မာတိကာသို့ ခုန်သွားရန်

တို့တော့မယ်တဲ့ဆိတ်တော့မယ်

ဝီကီရင်းမြစ် မှ

မင်းသားဆို။ တို့တော့မယ်တဲ့ဆိတ်တော့မယ် တို့တော့မယ်တဲ့ဆိတ်တော့မယ် ဘယ်ခြောက်ကာညာဖမ်း နမ်းမိတော့မယ် ကိုယ်မရုန်းနဲ့ပျိုဘုန်းကြွယ် လက်ကိုဆွဲ တကတဲပါတော့မယ် ဗျာပါဆံတဖက်တဆုပ် မုတ်ပုတီးကတသွယ်နှစ်သွယ် မမလေးရွှေခြေကျင်းနှင့် ဝါဝင်းလှတယ် သုံးတောင်ပြည့်ခန်းသာလယ် လေးတောင်ပြည့်ခန်းသာလယ် မောင်ကြံရွယ်တဲ့စပယ်ကုံး မင်းဘယ်သို့တုံး မချစ်ဖူးမကြိုက်ဖူးနဲ့ မမလေးမင့်နဖူး ညှင်းဘယ်ကကူး လေးတောင်ထွာခန်းသာလယ်မှာအတူလူးတယ် ညှင်းမောင်ကကူး။

မင်းသမီးဆို။ မလာတညလာတညနဲ့ စကားနှစ်ခွပုံမသေ ပျိုတို့မောင်အလေလိုက်တယ် ဖဲရိုက်လို့နေ နှမလေးမောင်မချစ် ပစ်ပါတော့သည်မြိုင်လယ် မယ့်ကိုယ်ကိုလေလံရောင်း ကောင်းလိမ့်ထင်တယ် တရုပ်ကြီးကဝယ်လိမ့်မယ် ကုလားကြီးကဝယ်လိမ့်မယ် ပျိုတို့လင်ရှင်မချစ်ရင် ပစ်ခဲ့တော့ကွယ်။