေးသည် အာသေဝနပစ္စည်း မဖြစ်၊ ထို့ကြောင့် ထိုတို့သည် သာလျှင် အာသေဝနပစ္စည်း အဖြစ်သို့ ရောက်ကုန်၏၊ ထို့ကြောင့်


နာမ်သည် နာမ်အား ကျေးဇူးပြုပုံ
၁-ဝီထိစိတ် အစဉ်ဝယ် ရှေးရှေးချုပ်ကုန်သော စိတ် စေတသိက် နာမ်တရားတို့သည် နောက်နောက်မှ ဆက်၍ဖြစ်ကုန်သော စိတ် စေတသိက် နာမ်တရားတို့အား အနန္တရမျိုးဖြစ်၍ အနန္တရပစ္စည်း, သမနန္တရပစ္စည်း, နတ္ထိပစ္စည်း, ဝိဂတပစ္စည်းအားဖြင့် ကျေးဇူးပြုကုန်၏။

ဇော ၇-ကြိမ် ဇောရာ၌ ရှေး နာမ်တရားတို့သည် နောက်ဇော နာမ်တရားတို့အား ဆိုအပ်ပြီးသော အနန္တရ စသော ၄-ပစ္စည်းအပြင် အာသေဝနပစ္စည်းအားဖြင့်လည်း ကျေးဇူးပြုနိုင်၏။ ။

“ဝီထိစိတ် တခုတခု ဖြစ်သော စိတ် စေတသိက် နာမ်တရားများသည် သဟဇာတမျိုးဖြစ်၍ သမ္ပယုတ္တပစ္စည်းဖြင့် ကျေးဇူးပြု၏၊ ဤသို့ နာမ်သည် နာမ်အချင်းချင်း ကျေးဇူးပြုရာ၌ အနန္တရ, သမနန္တရ, နတ္ထိ, ဝိဂတ, အာသေဝန, သမ္ပယုတ္တ-ဟု ဆိုအပ်သော ခြောက်ပစ္စည်းအားဖြင့် ကျေးဇူးပြုတတ်၏-ဟူလို။ သမ္ပယုတ္တပစ္စည်းကိုသာ ဆိုသော်လည်း သဟဇာတမျိုးဖြစ်၍ သဟဇာတ, အညမည, နိဿယ, ဝိပါက, သမ္ပယုတ္တ, အတ္ထိ, အဝိဂတ သော ပစ္စည်းများပါ ဖြစ်သင့် ကျေးဇူးပြုသင့်သည်-ဟုမှတ်။

စာမျက်နှာ-၁၀၆

ပုရိမာနိ ဇဝနာနိ ၏ အစရှိသော စကားကို မိန့်ဆိုတော်မူ၏၊ ဤ “ပုရိမာ ဇဝနာနိ” ဟူသော စကား၌ ဇဝနာနိ-ဟု သာမညဆိုသော်လည်း လောကီကုသိုလ် အကုသိုလ် အဗျာကတာတို့ကို သာလျှင် မှတ်အပ်ကုန်၏။ အဘယ့်ကြောင့် လောကီဇောတို့ကိုသာလျှင် မှတ်အပ်ကုန်သနည်း-ဟူမူ လောကုတ္တရာတို့၏ အာသေဝနပစ္စည်းတတ်သည်အဖြစ်ကို ပဋ္ဌာန်း၌ မြတ်စွာဘုရားသည် မထုတ်အပ်သည်အဖြစ်ကြောင့် လောကီဇောတို့ကိုသာလျှင် မှတ်အပ်ကုန်၏။

ထို့ကြောင့် ပဋ္ဌာန်းအဋ္ဌကထာ၌ “လောကုတ္တရော ပန အာသေဝနပစ္စယော နာမ နတ္ထိ” ဟူသော စကားကို မိန့်ဆိုအပ်၏။ အဘယ့်ကြောင့် လောကုတ္တရာဇောသည် အာသေဝနပစ္စည်း မတတ်ပါသနည်း-ဟူမူ၊ ထိုလောကုတ္တရာဇောတို့တွင် ကုသိုလ်ဇောသည် ပြားသောဇာတ်ရှိသော ဖိုလ်ဇော၏ သွားဖြစ်သည်အဖြစ်ကြောင့် ထိုဖိုလ်ဇောကို အာသေဝနသတ္တိကို မယူစေနိုင်။ ဖိုလ်စိတ်တို့သည်လည်း ဇော၏ အစွမ်းဖြင့် ဖြစ်ကုန်သော်လည်း ဝိပါက်


၁။ ပုရိမာနိ ဇဝနာနိ-အရ အဆုံးဇော, မဂ်, ဖိုလ်ဇော ကြဉ်အပ်ကုန်သော ဇော ၄၇-ပါး, စေတသိက် ၅၂-ပါးကိုယူ။
ပစ္ဆိမာနံ ဇဝနာနံ-အရ ပဌမဇော, ဖိုလ်ဇော ကြဉ်အပ်ကုန်သော ဇော ၅၁-ပါး, စေတသိက် ၅၂-ပါးကိုယူ။

အဘယ့်ကြောင့် ဇောသည်သာ အာသေဝနပစ္စည်း တတ်နိုင်၍ ဝိပါက်နှင့် အာဝဇ္ဇန်းဒွေးတို့သည် အာသေဝနပစ္စည်း မတတ်နိုင်ပါသနည်း-ဟူမူ၊ ကံ၏အစွမ်းကြောင့် ဝိပါက်အဖြစ်သို့ ရောက်လာသော ဝိပါက်အဗျာကတတရားသည် ကံ၏အဟုန်သည် ပစ်ချအပ်သည်ဖြစ်၍ ကျသကဲ့သို့ဖြစ်၍ မိမိသဘောကို ယူစေ, ထုံစေလျက် နောက်ဖြစ်သော ဝိပါက်အဗျာကတတရားကို မဖြစ်စေနိုင်၊ နောက်ဖြစ်သော ဝိပါက်အဗျာကတသည်လည်း ရှေးဖြစ်သော ဝိပါက်အဗျာကတ၏ အစွမ်းကို ယူ၍ ကျေးဇူးမပြုနိုင်သောကြောင့် ဝိပါက်သည် အာသေဝနပစ္စည်း မတတ်နိုင်။ အဟိတ်ကြိယာတို့တွင် ဟသိတုပ္ပါဒ် တစ်ပါးသာ အာသေဝနပစ္စည်း တတ်နိုင်၏-ဟု ဟော၍ ကြွင်းသော အာဝဇ္ဇန်းဒွေးကို မဟောသောကြောင့် အာဝဇ္ဇန်းဒွေးသည် အာသေဝနပစ္စည်း မတတ်နိုင်-ဟု မှတ်။

လောကုတ္တရာဇောတို့သည်လည်း အာသေဝနပစ္စည်းအဖြစ်ဖြင့် မြတ်စွာဘုရား မဟောသောကြောင့် အာသေဝနပစ္စည်း မတတ်ကုန်။

ဂေါတြဘု ဝေါဒါန်တို့ကား ဘုံ အာရုံတို့၏ အစွမ်းဖြင့် ဇာတ်ကွဲပြားခြင်းကို ဤ၌ အလိုမရှိသောကြောင့် မဂ်အား အာသေဝနပစ္စည်း တတ်နိုင်၏-ဟုမှတ်။

စာမျက်နှာ-၁၀၇

အဗျာကတ ဆိုအပ်ပြီးသော နည်းဖြင့် အာသေဝနသတ္တိကို မယူကုန်၊ တစ်ပါးသော ဝိပါက်ဖြစ်သော ဇောကိုလည်း မယူစေကုန်၊ ထို့ကြောင့် လောကုတ္တရာဇောတို့သည် အာသေဝနပစ္စည်း မတတ်ကုန်-ဟူလို။ “အာသေဝနပစ္စယေန ဝိမုတ္တံ ဇဝနံ နတ္ထိ” ဟူ၍ ဆရာဓမ္မပါလမထေရ်သည် အကြင်စကားကို ဆိုအပ်၏၊ ထိုစကားကိုလည်း ယေဘုယျအစွမ်းဖြင့် ဆိုအပ်သော စကား-ဟု သိအပ်၏။

ဤမှတစ်ပါးသော လောကုတ္တရာဇောတို့၏လည်း အာသေဝနပစ္စည်းတတ်သည်အဖြစ်ကြောင့် “အာသေဝနပစ္စယဝိမုတ္တိ” ဟူသော စကားကို ဆိုအပ်သည်ရှိသော် ဆရာဓမ္မပါလမထေရ်၏ မဆင်မခြင်ဆိုတတ်သော ဆရာ၏အဖြစ်သို့ ရောက်သည်ဖြစ်ရာ၏။ မဂ်သည်ကား-ဂေါတြဘုမှ အဖန်တလဲလဲ ထုံခြင်းကို မယူ-ဟု ဆိုဘွယ်စကားသည် မရှိ၊ အဘယ့်ကြောင့် မယူသနည်းဆိုသော် ဘုံ အစရှိသည်တို့၏အစွမ်းဖြင့် အထူးထူးသော ဇာတ်ရှိသည်အဖြစ်ကို မလိုအပ်သည်အဖြစ်ကြောင့် မယူ-ဟူလို။ ထို့ကြောင့်သာလျှင် ပဋ္ဌာန်း၌ “ဂေါတြဘူ မဂ္ဂဿ အာသေဝနပစ္စယေန ပစ္စယော၊ ဝေါဒါနံ မဂ္ဂဿ အာသေဝနပစ္စယေန ပစ္စယော” ဟု မြတ်စွာဘုရားသည် ဟောတော်မူအပ်၏။ ဧကုပ္ပါဒ အစရှိသော လေးပါးအပြားရှိသော သမ္ပယောဂလက္ခဏာ မရှိခြင်းကြောင့် စိတ်နှင့်တကွ ဖြစ်ကုန်သော်လည်း ရုပ်တရားတို့၏ သမ္ပယုတ္တပစ္စည်းအဖြစ်သည် မရှိ၊ ထို့ကြောင့် “စိတ္တစေတသိကာ ဓမ္မာ အညမညံ” ဟု မိန့်ဆိုအပ်၏။

နာမ်သည် နာမ်အား ကျေးဇူးပြုပုံ ၅-ပစ္စည်း

၂၀။ ဟေတု ဈာနင်္ဂမဂ္ဂင်္ဂါနိ သဟဇာတာနံ နာမရူပါနံ ဟေတာဒိဝသေန, သဟဇာတာ စေတနာ သဟဇာတာနံ နာမရူပါနံ နာနာက္ခဏိကာ စေတနာ ကမ္မာဘိနိဗ္ဗတ္တာနံ နာမရူပါနံ ကမ္မဝသေန ဝိပါကက္ခန္ဓာ အညမညံ သဟဇာတာနံ ရူပါနံ ဝိပါကဝသေနေတိ စ ပဉ္စ နာမံ နာမရူပါနံ ပစ္စယော ဟောတိ။

စာမျက်နှာ-၁၀၈

ဟိတ်, ဈာနင်, မဂ္ဂင်တို့သည် တကွဖြစ်ကုန်သော နာမ်ရုပ်တို့အား ဟေတုသတ္တိ၊ ဈာနသတ္တိ မဂ္ဂသတ္တိဖြင့် ကျေးဇူးပြုတတ်ကုန်၏။ တကွဖြစ်သော စိတ်တစ်ခုယုတ် ကိုးဆယ်၌ရှိသော စေတနာတစ်ခုယုတ် ကိုးဆယ်သည် တကွဖြစ်ကုန်သော စိတ်တစ်ခုယုတ် ကိုးဆယ်, စေတနာကြဉ်သော စေတသိက် ဧကပညာသ, စိတ္တဇရုပ် ပဋိသန္ဓေ ကမ္မဇရုပ်တို့အား သဟဇာတကမ္မသတ္တိဖြင့် ကျေးဇူးပြု၏။ အထူးထူးသော ကာလ၌ တည်သော အတိတ်ဖြစ်သော ကုသိုလ် အကုသိုလ် စေတနာ ၃၃-ခုသည် ကံ-ဟု ဆိုအပ်သော မိမိကြောင့် ဖြစ်ကုန်သော ဝိပါက် ဆတ္တိံသ နာမက္ခန္ဓာ, ပဋိသန္ဓေ ကမ္မဇရုပ်, အသညသတ် ကမ္မဇရုပ်, ပဝတ္တိ ကမ္မဇရုပ်တို့အား နာနာက္ခဏိက ကမ္မသတ္တိဖြင့် ကျေးဇူးပြု၏။ ဝိပါက် ဆတ္တိံသ နာမက္ခန္ဓာ လေးပါးတို့သည် တစ်ပါးသည် တစ်ပါးအား၎င်း၊ တကွဖြစ်ကုန်သော ဝိညတ်ဒွေးကြဉ်သော စိတ္တဇရုပ် ပဋိသန္ဓေကမ္မဇရုပ်တို့အား၎င်း၊ ဝိပါကသတ္တိဖြင့် ကျေးဇူးပြုကုန်၏။ ဤသို့ နာမ်သည် နာမ်ရုပ်တို့အား ငါးပါးသော အခြင်းအရာဖြင့် ကျေးဇူးပြု၏။

နာမ်သည် ရုပ်အား ကျေးဇူးပြုပုံ ၅-ပစ္စည်း

၂၀။ ဟေတု။ ပ။ နာမရူပါနံ-ဟူသည်ကား၊ သုံးပါးကုန်သော ထိုဟိတ်, ဈာနင်, မဂ္ဂင်တို့သည် ပဋ္ဌာန်းအခါ၌ ကံကြောင့်ဖြစ်ကုန်သော ရုပ်တို့အား၎င်း၊ ပဝတ္တိအခါ၌ စိတ်ကြောင့်ဖြစ်သော ရုပ်တို့အား၎င်း၊ ပဋ္ဌာန်း ပဝတ္တိအခါ နှစ်ပါးပေါင်း၌ တကွဖြစ်ကုန်သော နာမ်တို့အား၎င်း၊ ဟေတု အစရှိသော သတ္တိဖြင့် ကျေးဇူးပြုကုန်၏၊ ထိုစကားမှန်၏၊ “သဟဇာတရူပန္တိ။ ပ။ စိတ္တသမုဋ္ဌာနာနံ” ဟူ၍ အရှင်အနုရုဒ္ဓဆရာသည်ပင် ဆိုတော်မူလတံ့။


၁။ ဟေတုဈာနင်္ဂမဂ္ဂင်္ဂါနိ-အရ ဟေတုပစ္စည်း, ဈာနပစ္စည်း, မဂ္ဂပစ္စည်း တရားတို့သည် မိမိနှင့်တကွဖြစ်သော စိတ် စေတသိက် နာမ်တရားတို့အား၎င်း, ပဋ္ဌာန်းအခါ၌ ကမ္မဇရုပ် တရားတို့အား၎င်း, ပဝတ္တိအခါ၌ စိတ္တဇရုပ် တရားတို့အား၎င်း ဟေတုသတ္တိ, ဈာနသတ္တိ, မဂ္ဂသတ္တိဖြင့် ကျေးဇူးပြုကုန်၏-ဟူလို။

စာမျက်နှာ-၁၀၉

သဟဇာတာ စေတနာ-ဟူသည်ကား၊ ယုတ်သောအပိုင်းအခြားအားဖြင့် စက္ခုဝိညာဏ် အစရှိသည်တို့နှင့် တကွဖြစ်သော စေတနာတည်း။ သဟဇာတာနံ နာမရူပါနံ-ဟူသည်ကား၊ အလုံးစုံလည်းဖြစ်သော စေတနာသည် နာမ်တို့အား၎င်း၊ ပဋ္ဌာန်းနှင့်တကွဖြစ်သော စေတနာသည် ကမ္မဇရုပ်တို့အား၎င်း၊ ပဝတ္တိအခါ၌ ရုပ်ကိုဖြစ်စေတတ်သော စိတ်နှင့်တကွဖြစ်သော စေတနာသည် စိတ္တဇရုပ်တို့အား၎င်း၊ ကျေးဇူးပြု၏။ နာနာက္ခဏိကစေတနာ-ဟူသည်ကား ဝိပါက်ခဏမှ အထူးထူးပြားသော ခဏ၌ အတိတ်အစရှိသော ဘဝတို့၌ဖြစ်သော ကုသိုလ် အကုသိုလ်စေတနာတည်း။ နာမရူပါနံ ဟူသည်ကား၊ ပဋ္ဌာန်း ပဝတ္တိ နှစ်ပါးစုံ၌လည်း နာမ်ရုပ်တို့အား ကျေးဇူးပြု၏။ ဝိပါကက္ခန္ဓာ ဟူသည်ကား၊ ဝါ-ဟူသော ပုဒ်ကို ပဋ္ဌာန်းဝိညာဏ် အစရှိကုန်သော ဝိပါက်နာမ်ခန္ဓာတို့သည်-ဟု အနက်ပေး။ အဘယ့်ကြောင့် နာမ်ခန္ဓာကိုသာ ယူအပ်ပါသနည်းဟူမူ၊ ကံကြောင့်ဖြစ်သော ရုပ်သည်လည်း ဝိပါက်ဟူသော ခေါ်ဝေါ်ခြင်းကို မရပေ၊ ထို့ကြောင့် နာမ်ခန္ဓာကိုသာ ယူအပ်၏-ဟူလို။ ရုပ်တရားသည် အဘယ့်ကြောင့် ဝိပါက် မမည်ပါနည်းဟူမူ၊ နာမ်တရား၏အဖြစ်ဖြင့်၎င်း၊ အာရုံကို ယူတတ်သည်အဖြစ်ဖြင့်၎င်း၊ ကံနှင့်တူကုန်သော နာမ်တရားတို့၌သာလျှင် ဝိပါကသဒ္ဒါ၏ ထင်သည်အဖြစ်ကြောင့် မရပေ-ဟူလို။


၁။ သဟဇာတာ စေတနာ-အရ ပဝတ္တိအခါ စိတ်တစ်ခုယုတ်ကိုးဆယ်နှင့် ယှဉ်သော စေတနာသည် မိမိနှင့်အတူတကွဖြစ်သော နာမ်တို့အား၎င်း, ပဋ္ဌာန်းစိတ်နှင့် တကွဖြစ်သော စေတနာသည် ကမ္မဇရုပ်အား၎င်း, ပဝတ္တိအခါ ရုပ်ကိုဖြစ်စေနိုင်သော စိတ်နှင့်တကွဖြစ်သော စေတနာသည် စိတ္တဇရုပ်အား၎င်း သဟဇာတ, ကမ္မသတ္တိဖြင့် ကျေးဇူးပြု၏-ဟူလို။
၂။ နာနာက္ခဏိကစေတနာ-အရ အထူးထူးသော ကာလ၌ တည်သော အတိတ်ဘဝဖြစ်သော ကုသိုလ် အကုသိုလ် စေတနာ ၃၃-ခုသည် ကံကြောင့်ဖြစ်ကုန်သော ဝိပါက် ဆတ္တိံသ နာမက္ခန္ဓာ, ပဋ္ဌာန်း ကမ္မဇရုပ်စသော နာမ်ရုပ်တို့အား နာနာက္ခဏိက ကမ္မပစ္စည်းဖြင့် ကျေးဇူးပြု၏။
၃။ ဝိပါက် ဆတ္တိံသ နာမက္ခန္ဓာ လေးပါးတို့သည် ဝိပါက်အချင်းချင်းအား၎င်း, ဝိပါက်နှင့်အတူဖြစ်ကုန်သော ဝိညတ်ဒွေးကြဉ်သော စိတ္တဇရုပ်, ပဋ္ဌာန်းကမ္မဇရုပ်တို့အား၎င်း, ဝိပါကပစ္စည်းဖြင့် ကျေးဇူးပြုကုန်၏။ ဤသို့ နာမ်သည် နာမ်ရုပ်တို့အား ဟေတု, ဈာန, မဂ္ဂ, ကမ္မ, ဝိပါက်အားဖြင့် ငါးမျိုး ငါးနည်းဖြင့် ကျေးဇူးပြု၏-ဟူလို။

စာမျက်နှာ-၁၁၀

နာမ်သည် ရုပ်အား ကျေးဇူးပြုပုံ ၁-ပစ္စည်း

၂၁။ ပစ္ဆာဇာတာ စိတ္တစေတသိကာ ဓမ္မာ ပုရေဇာတဿ ဣမဿ ကာယဿ ပစ္ဆာဇာတ ဝသေနေတိ ဧကဓာဝ နာမံ ရူပဿ ပစ္စယော ဟောတိ။

နောက်နောက်၌ ဖြစ်ကုန်သော စိတ်စေတသိက် ဖြစ်ကုန်သော ပဉ္စဝေါကာရဘုံ၌ ဖြစ်ခိုက် ဖြစ်နေ အရူပဝိပါက် လေးခု ကြဉ်သော ပဌမဘဝင် အစရှိသော နောက်နောက်သော စိတ် ၇၅-ခု, စေတသိက် ၅၂-ပါး နာမက္ခန္ဓာတို့သည် ရှေးရှေး၌ ဖြစ်သော ဤသို့ သဘောရှိသော ပဋ္ဌာန်း အစရှိသော ရှေးရှေးသော စိတ်နှင့်အတူ ဥပါဒ်၍ ရုပ်၏ ဌိသို့ ရောက်သော ဧကဇကာယ, ဒွိဇကာယ, တိဇကာယ, စတုဇကာယအား ပစ္ဆာဇာတသတ္တိဖြင့် ကျေးဇူးပြုကုန်၏၊ ဤသို့ နာမ်သည် ရုပ်အား တစ်ခုသော အခြင်းအရာအားဖြင့် ကျေးဇူးပြု၏။

နာမ်သည် ရုပ်အား ကျေးဇူးပြုပုံ ၁-ပစ္စည်း အဖွင့်

၂၁။ ပုရေဇာတဿ ဣမဿ ကာယဿ-ဟူသည်ကား ဝါ-ဟူသော ပုဒ်ကို ပစ္စည်းတရားမှ ရှေး၌ဖြစ်သော ဤရုပ်အား-ဟု အနက်ပေး။ အဘယ်သို့လျှင် ပစ္စယုပ္ပန်တရား၏ ရှေး၌ဖြစ်လျက် နောက်၌ဖြစ်သော နာမ်တရား၏ ပစ္စည်း၏အဖြစ်သည် အညို ဖြစ်နိုင်ပါသနည်း။ ဤသို့ မေးလတ်သော် “ပစ္ဆာဇာတပစ္စယော အသတိ သန္တာနဋ္ဌိတိဟေတုကဘာဝံ အာဂစ္ဆန္တဿ” ဟု ငါသည်


၁။ နောက်၌ဖြစ်သော ပစ္ဆာဇာတပစ္စည်းသည် ရှေး၌ဖြစ်သော ရူပကာယကို ခိုင်စေခြင်း၌ ရူပကာယအစဉ် မပြတ်ဖြစ်ခြင်း၏အကြောင်း ဖြစ်သောကြောင့် နောက်မှ ဖြစ်ပေါ်လာသော ဝီထိစိတ်ပစ္စည်းတရားသည် ရှေးဝီထိစိတ်နှင့် တပြိုင်နက် ဖြစ်နှင့်ပြီးသော ရုပ်ပစ္စယုပ္ပန်တရားအား ကျေးဇူးပြု၏။ ဤသို့ ပစ္ဆာဇာတပစ္စည်းတည်းဟူသော နာမ်သည် ရုပ်အား ပစ္ဆာဇာတပစ္စည်းအားဖြင့် ကျေးဇူးပြု၏-ဟူလို။

စာမျက်နှာ-၁၁၁

ဆိုအပ်သည် မဟုတ်ပါလော၊ ထို့ကြောင့် ရူပကာယ၏ အစဉ်မပြတ်ဖြစ်ခြင်း၏အကြောင်းဖြစ်ခြင်း ရူပကာယကို ခိုင်စေခြင်းသည် ဤပစ္ဆာဇာတပစ္စည်း၏ ကိစ္စတည်း၊ ထို့ကြောင့် တစ်စုံတစ်ခုသော ဆန့်ကျင်ဘွယ်သည် မရှိ၊ ဤသို့ ဖြေဆိုအပ်၏။

ရုပ်သည် နာမ်အား ကျေးဇူးပြုပုံ ၁-ပစ္စည်း

၂၂။ (က) ဆ ဝတ္ထုနိ ပဝတ္တိယံ သတ္တန္နံ ဝိညာဏ ဓာတူနံ ပဉ္စာရမ္မဏာနိ စ ပဉ္စဝိညာဏဝီထိယာ ပုရေဇာတ ဝသေနေတိ ဧကံ ရူပံ နာမဿ ပစ္စယော ဟောတိ။

ခြောက်ပါးသော ဝတ္ထုတို့သည်-မန္ဒာယုက, မန္ဒာယုက, မဇ္ဈိမာယုကအားဖြင့် သုံးပါးတို့တွင် မဇ္ဈိမာယုကဖြစ်၍ အတီတဘဝင် တစ်ချက်လွန်နှင့် ဥပါဒ်ပြိုင်သော စက္ခုဝတ္ထု။ ပ။ ကာယဝတ္ထု, ပဋ္ဌာန်း အစရှိသော ရှေးရှေးသော စိတ်နှင့်အတူ ဥပါဒ်သော ဟဒယဝတ္ထု, နိရောဓသမာပတ်မှ ထသောအခါ ရှေးဖြစ်သော ဟဒယဝတ္ထု, မရဏာသန္ဓေအခါ စုတိမှ ပြန်၍ရေသော် ၁၇-ချက်မြောက်သော စိတ်နှင့်အတူ ဥပါဒ်သော ဟဒယဝတ္ထု-ဟု ဆိုအပ်သော ခြောက်ပါးသော ဝတ္ထုရုပ်တို့သည် ပဝတ္တိအခါ၌ ၇-ပါးကုန်သော ဝိညာဏဓာတ်တို့အား ဝတ္ထုပုရေဇာတသတ္တိဖြင့် ကျေးဇူးပြုကုန်၏၊ အာရုံ ၅-ပါးတို့သည် ပဉ္စဝိညာဏဝီထိအားလည်း အာရမ္မဏပုရေဇာတသတ္တိဖြင့် ကျေးဇူးပြုကုန်၏၊ ဤသို့ ရုပ်သည် နာမ်အား တစ်ခုသော အခြင်းအရာအားဖြင့်သာလျှင် ကျေးဇူးပြု၏။

ရုပ်သည် နာမ်အား ကျေးဇူးပြုပုံ ၁-ပစ္စည်း အဖွင့်

၂၂။ [က] ပဋ္ဌာန်းအခါ၌ စက္ခု အစရှိသော ဝတ္ထုတို့၏ မဖြစ်ခြင်းကြောင့် ပဋ္ဌာန်းအခါ၌ စက္ခု အစရှိသော ဝတ္ထုတို့၏ ဖြစ်ခြင်းသည် ရှိသော်လည်း ထိုထိုဝိညာဏ်တို့အား ပုရေဇာတ

စာမျက်နှာ-၁၁၂

ပစ္စည်း၏အဖြစ်သို့ မရောက်ခြင်းကြောင့်၎င်း၊ ပဋ္ဌာန်းဝိညာဏ်နှင့် တကွဖြစ်သော ဟဒယဝတ္ထု၏လည်း ပုရေဇာတသတ္တိဖြင့် ကျေးဇူးပြုတတ်သည်၏အဖြစ် မရှိခြင်းကြောင့်၎င်း၊ “ဆ ဝတ္ူနိ ပဝတ္တိယံ” ဟူသော ဤစကားကို မိန့်ဆိုအပ်၏။

“ပဉ္စာရမ္မဏာနိ ပဉ္စဝိညာဏဝီထိယာ” ဟူသော ဤစကားကိုလည်း အာရမ္မဏပုရေဇာတနိဒ္ဒေသ၌ လာသော အာရမ္မဏပုရေဇာတပစ္စည်းကို ရည်၍ ဆိုအပ်၏၊ စင်စစ်အားဖြင့်ကား ပဉ္စာဒွါရ၌ “သေက္ခာ ဝါ ပုထုဇ္ဇနာ ဝ စက္ခုံ အနိစ္စတော, ဒုက္ခတော, အနတ္တတော ဝိပဿန္တိ” ဤသို့ အစရှိသော ပါဌ်ဖြင့် အာရမ္မဏပုရေဇာတသာမညအားဖြင့် ပစ္စုပ္ပန် စက္ခုဝတ္ထုကိုလည်း ယူအပ်သည်အဖြစ်ကြောင့် မနောဝိညာဏဝီထိအား အာရမ္မဏပုရေဇာတပစ္စည်းတတ်သော ဓမ္မာရုံကိုလည်း ရအပ်၏။ ဆက်၍ ဆိုဦးအံ့—ပစ္စုပ္ပန်ဖြစ်သော အကြင်ဓမ္မာရုံကို ယူ၍ မနောဒွါရဝီထိသည်ဖြစ်၏။ ထိုဓမ္မာရုံသည် ထိုမနောဒွါရဝီထိအား အာရမ္မဏပုရေဇာတဖြစ်၏၊ ဤသို့ ဤပစ္စုပ္ပန် ဓမ္မာရုံ၏လည်း မနောဝိညာဏဝီထိအား အာရမ္မဏပုရေဇာတ ပစ္စည်းတတ်သည်အဖြစ်သည် သဘောအားဖြင့် ပြီး၏။


၁။ စက္ခုဝတ္ထု စသော ဝတ္ထုခြောက်ပါး ရုပ်တရားတို့သည် စက္ခုဝိညာဏ် စသော ၇-ပါးသော ဝိညာဏဓာတ် နာမ်တရားတို့အား ပဝတ္တိအခါ၌သာ ဝတ္ထုပုရေဇာတ ပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။
ဤ၌ ပဝတ္တိ-ပါးဖြင့် ပဋ္ဌာန်းအခါ၌ ဂဗ္ဘသေယျကပုဂ္ဂိုလ်တို့အား စက္ခုဝတ္ထု။ ပ။ ကာယဝတ္ထုတို့ မဖြစ်သင့်သောကြောင့်၎င်း, သံသေဒဇ, ဥပပါတ်ပုဂ္ဂိုလ်တို့အားလည်း ပဋ္ဌာန်းအခါ၌ စက္ခုစသော ဝတ္ထုတို့ ဖြစ်သင့်သော်လည်း ထိုဝတ္ထုတို့သည် ထိုဝိညာဏ်တို့အား ပုရေဇာတပစ္စည်းအဖြစ်သို့ မရောက်ခြင်းကြောင့်၎င်း, ဟဒယဝတ္ထုသည်လည်း ပဋ္ဌာန်းဝိညာဏ်နှင့် အတူတကွ ဖြစ်နေရသဖြင့် ပုရေဇာတအဖြစ် မရှိသောကြောင့်၎င်း, ပဋ္ဌာန်းအခါ၌ ကျေးဇူးမပြုနိုင်၊ ပဝတ္တိအခါ၌သာ ကျေးဇူးပြုနိုင်၏-ဟူသောအဓိပ္ပါယ်ကို ပြ၏။
၂။ ရူပါရုံစသော အာရုံငါးပါး ရုပ်တရားတို့သည်လည်း စက္ခုဝိညာဏ်စသော ငါးပါးသော ဝိညာဏဓာတ် နာမ်တရားတို့အား အာရမ္မဏပုရေဇာတပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။ ဤသို့ ရုပ်သည် နာမ်အား ပုရေဇာတပစ္စည်း တစ်ပါးဖြင့်သာ ကျေးဇူးပြု၏-ဟူလိုတ

စာမျက်နှာ-၁၁၃

ဥပနိဿယ ၃-မျိုး

၂၃။ (ခ) ဥပနိဿယော ပန တိဝိဓော ဟောတိ အာရမ္မဏူပနိဿယော, အနန္တရူပနိဿယော, ပကတူပနိဿယောစေတိ။

(ခ) အာရမ္မဏပစ္စည်းမှတစ်ပါး ဥပနိဿယပစ္စည်းကို ဆိုဦးအံ့—ဥပနိဿယ ပစ္စည်းသည် အာရမ္မဏူပနိဿယ ပစ္စည်း၎င်း၊ အနန္တရူပနိဿယပစ္စည်း၎င်း၊ ပကတူပနိဿယပစ္စည်း၎င်း၊ ဤသို့ သုံးပါးအပြားရှိ၏။ [မူ၌နံပါတ်မပါ၍ (က) (ခ) ခွဲထည့်သည်]

ဥပနိဿယ ၃-မျိုး အဖွင့်

၂၃။ (ခ) ပစ္စည်းတစ်ပါးမှ ကင်းသော မိမိသဘောအားဖြင့်သာလျှင် အားရှိသော မှီရာသည် ပကတူပနိဿယပစ္စည်း မည်၏။ အာရမ္မဏပစ္စည်း အနန္တရပစ္စည်းတို့နှင့် မရောသော အသီးသာလျှင်ဖြစ်သော တစ်ခုသော ဥပနိဿယ ပစ္စည်းတည်း၊ ဤသို့သော အဓိပ္ပါယ်ကို ဆိုလို၏၊ တစ်နည်းကား—အဇ္ဈတ္တသန္တာန် ဗဟိဒ္ဓသန္တာန်၌ ပြီးစေအပ်သည်ဖြစ်၍ အဖန်တလဲလဲ မှီဝဲအပ်သော ဥပနိဿယပစ္စည်းသည် ပကတူပနိဿယပစ္စည်း မည်၏။

ပကတော-ဟူသော ဤပုဒ်၌ ပ အက္ခရာသည် ဥပသာရပုဒ်တည်း၊ ထိုဥပသာရပုဒ်သည် မိမိ၏အကျိုးကို ဖြစ်ခြင်း၌ စွမ်းနိုင်သည်။ အဖြစ်ကြောင့် အဇ္ဈတ္တသန္တာန် ဗဟိဒ္ဓသန္တာန်၌ ပြီးစေတတ်သည်အဖြစ်ကို၎င်း၊ အဖန်တလဲလဲ မှီဝဲအပ်သည်အဖြစ်ကို၎င်း ပြ၏။ ထို့ကြောင့် မိမိ၏သန္တာန်၌ ပြီးစေအပ်သော ရာဂအစရှိသည် သဒ္ဓါအစရှိသည်၎င်း၊ အဖန်တလဲလဲ မှီဝဲအပ်သော ဥတုဘောဇဉ် အစရှိသည်၎င်း၊ ပကတူပနိဿယပစ္စည်း မည်၏၊ ထို့ကြောင့်


၁။ အာရမ္မဏူပနိဿယ, အနန္တရူပနိဿယတို့နှင့် မရောသော မိမိသဘောအားဖြင့်သာလျှင် အားကြီးလွန်ကဲသော အကြောင်းဖြစ်သော ပစ္စည်းသည် ပကတူပနိဿယပစ္စည်း မည်၏။ တစ်နည်း–အတ္တသန္တာန်၌ ပြီးစေအပ်သော ဗဟိဒ္ဓသန္တာန်၌ အဖန်တလဲလဲ မှီဝဲအပ်သော အားကြီးလွန်ကဲသော အကြောင်းသည် ပကတူပနိဿယ မည်၏-ဟုမှတ်။

စာမျက်နှာ-၁၁၄

သာလျှင် ရာဂ အစရှိသော တရား, သဒ္ဓါ အစရှိသော တရားကို၎င်း၊ ဥတုဘောဇဉ် အစရှိသည်ကို၎င်း အရှင်အနုရုဒ္ဓါဆရာသည်ပင် ထုတ်ပြတော်မူ၏။

အာရမ္မဏူပနိဿယပစ္စည်း

၂၄။ တတ္ထ အာရမ္မဏမေဝ ဂရုကတံ အာရမ္မဏူပနိဿယော။ ထိုသုံးပါးတို့တွင် အလေးအမြတ်ပြုအပ်သော ဒုဋ္ဌဖြစ်သော နိပ္ဖန္နရုပ် ၁၈၊ ဒေါသမူဒွေး မောဟမူဒွေး ဒုက္ခသဟဂုတ် ကာယဝိညာဏ် ကြဉ်သောစိတ် ၈၄-ခု, ဒေါသ ဣဿာ မစ္ဆရိယ ကုက္ကုစ္စ ဝိစိကိစ္ဆာ ကြဉ်သော စေတသိက် ၄၇-ခု, ကာလဝိမုတ်ဖြစ်သော နိဗ္ဗာန်-ဟု ဆိုအပ်သော အာရုံခြောက်ပါးသည်သာလျှင် အာရမ္မဏူပနိဿယပစ္စည်း မည်၏။

အာရမ္မဏူပနိဿယ ပစ္စည်းအဖွင့်

၂၄။ ဂရုကတံ-ဟူသည်ကား၊ ဝါ-ဟူသော ပုဒ်ကို အလေးအမြတ်ပြု၍ ဆင်ခြင်အပ်သော-ဟု အနက်ပေး။ ထို့ကြောင့်သာလျှင် “ဒါနံ ဒတွာ သီလံ သမာဒိယိတွာ ဥပေါသထကမ္မံ ကတွာ တံ ဂရုံ ကတွာ ပစ္စဝေက္ခတိ” ဤသို့ အစရှိသော နည်းဖြင့် ဒါန, သီလ, ဥပုသ် အမှု, ရှေး၌ပြုအပ်သော လေ့ကျက်အပ်ပြီးသော ဈာန်, ဂေါတြဘူ, ဝေါဒါန်, မဂ်အစရှိသည်တို့ကို အလေးအမြတ်ပြု၍ ဆင်ခြင်သည်၏အစွမ်းအားဖြင့် ထို “ဂရုကတံ” ဟူသော ပုဒ်၏ နိဒ္ဒေသသည်ဖြစ်၏။


၁။ အလေးအမြတ်ပြုအပ်သော အာရမ္မဏာဓိပတိပစ္စည်းသည် အာရမ္မဏူပနိဿယ ပစ္စည်း မည်၏။ သို့သော် အထူးကား အလေးအမြတ်ပြုအပ်သည်အဖြစ်ဖြင့် ကျေးဇူးပြုခြင်းသည် အာရမ္မဏာဓိပတိပစ္စည်း မည်၏။
အလေးအမြတ်ပြုအပ်သည်၏အဖြစ်တွင် လွန်ကဲအားကြီးသော အကြောင်း၏အဖြစ်ဖြင့် ကျေးဇူးပြုခြင်းသည် အာရမ္မဏူပနိဿယပစ္စည်း မည်၏-ဟု မှတ်။

စာမျက်နှာ-၁၁၅

အနန္တရူပနိဿယပစ္စည်း

၂၅။ အနန္တရနိရုဒ္ဓါ စိတ္တစေတသိကာ ဓမ္မာ အနန္တရူပနိဿယာ။ အခြားမဲ့ဖြစ်၍ ချုပ်ကုန်ပြီးသော စိတ် စေတသိက်ဖြစ်ကုန်သော ရဟန္တာတို့၏ စုတိကြဉ်သော စိတ်တစ်ခုယုတ် ကိုးဆယ်, စေတသိက် ၅၂-ပါး နာမက္ခန္ဓာတို့သည် အနန္တရူပနိဿယပစ္စည်း မည်၏။

အနန္တရူပနိဿယပစ္စည်းအဖွင့်

၂၅။ ပုရိမာ ပုရိမာ။ ပ။ ပစ္စယော-ဤသို့ စသောနည်းဖြင့် အနန္တရပစ္စည်းနှင့်တကွ ထူးသည်အဖြစ်ကို မပြုမူ၍ အနန္တရူပနိဿယပစ္စည်းသည် ပဋ္ဌာန်း၌ လာသောကြောင့် “အနန္တရနိရုဒ္ဓ” ဤသို့ အစရှိသော စကားကို မိန့်ဆိုအပ်၏၊ ဤသို့ အရှင်အနုရုဒ္ဓက ထပ်တူဆိုသော်လည်း မိမိ၏အခြားမဲ့၌ လျောက်ပတ်သော စိတ္တုပ္ပါဒ်၏ အစွမ်းအားဖြင့် ကျေးဇူးပြုတတ်သော တရားသည် အနန္တရပစ္စည်း မည်၏၊ အားရှိသော အကြောင်း၏ အစွမ်းဖြင့် ကျေးဇူးပြုတတ်သောတရားသည် အနန္တရူပနိဿယပစ္စည်း မည်၏။ ဤမျှသာလျှင် ထိုပစ္စည်း နှစ်ပါးတို့၏ အထူးတည်း။

ပကတူပနိဿယပစ္စည်း

၂၆။ ရာဂါဒယော ပန ဓမ္မာ သဒ္ဓါဒယော စ သုခံ ဒုက္ခံ ပုဂ္ဂလာ, ဘောဇနံ, ဥတု, သေနာသနံ ယထာရဟံ အဇ္ဈတ္တဉ္စ ဗဟိဒ္ဓ စ ကုသလာ ဓမ္မာနံ ကမ္မံ ဝိပါကန္တိ စ ဗဟု ဟောတိ ပကတူပနိဿယော။


၁။ အနန္တရပစ္စည်းသည်ပင် အနန္တရူပနိဿယပစ္စည်း မည်၏၊ သို့သော် အထူးကား မိမိ၏အခြားမဲ့၌ လျော်သော စိတ်တို့ကို ဖြစ်စေသည်အစွမ်းဖြင့် ကျေးဇူးပြုတတ်သော တရားသည် အနန္တရပစ္စည်း မည်၏။
အားကြီးသော အကြောင်း၏အဖြစ်ဖြင့် ကျေးဇူးပြုတတ်သော တရားသည် အနန္တရူပနိဿယပစ္စည်း မည်၏-ဟု မှတ်။

စာမျက်နှာ-၁၁၆

အနန္တရူပနိဿယ ပစ္စည်းမှတစ်ပါး ပကတူပနိဿယ ပစ္စည်းကို ဆိုဦးအံ့—ရာဂ အစရှိကုန်သော တရားတို့သည်၎င်း၊ သဒ္ဓါ အစရှိကုန်သော တရားတို့သည်၎င်း၊ ကာယိကသုခသည်၎င်း၊ ကာယိကဒုက္ခသည်၎င်း၊ ကလျာဏမိတ္တ စသော ပုဂ္ဂိုလ်သည်၎င်း၊ လျောက်ပတ်သော ဘောဇဉ်သည်၎င်း၊ လျောက်ပတ်သော အချမ်း အပူ-ဟူသော ဥတုသည်၎င်း၊ လျောက်ပတ်သော ကျောင်း အိပ်ရာနေရာသည်၎င်း၊ ထိုက်သည်အားလျော်စွာ အဇ္ဈတ္တသန္တာန်၌၎င်း၊ ဗဟိဒ္ဓသန္တာန်၌၎င်း၊ ကုသိုလ်အစရှိသော တရားတို့အား ပကတူပနိဿယသတ္တိဖြင့် ကျေးဇူးပြုကုန်၏၊ ဗလဝဖြစ်သော ကုသိုလ် အကုသိုလ် ကံသည် ဝိပါက် ဆတ္တိံသ နာမက္ခန္ဓာတို့အား ပကတူပနိဿယ သတ္တိဖြင့် ကျေးဇူးပြု၏၊ ဤသို့ ပကတူပနိဿယ ပစ္စည်းသည် များအပြားရှိ၏။

ပကတူပနိဿယပစ္စည်းအဖွင့်

၂၆။ ထိုက်သည်အားလျော်စွာ အဇ္ဈတ္တသန္တာန်၌ ဖြစ်ကုန်သော ဗဟိဒ္ဓသန္တာန်၌လည်း ဖြစ်ကုန်သော ရာဂ အစရှိကုန်သော တရားတို့သည်၎င်း၊ သဒ္ဓါ အစရှိကုန်သော တရားတို့သည်၎င်း၊ ကာယိကသုခသည်၎င်း၊ ကာယိကဒုက္ခသည်၎င်း၊ ပုဂ္ဂိုလ်သည်၎င်း၊ ဥတုသည်၎င်း၊ ကျောင်း အိပ်ရာနေရာသည်၎င်း၊ အဇ္ဈတ္တသန္တာန်၌လည်း ဖြစ်ကုန်သော ဗဟိဒ္ဓသန္တာန်၌လည်း ဖြစ်ကုန်သော ကုသိုလ် အစရှိသော တရားတို့အား ဥပနိဿယသတ္တိဖြင့် ကျေးဇူးပြုကုန်၏၊


၁။ အဇ္ဈတ္တ မိမိသန္တာန်၌ဖြစ်သော ရာဂ, ဒေါသ အစရှိသော တရား၊ သဒ္ဓါ, သီလ, သုတစသော တရား, ကိုယ်၌ဖြစ်သော သုခတရား, ဒုက္ခတရားများသည်၎င်း၊ သူတပါး ဗဟိဒ္ဓသန္တာန်၌ဖြစ်သော ရာဂ, ဒေါသ အစရှိသောတရား၊ သဒ္ဓါ, သီလ, သုတစသော တရားများသည်၎င်း၊ မိမိသန္တာန်၌ဖြစ်သော ကုသိုလ် အကုသိုလ် စသော တရားတို့အား၎င်း၊ သူတပါးသန္တာန်၌ဖြစ်သော ကုသိုလ် အကုသိုလ်တို့အား၎င်း၊ ဤသို့ ထိုက်သည်အားလျော်စွာ ပကတူပနိဿယသတ္တိဖြင့် ကျေးဇူးပြု၏၊ ကုသိုလ် အကုသိုလ်ကံသည်လည်း ဝိပါက် ဆတ္တိံသ နာမက္ခန္ဓာတို့အား ပကတူပနိဿယသတ္တိဖြင့် ကျေးဇူးပြု၏၊ ဤသို့ ပကတူပနိဿယပစ္စည်းသည် များသောအပြားရှိ၏-ဟူလို၊ အထက်ပါ စကားရပ်များဖြင့် အာရမ္မဏူပနိဿယ, အနန္တရူပနိဿယ, ပကတူပနိဿယ သုံးမျိုး၏ သဘောသရုပ်ကို ထုတ်ဆိုဖွင့်ပြတော်မူ၏-ဟု မှတ်။

စာမျက်နှာ-၁၁၇

ဤသို့ ယောဇနာအပ်၏၊ အဘယ့်ကြောင့် ယောဇနာအပ်ပါသနည်းဟူမူ၊ ရာဂ အစရှိကုန်သော တရားတို့ကို အဇ္ဈတ္တသန္တာန်၌ ပြီးစေအပ်ကုန်၏၊ ပုဂ္ဂိုလ် အစရှိသည်တို့ကို အပသန္တာန်၌ မှီဝဲအပ်ကုန်၏၊ ထို့ကြောင့် ယောဇနာအပ်၏-ဟူလို၊ ထို့ကြောင့်သာလျှင် အရှင်အနုရုဒ္ဓါဆရာသည် နာမရူပပရိစ္ဆေဒကျမ်း၌—

ရာဂသဒ္ဓါဒယော ဓမ္မာ၊ အတ္တမနုဝါသိတာ။
သတ္တသင်္ခါရဓမ္မာ စ၊ ဗဟိဒ္ဓေပနိသေဝိတာ။
ဟု မိန့်ဆိုအပ်၏။

အနက်ကား—ရာဂ အစရှိသော တရားတို့ကို အဇ္ဈတ္တသန္တာန်၌ အဖန်တလဲလဲ ထုံအပ်ကုန်၏၊ သတ္တဝါ သင်္ခါရ တရားတို့ကိုကား ဗဟိဒ္ဓသန္တာန်၌ ကပ်၍ မှီအပ်ကုန်၏။ (

တစ်နည်းကား—အဇ္ဈတ္တသန္တာန်၌လည်း ဖြစ်ကုန်သော ဗဟိဒ္ဓသန္တာန်၌လည်း ဖြစ်ကုန်သော ကုသိုလ် အစရှိသော တရားတို့အား ဥပနိဿယသတ္တိဖြင့် ကျေးဇူးပြု၏၊ ဤသို့ တည်ရှိတိုင်းသော ပါဠိ၏အစွမ်းအားဖြင့်သော်လည်း ယောဇနာခြင်းကို ပြုအပ်၏၊

ယောဇနာအပ်ခြင်း၏ အကြောင်းသော်ကား-မိမိ၏ ရာဂအစရှိသည်တို့သည်၎င်း၊ သဒ္ဓါ အစရှိသည်တို့သည်၎င်း၊ မိမိ၏ ကုသိုလ် အစရှိသော တရားတို့၏ မှီရာဖြစ်ကုန်၏၊ ကောင်းသောမိတ်ဆွေ၏ သဒ္ဓါအစရှိသည်တို့ကို မှီ၍ ကုသိုလ်တို့ကို ပြုကုန်သော ကလျာဏမိတ္တ-ဟု ဆိုအပ်သော သူတပါးတို့၏ ကုသိုလ် အစရှိသောတရားတို့ကိုလည်း မိမိ၏ သဒ္ဓါ အစရှိသည်တို့သည် မှီရာဖြစ်ကုန်၏။ ထို့ကြောင့် ယောဇနာအပ်၏-ဟူလို။

ထိုရာဂါဒယောစသော စကား၌ ကာမဘုံ အစရှိသည်တို့ဖြစ်ခြင်းငှါ၎င်း၊ ရာဂ အစရှိသည်တို့ကို ငြိမ်းစေခြင်းငှါ၎င်း ဖြစ်စေအပ်ကုန်သော အလှူပေးခြင်း, သီလဆောက်တည်ခြင်း, ဥပုသ်ဆောက်တည်ခြင်း, ဈာန် အဘိညာဉ် ဝိပဿနာ မဂ်တို့ကို ပွားစေခြင်းတို့သည် ကာမရာဂ အစရှိသည်တို့ကို မှီ၍ဖြစ်ကုန်၏။

စာမျက်နှာ-၁၁၈

အောက်အောက်၌ ဖြစ်ကုန်သော ရာဂ အစရှိသည်လျှင် အကြောင်းရှိကုန်သော အထက်အထက်၌ ဖြစ်ကုန်သော ရာဂ အစရှိသည်တို့သည်လည်း ဖြစ်ကုန်၏၊ ဤသို့ ထိုက်သည်အားလျော်စွာ မှတ်အပ်၏။

အဘယ့်ကြောင့် ရာဂ အစရှိသည်တို့သည် ကုသိုလ်တို့အား ကျေးဇူးပြုနိုင်ပါသနည်းဟူမူ၊ အကြင်အကြင် ရာဂအစရှိသော တရားကို အမှီပြု၍ အကြင်အကြင် ဒါန အစရှိသော တရား၏ဖြစ်ခြင်းသည်ရှိ၏၊ ထိုထိုရာဂ အစရှိသော တရားသည် ထိုထိုဒါန အစရှိသော တရားအား ပကတူပနိဿယသတ္တိဖြင့် ကျေးဇူးပြု၏။ ထို့ကြောင့် ကျေးဇူးပြုနိုင်၏-ဟူလို၊ ထိုစကားမှန်၏၊ ဤဥပနိဿယပစ္စည်းသည် ကျယ်သော အရာရှိသော ပစ္စည်းဖြစ်၏-ဟု ဆရာတို့သည် ဆိုအပ်၏၊ ထို့ကြောင့်လည်း “ဗဟု ဟောတိ ပကတူပနိဿယပစ္စယော” ဟူသော စကားကို အရှင်အနုရုဒ္ဓဆရာသည် မိန့်ဆိုပြီ။

“သဒ္ဓါဒယော”-ဟူသည်ကား၊ သီလ, သုတ, စာဂ, ပညာတို့တည်း၊ ယင်းအရ အကျယ်ချ၍ ပြဦးအံ့၊ မိမိ၏ သဒ္ဓါအစရှိသည်တို့ကို အမှီပြု၍ မိမိ၏ ဒါန သီလ အစရှိသည်တို့သည် ဖြစ်ကုန်၏၊ ထို့အတူ မိတ်ဆွေကောင်းတို့၏ သဒ္ဓါ အစရှိသည်တို့ကိုလည်း အမှီပြု၍ သူတပါးတို့၏လည်း ဒါန သီလ အစရှိသည်တို့သည် ဖြစ်ကုန်၏။ ထို့ကြောင့် ဤသို့ ဖြစ်မှုသည် ထင်ရှားပါ၏။ “သုခံ ဒုက္ခံ”-ဟူသည်ကား၊ ကိုယ်၌ဖြစ်သော သုခဒုက္ခတည်း၊ “ပုဂ္ဂလော”-ဟူသည်ကား၊ မိတ်ဆွေကောင်း အစရှိသော ပုဂ္ဂိုလ်တည်း၊ “ဘောဇနံ”-ဟူသည်ကား၊ မိမိနှင့် သင့်တော်သည် အစရှိသော ဘောဇဉ်တည်း၊ ဥတုသည်လည်း ထိုဘောဇဉ်နှင့် တူသည်သာတည်း။

အဓိပတိပစ္စည်း

၂၈။ တတ္ထ ဂရုကတာရမ္မဏံ အာရမ္မဏာဓိပတိ ဝသေန နာမာနံ သဟဇာတာဓိပတိ စတုပ္ပတ္တယသဟဇာတဝသေန သဟဇာတာနံ နာမရူပါနဉ္စ ဒုဝိဓော ဟောတိ အဓိပတိပစ္စယော။

စာမျက်နှာ-၁၁၉

ထိုကိုးပါးသော ပစ္စည်းတို့တွင် အလေးအမြတ် ပြုအပ်သော ဣဋ္ဌဖြစ်သော နိဗ္ဗန္နရုပ် အဋ္ဌာရသ, ဒေါသမူဒွေး, မောဟမူဒွေး, ဒုက္ခသဟဂုတ် ကာယဝိညာဏ် ကြဉ်သော စိတ် ၆၄-ခု ဒေါသ, ဣဿာ, မစ္ဆရိယ, ကုက္ကုစ္စ, ဝိစိကိစ္ဆာကြဉ်သော စေတသိက် ၄၇-ခု ကာလဝိမုတ် ဖြစ်သော နိဗ္ဗာန်-ဟု ဆိုအပ်သော အာရုံခြောက်ပါး သည် အလေးအမြတ် ပြုတတ်သော လောဘမူစိတ် ရှစ်ခု, မဟာ ကုသိုလ်စိတ် ရှစ်ခု, မဟာကြိယာ ဉာဏသမ္ပယုတ် စိတ်လေးခု, လောကုတ္တရာစိတ် ရှစ်ခု, ဒေါသ, ဣဿာ, မစ္ဆရိယ, ကုက္ကုစ္စ, ဝိစိကိစ္ဆာ, အပ္ပမညာကြဉ်သော စေတသိက် ၄၅-ခု နာမက္ခန္ဓာ တို့အား အာရမ္မဏာဓိပတိသတ္တိဖြင့် ကျေးဇူးပြု၏၊ လေးပါးအပြား ရှိသော မောဟမူဒွေး, ဟသိတုပ္ပဒ် ကြဉ်သော အဓိပတိတပ်ခိုက် တပ်နေ သာဓိပတိဇော ၅၂-ခု၌ ရှိသော ဆန္ဒ, ဝီရိယ, စိတ္တ, ဝီမံသာ ဟု ဆိုအပ်သော အဓိပတိပစ္စည်းသည် တကွဖြစ်ကုန်သော အဓိပတိတရားကိုယ် ကြဉ်သော သာဓိပတိ ၅၂-ခု, ဝိစိကိစ္ဆာကြဉ်သော စေတသိက် ၅၁-ခု, သာဓိပတိစိတ္တဇ ရုပ်အား သဟဇာတပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏၊ ဤသို့လျှင် အဓိပတိပစ္စည်းသည် နှစ်ပါးအပြား ရှိ၏။

အဓိပတိပစ္စည်းအဖွင့်

၂၈။ ။ “အဓိပတိ...ပ...ပစ္စယာ ဟောန္တိ” ဟူ၍ အကျဉ်းအားဖြင့် ဆိုအပ်ပြီးသော အနက်ကို ချပြခြင်းငှါ “တတ္ထ ဂရုကတမာရမ္မဏံ”


၁-တတ္ထ ဂရုကတံ-အစရှိသော ပါဠိဖြင့် အဓိပတိပစ္စည်းသည် အာရမ္မဏာဓိပတိ, သဟဇာတာဓိပတိ-ဟု နှစ်ပါးအပြား ရှိသည်ကို ပြ၏၊ ထိုနှစ်ပါးတို့တွင် ဂရုကတ...ပ...နာမာနံ ဟူသော ပါဠိဖြင့် အာရမ္မဏာဓိပတိကို ပြ၏၊ သဟဇာတာဓိပတိ...ပ...နာမရူပါနံ-ဟူသော ပါဠိဖြင့် သဟဇာတာဓိပတိကို ပြ၏၊ ထို ၂-ပါးတို့တွင် အလွန်နှစ်သက်ဘွယ် ဖြစ်သော ရုပ်တရား, အလွန်နှစ်သက်ဘွယ်ဖြစ်သော နာမ်တရားများသည် အဓိပတိပစ္စည်းဖြစ်သော ရုပ်-နာမ် မည်၏၊ ထိုရုပ်နာမ်တို့ကို အာရုံပြု၍ ဖြစ်ကုန်သော စိတ်, စေတသိက် နာမ်တရားတို့သည် အာရမ္မဏာဓိပတိပစ္စည်း၏ ပစ္စယုပ္ပန်တရား မည်ကုန်၏။

ဆန္ဒ, စိတ္တ, ဝီရိယ, ဝီမံသ-ဟူသော အဓိပတိတရား ၄-ပါးသည် ပစ္စယုပ္ပန်တရားနှင့် တကွဖြစ်သောကြောင့် သဟဇာတာဓိပတိ မည်၏။ ၎င်းအဓိပတိတရား ၄-ပါးကြောင့် ဖြစ်ကုန်သော စိတ်, စေတသိက်, စိတ္တဇရုပ် တရားတို့သည် သဟဇာတာဓိပတိပစ္စည်း၏ ပစ္စယုပ္ပန်တရားမည်ကုန်၏-ဟူလို။ (အသေအချာအရကောက်ကို သဂြိုဟ်နိဿယအတိုင်းမှတ်။)

စာမျက်နှာ-၁၂၀

ဤသို့ အစရှိသော စကားကို မိန့်ဆိုအပ်ပါသတည်း၊ ဂရုကမာရမ္မဏီ-ဟူသည်ကား၊ ဝါ-ဟူသော ပုဒ်ကို ဆင်ခြင်ခြင်း, သာယာခြင်း အစရှိသော နည်းဖြင့် အလေးအမြတ် ပြုအပ်သော အာရုံသည် ဟု အနက်ပေး။ အဘယ့်ကြောင့် အာရမ္မဏာဓိပတိ မည်သနည်း ဟူမူ၊ ဈာန်, မဂ်, ဖိုလ်, ဝိပဿနာ, နိဗ္ဗာန်စသော အပြားရှိသော ထို အလေးအမြတ် ပြုအပ်သော အာရုံသည် ဆင်ခြင်ခြင်း, သာယာခြင်း အစရှိသော မဂ်ဖိုလ် အစရှိသော တရားတို့ကို မိမိနှင့် စပ်သည်တို့ကို ပြုတတ်သောကြောင့် အာရမ္မဏာဓိပတိ မည်၏။

အာရမ္မဏာဓိပတိနှင့် အာရမ္မဏူပနိဿယ ပစ္စည်း ၂-ပါး အထူး

အလေးအမြတ် ပြုအပ်ကာမျှသည် အာရမ္မဏာဓိပတိပစ္စည်း မည်၏၊ အလေးအမြတ် ပြုအပ်သော်လည်း အားရှိသောအကြောင်း ဖြစ်သော အနက်ကြောင့် အာရမ္မဏူပနိဿယပစ္စည်း မည်၏။ ဤသည်သာလျှင် ထိုပစ္စည်း ၂-ပါးတို့၏ အထူးတည်း။

သဟဇာတ...ပ...နာမရူပါနံ-ဟူသည်ကား၊ ဆန္ဒ, စိတ္တ, ဝီရိယ, ဝီမံသတို့၏ အစွမ်းဖြင့် လေးပါး အပြားရှိသော သဟဇာတာဓိပတိ ပစ္စည်းသည် ထိုက်သည်အား လျော်စွာ အတူတကွ ဖြစ်ကုန်သော နာမ်ရုပ်တို့အား ပဝတ္တိအခါ၌သာလျှင် သဟဇာတာဓိပတိ အစွမ်းဖြင့် ကျေးဇူးပြု၏။

သဟဇာတပစ္စည်း

၂၉။ ။ စိတ္တစေတသိကာ ဓမ္မာ အညမညံ, သဟဇာတရူပါနဉ္စ၊ မဟာဘူတာ အညမညံ, ဥပါဒါရူပါနဉ္စ၊ ပဋိသန္ဓိက္ခဏေ ဝတ္ထုဝိပါကာ အညမညံ ပိ စ တိဝိဓော ဟောတိ သဟဇာတပစ္စယော။

စာမျက်နှာ-၁၂၁

စိတ်, စေတသိက် ဖြစ်ကုန်သော နာမက္ခန္ဓာ တရားတို့သည် တပါးသည် တပါးအား၎င်း၊ သဟဇာတ် ဖြစ်ကုန်သော စိတ္တဇရုပ်, ပဋိသန္ဓေကမ္မဇရုပ်တို့အား၎င်း၊ သဟဇာတသတ္တိဖြင့် ကျေးဇူးပြုကုန်၏၊ မဟာဘုတ်တို့သည် တပါးသည် တပါးအား၎င်း၊ ဥပါဒါရုပ်တို့အား၎င်း၊ သဟဇာတသတ္တိဖြင့် ကျေးဇူးပြုကုန်၏၊ ပဋိသန္ဓေ အခါ၌ ဟဒယဝတ္ထု, ပဉ္စဝေါကာရ ပဋိသန္ဓေ နာမက္ခန္ဓာတို့သည် တပါးသည် တပါးအား သဟဇာတသတ္တိဖြင့် ကျေးဇူးပြုကုန်၏၊ ဤသို့လျှင် သဟဇာတ ပစ္စည်းသည် သုံးပါး အပြားရှိ၏။

သဟဇာတပစ္စည်း အဖွင့်

၂၉။ ။ ရုပ်တရားအား နာမ်တရားကို စွဲ၍ သဟဇာတ သတ္တိဖြင့် ကျေးဇူးပြုတတ်သည် အဖြစ်ကို ပဋိသန္ဓေအခါ၌ ဟဒယဝတ္ထု၏ အစွမ်းအားဖြင့် ဟောတော်မူအပ်၏၊ ထို့ကြောင့် “ဝတ္ထု, ဝိပါကာ အညမညံ” ဟူသော စကားကို အရှင်အနုရုဒ္ဓါ ဆရာသည် မိန့်ဆိုတော်မူပြီ။

အညမညပစ္စည်း

၃၀။ ။ စိတ္တစေတသိကာ ဓမ္မာ အညမညံ, မဟာဘူတာ အညမညံ, ပဋိသန္ဓိက္ခဏေ ဝတ္ထုဝိပါကာ အညမညံ ပိ စ တိဝိဓော ဟောတိ အညမညပစ္စယော။


၁-သဟဇာတပစ္စည်းသည် (၁) စိတ်, စေတသိက် တရားတို့က တကွဖြစ်သော စိတ်, စေတသိက်တရားနှင့် စိတ္တဇရုပ်တို့အား ကျေးဇူးပြုသော သဟဇာတပစ္စည်း။
(၂) မဟာဘုတ်လေးပါး တရားက အချင်းချင်းဖြစ်သော မဟာဘုတ်အား၎င်း, ဥပါဒါရုပ်အား၎င်း, ကျေးဇူးပြုသော သဟဇာတပစ္စည်း။
(၃) ပဋိသန္ဓေ အခိုက်အခါ၌ ပဋိသန္ဓေ ဝိပါက်စိတ်, စေတသိက်သည် အချင်းချင်းဖြစ်သော ဝိပါက် စိတ်, စေတသိက်အား၎င်း, ဟဒယဝတ္ထုရုပ်အား၎င်း, ကျေးဇူးပြုသော သဟဇာတပစ္စည်း-ဟူ၍ ၃-မျိုးရှိ၏-ဟူလို၊ သို့ဖြစ်၍ နာမ်တရားက ရုပ်တရားအား အညမညသတ္တိဖြင့် ကျေးဇူးပြုမှုသည် ဤပဋိသန္ဓေ စိတ်, စေတသိက်နှင့် ဟဒယဝတ္ထုရုပ်ကို ရည်၍ ဆိုလို၏-ဟုမှတ်။

စာမျက်နှာ-၁၂၂

စိတ်, စေတသိက် ဖြစ်ကုန်သော တရားတို့သည် တပါးသည် တပါးအား အညမညသတ္တိဖြင့် ကျေးဇူးပြုကုန်၏၊ မဟာဘုတ်တို့သည် တပါးသည် တပါးအား အညမညသတ္တိဖြင့် ကျေးဇူးပြုကုန်၏၊ ပဋိသန္ဓေခဏ၌ ဟဒယဝတ္ထု, ပဉ္စဝေါကာရ ပဋိသန္ဓေ နာမက္ခန္ဓာတို့သည် တပါးသည် တပါးအား အညမညသတ္တိဖြင့် ကျေးဇူးပြုကုန်၏၊ ဤသို့လျှင် အညမည ပစ္စည်းသည် သုံးပါး အပြား ရှိ၏။ (အချို့စာမူတို့၌ နိဿယပစ္စည်းနံပါတ်ကို ထိုးတပ်ကုန်၏။)

အညမညပစ္စည်း အဖွင့်

၃၀။ ။ အကြောင်းကြောင့် တပါးသည် တပါးအား ထောက်ပံ့ ခိုင်စေသည်၏ အစွမ်းဖြင့်သာလျှင် ကျေးဇူးပြုသည် အဖြစ်သည် အညမညပစ္စည်း မည်၏၊ တကွ ဖြစ်ကာမျှဖြင့် ကျေးဇူးပြုသည် အဖြစ်သည် အညမညပစ္စည်း မဟုတ်သောကြောင့် ပဝတ္တိအခါ၌ ရုပ်သည် နာမ်တို့အား အညမညပစ္စည်း မဖြစ်နိုင်၊ ထို့ကြောင့် “စိတ္တစေတသိကာ အညမညံ” ဟု အရှင်အနုရုဒ္ဓါ ဆရာမြတ် မိန့်ဆိုတော်မူအပ်၏၊ ထို့အတူ ဥပါဒါရုပ်တို့သည်လည်း ဘူတရုပ်တို့အား အညမညပစ္စည်း မဖြစ်ကုန်၊ ထို့ကြောင့် “မဟာဘူတာ အညမညံ” ဟူသော ဤစကားကို အရှင်အနုရုဒ္ဓါ ဆရာမြတ် မိန့်ဆိုတော်မူအပ်၏။


၁-အညမညပစ္စည်း-ဟူသည် အချင်းချင်း အပြန်အလှန် ထောက်ပံ့ ကျေးဇူးပြုနိုင်သော ပစ္စည်းကို ဆိုလို၏၊ တကွဖြစ်ကာမျှကို မဆိုလို။ ထို့ကြောင့် ပဝတ္တိအခါ စိတ်, စေတသိက်နှင့် စိတ္တဇရုပ်တို့သည် တကွဖြစ်ကာမျှ ဖြစ်၍ အညမညပစ္စည်း မဖြစ်နိုင်ကုန်၊ သဟဇာတပစ္စည်းမျှသာ ဖြစ်ကုန်၏၊ ထို့ကြောင့် “စိတ္တစေတသိကာ...ပ...သဟဇာတရူပါနဉ္စ” ဟူသော စကားကို မိန့်ဆိုတော်မူ၏။
ထို့အတူ ဥပါဒါရုပ်နှင့် မဟာဘုတ်တို့သည်လည်း အချင်းချင်း ကျေးဇူးမပြုနိုင်၊ တကွဖြစ်ကာမျှ ဖြစ်၍ “မဟာဘူတာ အညမညံ ဥပါဒါရူပါနဉ္စ” ဟူသော စကားကို မိန့်ဆိုတော်မူ၏-ဟူလို။

စာမျက်နှာ-၁၂၃

အာဟာရပစ္စည်း

၃၂။ ။ ကဗဠိကာရော အာဟာရော ဣမဿ ကာယဿ, အရူပိနော အာဟာရာ သဟဇာတာနံ နာမရူပါနန္တိ စ ဒုဝိဓော ဟောတိ အာဟာရပစ္စယော။
အလုပ်အလွေ့ကို မပြုအပ်သော်လည်း ပြုအပ်သကဲ့သို့သော ဆွမ်း, ခဲဘွယ်, ဘောဇဉ် အစရှိသည်၌ တည်သော ဗဟိဒ္ဓဩဇာသည် ဤသို့ သဘောရှိသော အာဟာရဇကာယအား ရုပ်အာဟာရသတ္တိဖြင့် ကျေးဇူးပြု၏၊ နာမ်ဖြစ်ကုန်သော ဖဿ, စေတနာ, ဝိညာဏ်-ဟု ဆိုအပ်သော နာမ်အာဟာရ တရားကိုယ် သုံးပါးတို့သည် တကွ ဖြစ်ကုန်သော စိတ်တခုယုတ် ကိုးဆယ်, စေတသိက် ဒွိပညာသ, စိတ္တဇရုပ်, ပဋိသန္ဓေ ကမ္မဇရုပ် တို့အား နာမ်အာဟာရသတ္တိဖြင့် ကျေးဇူးပြုကုန်၏၊ ဤသို့လျှင် အာဟာရပစ္စည်းသည် နှစ်ပါးအပြား ရှိ၏။

အာဟာရပစ္စည်း အဖွင့်

၃၂။ ။ စောဒနာဦးအံ့—“အရူပိနော အာဟာရာ သဟဇာတာနံ နာမရူပါနံ” ဟူသော ဤစကားကို အရှင်အနုရုဒ္ဓါ ဆရာသည် မိန့်ဆိုအပ်၏၊ ဤသို့ မိန့်ဆိုအပ်သော် အသညသတ် ဗြဟ္မာတို့အား သဟဇာတအာဟာရ၏ မဖြစ်ခြင်းကြောင့် “သဗ္ဗေသတ္တာ အာဟာရဋ္ဌိတိကာ” ဟူသော ဤစကားကို အဘယ့်ကြောင့်


၁-အရူပိနော အာဟာရာ စသော ပါဠိဖြင့် မနောသဉ္စေတနာ အာဟာရ၏ အစွမ်းဖြင့် ဖြစ်သော ကံ, ထိုကံနှင့် တကွဖြစ်ကုန်သော ဖဿာဟာရ, ဝိညာဏာဟာရတို့၏ ကမ္မပစ္စည်း, ဥပနိဿယပစ္စည်း ၂-ပါးတို့ဖြင့် ကျေးဇူးပြုတတ်သည် အဖြစ်တည်းဟူသော အကြောင်းကို ယူ၍ ခပ်သိမ်းသော သတ္တဝါတို့၏ အကြောင်းနှင့် စပ်၍ တည်ခြင်းရှိသည် အဖြစ်ကို ရည်၍သာ “သဗ္ဗေသတ္တာ အာဟာရဋ္ဌိတိကာ” ဟူသော စကားကို ဟောတော်မူခြင်း ဖြစ်သည်။ ပစ္စယုပ္ပန်နှင့် တကွဖြစ်သော နာမ်အာဟာရ ပစ္စည်းတာကြောင့် ဟောတော်မူခြင်း မဟုတ်၊ ညှိုးဖြစ်၍ သဗ္ဗေသတ္တာ-အရ အသညသတ်ဗြဟ္မာများလည်း ပါဝင်၏-ဟူသော အဓိပ္ပါယ်ကို ပြ၏။

စာမျက်နှာ-၁၂၄

မြတ်စွာဘုရားသည် ဟောတော်မူအပ်, ထုတ်ဆောင်တော်မူအပ်ပါသနည်း။ ဤကား စောဒနာခြင်းတည်း။ အဖြေကို ငါဆိုဦးအံ့—မနောသဉ္စေတနာ အာဟာရ အစွမ်းဖြင့် ဖြစ်သော ကံ၏၎င်း၊ ထိုကံနှင့် တကွဖြစ်ကုန်သော ကြွင်းကုန်သော ဖဿအာဟာရ, ဝိညာဏာဟာရတို့၏၎င်း၊ နာနာက္ခဏိက ကမ္မသတ္တိ, ပကတူပနိဿယသတ္တိတို့ဖြင့် ကျေးဇူးပြုတတ်သည် အဖြစ်-ဟု ဆိုအပ်သော အကြောင်းကို ယူ၍ အလုံးစုံသော သတ္တဝါတို့၏ အာဟာရကြောင့် တည်ခြင်းရှိသည် အဖြစ်ကို မြတ်စွာဘုရားသည် ဟောတော်မူအပ်၏၊ သဟဇာတအာဟာရပစ္စည်း တပ်သည်အဖြစ်ကြောင့် မဟောအပ်၊ ဤသို့ ဆိုအပ်၏-ဟူလို။

ဣန္ဒြိယပစ္စည်း

၃၃။ ။ ပဉ္စပသာဒါ ပဉ္စန္နံ ဝိညာဏာနံ, ရူပဇီဝိတိန္ဒြိယံ ဥပါဒါရူပါနံ, အရူပိနော ဣန္ဒြိယာ သဟဇာတာနံ နာမရူပါနန္တိ စ တိဝိဓော ဟောတိ ဣန္ဒြိယပစ္စယော။

ငါးပါးသော ပသာဒရုပ်တို့သည် ငါးပါးကုန်သော ဝိညာဏ်တို့အား ပုရေဇာတိန္ဒြိယသတ္တိဖြင့် ကျေးဇူးပြုကုန်၏၊ ပဝတ္တိ, ပဋိသန္ဓေအားဖြင့် ရုပ်ဇီဝိတိန္ဒြိယသည် ရုပ်ဇီဝိတိန္ဒြိယ ကြဉ်သော ကလာပ်တူ ဖြစ်သော ပဋိသန္ဓေကမ္မဇရုပ်, အသညသတ် ကမ္မဇရုပ်,


၁-ပဉ္စပသာဒါ-ဟူသော ပါဠိဖြင့် စက္ခုပသာဒစသော ငါးပါးသော ပသာဒတို့သည် စက္ခုဝိညာဏ်စသော ငါးပါးသော ဝိညာဏ်တို့အား ပုရေဇာတိန္ဒြိယသတ္တိဖြင့် ကျေးဇူးပြုပုံကို ပြ၏။
၂-ရူပဇီဝိတိန္ဒြိယံ-ဟူသော ပါဠိဖြင့် ရုပ်ဇီဝိတိန္ဒြိယ ပစ္စည်းတရားသည် ရုပ်ဇီဝိတ ကြဉ်သော ကလာပ်တူဖြစ်သော ပဋိသန္ဓေကမ္မဇရုပ်, အသညသတ်ကမ္မဇရုပ်, ပဝတ္တိကမ္မဇရုပ် ပစ္စယုပ္ပန်တရားတို့အား ရူပဇီဝိတိန္ဒြိယပစ္စယသတ္တိဖြင့် ကျေးဇူးပြုပုံကို ပြ၏။
အရူပိနော ဣန္ဒြိယာ-ဟူသော ပါဠိဖြင့် ဇီဝိတ, စိတ်, ဝေဒနာ စသော နာမ်ဣန္ဒြိယ တရားကိုယ်ရှစ်ပါးသည် တကွဖြစ်သော စိတ်တခုယုတ် ကိုးဆယ်, စေတသိက် ဒွိပညာသ, စိတ္တဇရုပ်, ပဋိသန္ဓေကမ္မဇရုပ် ပစ္စယုပ္ပန်တရားတို့အား သဟဇာတိန္ဒြိယပစ္စယသတ္တိဖြင့် ကျေးဇူးပြုပုံကို ပြ၏။ ဤသို့ ဣန္ဒြိယပစ္စည်းသည် (၁) ပုရေဇာတိန္ဒြိယ (၂) ရူပဇီဝိတိန္ဒြိယ (၃) သဟဇာတိန္ဒြိယအားဖြင့် ၃-ပါးအပြားရှိ၏-ဟူလို။

စာမျက်နှာ-၁၂၅

ပဝတ္တိကမ္မဇရုပ်တို့အား ရူပဇီဝိတိန္ဒြိယသတ္တိဖြင့် ကျေးဇူးပြု၏။ နာမ်ဖြစ်ကုန်သော ဇီဝိတ, စိတ်, ဝေဒနာ, သဒ္ဓါ, ဝီရိယ, သတိ, ဧကဂ္ဂတာ, ပညာအားဖြင့် နာမ်ဣန္ဒြိယတရားကိုယ် ရှစ်ပါးတို့သည် တကွ ဖြစ်ကုန်သော စိတ်တခုယုတ် ကိုးဆယ်, စေတသိက် ဒွိပညာသ, စိတ္တဇရုပ်, ပဋိသန္ဓေ ကမ္မဇရုပ်တို့အား သဟဇာတိန္ဒြိယသတ္တိဖြင့် ကျေးဇူးပြုကုန်၏၊ ဤသို့ ဣန္ဒြိယပစ္စည်းသည် သုံးပါးအပြား ရှိ၏။

ဣန္ဒြိယပစ္စည်း အဖွင့်

၃၃။ ။ “ပဉ္စပသာဒါ” အစရှိကုန်သော ပါဠိတို့၌ ဣတ္ထိန္ဒြိယ, ပုရိသိန္ဒြိယတို့ကို မယူအပ်ကုန်သည် မဟုတ်ပါလော၊ ဤသို့ စောဒက ဆရာသည် ဆိုငြားအံ့-မယူအပ်သည် မှန်၏၊ ထိုဣတ္ထိန္ဒြိယ, ပုရိသိန္ဒြိယတို့၏ လိင်အစရှိသည်တို့ကို မိမိသို့ လိုက်စေတတ်သည် အဖြစ်သည် အကယ်၍ကားရှိ၏၊ ထိုသို့ ရှိသော်လည်း ဣန္ဒြိယပစ္စည်းအဖြစ်ဖြင့် ထိုလိုက်စေသည် အဖြစ်သည် မရှိ၊ ထို့ကြောင့် ဣတ္ထိန္ဒြိယ, ပုရိသိန္ဒြိယတို့ကို အရှင်အနုရုဒ္ဓါဆရာသည် မယူအပ်ကုန်။

ယင်းစကား ထင်ရှားအောင် ဖော်ပြဦးအံ့—ရုပ်ဇီဝိတိန္ဒြိယ, ရုပ်အာဟာရတို့သည် အကြင် သဟဇာတ် ဖြစ်ကုန်သော ကမ္မဇရုပ်, စတုဇကာယရုပ်တို့အား ကျေးဇူးပြုကုန်၏၊ ထိုသဟဇာတ် ဖြစ်ကုန်သော ကမ္မဇရုပ်, စတုဇကာယရုပ်တို့ကို စောင့်တတ်သည်လည်း ဖြစ်ကုန်၏၊ ခိုင်စေတတ်သည်လည်း ဖြစ်ကုန်၏၊ အတ္ထိပစ္စည်း, အဝိဂတပစ္စည်း ဖြစ်ကုန်သကဲ့သို့၊ ထို့အတူ ဣတ္ထိန္ဒြိယ, ပုရိသိန္ဒြိယတို့သည် လိင်အစရှိသည်တို့အား တစုံတခုသော ပစ္စည်းဖြင့် ကျေးဇူးမပြုကုန်၊ သက်သက်သော်ကား မိမိတို့ ဖြစ်ခြင်းအား လျောက်ပတ်သည်သာလျှင် ဖြစ်ကုန်သော ကံအစရှိသော အကြောင်းတို့ကြောင့် ဖြစ်ကုန်သော လိင်အစရှိသည်တို့ကို ဣတ္ထိ အစရှိသည်-ဟူ၍ သိခြင်း၏ အကြင်အကြောင်း၏ အဖြစ်သည် ရှိ၏၊ ထို့ကြောင့် ဣတ္ထိ အစရှိသည်မှ တပါးသော ပုရိသ အစရှိသော အခြင်းအရာဖြင့် ထိုဣတ္ထိန္ဒြိယ အစရှိသည်နှင့် တကွ

စာမျက်နှာ-၁၂၆

ဖြစ်သော ခန္ဓာအစဉ်၌ လိင်အစရှိသည်တို့၏ မဖြစ်ခြင်းကြောင့် ဣတ္ထိလိင် အစရှိသည်တို့ကို မိမိသို့ ထိုဣတ္ထိန္ဒြိယ, ပုရိသိန္ဒြိယတို့၏ လိုက်စေတတ်သည် အဖြစ်ကို၎င်း, ဣန္ဒြိယ၏ အဖြစ်ကို၎င်း ဆိုအပ်၏။ ထို့ကြောင့် ထိုဣတ္ထိန္ဒြိယ, ပုရိသိန္ဒြိယတို့၏ ဣန္ဒြိယပစ္စည်း အဖြစ်ကို မဆိုအပ်။

ဝိပ္ပယုတ္တပစ္စည်း

၃၄။ ။ သြက္ကန္တိက္ခဏေ ဝတ္ထု ဝိပါကာနံ, စိတ္တစေတသိကာ ဓမ္မာ သဟဇာတရူပါနံ သဟဇာတဝသေန, ပစ္ဆာဇာတာ စိတ္တစေတသိကာ ဓမ္မာ ပုရေဇာတဿ ဣမဿ ကာယဿ ပစ္ဆာဇာတဝသေန, ဆ ဝတ္ထုနိ ပဝတ္တိယံ သတ္တန္နံ ဝိညာဏဓာတူနံ ပုရေဇာတဝသေနေတိ စ တိဝိဓော ဟောတိ ဝိပ္ပယုတ္တပစ္စယော။

ပဋိသန္ဓေခဏ၌ ပဉ္စဝေါကာရ ပဋိသန္ဓေ နာမက္ခန္ဓာနှင့် အတူဥပါဒ်သော ဟဒယဝတ္ထုသည် ပဉ္စဝေါကာရပဋိသန္ဓေ နာမက္ခန္ဓာတို့အား သဟဇာတဝိပ္ပယုတ္တသတ္တိဖြင့် ကျေးဇူးပြု၏၊ စိတ်


၁-ဣတ္ထိန္ဒြိယ, ပုရိသိန္ဒြိယတို့သည် အဘယ့်ကြောင့် ဣန္ဒြိယပစ္စည်း မတပ်ပါသနည်း-ဟူမူ လိင် အစရှိသည်တို့ကို မိမိသို့ အစဉ်လိုက်စေသော်လည်း ဣန္ဒြိယပစ္စည်း အဖြစ်ဖြင့် မိမိ အစဉ်လိုက်စေခြင်း မဟုတ်သောကြောင့် ဣန္ဒြိယပစ္စည်း မတပ်ချေ။ ယင်းစကား ထင်ရှားစေဦးအံ့၊ (က) ရုပ်ဇီဝိတိန္ဒြိယ (ခ) ကဗဠိကာရအာဟာရတို့သည် သဟဇာတ်ဖြစ်သော (က) ကမ္မဇရုပ်, (ခ) စတုဇကာယရုပ်တို့အား (က) ရူပဇီဝိတိန္ဒြိယသတ္တိ (ခ) အာဟာရသတ္တိဖြင့် ကျေးဇူးပြုကြသည်။ ထိုသဟဇာတ်ဖြစ်သော (က) ကမ္မဇရုပ်, (ခ) စတုဇကာယရုပ်တို့အား အစဉ် စောင့်ရှောက်ခြင်း, ထောက်ပံ့ခိုင်စေခြင်း, အမှုကို ပြု၍ အတ္ထိပစ္စည်း, အဝိဂတပစ္စည်းဖြင့် ကျေးဇူးပြုသကဲ့သို့ ဣတ္ထိန္ဒြိယ, ပုရိသိန္ဒြိယတို့သည် လိင်အစသည်တို့အား ၂၄-ပါးသော ပစ္စည်းတို့တွင် တစုံတခုသော ပစ္စယသတ္တိမျှဖြင့် ကျေးဇူးပြုခြင်း မရှိသောကြောင့် ဣန္ဒြိယပစ္စည်း မတပ်-ဟုမှတ်။

စာမျက်နှာ-၁၂၇

စေတသိက် ဖြစ်ကုန်သော ပဉ္စဝေါကာရဘုံ၌ ဖြစ်ခိုက် ဖြစ်နေ အရူပဝိပါက်လေးခု, ဒွေးပဉ္စဝိညာဏ် တဆယ်, ရဟန္တာတို့၏ စုတိစိတ် ကြဉ်သော စိတ် ၇၅-ခု နာမက္ခန္ဓာတို့သည် သဟဇာတ် ဖြစ်ကုန်သော စိတ္တဇရုပ်, ပဋိသန္ဓေကမ္မဇရုပ်တို့အား သဟဇာတဝိပ္ပယုတ္တသတ္တိဖြင့် ကျေးဇူးပြုကုန်၏၊ နောက်နောက်၌ ဖြစ်ကုန်သော စိတ်, စေတသိက် ဖြစ်ကုန်သော ပဉ္စဝေါကာရဘုံ၌ ဖြစ်ခိုက် ဖြစ်နေ အရူပဝိပါက်လေးခု ကြဉ်သော ပဌမဘဝင် အစရှိသော နောက်နောက်သော စိတ် ၇၅-ခု နာမက္ခန္ဓာတို့သည် ရှေးရှေး၌ ဖြစ်သော ဤသို့ သဘောရှိသော ပဋိသန္ဓေ အစရှိသော ရှေးရှေးသော စိတ်နှင့် အတူဥပါဒ်၍ ရုပ်၏ ဋ္ဌိတိသို့ ရောက်သော ဧကဇကာယ, ဒွိဇကာယ, တိဇကာယ, စတုဇကာယအား ပစ္ဆာဇာတဝိပ္ပယုတ္တသတ္တိဖြင့် ကျေးဇူးပြုကုန်၏၊ ခြောက်ပါးသော ဝတ္ထုရုပ်တို့သည် ပဝတ္တိအခါ၌ ၇-ပါးကုန်သော အရူပဝိပါက် ၄-ခု ကြဉ်သော ဝိညာဏဓာတ်တို့အား ဝတ္ထုပုရေဇာတဝိပ္ပယုတ္တသတ္တိဖြင့် ကျေးဇူးပြုကုန်၏၊ ဤသို့လျှင် ဝိပ္ပယုတ္တပစ္စည်းသည် သုံးပါးအပြားရှိ၏။

ဝိပ္ပယုတ္တပစ္စည်း အဖွင့်

၃၄။ ။ စက္ခုပသာဒ အစရှိသည်တို့၏ အတွင်းမှ ထွက်ကုန်သကဲ့သို့ ဖြစ်ကုန်သော အကြင် နာမ်တို့၏၎င်း၊ နာမ်ကို အမှီပြုသဖြင့် ဖြစ်ကုန်သော အကြင် ရုပ်တို့၏၎င်း၊ အညီအညွတ် ယှဉ်ခြင်း၌ ယုံမှားခြင်းသည် ဖြစ်၏။ ထိုနာမ်တို့အားသာလျှင် ဝိပ္ပယုတ္တပစ္စည်း တပ်သည်အဖြစ်သည် ဖြစ်သင့်၏၊ ရုပ်တို့အားကား ရုပ်တို့နှင့် အညီအညွတ်ယှဉ်ခြင်း၌ ထိုယုံမှားခြင်းသည် မရှိ၊ ပစ္စုပ္ပန် ဖြစ်သော အာရုံသည် ဝတ္ထုရုပ်ကို အမှီပြုသဖြင့်သာလျှင် ဖြစ်ကုန်သော အာရမ္မဏိက နာမ်တို့၏ အာရုံမျှသာ ဖြစ်၏။ ထို့ကြောင့် ထိုအာရုံနှင့်လည်း ထိုနာမ်တို့၏ အညီအညွတ် ယှဉ်ခြင်း၌ ယုံမှားခြင်းသည် မရှိပေ။ ထို့ကြောင့် အကြင်တရားတို့၏ အညီအညွတ်

စာမျက်နှာ-၁၂၈

ယှဉ်ခြင်း၌ ယုံမှားခြင်း ရှိ၏၊ ထိုတရားတို့၏သာလျှင် ဝိပ္ပယုတ္တပစ္စည်း အဖြစ်ကို မိန့်အပ်၏။ ထို့ကြောင့် “သြက္ကန္တိက္ခဏေ ဝတ္ထု” ဤသို့ အစရှိသော ပါဠိကို မိန့်ဆိုတော်မူ၏။

အတ္ထိပစ္စည်း, အဝိဂတပစ္စည်း

၃၅။ ။ သဟဇာတံ ပုရေဇာတံ, ပစ္ဆာဇာတဉ္စ သဗ္ဗဒါ။ ကဗဠိကာရော အာဟာရော, ရူပဇီဝိတိန္ဒြိယန္တိ စ။ ပဉ္စဝိဓော ဟောတိ အတ္ထိပစ္စယော, အဝိဂတပစ္စယော။

ခပ်သိမ်းသော အခြင်းအရာအားဖြင့် ငါသည် မိန့်ဆိုအပ်ပြီးသော သုံးပါးအပြားရှိသော သဟဇာတပစ္စည်း၎င်း, နှစ်ပါးအပြားရှိသော ပုရေဇာတပစ္စည်း၎င်း, ပစ္ဆာဇာတပစ္စည်း၎င်း, အလုပ်အလွေ့ကို


၁-သြက္ကန္တိက္ခဏေ-စသော ပါဠိဖြင့် ပဋိသန္ဓေခဏ၌ ပဉ္စဝေါကာရ ပဋိသန္ဓေနာမက္ခန္ဓာ နှင့် အတူဥပါဒ်သော ဟဒယဝတ္ထု ပစ္စည်းတရားသည် ပဉ္စဝေါကာရ ပဋိသန္ဓေနာမက္ခန္ဓာ ပစ္စယုပ္ပန်တရားတို့အား သဟဇာတဝိပ္ပယုတ္တသတ္တိဖြင့် ကျေးဇူးပြု၏။
ပဉ္စဝေါကာရဘုံ၌ ဖြစ်ခိုက် ဖြစ်နေ အရူပဝိပါက် ၄-ခု, ဒွေးပဉ္စဝိညာဏ်-၁ဝ, ရဟန္တာတို့၏ စုတိကြဉ်သော စိတ် ၇၅-ခု နာမက္ခန္ဓာ ပစ္စည်းတရားတို့သည် အတူတကွ ဖြစ်ကုန်သော စိတ္တဇရုပ်, ပဋိသန္ဓေကမ္မဇရုပ် ပစ္စယုပ္ပန်တရားတို့အား သဟဇာတဝိပ္ပယုတ္တသတ္တိဖြင့် ကျေးဇူးပြု၏။
ပစ္ဆာဇာတာ-စသော ပါဠိဖြင့် နောက်နောက်သော စိတ် ၇၅-ခု, နာမက္ခန္ဓာတရားတို့သည် ရှေးရှေးသော စိတ်နှင့် အတူဥပါဒ်၍ ရုပ်၏ ဋ္ဌိတိသို့ ရောက်သော ဧကဇကာယ, ဒွိဇကာယ, တိဇကာယ, စတုဇကာယ ရုပ်တရားအား ပစ္ဆာဇာတဝိပ္ပယုတ္တသတ္တိဖြင့် ကျေးဇူးပြု၏။
ဆဝတ္ထူနိ-စသော ပါဠိဖြင့် စက္ခုပသာဒဝတ္ထု-စသော ဝတ္ထုရုပ် ခြောက်ပါးသည် ပဝတ္တိအခါ စက္ခုဝိညာဏ် စသော ၇-ပါးသော ဝိညာဏဓာတ်အား ဝတ္ထုပုရေဇာတဝိပ္ပယုတ္တသတ္တိဖြင့် ကျေးဇူးပြု၏။ ဤသို့ ဝိပ္ပယုတ္တပစ္စည်းသည် (၁) သဟဇာတဝိပ္ပယုတ္တ (၂) ပစ္ဆာဇာတဝိပ္ပယုတ္တ (၃) ပုရေဇာတဝိပ္ပယုတ္တအားဖြင့် ၃-မျိုး အပြားရှိသည် အဖြစ်ကို ပြ၏။ (ဆိုရိုးကို သဂြိုဟ် ဘာသာပြန်အတိုင်းသိ။)
ရုပ်နှင့် ရုပ်ချင်း တရားတို့ကို ဝိပ္ပယုတ်ဧကန် ဖြစ်၍ သမ္ပယုတ်လေလော-ဟု ယုံဘွယ် မရှိသောကြောင့် ဝိပ္ပယုတ္တပစ္စည်း၌ မဟောအပ်ကုန်။ အကြင်တရားတို့အား သမ္ပယုတ် ဖြစ်၍ ယုံမှားဘွယ် ရှိ၏၊ ထိုတရားတို့အားသာ ဝိပ္ပယုတ္တပစ္စည်း အဖြစ်ဖြင့် ဟောတော်မူ၏ဟု မှတ်။

စာမျက်နှာ-၁၂၉

မပြုအပ်သော်လည်း ပြုအပ်သကဲ့သို့သော အာဟာရပစ္စည်း၎င်း, ရုပ်ဇီဝိတိန္ဒြိယ၎င်း, ဤသို့ ငါးပါးအပြားရှိသော ဤပစ္စည်းသည် အတ္ထိပစ္စည်းလည်း မည်၏, အဝိဂတပစ္စည်းလည်း မည်၏။

အတ္ထိပစ္စည်း, အဝိဂတပစ္စည်း အဖွင့်

၃၅။ ။ ခပ်သိမ်းသော အခြင်းအရာအားဖြင့် ထိုက်သည်အားလျော်စွာ နာမ်၏အစွမ်းဖြင့် ဆိုအပ်သော သုံးပါးအပြားရှိသော သဟဇာတပစ္စည်းသဘော၎င်း, နှစ်ပါးအပြားရှိသော ပုရေဇာတပစ္စည်းသဘော၎င်း, တပါးအပြားရှိသော ပစ္ဆာဇာတပစ္စည်းသဘော၎င်း, အာဟာရတို့တွင် ကဗဠိကာရအာဟာရ၎င်း, ရုပ်ဇီဝိတိန္ဒြိယ၎င်း, ဤသို့သော အပြားအားဖြင့် ငါးပါးအပြားရှိသော ဤပစ္စည်းသည် အတ္ထိပစ္စည်းလည်း ဖြစ်၏, အဝိဂတပစ္စည်းလည်း ဖြစ်၏။ အဘယ့်ကြောင့် ငါးပါးအပြားရှိသော ဤပစ္စည်းသည် အတ္ထိပစ္စည်းလည်း မည်သနည်း, အဝိဂတပစ္စည်းလည်း မည်ပါသနည်း ဟူမူ၊ ထင်ရှားရှိသော သဘောဖြစ်သော အတ္ထိသတ္တိဖြင့် ထိုသို့ ပစ္စယုပ္ပန်သဘောရှိသည်သာလျှင် ဖြစ်သော တရားကို ထောက်ပံ့ခိုင်စေတတ်သည် အဖြစ်ကြောင့် ငါးပါးအပြားရှိသော ဤပစ္စည်းသည် အတ္ထိပစ္စည်းလည်း မည်၏, အဝိဂတပစ္စည်းလည်း မည်၏။

နိဗ္ဗာန်မှာ အတ္ထိ, အဝိဂတပစ္စည်း မရှိပုံ ပြခြင်း

နတ္ထိ နိဗ္ဗာနဿ သဗ္ဗဒါဘာဝိနော အတ္ထိပစ္စယတာ, အဝိဂတပစ္စယတာ။

ထင်ရှားရှိသည်၏ အဖြစ် မရှိခြင်းကြောင့် ပစ္စယုပ္ပန်တို့အား ကျေးဇူးပြုတတ်ကုန်သော ဥပါဒ်သို့ မရောက်ကုန်သေးသော တရားတို့၏သာလျှင် ထင်ရှားရှိသည်၏ အဖြစ်ကြောင့် ဥပါဒ်သို့ရောက်၍


၁-ဤဂါထာဖြင့် အတ္ထိပစ္စည်း, အဝိဂတပစ္စည်းသည် သဟဇာတတ္ထိ, ပုရေဇာတတ္ထိ, ပစ္ဆာဇာတတ္ထိ, ရူပအာဟာရတ္ထိ, ရူပဇီဝိတိန္ဒြိယတ္ထိ ဟူ၍ ငါးပါးအပြား ရှိ၏-ဟု ပြ၏။

စာမျက်နှာ-၁၃၀

ကျေးဇူးပြုတတ်သော အဖြစ်သည် အတ္ထိပစ္စယသတ္တိ မည်၏။ ထို့ကြောင့် အမြဲတည်ခြင်းရှိသော နိဗ္ဗာန်၏ အတ္ထိပစ္စည်း၏ အဖြစ်သည်၎င်း, အဝိဂတပစ္စည်း၏ အဖြစ်သည်၎င်း မရှိပေ။

တနည်းကား—ဥပါဒ် အစရှိသည်တို့နှင့် ယှဉ်ကုန်သော သင်္ခတတရားတို့၏ ထင်ရှားမရှိသည် အဖြစ်ဖြင့် ကျေးဇူးပြုတတ်သော ပစ္စယသတ္တိအား ဆန့်ကျင်သော, ချုပ်သည် အဖြစ်ဖြင့် ကျေးဇူးပြုတတ်သော ပစ္စယသတ္တိအား ဆန့်ကျင်သော ကျေးဇူးပြုတတ်သည် အဖြစ်သည် အတ္ထိပစ္စည်း အစရှိသည်၏ သတ္တိ ဖြစ်၏။ ထို့ကြောင့် ထိုဥပါဒ် အစရှိသော အပိုင်းအခြား ကင်းသော နိဗ္ဗာန်၏ ထိုအတ္ထိပစ္စည်း, အဝိဂတပစ္စည်း၏ အဖြစ်၌ ယုံမှားခြင်း မရှိပြီ၊ ဤသဟဇာတ အစရှိသော ပါဠိ၌ ရုပ်ဇီဝိတိန္ဒြိယကိုလည်း ဩဇာကဲ့သို့ ဌိတိခဏ၌သာလျှင် ကျေးဇူးပြုတတ်သည် အဖြစ်ကြောင့် သဟဇာတပစ္စည်းတို့၌ မယူအပ်၊ ထို့ကြောင့် အသီးအခြား မိန့်ဆိုအပ်၏။

ပစ္စည်းအကျဉ်းချုပ်

၃၆။ ။ အာရမ္မဏူပနိဿယ, ကမ္မ, အတ္ထိပစ္စယေသု စ, သဗ္ဗပစ္စယာ သမာဓာနံ ဂစ္ဆန္တိ။

နိတတ္ထမှတပါး နေယျတ္ထကို ဆိုဦးအံ့—အလုံးစုံလည်း ဖြစ်ကုန်သော ပစ္စည်းတို့သည် အာရမ္မဏပစ္စည်း, ဥပနိဿယပစ္စည်း, ကမ္မပစ္စည်း, အတ္ထိပစ္စည်းတို့၌ ပေါင်းခြင်းသို့ ရောက်ကုန်၏။

ပစ္စည်းအကျဉ်းချုပ် အဖွင့်

၃၆။ ။ ယခုအခါ၌ အလုံးစုံလည်း ဖြစ်ကုန်သော ပစ္စည်းတို့သည် အကျဉ်းအားဖြင့်လည်း လေးပါးအပြား ရှိကုန်သည်သာလျှင်တည်း။

စာမျက်နှာ-၁၃၁

ဤသို့ ပြခြင်း “အာရမ္မဏူပ...ပ...ဂစ္ဆန္တိ” ဟူသော စကားကို မိန့်ဆိုအပ်၏၊ အဘယ့်ကြောင့် ပေါင်းခြင်းသို့ ရောက်ကုန်ပါသနည်း ဟူမူ၊ အကြင် ပစ္စည်းသည် စိတ်, စေတသိက်တို့၏ အာရုံ အဖြစ်သို့ မရောက်ရာ၊ တစုံတခုသော ထိုပစ္စည်းသည် မရှိသောကြောင့် အလုံးစုံသော ပစ္စည်းတို့သည် အာရမ္မဏပစ္စည်း၌ ပေါင်းခြင်းသို့ ရောက်ကုန်၏-ဟူလို။

အကြင်ပစ္စည်းသည် မိမိ မိမိ၏ ပစ္စယုပ္ပန်တရား၏ မှီရာ အဖြစ်သို့ မရောက်၊ ထိုမရောက်သော တစုံတခုသော ပစ္စည်းသည် မရှိသောကြောင့်၊ အလုံးစုံသော ပစ္စည်းတို့သည် ဥပနိဿယပစ္စည်း၌ ပေါင်းခြင်းသို့ ရောက်ကုန်၏-ဟူလို။ ဆက်၍ဆိုဦးအံ့—သင်္ခါရလောက ဖြစ်ခြင်း၏ ဖလူပစာရ, ကာရဏုပစာရ၏ အစွမ်းအားဖြင့် ကံသာလျှင် အကြောင်းရင်း ရှိသည်ဖြစ်ကြောင့် အလုံးစုံသော တရားတို့သည်လည်း ကံ-ဟူသော သဘောကို မလွန်နိုင်ကုန်သောကြောင့် အလုံးစုံသော ပစ္စည်းတို့သည် ကမ္မပစ္စည်း၌ ပေါင်းခြင်းသို့ ရောက်ကုန်၏၊ ထိုတရားတို့သည်လည်း ပရမတ္ထအားဖြင့်၎င်း, လောကပညတ်၏ အစွမ်းအားဖြင့်၎င်း, ထင်ရှားရှိကုန်သောကြောင့် အလုံးစုံသော ပစ္စည်းတို့သည် အတ္ထိပစ္စည်း၌ ပေါင်းခြင်းသို့ ရောက်ကုန်၏။ ထို့ကြောင့် အလုံးစုံသော ပစ္စည်းတို့သည် လေးပါးကုန်သော ဤပစ္စည်း၌ ပေါင်းခြင်းသို့ ရောက်ကုန်၏။


၁-စိတ်, စေတသိက်တို့၏ အာရုံအဖြစ်သို့ မရောက်သော တစုံတခုသော ပစ္စည်းမည်သည် မရှိသောကြောင့်၎င်း၊ မိမိတို့၏ ဥစ္စာဖြစ်သော ပစ္စယုပ္ပန်တရားတို့၏ မှီရာ အဖြစ်သို့ မရောက်သော တစုံတခုသော ပစ္စည်းမည်သည် မရှိသောကြောင့်၎င်း၊ အတ္တဘော-ဟု ဆိုအပ်သော သင်္ခါရလောကဖြစ်ခြင်းသည် ကုသိုလ်, အကုသိုလ်ကံလျှင် အကြောင်းရှိ၍ အကြောင်း၏ အမည်ကို အကျိုး၌ တင်စား၍ အလုံးစုံသော ပစ္စည်းတို့သည် ကံအဖြစ်ကို မလွန်နိုင်သောကြောင့်၎င်း၊ အလုံးစုံသော ပစ္စည်းတို့သည် ပရမတ္ထအားဖြင့်၎င်း, လောကသမုတိ အစွမ်းဖြင့်၎င်း, ထင်ရှားရှိသောကြောင့် အလုံးစုံသော ပစ္စည်းတို့သည် အာရမ္မဏပစ္စည်း, ဥပနိဿယပစ္စည်း, ကမ္မပစ္စည်း, အတ္ထိပစ္စည်းတို့၌ ပေါင်းခြင်းသို့ ရောက်ကုန်၏-ဟူလို။

စာမျက်နှာ-၁၃၂

သဟဇာတရုပ်

၃၇။ ။ သဟဇာတရူပန္တိ ပနေတ္ထ သဗ္ဗတ္ထာပိ ပဝတ္တေ စိတ္တသမုဋ္ဌာနာနံ, ပဋိသန္ဓိယံ ကဋတ္တာရူပါနဉ္စ ဝသေန ဒုဝိဓံ ဟောတီတိ ဝေဒိတဗ္ဗံ။

အထူးကို ဆိုဦးအံ့—ဤပဋ္ဌာန်းနည်း၌ ဟေတု စသော ပစ္စည်းကို အကျယ်ပြရာ အလုံးစုံ၌လည်း ငါသည် ဆိုအပ်သော သဟဇာတရုပ် ဟူသည်ကား ပဝတ္တိအခါ၌ စိတ်ကြောင့် ဖြစ်ကုန်သော ရုပ်တို့၏၎င်း, ပဋိသန္ဓေအခါ၌ ကဋတ္တာရုပ်တို့၏၎င်း အစွမ်းဖြင့် နှစ်ပါးအပြား ရှိ၏၊ ဤသို့ သိအပ်၏။

သဟဇာတရုပ် အဖွင့်

၃၇။ ။ ယခုအခါ၌ ထိုထိုသို့သော ပစ္စယနိဒ္ဒေသ၌ သဟဇာတရုပ် ဟူ၍ အကြင်စကားကို ဆိုအပ်ပြီ၊ အလုံးစုံသော ထိုစကားကို သာမညအားဖြင့် မမှတ်အပ်-ဟူသော ဤအနက်ကို ပြခြင်း “သဟဇာတရူပံ” အစရှိသော စကားကို မိန့်ဆိုအပ်၏၊ အဘယ့်ကြောင့် သာမညအားဖြင့် မမှတ်အပ်ပါသနည်း-ဟူမူ၊ ပဋိသန္ဓေအခါ၌ စိတ္တဇရုပ် မရှိခြင်းကြောင့်, ပဝတ္တိအခါ၌ ကမ္မဇရုပ်တို့၏လည်း စိတ်, စေတသိက်တို့နှင့် တကွ ဖြစ်ခြင်း အမြဲမရှိခြင်းကြောင့် သဟဇာတရုပ် မည်၏၊ အလုံးစုံသော နိဒ္ဒေသ၌လည်း ပဝတ္တိအခါ၌ စိတ်ကြောင့် ဖြစ်ကုန်သော ရုပ်တို့၏၎င်း, ပဋိသန္ဓေအခါ၌ ကဋတ္တာရုပ်-ဟု ဆိုအပ်သော ကမ္မဇရုပ်တို့၏၎င်း အစွမ်းဖြင့် နှစ်ပါးအပြား ရှိ၏၊ ထို့ကြောင့် သာမညအားဖြင့် မမှတ်အပ်-ဟူလို၊ ကံကို (ရှေးဘဝက) ပြုအပ်ခဲ့သည် အဖြစ်ကြောင့် ဖြစ်ကုန်သော ရုပ်တို့သည် ကဋတ္တာရုပ် မည်ကုန်၏။


၁-အလုံးစုံသော ပစ္စယနိဒ္ဒေသ၌ ပါရှိသော သဟဇာတရုပ် ဟူသည်ကား ပဝတ္တိအခါ၌ စိတ္တဇရုပ်, ပဋိသန္ဓေအခါ၌ ကမ္မဇရုပ် ၂-ပါးပင်တည်း၊ ၎င်း ၂-ပါးကိုပင် ဆိုင်ရာ နာမက္ခန္ဓာနှင့် အတူတကွဖြစ်သောကြောင့် သဟဇာတရုပ်-ဟု ဆိုအပ်၏-ဟူလို။

စာမျက်နှာ-၁၃၃

၃၈။ ။ ဣတိ တေကာလိကာ ဓမ္မာ၊ ကာလမုတ္တာ စ သမ္ဘဝါ
အဇ္ဈတ္တဉ္စ ဗဟိဒ္ဓါ စ၊ သင်္ခတာသင်္ခတာ တထာ
ပညတ္တိ နာမရူပါနံ၊ ဝသေန တိဝိဓာ ဌိတာ
ပစ္စယာ နာမ ပဋ္ဌာနေ၊ စတုဝီသတိ သဗ္ဗထာ။ ။

ဤသို့ အကြင်အကြင် ဆိုအပ်ခဲ့ပြီးသော နည်းဖြင့် ဖြစ်သင့်သည်အား လျော်စွာ ကာလသုံးပါး ရှိသည်လည်း ဖြစ်ကုန်သော၊ ကာလသုံးပါးမှ လွတ်ကုန်သည်လည်း ဖြစ်ကုန်သော၊ အဇ္ဈတ္တသန္တာန်၌လည်း ဖြစ်ကုန်သော၊ ဗဟိဒ္ဓသန္တာန်၌လည်း ဖြစ်ကုန်သော၊ ထိုမှ ပစ္စယုပ္ပန်လည်း ဖြစ်ကုန်သော၊ ပစ္စည်းလည်း ဖြစ်ကုန်သော သဘောတရားတို့သည် ပညတ်, နာမ်, ရုပ်တို့၏ အစွမ်းအားဖြင့် သုံးပါးအပြားဖြင့် တည်ကုန်၏၊ အလုံးစုံသော အနန္တနယ ဖြစ်သော သမန္တပဋ္ဌာန်းကျမ်းကြီး၌ ၂၄-ပါး အရေအတွက် ရှိကုန်သော ပစ္စည်းတို့သည် တည်ကုန်၏။

၃၈။ ။ဤဆိုအပ်ခဲ့ပြီးသော နည်းဖြင့်သာလျှင် ဖြစ်သင့်သည်အား လျော်စွာ အနန္တရ, သမနန္တရ, အာသေဝန, နတ္တိ, ဝိဂတ၏ အစွမ်းအားဖြင့် ငါးပါးကုန်သော အတိတ်ကာလ ရှိကုန်သော ပစ္စည်းတို့၏ အစွမ်းအားဖြင့်၎င်း၊ အတိတ်, ပစ္စုပ္ပန်၏ အစွမ်းအားဖြင့် ကာလနှစ်ပါး ရှိသော ကမ္မပစ္စည်း၏ အစွမ်းဖြင့်၎င်း၊ ကာလသုံးပါး ရှိကုန်သော အာရမ္မဏပစ္စည်း, အဓိပတိပစ္စည်း, ဥပနိဿယပစ္စည်းတို့၏ အစွမ်းအားဖြင့်၎င်း၊ ဤမှတပါးကုန်သော ၁၅-ပါးကုန်သော ပစ္စုပ္ပန်ကာလ၌ ရှိသော ပစ္စည်းတို့၏ အစွမ်းအားဖြင့်၎င်း၊ ကာလသုံးပါး အပေါင်းရှိကုန်သော တရားတို့သည်၎င်း၊ နိဗ္ဗာန်ပညတ်အစွမ်းအားဖြင့် ကာလသုံးပါးမှ လွတ်ကုန်သော တရားသည်၎င်း၊ စက္ခုအစရှိသည်, ရာဂအစရှိသည်, သဒ္ဓါအစရှိသည်တို့၏ အစွမ်းအားဖြင့် အဇ္ဈတ္တိကလည်း ဖြစ်ကုန်သော တရားတို့သည်၎င်း၊ ပုဂ္ဂိုလ်, ဥတု, ဘောဇဉ် အစရှိသည်တို့၏ အစွမ်းအားဖြင့်၎င်း၊ ထိုအဇ္ဈတ္တိကမှအပ ဗဟိ၌ ဖြစ်ကုန်သော တရား

စာမျက်နှာ-၁၃၄

တို့သည်၎င်း၊ ပစ္စယုပ္ပန်ဖြစ်သည် အဖြစ်ကြောင့် သင်္ခတတရားလည်း ဖြစ်ကုန်သော တရားတို့သည်၎င်း၊ ထို့အတူ ထိုသင်္ခတတရား၏ ဆန့်ကျင်ဘက်ဖြစ်သည် အဖြစ်ကြောင့် အသင်္ခတ မည်ကုန်သော တရားတို့သည်၎င်း၊ ပညတ်, နာမ်, ရုပ်တို့၏ အစွမ်းဖြင့် အကျဉ်းအားဖြင့် သုံးပါးအပြား ရှိကုန်သည်ဖြစ်၍ တည်ကုန်သော၊ ခပ်သိမ်းသော အပြားရှိသော၊ အဆုံးမရှိသော နည်းရှိသော၊ အလုံးစုံသော ပစ္စည်းတရားတို့၏ တည်ရာဖြစ်သော ပဋ္ဌာန်းကျမ်း၌ ၂၄-ပါး အရေအတွက် ရှိကုန်သော ပစ္စည်းတို့သည် ဖြစ်ကုန်၏။ ဤသို့ ယောဇနာခြင်းကို ပြုအပ်၏။

၃၉။ ။တတ္ထု ရူပဓမ္မာ ရူပက္ခန္ဓာဝ, စိတ္တစေတသိကသင်္ခါတာ စတ္တာရော အရူပိနော ခန္ဓာ နိဗ္ဗာနဉ္စေတိ ပဉ္စဝိဓမ္ပိ အရူပန္တိ စ နာမန္တိ စ ပဝုစ္စတိ။

ထိုပညတ်, နာမ်, ရုပ်တို့တွင် ရူပက္ခန္ဓာကိုသာလျှင် ရုပ်တရားတို့ဟူ၍ ဆိုအပ်၏၊ စိတ်စေတသိက်-ဟု ဆိုအပ်ကုန်သော နာမ်ဖြစ်ကုန်သော လေးပါးကုန်သော ခန္ဓာတို့၎င်း၊ နိဗ္ဗာန်၎င်း၊ ဤသို့ ငါးပါးအပြားရှိသော တရားကိုလည်း အရူပ-ဟူ၍၎င်း၊ နာမ်-ဟူ၍၎င်း၊ ဆိုအပ်၏။

၃၉။ ။တတ္ထ-ဟူသည်ကား၊ ဝါ-ဟူသောပုဒ်ကို "ထိုပညတ်, နာမ်, ရုပ်တို့တွင်"-ဟု အနက်ပေး။

ပညတ်အပြား

၄၀။ ။တတော အဝသေသာ ပညတ္တိ ပန ပညာပိယတ္တာ ပညတ္တိ ပညာပနတော ပညတ္တီတိ စ ဒုဝိဓာ ဟောတိ။


၁-ထိုပညတ် နာမ်ရုပ်တို့တွင် ရုပ် ၂၈-ပါးသည် ဖောက်ပြန်တတ်သောကြောင့် ရုပ်မည်၏။ စိတ်စေတသိက် ၅၂-ပါးအရ ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ်ဟူသော နာမ်ခန္ဓာ ၄-ပါးနှင့် နိဗ္ဗာန် ဤတရား ၅-ပါးကို အရူပ-ဟု၎င်း, နာမ်-ဟု၎င်း, ဆိုအပ်၏-ဟူလို။

စာမျက်နှာ-၁၃၅

ထိုနာမ်ရုပ်တို့မှ ကြွင်းသော ပညတ်သည် အပြားအားဖြင့် သိစေအပ်သည်အဖြစ်ကြောင့် အတ္ထပညတ်၎င်း၊ အပြားအားဖြင့် သိစေတတ်သည်အဖြစ်ကြောင့် သဒ္ဓပညတ်၎င်း၊ ဤသို့ နှစ်ပါးအပြားရှိ၏။

ပညတ်အားအဖွင့်

၄၀။ ။အတ္ထပညတ်, သဒ္ဓပညတ်တို့၏ အပြားအားဖြင့် ပညတ်သည် နှစ်ပါးအပြားရှိ၏၊ ထို့ကြောင့် “ပညာပိယတ္တာ” ဤသို့ အစရှိသော စကားကို မိန့်ဆိုအပ်၏၊ ပညာပိယတ္တ-ဟူသည်ကား၊ ဝါ-ဟူသောပုဒ်ကို "ထိုထိုသို့သော အပြားအားဖြင့် သိစေအပ်သည်အဖြစ်ကြောင့်"-ဟု အနက်ပေး။ ဤပညာပိယတ္တာ-ဟူသော ပါဠိဖြင့် ရုပ်အစရှိသော တရားတို့၏ အပေါင်း အမြဲတည်ခြင်း အခိုက်အတန့် အထူးစသည် အပြားရှိသော သမုတိသစ္စာ ဖြစ်သော ဥပါဒပညတ်-ဟု ဆိုအပ်သော အတ္ထပညတ်ကို မိန့်ဆိုအပ်၏။ အဘယ့်ကြောင့် အတ္ထပညတ်ကို ဆိုအပ်ပါသနည်း-ဟူမူ၊ ထိုအတ္ထပညတ်ကို နာမပညတ်သည် အပြားအားဖြင့် သိစေအပ်သည်အဖြစ်ကြောင့် အတ္ထပညတ်ကို ဆိုအပ်၏။

ပညာပနတော-ဟူသည်ကား၊ ဝါ-ဟူသောပုဒ်ကို "အပြားအားဖြင့် အတ္ထပညတ်ကို သိစေတတ်သောကြောင့်"-ဟု အနက်ပေး။ ဤပညာပနတော-ဟူသော ပါဠိဖြင့် "အပြားအားဖြင့် သိစေအပ်သောကြောင့် ပညတ်မည်၏"-ဟု ရအပ်သော အမည်ရှိကုန်သော အနက်တို့၏ အမည်-ဟု ဆိုအပ်သော နာမပညတ်ကိုသာလျှင် ဆိုအပ်၏။


၁။ နာမ်ရုပ်မှ တပါးသော ပညတ်သည် အတ္ထပညတ်, သဒ္ဓပညတ်-ဟု ၂-ပါးအပြား ရှိ၏၊ ထို ၂-ပါးတို့တွင် တော, တောင်, ရေ, မြေ, လူ, နတ်, ဗြဟ္မာ, ရုပ်, ဝေဒနာ စသော အနက်အပေါင်းသည် သိစေအပ်သောကြောင့် အတ္ထပညတ် မည်၏။
၂။ ဝန, ပဗ္ဗတ, ဥဒက, ဘူမိ, နရ, ဒေဝ, ဗြဟ္မာ, ရူပ, ဝေဒနာ-စသော သဒ္ဓါအပေါင်းသည် အတ္ထပညတ်ကို သိစေတတ်သောကြောင့် သဒ္ဓပညတ် မည်၏-ဟူလို။

စာမျက်နှာ-၁၃၆

အတ္ထပညတ်အပြား

၄၁။ ။ကထံ- တံတံ ဘူတဝိပရိဏာမာကာရ မုပါဒါယ တထာ တထာ ပညာ ဘူ မိပဗ္ဗတာဒိကာ, သာရသန္ဓေ သာရ မုပါဒါယ ဂေဟရထ သကာဒိကာ, ခန္ဓပဉ္စကမုပါဒါယ ပုရိသပုဂ္ဂလာဒိကာ စန္ဒဝနာဒိ ကမှပဒါယ ဒိသာကာ, အသမ္ဗာရ မုပါဒါယ ကူပ၇ဟာဒိကာ, တံတံ ဘူတနိမိတ္တံ ဘာဝနာဝိသေသဉ္စဥပါဒါယ ကသိဏနိမိဒိကာ စေတိ ဧဝမာဒိပဘေဒါ ပန ပရမတ္ထတော အဝိဇ္ဇ မာနာ အတ္ထာယာကာရေန စိတ္တုပ္ပါဒါန မာရမ္မဏဘူတာ တံတံ ဥပါဒါယ ဥပနိယ ကာရဏံ ကတွာ တံတထာ ပရိကပ္ပိယမာနာ သင်္ခယ တိ သမညာယတိ ဝေါဟ ရီယတိ ပညာယ တီ တိ ပညတ္တီတိ ပဝုစ္စတိ၊ အယံ ပညတ္တိ ပညာပိယတ္တာ ပညတ္တိနာမ။

အဘယ်သူ ဖြစ်သနည်းဟူမူကား—ထိုထိုသို့သော ပထဝီစသော မဟာဘုတ်တို့၏ ဖောက်ပြန်သော အခြင်းအရာကိုစွဲ၍ ထိုထိုသို့သော အခြင်းအရာအားဖြင့် ပညတ်အပ်သော မြေ, တောင် အစရှိသော သဏ္ဌာနပညတ်၎င်း၊ သစ်, မြေစိုင်, ချည် အစရှိသော အဆောက်အဦတို့၏ စုဝေးသော အခြင်းအရာကို စွဲ၍ ထိုထိုသော အခြင်းအရာအားဖြင့် ပညတ်အပ်သော အိမ်, ရထား, လှည်း, အိုး, ပုဆိုး အစရှိသော သမူဟပညတ်၎င်း၊ ခန္ဓာငါးပါး အပေါင်းကို စွဲ၍ ထိုထိုသို့သော အခြင်းအရာဖြင့် ပညတ်အပ်သော ယောက်ျား, ပုဂ္ဂိုလ် အစရှိသော ဇာတိပညတ်၎င်း၊ လ, နေ, နက္ခတ်တို့၏ မြင့်မိုရ်တောင်ကို လက်ျာရစ် လှည့်၍ သွားခြင်း အစရှိသော အခြင်းအရာကို စွဲ၍ ထိုထိုသို့သော အခြင်းအရာဖြင့် ပညတ်အပ်သော အရှေ့

စာမျက်နှာ-၁၃၇

အရပ်အစရှိသော ဒိသာပညတ်, နေ့စသော ကာလပညတ်, ကဆုန်လစသော မာသပညတ်၎င်း၊ ထိုသို့သော ရုပ်ကလာပ်တို့သည် မတွေအပ်သော အခေါင်းအစရှိသော အခြင်းအရာကို စွဲ၍ ထိုထိုသို့သော အခြင်းအရာဖြင့် ပညတ်အပ်သော တွင်း, လိုဏ်, အပေါက်စသော အာကာသပညတ်၎င်း၊ ထိုထိုသို့သော အခြင်းအရာဖြင့် ထင်သော ပထဝီကသိုဏ်း အစရှိသော နိမိတ်ကို၎င်း၊ ဘာဝနာ၏ အစဉ်ဟူသော အထူးကို၎င်း စွဲ၍ ထိုထိုသို့သော အခြင်းအရာဖြင့် ပညတ်အပ်သော ကသိုဏ်းနိမိတ်, အသုဘနိမိတ်, ဥဂ္ဂဟနိမိတ်, ပဋိဘာဂနိမိတ် စသော နိမိတ်ပညတ်၎င်း၊ ဤသို့စသည် အပြားရှိသော ပရမတ္ထအားဖြင့် ထင်ရှားမရှိသော်လည်း ပရမတ္ထ၏ အရိပ်အရောင် အဘူဟူသော အခြင်းအရာဖြင့် စိတ်, စေတသိက်တို့၏ အာရုံဖြစ်၍ ဖြစ်သော အတ္ထပညတ်ကို ထိုထိုသို့သော အခြင်းအရာကို စွဲ၍, ထောက်၍, အကြောင်းပြု၍, ထိုထိုသို့သော အခြင်းအရာဖြင့် ကြံဆအပ်သည်ဖြစ်၍ ရေတွက်အပ်၏၊ သမုတ်အပ်၏၊ ခေါ်ဝေါ်အပ်၏၊ အပြားအားဖြင့် သိစေအပ်၏။ ထို့ကြောင့် အတ္ထပညတ်-ဟူ၍ ဆိုအပ်၏၊ ဤပညတ်သည် အပြားအားဖြင့် သိစေအပ်သည်အဖြစ်ကြောင့် အတ္ထပညတ် မည်၏။

အတ္ထပညတ် အပြားအဖွင့်

၄၁။ ။ဘူတဝိပရိဏာမာကာရမုပါဒါယ-ဟူသည်ကား၊ ဝါ-ဟူသောပုဒ်ကို "အမြဲဖြစ်သော သန္တာန်၏ အစွမ်းအားဖြင့် ဖြစ်ကုန်သော ပထဝီ အစရှိကုန်သော မဟာဘုတ်တို့၏ ပြန့်သည်၏အဖြစ်, အပေါင်းအစု၏အဖြစ် အစရှိသော အကြောင်းအားဖြင့် ဖြစ်သော ဖောက်ပြန်သည်အဖြစ်-ဟု ဆိုအပ်သော အခြင်းအရာကို အမှီပြု၍"-ဟု အနက်ပေး။ တထာတထာ-ဟူသည်ကား၊ ဝါ-ဟူသောပုဒ်ကို "မြေ အစရှိသည်တို့၏ အစွမ်းအားဖြင့်"-ဟု အနက်ပေး။ ဘူမိပဗ္ဗတာဒိ-ဟူသည်ကား၊ ဝါ-ဟူသောပုဒ်ကို "မြေ, တောင်, သစ်ပင် အစရှိသော

စာမျက်နှာ-၁၃၈

သဏ္ဌာနပညတ်၎င်း"-ဟု အနက်ပေး။ သာရသန္ဓေသာကာရံ-ဟူသည်ကား၊ ဝါ-ဟူသောပုဒ်ကို "သစ်, မြေ, ချည် အစရှိကုန်သော အဆောက်အဦတို့၏ ပြုပြင်ခြင်း အစရှိသည်တို့ဖြင့် အထူးဖြစ်သော ထိုထိုသို့သော မြင့်သောသဏ္ဌာန်, နိမ့်သောသဏ္ဌာန် အစရှိသော အကြောင်းကို"-ဟု အနက်ပေး။ ရထသကာဒိကာ-ဟူသည်ကား၊ ဝါ-ဟူသောပုဒ်ကို "ရထား, လှည်း, ရွာ, အိုး, ပုဆိုး အစရှိသော သမူဟပညတ်၎င်း"-ဟု အနက်ပေး။ စန္ဒဝနာဒိကမှပဒါယ-ဟူသည်ကား၊ ဝါ-ဟူသောပုဒ်ကို "လ, နေ, နက္ခတ်တို့၏ မြင်းမိုရ်တောင်ကို လက်ျာရစ် လှည့်သည်အစွမ်းအားဖြင့် တက်ခြင်း အစရှိသော လည်သော အကြောင်းကို"-ဟု အနက်ပေး။ ဒိသာကာလာဒိကာ-ဟူသည်ကား၊ ဝါ-ဟူသောပုဒ်ကို "အရှေ့အရပ် အစရှိသော ဒိသာပညတ်၎င်း၊ နံနက် အစရှိသော ကာလပညတ်၎င်း၊ လ, ဥတု, ဝိသာခါနက္ခတ်နှင့် ယှဉ်သော ကာလ အစရှိသော ထိုထိုအမည်အားဖြင့် ထူးသော မာသ အစရှိသော ပညတ်၎င်း"-ဟု အနက်ပေး။ အသမ္ဖုဋ္ဌာကာရံ-ဟူသည်ကား၊ ဝါ-ဟူသော


၁-ဤကထံ-စသော ပါဠိဖြင့် အတ္ထပညတ်အရ အကျယ်တဝင့် ဖွင့်ပြ၏။ ပြပုံကား-
(၁) ထိုထိုသို့သော ပထဝီစသော မဟာဘုတ်တို့၏ ဖောက်ပြန်သော အခြင်းအရာ ပုံဟန် သဏ္ဌာန်ကို စွဲ၍ ပညတ်သမုတ်အပ်သော မြေ, တောင် အစရှိသော သဏ္ဌာနပညတ်၎င်း၊
(၂) သစ်, မြေစိုင်, ချည် အစရှိသော အဆောက်အဦတို့၏ ပေါင်းစည်းစုဝေးသော အခြင်းအရာကို အစွဲပြု၍ ပညတ်သမုတ်အပ်သော အိမ်, ရထား, လှည်း, အိုး, ပုဆိုးစသော သမူဟပညတ်၎င်း၊
(၃) ခန္ဓာငါးပါး အပေါင်းကို စွဲ၍ ပညတ်သမုတ်အပ်သော ယောက်ျား, ပုဂ္ဂိုလ်စသော ဇာတိပညတ်၎င်း၊
(၄) လ, နေ, နက္ခတ်တို့၏ မြင့်မိုရ်တောင်ကို လက်ျာရစ် လှည့်၍ သွားခြင်း အစရှိသော အခြင်းအရာကို စွဲ၍ ပညတ်သမုတ်အပ်သော အရှေ့အရပ်စသော ဒိသာပညတ်, နံနက်စသော ကာလပညတ်, ကဆုန်လစသော မာသပညတ်၎င်း၊
(၅) ထိုထိုသို့သော ရုပ်ကလာပ်တို့သည် မတွေ့မထိအပ်သော အခေါင်းစသော အခြင်းအရာကို စွဲ၍ ပညတ်သမုတ်အပ်သော တွင်း, ဂူ, လိုဏ်, အပေါက်စသော အာကာသပညတ်၎င်း၊
(၆) ထိုထိုသော အခြင်းအရာအားဖြင့် ထင်သော ပထဝီကသိုဏ်းစသော နိမိတ်ကို၎င်း, ပရိကမ္မစသည်ဖြင့် ပြားသော ဘာဝနာအစဉ်-ဟု ဆိုအပ်သော အထူးကို၎င်း စွဲ၍ ပညတ်သမုတ်အပ်သော ကသိုဏ်းနိမိတ်, အသုဘနိမိတ်, ဥဂ္ဂဟနိမိတ်, ပဋိဘာဂနိမိတ်စသော နိမိတ္တပညတ်၎င်း, ဤသို့စသော ပညတ်အပေါင်းသည် အတ္ထပညတ် မည်၏-ဟူလို။

စာမျက်နှာ-၁၃၉

ပုဒ်ကို "ထိုထိုသို့သော ဥတုဇရုပ်တို့ဖြင့် မတွေ့ထိအပ်သော အခေါင်း အစရှိသော အကြောင်းကို"-ဟု အနက်ပေး။ ကူပရဟာဒိကာ-ဟူသည်ကား၊ ဝါ-ဟူသောပုဒ်ကို "တွင်း, လိုဏ်, အပေါက် အစရှိသော အာကာသပညတ်၎င်း"-ဟု အနက်ပေး။ တံတံဘူတနိမိတ္တံ-ဟူသည်ကား၊ ဝါ-ဟူသောပုဒ်ကို "ပထဝီကသိုဏ်း အစရှိသော ထိုထို မဟာဘုတ်လျှင် အာရုံရှိသော"-ဟု အနက်ပေး။ ဘာဝနာဝိသေသံ-ဟူသည်ကား၊ ဝါ-ဟူသောပုဒ်ကို "ပရိကမ္မဘာဝနာ အစရှိသော အပြားရှိသော ဘာဝနာ၏ မပြတ်ဖြစ်ခြင်း အထူးကို"-ဟု အနက်ပေး။ ကသိဏနိမိဒိကာ-ဟူသည်ကား၊ ဝါ-ဟူသောပုဒ်ကို "ကသိုဏ်းဝန်း-ဟု ဆိုအပ်သော အာရုံ, အသုဘ-ဟု ဆိုအပ်သော အာရုံ အစရှိသော အပြား, ကမ္မဋ္ဌာန်းစီးဖြန်းသူ ယောဂီပုဂ္ဂိုလ်တို့အား ထင်သော ဥဂ္ဂဟနိမိတ်, ပဋိဘာဂနိမိတ် အစရှိသော အပြားရှိသော နိမိတ်ပညတ်၎င်း"-ဟု အနက်ပေး။ ဧဝမာဒိပဘေဒါ-ဟူသည်ကား၊ ဝါ-ဟူသောပုဒ်ကို "ကသိုဏ်းကို ခွါ၍ ရအပ်သော ကောင်းကင်ပညတ်, နိရောဓသမာပတ်-ဟု ဆိုအပ်သော ပညတ် အစရှိသော အပြားရှိသော ပညတ်၎င်း"-ဟု အနက်ပေး။ အတ္ထုစ္ဆာယာကာရေန-ဟူသည်ကား၊ ဝါ-ဟူသောပုဒ်ကို "ပရမတ်တရား၏ အတူဖြစ်သော အခြင်းအရာဖြင့်"-ဟု အနက်ပေး။

သဒ္ဓပညတ် ၆-ပါး

၄၂။ ။ပညာပနတော ပညတ္တိ ပန နာမ နာမကမ္မာ ဒိနာမေန ပရိ ဒီပိတာ၊ သာ ဝိဇ္ဇမာနပညတ္တိ အဝိဇ္ဇမာန ပညတ္တိ, ဝိဇ္ဇမာနေန အဝိဇ္ဇမာနပညတ္တိ အဝိဇ္ဇမာနေန ဝိဇ္ဇမာနပညတ္တိ ဝိဇ္ဇမာနေန ဝိဇ္ဇမာန ပညတ္တိ အဝိဇ္ဇမာနေန အဝိဇ္ဇာမာနပညတ္တိ စေတိ ဆဝိဓာ ဟောတိ။

အတ္ထပညတ်မှတပါး သဒ္ဓပညတ်ကို ဆိုဦးအံ့—သိစေတတ်သည်အဖြစ်ကြောင့် သဒ္ဓပညတ်ကို နာမ, နာမကမ္မ အစရှိသော အမည်ဖြင့်

စာမျက်နှာ-၁၄၀

ပြအပ်၏၊ ထိုသဒ္ဓပညတ်သည် ပရမတ္ထအားဖြင့် ထင်ရှားရှိသော ပညတ်၎င်း၊ ပရမတ္ထအားဖြင့် ထင်ရှားမရှိသော ပညတ်၎င်း၊ ပရမတ္ထအားဖြင့် ထင်ရှားရှိသည်ဖြစ်၍ ပရမတ္ထအားဖြင့် ထင်ရှားမရှိသော ပညတ်၎င်း၊ ပရမတ္ထအားဖြင့် ထင်ရှားမရှိသည်ဖြစ်၍ ပရမတ္ထအားဖြင့် ထင်ရှားရှိသော ပညတ်၎င်း၊ ပရမတ္ထအားဖြင့် ထင်ရှားရှိသည်ဖြစ်၍ ပရမတ္ထအားဖြင့် ထင်ရှားရှိသော ပညတ်၎င်း၊ ပရမတ္ထအားဖြင့် ထင်ရှားမရှိသည်ဖြစ်၍ ပရမတ္ထအားဖြင့် ထင်ရှားမရှိသော ပညတ်၎င်း၊ ဤသို့ ခြောက်ပါးအပြားရှိ၏။

သဒ္ဓပညတ် ၆-ပါးအဖွင့်

၄၂။ ။နာမ နာမကမ္မာဒိနာမေန-ဟူသည်ကား၊ ဝါ-ဟူသောပုဒ်ကို "နာမ်၎င်း, နာမကမ္မ၎င်း, နာမယျ၎င်း, သဒ္ဓ၏အနက်ကို အကြောင်းနှင့်တကွ ထုတ်ဆိုအပ်သော သဒ္ဓ၎င်း, အနက်ကို ပြတတ်သော သဒ္ဓါ၎င်း, အနက်သို့ ရှေ့ရှုဖြစ်၍ ဟောတတ်သော သဒ္ဓ၎င်း၊ ဤသို့ ဤခြောက်ပါးသော အမည်တို့ဖြင့်"-ဟု အနက်ပေး။ ထိုနာမံ, နာမကမ္မံ အစရှိသော စကား၌ အနက်တို့၌ ညွတ်တတ်သောကြောင့် နာမည်၏၊ ထိုနာမ်သည် အနွတ္တနာမ်, ရူഢိနာမ်တို့၏ အစွမ်းအားဖြင့် နှစ်ပါးအပြားရှိ၏၊ သာမညနာမ်, ဂုဏနာမ်, ကြိယာနာမ်, ယဒိနာမ်တို့၏ အစွမ်းအားဖြင့် လေးပါးအပြားရှိ၏၊ အနက်သို့ ညွတ်တတ်သော အက္ခရာအစဉ်သည်ပင်လျှင် နာမမည်၏၊ ထို့အတူ အနက်သို့ ညွတ်တတ်သော အက္ခရာအစဉ်သည်ပင်လျှင် နာမယျမည်၏၊ အက္ခရာကို အကြောင်းပြုသဖြင့် အနက်ကို


၁-အနက်ကို သိစေတတ်သော သဒ္ဓပညတ်ကို နာမ်, နာမက, နာမယျ, နိရုတ္တိ, ဗျဉ္ဇန, အဘိလာပ-ဟု ခြောက်ပါးသော အမည်ဖြင့်လည်း ခေါ်ဆိုအပ်၏။
နွား, နွားကွဲ အစရှိသော စိတ္တဇသဒ္ဓါအပေါင်းသည် အနက်၌ ညွတ်တတ်သောကြောင့် နာမ်မည်၏၊ ဤစသော သဒ္ဓါအပေါင်းသည်ပင် "ဤသဒ္ဓါသည် ဤအနက်ကို ခေါ်ဝေါ်၏"-ဟု မှည့်ခေါ်အပ်သောကြောင့် နာမက မည်၏။
၂-အမည်သည်ပင်လျှင် ဆောင်အပ် ထားအပ်သောကြောင့် နာမဓေယျ မည်၏။

စာမျက်နှာ-၁၄၁

ထုတ်၍ ဆိုခြင်းသည် နိရုတ္တိမည်၏၊ အနက်ကို ပြတတ်သောကြောင့် ဗျဉ္ဇနမည်၏။ ရှေ့ရှုသည်ဖြစ်၍ ဟောတတ်သောကြောင့် အဘိလာပမည်၏၊ စိတ္တဇသဒ္ဓါဖြစ်သော အက္ခရာအပေါင်းတို့၏ အစဉ်ကို ရအပ်၏။ ထိုနာမပညတ်သည် ဝိဇ္ဇမာနနာမပညတ်, အဝိဇ္ဇမာနနာမပညတ်, ထိုဝိဇ္ဇမာနပညတ်, အဝိဇ္ဇမာနပညတ်နှင့် ယှဉ်ခြင်း၏ အစွမ်းအားဖြင့် ခြောက်ပါးအပြားရှိ၏၊ ဤသို့ ပြုခြင်းငှါ “ဝိဇ္ဇမာနပညတ္တိ” ဤသို့ အစရှိသော စကားကို မိန့်ဆိုအပ်၏။

ဝိဇ္ဇမာနပညတ်

၄၃။ ။တတ္ထ ယဒါ ပန ပရမတ္ထတော ဝိဇ္ဇမာနံ ရူပဝေဒနာ' ဧကာယ ပညာပေန္တိ၊ တဒါယံ ဝိဇ္ဇမာနပညတ္တိ။

ချဲ့၍ပြဦးအံ့၊ ထိုခြောက်ပါးသော ပညတ်တို့တွင် အကြင်အခါ ရုပ်, ဝေဒနာ အစရှိသော သဒ္ဓပညတ်ဖြင့် ပရမတ္ထအားဖြင့် ထင်ရှားရှိသော ရုပ်, ဝေဒနာ အစရှိသော သဘောကို အပြားအားဖြင့် သိစေတတ်ကုန်၏၊ ထိုအခါ ဤရုပ်, ဝေဒနာ အစရှိသော ပညတ်ကို ပရမတ္ထအားဖြင့် ထင်ရှားရှိသော သဒ္ဓပညတ်ဟူ၍ ဆိုအပ်၏။

ဝိဇ္ဇမာနပညတ် အဖွင့်

၄၃။ ။ဧတေနပညာပေန္တိ-ဟူသည်ကား၊ ဝါ-ဟူသောပုဒ်ကို "ရုပ်, ဝေဒနာ အစရှိသော အမည်ဖြင့် အပြားအားဖြင့် သိစေတတ်ကုန်၏"-ဟု အနက်ပေး။


၁-နာမ်ဖြစ်သော စိတ္တဇသဒ္ဓါအပေါင်းသည် ပညတ္တိနိမိတ် အကြောင်းနှင့်တကွ ဒြပ်အနက်ကို ထုတ်ဆောင်၍ ဟောတတ်သောကြောင့် နိရုတ္တိ မည်၏။
၂-နွားစသော သဒ္ဓါအပေါင်းသည် အနက်ကို ဟောတတ်, ပြတတ်သောကြောင့် ဗျဉ္ဇန မည်၏။
၃-နွား, ကျွဲစသော သဒ္ဓါအပေါင်းသည် အနက်ကို ရှေ့ရှုထင်ရှားစွာ ဟောတတ်သောကြောင့် အဘိလာပ မည်၏-ဟုမှတ်။

စာမျက်နှာ-၁၄၂

၄၅။ ။ဥဘိန္နီ ပန ဝေမိဿက ဝသေန သေသာ ယထာဣမံ ဆဠာဘိညာ, ဒုတ္ထိသဒ္ဓါ, စက္ခုဝိညာဏံ, ရာဇပုတ္တာတိ စ ဝေဒိတော။

သုဒ္ဓမှတပါး မိဿကကို ဆိုဦးအံ့၊ ဝိဇ္ဇမာနပညတ်, အဝိဇ္ဇမာနပညတ် နှစ်ပါးတို့၏ ရောစပ်ခြင်း၏ အစွမ်းဖြင့် ဝိဇ္ဇမာနပညတ်, အဝိဇ္ဇမာနပညတ် နှစ်ပါးမှ ကြွင်းကုန်သော ဝိဇ္ဇမာနေန အဝိဇ္ဇမာနပညတ်, အဝိဇ္ဇမာနေန ဝိဇ္ဇမာနပညတ်, ဝိဇ္ဇမာနေန ဝိဇ္ဇမာနပညတ်, အဝိဇ္ဇမာနေန အဝိဇ္ဇမာနပညတ် လေးပါးတို့ကို အစဉ်အတိုင်း ခြောက်ပါးသော အဘိညာဏ်ရှိသောသူ, မိန်းမ၏အသံ, စက္ခုဝိညာဏ်, မင်း၏သား၊ ဤသို့ သိအပ်ကုန်၏။

၄၅။ ဥဘိန္ံ-ဟူသည်ကား၊ ဝါ-ဟူသောပုဒ်ကို "ဝိဇ္ဇမာနပညတ်, အဝိဇ္ဇမာနပညတ်-ဟု ဆိုအပ်ကုန်သော နှစ်ပါးကုန်သော ပညတ်တို့ကို"-ဟု အနက်ပေး။ ထိုပုဂ္ဂိုလ်အား ငါးပါးသော လောကီအဘိညာဏ်၎င်း၊ အာသဝက္ခယဉာဏ်၎င်း၊ ဤသို့သော အပြားအားဖြင့် ခြောက်ပါးကုန်သော အဘိညာဏ်တို့သည် ရှိကုန်သောကြောင့် ဆဠာဘိညမည်၏၊ ဤခြောက်ပါးသော ပညတ်တို့တွင် အဘိညာဏ်တို့သည် ပရမတ္ထအားဖြင့် ထင်ရှားရှိသောကြောင့်, ထိုအဘိညာဏ်ကို ရသော ပုဂ္ဂိုလ်မူကား ထင်ရှားမရှိသောကြောင့် ဤဆဠာဘိည-ဟူသော ပညတ်သည် ဝိဇ္ဇမာနေန အဝိဇ္ဇမာနပညတ် မည်၏၊ ထို့အတူ မိန်းမသည် ပရမတ္ထအားဖြင့် ထင်ရှားမရှိသောကြောင့်, အသံသည်ကား ပရမတ္ထအားဖြင့် ထင်ရှားရှိသောကြောင့် ဣတ္ထိသဒ္ဓါ-ဟူသော ဤပညတ်သည် အဝိဇ္ဇမာနေန


၁-ပရမတ္ထအားဖြင့် ထင်ရှားရှိသော အနက်နှင့် ပရမတ္ထအားဖြင့် ထင်ရှားမရှိသော အနက်ကို သိစေသော သဒ္ဓပညတ်သည် ဝိဇ္ဇမာနေန အဝိဇ္ဇမာနပညတ် မည်၏။
ပုံစံ-ဆဠာဘိညာ။ ။ဤ၌ အဘိညာဏ် ခြောက်ပါးကား ပရမတ္ထအားဖြင့် ထင်ရှားရှိသောကြောင့် ဝိဇ္ဇမာနအနက် မည်၏၊ အဘိညာဏ်ရသော ပုဂ္ဂိုလ်ကား ပရမတ္ထအားဖြင့် ထင်ရှားမရှိသောကြောင့် အဝိဇ္ဇမာနအနက် မည်၏၊ ထိုဝိဇ္ဇမာနအနက်နှင့် အဝိဇ္ဇမာနအနက် ၂-ပါးကို သိစေတတ်သော ဆဠာဘိည-သဒ္ဓသည် ဝိဇ္ဇမာနေန အဝိဇ္ဇမာန ပညတ် မည်၏-ဟူလို။

စာမျက်နှာ-၁၄၃

ဝိဇ္ဇမာနပညတ် ၁-မည်၏၊ ပသာဒစက္ခုသည်၎င်း၊ ထိုပသာဒကိုမှီသော စက္ခုဝိညာဏ်သည်၎င်း၊ ပရမတ္ထအားဖြင့် ထင်ရှားရှိသောကြောင့် စက္ခုဝိညာဏ်ဟူသော ဤပညတ်သည် ဝိဇ္ဇမာနေန ဝိဇ္ဇမာနပညတ် ၂-မည်၏၊ မင်းသည်၎င်း၊ သားသည်၎င်း၊ ပညတ်တရားများ ဖြစ်သောကြောင့် ရာဇပုတ္တာ-ဟူသော ဤပညတ်သည် အဝိဇ္ဇမာနေန အဝိဇ္ဇမာနပညတ် ၃-မည်၏။

၄၆။ ။ဝစီဃောသာနုသာရေန၊ သောတဝိညာဏဝီထိယာ။ ပဝတ္တနန္တ ရုပ္ပန္န၊ မနောဒွါရဿ ဂေါစရာ။ အတ္ထ ယဿာနုသောရေန၊ ဝိညာယန္တိ တတော ပရံ။ သာယံ ပညတ္တိ ဝိညေယျာ၊ လောကသင်္ကေတ နိမ္မိတာ။ ဣတိ အဘိဓမ္မတ္ထသင်္ဂဟေ ပစ္စယသင်္ဂဟဝိဘာဂေါ နာမ အဋ္ဌမောပရိစ္ဆေဒေ။


၁-ဣတ္ထိသဒ္ဓါ-၌ မိန်းမဟူသော အနက်ကား ပရမတ္ထအားဖြင့် ထင်ရှားမရှိသော အနက် မည်၏၊ အသံဟူသော အနက်ကား ပရမတ္ထအားဖြင့် ထင်ရှားရှိသော အနက် မည်၏။ ထိုအဝိဇ္ဇမာနအနက်နှင့် ဝိဇ္ဇမာနအနက် ၂-ပါးကို သိစေတတ်သောကြောင့် အဝိဇ္ဇမာနေန ဝိဇ္ဇမာနပညတ် မည်၏။
၂-စက္ခုဝိညာဏ-၌ကား မျက်စိဟူသော အနက်သည် ပရမတ္ထအားဖြင့် ထင်ရှားရှိ၏။ ဝိညာဏ်-ဟူသော အနက်သည်လည်း ပရမတ္ထအားဖြင့် ထင်ရှားရှိ၏၊ ထိုဝိဇ္ဇမာနအနက် ၂-ပါးကို သိစေတတ်သောကြောင့် ဝိဇ္ဇမာနေန ဝိဇ္ဇမာနပညတ် မည်၏။
၃-ရာဇပုတ္တော-၌ကား မင်းဟူသော အနက်သည်လည်း ပရမတ္ထအားဖြင့် ထင်ရှားမရှိ။ သားဟူသော အနက်သည်လည်း ပရမတ္ထအားဖြင့် ထင်ရှားမရှိ၊ ထိုအဝိဇ္ဇမာနအနက်နှင့် အဝိဇ္ဇမာနအနက် ၂-ပါးကို သိစေတတ်သောကြောင့် အဝိဇ္ဇမာနေန အဝိဇ္ဇမာန ပညတ် မည်၏-ဟုမှတ်။

စာမျက်နှာ-၁၄၄

ဘူမိ, ပဗ္ဗတ, ရူပ, ဝေဒနာ အစရှိသော ဝစီမယသဒ္ဓကို အစဉ်လျှောက်၍ အာရုံပြုသဖြင့် ဖြစ်သော သောတဝိညာဏဝီထိ, တဒနုဝတ္တကမနောဒွါရဝီထိ ဖြစ်သည်မှ အခြားမဲ့၌ နာမပညတ်ကို ကြံသော အခြင်းအရာအားဖြင့် ဖြစ်သော မနောဒွါရိကဝိညာဏ်အစဉ်၏ အာရုံဖြစ်၍ ဖြစ်ကုန်သော ထိုဘူမိ, ပဗ္ဗတ, ရူပ, ဝေဒနာ အစရှိသော နာမပညတ်ကို ယူတတ်သော မနောဒွါရိကဝိညာဏ်အစဉ်မှ နောက်၌ အကြင် သမုတိ, ပရမတ္ထအားဖြင့် ပြားသော ဘူမိ, ပဗ္ဗတ, ရူပ, ဝေဒနာ အစရှိသော နာမပညတ်ကို အစဉ်လျှောက်သဖြင့် သမုတိ, ပရမတ္ထအားဖြင့် ပြားသော မြေ, တောင်, ရုပ်, ဝေဒနာ အစရှိသော အတ္ထပညတ်တို့ကို သိအပ်ကုန်၏။ ထိုမြေ, တောင်, ရုပ်, ဝေဒနာ အစရှိသော အတ္ထပညတ်ကို အပြားအားဖြင့် သိစေတတ်သော ဘူမိ, ပဗ္ဗတ, ရူပ, ဝေဒနာ အစရှိသော အက္ခရာအစဉ်-ဟု ဆိုအပ်သော နာမပညတ်ကို ကမ္ဘာဦးသူလူပညာရှိတို့၏ အမှတ်သင်္ကေတဖြင့် ပြီး၏-ဟူ၍ သိအပ်၏။

၄၆။ ။ဝစီဃောသာနုသာရေန-ဟူသည်ကား၊ မြေ, တောင်, ရုပ်, ဝေဒနာ အစရှိသော ဝစီပညတ်သည် ပြီးစေအပ်သော အသံကို အာရုံပြုသဖြင့် ဖြစ်သော သောတဝိညာဏဝီထိ၏ ဖြစ်သည်မှ အခြားမဲ့၌ ဖြစ်သော အမည်ကို ကြံခြင်း-ဟု ဆိုအပ်သော အခြင်းအရာအားဖြင့် ဖြစ်သော မနောဒွါရ၌ ဖြစ်သော ဝိညာဏ်အစဉ်၏ ဤအမည်သည် ဤသို့ သဘောရှိသော အနက်၏ အမည်တည်း။ ဤသို့ ရှေး၌သာလျှင် ယူအပ်, မှတ်အပ်ပြီးသော အကြောင်းရှိသော အာရုံဖြစ်၍ ဖြစ်ကုန်သော ထိုအမည်ကို ယူပြီးသည်မှ နောက်၌ ပညတ်ဓမ္မ, ပရမတ္ထဓမ္မလျှင် တည်ရာရှိသော အကြင်နာမပညတ်ကို အစဉ်လျှောက်သဖြင့် သမုတိ, ပရမတ္ထအားဖြင့် ပြားကုန်သော အနက်တို့ကို သိအပ်ကုန်၏၊ မြေ, တောင်, ရုပ်, ဝေဒနာ အစရှိသော အပြားအားဖြင့် သိစေအပ်သော အနက်ကို အပြားအားဖြင့် သိစေအပ်သော လောကဝေါဟာရဖြင့် ပြီးသော

စာမျက်နှာ-၁၄၅

မနောဒွါရဖြင့် ယူအပ်သော အက္ခရာအပေါင်းဖြစ်၍ ဖြစ်သော ထိုပညတ်ကို အပြားအားဖြင့် သိစေတတ်သောကြောင့် ပညတ်-ဟု ဆိုအပ်သော နာမပညတ်ဟူ၍ သိအပ်၏။

ဤပဌမဂါထာ၌-သောတဝိညာဏဝီထိ၏ အခြားမဲ့၌ ဖြစ်လေ့ရှိသော မနောဒွါရိကဝီထိတို့ကိုလည်း သောတဝိညာဏဝီထိသဒ္ဓါဖြင့်သာလျှင် ပေါင်းတော်မူ၍ “သောတဝိညာဏဝီထိယာ” ဟူသော ဤစကားကို မိန့်ဆိုအပ်၏၊ အဘယ့်ကြောင့် မိန့်ဆိုအပ်ပါသနည်း-ဟူမူ၊ ဃဋ အစရှိသော အသံတို့ကို နာကြားသောသူအား တလုံးတလုံးသော အသံကို အာရုံပြု၍ ပစ္စုပ္ပန်အာရုံ, အတိတ်အာရုံ၏ အစွမ်းအားဖြင့် နှစ်ကြိမ်, နှစ်ကြိမ်ကုန်သော ဇောဝါရတို့သည် ဖြစ်ကုန်၏၊ ပဉ္စမမနောဒွါရ၌ ဖြစ်သော ဇောနှင့် ယှဉ်သော ပညာဖြင့် ယူအပ်ပြီးသော နာမပညတ်ဖြစ်သော အက္ခရာအပေါင်းကို အာရုံပြု၏၊ တကြိမ်သော ဇောဝါရသည် ဖြစ်၏၊ ဤသို့ သောတဝိညာဏ


၁-ဤဂါထာတို့ဖြင့် သဒ္ဓပညတ်သည် အတ္ထပညတ်ကို အပြားအားဖြင့် သိစေပုံကို ဝီထိချ ပြတော်မူ၏။
ပြဟန်ကား-ထိုပဋ္ဌအပေါင်းတို့တွင် ဝစီဃောသာနုသာရေန-ဟူသော ပါဠိဖြင့် သဒ္ဒါရုံ အာရမ္မဏပစ္စည်းကို ပြတော်မူ၏၊ သောတဝိညာဏဝီထိ-ဟူသော ပါဌ်ဖြင့် ထိုသဒ္ဒါရုံကို အာရုံပြု၍ ဖြစ်သော သောတဝိညာဏဝီထိကို ပြတော်မူ၏၊ အနန္တရုပ္ပ မနောဒွါရဿ-ဟူသောပါဌ်ဖြင့် ထိုသောတဝိညာဏဝီထိ၏ နောက်၌ တဒနုဝတ္တကမနောဒွါရ လေးဝီထိ ဖြစ်မည်ကို ပြတော်မူ၏။ အတ္ထာယာနုသာရေန ဝိညာယန္တိ တတော ပရံ-ဟူသောပါဠိဖြင့် ထိုတဒနုဝတ္တကမနောဒွါရ လေးဝီထိ၏ နောက်မှသာ အနက်ဒြပ် အတ္ထပညတ်ကို သိ၏-ဟု ပြတော်မူ၏။
လူ, ခွေး-စသော သဒ္ဓပညတ်သည် "လူ"-ဟု သိသော ပစ္စုပ္ပန်အသံ အာရုံကို အာရုံပြု၍ ရှေးဦးစွာ သောတဒွါရဝီထိ ဖြစ်၏၊ ထို့နောက် အတိတ်ဖြစ်သော ထိုသဒ္ဓါရုံကိုပင် အာရုံပြု၍ နှစ်ကြိမ်မြောက် တဒနုဝတ္တကမနောဒွါရဝီထိ ဖြစ်၏။ ထို့နောက် "လူ"-ဟူသော နာမပညတ်ကို အာရုံပြု၍ သုံးကြိမ်မြောက် သုဒ္ဓမနောဒွါရဝီထိ ဖြစ်၏။ ထို့နောက် ၎င်းနာမပညတ်ကို အစဉ်လျှောက်၍ "လူခန္ဓာဒြပ်"-ဟု ဆိုအပ်သော အနက်ဟူသော အတ္ထပညတ်ကို အာရုံပြု၍ လေးကြိမ်မြောက် သုဒ္ဓမနောဒွါရဝီထိ ဖြစ်၏၊ ဤလေးဝီထိကျမှ အနက်ဒြပ် အတ္ထပညတ်ကို သိရ၏-ဟုမှတ်။
(အကျယ်သိလိုမူ အဘိဓမ္မတ္ထကို ကြည့်လင့်ကုန်။)

စာမျက်နှာ-၁၄၆

ဝီထိ၏ အခြားမဲ့၌ ဖြစ်သော အတိတ်ဖြစ်သော သဒ္ဓါရုံလျှင် အာရုံရှိသော ဇောစိတ်အစဉ်၏ အခြားမဲ့၌ နာမပညတ်ကို ယူခြင်းဖြစ်၏၊ ထိုယူပြီးသည်မှ နောက်၌ အနက်ကိုသိခြင်းဖြစ်၏၊ ဤသို့ ဆရာတို့သည် ဆိုကုန်၏၊ ထို့ကြောင့် သိအပ်၏-ဟူလို။

ဤဆိုအပ်ပြီးသောစကားဖြင့် အဘိဓမ္မတ္ထဝိဘာဝနီမည်သော အဘိဓမ္မတ္ထသင်္ဂြိုဟ်ကျမ်း၏အတွင်း၌
အဋ္ဌမပစ္စည်းပိုင်းအဖွင့်သည် ပြီးဆုံးခြင်းသို့ရောက်ပြီ။

စာမျက်နှာ-၁၄၇

!

စာမျက်နှာ-၁၄၈

!

စာမျက်နှာ-၁၄၉

ကမ္မဋ္ဌာန်းပိုင်း

ဘာဝနာ ၂-ပါး

၁။ ။သမထဝိပဿနာနံ၊ ဘာဝနာနတောပရံ။
ကမ္မဋ္ဌာနံ ပဝက္ခာမိ၊ ဒုဝိဓမ္ပိ ယထာဣမံ။ ။ ဤပစ္စယသင်္ဂဟမှ နောက်၌ သမထ ဝိပဿနာ-ဟု ဆိုအပ်ကုန်သော နှစ်ပါးသော ဘာဝနာတို့၏ နှစ်ပါးအပြားရှိသော ကမ္မဋ္ဌာန်းကို အစဉ်အတိုင်း ငါသည် ဆိုပေအံ့။

ဘာဝနာ ၂-ပါးအဖွင့်

၁။ ။ဤပစ္စယနိဒ္ဒေသမှ နောက်၌ နီဝရဏတို့ကို ငြိမ်းစေတတ်သော အနက်ကြောင့် သမထ ဟု ဆိုအပ်ကုန်သော ဘာဝနာတို့၏၎င်း၊ အနိစ္စ အစရှိသော အထူးထူးသော အပြားရှိသော အခြင်းအရာအားဖြင့် ရှုအပ်သော အနက်ကြောင့် ဝိပဿနာ ဟု ဆိုအပ်ကုန်သော ဘာဝနာတို့၏၎င်း၊ နှစ်ပါးအပြားရှိသော ဘာဝနာ-ဟု ဆိုအပ်သော အမှု၏ ဖြစ်ရာဖြစ်သည် အဖြစ်ကြောင့် ကမ္မဋ္ဌာန်း ဖြစ်သော အာရုံကို၎င်း၊ အထက်အထက်၌ ဖြစ်သော ကမ္မဋ္ဌာန်း စီးဖြန်းခြင်း-ဟု ဆိုအပ်သော အမှု၏ နီးသောအကြောင်း ဖြစ်၍ဖြစ်သော ဘာဝနာအစီရင်ကို၎င်း၊ သမထဝိပဿနာတို့၏ အစဉ်ဖြင့် ဆိုပေအံ့။ ဤသို့ အနက်ယောဇနာခြင်း, အနက်ပေးခြင်းကို ပြုအပ်၏။


၁-ကာမစ္ဆန္ဒစသော နီဝရဏ တရားတို့ကို ငြိမ်းစေတတ်သောကြောင့် သမာဓိတရား သည် သမထ မည်၏။

၂-ဘုံသုံးပါး၌ ဖြစ်ပေါ်နေသော ရုပ် နာမ် ခန္ဓာ အဖြာဖြာကို အနိစ္စ, ဒုက္ခ, အနတ္တ-ဟု လက္ခဏာယာဉ် သုံးပါးသို့ တင်၍ ရှုဆင်ခြင်တတ်သောကြောင့် မဂ်၏ အရှေ့အဘို့၌ ဖြစ်သမျှ လောကီ ပညာစေတသိက်သည် ဝိပဿနာ မည်၏။

ထိုသမထနှင့် ဝိပဿနာ တရားနှစ်ပါးသည် ပွါးများအပ်သောကြောင့် ဘာဝနာ မည်၏။

၃-သမထဘာဝနာကံ ဝိပဿနာဘာဝနာကံ နှစ်ပါး၏ ဖြစ်ရာ, ဖြစ်ကြောင်း ဖြစ်သောကြောင့် ကသိုဏ်းပညတ် စသော အာရုံတေဘုမ္မကသင်္ခါရအာရုံ တရားသည် “ကမ္မဋ္ဌာန” ကမ္မဋ္ဌာန်း မည်၏-ဟုမှတ်။


၁။ အလွန်အမင်း မိမိသန္တာန်၌ မပြတ်မလပ် ဖြစ်သော ပင်ကိုယ်ပကတိ တရားသဘော သည် စရိုက် မည်၏။

စာမျက်နှာ-၁၅၀

စရိုက် ၆-ပါး

၃။ ။ရာဂစရိတာ, ဒေါသစရိတာ, မောဟစရိတာ, သဒ္ဓါစရိတာ, ဗုဒ္ဓိစရိတာ, ဝိတက္ကစရိတာစေတိ ဆဗ္ဗိဓော စရိတသင်္ဂဟော။ ရာဂစရိုက်၎င်း၊ ဝါ-ရာဂများခြင်း၎င်း၊ ဒေါသစရိုက်၎င်း၊ ဝါ-ဒေါသများခြင်း၎င်း၊ မောဟစရိုက်၎င်း၊ ဝါ-မောဟများခြင်း၎င်း၊ သဒ္ဓါစရိုက်၎င်း၊ ဝါ-သဒ္ဓါများခြင်း၎င်း၊ ဗုဒ္ဓိစရိုက်၎င်း၊ ဝါ-ပညာများခြင်း၎င်း၊ ဝိတက်စရိုက်၎င်း၊ ဝါ-ဝိတက်များခြင်း၎င်း၊ ဤသို့ ခြောက်ပါးသော အပြားအားဖြင့် စရိတသင်္ဂဟကို သိအပ်၏။

စရိုက် ၆-ပါးအဖွင့်

၃။ ။ရာဂသည်ပင် သဘောဖြစ်သောကြောင့် ရာဂစရိုက် မည်၏၊ ဒေါသစရိုက် အစရှိသည်တို့ကိုလည်း ဤအတူ သိအပ်ကုန်၏၊ စရိတသင်္ဂဟော-ဟူသည်ကား၊ မူလဖြစ်သော စရိုက်၏ အစွမ်းဖြင့် ပုဂ္ဂိုလ်ကို ရေတွက်ခြင်းတည်း၊ ရောသောအားဖြင့်ကား ခြောက်ဆယ့်သုံးပါးတို့ ဖြစ်ကုန်၏။

ထိုစကားမှန်၏—
ရာဂဒိကေ တိကေ သတ္တ၊ သတ္တ သဒ္ဓါဓိကေ တိကေ။
ဧကတိကမူလမ္ပိ၊ မိဿတော သတ္တသတ္တကံ။ ။
ဟူသော စကားကို မြတ်စွာဘုရားသည် ဟောတော်မူအပ်၏။ အနက်ကား—ရာဂအစရှိသော တိက်၌ ၇-ပါးသော စရိုက်ရှိသည်


၁-အလွန်အကဲ မိမိသန္တာန်၌ မပြတ်မလတ် ဖြစ်သော ပင်ကိုယ်ပကတေ့ တရားသဘောသည် စရိုက်မည်၏။
အလွန်အကဲ မိမိသန္တာန်၌ မပြတ်မလပ် ဖြစ်သော တဏှာရာဂသည် ရာဂစရိုက် မည်၏။ (အကြွင်းသိသာပြီ။)

စာမျက်နှာ-၁၅၁

ဖြစ်ကုန်၏၊ သဒ္ဓါ အစရှိသော တိက်၌ ၇-ပါးသော စရိုက်ရှိသည်ဖြစ်ကုန်၏၊ ဧကမူ, ဒိ, တိမူ၌ ရောသောအားဖြင့် ၇-ခု, ၇-ခုတို့၏ အပေါင်းသည် ဖြစ်၏။

ထိုဂါထာအရ အကျယ်ချဲ့၍ ပြဦးအံ့—ဤဂါထာ၌ ၁-ရာဂစရိုက်၎င်း၊ ၂-ဒေါသစရိုက်၎င်း၊ ၃-မောဟစရိုက်၎င်း၊ ၄-ရာဂ,ဒေါသစရိုက်၎င်း၊ ၅-ရာဂ,မောဟစရိုက်၎င်း၊ ၆-ဒေါသ,မောဟစရိုက်၎င်း၊ ၇-ရာဂစရိုက်, ဒေါသစရိုက်, မောဟစရိုက်၎င်း၊ ဤသို့သောနည်းဖြင့် ရာဂအစရှိသော တိက်၌ တခုသော သတ္တကဖြစ်၏။

ထို့အတူ သဒ္ဓါစရိုက်၎င်း၊ ဗုဒ္ဓိစရိုက်၎င်း၊ ဝိတက်စရိုက်၎င်း၊ သဒ္ဓါ,ဗုဒ္ဓိစရိုက်၎င်း၊ သဒ္ဓါ,ဝိတက်စရိုက်၎င်း၊ ဗုဒ္ဓိ,ဝိတက်စရိုက်၎င်း၊ သဒ္ဓါ,ဗုဒ္ဓိ,ဝိတက်စရိုက်၎င်း၊ ဤသို့ သဒ္ဓါ အစရှိသော တိက်၌ တခုသော သတ္တကသည် ဖြစ်၏။ ဤသို့ နှစ်ပါးသော တိက်တို့ကို မရောသည် အစွမ်းဖြင့် ၁၄-ပါးသော စရိုက်တို့သည် ဖြစ်ကုန်၏။ (

သုဒ္ဓမှတပါး မိဿကကို ဆိုဦးအံ့—ရာဂ အစရှိသော တိက်ကို ဧကမူ, ဒိမူ, တိမူဟူ၏ အစွမ်းအားဖြင့် သဒ္ဓါ စသော တိက်နှင့်တကွ ယှဉ်အပ်သည်ရှိသော် ရာဂစရိုက်, သဒ္ဓါစရိုက်၎င်း။ ပ။ ဤသို့ အစရှိသော ရာဂလျှင် မူလရှိသော နည်း တခုသော သတ္တက ဖြစ်၏၊ ထို့အတူ ဒေါသစရိုက်, သဒ္ဓါစရိုက်၎င်း။ ပ။ ဤသို့ အစရှိသည်ဖြင့် ဒေါသမူလနည်း၌လည်း တခုသော သတ္တကသည် ဖြစ်၏၊ မောဟစရိုက်, သဒ္ဓါစရိုက်၎င်း။ ပ။ ဤသို့ အစရှိသော နည်းဖြင့် မောဟမူလ စရိုက်၌လည်း တခုသော သတ္တကသည် ဖြစ်၏။ ဤသို့ ဧကမူနည်း၌ သတ္တက သုံးလီသည် ဖြစ်၏။ ဤဧကမူ၌ သတ္တကသုံးလီဖြစ်သကဲ့သို့ ထို့အတူ ဒိမူလကနည်း၌လည်း ရာဂစရိုက်, ဒေါသစရိုက် သဒ္ဓါစရိုက်၎င်း။ ပ။ ဤသို့ အစရှိသော နည်းဖြင့် သတ္တက သုံးလီသည် ဖြစ်၏။

အထူးကား-တိမူလကနည်း၌ ရာဂစရိုက်၎င်း၊ ဒေါသစရိုက်၎င်း၊ မောဟစရိုက်၎င်း၊ သဒ္ဓါစရိုက်၎င်း၊ ဤသို့ အစရှိသော နည်းဖြင့်

စာမျက်နှာ-၁၅၂

တခုသော သတ္တကသည် ဖြစ်၏၊ ဤသို့ ရောသည် အစွမ်းအားဖြင့် ၇-ပါးသော သတ္တကတို့၏ အစွမ်းအားဖြင့် တခုယုတ်ငါးဆယ်သော စရိုက်ရှိသည် ဖြစ်ကုန်၏၊ ဤသို့ အရောအားဖြင့် တခုယုတ်ငါးဆယ်သော စရိုက်တို့၎င်း၊ ရှေးသုဒ္ဓဖြစ်ကုန်သော ၁၄-ပါးသော စရိုက်တို့၎င်း၊ ဤသို့သော အပြားအားဖြင့် ၆၃-ပါးသော စရိုက်တို့ကို မှတ်အပ်ကုန်၏၊ အချို့သော ဆရာတို့သည်ကား ဒိဋ္ဌိနှင့်တကွ ၆၄-ပါးသော စရိုက်တို့သည် ဖြစ်ကုန်၏-ဟု ဖွင့်ကုန်၏။

ဘာဝနာ ၃-ပါး

၄။ ။ပရိကမ္မဘာဝနာ, ဥပစာရဘာဝနာ, အပ္ပနာဘာဝနာစေတိ တိဿော ဘာဝနာ။

ပရိကမ္မဘာဝနာ၎င်း၊ ဝါ-အပ္ပနာဘာဝနာကို ပြုပြင်တတ်သော ဘာဝနာ၎င်း၊ ဝါ-အပ္ပနာ၏ အရှေ့အဘို့ဖြစ်သော ဘာဝနာ၎င်း၊ ဥပစာရဘာဝနာ၎င်း၊ ဝါ-အပ္ပနာ၏ အနီးဖြစ်သော ဘာဝနာ၎င်း၊ အပ္ပနာဘာဝနာ၎င်း၊ ဝါ-မဟဂ္ဂုတ် အဖြစ်သို့ ရောက်သော ဘာဝနာ၎င်း၊ ဤသို့ သုံးပါးကုန်သော ဘာဝနာတို့ကို သိအပ်ကုန်၏။

ဘာဝနာ ၃-ပါးအဖွင့်

၄။ ။အပ္ပနာဘာဝနာကို ပြုပြင်တတ်သော အမှုဖြစ်သော တနည်းကား—အစစွာသော အမှုဖြစ်သော အပ္ပနာဝီထိမှ အရှေ့အဘို့၌ ဖြစ်သော ကာမာဝစရကုသိုလ် ကြိယာဘာဝနာသည် ပရိကမ္မဘာဝနာ မည်၏၊ နီဝရဏကို ပယ်သည်မှစ၍ ဂေါတြဘူအဆုံး


၁-ဈာန်ဟူသော အပ္ပနာကို ပြုပြင်တတ်မှုဖြစ်ပေါ်စေတတ်သော အပ္ပနာ၏ အစ ရှေးမဆွ ဖြစ်သော ဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းသည်မှစ၍ နီဝရဏ မငြိမ်းမီ အတွင်း ပွါးများ အားထုတ်အပ်သမျှသော ကာမာဝစရ ဘာဝနာသည် ပရိကမ္မဘာဝနာ မည်၏။

စာမျက်နှာ-၁၅၃

ရှိသော ကာမာဝစရဘာဝနာသည် ဥပစာရဘာဝနာ မည်၏။ အဘယ့်ကြောင့် ဥပစာရဘာဝနာ မည်သနည်း-ဟူမူ ရွာ၏ဥပစာ အစရှိသည်ကဲ့သို့ အပ္ပနာ၏ အနီး၌ ဖြစ်သောကြောင့် ဥပစာရဘာဝနာ မည်၏၊ မဟဂ္ဂုတ် အဖြစ်သို့ ရောက်သော ဘာဝနာသည် အပ္ပနာဘာဝနာ မည်၏၊ အဘယ့်ကြောင့် အပ္ပနာဘာဝနာ မည်ပါသနည်း-ဟူမူ အပ္ပနာ-ဟု ဆိုအပ်သော ဝိတက်လျှင် အမှူးရှိသည်ဖြစ်သောကြောင့် အပ္ပနာဘာဝနာ မည်၏။

အဘယ့်ကြောင့် ဝိတက်သည် အပ္ပနာ မည်ပါသနည်း-ဟူမူ သမ္ပယုတ်တရားတို့ကို အာရုံ၌ ကျစေသကဲ့သို့ ဖြစ်တတ်သောကြောင့် ဝိတက်သည် အပ္ပနာမည်၏၊ ထိုစကားမှန်၏၊ ထိုဝိတက်ကို “အပ္ပနာ ဗျပ္ပနာ” ဟု မြတ်စွာဘုရားသည် ညွှန်ပြတော်မူအပ်၏။ ထိုဝိတက်လျှင် အမှူးရှိသည် အပြစ်၏အစွမ်းကြောင့် အလုံးစုံကုန်သော မဟဂ္ဂုတ် လောကုတ္တရာ ဈာန်တရားတို့ကို အပ္ပနာ-ဟု ဆိုအပ်ကုန်၏။

နိမိတ် ၃-ပါး

၅။ ။ပရိကမ္မနိမိတ္တံ, ဥဂ္ဂဟနိမိတ္တံ, ပဋိဘာဂနိမိတ္တဉ္စေတိ တီဏိ နိမိတ္တာနိ စ ဝေဒိတဗ္ဗာနိ။ ။

ပရိကမ္မနိမိတ်၎င်း၊ ဝါ-ပထဝီ ပထဝီ အစရှိသည်ဖြင့် စီးဖြန်းခြင်း ပရိကမ္မဘာဝနာ၏ အာရုံဖြစ်သော ကသိုဏ်းဝန်း အစရှိသည်-ဟု ဆိုအပ်သော ပရိကမ္မနိမိတ်၎င်း၊ ဥဂ္ဂဟနိမိတ်၎င်း၊ ဝါ-စက္ခုဝိညာဏ်ဖြင့် မြင်သကဲ့သို့ မနောဒွါရိက ကုသိုလ်ဇောသည် ယူအပ်သော အာရုံဖြစ်သော ကသိုဏ်းဝန်း အစရှိသည်-ဟု ဆိုအပ်သော ဥဂ္ဂဟ


၁-နီဝရဏတရား ငြိမ်းသည်မှစ၍ ဂေါတြဘူတိုင်အောင် ဤအတွင်း၌ ပွါးများအပ်သမျှ သော ကာမာဝစရ ဘာဝနာသည် အပ္ပနာ၏ အနီးဖြစ်သောကြောင့် ဥပစာရဘာဝနာ မည်၏။
၂-အပ္ပနာမည်သော ဝိတက် အမှူးရှိသည် အဖြစ်ကြောင့် မဟဂ္ဂုတ် လောကုတ္တရာ အဖြစ်သို့ ရောက်သော ဘာဝနာသည် အပ္ပနာဘာဝနာ မည်၏။

စာမျက်နှာ-၁၅၄

နိမိတ်၎င်း၊ ပဋိဘာဂနိမိတ်၎င်း၊ ဝါ-ဥဂ္ဂဟနိမိတ်နှင့် တူသော ညိုသော အဆင်း စသော ကသိုဏ်းအပြစ်မှ ကင်းသော ဥပစာရ အပ္ပနာတို့၏ အာရုံဖြစ်သော ကသိုဏ်းဝန်း အစရှိသည်-ဟု ဆိုအပ်သော ပဋိဘာဂနိမိတ်၎င်း၊ ဤသို့ သုံးပါးကုန်သော နိမိတ်တို့ကိုလည်း သိအပ်ကုန်၏။

နိမိတ် ၃-ပါး အဖွင့်

၅။ ။ပရိကမ္မဘာဝနာ၏ အာရုံဖြစ်သော ဝါ-ဖြစ်သောကြောင့် ကသိုဏ်းဝန်း အစရှိသော နိမိတ်သည် ပရိကမ္မနိမိတ် မည်၏။ ထိုကသိုဏ်းဝန်း အစရှိသည်ပင် မျက်စိဖြင့် မြင်သကဲ့သို့ မနောဒွါရ၌ဖြစ်သော စိတ်ဖြင့် ယူအပ်သော နိမိတ်ဖြစ်သောကြောင့် ဥဂ္ဂဟနိမိတ် မည်၏၊ တနည်းကား-ယူအပ်သော ပုဂ္ဂိုလ်၏ နိမိတ် ဖြစ်သောကြောင့် ဥဂ္ဂဟနိမိတ် မည်၏၊ ထိုကသိုဏ်းဝန်း အစရှိသည်တို့၏ အတုထင်သော ညိုသောအဆင်း အစရှိကုန်သော ကသိုဏ်း၏ အပြစ်တို့မှ ကင်းသော နိမိတ်သည် ဥပစာရအပ္ပနာတို့၏ အာရုံဖြစ်သောကြောင့် ပဋိဘာဂနိမိတ် မည်၏။

ကသိုဏ်း ၁၀-ပါး

၆။ ။ကထံ ပထဝီကသိဏံ, အာပေါကသိဏံ, တေဇောကသိဏံ, ဝါယောကသိဏံ, နီလကသိဏံ, ပီတကသိဏံ, လောဟိတကသိဏံ, ဩဒါတကသိဏံ, အာကာသကသိဏံ, အာလောကကသိဏေတိ ဣမာနိ ဒသ ကသိဏာနိ နာမ။


၁-အာရမ္မဏိက တရားတို့ဖြင့် သိအပ်သောကြောင့် အာရုံတရားသည် နိမိတ် မည်၏။ ပရိကမ္မဘာဝနာ၏ အာရုံဖြစ်သော ကသိုဏ်းဝန်း စသော နိမိတ်သည် ပရိကမ္မနိမိတ် မည်၏။
၂-စက္ခုဝိညာဏ်ဖြင့် ယူအပ်,မြင်အပ်သကဲ့သို့ မနောဒွါရိက ကုသိုလ်ဇောသည် ယူအပ်သောကြောင့် ကသိုဏ်းဝန်း စသော အာရုံသည် ဥဂ္ဂဟနိမိတ် မည်၏။
၃-ကသိုဏ်းအပြစ်မှ ကင်းသော ဥပစာရဘာဝနာ, အပ္ပနာဘာဝနာတို့၏ အာရုံဖြစ်သော ကသိုဏ်းဝန်း စသော အာရုံသည် ထိုဥဂ္ဂဟနိမိတ်နှင့် တူသောကြောင့် ပဋိဘာဂနိမိတ် မည်၏-ဟူလို။

စာမျက်နှာ-၁၅၅

အဘယ်သို့ သိအပ်ပါသနည်းဟူမူ—

(၁) မြေကြီးသည်ပင် တစိတ်၌ မတည်မူ၍ အဆုံးမရှိ နှံ့သော အဖြစ်ဖြင့် အလုံးစုံ-ဟူသော အနက်ကြောင့် ကသိဏမည်သော ပထဝီကသိုဏ်း ၎င်း၊

(၂) ရေသည်ပင်လျှင် တစိတ်၌ မတည်မူ၍ အဆုံးမရှိ နှံ့သော အဖြစ်ဖြင့် အလုံးစုံ-ဟူသော အနက်ကြောင့် ကသိဏမည်သော အာပေါကသိုဏ်း ၎င်း၊

(၃) မီးသည်ပင်လျှင် တစိတ်၌ မတည်မူ၍ အဆုံးမရှိ နှံ့သော အဖြစ်ဖြင့် အလုံးစုံ-ဟူသော အနက်ကြောင့် ကသိဏမည်သော တေဇောကသိုဏ်း ၎င်း၊

(၄) လေသည်ပင်လျှင် တစိတ်၌ မတည်မူ၍ အဆုံးမရှိ နှံ့သော အဖြစ်ဖြင့် အလုံးစုံ-ဟူသော အနက်ကြောင့် ကသိဏမည်သော ဝါယောကသိုဏ်း ၎င်း၊

(၅) ညိုသော အဆင်းသည်ပင်လျှင် တစိတ်၌ မတည်မူ၍ အဆုံးမရှိ နှံ့သော အဖြစ်ဖြင့် အလုံးစုံ-ဟူသော အနက်ကြောင့် ကသိဏမည်သော နီလကသိုဏ်း ၎င်း၊

(၆) ရွှေသော အဆင်းသည်ပင်လျှင် တစိတ်၌ မတည်မူ၍ အဆုံးမရှိ နှံ့သော အဖြစ်ဖြင့် အလုံးစုံ-ဟူသော အနက်ကြောင့် ကသိဏမည်သော ပီတကသိုဏ်း ၎င်း၊

(၇) နီသော အဆင်းသည်ပင်လျှင် တစိတ်၌ မတည်မူ၍ အဆုံးမရှိ နှံ့သော အဖြစ်ဖြင့် အလုံးစုံ-ဟူသော အနက်ကြောင့် ကသိဏမည်သော လောဟိတကသိုဏ်း ၎င်း၊

(၈) ဖြူသော အဆင်းသည်ပင်လျှင် တစိတ်၌ မတည်မူ၍ အဆုံးမရှိ နှံ့သော အဖြစ်ဖြင့် အလုံးစုံ-ဟူသော အနက်ကြောင့် ကသိဏမည်သော ဩဒါတကသိုဏ်း ၎င်း၊

စာမျက်နှာ-၁၅၆

(၉) ပိုင်းခြားအပ်သော ကောင်းကင်သည်ပင် တစိတ်၌ မတည်မူ၍ အဆုံးမရှိ နှံ့သော အဖြစ်ဖြင့် အလုံးစုံ-ဟူသော အနက်ကြောင့် ကသိဏမည်သော ပရိစ္ဆိန္နာကာသကသိုဏ်း ၎င်း၊

(၁၀) နံရံပေါက် စသည်တို့၌ ထင်သော နေ လ စသည်တို့၏ အရောင် အလင်းသည်ပင် တစိတ်၌ မတည်မူ၍ အဆုံးမရှိ နှံ့သော အဖြစ်ဖြင့် အလုံးစုံ-ဟူသော အနက်ကြောင့် ကသိဏမည်သော အာလောကကသိုဏ်း ၎င်း၊ ဤသည်တို့သည် ကသိုဏ်းဆယ်ပါး မည်ကုန်၏။

ကသိုဏ်း ၁၀-ပါးအဖွင့်

၆။ ။မြေသည်ပင်လျှင် တစိတ်၌ မတည်မူ၍ အဆုံးမရှိသော အရပ်ကို နှံ့တတ်သည်၏ အဖြစ်ဖြင့် အလုံးစုံ-ဟူသော အနက်ကြောင့် ကသိုဏ်းမည်ရကား ပထဝီကသိုဏ်းမည်၏၊ ပထဝီကသိုဏ်းဝန်းကို မုချအားဖြင့်ရအပ်၏၊ ယူအပ်၏၊ ပဋိဘာဂနိမိတ်ကိုမူ သဒိသူပစာအားဖြင့် ပထဝီကသိုဏ်း-ဟု ဆိုအပ်၏၊ ထိုပထဝီကသိုဏ်း ပဋိဘာဂနိမိတ်လျှင် အာရုံရှိသော ဈာန်ကိုလည်း ပရမ္ပရူပစာအားဖြင့် ပထဝီကသိုဏ်း-ဟု ဆိုအပ်၏၊ အာပေါကသိုဏ်း အစရှိသည်တို့၌လည်း ထိုပထဝီကသိုဏ်း အတူပင် မှတ်အပ်၏။

ထိုဆယ်ပါးသော ကသိုဏ်းတို့တွင် ပထဝီကသိုဏ်း အစရှိကုန်သော လေးပါးသော ကသိုဏ်းတို့သည် မဟာဘုတ် ဖြစ်သော ကသိုဏ်းမည်ကုန်၏၊ နီလကသိုဏ်း အစရှိကုန်သော လေးပါးသော


၁-တစိတ်တဒေသ ဖြစ်သော မြေကြီးစသည်၌ မတည်မူ၍ အပိုင်းအခြား မရှိသော မြေအရပ် စသည်တို့၌ “ပထဝီ, ပထဝီ” စသည်ဖြင့် ပွါးများ နှလုံးသွင်းသော အခြင်းအရာအားဖြင့် နှံ့တတ်, အကြွင်းမရှိသော အဖြစ်သို့ ရောက်တတ်သောကြောင့် ကသိုဏ်း မည်၏။
၂-ပထဝီကသိုဏ်းအရကား-ပထဝီကသိုဏ်းဝန်းကို ရ၏။ တနည်း—ပထဝီကသိုဏ်းဝန်း ပဋိဘာဂနိမိတ်ကို သဒိသူပစာအားဖြင့် ရ၏။ ထိုပထဝီကသိုဏ်း ပဋိဘာဂနိမိတ်လျှင် အာရုံရှိသော ဈာန်ကိုကား အကြောင်းဖြစ်သော အာရုံ၏ အမည်ကို အကျိုးဖြစ်သော ဈာန်ပေါ်မှာ တင်စား၍ ကာရကူပစာအားဖြင့် ရ၏။ (အကြွင်းဤနည်းအတိုင်းမှတ်။)

စာမျက်နှာ-၁၅၇

ကသိုဏ်းတို့သည် ဝဏ္ဏကသိုဏ်း မည်ကုန်၏၊ ပိုင်းခြားအပ်သော ကောင်းကင်သည် အာကာသကသိုဏ်း မည်၏၊ လရောင် အစရှိသော အရောင်သည် အာလောကကသိုဏ်း မည်၏၊ ဤသို့ မှတ်အပ်၏။

အသုဘ ၁၀-ပါး

၇။ ။ဥဒ္ဓမာတကံ, ဝိနီလကံ, ဝိပုဗ္ဗကံ, ဝိစ္ဆိဒ္ဒကံ, ဝိက္ခာယိတကံ, ဝိက္ခိတ္တကံ, ဟတဝိက္ခိတ္တကံ, လောဟိတကံ, ပုဠုဝကံ, အဋ္ဌိကဉ္စေတိ ဣမေ ဒသ အသုဘာ နာမ။

(၁) သေသည်မှ အထက်ဖြစ်သော နောက်ကာလ၌ လေဖြင့် ပြည့်သော သားရေအိတ်ကဲ့သို့ ဖူးဖူးရောင်သည်ဖြစ်၍ စက်ဆုပ်ဘွယ်ရှိသော အကောင်ပုပ်၎င်း၊

(၂) အဖြူ အနီ စသည်နှင့် ရောလျက် များသောအားဖြင့် ညိုသောအဆင်းရှိသည်ဖြစ်၍ စက်ဆုပ်ဘွယ်ရှိသော အကောင်ပုပ်၎င်း၊

(၃) ယိုသော ပြည်ရှိသည်ဖြစ်၍ စက်ဆုပ်ဘွယ်ရှိသော အကောင်ပုပ်၎င်း၊

(၄) အလယ်၌ နှစ်ပိုင်းပြတ်သည်ဖြစ်၍ စက်ဆုပ်ဘွယ်ရှိသော အကောင်ပုပ်၎င်း၊

(၅) ခွေး မြေခွေး အစရှိသည်တို့သည် အထူးထူးသော အခြင်းအရာဖြင့် ခဲအပ်သည်ဖြစ်၍ စက်ဆုပ်ဘွယ်ရှိသော အကောင်ပုပ်၎င်း၊

(၆) ခွေး မြေခွေး အစရှိသည်တို့သည် အထူးထူးသော အခြင်းအရာဖြင့် အပိုင်းပိုင်း ဖြတ်လျက် ထိုထိုသောအရပ်၌ ပစ်အပ်သည်ဖြစ်၍ စက်ဆုပ်ဘွယ်ရှိသော အကောင်ပုပ်၎င်း၊

(၇) ခြေသဏ္ဌာန် အစရှိသည်နှင့် တူသော ထားလက်နက်ဖြင့် သတ်လျက် အထူးထူးသော အခြင်းအရာဖြင့် ပစ်အပ်သည်ဖြစ်၍ စက်ဆုပ်ဘွယ်ရှိသော အကောင်ပုပ်၎င်း၊

စာမျက်နှာ-၁၅၈

(၈) ယိုသော သွေးရှိသည်ဖြစ်၍ စက်ဆုပ်ဘွယ်ရှိသော အကောင်ပုပ်၎င်း၊

(၉) ပိုးလောက်တို့ဖြင့် ပြည့်သည်ဖြစ်၍ စက်ဆုပ်ဘွယ်ရှိသော အကောင်ပုပ်၎င်း၊

(၁၀) အရိုးစုသာဖြစ်၍ စက်ဆုပ်ဘွယ်ရှိသော အကောင်ပုပ်၎င်း၊ ဤသည်တို့သည် အသုဘဆယ်ပါး မည်ကုန်၏။

အသုဘ ၁၀-ပါးအဖွင့်

၇။ ။သေသည်မှ အထက်၌ ဖူးဖူးရောင်သော သူသေကောင်သည် ဥဒ္ဓမာတက မည်၏၊ ထိုသူသေကောင်သည်သာလျှင် စက်ဆုပ်ဘွယ်ရှိသော အနက်ကြောင့် ဥဒ္ဓမာတက မည်၏၊ ကြွင်းကျန်သော ဝိနီလက အစရှိသော ပုဒ်တို့၌လည်း ဤအတူသာလျှင်တည်း။ အဖြူ အနီ စသည်နှင့် ရောသော များသောအားဖြင့် ညိုသော အဆင်းရှိသော သူသေကောင်သည် အထူးအားဖြင့် ညိုသော အနက်ကြောင့် ဝိနီလက မည်၏၊ ယိုသော ပြည်ရှိသော အကောင်သည် ဝိပုဗ္ဗက မည်၏၊ အလယ်၌ နှစ်ဖြာဖြတ်အပ်သော အကောင်သည် ဝိစ္ဆိဒ္ဒက မည်၏၊ အိမ်ခွေး တောခွေး အစရှိသည်တို့သည် အထူးထူးသော အခြင်းအရာဖြင့် ခဲအပ် စားအပ်သော အကောင်သည် ဝိက္ခာယိတက မည်၏၊ အိမ်ခွေး တောခွေး အစရှိသည်တို့သည် အထူးထူးသော အခြင်းအရာဖြင့် အပိုင်းပိုင်း ဖြတ်၍ ထိုထိုသောအရပ်၌ ပစ်အပ်သော အကောင်သည် ဝိက္ခိတ္တက မည်၏၊ ကျီးခြေ အစရှိသည်နှင့်တူသော ထားငယ်ဖြင့် လှီးခုတ်၍ အထူးထူးသော အပြားရှိသည်ဖြစ်၍ ပစ်အပ်သော အကောင်သည် ဟတဝိက္ခိတ္တက မည်၏၊ သွေးယိုသော အကောင်သည် လောဟိတက မည်၏၊ ပိုးလောက်တို့ကို ယိုစေတတ်သော အကောင်သည် ပုဠုဝက မည်၏၊ ယုတ်သော အပိုင်းအခြားအားဖြင့် တခုသာဖြစ်သော အရိုးသည်လည်း အဋ္ဌိက မည်၏။

စာမျက်နှာ-၁၅၉

အနုဿတိ ၁၀-ပါး

၈။ ။ဗုဒ္ဓါနုဿတိ, ဓမ္မာနုဿတိ, သံဃာနုဿတိ, သီလာနုဿတိ, စာဂါနုဿတိ, ဒေဝတာနုဿတိ, ဥပသမာနုဿတိ, မရဏာနုဿတိ, ကာယဂတာသတိ, အာနာပါနဿတိစေတိ ဣမာ ဒသ အနုဿတိယော နာမ။

(၁) အရဟတာ အစရှိသော မြတ်စွာဘုရား၏ ဂုဏ်တော်ကိုးပါးကို အဖန်တလဲလဲ အောက်မေ့ခြင်း၎င်း၊

(၂) သွာက္ခာတတာ အစရှိသော တရားတော်၏ ဂုဏ်တော်ခြောက်ပါးကို အဖန်တလဲလဲ အောက်မေ့ခြင်း၎င်း၊

(၃) သုပ္ပဋိပန္နတာ အစရှိသော သံဃာတော်၏ ဂုဏ်တော်ကိုးပါးကို အဖန်တလဲလဲ အောက်မေ့ခြင်း၎င်း၊

(၄) မိမိ၏ သီလဂုဏ်ကို အဖန်တလဲလဲ အောက်မေ့ခြင်း၎င်း၊

(၅) မိမိ၏ စွန့်ကြဲခြင်းဂုဏ်ကို အဖန်တလဲလဲ အောက်မေ့ခြင်း၎င်း၊

(၆) သဒ္ဓါ အစရှိသော ဂုဏ်နှင့် ပြည့်စုံသော နတ်တို့သည် နတ်၏ အဖြစ်သို့ ရောက်ကုန်၏၊ ထိုသဒ္ဓါ အစရှိသော ဂုဏ်တို့သည် ငါ၌လည်း ရှိကုန်၏-ဟု နတ်တို့ကို သက်သေအရာ၌ ထား၍ နတ်တို့၏ သဒ္ဓါ အစရှိသော ဂုဏ်နှင့်တူသော မိမိ၏ သဒ္ဓါ အစရှိသော ဂုဏ်ကို အဖန်တလဲလဲ အောက်မေ့ခြင်း၎င်း၊

(၇) နိဗ္ဗာန်၏ ဝိရာဂ စသောဂုဏ်ကို အဖန်တလဲလဲ အောက်မေ့ခြင်း၎င်း၊

(၈) သေခြင်းတရားကို အဖန်တလဲလဲ အောက်မေ့ခြင်း၎င်း၊

(၉) ဆံပင်အစရှိသော ကိုယ်အစု၌ ဖြစ်သော သတိ၎င်း၊

(၁၀) ထွက်သက် ဝင်သက်ကို အာရုံပြု၍ အောက်မေ့ခြင်းသတိ၎င်း၊ ဤသည်တို့သည် ဆယ်ပါးသော အနုဿတိတို့ မည်ကုန်၏။

စာမျက်နှာ-၁၆၀

အနုဿတိ ၁၀-ပါးအဖွင့်

၈။ ။အဖန်တလဲလဲ အောက်မေ့ခြင်းသည် အနုဿတိ မည်၏။ အရဟတာ အစရှိသော ဘုရားဂုဏ်တော်လျှင် အာရုံရှိသော အနုဿတိသည် ဗုဒ္ဓါနုဿတိ မည်၏၊ သွာက္ခာတတာ အစရှိသော တရားဂုဏ်တော်လျှင် အာရုံရှိသော အနုဿတိသည် ဓမ္မာနုဿတိ မည်၏။ သုပ္ပဋိပန္နာ အစရှိသော သံဃာဂုဏ်တော်လျှင် အာရုံရှိသော အနုဿတိသည် သံဃာနုဿတိ မည်၏၊ မကျိုး မပျက်ခြင်း အစရှိသောအားဖြင့် ကောင်းစွာ စင်ကြယ်သော မိမိသီလဂုဏ်တော်ကို အဖန်တလဲလဲ အောက်မေ့ခြင်းသည် သီလာနုဿတိ မည်၏၊ အညစ်အကြေးဖြစ်သော မစ္ဆေရကင်းသော သူ၏အဖြစ် အစရှိသည် အစွမ်းဖြင့် မိမိ၏စွန့်ကြဲသော ကောင်းမှုကို အဖန်တလဲလဲ အောက်မေ့ခြင်းသည် စာဂါနုဿတိ မည်၏၊ အကြင် သဒ္ဓါ အစရှိသည်တို့နှင့် ပြည့်စုံသော နတ်တို့သည် နတ်အဖြစ်သို့ ရောက်ကုန်၏၊ ထိုနတ်တို့၏ သဒ္ဓါ အစရှိကုန်သော ဂုဏ်နှင့်တူကုန်သော သဒ္ဓါ အစရှိကုန်သော ဂုဏ်တို့သည် ငါ၌ ရှိကုန်၏-ဟု နတ်တို့ကို သက်သေအရာ၌ ထား၍ မိမိ၏ သဒ္ဓါ အစရှိသော ဂုဏ်ကို အဖန်တလဲလဲ အောက်မေ့ခြင်းသည် ဒေဝတာနုဿတိ မည်၏၊ အလုံးစုံသော ဝဋ်တရား၏ ငြိမ်းရာဖြစ်သော နိဗ္ဗာန်၏ ဂုဏ်ကို အဖန်တလဲလဲ အောက်မေ့ခြင်းသည် ဥပသမာနုဿတိ မည်၏။ ဇီဝိတိန္ဒြေ၏ ပြတ်ခြင်းဖြစ်၍ ဖြစ်သော သေခြင်းကို အဖန်တလဲလဲ အောက်မေ့ခြင်းသည် မရဏာနုဿတိ မည်၏၊ ဆံပင် အစရှိသော ရူပကာယအစု၌ ဖြစ်သော အောက်မေ့ခြင်းသည် ကာယဂတာသတိ မည်၏၊ ထွက်သက်သည်၎င်း၊ ဝင်သက်သည်၎င်း၊ အာနာပါန မည်၏၊ ထွက်သက် ဝင်သက်တို့ကို ရအပ်ကုန်၏၊ ဝါ-ထွက်သက်


၁-မြတ်စွာဘုရား၏ အရဟံ အစရှိသော ဂုဏ်တော်အပေါင်းကို အောက်မေ့ခြင်းသည် ဗုဒ္ဓါနုဿတိ မည်၏။
၂-အကြင် သဒ္ဓါတရားနှင့် ပြည့်စုံကုန်သော သူတို့သည် နတ်အဖြစ်သို့ ရောက်ကုန်၏၊ ထိုသဒ္ဓါစသော ဂုဏ်ကျေးဇူးမျိုးသည် ငါ၌လည်း ရှိ၏-ဟု နတ်တို့ကို သက်သေအရာ၌ ထား၍ မိမိ၏ သဒ္ဓါစသော ဂုဏ်ကျေးဇူးကို အဖန်တလဲလဲ အောက်မေ့ခြင်းသည် ဒေဝတာနုဿတိ မည်၏။ (အကြွင်းပေါ်ပြီ။)

စာမျက်နှာ-၁၆၁

ဝင်သက်တို့ကို အာနာပါန-ဟု ဆိုအပ်ကုန်၏၊ ထိုထွက်သက် ဝင်သက်လျှင် အာရုံရှိသော အောက်မေ့ခြင်းသည် အာနာပါနဿတိ မည်၏။

အပ္ပမညာ ၄-ပါး

၉။ ။မေတ္တာ, ကရုဏာ, မုဒိတာ, ဥပေက္ခာစေတိ ဣမာ စတဿော အပ္ပမညာယော နာမ၊ ဗြဟ္မဝိဟာရောတိ စ ပဝုစ္စတိ။

(၁) အတိုင်းမသိသော သုခိတ, ဒုက္ခိတ သတ္တဝါ ပညတ်ကို အာရုံပြု၍ အမျှချစ်ခြင်း၎င်း၊

(၂) အတိုင်းမသိသော ဒုက္ခိတ သတ္တဝါ ပညတ်ကို အာရုံပြု၍ သနားခြင်း၎င်း၊

(၃) အတိုင်းမသိသော သုခိတ သတ္တဝါ ပညတ်ကို အာရုံပြု၍ ဝမ်းမြောက်ခြင်း၎င်း၊

(၄) အတိုင်းမသိသော သုခိတ, ဒုက္ခိတ သတ္တဝါ ပညတ်ကို အာရုံပြု၍ လျစ်လျူရှုခြင်း၎င်း၊ ဤသည်တို့သည် အပ္ပမညာ တရားလေးပါး မည်ကုန်၏၊ ဗြဟ္မဝိဟာရ-ဟုလည်း ဆိုအပ်၏။

အပ္ပမညာ ၄-ပါးအဖွင့်

၉။ ။ချစ်တတ်သောကြောင့် မေတ္တာ မည်၏၊ တနည်းကား-မိတ်ဆွေခင်ပွန်းတို့၌ ဖြစ်သောကြောင့် မေတ္တာ မည်၏၊ ထိုမေတ္တာသည် သတ္တဝါတို့၏ စီးပွါးချမ်းသာကို ဆောင်ခြင်း လက္ခဏာရှိ၏။ ကရုဏာသည် သူတပါး၏ ဆင်းရဲကို ပယ်ခြင်းငှါ အလိုရှိသည်အဖြစ်လျှင် လက္ခဏာရှိ၏၊ မုဒိတာသည် သူတပါး၏ စည်းစိမ်ကို ဝမ်းမြောက်ခြင်း လက္ခဏာရှိ၏၊ ဥပေက္ခာသည် ဣဋ္ဌာရုံ အနိဋ္ဌာရုံတို့၌


၁-ချစ်တတ်သောကြောင့်၎င်း, ချစ်အပ်သော ပုဂ္ဂိုလ်တို့၌ အာရုံပြုသောအားဖြင့် ဖြစ်တတ်သောကြောင့်၎င်း မေတ္တာ မည်၏။ ထိုမေတ္တာသည် သတ္တဝါတို့၏ စီးပွါးချမ်းသာကို ဆောင်လိုခြင်း လက္ခဏာရှိ၏၊ တရားကိုယ်ကား-အဒေါသ စေတသိက် ပင်တည်း။

စာမျက်နှာ-၁၆၂

လျစ်လျူရှုသော အခြင်းအရာအားဖြင့် ဖြစ်ခြင်း လက္ခဏာရှိ၏၊ အတိုင်းအရှည်မရှိသော သတ္တဝါလျှင် အာရုံရှိသည်အဖြစ်ကြောင့် အပ္ပမညာ မည်ကုန်၏၊ မြတ်သောနေရာ၏ အဖြစ်ကြောင့် ဗြဟ္မဝိဟာရ မည်၏၊ တနည်းကား—မြတ်သော ပုဂ္ဂိုလ်တို့၏ အာရုံပြုသောအားဖြင့် နေရာ၏အဖြစ်ကြောင့် ဗြဟ္မဝိဟာရ မည်၏။

သညာ ၁-ပါး

၁၀။ ။အာဟာရေ ပဋိကူလသညာ ဧကာ သညာ နာမ။

မျိုအပ်သော အစာ အာဟာရ၌ စက်ဆုပ်ရွံရှာဘွယ်-ဟူသော အမှတ်သည် တခုသော သညာ မည်၏။

သညာ ၁-ပါးအဖွင့်

၁၀။ ။သွားခြင်းမှ ရှာမှီးခြင်း, သုံးဆောင်ခြင်း အစရှိသည်တို့ကို ဆင်ခြင်ခြင်း၏ အစွမ်းအားဖြင့် ကဗဠိကာရ အာဟာရ၌ စက်ဆုပ်ရွံရှာဘွယ်-ဟူ၍ ဖြစ်သော သညာသည် အာဟာရေပဋိကူလသညာ မည်၏။


၁-အတိုင်းမသိသော သတ္တဝါလျှင် အာရုံရှိသောကြောင့် အပ္ပမညာ မည်၏။
၂-၎င်းမေတ္တာစသော တရားလေးပါးသည် ကောင်းမြတ်သော အကျင့်မြတ် ဖြစ်သဖြင့် မြတ်သော ကျင့်သုံးအပ်သော တရားဖြစ်သောကြောင့် ဗြဟ္မဝိဟာရ မည်၏။
ဗြဟ္မအသွင် အလွန်မြတ်ကုန်သော ယောဂီ အရှင်တို့၏ ကျင့်သုံးရာ တရားကျင့်အပ် ဖြစ်စေအပ်သော တရား ဖြစ်သောကြောင့် ဗြဟ္မဝိဟာရ မည်၏-ဟူလို။
၃-အသွားအပြန်ဟူသော ဂမန, ရှာမှီးရသော ပရိယေသန, သုံးဆောင်ရသော ပရိဘောဂ စသော ဆယ်ပါးသော အခြင်းအရာကို ဆင်ခြင်သည်၏ အစွမ်းဖြင့် မျိုအပ် စားအပ်သော ဆွမ်း ဘောဇဉ် စသော ကဗဠိကာရအာဟာရ၌ စက်ဆုပ် ရွံရှာဘွယ် အဖြစ်ကို အောက်မေ့ ဆင်ခြင်ခြင်း အမှတ်သည် အာဟာရေပဋိကူလသညာ မည်၏။ (အကြွင်းပေါ်ပြီ။)

စာမျက်နှာ-၁၆၃

ဝဝတ္ထာန် ၁-ပါး

၁၁။ ။စတုဓာတု ဝဝတ္ထာနံ ဧကံ ဝဝတ္ထာနံ နာမ။

ပထဝီဓာတ်, အာပေါဓာတ်, တေဇောဓာတ်, ဝါယောဓာတ်ဟူသော ဓာတ်လေးပါးကို ပိုင်းခြားခြင်းသည် တခုသော ဝဝတ္ထာန် မည်၏။

ဝဝတ္ထာန် ၁-ပါးအဖွင့်

၁၁။ ။ပထဝီဓာတ် အစရှိကုန်သော လေးပါးကုန်သော ဓာတ်တို့ကို မိမိ၏ ထဒ္ဓ အစရှိသော သဘောအားဖြင့်၎င်း၊ ဆံ အစရှိသော သမ္ဘာရ အစရှိသည်တို့၏ အစွမ်းအားဖြင့်၎င်း၊ ပိုင်းခြားမှတ်သားခြင်းသည် စတုဓာတု ဝဝတ္ထာန် မည်၏။

အာရုပ္ပ ၄-ပါး

၁၂။ ။အာကာသာနဉ္စာယတနာဒယော စတ္တာရော အာရုပ္ပနာမ၊ ဣတိ သဗ္ဗထာ သမထနိဒ္ဒသေ စတ္တာလီသ ကမ္မဋ္ဌာနာနိ ဘဝန္တိ။

အာကာသာနဉ္စာယတန အစရှိကုန်သော လေးပါးတို့သည် အာရုပ္ပ မည်ကုန်၏၊ ဤသို့ ခပ်သိမ်းသော အခြင်းအရာအားဖြင့်လည်း သမထကို ညွှန်းရာ၌ လေးဆယ်သော ကမ္မဋ္ဌာန်းတို့သည် ဖြစ်ကုန်၏။

အာရုပ္ပ ၄-ပါးအဖွင့်

၁၂။ ။ရုပ်၏ ဆန့်ကျင်ဘက်ဖြစ်သော အာရုံ၌ ဖြစ်သောကြောင့် အာရုပ္ပ မည်၏။

စာမျက်နှာ-၁၆၄

သပ္ပါယဘေဒ

၁၃။ ။ စရိတာသု ပန ဒသ အသုဘာ, ကာယဂတာသတိသင်္ခါတာ ကောဋ္ဌာသဘာဝနာ စ ရာဂစရိတဿ သပ္ပါယာ။

အထူးကို ဆိုဦးအံ့—ခြောက်ပါးသော စရိုက်တို့တွင် ဆယ်ပါးကုန်သော အသုဘတို့သည်၎င်း၊ ဆံပင် အစရှိသော ကိုယ်အစု၌ ဖြစ်သော သတိ-ဟု ဆိုအပ်သော ဆံ အစရှိသော ကိုယ်အစု၌ ပွါးများခြင်း ဘာဝနာသည်၎င်း၊ ရာဂများသော ပုဂ္ဂိုလ်အား လျောက်ပတ်ကုန်၏။

သပ္ပါယဘေဒအဖွင့်

၁၃။ ။ယခုအခါ၌ ထိုထိုသော ပုဂ္ဂိုလ်၏ စရိုက်အားလျော်သော ကမ္မဋ္ဌာန်းကို ပြခြင်းငှါ စရိတာသု ပန ဤသို့ အစရှိသော စကားကို မိန့်ဆိုပြီ။ ထိုပုဂ္ဂိုလ်အား ရာဂသာလျှင် ဖြစ်သော သဘောရှိသောကြောင့် ရာဂစရိုက် မည်၏။ ရာဂများသော ပုဂ္ဂိုလ်ကို ရအပ်၏။ ရာဂ၏ ဖြောင့်ဖြောင့် ဆန့်ကျင်ဘက်ဖြစ်သောကြောင့် အသုဘကမ္မဋ္ဌာန်းသည် ထိုရာဂစရိုက်ရှိသော ပုဂ္ဂိုလ်အားလျောက်ပတ်၏။ ပညာ၏ အာရုံ၏ အဖြစ်ဖြင့် မောဟနှင့် ဆန့်ကျင်ဘက်ဖြစ်သောကြောင့်၎င်း၊ “ဝိတက်တို့ဖြင့် ထိုထိုသော အာရုံ ပြေးခြင်းကို တားမြစ်တတ်သည် အဖြစ်ကြောင့်၎င်း၊ အာနာပါန ကမ္မဋ္ဌာန်းသည် မောဟစရိုက်ရှိသော သူအား၎င်း၊ ဝိတက်စရိုက်ရှိသော သူအား၎င်း လျောက်ပတ်၏။ ဗုဒ္ဓါနုဿတိ အစရှိကုန်သော ခြောက်ပါးသော ကမ္မဋ္ဌာန်းတို့သည် သဒ္ဓါ ပညာ၏ အကြောင်း၏ အဖြစ်ကြောင့် သဒ္ဓါစရိုက်ရှိသော သူအား လျောက်ပတ်၏။


၁-အသုဘဆယ်ပါးနှင့် ကာယဂတာသတိသည် ရာဂနှင့် ဖြောင့်ဖြောင့် ဆန့်ကျင်ဘက် ဖြစ်သောကြောင့် ရာဂများသောသူများနှင့် လျောက်ပတ်၏။
၂-ပညာ၏ အာရုံဖြစ်၍ မောဟနှင့် ဆန့်ကျင်ဘက် ဖြစ်သောကြောင့်၎င်း, ကမ္မဋ္ဌာန်းမှ အပ တပါးသော အာရုံ၌ ဝိတက်၏ ထွက်ပြေးခြင်းကို တားမြစ်တတ်သည် အဖြစ်ကြောင့်၎င်း, အာနာပါနသည် မောဟစရိုက် ဝိတက်စရိုက်ရှိသော သူအား လျောက်ပတ်၏-ဟူလို။
၃-သဒ္ဓါပွါးခြင်း၏ အကြောင်းဖြစ်သောကြောင့် ဗုဒ္ဓါနုဿတိ စသော အနုဿတိ ခြောက်ပါးသည် သဒ္ဓါစရိုက် ရှိသောသူအား လျောက်ပတ်၏-ဟူလို။

စာမျက်နှာ-၁၆၅

၁၇။ မရဏုပသမသညာ ဝဝတ္ထာနဉ္စ ဗုဒ္ဓိစရိတဿ။

မရဏာနုဿတိ, ဥပသမာနုဿတိ, အာဟာရေပဋိကူလသညာ, စတုဓာတုဝဝတ္ထာန်တို့သည် ပညာစရိုက်ရှိသောသူအား လျောက်ပတ်ကုန်၏။

၁၇။ မရဏာနုဿတိ, ဥပသမာနုဿတိ, ပဋိကူလသညာ, စတုဓာတုဝဝတ္ထာန်တို့သည် နက်နဲသော သဘောရှိသည်အဖြစ်ကြောင့် ပညာ၏သာလျှင် အာရုံရှိသည်ဖြစ်၍ ပညာစရိုက်ရှိသောသူအား လျောက်ပတ်၏။

၁၈။ သေသာနိ ပန သဗ္ဗာနိ ကမ္မဋ္ဌာနာနိ သဗ္ဗစရိတေသု။

ဆိုအပ်ခဲ့ပြီးသည်မှ ကြွင်းကုန်သော အလုံးစုံလည်းဖြစ်ကုန်သော ဆယ်ပါးသော ကမ္မဋ္ဌာန်းတို့သည် ရာဂ, ဒေါသ, မောဟ, ဝိတက်, သဒ္ဓါ, ပညာဟူသော ခပ်သိမ်းသော ပုဂ္ဂိုလ်တို့အား လျောက်ပတ်ကုန်၏။

၁၈။ သေသာနိ-ဟူသည်ကား၊ ဝါ-ဟူသောပုဒ်ကို လေးပါးအပြားရှိသော မဟာဘုတ်ဖြစ်သော ကသိုဏ်း, ပရိစ္ဆန္နာကာသကသိုဏ်း, အာလောကကသိုဏ်း, အရူပဈာန်လေးပါးတို့၏ အစွမ်းအားဖြင့် ဆယ်ပါးအပြားရှိကုန်သော ကမ္မဋ္ဌာန်းတို့သည်ဟု အနက်ပေး။


၁။ နက်နဲသည်ဖြစ်၍ ပညာ၏အရာသာ ဖြစ်သောကြောင့် မရဏာနုဿတိ, ဥပသမာနုဿတိ, အာဟာရေပဋိကူလသညာ, စတုဓာတုဝဝတ္ထာန်တို့သည် ဗုဒ္ဓိစရိုက်ရှိသောသူအား လျောက်ပတ်၏-ဟူလို။
၂။ အသုဘဆယ်ပါး အစ, စတုဓာတုဝဝတ္ထာန် အဆုံးရှိကုန်သော သုံးဆယ်သော ကမ္မဋ္ဌာန်းတို့မှ ကြွင်းကျန်သော အလုံးစုံသော ပထဝီ, အာပေါ စသော ကသိုဏ်းခြောက်ပါး, အာရုပ္ပလေးပါး-ဟု ဆိုအပ်သော ကမ္မဋ္ဌာန်းဆယ်ပါးတို့သည် မည်သည့်စရိုက်များသော သူများမဆို စီးဖြန်းပွားများခြင်းသည် သင့်လျော်လျောက်ပတ်ကုန်၏။ အဘယ့်ကြောင့်ဆိုသော် ရာဂ စသော အကုသိုလ်စရိုက်ကို မငြိမ်းစေနိုင်, မပယ်ခွာနိုင်ကုန်သော ကသိုဏ်းတို့မည်သည် မရှိကုန်။ သဒ္ဓါ စသော ကုသိုလ်စရိုက်တို့ကိုလည်း မထောက်ပံ့နိုင်, တိုးပွားအောင် မပြုနိုင်သော ကသိုဏ်းတို့မည်သည် မရှိကုန်။ ထိုကြောင့် သင့်လျော်လျောက်ပတ်၏-ဟူလို။

စာမျက်နှာ-၁၆၆

၁၉။ တတ္ထ ကသိဏေသု ပုထုလံ မောဟစရိတဿ, ခုဒ္ဒကံ ဝိတက္ကစရိတဿဝါတိ။ အယမေတ္ထ သပ္ပါယဘေဒေါ။

ထိုဆယ်ပါးသော ကမ္မဋ္ဌာန်းတို့တွင်လည်း ကသိုဏ်းခြောက်ပါးတို့၌ ဝါ-ပထဝီကသိုဏ်း, အာပေါကသိုဏ်း, တေဇောကသိုဏ်း, ဝါယောကသိုဏ်း, အာကာသကသိုဏ်း, အာလောကကသိုဏ်း-ဟု ဆိုအပ်သော ခြောက်ပါးသော ကသိုဏ်းတို့၌ ကြီးအဆုံး ကောက်နယ်တလင်းခန့်မျှရှိသော ကသိုဏ်းဝန်းသည် မောဟစရိုက်ရှိသော ပုဂ္ဂိုလ်အား လျောက်ပတ်၏၊ ငယ်ရာ့အဆုံး ခွက်မျှ, စကောမျှရှိသော ကသိုဏ်းဝန်းသည် ဝိတက်စရိုက်ရှိသော ပုဂ္ဂိုလ်အား လျောက်ပတ်၏။ ဤဆိုအပ်ပြီးသည်ကား ဤသမထနိဒ္ဒေသ၌ သပ္ပါယဘေဒတည်း။

၁၉။ တတ္ထာပိ-ဟူသည်ကား၊ ဝါ-ဟူသောပုဒ်ကို ထိုကမ္မဋ္ဌာန်းတို့တွင်-ဟု အနက်ပေး။ ကျဉ်းမြောင်းသော အာရုံ၌ စိတ်၏ အလွန်လျှင် တွေဝေသောကြောင့် ကြီးသော ကသိုဏ်းသည် မောဟစရိုက်ရှိသူအား လျောက်ပတ်၏၊ ကျယ်သော အာရုံ၏ ဝိတက်ဖြင့် ထိုမှ ဤမှ ပြေးခြင်း၏ အကြောင်း၏ အဖြစ်ကြောင့် ငယ်သော ကသိုဏ်းသည် ဝိတက်စရိုက်ရှိသောသူအား လျောက်ပတ်၏၊ ဤသပ္ပါယဟူသော စကားကို ဖြောင့်ဖြောင့် ဆန့်ကျင်ဘက်ဖြစ်သည်အဖြစ်ကြောင့်၎င်း, အလွန်သင့်တင့်လျောက်ပတ်သည်အဖြစ်ကြောင့်၎င်း မိန့်ဆိုအပ်၏။


၁။ ထိုကသိုဏ်းတို့တွင် မောဟစရိုက်များသောသူသည် ကောက်နယ်တလင်းမှု ပမာဏရှိသော ကျယ်သော ကသိုဏ်းဝန်းပြုကာ စီးဖြန်းရာ၏၊ ငယ်သော ကသိုဏ်းဝန်းနှင့် မသင့်လျော်ပေ၊ အကြောင်းသော်ကား-ကသိုဏ်းဝန်းငယ်ပါမူ မောဟအလွန်များတတ်သောကြောင့်တည်း။
၂။ ဝိတက်စရိုက်များသောသူကား စကောမျှ ပမာဏရှိသော ငယ်သော ကသိုဏ်းဝန်းပြုကာ စီးဖြန်းပွားများရာ၏။ ကြီးကျယ်သော ကသိုဏ်းဝန်းနှင့်ကား မသင့်လျော်ပေ၊ အကြောင်းသော်ကား-ကသိုဏ်းဝန်းကျယ်ပါမူ ဝိတက်အလွန်များသောကြောင့်တည်း။

စာမျက်နှာ-၁၆၇

ထိုသို့ပင် ဆိုအပ်သော်လည်း ရာဂအစရှိသည်တို့ကို မပယ်ခွာတတ်သော, တနည်း–သဒ္ဓါအစရှိသည်တို့အား ကျေးဇူးမပြုတတ်သော ကသိုဏ်းအစရှိသော ဘာဝနာမည်သည် မရှိပေ။

ဘာဝနာဘေဒ

ဘာဝနာဖြင့် ကမ္မဋ္ဌာန်းကို ဝေဖန်ခြင်း

၂၀။ ဘာဝနာသု ပန သဗ္ဗေသုပိ ကမ္မဋ္ဌာနေသု ပရိကမ္မဘာဝနာ လဗ္ဘတိ, န အပ္ပနာ။

သပ္ပါယဘေဒမှတစ်ပါး ဘာဝနာဘေဒကို ဆိုဦးအံ့—ဘာဝနာတို့တွင် အလုံးစုံသော ကမ္မဋ္ဌာန်းလေးဆယ်တို့၌လည်း ပရိကမ္မဘာဝနာကို ရအပ်သည်သာတည်း၊ အပ္ပနာဘာဝနာသည် မရှိ။

ဘာဝနာဖြင့် ကမ္မဋ္ဌာန်းကို ဝေဖန်ခြင်း အဖွင့်

၂၀။ သဗ္ဗေတ္ထာပိ-ဟူသည်ကား၊ ဝါ-ဟူသောပုဒ်ကို လေးဆယ်သော ကမ္မဋ္ဌာန်းတို့၌လည်း-ဟု အနက်ပေး။ ဗုဒ္ဓါနုဿတိ အစရှိသည်တို့၌ အပ္ပနာမဖြစ်၊ အဘယ့်ကြောင့် မဖြစ်ပါသနည်းဆိုသော် ဘုရားဂုဏ်တော်အစရှိသည်တို့၏ ပရမတ္ထဖြစ်သည်အဖြစ်ကြောင့်၎င်း, တစ်ပါးမက များသော အပြားရှိသည်အဖြစ်ကြောင့်၎င်း, တစ်ခုသော ပရမတ္ထတရား၏လည်း နက်နဲသော သဘောရှိသည်ဖြစ်ကြောင့်၎င်း, ဗုဒ္ဓါနုဿတိအစရှိကုန်သော ဆယ်ပါးသော ကမ္မဋ္ဌာန်းတို့၌ အပ္ပနာ၏အစွမ်းဖြင့် ဖြစ်သော သမာဓိ၏ တည်ခြင်းငှာ မစွမ်းနိုင်သည်အဖြစ်ကြောင့် အပ္ပနာ၏အဖြစ်သို့ မရောက်မူ၍ ကာမာဝစရသမာဓိသည် ဥပစာရအဖြစ်ဖြင့်သာလျှင် တည်၏၊ ထို့ကြောင့် မရှိ-ဟူလို။


၁။ ဘုရားဂုဏ်စသည်တို့၏ ပရမတ္ထတရားဖြစ်သောကြောင့်၎င်း, များသော အပြားရှိသောကြောင့်၎င်း, အရဟတာ စသော တစ်ခုသော ပရမတ္ထတရား၏လည်း နက်နဲသည်အဖြစ်ကြောင့်၎င်း, ထိုဆယ်ပါးသော ကမ္မဋ္ဌာန်းတို့၌ အပ္ပနာအစွမ်းဖြင့် သမာဓိသည် တည်ခြင်းငှာ မစွမ်းနိုင်သောကြောင့် အပ္ပနာအဖြစ်သို့ မရောက်ဘဲ ကာမာဝစရသမာဓိသာဖြစ်၍၊ ၎င်းကာမာဝစရသမာဓိသည်လည်း ဥပစာရသမာဓိအဖြစ်ဖြင့်သာ တည်တန့်နိုင်သောကြောင့် ဥပစာရဘာဝနာမျှသာ ပြည့်စုံ၍ အပ္ပနာဘာဝနာမပြည့်စုံခြင်း ဖြစ်၏-ဟူလို။

စာမျက်နှာ-၁၆၈

လောကုတ္တရာသမာဓိသည်၎င်း, ဒုတိယဈာန်အစရှိသော အရူပဈာန်သမာဓိသည်၎င်း, ပရမတ္ထတရား၌လည်း ထူးသော ဘာဝနာ၏အစွမ်းဖြင့် အပ္ပနာသို့ရောက်၏၊ ယင်းစကားကို အကျယ်ချ၍ ပြဦးအံ့—ဝိသုဒ္ဓိဘာဝနာအစဉ်၏ အစွမ်းကြောင့် လောကုတ္တရာသမာဓိသည် အပ္ပနာသမာဓိသို့ရောက်၏၊ အာရုံကိုလွန်ခြင်း-ဟု ဆိုအပ်သော ဘာဝနာ၏အစွမ်းကြောင့် အရူပသမာဓိသည် အပ္ပနာသို့ရောက်၏၊ အဘယ့်ကြောင့်ရောက်ပါသနည်း-ဟူမူ။ အပ္ပနာသို့ရောက်ပြီးသည်သာဖြစ်သော စတုတ္ထဈာန်သမာဓိ၏ ကသိုဏ်းအာရုံကို လွန်ခြင်းငှာ စွမ်းနိုင်၏။ ထို့ကြောင့်-ဟူလို။

ဈာန်ဖြင့် ကမ္မဋ္ဌာန်းကို ဝေဖန်ပုံ

၂၃။ တတ္ထ ဒသ ကသိဏာနိ အာနာပါနပဉ္စကဈာနိကာနိ။

ထိုအမျှသုံးဆယ်သော ကမ္မဋ္ဌာန်းတို့တွင်လည်း ဆယ်ပါးသော ကသိုဏ်းတို့သည်၎င်း, ထွက်သက်ဝင်သက်ပညတ်သည်၎င်း ဈာန်ငါးပါးအပေါင်းရှိကုန်၏၊ ဝါ-ဈာန်ငါးပါးလုံးကို ရနိုင်ကုန်၏။

ဈာန်ဖြင့် ကမ္မဋ္ဌာန်းကို ဝေဖန်ပုံ အဖွင့်

၂၃။ ထိုကသိုဏ်း ၁၀-ပါး, အာနာပါနကမ္မဋ္ဌာန်းတို့အား ငါးပါးအပြားရှိကုန်သော ဈာန်တို့သည် ရှိကုန်သောကြောင့် ပဉ္စကဈာနိကာနိ မည်ကုန်၏၊ တနည်းကား-ထိုကသိုဏ်း ၁၀-ပါး, အာနာပါနဿတိကမ္မဋ္ဌာန်းတို့၌ ယှဉ်ကုန်သောကြောင့် ပဉ္စကဈာနိကာနိ မည်ကုန်၏။

၂၄။ ဝသ အသုဘာ ကာယဂတာသတိ စ ပဌမဈာနိကာ။

အသုဘဆယ်ပါးတို့သည်၎င်း, ကာယဂတာသတိသည်၎င်း ပဌမဈာန်ရှိကုန်၏၊ ဝါ-ပဌမဈာန်ကို ရနိုင်ကုန်၏။

စာမျက်နှာ-၁၆၉

၂၄။ အသုဘဘာဝနာ၏ စက်ဆုပ်ဘွယ်အာရုံရှိသည်အဖြစ်ကြောင့် ပြင်းသောရေအယဉ်ရှိသောမြစ်၌ ထိုးဝါး၏အစွမ်းကြောင့်သာလျှင် လှေသည် တည်နိုင်သကဲ့သို့ ဝိတက်၏အစွမ်းကြောင့်သာလျှင် ထိုအသုဘဘာဝနာစိတ်သည် ဖြစ်၏။ ထို့ကြောင့် အသုဘကမ္မဋ္ဌာန်း၌ အဝိတက္ကဈာန်၏ မဖြစ်သင့်သောကြောင့် ပဌမဈာနိက-ဟူသော ဤစကားကို မိန့်ဆိုအပ်၏။

၂၅။ မေတ္တာဒယော တဿာ စတုတ္ထဈာနိကာ။

မေတ္တာအစရှိကုန်သော သုံးပါးကုန်သော ဗြဟ္မဝိဟာရတရားတို့သည် ဈာန်လေးပါးအပေါင်းရှိကုန်၏၊ ဝါ-ဈာန်လေးပါးကို ရနိုင်ကုန်၏။

၂၅။ မေတ္တာ, ကရုဏာ, မုဒိတာတို့သည် ဒေါမနဿဝေဒနာနှင့်တကွဖြစ်သော ဒေါသ, သတ္တဝါတို့အား ညှဉ်းဆဲခြင်း, သုခိတသတ္တဝါတို့၌ စိတ်၏မမွေ့လျော်ခြင်းတို့ကို ပယ်တတ်သည်အဖြစ်ကြောင့် ဒေါမနဿဝေဒနာနှင့် ဆန့်ကျင်ဘက်ဖြစ်သော သောမနဿဝေဒနာနှင့်သာလျှင် ယှဉ်ကုန်၏။ ထိုကြောင့် မေတ္တာ။ပ။စတုတ္ထဈာနိက-ဟု မိန့်ဆိုအပ်ကုန်၏။

၂၆။ ဥပေက္ခာ ပဉ္စမဈာနိကာတိ။ သဗ္ဗေသတိ ရူပါဝစရဈာနိကာနိ ကမ္မဋ္ဌာနာနိ။


၁။ အသုဘဘာဝနာဆယ်ပါး၌ ဝိတက်ကင်းသောကြောင့် ဒုတိယဈာန်တို့ မဖြစ်ကုန်ဘဲ ပဌမဈာန်သည်သာ ဖြစ်၏၊ အကြောင်းသော်ကား-၎င်းအသုဘကမ္မဋ္ဌာန်းတို့သည် စက်ဆုပ်ရွံရှာဘွယ်သော အနိဋ္ဌာရုံများဖြစ်ကုန်၍ စိတ်နှစ်သက်မှုကို ဖြစ်စေရန် အားအလွန်နည်းကုန်၏။ ထို့ကြောင့် ထိုကမ္မဋ္ဌာန်းတို့၌ သမာဓိရစေရန် ရေစီးပြင်းသောမြစ်၌ ထိုးဝါးနှင့်ကင်း၍ လှေသည် မတည်တန့်နိုင်သကဲ့သို့ ဝိတက်နှင့်ကင်း၍ မဖြစ်နိုင်သောကြောင့် ဝိတက်ပါရှိသော ပဌမဈာန်ကိုသာ ရနိုင်, ဖြစ်စေနိုင်၏။ ဝိတက်မယှဉ်သော ဝိတက်ကင်းသော ဈာန်တို့ကိုကား မဖြစ်စေနိုင်ကုန်-ဟူလို။ (ဝိတက်သည် သမ္ပယုတ်တရားတို့ကို အာရုံရှိတပို၍ပေးနိုင်သည်။)
၂။ မေတ္တာ, ကရုဏာ, မုဒိတာတို့သည် ဒေါမနဿနှင့်တကွဖြစ်သော ဗျာပါဒတရား, ညှဉ်းဆဲခြင်း ဝိဟိံသတရား, သူတစ်ပါးစည်းစိမ်၌ မမွေ့လျော်သော အနဘိရတိတရားတို့ကို ပယ်သဖြင့် သောမနဿဝေဒနာနှင့်သာ တကွဖြစ်သောကြောင့် ပဌမ, ဒုတိယ, တတိယ, စတုတ္ထဈာန်လေးပါးကို ဖြစ်စေနိုင်ကုန်၏-ဟူလို။

စာမျက်နှာ-၁၇၀

ဥပေက္ခာ-ဟု ဆိုအပ်သော ဗြဟ္မဝိဟာရတရားတစ်ပါးသည် ပဉ္စမဈာန်ရှိ၏၊ ဝါ-ပဉ္စမဈာန်ကို ရနိုင်၏၊ ဤသို့ ၂၆-ပါးကုန်သော ကမ္မဋ္ဌာန်းတို့သည် ရူပါဝစရဈာန်ရှိကုန်၏၊ ဝါ-ရူပါဝစရဈာန်ကို ရနိုင်ကုန်၏။

၂၆။ အလုံးစုံသော သတ္တဝါတို့သည် ချမ်းသာသောကိုယ်စိတ်ရှိပါစေကုန်သတည်း၊ ဆင်းရဲမှလွတ်ပါစေကုန်သတည်း၊ ရအပ်သောစည်းစိမ်ချမ်းသာနှင့် ပြည့်စုံခြင်းမှ မလျော့ပါစေကုန်သတည်း၊ ဤသို့ မေတ္တာအစရှိသည်တို့၏ အစွမ်းအားဖြင့် ဖြစ်သော ကိစ္စသုံးပါးတို့၏ အပေါင်းကိုပယ်၍ ကံသာလျှင် မိမိဥစ္စာရှိသည်အဖြစ်ကို ရှုသဖြင့် သတ္တဝါတို့၌ လျစ်လျူရှုသော အခြင်းအရာအားဖြင့် ဖြစ်သော ဘာဝနာကြောင့်ဖြစ်သော တတြမဇ္ဈတ္တုပေက္ခာ၏ အလွန်အားရှိသည်အဖြစ်ကြောင့် ဥပေက္ခာဗြဟ္မဝိဟာရသည် သုခဝေဒနာနှင့် ယှဉ်ခြင်းမရှိသောကြောင့် ဥပေက္ခာ ပဉ္စမဈာနိက-ဟု ဆိုအပ်၏။

ဘာဝနာဘေဒအဖွင့် ပြီး၏။

ဂေါစရဘေဒ

နိမိတ်ဖြင့် ကမ္မဋ္ဌာန်းကို ဝေဖန်ခြင်း

၂၇။ နိမိတ္တေသု ပန ပရိကမ္မနိမိတ္တံ ဥဂ္ဂဟနိမိတ္တဉ္စ သဗ္ဗတ္ထာပိ ယထာရဟံ ပရိယာယေန လဗ္ဘန္တေဝ။

ဘာဝနာဘေဒမှတစ်ပါး နိမိတ်ဘေဒကို ဆိုဦးအံ့—နိမိတ်တို့တွင် ပရိကမ္မနိမိတ်ကို၎င်း, ဥဂ္ဂဟနိမိတ်ကို၎င်း, အလုံးစုံသော ကမ္မဋ္ဌာန်းလေးဆယ်တို့၌ ထိုက်သည်အားလျော်စွာ ဥပမာအားဖြင့် ရအပ်ကုန်သည်သာတည်း။


၁။ ဥပေက္ခာဗြဟ္မဝိဟာရသည်ကား “သဗ္ဗေသတ္တာ သုခိတာ ဟောန္တု။ပ။ မာ ဝိဂစ္ဆန္တု”ဟု မေတ္တာစသည်အစွမ်းဖြင့် ဖြစ်သော ကိစ္စသုံးပါးအပေါင်းကို ပယ်၍ ကံသာလျှင် မိမိဥစ္စာရှိသည်အဖြစ်ကို ရှုသဖြင့် သတ္တဝါတို့၌ လျစ်လျူရှုသော အခြင်းအရာအားဖြင့် ဖြစ်သော ဘာဝနာအစွမ်းဖြင့် ဖြစ်သော တတြမဇ္ဈတ္တုပေက္ခာ၏ အားကြီးသဖြင့် သောမနဿသဟဂုတ် မဖြစ်သောကြောင့် ဥပေက္ခာနှင့်တကွဖြစ်သော ပဉ္စမဈာန်သာဖြစ်၏-ဟူလို။

စာမျက်နှာ-၁၇၁

နိမိတ်ဖြင့် ကမ္မဋ္ဌာန်းကို ဝေဖန်ခြင်း အဖွင့်

၂၈။ ယထာရဟံ-ဟူသည်ကား၊ ဝါ-ဟူသောပုဒ်ကို ထိုထိုသောအာရုံအားလျော်စွာ-ဟု အနက်ပေး။ တစ်စုံတစ်ခုသောအာရုံ၏ မထင်သည်အဖြစ်ကြောင့် ပရိယာယေန-ဟူသော ဤစကားကို မိန့်ဆိုအပ်၏။

၂၉။ ပဋိဘာဂနိမိတ္တံ ပန ကသိဏာသုဘကောဋ္ဌာသအာနာပါနေသွေဝ လဗ္ဘတိ။ တတ္ထ ဟိ ပဋိဘာဂနိမိတ္တမာရဗ္ဘ ဥပစာရသမာဓိ အပ္ပနာသမာဓိ စ ပဝတ္တန္တိ။

အလုံးစုံရအပ်သည်မှတစ်ပါး မရအပ်သည်ကို ဆိုအံ့-ပဋိဘာဂနိမိတ်ကို ကသိုဏ်းပညတ် ၁၀-ပါး, အသုဘပညတ် ၁၀-ပါး, ဆံအစရှိသော ကာယအစုပညတ်, ထွက်သက်ဝင်သက်ပညတ်တို့၌ ရအပ်၏၊ ထိုစကားမှန်၏၊ ထိုကသိုဏ်းပညတ် ၁၀-ပါး, အသုဘပညတ် ၁၀-ပါး, ဆံအစရှိသော ကာယအစုပညတ်, ထွက်သက်ဝင်သက်ပညတ်တို့၌ ပဋိဘာဂနိမိတ်ကို အာရုံပြု၍ ဥပစာရသမာဓိသည်၎င်း, အပ္ပနာသမာဓိသည်၎င်း ဖြစ်ကုန်၏။


၁။ မည်သည့်ကမ္မဋ္ဌာန်းမဆို အာရုံနှင့်မကင်းနိုင်၊ အာရုံနှင့်ကင်းသော ကမ္မဋ္ဌာန်းမည်သည် မရှိသောကြောင့် ပရိကမ္မနိမိတ်ကို ရသည်ချည်းဖြစ်၏၊ ပရိကမ္မနိမိတ်ကို ရပါက ၎င်းပရိကမ္မနိမိတ်နှင့်တူစွာ ဥဂ္ဂဟနိမိတ်သည် ထင်မြဲဖြစ်သောကြောင့် အလုံးစုံသော ကမ္မဋ္ဌာန်းလေးဆယ်၌ ဥဂ္ဂဟနိမိတ်ကိုလည်း ရအပ်၏။
သို့သော်-၎င်းပရိကမ္မနိမိတ်, ဥဂ္ဂဟနိမိတ်တို့ ထင်မှုသည် ကမ္မဋ္ဌာန်းလေးဆယ်၌ အာရုံအမျိုးမျိုးရှိရာ ၎င်းအာရုံအားလျော်စွာသာ ထင်၏-ဟူသော အဓိပ္ပါယ်ကို ယထာရဟံဟူသော ပါဠိဖြင့် ပြ၏။
၂။ ထိုကမ္မဋ္ဌာန်းလေးဆယ်တို့တွင်လည်း ကသိုဏ်းဆယ်ပါး, အသုဘဆယ်ပါး, ကာယဂတာသတိ, အာနာပါနဿတိ ကမ္မဋ္ဌာန်းနှစ်ဆယ့်နှစ်ပါးတို့၌သာလျှင် ပရိကမ္မနိမိတ်, ဥဂ္ဂဟနိမိတ်တို့သည် ထင်ရှားစွာဖြစ်နိုင်ကုန်၏၊ ကြွင်းသော ဗုဒ္ဓါနုဿတိ စသော ၁၈-ပါးသော ကမ္မဋ္ဌာန်းများ၌ကား ပရိကမ္မနိမိတ်, ဥဂ္ဂဟနိမိတ်တို့သည် ထင်ရှားစွာမဖြစ်နိုင်ကုန်။ ထို့ကြောင့် “ပရိယာယေန”ဟူသော ပါဌ်ကို မိန့်ဆိုအပ်၏-ဟုမှတ်။

စာမျက်နှာ-၁၇၂

၂၉။ ယင်းစကား ထင်ရှားပြဦးအံ့—ကသိုဏ်း ၁၀-ပါး, အသုဘ ၁၀-ပါး, ကာယဂတာသတိ, အာနာပါနဿတိတို့၌သာလျှင် ထင်ရှားသောအာရုံဖြစ်နိုင်၏။

ဘာဝနာဖြင့် နိမိတ်ကို တွဲစပ်ပုံ

၃၀။ ကထံ? အာဒိကမ္မိကဿ ဟိ ပထဝီကသိဏမဏ္ဍလာဒီသု နိမိတ္တံ ဥဂ္ဂဏှန္တဿ တမာရမ္မဏံ ပရိကမ္မနိမိတ္တန္တိ ဝုစ္စတိ။ သာ စ ဘာဝနာ ပရိကမ္မဘာဝနာနာမ။

အဘယ်သို့ဖြစ်ကုန်သနည်း-ဟူမူကား ယင်းစကား ထင်ရှားအောင် ပြဦးအံ့—အစ၌ ကမ္မဋ္ဌာန်းစီးဖြန်းခြင်းအမှုရှိသည်ဖြစ်၍ ပထဝီကသိုဏ်းဝန်းအစရှိသည်တို့၌ အာရုံကိုယူသော ယောဂီပုဂ္ဂိုလ်၏ ထိုပထဝီကသိုဏ်းဝန်းအစရှိသော အာရုံကို ပရိကမ္မနိမိတ်ဟု ဆိုအပ်၏၊ ထိုဘာဝနာသည်လည်း ပရိကမ္မဘာဝနာမည်၏။

ဘာဝနာဖြင့် နိမိတ်ကိုမှတ်ပုံ

၃၀။ “ပထဝီ။ပ။ ဥဂ္ဂဏှန္တဿ” ဤသို့အစရှိသောပါဌ်၌ အနက်ကို ဤသို့သိအပ်၏၊ ဘာဝနာကို အားမထုတ်မီ ရှေးဦးစွာ စတုပါရိသုဒ္ဓိသီလကို အထူးသဖြင့် သုတ်သင်၍ ဆယ်ပါးအပြား


၁။ ပဋိဘာဂနိမိတ်ကိုကား ကသိုဏ်းဆယ်ပါး, အသုဘဆယ်ပါး, ကာယဂတာသတိ, အာနာပါနဿတိ ကမ္မဋ္ဌာန်းနှစ်ဆယ့်နှစ်ပါးတို့၌သာ ထင်ရှားသော အာရုံဖြစ်သောကြောင့် ရနိုင်၏။ ပဋိဘာဂနိမိတ်ကို ရသောကြောင့် ဥပစာရသမာဓိ, အပ္ပနာသမာဓိတို့သည်လည်း ဖြစ်ကုန်၏။
၂။ ကထံ-စသောပါဌ်ဖြင့် ဆိုအပ်ခဲ့ပြီးသော ပရိကမ္မနိမိတ်, ပရိကမ္မဘာဝနာ ဖြစ်ပုံကိုပြ၏။ ပြပုံကား-ကောင်းစွာပြုအပ်သော ကသိုဏ်းဝန်းစသော အာရုံသည် ပရိကမ္မနိမိတ်မည်၏။
၃။ ထိုပရိကမ္မနိမိတ်ကို အဖန်ဖန်အထပ်ထပ် မျက်စိဖြင့် ကြည့်ရှု၍ စီးဖြန်းအပ်သော ဘာဝနာသည် ပရိကမ္မဘာဝနာမည်၏။

စာမျက်နှာ-၁၇၃

ရှိသော ပလိဗောဓကို ဖြတ်၍ ချစ်မြတ်နိုးအပ်သည်အဖြစ်, အလေးအမြတ်ပြုအပ်သည်အဖြစ်, မေတ္တာပွားစေအပ်သည်အဖြစ် အစရှိသော ဂုဏ်နှင့်ပြည့်စုံသော မိတ်ဆွေကောင်းသို့ ချည်းကပ်၍ မိမိ၏စရိုက်အားလျော်သော ကမ္မဋ္ဌာန်းကို သင်ယူ၍ ၁၀-ပါးအပြားရှိသော သမာဓိဘာဝနာနှင့် မလျောက်ပတ်သောကျောင်းကို ပယ်၍ အင်္ဂါငါးပါးနှင့်ပြည့်စုံသော သမာဓိဘာဝနာနှင့် သင့်လျော်သောကျောင်း၌ နေလျက် ဆံရိတ်ခြင်း, လက်သည်းဖြတ်ခြင်း အစရှိသော ငယ်သောပလိဗောဓဖြတ်ခြင်းကို ပြု၍ ပထဝီကသိုဏ်းဝန်းအစရှိသည်တို့ကို ရှေ့၌ပြု၍ ထား၍ ထွက်သက်ဝင်သက် ဆံအစရှိသော ကောဋ္ဌာသတို့၌ စိတ်ကိုထား၍ ထိုင်နေ၍ “ပထဝီ ပထဝီ” ဤသို့အစရှိသောနည်းဖြင့် ထိုထိုသော ဘာဝနာအစဉ်ဖြင့် ပထဝီကသိုဏ်း အစရှိကုန်သော ထိုထိုသောအာရုံတို့၌ အာရုံကိုယူသော ပုဂ္ဂိုလ်အား၊ ဤဆိုအပ်ပြီးသည်ကား-ဤဋီကာကျော်ကျမ်း၌ အကျဉ်းဖြစ်သော အနက်တည်း။ အကျယ်အားဖြင့် ဘာဝနာကို ဝိသုဒ္ဓိမဂ်အဋ္ဌကထာမှ ယူအပ်၏။ အဘယ့်ကြောင့်ဆိုသော် နှစ်ပါးအပြားရှိသော ဘာဝနာအစီရင်ကို ဤသဂြိုဟ်ကျမ်း၌ အရှင်အနုရုဒ္ဓါဆရာသည် အကျဉ်းအားဖြင့် မိန့်ဆိုအပ်၏၊ ထို့ကြောင့် ဝိသုဒ္ဓိမဂ်မှ ယူအပ်၏-ဟူလို။ ထိုအနက်ကို ပြခြင်းငှာလည်း အကျယ်ဖြစ်သောနည်းကို ဆောင်အပ်သည်ရှိသော် အလွန်ကြာမြင့်ရာ၏၊ ထို့ကြောင့် ငါတို့သည်လည်း ထိုနှစ်ပါးသော ဘာဝနာအစဉ်ကို အကျယ်မချတော့ပြီ။

ဥဂ္ဂဟနိမိတ်ထင်ပုံ

၃၀။ ။ ယဒါ ပန တံနိမိတ္တံ စိတ္တေန သမုဂ္ဂဟိတံ ဟောတိ၊ စက္ခုနာ ပဿန္တဿေဝ မနောဒွါရဿ အာပါထမာဂတံ တဒါရမ္မဏေဝ အာရမ္မဏံ ဥဂ္ဂဟနိမိတ္တံ နာမ။ သာ စ ဘာဝနာ သမာဓိယတိ။

စာမျက်နှာ-၁၇၄

ပရိကမ္မနိမိတ်မှတစ်ပါး ဥဂ္ဂဟနိမိတ်ကို ဆိုအံ့-အကြင်အခါ၌ ထိုပရိကမ္မနိမိတ်-ဟု ဆိုအပ်သော ပထဝီကသိုဏ်းဝန်းအစရှိသော အာရုံကို မနောဒွါရိကစိတ်ဖြင့် ကောင်းစွာယူအပ်၏၊ စက္ခုဝိညာဏ်ဖြင့် မြင်သကဲ့သို့ မနောဒွါရအား ထင်ခြင်းသို့ရောက်၏။ ထိုအခါ၌ ထိုပထဝီကသိုဏ်းဝန်းအစရှိသော အာရုံသည်ပင် ဥဂ္ဂဟနိမိတ်မည်၏၊ ထိုဘာဝနာသည်လည်း တည်ကြည်၏။

ဥဂ္ဂဟနိမိတ် ထင်ပုံ အဖွင့်

၃၁။ ယဒါ ပန ကမ္မနိမိတ္တံ စိတ္တေန သမုဂ္ဂဟိတံ-ဟူသည်ကား၊ ဤသို့ဖြစ်သော အစဉ်ရှိသော ဘာဝနာ၏အစွမ်းဖြင့် အကြင်အခါ၌ ထိုပရိကမ္မနိမိတ်ကို စိတ်ဖြင့် ကောင်းစွာယူအပ်၏၊ မနောဒွါရဿ အာပါထမာဂတံ-ဟူသည်ကား၊ မျက်စိကိုမှိတ်၍၎င်း, အရပ်တစ်ပါးသို့သွား၍၎င်း နှလုံးသွင်းသောသူအား ကသိုဏ်းဝန်းနှင့်တူစွာသာလျှင်ဖြစ်၍ မနောဒွါရတို့အား ထင်ခြင်းသို့ရောက်၏။

သမာဓိယတိ-ဟူသည်ကား၊ ဝါ-ဟူသောပုဒ်ကို အထူးအားဖြင့် စိတ်၏တည်ကြည်ခြင်းသို့ ရောက်သောအားဖြင့် တည်ကြည်၏။

ပဋိဘာဂနိမိတ် ထင်ပုံ

၃၂။ တတော ပရံ တတ္ထ သမာဟိတဿ ပုဂ္ဂလဿ တဉ္စ ဥဂ္ဂဟနိမိတ္တံ ပရိကမ္မသမာဓိနာ ဘာဝနမနုယုဉ္ဇန္တဿ ယဒါ တပ္ပဋိဘာဂံ ဝတ္ထုဓမ္မဝိမုစ္ဆိတံ ပညတ္တိသင်္ခတံ ဘာဝနာမယမာရမ္မဏံ စိတ္တေ သန္နိသိန္နံ ဟောတိ, တဒါ တံ ပဋိဘာဂနိမိတ္တံ သမုပ္ပန္နန္တိ ပဝုစ္စတိ။


၁။ ထိုပရိကမ္မနိမိတ်ကို အဖန်ဖန်အထပ်ထပ် အရာမက အထောင်မက မျက်စိဖြင့် ကြည့်ရှုဖန်များ၍ မျက်စိမှိတ်ထားသော်လည်း ပကတိမျက်စိဖြင့် မြင်ရသကဲ့သို့ မနောဒွါရ၌ ၎င်းကသိုဏ်းဝန်းအတိုင်း ထင်လာသော အာရုံသည် ဥဂ္ဂဟနိမိတ်မည်၏-ဟူလို။

စာမျက်နှာ-၁၇၅

ပရိကမ္မနိမိတ်မှတစ်ပါး, ပဋိဘာဂနိမိတ်ကို ဆိုဦးအံ့—ထိုသို့သောအခြင်းအရာဖြင့် တည်ကြည်သည်ဖြစ်၍ ထိုဥဂ္ဂဟနိမိတ်ထင်သည်မှနောက်၌ ထိုဥဂ္ဂဟနိမိတ်၌ ပရိကမ္မသမာဓိဖြင့် ပွားခြင်းကို အဖန်တလဲလဲ လုံ့လပြုသော ထိုယောဂီပုဂ္ဂိုလ်အား အကြင်အခါ၌ ထိုဥဂ္ဂဟနိမိတ်နှင့်တူသော ပရမတ္ထဓမ္မမှလွတ်သော ပညတ်-ဟု ဆိုအပ်သော ဘာဝနာဖြင့်ပြီးသော ပထဝီကသိုဏ်းဝန်းအစရှိသော အာရုံသည် မနောဒွါရိကစိတ်၌ စုဝေး၏၊ ကောင်းစွာဝင်၏၊ ထိုအခါ ထိုပဋိဘာဂနိမိတ် ဖြစ်ပေါ်ပြီ-ဟု
၃၂။ စိတ်တည်ကြည်သည်၏ အစွမ်းအားဖြင့် ပုဂ္ဂိုလ်သည်လည်း တည်ကြည်သည်သာတည်း၊ ထို့ကြောင့် တတ္ထ သမာဟိတဿ-ဟူသော ဤစကားကို မိန့်ဆိုအပ်၏၊ တပ္ပဋိဘာဂံ-ဟူသည်ကား၊ ဝါ-ဟူသောပုဒ်ကို ဥဂ္ဂဟနိမိတ်နှင့်တူသော-ဟု အနက်ပေး။ အဘယ့်ကြောင့် တူသည်ဆိုအပ်ပါသနည်း-ဟူမူ၊ ထိုဥဂ္ဂဟနိမိတ်နှင့် တူသည်အဖြစ်ကြောင့်သာလျှင် ထိုယောဂီပုဂ္ဂိုလ်ထင်သောနိမိတ်ကို “ပဋိဘာဂနိမိတ်”ဟု ဆိုအပ်၏၊ ထို့ကြောင့်


၁။ ထိုဥဂ္ဂဟနိမိတ်ကို အဖန်ဖန်အထပ်ထပ် စိတ်ဖြင့် ဆင်ခြင်ပွားများသော ယောဂီပုဂ္ဂိုလ်အား အစဉ်သဖြင့် နီဝရဏတို့သည် ကင်းကွာကုန်၏၊ ကိလေသာတို့သည် ရေများအနည်ကျသကဲ့သို့ ကောင်းစွာငြိမ်သက်ဝပ်နေကုန်၏၊ ထိုအခါ ဥဂ္ဂဟနိမိတ်၏ လက်ချောင်းရာ, လက်ဖနောင့်ရာ, လက်ဝါးရာစသော ကသိုဏ်းဝန်းအဖြစ်တို့မှ လွတ်သော အိမ်မှထုတ်အပ်သော ကြေးမုံဝန်းကဲ့သို့၎င်း, ကောင်းစွာပွတ်သပ်ပြီးသော ခရုသင်းခွက်ကဲ့သို့၎င်း, တိမ်တိုက်ကြားမှ ထွက်လာသော လပြည့်ဝန်းကဲ့သို့၎င်း, ကောင်းကင်တိမ်ညိုမှ ပျံသန်းသွားသော ဥဗျိုင်းဖြူကဲ့သို့၎င်း, ဥဂ္ဂဟနိမိတ်ကို ထွင်းဖောက်၍ ထွက်လာသကဲ့သို့ ထိုဥဂ္ဂဟနိမိတ်ထက် အဆအရာ, အဆအထောင်မက အလွန်စင်ကြယ်သော နိမိတ်သည် ပဋိဘာဂနိမိတ်မည်၏။ ထို့ကြောင့် “ဝတ္ထုဓမ္မဝိမုစ္ဆိတံ”ဟူသော စကားကို မိန့်ဆိုအပ်၏။
၎င်းပဋိဘာဂနိမိတ်သည် စက္ခုဝိညာဏ်ဖြင့် မြင်ကောင်းသော အဆင်းသဏ္ဌာန်စသောအာရုံမျိုး မဟုတ်၊ ရုန့်ရင်းသော အနိစ္စတာစသောအားဖြင့် သုံးသပ်သည်လည်း မဟုတ်။ ယောဂီပုဂ္ဂိုလ်သည် ဥပစာရသမာဓိရမှ ထင်ရှားဖြစ်ပေါ်လာသော အခြင်းအရာ ပညတ်အာရုံမျှသာ ဖြစ်၏။ ဘာဝနာပညာဖြင့်သာ ဖြစ်သော ပညတ်အာရုံဖြစ်၏သည်ကို ရည်၍ “ပညတ္တိသင်္ခတံ”ဟု မိန့်ဆိုအပ်ပါသတည်း။

စာမျက်နှာ-၁၇၆

ဆိုအပ်၏-ဟူလို။ ဥဂ္ဂဟနိမိတ်, ပဋိဘာဂနိမိတ် ၂-ပါးအထူးကား ထိုပဋိဘာဂနိမိတ်သည် ဥဂ္ဂဟနိမိတ်ထက် အလွန်စင်ကြယ်၏။ ဝတ္ထုဓမ္မဝိမုစ္ဆိတံ-ဟူသည်ကား၊ ဝါ-ဟူသောပုဒ်ကို ပရမတ္ထတရားမှလည်း လွတ်သော, ပထဝီကသိုဏ်းဝန်းအစရှိသည်တို့၌ဖြစ်သော လက်ချောင်းရာစသော ကသိုဏ်းအပြစ်မှလည်း လွတ်သော-ဟု အနက်ပေး။ ဘာဝနာဖြင့်ဖြစ်သောကြောင့် ဘာဝနာဖြင့်ပြီးသော၊ သန္နိသိန္နံ-ဟူသည်ကား၊ ဝါ-ဟူသောပုဒ်ကို ကောင်းစွာဝင်၏-ဟု အနက်ပေး။

၃၃။ တတော ပဋ္ဌာယ ပရိဗ္ဗဒ္ဓဝိပ္ပဟီနံ ကာမာဝစရသမာဓိသင်္ခါတံ ဥပစာရဘာဝနာ နိပ္ပန္နာ နာမ ဟောတိ။

ထိုပဋိဘာဂနိမိတ်ထင်သည်မှစ၍ နီဝရဏတည်းဟူသော ဘေးရန်ကို ပယ်ပြီးသော ကာမာဝစရသမာဓိ-ဟု ဆိုအပ်သော ဥပစာရဘာဝနာသည် ပြီးပြည့်စုံသည်မည်၏။

၃၃။ တတော ပဋ္ဌာယ-ဟူသည်ကား၊ ဝါ-ဟူသောပုဒ်ကို ပဋိဘာဂနိမိတ်ဖြစ်သည်မှစ၍-ဟု အနက်ပေး။

ဒုတိယစသော ရူပဈာန်ဖြစ်ပုံ

၃၅။ တတော ပရံ တမေဝ ပဌမဈာနံ အာဝဇ္ဇနံ, သမာပဇ္ဇနံ, အဓိဋ္ဌာနံ, ဝုဋ္ဌာနံ, ပစ္စဝေက္ခဏာစေတိ ဣမာဟိ ပဉ္စဟိ ဝသိတာဟိ ဝသီဘူတံ ကတွာ ဝိတက္ကာဒိကာဠာရိကင်္ဂံ ပဟာနာယ ဝိစာရာဒိသုခုမင်္ဂုပ္ပတ္တိယာ ယထာက္ကမံ ဒုတိယဈာနာဒယော ယထာရဟမပ္ပေန္တိ။

စာမျက်နှာ-၁၇၇

ထိုပဌမဈာန်ကို ရသည်မှနောက်၌ ထိုပဌမဈာန်ကိုပင်လျှင် အာဝဇ္ဇနဝသီဘော်၎င်း, သမာပဇ္ဇနဝသီဘော်၎င်း, အဓိဋ္ဌာနဝသီဘော်၎င်း, ဝုဋ္ဌာနဝသီဘော်၎င်း, ပစ္စဝေက္ခဏဝသီဘော်၎င်း, ဤငါးပါးသော ဝသီဘော်တို့ဖြင့် လေ့လာစွာဖြစ်သည်ကိုပြု၍ ဝိတက်အစရှိသော ရုန့်ရင်းသောဈာန်အင်္ဂါကို ပယ်ခြင်း, ဝိစာရအစရှိသော သိမ်မွေ့သောဈာန်အင်္ဂါဖြစ်ခြင်းငှာ အဖန်တလဲလဲ “ပထဝီ ပထဝီ”အစရှိသည်ဖြင့် စီးဖြန်းခြင်းပရိကံကိုပြုသော ယောဂီပုဂ္ဂိုလ်အား ဒုတိယအစရှိသော ဈာန်တို့သည် ထိုက်သည်အားလျော်စွာ အပ္ပနာ၏အစွမ်းဖြင့် ဖြစ်ကုန်၏။

ဒုတိယစသော ရူပဈာန်ဖြစ်ပုံ အဖွင့်

၃၅။ ငါးပါးကုန်သော ဈာန်အင်္ဂါတို့တွင် တစ်ခုခုသောအာရုံ၌ဖြစ်သော မနောဒွါရာဝဇ္ဇန်း၏အခြားမဲ့၌ လေးကြိမ်, ငါးကြိမ်သော ဇော, နှစ်ကြိမ်သောဘဝင်မှနောက်သို့ မသွားမူ၍ အဆက်ဆက်ဈာန်အင်္ဂါကို ဆင်ခြင်ခြင်း၌ စွမ်းနိုင်သည်အဖြစ်သည် အာဝဇ္ဇနဝသီဘော်မည်၏၊ ဈာန်ကိုဝင်စားခြင်းငှာ အလိုရှိသည်အခြားမဲ့၌ နှစ်ကြိမ်သောဘဝင်မှနောက်သို့မသွားမူ၍ ဖြစ်သော အာဝဇ္ဇန်း၏အခြားမဲ့၌ ဝင်စားခြင်းငှာ စွမ်းနိုင်သည်အဖြစ်သည်


၁။ ပဌမဈာန်ကို ရသည်မှနောက်၌ ထိုပဌမဈာန်ကိုပင်လျှင် အာဝဇ္ဇနဝသီဘော်, သမာပဇ္ဇနဝသီဘော်, အဓိဋ္ဌာနဝသီဘော်, ဝုဋ္ဌာနဝသီဘော်, ပစ္စဝေက္ခဏဝသီဘော်, ဤဝသီဘော်ငါးပါးဖြင့် အဖန်ဖန်လေ့လာသည်ကိုပြု၍ ဝိတက်စသော ရုန့်ရင်းသောဈာန်အင်္ဂါကို ပယ်ခြင်းငှာ, ဝိစာရစသော သိမ်မွေ့သောဈာန်အင်္ဂါဖြစ်ခြင်းငှာ “ပထဝီ, ပထဝီ”ဟု အဖန်ဖန်အထပ်ထပ် စီးဖြန်းပွားများသော ယောဂီပုဂ္ဂိုလ်အား ဒုတိယ, တတိယ, စတုတ္ထ, ပဉ္စမဈာန်တို့သည် ဖြစ်ကုန်၏-ဟူလို။
ဝသီဘော်ငါးပါးအဓိပ္ပါယ်
၂။ ဈာန်အင်္ဂါငါးပါးတို့တွင် တစ်ပါးပါးသောဈာန်အင်္ဂါဟူသော အာရုံ၌ဖြစ်သော မနောဒွါရာဝဇ္ဇန်း၏အခြားမဲ့၌ လေးကြိမ်, ငါးကြိမ်သောဇော, နှစ်ကြိမ်, သုံးကြိမ်သောဘဝင်ထက်မလွန်မူ၍ အဆင့်ဆင့်အထပ်ထပ် ဈာန်အင်္ဂါကို ဆင်ခြင်ခြင်းငှာ စွမ်းနိုင်သည်၏အဖြစ်သည် အာဝဇ္ဇနဝသီဘော်မည်၏။

စာမျက်နှာ-၁၇၈

သမာပဇ္ဇနဝသီဘော်မည်၏၊ တံတားသည် လျင်သောရေအယဉ်ရှိသောမြစ်၏ ရေအယဉ်ကို ဖြတ်သကဲ့သို့ ဘဝင်၏အယဉ်ကိုဖြတ်၍ ပိုင်းခြားအပ်သောကာလပတ်လုံး ဈာန်ကိုထားခြင်းငှာ စွမ်းနိုင်သည်၏အဖြစ်-ဟု ဆိုအပ်သော ဘဝင်ကျခြင်းမှ ဈာန်ကိုစောင့်ခြင်းသည် လျောက်ပတ်သည်အဖြစ်သည် အဓိဋ္ဌာနဝသီဘော်မည်၏၊ ပိုင်းခြားတိုင်းသောကာလကို မလွန်၍ ဈာန်မှထခြင်းငှာ စွမ်းနိုင်သည်အဖြစ်သည် ဝုဋ္ဌာနဝသီဘော်မည်၏၊ တနည်းကား-အကြင်ပိုင်းခြားအပ်သောကာလမှ အထက်သို့သွားခြင်းမပြုမူ၍ ထားခြင်းငှာစွမ်းနိုင်သည်အဖြစ်သည် အဓိဋ္ဌာနဝသီဘော်မည်၏၊ အကြင်ပိုင်းခြားအပ်သောကာလ၏အတွင်း၌မထမူ၍ ပိုင်းခြားတိုင်းသောကာလ၏အစွမ်းဖြင့်သာလျှင် ထခြင်းငှာစွမ်းနိုင်သောအဖြစ်သည် ဝုဋ္ဌာနဝသီဘော်မည်၏၊ ထို့ကြောင့် အလွန်တလွန်လွန်သဖြင့် အကျိုးမရှိပြီ။ ပစ္စဝေက္ခဏဝသီဘော်သည် အာဝဇ္ဇနဝသီဘော်ဖြင့်သာလျှင် ပြီး၏။ အဘယ့်ကြောင့် ပြီးပါသနည်း-ဟူမူ မနောဒွါရ၏အခြားမဲ့၌ ဖြစ်ကုန်သောဇောတို့သည်သာလျှင် ပစ္စဝေက္ခဏဇောမည်ကုန်၏။ ထို့ကြောင့် ပြီး၏-ဟူလို။

ဝိတက္ကာဒိ။ပ။ပဟာနာယ-ဟူသည်ကား၊ ဝါ-ဟူသောပုဒ်ကို ဒုတိယဈာန်အစရှိသည်တို့ဖြင့် ဝိတက်အစရှိကုန်သော ရုန့်ရင်းသောဈာန်အင်္ဂါတို့၏ ဈာန်ခဏ၌ မဖြစ်ခြင်းငှာ-ဟု အနက်ပေး။


၁။ ဈာန်အင်္ဂါကို ဝင်စားခြင်းငှာ အလိုရှိသည်၏ အခြားမဲ့ဖြစ်သောကာလ၌ နှစ်ကြိမ်, သုံးကြိမ်သောဘဝင်ထက် မလွန်စေမူ၍ ဖြစ်သော အာဝဇ္ဇန်း၏အခြားမဲ့၌ ဝင်စားခြင်းငှာစွမ်းနိုင်သည်အဖြစ်သည် သမာပဇ္ဇနဝသီဘော်မည်၏။
၂။ တံတားသည် လျင်သောအယဉ်ရှိသောမြစ်၏ ရေအယဉ်ကို ဖြတ်သွားသကဲ့သို့ ဘဝင်၏အယဉ်အဟုန်ကိုဖြတ်၍ ပိုင်းခြားတိုင်းသောကာလပတ်လုံး ဈာန်ကို မိမိသန္တာန်၌ တည်စေခြင်းငှာစွမ်းနိုင်သောအဖြစ်-ဟု ဆိုအပ်သော ဘဝင်ကျခြင်းမှ ဈာန်ကိုစောင့်ခြင်းငှာ လျော်သည်၏အဖြစ်သည် အဓိဋ္ဌာနဝသီဘော်မည်၏။
၃။ ပိုင်းခြားသောကာလကို မလွန်မူ၍ ဈာန်မှထခြင်းငှာစွမ်းနိုင်သည်၏အဖြစ်သည် ဝုဋ္ဌာနဝသီဘော်မည်၏။ “တနည်းကား ပိုင်းခြားသောကာလအတွင်း၌မထမူ၍ ပိုင်းခြားသောကာလ၏အစွမ်းဖြင့်သာလျှင် ထခြင်းငှာစွမ်းနိုင်သည်အဖြစ်သည် ဝုဋ္ဌာနဝသီဘော်မည်၏။
၄။ မနောဒွါရာဝဇ္ဇန်း၏အခြားမဲ့၌ဖြစ်သောဇောတို့သည်သာလျှင် ပစ္စဝေက္ခဏဇောမည်သောကြောင့် အာဝဇ္ဇနဝသီဘော်သည်ပင် ပစ္စဝေက္ခဏဝသီဘော်မည်၏။

စာမျက်နှာ-၁၇၉

ပဒဟတော-ဟူသည်ကား၊ ဝါ-ဟူသောပုဒ်ကို အဖန်တလဲလဲ စီးဖြန်းခြင်း-ဟု ဆိုအပ်သော အမှုကို ပြုသောသူအား-ဟု အနက်ပေး။ ထိုယောဂီပုဂ္ဂိုလ်အား ဥပစာရဘာဝနာသည် ဝိတက် အစရှိသည် မှတ်အပ်၏။ ယထာရဟံ ဟူသည်ကား၊ ဝါ-ဟူသောပုဒ်ကို ထိုထိုသော ဈာန်၏အာရုံဖြစ်သော ကသိုဏ်း စသော အာရုံအားလျော်စွာ-ဟု အနက်ပေး။

အရူပဈာန် ဖြစ်ပုံ

အာကာသဝဇ္ဇိတကသိဏေသု ပန ယံကိဉ္စိ ကသိဏံ ဥဂ္ဃါဋေတွာ လဒ္ဓမာကာသံ အနန္တဝသေန ပရိကမ္မံ ကရောန္တဿ ပဌမာရုပ္ပမပ္ပေတိ။
ရူပဈာန်ကို ရသည်မှ တပါး အရူပဈာန်ရသည်ကို ဆိုဦးအံ့။ အာကာသကသိုဏ်းသည် ကြဉ်အပ်သော ကသိုဏ်း ကိုးပါးတို့တွင် အမှတ်မရှိ တခုခုသော ကသိုဏ်းကို ခွါ၍ ရအပ်သော အဆုံးမရှိသော ကောင်းကင်ပညတ်ကို အဆုံးမရှိသည် အစွမ်းဖြင့် “အနန္တ အာကာသံ၊ အနန္တ အာကာသံ” ဟု အဖန်တလဲလဲ စီးဖြန်းခြင်း ပရိကံကို ပြုသော ယောဂီပုဂ္ဂိုလ်အား ပဌမ အရူပဈာန်သည် အပ္ပနာ၏ အစွမ်းဖြင့် ဖြစ်၏။

အရူပဈာန် ဖြစ်ပုံ အဖွင့်

အာကာသကသိုဏ်းကို ခွါခြင်းငှါ မစွမ်းနိုင်သည် အဖြစ်ကြောင့် အာကာသဝဇ္ဇေတွာ ကသိဏေသု ဟူသော စကားကို မိန့်ဆိုအပ်၏။ ကသိဏံ ဟူသည်ကား၊ ဝါ-ဟူသောပုဒ်ကို ကသိုဏ်း၏


၁။ “အာကာသဝဇ္ဇေတွာ ကသိဏေသု” ဟူသော ပါဠိဖြင့် အာကာသကသိုဏ်းကို ခွ၍ မရသောကြောင့် အာကာသကသိုဏ်းကို ကြဉ်အပ်၏-ဟူသော အဓိပ္ပါယ်ကို ပြ၏။
၂။ “ယံကသိဏံ” ဟု ဆိုသော်လည်း ကသိုဏ်းဝန်းကို မဆို၊ ကသိုဏ်း၏ ပဋိဘာဂ နိမိတ်ကို ခွါရမည်-ဆိုလိုသည်။

စာမျက်နှာ-၁၈၀

အတုထင်သော ပဋိဘာဂနိမိတ်ကို-ဟု အနက်ပေး။ ဥဂ္ဃါဋေတွာ - ဟူသည်ကား၊ ဝါ-ဟူသောပုဒ်ကို နှလုံးမသွင်းသည် အစွမ်းဖြင့် ထုတ်၍-ဟု အနက်ပေး။

အနန္တဝသေန ပရိကမ္မံ ကရောန္တဿ-ဟူသည်ကား၊ ဝါ-ဟူသော ပုဒ်ကို ကောင်းကင် ပညတ်သည် အဆုံးအပိုင်းအခြား မရှိ၊ ကောင်းကင် ပညတ်သည် အဆုံးအပိုင်းအခြား မရှိ-ဟု ကောင်းကင်ကို အာရုံပြု၍ ပရိကံကို ပြုသော ယောဂီပုဂ္ဂိုလ်အား-ဟူသော အနက်ကို သိအပ်၏၊ သက်သက် “အဆုံးမရှိ၊ အဆုံးမရှိ” ဟု ပရိကံကို ပြုသောသူအား-ဟူသော အနက်ကို မသိအပ်၊ ဝိညာဏဉ္စာယတန ဈာန်၌လည်း ဤအတူ အနက်ကိုမှတ်အပ်၏၊ ဆရာတို့သည်ကား “အနန္တ” ဟု မဆိုမူ၍ သက်သက် “ကောင်းကင်, ကောင်းကင်၊ ဝိညာဏ်, ဝိညာဏ်” ဟု နှလုံးသွင်းခြင်းငှါ သင့်၏-ဟု ဆိုကုန်၏။

စတုတ္ထ အရူပဈာန် ဖြစ်ပုံ

တတိယာရုပ္ပံ သန္တမေတံ ပဏီတမေတန္တိ ပရိကမ္မံ ကရောန္တဿ စတုတ္ထာရုပ္ပမပ္ပေတိ။

တတိယာရုပ္ပ ဝိညာဏ်ကို ဤတတိယာရုပ္ပ ဝိညာဏ်သည် ငြိမ်သက်၏၊ ဤတတိယာရုပ္ပ ဝိညာဏ်သည် မြတ်၏၊ ဤသို့ စီးဖြန်းခြင်း ပရိကံကို ပြုသော ယောဂီပုဂ္ဂိုလ်အား စတုတ္ထအရူပဈာန်သည် အပ္ပနာ အစွမ်းဖြင့် ဖြစ်၏။


၁-“ဥဂ္ဃါဋေတွာ” ဟူသည် ပကတိပစ္စည်း တခုခုကို ခွါယူသကဲ့သို့ ခွါသည် မဟုတ်၊ နှလုံးမသွင်းဘဲ နေခြင်းကိုပင် ပဋိဘာဂနိမိတ်မှ ခွါသည်-ဟု ဆိုလို၏။

ဆိုလိုရင်းကား–ကသိုဏ်းဆယ်ပါးတို့တွင် အာကာသကသိုဏ်းကို ကြဉ်၍ ကျန်သော ကိုးပါးသော ကသိုဏ်းတို့တွင် အမှတ်မရှိ တခုခုသော ကသိုဏ်းပဋိဘာဂနိမိတ်ကို နှလုံးမသွင်း၍ ကောင်းကင်ပညတ် အာရုံကို “အနန္တံ အာကာသံ, အနန္တံ အာကာသံ” ဟု အဖန်တလဲလဲ စီးဖြန်းသော ယောဂီပုဂ္ဂိုလ်အား ပဌမအရူပအပ္ပနာဖြစ်သော အာကာသာနဉ္စာယတနဈာန်သည် ဖြစ်ပေါ်လာ၏-ဟူလို။

စာမျက်နှာ-၁၈၁

စတုတ္ထ အရူပဈာန် ဖြစ်ပုံအဖွင့်

သန္တမေတံ။ ပ။ ကရောန္တဿ” ဟူသည်ကား၊-ဟူသောပုဒ်ကို နတ္ထိဘောပညတ်လျှင် အာရုံရှိသည် အဖြစ်ကြောင့် ဤတတိယာရုပ္ပ ဝိညာဏ်သည် ငြိမ်သက်၏၊ ဤတတိယာရုပ္ပဝိညာဏ်သည် မြတ်၏၊ ဟု ပွါးများသောယောဂီပုဂ္ဂိုလ်အား-ဟု အနက်ပေး။

၄၂။ အဝသေသေသု စ ဒသသု ကမ္မဌာနေသု ဗုဒ္ဓဂုဏာဒိကမာရမ္မဏံ ကတွာ ပရိကမ္မံ ကတွာ တံ ဂဏှန္တေ နိမိတ္တေ သာဓုကံ ပုဂ္ဂဟိတေ တတ္ထ ပရိကမ္မံ သမာဓိယတိ၊ ဥပစာရော စ သမ္ပဇ္ဇတိ။
ဆိုအပ်ပြီးသော ကမ္မဋ္ဌာန်း ၃၀-မှ ကြွင်းကုန်သော ဆယ်ပါးကုန်သော ဗုဒ္ဓ, ဓမ္မ, သံဃ, စာဂ, ဒေဝတာ, ဥပသမာ, မရဏာနုဿတိ, သညာ, ဝဝတ္ထာန်-ဟု ဆိုအပ်ကုန်သော ကမ္မဋ္ဌာန်းတို့၌လည်း ဘုရားဂုဏ် အစရှိသော အာရုံကို အာရုံပြု၍ “သော ဘဂဝါ ဣတိပိ အရဟံ၊ သော ဘဂဝါ ဣတိပိ သမ္မာသမ္ဗုဒ္ဓေါ” အစရှိသည်ဖြင့် အဖန်တလဲလဲ စီးဖြန်းခြင်း ပရိကံကို ပြု၍ ထိုဘုရားဂုဏ် အစရှိသော အာရုံကို ကောင်းစွာယူအပ်သည် ရှိသော် ထိုဘုရားဂုဏ် အစရှိသည်၌ပင်လျှင် “သော ဘဂဝါ ဣတိပိ အရဟံ၊ သော ဘဂဝါ ဣတိပိ သမ္မာသမ္ဗုဒ္ဓေါ” အစရှိသည်ဖြင့် အဖန်တလဲလဲ စီးဖြန်းခြင်း ပရိကံသည် တည်ကြည်၏၊ ဥပစာရသည်လည်း ပြည့်စုံ၏။

၄၂။ အဝသေသေသု-ဟူသည်ကား၊ ဝါ-ဟူသော ပုဒ်ကို ကသိုဏ်း စသည်တို့နှင့် တကွ အပ္ပနာကို ဆောင်တတ်သော ကမ္မဋ္ဌာန်းမှ ကြွင်းကုန်သော ဗုဒ္ဓါနုဿတိ အစရှိကုန်သော ရှစ်ပါးကုန်သော ကမ္မဋ္ဌာန်းတို့၌၎င်း၊ ပဋိကူလသညာ, ဓာတုဝဝတ္ထာန် တို့၌၎င်း၊ ဤသို့ ဆယ်ပါးကုန်သော ကမ္မဋ္ဌာန်းတို့၌-ဟု အနက်ပေး။ ပရိကမ္မံ ဟူသည်ကား၊ ဝါ-ဟူသောပုဒ်ကို ထိုမြတ်စွာဘုရားသည် ဤသို့ သံသရာစက် အကန့်တိုကို ဖျက်ဆီး


၁။ “သန္တပဏီတ” ဟူသည်ကား ပဌမာရုပ္ပဝိညာဏ်၏ မရှိခြင်းဟူသော နတ္ထိဘော ပညတ်မျှသာလျှင် အာရုံရှိသောကြောင့် “သန္တပဏီတ” ဖြစ်၏-ဟူလို။

စာမျက်နှာ-၁၈၂

တတ်သည်၏ အဖြစ်ကြောင့် အရဟ မည်တော်မူ၏၊ မဖောက်မပြန် အလုံးစုံသော တရားတို့ကို မိမိအလိုလိုသာလျှင် သယမ္ဘူဉာဏ်ဖြင့် သိတော်မူပြီးသည်၏ အဖြစ်ကြောင့် သမ္မာသမ္ဗုဒ္ဓ မည်တော်မူ၏၊ ဤသို့ အစရှိသော ဆိုအပ်ပြီးသော အစီအရင်ဖြင့် ပရိကံကို ပြု၍-ဟု အနက်ပေး။ သာဓုက ပုဂ္ဂဟိတေ-ဟူသည်ကား၊ ဘုရား အစရှိသည်တို့၏ ဂုဏ်၌ ကိုင်းညွတ်သော စိတ်၏ အစွမ်းဖြင့် ကောင်းစွာ ယူလတ်သော်-ဟု အနက်ပေး။ ပရိကမ္မံ သမာဓိယတိ ဟူသည်ကား ဝါ-ဟူသောပုဒ်ကို ပရိကမ္မဘာဝနာသည် တည်ကြည်သည် ဖြစ်၍ ပြီး၏-ဟု အနက်ပေး။ ဥပစာရော သမ္ပဇ္ဇတိ-ဟူသည်ကား၊ ဝါ-ဟူသောပုဒ်ကို နီဝရဏတ္တိကို ပယ်သည်ဖြစ်၍ ဥပစာရသမာဓိ သည် ဖြစ်၏-ဟု အနက်ပေး။

အဘိညာဏ်ဖြစ်ပုံ

၄၃။ အဘိညာဝသေန ပဝတ္တမာနံ ပန ရူပါဝစရ ပဉ္စမဈာနံ အဘိညာပါဒက ပဉ္စမဈာနာ ဝုဋ္ဌဟိတွာ အဓိဋ္ဌေယျာဒိက မာဝဇ္ဇေတွာ ပရိကမ္မံ ကရောန္တဿ ရူပါဒီသု အာရမ္မဏေသု ယထာရဟံ အပ္ပတိ။

အထူးကို ဆိုဦးအံ့—အဘိညာဏ်၏ အစွမ်းဖြင့် ဖြစ်သော ရူပါဝစရ ပဉ္စမဈာန်သည် အဘိညာဏ်၏ အခြေဖြစ်သော ရူပါဝစရ ပဉ္စမဈာန်မှ ထ၍ အဓိဋ္ဌာန်ခြင်း အစရှိသည်ကို ဆင်ခြင်၍ “သတံ ဟောမိ, သဟဿံ ဟောမိ” အစရှိသည်ဖြင့် အဖန်တလဲလဲ စီးဖြန်းခြင်း ပရိကံကို ပြုသော ယောဂီပုဂ္ဂိုလ်အား ရူပါရုံ အစရှိကုန်သော ခြောက်ပါးသော အာရုံတို့၌ ထိုက်သည်အားလျော်စွာ အပ္ပနာ၏ အစွမ်းဖြင့် ဖြစ်၏။


၁။ ဆိုအပ်ပြီးသည်မှ ကြွင်းကုန်သော ဗုဒ္ဓါနုဿတိ, ဓမ္မာနုဿတိ, သံဃာနုဿတိ, သီလာနုဿတိ, စာဂါနုဿတိ, ဒေဝတာနုဿတိ, ဥပသမာနုဿတိ, မရဏာနုဿတိ, သညာ, ဝဝတ္ထာန် ဟူကုန်သော ဆယ်ပါးသော ကမ္မဋ္ဌာန်းတို့၌ ဘုရားဂုဏ် စသည်ကို အာရုံပြု၍ “သော ဘဂဝါ ဣတိပိ အရဟံ” စသည်ဖြင့် ပရိကံပြု၍ စီးဖြန်းသော ယောဂီပုဂ္ဂိုလ်အား ပရိကမ္မသမာဓိသည် ကောင်းစွာ ဖြစ်၏။ နီဝရဏတို့မှ ကင်းသောကြောင့် ဥပစာရသမာဓိ သည်လည်း ဖြစ်၏၊ (အပ္ပနာသမာဓိမဖြစ်နိုင်ဆိုလို၏။)

စာမျက်နှာ-၁၈၃

အဘိညာဏ်ဖြစ်ပုံအဖွင့်

အဘိညာဝသေန ပဝတ္တမာနံ-ဟူသည်ကား၊ ဝ-ဟူသောပုဒ်ကို အထူးအားဖြင့် သိတတ်သော သဘောကြောင့် “အဘိညာဏ်” ဟု ဆိုအပ်သော ဣဒ္ဓိဝိဓ အစရှိသော ငါးပါးသော လောကီ


၁။ အထူးသဖြင့် သိတတ်သောကြောင့် အဘိညာဏ် မည်၏။ “အဘိညာဝသေန ပဝတ္တမာနံ ပန ရူပါဝစရ ပဉ္စမဈာနံ” အရ၊ အဘိညာဏ် အစွမ်းဖြင့် ဖြစ်သော ရူပါဝစရ ပဉ္စမဈာန်ဟူသည်ကား --- ဈာန်ရရုံမျှဖြင့် အဘိညာဏ်ကို မဖြစ်စေနိုင်သေး၊ အဘိညာဏ်ကို ဖြစ်နိုင်အောင် ဈာန်ကိုးပါးကို ရပြီးသော ယောဂီပုဂ္ဂိုလ်သည် သြဒါတကသိုဏ်း အဆုံးရှိသော ရှစ်ပါးသော ကသိုဏ်းတို့တွင် တပါးပါးသော ကသိုဏ်း၌ ရှစ်ပါးသော သမာပတ်တို့ကို ဝသီဘော် အစွမ်းဖြင့် အထပ်ထပ် ပွါးများလေ့လာပြီး၍...
(၁) ကသိုဏ်း နှစ်ပါး၏ အနုအစဉ်အားဖြင့်၎င်း,
(၂) ကသိုဏ်းတို့၏ ပဋိလုံအားဖြင့်၎င်း,
(၃) ကသိုဏ်းတို့၏ အနုလုံ-ပဋိလုံအားဖြင့်၎င်း,
(၄) ဈာန်တို့၏ အနုလုံအားဖြင့်၎င်း,
(၅) ဈာန်တို့၏ ပဋိလုံအားဖြင့်၎င်း,
(၆) ဈာန်တို့၏ အနုလုံ-ပဋိလုံအားဖြင့်၎င်း,
(၇) အစဉ်ဖြစ်သော ဈာန်ကို ခုံကျော်သောအားဖြင့်၎င်း,
(၈) ဈာန်ကသိုဏ်း နှစ်ပါးကို ခုံကျော်သောအားဖြင့်၎င်း,
(၉) ဈာန်အင်္ဂါကို လွန်သောအားဖြင့်၎င်း,
(၁၀) အာရုံကို လွန်သောအားဖြင့်၎င်း,
(၁၁) ဈာန်အာရုံ နှစ်ပါးကို လွန်သောအားဖြင့်၎င်း,
(၁၂) အင်္ဂါကို မှတ်သောအားဖြင့်၎င်း,
(၁၃) အာရုံကို မှတ်သောအားဖြင့်၎င်း,
(၁၄) အင်္ဂါ အာရုံနှစ်ပါးကိုမှတ်သောအားဖြင့်၎င်း, ၍ တဆယ့်လေးပါးသော နည်း တို့ဖြင့် ဈာန်ကို ကောင်းစွာ လေ့လာကာ ရူပါဝစရပဉ္စမဈာန်ကို နိုင်နင်းအောင် ဆုံးမအပ်၏။ ဤသို့ ဆုံးမလေ့လာအပ်ပြီးသော ရူပါဝစရပဉ္စမဈာန်ကို ဆိုလိုသည်။
၎င်းရူပါဝစရပဉ္စမဈာန်ကို ဝင်စား၍၎င်း, ရူပါဝစရပဉ္စမဈာန်မှ ထပြီးမှ ဣဒ္ဓိဝိဓ အဘိညာဏ်ကို ဖြစ်စေလိုသော် “သတံ ဟောမိ, သဟဿံ ဟောမိ” ဟု “ငါသည် လူ့အရာကို ဖန်ဆင်းလို၏၊ လူ့အထောင်ကို ဖန်ဆင်းလို၏” ဟု ရှေးဦးစွာ ဆင်ခြင် နှလုံးသွင်းခြင်း ပရိကံကို ပြုရာ၏၊ ထို့နောင်မှ ရူပါဝစရပဉ္စမဈာန်ကို ဝင်စားရာ၏၊ ထို့နောက် ဈာန်မှထ၍ ဆင်ခြင်ထားသော အတိုင်း “သတံ ဟောမိ, သဟဿံ ဟောမိ” “လူ့အရာ ဖြစ်စေသတည်း၊ လူ့အထောင် ဖြစ်စေသတည်း” ဟု အဓိဋ္ဌာန် ပြုအပ်၏၊ အဓိဋ္ဌာန်ပြုသည်နှင့် တပြိုင်နက် လူ့အရာ, လူ့အထောင် ဖြစ်လာ၏။ (အရှင်စူဠပန် အဓိဋ္ဌာန်ပြုသကဲ့သို့မှတ်) ဤကား ဣဒ္ဓိဝိဓ အဘိညာဏ် ဖြစ်ပုံနည်းတည်း။ (အကျယ် သိလိုမူ အဘိဓမ္မတ္ထဂုဠှတ္ထဒီပနီကို ရှုပါကုန်။)

စာမျက်နှာ-၁၈၄

အဘိညာဏ်၏ အစွမ်းအားဖြင့် ဖြစ်သော-ဟု အနက်ပေး။ အဘိညာပါဒက - ဝုဋ္ဌဟိတွာ-ဟူသည်ကား၊ ဝါ-ဟူသောပုဒ်ကို ကသိုဏ်း အနုလုံ အစရှိကုန်သော ၁၄-ပါးကုန်သော အခြင်းအရာတို့ဖြင့် စိတ်ကို ဆုံးမ၍ အဘိညာဏ် ဖန်ဆင်းခြင်းငှါ ခံ့သည်ကို ပြု၍ ဥပေက္ခာ ဧကဂ္ဂတာ တို့နှင့် ယှဉ်သောကြောင့်၎င်း၊ လျောက်ပတ်သည် အဖြစ်ကြောင့်၎င်း၊ ရူပါဝစရ ပဉ္စမဈာန်သည်သာလျှင် အဘိညာဏ်တို့၏ တည်ရာဖြစ်၏၊ ပထဝီ အစရှိသော ကသိုဏ်းလျှင် အာရုံရှိသော ထို ပဉ္စမဈာန်ကို ဝင်စား၍ ထို ပါဒက ပဉ္စမဈာန်မှ ထ၍-ဟု အနက်ပေး။

အဓိဋ္ဌေယျာဒိက မာဝဇ္ဇေတွာ-ဟူသည်ကား၊ ဝါ-ဟူသောပုဒ်ကို ဣဒ္ဓိဝိဓအဘိညာဏ်ကို ပရိကံပြုသော အခါ၌ ဖန်ဆင်းအပ်သော အရာ အစရှိသော သူငယ်ရုပ်ပုံ အစရှိသည်ကို၎င်း၊ ဒိဗ္ဗသောတ အဘိညာဏ်ကို ပရိကံပြုသောအခါ၌ ပြင်းသော အသံ, သိမ်မွေ့သောအသံ စသည်အပြားရှိသော အသံကို၎င်း၊ စေတောပရိယ အဘိညာဏ်ကို ပရိကံပြုသောအခါ၌ သူတပါး၏ နှလုံးသား၌ ဖြစ်သော သွေးအဆင်းကို မြင်သဖြင့် ရာဂနှင့် တကွ ဖြစ်ခြင်း စသည် အပြားရှိသော စိတ်ကို၎င်း၊ ပုဗ္ဗေနိဝါသာနုဿတိ အဘိညာဏ်ကို ပရိကံပြုသောအခါ၌ ရှေးဘဝတို့၌ စုတိစိတ် စသည်အပြား ရှိသော ရှေးဘဝ၌ ခံစားဘူးသော ခန္ဓာကို၎င်း၊ ဒိဗ္ဗစက္ခု အဘိညာဏ်ကို ပရိကံပြုသော အခါ၌ အလင်းခွံရာ အရပ်ရှိသော အဆင်းကို၎င်း ဆင်ခြင်၍-ဟု အနက်အဓိပ္ပါယ် ယူလေ-ဟူလို။

ပရိကမ္မံ ကရောန္တဿ-ဟူသည်ကား၊ ဝါ-ဟူသောပုဒ်ကို အရာသောလူသည် ဖြစ်စေသတည်း၊ အထောင်သောလူသည် ဖြစ်စေသတည်း၊ ဤသို့ အစရှိသောနည်းဖြင့် ပရိကံကို ပြုသောသူအား-ဟု အနက်ပေး။ ရူပါဒီသု-ဟူသည်ကား၊ ဝါ-ဟူသောပုဒ်ကို ပရိကံဇော၏ အာရုံဖြစ်ကုန်သော ရူပါရုံ, ပါဒကဈာန်, သဒ္ဓါရဲ့ သူတပါး၏ စိတ်, ရှေးဘဝ၌ ခံစားဘူးသော ခန္ဓာ အစရှိကုန်သော အပြားရှိကုန်သော အာရုံတို့၌-ဟု အနက်ပေး။

စာမျက်နှာ-၁၈၅

အထက်ပါ စကားကို အကျယ်ချဲ့၍ အဖွင့်ပြဦးအံ့—ဤငါးပါးသော အဘိညာဏ်တွင် ဣဒ္ဓိဝိဓအဘိညာဏ်၏ အာရုံကို ရှေးဦးစွာ ဆိုဦးအံ့—ပါဒကဈာန်သည်၎င်း၊ ကိုယ်သည်၎င်း၊ ရူပါရုံ အစရှိသည်ကို ဖန်ဆင်းရာ၌ ရူပါရုံ အစရှိသည်တို့သည်၎င်း၊ ဤသို့ ခြောက်ပါးသော အာရုံတို့သည် ဣဒ္ဓိဝိဓအဘိညာဏ်၏ အာရုံဖြစ်ကုန်၏၊ ထိုခြောက်ပါး အပြားရှိသော ဣဒ္ဓိဝိဓအဘိညာဏ်၏ အာရုံတို့တွင် ပါဒကဈာန်သည် အတိတ်အာရုံသာတည်း၊ ကိုယ်သည် ပစ္စုပ္ပန်အာရုံသာတည်း၊ ဤမှတပါးသော အာရုံသည် ပစ္စုပ္ပန်အာရုံသည်၎င်း၊ အနာဂတ်အာရုံသည်၎င်း ဖြစ်၏။

ဒိဗ္ဗသောတ အဘိညာဏ်၏ အာရုံသည် အသံသာလျှင် ဖြစ်၏။ ထိုအသံသည်လည်း ပစ္စုပ္ပန်သာဖြစ်၏၊ ပရစိတ္တဝိဇာနန အဘိညာဏ်၏ အာရုံကား-အတိတ် ၇-ရက်တို့၌၎င်း၊ အနာဂတ် ၇-ရက်တို့၌၎င်း ဖြစ်သော ကာမစိတ် အစရှိကုန်သော စိတ်တို့တွင် အမှတ်မရှိတပါးပါးသော ကာလသုံးပါး၌ ဖြစ်သော စိတ်သည် သာလျှင်တည်း၊ ဤသို့ မဟာအဋ္ဌကထာ ဆရာတို့သည် ဆိုကုန်၏။

အဋ္ဌကထာသစ်ပြု အဋ္ဌကထာ ဆရာတို့သည်ကား ၄-ပါးကုန်သော ခန္ဓာတို့သည်လည်း အာရုံဖြစ်ကုန်၏-ဟု ဆိုကုန်၏၊ အဘယ့်ကြောင့် ထိုစေတောပရိယ အဘိညာဏ်၏ ပစ္စုပ္ပန်ဖြစ်သော စိတ်လျှင် အာရုံရှိသော အဖြစ်သည် ဖြစ်ပါသနည်း၊ မနောဒွါရာဝဇ္ဇန်းသည် ယူအပ်ပြီးသော အာရုံသည်သာလျှင် စေတောပရိယ အဘိညာဏ်နှင့် ယှဉ်သော စိတ်၏ အာရုံဖြစ်သည်မဟုတ်ပါလော။ မနောဒွါရာဝဇ္ဇန်းသည် ပစ္စုပ္ပန်ဖြစ်သော စိတ်ကို အာရုံပြု၍ ချုပ်သည် ရှိသော် ထိုမနောဒွါရာဝဇ္ဇန်းနှင့် မျှသော ကာလရှိသည်ဖြစ်၍ သာလျှင် သူတပါး၏ စိတ်သည်လည်း ချုပ်၏၊ ထို့ကြောင့် မနောဒွါရာဝဇ္ဇန်း အဘိညာဏ်ဇောတို့၏ ကာလ၏ အစွမ်းဖြင့် တူသော အာရုံရှိသည် အဖြစ်သည် မဖြစ်ရာ၊ မဂ်ဝီထိ ဖိုလ်ဝီထိရှိမှ တပါးသော ဝီထိ၌ အဘိညာဏ်ဇော အာဝဇ္ဇန်းတို့၏ အထူးထူးသော အာရုံရှိသည်အဖြစ်ကို အဘယ့်ကြောင့် လိုအပ်အပ်ပါသနည်း၊ အလိုမရှိအပ် သည်သာတည်း။ (ထိုသို့ မလိုအပ်သည် အဖြစ်ကြောင့် စောဒနာ၏။)

စာမျက်နှာ-၁၈၆

အဋ္ဌကထာ၌ကား သန္တတိပစ္စုပ္ပန် အပစ္စုပ္ပန် အာရုံရှိသည် အဖြစ်ကို ယှဉ်အပ်၏၊ အရှင်အာနန္ဒာ ဆရာသည်ကား ဤသို့ ဆို၏၊ အဘယ်သို့ ဆိုသနည်း-ဟူမူကား ပါဒကဈာန်မှ ထ၍ ပစ္စုပ္ပန် အစရှိသော ဝေဖန်ခြင်းကို မပြုမူ၍ သက်သက် ဤသူ၏ စိတ်ကို သိလို၏-ဟူ၍သာလျှင် ပရိကံကို ပြု၍ တဖန် ပါဒကဈာန်ကို ဝင်စား၍ ဈာန်မှ ထပြီးလျှင် သာမညအားဖြင့် စိတ်ကို ဆင်ခြင်၍ ၃-ကြိမ် ၄-ကြိမ်သော ပရိကံတို့၏ အခြားမဲ့၌ စေတောပရိယ အဘိညာဏ်ဖြင့် သူတပါး၏ စိတ်ကို သိ၏၊ အဘယ်ကဲ့သို့နည်း-ဟူမူ ရူပါရုံကို ဒိဗ္ဗစက္ခု အဘိညာဏ်ဖြင့် သိသကဲ့သို့တည်း။ ထိုမှ နောက်၌ ကာမာဝစရစိတ်ဖြင့် သရာဂစိတ် အစရှိသည်ကို ပိုင်းခြားခြင်းကိုလည်းပြု၏၊ အဘယ်ကဲ့သို့နည်း-ဟူမူ ညိုသောအဆင်း အစရှိသည်ကို မှတ်သကဲ့သို့တည်း၊ အလုံးစုံသော ထိုအာဝဇ္ဇန်းနှင့် ဇောစိတ်တို့သည် ရှေ့ရှုဖြစ်၍ ဖြစ်သော သူတပါး၏ စိတ်-ဟု ဆိုအပ်သော အာရုံရှိကုန်သည်သာလျှင်တည်း။

အလိုမရှိအပ်သောအရာ၌ အထူးထူးသော အာရုံရှိသည် အဖြစ်ဟု ဆိုအပ်သော အဖြစ်မရှိ၊ အဘယ့်ကြောင့် မရှိသနည်းဟူမူ ထူးသောအခြင်းအရာအားဖြင့် ဖြစ်ခြင်း မရှိသည် အဖြစ်ကြောင့် မရှိ၊ ဤသို့ ဆို၏၊ ပုဗ္ဗေနိဝါသာနုဿတိ အဘိညာဏ်၏ ရှေးဘဝ၌ ခံစားအပ်ကုန်သော ခန္ဓာတို့သည်၎င်း၊ ထို ပုဗ္ဗေနိဝုတ္ထခန္ဓာ နှင့် စပ်ကုန်သော အမည် အမျိုးတို့သည်၎င်း၊ နိဗ္ဗာန်သည်၎င်း အာရုံ ဖြစ်၏၊ ဒိဗ္ဗစက္ခု အဘိညာဏ်၏ကား ပစ္စုပ္ပန်ဖြစ်သော ရူပါရုံသည် သာလျှင် အာရုံဖြစ်၏၊ ဤသို့လျှင် ထိုအဘိညာဏ် ငါးပါးတို့၏ အာရုံအပြားကို သိအပ်၏၊ ယထာရဟံ အပ္ပတိ-ဟူသည်ကား၊ ဝါ-ဟူသောပုဒ်ကို ထိုထို ပရိကံအား လျော်စွာ အပ္ပနာ၏ အစွမ်းဖြင့် ဖြစ်၏-ဟု အနက်ပေး။

အဘိညာဏ် ၅-ပါး

၄၄။ အဘိညာ စ နာမ
ဣဒ္ဓိဝိဓံ၊ ဒိဗ္ဗသောတံ၊ ပရစိတ္တဝိဇာနနာ၊
ပုဗ္ဗေနိဝါသာနုဿတိ၊ ဒိဗ္ဗစက္ခုတိ ပဉ္စဓာ။

စာမျက်နှာ-၁၈၇

အယမေတ္ထဂေါစရဘေဒေါ၊
နိဋ္ဌိတောစ သမထကမ္မဋ္ဌာနနယော။


အဘိညာဏ် မည်သည်ကား... ဣဒ္ဓိဝိဓ အဘိညာဏ်၎င်း၊ ဝါ-အထူးထူးအပြားပြား တန်ခိုးဖန်ဆင်းခြင်းငှါ စွမ်းနိုင်သော ဣဒ္ဓိဝိဓ အဘိညာဏ်၎င်း၊ ဒိဗ္ဗသောတ အဘိညာဏ်၎င်း၊ ဝါ-နတ်၏ နားကဲ့သို့ အဝေးမှ အသံကို ကြားစွမ်းနိုင်သော ဒိဗ္ဗသောတ အဘိညာဏ်၎င်း၊ ပရစိတ္တဝိဇာနန အဘိညာဏ်၎င်း၊ ဝါ-သူတပါး၏ စိတ်ကို သိစွမ်းနိုင်သော ပရစိတ္တဝိဇာနန အဘိညာဏ်၎င်း၊ ပုဗ္ဗေနိဝါသာနုဿတိ အဘိညာဏ်၎င်း၊ ဝါ-ရှေး၌ နေဘူးသော ခန္ဓာအစဉ်ကို အဖန်တလဲလဲ အောက်မေ့ခြင်း သတိနှင့်ယှဉ်သော အဘိညာဏ်၎င်း၊ ဒိဗ္ဗစက္ခု အဘိညာဏ်၎င်း၊ ဝါ-နတ်၏ မျက်စိကဲ့သို့ အဝေးမှ အဆင်းကို မြင်စွမ်းနိုင်သော ဒိဗ္ဗစက္ခု အဘိညာဏ်၎င်း၊ ဤသို့ ငါးပါးအပြားရှိ၏။

သမထကမ္မဋ္ဌာန်းနည်းသည် ပြီး၏။

အဘိညာဏ် ၅-ပါးအဖွင့်

၄၄။ ။ယခုအခါ၌ အာရုံတို့၏ အပြားအားဖြင့် အဘိညာဏ် အပြားကို ပြခြင်းငှါ “ဣဒ္ဓိဝိဓ” ဤသို့အစရှိသော စကားကို မိန့်ဆိုတော်မူ၏၊ ထိုအဘိညာဏ်အား ရုပ်ကို ဖန်ဆင်းခြင်း အဓိဋ္ဌာန်ခြင်း အစရှိသော တန်ခိုးအပြားသည် ရှိသောကြောင့် ဣဒ္ဓိဝိဓ မည်၏။ နတ်တို့၏သောတပသာဒနှင့် တူသည် အဖြစ်ကြောင့်၎င်း၊ ဒိဗ္ဗဝိဟာရကိုမှီ၍ ဖြစ်သည် အဖြစ်ကြောင့်၎င်း ဒိဗ္ဗလည်းမည်၏။ ထိုဒိဗ္ဗဟူသည်


၁။ ရုပ်ကို အဓိဋ္ဌာန်ခြင်း, ဖန်ဆင်းခြင်း စသော တန်ခိုး အထူးအပြားရှိသော အဘိညာဏ် သည် ဣဒ္ဓိဝိဓ အဘိညာဏ် မည်၏။

စာမျက်နှာ-၁၈၈

နတ်တို့၏ သောတပသာဒနှင့် တူသောကြောင့် သောတ မည်ရာကား “ဒိဗ္ဗသောတ” မည်၏၊ ထိုအဘိညာဏ်ဖြင့် သူတပါးတို့၏ စိတ်ကို သိတတ်သောကြောင့် ပရစိတ္တဝိဇာနန မည်၏။ မိမိ၏ သန္တာန်၌ ဖြစ်ဘူးသည်၏ အစွမ်းကြောင့်၎င်း၊ အာရုံပြု၍ နေဘူးသည်၏ အစွမ်းဖြင့်၎င်း၊ ရှေးဘဝတို့၌ ခန္ဓာတို့ကို အဖန်တလဲလဲ အောက်မေ့နိုင်ခြင်းသည် ပုဗ္ဗေနိဝါသာနုဿတိ အဘိညာဏ်မည်၏။ ဆိုအပ်ပြီးသော နည်းဖြင့် ထိုသဘောတရားသည် ဒိဗ္ဗလည်းမည်, စက္ခုလည်း မည်သောကြောင့် ဒိဗ္ဗစက္ခု မည်၏။ ဒိဗ္ဗစက္ခုကိုသာလျှင် စုတူပါတဉာဏ်ဟုလည်း ခေါ်ဆိုအပ်၏၊ ယထာကမ္မူပဂဉာဏ်, အနာဂတံသဉာဏ်တို့သည်လည်း ဒိဗ္ဗစက္ခု၏ အစွမ်းဖြင့်သာလျှင် ပြည့်စုံကုန်၏၊ အဘယ့်ကြောင့် ပြည့်စုံပါသနည်း-ဟူမူ ထိုယထာကမ္မူပဂဉာဏ်, အနာဂတံသဉာဏ်တို့၏ အသီးအခြားဖြစ်သော ပရိကံသည် မရှိသောကြောင့် ပြည့်စုံ၏-ဟူလို။

ထိုနှစ်ပါးသော ဉာဏ်တို့တွင် အနာဂတံသ ဉာဏ်၏ အနာဂတ် ကာလ၌ ခုနစ်ရက် အတွင်း၌ နောင်ဖြစ်လတံ့သော စိတ် စေတသိက်သည်၎င်း၊ ဒုတိယနေ့ မှစ၍ ဖြစ်လတံ့သော အလုံးစုံသော တရားသည်၎င်း အာရုံဖြစ်၏၊ ထိုစကား မှန်၏၊ ထိုအနာဂတံသ ဉာဏ်သည် မိမိ၏ တည်ရာဖြစ်သော ခုနစ်ရက်အတွင်း၌ ဖြစ်သော အာရုံ၌ သဗ္ဗညုတဉာဏ်နှင့် တူသော ဖြစ်ခြင်းရှိ၏-ဟု အဋ္ဌကထာ၌ ဆိုအပ်၏၊ ယထာကမ္မူပဂဉာဏ်၏ကား ကုသိုလ် အကုသိုလ်-ဟု


၁။ နတ်များကဲ့သို့ အဝေးမှ အသံကို ကြားစွမ်းနိုင်သော အဘိညာဏ်သည် ဒိဗ္ဗသောတ အဘိညာဏ် မည်၏။
၂။ သူတပါးတို့၏ စိတ်ကို သိသော အဘိညာဏ်သည် ပရစိတ္တဝိဇာနန အဘိညာဏ် မည်၏။
၃။ ရှေးဘဝတို့၌ မိမိသန္တာန်ဝယ် ဖြစ်ဘူးသော အာရုံပြုသော အားဖြင့် မှီဝဲသုံးဆောင် ဘူးကုန်သော ခန္ဓာ, ထိုခန္ဓာနှင့် စပ်သော အမျိုး အမည်စသည်တို့ကို အောက်မေ့ခြင်းငှါ စွမ်းနိုင်သော အဘိညာဏ်သည် ပုဗ္ဗေနိဝါသာနုဿတိ အဘိညာဏ် မည်၏။
၄။ နတ်၏ မျက်စိကဲ့သို့ အဝေးမှ ရူပါရုံကို မြင်စွမ်းနိုင်သော အဘိညာဏ်သည် ဒိဗ္ဗစက္ခု အဘိညာဏ် မည်၏။ ဤကား အဘိညာဏ်ငါးပါး အဓိပ္ပါယ်တည်း။

စာမျက်နှာ-၁၈၉

ဆိုအပ်သော စေတနာသည်၎င်း၊ လေးပါးကုန်သော ခန္ဓာတို့သည်၎င်း အာရုံဖြစ်၏၊ ဤသို့ မှတ်အပ်၏၊ အာရုံ၏အစွမ်းဖြင့် သမထ လေးဆယ် အပြားသည် ဂေါစရဘေဒ မည်၏။

သမထကမ္မဋ္ဌာန်းနည်း အဖွင့်ပြီး၏။

ဝိပဿနာကမ္မဋ္ဌာန်း, ဝိသုဒ္ဓိ ၇-ပါး

၄၅။ ဝိပဿနာကမ္မဌာနေ ပန သီလဝိသုဒ္ဓိ, စိတ္တဝိသုဒ္ဓိ, ဒိဋ္ဌိဝိသုဒ္ဓိ, ကင်္ခါဝိတရဏဝိသုဒ္ဓိ, မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ, ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ, ဉာဏဒဿနဝိသုဒ္ဓိ စေတိ သတ္တဝိဓေန ဝိသုဒ္ဓိသင်္ဂဟော။

သမထကမ္မဋ္ဌာန်းမှတပါး ဝိပဿနာကမ္မဋ္ဌာန်းကို ဆိုဦးအံ့။ ဝိပဿနာကမ္မဋ္ဌာန်း၌ သီလဝိသုဒ္ဓိ၎င်း၊ ဝါ-စတုပါရိသုဒ္ဓိ သီလ၏ စင်ကြယ်ခြင်း၎င်း၊ စိတ္တဝိသုဒ္ဓိ၎င်း၊ ဝါ-ဥပစာရသမာဓိ, အပ္ပနာသမာဓိ စိတ်၏ စင်ကြယ်ခြင်း၎င်း၊ ဒိဋ္ဌိဝိသုဒ္ဓိ၎င်း၊ ဝါ-လက္ခဏ, ရသ, ပစ္စုပဋ္ဌာန်, ပဒဋ္ဌာန် အစွမ်းဖြင့် နာမ်ရုပ်ကို သိမ်းဆည်းသော ဉာဏ်၏ စင်ကြယ်ခြင်း၎င်း၊ ကင်္ခါဝိတရဏဝိသုဒ္ဓိ၎င်း၊ ဝါ-နာမ်ရုပ်၏ အကြောင်းကို သိမ်းဆည်းသည် ဖြစ်၍ ၁၆-ပါးသော ယုံမှားခြင်းကို လွန်နိုင်သော ဉာဏ်၏ စင်ကြယ်ခြင်း၎င်း၊ မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ၎င်း၊ ဝါ-ဝိပဿနာ ညစ်ညူးကြောင်း ဘေးရန်ကို သိမ်းဆည်းသောအားဖြင့် မဂ်ဟုတ်သည် မဟုတ်သည်ကို သိမြင်နိုင်သော ဉာဏ်၏ စင်ကြယ်ခြင်း၎င်း၊ ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ၎င်း၊ ဝါ-ဥဒယဗ္ဗယဉာဏ်မှ စ၍ သစ္စာနုလောမဉာဏ်တိုင်အောင် ကိုးပါးသော ဝိပဿနာဉာဏ်-ဟု ဆိုအပ်သော မဂ်တည်းဟူသော ဉာဏဒဿနဝိသုဒ္ဓိ၏ အကျင့်ဖြစ်သော ဉာဏ်အမြင်၏ စင်ကြယ်ခြင်း၎င်း၊ ဉာဏဒဿနဝိသုဒ္ဓိ၎င်း၊ ဝါ-နိဗ္ဗာန်ကို သိမြင်နိုင်သော မဂ်ဉာဏ်၏ စင်ကြယ်ခြင်း၎င်း၊ ဤသို့ ခုနှစ်ပါးသော အပြားဖြင့် ဝိသုဒ္ဓိသင်္ဂဟကို သိအပ်၏။

စာမျက်နှာ-၁၉၀

ဝိပဿနာကမ္မဋ္ဌာန်း ဝိသုဒ္ဓိ ၇-ပါးအဖွင့်

၄၅။ ။အနိစ္စ အစရှိသော အစွမ်းဖြင့် အထူးထူး အပြားပြား ရှိသော အခြင်းအရာဖြင့် ရှုတတ်သောကြောင့် ဝိပဿနာ မည်၏။ အနိစ္စာနုပဿနာ အစရှိသော ဘာဝနာမယ ဖြစ်သော ပညာကို ဝိပဿနာ-ဟု ယူအပ် ရအပ်၏၊ ထိုဝိပဿနာ၏ ကမ္မဋ္ဌာန်းဖြစ်သောကြောင့် ဝိပဿနာ ကမ္မဋ္ဌာန်းမည်၏။ တနည်း—ထိုဝိပဿနာသည်ပင်လျှင် ကမ္မဋ္ဌာန်းဖြစ်သောကြောင့် ဝိပဿနာကမ္မဋ္ဌာန်း မည်၏။ ထိုဝိပဿနာကမ္မဋ္ဌာန်း၌ ခုနစ်ပါး အပြားဖြင့် ဝိသုဒ္ဓိ အရေအတွက်သည် ဖြစ်၏။ ဤသို့ပုဒ်စပ်ခြင်းကို ပြုအပ်၏။

လက္ခဏာယာဉ် ၃-ပါး

၄၆။ အနိစ္စလက္ခဏံ, ဒုက္ခလက္ခဏံ, အနတ္တလက္ခဏဉ္စာတိ တီဏိ လက္ခဏာနိ။
အနိစ္စလက္ခဏာ၎င်း၊ ဝါ-မှတ်အပ်သော အမြဲမရှိခြင်း၎င်း၊ ဒုက္ခလက္ခဏာ၎င်း၊ ဝါ-မှတ်အပ်သော ဆင်းရဲခြင်း၎င်း၊ အနတ္တလက္ခဏာ၎င်း၊ ဝါ-မှတ်အပ်သော ကိုယ်မဟုတ်ခြင်း၎င်း၊ ဤသို့ သုံးပါးကုန်သော လက္ခဏာတို့ကို သိအပ်ကုန်၏။

လက္ခဏာယာဉ် ၃-ပါးအဖွင့်

၄၆။ ။အနိစ္စ၏ အဖြစ်သည်ပင်လျှင် မှတ်အပ်သောကြောင့် အနိစ္စလက္ခဏာ မည်၏၊ တနည်းကား-ဤအနိစ္စသဘောဖြင့် တေဘုမ္မက တရားအပေါင်းကို မှတ်အပ်၏၊ ဤသို့ အနိစ္စအဖြစ်သည်ပင်လျှင် မှတ်ကြောင်းဖြစ်သော သတ္တိကြောင့် အနိစ္စလက္ခဏာ မည်၏၊ ဖြစ်ခြင်းပျက်ခြင်း အဖန်တလဲလဲ နှိပ်စက်ခြင်း-ဟု ဆိုအပ်သော


၁။ မှတ်အပ်သောကြောင့်၎င်း မှတ်ကြောင်းဖြစ်သောကြောင့်၎င်း လက္ခဏာ မည်၏။ ခန္ဓာငါးပါး ရုပ်နာမ်တရားတို့၏ မမြဲသော အဖြစ်ဖြင့် မှတ်ကြောင်း ဖြစ်သောကြောင့် အနိစ္စလက္ခဏာ မည်၏။

စာမျက်နှာ-၁၉၁

ဒုက္ခ၏ အဖြစ်သည်ပင် မှတ်ကြောင်းဖြစ်သောကြောင့် ဒုက္ခလက္ခဏာ မည်၏၊ သာသနာတော်မှ တပါးဖြစ်ကုန်သော ဒိဋ္ဌိတို့သည် ကြံအပ်သော အတ္တ၏ မရှိခြင်းသည် အနတ္တ မည်၏။ ထိုအနတ္တသည်ပင် မှတ်ကြောင်းဖြစ်သောကြောင့် အနတ္တလက္ခဏာမည်၏။

အနုပဿနာ ၃-ပါး

၄၇။ အနိစ္စာနုပဿနာ, ဒုက္ခာနုပဿနာ, အနတ္တာနုပဿနာ စေတိ တိဿော အနုပဿနာ။

အနိစ္စာနုပဿနာ၎င်း၊ ဝါ-အမြဲမရှိခြင်းကို အဖန်တလဲလဲ ရှုခြင်း၎င်း၊ ဒုက္ခာနုပဿနာ၎င်း၊ ဝါ-ဆင်းရဲခြင်းကို အဖန်တလဲလဲ ရှုခြင်း၎င်း၊ အနတ္တာနုပဿနာ၎င်း၊ ဝါ-ကိုယ်မဟုတ်ခြင်းကို အဖန်တလဲလဲ ရှုခြင်း၎င်း၊ ဤသို့ သုံးပါးကုန်သော အနုပဿနာတို့ကို သိအပ်ကုန်
သုံးပါးကုန်သော လက္ခဏာတို့ကို အဖန်တလဲလဲ ရှုခြင်းသည် အနိစ္စာနုပဿနာ အစရှိသည် မည်၏။


၁။ ခန္ဓာငါးပါး ရုပ်နာမ်တရားတို့၏ ဖြစ်ခြင်းပျက်ခြင်းဖြင့် နှိပ်စက်၍ ဆင်းရဲသော အဖြစ်ဖြင့် မှတ်ကြောင်း ဖြစ်သောကြောင့် ဒုက္ခလက္ခဏာ မည်၏။
၂။ ခန္ဓာငါးပါး ရုပ်နာမ် တရားတို့၏ အလို မလိုက်သောအားဖြင့် မှတ်ကြောင်း ဖြစ်သောကြောင့် အနတ္တလက္ခဏာ မည်၏၊ တနည်း—တိတ္ထိတို့သည် ကြံဆအပ်သော အတ္တ၏ မရှိသည် အဖြစ်သည် အနတ္တ မည်၏။ အနတ္တအဖြစ်သည်ပင် လက္ခဏာ ဖြစ်သောကြောင့် အနတ္တလက္ခဏာ မည်၏-ဟူလို။
၃။ အနိစ္စလက္ခဏာကို အဖန်တလဲလဲ ရှုခြင်းသည် အနိစ္စာနုပဿနာ မည်၏။
ဒုက္ခလက္ခဏာကို အဖန်တလဲလဲ ရှုခြင်းသည် ဒုက္ခာနုပဿနာ မည်၏။
အနတ္တလက္ခဏာကို အဖန်တလဲလဲ ရှုခြင်းသည် အနတ္တာနုပဿနာ မည်၏။အဖွ

စာမျက်နှာ-၁၉၂

၄၈။ ။သမ္မသနဉာဏံ၊ ဥဒယဗ္ဗယဉာဏံ၊ ဘင်္ဂဉာဏံ၊ ဘယဉာဏံ၊ အာဒီနဝဉာဏံ၊ နိဗ္ဗိဒဉာဏံ၊ မုဉ္စိတုကမျတာဉာဏံ၊ ပဋိသင်္ခါဉာဏံ၊ သင်္ခါရုပေက္ခာဉာဏံ၊ အနုလောမဉာဏန္တိ ဒသ ဝိပဿနာဉာဏာနိ။

သမ္မသနဉာဏ်၎င်း၊ ဝါ-ခန္ဓာ အစရှိသည်တို့ကို အပေါင်းအစည်းအားဖြင့် သုံးသပ်သည် အစွမ်းဖြင့်ဖြစ်သော ဉာဏ်၎င်း၊ ဥဒယဗ္ဗယဉာဏ်၎င်း၊ ဝါ-ဖြစ်ခြင်း ပျက်ခြင်းကို အဖန်တလဲလဲ ရှုသည် အစွမ်းဖြင့် ဖြစ်သော ဉာဏ်၎င်း၊ ဘင်္ဂဉာဏ်၎င်း၊ ဝါ-ဖြစ်ခြင်းကို လွှတ်၍ ပျက်ခြင်း၌ ဖြစ်သော ဉာဏ်၎င်း၊ ဘယဉာဏ်၎င်း၊ ဝါ-သင်္ခါရတို့ကို ဘေးအားဖြင့် အဖန်တလဲလဲ ရှုသည် အစွမ်းဖြင့် ဖြစ်သော ဉာဏ်၎င်း၊ အာဒီနဝဉာဏ်၎င်း၊ ဝါ-မြင်အပ်သော ဘေးရှိသော သင်္ခါရတို့ကို အပြစ်အားဖြင့် ရှုသည် အစွမ်းဖြင့် ဖြစ်သော ဉာဏ်၎င်း၊ နိဗ္ဗိဒဉာဏ်၎င်း၊ ဝါ-မြင်အပ်သော အပြစ်ရှိသော သင်္ခါရတို့၌ ငြီးငွေ့သော အစွမ်းဖြင့် ဖြစ်သော ဉာဏ်၎င်း၊ မုဉ္စိတုကမျတာဉာဏ်၎င်း၊ ဝါ-ငြီးငွေ့၍ သင်္ခါရတို့မှ လွတ်ခြင်းကို အလိုရှိသည်၏ အစွမ်းဖြင့် ဖြစ်သော ဉာဏ်၎င်း၊ ပဋိသင်္ခါဉာဏ်၎င်း၊ ဝါ-လွတ်ခြင်း အကြောင်း ပြည့်စုံခြင်းငှါ တဖန် သင်္ခါရတို့ကို သိမ်းဆည်းသည် အစွမ်းဖြင့် ဖြစ်သော ဉာဏ်၎င်း၊ သင်္ခါရုပေက္ခာဉာဏ်၎င်း၊ ဝါ-သင်္ခါရတရားတို့၌ ကြောက်ခြင်း နှစ်သက်ခြင်းကို ကြဉ်သည် အစွမ်းဖြင့် လျစ်လျူရှု၍ ဖြစ်သော ဉာဏ်၎င်း၊ အနုလောမဉာဏ်၎င်း၊ ဝါ-ရှေးဉာဏ် ကိုးပါးတို့၏ ကိစ္စပြီးခြင်း အထက်၌ ၃၇-ပါးသော ဗောဓိပက္ခိယတရားနှင့် လျော်သော ဉာဏ်၎င်း၊ ဤ ၁၀-ပါးကုန်သော ဝိပဿနာဉာဏ်တို့ကို သိအပ်ကုန်၏။

ဝိပဿနာဉာဏ် ၁၀-ပါးအဖွင့်

၄၈။ ။ခန္ဓာ အစရှိသည်တို့ကို အပေါင်းအားဖြင့် သုံးသပ်သည် အစွမ်းဖြင့် ဖြစ်သော ဉာဏ်သည် သမ္မသနဉာဏ် မည်၏။


၁-ခန္ဓာငါးပါး သင်္ခါရတရားတို့ကို အနိစ္စ၊ ဒုက္ခ၊ အနတ္တ-ဟု အပေါင်းအားဖြင့် သုံးသပ်သည် အစွမ်းဖြင့် ဖြစ်သော ဉာဏ်သည် သမ္မသနဉာဏ် မည်၏။

စာမျက်နှာ-၁၉၃

ဥပါဒ်နှင့်ဘင်ကို အဖန်တလဲလဲ ရှုသည် အစွမ်းအားဖြင့် ဖြစ်သော ဉာဏ်သည် ဥဒယဗ္ဗယဉာဏ် မည်၏။ ဥပါဒ်ကိုလွှတ်၍ ဘင်၌ ဖြစ်သော ဉာဏ်သည် ဘင်္ဂဉာဏ် မည်၏။ သင်္ခါရတို့ကို ဘေးအားဖြင့် အဖန်တလဲလဲ ရှုသည် အစွမ်းဖြင့် ဖြစ်သော ဉာဏ်သည် ဘယဉာဏ် မည်၏။ ဘေးအားဖြင့် ရှုအပ်ပြီးသော သင်္ခါရတရားတို့ကို အပြစ်အားဖြင့် ရှုသည် အစွမ်းဖြင့် ဖြစ်သော ဉာဏ်သည် အာဒီနဝဉာဏ် မည်၏။ မြင်အပ်ပြီးသော အပြစ်ရှိကုန်သော သင်္ခါရတရားတို့၌ ငြီးငွေ့သည် အစွမ်းအားဖြင့် ဖြစ်သော ဉာဏ်သည် နိဗ္ဗိဒဉာဏ် မည်၏။ ငြီးငွေ့၍ သင်္ခါရတရားတို့မှ လွတ်ခြင်းကို အလိုရှိသည် အစွမ်းဖြင့် ဖြစ်သော ဉာဏ်သည် မုဉ္စိတုကမျတာဉာဏ် မည်၏။ လွတ်ခြင်း၏ အကြောင်းပြည့်စုံခြင်းငှါ တဖန် သင်္ခါရတို့ကို သိမ်းဆည်းသည် အစွမ်းဖြင့် ဖြစ်သော ဉာဏ်သည် ပဋိသင်္ခါဉာဏ် မည်၏။ သိမ်းဆည်းအပ်ပြီးသော သင်္ခါရတရားတို့၌ ကြောက်ခြင်း နှစ်သက်ခြင်းမှ ကြဉ်သည် အစွမ်းဖြင့် လျစ်လျူရှု၍ ဖြစ်သော ဉာဏ်သည် သင်္ခါရုပေက္ခာဉာဏ် မည်၏။ ရှေးဉာဏ်ကိုးပါးတို့၏ ကိစ္စပြီးခြင်း


၁-ခန္ဓာငါးပါး သင်္ခါရတရားတို့၏ ဖြစ်ခြင်း၊ ပျက်ခြင်း နှစ်ပါးကို အဖန်တလဲလဲ ရှုသည် အစွမ်းဖြင့် ဖြစ်သော ဉာဏ်သည် ဥဒယဗ္ဗယဉာဏ် မည်၏။

၂-ခန္ဓာငါးပါး သင်္ခါရတရားတို့၏ ပျက်ခြင်းတပါးကိုသာ အဖန်တလဲလဲ ရှုသည် အစွမ်းဖြင့် ဖြစ်သော ဉာဏ်သည် ဘင်္ဂဉာဏ် မည်၏။

၃-ခန္ဓာငါးပါး သင်္ခါရတရားတို့ကို အလွန်ကြောက်လန့်ဖွယ် ဘေးကြီး-ဟု အဖန်တလဲလဲ ရှုသည် အစွမ်းဖြင့် ဖြစ်သော ဉာဏ်သည် ဘယဉာဏ် မည်၏။

၄-ဘေးကြီး-ဟု ထင်အပ်ပြီး မြင်အပ်ပြီးသော ခန္ဓာငါးပါး သင်္ခါရတရားတို့ကို အပြစ်အားဖြင့် ရှုသည် အစွမ်းဖြင့် ဖြစ်သော ဉာဏ်သည် အာဒီနဝဉာဏ် မည်၏။

၅-အပြစ်-ဟု ထင်အပ်ပြီး၊ မြင်အပ်ပြီးသော ခန္ဓာငါးပါး သင်္ခါရတရားတို့၌ ငြီးငွေ့သည် အစွမ်းဖြင့် ဖြစ်သော ဉာဏ်သည် နိဗ္ဗိဒဉာဏ် မည်၏။

၆-ငြီးငွေ့၍ ထိုခန္ဓာငါးပါး သင်္ခါရတရားတို့မှ လွတ်မြောက်ခြင်းကို အလိုရှိသည် အစွမ်းဖြင့် ဖြစ်သော ဉာဏ်သည် မုဉ္စိတုကမျတာဉာဏ် မည်၏။

၇-ထွက်မြောက်ရန် အကြောင်း၏ ပြည့်စုံခြင်းငှါ တဖန် ခန္ဓာငါးပါး သင်္ခါရတရားတို့ကို သိမ်းဆည်းသည် အစွမ်းဖြင့် ဖြစ်သော ဉာဏ်သည် ပဋိသင်္ခါဉာဏ် မည်၏။

၈-ခန္ဓာငါးပါး သင်္ခါရတရားတို့၌ ကြောက်ခြင်း နှစ်သက်ခြင်းကို လျစ်လျူရှုခြင်း၊ ဝါ-မဖြစ်စေခြင်း အစွမ်းဖြင့် ဖြစ်သော ဉာဏ်သည် သင်္ခါရုပေက္ခာဉာဏ် မည်၏။

စာမျက်နှာ-၁၉၄

အား၎င်း၊ အထက်၌ ၃၇-ပါးသော ဗောဓိပက္ခိယတရားတို့အား၎င်း၊ လျော်သောဉာဏ်သည် အနုလောမဉာဏ် မည်၏။

ဝိမောက္ခ ၃-ပါး

၄၉။ ။သုညတာ ဝိမောက္ခော၊ အနိမိတ္တော ဝိမောက္ခော၊ အပ္ပဏိဟိတော ဝိမောက္ခော စေတိ တယော ဝိမောက္ခာ။

သုညတဝိမောက္ခ၎င်း၊ ဝါ-အတ္တမှ ဆိတ်သည်ဖြစ်၍ သံယောဇဉ်တို့မှ လွတ်သော မဂ်၎င်း၊ အနိမိတ္တဝိမောက္ခ၎င်း၊ ဝါ-နိစ္စနိမိတ် စသည် မရှိသည်ဖြစ်၍ သံယောဇဉ်စသည်တို့မှ လွတ်သော မဂ်၎င်း၊ အပ္ပဏိဟိတဝိမောက္ခ၎င်း၊ ဝါ-တဏှာတည်းဟူသော တောင့်တခြင်း ကင်းသည်ဖြစ်၍ သံယောဇဉ်စသည်တို့မှ လွတ်သော မဂ်၎င်း၊ ဤသို့ သုံးပါးကုန်သော ဝိမောက္ခတို့ကို သိအပ်ကုန်၏။

ဝိမောက္ခ ၃-ပါးအဖွင့်

၄၉။ ။အတ္တမှ ဆိတ်သည်အဖြစ်ကြောင့် သုညတ မည်၏။ သံယောဇဉ် အစရှိသည်တို့မှ လွတ်သောအနက်ကြောင့် ဝိမောက္ခ မည်၏။ နိစ္စနိမိတ် အစရှိသည်၏ မရှိသောကြောင့် အနိမိတ္တ မည်၏။ တဏှာဟူသော တောင့်တခြင်း မရှိသောကြောင့် အပ္ပဏိဟိတ မည်၏။


၁-ရှေးဉာဏ်ကိုးပါး၏ ကိစ္စပြီးစေနိုင်သော၊ အထက်၌ သုံးဆယ်ခုနစ်ပါးသော ဗောဓိပက္ခိယတရားတို့နှင့်လည်း လျော်သော ဉာဏ်သည် အနုလောမဉာဏ် မည်၏-ဟူလို။

၂-ခန္ဓာငါးပါး သင်္ခါရတရားတို့၌ အတ္တ၊ ဇီဝမှ ဆိတ်သည်ဖြစ်၍ သံယောဇဉ် စသည်တို့မှ လွတ်သော မဂ်သည် သုညတ ဝိမောက္ခ မည်၏။

၃-နိစ္စနိမိတ် စသည် မရှိသည် ဖြစ်၍ သံယောဇဉ် စသည်မှ လွတ်သော မဂ်သည် အနိမိတ္တဝိမောက္ခ မည်၏။

၄-တဏှာတည်းဟူသော တောင့်တခြင်း ကင်းသည်ဖြစ်၍ သံယောဇဉ် စသည်တို့မှ လွတ်သော မဂ်သည် အပ္ပဏိဟိတဝိမောက္ခ မည်၏။

စာမျက်နှာ-၁၉၅

ဝိသုဒ္ဓိဘေဒ

သီလဝိသုဒ္ဓိ

၅၁။ ။ကထံ ပါတိမောက္ခသံဝရသီလံ၊ ဣန္ဒြိယသံဝရသီလံ၊ အာဇီဝပါရိသုဒ္ဓိသီလံ၊ ပစ္စယသန္နိဿိတသီလန္တိ စတုပါရိသုဒ္ဓိသီလံ သီလဝိသုဒ္ဓိနာမ။

အဘယ်သို့ သိအပ်ပါသနည်း ဟူမူကား—ပါတိမောက္ခသံဝရသီလ၎င်း၊ ဣန္ဒြိယသံဝရသီလ၎င်း၊ အာဇီဝပါရိသုဒ္ဓိသီလ၎င်း၊ ပစ္စယသန္နိဿိတသီလ၎င်း၊ ဤသို့ လေးပါးသော ပါရိသုဒ္ဓိသီလသည် သီလဝိသုဒ္ဓိ မည်၏။

သီလဝိသုဒ္ဓိအဖွင့်

၅၁။ ။အကြင်ရဟန်းသည် ထိုသိက္ခာပုဒ်ကို စောင့်တတ်၏။ ထိုသိက္ခာပုဒ် စောင့်သော ရဟန်းကို အပါယ်ဆင်းရဲ အစရှိကုန်သော ဒုက္ခတို့မှ လွတ်စေတတ်သောကြောင့် ပါတိမောက္ခ မည်၏။ ထိုသိက္ခာပုဒ် အပေါင်းသည်ပင် ကာယဒုစ္စရိုက် အစရှိသည်တို့မှ စောင့်တတ်သောကြောင့် သံဝရ မည်၏။ ကာယကံ အစရှိသည်တို့၏ ပေါင်းရာ တည်ရာ ဖြစ်သော အနက်ကြောင့် သီလ လည်းမည်၏၊ ထို့ကြောင့် ပါတိမောက္ခသံဝရသီလ မည်၏။ မနိန္ဒြေလျှင် ခြောက်ခုတို့၏ ပြည့်ကြောင်း ရှိကုန်သော ဣန္ဒြေတို့ကို ရူပါရုံ အစရှိသည်တို့၌ စောင့်ခြင်း၏ အစွမ်းဖြင့် ဖြစ်သော သီလ


၁-မိမိ-ဟု ဆိုအပ်သော သိက္ခာပုဒ်ကို စောင့်တတ်သော ရဟန်းကို အပါယ်ဆင်းရဲ စသော ဒုက္ခတို့မှ လွတ်စေတတ်သောကြောင့် ပါတိမောက္ခ မည်၏။

၂-ကာယဒုစ္စရိုက် ဝစီဒုစ္စရိုက်တို့မှ ရဟန်း၏ ကာယဒွါရ၊ ဝစီဒွါရတို့ကို စောင့်တတ်သောကြောင့် သံဝရ မည်၏။

၃-ကာယကံ ဝစီကံတို့ကို ဖရိုဖရဲ မရှိရအောင် ကောင်းစွာ ထားခြင်း၊ ကုသိုလ်တရားတို့ကို လွန်စွာ ဆောင်ခြင်း အနက်သဘောကြောင့် သီလ မည်၏။

၄-ထို့ကြောင့် မိမိကို စောင့်သောသူကို အပါယ်ဒုက္ခစသည်တို့မှ လွတ်စေ၍ ကာယဒုစ္စရိုက်၊ ဝစီဒုစ္စရိုက်တို့မှ တားမြစ်လျက် ကာယကံ ဝစီကံတို့ကို ကောင်းစွာ ထားသော ရဟန်းတော်တို့၏ ၂၂၇-ပါးသော သိက္ခာပုဒ်တော် အပေါင်းသည် ပါတိမောက္ခသံဝရ သီလ မည်၏။သီလဝိသုဒ္

စာမျက်နှာ-၁၉၆

သည် ဣန္ဒြိယသံဝရသီလ မည်၏။ မိစ္ဆာဇီဝမှ ကြဉ်ခြင်းကြောင့် အသက်မွေးခြင်း၏ စင်ကြယ်သည်၏ အစွမ်းအားဖြင့် ဖြစ်သော သီလသည် အာဇီဝပါရိသုဒ္ဓိသီလ မည်၏။ ပစ္စည်းလေးပါးတို့ကို မှီ၍ဖြစ်သော ထိုပစ္စည်းလေးပါးတို့ကို သင်္ခါရင့် ဆင်းရဲမှ လွတ်မြောက်ခြင်းကို အလိုရှိသည် အဖြစ်ကြောင့် ဆင်ခြင်ခြင်း-ဟု ဆိုအပ်သော သီလသည် ပစ္စယသန္နိဿိတသီလ မည်၏။ ဒေသနာ၊ သံဝရ၊ ပရိယေဋ္ဌိ၊ ပစ္စဝေက္ခဏာတို့၏ အစွမ်းဖြင့် လေးပါးအပြားရှိသည် အဖြစ်ကြောင့်၎င်း၊ စင်ကြယ်သည်၏ အဖြစ်ကြောင့်၎င်း စတုပါရိသုဒ္ဓိသီလ မည်၏။

စိတ္တဝိသုဒ္ဓိ

၅၂။ ။ဥပစာရသမာဓိ၊ အပ္ပနာသမာဓိ စေတိ ဒုဝိဓော သမာဓိ စိတ္တဝိသုဒ္ဓိနာမ။

ဥပစာရသမာဓိ၎င်း၊ ဝါ-အပ္ပနာဈာန်၏ အနီး၌ တည်ကြည်ခြင်း၎င်း၊ အပ္ပနာသမာဓိ၎င်း၊ ဝါ-အပ္ပနာဈာန်၌ ဖြစ်သော တည်ကြည်ခြင်း၎င်း၊ ဤသို့ နှစ်ပါးအပြားရှိသော သမာဓိသည် စိတ္တဝိသုဒ္ဓိ မည်၏။

စိတ္တဝိသုဒ္ဓိ အဖွင့်

၅၂။ ။နီဝရဏ ကင်းသော သဘောသို့ ရောက်စေခြင်း၏ အစွမ်းဖြင့် စိတ်၏ ဖြူစင်သည်၏ အဖြစ်ကြောင့်၎င်း၊ စိတ်ကို အရင်း


၁-ဣန္ဒြေ ခြောက်ပါးတို့ကို ရူပါရုံ စသည်တို့၌ စောင့်စည်းခြင်း အစွမ်းဖြင့် ဖြစ်သော သီလသည် ဣန္ဒြိယသံဝရသီလ မည်၏။

၂-မိစ္ဆာဇီဝမှ ရှောင်ကြဉ်ခြင်းကြောင့် အသက်မွေးခြင်း စင်ကြယ်သည်၏ အစွမ်းဖြင့် ဖြစ်သော သီလသည် အာဇီဝပါရိသုဒ္ဓိသီလ မည်၏။

ဤသီလ လေးပါး၏ လုံခြုံ ပြည့်စုံ စင်ကြယ်မှုသည် သီလ ဝိသုဒ္ဓိ မည်၏။

စာမျက်နှာ-၁၉၇

ပြုသဖြင့် သမာဓိကို ပြအပ်သည် အဖြစ်ကြောင့်၎င်း၊ တနည်း—သမာဓိ၏ စင်ကြယ်သည် အဖြစ်ကြောင့်၎င်း၊ ဤအကြောင်း နှစ်ပါးကြောင့် စိတ္တဝိသုဒ္ဓိ မည်၏။

ဒိဋ္ဌိဝိသုဒ္ဓိ

၅၃။ ။လက္ခဏ၊ ရသ၊ ပစ္စုပဋ္ဌာန၊ ပဒဋ္ဌာနဝသေန နာမရူပပရိဂ္ဂဟော ဒိဋ္ဌိဝိသုဒ္ဓိနာမ။

လက္ခဏ၊ ရသ၊ ပစ္စုပဋ္ဌာန်၊ ပဒဋ္ဌာန်တို့၏ အစွမ်းဖြင့် တေဘုမ္မက တရားတို့၏ ဆက်ဆံခြင်းတည်းဟူသော လက္ခဏ၊ ကိစ္စတည်းဟူသော ရသ၊ ထင်သော အခြင်းအရာတည်းဟူသော ပစ္စုပဋ္ဌာန်၊ နီးသောအကြောင်းတည်းဟူသော ပဒဋ္ဌာန်၏ အစွမ်းဖြင့် နာမ်ရုပ်ကို သိမ်းဆည်းခြင်းသည် ဒိဋ္ဌိဝိသုဒ္ဓိ မည်၏။

ဒိဋ္ဌိဝိသုဒ္ဓိ အဖွင့်

၅၃။ ။တေဘုမ္မက တရားတို့၏ သာမညသဘောသည် လက္ခဏ မည်၏။ ကိစ္စနှင့် ပြည့်စုံခြင်းတို့သည် ရသ မည်၏။ ထင်သော အခြင်းအရာသည်၎င်း၊ အကျိုးတရားသည်၎င်း ပစ္စုပဋ္ဌာန် မည်၏။ ဤသို့ ဆိုအပ်ကုန်သော လက္ခဏ စသည်တို့တွင် ဖဿသည် အာရုံနှင့် ထိခြင်း လက္ခဏာရှိ၏၊ ပထဝီဓာတ်သည် ခက်ထရော်ရှိခြင်း လက္ခဏာရှိ၏၊ ဤသို့ အစရှိသော အကျယ်အားဖြင့်၎င်း၊ နာမ်သည် အာရုံ၌ ညွှတ်ခြင်း လက္ခဏာရှိ၏၊ ရုပ်သည် ဖောက်ပြန်ခြင်း လက္ခဏာရှိ၏၊ ဤသို့ အစရှိသော အကျဉ်းအားဖြင့်၎င်း၊ အသီး


၁-နီဝရဏတည်းဟူသော အညစ်အကြေးမှ စိတ်ကို သုတ်သင်တတ်သောကြောင့်၎င်း၊ စိတ်ကို ပဓာနပြု၍ သမာဓိကို ပြုအပ်သောကြောင့်၎င်း၊ နီဝရဏတည်းဟူသော အညစ်အကြေးမှ စင်ကြယ်သောကြောင့်၎င်း စိတ္တဝိသုဒ္ဓိ မည်၏။

၂-တေဘုမ္မက သင်္ခါရတရားတို့၏ ဆက်ဆံသော အနိစ္စတာ စသော သဘောသည်၎င်း၊ မိမိတို့၏ အသီးအခြား ဖြစ်သော ကက္ခဠ၊ ဖုသန စသော သဘောသည်၎င်း၊ လက္ခဏ မည်၏။

၃-ပြုအပ်သော ကိစ္စသည်၎င်း၊ ပြည့်စုံသော ဂုဏ်သည်၎င်း ရသ မည်၏။
၄-ယောဂီပုဂ္ဂိုလ်ဉာဏ်အား ထင်ရှား၍ ထင်သောအခြင်းအရာသည်၎င်း၊ အကျိုးသည်၎င်း၊ ပစ္စုပဋ္ဌာန် မည်၏။ နီးစွာသော အကြောင်းသည် ပဒဋ္ဌာန် မည်၏။ဒိဋ္ဌိဝိသုဒ္

စာမျက်နှာ-၁၉၈

အသီးသော လက္ခဏာ အစရှိသည်တို့၏ အစွမ်းအားဖြင့် ပိုင်းခြား၍ ယူခြင်း-ဟု ဆိုအပ်သော ဒုက္ခသစ္စာကို ပိုင်းခြား၍ မှတ်ခြင်းသည် ဒိဋ္ဌိဝိသုဒ္ဓိ မည်၏။ နာမ်ရုပ်မှ တပါးသော အတ္တသည်မရှိ၊ ဤသို့ ရှုခြင်းကြောင့် ဒိဋ္ဌိ မည်၏၊ အတ္တရှိ၏-ဟု ယူခြင်း-ဟု ဆိုအပ်သော အညစ်အကြေး စင်ကြယ်ခြင်းကြောင့် ဝိသုဒ္ဓိ လည်းမည်၏။ ထို့ကြောင့် ဒိဋ္ဌိဝိသုဒ္ဓိ မည်၏။

ကင်္ခါဝိတရဏဝိသုဒ္ဓိ

၅၄။ ။တေသမေ၀ စ နာမရူပါနံ ပစ္စယပရိဂ္ဂဟော ကင်္ခါဝိတရဏဝိသုဒ္ဓိနာမ။

ထိုနာမ်ရုပ်တို့၏သာလျှင် အကြောင်းကို သိမ်းဆည်းခြင်းသည် ကင်္ခါဝိတရဏဝိသုဒ္ဓိ မည်၏။

ကင်္ခါဝိတရဏဝိသုဒ္ဓိ အဖွင့်

၅၄။ ။ပစ္စယပရိဂ္ဂဟော-ဟူသော ဤပုဒ်၌ နာမ်သည်၎င်း၊ ရုပ်သည်၎င်း၊ ပဋိသန္ဓေအခါ၌ အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်၊ ကံ-ဟု ဆိုအပ်သော အကြောင်း၏ အစွမ်းကြောင့် ဖြစ်၏။ ပဝတ္တိအခါ၌ ရုပ်သည် ကံ၊ စိတ်၊ ဥတု၊ အာဟာရ-ဟု ဆိုအပ်သော အကြောင်း၏ အစွမ်းကြောင့် ဖြစ်၏၊ နာမ်သည်လည်း စက္ခုပသာဒ၊ ရူပါရုံ အစရှိသော မှီရာ အာရုံ အစရှိသည်၏ အစွမ်းကြောင့် ဖြစ်၏၊ အထူးအားဖြင့်ကား ယောနိသောမနသိကာရ အစရှိသော လေးပါးသော စက်၏ ပြည့်စုံခြင်းကြောင့် ကုသိုလ်သည် ဖြစ်၏၊ ထိုသို့သော အကြောင်း၏ မပြည့်စုံခြင်းကြောင့် အကုသိုလ်သည် ဖြစ်၏၊ ကုသိုလ်၊ အကုသိုလ်ကံ၏ အစွမ်းကြောင့် ဝိပါက်သည် ဖြစ်၏၊ စက္ခုပသာဒ အစ


၁-ဆိုအပ်ကုန်ပြီးသော လက္ခဏာစသည်တို့တွင် ဖဿသည် တွေ့ထိခြင်း လက္ခဏာ ရှိ၏။ ပထဝီသည် ကြမ်းတမ်းခြင်း လက္ခဏာ ရှိ၏၊ ဤသို့ အကျယ်အားဖြင့်၎င်း၊ နာမ်သည် အာရုံ၌ ညွှတ်ခြင်း လက္ခဏာ ရှိ၏၊ ရုပ်သည် ဖောက်ပြန်ခြင်း လက္ခဏာရှိ၏၊ ဤသို့ အကျဉ်းအားဖြင့်၎င်း ပိုင်းခြား၍ နာမ်ရုပ်ကိုသိခြင်း၊ ဒုက္ခသစ္စာကိုပိုင်းခြား၍ မှတ်သားခြင်းသည်၊ နာမ်ရုပ်မှတပါး အတ္တမည်သည် မရှိ-ဟု မြင်တတ်သောကြောင့်၎င်း၊ ငါစွဲ အညစ်အကြေးမှ စင်ကြယ်သောကြောင့်၎င်း ဒိဋ္ဌိဝိသုဒ္ဓိ မည်၏။

စာမျက်နှာ-၁၉၉

ရှိသည်တို့၏ အစွမ်းကြောင့် အာဝဇ္ဇန်းသည် ဖြစ်၏၊ ရဟန္တာပုဂ္ဂိုလ်၏ သန္တာန်-ဟု ဆိုအပ်သော အကြောင်းကြောင့် ကြိယာဇောသည်၎င်း၊ အာဝဇ္ဇန်းသည်၎င်း ဖြစ်၏၊ ဤသို့ သာဓာရဏ၊ အသာဓာရဏ၏ အစွမ်းအားဖြင့် သုံးပါးကုန်သော အမွန့်တို့၌ နာမ်ရုပ်ဖြစ်ခြင်း၏ ပစ္စယတ္တ အစရှိသည်ဖြင့် ပြီးသော ကံ အစရှိသော ပစ္စည်းကို သိမ်းဆည်းခြင်း-ဟု ဆိုအပ်သော သမုဒယသစ္စာကို ပိုင်းခြားမှတ်သားခြင်းသည် ကင်္ခါဝိတရဏဝိသုဒ္ဓိ မည်၏။ ငါသည် လွန်လေပြီးသော ကာလ၌ ဖြစ်ဘူးလေပြီလော၊ ဤသို့ အစရှိသော ၁၆-ပါးသော ယုံမှားခြင်းကို၎င်း၊ မြတ်စွာဘုရား၌ ယုံမှားခြင်း ဤသို့ အစရှိသော ၈-ပါး အပြားရှိသော ယုံမှားခြင်းကို၎င်း လွန်မြောက်ခြင်းကြောင့် ကင်္ခါဝိတရဏလည်း မည်၏။ အကြောင်းကင်း၍ ဖြစ်၏-ဟူသော အယူ၊ မညီညွတ်သော အကြောင်းကြောင့် ဖြစ်၏-ဟူသော အယူ-ဟု ဆိုအပ်သော အညစ်အကြေးမှ စင်ကြယ်ခြင်းကြောင့် ဝိသုဒ္ဓိ လည်းမည်၏၊ ထို့ကြောင့် ကင်္ခါဝိတရဏဝိသုဒ္ဓိ မည်၏။

မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ

၅၅။ ။တတော ပရံ ပန တထာ ပရိဂ္ဂဟိတေသု သပ္ပစ္စယေသု တေဘုမ္မကသင်္ခါရေသု အတီတာဒိဘေဒဘိန္နေသု ခန္ဓာဒိနယမာရုဠှ ကလာပဝသေန သင်္ခိပိတွာ


၁-နာမ်ရုပ်သည် ပဋိသန္ဓေအခိုက်၌ အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်၊ ကံကြောင့် ဖြစ်၏။ ပဝတ္တိအခါ၌ ရုပ်သည် ကံ၊ စိတ်၊ ဥတု၊ အာဟာရတို့ကြောင့် ဖြစ်၏။ နာမ်သည်ကား အာရုံငါးပါးတည်းဟူသော အာရမ္မဏပစ္စည်း၊ နိဿယပစ္စည်းစသည်ကြောင့် ဖြစ်၏။ ဝါ-အာရုံခြောက်ပါးတို့၏ အာရမ္မဏ စသော သတ္တိ ရှစ်မျိုး၊ ဝတ္ထုရုပ် ခြောက်ပါးရှိ၏၊ နိဿယ စသော သတ္တိ ခြောက်မျိုးတို့ကြောင့် ဖြစ်၏ စသည်ဖြင့် ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ် ကာလသုံးပါးတို့၌ နာမ်၏ ဖြစ်ခြင်းအကြောင်း၊ ရုပ်၏ ဖြစ်ခြင်းအကြောင်းကို သေချာစေ့ငု ကြည့်ရှုသိမ်းဆည်းခြင်း၊ သမုဒယသစ္စာကို ပိုင်းခြားမှတ်သားခြင်းသည် ကင်္ခါဝိတရဏ ဝိသုဒ္ဓိ မည်၏။ ကြောင်းကျိုးသူ ရုပ်နာမ်နှစ်ပါးတို့သည် မိမိ၏အကြောင်းအားလျော်စွာ ဖြစ်သော အကျိုးတရားများသာ ဖြစ်ကြသည်၊ မည်သူ တစုံတယောက်မျှ ဖန်ဆင်း၍ ဖြစ်သည်မဟုတ်-ဟု ဝိပဿနာဉာဏ် ထင်လာသောအခါ ဘုရား၌ ယုံမှားခြင်း စသော ရှစ်ပါးသော ကင်္ခါ၊ ငါသည် အတိတ်ကာလ၌ ဖြစ်ခဲ့ပြီလောစသော ၁၆-ပါးသော ကင်္ခါသည် ကင်းပျောက်၍ သွား၏၊ စင်ကြယ်လွန်မြောက်၍ သွားသဖြင့် ယုံမှားခြင်းမှ စင်ကြယ်သန့်ရှင်းသောကြောင့် ကင်္ခါဝိတရဏဝိသုဒ္ဓိ မည်၏။

စာမျက်နှာ-၂၀၀

အနိစ္စံ ခယဋ္ဌေန၊ ဒုက္ခံ ဘယဋ္ဌေန၊ အနတ္တာ အသာရကဋ္ဌေနာတိ အဒ္ဓါနဝသေန သန္တတိဝသေန ခဏဝသေန စ သမ္မသနဉာဏေန လက္ခဏတ္တယံ သမ္မသန္တဿ တေသွေဝ ပစ္စယဝသေန ခဏဝသေန စ ဥဒယဗ္ဗယဉာဏေန ဥဒယဗ္ဗယံ သမနုပဿန္တဿ စ။

ဝိပဿနာ ညစ်ညူးကြောင်းတရား ၁၀-ပါး

ဩဘာသော ပီတိ ပဿဒ္ဓိ၊
အဓိမောက္ခော စ ပဂ္ဂဟော။
သုခံ ဉာဏမုပဋ္ဌာန၊
မုပေက္ခာ စ နိကန္တိ စေတိ။
ဩဘာသာဒိ ဝိပဿနုပက္ကိလေသ ပရိဗန္ဓ ပရိဂ္ဂဟဝသေန မဂ္ဂါမဂ္ဂလက္ခဏဝဝတ္ထာနံ မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိနာမ။
ကင်္ခါဝိတရဏဝိသုဒ္ဓိမှ တပါး မဂ္ဂါမဂ္ဂဉာဏဒဿန ဝိသုဒ္ဓိကိုဆိုဦးအံ့—ထိုနာမ်ရုပ်တို့၏ အကြောင်းကို သိမ်းဆည်းသည်မှနောက်၌ ထိုထိုသို့သော အခြင်းအရာဖြင့် သိမ်းဆည်းအပ်ကုန်သော အကြောင်းနှင့် တကွ ဖြစ်ကုန်သော အတိတ်စသည် အပြားဖြင့် ပြားကုန်သော ဘုံသုံးပါး၌ ဖြစ်သော သင်္ခါရတို့၌ ခန္ဓာ အစရှိသောနည်းကို အာရုံပြု၍ အပေါင်းအစည်း၏ အစွမ်းဖြင့် အကျဉ်းချ၍ ကုန်တတ်သော အနက်ကြောင့် အနိစ္စ မည်၏၊ ဘေး-ဟူသော အနက်ကြောင့် ဒုက္ခ မည်၏၊ အတ္တ-ဟူသော အနှစ်မရှိခြင်းကြောင့် အနတ္တ မည်၏။ ဤသို့ အတိတ် အစရှိသော ကာလ၏ အစွမ်းဖြင့်၎င်း၊ အတိတ် အစရှိသော သန္တာန်၏ အစွမ်းဖြင့်၎င်း၊ အတိတ် အစရှိသော ခဏ၏ အစွမ်းဖြင့်၎င်း၊ သုံးသပ်တတ်သောဉာဏ်ဖြင့် လက္ခဏာရေး သုံးပါး၏ အပေါင်းကို သုံးသပ်သော ယောဂီပုဂ္ဂိုလ်၏၎င်း၊ ထိုတေဘုမ္မက သင်္ခါရတို့၌သာလျှင် အကြောင်း၏ အစွမ်းဖြင့်၎င်း၊ ခဏ၏ အစွမ်းဖြင့်၎င်း၊ အဖြစ်အပျက်ကို သိသောဉာဏ်ဖြင့် အဖြစ်အပျက်ကို အဖန်တလဲလဲ ရှုသော ယောဂီပုဂ္ဂိုလ်၏၎င်း

စာမျက်နှာ-၂၀၁

အရောင်၎င်း၊ ဝါ-ဝိပဿနာစိတ်ကြောင့် ဖြစ်သော ကိုယ်မှ ထွက်သော အလင်း-ဟု ဆိုအပ်သော အရောင်၎င်း၊ နှစ်သက်ခြင်း၎င်း၊ ဝါ-ဝိပဿနာနှင့် တကွ ဖြစ်သော ခုဒ္ဒကာပီတိ၊ ခဏိကာပီတိ၊ ဩက္ကန္တိကာပီတိ၊ ဥဗ္ဗေဂါပီတိ၊ ဖရဏာပီတိ တည်းဟူသော ငါးပါး အပြားရှိသော ပီတိ၎င်း၊ ငြိမ်းခြင်း၎င်း၊ ကိုယ် စိတ်တို့၏ ပူပန်ခြင်းမှ ငြိမ်းခြင်းလက္ခဏာရှိသော ကာယပဿဒ္ဓိ၊ စိတ္တပဿဒ္ဓိ၏ အစွမ်းဖြင့် နှစ်ပါးအပြားရှိသော ငြိမ်းခြင်း၎င်း၊ အားကြီးသော သဒ္ဓါ-ဟု ဆိုအပ်သော သဒ္ဓါ ယုံကြည်ခြင်း၎င်း၊ ထောက်ပံ့ခိုင်စေခြင်း၎င်း၊ ချမ်းသာခြင်း၎င်း၊ ဉာဏ်၎င်း၊ ထင်ခြင်း သတိ၎င်း၊ လျစ်လျူရှုခြင်း၎င်း၊ တပ်ခြင်းတဏှာ၎င်း၊ ဤသို့ ဩဘာသ စသော ဆယ်ပါးသော ဝိပဿနာညစ်ညူးကြောင်း ဘေးရန်တို့ကို သိမ်းဆည်းသော အစွမ်းဖြင့် မဂ်ဟုတ်သည် မဟုတ်သည်၏ လက္ခဏာကို ပိုင်းခြားသော ဉာဏ်သည် မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ မည်၏။

မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိအဖွင့် ၅၅။ ။ထိုသို့ အကြောင်းကို သိမ်းဆည်းသည်မှ နောက်၌ အသီးသောလက္ခဏာ အစရှိသည်ကို မှတ်ခြင်း အစွမ်းအားဖြင့်၎င်း၊ အကြောင်းကို မှတ်ခြင်း၏ အစွမ်းအားဖြင့်၎င်း၊ သိမ်းဆည်းအပ်ကုန်ပြီးသော လောကုတ္တရာသည် ကြဉ်အပ်ကုန်သော ဘုံသုံးပါး၌ အကျုံးဝင်ကုန်သော အတိတ် အစရှိသော အပြားအားဖြင့် ကုန်သော နာမ်ရုပ်တို့၌ ခန္ဓာ အစရှိသောနည်းကို အာရုံပြု၍ ငါးပါးသော ခန္ဓာ၊ ခြောက်ပါးသော ဒွါရ၊ ခြောက်ပါးသော အာရုံ၊ ခြောက်ဒွါရ၌ ဖြစ်ကုန်သော တရား အစရှိသည်တို့၏ အစွမ်းဖြင့် လာသော ခန္ဓာ အစရှိသောနည်းကို အာရုံပြု၍ အပေါင်း၏ အစွမ်းဖြင့် ၍ အကြင်ရုပ်သည် အတိတ်၌ ဖြစ်၏၊ ထိုရုပ်သည် အတိတ်၌သာလျှင် ချုပ်၏၊ အနာဂတ်၌ ဖြစ်လတံ့သော အကြင်ရုပ်သည် ရှိ၏၊ ထိုရုပ်သည် ထိုအနာဂတ်၌သာလျှင် ချုပ်လတံ့၊ အကြင်ရုပ်သည် ပစ္စုပ္ပန်၌ ဖြစ်၏။ ထိုရုပ်သည် အနာဂတ်သို့ မရောက်မူ၍ ဤပစ္စုပ္ပန်၌သာလျှင် ချုပ်၏၊ ထို့အတူ အဇ္ဈတ္တရုပ်၊ ဗဟိဒ္ဓရုပ်၊

စာမျက်နှာ-၂၀၂

သုခုမရုပ်၊ သြဠာရိကရုပ်၊ ဟီနရုပ်၊ ပဏီတရုပ် အစရှိသည်တို့ သည်လည်း ဗဟိဒ္ဓ အစရှိသည်တို့၌ မရောက်မူ၍ ဤအဇ္ဈတ္တ အစရှိသည်တို့၌သာလျှင် ချုပ်၏၊ ထို့ကြောင့် ပျက်ခြင်းသို့ ရောက်ခြင်းကြောင့် အတ္တ အစရှိသည်တို့၏ အစွမ်းဖြင့် မသိအပ်၊ ဘေးကို ပြုတတ်သောကြောင့် ဒုက္ခ မည်၏၊ အတ္တသာရ အစရှိသည်တို့၏ မရှိခြင်းကြောင့် အနတ္တ မည်၏၊ ဤသို့၎င်း စက္ခုသည် အနိစ္စတည်း။ ပ။ ကိုယ်မဟုတ်၊ ဤသို့ အစရှိသည်ဖြင့် အတိတ် အစရှိသော အဓွန့်၏ အစွမ်းဖြင့်၎င်း၊ အတိတ် အစရှိသော သန္တာန်၏ အစွမ်းဖြင့်၎င်း၊ အတိတ် အစရှိသော ခဏ၏ အစွမ်းအားဖြင့်၎င်း၊ ဖြစ်ပြီး၍ မရှိခြင်း၊ ဖြစ်ခြင်း ပျက်ခြင်းဖြင့် အဖန်တလဲလဲ နှိပ်စက်ခြင်း၊ အလိုလိုက်၍ မဖြစ်ခြင်း-ဟု ဆိုအပ်သော လက္ခဏာရေး ၃-ပါး အပေါင်းကို အဖန်တလဲလဲ သုံးသပ်ခြင်း၏ အစွမ်းဖြင့် ဖြစ်သော အပေါင်းကို သုံးသပ်သော ဉာဏ်ဖြင့် လက္ခဏာရေး သုံးပါးတင်၍ အဖန်တလဲလဲ သုံးသပ်သော သူ၏ သမ္မသနဉာဏ်သည် ဖြစ်သည်ရှိသော် တဖန် ထိုသင်္ခါရတို့၌သာလျှင် အဝိဇ္ဇာ ဖြစ်ခြင်းကြောင့် ရုပ်ဖြစ်၏၊ တဏှာ၊ ကံ၊ အာဟာရတို့ ဖြစ်ခြင်းကြောင့် ရုပ်ဖြစ်၏၊ ထို့အတူ အဝိဇ္ဇာ ချုပ်သောကြောင့် ရုပ်ချုပ်၏၊ တဏှာ၊ ကံ၊ အာဟာရကို ချုပ်သောကြောင့် ရုပ်ချုပ်၏၊ ဤသို့ ရူပက္ခန္ဓာ၌၎င်း၊ ဝေဒနာက္ခန္ဓာ၊ သညာက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာတို့၌၎င်း၊ အာဟာရကို ဖယ်၍ “ဖဿသမုဒယာ ဖဿနိရောဓာ” ဟူ၍လည်း ဤသို့ ဖဿကို ထည့်၍ ဝိညာဏက္ခန္ဓာ၌ နာမရူပသမုဒယာ နာမရူပနိရောဓာ-ဟု နာမ်ရုပ်ကို ထည့်၍ ပစ္စည်း ဖြစ်ခြင်း အစွမ်းအားဖြင့်၎င်း၊ ပစ္စည်းချုပ်ခြင်း၏ အစွမ်းအားဖြင့်၎င်း၊ ပစ္စည်းတို့ကို မသုံးသပ်မူ၍ ပစ္စုပ္ပန်ဖြစ်သော ခန္ဓာတို့၌ ဖြစ်ခြင်း လက္ခဏာမျှကို၎င်း၊ ဖောက်ပြန်ခြင်း လက္ခဏာမျှကို၎င်း၊ ရှုသဖြင့်၎င်း၊ ခဏ၏ အစွမ်းအားဖြင့်၎င်း၊ ဤသို့ တခုတခုသော ခန္ဓာ၌ ပစ္စည်း၏ အစွမ်းအားဖြင့် လေးပါးအပြားအားဖြင့်၎င်း၊ ခဏ၏ အစွမ်းအားဖြင့် တပါးအပြားအားဖြင့်၎င်း၊ ဤသို့ ၅-ပါး အပြားအားဖြင့် ဖြစ်ခြင်းကို ငါးပါးအပြားအားဖြင့် ပျက်ခြင်းကို၊ ဤသို့ ဆယ်ပါးဆယ်ပါးအပြား၏ ဖြစ်ခြင်းကို ရှုခြင်း အစွမ်းအားဖြင့် အမျှ ငါးဆယ်သော

စာမျက်နှာ-၂၀၃

အခြင်းအရာတို့ဖြင့် ဥဒယဗ္ဗယဉာဏ်ဖြင့် ဖြစ်ခြင်း ပျက်ခြင်းကို အဖန်တလဲလဲရှုသော ဝိပဿနာကို အားထုတ်သော ယောဂီပုဂ္ဂိုလ်အား ဝိပဿနာစိတ်ကြောင့် ဖြစ်သော ကိုယ်မှ ထွက်သော အလင်း-ဟု ဆိုအပ်သော အရောင်၎င်း၊ ဝိပဿနာစိတ်နှင့်တကွ ဖြစ်သော ခုဒ္ဒကာပီတိ အစရှိသော ငါးပါးအပြားရှိသော ပီတိ၎င်း၊ ထိုမှတပါး ဝေဒနာ အစရှိသော ခန္ဓာငါးပါး အပေါင်း၊ ဝိညာဏက္ခန္ဓာ၏ ငြိမ်းခြင်း လက္ခဏာရှိသော ကာယပဿဒ္ဓိ၊ စိတ္တပဿဒ္ဓိတို့၏ အစွမ်းဖြင့် နှစ်ပါးအပြားရှိသော ပဿဒ္ဓိ၎င်း၊ အားရှိသော သဒ္ဓါ-ဟု ဆိုအပ်သော အဓိမောက္ခ၎င်း၊ သမ္မပ္ပဓာန်ကိစ္စကို ပြီးစေတတ်သော ဝီရိယ၊ သမ္ဗောဇ္ဈင်-ဟု ဆိုအပ်သော ပဂ္ဂဟ၎င်း၊ အလွန်မြတ်သော သုခ၎င်း၊ သိကြားသည် လွှတ်အပ်သော ဝဇိရစိန်လက်နက်နှင့် တူသော လက္ခဏာရေး သုံးပါးကို အထူးသဖြင့် ရှုတတ်သောဉာဏ်၎င်း၊ သတိပဋ္ဌာန်ဖြစ်သော ကြာမြင့်စွာသော ကာလ၌ ပြုအပ်ပြီးသော အမှု အစရှိသည်ကို တဖန်အောက်မေ့ခြင်း၌ စွမ်းနိုင်သော ထင်လာသော သတိ၎င်း၊ အညီအမျှ ဖြစ်သော ဝိပဿနာဇောနှင့် တကွဖြစ်သော ဥပေက္ခာသမ္ဗောဇ္ဈင်ဖြစ်သော တတြမဇ္ဈတ္တုပေက္ခာ၎င်း၊ မနောဒွါရ၌ အာဝဇ္ဇန်းနှင့် တကွဖြစ်သော ဥပေက္ခာ၎င်း၊ ဤသို့ နှစ်ပါး အပြားရှိသော ဥပေက္ခာ၎င်း၊ အရောင်အစရှိကုန်သော ကိုးပါးသော တရားတို့သည် ဖြစ်ကုန်သည်ရှိသော် ငါ့အား ဤကာလမှ ရှေး၌ ဤသို့ သဘောရှိသော အရောင်အလင်းသည် မဖြစ်ဘူးပါတကား၊ ဤသို့ စသောနည်းဖြင့် ထိုအရောင် အစရှိသည်တို့၌ တပ်ခြင်းကို ပြုသော သိမ်မွေ့သော တဏှာ-ဟု ဆိုအပ်သော အရောင် အစရှိသောရုပ်၌ တပ်ခြင်း၎င်း၊ ဤသို့ အရောင်အစရှိကုန်သော ဆယ်ပါးကုန်သော ဝိပဿနာကို ညစ်ညူးစေတတ်သော တရားတို့သည် ဖြစ်ကုန်သည်ရှိသော် ငါ့အား ဤသို့ သဘောရှိကုန်သော အရောင် အစရှိသည်တို့သည် မဖြစ်ဘူးကုန်တကား၊ မချွတ် ငါသည် မဂ်သို့ ရောက်ပြီ ဖိုလ်သို့ ရောက်ပြီ-ဟု မယူမူ၍ ဤအရောင် အစရှိသည်တို့သည် တဏှာ၊ ဒိဋ္ဌိ၊ မာနတို့၏ အာရုံဖြစ်သည် အဖြစ်ကြောင့် မဂ်မဟုတ်၊ စင်စစ်အားဖြင့် ဝိပဿနာ၏ ညစ်ညူးခြင်းကို ဖြစ်စေတတ်ကုန်သော တရားတို့သာတည်း၊ ထို

စာမျက်နှာ-၂၀၄

ဝိပဿနုပက္ကိလေသ တရားတို့မှ လွတ်သော ခရီးဟုတ်သည်ကို သွားတတ်သော ဝိပဿနာဉာဏ်သည် မဂ်မည်၏၊ ဤသို့ မဂ်ဟုတ်သည် မဟုတ်သည် လက္ခဏာကို ဆုံးဖြတ်ခြင်းသည် မဂ်ဟုတ်သည် မဟုတ်သည်ကို သိတတ်သောကြောင့်၎င်း၊ မဂ်မဟုတ်သည်၌ မဂ်-ဟု မှတ်ခြင်းကို စိစစ်တတ်သောကြောင့်၎င်း မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ မည်၏။

ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ

၅၆။ ။တတော ပရံ ပန တထာ ပရိဂ္ဂဟိတဿ ပန တဿ ဥဒယဗ္ဗယဉာဏတော ပဋ္ဌာယ ယာဝါနုလောမာ တိလက္ခဏဝိပဿနာ ပရံပရာယ ပဋိပဇ္ဇန္တဿ နဝဝိပဿနာဉာဏာနိ ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိနာမ။


၁-မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိနှင့် ပြည့်စုံလိုသော ယောဂီပုဂ္ဂိုလ်သည် သမ္မသနဉာဏ်နှင့် ဥဒယဗ္ဗယဉာဏ် နှစ်ပါးကို ပွားများအပ်၏။ ထို့ကြောင့် “တတော ပရံ ပန တထာ ပရိဂ္ဂဟိတေသု၊ ပ။ လက္ခဏတ္တယံ သမ္မသန္တဿ” ဟူသော ပါဠိဖြင့် သမ္မသနဉာဏ်ဖြင့် ပွားများ သုံးသပ်နည်းကို ပြ၏။ “တေသု ဧဝ ပစ္စယဝသေန၊ ပ။ ဥဒယဗ္ဗယံ သမနုပဿန္တဿ” ဟူသော ပါဠိဖြင့် ဥဒယဗ္ဗယဉာဏ်ဖြင့် ပွားများ သုံးသပ်နည်းကို ပြ၏။

ဤသို့ သမ္မသနဉာဏ်၊ ဥဒယဗ္ဗယဉာဏ် နှစ်ပါးဖြင့် ရုပ်နာမ်တို့၏ အဖြစ်အပျက်ကို အမြဲမပြတ် ရှုသော ယောဂီပုဂ္ဂိုလ်အား ဝိပဿနာ၏ ညစ်ညူးကြောင်း အညစ်အကြေးဖြစ်သော ဩဘာသ၊ ပီတိ စသော တရား ၁၀-ပါးတို့သည် ဖြစ်ပေါ်၍ လာတတ်ကုန်၏။

ဤအကြောင်းတရားများ ဖြစ်ပေါ်လာသောအခါ ငါ့အား စင်စစ်အားဖြင့် ဤသို့ သဘောရှိသော ဩဘာသ စသည်တို့သည် ရှေးအခါက မဖြစ်ပေါ်ဘူးကုန်၊ မချွတ်လျှင် မဂ်ဖိုလ်သို့ ရောက်ပြီ-ဟု အထင်ရောက်တတ်၏။ ထိုသို့ မယူဆဘဲ၊ ဤဩဘာသ စသည်တို့သည် တဏှာ၊ ဒိဋ္ဌိ၊ မာန၊ ဥပက္ကိလေသ သုံးပါးတို့၏ ဖြစ်ရာ အာရုံအကြောင်းဖြစ်သောကြောင့် သစ္စာလေးပါးကို သိခြင်း၏ အကြောင်းဖြစ်သော မဂ်မဟုတ်၊ စင်စစ်သော်ကား ဝိပဿနာ၏ ညစ်ညူးကြောင်းတရားတို့သည်သာတည်း၊ ထိုဝိပဿနာ၏ ညစ်ညူးကြောင်းအဖြစ်မှ လွတ်သော ဥဒယဗ္ဗယဝိပဿနာ၏ အစွမ်းဖြင့် ဝိပဿနာ ခရီးစဉ်သို့ သွားသော ဝိပဿနာဉာဏ်သည်သာလျှင် သစ္စာလေးပါးကို သိခြင်း၏ အကြောင်းဖြစ်သော မဂ်မည်၏-ဟူ၍ မဂ်ဟုတ်သည်၏ လက္ခဏာ၊ မဂ်မဟုတ်သည်၏ လက္ခဏာကို ပိုင်းခြားမှတ်သား ဆုံးဖြတ်သော ဉာဏ်သည် မဂ်ဟုတ်သည် မဟုတ်သည်ကို သိတတ်ခြင်း၊ မဂ်မဟုတ်သည်၌ မဂ်-ဟု မှတ်သော သညာကို သုတ်သင်ခြင်းကြောင့် မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ မည်၏။

စာမျက်နှာ-၂၀၅

မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိမှ တပါး ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိကို ဆိုဦးအံ့— ထိုသို့သော အခြင်းအရာဖြင့် သြဘာသ အစရှိသော ဆယ်ပါးသော ဝိပဿနာညစ်ညူးကြောင်း ဘေးရန်တို့မှ လွတ်သော ထိုယောဂီပုဂ္ဂိုလ်၏ အဖြစ်အပျက်ကို သိသောဉာဏ်မှ စ၍ သစ္စာနုလောမ ဉာဏ်တိုင်အောင် လက္ခဏာယာဉ် သုံးပါးကို ဝိပဿနာ အဆင့်ဆင့်ဖြင့် ကျင့်သော ယောဂီပုဂ္ဂိုလ်၏ ကိုးပါးသော ဝိပဿနာ ဉာဏ်တို့သည် ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ မည်၏။

ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ အဖွင့်

ယာဝါနုလောမာ-ဟူသည်ကား၊ ဝါ-ဟူသောပုဒ်ကို သစ္စာနုလောမဉာဏ် ဖြစ်သည်တိုင်အောင်-ဟု အနက်ပေး။ နဝဝိပဿနာဉာဏာနိ ဟူသည်ကား၊ ခန္ဓာတို့၏ ဖြစ်ခြင်းကို၎င်း၊ ပျက်ခြင်းကို၎င်း၊ သိသော ဥဒယဗ္ဗယဉာဏ် ၎င်း၊ ဖြစ်ခြင်းကိုလွှတ်၍ ဘင်မျှကိုသာ ရှုတတ်သော ဘင်္ဂဉာဏ် ၎င်း၊ ဘင်၏ အစွမ်းဖြင့် ထင်ကုန်သော တေဘုမ္မက တရားတို့၏ ခြင်္သေ့ အစရှိသည်တို့၏ ကြောက်အပ်သော အခြင်းအရာကို ရှုတတ်သော သူကဲ့သို့ ကြောက်အပ်သော အခြင်းအရာကို ရှုတတ်သော ဘယဉာဏ် ၎င်း၊ ထိုသို့ ရှုအပ်ကုန်ပြီးသော တေဘုမ္မက တရားတို့၏ မီးလောင်သော အိမ်၏ အပြစ်ဖြစ်သော အခြင်းအရာကို ရှုသကဲ့သို့ အပြစ်သာလျှင် ဖြစ်သော အခြင်းအရာကို အဖန်တလဲလဲ ရှုတတ်သော အာဒီနဝဉာဏ် ၎င်း၊ မြင်အပ်ပြီးသော အပြစ်ရှိသော တေဘုမ္မကတရားတို့၌ ငြီးငွေ့သည့် အစွမ်းအားဖြင့် ဖြစ်သော နိဗ္ဗိန္ဒဉာဏ် ၎င်း၊ ပိုက်ကွန် အစရှိသည်မှ ငါးအစရှိသည်တို့သည် လွတ်ခြင်းကို အလိုရှိကုန်သကဲ့သို့ တေဘုမ္မက တရားတို့မှ လွတ်ခြင်းကို အလိုရှိသည် အဖြစ်၏ အစွမ်းအားဖြင့် ဖြစ်သော မုဉ္စိတုကမျတာဉာဏ် ၎င်း၊ တေဘုမ္မက တရားတို့မှ လွတ်ခြင်း၏ အကြောင်းကို ပြည့်စုံစေခြင်းငှာ မြင်အပ်ပြီးသော အပြစ်ရှိကုန်သော တေဘုမ္မက တရားတို့၌လည်း သမုဒ္ဒရာကို ကြည့်သော ကျီးကဲ့သို့ အဖန်တလဲလဲ သုံးသပ်သည့်

စာမျက်နှာ-၂၀၆

အစွမ်းအားဖြင့် ဖြစ်သော ပဋိသင်္ခါနုပဿနာဉာဏ် ၎င်း၊ စွန့်အပ်သော မယားရှိသော ယောက်ျားကဲ့သို့ မြင်အပ်သော အပြစ်ရှိကုန်သော ထိုသင်္ခါရတို့၌ လျစ်လျူရှုသော အခြင်းအရာအားဖြင့် ဖြစ်သော သင်္ခါရုပေက္ခာဉာဏ် ၎င်း၊ အနိစ္စ စသော လက္ခဏာကို ရှုသည် အဖြစ်အားဖြင့် အောက်၌ ဖြစ်ကုန်သော ရှစ်ပါးကုန်သော ဝိပဿနာဉာဏ်တို့အား၎င်း၊ အထက်၌ မဂ်ခဏ၌ ရအပ်ကုန်သော ၃၇-ပါးသော ဗောဓိပက္ခိယ တရားတို့အား၎င်း လျော်ခြင်းကြောင့် မဂ္ဂဝီထိ၌ ဂေါတြဘုမှ ရှေ့၌ဖြစ်သော သစ္စာနုလောမိကဉာဏ်-ဟု ဆိုအပ်သော ကိုးခုမြောက်သော အနုလောမဉာဏ် ၎င်း၊ ဤသို့သော အပြားအားဖြင့် ဤကိုးပါးသော ဝိပဿနာဉာဏ်တို့သည် မဂ်တည်းဟူသော ဉာဏ်အမြင် စင်ကြယ်ခြင်း၏ အကျင့်ဖြစ်သောကြောင့်၎င်း၊ လက္ခဏာရေးသုံးပါးကို သိခြင်းတည်းဟူသော အနက်ကြောင့်၎င်း၊ မျက်မှောက်အားဖြင့် မြင်သော အနက်ကြောင့်၎င်း၊ ဆန့်ကျင်ဘက်မှ စင်ကြယ်ခြင်းကြောင့်၎င်း၊ ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ မည်၏။


၁-အောက်က ပြဆိုအပ်ပြီးသော အတိုင်း ဝိပဿနာ၏ ညစ်ညူးကြောင်း သြဘာသ စသော ဆယ်ပါးသော ဘေးရန်တို့မှ လွတ်ပြီးသော ဥဒယဗ္ဗယဉာဏ်နှင့် ကောင်းစွာ ပြည့်စုံသော ယောဂီပုဂ္ဂိုလ်သည် —
(၁) ဥဒယဗ္ဗယဉာဏ်။
(၂) ခန္ဓာငါးပါးတို့၏ ပျက်ခြင်းမျှ ရှုတတ်သော ဘင်္ဂဉာဏ်။
(၃) ခြင်္သေ့စသည်တို့၏ ကြောက်စရာ အခြင်းအရာကို ရှုသကဲ့သို့ ဘင်၏ အစွမ်းအားဖြင့် ထင်ကုန်သော သင်္ခါရတို့၏ ကြောက်မက်ဘွယ် အခြင်းအရာကို ရှုသော ဘယဉာဏ်။
(၄) မီးလောင်သော အိမ်ရှင်သည် မီးလောင်သော အိမ်၌ အပြစ်ကို ရှုသကဲ့သို့ ကြောက်ဘွယ် အခြင်းအရာဖြင့် အဖန်တလဲလဲ ဘယဉာဏ်ဖြင့် ရှုအပ် ထင်အပ်ပြီးသော သင်္ခါရတို့၏ အပြစ်ကို အဖန်တလဲလဲ ရှုတတ်သော အာဒီနဝဉာဏ်။
(၅) မြင်အပ်ပြီးသော အပြစ်ရှိသော သင်္ခါရတရားတို့၌ ငြီးငွေ့သည်၏ အစွမ်းအားဖြင့် ဖြစ်သော နိဗ္ဗိန္ဒဉာဏ်။
(၆) ငါးစသော သတ္တဝါတို့သည် ပိုက်ကွန် စသည်မှ လွတ်လိုကုန်သကဲ့သို့ တေဘုမ္မက သင်္ခါရတို့မှ လွတ်ခြင်းကို အလိုရှိသည် အစွမ်းအားဖြင့် ဖြစ်သော မုဉ္စိတုကမျတာဉာဏ်။
(၇) တေဘုမ္မက သင်္ခါရတရားတို့မှ လွတ်ခြင်း၏ အကြောင်းကို ပြည့်စုံစေခြင်းငှာ မြင်အပ်ပြီးသော အပြစ်ရှိကုန်သော တေဘုမ္မက တရားတို့၌ သမုဒ္ဒရာကို ကြည့်သော ကျီးကဲ့သို့ အဖန်တလဲလဲ သုံးသပ်သည့် အစွမ်းအားဖြင့် ဖြစ်သော ပဋိသင်္ခါနုပဿနာဉာဏ်။

စာမျက်နှာ-၂၀၇

ဉာဏဒဿနဝိသုဒ္ဓိ

တဿေဝံ ပဋိပဇ္ဇန္တဿ ပန ဝိပဿနာ ပရိပါကမာဂမ္မ ဣဒါနိ အပ္ပနာ ဥပ္ပဇ္ဇိဿတီတိ ဘဝင်္ဂံ ဝေါစ္ဆန္ဒိတွာ ဥပ္ပန္န မနောဒွါရာဝဇ္ဇနာနန္တရံ ဒွေ တီဏိ ဝိပဿနာ စိတ္တာနိ ယံ ကိဉ္စိ အနိစ္စာဒိလက္ခဏမာရဗ္ဘ ပရိကမ္မောစာရာနုလောမ နာမေန ပဝတ္တန္တိ။

ပဋိပဒါ ဉာဏဒဿန ဝိသုဒ္ဓိမှ တပါး ဉာဏဒဿန ဝိသုဒ္ဓိ ကို ဆိုဦးအံ့။ ဤသို့ ဆိုအပ်ပြီးသော နည်းဖြင့် ကျင့်သော ထိုယောဂီ ပုဂ္ဂိုလ်အား ဝိပဿနာ-ဟု ဆိုအပ်သော သင်္ခါရုပေက္ခာဉာဏ်၏ ရင့်ခြင်းကိုစွဲ၍ ယခုအခါ၌ အပ္ပနာ-ဟု ဆိုအပ်သော လောကုတ္တရာ မဂ်သည် ဖြစ်လတံ့၊ ဤသို့ ဆိုလတံ့သော ခဏ၌ ဘဝင်အယဉ်ကို ဖြတ်၍ ဖြစ်သော မနောဒွါရာဝဇ္ဇန်း၏ အခြားမဲ့၌ နှစ်ကြိမ် သုံးကြိမ်သော ဝိပဿနာစိတ်တို့သည် အမှတ်မရှိ တခုခုသော အနိစ္စ အစရှိသော လက္ခဏာကို အာရုံပြု၍ ပရိကံ၊ ဥပစာ၊ အနုလုံ-ဟူသော အမည်ဖြင့် ဖြစ်ကုန်၏။


(၈) စွန့်အပ်ပြီးသော မယားရှိသော ယောက်ျားသည် ထိုမယား၌ လျစ်လျူရှုသကဲ့သို့ မြင်အပ်ပြီးသော အပြစ်ရှိသော သင်္ခါရတရားတို့၌ လျစ်လျူရှုသော အခြင်းအရာအားဖြင့် ဖြစ်သော သင်္ခါရုပေက္ခာဉာဏ်

(၉) အနိစ္စအစရှိသော လက္ခဏာကို ရှုသည်၏ အဖြစ်အားဖြင့် အောက်၌ ဖြစ်ကုန်သော ရှစ်ပါးကုန်သော ဝိပဿနာဉာဏ်တို့အား၎င်း, အထက်မဂ်ခဏ၌ ရအပ်ကုန်သော ၃၇-ပါး သော ဗောဓိပက္ခိယ တရားတို့အား၎င်း လျော်သော အနုလောမဉာဏ်

ဤဉာဏ်ကိုးပါး ရင့်သန်အောင် အနိစ္စ, ဒုက္ခ, အနတ္တ-ဟူသော လက္ခဏာယာဉ် သုံးပါးသို့ တင်၍ ထပ်ကာ ထပ်ကာ အမြဲမပြတ် ကျင့်ကြံသော ဝိပဿနာ ဉာဏ် ၉-ပါးကို ပိုင်သော ယောဂီပုဂ္ဂိုလ်၏ ဝိပဿနာဉာဏ် ၉-ပါးတို့သည် မဂ်တည်း-ဟူသော ဉာဏ်အမြင် စင်ကြယ်ခြင်း၏ အကျင့်ဖြစ်သောကြောင့်၎င်း, မျက်မှောက် ထင်ထင် လက္ခဏာရေး သုံးပါးကို သိမြင်သဖြင့် ဆန့်ကျင်ဘက် ကိလေသာတို့မှ စင်ကြယ်ခြင်းကြောင့်၎င်း ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ မည်၏။

စာမျက်နှာ-၂၀၈

ဉာဏ ဒဿနဝိသုဒ္ဓိ အဖွင့်

၅၇။ ။ဝိပဿနာ၏ ရင့်ခြင်းသည် ဝိပဿနာ ပရိပါက မည်၏။ သင်္ခါရုပေက္ခာဉာဏ်ကို ရ၏၊ ထိုသင်္ခါရုပေက္ခာဉာဏ်ကို စွဲ၍ အပ္ပနာ ဥပ္ပဇ္ဇိဿတိ-ဟူသည်ကား၊ ယခုအခါ၌ အပ္ပနာ-ဟု ဆိုအပ်သော လောကုတ္တရာမဂ်သည် ဖြစ်လတံ့၊ ဤသို့ ဆိုအပ်သော ခဏ၌၊ ယံ ကိဉ္စိ-ဟူသည်ကား၊ ဝါ-သောပုဒ်ကို သင်္ခါရုပေက္ခာဉာဏ်ဖြင့် ယူအပ်ကုန်ပြီးသော သုံးပါးသော လက္ခဏာရေးတို့တွင် အမှတ်မရှိ တပါးပါးသော လက္ခဏာရေးကို-ဟု အနက်ပေး။

၅၈။ ။ယာ သိခါပတ္တာ သာ သာနုလောမာ သင်္ခါရုပေက္ခာဝုဋ္ဌာနဂါမိနိ ဝိပဿနာတိ စ ပဝုစ္စတိ။

အကြင် သင်္ခါရတို့၌ လျစ်လျူရှုသော ဉာဏ်သည် ဝိပဿနာ၏ အထွဋ် အထိပ်သို့ ရောက်၏၊ သစ္စာနုလောမဉာဏ်နှင့် တကွ ဖြစ်သော ထိုသင်္ခါရတို့၌ လျစ်လျူရှုသော ဉာဏ်ကို “ဝုဋ္ဌာနဂါမိနီ ဝိပဿနာ”ဟူ၍ ဆိုအပ်၏။

၅၈။ ။ဝိပဿနာ၏ အပြီးသို့ ရောက်ခြင်းကြောင့် အထိပ်သို့ ရောက်သော အနုလောမဉာဏ်နှင့် တကွ ဖြစ်သည် အဖြစ်ကြောင့် အနုလောမဉာဏ်နှင့် တကွ ဖြစ်သော သင်္ခါရတို့၌


၁-ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိဉာဏ်နှင့် ပြည့်စုံ၍ ဉာဏ်တို့၏ တဘက်ကမ်းသို့ ရောက်ပြီးသော ယောဂီပုဂ္ဂိုလ်အား သင်္ခါရုပေက္ခာဝိပဿနာဉာဏ် ရင့်သန်၍ လောကုတ္တရာ သောတာပတ္တိမဂ် ဟူသော အပ္ပနာဖြစ်လိုလတ်သော် ထိုအပ္ပနာ မဖြစ်မီ ရှေးဦးစွာ ဘဝင်္ဂစလန, ဘဝင်္ဂုပစ္ဆေဒ နှစ်ကြိမ် ဖြစ်၍ ချုပ်လေ၏၊ ထို့နောက် တေဘုမ္မကသင်္ခါရ တရားတို့တွင် တပါးပါးကို အာရုံပြု၍ မနောဒွါရာဝဇ္ဇန်း ဖြစ်၍ ချုပ်၏၊ ထို့နောက် အမှတ်မရှိ တခုခုသော အနိစ္စ, ဒုက္ခ, အနတ္တလက္ခဏာ သုံးပါးကို အာရုံပြု၍ ပရိကံ, ဥပစာ, အနုလုံ သုံးကြိမ်ဖြစ်၍ ချုပ်၏။

စာမျက်နှာ-၂၀၉

လျစ်လျူရှုသည် အဖြစ်ကြောင့် ထိုသင်္ခါရုပေက္ခာ ဉာဏ်ကိုသာလျှင် အကြင်သို့သော မဂ်အားလျော်စွာ ထသည်၏ အဖြစ်အားဖြင့် အပါယ် စသည်၎င်း, သင်္ခါရ တရား-ဟု ဆိုအပ်သော အာရုံမှ၎င်း ထခြင်းကြောင့် ဝုဋ္ဌာန-ဟု ဆိုအပ်သော မဂ်သို့ ရောက်သောကြောင့် ဝုဋ္ဌာနဂါမိနီ ဟု ဆိုအပ်၏။

၅၉။ ။တတော ပရံ ဂေါတြဘု စိတ္တံ နိဗ္ဗာနမာလမ္ဗတွာ ပုထုဇ္ဇနဂေါတ္တမဘိဘဝန္တံ အရိယဂေါတ္တမ ဘိသမ္ဘောန္တဉ္စ ပဝတ္တတိ။

ထိုဝုဋ္ဌာနဂါမိနီ ဝိပဿနာ ဇောစိတ် နှစ်ကြိမ် သုံးကြိမ် ဖြစ်သည်မှ နောက်၌ ဂေါတြဘုစိတ် သည် နိဗ္ဗာန်ကို အာရုံပြု၍ ပုထုဇဉ် အနွယ်ကို နှိပ်စက်သည်ဖြစ်၍၎င်း၊ အရိယအနွယ်သို့ ရောက်သည်ဖြစ်၍၎င်း ဖြစ်ပေါ်၏။

၅၉။ ။အဘိသမ္ဘောန္ံ-ဟူသည်ကား၊ ဝါ-ဟူသော ပုဒ်ကို ရောက်သည်ဖြစ်၍-ဟု အနက်ပေး။

၆၀။ ။တဿာနန္တရမေဝ မဂ္ဂေါ ဒုက္ခသစ္စံ ပရိဇာနန္တော၊ သမုဒယသစ္စံ ပဇဟန္တော၊ နိရောဓသစ္ဆိကရောန္တော၊ မဂ္ဂသစ္စံ ဘာဝနာဝသေန အပ္ပနာ ဝီထိံ သြတရတိ။


၁-ဝိပဿနာဉာဏ်တို့တွင် အနုလောမဉာဏ်နှင့် သင်္ခါရုပေက္ခာဉာဏ် ၂-ပါးသည် ဝိပဿနာ အကျင့်၏ လမ်းဆုံးသို့ ရောက်ပြီဖြစ်သောကြောင့် “သိခါပတ္တ”-ဟု မိန့်ဆိုအပ်၏။ ၎င်းဉာဏ် ၂-ပါးသို့ ရောက်သော ယောဂီပုဂ္ဂိုလ်သည် ကမ္မဋ္ဌာန်း ကျင့်စဉ် လမ်းဆုံးသို့ ရောက်လေတော့၏၊ ၎င်းဉာဏ် ၂-ပါးသည် အပါယ်စသော ဘေးမှ၎င်း, သင်္ခါရစသောနိမိတ်မှ၎င်း ကင်းလွတ် ထမြောက်သော တရား-ဟု ဆိုအပ်သော ဝုဋ္ဌာန မည်သော မဂ်သို့ ရောက်ကြောင်း ဝိပဿနာ ဖြစ်သောကြောင့် ဝုဋ္ဌာနဂါမိနီဝိပဿနာ မည်၏။

စာမျက်နှာ-၂၁၀

ထိုဂေါတြဘုစိတ်၏ အခြားမဲ့၌သာလျှင် သောတာပတ္တိမဂ်သည် ဒုက္ခသစ္စာကို ပိုင်းခြား၍ သိလျက် သမုဒယသစ္စာကို ပယ်လျက် နိရောဓသစ္စာကို မျက်မှောက်ပြုလျက် မဂ္ဂသစ္စာကို ပွါးစေသည်၏ အစွမ်းဖြင့် အပ္ပနာဝီထိသို့ သက်၏။

မဂ်စိတ်ဖြစ်ပုံ အဖွင့်

၆၀။ ။ပရိဇာနန္တော-ဟူသည်ကား၊ ဝါ-ဟူသောပုဒ်ကို ဒုက္ခ သည် ဤမျှ အတိုင်းအရှည်သာတည်း၊ ဤထက် အယုတ်အလွန် သည် မရှိ၊ ဤသို့ ပိုင်းခြား၍ သိသည်ဖြစ်၍-ဟု အနက်ပေး။ သစ္ဆိကရောန္တော-ဟူသည်ကား၊ ဝါ-ဟူသောပုဒ်ကို အာရုံပြုသည် အစွမ်းအားဖြင့် မျက်မှောက်ပြုလျက်-ဟု အနက်ပေး။ မဂ္ဂသစ္စံ ဘာဝနာဝသေန-ဟူသည်ကား၊ ဝါ-ဟူသောပုဒ်ကို သမ္မာဒိဋ္ဌိနှင့် ယှဉ်သော မဂ္ဂင်-ဟုဆိုအပ်သော လေးခုမြောက်ဖြစ်သော သစ္စာကို သဟဇာတ အစရှိသော ပစ္စည်းဖြစ်၍ ပွါးစေခြင်း၏ အစွမ်းအားဖြင့်-ဟု အနက်ပေး။

တခုသာလျှင် ဖြစ်သော ဉာဏ်၏ လေးပါးသော ကိစ္စကို ပြီးစေခြင်းကို ဆီမီး အစရှိသည်တို့၏ ဆီမီးစာကို လောင်ခြင်း အစရှိသော လေးပါးသော ကိစ္စကို ပြခြင်းကြောင့်၎င်း၊ “ယောဘိက္ခဝေ ဒုက္ခ ပဿတိ” ဤသို့ အစရှိသော အာဂမပါဌ်ကြောင့်၎င်း ဝန်ခံအပ်၏။

ဖိုလ်စိတ်ဖြစ်ပုံ

၆၁။ ။တတော ပရံ ဒွေ တီဏိ ဖလစိတ္တာနိ ပဝတ္တိတွာ ဘဝင်္ဂပါတာ ဟောတိ။


၁-ထိုဂေါတြဘု စိတ်၏ အခြားမဲ့၌ ဒုက္ခသစ္စာကား လောကီစိတ် ၈၁-ခု, လောဘကြဉ်သော စေတသိက် ၅၁-ပါး, ရုပ် ၂၈-ပါးသာတည်း၊ ထိုထက် အယုတ်အလွန် မရှိ-ဟု ပိုင်းခြား၍ သိ၏၊ သမုဒယသစ္စာကို ပယ်လျက် နိဗ္ဗာန်ကို အာရုံပြုသည် အစွမ်းအားဖြင့် မျက်မှောက်ပြု၍ သမ္မာဒိဋ္ဌိပညာဉာဏ်သည် မိမိနှင့် ယှဉ်ဘက်ဖြစ်သော သမ္မာသင်္ကပ္ပ စသော ၇-ပါးသော မဂ္ဂသစ္စာတရားတို့နှင့် သဟဇာတ စသော ပစ္စည်းအဖြစ် အတူတကွ ဖြစ်၍ ၎င်းမဂ္ဂသစ္စာတို့ကို ပွါးစေသည် အစွမ်းဖြင့် သောတာပတ္တိမဂ်-ဟူသော အပ္ပနာသည် ဖြစ်ပေါ်လာ၏-ဟူလို။

စာမျက်နှာ-၂၁၁

ထိုသောတာပတ္တိမဂ် အပ္ပနာဝီထိသို့ ရောက်သည်မှ နောက်၌ နှစ်ကြိမ် သုံးကြိမ်သော သောတာပတ္တိဖိုလ်စိတ်တို့သည် ဖြစ်၍ ဘဝင်ကျသည်သာတည်း။

၆၁။ ။ဒွေ တီဏိ။ ပ။ ပဝတ္တိတွာ-ဟူသည်ကား၊ မဂ်ဖြစ်ခြင်း အားလျော်သောအားဖြင့် နှစ်ကြိမ်လည်း ဖြစ်ကုန်သော သုံးကြိမ်လည်း ဖြစ်ကုန်သော ဖိုလ်စိတ်တို့သည် ပယ်ပြီးသော မီးရှိသော အရပ်၌ အပူကို ငြိမ်းစေခြင်းငှာ အိုးတို့ဖြင့် သွန်းလောင်းအပ်သော ရေကဲ့သို့ အကြွင်းမဲ့ ဖြတ်အပ်ပြီးသော ကိလေသာရှိသော သန္တာန်၌လည်း ကိလေသာ-ဟူသော ပူပန်ခြင်းကို ငြိမ်းစေတတ်ကုန်သည် ဖြစ်၍ ထိုဖိုလ်စိတ်တို့၏ ဖြစ်ခြင်းကြောင့်၊ ဤသို့သော အနက် အဓိပ္ပါယ်ကို ဆိုလို၏။

၆၂။ ။ပုန ဘဝင်္ဂံ ဝေါစ္ဆိန္ဒိတွာ ပစ္စဝေက္ခဏဉာဏာနိ ပဝတ္တန္တိ။

တဖန် ဘဝင်ကို ဖြတ်၍ ပစ္စဝေက္ခဏဉာဏ်တို့သည် ဝါ-မဂ် ဖိုလ် နိဗ္ဗာန်ကို ဆင်ခြင်သော ဉာဏ်တို့သည် ဖြစ်ကုန်၏။

ပစ္စဝေက္ခဏဉာဏ်ဖြစ်ပုံ အဖွင့်

၆၂။ ။ပစ္စဝေက္ခဏ ဉာဏာနိ-ဟူသည်ကား၊ ဝါ-ဟူသော ပုဒ်ကို မဂ် ဖိုလ် အစရှိသည်လျှင် အာရုံရှိကုန်သော ကာမာဝစရ


၁-ထိုသောတာပတ္တိမဂ်စိတ် ဖြစ်ပြီးသည်မှ နောက်၌ နှစ်ကြိမ် သုံးကြိမ်ကုန်သော သောတာပတ္တိဖိုလ်စိတ် ရှိသည် ဖြစ်ကုန်၏။ ထို့နောက် ဘဝင်ကျ၏။ တဖန် ဘဝင်ကို ဖြတ်၍ မဂ်, ဖိုလ် နိဗ္ဗာန်ကို ဆင်ခြင်သော ပစ္စဝေက္ခဏဉာဏ်တို့သည် ဖြစ်ကုန်၏-ဟူလို။
အဘယ့်ကြောင့် ဖိုလ်စိတ်တို့သည် မဂ်က ပယ်ပြီး ဖြစ်ပါလျက် ထပ်၍ ဖြစ်ရပါသနည်း-ဟူမူ၊ မီးကို သတ်ပြီးသော်လည်း မီး၏ အပူရှိန် ငြိမ်းစေရန် အိုးတို့ဖြင့် သွန်းလောင်းအပ်သော ရေကဲ့သို့ ကိလေသာတို့ကို ပယ်အပ်ပြီးသော်လည်း သန္တာန်ဝယ် ကိလေသာ အပူရှိန် ငြိမ်းစေရန် ဖိုလ်စိတ် ၂-ကြိမ် ၃-ကြိမ် ဖြစ်ရ၏-ဟု မှတ်။

စာမျက်နှာ-၂၁၂

ဉာဏ်ရှိသည်-ဟု အနက်ပေး။ အကြင် ပစ္စဝေက္ခဏဉာဏ်တို့ကို ရည်ရွယ်၍ “ဝိမုတ္တသ္မိံ ဝိမုတ္တမှီ ဉာဏံ ဟောတိ”ဟု ဟောတော်မူ၏။

၆၃။ ။မဂ္ဂဉ္စ ဖလဉ္စ နိဗ္ဗာနဉ္စ၊ ပစ္စဝေက္ခတိ ပဏ္ဍိတာ။
ဟီနေကိလေသေ သေသေစ၊ ပစ္စဝေက္ခတိ ဝါ န ဝါ။

ပညာရှိသော အရိယာပုဂ္ဂိုလ်သည် မဂ်ကို၎င်း၊ ဖိုလ်ကို၎င်း၊ နိဗ္ဗာန်ကို၎င်း ဆင်ခြင်၏၊ ပယ်အပ်ကုန်ပြီးသော ကိလေသာတို့ကို ၎င်း၊ ကြွင်းကုန်သော ကိလေသာတို့ကို ၎င်း ဆင်ခြင်သည်လည်း ရှိ၏၊ မဆင်ခြင်သည်လည်း ရှိ၏။

၆၃။ ။ယခုအခါ၌ ပစ္စဝေက္ခဏဉာဏ်၏ အာရုံကို ပြခြင်းငှာ မဂ္ဂဉ္စဖလဉ္စ-ဤသို့ အစရှိသော စကားကို မိန့်ဆိုအပ်၏၊ ထိုစကား၌ အနက်ကို ဤသို့ သိအပ်၏၊ ငါသည် ဤမဂ်ဖြင့် လာတတ်၏-ဟု မဂ်ကို ဆင်ခြင်၏၊ ထို့နောက်မှ ငါသည် ဤအကျိုးကို ရအပ်၏-ဟု ထိုမဂ်၏ ဖိုလ်ကို ဆင်ခြင်၏၊ ထို့နောက်မှ ငါသည် ဤမည်သော တရားကို အာရုံအားဖြင့် မျက်မှောက်ပြုအပ်ပြီ-ဟု နိဗ္ဗာန်ကိုလည်း ပညာရှိ အရိယာပုဂ္ဂိုလ်သည် ဆင်ခြင်၏၊ ထို့နောက်မှ


၁-ပစ္စဝေက္ခဏဉာဏ်တို့ကား-ဝမ်းမြောက်ဝမ်းသာ ငါသည် ကိလေသာတို့မှ လွတ်ရပေပြီ-ဟု မိမိရသော မဂ်, ဖိုလ်, နိဗ္ဗာန်တို့ကို ဆင်ခြင်သော ကာမာဝစရဉာဏ်များ ဖြစ်ကုန်၏-ဟူလို။
၂-ဝိပဿနာဉာဏ် ပိုင်၍ သောတာပန်အရိယာ အဖြစ်သို့ ရောက်သော ယောဂီပုဂ္ဂိုလ်သည် “ငါသည် ဤသောတာပတ္တိမဂ်ကို ရအပ်ပေပြီ” ဟု မိမိရသော မဂ်ကို ဆင်ခြင်၏။ ထိုနောက် “ငါသည် ဤလောကုတ္တရာ အကျိုးတရားကို ရအပ်ပေပြီ” ဟု ဖိုလ်ကို ဆင်ခြင်၏၊ ထိုနောက် “ငါသည် ဘဝတိုင်း ဘဝတိုင်း မပြတ်လိုက်ကာ နှိပ်စက်၍ နေသော ဤမည်သော ကိလေသာ ရန်သူကို ပယ်အပ်ပေပြီ”ဟု ပယ်အပ်သော ကိလေသာတို့ကို ဆင်ခြင်၏၊ ထိုနောက် “ငါ့အား ဤမည်သော ကိလေသာတို့ကား၊ ကြွင်းကျန်လျက်ရှိကုန်သေး၏”ဟု ကြွင်းကျန်သော ကိလေသာတို့ကို ဆင်ခြင်၏၊ နောက်ဆုံး၌ “ငါသည် ဤထူးမြတ်လှစွာသော နိဗ္ဗာန် အမြိုက်တရားကို အာရုံ ပြုသောအားဖြင့် ရအပ်ပေပြီ”ဟု နိဗ္ဗာန်ကို ဆင်ခြင်၏။

* သို့သော် ဇီဝိတ, သမ္မသီတိ အရိယာနှင့် ကိလေသာ ဝေဖန်ခြင်းတို့ကို မဆင်ခြင်လိုကုန်သော အရိယာပုဂ္ဂိုလ်တို့သည် ကြွင်းသော ကိလေသာတို့ကို မဆင်ခြင်ကုန်-ဟူသော အဓိပ္ပါယ်ကို နဝ-ဟူသော ပါဠိဖြင့် ပြ၏-ဟု မှတ်။

စာမျက်နှာ-၂၁၃

ငါသည် ဤကိလေသာတို့ကို ပယ်အပ်ကုန်ပြီ-ဟု ပယ်အပ်ကုန်ပြီးသော ကိလေသာတို့ကို ဆင်ခြင်၏၊ ဤကိလေသာတို့သည် ကြွင်းကုန်၏-ဟု ကြွင်းသော ကိလေသာတို့ကို ဆင်ခြင်သည်လည်းရှိ၏။ မဆင်ခြင်သည်လည်းရှိ၏၊ အချို့သော သေက္ခပုဂ္ဂိုလ်သည် ဆင်ခြင်၏။ အချို့သော သေက္ခပုဂ္ဂိုလ်သည် မဆင်ခြင်၊ ထိုဆင်ခြင်ခြင်း၌ ထိုသေက္ခတို့အား မိမိအလိုအားဖြင့် ဖြစ်တတ်၏၊ ဤသည်လျှင် အဓိပ္ပါယ်တည်း၊ ထို့ကြောင့်သာလျှင် မဟာနာမ် အမည်ရှိသော သာကီဝင်သည် အရှင်ဘုရား အကျွန်ုပ်တို့သည် နာချင်ပါ၏၊ အကျွန်ုပ်သည် မိမိသန္တာန်၌ ဖြစ်သော အဘယ်ကိလေသာကို မပယ်အပ်ပါသနည်း ဤမပယ်အပ်သေးကုန်သော ကိလေသာတို့ကို မေးလျှောက်၏။

(အကျယ်ကို မူလပဏ္ဏာသ ပါဠိတော် စူဠဒုက္ခက္ခန္ဓသုတ်အဋ္ဌကထာ မဟာနာမ် လျှောက်ခမ်းမှာ ကြည့်ပါ။)

ရဟန္တာပုဂ္ဂိုလ်အားကား ကြွင်းသော ကိလေသာတို့ကို ဆင်ခြင်ခြင်းမရှိ၊ အဘယ့်ကြောင့် ဆိုသော် အလုံးစုံသော ကိလေသာတို့ကို ပယ်အပ်ပြီးသည် အဖြစ်ကြောင့်တည်း၊ ထို့ကြောင့် သေက္ခပုဂ္ဂိုလ် သုံးယောက်တို့အား ၁၅-ပါးသော ပစ္စဝေက္ခဏဉာဏ်တို့၎င်း၊ ရဟန္တာပုဂ္ဂိုလ်အား ၄-ပါးသော ပစ္စဝေက္ခဏဉာဏ်တို့၎င်း၊ ဤသို့ တခုယုတ်နှစ်ဆယ်သော ပစ္စဝေက္ခဏဉာဏ်ရှိသည် ဖြစ်ကုန်၏၊ ဤသို့သော အဆုံးအဖြတ်ကို မှတ်အပ်၏။

၆၄။ ။ဆဗ္ဗိသုဒ္ဓိ ကမေနေဝံ၊ ဘာဝေတဗ္ဗော စတုဗ္ဗိဓော၊ ဉာဏဒဿနဝိသုဒ္ဓိ၊ နာမ မဂ္ဂေါ ပဝုစ္စတိ။
အယမေတ္ထ ဝိသုဒ္ဓိဘေဒေါ။

ဤဆိုအပ်ခဲ့ပြီးသော နည်းဖြင့် ခြောက်ပါးသော ဝိသုဒ္ဓိအစဉ်ဖြင့် ပွါးစေအပ်သော ၄-ပါး အပြားရှိသော မဂ်ကို ဉာဏဒဿန ဝိသုဒ္ဓိ မည်၏-ဟူ၍ ဝါ-နိဗ္ဗာန်ကို သိမြင်နိုင်သော မဂ်ဉာဏ်၏ စင်ကြယ်သော နိဗ္ဗာန်ကို သိမြင်နိုင်သော မဂ်ဉာဏ်မည်၏-ဟူ၍ ဆိုအပ်၏။

ဤဝိပဿနာကမ္မဋ္ဌာန်း၌ ဤဆိုအပ်ပြီးသောနည်းသည် ဝိသုဒ္ဓိ အပြားတည်း။

စာမျက်နှာ-၂၁၄

၆၄။ ။ဆဗ္ဗိသုဒ္ဓိကမေန-ဟူသည်ကား၊ ဝါ-ဟူသောပုဒ်ကို သီလဝိသုဒ္ဓိ၊ စိတ္တဝိသုဒ္ဓိတို့၏ အစွမ်းဖြင့် အရင်းဖြစ်ကုန်သော နှစ်ပါးကုန်သော ဝိသုဒ္ဓိတို့၏၎င်း၊ ဒိဋ္ဌိဝိသုဒ္ဓိ အစရှိသည်တို့၏ အစွမ်းဖြင့် ကိုယ်ဖြစ်၍ ဖြစ်ကုန်သော ၄-ပါးကုန်သော ဝိသုဒ္ဓိတို့၏၎င်း၊ ဤသို့ ၆-ပါးကုန်သော ထိုဝိသုဒ္ဓိတို့၏ အစဉ်အားဖြင့်-ဟု အနက်ပေး။

လေးပါးသော သစ္စာတို့ကို မျက်မှောက် ပြုတတ်သောကြောင့်၎င်း၊ ကိလေသာ အညစ်အကြေးတို့မှ စင်ကြယ်သောကြောင့်၎င်း ဉာဏဒဿနဝိသုဒ္ဓိ မည်၏၊ ဧတ္ထ-ဟူသည်ကား၊ ဝါ-ဟူသောပုဒ်ကို ဝိပဿနာ ကမ္မဋ္ဌာန်း၌-ဟု အနက်ပေး။

*သတ္တဝိသုဒ္ဓိနိဒ္ဒေသ အဖွင့်ပြီး၏။*

ဝိမောက္ခဘေဒ

တတ္ထ အနတ္တာနုပဿနာ အတ္တာဘိနိဝေသံ မုဉ္ဏန္တီ သုညာနုပဿနာနာမ ဝိမောက္ခမုခံ ဟောတိ။

ထိုဝိပဿနာသုံးပါး ဝိမောက္ခသုံးပါးတို့တွင် ငါ၏ကိုယ်-ဟု မြဲမြဲစွာ နှလုံးသွင်းခြင်းကို စွန့်တတ်သော ကိုယ်မဟုတ်-ဟု ဖြစ်သော အဖန်တလဲလဲ ရှုခြင်းသည် သုညတာနုပဿနာ မည်သော၊ ဝါ အတ္တမှဆိတ်သော အခြင်းအရာဖြင့် အဖန်တလဲလဲ ရှုတတ်သော ဝိမောက္ခမုခသည်၊ ဝါ-ဆန့်ကျင်ဘက် ကိလေသာတို့မှ လွတ်ဖြစ်သော မဂ်, လွတ်ပြီးဖြစ်သော ဖိုလ်၏ အကြောင်း ဖြစ်၏။


၁-သီလဝိသုဒ္ဓိ, စိတ္တဝိသုဒ္ဓိ-ဟု ဆိုအပ်သော အရင်းမူလ ဖြစ်သော ဝိသုဒ္ဓိ ၂-ပါး၊ ဒိဋ္ဌိဝိသုဒ္ဓိ, ကင်္ခါဝိတရဏဝိသုဒ္ဓိ, မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ, ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ ဟူကုန်သော မဂ်တည်းဟူသော ဉာဏဒဿနဝိသုဒ္ဓိဖြစ်ရန် နီးစွာသော အကြောင်းရင်း ဖြစ်၍ ကိုယ်သဘွယ် ဖြစ်ကုန်သော ၄-ပါးသော ဝိသုဒ္ဓိ၊ ဤသို့ မူလဝိသုဒ္ဓိ ၂-ပါး, ကာယဝိသု ၄-ပါးအားဖြင့် ခြောက်ပါးသော ဝိသုဒ္ဓိအစဉ်ဖြင့် ပွါးများ အားထုတ်၍ ဖြစ်ပေါ်လာသော မဂ်လေးပါးသည် သစ္စာလေးပါးတို့ကို သိတတ်သောကြောင့်၎င်း, မျက်မှောက် ပြုတတ်သောကြောင့်၎င်း, ကိလေသာ အညစ်အကြေးတို့မှ စင်ကြယ်သောကြောင့်၎င်း, ဉာဏဒဿန ဝိသုဒ္ဓိ မည်၏-ဟူလို။

စာမျက်နှာ-၂၁၅

ဝိမောက္ခဘေဒအဖွင့်

၆၅။ ။ထိုဥဒ္ဒေသ၌ သင်္ခါရတို့၌ အတ္တ-ဟူ၍ စွဲလမ်းခြင်း-ဟု ဆိုအပ်သော ငါ၏ ဤကိုယ်သည် အမှုကို ပြုတတ်၏၊ ကံ၏ အကျိုးကို ခံစားတတ်၏၊ ဤသို့ အကြင်မြဲစွာ စွဲလမ်းခြင်းသည် ရှိ၏၊ ထိုအတ္တ-ဟု စွဲလမ်းခြင်းကို လွှတ်၍ အနတ္တ-ဟူ၍ ဖြစ်သော အနုပဿနာသည်သာလျှင် အတ္တမှဆိတ်သော အခြင်းအရာကို အဖန်တလဲလဲ ရှုခြင်းကြောင့် သုညတာနုပဿနာ မည်သော မဂ် ဖိုလ်၏ အကြောင်း ဖြစ်၏။

ဆန့်ကျင်ဘက်မှ လွတ်သည် အစွမ်းအားဖြင့် ဝိမောက္ခ ဟု ဆိုအပ်သော လောကုတ္တရာ မဂ် ဖိုလ်၏ အကြောင်းဖြစ်၏။

၆၆။ ။အနိစ္စာနုပဿနာ ဝိပလ္လာသ နိမိတ္တံ မုဉ္စန္တီ အနိမိတ္တာနုပဿနာနာမ ဝိမောက္ခမုခံ ဟောတိ။

ဝိပလ္လာသ နိမိတ်ကို ဝါ-ဖောက်ပြန်ကြောင်းဖြစ်သော သညာ, စိတ်, ဒိဋ္ဌိ တည်း-ဟူသော အကြောင်းကို စွန့်တတ်သော အမြဲမရှိ- အဖန်တလဲလဲ ရှုခြင်းသည် အနိမိတ္တာနုပဿနာ မည်သော၊ ဝါ ဝိပလ္လာသနိမိတ်မှ ကင်းသော အခြင်းအရာအားဖြင့် အဖန်တလဲလဲ ရှုသော ဝိမောက္ခမုခသည် ဝါ-ဆန့်ကျင်ဘက်မှ လွတ်ဖြစ်သော မဂ်, လွတ်ပြီးဖြစ်သော ဖိုလ်၏ အကြောင်းဖြစ်၏။

၆၆။ ။သင်္ခါရတို့၌ အနိစ္စ-ဟူ၍ ဖြစ်သော အနုပဿနာသည် မမြဲသည်၌ မြဲ၏-ဟူ၍ ဖြစ်သော သညာဝိပလ္လာသ, စိတ္တဝိပလ္လာသ, ဒိဋ္ဌိဝိပလ္လာသ-ဟု ဆိုအပ်သော ဖောက်ပြန်ခြင်း-ဟု ဆိုအပ်သော အကြောင်းကို လွှတ်သည်ဖြစ်၍ ဝိပလ္လာသ-ဟု ဆိုအပ်သော


၁-ထိုဥဒ္ဒေသ၌ ခန္ဓာငါးပါး သင်္ခါရတရားတို့၌ ငါ, ငါ၏ကိုယ်, ငါခံစားသည် ဟူသော နှလုံးသွင်းခြင်းကို ပယ်စွန့်၍ အနတ္တ, အနတ္တ-ဟု အဖန်တလဲလဲ စီးဖြန်း ပွါးများသော အနတ္တ ဝိပဿနာသည် အတ္တမှ ဆိတ်၍ မဂ်ဖိုလ်သို့ ရောက်ခြင်း၏ အကြောင်း ဖြစ်သောကြောင့် သုညတာဝိမောက္ခမုခ မည်၏-ဟူလို။

စာမျက်နှာ-၂၁၆

အကြောင်းမှ ကင်းသော အခြင်းအရာကို အဖန်တလဲလဲ ရှုခြင်းကြောင့် အနိမိတ္တာနုပဿနာ မည်သော လောကုတ္တရာဖြစ်သော မဂ် ဖိုလ်၏ အကြောင်း ဖြစ်၏။ ဤသို့ စပ်ခြင်းကို ပြုအပ်၏။

ဒုက္ခာနုပဿနာ တဏှာပဏိဓိံ မုဉ္စန္တီ အပ္ပဏိဟိတာနုပဿနာ နာမ ဝိမောက္ခမုခံ ဟောတိ။ ကာမ ရူပ အရူပဘဝတို့၌ တပ်တတ်သော တဏှာ-ဟူသော တောင့်တခြင်းကို စွန့်တတ်သော ဆင်းရဲ၏-ဟု အဖန်တလဲလဲ ရှုခြင်းသည် အပ္ပဏိဟိတာနုပဿနာ မည်၏၊ ဝါ-တောင့်တခြင်းမှ ကင်းသော အခြင်းအရာဖြင့် အဖန်တလဲလဲ ရှုသော ဝိမောက္ခ မုခသည် ဝါ-ဆန့်ကျင်ဘက် တောင့်တခြင်းမှ လွတ်၏ လွတ်ပြီး ဖြစ်သော မဂ် ဖိုလ်၏ အကြောင်းဖြစ်၏။

၆၇။ ။ဒုက္ခ-ဟူ၍ ဖြစ်သော အနုပဿနာသည် သင်္ခါရတို့၌ ဤတရားသဘောသည် ငါ၏ဥစ္စာတည်း၊ ဤတရားသဘောသည် သုခတည်း၊ ဤသို့အစရှိသောနည်းဖြင့် ဖြစ်သော ကာမတဏှာ, ဘဝတဏှာ-ဟု ဆိုအပ်သော တဏှာဖြစ်သော တောင့်တခြင်းကို ဒုက္ခ-ဟူ၍ အဖန်တလဲလဲ ရှုသဖြင့် စွန့်သည်ဖြစ်၍ တဏှာ-ဟူသော တောင့်တခြင်းမှ ကင်းသော အခြင်းအရာကို အဖန်တလဲလဲ ရှုခြင်းကြောင့် အပ္ပဏိဟိတာနုပဿနာ မည်သော ဝိမောက္ခမုခ ဖြစ်၏။


၁-ခန္ဓာငါးပါး ရုပ်နာမ်တရား၌ ဖောက်ပြန်ကြောင်း ဖြစ်သော မြဲ၏-ဟု မှတ်သော သညာဝိပလ္လာသ, မြဲ၏-ဟူသော စိတ္တဝိပလ္လာသ, မြဲ၏-ဟု ယူသော ဒိဋ္ဌိဝိပလ္လာသ သုံးပါးကို စွန့်၍ အနိစ္စ-ဟု အဖန်တလဲလဲ စီးဖြန်း ပွါးများသော အနိစ္စဝိပဿနာသည် ကိလေသာ ဖြစ်ရန် အကြောင်းမှ ကင်း၍ မဂ်ဖိုလ် ရောက်ခြင်းအကြောင်း ဖြစ်သောကြောင့် အနိမိတ္တဝိမောက္ခမုခ မည်၏။
၂-ကာမဘုံ, ရူပဘုံ, အရူပဘုံတို့၌ တပ်နှစ်သက်တတ်သော တဏှာဟူသော တောင့်တခြင်းကို စွန့်တတ်သော ဒုက္ခဝိပဿနာသည် တဏှာဟူသော တောင့်တခြင်း မရှိမူ၍ မဂ်ဖိုလ်သို့ ရောက်ခြင်းအကြောင်း ဖြစ်သောကြောင့် ဝိမောက္ခမုခ မည်၏။

စာမျက်နှာ-၂၁၇

၆၈။ ။တသ္မာ ယဒိ ဝုဋ္ဌာနဂါမိနိဝိပဿနာ အနတ္တတော ဝိပဿတိ, သုညတော ဝိမောက္ခော နာမ ဟောတိ မဂ္ဂေါ။

ထို့ကြောင့် ဝုဋ္ဌာနဂါမိနီဝိပဿနာသည်၊ ဝါ-အပါယ် အစရှိသည်တို့မှ၎င်း၊ သင်္ခါရနိမိတ်မှ၎င်း ထခြင်း-ဟု ဆိုအပ်သော မဂ်သို့ရောက်ကြောင်း ဝိပဿနာသည် အနတ္တအားဖြင့် အကယ်၍ ရှုသည်ဖြစ်အံ့၊ ဤသို့ အနတ္တအားဖြင့် ရှုသည်ရှိသော် လောကုတ္တရာ မဂ်သည် သုညတဝိမောက္ခ မည်သည် ဝါ-အတ္တမှ ဆိတ်သည်ဖြစ်၍ သံယောဇဉ်မှ လွတ်ဆဲ မည်၏။

၆၈။ ။တသ္မာ-ဟူသည်ကား၊ ဝါ-ဟူသောပုဒ်ကို အကြောင်းကြောင့် ထိုသုံးပါးသော အနုပဿနာတို့သည် ထိုအမည်တို့ကို ရကုန်၏။ ထို့ကြောင့်-ဟု အနက်ပေး။ ဝုဋ္ဌာနဂါမိနီဝိပဿနာ သည် အနတ္တအားဖြင့် အကယ်၍ ရှုအံ့၊ ဤသို့ ရှုသည်ရှိသော် မဂ်သည် ဝိပဿနာ-ဟု ဆိုအပ်သော ရောက်ကြောင်း၏ အစွမ်းအားဖြင့် ရအပ်သော အမည်ရှိသည် အဖြစ်ကြောင့် သုညတ မည်သော ဝိမောက္ခ ဖြစ်၏။

၇၀။ ။ယဒိ ဒုက္ခတော ဝိပဿတိ, အပ္ပဏိဟိတော ဝိမောက္ခော နာမာတိ စ မဂ္ဂေါ ဝိပဿနာဂမနဝသေန တီဏိ နာမာနိ လဘတိ, တထာ ဖလဉ္စ မဂ္ဂါဂမနဝသေန မဂ္ဂဝီထိယံ။


၁-ဝုဋ္ဌာနဂါမိနီ ဝိပဿနာသည် အနတ္တ-ဟု စီးဖြန်း၍ မဂ် ဖြစ်ပေါ်လာပါမူ၊ ထို လောကုတ္တရာမဂ်သည် သုညတဝိမောက္ခ သုညတမဂ် မည်၏-ဟူလို။
ဝုဋ္ဌာနဂါမိနီ ဝိပဿနာသည် အနိစ္စ-ဟု စီးဖြန်း၍ မဂ် ဖြစ်ပေါ်လာပါမူ၊ ထိုမဂ်သည် အနိမိတ္တဝိမောက္ခ အနိမိတ္တမဂ် မည်၏-ဟူလို။

စာမျက်နှာ-၂၁၈

ဝုဋ္ဌာနဂါမိနီဝိပဿနာသည် ဒုက္ခအားဖြင့် အကယ်၍ ရှုသည်ဖြစ်အံ့၊ ဤသို့ ဒုက္ခအားဖြင့် ရှုသည်ရှိသော် လောကုတ္တရာမဂ်သည် အပ္ပဏိဟိတဝိမောက္ခ မည်၏၊ ဤသို့ လောကုတ္တရာမဂ်သည် ဝိပဿနာဟူသော ရောက်ကြောင်း၏ အစွမ်းဖြင့် သုညတဝိမောက္ခ, အနိမိတ္တဝိမောက္ခ, အပ္ပဏိဟိတဝိမောက္ခ-ဟူသော အမည်သုံးပါးတို့ကို ရ၏။ မဂ္ဂဝီထိ ၂-ကြိမ် ၃-ကြိမ် ကျသော ဖိုလ်သည်လည်း မဂ်တည်းဟူသော ရောက်ကြောင်း၏ အစွမ်းဖြင့် ထိုအတူ “သုညတဝိမောက္ခ, အနိမိတ္တဝိမောက္ခ, အပ္ပဏိဟိတဝိမောက္ခ”ဟူသော အမည်သုံးပါးတို့ကို ရ၏။

ဝိပဿနာဂမနဝသေန-ဟူသည်ကား၊ ဝါ-ဟူသော ပုဒ်ကို ဝိပဿနာ-ဟု ဆိုအပ်သော ရောက်ကြောင်း၏ အစွမ်းအားဖြင့်-ဟု အနက်ပေး။ ဤအကြောင်းဖြင့် မဂ်သည်၎င်း၊ ဖိုလ်သည်၎င်း လာတတ်၏၊ ထို့ကြောင့် ဤအရာ၌ ဝိပဿနာသည်၎င်း၊ မဂ်သည်၎င်း အာဂမန မည်၏။

၇၁။ ။ဖလသမာပတ္တိဝီထိယံ ပန ယထာဝုတ္တနယေန ဝိပဿိတံ ဝိပဿနာယ ယထာသကံ ဖလမုပ္ပဇ္ဇမာနမ္ပိ ဝိပဿနာဂမနဝသေန သုညတာဒိဝိမောက္ခာတိ စ ပဝုစ္စတိ။

အထူးကို ဆိုဦးအံ့—ဖလသမာပတ္တိဝီထိ၌ အကြင်အကြင် ဆိုအပ်ခဲ့ပြီးသော နည်းဖြင့် ဝိပဿနာ ရှုကုန်သော ဖလဋ္ဌာန်ပုဂ္ဂိုလ် လေးယောက်တို့အား ဖြစ်သော အကြင်အကြင် ရအပ်သော မဂ်တည်းဟူသော မိမိဥစ္စာ၏ အကျိုးဖြစ်သော ဖိုလ်ကိုလည်း ဝိပဿနာတည်းဟူသော ရောက်ကြောင်း၏ အစွမ်းဖြင့်သာလျှင် “သုညတဝိမောက္ခ, အနိမိတ္တဝိမောက္ခ, အပ္ပဏိဟိတဝိမောက္ခ”ဟူ၍ သာလျှင်


၁-ဝုဋ္ဌာနဂါမိနီ ဝိပဿနာသည် ဒုက္ခ-ဟု စီးဖြန်း၍ မဂ် ဖြစ်ပေါ်လာပါမူ၊ ထိုမဂ်သည် အပ္ပဏိဟိတဝိမောက္ခ အပ္ပဏိဟိတမဂ် မည်၏။
ဤသို့ မဂ်သည် ဝိပဿနာအားလျော်စွာ သုညတမဂ်, အနိမိတ္တမဂ်, အပ္ပဏိဟိတမဂ်-ဟု အမည် သုံးပါးရ၏၊ ဖိုလ်သည်လည်း ထိုအတူ သုညတဖိုလ်, အနိမိတ္တဖိုလ်, အပ္ပဏိဟိတဖိုလ်-ဟု မဂ္ဂဝီထိအားလျော်စွာ အမည်သုံးပါး ရ၏-ဟူလို။

စာမျက်နှာ-၂၁၉

၇၁။ ။ယထာ ဝုတ္တနယေန-ဟူသည်ကား၊ ဝါ-ဟူသောပုဒ်ကို ရှေး၌ ဆိုအပ်ပြီးသော အနတ္တာနုပဿနာ အစရှိသည်တို့၏ အစွမ်းအားဖြင့်-ဟု အနက်ပေး။ ယထာသကံဖလ မုပ္ပတ္တမာနမ္ပိ-ဟူသည်ကား၊ ဝါ-ဟူသောပုဒ်ကို အကြင်အကြင် ရအပ်ပြီးသော မဂ်၏ အကျိုးဖြစ်၍ ဖြစ်သော မိမိမိမိ၏ ဖိုလ်သည် ဖြစ်သော်လည်း-ဟု အနက်ပေး။ မဂ်-ဟု ဆိုအပ်သော ရောက်ကြောင်း၏ အစွမ်းအားဖြင့် မရမူ၍ ဝိပဿနာတည်း-ဟူသော ရောက်ကြောင်း၏ အစွမ်းဖြင့်သာလျှင် ဖလသမာပတ်ကို ဝင်စားသောအခါ၌ သုံးပါးကုန်သော အမည်တို့ကို ရ၏၊ အဘယ့်ကြောင့် ရသနည်း ဆိုသော် ထိုဖလသမာပတ် ဝင်စားသောအခါ၌ မဂ်ဖြစ်ခြင်း မရှိသည်အဖြစ်အားဖြင့် ထိုမဂ်၏ ဖိုလ်ဖြစ်ခြင်း၏ အကြောင်းအဖြစ်နှင့် မယှဉ်သောကြောင့် သုံးပါးသော အမည်တို့ကို ရ၏-ဟူလို။

၇၂။ ။အာရမ္မဏဝသေန ပန သရသဝသေန စ နာမတ္တယံ
သဒ္ဓတ္ထ သဗ္ဗသမ္ပိ သမမေဝ စ။
အယမေတ္ထ ဝိမောက္ခဘေဒ။

ဆက်ဆံသည်မှ တပါး မဆက်ဆံသည်ကို ဆိုအံ့၊ အလုံးစုံသော မဂ္ဂဝီထိ ဖလသမာပတ္တိဝီထိ၌ အလုံးစုံသော မဂ် ဖိုလ်တို့အား အမည်သုံးပါး အပေါင်းသည်လည်း၊ ဝါ-သုညတ ဝိမောက္ခ၊ အနိမိတ္တ ဝိမောက္ခ၊ အပ္ပဏိဟိတဝိမောက္ခ-ဟူသော အမည်သုံးပါး အပေါင်း


၁။ ဖလသမာပတ် ဝင်စားခြင်းဟူသည် နတ်တို့သည် နတ်တို့၏ ချမ်းသာကို ခံစားကုန်သကဲ့သို့ မင်းတို့သည်လည်း မင်း၏ စည်းစိမ်ကို ခံစားကုန်သကဲ့သို့ အရိယာပုဂ္ဂိုလ်တို့သည်လည်း မျက်မှောက်သော ကိုယ်၏အဖြစ်၌ လောကုတ္တရာ ချမ်းသာကို ခံစားလိုသောကြောင့် ဝင်စားတော်မူကြကုန်၏၊ ထိုဖလသမာပတ်ကို ဝင်စားသောအခါ၌ မဂ်စိတ်ထပ်၍ မဖြစ်ပါဘဲ ဖိုလ်စိတ် အကြိမ်များစွာသာ ဖြစ်၏။
ထို့ကြောင့် ဖိုလ်သည် ပဌမ မဂ်၏ အစွမ်းဖြင့် ဖြစ်သော်လည်း ဖလသမာပတ် ဝင်စားသောအခါ၌မူ ဖြစ်သော ဖိုလ်စိတ်တို့သည် မဂ်၏ အစွမ်းဖြင့် မဖြစ်ကုန်ဘဲ အောက် ဝိပဿနာ၏ အစွမ်း ဝိပဿနာဂမနအားဖြင့်သာ ဖြစ်ကုန်၏၊ ယင်းဝိပဿနာသည် သင်္ခါရတရားတို့ကို အနတ္တ-ဟု ရှုသည်ဖြစ်အံ့၊ ဖိုလ်သည်လည်း သုညတဝိမောက္ခ မည်၏။ အနိစ္စ-ဟု ရှုသည်ဖြစ်အံ့၊ ဖိုလ်သည်လည်း အနိမိတ္တ ဝိမောက္ခ မည်၏။ ဒုက္ခ-ဟု ရှုသည်ဖြစ်အံ့၊ ဖိုလ်သည်လည်း အပ္ပဏိဟိတ ဝိမောက္ခ မည်၏။

စာမျက်နှာ-၂၂၀

သည် ခပ်သိမ်းသော သင်္ခါရတို့မှ ဆိတ်သည်အဖြစ်ကြောင့် သုညတ အမည်ရှိသော နိဗ္ဗာန်၊ သင်္ခါရနိမိတ်မှ ကင်းသည်အဖြစ်ကြောင့် အနိမိတ္တ အမည်ရှိသော နိဗ္ဗာန်၊ တဏှာ-ဟူသော တောင့်တခြင်း ကင်းသည်အဖြစ်ကြောင့် အပ္ပဏိဟိတ အမည်ရှိသော နိဗ္ဗာန်တည်းဟူသော အာရုံ၏ အစွမ်းဖြင့်၎င်း၊ ရာဂ အစရှိသည်မှ ဆိတ်ခြင်းကြောင့် သုညတ၊ ရူပနိမိတ် စသော အာရုံမှ ကင်းခြင်းကြောင့် အနိမိတ္တ၊ ကိလေသာ-ဟူသော တောင့်တခြင်းကင်းသောကြောင့် အပ္ပဏိဟိတ-ဟူသော ခံဂုဏ်အစွမ်းဖြင့်၎င်း တူသည်သာလျှင်တည်း။ ဤဝိပဿနာကမ္မဋ္ဌာန်း၌ ဤဆိုခဲ့ပြီးသော နည်းသည် ဝိမောက္ခအပြားတည်း။

၇၂။ အာရမ္မဏဝသေန-ဟူသည်ကား၊ ဝါ-ဟူသောပုဒ်ကို အလုံးစုံသောသင်္ခါရတရားတို့မှ ဆိတ်သည်အဖြစ်ကြောင့်၎င်း၊ သင်္ခါရနိမိတ်မှ ကင်းသည်အဖြစ်ကြောင့်၎င်း၊ တဏှာ-ဟူသော တောင့်တခြင်းမှ ကင်းသည်အဖြစ်ကြောင့်၎င်း၊ သုညတ၊ အနိမိတ္တ၊ အပ္ပဏိဟိတ အမည်ရှိသော နိဗ္ဗာန်ကို အာရုံပြု၍ ဖြစ်သောကြောင့် ထိုသုံးပါးသော အမည်ရှိသော နိဗ္ဗာန်-ဟူသော အာရုံ၏ အစွမ်းဖြင့်-ဟု အနက်ပေး။ သရသဝသေန-ဟူသည်ကား၊ ဝါ-ဟူသောပုဒ်ကို ရာဂ အစရှိသည်မှ ဆိတ်သည်အဖြစ်ကြောင့်၎င်း၊ ရုပ်အာရုံ အစရှိသော အာရုံမှ ကင်းသည်အဖြစ်ကြောင့်၎င်း၊ ကိလေသာ တောင့်တခြင်းကင်းသည်အဖြစ်ကြောင့်၎င်း မိမိ၏


၁။ မဂ်နှင့် ဖိုလ်တို့၏ သုညတ စသော အမည်သုံးပါးကို ရမှုသည် အာရုံအားဖြင့်၎င်း, မိမိ ဂုဏ်သတ္တိ အစွမ်းအားဖြင့်၎င်း ရလေ၏။
ဆိုလိုရင်းကား-မဂ်, ဖိုလ်တို့သည် သုညတနိဗ္ဗာန်ကို အာရုံပြုပါမူ သုညတမဂ်, သုညတဖိုလ် မည်၏။ အနိမိတ္တနိဗ္ဗာန်ကို အာရုံပြုပါမူ အနိမိတ္တမဂ်, အနိမိတ္တဖိုလ် မည်၏၊ အပ္ပဏိဟိတ နိဗ္ဗာန်ကို အာရုံပြုပါမူ အပ္ပဏိဟိတမဂ်, အပ္ပဏိဟိတဖိုလ် မည်၏။ ဤကား “အာရမ္မဏဝသေန” အရတည်း။
၂။ မဂ်ဖိုလ်တို့သည် ရာဂစသည်မှ ဆိတ်သော သတ္တိကြောင့် သုညတမဂ်, သုညတဖိုလ် မည်၏။ ရူပနိမိတ်စသော အာရုံမှ ကင်းခြင်းကြောင့် အနိမိတ္တမဂ်, အနိမိတ္တဖိုလ် မည်၏။ ကိလေသာ-ဟူသော တောင့်တခြင်း ကင်းသော သတ္တိကြောင့် အပ္ပဏိဟိတမဂ်, အပ္ပဏိဟိတဖိုလ် မည်၏။ ဤကား “သရသဝသေန” အရတည်း။

စာမျက်နှာ-၂၂၁

ဂုဏ်၏ အစွမ်းဖြင့်-ဟု အနက်ပေး။ သဗ္ဗတ္ထ-ဟူသည်ကား၊ ဝါ-ဟူသောပုဒ်ကို မဂ္ဂဝီထိ၌၎င်း၊ ဖလသမာပတ်ဝီထိ၌၎င်း-ဟု အနက်ပေး။ သဗ္ဗသမ္ပိ-ဟူသည်ကား၊ ဝါ-ဟူသောပုဒ်ကို မဂ်အား၎င်း, ဖိုလ်အား၎င်း-ဟု အနက်ပေး။

ပုဂ္ဂလဘေဒ

သောတာပန်ပုဂ္ဂိုလ်

၇၃။ ။ဧတ္ထ ပန သောတာပတ္တိမဂ္ဂံ ဘာဝေတွာ ဒိဋ္ဌိ ဝိစိကိစ္ဆာ ပဟာနေန ပဟီနာပါယဂမနော သတ္တက္ခတ္တုပရမော သောတာပန္နော နာမ ဟောတိ။

ဝိမောက္ခဘေဒမှ တပါး ပုဂ္ဂလဘေဒကို ဆိုအံ့၊ ဤဝိပဿနာကမ္မဋ္ဌာန်း၌၊ ဝါ-ထိုလေးယောက်သော ဖလဋ္ဌာန်ပုဂ္ဂိုလ်တို့တွင် သောတာပတ္တိမဂ်ကို ပွါးစေ၍ ဒိဋ္ဌိ ဝိစိကိစ္ဆာတို့ကို ပယ်ခြင်းကြောင့် အပါယ်သို့ သွားခြင်းကို ပယ်ပြီးသည်ဖြစ်၍ လူ့ပြည် နတ်ပြည် အရောအားဖြင့် ၇-ကြိမ် ပဋိသန္ဓေယူခြင်း အတိုင်းအရှည်ရှိသော သောတာပန် မည်၏။

သောတာပန် ပုဂ္ဂိုလ်အဖွင့်

၇၃။ ။ထိုသောတာပန်ပုဂ္ဂိုလ်အား ၇-ကြိမ်တို့၌ ကာမသုဂတိဘုံ၌ ပဋိသန္ဓေယူခြင်း-ဟု ဆိုအပ်သော အတိုင်းအရှည်ရှိသောကြောင့် ထိုသောတာပန်ပုဂ္ဂိုလ်သည် သတ္တက္ခတ္တုပရမ မည်၏။ ရှစ်ကြိမ်မြောက်စသော ဘဝ၌ ကာမဘုံသို့ မလာ၊ ဤသည်လျှင် အဓိပ္ပါယ်တည်း။ အကြင် သတ္တက္ခတ္တုပရမ သောတာပန်ပုဂ္ဂိုလ်ကို


၁။ ဤလေးယောက်သော ဖလဋ္ဌာန် ပုဂ္ဂိုလ်တို့တွင် သောတာပတ္တိမဂ်ကို ရသော သောတာပန် ပုဂ္ဂိုလ်သည် သောတာပတ္တိမဂ်ဉာဏ်ဖြင့် သက္ကာယဒိဋ္ဌိနှင့် ဝိစိကိစ္ဆာ ၂-ပါးကို ပယ်ခြင်းကြောင့် အပါယ်လေးပါး ကျရောက်ခြင်းမှ ကင်းလွတ်၍ ကာမဘုံ၌ ၇-ကြိမ် ပဋိသန္ဓေနေ၍ ၇-ကြိမ်မြောက် ကာမဘုံ၌ မနေသော သတ္တက္ခတ္တုပရမ သောတာပန် ဖြစ်လေ၏-ဟူလို။ ရူပ, အရူပဘုံတို့၌ကား ၇-ကြိမ်ထက် အလွန်လည်း နေကောင်း၏-ဟု ဆရာတို့ဆိုကြကုန်၏-ဟုမှတ်။ပုဂ္ဂလဘေ

စာမျက်နှာ-၂၂၂

ရည်၍ “န တေ ဘဝံ အဋ္ဌမ မာဒိယန္တိ”-ဟူသော ဤစကားကို မိန့်ဆိုအပ်၏။ ရူပ အရူပဘဝသို့ကား ၇-ကြိမ်ထက် အလွန်လည်း ရောက်ကုန်၏-ဟု ဆရာတို့သည် မိန့်ဆိုကုန်၏။

သကဒါဂါမ် ပုဂ္ဂိုလ်

၇၄။ ။သကဒါဂါမိမဂ္ဂံ ဘာဝေတွာ ရာဂ ဒေါသ မောဟာနံ တနုကရတ္တာ သကဒါဂါမီ နာမ ဟောတိ။
ဒေဝ ဣမံ လောကံ အာဂန္တွာ။

သကဒါဂါမိမဂ်ကို ပွါးများ၍ ရာဂ ဒေါသ မောဟကို ခေါင်းပါးအောင် ပြုတတ်သည်အဖြစ်ကြောင့် တကြိမ်သာလျှင် ဤလူ့ပြည်သို့ လာခြင်းကြောင့် “သကဒါဂါမ်” မည်၏။

သကဒါဂါမ် ပုဂ္ဂိုလ်အဖွင့်

ရာဂ, ဒေါသ, မောဟာနံ-ဟူသော ဤပါဌ်၌ ရာဂ ဒေါသ နှင့် တကွ တခုတည်းသော ဒိဋ္ဌိဂတဝိပ္ပယုတ်စိတ် ပဋိဃသမ္ပယုတ်စိတ်၌ တည်သော မောဟကိုရည်၍ မောဟကိုယူခြင်းကို အရှင်အနုရုဒ္ဓါ ဆရာသည် ပြုအပ်၏-ဟူသော အဆုံးအဖြတ်ကို မှတ်အပ်၏။

ရဟန္တာပုဂ္ဂိုလ်

၇၆။ ။အရဟတ္တမဂ္ဂံ ဘာဝေတွာ အနဝသေသကိလေသပ္ပဟာနေန အရဟာ နာမ တိ ခီဏာသဝေါ လောကေ အဂ္ဂဒက္ခိဏေယျော။ အယမေတ္ထ ပုဂ္ဂလဘေဒေါ။


၁။ သကဒါဂါမ် ပုဂ္ဂိုလ်သည် သကဒါဂါမိမဂ်ဖြင့် ရာဂ, ဒေါသ, မောဟတို့ကို ခေါင်းပါးအောင် ပြုတတ်သည်အဖြစ်ကြောင့် ဤလူ့ပြည်သို့ တကြိမ်သာ လာသောကြောင့် သကဒါဂါမ် ပုဂ္ဂိုလ် မည်၏။
၂။ မောဟ-၏ အရ လောဘ, ဒေါသနှင့် တကွဖြစ်သော ဒိဋ္ဌိဂတဝိပ္ပယုတ်, ပဋိဃသမ္ပယုတ် မောဟကိုသာ ယူရ၏-ဟုမှတ်။

စာမျက်နှာ-၂၂၃

အရဟတ္တမဂ်ကို ပွါးများ၍ အကြွင်းမဲ့ ကိလေသာကို ပယ်ခြင်းကြောင့် ကုန်ပြီးသော အာသဝေါရှိသော လူ့ဘုံ၌ မြတ်သော အလှူကို ခံထိုက်သော ရဟန္တာပုဂ္ဂိုလ် ဖြစ်၏။
ဤဝိပဿနာကမ္မဋ္ဌာန်း၌ ဤဆိုအပ်ပြီးသော နည်းသည် ပုဂ္ဂိုလ်အပြားတည်း။

ရဟန္တာပုဂ္ဂိုလ် အဖွင့်

၇၆။ ထိုပုဂ္ဂိုလ်အား ၄-ပါးကုန်သော အာသဝေါတရားတို့သည် ကင်းကုန်သောကြောင့် ခီဏာသဝ မည်၏၊ ထိုပုဂ္ဂိုလ်သည် အလှူကို ခံခြင်းငှါ ထိုက်သော ပုဂ္ဂိုလ်တို့ထက် မြတ်သော ပုဂ္ဂိုလ် ဖြစ်သောကြောင့် အဂ္ဂဒက္ခိဏေယျ မည်၏။
ပုဂ္ဂလဘေဒအဖွင့် ပြီး၏။

သမာပတ္တိဘေဒ

ဖလသမာပတ်

၇၇။ ။ဖလသမာပတ္တိယော ပနေတ္ထ သဗ္ဗေသမ္ပိ ယထာသကဖလဝသေန သာဓာရဏာဝ။

ပုဂ္ဂလဘေဒမှ တပါး သမာပတ္တိဘေဒကို ဆိုအံ့၏။ ဝိပဿနာကမ္မဋ္ဌာန်း၌ ဖလသမာပတ်တို့သည်၊ ဝါ-ဖိုလ်ဝင်စားခြင်းတို့သည် ခပ်သိမ်းသော ဖလဋ္ဌာန်ပုဂ္ဂိုလ်တို့အားလည်း အကြင်အကြင် ရအပ်သော မဂ်တည်းဟူသော မိမိဥစ္စာ ဖြစ်သော ဖိုလ်၏အစွမ်းဖြင့် ဆက်ဆံကုန်သည်သာတည်း။

ဖလသမာပတ် အဖွင့်

၇၇။ ။သဗ္ဗေသမ္ပိ-ဟူသည်ကား၊ ဝါ-ဟူသောပုဒ်ကို ၄-ယောက်ကုန်သော အရိယာပုဂ္ဂိုလ်တို့အားလည်း-ဟု အနက်ပေး။


၁။ ရဟန္တာပုဂ္ဂိုလ်-သည် အရဟတ္တမဂ်ဉာဏ်ဖြင့် အလုံးစုံသော ကိလေသာတို့ကို အကြွင်းမဲ့ ပယ်ဖျက်သောကြောင့် လောကသုံးခွင် ဘုံအပြင်၌ မြတ်သော အလှူကို ခံထိုက်သော အဂ္ဂဒက္ခိဏေယျ ပုဂ္ဂိုလ် ဖြစ်၏။

စာမျက်နှာ-၂၂၄

နိရောဓသမာပတ်

၇၈။ ။နိရောဓသမာပတ္တိ သမာပဇ္ဇနံ ပန အနာဂါမိနဉ္စေဝ အရဟန္တဉ္စ လဘတိ။

နိရောဓသမာပတ်ကို ဝင်စားခြင်းကို၊ ဝါ-စိတ် စေတသိက် စိတ္တဇရုပ်တို့၏ ချုပ်ခြင်းသို့ ရောက်ခြင်း ဝင်စားခြင်းကို ကာမ ရူပ ဘုံ၌ တည်သော သမာပတ် ၈-ပါးနှင့် ပြည့်စုံသော အနာဂါမ် ပုဂ္ဂိုလ်တို့သည်၎င်း, ရဟန္တာပုဂ္ဂိုလ်တို့သည်၎င်း ရအပ်၏။

နိရောဓသမာပတ် အဖွင့်

၇၈။ ။စိတ် စေတသိက်တို့၏ မဖြစ်ခြင်း-ဟု ဆိုအပ်သော ချုပ်ခြင်းသို့ ရောက်ခြင်းသည် နိရောဓသမာပတ် မည်၏၊ ပစ္စုပ္ပန် ဖြစ်သော အတ္တဘော၌ စိတ်ချုပ်ခြင်းသို့ ရောက်၍ နေခြင်းသည် နိရောဓသမာပတ် မည်၏။
အနာဂါမီနံ-ဟူသည်ကား၊ ကာမဘုံ ရူပဘုံ၌ တည်ကုန်သော သမာပတ် ၈-ပါးကို ရကုန်သော အနာဂါမ်ပုဂ္ဂိုလ်တို့သည်၎င်း, ထို့အတူ ရဟန္တာပုဂ္ဂိုလ်တို့သည်၎င်း နိရောဓသမာပတ်ကို ရအပ်၏။

နိရောဓသမာပတ် ဝင်စားပုံ

၇၉။ ။တတ္ထ ယထာက္ကမံ ပဌမဈာနာဒိ မဟဂ္ဂတသမာပတ္တိံ သမာပဇ္ဇိတွာ ဝုဋ္ဌာယ တတ္ထ ဂတေ သင်္ခါရဓမ္မေ


၁။ မျက်မှောက်သော ကိုယ်၏အဖြစ်၌ စိတ် စေတသိက်တို့၏ ချုပ်ခြင်းသို့ ရောက်၍ ကိလေသာဟူသော ပူပန်ခြင်းမှ ငြိမ်းလျက် ချမ်းသာစွာ နေခြင်းသည် နိရောဓသမာပတ် မည်၏။
၎င်းနိရောဓ သမာပတ်ကို အရိယာဖြစ်တိုင်း မဝင်စားနိုင်၊ သမာပတ် ရှစ်ပါးကို ရသော ကာမ ရူပဘုံသား ဈာနလာဘီ အနာဂါမ်နှင့် ရဟန္တာများသာလျှင် ဝင်စားနိုင်၏၊ ကြွင်းသော ပုဂ္ဂိုလ်များ မဝင်စားနိုင်။
၂။ အနာဂါမိမဂ်ကို ရသော အနာဂါမ်ပုဂ္ဂိုလ်သည် အနာဂါမိမဂ်ဖြင့် ကာမရာဂကို အကြွင်းမဲ့ ပယ်ဖျက်ကြောင့် ဤလူ့ဘုံသို့ မလာရကား အနာဂါမ်ပုဂ္ဂိုလ် မည်၏။

စာမျက်နှာ-၂၂၅

တတ္ထ တတ္ထေဝ ဝိပဿန္တော ယာဝ အာကိဉ္စညာယတနံ ဂန္တွာ တတော ပရံ အဓိဋ္ဌေယျာဒိကံ ပုဗ္ဗကိစ္စံ ကတွာ နေဝသညာနာသညာယတနံ သမာပဇ္ဇတိ။

ထိုနိရောဓသမာပတ်၌ အစဉ်အတိုင်း ပဌမဈာန် အစရှိသော မဟဂ္ဂုတ်သမာပတ်ကို ဝင်စား၍ ပဌမဈာန် အစရှိသော မဟဂ္ဂုတ်သမာပတ်မှ ထ၍ ထိုပဌမဈာန် အစရှိသော မဟဂ္ဂုတ်သမာပတ်၌ ဖြစ်ကုန်သော သင်္ခါရတရားတို့ကို ထိုထိုသော ပဌမဈာန် အစရှိသော မဟဂ္ဂုတ်သမာပတ်၌သာလျှင် ဝိပဿနာ ရှုသော အနာဂါမ်, ရဟန္တာပုဂ္ဂိုလ်သည် အာကိဉ္စညာယတန ကုသိုလ် ကြိယာဈာန်တိုင်အောင် ဝင်စား၍၊ ထိုအာကိဉ္စညာယတန ကုသိုလ် ကြိယာဈာန်ကို ဝင်စားသည်မှ နောက်၌ အဓိဋ္ဌာန်ခြင်း အစရှိသော၊ ဝါ-ကိုယ်နှင့် မစပ် အသီးအသီး ထားအပ်သော သင်္ကန်း စသော ပရိက္ခရာ, ကျောင်း အစရှိသည်တို့ကို မီးစသည်ဖြင့် မဖျက်ဆီးနိုင်အောင် အဓိဋ္ဌာန်ခြင်း၊ သံဃာကို တောင့်တအံ့သည်ကို ဆင်ခြင်ခြင်း၊ ဘုရားခေါ်တော်မူအံ့သည်ကို ဆင်ခြင်ခြင်း၊ (၇) ရက်အတွင်း၌ ကမ္မဇရုပ်ကို ဖြစ်စေတတ်သော အသက်၏ တည်ခြင်းကို ကြည့်ခြင်း-ဟု ဆိုအပ်သော ၄-ပါးသော ပုဗ္ဗကိစ္စကို ပြု၍ နေဝသညာနာသညာယတန ကုသိုလ်, ကြိယာဈာန်ကို ဝင်စား၏။

နိရောဓသမာပတ် ဝင်စားပုံ အဖွင့်

၇၉။ ။တတ္ထ-ဟူသည်ကား၊ ဝါ-ဟူသောပုဒ်ကို ထိုနိရောဓသမာပတ်၌-ဟု အနက်ပေး။ ယာဝ အာကိဉ္စညာယတနံ ဂန္တွာ-ဟူသည်ကား၊ ဝါ-ဟူသောပုဒ်ကို ဤသို့ဆိုအပ်ပြီးသော အပြားဖြင့် သမထဝိပဿနာတို့၏ အစုံအပ်သည်အဖြစ်သို့ ရောက်စေခြင်း၏ အစွမ်းဖြင့် အာကိဉ္စညာယတနတိုင်အောင်သော သမာပတ်သည် ရှိ၏၊ ထိုအာကိဉ္စညာယတန တိုင်အောင်သော သမာပတ်ကို ဝင်စား၍၊ အဓိဋ္ဌေယျာဒိကံ-ဟူသည်ကား၊ ကိုယ်နှင့်စပ်သော

စာမျက်နှာ-၂၂၆

ဝတ္ထုကို ထား၍ အသီးအသီး ထားအပ်သော သင်္ကန်း အစရှိသော ပရိက္ခရာ ကျောင်း အစရှိသည်တို့၏ မီးအစရှိသော ရန်သူကြောင့် မပျက်စီးခြင်းငှါ အဓိဋ္ဌာန်ခြင်း၊ သံဃာသည် မျှော်လင့်ခြင်း၊ ဘုရားသည် ခေါ်ဝေါ်ခြင်းတို့၏ ရှေးဦးစွာ ထရခြင်း၊ ၇-ရက်အတွင်း၌ အာယုသင်္ခါရ၏ ဖြစ်ခြင်းကို ရှုဆင်ခြင်ခြင်း၊ ဤသို့လေးပါးအပြား ရှိသော ပုဗ္ဗကိစ္စကိုပြု၍-ဟူလို။
သမာပတ်အဖွင့် ပြီး၏။



နိရောဓသမာပတ်ဝင်စားပုံ
၁−လေးလံလှစွာသော ခန္ဓာဝန်ကို ရွက်ဆောင်ရခြင်း၌ လွန်စွာ ငြီးငွေ့လှ၍ မျက်မှောက်သော ကိုယ်၏ အဖြစ်၌ နိဗ္ဗာန်ချမ်းသာကို ခံစားလိုသော အနာဂါမ် ရဟန္တာပုဂ္ဂိုလ်သည် ဆွမ်းစားပြီး၍ လက်ခြေကို ကောင်းစွာ ဆေးကြောခါ ဆိပ်ငြိမ်သော အရပ်၌ ကောင်းစွာ ခင်းအပ်ပြီးသော နေရာဝယ် ထက်ဝယ်ဖွဲ့ခွေ၍၊ ကိုယ်ကို ဖြောင့်စွာထားလျက် ထိုင်နေကာ နိရောဓသမာပတ် ရှေ့ရှု သတိကို ဖြစ်စေ၍ ပဌမဈာန်ကို ဝင်စားရ၏၊ ပဌမဈာန် ထပြီးခါ ပဌမဈာန်၌ ဖြစ်သော စိတ် စေတသိက် သင်္ခါရတရားတို့ကို အနိစ္စ, ဒုက္ခ, အနတ္တ, ဟု မညံ့လွန်း, မထက်လွန်းသော ဝိပဿနာဉာဏ်ဖြင့် ရှုအပ်ကုန်၏၊ ထို့အတူ ဒုတိယဈာန်, တတိယဈာန်, စတုတ္ထဈာန်, ပဉ္စမဈာန်, အာကာသာနဉ္စာယတနဈာန်, ဝိညာဏဉ္စာ ယတနဈာန်တိုင်အောင် ဝင်စား၍ ၎င်းဈာန်မှ ထပြီးခါ သင်္ခါရတရားတို့ကို ရှုအပ်ကုန်၏။
ထို့နောက် အာကိဉ္စညာယတနဈာန်ကို ဝင်စားပြီး၍ ထိုအာကိဉ္စညာယတနဈာန်မှ ထ၍ ဝိပဿနာ မရှုဘဲ-
(၁) ကိုယ်နှင့် မစပ် အသီးသီး ထားအပ်သော သင်္ကန်းစသော ပရိက္ခရာ ကျောင်း အစရှိသည်တို့ကို မီးစသည် မဖျက်ဆီးနိုင်အောင် အဓိဋ္ဌာန်ခြင်း။
(၂) သံဃာတ္ထိ တောင့်တအံ့သည်ကို ဆင်ခြင်ခြင်း။
(၃) ဘုရား ခေါ်တော်မူအံ့သည်ကို ဆင်ခြင်ခြင်း။
(၄) ၇-ရက်အတွင်း၌ ကမ္မဇရုပ်ကို ဖြစ်စေတတ်သော အသက်၏ တည်ခြင်းကို ကြည့်ရှုခြင်း-ဟု ဆိုအပ်သော ၄-ပါးသော ပုဗ္ဗကိစ္စကို ပြုပြီး၍ နေဝသညာနာသညာယတန ဈာန်ကို ဝင်စားရ၏၊ ၎င်းဈာန်စိတ် နှစ်ကြိမ်၏ အဆုံး၌ ကာမဘုံမှာ ၇-ရက်, ရူပဘုံမှာ အလိုရှိသလို စိတ် စေတသိက်, စိတ္တဇရုပ်တို့ ချုပ်ကုန်၏၊ ၎င်းကို နိရောဓသမာပတ်ဝင်စားသည်-ဟု ဆိုအပ်၏။
ပိုင်းခြားသော ကာလကို လွန်လျှင် အနာဂါမ်ပုဂ္ဂိုလ်အား အနာဂါမိဖိုလ်, ရဟန္တာပုဂ္ဂိုလ်အား အရဟတ္တဖိုလ် တကြိမ်ဖြစ်၍ ဘဝင်ကျ၏။ ထို့နောက် ပစ္စဝေက္ခဏဉာဏ် ဖြစ်လေ၏။

စာမျက်နှာ-၂၂၇

နိဂုံး

၈၂။ ။ဘာဝေတဗ္ဗံ ပနိစ္စေဝံ, ဘာဝနာဒွယမုတ္တမံ။
ပဋိပတ္တိရသဿာဒံ၊ ပတ္ထယန္တေန သာသနေတိ။


ဥယျာဉ်ကို ဆိုဦးအံ့။ သာသနာတော်၌ ဈာနသုခ ဖလသုခ စသည်အပြားရှိသော သမထဝိပဿနာ-ဟု ဆိုအပ်သော အကျင့်ဖြင့် ရအပ်သော သာယာအပ် ခံစားအပ်သော အရသာတည်းဟူသော ဈာနသုခ, ဖလသုခ စသည်အပြားရှိသော ချမ်းသာကို တောင့်တသော အမျိုးသားသည် ဤသို့ အကြင်အကြင် ဆိုအပ်ခဲ့ပြီးသောနည်းဖြင့် မြတ်သော သမထဘာဝနာ, ဝိပဿနာ ဘာဝနာတည်းဟူသော ဘာဝနာနှစ်ခုအပေါင်းကို ပွါးစေအပ်၏။

နိဂုံးအဖွင့်

၈၂။ ။ပဋိပတ္တိရသဿာဒံ-ဟူသည်ကား၊ ဝါ-ဟူသောပုဒ်ကို ဈာနသုခ ဖလသုခ အစရှိသည် အပြားရှိသော သမထဝိပဿနာ-ဟု ဆိုအပ်သော အကျင့်ဖြင့်ရအပ်သော ခံစားအပ်သော အရသာကို-ဟု အနက်ပေး။

ဤဆိုအပ်ပြီးသောစကားဖြင့် အဘိဓမ္မတ္ထဝိဘာဝနီမည်သော အဘိဓမ္မတ္ထသင်္ဂြိုဟ်ကျမ်း၏အဖွင့်၌
နဝမကမ္မဋ္ဌာန်းပိုင်းအဖွင့်သည် ပြီးဆုံးခြင်းသို့ရောက်ပြီ။

စာမျက်နှာ-၂၂၈

သင်္ဂြိုဟ်ကျမ်းပြီး နိဂုံး

စာရိတ္တသောဘိတဝိသာလကုလောဒယေန၊
သဒ္ဓါဘိဝုဍ္ဎပရိသုဒ္ဓဂုဏောဒယေန။
နမ္ပဝှယေန ပဏိဓာယ ပရာနုကမ္ပံ၊
ယံ ပတ္ထိတံ ပကရဏံ ပရိနိဋ္ဌိတံ တံ။


အမျိုး၏ အကျင့်ဖြင့် တင့်တယ် ပြန့်ပြောသော အမျိုးအနွယ်၌ ဖြစ်ခြင်းရှိထသော, ကံ အစရှိသည်ကို ယုံကြည်သော သဒ္ဓါတရားဖြင့် အလွန်ပွါးသော စင်ကြယ်သော ဒါန သီလ အစရှိသော ဂုဏ်တို့၏ ဖြစ်ခြင်းရှိသော နမ္မ အမည်ရှိသော ဒါယကာသည် အဘိဓမ္မာ ပိဋကတည်းဟူသော ပရိယတ္တိသာသနာတော်၌ ချမ်းသာသဖြင့် သက်သောဉာဏ်၏ ရင့်ခြင်း လက္ခဏာရှိသော သူတပါးတို့အား ချီးမြှောက်ခြင်းကို တောင့်တ ဖြစ်စေ၍ အကြင် အဘိဓမ္မတ္ထသင်္ဂြိုဟ်ကျမ်းကို ရိုသေစွာ တောင်းပန်အပ်၏၊ ထိုနမ္မအမည်ရှိသော ဒါယကာသည် အထူးသဖြင့် တောင်းပန်အပ်သောကြောင့် ဝါ-အနုရုဒ္ဓါ ဆရာသည် စီရင်အပ်သော အဘိဓမ္မတ္ထသင်္ဂြိုဟ်ကျမ်းသည် ဤမျှ အတိုင်းအရှည်ရှိသော ကိုးပါးသော ပရိစ္ဆေဒတို့ဖြင့် အခြေခပ်သိမ်းအပြီးသို့ ရောက်ပြီ။

သင်္ဂြိုဟ်ကျမ်းပြီး နိဂုံးအဖွင့်

အကြင် ဥပါသကာအား အမျိုးတို့၏ အလေ့အကျင့်ဖြင့် အလွန်ပွင့်လင်းသော ဥစ္စာများသော အမျိုး၌ ဖြစ်ခြင်းရှိခြင်းကြောင့် စာရိတ္တသောဘိတဝိသာလကုလောဒယ မည်၏၊ ထိုဥပါသကာသည်-ဟူလို။
အကြင် ဒါယကာအား ကံ အစရှိသည်လျှင် အာရုံရှိသော သဒ္ဓါတရားဖြင့် အလွန်ပွါးသည်လည်းဖြစ်သော, ဖြူစင်သည်လည်း ဖြစ်သော ဒါန သီလ အစရှိသော ဂုဏ်တို့၏ ဖြစ်ခြင်းရှိသောကြောင့် သဒ္ဓါဘိဝုဍ္ဎပရိသုဒ္ဓဂုဏောဒယ မည်၏၊ ထိုဒါယကာသည်-ဟူလို။

စာမျက်နှာ-၂၂၉

နမ္မ အမည်ရှိသော ဥပါသကာသည် အဘိဓမ္မာပိဋက-ဟု ဆိုအပ်သော ပရိယတ္တိသာသနာ၌ လွယ်ကူစွာ သက်ဝင်ခြင်း စွမ်းနိုင်သော ပညာကို ရင့်စေတတ်သော လက္ခဏာရှိသော တပါးကုန်သော သောတုဇနတို့အား ချီးမြှောက်ခြင်းကို အလိုရှိ၍ အကြင် အဘိဓမ္မတ္ထသင်္ဂဟမည်သော ကျမ်းကို ရိုသေစွာ တောင်းပန်အပ်၏။ ထိုကျမ်းသည် ဤမျှ အတိုင်းအရှည်ရှိကုန်သော ကိုးပါးကုန်သော အပိုင်းအခြားတို့ဖြင့် အလုံးစုံ ပြီးဆုံးခြင်းသို့ ရောက်ပြီ၊ ဤသို့ အနက် ယောဇနာခြင်းကို ပြုအပ်၏။

ပုညေန တေန ဝိပုလေန တု မူလသောမံ။
ဓညာဓိဝါသမုဒိတောဒိတမာယုကန္တံ။
ပညာဝဒါတဂုဏသောဘိတလဇ္ဇိဘိက္ခူ၊
မညန္တု ပုညဝိဘဝေါဒယမင်္ဂလာယ။
ဣတိ အနုရုဒ္ဓါစရိယေန ရစိတံ
အဘိဓမ္မတ္ထသင်္ဂဟံ နာမ ပကရဏံ။


ပြန့်ပြောသည်သာလျှင် ဖြစ်သော ထိုအဘိဓမ္မတ္ထသင်္ဂြိုဟ်ကျမ်းကို စီရင်ရသော ကောင်းမှုကြောင့် ဖြူစင်သော အရိယာ မဂ်ပညာဖြင့် စင်ကြယ်သော သီလ အစရှိသော ဂုဏ်ဖြင့် တင့်တယ်ကုန်သည်ဖြစ်၍ မကောင်းမှုမှ ရှက်တတ်သော အလေ့ရှိကုန်သော ရဟန်းတို့သည်၊ ဘုန်းရှိသော ရဟန်းတို့၏ နေရာဖြစ်သော အလွန်ကျော်စော ထင်ရှားထသော တုမူလသောမ အမည်ရှိသော ကျောင်းကို-ဝါ-တုမူလသောမ အမည်ရှိသော ဒါယကာသည် ဆောက်အပ်သည်အဖြစ်ကြောင့် တုမူလသောမ အမည်ရှိသော ကျောင်းကို-ကောင်းမှုတည်းဟူသော စည်းစိမ်၏ ဖြစ်ခြင်း မင်္ဂလာ အကျိုးငှါ အသက်ထက်ဆုံး အောက်မေ့စေကုန်သတည်း။ သီဟိုဠ်ကျွန်း၏ တမ်းခွန်သဘွယ် ဖြစ်၍ ဝေဇယန္တာပြဿာဒ်ဖျားဝယ် စိုက်ထားအပ်သော ပတ္တမြားမှန်ကင်းကဲ့သို့ တဝင်းဝင်း

စာမျက်နှာ-၂၃၀

ပညာရောင်ဖြင့် တောက်ပသော အရှင်အနုရုဒ္ဓါ ဆရာသည် စီရင်အပ်သော အဘိဓမ္မတ္ထသင်္ဂဟ အမည်ရှိသော ကျမ်းသည် ပြီးပြီ။

(က) အကြင်ဥပါသကာအား အမျိုးတို့၏ အလေ့အကျက်ဖြင့် အလွန်ပွင့်လင်းသော ကြွယ်ဝချမ်းသာသော အမျိုး၌ဖြစ်ခြင်းရှိ၏။ ထို့ကြောင့် ထိုဥပါသကာသည် “စာရိတ္တ။ပ။ဒဿန”မည်၏၊ ထိုဥပါသကာသည် (ဝိဘတ်အံခံသည်)။ အကြင်ဥပါသကာအား ကံအစရှိသည်လျှင် အာရုံရှိသော သဒ္ဓါတရားဖြင့် အလွန်ပွါးသည်လည်း ဖြစ်သော ဖြူစင်သည်လည်း ဖြစ်သော ဒါန-သီလ အစရှိသော ဂုဏ်တို့၏ ဖြစ်ခြင်းရှိ၏၊ ထို့ကြောင့် ထိုဥပါသကာသည် “သဒ္ဓါဘိ။ပ။ဒဿန” မည်၏၊ တေန-ထိုဥပါသကာသည် (ဝိဘတ်အံခံသည်)။

နမ္မ အမည်ရှိသော ဥပါသကာသည် အဘိဓမ္မာပိဋကတ်ဟု ဆိုအပ်သော ပရိယတ္တိသာသနာ၌ လွယ်ကူစွာ ဉာဏ်သက်နိုင်ခြင်း စွမ်းနိုင်သောပညာကို ရင့်စေတတ်သော လက္ခဏာရှိသော တပါးကုန်သော သောတုဇနတို့အား ချီးမြှောက်ခြင်းကို အလိုရှိ၍ အကြင် အဘိဓမ္မတ္ထသင်္ဂဟမည်သော ကျမ်းကို ရိုသေစွာ တောင်းပန်အပ်၏။ ထိုကျမ်းသည် ဤမျှအတိုင်းအရှည်ရှိကုန်သော ကိုးပိုင်းတို့ဖြင့် ပြီးဆုံးခြင်းသို့ရောက်ပြီ၊ ဤသို့ အနက်ယောဇနာခြင်းကို ပြုအပ်၏။

(ခ) ကျမ်းသည် ဖြစ်စေအပ်သော ပြန့်ပြောစွာသော ထိုကောင်းမှုကြောင့် အရိယာမဂ်နှင့် ယှဉ်သော ပညာကြောင့် စင်ကြယ်စွာသော သီလ အစရှိသော ဂုဏ်ဖြင့် တင့်တယ်၏၊ ထိုသို့ တင့်တယ်သောကြောင့် သာလျှင် လဇ္ဇီဖြစ်ကုန်သော ရဟန်းတို့သည် ဘုန်းရှိသော ရဟန်းတို့၏ နေရာဖြစ်၍ ဖြစ်သော အလွန်ထင်ရှားသော တုမူလသောမ အမည်ရှိသော ကျောင်းကို ကောင်းမှု၏ ပြည့်စုံခြင်း၏ ပွါးရာ-ဟု ဆိုအပ်သော မင်္ဂလာ အလျဉ် အသက်ထက်ဆုံး အောက်မေ့စေကုန်သတည်း။ ထို တုမူလသောမ အမည်ရှိသော ကျောင်း၌ နေကုန်သော ရဟန်းတို့သည် ယခု တုမူလသောမ အမည်ရှိသော ကျောင်း၌ သီတင်းသုံးကုန်သော အရှင်တို့ကဲ့သို့

စာမျက်နှာ-၂၃၁

အသက်ထက်ဆုံး လသဘော ရှိကြပါစေကုန်သတည်း၊ ဤကား အရှင်အနုရုဒ္ဓါဆရာ၏ အလိုတော်တည်း။ အဘိဓမ္မတ္ထဝိဘာဝနီ အမည်ရှိသော ဤအဘိဓမ္မတ္ထသင်္ဂဟကျမ်း၏ အဖွင့်ဋီကာသည် ပြီး၏။

ဋီကာကျော်နိဂုံး

၁-၂။ ပြည့်စုံစွာ သီလကိုစောင့်ခြင်း, စက္ခုစသော ဣန္ဒြေကို စောင့်ခြင်း-ဟု ဆိုအပ်ကုန်သော အကြောင်းတို့ကြောင့် ပညာရှိတို့သည် နှစ်သက်အပ်ကုန်သော သီလ သမာဓိ အစရှိကုန်သော ဂုဏ်တို့၏တည်ရာ ဖြစ်ကုန်ထသော ဈာနသမာပတ်, ဖလသမာပတ်တို့၌ လေ့လာကုန်သော သီတင်းသုံးဘော်တို့သည် ကောင်းစွာ မြတ်နိုးအပ်ထသော ဘုရားသခင်၏ ပိဋက အစရှိကုန်သော များစွာကုန်သော ကျမ်းတို့၌ ပညာရှိတို့သည် ပူဇော်အပ်သော ဆရာ၏ အဖြစ်သို့ ရောက်သော အကြင် အရှင်သာရိပုတ္တရာ မထေရ်သည် နှလုံးမွေ့လျော် ပျော်ဘွယ်ရာ ဖြစ်သော မြို့တို့ထက် အလွန်မြတ်သော မြို့လည်းဖြစ်ထသော ပုလတ္ထိ အမည်ရှိသော မြို့၌ ကြီးသော ဘုန်းလက်ရုံး ရှိထသော ပရက္ကမဗာဟု အမည်ရှိသော မင်းသည် ဆောက်လုပ်အပ်သော နှလုံးမွေ့လျော်ဘွယ် ရှိကုန်သော ပြာသာဒ် မြတ်သော စည်ပင်သော ဥယျာဉ်တို့ဖြင့် အလွန်မွေ့လျော်ဘွယ် ရှိထသော ဇေတဝန်အမည်ရှိသော ကျောင်း၌ နေလေ၏။

၃။ ဝိနည်း အဋ္ဌကထာ အစရှိသည်တို့၏ အဖွင့်ဖြစ်ကုန်သော သာရတ္ထဒီပနီ အစရှိကုန်သော ဋီကာတို့သည် အကြင် အရှင်သာရိပုတ္တရာ မထေရ်မြတ်၏ ဉာဏ်၏ အစွမ်းကို ဤဘုရားရှင် သာသနာတော်မြတ်၌ ထင်လည်း ထင်ရှားစေကုန်၏၊ ထိုဋီကာတို့၏ ကောင်းမြတ်သော အနက်တို့ကို ပြသောကြောင့် ထိုဋီကာတို့သည် သူတော်ကောင်းကို အဖန်ဖန် နှစ်သက်လည်း နှစ်သက်စေကုန်၏။

စာမျက်နှာ-၂၃၂

၄။ ကိလေသာတို့သည် မလှုပ်ချောက်ခြားနိုင်သည်ဖြစ်၍ မြဲမြံစွာ ဖြစ်ခြင်းသို့ ရောက်ကုန်သော မြတ်သော သီလ သမာဓိ အစရှိကုန်သော ဂုဏ်တို့၏ တည်ရာဖြစ်သော ထိုအရှင်သာရိပုတ္တရာ မထေရ်မြတ်၏ ကရုဏာကို အမှီပြု၍ ထိုငါသည် များစွာသော ကျမ်းလျှင်အာရုံရှိသော လိမ္မာသည်အဖြစ်ကို ရပြီး ထိုငါ၏သာလျှင် ဤဉာဏ်၏ ပြည့်စုံခြင်းသည် လောကီ လောကုတ္တရာ ဖြစ်သော စည်းစိမ်၏ မြတ်သော အကြောင်းဖြစ်၏။

၅။ ထိုငါသည် သန့်ရှင်းစင်ကြယ်သော လုံ့လဝီရိယ ရှိသော ထိုအဘိဓမ္မတ္ထသင်္ဂဟ အမည်ရှိသော ကျမ်း၏အဖွင့် ဋီကာကိုပြုသော ကောင်းမှု၏ အစွမ်းကြောင့် မချွတ်စင်စစ် အရိမေတ္တေယျ ဘုရား၏ ကိုးပါးသော လောကုတ္တရာတရား-ဟု ဆိုအပ်သော အမွေဥစ္စာ ရှိသူ ဖြစ်ရပါလို၏။

၆။ ထိုအရိမေတ္တေယျ ဘုရားပွင့်တော်မူသော အခါ၌ ထိုအရိမေတ္တေယျ ဘုရား၏ သာသနာတော်ကို ထွန်းတောက်ပစေတတ်သော ကိလေသာတို့မှ စင်သော စိတ်ရှိသော သာရိပုတ္တရာ အမည်ရှိသော ငါ၏ ဆရာကို ဖူးမြင်လည်း ဖူးမြင်ရပါလို၏၊ အရိုအသေ လုပ်ကျွေးလည်း လုပ်ကျွေးရပါလို၏။

၇။ ဤဋီကာသည် ၂၄-ရက် အတိုင်းအရှည်ရှိကုန်သော ရက်တို့ဖြင့် ပြီးဆုံးခြင်းသို့ ရောက်သကဲ့သို့ ထို့အတူ သတ္တဝါတို့၏ ကောင်းသော အကြံတို့သည် လျင်စွာ ပြည့်စုံစေကုန်သတည်း။

အရှင်သာရိပုတ္တရာ အမည်ရှိသော မထေရ်၏ တပည့်ဖြစ်သော သုမင်္ဂလာမ အမည်ရှိသော မထေရ်သည် စီရင်အပ်သော အဘိဓမ္မတ္ထဝိဘာဝနီ အမည်ရှိသော အဘိဓမ္မတ္ထသင်္ဂဟဋီကာသည် ပြီးဆုံးခြင်းသို့ရောက်ပြီ။

ဤဋီကာကျော်ကျမ်းကို မြန်မာဘာသာ ပြန်ဆိုရာ ၁၃၁၅-ခု တပေါင်းလပြည့်ကျော် ၁၅-ရက်နေ့တွင် ပြီးဆုံးခြင်းသို့ ရောက်သတည်း။