ဋီကာကျော်မြန်မာပြန်-ပဌမတွဲ
စာမျက်နှာ-၁
ကျမ်းစာအမှတ်စဉ်—၁၂
ဋီကာကျော်မြန်မာပြန်
ပဌမတွဲ
သစ္စဝါဒီဋီကာ၊ အဘိဓမ္မတ္ထသင်္ဂဟ၊ ဝိနယဂုတ္ထနှင့် ကာယနဂုတ္ထကျမ်းပြု
ပရိယတ္တိသာသနဟိတဓမ္မာစရိယ ဘွဲ့တံဆိပ်ရ
မေဓာဝီ ဆရာဆိုင် ပြန်ဆို၍
အဂ္ဂမဟာပဏ္ဍိတ မစိုးရိမ်ဆရာတော်ဘုရားကြီး
တည်းဖြတ်တော်မူသည်။
ပြည်ထောင်စု မြန်မာနိုင်ငံတော် ဗုဒ္ဓသာသနာအဖွဲ့
သာသနာနှစ်-၂၄၉၈
ကောဇာနှစ်-၁၃၁၆
အကျိုးအကြောင်းကို ဖေါ်ပြသော နိဒါန စာတမ်း
(၁) ဘာဝေတဗ္ဗံ ပနိဒ္ဒေဝီ၊ ဘာဝနာဒွယမုတ္တမံ။ ပဋိပတ္တိရသဿာဒံ၊ ပတ္ထယန္တေန သာသနေ။ ။ ဟူသော “အဘိဓမ္မတ္ထသင်္ဂဟ” ကျမ်းပြု သီဟဠဝါသီ မဟာထေရ် အရှင်အနုရုဒ္ဓါ၏ ကျမ်းပြီး နိဂမ အာသီသ ဥယျာဉ်နှင့်အညီ မြတ်စွာဘုရား၏ သာသနာတော်၌ ပျော်စရာကောင်းလှသော—
[က] ဈာန်ဝင်စား၍ ချမ်းချမ်းသာသာ စံစားမှု-ဈာနသုခ,
[ခ] ဖိုလ်ဝင်စား၍ ချမ်းချမ်းသာသာ စံစားမှု-ဖလသုခ,
ယခုဘဝ ပစ္စုပ္ပန် ခန္ဓာကိုယ်မှာ ဧကန်ရကြ၍ ထိုဈာန်ချမ်းသာ၊ ဖိုလ်ချမ်းသာတို့ကို ကောင်းစွာပိုင်ပိုင် ကိုယ်တိုင်ကိုယ်ကျ အသီးအသီး (အသက အသက) ခံစားစံစား ရရှိကြစေခြင်းငှါ ကောင်းစွာဟောကြားတော်မူခဲ့သော မြတ်စွာဘုရား၏ အဘိဓမ္မာ ဒေသနာတို့ကို လေ့လာသင်ကြား (အထိုက်အလျောက်) တတ်မြောက် နားလည်ကြရပေလိမ့်မည်။
[အဘိဓမ္မာ ခုနစ်ကျမ်းလုံးကိုပင် မဟုတ်သော်လည်း အောက်ထစ်ဆုံးအဖြစ်ဖြင့် “သင်္ဂြိုဟ်” ဟူ၍ ခေါ်ကြသော “အဘိဓမ္မတ္ထသင်္ဂဟကျမ်း” တစ်ကျမ်းကိုပင် ကြိုးပမ်းလေ့လာကြရပေလိမ့်မည်။]
(၂) တတ်မြောက် နားလည်ရမည်ဆိုသောကြောင့် တတ်မြောက် နားလည်ချင်လှ၍ အဘိဓမ္မာဆိုင်ရာ ကျမ်းစာအုပ်များကို ကြည့်ရှုလိုက်သည့်အခါ
စာမျက်နှာ-၂
[က] ပါဠိတော်က ပါဠိဘာသာ, [ခ] အဋ္ဌကထာက ပါဠိဘာသာ, [ဂ] အဖွင့် ဋီကာများက ပါဠိဘာသာ ညီညီညာညာ တည်ရှိ၍ နေကြလေသောကြောင့် ပါဠိဘာသာကို မလေ့လာဘူးသူ မလေ့လာနိုင်သူတို့အတွက် အဓိပ္ပါယ်မကွဲ အနက်မ၌ အခက်အခဲ များစွာနှင့် ကြုံကြိုက်ကြရ ပြန်တော့သည်။
(၃) ထိုကြောင့် ပါဠိဘာသာသက်သက်ကို၎င်း, ပါဠိတစ်ချက် မြန်မာတစ်ချက် နိဿယနက် ကျမ်းစာများကို၎င်း, မလေ့လာနိုင်သူ မလိုက်စားနိုင်သူတို့၏ အခက်ကို သက်သာချောင်ချိစေလျက် လေ့လာ-လိုက်စား အခြေခံ သဘောတရားများ ဖြစ်ပွားလွယ်ကူကြစေရန် မြန်မာဘာသာပြန်သက်သက်ဖြင့် အနက်မပျက် အဓိပ္ပါယ်မပျက် အချက်အလက်ကျကျ ရေးသားပြန်ဆို၍ ထားအပ်သော အဘိဓမ္မာဆိုင်ရာ
[က] ပါဠိတော် မြန်မာပြန်
[ခ] အဋ္ဌကထာ မြန်မာပြန်
[ဂ] အဖွင့်ဋီကာ မြန်မာပြန် များသည် မြန်မာဆန်ဆန်ဖြင့် အမှန်ပင် ရှိသင့်ရှိထိုက်လှပါပေ၏။
(၄) ထို-ရှိသင့်ရှိထိုက်သည့်အတိုင်း ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဗုဒ္ဓသာသနာအဖွဲ့က ဦးစီးအားပေး အရေးတယူ အလေးမူလျက် ဖြူစင်သန့်ရှင်းသော သမ္မာဆန္ဒ, ဝီရိယ, မြော်မြင်မှုတို့ကြောင့် ယခုအခါ
အဘိဓမ္မတ္ထသင်္ဂဟ အဋ္ဌကထာ မြန်မာပြန်
ဋီကာကျော် ခေါ် အဖွင့်မြန်မာပြန် ကျမ်းတို့ကို တခမ်းတနား မြန်မာဘာသာအားဖြင့် ရေးသားပြန်ဆိုကာ (ပူးတွဲ) ရိုက်နှိပ်ထုတ်ဝေနိုင်ပေပြီ။
စာမျက်နှာ-၃
(၅) ဤဋီကာကျော် ပါဠိဘာသာကျမ်းကို မြန်မာဘာသာသက်သက် ပြန်ဆိုရေးသားသူမှာ ရန်ကုန်မြို့ ပါဠိဆရာကြီး မေဓာဝီ ဦးဆိုင် ဖြစ်၍ ပြန်ဆိုပုံ ပြန်ဆိုနည်းမှာ [ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီး ကြီးမှူး၍ ဆရာတို့ ပြန်ဆိုသော မြန်မာပြန် ပိဋကတ်များကို] ပါဠိမ မြန်မာနိဿယပင် ဖြစ်ပေသည်။ “၍ပြန်ဆိုနည်းသာလျှင် အဘိဓမ္မာ ပိဋကတ်အတွက် သင့်လျော် လုံလောက်ပေပြီ”ဟု ဤစာရေးသူက ထင်မြင်ယုံကြည်မိပေသည်။ [သုတ္တန်ပိဋကတ် ဝတ္ထုဘာသာပြန်များကိုကား မင်းဘူးမြို့ ဆရာတော် အရှင်သြဘာသသည် ဝေဿန္တရာ ဇာတ်တော်ကြီးကို ကဗျာနည်း အလင်္ကာနည်းတို့ဖြင့် သင့်လျော်သလို ပြန်ဆိုတော်မူဘိသကဲ့သို့ သင့်လျော်သလို ဘာသာပြန်လိုက ပြန်သင့်ပေသည်။ အဘိဓမ္မာ ပိဋကတ်ဆိုင်ရာအတွက်မှာကား ရှေးရှေး နိဿယများမှ ပါဠိကိုသာ ချန်ထားလျက် နိဿယစကားအတိုင်း ပြန်ဆိုထားသော ဤသို့သော မြန်မာပြန်မျိုးသာ သင့်လျော်ပေပြီ-ဟု ဆိုလိုပေသည်။]
(၆) သမ္ပတ္တိ စက်လေးဖြာတို့ဖြင့် ကောင်းစွာကြုံကြိုက်လျက် ရှိကြကုန်သော အမျိုးကောင်းသား အမျိုးကောင်းသမီးတို့သည် (ဝါ) ရဟန်း ရှင်လူ သူတော်စင် သူတော်ကောင်းတို့သည်
အဘိဓမ္မတ္ထသင်္ဂဟ မြန်မာပြန်
ဋီကာကျော် ဝိသုဒ္ဓိမဂ် မြန်မာပြန် ကျမ်းတို့ကို ချမ်းချမ်းသာသာ လွယ်လွယ်ကူကူဖြင့် “သင်သင်အံအံ၊ ကြံကြံ-ကျင့်ကျင့်” ပညာဉာဏ်ပွင့်ကြကုန်သည်ဖြစ်၍ ပရိယတ္တိ သာသနာ, ပဋိပတ္တိ သာသနာ အတူမကွာ-တိုးပွား ဈာနသုခ, ဖလသုခ အကျိုးတရားတို့ကို တိုးပွားရရှိကြသည်အထိ ရိုးရိုးသားသား ဖြောင့်ဖြောင့်မတ်မတ် (၁) ရိုးရိုးကျင့်, မြင့်မြင့်ကြံ အခြေခံ ကလျာဏ ပုထုဇ္ဇန် အတန်းကအစချီလျက် ရုပ်နာမ်ကို ဟုတ်မှန်သည့်အတိုင်း သိရှိနားလည်စေနိုင်သော “အဘိဓမ္မာ-ဘာသာပြန်ကျမ်း” တည်းဟူသော ပရိယတ္တိလည်းရှိ၊ ကမ္မဋ္ဌာန်းအားထုတ်မှု ပဋိပတ္တိလည်း ရှိကြလျက် ကိုယ်၏ ယဉ်ကျေးမှု, စိတ်၏ယဉ်ကျေးမှု ကိုယ်ချမ်းသာ စိတ်ချမ်းသာ စုံလင်စွာပေါ်ထွက် လက်တွေ့ဉာဏ်တွေ ကျင့်ကြံ အားထုတ် ခံစားစံစား အရသာတွေနိုင်ကြပေလိမ့်မည်-ဟု အထူးမျှော်လင့် ဝမ်းမြောက်သင့်ကြပါပေသတည်း။
၁၃၁၆-ခု၊ သီတင်းကျွတ်လဆန်း ၇-ရက်နေ့
[ပဋ္ဌာန်း] ဦးဝိသုဒ္ဓ မန္တလေး ပရိယတ္တိသာသနဟိတ နှင့် အစိုးရစာချ ဓမ္မာစရိယ
(ပါဠိနယူပဒေသကျောင်း မစိုးရိမ်တိုက် မန္တလေးမြို့။)
စာမျက်နှာ-၄
ရတနတ္တယပ္ပဏာမ နှင့် ဋီကာကျမ်းရေးသားရခြင်း၏အကြောင်း
၁။ ။ကျွန်ုပ်သည် အထူးသဖြင့် ကိလေသာတို့မှ စင်ကြယ်သော မဟာကရုဏာ, သဗ္ဗညုတဉာဏ် ရှိတော်မူသော မြတ်စွာဘုရားကို၎င်း, မြတ်စွာဘုရားတို့သည် အာရုံပြု၍ မှီဝဲခြင်း, ပွားများ၍မှီဝဲခြင်းအားဖြင့် အဖန်တလဲလဲ မှီဝဲသုံးသပ် ပူဇော်အပ်သော တရားတော်ကို၎င်း, သူတော်ကောင်းတို့၏ တရားကြောင့် ကောင်းစွာဖြစ်တော်မူသော ကိလေသာမရှိသော သံဃာတော်မြတ်ကို၎င်း ရှိခိုးပါ၏။ ရှိခိုးပြီး၍...
၂။ ။(သီဟ) “သာရိပုတ္တရာ” ဟူသောအမည်ရှိသော မဟာထေရ်ကြီးလည်း ဖြစ်တော်မူသော, သုံးပုံပိဋကတ် ပရိယတ်၌ ရဲရင့်သော ပညာရှိထသော, ဝါ မြဲမြံခိုင်ခံ့သော သမာဓိရှိထသော, အရိုအသေပြုအပ်သည်၏ ဖြစ်ကြောင်းဟု ဆိုအပ်သော သီလစသော ဂုဏ်တော်အပေါင်းတို့၏ တည်ရာဖြစ်ထသော ငါ၏ ဆရာမြတ်ကိုလည်း ဦးဖြင့် ရှိခိုးပါ၏။ ရှိခိုးပြီး၍...
၃။ ။အဘိဓမ္မာကို သင်ကုန်သော ရဟန်းတို့၏ လွန်စွာနှစ်သက်ခြင်း ပီတိကို ပွားစေတတ်သော အဘိဓမ္မတ္ထသင်္ဂဟ မည်သော ကျမ်းကို အကျဉ်းအားဖြင့် ပြဆိုပေအံ့။
၄။ ။ရှေး၌ဖြစ်ကုန်သော ဆရာတို့သည် တပါးမက များစွာကုန်သော အကြင်ဋီကာတို့ကို အကယ်၍ ပြုအပ်ကုန်၏။ ထိုသို့ပြုအပ်ကုန်သော်လည်း ထိုဋီကာဟောင်းတို့ဖြင့် ဤအဘိဓမ္မတ္ထသင်္ဂဟ မည်သော သင်္ဂြိုဟ်ကျမ်း၌ အလုံးစုံကုန်သော ပုဒ်တို့၏ အနက်ကို စာသင်သားတို့သည် သိခြင်းငှါ အကြင်ကြောင့် မတတ်နိုင်ကုန်။
၅။ ။ထို့ကြောင့် ဤအဘိဓမ္မတ္ထသင်္ဂဟကျမ်း၌ ကွယ်ဝှက်သော အနက်ရှိသော ပုဒ်တို့၏ အဓိပ္ပါယ်နှင့်တကွသော အနက်ကို မယုတ်မလျော့စေဘဲ ထင်စွာပြလိုသည်ဖြစ်၍ အကျဉ်းအားဖြင့် ဋီကာသစ်ကို စီရင်ပေအံ့။
စာမျက်နှာ-၅
၁-စိတ်ပိုင်း
ရတနတ္တယပ္ပဏာမ
သမ္မာသမ္ဗုဒ္ဓမတုလံ၊ သသဒ္ဓမ္မဂဏုတ္တမံ။ အဘိဝါဒိယ ဘာသိဿံ၊ အဘိဓမ္မတ္ထသင်္ဂဟံ။
ငါသည် သူတော်ကောင်းတို့၏ တရား, ပရမတ္ထအားဖြင့် ထင်ရှားရှိသော တရား, ချီးမွမ်းအပ်သော တရား, ကျော်စောသော ပုထုဇ္ဇန်ပုဂ္ဂိုလ်တို့ထက် အထူးသဖြင့် ကျော်စောသော, နုတ်အပ်ပြီးသော အဝိဇ္ဇာရှိသော, မြတ်သော အရိယာပုဂ္ဂိုလ်အပေါင်းနှင့်တကွ ဖြစ်တော်မူထသော၊ သီလအစရှိသော ဂုဏ်တော်တို့ကြောင့် တစုံတယောက်သော သူနှင့် တူတော်မမူထသော၊ သင်္ခတ အသင်္ခတအားဖြင့် ပြားသော ခပ်သိမ်းသော တရားတို့ကို မတောက်မပြန် သယမ္ဘူဉာဏ်ဖြင့် မိမိအလိုလိုသာ သိတော်မူပြီးသော မြတ်စွာဘုရားကို အထူးသဖြင့် ရှိခိုးပါ၏။
အထူးသဖြင့် ရှိခိုးပြီး၍၊ အဘိဓမ္မာခုနစ်ကျမ်း၌ ဟောတော်မူအပ်ကုန်သော အနက်တို့ကို အကျဉ်းအားဖြင့် ယူရာ, ယူကြောင်း သင်္ဂြိုဟ်ရာ, သင်္ဂြိုဟ်ကြောင်း ဖြစ်ခြင်းကြောင့် “အဘိဓမ္မတ္ထသင်္ဂဟ” အမည်ရှိသော ကျမ်းကို ဆိုပေအံ့။
ရတနတ္တယပ္ပဏာမအဖွင့်
သမ္မာသမ္ဗုဒ္ဓမတုလံ ဂါထာကို ဆိုရခြင်းအကြောင်းအနုသန္ဓေ
၁။ ။အလွန် ဆန်းကြယ်သော နည်းတို့ဖြင့် ပြည့်စုံသော မိမိ၏ ဥစ္စာဖြစ်သော မဟာဝိဟာရဝါသီ အရှင်မြတ်တို့၏ အသိဉာဏ်အဆုံးအဖြတ်ဖြစ်သော တောအုပ်၊ တပါးသော အဘယဂိရိဝါသီ, ဇေတဝနဝါသီ ဆရာတို့၏ မိစ္ဆာအယူ, မိစ္ဆာဉာဏ်, ထိုမိစ္ဆာဉာဏ်၏ အာရုံဖြစ်သော ဘောက်ပြန်သော အနက်ဟု ဆိုအပ်သော တောအုပ်
စာမျက်နှာ-၆
သို့ ဉာဏ်ဖြင့် သက်ဝင်ခြင်းငှါ စွမ်းနိုင်သော, မောဟအဖြစ်အကြေးမှ အလွန်ကင်းဝေးသော, ပြန့်ပြောသော ပညာ၏ အစွမ်းကို ဖြစ်စေတတ်သော ဤအဘိဓမ္မတ္ထသင်္ဂဟ မည်သော ကျမ်းကို အားထုတ်စီရင်လိုသော ဤအရှင် အနုရုဒ္ဓါဆရာသည် ကျမ်းကို အားမထုတ်မီ ရှေးဦးစွာသော ကာလ၌ (၁) ရတနာသုံးပါးတို့အား ရှိခိုးခြင်း, (၂) ကျမ်း၏ အနက်, (၃) ကျမ်းပြုပုံ အခြင်းအရာ, (၄) ကျမ်း၏ အမည်, (၅) ကျမ်း၏ အကျိုးတို့ကို ပြခြင်းငှါ “သမ္မာသမ္ဗုဒ္ဓံ” အစရှိသော ဂါထာကို မိန့်ဆိုတော်မူ၏။
ရတနတ္တယပ္ပဏာမ ပုဗ္ဗပဉ္စကငါးပါးအရ ချဲ့၍ပြခြင်း
ချပြဦးအံ့။ ။ဤ “သမ္မာသမ္ဗုဒ္ဓမတုလံ” အစရှိသော ဂါထာ “သမ္မာသမ္ဗုဒ္ဓ၊ ပ၊ အဘိဝါဒိယ” ဟူသော ဤပါဌ်ဖြင့်—
(၁) ရတနာသုံးပါးအား ရှိခိုးခြင်း “ရတနတ္တယပ္ပဏာမ” ကို ပြဆိုအပ်၏။ “အဘိဓမ္မတ္ထသင်္ဂဟံ” ဟူသော ပါဠိဖြင့်
(၂) ကျမ်း၏အနက်,
(၃) ကျမ်းပြုပုံ အခြင်းအရာ,
(၄) ကျမ်း၏ အမည်တို့ကို ပြဆိုအပ်ကုန်၏။ အဘယ့်ကြောင့် အဘိဓမ္မတ္ထသင်္ဂဟ တစ်ပုဒ်တည်းဖြင့် ယင်းအနက်သုံးပါးကို ပြဆိုနိုင်ပါသနည်းဟူမူ—
ဤသင်္ဂြိုဟ်ကျမ်း၌ အဘိဓမ္မာ၏ အနက်တို့ကို အကျဉ်းပေါင်းစု၍ သိမ်းယူထားသည်၏ အဖြစ်ကို ပြသဖြင့် အဘိဓမ္မာ၏ အနက်တို့ကို ပေါင်းစုရာဖြစ်သော ဤအဘိဓမ္မတ္ထသင်္ဂဟကျမ်းသည် ထိုအဘိဓမ္မာ အနက်တို့ကို ပြီးစေအပ်, ဟောအပ်သည်၏ အဖြစ်ကို ပြခြင်းကြောင့် အဘိဓမ္မတ္ထသင်္ဂဟပုဒ်ဖြင့် ကျမ်း၏အနက်ကို ပြဆိုအပ်၏။ အဘိဓမ္မတ္ထသင်္ဂဟ ကျမ်းတစ်ခုတည်း၌ အဘိဓမ္မာ အနက်တို့ကို တပေါင်းတည်း ပေါင်းစု၍ ဆိုထားပုံ အခြင်းအရာတို့ကို ပြဆို
စာမျက်နှာ-၇
သောကြောင့် ကျမ်းပြုပုံ အခြင်းအရာကိုလည်း ၎င်းအဘိဓမ္မတ္ထသင်္ဂဟ-ပုဒ်ဖြင့်ပင် ပြဆိုအပ်၏။
အဘိဓမ္မတ္ထသင်္ဂဟ ဟူသော အမည်သည်ပင် အဘိဓမ္မာ၏ အနက်တို့ကို အကျဉ်းပေါင်းစု၍ ယူရာကျမ်းဟူသော အနက်သို့ အစဉ်လိုက်၍, ဝါ-အနက်အားလျော်စွာ မှည့်ဆိုအပ်သော အမည်ဖြစ်သောကြောင့် ကျမ်း၏ အမည်ကိုလည်း ၎င်းအဘိဓမ္မတ္ထသင်္ဂဟံ ပါဌဖြင့်ပင် ပြဆိုအပ်၏။
(၅) ကျမ်း၏အကျိုးကိုကား အဘိဓမ္မတ္ထသင်္ဂဟံ ဝယ် သင်္ဂဟပုဒ်ဖြင့်ပင် မုချအကျိုး, အဆက်ဆက်အကျိုး နှစ်ပါးကို ဟောခြင်းစွမ်းနိုင်သော သတ္တိရှိသောကြောင့်, ဝါ-သတ္တိအားဖြင့် ပြတော်မူအပ်၏။ အဘယ့်ကြောင့်ဆိုသော် အဘိဓမ္မာ၏ အနက်တို့ကို တစ်ခုတည်းသော ဤကျမ်း၌ အကျဉ်းပေါင်းရုံး၍ ယူအပ်သည်ရှိသော်၊ ထိုပေါင်း၍ ယူထားသော အဘိဓမ္မတ္ထသင်္ဂဟ သင်္ဂြိုဟ်ကျမ်းကို သင်ခြင်းမှ မေးမြန်းခြင်း အစရှိသည်တို့၏ အစွမ်းဖြင့် ထိုအဘိဓမ္မာ အနက်တို့၏ သရုပ်, သဘာဝ, လက္ခဏာကို ထိုးထွင်း၍ သိသော ဉာဏ်၏၎င်း၊ ထိုသရုပ်, သဘော, လက္ခဏာကို သိသော ဉာဏ်လျှင် အကြောင်းရှိသော ပစ္စုပ္ပန် အကျိုးစီးပွား, တမလွန် အကျိုးစီးပွားနှင့် ပြည့်စုံခြင်း၏၎င်း မပင်ပန်းသဖြင့်, ဝါ-နှောင့်ရှက်ခြင်းမရှိသဖြင့် ပြီးပြည့်စုံခြင်းကြောင့် သင်္ဂဟပုဒ်ဖြင့် အကျိုးကို ပြဆိုအပ်၏။ ထိုထိုကျမ်း၏ အစ၌ အဋ္ဌကထာ, ဋီကာ ဆရာတို့သည် ရတနာသုံးပါးအား ရှိခိုးခြင်း၏ အကျိုးကို ရှေးဦးစွာ များသောအားဖြင့်
ကုန်၏။ အထူးအားဖြင့်ကား အဋ္ဌကထာ, ဋီကာ ဆရာတို့သည် အန္တရာယ်တားမြစ်ခြင်းကို အလိုရှိကုန်၏။ ထို့ကြောင့် အဋ္ဌကထာ ဆရာတို့သည် “တဿာနုဘာဝေန ဟတန္တရာယော” ဟု မိန့်ဆိုအပ်၏။ အနက်ကား-ထိုရှိခိုးသော ကုသိုလ်စေတနာ၏ တန်ခိုး အာနုဘော် အစွမ်းဖြင့် ပယ်ဖျောက်အပ်သော အန္တရာယ်ရှိသည်ဖြစ်၍—ဟူလို။ အဘယ့်ကြောင့် အလိုရှိကြပါသနည်း ဆိုသော်၊
စာမျက်နှာ-၈
သရုပ်အားဖြင့် ရှိခိုးခြင်း ကြိယာကို ပြီးစေတတ်သော ကုသိုလ်စေတနာသည် ရတနတ္တယပ္ပဏာမ မည်၏။
ထိုစကား မှန်၏။ ထိုပဏာမစေတနာသည် ရှိခိုးအပ်သော ရတနာသုံးပါး, ရှိခိုးတတ်သော ကျမ်းပြုဆရာတို့၏ ခေတ္တ အဇ္ဈာသယတို့နှင့် ပြည့်စုံခြင်းတို့ကြောင့် ယခုပစ္စုပ္ပန်အတ္တဘော၌ အကျိုးပေးတတ်၏။
ကုသိုလ်စေတနာ၏ ဒိဋ္ဌဓမ္မ အကျိုးပေးပုံ
ထိုရတနာသုံးပါးအား ရှိခိုးခြင်း စေတနာသည် အကြင်အကြင် ရအပ်သော အကျိုးနှင့် ပြည့်စုံခြင်း၏ အကြောင်းဖြစ်သော ရှေးဘဝ ကံဟောင်းအား အားအစွမ်းကိုပေးသည် အစွမ်းဖြင့် ထိုကံဟောင်းသည် ဖြစ်စေအပ်သော အကျိုးဝိပါက် အစဉ်၏ အန္တရာယ်ကို ပြုတတ်ကုန်သော ဥပပီဠကကံ, ဥပစ္ဆေဒကကံတို့ကို တားမြစ်၍ ထိုဥပပီဠကကံ, ဥပစ္ဆေဒကကံလျှင် အကြောင်းရှိကုန်သော, ဝါ-ထိုဥပပီဠကကံ, ဥပစ္ဆေဒကကံကြောင့် ဖြစ်ကုန်သော အကြင်အကြင် အလိုရှိအပ်သော ကျမ်းပြီးခြင်းအကျိုးကို တားမြစ်တတ်ကုန်သော ရောဂါအစရှိသော အန္တရာယ်တို့၏ မဖြစ်ခြင်းကို ပြီးစေတတ်၏။ ထို့ကြောင့် ကျမ်း၏ အစ၌ ရတနတ္တယပ္ပဏာမကို ပြုခြင်းသည် အကြင်အကြင် အားထုတ်အပ်သော ကျမ်းကို အန္တရာယ်မရှိသဖြင့် ပြီးစေခြင်း အကျိုးလည်းရှိ၏။ စာသင်သားတို့၏လည်း အရှင် အနုရုဒ္ဓါဆရာ၏ ရှိခိုးခြင်းလျှင် ပြဓာန်းခြင်းရှိသော အကျင့်ဖြင့် အန္တရာယ်မရှိ၍ သင်ခြင်း, ဆောင်ခြင်း အစရှိသည်ကို ပြည့်စုံစေခြင်း အကျိုးလည်းရှိ၏။
အဘိဓမ္မစသည်ကို ဆိုရခြင်းအကျိုးများ
ကျမ်း၏အနက် အဘိဇေယျ ကို ဆိုခြင်းသည် သိအပ်သော အနက်ရှိသော ကျမ်းကို ပညာရှိတို့သည် သင်ခြင်းအစရှိသည်တို့၏ အစွမ်းဖြင့် အဖန်တလဲလဲ မှီဝဲအပ်သည်၏ အဖြစ်ကြောင့် ပညာရှိတို့သည် ကျမ်းကို မှီဝဲခြင်း အကျိုးရှိ၏။
စာမျက်နှာ-၉
ကျမ်းပြုပုံ အခြင်းအရာ, ကျမ်း၏ အကျိုးတို့ကို ပြခြင်းတို့သည်ကား စာသင်သားတို့၏ ကောင်းစွာအားထုတ်ခြင်းကို ဖြစ်စေခြင်း အကျိုးရှိ၏။ ကျမ်း၏အမည်ကို ဆိုခြင်းသည်ကား ခေါ်ဝေါ်လွယ်ခြင်း အကျိုးရှိ၏။ ဤဆိုအပ်ပြီးသော အဖွင့်ကား တပုဒ်မက နှစ်ပုဒ်စသော တပေါင်းတည်းဖြစ်သော သမုဒယပုဒ်တို့၏ အနက်တည်း။ ဤဆိုလတ္တံ့သည်ကား အစိတ်ဖြစ်သော ပုဒ်၏အနက်တည်း။ | ငါသည် သူတော်ကောင်းတို့၏ တရား, ပရမတ္ထအားဖြင့် ထင်ရှားရှိသော တရား, ချီးမွမ်းအပ်သော တရား, ကျော်စောသော ပုထုဇ္ဇန်ပုဂ္ဂိုလ်တို့ထက် အထူးသဖြင့် ကျော်စောသော, နုတ်အပ်ပြီးသော အဝိဇ္ဇာရှိသော, အရိယာပုဂ္ဂိုလ်အပေါင်းနှင့်တကွ ဖြစ်တော်မူထသော၊ သီလအစရှိသော ဂုဏ်တော်တို့ကြောင့် တစုံတယောက်သောသူနှင့် တူတော်မမူထသော၊ သင်္ခတ အသင်္ခတအားဖြင့် ပြားသော ခပ်သိမ်းသော တရားတို့ကို မတောက်မပြန် သယမ္ဘူဉာဏ်ဖြင့် မိမိအလိုလိုသာ သိတော်မူပြီးသော မြတ်စွာဘုရားကို ရိုသေမြတ်နိုး ရှိခိုးပြီး၍၊ “အဘိဓမ္မတ္ထသင်္ဂဟ” မည်သော ကျမ်းကို ဆိုပေအံ့။ ဤကား ရှေးပုဒ် နောက်ပုဒ်တို့၏ စပ်ပုံတည်း။
ဤဆိုအပ်ပြီးသည်ကား အစိတ် အစိတ်-တပုဒ် တပုဒ်ဖြစ်သော အဝယဝ ပုဒ်တို့၏ အနက်တည်း။ -သမ္မာသမ္ဗုဒ္ဓမတုလံ-ဂါထာကို အနက်ပေးခြင်းတည်း။
သမ္မာသမ္ဗုဒ္ဓံ-ပုဒ်အဖွင့်
ထို သမ္မာသမ္ဗုဒ္ဓမတုလံ-စသော ဂါထာ၌ ဝိဂြိုဟ်ကို ဤသို့ပြုအပ်၏။ မတောက်မပြန် မိမိအလိုလိုသာလျှင် အလုံးစုံသော တရားတို့ကို သိတော်မူတတ်သောကြောင့် မြတ်စွာဘုရားသည် သမ္မာသမ္ဗုဒ္ဓ မည်၏။
အဓိပ္ပါယ်ကို ချဲ့၍ပြဦးအံ့—ထို မြတ်စွာဘုရားသည် သင်္ခတ အသင်္ခတအားဖြင့် ပြားသော အလုံးစုံသော တရားအပေါင်းကို
စာမျက်နှာ-၁၀
ဟုတ်မှန်သောအတိုင်း ကိစ္စနှင့်တကွဖြစ်သော လက္ခဏာတို့ကို ထိုးထွင်း၍ သိခြင်း၏ အစွမ်းအားဖြင့် မတောက်မပြန် မိမိသည် အဖန်တလဲလဲ ဆည်းပူးအပ်သော ပါရမီတော်ကြောင့် ကောင်းစွာဖြစ်သော သယမ္ဘူဉာဏ်ဖြင့် ကိုယ်တိုင်သိတော်မူပြီ။
အထက်ပါ စကားအရ ဆရာမရှိပုံကို အဘယ်သို့ ဟောတော်မူပါသနည်းဆိုသော် “သယံ အဘိညာယ ကေမုဒ္ဓိသေယျ” ဟု ဟောတော်မူ၏။ မိမိအလိုလို သယမ္ဘူဉာဏ်ဖြင့် သိ၍ အဘယ်သူကို ငါ၏ဆရာဟု ညွှန်ရပါအံ့နည်း-ဟူလို။
မှတ်ချက်။ ။ဤအလို သမ္မာသမ္ဗုဒ္ဓံ-ဟူသော ပုဒ်ကို သမ္မာ သာမဉ္စ သဗ္ဗဓမ္မေ အဗုဇ္ဈီတိ သမ္မာသမ္ဗုဒ္ဓေါ-ဟု ဝိဂြိုဟ်ပြုရမည်-ဟူလို။
ဗုဓ-ဓာတ်အရ တနည်းဖွင့်ပြခြင်း
တနည်းကား—ဗုဓ-ဓာတ်၏ နိုးခြင်း, ပွင့်ခြင်း အနက်ရှိခြင်းကြောင့်—
“စင်စစ် ကိုယ်တိုင်သာလျှင် နိုးတော်မူ၏”
“သူတပါးတို့သည် မနိုးစေအပ်သည်ဖြစ်၍ ကိုယ်တိုင်သာလျှင် ဝါသနာနှင့်တကွဖြစ်သော မောဟတည်းဟူသော အိပ်ပျော်ခြင်းမှ စင်စစ် ကင်းတော်မူပြီ” ဤကား နိုးခြင်း ဇာဂရ-အနက်တည်း။
နေရောင်နှင့် ပေါင်းဖော်ရခြင်းကြောင့် အလွန်ကောင်းသော အရောင်အသရေ၏ တင့်တယ်ခြင်းအစုသို့ ရောက်သဖြင့် ပဒုမာကြာသည် ပွင့်ခြင်းသို့ရောက်သကဲ့သို့ အရဟတ္တမဂ်ဉာဏ်နှင့် ပေါင်းဖော်ခြင်းကြောင့် မနှိုင်းယှဉ်အပ်သော ဂုဏ်အပေါင်းတို့ဖြင့် တန်ဆာဆင်အပ်သော သဗ္ဗညုတဉာဏ်သို့ ရောက်သဖြင့် အသင့်အားဖြင့် ကိုယ်တိုင်သာလျှင် ပွင့်တော်မူပြီ၊ ပွင့်ခြင်းသို့ ရောက်တော်မူပြီ။ ဤကား ပွင့်ခြင်း ဝိကသိတ-အနက်တည်း။
စာမျက်နှာ-၁၁
မှတ်ချက်။ ။ဤအလို “သမ္မာသမ္ဗုဒ္ဓေါ” ပုဒ်ကို သမ္မာ သာမဉ္စ ဗုဒ္ဓေါ ပဋိဗုဒ္ဓေါ ဝိကသိတောတိ သမ္မာသမ္ဗုဒ္ဓေါ-ဟု ဝိဂြိုဟ်ပြုရမည် ဆိုလိုသည်။
အတုလံ-ပုဒ်အဖွင့်
သမ္မာသမ္ဗုဒ္ဓသဒ္ဒ၏ အကြင်အကြင် ဆိုအပ်ပြီးသော ဝစနတ္ထနှင့် ယှဉ်သော်လည်း မြတ်စွာဘုရား၌ အမည်မျှကို ပြသည်အစွမ်းဖြင့် ဖြစ်သည်၏ အဖြစ်ကြောင့်၊ “အတုလံ” ဟူသော ဤပုဒ်ဖြင့် အရှင် အနုရုဒ္ဓါဆရာသည် အထူးပြုတော်မူ၏။
ချိန်ခွင်နှင့်တူသောဉာဏ်ဖြင့် နှိုင်းယှဉ်အပ်သောကြောင့် တုလျ မည်၏။ ထို တုလျ-ပုဒ်ကိုပင်လျှင် လျ-၌ ယအက္ခရာကို ချေသည်၏အစွမ်းဖြင့် တုလ-ဟုဆိုအပ်၏။
တနည်းကား—ချိန်ခွင်နှင့်တူသော ပညာဖြင့် နှိုင်းယှဉ်အပ်သောကြောင့် တုလ မည်၏။ သမ္မိတ အနက်၌ အ-ပစ္စည်း၏ အစွမ်းဖြင့် တုလ ဟုဆိုအပ်၏။ သီလစသော ဂုဏ်တို့ကြောင့် တစုံတယောက်သော ပုဂ္ဂိုလ်နှင့် တူတော်မမူသောကြောင့် မြတ်စွာဘုရားသည် အတုလ-မည်တော်မူ၏။
မှတ်ချက်။ ။ဤအလို အတုလ ပုဒ်ကို “တုလာယ သမ္မိတော တုလျော, တုလာ၊ န တုလာ အတုလာ” ဟု ပြုလို၏။ သီလအစရှိသော ဂုဏ်တို့ကြောင့် တစုံတယောက်သော ပုဂ္ဂိုလ်နှင့် တူတော်မမူ။ ဤကား အတုလ၏ အဓိပ္ပါယ်တည်း။
တနည်းကား—ထိုမြတ်စွာဘုရားအား တူသော ပုဂ္ဂိုလ်သည် မရှိသောကြောင့် အတုလ မည်၏။
မှတ်ချက်။ ။ဤအလို-အတုလံ ပုဒ်ကို “နတ္ထိ တုလာ ဧတဿာတိ အတုလော” ဟု ပြုလို၏။
စာမျက်နှာ-၁၂
အဘယ့်ကြောင့် တူသောသူ မရှိသနည်းဟူမူ၊ နတ်နှင့်တကွသော လောက၌ မြတ်သော ပုဂ္ဂိုလ်ဖြစ်သည်၏ အဖြစ်ကြောင့်တည်း၊ ဤကား ဝိဂြိုဟ်၏ အဓိပ္ပါယ်တည်း။
အမြတ်ဆုံး ပုဂ္ဂိုလ်အဖြစ်ကို မြတ်စွာဘုရား အဘယ်ကဲ့သို့ ဟောတော်မူပါသနည်း၊ “ယာဝတာ ဘိက္ခဝေ သတ္တာ အပဒါ ဝါ ဒွိပဒါ ဝါ စတုပ္ပဒါ ဝါ တထာဂတော တေသံ အဂ္ဂမက္ခာယတိ” အစရှိသော ဒေသနာတော်ကို ဟောတော်မူ၏။ ရဟန်းတို့ အကြင်မျှလောက်ကုန်သော အခြေမရှိသော သတ္တဝါတို့သည်၎င်း၊ အခြေနှစ်ချောင်းရှိကုန်သော သတ္တဝါတို့သည်၎င်း၊ အခြေလေးချောင်းရှိကုန်သော သတ္တဝါတို့သည်၎င်း၊ များသောအခြေရှိကုန်သော သတ္တဝါတို့သည်၎င်း ရှိကုန်၏။ ထိုသတ္တဝါတို့တွင် “ငါဘုရားကို မြတ်၏”ဟု ဟောတော်မူအပ်၏-ဟူလို။
သမ္မာသမ္ဗုဒ္ဓေ ဂါထာဖြင့် ချီးမွမ်းအပ်သော မြတ်စွာဘုရား၏ ဂုဏ်တော်အပေါင်းကို ဖော်ပြချက်
ဤမျှ အတိုင်းအရှည်ရှိသော “သမ္မာသမ္ဗုဒ္ဓ”ပုဒ် “အတုလ”ပုဒ်တို့ဖြင့် ဟေတုသမ္ပဒါ, ဖလသမ္ပဒါ, သတ္တုပကာရသမ္ပဒါတို့၏ အစွမ်းအားဖြင့် သုံးပါးကုန်သော ဂုဏ်အစုတို့ဖြင့် မြတ်စွာဘုရားအား ချီးမွမ်းခြင်းကို ပြုအပ်၏။
(၁) ထိုသုံးပါးသော သမ္ပဒါတို့တွင် မဟာကရုဏာနှင့် အဖန်တလဲလဲ ယှဉ်ခြင်းသည်၎င်း၊ သဗ္ဗညုတဉာဏ်၏ အဆောက်အဦဖြစ်သော သုံးဆယ်သော ပါရမီတို့ကို ဖြည့်တော်မူခြင်းသည်၎င်း ဟေတုသမ္ပဒါ မည်၏။ အကြောင်းနှင့် ပြည့်စုံသည်-ဟူလို။
(၂) ဖလသမ္ပဒါ သည်ကား ဉာဏသမ္ပဒါ, ပဟာနသမ္ပဒါ, အာနုဘာဝသမ္ပဒါ, ရူပကာယသမ္ပဒါတို့၏ အစွမ်းအားဖြင့် လေးပါးအပြားရှိ၏။
စာမျက်နှာ-၁၃
[က] ထိုလေးပါးသော ဖလသမ္ပဒါတို့တွင် သဗ္ဗညုတဉာဏ်၏ နီးစွာသော အကြောင်းဖြစ်သော အရဟတ္တမဂ်ဉာဏ်သည်၎င်း၊ ထိုအရဟတ္တမဂ်ဉာဏ်လျှင် အကြောင်းရင်းရှိကုန်သော ဒသဗလ စသော ဉာဏ်တို့သည်၎င်း ဉာဏသမ္ပဒါ-မည်၏။
[ခ] ဝါသနာနှင့်တကွဖြစ်သော အလုံးစုံသော ကိလေသာတို့ကို စင်စစ်အားဖြင့် တဖန်မဖြစ်ခြင်း သဘောရှိသည်၏ အဖြစ်သို့ ရောက်စေခြင်းသည် ပဟာနသမ္ပဒါ-မည်၏။
[ဂ] အလိုရှိတော်မူသည့်အတိုင်း လိုအပ်သော အကျိုးကို ပြီးစေခြင်း၌ အစိုးရတော်မူသည်၏ အဖြစ်သည် အာနုဘာဝသမ္ပဒါ-မည်၏။
[ဃ] အလုံးစုံသော သတ္တဝါတို့၏ မျက်စိကို ဆောင်၍ မိမိ၌ သွန်းဘိသကဲ့သို့ဖြစ်သော သုံးဆယ့်နှစ်ပါးသော လက္ခဏာတော်ကြီး, ရှစ်ဆယ်သော လက္ခဏာတော်ငယ်တို့ဖြင့် တန်ဆာဆင်အပ်သော အတ္တဘောတော်နှင့် ပြည့်စုံခြင်းသည် ရူပကာယသမ္ပဒါ-မည်၏။
(၃) သတ္တုပကာရသမ္ပဒါ သည်ကား-မြတ်သော အာသယ, မြတ်သော ပယောဂ၏ အစွမ်းအားဖြင့် နှစ်ပါးအပြားရှိ၏။ ထိုနှစ်ပါးတို့တွင် ဒေဝဒတ်အစရှိကုန်သော ဆန့်ကျင်ဘက်ဖြစ်ကုန်သော သတ္တဝါတို့၌လည်း အမြဲ အစီးအပွားကို အလိုရှိသည်၏ အဖြစ်သည်၎င်း၊ မရင့်ကျက်သေးသော ဣန္ဒြေရှိကုန်သော သတ္တဝါတို့၏ ဣန္ဒြေရင့်သောအခါကို ငုံတော်မူခြင်းသည်၎င်း “အာသယ” မည်၏။
ဒေဝဒတ်မှ တပါးဖြစ်ကုန်သော သတ္တဝါတို့၏ လာဘ်အထူး ပူဇော်ခြင်း အစရှိသည်တို့၌ တွယ်တာခြင်းကင်းသော စိတ်ရှိတော်မူသော မြတ်စွာဘုရား၏ အနိစ္စစသော ယာဉ်သုံးပါးတို့၏ အပေါင်းကို အကြောင်းပြုသဖြင့် အလုံးစုံသော ဆင်းရဲမှ ထွက်မြောက်စေတတ်သော တရားတော်ကို ဟောခြင်းသည် “ပယောဂ” မည်၏။ ထိုသုံးပါးသော ဟေတု, ဖလ, သတ္တုပကာရ သမ္ပဒါတို့တွင် ရှေး၌ဖြစ်ကုန်သော နှစ်ပါးသော ဖလသမ္ပဒါတို့ကို “သမ္မာသမ္ဗုဒ္ဓံ”
စာမျက်နှာ-၁၄
ဟူသော ဤပါဠိဖြင့် ပြအပ်ကုန်၏။ ဤမှတပါးကုန်သော နှစ်ပါးသော အာနုဘာဝသမ္ပဒါ, ရူပကာယသမ္ပဒါတို့ကို၎င်း၊ ထိုမှတပါး သတ္တုပကာရသမ္ပဒါကို၎င်း “အတုလံ” ဟူသော ဤပါဠိဖြင့် ပြအပ်ကုန်၏။ ထိုနှစ်ပါးသော ဖလသမ္ပဒါ သတ္တုပကာရသမ္ပဒါတို့၏ အကြောင်းဖြစ်သော ဟေတုသမ္ပဒါကိုကား “သမ္မာသမ္ဗုဒ္ဓ” ပုဒ်, “အတုလံ” ပုဒ် နှစ်ပုဒ်တို့၏ အစွမ်းအားဖြင့် ပြအပ်၏။ (အဘယ့်ကြောင့်ဆိုသော် ထိုသို့သဘောရှိသော မဟာကရုဏာ ပါရမီ စာဂ, စရိယဟုဆိုအပ်သော အကြောင်းနှင့် ကင်းသဖြင့် ထိုနှစ်ပါးကုန်သော ဖလသမ္ပဒါ, သတ္တုပကာရသမ္ပဒါတို့၏ ပြည့်စုံခြင်း မဖြစ်သင့်သောကြောင့်တည်း။ အကြောင်းမရှိသည်ရှိသော် ခပ်သိမ်းကုန်သော သတ္တဝါတို့၌ ထိုဖလသမ္ပဒါ, သတ္တုပကာရသမ္ပဒါတို့၏ ဖြစ်သင့်ခြင်း၌ လျဉ်းပါးဘွယ်ရှိသောကြောင့်တည်း။)
သသဒ္ဓမ္မဂဏုတ္တမံ-ပုဒ်အဖွင့်
ဤ “သမ္မာသမ္ဗုဒ္ဓမတုလံ” ဟူသော နှစ်ပုဒ်တို့ဖြင့် ထိုဘုရားရတနာကို သုံးပါးအပြားရှိသော သမ္ပဒါအစုတို့ဖြင့် ကောင်းစွာယူသော ချီးမွမ်းခြင်းလျှင် ပြဓာန်းခြင်းရှိသော ရှိခိုးခြင်းကို ပြုပြီး၍ ယခုအခါ၌ ကြွင်းသော ရတနာတို့အားလည်း ရှိခိုးခြင်းကို အားထုတ်လိုသော အရှင်အနုရုဒ္ဓါဆရာသည် “သသဒ္ဓမ္မဂဏုတ္တမံ” ဟူသော ပါဠိကို မိန့်တော်မူ၏။
မှတ်ချက်။ ။ဤစကားရပ်ဖြင့် “သသဒ္ဓမ္မဂဏုတ္တမံ” ပါဌ်ကို အနုသန္ဓေနည်းဖြင့် ကျမ်းတက်ပြ၏။
အဘယ့်ကြောင့် တရား သံဃာကိုလည်း ရှိခိုးခြင်း မည်ပါသနည်းဟူမူ—မပြဓာန်းသည်ဖြစ်၍ ဖြစ်ကုန်သော တရား, သံဃာတို့အားလည်း ရှိခိုးအပ်သည်အဖြစ်ကို သဟ-သဒ္ဒနှင့် ယှဉ်ခြင်းကြောင့် သိအပ်၏။ အဘယ်ပုဒ်ကို ညှိနည်းဆိုသော် “သားမယားနှင့်တကွ
စာမျက်နှာ-၁၅
လာ၏” ဤသို့ဆိုသည်ရှိသော် သား, မယား၏လည်း လာခြင်းကို သိအပ်သကဲ့သို့တည်း။
ဓမ္မသဒ္ဒါ၏ဝိဂြိုဟ်
ထို “သသဒ္ဓမ္မဂဏုတ္တမံ” ဟူသော ပုဒ်၌ ဓမ္မသဒ္ဒ၏ ဝိဂြိုဟ်ကို ဤသို့ပြုအပ်၏။ ။မိမိဟုဆိုအပ်သော တရားကို ဆောင်ကုန်, ကျင့်ကုန်သော သတ္တဝါတို့ကို လေးပါးကုန်သော အပါယ်တို့၌၎င်း, ဝါ-ဆင်းရဲတို့၌၎င်း မကျသည်တို့ကိုပြု၍ ဆောင်တတ်သောကြောင့် ဓမ္မ-မည်၏။ မဂ်လေးပါး, ဖိုလ်လေးပါး, နိဗ္ဗာန်၏ အစွမ်းဖြင့် ကိုးပါးအပြားရှိသော တရားကို ရအပ်၏။
တနည်းကား—ပရိယတ္တိနှင့်တကွ ဆယ်ပါးအပြားရှိသော တရားကို ရအပ်၏။ ဆယ်ပါးသော ထိုတရားတော်၏ ဆောင်ခြင်းဟူသည်ကား အပါယ်စသည်၌ ဖြစ်စေတတ်သော ကိလေသာကို ဖျက်ဆီးခြင်းပင်တည်း။ ဝါ-ဖျက်ဆီးခြင်းသည် ဓမ္မ၏ဆောင်ခြင်း မည်၏။
မဂ်ဖိုလ်နိဗ္ဗာန်ပရိယတ်တို့၏ ဓမ္မမည်ပုံ
အရိယာမဂ်သည် ကိလေသာတို့ကို အကြွင်းမဲ့ဖြတ်တတ်သည်၏ အဖြစ်ကြောင့် မုချအားဖြင့် ဓမ္မ-မည်၏။ နိဗ္ဗာန်သည်လည်း ထိုအရိယာမဂ်က နိဗ္ဗာန်ကို အာရုံပြုလျက် ထိုကိလေသာကို အကြွင်းမဲ့ဖြတ်ခြင်း ကိစ္စပြီးခြင်း၏ အကြောင်းဖြစ်သောကြောင့် မုချအားဖြင့် ဓမ္မ-မည်၏။ ဝါ-ဓမ္မအမည်ရအပ်၏။ ကိလေသာတို့ကို တဖန်ထပ်၍ငြိမ်းစေခြင်း၏ အစွမ်းအားဖြင့် မဂ်အားလျော်စွာဖြစ်သောကြောင့် ဖိုလ်သည်လည်း ဓမ္မ-မည်၏။ ထိုအရိယာမဂ်, ဖိုလ်, နိဗ္ဗာန်ကို ရခြင်း၏ အကြောင်းဖြစ်သောကြောင့် ဤပရိယတ်သည်လည်း ဓမ္မ-မည်၏။ ဤနှစ်ပါးကုန်သော အရဟတ္တဖိုလ်, ပရိယတ်တို့ကား ကာရဏူပစာ, ဖလူပစာအားဖြင့်သာ ဓမ္မမည်ကုန်၏ဟု မှတ်အပ်၏။
စာမျက်နှာ-၁၆
မှတ်ချက်။ ။မဂ်နှင့်နိဗ္ဗာန်ကား ကိလေသာကို ဖျက်ဆီးတတ်၍ မုချအားဖြင့် ဓမ္မ မည်၏။ ဖိုလ်ကား အကျိုးတရားဖြစ်၍ ကာရကူပစာအားဖြင့် ဓမ္မ မည်၏။ ပရိယတ္တိကား အကြောင်းတရားဖြစ်၍ ဖလူပစာအားဖြင့် ဓမ္မ မည်၏-ဟူလို။ သူတော်ကောင်း ဖြစ်ကုန်သော အရိယာပုဂ္ဂိုလ်တို့၏ တရားသည် သဒ္ဓမ္မ မည်၏။ တနည်းကား-ပရမတ္ထအားဖြင့် ထင်ရှားရှိသော တရားသည် သဒ္ဓမ္မ မည်၏။ တိတ္ထိတို့သည် ကြံဆအပ်သော “အတ္တ” ကိုယ်ကဲ့သို့ ပရမတ္ထအားဖြင့် ထင်ရှားမရှိသော တရားမျိုး မဟုတ်။ တနည်းကား-သွက္ခာတတာ စသော ဂုဏ်နှင့် ယှဉ်ခြင်းကြောင့် ချီးမွမ်းအပ်သော တရားသည် သဒ္ဓမ္မ မည်၏။ သာသနာတော်မှ အပဖြစ်သော တိတ္ထိတို့သည် ဟောအပ်သော တရားကဲ့သို့ စင်စစ်ကိုရှိအပ်သော တရားမျိုး မဟုတ်ပေ။ မှတ်ချက်။ ။သဒ္ဓမ္မ-ပုဒ်ကို “သတံ ဓမ္မာ သဒ္ဓမ္မာ” ဟု၎င်း, “သံဝိဇ္ဇမာနော ဓမ္မာ သဒ္ဓမ္မာ” ဟု၎င်း, “ပသတ္ထာ ဓမ္မာ သဒ္ဓမ္မာ” ဟု၎င်း ဝိဂြိုဟ်ပြုရမည်-ဟူလို။
ဂဏုတ္တမ ၏ ဝိဂြိုဟ်ဖွင့်
အကြင် အရိယာသံဃာသည် အရိယာပုဂ္ဂိုလ်တို့၏ အပေါင်း၏ အဖြစ်ကြောင့် ဂဏ မည်၏။ ဝါ-အပေါင်းဖြစ်၏။ သုပ္ပဋိပန္နတာစသော ဂုဏ်ထူးနှင့် ယှဉ်ခြင်းကြောင့် ဥတ္တမ လည်းမည်၏။ ဝါ-မြတ်လည်းမြတ်၏။ ထို့ကြောင့် ထိုအရိယာသံဃာသည် ဂဏုတ္တမ မည်၏။
တနည်းကား-နတ်လူအစရှိသော အပေါင်းတို့ထက် တနည်း-နတ်လူအစရှိသော အပေါင်းတို့တွင် ဆိုအပ်ပြီးသော ဂုဏ်၏ အစွမ်းကြောင့် မြတ်၏။ ထို့ကြောင့် ထိုအရိယာသံဃာသည် ဂဏုတ္တမ မည်၏။
စာမျက်နှာ-၁၇
မှတ်ချက်။ ။ပဌမနည်းအလို- ဂဏာ စ သော ဥတ္တမော စာတိ ဂဏုတ္တမော-ဟု ဝိဂြိုဟ်ပြု။ ဒုတိယနည်းအလို- ဂဏာနံ ဥတ္တမော, ဂဏေသု ဝါ ဥတ္တမောတိ ဂဏုတ္တမော-ဟုပြု။ သူတော်ကောင်း ဖြစ်ကုန်သော အရိယာပုဂ္ဂိုလ်တို့၏ တရား, ပရမတ္ထအားဖြင့် ထင်ရှားရှိသော တရား, ချီးမွမ်းအပ်သော တရားနှင့်၎င်း၊ မြတ်သော အရိယာပုဂ္ဂိုလ်တို့၏ အပေါင်းနှင့်၎င်း တကွ ဖြစ်သောကြောင့် မြတ်စွာဘုရားသည် သသဒ္ဓမ္မဂဏုတ္တမ-မည်၏။ မှတ်ချက်။ ။ဤအလို-သဒ္ဓမ္မေန စ ဂဏုတ္တမေန စ သဟ ဝတ္တတီတိ သသဒ္ဓမ္မဂဏုတ္တမော-ဟု ဝိဂြိုဟ်ပြု-ဟူလို။ ထိုသူတော်ကောင်းဖြစ်ကုန်သော အရိယာပုဂ္ဂိုလ်တို့၏ တရား, ပရမတ္ထအားဖြင့် ထင်ရှားရှိသော တရား, ချီးမွမ်းအပ်သော တရား, မြတ်သော အရိယာပုဂ္ဂိုလ်တို့နှင့် တကွဖြစ်သော မြတ်စွာဘုရားကို (ဤစကားဖြင့် ဝိဂြိုဟ်ပြုပြီး၍ ဝါကျအစွမ်းအားဖြင့် ရသင့်သော အနက်ဖြစ်သော ဒဏ္ဏသောဓနနည်းကို ပြ၏)
သသဒ္ဓမ္မဂဏုတ္တမံ-အဖွင့် ပြီး၏။
အဘိဓမ္မ-ဟူသည်ကား-အဘိ-ဟူသောပုဒ်ကို အထူးအားဖြင့် ရှိခိုး၍-ဟုအနက်ပေး။ ကြောက်၍ ရှိခိုးခြင်း, လာဘ်ကို လို၍ ရှိခိုးခြင်း, အမျိုးအလိုက်အားဖြင့် ရှိခိုးခြင်း အစရှိသည်တို့မှ ကင်း၍ ရိုသေစွာ ကာယဒွါရ, ဝစီဒွါရ, မနောဒွါရ တို့ဖြင့် ရှိခိုး၍၊ ဤကား အဘိသဒ္ဓ ၏ အနက်သဘောတည်း။
ဘာသိယံ-ဟူသည်ကား-ဘာသိ-ဟူသောပုဒ်ကို ဟောပေအံ့-ဟု အနက်ပေး။
စာမျက်နှာ-၁၈
အဘိဓမ္မတ္ထသင်္ဂဟံ-အဓိပ္ပါယ်
ထိုပိဋကတ်၌ ဆတ်ဆတ်သော ပရမတ္ထ၏ အဖြစ်အားဖြင့် ထူးကုန်သော တရားတို့ကို ဟောအပ်ကုန်၏။ ထိုသို့ဟောရာဖြစ်သောကြောင့် ဓမ္မသင်္ဂဏီ-အစရှိသော ခုနစ်ကျမ်းဟု ဆိုအပ်သော အဘိဓမ္မာပိဋကတ်သည် အဘိဓမ္မာ မည်၏။ ထိုအဘိဓမ္မာ ၇-ကျမ်း၌ ဟောအပ်ကုန်သော အနက်တို့သည် အဘိဓမ္မတ္ထ မည်ကုန်၏။
ဤကျမ်း၌၊ ဝါ-ဤကျမ်းဖြင့် အဘိဓမ္မာ ၇-ကျမ်း၌ အကျယ်အားဖြင့် ဟောတော်မူအပ်သော ထိုအဘိဓမ္မာအနက်တို့ကို အကျဉ်းပေါင်း၍ ယူအပ်ကုန်၏၊ ထိုသို့ ယူရာယူကြောင်း ဖြစ်ကုန်သောကြောင့် ဤသဂြိုဟ်ကျမ်းသည် “အဘိဓမ္မတ္ထသင်္ဂဟ” မည်၏။
ပရမတ္ထတရားလေးပါး
၂။ ။တတ္ထ ဝုတ္တာဘိဓမ္မတ္ထာ၊ စတုဓာ ပရမတ္ထာ။ စိတ္တံ, စေတသိကံ, ရူပံ, နိဗ္ဗာနမိတိ သဗ္ဗထာ။
ထိုအဘိဓမ္မာ ၇-ကျမ်း၌ ကုသိုလ်အစရှိသော ခန္ဓာအစရှိသော ခပ်သိမ်းသော အပြားအားဖြင့် ဟောတော်မူအပ်ကုန်သော အဘိဓမ္မာ ၇-ကျမ်း၌ ဟောတော်မူအပ်သော အနက်တို့သည် မဘောက်မပြန် မြတ်သောသဘော၏ အစွမ်းအားဖြင့်သာလျှင်၊ တနည်း-မြတ်သော သဗ္ဗညုတဉာဏ်၏ အာရုံ၏ အစွမ်းအားဖြင့်သာလျှင် ဝိညာဏက္ခန္ဓာဟူသော စိတ်၎င်း၊ ဝေဒနာအစရှိသော ခန္ဓာတို့၏ သုံးပါးအပေါင်း၎င်း၊ ဘူတရုပ်, ဥပါဒါရုပ်အားဖြင့် ပြားသော ရူပက္ခန္ဓာ၎င်း၊ မဂ်ဖိုလ်တို့၏ အာရုံဖြစ်သော အသင်္ခတ နိဗ္ဗာန်၎င်း ဤသို့ လေးပါးသော အပြားအားဖြင့် တည်ကုန်၏။
စာမျက်နှာ-၁၉
ပရမတ္ထတရားလေးပါးအဖွင့်
၂။ ။ဤသို့ ပဌမဂါထာဖြင့် ရှေးဦးစွာ အကြင် အလိုရှိအပ်သော အကျိုးပြီးခြင်း၏ အကြောင်းဖြစ်သော ရတနာသုံးပါးတို့အား ရှိခိုးခြင်း စသည်ကို စီရင်ပြီး၍၊ ယခုအခါ၌ အကြင် အဘိဓမ္မာအနက်တို့ကို အကျဉ်းချုံး၍ သိမ်းယူသည်၏ အစွမ်းဖြင့် ဤသဂြိုဟ်ကျမ်းကို ဖြစ်စေအပ်, စီရင်အပ်၏။ ထိုအဘိဓမ္မာ၏ အနက်တို့ကို ရှေးဦးစွာ အကျဉ်းအားဖြင့် ညွှန်ပြတော်မူလိုသော အရှင်အနုရုဒ္ဓါဆရာသည် တတ္ထ စသည်-ဤသို့ အစရှိသော စကားရပ်ကို မိန့်ဆိုတော်မူ၏။
ထိုအဘိဓမ္မာ ၇-ကျမ်း၌ ခပ်သိမ်းသော ကုသိုလ်အစရှိသည်တို့၏ အစွမ်းအားဖြင့်၎င်း၊ ခန္ဓာအစရှိသည်တို့၏ အစွမ်းအားဖြင့်၎င်း ဟောတော်မူအပ်ကုန်သော အဘိဓမ္မာ၏ အနက်တို့သည် သမ္မုတိပညတ်ကို ထား၍ ဆတ်ဆတ်သော ပရမတ်၏ အစွမ်းဖြင့် ဝိညာဏက္ခန္ဓာဟု ဆိုအပ်သော စိတ်၎င်း၊ ဝေဒနာအစရှိသော ခန္ဓာသုံးပါးတို့၏ အပေါင်းဖြစ်သော စေတသိက်၎င်း၊ ဘူတရုပ် ဥပါဒါရုပ် အပြားအားဖြင့် ပြားသော ရူပက္ခန္ဓာ၎င်း၊ မဂ်ဖိုလ်တို့၏ အာရုံဖြစ်၍ ကံ, စိတ်, ဥတု, အာဟာရ တရားတို့သည် မပြုပြင်အပ်သော အသင်္ခတ အစစ်ဖြစ်သော နိဗ္ဗာန်၎င်း ဤသို့ လေးပါးကုန်သော အခြင်းအရာ အပြားတို့ဖြင့် တည်ကုန်၏။ ဤကား “တတ္ထ ဝုတ္တာ” ဂါထာကို အနက်ယှဉ်စပ်ပေးပုံတည်း။
ပရမတ်၏ အဓိပ္ပါယ်နှင့် စိတ်အကြောင်း
ထိုဂါထာ၌ အဓိပ္ပါယ်အကျယ်ကို ဤသို့သိအပ်၏။ မြတ်သော အနက်, မဘောက်မပြန်သော အနက်သည် ပရမတ္ထ [၁] မည်၏။ တနည်း-မြတ်သော သဗ္ဗညုတဉာဏ်၏ အာရုံသည် ပရမတ္ထ မည်၏။ သိတတ်သောကြောင့် စိတ် [၂] မည်၏၊ အာရုံကို သိတတ်၏။
၁။ မိမိတို့၏ သဘောလက္ခဏာမှ မဘောက်ပြန်သောကြောင့် မြတ်သော အနက်သဘောသည် ပရမတ္ထ မည်၏၊ တနည်း-မြတ်သော သဗ္ဗညုတဉာဏ်၏ ကျက်စားရာ အာရုံဖြစ်သောကြောင့် ပရမတ္ထ မည်၏။ ၂။ အာရုံကို သိတတ်သောကြောင့် စိတ် မည်၏။
စာမျက်နှာ-၂၀
ဤကား စိန္တေတိ-ပုဒ်၏ အနက်တည်း။ ဤအရာ၌ ဆရာများ အဘယ်ကဲ့သို့ မိန့်ဆိုသနည်းဟူမူ- “ဝိသယ ဝိဇာနန လက္ခဏံ စိတ္တံ” ဟု မိန့်တော်မူ၏။ အနက်ကား “စိတ်သည် အာရုံကို အထူးအားဖြင့် သိခြင်း လက္ခဏာရှိ၏” ဟူလို။ နိဿယပစ္စည်း, သမနန္တရ စသော ပစ္စည်းသည် ရှိသော်လည်း စိတ်သည် အာရုံနှင့် ကင်း၍ မဖြစ်။ ထို့ကြောင့် စိတ်၏သာ ထိုအာရုံကို သိခြင်းလက္ခဏာရှိသည်အဖြစ်ကို ဆိုအပ်၏။ ဤစကားရပ်ဖြင့် စိတ်သည် အာရုံနှင့် ကင်း၍ ဖြစ်၏-ဟုယူလေ့ရှိသော ဆရာတို့၏ အယူကို ပယ်အပ်၏။
တနည်းကား-အကြောင်းဖြစ်သော ထိုစိတ်ဖြင့် စိတ်နှင့်ယှဉ်သော တရားတို့သည် သိတတ်ကုန်၏၊ ထိုသို့ သိကြောင်းဖြစ်သော သတ္တိကြောင့် စိတ် မည်၏။
တနည်းကား-ကြံစည်သိရှိခြင်းမျှသည် စိတ် မည်၏။ ဘာဝသာဓနပြုခြင်းသည် မှန်၏၊ အကြင် ပရမတ္ထသဘောမည်သည် အကြောင်းအားလျော်စွာ ဖြစ်ခြင်းကြိယာမျှသာတည်း။ ထို့ကြောင့် အလုံးစုံသော ပရမတ္ထတရားတို့၏ ဘာဝသာဓနဝိဂြိုဟ်ကိုသာလျှင် မုချအားဖြင့် ရအပ်, ပြုအပ်၏၊ ကတ္တုသာဓန, ကရဏသာဓန အစွမ်းဖြင့် ဝိဂြိုဟ်ဆိုရမှုကို ပရိယာယ်စကားဟု မှတ်အပ်၏။ ထိုပရိယာယ်ဟူသောစကားသည် မှန်၏၊ မိမိ-မိမိတို့၏ ကိစ္စတို့၌ ပရမတ်တရားတို့၏ မိမိပြဓာန်းသည်၏ အဖြစ်ကို ကောင်းစွာတင်စားသဖြင့် ကတ္တားအဖြစ်ကို၎င်း၊ ထိုကတ္တာအားလျော်သဖြင့် သဟဇာတ်တရားအပေါင်း၌ ကတ္တားအဖြစ်ကို တင်စားသဖြင့် ပြီးစေအပ်သော ပရမတ်တရား၏ ကရဏအဖြစ်ကို၎င်း ပရိယာယ်အားဖြင့် ရအပ်၏။ ထိုသို့ ကတ္တု စသည်အဖြစ်ကို ပြဆိုခြင်းသည် တရားသဘောမှ လွတ်သော ပညတ်တရား၏ ကတ္တားအစရှိသည်၏ မဖြစ်သည်ကို ပြခြင်းအကျိုးရှိ၏။
မှတ်ချက်။ ။ပရမတ္ထ-ပုဒ်ကို “ပရမော ဥတ္တမော အတ္ထော ပရမတ္ထော” ဟုပြု။ စိတ္တံ-ပုဒ်ကို “အာရမ္မဏံ စိန္တေတီတိ စိတ္တံ, စိန္တေတိ ဧတေနာတိ စိတ္တံ, စိန္တနံ စိတ္တံ” သုံးဝိဂြိုဟ်ပြု-ဟူလို။
စာမျက်နှာ-၂၁
စိတ်၏ ရသင့်သမျှ အဓိပ္ပါယ်
ဆန်းကြယ်သော အမူအရာ အစရှိသော အပြားအားဖြင့် စိတ္တ သဒ္ဓါ၏ အနက်ကို အဋ္ဌသာလိနီစသော အဋ္ဌကထာဆရာတို့သည် ကြံကုန်၏။ ဤအရာ၌ ဤဆိုလတ္တံ့သည်ကား ဂါထာဖြင့် အကျဉ်းချုံ၍ ပြသော အဓိပ္ပါယ်တည်း။ ။ (၁) ဆန်းကြယ်သော အမူအရာရှိခြင်းကြောင့် စိတ် မည်၏။ (၂) မိမိ၏ ဆန်းကြယ်သည်၏ အဖြစ်ကြောင့် စိတ် မည်၏။ (၃) တနည်း-ကံ, ကိလေသာတို့သည် ဆည်းပူးအပ်သောကြောင့် စိတ် မည်၏၊ တနည်း-ကံ, ကိလေသာတို့သည် ဆည်းပူးအပ်သော အတ္တဘောကို စောင့်တတ်သောကြောင့် စိတ် မည်၏။ တနည်း-အတ္တဘောဟု ဆိုအပ်သော ဇောစိတ်အစဉ်ကို ပွါးစေတတ်သောကြောင့် စိတ် မည်၏။ တနည်း-ဆန်းကြယ်သော အထူးထူးသော အာရုံရှိသောကြောင့် စိတ် မည်၏။ မှတ်ချက်။ ။ပဌမနည်းဖြင့် ကုသိုလ်, အကုသိုလ်စိတ်ကို ရ၏။ ဒုတိယနည်းဖြင့် စိတ်တခုယုတ် ကိုးဆယ်ကို ရ၏။ တတိယနည်းဖြင့် ဝိပါက်စိတ်ကို ရ၏၊ စတုတ္ထနည်းဖြင့်လည်း ဝိပါက်စိတ်ကို ရ၏။ ပဉ္စမနည်းဖြင့် စိတ်ကို ရ၏၊ ဆဋ္ဌနည်းဖြင့် စိတ်အားလုံးကို ရ၏-ဟုမှတ်။
စေတသိက် အဓိပ္ပါယ်
ထိုစိတ်နှင့် စပ်လျက်ဖြစ်ခြင်းရှိသည်ဖြစ်၍ စိတ်၌ဖြစ်သောကြောင့် စေတသိက် [၁] မည်၏။ အကြင်ကြောင့် ထိုစေတသိက်သည် စိတ်မရှိသော် အခြင်းခပ်သိမ်း မဖြစ်သောကြောင့် စိတ်နှင့် ကင်း၍
၁။ စိတ်၌ အမြဲ ယှဉ်တတ်သောကြောင့် စေတသိက် မည်၏။
စာမျက်နှာ-၂၂
အာရုံကို ယူခြင်းငှါ မစွမ်းနိုင်ချေ။ ထို့ကြောင့် စိတ်၌ ဖြစ်သည် မည်၏။ စိတ်သည်ကား တစုံတခုသော စေတသိက်နှင့် ကင်း၍လည်း အာရုံ၌ ဖြစ်နိုင်၏။ ထို့ကြောင့် ထိုစေတသိက်သည်သာလျှင် စိတ်နှင့် စပ်၍ဖြစ်၏။ ထို့ကြောင့် မြတ်စွာဘုရားသည် “မနော ပုဗ္ဗင်္ဂမာ ဓမ္မာ” ဟု ဟောတော်မူ၏။ ထိုစိတ်နှင့် စပ်၍ ဖြစ်၏ဟူသော စကားဖြင့် သုခစသော ဝေဒနာတို့၏ စေတနာ မရှိသည်အဖြစ်, မယှဉ်သည်အဖြစ် အစရှိကုန်သော ဘောက်ပြန်သော အယူတို့ကို ပယ်အပ်ကုန်၏။ တနည်း-စိတ်၌ ယှဉ်သောကြောင့် စေတသိက် မည်၏။ မှတ်ချက်။ ။စေတသိကံ-ပုဒ်ကို “စေတသိ ဘဝံ စေတသိကံ” ဟု၎င်း၊ “စေတသိ နိယုတ္တံ စေတသိကံ” ဟု၎င်းပြု။
ရုပ်အဓိပ္ပါယ်
ဘောက်ပြန်တတ်သောကြောင့် ရုပ် [၁] မည်၏။ အအေး, အပူ အစရှိသော ဆန့်ကျင်ဘက်သော အကြောင်းတို့ကြောင့် ဘောက်ပြန်ခြင်းသို့ ရောက်၏။ တနည်း-ရောက်စေအပ်၏။ ဤကား ရုပ်၏အနက် အဓိပ္ပါယ်တည်း။ ထို့ကြောင့် မြတ်စွာဘုရားသည် “သီတေန ရုပ္ပတိ, ဥဏှေန ရုပ္ပတိ” အစရှိသော စကားကို ဟောတော်မူ၏။ ဤအရာ၌ တောက်ပြန်ခြင်းဟူသည် အစရှိသော ဆန့်ကျင်ဘက် အကြောင်းတို့၏ ညီညွှတ်ခြင်းသည် ဖြစ်လတ်သော် ရွှေရုပ်အစဉ်နှင့် မတူသော နောက်ရုပ်၏ ဖြစ်ပေါ်ခြင်းပေတည်း။ ဝါ-ဖြစ်ပေါ်ခြင်းသည် ရုပ္ပတိ မည်၏။
မှတ်ချက်။ ။ရူပ-ပုဒ်ကို “ရုပ္ပတီတိ ရူပံ” ဟုပြု။ ရုပ္ပတိ-ကိုလည်း ကတ္တား, ကံ နှစ်နက်ပေး-ဟူလို၊ ထို့ကြောင့် ရူပီ-ပုဒ်သည် ကတ္တုသာဓန, ကမ္မသာဓန နှစ်ချက် ပြုသင့်သော ပုဒ်-ဟူလို။
၁။ ဘောက်ပြန်တတ်သောကြောင့် ရုပ် မည်၏။
စာမျက်နှာ-၂၃
ထိုဆိုခဲ့သော် နာမ်တရားတို့သည်လည်း ရုပ်ဟု ခေါ်ဝေါ်ခြင်းသို့ ရောက်ကုန်ရာ၏။ ရုပ်မည်ကုန်ရာ၏။ (ဤကား စောဒနာ) မမည်သင့်ပါ။ အဘယ့်ကြောင့်ဆိုသော် သီတစသော သဒ္ဓါ၏ အစွမ်းဖြင့် အလွန်ထင်ရှားသော ဘောက်ပြန်ခြင်းကိုသာ အလိုရှိအပ်သောကြောင့်တည်း။
ဆန့်ကျင်ဘက်စကားကို ဆိုဦးအံ့။ ထင်ရှားသော တောက်ပြန်ခြင်းမှ တပါး မထင်ရှားသော ဘောက်ပြန်ခြင်းဖြင့် ရုပ်မည်၏ ဟူသော အနက်ကို ယူခဲ့ပါမူ, ရုပ္ပတိ-ဟူသော သာမညစကားဖြင့်သာလျှင် ရုပ်၏အနက်သည် ပြည့်စုံရာ၏။ သီတအစရှိသော စကားဖြင့်, ဝါ-သီတအစရှိသော စကားကို ထည့်ဆိုဖို့ မလိုရာ။ အစသည်ဖြင့် နှိပ်စက်အပ်သော ရုပ်၏ ထိုဘောက်ပြန်ခြင်းသည်သာ ထင်ရှား၏။ ထို့ကြောင့် ဤ ရူပံ-ဟူသော အရာ၌ ထိုထင်ရှားသော ဘောက်ပြန်ခြင်းကိုသာလျှင် အလိုရှိအပ်၏။ ဤသို့သော အနက်ကို သိစေခြင်းငှါ သီတ-စသော သဒ္ဓါကို ပြုအပ်ပါသတည်း။ ထိုသို့ ထင်ရှားသော ဘောက်ပြန်ခြင်းကိုသာ အလိုရှိအပ်ပါမူ, ဗြဟ္မာပြည်၌ ရုပ်ဟူသော အမည်သည် အဘယ်သို့ ဖြစ်ပါအံ့နည်း။ အဘယ့်ကြောင့်ဆိုသော် ထိုဗြဟ္မာပြည်၌ နှိပ်စက်တတ်ကုန်သော အအေး အစရှိသည်တို့သည် မရှိကုန်သောကြောင့်တည်း။
ထိုဗြဟ္မာပြည်၌ ညှဉ်းဆဲတတ်သော အဓာတ်စသည်တို့သည် အကယ်၍ကား မရှိကုန်။ ထိုသို့ မရှိကုန်သော်လည်း ချီးမြှောက်တတ်ကုန်သော အဓာတ်စသည်တို့သည်ကား ရှိကုန်၏။ ထို့ကြောင့် ထိုဗြဟ္မာပြည်၌ ထိုချီးမြှောက်တတ်ကုန်သော အဓာတ်စသည်တို့၏ အစွမ်းဖြင့် တောက်ပြန်ခြင်းသည် ဖြစ်သင့်ပါသတည်း။
တနည်းကား-ထိုဘောက်ပြန်သော သဘောကို မလွန်မြောက်နိုင်လေသောကြောင့် ထိုဗြဟ္မာပြည်၌လည်း ရုပ်ဟူသော အမည်သည် ဖြစ်သင့်ပါ၏။ အလွန်ချဲ့သဖြင့် အကျိုးမရှိပြီ။
စာမျက်နှာ-၂၄
နိဗ္ဗာန်အဓိပ္ပါယ်
ဘဝငယ်, ဘဝကြီးကို ပေါက်တတ်, ချုပ်တတ်သောကြောင့် ဝါန-ဟု ဆိုအပ်သော တဏှာမှ ထွက်မြောက်တတ်သောကြောင့် နိဗ္ဗာန်၁ မည်၏။ တနည်းကား-ဤနိဗ္ဗာန်ဖြင့် ရာဂမီး အစရှိသော ၁၁-ပါးသော မီးသည် ငြိမ်းတတ်၏, ဤသို့ ငြိမ်းကြောင်းဖြစ်သောကြောင့် နိဗ္ဗာန် မည်၏။ မှတ်ချက်။ ။နိဗ္ဗာနံ-ပုဒ်ကို “ဝါနတော နိက္ခမန္တိ နိဗ္ဗာနံ” ဟု၎င်း, “နိဗ္ဗာတိ ဧတေန ရာဂါဒိကာတိ နိဗ္ဗာနံ” ဟု၎င်း ပြုအပ်၏။
စိတ်လေးပါး
၃။ တတ္ထ စိတ္တံ တာဝ စတုဗ္ဗိဓံ ဟောတိ ကာမာဝစရံ, ရူပါဝစရံ, အရူပါဝစရံ, လောကုတ္တရန္တိ။ ထိုလေးပါးသော အဘိဓမ္မာအနက်တို့တွင် ရှေးဦးစွာ စိတ်သည် ကာမာဝစရစိတ်, ရူပါဝစရစိတ်, အရူပါဝစရစိတ်, လောကုတ္တရာစိတ် ဟူ၍ လေးပါးအပြားရှိ၏။
စိတ်လေးပါးအဖွင့်
၃။ ။ယခုအခါ၌ အကြင်ကြောင့် ခွဲခြင်းရှိကုန်သော တရားတို့၏ သဘောကို ထင်စွာပြုခြင်းသည် ဝေဖန်ခြင်းနှင့် ကင်း၍မဖြစ်။ ထို့ကြောင့် အကြင်အကြင် ညွှန်ပြအပ်ပြီးကုန်သော အဘိဓမ္မာအနက်တို့၏ ဥဒ္ဒေသ အစဉ်အားဖြင့် ဝေဖန်ခြင်းကို ပြခြင်းငှါ စိတ်ကို ရှေးဦးစွာ ဘုံ, ဇာတ်, သမ္ပယောဂ အစရှိသည်တို့၏ အစွမ်းအားဖြင့် ဝေဖန်၍ အကျယ်ပြခြင်းကို အားထုတ်လိုသော ဆရာသည် “တတ္ထ စိတ္တံ တာဝ” အစရှိသော စကားကို မိန့်ဆိုတော်မူ၏။
၁-တဏှာမှ ထွက်မြောက်တတ်သောကြောင့် နိဗ္ဗာန် မည်၏, တနည်း-ရာဂစသော မီးအပေါင်း၏ ငြိမ်းကြောင်းဖြစ်သောကြောင့် နိဗ္ဗာန် မည်၏။
စာမျက်နှာ-၂၅
တာဝ-သဒ္ဓါသည် ရှေးဦးစွာဟူသော အနက်၌ ဖြစ်၏။ အကြင်အကြင် အကျဉ်းပြအပ်ကုန်သော လေးပါးကုန်သော အဘိဓမ္မာအနက်တို့တွင် ရှေးဦးစွာ စိတ်ကို ညွှန်ပြအပ်၏။ ဤသည်ကား တတ္ထ စိတ္တံ တာဝ-ပါဌ်၌ တာဝ-သဒ္ဒါ၏ အနက်တည်း။ ထိုစိတ်အား လေးပါးကုန်သော အခြားတို့သည် ရှိကုန်သောကြောင့် စတုဗ္ဗိဓ မည်၏။
စိတ်လေးပါး အစဉ်အတိုင်း ထားရပုံ
အကြင်ကြောင့် ဘုံလေးပါး၌ ဖြစ်ကုန်သော ထိုတရားတို့သည် အစဉ်အတိုင်း မြတ်ကုန်၏။ ထို့ကြောင့် အယုတ်, အမြတ်, အထူးသဖြင့် အမြတ်, မြတ်သည်ထက် အထူးသဖြင့် အမြတ်တို့၏ အစဉ်အားဖြင့် ထိုစိတ်တို့၏ အကျယ်ကို ညွှန်ခြင်းကို ပြုအပ်၏။
ကာမာဝစရ အဓိပ္ပါယ်
ထိုကာမာဝစရ စသည်၌ ဝိဂြိုဟ်ကို ဤသို့ ပြုအပ်၏။ အလိုရှိတတ်သောကြောင့် ကာမတဏှာသည် ကာမ မည်၏, ထိုကာမတဏှာသည် ဤကာမစိတ်တို့၌ အာရုံပြုသည်အစွမ်းဖြင့် ကျင်လည်တတ်၏, ဖြစ်တတ်၏။ ထိုသို့ကျင်လည်ရာဖြစ်သောကြောင့် ကာမစိတ်သည် ကာမာဝစရ [၁] မည်၏။
တနည်းကား-အကြင် ကာမတဆယ့်တစ်ဘုံကို ကာမသည် အလိုရှိအပ်၏။ ထို့ကြောင့် ထိုကာမတဆယ့်တစ်ဘုံသည် ကာမ မည်၏။ ထိုကာမတဆယ့်တစ်ဘုံ၌ များသောအားဖြင့် ကျင်လည်တတ်သောကြောင့် ကာမစိတ်သည် ကာမာဝစရ မည်၏။ ထိုစကား မှန်၏။ များသောအားဖြင့် ကျင်လည်ခြင်းကို အလိုရှိအပ်သောကြောင့် ရူပဘုံ, အရူပဘုံတို့၌ တရံတခါ ဖြစ်သော်ငြားလည်း ဤစိတ်၏ ကာမာဝစရ အမည်ဖြစ်ခြင်းသည် ပြည့်စုံ၏။ ဝါ-သင့်လျော်၏။
၁။ ကာမ ၁၁ ဘုံ၌ များသောအားဖြင့် ကျင်လည်တတ်သောကြောင့် ကာမာဝစရ စိတ် မည်၏, တနည်း-ကာမစိတ် ၅၄-ပါးသည် ကာမတဏှာ၏ အာရုံပြုသောအားဖြင့် ဖြစ်ရာဖြစ်သောကြောင့် ကာမာဝစရ စိတ် မည်၏။
စာမျက်နှာ-၂၆
ကာမာဝစရ ပင် မည်၏။ တနည်းကား-ဝတ္ထုကာမ, ကိလေသာကာမ နှစ်ပါးသည် ကာမ မည်၏။ ဤကာမတဆယ့်တစ်ဘုံ၌ ဝတ္ထုကာမ, ကိလေသာကာမ နှစ်ပါးသည် ကျင်လည်၍ ဖြစ်တတ်၏။ ထိုသို့ ဖြစ်ရာဖြစ်သော သတ္တိကြောင့် ကာမတဆယ့်တစ်ဘုံသည် ကာမာဝစရ မည်၏။ ထိုကာမာဝစရမည်သော ဘုံ၌ ဖြစ်သော စိတ်သည်လည်း မှီတတ်သော နိဿိတစိတ်၏ မှီရာ နိဿယဘုံအမည်ကို တင်စား၍ ခေါ်သောအားဖြင့် စိတ်သည်လည်း ကာမာဝစရ မည်၏။
အဘယ်ပါဌ်တို့၌ကဲ့သို့ မှတ်ရပါအံ့နည်းဟူမူ “မာဉ္စကော ဥက္ကဋ္ဌံ ကရောန္တိ” အစရှိသောပါဌ်ကဲ့သို့ မှတ်အပ်၏။ အနက်ကား-ညောင်စောင်းတို့သည် ကြွေးကြော်ကုန်၏-ဟူလို။ အလွန်ကျယ်ဝန်းသော စကားဖြင့် အကျိုးမရှိပြီ။ အလွန်မတော့ပြီ-ဟူလို။
ဤ၌ ဆောင်ပုဒ်ဂါထာကား
ကာမော ဝစရတီတျေတ္ထ, ကာမေ ဝစရတီတိဝါ။
ဌာနူပစာရတော ဝါပိ, တံ ကာမာဝစရံ ဘဝေ။ ဟူသည်တည်း။
အနက်ကား-ဤကာမစိတ် ၅၄-ပါး၌ ကာမတဏှာသည် ကျင်လည်တတ်၏။ ဤသို့ ကာမတဏှာ၏ ကျင်လည်ရာဖြစ်သောကြောင့် ကာမစိတ်သည် ကာမာဝစရ မည်၏။ တနည်းကား-ကာမတဆယ့်တစ်ဘုံ၌ ကျင်လည်တတ်သောကြောင့် ကာမစိတ်သည် ကာမာဝစရ မည်၏။ တနည်းကား-ကာမာဝစရအမည်သည် ကာမဘုံ၏ အမည်ဖြစ်၏, ကာမဘုံ၏ ကာမာဝစရအမည်ကို ကာမစိတ်ပေါ်၌တင်စား၍ ဌာနူပစာအားဖြင့် ကာမစိတ်သည်လည်း ကာမာဝစရ မည်၏။
မှတ်ချက်။ ။ကာမော အဝစရတိ ဧတ္ထာတိ ကာမာဝစရံ, တနည်း ကာမေ အဝစရတီတိ ကာမာဝစရံ-ဟုပြု-ဟူလို။
စာမျက်နှာ-၂၇
ရူပါဝစရ - အရူပါဝစရ စိတ်တို့၌လည်း ဤကာမာဝစရ ဝိဂြိုဟ်နည်းအတိုင်း ထိုက်သည်အားလျော်စွာ မှတ်အပ်၏။ မှတ်လေ။
လောကုတ္တရာ အဖွင့်
[၃] ဥပါဒါနက္ခန္ဓာဟု ဆိုအပ်သော လောကမှ အာသဝေါတရားတို့၏ အာရုံမဟုတ်သောအားဖြင့် လွန်မြောက်တတ်သောကြောင့် မဂ်စိတ်သည် လောကုတ္တရာ မည်၏။ ထိုဥပါဒါနက္ခန္ဓာဟု ဆိုအပ်သော လောကမှ လွန်မြောက်ပြီးဖြစ်သောကြောင့် ဖိုလ်စိတ်သည် လောကုတ္တရာ မည်၏။ အကြင်ဆိုအပ်ပြီးသော ဂုဏ်၏ အစွမ်းအားဖြင့် လောကထက် လွန်မြတ်သောကြောင့် မဂ်, ဖိုလ်, နိဗ္ဗာန်သည် လောကုတ္တရာ မည်၏။
၁။ အသညသတ် ကြဉ်သော ရူပ ၁၅-ဘုံ၌ များသောအားဖြင့် ကျင်လည်တတ်သောကြောင့် ရူပါဝစရ စိတ် မည်၏, တနည်း-ရူပ ၁၅-ပါးသော စိတ်သည် ရူပတဏှာ၏ အာရုံပြုသောအားဖြင့် ဖြစ်ရာဖြစ်သောကြောင့် ရူပါဝစရ စိတ် မည်၏။
၂။ အရူပလေးဘုံ၌ များသောအားဖြင့် ကျင်လည်တတ်သောကြောင့် အရူပါဝစရ စိတ် မည်၏, တနည်း-အရူပ ၁၂-ပါးသော စိတ်သည် အရူပတဏှာ၏ အာရုံပြုသောအားဖြင့် ဖြစ်ရာဖြစ်သောကြောင့် အရူပါဝစရ စိတ် မည်၏။
၃။ မဂ်စိတ်သည် ဥပါဒါနက္ခန္ဓာငါးပါးဟူသော သင်္ခါရလောကမှ အာသဝေါတရား၏ အာရုံမဟုတ်သောအားဖြင့် လွန်မြောက်ဆဲဖြစ်သောကြောင့် လောကုတ္တရာ မည်၏။
ဖိုလ်စိတ်သည်ကား သင်္ခါရလောကမှ လွန်မြောက်ပြီးဖြစ်သောကြောင့် လောကုတ္တရာ မည်၏။
တနည်း-မဂ်, ဖိုလ်, နိဗ္ဗာန် သုံးပါးသည် သင်္ခါရလောကထက် လွန်မြတ်မြင့်မြတ်သောကြောင့် လောကုတ္တရာ မည်၏။
ယုတ်သောကြောင့် အကုသိုလ်စိတ်ကို ရှေးဦးစွာ မိန့်ဆိုရ၏, မြတ်သောကြောင့် ကာမာဝစရစိတ်ကို, အလွန်မြတ်သောကြောင့် ရူပါဝစရစိတ်, အရူပါဝစရစိတ်ကို, အလွန့်အလွန် မြတ်သောကြောင့် လောကုတ္တရာစိတ်ကို အစဉ်ထား၍ ဆိုရ၏။
စာမျက်နှာ-၂၈
ကာမာဝစရ, အကုသိုလ် လောဘမူစိတ် ၈-ပါး
၄။ တတ္ထ ကတမံ ကာမာဝစရံ, သောမနဿသဟဂတံ ဒိဋ္ဌိဂတသမ္ပယုတ္တံ အသင်္ခါရိကမေကံ, သသင်္ခါရိကမေကံ။ သောမနဿသဟဂတံ ဒိဋ္ဌိဂတဝိပ္ပယုတ္တံ အသင်္ခါရိကမေကံ, သသင်္ခါရိကမေကံ။ ဥပေက္ခာသဟဂတံ ဒိဋ္ဌိဂတသမ္ပယုတ္တံ အသင်္ခါရိကမေကံ, သသင်္ခါရိကမေကံ။ ဥပေက္ခာသဟဂတံ ဒိဋ္ဌိဂတဝိပ္ပယုတ္တံ အသင်္ခါရိကမေကံ, သသင်္ခါရိကမေကန္တိ ဣမာနိ အဋ္ဌ လောဘသဟဂတစိတ္တာနိ နာမ။
ထိုလေးပါးသော စိတ်တို့တွင် အဘယ်စိတ်သည် ကာမာဝစရ မည်သနည်း။
(၁) သောမနဿဝေဒနာနှင့် ဧကုပ္ပါဒအစရှိသော အစွမ်းဖြင့် နှီးနှောသော, ဝါ-သောမနဿဝေဒနာနှင့် တကွ ဧကုပ္ပါဒ-အစရှိသော အဖြစ်သို့ ရောက်သော, မိစ္ဆာဒိဋ္ဌိနှင့် အညီအညွတ် ဧကုပ္ပါဒ အစရှိသော အပြားတို့နှင့် ယှဉ်သော, တိုက်တွန်းခြင်းမရှိသော စိတ်သည် တခု၊
(၂) တိုက်တွန်းခြင်း ရှိသော စိတ်သည် တခု၊
(၃) သောမနဿဝေဒနာနှင့် ဧကုပ္ပါဒ အစရှိသော အစွမ်းဖြင့် နှီးနှောသော, ဝါ-သောမနဿဝေဒနာနှင့် တကွ ဧကုပ္ပါဒအစရှိသော အဖြစ်သို့ ရောက်သော မိစ္ဆာဒိဋ္ဌိနှင့် မယှဉ်သော, တိုက်တွန်းခြင်း မရှိသော စိတ်သည် တခု၊
(၄) တိုက်တွန်းခြင်း ရှိသော စိတ်သည် တခု၊
(၅) ဥပေက္ခာဝေဒနာနှင့် ဧကုပ္ပါဒ အစရှိသော အစွမ်းဖြင့် နှီးနှောသော, ဝါ-ဥပေက္ခာဝေဒနာနှင့် တကွ ဧကုပ္ပါဒအစရှိသော အဖြစ်သို့ ရောက်သော မိစ္ဆာဒိဋ္ဌိနှင့် အညီအညွတ် ဧကုပ္ပါဒအစရှိသော အပြားတို့နှင့် ယှဉ်သော, တိုက်တွန်းခြင်း မရှိသော စိတ်သည် တခု၊
စာမျက်နှာ-၂၉
(၆) တိုက်တွန်းခြင်း ရှိသော စိတ်သည် တခု၊
(၇) ဥပေက္ခာ ဝေဒနာနှင့် ဧကုပ္ပါဒ အစရှိသော အစွမ်းဖြင့် နှီးနှောသော, ဝါ-ဥပေက္ခာဝေဒနာနှင့် တကွ ဧကုပ္ပါဒ အစရှိသော အဖြစ်သို့ ရောက်သော မိစ္ဆာဒိဋ္ဌိနှင့် မယှဉ်သော, တိုက်တွန်းခြင်းမရှိသော စိတ်သည် တခု၊
(၈) တိုက်တွန်းခြင်း ရှိသော စိတ်သည် တခု၊ ဤသို့သောအားဖြင့် ရှစ်ပါးအပြားရှိကုန်သော ဤစိတ်တို့သည် လောဘသဟဂုတ်စိတ်ဟူသော အမည်ရှိကုန်၏။
လောဘမူစိတ်အဖွင့် အစဉ်အတိုင်းပြဆိုရခြင်းအကြောင်း
၄။ ။ဤစိတ်လေးပါးတို့တွင် ကာမာဝစရစိတ်၏ ကုသိုလ်, အကုသိုလ်, ဝိပါက်, ကြိယာတို့၏ အပြားအားဖြင့် လေးပါးအပြားပင်ရှိသော်လည်း အကုသိုလ်စိတ်, အဟိတ်စိတ်တို့သည် ကြဉ်အပ်ကုန်သော တခုယုတ် ခြောက်ဆယ်သော တနည်း-တခုယုတ် ကိုးဆယ်သောစိတ်တို့၏ သောဘဏ ဟူသော အမည်ဖြင့် ခေါ်ဝေါ်ခြင်းကိုပြုခြင်းအကျိုး “ပါပါဟေတုကမုနိ, သောဘဏာနီတိ ဝုစ္စရေ” ဟု ဤသို့ဆိုအပ်လတံ့သောနည်း အားလျော်သောအားဖြင့် အကုသိုလ်စိတ်, အဟိတ်စိတ်တို့ကိုသာလျှင် ရှေးဦးစွာပြလိုသော အရှင်အနုရုဒ္ဓါဆရာသည် ထိုအကုသိုလ်စိတ်တို့တွင်လည်း ဘုံသုံးပါးတို့၌ ပဋိသန္ဓေယူသော သတ္တဝါအား ရှေးဦးစွာ ဝီထိစိတ်၏ အစွမ်းဖြင့် လောဘသဟဂုတ် စိတ္တုပ္ပါဒ်တို့၏ သာလျှင် ရှေးဦးစွာဖြစ်သော
၁။ အသောဘဏစိတ်ကို ရှေးဦးစွာ ပြလို၍ အကုသိုလ်စိတ်, အဟိတ်စိတ်ကို ရှေးဦးစွာ မိန့်ဆို၏, အကုသိုလ်စိတ်တို့တွင်လည်း သန္ဓေတည်နေစကပင် သတ္တဝါတို့အား ရှေးဦးစွာ ဘဝကို တပ်နှစ်သက်သော လောဘစိတ် ဖြစ်သောကြောင့် လောဘမူစိတ်ကို ရှေးဦးစွာ မိန့်ဆိုရ၏, ထိုနောက် ဒွိဟိတ်ချင်းတူသောကြောင့် ဒေါသမူစိတ်ကို မိန့်ဆိုရ၏။ ထိုနောက် ဧကဟိတ်စိတ်ဖြစ်သောကြောင့် မောဟမူစိတ်ကို နောက်ဆုံးထား၍ မိန့်ဆိုရ၏။
စာမျက်နှာ-၃၀
ကြောင့် ထိုလောဘသဟဂုတ်စိတ်တို့ကိုသာလျှင် ရှေးဦးစွာ ပြပြီး၍ ထိုလောဘသဟဂုတ်စိတ်၏ အခြားမဲ့၌ ဒွိဟိတ်စိတ်အဖြစ်ခြင်းတူသည်၏ အဖြစ်ကြောင့် ဒေါမနဿသဟဂုတ်စိတ်တို့ကို ပြခြင်းငှါ ထိုဒေါမနဿသဟဂုတ်စိတ်၏ အခြားမဲ့၌ ဧကဟိတ်စိတ်တို့ကို ပြခြင်း “သောမနဿသဟဂတံ” ဤသို့ အစရှိသောအားဖြင့် လောဘမူစိတ်ကို ရှေးဦးစွာ ဝေဒနာ, ဒိဋ္ဌိ, သင်္ခါရတို့၏ အပြားအားဖြင့် ရှစ်ပါးအပြားတို့ဖြင့် ဝေဖန်၍ ပြတော်မူပါသတည်း။
သောမနဿသဟဂုတ် အဖွင့်
ထို “သောမနဿသဟဂတံ” ပုဒ်၌ ဝိဂြိုဟ်နှင့်အဓိပ္ပါယ်ကို ဘွင့်ဆိုပေအံ့။ ကောင်းမြတ်တင့်တယ်သော စိတ်သည် သုမန မည်၏။
တနည်း-ထိုပုဂ္ဂိုလ်အား ကောင်းမြတ်တင့်တယ်သော စိတ်ရှိသောကြောင့် ထိုစိတ်ရှိသောသူသည် သုမန မည်၏။ သုမန အရ စိတ်နှင့် ထိုစိတ်ရှိသူ ၂-မျိုးကိုရ၏။ ထိုကောင်းမြတ်တင့်တယ်သော စိတ်, ဝါ-စိတ်ရှိသောသူ၌ အသိဉာဏ်နှင့် သဒ္ဓါတို့၏ ဖြစ်ခြင်း၏ အကြောင်းဖြစ်၍ ထိုကောင်းမြတ်တင့်တယ်သော စိတ်၏, စိတ်ရှိသောသူ၏ ဖြစ်ကြောင်းဖြစ်သောကြောင့် သာမနဿ မည်၏။ ဤ သောမနဿ ဟူသော အမည်သည် စိတ်၌ဖြစ်သော သုခဝေဒနာ၏ အမည်တည်း။ ။ ထိုသောမနဿဝေဒနာနှင့် ဧကုပ္ပါဒ အစရှိသည်တို့၏ အစွမ်းအားဖြင့် နှီးနှောသောကြောင့်၎င်း, ထိုသာမနဿဝေဒနာနှင့် အတူတကွ ဧကုပ္ပါဒ အစရှိသော အဖြစ်သို့ ရောက်သောကြောင့်၎င်း “သောမနဿသဟဂတံ” မည်၏။
တောက်ပြန်သောအားဖြင့် မြင်တတ်သောကြောင့် ဒိဋ္ဌိ [၁] မည်၏။ ဘောက်ပြန်သောအားဖြင့်ဟု ဆိုသောစကားသည် မှန်၏, သာမညဖြစ်သော သဒ္ဒါ၏လည်း အနက်, အရာ အစရှိသည်ဖြင့် ထူးသော
၁။ မှားသောအားဖြင့် မြင်တတ်သောကြောင့် ဒိဋ္ဌိ မည်၏။
စာမျက်နှာ-၃၁
အရာရှိသည်၏ အဖြစ်ကြောင့် ဤအကုသိုလ်အရာ၌ ဘောက်ပြန်သော အယူကိုသာလျှင် ဒိဋ္ဌိ ဟုဆိုအပ်၏။ ဒိဋ္ဌိ သည်သာလျှင် ဒိဋ္ဌိဂတ မည်၏, အဘယ့်ကြောင့် ဂတ သဒ္ဒါ အနက်မရှိပါသနည်းဟူမူ “သင်္ခါရဂတံ, ကာမဂတီ” ဤသို့ အစရှိသော ပါဠိတို့၌ကဲ့သို့ ဂတ-သဒ္ဒါ၏ တာ-အနက်၌ ဖြစ်သောကြောင့်တည်း။
မှတ်ချက်။ ။သောမနဿသဟဂတံ ၌ ဂတ-သဒ္ဒါ အနက်ရှိသကဲ့သို့ ဤ ဒိဋ္ဌိဂတ ဂတ-သဒ္ဒါသည် အနက်ထူးမရှိ။ တာ-သဒ္ဒါအနက်သာ ရှိသောကြောင့် တာသာဖြစ်၏, ဥဒါဟရုဏ်ကား “သင်္ခါရဂတံ, ထာဂတံ” ပုဒ်တို့ကဲ့သို့တည်း။ သင်္ခါရဂတံ ၌ ဂတ အနက်မရှိ။ သင်္ခါရ အနက်သာရှိ၏-ဟူလို။
တနည်း-ခြောက်ဆယ့်နှစ်ပါးသော ဒိဋ္ဌိတို့၌ အတွင်းဝင်သောကြောင့် ဒိဋ္ဌိဂတ မည်၏။
တနည်း-ဤဘောက်ပြန်သော အယူ၌ သိအပ်သော အတ္တအစရှိသော တစုံတယောက်သည် မရှိ, ဘောက်ပြန်သော အယူ၏ ဖြစ်ခြင်းမျှ ဖြစ်သောကြောင့် ဒိဋ္ဌိဂတ မည်၏။
ငါ၏ အယူသည်သာ မှန်၏, တပါးသော သူတို့၏ အယူသည် အချည်းနှီးသာတည်း ဟုဖြစ်သော ကိုယ်, ငါ၏ဥစ္စာ အစရှိသည်ဖြင့် မှားသော နှလုံးသွင်းခြင်းသည် ဒိဋ္ဌိ မည်၏။ ထို ဒိဋ္ဌိ နှင့်အညီအမျှ ဧကုပ္ပါဒ အစရှိကုန်သော အပြားတို့နှင့် ယှဉ်တတ်သောကြောင့် ဒိဋ္ဌိဂတသမ္ပယုတ္တ မည်၏။
မှတ်ချက်။ ။ဒိဋ္ဌိဂတ ပုဒ်ကို “မိစ္ဆာ ပဿတီတိ ဒိဋ္ဌိ, ဒိဋ္ဌိယေဝ ဒိဋ္ဌိဂတံ, ဒိဋ္ဌိသု ဝါ ဂတံ ဒိဋ္ဌိဂတံ, ဒိဋ္ဌိယာ ဂတံ ဂမနန္တိ ဒိဋ္ဌိဂတံ” ဟု ဝိဂြိုဟ်ပြု-ဟူလို။
စာမျက်နှာ-၃၂
အသင်္ခါရိကစသည် အဓိပ္ပါယ်
နောက်စိတ်ကို ထက်သည်အဖြစ်ဟု ဆိုအပ်သော တန်ဆာ အထူးဖြင့် စီရင်တတ်သောကြောင့် ရှေးဖြစ်သော တိုက်တွန်းခြင်း ပယောဂသည် သင်္ခါရ မည်၏။
တနည်း- ထိုရှေးဖြစ်သော တိုက်တွန်းခြင်း ပယောဂဖြင့် ထို နောက်စိတ်ကို အကြင် ဆိုအပ်ပြီးသော နည်းဖြင့် စီရင်အပ်၏။ ဤသို့ စီရင်ကြောင်း ဖြစ်သောကြောင့် ရှေးဖြစ်သော တိုက်တွန်းခြင်း ပယောဂသည် သင်္ခါရ မည်၏။
ထိုထိုသျှိသော ကိစ္စ၌ ဆုတ်နစ်သော စိတ်အား အားအဆင့်ကို ပေးသည်၏ အစွမ်းဖြင့် မိမိ၏၎င်း, သူတပါး၏၎င်း ရှေးဖြစ်သော တိုက်တွန်းခြင်း လုလ္လသည် မုချအားဖြင့် သင်္ခါရ မည်၏။
ယင်းသို့ ပုဗ္ဗပ္ပယောဂသည် သင်္ခါရ မည်သော်လည်း ထိုပုဗ္ဗပ္ပယောဂသည် မိမိ၏ ရှေးအဘို့၌ ဖြစ်သော စိတ်အစဉ်၌၎င်း, သူတပါးတို့၏ သန္တာန်၌၎င်း ဖြစ်၏။ ဤညှိသော ထိုပုဗ္ဗပ္ပယောဂကြောင့် ဖြစ်သော စိတ်၏ ထက်သည် အဖြစ်ဟုဆိုအပ်သော ထိုအထူးသည်သာလျှင် ဤအရာ၌ ကာရဏူပစာအားဖြင့် သင်္ခါရ မည်၏။
ထိုသင်္ခါရသည် အကြင်စိတ်အား မရှိ၊ ထိုစိတ်သည် အသင်္ခါရ မည်၏။ ထိုအသင်္ခါရပုဒ်သည်ပင် အသင်္ခါရိက မည်၏။ သင်္ခါရနှင့်တကွ ဖြစ်သော စိတ်သည် သသင်္ခါရိက မည်၏။
ထို့ကြောင့် ဆရာတို့သည် “ပုဗ္ဗပ္ပယောဂ။ပ။ သင်္ခါရိကာတာ” ဟူ၍ မိန့်ဆိုကုန်၏။ ရှေးတိုက်တွန်းမှုကြောင့် ဖြစ်သော နောက်စိတ်
၁။ ထိုထိုသို့ သာ အကုသိုလ် စသော အရာဌာနတို့၌ မပြုလုပ်လိုသဖြင့် ဆုတ်နစ်နေသော စိတ်ကို မိမိကသော်၎င်း, သူတပါးကသော်၎င်း, အကုသိုလ် ပြုလုပ်ရန် တိုက်တွန်း နှိုးဆော်ခြင်း ပယောဂသည် မုချအားဖြင့် သင်္ခါရ မည်၏။ သျှိသော် ထိုတိုက်တွန်းမှုကြောင့် ဖြစ်သော စိတ် ထက်သန်သည် အဖြစ်ဟုဆိုအပ်သော အထူးသည်သာလျှင် ဤအရာ၌ သင်္ခါရ မည်၏။ တနည်း–ရှေးစိတ် စသည်တို့၏ တိုက်တွန်းမှုကြောင့် ဖြစ်သော နောက်စိတ်သည် ပင်လျှင် သင်္ခါရ မည်၏။
စာမျက်နှာ-၃၃
နှင့် တကွဖြစ်လေ့ရှိသော စိတ်၏ ထက်သည်၏ အဖြစ်ဟု ဆိုအပ် သော တန်ဆာအထူးသည် သင်္ခါရ မည်၏။
ထိုစိတ်၏ ထက်သည်အဖြစ်ဟု ဆိုအပ်သော တန်ဆာအထူး အစွမ်းအားဖြင့် ဤ အသင်္ခါရိကံ, သသင်္ခါရိကံ-ဟူသောပုဒ်၌ အသင်္ခါရိက, အစရှိသည်အဖြစ်ကို သိအပ်၏။
မှတ်ချက်။ ။ဤအလို “သဟ သင်္ခါရေနာတိ သသင်္ခါရိကံ” ဟုပြု-ဟူလို။
တနည်းကား—သသင်္ခါရိကံ, အသင်္ခါရိကံ-ဟူသော နှစ်ပုဒ်ကို သက်သက် သင်္ခါရ၏ ရှိသည်အဖြစ်, မရှိသည်အဖြစ်ကို ရည်၍ မိန့်ဆိုအပ်၏။ ထိုသင်္ခါရနှင့် တကွ ထင်ရှားဖြစ်ခြင်း မရှိသည်အဖြစ်ကို ရည်၍ ဆိုအပ်သော စကားမဟုတ်။ ပြားသော သန္တာန်၌ ဖြစ်ခြင်း ရှိသော်လည်း သင်္ခါရ၏ ဤနောက်စိတ်၌ ရှိသည်အဖြစ်ကြောင့် ထိုရှေးတိုက်တွန်းမှု၏ အစွမ်းကြောင့် ဖြစ်သော စိတ်သည် “သင်္ခါရော အဿ အတ္တီတိ သသင်္ခါရိကံ” ဟူသော ဝိဂြိုဟ်အရ သသင်္ခါရိက မည်၏၊ ထိုစိတ်အား သင်္ခါရ ထင်ရှားရှိသောကြောင့် သသင်္ခါရိက မည်၏၊ ဟူလို။
အဘယ့်ကြောင့် သဟသဒ္ဒါသည် သံဝိဇ္ဇမာနအနက်ကို ဟောပါသနည်းဟူမူ။ “သလောမကာ, သပက္ခဏာ” ဤသို့ အစရှိသော ပါဠိတို့နှင့်တူ သဟသဒ္ဓ၏ “ထင်ရှားရှိခြင်း” အနက်ကိုပြတတ်သောကြောင့်တည်း။
မှတ်ချက်။ ။“သံဝိဇ္ဇတိ သင်္ခါရော ယဿာတိ သသင်္ခါရိကံ”ဟုပြု-ဟူလို။ | ထိုသသင်္ခါရိကစိတ်မှ ပြောက်ပြန်သော စိတ်သည်ကား ထိုရှေးဖြစ်သော တိုက်တွန်းမှု မရှိသောကြောင့် ဆိုအပ်ပြီးသော နည်းဖြင့် အသင်္ခါရိက မည်၏။ မိစ္ဆာဒိဋ္ဌိနှင့် မယှဉ်သောကြောင့် ဒိဋ္ဌိဂတ ဝိပ္ပယုတ်စိတ် မည်၏။
စာမျက်နှာ-၃၄
ဥပေက္ခာအဖွင့်
သုခ, ဒုက္ခတို့နှင့် မဆန့်ကျင်သောအားဖြင့် အာရုံအရသာကို ခံစားသော်လည်း လျစ်လျူရှုသော အခြင်းအရာ၌ တည်သော အားဖြင့် ခံစားတတ်သောကြောင့် ဥပေက္ခာ မည်၏။
တနည်း– သုခဝေဒနာ, ဒုက္ခဝေဒနာတို့နှင့် မဆန့်ကျင်သည် ဖြစ်၍ ခံစားတတ်သောကြောင့် ဥပေက္ခာ မည်၏။ အဘယ့်ကြောင့် သုခ, ဒုက္ခတို့နှင့် မဆန့်ကျင်သနည်းဟူမူ၊ ထိုဥပေက္ခာဝေဒနာသည် သုခဝေဒနာ, ဒုက္ခဝေဒနာတို့နှင့် မဆန့်ကျင်သောအားဖြင့် ထိုသုခ, ဒုက္ခဝေဒနာတို့၏ အခြားမဲ့၌ ဖြစ်သောကြောင့် မဆန့်ကျင်။ ဥပေက္ခာသဟဂတံ-ဟူသော ဤပုဒ်သည် အောက်ကဆိုအပ်ပြီးသော နည်းအတိုင်းပင်တည်း။
သောမနဿ, ဥပေက္ခာနှင့်အထူးပြုရခြင်းအကြောင်း
ဤလောဘမူစိတ်၌ တပါးသော ဖဿစသော ယှဉ်သော စေတသိက်တို့ ရှိပါကုန်လျက် သောမနဿဝေဒနာနှင့် တကွ ဖြစ်ခြင်း စသည်ကိုသာ အဘယ့်ကြောင့် ဆိုအပ်ပါသနည်းဟူမူ၊သောမနဿ စသော ဝေဒနာတို့သည်သာလျှင် လောဘမူစိတ်မှ တပါးသော အကုသိုလ်စိတ်နှင့် မဆက်ဆံသောကြောင့် ဆိုအပ်၏။
အထက်ပါစကားကို ချဲ့၍ပြဦးအံ့၊ ဖဿ အစရှိကုန်သော အချို့ကုန်သော စေတသိက်တို့သည် အလုံးစုံသော စိတ်တို့နှင့် ဆက်ဆံကုန်၏၊ ယှဉ်ကုန်၏။ အချို့သော စေတသိက်တို့သည် ကုသိုလ် စသော စိတ်တို့နှင့် ဆက်ဆံကုန်၏၊ ယှဉ်ကုန်၏။ မောဟစသော စေတသိက်တို့သည် အလုံးစုံသော အကုသိုလ်စိတ်နှင့် ဆက်ဆံကုန်
စာမျက်နှာ-၃၅
၏။ ထို့ကြောင့် ထိုဖဿ စသော စေတသိက်တို့ဖြင့် စိတ်ကို အထူးပြုခြင်းငှာ မတတ်နိုင်ကုန်။ သောမနဿ အစရှိသော စေတသိက်တို့သည်သာလျှင် အချို့သော စိတ်၌ ဖြစ်ကုန်၏။ အချို့သောစိတ်၌ မဖြစ်ကုန်။ ထို့ကြောင့် ထိုသောမနဿ အစရှိသည်တို့၏ အစွမ်းဖြင့် စိတ်ကို အထူးပြုခြင်းသည် ထင်ရှား၏။
အဘယ်ကြောင့် ထိုသောမနဿဝေဒနာ အစရှိသည်တို့သည် အချို့သော စိတ်တို့၌ ဖြစ်ကုန်၍ အချို့သော စိတ်တို့၌ မဖြစ်ကုန်သနည်းဟူမူ။ အကြောင်း ထင်ရှားရှိသည်အဖြစ် ထင်ရှားမရှိသည်အဖြစ်ကြောင့်တည်း။
ထိုသောမနဿဝေဒနာစသည်တို့၏ အကြောင်းကား အဘယ်နည်း။ အကို ဆိုအံ့၊ အဖြေကား—
(၁) သဘောအားဖြင့်၎င်း, ကြံဆသောအားဖြင့်၎င်း ဣဋ္ဌာရုံဖြစ်ခြင်းသည်၎င်း၊
(၂) သောမနဿနှင့် ပဋိသန္ဓေတည်နေသူ အဖြစ်သည်၎င်း၊
(၃) နက်နဲသော သဘောရှိသည် အဖြစ်သည်၎င်း၊ ဤ၌ သောမနဿ၏ အကြောင်းတည်း။
(၁) ဣဋ္ဌမဇ္ဈတ္တာရုံ ဖြစ်ခြင်းသည်၎င်း၊
(၂) ဥပေက္ခာနှင့် ပဋိသန္ဓေတည်နေသူ၏ အဖြစ်သည်၎င်း၊
(၃) နက်နဲသော သဘောရှိသူ၏ အဖြစ်သည်၎င်း ဥပေက္ခာ၏ အကြောင်းတည်း။
၁။ ဖဿ စသော စေတသိက်တို့သည် အလုံးစုံသော အကုသိုလ်စိတ်၌ ဆက်ဆံသောကြောင့် ၎င်းကိုဖြင့် အထူးမပြုနိုင်၊ သောမနဿ စသော ဝေဒနာတို့သည်သာလျှင် အများနှင့် မဆက်ဆံ မယှဉ်သောကြောင့် သောမနဿသဟဂတံ ဟု အထူးပြု၍ ဆိုရ၏။
ဒိဋ္ဌိ ရှိ-မရှိရှိတွင် အရှိကို ပြသဖြင့် မရှိကို သိရသောကြောင့် သမ္ပယုတ်ကို ရွေးထား ဆိုရ၏၊ အနံ့, အထက် နှစ်ပါးတွင် အထက်ကို ပြသဖြင့် အနံ့ကို သိစေခြင်းငှာ အသင်္ခါရိက ကို ရွေးထား ဆိုရ၏။
စာမျက်နှာ-၃၆
(၁) အယူပျက်သော ပုဂ္ဂိုလ်ကို မှီဝဲခြင်းသည်၎င်း၊
(၂) သဿတအယူ, ဥစ္ဆေဒအယူရှိသည် အဖြစ်သည်၎င်း ဒိဋ္ဌိ၏ အကြောင်းတည်း။ လျောက်ပတ်သော ဥတုဘောဇဉ် အစရှိသည်တို့သည်ကား အသင်္ခါရိကဖြစ်ခြင်း၏ အကြောင်းတို့တည်း။ ထို့ကြောင့် မိမိအား လျောက်ပတ်သော အကြောင်း၏အစွမ်းဖြင့် ထိုသောမနဿ အစရှိသော စေတသိက်တို့၏ ဖြစ်ခြင်းကြောင့် အချို့သော စိတ်၌သာ ဖြစ်၏။ ထို့ကြောင့် ထိုသောမနဿဝေဒနာ စသည်တို့ဖြင့်သာလျှင် စိတ်၏အထူးကို သိစေခြင်းငှာ တတ်ကောင်း၏။ ထိုကြောင့် ထိုသောမနဿစိတ် စသည်တို့၏ မောဟဟိတ် အဖြစ်သည်ရှိသော်လည်း လောဘနှင့် တကွ အဖြစ်ကိုသာလျှင် နိဂုံး၌ ဆိုအပ်၏။
လောဘမူစိတ်ရှစ်ပါးတို့၏ဖြစ်စဉ်
ရှစ်ပါးကုန်သော ဤလောဘမူစိတ်တို့၏ ဤဆိုလတ္တံ့သော ဖြစ်စဉ်ကိုသိအပ်၏။ ရှစ်ပါးအရချဲ့ပြဦးအံ့
(၁) အကြင်အခါ၌ ကာမဂုဏ်တို့၌ အပြစ်မရှိ-ဤသို့စသော နည်းဖြင့် မိစ္ဆာဒိဋ္ဌိကို ရှေ့သွားပြု၍ ရွှင်ရွှင်ပြပြ သဘောအားဖြင့် ထက်သည်သာလျှင် ဖြစ်သော မတိုက်တွန်းအပ်သော စိတ်ဖြင့် ကာမဂုဏ်တို့ကိုလည်း မှီဝဲ၏။ ဒိဋ္ဌမင်္ဂလာ အစရှိသည်တို့ကိုလည်း အနှစ်သာရအားဖြင့် ယုံကြည်၏။ ထိုအခါ ရှေးဦးစွာသော အကုသိုလ်စိတ်သည် ဖြစ်၏။
၁။ လောဘမူစိတ်သည် လောဘဟိတ်, မောဟဟိတ် နှစ်ပါးနှင့် ယှဉ်သော်လည်း လောဘဟိတ်သည်သာ အခြားသော စိတ်နှင့် မဆက်ဆံသောကြောင့် နိဂုံး၌ “ဣမာနိ။ပ။ လောဘသဟဂတစိတ္တာနိနာမ”ဟု လောဘသဟဂုတ်စိတ်ကိုသာ ဆိုရ၏။
စာမျက်နှာ-၃၇
(၂) အကြင်အခါ၌ ကာမဂုဏ်တို့၌ အပြစ်မရှိ-ဤသို့စသော နည်းဖြင့် မိစ္ဆာဒိဋ္ဌိကို ရှေ့သွားပြု၍ ရွှင်ရွှင်ပြပြ ခြုံသော တိုက်တွန်းအပ်သော စိတ်ဖြင့် ကာမဂုဏ်တို့ကို ခံစား၏။ ဒိဋ္ဌမင်္ဂလာအစရှိသည်တို့ကိုလည်း အနှစ်သာရအားဖြင့် ယုံကြည်၏။ ထိုအခါ ဒုတိယ ဖြစ်သော အကုသိုလ်စိတ်သည် ဖြစ်၏။
(၃) အကြင်အခါ၌ မိစ္ဆာဒိဋ္ဌိကို ရှေ့သွား-မပြုမူ၍ သက်သက် ရွှင်ရွှင်ပြပြ သဘောအားဖြင့် ထက်သည်သာလျှင် ဖြစ်သော မတိုက်တွန်းအပ်သော စိတ်ဖြင့် မေထုန်ကိုသော်လည်း မှီဝဲ၏။ သူတပါး၏ စည်းစိမ်ကိုမူလည်း ရှေးရှုကြံစည်၏။ သူတပါး ဥစ္စာဘဏ္ဍာကိုမူလည်း ခိုးယူ၏။ ထိုအခါ တတိယဖြစ်သော အကုသိုလ်စိတ်သည်ဖြစ်၏။
(၄) အကြင်အခါ၌ နွံသော တိုက်တွန်းအပ်သော စိတ်ဖြင့် မေထုန်ကိုသော်လည်း မှီဝဲ၏၊ သူတပါး၏ စည်းစိမ်ကိုသော်လည်း ရှေးရှုကြံစည်၏။ သူတပါး၏ ဥစ္စာဘဏ္ဍာကိုသော်လည်း ခိုးယူ၏။ ထိုအခါ လေးခုမြောက်သော အကုသိုလ်စိတ်သည် ဖြစ်၏။
(၅) အကြင်အခါ၌ ကာမဂုဏ်တို့၏ မပြည့်စုံခြင်းကို စွဲ၍၎င်း၊ တပါးကုန်သော သောမနဿအကြောင်းတို့၏ မရှိသဖြင့်၎င်း လေးပါးသော ဝိကပ်တို့၌ သောမနဿမှ ကင်းကုန်၏။ ထိုအခါ ကြွင်းကုန်သော လေးပါးသော ဥပေက္ခာသဟဂုတ်စိတ်တို့သည် ဖြစ်ကုန်၏။
ပိ-သဒ္ဒါအနက်
(အဋ္ဌပိ-၌ ရှိသော ပိ-သဒ္ဒါသည် ပေါင်းခြင်း သမ္ဗိဏ္ဍန အနက် ရှိ၏။ ထို ပိ-သဒ္ဒဖြင့် ဆိုအပ်လတံ့သော နည်းဖြင့် အကုသလ ကမ္မပထ တရားတို့တွင် ထိုလောဘမူစိတ်တို့၏ ရသင့်သော ကမ္မပထအား လျော်သော အားဖြင့် ဖြစ်သော အပြားကို၎င်း၊
စာမျက်နှာ-၃၈
ကာလ, ဒေသ, သန္တာန်, အာရုံ အစရှိသည်တို့၏ အပြားအားဖြင့် တပါးမက များသော အပြားရှိသည်အဖြစ်ကို၎င်း သိမ်းပေါင်း၏။
လောဘမူအဖွင့်ပြီးပြီ။
ဒေါသမူစိတ် ၂-ပါး
၅။ ။ဒေါမနဿသဟဂတံ ပဋိဃသမ္ပယုတ္တံ အသင်္ခါရိကမေကံ, သသင်္ခါရိကမေကန္တိ ဣမာနိ ဒွေ ပဋိဃသမ္ပယုတ္တစိတ္တာနိ နာမ။ ။ (၁) ဒေါမနဿဝေဒနာနှင့် ဧကုပ္ပါဒအစရှိသော အစွမ်းဖြင့် နှီးနှောသော၊ ဝါ-ဒေါမနဿဝေဒနာနှင့်တကွ ဧကုပ္ပါဒအစရှိသော အဖြစ်သို့ရောက်သော ဒေသနှင့် အညီအညွတ် ဧကုပ္ပါဒအစရှိသော အပြားတို့နှင့် ယှဉ်သော တိုက်တွန်းခြင်းမရှိသော စိတ်သည်တခု၊ (၂) တိုက်တွန်းခြင်းရှိသော၊ ဝါ-တိုက်တွန်းခြင်းနှင့် တကွဖြစ်သော စိတ်သည်တခု၊ ဤသို့သော အပြားအားဖြင့် နှစ်ပါးအပြား ရှိသည်လည်း ဖြစ်ကုန်သော ဤစိတ်တို့သည် ပဋိဃသမ္ပယုတ်စိတ်ဟူသော အမည်ရှိကုန်၏။
ဒေါသမူစိတ် အဖွင့်
၅။ ။မကောင်းသော စိတ်သည် ဒုမ္မန-မည်၏။ ထိုသူအား မကောင်းသော စိတ်ရှိသောကြောင့်ဒုမ္မနမည်၏။ ထိုမကောင်းသော စိတ်ရှိသူ၏ ဖြစ်ကြောင်း ဝေဒနာသည် ဒေါမနဿ-မည်၏။ ဤဒေါမနဿဟူသည် စိတ်၌ဖြစ်သော ဒုက္ခဝေဒနာ၏ အမည်ပင်တည်း။ ထိုဒေါမနဿဝေဒနာနှင့် တကွဖြစ်ခြင်းကြောင့် စိတ်သည် ဒေါမနဿသဟဂတမည်၏။ အာရုံ၌ ထိပါးတတ်သောကြောင့် ဒေါသသည် ပဋိဃမည်၏။ ထိုစကား မှန်၏၊ ထိုဒေါသသည် ကြမ်းထမ်းသော သဘောရှိသည်၏ အဖြစ်ကြောင့် အာရုံကို မထိပါးသော်လည်း ထိပါးသကဲ့သို့ ဖြစ်၏။
စာမျက်နှာ-၃၉
ဒေါမနဿသဒ္ဒါကို ဆိုရခြင်းအကြောင်း
ဒေါမနဿသဟဂုတ်စိတ်၏ ဝေဒနာအစွမ်းဖြင့် မပြားသော်လည်း တပါးသောစိတ်နှင့် မဆက်ဆံသော အစွမ်းဖြင့် စိတ်ကို အထူးပြုခြင်း အကျိုးငှါ ဒေါမနဿ သဒ္ဒါကို ပြုအပ်ပါသတည်း။
ပဋိဃကို ဆိုရခြင်းအကြောင်း
ပဋိဃနှင့် ယှဉ်ရသော အဖြစ်ကိုကား နှစ်ပါးသော ဒေါသ, ပဋိဃတို့၏ စင်စစ် တကွ ဖြစ်သည်အဖြစ်ကို ပြခြင်း အကျိုးငှါ မိန့်ဆိုအပ်၏-ဟုမှတ်။
ဒေါမနဿနှင့် ပဋိဃတို့၏အထူး
ဒေါမနဿနှင့် ပဋိဃတို့၏အထူးကိုဆိုဦးအံ့။ ဤဒေါမနဿနှင့် ပဋိဃနှစ်ပါးတို့တွင် ဒေါမနဿသည် အလိုမရှိအပ်သော အနိဋ္ဌာရုံကို ခံစားခြင်း လက္ခဏာရှိသော ဝေဒနာက္ခန္ဓာ၌ အကျုံးဝင်သော တခုသော တရားဖြစ်၏။ ပဋိဃသည် ကြမ်းထမ်းသော သဘော ဖြစ်သော သင်္ခါရက္ခန္ဓာ၌ အကျုံးဝင်သော တခုသော တရားဖြစ်၏။ ဤကား-ထိုဒေါမနဿနှင့်, ပဋိဃတို့၏ အထူးတည်း။ ။
ဒေါမနဿနှင့် ပဋိဃတို့၏ အကြောင်းရင်းကို ဆိုဦးအံ့။ အလုံးစုံသော အလိုမရှိအပ်သော အာရုံသည်၎င်း၊ ကိုးပါးအပြားရှိသော ရန်ငြိုးခြင်းအကြောင်းတို့သည်၎င်း ဤဒေါမနဿ, ပဋိဃ ၂-ပါးတို့တွင် ဒေါမနဿ၏ အကြောင်းလည်း ဖြစ်၏၊ ပဋိဃ၏အကြောင်းလည်း ဖြစ်၏-ဟု မှတ်အပ်၏။ ထိုနှစ်ပါးတို့၏ အထူးကို ဆက်ဆိုဦးအံ့။ နှစ်ပါးကုန်သော ထိုဒေါမနဿ, ပဋိဃတို့၏ ဖြစ်စဉ်ကို
၁။ ဒေါမနဿ ဝေဒနာသည် တပါးသော စိတ်တို့၌ မယှဉ်သည် အဖြစ်ကို၎င်း, ဤစိတ်၌သာ အမြဲ ယှဉ်သည်အဖြစ်ကို၎င်း ပြခြင်းငှါ ဒေါမနဿသဒ္ဒါဖြင့် အထူးပြု၍ “ဒေါမနဿသဟဂတံ”ဟု ဆိုရ၏။
၂။ ပဋိဃနှင့် ဒေါမနဿ ဝေဒနာတို့၏ အမြဲ ဖြစ်သည် အဖြစ်ကို ပြခြင်းငှါ “ပဋိဃသမ္ပယုတ္တံ”ဟု ဆိုရ၏။
စာမျက်နှာ-၄၀
သူတပါး၏ အသက်ကို သတ်ခြင်း စသော အကုသိုလ်တို့၌ ထက်စွာ, ခြုံစွာဖြစ်သော ကာလတို့၌ သိအပ်၏။
ဤဒေါသမူစိတ်၌လည်း နိဂုံး၌ ပါရှိသော ပိ-သဒ္ဒ၏ အနက်ကို လောဘမူ၌ ဆိုအပ်ပြီးသော နည်းကို အစဉ်မှီးသဖြင့် မှတ်အပ်၏။
ဒေါသမူအဖွင့်ပြီး၏။
မောဟမူစိတ် ၂-ပါး
၆။ ။ဥပေက္ခာသဟဂတံ ဝိစိကိစ္ဆာသမ္ပယုတ္တမေကံ, ဥပေက္ခာသဟဂတံ ဥဒ္ဓစ္စသမ္ပယုတ္တမေကန္တိ ဣမာနိ ဒွေပိ မောဟမူလစိတ္တာနိ နာမ။ (၁) ဥပေက္ခာဝေဒနာနှင့် ဧကုပ္ပါဒ အစရှိသောအစွမ်းဖြင့် နှီးနှောသော၊ ဝါ-ဥပေက္ခာဝေဒနာနှင့် တကွ ဧကုပ္ပါဒ အစရှိသော အဖြစ်သို့ ရောက်သော, ဝိစိကိစ္ဆာနှင့် အညီအညွတ် ဧကုပ္ပါဒ အစရှိသော အပြားတို့နှင့် ယှဉ်သော စိတ်သည်တခု၊
(၂) ဥပေက္ခာဝေဒနာနှင့် ဧကုပ္ပါဒအစရှိသော အစွမ်းဖြင့် နှီးနှောသော၊ ဝါ-ဥပေက္ခာဝေဒနာနှင့် တကွ ဧကုပ္ပါဒအစရှိသော အဖြစ်သို့ ရောက်သော ဥဒ္ဓစ္စနှင့် အညီအညွတ် ဧကုပ္ပါဒအစရှိသော အပြားတို့နှင့် ယှဉ်သောစိတ်သည်တခု၊ ဤသို့သော အပြားအားဖြင့် နှစ်ပါးအပြား ရှိသည်လည်း ဖြစ်ကုန်သော ဤစိတ်တို့သည် မောဟမူ-စိတ်ဟူသော အမည်ရှိကုန်၏။
မောဟမူ စိတ် ၂-ပါးအဖွင့်
၆။ ။ထိုယုံမှားခြင်းဖြင့် သဘောကို စုံစမ်းသည်ရှိသော် ပူပန်တတ်၏၊ ထိုသို့ပူပန်ကြောင်းဖြစ်သောကြောင့် ဝိစိကိစ္ဆာ မည်၏။
စာမျက်နှာ-၄၁
တနည်းကား-စိတ်အား ဉာဏ်ဖြင့် ကုစားခြင်းငှါ ခဲယဉ်းသည် ဖြစ်၍ ဉာဏ်တည်းဟူသော ဆေးသွားသည် ကင်းသောကြောင့် ဝိစိကိစ္ဆာ မည်၏။ မှတ်ချက်။ ။ဝိစိကိစ္ဆာပုဒ်ကို “သဘာဝံ ဝိစိနာကိစ္ဆတိ ကိလမတိ ဧတာယာတိ ဝိစိကိစ္ဆာ” ဟု၎င်း, “ဝိဂတာ စိကိစ္ဆာ ဧတာယာတိ ဝိစိကိစ္ဆာ” ဟု၎င်း ဝိဂြိုဟ်ပြု, ဝိစိကိစ္ဆာစေတသိက်ရ၏-ဟူလို။ | ထိုဝိစိကိစ္ဆာစေတသိက်နှင့် ယှဉ်သောကြောင့် စိတ်သည် ဝိစိကိစ္ဆာမည်၏။ အလွန်တုန်လှုပ်တတ်သော စိတ်၏ ဖြစ်ကြောင်း ဖြစ်သောစေတသိက်သည် ဥဒ္ဓစ္စ မည်၏။
ဥဒ္ဓစ္စကို ဆိုရခြင်းအကြောင်း
ဥဒ္ဓစ္စသည် အကုသိုလ်စိတ် အားလုံး၌ ဆက်ဆံသော်လည်း ဤမောဟမူစိတ်၌သာလျှင် မိမိနှင့် ယှဉ်ဘော် ယှဉ်ဘက် တရားတို့၌ ထင်ရှား ပြဓာန်း၍ ဖြစ်သောကြောင့် ဤမောဟမူစိတ်ကိုသာလျှင် ထို ဥဒ္ဓစ္စ ဖြင့်အထူးပြု၍ ဆိုအပ်ပါသတည်း။ ထို့ကြောင့် ဓမ္မသင်္ဂဏီပါဠိတော်၌ ကြွင်းသော အကုသိုလ်စိတ်တို့တွင် ဥဒ္ဓစ္စကို ယေဝါပနကအစွမ်းဖြင့် ဟောအပ်၏။ ဤမောဟမူ စိတ်၌သာလျှင် “ဥဒ္ဓစ္စံ ဥပ္ပဇ္ဇတိ” ဟု သရုပ်အားဖြင့် ဟောတော်မူအပ်၏။
ဤအရာ ဆောင်ပုဒ်ဂါထာကား
သဗ္ဗကုသလယုတ္တမ္ပိ၊ ဥဒ္ဓစ္စဉ္စန္တမာနသေ။
ဗလဝံ ဣတိ တံယေဝ၊ ဝုတ္တမုဒ္ဓစ္စယောဂတာ။
တေနေ၀ ဟိ မုနိန္ဒေန၊ ယေဝါပနက နာမတာ။
ဝုတ္တာ သေသေသု ဧတ္ထတ္ထ, တံ သရူပေန ဒေသိတံ။ ။ ဟူသည်တည်း။
၁။ ဥဒ္ဓစ္စ စေတသိက်သည် အကုသိုလ်စိတ် အလုံးစုံတို့နှင့် ယှဉ်သော်လည်း မောဟမူ စိတ်၌ကား ပြဋ္ဌာန်းသောအားဖြင့် ဖြစ်သောကြောင့် “ဥဒ္ဓစ္စသမ္ပယုတ္တံ”ဟုဆိုရ၏။
စာမျက်နှာ-၄၂
အဓိပ္ပါယ် ကား
ဥဒ္ဓစ္စသည် အလုံးစုံသော အကုသိုလ်စိတ်နှင့် ယှဉ်သော်လည်း နောက်ဆုံးဖြစ်သော အကုသိုလ်စိတ်၌ အားကြီး၏။ ထို့ကြောင့် ထိုနောက်ဆုံးဖြစ်သော စိတ်ကိုသာလျှင် ဥဒ္ဓစ္စနှင့် ယှဉ်သောအားဖြင့် အရှင်အနုရုဒ္ဓါဆရာသည် မိန့်ဆိုအပ်၏။ ထို့ကြောင့်သာလျှင် မြတ်စွာဘုရားသည် ဥဒ္ဓစ္စမှ ကြွင်းသော အကုသိုလ်စိတ်တို့၌ ဥဒ္ဓစ္စကို “ယေဝါပနက” အမည်အားဖြင့် ဟောတော်မူ၍ ဤနောက်ဆုံး အကုသိုလ်စိတ်၌သာလျှင် ထိုဥဒ္ဓစ္စကို သရုပ်အားဖြင့် ဟောတော်မူအပ်၏။
မောဟမူစိတ်၌ ဥပေက္ခာသဟဂုတ်သာဖြစ်ခြင်းအကြောင်း
ဤနှစ်ပါးသော မောဟမူစိတ်တို့သည် မူလတပါးနှင့် ကင်းသဖြင့် အလွန်တွေဝေသောကြောင့်၎င်း၊ အာရုံကို မဆုံးဖြတ်နိုင်ခြင်း, အာရုံ၌ပျံ့လွင့်ခြင်း အစွမ်းအားဖြင့်ဖြစ်သော ဝိစိကိစ္ဆာ, ဥဒ္ဓစ္စတို့နှင့် အမြဲ ယှဉ်သဖြင့် တုန်လှုပ်သည်၏ အဖြစ်ကြောင့်၎င်း၊ အလုံးစုံသော အာရုံတို့၌ တပ်နှစ်သက်ခြင်း, ပြစ်မှားခြင်း ကင်းကုန်ရကား ဥပေက္ခာသဟဂုတ်တို့သာလျှင် ဖြစ်ကုန်၏။
သင်္ခါရ အပြား မရှိခြင်း အကြောင်း
ထို့ကြောင့်သာလျှင် သဘောအားဖြင့် ထက်သော အဖြစ်၏၎င်း၊ တိုက်တွန်းအပ်သည်အဖြစ်၏၎င်း မရှိသောကြောင့် သင်္ခါရ အပြားသည်လည်း ထိုမောဟမူစိတ်၌ မရှိပေ။
၁။ မောဟမူစိတ်၌ လောဘဟိတ်, ဒေါသဟိတ် နှစ်ပါးနှင့် မယှဉ်ပါဘဲ မောဟဟိတ် တပါးတည်းနှင့်သာ ယှဉ်သဖြင့်၎င်း, ဥဒ္ဓစ္စနှင့် ယှဉ်သဖြင့်၎င်း အလွန့် အလွန် တွေဝေသောကြောင့် ဣဋ္ဌာရုံ၌လည်း သောမနဿ မဖြစ်နိုင်၊ အနိဋ္ဌာရုံ၌လည်း ဒေါမနဿ မဖြစ်နိုင်သောကြောင့် အမြဲ ဥပေက္ခာဝေဒနာ တပါးသာ ဖြစ်၏။
၂။ ထိုသို့ ဝိစိကိစ္ဆာ, ဥဒ္ဓစ္စနှင့် ယှဉ်သဖြင့် အလွန် တုန်လှုပ် ချောက်ချား၍ တိုက်တွန်းခြင်း မရှိသောကြောင့် သင်္ခါရ အပြား မရှိ၊ အသင်္ခါရိက ဟု ဆိုကြကုန်၏။
စာမျက်နှာ-၄၃
ဆောင်ပုဒ်ဂါထာကား
သမ္မောဟော စေဝ သံသပ္ပော, ဝိက္ခေပော စေကဟေတုကံ။
သောပေက္ခံ သဗ္ဗဒါ နော စ, ဘိန္နာ သင်္ခါရဘေဒတာ။
န ဟိ တဿ သဘာဝေန, တိက္ခတ္တုဿီဟ နိယတာ။
အတ္ထိ သံသပ္ပမာနဿ, ဝိက္ခိပန္တဿ သဗ္ဗဒါ။ ။
အဓိပ္ပါယ်ကား
အာရုံ၌ တွေဝေသည် အဖြစ်ကြောင့်၎င်း၊ အာရုံ၌ ယုံမှားသည် အဖြစ်, အာရုံ၌ပျံ့လွင့်သည်အဖြစ်ကြောင့်၎င်း၊ မောဟဟိတ် တပါးတည်းရှိသော ဧကဟိတ်စိတ်သည် အလုံးစုံသော အာရုံ၌ ဥပေက္ခာ ဝေဒနာနှင့်သာ တကွ ဖြစ်၏။ ထိုမောဟမူစိတ်သည် သင်္ခါရအပြားအားဖြင့် မပြား။ အဘယ့်ကြောင့် ဆိုသော် အာရုံ၌ ယုံမှားသည် အဖြစ်ကြောင့်၎င်း၊ အာရုံ၌ ပျံ့လွင့်သည် အဖြစ်ကြောင့်၎င်း၊ ထို မောဟမူစိတ်၏ သဘောအားဖြင့် ထက်သည် အဖြစ်သည်၎င်း၊ တိုက်တွန်းအပ်သည် အဖြစ်သည်၎င်း၊ အလုံးစုံသော အာရုံ၌ မရှိသောကြောင့်တည်း။ ထိုစိတ်တို့သည် မူလတပါးမှ ကင်းသည်ဖြစ်၍ အလွန် ပြင်းစွာသော တွေဝေခြင်းဖြင့် တွေဝေတတ်သောကြောင့် မောဟမူ မည်ကုန်၏။
အကုသိုလ်နိဂုံး
၇။ ဣစ္စေဝံ သဗ္ဗထာပိ ဒွါဒသာကုသလစိတ္တာနိ သမတ္တာနိ။
အကြင်အကြင် ဆိုအပ်ခဲ့ပြီးသော နည်းဖြင့် ခပ်သိမ်းသော အခြင်းအရာအားဖြင့်လည်း တဆဲ့နှစ်ပါးသော အကုသိုလ်စိတ်တို့သည် ပြီးကုန်၏။
၇။ ဣစ္စေဝံဤသို့ အစရှိသော စကားသည် အကြင်ဆိုအပ်ကုန်ပြီးသော တဆယ့်နှစ်ပါးသော အကုသိုလ်စိတ်တို့၏ နိဂုံးအုပ်သော စကားတည်း။ ဣစ္စေဝံ-ပါဠိ၌ ဣတိ-သဒ္ဒသည် သဒ္ဒါအပေါင်း
စာမျက်နှာ-၄၄
ထိုသဒ္ဒအပေါင်းသည် ဟောအပ်သော အနက်အပေါင်းကို ပြခြင်း အနက် ရှိ၏။ ဧဝံ သဒ္ဒါသည် သဒ္ဒါအစဉ်, အနက်အစဉ်ကို ပြခြင်း အနက် ရှိ၏။ တနည်း- ဣစ္စေဝံ သဒ္ဒသည် ထိုသဒ္ဒသည် အပ်သော အနက်တို့၏ အပြီးကို အားထုတ်ခြင်း၌ နိပါတ် အပေါင်းတည်း။
အကြင်အကြင် ဆိုအပ်ပြီးသော နည်းဖြင့် သောမနဿ, ဥပေက္ခာ, ဒိဋ္ဌိနှင့် ယှဉ်ခြင်း, ပဋိဃနှင့် ယှဉ်ခြင်း အစရှိသော ဝိစိကိစ္ဆာ, ဥဒ္ဓစ္စနှင့်ယှဉ်ခြင်းဟူသော အလုံးစုံယှဉ်သော အခြင်းအရာအားဖြင့် ၁၂-ပါးသော အကုသိုလ်စိတ်တို့သည် ပြီးကုန်၏။ တနည်း- အကျဉ်း ရေတွက်၍ ယူအပ်ကုန်ပြီ။ ဤကား ဣစ္စေဝံ စသောပါဠိကို အနက် ပေးနည်းတည်း။ | ထို“အကုသလစိတ္တာနိ”ပါဠိ၌ ကုသိုလ်၏ ဆန့်ကျင်ဘက် တရားတို့သည် အကုသိုလ် မည်ကုန်၏၊ မိတ်ဆွေနှင့် ဆန့်ကျင်ဘက် ဖြစ်သော သူသည် အမိတ္တ မည်သကဲ့သို့တည်း။ ဆန့်ကျင်ဘက်ဖြစ်ပုံကိုလည်း ကုသိုလ်, အကုသိုလ်တို့၏ အစဉ်အတိုင်း ပယ်တတ်သော အဖြစ်, ပယ်အပ်သောအဖြစ်ဖြင့် သိအပ်၏။
အကုသိုလ်သင်္ဂဟဂါထာ
ဂ။ ။ အဋ္ဌ လောဘမူလာနိ, ဒေါသမူလာနိ စ ဒွေ။
မောဟမူလာနိ စ ဒွေ တိ, ဒွါဒသာကုသလာ သိယုံ။
လောဘဟုဆိုအပ်သော မူလရှိကုန်သော စိတ်တို့သည် ဝေဒနာ စသော အပြားအားဖြင့် ရှစ်ပါးအပြား ရှိကုန်၏။ ဒေါသဟု ဆိုအပ်သော မူလရှိကုန်သော စိတ်တို့သည် သင်္ခါရအပြားဖြင့် နှစ်ပါးအပြား ရှိကုန်၏။ မောဟသာလျှင် မူလရှိကုန်သော စိတ်တို့သည် သမ္ပယောဂ အပြားဖြင့် နှစ်ပါးအပြား ရှိကုန်၏။ ဤသို့ အကုသိုလ်စိတ်တို့သည် ၁၂-ပါး ဖြစ်ကုန်၏။
စာမျက်နှာ-၄၅
ဂ။ “အဋ္ဌ” ဤသို့ အစရှိသော ပါဌ်သည် အကျဉ်း ချုံးသော ဂါထာတည်း။ လောဘ စေတသိက်သည် ကောင်းစွာ တည်သည်၏ အဖြစ်ကို ပြီးစေသဖြင့် အမြစ်နှင့် တူသောကြောင့် မူလလည်း မည်၏။ ထိုစိတ်တို့အား ထိုလောဘတည်းဟူသော မူလ ရှိသောကြောင့် လောဘမူ မည်ကုန်သော စိတ်တို့သည် ဝေဒနာ အစရှိသော အပြားအားဖြင့် ရှစ်ပါးအပြား ရှိကုန်၏။ ထို့အတူ ဒေါသဟုဆိုအပ်သော မူလရှိကုန်သော စိတ်တို့သည် သင်္ခါရအပြားအားဖြင့် နှစ်ပါးအပြား ရှိကုန်၏။ သက်သက်သော မောဟဟူသော မူလရှိကုန်သောကြောင့် မောဟမူဟု ဆိုအပ်ကုန်သော စိတ်တို့သည် သမ္ပယောဂ အပြားအားဖြင့် နှစ်ပါးအား ရှိကုန်၏။ ဤသို့အကုသိုလ်စိတ်တို့သည် ၁၂-ပါးဖြစ်ကုန်၏။ ဤကား အနက်ပေးနည်းတည်း။
အကုသိုလ်စိတ် အဖွင့် ပြီးပြီ။
အဟိတ် အကုသလဝိပါက်စိတ် ၇-ပါး
ဥပေက္ခာသဟဂတံ စက္ခုဝိညာဏံ, တထာ သောတဝိညာဏံ, ဃာနဝိညာဏံ, ဇိဝှါဝိညာဏံ, ဒုက္ခသဟဂတံ ကာယဝိညာဏံ, ဥပေက္ခာသဟဂတံ သမ္ပဋိစ္ဆနစိတ္တံ, ဥပေက္ခာသဟဂတံ သန္တီရဏစိတ္တဉ္စာတိ ဣမာနိ သတ္တ အကုသလဝိပါကစိတ္တာနိ နာမ။
(၁) ဥပေက္ခာဝေဒနာနှင့် ဧကုပ္ပါဒ အစရှိသော အစွမ်းဖြင့် နှီးနှောသော၊ ဝါ-ဥပေက္ခာဝေဒနာနှင့် တကွ ဧကုပ္ပါဒ အစရှိသော အဖြစ်သို့ ရောက်သော စက္ခုဝိညာဏ်စိတ်၎င်း၊ (၂) ထို့အတူ သောတဝိညာဏ်စိတ်၎င်း၊ (၃) ဃာနဝိညာဏ်စိတ်၎င်း၊ (၄) ဇိဝှါဝိညာဏ်စိတ်၎င်း၊
စာမျက်နှာ-၄၆
(၅) ဒုက္ခဝေဒနာနှင့် ဧကုပ္ပါဒ အစရှိသော အစွမ်းဖြင့် နှီးနှောသော၊ ဝါ-ဒုက္ခဝေဒနာနှင့် တကွ ဧကုပ္ပါဒ အစရှိသော အဖြစ်သို့ ရောက်သော ကာယဝိညာဏ်စိတ်၎င်း၊
(၆) ဥပေက္ခာဝေဒနာနှင့် ဧကုပ္ပါဒ အစရှိသော အစွမ်းဖြင့် နှီးနှောသော၊ ဝါ-ဥပေက္ခာဝေဒနာနှင့် တကွ ဧကုပ္ပါဒ အစရှိသော အဖြစ်သို့ ရောက်သော သမ္ပဋိစ္ဆနစိတ်၎င်း၊
(၇) ဥပေက္ခာဝေဒနာနှင့် ဧကုပ္ပါဒ အစရှိသော အစွမ်းဖြင့် နှီးနှောသော၊ ဝါ-ဥပေက္ခာဝေဒနာနှင့် တကွ ဧကုပ္ပါဒ အစရှိသော အဖြစ်သို့ ရောက်သော သန္တီရဏစိတ်၎င်း၊ ဤသို့သော အပြားအားဖြင့် ခုနစ်ပါး အပြားရှိသည်လည်း ဖြစ်ကုန်သော ဤစိတ်တို့သည် အကုသလဝိပါက်စိတ်ဟူသော အမည်ရှိကုန်၏။
အဟိတ် အကုသလဝိပါက် စိတ် ၇-ပါး အဖွင့်
၉။ ။ဤသို့ မူလအပြားအားဖြင့် သုံးပါးအပြား ရှိသော်လည်း ဝါ-သုံးပါးအပြား ရှိသော အကုသိုလ်စိတ်ကို သမ္ပယောဂ အစ ရှိသော အပြားအားဖြင့် ၁၂-ပါး အပြားအားဖြင့် ခွဲခြမ်း ဝေဖန်ပြီး၍ ယခုအခါ၌ အဟိတ် စိတ်တို့ကိုခွဲဝေ၍ ညွှန်ပြတော်မူလိုသော အရှင်အနုရုဒ္ဓါဆရာသည် ထိုအဟိတ်စိတ်တို့၏ အကုသလဝိပါက် အစရှိသည်၏ အစွမ်းဖြင့် သုံးပါးအပြား ရှိသော်လည်း အကုသိုလ်စိတ်၏ အခြားမဲ့၌ အကုသလဝိပါက်စိတ်တို့ကိုသာလျှင် စက္ခု အစ ရှိသော မှီရာ, သမ္ပဋိစ္ဆန အစရှိသော ကိစ္စ၏ ၇-ပါး အပြားအားဖြင့် ဝေဖန်ခြင်းငှါ “ဥပေက္ခာသဟဂတံ စက္ခုဝိညာဏံ” ဤသို့ အစရှိသော ပါဌ်ကို မိန့်တော်မူသတည်း။ ။ မှတ်ချက်။ ။ဤစကားရပ်ဖြင့် အဟိတ်စိတ်၏ အနုသန္ဓိကျမ်းတက်ကို ပြ၏၊ အကြောင်းဖြစ်သော အကုသိုလ်စိတ်အားလျော်စွာ ကုသလဝိပါက်ကို မဆိုပါဘဲ အကျိုး အကုသလဝိပါက်ဆိုရပုံ စသည်ကိုပြ၏။
၁။ ဟိတ်မရှိသောကြောင့် အဟိတ်စိတ် မည်၏။
စာမျက်နှာ-၄၇
ထိုပါဠိ၌ အဖွင့်ကား ဤသို့တည်း၊ ဝိညာဏ်၏ တည်ရာ ဖြစ်၍ ညီညွှတ်သည် မညီညွှတ်သည်ကို ပြောကြားသကဲ့သို့ ဖြစ်တတ်သောကြောင့် ပသာဒရုပ်သည် စက္ခုမည်၏။ တနည်းကား-ရူပါရုံကို သာယာသက်သူ ဖြစ်သောကြောင့် ပသာဒရုပ်သည် စက္ခုမည်၏။ ထိုစကားမှန်၏၊ စက္ခတိ-ဟူသော ဤသဒ္ဒါသည် “စက္ခု စက္ခတိ နံ စက္ခတိ” အစရှိသော ပါဠိတို့၌ကဲ့သို့ သာယာသောအနက်ကို ဟော၏။ ထို့ကြောင့် မြတ်စွာဘုရားသည်လည်း “စက္ခံ ခေါ ပန မာဂဏ္ဍိယ ရူပါရာမံ ရူပရတံ ရူပသမုဒိတံ” ဤသို့ အစရှိသော စကားကို ဟောတော်မူ၏။ ဤသို့ဖြစ်သော်လည်း “တံ ခေါ မာဂဏ္ဍိယ သဒ္ဒါရာမံ သဒ္ဒရတံ သဒ္ဒသမုဒိတံ” ဤသို့အစရှိသော စကားကို ဟောတော်မူသောကြောင့် သောတပသာဒ အစရှိသည်တို့၏လည်း သဒ္ဒါရုံ အစရှိသည်ကို သာယာခြင်းသည် ရှိခဲ့၏။ ထို့ကြောင့် ထိုသောတပသာဒ ရုပ်တို့၏လည်း စက္ခုသဒ္ဒါသည် ဟောအပ်သော အဖြစ်သို့ ရောက်ခဲ့ရာ၏၊ ဤကား စောဒနာတည်း။ တင်စား၍ ဆိုသောကြောင့် မရောက်ပေ။ ထိုစကားကို ထင်စွာ ပြဦးအံ့-”ဤစက္ခု သဒ္ဒါသည် ကြည့်ရှုခြင်း အလိုရှိသည်အဖြစ်ဟု ဆိုအပ်သော ကာမတဏှာလျှင် အကြောင်းရင်းရှိသော ကံကြောင့် ဖြစ်သော မဟာဘုတ်တို့ကို ကြည်စေခြင်း လက္ခဏာရှိသော စက္ခု ပသာဒ၌သာလျှင် တင်စား၏။ အဘယ်သို့ တင်စားသနည်းဟူမူ-“မယုရ” အစရှိသော သဒ္ဒါတို့ကို ဥဒေါင်းငှက် အထူးစသည်တို့၌ တင်စား၍ ဆိုသကဲ့သို့တည်း။ မှတ်ချက်။ ။မြေ၌ တွန်မြည်တတ်သောကြောင့် “မယုရ”မည်၏။ ဆိုရာ မြေ၌ တွန်မြည်တတ်သော အခြားငှက် များစွာ ရှိပါလျက် မယုရ-သဒ္ဒါသည် အခြားသော ငှက်ရှိကို မဟောပါဘိ၊ ဥဒေါင်းငှက်၌သာ အထင်ရှားအားဖြင့် ဟောသကဲ့သို့-ဟူလို။ စက္ခုပသာဒနှင့် တကွ ဖြစ်ခြင်းကြောင့် မျက်မှောင်ရိုးဖြင့် ပိုင်းခြားအပ်သော မျက်လုံးအသားဆိုင်ကိုလည်း စက္ခုဟု ဆိုအပ်၏။
စာမျက်နှာ-၄၈
တနည်းကိုဆိုဦးအံ့-သမ္မောဟဝိနောဒနီ အဋ္ဌကထာ၌ ဓာတ်တို့၏ တပါးမက များသော အနက်ရှိသောကြောင့် စက္ခုသဒ္ဒ၏ ထင်စွာပြုခြင်း အနက်ရှိသည် အဖြစ်သည်လည်း ဖြစ်သင့်၏။ ထို့ကြောင့် အဆင်းကို ထင်စွာပြတတ်သောကြောင့် ပသာဒရုပ်ကို စက္ခု မည်၏ဟု ဆိုအပ်၏။ ထိုစက္ခုပသာဒ၌ မှီတတ်သောကြောင့် စက္ခုပသာဒ၌ မှီ၍ ဖြစ်သော စိတ်သည် စက္ခုဝိညာဏ် မည်၏။ ထိုစကား မှန်၏၊ ထိုစိတ်ကို စက္ခုပသာဒကို မှီ၍ ဖြစ်သော ရူပါရုံကို သိခြင်းလက္ခဏာ ရှိ၏ဟု-မိန့်ဆိုအပ်၏။
ဤအတူ သောတဝိညာဏ် အစရှိသည်တို့၌လည်း ထိုက်သည် အားလျော်စွာ မှတ်အပ်၏။ တထာ-ဟူသော ပါဠိဖြင့် ဥပေက္ခာသဟဂုတ် အဖြစ်ကို ညွှန်အပ်၏။ ဝိညာဏ်၏ တည်ရာ ဖြစ်၍ အသံကို ကြားတတ်သောကြောင့် သောတပသာဒရုပ်သည် သောတ မည်၏။ ဂန္ဓာရုံကို ယူတတ်သောကြောင့် ဃာနပသာဒရုပ်သည် ဃာန မည်၏။ အသက်၏ အကြောင်းဖြစ်သောကြောင့် ရသာရုံသည် ဇီဝိတ မည်၏။ ထိုရသာရုံ၌ ညွတ်တတ်သည် ဖြစ်၍ ထိုဇီဝိတ ဖြစ်သော ရသာရုံကို ခေါ်တတ်သောကြောင့် ဇိဝှါပသာဒရုပ်သည် ဇိဝှါ မည်၏။
ဇီဝိတ-ဟုဆိုလိုလျက် ဝက္ကလာပ နိရုတ္တိနည်းအားဖြင့် ဇီဝိတ၌ ဝိ နှင့် တကိုချေ၊ အ၌ အ ကိုချေ၊ ဇိ ၌ ဤကို ရဿ ပြု၍ ဇိဝှါ-ဟုပြီးပါသတည်း။ စက်ဆုပ်အပ်ကုန်သော အကုသိုလ်တရားတို့၏ တည်ရာဖြစ်သောကြောင့် ကာယပသာဒရုပ်သည် ကာယ မည်၏။ အကြောင်းသော်ကား ဖောဋ္ဌဗ္ဗာရုံကို ယူသော သဘော ရှိသောကြောင့် ထိုဖောဋ္ဌဗ္ဗာရုံကို သာယာသော အစွမ်းဖြင့် ဖြစ်ကုန်သော ထိုဖောဋ္ဌဗ္ဗာရုံလျှင် အကြောင်းရင်း ရှိကုန်သော အကုသိုလ်တရားတို့၏ ထူးသော အကြောင်း ဖြစ်သောကြောင့် ကာယိန္ဒြေကို ထိုအကုသိုလ်တရားတို့၏ ဖြစ်ရာကဲ့သို့ ဆိုအပ်ပါသတည်း။
၁။ စက္ခုပသာဒကို မှီ၍ ဖြစ်သောစိတ်သည် စက္ခုဝိညာဏ်စိတ် မည်၏၊ (ကြွင်းတူပြီ)
စာမျက်နှာ-၄၉
တနည်းကား ကာယပသာဒနှင့် တကွဖြစ်သော ဤရူပကာယသည်လည်း စက်ဆုပ်အပ်သော ဆံအစရှိသည်တို့၏ တည်ရာ ဖြစ်သောကြောင့် ကာယ မည်၏။ ထိုရူပကာယနှင့် တကွဖြစ်သောကြောင့် ကာယပသာဒကိုလည်း ထို့အတူ ကာယ-ဟုပင် ဆိုအပ်၏။ စက်ဆုပ်အပ်သည် ဖြစ်၍ ကာယိကသုခကို တူးဖြိုတတ်သောကြောင့် ဝေဒနာသည် ဒုက္ခ မည်၏။ တနည်းကား သည်းခံနိုင်ခဲသောကြောင့် ဝေဒနာသည် ဒုက္ခ မည်၏။ အပရေဆရာတို့ကား-ထိုဝေဒနာအား ခဲယဉ်းသော အခွင့်ပေးခြင်း ရှိသောကြောင့် ဝေဒနာသည် ဒုက္ခ မည်၏-ဟုဆိုကုန်၏။
ပဉ္စဝိညာဏ်သည် ယူအပ်သော ရူပါရုံစသော အာရုံငါးပါးကို ခံလင့်သော အခြင်းအရာအားဖြင့် ဖြစ်၍ ခံလင့်တတ်သောကြောင့် သမ္ပဋိစ္ဆန မည်၏။ အကြင်အကြင် ခံလင့်ပြီးသော ရူပါရုံ အစရှိသော အာရုံကို စုံစမ်းတတ်သောကြောင့် သန္တီရဏ မည်၏။ အချင်းချင်း ဆန့်ကျင်ကုန်သော ကုသိုလ် အကုသိုလ်တို့၏ အကျိုး ဖြစ်သောကြောင့် ဝိပါက် မည်၏။ ဤဝိပါက်ဟူသော အမည်သည် မုချ အကျိုး၏ အဖြစ်သို့ ရောက်ကုန်သော နာမ်တရားတို့၏ အမည်တည်း။ ထို့ကြောင့် ကတ္တာရုပ်တို့သည် ကုသိုလ်ကံ အကုသိုလ်ကံကြောင့် ဖြစ်သော်လည်း ဝိပါက်ဟူသော အမည်ကို မရကုန်။ အကုသိုလ်၏ ဝိပါက်စိတ်တို့သည် အကုသလဝိပါကဝိညာဏ် မည်ကုန်၏။
၁။ စက္ခုဝိညာဏ် စသောဝိညာဏ်ငါးပါးက ယူအပ်ပြီးသော အာရုံကို ခံလင့်သော အခြင်းအရာအားဖြင့် ဖြစ်ခြင်းကြောင့် သမ္ပဋိစ္ဆနစိတ် မည်၏။
၂။ သမ္ပဋိစ္ဆနသည် ခံယူပြီးသော အာရုံငါးပါးကို ကောင်းစွာ စုံစမ်းတတ်သောကြောင့် သန္တီရဏစိတ် မည်၏။
စာမျက်နှာ-၅၀
အဟိတ် ကုသလဝိပါက်စိတ် ၈-ပါး
ဥပေက္ခာသဟဂတံ ကုသလဝိပါကံ စက္ခုဝိညာဏံ၊ တထာ သောတဝိညာဏံ၊ ဃာနဝိညာဏံ၊ ဇိဝှာဝိညာဏံ၊ သုခသဟဂတံ ကာယဝိညာဏံ၊ ဥပေက္ခာသဟဂတံ သမ္ပဋိစ္ဆနစိတ္တံ၊ သောမနဿသဟဂတံ သန္တီရဏစိတ္တံ၊ ဥပေက္ခာသဟဂတံ သန္တီရဏစိတ္တန္တိ ဣမာနိ အဋ္ဌ ကုသလဝိပါကာဟေတုကစိတ္တာနိ နာမ။
(၁) ဥပေက္ခာဝေဒနာနှင့်။ပ။ နှီးနှောသော ဝါ-ဥပေက္ခာ ဝေဒနာနှင့်တကွ။ပ။ ရောက်သော ကုသိုလ်၏ အကျိုးဖြစ်သော စက္ခုဝိညာဏ်စိတ်၎င်း၊
(၂) ထို့အတူ သောတဝိညာဏ်စိတ်၎င်း၊
(၃) ဃာနဝိညာဏ်စိတ်၎င်း၊
(၄) ဇိဝှါဝိညာဏ်စိတ်၎င်း၊
(၅) သုခဝေဒနာနှင့်။ပ။ နှီးနှောသော ဝါ-သုခဝေဒနာ နှင့်တကွ။ပ။ ရောက်သော ကာယဝိညာဏ်စိတ်၎င်း၊
(၆) ဥပေက္ခာဝေဒနာနှင့်။ပ။ နှီးနှောသော ဝါ-ဥပေက္ခာ ဝေဒနာနှင့်တကွ။ပ။ ရောက်သော သမ္ပဋိစ္ဆနစိတ်၎င်း၊
(၇) သောမနဿဝေဒနာနှင့်။ပ။ နှီးနှောသော ဝါ-သောမနဿဝေဒနာနှင့်တကွ။ပ။ ရောက်သော သန္တီရဏစိတ်၎င်း၊
(၈) ဥပေက္ခာဝေဒနာနှင့်။ပ။ နှီးနှောသော ဝါ-ဥပေက္ခာ ဝေဒနာနှင့်တကွ။ပ။ ရောက်သော သန္တီရဏစိတ်၎င်း၊ ဤသို့သော အပြားအားဖြင့် ရှစ်ပါး အပြားရှိသည်လည်း ဖြစ်ကုန်သော ဤစိတ်တို့သည် အဟိတ်ကုသလဝိပါက်စိတ်ဟူသော အမည် ရှိကုန်၏။
အဟိတ်ကုသလဝိပါက်စိတ် ၈-ပါးအဖွင့်
ကိုယ် စိတ်ကို ချမ်းသာစေတတ်သောကြောင့် ဝေဒနာသည် သုခ မည်၏။ တနည်းအား ကောင်းစွာ ကိုယ်စိတ်၏
စာမျက်နှာ-၅၁
ကြင်နာခြင်းကို တူးဖြိုတတ်သောကြောင့် ဝေဒနာသည် သုခ မည်၏။ တနည်းကား ချမ်းသာသဖြင့် သည်းခံအပ်သောကြောင့် ဝေဒနာသည် သုခ မည်၏။ အပရေဆရာတို့ကား-ထိုဝေဒနာအား လွယ်သော အခွင့်ပေးခြင်းရှိသောကြောင့် သုခ မည်၏ဟု ဆိုကြကုန်၏။
ကုသလဝိပါက် သန္တီရဏ နှစ်ပါးပြားခြင်းအကြောင်း
အကုသလဝိပါက် သန္တီရဏစိတ်ကို တပါးတည်း ဆိုသကဲ့သို့ ဤသို့မဆိုပါဘဲ ကုသလဝိပါက် သန္တီရဏစိတ်ကို နှစ်ပါး အပြားအားဖြင့် အဘယ့်ကြောင့် ဆိုအပ်ပါသနည်းဟူမူ၊ ဣဋ္ဌာရုံ, ဣဋ္ဌမဇ္ဈတ္တာရုံ တို့၏ အစွမ်းအားဖြင့် ဝေဒနာပြားသောကြောင့် နှစ်ပါးအပြားအားဖြင့် ဆိုအပ်၏။
ထိုသို့ ဖြစ်ချေသော် ထိုအကုသလဝိပါက်စိတ်၌လည်း အနိဋ္ဌာရုံ, အနိဋ္ဌမဇ္ဈတ္တာရုံတို့၏ အစွမ်းဖြင့် ဝေဒနာအပြားသည်လည်း ဖြစ်သင့်သည် မဟုတ်ပါလော။ ဤအကုသလဝိပါက်စိတ်ကို ဤသို့ဆိုသောအတိုင်း မမှတ်ထိုက်။ အဘယ့်ကြောင့် ဆိုသော် အနိဋ္ဌာရုံ၌ ဖြစ်သော ဒေါမနဿ၏ ပဋိသန္ဓေနှင့် ကင်း၍ မဖြစ်သောကြောင့်၎င်း၊ စင်စစ် အကုသိုလ်သဘောရှိသော ပုဂ္ဂိုလ်၏လည်း အဗျာကတတို့၌ မဖြစ်သောကြောင့်၎င်း ဝေဒနာအပြား မဖြစ်သင့်-ဟူလို။ ယင်းစကားကို ထင်ရှားအောင် ဘော်ပြဦးအံ့၊ ပြားသော ဇာတ် ရှိသော တရားသည် ပြားသော ဇာတ်ရှိသော တရားတို့၌ မရအပ်, မရနိုင်။ ထို့ကြောင့် မိမိနှင့် အတူတကွ ယှဉ်ခြင်းငှါ လျောက်ပတ်သော ပုဂ္ဂိုလ်၏ အဗျာကတတို့၌ မဖြစ်သင့်သောကြောင့် အကုသလဝိပါက်တို့၌ ဒေါမနဿဝေဒနာသည် မဖြစ်သင့်၊ မဖြစ်သင့်၍ ထိုအကုသလဝိပါက် သန္တီရဏ၏ ဒေါမနဿဝေဒနာနှင့် တကွ ဖြစ်သည် အဖြစ်ကို မဆိုအပ်ပါသတည်း။
တနည်းကား—အားကြီးသော သူသည် ပုတ်ခတ်အပ်သော် အားနည်းသော တစုံတယောက်သော သူသည် ထိုအားကြီးသော
စာမျက်နှာ-၅၂
သူကို ပြန်လှန် ပုတ်ခတ်ခြင်းငှါ မစွမ်းနိုင်၍ ထိုအားကြီးသော သူ၌ လျစ်လျူ ရှုရသကဲ့သို့ ထို့အတူ အကုသလဝိပါက်စိတ်တို့၏ ထက်ဝန်းကျင် အားနည်းသည် အဖြစ်ကြောင့် အနိဋ္ဌာရုံ၌လည်း ဒေါမနဿ ဖြစ်ခြင်း မရှိသောကြောင့် သန္တီရဏစိတ်သည် ဥပေက္ခာသဟဂုတ်သာ ဖြစ်၏။
စက္ခုဝိညာဏ်စိတ်တို့၏ ဥပေက္ခာသဟဂုတ် ဖြစ်ခြင်းအကြောင်း
ကုသလဝိပါက်, အကုသလဝိပါက် ဖြစ်ကုန်သော စက္ခုဝိညာဏ်, သောတဝိညာဏ်, ဃာနဝိညာဏ်, ဇိဝှါဝိညာဏ် စိတ် ၄-ပါး တို့သည် ဝတ္ထုနှင့် အာရုံ ထိခိုက်ခြင်း၏ အားနည်းသည် အဖြစ်ကြောင့် ဣဋ္ဌာရုံတို့၌ ဖြစ်စေ, အနိဋ္ဌာရုံတို့၌ ဖြစ်စေ ဥပေက္ခာသဟဂုတ်တို့သာ ဖြစ်ကုန်၏။
အဘယ့်ကြောင့် အားနည်းပါသနည်းဟူမူ၊ ထိုလေးပါးသော စက္ခုဝိညာဏ် စသော စိတ်တို့၏ မှီရာ ဖြစ်ကုန်သော စက္ခုပသာဒရုပ် စသည်တို့သည် ဥပါဒါရုပ်တို့သာ ဖြစ်ကုန်၏။ ရူပါရုံ စသော အာရုံတို့သည်လည်း ထို့အတူ ဥပါဒါရုပ်တို့သာ ဖြစ်ကုန်၏။ ဥပါဒါရုပ်နှင့် ဥပါဒါရုပ်၏ ထိခိုက်ခြင်းသည် ဝါဂွမ်းဆိုင်တခုနှင့် ဝါဂွမ်းဆိုင်တခု၏ ထိခိုက်ခြင်းကဲ့သို့ အလွန် အားနည်း၏။ ထို့ကြောင့် ထိုစက္ခုဝိညာဏ် စသော စိတ်လေးပါးတို့သည် အချင်းခပ်သိမ်း ဥပေက္ခာသဟဂုတ်တို့သာ ဖြစ်ကုန်၏။
ကာယဝိညာဏ်စိတ်၏ ဒုက္ခသဟဂုတ် သုခသဟဂုတ် ဖြစ်ခြင်းအကြောင်း
ကာယဝိညာဏ်၏ အာရုံကား ဖောဋ္ဌဗ္ဗ-ဟုဆိုအပ်သော ဘူတရုပ် သုံးပါးသာလျှင်တည်း။ ထိုဖောဋ္ဌဗ္ဗာရုံ၏ ကာယပသာဒ၌ ထိခိုက်
စာမျက်နှာ-၅၃
ခြင်းသည်လည်း ထိုကာယပသာဒရုပ်ကို လွန်၍ ထိုကာယပသာဒ၏ မှီရာ ဖြစ်ကုန်သော မဟာဘုတ်တို့၌ ထိခိုက်၏။ ဘူတရုပ်တို့နှင့် ဘူတရုပ်တို့၏ ထိခိုက်ခြင်းသည် အားကြီး၏။ ဥပမာကား ပေထိပ်၌ ဝါဂွမ်းဆိုင်ကို တင်၍ တူဖြင့် ထုရိုက်လိုက်သောအခါ တူသည် ဝါဂွမ်းဆိုင်ကို လွန်၍ ဝါဂွမ်းဆိုင်တွင် မရပ်ပါဘဲ ပေထိပ်ကို ရိုက်မိသကဲ့သို့တည်း။ ထို့ကြောင့် ဝတ္ထုနှင့် အာရုံတို့ ထိခိုက်ခြင်း၏ အားကြီးသည် အဖြစ်ကြောင့် ကာယဝိညာဏ်စိတ်သည် အလိုမရှိအပ်သော အနိဋ္ဌာရုံ၌ ဒုက္ခသဟဂုတ် ဖြစ်၏၊ အလိုရှိအပ်သော ဣဋ္ဌာရုံ၌ သုခသဟဂုတ်ဖြစ်၏။
သမ္ပဋိစ္ဆနစိတ်၏ ဥပေက္ခာသဟဂုတ် ဖြစ်ခြင်းအကြောင်း
သမ္ပဋိစ္ဆနစိတ်နှစ်ပါးသည်ကား မိမိနှင့် မှီရာ မတူကုန်သော စက္ခုဝိညာဏ်စိတ်တို့၏ အခြားမဲ့၌ ဖြစ်၍ တူသော မှီရာရှိသော စိတ်မှ အနန္တရပစ္စည်းကို မရသောကြောင့် သဘောတူသော အထောက်အပံ့မှ ကင်းသော ယောက်ျားကဲ့သို့ အားမကြီး၍ ခပ်သိမ်းသော အခြင်းအရာအားဖြင့် အာရုံအရသာကို ခံစားခြင်းငှါ မစွမ်းနိုင်သောကြောင့် ခပ်သိမ်းသော အာရုံတို့၌ ဥပေက္ခာသဟဂုတ်သာ ဖြစ်လေ၏။
၁။ ဖောဋ္ဌဗ္ဗာရုံ အရှိန်က အားကြီးသဖြင့် မဟာဘုတ်ကို ထိခိုက်သောကြောင့် မကောင်းသောအတွေ့၌ ဒုက္ခသဟဂုတ် ကာယဝိညာဏ်စိတ်, ကောင်းသောအတွေ့၌ သုခသဟဂုတ် ကာယဝိညာဏ်စိတ် ဖြစ်၏။ ကြွင်းသောစိတ်တို့ကား ဥပါဒါရုပ်ချင်းချင်း ထိခိုက်မှုအရှိန် အားနည်းသောကြောင့် ဥပေက္ခာသဟဂုတ် စက္ခုဝိညာဏ်စသည်သာ ဖြစ်ရ၏။
၂။ စက္ခုဝိညာဏ် စသော စိတ်များသည် ပဉ္စဝတ္ထုရုပ်ကို မှီကြ၍ သမ္ပဋိစ္ဆနစိတ်ကား ဟဒယဝတ္ထုကို မှီ၍ တူသောမှီရာရှိသော စိတ်မှ အနန္တရပစ္စည်းကို မရသဖြင့် အားအရှိန်နည်းသောကြောင့် အာရုံအရသာကို မခံစားနိုင်၍ သမ္ပဋိစ္ဆနစိတ် ၂-ပါးသည် ဥပေက္ခာသဟဂုတ်သာ ဖြစ်၏။
စာမျက်နှာ-၅၄
သန္တီရဏ စိတ်၏ သုခသဟဂုတ် ဖြစ်ခြင်းအကြောင်း
ဆိုအပ်ပြီးသည်မှ ပြန်သောအားဖြင့် ကုသလဝိပါက် သန္တီရဏ စိတ်သည် ဣဋ္ဌာရုံ၌ သောမနဿသဟဂုတ် ဖြစ်၍ ဣဋ္ဌမဇ္ဈတ္တာရုံ၌ ဥပေက္ခာသဟဂုတ် ဖြစ်၏။
အာဝဇ္ဇန်းတို့ ဥပေက္ခာသဟဂုတ် ဖြစ်ရခြင်းအကြောင်း
ထိုသို့ ဖြစ်သော် ပဉ္စဒွါရာဝဇ္ဇန်းနှင့် မနောဒွါရာဝဇ္ဇန်း၏ အဘယ့်ကြောင့် ဥပေက္ခာသဟဂုတ် အဖြစ်ကို ဆိုပါသနည်း။ ထို အာဝဇ္ဇန်းတို့သည် တူသော မှီရာရှိသော စိတ်၏ အခြားမဲ့၌ ဖြစ်သည် မဟုတ်ပါလော-ဟူမူ-ဖြစ်သည် မှန်ပေ၏။ သို့သော် ထိုနှစ်ပါးတို့တွင် ပဉ္စဒွါရာဝဇ္ဇန်းစိတ်သည် ရှေး၌ တစုံတခုသော ဝီထိစိတ်၏ မယူအပ်သေးသည်သာလျှင် ဖြစ်သော အာရုံ၌ တကြိမ်သာလျှင် ဖြစ်၏။ နောက်ဖြစ်သော မနောဒွါရာဝဇ္ဇန်းစိတ်သည်လည်း သဘောမတူသော စိတ်ဘဝင်စိတ်အစဉ်မှ နောက်၌ ဖြစ်သည်အစွမ်းဖြင့် ကြိယာတပါးကို အာဝဇ္ဇန်းခြင်းရှိ၏။ ထို့ကြောင့် ခပ်သိမ်းသော အခြင်းအရာအားဖြင့် အာရုံ၏အရသာကို ခံစားခြင်းငှါ မစွမ်းနိုင်၍ ဥပေက္ခာဝေဒနာနှင့် ယှဉ်သည်သာတည်း။
၁။ မှီရာ ဝတ္ထုချင်း တူသဖြင့် အာရုံ အရသာကို ခံစားနိုင်သောကြောင့် ဣဋ္ဌာရုံ၌ သောမနဿသဟဂုတ် သန္တီရဏ ဖြစ်၏၊ ဣဋ္ဌမဇ္ဈတ္တာရုံ၌ ဥပေက္ခာသဟဂုတ် သန္တီရဏ ဖြစ်၏၊
ဝီထိစိတ်အစဉ်အရ သမ္ပဋိစ္ဆနစိတ်ကို ရွှေ့ထားဆိုရ၏။
ဆန့်ကျင်ကုန်သော ကုသိုလ် အကုသိုလ်တို့၏ အကျိုး ဖြစ်သောကြောင့် ဝိပါက် မည်၏။
အကုသလ ဝိပါက်စိတ်ကား အဗျာကတ ဖြစ်၍ အားနည်းသောကြောင့် ဥပေက္ခာသဟဂုတ်သာ ဖြစ်၏။
စာမျက်နှာ-၅၅
ဤကုသလဝိပါက်စိတ်၌ အကျဉ်းပေါင်းအပ်သော ဂါထာတို့ကား
“ဝက္ကာလမ္မသဘာဝါနံ။ ပ ။ သောပေက္ခာ သမ္ပဋိစ္ဆနံ။” ဟူသည်တည်း။
အဓိပ္ပါယ်ကား
(၁) မှီရာသဘော, အာရုံသဘော ဖြစ်ကုန်သော ဥပါဒါရုပ်တို့၏ ထိပါးခြင်းသည် အားနည်းသောကြောင့် စက္ခုဝိညာဏ် စသော လေးပါးသောစိတ်သည် ဥပေက္ခာဝေဒနာနှင့် ယှဉ်၏။
(၂) ကာယဝိညာဏ် မှီရာဖြစ်သော ဖောဋ္ဌဗ္ဗာရုံ ကိစ္စတတ်သော မဟာဘုတ်တို့၏ ထိခြင်း၏ အားကြီးသည် အဖြစ်ကြောင့် ကာယပသာဒကို မှီ၍ ဖြစ်သော ဝိညာဏ်သည် ဥပေက္ခာဝေဒနာနှင့် မယှဉ်၊ (ဒုက္ခဝေဒနာ, သုခဝေဒနာတို့နှင့်သာ အသီးသီးယှဉ်၏)။
(၃) သမ္ပဋိစ္ဆနစိတ်အား တူသော မှီရာရှိသော အနန္တရပစ္စည်းသည် မရှိ၍ အာရုံ၌ အားနည်းသောကြောင့် သမ္ပဋိစ္ဆနစိတ်သည် ဥပေက္ခာဝေဒနာနှင့် တကွ ဖြစ်၏။
ကုသိုလ်၏ ဝိပါက်စိတ်တို့သည် ယှဉ်သော ဟိတ်မှ ကင်းသောကြောင့် အဟိတ်စိတ် မည်ကုန်၏။ ထို့ကြောင့် ကုသလဝိပါကာဟေတုကစိတ် မည်ကုန်၏။ အဘယ့်ကြောင့် ကုသလဝိပါက် ဖြစ်ပါလျက် အဟိတ်မည်ပါသနည်း ဟူမူ-ဖြစ်စေတတ်သော ဇနကဟိတ်၏ အစွမ်းဖြင့် ပြီးကုန်သော်လည်း ထိုစိတ်တို့သည် ဖြစ်လာသောအခါ ယှဉ်သော ဟိတ်၏ မရှိသည်အဖြစ်ကြောင့် အဟိတ်ဟူသော အမည်ကို ရကုန်၏။ အဘယ်ကြောင့်ဆိုသော် ဤသမ္ပယုတ်ဟိတ်၏ အစွမ်းအားဖြင့် အဟိတ်အမည် ရအပ်သည်မှ တပါး ဇနကဟိတ်၏ အစွမ်းအားဖြင့် အဟိတ်အမည် ရသည်ရှိသော် ကာမာဝစရမဟာဝိပါက်စိတ်တို့နှင့် ဤအဟိတ် ကုသလဝိပါက် စိတ်တို့၏ ထူးခြားမှု မဖြစ်သောကြောင့် သမ္ပယုတ်ဟိတ်၏ အစွမ်းအားဖြင့်သာလျှင် အဟိတ်ဟူသော အမည်ကို ရကုန်၏။
စာမျက်နှာ-၅၆
အဟေတုကသဒ္ဒါမထည့်ရခြင်းအကြောင်း
ဤအဟိတ်အရာဝယ် ကုသလဝိပါက် နိဂုံး၌ အဟေတုက သဒ္ဓါ ထည့်ဆိုသကဲ့သို့ အကုသလဝိပါက်စိတ်၌ အဟေတုကသဒ္ဓါ မဆိုရခြင်းအကြောင်းကား အညိုပါနည်းဟူမူ–လျဉ်းပါးဘွယ်မရှိသောကြောင့် မပြုအပ်ပါသတည်း၊ ထိုစကား ထင်ရှားအောင် ဘော်ပြဦးအံ့၊ သာမညသည်၎င်း, ဧကန္တမဟုတ်သည်၏ အဖြစ်သည်၎င်း ရှိခဲ့သော် အထူးပြုခြင်းသည် အကျိုးရှိ၏။
မှတ်ချက်။ ။သာမညဖြစ်ခြင်းသည် “သမ္ဘဝ” မည်၏။ သာမည၏ အကျိုးဖြစ်သော ဧကန္တမဟုတ်သော သဘောသည် “ဗျဘိစာရ” မည်၏။ ဤသို့ သမ္ဘဝနှင့် ဗျဘိစာရ ရှိပါမှ ဝိသေသနဆိုရ၏။ ဥပမာ-ဗုဇ္ဈတီတိ ဗုဒ္ဓေါ ပုဒ်၌ သိတတ်သောကြောင့် ဗုဒ္ဓ မည်၏ ဆိုသော် သိသော ပုဂ္ဂိုလ်သည် ရဟန္တာများလည်း သိနိုင်, သိတတ်သောကြောင့် ဗုဒ္ဓ-သဒ္ဒသည် “သမ္ဘဝ” ဖြစ်၏။ ထိုသို့ သာမညသဒ္ဒဖြစ်၍ သောတုဇနတို့ဉာဏ်၌ ဤဗုဒ္ဓ-ပုဒ်အရသည် ရဟန္တာလော, ဘုရားလောဟု အနေကန် ဖြစ်၍ ယုံမှားမှု “ဗျဘိစာရ” ဖြစ်ရ၏။ ထို့ကြောင့် ဤဗုဒ္ဓအရာမှာ သိတတ်သော်လည်း ရဟန္တာကို မယူရ-ဘုရားကိုသာယူရ၏-ဟုပြဆိုခြင်း ဘဂဝါ-ဟူသော “ဝိသေသနကို ဆိုရ၏-ဟူလို။ ဦးဘတင် နှစ်ယောက်ရှိရာ အဘယ်ဦးဘတင်နည်းဟု ကွဲပြားရန် “ရန်ကုန်ဦးဘတင်, ပဲခူးဦးဘတင်”ဟု
၁။ အကုသလဝိပါက်စိတ်ကား အဟိတ်သက်သက် ဖြစ်၍ နိဂုံး၌ အဟေတုက သဒ္ဓါနှင့် မဆိုပါဘဲ ကုသလဝိပါက်သည်သာ အဟိတ်, သဟိတ် နှစ်ပါး ရှိသောကြောင့် အဟိတ်ဟု သိစေခြင်းငှါ အဟေတုကသဒ္ဓကို နိဂုံး၌ မှတ်၍ ဆိုရ၏။ အကုသိုလ်စိတ်၏ အခြားမဲ့၌ ဆိုသဖြင့် အကုသိုလ်စိတ်၏ အကျိုးဟု ထင်မည် စိုးသောကြောင့် ကုလဝိပါက်၌ ကုသလဝိပါကံ ထည့်ဆိုရ၏၊ အကုသလ ဝိပါက်ကား အကုသိုလ်စိတ်၏ အခြားမဲ့၌ ဆိုသဖြင့် အကုသလဝိပါကံ ဟု အထူးမဆိုရ။
စာမျက်နှာ-၅၇
နေရပ်ဖြင့် ကွဲပြားရန် အထူးမ၍ ဆိုရသကဲ့သို့မှတ်။ ဤ၌ ကုသလဝိပါက်သည် သဟိတ် ကာမာဝစရ ဝိပါက် ရှိနေ၍ သဟိတ်ဝိပါက်လော, အဟိတ်ဝိပါက်လောဟု သံသယ ဗျဘိစာရ ဖြစ်ဘွယ် ရှိနေ၍ သဟိတ်မဟုတ်, အဟိတ်ဟုသိစေရန် ကုသလဝိပါက်၌သာ အဟေတုက သဒ္ဓါကို ထည့်ဆိုရ၏။ အကုသလဝိပါက်သည်ကား အခြားအကုသလဝိပါက် မရှိ၍ သံသယ, လျဉ်းပါးဘွယ် ဗျဘိစာရ မရှိသောကြောင့် အဟေတုက သဒ္ဓါကို မထည့်ရ-ဟူလို။
အဟိတ်အဖြစ်ကို ဆိုဦးအံ့။ အကုသလဝိပါက်စိတ်တို့၏ လောဘ အစရှိသော အဖြစ်နှင့် တကွ ဖြစ်သော တရားတို့၏ အကျိုးဖြစ်သဖြင့် ထိုလောဘ အစရှိသော တရားတို့နှင့် ဆန့်ကျင်ဘက် ဖြစ်ကုန်သော အလောဘ စသော ဟိတ်တို့နှင့်လည်း ယှဉ်ခြင်းမရှိ, မယှဉ်နိုင်သောကြောင့်၎င်း၊ မိမိဖြစ်သော အကုသလဝိပါက်စိတ်သည်လည်း အဗျာကတ ဖြစ်၍ အပြစ်မရှိသော သဘော ဖြစ်သောကြောင့် လောဘဟိတ် အစရှိသော အကုသိုလ်တရားတို့နှင့်လည်း မယှဉ်နိုင်သောကြောင့်၎င်း တရံတခါမျှ သဟိတ်အဖြစ် မရှိ၍ သဟိတ်လော-ဟု လျဉ်းပါးဘွယ်, သံသယ ဖြစ်ဘွယ် မရှိ, အဟိတ် ဧကန် ဖြစ်သောကြောင့် ထိုအကုသလဝိပါက်စိတ်တို့ကို အဟေတုကသဒ္ဒဖြင့် အထူးမပြုအပ်ကုန်။
အဟိတ် ကြိယာစိတ် ၃-ပါး
ဥပေက္ခာသဟဂတံ ပဉ္စဒွါရာဝဇ္ဇနစိတ္တံ၊ တထာ မနောဒွါရာဝဇ္ဇနစိတ္တံ၊ သောမနဿသဟဂတံ ဟသိတုပ္ပါဒစိတ္တဉ္စေတိ ဣမာနိ တီဏိ အဟေတုကကြိယစိတ္တာ နာမ။
စာမျက်နှာ-၅၈
(၁) ဥပေက္ခာ ဝေဒနာနှင့်။ပ။ နှီးနှောသော, ဝါ-ဥပေက္ခာ ဝေဒနာနှင့် တကွ။ပ။အဖြစ်သို့ ရောက်သော ပဉ္စဒွါရာဝဇ္ဇန်းစိတ်၎င်း၊
(၂) ထို့အတူ ဥပေက္ခာသဟဂုတ် ဖြစ်သော မနောဒွါရာဝဇ္ဇန်းစိတ်၎င်း၊
(၃) သောမနဿဝေဒနာနှင့်။ပ။ နှီးနှောသော, ဝါ-သောမနဿဝေဒနာနှင့် တကွ။ပ။အဖြစ်သို့ ရောက်သော ဟသိတုပ္ပါဒ်စိတ်၎င်း၊ ဤသို့သော အပြားအားဖြင့် သုံးပါးကုန်သော ဤစိတ်တို့သည် အဟိတ်ကြိယာစိတ်ဟူသော အမည်ရှိကုန်၏။
အဟိတ် ကြိယာစိတ် ၃-ပါးအဖွင့်
ယခုအခါ၌ အဟိတ်စိတ် အရာဝယ် အဟိတ်ကြိယာစိတ်တို့ကိုလည်း ကိစ္စအပြားအားဖြင့် သုံးပါးအပြားဖြင့်, ဝါ-ကို ပြခြင်းငှါ ဥပေက္ခာသဟဂတံ ၏ အစရှိသော စကားကို မိန့်ဆိုအပ်၏။
ပဉ္စဒွါရာဝဇ္ဇန်းအကြောင်း
စက္ခု စသော ငါးဒွါရ၌ ထိခိုက်သော အာရုံငါးပါးကို ဆင်ခြင်တတ်, ထိုအာရုံ၌ နှလုံးသွင်းတတ်သောကြောင့် ပဉ္စဒွါရာဝဇ္ဇန်း မည်၏။ တနည်း-ငါးဒွါရ၌ ဖြစ်သော စိတ်အစဉ်ကို ဘဝင်ဖြစ်ရန် မပေးမူ၍ ဝီထိစိတ် ဖြစ်ခြင်းငှါ ညွတ်စေတတ်သောကြောင့် ကြိယာအဟိတ် မနောဓာတ် စိတ်သည် ပဉ္စဒွါရာဝဇ္ဇန်း မည်၏။
မနောဒွါရာဝဇ္ဇန်းအကြောင်း
မနောဒွါရာဝဇ္ဇန်းစိတ်၏ အနန္တရပစ္စည်း ဖြစ်သော ဘဝင်္ဂုပစ္ဆေဒ ဘဝင်သည် ဝီထိစိတ်တို့၏ ဖြစ်ခြင်းအကြောင်း
၁။ စက္ခုဒွါရ စသော ငါးဒွါရ၌ ထင်လာသော အာရုံ ငါးပါးကို ဆင်ခြင် နှလုံးသွင်းတတ်သော စိတ်သည် ပဉ္စဒွါရာဝဇ္ဇန်းစိတ် မည်၏။
စာမျက်နှာ-၅၉
ဖြစ်သောကြောင့် မနောဒွါရ မည်၏။ ထိုမနောဒွါရ၌ မြင်ဘူးခြင်း, ကြားဘူးခြင်း, သိဘူးခြင်း၏ အစွမ်းဖြင့် ထင်ခြင်းသို့ ရောက်သော အာရုံကို ဆင်ခြင်တတ်သောကြောင့် မနောဒွါရာဝဇ္ဇန်း မည်၏။
တနည်းဆိုအပ်ပြီးသော နည်းဖြင့် စိတ်အစဉ်ကို ညွတ်စေတတ်သောကြောင့် ကြိယာ အဟိတ် မနောဝိညာဏဓာတ် ဥပေက္ခာသဟဂုတ်စိတ်သည် မနောဒွါရာဝဇ္ဇန်း မည်၏။ ဤ မနောဒွါရာဝဇ္ဇန်းကိုပင်လျှင် သန္တီရဏစိတ်သည် စုံစမ်းအပ်ပြီးသော အာရုံကို ပိုင်းခြား မှတ်သားတတ်သောကြောင့် ပဉ္စဒွါရ၌ ဖြစ်ခိုက် ဝုဋ္ဌော ဟုလည်းဆိုအပ်၏။
မှတ်ချက်။ ။ပဉ္စဒွါရာဝဇ္ဇန်းကို “ပဉ္စဒွါရေ အာရမ္မဏံ အာဝဇ္ဇတီတိ ပဉ္စဒွါရာဝဇ္ဇနီ” ဟုပြု, မနောဒွါရာဝဇ္ဇန်းကို “မနောဒွါရေ အာရမ္မဏံ အာဝဇ္ဇေတီတိ မနောဒွါရာဝဇ္ဇန” ဟုပြု။ ပြုံးခြင်းကို ဖြစ်စေတတ်သောကြောင့် ဟသိတုပ္ပါဒ် မည်၏။ ဘုရား, ရဟန္တာ ပုဂ္ဂိုလ်တို့အား မရုန့်ရင်းသော သိမ်မွေ့သော
၁။ ဘဝင်အယဉ်ဟု ဆိုအပ်သော မနောဒွါရ၌ ထင်လာသော အာရုံခြောက်ပါးကို ဆင်ခြင်တတ်, အာရုံပြုတတ်သော စိတ်သည် မနောဒွါရာဝဇ္ဇန်းစိတ် မည်၏။
၂။ ပြုံးရယ်ခြင်းကို ဖြစ်စေတတ်သော စိတ်သည် ဟသိတုပ္ပါဒ် စိတ် မည်၏။
စာမျက်နှာ-၆၀
အာရုံတို့၌ ပြီးသော အခြင်းအရာမျှ အကြောင်းဖြစ်သော ကြိယာ အဟိတ် မနောဝိညာဏဓာတ် သောမနဿသဟဂုတ်စိတ်ကို ဟသိတုပ္ပါဒ်ဟု ဆိုအပ်၏။
အဟိတ်စိတ်နိဂုံး
ဧဝံ သဗ္ဗထာ အဋ္ဌာရသ အဟေတုကစိတ္တာနိ။ ဤသို့ဆိုအပ်ပြီးသော နည်းဖြင့် ခပ်သိမ်းသော အခြင်းအရာအားဖြင့်လည်း ၁၈-ပါးကုန်သော အဟိတ်စိတ်တို့သည် ပြီးကုန်၏။
၁၂။ ။သဗ္ဗထာ-ဟူသည်ကား, ဝါ-ဟူသောပုဒ်ကို အကုသလဝိပါက်, ကုသလဝိပါက်, ကြိယာတို့၏ အပြားအားဖြင့်-ဟု အနက်ပေး။ အဋ္ဌာရသ-ဟူသော ဤသဒ္ဒသည် အရေအတွက်ကို ပိုင်းခြားကြောင်း ဖြစ်သော သဒ္ဒါတည်း။ အဟေတုကစိတ္တာနိဟူသော ဤသဒ္ဒသည်ကား ပိုင်းခြား၍ ပြအပ်သော တရားကို ပြသော သဒ္ဒါတည်း။
အဟိတ်စိတ်အဖွင့်ပြီးပြီ။
သောဘဏစိတ် ၅၉-ပါး
ပါပဟေတုကမုတ္တန္တိ၊ သောဘဏာနီတိ ဝုစ္စရေ။ ဧကူနသဋ္ဌိ စိတ္တာနိ၊ အထေကနဝုတိ ဝါ။
စာမျက်နှာ-၆၁
အကုသိုလ်စိတ်, အဟိတ်စိတ်တို့မှ လွတ်ကုန်သော တခုယုတ်ခြောက်ဆယ်သော စိတ်တို့ကို သောဘဏစိတ် မည်ကုန်၏-ဟူ၍ ဆိုအပ်ကုန်၏။
တနည်းကား—အကုသိုလ်စိတ်, အဟိတ်စိတ်တို့မှ လွတ်ကုန်သော တခုယုတ်ကိုးဆယ်သော စိတ်တို့ကိုလည်း သောဘဏစိတ် မည်ကုန်၏-ဟူ၍ ဆိုအပ်ကုန်၏။
သောဘဏစိတ် ၅၉-ပါး အဖွင့်
ဤသို့ ၁၂-ပါးသော အကုသိုလ်စိတ်, ၁၈-ပါးသော အဟိတ်စိတ်တို့၏ အစွမ်းဖြင့် အစိတ်သုံးဆယ်သော စိတ်တို့ကို ပြပြီး၍ ယခုအခါ၌ ထိုအကုသိုလ်စိတ်, အဟိတ်စိတ်တို့မှ လွတ်ကုန်သော စိတ်တို့၏ သောဘဏ-ဟူသော အမည်ကို ထားခြင်းငှါ ပါပဟေတုကမုတ္တန္တိ-ဤသို့စသော စကားကို မိန့်ဆိုအပ်၏။
မိမိသည် ကိန်းအပ်သောသူအား အပါယ်စသော ဒုက္ခသို့ ရောက်စေတတ်သောကြောင့် ပါပ မည်ကုန်သော အကုသိုလ်စိတ်တို့မှ၎င်း, ဟိတ်နှင့် ယှဉ်ခြင်း မရှိခြင်းကြောင့် အဟိတ်မည်သော စိတ်တို့မှ၎င်း, လွတ်ကုန်သော ၂၄-ပါးသော ကာမာဝစရစိတ်, ၃၅-ပါးသော မဟဂ္ဂုတ်စိတ်, လောကုတ္တရာစိတ်ရှစ်ပါး၏ အစွမ်းဖြင့် တခုယုတ်ခြောက်ဆယ်အတိုင်းအရှည်ရှိကုန်သော, တနည်းကား ရှစ်ပါးသော လောကုတ္တရာစိတ်တို့ကို ဈာန်အင်္ဂါတို့နှင့် ယှဉ်သော အပြားအားဖြင့် အသီးအခြား ငါးပါးအပြား ရှိသည်ကို ပြု၍ တခုယုတ်ကိုးဆယ်သော စိတ်တို့ကို တင့်တယ်သော ဂုဏ်ကို
၁။ အကုသိုလ်စိတ် ၁၂-ပါးသည် အပါယ်သို့ ကျရောက်စေတတ်သောကြောင့် ပါပမည်၏။
စာမျက်နှာ-၆၂
ဆောင်သောကြောင့်၎င်း, အလောဘအစရှိသော အပြစ်ကင်းသော ဟိတ်တို့နှင့် ယှဉ်သောကြောင့်၎င်း သောဘဏစိတ် ဟူ၍ ဆိုအပ်ကုန်၏။
ကာမာဝစရ သောဘဏစိတ် ၂၄-ပါး
ကာမာဝစရ ကုသိုလ်စိတ် ၈-ပါး
သောမနဿသဟဂတံ ဉာဏသမ္ပယုတ္တံ အသင်္ခါရိကမေကံ, သသင်္ခါရိကမေကံ။ သောမနဿသဟဂတံ ဉာဏဝိပ္ပယုတ္တံ အသင်္ခါရိကမေကံ, သသင်္ခါရိကမေကံ။ ဥပေက္ခာသဟဂတံ ဉာဏသမ္ပယုတ္တံ အသင်္ခါရိကမေကံ, သသင်္ခါရိကမေကံ။ ဥပေက္ခာသဟဂတံ ဉာဏဝိပ္ပယုတ္တံ အသင်္ခါရိကမေကံ, သသင်္ခါရိကမေကန္တိ ဣမာနိ အဋ္ဌ ကာမာဝစရ ကုသလစိတ္တာနိ နာမ။
၁။ အကုသိုလ်စိတ်သည် အပြစ်ရှိသော လောဘဟိတ်, ဒေါသဟိတ်, မောဟဟိတ် ၃-ပါးနှင့် ယှဉ်သဖြင့် မတင့်တယ်သောကြောင့် အသောဘဏ မည်၏။ အဟိတ်စိတ်သည်ကား ယှဉ်ဘော် ယှဉ်ဘက် ဟိတ်မရှိ၍ မတင့်တယ်ခြင်းကြောင့် အသောဘဏ မည်၏။ ကာမာဝစရစသော စိတ်များကား ဂုဏ်, ဟိရီဂုဏ် စသော ကောင်းမြတ်သော ဂုဏ်တို့နှင့် ယှဉ်သဖြင့် တင့်တယ်သောကြောင့် သောဘဏစိတ် မည်၏။
တနည်း–အလောဘ, အဒေါသ, အမောဟ ဖြစ်သော အပြစ်ကင်း၍ တင့်တယ်သော ဟိတ်တို့နှင့် ယှဉ်သောကြောင့် သောဘဏစိတ် မည်ကုန်၏။ အကုသိုလ်စိတ် ၁၂-ပါး, အဟိတ်စိတ် ၁၈-ပါး ပေါင်း စိတ် ၃၀-သည် အသောဘဏစိတ် မည်၏၊ ကာမာဝစရစိတ် ၂၄-ပါး, ရူပါဝစရစိတ် ၁၅-ပါး, အရူပါဝစရစိတ် ၁၂-ပါး, လောကုတ္တရာစိတ် ၈-ပါး ပေါင်း ၅၉-ပါးသော စိတ်သည် သောဘဏစိတ် မည်၏။ (တနည်း–လောကုတ္တရာစိတ် အရ အကျယ် ၄၀-ကိုလည်း ထည့်၍ ၉၁-ပါးသော စိတ်သည် သောဘဏ စိတ် မည်၏။)
စာမျက်နှာ-၆၃
(၁) သောမနဿ ဝေဒနာနှင့်။ပ။ နှီးနှောသော, ဝါ-သောမနဿဝေဒနာနှင့် တကွ။ပ။ ရောက်သော ဉာဏ်နှင့် အညီအညွှတ် ဧကုပ္ပါဒအစရှိသော အပြားတို့နှင့် ယှဉ်သော, တိုက်တွန်းခြင်းမရှိသော စိတ်သည် တခု၊
(၂) တိုက်တွန်းခြင်း ရှိသော, ဝါ-တကွ ဖြစ်သော စိတ်သည် တခု၊
(၃) သောမနဿ ဝေဒနာနှင့်။ပ။ နှီးနှောသော, ဝါ-သောမနဿဝေဒနာနှင့် တကွ။ပ။ ရောက်သော ဉာဏ်နှင့် မယှဉ်သော, တိုက်တွန်းခြင်း မရှိသော စိတ်သည် တခု၊
(၄) တိုက်တွန်းခြင်း ရှိသော, ဝါ-တကွ ဖြစ်သော စိတ်သည် တခု၊
(၅) ဥပေက္ခာဝေဒနာနှင့်။ပ။ နှီးနှောသော, ဝါ-ဥပေက္ခာ ဝေဒနာနှင့် တကွ။ပ။ ရောက်သော ဉာဏ်နှင့် အညီအညွှတ် ဧကုပ္ပါဒ အစရှိသော အပြားတို့နှင့် ယှဉ်သော, တိုက်တွန်းခြင်း မရှိသော စိတ်သည် တခု၊
(၆) တိုက်တွန်းခြင်း ရှိသော, ဝါ-တကွ ဖြစ်သော စိတ်သည် တခု၊
(၇) ဥပေက္ခာဝေဒနာနှင့်။ပ။ နှီးနှောသော, ဝါ-ဥပေက္ခာ ဝေဒနာနှင့် တကွ။ပ။ ရောက်သော, ဉာဏ်နှင့် မယှဉ်သော, တိုက်တွန်းခြင်း မရှိသော စိတ်သည် တခု၊
(၈) တိုက်တွန်းခြင်း ရှိသော, ဝါ-တကွ ဖြစ်သော စိတ်သည် တခု၊ ဤသို့သော အပြားအားဖြင့် ရှစ်ပါးအပြား ရှိသည်လည်း ဖြစ်ကုန်သော ဤစိတ်တို့သည် ကာမာဝစရကုသိုလ်စိတ်ဟူသော အမည်ရှိကုန်၏။
စာမျက်နှာ-၆၄
မဟာကုသိုလ်စိတ် ၈-ပါးအဖွင့်
၁၅။ ။ယခုအခါ၌ သောဘဏစိတ်တို့တွင် ကာမာဝစရသောဘဏစိတ်တို့ကိုသာလျှင် ရှေးဦးစွာ အကျဉ်းပြဆိုအပ်သောကြောင့် ထိုကာမာဝစရသောဘဏတို့တွင်လည်း အဗျာကတစိတ်တို့၏ ကုသိုလ်စိတ်လျှင် ပြဓာန်းခြင်းရှိသည့် အဖြစ်ကြောင့် အဗျာကတ၏ ရှေးဦးစွာ ကာမာဝစရကုသိုလ်စိတ်ကို၎င်း၊ ထိုကုသိုလ်စိတ်၏ နောက်မှ ထိုကာမာဝစရကုသိုလ်၏ အကျိုးဖြစ်သော ဝိပါက်စိတ်ကို၎င်း၊ ထိုကာမာဝစရဝိပါက်စိတ်၏အခြားမဲ့၌ ထိုဝိပါက်နှင့်ဘုံတခုတည်း၌ အကျုံးဝင်သော ကာမာဝစရကြိယာစိတ်ကို၎င်း၊ အသီးအသီး ဝေဒနာ, ဉာဏ်, သင်္ခါရတို့၏ အပြားအားဖြင့် ရှစ်ပါးအပြားဖြင့် ပြခြင်းငှါ သောမနဿသဟဂတံ ဤသို့ အစရှိသော စကားကို မိန့်ဆိုအပ်၏။
ထိုသောမနဿသဟဂတံ-အစရှိသော ပါဌ်၌ အဖွင့်ကား ဤသို့တည်း။ သဘောအားလျော်စွာ ထိုးထွင်း၍ သိတတ်သောကြောင့် ဉာဏ်မည်၏။ ကြွင်းသော သောမနဿ အစရှိသောစကားသည် ဘွင့်ဆိုအပ်ပြီးသော နည်းရှိသည်သာတည်း။
ဆက်၍ ဆိုဦးအံ့၊ သောမနဿသဟဂတံ-စသော ပါဠိ၌ အဆုံးအဖြတ်ကို ဤသို့ သိအပ်၏။ အားကြီးသော သဒ္ဓါကြောင့်၎င်း
၁-သောဘဏစိတ်တို့တွင် ကာမာဝစရစိတ်ကို ရှေးဦးစွာ မြတ်စွာဘုရား ဟောတော်မူသောကြောင့် ရှေးဦးပဌမ မိန့်ဆိုရ၏။
ကာမာဝစရစိတ်တ္တိတွင်လည်း ဝိပါက်နှင့်ကြိယာတို့သည် ကုသိုလ်တွင် ရွှေရှိသောကြောင့် ကုသိုလ်ကို ရှေးဦး၍ မိန့်ဆိုရ၏၊ ကုသိုလ်၏ အကျိုးတရားဖြစ်သောကြောင့် ကုသိုလ်၏ အခြားမဲ့၌ ဝိပါက်စိတ်ကို မိန့်ဆိုရ၏၊ ကုသိုလ်သတ္တိအရှိန်ကင်းသောကြောင့်၎င်း, အကျိုးမပေးသော တရားမျိုးဖြစ်သောကြောင့်၎င်း ကြိယာကို နောက်ဆုံးထား၍ မိန့်ဆိုရ၏။
၂-မိုယ်ရွာမှု မိုယ်မရွာမှုကို အစွဲပြု၍ ဝပြောစည်ပင်ခြင်း, ငတ်မွတ်ခြင်းကို မိုယ်သည် ပြုသည်ဆိုသကဲ့သို့ ဉာဏ်, သင်္ခါရ မပြားသော်လည်း ဉာဏ်, သင်္ခါရတို့၏ ရှိမှု, မရှိမှုကို အစွဲပြု၍ ရှိခြင်း မရှိခြင်းအပြားကိုပင် ဉာဏ်အပြား, သင်္ခါရအပြားဟု ဆိုအပ်ပါသတည်း။
စာမျက်နှာ-၆၅
ပညာအမျှော်အမြင်နှင့် ပြည့်စုံခြင်းကြောင့်၎င်း၊ ပစ္စည်းနှင့် ပြည့်စုံခြင်း, အလှူခံပုဂ္ဂိုလ်နှင့် ပြည့်စုံခြင်းကြောင့်၎င်း၊ ဤသို့စသော အကြောင်းတို့ကြောင့် သောမနဿသဟဂုတ် အဖြစ်ကို သိအပ်၏။
ပညာကို ဖြစ်စေတတ်သော ကံကြောင့်၎င်း၊ ဗြဟ္မာဘုံ၌ ဖြစ်ခဲ့ဘူးသောကြောင့်၎င်း၊ ဣရင့်သောကြောင့်၎င်း၊ ကိလေသာမှ ဝေးသောကြောင့်၎င်း ဉာဏသမ္ပယုတ် အဖြစ်ကို သိအပ်၏။ ထိုမှ ပြန်သောအားဖြင့် ဥပေက္ခာသဟဂုတ် အဖြစ်ကို၎င်း၊ ဉာဏဝိပ္ပယုတ် အဖြစ်ကို၎င်း သိအပ်၏။
သင့်တင့်လျောက်ပတ်သော ကျောင်း, အိမ် အာဝါသ စသည် အစွမ်းဖြင့် ကိုယ်စိတ်တို့၏ ခံ့ကျန်းသည်အဖြစ်ကြောင့်၎င်း၊ ရှေးဘဝ ဒါနမှု အစရှိသည်တို့၌ ပြုခဲ့ဘူးသော အလေ့အလာရှိခြင်း အစရှိသည်တို့ကြောင့်၎င်း အသင်္ခါရိက အဖြစ်ကို သိအပ်၏။ ထိုမှ ပြန်သောအားဖြင့် သသင်္ခါရိက အဖြစ်ကို သိအပ်၏။
သောမနဿသဟဂုတ် ကုသိုလ်စသည် ဖြစ်ပုံ
(၁) ထိုကာမာဝစရ ကုသိုလ်တို့တွင် အကြင်သူသည် အကြင်အခါ၌ လှူဘွယ်ဝတ္ထုပြည့်စုံခြင်း, အလှူခံပုဂ္ဂိုလ်၏ ပြည့်စုံခြင်း အစရှိသည်ကို၎င်း၊ တပါးသော ဝမ်းမြောက်ဘွယ် သောမနဿအကြောင်းကို၎င်း အကြောင်းပြု၍ ရွှင်ရွှင်ပျပျ လှူသော အလှူ၏အကျိုးသည်ရှိ၏, ဤသို့အစရှိသော နည်းဖြင့် ဖြစ်သော သမ္မာအယူကို ရှေ့သွားပြု၍, လွတ်လွတ်စွန့်ကြဲခြင်း အစရှိသည်တို့၏ အစွမ်းဖြင့် မတွန့်တို မဆုတ်နစ်မူ၍, သူတပါးတို့သည် မတိုက်တွန်းအပ်သည်ဖြစ်၍ ဒါနစသော ကုသိုလ်ကောင်းမှုတို့ကို ပြု၏။ ထိုအခါ ထိုသူအား သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် အသင်္ခါရိကစိတ် [ဖြစ်၏]။
(၂) အကြင်အခါ၌ ဆိုအပ်ခဲ့ပြီးသော နည်းဖြင့် ရွှင်ရွှင်ပျပျ ကောင်းသော သမ္မာဒိဋ္ဌိအယူကို ရှေ့သွားပြုသော်လည်း, မလွတ်မကျွတ် စွန့်လွှတ်လှူဒါန်းသည်၏ အစွမ်းဖြင့် တွန့်တိုဆုတ်နစ်လျက်, သူတပါးတို့ကလည်း တိုက်တွန်းအပ်မှသာ ဒါနစသော ကုသိုလ်တို့ကို
စာမျက်နှာ-၆၆
ပြု၏။ ထိုအခါ၌ ထိုသူအား ဒုတိယမြောက် ဖြစ်သော သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် သသင်္ခါရိကစိတ် ဖြစ်၏။
(၃) အကြင်အခါ၌ ဆွေမျိုးများ၏ အကျင့်ကို မြင်သဖြင့် အလိုလိုဖြစ်သော အလေ့အကျင့်ရှိကုန်သော သူငယ်တို့သည် ရဟန်းတို့ကို မြင်ကုန်၍ ဝမ်းမြောက်ဝမ်းသာဖြစ်ကုန်၍ အဆာတလျင် တစုံတခုသော လက်၌ရှိသော ပစ္စည်းကို ပေးမူလည်း ပေးလှူတတ်ကုန်၏၊ ရှိခိုးမှုလည်း ရှိခိုးတတ်ကုန်၏။ ထိုအခါ ထိုသူငယ်တို့အား တတိယမြောက် ဖြစ်သော သောမနဿသဟဂုတ်, ဉာဏဝိပ္ပယုတ်, အသင်္ခါရိကစိတ် ဖြစ်၏။
(၄) အကြင်အခါ၌ လှူကုန်လော့ ရှိခိုးကုန်လော့ဟု ဆွေမျိုးတို့သည် တိုက်တွန်းအပ်ကုန်သည် ဖြစ်၍ ဤသို့ ရှိခိုးခြင်းစသည်ကို ပြုကုန်၏။ ထိုအခါ လေးခုမြောက်ဖြစ်သော သောမနဿသဟဂုတ်, ဉာဏဝိပ္ပယုတ် သသင်္ခါရိကစိတ် ဖြစ်၏။
(၅-၈) အကြင်အခါ၌ လှူဘွယ်ဝတ္ထု အလှူခံပုဂ္ဂိုလ် အစရှိသည်တို့၏ မပြည့်စုံခြင်းကို၎င်း၊ တပါးကုန်သော သောမနဿဖြစ်ခြင်း အကြောင်းတို့၏၎င်း မရှိခြင်းကို အကြောင်းပြု၍ လေးပါးသော ဆိုခဲ့ပြီးသော ကာလအထူးတို့၌ သောမနဿနှင့်ကင်းကုန်၏။ ထိုအခါ ကြွင်းကုန်သော လေးပါးသော ဥပေက္ခာသဟဂုတ်စိတ်တို့သည် ဖြစ်ကုန်၏။
အဋ္ဌကထာ၌ ပိ-သဒ္ဓါဖြင့် ဆယ်ပါးသော ပုညကြိယာ အစရှိသည်တို့၏ အစွမ်းဖြင့် တပါးမက များသောစိတ်အဖြစ်ကို ပေါင်း၏။ ထို့ကြောင့် ရှေးဆရာတို့သည်
*ကမေန ပုညဝတ္ထုဟိ၊ ဂေါစရာဓိပတီဟိ စ။*
*ကမ္မနာဒိတာ စေဝ၊ ဂဏေယျ နယကောဝိဒေါ။*
ဟု မိန့်ဆိုအပ်ကုန်၏။
စာမျက်နှာ-၆၇
အဓိပ္ပါယ်ကား
နည်း၌ လိမ္မာသော ပညာရှိသည် ဤကုသိုလ်စိတ်ကို အစဉ်အားဖြင့် ပုညကြိယာဝတ္ထုတို့ဖြင့်၎င်း၊ အာရုံ အဓိပတိတို့ဖြင့်၎င်း၊ ကံ, အယုတ်စသော အပြားဖြင့်၎င်း ရေတွက်ရာ၏”ဟူလို။
၎င်းဂါထာအရ ချ၍ ပြဦးအံ့—ဤရှစ်ပါးသော ကုသိုလ်စိတ်တို့သည် ဆယ်ပါးသော ပုညကြိယာဝတ္ထု အစွမ်းဖြင့် ဖြစ်သောကြောင့် အသီးအသီး ဆယ်ပါးဆယ်ပါးစီ ပြု၍ ရှစ်ဆယ်သော စိတ်တို့သည် ဖြစ်ကုန်၏။ ထိုရှစ်ဆယ်သော ကုသိုလ်စိတ်တို့သည်လည်း ခြောက်ပါးသော အာရုံတို့၌ ဖြစ်သောကြောင့် အသီးအသီး ခြောက်ဖြင့် မြှောက်အပ်ကုန်သည်ရှိသော် ၄၈၀-သော ကုသိုလ်စိတ်တို့ ဖြစ်ကုန်၏။ အဓိပတိအပြားအားဖြင့် ၂၄၀-အတိုင်းအရှည်ရှိကုန်သော ဉာဏဝိပ္ပယုတ်စိတ်တို့၌ ဝီမံသာဓိပတိ မယှဉ်သောကြောင့် ထို ၂၄၀-သောစိတ်တို့ကို သုံးပါးသောအဓိပတိတို့ အစွမ်းဖြင့် သုံးခုဖြင့် မြှောက်အပ်ကုန်သည်ရှိသော် ၇၂၀-သော ကုသိုလ်စိတ်တို့ ဖြစ်ကုန်၏။ ထိုမှတပါး ဉာဏသမ္ပယုတ်စိတ်တို့အား အဓိပတိ ၄-ပါးတို့၏ အစွမ်းဖြင့် ၄-ခုဖြင့် မြှောက်အပ်ကုန်သည်ရှိသော် ၉၆၀-သော ကုသိုလ်စိတ်တို့ ဖြစ်ကုန်၏။ ဤသို့ အဓိပတိအစွမ်းအားဖြင့် ၁၆၈၀-သော ကုသိုလ်စိတ်တို့ ဖြစ်ကုန်၏။ ထို၁၆၈၀-သော ကုသိုလ်စိတ်တို့သည် ကာယကံ, ဝစီကံ, မနောကံဟု ဆိုအပ်သော ကံ၃-ပါးတို့၏ အစွမ်းဖြင့် ၃-ခုဖြင့် မြှောက်အပ်ကုန်သည်ရှိသော် ၅၀၄၀-သော ကုသိုလ်စိတ်တို့ ဖြစ်ကုန်၏။ ထို၅၀၄၀-သော ကုသိုလ်စိတ်တို့ကို ဟီန, မဇ္ဈိမ, ပဏီတတို့၏ အပြားအားဖြင့် ၃-ခုဖြင့် မြှောက်အပ်ကုန်သည်ရှိသော် ၁၅၁၂၀-သော ကုသိုလ်စိတ်တို့ ဖြစ်ကုန်၏။ ယင်းကုသိုလ်စိတ်တို့ကို ရည်၍ အရှင်ဗုဒ္ဓတ္တမထေရ်သည်—
သတ္တရသ သဟဿာနိ၊ ဒွေသတာနိ အသီတိ စ။
ကာမာဝစရ ပုညာနိ၊ ဘဝန္တီတိ ဝိနိဒ္ဒိသေ။
ဟု မိန့်ဆိုအပ်ပါသတည်း။
စာမျက်နှာ-၆၈
အဓိပ္ပါယ်ကား
ကာမာဝစရကုသိုလ်စိတ်တို့သည် ၁၇၂၈၀-ဖြစ်ကုန်၏ဟု ညွှန်ပြရာ၏-ဟူလို။
အထက်ပါ အရှင်ဗုဒ္ဓတ္တမထေရ် မိန့်ဆိုအပ်သော စကားကို အဓိပတိအစွမ်းဖြင့် အရေအတွက်ယုတ်ရမည်ကို မယုတ်စေမူ၍ ဉာဏဝိပ္ပယုတ်ဟူသော ဒေသနာအယဉ်၏ ကျသည်အစွမ်းဖြင့် မိန့်ဆိုအပ်သော စကားအဖြစ်ဖြင့် မှတ်အပ်၏။ ကာလ, ဒေသ အစရှိသောအပြားအားဖြင့် ထိုကာမာဝစရကုသိုလ်စိတ်တို့၏ အပြားသည် မရေတွက်နိုင်သည်သာတည်း။
ကုသိုလ်အဓိပ္ပါယ်
စက်ဆုပ်အပ်ကုန်သော အကုသိုလ်တရားတို့ကို တုန်လှုပ်စေတတ်သောကြောင့် ကုသိုလ်မည်ကုန်၏။ တနည်း-စက်ဆုပ်အပ်သော အကုသိုလ်တရားတို့ကို ဖျက်ဆီးတတ်သောကြောင့် ကုသိုလ်မည်ကုန်၏။ တနည်း-စက်ဆုပ်အပ်သော အကုသိုလ်တရားတို့ကို ကင်းစေတတ်သောကြောင့် ကုသိုလ်မည်ကုန်၏။
မှတ်ချက်။ ။ဤအလို ကုသလာနိ-ပုဒ်ကို “ကုဋ္ဌိတေ ပါပဓမ္မ သလယန္တိ ကမ္ပန္တီတိ ကုသလာနိ” တနည်း–“ကုဋ္ဌိတေ ပါပဓမ္မ သလယန္တိ ဝိပ္ပလုမ္ပေန္တီတိ ကုသလာနိ” တနည်း–“ကုဋ္ဌိတေ ပါပဓမ္မ သလယန္တိ အပဂမေန္တီတိ ကုသလာနိ”ဟုပြု။ ဤအလို ကု-ရှေးရှိသော သလဓာတ်။ တနည်း-စက်ဆုပ်အပ်သော အခြင်းအရာအားဖြင့် သန္တာန်၌ ဖြစ်တတ်သောကြောင့် ကုသ-ဟု ဆိုအပ်ကုန်သော အကုသိုလ်တရားတို့ကို ဖြတ်တတ်သောကြောင့် ကုသိုလ်မည်ကုန်၏။ ၁- စက်ဆုပ်ဘွယ် အကုသိုလ်စိတ်တို့ကို ကင်းပျောက်စေတတ်, ပယ်ရှားတတ်သောကြောင့် ကုသိုလ်မည်၏။
စာမျက်နှာ-၆၉
မှတ်ချက်။ ။ဤအလို ကုသ-ရှေးရှိသော လု-ဓာတ် “ကုသေ လုနန္တီတိ ကုသလာနိ”ဟုပြု။ တနည်းကား—စက်ဆုပ်အပ်သော အကုသိုလ်တရားတို့ကို ခေါင်းပါးအောင် ပြုတတ်သောကြောင့်၎င်း၊ အဆုံးပြုတတ်သောကြောင့်၎င်း၊ ကုသ-ဟုဆိုအပ်သော ဉာဏ်ဖြင့်၎င်း၊ သဒ္ဓါအစရှိသော တရားအပေါင်းဖြင့်၎င်း၊ သဟဇာတပစ္စည်း, ဥပနိဿယပစ္စည်း အဖြစ်ဖြင့် ထိုက်သည်အားလျော်စွာ ရအပ်, ဖြစ်စေအပ်သောကြောင့်၎င်း ကုသိုလ်မည်ကုန်၏။
မှတ်ချက်။ ။ဤအလို “ကုသသင်္ခါတေန ဉာဏေန လဒ္ဓာနီတိ ကုသလာနိ”ဟု၎င်း “ကုသသင်္ခါတေန ဓမ္မဇာတေန လဒ္ဓာနိ ပဝတ္တိတာနီတိ ကုသလာနိ”ဟု၎င်းပြု။ ထိုကုသိုလ်တို့သည်ပင်လျှင် အကြင်ဆိုအပ်ပြီးသော အနက်ဖြင့် ကာမာဝစရကြိယာ မည်ကုန်၏။ ကုသိုလ်လည်း မည်ကုန်သောကြောင့် ကာမာဝစရကုသလကြိယာ မည်ကုန်၏။
၁၆။ မဟာဝိပါက်စိတ်ရှစ်ပါး
သောမနဿသဟဂတံ ဉာဏသမ္ပယုတ္တံ အသင်္ခါရိကမေကံ, သသင်္ခါရိကမေကံ။ သောမနဿသဟဂတံ ဉာဏဝိပ္ပယုတ္တံ အသင်္ခါရိကမေကံ, သသင်္ခါရိကမေကံ။ ဥပေက္ခာသဟဂတံ ဉာဏသမ္ပယုတ္တံ အသင်္ခါရိကမေကံ, သသင်္ခါရိကမေကံ။ ဥပေက္ခာသဟဂတံ ဉာဏဝိပ္ပယုတ္တံ အသင်္ခါရိကမေကံ, သသင်္ခါရိကမေကန္တိ ဣမာနိ အဋ္ဌ သဟေတုက ကာမာဝစရဝိပါကစိတ္တာနိ နာမ။
၁-အကုသိုလ်စိတ်သည် ကာမဝစရမည်သော်လည်း ယုံမှားလွဲမှားဘွယ်မရှိ၍ မဆိုရ၊ ကုသိုလ်သည်သာ ရူပ, အရူပ ကုသိုလ်ဘို့နှင့် လွဲမှားဘွယ်ရှိ၍ ကုသိုလ်၌သာ ကာမာဝစရသဒ္ဓါတပ်၍ ဆိုရ၏၊ ဝိပါက်, ကြိယာစိတ်တို့၌လည်း ဤအတူမှတ်။
စာမျက်နှာ-၇၀
(၁) သောမနဿဝေဒနာနှင့်။ ပ။ နှီးနှောသော, ဝါ-သောမနဿဝေဒနာနှင့် တကွ။ ပ။ ရောက်သော, ဉာဏ်နှင့် အညီအညွတ် ဧကုပ္ပါဒ အစရှိသော အပြားတို့နှင့် ယှဉ်သော, တိုက်တွန်းခြင်းမရှိသော စိတ်သည် တခု၊
(၂) တိုက်တွန်းခြင်းရှိသော, ဝါ-တိုက်တွန်းခြင်းနှင့် တကွဖြစ်သော စိတ်သည် တခု၊
(၃) သောမနဿဝေဒနာနှင့်။ ပ။ နှီးနှောသော, ဝါ-သောမနဿဝေဒနာနှင့် တကွ။ ပ။ ရောက်သော, ဉာဏ်နှင့် မယှဉ်သော, တိုက်တွန်းခြင်းမရှိသော စိတ်သည် တခု၊
(၄) တိုက်တွန်းခြင်းရှိသော, ဝါ-တိုက်တွန်းခြင်းနှင့် တကွဖြစ်သော စိတ်သည် တခု၊
(၅) ဥပေက္ခာဝေဒနာနှင့်။ ပ။ နှီးနှောသော, ဝါ-ဥပေက္ခာဝေဒနာနှင့် တကွ။ ပ။ ရောက်သော, ဉာဏ်နှင့်။ ပ။ ယှဉ်သော, တိုက်တွန်းခြင်းမရှိသော စိတ်သည် တခု၊
(၆) တိုက်တွန်းခြင်းရှိသော, ဝါ-တိုက်တွန်းခြင်းနှင့် တကွဖြစ်သော စိတ်သည် တခု၊
(၇) ဥပေက္ခာဝေဒနာနှင့်။ ပ။ နှီးနှောသော, ဝါ-ဥပေက္ခာဝေဒနာနှင့် တကွ။ ပ။ ရောက်သော, ဉာဏ်နှင့် မယှဉ်သော, တိုက်တွန်းခြင်းမရှိသော စိတ်သည် တခု၊
(၈) တိုက်တွန်းခြင်းရှိသော, ဝါ-တိုက်တွန်းခြင်းနှင့် တကွဖြစ်သော စိတ်သည် တခု၊ ဤညိုသော အပြားအားဖြင့် ရှစ်ပါးကုန်သော ဤစိတ်တို့သည် သဟိတ်ကာမာဝစရဝိပါက်စိတ်-ဟူသော အမည်ရှိကုန်၏။
မဟာဝိပါက်စိတ်အဖွင့်
၁၆။ ထိုကုသိုလ်စိတ်တို့သည် ပုညကြိယာဝတ္ထု၏ အစွမ်းအားဖြင့်၎င်း၊ ကံ, ဒွါရတို့၏ အစွမ်းအားဖြင့်၎င်း၊ ကံ၏ အစွမ်း
စာမျက်နှာ-၇၁
အားဖြင့်၎င်း၊ အဓိပတိအစွမ်းအားဖြင့်၎င်း ဖြစ်ကုန်သကဲ့သို့ မဟာဝိပါက်စိတ်တို့သည် မဖြစ်ကုန်။ အဘယ့်ကြောင့် မဖြစ်ကုန်သနည်းဟူမူ၊ ဒါနအစရှိသည်တို့၏ အစွမ်းအားဖြင့် မဖြစ်သောကြောင့်၎င်း၊ ကာယဝိညတ်စသည်ကို မဖြစ်စေနိုင်သည်၏ အဖြစ်ကြောင့်၎င်း၊ အကျိုးတပါးကို မပေးနိုင်သော သဘောရှိသည် အဖြစ်ကြောင့်၎င်း၊ ဆန္ဒအစရှိသည်တို့ကို ရှေ့သွားပြု၍ မဖြစ်သောကြောင့်၎င်း မဖြစ်ကုန်။ ထို့ကြောင့် ထိုပုညကြိယာဝတ္ထု အစရှိသည်တို့၏ အစွမ်းအားဖြင့် ယုတ်စေ, လျော့စေ၍ ထိုက်သည်အားလျော်စွာ အရေအတွက်သင်္ချာအပြားကို ယှဉ်အပ်၏။
မဟာဝိပါက်စိတ်၏ သောမနဿ ဥပေက္ခာ စသည်တို့၏ ဖြစ်ခြင်းအကြောင်း
ဤမဟာဝိပါက်စိတ်တို့သည်လည်း ကံ၏ ဣဋ္ဌာရုံ, ဣဋ္ဌမဇ္ဈတ္တာရုံ အစွမ်းဖြင့် အစဉ်အတိုင်း သောမနဿသဟဂုတ်, ဥပေက္ခာသဟဂုတ် ဖြစ်ကုန်၏။ ဝိပါက်စိတ်၏ ပဋိသန္ဓေအစရှိသည် အစွမ်းဖြင့် ဖြစ်သောအခါ ရှေးကံ၏ အားကြီးသည်၏အဖြစ်, အားမကြီးသည်၏အဖြစ်ကြောင့် ဉာဏသမ္ပယုတ်, ဉာဏဝိပ္ပယုတ်စိတ် ဖြစ်ကုန်၏။ တဒါရုံဝိပါက်ဖြစ်သောအခါ၌ကား များသောအားဖြင့် ဇောစိတ်အားလျော်စွာ ဉာဏသမ္ပယုတ်, ဉာဏဝိပ္ပယုတ် ဖြစ်ကုန်၏။ တရံတခါ တဒါရုံဝိပါက်ဖြစ်သောအခါတို့၌ ပဝတ္တိအကျိုးကို ပေးသော ကံ-တပါးအားလျော်စွာ ဉာဏသမ္ပယုတ်, ဉာဏဝိပ္ပယုတ်စိတ်တို့ ဖြစ်ကုန်၏။
အကြင်အကြင် ဆိုအပ်ကုန်ပြီးသော မိမိလုံ့လ, သူတပါးလုံ့လကို ကြဉ်၍၎င်း၊ မိမိလုံ့လ, သူတပါးလုံ့လနှင့် တကွ၎င်း၊ သေခါနီးအခါ ထင်ကုန်သော ကံအစရှိသော အကြောင်းတို့ကြောင့်၎င်း၊ ဥတု, ဘောဇဉ် အစရှိသည်တို့၏ လျောက်ပတ်စွာ ဖြစ်ခြင်း, လျောက်ပတ်စွာ မဖြစ်ခြင်း၏ အစွမ်းကြောင့်၎င်း အသင်္ခါရိက, သသင်္ခါရိကတို့သည် ဖြစ်ကုန်၏။
စာမျက်နှာ-၇၂
မဟာကြိယာစိတ် ၈-ပါး
၁၇။ သောမနဿသဟဂတံ ဉာဏသမ္ပယုတ္တံ အသင်္ခါရိကမေကံ, သသင်္ခါရိကမေကံ။ သောမနဿသဟဂတံ ဉာဏဝိပ္ပယုတ္တံ အသင်္ခါရိကမေကံ, သသင်္ခါရိကမေကံ။ ဥပေက္ခာသဟဂတံ ဉာဏသမ္ပယုတ္တံ အသင်္ခါရိကမေကံ, သသင်္ခါရိကမေကံ။ ဥပေက္ခာသဟဂတံ ဉာဏဝိပ္ပယုတ္တံ အသင်္ခါရိကမေကံ, သသင်္ခါရိကမေကန္တိ ဣမာနိ အဋ္ဌ သဟေတုက ကာမာဝစရကြိယစိတ္တာနိ နာမ။
(၁) သောမနဿဝေဒနာနှင့်။ ပ။ နှီးနှောသော, ဝါ-သောမနဿဝေဒနာနှင့် တကွ။ ပ။ ရောက်သော, ဉာဏ်နှင့် အညီအညွတ် ဧကုပ္ပါဒ အစရှိသော အပြားတို့နှင့် ယှဉ်သော, တိုက်တွန်းခြင်းမရှိသော စိတ်သည် တခု၊
(2) တိုက်တွန်းခြင်းရှိသော, ဝါ-တိုက်တွန်းခြင်းနှင့် တကွဖြစ်သော စိတ်သည် တခု၊
(၃) သောမနဿဝေဒနာနှင့်။ ပ။ နှီးနှောသော, ဝါ-သောမနဿဝေဒနာနှင့် တကွ။ ပ။ ရောက်သော, ဉာဏ်နှင့် မယှဉ်သော, တိုက်တွန်းခြင်းမရှိသော စိတ်သည် တခု၊
(၄) တိုက်တွန်းခြင်းရှိသော, ဝါ-တိုက်တွန်းခြင်းနှင့် တကွဖြစ်သော စိတ်သည် တခု၊
(၅) ဥပေက္ခာဝေဒနာနှင့်။ ပ။ နှီးနှောသော, ဝါ-ဥပေက္ခာဝေဒနာနှင့် တကွ။ ပ။ ရောက်သော, ဉာဏ်နှင့်။ ပ။ ယှဉ်သော, တိုက်တွန်းခြင်းမရှိသော စိတ်သည် တခု၊
(၆) တိုက်တွန်းခြင်းရှိသော, ဝါ-တိုက်တွန်းခြင်းနှင့် တကွဖြစ်သော စိတ်သည် တခု၊
(၇) ဥပေက္ခာဝေဒနာနှင့်။ ပ။ နှီးနှောသော, ဝါ-ဥပေက္ခာဝေဒနာနှင့် တကွ။ ပ။ ရောက်သော, ဉာဏ်နှင့် မယှဉ်သော, တိုက်တွန်းခြင်းမရှိသော စိတ်သည် တခု၊
စာမျက်နှာ-၇၃
(၈) တိုက်တွန်းခြင်းရှိသော, ဝါ-တိုက်တွန်းခြင်းနှင့် တကွဖြစ်သော စိတ်သည် တခု၊ ဤသို့သော အပြားအားဖြင့် ရှစ်ပါးအပြားရှိသည်လည်း ဖြစ်ကုန်သော ဤစိတ်တို့သည် သဟိတ်ကာမာဝစရကြိယာစိတ်တို့မည်ကုန်၏။
မဟာကြိယာစိတ်အဖွင့်
၁၇။ ။ကြိယာစိတ်တို့၏လည်း သောမနဿသဟဂုတ် အစရှိသောအဖြစ်ကို ကုသိုလ်၌ ဆိုအပ်ပြီးသောနည်းဖြင့် ထိုက်သည်အားလျော်စွာ သိအပ်၏။
နိဂုံး
၁၈။ *ဣစ္စေဝံ သဗ္ဗမ္ပိ စတုဝီသတိ သဟေတုက ကာမာဝစရကုသလဝိပါက ကိရိယစိတ္တာနိ သမာတ္တာနိ။*
ဤသို့ ဆိုအပ်ပြီးသော ခပ်သိမ်းသော အခြင်းအရာအားဖြင့် ၂၄-ပါးကုန်သော ကာမာဝစရကုသိုလ်, သဟိတ်ကာမာဝစရဝိပါက်, ကြိယာစိတ်တို့သည် ပြီးကုန်ပြီ။
နိဂုံးအဖွင့်
၁၈။ သဟေတုက ကာမာဝစရ ကုသလဝိပါက ကိရိယစိတ္တာနိ-ဟူသော ဤပါဌ်၌ သဟေတုကသဒ္ဓါသည် ဝိပါက်, ကြိယာစိတ်တို့စိုက်၍ ဆိုအပ်သော ဝိသေသနတည်း။ ကုသိုလ်စိတ်၏စိုက်၍ ဆိုသော ဝိသေသနမဟုတ်။ အဘယ့်ကြောင့်ဆိုသော်
၁-ကုသိုလ်စိတ်ကား သဟိတ်ဧကန်ဖြစ်သောကြောင့် သဟေတုကသဒ္ဓါ မထည့်ရ။ ဝိပါက်စိတ်, ကြိယာစိတ်များသာ အဟိတ်, သဟိတ် နှစ်မျိုးပြားသဖြင့် အဟိတ်ဝိပါက်, အဟိတ်ကြိယာကို နစ်စေခြင်းငှါ ဝိပါက်, ကြိယာစိတ်များ၌သာ သဟေတုကသဒ္ဓါကို ထည့်၍ မိန့်ဆိုရ၏။
စာမျက်နှာ-၇၄
ကုသိုလ်စိတ်၏ စင်စစ် သဟိတ်သာ ဖြစ်သောကြောင့်တည်း။ ထိုစကားမှန်၏—ရသင့်သောအတိုင်း အနက်ယောဇနာရသော “ယထာလာဘယောဇနာနည်း”သည် ရှိ၏။ “သက္ခရကထလိကမ္မိ မစ္ဆကုမ္မမ္မိ စရန္တမ္ပိ တိဋ္ဌန္တမ္ပိ” ဤသို့ အစရှိသော ပါဌ်တို့၌
ကျောက်စရစ်ခဲ, အိုးခြမ်းကွဲ၏ မသွားနိုင်သောကြောင့် ငါး, လိပ်တို့ကိုင်၍ သွားခြင်းကြိယာကို ယှဉ်အပ်သကဲ့သို့တည်း။
သင်္ဂဟဂါထာ
၁၉။ *ဝေဒနာဉာဏသင်္ခါရ၊ ဘေဒေန စတုဝီသတိ။*
*သဟေတုကာမာဝစရ၊ ပုညပါကကိရိယာ မတာ။*
ကာမာဝစရကုသိုလ်စိတ်, သဟိတ်ကာမာဝစရဝိပါက်စိတ်, ကြိယာစိတ်တို့ကို ဝေဒနာ, ဉာဏ်, သင်္ခါရတို့၏ အပြားအားဖြင့် အသီးအသီး နှစ်ပါးအပြားရှိသည်၏ အဖြစ်ကြောင့်၎င်း၊ လေးပါးအပြားရှိသည်၏ အဖြစ်ကြောင့်၎င်း၊ ရှစ်ပါးအပြားရှိသည်၏ အဖြစ်ကြောင့်၎င်း ပေါင်း၍ ၆-ပါးအပြားရှိကုန်၏-ဟူ၍၎င်း၊ ၁၂-ပါးအပြားရှိကုန်၏-ဟူ၍၎င်း၊ ၂၄-ပါးအပြားရှိကုန်၏-ဟူ၍၎င်း ပညာရှိတို့သည် သိအပ်ကုန်၏။
၁၉။ ။ကာမာဝစရကုသိုလ်, သဟိတ်ကာမာဝစရဝိပါက်, ကြိယာစိတ်တို့ကို ဝေဒနာ, ဉာဏ်, သင်္ခါရတို့၏ အပြားအားဖြင့် အသီးအသီး ဝေဒနာအပြားအားဖြင့် ၂-ပါးအပြားရှိသည် အဖြစ်ကြောင့်၎င်း၊ ဉာဏ်အပြားအားဖြင့် လေးပါးအပြားရှိသည် အဖြစ်ကြောင့်၎င်း၊ သင်္ခါရအပြားအားဖြင့် ရှစ်ပါးအပြားရှိသည် အဖြစ်ကြောင့်၎င်း၊ ပေါင်း၍ ၂၄-ပါးအပြားရှိ၏-ဟူ၍ သိအပ်ကုန်၏။ ဤကား-အနက်ပေးနည်းတည်း။
ဝေဒနာရှိသောကြောင့် ဝေဒနာအပြားသည် သင့်တန်စေ၊ ဉာဏ်, သင်္ခါရတို့၏ အပြားကား အဘယ်သို့ သင့်နိုင်ပါအံ့
စာမျက်နှာ-၇၅
နည်း-ဟူမူ၊ ဉာဏ်, သင်္ခါရတို့၏ ရှိသည်အဖြစ် မရှိသည်အဖြစ်ကို ပြုအပ်သော အပြားကိုလည်း ဉာဏ်, သင်္ခါရတို့သည် ပြုအပ်သည်မည်၏။ ဥပမာဆိုသော် ဝပြောမှု ငတ်မွတ်မှုကို မိုယ်သည် ပြုအပ်၏-ဟု ဆိုအပ်သကဲ့သို့တည်း။ ထို့ကြောင့် ဉာဏ်, သင်္ခါရတို့သည် ပြုအပ်သော အပြားသည် ဉာဏ်, သင်္ခါရအပြားပင် ဖြစ်၏။ ဤသို့ ယူရသည်ဖြစ်၍ ဤဉာဏ်, သင်္ခါရအရာ၌ တစုံတခုသော ဆန့်ကျင်ခြင်းမရှိပေ။
ကာမာဝစရစိတ်ပေါင်းသင်္ဂဟ ဂါထာ
၂၀။ *ဝိပါက တေဝီသတိ ပုညာ၊ ပုညာနိ ဝီသတိ။*
*ဧကဒသ ကိရိယာ စေတိ၊ စတုပညာသ သဗ္ဗဒါ။*
ဝိပါက်စိတ်တို့သည် ၂၃-ပါး၊ ကုသိုလ် အကုသိုလ်စိတ်တို့သည် ၂၀၊ ကြိယာစိတ်တို့သည် ၁၁-ပါး၊ ဤနည်းအားဖြင့် ကာမာဝစရစိတ်တို့သည် ၅၄-ပါးဖြစ်ကုန်၏။
၂၀။ ။ယခုအခါ၌ အလုံးစုံသော ကာမာဝစရစိတ်တို့ကို ပေါင်း၍ ပြခြင်းငှါ “ကာမေသု” ဤနည်းအစရှိသော စကားကို မိန့်ဆိုတော်မူအပ်၏။ ကာမဘုံ၌ ၇-ပါးသော အကုသိုလ်ဝိပါက်စိတ်တို့ကို၎င်း၊ ၁၆-ပါးသော သဟိတ် အဟိတ်ဖြစ်ကုန်သော ကုသိုလ်, ဝိပါက်စိတ်တို့ကို၎င်း၊ ဤသို့ ဝိပါက်စိတ်တို့သည် ၂၃-ပါးဖြစ်ကုန်၏။ ၁၂-ပါးကုန်သော အကုသိုလ်စိတ်တို့ကို၎င်း၊ ရှစ်ပါးသော ကုသိုလ်စိတ်တို့ကို၎င်း၊ ဤသို့ ကုသိုလ် အကုသိုလ်စိတ်တို့သည် ၂၀ဖြစ်ကုန်၏။ အဟိတ်ကြိယာစိတ် ၃-ပါး, သဟိတ်ကြိယာစိတ် ၈-ပါး,
၁-အဟိတ်ဝိပါက် ၁၅-ပါး, ကာမာဝစရဝိပါက် ၈-ပါး ပေါင်း ကာမဝိပါက် ၂၃-ပါး ဖြစ်၏။
၂-ကုသိုလ်စိတ် ၈-ပါး, အကုသိုလ်စိတ် ၁၂-ပါး ပေါင်း ၂၀-ဖြစ်၏။
စာမျက်နှာ-၇၆
ဤနည်းအားဖြင့် ကြိယာစိတ်တို့သည် ၁၁-ပါးဖြစ်ကုန်၏။ ဤသို့ ခပ်သိမ်းသော အခြင်းအရာအားဖြင့် ကာမစိတ်တို့သည် ကုသိုလ်, အကုသိုလ်, ဝိပါက်, ကြိယာစိတ်တို့၏ အတွင်းဝင်သော အပြားအားဖြင့် ၅၄-ပါးအပြားရှိကုန်၏။ ကာလဒေသ သန္တာန် အစရှိသော အားဖြင့် တပါးမက များသော အပြားရှိကုန်၏။
ဤကားအနက်များဖြင့် တပါးက ကာလ, ဒေသသည်
ကာမာဝစရစိတ်အဖွင့်ပြီး၏။
ရူပါဝစရကုသိုလ်စိတ် ၅-ပါး
၂၁။ ဝိတက္က, ဝိစာရ, ပီတိ, သုခ, ဧကဂ္ဂတာ သဟိတံ ပဌမဈာနကုသလစိတ္တံ။ ဝိစာရ, ပီတိ, သုခ, ဧကဂ္ဂတာ သဟိတံ ဒုတိယဈာနကုသလစိတ္တံ။ ပီတိ, သုခ, ဧကဂ္ဂတာ သဟိတံ တတိယဈာနကုသလစိတ္တံ။ သုခ, ဧကဂ္ဂတာ သဟိတံ စတုတ္ထဈာနကုသလစိတ္တံ။ ဥပေက္ခာ, ဧကဂ္ဂတာ သဟိတံ ပဉ္စမဈာနကုသလစိတ္တဉ္စ ဣမာနိ ပဉ္စ ရူပါဝစရကုသလာနိ နာမ။
(၁) ဝိတက်, ဝိစာရ, ပီတိ, သုခ, ဧကဂ္ဂတာတည်းဟူသော ဈာန်အင်္ဂါ ငါးပါးနှင့် တကွဖြစ်သော ပဌမဈာန်နှင့် ယှဉ်သော ကုသိုလ်စိတ်၎င်း၊
(၂) ဝိစာရ, ပီတိ, သုခ, ဧကဂ္ဂတာတည်းဟူသော ဈာန်အင်္ဂါ လေးပါးနှင့် တကွဖြစ်သော ဒုတိယဈာန်နှင့် ယှဉ်သော ကုသိုလ်စိတ်၎င်း၊
၁-အဟိတ်ကြိယာစိတ် ၃-ပါး, ကာမဝစရကြိယာစိတ် ၈-ပါး ပေါင်း ကြိယာစိတ် ၁၁-ပါး ဖြစ်၏။
၂-ဝိပါက်စိတ် ၂၃-ပါး, ကုသိုလ် အကုသိုလ်စိတ် ၂၀, ကြိယာစိတ် ၁၁-ပါး ပေါင်း ကာမစိတ် ၅၄-ပါး ဖြစ်၏။
စာမျက်နှာ-၇၇
(၃) ပီတိ, သုခ, ဧကဂ္ဂတာတည်းဟူသော ဈာန်အင်္ဂါ ၃-ပါးနှင့် တကွဖြစ်သော တတိယဈာန်နှင့် ယှဉ်သော ကုသိုလ်စိတ်၎င်း၊
(၄) သုခ, ဧကဂ္ဂတာတည်းဟူသော ဈာန်အင်္ဂါ ၂-ပါးနှင့် တကွဖြစ်သော စတုတ္ထဈာန်နှင့် ယှဉ်သော ကုသိုလ်စိတ်၎င်း၊
(၅) ဥပေက္ခာ, ဧကဂ္ဂတာတည်းဟူသော ဈာန်အင်္ဂါ ၂-ပါးနှင့် တကွဖြစ်သော ပဉ္စမဈာန်နှင့် ယှဉ်သော ကုသိုလ်စိတ်၎င်း၊ ဤသို့သော အပြားအားဖြင့် ငါးပါးအပြားရှိသည်လည်း ဖြစ်ကုန်သော ဤစိတ်တို့သည် ရူပါဝစရကုသိုလ်စိတ်ဟူသော အမည်ရှိကုန်၏။
ရူပါဝစရကုသိုလ်စိတ် ၅-ပါးအဖွင့်
၂၁။ ။ယခုအခါ ထိုကာမာဝစရစိတ်၏ အခြားမဲ့၌ ပြဆိုအပ်သော ရူပါဝစရစိတ်၏ အကျယ်အားဖြင့် ဘွင့်ဆိုအပ်သော အစဉ်သည် ရောက်လာ၏။ ထို့ကြောင့် ထိုရူပါဝစရစိတ်၏ ဈာန်အင်္ဂါတို့နှင့် ယှဉ်သော အပြားအားဖြင့် ငါးပါးသော အပြားတို့ဖြင့် ဝေဖန်၍ ပြခြင်းငှါ “ဝိတက္က။ ပ။ သဟိတံ” ဤသို့ အစရှိသော စကားကို မိန့်ဆိုတော်မူ၏။ ဝိတက်၎င်း, ဝိစာရ၎င်း, ပီတိ၎င်း, သုခ၎င်း, ဧကဂ္ဂတာ၎င်း၊ ဤသို့ ဤစေတသိက်တို့နှင့် တကွဖြစ်သော စိတ်သည် ဝိတက္က, ဝိစာရ, ပီတိ, သုခ, ဧကဂ္ဂတာသဟိတ-မည်၏။
ဝိတက်စသည် အဓိပ္ပါယ်
ထိုငါးပါးတို့တွင် အာရုံသို့ သမ္မယုတ်တရားတို့ကို တင်တတ်သောကြောင့် ဝိတက်မည်၏၊ ထိုဝိတက်သည် မိမိနှင့် အတူတကွ ဖြစ်ကုန်သော တရားတို့ကို အာရုံသို့ ရှေ့ရှုတင်ခြင်း လက္ခဏာရှိ၏။ တင်ပုံကို ချ၍ ပြဦးအံ့—တစုံတယောက်သော တောရွာနေယောက်ျားသည်
စာမျက်နှာ-၇၈
မင်းနှင့် အကျွမ်းဝင်သူ မိမိနှင့် စပ်ဆိုင်သူ ဆွေမျိုးကို၎င်း၊ မင်းကျွမ်းဝင်သူ မိတ်ဆွေကို၎င်း အမှီပြု၍ မင်းအိမ်သို့ ဝင်ဘိသကဲ့သို့ ဤအတူ ဝိတက်ကို အမှီပြု၍ စိတ်သည် အာရုံသို့ ရှေ့ရှုတက်၏။
ထိုဖြစ်ခဲ့သော် ဝိတက်မရှိသော စိတ်သည် အာရုံသို့ အဘယ်နည်းဖြင့် တက်ပါသနည်း-ဟူမူ–ထိုဝိတက်မရှိသော စိတ်သည်လည်း ဝိတက်၏ အားအစွမ်းဖြင့်သာလျှင် အာရုံသို့ ရှေ့ရှုတက်နိုင်၏။ ထိုစကားကို ထင်စွာပြဦးအံ့-ထိုတောသားယောက်ျားသည် မင်းအိမ်သို့ သွားဖန်များသဖြင့် ထိုမင်းကျွမ်းဝင်သူနှင့် ကင်း၍လည်း ကြောက်ရွံ့ခြင်းမရှိ၊ မင်းအိမ်သို့ တက်သကဲ့သို့ ထို့အတူ ဝိတက်ရှိသော စိတ်အစဉ်၌ မပြတ်ဖြစ်သည်၏ အဖြစ်ကြောင့် “ဝိတက်နှင့်ကင်း၍လည်း ဝိတက်မရှိသော စိတ်သည် အာရုံသို့ ရှေ့ရှုတက်နိုင်၏။ ဤ၌ ပရိစယ-ဟူသည်ကား ဝိတက်ရှိသော စိတ်၏ အစဉ်၌ မပြတ်ဖြစ်သည်အစွမ်းဖြင့် ဖြစ်သော စိတ်၏ ပွါးများခြင်းပင်တည်း။
နည်းတပါးကိုဆိုဦးအံ့—ဤဝိတက်မရှိသော စိတ်တို့တွင် ပဉ္စဝိညာဏ်စိတ်သည် ဝိတက်မရှိသော်လည်း ဝတ္ထုနှင့် အာရုံတို့ ထိခိုက်သော အားအစွမ်းဖြင့် အာရုံသို့ တက်နိုင်၏၊ ဒုတိယဈာန် အစရှိသော စိတ်တို့သည်လည်း အောက်အောက်၌ ဖြစ်သော ဘာဝနာ၏ အစွမ်းဖြင့် အာရုံသို့ ရှေ့ရှုတက်နိုင်၏။
ဝိစာရအဖွင့်
ထိုတရားသဘောဖြင့် အာရုံ၌ စိတ်ကို ဆင်ခြင်သုံးသပ်တတ်သောကြောင့် ဝိစာရမည်၏၊ ထိုဝိစာရသည် အာရုံကို ဆင်ခြင်သုံးသပ်တတ်သော လက္ခဏာရှိ၏။ ထို့ကြောင့် ထိုဝိစာရကို အာရုံနှင့် တကွ စိတ်ကို စပ်တတ်၏-ဟု ဝိစာရနိဒ္ဒေသ ပါဠိတော်၌ ပြအပ်၏။
စာမျက်နှာ-၇၉
ဝိတက်နှင့် ဝိစာရ အထူး
ဝိတက်နှင့် ဝိစာရတို့၏ အထူးကား-ဤဝိတက်, ဝိစာရ နှစ်ပါးတို့တွင် ဝိစာရထက် ရုန့်ရင်းကြမ်းတမ်းသော အနက်ကြောင့်၎င်း၊ ထိုဝိစာရ၏သာလျှင် ရှေ့သွားဖြစ်သော အနက်ကြောင့်၎င်း၊ ရှေးဦးစွာ ခေါင်းလောင်း၏ ထိုးအပ်သော အသံကဲ့သို့ စိတ်အား ရှေးဦးစွာ အာရုံ၌ ကျခြင်းသည် ဝိတက်မည်၏။ ခေါင်းလောင်းညည်းသံကဲ့သို့ အဖန်တလဲလဲ ဆင်ခြင်သုံးသပ်ခြင်းသည် ဝိစာရမည်၏။
တနည်းကား၍ ဝိတက်, ဝိစာရနှစ်ပါးတို့တွင် ဝိတက်သည် ပျံ့သောဖြစ်ခြင်းရှိ၏။ စိတ်၏ တုန်လှုပ်သောဖြစ်ခြင်းရှိ၏။ အဘယ်ကဲ့သို့နည်းဆိုသော်-ကောင်းကင်သို့ ပျံတက်ခြင်းငှါ အလိုရှိသော ငှက်၏ အတောင်ကို ခတ်ခြင်းကဲ့သို့၎င်း၊ အနံ့ကို အစဉ်လိုက်သော စိတ်ရှိသော ပျားပိတုန်း၏ ပဒုမ္မာကြာတောသို့ ရှေ့ရှုကျခြင်းကဲ့သို့၎င်းတည်း။
ဝိစာရသည် စိတ်၏ ငြိမ်သက်သောဖြစ်ခြင်းရှိ၏။ စိတ်၏ မတုန်လှုပ်သောဖြစ်ခြင်းရှိ၏။ အဘယ်ကဲ့သို့နည်းဆိုသော်-ကောင်းကင်၌ ပျံတက်ပြီးသော ငှက်၏ အတောင်ကို ဖြန့်တန်းသကဲ့သို့၎င်း၊ ပဒုမ္မာကြာတောသို့ ရှေ့ရှုကြသော ပျားပိတုန်းသည် ကြာတော၏ အထက်အဘို၌ ဝဲသကဲ့သို့၎င်း ဖြစ်၏။
ပီတိအဖွင့်
ကိုယ်စိတ်ကို နှစ်သက်စေတတ်သောကြောင့်၎င်း၊ တိုးပွါးစေတတ်သောကြောင့်၎င်း ပီတိမည်၏၊ ထိုပီတိသည် အာရုံကို နှစ်သက်ခြင်း လက္ခဏာရှိ၏။ အာရုံကို နှစ်သက်သောအားဖြင့် ယူခြင်းလက္ခဏာရှိ၏-ဟု ဆိုလို၏။
စာမျက်နှာ-၈၀
သုခ၏ အဖွင့်
(မိမိနှင့် ယှဉ်သော တရားတို့ကို ချမ်းသာစေတတ်သောကြောင့် သုခ မည်၏၊ ထိုသုခသည် ဣဋ္ဌာရုံကို ခံစားခြင်း လက္ခဏာ ရှိ၏။ အဘယ်ကဲ့သို့နည်းဟူမူ—ကောင်းသော အရသာကို ခံစားသော မင်းကဲ့သို့တည်း။
ပီတိနှင့်သုခတို့၏အထူး—
ထိုပီတိ၊ သုခနှစ်ပါးတို့တွင် အာရုံကို ရှေးဦးစွာ ရခြင်း၌ ပီတိ၏ အထူးသည် ထင်ရှား၏။ အဘယ်သို့နည်းဟူမူ—ခရီးသို့ သွားခြင်းကြောင့် ပင်ပန်းသော ယောက်ျားသည် တော၏ အတွင်း၌ ရေကို ရှေးဦးစွာ မြင်ရသောအခါ နှစ်သက်ခြင်းကဲ့သို့တည်း။
အကြင် ရအပ်ပြီးသော အာရုံကို ခံစားခြင်း၌ သုခ၏ အထူးသည် ထင်ရှား၏။ အဘယ်ကဲ့သို့နည်းဟူမူ—မြင်အပ်ပြီးသော ရေကို သောက်ခြင်း အစရှိသည်၌ ချမ်းသာခြင်းကဲ့သို့တည်း။
ဧကဂ္ဂတာ အဖွင့်—
အထူးထူးသော အာရုံ၌ ပျံ့လွင့်ခြင်း မရှိသည်အဖြစ်ဖြင့် ဤစိတ်အား တခုတည်းသော အာရုံဟု ဆိုအပ်သော အမည်ရှိသောကြောင့် စိတ်သည် ဧကဂ္ဂ မည်၏၊ ထိုတခုတည်းသော အာရုံရှိသော စိတ်၏ ဖြစ်ကြောင်းဖြစ်သောကြောင့် သမာဓိ စေတသိက်သည် ဧကဂ္ဂတာ မည်၏။ ထိုသမာဓိစေတသိက်သည် တည်ကြည်ခြင်း လက္ခဏာရှိ၏။ အကြောင်းကား ထိုသမာဓိ၏ အစွမ်းဖြင့် သမ္ပယုတ်တရားနှင့် တကွ ဖြစ်သော စိတ်သည် အာရုံ၌ ပျံ့လွင့်ခြင်း မရှိသောကြောင့်တည်း။ ဒေသနာအစဉ်အားဖြင့်၎င်း၊ ဖြစ်စဉ်အားဖြင့်၎င်း အစဖြစ်သောကြောင့် ပဌမလည်း ဖြစ်၏၊ ထိုပဌမဟူသည် ကသိုဏ်းအာရုံကို
စာမျက်နှာ-၈၁
ကပ်၍ ရှုတတ်သောကြောင့်၎င်း၊ ဆန့်ကျင်ဘက် နီဝရဏတို့ကို လောင်ကျွမ်းတတ်သောကြောင့်၎င်း၊ ဈာန် လည်းမည်၏။ ထို့ကြောင့် ဝိတက်စသော တရားအပေါင်းသာလျှင် ပဌမဈာန် မည်၏။ အကြောင်းသော်ကား ဝိတက်စသော ဈာန်အင်္ဂါအပေါင်း၌သာ ဈာန်ဟူသော အမည် ဖြစ်သောကြောင့်တည်း။ ဥပမာကား အကွပ်အကန့်စသော အင်္ဂါအပေါင်း၌သာ လှည်းအမည် ဖြစ်သကဲ့သို့တည်း။ ထို့ကြောင့် ဝိဘင်း၌ “ဈာနန္တိ ဝိတက္ကော ဝိစာရော ပီတိ သုခံ စိတ္တေကဂ္ဂတာ” ဟု ဟောတော်မူအပ်၏။ ပဌမဈာန်နှင့်ယှဉ်သော ကုသိုလ်စိတ်သည် ပဌမဈာနကုသလစိတ္တံ မည်၏။
ဝိတက်စသည်တို့ကိုသာ ဈာန်အင်္ဂါဆိုရသော အကြောင်း
စောဒနာဦးအံ့—တပါးသော ဖဿ စသော သမ္ပယုတ်တရားတို့သည် ရှိပါကုန်လျက် ဤဝိတက်စသော တရားငါးပါးတို့ကိုသာ အဘယ့်ကြောင့် ဈာန်အင်္ဂါ အစွမ်းဖြင့် ဆိုအပ်ပါကုန်သနည်းဟူမူ။ အဖြေကိုဆိုဦးအံ့—ဤဝိတက်စသော တရားငါးပါးတို့သာ ကသိုဏ်းစသော အာရုံကို ကပ်၍ ရှုတတ်သောကြောင့်၎င်း၊ ကာမစ္ဆန္ဒ စသော နီဝရဏတရားတို့၏ ဖြောင့်ဖြောင့် ဆန့်ကျင်ဘက် ဖြစ်သောကြောင့်၎င်း၊ ၎င်းတို့ကိုသာ ဈာန်အင်္ဂါ အစွမ်းဖြင့် ဆိုအပ်ပါကုန်၏။
ထိုစကားကို အကျယ်၍ ပြဦးအံ့—ဝိတက်သည် အာရုံ၌ စိတ်ကို ရှေ့ရှုတင်တတ်၏၊ ဝိစာရသည် အာရုံကို အစဉ်တင်တတ်၏၊ ပီတိသည် အာရုံ၌ ထိုစိတ်၏ နှစ်သက်ခြင်းကို ပြု၏၊ သုခသည် အာရုံ၏ ပွါးစေခြင်းကို ပြု၏၊ ဤသို့သဘော ရှိသော သမ္ပယုတ်တရားနှင့်တကွ [၁] ပထဝီကသိုဏ်း စသော အာရုံကို ကပ်၍ ရှုတတ်သောကြောင့် ဈာန် မည်၏။ ဝိတက်၊ ဝိစာရ စသော တရားများကား ဈာန်၏ အစိတ် ဖြစ်သောကြောင့် ဈာနင်္ဂ မည်၏။ [၂] ဖဿ စသော တရားများသည် နီဝရဏတရားတို့ကို မပယ်ဖျက်နိုင်သောကြောင့် ဈာန်အင်္ဂါ၌ မဆိုရ၊ ဝိတက်စသော တရားများကား အာရုံကို ကပ်၍ ရှုနိုင်ခြင်း၊ နီဝရဏတရားတို့ကို ပယ်ဖျောက်နိုင်ခြင်းကြောင့် ၎င်းဝိတက်စသော တရားများကိုသာ ဈာန်အင်္ဂါဟု ဆိုရ၏။
၁။ ပထဝီကသိုဏ်း စသော အာရုံကို ကပ်၍ ရှုတတ်သောကြောင့် ဈာန် မည်၏။ ဝိတက်, ဝိစာရ စသော တရားများကား ဈာန်၏ အစိတ် ဖြစ်သောကြောင့် ဈာနင်္ဂ မည်၏။
၂။ ဖဿ စသော တရားများသည် နီဝရဏ တရားတို့ကို မပယ်ဖျက်နိုင်သောကြောင့် ဈာန်အင်္ဂါ၌ မဆိုရ၊ ဝိတက် စသော တရားများကား အာရုံကို ကပ်၍ ရှုနိုင်ခြင်း, နီဝရဏ တရားတို့ကို ပယ်ဖျောက်နိုင်ခြင်းကြောင့် ၎င်းဝိတက် စသော တရားများကိုသာ ဈာန်အင်္ဂါဟု ဆိုရ၏။
စာမျက်နှာ-၈၂
ဖြစ်သော ထိုစိတ်ကို ထိုဝိတက်စသည်တို့သည် အာရုံသို့ ရှေ့ရှုတင်ခြင်း၊ အစဉ်ဖွဲ့ခြင်းမှ နှစ်သက်ခြင်း၊ ပွါးများခြင်းတို့ဖြင့် ချီးမြှောက်ထောက်ပင့်အပ်သော ဧကဂ္ဂတာသည် စိတ်ကို ကောင်းစွာ ထားသော ကိစ္စဖြင့် မိမိသို့ အစဉ်လိုက်စေလျက် တခုတည်းသော အာရုံ၌ ကောင်းစွာ အမျှထားတတ်၏။ ဣန္ဒြေတို့၏ အစွမ်းဖြင့် အညီအမျှ ဆန့်ကျင်ဘက် နီဝရဏတရား၏ ဝေးသည်အဖြစ်ကြောင့် စိတ်၏ တွန့်တိုခြင်း၊ ပျံ့လွင့်ခြင်း မရှိသည်အဖြစ်အားဖြင့် ကောင်းစွာ ထားတတ်၏။ ထို့ကြောင့် ထိုဝိတက်စသော တရားငါးပါးတို့၏ ကသိုဏ်းအာရုံကို ကပ်၍ ရှုတတ်သော ကိစ္စသည် အသီးအခြားသော ဖြစ်၏။
ဆန့်ကျင်ပုံကို ပြဆိုဦးအံ့—ကာမစ္ဆန္ဒ အစရှိသည်တို့နှင့် ဆန့်ကျင်ဘက် အဖြစ်၌ သမာဓိသည် တပ်မက်တတ်သော ရာဂ၏ ဖြောင့်ဖြောင့် ဆန့်ကျင်ဘက် ဖြစ်သောကြောင့် ကာမစ္ဆန္ဒ၏ ဆန့်ကျင်ဘက် ဖြစ်၏။ အကြောင်းကား—ကာမစ္ဆန္ဒ၏ အစွမ်းဖြင့် အထူးထူးသော အာရုံတို့ဖြင့် ဖြားယောင်းအပ်သောကြောင့် မရပ်မတည် ပတ်ပတ်လည်သော စိတ်ကို ကောင်းစွာ အာရုံ၌ ထားခြင်းသည် ဧကဂ္ဂတာကြောင့် ဖြစ်၏။ ပီတိသည် ဝမ်းမြောက်သော သဘောရှိသောကြောင့် ဒေါသ၏ ဆန့်ကျင်ဘက်ဖြစ်၏။ ဝိတက်သည် အသင့်အားဖြင့် ကြံစည်သည် အစွမ်းဖြင့် ပျံ့လွင့်ခြင်းနှင့်တကွ ဖြစ်သောကြောင့် ထိနမိဒ္ဓ၏ ဆန့်ကျင်ဘက် ဖြစ်၏။ သုခသည် ငြိမ်းအေးသော သဘောရှိသောကြောင့် မငြိမ်းအေးသော သဘော၊ ပူပန်သော သဘောရှိသော ဥဒ္ဓစ္စ၊ ကုက္ကုစ္စ၏ ဆန့်ကျင်ဘက်ဖြစ်၏။ ဝိစာရသည် အာရုံ၌ သုံးသပ်သည်၏ အစွမ်းဖြင့် ပညာနှင့် အလားတူသော သဘော ဖြစ်သောကြောင့် ဝိစိကိစ္ဆာ၏ ဆန့်ကျင်ဘက်ဖြစ်၏။ ဤသို့ ကသိုဏ်း စသော အာရုံကို ကပ်၍ ရှုတတ်သော ကိစ္စ ရှိသောကြောင့်၎င်း၊ ကာမစ္ဆန္ဒ အစရှိသည်တို့နှင့် ဖြောင့်ဖြောင့် ဆန့်ကျင်ဘက် ဖြစ်သောကြောင့်၎င်း၊ ဤဝိတက်စသော တရားငါးပါးတို့ကိုသာ ဈာန်အင်္ဂါ၏ အဖြစ်ဖြင့် ပိုင်းခြားမှတ်သားအပ်ကုန်၏။ ရှေးဆရာတို့သည် အဘယ်စကားကို မိန့်ဆိုကုန်သနည်းဟူမူ။
စာမျက်နှာ-၈၃
ဥပနိန္ဒနကိစ္စတ္တာ၊ ကာမာဒိပဋိပက္ခတော။
သန္တေသု စ အညေသု၊ ပဉ္စဝ ဈာနသညိတာ။ ဟု မိန့်ဆိုကုန်၏။ အနက်ကား—ကသိုဏ်းစသော အာရုံကို ကပ်၍ ရှုခြင်းကိစ္စ ရှိသည်အဖြစ်ကြောင့်၎င်း၊ ကာမစ္ဆန္ဒ အစရှိကုန်သော နီဝရဏတရားတို့နှင့် ဆန့်ကျင်ဘက် ဖြစ်သောကြောင့်၎င်း ဈာန်ငါးပါးမှ တပါးကုန်သော ဖဿ စသော တရားတို့သည် ရှိကုန်သော်လည်း ဝိတက်စသော ငါးပါးသော တရားတို့ကိုသာလျှင် ဈာန်ဟု သမုတ်အပ်ကုန်၏—ဟူလို။
ဤဈာန်အင်္ဂါ ငါးပါး၌ ဥပေက္ခာသည်ကား ငြိမ်သက်ခြင်း သဘောရှိသောကြောင့် သုခ၌သာ အတွင်းဝင်၏—ဟု မှတ်အပ်ကုန်၏။ ထို့ကြောင့် ရှေးဆရာတို့သည်
“ဥပေက္ခာ သန္တဝုတ္တိတ္တာ၊ သုခမိစ္ဆေဝ ဘာသိတာ” ဟု မိန့်ဆိုကုန်၏။ အနက်ကား—ဥပေက္ခာကို ငြိမ်သက်ခြင်း သဘောရှိသောကြောင့် သုခ—ဟူ၍သာလျှင် ဆိုအပ်၏—ဟူလို။
သမ္ပယောဂအင်္ဂါမှတပါး ပဟာနအင်္ဂါကို ဆက်၍ပြဦးအံ့၊ ထိုရူပါဝစရကုသိုလ်၏ ပယ်အပ်သော အင်္ဂါအစရှိသည်တို့၏ အစွမ်းဖြင့် အထူးသည်၎င်း၊ ထိုမှတပါး အရူပါဝစရ၊ လောကုတ္တရာတို့၌လည်း ရအပ်သော အထူးသည်၎င်း အထက်၌ ထင်ရှားလတ္တံ့။
သင်္ခါရမရှိသောအကြောင်း
ဤရူပါဝစရကုသိုလ်ဈာန်၌ ကာမာဝစရကုသိုလ်စိတ်တို့၌ကဲ့သို့ သင်္ခါရအပြားကို အဘယ့်ကြောင့် မယူအပ်ပါသနည်း။ ထိုစကားမှန်၏။ ရူပါဝစရကုသိုလ်ဈာန်ကိုလည်း သက်သက် သမထကမ္မဋ္ဌာန်းကို
စာမျက်နှာ-၈၄
အားထုတ်သည် အစွမ်းကြောင့် ရအပ်သော ရူပါဝစရဈာန်သည် သသင်္ခါရိက ဖြစ်သင့်၏။ မဂ်ကိုရသည် အစွမ်းကြောင့် ရရှိအပ်သော ရူပါဝစရဈာန်သည် အသင်္ခါရိက ဖြစ်သင့်သည် မဟုတ်ပါလောဟူမူ။ ရူပါဝစရကုသိုလ်ဈာန်သည် ဤစောဒကဆရာပြောသော အတိုင်းမဆိုအပ်။ အဘယ့်ကြောင့်ဆိုသော် မဂ်ကိုရသည် အစွမ်းဖြင့် မဂ်၏အာနုဘော်ကြောင့် ရအပ်သော်လည်း နောက်အဘို့၌ ပရိကံ၏ အစွမ်းဖြင့်သာ ဖြစ်သောကြောင့် မဆိုအပ်ပေ။ ထို့ကြောင့် အလုံးစုံသော ဈာန်၏ ပရိကံဟု ဆိုအပ်သော ရှေးအဘို့၌ ဖြစ်သော အားထုတ်ခြင်းနှင့် ကင်း၍ သက်သက်ရှေးအကြောင်းကောင်းမှု၏ အစွမ်းဖြင့် ဈာန်မဖြစ်နိုင်သောကြောင့် အသင်္ခါရိက [၁] ဟုလည်း မဆိုသင့်။ ရှေးအကြောင်းကောင်းမှုနှင့် ကင်း၍ သက်သက် ပရိကံကို အားထုတ်သည်၏ အစွမ်းဖြင့်လည်း ဈာန်မဖြစ်နိုင်သောကြောင့် သသင်္ခါရိက—ဟုလည်း မဆိုသင့်။ တနည်းကား—ရှေးအဘို့၌ ဖြစ်သော အားထုတ်ခြင်း၏ အစွမ်းဖြင့်သာလျှင် ဖြစ်သောကြောင့် တရံတခါမျှ အသင်္ခါရိက အဖြစ်သည် မဖြစ်သင့်။ ထို့ကြောင့် အသင်္ခါရိကဟုလည်း မဆိုအပ်။ သသင်္ခါရိကလော စသည်ဖြင့် လျဉ်းပါးဖွယ် မရှိသောကြောင့် သသင်္ခါရိကဟုလည်း မဆိုအပ်။
ပိသဒ္ဒါအဖွင့်—
ဤ ဣမာနိ ပဉ္စ ပုဒ်၌ ပါရှိသော စ-သဒ္ဒါဖြင့် စတုက္ကနည်း၊ ပဉ္စကနည်း၏ အစွမ်းဖြင့် သက်သက်သာ နဝက၎င်း၊ ထိုနဝကကိုလည်း ဒုက္ခပ္ပဋိပဒါ ဒန္ဒာဘိညာ၊ ဒုက္ခပ္ပဋိပဒါ
၁။ မဂ်ကို ရသဖြင့် ဖြစ်ပေါ်လာသော ဈာန်သည် နောက်အဘို့၌ ပရိကံ အစွမ်းဖြင့်သာလျှင် ဖြစ်ခြင်းကြောင့် “အသင်္ခါရိက” ဟုလည်း မဆိုရ၊ ကမ္မဋ္ဌာန်း အားထုတ်မှုကြောင့် ရသော ဈာန်သည်လည်း ရှေးဘဝ ဆုတောင်းမှုနှင့် ကင်း၍ မဖြစ်နိုင်ခြင်းကြောင့် “သသင်္ခါရိက” ဟုလည်း မဆိုရ၊ ထို့ကြောင့် ရူပါဝစရစိတ်၌ သင်္ခါရ မရှိဟု မှတ်။
စာမျက်နှာ-၈၅
ခိပ္ပါဘိညာ၊ သုခပ္ပဋိပဒါ ဒန္ဒာဘိညာ၊ သုခပ္ပဋိပဒါ ခိပ္ပါဘိညာ တို့၏ အစွမ်းဖြင့် ပဋိပဒါစတုက္ကနှင့် ယှဉ်၍ ဟောတော်မူအပ်သောကြောင့် လေးပါးကုန်သော နဝကတို့၎င်း၊ ပရိတ္တံ ပရိတ္တာရမ္မဏံ၊ ပရိတ္တံ အပ္ပမာဏာရမ္မဏံ၊ အပ္ပမာဏံ ပရိတ္တာရမ္မဏံ၊ အပ္ပမာဏံ အပ္ပမာဏာရမ္မဏံ—ဟု အာရမ္မဏစတုက္ကနှင့် ယှဉ်အပ်သောကြောင့် လေးပါးကုန်သော နဝကတို့၎င်း၊ ဒုက္ခပ္ပဋိပဒံ ဒန္ဒာဘိညာ၊ ပရိတ္တံ ပရိတ္တာရမ္မဏံ၊ ဒုက္ခပ္ပဋိပဒံ ဒန္ဒာဘိညာ၊ ပရိတ္တံ အပ္ပမာဏာရမ္မဏံ ဤသို့စသောအားဖြင့် အာရုံပဋိပဒါ ရောသောနည်း၏ အစွမ်းဖြင့် ၁၆-ပါးသော နဝကတို့၎င်း၊ ဤသို့ ၂၅-ပါးသော နဝကတို့ ဖြစ်ကုန်၏။ ဤသို့အစရှိသော အပြားကို ပေါင်း၏။
ရူပါဝစရဝိပါက်စိတ် ၅-ပါး
၂၂။ ။ဝိတက္က, ဝိစာရ, ပီတိ, သုခ, ဧကဂ္ဂတာသဟိတံ ပဌမဈာနဝိပါကစိတ္တံ၊ ဝိစာရ, ပီတိ, သုခ, ဧကဂ္ဂတာသဟိတံ ဒုတိယဈာနဝိပါကစိတ္တံ၊ ပီတိ, သုခ, ဧကဂ္ဂတာသဟိတံ တတိယဈာနဝိပါကစိတ္တံ၊ သုခ, ဧကဂ္ဂတာသဟိတံ စတုတ္ထဈာနဝိပါကစိတ္တံ၊ ဥပေက္ခ, ဧကဂ္ဂတာသဟိတံ ပဉ္စမဈာနဝိပါကစိတ္တဉ္စေတိ ဣမာနိ ပဉ္စ ရူပါဝစရဝိပါကစိတ္တာနိ နာမ။
(၁) ဝိတက်, ဝိစာရ, ပီတိ, သုခ, ဧကဂ္ဂတာ တည်းဟူသော ဈာန်အင်္ဂါ ငါးပါးနှင့် တကွ ဖြစ်သော ပဌမဈာန်နှင့် ယှဉ်သော ဝိပါက်စိတ်၎င်း၊
(၂) ဝိစာရ, ပီတိ, သုခ, ဧကဂ္ဂတာ တည်းဟူသော ဈာန်အင်္ဂါ လေးပါးနှင့် တကွ ဖြစ်သော ဒုတိယဈာန်နှင့် ယှဉ်သော ဝိပါက်စိတ်၎င်း၊
(၃) ပီတိ, သုခ, ဧကဂ္ဂတာ တည်းဟူသော ဈာန်အင်္ဂါ သုံးပါးနှင့် တကွ ဖြစ်သော တတိယဈာန်နှင့် ယှဉ်သော ဝိပါက်စိတ်၎င်း၊
စာမျက်နှာ-၈၆
(၄) သုခ, ဧကဂ္ဂတာ တည်းဟူသော ဈာန်အင်္ဂါ နှစ်ပါးနှင့် တကွ ဖြစ်သော စတုတ္ထဈာန်နှင့် ယှဉ်သော ဝိပါက်စိတ်၎င်း၊
(၅) ဥပေက္ခာ, ဧကဂ္ဂတာ တည်းဟူသော ဈာန်အင်္ဂါ နှစ်ပါးနှင့် တကွ ဖြစ်သော ပဉ္စမဈာန်နှင့် ယှဉ်သော ဝိပါက်စိတ်၎င်း၊ ဤသို့သော အပြားဖြင့် ငါးပါးအပြားရှိသည်လည်း ဖြစ်ကုန်သော ဤစိတ်တို့သည် ရူပါဝစရဝိပါက်စိတ် ဟူသော အမည်ရှိကုန်၏။
ရူပါဝစရဝိပါက်စိတ် ၅-ပါးအဖွင့်
အပ္ပနာဝိပါက်စိတ်၏ ကုသိုလ်နှင့် တူသော အကြောင်း
၂၂။ ။ဈာန်အထူးသည် ဖြစ်စေအပ်သော ဝိပါက်စိတ်သည် စင်စစ်အားဖြင့် ထိုထိုဈာန်နှင့်တူသည်သာတည်း၊ ထို့ကြောင့် ဝိပါက်စိတ်ကို ကုသိုလ်ဈာန်စိတ်နှင့် တူစွာသာ ဝေဖန်အပ်၏။ အဘယ့်ကြောင့် ကုသိုလ်ဈာန်နှင့် တူစွာ ဝိပါက်စိတ်ကို ဝေဖန်အပ်ပါသနည်းဟူမူ။ ဤသို့သော အနက်ကို ပြခြင်းငှါ မြတ်စွာဘုရားသည် ဝိပါကနိဒ္ဒေသပါဠိတော်၌လည်း ကုသိုလ်ကိုပြပြီး၍ ထိုကုသိုလ်၏ အခြားမဲ့၌ မဟဂ္ဂုတ်ဝိပါက်စိတ်, လောကုတ္တရာဝိပါက်စိတ်တို့ကို ဝေဖန်အပ်ကုန်သောကြောင့်တည်း။
၁။ လူစသည်တို့၏ အရိပ်သည် လူစသည်တို့နှင့် တူသကဲ့သို့ အကြောင်း ဖြစ်သော ဈာန်ကုသိုလ်စိတ်နှင့် တူသောကြောင့် ဝိပါက်စိတ်ကို “ဝိတက္ကဝိစာရပီတိသုခဧကဂ္ဂတာသဟိတံ” ဟု ကုသိုလ်စိတ်အရ ဝေဖန်တော်မူအပ်၏။
ကာမာဝစရ ဝိပါက်စိတ်များကား နီဝရဏတရားတို့သည် လှုပ်ချောက်ချားအပ်သောကြောင့် တူသောအကျိုးကို မပေးနိုင်၊ ရူပါဝစရ စသော ဝိပါက်များသာ အပ္ပနာသို့ ရောက်သဖြင့် နီဝရဏတရားတို့သည် မပျောက်သွားနိုင်သောကြောင့် ကုသိုလ်နှင့် တူသော အကျိုးကို ပေးနိုင်၏ဟု မှတ်။
၍ ရူပါဝစရစိတ်နှင့် အရူပါဝစရစိတ် ၂၇-ပါးသည် ကိလေသာတို့ကို ပယ်ဖျက်နိုင်သောကြောင့်၎င်း, ကြီးကျယ်သော အကျိုးကို ပေးနိုင်သောကြောင့်၎င်း အသက်ခန္ဓာ ရှည်မြင့်စွာ တည်နေနိုင်သောကြောင့်၎င်း, ကြီးမြတ်သော အဖြစ်သို့ ရောက်ကုန်ရကား မဟဂ္ဂုတ် မည်၏။ တနည်း—မြတ်သော ပုဂ္ဂိုလ်တို့သည် ရောက်အပ်သောကြောင့် မဟဂ္ဂုတ် မည်၏။
စာမျက်နှာ-၈၇
သင်္ဂဟဂါထာ
၂၃။ ပဉ္စဈာနဘေဒေန၊ ရူပါဝစရမာနသံ။
ပုညပါကကြိယာဘေဒ၊ တံ ပဉ္စဒသာ ဘဝေ။
ရူပါဝစရစိတ်သည် ဈာန်အင်္ဂါတို့နှင့် ယှဉ်သော အပြားအားဖြင့် ငါးပါးအပြားရှိ၏။ ကုသိုလ်, ဝိပါက်, ကြိယာတို့၏ အပြားအားဖြင့် ထိုရူပါဝစရစိတ်သည် ၁၅-ပါးအပြားရှိ၏။
သင်္ဂဟဂါထာအဖွင့်
၂၃။ ။ရူပါဝစရစိတ်သည် ဈာန်အပြားအားဖြင့် ၅-ပါးကုန်သော၊ ၄-ပါးကုန်သော၊ ၃-ပါးကုန်သော၊ ၂-ပါးကုန်သော၊ တဖန် ၂-ပါးကုန်သော ဈာန်အင်္ဂါတို့နှင့် ယှဉ်သော အပြားအားဖြင့် အင်္ဂါငါးပါးရှိသော ဈာန်ဟူ၍၎င်း၊ အင်္ဂါလေးပါးရှိသော ဈာန်ဟူ၍၎င်း၊ အင်္ဂါသုံးပါးရှိသော ဈာန်ဟူ၍၎င်း၊ အင်္ဂါနှစ်ပါးရှိသော ဈာန်ဟူ၍၎င်း၊ တဖန်တုံ အင်္ဂါနှစ်ပါးရှိသော ဈာန်ဟူ၍၎င်း၊ ဤသို့ သာမညအားဖြင့် ငါးပါးအပြား ရှိ၏။ တဖန် ထိုရူပါဝစရစိတ်သည် ကုသိုလ်, ဝိပါက်, ကြိယာ တို့၏ အသီးအသီး ငါးပါးငါးပါးတို့၏ အပြားအားဖြင့် ၁၅-ပါးအပြားရှိ၏။ ဤသည်ကား အနက်တည်း။
ရူပါဝစရစိတ်အဖွင့် ပြီးပြီ။
အရူပါဝစရစိတ် ၁၂-ပါး
ကုသိုလ်စိတ် ၄-ပါး
၂၄။ အာကာသာနဉ္စာယတနကုသလစိတ္တံ၊ ဝိညာဏဉ္စာယတနကုသလစိတ္တံ၊ အာကိဉ္စညာယတနကုသလစိတ္တံ၊ နေဝသညာနာသညာယတနကုသလစိတ္တဉ္စေတိ ဣမာနိ စတ္တာရိ အရူပါဝစရကုသလစိတ္တာနိ နာမ။
စာမျက်နှာ-၈၈
(၁) အာကာသာနဉ္စာယတနဈာန်နှင့် ယှဉ်သော ကုသိုလ်စိတ်၎င်း၊ ဝါ—အဆုံးမရှိသော ကောင်းကင်ပညတ်လျှင် အာရုံရှိသော ဈာန်နှင့် ယှဉ်သော ကုသိုလ်စိတ်၎င်း၊
(၂) ဝိညာဏဉ္စာယတနဈာန်နှင့် ယှဉ်သော ကုသိုလ်စိတ်၎င်း၊ ဝါ—အဆုံးမရှိသော ပဌမာရုပ္ပဝိညာဏ်လျှင် အာရုံရှိသော ဈာန်နှင့် ယှဉ်သော ကုသိုလ်စိတ်၎င်း၊ ဝါ—ဒုတိယာရုပ္ပဝိညာဏ်သည် ရောက်အပ်သော ပဌမာရုပ္ပဝိညာဏ်လျှင် အာရုံရှိသော ကုသိုလ်စိတ်၎င်း၊
(၃) အာကိဉ္စညာယတနဈာန်နှင့် ယှဉ်သော ကုသိုလ်စိတ်၎င်း၊ ဝါ—စိုးစဉ်းမျှ အကြွင်းမရှိသော ပဌမာရုပ္ပဝိညာဏ်၏ အဖြစ်တည်းဟူသော နတ္ထိဘာဝပညတ်လျှင် အာရုံရှိသော ဈာန်နှင့် ယှဉ်သော ကုသိုလ်စိတ်၎င်း၊
(၄) နေဝသညာနာသညာယတနဈာန်နှင့် ယှဉ်သော ကုသိုလ်စိတ်၎င်း၊ ဝါ—ရုန့်ရင်းသော သညာကား မရှိ၊ သိမ်မွေ့သော သညာ မရှိသည် မဟုတ်သော မနာယတန, ဓမ္မာယတန၌ အကျုံးဝင်သော ဈာန်နှင့် ယှဉ်သော ကုသိုလ်စိတ်၎င်း၊ ဤသို့သော အပြားအားဖြင့် လေးပါးအပြားရှိသည်လည်း ဖြစ်ကုန်သော ဤစိတ်တို့သည် အရူပါဝစရကုသိုလ်စိတ်ဟူသော အမည်ရှိကုန်၏။
အရူပါဝစရကုသိုလ်လေးပါးအဖွင့်
၂၄။ ။ယခုအခါ အရူပါဝစရစိတ်ကို လေးပါးသော အာရုံအပြားအားဖြင့် ဝေဖန်၍ ပြလိုသော အရှင်အနုရုဒ္ဓဆရာသည် “အာကာသာနဉ္စာယတနံ” အစရှိသော စကားကို မိန့်ဆိုတော်မူ၏။
၁-အာကာသာနဉ္စာယတနကုသိုလ်စိတ် အကြောင်း
ထိုအာကာသာနဉ္စာယတန အစရှိသော ပါဌ်၌ အနက်ကို ဤသို့ သိအပ်၏။ ထိုကောင်းကင်အား ဥပါဒ်အစရှိသော အပိုင်းအခြား ကင်းသည်ဖြစ်၍ အပိုင်းအခြား မရှိသောကြောင့် အနန္တ မည်၏။
စာမျက်နှာ-၈၉
ကောင်းကင်လည်း ဟုတ်၏၊ ဥပါဒ်စသော အပိုင်းအခြားလည်း မရှိ၍ အနန္တလည်း ဖြစ်၏။ ထို့ကြောင့် ကသိုဏ်းမှ ခွ၍ရသော ကောင်းကင်ပညတ်သည် အာကာသာနန္တ မည်၏။ အနန္တကာသံဟု ဆိုလိုလျက် “အဇာဟိ” ဤသို့ အစရှိသော ပါဌ်တို့၌ကဲ့သို့ ဝိသေသနပုဒ် နောက်၌ ကျသည်အစွမ်းဖြင့် အာကာသာနန္တ—ဟု ဆိုအပ်၏။ အာကာသာနန္တပုဒ်သည်ပင် သကတ်အနက်၌ ဘာဝပစ္စည်း၏ အစွမ်းဖြင့် အာကာသာနဉ္စ မည်၏။
နတ်တို့၏ တည်ရာသည် ဒေဝါလယ မည်သကဲ့သို့ အပိုင်းအခြားမရှိသော ကောင်းကင်သည်သာလျှင် သမ္ပယုတ်တရားနှင့် တကွ ဖြစ်သော ဈာန်၏တည်ရာဟူသော အနက်အားဖြင့် အာယတန မည်သောကြောင့် အာကာသာနဉ္စာယတန မည်၏။ ထိုအပိုင်းအခြားမရှိသော ကောင်းကင်ကို ခွ၍ရသော ကောင်းကင်အာရုံ၌ အပ္ပနာသို့ ရောက်သော ပဌမာရုပ္ပဈာန်ကိုလည်း ဌာနူပစာအားဖြင့် ဤအရာ၌ အာကာသာနဉ္စာယတန—ဟု ဆိုအပ်၏။ အဘယ်ကဲ့သို့နည်းဆိုသော် ပထဝီကသိုဏ်းလျှင် အာရုံရှိသော ဈာန်ကို ပထဝီကသိုဏ်းဟု ဆိုအပ်သကဲ့သို့တည်း။
တနည်း—ထိုဈာန်အား အပိုင်းအခြားမရှိသော ကောင်းကင်သာလျှင် တည်ရာရှိသောကြောင့် ဈာန်သည် အာကာသာနဉ္စာယတန မည်၏။ ထိုအပိုင်းအခြားမရှိသော ကောင်းကင်လျှင် အာရုံရှိသော ဈာန်နှင့် ယှဉ်သော ကုသိုလ်စိတ်သည် အာကာသာနဉ္စာယတနကုသိုလ်စိတ် မည်၏။
၂-ဝိညာဏဉ္စာယတနကုသိုလ်စိတ် အကြောင်း
ပဌမအာရုပ္ပဝိညာဏ်သည်ပင်လျှင် ဥပါဒ်အစရှိသော အပိုင်းအခြား မရှိသောကြောင့် ဝိညာဏအနန္တ မည်၏။ အကြောင်းသော်ကား ထိုပဌမာရုပ္ပဝိညာဏ်ကို ဥပါဒ်အစရှိသော အပိုင်းအခြား ရှိသော်လည်း ဥပါဒ်အစရှိသော အပိုင်းအခြားမရှိသော
စာမျက်နှာ-၉၀
ကောင်းကင်အာရုံ၌ ဖြစ်သောကြောင့်၎င်း၊ မိမိကိုယ်ကို အာရုံပြု၍ ဖြစ်သော ပရိကမ္မဘာဝနာ၏ ဥပါဒ်အစရှိသော အပိုင်းအခြားကို မယူမူ၍ အပိုင်းအခြားမရှိသောအားဖြင့် ပျံ့နှံ့သည်အစွမ်းဖြင့် ဖြစ်သောကြောင့်၎င်း အနန္တ—ဟု ဆိုအပ်၏။
ဝိညာဏအနန္တ-ပုဒ်ကိုပင်လျှင် ဏာ-၌ ရှိသော အာ-ကို ရဿပြု၍ န-ကို ချေလျက် ဝိညာဏဉ္စ—ဟု ဆိုအပ်၏။ တနည်းကား ဒုတိယာရုပ္ပဝိညာဏ်ဖြင့် ရောက်အပ်သောကြောင့် ဝိညာဏဉ္စ မည်၏။ ထိုအပိုင်းအခြားမရှိသော ပဌမာရုပ္ပဝိညာဏ်သည်ပင်လျှင် ဒုတိယာရုပ္ပဝိညာဏ်၏ တည်ရာဖြစ်၍ အာယတန မည်သောကြောင့် ဝိညာဏဉ္စာယတန မည်၏။ ကြွင်းသော စကားသည် ရှေး အာကာသာနဉ္စာယတနကုသလစိတ္တံ-ပုဒ်၌ ဆိုအပ်ပြီးသည်နှင့် တူသည်သာတည်း။
မှတ်ချက်။ ။ ဤအလို “ဝိညာဏေန အနန္တန္တိ ဝိညာဏအနန္တံ၊ ဝိညာဏဉ္စမေဝ အာယတနန္တိ ဝိညာဏဉ္စာယတနံ” ဟုပြု။
၃-အာကိဉ္စညာယတန ကုသိုလ် အဖွင့်
ထိုပဌမာရုပ္ပဝိညာဏ်အား အနည်းငယ်မျှသော ယုတ်သော အပိုင်းအခြားအားဖြင့် တင်မျှသော အကြွင်းသည် မရှိသောကြောင့် အကိဉ္စန မည်၏။ ထိုမျှ အကြွင်းမရှိသော ပဌမာရုပ္ပဝိညာဏ်၏ ဖြစ်ကြောင်းသည် အာကိဉ္စည မည်၏။ ထိုမျှ အကြွင်းမရှိသော ပဌမာရုပ္ပဝိညာဏ်၏ မရှိခြင်းဟု ဆိုအပ်သော နတ္ထိဘာဝပညတ်ကို ရ၏။ တဒေဝ အာယတနံ-အစရှိသော စကားသည် ရှေး “အာကာသာနဉ္စာယတနံ” ဟူသော ပုဒ်၌ ဆိုအပ်ပြီးသည်နှင့် တူ၏။
စာမျက်နှာ-၉၁
၄-နေဝသညာနာသညာယတန ကုသိုလ်စိတ် အဖွင့်
ရုန့်ရင်းသော သညာ၏ မရှိသောကြောင့်၎င်း၊ သိမ်မွေ့သော သညာ၏ ရှိသည်အဖြစ်ကြောင့်၎င်း၊ သမ္ပယုတ်တရားနှင့် တကွ ဖြစ်သော ထိုဈာန်အား ရုန့်ရင်းသော သညာသည် မရှိ၊ သိမ်မွေ့သော သညာသည် မရှိသည်လည်း မဟုတ်သောကြောင့် စတုတ္ထအာရုပ္ပဈာန်သည် နေဝသညာနာသည မည်၏။ နသညာ-၌ န-၏ အစိတ် အ-ကို အာဂမပြု၍ နေဝသညာနာသညာ-ဟု ဆိုအပ်၏။ ရုန့်ရင်းသော သညာ မရှိ, သိမ်မွေ့သော သညာ မရှိသည်မဟုတ်သော ဈာန်သည်ပင်လျှင် မနာယတန, ဓမ္မာယတန၌ အကျုံးဝင်၍ သမ္ပယုတ်တရားတို့၏ တည်ရာ ဖြစ်သောကြောင့် နေဝသညာနာသညာယတန မည်၏။
တနည်းကား— “သညာသည်သာလျှင် ဝိပဿနာပညာ၏ အာရုံအဖြစ်သို့ ရောက်၍ ငြီးငွေ့ခြင်းကို ဖြစ်စေ၏ဟု ဆိုအပ်သော ထင်သော သညာကိစ္စ၏ မရှိသောကြောင့် နေဝသညာ-လည်း မည်၏။ ရေပူ၌ တေဇောဓာတ်ကဲ့သို့ ရုန့်ရင်း သင်္ခါရတို့မှ ကြွင်းသော သိမ်မွေ့သော သင်္ခါရတရား ရှိသည်အဖြစ်အားဖြင့် သညာ၏ ထင်ရှားရှိသည်ဖြစ်၍ သညာ မရှိသည်လည်း မဟုတ်သောကြောင့် နေဝသညာနာသညာ မည်၏။ ထိုရုန့်ရင်းသော သညာလည်း မဟုတ်၊ သိမ်မွေ့သော သညာ မဟုတ်သည်လည်း မဟုတ်သော သညာသည်ပင်လျှင် သမ္ပယုတ်တရားနှင့် တကွ ဖြစ်သော ဤဈာန်၏ မှီရာအဖြစ်ကြောင့် တည်ရာလည်း ဖြစ်၏။ ထို့ကြောင့် နေဝသညာနာသညာယတန မည်၏။
သညာဖြင့်မှတ်ပြရခြင်းအကြောင်း
ဤစတုတ္ထအရူပဝိညာဏ်၌ သညာ၏ အစွမ်းအားဖြင့် ဈာန်ကို မှတ်ခြင်းသည် အမြှောက်ကို ပြကာမျှ ဖြစ်သော နိဒဿနနည်းသာတည်း။ အဘယ့်ကြောင့်ဆိုသော် ထိုဈာန်၌ ဝေဒနာ အစရှိသည်တို့သည်လည်း နေဝဝေဒနာနာဝေဒနာ အစရှိသည် မည်ကုန်သည်သာလျှင်
စာမျက်နှာ-၉၂
ဖြစ်သောကြောင့်တည်း။ ရုန့်ရင်းသော သညာကား မရှိ၊ သိမ်မွေ့သော သညာ မရှိသည်မဟုတ်သော ဈာန်တည်းဟူသော တည်ရာနှင့် ယှဉ်သော ကုသိုလ်စိတ်သည် နေဝသညာနာသညာယတနကုသိုလ်စိတ် မည်၏။
ပိ-သဒ္ဒါ အဖွင့်
ဤ ဣမာနိ စတ္တာရိ ဟူသော နိဂုံး၌ ပိ-သဒ္ဒဖြင့် အာရုံ, ပဋိပဒါ ရောသောနည်း၏ အစွမ်းဖြင့် သောဠသက္ခတ္တုကဒေသနာကို၎င်း၊ ပါဠိတော်၌ လာသော တပါးသော နည်းအပြားကို၎င်း ပေါင်း၏။
သင်္ဂဟဂါထာ
၃၀။ အာလမ္ဗဏပ္ပဟာန၊ စတုဓာရုပ္ပမာနသံ။
ပုညပါကကြိယာဘေဒါ၊ ပုန ဒွါဒသာ ဌိတံ။
အရူပါဝစရစိတ်သည် ကောင်းကင်အာရုံ အစရှိသော လေးပါးသော အာရုံတို့၏ အပြားအားဖြင့် တည်၏။ တဖန် ကုသိုလ်, ဝိပါက်, ကြိယာတို့၏ အပြားအားဖြင့် ၁၂-ပါးသော အပြားဖြင့် တည်၏။
၃၀။ ။ကသိုဏ်းပဋိဘာဂနိမိတ်, ကောင်းကင်ပညတ်, ပဌမာရုပ္ပဝိညာဏ်, ထိုပဌမာရုပ္ပဝိညာဏ်၏ မရှိခြင်းတည်းဟူသော နတ္ထိဘာဝပညတ်ဟု ဆိုအပ်ကုန်သော လွန်အပ်သော အာရုံတို့၏၎င်း၊ ကောင်းကင်ပညတ် အစရှိကုန်သော ၄-ပါးကုန်သော အာရုံတို့၏၎င်း အပြားအားဖြင့် အရူပါဝစရစိတ်သည် လေးပါးအပြားရှိ၏။
စာမျက်နှာ-၉၃
အရူပါဝစရဈာန်လေးပါးဖြစ်ပုံ
အထက်ပါစကား၏ အကျယ်အဓိပ္ပါယ်ကို ဆိုဦးအံ့—ထိုအရူပါဝစရဈာန်သည် အစဉ်အတိုင်း ပဉ္စမဈာန်၏ အာရုံဖြစ်သော ကသိုဏ်းဟု ဆိုအပ်သော အာရုံကို လွန်၍ ထိုကသိုဏ်းကို ခွဲသဖြင့် ရအပ်သော ကောင်းကင်ကို အာရုံပြု၍၊ ထိုကောင်းကင်ကိုလည်း လွန်၍ ထိုကောင်းကင်ပညတ်၌ ဖြစ်သော ပဌမာရုပ္ပဝိညာဏ်ကို အာရုံပြု၍၊ ထိုပဌမာရုပ္ပဝိညာဏ်ကိုလည်း လွန်၍ ထိုပဌမာရုပ္ပဝိညာဏ်၏ မရှိခြင်းမျှသာ ဖြစ်သော နတ္ထိဘာဝပညတ်ကို အာရုံပြု၍၊ ထိုပဌမာရုပ္ပဝိညာဏ် မရှိခြင်းသာလျှင် ဖြစ်သော နတ္ထိဘာဝကို လွန်၍ ထိုပဌမာရုပ္ပဝိညာဏ် မရှိခြင်းသာလျှင် ဖြစ်သော နတ္ထိပညတ်၌ ဖြစ်သော တတိယာရုပ္ပဝိညာဏ်ကို အာရုံပြု၍ ဖြစ်၏။ ရူပါဝစရကုသိုလ်ကဲ့သို့ ရှေးရှေးဖြစ်သော ဈာန်အင်္ဂါလွန်သည်အစွမ်းဖြင့် ရှေးရှေးဖြစ်သော ဈာန်၏လည်း အာရုံကို ယူ၍ မဖြစ်။ ထို့ကြောင့် အဋ္ဌကထာဆရာတို့သည်
အာရမ္မဏာတိက္ကမတော၊ စတဿော ဟောန္တိမာ။
အင်္ဂတိက္ကမမေတေသံ၊ န န္တိ ဝိဘာဝိနော။ ဟုဆိုကုန်ပြီ။
အဓိပ္ပါယ်
ဤအရူပသမာပတ်တို့သည် အာရုံကို လွန်သောအားဖြင့် ၄-ပါးအပြား ရှိကုန်၏။ ထိုအရူပသမာပတ်တို့၏ အင်္ဂါလွန်ခြင်းကို ပညာရှိတို့သည် အလိုမရှိကုန်။
အရူပါဝစရစိတ်အဖွင့် ပြီးပြီ။
စာမျက်နှာ-၉၄
လောကုတ္တရာစိတ် ၈-ပါး
မဂ်စိတ် ၄-ပါး
၃၁။ သောတာပတ္တိမဂ္ဂစိတ္တံ၊ သကဒါဂါမိမဂ္ဂစိတ္တံ၊ အနာဂါမိမဂ္ဂစိတ္တံ၊ အရဟတ္တမဂ္ဂစိတ္တဉ္စေတိ ဣမာနိ စတ္တာရိပိ လောကုတ္တရကုသလစိတ္တာနိ နာမ။
(၁) သောတာပတ္တိမဂ်နှင့် ယှဉ်သော စိတ်၎င်း၊
(၂) သကဒါဂါမိမဂ်နှင့် ယှဉ်သော စိတ်၎င်း၊
(၃) အနာဂါမိမဂ်နှင့် ယှဉ်သော စိတ်၎င်း၊
(၄) အရဟတ္တမဂ်နှင့် ယှဉ်သော စိတ်၎င်း၊ ဤသို့သော အပြားအားဖြင့် လေးပါးကုန်သော ဤစိတ်တို့သည် လောကုတ္တရာကုသိုလ်စိတ်ဟူသော အမည်ရှိကုန်၏။
၃၁။ ။ယခုအခါ၌ လောကုတ္တရာကုသိုလ်ကို မဂ်လေးပါးနှင့် ယှဉ်သောကြောင့် လေးပါးအပြားအားဖြင့်၊ ဖိုလ်စိတ်ကိုလည်း ထိုမဂ်အားလျော်စွာ ဖြစ်သောကြောင့် လေးပါးအပြားအားဖြင့်ပင် ဝေဖန်၍ ပြခြင်းငှါ “သောတာပတ္တိမဂ္ဂစိတ္တံ” ဤသို့ အစရှိသော စကားကို မိန့်ဆိုအပ်ပါသတည်း။
သောတာပတ္တိ အဖွင့်
နိဗ္ဗာန်သို့ အာရုံပြုသောအားဖြင့် သွားတတ်သောကြောင့် မြတ်သော အင်္ဂါရှစ်ပါးရှိသော မဂ်စိတ်ကို သောတဟု ဆိုအပ်၏။ တနည်းကား—နိဗ္ဗာန်ဟု ဆိုအပ်သော မဟာသမုဒ္ဒရာသို့ ညွှတ်သည်၏ အဖြစ်ဖြင့် ရေအယဉ်နှင့် တူသည်၏ အဖြစ်ကြောင့် မြတ်သော အင်္ဂါရှစ်ပါးရှိသော မဂ်ကို သောတဟု ဆိုအပ်၏။ ထိုသောတမည်သော မဂ်သို့ ရှေးဦးစွာ ရောက်ခြင်းကြောင့် သောတာပတ္တိ
စာမျက်နှာ-၉၅
မည်၏။ ရှေးဦးစွာဟူသောအနက်ကို အဘယ့်ကြောင့် ဆိုရပါသနည်းဟူမူ၊ အာပတ္တိ၌ ပါသော အာ-သဒ္ဒါ၏ အစဖြစ်သော အမှုဟူသော အနက်၌ ဖြစ်သောကြောင့် ဝါ-ဟောသောကြောင့်တည်း။
မဂ္ဂစိတ္တံ အဖွင့်
နိဗ္ဗာန်ကို ရှာမှီးတတ်သောကြောင့် မဂ် မည်၏၊ တနည်းကား—နိဗ္ဗာန်ကို အလိုရှိသော သူတို့သည် ရှာမှီးအပ်သောကြောင့်လည်း မဂ် မည်၏၊ တနည်း—ကိလေသာတို့ကို သတ်၍ နိဗ္ဗာန်သို့ သွားတတ်သောကြောင့်လည်း မဂ် မည်၏၊ ထိုမဂ်နှင့် ယှဉ်သော စိတ်သည် မဂ်စိတ် မည်၏။ အရိယာမဂ်သို့ ရှေးဦးစွာ ရောက်ခြင်းဖြင့် ရအပ်သော မဂ်စိတ်သည် သောတာပတ္တိမဂ္ဂစိတ္တ မည်၏။ တနည်းကား—ထိုပုဂ္ဂိုလ်အား အရိယာမဂ်အယဉ်သို့ ရှေးဦးစွာ ရောက်ခြင်းရှိသောကြောင့် ထိုပုဂ္ဂိုလ်သည် သောတာပတ္တိ မည်၏။ ထိုအရိယာမဂ်သို့ ရှေးဦးစွာ ရောက်သော ပုဂ္ဂိုလ်၏ မဂ်သည် သောတာပတ္တိမဂ် မည်၏။ ထိုသောတာပတ္တိမဂ်နှင့် ယှဉ်သော စိတ်သည် သောတာပတ္တိမဂ်စိတ် မည်၏။
သကဒါဂါမိမဂ်အဖွင့်
တကြိမ် ပဋိသန္ဓေ၏အစွမ်းဖြင့် ဤလူ့ပြည်သို့ လာတတ်သောကြောင့် သကဒါဂါမိ မည်၏။ (၁) ဤလူ့ပြည်၌ သကဒါဂါမိဖိုလ်သို့ ရောက်၍ ဤလူ့ပြည်၌ပင် ပရိနိဗ္ဗာန်ပြုသော သကဒါဂါမ်ပုဂ္ဂိုလ်၊
၁။ နိဗ္ဗာန်ကို ရှာမှီးတတ်သောကြောင့် မဂ် မည်၏၊ တနည်း—ကိလေသာတို့ကို သတ်ဖြတ်ပယ်ရှားလျက် နိဗ္ဗာန်သို့ သွားတတ်သောကြောင့် မဂ် မည်၏။
ကိလေသာကို ပယ်ရာ၌ သဒ္ဓါ စသော ဣန္ဒြေတို့၏ မထက်သည်အဖြစ်, ထက်သည်အဖြစ်, အထူးသဖြင့် ထက်သည်အဖြစ်, အလွန်အထူးသဖြင့် ထက်သည်အဖြစ်ဟု ဆိုအပ်သော သတ္တိဖြင့် ကိလေသာ (သံယောဇဉ်)တို့ကို အသီးသီး ပယ်ခြင်းကိစ္စ ထူးသောကြောင့် မဂ်လေးပါး ပြားရ၏။
စာမျက်နှာ-၉၆
(၂) ထိုနတ်ပြည်၌ သကဒါဂါမိဖိုလ်သို့ ရောက်၍ ထိုနတ်ပြည်၌ ပရိနိဗ္ဗာန်ပြုသော သကဒါဂါမ်ပုဂ္ဂိုလ်၊
(၃) ဤလူ့ပြည်၌ သကဒါဂါမိဖိုလ်သို့ ရောက်၍ ထိုနတ်ပြည်၌ ပရိနိဗ္ဗာန်ပြုသော သကဒါဂါမ်ပုဂ္ဂိုလ်၊
(၄) ထိုနတ်ပြည်၌ သကဒါဂါမိဖိုလ်သို့ ရောက်၍ ဤလူ့ပြည်၌ ပရိနိဗ္ဗာန်ပြုသော သကဒါဂါမ်ပုဂ္ဂိုလ်၊
(၅) ဤလူ့ပြည်၌ သကဒါဂါမိဖိုလ်သို့ ရောက်၍ ထိုနတ်ပြည်၌ ဖြစ်၍ ဤလူ့ပြည်၌ ပရိနိဗ္ဗာန်ပြုသော သကဒါဂါမ်ပုဂ္ဂိုလ်၊
ဤငါးယောက်သော သကဒါဂါမ်ပုဂ္ဂိုလ်တို့တွင် ငါးယောက် ပြည့်သော နောက်ဆုံး သကဒါဂါမ်ပုဂ္ဂိုလ်ကို ဤ သကဒါဂါမိမဂ္ဂစိတ္တံ ဟူသော ပုဒ်၌ အလိုရှိအပ်၏။ အဘယ့်ကြောင့် ယူအပ်ပါသနည်း ဆိုသော် ထိုပဉ္စမမြောက် သကဒါဂါမ်ပုဂ္ဂိုလ်သည်သာ ဤလူ့ပြည်မှ နတ်ပြည်သို့ ရောက်၍ တဖန်တကြိမ် ဤလူ့ပြည်သို့ လာတတ်သောကြောင့် ယူအပ်၏။ ထိုသကဒါဂါမ်ပုဂ္ဂိုလ်၏ မဂ်သည် သကဒါဂါမိမဂ် မည်၏။
မဂ်စိတ်၏ သကဒါဂါမိမည်ကြောင်း မဂ်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်၏ ထိုတကြိမ် ပဋိသန္ဓေ ယူသော အားဖြင့် ဤလူ့ပြည်သို့ မလာနိုင်သောကြောင့် ဖိုလ်ပုဂ္ဂိုလ်၏သာလျှင် မုချသကဒါဂါမိ မည်သော်လည်း ထိုသကဒါဂါမိဖိုလ် ပုဂ္ဂိုလ်၏ အကြောင်းဖြစ်သောကြောင့် ဖိုလ်၏ ရှေးအဘို့၌ ဖြစ်သော သကဒါဂါမိမဂ် ကိုလည်း တပါးသော မဂ်ကို တားမြစ်ခြင်းငှါ ဖိုလ်ပုဂ္ဂိုလ်ဖြင့် အထူးပြု၍ သကဒါဂါမိမဂ် ဟု ဆိုအပ်ပါသတည်း။ အနာဂါမိမဂ် ပုဂ္ဂိုလ်ကိုလည်း ဤသကဒါဂါမိမဂ်ပုဂ္ဂိုလ်ကဲ့သို့ပင် မှတ်အပ်၏။ သကဒါဂါမိမဂ် နှင့် ယှဉ်သော စိတ်သည် သကဒါဂါမိမဂ်စိတ် မည်၏။
စာမျက်နှာ-၉၇
အနာဂါမိမဂ် အဖွင့်
ပဋိသန္ဓေ၏ အစွမ်းဖြင့် ဤကာမဘုံသို့ မလာတတ်သောကြောင့် အနာဂါမီ မည်၏။ ထိုအနာဂါမ်ပုဂ္ဂိုလ်၏မဂ်သည် အနာဂါမိမဂ် မည်၏။ ထိုအနာဂါမိမဂ်နှင့် ယှဉ်သော စိတ်သည် အနာဂါမိမဂ်စိတ် မည်၏။
အရဟတ္တမဂ် အဖွင့်
မြတ်သော အလှူကို ခံထိုက်သည် ဖြစ်၍ ပူဇော်အထူးကို ခံခြင်းငှါ ထိုက်တော်မူသောကြောင့် အရဟ မည်တော်မူ၏။ တနည်းကား ဤပုဂ္ဂိုလ်သည် ကိလေသာဟု ဆိုအပ်ကုန်သော ရန်သူတို့ကို သတ်အပ်ကုန်၏၊ ဤသို့ သတ်အပ်သော ကိလေသာရန်သူ ရှိသောကြောင့် အရဟ မည်တော်မူ၏။ တနည်း–ဤပုဂ္ဂိုလ်သည် သံသရာစက်၏ အကန့်ဖြစ်ကုန်သော ကိလေသာတို့ကို ဖျက်ဆီးအပ်ကုန်၏၊ ဤသို့ ဖျက်ဆီးအပ်သော သံသရာအကန့် ရှိသောကြောင့် အရဟ မည်တော်မူ၏။ တနည်းအားဖြင့် အကောင်းမှု ပြုခြင်း၌ ဆိတ်ငြိမ်ရာ မရှိသောကြောင့် ရှစ်ယောက်မြောက်သော အရိယာပုဂ္ဂိုလ်သည် အရဟ မည်တော်မူ၏။ ထိုအရဟမည်သော ရဟန္တာ ပုဂ္ဂိုလ်၏ ဖြစ်ကြောင်းသည် အရဟတ္တ မည်၏။ ဤ အရဟတ္တ ဟူသော အမည်သည် စတုတ္ထ ဖိုလ်ဖြစ်သော အရဟတ္တဖိုလ်စိတ် ၏ အမည်တည်း။ ထိုအရဟတ္တဖိုလ်သို့ ရောက်ကြောင်းဖြစ်သော မဂ်သည် အရဟတ္တမဂ် မည်၏၊ ထို အရဟတ္တမဂ် နှင့် ယှဉ်သောစိတ်သည် အရဟတ္တမဂ်စိတ် မည်၏။
နည်းတထောင် အဖွင့်
စတ္တာရိ ၌ ပါရှိသော စတ္တာရိ -သဒ္ဒါဖြင့် တခုခုသော မဂ်၏ နည်း တထောင် အစွမ်းဖြင့် မဂ်လေးပါးတို့၏ ၄၀၀၀-အပြားရှိသော နည်းကို၎င်း၊ သစ္စဝိဘင်း၌ လာသော နည်းခြောက်သောင်း အပြားရှိသော နည်းကို၎င်း၊ အောက်၌ ဆိုအပ်ခဲ့ပြီးသော နည်းဖြင့် တပါးမက များသော အပြားရှိသော အဖြစ်ကို၎င်း ပေါင်း၏။
စာမျက်နှာ-၉၈
နည်းတထောင်ရှင်းပြခြင်း
ထိုနည်းတို့တွင် ဤဆိုလတ္တံ့သည်ကား နည်းတထောင်မျှကို ထင်ရှားစွာ ပြခြင်းတည်း။ အဘယ်သို့နည်းဟူမူ-ရှေးဦးစွာ သောတာပတ္တိမဂ် ကို ဈာန်အမည်ဖြင့် ပဋိပဒါအပြားကို မသုံးသပ်မူ၍ သက်သက် သုညတမဂ်၊ အပ္ပဏိဟိတမဂ် ဟူ၍ နှစ်ပါး အပြားအားဖြင့် ဝေဖန်အပ်၏။ တဖန် ပဋိပဒါစတုက္ကနှင့် ယှဉ်၍ အသီးအသီး လေးပါး အပြားအားဖြင့် ဝေဖန်အပ်၏။ ဤသို့ ဈာန်အမည်အားဖြင့် ဆယ်ပါး အပြားဖြင့် ဝေဖန်အပ်၏။ ထို့အတူ မဂ်၊ သတိပဋ္ဌာန်၊ သမ္မပ္ပဓာန်၊ ဣဒ္ဓိပါဒ်၊ ဣန္ဒြေ၊ ဗိုလ်၊ ဗောဇ္ဈင်၊ သစ္စာ၊ သမထ၊ ဝိပဿနာ၊ ဓမ္မ၊ ခန္ဓာ၊ အာယတန၊ ဓာတ်၊ အာဟာရ၊ ဖဿ၊ ဝေဒနာ၊ သညာ၊ စေတနာ၊ စိတ် အမည်တို့ဖြင့် အသီးအသီး ဆယ်ပါး၊ ဆယ်ပါးသော အခြင်းအရာတို့ဖြင့် ထိုထိုသို့ သိထိုက်သော ပုဂ္ဂိုလ်တို့၏ အစွမ်းဖြင့် ဝေဖန်အပ်ကုန်၏။ ထို့ကြောင့် ဈာန်၏ အစွမ်းဖြင့် ဆယ်ပါးသော နည်းတို့၎င်း၊ မဂ်အစရှိသည်တို့၏ တခုယုတ် နှစ်ဆယ်သော နည်းတို့၏ အစွမ်းဖြင့် ဆယ်ပါး ဆယ်ပါးသော နည်းတို့၎င်း၊ ဤသို့ နှစ်ဆယ်သော အရာတို့၌ နည်းနှစ်ရာတို့သည် ဖြစ်ကုန်၏။ တဖန် ထိုနှစ်ရာတို့ကို အဓိပတိ လေးပါးတို့နှင့် ယှဉ်စေ၍ အသီးအသီး လေးပါး အပြားအားဖြင့် ဝေဖန်အပ်ကုန်၏။ ဤသို့ အဓိပတိတို့နှင့် မရောမူ၍ နည်းနှစ်ရာတို့၎င်း၊ ရော၍ နည်းရှစ်ရာတို့၎င်း၊ ဤသို့ သောတာပတ္တိမဂ် ၌ နည်းတထောင်ဖြစ်၏။ သကဒါဂါမိမဂ် စသည်တို့၌လည်း ထို့အတူ နည်းတထောင်စီ ဖြစ်ကုန်၏။
ဖိုလ်စိတ် ၄-ပါး
၃၂။ ။ သောတာပတ္တိဖလစိတ္တံ၊ သကဒါဂါမိဖလစိတ္တံ၊ အနာဂါမိဖလစိတ္တံ၊ အရဟတ္တဖလစိတ္တေ တိ ဣမာနိ စတ္တာရိပိ လောကုတ္တရဝိပါကစိတ္တာနိ နာမ။
စာမျက်နှာ-၉၉
(၁) သောတာပတ္တိဖိုလ်စိတ် ၎င်း၊
(၂) သကဒါဂါမိဖိုလ်စိတ် ၎င်း၊
(၃) အနာဂါမိဖိုလ်စိတ် ၎င်း၊
(၄) အရဟတ္တဖိုလ်စိတ် ၎င်း၊ ဤသို့သော အပြားအားဖြင့် လေးပါးကုန်သော ဤစိတ်တို့သည် လောကုတ္တရာဝိပါက်စိတ်ဟူသော အမည် ရှိကုန်၏။
ဖိုလ်စိတ်လေးပါးအဖွင့်
၃၂။ ။အရိယာမဂ်သို့ ရှေးဦးစွာ ရောက်ခြင်းကြောင့် ရအပ်သော အကျိုးဖြစ်သော စိတ်သည် သောတာပတ္တိဖိုလ်စိတ် မည်၏။ တနည်း–သောတာပန်ပုဂ္ဂိုလ်၏ အကျိုးဖြစ်သော စိတ်သည် သောတာပတ္တိဖိုလ်စိတ် မည်၏။ ရဟန္တာပုဂ္ဂိုလ်တို့၏ ဥစ္စာလည်းဖြစ် ဖိုလ်စိတ်လည်းဖြစ်သော စိတ်သည် အရဟတ္တဖိုလ်စိတ် မည်၏။
သင်္ဂဟဂါထာ
၃၄။ ။ စတုမဂ္ဂပ္ပဘေဒေန၊ စတု ကုသလံ တထာ။
ပကံ တဿ ဖလာတိ၊ အဋ္ဌာနုတ္တရံ မတံ။
လောကုတ္တရာ ကုသိုလ်စိတ်သည် မဂ်လေးပါးတို့၏ အပြားအားဖြင့် လေးပါးအပြား ရှိ၏။ ထို့အတူ လောကုတ္တရာ ဝိပါက် စိတ်သည် ထိုကုသိုလ်စိတ်၏ အကျိုးဖြစ်သောကြောင့် လေးပါး အပြား ရှိ၏၊ ဤသို့ လောကုတ္တရာစိတ်ကို ရှစ်ပါး အပြားရှိ၏ ဟူ၍ သိအပ်၏။
၁-အကြောင်းတရား ဖြစ်သော မဂ်ကြောင့် ဖြစ်ပေါ်လာသော အကျိုးတရားသည် ဖိုလ်မည်၏၊ ယင်းဖိုလ်စိတ်သည်လည်း အကြောင်းတရားမဂ်အားလျော်စွာ လေးပါးပင် ပြားရ၏။
စာမျက်နှာ-၁၀၀
၃၄။ ။ စတုမဂ္ဂပ္ပဘေဒေန ဟူသည်ကား၊ ဝါ-ဟူသောပုဒ်ကို သဒ္ဒါအစရှိသော ဣန္ဒြေတို့၏ မထင်သော အပြား၊ အထူးသဖြင့် ထင်သော အပြား၊ အလွန်အထူးအားဖြင့် ထင်သော အပြားအားဖြင့် ပြားသော သတ္တိရှိသည် အဖြစ်ကြောင့် သက္ကာယဒိဋ္ဌိ၊ ဝိစိကိစ္ဆာ၊ သီလဗ္ဗတပရာမာသတို့ကို အကြွင်းမဲ့ ပယ်ခြင်း၊ ကာမရာဂ၊ ဗျာပါဒတို့ကို ခေါင်းပါးသည်အဖြစ်သို့ ရောက်စေခြင်း၊ ထိုကာမရာဂ၊ ဗျာပါဒတို့ကို အကြွင်းမဲ့ပယ်ခြင်းမှ ရူပရာဂ၊ အရူပရာဂ၊ မာန၊ ဥဒ္ဓစ္စ၊ အဝိဇ္ဇာတို့ကို အကြွင်းမဲ့ပယ်ခြင်း၊ ဤသို့ သံယောဇဉ်တို့ကို ပယ်သော အစွမ်းအားဖြင့် လေးပါးပြားကုန်သော သောတာပတ္တိမဂ် အစရှိကုန်သော အဋ္ဌင်္ဂိကမဂ်တို့၏ ဝါ-တို့နှင့်ယှဉ်သော အပြားအားဖြင့် မဂ်လေးပါးဟု ဆိုအပ်သော လောကုတ္တရာ ကုသိုလ်စိတ်သည် လေးပါးအပြား ရှိ၏။ လောကုတ္တရာ ဝိပါက်စိတ်သည်ကား ထိုလောကုတ္တရာ ကုသိုလ်၏ အကျိုး ဖြစ်သောကြောင့် ထိုကုသိုလ်အားလျော်သောအားဖြင့် ထို့အတူ လေးပါးအပြား ရှိ၏။ ဤသို့ မိမိထက် လွန်သော တရားမရှိသည်အဖြစ်ကြောင့် အနုတ္တရဟုဆိုအပ်သော လောကုတ္တရာစိတ်ကို ရှစ်ပါးအပြားအားဖြင့် သိအပ်၏။ ဤယောဇနာခြင်းကို ပြုရာ၏။
လောကုတ္တရာ၌ ကြိယာမရှိသောအကြောင်း
လောကုတ္တရာ ကြိယာ၏ မဖြစ်သင့်သောကြောင့် ၁၂-ပါး အပြားရှိသည် အဖြစ်ကို မဆိုအပ်ပေ။ အဘယ့်ကြောင့် ထိုကြိယာစိတ် မဖြစ်ပါသနည်း။ မဂ်စိတ်၏ တကြိမ်တည်းသာ ဖြစ်သောကြောင့် ကြိယာစိတ် မဖြစ်ပါသတည်း။ ထိုစကားမှန်၏၊ အကယ်၍ မဂ်စိတ်သည် အဖန်တလဲလဲ ဖြစ်အံ့၊ ထိုမဂ်စိတ် အကြိမ်ကြိမ် ဖြစ်ခြင်းကြောင့် ကြိယာစိတ်ကို ဆိုသင့်ရာ၏။ ထိုမဂ်စိတ်သည် ကိလေသာကို အကြွင်းမဲ့ ဖြတ်သည်၏ အစွမ်းဖြင့်သာလျှင် ရအပ်သောကြောင့်၎င်း၊ တကြိမ်မျှသာဖြစ်သော ထိုမဂ်စိတ်သည် ကျသော
၁။ မဂ်စိတ်သည် တကြိမ်သာ ဖြစ်သောကြောင့် လောကုတ္တရာစိတ်၌ ကြိယာမရှိဟု မှတ်။
စာမျက်နှာ-၁၀၁
မိုဃ်းကြိုးသည် သစ်ပင်အစရှိသည်တို့၏ အမြစ်နှင့် တကွ ဖျက်ဆီးခြင်းကို ပြီးစေသကဲ့သို့ ထိုထို ကိလေသာတို့၏ စင်စစ် မဖြစ်ခြင်းကို ပြီးစေတတ်သောကြောင့်၎င်း၊ တဖန် ဖြစ်သော်လည်း ပြုဘွယ်ပယ်ဘွယ်ကိစ္စ မရှိသောကြောင့်၎င်း၊ မျက်မှောက်သော ကိုယ်၏ အဖြစ်၌ ချမ်းသာစွာနေခြင်းအကျိုးငှါ ဖလသမာပတ်၏သာ နိဗ္ဗာန်အာရုံ ရှိသည်၏ အစွမ်းဖြင့် ဖြစ်သောကြောင့်၎င်း၊ တရံတခါမျှလည်း သေက္ခပုဂ္ဂိုလ်၊ အသေက္ခပုဂ္ဂိုလ်တို့အား မဖြစ်။ ထို့ကြောင့် ခပ်သိမ်းသော အခြင်းအရာအားဖြင့် လောကုတ္တရာ ကြိယာစိတ် မရှိပေ။
ဇာတ်အားဖြင့်ရေတွက်ခြင်း
၃၅။ ။ ဒွါဒသာကုသလာနေဝံ၊ ကုသလာနေကသတိ။
ဆတ္တိံသေဝ ဝိပါကာနိ၊ ကြိယစိတ္တာနိ သတိ။
အကြင်အကြင် ဆိုအပ်ခဲ့ပြီးသော နည်းဖြင့် အကုသိုလ်စိတ်တို့သည် ၁၂-ပါးအပြားရှိကုန်၏။ ကုသိုလ်စိတ်တို့သည် ၂၁-ပါး အပြား ရှိကုန်၏။ ဝိပါက်စိတ်တို့သည် ၃၆-ပါးအပြား ရှိကုန်၏။ ကြိယာစိတ်တို့သည် ၂၀-အတိုင်းအရှည် ရှိကုန်သည်သာတည်း။
၃၅။ ။ ဒွါဒသာကုသလာနေဝံ -ဤသို့ အစရှိသော စကားသည် အကြင်အကြင် ဆိုအပ်ကုန်သော ဇာတ်အားဖြင့် [၁] ဖြစ်ကုန်သော စိတ်တို့ကို ရေတွက်ကြောင်းဖြစ်သော သင်္ဂဟဂါထာတည်း။
ဇာတ်အားဖြင့်ရေတွက်ပြပုံ
၁-(က) အကုသိုလ်စိတ် ၁၂-ပါး၊ (ခ) ကာမာဝစရကုသိုလ် ၈-ပါး၊ ရူပါဝစရကုသိုလ် ၅-ပါး၊ အရူပါဝစရကုသိုလ် ၄-ပါး၊ လောကုတ္တရာကုသိုလ် ၄-ပါး ပေါင်း ကုသိုလ် ၂၁-ပါး၊ (ဂ) အကုသလဝိပါက် ၇-ပါး၊ အဟိတ် ကုသလဝိပါက် ၈-ပါး၊ ကာမာဝစရ ဝိပါက် ၈-ပါး၊ ရူပါဝစရဝိပါက် ၅-ပါး၊ အရူပါဝစရဝိပါက် ၄-ပါး၊ လောကုတ္တရာ ဝိပါက် ၄-ပါး ပေါင်း ဝိပါက်စိတ် ၃၆-ပါး၊ (ဃ) အဟိတ်ကြိယာ ၃-ပါး၊ ကာမာဝစရ ကြိယာ ၈-ပါး၊ ရူပါဝစရကြိယာ ၅-ပါး၊ အရူပါဝစရကြိယာ ၄-ပါး ပေါင်း ကြိယာစိတ် ၂၀-ဖြစ်၏။
စာမျက်နှာ-၁၀၂
ဘုံ အများအားဖြင့် ရေတွက်ခြင်း
၃၆။ ။ စတုပညာသာ ကာမေ၊ ရူပေ ပန္နရသီရယ။
စိတ္တာနိ ဒွါဒသာရုပ္ပ၊ အဋ္ဌောနုတ္တရေ တထာ။
ကာမ ၁၁-ဘုံ၌ များသောအားဖြင့် ကျင်လည်တတ် ဖြစ်တတ်ကုန်သော စိတ်တို့ကို ၅၄-ပါးအပြား ရှိကုန်၏ဟူ၍ မြတ်စွာဘုရားသည် ဟောတော်မူ၏။ အသညသတ်ကြဉ်သော ရူပ ၁၅-ဘုံ၌ ကျင်လည်တတ်၊ ဖြစ်တတ်ကုန်သော စိတ်တို့ကို ၁၅-ပါးအပြား ရှိကုန်၏ဟူ၍ ဟောတော်မူ၏။ အရူပလေးဘုံ၌ ကျင်လည်တတ်၊ ဖြစ်တတ်ကုန်သော စိတ်တို့ကို ၁၂-ပါးအပြား ရှိကုန်၏ ဟူ၍ ဟောတော်မူ၏။ ထိုမှတပါး လောကုတ္တရာတရား အပေါင်း၌ စိတ်တို့ကို ရှစ်ပါးအပြား ရှိကုန်၏ဟူ၍ ဟောတော်မူ၏။
၃၆။ ။ဤသို့ဇာတ်၏အစွမ်းဖြင့် အကျဉ်းပေါင်းရုံးခြင်းကို ပြပြီး၍တဖန် ဘုံ၏အစွမ်းဖြင့် အကျဉ်းပေါင်းရုံးခြင်းကို ပြခြင်း စတုပညာသာ ကာမေ ဤသို့အစရှိသော စကားကို မိန့်ဆိုတော်မူအပ်၏။ ကာမဘုံ၌ စိတ်တို့သည် ၅၄-ပါးအပြားရှိကုန်၏ဟူ၍ ဟောတော်မူ၏။ ရူပဘုံ၌ စိတ်တို့သည် ၁၅-ပါး အပြားရှိကုန်၏ဟူ၍ ဟောတော်မူ၏။ အရူပဘုံ၌ စိတ်တို့သည် ၁၂-ပါး အပြားရှိကုန်၏ ဟူ၍ ဟောတော်မူ၏။ ၈-ပါး အပြားရှိသော တရားအပေါင်းဖြစ်သော လောကုတ္တရာ စိတ်တို့သည် ၈-ပါး အပြားရှိကုန်၏ဟူ၍ ဟောတော်မူ၏။ ဤကားအနက်တည်း။
ဘုံအားဖြင့်ရေတွက်ပြပုံ
၁-(က) အကုသိုလ်စိတ် ၁၂-ပါး၊ အဟိတ်စိတ် ၁၈-ပါး၊ ကာမာဝစရစိတ် ၂၄-ပါး ပေါင်း ကာမစိတ် ၅၄-ပါးဖြစ်၏။ (ခ) ရူပါဝစရစိတ်ကား ကုသိုလ် ၅-ပါး၊ ဝိပါက် ၅-ပါး၊ ကြိယာ ၅-ပါး ပေါင်း ၁၅-ပါးဖြစ်၏။ (ဂ) အရူပါဝစရစိတ်ကား ကုသိုလ် ၄-ပါး၊ ဝိပါက် ၄-ပါး၊ ကြိယာ ၄-ပါး ပေါင်း ၁၂-ပါးဖြစ်၏။ (ဃ) လောကုတ္တရာစိတ်ကား ကုသိုလ် ၄-ပါး၊ ဝိပါက် ၄-ပါး ပေါင်း ရှစ်ပါးဖြစ်၏။
စာမျက်နှာ-၁၀၃
အခြားဘုံ၌ ဖြစ်သော်လည်း ကာမစိတ်မည်ကြောင်း
ကာမမည်ကြောင်းဆက်၍ ပြဦးအံ့—ဤဂါထာ၌ ကာမတဏှာ အစရှိသည်တို့၏ အာရုံ၏ အဖြစ်ဖြင့် ကာမဘုံ အစရှိသည်၌ အကျုံးဝင်သော စိတ်တို့သည် မိမိမိဘုံမှ တပါးသော ဘုံ၌ ဖြစ်ကုန်သော်လည်း ကာမဘုံ အစရှိသည်တို့၌ ဖြစ်သော စိတ်တို့ဟူ၍ ဆိုအပ်ကုန်၏။ ဥပမာကား—လူမိန်းမ၏ ဝမ်း၌ ဖြစ်သော တိရစ္ဆာန်သည်လည်း တိရစ္ဆာန်မျိုး၌ အကျုံးဝင်သည် အဖြစ်ကြောင့် တိရစ္ဆာန်မျိုးတို့၌သာ ရေတွက်အပ်သကဲ့သို့တည်း။
လောကုတ္တရာစိတ်မည်ကြောင်း
တစုံတခုသော ဘုံ၌ အကျုံးမဝင်သောကြောင့် ကိုးပါးအပြားရှိသော လောကုတ္တရာတရား အပေါင်း၏ တစိတ်တဒေသ ဖြစ်ကုန်၍ “ရုက္ခေသာခါ” ဤသို့ အစရှိသည်တို့၌ကဲ့သို့ လောကုတ္တရာတရား အပေါင်း၌ စိတ်တို့ဟူ၍ ဆိုအပ်ကုန်၏။ တနည်းကား ကာမေ ရူပေ-ဟူသော ဤသဒ္ဒါသည် ကျသော အဝစရ-နောက်ပုဒ် ရှိ၏ဟု ညွှန်ပြသော သဒ္ဒါတည်း။ အရူပဘုံ၌ ဖြစ်ကုန်သော စိတ်တို့သည် အာရုပ္ပ မည်ကုန်၏။ ထိုတရားတို့အား မိမိထက် လွန်သော စိတ်မရှိသောကြောင့် အနုတ္တရ မည်ကုန်၏။ ဤသို့ ဒုတိယာဗဟုဝုစ် ဝိဘတ်၏ အစွမ်းကြောင့် ကာမာဝစရစိတ်တို့သည် ၅၄-ပါးအပြားရှိကုန်၏ဟု ဟောတော်မူ၏။ ရူပါဝစရစိတ်တို့သည် ၁၅-ပါးအပြား ရှိကုန်၏ဟု ဟောတော်မူ၏။ အရူပါဝစရစိတ်တို့သည် ၁၂-ပါးအပြား ရှိကုန်၏ဟု ဟောတော်မူ၏။ လောကုတ္တရာစိတ်တို့သည် ရှစ်ပါး အပြားရှိကုန်၏ဟု ဟောတော်မူ၏။ ဤသို့ ဤဂါထာ၌ ပုဒ်တို့၏ စပ်ခြင်းကို မှတ်အပ်၏။
စိတ်အကျဉ်း အကျယ်
၃၇။ ။ ဣတ္ထမေကူန နဝုတိ၊ ပဘေဒံ ပန မာနသံ။
ဧကသတံ ဝါထ၊ ဝိဘဇန္တိ ဝိစက္ခဏာ။
စာမျက်နှာ-၁၀၄
စိတ်ကို အကြင်အကြင် ဆိုအပ်ခဲ့ပြီးသော ဇာတိဘေဒ၊ ဘူမိဘေဒ၊ အပြားအားဖြင့် တခုယုတ်ကိုးဆယ် အပြားရှိသည်ကို ပြု၍ ပညာရှိတို့သည် ဝေဖန်ကုန်၏။ တနည်းကား ၁၂၁-ပါး အပြားရှိသည်ကို ပြု၍ ပညာရှိတို့သည် ဝေဖန်ကုန်၏။
၃၇။ ။အကြင် ဆိုအပ်ခဲ့ပြီးသော နည်းဖြင့် ဇာတ်အပြားအားဖြင့် ပြားသော ဘုံလေးပါးတို့၌ ဖြစ်သော စိတ်တို့၏ အပြား၏ အစွမ်းဖြင့် တခုယုတ်ကိုးဆယ် အပြားရှိသည်ကို ပြု၍ စိတ်ကို အထူးထူးအားဖြင့် အနက်ကို မြင်တတ်သော သဘောရှိကုန်သော ပညာရှိတို့သည် ဝေဖန်ကုန်၏။ တနည်းကား—၁၂၁-ပါး အလွန်ရှိသော တရားအပြားရှိသော စိတ်ကို ပညာရှိတို့သည် ဝေဖန်ကုန်၏။
စိတ် အကျယ် ၁၂၁-ပါး
၃၈။ ။ ကထမေကူနနဝုတိ စိတ္တံ ဧကသတံ ဟောတိ၊
ဝိတက္ကဝိစာရ၊ ပီတိ သုခေကဂ္ဂတာသဟိတံ ပဌမဈာန
သောတာပတ္တိမဂ္ဂစိတ္တံ၊ ဝိစာရ၊ ပီတိ၊ သုခေ၊
ကဂ္ဂတာသဟိတံ ဒုတိယဈာနသောတာပတ္တိမဂ္ဂစိတ္တံ၊ ပီတိ၊ သုခေ၊
ကဂ္ဂတာသဟိတံ တတိယဈာနသောတာပတ္တိမဂ္ဂစိတ္တံ၊
၁-လောကီစိတ်ကား ကာမစိတ် ၅၄-ပါး မဟဂ္ဂုတ်စိတ် ၂၇-ပါး ပေါင်း ၈၁-ပါး ဖြစ်၏၊ လောကုတ္တရာ ဈာန်ပွားစိတ် ၄၀ ပေါင်း စိတ် ၁၂၁-ပါး ဖြစ်၏။ (၁) ပဌမဈာန်နှင့် ယှဉ်သော သောတာပတ္တိမဂ်စိတ်၊ (၂) ဒုတိယဈာန်နှင့် ယှဉ်သော သောတာပတ္တိမဂ်စိတ်၊ (၃) တတိယဈာန်နှင့် ယှဉ်သော သောတာပတ္တိမဂ်စိတ်၊ (၄) စတုတ္ထဈာန်နှင့် ယှဉ်သော သောတာပတ္တိမဂ်စိတ်၊ (၅) ပဉ္စမဈာန်နှင့် ယှဉ်သော သောတာပတ္တိမဂ်စိတ် ဟု သောတာပတ္တိမဂ်စိတ် ၅-ပါး။ ထို့အတူ သကဒါဂါမိမဂ်စိတ် ၅-ပါး၊ အနာဂါမိမဂ်စိတ် ၅-ပါး၊ အရဟတ္တမဂ်စိတ် ၅-ပါး ပေါင်း မဂ်စိတ် ၂၀-ဖြစ်၏။ ထို့အတူ ဖိုလ်စိတ်လည်း ၂၀-ဖြစ်၏။ ထို့ကြောင့် လောကုတ္တရာစိတ် ၄၀-ဖြစ်၏။ သို့ လောကီစိတ် ၈၁-ပါး၊ လောကုတ္တရာစိတ် ၄၀-အားဖြင့် စိတ်အကျယ် ၁၂၁-ပါးဖြစ်၏ဟူလို။
စာမျက်နှာ-၁၀၅
သုခေ၊ ကဂ္ဂတာသဟိတံ စတုတ္ထဈာနသောတာပတ္တိမဂ္ဂစိတ္တံ၊ ဥပေက္ခာ၊ ကဂ္ဂတာသဟိတံ ပဉ္စမဈာနသောတာပတ္တိမဂ္ဂစိတ္တေ တိ ဣမာနိ ပဉ္စ သောတာပတ္တိမဂ္ဂစိတ္တံ နာမ။ ။ တခုယုတ် ကိုးဆယ် အပြားရှိသော စိတ်သည် အဘယ်သို့လျှင် ၁၂၁-ပါး အပြားရှိပါသနည်း။
(၁) ဝိတက်၊ ဝိစာရ၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာတည်းဟူသော ဈာန်အင်္ဂါ ငါးပါးနှင့် တကွဖြစ်သော ပဌမဈာန်နှင့် ယှဉ်သော သောတာပတ္တိမဂ်စိတ် ၎င်း၊
(၂) ဝိစာရ၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာတည်းဟူသော ဈာန်အင်္ဂါ လေးပါးနှင့် တကွဖြစ်သော ဒုတိယဈာန်နှင့် ယှဉ်သော သောတာပတ္တိမဂ်စိတ် ၎င်း၊
(၃) ပီတိ၊ သုခ၊ ဧကဂ္ဂတာတည်းဟူသော ဈာန်အင်္ဂါ သုံးပါးနှင့် တကွဖြစ်သော တတိယဈာန်နှင့် ယှဉ်သော သောတာပတ္တိမဂ်စိတ် ၎င်း၊
(၄) သုခ၊ ဧကဂ္ဂတာတည်းဟူသော ဈာန်အင်္ဂါ ၂-ပါးနှင့် တကွဖြစ်သော စတုတ္ထဈာန်နှင့် ယှဉ်သော သောတာပတ္တိမဂ်စိတ် ၎င်း၊
(၅) ဥပေက္ခာ၊ ဧကဂ္ဂတာတည်းဟူသော ဈာန်အင်္ဂါ ၂-ပါးနှင့် တကွဖြစ်သော ပဉ္စမဈာန်နှင့် ယှဉ်သော သောတာပတ္တိမဂ်စိတ် ၎င်း၊ ဤသို့သော အပြားအားဖြင့် ငါးပါးအပြားရှိသည်လည်း ဖြစ်ကုန်သော ဤစိတ်တို့သည် သောတာပတ္တိမဂ်စိတ် ဟူသောအမည်ရှိကုန်၏။
ပါဒကဈာန်စသည်အဖွင့်
၃၈။ ။ဈာန်အင်္ဂါတို့၏ အစွမ်းဖြင့် ပဌမဈာန်နှင့် တူသောကြောင့် ထိုစိတ်သည် ပဌမဈာန်လည်း ဖြစ်၏၊ သောတာပတ္တိမဂ်စိတ် လည်း ဖြစ်၏။ ထို့ကြောင့် ပဌမဈာနသောတာပတ္တိမဂ်စိတ် မည်၏။
စာမျက်နှာ-၁၀၆
အကျယ်ချ၍ ပြဦးအံ့—ပါဒကဈာန်၊ သမ္မသိတဈာန်၊ ပုဂ္ဂိုလ်၏ အလိုတို့တွင်လည်း တပါးပါး၏ အစွမ်းဖြင့် ထိုထိုဈာန်နှင့် တူသည် အဖြစ်ကြောင့် ဝိတက်စသော အင်္ဂါ ထင်ရှားဖြစ်သဖြင့် လေးပါးသော မဂ်တို့သည် ပဌမဈာန် အစရှိသော အမည်ကို ရကုန်လျက် အသီးအသီး ငါးပါး အပြားအားဖြင့် ကွဲပြားကုန်၏။ ထို့ကြောင့် “ဈာနင်္ဂယောဂဘေဒေန” အစရှိသော စကားကို မိန့်ဆိုတော်မူ၏။
ထိုသုံးပါးသော ဈာန်တို့၌ ပဌမဈာန် အစရှိသည်တို့တွင် အကြင်အကြင်ဈာန်ကိုဝင်စား၍ ထိုထိုဈာန်မှထ၍ သင်္ခါရတရားတို့ကို သုံးသပ်သော ယောဂီပုဂ္ဂိုလ်အား ဝုဋ္ဌာနဂါမိနီ ဝိပဿနာသည် ဖြစ်၏၊ ထိုင်စားသော ဈာန်သည် ဝုဋ္ဌာနဂါမိနီ ဝိပဿနာ၏ အကြောင်း၏ အဖြစ်ကြောင့် ပါဒကဈာန် [၁] မည်၏။
အကြင်အကြင်ဈာန်ကို သုံးသပ်သော ယောဂီပုဂ္ဂိုလ်အား ထိုဝုဋ္ဌာနဂါမိနီ ဝိပဿနာသည် ဖြစ်၏။ ထိုသုံးသပ်သော ဈာန်သည် သမ္မသိတဈာန် [၂] မည်၏။ ပဌမဈာန်နှင့် တူသော အင်္ဂါငါးပါးနှင့် ပြည့်စုံသော မဂ်ဖြစ်ပါမူ အားကောင်းလေစွဟု၎င်း၊ တနည်း— ဒုတိယဈာန် အစရှိသည်တို့တွင် တပါးပါးသော ဈာန်နှင့် တူသော လေးပါးသော အင်္ဂါစသည် အပြားရှိသော မဂ်သည် ငါ့အား ဖြစ်ပါမူ ကောင်းလေစွဟု ဤသို့ယောဂီပုဂ္ဂိုလ်၏ ဖြစ်စေလိုသော အလိုသည် ပုဂ္ဂလာဓိဋ္ဌာယ [၃] မည်၏။
ထိုသုံးမျိုးတို့တွင် အကြင်သူသည် ပဌမဈာန် အစရှိသည်တို့တွင် တပါးပါးသော ဈာန်ကို ဝင်စားပြီး၍ ထိုဈာန်မှ ထ၍ ပြီးပြွမ်းသော သင်္ခါရတို့ကို သုံးသပ်၍ မဂ်ကို ဖြစ်စေအပ်၏။ ထိုပုဂ္ဂိုလ်၏ ထိုဖြစ်ပေါ်သော မဂ်သည် ပဌမဈာန် အစရှိသည်တို့တွင် ထိုထို
၁-အကြင်ဈာန်ကိုဝင်စားပြီးမှ မဂ်စိတ်ဖြစ်အံ့၊ မဂ်စိတ် ဖြစ်ကြောင်း အခြေခံ ဖြစ်သော ထိုဈာန်သည် ပါဒကဈာန် မည်၏။
၂-အကြင်ဈာန်ကို သုံးသပ်၍ မဂ်စိတ် ဖြစ်ပေါ်လာ၏၊ ထိုသုံးသပ်အပ်သော ဈာန်သည် သမ္မသိတဈာန် မည်၏။
၃-ယောဂီပုဂ္ဂိုလ် သန္တာန်၌ ဖြစ်သော ဈာန်နှင့်စပ်သော အလိုဆန္ဒသည် ပုဂ္ဂလာဓိဋ္ဌာယ မည်၏။
စာမျက်နှာ-၁၀၇
ပါဒကဈာန် နှင့် တူစွာသာ ဖြစ်၏။ အကယ်၍ ဝိပဿနာ၏ အခြေဖြစ်သော တခုခုသော ဈာန်သည်မရှိ။ သက်သက် ပဌမဈာန် အစရှိသည်တို့တွင် တပါးပါးသော ဈာန်ကို သုံးသပ်၍ မဂ်ကို ဖြစ်စေအပ်၏။ ထိုယောဂီပုဂ္ဂိုလ်၏ ထိုမဂ်သည် သုံးသပ်အပ်သော ဈာန်နှင့် တူစွာ ဖြစ်၏။ အကြင်အခါ၌ အမှတ်မရှိသော ဈာန်ကို ဝင်စား၍ ထိုဈာန်မှ ထ၍ ဈာန်တပါးပါးကို သုံးသပ်၍ မဂ်ကို ဖြစ်စေအပ်၏။ ထိုအခါ ပုဂ္ဂိုလ်၏ အလိုအစွမ်းဖြင့် နှစ်ပါးသော ပါဒကဈာန်၊ သမ္မသိတဈာန် တို့တွင် တပါးပါးသော ဈာန်နှင့် တူရ၏။ ယောဂီပုဂ္ဂိုလ်အား ထိုသို့ သဘောရှိသော အလိုသည် အကယ်၍ မရှိအံ့။ အောက်အောက် ဈာန်မှ ထ၍ အထက်ထက် ဈာန်တရားကို သုံးသပ်၍ ဖြစ်စေအပ်သော မဂ်သည် ပါဒကဈာန် ကို မထည့်မူ၍ သုံးသပ်အပ်သော ဈာန်နှင့် တူ၏။ အထက်ထက် ဖြစ်သော ဈာန်မှ ထ၍ အောက်အောက် ဖြစ်သော ဈာန်တရားတို့ကို သုံးသပ်၍ ဖြစ်စေအပ်သော မဂ်သည် သုံးသပ်အပ်သော ဈာန်ကို မထည့်မူ၍ ပါဒကဈာန် နှင့် တူစွာ ဖြစ်၏။ အဘယ့်ကြောင့်ဆိုသော် အောက်အောက် ဖြစ်သော ဈာန်ထက် အထက်အထက် ဖြစ်သော ဈာန်သည် အားအလွန်ကြီးသောကြောင့်တည်း။
လောကုတ္တရာစိတ်၏ဝေဒနာအဖွင့်
လောကုတ္တရာစိတ်ဝေဒနာဖြစ်ပုံကိုဆိုဦးအံ့—ဝေဒနာမှတ်ခြင်း သည်ကား အလုံးစုံသော မဂ်တို့၌ ဝုဋ္ဌာနဂါမိနီ ဝိပဿနာ-အရ မှတ်ပြုခြင်းဖြင့် ဖြစ်၏။
သုက္ခဝိပဿက ပုဂ္ဂိုလ်၏ ဈာနင် ဖြစ်ပုံ
သုက္ခဝိပဿက ရဟန္တာအား အလုံးစုံသော ဈာနင်ကို မှတ်ခြင်းသည် ထို့အတူ ဝုဋ္ဌာနဂါမိနီ ဝိပဿနာ မှတ်ပြုခြင်းအရသာလျှင် ဖြစ်၏။ အကျယ်ချဲ့ပြဦးအံ့--ထိုသုက္ခဝိပဿက ပုဂ္ဂိုလ်အား ပါဒကဈာန် အစရှိသည်တို့၏ မရှိသဖြင့် ထိုပါဒကဈာန် စသည်တို့၏ အစွမ်း
စာမျက်နှာ-၁၀၈
ဖြင့် မှတ်ခြင်း မရှိသောကြောင့် ဝိပဿနာ မှတ်ခြင်းဖြင့်သာလျှင် ငါးပါးသော အင်္ဂါရှိသော မဂ်ဖြစ်၏။ တနည်းသော်ကား—သမာပတ်ကို ရသော ပုဂ္ဂိုလ်သည်လည်း ဈာန်ကို အခြေ မပြုမူ၍ ဖြိုးပြွမ်းသော သင်္ခါရတို့ကို သုံးသပ်၍ ဖြစ်စေအပ်သော မဂ်သည်လည်း ဝိပဿနာ မှတ်ခြင်းဖြင့်သာလျှင် အင်္ဂါငါးပါး ရှိ၏။ ဤ၌ ဤဆိုအပ်ပြီးသော အဆုံးအဖြတ်သည် အဋ္ဌကထာစသည်မှ ထုတ်ဆောင်အပ်သော မြတ်သော အဆုံးအဖြတ်တည်း။ ။ မထေရ်တို့၏ အယူကိုပြကြောင်းဖြစ်သော စကား အစရှိသည်တို့၏ အစွမ်းဖြင့် ဖြစ်သော အကျယ်ကိုကား အဋ္ဌကထာ စသည်တို့၌ ဆိုအပ်သော နည်းဖြင့် သိအပ်၏။ ဤအရာ၌ကဲ့သို့ အလုံးစုံသော အရာတို့၌ အကျယ်ဖြစ်သော နည်းကို ထိုထိုသော အဋ္ဌကထာတို့၌ ဆိုအပ်သော နည်းဖြင့် ယူအပ်၏။ ကျမ်းကျယ်သည်ကို ကြောက်ကုန်သော စာသင်သားတို့ကို ချီးမြှောက်ခြင်းငှါ ဤကျမ်း၌ အကျဉ်း စကားကို အလိုရှိအပ်၏။
၄၁။ ။ ယထာ စ ရူပါဝစရံ၊ ဂယှန္တာနုတ္တရံ တထာ။
ပဌမာဒိဈာနဘေဒေ၊ အာရုပ္ပဉ္စ ပဉ္စမေ။
၄၂။ ။ ဧကာဒသ တသ္မာ၊ ပဌမာဒိကမီရိတံ။
ဈာနမေကကမန္တု၊ တေဝီသတိဝိဓံ ဘဝ။
ရူပါဝစရစိတ်ကို၎င်း၊ လောကုတ္တရာစိတ်ကို၎င်း ပဌမဈာန် အစရှိသော ဈာန်အင်္ဂတို့နှင့် ယှဉ်သော အပြားအားဖြင့် ဆိုအပ်သကဲ့သို့ ထို့အတူ အရူပါဝစရစိတ်ကိုလည်း ဥပေက္ခာ၊ ဧကဂ္ဂတာနှင့် ယှဉ်ခြင်းကြောင့် ပဉ္စမဈာန် အဖြစ်ဖြင့် ယူအပ်သောကြောင့် ပဌမဈာန်အစရှိသော တခုတခုသော ဈာန်သည် ၁၁-ပါးအပြားရှိ၏ဟု ဆိုအပ်၏။ အဆုံးဖြစ်သော ပဉ္စမဈာန် စိတ်သည်ကား ၂၃-ပါး အပြားရှိ၏။
၄၁-၄၂။ ။ရူပါဝစရစိတ်ကို ပဌမဈာန် အစရှိသော ငါးပါးသော ဈာန်အပြားရှိသော အပြားဖြင့် ပဌမဈာန် ဤသို့စသည်ဖြင့်
စာမျက်နှာ-၁၀၉
ဆိုအပ်သကဲ့သို့၊ ထို့အတူ လောကုတ္တရာစိတ်ကိုလည်း ပဌမဈာနသောတာပတ္တိမဂ္ဂစိတ္တံ ဤသို့စသည်ဖြင့် ဆိုအပ်၏။ အရူပါဝစရစိတ်ကိုလည်း ဥပေက္ခာ၊ ဧကဂ္ဂတာနှင့် ယှဉ်သဖြင့် အင်္ဂါတူသောကြောင့် ပဉ္စမဈာန် အဖြစ်ဖြင့်ယူအပ်၏။ ပဉ္စမဈာန်ဟူသော အမည်ကို ရ၏။ ဤကား အနက်တည်း။ တနည်းကား—-ရူပါဝစရစိတ်ကို၎င်း၊ လောကုတ္တရာစိတ်ကို၎င်း၊ ပဌမဈာန် အစရှိသော အမည်ဖြင့် ပဌမဈာနကုသလစိတ္တံ၊ ပဌမဈာနသောတာပတ္တိမဂ္ဂစိတ္တံ ဤသို့ အစရှိသည်ဖြင့် ယူအပ်သကဲ့သို့ ထို့အတူ အရူပါဝစရစိတ်ကိုလည်း ပဉ္စမဈာန်ဟူသော အမည်ဖြင့် ယူအပ်၏။ ဤကား ယောဇနာခြင်းတည်း။ ထိုသို့ယောဇနာခြင်းသည် မှန်၏။ အရှင်အနုရုဒ္ဓ ဆရာသည်လည်း ဤနောက်ယောဇနာ နည်းကိုသာ အလိုရှိအပ်၏ဟု ထင်၏။ အဘယ့်ကြောင့်ဆိုသော် နာမရူပပရိစ္ဆေဒကျမ်း၌ ဖြောင့်ဖြောင့်သာလျှင် ထိုနောက်နည်းအတိုင်း ဆိုအပ်သောကြောင့်တည်း။ ထိုစကားမှန်၏၊ ထိုနာမရူပပရိစ္ဆေဒကျမ်း၌
ရူပါဝစရစိတ္တာနိ၊ ဂယှန္တာနုတ္တရာနိ စ။
ပဌမာဒိဈာနဘေဒေ၊ အာရုပ္ပဉ္စ ပဉ္စမေ။
ဟုမိန့်ဆိုအပ်၏။
အဓိပ္ပါယ်ကား
ရူပါဝစရစိတ်တို့ကို၎င်း၊ လောကုတ္တရာ စိတ်တို့ကို၎င်း ပဌမဈာန် အစရှိသော ဈာန်တို့၏ အပြားအားဖြင့် ဟောအပ်ကုန်သကဲ့သို့ အရူပစိတ်ကိုလည်း ပဉ္စမဈာန်ဟူသော အမည်ဖြင့် ဟောအပ်၏ ဟူလို။
တသ္မာ ဟူသည်ကား—အကြောင်းကြောင့် ရူပါဝစရစိတ်ကဲ့သို့ လောကုတ္တရာစိတ်ကိုလည်း ပဌမဈာန် အစရှိသော ဈာန်အပြားဖြင့် ဆိုအပ်၏။ အရူပါဝစရစိတ်ကိုလည်း ပဉ္စမဈာန် အဖြစ်ဖြင့် ဆိုအပ်၏။ တနည်းကား—အကြောင်းကြောင့် ဈာန်အင်္ဂါတို့နှင့် ယှဉ်သော အပြားအားဖြင့် တပါးပါးသော လောကုတ္တရာစိတ်ကို
စာမျက်နှာ-၁၁၀
ငါးပါးအပြားရှိသည်ကို ပြု၍ လောကုတ္တရာစိတ်ကို ၄၀-အပြား ရှိ၏-ဟူ၍ ဆိုအပ်၏။ ရူပါဝစရစိတ်၊ လောကုတ္တရာစိတ်တို့ကို ပဌမဈာန် အစရှိသော ဈာန်အပြားဖြင့် ဆိုအပ်သကဲ့သို့ ထို့အတူ အရူပါဝစရစိတ်ကိုလည်း ပဉ္စမဈာန် အဖြစ်ဖြင့် ဆိုအပ်၏။ ထို့ကြောင့် ပဌမဈာန် အစရှိသော တပါးပါးသော ဈာန်သည် လောကီ၌ သုံးပါး အပြားရှိ၏။ လောကုတ္တရာ၌ ရှစ်ပါး အပြားရှိ၏။ ထို့ကြောင့် ၁၁-ပါး အပြားရှိ၏။ အဆုံးဖြစ်သော ပဉ္စမဈာန် စိတ်သည်ကား ၃-ပါးအပြားရှိသော ရူပါဝစရစိတ်၊ ၁၂-ပါးအပြားရှိသော အရူပါဝစရစိတ်၊ ရှစ်ပါး အပြားရှိသော လောကုတ္တရာ စိတ်တို့၏ အစွမ်းဖြင့် ၂၃-ပါးအပြားရှိ၏။ ဤကားအနက်တည်း။
၄၃။ ။ သတ္တတိံသကံ ပုညံ၊ ဒွိပညာသကံ တထာ။
ပါကမိစ္ဆာဟု စိတ္တာနိ၊ ဧကဝီသသတံ ဗု။
ကုသိုလ်စိတ်သည် ၃၇-ပါး အပြားရှိ၏၊ ထိုမှတပါး ဝိပါက်စိတ်သည် ၅၂-ပါး အပြားရှိ၏။ ထို့ကြောင့် စိတ်တို့ကို ၁၂၁-ပါး အပြားရှိကုန်၏ဟူ၍ ပညာရှိတို့သည် ဆိုကုန်၏။
၄၃။ ။ပါဒကဈာန် အစရှိသည်တို့၏ အစွမ်းဖြင့် အရေအတွက် တိုးပွားခြင်းသည် ကုသိုလ်၊ ဝိပါက်တို့တို့သာ ဖြစ်သင့်၏။ ထို့ကြောင့် ထိုကုသိုလ်၊ ဝိပါက်တို့၏ ရေတွက်ခြင်းကိုသာ ၁၂၁-ပါး အရေအတွက်ဖြင့် အင်္ဂါ၏ အဖြစ်ဖြင့် ပြလိုသောကြောင့် “သတ္တတိံသ” ဤသို့သော စကားကို ဆို၏။ ဤဆိုအပ်ပြီးသောစကားဖြင့် အဘိဓမ္မတ္ထဝိဘာဝိနီ မည်သော အဘိဓမ္မတ္ထသင်္ဂြိုဟ်ကျမ်း၏အတွင်း၌
ပဌမစိတ်ပိုင်းအခွင့်သည် ပြီးဆုံးခြင်းသို့ရောက်ပြီ။
၁-စိတ် အကျယ် ၁၂၁-ပါးတွင် ကာမာဝစရကုသိုလ်စိတ် ၈-ပါး၊ ရူပါဝစရကုသိုလ် စိတ် ၅-ပါး၊ အရူပါဝစရကုသိုလ်စိတ် ၄-ပါး၊ လောကုတ္တရာကုသိုလ်စိတ် ၂၀-ပေါင်း ကုသိုလ်စိတ် ၃၇-ပါးဖြစ်၏။
၂-အဟိတ်ဝိပါက်စိတ် ၁၅-ပါး၊ ကာမာဝစရဝိပါက်စိတ် ၈-ပါး၊ မဟဂ္ဂုတ်ဝိပါက်စိတ် ၉-ပါး၊ လောကုတ္တရာဝိပါက်စိတ် ၂၀-ပေါင်း ဝိပါက်စိတ် ၅၂-ပါး ဖြစ်၏။
စာမျက်နှာ-၁၁၁
!
စာမျက်နှာ-၁၁၂
!
စာမျက်နှာ-၁၁၃
စေတသိက်ပိုင်း
စေတသိက်လက္ခဏာ ၄-ပါး
၁။ ။ဧကုပ္ပါဒနိရောဓာ စ၊ ဧကာလမ္မဏဝတ္ထုကာ။
စောယု ဒ္ဓိပညာသ၊ ဓမ္မာ စေတသိ ကာ မာ။
။ စိတ်နှင့် တကွဖြစ်ခြင်း, တကွချုပ်ခြင်း, စိတ်နှင့်တူသော အာရုံ တူသောမှီရာလည်း ရှိကုန်သော စိတ်နှင့် ယှဉ်ကုန်သော ၅၂-ပါးသော သဘောတရားတို့ကို စေတသိက် အမည်ရှိကုန်၏-ဟူ၍ သိအပ်ကုန်၏။
စေတသိက်လက္ခဏာ ၄-ပါးအဖွင့်
၁။ ။၍ ညှိ ဆိုအပ်ပြီးသော ပဌမပိုင်းဖြင့် ရှေးဦးစွာ စိတ်ကို ဘုံဇာတ်, သမ္ပယောဂ, သင်္ခါရ, ဈာန်အာရုံမဂ်တို့၏ အပြားအားဖြင့် ထိုက်သည်အားလျော်စွာ ဝေဖန်ပြီး၍ ယခုအခါ၌ စေတသိက်ကို ဝေဖန်ရန် အခွင့်သို့ အစဉ် ရောက်လာသောကြောင့် ရှေးဦးစွာ သမ္ပယောဂလက္ခဏာ လေးပါးကို ပြသည်အစွမ်းဖြင့် စေတသိက်လက္ခဏာကို ပြဆိုပြီး၍၊ ထိုစေတသိက်လက္ခဏာကို ပြုပြီးသည် အခြားမဲ့၌ အညသမာန်းရာသီ, အကုသလရာသီ, သောဘဏရာသီတို့၏ အစွမ်းဖြင့် သုံးပါးသော ရာသီတို့ဖြင့် စေတသိက်တရားတို့ကို ပြလျက် ထိုစေတသိက်တို့၏ ၁၆-ပါးသော အခြင်းအရာတို့ဖြင့် သမ္ပယောဂနည်းကို၎င်း၊ ၃၃-ပါးအပြားအားဖြင့် သင်္ဂဟနည်းကို၎င်း ပြဆိုခြင်းငှါ “ဧကုပ္ပါဒနိရောဓာ စ” ဤသို့ အစရှိသော စကားကို အားထုတ်အပ်ပါသတည်း။ ။
အကြင် စေတသိက်တို့အား စိတ်နှင့်တကွ တပေါင်းတည်း ဖြစ်ခြင်းသည်၎င်း, ချုပ်ခြင်းသည်၎င်း ရှိသောကြောင့် ထိုစေတသိက်တို့သည် ဧကုပ္ပါဒနိရောဓ မည်ကုန်၏။ အကြင် စေတသိက်တို့အား စိတ်နှင့် တူသော အာရုံသည်၎င်း, တူသော မှီရာသည်၎င်း ရှိသောကြောင့် ထိုစေတသိက်တို့သည် ဧကာလမ္မဏဝတ္ထုက မည်ကုန်၏။
စာမျက်နှာ-၁၁၄
ဤသို့ လေးပါးသော လက္ခဏာတို့ဖြင့် စိတ်နှင့် ယှဉ်ကုန်သော ၅၂-ပါးကုန်သော သဘော လက္ခဏာကို ဆောင်တတ်သောကြောင့် ဓမ္မ မည်ကုန်သော တရားတို့ကို စိတ်နှင့်အမြဲ ယှဉ်လေ့ရှိသည်လည်း ဖြစ်ကုန်သော စိတ်နှင့်အမြဲ မယှဉ်လေ့ရှိသည်လည်း ဖြစ်ကုန်သော စေတသိက်တို့ဟူ၍ သိအပ်ကုန်၏။
လက္ခဏာလေးပါးကို ဆိုရသော အကြောင်း
ထိုဧကုပ္ပါဒ-ဂါထာ၌ စိတ်နှင့်တကွ ဖြစ်ကာမျှဖြင့်သာလျှင် စေတသိက်တို့ကို စေတောယုတ္တ-ဟူ၍၊ အကယ်၍ အလိုရှိအပ်အံ့။ ထိုသို့ ဧကုပ္ပါဒ လက္ခဏာ တပါးဖြင့် စေတောယုတ္တ ဖြစ်၏ဟု ယူပါမှု၊ စိတ်နှင့် တကွ ဖြစ်ကုန်သော စိတ္တဇရုပ် တရားတို့၏လည်း စေတောယုတ္တ အဖြစ်သည် ရောက်ခဲ့ရာ၏။ ထိုသို့ စိတ္တဇရုပ်ကို နစ်စေလိုသောကြောင့် ဧကနိရောဓ-သဒ္ဒါကို ဆိုအပ်၏။
ဤစိတ်နှင့် တကွ ဖြစ်ခြင်း, တကွချုပ်ခြင်း လက္ခဏာ ၂-ပါး၏ စေတောယုတ္တအဖြစ်ကို ဆိုပါမူ စိတ်သို့ အစဉ်လိုက်ပြီ ဖြစ်ကုန်သော ဝိညတ်ရုပ် ၂-ပါး၏လည်း စေတသိက် မည်ခြင်းကို တားမြစ်ခြင်းငှါ မတတ်နိုင်ရာ။ ထို့ကြောင့် အကြင် ကမ္မဇရုပ်တရားတို့အား စိတ်နှင့် တကွ ဖြစ်ခြင်းသည်၎င်း, တကွချုပ်ခြင်းသည်၎င်း ရှိသောကြောင့် ထိုကမ္မဇရုပ်တရားတို့သည် ဧကုပ္ပါဒနိရောဓ မည်ကုန်၏-ဟု ကြံဆသော ဆရာ၏ အယူ၌ စိတ်၏ ရှေးဦးစွာ ဖြစ်၍ စိတ်၏ ဘင်ခဏ၌ ချုပ်ကုန်သော ကမ္မဇရုပ်တရားတို့ကိုလည်း တားမြစ်ခြင်းငှါ ဧကာလမ္မဏ-သဒ္ဒါကို မိန့်ဆိုအပ်၏။ ဤသို့အကြင် စေတသိက် [၁] တို့သည် ဆိုအပ်ပြီးသော ဧကုပ္ပါဒ, ဧကနိရောဓ, ဧကာလမ္မဏ
၁။ စိတ်နှင့် တူသော ဖြစ်မှု ရှိခြင်း၊ စိတ်နှင့် တူသော ချုပ်မှု ရှိခြင်း, စိတ်နှင့် တူသော အာရုံ ရှိခြင်း, စိတ်နှင့်တူသော မှီရာ ရှိခြင်း, ဤအင်္ဂါ ၄-ပါးနှင့်ပြည့်စုံမှ စေတသိက် မည်၏။
စိတ္တဇရုပ်, ကမ္မဇရုပ် တို့သည် စိတ်နှင့်အတူ ဖြစ်မှုရှိသော်လည်း အတူ ချုပ်မှု မရှိသောကြောင့် စေတသိက် မမည်။
ကာယဝိညတ်, ဝစီဝိညတ် ၂-ပါးသည် စိတ်နှင့် အတူ ဖြစ်မှု အတူ ချုပ်မှုရှိသော်လည်း တူသော အာရုံ မရှိသောကြောင့် စေတသိက် မမည်။
စာမျက်နှာ-၁၁၅
လက္ခဏာ ၃-ပါးရှိကုန်၏။ ထိုစေတသိက်တို့သည် မြဲသောအားဖြင့် တူသော တည်ရာရှိကုန်သည်သာ-ဟု ပြခြင်းငှာ ဧကဝတ္ထုက သဒ္ဒါကို ဆိုအပ်၏။ ထို့ကြောင့် အလွန်သဖြင့် အကျိုးမရှိပြီ။
သဗ္ဗစိတ္တသာဓာရဏစေတသိက် ၇-ပါး
၂။ ။ဖဿော, ဝေဒနာ, သညာ, စေတနာ, ဧကဂ္ဂတာ, ဇီဝိတိန္ဒြိယံ, မနသိကာရောစေတိ သတ္တိမေ စေတသိကာ သဗ္ဗစိတ္တသာဓာရဏာ နာမ။
အဘယ်သို့ သိအပ်သနည်းဟူမူ-
(၁) အာရုံကို တွေ့ထိခြင်း လက္ခဏာရှိသော ဖဿ စေတသိက် ၎င်း၊
(၂) အာရုံ၏ အရသာကို ခံစားခြင်း လက္ခဏာရှိသော ဝေဒနာ စေတသိက် ၎င်း၊
(၃) အာရုံ၏ သဘောကို မှတ်ခြင်း လက္ခဏာရှိသော သညာ စေတသိက် ၎င်း၊
(၄) အာရုံ၌ သမ္ပယုတ်တရားတို့ကို စေ့ဆော်ခြင်း လက္ခဏာရှိသော စေတနာ စေတသိက် ၎င်း၊
(၅) တခုတည်းသော အာရုံကိုသာ ယူသည်ဖြစ်၍ တည်ကြည်ခြင်း, မပျံ့လွင့်ခြင်း လက္ခဏာရှိသော ဧကဂ္ဂတာ စေတသိက် ၎င်း၊
(၆) သဟဇာတ် ဖြစ်သော ရုပ်နာမ်တရားတို့ကို စောင့်ခြင်း, အစိုးရခြင်း လက္ခဏာရှိသော ဇီဝိတိန္ဒြိယ စေတသိက် ၎င်း၊
(၇) အာရုံ၌ နှလုံးသွင်းခြင်း လက္ခဏာရှိသော မနသိကာရ စေတသိက် ၎င်း၊
ဤသို့သော အပြားအားဖြင့် ၇-ပါးကုန်သော ဤစေတသိက်တို့သည် အလုံးစုံသော စိတ်တို့နှင့် ဆက်ဆံသည်၏ အဖြစ်ကြောင့် သဗ္ဗစိတ္တသာဓာရဏစေတသိက် မည်ကုန်၏။
၁။ ဆိုအပ်ပြီးသော လက္ခဏာ ၃-ပါးနှင့် ပြည့်စုံသော တရားဖြစ်ပါမူ တူသော မှီရာ ရှိသည်ချည်းဟု ပြဆိုခြင်းငှာ ဧကဝတ္ထုက သဒ္ဒါကို မိန့်ဆိုရ၏-ဟုမှတ်။
စာမျက်နှာ-၁၁၆
သဗ္ဗစိတ္တသာဓာရဏစေတသိက် အဖွင့်
ဖဿ-အဖွင့်
၂။ ။ကထံ-ဟူသော ဤပုဒ်သည်ကား စေတသိက်တို့၏ သရုပ် အခြင်းအရာ, သမ္ပယောဂ အခြင်းအရာတို့ကို ဖြေလို၍ မေးသော အမေးပုစ္ဆာတည်း။ အာရုံကို တွေ့ထိတတ်သောကြောင့် ဖဿ မည်၏။ ထိုဖဿသည် အာရုံကို တွေ့ထိခြင်း လက္ခဏာရှိ၏။ အဘယ့်ကြောင့်ဆိုသော် ဤဖဿသည် နာမ်တရား ဖြစ်သော်လည်း အာရုံ၌ တွေ့ထိသော အခြင်းအရာအားဖြင့်သာလျှင် ဖြစ်သောကြောင့်တည်း။ အဘယ်ကဲ့သို့နည်းဟူမူ၊ ထိုဖဿ၏ ထိုတွေ့ထိသော အခြင်းအရာအားဖြင့် ဖြစ်ခြင်းကို ချဉ်သီး စားသောသူအား မြင်ရသော သူတပါး၏ တံထွေး ဖြစ်ခြင်းကဲ့သို့ မှတ်အပ်၏။
ဝေဒနာအဖွင့်
အာရုံအရသာကို အစဉ် ခံစားတတ်သောကြောင့် ဝေဒနာ မည်၏။ ထိုဝေဒနာသည် အာရုံကို ခံစားခြင်းလက္ခဏာ ရှိ၏။ အဘယ့်ကြောင့် ဝေဒနာကိုသာ အာရုံ ခံစားခြင်းရှိ၏ဟု ဆိုအပ်ပါသနည်းဟူမူ။ အာရုံ အရသာကို ခံစားခြင်းသို့ ရောက်သည်ရှိသော် ကြွင်းသော ဝေဒနာနှင့် ယှဉ်ဘော် ယှဉ်ဘက်တရားတို့သည် တစိတ်တဒေသအားဖြင့်သာလျှင် အာရုံအရသာကို ခံစားကုန်၏၊ စင်စစ်အားဖြင့်ကား အစိုးတရားဖြင့် ဝေဒနာသည်သာ ခံစား၏။ ထိုစကား မှန်၏၊ ထိုဝေဒနာကို ကောင်းသော ဘောဇဉ်၏ အရသာကို ခံစားသော မင်းနှင့်တူ၏ဟု မိန့်ဆိုအပ်၏။ သုခစသော ဝေဒနာအစွမ်းဖြင့် ထိုဝေဒနာ၏အပြားကို အရှင်အနုရုဒ္ဓဆရာ ကိုယ်တိုင်ပင် ဆိုတော်မူလတံ့။ ။
သညာ အဖွင့်
အညှိအစရှိသည် အပြားရှိသော အာရုံကို အမှတ်ပြု၍ သိတတ်သောကြောင့် သညာ မည်၏။ ထိုသညာသည် အမှတ်ပြု၍ သိခြင်း လက္ခဏာရှိ၏။ အဘယ့်ကြောင့် အမှတ်ပြု၍ သိပါသနည်းဟူမူ။ ထို
စာမျက်နှာ-၁၁၇
သညာသည် ဖြစ်သည်ရှိသော် သစ်အစရှိသည်တို့၌ လက်သမား အစရှိသည်တို့၏ အမှတ်ပြုခြင်းကဲ့သို့ နောက်၌ အမှတ်ပြုခြင်း၏ အကြောင်းဖြစ်သော အခြင်းအရာကို ယူ၍ ဖြစ်သောကြောင့်တည်း။ ဤအထက်ပါ စကားသည် အမှတ်ပြုတတ်သော ရှေးသညာအား သင့်တန်စေ၊ ရှေးဦးစွာ ဖြစ်သော အမှတ်ဖြင့် နောက်မှ သိသော သညာ၌ကား အသို့ သင့်ပါအံ့နည်းဟူမူ။ ထိုနောက်ဖြစ်သော သညာသည်လည်း တဖန် တပါးသော သညာဖြင့် သိခြင်း၏ အကြောင်းဖြစ်သော အခြင်းအရာကို ယူ၍ ဖြစ်၏။ ထို့ကြောင့် အမှတ်ဖြင့် သိသော နောက်သညာ၌ တစိုးတစိသော သညာ၏ မဖြစ်နိုင်ခြင်းသည် မရှိ-ဟူလို။
စေတနာအဖွင့်
မိမိနှင့် ယှဉ်ဘော် ယှဉ်ဘက် ဖြစ်သော တရားတို့ကို အာရုံ၌ စေ့ဆော်တတ်, ကောင်းစွာထားတတ်သောကြောင့် စေတနာ မည်၏။ တနည်းကား— ပြုပြင်အပ်ကုန်သော သင်္ခတတရားတို့ကို ပြုပြင်ခြင်း၌ အလွန် အားထုတ်ခြင်းသို့ ရောက်တတ်သောကြောင့်လည်း စေတနာ မည်၏။ ထို့ကြောင့်ပင် ဤစေတနာသည်သာလျှင် ပြုပြင်ခြင်း၌ ပြဓာန်းသောကြောင့် ဝိဘင်းကျမ်း သုတ္တန္တဘာဇနီယ သက္ခန္ဓာကို ဝေဖန်တော်မူသော မြတ်စွာဘုရားသည် “သင်္ခတံ။ပ။သင်္ခါရာ” ဟု ဟောတော်မူပြီး၍ “စက္ခုသမ္ဖဿစေတနာ” ဤသို့ အစရှိသည်ဖြင့် ညွှန်ပြတော်မူအပ်၏။ ထိုစေတနာသည် စေ့ဆော်ခြင်း လက္ခဏာ ရှိ၏။ အဘယ်ကဲ့သို့နည်းဟူမူ၊ တပည့်ကြီး လက်သမားကြီး အစရှိသော သူတို့ကဲ့သို့ မိမိကိစ္စ သူတပါးကိစ္စတို့ကို ပြီးစေတတ်၏-ဟု မှတ်အပ်၏။
ဧကဂ္ဂတာ, ဝိတက်, ဝိစာရ, ပီတိတို့၏ သရုပ်လက္ခဏာကို ထင်စွာပြခြင်းသည် အောက်စိတ်ပိုင်း၌ လာပြီး ပြဆိုပြီးသည့်အတိုင်းသာတည်း။
ဇီဝိတိန္ဒြိယစေတသိက် အဖွင့်
ထို ဇီဝိတိန္ဒြိယဖြင့် ယှဉ်ဘော် ယှဉ်ဘက် တရားတို့သည် တည်တတ်ကုန်၏။ ထိုသို့တည်ကြောင်း ဖြစ်သောကြောင့် ဇီဝိတ
စာမျက်နှာ-၁၁၈
မည်၏၊ ဇီဝိတသည်ပင်လျှင် အတူတကွဖြစ်သော တရားကို စောင့်ခြင်း၌ အစိုးရသည်အဖြစ်နှင့် ယှဉ်သည်ဖြစ်၍လည်း မည်သောကြောင့် ဇီဝိတိန္ဒြိယ မည်၏။ ထိုဇီဝိတိန္ဒြိယသည် အတူတကွဖြစ်သော တရားတို့ကို စောင့်ခြင်းလက္ခဏာရှိ၏။ အဘယ်နှင့် တူသနည်းဟူမူ၊ ကြာအစရှိသည်ကို စောင့်ရှောက်သော ရေနှင့်တူ၏။
မနသိကာရ အဖွင့်
ပြုခြင်း သဘော, ဆင်ခြင်ခြင်းသဘောသည် ကာရ မည်၏။ စိတ်၌ အာရုံပြုခြင်း ဆင်ခြင်ခြင်း သဘောသည် မနသိကာရ မည်၏။ ထိုမနသိကာရစေတသိက်သည် စိတ်ကို အာရုံ၌ ရှေ့ရှုဆောင်ခြင်း လက္ခဏာရှိ၏။
ဝိတက် စေတနာ မနသိကာရ တို့၏ အထူး
ဝိတက်စသည်တို့၏ အထူးကား-ဝိတက်သည် သဟဇာတ်တရားတို့ကို အာရုံသို့ ရှေ့ရှုတင်ခြင်း သဘောရှိသောကြောင့် ထိုသဟဇာတ်တရားတို့ကို ထိုအာရုံ၌ တည်စေသကဲ့သို့ ဖြစ်၏။
စေတနာသည် မိမိသည် အာရုံကို ယူခြင်းဖြင့် အကြင်အကြင် ဝိတက်သည် တင်အပ်ပြီးကုန်သော သဟဇာတ်တရားတို့ကို ထိုထိုအာရုံ၌ ယှဉ်စေတတ်သော စစ်ဗိုလ်မှူးနှင့် တူ၏။
မနသိကာရသည် ထိုသဟဇာတ်တရားတို့ကို အာရုံ၌ ရှေ့ရှု ယှဉ်စေခြင်းကြောင့် အာဇာနည်မြင်းတို့ကို အညီ ယှဉ်စေသော ရထားထိန်းကဲ့သို့ ဖြစ်၏။ ဤဆိုအပ်ပြီးသော အနက်သည် ထို ဝိတက်, စေတနာ, မနသိကာရ တို့၏ အထူးတည်း။ ။
ထိုစကားမှန်၏။ ပရမတ္ထတရားတို့၏ ထိုထိုဟုတ်မှန်တိုင်းသော ကိစ္စနှင့် တကွသော သဘောလက္ခဏာကို သဘောအားဖြင့်ထိုးထွင်း သိမြင်၍ မြတ်စွာဘုရားသည် ထိုထိုတရားတို့ကို ဝေဖန်တော်မူအပ်ကုန်၏ဟု မြတ်စွာဘုရား၌ ယုံကြည်သောအားဖြင့် ဤတရားတို့သည် ဤသို့ ထူးကုန်၏-ဟု ကြံဆ၍ သင်ခြင်း, မေးမြန်းခြင်း အစရှိသည်တို့၏ အစွမ်းဖြင့် ထိုတရားတို့၏ သဘောကို သိစေခြင်းငှါ အားထုတ်
စာမျက်နှာ-၁၁၉
ခြင်းကို ပြုအပ်၏။ ထိုထိုညိုသော အရာ၌ ဘောက်ပြန်သော အာရုံကို သိကုန်သည်ဖြစ်၍ ပြင်းစွာ တွေဝေခြင်းသို့ မရောက်အပ်။ ဤသည်လျှင် အားထုတ်ခြင်း၌ အဋ္ဌကထာဆရာတို့၏ အဆုံးအမတည်း။ မြဲသောအားဖြင့် ထိုစိတ်တို့၌ ဖြစ်သောကြောင့် အလုံးစုံကုန်သော တခုယုတ်ကိုးဆယ်သော စိတ်တို့နှင့် ဆက်ဆံကုန်သောကြောင့် ထိုစေတသိက်တို့သည် သဗ္ဗစိတ္တသာဓာရဏ [၁] မည်ကုန်၏။
ပကိဏ်းစေတသိက် ၆-ပါး
၃။ ။ဝိတက္ကော ဝိစာရော အဓိမောက္ခော, ဝီရိယံ, ပီတိ, ဆန္ဒောတိ ဆဠိမေ စေတသိကာ ပကိဏ္ဏကာ နာမ။
(၁) သမ္ပယုတ်တရားတို့ကို အာရုံသို့ ရှေ့ရှုတင်ခြင်း လက္ခဏာရှိသော ဝိတက် စေတသိက် ၎င်း၊
(၂) အာရုံ၌ သမ္ပယုတ်တရားတို့ကို သုံးသပ်စေခြင်း လက္ခဏာရှိသော ဝိစာရ စေတသိက် ၎င်း၊
(၃) အာရုံကို ဆုံးဖြတ်ခြင်း လက္ခဏာရှိသော အဓိမောက္ခ စေတသိက် ၎င်း၊
(၄) သမ္ပယုတ်တရားတို့ကို ထောက်ပံ့ခိုင်စေခြင်း လက္ခဏာရှိသော ဝီရိယ စေတသိက် ၎င်း၊
(၅) အာရုံကို နှစ်သက်ခြင်း လက္ခဏာရှိသော ပီတိ စေတသိက် ၎င်း၊
(၆) ပြုလိုကာမတ္တသာ လက္ခဏာရှိသော ဆန္ဒ စေတသိက် ၎င်း၊
ဤသို့သော အပြားအားဖြင့် ခြောက်ပါးအပြားရှိကုန်သော ဤစေတသိက်တို့သည် ပကိဏ်းစေတသိက်ဟူသော အမည်ရှိကုန်၏။
၁။ ဘယ်စိတ်နှင့် မဆို အမြဲ ယှဉ်သောကြောင့် သဗ္ဗစိတ္တသာဓာရဏ မည်၏။
စာမျက်နှာ-၁၂၀
ပကိဏ်းစေတသိက် ၆-ပါးအဖွင့်
အဓိမောက္ခစေတသိက်
၃။ ။အာရုံကို ဆုံးဖြတ်ခြင်းသည် အဓိမောက္ခ မည်၏၊ ထိုအဓိမောက္ခသည် အာရုံကို ဆုံးဖြတ်ခြင်းလက္ခဏာ ရှိ၏။ အဘယ်နှင့် တူသနည်းဟူမူ၊ အာရုံ၌ တုန်လှုပ်ခြင်း မရှိသည်ဖြစ်၍ မြဲမြဲစွာ စိုက်အပ်သော ကျောက်စာတိုင်ကဲ့သို့ မှတ်အပ်၏။
ဝီရိယစေတသိက်
ရဲရင့်သောသူတို့၏ အဖြစ်သည် ဝီရိယ မည်၏၊ တနည်း–ရဲရင့်သောသူတို့၏ အမှုသည် ဝီရိယ မည်၏၊ တနည်း လျောက်ပတ်သောအားဖြင့် ဖြစ်စေအပ်သောကြောင့် အားထုတ်ခြင်း လုံ့လသည် ဝီရိယ မည်၏၊ ထိုဝီရိယသည် သဟဇာတ်တရားတို့ကို ထောက်ပံ့ခြင်း လက္ခဏာ ရှိ၏။ အဘယ့်ကြောင့် ထောက်ပံ့ခြင်း လက္ခဏာ ရှိပါသနည်းဟူမူ၊ ဝီရိယ၏ အစွမ်းဖြင့် ထိုသဟဇာတ်တရားတို့၏ ဆုတ်နစ်သော ဖြစ်ခြင်းသည် မဖြစ်။ ဝါ-မဆုတ်နစ်။ ထို့ကြောင့် ဤဝီရိယ၏ ဝိတက်အစရှိသော စေတသိက်တို့နှင့် ထူးခြားပုံသည် အလွန် ထင်ရှား၏။
ဆန္ဒစေတသိက်
အလိုရှိခြင်းသည် ဆန္ဒ မည်၏၊ အာရုံကို အလိုရှိကာမျှ ဖြစ်သော သဘောကို ဆန္ဒဟု ဆိုအပ်၏၊ ထိုဆန္ဒသည် အမှုကို ပြုလိုသည်အဖြစ်ဟူသော လက္ခဏာ ရှိ၏။ ထို့ကြောင့် ဤဆန္ဒကို စိတ်၏ အာရုံကို ယူရာ၌ လက်ကို ဆန့်ခြင်းကဲ့သို့ ဆိုအပ်၏။ ဒါနဝတ္ထုကို စွန့်သည်အစွမ်းဖြင့် ဖြစ်သော ကာလ၌လည်း ဤဆန္ဒသည် စွန့်အပ်သော ထိုဝတ္ထုဖြင့် အလိုရှိအပ်၏။ အဘယ်ကဲ့သို့နည်းဟူမူ ပစ်အပ်သော မြားတို့ကို ကောက်ယူရာ၌ အလိုရှိသော လေးသမားကို ညွှန်းတည်း။ သောဘဏစိတ်တို့၌၎င်း၊ ထိုသောဘဏမှ တပါး
စာမျက်နှာ-၁၂၁
ကုန်သော အသောဘဏစိတ်တို့၌၎င်း၊ အပြားအားဖြင့် ပြွမ်းယှဉ်တတ်ကုန်သောကြောင့် ပကိဏ်းစေတသိက် [၁] မည်ကုန်၏။
၄။ ။ဧဝမေတေ တေရသ စေတသိကာ အညသမာနာတိ ဝေဒိတာ။
ဤသို့ တဆဲ့သုံးပါးကုန်သော ထိုစေတသိက်တို့ကို အညသမာန်း စေတသိက် အမည်ရှိကုန်၏ဟူ၍ သိအပ်ကုန်၏။
၁။ ယှဉ်သင့်သော စိတ်နှင့်သာ ယှဉ်၊ မယှဉ်သင့်သော စိတ်နှင့် မယှဉ်-ဤသို့ ယှဉ်သင့်သလို အပြားအားဖြင့် ပြွမ်းယှဉ်သောကြောင့် ပကိဏ်းစေတသိက်မည်၏။
၂။ စိတ်အကုန်နှင့် မယှဉ်မူ၍ တပါးပါးနှင့်သာ ယှဉ်သောကြောင့် အညသမာန်းစေတသိက် မည်၏။ သောဘဏစိတ်နှင့် ယှဉ်သောအခါ အသောဘဏစိတ်မှ တပါးဖြစ်သော စိတ်နှင့် ယှဉ်သည်မည်၏။ အသောဘဏစိတ်နှင့် ယှဉ်သောအခါ သောဘဏစိတ်မှတပါး ဖြစ်သော စိတ်နှင့် ယှဉ်သည်မည်၏-ဟူလို။
* အကုသိုလ်, အဟိတ်, သောဘဏစိတ်တို့နှင့် ယှဉ်သောကြောင့် အညသမာန်းရာသီကို ရှေးဦးစွာ မိန့်ဆိုရ၏။
* အလုံးစုံသော စိတ်တို့နှင့် ယှဉ်သည်ဖြစ်၍ အရာကျယ်သောကြောင့် သဗ္ဗစိတ္တသာဓာရဏ စေတသိက်ကို ရှေးဦးစွာ မိန့်ဆို၏။
* ပါဠိတော်၌ ဖဿပဉ္စကရာသီကို ရှေးဦးစွာ ဟော၍ ဖဿစေတသိက်ကို ရှေးဦးစွာ မိန့်ဆိုရ၏။
စာမျက်နှာ-၁၂၂
အကုသိုလ်စေတသိက် ၁၄-ပါး
၅။ ။မောဟော, အဟိရိကံ, အနောတ္တပ္ပံ, ဥဒ္ဓစ္စံ, လောဘော, ဒိဋ္ဌိ, မာနော, ဒေါသော, ဣဿာ, မစ္ဆရိယံ, ကုက္ကုစ္စံ, ထိနံ, မိဒ္ဓံ, ဝိစိကိစ္ဆာစေတိ စုဒ္ဒသေမေ စေတသိကာ အကုသလာ နာမ။
(၁) အာရုံ၏ သဘောကို ဖုံးလွှမ်းခြင်း လက္ခဏာရှိသော မောဟ စေတသိက် ၎င်း၊
(၂) ကာယဒုစ္စရိုက် စသည်မှ မရှက်ခြင်း လက္ခဏာရှိသော အဟိရိက စေတသိက် ၎င်း၊
(၃) ကာယဒုစ္စရိုက် စသည်မှ မလန့်ခြင်း လက္ခဏာရှိသော အနောတ္တပ္ပ စေတသိက် ၎င်း၊
(၄) စိတ်၏ မငြိမ်သက်ခြင်းမှ ပျံ့လွင့်ခြင်း လက္ခဏာရှိသော ဥဒ္ဓစ္စ စေတသိက် ၎င်း၊
(၅) အာရုံ၌ တွယ်တာသောအားဖြင့် တပ်ခြင်း လက္ခဏာရှိသော လောဘ စေတသိက် ၎င်း၊
(၆) မှားသောအားဖြင့် နှလုံးသွင်းခြင်း လက္ခဏာရှိသော ဒိဋ္ဌိ စေတသိက် ၎င်း၊
(၇) မိမိကိုယ်ကို ငါသာလျှင် မြတ်၏ဟူ၍ မှန်ကင်းကဲ့သို့ ထောင်လွှားခြင်း လက္ခဏာရှိသော မာန စေတသိက် ၎င်း၊
(၈) ကြမ်းတမ်းသော အားဖြင့် ပြစ်မှားခြင်း လက္ခဏာရှိသော ဒေါသ စေတသိက် ၎င်း၊
(၉) သူတပါး စည်းစိမ်ကို ငြူစူခြင်း လက္ခဏာရှိသော ဣဿာ စေတသိက် ၎င်း၊
(၁၀) မိမိစည်းစိမ်ကို လျှို့ဝှက်ခြင်း လက္ခဏာရှိသော မစ္ဆရိယ စေတသိက် ၎င်း၊
စာမျက်နှာ-၁၂၃
(၁၁) ပြုအပ်ပြီးသော ဒုစ္စရိုက်, မပြုလိုက်မိသော သုစရိုက်တို့၌ အဖန်တလဲလဲ စိုးရိမ်ခြင်း လက္ခဏာရှိသော ကုက္ကစ္စ စေတသိက် ၎င်း၊
(၁၂) စိတ်၏ မခံ့ခြင်း လက္ခဏာရှိသော ထိန စေတသိက် ၎င်း၊
(၁၃) စေတသိက်တို့၏ မခံ့ခြင်း လက္ခဏာရှိသော မိဒ္ဓ စေတသိက် ၎င်း၊
(၁၄) အာရုံကို မဆုံးဖြတ်နိုင်ခြင်း လက္ခဏာရှိသော ဝိစိကိစ္ဆာ စေတသိက် ၎င်း၊
ဤသို့ ၁၄-ပါးကုန်သော ဤစေတသိက်တို့သည် အကုသိုလ်စေတသိက် အမည်ရှိကုန်၏။
အကုသိုလ်စေတသိက် ၁၄-ပါးအဖွင့်
၅။ ။၍ ဆိုအပ်ပြီးသော နည်းဖြင့် ရှေးဦးစွာ သဗ္ဗစိတ္တသာဓာရဏစေတသိက် အစွမ်းဖြင့်၎င်း, ပကိဏ်းစေတသိက် အစွမ်းဖြင့်၎င်း သောဘဏသဘော, အသောဘဏသဘော ရှိကုန်သော ၁၃-ပါးသော စေတသိက်တို့ကို အကျဉ်းပြပြီး၍ ယခုအခါ၌ အောက်ဖြစ်သော စိတ်ကို ခွဲဝေခြင်း၌ ပြအပ်ပြီးသော အစဉ်ဖြင့် အကုသိုလ်တရား၌ အကျုံးဝင်ကုန်သော စေတသိက်တို့ကို ရှေးဦးစွာ ပြခြင်းငှါ ထို့နောက်မှ သောဘဏတရား၌ အကျုံးဝင်ကုန်သော စေတသိက်တို့ကို ပြခြင်းငှါ “မောဟော” ဤသို့ အစရှိသော စကားကို မိန့်ဆိုအပ်ပါသတည်း။
၁။ အောက်ပါ စိတ်ပိုင်း၌ ဆိုအပ်သော အစဉ်အားလျော်စွာ အကုသိုလ်စေတသိက်ကို ရွှေးချယ် ဆိုရ၏။
* အလုံးစုံသော အကုသိုလ်စိတ်နှင့် ယှဉ်သော စေတသိက်ကို ပြဆိုခြင်းငှာ မောဟစေတသိက်ကို ရှေးဦးစွာမိန့်ဆိုရ၏။
* သဗ္ဗစိတ္တသာဓာရဏ စေတသိက်တို့တွင်လည်း မူလဖြစ်သောကြောင့် မောဟကို ရှေးဦးစွာ မိန့်ဆိုရ၏။
စာမျက်နှာ-၁၂၄
အဟိတ်စေတသိက်ကို မဆိုရခြင်းအကြောင်း
အဟိတ် မည်ကုန်သော အသီးအခြား ဖြစ်ကုန်သော စေတသိက်တို့သည် မရှိသောကြောင့် ထို အဟိတ်စေတသိက် [၁] တို့ကို အသီးအခြား မဆိုအပ်ကုန်။
မှတ်ချက်။ ။အဟိတ် စိတ်၌သာ အသီးအခြား ယှဉ်သော စေတသိက် မရှိခြင်းကြောင့် အဟိတ် စေတသိက် ဟူ၍ မရှိတော့ပါဟူလို။## မောဟစေတသိက်
အာရုံ၌ တွေဝေတတ်သောကြောင့် ဉာဏ်၏ ဆန့်ကျင်ဘက် ဖြစ်သော တရားသည် မောဟ မည်၏၊ ထိုမောဟသည် အာရုံ၏ သဘောကို ဖုံးလွှမ်းခြင်း လက္ခဏာရှိ၏။ အကြောင်းသော်ကား၊ ဤမောဟသည် အာရုံကို ယူခြင်း၏ အစွမ်းဖြင့် ဖြစ်သော်လည်း ထိုအာရုံ၏ ဟုတ်မှန်သော သဘောကို ဖုံးလွှမ်းသော အခြင်းအရာအားဖြင့်သာလျှင် ဖြစ်သောကြောင့်တည်း။
အဟိရိကစေတသိက်
ကာယဒုစ္စရိုက် စသည်တို့မှ မရှက်တတ်, မစက်ဆုပ်တတ်သောကြောင့် မရှက်သောသူသည်၎င်း၊ တရားအပေါင်းသည်၎င်း အဟိရိက မည်၏၊ မရှက်တတ်သူ၏ ဖြစ်ကြောင်းသည် အဟိရိတ္တ မည်၏၊ ထိုအဟိရိက္က သဒ္ဒါသည်ပင် အဟိရိက မည်၏။## အနောတ္တပ္ပ စေတသိက်
ကာယဒုစ္စရိုက် စသည်တို့မှ မကြောက်တတ်သောကြောင့် အနောတ္တပ္ပ မည်၏။
၁။ အဟိတ်စိတ်၌ ယှဉ်သော စေတသိက် အသီးအခြား မရှိသောကြောင့် အဟိတ်စေတသိက် မရှိ-ဟုမှတ်။
စာမျက်နှာ-၁၂၅
အဟိရိကနှင့် အနောတ္တပ္ပအထူး
ထိုအဟိရိက, အနောတ္တပ္ပနှစ်ပါးတို့တွင် ရွာသူတို့၏ ဝက်သည် မစင်ကို မစက်ဆုပ်သကဲ့သို့ အဟိရိကသည် ကာယဒုစ္စရိုက် စသည်ကို မစက်ဆုပ်ခြင်း လက္ခဏာ ရှိ၏။ မီးကို ပိုးသည် မကြောက်မလန့်သကဲ့သို့ အနောတ္တပ္ပသည် ထိုကာယဒုစ္စရိုက် စသည်ကို မကြောက်လန့်ခြင်း လက္ခဏာ ရှိ၏။ ထို့ကြောင့် ရှေးဆရာတို့သည်—
ဇိဂုစ္ဆတိ နာဟိရီပါပါ, ဂူထာဝ သူကရော။
န ဘာယတိ အနောတ္တပ္ပံ, သလဘော ဝိယ ပါဝကာ။ ။ ဟု မိန့်ကုန်ပြီ။
အဓိပ္ပါယ်- ရွာသူတို့၏ ဝက်သည် မစင်ကို မစက်ဆုပ်တတ်သကဲ့သို့ အရှက်မရှိသော သူသည် မကောင်းမှုကို မစက်ဆုပ်တတ်၊ ပိုးနှံကောင်သည် မီးကို မကြောက်မလန့်သကဲ့သို့ အကြောက်အလန့် ဩတ္တပ္ပ မရှိသော သူသည် မကောင်းမှုကို မကြောက်တတ်။
ဥဒ္ဓစ္စစေတသိက်
မငြိမ်သက်သော စိတ်, စိတ်ရှိသောသူ၏ ဖြစ်ကြောင်းသည် ဥဒ္ဓစ္စ မည်၏၊ ထိုဥဒ္ဓစ္စသည် စိတ်၏ မငြိမ်သက်ခြင်း လက္ခဏာရှိ၏။ အဘယ်ကဲ့သို့နည်းဟူမူ၊ ကျောက်ခဲဖြင့် ခပ်မိ၍ အထက်သို့ တက်သော ကဲ့သို့တည်း။
လောဘစေတသိက်
လိုချင် တပ်မက်တတ်သောကြောင့် လောဘ မည်၏၊ ထိုလောဘသည် အာရုံ၌ မျောက်နှံစေးကဲ့သို့ အလွန်ကပ်ငြိတတ်သော လက္ခဏာ ရှိ၏။
စာမျက်နှာ-၁၂၆
ဆန္ဒနှင့် လောဘ တို့၏အထူး
အာရုံကို အလိုရှိကာမျှသည် ဆန္ဒ မည်၏၊ ထိုအာရုံ၌ အလွန် အလိုရှိခြင်းသည် လောဘ မည်၏၊ ဤသည်ကား ဆန္ဒနှင့် လောဘ အထူးတည်း။
ဒိဋ္ဌိစေတသိက်
ဒိဋ္ဌိသည် ဤငါ၏ အယူသာ မှန်၏၊ တပါးသော သူ၏ အယူသည် အချည်းနှီးသာတည်းဟု မှားသောအားဖြင့် နှလုံးသွင်းခြင်း လက္ခဏာ ရှိ၏။
ဉာဏ်နှင့် ဒိဋ္ဌိအထူး
ဉာဏ် [၂] နှင့် ဒိဋ္ဌိတို့၏ အထူးကား-ဉာဏ်သည် အာရုံကို ဟုတ်မှန်တိုင်းသော သဘောဖြင့် သိတတ်၏၊ ဒိဋ္ဌိသည် ဟုတ်မှန်သော သဘောကို စွန့်၍ မဟုတ်မမှန်သောအားဖြင့် ယူတတ်၏။ ဤသည်ကား ထိုဉာဏ် ဒိဋ္ဌိတို့၏ အထူးတည်း။
မာနစေတသိက်
ငါသည် မြတ်သူ ဖြစ်၏၊ ဤသို့ အစရှိသည်ဖြင့် ထင်မှတ်တတ်သောကြောင့် မာန မည်၏၊ ထိုမာနသည် ထောင်လွှားတက်ကြွခြင်း လက္ခဏာရှိ၏၊ ထို့ကြောင့် မာနကို မှန်ကင်းကဲ့သို့ ပြုလိုခြင်းလျှင် ထင်သော အခြင်းအရာရှိ၏-ဟု မိန့်တော်မူအပ်၏။
ဒေါသစေတသိက်
ပြစ်မှားတတ်သောကြောင့် ဒေါသ မည်၏၊ ထိုဒေါသသည် ကြမ်းတမ်းသည် အဖြစ်လျှင် လက္ခဏာရှိ၏၊ တုတ်ဖြင့် ခပ်မိသော မြွေဟောက်နှင့် တူ၏။
၁။ အာရုံကို အလိုရှိကာမျှ သဘောသည် ဆန္ဒ မည်၏၊ အာရုံကို တပ်မက်သောအားဖြင့် အလွန်အလိုရှိသောသဘောသည် လောဘ မည်၏၊ ဤကားအထူး။
၂။ ဉာဏ် သည် အာရုံကို ဟုတ်မှန်သောသဘောအားဖြင့် သိတတ်၏၊ ဒိဋ္ဌိ သည်မဟုတ် မမှန်သောအားဖြင့် ယူတတ်၏၊ ဤကားအထူး။
စာမျက်နှာ-၁၂၇
ဣဿာစေတသိက်
ငြူစူတတ်သောကြောင့် ဣဿာ [၁] မည်၏၊ ထိုဣဿာသည် သူတပါး စည်းစိမ်ချမ်းသာကို ငြူစူခြင်း လက္ခဏာ ရှိ၏။
မစ္ဆရိယစေတသိက်
မိမိစည်းစိမ်ကို ဝန်တိုသော သူ၏ အဖြစ်သည် မစ္ဆရိယ မည်၏၊ တနည်းကား-ဤအံ့ဘွယ်သရဲသည် တပါးသော သူတို့အား မဖြစ်ပါစေသတည်း၊ ငါ့အားသာ ဖြစ်ပါစေသတည်း၊ ဤသို့ ဖြစ်သော သဘောတရားသည် မစ္ဆရိယ မည်၏၊ ထိုမစ္ဆရိယသည် မိမိစည်းစိမ်ကို လျှို့ဝှက်ခြင်း လက္ခဏာရှိ၏။
ကုက္ကစ္စစေတသိက်
ပြုအပ်ပြီးသော ဒုစ္စရိုက်ကံ, မပြုလိုက်မိသော သုစရိုက်ကံသည် စက်ဆုပ်အပ်သော အမူအရာ ဖြစ်သောကြောင့် ကုက္ကုစ္စ မည်၏။ ထိုစကားမှန်၏၊ မပြုမိသော သုစရိုက်ကိုလည်း ကုက္ကုစ္စ-ဟု လူတို့ ခေါ်ဝေါ်ကြကုန်၏။ အဘယ်သို့ ခေါ်ကြသနည်းဟူမူ၊ အကြင် သုစရိုက်ကို ငါသည် မပြုအပ်သေး၊ ထိုသုစရိုက်သည် စက်ဆုပ်အပ်သောအမူအရာတည်းဟု ခေါ်ကြကုန်၏။ ဤကုက္ကုစ္စအရာ၌ကား ပြုအပ်ပြီးသော ဒုစ္စရိုက်, မပြုမိသော သုစရိုက်ကို အကြောင်းပြု၍ ဖြစ်သော နှလုံးမသာယာသော စိတ္တုပ္ပါဒ်သည် ကုက္ကုစ္စ မည်၏။ ထိုနှလုံးမသာယာသော စိတ္တုပ္ပါဒ်၏ အဖြစ်သည် ကုက္ကုစ္စ မည်၏။ ထိုကုက္ကုစ္စသည် ပြုအပ်ပြီးသော ဒုစ္စရိုက်, မပြုမိသော သုစရိုက်တို့ကို အာရုံပြုသောအားဖြင့် အဖန်တလဲလဲ စိုးရိမ်ခြင်း လက္ခဏာရှိ၏။
ထိန မိဒ္ဓစေတသိက်
စိတ်၏ အမှု၌ မခံ့ခြင်းသည် ထိန မည်၏၊ အားထုတ်ခြင်းကင်းသည်ဖြစ်၍ တွန့်တို ဆုတ်နစ်သည်အစွမ်းဖြင့် ပျင်းရိသည်
၁။ ဣဿာ သည် သူတပါး စည်းစိမ်ကို ငြူစူတတ်၏။ မစ္ဆရိယ ကား မိမိစည်းစိမ်ကို လျှို့ဝှက်တတ်၏၊ ဤကားအထူး။
စာမျက်နှာ-၁၂၈
အဖြစ်သည် ထိန မည်၏၊ စေတသိက်တို့၏ မခံ့ခြင်းသည် မိဒ္ဓ မည်၏၊ အစွမ်းသတ္တိကင်းသော စိတ်၏ အဖြစ်သည် မိဒ္ဓ မည်၏။ တနည်းကား—သမ္ပယုတ်တရားတို့၏ အစွမ်းသတ္တိ မရှိသည်အဖြစ်တည်းဟူသော ပင်ပန်းခြင်းသည်လည်း မိဒ္ဓ မည်၏။
ထိန မိဒ္ဓ အထူး
ထိုနှစ်ပါးတို့တွင် ထိန [၁] သည် စိတ်၏ အမှု၌ မခံ့ခြင်း လက္ခဏာရှိ၏၊ မိဒ္ဓသည် ဝေဒနာစသော ခန္ဓာသုံးပါး၏ အမှု၌ မခံ့ခြင်း လက္ခဏာရှိ၏၊ ဤကား ထိုထိနမိဒ္ဓတို့၏ အထူးတည်း။ ထို့ကြောင့် ဓမ္မသင်္ဂဏီပါဠိတော်၌-
တတ္ထ ကတမံ ထိနံ၊ ယာ စိတ္တဿ အကလ္လတာ အကမ္မညတာ။ တတ္ထ ကတမံ မိဒ္ဓံ၊ ယာ ကာယဿ အကလ္လတာ အကမ္မညတာ။ ဤသို့စသည်ဖြင့် ဤထိန, မိဒ္ဓတို့၏ နိဒ္ဒေသသည် ဖြစ်၏။ အဓိပ္ပါယ်ကား-ထိုထိနမိဒ္ဓတို့တွင် အဘယ်သည် ထိနမည်သနည်း၊ စိတ်၏ အကြင် အမှု၌ မခံ့သည်အဖြစ်သည် ရှိ၏၊ ထိုအမှု၌ မခံ့သည်အဖြစ်သည် ထိန မည်၏။ ထိုထိနမိဒ္ဓ နှစ်ပါးတို့တွင် အဘယ်သည် မိဒ္ဓ မည်သနည်း၊ ဝေဒနာစသော ခန္ဓာသုံးပါးအပေါင်း၏ အကြင်အမှု၌ မခံ့သည်အဖြစ်သည် ရှိ၏၊ ထိုအမှု၌ မခံ့သည်အဖြစ်သည် မိဒ္ဓ မည်၏။
စောဒနာဦးအံ့” ပါဠိတော်၌ “ကာယဿ”ဟု ဟောတော်မူသောကြောင့် ရူပကာယ၏လည်း အမှု၌ မခံ့သည်အဖြစ်သည် မိဒ္ဓ မည်၏၊ ထို့ကြောင့် ထိုမိဒ္ဓ၏လည်း ရုပ်အဖြစ်သည် ဖြစ်သင့်သည် မဟုတ်ပါလောဟူမူ၊ မဖြစ်သင့်၊ အဘယ့်ကြောင့် မဖြစ်သင့်ပါသနည်း-ဟူမူ၊ ထိုထိုသို့သော ကျမ်းတို့၌ ဆရာတို့သည် ဆောင်အပ်သော အကြောင်း၏ အစွမ်းဖြင့် ထိုမိဒ္ဓ၏ ရုပ်အဖြစ်ကို ပယ်မြစ်
၁။ စိတ်၏ မခံ့ခြင်းသည် ထိန မည်၏၊ စေတသိက်၏ မခံ့ခြင်းသည် မိဒ္ဓ မည်၏။
စာမျက်နှာ-၁၂၉
အပ်သောကြောင့် မဖြစ်သင့်၊ ထို့ကြောင့်ရုပ်သည် မိဒ္ဓ မည်၏-ဟု ယူကုန်သော ဆရာတို့၏ အယူကို တားမြစ်ခြင်းငှါ ထိုဆရာတို့၏ အယူကို ထားခြင်းလျှင် ရှေ့သွားရှိသော အကြောင်းကို အဋ္ဌကထာ စသည်တို့၌ ဆရာတို့သည် များစွာ ချဲ့ကြကုန်၏။ ဤဆိုလတ္တံ့သည်ကား ဤကျမ်း၌အကျဉ်းရုံး၍ ပြသော သင်္ဂဟဂါထာတည်း။
ဂါထာအဓိပ္ပါယ်
[က] အချို့ကုန်သော ဆရာတို့သည် မိဒ္ဓသည် ရုပ်မည်၏ဟု ဆိုကုန်၏၊ ထိုစကားသည် မသင့်၊ အဘယ့်ကြောင့် မသင့်သနည်းဟူမူ၊ ကာမစ္ဆန္ဒအစရှိသည်တို့ကဲ့သို့ မိဒ္ဓကိုလည်း မဂ်ဖြင့် ပယ်အပ်ကုန်သော နီဝရဏတရားတို့၌ မြတ်စွာဘုရားသည် ဟောတော်မူအပ်သောကြောင့် မသင့်။
[ခ] ထိုမိဒ္ဓကို မဂ်ဖြင့် ပယ်အပ်ကုန်သော နီဝရဏတရားတို့၌ ဟောအပ်၏၊ ရုပ်ကိုကား သောတာပတ္တိမဂ် အစရှိသည်ဖြင့် ပယ်အပ်၏-ဟု မဟောအပ်သောကြောင့် မသင့်။
[ဂ] ရဟန်းတို့ “ရုပ်သည် သင်တို့၏ ဥစ္စာမဟုတ်၊ ထိုရုပ်ကို သင်တို့သည် ပယ်ကြကုန်လော”ဟု မြတ်စွာဘုရားသည် ဟောတော်မူအပ်သည်အဖြစ်ကြောင့် ထိုသုတ်၌ ရုပ်၏လည်း ပယ်အပ်သည်အဖြစ်ဟု ဆိုအပ်သော အဓိပ္ပါယ်အမြှောက်သည် သင့်ခဲ့၏။
[ဃ] ထိုသုတ်၌ ထိုရုပ်လျှင် အာရုံရှိသော ဆန္ဒရာဂ ပယ်ခြင်းကို မြတ်စွာဘုရားသည် ဟောတော်မူအပ်၏၊ စင်စစ် ရုပ်ကို ပယ်ခြင်းငှါ မဟောအပ်၊ အဘယ့်ကြောင့်ဆိုသော် ထိုသုတ်၌ပင် “ယော ဆန္ဒရာဂက္ခေပေါ” စသည် အစရှိသော စကားကို မြတ်စွာဘုရား ဟောတော်မူသောကြောင့်တည်း။
[င] ရုပ် နာမ် ဖြစ်ကုန်သော မိဒ္ဓတို့တွင် နာမ်ဖြစ်သော မိဒ္ဓကို ထိုသုတ္တန်ပါဠိတော်၌ ဟောအပ်၏-ဟု တစုံတယောက်သော ဆရာသည် အကယ်၍ ဆိုငြားအံ့၊ ဤသို့ဆိုသည်ရှိသော် ထိုသုတ္တန်
စာမျက်နှာ-၁၃၀
“ဒ္ဓိပဟာယ”ဟု သာမညအားဖြင့်သော မြတ်စွာဘုရား ဟောတော်မူအပ်သောကြောင့် ရုပ်ဖြစ်သော မိဒ္ဓသည် မရှိ။
အကြင်မိဒ္ဓကို ရုပ်ဟူ၍ အရှင်သည် ကြံစည်အပ်၏။ ထိုရုပ်ဖြစ်သော မိဒ္ဓသည် နာမ်ဖြစ်သော မိဒ္ဓကဲ့သို့ မဖြစ်ပါ၊ နီဝရဏ မည်သင့်ရာ၏။ ထို့ကြောင့် ရုပ်မိ မဖြစ်သင့်ခြင်းကို ဆ၍ သိသင့်ရာ၏။ ထို့ကြောင့် ရုပ်သည် မိဒ္ဓ မဖြစ်သင့်။
သမ္ပယောဂ အဖြစ်ကို ဟောတော်မူခြင်းကြောင့်၎င်း ထိုမိဒ္ဓသည် ရုပ်မဖြစ်၊ ဤသို့ ဆုံးဖြတ်ခြင်းကို ပြုအပ်၏။ နာမ်ဖြစ်ကုန်သော ခန္ဓာတို့၏သာ အချင်းချင်း ယှဉ်ခြင်းကို ဆိုအပ်၏။ ထို့ကြောင့် ရုပ်သည် မိဒ္ဓ မမည်။
အရူပဘုံ၌ မိဒ္ဓ ဖြစ်သည်အဖြစ်ကို ဟောတော်မူခြင်းကြောင့် ရုပ်ဖြစ်သော မိဒ္ဓ မရှိသင့်။ ရဟန္တာတို့အား ကိုယ်၏ ကျင်နာခြင်းရှိသည်အဖြစ်ကြောင့် အိပ်ခြင်းသည် ဖြစ်ရာ၏။
သောဘဏစေတသိက်
သောဘဏသာဓာရဏ စေတသိက် ၁၉-ပါး။ သဒ္ဓါ, သတိ, ဟိရီ, ဩတ္တပ္ပံ, အလောဘော, အဒေါသော, တတြမဇ္ဈတ္တတာ, ကာယပဿဒ္ဓိ, စိတ္တပဿဒ္ဓိ, ကာယလဟုတာ, စိတ္တလဟုတာ, ကာယမုဒုတာ, စိတ္တမုဒုတာ, ကာယကမ္မညတာ, စိတ္တကမ္မညတာ, ကာယပါဂုညတာ, စိတ္တပါဂုညတာ, ကာယုဇုကတာ, စိတ္တုဇုကတာ စေတိ ဧကူနဝီသတိမေ စေတသိကာ သောဘဏသာဓာရဏာ နာမ။
(၁) ဘုရားအစရှိသော ကောင်းသော အာရုံ၌ သမ္ပယုတ်တရားတို့ကို ကြည်လင်စေခြင်း လက္ခဏာရှိသော သဒ္ဓါ စေတသိက်၎င်း၊
စာမျက်နှာ-၁၃၁
(၂) ဘုရားအစရှိသော ကောင်းသော အာရုံ၌ သမ္ပယုတ်တရားတို့ကို အောက်မေ့စေခြင်း လက္ခဏာရှိသော သတိ စေတသိက်၎င်း၊
(၃) ကာယဒုစ္စရိုက်စသည်မှ ရှက်ခြင်း လက္ခဏာရှိသော ဟိရီ စေတသိက်၎င်း၊
(၄) ကာယဒုစ္စရိုက်စသည်မှ လန့်ခြင်း လက္ခဏာရှိသော ဩတ္တပ္ပ စေတသိက်၎င်း၊
(၅) အာရုံ၌ လောဘအားဖြင့် မတပ်ခြင်း လက္ခဏာရှိသော အလောဘ စေတသိက်၎င်း၊
(၆) ကြမ်းတမ်းသောအားဖြင့် မပြစ်မှားခြင်း လက္ခဏာရှိသော အဒေါသ စေတသိက်၎င်း၊
(၇) ထိုထိုသို့သော အာရုံတို့၌ သမ္ပယုတ်တရားတို့ကို လျစ်လျူရှုစေခြင်း လက္ခဏာရှိသော တတြမဇ္ဈတ္တတာ စေတသိက်၎င်း၊
(၈) စေတသိက်တို့၏ ငြိမ်းခြင်း လက္ခဏာရှိသော ကာယပဿဒ္ဓိ စေတသိက်၎င်း၊
(၉) စိတ်၏ ငြိမ်းခြင်း လက္ခဏာရှိသော စိတ္တပဿဒ္ဓိ စေတသိက်၎င်း၊
(၁၀) စေတသိက်တို့၏ ပေါ့ခြင်း လက္ခဏာရှိသော ကာယလဟုတာ စေတသိက်၎င်း၊
(၁၁) စိတ်၏ ပေါ့ခြင်း လက္ခဏာရှိသော စိတ္တလဟုတာ စေတသိက်၎င်း၊
(၁၂) စေတသိက်တို့၏ နူးညံ့ခြင်း လက္ခဏာရှိသော ကာယမုဒုတာ စေတသိက်၎င်း၊
(၁၃) စိတ်၏ နူးညံ့ခြင်း လက္ခဏာရှိသော စိတ္တမုဒုတာ စေတသိက်၎င်း၊
(၁၄) စေတသိက်တို့၏ အမှု၌ ကောင်းသော အဖြစ်လျှင် လက္ခဏာရှိသော ကာယကမ္မညတာ စေတသိက်၎င်း၊
စာမျက်နှာ-၁၃၂
(၁၅) စိတ်၏ အမှု၌ ကောင်းသော အဖြစ်လျှင် လက္ခဏာရှိသော စိတ္တကမ္မညတာ စေတသိက်၎င်း၊
(၁၆) စေတသိက်တို့၏ လေ့လာခြင်း လက္ခဏာရှိသော ကာယပါဂုညတာ စေတသိက်၎င်း၊
(၁၇) စိတ်၏ လေ့လာခြင်း လက္ခဏာရှိသော စိတ္တပါဂုညတာ စေတသိက်၎င်း၊
(၁၈) စေတသိက်တို့၏ ဖြောင့်စွာဖြစ်ခြင်း လက္ခဏာရှိသော ကာယုဇုကတာ စေတသိက်၎င်း၊
(၁၉) စိတ်၏ ဖြောင့်စွာဖြစ်ခြင်း လက္ခဏာရှိသော စိတ္တုဇုကတာ စေတသိက်၎င်း၊ ဤသို့ တခုယုတ် နှစ်ဆယ်ကုန်သော ဤစေတသိက်တို့သည် အလုံးစုံသော သောဘဏစိတ်နှင့် ယှဉ်သည်, ဆက်ဆံသည်အဖြစ်ကြောင့် သောဘဏသာဓာရဏ စေတသိက် မည်ကုန်၏။
သောဘဏသာဓာရဏ စေတသိက် ၁၉-ပါး အဖွင့်
သဒ္ဓါအဖွင့်။ ။ယုံကြည်တတ်သောကြောင့် ဘုရားစသည်တို့၌ ကြည်ညိုခြင်းသည် သဒ္ဓါ မည်၏။ ထိုသဒ္ဓါသည် သမ္ပယုတ်တရားတို့ကို ကြည်လင်စေခြင်း လက္ခဏာရှိ၏။ အဘယ်နှင့်တူပါသနည်းဟူမူ၊ ရေနောက်ကို ကြည်စေနိုင်သော စကြဝတေးမင်း၏ ပတ္တမြားရတနာနှင့် တူ၏။
သတိအဖွင့်။ ။အောက်မေ့ခြင်း၊ မမေ့မလျော့ခြင်းသည် သတိ မည်၏။ ထိုသတိသည် သမ္ပယုတ်တရားတို့ကို အောက်မေ့စေခြင်း လက္ခဏာရှိ၏။
၁-ရှေး၌ ယူအပ်ပြီးသော အာရုံကို အမှတ်အသားမပြုမူ၍ သိမှုသည် သညာ မည်၏။ ရှေးဦးစွာ ယူအပ်ပြီးသော အာရုံကိုဖြစ်စေ, မယူအပ်သေးသော အာရုံကိုဖြစ်စေ, အမှတ်မပြုဘဲ ပြဓာန်းသောအားဖြင့် ထင်မြင်လာမှုသည် သတိ မည်၏။ ဤကားအထူးတည်း။
စာမျက်နှာ-၁၃၃
ဟိရီအဖွင့်။ ။ကာယဒုစ္စရိုက်စသည်တို့ကို စက်ဆုပ်တတ်သောကြောင့် ဟိရီ မည်၏။ ထိုဟိရီစေတသိက်သည် မကောင်းမှုကို စက်ဆုပ်ခြင်း လက္ခဏာရှိ၏။
ဩတ္တပ္ပအဖွင့်။ ။ကာယဒုစ္စရိုက်စသည်မှ ထိတ်လန့်တတ်သောကြောင့် ဩတ္တပ္ပ မည်၏။ ထိုဩတ္တပ္ပသည် မကောင်းမှုကို ထိတ်လန့်ခြင်း လက္ခဏာရှိ၏။
ဟိရီနှင့်ဩတ္တပ္ပအထူး။ ။မိမိကိုယ်ကို ရိုသေသည်၏အစွမ်းဖြင့် မကောင်းမှုကို စက်ဆုပ်တတ်သောကြောင့် ဟိရီ မည်၏။ ၎င်းဟိရီသည် အမျိုးသမီးနှင့်တူ၏။ သူတစ်ပါးကို ရိုသေသည်၏အစွမ်းဖြင့် မကောင်းမှုကို ထိတ်လန့်တတ်သောကြောင့် ဩတ္တပ္ပ မည်၏။ ထိုဩတ္တပ္ပသည် ပြည့်တန်ဆာမနှင့်တူ၏။
အလောဘအဖွင့်။ ။လာဘ၏ ဆန့်ကျင်ဘက်ဖြစ်သော တရားသည် အလောဘ မည်၏။ ထိုအလောဘသည် အာရုံ၌ စိတ်၏ မကပ်ငြိခြင်း လက္ခဏာရှိ၏။ အဘယ်နှင့်တူပါသနည်းဟူမူ၊ ကိလေသာမှ လွတ်ပြီးသော ရဟန်းနှင့် တူ၏။
အဒေါသအဖွင့်။ ။ဒေါသ၏ ဆန့်ကျင်ဘက်ဖြစ်သော တရားသည် အဒေါသ မည်၏။ ထိုအဒေါသသည် အာရုံ၌ မကြမ်းတမ်းခြင်း လက္ခဏာရှိ၏။
၁-အမျိုးသမီး ကဲ့သို့ မိမိဂုဏ်ကို အလေးပြု၍ မကောင်းမှုမှ ရှောင်ကြဉ်ခြင်းသည် ဟိရီ မည်၏။
၂-ပြည့်တန်ဆာမ ကဲ့သို့ တပါးသော မိတ်ဆွေ သင်္ဂဟစသည်ကို ငဲ့၍ မကောင်းမှုမှ ရှောင်ကြဉ်ခြင်းသည် ဩတ္တပ္ပ မည်၏၊ ဤကားအထူး။
စာမျက်နှာ-၁၃၄
အဘယ်နှင့်တူပါသနည်းဟူမူ၊ လျောက်ပတ်သော အဆွေခင်ပွန်းကောင်းနှင့် တူ၏။
တတြမဇ္ဈတ္တတာအဖွင့်။ ။ထိုထိုတရားတို့၌ လျစ်လျူရှုသည်အဖြစ်သည် တတြမဇ္ဈတ္တတာ မည်၏။ ထိုတတြမဇ္ဈတ္တတာသည် စိတ်စေတသိက်တို့ကို လျစ်လျူရှုခြင်း လက္ခဏာရှိ၏။ အဘယ်နှင့်တူသနည်းဟူမူ၊ အညီအညွတ်ဖြစ်ကုန်သော မြင်းတို့ကို လျစ်လျူရှုတတ်သော ရထားထိန်းနှင့် တူ၏။
ကာယပဿဒ္ဓိ, စိတ္တပဿဒ္ဓိအဖွင့်။ ။ဝေဒနာအစရှိသော စေတသိက်အပေါင်း၏ ငြိမ်းခြင်းသည် ကာယပဿဒ္ဓိ မည်၏။ စိတ်၏ငြိမ်းခြင်းသည် စိတ္တပဿဒ္ဓိ မည်၏။ ထိုကာယပဿဒ္ဓိ, စိတ္တပဿဒ္ဓိ ၂-ပါးတို့သည် စေတသိက်စိတ်တရားတို့၏ ပူပန်ခြင်းမှ ငြိမ်းခြင်း လက္ခဏာရှိကုန်၏။
ကာယလဟုတာ, စိတ္တလဟုတာအဖွင့်။ ။ဝေဒနာအစရှိသော စေတသိက်အပေါင်း၏ ပေါ့သည်အဖြစ်သည် ကာယလဟုတာ မည်၏။ ထို့အတူ စိတ်၏ပေါ့သည်အဖြစ်သည် စိတ္တလဟုတာ မည်၏။ ထိုကာယလဟုတာ, စိတ္တလဟုတာတို့သည် စေတသိက်, စိတ်တို့၏ လေးသည်အဖြစ်မှ ငြိမ်းခြင်း လက္ခဏာရှိကုန်၏။
ကာယမုဒုတာ, စိတ္တမုဒုတာအဖွင့်။ ။ဝေဒနာအစရှိသော စေတသိက်အပေါင်း၏ နူးညံ့သည်အဖြစ်သည် ကာယမုဒုတာ မည်၏။ ထို့အတူ စိတ်၏နူးညံ့သည်အဖြစ်သည် စိတ္တမုဒုတာ မည်၏။ ထိုကာယမုဒုတာ, စိတ္တမုဒုတာတို့သည် ဝေဒနာအစရှိသော စေတသိက်အပေါင်းနှင့် စိတ်တို့၏ ခက်ထန်ရှိသည်အဖြစ်မှ ငြိမ်းခြင်း လက္ခဏာရှိ၏။
စာမျက်နှာ-၁၃၅
ကာယကမ္မညတာ, စိတ္တကမ္မညတာအဖွင့်။ ။အမှု၌ ကောင်းခြင်းသည် ကမ္မည မည်၏။ ထိုအမှု၌ ကောင်းသည်၏အဖြစ်သည် ကမ္မညတာ မည်၏။ ဝေဒနာအစရှိသော စေတသိက်တို့၏ အမှု၌ ကောင်းသည်အဖြစ်သည် ကာယကမ္မညတာ မည်၏။ ထို့အတူ စိတ်၏အမှု၌ ကောင်းသည်အဖြစ်သည် စိတ္တကမ္မညတာ မည်၏။ ထိုကာယကမ္မညတာ, စိတ္တကမ္မညတာ နှစ်ပါးတို့သည် ဝေဒနာစသော စေတသိက်အပေါင်း, စိတ်တို့၏ အမှု၌ မကောင်းသည်အဖြစ်, မခြုံသည်အဖြစ်မှ ငြိမ်းခြင်း လက္ခဏာရှိကုန်၏။
ကာယပါဂုညတာ, စိတ္တပါဂုညတာအဖွင့်။ ။လေ့လာသည်၏အဖြစ်သည် ပါဂုည မည်၏။ ထိုပါဂုညပုဒ်သည်ပင်လျှင် ပါဂုညတာ မည်၏။ ဝေဒနာအစရှိသော စေတသိက်အပေါင်း၏ လေ့လာသည်အဖြစ်သည် ကာယပါဂုညတာ မည်၏။ ထို့အတူ စိတ်၏လေ့လာသည်အဖြစ်သည် စိတ္တပါဂုညတာ မည်၏။ ထိုကာယပါဂုညတာ, စိတ္တပါဂုညတာတို့သည် စေတသိက်, စိတ်တို့၏ အနာရှိသောစိတ်၏အဖြစ်ဟုဆိုအပ်သော မသဒ္ဓါခြင်းအစရှိသော ကိလေသာတို့ကို ငြိမ်းစေခြင်း လက္ခဏာရှိကုန်၏။
ကာယုဇုကတာ, စိတ္တုဇုကတာအဖွင့်။ ။ဝေဒနာအစရှိသော စေတသိက်အပေါင်း၏ ဖြောင့်စွာဖြစ်သည်အဖြစ်သည် ကာယုဇုကတာ မည်၏။ ထို့အတူ စိတ်၏ဖြောင့်စွာဖြစ်သည်၏အဖြစ်သည် စိတ္တုဇုကတာ မည်၏။ ထိုကာယုဇုကတာ, စိတ္တုဇုကတာတို့သည် စေတသိက်, စိတ်တို့၏ ဖြောင့်သည်အဖြစ်လျှင် လက္ခဏာရှိကုန်၏။
အစဉ်အတိုင်း ထိုကာယပဿဒ္ဓိအစရှိသည်တို့သည် ကိုယ်, စိတ်တို့၏ ခက်ထန်ရှိခြင်းအစရှိသည်ကို ပြုတတ်သော ဓာတ်ချောက်ချားခြင်း၏ ဆန့်ကျင်ဘက်ဖြစ်ကုန်သော အကြောင်း
စာမျက်နှာ-၁၃၆
တို့ကြောင့် ဖြစ်ကုန်၏။ ဤအရာ၌ ကာယ-အရ ဝေဒနာအစရှိသော စေတသိက်ခန္ဓာသုံးပါးကို ယူရ၏။
နှစ်ပါးစုံအားဖြင့် ဟောရသောအကြောင်း
ကာယစိတ္တ နှစ်ပါးစုံအားဖြင့်ရပုံကား—အကျင့်ကြောင့် နှစ်ပါးနှစ်ပါးကုန်သော ထိုတရားတို့သည် တပေါင်းတည်းဖြစ်၍ အကြင်အကြင် မိမိတို့၏ဥစ္စာဖြစ်သော ဆန့်ကျင်ဘက်ဖြစ်ကုန်သော တရားတို့ကို ပယ်ဖျက်တတ်ကုန်၏။ ထို့ကြောင့် ဤအရာ၌ နှစ်ပါးအပြားရှိသည်အဖြစ်ကို မိန့်ဆိုအပ်၏။ သမာဓိစသော တရားတို့၌ကား မဆိုအပ်ကုန်။ (တနည်းကား—စိတ္တပဿဒ္ဓိအစရှိသည်တို့ဖြင့် စိတ်၏သာလျှင် ငြိမ်းခြင်းစသည်အဖြစ်သည်ဖြစ်၏၊ ကာယပဿဒ္ဓိအစရှိသည်တို့ဖြင့်ကား ထိုကာယပဿဒ္ဓိအစရှိသည်တို့ကြောင့်ဖြစ်သော မွန်မြတ်သော စိတ္တဇရုပ် ပျံ့နှံ့ခြင်း၏အစွမ်းဖြင့် ရူပကာယ၏လည်း ငြိမ်းခြင်းအစရှိသော အဖြစ်သည်ဖြစ်၏။ ထို့ကြောင့် ထိုထိုညိုသော အကျိုးကိုပြခြင်းငှါ ဤကာယပဿဒ္ဓိအစရှိသည် နှစ်ပါးနှစ်ပါးအပြားရှိသည်အဖြစ်ကို မိန့်ဆိုအပ်၏။)
အလုံးစုံကုန်သော သောဘဏစိတ်တို့၌ အမြဲဖြစ်သောကြောင့် ဆက်ဆံသော, ယှဉ်သော စေတသိက်တို့သည် သောဘဏသာဓာရဏ စေတသိက် မည်ကုန်၏။
၁-သဒ္ဓါစသော စေတသိက်တို့သည်ကား တပါးစီသာ အကုသိုလ်တရားတို့ကို ပယ်နိုင်ကုန်၏၊ ကာယပဿဒ္ဓိစသော စေတသိက်များကား နှစ်ပါးစီတွဲ၍သာ ဆန့်ကျင်ဘက် အကုသိုလ်တရားတို့ကို ပယ်နိုင်သောကြောင့် နှစ်ပါးစီတွဲ၍ ဟောတော်မူ၏။
တနည်း–စိတ္တပဿဒ္ဓိစသည်တို့ဖြင့် စိတ်၏ငြိမ်းခြင်းစသည်သာ ဖြစ်၏၊ ကာယပဿဒ္ဓိစသည်တို့ဖြင့် ရုပ်၏လည်းငြိမ်းခြင်းစသည် ဖြစ်၏၊ ထို့ကြောင့် နှစ်ပါးစီတွဲ၍ ဟောရ၏။
၂-ခပ်သိမ်းသော သောဘဏစိတ် တခုယုတ် ခြောက်ဆယ်တို့နှင့် ယှဉ်သောကြောင့် သဒ္ဓါစသော စေတသိက်တို့သည် သောဘဏသာဓာရဏ စေတသိက် မည်ကုန်၏။
ပါဠိတော် အစဉ်အားလျော်စွာ သဒ္ဓါစသော စေတသိက်တို့ကို မိန့်ဆို၏။
စာမျက်နှာ-၁၃၇
ဝိရတိစေတသိက် ၃-ပါး
၇။ ။သမ္မာဝါစာ, သမ္မာကမ္မန္တော, သမ္မာအာဇီဝေါ စေတိ တိဿော ဝိရတိယော နာမ။
(၁) အာဇီဝဟေတုကို ငဲ့မူ၍၊ ဝါ-အသက်မွေးခြင်းလျှင် အကြောင်းမရှိသော မုသာဝါဒ, ပိသုဏဝါစာ, ဖရုသဝါစာ, သမ္ဖပ္ပလာပတည်းဟူသော ဝစီဒုစ္စရိုက်လေးပါးမှ ရှောင်ကြဉ်ခြင်း လက္ခဏာရှိသော သမ္မာဝါစာ စေတသိက်၎င်း၊
(၂) အာဇီဝဟေတုကို ငဲ့မူ၍၊ ဝါ-အသက်မွေးခြင်းလျှင် အကြောင်းမရှိသော ပါဏာတိပါတ, အဒိန္နာဒါန, ကာမေသုမိစ္ဆာစာရတည်းဟူသော ကာယဒုစ္စရိုက် ၃-ပါးမှ ရှောင်ကြဉ်ခြင်း လက္ခဏာရှိသော သမ္မာကမ္မန္တ စေတသိက်၎င်း၊
(၃) အာဇီဝဟေတုကို ငဲ့၍ ဝါ-အသက်မွေးခြင်းလျှင် အကြောင်းရှိသော ဝစီဒုစ္စရိုက် ၄-ပါး, ကာယဒုစ္စရိုက် ၃-ပါးမှ ရှောင်ကြဉ်ခြင်း လက္ခဏာရှိသော သမ္မာအာဇီဝ စေတသိက်၎င်း၊ ဤသို့ ၃-ပါးကုန်သော ဤစေတသိက်တို့သည် ဝိရတိစေတသိက်ဟူသော အမည်ရှိကုန်၏။
ဝိရတိ ၃-ပါးအဖွင့်
ဤသဘောတရားဖြင့် ကောင်းစွာဆိုတတ်ကုန်၏၊ ထိုသို့ဆိုကြောင်းဖြစ်သောကြောင့် ဝစီဒုစ္စရိုက်လေးပါးမှ ရှောင်ကြဉ်ခြင်းသည် သမ္မာဝါစာ မည်၏။ ထိုသမ္မာဝါစာ ဝိရတိသည်—
၁-အသက်မွေးမှုကို ငဲ့၍ ဝစီဒုစ္စရိုက်, ကာယဒုစ္စရိုက် ၇-ပါးမှ ရှောင်ကြဉ်ခြင်းသည် သမ္မာဝါစာ, သမ္မာကမ္မန္တ မည်၏။
စာမျက်နှာ-၁၃၈
(၁) ချွတ်လွဲသောစကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း၊
(၂) အချစ်ကို ပျက်စေတတ်သော ဂုံးချောသောစကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း၊
(၃) ရုန့်ရင်းကြမ်းတမ်းသောစကားကို ဆိုခြင်းမှ ရှောင်ကြဉ်ခြင်း၊
(၄) အကျိုးမရှိသောစကားကို ဆိုခြင်းမှ ရှောင်ကြဉ်ခြင်း၊ ဤသို့လေးပါးအပြားရှိ၏။
ကမ္မ-ပုဒ်သည်ပင်လျှင် ကမ္မန္တ မည်၏၊ အဘယ်ပုဒ်တို့ကဲ့သို့နည်းဟူမူ၊ “သုတ္တန္တဝန” အစရှိသော ပုဒ်တို့ကဲ့သို့တည်း။ ကောင်းစွာဖြစ်သော ကာယကံဟူသော ကာယဒုစ္စရိုက် ၃-ပါးမှ ရှောင်ကြဉ်သော ဝိရတိသည် သမ္မာကမ္မန္တ မည်၏။ ထိုသမ္မာကမ္မန္တ ဝိရတိသည် (၁) သူ၏အသက်သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း, (၂) သူ မပေးသောသူ၏ဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြဉ်ခြင်း, (၃) သူ့မယားကို လွန်ကျူးခြင်းမှ ရှောင်ကြဉ်ခြင်းဟူ၍ သုံးပါးအပြားရှိ၏။
ဤသဘောတရားဖြင့် ကောင်းစွာအသက်မွေးတတ်ကုန်၏၊ ထိုသို့အသက်မွေးကြောင်းဖြစ်သောကြောင့် မိစ္ဆာဇီဝမှ ရှောင်ကြဉ်ခြင်းဝိရတိသည် သမ္မာအာဇီဝ မည်၏။ ထိုသမ္မာအာဇီဝသည် အသက်မွေးမှုဟူသော အကြောင်းရှိသော ကာယဒုစ္စရိုက်သုံးပါး, ဝစီဒုစ္စရိုက်လေးပါးမှ ရှောင်ကြဉ်သည်အစွမ်းဖြင့် ၇-ပါးအပြားရှိ၏။ တနည်း–အံ့ဖွယ်သရဲကို ဖြစ်စေခြင်း, မိမိကိုယ်ကို ချီးမြှောက်၍ပြောခြင်း အစရှိသော မိစ္ဆာဇီဝမှ ရှောင်ကြဉ်သည်အစွမ်းဖြင့် များသောအပြားရှိ၏။ ဤဝိရတိသည်
၁-အသက်မွေးမှုကို ငဲ့၍ ၎င်းဒုစ္စရိုက် ၇-ပါးမှ ရှောင်ကြဉ်ခြင်းသည် သမ္မာအာဇီဝ မည်၏။
အတိတ်, အနာဂတ်, ပစ္စုပ္ပန် ကာလသုံးပါးတို့တွင် အတိတ်ဖြစ်သော ဒုစ္စရိုက်ကို မရှောင်ကြဉ်နိုင်၊ ပစ္စုပ္ပန်ဒုစ္စရိုက်ကို၎င်း, ပြုလတံ့သော ဒုစ္စရိုက်ကို၎င်း အာရုံပြု၍ ရှောင်ကြဉ်နိုင်၏။
အသက်မွေးကြောင်းမဟုတ်သော မိစ္ဆာဝါစာနှင့် မိစ္ဆာကမ္မန္တ ၂-ပါးသည် ဒုစ္စရိုက်သာမည်၏၊ ဒုရာဇီဝ မမည်၊ အသက်မွေးခြင်း၏အကြောင်းဖြစ်သော မိစ္ဆာဇီဝအကုသိုလ်သည် ဒုရာဇီဝ မည်၏—ဟုမှတ်။
စာမျက်နှာ-၁၃၉
သုံးပါးအပြားရှိသော်လည်း အသီးအသီး သမ္ပတ္တဝိရတိ, သမ္မာဒါနဝိရတိ, သမုစ္ဆေဒဝိရတိတို့၏အစွမ်းအားဖြင့်လည်း သုံးပါးအပြားရှိ၏။ ဆိုအပ်ပြီးသော ဒုစ္စရိုက်တို့မှ ရှောင်ကြဉ်တတ်သောကြောင့် ဝိရတိ မည်ကုန်၏။
အပ္ပမညာစေတသိက် ၂-ပါး
၈။ ။ကရုဏာ, မုဒိတာ အပ္ပမညာယော နာမာတိ။ သဒ္ဓါ ပညိန္ဒိယေန သဒ္ဓါ ပဉ္စဝီသတိမေ စေတသိကာ သောဘဏာတိ ဝေဒိတဗ္ဗာ။
(၁) အတိုင်းမသိသော ဒုက္ခိတသတ္တဝါပညတ်ကို အာရုံပြု၍ သနားခြင်း လက္ခဏာရှိသော ကရုဏာ စေတသိက်၎င်း၊
(၂) အတိုင်းမသိသော သုခိတသတ္တဝါပညတ်ကို အာရုံပြု၍ ဝမ်းမြောက်ခြင်း လက္ခဏာရှိသော မုဒိတာ စေတသိက်၎င်း၊ ဤသို့ ဤစေတသိက်တို့သည် အပ္ပမညာ စေတသိက်မည်ကုန်၏။ ဤသို့ ခပ်သိမ်းသော အခြင်းအရာအားဖြင့် ပညိန္ဒြေမည်သော အမောဟစေတသိက်နှင့်တကွ ၂၅-ပါးကုန်သော ဤစေတသိက်တို့ကို သောဘဏစေတသိက်မည်ကုန်၏-ဟူ၍ သိအပ်ကုန်၏။
အပ္ပမညာစေတသိက် ၂-ပါးအဖွင့်
ကရုဏာ။ ။သူတစ်ပါးကို ဒုက္ခဖြစ်သည်ရှိသော် သူတော်ကောင်းတို့၏ နှလုံးပင်ပန်းခြင်းကို ဖြစ်စေတတ်သောကြောင့် ကရုဏာ မည်၏။ တနည်းကား-သူတစ်ပါး၏ဒုက္ခကို ပယ်တတ်သောကြောင့်လည်း
၁-တင့်တယ် ကောင်းမြတ်သော သဘောတရားများ ဖြစ်သောကြောင့် သောဘဏ စေတသိက် မည်ကုန်၏။
စာမျက်နှာ-၁၄၀
ကရုဏာ မည်၏။ တနည်းကား-သူတစ်ပါးတို့၏ဒုက္ခကို ဖျက်ဆီးတတ်သောကြောင့်လည်း ကရုဏာ မည်၏။ တနည်းကား-ဆင်းရဲရောက်ကုန်သောသူတို့၌ ဖြန့်အပ်သောကြောင့်လည်း ကရုဏာ မည်၏။ ထိုကရုဏာသည် သူတစ်ပါး၏ဒုက္ခကို ပယ်ဖျောက်လိုသောသူ၏အဖြစ်ဟူသော လက္ခဏာရှိ၏။ အဘယ့်ကြောင့်ဆိုသော် ထိုကရုဏာဖြင့် သူတစ်ပါး၏ဒုက္ခကို ပယ်သည်မူလည်းဖြစ်စေ, မပယ်သည်မူလည်းဖြစ်စေ, ထိုဒုက္ခကို ပယ်လိုသော အခြင်းအရာအားဖြင့်သာလျှင် ထိုကရုဏာသည်ဖြစ်သောကြောင့်တည်း။
မုဒိတာ။ ။သမ္ပယုတ်တရားတို့သည် ထိုသဘောတရားဖြင့် ဝမ်းမြောက်တတ်ကုန်၏၊ ထိုသို့ ဝမ်းမြောက်ကြောင်းဖြစ်သောကြောင့် မုဒိတာ မည်၏။ ထိုမုဒိတာသည် သူတစ်ပါး၏စည်းစိမ်ဥစ္စာကို အာရုံပြု၍ ဝမ်းမြောက်ခြင်း လက္ခဏာရှိ၏။
အတိုင်းမသိသောသတ္တဝါလျှင် အာရုံရှိသောကြောင့် အပ္ပမာဏ မည်၏၊ ထိုအပ္ပမာဏသဒ္ဒါသည်ပင် အပ္ပမညာ မည်၏။ စောဒနာဦးအံ့- အပ္ပမညာတို့သည် လေးပါးအပြားရှိကုန်၏-ဟု မိန့်ဆိုလတံ့မဟုတ်လော။ ဤအရာ၌ အဘယ့်ကြောင့် အပ္ပမညာကို နှစ်ပါးသာ မိန့်အပ်ပါသနည်းဟူမူ၊ ဆိုအပ်ပြီးသော အဒေါသစေတသိက်, တတြမဇ္ဈတ္တတာစေတသိက်တို့ဖြင့် မေတ္တာနှင့် ဥပေက္ခာတို့ကို ယူအပ်ပြီးသောကြောင့် ၂-ပါးသာ ဆိုအပ်၏-ဟူလို။
၁-အတိုင်းအရှည်မရှိသော အနန္တ ဒုက္ခိတသတ္တဝါ, သုခိတသတ္တဝါတို့ကို အာရုံပြု၍ ဖြစ်သော စေတသိက်တို့သည် အပ္ပမညာ မည်ကုန်၏-ဟုမှတ်။
အပ္ပမညာတရားတို့သည် လေးပါးရှိကုန်သော်လည်း အဒေါသစေတသိက်ဖြင့် မေတ္တာကို, တတြမဇ္ဈတ္တတာစေတသိက်ဖြင့် ဥပေက္ခာကို သိမ်းယူပြီးသောကြောင့် ဤသို့ မဆိုပါဘဲ ကြွင်းသော ၂-ပါးသော စေတသိက်တို့ကိုသာ မိန့်ဆိုအပ်ကုန်၏။
စာမျက်နှာ-၁၄၁
ထိုစကားထင်ရှားအောင် ဘော်ပြဦးအံ့၊ အဒေါသသည်ပင်လျှင် သတ္တဝါတို့၌-ဝ-သတ္တဝါတို့၏ အကျိုးစီးပွားကို အလိုရှိသည်အစွမ်းဖြင့် ဖြစ်သောကြောင့် မေတ္တာ မည်၏။ တတြမဇ္ဈတ္တတာသည်ပင်လျှင် ထိုသတ္တဝါတို့၌ အမျက်ထွက်ခြင်း, ချစ်ခြင်းမှ ငြိမ်းစေသည်အစွမ်းဖြင့် ဖြစ်သောကြောင့် ဥပေက္ခာ မည်၏။ ထို့ကြောင့် ရှေးဆရာတို့သည်
အဗျာပါဒေန မေတ္တာ ဟိ၊ တတြမဇ္ဈတ္တတာယ စ။
ဥပေက္ခာ ဂဟိတာ ယသ္မာ၊ တသ္မာ နု ဂဟိတာ ဥဘော။ ဟု မိန့်ဆိုကုန်၏။
အဓိပ္ပာယ်ကား အကျင့်ကြောင့် အဒေါသဖြင့် မေတ္တာကို ယူအပ်၏၊ တတြမဇ္ဈတ္တတာဖြင့် ဥပေက္ခာကို ယူအပ်၏၊ ထို့ကြောင့် နှစ်ပါးကုန်သော မေတ္တာနှင့် ဥပေက္ခာတို့ကို ဤ၌ မယူအပ်ကုန်-ဟူလို။
ပညိန္ဒြေ။ ။အပြားအားဖြင့် သိတတ်, အနိစ္စအစရှိသော အစွမ်းဖြင့် ထိုးထွင်း၍ သိတတ်သောကြောင့် ပညာ မည်၏။ ထိုပညာသည်ပင် အကြင်အကြင်ရှိသောသဘောကို ထိုးထွင်း၍ သိခြင်း၌ အစိုးရသည်အဖြစ်နှင့် ယှဉ်သည်ဖြစ်၍ မည်သောကြောင့် ပညိန္ဒြေ မည်၏။
သညာ-ဝိညာဉ်-ပညာတို့၏အထူး။ ။ဤသို့ဖြစ်သော် သညာ, ဝိညာဉ်, ပညာတို့၏ ထူးသော အကြောင်းကား အဘယ်နည်း-ဟူမူ၊ ရှေးဦးစွာ သညာသည် အညို
၁-အညို, အဖြူ စသည်အစွမ်းဖြင့် သိရုံမျှသည် သညာသိ မည်၏။ အနိစ္စ စသော လက္ခဏာကို ထိုးထွင်း၍ မသိတတ်။
စာမျက်နှာ-၁၄၂
အစရှိသည်တို့၏ အစွမ်းဖြင့် သိရုံမျှကိုပြု၏, သိရုံမျှဖြစ်၏။ အနိစ္စစသော လက္ခဏာကို ထိုးထွင်း၍သိခြင်းကို မပြုနိုင်, ထိုးထွင်း၍မသိနိုင်။
ဝိညာဉ်သည်ကား အနိစ္စစသော လက္ခဏာကိုမူ ထိုးထွင်း၍သိခြင်းကို ပြီးစေ၏, ထိုးထွင်း၍သိနိုင်၏၊ လုံ့လပြု၍ မဂ်သို့ရောက်ခြင်း ငါမတတ်နိုင်။
ပညာသည်ကား သိရုံမျှပြု၍ သုံးပါးအပြားရှိသော အနိစ္စအစရှိသော လက္ခဏာကို ထိုးထွင်း၍ သိမှု, မဂ်သို့ရောက်စေမှုကို ပြုနိုင်၏။ ဤအရာ၌ သူငယ်, ရွာနေသူ, ရွှေပန်းထိမ်သည်တို့၏ ရွှေကို ထိုးထွင်း၍သိခြင်း ဥပမာကဲ့သို့တည်း။
သညာ-ဝိညာဉ်တို့၏ဖြစ်ပုံ
ဤသုံးပါးတို့တွင် ဉာဏဝိပ္ပယုတ်စိတ်၌ ယှဉ်သော သညာ၏ အခြင်းအရာကို ယူသည်အစွမ်းဖြင့် ဖြစ်သောအခါ၌ သညာသာ ပြဓာန်း၏, ဝိညာဉ်သည် မပြဓာန်း။ အခြင်းအရာကို ယူခြင်းမှ ကြွင်းသောအခါ၌ ဝိညာဉ်သည် ပြဓာန်း၏, အားကြီး၏၊ သညာသည် မပြဓာန်း။ ဉာဏသမ္ပယုတ်စိတ်၌ ယှဉ်ကုန်သော သညာ, ဝိညာဉ် နှစ်ပါးတို့သည်ကား မပြဓာန်းကုန်၊ ပညာတို့သာ အစဉ်လိုက်၍ ဖြစ်ကုန်၏။
“သဗ္ဗ” -ပုဒ်ကို “ပဉ္စဝီသတိ”-ပုဒ်နှင့် စပ်အပ်၏၊ ဝါ-စပ်၍ အနက်ပေးရမည်။
၁-ဝိညာဉ်သိကား အညို, အဖြူပုံစသည်ကို အကြောင်းနှင့်တကွလည်း သိ၏၊ အနိစ္စ စသော သဘောလက္ခဏာကိုလည်း သိ၏။ လုံ့လအားထုတ်၍ မဂ်, ဖိုလ်သို့ ရောက်စေခြင်းငှာ မတတ်နိုင်ချေ။
၂-ပညာသိကား အညိုပုံ, အဖြူပုံစသည်ကိုလည်း အကြောင်းနှင့်တကွ သိ၏၊ အနိစ္စ စသော သဘောကိုလည်း သိ၏၊ လုံ့လအားထုတ်၍ မဂ်သို့ရောက်ခြင်းလည်း တတ်နိုင်၏။ ရွှေကို ကလေးသိမှု, မိဘသိမှု, ရွှေပန်းထိမ်သည်သိမှုကဲ့သို့မှတ်။
“ဖောက်ပြန်သောအားဖြင့် သိမှုသည် ဒိဋ္ဌိသိ မည်၏၊ မဖောက်မပြန် ဟုတ်မှန်သောအားဖြင့် သိမှုသည် ပညာသိ မည်၏၊ ဒိဋ္ဌိသိမှုသည် ပညာသိမဟုတ်၊ မာယာသိ, တဏှာသိသာ မည်၏။
စာမျက်နှာ-၁၄၃
၉။ ။တေရသညသမာနာ စ, စုဒ္ဒသ အကုသလာ တထာ။ သောဘဏာ ပဉ္စဝီသတိ, ဝိညာဏာ ပစ္စရေ။
အကျယ်မှတပါး အကျဉ်းကို ဆိုဦးအံ့။ ဤမျှ အတိုင်းအရှည်ရှိသော စကားဖြင့် မိန့်ဆိုအပ်ကုန်သော စေတသိက်တို့ကို ၁၃-ပါးကုန်သော အညသမာန်းစေတသိက်တို့၎င်း, ၁၄-ပါးကုန်သော အကုသိုလ်စေတသိက်တို့၎င်း, ထိုမှတပါး ၂၅-ပါးကုန်သော သောဘဏစေတသိက်တို့၎င်း၊ ဤသို့ ၅၂-ပါးအပြားရှိကုန်၏-ဟူ၍ မိန့်ဆိုအပ်ကုန်၏။
၉။ ။“တေရသည”-အစရှိသော ဂါထာသည် သုံးပါးသော အစုရာသီတို့ဖြင့် ဆိုအပ်ကုန်သော စေတသိက်တို့ကို အကျဉ်းသိမ်း၍ပေါင်းသော ဂါထာတည်း။
သမ္ပယောဂနည်း ၁၆-ပါး
၁၀။ ။တေသံ စိတ္တာဝိယုတ္တာနံ, ယထာယောဂ မိတော ပရံ။ စိတ္တုပ္ပါဒေသု ပစ္စေကံ, သမ္ပယောဂေါ ပဝေစ္စတိ။
စိတ်၌ အမြဲယှဉ်ကုန်သော ထိုစေတသိက်တို့၏ စိတ်တို့၌ အသီးအသီး ယှဉ်နည်းကို ဤအကျဉ်းဆိုအပ်ပြီးသည်မှနောက်၌ ယှဉ်သင့်သည်အားလျော်စွာ အပြားအားဖြင့် ဆိုပေအံ့။
၁၀။ ။စိတ်နှင့်တကွ မကွဲမကွာ ယှဉ်တတ်သောကြောင့် စေတသိက်တို့သည် စိတ္တာယုတ္တ မည်ကုန်၏-ဟူသော အနက်ကို ဆိုလို၏။ ဖြစ်တတ်သောကြောင့် ဥပ္ပါဒ မည်၏။ စိတ်သည်သာလျှင် ဥပ္ပါဒ မည်သောကြောင့် စိတ္တုပ္ပါဒ မည်၏။ တပါးသော
စာမျက်နှာ-၁၄၄
အရာ၌ကား ယှဉ်သောစေတသိက်နှင့်တကွသော စိတ်ကို စိတ္တုပ္ပါဒ-ဟု ဆိုအပ်၏။ ဤတရားအပေါင်းဖြင့် စိတ်သည်ဖြစ်တတ်၏၊ ထိုသို့ဖြစ်ကြောင်းဖြစ်သော သတ္တိကြောင့် စေတသိက်တရားအပေါင်းသည် ဥပ္ပါဒ မည်၏၊ စိတ်၎င်း, ထိုစိတ်၏ဖြစ်ကြောင်းဖြစ်သော စေတသိက်၎င်း၊ ထို့ကြောင့် စိတ်နှင့် စေတသိက်သည် စိတ္တုပ္ပါဒ မည်၏။ ထိုစကားမှန်၏၊ သမာဟာရဝုတ္တိ၌လည်း အချို့အရာ၌ သဒ္ဓါပညာရှိတို့သည် ပုလ္လင်ကို အလိုရှိကုန်၏၊ စိတ်နှင့်တကွ မကွဲမကွာ ယှဉ်ကုန်သော ထိုစေတသိက်တို့၏ စိတ်တို့၌ အသီးအသီးယှဉ်နည်းကို ဤစေတသိက်သရုပ်ကို ဆိုပြီးသည်နောက်၌ ယှဉ်သင့်သည်အားလျော်စွာ ဆိုပေအံ့၊ ဤကား ပုဒ်တို့စပ်ခြင်း, အနက်ပေးခြင်းပင်တည်း။
ပကိဏ်းစေတသိက်တို့၏ယှဉ်
ဝိတက်ယှဉ်သော စိတ်များ
၁၃။ ။ပကိဏ္ဏကေသု ပန ဝိတက္ကော ဒွေပဉ္စဝိညာဏ ဝဇ္ဇိတ ကာမာဝစရစိတ္တေသု စေဝ ဧကာဒသသု ပဌမဈာနစိတ္တေသု စာတိ ပဉ္စပညာသစိတ္တေသု ဥပ္ပဇ္ဇတိ။ သဗ္ဗစိတ္တသာဓာရဏ စေတသိက်တို့၏ သမ္ပယောဂနည်းမှတပါး ပကိဏ်းစေတသိက်တို့၏ သမ္ပယောဂနည်းကို ဆိုဦးအံ့။ ပကိဏ်းစေတသိက်ခြောက်ခုတို့တွင် ရှေးဦးစွာ ဝိတက်စေတသိက်သည် ဒွေးပဉ္စဝိညာဏ်စိတ် ၁၀-ကို ကြဉ်အပ်ကုန်သော ကာမစိတ် ၄၄-ခုတို့၌၎င်း, ၁၁-ပါးကုန်သော ပဌမဈာန်နှင့် ယှဉ်သောစိတ်တို့၌၎င်း ဤ ၅၅-သောစိတ်တို့၌ ဖြစ်၏။
၁-ဝိတက်စေတသိက်သည် ဒွေးပဉ္စဝိညာဏ် ၁၀-ကြဉ်သော ကာမစိတ် ၄၄-ပါး, ပဌမဈာန် ၁၁-အားဖြင့် ၅၅-ပါးသော စိတ်၌ ယှဉ်၏။ ဒွေးပဉ္စဝိညာဏ် ၁၀, ဒုတိယဈာန်စိတ် ၁၁-ပါး, တတိယဈာန်စိတ် ၁၁-ပါး, စတုတ္ထဈာန်စိတ် ၁၁-ပါး, ပဉ္စမဈာန်စိတ် ၂၃-ပါးအားဖြင့် ၆၆-ပါးသော စိတ်တို့၌ မယှဉ်။
စာမျက်နှာ-၁၄၅
၁၃။ ။ထိုကြွင်းသော ကာမစိတ်တို့သည် ဒွေးပဉ္စဝိညာဏ်တို့ကို သဘောအားဖြင့် ဝိတက်နှင့်မယှဉ်သောကြောင့် ကြဉ်အပ်ကုန်၏။ ထို့ကြောင့် ထိုကြွင်းသော ကာမာဝစရစိတ် ၄၄-ပါးတို့သည် “ဒွေပဉ္စဝိညာဏဝဇ္ဇိတ” မည်ကုန်၏။ တနည်းအား-ထိုဒွေးပဉ္စဝိညာဏ်တို့သည် ထိုကြွင်းသော ကာမာဝစရစိတ်တို့ကို ကြဉ်အပ်ကုန်၏၊ ထို့ကြောင့် ထိုကြွင်းသော ကာမာဝစရစိတ် ၄၄-ပါးသည် “ဒွေပဉ္စဝိညာဏဝဇ္ဇိတ” မည်ကုန်၏။ ဝိတက်သည် ထို ၄၄-ပါးကုန်သော ကာမာဝစရစိတ်တို့၌၎င်း, ၁၁-ပါးကုန်သော ပဌမဈာန်နှင့် ယှဉ်သောစိတ်တို့၌၎င်း ဖြစ်၏၊ ကြွင်းသောစိတ်တို့၌ကား ဘာဝနာအစွမ်းဖြင့် ပယ်အပ်သောကြောင့် ဝိတက်မယှဉ်, မဖြစ်။ ဤကား အဓိပ္ပာယ်တည်း။
ဝိစာရယှဉ်သော စိတ်များ
၁၄။ ။ဝိစာရော ပန တေသု စေဝ ဧကာဒသသု ဒုတိယဈာနစိတ္တေသု စာတိ ဆသဋ္ဌိ စိတ္တေသု။ ဝိစာရစေတသိက်သည် ထိုဝိတက်ဖြစ်သော စိတ် ၅၅-ပါးတို့၌၎င်း, ၁၁-ပါးသော ဒုတိယဈာန်နှင့်ယှဉ်သောစိတ်တို့၌၎င်း ဤသို့ ၆၆-ပါးသော စိတ်တို့၌ ဖြစ်၏။
ဝိစာရယှဉ်သော စိတ်အဖွင့်
၁၄။ ။ထိုဝိတက်ယှဉ်သော စိတ် ၅၅-ပါးတို့၌၎င်း, ၁၁-ပါးသော ဒုတိယဈာန်နှင့်ယှဉ်သောစိတ်တို့၌၎င်း ဤ ၆၆-ပါးသော စိတ်တို့၌ ဝိစာရစေတသိက်သည် ဖြစ်၏။
၁-ဒွေးပဉ္စဝိညာဏ်စိတ်များသည် အာရုံငါးပါးကို သာမညသိမှုဖြစ်သဖြင့် အလွန်တရာ အားနည်း၍ အာရုံကို ကြံစည်နိုင်သော သဘောမျိုးမဟုတ်သောကြောင့် ၎င်းဒွေးပဉ္စဝိညာဏ်စိတ်၌ ဝိတက် မယှဉ်။
၂-ဒုတိယဈာန်။ပ။ ပဉ္စမဈာန် စိတ်များ၌ ဘာဝနာ၏ အစွမ်းအားဖြင့် ဝိတက်ကို ပယ်အပ်သောကြောင့် မယှဉ်။
စာမျက်နှာ-၁၄၆
အဓိမောက္ခစေတသိက်ယှဉ်သော စိတ်
၁၅။ ။အဓိမောက္ခော ဒွေပဉ္စဝိညာဏ, ဝိစိကိစ္ဆာသဟဂတ ဝဇ္ဇိတစိတ္တေသု။ အဓိမောက္ခစေတသိက်သည် ဒွေးပဉ္စဝိညာဏ် ၁၀-, ဝိစိကိစ္ဆာသဟဂုတ်သည် ကြဉ်အပ်ကုန်သော ၇၉-ပါးသော စိတ်တို့၌ ဖြစ်၏။
အဓိမောက္ခစေတသိက်ယှဉ်သော စိတ်အဖွင့်
၁၅။ ။ဒွေးပဉ္စဝိညာဏ်စိတ် ၁၀-တို့သည်၎င်း, ဝိစိကိစ္ဆာသဟဂုတ် ၁-ခုသည်၎င်း ဤ ၁၁-ပါးသောစိတ်တို့သည် ကြဉ်အပ်ကုန်သော ၇၉-ပါးသော စိတ်တို့၌ အဓိမောက္ခစေတသိက်သည် ဖြစ်၏။
ဝီရိယစေတသိက်ယှဉ်သော စိတ်
၁၆။ ။ဝီရိယံ ပဉ္စဒွါရာဝဇ္ဇန, ဒွေပဉ္စဝိညာဏ, သမ္ပဋိစ္ဆန, သန္တီရဏဝဇ္ဇိတ စိတ္တေသု။ ဝီရိယစေတသိက်သည် ပဉ္စဒွါရာဝဇ္ဇန်း, ဒွေးပဉ္စဝိညာဏ် ၁၀, သမ္ပဋိစ္ဆနဒွေး, သန္တီရဏ ၃-ခုသည် ကြဉ်အပ်ကုန်သော ၇၃-ပါးသော စိတ်တို့၌ ဖြစ်၏။
၁-အဓိမောက္ခစေတသိက်သည် စိတ်တခုယုတ် ကိုးဆယ်တွင် ဒွေးပဉ္စဝိညာဏ် ၁၀, ဝိစိကိစ္ဆာသဟဂုတ်စိတ် ၁-ပါးအားဖြင့် ၁၁-ပါးသော စိတ်တို့ကို ကြဉ်၍ ကျန်သော ၇၉-ပါးသော စိတ်၌ ဖြစ်၏။
ဒွေးပဉ္စဝိညာဏ်၌ မြင်ရုံ, ကြားရုံစသော သဘောမျှသာဖြစ်၍ အလွန်အားနည်းသဖြင့် အာရုံကို မဆုံးဖြတ်နိုင်သောကြောင့် မယှဉ်၊ ဝိစိကိစ္ဆာသဟဂုတ်စိတ်၌ကား ဆန့်ကျင်ဘက်ဖြစ်သောကြောင့် မယှဉ်။
စာမျက်နှာ-၁၄၇
ဝီရိယစေတသိက်ယှဉ်သော စိတ်အဖွင့်
၁၆။ ။ပဉ္စဒွါရာဝဇ္ဇန်းစိတ် ၁-ခု, ဒွေးပဉ္စဝိညာဏ် ၁၀-ပါး, သမ္ပဋိစ္ဆနဒွေး, သန္တီရဏ ၃-ခု ဤသို့အားဖြင့် ၁၆-ပါးသော စိတ်တို့သည် ကြဉ်အပ်ကုန်သော ၇၃-ပါးသော စိတ်တို့၌ ဝီရိယစေတသိက်သည် ဖြစ်၏။
ပီတိစေတသိက်ယှဉ်သော စိတ်
၁၇။ ။ပီတိ ဒေါမနဿ, ဥပေက္ခာသဟဂတကာယဝိညာဏ, စတုတ္ထဈာနဝဇ္ဇိတစိတ္တေသု။ ပီတိစေတသိက်သည် ဒေါသမူဒွေး, ဥပေက္ခာသဟဂုတ်စိတ် ၅၅-ခု, ကာယဝိညာဏ်ဒွေး, စတုတ္ထဈာန်စိတ် ၁၁-ပါးသည်ကြဉ်အပ်ကုန်သော ၅၁-ပါးသော စိတ်တို့၌ ဖြစ်၏။
ပီတိစေတသိက်ယှဉ်သော စိတ်အဖွင့်
၁၇။ ။ဒေါမနဿသဟဂုတ်စိတ် ၂-ပါး, ဥပေက္ခာသဟဂုတ်စိတ် ၅၅-ပါး, ကာယဝိညာဏ်စိတ် ၂-ပါး, စတုတ္ထဈာန်စိတ် ၁၁-ပါး ဤသို့အားဖြင့် ၇၀-သောစိတ်တို့သည် ကြဉ်အပ်သော ၅၁-ပါးသော စိတ်တို့၌ ပီတိစေတသိက်သည် ဖြစ်၏။
၁-ပဉ္စဒွါရာဝဇ္ဇန်းစသော စိတ် ၁၆-ပါးသည် အားနည်း၍ ဗိုလ်ကိစ္စမတတ်နိုင်သောကြောင့် ဗိုလ်ထိုက်သောတရားသည် မယှဉ်နိုင်။
၂-ပီတိသည် နှစ်သက်သောသဘော, ဒေါသသည် ကြမ်းတမ်းသောသဘောရှိ၍ ဆန့်ကျင်သောကြောင့် မယှဉ်။
ပီတိသည် သောမနဿဝေဒနာနှင့် အမြဲယှဉ်သောကြောင့် ဥပေက္ခာ ၅၅-ပါး၌ မယှဉ်။
သုခသဟဂုတ် ကာယဝိညာဏ်စိတ်ကား ကိုယ်၌ဖြစ်သော ချမ်းသာကို ခံစားသော ကာယိကဖြစ်၍၊ ပီတိကား စိတ်ချမ်းသာကို ခံစားသော မာနသိကဖြစ်သောကြောင့် မယှဉ်။
စတုတ္ထဈာန် ဧကာဒသ၌ကား ပီတိကို ဘာဝနာအစွမ်းဖြင့် ပယ်ထားသောကြောင့် မယှဉ်။
စာမျက်နှာ-၁၄၈
ဆန္ဒစေတသိက်ယှဉ်သော စိတ်
၁၈။ ။ ဆန္ဒာ အဟေတုက, မောဟမူဟဝန္တိတစိတ္တေသု။ ။ ဆန္ဒ စေတသိက်သည် အဟိတ်စိတ် ၁၈-ပါး, မောဟမူဒွေး သည် ကြဉ်အပ်သော တခုယုတ် ခုနှစ်ဆယ်သော စိတ်တို့၌ ဖြစ်၏။ ဤသို့ ထိုအညသမာန်း စေတသိက် ၁၃-ခုတို့၏ ၇-ပါး အပြား ရှိသော သမ္ပယောဂနည်းကို သိအပ်၏။
ဆန္ဒစေတသိက်ယှဉ်သော စိတ်အဖွင့်
၁၇။ ။ အဟိတ်စိတ် ၁၈-ပါး, မောဟမူစိတ် ၂-ပါး ဤသို့ အားဖြင့် ၂၀-သာ စိတ်တို့သည် ကြဉ်အပ်ကုန်သော တခုယုတ် ခုနစ်ဆယ်သော စိတ်တို့၌ ဆန္ဒ စေတသိက်သည် ဖြစ်၏။
သင်္ဂဟဂါထာ
၁၉။ ။ တေ ပန စိတ္တုပ္ပါဒါ ယထာက္ကမံ၊ ဆသဋ္ဌိ ပဉ္စပညာသ, ဧကဒသ စ သောဠသ။ သတ္တတိ သတိ စေဝ, ပကိဏ္ဏကဝိဝဇ္ဇိတာ၊ ပဉ္စပညာသ ဆသဋ္ဌိ, ဋ္ဌသတ္တတိ တိသတ္တတိ။ ဧကပညာသ စေကူန, သတ္တတိ သပကိဏ္ဏကာ။ ။
ပကိဏ်းစေတသိက် ၆-ခုသည် ကြဉ်အပ်ကုန်သော၊ ဝါ-ပကိဏ်း စေတသိက် ၆-ခုကို ကြဉ်အပ်ကုန်သော ထိုစိတ်တို့ကို အစဉ် အတိုင်း ၆၆-ပါး အပြားရှိကုန်၏ ဟူ၍၎င်း, ၅၅-ပါး အပြား ရှိကုန်၏ဟူ၍၎င်း, ၁၁-ပါးအပြားရှိကုန်၏ဟူ၍၎င်း, ၁၆-ပါးအပြား ရှိကုန်၏ဟူ၍၎င်း, ၇၀-အတိုင်းအရှည် ရှိကုန်၏ဟူ၍၎င်း, ၂၀-အတိုင်းအရှည်ရှိကုန်၏ဟူ၍၎င်း, သိအပ်ကုန်၏။ ပကိဏ်းစေတသိက်
၁-ဆန္ဒသည် အလိုရှိသော သဘောမျိုး ဖြစ်၍ အဟိတ်စိတ်, မောဟမူစိတ်တို့ကား အလို ဆန္ဒ ကင်းသောကြောင့် မယှဉ်
စာမျက်နှာ-၁၄၉
၆-ခုနှင့် အတူဖြစ်ကုန်သော ထိုစိတ်တို့ကို အစဉ်အတိုင်း ၅၅-ပါး အပြားရှိကုန်၏ ဟူ၍၎င်း, ၆၆-ပါး အပြားရှိကုန်၏ ဟူ၍၎င်း, ၇၀-ပါး အပြား ရှိကုန်၏ ဟူ၍၎င်း, ၇၃-ပါး အပြား ရှိကုန်၏ ဟူ၍၎င်း, တခုယုတ်ခုနှစ်ဆယ် အတိုင်းအရှည်ရှိကုန်၏ဟူ၍၎င်း, သိအပ်ကုန်၏။
သင်္ဂဟဂါထာအဖွင့်
၁၉။ ။ တေ ပန-ဟူသည်ကား, ဝါ-ဟူသောပုဒ်ကို ပကိဏ်း စေတသိက်သည် ကြဉ်အပ်သောစိတ်, ထိုပကိဏ်းစေတသိက်နှင့် အတူဖြစ်သော စိတ်တို့သည်-ဟုအနက်ပေး။ ယထာ ဣမံ-ဟူသည် ကား, ဝါ-ဟူသောပုဒ်ကို ဝိတက် အစရှိသော ပကိဏ်းစေတသိက် ခြောက်ပါးသည် ကြဉ်အပ်သော, ထိုဝိတက် အစရှိသော ပကိဏ်း စေတသိက်နှင့် အတူတကွ ဖြစ်သော အစဉ်အားဖြင့်-ဟုအနက် ပေး။ ဆသဋ္ဌိ ပဉ္စပညာသ-အစရှိသော စကားကို ၁၂ ၁-ပါးသော အရေအတွက်၏ အစွမ်းဖြင့်၎င်း, တခုယုတ် ၉၀-သော အရေ အတွက်၏ အစွမ်းဖြင့်၎င်း ထိုက်သည်အား လျော်စွာ ယှဉ်အပ်၏။
အကုသိုလ်စေတသိက်သမ္ပယောဂနည်း
အကုသလသာဓာရဏစေတသိက်ယှဉ်သောစိတ်
၂၀။ ။ အကုသလေသု ပန မောဟော, အဟိရိကံ, အနောတ္တပ္ပံ, ဥဒ္ဓစ္စန္တိ စတ္တာရော စေတသိကာ အကုသလသာဓာရဏ နာမ, သဗ္ဗေသုပိ ဒွါဒသာကုသလေသု။ ။ အကုသိုလ်စေတသိက် ၁၄-ပါးတို့တွင် မောဟ စေတသိက်, အဟိရိက စေတသိက်, အနောတ္တပ္ပ စေတသိက်, ဥဒ္ဓစ္စ စေတသိက် အားဖြင့် လေးပါးကုန်သော ဤစေတသိက်တို့သည် အလုံးစုံသော အကုသိုလ်စိတ် ၁၂-ခုနှင့် ဆက်ဆံသောကြောင့် သာကုသလ
စာမျက်နှာ-၁၅၀
သာဓာရဏ စေတသိက် မည်ကုန်၏။ ဤစေတသိက်လေးပါးတို့ကို အကုသိုလ်စိတ် ၁၂-ပါးတို့၌ ရအပ်ကုန်၏, ယှဉ်ကုန်၏။
အကုသလသာဓာရဏ စေတသိက်တို့ ယှဉ်သောစိတ် အဖွင့်
၂၀။ ။ “သဗ္ဗာကုသလသာဓာရဏ” ဟု ဆိုပြီး၍ ထိုသဗ္ဗာကုသလသာဓာရဏ စေတသိက်ကို ပြီးပြည့်စုံစေခြင်းငှါ “သဗ္ဗေသုပိ” ဤသို့စသော စကားကို မိန့်ဆိုအပ်၏။
အကုသိုလ်စိတ်၌ယှဉ်သော အကြောင်း
အဘယ့်ကြောင့် အကုသိုလ်စိတ်၌ ယှဉ်ပါသနည်းဟူမူ-အကြင် သူသည် သူ၏ အသက်ကို သတ်ခြင်းစသော အကုသိုလ်တို့၌ လွန်ကျူး၍ ကျင့်၏၊ ထိုသူသည် ထိုအကုသိုလ် ပြုရာ၌ မောဟဖြင့် အပြစ်ကို မမြင်မူ၍ အဟိရီကဖြင့် ထိုမကောင်းမှုကို မစက်ဆုပ်သည် ဖြစ်လျက် အနောတ္တပ္ပဖြင့် မကြောက်လန့်သည် ဖြစ်ရကား ဥဒ္ဓစ္စဖြင့် မငြိမ်းခြင်းသည် ဖြစ်၏။ ထို့ကြောင့် ထိုစေတသိက်လေးပါးတို့ကို အလုံးစုံသော အကုသိုလ်စိတ်တို့၌ ရအပ်ကုန်၏။
လောဘစေတသိက်ယှဉ်သောစိတ်
၂၁။ ။ လောဘော အဋ္ဌသု လောဘသဟဂတစိတ္တေသု ဧဝ။ ။
၁။ ၎င်းမောဟ စသော စေတသိက် ၄-ပါးသည် အကုသိုလ်စိတ် ၁၂-ပါး၌ အမြဲ ယှဉ်သောကြောင့် သာကုသလသာဓာရဏ စေတသိက် မည်၏။ အဘယ့်ကြောင့် အကုသိုလ်စိတ် ၁၂-ပါး၌ ယှဉ်ပါ သနည်း ဟူမူ-၎င်းစေတသိက် ၄-ပါး ရှိပါမှ အကုသိုလ်စိတ် ဖြစ်နိုင်သဖြင့် အကြောင်းရင်း ဖြစ်သောကြောင့် အကုသိုလ်စိတ် ၁၂-ပါးလုံး၌ ယှဉ်၏။
စာမျက်နှာ-၁၅၁
လောဘ စေတသိက်ကို ရှစ်ပါးသော လောဘသဟဂုတ်စိတ် တို့၌သာလျှင် ရအပ်၏။
လောဘစေတသိက်ယှဉ်သောစိတ် အဖွင့်
၂၁။ ။ လောဘသဟဂတစိတ္တေသု ဧဝ-ဟူသော ပါဌ်၌ ဧဝသဒ္ဓါသည် အထက်ပုဒ်သို့ လိုက်ခြင်း အကျိုးငှါ ဖြစ်၏။ ထို့ကြောင့် အထက် ဆိုလတံ့သော “ဒိဋ္ဌိသဟဂတစိတ္တေသု” ဤသို့စသော ပါဌ်တို့၌လည်း အဝဓာရဏအနက်ကို မှတ်အပ်၏။ မှတ်ချက်။ ။ဋီကာကျော်၌ “ဒိဋ္ဌိသဟဂတစိတ္တေသု” ဟု အဖွင့်ဆို ထားသဖြင့် ရှေးစာမူတို့၌ “ဒိဋ္ဌိသဟဂတစိတ္တေသု” ဟု ရှိဟန်တူ၏၊ ယခုစာတို့၌ကား “ဒိဋ္ဌိဂတသမ္ပယုတ္တ” ဟု ရှိ၏။ ဧဝ-သဒ္ဒါကိုလည်း ၎င်းပုဒ်၌ လိုက်ရမည်-ဟူလို။ “ဧဝအကျိုး၊ စနိုး၊ ထည့်ရိုး ဧဝဟူ” (နိယာမ်)
ဒိဋ္ဌိစေတသိက်ယှဉ်သောစိတ်
၂၂။ ။ ဒိဋ္ဌိ စတူသု ဒိဋ္ဌိဂတသမ္ပယုတ္တေသု။ ။
ဒိဋ္ဌိ စေတသိက်ကို လေးပါးကုန်သော ဒိဋ္ဌိဂတသမ္ပယုတ်စိတ် တို့၌ ရအပ်၏။
ဒိဋ္ဌိစေတသိက်ယှဉ်သောစိတ် အဖွင့်
၂၂။ ။ အကြင်ကြောင့် သက္ကာယ အစရှိသည်တို့၌ ငါ၏ကိုယ် အစရှိသည်တို့၏ အစွမ်းဖြင့် မှားသော နှလုံးသွင်းကို ပြုသော သူအား ထိုသက္ကာယ တရားတို့၌ မြတ်နိုး ခင်မင်ခြင်း ဖြစ်သော ကြောင့် ဒိဋ္ဌိ စေတသိက်သည် လောဘသဟဂုတ်စိတ်၌သာဖြစ်၏။
၁-လောဘမူစိတ်သည် လောဘလျှင် အကြောင်း ရှိသောကြောင့် လောဘမူစိတ် ၈-ပါး လုံး၌ လောဘ ယှဉ်၏။ ၂-ဒိဋ္ဌိ စေတသိက်ကား လောဘမူစိတ် ၈-ပါးတွင် သက္ကာယဒိဋ္ဌိ မရှိသောသူ၏ လောဘမူစိတ်နှင့် မယှဉ်နိုင်၊ သက္ကာယဒိဋ္ဌိ ရှိသောသူ၏ လောဘမူစိတ်၌သာ ယှဉ်၏-ဟုမှတ်။
စာမျက်နှာ-၁၅၂
မာနစေတသိက်ယှဉ်သောစိတ်
၂၃။ ။ မာနော စတူသု ဒိဋ္ဌိဂတဝိပ္ပယုတ္တေသု။ ။
မာန စေတသိက်ကို လေးပါးကုန်သော ဒိဋ္ဌိဂတဝိပ္ပယုတ်စိတ် တို့၌သာ ရအပ်၏။
မာနစေတသိက်ယှဉ်သောစိတ် အဖွင့်
၂၃။ ။ မာန စေတသိက်သည်လည်း ငါဟူသောမာန်၏ အစွမ်း ဖြင့် ဖြစ်သောကြောင့် ဒိဋ္ဌိနှင့် တူစွာသာ ဖြစ်၏။ သို့သော် ဒိဋ္ဌိနှင့် အတူတကွသော စိတ်၌ မဖြစ်။ အဘယ်နှင့် တူသနည်းဟူမူ၊
ကေသရာဇာ ခြင်္သေ့သည် တပါးသော ထိုတူညို သဘောရှိသော ခြင်္သေ့နှင့် အတူတကွ တဂူတည်း၌ နေ၍မဖြစ်သကဲ့သို့တည်း။
ဒေါသမူစိတ် ၌မယှဉ်သော အကြောင်း၊ မိမိကိုယ်ကိုချစ်ခင်မှု၌ မှီသည် အဖြစ်ဖြင့် စင်စစ် လောဘလျှင် နီးစွာသော အကြောင်းရင်း ရှိသည်အဖြစ်ကြောင့် ဒေါသမူစိတ် တို့၌လည်း မဖြစ်၊ ထို့ကြောင့် ထိုမာနစေတသိက်ကို ဒိဋ္ဌိဂတဝိပ္ပယုတ် တို့၌သာ ရအပ်၏။
၁-မာန စေတသိက်ကား ဒိဋ္ဌိ၏ စိတ်၌ မယှဉ်နိုင်သောကြောင့် ဒိဋ္ဌိဂတဝိပ္ပယုတ် စိတ်၌သာ ယှဉ်၏။ အဘယ်ကြောင့် မာနနှင့် ဒိဋ္ဌိတို့သည် အတူ မယှဉ်နိုင်ပါသနည်းဟူမူ ဒိဋ္ဌိ သည် ခန္ဓာ ကိုယ်၌ ဖြစ်၍ ငါရှိ၏ ငါမြဲ၏-ဟု အမြင်မှား အယူမှားသော အားဖြင့် ဖြစ်၏၊ မာန ကား ငါစွဲ ပြီးလျှင် မြတ်၏ ငါဂုဏ်ရှိ၏-ဟု ထောင်လွှားသောအားဖြင့် ဖြစ်၍ စွဲလမ်းမှု တူသော်လည်း နှလုံးသွင်းခြင်း မတူ ထို့ ကြောင့် ယင်းစေတသိက် ၂-ပါးတို့သည် ကေသရာဇာခြင်္သေ့မင်း နှစ်ပါးနှင့် တူကုန်၏၊ နှလုံးသွင်းခြင်း မတူသောကြောင့် အတူတကွ မယှဉ်နိုင်-ဟုမှတ်။ ကေသရာဇာ ခြင်္သေ့မင်းတို့ မည်သည် တူတည်း၌ အတူ နေရိုး မရှိ သကဲ့သို့တည်း။ ၂-လောဘနှင့် မာန စေတသိက် နှစ်ပါးတို့ သည် ခန္ဓာငါးပါး၌ သာယာ ခင်မင်မှုကို အရင်း ပြု၍ ဖြစ်သောကြောင့် ဒေါသစိတ်၌ မယှဉ် လောဘမူစိတ်၌သာ ယှဉ်၏-ဟုမှတ်။
စာမျက်နှာ-၁၅၃
ဒေါသ, ဣဿာ, မစ္ဆရိယ, ကုက္ကုစ္စစေတသိက်တို့ယှဉ်သောစိတ်
၂၄။ ။ ဒေါသော, ဣဿာ, မစ္ဆရိယံ, ကုက္ကုစ္စန္တိ ဒွိသု
ပဋိဃသမ္ပယုတ္တ စိတ္တေသု။ ။
ဒေါသ စေတသိက်, ဣဿာ စေတသိက်, မစ္ဆရိယ စေတ သိက်, ကုက္ကုစ္စ စေတသိက် ဤသို့အားဖြင့် လေးပါးသော ဤစေ တသိက်တို့ကို နှစ်ပါးကုန်သော ပဋိဃသမ္ပယုတ်တို့၌သာလျှင် ရအပ် ကုန်၏။
ဒေါသစသောစေတသိက် ၄-ပါးယှဉ်သောစိတ် အဖွင့်
၂၄။ ။ ထို့ အတူ သူတပါး စည်းစိမ်ကို ငြူစူသောသူအား၎င်း၊ မိမိစည်းစိမ်ကို သူတပါးတို့နှင့် မဆက်ဆံလိုသော သူအား၎င်း၊ ပြုအပ်ပြီးသော ဒုစ္စရိုက် မပြုလိုက်မိသော သုစရိုက်တို့၌ စိုးရိမ်သော သူအား၎င်း၊ ထိုထိုသို့သော အာရုံ၌ ထိခိုက်ချုပ်ချယ်သည် အစွမ်းဖြင့် ဖြစ်သောကြောင့် ဣဿာ, မစ္ဆရိယ, ကုက္ကုစ္စတို့ကို ပဋိဃစိတ်တို့၌ သာလျှင် ရအပ်ကုန်၏။
ထိန-မိဒ္ဓ စေတသိက် တို့နှင့်ယှဉ်သောစိတ်
၂၅။ ။ ထိန မိဒ္ဓါ ပဉ္စသု သသင်္ခါရိကစိတ္တေသု။ ။
ထိန, မိဒ္ဓ စေတသိက်ကို ငါးပါးကုန်သော သသင်္ခါရိကစိတ် တို့၌သာလျှင် ရအပ်၏။
၁-သူတပါး စည်းစိမ်ကို ငြူစူခြင်း, မိမိ စည်းစိမ်ကို လျှို့ဝှက်ခြင်း, ပြုအပ်ပြီးသော ဒုစ္စရိုက် မပြုလိုက်မိသော သုစရိုက်တို့၌ အဖန်တလဲလဲ စိုးရိမ်ခြင်း ရှိသောသူတို့အား ထိုသို့ အာရုံတို့၌ ထိပါးညှဉ်းဆဲ သကဲ့သို့ ဖြစ်သောကြောင့် ထိုဣဿာ, မစ္ဆရိယ, ကုက္ကုစ္စ စေတသိက်တို့သည် ဒေါသမူစိတ်၌သာ ယှဉ်ကုန်၏။
စာမျက်နှာ-၁၅၄
ထိန-မိဒ္ဓစေတသိက်ယှဉ်သောစိတ်အဖွင့်
၂၅။ ။ အမှုကို ပြုခြင်းငှါ မခြုံသော သဘောရှိသော သူအား ထို့ အတူ သဘောအားဖြင့် ထက်ကုန်သော အသင်္ခါရိကစိတ်တို့၌ ဖြစ်ခြင်းငှါ မသင့်ခြင်းကြောင့် ထိန စေတသိက်, မိဒ္ဓ စေတသိက် ကို သသင်္ခါရိကစိတ်တို့၌သာ ရအပ်၏။
သင်္ဂဟ ဂါထာ
၂၇။ ။ သဗ္ဗေသုပိ စတ္တာရော, လောဘမူလေ တယော ဂတာ။ ဒေါသမူလေသု စတ္တာရော, သသင်္ခါရေ ယံ တထာ။ ဝိစိကိစ္ဆာ ဝိစိကိစ္ဆာ, စိတ္တေ ဇာတိ စ တု သု။ ဒွါဒသာကုသလေဝ, သမ္ပယုဇ္ဇန္တိ ပဉ္စဓာ။ ။
(၁) လေးပါးကုန်သော စေတသိက် တို့သည် အလုံးစုံသော အကုသိုလ်စိတ် ၁၂-ခုတို့၌ ဖြစ်ကုန်၏။
(၂) သုံးပါးကုန်သော စေတသိက်တို့သည် လောဘမူစိတ် တို့၌ ဖြစ်ကုန်၏။
(၃) လေးပါးကုန်သော စေတသိက်တို့သည် ဒေါသမူစိတ် နှစ်ခုတို့၌ ဖြစ်ကုန်၏။
(၄) ထိနမိဒ္ဓ စေတသိက် ၂-ပါးသည် သသင်္ခါရိကစိတ် ငါးခု၌ ဖြစ်၏။
(၅) ထို့ အတူ ဝိစိကိစ္ဆာ စေတသိက်သည် ဝိစိကိစ္ဆာ သဟဂုတ် စိတ်၌သာ ဖြစ်၏။ ဤသို့ ၁၄-ပါးကုန်သော အကုသိုလ် စေတသိက် တို့သည် ၁၂-ပါးသော အကုသိုလ်စိတ် တို့၌သာ ငါးပါးအပြားအားဖြင့် ယှဉ်ကုန်၏။
၁-အမှုကိုပြုခြင်းငှါ မခံ့ညားဝေထိုင်းမှိုင်းနေသောသူအား သဘောအားဖြင့် ထက်ကုန် သော အသင်္ခါရိကစိတ်တို့၌ မယှဉ်နိုင်သောကြောင့် သသင်္ခါရိကစိတ်၌သာ ယှဉ်၏-ဟုမှတ်။
စာမျက်နှာ-၁၅၅
သင်္ဂဟဂါထာအဖွင့်
၂၇။ ။ အလုံးစုံသော အကုသိုလ်စိတ်တို့၌သာ လေးပါးသော စေတသိက်တို့သည် ဖြစ်ကုန်၏၊ လောဘမူစိတ် နှစ်ခု၌သာလျှင် ဖြစ်သင့်သည်များ လျော်စွာ သုံးပါးသော စေတသိက်တို့သည် ဖြစ်ကုန်၏၊ ဒေါသမူစိတ် ၂-ပါးတို့၌သာ လေးပါးသော စေတ သိက်တို့သည် ဖြစ်ကုန်၏၊ ထို့ အတူ သသင်္ခါရိကစိတ် ၅-ခု၌ ထိနမိဒ္ဓ စေတသိက် ၂-ပါးသည် ဖြစ်၏။ ဤသို့ အနက်ပေးရာ၏။ ဝိစိကိစ္ဆာစိတ္တေ-၌ ပါရှိသော စ-သဒ္ဓါသည် အဝဓာရဏ အနက်၌ ဖြစ်၏။ ဝိစိကိစ္ဆာစေတသိက်သည်ကား ဝိစိကိစ္ဆာစိတ်၌ သာ ဖြစ်၏၊ ဤကား စ-သဒ္ဒါ၏ စပ်ပုံတည်း။
ဝိရတိစေတသိက်ယှဉ်သောစိတ်
၂၉။ ။ ဝိရတိယော ပန တိဿော လောကုတ္တရစိတ္တေသု၊ သဗ္ဗထာ နိယတာ ဟောန္တိ, လောကိယေသု ပန ကဒါစိ, ကာမာဝစရ ကုသလေသု၊ ဝိသုံ ဝိသုံ စ သန္ဒိဿန္တိ။ ။ သုံးပါးကုန်သော ဝိရတိ စေတသိက်တို့ကို လောကုတ္တရာစိတ် ရှစ်ခုတို့၌သာ ခပ်သိမ်းသော အခြင်းအရာအားဖြင့် အမြဲ တပြိုင်နက် သာ ရအပ်ကုန်၏။ နိယတမှ တပါး အနိယတကို ဆိုဦးအံ့၊ လောကီ သောဘဏစိတ်တို့တွင် ကာမာဝစရကုသိုလ်စိတ် ရှစ်ခု၌သာ ရံခါ ထင်ကုန်၏၊ အသီးအသီးလည်း ဖြစ်ကုန်၏။
ဝိရတိစေတသိက်ယှဉ်သောစိတ် အဖွင့်
၂၉။ ။ လောကုတ္တရာစိတ်တို့၌ ပါဒကဈာန် အစရှိသည်တို့၏ အစွမ်းဖြင့် ရံခါ သမ္မာသင်္ကပ္ပမှ ကင်း၏။ မဂ်၏ ကာယဒုစ္စရိုက် အစ
စာမျက်နှာ-၁၅၆
ရှိသည်တို့ကို အကြွင်းမဲ့ ပယ်ဖြတ်သည် အစွမ်းဖြင့် ဖြစ်သောကြောင့် ၎င်း၊ ဖိုလ်၏လည်း ထိုမဂ်အားလျော်သည် အစွမ်းဖြင့် ဖြစ်သော ကြောင့်၎င်း၊ ဝိရတိတို့၏ ရံခါ မဖြစ်ခြင်း မရှိရာ။ ထို့ ကြောင့် “ဝိရတိယာပန” ဤသို့စသော စကားကို မိန့်ဆိုအပ်၏။
သဗ္ဗထာပိ-ဟူသည်ကား၊ ဝ-ဟူသော ပုဒ်ကို ထိုထို ဒုစ္စရိုက်, ဒုရာဇီဝ တရားတို့ကို ပယ်ဖျောက်သည် အစွမ်းဖြင့် ဖြစ်ကုန်သော ခပ်သိမ်းကုန်သော အခြင်းအရာတို့ဖြင့်-ဟု အနက်ပေး။ ထိုစကား မှန်၏၊ ထိုဝိရတိတို့၏ လောကီတို့၌ကဲ့သို့ လောကုတ္တရာတို့၌လည်း မုသာဝါဒ အစရှိသည်တို့ကို အသီးအသီး ပယ်သည် အစွမ်းဖြင့် ဖြစ်ခြင်းမရှိ။ အဘယ့်ကြောင့်ဆိုသော် အလုံးစုံကုန်သော ဒုစ္စရိုက်, ဒုရာဇီဝတရားတို့ကို ထိုထို သို့သော မဂ်သည် အကြွင်းမဲ့ ပယ်သည် အစွမ်းအားဖြင့် အချို့ကုန်သော ဒုစ္စရိုက်, ဒုရာဇီဝ တရားတို့ကို အပါယ် သို့ လားစေတတ်သည်အဖြစ် အစရှိသော အပိုင်းအခြားကို ပယ်သည် အစွမ်းဖြင့် တပြိုင်နက်သော ခဏ၌ ပယ်ဖြတ်တတ်သောကြောင့်တည်း။
စောဒနာဦးအံ့-ဤဆိုအပ်ပြီးသော အနက်ကို ဧကဟူသော ဤစကားဖြင့်သာလျှင် ပြီးသည် မဟုတ်ပါလော၊ ဤသို့ အကယ်၍ ဆိုငြားအံ့၊ ထိုစောဒကဆရာ၏ စကားကို မဆိုအပ်။ အဘယ့်ကြောင့် မဆိုအပ်သနည်း ဟူမူ-သုံးပါးကုန်သော ဝိရတိ တို့၏ တပြိုင်နက် ဖြစ်ခြင်းကို ပြကာမျှဖြင့် ၄-ပါးအပြား ရှိသော ဝစီဒုစ္စရိုက် အစရှိသည်တို့၏ ဆန့်ကျင်သော အခြင်းအရာဖြစ်ခြင်းကို မပြအပ်သည် အဖြစ်ကြောင့်တည်း၊ ဝါ-ဖြစ်သောကြောင့် မဆိုအပ်။
အချို့သော ဆရာတို့သည်ကား ဤအနက် အဓိပ္ပါယ်ကို မမှတ် မူ၍ သဗ္ဗထာ-ဟူသော ဤသဒ္ဒါသည် ပို၏-ဟု ဆိုကုန်၏၊ ထိုအရာ၌ ထိုဆရာတို့၏ မသိခြင်းသည်ပင်လျှင် အကြောင်းတည်း။
စာမျက်နှာ-၁၅၇
နိယတာ” ဟူသော ဤပါဌ်ဖြင့်လည်း လောကီစိတ်တို့၌ ကဲ့သို့ တခါတရံဖြစ်ခြင်းကို တားမြစ်၏။ ထို့ကြောင့်သာလျှင် ထိုဝိရတိ စေတသိက်တို့ကို လောကီကုသိုလ်စိတ်တို့၌ ယေဝါပနအစွမ်းဖြင့် ဟောအပ်ကုန်၏၊ ဤလောကုတ္တရာအရာ၌ သရုပ်အားဖြင့် ဟောအပ် ကုန်၏။ ကာမာဝစရကုသလေသွေဝ-ဟူသော ပါဌ်၌ အဝ ဓာရဏ အနက် ရှိသော ဧဝသဒ္ဓါ ဖြင့် ကာမာဝစရဝိပါက်, ကြိယာစိတ်တို့၌ ၎င်း, မဟဂ္ဂုတ်စိတ်တို့၌၎င်း ဖြစ်ခြင်းကို တားမြစ်၏။ ထိုသို့ ဝိပါက် ကြိယာ မဟဂ္ဂုတ်စိတ်တို့၌ မဖြစ်ခြင်းကိုသာလျှင် အထက် သင်္ဂဟ နည်း၌ ဆိုလတံ့။ ကဒါစိ ဟူသည်ကား၊ ဝ-ဟူသောပုဒ်ကို မုသာ ဝါဒ အစရှိသော တပါးပါးသော ဒုစ္စရိုက်တို့မှ ရှောင်ကြဉ်သော အခါ၌-ဟု အနက်ပေး။ တရံတခါ ဖြစ်သော်လည်း ဝီတိက္ကမိတဗ္ဗ ဝတ္ထု-ဟု ဆိုအပ်ကုန်သော မိမိ၏ အာရုံတို့၏ ဖြစ်ခြင်းကို တားဆီးသော ကြောင့် တပေါင်းတည်း မဖြစ်ကုန်၊ ထို့ကြောင့် ဝိသုံ ဝိသုံ ဟု ဆိုအပ်ပါသတည်း။
၁-လောကုတ္တရာစိတ်ကား, အလုံးစုံသော ဒုစ္စရိုက် ဒုရာဇီဝ တရားတို့ကို တပြိုင်နက် သော ခဏ၌ အကြွင်းမဲ့ ပယ်နိုင်သောကြောင့် ၎င်းလောကုတ္တရာစိတ်၌ ဝိရတိ အမြဲ ယှဉ်၏။ ထို့ကြောင့် “နိယတာ” ဟု မိန့်ဆိုရ၏။ ၎င်းဒုစ္စရိုက်, ဒုရာဇီဝ တရားတို့ကို ပယ်သော အခါ၌လည်း တပါးစီ မပယ်, တပြိုင်နက် တခါတည်း ပယ်သောကြောင့် “ဧကာ” ဟု မိန့်ဆိုရ၏။ တခါတည်း ပယ်ရာ၌လည်း ဒုစ္စရိုက်, ဒုရာဇီဝ တရားတို့ကို မကြွင်း မကျန်စေမူ၍ ပယ်နိုင်သောကြောင့် “သဗ္ဗထာ” ဟု မိန့်ဆိုရ၏။ ၂-လောကီ စိတ်၌ကား ပုထုဇဉ် ပုဂ္ဂိုလ်တို့သည် တခါတရံသာ သီလ ကုသိုလ် ပြု၏။ တခါတရံ ဒါန ကုသိုလ် ပြု၏၊ ဤ၌ ရံခါသာ ဝိရတိ ဖြစ်သောကြောင့် “ကဒါစိ” ဟု မိန့်ဆိုရ၏။ ၃-တခါတရံ ဝိရတိ ဖြစ်ရာ၌လည်း သမ္မာဝါစာ ဖြစ်ခိုက် သမ္မာကမ္မန္တ, သမ္မာအာဇီဝ မဖြစ်၊ သမ္မာကမ္မန္တ ဖြစ်ခိုက် သမ္မာဝါစာ, သမ္မာအာဇီဝ မဖြစ်၊ သီးအသီးသာ ဖြစ်သောကြောင့် “ဝိသုံ” ဟု မိန့်ဆိုရ၏။
စာမျက်နှာ-၁၅၈
အပ္ပမညာစေတသိက် တို့ယှဉ်သောစိတ်
၃၀။ ။ အပ္ပမညာယော ပန ဒွါဒသသု ပဉ္စမဈာနဝဇ္ဇိတ မဟဂ္ဂတစိတ္တေသု စေဝ, ကာမာဝစရကုသလေသု စ, သဟေတုက ကာမာဝစရ ကြိယာ စိတ္တေသု စာတိ အဋ္ဌဝီသတိ စိတ္တေသု ဧဝ နာနာ ဟုတွာ ဇာယန္တိ၊ ဥပေက္ခာသဟဂတေသု ပနေတ္ထ ကရုဏာ မုဒိတာ န သန္တီတိ ကေစိ ဝဒန္တိ။ ။ အပ္ပမညာ စေတသိက်တို့သည် ၁၂-ပါးကုန်သော ပဉ္စမဈာန် စိတ်သည် ကြဉ်အပ်ကုန်သော မဟဂ္ဂုတ်စိတ်တို့၌၎င်း, ကာမာဝစရ ကုသိုလ်စိတ် ၈-ခုတို့၌၎င်း, သဟိတ် ကာမာဝစရကြိယာစိတ် ၈-ခု တို့၌၎င်း, ဤသို့ ၂၈-ပါးသော စိတ်တို့၌သာလျှင် ရံခါ အသီးအသီး ဖြစ်၍ ဖြစ်ကုန်၏၊ ကေစိဝါဒ ဆိုဦးအံ့၊ ဤကာမာဝစရ သောဘဏ စိတ် ၁၆-ခုတို့တွင် ဥပေက္ခာသဟဂုတ် ရှစ်ခုတို့၌ ကရုဏာ, မုဒိတာ စေတသိက်တို့ မရှိကုန်-ဟု အချို့သော ဆရာတို့သည် ဆိုကုန်၏။
အပ္ပမညာယှဉ်သောစိတ်အဖွင့်
၃၀။ ။ အနားသို့ ရောက်ကုန်သော အပ္ပမညာစေတသိက် တို့၏ တရံတခါမျှ သောမနဿနှင့် ကင်း၍ ဖြစ်ခြင်းသည် မရှိ သောကြောင့် “ပဉ္စမ... စိတ္တေသု” ဟု မိန့်ဆိုအပ်၏၊ နီဝရဏ ကင်းခြင်း အစရှိသော အဖြစ်ဖြင့် မြတ်သည်အဖြစ် သို့ ရောက်သော
၁-အနာဂါမ် ဖြစ်သော အပ္ပမညာ စေတသိက်တို့ သည် တခါတရံမျှ သောမနဿနှင့် မကင်းသဖြင့် ပဉ္စမဈာန်ကား ဥပေက္ခာသဟဂုတ် ဖြစ်သောကြောင့် ပဉ္စမဈာန်၌ မယှဉ်။ ဒုက္ခိတ သတ္တဝါကို တွေ့မြင်မှ ကရုဏာ ဖြစ်၏။ မတွေ့လျှင် မဖြစ်၊ သုခိတသတ္တဝါကို တွေ့မြင်မှ မုဒိတာ ဖြစ်၏၊ မတွေ့လျှင် မဖြစ်သောကြောင့် “ကဒါစိ” ဟု မိန့်ဆိုရ၏။ ' ကရုဏာ ဖြစ်ခိုက်ဝယ် မုဒိတာ မဖြစ်၊ မုဒိတာ ဖြစ်ခိုက်ဝယ် ကရုဏာ မဖြစ်၊ အသီးအသီး တပါးစီသာ ဖြစ်သောကြောင့် “နာနာ” ဟု မိန့်ဆိုရ၏။ ၎င်းကရုဏာ, မုဒိတာ စေတသိက်တို့သည် ဒုက္ခိတ သတ္တဝါ ပညတ်, သုခိတ သတ္တဝါ ပညတ် အာရုံရှိသဖြင့် ဝိပါက်စိတ်တို့ကား ကာမဧကန် အာရုံ, လောကုတ္တရာ စိတ်ကား နိဗ္ဗာန်အာရုံ ရှိသဖြင့် အာရုံ ပြားသောကြောင့် ကာမဝိပါက်စိတ်နှင့် လောကုတ္တရာ စိတ်တို့၌ မယှဉ်နိုင်။
စာမျက်နှာ-၁၅၉
ကြောင့် မဟဂ္ဂုတ် စိတ် မည်ကုန်၏၊ တနည်း-မြတ်သော ဈာန် ရသော ပုဂ္ဂိုလ်တို့သည် ရောက်အပ်သောကြောင့် မဟဂ္ဂုတ် မည် ကုန်၏။ နာနာဟုတွာ-ဟူသည်ကား, ဝါ-ဟူသော ပုဒ်ကို ပြားသော အာရုံရှိသောကြောင့် မိမိ၏ အာရုံဖြစ်ကုန်သော ဒုက္ခိတသတ္တဝါ, သုခိတသတ္တဝါတို့၏ထင်ခြင်းသို့ရောက်ခြင်းကို သည်အဖြစ်ကြောင့် အသီးအသီးဖြစ်၍-ဟု အနက်ပေး။ ဧတ္ထ-ဟူသည်ကား, ဝါ-ဟူသော ပုဒ်ကို၍ကာမာဝစရကုသိုလ်စိတ်တို့၌-ဟု အနက်ပေး။
ကရုဏာ, မုဒိတာကို ပွါးများသော အခါ၌ အပ္ပနာ ထိ၏ ရှေး၌ အလေ့အလာ၏ အစွမ်းဖြင့် ဥပေက္ခာသဟဂုတ်စိတ်တို့ဖြင့် လည်း ပရိကံဖြစ်၏။ အဘယ်ကဲ့သို့နည်းဆိုသော် မိမိ လေ့လာ အပ်သော ကျမ်းဂန်ကို သရဇ္ဈာယ်သော သူအား တရံတခါ တပါးကို နှလုံးသွင်းသော်လည်း သရဇ္ဈာယ်နိုင်သကဲ့သို့တည်း။ တနည်းသော်ကားလေ့လာအပ်သော ဝိပဿနာဖြင့် သင်္ခါရကို သုံးသပ်သော သူအား တရံတခါ အလေ့အလာ၏ အစွမ်းဖြင့် ဉာဏဝိပ္ပယုတ် စိတ်တို့ဖြင့်လည်း သုံးသပ်နိုင်သကဲ့သို့၎င်း, ဥပေက္ခာ သဟဂုတ်စိတ်တို့ဖြင့်လည်း ပရိကံသည်ဖြစ်၏။ ထို့ကြောင့် ဥပေက္ခာ သဟဂုတ် ကာမာဝစရစိတ်တို့၌ ကရုဏာ မုဒိတာတို့၏ မဖြစ် ဟူသော ဝါဒကို ကေစိ ပြုတော်မူအပ်ပါသတည်း။
အပ္ပနာဝီထိ၌ ထိုကရုဏာ, မုဒိတာတို့၏ စင်စစ်အားဖြင့် သောမနဿသဟဂုတ် ကုသိုလ်, ကြိယာ တို့၌သာ ဖြစ်သည်ကို မှတ်အပ်၏၊ အဘယ့်ကြောင့် မှတ်အပ်ပါသနည်းဆိုသော်-ပြားသော ဇာတ်ရှိသော စိတ်အား အာသေဝနပစ္စည်း မတပ်နိုင်သကဲ့သို့ ပြားသော ဝေဒနာ ရှိသော မဟဂ္ဂုတ်စိတ်အားလည်း အာသေဝနပစ္စည်း မတပ်နိုင်သည်အဖြစ်ကြောင့်တည်း။
၁-အပ္ပမညာ စေတသိက်သည် အပ္ပနာ သို့ ရောက်သော အပ္ပမညာ, အပ္ပနာသို့ မရောက် သော အပ္ပမညာဟု နှစ်မျိုး ရှိရာ အပ္ပနာသို့ ရောက်သော အပ္ပမညာကား သောမနဿ ဝေဒနာနှင့်သာ တကွ ဖြစ်၏၊ အပ္ပနာသို့ မရောက်သော အပ္ပမညာကား ယေဘုယျအားဖြင့် ပကတိအခါဝယ် သောမနဿဝေဒနာနှင့်တကွ ဖြစ်၏၊ အပ္ပကအားဖြင့် နံ့သည်ထက်သည် အစွမ်းဖြင့် လျစ်လျူ ဖြစ်ခါ ဥပေက္ခာဝေဒနာနှင့်တကွ ဖြစ်နိုင်သေး၍ ကေစိ ထိုးတော်မူ၏။
စာမျက်နှာ-၁၆၀
သင်္ဂဟ ဂါထာ
၃၂။ ။ ဧကူနဝီသတိ ဓမ္မာ, ဇာယန္တေကူနသမ္ဘိသု။ တယာ သောဠသစိတ္တေသု, အဋ္ဌဝီသတိယံ ဒွေး၊ ပညာ ပကာသိတာ သတ္တ, စတ္တာလီသ သုညိန္ဒြိယေ။ သမ္ပယုတ္တာ စတုခေဝံ, သောဘဏေသွေဝ သောဘဏာ။
(၁) တခုယုတ် နှစ်ဆယ်သော စေတသိက်တို့သည် တခု ယုတ် ခြောက်ဆယ်သော စိတ်တို့၌ ဖြစ်ကုန်၏။
(၂) သုံးပါးကုန်သော ဝိရတိ စေတသိက်တို့သည် ၁၆-ပါး သော စိတ်တို့၌ ဖြစ်ကုန်၏။
(၃) အပ္ပမညာ စေတသိက် ၂-ပါးအပေါင်းသည် ၂၈-ပါး သော စိတ်၌ ဖြစ်၏။
(၄) ပညာိန္ဒြေ စေတသိက်ကို ၄၇-ပါးအပြားရှိသော စိတ်တို့၌ ပြအပ်၏၊ အကြင်အကြင် ဆိုအပ်ပြီးသော နည်းဖြင့် သောဘဏ စေတသိက် ၂၅-ပါးတို့သည် သောဘဏစိတ် တခုယုတ် ခြောက် ဆယ်တို့၌သာ ၄-ပါး အပြားအားဖြင့် ယှဉ်ကုန်၏။
၃၂။ ။ တေ သောဠသစိတ္တေသု-ဟူသည်ကား, ဝါ-ဟူသော ပုဒ်ကို သမ္မာဝါစာ အစရှိကုန်သော ၃-ပါးသော စေတသိက်တို့သည် လောကုတ္တရာစိတ် ၈-ပါး, ကာမာဝစရကုသိုလ်စိတ် ရှစ်ပါးတို့၏ အစွမ်းဖြင့် ၁၆-ပါးသော စိတ်တို့၌ ဖြစ်ကုန်၏-ဟုအနက်ပေး။
နိယတယောဂီ, အနိယတယောဂီစေတသိက်
၃၃။ ။ ဣဿာ, မစ္ဆေရ ကုစ္စ, ဝိရတိ, ကရုဏာဒယော။ နာနာ ကဒါစိ မာနော စ, ထိနမိဒ္ဓီ တထာ သဟ။
စာမျက်နှာ-၁၆၁
ဣဿာ, မစ္ဆရိယ, ကုက္ကုစ္စ, ဝိရတိ, ကရုဏာ အစရှိသော စေတသိက်တို့သည် ရံခါ အသီးအသီး ဖြစ်၍ ဖြစ်ကုန်၏၊ မာန စေတသိက်သည်လည်း ရံခါ ဖြစ်၏။ ထို့အတူ ထိန, မိဒ္ဓစေတသိက် သည် တကွ ရံခါ ဖြစ်၏။
နိယတယောဂီ အနိယတယောဂီစေတသိက်အဖွင့်
၃၃။ ။ ဤသို့ ဆိုအပ်ပြီးသော နည်းဖြင့် အမြဲ ယှဉ်သော စေတသိက်, အမြဲ မယှဉ်သော စေတသိက်တို့၏ အစွမ်းဖြင့် ဆိုအပ် ကုန်သော စေတသိက်တို့တွင် အမြဲ မယှဉ်သော စေတသိက်တို့ကို တပေါင်းတည်းပြပြီး၍ ကြွင်းသော စေတသိက်တို့၏နိယတယောဂီ၌ အဖြစ်ကို ပြခြင်းငှါ “ဣဿာ မစ္ဆရိယ” ဤသို့စသော စကားကို မိန့်ဆိုအပ်၏။ ဣဿာ, မစ္ဆရိယ, ကုက္ကုစ္စ, ဝိရတိ, ကရုဏာ အစရှိသော စေတသိက်တို့သည် အသီးအသီး ရံခါ ဖြစ်ကုန်၏၊ မာန စေတသိက် သည် ရံခါ ငါသာမြတ်၏၊ ဤသို့ အခရှိသော အစွမ်းဖြင့် ဖြစ်သော
၁-ဣဿာ, မစ္ဆရိယ, ကုက္ကုစ္စ, သမ္မာဝါစာဝိရတိ, သမ္မာကမ္မန္တဝိရတိ, သမ္မာ အာဇီဝဝိရတိ, ကရုဏာ, မုဒိတာ, မာန, ထိန မိဒ္ဓ၍ ၁၁-ပါးသော စေတသိက် တို့သည် အမြဲ မယှဉ်သောကြောင့် အနိယတယောဂီ စေတသိက် မည်ကုန်၏၊ ကြွင်းသော စေတသိက် ၄၁-ပါးတို့သည် အမြဲ ယှဉ်သောကြောင့် နိယတယောဂီ စေတသိက် မည်ကုန်၏။ ၂-သူတပါး စည်းစိမ်ကို ငြူစူသောအခါ ဣဿာ ဖြစ်၏, မစ္ဆရိယ, ကုက္ကုစ္စ မဖြစ်၊ မိမိ စည်းစိမ်ကို လျှို့ဝှက်သောအခါ မစ္ဆရိယ ဖြစ်၏၊ ဣဿာ, ကုက္ကုစ္စ မဖြစ်၊ ပြုအပ်ပြီးသော ဒုစ္စရိုက်, မပြုလိုက်မိသော သုစရိုက်တို့၌ စိုးရိမ်သောအခါ ကုက္ကုစ္စ ဖြစ်၏, ဣဿာ မစ္ဆရိယ မဖြစ်၊ ဤကား နာနာ ဖြစ်ပုံတည်း။ သူတပါး စည်းစိမ်ကို ငြူစူသော အခါ၌သာ ဣဿာ ဖြစ်၏ မငြူစူသော အခါ ဣဿာ မဖြစ်၊ မိမိ စည်းစိမ်ကို လျှို့ဝှက်သော အခါ၌ မစ္ဆရိ ယ ဖြစ်၏, မလျှို့ဝှက်သော အခါ မစ္ဆရိယ မဖြစ်၊ ပြုအပ်ပြီးသော ဒုစ္စရိုက်, မပြုလိုက်မိသော သုစရိုက်တို့ စိုးရိမ်သော အခါ၌သာ ကုက္ကုစ္စ ဖြစ်၏, မစိုးရိမ်သောအခါ ကုက္ကုစ္စ မဖြစ်၊ ဤကား ကဒါစိ အဓိပ္ပါယ်တည်း၊ (အကြွင်းသိသာ)
စာမျက်နှာ-၁၆၂
အခါ၌ ဖြစ်၏၊ ထိန စေတသိက်, မိဒ္ဓ စေတသိက် ၂-ပါးသည် ထို့ အတူ ရံခါ အမှု၌ မခံ့ညားသည် အစွမ်းဖြင့် ဖြစ်သော အခါ၌ အတူတကွ အချင်းချင်း မကွဲမကွာ အမြဲယှဉ်သည် အစွမ်းဖြင့် ဖြစ်၏၊ ဤသို့ အနက်ယောဇနာရာ၏။
တနည်းကား—-မာနာစ-ဟူသော ဤပါဌ်၌ စ-သဒ္ဒကို သဟ ဟူသော ဤပုဒ်၌လည်း ယှဉ်စေ၍ ထိန စေတသိက်, မိဒ္ဓ စေတ သိက်သည် ထို့ အတူ ရံခါ၎င်း, တကွ၎င်း သသင်္ခါရိက ပဋိဃစိတ် ၌၎င်း, ဒိဋ္ဌိဂတဝိပ္ပယုတ် သသင်္ခါရိကစိတ်၌၎င်း, ဣဿာ, မစ္ဆရိယ, ကုက္ကုစ္စ စေတသိက်တို့နှင့်၎င်း, မာနစေတသိက်နှင့်၎င်း အတူ, ရံခါ ထိုဒိဋ္ဌိဂတ ဝိပ္ပယုတ်မှ တပါးသော သသင်္ခါရိကစိတ်တို့နှင့် ယှဉ်သော အခါ၌၎င်း, ထိုပဋိဃ သသင်္ခါရိက စသောစိတ်တို့နှင့် ယှဉ်သော အခါ၌၎င်း အသီးအသီး ဖြစ်၏-ဟု အနက်ယောဇနာခြင်းကို မှတ် အပ်၏။ အခြားသော ဆရာတို့သည်ကား မာနစေတသိက်သည်၎င်း, ထိန စေတသိက် မိဒ္ဓ စေတသိက်သည်၎င်း ထို့အတူ ရံခါ အသီး အသီးဖြစ်၍ ရံခါ တကွလည်း ဖြစ်၏-ဟု ဤမျှကိုသာ အနက် ယောဇနာကုန်၏။
၃၄။ ။ ယထာ နုသာရေန, သော နိယတာ နာ။ သင်္ဂဟ ပဝတ္တိ, တေသံ ဒါနိ ယထာရဟံ။ ။ အကြင်အကြင် ဆိုအပ်ပြီးသော နည်းကို အစဉ်မှီသဖြင့် ၁၁-ပါး ကုန်သော စေတသိက်တို့သည် အမြဲ မယှဉ်သောကြောင့် အနိယတ ယောဂီ စေတသိက် မည်ကုန်၏၊ အနိယတယောဂီ စေတသိက် ၁၁-ပါးမှ ကြွင်းကျန်သော ၄၁-ပါးသော စေတသိက်တို့သည် အမြဲ ယှဉ်သောကြောင့် နိယတယောဂီ စေတသိက် မည်ကုန်၏။ ထိုနိယတယောဂီ, အနိယတယောဂီ စေတသိက်တို့၏ ထိုက်သည် အား လျော်စွာ ပေါင်းသော သင်္ဂဟနည်းကိုလည်း ယခုအခါ၌ ငါသည် အပြားအားဖြင့် ဆိုပေအံ့။
စာမျက်နှာ-၁၆၃
သင်္ဂဟနည်းအဖွင့်
၃၄။ ။ သေသာ-ဟူသည်ကား, ဝါ-ဟူသော ပုဒ်ကို အကြင်အကြင် ဆိုအပ်ကုန်သော ၁၁-ပါးကုန်သော အနိယတစေတသိက် ၁၁-ပါး တို့မှ တပါးဖြစ်ကုန်သော ၄၁-ပါးသော စေတသိက်တို့တည်း ဟုအနက်ပေး။ ကေစိဝါဒကို ဆိုဦးအံ့၊ အချို့သော ဆရာတို့သည် အကြင်အကြင် ဆိုအပ်ကုန်ပြီးသော အနိယတ ယေဝါပနက စေတသိက်မှ ကြွင်းကုန်သော နိယတ ယေဝါပနက စေတသိက် တို့ဟု အဖွင့်ဆိုကုန်၏။ ထိုစကားသည် ထိုကေစိဆရာတို့၏ အယူမျှသာ တည်း။ အဘယ့်ကြောင့် ဆိုသော် ဤသမ္ပယောဂအရာ၌ ယေဝါ ပနက အမည်ဖြင့် တစုံတခုသော စေတသိက်ကို မထုတ်ဆောင် သည်၏ အဖြစ်ကြောင့်တည်း။ ထိုစကားမှန်၏၊ ဤသမ္ပယောဂ အရာ၌ သက်သက် နိယတ, အနိယတတို့၏ အစွမ်းအားဖြင့် စိတ်တို့၌ ထိုက်သည်အားလျော်စွာ ရသင့် ရထိုက်သော စေတသိက် မျှကို ပြခြင်းငှါသာလျှင် အရှင်အနုရုဒ္ဓါဆရာသည် ပြုအပ်၏။ ယေဝါပနက အမည်ဖြင့် တစုံတခုသော စေတသိက်တို့ကို မထုတ် ဆောင်အပ်ကုန်။
သမ္ပယောဂနည်းနှင့် သင်္ဂဟနည်းအဖွင့်
ဤသို့ ရှေးဦးစွာ ဖဿ-အစရှိကုန်သော စေတသိက်တို့တွင် ဤစေတသိက်ကို ဤမျှ အတိုင်း အရှည် ရှိသော စိတ်တို့၌ ရအပ်၏၊ ဤသို့ စိတ်ကို ပိုင်းခြားသည် အစွမ်းဖြင့် သမ္ပယောဂနည်း ကို ပြပြီး၍ ယခုအခါ၌ ဤစိတ်၌ ဤမျှ အတိုင်းအရှည် ရှိကုန်သော
၁-ဤစေတသိက်တို့ကို ဤမျှသော စိတ်တို့၌ ရအပ်၏ဟု စိတ်ကို ပိုင်းခြား၍ ပြခြင်းသည် သမ္ပယောဂနည်း မည်၏။ ၂-ဤစိတ်၌ ဤမျှသော စေတသိက်တို့သည် ဖြစ်ကြသည်ဟု စေတသိက်ကို ပိုင်းခြား၍ ပြခြင်းသည် သင်္ဂဟနည်း မည်၏။ - စေတသိက်၌ ယှဉ်သော စိတ်ကို ရေတွက်၍ ပြသော နည်းသည် သမ္ပယောဂနည်း မည်၏။ - စိတ်၌ ယှဉ်သော စေတသိက်တို့ကို ရေတွက်ပြသော နည်းသည် သင်္ဂဟနည်း မည်၏-ဟူလို။
စာမျက်နှာ-၁၆၄
စေတသိက်တို့ကို ရအပ်ကုန်၏-ဟု စေတသိက်၏အစုကို ပိုင်းခြား သည် အစွမ်းဖြင့် သင်္ဂဟနည်းကို ပြခြင်းငှာ “သင်္ဂဟဉ္စ” ဤသို့ အစရှိသော စကားကို မိန့်ဆိုအပ်ပါသတည်း။
သင်္ဂဟနည်း သင်္ဂဟဂါထာ
၃၅။ ။ ဆတ္တိံသာနုတ္တရေ ဓမ္မာ, ပဉ္စသံ မဟဂ္ဂတေ။ အဋ္ဌတိံသာ လဘန္တိ, ကာမာဝစရ သောဘဏေ။ ။ လောကုတ္တရာစိတ်၌ ၃၆-ပါး ကုန်သော စေတသိက်တို့ကို ရအပ်ကုန်၏၊ မဟဂ္ဂုတ်စိတ်၌ ၃၅-ပါးကုန်သော စေတသိက်တို့ကို ရအပ်ကုန်၏၊ ကာမာဝစရ သောဘဏစိတ်၌ ၃၈-ပါးကုန်သော စေတသိက်တို့ကို ရအပ်ကုန်၏။
၃၅။ ။ ဆတ္တိံသာ ဤသို့ အစရှိသော စကားသည် ထိုထိုသော စိတ်၌ ထိုက်သည်အားလျော်စွာ ရသင့် ရထိုက်သော စေတသိက် တို့၏ အစွမ်းအားဖြင့် ရေတွက်ကြောင်း ဖြစ်သော သင်္ဂဟဂါထာ တည်း။
လောကုတ္တရာစိတ် သင်္ဂဟနည်း ၃၆။ ။ ကထံ လောကုတ္တရေသု တာဝ အဋ္ဌသု ပဌမဈာနိက စိတ္တေသု အညသမာနာ တေရသ စေတသိ ကာ အပ္ပမညာဝဇ္ဇိတာ တေဝီသတိ သောဘဏစေတသိ ကာ စေတိ ဆတ္တိံသာ ဓမ္မာ သင်္ဂဟံ ဂစ္ဆန္တိ။ ။ သင်္ဂဟနည်းသည် အဘယ်နည်းဟူမူ၊ လောကုတ္တရာစိတ်တို့၌ ရှေးဦးစွာ သင်္ဂဟနည်းကို ငါ ဆိုအပ်၏။ ရှစ်ပါးကုန်သော ပဌမ ဈာန်နှင့်ယှဉ်သော လောကုတ္တရာစိတ်တို့၌ အညသမာန်း စေတသိက် ၁၃-ပါးတို့၎င်း, အပ္ပမညာဒွေးသည် ကြဉ်အပ်ကုန်သော သောဘဏ
စာမျက်နှာ-၁၆၅
စေတသိက် ၂၃-ပါးတို့၎င်း၊ ဤနည်း ၃၆-ပါးကုန်သော စေတသိက်တို့သည် ပေါင်းခြင်းသို့ ရောက်ကုန်၏။
လောကုတ္တရာစိတ်သင်္ဂဟနည်းအဖွင့်
၃၆။ ။ပဌမဈာန်၌ ယှဉ်သောစိတ် ဖြစ်သောကြောင့် ပဌမဈာနိကစိတ် မည်ကုန်၏၊ တစ်နည်း–ထိုစိတ်တို့အား ထိုပဌမဈာန်ရှိသောကြောင့် ပဌမဈာနိကစိတ် မည်ကုန်၏။
အပ္ပမညာကို ကြဉ်ရသောအကြောင်း အပ္ပမညာစေတသိက်တို့၏ သတ္တဝါလျှင် အာရုံရှိသောကြောင့်၎င်း၊ လောကုတ္တရာစိတ်တို့၏ နိဗ္ဗာန်လျှင် အာရုံရှိသည်အဖြစ်ကြောင့်၎င်း၊ “အပ္ပမညာဝိရဟိတာ” ဟု ဆိုအပ်၏။
၃၇။ ။တထာ ဒုတိယဈာနိကစိတ္တေသု ဝိတက္ကဝိစာရဝိရဟိတာ။ ။
ထို့အတူ ဒုတိယဈာန်နှင့် ယှဉ်သော လောကုတ္တရာစိတ်ရှစ်ခုတို့၌ ဝိတက်၊ ဝိစာရတို့သည် ကြဉ်အပ်ကုန်သော ၃၅-ပါးကုန်သော စေတသိက်တို့သည် ရေတွက်ခြင်းသို့ ရောက်ကုန်၏။
၃၇။ ။တထာ-ဟူသော ပါဠိဖြင့် အညသမာန်းစေတသိက်တို့သည်၎င်း၊ အပ္ပမညာ ကြဉ်အပ်သော သောဘဏစေတသိက်တို့သည်၎င်း၊ ပေါင်းခြင်းသို့ ရောက်ကုန်၏-ဟူသော ဤစကားတို့ကို ငင်၏။
၁-အပ္ပမညာစေတသိက်တို့သည် ဒုက္ခိတသတ္တဝါပညတ်၊ သုခိတသတ္တဝါပညတ်ကို အာရုံပြုကုန်၏၊ လောကုတ္တရာစိတ်ကား နိဗ္ဗာန်ကို အာရုံပြု၏၊ ဤသို့ အာရုံပြုကွဲသောကြောင့် လောကုတ္တရာစိတ်၌ အပ္ပမညာစေတသိက် ၂-ပါးကို ကြဉ်အပ်၏။
ဝိတက်၊ ဝိစာရ၊ ပီတိတို့ကိုကား ဘာဝနာအစွမ်းဖြင့် ပယ်အပ်ကုန်၏။
စာမျက်နှာ-၁၆၆
၄၀။ လောကုတ္တရာ ပဉ္စမဈာန်စိတ်သင်္ဂဟနည်း။ ။ပဉ္စမဈာနိကစိတ္တေသု ဥပေက္ခာသဟဂတာ တေ ဧဝ သင်္ဂယှန္တိ တိ သဗ္ဗထာ အဋ္ဌသု လောကုတ္တရစိတ္တေသု ပဉ္စကဈာနဝသေန ပဉ္စ သင်္ဂဟော ဟောတီတိ။ ပဉ္စမဈာန်နှင့် ယှဉ်သော လောကုတ္တရာစိတ်ရှစ်ခုတို့၌လည်း ဥပေက္ခာဝေဒနာနှင့် တကွဖြစ်ကုန်သော ထိုစတုတ္ထဈာန်၌ ယှဉ်သော ၃၃-ပါးသော အညသမာန်း၊ သောဘဏစေတသိက်တို့ကိုသာလျှင် ရေတွက်အပ်ကုန်၏၊ ဤသို့ ခပ်သိမ်းသော အခြင်းအရာအားဖြင့်လည်း ရှစ်ပါးကုန်သော လောကုတ္တရာစိတ်တို့၌ ဈာန်ငါးပါးအပေါင်း၏ အစွမ်းဖြင့် ငါးပါးအပြားဖြင့်သာလျှင် ပေါင်းခြင်းသည် ဖြစ်၏။
ပဉ္စမဈာန်စိတ်သင်္ဂဟနည်းအဖွင့် ၄၀။ ။ဥပေက္ခာသဟဂတာ-ဟူသည်ကား၊ ဝါ-ဟူသော ပုဒ်ကို ဝိတက်၊ ဝိစာရ၊ ပီတိ၊ သုခတို့သည် ကြဉ်အပ်ကုန်သော သုခအရာသို့ ရောက်သော ဥပေက္ခာနှင့် တကွဖြစ်ကုန်သော-ဟု အနက်ပေး။ ပဉ္စကဈာနဝသေန-ဟူသည်ကား၊ ဝါ-ဟူသော ပုဒ်ကို ဝိတက်၊ ဝိစာရတို့ကို အသီးအသီး လွန်မြောက်၍ ဝိပဿနာပွားသော ပုဂ္ဂိုလ်၏ မထက်လွန်းသောဉာဏ်၏ အစွမ်းဖြင့် ဟောတော်မူအပ်သော ဈာန်ငါးပါးအပေါင်း၏ အစွမ်းအားဖြင့်ဟု အနက်ပေး။
စတုတ္ထအားဖြင့် ဈာန်လေးပါးဖြစ်ပုံ ထိုဝိတက်၊ ဝိစာရတို့ကိုကား တပေါင်းတည်းလွန်၍ ဝိပဿနာပွားသူ၏ ထက်သောဉာဏ်၏ အစွမ်းဖြင့် ဟောတော်မူအပ်သော ဈာန်လေးပါးအပေါင်း၏ အစွမ်းဖြင့် ဒုတိယဈာန်နှင့် ယှဉ်သောစိတ်တို့၌ ဝိတက်၊ ဝိစာရတို့သည် ကြဉ်အပ်ကုန်သော အညသမာန်းစေတသိက်၊ သောဘဏစေတသိက်တို့သာလျှင်
စာမျက်နှာ-၁၆၇
ဖြစ်သင့်သောကြောင့် လေးပါးအပြားဖြင့်သာလျှင် သင်္ဂဟနည်းသည် ဖြစ်၏။ ဤကား အနုရုဒ္ဓါဆရာ၏ အလိုတည်း။
သင်္ဂဟဂါထာ
၄၁။ ။ဆတ္တိံသ ပဉ္စတိံသ စ၊ စတုတ္တိံသ ယထာက္ကမံ။
တေတ္တိံသ ဒွါယမိန္ဒောဝံ၊ ပဉ္စာနုတ္တရေ ဌိတာ။
လောကုတ္တရာစိတ်၌ သင်္ဂဟနည်းတို့သည် အစဉ်အတိုင်း ၃၆-ပါးသော စေတသိက်တို့၎င်း၊ ၃၅-ပါးသော စေတသိက်တို့၎င်း၊ ၃၄-ပါးသော စေတသိက်တို့၎င်း၊ ၃၃-ပါးသော စေတသိက် ၂-ခုတို့၏ အပေါင်း၎င်း၊ ဤသို့လျှင် ငါးပါးအပြားအားဖြင့် တည်ကုန်၏။
၄၁။ ။၃၃-ပါးသော စေတသိက် ၂-ခုတို့၏ အပေါင်းသည် စတုတ္ထဈာန်၊ ပဉ္စမဈာန်စိတ်တို့၌ တည်၏။
မဟဂ္ဂုတ်စိတ်သင်္ဂဟနည်း
၄၂။ ။မဟဂ္ဂတေသု ပန တီသု ပဌမဈာနိကစိတ္တေသု တာဝ အညသမာနာ တေရသ စေတသိကာ ဝိရတိဝိယောဇိတာ ဒွါဝီသတိ သောဘဏစေတသိကာ စေတိ ပဉ္စတိံသ ဓမ္မာ သင်္ဂဟံ ဂစ္ဆန္တိ။
မဟဂ္ဂုတ်စိတ်တို့တွင် သုံးပါးသော ပဌမဈာန်နှင့် ယှဉ်သော မဟဂ္ဂုတ်စိတ်တို့၌ ရှေးဦးစွာ အညသမာန်းစေတသိက် ၁၃-ပါးတို့၎င်း၊ ဝိရတိ ၃-ပါးသည် ကြဉ်အပ်ကုန်သော ၂၂-ပါးသော သောဘဏစေတသိက်တို့၎င်း၊ ဤသို့ ၃၅-ပါးသော စေတသိက်တို့သည် ပေါင်းခြင်းသို့ ရောက်ကုန်၏။
စာမျက်နှာ-၁၆၈
မဟဂ္ဂုတ်စိတ်သင်္ဂဟနည်းအဖွင့်
၄၂။ တီသု ဟူသည်ကား၊ ဝါ-ဟူသော ပုဒ်ကို ကုသိုလ်၊ ဝိပါက်၊ ကြိယာတို့၏ အစွမ်းအားဖြင့် သုံးပါးအပြားရှိကုန်သောဟု အနက်ပေး။
ဝိရတိကြဉ်ရသောအကြောင်း
သီလစင်ကြယ်သည်အစွမ်းဖြင့် ကောင်းစွာ သုမ်သင်အပ်ပြီးသော ကာယပယောဂ၊ ဝစီပယောဂရှိသော ပုဂ္ဂိုလ်အား သက်သက်စိတ်ကို ကောင်းစွာထားကာမျှဖြင့် မဟဂ္ဂုတ်ဈာန်တို့သည် ဖြစ်ကုန်၏၊ ကာယကံ ဝစီကံတို့ကို သုမ်သင်သည်၏ အစွမ်းဖြင့် ဖြစ်သည်မဟုတ်ကုန်၊ ဒုစ္စရိုက်၊ ဒုရာဇီဝတရားတို့ကို အကြွင်းမဲ့ဖြတ်ခြင်း၊ ငြိမ်းစေခြင်း၏ အစွမ်းဖြင့် ဖြစ်သည်မဟုတ်ကုန်၊ ထို့ကြောင့် ဝိရတိဝိယောဇိတာဟု ဆိုအပ်၏၊ (စာကိုယ်၌ ဝိရတိတ္တယဝိယောဇိတာရှိ၏)
၄၃။ ။ကရုဏာ မုဒိတာ ပနေတ္ထ ပစ္စေကမေဝ ယောဇေတဗ္ဗာ။
အထူးကို ဆိုဦးအံ့၊ ဤမဟဂ္ဂုတ်ပဌမဈာန်စိတ်၌ ကရုဏာစေတသိက်၊ မုဒိတာစေတသိက်တို့ကို အသီးအသီးသာလျှင် ယှဉ်အပ်ကုန်၏။
၁-မဟဂ္ဂုတ်ဈာန်တို့သည် သီလဝိသုဒ္ဓိ၏ အစွမ်းဖြင့် သုမ်သင်ဖြူစင်ပြီးသော ကာယပယောဂ၊ ဝစီပယောဂရှိသော ယောဂီပုဂ္ဂိုလ်အား သက်သက်စိတ်တည်ကြည်ကာမျှဖြင့်သာလျှင် ဖြစ်ကုန်၏။ မဟာကုသိုလ်စိတ်များကဲ့သို့ ကာယကံ ဝစီကံတို့ကို သုမ်သင်သည်၏ အစွမ်းဖြင့် ဖြစ်သည်မဟုတ်ကုန်၊ လောကုတ္တရာကုသိုလ်စိတ်တို့ကဲ့သို့ ဒုစ္စရိုက်၊ ဒုရာဇီဝတရားတို့ကို အကြွင်းမဲ့ဖြတ်သည့်အစွမ်းဖြင့် ဖြစ်ပေါ်လာသည်မဟုတ်ကုန်၊ ထို့ကြောင့် ဒုစ္စရိုက်၊ ဒုရာဇီဝတို့ကို ဖြတ်တတ်သော ဝိရတိစေတသိက်တို့ကို မဟဂ္ဂုတ်စိတ်၌ ကြဉ်အပ်ကုန်၏။
တစ်နည်း–ဝိရတိစေတသိက်တို့သည် ရှောင်ကြဉ်အပ်သော ဝိရမိတဗ္ဗဝတ္ထုကို အာရုံပြုကုန်၏။ မဟဂ္ဂုတ်စိတ်တို့ကား ပညတ်ကို အာရုံပြုကုန်၏၊ ဤသို့ အာရုံမတူသောကြောင့် ဝိရတိစေတသိက်တို့ကို ကြဉ်အပ်ကုန်၏။
စာမျက်နှာ-၁၆၉
၄၃။ ။ပစ္စေကမေဝ-ဟူသည်ကား၊ ဝါ-ဟူသော ပုဒ်ကို အသီးအသီးသာလျှင်-ဟု အနက်ပေး။
မဟဂ္ဂုတ်ပဉ္စမဈာန်စိတ်သင်္ဂဟနည်း ၄၇။ ။ပဉ္စမဈာနိကစိတ္တေသု ပန ပန္နရသသု အပ္ပမညာယော န လဗ္ဘန္တီတိ တထာ သတ္တဝီသတိ မဟဂ္ဂတစိတ္တေသု ပဉ္စကဈာနဝသေန ပဉ္စ သင်္ဂဟော ဟောတီတိ။ ၁၅-ပါးကုန်သော ပဉ္စမဈာန်နှင့် ယှဉ်သော မဟဂ္ဂုတ်စိတ်တို့၌ အပ္ပမညာစေတသိက်တို့ကို မရအပ်ကုန်၊ ဤသို့ ခပ်သိမ်းသော အခြင်းအရာအားဖြင့် ၂၇-ပါးသော မဟဂ္ဂုတ်စိတ်တို့၌ ဈာန်ငါးပါးအပေါင်း၏ အစွမ်းဖြင့် ငါးပါးအပြားဖြင့်သာလျှင် ရေတွက်ခြင်းသည် ဖြစ်၏။
မဟဂ္ဂုတ်ပဉ္စမဈာန်စိတ်သင်္ဂဟနည်းအဖွင့်
၄၇။ ။ပန္နရသသု-ဟူသည်ကား၊ ဝါ-ဟူသော ပုဒ်ကို ရူပါဝစရအစွမ်းဖြင့် သုံးပါးကုန်သော အရူပါဝစရအစွမ်းဖြင့် ၁၂-ပါးကုန်သော ဤသို့အားဖြင့် ၁၅-ပါးသော ပဉ္စမဈာန်နှင့် ယှဉ်သောစိတ်တို့၌-ဟု အနက်ပေး။ အပ္ပမညာယော န လဗ္ဘန္တိ ဟူသော ပါဌ်၌ မရသောအကြောင်းကို အဖွင့်ဆိုအပ်ခဲ့ပြီ။
ကာမာဝစရ သောဘဏသင်္ဂဟနည်း
၅၀။ ။အပ္ပမညာဝိရတိယော ပနေတ္ထ ပဉ္စ ပစ္စေကမေဝ ယောဇေတဗ္ဗာ။
၁-မဟဂ္ဂုတ်စိတ်တို့သည် အပ္ပနာစိတ်များ ဖြစ်ကြ၍ အပ္ပနာသို့ရောက်သော အပ္ပမညာစေတသိက်တို့မည်သည် သောမနဿဝေဒနာနှင့် အမြဲဖြစ်လေ့ရှိသောကြောင့် ဥပေက္ခာသဟဂုတ်ဖြစ်သော ပဉ္စမဈာန်စိတ်တို့၌ မယှဉ်နိုင်ကြ၍ အပ္ပမညာဒွေးကို ကြဉ်အပ်၏။
စာမျက်နှာ-၁၇၀
အထူးကို ဆိုဦးအံ့၊ ဤမဟာကုသိုလ် ပဌမဈာန်စိတ်၌ ငါးပါးကုန်သော အပ္ပမညာစေတသိက်၊ ဝိရတိစေတသိက်တို့ကို အသီးအသီးသာလျှင် ယှဉ်အပ်ကုန်၏။
အပ္ပမညာ၊ ဝိရတိတို့၏ အသီးအသီးဖြစ်ပုံ အဖွင့်
၅၀။ ။ပစ္စေကမေဝ-ဟူသည်ကား၊ ဝါ-ဟူသော ပုဒ်ကို တစ်ခုတစ်ခုစီသာလျှင်-ဟု အနက်ပေး။ အဘယ့်ကြောင့် တစ်ခုတစ်ခုစီ ဖြစ်သနည်း ဆိုသော်၊ အပ္ပမညာစေတသိက်တို့၏ သတ္တဝါလျှင် အာရုံရှိသည်အဖြစ်ကြောင့်၊ ဝိရတိစေတသိက်တို့၏လည်း လွန်ကျူးအပ်သော ဝတ္ထုလျှင် အာရုံရှိသောကြောင့် ထိုအပ္ပမညာစေတသိက်နှင့် ဝိရတိစေတသိက်တို့၏ တစ်ခုသောစိတ်၌ ဖြစ်ခြင်းမရှိ။
မဟာကြိယာစိတ်သင်္ဂဟနည်း
၅၄။ ။ကြိယာစိတ္တေသု ဝိရတိဝိယောဇိတာ တထေဝ စတူသု ဒုကေသု စတုဓာဝ သင်္ဂယှန္တိ။
မဟာကြိယာစိတ် ရှစ်ခုတို့၌လည်း ဝိရတိစေတသိက်သုံးခုသည် ကြဉ်အပ်ကုန်သော ထို ၃၅-ပါးကုန်သော အညသမာန်း၊ သောဘဏစေတသိက်တို့ကိုသာလျှင် ထိုမဟာကုသိုလ်စိတ်အတူသာလျှင် လေးပါးကုန်သော ဒုကတို့၌ လေးပါးအပြားဖြင့်သာလျှင် ရေတွက်အပ်ကုန်၏။
၁-မဟာကုသိုလ်စိတ်၌ အပ္ပမညာ၊ ဝိရတိစေတသိက်တို့သည် ယှဉ်ကြသော်လည်း အပ္ပမညာစေတသိက်တို့သည် သတ္တဝါပညတ်ကို အာရုံပြုကုန်၏၊ ဝိရတိစေတသိက်တို့သည် ဝိရမိတဗ္ဗဝတ္ထုကို အာရုံပြုကုန်၏။ ဤသို့ အာရုံကွဲပြားသောကြောင့် အပ္ပမညာယှဉ်ခိုက်မှ ဝိရတိမယှဉ်နိုင်၊ ဝိရတိယှဉ်ခိုက် အပ္ပမညာမယှဉ်နိုင်၍ အသီးအသီးသာ ယှဉ်ကုန်၏။
အပ္ပမညာ ၂-ပါးတွင်လည်း ကရုဏာယှဉ်ခိုက် မုဒိတာမယှဉ်နိုင်၊ မုဒိတာယှဉ်ခိုက် ကရုဏာမယှဉ်နိုင်၍ အသီးအသီးသာ ယှဉ်ကုန်၏-ဟုမှတ်။
စာမျက်နှာ-၁၇၁
မဟာကြိယာဝိရတိ ကြဉ်ရခြင်းအကြောင်း
၅၄။ ။လောကီဖြစ်ကုန်သော ဝိရတိစေတသိက်တို့၏ စင်စစ်ကုသိုလ်သဘောရှိကြ၍ အဗျာကတတရား၌ ဖြစ်ခြင်းမရှိကြသောကြောင့် ဝိရတိဝိယောဇိတာ-ဟု ဆိုအပ်၏။ ထို့ကြောင့် မြတ်စွာဘုရားသည် “ပဉ္စသိက္ခာပဒါ ကုသလာယေဝ”ဟု ဟောတော်မူ၏၊ ကုသိုလ်မှတစ်ပါး အကုသိုလ်၊ အဗျာကတဟု ယူသည်ရှိသော် သဒ္ဓါ၊ သတိအစရှိသည်တို့ကဲ့သို့ “သိယာ ကုသလာ၊ သိယာ အဗျာကတာ”ဟု ဟောရာ၏၊ ဖိုလ်သည်ကား မဂ်နှင့်တူစွာဖြစ်သောကြောင့်၎င်း၊ ဒုစ္စရိုက်၊ ဒုရာဇီဝတရားတို့ကို ငြိမ်းစေသောကြောင့်၎င်း၊ လောကုတ္တရာဝိရတိ၏ စင်စစ်ကုသိုလ်၏အဖြစ်သည် မသင့်၊ ထို့ကြောင့် ထိုဝိရတိတို့ကို ထိုသိက္ခာပဒဝိဘင်း၌ မယူခြင်းဖြစ်၏။
မဟာဝိပါက်စိတ်သင်္ဂဟနည်း
၅၅။ ။တထာ ဝိပါကေသု စ အပ္ပမညာဝိရတိဝိယောဇိတာ တေ ဧဝ သင်္ဂယှန္တိ တိ သဗ္ဗတ္ထာပိ စတုဝီသတိ ကာမာဝစရသောဘဏစိတ္တေသု ဒုကေသေန ဒွါဒသဓာ သင်္ဂဟော ဟောတီတိ။
ထို့အတူ မဟာဝိပါက်စိတ်ရှစ်ခုတို့၌လည်း အပ္ပမညာဒွေး၊ ဝိရတိစေတသိက်သုံးပါးတို့သည် ကြဉ်အပ်ကုန်သော ထို ၃၃-ပါးသော အညသမာန်း၊ သောဘဏစေတသိက်တို့ကိုသာလျှင် လေးပါးသော ဒုကတို့၌ လေးပါးအပြားဖြင့်သာ ရေတွက်အပ်ကုန်၏၊ ဤသို့ ခပ်သိမ်းသော အပြားအားဖြင့် ၂၄-ပါးသော ကာမာဝစရသောဘဏစိတ်တို့၌ ဒုက၏အစွမ်းအားဖြင့် ၁၂-ပါးအပြားဖြင့်သာလျှင် ရေတွက်ခြင်းဖြစ်၏။ ၁-လောကီဝိရတိစေတသိက်တို့သည် ဧကန်ကုသိုလ်သဘောရှိသောကြောင့် အဗျာကတသဘောရှိသော ကြိယာ၌ မယှဉ်နိုင်။
စာမျက်နှာ-၁၇၂
မဟာဝိပါက်စိတ်၌ အပ္ပမညာဝိရတိ ကြဉ်ရသော အကြောင်း
၅၅။ ။ကာမာဝစရဝိပါက်စိတ်တို့၏လည်း စင်စစ်ကာမအာရုံရှိသည်အဖြစ်ကြောင့်၊ အပ္ပမညာတို့၏လည်း သတ္တဝါလျှင်အာရုံရှိသည်အဖြစ်ကြောင့်၊ ဝိရတိတို့၏လည်း စင်စစ်ကုသိုလ်ဖြစ်သည်အဖြစ်ကြောင့် အပ္ပမညာဝိရတိဝိယောဇိတာ-ဟု မိန့်ဆိုအပ်၏။ စောဒနာဦးအံ့-ပညတ်စသည်လျှင်အာရုံရှိသော ကာမာဝစရကုသိုလ်စိတ်သည် ရှိ၏၊ ထို့ကြောင့် ထိုကုသိုလ်၏ ဝိပါက်သည်လည်း ကုသိုလ်နှင့်တူသော အာရုံသည် ဖြစ်သင့်သည်မဟုတ်ပါလော၊ အဘယ်ကဲ့သို့နည်းဟူမူ။ မဟဂ္ဂုတ်၊ လောကုတ္တရာစိတ်တို့သည် ကုသိုလ်နှင့်တူသော အာရုံရှိသကဲ့သို့တည်း။ ဤကား စောဒနာခြင်းတည်း။
ဤစောဒနာသည် ဤသို့ဆိုသောအတိုင်း မဖြစ်သင့်၊ အဘယ့်ကြောင့် မဖြစ်သင့်သနည်းဆိုသော်၊ ကာမတဏှာနှင့်စပ်သော ကာမာဝစရစိတ်၏ အကျိုး၏အဖြစ်ကြောင့် မသင့်၊ အဘယ်ကဲ့သို့နည်းဟူမူ၊ ကျွန်မ၏သားသည် အမိသည် အလိုရှိအပ်သော အမှုကိုပြုခြင်းငှာ မစွမ်းနိုင်၊ အရှင်သည် အလိုရှိအပ်သောအမှုကိုသာ ပြုရသကဲ့သို့ ဤအတူ ကာမတဏှာနှင့်စပ်သည်အဖြစ်ကြောင့် ကျွန်မနှင့်တူသော ကာမာဝစရကံ၏အကျိုးဖြစ်သောစိတ်ကို ထိုကာမာဝစရကံသည် ယူအပ်သောအာရုံကို မယူမူ၍ ကာမတဏှာအာရုံကိုသာလျှင် ယူ၏။ ။
ဒွါဒသ-ဟူသည်ကား၊ ဝါ-ဟူသော ပုဒ်ကို ကုသိုလ်၊ ဝိပါက်၊ ကြိယာ အပြားရှိကုန်သော ကာမာဝစရစိတ်တို့၌ အသီးအသီး လေးပါးလေးပါးသော ဒုကကိုပြု၍ သုံးပါးသောစိတ်တို့၌ ၁၂-ပါးအပြားရှိ၏။
၁-မဟာဝိပါက်စိတ်သည် ကာမဧကန်အာရုံရှိ၏၊ အပ္ပမညာစေတသိက်တို့သည် သတ္တဝါပညတ်လျှင်အာရုံရှိကုန်၏၊ ဤသို့ အာရုံမတူသောကြောင့် ဝိပါက်စိတ်၌ အပ္ပမညာကို ကြဉ်ရ၏။
မဟာဝိပါက်စိတ်သည် အဗျာကတသဘောရှိ၏၊ လောကီဝိရတိသည် ကုသိုလ်သဘောရှိ၏၊ ဤလျှင် ဇာတ်သဘောကွဲသောကြောင့် ဝိရတိစေတသိက်တို့ကို ကြဉ်အပ်ကုန်၏။
စာမျက်နှာ-၁၇၃
၅၈။ ။အနုတ္တရေ ဈာနဓမ္မာ၊ အပ္ပမညာ စ မဇ္ဈိမေ။ ဝိရတီ၊ ဉာဏ ပီတီ စ၊ ပရိတ္တေသု ဝိသေသကာ။ လောကုတ္တရာစိတ်၌ ဈာန်တရားတို့သည် အထူးပြုကုန်၏။ မဟဂ္ဂုတ်စိတ်၌ ဈာန်တရားတို့သည်၎င်း၊ အပ္ပမညာစေတသိက်တို့သည်၎င်း အထူးပြုကုန်၏၊ ကာမာဝစရသောဘဏစိတ်၌ အပ္ပမညာတရားတို့သည်၎င်း၊ ဝိရတိစေတသိက်၊ ပညာစေတသိက်၊ ပီတိစေတသိက်တို့သည်၎င်း အထူးပြုကုန်၏။
၅၈။ ။ယခုအခါ၌ ဤအညသမာန်း၊ သောဘဏစေတသိက်တို့တွင် ပဌမဈာန်နှင့် ယှဉ်သောစိတ်အစရှိသည်တို့မှ ဒုတိယဈာန်နှင့် ယှဉ်သောစိတ်အစရှိသည်တို့ကို အထူးပြုတတ်ကုန်သော စေတသိက်တို့ကို ပြခြင်းငှာ “အနုတ္တရေ ဈာနဓမ္မာ” ဤသို့ အစရှိသော စကားကို မိန့်ဆိုအပ်၏။
လောကုတ္တရာစိတ်၌ ဝိတက်၊ ဝိစာရ၊ ပီတိ၊ သုခတို့၏ အစွမ်းဖြင့် ဈာန်တရားတို့သည် အထူးပြုတတ်ကုန်၏။ မဟဂ္ဂုတ်စိတ်၌ အပ္ပမညာစေတသိက်တို့သည်၎င်း၊ ဈာန်တရားတို့သည်၎င်း အထူးပြုတတ်ကုန်၏။ ကာမာဝစရစိတ်တို့၌ ဝိရတိ၊ ဉာဏ်၊ ပီတိတို့သည်၎င်း၊ အပ္ပမညာစေတသိက်တို့သည်၎င်း အထူးပြုတတ်ကုန်၏။
၁-ဝိတက်သည် လောကုတ္တရာပဌမဈာန်၌သာ ယှဉ်၏၊ ဒုတိယစသောဈာန်တို့၌ မယှဉ်၊ ဤသို့ ယှဉ်၊ မယှဉ်အားဖြင့် ဝိတက်သည် ပဌမဈာန်မှသည် ဒုတိယစသောဈာန်တို့ကို အထူးပြု၏။ (အကြွင်းနည်းတူသိ)
၂-ကာမာဝစရစိတ် လောကုတ္တရာစိတ်တို့၏ အလယ်၌ဖြစ်သောကြောင့် မဟဂ္ဂုတ်စိတ်သည် မဇ္ဈိမမည်၏၊ အပ္ပမညာဒွေးသည် ပဌမဈာန်မှ စတုတ္ထဈာန်တို့၌သာ ယှဉ်၍ ပဉ္စမဈာန်၌ မယှဉ်၊ ဤသို့ မဟဂ္ဂုတ်စိတ်၌ အပ္ပမညာဒွေးသည် ယှဉ်၊ မယှဉ်အားဖြင့် အထူးပြု၏။
ကာမာဝစရစိတ်၌ အပ္ပမညာဒွေးသည် ကုသိုလ်စိတ်၊ ကြိယာစိတ်တို့၌သာ ယှဉ်၏။ ဝိပါက်စိတ်၌ မယှဉ်၊ ဤသို့ ကုသိုလ်၊ ကြိယာတို့မှ ဝိပါက်စိတ်ကို ယှဉ်၊ မယှဉ်အားဖြင့် အထူးပြု၏။
စာမျက်နှာ-၁၇၄
ကုန်၏။ ထို ဝိရတိ၊ ဉာဏ်၊ ပီတိ၊ အပ္ပမညာတို့တွင် ဝိရတိစေတသိက်သည် ကုသိုလ်တို့မှ ဝိပါက်၊ ကြိယာတို့ကို အထူးပြုကုန်၏။ အပ္ပမညာစေတသိက်သည် ကုသိုလ်၊ ကြိယာတို့မှ ဝိပါက်စိတ်တို့ကို အထူးပြု၏၊ ဉာဏ်၊ ပီတိတို့သည်ကား ပဌမဒွေးအစရှိသည်တို့မှ ဒုတိယဒွေးအစရှိသည်တို့ကို အထူးပြုတတ်ကုန်၏၊ ဤသို့ မှတ်အပ်၏။
လောဘမူ ဒုတိယ အသင်္ခါရိကစိတ်သင်္ဂဟနည်း ၆၀။ ။တထေဝ ဒုတိယေ အသင်္ခါရိကေ လောဘမာနေန။ ထိုပဌမ အသင်္ခါရိကစိတ်အတူသာလျှင် ဒုတိယဖြစ်သော လောဘမူ အသင်္ခါရိကစိတ်၌ လောဘ၊ မာနနှင့်တကွ တစ်ခုယုတ်နှစ်ဆယ်သော စေတသိက်တို့သည် ပေါင်းခြင်းသို့ ရောက်ကုန်၏။
လောဘမူ ဒုတိယသင်္ဂဟနည်းအဖွင့်
၆၀။ ။ဒုတိယေ အသင်္ခါရိက-ဟူသည်ကား၊ ဝါ-ဟူသော ပုဒ်ကို ဒိဋ္ဌိဂတဝိပ္ပယုတ်ဖြစ်သော အသင်္ခါရိကစိတ်၌ လောဘ၊ မာနနှင့်တကွ၊ ထိုပဌမ အသင်္ခါရိကနှင့် အတူသာလျှင် အညသမာန်းစေတသိက် ၁၃-ပါးတို့သည်၎င်း၊ အကုသလသာဓာရဏစေတသိက်လေးပါးတို့သည်၎င်း၊ ဤသို့ တစ်ခုယုတ်နှစ်ဆယ်သော
၁-ဝိရတိစေတသိက်သုံးပါးသည် ကုသိုလ်စိတ်၌သာ ယှဉ်၍ ဝိပါက်စိတ်၊ ကြိယာစိတ်တို့၌ မယှဉ်၊ ဤသို့ ကုသိုလ်စိတ်မှ ဝိပါက်စိတ်၊ ကြိယာစိတ်တို့ကို ယှဉ်၊ မယှဉ်အားဖြင့် အထူးပြု၏။
၂-ဉာဏ်သည် ပဌမဒုတိယဒွေးတည်းဟူသော ၁၂-ပါးသော ဉာဏသမ္ပယုတ်စိတ်၌သာ ယှဉ်၍ ၁၂-ပါးသော ဉာဏဝိပ္ပယုတ်စိတ်တို့၌ မယှဉ်၊ ဤသို့ ဉာဏသမ္ပယုတ်စိတ်မှ ဉာဏဝိပ္ပယုတ်စိတ်ကို ယှဉ်၊ မယှဉ်အားဖြင့် အထူးပြု၏။
ပီတိသည် ၁၂-ပါးသော သောမနဿစိတ်၌သာ ယှဉ်၍ ဥပေက္ခာစိတ်၌ မယှဉ်၊ ဤသို့ သောမနဿသဟဂုတ်စိတ်မှ ဥပေက္ခာသဟဂုတ်စိတ်ကို ယှဉ်၊ မယှဉ်အားဖြင့် အထူးပြု၏။
စာမျက်နှာ-၁၇၅
စေတသိက်တို့သည် ပေါင်းခြင်းသို့ ရောက်ကုန်၏၊ ဤသို့စပ်ခြင်းကို ပြုအပ်ကုန်၏-ဟူလို။
လောဘမူ တတိယ အသင်္ခါရိကစိတ် သင်္ဂဟနည်း
၆၁။ ။တတိယေ တထေဝ ပီတိဝိယောဇိတာ လောဘ၊ ဒိဋ္ဌိဟိ သဟ အဋ္ဌာရသ။ ထိုဒုတိယ အသင်္ခါရိကစိတ် အတူသာလျှင် တတိယ အသင်္ခါရိက လောဘမူစိတ်၌ ပီတိသည် ကြဉ်အပ်ကုန်သော လောဘ၊ ဒိဋ္ဌိတို့နှင့်တကွ ၁၈-ပါးသော စေတသိက်တို့သည် ပေါင်းခြင်းသို့ ရောက်ကုန်၏။
လောဘမူ တတိယ အသင်္ခါရိကစိတ် သင်္ဂဟနည်းအဖွင့်
၆၁။ တတိယေ-ဟူသည်ကား၊ ဝါ-ဟူသော ပုဒ်ကို ဥပေက္ခာသဟဂုတ် ဒိဋ္ဌိဂတသမ္ပယုတ်ဖြစ်သော အသင်္ခါရိကစိတ်၌-ဟု အနက်ပေး။
လောဘမူ စတုတ္ထ အသင်္ခါရိကစိတ် သင်္ဂဟနည်း
၆၂။ ။စတုတ္ထေ တထေဝ လောဘ၊ မာနေန။
ထိုတတိယ အသင်္ခါရိကစိတ် အတူသာလျှင် စတုတ္ထဖြစ်သော အသင်္ခါရိက လောဘမူစိတ်၌ လောဘ၊ မာနနှင့်တကွ ၁၈-ပါးကုန်သော စေတသိက်တို့သည် ပေါင်းခြင်းသို့ ရောက်ကုန်၏။
၆၂။ စတုတ္ထေ-ဟူသည်ကား၊ ဝါ-ဟူသော ပုဒ်ကို ဒိဋ္ဌိဂတဝိပ္ပယုတ်ဖြစ်သော အသင်္ခါရိကစိတ်၌-ဟု အနက်ပေး။
စာမျက်နှာ-၁၇၆
ဣဿာ မစ္ဆရိယ ကုက္ကုစ္စတို့ ယှဉ်ပုံ
၆၄။ ။ဣဿာ မစ္ဆရိယ၊ ကုက္ကုစ္စာနိ ပနေတ္ထ ပစ္စေကမေဝ ယောဇေတဗ္ဗာနိ။ ။ အထူးကို ဆိုဦးအံ့၊ ဤပဉ္စမအသင်္ခါရိကစိတ်၌ ဣဿာ၊ မစ္ဆရိယ၊ ကုက္ကုစ္စစေတသိက်တို့ကို အသီးအသီးသာလျှင် ယှဉ်အပ်ကုန်၏။
ဣဿာ၊ မစ္ဆရိယ၊ ကုက္ကုစ္စတို့ယှဉ်ပုံအဖွင့်
၆၄။ ဤပဋိဃသမ္ပယုတ် ပဉ္စမအသင်္ခါရိကစိတ်၌ ပြားသော အာရုံရှိသည်အဖြစ်ကြောင့် ဣဿာစေတသိက်၊ မစ္ဆရိယစေတသိက်၊ ကုက္ကုစ္စစေတသိက်တို့ကို အသီးအသီးသာလျှင် ယှဉ်အပ်ကုန်၏၊ ဤကားအဓိပ္ပါယ်တည်း။ ။
မောဟမူ ဝိစိကိစ္ဆာသဟဂုတ်စိတ်၏ သင်္ဂဟနည်း
၆၇။ ။ဝိစိကိစ္ဆာသဟဂတစိတ္တေ စ အဓိမောက္ခဝိရဟိတာ ဝိစိကိစ္ဆာသဟဂတာ တထေဝ ပန္နရသ ဓမ္မာ သမုပလဗ္ဘန္တီတိ သဗ္ဗတ္ထာပိ ဒွါဒသာကုသလစိတ္တုပ္ပါဒေသု ပစ္စေကံ ယောဇီယမာနာ ၇ ဂဏနဝသေန သတ္တဓာ သင်္ဂဟိတာ ဘဝန္တီတိ။ ။ ဝိစိကိစ္ဆာသဟဂုတ်စိတ်၌လည်း ထိုဥဒ္ဓစ္စသဟဂုတ်စိတ်အတူသာလျှင် အဓိမောက္ခစေတသိက်သည် ကြဉ်အပ်ကုန်သော ဝိစိကိစ္ဆာနှင့်တကွဖြစ်ကုန်သော ၁၅-ပါးသော စေတသိက်တို့ကို ကောင်းစွာရအပ်ကုန်၏၊ ဤသို့ ခပ်သိမ်းသော အခြင်းအရာအားဖြင့်လည်း၊
၁-ဣဿာ မစ္ဆရိယ ကုက္ကုစ္စစေတသိက်တို့သည် အာရုံပြားသောကြောင့် အတူတကွ မယှဉ်ဘဲ အသီးအသီးယှဉ်ကြ၏။
စာမျက်နှာ-၁၇၇
၁၂-ပါးသော အကုသိုလ်စိတ်တို့၌ အသီးအသီးယှဉ်အပ်ကုန်သည်ရှိသော် ရေတွက်ခြင်းအစွမ်းဖြင့် ၇-ပါးအပြားဖြင့်သာလျှင် ရေတွက်အပ်ကုန်၏။
အဓိမောက္ခ ကြဉ်ရသောအကြောင်း
၆၇။ ။အဓိမောက္ခစေတသိက်၏ ဆုံးဖြတ်သောအခြင်းအရာအားဖြင့် ဖြစ်ခြင်းကြောင့် နှလုံးနှစ်ခွဖြစ်သော သဘောရှိသော ဝိစိကိစ္ဆာစိတ်၌ ဖြစ်ခြင်းမရှိ။ ထို့ကြောင့် “အဓိမောက္ခဝိရဟိတာ”ဟူသော စကားကို ဆိုအပ်၏။
သင်္ဂဟဂါထာ
၆၈။ ။ဧကူနဝီသတိသေကေသု၊ သတ္တရသ၊ သတိ။
ဥနပန္နရသေတိ၊ သတ္တ ကုသလေ ဌိတာ။
အကုသိုလ်စိတ်၌ သင်္ဂဟနည်းတို့သည်—
(၁) တစ်ခုယုတ်နှစ်ဆယ်သော စေတသိက်တို့၎င်း၊
(၂) ၁၈-ပါးသော စေတသိက်တို့၎င်း၊
(၃) ၂၀-သော စေတသိက်တို့၎င်း၊
(၄) ၂၁-ပါးသော စေတသိက်တို့၎င်း၊
(၅) ၂၀-သော စေတသိက်တို့၎င်း၊
(၆) ၂၂-ပါးသော စေတသိက်တို့၎င်း၊
(၇) ၁၅-ပါးသော စေတသိက်တို့၎င်း၊ ဤသို့ ၇-ပါးအပြားဖြင့် တည်ကုန်၏။
၁-အဓိမောက္ခသည် အာရုံကို ဆုံးဖြတ်ခြင်းလက္ခဏာရှိသောကြောင့် အာရုံကို မဆုံးဖြတ်နိုင်ခြင်း၊ နှလုံးနှစ်ခွဖြစ်ခြင်းသဘောလက္ခဏာရှိသော ဝိစိကိစ္ဆာ၌ မယှဉ်နိုင်၍ ကြဉ်ရသည်။
စာမျက်နှာ-၁၇၈
၆၇။ ပဌမ အသင်္ခါရိကစိတ်၊ ဒုတိယ အသင်္ခါရိကစိတ်တို့၌ တစ်ခုယုတ်နှစ်ဆယ်သော စေတသိက်တို့သည် တည်ကုန်၏၊ တတိယ အသင်္ခါရိကစိတ်၊ စတုတ္ထ အသင်္ခါရိကစိတ်တို့၌ ၁၈-ပါးသော စေတသိက်တို့သည် တည်ကုန်၏၊ ပဉ္စမ အသင်္ခါရိကစိတ်၌ ၂၀-သော စေတသိက်တို့သည် တည်ကုန်၏၊ ပဌမ သသင်္ခါရိကစိတ်၊ ဒုတိယ သသင်္ခါရိကစိတ်တို့၌ ၂၁-ပါးသော စေတသိက်တို့သည် တည်ကုန်၏၊ တတိယ သသင်္ခါရိကစိတ်၊ စတုတ္ထ သသင်္ခါရိကစိတ်တို့၌ ၂၀-သော စေတသိက်တို့သည် တည်ကုန်၏၊ ပဉ္စမ သသင်္ခါရိကစိတ်၌ ၂၂-ပါးသော စေတသိက်တို့သည် တည်ကုန်၏၊ မောဟမူဒွေး၌ ၁၅-ပါးသော စေတသိက်တို့သည် တည်ကုန်၏။ ဤသို့ အကုသိုလ်စိတ်၌ ၇-ပါးအပြားအားဖြင့် တည်ကုန်၏၊ ဤကား အနက်ယောဇနာနည်းတည်း။
အကုသိုလ်နှင့် ယှဉ်သော စေတသိက်များ
၆၉။ ။သာဓာရဏာ စ စတ္တာရော၊ သမာနာ စ သာ ပရေ။ စုဒ္ဒသေတေ ပုဇ္ဈန္တိ၊ သဗ္ဗာကုသလာနော။ လေးပါးကုန်သော အကုသလသာဓာရဏစေတသိက်တို့၎င်း၊ ဆန္ဒ၊ ပီတိ၊ အဓိမောက္ခစေတသိက်တို့မှတစ်ပါးကုန်သော ၁၀-ပါးသော အညသမာန်းစေတသိက်တို့၎င်း၊ ဤသို့ ၁၄-ပါးကုန်သော ထိုစေတသိက်တို့ကို အလုံးစုံသော အကုသိုလ်စိတ်တို့နှင့် ယှဉ်ကုန်၏ဟူ၍ ဆိုအပ်ကုန်၏။
၆၉။ ။သာဓာရဏာ-ဟူသည်ကား၊ ဝါ-ဟူသော ပုဒ်ကို အလုံးစုံသော အကုသိုလ်တို့နှင့် ဆက်ဆံသည်ဖြစ်၍ ဖြစ်ကုန်သော လေးပါးကုန်သော စေတသိက်တို့၎င်း၊ ဆန္ဒ၊ ပီတိ၊ အဓိမောက္ခစေတသိက်တို့သည် ကြဉ်အပ်ကုန်သော တပါးဖြစ်ကုန်သော အည-
စာမျက်နှာ-၁၇၉
သမာန်းစေတသိက် ၁၀-ပါးတို့၎င်း၊ ဤ ၁၄-ပါးသော စေတသိက်တို့ကို အလုံးစုံသော အကုသိုလ်စိတ်၌ ယှဉ်ကုန်၏ဟူ၍ ဆိုအပ်ကုန်၏။ ဤကား အနက်ယောဇနာနည်းတည်း။
အဟိတ်ဝုဋ္ဌောစိတ်၏ သင်္ဂဟနည်း
၇၁။ ။တထာ ဝုဋ္ဌာနေ ဆန္ဒပီတိဝိရဟိတာ။
ထို့အတူ ဝုဋ္ဌောစိတ်၌ ဆန္ဒ၊ ပီတိသည် ကြဉ်အပ်ကုန်သော အညသမာန်းစေတသိက် ၁၁-ပါးတို့သည် ပေါင်းခြင်းသို့ ရောက်ကုန်၏။
ဝုဋ္ဌောစိတ် သင်္ဂဟနည်းအဖွင့်
၇၁။ ။တထာ-ဟူသော ဤစကားဖြင့် အညသမာန်းစေတသိက်တို့ကို သုံးသပ်တော်မူ၏။
မနောဓာတ်၊ အဟိတ်ပဋိသန္ဓေစိတ် သင်္ဂဟနည်း
၇၃။ ။ဒွါဒသ၊ အဟေတုကပဋိသန္ဓိယုဂ စ၊ မနောဓာတ်သုံးခု၊ အဟိတ်ပဋိသန္ဓေနှစ်ခုအစုံ၌ ဆန္ဒ၊ ပီတိ၊ ဝီရိယတို့သည် ကြဉ်အပ်ကုန်သော အညသမာန်းစေတသိက် ၁၀-တို့သည် ပေါင်းခြင်းသို့ ရောက်ကုန်၏။
မနောဓာတ်၊ အဟိတ်ပဋိသန္ဓေစိတ် သင်္ဂဟနည်းအဖွင့်
၇၃။ ။မနောဝိညာဏ်ဓာတ်ကဲ့သို့ ထူးသောကိစ္စနှင့် မယှဉ်သည်ဖြစ်၍ သိကာမျှဓာတ်ဖြစ်သောကြောင့် မနောဓာတ်
စာမျက်နှာ-၁၈၀
မည်၏။ အဟေတုကပဋိသန္ဓိယုဂ ၈-ဟူသည်ကား၊ ဝါ-ဟူသော ပုဒ်ကို ဥပေက္ခာသန္တီရဏစိတ် ၂-ပါး၌-ဟု အနက်ပေး။
သင်္ဂဟဂါထာများ
၇၅။ ။ဒွါဒသေကာဒသ ဒသ၊ သတ္တ ဇာတိ စတု။ အဋ္ဌာရသာဟေတုကေသု၊ စိတ္တုပ္ပါဒေသု သင်္ဂဟော။ အဟိတ်စိတ် ၁၈-ပါးတို့၌ ၁၂-ပါးသော စေတသိက်တို့၎င်း၊ ၁၁-ပါးသော စေတသိက်တို့၎င်း၊ ၁၀-ပါးသော စေတသိက်တို့၎င်း၊ ၇-ပါးသော စေတသိက်တို့၎င်း၊ ဤသို့ လေးပါးအပြားရှိသော သင်္ဂဟနည်းကို သိအပ်၏။
သင်္ဂဟဂါထာအဖွင့်
၇၅။ ။၁၂-ပါးသော စေတသိက်တို့သည် ဟသိတုပ္ပာဒစိတ်၌ ဖြစ်ကုန်၏၊ ၁၁-ပါးသော စေတသိက်တို့သည် ဝုဋ္ဌောစိတ်၊ သောမနဿသန္တီရဏစိတ်တို့၌ ဖြစ်ကုန်၏၊ ၁၀-ပါးသော စေတသိက်တို့သည် မနောဓာတ်သုံးခု၊ အဟိတ်ပဋိသန္ဓေအစုံတို့၏ အစွမ်းဖြင့် ငါးပါးသောစိတ်တို့၌ ဖြစ်ကုန်၏၊ ၇-ပါးသော စေတသိက်တို့သည်
၁-ကုသလဝိပါက်သန္တီရဏစိတ်သည် ကာမသုဂတိဘုံ၌ဖြစ်သော အဟိတ်ပဋိသန္ဓေစိတ်ဖြစ်၏။
အကုသလဝိပါက်သန္တီရဏစိတ်သည် အပါယ်ဘုံ၌ဖြစ်သော အဟိတ်ပဋိသန္ဓေစိတ်ဖြစ်၏။ ထိုကြောင့် ထိုစိတ် ၂-ပါးကို အဟိတ်ပဋိသန္ဓေအစုံဟု ဆိုအပ်၏။
စေတသိက်အယှဉ်များသောကြောင့် လောကုတ္တရာသင်္ဂဟနည်းကို ရှေးဦးစွာ မိန့်ဆိုရ၏။
မဟဂ္ဂုတ်စိတ်နှင့် နိယတယောစေတသိက်အယှဉ်တူသော်လည်း အယုတ်၊ အမြတ်အစဉ်အားလျော်စွာ လောကုတ္တရာစိတ်သင်္ဂဟနည်းကို ရှေးဦးစွာ မိန့်ဆိုရ၏။
အကုသိုလ်စိတ်သည် အဟိတ်စိတ်ထက်ယုတ်သော်လည်း စေတသိက်အယှဉ်များသောကြောင့် အကုသလသင်္ဂဟနည်းကို ရှေးဦးစွာ မိန့်ဆိုရ၏-ဟုမှတ်။
စာမျက်နှာ-၁၈၁
ဒွေးပဉ္စဝိညာဏ် ၁၀-ပါးတို့၌ ဖြစ်ကုန်၏၊ ဤသို့ ၁၈-ပါးသော အဟိတ်စိတ်တို့၌ သင်္ဂဟနည်းသည် ၄-ပါးအပြားရှိ၏။ ဤကား အနက်ယောဇနာနည်းတည်း။
၇၆။ ။အဟေတုကေသု သတ္တ၊ သတ္တ သော ယထာရဟံ။
ဒွိဝိတ္ထာရတာ ဝုတ္တာ၊ တတ္တိံသဝိဓသင်္ဂဟော။
အလုံးစုံသော အဟိတ်စိတ် ၁၈-ပါးတို့၌ သဗ္ဗစိတ္တသာဓာရဏစေတသိက် ခုနစ်ပါးတို့သည် ယှဉ်ကုန်၏၊ ဆန္ဒမှကြွင်းသော ပကိဏ်းစေတသိက်ငါးခုတို့သည် ထိုက်သည်အားလျော်စွာ ယှဉ်ကုန်၏၊
အကျယ်အားဖြင့် ၃၃-ပါးအပြားရှိသော သင်္ဂဟနည်းကို မိန့်အပ်၏။
၇၆။ တတ္တိံသဝိဓသင်္ဂဟော-ဟူသည်ကား လောကုတ္တရာစိတ်၌ ငါးပါးသော သင်္ဂဟနည်းတို့၎င်း၊ မဟဂ္ဂုတ်စိတ်၌ ထို့အတူ ငါးပါးသော သင်္ဂဟနည်းတို့၎င်း၊ ကာမာဝစရသောဘဏစိတ်၌ ၁၂-ပါးကုန်သော သင်္ဂဟနည်းကို၎င်း၊ အကုသိုလ်စိတ်၌ ၇-ပါးကုန်သော သင်္ဂဟနည်းတို့၎င်း၊ အဟိတ်စိတ် ၄-ပါးကုန်သော သင်္ဂဟနည်းကို၎င်း၊ ဤသို့ ၃၃-ပါးအပြားရှိသော သင်္ဂဟနည်းကို မိန့်ဆိုအပ်၏။
စေတသိက်ကို စိတ်နှင့်အမျှရေတွက်ခြင်း
၇၇။ ။ဣတ္ထိ စိတ္တာယုတ္တာနံ၊ သမ္ပယောဂဉ္စ သင်္ဂဟံ။
ဝိဘဇေယျ ယထာယောဂီ၊ စိတ္တေန သမမုဒ္ဒိသေ။
အကြင်အကြင် ဆိုအပ်ခဲ့ပြီးသော အပြားအားဖြင့် စိတ်နှင့်အမြဲယှဉ်ကုန်သော စေတသိက်တို့၏ စိတ်ကိုပိုင်းခြားသည်အစွမ်းဖြင့် မိန့်အပ်သော ၁၆-ပါးအပြားရှိသော သမ္ပယောဂနည်းကို၎င်း၊
စာမျက်နှာ-၁၈၂
စေတသိက်တို့၏ အစုကို ပိုင်းခြားသည်အစွမ်းဖြင့် မိန့်အပ်သော ၃၃-ပါးအပြားရှိသော သင်္ဂဟနည်းကို၎င်း သိအပ်၏၊ သိပြီး၍ ယှဉ်သင့်သည်အားလျော်စွာ စိတ်နှင့်မျှသော အပြားကို ပြရာ၏။
၇၇။ ။အကြင်အကြင် ဆိုအပ်ပြီးသောနည်းဖြင့် စိတ်နှင့်မပြတ်ယှဉ်ကုန်သော စေတသိက်တို့ကို စိတ်ကိုပိုင်းခြားသည်အစွမ်းအားဖြင့် ဆိုအပ်သော သမ္ပယောဂနည်းကို၎င်း၊ စေတသိက်အစုကို ပိုင်းခြားသည်အစွမ်းဖြင့် ဆိုအပ်သော သင်္ဂဟနည်းကို၎င်း သိပြီး၍ ယှဉ်သင့်သည်အားလျော်စွာ စိတ်နှင့်မျှသော အပြားကို ပြရာ၏။ ၇-ပါးကုန်သော သဗ္ဗစိတ္တသာဓာရဏစေတသိက်တို့သည် ရှေးဦးစွာ တစ်ခုယုတ်ကိုးဆယ်သော စိတ်တို့၌ဖြစ်သောကြောင့် အသီးအသီး တစ်ခုယုတ်ကိုးဆယ်အပြားရှိကုန်၏၊ ပကိဏ်းစေတသိက်တို့တွင် ဝိတက်သည် ၅၅-ပါးသောစိတ်တို့၌ ဖြစ်သောကြောင့် ၅၅-ပါးအပြားရှိ၏။ ဤသို့ အစရှိသည်ဖြင့် ဆိုရာ၏။ ဤကားအနက်တည်း။
ဤဆိုအပ်ပြီးသောစကားဖြင့် အဘိဓမ္မတ္ထဝိဘာဝနီမည်သော အဘိဓမ္မတ္ထသင်္ဂြိုဟ်ကျမ်း၏အတွင်း၌
ဒုတိယစေတသိက်ပိုင်းအဖွင့်သည် ပြီးဆုံးခြင်းသို့ရောက်ပြီ။
စာမျက်နှာ-၁၈၃
!
စာမျက်နှာ-၁၈၄
!
စာမျက်နှာ-၁၈၅
ပကိဏ်းပိုင်း
ပဋိညာဉ်နှင့် မာတိကာစဉ်
၁။ ။သမ္ပယုတ္တာ ယထာဟေဂံ၊ တေပညာသ သဘာဝတာ။
စိတ္တစေတသိကာ ဓမ္မာ၊ တေသံ ဒါနိ ယထာရဟံ။
၂။ ။ဝေဒနာဟေတုတော ကိစ္စ၊ ဒွါရာလမ္မဏဝတ္ထုတာ။
စိတ္တုပ္ပါဒဝသေနေဝ၊ သင်္ဂဟော နာမ နိယျတေ။
ယှဉ်သင့်သည်ကား လျော်စွာ အညီအညွတ် အပြားအားဖြင့် ယှဉ်ကုန်သော စိတ်, စေတသိက်တရားတို့သည် အာရုံကို သိခြင်း, တွေ့ထိခြင်း အစရှိသော မိမိ မိမိတို့၏ ကိစ္စလက္ခဏာဖြင့် ၅၃-ပါး အပြားရှိကုန်၏။ ယခုအခါ၌ ထို ၅၃-ပါးသော သဘောတရားတို့၏ ထိုက်သည့်အားလျော်စွာ စိတ်, စေတသိက်တို့၏ အစွမ်းဖြင့်သာလျှင် ဝေဒနာအပြား, ဟိတ်အပြားအားဖြင့်၎င်း၊ ကိစ္စအပြား, ဒွါရအပြား, အာရုံအပြား, ဝတ္ထုအပြားအားဖြင့်၎င်း၊ ဝေဒနာဒိသင်္ဂဟ မည်သော ပကိဏ္ဏကသင်္ဂဟကို ငါသည် ဆောင်အပ်၏။
၁။ ။ယခုအခါ၌ အကြင်အကြင် ဆိုအပ်ကုန်ပြီးသော စိတ်, စေတသိက်တို့၏ ဝေဒနာ စသည်ကို ဝေဖန်သောအားဖြင့်၎င်း၊ ထိုထိုသို့သော ဝေဒနာအစရှိသော အများအားဖြင့် ပြားကုန်သော စိတ်တို့ကို ဝေဖန်သောအားဖြင့်၎င်း၊ ပကိဏ္ဏကသင်္ဂဟကို ပြခြင်းငှါ “သမ္ပယုတ္တာ ယထာဟေဂံ” ဤသို့ အစရှိသော စကားကို အားထုတ်အပ်ပါသတည်း။ ယှဉ်သင့်သည်အား လျော်စွာ အညီ အညွတ် အပြားအားဖြင့် ယှဉ်ကုန်သော စိတ်, စေတသိက်တရားတို့သည် မိမိမိမိသဘော၏ အစွမ်းဖြင့် တခုယုတ်ကိုးဆယ် အပြား ရှိသော စိတ်သည်လည်း အာရုံကို သိတတ်သော သဘောချင်း တူသဖြင့် တပါးအပြား ရှိ၏။ သဗ္ဗစိတ္တသာဓာရဏ စေတသိက် ဖြစ်သော ဖဿစေတသိက်သည် အာရုံကို တွေ့ထိခြင်း သဘောဖြင့်
စာမျက်နှာ-၁၈၆
တပါးအပြား ရှိ၏။ ဤသို့ အစရှိသည်ဖြင့် ၅၃-ပါး° တို့သည် ဖြစ်ကုန်၏။
၂။ ။ယခုအခါ၌ ထိုစိတ်စေတသိက်တို့၏ ထိုက်သင့်သည် လျော်စွာ ဝေဒနာ။ပ။ ဝတ္ထု အားဖြင့် ဝေဒနာသင်္ဂဟ အစရှိသည် အမည်ရှိသော ပကိဏ္ဏကသင်္ဂဟကို ထိုထို ဝေဒနာ အစရှိသော အပြားအားဖြင့် ပြားသော စိတ်, စေတသိက်တို့၏ အစွမ်းဖြင့် သာလျှင် ဆောင်အပ်၏။ တစုံတခုသော သင်္ဂဟ၌ ထိုစိတ္တုပ္ပါဒ်တို့နှင့် ကင်းသဖြင့် မဆောင်အပ်။ ဤကား အနက်တည်း။
ဝေဒနာသင်္ဂဟ
၃။ ။တတ္ထ ဝေဒနာသင်္ဂဟေ တာဝ တိဝိဓာ ဝေဒနာ သုခံ,
ဒုက္ခံ အဒုက္ခမသုခဉ္စေတိ သုခံ, ဒုက္ခံ သောမနဿ,
ဒေါမနဿ, ဥပေက္ခာတိ စ ဘေဒေန ပန ပဉ္စာ ဟောတိ။
ထိုခြောက်ပါးသော ပကိဏ္ဏကသင်္ဂဟတို့တွင် ဝေဒနာသင်္ဂဟ ရှေးဦးစွာ ဤသို့ ဝေဖန်ခြင်းကို ငါသည် မိန့်ဆိုအပ်၏။ ဝေဒနာ သည် (၁) သုခဝေဒနာ၎င်း၊ (၂) ဒုက္ခဝေဒနာ၎င်း၊ (၃) ဒုက္ခလည်း မဟုတ်, သုခလည်း မဟုတ်သော ဥပေက္ခာဝေဒနာ၎င်း၊ ဤသို့ အာရုံကို ခံစားသော အနုဘဝနလက္ခဏာ အပြားဖြင့် သုံးပါးအပြား ရှိ၏။ (၁) သုခဝေဒနာ၎င်း၊ (၂) ဒုက္ခဝေဒနာ၎င်း၊ (၃) သောမနဿဝေဒနာ၎င်း၊ (၄) ဒေါမနဿဝေဒနာ၎င်း၊ (၅) ဥပေက္ခာဝေဒနာ၎င်း၊ ဤသို့ ဣန္ဒြေအပြားအားဖြင့် ငါးပါးအပြားရှိ၏။
၁-စိတ်သည် ၈၉-ပါးပင်ဖြစ်သော်လည်း အာရုံကိုသိခြင်းလက္ခဏာအားဖြင့် တပါးတည်း ဖြစ်သောကြောင့် တပါးသာ ယူရ၏။ စေတသိက်ကား လက္ခဏာ ပြား၍ ၅၂-ပါးပင် ရသဖြင့် ၅၂-ပါးယူ၍ စိတ် စေတသိက် နာမ်တရားသည် ၅၃-ပါးဖြစ်၏-ဟုမှတ်။
၂-စိတ်စေတသိက်တို့ကို ဝေဒနာစသည်ဖြင့် ပြီးပြွမ်း၍ ဝေဖန် သော ကြောင့်၎င်း, ထိုထို ဝေဒနာစသည် ပြီးပြွမ်းသော အပြားဖြင့် ပြားသော စိတ်, စေတသိက်တို့ကို ခွဲခြမ်း ဝေဖန်သောကြောင့်၎င်း ပကိဏ်း မည်၏။
စာမျက်နှာ-၁၈၇
ဝေဒနာအဖွင့်
၃။ ။တတ္ထ-ဟူသည်ကား၊-ဟူသော ပုဒ်ကို “ထိုခြောက်ပါး သော သင်္ဂဟတို့တွင်” ဟု အနက်ပေး။ သုခအစရှိသော ဝေဒနာတို့ကို၎င်း, ထိုဝေဒနာနှင့် တကွဖြစ်သော စိတ္တုပ္ပါဒ်တို့ကို၎င်း၊ ဝေဖန်ခြင်း၏ အစွမ်းဖြင့် အကျဉ်းပေါင်း၍ ယူရာ, ယူကြောင်း ဖြစ်သော သင်္ဂဟနည်းသည် “ဝေဒနာသင်္ဂဟ” မည်၏။ ဒုက္ခဝေဒနာမှ ၎င်း၊ သုခဝေဒနာမှ၎င်း တပါးဖြစ်သော ဝေဒနာသည် မ-အက္ခရာ လာသည် အစွမ်းဖြင့် အဒုက္ခမသုခဝေဒနာ မည်၏။
အနုဘဝနလက္ခဏာ အားဖြင့် ဝေဒနာသုံးပါးဖြစ်ပုံ
စောဒနာဦးအံ့—“ဒွေမာ ဘိက္ခဝေ ဝေဒနာ သုခါ ဒုက္ခာ” ဟု ဟောတော်မူသောကြောင့် ဝေဒနာတို့သည် ၂-ပါးသာ ဖြစ်ကုန် သည်မဟုတ်ပါလောဟူမူ၊ ဝေဒနာ ၂-ပါးသာဟု ဘုရားဟောတော်မူခြင်းသည် မှန်ပါ၏၊ ထိုသို့ပင် မှန်သော်လည်း ထို“ဒွေမာ ဘိက္ခဝေ” အစရှိသော စကားကို အပြစ်မရှိသော အဖို့ရှိသော အဒုက္ခမသုခဝေဒနာကို သုခဝေဒနာ၌ ပေါင်း၍ အပြစ်ရှိသော အဖို့ရှိသော အဒုက္ခမသုခဝေဒနာကို ဒုက္ခဝေဒနာ၌ ပေါင်း၍ ဟောတော်မူအပ်၏။
အချို့သော သုတ်၌ “ယံကိဉ္စိ။ပ။ ဒုက္ခဿ” ဟူသော အကြင် စကားကို မြတ်စွာဘုရား ဟောတော်မူအပ်၏။ ထိုစကားကို သင်္ခါရ ဒုက္ခ၏ အဖြစ်အားဖြင့် အလုံးစုံသော ဝေဒနာတို့၏ ဒုက္ခသဘာဝ တူသည်၏ အဖြစ်ကြောင့် ဟောတော်မူအပ်၏၊ ယင်းပါဠိ၏ အနက်-ဤသင်္ခါရတို့၌ အလုံးစုံသော ဝေဒနာသည်ရှိ၏၊ ဤအလုံးစုံ သော ဝေဒနာသည် ဒုက္ခသာ ဖြစ်၏ဟူလို။
၁-ဝေဒနာ၏ အပြားအားဖြင့် ထိုဝေဒနာနှင့် ယှဉ်ကုန်သော စိတ်, စေတသိက်တို့ကို စုပေါင်းရေတွက်၍ ပေါင်းဖြစ်သော သင်္ဂဟသည် ဝေဒနာသင်္ဂဟ မည်၏။(ကြွင်းသင်္ဂဟ တို့ကိုလည်း နည်းတူသိ)။
စာမျက်နှာ-၁၈၈
မြတ်စွာဘုရားသည် အဘယ်သို့ ဟောပါသနည်းဟူမူ
“သင်္ခါရာနိစ္စတံ အာနန္ဒာ မယာ သဗ္ဗတ္ထာယ ပကသိတံ၊ သင်္ခါရ ဝိပရိဏာမတဉ္စ၊ ယံကိဉ္စိ ဝေဒယိတမိဒမေတ္ထ ဒုက္ခဿ”
ဟု ဟောတော်မူ၏။
အဓိပ္ပါယ်ကား
အာနန္ဒာ သင်္ခါရတို့၏ အမြဲမရှိသည် အဖြစ်ကို၎င်း၊ သင်္ခါရတို့၏ ဖောက်ပြန်ပျက်စီးခြင်းသဘောရှိသည်အဖြစ်ကို၎င်း ရည်၍ “ယံကိဉ္စိ ဝေဒယိတမိဒမေတ္ထ ဒုက္ခဿ” ဟူသော စကားကို ဆိုအပ်ပါသတည်း၊ ထို့ကြောင့် ဝေဒနာတို့ကို သုံးပါးတို့သာဟု မှတ်အပ်၏။ ထို့ကြောင့် မြတ်စွာဘုရားသည် “တိဿ ဣမာ ဘိက္ခဝေ ဝေဒနာ သုခါ ဒုက္ခာ, အဒုက္ခမသုခါ” ဟု ဟောတော်မူ၏။ အနက်ကား ရဟန်းတို့ ဝေဒနာသည် သုခဝေဒနာ၎င်း, ဒုက္ခဝေဒနာ၎င်း, အဒုက္ခမသုခ ဝေဒနာ၎င်း ဤသို့သော အခြား အားဖြင့် ဤသုံးပါးကို သာတည်းဟူလို။
ဣန္ဒြိယဘေဒအားဖြင့် ဝေဒနာငါးပါးဖြစ်ပုံ
ဤသို့ သုံးပါးအပြား ရှိသော်လည်း ထိုဝေဒနာတို့ကို ဣန္ဒြိယ ဒေသနာတရားတော်၌ သုခိန္ဒြိယ, ဒုက္ခိန္ဒြိယ, သောမနဿိန္ဒြိယ, ဒေါမနဿိန္ဒြိယ, ဥပေက္ခိန္ဒြိယ-ဟု ငါးပါး အပြားအားဖြင့် ဟောတော်မူအပ်၏၊ ထို့ကြောင့် ဤဝေဒနာသင်္ဂဟ၌ ထို့အပြား၏ အစွမ်းဖြင့်လည်း ခွဲခြမ်းဝေဖန်ခြင်းကို ပြခြင်းငှါ-သုခံ ဒုက္ခံ အစရှိသော စကားကို အရှင်အနုရုဒ္ဓါဆရာသည် မိန့်ဆိုအပ်၏။
၁-ဝေဒနာဟူသည် ခံစားမှုကို ခေါ်သည်။ ၎င်းခံစားမှု အနုဘဝနလက္ခဏာအားဖြင့် ဝေဒနာသည် သုံးပါးသာရှိ၏။ သို့သော် ဣန္ဒြိယ ဝိဘင်းပါဠိတော်၌ သုခိန္ဒြိယံ စသည်ဖြင့် ငါးပါးအပြားအားဖြင့် ခွဲခြား ဝေဖန်၍ ဟောတော်မူသောကြောင့် ဣန္ဒြိယ ဘေဒအားဖြင့် ငါးပါး အပြား ရှိ၏-ဟူလို။
စာမျက်နှာ-၁၈၉
သုခ, ဒုက္ခဝေဒနာ ၂-ပါးသာ ဟောခြင်းအကြောင်း
ကိုယ်၌တည်သော သုခဒုက္ခဝေဒနာ, စိတ်၌တည်သော သုခ, ဒုက္ခဝေဒနာ အားဖြင့် ပြောသည်အဖြစ်ကြောင့် သုခဝေဒနာကို၎င်း၊ ဒုက္ခဝေဒနာကို၎င်း၊ အသီးအခြား နှစ်ပါးအပြား အားဖြင့် ဝေဖန်၍ သုခိန္ဒြိယ, သောမနဿိန္ဒြိယ, ဒုက္ခိန္ဒြိယ, ဒေါမနဿိန္ဒြိယ-ဟု ဟောတော်မူအပ်၏၊ ဥပေက္ခာဝေဒနာသည်ကား အပြားမရှိသောကြောင့် ဥပေက္ခိန္ဒြိယ-ဟု တပါးအပြားဖြင့်သာ ဟောတော်မူအပ်၏၊ အကြောင်းသော်ကား သုခနှင့် ဒုက္ခတို့သည် တပါးသော ကိုယ်၌ ဖြစ်သော သာယာခြင်း မသာယာခြင်း အပြားအားဖြင့် ကာယိန္ဒြိယကို ချီးမြှောက်ခြင်းကို၎င်း, နှိပ်စက်ခြင်းကို၎င်း, ပြုကုန်သကဲ့သို့၎င်း၊ တပါးသောစိတ်၌ ဖြစ်သော သာယာခြင်း မသာယာခြင်း အများအားဖြင့် မနိန္ဒြိယကို ချီးမြှောက်ခြင်းကို၎င်း, နှိပ်စက်ခြင်းကို၎င်း, ပြုကုန်သကဲ့သို့၎င်း၊ ဤအတူ ဥပေက္ခာသည် တပါးသော အပြားအားဖြင့် ကာယိန္ဒြိယကို ချီးမြှောက်ခြင်းကို၎င်း, နှိပ်စက်ခြင်းကို၎င်း, မပြုတတ်၊ တပါးသော အပြားအားဖြင့် မနိန္ဒြိယကို ချီးမြှောက်ခြင်းကို၎င်း, နှိပ်စက်ခြင်းကို၎င်း, မပြုတတ်သောကြောင့် ထိုဥပေက္ခာ ဝေဒနာကို အပြားမရှိ၍ တပါးအပြားအားဖြင့်သာ ဟောတော်မူအပ်၏၊ ထို့ကြောင့် ရှေးဆရာတို့သည်
ကာယိကံ မာနသိကံ ဒုက္ခံ၊ သုခဉ္စေကုပေက္ခဝေဒနာ။
ဧကံ မာနသမေတိ, ပဉ္စိန္ဒြိယဘေဒတာ။ ။
ဟု မိန့်ဆိုကုန်၏။
အနက်ကား-သုခဝေဒနာသည်၎င်း, ဒုက္ခဝေဒနာသည်၎င်း, ကိုယ်၌လည်းတည်၏၊ စိတ်၌လည်းတည်၏၊ ဥပေက္ခာဝေဒနာသည်ကား တခုသော စိတ်၌သာ တည်၏၊ ဤသို့ ဣန္ဒြိယအပြားအားဖြင့် ငါးပါးအပြား ရှိ၏-ဟူလို။
စာမျက်နှာ-၁၉၀
ဝေဒနာများ၏လက္ခဏာ
ထိုဝေဒနာတို့တွင် သုခဝေဒနာသည် အလိုရှိအပ်သော ဣဋ္ဌ ဖြစ်သော ဖောဋ္ဌဗ္ဗာရုံကို ခံစားခြင်း လက္ခဏာ ရှိ၏၊ ဒုက္ခဝေဒနာ သည် အလိုမရှိအပ်သော အနိဋ္ဌဖြစ်သော ဖောဋ္ဌဗ္ဗာရုံကို ခံစားခြင်း လက္ခဏာရှိ၏၊ သောမနဿဝေဒနာသည် သဘောအားဖြင့်၎င်း၊ ကြံဆသောအားဖြင့်၎င်း အလိုရှိအပ်သော ဣဋ္ဌာရုံကို ခံစားခြင်း လက္ခဏာ ရှိ၏၊ ဒေါမနဿဝေဒနာသည် ထိုအတူ သဘောအားဖြင့်၎င်း၊ ကြံဆသောအားဖြင့်၎င်း အလိုမရှိအပ်သော အနိဋ္ဌာရုံကို ခံစားခြင်း လက္ခဏာ ရှိ၏၊ ဥပေက္ခာဝေဒနာသည် ဣဋ္ဌမဇ္ဈတ္တာရုံ, အနိဋ္ဌမဇ္ဈတ္တာရုံကို ခံစားခြင်း လက္ခဏာ ရှိ၏။
သောမနဿသဟဂုတ်စိတ်များ
၆။ ။သောမနဿ သဟဂတ စိတ္တာနိ ပန လောဘမူလာနိ စတ္တာရိ ဒွါဒသ ကာမာဝစရ သောဘဏာနိ, သုခသန္တီရဏ ဟသိတုပ္ပါဒါနိ စ ဒွေတိ အဋ္ဌာရသ ကာမာဝစရ သောမနဿ သဟဂတ စိတ္တာနိ စေဝ ပဌမ ဒုတိယ တတိယ စတုတ္ထဈာန သင်္ခါတာနိ စတုစတ္တာလီသ မဟဂ္ဂတလောကုတ္တရ စိတ္တာနိ စေတိ သဋ္ဌိ ဝိသတိ ဘဝန္တိ။
သောမနဿ ဝေဒနာနှင့် တကွ ဖြစ်သော စိတ်တို့သည်ကား လေးပါးကုန်သော လောဘမူစိတ်တို့၎င်း၊ ၁၂-ပါးကုန်သော ကာမာဝစရ သောဘဏစိတ်တို့၎င်း၊ ၂-ပါးကုန်သော သောမနဿ သဟဂုတ် သန္တီရဏ ဟသိတုပ္ပါဒ်စိတ်တို့၎င်း၊ ဤသို့ ၁၈-ပါးကုန်သော ကာမာဝစရ သောမနဿသဟဂုတ်စိတ်တို့၎င်း၊ ပဌမဈာန်စိတ် ၁၁-ပါး, ဒုတိယဈာန်စိတ် ၁၁-ပါး, တတိယဈာန်စိတ် ၁၁-ပါး, စတုတ္ထဈာန်စိတ် ၁၁-ပါးဟု ဆိုအပ်ကုန်သော ၄၄-ပါးကုန်သော မဟဂ္ဂုတ် လောကုတ္တရာစိတ်တို့၎င်း၊ ဤသို့သော အပြားအားဖြင့် ၆၂-ပါး အပြား ရှိကုန်၏။
စာမျက်နှာ-၁၉၁
၄၄-ပါး ဖြစ်ပုံ
၆။ ။အသီးအသီး လောကီ လောကုတ္တရာ အပြားအားဖြင့် ၁၁-ပါးအပြားရှိသည် အဖြစ်ကြောင့် ၄၄-ပါးအပြား ရှိကုန်၏။
ဥပေက္ခာသဟဂုတ် စိတ်
၈။ ။“သေသာနိ ပန ပဉ္စပညာသ ဥပေက္ခာသဟဂတ စိတ္တာနေဝ” တိ။
သုခ, ဒုက္ခ, သောမနဿ သဟဂုတ်စိတ်မှ ကြွင်းကုန်သော အလုံးစုံလည်း ဖြစ်ကုန်သော ၅၅-ပါးကုန်သော စိတ်တို့သည် ဥပေက္ခာသဟဂုတ်စိတ်တို့သာလျှင် ဖြစ်ကုန်၏၊ ဤသို့သိအပ်၏။
ဥပေက္ခာသဟဂုတ်စိတ်အကြောင်း
၈။ ။သေသာနိ-ဟူသည်ကား၊-ဝါ-ဟူသောပုဒ်ကို သုခ, ဒုက္ခ, သောမနဿ, ဒေါမနဿ သဟဂုတ်စိတ်တို့မှ ကြွင်းကုန်သော-ဟု အနက်ပေး၊ အကုသိုလ်မှ ၆-ပါး, အဟိတ်စိတ်မှ ၁၄-ပါးသော စိတ်တို့၎င်း၊ ကာမာဝစရသောဘဏမှ ၁၂-ပါးသောစိတ်တို့၎င်း၊ ပဉ္စမဈာန်စိတ် ၂၃-ပါးတို့၎င်း၊ ဤသို့ အလုံးစုံကုန်သော ၅၅-ပါး သော စိတ်တို့သည် ဥပေက္ခာသဟဂုတ် စိတ်တို့ ဖြစ်ကုန်၏။
ဟေတုသင်္ဂဟ ဟိတ်အပြား
၁၁။ ။ဟေတုသင်္ဂဟေ ဟေတူ နာမ လောဘဒေါသော, မောဟော, အလောဘော, အဒေါသော, အမောဟော စာတိ ဆဗ္ဗိဓာ ဘဝန္တိ။
စာမျက်နှာ-၁၉၂
ဟေတုသင်္ဂဟ ဟိတ်တို့မည်သည်ကား
(၁) လောဘဟိတ်၎င်း၊
(၂) ဒေါသဟိတ်၎င်း၊
(၃) မောဟဟိတ်၎င်း၊
(၄) အလောဘဟိတ်၎င်း၊
(၅) အဒေါသဟိတ်၎င်း၊
(၆) အမောဟဟိတ်၎င်း၊
ဤသို့သောအပြားအားဖြင့် ခြောက်ပါး အပြားရှိကုန်၏။
ဟေတုသင်္ဂဟဟိတ်အဖွင့်
၁၁။ ။လောဘ အစရှိသော ဟိတ်တို့ကို ဝေဖန်သည် အစွမ်းဖြင့်၎င်း, ထိုဟိတ်တို့နှင့် ယှဉ်သော စိတ္တုပ္ပါဒ်တို့၏ အစွမ်းဖြင့်၎င်း, ပေါင်းရုံး၍ ယူရာ ယူကြောင်း ဖြစ်သော သင်္ဂဟသည် ဟေတုသင်္ဂဟ မည်၏၊ ဟိတ်တို့သည် ခြောက်ပါးအပြား ရှိကုန်၏၊ ဤကား ဟေတုပုဒ်၏ အစပ်ကို ပြခြင်းတည်း။
ဟိတ်အဓိပ္ပါယ်
ဟိတ်-အဖြစ်သည်ကား ထိုဟိတ်တို့၏ မိမိနှင့် ယှဉ်ကုန်သော တရားတို့ကို ကောင်းစွာ တည်တံ့သည် အဖြစ်ကို ပြီးစေနိုင်ခြင်း ဟု ဆိုအပ်သော အမြစ်အရင်း၏ အဖြစ်တည်း၊ ဝါ-ရေသောက်မြစ်နှင့် တူသည် အဖြစ်သည် ဟိတ် မည်၏။
၁-အာရုံ၌ မိမိနှင့် ယှဉ်ဘော်ယှဉ်ဘက် ဖြစ်ကုန်သော အကျိုးတရားတို့ကို ကောင်းစွာ ခိုင်ခံ့ တည်တံ့စေတတ်သော အကြောင်းတရားသည် ဟိတ် မည်၏။
ဥပမာ ဆိုသော် ဟိတ်တရားတို့သည် သစ်မြစ်နှင့် တူကုန်၏၊ သစ်မြစ်သည် သစ်ပင်ကို ခိုင်ခံ့ တည်တံ့အောင် ပြုသကဲ့သို့ ဟိတ်တရားတို့သည်လည်း သမ္ပယုတ် တရားတို့၏ ကောင်းစွာ ထောက်တည်ရာကို ဖြစ်စေသောကြောင့် ဟိတ်တရားတို့သည် သစ်မြစ်နှင့် တူကုန်၏။
စာမျက်နှာ-၁၉၃
မူလအရင်း ဖြစ်ခြင်း၏ အကြောင်း ရေသောက်မြစ် သဘွယ် ဖြစ်ပုံကား...ရအပ်သော ဟေတုပစ္စည်း ရှိကုန်သော ရုပ်နာမ် တရားတို့သည် စည်ပင်ပြန့်ပွား၍ အမြစ်ရှိကုန်သော သစ်ပင်တို့ကဲ့သို့ ဖြစ်ကုန်သကဲ့သို့ မဖြစ်ကုန်သောကြောင့် သစ်မြစ်နှင့် တူကုန်၏။ ထို့ကြောင့် ထိုဟိတ်တရားတို့ကို သစ်မြစ်နှင့်တူသည်အဖြစ်ကြောင့် မူလ-ဟု ဆိုအပ်ကုန်၏။
အပရေဝါဒ
အဋ္ဌကထာဆရာမှ တပါးဖြစ်ကုန်သော အရှင်ရေဝတ စသော အပရေဆရာ တို့သည်ကား...ကုသိုလ် စသည်တို့၏ ကုသိုလ် အစရှိသည် အဖြစ်ကို ပြီးစေတတ်သော မူလတရားသည် ဟိတ် အဖြစ် မည်၏-ဟု ဆိုကုန်၏၊ ဤသို့ ကုသိုလ်အဖြစ်ကို ပြီးစေတတ်သော မူလတရားသည် ဟိတ်မည်ခဲ့သော် ဟိတ်တို့၏ မိမိ၏ ကုသိုလ်စသည်အဖြစ်ကို ပြီးစေတတ်သော တပါးသော စိတ်ကို ရှာမှီးသင့်ရာ၏၊ ထိုသို့ ဖြစ်ခဲ့သော် ထိုဟိတ်တို့၏ ကုသိုလ်စသည် အဖြစ်သည် ကြွင်းသော သမ္ပယုတ်တရားတို့၏ ဟိတ်နှင့် စပ်သည် ဖြစ်ခဲ့ရာ၏၊ ဤသို့ ဖြစ်ခဲ့သည် ရှိသော် မောဟမူစိတ်နှင့် ယှဉ်သော မောဟဟိတ်၏ အကုသိုလ် အဖြစ်သည် ဟိတ်နှင့် မစပ်သည် ဖြစ်ခဲ့ရာ၏၊ ထိုမောဟမူစိတ်နှင့် ယှဉ်သော မောဟဟိတ်၏ အကုသိုလ် အဖြစ်သည် သဘောအားဖြင့်၊ ဝါ-အလိုလိုပြီးသည် အကယ်၍
၁-အဟိတ်စိတ်တို့သည် အမြစ် မရှိသော မှော်နှင့်တူကုန်၏။
လောဘ စသော ယှဉ်ဘော် ယှဉ်ဘက်ဟိတ် မရှိသောကြောင့် အဟိတ် မည်၏။ မောဟမူ စိတ်သည် မောဟဟိတ် တပါးတည်း ရှိသောကြောင့် ဧကဟိတ်စိတ် မည်၏။
ကြွင်းသော အကုသိုလ်စိတ် ၁၀-ပါးတို့တွင် လောဘမူစိတ်ကား လောဘဟိတ်နှင့် မောဟဟိတ် ရှိသောကြောင့် ဒွိဟိတ်စိတ် မည်၏။ ဒေါသမူစိတ်သည် ဒေါသနှင့် မောဟဟိတ် နှစ်ပါး ရှိသောကြောင့် ဒွိဟိတ်စိတ် မည်၏၊ ဉာဏဝိပ္ပယုတ်စိတ် ၁၂-ပါးကား အလောဘ အဒေါသ ဟိတ် ၂-ပါး ရှိသောကြောင့် ဒွိဟိတ်စိတ် မည်၏။
ဉာဏသမ္ပယုတ်စိတ်, မဟဂ္ဂုတ်စိတ်, လောကုတ္တရာ စိတ်များကား အလောဘ အဒေါသ အမောဟ ဟိတ် ၃-ပါး ရှိသောကြောင့် တိဟိတ်စိတ် မည်၏။
စာမျက်နှာ-၁၉၄
ဖြစ်ခဲ့အံ့၊ ဤ ဖြစ်သည် ရှိသော် မောဟမှ ကြွင်းသော ဟိတ်တို့၏ ကုသိုလ် အစရှိသည်တို့၏ အဖြစ်သည် သဘောအားဖြင့်၊ ဝါ-အလိုလိုပြီးသည် ဖြစ်ခဲ့ရာ၏၊ ထို့ကြောင့် မောဟဟိတ်မှ ကြွင်းကုန်သော ဟိတ်တို့၏ ထိုကုသိုလ် အစရှိသည်တို့၏ အဖြစ်သည် ဟိတ်နှင့် မစပ်သကဲ့သို့ ဟိတ်နှင့် ယှဉ်ကုန်သော တရားတို့၏လည်း ထိုကုသိုလ် စသည်တို့၏ အဖြစ်သည် ဟိတ်နှင့် မစပ်ရာ၊ ကုသိုလ် အစရှိသည် တို့၏ အဖြစ်သည် ဟိတ်နှင့် စပ်သည် အကယ်၍ ဖြစ်အံ့-ထိုသို့ဟိတ်နှင့် စပ်၍ ဖြစ်၌ အဟိတ်တို့၏ အဗျာကတ အဖြစ်သည် မဖြစ်သင့်ရာ၊ ထို့ကြောင့် ( အပရေ-ဆရာကို) အလွန် နှိပ်စက် သဖြင့် အကျိုး ရှိပြီ။
မှတ်ချက်။ ။အထက်ပါစကားရပ်ကား အပရေဆရာ၏ စကား၌ ကျရောက်သင့်သော အပြစ် လဒ္ဓဒေါသ ကို ပြဆို သော စကား ဖြစ်၏။
ဆုံးဖြတ်ချက်
ကုသိုလ် အကုသိုလ်တို့၏ ကုသိုလ် အစရှိသည်တို့၏ အဖြစ် သည် အသင့် အတင့်အားဖြင့် နှလုံးသွင်းခြင်း ယောနိသော မနသိကာရ, အသင့်အတင့်အားဖြင့် နှလုံးမသွင်းခြင်း အယောနိသော မနသိကာရ နှင့် စပ်၏၊ (ဟိတ်နှင့်မစပ်၊ ဟိတ်နှင့်မဆိုင်ပေ၊ မြတ်စွာဘုရားသည် အဘယ်သို့ ဟောသနည်းဟူမူ”
“ယောနိသော ဘိက္ခဝေ မနသိကရောတော အနုပ္ပန္နာ စေဝ ကုသလာ ဓမ္မာ ဥပ္ပဇ္ဇန္တိ၊ ဥပ္ပန္နာ စ ကုသလာ ဓမ္မာ အဘိဝဍ္ဎန္တိ”။
ဤသို့ အစရှိသော စကားကို ဟောတော်မူ၏။
အနက်ကား ရဟန်းတို့ အသင့်အတင့်အားဖြင့် နှလုံးသွင်းသောသူအား မဖြစ်ကုန်သေးသော ကုသိုလ်တရားတို့သည် ဖြစ်ကုန်၏၊ ဖြစ်ကုန်ပြီးသော ကုသိုလ်တရားတို့သည် တိုးပွားကုန်၏။
စာမျက်နှာ-၁၉၅
အဗျာကတ တရားတို့၏ အဗျာကတ အဖြစ်သည် အနုသယ မရှိသော ဘုရား ရဟန္တာ ပုဂ္ဂိုလ်တို့၏ သန္တာန်နှင့် စပ်၏၊ ကံနှင့်လည်း စပ်၏၊ အကျိုးကို မဖြစ်စေတတ်သည် အဖြစ်နှင့် စပ်၏၊ ဤသို့ မှတ်အပ်၏။
မှတ်ချက်။ ။ဘုရား ရဟန္တာတို့၏ ကြိယာဖြစ်ခြင်းကား အနုသယ မရှိသောကြောင့် ဖြစ်၏၊ ဝိပါက် ကြိယာ ဖြစ်ခြင်းကား ကံနှင့်စပ်၏၊ ကြိယာဝိပါက် နှစ်ပါး လုံး၏ အဗျာကတ ဖြစ်ခြင်းကား အကျိုးမပေးသော သဘောနှင့် စပ်၏-ဟု ခွဲ၍မှတ်။
၁၇။ လောဘော ဒေါသော စ မောဟော စ,
ဟေတူ အကုသလာ တထာ။
အလောဘော ဒေါသော စ မောဟော စ,
ကုသလာဗျာကတာ တထာ။
အကုသိုလ် ဖြစ်ကုန်သော ဟိတ်တို့သည် လောဘဟိတ်၎င်း, ဒေါသဟိတ်၎င်း, မောဟဟိတ်၎င်း, ဤသုံးပါး အပြားရှိကုန်၏၊ ကုသိုလ်, အဗျာကတ ဖြစ်ကုန်သော ဟိတ်တို့သည် အလောဘဟိတ်၎င်း, အဒေါသဟိတ်၎င်း, အမောဟဟိတ်၎င်း ဤသို့ ထိုအတူ ၃-ပါးအပြား ရှိကုန်၏။
၁၇။ ။ယခုအခါ၌ ဟိတ်တို့၏ ဇာတ်အပြားကို ပြုခြင်းငှါ “လောဘော ဒေါသာစ” ဤသို့ အစရှိသော စကားကို မိန့်ဆိုအပ်၏။
ဟေတုသင်္ဂဟပြီးပြီ။
စာမျက်နှာ-၁၉၆
ကိစ္စသင်္ဂဟ
ကိစ္စအပြား ၁၄-ပါး
၁၉။ ။ကိစ္စသင်္ဂဟေ ကိစ္စာနိ နာမ၊ ပဋိသန္ဓေ, ဘဝင်္ဂ, အာဝဇ္ဇန, ဒဿန, သဝန, ဃာယန, သာယန, ဖုသန, သမ္ပဋိစ္ဆန, သန္တီရဏ, ဝုဋ္ဌော, ဇော, တဒါရမ္မဏ, စုတိ ဝသေန စုဒ္ဒသ ဝိဓာ ဘဝန္တိ။
ကိစ္စသင်္ဂဟ ကိစ္စတို့ မည်သည်ကား
(၁) ပဋိသန္ဓေကိစ္စ၊
(၂) ဘဝင်ကိစ္စ၊
(၃) အာဝဇ္ဇန်းကိစ္စ၊
(၄) ဒဿနကိစ္စ၊
(၅) သဝနကိစ္စ၊
(၆) ဃာယနကိစ္စ၊
(၇) သာယနကိစ္စ၊
(၈) ဖုသနကိစ္စ၊
(၉) သမ္ပဋိစ္ဆနကိစ္စ၊
(၁၀) သန္တီရဏကိစ္စ၊
(၁၁) ဝုဋ္ဌောကိစ္စ၊
(၁၂) ဇောကိစ္စ၊
(၁၃) တဒါရမ္မဏကိစ္စ၊
(၁၄) စုတိကိစ္စတို့၏ အစွမ်းဖြင့် ၁၄-ပါးအပြားရှိကုန်၏။
ကိစ္စသင်္ဂဟ ကိစ္စ ၁၄-ပါးအဖွင့်
၁၉။ ။ပဋိသန္ဓေ အစရှိကုန်သော ကိစ္စတို့ကို ဝေဖန်သည် အစွမ်းဖြင့်၎င်း, ထိုပဋိသန္ဓေကိစ္စ စသည်ရှိကုန်သော စိတ်တို့ကို ပိုင်းခြားသည် အစွမ်းဖြင့်၎င်း ပေါင်းရုံးသိမ်းကျုံး၍ ယူရာ ယူကြောင်း
စာမျက်နှာ-၁၉၇
ဖြစ်သော သင်္ဂဟသည် “ကိစ္စသင်္ဂဟ” မည်၏။ လွန်ပြီးသော ဘဝမှ ဘဝသစ်ကို အဖန်တလဲလဲ စပ်ခြင်းသည် ပဋိသန္ဓေကိစ္စ မည်၏။ မပြတ်ဖြစ်သော အကြောင်း၏ အစွမ်းဖြင့် ဖြစ်ဆဲဘဝ၏ အကြောင်း အဖြစ်သည် ဘဝင်ကိစ္စ မည်၏၊ အာဝဇ္ဇန်းကိစ္စ အစရှိသည်တို့ကို အောက်၌ ဆိုခဲ့ပြီးသော စကား၏ အနက်ကို အစဉ်မှီသဖြင့် ထိုက်သည်အားလျော်စွာ ယှဉ်အပ်ကုန်၏။
အာရုံ၌ ထိုထိုကိစ္စကို ပြီးစေသည် အစွမ်းဖြင့် အကြိမ်များစွာသော်၎င်း၊ တကြိမ်သော်၎င်း လျင်သော အဟုန်ဖြင့် ပြေးသော ယောက်ျား၏ ဖြစ်ခြင်းကဲ့သို့ လျင်သော အဟုန်ဖြင့် ဖြစ်ခြင်းသည် ဇောကိစ္စ¹ မည်၏၊ ထိုထိုဇောသည် ယူအပ်ပြီးသော အာရုံကို အာရုံပြုခြင်းသည် တဒါရုံကိစ္စ မည်၏၊ ဖြစ်ရာဘဝမှ ရွှေလျောခြင်းသည် စုတိကိစ္စ မည်၏။
ဌာနအပြား
၂၀။ ။ပဋိသန္ဓေ ဘဝင်္ဂ, အာဝဇ္ဇန, ပဉ္စဝိညာဏဌာနာဒိဝသေန ပန တေသံ ဒသဓာ ဌာနဘေဒေါ ဝေဒိတဗ္ဗော။
၁-ပြုခြင်းသည် ကိစ္စ မည်၏။ ၂-ဘဝဟောင်းနှင့် ဘဝသစ်ကို စပ်ခြင်းသည် ပဋိသန္ဓေကိစ္စ မည်၏။ ၃-ဥပပတ္တိ ဘဝဟု ဆိုအပ်သော ပစ္စုပ္ပန် ဘဝ၌ ဖြစ်နေသော ခန္ဓာ အစဉ်၏ အသက်ထက်ဆုံး မပြတ် မလပ်ရအောင် ဖြစ်ခြင်း၏ အကြောင်းသည် ဘဝင်ကိစ္စ မည်၏။
၄-တစုံတခုသော အာရုံကို နှလုံးသွင်းခြင်း, ဆင်ခြင်ခြင်းသည် အာဝဇ္ဇန်းကိစ္စ မည်၏။ (ဒဿန စသောကိစ္စများကား သိပြီ)
၅-အာရုံ၌ ထိုထိုသော ကိစ္စကို ပြီးစေသည် အစွမ်းဖြင့် အကြိမ်များစွာသော်၎င်း၊ တကြိမ် သော်၎င်း အာရုံကို ပိုင်းခြားစွာ သိလျက် အရှိန်အဟုန် လျင်မြန်စွာ ဖြစ်ခြင်းသည် ဇောကိစ္စ မည်၏။
၆-ဇောသည် ယူအပ်ပြီးသော အာရုံကို အာရုံပြု၍ ဖြစ်ခြင်းသည် တဒါရုံကိစ္စ မည်၏။ ၇-ဖြစ် ပစ္စုပ္ပန် ဘဝ၏ ပျက်ပြား ချုပ်ဆုံး သေလွန်ခြင်းသည် စုတိကိစ္စ မည်၏။
စာမျက်နှာ-၁၉၈
ထိုကိစ္စတပ်သော စိတ်တို့၏ ဌာနအပြားကို ပဋိသန္ဓေဌာန, ဘဝင်ဌာန, အာဝဇ္ဇန်းဌာန, ပဉ္စဝိညာဏ်ဌာန စသည်တို့၏ အစွမ်းဖြင့် ၁၀-ပါး အပြားရှိ၏ဟူ၍ သိအပ်၏။
ဌာနအဖွင့်
၂၀။ ။ဤကိစ္စတို့သည် “ဌာန” ၏ အစွမ်းဖြင့် ထင်ရှားကုန်၏၊ ထို့ကြောင့် ထိုဌာနကို ယခုအခါ၌ အပြားအားဖြင့် ပြုခြင်းငှါ “ပဋိသန္ဓေ” ဤသို့အစရှိသော စကားကို မိန့်ဆိုတော်မူအပ်၏။ ထိုပါဠိ၌ ပဋိသန္ဓေ၏ တည်ရာသည် ပဋိသန္ဓိဌာန မည်၏။ ပဋိသန္ဓေမှ လွတ်သော ဌာနမည်သည် အကယ်၍ကား မရှိ၊ ယင်းသို့ မရှိသော်လည်း ယူလွယ်စေခြင်း အကျိုးငှါ “သိလာပုတ္တကဿ သရီရ” ဤသို့ အစရှိသော ပါဠိကဲ့သို့ မပြားသော်လည်း ပြားသကဲ့သို့ ကြံခြင်း “အဘေဒ ဘေဒုပစာ” ဟူ၍ မှတ်အပ်၏။ ကြွင်းသော ဌာနတို့၌လည်း ဤအတူ မှတ်အပ်၏။ ဒဿန အစရှိကုန်သော ငါးပါးကုန်သော ဝိညာဏ်တို့၏ ဌာနသည် ပဉ္စဝိညာဏဌာန မည်၏။ အာသဒ္ဓါဖြင့် သမ္ပဋိစ္ဆနဌာန အစရှိသည်တို့ကို ပေါင်း၏။
ဌာနအရဖွင့်ပြခြင်း
ထိုဆယ်ပါးသော ဌာနတို့တွင် စုတိနှင့် ဘဝင်စိတ်တို့၏ အကြား သည် ပဋိသန္ဓိဌာန မည်၏၊ ပဋိသန္ဓေ, အာဝဇ္ဇန်းတို့၏၎င်း၊ ဇော, အာဝဇ္ဇန်းတို့၏၎င်း၊ တဒါရုံ, အာဝဇ္ဇန်းတို့၏၎င်း၊ ဝုဋ္ဌော,
၁-ကိစ္စနှင့် ဌာန အထူးကား စိတ်တို့၏ သတ္တိသည် ကိစ္စ မည်၏။ ထိုသတ္တိ၏တည်ရာ သတ္တိမန္တ စိတ်ဒြပ်သည် ဌာန မည်၏-ဟုမှတ်။
၂-အတိတ်ဘဝနှင့် ပစ္စုပ္ပန်ဘဝကို စပ်ခြင်း သဘော သတ္တိသည် ပဋိသန္ဓေကိစ္စ မည်၏၊ ထိုကိစ္စဖြင့် မှတ်အပ်သော သတ္တိမန္တ ကိစ္စဖြစ်သော ပဋိသန္ဓေစိတ်သည် ပဋိသန္ဓဌာန မည်၏-ဟူလို (အကြွင်းနည်းတူသိ)
ပဉ္စဒွါရာဝဇ္ဇန်းနှင့် သမ္ပဋိစ္ဆနတို့၏ အကြား၌ ဖြစ်ခြင်း တူ၍ ပဉ္စဝိညာဏ်ကို တဌာနတည်း ပေါင်း၍ ယူထားသောကြောင့် ဌာနသည် ၁၀-ပါးသာ ရှိ၏။
စာမျက်နှာ-၁၉၉
အာဝဇ္ဇန်းတို့၏၎င်း၊ တရံတခါ ဇော, စုတိတို့၏၎င်း၊ တဒါရုံ, စုတိတို့၏၎င်း အကြားသည် ဘဝင်ဌာန မည်၏။ ဘဝင်, ပဉ္စဝိညာဏ်တို့၏၎င်း၊ ဘဝင်, ဇောတို့၏၎င်း အကြား သည် အာဝဇ္ဇန်းဌာန မည်၏။ ပဉ္စဒွါရာဝဇ္ဇန်းနှင့် သမ္ပဋိစ္ဆနတို့၏ အကြားသည် ပဉ္စဝိညာဏ်ဌာန မည်၏။ ပဉ္စဝိညာဏ်, သန္တီရဏတို့၏ အကြားသည် သမ္ပဋိစ္ဆနဌာန မည်၏။ သမ္ပဋိစ္ဆန, ဇောတို့၏ အကြားသည် သန္တီရဏဌာန မည်၏။ သန္တီရဏ, ဇောတို့၏၎င်း၊ သန္တီရဏ, ဘဝင်တို့၏၎င်း အကြားသည် ဝုဋ္ဌောဌာန မည်၏။ ဝုဋ္ဌော, တဒါရုံတို့၏၎င်း၊ ဝုဋ္ဌော, ဘဝင်တို့၏၎င်း၊ ဝုဋ္ဌော, စုတိတို့၏၎င်း၊ မနောဒွါရာဝဇ္ဇန်း, တဒါရုံတို့၏၎င်း၊ မနောဒွါရာဝဇ္ဇန်း, ဘဝင်တို့၏၎င်း၊ မနောဒွါရာဝဇ္ဇန်း, စုတိတို့၏၎င်း အကြားသည် ဇောဌာန မည်၏။ ဇော, ဘဝင်တို့၏၎င်း၊ ဇော, စုတိတို့၏၎င်း အကြားသည် တဒါရုံဌာန မည်၏။ ဇော, ပဋိသန္ဓေတို့၏၎င်း၊ တဒါရုံ, ပဋိသန္ဓေတို့၏၎င်း၊ ဘဝင်, ပဋိသန္ဓေတို့၏၎င်း အကြားသည် စုတိဌာန မည်၏။
ပဋိသန္ဓေ ဘဝင် စုတိ ကိစ္စတပ်သော စိတ်များ
၂၁။ ။တတ္ထ ဒွေ ဥပေက္ခာသဟဂတသန္တီရဏာနိ စေဝ အဋ္ဌ မဟာဝိပါကာနိ စ နဝ ရူပါရူပဝိပါကာနိ စေတိ ဧကူနဝီသတိ စိတ္တာနိ ပဋိသန္ဓေ ဘဝင်္ဂ စုတိကိစ္စာနိ နာမ။
ထိုကိစ္စသင်္ဂဟ၌ ဝါ-ကိစ္စ ဌာန နှစ်ပါးတို့တွင် ဥပေက္ခာသဟဂုတ် သန္တီရဏစိတ်တို့၎င်း၊ ရှစ်ပါးသော မဟာဝိပါက်စိတ်တို့၎င်း၊ ကိုးပါးသော ရူပ, အရူပဝိပါက်စိတ်တို့၎င်း ဤသို့သော အပြားအားဖြင့် တခုယုတ် နှစ်ဆယ်သော စိတ်တို့သည် ပဋိသန္ဓေကိစ္စ, ဘဝင်ကိစ္စ, စုတိကိစ္စတပ်သော စိတ်တို့ မည်ကုန်၏။
စာမျက်နှာ-၂၀၀
သုခသန္တီရဏစိတ်၏ ပဋိသန္ဓေကိစ္စ မတပ်သောအကြောင်း
၂။ ။သောမနဿ သန္တီရဏ - စိတ်၏ ပဋိသန္ဓေ အစွမ်းဖြင့် ဖြစ်ခြင်း သဘော မရှိသောကြောင့် နှစ်ပါးကုန်သော ဥပေက္ခာ သဟဂုတ် သန္တီရဏစိတ်တို့သည်သာလျှင် ပဋိသန္ဓေကိစ္စ, ဘဝင်ကိစ္စ, စုတိကိစ္စ, တဒါရုံကိစ္စ, သန္တီရဏကိစ္စ အစွမ်းဖြင့် ငါးကိစ္စ တပ်နိုင်ကုန်၏။ ဤကား-အဓိပ္ပါယ်တည်း။ ။
ထိုကြောင့် ပဋ္ဌာန်းကျမ်း၌ “ဥပေက္ခာသဟဂတံ ဓမ္မံ ပစ္စ။ပ။ နဟေတု ပစ္စယာ”ဟု ဤညွှန်းလာသော ဥပေက္ခာသဟဂတပုဒ်၏ ဝိဘင်း၌။ “အဟေတုကံ။ ပ။ ဧကော ခန္ဓာ”ဟု ဤပဋိသန္ဓေ ပဝတ္တိ၏ အစွမ်းဖြင့် ပဋိစ္စနည်းကို ထုတ်ဆောင်အပ်၏။
ပီတိသဟဂတ, သုခသဟဂတ ဝိဘင်း၌ကား “အဟေတုကံ။ ပ။ ဧကော ခန္ဓာ”ဟု ပဝတ္တိအစွမ်းဖြင့်သာလျှင် ထုတ်ဆောင်အပ်၏။ “အဟေတုကပဋိသန္ဓိက္ခဏေ” ဤသို့ အစရှိသည်ဖြင့် ပဋိသန္ဓေ အစွမ်းဖြင့် ထုတ်ဆောင်တော်မမူ။ ထို့ကြောင့် အဘိဓမ္မာပိဋ္ဋက၌ မဟောခြင်းသည်လည်း မဖြစ်ခြင်းကိုသာလျှင် ပြအပ် သိအပ်၏၊ ထို့ကြောင့် ထိုသောမနဿသန္တီရဏ စိတ်၏ ပဋိသန္ဓေအစွမ်းဖြင့် ဖြစ်ခြင်း မရှိ။ အကြင်ဒေသနာ ရအပ်သော်လည်း အချို့သော ဒေသနာကို မဟောခြင်းသည် ရှိ၏။ ထိုဒေသနာ၌ အကြောင်းသည် အထက်၌ထင်စွာဖြစ်လတံ့။
ဇောကိစ္စတပ်သောစိတ်
၂၆။ ။အာဝဇ္ဇန ဒွယ ဝဇ္ဇိတာနိ, ကုသလာကုသလ ဖလကြိယာ စိတ္တာနိ, ပဉ္စ ပညာသ, ဇဝနကိစ္စာနိ။
၁-ဒွိဟိတ် ဩမက ဖြစ်သော သောမနဿ ကုသိုလ်ကံသည် အလွန်အားနည်းသောကြောင့် အဟိတ် သောမနဿ ပဋိသန္ဓေကို မပေးနိုင်၍ သောမနဿ သန္တီရဏစိတ်ကို ကြဉ်ရ၏၊ ပဋိသန္ဓေကိစ္စ ဖြစ်နိုင်၍ ဘဝင်ကိစ္စ, စုတိကိစ္စလည်း မဖြစ်နိုင်။
၁။ ဒွိဟိတ် ဩမက ဖြစ်သော သောမနဿကုသိုလ်ကံသည် အားနည်းသောကြောင့် အဟိတ်သောမနဿပဋိသန္ဓေကို မပေးနိုင်ခြင်းကြောင့် သောမနဿသန္တီရဏစိတ်ကို ဇောကိစ္စတပ်သောစိတ်စာရင်းမှ ကြဉ်ရ၏။
စာမျက်နှာ-၂၀၁
အာဝဇ္ဇန်းဒွေးသည် ကြဉ်အပ်ကုန်သော ၅၅-ပါးကုန်သော ကုသိုလ်, အကုသိုလ်, ဖိုလ်, ကြိယာစိတ်တို့သည် ဇောကိစ္စတပ်သော စိတ်တို့ မည်ကုန်၏။
အာဝဇ္ဇန်းဒွေးကို ကြဉ်ရသောအကြောင်း
၂၆။ ။မနောဒွါရာဝဇ္ဇန်း ၁ စိတ်သည် ကာမအာရုံ၌ ၂-ကြိမ် ၃-ကြိမ် ဖြစ်သော်လည်း ထိုမနောဒွါရာဝဇ္ဇန်း၏ အာရုံအရသာကို ခံစားနိုင်ခြင်း မရှိသောကြောင့် ဇောကိစ္စ မဖြစ်၊ ထို့ကြောင့် “အာဝဇ္ဇနဒွယ ဝဇ္ဇိတာ”ဟု ဆိုအပ်၏။ ထို့ကြောင့် အဋ္ဌကထာ၌ “ဇဝနဋ္ဌာနေ ဌတွာ”ဟု မိန့်ဆိုအပ်၏။ ဤမှတပါးသောအားဖြင့် ဇောကိစ္စ တပ်သည်ရှိသော် “ဇဝန” ဟုဟူ၍ ဆိုအပ်ရာ၏။ “ကုသလာကုသလ ဖလကြိယ စိတ္တာ” ဟူသည်ကား ၂၁-ပါးသော လောကီ လောကုတ္တရာ ကုသိုလ်တို့၎င်း၊ ၁၂-ပါးသော အကုသိုလ်စိတ်တို့၎င်း၊ ၄-ပါးသော လောကုတ္တရာ ဖိုလ်စိတ်တို့၎င်း၊ ၁၈-ပါးသော တေဘူမက ကြိယာစိတ်တို့၎င်း ဤသို့ ၅၅-ပါးသောစိတ်တို့သည် ဇောကိစ္စ တပ်ကုန်၏။
မဂ်၏ဇောကိစ္စမည်ပုံ
ထိုစကားမှန်၏၊ တခုသော စိတ္တက္ခဏသာ ရှိသော်လည်း လောကုတ္တရာမဂ် အစရှိသည်သည် ထိုသဘော ရှိသည်၏ အဖြစ်ကြောင့် ဝါ-အာရုံအရသာကို ခံစားနိုင်သော သဘော ရှိသောကြောင့် ဇောကိစ္စ မည်၏။
အဘယ်ကဲ့သို့ နည်းဟူမူ-တခုခုသော အာရုံ ရှိသော်လည်း သဗ္ဗညုတ ဉာဏ်သည် အလုံးစုံသော အာရုံကို သိခြင်းငှါ စွမ်းနိုင်သည် အဖြစ်နှင့် ယှဉ်သောကြောင့် တရံတခါမျှ ထိုသဗ္ဗညုတအမည်ကို မစွန့်သကဲ့သို့တည်း။
၁-အာဝဇ္ဇန်း ၂-ပါးသည် အာရုံကို ဆင်ခြင်ရုံမျှ ဖြစ်၍ အာရုံကို မသိနိုင်, မခံစားနိုင် သောကြောင့် ဇောကိစ္စ မတတ်နိုင်၍ ၎င်းတို့ကို ပယ်ရသည်။
စာမျက်နှာ-၂၀၂
ငါးကိစ္စတပ်သောစိတ်
၂၈။ ။တေသု ပန ခွ, ဥပေက္ခာသဟဂတ သန္တီရဏ စိတ္တာနိ, ပဋိသန္ဓိ ဘဝင်္ဂ, စုတိ, တဒါရမ္မဏ, သန္တီရဏဝသေန ပဉ္စ ကိစ္စာနိ နာမ။
ထိုကိစ္စဌာန တပ်သော စိတ်တို့တွင် နှစ်ပါးကုန်သော ဥပေက္ခာ သဟဂုတ် သန္တီရဏစိတ်တို့သည် ပဋိသန္ဓေကိစ္စ, ဘဝင်ကိစ္စ, စုတိကိစ္စ, တဒါရုံကိစ္စ, သန္တီရဏကိစ္စတို့၏ အစွမ်းဖြင့် ငါးကိစ္စတပ်သော စိတ်တို့ မည်ကုန်၏။
၂၈။ ။ဤသို့ ကိစ္စအပြားအားဖြင့် ဆိုအပ်ကုန်သော စိတ်တို့ကို မိမိတို့၏ ဥစ္စာဖြစ်သော ကိစ္စအား လျော်စွာ ရသင့် ရထိုက်သော ကိစ္စကို ရောက်သည် အစွမ်းဖြင့် ပေါင်း၍ ပြုခြင်းငှါ “တေသု ပန” ဤသို့ အစရှိသော စကားကို မိန့်တော်မူအပ်၏။
သင်္ဂဟဂါထာများ
၃၄။ ။ပဋိသန္ဓိယော နာမ, ကိစ္စဘေဒေန စုဒ္ဒသ။
ဒသဓာ ဌာနဘေဒေန, စိတ္တုပ္ပါဒါ ပကာသိတာ။
ပဋိသန္ဓေ အစရှိသည် မည်ကုန်သော စိတ် စေတသိက်တို့ကို ကိစ္စတို့၏ အပြားဖြင့် ၁၄-ပါးအပြား ရှိကုန်၏-ဟူ၍ ပြအပ်ကုန်၏။ ဌာနတို့၏ အပြားဖြင့် ၁၀-ပါးအပြား ရှိကုန်၏-ဟူ၍ ပြအပ်ကုန်၏။
၃၄။ ။ပဋိသန္ဓေ အစရှိကုန်သော စိတ် စေတသိက်တို့သည် အမည်ကိစ္စတို့၏ အပြားဖြင့် ပဋိသန္ဓေ အစရှိကုန်သော အမည်တို့၏၎င်း, ကိစ္စတို့၏၎င်း အပြားဖြင့်၊ တနည်းသော်ကား ပဋိသန္ဓေ စသည် အမည်ရှိကုန်သော စိတ် စေတသိက်တို့သည် ပဋိသန္ဓေ အစ ရှိသော ကိစ္စတို့၏ အပြားဖြင့် ၁၄-ပါးအပြား ရှိကုန်၏-ဟူ၍ ပြအပ်
စာမျက်နှာ-၂၀၃
ကုန်၏။ ပဋိသန္ဓေ အစရှိကုန်သော ဌာနတို့၏ အပြားအားဖြင့် ၁၀-ပါး အပြားရှိ၏-ဟူ၍ ပြအပ်ကုန်၏။ ဤကား အနက်ယောဇနာခြင်းတည်း။
ကိစ္စဌာနတပ်သောစိတ်များ
၃၅။ ။ဧကဋ္ဌ-ဧကဋ္ဌာန, တထာ ဒွေ စ, နဝဋ္ဌ ဍ ယထာက္ကမံ။
ဧကဒွိတိ စတု ပဉ္စ, ကိစ္စဌာနာနိ နိဒ္ဒိသေ။ တကိစ္စ-တဌာန, နှစ် ကိစ္စ-နှစ် ဌာန, သုံး ကိစ္စ-သုံးဌာန, လေးကိစ္စ-လေးဌာန, ငါးကိစ္စ-ငါးဌာန တပ်သော စိတ်တို့ကို အစဉ်အတိုင်း ၆၈-ပါး အပြားရှိကုန်၏-ဟူ၍၎င်း၊ ထိုမှတပါး နှစ်ပါးအပြား ရှိကုန်၏-ဟူ၍၎င်း၊ ကိုးပါး အပြား ရှိကုန်၏-ဟူ၍၎င်း၊ ရှစ်ပါးအပြားရှိကုန်၏-ဟူ၍၎င်း၊ နှစ်ပါးအပြား ရှိကုန်၏-ဟူ၍၎င်း ပြရာ၏။
ကိစ္စတပ်သောစိတ်များအဖွင့်
၃၅။ ။တကိစ္စ-တဌာန, နှစ်ကိစ္စ-နှစ်ဌာန, သုံးကိစ္စ-သုံးဌာန, လေးကိစ္စ-လေးဌာန, ငါးကိစ္စ-ငါးဌာနတပ်ကုန်သော စိတ်တို့သည် အစဉ်အတိုင်း ၆၈-ပါး အပြားရှိကုန်၏-ဟူ၍၎င်း၊ ထိုမှတပါး နှစ်ပါး အပြား ရှိကုန်၏-ဟူ၍၎င်း၊ ကိုးပါး အပြား ရှိကုန်၏-ဟူ၍၎င်း၊ ရှစ်ပါး အပြား ရှိကုန်၏-ဟူ၍၎င်း၊ နှစ်ပါး အပြား ရှိကုန်၏ဟူ၍၎င်း ပြရာ၏။ ဤကားပုဒ်တို့၏စပ်ခြင်း အနက်ပေးခြင်းတည်း။
ကိစ္စသင်္ဂဟပြီးပြီ။
ဒွါရသင်္ဂဟ၊ ဒွါရ အပြား
၃၆။ ။ဒွါရသင်္ဂဟေ ဒွါရာနိ နာမ, စက္ခုဒွါရံ, သောတဒွါရံ, ဃာနဒွါရံ, ဇိဝှါဒွါရံ, ကာယဒွါရံ, မနောဒွါရဉ္စေတိ ဆဗ္ဗိဓာနိ ဘဝန္တိ။
စာမျက်နှာ-၂၀၄
ဒွါရသင်္ဂဟ၌ ဒွါရတို့မည်သည်ကား
(၁) စက္ခုဒွါရ၎င်း၊
(၂) သောတဒွါရ၎င်း၊
(၃) ဃာနဒွါရ၎င်း၊
(၄) ဇိဝှါဒွါရ၎င်း၊
(၅) ကာယဒွါရ၎င်း၊
(၆) မနောဒွါရ၎င်း၊ ဤသို့သော အပြားအားဖြင့် ၆-ပါး အပြား ရှိကုန်၏။
ဒွါရသင်္ဂဟ၊ ဒွါရ အပြားအဖွင့်
၃၆။ ။ဒွါရတို့ကို၎င်း, ဒွါရ၌ဖြစ်သော စိတ်တို့ကို၎င်း ပိုင်းခြားသည် အစွမ်းဖြင့် အကျဉ်းပေါင်း၍ ယူရာ ယူကြောင်း ဖြစ်သော သင်္ဂဟသည် ဒွါရသင်္ဂဟ မည်၏။ အာဝဇ္ဇန်း အစရှိကုန်သော နာမ်တရားတို့၏ ဖြစ်ခြင်း၏ အကြောင်းဖြစ်၍ တံခါးနှင့်တူသော ကြောင့် ဒွါရ မည်ကုန်၏။
ဒွါရ အရကိုဝေဖန်ခြင်း
၃၇။ ။တတ္ထ စက္ခုမေဝ စက္ခုဒွါရံ, တထာ သောတာဒိ, မနောဒွါရံ ပန ဘဝင်္ဂန္တိ ပဝုစ္စတိ။
ထိုခြောက်ပါးသော ဒွါရတို့တွင် စက္ခုပသာဒသည်ပင် စက္ခုဒွါရ မည်၏၊ ထို့အတူ သောတပသာဒ အစရှိသည်တို့သည် သောတဒွါရ အစရှိသည် မည်ကုန်၏၊ ဘဝင်္ဂုပစ္ဆေဒ ၁၉-ပါးကို မနောဒွါရ ဟူ၍ ဆိုအပ်၏။
၁။ ပကတိ တံခါးသည် ဝင်ကုန်, ထွက်ကုန်သော အိမ်ရှင် ဖြစ်သူတို့၏ ဝင်ရာ, ထွက်ရာ, ဝင်ကြောင်း, ထွက်ကြောင်း ဖြစ်သကဲ့သို့ အာဝဇ္ဇန်း စသော နာမ်တရားတို့၏ ဖြစ်ကြောင်း ဖြစ်သောကြောင့် ဒွါရ မည်၏။
စာမျက်နှာ-၂၀၅
ဒွါရ အရကိုဝေဖန်ခြင်း
၃၇။ ။စက္ခုမေဝ-ဟူသည်ကား၊ ဝါ-ဟူသောပုဒ်ကို ပသာဒစက္ခုကိုသာလျှင်-ဟု အနက်ပေး။ အာဝဇ္ဇန်းအစရှိကုန်သော ဝီထိစိတ်တို့၏ ဖြစ်ကြောင်း ဖြစ်သောကြောင့် မနောဒွါရ မည်၏။ တနည်းကား-ဘဝင်္ဂုပစ္ဆေဒ ဖြစ်သော ဘဝင် ၁၉-ခုသည်သာလျှင် ဒွါရဖြစ်သောကြောင့် မနောဒွါရ မည်၏။ ဘဝင်-ဟူသည်ကား အာဝဇ္ဇန်း၏ အခြားမဲ့၌ ဖြစ်သော ဘဝင်္ဂုပစ္ဆေဒ ဖြစ်သော ဘဝင်တည်း။ ထို့ကြောင့် ရှေးဆရာတို့သည်
“သာဝဇ္ဇနံ ဘဝင်္ဂံ, မနောဒွါရန္တိ ဝုစ္စတိ”ဟုဆိုကုန်ပြီ။
အနက်ကား အာဝဇ္ဇန်း၏ အခြားမဲ့၌ ဖြစ်သော ဘဝင်ကိုကား မနောဒွါရ-ဟုဆိုအပ်၏။
စက္ခုဒွါရဖြစ်သောစိတ်
၃၈။ ။တတ္ထ ပဉ္စဒွါရာဝဇ္ဇန, စက္ခုဝိညာဏ, သမ္ပဋိစ္ဆန, သန္တီရဏ, ဝုဋ္ဌောဒန, ကာမာဝစရဇဝန, တဒါရမ္မဏ ဝသေန ဆစတ္တာလီသ စိတ္တာနိ စက္ခုဒွါရေ ယထာရဟံ ဥပ္ပဇ္ဇန္တိ။
ထိုဒွါရတို့တွင် စက္ခုဒွါရ၌ ပဉ္စဒွါရာဝဇ္ဇန်း, စက္ခုဝိညာဏ်ဒွေး, သမ္ပဋိစ္ဆနဒွေး, သန္တီရဏ သုံးခု, ဝုဋ္ဌောဒန, ကာမဇော တခုယုတ် သုံးဆယ်, တဒါရုံ ဧကာဒသတို့၏ အစွမ်းအားဖြင့် ၄၆-ပါးသော စိတ်တို့သည် ထိုက်သည်အားလျော်စွာ ဖြစ်ကုန်၏။
၁-စက္ခုပသာဒရုပ်သည် စက္ခုဒွါရ မည်၏ (အကြွင်းနည်းတူသိ)၊
၂-မနောဒွါရာဝဇ္ဇန်း စသော ဝီထိစိတ်တို့၏ ဖြစ်ကြောင်း ဖြစ်သောကြောင့် ဘဝင်္ဂုပစ္ဆေဒ ၁၉-ခုသည် မနောဒွါရ မည်၏။ ကြွင်းသော အတီတဘဝင်, ဘဝင်္ဂစလန စသော ဘဝင်များကား ဘဝင်ပင် ဖြစ်ကုန်သော်လည်း မနောဒွါရာဝဇ္ဇန်းစိတ်အား အနန္တရပစ္စည်း မတပ်နိုင်သောကြောင့် မနောဒွါရ မမည်ကုန်။
စာမျက်နှာ-၂၀၆
၃၈။ ။တတ္ထ-ဟူသည်ကား၊ ဝါ-ဟူသော ပုဒ်ကို ထိုစက္ခု အစရှိသောဒွါရတို့တွင်-ဟု အနက်ပေး။ စက္ခုဒွါရ၌ ၄၆-ပါးသော စိတ်တို့သည် ထိုက်သည်အားလျော်စွာ ဖြစ်ကုန်၏၊ ဤကား ပုဒ်တို့၏ စပ်ခြင်းတည်း၊ ဝါ-အနက်ပေးပုံတည်း။ တခုသော ပဉ္စဒွါရာဝဇ္ဇန်း စိတ်၎င်း၊ ကုသလဝိပါက်, အကုသလဝိပါက် နှစ်ပါးတို့၏ အစွမ်းဖြင့် ခုနစ်ပါးကုန်သော စက္ခုဝိညာဏ် အစရှိကုန်သော စိတ်တို့၎င်း၊ တခုသော ဝုဋ္ဌောဒနစိတ်၎င်း၊ ကုသိုလ် အကုသိုလ်, အာဝဇ္ဇန်းမှ တပါးကုန်သော ကြိယာစိတ်တို့၏ အစွမ်းဖြင့် တခုယုတ် သုံးဆယ်သော ကာမာဝစရ ဇောစိတ်တို့၎င်း၊ မယူရသေးသည်ကို ယူသည် အစွမ်းဖြင့် ရှစ်ပါးကုန်သော တဒါရုံတို့၎င်း၊ ဤသို့ ၄၆-ပါးသော စိတ်တို့သည် ဖြစ်ကုန်၏။
ယထာရဟံ-ဟူသည်ကား၊ ဝါ-ဟူသောပုဒ်ကို ဣဋ္ဌာရုံစသော အာရုံ၌ ယောနိသောမနသိကာရ, အယောနိသောမနသိကာရ, အနုသယကင်းသော ရဟန္တာအရှင်တို့၏ သန္တာန် အစရှိသည်တို့အား လျော်သည်အစွမ်းဖြင့်-ဟု အနက်ပေး။
၃၉။ ။တာ ပဉ္စဒွါရာဝဇ္ဇန သောတဝိညာဏာဒိ ဝသေန။ ပ။ တထာပိ ပဉ္စဒွါရေ စတုပညာသစိတ္တာနိ ကာမာဝစရာနေဝ။
ထို့အတူ သောတဒွါရ အစရှိသည်တို့၌လည်း ပဉ္စဒွါရာဝဇ္ဇန်း, သောတဝိညာဏ်ဒွေး အစရှိသည်တို့၏ အစွမ်းဖြင့် ၄၆-ပါးသော စိတ်တို့သည်သာလျှင် ဖြစ်ကုန်၏၊ ဤသို့ အလုံးစုံသော အခြင်းအရာအားဖြင့် ပဉ္စဒွါရ၌ ၅၄-ပါးသော စိတ်တို့သည် ကာမာဝစရ စိတ်တို့သာတည်း။
၃၉။ ။သဗ္ဗထာပိ-ဟူသည်ကား၊ ဝါ-ဟူသောပုဒ်ကို အာဝဇ္ဇန်း အစ, တဒါရုံ အဆုံး ရှိသော ခပ်သိမ်းသော အပြားဖြင့် ကာမာဝစရ စိတ်တို့သည် ဖြစ်ကုန်၏၊ ဤသို့ အနက်ယောဇနာလေ၊ တနည်းကား သဗ္ဗထာ-ပုဒ်ကို စတုပညာသစိတ္တာ-ပုဒ်နှင့်စပ်၍ အနက်ပေးရာ၏။
စာမျက်နှာ-၂၀၇
၅၄-ပါးဖြစ်ပုံ
ထိုထိုဒွါရ၌ ဖြစ်သော စိတ်တို့၏ အစွမ်းဖြင့် တည်ကုန်သော စိတ်တို့ကို မယူအပ်သေးသည်ကို ယူသည်အစွမ်းဖြင့်၎င်း, ခပ်သိမ်းသော အပြားအားဖြင့် စက္ခုဒွါရ၌ ဖြစ်ကုန်သော ၄၆-ပါးသော စိတ်တို့၌ သောတဝိညာဏ် အစရှိကုန်သော လေးပါးသော အစုံတို့ကို ထည့်သဖြင့်၎င်း, ၅၄-ပါး ဖြစ်ကုန်၏၊ ဤကား အနက်တည်း။
ဒွါရဝိမုတ်စိတ်
၄၁။ ။ဧကုနဝီသတိ ပဋိသန္ဓိ, ဘဝင်္ဂ, စုတိဝသေန ဒွါရဝိမုတ္တာနိ။ တခုယုတ် နှစ်ဆယ်သော စိတ်တို့သည် ပဋိသန္ဓေ, ဘဝင်, စုတိတို့၏ အစွမ်းဖြင့် ဒွါရခြောက်ပါးမှ လွတ်သောစိတ် မည်ကုန်၏။
ဒွါရဝိမုတ်စိတ်အဖွင့်
၄၁။ ။စက္ခု စသော ဒွါရတို့၌ မဖြစ်သောကြောင့်၎င်း၊ မိမိတို့သည်ပင် မနောဒွါရ-ဟု ဆိုအပ်သော ဘဝင် ဖြစ်သောကြောင့်၎င်း၊ ကမ္မနိမိတ် စသော အာရုံမှ တပါးသော အာရုံကို ယူသည်၏ အစွမ်းဖြင့် မဖြစ်သောကြောင့်၎င်း၊ ပဋိသန္ဓေ အစရှိသည်တို့၏ အစွမ်းဖြင့် ဖြစ်ကုန်သော တခုယုတ် နှစ်ဆယ်သော စိတ်တို့သည် ဒွါရခြောက်ပါးမှ လွတ်သောကြောင့် ဒွါရဝိမုတ်စိတ် မည်ကုန်၏။
တဒွါရ၌ဖြစ်သောစိတ်
၄၂။ ။တေသု ပန ပဉ္စဝိညာဏာနိ စေဝ မဟဂ္ဂတ လောကုတ္တရဇဝနာနိ စေတိ ဆတ္တိံသ ယထာရဟမေကဒွါရိကစိတ္တာနိ နာမ။
၁-ပဋိသန္ဓေ, ဘဝင်, စုတိစိတ်တို့သည် ဇနကကံ အဟုန် သက်သက်ကြောင့်သာ ဖြစ်ကုန်၏၊ အာရုံ, ဒွါရတို့၏ ထိခိုက်မှုကြောင့် ဖြစ်သော စိတ်မျိုး မဟုတ်၍ ဒွါရ ခြောက်ပါးမှ လွတ်သော စိတ်မျိုး ဖြစ်သောကြောင့် ဒွါရဝိမုတ်စိတ် မည်ကုန်၏။
တနည်း–မိမိသည်ပင် မနောဒွါရ-ဟု ဆိုအပ်သော ဘဝင် ဖြစ်သောကြောင့်၎င်း, ကမ္မနိမိတ် စသည်တို့မှ တပါးသော အာရုံကို မယူသောကြောင့်၎င်း ဒွါရဝိမုတ် မည်ကုန်၏။
စာမျက်နှာ-၂၀၈
ထိုခြောက်ဒွါရ၌ ဖြစ်သော စိတ်တို့တွင် ဒွေးပဉ္စဝိညာဏ် ၁၀-တို့ ၎င်း၊ မဟဂ္ဂတ, လောကုတ္တရာဇော ၂၆-ခုတို့၎င်း၊ ဤသို့သာ အပြားဖြင့် ၃၆-ပါးသော စိတ်တို့သည် ထိုက်သည်အားလျော်စွာ တဒွါရ၌ ဖြစ်သောစိတ် မည်ကုန်၏။
တဒွါရ၌ဖြစ်သောစိတ် အဖွင့်
၄၂။ ။ဒွေးပဉ္စဝိညာဏ် ၁၀-တို့သည် မိမိ မိမိ၏ ဒွါရ၌ ဖြစ်သောကြောင့်, ၂၆-ပါးသော မဟဂ္ဂတ လောကုတ္တရာဇောတို့သည်ကား မနောဒွါရ၌သာ ဖြစ်သောကြောင့် ၃၆-ပါးသော စိတ်တို့သည် ထိုက်သည်အားလျော်စွာ မိမိတို့၏ ဒွါရအားလျော်စွာ တဒွါရ၌ ဖြစ်သောစိတ် မည်ကုန်၏။
ဆဒွါရိက, ဒွါရဝိမုတ် နှစ်မည် ရသောစိတ်
၄၅။ ။ဥပေက္ခာသဟဂတသန္တီရဏ မဟာဝိပါကာနိ ဆဒွါရိကာနိ စေဝ ဒွါရဝိမုတ္တာနိ စ။
ဥပေက္ခာသဟဂုတ် သန္တီရဏစိတ် နှစ်ခု, မဟာဝိပါက်စိတ် ရှစ်ခုတို့သည် ရံခါ ခြောက်ဒွါရ၌ ဖြစ်ကုန်၏၊ ရံခါ ခြောက်ဒွါရမှ လွတ်ကုန်၏။
အောက်ဒွါရ၌ဖြစ်ခြင်း, ခြောက်ဒွါရမှ လွတ်ခြင်းအကြောင်း
၄၅။ ။ပဉ္စဒွါရတို့၌ သန္တီရဏ, တဒါရုံတို့၏ အစွမ်းဖြင့် ဖြစ်ခြင်းကြောင့်၎င်း၊ မနောဒွါရ၌ တဒါရုံအစွမ်းဖြင့် ဖြစ်ခြင်းကြောင့်၎င်း ခြောက်ဒွါရ၌ ဖြစ်ကုန်၏၊ ပဋိသန္ဓေ အစရှိသည် အစွမ်းဖြင့် ဖြစ်ခြင်းကြောင့် ဒွါရခြောက်ပါးမှလည်း လွတ်ကုန်၏။
၁-၎င်း ဥပေက္ခာသဟဂုတ် သန္တီရဏစိတ်, မဟာဝိပါက်စိတ်တို့သည် ပဉ္စဒွါရဝီထိ၌ သန္တီရဏကိစ္စ, တဒါရုံကိစ္စ တပ်ကြသောကြောင့် ခြောက်ဒွါရ၌ ဖြစ်ကုန်၏၊ ၎င်းစိတ်တို့သည် ပဋိသန္ဓေကိစ္စ, ဘဝင်ကိစ္စ, စုတိကိစ္စ တပ်သောအခါ ခြောက်ဒွါရမှ လွတ်ကုန်၏။ မဟဂ္ဂတ ဝိပါက်စိတ်တို့ကား ပဋိသန္ဓေကိစ္စ, ဘဝင်ကိစ္စ, စုတိကိစ္စသာ တပ်ကြသောကြောင့် ဒွါရ ခြောက်ပါးမှ လွတ်ကုန်၏။
စာမျက်နှာ-၂၀၉
သင်္ဂဟဂါထာ
၄၇။ ။ဧကဒွါရိကစိတ္တာနိ, ပဉ္စဆဒွါရိကာနိ စ။
ဆဒွါရိကဝိမုတ္တာနိ, ဝိမုတ္တာနိ စ သဗ္ဗထာ။
တဒွါရ၌ ဖြစ်သော စိတ်တို့၎င်း၊ ငါးဒွါရ၌ ဖြစ်သောစိတ်, ခြောက်ဒွါရ၌ ဖြစ်သော စိတ်တို့၎င်း၊ ရံခါ ခြောက်ဒွါရ၌ ဖြစ်၍ ရံခါ ခြောက်ဒွါရမှ လွတ်သော စိတ်တို့၎င်း၊ အချင်းခပ်သိမ်း ခြောက်ဒွါရမှ လွတ်သော စိတ်တို့၎င်း။
၄၇။ ။ငါးဒွါရ၌ ဖြစ်သော စိတ်တို့၎င်း၊ ခြောက်ဒွါရ၌ ဖြစ်သော စိတ်တို့၎င်း၊ ငါးဒွါရ, ခြောက်ဒွါရ၌ ဖြစ်သော စိတ်တို့၊ ထိုစိတ်တို့သည် ခြောက်ဒွါရ၌ ဖြစ်၍ ရံခါ ခြောက်ဒွါရမှ လွတ်သောကြောင့် ဆဒွါရိကဝိမုတ္တာနိ မည်ကုန်၏၊ တနည်းကား ခြောက်ဒွါရ၌ ဖြစ်သော စိတ်တို့၎င်း၊ ခြောက်ဒွါရမှ လွတ်သော စိတ်တို့၎င်း ဤသို့ ဖြစ်ကုန်သောကြောင့် ဆဒွါရိကဝိမုတ္တာနိ မည်ကုန်၏။ ဤသို့ တစိတ်အားဖြင့်သာလျှင် သုတိရှိသော ဧကသေသနည်းကို မှတ်အပ် ပြုအပ်၏။
မှတ်ချက်။ ။ဤဋီကာဖြင့် ပဉ္စဆဒွါရိကာနိ-ပုဒ်ကို ပဉ္စဒွါရိကာနိ စ, ဆဒွါရိကာနိ စာတိ ပဉ္စဆဒွါရိကာနိ-ဟု၎င်း, ဆဒွါရိကဝိမုတ္တာနိ-ပုဒ်ကို ဆဒွါရိကာနိ စ, ဆဒွါရိကဝိမုတ္တာနိ စာတိ ဆဒွါရိကဝိမုတ္တာနိ-ဟု၎င်း ဧကသိက် ဝိဂြိုဟ် ပြုရမည်ဟု ဖွင့်ပြ၏။
ဒွါရသင်္ဂဟအဖွင့် ပြီး၏။
အာရမ္မဏသင်္ဂဟ
အာရုံ ၆-ပါး
၄၉။ ။အာရမ္မဏသင်္ဂဟေ အာရမ္မဏာနိ နာမ ရူပါရမ္မဏံ, သဒ္ဒါရမ္မဏံ, ဂန္ဓာရမ္မဏံ, ရသာရမ္မဏံ, ဖောဋ္ဌဗ္ဗာရမ္မဏံ, ဓမ္မာရမ္မဏဉ္စေတိ ဆဗ္ဗိဓာနိ ဘဝန္တိ။
စာမျက်နှာ-၂၁၀
အာရမ္မဏသင်္ဂဟ၌ အာရုံတို့ မည်သည်ကား...
(၁) ရူပါရုံ၎င်း၊
(၂) သဒ္ဒါရုံ၎င်း၊
(၃) ဂန္ဓာရုံ၎င်း၊
(၄) ရသာရုံ၎င်း၊
(၅) ဖောဋ္ဌဗ္ဗာရုံ၎င်း၊
(၆) ဓမ္မာရုံ၎င်း၊ ဤသို့သော အပြားအားဖြင့် ခြောက်ပါး အပြားရှိကုန်၏။
အာရုံခြောက်ပါးအဖွင့်
၄၉။ ။အာရုံတို့ကို သရုပ်အားဖြင့်၎င်း၊ ဝေဖန်သောအားဖြင့်၎င်း၊ ထိုအာရုံကို ပြုသော စိတ်အားဖြင့်၎င်း၊ သိမ်းရုံးပေါင်းကျုံး၍ ယူရာယူကြောင်း ဖြစ်သော သင်္ဂဟသည် အာရမ္မဏသင်္ဂဟ မည်၏။ အဆင်း၏ ဖေါက်ပြန်ခြင်းသို့ ရောက်သည် ဖြစ်၍ နှလုံး၌ ရောက်သည် အဖြစ်ကို ပြတတ်သောကြောင့် ရူပ မည်၏၊ ထိုရူပသည်ပင်လျှင် အားနည်းသော ယောက်ျားသည် တောင်ဝှေး စသည်ကို ဆွဲကိုင်သကဲ့သို့ စိတ်, စေတသိက်တို့သည် စွဲလမ်းအပ်သောကြောင့် အာရမ္မဏ မည်၏၊ တနည်းကား-ထိုစိတ်, စေတသိက်တို့သည် လာ၍ ဤအာရုံ၌ မွေ့လျော်တတ်၏၊ ထိုသို့မွေ့လျော်ရာ ဖြစ်သောကြောင့် အာရမ္မဏ မည်၏၊ ဤသို့ အဆင်းသည်ပင် စွဲလမ်းအပ်သောကြောင့်၎င်း၊ မွေ့လျော်ရာ ဖြစ်သောကြောင့်၎င်း၊ ရူပါရမ္မဏ ရူပါရုံမည်၏။ ရွတ်ဆိုအပ်သောကြောင့် အသံသည် သဒ္ဒ မည်၏၊ ထိုသဒ္ဒသည်ပင်လျှင် အာရုံဖြစ်သောကြောင့် သဒ္ဒါရမ္မဏ
၁-စက္ခုဝိညာဏ် မြင်အပ်သော အညို, အရွှေ စသော အဆင်း အမျိုးမျိုးသည် ဖေါက်ပြန် ပြောင်းလဲ၍ စိတ်အလိုကို ပြတတ်သောကြောင့် ရူပ မည်၏။ ၂-စိတ်, စေတသိက်တို့သည် လာ၍ မွေ့လျော်ရာ ဖြစ်သောကြောင့် အာရမ္မဏ မည်၏။ ၃-ရွတ်ဆိုအပ်သောကြောင့် သဒ္ဒ မည်၏၊ တနည်း–သောတဝိညာဏ်၏ အာရုံအဖြစ်သို့ ရောက်တတ်သောကြောင့် သဒ္ဒ မည်၏။
စာမျက်နှာ-၂၁၁
သဒ္ဒါရုံ မည်၏။ မိမိ၏ မှီရာကို ဤဝတ္ထုသည် ဤ၌ ရှိ၏ဟု ဂုံးတိုက်ခြင်းကို ပြုသကဲ့သို့ ဖြစ်တတ်သောကြောင့် ဂန္ဓ မည်၏။ ထိုဂန္ဓသည်ပင် အာရုံဖြစ်သောကြောင့် ဂန္ဓာရမ္မဏ ဂန္ဓာရုံ မည်၏။ ထိုအာရုံကို သတ္တဝါတို့သည် သာယာကြသောကြောင့် ရသ မည်၏။ ထိုရသသည်ပင် အာရုံ ဖြစ်သောကြောင့် ရသာရမ္မဏ ရသာရုံ မည်၏။ ထိအပ်သောကြောင့် ဖောဋ္ဌဗ္ဗ မည်၏၊ ထိုဖောဋ္ဌဗ္ဗသည်ပင် အာရုံ ဖြစ်သောကြောင့် ဖောဋ္ဌဗ္ဗာရမ္မဏ ဖောဋ္ဌဗ္ဗာရုံ မည်၏။ ဓမ္မသည်ပင် အာရုံ ဖြစ်သောကြောင့် ဓမ္မာရမ္မဏ ဓမ္မာရုံ မည်၏။
အာရုံသရုပ်ကို ပြခြင်း
၅၀။ တတ္ထ ရူပမေဝ ရူပါရမ္မဏံ, တထာ သဒ္ဒါဒယော သဒ္ဒါရမ္မဏာဒီနိ။ ထိုခြောက်ပါးသော အာရုံတို့တွင် အဆင်းပင်လျှင် ရူပါရုံ မည်၏။ ထို့အတူ အသံ အစရှိသည်တို့သည် သဒ္ဒါရုံ အစရှိသည် မည်ကုန်၏။
အာရုံသရုပ် အဖွင့်
၅၀။ ။တတ္ထ-ဟူသည်ကား၊ ဝါ-ဟူသောပုဒ်ကို ထိုရူပါရုံ အစရှိသည်တို့တွင်-ဟု အနက်ပေး။ ဝဏ္ဏာယတနဟု ဆိုအပ်သော
၁-မိမိ၏ တည်ရာ ဖြစ်သော ပန်းကို ဤဝတ္ထုသည် ဤ၌ ရှိ၏ဟု ရုံးချော သကဲ့သို့ ဖြစ်တတ် သောကြောင့် ဂန္ဓ မည်၏။
၂-သတ္တဝါတို့သည် သာယာအပ်သောကြောင့် ရသ မည်၏။
၃-ထိအပ်သောကြောင့် ဖောဋ္ဌဗ္ဗ မည်၏။
၄-မိမိ၏ သဘော လက္ခဏာကို ဆောင်တတ်သောကြောင့် ဓမ္မ မည်၏။
စာမျက်နှာ-၂၁၂
ရုပ်သည် ရူပ မည်၏၊ သဒ္ဒါဒယော ဟူသည်ကား သဒ္ဒါယတန အစရှိသည် ဆိုအပ်ကုန်သော သဒ္ဒါရုံ အစရှိသည်တို့သည်၎င်း၊ အာပေါဓာတ်သည် ကြဉ်အပ်သော ဘုတ်သုံးပါးဟု ဆိုအပ်သော ဖောဋ္ဌဗ္ဗာယတနသည်၎င်း သဒ္ဒါရုံစသည် မည်ကုန်၏။
ဓမ္မာရုံ
၅၁။ ဓမ္မာရမ္မဏံ ပန ပသာဒ သုခုမရူပ, စိတ္တစေတသိက, နိဗ္ဗာန, ပညတ္တိ ဝသေန ဆဓာ သင်္ဂယှတိ။ ဓမ္မာရုံကို ပသာဒရုပ် ၅-ခု, သုခုမရုပ် ၁၆, စိတ် တခုယုတ်ကိုးဆယ်, စေတသိက် ၅၂, နိဗ္ဗာန်, ပညတ်ဟု ဆိုအပ်သော ခြောက်ပါးသော အပြားအားဖြင့် ရေတွက်အပ်၏။
ဓမ္မာရုံအဖွင့်
၅၁။ ။ပသာဒရုံ ပဉ္စပသာဒရုပ်တို့ကို ထား၍ ကြွင်းကုန်သော ၁၆-ပါးသော ရုပ်တို့သည် သုခုမရုပ် မည်ကုန်၏။
စက္ခုဒွါရစသည်၌ ဖြစ်သောစိတ်
၅၂။ တတ္ထ စက္ခုဒွါရိကစိတ္တာနံ ရူပမေဝ အာရမ္မဏံ, တံ ပစ္စုပ္ပန္နံ, တထာ သောတဒွါရိကစိတ္တာဒီနံ သဒ္ဒါဒီနိ, တာနိ စ ပစ္စုပ္ပန္နာနိယေဝ။
ထိုခြောက်ပါးသော ဒွါရ၌ဖြစ်သောစိတ်တို့တွင် အလုံးစုံလည်း ဖြစ်ကုန်သော စက္ခုဒွါရ၌ ဖြစ်သော စိတ်တို့၏ အာရုံသည် ရူပါရုံသာတည်း၊ ထိုရူပါရုံသည်လည်း ပစ္စုပ္ပန်သာတည်း၊ ထို့အတူ သောတဒွါရ၌ဖြစ်သော စိတ် အစရှိသည်တို့၏ အာရုံတို့သည်လည်း
စာမျက်နှာ-၂၁၃
သဒ္ဒါရုံ အစရှိသည်တို့တည်း၊ ထိုသဒ္ဒါရုံ အစရှိသည်တို့သည်လည်း ပစ္စုပ္ပန်တို့သာလျှင်တည်း။
၅၂။ ပစ္စုပ္ပန္နာနိ-ဟူသည်ကား ဖြစ်ဆဲဖြစ်သော ခဏပစ္စုပ္ပန် ၁။
မနောဒွါရိကစိတ်တို့၏အာရုံ
၅၃။ မနောဒွါရိကစိတ္တာနံ ပန ဆဗ္ဗိဓံ, ပစ္စုပ္ပန္န, အတီတံ, အနာဂတံ, ကာလဝိမုတ္တ, ယထာရဟမာရမ္မဏံ ဟောတိ။
မနောဒွါရ၌ ဖြစ်ကုန်သော စိတ်တို့၏ အာရုံသည် ထိုက်သည်အားလျော်စွာ ပစ္စုပ္ပန် ဖြစ်၍၎င်း၊ အတိတ်ဖြစ်၍၎င်း၊ အနာဂတ်ဖြစ်၍၎င်း၊ ကာလဝိမုတ်ဖြစ်၍၎င်း၊ ခြောက်ပါး အပြားရှိသော အာရုံ ဖြစ်၏။
မနောဒွါရိကစိတ်တို့၏အာရုံအဖွင့်၊ ကာလဝိမုတ်အဓိပ္ပါယ်
၅၃။ ။ဆဗ္ဗိဓံ-ဟူသည်ကား၊ ဝါ-ဟူသောပုဒ်ကို ရူပါရုံ အစရှိသည်တို့၏ အစွမ်းဖြင့် ခြောက်ပါးအပြား ရှိသည်လည်း ဖြစ်သော-ဟု အနက်ပေး။ ပျက်စီးခြင်း မရှိသောကြောင့်၎င်း၊ အတိတ်စသော ကာလ၏ အစွမ်းဖြင့် မဆိုအပ်သည်၏ အဖြစ်ကြောင့်၎င်း၊ နိဗ္ဗာန်သည်၎င်း, ပညတ်သည်၎င်း ကာလဝိမုတ် မည်၏။
၁-စက္ခုဒွါရ စသည်၌ ထိခိုက်လာသော မျက်မှောက်ဖြစ်သော အာရုံကိုသာ စက္ခုဝိညာဏ် စသော စိတ်တို့သည် အာရုံ ပြုနိုင်ကြ၏၊ ထိခိုက်ဆဲ မဟုတ်, ထိခိုက်ပြီးသော အာရုံ, ထိခိုက်လတံ့သော အာရုံကို အာရုံမပြုနိုင်သောကြောင့် ပစ္စုပ္ပန်အာရုံကိုသာ အာရုံပြုနိုင်သည်-ဟုမှတ်။
စာမျက်နှာ-၂၁၄
ယထာရဟံ-ဟူသည်ကား၊ ဝါ-ဟူသောပုဒ်ကို ကာမာဝစရဇော, အဘိညာဏ်တို့မှ ကြွင်းသော မဟဂ္ဂတ အစရှိသော ဇောတို့အားလျော်သောအားဖြင့်-ဟု အနက်ပေး။ ယင်းစကားချဲ့၍ပြဦးအံ့၊ ဟသိတုပ္ပါဒ်စိတ်သည် ကြဉ်အပ်ကုန်သော ကာမာဝစရဇောတို့၏ အာရုံသည်ကား ခြောက်ပါးအပြား ရှိသည်လည်းဖြစ်သော ကာလသုံးပါး၌ ဖြစ်သော အာရုံ, ကာလသုံးပါးမှ လွတ်သော အာရုံ ဖြစ်၏။ ဟသိတုပ္ပါဒ်စိတ်၏ အာရုံကား ကာလသုံးပါး၌ ဖြစ်သော အာရုံသာ ဖြစ်၏။ ထို့ကြောင့်သာလျှင် ထိုဟသိတုပ္ပါဒ်စိတ်၏ စင်စစ် ကာမအာရုံ ရှိသည်အဖြစ်ကို အရှင်အနုရုဒ္ဓါဆရာပင် ဆိုတော်မူလတံ့၊ ဒိဗ္ဗစက္ခု အဘိညာဏ် အစရှိသည်တို့၏ အစွမ်းဖြင့် ဖြစ်သော အဘိညာဏ်ဇော၏ အာရုံသည် ထိုက်သည်အားလျော်စွာ အာရုံခြောက်ပါး အပြားရှိသော ကာလသုံးပါး၌လည်း ဖြစ်သော, ကာလသုံးပါးမှလည်း လွတ်သော အာရုံ ဖြစ်၏၊ ဤအရာ၌ အဘိညာဏ်ဇော၏ အာရုံကို ခွဲဝေခြင်းသည်ကား ဤသင်္ဂြိုဟ်ကျမ်း နဝမပိုင်း၌ ထင်ရှားစွာဖြစ်လတံ့၊ အဘိညာဏ်ဇောမှ ကြွင်းကုန်သော မဟဂ္ဂတဇောတို့၏ အာရုံကား ထိုက်သည်အားလျော်စွာ ကာလသုံးပါးမှ လွတ်သည်လည်း ဖြစ်သော, အတိတ်လည်း ဖြစ်သော အာရုံ ဖြစ်၏။
၁-မနောဒွါရ၌ ဖြစ်သော စိတ် ၆၇-ပါးတို့သည် အာရုံခြောက်ပါး, ကာလသုံးပါးနှင့် တကွ ကာလဝိမုတ်ကို အာရုံ ပြုကြ၏-ဟု ဆိုသော်လည်း ယထာရဟံ သဒ္ဒကို သတ်မှတ် ပြဆိုထားသဖြင့် ဤဆိုသောအတိုင်း အာရုံ ပြုကြသည် မဟုတ်၊ ထိုက်သည်အားလျော်စွာသာ အာရုံပြုကုန်၏။
ပုံကား-ဟသိတုပ္ပါဒ် ကြဉ်သော ကာမာဝစရတို့သည် ကာလသုံးပါး ဖြစ်သော အာရုံခြောက်ပါး, ကာလဝိမုတ်ဖြစ်သော နိဗ္ဗာန်, ပညတ်တို့ကို အာရုံပြုကုန်၏။
ဟသိတုပ္ပါဒ်စိတ်ကား ကာလ သုံးပါး၌ ဖြစ်သော ကာမအာရုံ ခြောက်ပါးကိုသာ အာရုံ ပြု၏။
အဘိညာဏ်ဇောတို့ကား ကာလသုံးပါး၌ ဖြစ်သော အာရုံ ခြောက်ပါးတို့ကို၎င်း, ကာလဝိမုတ် ဖြစ်သော နိဗ္ဗာန်, ပညတ်ကို၎င်း အာရုံ ပြုကုန်၏-ဟုမှတ်။
စာမျက်နှာ-၂၁၅
ဒွါရဝိမုတ်စိတ်၏အာရုံ
၅၄။ ဒွါရဝိမုတ္တာနဉ္စ ပဋိသန္ဓိ, ဘဝင်္ဂ, စုတိသင်္ခါတာနံ ဆဗ္ဗိဓမ္မိ ယထာသမ္ဘဝံ၊ ယေဘုယျေန ဘဝန္တရေ။ ဆဒွါရဂ္ဂဟိတံ ပစ္စုပ္ပန္နံ၊ မတီတံ, ပညတ္တိဘူတံ ဝါ ကမ္မ၊ ကမ္မနိမိတ္တ၊ ဂတိနိမိတ္တ သမ္မတံ အာရမ္မဏံ ဟောတိ။
ပဋိသန္ဓေ၊ ဘဝင်၊ စုတိ-ဟု ဆိုအပ်ကုန်သော ဒွါရဝိမုတ်စိတ် တခုယုတ် နှစ်ဆယ်တို့၏ အာရုံသည် များသောအားဖြင့် အခြားမဲ့ အတိတ်ဖြစ်သော အတီတာနန္တရ ဘဝ၌ ခြောက်ဒွါရဖြင့် ယူအပ်သော (ဆဒွါရိကမရဏာသန္နဇောသည် ယူအပ်သော) ပစ္စုပ္ပန်လည်း ဖြစ်သော၊ အတိတ်လည်း ဖြစ်သော၊ ပညတ်လည်း ဖြစ်သော၊ ကံ ကမ္မနိမိတ် ဂတိနိမိတ်ဟု သမုတ်အပ်သော ခြောက်ပါးအပြား ရှိသော အာရုံသည် ဖြစ်သင့်သည်အား လျော်စွာ ဖြစ်၏။
၅၄။ ။ပဋိသန္ဓေ၊ ဘဝင်၊ စုတိဟု ဆိုအပ်ကုန်သော ဒွါရဝိမုတ် စိတ်တို့၏ အာရုံသည် ခြောက်ပါး အပြားရှိသော အာရုံ ဖြစ်၏။ ဤကား ပုဒ်တို့ကို စပ်ပြပုံအနက်ပေးပုံတည်း။
ယထာသမ္ဘဝအဓိပ္ပါယ်
ထိုပဋိသန္ဓေစိတ်၊ ဘဝင်စိတ်၊ စုတိစိတ်တို့၏ ထိုအာရုံသည် ပဉ္စဒွါရာဝဇ္ဇန်းစိတ်၏ တစုံတခုသော စိတ်သည် မယူအပ်သေးသည်သာလျှင် ဖြစ်သော အာရုံသည် အာရုံ၏အဖြစ်သို့ ရောက်သကဲ့သို့၊ တစုံတခုသော စိတ်သည် မယူအပ်သေးသည်သာလျှင် ဖြစ်သော အာရုံသည် အာရုံ၏အဖြစ်သို့မရောက်၊ ငါးဒွါရ၌ ဖြစ်ကုန်သော ဇောတို့၏ စင်စစ် ပစ္စုပ္ပန်ဖြစ်သော အာရုံသည် အာရုံအဖြစ်သို့ ရောက်သကဲ့သို့၊ စင်စစ် ပစ္စုပ္ပန်ဖြစ်သော အာရုံသည် အာရုံ၏ အဖြစ်သို့ မရောက်၊ မနောဒွါရ၌ ဖြစ်သော ဇောတို့၏ ကာလ
စာမျက်နှာ-၂၁၆
သုံးပါး၌ ဖြစ်သည်သာလျှင်ဖြစ်သော အာရုံသည် အာရုံအဖြစ်သို့ ရောက်သကဲ့သို့၎င်း၊ သာမညအားဖြင့် ကာလသုံးပါးမှ လွတ်သော အာရုံသည် အာရုံ၏ အဖြစ်သို့ ရောက်သကဲ့သို့၎င်း၊ ကာလ သုံးပါး၌ ဖြစ်သော အာရုံသည်၎င်း၊ သာမညအားဖြင့် ကာလ သုံးပါးမှ လွတ်သော အာရုံသည်၎င်း အာရုံ၏ အဖြစ်သို့မရောက်။
အလွန်နီးသော သေခြင်းရှိသော ကာလမှ အဘို့၌ ဖြစ်ကုန်သော ဇောတို့၏ ကံ ကမ္မနိမိတ် စသည်တို့၏ အစွမ်းဖြင့် ကုသိုလ်၊ အကုသိုလ်ကံဟု ဆိုအပ်သော အကြောင်းကြောင့် ပြီးသော ခေါ်ဝေါ်ခြင်းမှ လွတ်သော အာရုံသည် အာရုံအဖြစ်သို့ ရောက်သကဲ့သို့၊ ကံ၊ ကမ္မနိမိတ် အစရှိသည်တို့၏ အစွမ်းဖြင့် ကုသိုလ် အကုသိုလ်ကံဟု ဆိုအပ်သော အကြောင်းကြောင့် ပြီးသော ခေါ်ဝေါ်ခြင်းမှ လွတ်သောအာရုံသည် အာရုံအဖြစ်သို့ မရောက်။
ထို့ကြောင့် “ယထာသမ္ဘဝံ။ ပ။ သမ္မတံ”-ဟူသော ဤစကားကို အရှင်အနုရုဒ္ဓါဆရာသည် မိန့်ဆိုတော်မူ၏။ ထိုပါဠိ၌ ယထာသမ္ဘဝံ ၌—
၁။ ထိုဒွါရဝိမုတ်စိတ်တို့သည် ပစ္စုပ္ပန်၊ အတိတ်၊ ပညတ်ဟု ဆိုအပ်သော ကံ၊ ကမ္မနိမိတ်၊ ဂတိနိမိတ် သုံးပါးကို အာရုံပြု၏ဟု ဆိုသော်လည်း ၎င်းသုံးပါးကို တပြိုင်နက် တခါတည်း အာရုံပြုကြသည် မဟုတ်ကုန်၊ ယထာသမ္ဘဝံ သဒ္ဒါကို သတ်မှတ်ပြဆိုထားသဖြင့် ထိုထိုသို့သော ကာမ၊ ရူပ၊ အရူပဘုံတို့၌ ဖြစ်ကုန်သော ပဋိသန္ဓေ၊ ဘဝင်၊ စုတိစိတ်တို့၏ ထိုထိုသို့သော ဒွါရဖြင့် ယူအပ်သော အာရုံအားလျော်စွာသာ ဖြစ်ကုန်၏-ဟုမှတ်။
ဖြစ်ပုံကား-ကာမာဝစရ ပဋိသန္ဓေစိတ်၊ ဘဝင် ဒွါရဝိမုတ်စိတ်တို့သည် ပဉ္စဒွါရဖြင့် ယူအပ်သည်ဖြစ်အံ့။ ရှေးဘဝက ပစ္စုပ္ပန် ကမ္မနိမိတ် ဖြစ်သော အာရုံ ငါးပါးကိုသာ အာရုံပြုကုန်၏။ မနောဒွါရဖြင့် ယူအပ်သည် ဖြစ်အံ့။ ရှေးဘဝ အတိတ် ကမ္မနိမိတ် ဖြစ်သော အာရုံ ငါးပါးကိုသာ အာရုံပြုကုန်၏။
ကာမာဝစရဖြစ်သော စုတိဒွါရဝိမုတ်စိတ်ကား ရှေးဘဝက ခြောက်ဒွါရဖြင့် ယူအပ်သော အတိတ် ကမ္မနိမိတ် ဖြစ်သော အာရုံ ငါးပါးကို အာရုံပြု၏။ ဤကား ပရုံအဘို့မှတ်။
ထိုဒွါရဝိမုတ်စိတ်တို့သည် ဓမ္မာရုံ ဖြစ်ပါမူ ကာလအားဖြင့် အတိတ်၊ နိမိတ်အားဖြင့် ကံ၊ ကမ္မနိမိတ်ဖြစ်သော မနောဒွါရဖြင့် ယူအပ်သော ဓမ္မာရုံကိုသာ အာရုံပြုကြကုန်၏။ ဤကား ကံနှင့် ကမ္မနိမိတ် အာရုံတို့တည်း။
ဂတိနိမိတ် အာရုံ ဖြစ်ပါမူ ပစ္စုပ္ပန် ရူပါရုံ တပါးသာ ဖြစ်၍ မနောဒွါရဖြင့် ယူအပ်သော ဂတိနိမိတ်ကိုသာ အာရုံပြုကုန်၏၊ ဤကား ကာမာဝစရအဘို့ ယထာသမ္ဘဝ ဖြစ်ပုံတည်း။
စာမျက်နှာ-၂၁၇
ဟူသည်ကား၊ ယထာသမ္ဘဝံ ဟူသောပုဒ်ကို ထိုထိုဘုံ၌ဖြစ်သော ပဋိသန္ဓေ၊ ဘဝင်၊ စုတိတို့၏ ထိုထို ဒွါရဖြင့် ယူအပ်သော အာရုံအစရှိသည်တို့၏ အစွမ်းဖြင့် ဖြစ်သင့်သည်အားလျော်စွာ-ဟု အနက်ပေး။
ပဋိသန္ဓေစိတ်၊ ဘဝင်စိတ်တို့၏အာရုံ
ယင်းစကားကို မျှော်၍ ပြဦးအံ့ - ကာမာဝစရဖြစ်ကုန်သော ပဋိသန္ဓေ၊ ဘဝင်တို့၏ အာရုံကား ရှေးဦးစွာ ခြောက်ပါးသော ဒွါရတို့၌ ဖြစ်သော မရဏာသန္နဇောသည် ယူအပ်သော ထိုက်သည်အားလျော်စွာ ပစ္စုပ္ပန်လည်း ဖြစ်သော၊ အတိတ်လည်း ဖြစ်သော၊ ကမ္မနိမိတ်ဟု သမုတ်အပ်သော၊ ရူပါရုံအစရှိသော အာရုံငါးပါး ဖြစ်၏။
စုတိစိတ်၏ အာရုံ
စုတိစိတ်၏ အာရုံကား ထို့အတူ ခြောက်ပါးသော ဒွါရတို့၌ ဖြစ်သော မရဏာသန္နဇောသည် ယူအပ်သော အတိတ်ဖြစ်သော ကမ္မနိမိတ်ဟု သမုတ်အပ်သော ရူပါရုံ အစရှိသော အာရုံငါးပါး ဖြစ်၏။
အထူးကိုဆိုဦးအံ့၊ မနောဒွါရဖြင့် မရဏာသန္နဇောသည် ယူအပ်သော အတိတ်ဖြစ်သော ကံ၊ ကမ္မနိမိတ်ဟု သမုတ်အပ်သော ဓမ္မာရုံသည်ကား သုံးပါးကုန်သော ထိုပဋိသန္ဓေ၊ ဘဝင်၊ စုတိတို့၏ အာရုံ ဖြစ်၏၊ ထို့အတူ မနောဒွါရဖြင့် မရဏာသန္နဇောသည် ယူအပ်သော စင်စစ် ပစ္စုပ္ပန်ဖြစ်သော ဂတိနိမိတ်-ဟု သမုတ်အပ်သော တခုသာဖြစ်သော ရူပါရုံသည် သုံးပါးကုန်သော ထိုပဋိသန္ဓေ၊ ဘဝင်၊ စုတိတို့၏ အာရုံဖြစ်၏၊ ဤသို့လျှင် ကာမာဝစရပဋိသန္ဓေအစရှိကုန်သော စိတ်တို့၌ ဖြစ်သင့်သည်အားလျော်စွာ ခြောက်ဒွါရ၌ ဖြစ်သော၊ မရဏာသန္နဇောသည် ယူအပ်သော၊ ပစ္စုပ္ပန်လည်း ဖြစ်သော၊ အတိတ်လည်း ဖြစ်သော၊ ကံ၊ ကမ္မနိမိတ်၊ ဂတိနိမိတ်ဟု သမုတ်
စာမျက်နှာ-၂၁၈
အပ်သော အာရုံဖြစ်၏။
မဟဂ္ဂုတ် ပဋိသန္ဓေ အစရှိသည်တို့တွင် ရူပါဝစရစိတ်တို့၏၎င်း၊ ပဌမအာရုပ္ပ၊ တတိယအာရုပ္ပစိတ်တို့၏၎င်း အာရုံကား မနောဒွါရ၌ ဖြစ်သော မရဏာသန္နဇောသည် ယူအပ်သော၊ ပညတ်ဖြစ်သော၊ ကမ္မနိမိတ်ဟုသမုတ်အပ်သော ဓမ္မာရုံသာ ဖြစ်၏။ ဒုတိယအာရုပ္ပ၊ စတုတ္ထအာရုပ္ပစိတ်တို့၏ အာရုံသည် ထို့အတူ အတိတ်အာရုံသာ ဖြစ်၏။
ဤသို့ မဟဂ္ဂုတ်ပဋိသန္ဓေ၊ ဘဝင်၊ စုတိတို့၏ အာရုံသည် မနောဒွါရ၌ ဖြစ်သော မရဏာသန္နဇောသည် ယူအပ်သော၊ ပညတ်ဖြစ်သော၊ အတိတ်ဖြစ်သော၊ ကမ္မနိမိတ်ဟု သမုတ်အပ်သော အာရုံဖြစ်၏။
“ယေဘုယျေန ဘဝန္တရေ ဆဒွါရဂ္ဂဟိတံ”-ဟူသည်ကား။ ယေဘုယျေန ဟူသောပုဒ်ကို များသောအားဖြင့် လွန်လေပြီးသော အခြားမဲ့ ဘဝ၌ မရဏာသန္နအခါ၌ ဖြစ်သော ခြောက်ဒွါရ၌ ဖြစ်သော ဇောတို့သည် ယူအပ်သော-ဟု အနက်ပေး။
ယေဘုယျေနအဓိပ္ပါယ်
အဘယ့်ကြောင့် ယေဘုယျေန-ဟု ဆိုရပါသနည်းဟူမူ၊ အသညသတ်ဘဝမှ စုတေရန်သော ဗြဟ္မာတို့အား ပဋိသန္ဓေစိတ်၏ အာရုံကို
၁။ မဟဂ္ဂုတ် ပဋိသန္ဓေ စသော ဒွါရဝိမုတ်စိတ်တို့တွင် ရူပါဝစရနှင့် ပဌမ အရူပ၊ တတိယ အရူပဖြစ်ကုန်သော ပဋိသန္ဓေ၊ ဘဝင်၊ စုတိ ဒွါရဝိမုတ်စိတ်တို့သည် မနောဒွါရဖြင့် ယူအပ်သော ကသိုဏ်း ပညတ်ဖြစ်သော ကမ္မနိမိတ် ဓမ္မာရုံကိုသာ အာရုံပြုကုန်၏။
ဒုတိယ အရူပနှင့် စတုတ္ထ အရူပ ဖြစ်သော ပဋိသန္ဓေ၊ ဘဝင်၊ စုတိ ဒွါရဝိမုတ်စိတ်တို့ကား မနောဒွါရဖြင့် ယူအပ်သော ဝါ-မနောဒွါရ၌ ထင်ပေါ်လာသော အတိတ်ဖြစ်သော ကမ္မနိမိတ် ဓမ္မာရုံကိုသာ အာရုံပြုကုန်၏။ ဤကား မဟဂ္ဂုတ်အဘို့ ယထာသမ္ဘဝ ဖြစ်ပုံတည်း။
၂။ ကာမဘုံမှ စုတေသော ကာမပုဂ္ဂိုလ်၊ ရူပပုဂ္ဂိုလ်၊ အရူပပုဂ္ဂိုလ်တို့သည် ဒွါရ ခြောက်ပါးဖြင့် စုတေခါနီးသောအခါ မရဏာသန္နဇောသည် အာရုံကို ယူနိုင်သည်နည်း ဖြစ်ကြ၏၊ အသညသတ်ဘုံမှ စုတေသော အသညသတ် ဗြဟ္မာများကား ရုပ်သက်သက် ပုဂ္ဂိုလ် ဖြစ်ကြ၍ နာမ်တရား မဖြစ်နိုင်သဖြင့် မရဏာသန္နဇောလည်း မရှိ၊ အာရုံကိုလည်း မယူနိုင်သောကြောင့် ထိုအသညသတ် ပုဂ္ဂိုလ်ကို စင်စေခြင်းငှါ ယေဘုယျေန သဒ္ဒါကို မိန့်ဆိုရ၏-ဟုမှတ်။
ထိုဒွါရဝိမုတ်စိတ်တို့သည် ပစ္စုပ္ပန်၊ အတိတ် အာရုံကိုသာ ထင်ရှားရှိ၍ အာရုံပြုနိုင်ကုန်၏၊ အနာဂတ် အာရုံကိုကား ထင်ရှားမရှိသောကြောင့် အာရုံမပြုနိုင်။
စာမျက်နှာ-၂၁၉
အခြားမဲ့လွန်ပြီးသော အသညသတ်ဘဝ၌ တစုံတခုသော ဒွါရဖြင့် မရဏာသန္နဇောတို့သည် ယူခြင်းမရှိခဲ့၊ ထို့ကြောင့် ထိုအသညသတ်ဘုံမှ စုတေသော ပုဂ္ဂိုလ်တို့၏ ပဋိသန္ဓေအာရုံကိုသာလျှင် ရည်ရွယ်၍ ယေဘုယျေန ပါဌ်၌ ယေဘုယျ သဒ္ဒါဖြင့် အမြဲမဟုတ်သည်အဖြစ်သို့ ရောက်စေအပ်၏၊ ဝါ-ယူနိုင်၊ မယူနိုင်ကို လျဉ်းပါးအပ်၏၊ (အသညသတ်ဗြဟ္မာမှ တပါး အခြားဘုံသား အများကို ရည်ရွယ်၍ ယေဘုယျေန သဒ္ဒါကိုဆိုအပ်၏-ဟူလို။)
အသညသတ်ဘုံမှ စုတေသော ဗြဟ္မာ၏ ပဋိသန္ဓေအာရုံဖြစ်ပုံ
ထိုစကားမှန်၏၊ ကံ၏အဟုန် အစွမ်းဖြင့်သာလျှင် ထိုအသညသတ်ဗြဟ္မာတို့၏ ပဋိသန္ဓေစိတ်အား ကမ္မနိမိတ် အစရှိသော အာရုံသည် အလိုလို ထင်လာ၏။
မှတ်ချက်။ ။အသညသတ် ဗြဟ္မာဟူသည် ရုပ်သက်သက် ဖြစ်သော ဘုံ၌ ဖြစ်၍ သေခါနီးအခါ မရဏာသန္နဇောစိတ်မရှိ၍ အာရုံကို မယူနိုင်သောကြောင့် စုတိ၏ နိမိတ် အာရုံမရှိ၊ ထိုသို့ မရှိသော်လည်း ၎င်းဘဝမှ စုတေ၍ အခြားဘုံ၌ ပဋိသန္ဓေစိတ်ဖြစ်ခဲ့သော် ထိုပဋိသန္ဓေစိတ်အား ရှေးရှေးသော ဘဝ၌ ပြုခဲ့ဘူးသော ကမ္မနိမိတ်စသော အာရုံသည် အလိုလို ထင်လာ၏-ဟူလို။
ထို့ကြောင့်သာလျှင် သစ္စသံခိပ်ကျမ်း၌ အသညသတ်ဘုံမှ စုတေသော ဗြဟ္မာ၏ ပဋိသန္ဓေနိမိတ်အာရုံကို မေး၍
"ဘဝန္တရကတံ ကမ္မံ၊ ယမောကာသံ လဘေ တတော။
ဟောတိ သာ သန္ဓိ တေနေဝ၊ ဥပဋ္ဌာပိတဂေါစရေ။"
ဟု သက်သက်ကံ၏ အဟုန်ကြောင့် ပဋိသန္ဓေအာရုံ၏ ထင်ပုံကို မိန့်အပ်၏။
စာမျက်နှာ-၂၂၀
အနက်ကား-အသညသတ်ဘဝမှ တပါးသော ဘဝ၌ ပြုအပ်ပြီးသော အကြင်အပရာပရိယ ကာမာဝစရကုသိုလ်ကံသည် မိမိ၏ အကျိုးပေးခွင့်ကိုရ၏၊ ထို့ကြောင့် ထိုအသညသတ်မှ စုတေသော ဗြဟ္မာ၏ ထိုကာမပဋိသန္ဓေသည် ထိုရှေးရှေးဘဝက ပြုခဲ့သော ကာမာဝစရကုသိုလ်ကံသည် ထင်စေအပ်သော အာရုံ၌ ဖြစ်၏။
ဤဆိုအပ်ပြီးသော အနက်အဓိပ္ပါယ်မှ တပါးသော အနက်အဓိပ္ပါယ်ကိုယူပါမူ မရဏာသန္နဇောသည် ယူအပ်ပြီးသော အာရုံကို ကံ၏ အစွမ်းဖြင့်သာလျှင် ထင်စေအပ်သည်အဖြစ်ကြောင့် “တေနေဝ” ဟူသော အဝဓာရဏနှင့် တကွဖြစ်သော သဒ္ဒါ၏ အဓိပ္ပါယ် ဆိတ်သည်အဖြစ်သို့ ရောက်ခဲ့ရာ၏၊ (ဤကား စောဒနာစကား) အသညသတ်ဘုံမှ စုတေကုန်သော ထိုဗြဟ္မာတို့အားလည်း ကံသည် ဖြစ်စေအပ်သောဘဝ၌ တစုံတခုသော ဒွါရဖြင့် ဇောသည် ယူအပ်သော ပဋိသန္ဓေအာရုံသည်ပင် ဖြစ်သင့်သည် မဟုတ်ပါလော။ (စောဒကဆရာ၏အာဘော်)။ ။
ကံ၊ ကမ္မနိမိတ်ဟု သမုတ်အပ်သော ကံသည်ပြုအပ်သော တစုံတခုသော ဘဝ၌ တစုံတခုသော ဒွါရဖြင့် ဇောသည် ယူအပ်သော ပဋိသန္ဓေ၏ အာရုံသည် ဖြစ်သင့်သည် မှန်၏၊ အထူးကား—ဂတိနိမိတ်ဟု သမုတ်အပ်သော ပဋိသန္ဓေအာရုံသည် ကာမဘုံမှ စုတေ၍ ကာမဘုံ၌၎င်း၊ အသညသတ်ကြဉ်သော ဗြဟ္မာဘုံမှ စုတေ၍ ကာမသုဂတိဘုံ၌၎င်း ဖြစ်ကုန်သော အလုံးစုံသော သတ္တဝါတို့အား သေခါနီးသော ကာလ၌သာလျှင် ထင်၏။ ထိုသို့ထင်သောကြောင့် ထိုအသညသတ်ဘုံမှ စုတေသော ဗြဟ္မာ၏ ဂတိနိမိတ်ဟုဆိုအပ်သော ကာမသုဂတိ ပဋိသန္ဓေ၏အာရုံကို ကာမသုဂတိဘုံ၌ တစုံတခုသော ဒွါရဖြင့် မရဏာသန္နဇောစိတ်၏ ယူခြင်း၏ ဖြစ်ခြင်းသည် အဘယ်အကြောင်းကြောင့် ဖြစ်အံ့နည်း၊ ဝါ-မဖြစ်နိုင်ရာ။
အကြောင်းတပါးကို ဆိုဦးအံ့၊ စင်စစ် ဤဝီထိမုတ်စိတ် တခုယုတ် နှစ်ဆယ်တို့၏ အာရုံကို ပြရာ၌ သေခါနီးသော ကာလ၌ ဖြစ်ကုန်သော ဇောတို့သည် ယူအပ်သည်သာလျှင် ဖြစ်သော အာရုံကို
စာမျက်နှာ-၂၂၁
ရည်၍ “ဆဒွါရဂ္ဂဟိတံ” ဟူသောစကားကို အရှင်အနုရုဒ္ဓါဆရာသည် မိန့်ဆိုတော်မူအပ်ပါသတည်း၊ ထို့ကြောင့် အရှင်အနုရုဒ္ဓါဆရာသည် ဤအရာဝယ် ပရမတ္ထဝိနိစ္ဆယ၌—
မရဏာသန္နသတ္တဿ၊ ယထောပဋ္ဌိတဂေါစရံ။
ဆဒွါရေသု တမာရဗ္ဘ၊ ပဋိသန္ဓေ ဘဝန္တရေ။
ဟု မိန့်တော်မူအပ်၏။
အနက်ကား-အလွန်နီးသော သေခြင်းရှိသော သတ္တဝါအား ခြောက်ပါးသော ဒွါရတို့၌ မရဏာသန္နအခါ ထင်တိုင်းသော ထိုအာရုံကို အာရုံပြု၍ ဘဝတပါး၌ ပဋိသန္ဓေသည် ဖြစ်လေ၏။
“ပစ္စုပ္ပန္နံ” ဤသို့ အစရှိသောပါဌ်ဖြင့် အနာဂတ်ကာလ၏ ပဋိသန္ဓေအာရုံ၏ အဖြစ်ကို တားမြစ်၏၊ အဘယ့်ကြောင့်ဆိုသော် ထိုအနာဂတ်အာရုံသည် အတိတ်ဖြစ်သော ကံ၊ ကမ္မနိမိတ်တို့ကဲ့သို့ ခံစားဘူးသည်မဟုတ်၊ ပစ္စုပ္ပန်ဖြစ်သော ကမ္မနိမိတ်၊ ဂတိနိမိတ်တို့ကဲ့သို့ ထင်ခြင်းသို့ ရောက်သည်လည်း မဟုတ်သောကြောင့် တားမြစ်၏။ ကံ၊ ကမ္မနိမိတ် အစရှိသည်တို့၏ သရုပ်သဘောကို အရှင်အနုရုဒ္ဓါဆရာ ကိုယ်တိုင် ဆိုတော်မူလတံ့။
စက္ခုဝိညာဏ်စသည်တို့၏အာရုံ
၅၅။ ။တေသု စက္ခုဝိညာဏာဒီနိ ယထာက္ကမံ၊ ရူပါဒိဧကေကာရမ္မဏာနေဝ။
ထိုအာရမ္မဏိကစိတ်အပေါင်းတို့တွင် စက္ခုဝိညာဏ် အစရှိသော စိတ်တို့သည် ဝါ-စက္ခုဝိညာဏ်၊ သောတဝိညာဏ်၊ ဃာနဝိညာဏ်၊ ဇိဝှါဝိညာဏ်၊ ကာယဝိညာဏ်စိတ်တို့သည် အစဉ်အတိုင်း ရူပါရုံ အစရှိသည်တို့တွင် တပါးပါးသော အာရုံရှိကုန်သည်သာလျှင်တည်း။
စာမျက်နှာ-၂၂၂
မှတ်ချက်။ ။ပစ္စုပ္ပန် ရူပ၊ သဒ္ဒါ၊ ဂန္ဓ၊ ရသ၊ ဖေါဋ္ဌဗ္ဗ ရုပ်များကို “အာရုံ” ခေါ်သည်။ စက္ခုဝိညာဏ်၊ သောတဝိညာဏ်၊ ဃာနဝိညာဏ်၊ ဇိဝှါဝိညာဏ်၊ ကာယဝိညာဏ်စိတ်များကို “အာရမ္မဏိက” ခေါ်သည်။
စက္ခုဝိညာဏ်စသည်တို့၏အာရုံအဖွင့်
၅၅။ ။တေသု-ဟူသည်ကား၊ ဝ-ဟူသောပုဒ်ကို ရူပါရုံ အစရှိသော အာရုံ၊ ပစ္စုပ္ပန် အစရှိသော အာရုံ၊ ကံ အစရှိသော အာရုံကို အာရုံပြုကုန်သော စိတ်တို့တွင် ဟု-အနက်ပေး။ ထိုပဉ္စဝိညာဏ်စိတ်တို့အား ရူပါရုံ အစရှိသည်တို့တွင် တပါးပါးသော အာရုံရှိသောကြောင့် ထိုပဉ္စဝိညာဏ်စိတ်တို့သည် “ရူပါဒိဧကေကာရမ္မဏ” မည်ကုန်၏။
မနောဓာတ်၏ အာရုံ
၅၆။ ။မနောဓာတုတ္တိကံ ပန ရူပါဒိပဉ္စာရမ္မဏံ။
မနောဓာတ် သုံးပါးသည်ကား ရူပါရုံ အစရှိသော ငါးပါးသော အာရုံရှိ၏။
မနောဓာတ်၏ အာရုံအဖွင့်
၅၆။ ။ထိုမနောဓာတ်စိတ်တို့အား ရူပါရုံအစရှိသော ငါးပါးအပြားရှိသော အာရုံရှိသောကြောင့် ထိုမနောဓာတ်စိတ်တို့သည် ရူပါဒိပဉ္စာရမ္မဏ မည်ကုန်၏။
၁။ မနောဓာတ် သုံးပါးတို့သည် ပဉ္စဝိညာဏ် ဝီထိတိုင်း၌ ပါသောကြောင့် ပဉ္စာရုံကို အာရုံပြုနိုင်ကုန်၏။
တနည်း-ပဉ္စဒွါရာဝဇ္ဇန်းသည် ပဉ္စာရုံကို ဆင်ခြင်သော စိတ်ဖြစ်၏၊ သမ္ပဋိစ္ဆိုင်းသည် ပဉ္စာရုံကို ခံယူသော စိတ်ဖြစ်၏။ ထို့ကြောင့် အာရုံငါးပါးလုံးကို အာရုံပြုနိုင်၏-ဟူလို။
စာမျက်နှာ-၂၂၃
ကာမာဝစရဝိပါက်နှင့် ဟသိတုပ္ပါဒ်စိတ်တို့၏ အာရုံ
၅၇။ ။သေသာနိ ကာမာဝစရဝိပါကာနိ၊ ဟသိတုပ္ပါဒဉ္စာတိ၊ သဗ္ဗေပိ ကာမာဝစရာရမ္မဏာနေဝ။
ဒွေးပဉ္စဝိညာဏ်၊ သမ္ပဋိစ္ဆိုင်းဒွေးမှ ကြွင်းကုန်သော ကာမာဝစရဝိပါက်စိတ် ၁၁-ပါးတို့သည်၎င်း၊ ဟသိတုပ္ပါဒ်စိတ်တို့သည်၎င်း၊ ဤ ၁၂-ပါးသော စိတ်တို့သည် ခပ်သိမ်းသော အခြင်းအရာအားဖြင့် ကာမတရားလျှင် အာရုံရှိကုန်၏။
ကာမာဝစရဝိပါက်စိတ်နှင့် ဟသိတုပ္ပါဒ်စိတ်တို့၏ အာရုံပြုပုံအဖွင့်
၅၇။ ။သေသာနိ ဟူသည်ကား၊ ဝ-ဟူသောပုဒ်ကို ဒွေးပဉ္စဝိညာဏ် ၁၀၊ သမ္ပဋိစ္ဆိုင်းဒွေးတို့မှ ကြွင်းကုန်သော ၁၁-ပါးသော ကာမာဝစရဝိပါက်စိတ်တို့သည်-ဟုအနက်ပေး။
သဗ္ဗေပိ ကာမာဝစရာရမ္မဏာနိ ဟူသည်ကား၊ ခပ်သိမ်းသော ခြောက်ဒွါရ၌ ဖြစ်သော အပြား၊ ခြောက်ဒွါရမှ လွတ်သော အပြား၊ ခြောက်ပါးသော အာရုံတို့၌ ဖြစ်သော အစွမ်းအားဖြင့် ဖြစ်ကုန်သော်လည်း စင်စစ် ကာမာဝစရ သဘောရှိကုန်သော အာရုံခြောက်ပါးလျှင် အာရုံရှိကုန်၏-ဟူလို။
ယင်းအဓိပ္ပါယ်ကို ထင်ရှားအောင် ခွဲ၍ပြဦးအံ့-ဤ ၁၂-ပါးသောစိတ်တို့တွင် ဝိပါက်စိတ်တို့သည် ရှေးဦးစွာ သန္တီရဏ အစရှိသည်တို့၏ အစွမ်းဖြင့် ရူပါရုံ အစရှိသော အာရုံငါးပါး၌ ဖြစ်ကုန်၏၊ ပဋိသန္ဓေ အစရှိသည်တို့၏ အစွမ်းဖြင့်ကား အာရုံခြောက်ပါးဟု ဆိုအပ်သော ကာမအာရုံ၌ ဖြစ်ကုန်၏။
၁။ ကာမာဝစရ ဝိပါက်စိတ်တို့သည် သန္တီရဏစသည့် ကိစ္စ တပ်ပါမူ ပဉ္စာရုံကို အာရုံပြုကုန်၏၊ ပဋိသန္ဓေ စသော ကိစ္စ တပ်ပါမူ ကာမ အာရုံ ခြောက်ပါးကို အာရုံပြုကုန်၏။
စာမျက်နှာ-၂၂၄
ဟသိတုပ္ပါဒ်စိတ်သည်လည်း ကမ္မဋ္ဌာန်းစီးဖြန်းရန် သင့်တင့်လျောက်ပတ်သော အရပ်ကို မြင်၍ နှစ်သက်သော ရဟန္တာအား ရူပါရုံ၌ ဖြစ်၏၊ ဘဏ္ဍာကို ဝေဖန်ရာ ဌာန၌ ကျယ်စွာသော အသံကို ကြား၍ ငါသည် ဤသို့ သဘောရှိသော တပ်မက်မှု တဏှာကို ပယ်အပ်ပြီဟု နှစ်သက်သော ရဟန္တာအား သဒ္ဒါရုံ၌ ဖြစ်၏၊ ပန်းနံ့သာ အစရှိသည်တို့ဖြင့် စေတီတော်ကို ပူဇော်သော ကာလ၌ နှစ်သက်သော ရဟန္တာအား ဂန္ဓာရုံ၌ ဖြစ်၏၊ အရသာနှင့် ပြည့်စုံသော ဆွမ်းကို သီတင်းသုံးတော်တို့နှင့် ဝေဖန်၍ စားသော ကာလ၌ နှစ်သက်သော ရဟန္တာပုဂ္ဂိုလ်အား ရသာရုံ၌ ဖြစ်၏။ အာဘိသမာစာရိက ဝတ်ဖြည့်သော ကာလ၌ နှစ်သက်သော ရဟန္တာအား ဖေါဋ္ဌဗ္ဗာရုံ၌ဖြစ်၏၊ ပုဗ္ဗေနိဝါသညာဏ် အစရှိသည်တို့ဖြင့် ယူအပ်ပြီးသော ကာမာဝစရတရားကို အာရုံပြု၍ နှစ်သက်သော ရဟန္တာအား ဓမ္မာရုံ၌ ဖြစ်၏၊ ဤသို့ ကာမတရား၌ အကျုံးဝင်ကုန်သော ခြောက်ပါးသော အာရုံတို့၌ ဖြစ်၏။
၁။ ဟသိတုပ္ပါဒ်စိတ်အရ ကမ္မဋ္ဌာန်း စီးဖြန်းရန် သင့်တော် လျောက်ပတ်သော အရပ်ကို တွေ့မြင်၍ နှစ်သက် ဝမ်းမြောက်သော ရဟန္တာအရှင်၏ ဟသိတုပ္ပါဒ်စိတ်သည် ရူပါရုံကို အာရုံပြု၏။
ပစ္စည်းဘဏ္ဍာကို ဝေဖန်ရာ၌ ကျယ်လောင်စွာ ခေါ်ဝေါ် ပြောဆိုကြသော အသံကို ကြားရ၍ ငါသည် ဤသို့သော လောလုပ္ပတဏှာကို ပယ်အပ်ပြီဟု နှစ်သက် ဝမ်းမြောက်သော ရဟန္တာအရှင်၏ ဟသိတုပ္ပါဒ်စိတ်သည် သဒ္ဒါရုံကို အာရုံပြု၏။
ပန်းနံ့သာ စသည်တို့ဖြင့် စေတီတော်ကို ပူဇော်သောအခါ၌ နှစ်သက် ဝမ်းမြောက်သော ရဟန္တာအရှင်၏ ဟသိတုပ္ပါဒ်စိတ်သည် ဂန္ဓာရုံကို အာရုံပြု၏၊
အရသာနှင့် ပြည့်စုံသော ဆွမ်းဘောဇဉ်ကို သီတင်းသုံးတော်တို့နှင့်တကွ ဝေဖန်၍ သုံးဆောင်သော အခါ၌ နှစ်သက် ဝမ်းမြောက်သော ရဟန္တာအရှင်၏ ဟသိတုပ္ပါဒ်စိတ်သည် ရသာရုံကို အာရုံပြု၏။
ခန္ဓကပါဠိတော်လာ ဝတ်ကြီး ဝတ်ငယ်ကို ဖြည့်ကျင့်သော အခါ၌ နှစ်သက် ဝမ်းမြောက်သော ရဟန္တာ အရှင်၏ ဟသိတုပ္ပါဒ်စိတ်သည် ဖေါဋ္ဌဗ္ဗာရုံကို အာရုံပြု၏။
ပုဗ္ဗေနိဝါသညာဏ် စသည်တို့ဖြင့် ဆင်ခြင်အပ်သော ကာမာဝစရတရားတို့ကို အာရုံပြု၍ နှစ်သက် ဝမ်းမြောက်သော ရဟန္တာ အရှင်၏ ဟသိတုပ္ပါဒ်စိတ်သည် ဓမ္မာရုံကို အာရုံပြု၏။ ဤသို့ ကာမာဝစရဖြစ်သော အာရုံ ခြောက်ပါးကို အာရုံပြုပုံကို ဝေဖန် ပိုင်းခြား၍ မှတ်လေ။
စာမျက်နှာ-၂၂၅
အကုသိုလ်နှင့်ဉာဏဝိပ္ပယုတ် ကာမာဝစရစိတ်တို့၏ အာရုံ
၅၈။ ။အကုသလာနိ စေဝ ဉာဏဝိပ္ပယုတ္တကာမာဝစရဇောနာနိ စေတိ၊ လောကုတ္တရဝဇ္ဇိတသဗ္ဗာရမ္မဏာနေဝ။
အကုသိုလ်စိတ် ၁၂-ခုတို့သည်၎င်း၊ ဉာဏဝိပ္ပယုတ် ကာမာဝစရ ကုသိုလ်၊ ကြိယာဇောစိတ်ရှစ်ခုတို့သည်၎င်း၊ ဤနှစ်ဆယ်သော စိတ်တို့သည် လောကုတ္တရာတရား ကိုးပါးသည် ကြဉ်အပ်သော အလုံးစုံသော အာရုံရှိကုန်၏။
အကုသိုလ်စိတ်နှင့် ဉာဏဝိပ္ပယုတ် ကာမာဝစရဇောတို့၏ အာရုံအဖွင့်
၅၈။ ။၁၂-ပါးသော အကုသိုလ်၊ ၈-ပါးသော ဉာဏဝိပ္ပယုတ် ဇောစိတ်တို့၏ အစွမ်းဖြင့် ၂၀-သော စိတ်တို့သည် မိမိ၏ မိုက်သည်အဖြစ်ကြောင့် လောကုတ္တရာ ကိုးပါးတို့ကို အာရုံပြု၍ ဖြစ်ခြင်းငှါ မစွမ်းနိုင်ကုန်။ ထို့ကြောင့် ကိုးပါးအပြားရှိသော လောကုတ္တရာတရားတို့ကို ကြဉ်၍ ဘုံသုံးပါး၌ ဖြစ်သော အာရုံတို့ကို၎င်း၊ ပညတ်အာရုံကို၎င်း အာရုံပြု၍ ဖြစ်ကုန်၏။ ထို့ကြောင့် “အကုသလာနိ စ” ဤသို့ အစရှိသော စကားကို မိန့်ဆို၏။
ယင်းစကားကို ခြုံ၍ ပြဦးအံ့၊ ၂၀-သော စိတ်တို့တွင် အကုသိုလ်စိတ်မှ ဒိဋ္ဌိဂတသမ္ပယုတ်စိတ် ၄-ပါးတို့သည် ကာမတရားတို့ကို အာရုံပြု၍ မှားသောအားဖြင့် သုံးသပ်သောအခါ၊ သာယာ
၁။ အကုသိုလ်စိတ် ၁၂-ပါးတို့တွင် ဒိဋ္ဌိဂတသမ္ပယုတ်စိတ် ၄-ပါးတို့သည် ကာမတရားကို အကြောင်းပြု၍ မှားသောအားဖြင့် သုံးသပ်သောကာလ၊ သာယာနှစ်သက်သောကာလတို့၌ ကာမာဝစရတရားကို အာရုံပြုကုန်၏၊ ထို့အတူ ဈာန်ရသော ပုဂ္ဂိုလ်တို့သည် မဟဂ္ဂုတ်တရားတို့ကို အကြောင်းပြု၍ သာယာမှုစသည် ဖြစ်သော ကာလ၌ မဟဂ္ဂုတ်တရားကို အာရုံပြုကုန်၏၊ သမုတ်ပညတ်အပ်သော တရားတို့ကို အကြောင်းပြု၍ သာယာမှုစသည် ဖြစ်သောအခါ၌ ပညတ်ကို အာရုံပြုကုန်၏။
စာမျက်နှာ-၂၂၆
သောအခါ၊ နှစ်သက်သောအခါ၌ ကာမတရားလျှင် အာရုံရှိကုန်၏။ ထိုအခြင်းအရာအားဖြင့် သာလျှင် ၂၇-ပါးသော မဟဂ္ဂုတ်တရားတို့ကို အာရုံပြု၍ ဖြစ်သောအခါ၌ မဟဂ္ဂုတ်တရားတို့ကို အာရုံပြုကုန်၏၊ ပညတ်တရားတို့ကို အာရုံပြု၍ ဖြစ်သောအခါ၌ ပညတ်ကို အာရုံပြုကုန်၏။
ဒိဋ္ဌိဂတဝိပ္ပယုတ် စိတ်တို့သည်လည်း ထို တေဘူမကတရား၊ ပညတ်တရားတို့ကို အာရုံပြု၍ သက်သက် သာယာခြင်း၊ အလွန်နှစ်သက်ခြင်း၏ အစွမ်းဖြင့် ဖြစ်သောအခါ၌ ကာမတရား၊ မဟဂ္ဂုတ်တရား၊ ပညတ်တရားကို အာရုံပြုကုန်၏။
ပဋိဃသမ္ပယုတ် စိတ်တို့သည် အမျက်ထွက်ခြင်း၊ နှလုံးမသာယာခြင်း အစွမ်းဖြင့် ဖြစ်သောအခါ၌ ကာမအာရုံ၊ မဟဂ္ဂုတ်အာရုံ၊ ပညတ်အာရုံကို အာရုံပြုကုန်၏။
ဝိစိကိစ္ဆာသဟဂုတ် စိတ်သည် အာရုံကို မဆုံးဖြတ်နိုင်သည်အစွမ်းဖြင့် ဖြစ်သောအခါ၌ ကာမအာရုံ၊ မဟဂ္ဂုတ်အာရုံ၊ ပညတ်အာရုံကို အာရုံပြု၏။
ဥဒ္ဓစ္စသဟဂုတ် စိတ်သည် ပျံ့လွင့်သည်အစွမ်းဖြင့်၎င်း၊ မငြိမ်သက်သည်အစွမ်းဖြင့်၎င်း ဖြစ်သောအခါ၌ ကာမအာရုံ၊ မဟဂ္ဂုတ်အာရုံ၊ ပညတ်အာရုံကို အာရုံပြု၏။
၁။ ဒိဋ္ဌိဂတ ဝိပ္ပယုတ်စိတ် လေးပါးတို့သည် ထိုကာမ၊ မဟဂ္ဂုတ်၊ ပညတ်တရားတို့ကို ရှေးအတူ အကြောင်းပြု၍ သာယာမှုစသည် ဖြစ်သောအခါတို့၌ ကာမ၊ မဟဂ္ဂုတ်၊ ပညတ်တရားတို့ကို အာရုံပြုကုန်၏။
၂။ ဒေါသမူဒွေးသည် ဈာန်မှ ရွေ့လျောသော ပုဂ္ဂိုလ်စသည်တို့အား ထိုကာမ၊ မဟဂ္ဂုတ်၊ ပညတ်တရားတို့ကို အကြောင်းပြု၍ ပြစ်မှားမှု၊ နှလုံးမသာယာမှု၏ အစွမ်းဖြင့် ဖြစ်သောအခါတို့၌ ကာမ၊ မဟဂ္ဂုတ်၊ ပညတ်တရားတို့ကို အာရုံပြု၏။
၃။ ဝိစိကိစ္ဆာသဟဂုတ်စိတ်သည် ကာမ၊ မဟဂ္ဂုတ်၊ ပညတ်တရားတို့ကို အကြောင်းပြု၍ အာရုံကို မဆုံးဖြတ်နိုင်သည်အစွမ်းဖြင့် ဖြစ်သောအခါ၌ ကာမ၊ မဟဂ္ဂုတ်၊ ပညတ်တရားတို့ကို အာရုံပြု၏။
၄။ ဥဒ္ဓစ္စသဟဂုတ်စိတ်ကား ထို့အတူ အကြောင်းပြု၍ ပျံ့လွင့်သော အစွမ်း၊ မငြိမ်သက်သော အစွမ်းဖြင့် ဖြစ်သောအခါတို့၌ ကာမ၊ မဟဂ္ဂုတ်၊ ပညတ်တရားတို့ကို အာရုံပြု၏။
စာမျက်နှာ-၂၂၇
ကုသိုလ်လေးပါး၊ ကြိယာလေးပါး၊ ဤနှစ်ပါးအပေါင်းဖြင့် ရှစ်ပါးသော ဉာဏဝိပ္ပယုတ်စိတ်တို့သည် သေက္ခပုဂ္ဂိုလ်၊ ပုထုဇဉ်ပုဂ္ဂိုလ်၊ ရဟန္တာအရှင်တို့အား မရိုမသေ အလှူပေးခြင်း၊ မရိုမသေ ဆင်ခြင်ခြင်း၊ မရိုမသေ တရားနာခြင်း အစရှိသော အခါတို့၌ ကာမတရားတို့ကို အာရုံပြု၍ ဖြစ်သောအခါ၌ ကာမကို အာရုံပြုကုန်၏။ အလွန်လေ့လာအပ်သော ဈာန်ကို ဆင်ခြင်သောအခါ၌ မဟဂ္ဂုတ်ကို အာရုံပြုကုန်၏။ ကသိုဏ်းနိမိတ် အစရှိသည်တို့၌ ပရိကံစသည်ကို ပြုသောအခါ၌ ပညတ်ကို အာရုံပြုကုန်၏-ဟု မှတ်အပ်၏။
ဉာဏသမ္ပယုတ် ကာမာဝစရကုသိုလ်နှင့် ပဉ္စမဈာန် အဘိညာဏ်ကုသိုလ်တို့၏ အာရုံ
၅၉။ ။ဉာဏသမ္ပယုတ္တကာမာဝစရကုသလာနိ စေဝ ပဉ္စမဈာနသင်္ခါတံ အဘိညာကုသလဉ္စ တိ အရဟတ္တမဂ္ဂဖလဝဇ္ဇိတသာရမ္မဏာနိ။ ဉာဏသမ္ပယုတ် ကာမာဝစရကုသိုလ်လေးပါးတို့သည်၎င်း၊ ပဉ္စမဈာန်ဟုဆိုအပ်သော အဘိညာဏ်ကုသိုလ်စိတ်သည်၎င်း၊ ဤငါးပါးသောစိတ်တို့သည် အရဟတ္တမဂ်၊ အရဟတ္တဖိုလ်သည် ကြဉ်အပ်ကုန်သော အလုံးစုံတို့ကို အာရုံပြုကုန်၏။
၁-ကုသိုလ်ဉာဏသမ္ပယုတ်စိတ် ၄-ပါးတို့သည် ပုထုဇဉ်ပုဂ္ဂိုလ်၊ သေက္ခပုဂ္ဂိုလ်တို့အား ဉာဏ်နှင့်မယှဉ်မူ၍ အမှတ်မဲ့ပေးကမ်းလှူဒါန်းသောအခါ၊ တရားကို ဆင်ခြင်သောအခါ၊ တရားနာသောအခါ စသည်တို့၌ ကာမကို အာရုံပြုကုန်၏။ အလွန်တရာ လေ့လာပွားများအပ်ပြီးသော ဈာန်ကို ဆင်ခြင်သောအခါ၌ မဟဂ္ဂုတ်ကို အာရုံပြုကုန်၏။ ကသိုဏ်းနိမိတ်စသည်တို့၌ ပရိကံစသည်ပြုသောအခါ၌ ပညတ်ကို အာရုံပြုကုန်၏။
၂-ကြိယာဉာဏဝိပ္ပယုတ်စိတ် ၄-ပါးတို့သည် ရဟန္တာအရှင်တို့အား ထိုအတူ ဆင်ခြင်ပွားများသောအခါတို့၌ ကာမ၊ မဟဂ္ဂုတ်၊ ပညတ်တရားတို့ကို အာရုံပြုကုန်၏။ ဤသို့ ခွဲခြမ်းဝေဖန်၍ သိလေ။
မီးခဲညီသော မီးပုံကြီး၌ ယင်ကောင်တို့သည် မနားနိုင်ကုန်သကဲ့သို့ ထို့အတူ လောကုတ္တရာတရားတို့သည် အလွန်တရာ အရှိန်တန်ခိုးကြီးမားသောကြောင့် ယုတ်ညံ့မိုက်မဲသော ထိုအကုသိုလ်စသော စိတ် ၂ဝ-တို့သည် အာရုံမပြုနိုင်ကုန်။
စာမျက်နှာ-၂၂၈
၅၉။ ။သေက္ခပုဂ္ဂိုလ်၊ ပုထုဇဉ်ပုဂ္ဂိုလ်တို့၏သန္တာန်၌သာ ဖြစ်သောကြောင့် အရဟတ္တမဂ်၊ အရဟတ္တဖိုလ် ကြဉ်အပ်သော အလုံးစုံကို အာရုံပြုကုန်၏။
အရဟတ္တမဂ်နှင့် ဖိုလ်ကို ကြဉ်ရသော အကြောင်း
ထိုစကား ထင်စွာပြဦးအံ့—သေက္ခပုဂ္ဂိုလ်တို့သည် လောကီစိတ်ကို ကြဉ်၍ ရဟန္တာပုဂ္ဂိုလ်၏ မဂ်၊ ဖိုလ်ဟုဆိုအပ်သော အသီးဖြစ်သော ပုဂ္ဂိုလ်တို့၏သန္တာန်၌ဖြစ်သော စိတ်ကို မရသောကြောင့် သိခြင်းငှါ မစွမ်းနိုင်ကုန်။ ထို့အတူ ပုထုဇဉ်အစရှိသော သူတို့သည်လည်း သောတာပန်အစရှိသော ပုဂ္ဂိုလ်တို့၏ အသီးဖြစ်သော ပုဂ္ဂိုလ်တို့၏သန္တာန်၌ဖြစ်သော စိတ်တို့ကို သိခြင်းငှါ မစွမ်းနိုင်ကုန်။ သိနိုင်သောအာရုံကား—သေက္ခပုဂ္ဂိုလ်တို့အား မိမိမိမိ၏ မဂ်ဖိုလ်ကို ဆင်ခြင်သောအခါတို့၌၎င်း၊ သူတစ်ပါးသန္တာန်၌ဖြစ်သော မဂ်ဖိုလ်လျှင် အာရုံရှိသော အဘိညာဏ်၏ ပရိကံပြုသောအခါ၌၎င်း၊ အဘိညာဏ်စိတ်ဖြင့်သာလျှင် မဂ်ဖိုလ်တို့ကို ပိုင်းခြားသောအခါ၌၎င်း၊ မိမိမိမိ၏၎င်း၊ မိမိနှင့်တူကုန်သော ပုဂ္ဂိုလ်တို့၏၎င်း၊ အောက်ဖြစ်သော ပုဂ္ဂိုလ်တို့၏၎င်း မဂ်ဖိုလ်တရားတို့ကို အာရုံပြု၍ ကုသိုလ်ဇောတို့၏ ဖြစ်ခြင်းသည် ရှိ၏၊ ထို့ကြောင့် အရဟတ္တမဂ်၊ အရဟတ္တဖိုလ်ကိုသာလျှင် ပယ်ခြင်းကို ပြုအပ်၏။
ကာမ၊ မဟဂ္ဂုတ်၊ ပညတ်၊ နိဗ္ဗာန်တို့ကို အာရုံပြုပုံ
ကာမ၊ မဟဂ္ဂုတ်၊ ပညတ်၊ နိဗ္ဗာန်တို့သည်ကား သေက္ခပုဂ္ဂိုလ်၊ ပုထုဇဉ်ပုဂ္ဂိုလ်တို့၏ ရိုသေစွာ အလှူပေးခြင်း၊ ရိုသေစွာ ဆင်ခြင်ခြင်း၊ ရိုသေစွာ တရားနာခြင်း၊ ရိုသေစွာ သင်္ခါရတရားတို့ကို သုံးသပ်ခြင်း၊ ရိုသေစွာ ကသိုဏ်းပရိကံကို ပြုခြင်းအစရှိသော အခါတို့၌၎င်း၊
၁။ ဉာဏသမ္ပယုတ်စိတ်၊ ကုသိုလ်အဘိညာဏ်စိတ်တို့သည် သေက္ခပုဂ္ဂိုလ်၊ ပုထုဇဉ်ပုဂ္ဂိုလ်တို့၏သန္တာန်၌ဖြစ်သောကြောင့် အရဟတ္တမဂ်၊ အရဟတ္တဖိုလ်စိတ်တို့ကို အာရုံမပြုနိုင်ကုန်။
စာမျက်နှာ-၂၂၉
ထိုထိုညွတ်သော ကာမ၊ မဟဂ္ဂုတ်၊ ပညတ်၊ နိဗ္ဗာန်လျှင် အာရုံရှိကုန်သော အဘိညာဏ်ဇောတို့၏ ပရိကံပြုသောအခါ၌၎င်း၊ ဂေါတြဘူဝေဒနာအခါ၌၎င်း၊ ဒိဗ္ဗစက္ခုအဘိညာဏ်အစရှိသည်တို့ဖြင့် ရုပ်ကို သိမြင်သောအခါစသည်တို့၌၎င်း ကုသိုလ်ဇောတို့၏ အာရုံအဖြစ်သို့ ရောက်ကုန်၏။
ဉာဏသမ္ပယုတ် ကြိယာစိတ်နှင့် ကြိယာအဘိညာဏ်စိတ်တို့၏ အာရုံ
၆၀။ ဉာဏသမ္ပယုတ္တကာမာဝစရကြိယာနိ စေဝ ကြိယာဘိညာ စာတိ သဗ္ဗကာသာရမ္မဏာနိ။ ဉာဏသမ္ပယုတ် ကာမာဝစရကြိယာစိတ် ၄-ခုတို့သည်၎င်း၊ ကြိယာအဘိညာဏ်စိတ်သည်၎င်း၊ ဝုဋ္ဌောစိတ်သည်၎င်း၊ ဤခြောက်ပါးသောစိတ်တို့သည် ခပ်သိမ်းသော အခြင်းအရာအားဖြင့် အလုံးစုံကို အာရုံပြုကုန်၏။
ဉာဏသမ္ပယုတ် ကြိယာစိတ်၊ ဝုဋ္ဌောစိတ်တို့၏ အာရုံအဖွင့်
၆၀။ ။သဗ္ဗသာရမ္မဏာနိ-ဟူသည်ကား၊ ဝါ-ဟူသောပုဒ်ကို ကာမ၊ မဟဂ္ဂုတ်၊ အလုံးစုံသော လောကုတ္တရာ၊ ပညတ်တို့၏ အစွမ်းဖြင့် ခပ်သိမ်းသော အခြင်းအရာအားဖြင့် အလုံးစုံသောတရားလျှင် အာရုံရှိကုန်၏-ဟု အနက်ပေး။ အကုသိုလ်အစရှိသည်တို့ကဲ့သို့ တစ်စိတ်မျှသာဖြစ်သော အလုံးစုံသော အာရုံရှိကုန်သည်မဟုတ်ကုန်၊ ဤကား အဓိပ္ပါယ်နက်တည်း။ အလုံးစုံကို အာရုံပြုပုံကား-ကြိယာဇောစိတ်တို့၏ သဗ္ဗညုတဉာဏ်အစရှိသည်တို့၏ အစွမ်းဖြင့် ဖြစ်သောအခါ၌ တစ်စုံတစ်ခုသော အာရုံမပြုနိုင်မည်သည် မရှိ။ ၎င်းတို့၏လည်း ထိုထိုသိုသော သဘောရှိသော သဗ္ဗညုတ
၁။ မနောဒွါရာဝဇ္ဇန်း ဆိုသော်လည်း ကာမဇောစသည်တို့၏ ရှေ့၌ဖြစ်သော မနောဒွါရာဝဇ္ဇန်းမျိုးမဟုတ်၊ သဗ္ဗညုတဉာဏ်၊ အနာဝရဏဉာဏ်စသည်တို့၏ ရှေ့သွားဖြစ်သော မနောဒွါရာဝဇ္ဇန်းဖြစ်သောကြောင့် မနောဒွါရာဝဇ္ဇန်းစိတ်သည် အလုံးစုံကို အာရုံပြုနိုင်၏-ဟုမှတ်။
စာမျက်နှာ-၂၃၀
ဉာဏ်၊ ကြိယာအဘိညာဏ်အစရှိသည်တို့၏ ရှေး၌ဖြစ်သည့်အစွမ်းဖြင့် ဖြစ်သောအခါ၌ တစ်စုံတစ်ခုသော အာရုံမပြုနိုင်သော အရာမည်သည် မရှိ။
အရူပ ဒုတိယနှင့် စတုတ္ထစိတ်အာရုံ
၆၁။ ။အာရုပ္ပသု ဒုတိယစတုတ္ထာနိ မဟဂ္ဂတာရမ္မာနိ။
အရူပစိတ် ၁၂-ပါးတို့တွင် ဝိညာဏဉ္စာယတနစိတ် ၃-ခု၊ နေဝသညာနာသညာယတနစိတ် ၃-ခုတို့သည် မဟဂ္ဂုတ်လျှင် အာရုံရှိကုန်၏။
အရူပ ဒုတိယနှင့် စတုတ္ထစိတ်အာရုံအဖွင့်
၆၁။ ။အာကာသာနဉ္စာယတန ကုသိုလ်၊ ကြိယာ၊ အာကိဉ္စညာယတန ကုသိုလ်၊ ကြိယာစိတ်လျှင် အာရုံရှိသည်အဖြစ်ကြောင့် အရူပစိတ် ၁၂-ပါးတို့တွင် ဝိညာဏဉ္စာယတနစိတ်သုံးခု၊ နေဝသညာနာသညာယတနစိတ်သုံးခုတို့သည် မဟဂ္ဂုတ်ကို အာရုံပြုကုန်၏။
ကြွင်းသော မဟဂ္ဂုတ်စိတ်တို့၏ အာရုံ
၆၂။ ။သေသာနိ မဟဂ္ဂတစိတ္တာနိ သဗ္ဗာနိပိ ပညတ္တာရမ္မဏာနိ။
ဝိညာဏဉ္စာယတနစိတ်သုံးခု၊ နေဝသညာနာသညာယတနစိတ်သုံးခု၊ အဘိညာဏ်ဒွေးမှ ကြွင်းကုန်သော အလုံးစုံလည်းဖြစ်ကုန်သော မဟဂ္ဂုတ်စိတ် ၂၁-ခုတို့သည် ပညတ်လျှင် အာရုံရှိကုန်၏။
စာမျက်နှာ-၂၃၁
ကြွင်းသော မဟဂ္ဂုတ်စိတ်တို့၏ အာရုံအဖွင့်
၆၂။ ။သေသာနိ ။ပ။ ပညတ္တာရမ္မဏာနိ ဟူသည်ကား ၁၅-ပါးသော ရူပါဝစရစိတ်၊ အာကာသာနဉ္စာယတနစိတ်သုံးခု၊ အာကိဉ္စညာယတနစိတ်သုံးခု၏ အစွမ်းဖြင့် ၂၁-ပါးသောစိတ်တို့သည် ကသိုဏ်းစသော ပညတ်အာရုံတို့၌ ဖြစ်သောကြောင့် ပညတ်အာရုံကို အာရုံပြုကုန်၏။
သင်္ဂဟဂါထာ
၆၄။ ။ပဉ္စဝီသ ပရိတ္တမှီ၊ ဆ စိတ္တာနိ မဟဂ္ဂတေ။
ဧက သတိ ဝေါဟာရေ၊ အဋ္ဌ နိဗ္ဗာနဂေါစရေ။
၂၅-ပါးသောစိတ်တို့သည် ကာမအာရုံ၌သာလျှင် ဖြစ်ကုန်၏။ ခြောက်ပါးသောစိတ်တို့သည် မဟဂ္ဂုတ်အာရုံ၌သာလျှင် ဖြစ်ကုန်၏။ ၂၁-ပါးသောစိတ်တို့သည် ပညတ်အာရုံ၌သာလျှင် ဖြစ်ကုန်၏၊ ရှစ်ပါးသောစိတ်တို့သည် နိဗ္ဗာန်အာရုံ၌သာလျှင် ဖြစ်ကုန်၏။
၆၄။ ။၃-ပါးသော ကာမာဝစရဝိပါက်စိတ်၊ ပဉ္စဒွါရာဝဇ္ဇန်း၊ ဟသိတုပ္ပါဒ်စိတ်တို့၏ အစွမ်းဖြင့် ၂၅-ပါး¹ သော စိတ်တို့သည် ကာမအာရုံ၌သာလျှင် ဖြစ်ကုန်၏၊ အဘယ်ကြောင့် ကာမာဝစရသည် ပရိတ္တမည်ပါသနည်းဟူမူ-ကာမာဝစရအာရုံသည် မဟဂ္ဂုတ်အာရုံစသည်တို့ကို ထောက်၍ နည်းသော အာဘော်ရှိသည်ဖြစ်၍ ထက်ဝန်းကျင်မှ ပိုင်းဖြတ်သကဲ့သို့ ဖြစ်တတ်
၁။ ဒွေးပဉ္စဝိညာဏ် ၁၀၊ ပဉ္စဒွါရာဝဇ္ဇန်း ၁၊ သမ္ပဋိစ္ဆိုင်း ၂-ပါး၊ သန္တီရဏ ၃-ပါး၊ မဟာဝိပါက်စိတ် ၇-ပါး၊ ဟသိတုပ္ပါဒ်စိတ် ၁-ပါး၊ ပေါင်း ၂၅-ပါးသောစိတ်တို့သည် ကာမကို အာရုံပြုကုန်၏။
စာမျက်နှာ-၂၃၂
သောကြောင့် ပရိတ္တမည်၏၊ ခြောက်ပါး¹ သော စိတ်တို့သည် မဟဂ္ဂုတ်အာရုံ၌သာလျှင် ဖြစ်ကုန်၏၊ ဤသို့ အစရှိသည်ဖြင့် အလုံးစုံသောပုဒ်တို့၌ အဝဓာရဏအနက်နှင့်တကွ ယောဇနာခြင်းကို မှတ်အပ်၏။
အာရမ္မဏသင်္ဂဟအဖွင့်ပြီးပြီ။
ဝတ္ထုသင်္ဂဟ၊ ဝတ္ထု ၆-ပါး
၆၆။ ။ဝတ္ထုသင်္ဂဟေ ဝတ္ထုနိ နာမ စက္ခု၊ သောတ၊ ဃာန၊ ဇိဝှါ၊ ကာယ၊ ဟဒယဝတ္ထုစေတိ ဆေဝ ဘဝန္တိ။
ဝတ္ထုသင်္ဂဟ၌ ဝတ္ထုတို့သည်—
(၁) စက္ခုဝတ္ထု၎င်း၊
(၂) သောတဝတ္ထု၎င်း၊
၁။ အရူပဝိညာဏဉ္စာယတနဈာန်စိတ် ၃-ပါး၊ နေဝသညာနာသညာယတနဈာန်စိတ် ၃-ပါးအားဖြင့် ခြောက်ပါးသောစိတ်တို့သည် မဟဂ္ဂုတ်ကို အာရုံပြုကုန်၏။
* ရူပါဝစရစိတ် ၁၅-ပါး၊ အရူပ အာကာသာနဉ္စာယတနဈာန်စိတ် ၃-ပါး၊ အာကိဉ္စညာယတနဈာန်စိတ် ၃-ပါးအားဖြင့် ၂၁-ပါးသောစိတ်တို့သည် ပညတ်ကို အာရုံပြုကုန်၏။ လောကုတ္တရာစိတ် ၈-ပါးတို့သည် နိဗ္ဗာန်ကို အာရုံပြုကုန်၏။
* ဤကား-ဧကန်အာရုံတည်း။
အကုသိုလ်စိတ် ၁၂-ပါး၊ မဟာကုသိုလ်ဉာဏဝိပ္ပယုတ်စိတ် ၄-ပါး၊ မဟာကြိယာဉာဏဝိပ္ပယုတ်စိတ် ၄-ပါး၍ ၂၀-သောစိတ်တို့သည် လောကုတ္တရာမှတပါး ကာလသုံးပါး၌ဖြစ်သော လောကီစိတ် ၈၁-ပါး၊ စေတသိက် ၅၂-ပါး၊ ရုပ် ၂၈-ပါး၊ ကာလဝိမုတ်ဖြစ်သော ပညတ်တရားတို့ကို အာရုံပြုကုန်၏။
* မဟာကုသိုလ်ဉာဏသမ္ပယုတ်စိတ် ၄-ပါး၊ ကုသိုလ်အဘိညာဏ် ၁-ပါး ဤငါးပါးသောစိတ်တို့သည် အရဟတ္တမဂ်၊ အရဟတ္တဖိုလ်ကြဉ်သော ကာလသုံးပါး၌ဖြစ်သော စိတ် ၈၇-ပါး၊ စေတသိက် ၅၂-ပါး၊ ရုပ် ၂၈-ပါး၊ နိဗ္ဗာန်၊ ပညတ်ကို အာရုံပြုကုန်၏။
* မဟာကြိယာဉာဏသမ္ပယုတ်စိတ် ၄-ပါး၊ ကြိယာအဘိညာဏ် ၁-ပါး၊ ဝုဋ္ဌောစိတ်၊ ဤခြောက်ပါးသောစိတ်တို့သည် ကာလသုံးပါး၌ဖြစ်သော အလုံးစုံသောစိတ် ၈၉-ပါး၊ စေတသိက် ၅၂-ပါး၊ ရုပ် ၂၈-ပါး၊ နိဗ္ဗာန်၊ ပညတ်တို့ကို အာရုံပြုကုန်၏။
* ဤကား-အနေကန်အာရုံတည်း။
စာမျက်နှာ-၂၃၃
(၃) ဃာနဝတ္ထု၎င်း၊
(၄) ဇိဝှါဝတ္ထု၎င်း၊
(၅) ကာယဝတ္ထု၎င်း၊
(၆) ဟဒယဝတ္ထု၎င်း၊ ဤသို့သော အပြားအားဖြင့် ခြောက်ပါးအပြားရှိကုန်၏။
ဝတ္ထုသင်္ဂဟ၊ ဝတ္ထု ၆-ပါးအဖွင့်
၆၆။ ။ဝတ္ထုတို့ကို ဝေဖန်သောအားဖြင့်၎င်း၊ ထိုဝတ္ထု၌ဖြစ်သောစိတ်ကို ပိုင်းခြားသည့်အစွမ်းဖြင့်၎င်း၊ ပေါင်းရုံးသိမ်းကျုံး၍ ယူရာယူကြောင်းဖြစ်သော သင်္ဂဟသည် ဝတ္ထုသင်္ဂဟမည်၏။ ထိုစက္ခုစသော ရုပ်တို့၌ စိတ်၊ စေတသိက်တို့သည် ထိုစက္ခုပသာဒရုပ်စသည်လျှင် မှီရာရှိသောကြောင့် နေတတ်ကုန်၏။ ဤသို့နေရာဖြစ်သောကြောင့် ထိုစက္ခုပသာဒရုပ်စသည်တို့သည် ဝတ္ထုမည်ကုန်၏။
ကာမဘုံ၌ဖြစ်သော ဝတ္ထု
၆၇။ ။တာနိ ကာမလောကေ သဗ္ဗာနိ လဗ္ဘန္တိ။
ကာမဘုံ၌ အလုံးစုံဖြစ်ကုန်သော ထိုခြောက်ပါးသော ဝတ္ထုရုပ်တို့ကို ရအပ်ကုန်၏။
၆၇။ ။ထိုကာမဘုံ၌ ဒုစရိုက်ပြည့်စုံသောသူကို ရနိုင်သောကြောင့် ကာမဘုံ၌ အလုံးစုံသော ထိုဝတ္ထုတို့ကို ရအပ်ကုန်၏။ -သဒ္ဒဖြင့် ကန်းသူ၊ နားထိုင်းသူအစရှိသည်တို့၏ အစွမ်းဖြင့် အချို့သော စက္ခု၊ သောတတို့၏ မဖြစ်ခြင်းကို ပြ၏။
၁။ စိတ်စေတသိက်တို့၏ တည်ရာမှီရာဖြစ်သောကြောင့် ဝတ္ထုမည်၏။
၂။ ကာမဘုံ၌ ပြည့်စုံသော ဣန္ဒြေရှိသော ပုဂ္ဂိုလ်ကို ရအပ်သောကြောင့် ထိုကာမဘုံ၌ ဝတ္ထုရုပ် ၆-ပါးလုံးကို ရနိုင်ပါသည်။
စာမျက်နှာ-၂၃၄
ရူပဘုံ၌ဖြစ်သော ဝတ္ထု
၆၈။ ။ရူပလောကေ ပန ဃာနာဒိတ္တယံ နတ္ထိ။
ရူပဘုံ၌ ဃာနအစရှိသော ဝတ္ထုရုပ်သုံးခုတို့၏ အပေါင်းသည် မရှိ။
ရူပဘုံ၌ဖြစ်သော ဝတ္ထုရုပ်အဖွင့်
၆၈။ ။ဗြဟ္မာတို့အား ကာမဂုဏ်မှ တပ်ခြင်းကင်းသော ဘာဝနာ၏အစွမ်းဖြင့် အနံ့၊ အရသာ၊ အတွေ့တို့၌ တပ်ခြင်းကင်းသည်ဖြစ်၍ ထိုဂန္ဓာရုံအစရှိသည်လျှင် အာရုံရှိကုန်သော ပသာဒရုပ်တို့၌လည်း တပ်ခြင်းကင်းသော သဘောရှိသောကြောင့် ဃာနအစရှိသော ဝတ္ထုသုံးပါးတို့၏ အပေါင်းသည် မရှိပေ။ ဘုရားကိုဖူးမြင်ခြင်း၊ တရားတော်ကိုနာခြင်း အစရှိသော အကျိုးငှါ စက္ခု၊ သောတတို့၌ တပ်ခြင်းမကင်းသည်၏ အဖြစ်ကြောင့် စက္ခုစသော ဝတ္ထုရုပ် ၂-ပါးအပေါင်းကို ထိုဗြဟ္မာပြည်၌ ရအပ်၏။
အရူပဘုံ၌ ဝတ္ထုရုပ်မရှိခြင်း
၆၉။ ။အရူပလောကေ ပန သဗ္ဗာနိ န သံဝိဇ္ဇန္တိ။
အရူပဘုံ၌ အလုံးစုံသော ဝတ္ထုရုပ်တို့သည်လည်း မရှိကုန်။
၁။ ရူပဗြဟ္မာများသည် ကာမဂုဏ်တို့၌ တပ်ခြင်းကင်းသော ဘာဝနာ၏အစွမ်းဖြင့် ဂန္ဓာရုံ၊ ရသာရုံ၊ ဖောဋ္ဌဗ္ဗာရုံတို့၌ တပ်ခြင်းမရှိသည်အဖြစ်ကြောင့် ထိုဂန္ဓာရုံစသည်လျှင် အာရုံရှိကုန်သော ဃာန၊ ဇိဝှါ၊ ကာယပသာဒဝတ္ထုတို့သည် ထိုဗြဟ္မာဘုံ၌ မရှိကုန်။
၂။ ဘုရားစသည်ကို ဖူးမြင်ရန်၊ တရားတော်ကို နာယူရန်အလို့ငှါ ထိုဗြဟ္မာဘုံ၌ စက္ခု၊ သောတပသာဒဝတ္ထုများ ရှိကြကုန်၏။
စာမျက်နှာ-၂၃၅
၆၉။ ။အရူပဗြဟ္မာတို့အား ရုပ်၌တပ်ခြင်းကင်းသော ဘာဝနာ၏ အားအစွမ်းဖြင့် ထိုအရူပဘုံ၌ အခြင်းခပ်သိမ်း ရုပ်ဖြစ်ခြင်းမရှိသောကြောင့် အရူပဗြဟ္မာဘုံ၌ အလုံးစုံလည်းဖြစ်ကုန်သော ဝတ္ထုခြောက်ပါးတို့သည် မရှိကုန်။
ပဉ္စဝိညာဏ်၏ မှီရာ
၇၀။ ။တတ္ထ ပဉ္စဝိညာဏဓာတုယာ ယထာက္ကမံ ပဉ္စပသာဒဝတ္ထုနိ နိဿာယေဝ ပဝတ္တန္တိ။
ထိုဝတ္ထုသင်္ဂဟ၌ ပဉ္စဝိညာဏဓာတ်တို့သည် အစဉ်အတိုင်း စင်စစ်အားဖြင့် ငါးပါးသော ပသာဒဝတ္ထုရုပ်တို့ကို မှီကုန်၍သာလျှင် ဖြစ်ကုန်၏။
၇၀။ ။ပဉ္စဝိညာဏ်တို့သည်သာလျှင် သတ္တလည်းမဟုတ်၊ အသက်ဇီဝလည်းမဟုတ်သော အနက်အားဖြင့် ဓာတ်လည်းဖြစ်သောကြောင့် ပဉ္စဝိညာဏဓာတ်မည်ကုန်၏။
မနောဓာတ်မှီရာ
၇၁။ ။ပဉ္စဒွါရာဝဇ္ဇန သမ္ပဋိစ္ဆနဒွယံ မနောဓာတုစ ဟဒယံ နိဿာယေဝ ပဝတ္တန္တိ။
ပဉ္စဒွါရာဝဇ္ဇန်း၊ သမ္ပဋိစ္ဆိုင်းဒွေးဟု ဆိုအပ်ကုန်သော မနောဓာတ်တို့သည် ဟဒယဝတ္ထုကို မှီ၍သာဖြစ်ကုန်၏။
၁။ အရူပဗြဟ္မာများသည် ရုပ်ဟူသမျှ၌ လွန်စွာ စက်ဆုပ်ရွံရှာလှသဖြင့် ရုပ်၌တပ်ခြင်းကင်းသော ဘာဝနာကို ပွားများသည့်အစွမ်းကြောင့် အရူပဘုံ၌ ရုပ်မရှိ၊ ဝတ္ထုရုပ် ခြောက်ပါးလုံး မရ-ဟူလို။
၂။ စက္ခုဝိညာဏ်စသော ပဉ္စဝိညာဏ်ငါးပါးသည် သတ္တဝါလည်းမဟုတ်၊ အသက်လည်းမဟုတ်သဖြင့် ဓာတ်မည်သောကြောင့် ပဉ္စဝိညာဏဓာတ်မည်၏။
စာမျက်နှာ-၂၃၆
မနောဓာတ်၏အဖွင့်
၇၁။ ။သိကာမျှဖြစ်သောဓာတ်သည် မနောဓာတ်မည်၏။
ကြွင်းသောဓာတ်တို့၏ မှီရာ
၇၂။ ။အဝသေသာ ပန မနောဝိညာဏဓာတုသင်္ခါတာ စ သန္တီရဏ မဟာဝိပါက ပဋိဃဒွေး ပဌမမဂ္ဂ ဟသိတုပ္ပါဒ ရူပါဝစရဝသေန ဟဒယံ နိဿာယေဝ ပဝတ္တန္တိ။
ပဉ္စဝိညာဏဓာတ်၊ မနောဓာတ်မှ ကြွင်းကုန်သော သန္တီရဏသုံးခု၊ မဟာဝိပါက်စိတ်ရှစ်ခု၊ ဒေါသမူဒွေး၊ သောတာပတ္တိမဂ်၊ ဟသိတုပ္ပါဒ်၊ ရူပစိတ် ၁၅-ခုတို့၏ အစွမ်းဖြင့် ၃၀-သော မနောဝိညာဏဓာတ်ဟု ဆိုအပ်ကုန်သော ဝိညာဏဓာတ်တို့သည် ဟဒယဝတ္ထုရုပ်ကို မှီ၍သာလျှင်ဖြစ်ကုန်၏။
ကြွင်းသောဓာတ်တို့၏ မှီရာအဖွင့်
၇၂။ ။စိတ်သည်ပင်လျှင် ထူးသောသိခြင်းနှင့် ယှဉ်သောကြောင့် ဝိညာဏ်လည်းမည်၏။ သတ္တဝါမဟုတ်၊ အသက်မဟုတ်ဟူသောအနက်ကြောင့် ဓာတ်လည်းမည်၏။ ထို့ကြောင့် မနောဝိညာဏဓာတ်မည်၏။ တနည်းကား...စိတ်၏ ဝိညာဏဓာတ်ဖြစ်သောကြောင့် မနောဝိညာဏဓာတ်မည်၏။ အဘယ်ကြောင့်ဆိုသော် ထိုမနောဝိညာဏ
၁။ သိကာမျှဖြစ်သောကြောင့် မနောဓာတ်မည်၏။ ဒွါရငါးပါး၌ ထင်လာသောအာရုံငါးပါးကို ဆင်ခြင်ရုံမျှ ခံလင့်ရုံမျှဖြစ်၍ အာရုံကို ပိုင်းခြား၍ ကောင်းစွာမသိသောကြောင့် မနောဓာတ်မည်၏။
စက္ခုဝိညာဏ်စသော စိတ် ၁၀-ပါးကား လက်ငင်းပစ္စက္ခထင်ရှားသောအာရုံငါးပါးကို မြင်ခြင်း၊ ကြားခြင်းစသောကိစ္စရှိ၍ မနောဓာတ်ထက် ထူးသောသိခြင်းရှိသောကြောင့် ပဉ္စဝိညာဏဓာတ်မည်၏။
၂။ သန္တီရဏစသော ကြွင်းသောစိတ် ၇၆-ပါးကား မနောဓာတ်ကဲ့သို့ သိကာမျှလည်းမဟုတ်၊ ပဉ္စဝိညာဏ်ဓာတ်ကဲ့သို့ အသင့်အတင့်သိသည်လည်းမဟုတ်၊ အာရုံကို ပိုင်းပိုင်းခြားခြား အထူးသဖြင့် သိသောကြောင့် မနောဝိညာဏဓာတ်မည်၏။
စာမျက်နှာ-၂၃၇
ဓာတ်သည် အနန္တရပစ္စည်းဖြစ်သောစိတ်ကြောင့် ဖြစ်သောစိတ်၏သာလျှင် အနန္တရပစ္စည်းဖြစ်၏။ ထို့ကြောင့် စိတ်နှင့်စပ်၏။
မှတ်ချက်။ ။ကြွင်းသော ပဉ္စဝိညာဏ်စသည်တို့ကား မနောဖြစ်ပါလျက် မနောသဒ္ဓါဖြင့် မှတ်၍မဆိုပါဘဲ ဤဓာတ်ကိုသာ မနောသဒ္ဓါဖြင့် မှတ်၍ဆိုရခြင်းကား တူသောမှီရာရှိသောနောက် မနောမှ အနန္တရပစ္စည်းကို ရသဖြင့် ဖြစ်ပေါ်လာပြီးလျှင် ရှေ့မနော၏ အနန္တရပစ္စည်းဖြစ်သောကြောင့် မနောနှင့်စပ်၍ မနောသဒ္ဓါဖြင့် မှတ်လျက် မနောဝိညာဏ်ဟု ဆိုအပ်ပါသတည်း။ ပဉ္စဝိညာဏ်တို့ကား မနောနှင့်မစပ်၍၎င်း၊ ပသာဒငါးပါးဟော ပဉ္စသဒ္ဒါဖြင့် မှတ်ပြီးဖြစ်၍၎င်း မနောဖြင့် ထပ်၍မှတ်ပြဖွယ်မရှိ-ဟူလို။
သန္တီရဏသုံးပါး၏၎င်း၊ မဟာဝိပါက်စိတ် ၈-ပါး၏၎င်း၊ ဒေါသမူဒွေး၏၎င်း၊ ပဌမသောတာပတ္တိမဂ်၏၎င်း၊ ဟသိတုပ္ပါဒ်၏၎င်း၊ ၁၅-ပါးသော ရူပါဝစရစိတ်တို့၏၎င်း အစွမ်းဖြင့်ဖြစ်ကုန်သော အကြင်ဆိုအပ်ခဲ့ပြီးသော မနောဓာတ်၊ ပဉ္စဝိညာဏဓာတ်တို့မှ ကြွင်းကုန်သော မနောဝိညာဏဓာတ်ဟု ဆိုအပ်ကုန်သော ၃၀-သောစိတ်တို့သည် မနောဓာတ်တို့သာ ဟဒယဝတ္ထုကို မှီ၍ဖြစ်သည်မဟုတ်ကုန်၊ ထိုမနောဓာတ်အတူ ဟဒယဝတ္ထုကိုမှီ၍ ဖြစ်ကုန်၏။ ဤသို့အနက်သမ္ဗန်အပ်၏။
မနောဓာတ်သုံးပါးနှင့် စိတ် ၃၀-တို့၏ ဟဒယဝတ္ထုကို မှီခြင်းအကြောင်း
၁၁-ပါးသော သန္တီရဏစိတ်၊ မဟာဝိပါက်စိတ်တို့သည် အရူပဘုံ၌ ပဉ္စဒွါရမရှိသောကြောင့်၎င်း၊ ကိစ္စမရှိသောကြောင့်၎င်း အရူပ
၁။ သန္တီရဏစိတ် ၃-ပါး၊ မဟာဝိပါက် ၈-ပါး၊ ဒေါသမူဒွေး၊ သောတာပတ္တိမဂ်၊ ဟသိတုပ္ပါဒ်၊ ရူပါဝစရစိတ် ၁၅-ပါး၊ အားဖြင့် ဤစိတ် ၃၀-သည် ကာမဘုံ၊ ရူပဘုံ၌ဖြစ်သောစိတ်ဖြစ်သောကြောင့် ဟဒယဝတ္ထုရုပ်ကို မှီ၍သာဖြစ်၏။
စာမျက်နှာ-၂၃၈
ဘုံ၌ မဖြစ်ကုန်။ နီဝရဏအခိုက်အခါကင်း၍ ဒေါသ မရှိခြင်းကြောင့် ထိုပဋိဃနှင့်တကွဖြစ်သော စိတ် ၂-ပါးအပေါင်းသည် ရူပဘုံ၌ မရှိ၊ အရူပဘုံ၌ကား ဆိုဖွယ်မရှိပေ။
သောတာပတ္တိမဂ်သည် ဗြဟ္မာဘုံ၌ “ပရာသာသ”ဟုဆိုအပ်သော တရားနာရမှုအစရှိသောအကြောင်းသည် သာဝကတို့အား မဖြစ်နိုင်သောကြောင့်၎င်း၊ ဘုရား၊ ပစ္စေကဗုဒ္ဓတို့၏လည်း လူ့ဘုံမှတပါးသောဘုံ၌ မဖြစ်သောကြောင့်၎င်း အရူပဘုံ၌ မဖြစ်ပေ။
ဟသိတုပ္ပါဒ်စိတ်သည်လည်း အရူပဗြဟ္မာဘုံ၌ ရူပကာယကိုယ်မရှိသောကြောင့် မဖြစ်။
ရူပါဝစရစိတ် ၁၅-ပါးတို့သည်လည်း အရူပဗြဟ္မာတို့အား ရုပ်၌တပ်ခြင်းကင်းသော ဘာဝနာတို့၏အစွမ်းဖြင့် ထိုရုပ်လျှင် အာရုံရှိကုန်သော ဈာန်တို့၌ တပ်ခြင်းကင်းသောကြောင့် အရူပဘုံ၌ မဖြစ်ကုန်၊ ထို့ကြောင့် အလုံးစုံကုန်သော ထို ၃၃-ပါးသောစိတ်တို့သည် ဟဒယဝတ္ထုကို မှီ၍သာ ဖြစ်ကုန်၏။
ကုသိုလ်၊ အကုသိုလ်၊ ကြိယာ၊ လောကုတ္တရာတို့၏ မှီရာ
၇၃။ ။အဝသေသာ ကုသလာကုသလ ကြိယာ၊ လောကုတ္တရဝသေန ပန ဟဒယံ နိဿာယ အနိဿာယ ဝါ။
ဆိုအပ်ပြီးသောစိတ် ၃၀-မှ ကြွင်းကုန်သော လောကီကုသိုလ်စိတ် ၁၂-ပါး၊ အကုသိုလ်စိတ် ၁၀-ပါး၊ ကြိယာစိတ် ၁၃-ပါး၊ လောကုတ္တရာစိတ် ၇-ပါးတို့၏ အစွမ်းဖြင့် ၄၂-ပါးကုန်သော မနောဝိညာဏဓာတ်တို့သည် ဟဒယဝတ္ထုကို မှီ၍၎င်း၊ မမှီမူ၍၎င်း ဖြစ်ကုန်၏။
၇၃။ ။ရူပါဝစရကုသိုလ် ၅-ခုမှ ကြွင်းကုန်သော ၁၂-ပါးသော လောကီကုသိုလ်တို့၎င်း၊ ပဋိဃဒွေးမှ ကြွင်းကုန်သော အကုသိုလ်စိတ် ၁၀-ပါးတို့၎င်း၊ ပဉ္စဒွါရာဝဇ္ဇန်း၊ ဟသိတုပ္ပါဒ်၊ ရူပကြိယာတို့မှ
စာမျက်နှာ-၂၃၉
ကြွင်းကုန်သော ၁၃-ပါးသော ကြိယာစိတ်တို့၎င်း၊ သောတာပတ္တိမဂ်မှ ကြွင်းကုန်သော လောကုတ္တရာစိတ် ၇-ပါးတို့၎င်း၊ ဤသို့ ဤစိတ်တို့၏ အစွမ်းဖြင့် ၄၂-ပါးအပြားရှိကုန်သော မနောဝိညာဏဓာတ်ဟု ဆိုအပ်ကုန်သော စိတ်တို့သည် ပဉ္စဝေါကာရဘုံ၏ အစွမ်းဖြင့် ဟဒယဝတ္ထုကို မှီ၍ဖြစ်ကုန်၏၊ စတုဝေါကာရဘုံ၏ အစွမ်းဖြင့် မမှီမူ၍ဖြစ်ကုန်၏။
သင်္ဂဟဂါထာ
၇၅။ ။ဆ ဝတ္ထု နိဿိတာ ကာမေ၊ သတ္တ ရူပေ စတုဒ္ဓိသာ။
တိဝတ္ထု နိဿိတာ ရူပေ၊ ဓာတွေက နိဿိတာ မတာ။
ကာမ ၁၁-ဘုံ၌ ခြောက်ပါးသော ဝတ္ထုရုပ်တို့ကို မှီ၍ဖြစ်ကုန်သော ဝိညာဏဓာတ်တို့ကို ၇-ပါးအပြားရှိကုန်၏ဟူ၍ သိအပ်ကုန်၏။ အသညသတ်ကြဉ်သော ရူပဘုံ၌ သုံးပါးသော ဝတ္ထုရုပ်ကို မှီ၍ဖြစ်ကုန်သော ဝိညာဏဓာတ်တို့ကို ၄-ပါးအပြားရှိကုန်၏ဟူ၍ သိအပ်ကုန်၏၊ အရူပဘုံ၌ ဝတ္ထုရုပ်ကို မမှီမူ၍သာဖြစ်သော တခုသော မနောဝိညာဏဓာတ်ကို သိအပ်၏။
၇၅။ ။ကာမဘုံ၌ ခြောက်ပါးသော ဝတ္ထုရုပ်ကို မှီ၍ဖြစ်ကုန်သော ၇-ပါးကုန်သော ဝိညာဏဓာတ်တို့ကို သိအပ်ကုန်၏၊ ရူပဘုံ၌ သုံးပါးသော ဝတ္ထုရုပ်ကို မှီ၍ဖြစ်ကုန်သော ဃာနဝိညာဏ်အစရှိကုန်သော ၃-ပါးအပေါင်းသည် ကြဉ်အပ်ကုန်သော ၄-ပါးအပြားရှိသော ဝိညာဏဓာတ်တို့ကို သိအပ်ကုန်၏၊ အရူပဘဝ၌ ဝတ္ထုရုပ်ကို မမှီမူ၍သာဖြစ်သော တပါးသော မနောဝိညာဏဓာတ်ကို သိအပ်၏။ ဤကားအနက်ယောဇနာခြင်းတည်း။
၁။ ရူပါဝစရကုသိုလ်မှ ကြွင်းသော လောကီကုသိုလ် ၁၂-ပါး၊ ဒေါသမူဒွေးမှ ကြွင်းသော အကုသိုလ် ၁၀-ပါး၊ ပဉ္စဒွါရာဝဇ္ဇန်း၊ ဟသိတုပ္ပါဒ်၊ ရူပါဝစရကြိယာမှ ကြွင်းသော ကြိယာစိတ် ၁၃-ပါး၊ သောတာပတ္တိမဂ်မှ ကြွင်းသော လောကုတ္တရာစိတ် ၇-ပါး ဤ ၄၂-ပါးသောစိတ်တို့သည် ကာမဘုံ၊ ရူပဘုံ၌ဖြစ်ခိုက် ဟဒယဝတ္ထုကို မှီ၍ဖြစ်ကုန်၏။ အရူပဘုံ၌ဖြစ်ခိုက် ဟဒယဝတ္ထုမရှိ၍ မမှီဘဲဖြစ်ကုန်၏-ဟူလို။
စာမျက်နှာ-၂၄၀
၇၆။ ။တေတ္တာလီသ နိဿာယ၊ ဆတ္တာလီသ ဇာယရေ။
နိဿာယ စ အနိဿာယ၊ ပါကာရုပ္ပါ အနိဿိတာ။
၄၃-ပါးသောစိတ်တို့သည် ဝတ္ထုရုပ်ကို မှီ၍သာလျှင်ဖြစ်ကုန်၏၊ ၄၂-ပါးသောစိတ်တို့သည် ဝတ္ထုရုပ်ကို မှီ၍၎င်း၊ မမှီမူ၍၎င်း ဖြစ်ကုန်၏။ အရူပဝိပါက်စိတ် ၄-ခုတို့သည် ဝတ္ထုရုပ်ကို မမှီမူ၍သာလျှင် ဖြစ်ကုန်၏။
၇၆။ ။ကာမာဝစရဝိပါက်စိတ်၊ ပဉ္စဒွါရာဝဇ္ဇန်း၊ ပဋိဃဒွေး၊ ဟသိတုပ္ပါဒ်စိတ်တို့၏ အစွမ်းဖြင့် ၂၇-ပါးသော ကာမာဝစရစိတ်တို့၎င်း၊ ၁၅-ပါးသော ရူပါဝစရစိတ်တို့၎င်း၊ သောတာပတ္တိမဂ်စိတ်၎င်း၊ ဤသို့အားဖြင့် ၄၃-ပါးသောစိတ်တို့သည် ဝတ္ထုရုပ်ကို မှီ၍သာလျှင်ဖြစ်ကုန်၏။ ထိုစိတ်တို့မှ ကြွင်းကုန်သော အရူပဝိပါက်သည်ကြဉ်အပ်သော ၄၂-ပါးသောစိတ်တို့သည် မှီကုန်၍၎င်း၊ မမှီကုန်မူ၍၎င်း ဖြစ်ကုန်၏။ အရူပဝိပါက်စိတ် လေးပါးတို့သည်ကား မမှီမူ၍သာဖြစ်ကုန်၏။ ဤကားအနက်သမ္ဗန်နည်းတည်း။
ဤဆိုအပ်ပြီးသောစကားဖြင့် အဘိဓမ္မတ္ထဝိဘာဝနီမည်သောအဘိဓမ္မတ္ထသင်္ဂြိုဟ်ကျမ်း၏အဖွင့်၌ တတိယပကိဏ်းပိုင်းအဖွင့်သည် ပြီးဆုံးခြင်းသို့ရောက်ပြီ။
၁။ ဒွေးပဉ္စဝိညာဏ် ၁၀၊ မနောဓာတ် ၃-ပါး၊ သန္တီရဏ ၃-ပါး၊ မဟာဝိပါက်စိတ် ၈-ပါး၊ ဒေါသမူဒွေး၊ သောတာပတ္တိမဂ် ၁-ပါး၊ ဟသိတုပ္ပါဒ်စိတ် ၁-ပါး၊ ရူပါဝစရစိတ် ၁၅-ပါး၊ ၍ ၄၃-ပါးသောစိတ်တို့သည် ဝတ္ထုရုပ်ကို မှီ၍သာဖြစ်ကုန်၏။
၂။ လောဘမူစိတ် ၈-ပါး၊ မောဟမူစိတ် ၂-ပါး၊ မနောဒွါရာဝဇ္ဇန်း ၁-ပါး၊ မဟာကုသိုလ်စိတ် ၈-ပါး၊ မဟာကြိယာစိတ် ၈-ပါး၊ အရူပါဝစရကုသိုလ်စိတ် ၄-ပါး၊ အရူပါဝစရကြိယာစိတ် ၄-ပါး၊ သောတာပတ္တိမဂ်ကြဉ်သော လောကုတ္တရာစိတ် ၇-ပါး၊ ဤ ၄၂-ပါးသောစိတ်တို့သည် ဝတ္ထုရုပ်ကို မှီ၍၎င်း၊ မမှီမူ၍၎င်း ဖြစ်ကုန်၏။
၃။ အရူပစိတ် ၄-ပါးတို့သည် ဝတ္ထုရုပ်ကို မမှီ၍ဖြစ်ကုန်၏-ဟုမှတ်။