တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး အမိန့်အမှတ် ၆/၂၀၂၁
ပုံပန်းသွင်ပြင်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
အမိန့်အမှတ် (၆/ ၂၀၂၁)
၁၃၈၂ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၅ ရက်
(၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်)
ပြည်ထောင်စုဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ အပ်နှင်းထားသောအာဏာကို ကျင့်သုံးလျက် အောက်ပါပုဂ္ဂိုလ်များအား ယှဉ်တွဲပါဝန်ကြီးဌာန အသီးသီးတွင် ပြည်ထောင်စုဝန်ကြီးများအဖြစ် ခန်အပ်တာဝန်ပေးအပ်လိုက်သည် -
| (၁) | ဦးဝဏ္ဏမောင်လွင် | နိုင်ငံခြားရေးဝန်ကြီးဌာန |
| (၂) | ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ် | ပြည်ထဲရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန |
| (၃) | ဗိုလ်ချုပ်ကြီးမြထွန်းဦး | ကာကွယ်ရေးဝန်ကြီးဌာန |
| (၄) | ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် | နယ်စပ်ရေးရာဝန်ကြီးဌာန |
| (၅) | ဦးဝင်ရှိန် | စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန |
| (၆) | ဦးအောင်နိုင်ဦး | ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန |
| (၇) | ဦးကိုကိုလှိုင် | အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန |
| (၈) | ဦးချစ်နိုင် | ပြန်ကြားရေးဝန်ကြီးဌာန |
| (၉) | ဦးကိုကို | သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန |
| (၁၀) | ဦးမြင့်ကြိုင် | အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန |
| (၁၁) | ဒေါက်တာသက်ခိုင်ဝင်း | ကျန်းမားရေးနှင့်အားကစားဝန်ကြီးဌာန |
(ပုံ) မင်းအောင်လှိုင်
ဗိုလ်ချုပ်မှူးကြီး
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်