မာတိကာသို့ ခုန်သွားရန်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး အမိန့်အမှတ် ၂/၂၀၂၁

ဝီကီရင်းမြစ် မှ
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်များနှင့် တရားသူကြီးများ ခန့်အပ်တာဝန်ပေးခြင်း (၂၀၂၁)
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
5671တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်များနှင့် တရားသူကြီးများ ခန့်အပ်တာဝန်ပေးခြင်း၂၀၂၁တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
အမိန့်အမှတ် (၂/ ၂၀၂၁)
၁၃၈၂ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၅ ရက်
(၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်)
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်များနှင့်
တရားသူကြီးများ ခန့်အပ်တာဝန်ပေးခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ အပ်နှင်းထားသောအာဏာကို ကျင့်သုံးလျက် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားသူကြီးချုပ်နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တရားလွှတ်တော် တရားသူကြီးများအား မိမိတို့၏တာဝန်များကို ဆက်လက်ထမ်းဆောင်ရန် တာဝန်ပေးအပ်လိုက်သည်။

(ပုံ) မင်းအောင်လှိုင်
ဗိုလ်ချုပ်မှူးကြီး
တပ်မတော်ကာကွယ်‌ရေးဦးစီးချုပ်