မာတိကာသို့ ခုန်သွားရန်

ထေရာပဒါန် ပါဠိတော်-တ

ဝီကီရင်းမြစ် မှ

ခုဒ္ဒကနိကာယ်

ထေရာပဒါန်ပါဠိတော်

မြန်မာပြန်

ဒုတိယအုပ်

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒဿ။

၄၃-သကိံသမ္မဇ္ဇကဝဂ်

၁-သကိံသမ္မဇ္ဇကတ္ထေရအပဒါန်

။ ငါသည် ဝိပဿီမြတ်စွာဘုရား၏ သခွတ်ဗောဓိပင်မြတ်ကို ဖူးမြင်၏၊ ထိုသစ်ပင်မြတ်ကို ဖူးမြင်၍သာလျှင် ထိုဗောဓိပင်၌ စိတ်ကို ကြည်လင်စေခဲ့၏။

။ ထိုအခါ တံမြက်စည်းကို ယူ၍ ဗောဓိပင်ရင်ပြင်ကို တံမြက်စည်းလှည်းခဲ့၏၊ တံမြက် လှည်းပြီးလျှင် ငါသည် ထိုသခွတ်ဗောဓိပင်ကို ရှိခိုးခဲ့၏။

။ ငါသည် ထိုဗောဓိပင်၌ စိတ်ကို ကြည်လင်စေ၍ ဦးခေါင်း၌ လက်အုပ်ချီပြီးလျှင် ထို ဗောဓိပင်ကို ရှိခိုးလျက် နောက်ဆုတ် ပြန်သွား၏။

။ ထိုသို့သော ခရီးဖြင့် မြတ်သော ဗောဓိပင်ကို အောက်မေ့လျက် သွား၏၊ (ထိုအခါ ) ကြမ်းတမ်းသော ခွန်အားကြီးမားသော စပါးကြီးမြွေသည် ငါ့ကို နှိပ်စက်၏။

။ (စုတိစိတ်၏) အနီး၌ ပြုအပ်သော ငါ၏ ကံသည် အကျိုးပေးသောအားဖြင့် ငါ့ကို နှစ်သက်စေ၏၊ (မြွေသည်) ငါ၏ ကိုယ်ကို မျိုလိုက်၏၊ ငါသည် နတ်ပြည်၌ မွေ့လျော်ရ၏။

။ ငါ၏ စိတ်သည် နောက်ကျုခြင်း မရှိ၊ စင်ကြယ်၏၊ အခါခပ်သိမ်း ဖြူစင်၏၊ ငါ၏ စိတ်ကိုပူပန်စေတတ်သော သောကတည်းဟူသော ငြောင့်ကို မသိရပေ။

။ နူနာသည်လည်းကောင်း၊ အိုင်းအမာသည်လည်းကောင်း၊ ဝဲကြီးနာသည်လည်းကောင်း၊ ဝက်ရူးနာသည်လည်းကောင်း၊ ဝဲနာသည်လည်းကောင်း၊ ပွေးနာသည်လည်းကောင်း၊ ယားနာသည်လည်းကောင်း ငါ့အား မရှိပေ။ ဤသို့ ဖြစ်ရခြင်းသည် တံမြက်လှည်းခြင်း၏ အကျိုးပေတည်း။

။ ငါ၏ စိတ်နှလုံး၌ စိုးရိမ်မှုသည်လည်းကောင်း၊ ငိုကြွေးမှုသည်လည်းကောင်း မရှိချေ။ (ငါ၏) စိတ်သည် တုန်လှုပ်ခြင်းမရှိဘဲ ဖြောင့်မတ်၏။ ဤသို့ ဖြစ်ရခြင်းသည် တံမြက်လှည်းခြင်း၏ အကျိုးပေတည်း။

။ ငါသည် ဈာန်သမာဓိတို့၌ မမေ့မလျော့၊ (ငါ၏) စိတ်သည် သန့်ရှင်းလျက် ရှိ၏၊ ငါ့အား အကြင်အကြင်သမာဓိကို အလိုရှိ၏၊ ထိုထိုအလိုရှိသော သမာဓိသည် ပြည့်စုံ၏။

၁၀။ နှစ်သက်ဖွယ် အာရုံ၌ မနှစ်သက်၊ ထို့ပြင် အမျက်ထွက်ဖွယ် အာရုံ၌လည်း အမျက်မထွက်၊ တွေဝေဖွယ် အာရုံ၌ မတွေဝေ။ ဤသို့ ဖြစ်ရခြင်းသည် တံမြက်လှည်းခြင်း၏ အကျိုးပေတည်း။

၁၁။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ တံမြက်လှည်းမှု ပြုခဲ့ရသော အခါမှစ၍ အပါယ်လေးပါးလားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် တံမြက်လှည်းခြင်း၏ အကျိုးပေတည်း။

--

၁၂။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ၊ ဘဝအားလုံးတို့ကို ပယ်နုတ်အပ်ကုန်ပြီ၊ ‘ဆင်ပြောင်ကြီးသည် အနှောင်အဖွဲ့ကို ဖြတ်၍ နေသကဲ့သို့’ ငါသည် အာသဝမရှိဘဲနေရ၏။

၁၃။ ငါ၏ လာခြင်းကား ကောင်းသောလာခြင်း စင်စစ် ဖြစ်ပေ၏၊ ငါသည် မြတ်စွာ ဘုရားအထံတော်၌ ဝိဇ္ဇာသုံးပါးတို့ကို ရအပ်ကုန်ပြီ၊ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

၁၄။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကို လည်းကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကို လည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်သကိံသမ္မဇ္ဇကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ရှေးဦးစွာသော သကိံသမ္မဇ္ဇကတ္ထေရအပဒါန် ပြီး၏။

၂-ဧကဒုဿဒါယကတ္ထေရအပဒါန်

၁၅။ ငါသည် ဟံသာဝတီမြို့၌ မြက်ရိတ်သမား (မြက်ထမ်းသမား) ဖြစ်ခဲ့၏၊ ထို မြက်ထမ်းခြင်းဖြင့် အသက်မွေး၍ သားမယားတို့ကို လည်း ကျွေးမွေး၏။

၁၆။ တရားအားလုံးတို့ကို တစ်ဖက်ကမ်းရောက် သိမြင်တော်မူသော လောက၏ ရှေ့သွားပဒုမုတ္တရမည်သော မြတ်စွာဘုရားသည် မောဟတည်းဟူသော အမိုက်တိုက်ကို ဖျက်ဆီး၍ ပွင့်တော်မူ၏။

၁၇။ ထိုအခါ ငါသည် မိမိအိမ်၌ ထိုင်နေ၍ ဤသို့ ကြံစည်၏- “မြတ်စွာဘုရားသည် လောက၌ပွင့်တော်မူပေ၏၊ ငါ့အား လှူဖွယ်ဝတ္ထုလည်း မရှိပေ။

၁၈။ ငါ့အား ဤပုဆိုးတစ်ထည်သာ ရှိ၏၊ ငါ့အား ပေးမည့်သူ တစ်ယောက်မျှ မရှိချေ၊ ငရဲ အတွေ့သည် ဆင်းရဲလှချေ၏၊ ငါသည် ကောင်းမှုမျိုးစေ့ကို စိုက်ပျိုးတော့အံ့”ဟု ကြံစည်၏။

၁၉။ ငါသည် ဤသို့ ကြံစည်ပြီးလျှင် မိမိစိတ်ကို ကြည်လင်စေခဲ့၏၊ ငါသည် ပုဆိုး တစ်ထည်ကိုယူ၍ ဘုရားမြတ်အား ပေးလှူခဲ့၏။

၂၀။ ပုဆိုးတစ်ထည်ကို ပေးလှူပြီးလျှင် “ရဲရင့်တော်မူသော မြတ်စွာဘုရား အရှင်ဘုရား သည်အကယ်စင်စစ် ဘုရားဖြစ်ပါမူ အကျွန်ုပ်ကို ကယ်တင်တော်မူပါလော့”ဟု ကြွေးကြော်မှု ကို ဖြစ်စေ၏။

၂၁။ လောကသုံးပါးကို သိတော်မူ၍ ပေးလှူဖွယ်ပစ္စည်းဝတ္ထုတို့ကို ခံယူတော်မူထိုက်သော ပဒုမုတ္တရမြတ်စွာဘုရားသည် ငါ၏ အလှူကို ချီးကျူးတော်မူလျက် ငါ့အား အနုမောဒနာ ပြုတော်မူ၏။

၂၂။ ဤပုဆိုးတစ်ထည်ကို လှူရခြင်းကြောင့်လည်းကောင်း၊ စေတနာ, တောင့်တမှုတို့ကြောင့်လည်းကောင်း ကမ္ဘာတစ်သိန်းတို့ပတ်လုံး ပျက်စီးကျရာ အပါယ်သို့ မလားရလတ္တံ့။

၂၃။ သုံးဆယ့်ခြောက်ကြိမ်တိုင်တိုင် နတ်တို့ကို အစိုးရသည်ဖြစ်၍ နတ်မင်းအဖြစ်ကို ပြုရ လတ္တံ့၊ သုံးဆယ့်သုံးကြိမ်တိုင်တိုင် စကြဝတေးမင်းလည်း ဖြစ်လတ္တံ့။

--

၂၄။ ပြန့်ပြောသော ပဒေသရာဇ်မင်းအဖြစ်သည်ကား ဂဏန်းအားဖြင့် မရေတွက်နိုင်၊ သင်သည် နတ်ပြည်၌လည်းကောင်း၊ လူ့ပြည်၌လည်းကောင်း ကျင်လည်ရသည် ရှိသော် -

၂၅။ အဆင်းလှသူသည်လည်းကောင်း၊ ဂုဏ်နှင့် ပြည့်စုံသူသည်လည်းကောင်း၊ မနှိပ်စက် နိုင်သောကိုယ်ရှိသူသည်လည်းကောင်း ဖြစ်လတ္တံ့။ ရန်သူတို့ မချောက်ချားနိုင်၊ မနှိုင်းရှည့် နိုင်သော ပုဆိုးကိုအလိုရှိတိုင်း ရလတ္တံ့။

၂၆။ ရဲရင့်တော်မူသော ပဒုမုတ္တရမည်သော မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူပြီးလျှင် ‘ကောင်းကင်၌ (ပျံသန်းသော) ဟင်္သာမင်းကဲ့သို့’ ကောင်းကင်သို့ တက်ကြွတော် မူ၏။

၂၇။ ကပ်ရောက်ရတိုင်းသော လူ့အဖြစ် နတ်အဖြစ်ဟူသမျှတို့၌ ငါ့အား စည်းစိမ်ဥစ္စာ၌ ယုတ်လျော့ခြင်းသည် မရှိချေ။ ဤသို့ ဖြစ်ရခြင်းသည် ပုဆိုးတစ်ထည် လှူရခြင်း၏ အကျိုး ပေတည်း။

၂၈။ ခြေလှမ်းတိုင်း ခြေလှမ်းတိုင်း၌ ငါ့အား ပုဆိုအခင်းသည် ဖြစ်ပေါ်လျက် ရှိ၏၊ ငါသည် ပုဆိုး (မျက်နှာကြက်) အောက်၌ တည်၍ ပုဆိုးသည် ငါ၏ အထက်၌ အမိုးဖြစ်လျက် ရှိ၏။

၂၉။ ယခု ငါ အလိုရှိသည်ရှိသော် တောင်နှင့်တကွသော ဟိမဝန္တာတောကို အစပြု၍ ထိုစကြဝဠာတစ်ခုလုံးကို ပုဆိုးတို့ဖြင့် ဖုံးလွှမ်းနိုင်၏။

၃၀။ ထိုပုဆိုးတစ်ထည်ကို လှူရခြင်းကြောင့်သာလျှင် ဘဝကြီးငယ်၌ ကျင်လည်ရသည် ရှိသော် ဘဝတိုင်း ဘဝတိုင်း ရွှေအဆင်းရှိသူ ဖြစ်၍ ကျင်လည်ရ၏။

၃၁။ ပုဆိုးတစ်ထည် (အလှူ) ၏ အကျိုးသည် မည်သည့်ဘဝ၌မျှ ကုန်ခန်းခြင်းသို့ မရောက်ချေ၊ ငါ့အားဤဘဝသည် အဆုံးဘဝပေတည်း၊ ဤအဆုံးဘဝ၌လည်း ငါ့အား အကျိုးပေးလျက် ရှိ၏။

၃၂။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ ပုဆိုးကို ပေးလှူခဲ့ရသောအခါမှစ၍ အပါယ်လေးပါးလားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ပုဆိုးတစ်ထည် လှူရခြင်း၏ အကျိုးပေတည်း။

၃၃။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။

၃၄။ ငါ၏ လာခြင်းကား။ပ။ လိုက်နာကျင့်သုံးပြီးပါပြီ။

၃၅။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ဧကဒုဿဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

နှစ်ခုမြောက် ဧကဒုဿဒါယကတ္ထေရအပဒါန် ပြီး၏။

--

၃-ဧကာသနဒါယကတ္ထေရအပဒါန်

၃၆။ ဟိမဝန္တာ၏ အနီး၌ ဂေါသိတမည်သော တောင်သည် ရှိ၏၊ ထိုတောင်၌ ငါသည် သင်္ခမ်းကျောင်းကိုကောင်းစွာ ဆောက်လုပ်အပ်၏၊ သစ်ရွက်မိုးကျောင်းကို ကောင်းစွာ ဖန် ဆင်းအပ်၏။

၃၇။ အမည်အားဖြင့် “နာရဒ”ဟု ထင်ရှား၏၊ ငါ့ကို “ကဿပ”ဟူ၍လည်း (လူတို့) သိကြကုန်၏၊ ထိုအခါ ငါသည် စင်ကြယ်သော လမ်းစဉ်ကို ရှာမှီးလျက် ဂေါသိတတောင်၌ နေ၏။

၃၈။ တရားခပ်သိမ်းတို့ကို တစ်ဖက်ကမ်းရောက် သိမြင်တော်မူသော မာရ်ငါးပါးကို အောင်မြင်တော်မူသော ပဒုမုတ္တရမည်သော မြတ်စွာဘုရားသည် ဆိတ်ငြိမ်ရာကို အလိုရှိတော်မူ သည်ဖြစ်၍ ကောင်းကင်ဖြင့်ကြွသွားတော်မူ၏။

၃၉။ တော၏ အထက်၌ ကြွသွားတော်မူသော မြတ်စွာဘုရား၏ ရောင်ခြည်တော်ကို ဖူးမြင်ရ၍သစ်သားညောင်စောင်းကို ခင်းလျက် သစ်နက်ရေကိုလည်း ဖြန့်ခင်းခဲ့၏။

၄၀။ နေရာခင်းပြီးလျှင် ဦးခေါင်း၌ လက်အုပ်ကို ချီလျက် ဝမ်းမြောက်စကား ပြောကြား၍ ဤစကားကိုလျှောက်ထား၏-

၄၁။ ကြီးသော လုံ့လရှိတော်မူသော မြတ်စွာဘုရား အရှင်ဘုရားသည် (ကိလေသာ) မြား ငြောင့်ကို နုတ်တော်မူတတ်ပါပေ၏၊ (ကိလေသာ) အနာနှိပ်စက်သော သူတို့ကို ဆေးကု တော်မူတတ်ပါပေ၏၊ မြတ်စွာဘုရား (ကိလေသာ) ရောဂါဖြင့် နှိပ်စက်အပ်သော အကျွန်ုပ်အား ဆေးကုပေးတော်မူပါ။

၄၂။ ရဟန်းမြတ် ဖြစ်တော်မူသော ဘုရားမြတ် အနာမရှိခြင်းကို အလိုရှိကုန်သော (အတတ်ပညာကို လို၍ပေးလှူသော) အကြင်သူတို့သည် အရှင်ဘုရားကို ဖူးမျှော်ကြပါကုန်၏၊ မချွတ် အကျိုးပြီးခြင်းသို့ရောက်ကုန်၏၊ ထိုသူတို့၏ ဘဝ၌ မအိုမပျက်စီးခြင်းသည် ဖြစ်၏။

၄၃။ အကျွန်ုပ်အား လှူဖွယ်ဝတ္ထု မရှိပါ၊ အကျွန်ုပ်သည် ကြွေကျသော သစ်သီးကို စား လေ့ရှိပါ၏၊ အကျွန်ုပ်အား ဤနေရာသည်သာ (လှူဖွယ်) ရှိပါ၏၊ (အရှင်ဘုရား) သစ်သား ညောင်စောင်း၌ ထိုင်နေတော်မူပါ။

၄၄။ မြတ်စွာဘုရားသည် ‘ကြောက်ရွံ့ခြင်းကင်းသော ခြင်္သေ့မင်းကဲ့သို့’ ထိုညောင်စောင်း၌ ထိုင်တော်မူ၏၊ တစ်ခဏမျှ လွန်စေ၍ ဤစကားကို မိန့်ဆိုတော်မူ၏-

၄၅။ သင်သည် ရွံ့ရှားခြင်းကင်းသူ ဖြစ်လော့၊ မကြောက်လင့်၊ သင်သည် ဇောတိရသ ပတ္တမြားကိုရအပ်ပေ၏၊ သင်သည် အကြင်ဆုကို တောင့်တအပ်ပေ၏၊ ထိုဆုအားလုံးသည် နောင်သောအခါ သင့်အားပြည့်စုံလတ္တံ့။

၄၆။ ကုသိုလ်မျိုးစေ့ကို စိုက်ပျိုးရာ လယ်ယာမြေကောင်းသဖွယ် ဖြစ်သော အမြတ်ဆုံး ဘုရား၌ သင့်ပြုအပ်သော ထိုကောင်းမှုသည် အချည်းနှီး မဖြစ်ချေ။ အကြင်သူသည် စိတ်ကို ကောင်းစွာဆောက်တည်ထားပေ၏၊ ထိုသူသည် မိမိကိုယ်ကို (ဝဋ်မှ) ထုတ်ဆောင်ခြင်းငှါ စွမ်းနိုင်ရာ၏။

၄၇။ ဤနေရာအလှူကြောင့်လည်းကောင်း၊ စေတနာ, တောင့်တမှုတို့ကြောင့်လည်းကောင်းကမ္ဘာတစ်သိန်းတို့ပတ်လုံး ပျက်စီးကျရောက်ရာ အပါယ်သို့ မလားရလတ္တံ့။

--

၄၈။ အကြိမ်ငါးဆယ်တိုင်တိုင် နတ်တို့ကို အစိုးရသူ ဖြစ်၍ သိကြားမင်းအဖြစ်ကို ပြုရ လတ္တံ့၊ အကြိမ်ရှစ်ဆယ်တိုင်တိုင် စကြဝတေးမင်းလည်း ဖြစ်လတ္တံ့။

၄၉။ ပြန့်ပြောသော ပဒေသရာဇ်မင်းအဖြစ်သည်ကား ဂဏန်းအားဖြင့် မရေတွက်နိုင်၊ အလုံးစုံသောဘဝတို့၌ ချမ်းသာခြင်းရှိသူ ဖြစ်၍ သံသရာ၌ ကျင်လည်ရလတ္တံ့။

၅၀။ ပဒုမုတ္တရမည်သော ရဲရင့်တော်မူသော မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ ၍'ကောင်းကင်၌ (ပျံသန်းသော) ဟင်္သာမင်းကဲ့သို့’ ကောင်းကင်သို့ တက်ကြွတော်မူ၏။

၅၁။ ဆင်ယာဉ်ကိုလည်းကောင်း၊ မြင်းယာဉ်ကိုလည်းကောင်း၊ ရထားနှင့် တကွသော သံလျှင်း (ထမ်းစင်) ကိုလည်းကောင်း ဤအလုံးစုံကို ရရှိပေ၏။ ဤသို့ ဖြစ်ရခြင်းသည် နေရာတစ်ခုကို လှူရခြင်း၏အကျိုးပေတည်း။

၅၂။ ငါသည် တောသို့ ဝင်သော် လည်း နေရာကို အလိုရှိသော အခါ၌ ငါ၏ စိတ်အကြံကို သိ၍ပလ္လင်သည် အနီး၌ တည်လာ၏။

၅၃။ ရေလယ်သို့ ရောက်သော် လည်း နေရာကို အလိုရှိသော အခါ၌ ငါ၏ စိတ်အကြံကို သိ၍ပလ္လင်သည် အနီး၌ တည်လာ၏။

၅၄။ ကပ်ရောက်ရတိုင်းသော လူအဖြစ် နတ်အဖြစ်ဟူသမျှတို့၌ ပလ္လင်တစ်သိန်းတို့သည် ငါ့ကိုအခါခပ်သိမ်း ခြံရံကုန်၏။

၅၅။ ငါသည် နှစ်မျိုးသော လူ့ဘဝ နတ်ဘဝတို့၌ သာလျှင် ကျင်လည်ရပေ၏၊ မင်းမျိုး၌ လည်းကောင်း၊ သို့မဟုတ် ဗြာဟ္မာမျိုး၌လည်းကောင်း နှစ်ပါးသော အမျိုး၌သာ ဖြစ်ရပေ၏။

၅၆။ အတုမရှိသော ကောင်းမှုမျိုးစေ့ကို စိုက်ပျိုးရာ လယ်ယာမြေကောင်းသဖွယ် ဖြစ် တော်မူသော မြတ်စွာဘုရားအား နေရာတစ်ခုကို ပေးလှူခဲ့ခြင်းကြောင့် တရားတည်းဟူသော ပလ္လင်ကိုယူ၍ အာသဝမရှိဘဲ နေရ၏။

၅၇။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ နေရာအလှူကို ပေးလှူခဲ့ရသော အခါမှစ၍ အပါယ်လေးပါးလားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် နေရာတစ်ခုကို လှူရ ခြင်း၏ အကျိုးပေတည်း။

၅၈။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။

၅၉။ ငါ၏ လာခြင်းကား။ပ။ လိုက်နာကျင့်သုံးပြီးပါပြီ။

၆၀။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ဧကသနဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

သုံးခုမြောက် ဧကသနဒါယကတ္ထေရအပဒါန် ပြီး၏။

--

၄-သတ္တကဒမ္ဗပုပ္ဖိယတ္ထေရအပဒါန်

၆၁။ ဟိမဝန္တာ၏ အနီး၌ ကုက္ကုဋမည်သော တောင်သည် ရှိ၏၊ ထိုတောင်ခြေရင်း၌ ခုနစ် ဆူသော ထိုပစ္စေကဗုဒ္ဓါတို့သည် သီတင်းသုံးတော်မူကြကုန်၏။

၆၂။ ငါသည် ပွင့်နေသော ထိမ်ပင်ကို မြင်၍ ပန်းခုနစ်ပွင့်တို့ကို ခူးယူပြီးလျှင် ကုသိုလ် စိတ်ဖြင့်လက်အုပ်ချီလျက် ကြဲဖြန့်ပူဇော်ခဲ့၏။

၆၃။ ကောင်းစွာ ပြုအပ်သော ထိုကံကြောင့်လည်းကောင်း၊ စေတနာ, တောင့်တမှုတို့ကြောင့်လည်းကောင်း ငါသည် လူ့ကိုယ်ခန္ဓာကို စွန့်ရသည်ရှိသော် တာဝတိံသာနတ်ပြည်သို့ ရောက်ရ၏။

၆၄။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်၌ ပန်းလှူမှုကို ပြုခဲ့ရသော အခါမှစ၍ အပါယ်လေးပါးလားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ပစ္စေကဗုဒ္ဓါဘုရားအား ပန်းပူဇော်ခြင်း၏အကျိုးပေတည်း။

၆၅။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။

၆၆။ ငါ၏ လာခြင်းကား။ပ။ လိုက်နာကျင့်သုံးပြီးပါပြီ။

၆၇။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်သတ္တကဒမ္ဗပုပ္ဖိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

လေးခုမြောက် သတ္တကဒမ္ဗပုပ္ဖိယတ္ထေရအပဒါန် ပြီး၏။

--

၅-ကောရဏ္ဍပုပ္ဖိယတ္ထေရအပဒါန်

၆၈။ ငါသည် ရှေးအခါက မိဘကွယ်လွန်သဖြင့် တောမုဆိုး ဖြစ်ခဲ့၏၊ သားကောင်ကို သတ်ခြင်းဖြင့်အသက်မွေးရ၏၊ ငါ့အား ကုသိုလ်ကောင်းမှုသည် မရှိချေ။

၆၉။ စက္ခုငါးမျိုးရှိတော်မူသော လောက၌ မြတ်သော ရှေ့သွားဖြစ်တော်မူသော တိဿမြတ်စွာဘုရားသည် အစဉ်သနားတော်မူသဖြင့် ခြေတော်ရာ သုံးဆူတို့ကို ငါ့နေရာအနီး၌ ပြတော်မူ၏။

၇၀။ တိဿမည်သော မြတ်စွာဘုရား၏ နင်းအပ်သော ခြေတော်ရာသုံးဆူတို့ကို ဖူးမြင်ရ၍ ရွှင်လန်းသောငါသည် ရွှင်ပျသော စိတ်ဖြင့် ခြေတော်ရာ၌ စိတ်ကို ကြည်လင်စေခဲ့၏။

၇၁။ မြေ၌ ပေါက်ရောက်သော ပွင့်နေသော လိပ်ဆူးရွှေပင်ကို တွေ့မြင်ရ၍ အခိုင်နှင့်တကွ ယူပြီးလျှင် ခြေတော်ရာမြတ်ကို ပူဇော်ခဲ့၏။

၇၂။ ကောင်းစွာ ပြုအပ်သော ထိုကံကြောင့်လည်းကောင်း၊ စေတနာ, တောင့်တမှုတို့ကြောင့်လည်းကောင်း ငါသည် လူ့ကိုယ်ခန္ဓာကို စွန့်ရသည်ရှိသော် တာဝတိံသာနတ်ပြည်သို့ ရောက်ရ၏။

၇၃။ ကပ်ရောက်ရတိုင်းသော လူအဖြစ် နတ်အဖြစ်ဟူသမျှတို့၌ ငါသည် လိပ်ဆူးရွှေပွင့် အဆင်းရှိလျက်ကောင်းစွာ အရောင်တောက်သူ ဖြစ်ရ၏။

၇၄။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်နှစ်ကမ္ဘာထက်၌ ကောင်းမှုကို ပြုခဲ့ရသော အခါမှစ၍ အပါယ်လေးပါးလားရသည်ကို မသိစဖူးပေ။ ဤသို့ဖြစ်ရခြင်းသည် ခြေတော်ရာအား ပူဇော် ရခြင်း၏ အကျိုးပေတည်း။

၇၅။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။

၇၆။ ငါ၏ လာခြင်းကား။ပ။ လိုက်နာကျင့်သုံးပြီးပါပြီ။

၇၇။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ကောရဏ္ဍပုပ္ဖိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ငါးခုမြောက် ကောရဏ္ဍပုပ္ဖိယတ္ထေရအပဒါန် ပြီး၏။

--

၆-ဃတမဏ္ဍဒါယကတ္ထေရအပဒါန်

၇၈။ လောက၏ အကြီးအမှူးဖြစ်၍ လူတို့ထက်မြတ်တော်မူသော တောအုပ်ကြီးအတွင်းသို့ ဝင်သော သုစိန္တိတပစ္စေကဗုဒ္ဓါဘုရားကို လေနာဖြင့် နှိပ်စက်ခံနေရသည်ကို ဖူးမြင်ရ၏။

၇၉။ ဖူးမြင်ရသည်ရှိသော် ငါသည် စိတ်ကို ကြည်လင်စေပြီးလျှင် ထောပတ်ကြည်ကို ရှေးရှုဆောင်ယူပူဇော်ခဲ့၏၊ (ကံကို) ပြုလုပ်ပွားစေခဲ့သည်၏ အဖြစ်ကြောင့် ဘာဂီရထီမည် သောဤမြစ်သည်လည်းကောင်း-

၈၀။ မဟာသမုဒ္ဒရာ လေးစင်းတို့သည်လည်းကောင်း ငါ့အား ထောပတ်တို့ ဖြစ်ကုန်၏။ မနှိုင်းယှဉ့်မရေတွက်နိုင်သော ကြမ်းတမ်းခက်မာသော မြေကြီးသည်လည်း-

၈၁။ ငါ၏ စိတ်အကြံကို သိ၍ ပျားသကာ ဖြစ်လေ၏၊ ဤသစ်ပင်တို့သည် လေးကျွန်း လုံး၌ ရှိကုန်၏၊ ခြေဖြင့် ရေကို သောက်ကုန်၏၊ မြေ၌ ပေါက်ရောက်ကုန်၏။

၈၂။ ထိုသစ်ပင်တို့သည် ငါ၏ စိတ်အကြံကိုသိ၍ ပဒေသာပင်တို့ ဖြစ်ကုန်၏၊ အကြိမ် ငါးဆယ်တိုင်တိုင်နတ်တို့ကို အစိုးရလျက် သိကြားမင်းအဖြစ်ကို ပြုခဲ့ရ၏။

၈၃။ ငါးဆယ့်တစ်ကြိမ်တိုင်တိုင် ငါသည် စကြဝတေးမင်းလည်း ဖြစ်ခဲ့၏၊ ပြန့်ပြောသော ပဒေသရာဇ်မင်းအဖြစ်သည်ကား ဂဏန်းအားဖြင့် မရေတွက်နိုင်။

၈၄။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်၌ အလှူကို ပေးလှူခဲ့ရသော အခါမှစ၍ အပါယ်လေးပါးလားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ထောပတ်ကြည်ကို လှူရခြင်း၏ အကျိုးပေတည်း။

၈၅။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။

၈၆။ ငါ၏ လာခြင်းကား။ပ။ လိုက်နာကျင့်သုံးပြီးပါပြီ။

၈၇။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ဃတမဏ္ဍဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ခြောက်ခုမြောက် ဃတမဏ္ဍဒါယကတ္ထေရအပဒါန် ပြီး၏။

--

၇-ဧကဓမ္မဿဝနိယတ္ထေရအပဒါန်

၈၈။ တရားခပ်သိမ်းတို့ကို တစ်ဖက်ကမ်းရောက် သိမြင်တော်မူသော ပဒုမုတ္တရမည်သော မြတ်စွာဘုရားသည် သစ္စာလေးပါးကို ဖော်ပြတော်မူလျက် များစွာသော လူအပေါင်းကို ကယ်တင်တော်မူ၏။

၈၉။ ထိုအခါ ၌ ငါသည် ထက်မြက်သော တန်ခိုးရှိသော ရသေ့ဖြစ်၍ လျှော်တေသင်္ကန်း တို့ကို ခါလျက်ထိုအခါ ကောင်းကင်၌ သွားခဲ့၏။

၉၀။ ဘုရားမြတ်၏ အထက်၌ ငါသည် သွားခြင်းငှါ မစွမ်းနိုင်ချေ၊ ‘ငှက်သည် ကျောက် တောင်သို့ရောက်သည်ရှိသော် သွားခွင့်ကို မရသကဲ့သို့’ ငါသည် သွားခွင့်ကို မရတော့ချေ။

၉၁။ ရေ၌ သက်ဆင်း၍ သွားရသကဲ့သို့ ထို့အတူ ကောင်းကင်၌ သွားရ၏၊ ဣရိယာ ပုထ်ကိုဖျက်ဆီးတတ်သော ဤအကြောင်းသည် ငါ့အား ရှေးက မဖြစ်စဖူးပေ။

၉၂။ ယခုအခါ၌ ငါသည် ဤအကြောင်းကို ရှာဖွေရတော့အံ့၊ ထိုအကျိုးကို ရနိုင်တန်ရာ၏၊ (ဤသို့ကြံလျက်) ကောင်းကင်မှ ဆင်းသက်သည်ရှိသော် မြတ်စွာဘုရား၏ အသံတော်ကို ကြားနာရလေ၏။

၉၃။ ထိုအခါ နှစ်သက်ဖွယ် နာပျော်ဖွယ် ကောင်းသော သာယာသော အသံဖြင့် အနိစ္စ တရားကိုဟောတော်မူသော မြတ်စွာဘုရား၏ အထံတော်၌ ထိုအနိစ္စသညာတရားကိုသာလျှင် သင်ယူခဲ့၏၊ အနိစ္စသညာကို သင်ယူ၍ ငါ၏ သင်္ခမ်းကျောင်းသို့ ပြန်သွားခဲ့၏။

၉၄။ ငါသည် ထိုသင်္ခမ်းကျောင်း၌ အသက်ထက်ဆုံး နေ၍ ကွယ်လွန်ခဲ့၏၊ နောက်ဆုံး စုတိစိတ်ဖြစ်ခါနီးလတ်သော် ကြားနာခဲ့ရသော သူတော်ကောင်းတရားကို အောက်မေ့၏။

၉၅။ ကောင်းစွာ ပြုလုပ်ခဲ့သော ထိုကောင်းမှုကံကြောင့်လည်းကောင်း၊ စေတနာ, တောင့်တမှုတို့ကြောင့်လည်းကောင်း ငါသည် လူ့ကိုယ်ခန္ဓာကို စွန့်ရသည်ရှိသော် တာဝတိံသာနတ် ပြည်သို့ရောက်ရ၏။

၉၆။ ငါသည် ကမ္ဘာသုံးသောင်းတို့ပတ်လုံး နတ်ပြည်၌ မွေ့လျော်ရ၏၊ ငါးဆယ့်တစ်ကြိမ် တိုင်တိုင်နတ်မင်းအဖြစ်ကိုလည်း ပြုရ၏။

၉၇။ ငါသည် နှစ်ဆယ့်တစ်ကြိမ်တိုင်တိုင် စကြဝတေးမင်းလည်း ဖြစ်ခဲ့၏၊ ပြန့်ပြောသော ပဒေသရာဇ်မင်းအဖြစ်သည်ကား ဂဏန်းအားဖြင့် မရေတွက်နိုင်။

၉၈။ ငါသည် ဘဝကြီးငယ်၌ ချမ်းသာသူ ဖြစ်၍ မိမိပြုအပ်သော ကောင်းမှု၏ အကျိုးကို ခံစားရ၏၊ ဘဝကြီးငယ်၌ ကျင်လည်ရသည်ရှိသော် ထိုအနိစ္စသညာကို အောက်မေ့၏၊ ငါသည် ဘဝ၏ အဆုံးဖြစ်သောစုတေခြင်းကင်းသော (ပညာရှိတို့) ရောက်အပ်သော နိဗ္ဗာန်ကို ထိုး ထွင်း၍ မသိခဲ့ချေ။

၉၉။ ပွားများအပ်ပြီးသော ဣန္ဒြေရှိသော ရဟန်း (တစ်ပါး) သည် အဖအိမ်၌ ကြွရောက်ထိုင်နေတော်မူလျက် တရားစကားကို ဟောပြတော်မူသည်ရှိသော် အနိစ္စသညာကိုသာ ထုတ်ဆောင်တော်မူ၏။

၁၀၀။ ဖြစ်ခြင်း ပျက်ခြင်းသဘောရှိကုန်သော သင်္ခါရတရားတို့သည် အမြဲ မရှိကုန်စွ တကား၊ ဖြစ်ပြီး၍ချုပ်ငြိမ်းကုန်၏၊ ထိုသင်္ခါရတရားတို့၏ ချုပ်ငြိမ်းရာနိဗ္ဗာန်သည် ချမ်း သာ၏။

၁၀၁။ ငါသည် ဂါထာကို ကြားနာရသည်နှင့် တစ်ပြိုင်နက် ရှေးအမှတ်သညာကို အောက် မေ့ခဲ့၏၊ (ထိုအခါ ) တစ်ထိုင်တည်း၌ အရဟတ္တဖိုလ်သို့ ရောက်၏။

--

၁၀၂။ မွေးဖွားသည်မှ ခုနစ်နှစ်မျှဖြင့် အရဟတ္တဖိုလ်သို့ ရောက်၏၊ မြတ်စွာဘုရားသည် (ငါ့ကို) ရဟန်းပြုပေးတော်မူ၏။ (ဤသို့ ဖြစ်ရခြင်းသည်) တရားနာခြင်း၏ အကျိုးပေတည်း။

၁၀၃။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ တရားကို နာခဲ့ရသောအခါမှစ၍ အပါယ် လေးပါးလားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် တရားနာရခြင်း၏ အကျိုးပေ တည်း။

၁၀၄။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။

၁၀၅။ ငါ၏ လာခြင်းကား။ပ။ လိုက်နာကျင့်သုံးပြီးပါပြီ။

၁၀၆။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ဧကဓမ္မဿဝနိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ခုနစ်ခုမြောက် ဧကဓမ္မဿဝနိယတ္ထေရအပဒါန် ပြီး၏။

၈-သုစိန္တိတတ္ထေရအပဒါန်

၁၀၇။ ထိုအခါ ငါသည် ဟံသာဝတီမြို့၌ လယ်သမား ဖြစ်ခဲ့၏၊ လယ်လုပ်ငန်းဖြင့် အသက်မွေး၏၊ ထိုလယ်အလုပ်ဖြင့်ပင် သားမယားတို့ကို ကျွေးမွေး၏။

၁၀၈။ ထိုအခါ ၌ (ငါ၏) လယ်သည် အလွန်ပြည့်စုံသော ကောက်ပင် ရှိ၏၊ ငါ၏ စပါးခင်းသည် အသီးဖြစ်ထွန်းလေ၏၊ ငါသည် စပါးမှည့်ချိန်ရောက်လတ်သော် ဤသို့ ကြံ စည်ခဲ့၏။

၁၀၉။ ဂုဏ်ရှိ ဂုဏ်မဲ့ကို သိသည်ဖြစ်၍ သံဃာအား မပေးလှူဘဲ ဦးဦးဖျားဖျား စား သော ငါ့အားမလျောက်ပတ် မသင့်တော်ပေ။

၁၁၀။ ဤဘုရားရှင်သည် အတုမရှိသော ရှေးဘုရားတို့နှင့်သာ တူတော်မူ၏၊ သုံးဆယ့် နှစ်ပါးသောယောက်ျားမြတ်တို့၏ လက္ခဏာနှင့် ပြည့်စုံတော်မူ၏၊ ကောင်းမှုမျိုးစေ့ကို စိုက် ပျိုးရာလယ်မြေကောင်းသဖွယ် ဖြစ်သော အမြတ်ဆုံးသော သံဃာတော်သည် ထိုမြတ်စွာ ဘုရားမှ အမွန်စ၍ဖြစ်ပေါ်တော်မူ၏။

၁၁၁။ ငါသည် ထိုဘုရားအမှူးရှိသော သံဃာအား ကောက်ဦးအလှူကို ဦးဦးဖျားဖျား ပေးလှူအံ့၊ ဤသို့ကြံစည်ပြီးလျှင် ရွှင်လန်း, နှစ်သက်သော စိတ်ရှိသည်ဖြစ်၍-

၁၁၂။ လယ်မှ စပါးကို ဆောင်ယူ၍ လောက၏ အကြီးအမှူးဖြစ်သော လူတို့ထက် မြတ် တော်မူသော မြတ်စွာဘုရားထံ ချဉ်းကပ်လျက် မြတ်စွာဘုရား၏ ခြေတော်တို့ကို ရှိခိုးကာ ဤ စကားကိုလျှောက်ထား၏-

၁၁၃။ မြတ်စွာဘုရား အရှင်ဘုရားသည် လည်း ပူဇော်ရာ ဖြစ်တော်မူပါပေ၏၊ (တပည့် တော်အားလည်း)့ကောက်ဦးသည် ပြည့်စုံလျက် ရှိပါ၏၊ စက္ခုငါးပါးရှိတော်မူသော မြတ်စွာ ဘုရား အစဉ်သနားမှုကိုအကြောင်းပြု၍ လက်ခံတော်မူပါ (အလှူခံတော်မူပါ)။

--

၁၁၄။ လောကသုံးပါးကို သိတော်မူသော ပေးလှူဖွယ် ပစ္စည်းဝတ္ထုတို့ကို အလှူခံတော် မူထိုက်သောပဒုမုတ္တရမြတ်စွာဘုရားသည် ငါ၏ စိတ်အကြံကို သိ၍ ဤစကားကို မိန့်တော် မူ၏-

၁၁၅-၁၁၆။ ကျင့်ဆဲဖြစ်သော (မဂ်) ပုဂ္ဂိုလ်လေးယောက်တို့လည်းကောင်း၊ ဖိုလ်၌ တည် သောပုဂ္ဂိုလ်လေးယောက်တို့လည်းကောင်း ဤရှစ်ယောက်သော အရိယာသံဃာတော်သည် ဖြောင့်မတ်သောအကျင့် ရှိတော်မူပါပေ၏။ ပညာ သီလ သမာဓိနှင့် ပြည့်စုံတော်မူပါပေ၏။ ကောင်းမှုကို အလိုရှိသဖြင့်ပူဇော်ကုန်သော နတ်ပြည်ဥပဓိကို ဖြစ်စေတတ်သော လူသတ္တဝါတို့ ပြုအပ်သော ကောင်းမှုသည်သံဃာအား ပေးလှူအပ်သည်ရှိသော် များသော အကျိုးရှိပေ၏။ ထိုသံဃာအားသာလျှင် သင်၏ကောက်ဦးကိုလည်းကောင်း၊ ထို့အတူ အခြားဝတ္ထုကို လည်းကောင်း ပေးလှူအပ်၏။

၁၁၇။ သံဃာမှ ညွှန်ပြသော ရဟန်းတို့ကို မိမိအိမ်သို့ ပင့်ဆောင်ပြီးလျှင် အိမ်၌ စီရင် ထားသော ထင်ရှားရှိသော အလှူဝတ္ထုကို သင်သည် ရဟန်းသံဃာအား ပေးလှူလော့ (ဟု မိန့်တော်မူ၏)။

၁၁၈။ ငါသည် သံဃာမှ ရည်ညွှန်းပြသော ရဟန်းတို့ကို မိမိအိမ်သို့ ပင့်ဆောင်၍ ငါ၏ အိမ်၌စီရင်အပ်သော အလှူဝတ္ထုကို ရဟန်းသံဃာအား ပေးလှူခဲ့၏။

၁၁၉။ ကောင်းစွာ ပြုလုပ်ခဲ့သော ထိုကံကြောင့်လည်းကောင်း၊ စေတနာ, တောင့်တမှုတို့ကြောင့်လည်းကောင်း ငါသည် လူ့ကိုယ်ခန္ဓာကို စွန့်သည်ရှိသော် တာဝတိံသာနတ်ပြည်သို့ ရောက်ရ၏။

၁၂၀။ ထိုတာဝတိံသာနတ်ပြည်၌ ငါ၏ ကောင်းစွာ ပြုအပ်သော ဗိမာန်သည် ရွှေဖြင့် ပြီး၏။ ပြိုးပြိုးပြက်ပြက် အရောင်ထွက်၏၊ ယူဇနာခြောက်ဆယ် အစောက်နက်၏၊ ယူဇနာသုံး ဆယ်အပြန့်ကျယ်၏။

တစ်ဆယ့်ကိုးခုမြောက် ဘာဏဝါရ ပြီး၏။

၁၂၁။ ငါ၏ ဗိမာန်၌ နတ်သမီးအပေါင်းတို့ဖြင့် ရောပြွမ်းလျက် ရှိ၏၊ ငါသည် ထို တာဝတိံသာနတ်ပြည်၌ (အလိုရှိတိုင်း) စားသောက်၍ နေရ၏။

၁၂၂။ အကြိမ်သုံးရာတိုင်တိုင် နတ်မင်းအဖြစ်ကိုလည်း ပြုရ၏၊ အကြိမ်ငါးရာတိုင်တိုင်စကြဝတေးမင်းလည်း ဖြစ်ခဲ့၏၊ ပြန့်ပြောသော ပဒေသရာဇ်မင်းအဖြစ်သည်ကား ဂဏန်းအား ဖြင့်မရေတွက်နိုင်။

၁၂၃။ ငါသည် ဘဝကြီးငယ်၌ ကျင်လည်ရသည်ရှိသော် မရေတွက်နိုင်သော ဥစ္စာကို ရ၏၊ ငါ့အားစည်းစိမ်ဥစ္စာ၌ ယုတ်လျော့ခြင်း မရှိ။ ဤသို့ ဖြစ်ရခြင်းသည် ကောက်ဦးဆွမ်း လှူရ ခြင်း၏အကျိုးပေတည်း။

၁၂၄။ ဆင်ယာဉ်ကိုလည်းကောင်း၊ မြင်းယာဉ်ကိုလည်းကောင်း၊ သံလျှင်းကိုလည်းကောင်း ဤအလုံးစုံကိုရရှိ၏။ ဤသို့ ဖြစ်ရခြင်းသည် ကောက်ဦးဆွမ်းလှူရခြင်း၏ အကျိုးပေတည်း။

၁၂၅။ အဝတ်သစ်ကိုလည်းကောင်း၊ အသီးဦးကိုလည်းကောင်း၊ မွန်မြတ်သော အရသာ ရှိသောဘောဇဉ်ဦးကိုလည်းကောင်း ဤအလုံးစုံကို ရရှိ၏။ ဤသို့ ဖြစ်ရခြင်းသည် ကောက်ဦးဆွမ်းလှူရခြင်း၏အကျိုးပေတည်း။

၁၂၆။ ပိုးပုဆိုး, ကမ္ဗလာပုဆိုး (သက္ကလပ်) တို့ကို လည်းကောင်း၊ ခေါမတိုင်းဖြစ် ပုဆိုး, ဝါချည်ပုဆိုးတို့ကို လည်းကောင်း ထိုအလုံးစုံကို ရရှိ၏။ ဤသို့ ဖြစ်ရခြင်းသည် ကောက်ဦး ဆွမ်းလှူရခြင်း၏အကျိုးပေတည်း။

--

၁၂၇။ ကျွန်မိန်းမအပေါင်းကိုလည်းကောင်း၊ ကျွန်ယောက်ျားအပေါင်းကိုလည်းကောင်း၊ တန်ဆာဆင်အပ်ကုန်သော မိန်းမတို့ကို လည်းကောင်း ဤအလုံးစုံကိုလည်း ရရှိ၏။ ဤသို့ ဖြစ်ရခြင်းသည်ကောက်ဦးဆွမ်းလှူရခြင်း၏ အကျိုးပေတည်း။

၁၂၈။ ငါ့အား အေးခြင်း, ပူခြင်း, အိုက်စပ်ခြင်းသည် မရှိပေ၊ ထို့ပြင် ငါ၏ နှလုံး၌စိတ်ဆင်းရဲခြင်းသည် မရှိ။

၁၂၉။ “ဤခဲဖွယ်ကို ခဲပါလော့၊ ဤစားသောက်ဖွယ်ကို စားပါလော့၊ ဤနေရာ၌ အိပ်ပါ လော့'ထိုအလုံးစုံသော ဖိတ်မန်မှုကိုလည်း ရရှိ၏။ ဤသို့ ဖြစ်ရခြင်းသည် ကောက်ဦးဆွမ်း လှူရခြင်း၏အကျိုးပေတည်း။

၁၃၀။ ယခုအခါ၌ ဤဘဝသည်ကား အဆုံးစွန်သော ဘဝပေတည်း။ နောက်ဆုံးဘဝ ဖြစ်ပေ၏၊ ယခုဘဝ၌လည်း ငါ၏ လှူဖွယ်ဝတ္ထုသည် အခါခပ်သိမ်း အကျိုးကို နှစ်သက်စေ၏။

၁၃၁။ အမြတ်ဆုံးဂိုဏ်းသံဃာအား ကောက်ဦးဆွမ်းကို ပေးလှူရ၍ ငါ၏ ကံအား လျောက်ပတ်ကုန်သောအကျိုးဆက်ရှစ်ပါးတို့ကို ခံစားရ၏။

၁၃၂။ ငါသည် အဆင်းလှသူ၊ အခြံအရံများသူ၊ ဥစ္စာစည်းစိမ်များပြားသူ၊ ဘေးရန်မရှိသူ ဖြစ်ရ၏။ အခါခပ်သိမ်း အပေါင်းအသင်း ပေါများသူ၊ မပျက်စီးသော ပရိသတ်ရှိသူ ဖြစ်ရ၏။

၁၃၃။ မြေ၌ နေကုန်သော လူအားလုံးတို့သည် ငါ့ကို ပူဇော်ကြကုန်၏၊ ငါသည် ခပ်သိမ်း သောလှူဖွယ်ဝတ္ထုကိုလည်း ဦးဦးဖျားဖျား ရရှိပေ၏။

၁၃၄။ ရဟန်းသံဃာ၏ အလယ်၌လည်းကောင်း၊ မြတ်စွာဘုရား၏ မျက်မှောက်၌လည်းကောင်းပုဂ္ဂိုလ်အားလုံးတို့ကို ကျော်လွန်၍ အလှူဒါယကာတို့သည် ငါ့အားသာလျှင် ပေးလှူ ကြကုန်၏။

၁၃၅။ အမြတ်ဆုံးဂိုဏ်းသံဃာအား ကောက်ဦးဆွမ်းကို ရှေးဦးစွာ ပေးလှူခြင်းကြောင့်အကျိုးဆက်ရှစ်ပါးတို့ကို ခံစားရ၏။ ဤသို့ ဖြစ်ရခြင်းသည် ကောက်ဦးဆွမ်းလှူရခြင်း၏ အကျိုးပေတည်း။

၁၃၆။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ ကောက်ဦးကို ပေးလှူခဲ့ရသော အခါမှစ၍ အပါယ်လေးပါးလားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ကောက်ဦးဆွမ်းလှူရ ခြင်း၏ အကျိုးပေတည်း။

၁၃၇။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။

၁၃၈။ ငါ၏ လာခြင်းကား။ပ။ လိုက်နာကျင့်သုံးပြီးပါပြီ။

၁၃၉။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်သုစိန္တိတမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ရှစ်ခုမြောက် သုစိန္တိတတ္ထေရအပဒါန် ပြီး၏။

--

၉-သောဝဏ္ဏကိင်္ကဏိယတ္ထေရအပဒါန်

၁၄၀။ ငါသည် ယုံကြည်မှုသဒ္ဓါတရားဖြင့် တောထွက်၍ ရဟန်းဘောင်သို့ ဝင်ရောက်ခဲ့၏၊ ခြိုးခြံသောအကျင့်ကို မှီလျက် လျှော်တေသင်္ကန်းကို ဆောင်သူ ဖြစ်ခဲ့၏။

၁၄၁။ လောက၏ အကြီးအမှူးဖြစ်၍ လူတို့ထက် မြတ်တော်မူသော အတ္ထဒဿီမြတ်စွာ ဘုရားသည် ထိုအခါ ၌ လူအပေါင်းကို ကယ်တင်တော်မူလျက် ပွင့်တော်မူ၏။

၁၄၂။ ငါသည် လွန်စွာ မကျန်းမာခြင်းကြောင့် ငါ၏ အင်အားသည်လည်း စင်စစ် ကုန် ခန်းလျက် ရှိ၏၊ ဘုရားမြတ်ကို အောက်မေ့၍ မြတ်သော သဲပုံစေတီကို ပြုပြီးလျှင် -

၁၄၃။ ငါသည် ရွှင်လန်းသော စိတ်ရှိသည်ဖြစ်၍ ရွှေအဆင်းရှိသော ဆည်းလည်းပန်း တို့ကိုတက်ကြွသော စိတ်ရှိလျက် မိမိလက်ဖြင့် ကြဲဖြန့်ပူဇော်ခဲ့၏။

၁၄၄။ ငါသည် မျက်မှောက်၌ သက်တော်ထင်ရှား မြတ်စွာဘုရားကဲ့သို့ သဲပုံစေတီတော်ကိုဆည်းကပ်ပူဇော်ခဲ့၏၊ တာဒိဂုဏ်နှင့် ပြည့်စုံတော်မူသော အတ္ထဒဿီမြတ်စွာဘုရားအား ထိုစိတ်၏့ကြည်လင်မှုကြောင့်-

၁၄၅။ နတ်ပြည်သို့ ရောက်သည်ဖြစ်၍ ပြန့်ပြောကြီးမားသော ချမ်းသာကို ရရှိပေ၏၊ ထိုနတ်ပြည်၌'ရွှေအဆင်းကဲ့သို့’ အဆင်းရှိသည်ဖြစ်၏။ ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာ ဘုရားအား ပူဇော်ရခြင်း၏အကျိုးပေတည်း။

၁၄၆။ ကောင်းစွာ တန်ဆာဆင်ယင်အပ်ကုန်သော ကုဋေရှစ်ဆယ်မျှသော ငါ၏ မိန်းမတို့ သည်အခါခပ်သိမ်း ငါ့အား ခစားလုပ်ကျွေးကြကုန်၏။ ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာ ဘုရားအားပူဇော်ရခြင်း၏ အကျိုးပေတည်း။

၁၄၇။ တူရိယာခြောက်သောင်းတို့သည်လည်းကောင်း၊ စည်ကြီးတို့သည်လည်းကောင်း၊ ထက်စည်တို့သည်လည်းကောင်း၊ ခရုသင်းတို့သည်လည်းကောင်း၊ စည်တို့သည်လည်းကောင်း၊ ဒုန်းဒုန်းမည်သော စည်ကြီးတို့သည်လည်းကောင်း ထိုနတ်ပြည်၌ သာယာစွာ မြည်လျက် ရှိကုန်၏။

၁၄၈-၁၄၉။ ကောင်းစွာ တန်ဆာဆင်အပ်ကုန်သော၊ ဌာနသုံးမျိုးမှ ယိုကျသော အမုန် ရှိကုန်သော၊ တောင်ထိပ်တောင်ကွေ့၌ ပျော်မွေ့ကုန်သော၊ အသက်ခြောက်ဆယ်တွင်မှ အရွယ် ယုတ်လျော့ကုန်သော၊ ရွှေကွန်ရက်တို့ဖြင့် ဖုံးလွှမ်းအပ်ကုန်သော မာတင်္ဂဆင်ပေါင်း ရှစ်သောင်းလေးထောင်တို့သည် ငါ့အားခစားမှုကို ပြုကြကုန်၏။ ငါ့အား ဗိုလ်ပါအပေါင်း၌ လည်းကောင်း၊ ဆင်အပေါင်း၌လည်းကောင်းယုတ်လျော့ခြင်းသည် မရှိချေ။

၁၅၀။ ငါသည် ရွှေဆည်းလည်းပန်းတို့၏ အကျိုးကို ခံစားရ၏၊ ငါးဆယ့်ရှစ်ကြိမ်တိုင်တိုင်နတ်မင်းအဖြစ်ကိုလည်း ပြုရ၏။

၁၅၁။ ငါသည် ခုနစ်ဆယ့်တစ်ကြိမ်တိုင်တိုင် စကြဝတေးမင်းလည်း ဖြစ်၏၊ တစ်ရာ့ တစ်ကြိမ်တိုင်တိုင်ဧကရာဇ်မင်းအဖြစ်ကို မြေအပြင်၌ ပြုရ၏။

၁၅၂။ ထိုငါသည် ယခုအခါ၌ ပြုစီရင်မှုမရှိသော အလွန်မြင်နိုင်ခဲသော အမြိုက်နိဗ္ဗာန်သို့ ရောက်၏၊ ငါ့အား သံယောဇဉ်ကုန်ပြီ၊ ယခုအခါ တစ်ဖန် ဘဝသစ်၌ ဖြစ်ခြင်း မရှိတော့ပြီ။

--

၁၅၃။ (ဤဘဒ္ဒကမ္ဘာမှ) ကမ္ဘာတစ်ထောင့်ရှစ်ရာထက်၌ ပန်းတင်ပူဇော်ရသော အခါမှစ၍ အပါယ်လေးပါးလားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာဘုရားအား ပန်းပူဇော်ရခြင်း၏အကျိုးပေတည်း။

၁၅၄။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။

၁၅၅။ ငါ၏ လာခြင်းကား။ပ။ လိုက်နာကျင့်သုံးပြီးပါပြီ။

၁၅၆။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်သောဝဏ္ဏကိင်္ကဏိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ကိုးခုမြောက် သောဝဏ္ဏကိင်္ကဏိယတ္ထေရအပဒါန် ပြီး၏။

၁၀-သောဏ္ဏကောန္တရိကတ္ထေရအပဒါန်

၁၅၇။ စိတ်ကို ပွားစေတတ်သော သစ္စာလေးပါးတရားကို သိတော်မူသော ယဉ်ကျေးသော ကိုယ်, စိတ်ရှိတော်မူသော ကောင်းစွာ တည်ကြည်တော်မူသော မြတ်သော အကျင့်လမ်း၌ ကျင့်တော်မူသော စိတ်၏ ငြိမ်သက်ခြင်း၌ မွေ့လျော်တော်မူသော -

၁၅၈။ ဩဃကို ကူးမြောက်တော်မူပြီးသော ဈာန်ဝင်စားလေ့ရှိတော်မူသော ဈာန်ဝင်စား မှု၌မွေ့လျော်တော်မူသော ရဟန်းမြတ်ဖြစ်တော်မူသော ရေဆိပ်အနီး၌ သမာပတ်ဝင်စား တော်မူသော ကြာညိုပွင့်ချပ်ရောင်နှင့် တူတော်မူသော မြတ်စွာဘုရားကို (ဖူးမြင်ရ၏။ ဖူးမြင် ရသည်ရှိသော်) -

၁၅၉။ ဗူးဖြင့် ရေကို ယူ၍ ဘုရားမြတ်ထံသို့ ချဉ်းကပ်ခဲ့၏၊ ငါသည် မြတ်စွာဘုရား၏ ခြေတော်တို့ကို ရေဆေး၍ ဗူးကို ပေးလှူခဲ့၏။

၁၆၀။ “သင်သည် ဤဗူးဖြင့် ရေကို ဆောင်ပြီးလျှင် ငါ၏ ခြေရင်း၌ ထားခဲ့လော့”ဟု ပဒုမုတ္တရမည်သော မြတ်စွာဘုရားသည် စေခိုင်းတော်မူ၏။

၁၆၁။ ငါသည် မြတ်စွာဘုရား၌ ရိုသေခြင်းဖြင့်လည်း “ကောင်းပါပြီ”ဟု ဝန်ခံ၍ ဗူးဖြင့် ရေကို ဆောင်၍ဘုရားမြတ်ထံ ချဉ်းကပ်ခဲ့၏။

၁၆၂။ မြတ်စွာဘုရားသည် ငါ၏ စိတ်ကို ငြိမ်းအေးစေလျက် အနုမောဒနာ ပြုတော်မူ၏၊ “ဤဗူးကိုလှူရခြင်းကြောင့် သင်၏ အကြံအစည်သည် ပြည့်စုံစေသတည်း”။

၁၆၃။ ငါသည် တစ်ဆယ့်ငါးကမ္ဘာတို့ပတ်လုံး နတ်ပြည်၌ မွေ့လျော်ရ၏၊ အကြိမ်သုံးဆယ် တိုင်တိုင်စကြဝတေးမင်းလည်း ဖြစ်ခဲ့၏။

၁၆၄။ နေ့၌ဖြစ်စေ, ညဉ့်၌ဖြစ်စေ စင်္ကြံသွားစဉ်လည်းကောင်း၊ ရပ်တည်စဉ်လည်းကောင်း ငါ၏ ရှေ့၌ (တစ်စုံတစ်ယောက်သည်) ရွှေအောင်လံကို ကိုင်၍ တည်၏။

--

၁၆၅။ မြတ်စွာဘုရားအား ဗူးကို ပေးလှူခဲ့ခြင်းကြောင့် ရွှေအောင်လံကို ရ၏၊ တာဒိဂုဏ် နှင့်ပြည့်စုံတော်မူသော မြတ်စွာဘုရားတို့၌ ပြုအပ်သော ကောင်းမှုသည် အနည်းငယ်မျှပင် ဖြစ်သော် လည်းပြန့်ပြောသော အကျိုးသည် ဖြစ်ထွန်းလေ၏။

၁၆၆။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ ဗူးကို ပေးလှူခဲ့ရသော အခါမှစ၍ အပါယ် လေးပါးလားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ဗူးအလှူ၏ အကျိုးပေတည်း။

၁၆၇။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။

၁၆၈။ ငါ၏ လာခြင်းကား။ပ။ လိုက်နာကျင့်သုံးပြီးပါပြီ။

၁၆၉။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်သောဏ္ဏကောန္တရိကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ဆယ်ခုမြောက် သောဏ္ဏကောန္တရိကတ္ထေရအပဒါန် ပြီး၏။

လေးဆယ့်သုံးခုမြောက် သကိံသမ္မဇ္ဇကဝဂ် ပြီး၏။

--

၄၄-ဧကဝိဟာရိဝဂ်

၁-ဧကဝိဟာရိကတ္ထေရအပဒါန်

။ ဤဘဒ္ဒကမ္ဘာ၌ ဗြဟ္မာမင်း၏ အဆွေဖြစ်သော အခြံအရံ များတော်မူသော အနွယ်တော် အားဖြင့်ကဿပအမည်ရှိသော ဟောပြောသော သူတို့ထက် အမြတ်ဆုံး ဖြစ်တော်မူသော မြတ်စွာဘုရားသည် ပွင့်တော်မူ၏။

။ ထိုမြတ်စွာဘုရားသည် ပပဉ္စတရား ရှိတော်မမူ၊ စွဲလမ်းခြင်း ရှိတော်မမူ၊ ကောင်း ကင်နှင့်တူသောစိတ်ရှိတော်မူ၏၊ တိတ်ဆိတ်ရာ အရပ်၌ များစွာ နေလေ့ရှိတော်မူ၏၊ တာဒိဂုဏ်နှင့် ပြည့်စုံတော်မူ၏၊ အနိမိတ္တနိဗ္ဗာန်၌ မွေ့လျော်တော်မူ၏၊ ဝသီငါးပါးနှင့် ပြည့်စုံတော်မူ၏။

။ မကပ်ငြိသော စိတ်ရှိတော်မူ၏၊ (ကိလေသာဖြင့်) လိမ်းကျံခြင်းမှ ကင်းတော်မူ၏၊ အမျိုးအပေါင်း၌ရောနှောခြင်း ရှိတော်မမူ၊ ကြီးမားသော မဟာကရုဏာရှိတော်မူ၏၊ ရဲရင့်တော်မူ၏၊ ဆုံးမခြင်းအကြောင်း၌ လိမ္မာတော်မူ၏။

။ သူတစ်ပါးကိစ္စတို့၌ အားထုတ်တော်မူ၏၊ နတ်နှင့်တကွသော လောက၌ ဂတိတည်းဟူသော ညွန်ကိုခြောက်သွေ့စေတတ်သော နိဗ္ဗာန်ရောက်ကြောင်း မဂ်တရားကိုလည်းကောင်း-

။ အိုခြင်းသေခြင်းကို တားမြစ်တတ်သော လွန်စွာသာယာဖွယ်ကောင်းသော အမြိုက်နိဗ္ဗာန်တရားကိုလည်းကောင်း ဆုံးမတော်မူပါပေ၏။ ထိုမြတ်စွာဘုရားသည် များစွာသော ပရိသတ်တို့၏အလယ်၌ ထိုင်နေတော်မူလျက် လောကကို ကယ်တင်တော်မူတတ်ပါပေ၏။

။ ကရဝိက်ငှက်မင်း၏ အသံနှင့်တူသော အသံရှိတော်မူသော ကိုးကွယ်ရာဖြစ်တော်မူသော ဗြဟ္မာမင်း၏အသံနှင့်တူသော အသံရှိတော်မူသော ထိုမြတ်စွာဘုရားသည် ကိုးကွယ်ရာ မရှိဘဲ ပျက်စီးသော သူတို့ကို သံသရာတည်းဟူသော ကြီးစွာသော ချောက်မှ ထုတ်ဆောင်တော်မူ တတ်ပါပေ၏။

။ ကိလေသာအညစ်အကြေးကင်းသော တရားကို ဟောတော်မူသော မြတ်စွာဘုရားကို ငါသည်ဖူးမြင်ရ၏၊ ငါသည် ထိုမြတ်စွာဘုရား၏ တရားတော်ကို နာရ၍ ရဟန်းဘောင်၌ ဝင်ရောက်ခဲ့၏။

။ ထိုအခါ ၌ ငါသည် ရဟန်းပြုပြီးလျှင် မြတ်စွာဘုရား အဆုံးအမကို ဆင်ခြင်ဝင်စား လျက်အပေါင်းအဖော်ဖြင့် နှိပ်စက်အပ်သည်ဖြစ်၍ မွေ့လျော်ဖွယ်ကောင်းသော တော၌တစ်ယောက်တည်းသာလျှင် နေခဲ့၏။

။ အပေါင်းအဖော် ရောနှောခြင်း၌ ဘေးဟု ရှုလေ့ရှိသော ငြိမ်းချမ်းသော စိတ်ရှိသော ငါ့အား “ငါ”ဟုစွဲလမ်းခြင်း၏ အကြောင်းဖြစ်သော သက္ကာယဒိဋ္ဌိ ငြိမ်းမှုသည် ဖြစ်လေ၏။

၁၀။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ၊ ဘဝအားလုံးတို့ကို ပယ်နုတ်အပ်ကုန်ပြီ၊ ‘ဆင်ပြောင်ကြီးသည် အနှောင်အဖွဲ့ကို ဖြတ်၍ နေသကဲ့သို့’ ငါသည် အာသဝမရှိဘဲနေရ၏။

၁၁။ ငါ၏ လာခြင်းကား ကောင်းသောလာခြင်း စင်စစ် ဖြစ်ပေ၏၊ ငါသည် မြတ်စွာဘုရား အထံတော်၌ဝိဇ္ဇာသုံးပါးတို့ကို ရအပ်ကုန်ပြီ၊ မြတ်စွာဘုရား၏ အဆုံးအမ တော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

၁၂။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကို လည်းကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကို လည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ဧကဝိဟာရိကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ရှေးဦးစွာသော ဧကဝိဟာရိကတ္ထေရအပဒါန် ပြီး၏။

--

၂-ဧကသင်္ခိယတ္ထေရအပဒါန်

၁၃။ ဝိပဿီမြတ်စွာဘုရား၏ မဟာဗောဓိပင်ကို ပူဇော်ပွဲသည် ဖြစ်လေ၏၊ များစွာသော လူတို့သည်အညီအညွတ် စည်းဝေးကုန်၍ ဗောဓိပင်မြတ်ကို ပူဇော်ကြကုန်၏။

၁၄။ အကြင်မြတ်စွာဘုရား၏ ဤသို့ သဘောရှိသော ဗောဓိပင်ကို ဤပူဇော်ခြင်းသည် ရှိ၏၊ ထိုဗောဓိပင်ကို ပူဇော်ခြင်းသည် မယုတ်ညံ့၊ ဘုရားမြတ်ကဲ့သို့ပင် ဖြစ်လတ္တံ့ (ဟုဆင် ခြင်၏)။

၁၅။ ထိုအခါ ၌ ငါသည် ခရုသင်းကို ယူ၍ တစ်နေ့လုံး မှုတ်လျက် ဗောဓိပင်ကို ဆည်း ကပ်ပူဇော်၏၊ မြတ်သော ဗောဓိပင်ကို ရှိခိုးခဲ့၏။

၁၆။ သေခါနီးအခါ၌ ပြုအပ်သော ကံသည် နတ်ပြည်သို့ ရောက်စေ၏၊ ငါ၏ ကိုယ်သည် (မြေ၌) ကျသည်ရှိသော် ငါသည် နတ်ပြည်၌ မွေ့လျော်ရ၏။

၁၇။ တူရိယာခြောက်သောင်းတို့သည် နှစ်သက်ရွှင်လန်း, ဝမ်းမြောက်စေလျက် ငါ့အား အခါခပ်သိမ်းခစားဆည်းကပ်ကြကုန်၏။ ဤသို့ဖြစ်ရခြင်းသည် မြတ်စွာဘုရားအား ပူဇော်ရ ခြင်း၏ အကျိုးပေတည်း။

၁၈။ ခုနစ်ဆယ့်တစ်ကမ္ဘာထက်၌ သမုဒ္ဒရာလေးစင်း အပိုင်းအခြားရှိသော မြေကို အစိုးရ သော၊ အောင်အပ်ပြီးသော ရန်သူရှိသော၊ ဇမ္ဗူဒိပ်ကျွန်းအလုံးကို အစိုးရသော သုဒဿနမင်း သည် ဖြစ်ခဲ့၏။

၁၉။ ထိုအခါ ၌ အစိတ်အပိုင်း (အင်္ဂါ) တစ်ရာရှိကုန်သော တူရိယာတို့သည် အခါခပ်သိမ်း ငါ့ကို ခြံရံကုန်၏၊ ငါသည် မိမိကောင်းမှုကံကို ခံစားရ၏။ ဤသို့ ဖြစ်ရခြင်းသည် ဆည်းကပ် ရခြင်း၏ အကျိုးပေတည်း။

၂၀။ ကပ်ရောက်ရတိုင်းသော နတ်အဖြစ် လူ့အဖြစ်ဟူသမျှတို့၌ အမိဝမ်း၌ ကိန်းအောင်း လျက်ရှိသော ငါ့အားလည်း စည်တို့သည် အခါခပ်သိမ်း မြည်ဟီးကုန်၏။

၂၁။ ငါသည် မြတ်စွာဘုရားကို ဆည်းကပ်ခဲ့ခြင်းကြောင့် စည်းစိမ်တို့ကို ခံစားပြီးလျှင် အေးချမ်း၍ဘေးမရှိသော တုန်လှုပ်ခြင်း မရှိသော အမြိုက်နိဗ္ဗာန်သို့ ရောက်ရ၏။

၂၂။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ ကောင်းမှုကံကို ပြုခဲ့ရသော အခါမှစ၍ အပါယ်လေးပါးလားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရဖြင်းသည် မြတ်စွာဘုရားအား ပူဇော်ရခြင်း၏ အကျိုးပေတည်း။

၂၃။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။

၂၄။ ငါ၏ လာခြင်းကား။ပ။ လိုက်နာပြုကျင့်အပ်ပါပြီ။

၂၅။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ လိုက်နာပြုကျင့်ပြီးပါပြီ။

ဤသို့လျှင် အသျှင်ဧကသင်္ခိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

နှစ်ခုမြောက် ဧကသင်္ခိယတ္ထေရအပဒါန် ပြီး၏။

--

၃-ပါဋိဟီရသညကတ္ထေရအပဒါန်

၂၆။ ထိုအခါ ပေးလှူဖွယ်ပစ္စည်းဝတ္ထုတို့ကို အလှူခံတော်မူထိုက်သော ပဒုမုတ္တရမည်သော မြတ်စွာဘုရားသည် ရဟန္တာတစ်သိန်းတို့နှင့် အတူ မြို့သို့ ဝင်တော်မူ၏။

၂၇။ ကိလေသာမီး ငြိမ်းတော်မူပြီးသော မြတ်စွာဘုရားသည် မြို့သို့ ဝင်တော်မူလတ်သော် ရတနာတို့သည် တောက်ပလေကုန်၏၊ ထိုခဏ၌ ကြွေးကြော်သံသည် ဖြစ်ပေါ်၏။

၂၈။ မြတ်စွာဘုရား မြို့သို့ ဝင်တော်မူလတ်သော် မြတ်စွာဘုရား၏ အာနုဘော်တော် ကြောင့် စည်တို့သည် မတီးမမှုတ်ကုန်ဘဲ မြည်ကုန်၏၊ စောင်းတို့သည် အလိုလို မြည်ကုန်၏။

၂၉။ ရဟန်းမြတ်ဖြစ်တော်မူသော ပဒုမုတ္တရမြတ်စွာဘုရားကို ငါသည် ရှိခိုးပါ၏၊ တန်ခိုး ပြာဋိဟာကိုဖူးမြင်ရခြင်းကြောင့်လည်း ထိုမြတ်စွာဘုရား၌ စိတ်ကို ကြည်ညိုစေခဲ့၏။

၃၀။ ဘုရားရှင်သည် အံ့ဩဖွယ် ရှိပါပေစွ၊ တရားတော်သည် အံ့ဩဖွယ် ရှိပါပေစွ၊ ငါတို့အား ဆရာ၏ပြည့်စုံခြင်းတို့သည် အံ့ဩဖွယ် ရှိပါပေကုန်စွ၊ စိတ်စေတနာ မရှိကုန်သော တူရိယာတို့သည်လည်းအလိုလိုသာလျှင် မြည်လျက် ရှိကုန်၏။

၃၁။ (ငါသည်) ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ “မြတ်စွာဘုရား”ဟူသော အမှတ် သညာကိုရခဲ့သော အခါမှစ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ဖြစ်ရ ခြင်းသည် “ဘုရား”ဟူသော အမှတ်သညာ၏ အကျိုးပေတည်း။

၃၂။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။

၃၃။ ငါ၏ လာခြင်းကား။ပ။ လိုက်နာပြုကျင့်အပ်ပါပြီ။

၃၄။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ပါဋိဟီရသညကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

သုံးခုမြောက် ပါဋိဟီရသညကတ္ထေရအပဒါန် ပြီး၏။

--

၄-ဉာဏတ္ထဝိကတ္ထေရအပဒါန်

၃၅။ ‘မဟာလှေကားပန်းကဲ့သို့’ တောက်ပတော်မူသော ‘ဆီမီးတိုင်ကဲ့သို့’ ထွန်းလင်း တော်မူသော ‘ရွှေကဲ့သို့’ တင့်တယ်တော်မူသော အခြေနှစ်ချောင်းရှိသူ နတ်လူတို့ထက် မြတ် တော်မူသော မြတ်စွာဘုရားကို ဖူးမြင်ရ၏။

၃၆။ ငါသည် ကရားကိုလည်းကောင်း၊ လျှော်တေသင်္ကန်းကိုလည်းကောင်း၊ သံကောက်ကို လည်းကောင်းချထား၍ သစ်နက်ရေကို လက်ဝဲပခုံး၌ တင်ပြီးလျှင် ဘုရားမြတ်ကို ချီးကျူးခဲ့၏။

၃၇။ မြတ်စွာဘုရား အသျှင်ဘုရားသည် မောဟတည်းဟူသော အမိုက်တိုက်ကို ပယ် ဖျောက်လျက်မောဟတည်းဟူသော ကွန်ရက်ဖြင့် ရောယှက်ရှုပ်ထွေးလျက်ရှိသော သတ္တဝါ အပေါင်းအားဉာဏ်တော်တည်းဟူသော အလင်းရောင်ကို ပြ၍ (သံသရာမှ) ကူးမြောက်ပြီး သော ပုဂ္ဂိုလ်ဖြစ်တော်မူပါပေ၏။

၃၈။ အရှင်ဘုရားသည် ဤလောကကို ကောင်းစွာ ထုတ်ဆောင်ကယ်တင်တော်မူပါပေ၏၊ (အရှင်ဘုရား၏ ) အလုံးစုံကို သိမြင်ခြင်းရှိသော ဉာဏ်တော်သည် အမြတ်ဆုံး ဖြစ်တော်မူပါပေ၏၊ ထိုဉာဏ်တော်၏သိဖွယ်တရားကို သိမြင်တော်မူသလောက် အရှင်ဘုရား၏ ဉာဏ်တော်၌ နှိုင်းစရာ (ဥပမာ) မရှိတော့ပါ။

၃၉။ ထိုဉာဏ်တော်ကြောင့် မြတ်စွာဘုရားကို “သဗ္ဗညု”ဟု ဆိုအပ်ပါ၏၊ ငါသည် မပိတ် ပင်မတားဆီးအပ်သော သဗ္ဗညုတဉာဏ်တော် ရှိတော်မူသော ထိုမြတ်စွာဘုရားကို ရှိခိုးပါ၏။

၄၀။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ ငါသည် ဘုရားမြတ်ကို ချီးကျူးခဲ့၏၊ ထိုအခါမှစ၍အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ဉာဏ် တော်ကို ချီးကျူးရခြင်း၏အကျိုးပေတည်း။

၄၁။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။

၄၂။ ငါ၏ လာခြင်းကား။ပ။ လိုက်နာပြုကျင့်အပ်ပါပြီ။

၄၃။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ဉာဏတ္ထဝိကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

လေးခုမြောက် ဉာဏတ္ထဝိကတ္ထေရအပဒါန် ပြီး၏။

--

၅-ဥစ္ဆုခဏ္ဍိကတ္ထေရအပဒါန်

၄၄။ ငါသည် ဗန္ဓုမတီမြို့၌ တံခါးစောင့် ဖြစ်ခဲ့၏၊ တရားခပ်သိမ်းတို့ကို တစ်ဖက် ကမ်းရောက်သိမြင်တော်မူသော ကိလေသာအညစ်အကြေး ကင်းတော်မူသော မြတ်စွာဘုရား ကို ဖူးမြင်ရ၏။

၄၅။ ငါသည် ကြံပိုင်းကို ယူ၍ ဘုရားမြတ်ဖြစ်တော်မူသော ဝိပဿီမြတ်စွာဘုရားကို ကြည်ညိုဝမ်းမြောက်သော စိတ်ရှိသည်ဖြစ်၍ ပေးလှူခဲ့၏။

၄၆။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ ကြံကို ပေးလှူခဲ့ရသော အခါမှစ၍ အပါယ်လေးပါးလားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ကြံပိုင်းကို လှူရခြင်း၏ အကျိုးပေတည်း။

၄၇။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။

၄၈။ ငါ၏ လာခြင်းကား။ပ။ လိုက်နာပြုကျင့်အပ်ပါပြီ။

၄၉။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ဥစ္ဆုခဏ္ဍိကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ငါးခုမြောက် ဥစ္ဆုခဏ္ဍိကတ္ထေရအပဒါန် ပြီး၏။

၆-ကဠမ္ဗဒါယကတ္ထေရအပဒါန်

၅၀။ ရောမသအမည်တော်ရှိသော ပစ္စေကဗုဒ္ဓါသည် တောင်ကြား၌ နေတော်မူ၏၊ ငါသည်ထိုရောမသပစ္စေကဗုဒ္ဓါအား ကြည်ညိုသည်ဖြစ်၍ မိမိလက်တို့ဖြင့် သင်းတောက်ဥကို ပေးလှူ ခဲ့၏။

၅၁။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်၌ သင်းတောက်ဥကို ပေးလှူခဲ့ရသော အခါမှစ၍အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် သင်း တောက်ဥကို လှူရခြင်း၏အကျိုးပေတည်း။

၅၂။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။

၅၃။ ငါ၏ လာခြင်းကား။ပ။ လိုက်နာပြုကျင့်အပ်ပါပြီ။

၅၄။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ကဠမ္ဗဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ခြောက်ခုမြောက် ကဠမ္ဗဒါယကတ္ထေရအပဒါန် ပြီး၏။

--

၇-အမ္ဗာဋကဒါယကတ္ထေရအပဒါန်

၅၅။ အလိုလို ပွင့်တော်မူသော ရန်သူတို့သည် မအောင်အပ်သော မြတ်စွာဘုရားကို တော၌ ဖူးမြင်ရ၍ငါသည် ဝှေးသီးကို ယူပြီးလျှင် မြတ်စွာဘုရားအား လှူဒါန်းခဲ့၏။

၅၆။ ဤဘဒ္ဒကမ္ဘာမှ သုံးဆယ့်တစ်ကမ္ဘာထက်၌ ဝှေးသီးကို ပေးလှူခဲ့ရသော အခါမှစ၍ အပါယ်လေးပါးလားရသည်ကို မသိစဘူးပေ။ ဤသို့ဖြစ်ရခြင်းသည် ဝှေးသီးကို လှူရခြင်း၏ အကျိုးပေတည်း။

၅၇။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။

၅၈။ ငါ၏ လာခြင်းကား။ပ။ လိုက်နာပြုကျင့်အပ်ပါပြီ။

၅၉။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်အမ္ဗာဋကဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ခုနစ်ခုမြောက် အမ္ဗာဋကဒါယကတ္ထေရအပဒါန် ပြီး၏။

--

၈-ဟရီတကဒါယကတ္ထေရအပဒါန်

၆၀။ ငါသည် ဖန်ခါးသီး, သျှိသျှားသီးကိုလည်းကောင်း၊ သရက်, သပြေ, သစ်ဆိမ့်သီးကိုလည်းကောင်း၊ ဆီးသီးကိုလည်းကောင်း၊ ချေးသီးကိုလည်းကောင်း၊ ဥသျှစ်သီးကိုလည်းကောင်းကိုယ်တိုင်သာလျှင် ဆောင်ယူခဲ့၏။

၆၁။ လိုဏ်ဂူ၌ နေတော်မူသော ၊ ဈာန်ဝင်စားလေ့ရှိသော၊ ဈာန်၌ မွေ့လျော်တော်မူသော ၊ အကျိုးနှစ်ပါးကိုသိတော်မူသော ၊ အဖော်မရှိသော၊ အနာနှိပ်စက်သော မြတ်စွာဘုရားကို ဖူးမြင်ရ၏။

၆၂။ ငါသည် ဖန်ခါးသီးကို ယူ၍ မြတ်စွာဘုရားအား ပေးလှူခဲ့၏၊ ဆေးကို သုံးဆောင် တော်မူကာမျှထိုခဏ၌ အနာရောဂါသည် ငြိမ်းလေ၏။

၆၃။ ပူပန်ခြင်းကို ပယ်တော်မူပြီးသော မြတ်စွာဘုရားသည် ငါ့အား ဆေးအနုမောဒနာ ပြုတော်မူ၏၊ အနာငြိမ်းကြောင်းဖြစ်သော ဤဆေးကို လှူရခြင်းကြောင့်-

၆၄။ နတ်ဖြစ်သော် လည်းကောင်း၊ လူဖြစ်သော် လည်းကောင်း၊ အခြားဘဝ၌ ဖြစ်သော် လည်းကောင်းအလုံးစုံသော ဘဝတို့၌ ချမ်းသာခြင်းရှိသူ ဖြစ်စေသတည်း။ သင့်အား အနာ ရောဂါမကပ်ရောက်စေသတည်း။

၆၅။ အလိုလို ဖြစ်တော်မူသော ၊ ရန်သူတို့သည် မအောင်အပ်သော၊ ပညာရှိတော်မူသော မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၍ ‘ကောင်းကင်၌ ဟင်္သာမင်းကဲ့သို့’ ကောင်း ကင်သို့တက်ကြွတော်မူ၏။

၆၆။ အကြင်ဘဝ၌ ငါသည် ဖန်ခါးသီးကို အလိုလို ဖြစ်တော်မူသော မြတ်စွာဘုရားအား ပေးလှူခဲ့၏၊ ဤဘဝကို အစပြု၍ ငါ့အား အနာရောဂါသည် မဖြစ်စဖူးပေ။

၆၇။ ငါ၏ ဤဘဝသည်ကား အဆုံးစွန်သော ဘဝပေတည်း၊ ငါ့အား နောက်ဆုံးဘဝ ဖြစ်ပေ၏၊ ဝိဇ္ဇာသုံးပါးတို့ကို မျက်မှောက်ပြုအပ်ကုန်ပြီ၊ မြတ်စွာဘုရား၏ အဆုံးအမတော်ကို ပြုကျင့်အပ်ပြီ။

၆၈။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်၌ ဆေးကို ပေးလှူခဲ့ရသော အခါမှစ၍ အပါယ်လေးပါးလားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ဆေးလှူရခြင်း၏ အကျိုးပေတည်း။

၆၉။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။

၇၀။ ငါ၏ လာခြင်းကား။ပ။ လိုက်နာပြုကျင့်အပ်ပါပြီ။

၇၁။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ဟရီတကဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ရှစ်ခုမြောက် ဟရီတကဒါယကတ္ထေရအပဒါန် ပြီး၏။

--

၉-အမ္ဗပိဏ္ဍိယတ္ထေရအပဒါန်

၇၂။ ထိုအခါ၌ (ငါသည်) ထွန်သန်သဖွယ် အစွယ်ရှိလျက် ခွန်အားကြီးမားသော ဆင်မင်း ဖြစ်ခဲ့၏၊ ငါသည် တောကြီးထဲ၌ လှည့်လည်သည်ရှိသော် မြတ်စွာဘုရားကို ဖူးမြင်ရ၏။

၇၃။ ငါသည် သရက်သီးခိုင်ကို ယူ၍ မြတ်စွာဘုရားအား ပေးလှူခဲ့၏၊ လုံ့လကြီးမား တော်မူသော သိဒ္ဓတ္ထမြတ်စွာဘုရားသည် အလှူခံတော်မူ၏။

၇၄။ ထိုအခါ၌ ကြည့်ရှုနေစဉ် မြတ်စွာဘုရားသည် ဘုဉ်းပေးတော်မူ၏၊ ငါသည် ထို မြတ်စွာဘုရား၌စိတ်ကို ကြည်ညိုစေခဲ့၍ တုသိတာနတ်ပြည်သို့ ရောက်ရ၏။

၇၅။ ငါသည် ထိုတုသိတာနတ်ပြည်မှ စုတေခဲ့၍ စကြဝတေးမင်း ဖြစ်၏၊ ဤသို့သောနည်းအားဖြင့်သာလျှင် စည်းစိမ်တို့ကို ခံစား၍-

၇၆။ ငါသည် ကမ္မဋ္ဌာန်း၌ စေလွှတ်အပ်သော စိတ်ရှိသူ၊ ကိလေသာငြိမ်းသူ၊ ဥပဓိမရှိသူ ဖြစ်၍အလုံးစုံသော အာသဝတရားတို့ကို ပိုင်းခြားသိပြီးလျှင် အာသဝမရှိဘဲ နေရ၏။

၇၇။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်၌ သရက်သီးကို ပေးလှူခဲ့ရသော အခါမှစ၍အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် သရက်သီး လှူရခြင်း၏ အကျိုးပေတည်း။

၇၈။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။

၇၉။ ငါ၏ လာခြင်းကား။ပ။ လိုက်နာပြုကျင့်အပ်ပါပြီ။

၈၀။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်အမ္ဗပိဏ္ဍိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ကိုးခုမြောက် အမ္ဗပိဏ္ဍိယတ္ထေရအပဒါန် ပြီး၏။

--

၁၀-အမ္ဗဖလိယတ္ထေရအပဒါန်

၈၁။ လောက၏ အကြီးအမှူးဖြစ်၍ တာဒိဂုဏ်နှင့် ပြည့်စုံတော်မူသော ပဒုမုတ္တရမြတ်စွာ ဘုရားသည် မြတ်သော အခြံအရံကို ဆောင်လျက် ဆွမ်းခံလှည့်လည်တော်မူစဉ်-

၈၂။ ငါသည် သရက်သီးဦးကို ယူ၍ အထူးကြည်ညိုသောစိတ်ဖြင့် မြတ်သောအလှူကို ခံတော်မူထိုက်သော လုံ့လရှိတော်မူသော မြတ်စွာဘုရားအား ပေးလှူခဲ့၏။

၈၃။ အခြေနှစ်ချောင်းရှိသူ နတ်လူတို့ကို အစိုးရတော်မူသော လောက၏ အကြီးအမှူး ဖြစ်တော်မူသော မြတ်စွာဘုရား ထိုကောင်းမှုကြောင့် အောင်ခြင်း ရှုံးခြင်းကို ပယ်၍ မတုန် လှုပ်သော နိဗ္ဗာန်သို့ရောက်ရပါလို၏။

၈၄။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ သရက်သီးအလှူကို ပေးလှူခဲ့ရသော အခါမှစ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် သရက်သီးဦးကို လှူရခြင်း၏အကျိုးပေတည်း။

၈၅။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။

၈၆။ ငါ၏ လာခြင်းကား။ပ။ လိုက်နာပြုကျင့်အပ်ပါပြီ။

၈၇။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်အမ္ဗဖလိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ဆယ်ခုမြောက် အမ္ဗဖလိယတ္ထေရအပဒါန် ပြီး၏။

လေးဆယ့်လေးခုမြောက် ဧကဝိဟာရိဝဂ် ပြီး၏။

--

၄၅-ဝိဘီတကဝဂ်

၁-ဝိဘီတကမိဉ္ဇိယတ္ထေရအပဒါန်

။ တရားခပ်သိမ်းတို့ကို တစ်ဖက်ကမ်းရောက် သိမြင်တော်မူသော ထိုကကုသန် မြတ်စွာဘုရားသည် အပေါင်းအဖော်မှ ဖဲခွါလျက် ဆိတ်ငြိမ်ရာကို အလိုရှိသည်ဖြစ်၍ တော အတွင်းသို့ ကြွတော်မူ၏။

။ ငါသည် သစ်ဆိမ့်သီးအဆံကို ယူ၍ နွယ်ဖြင့် သီကုံးခဲ့၏၊ ထိုအခါ မြတ်စွာဘုရားသည် တောင်ကြား၌ဈာန်ဝင်စား၍ နေ၏။

။ ငါသည် နတ်ထက်နတ် ဖြစ်တော်မူသော မြတ်စွာဘုရားကို ဖူးမြင်၍ အလွန်ကြည်ညို သော စိတ်ဖြင့်မြတ်သော အလှူကို ခံတော်မူထိုက်သော မြတ်စွာဘုရားအား သစ်ဆိမ့်သီး ဆံကို ပေးလှူခဲ့၏။

။ ဤဘဒ္ဒကမ္ဘာ၌ ထိုသစ်ဆိမ့်သီးဆံကို ပေးလှူခဲ့ရသော အခါမှစ၍ အပါယ်လေးပါး လားရသည်ကိုမသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် သစ်ဆိမ့်သီးဆံကို လှူရခြင်း၏ အကျိုး ပေတည်း။

။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ၊ ဘဝအားလုံးတို့ကို ပယ်နုတ်အပ်ကုန်ပြီ၊ ‘ဆင်ပြောင်ကြီးသည် အနှောင်အဖွဲ့ကို ဖြတ်၍ နေသကဲ့သို့’ ငါသည် အာသဝမရှိဘဲ နေရ၏။

။ ငါ၏ လာခြင်းကား ကောင်းသောလာခြင်း စင်စစ် ဖြစ်ပေ၏၊ ငါသည် မြတ်စွာဘုရား အထံတော်၌ဝိဇ္ဇာသုံးပါးတို့ကို ရအပ်ကုန်ပြီ၊ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာ ပြုကျင့်အပ်ပါပြီ။

။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကို လည်းကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကို လည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ဝိဘီတကမိဉ္ဇိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ရှေးဦးစွာသော ဝိဘီတကမိဉ္ဇိယတ္ထေရအပဒါန် ပြီး၏။

--

၂-ကောလဒါယကတ္ထေရအပဒါန်

။ ထိုအခါ၌ သစ်နက်ရေကို ဝတ်လျက် လျှော်တေသင်္ကန်းကို ဆောင်သော ငါသည် ဆီးသီးကိုတောင်းဖြင့် ပြည့်စေ၍ ငါ၏ သင်္ခမ်းကျောင်းသို့ ဆောင်ယူခဲ့၏။

။ ထိုအခါ၌ နှစ်ယောက်မြောက် ရှိတော်မမူသော အတုမရှိ မြတ်သော သိခီမြတ်စွာ ဘုရားသည် ပွင့်တော်မူလျက် ရှိလေ၏၊ ထိုမြတ်စွာဘုရားသည် အချိန်အခါအားလုံးကို သိတော် မူလျက် ငါ၏သင်္ခမ်းကျောင်းသို့ ကြွလာတော်မူ၏။

၁၀။ ငါသည် မိမိစိတ်ကို ကြည်လင်စေ၍ ကောင်းသော အကျင့်ရှိသော မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် ဆီးသီးကို လက်နှစ်ဖက်တို့ဖြင့် ယူဆောင်၍ မြတ်စွာဘုရားအား ပေးလှူခဲ့၏။

၁၁။ ဤဘဒ္ဒကမ္ဘာမှ သုံးဆယ့်တစ်ကမ္ဘာထက်၌ ဆီးသီးကို ပေးလှူခဲ့ရသော အခါမှစ၍ အပါယ်လေးပါးလားရသည်ကို မသိစဖူးပေ။ ဤသို့ဖြစ်ရခြင်းသည် ဆီးသီးကို လှူရခြင်း၏ အကျိုးပေတည်း။

၁၂။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။

၁၃။ ငါ၏ လာခြင်းကား။ပ။ လိုက်နာပြုကျင့်အပ်ပါပြီ။

၁၄။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ကောလဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

နှစ်ခုမြောက် ကောလဒါယကတ္ထေရအပဒါန် ပြီး၏။

--

၃-ဗိလ္လိယတ္ထေရအပဒါန်

၁၅။ စန္ဒဘာဂါမြစ်ကမ်း၌ ငါသည် သင်္ခမ်းကျောင်းကို ကောင်းစွာ ဆောက်လုပ်အပ်၏၊ ဥသျှစ်ပင်တို့ဖြင့်ရောပြွမ်းလျက် ရှိ၏၊ အထူးထူးသော သစ်ပင်တို့၏ မှီဝဲပေါက်ရောက်ရာ ဖြစ်၏။

၁၆။ ငါသည် ကောင်မွန်သော (မွှေးကြိုင်သော) အနံ့ရှိသော ဥသျှစ်သီးကို မြင်ရသည် ရှိသော် ပရိက္ခရာဝန်ကို ပြည့်စေလျက် နှစ်သက်သည် ထိတ်လန့်သော စိတ်ရှိသည်ဖြစ်၍ ဘုရားမြတ်ကိုအောက်မေ့ခဲ့၏။

၁၇။ ငါသည် ကကုသန်မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် ကောင်းမှု စိုက်ပျိုးရာလယ်ယာမြေကောင်းသဖွယ် ဖြစ်သော မြတ်စွာဘုရားအား အလွန်ကြည်ညိုသော စိတ်ဖြင့်ဥသျှစ်သီးမှည့်ကို ပေးလှူ၏။

၁၈။ ဤကမ္ဘာ၌ ဥသျှစ်သီးကို ပေးလှူခဲ့ရသော အခါမှစ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ဥသျှစ်သီးကို လှူရခြင်း၏ အကျိုးပေတည်း။

၁၉။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။

၂၀။ ငါ၏ လာခြင်းကား။ပ။ လိုက်နာပြုကျင့်အပ်ပါပြီ။

၂၁။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ဗိလ္လိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

သုံးခုမြောက် ဗိလ္လိယတ္ထေရအပဒါန် ပြီး၏။

--

၄-ဘလ္လာတဒါယကတ္ထေရအပဒါန်

၂၂။ ရွှေအဆင်းနှင့် တူသော အဆင်းရှိတော်မူသော ၊ သုံးဆယ့်နှစ်ပါးသော ယောက်ျား မြတ်တို့၏လက္ခဏာနှင့် ပြည့်စုံတော်မူသော ၊ ပင်လုံးကျွတ်ပွင့်သော အင်ကြင်းပင်မင်းနှင့် တူတော်မူသော မြတ်စွာဘုရားကို တောအထက်၌ ကြွသွားတော်မူစဉ် ဖူးမြင်ရ၍-

၂၃။ ငါသည် မြက်အခင်းကို ခင်းပြီးလျှင် ဘုရားမြတ်ကို တောင်းပန်လျှောက်ထားခဲ့၏၊ မြတ်စွာဘုရားသည် အကျွန်ုပ်ကို အစဉ် သနားတော်မူပါ၊ (အကျွန်ုပ်သည်) ဆွမ်းကို လှူခြင်း ငှါအလိုရှိပါ၏။

၂၄။ အစဉ် စောင့်ရှောက်တော်မူတတ်သော မဟာကရုဏာရှိတော်မူသော အခြံအရံ များပြားတော်မူသော အတ္ထဒဿီမြတ်စွာဘုရားသည် ငါ၏ စိတ်အကြံကို သိ၍ ငါ၏ သင်္ခမ်း ကျောင်း၌ ဆင်းသက်တော်မူ၏။

၂၅။ မြတ်စွာဘုရားသည် သက်ဆင်းတော်မူ၍ သစ်ရွက်အခင်း၌ ထိုင်တော်မူ၏၊ ငါသည် ချေးသီးကို ယူ၍ဘုရားမြတ်အား ပေးလှူခဲ့၏။

၂၆။ ထိုအခါ ငါသည် ကြည့်ရှုစဉ် မြတ်စွာဘုရားသည် ဘုဉ်းပေးတော်မူ၏၊ ထိုအခါ ငါသည်ထိုမြတ်စွာဘုရား၌ စိတ်ကို ကြည်လင်စေ၍ မြတ်စွာဘုရားကို ရှိခိုးခဲ့၏။

၂၇။ ကမ္ဘာတစ်ထောင့်ရှစ်ရာထက်၌ သစ်သီးအလှူကို ပေးလှူခဲ့ရသော အခါမစ၍ အပါယ်လေးပါးလားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် သစ်သီးလှူရခြင်း၏ အကျိုးပေတည်း။

၂၈။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။

၂၉။ ငါ၏ လာခြင်းကား။ပ။ လိုက်နာပြုကျင့်အပ်ပါပြီ။

၃၀။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ဘလ္လာတဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

လေးခုမြောက် ဘလ္လာတဒါယကတ္ထေရအပဒါန် ပြီး၏။

--

၅-ဥတ္တလိပုပ္ဖိယတ္ထေရအပဒါန်

၃၁။ စိမ်းညိုသော အရောင်ရှိသော ပညောင်ပင်သည် စည်ပင်ပြန့်ပွါးလတ်သော် မြစ် သေးပန်းကို ယူ၍ဗောဓိပင်အား တင်လှူပူဇော်ခဲ့၏။

၃၂။ ဤဘဒ္ဒကမ္ဘာ၌ ဗောဓိပင်ကို ပူဇော်ခဲ့ရသော အခါမှစ၍ အပါယ်လေးပါး လားရ သည်ကိုမသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ဗောဓိပင်ကို ပူဇော်ရခြင်း၏ အကျိုးပေ တည်း။

၃၃။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။

၃၄။ ငါ၏ လာခြင်းကား။ပ။ လိုက်နာပြုကျင့်အပ်ပါပြီ။

၃၅။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ဥတ္တလိပုပ္ဖိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ငါးခုမြောက် ဥတ္တလိပုပ္ဖိယတ္ထေရအပဒါန် ပြီး၏။

၆-အမ္ဗာဋကိယတ္ထေရအပဒါန်

၃၆။ ဝေဿဘူမြတ်စွာဘုရားသည် ကောင်းစွာ ပွင့်သော အင်ကြင်းတောသို့ ဝင်၍ တောင်ချောက်ကြားတို့၌ ‘အမျိုးမြတ်သော ခြင်္သေ့မင်းကဲ့သို့’ နေတော်မူ၏။

၃၇။ ငါသည် ကြည်လင်ဝမ်းမြောက်သော စိတ်ရှိသည်ဖြစ်၍ ကောင်းမှုတည်းဟူသော မျိုးစေ့ကိုစိုက်ပျိုးရာ လယ်ယာမြေကောင်းသဖွယ်ဖြစ်သော မြတ်စွာဘုရားကို ကြည်ညိုသည် ဖြစ်၍ မိမိလက်တို့ဖြင့်ဝှေးသီးကို ပူဇော်ခဲ့၏။

၃၈။ ဤဘဒ္ဒကမ္ဘာမှ သုံးဆယ့်တစ်ကမ္ဘာထက်၌ ဝှေးသီးကို လှူဒါန်းပူဇော်ခဲ့ရသော အခါမှစ၍အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ဖြစ်ရခြင်းသည် မြတ်စွာဘုရားအား ပူဇော်ရခြင်း၏အကျိုးပေတည်း။

၃၉။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။

၄၀။ ငါ၏ လာခြင်းကား။ပ။ လိုက်နာပြုကျင့်အပ်ပါပြီ။

၄၁။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်အမ္ဗာဋကိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ခြောက်ခုမြောက် အမ္ဗာဋကိယတ္ထေရအပဒါန် ပြီး၏။

--

၇-သီဟာသနိကတ္ထေရအပဒါန်

၄၂။ သတ္တဝါအားလုံး၏ အကျိုးစီးပွါးကို ရှာမှီးတော်မူသော ပဒုမုတ္တရမြတ်စွာဘုရားအားကြည်ညိုဝမ်းမြောက်သော စိတ်ရှိသည်ဖြစ်၍ ငါသည် မြတ်သော နေရာကို ပေးလှူခဲ့၏။

၄၃။ ငါသည် နတ်ပြည်၌လည်းကောင်း၊ လူ့ပြည်၌လည်းကောင်း အကြင်အကြင်ဘဝ၌ နေရ၏ (ဖြစ်ရ၏)။ ထိုထိုဘဝ၌ ပြန့်ပြောသော ဗိမာန်ကို ရပေ၏။ ဤသို့ဖြစ်ရခြင်းသည် မြတ်သော နေရာကိုလှူရခြင်း၏ အကျိုးပေတည်း။

၄၄။ ရွှေပလ္လင်၊ ငွေပလ္လင်၊ ကျောက်နီပလ္လင်၊ ပတ္တမြားပလ္လင်တို့သည် အခါခပ်သိမ်း ငါ့အား များစွာဖြစ်ပေါ်ကုန်၏။

၄၅။ ငါသည် ပဒုမုတ္တရမည်သော မြတ်စွာဘုရား၏ ဗောဓိပင်၌ နေရာကို ပြုလုပ်ခဲ့ရ သောကြောင့်မြင့်မြတ်သော အမျိုး၌ ဖြစ်ရ၏။ တရားတော်၏ ကောင်းသော တရားအဖြစ် သည် အံ့ဖွယ်ရှိပါပေစွ။

၄၆။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ ငါသည် မြတ်သောနေရာ (ခင်းမှု) ကို ပြုခဲ့ရသော အခါမှစ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်း သည် မြတ်သော နေရာကိုလှူရခြင်း၏ အကျိုးပေတည်း။

၄၇။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။

၄၈။ ငါ၏ လာခြင်းကား။ပ။ လိုက်နာပြုကျင့်အပ်ပါပြီ။

၄၉။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်သီဟာသနိကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ခုနစ်ခုမြောက် သီဟာသနိကတ္ထေရအပဒါန် ပြီး၏။

--

၈-ပါဒပီဌိယတ္ထေရအပဒါန်

၅၀။ မဟာကရုဏာရှိတော်မူသော ၊ ရဟန်းမြတ်ဖြစ်တော်မူသော ၊ များသော အခြံအရံရှိ တော်မူသော ၊ သုမေဓာမည်သော ထိုမြတ်စွာဘုရားသည် သတ္တဝါများစွာတို့ကို ကယ်တင် တော်မူ၍ ပရိနိဗ္ဗာန်ပြုတော်မူ၏။

၅၁။ သုမေဓာမြတ်စွာဘုရား၏ မြတ်သော နေရာအနီး၌ ကြည်ညိုဝမ်းမြောက်သော စိတ်ရှိ သည်ဖြစ်၍ခြေဆေးအင်းပျဉ်ကို ပြုလုပ်လှူဒါန်းခဲ့၏။

၅၂။ ငါသည် ကောင်းသော အကျိုးရှိသော ချမ်းသာကို ပွါးစေသော ကုသိုလ်ကံကို ပြုခဲ့ခြင်းကြောင့်ကောင်းမှုကံနှင့် ယှဉ်လျက် တာဝတိံသာနတ်ပြည်သို့ ရောက်ရ၏။

၅၃။ ထိုတာဝတိံသာနတ်ပြည်၌ နေသော ကောင်းမှုကံနှင့် ပြည့်စုံသော ငါသည် ခြေတို့ကို ကြွသည်ရှိသော် ရွှေအင်းပျဉ်တို့သည် ငါ့အား ဖြစ်ပေါ်ကုန်၏။

၅၄။ အကြင်သူတို့သည် “ဘုရား”ဟူသော စကားသံကို ကြားခြင်းကို ရရှိကုန်၏၊ ထိုသူ တို့အားအရတော်လေကုန်စွ၊ သင်တို့သည် ကောင်းစွာ ရအပ်ပေ၏၊ ပရိနိဗ္ဗာန်စံတော် မူပြီးသော မြတ်စွာဘုရား၌ကောင်းမှုကို ပြုခဲ့ခြင်းကြောင့် ကြီးကျယ်သော ချမ်းသာကို ရရှိကုန်၏။

၅၅။ ငါသည်လည်းကောင်းမှုကံကို ကောင်းစွာ ရအပ်ပြီ၊ ကုန်သွယ်မှုကို ကောင်းစွာ ယှဉ်စေအပ်ပြီ၊ ငါသည် ခြေဆေးအင်းပျဉ် ပြုလုပ်ခဲ့ခြင်းကြောင့် ရွှေအင်းပျဉ်ကို ရရှိပေ၏။

၅၆။ ငါသည် အကြောင်းကိစ္စ တစ်စုံတစ်ခုဖြင့် အကြင်အကြင်အရပ်သို့ ဖဲသွား၏၊ (ထိုအခါ) ရွှေအင်းပျဉ်၌နစ်သွားရပေ၏၊ ဤသို့ဖြစ်ရခြင်းသည် (ခြေဆေးအင်းပျဉ်ကို ပေးလှူ သော) ကောင်းမှုကံ၏အကျိုးပေတည်း။

၅၇။ ကမ္ဘာသုံးသောင်းထက်၌ ကောင်းမှုကံကို ပြုခဲ့ရသော အခါမှစ၍ အပါယ်လေးပါး လားရသည်ကိုမသိစဘူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ခြေဆေးအင်းပျဉ်လှူရခြင်း၏ အကျိုး ပေတည်း။

၅၈။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။

၅၉။ ငါ၏ လာခြင်းကား။ပ။ လိုက်နာပြုကျင့်အပ်ပါပြီ။

၆၀။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ပါဒပီဌိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ရှစ်ခုမြောက် ပါဒပီဌိယတ္ထေရအပဒါန် ပြီး၏။

--

၉-ဝေဒိကာရကတ္ထေရအပဒါန်

၆၁။ ပဒုမုတ္တရမြတ်စွာဘုရား၏ ဗောဓိပင်မြတ်၌ ပွတ်တိုင်ကို ကောင်းစွာ ပြုလုပ်၍ မိမိ စိတ်ကိုကြည်လင်စေခဲ့၏။

၆၂။ ပြုလုပ်ပြီး မပြုလုပ်ရသေးသော အလွန်မြတ်သော တန်ဆာဘဏ္ဍာတို့သည် ကောင်း ကင်မှရွာချကုန်၏။ ဤသို့ ဖြစ်ရခြင်းသည် ပွတ်တိုင် (လှူရခြင်း) ၏ အကျိုးပေတည်း။

၆၃။ ငါသည် နှစ်ဖက်ချီတက်သော ကြောက်မက်ဖွယ် စစ်မြေပြင်၌ ဘေးငယ်ဘေးကြီးကို မတွေ့မြင်ရပေ။ ဤသို့ ဖြစ်ရခြင်းသည် ပွတ်တိုင်လှူရခြင်း၏ အကျိုးပေတည်း။

၆၄။ ငါ၏ စိတ်အကြံကို သိ၍ တင့်တယ်သော ဗိမာန်သည် (ငါ့အား) ဖြစ်ပေါ်၏၊ အဖိုး များစွာထိုက်သော နေရာတို့သည် ဖြစ်ပေါ်ကုန်၏။ ဤသို့ ဖြစ်ရခြင်းသည် ပွတ်တိုင်လှူရ ခြင်း၏အကျိုးပေတည်း။

၆၅။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ ပွတ်တိုင်ကို ပြုလုပ်လှူဒါန်းခဲ့ရသော အခါမှစ၍အပါယ်လေးပါး လားရသည်ကို မသိစဘူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ပွတ်တိုင်လှူရ ခြင်း၏အကျိုးပေတည်း။

၆၆။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။

၆၇။ ငါ၏ လာခြင်းကား။ပ။ လိုက်နာပြုကျင့်အပ်ပါပြီ။

၆၈။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ဝေဒိကာရကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ကိုးခုမြောက် ဝေဒိကာရကတ္ထေရအပဒါန် ပြီး၏။

--

၁၀-ဗောဓိဃရဒါယကတ္ထေရအပဒါန်

၆၉။ အခြေနှစ်ချောင်းရှိသူ နတ်လူတို့ကို အစိုးရတော်မူသော ၊ တာဒိဂုဏ်နှင့် ပြည့်စုံတော် မူသော သိဒ္ဓတ္ထမြတ်စွာဘုရားအား ကြည်ညိုဝမ်းမြောက်သော စိတ်ရှိသည်ဖြစ်၍ ဗောဓိစံအိမ် ကို ပြုလုပ်ခဲ့၏။

၇၀။ ငါသည် (ထိုကံကြောင့်) တုသိတာနတ်ပြည်သို့ ရောက်ရ၏၊ ရတနာ (ဗိမာန်) အိမ်၌ နေရ၏၊ ငါ့အားအအေးသည်လည်းကောင်း၊ အပူသည်လည်းကောင်း မတွေ့ထိ။ လေသည် ကိုယ်၌မတွေ့ထိ (မနှိပ်စက်) နိုင်ပေ။

၇၁။ ဤဘဒ္ဒကမ္ဘာမှ ခြောက်ဆယ့်ငါးကမ္ဘာထက်၌ ငါသည် စကြဝတေးမင်း ဖြစ်ခဲ့၏၊ ဝိသကြုံနတ်သားသည် ဖန်ဆင်းအပ်သော ကာသိကမည်သော မြို့သည်-

၇၂။ အလျား ဆယ်ယူဇနာ ရှိ၍၊ အနံ ရှစ်ယူဇနာ ရှိ၏။ ထိုမြို့၌ သစ်သားသည်လည်းကောင်း၊ နွယ်သည်လည်းကောင်း၊ မြေညက်သည်လည်းကောင်း မရှိပေ။

၇၃။ ဝိသကြုံနတ်သားသည် ဖန်ဆင်းအပ်သော မင်္ဂလမည်သော ပြာသာဒ်သည် ဖီလာ (အမြင့်) တစ်ယူဇနာရှိ၍ အနံယူဇနာခွဲ ရှိ၏။

74။ ရွှေဖြင့်ပြီးသော တိုင်ပေါင်း ရှစ်သောင်းလေးထောင်တို့သည် ရှိကုန်၏၊ နန်းဦး ပြာသာဒ်ဆောင်တို့သည် ပတ္တမြားဖြင့် ပြီးကုန်၏၊ အမိုးသည် ငွေဖြင့်ပြီး၏။

၇၅။ ငါသည် ဝိသကြုံနတ်သား ဖန်ဆင်းအပ်သော အလုံးစုံ ရွှေဖြင့်ပြီးသော ဤဗိမာန် အိမ်ကိုစိုးအုပ်နေခဲ့၏။ ဤသို့ ဖြစ်ရခြင်းသည် ဗောဓိစံအိမ်လှူရခြင်း၏ အကျိုးပေတည်း။

၇၆။ လူ့ပြည် နတ်ပြည်၌ ထိုအလုံးစုံတို့ကို သုံးဆောင်စံစားပြီး၍ ငြိမ်းအေးလျက် ရောက်အပ်သောအမြတ်ဆုံးနိဗ္ဗာန်သို့ ရောက်ရပေ၏။

၇၇။ ကမ္ဘာသုံးသောင်းထက်၌ ဗောဓိစံအိမ်ကို ပြုခဲ့၏၊ ထိုအခါမှစ၍ အပါယ်လေးပါး လားရသည်ကိုမသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ဗောဓိစံအိမ်လှူရခြင်း၏ အကျိုးပေ တည်း။

၇၈။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။

၇၉။ ငါ၏ လာခြင်းကား။ပ။ လိုက်နာပြုကျင့်အပ်ပါပြီ။

၈၀။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ဗောဓိဃရဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ဆယ်ခုမြောက် ဗောဓိဃရဒါယကတ္ထေရအပဒါန် ပြီး၏။

လေးဆယ့်ငါးခုမြောက် ဝိဘီတကဝဂ် ပြီး၏။

--

၄၆-ဇဂတိဒါယကဝဂ်

၁-ဇဂတိဒါယကတ္ထေရအပဒါန်

။ ငါသည် ဓမ္မဒဿီမြတ်စွာဘုရား၏ (ရေခံတက်) ဗောဓိပင်မြတ်၌ ကြည်လင်ဝမ်းမြောက် သောစိတ်ရှိသည်ဖြစ်၍ အကျည် (သမံတလင်း) ကို ပြုလုပ်လှူဒါန်းခဲ့၏။

။ ငါသည် ချောက်မှလည်းကောင်း၊ တောင်မှလည်းကောင်း၊ သစ်ပင်မှလည်းကောင်း လိမ့်ကျလျက်သေလွန်သည်ရှိသော် (သုဂတိဘဝတည်းဟူသော) တည်ရာကို ရ၏။ ဤသို့ ဖြစ်ရခြင်းသည်အကျည် (ပြုလုပ်ခြင်း) ၏ အကျိုးပေတည်း။

။ သူခိုးတို့သည် ငါ့အား မညှဉ်းဆဲနိုင်ကုန်၊ မင်းတို့သည် ငါ့ကို မထီမဲ့မြင် မပြုနိုင်ကုန်၊ ငါသည်ရန်သူအားလုံးတို့ကို လွန်မြောက်၏။ ဤသို့ ဖြစ်ရခြင်းသည် အကျည်ပြုလုပ်ခြင်း၏ အကျိုးပေတည်း။

။ ကပ်ရောက်ရတိုင်းသော လူ့အဖြစ် နတ်အဖြစ်ဟူသမျှတို့၌ ပူဇော်ခံရသူ ဖြစ်၏။ ဤသို့ဖြစ်ရခြင်းသည် အကျည်ပြုလုပ်ခြင်း၏ အကျိုးပေတည်း။

။ ငါသည် ကမ္ဘာတစ်ထောင့်ရှစ်ရာထက်၌ အကျည်ကို ပြုခဲ့၏၊ ထိုအခါမှစ၍ အပါယ် လေးပါးလားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် အကျည်ပြုလုပ်လှူဒါန်းခြင်း၏ အကျိုးပေတည်း။

။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ၊ ဘဝအားလုံးတို့ကို ပယ်နုတ်အပ်ကုန်ပြီ၊ ‘ဆင်ပြောင်ကြီးသည် အနှောင်အဖွဲ့ကို ဖြတ်၍ နေသကဲ့သို့’ ငါသည် အာသဝမရှိဘဲ နေရ၏။

။ ငါ၏ လာခြင်းကား ကောင်းသောလာခြင်း စင်စစ် ဖြစ်ပေ၏၊ ငါသည် မြတ်စွာ ဘုရားအထံတော်၌ဝိဇ္ဇာသုံးပါးတို့ကို ရအပ်ကုန်ပြီ၊ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာပြုကျင့်အပ်ပါပြီ။

။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကို လည်းကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကို လည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ၊ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ဇဂတိဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ရှေးဦးစွာသော ဇဂတိဒါယကတ္ထေရအပဒါန် ပြီး၏။

--

၂-မောရဟတ္ထိယတ္ထေရအပဒါန်

။ ငါသည် ဒေါင်းမြီးယပ်ကို ယူ၍ မြတ်စွာဘုရားထံသို့ ချဉ်းကပ်ခဲ့၏၊ ငါသည် ကြည်လင်ဝမ်းမြောက်သော စိတ်ရှိသည်ဖြစ်၍ ဒေါင်းမြီးယပ်ကို ပေးလှူခဲ့၏။

၁၀။ ဤဒေါင်းမြီးယပ်ကို လှူရခြင်းကြောင့်လည်းကောင်း၊ စေတနာ, တောင့်တမှုတို့ကြောင့်လည်းကောင်း (ငါ့အား) မီးသုံးပါးတို့သည် ငြိမ်းအေးကုန်၏။ ငါသည် ကြီးကျယ် ပြန့်ပြောသောချမ်းသာကို ရရှိပေ၏။

၁၁။ မြတ်စွာဘုရားသည် အံ့ဩဖွယ် ရှိပါပေစွ၊ တရားတော်သည် အံ့ဩဖွယ် ရှိပါပေစွ၊ ငါတို့အားဆရာ၏ ပြည့်စုံခြင်းသည် အံ့ဩဖွယ် ရှိပါပေကုန်စွ၊ ငါသည် ဒေါင်းမြီးယပ်ကို ပေးလှူခဲ့၍၊ ကြီးကျယ့်ပြန့်ပြောသော စည်းစိမ်ချမ်းသာကို ရရှိပေ၏။

၁၂။ ငါ့အား မီးသုံးပါးတို့သည် ငြိမ်းကုန်ပြီ၊ ဘဝအားလုံးတို့ကို ပယ်နုတ်အပ်ကုန်ပြီ၊ အာသဝတရားအားလုံး ကုန်ပြီ၊ (ငါ့အား) ယခုအခါ ဘဝသစ်၌ တစ်ဖန် ဖြစ်ခြင်း မရှိတော့ ပြီ။

၁၃။ ဤဘဒ္ဒကမ္ဘာမှ သုံးဆယ့်တစ်ကမ္ဘာထက်၌ အလှူကို ပေးလှူခဲ့ရသော အခါမှစ၍ အပါယ်လေးပါးလားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ဒေါင်းမြီးယပ်ကို လှူရခြင်း၏ အကျိုးပေတည်း။

၁၄။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။

၁၅။ ငါ၏ လာခြင်းကား။ပ။ လိုက်နာပြုကျင့်အပ်ပါပြီ။

၁၆။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်မောရဟတ္ထိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

နှစ်ခုမြောက် မောရဟတ္ထိယတ္ထေရအပဒါန် ပြီး၏။

--

၃-သီဟာသနဗီဇိယတ္ထေရအပဒါန်

၁၇။ ငါသည် တိဿမြတ်စွာဘုရား၏ (ပိတောက်) ဗောဓိပင်ကို ရှိခိုးခဲ့၏၊ ငါသည် ယပ် ကို ယူ၍ထိုဗောဓိပင်၌ မြတ်သော နေရာကို ယပ်ခတ်ခဲ့၏။

၁၈။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်နှစ်ကမ္ဘာထက်၌ ငါသည် မြတ်သော နေရာကို ယပ်ခတ် ခဲ့၏၊ ထိုအခါမှစ၍အပါယ်လေးပါး လားရသည်ကို မသိစဘူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ယပ်ခတ်ခြင်း၏ အကျိုးပေတည်း။

၁၉။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။

၂၀။ ငါ၏ လာခြင်းကား။ပ။ လိုက်နာပြုကျင့်အပ်ပါပြီ။

၂၁။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်သီဟာသနဗီဇိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

သုံးခုမြောက် သီဟာသနဗီဇိယတ္ထေရအပဒါန် ပြီး၏။

၄-တိဏုက္ကဓာရိယတ္ထေရအပဒါန်

၂၂။ ပဒုမုတ္တရမြတ်စွာဘုရား၏ ဗောဓိပင်မြတ်၌ ကြည်ညိုဝမ်းမြောက်သော စိတ်ရှိသည် ဖြစ်၍ မီးတိုင် (မီးရှူး) သုံးခုတို့ကို ထွန်းညှိခဲ့၏။

၂၃။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ ထိုငါသည် မီးတိုင် (မီးရှူး) ကို ထွန်းညှိခဲ့၏၊ ထိုအခါမှစ၍အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် မီးတိုင် လှူရခြင်း၏အကျိုးပေတည်း။

၂၄။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။

၂၅။ ငါ၏ လာခြင်းကား။ပ။ လိုက်နာပြုကျင့်အပ်ပါပြီ။

၂၆။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်တိဏုက္ကဓာရိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

လေးခုမြောက် တိဏုက္ကဓာရိယတ္ထေရအပဒါန် ပြီး၏။

--

၅-အက္ကမနဒါယကတ္ထေရအပဒါန်

၂၇။ မကောင်းမှုမှ အပပြုပြီးသော ကျင့်သုံးပြီးသော အကျင့်သိက္ခာရှိတော်မူသော နေ့ သန့်စင်တော်မူရန်ကြွသွားတော်မူသော ကကုသန်မြတ်စွာဘုရားအား ဖိနပ်ကို ပေးလှူခဲ့၏။

၂၈။ ဤဘဒ္ဒကမ္ဘာ၌ ဖိနပ်အလှူကို ပေးလှူခဲ့ရသော အခါမှစ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ဖိနပ်လှူရခြင်း၏ အကျိုးပေတည်း။

၂၉။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။

၃၀။ ငါ၏ လာခြင်းကား။ပ။ လိုက်နာပြုကျင့်အပ်ပါပြီ။

၃၁။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်အက္ကမနဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ငါးခုမြောက် အက္ကမနဒါယကတ္ထေရအပဒါန် ပြီး၏။

၆-ဝနကောရဏ္ဍိယတ္ထေရအပဒါန်

၃၂။ လောက၏ အကြီးအမှူး ဖြစ်တော်မူသော ၊ တာဒိဂုဏ်နှင့် ပြည့်စုံတော်မူသော ၊ ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသော သိဒ္ဓတ္ထမြတ်စွာဘုရားအား တော၌ ဖြစ်သောလိပ်ဆူးရွှေပန်းကို ယူ၍ တင်လှူပူဇော်ခဲ့၏။

၃၃။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်၌ ပန်းကို တင်လှူပူဇော်ခဲ့ရသော အခါမှစ၍အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာဘုရား အားပန်းပူဇော်ရခြင်း၏ အကျိုးပေတည်း။

၃၄။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။

၃၅။ ငါ၏ လာခြင်းကား။ပ။ လိုက်နာပြုကျင့်အပ်ပါပြီ။

၃၆။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း။ပ။ လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ဝနကောရဏ္ဍိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ခြောက်ခုမြောက် ဝနကောရဏ္ဍိယတ္ထေရအပဒါန် ပြီး၏။

နှစ်ဆယ်ခုမြောက် ဘာဏဝါရ ပြီး၏။

--

၇-ဧကဆတ္တိယတ္ထေရအပဒါန်

၃၇။ မြေသည် ‘မီးကျီးကဲ့သို့’ ဖြစ်လျက် ရှိ၏၊ မြေသည် ‘ပြာပူကဲ့သို့’ ဖြစ်လျက် ရှိ၏၊ (ထိုအခါ) ပဒုမုတ္တရမြတ်စွာဘုရားသည် လွင်တီးခေါင်၌ စကြøကြွတော်မူလေ၏။

၃၈။ ငါသည် ထီးဖြူကို ယူ၍ ခရီးရှည် သွားခဲ့၏၊ ထိုခရီး၌ မြတ်စွာဘုရားကို မြင်ရ၍ ငါ့အားအားရနှစ်သက်ခြင်းသည် ဖြစ်ပေါ်လေ၏။

၃၉။ မြေကြီးသည် တံလျှပ်တို့ဖြင့် ဖုံးလွှမ်းလျက် ရှိ၏၊ ဤမြေကြီးသည် ‘မီးကျီးကဲ့သို့’ ဖြစ်လျက် ရှိ၏၊ ကိုယ်ကို လျင်စွာ ကုန်ခန်းစေတတ်ကုန်သော (ကိုယ်၏ အသက်ကို ကုန်ခန်း စေတတ်ကုန်သော) ကြီးမားသော လေ (လေမုန်တိုင်း) တို့သည် တိုက်ခတ်လျက် ရှိကုန်၏။

၄၀။ အအေးအပူကို ပယ်ဖျောက်နိုင်သော လေ, နေပူကို တားမြစ်နိုင်သော ဤထီးကို အလှူခံတော်မူပါ၊ အပူငြိမ်းအေးခြင်းကို တွေ့ထိစေလိုပါ၏။

၄၁။ အစဉ်သနားစောင့်ရှောက်တော်မူတတ်သော၊ မဟာကရုဏာရှိတော်မူသော ၊ များသော အခြံအရံရှိတော်မူသော ပဒုမုတ္တရမြတ်စွာဘုရားသည် ထိုအခါ၌ ငါ၏ စိတ်အကြံကို သိ၍ အလှူခံတော်မူ၏။

၄၂။ ငါသည် ကမ္ဘာသုံးဆယ်တို့ပတ်လုံး နတ်တို့ကို အစိုးရသည်ဖြစ်၍ သိကြားနတ်မင်း အဖြစ်ကိုပြုခဲ့ရ၏၊ အကြိမ်ငါးရာတိုင်တိုင် စကြဝတေးမင်းလည်း ဖြစ်ခဲ့ရ၏။

၄၃။ ပြန့်ပြောသော ပဒေသရာဇ်မင်း အဖြစ်သည်ကား ဂဏန်းအားဖြင့် မရေတွက်နိုင်၊ ရှေးကကောင်းစွာ ပြုလုပ်ခဲ့သော မိမိ၏ ကောင်းမှုအကျိုးကို ခံစားရ၏။

၄၄။ ဤဘဝသည်ကား အဆုံးဖြစ်သော ဘဝတည်း၊ (ငါ့အား) နောက်ဆုံးဘဝ ဖြစ်ပေ၏၊ ယခုဘဝ၌လည်း ထီးဖြူသည် ငါ့အား အခါခပ်သိမ်း ဆောင်းမိုးလျက် ရှိ၏။

၄၅။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ ထီးကို လှူခဲ့ရသော အခါမှစ၍ အပါယ် လေးပါးလားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ထီးလှူရခြင်း၏ အကျိုးပေ တည်း။

၄၆။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။

၄၇။ ငါ၏ လာခြင်းကား။ပ။ လိုက်နာပြုကျင့်အပ်ပါပြီ။

၄၈။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း။ပ။ လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ဧကဆတ္တိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ခုနစ်ခုမြောက် ဧကဆတ္တိယတ္ထေရအပဒါန် ပြီး၏။

--

၈-ဇာတိပုပ္ဖိယတ္ထေရအပဒါန်

၄၉။ များသော အခြံအရံရှိတော်မူသော ပဒုမုတ္တရမြတ်စွာဘုရားသည် ပရိနိဗ္ဗာန်စံတော်မူ သည်ရှိသော် ဦးဆောက်ပန်းတို့ကို ပြုလုပ်၍ ကိုယ်တော်ကို တင်လှူပူဇော်ခဲ့၏။

၅၀။ ငါသည် ထိုမြတ်စွာဘုရား၌ စိတ်ကို ကြည်ညိုစေခြင်းကြောင့် နိမ္မာနရတိနတ်ဘုံသို့ ရောက်ရ၏၊ ငါသည် နတ်ပြည်သို့ ရောက်သည်ရှိသော် ကောင်းမှုကံကို အောက်မေ့၏။

၅၁။ ငါ့အား ပန်းမိုးသည် ကောင်းကင်မှ အခါခပ်သိမ်း ရွာလျက်ရှိ၏၊ ငါသည် လူ့ပြည်၌ကျင်လည်ရငြားအံ့၊ အခြံအရံများသော မင်း ဖြစ်ရလေ၏။

၅၂။ မြတ်စွာဘုရားအား ထိုပန်းပူဇော်မှု၏ အစွမ်းကြောင့် ထိုလူ့ဘဝ၌ ငါ့အား ပန်းမိုး သည်အခါခပ်သိမ်း ရွာသွန်းလျက်ရှိ၏။

၅၃။ ဤဘဝသည်ကား ငါ့အား အဆုံးစွန်သော ဘဝတည်း၊ နောက်ဆုံးဘဝ ဖြစ်ပေ၏၊ ယခုဘဝ၌လည်း ငါ့အား ပန်းမိုးသည် အခါခပ်သိမ်း ရွာလျက်ရှိ၏။

၅၄။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ ပန်းကို တင်လှူခဲ့ရသော အခါမှစ၍ အပါယ် လေးပါးလားရသည်ကို မသိစဖူးပေ။ ဤသို့ဖြစ်ရခြင်းသည် ကိုယ်တော်အား ပူဇော်ရခြင်း၏ အကျိုးပေတည်း။

၅၅။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။

၅၆။ ငါ၏ လာခြင်းကား။ပ။ လိုက်နာပြုကျင့်အပ်ပါပြီ။

၅၇။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း။ပ။ လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ဇာတိပုပ္ဖိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ရှစ်ခုမြောက် ဇာတိပုပ္ဖိယတ္ထေရအပဒါန် ပြီး၏။

၉-ပဋ္ဋိပုပ္ဖိယတ္ထေရအပဒါန်

၅၈။ အလောင်းတော်ကို ထုတ်ဆောင်စဉ် စည်တို့ကို တီးအပ်ကုန်သည်ရှိသော် ကြည် ညိုဝမ်းမြောက်သောစိတ်ရှိသည်ဖြစ်၍ ကြပိုင်ပွင့်ကို ပူဇော်ခဲ့၏။

၅၉။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ ပန်းကို ပူဇော်ခဲ့ရသော အခါမှစ၍ အပါယ် လေးပါးလားရသည်ကို မသိစဖူးပေ။ ဤသို့ဖြစ်ရခြင်းသည် အလောင်းတော်ကို ပူဇော်ရခြင်း၏ အကျိုးပေတည်း။

၆၀။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။

၆၁။ ငါ၏ လာခြင်းကား။ပ။ လိုက်နာပြုကျင့်အပ်ပါပြီ။

၆၂။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း။ပ။ လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ပဋ္ဋိပုပ္ဖိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ကိုးခုမြောက် ပဋ္ဋိပုပ္ဖိယတ္ထေရအပဒါန် ပြီး၏။

--

၁၀-ဂန္ဓပူဇကတ္ထေရအပဒါန်

၆၃။ နံ့သာထင်းပုံတို့ကို ပြုကုန်လျက် အမျိုးမျိုးသော နံ့သာတို့ကို ဆောင်ယူအပ်သည် ရှိသော် ကြည်ညိုဝမ်းမြောက်သော စိတ်ရှိသည်ဖြစ်၍ နံ့သာဆုပ်ကို ပူဇော်ခဲ့၏။

၆၄။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ နံ့သာထင်းပုံကို ပူဇော်ခဲ့ရသော အခါမှစ၍ အပါယ်လေးပါးလားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် နံ့သာထင်းပုံကို ပူဇော်ရခြင်း၏ အကျိုးပေတည်း။

၆၅။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။

၆၆။ ငါ၏ လာခြင်းကား။ပ။ လိုက်နာပြုကျင့်အပ်ပါပြီ။

၆၇။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း။ပ။ လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ဂန္ဓပူဇကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ဆယ်ခုမြောက် ဂန္ဓပူဇကတ္ထေရအပဒါန် ပြီး၏။

လေးဆယ့်ခြောက်ခုမြောက် ဇဂတိဒါယကဝဂ် ပြီး၏။

--

၄၇-သာလကုသုမိယဝဂ်

၁-သာလကုသုမိယတ္ထေရအပဒါန်

။ ပဒုမုတ္တရမည်သော မြတ်စွာဘုရားသည် ပရိနိဗ္ဗာန်စံတော်မူသည်ရှိသော် နံ့သာထင်းပုံ ပေါ်သို့တင်သောအခါ၌ အင်ကြင်းပန်းကို ပူဇော်ခဲ့၏။

။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ ပန်းကို တင်လှူပူဇော်ခဲ့ရသော အခါမှစ၍ အပါယ်လေးပါးလားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် နံ့သာထင်းပုံကို ပူဇော်ရခြင်း၏ အကျိုးပေတည်း။

။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ၊ ဘဝအားလုံးတို့ကို ပယ်နုတ်အပ်ကုန်ပြီ၊ ‘ဆင်ပြောင်ကြီးသည် အနှောင်အဖွဲ့ကို ဖြတ်၍ နေသကဲ့သို့’ ငါသည် အာသဝမရှိဘဲ နေရ၏။

။ ငါ၏ လာခြင်းကား ကောင်းသောလာခြင်း စင်စစ် ဖြစ်ပေ၏၊ ငါသည် မြတ်စွာဘုရား အထံတော်၌ဝိဇ္ဇာသုံးပါးတို့ကို ရအပ်ကုန်ပြီ၊ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာပြု ကျင့်အပ်ပါပြီ။

။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်းကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်သာလကုသုမိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ရှေးဦးစွာသော သာလကုသုမိယတ္ထေရအပဒါန် ပြီး၏။

၂-စိတကပူဇကတ္ထေရအပဒါန်

။ လောက၏ အဆွေခင်ပွန်းဖြစ်တော်မူသော သိခီမြတ်စွာဘုရား၏ အလောင်းတော်ကိုမီးသင်္ဂြိုဟ်အပ်သည်ရှိသော် နံ့သာထင်းပုံပေါ်သို့ စံကားပန်းရှစ်ပွင့်တို့ကို တင်လှူပူဇော်ခဲ့၏။

။ ဤဘဒ္ဒကမ္ဘာမှ သုံးဆယ့်တစ်ကမ္ဘာထက်၌ ပန်းကို တင်လှူပူဇော်ခဲ့ရသော အခါမှစ၍ အပါယ်လေးပါးလားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် နံ့သာထင်းပုံကို ပူဇော်ရခြင်း၏ အကျိုးပေတည်း။

။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။

။ ငါ၏ လာခြင်းကား။ပ။ လိုက်နာပြုကျင့်အပ်ပါပြီ။

၁၀။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း။ပ။ လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်စိတကပူဇကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

နှစ်ခုမြောက် စိတကပူဇကတ္ထေရအပဒါန် ပြီး၏။

--

၃-စိတကနိဗ္ဗာပကတ္ထေရအပဒါန်

၁၁။ ဝေဿဘူမြတ်စွာဘုရား၏ အလောင်းတော်ကို မီးဩင်္ဂုိဟ်အပ်သည်ရှိသော် ငါသည် နံ့သာရေကိုယူ၍ နံ့သာထင်းပုံကို ငြိမ်းစေခဲ့၏။

၁၂။ ဤဘဒ္ဒကမ္ဘာမှ သုံးဆယ့်တစ်ကမ္ဘာထက်၌ ငါသည် နံ့သာထင်းပုံကို ငြိမ်းစေ၏၊ ထိုအခါမှစ၍အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် နံ့သာ ရေလှူရခြင်း၏အကျိုးပေတည်း။

၁၃။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။

၁၄။ ငါ၏ လာခြင်းကား။ပ။ လိုက်နာပြုကျင့်အပ်ပါပြီ။

၁၅။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း။ပ။ လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်စိတကနိဗ္ဗာပကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

သုံးခုမြောက် စိတကနိဗ္ဗာပကတ္ထေရအပဒါန် ပြီး၏။

၄-သေတုဒါယကတ္ထေရအပဒါန်

၁၆။ ငါသည် ဝိပဿီမြတ်စွာဘုရား၏ စကြøဦး၌ ကြည်ညိုဝမ်းမြောက်သော စိတ်ရှိသည် ဖြစ်၍ တံတားကိုဆောက်လုပ်စေခဲ့၏။

၁၇။ ဤဘဒ္ဒကမ္ဘာမှ သုံးဆယ့်တစ်ကမ္ဘာထက်၌ ငါသည် တံတားပြုလုပ်စေခဲ့ရသော အခါမှစ၍အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည်ကား တံတား လှူရခြင်း၏အကျိုးပေတည်း။

၁၈။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။

၁၉။ ငါ၏ လာခြင်းကား။ပ။ လိုက်နာပြုကျင့်အပ်ပါပြီ။

၂၀။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း။ပ။ လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်သေတုဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

လေးခုမြောက် သေတုဒါယကတ္ထေရအပဒါန် ပြီး၏။

--

၅-သုမနတာလဝဏ္ဋိယတ္ထေရအပဒါန်

၂၁။ ငါသည် သိဒ္ဓတ္ထမြတ်စွာဘုရားအား မုလေးပန်းတို့ဖြင့် ဖုံးလွှမ်းသော ထန်းရွက် ယပ်ဝန်းကိုပေးလှူခဲ့၏၊ (ထိုယပ်ဖြင့်) များမြတ်သော အခြံအရံရှိတော်မူသော မြတ်စွာ ဘုရားကို ဆောင်းမိုးခဲ့၏။

၂၂။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်၌ ငါသည် ထန်းရွက်ယပ်ဝန်းကို ပေးလှူ ခဲ့ရသော အခါမှစ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ထန်းရွက်ယပ်ဝန်း လှူရခြင်း၏အကျိုးပေတည်း။

၂၃။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။

၂၄။ ငါ၏ လာခြင်းကား။ပ။ လိုက်နာပြုကျင့်အပ်ပါပြီ။

၂၅။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း။ပ။ လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်သုမနတာလဝဏ္ဋိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ငါးခုမြောက် သုမနတာလဝဏ္ဋိယတ္ထေရအပဒါန် ပြီး၏။

၆-အဝဋဖလိယတ္ထေရအပဒါန်

၂၆။ ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသော အလိုလိုဖြစ်တော်မူသော ရန်သူတို့ မအောင်အပ်သောသတရံသီမည်သော ပစ္စေကဗုဒ္ဓါသည် ဆိတ်ငြိမ်ရာကို အလိုရှိတော်မူသည် ဖြစ်၍ ဆွမ်းခံရာအရပ်မှထွက်တော်မူ၏။

၂၇။ လက်၌ သစ်သီးရှိသော ငါသည် ပစ္စေကဗုဒ္ဓါကို ဖူးမြင်ရ၍ (အနီးသို့) ချဉ်းကပ်ခဲ့၏၊ ကြည်ညိုဝမ်းမြောက်သော စိတ်ရှိသည်ဖြစ်၍ အဝဋမည်သော သစ်သီးကို ပေးလှူခဲ့၏။

၂၈။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်၌ သစ်သီးကို ပေးလှူခဲ့ရသော အခါမှစ၍ အပါယ်လေးပါးလားရသည်ကို မသိစဖူးပေ။ ဤသို့ဖြစ်ရခြင်းသည် သစ်သီးလှူရခြင်း၏ အကျိုးပေတည်း။

၂၉။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။

၃၀။ ငါ၏ လာခြင်းကား။ပ။ လိုက်နာပြုကျင့်အပ်ပါပြီ။

၃၁။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း။ပ။ လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်အဝဋဖလိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ခြောက်ခုမြောက် အဝဋဖလိယတ္ထေရအပဒါန် ပြီး၏။

--

၇-လဗုဇဖလဒါယကတ္ထေရအပဒါန်

၃၂။ ထိုအခါ ငါသည် ဗန္ဓုမတီမြို့၌ အရံစောင့်ဖြစ်ခဲ့၏၊ ကိလေသာမြူ ကင်းတော်မူ သော ကောင်းကင်၌ကြွသွားတော်မူသော မြတ်စွာဘုရားကို ဖူးမြင်ရ၏။

၃၃။ ငါသည် တောင်ပိန္နဲသီးကို ယူ၍ ဘုရားမြတ်အား ပေးလှူခဲ့၏၊ မြတ်စွာဘုရားသည် ကောင်းကင်၌ရပ်တော်မူလျက်သာလျှင် ခံယူတော်မူ၏။

၃၄။ ငါ၏ နှစ်သက်မှုဖြစ်စေခြင်းသည် မျက်မှောက်ချမ်းသာကို ရွက်ဆောင်၏၊ မြတ်စွာ ဘုရားအား အလွန်ကြည်ညိုသော စိတ်ဖြင့် သစ်သီးကို ပေးလှူခဲ့ခြင်းကြောင့်-

၃၅။ ထိုအခါ၌ ငါသည် နှစ်သက်မှုကိုလည်းကောင်း၊ ပြန့်ပြောသော ချမ်းသာမြတ်ကို လည်းကောင်းရခဲ့၏။ ထိုထိုဘဝ၌ ဖြစ်သော ငါ့အား ရတနာသည် ဖြစ်ပေါ်လျက် ရှိပေ၏။

၃၆။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ သစ်သီးကို ပေးလှူခဲ့ရသော အခါမှစ၍ အပါယ်လေးပါးလားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် သစ်သီးလှူရခြင်း၏ အကျိုးပေတည်း။

၃၇။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။

၃၈။ ငါ၏ လာခြင်းကား။ပ။ လိုက်နာပြုကျင့်အပ်ပါပြီ။

၃၉။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း။ပ။ လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်လဗုဇဖလဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ခုနစ်ခုမြောက် လဗုဇဖလဒါယကတ္ထေရအပဒါန် ပြီး၏။

၈-ပိလက္ခဖလဒါယကတ္ထေရအပဒါန်

၄၀။ များသော အခြံအရံရှိတော်မူသော အတ္ထဒဿီမြတ်စွာဘုရားကို တောအတွင်း၌ ဖူးမြင်ရ၍ကြည်ညိုဝမ်းမြောက်သော စိတ်ရှိသည်ဖြစ်၍ ညောင်ကြတ်သီးကို ပေးလှူခဲ့၏။

၄၁။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာတစ်ထောင့်ရှစ်ရာထက်၌ သစ်သီးကို ပေးလှူခဲ့ရသော အခါမှစ၍အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် သစ်သီးလှူရခြင်း၏အကျိုးပေတည်း။

၄၂။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။

၄၃။ ငါ၏ လာခြင်းကား။ပ။ လိုက်နာပြုကျင့်အပ်ပါပြီ။

၄၄။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း။ပ။ လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ပိလက္ခဖလဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ရှစ်ခုမြောက် ပိလက္ခဖလဒါယကတ္ထေရအပဒါန် ပြီး၏။

--

၉-သယံပဋိဘာနိယတ္ထေရအပဒါန်

၄၅။ တင့်တယ်လှပသော ရေခံတက်ပင်ကဲ့သို့သော၊ နတ်ထက်နတ် ဖြစ်တော်မူသော မြတ်စွာဘုရားကို ခရီးလမ်း၌ ကြွသွားတော်မူစဉ် ဖူးမြင်ရသည်ရှိသော် အဘယ်သူသည် မကြည်ညိုဘဲ ရှိပါအံ့နည်း။

၄၆။ မောဟတည်းဟူသော အမိုက်မှောင်ကို ဖျက်ဆီး၍ များစွာသော လူအပေါင်းကို ကယ်တင်လျက်ဉာဏ်တော်တည်းဟူသော အလင်းရောင်ဖြင့် ထွန်းလင်းတောက်ပတော်မူသော မြတ်စွာဘုရားကို ဖူးမြင်ရသည်ရှိသော် အဘယ်သူသည် မကြည်ညိုဘဲ ရှိပါအံ့နည်း။

၄၇။ ရဟန္တာတစ်သိန်းတို့နှင့် အတူ ကြွသွားတော်မူသော များစွာသော သတ္တဝါတို့ကိုထုတ်ဆောင်ကယ်တင်တော်မူသော မြတ်စွာဘုရားကို ဖူးမြင်ရသည်ရှိသော် အဘယ်သူသည် မကြည်ညိုဘဲရှိပါအံ့နည်း။

၄၈။ တရားတော်တည်းဟူသော စည်ကြီးကို ရိုက်တီး၍ တိတ္ထိအပေါင်းတို့ကို နှိမ်နင်း တော်မူသော ရဲရင့်သော မိန့်ခွန်းတော်ကို မိန့်မြွက်တော်မူသော မြတ်စွာဘုရားကို ဖူးမြင်ရ သည်ရှိသော် အဘယ်သူသည် မကြည်ညိုဘဲ ရှိပါအံ့နည်း။

၄၉။ အကြင်မျှ အတိုင်းအရှည်ရှိသော ဗြဟ္မာ့ပြည်မှ ဗြဟ္မာနှင့် တကွသော နတ်တို့သည် လာရောက်ကုန်၍သိမ်မွေ့ခက်ခဲသော ပြဿနာတို့ကို (မြတ်စွာဘုရားအား) မေးကြရကုန်၏၊ ထိုမြတ်စွာဘုရားကို ဖူးမြင်ရသည်ရှိသော် အဘယ်သူသည် မကြည်ညိုဘဲ ရှိပါအံ့နည်း။

၅၀။ နတ်နှင့် တကွသော လူတို့သည် အကြင်မြတ်စွာဘုရားအား လက်အုပ်ချီ၍ တောင်း ပန်လျက်ပေးလှူကြရကုန်၏၊ ထို့ကြောင့် ကောင်းမှုအကျိုးကို ခံစားကြရကုန်၏၊ ထိုမြတ်စွာ ဘုရားကို ဖူးမြင်ရသည်ရှိသော် အဘယ်သူသည် မကြည်ညိုဘဲ ရှိပါအံ့နည်း။

၅၁။ ခပ်သိမ်းသော လူတို့သည် စုဝေးကုန်၍ မြတ်စွာဘုရားကို ခြံရံကြကုန်၏၊ (ပြဿနာ မေးရန်) တောင်းပန်ခံရသော မြတ်စွာဘုရားသည် တုန်လှုပ်တော်မမူချေ၊ ထိုမြတ်စွာဘုရားကို ဖူးမြင်ရသည်ရှိသော် အဘယ်သူသည် မကြည်ညိုဘဲ ရှိပါအံ့နည်း။

၅၂။ အကြင်မြတ်စွာဘုရားသည် မြို့တွင်းသို့ ဝင်တော်မူလတ်သော် များစွာသော စည် ကြီးတို့သည်မြည်ဟည်းကုန်၏၊ အမုန်ယစ်သော ဆင်တို့သည် အော်မြည်ကြကုန်၏၊ ထို မြတ်စွာဘုရားကို ဖူးမြင်ရသည်ရှိသော် အဘယ်သူသည် မကြည်ညိုဘဲ ရှိပါအံ့နည်း။

၅၃။ အကြင်မြတ်စွာဘုရားသည် ခရီးလမ်းမ၌ ကြွသွားတော်မူလတ်သော် အခါခပ်သိမ်း ရောင်ခြည်တော်အားလုံးသည် အမြဲမပြတ် တောက်ပလျက်ရှိ၏၊ မြင့်မောက်သော မြေတို့ သည် ညီညွတ်လျက် ရှိကုန်၏၊ ထိုမြတ်စွာဘုရားကို ဖူးမြင်ရသည်ရှိသော် အဘယ်သူသည် မကြည်ညိုဘဲ ရှိပါအံ့နည်း။

၅၄။ မြတ်စွာဘုရားသည် တရားဟောတော်မူလတ်သော် စကြဝဠာအဆုံးတိုင်အောင်လည်း ကြားရ၏၊ သတ္တဝါအားလုံးတို့ကို သိစေနိုင်ပေ၏၊ ထိုမြတ်စွာဘုရားကို ဖူးမြင်ရသည်ရှိသော် အဘယ်သူသည်မကြည်ညိုဘဲ ရှိပါအံ့နည်း။

၅၅။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ မြတ်စွာဘုရားကို ချီးကျူးခဲ့ရသော အခါမှစ၍အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ဖြစ်ရခြင်းသည် မြတ်စွာဘုရားကို ချီးကျူးရခြင်း၏အကျိုးပေတည်း။

--

၅၆။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။

၅၇။ ငါ၏ လာခြင်းကား။ပ။ လိုက်နာပြုကျင့်အပ်ပါပြီ။

၅၈။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း။ပ။ လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်သယံပဋိဘာနိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ကိုးခုမြောက် သယံပဋိဘာနိယတ္ထေရအပဒါန် ပြီး၏။

၁၀-နိမိတ္တဗျာကရဏိယတ္ထေရအပဒါန်

၅၉။ ထိုအခါ၌ ငါသည် ဟိမဝန္တာသို့ သက်ဝင်၍ ဗေဒင်တို့ကို ပို့ချ၏၊ တပည့်ငါးသောင်းလေးထောင်တို့သည် ငါ့အား ခစားလုပ်ကျွေးကုန်၏။

၆၀။ အလုံးစုံသော တပည့်တို့သည် သင်အပ်ပြီးသော အတတ်ရှိကုန်၏၊ ဗေဒင်ကို တတ်မြောက်ကြကုန်၏၊ အင်္ဂါခြောက်ပါးရှိသော ဗေဒင်၌ အထွတ်အထိပ်သို့ ရောက်ကုန်၏၊ ထိုသူတို့ သည်မိမိ၏ အတတ်ပညာတို့၏ အထောက်အပံ့ကို ခံရကုန်လျက် ဟိမဝန္တာ၌ နေကြကုန်၏။

၆၁။ (ထိုအခါ များသော အခြံအရံရှိသော) အလောင်းတော်နတ်သားသည် တုသိတာ နတ်ပြည်မှ စုတေ၍ဆင်ခြင်ဉာဏ်ရှိလျက် ထင်သော သတိရှိလျက် အမိဝမ်း၌ ဖြစ်ရ၏။

၆၂။ မြတ်စွာဘုရားအလောင်း ပဋိသန္ဓေနေတော်မူသည်ရှိသော် လောကဓာတ်တစ်သောင်း သည်တုန်လှုပ်လေ၏၊ မြတ်စွာဘုရားအလောင်း ပဋိသန္ဓေနေတော်မူသည်ရှိသော် သူကန်းတို့ သည် မျက်စိ (အလင်း) ကို ရကြကုန်၏။

၆၃။ ဤမြေကြီးအားလုံးသည် အလုံးစုံသော အခြင်းအရာအားဖြင့် တုန်လှုပ်၏၊ လူအများ တို့သည်တော်လည်းသံကို ကြားကုန်၍ ထိတ်လန့်ကြကုန်၏။

၆၄။ လူအားလုံးတို့သည် အညီအညွတ် စည်းဝေးကြကုန်၍ ငါ၏ အထံသို့ လာရောက်ကြကုန်၏။ ဤမြေကြီးသည် တုန်လှုပ်ခဲ့၏၊ အကျိုးကား အဘယ်သို့ ဖြစ်ပါလတ္တံ့နည်း (ဟု မေးကြကုန်၏)။

၆၅။ (မကြောက်ကြကုန်လင့်၊) သင်တို့အား ဘေးမရှိချေ၊ အလုံးစုံသော သင်တို့သည် လည်းကြောက်ရွံ့ခြင်းကင်း ရဲတင်းကြကုန်လော့၊ ဤဖြစ်ပေါ်သော နိမိတ်ကား ကောင်းကျိုး ရှိမည့်နိမိတ်ပေတည်းဟု ထိုအခါ ငါသည် ထိုသူတို့အား ပြောဆိုခဲ့၏။

၆၆။ မချွတ်ဖြစ်လတ္တံ့သော အကြောင်းရှစ်ပါးကြောင့် ဤမြေကြီးသည် တုန်လှုပ်၏၊ အကြင်အခြင်းအရာအားဖြင့် အရောင်အလင်းသည် ပြန့်ပြောကြီးမား၏၊ ထိုအခြင်းအရာအား ဖြင့်နိမိတ်တို့သည် ထင်ပေါ်ကုန်၏။

၆၇။ စက္ခုငါးမျိုး ရှိတော်မူသော ဘုရားမြတ်သည် မချွတ်ပွင့်တော်မူလတ္တံ့၊ ဤသို့ ငါသည် လူအပေါင်းကိုသိစေ၍ ငါးပါးသီလတို့ကို ဟောခဲ့၏။

--

၆၈။ ထိုသူတို့သည် ငါးပါးသော သီလတို့ကိုလည်းကောင်း၊ ရခဲသော ဘုရားပွင့်တော်မူခြင်းကိုလည်းကောင်း ကြားသိရ၍ ဖြစ်သော တက်ကြွခြင်းရှိကုန်လျက် နှစ်သက်ရွှင်လန်းဝမ်းမြောက်ကြလေကုန်၏။

၆၉။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်နှစ်ကမ္ဘာထက်၌ နိမိတ်ကို မိန့်ကြား (ဖတ်ကြား) ခဲ့ရသော အခါမှစ၍အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် နိမိတ် ဖတ်ကြားခြင်း၏အကျိုးပေတည်း။

၇၀။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။

၇၁။ ငါ၏ လာခြင်းကား။ပ။ လိုက်နာပြုကျင့်အပ်ပါပြီ။

၇၂။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း။ပ။ လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်နိမိတ္တဗျာကရဏိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ဆယ်ခုမြောက် နိမိတ္တဗျာကရဏိယတ္ထေရအပဒါန် ပြီး၏။

လေးဆယ့်ခုနစ်ခုမြောက် သာလကုသုမိယဝဂ် ပြီး၏။

--

၄၈-နဠမာလိဝဂ်

၁-နဠမာလိယတ္ထေရအပဒါန်

။ ရွှေအဆင်းနှင့် တူသော အဆင်းရှိတော်မူသည် ဖြစ်၍ ပေးလှူဖွယ် ပစ္စည်းဝတ္ထုတို့ကိုအလှူခံတော်မူထိုက်သော လောက၏ ရှေ့သွား မြတ်စွာဘုရားကို တော၏ အထက်၌ ကြွသွား တော်မူစဉ်ဖူးမြင်ရ၏။

။ ထိုခဏ၌ ငါသည် ကျူပန်းကို ယူ၍ ထွက်သည်ရှိသော် ထိုအရပ်၌ ဩဃမှလွန် မြောက်သောအာသဝကင်းတော်မူပြီးသော မြတ်စွာဘုရားကို ဖူးမြင်ရ၏။

။ မြတ်သော အလှူကို ခံတော်မူထိုက်သော၊ ကြီးမားသော လုံ့လရှိတော်မူသော ၊ လောကအားလုံးကိုအစဉ်သနားတော်မူသော မြတ်စွာဘုရားကို ကြည်ညိုဝမ်းမြောက်သော စိတ်ရှိသည်ဖြစ်၍ ကျူပန်းကိုပူဇော်ခဲ့၏။

။ ဤဘဒ္ဒကမ္ဘာမှ သုံးဆယ့်တစ်ကမ္ဘာထက်၌ ကျူပန်းကို လှူဒါန်းပူဇော်ခဲ့ရသော အခါမှစ၍အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ဖြစ်ရခြင်းသည် မြတ်စွာဘုရားအား ပူဇော်ရခြင်း၏အကျိုးပေတည်း။

။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ၊ ဘဝအားလုံးတို့ကို ပယ်နုတ်အပ်ကုန်ပြီ၊ ‘ဆင်ပြောင်ကြီးသည် အနှောင်အဖွဲ့ကို ဖြတ်၍ နေသကဲ့သို့’ ငါသည် အာသဝမရှိဘဲ နေရ၏။

။ ငါ၏ လာခြင်းကား ကောင်းသောလာခြင်း စင်စစ် ဖြစ်ပေ၏၊ ငါသည် မြတ်စွာ ဘုရား အထံတော်၌ဝိဇ္ဇာသုံးပါးတို့ကို ရအပ်ကုန်ပြီ၊ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာပြုကျင့်အပ်ပါပြီ။

။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်းကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်နဠမာလိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ရှေးဦးစွာသော နဠမာလိယတ္ထေရအပဒါန် ပြီး၏။

--

၂-မဏိပူဇကတ္ထေရအပဒါန်

။ တရားခပ်သိမ်းတို့ကို တစ်ဖက်ကမ်းရောက် သိမြင်တော်မူသော ၊ မာရ်ငါးပါးကို အောင်မြင်တော်မူပြီးသော၊ ပဒုမုတ္တရမည်သော မြတ်စွာဘုရားသည် ဆိတ်ငြိမ်ခြင်းကို အလိုရှိတော်မူ သည်ဖြစ်၍ကောင်းကင်၌ ကြွသွားတော်မူ၏။

။ ဟိမဝန္တာ၏ အနီး၌ ဇာတဿရအိုင်ကြီးသည် ရှိ၏၊ ထိုအိုင်ကြီး၌ ကောင်းမှုကံနှင့် ယှဉ်သော ငါ၏ဗိမာန်သည် ရှိ၏။

၁၀။ ငါသည် ဗိမာန်မှ ထွက်သည်ရှိသော် ‘တောက်ပသော ငုရွှေပန်းကဲ့သို့လည်းကောင်း၊ ရဲရဲတောက်သောဟုန်းမီးစာကဲ့သို့လည်းကောင်း’ မြတ်စွာဘုရားကို ဖူးမြင်ရ၏။

၁၁။ ငါသည် မြတ်စွာဘုရားကို ပူဇော်အံ့ဟု ပန်းကို ရှာဖွေလတ်သော် မတွေ့မြင်ခဲ့၊ (ထို့ ကြောင့်) ငါသည် မိမိစိတ်ကို ကြည်လင်စေ၍ မြတ်စွာဘုရားအား ရှိခိုးခဲ့၏။

၁၂။ ငါ၏ ဦးခေါင်း၌ (ရှိသော) ပတ္တမြားကို ယူ၍ မြတ်စွာဘုရားကို ပူဇော်ခဲ့၏၊ ဤ ပတ္တမြားကို့ပူဇော်ရခြင်းကြောင့် ကောင်းသော အကျိုးသည် ဖြစ်ထွန်းပါစေသတည်း။

၁၃။ ပေးလှူဖွယ်ပစ္စည်းဝတ္ထုတို့ကို အလှူခံတော်မူထိုက်သော လောကသုံးပါးကို သိတော် မူသော ပဒုမုတ္တရမြတ်စွာဘုရားသည် ကောင်းကင်၌ ရပ်တော်မူလျက် ဤဆိုမည့် ဂါထာကို ဟောတော်မူ၏-

၁၄။ သင့်အား ထိုစိတ်အကြံသည် ပြည့်စုံစေသတည်း၊ ကြီးကျယ်သော ချမ်းသာကို ရစေ သတည်း၊ ဤပတ္တမြားဖြင့် ပူဇော်ရခြင်းကြောင့် များပြားသော အခြံအရံအကျော်အစောကို ခံစားရစေသတည်း။

၁၅။ ှ ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသော ပဒုမုတ္တရမည်သော မြတ်စွာဘုရားသည် ဤစကားကိုမိန့်တော်မူပြီးလျှင် စိတ်အလိုရှိရာ အရပ်သို့ ကြွသွားတော်မူ၏။

၁၆။ ငါသည် ကမ္ဘာခြောက်ဆယ်တို့ပတ်လုံး နတ်တို့ကို အစိုးရသည်ဖြစ်၍ သိကြားမင်း အဖြစ်ကို ပြုရ၏၊ အကြိမ်ရာပေါင်းများစွာ စကြဝတေးမင်းလည်း ဖြစ်ခဲ့၏။

၁၇။ နတ်ဖြစ်၍ဖြစ်သော ငါသည် ရှေးကောင်းမှုကံကို အောက်မေ့သည်ရှိသော် အရောင် အလင်းကိုပြုတတ်သော ပတ္တမြားသည် ငါ့အား ဖြစ်ပေါ်လေ၏။

၁၈-၁၉။ ဆန်းကြယ်သော အဝတ်တန်ဆာရှိကုန်သော၊ ပုလဲသွယ်, ပတ္တမြားနားတောင်းကိုပန်ဆင်ကုန်သော၊ ကော့တက်သော မျက်တောင်ရှိကုန်သော၊ ပြုံးရွှင်စွာ ပြောဆိုတတ်ကုန် သော၊ ကောင်းသော အမှတ်သညာရှိကုန်သော၊ သေးသွယ်သော ခါးရှိကုန်သော ငါသိမ်းပိုက် အပ်ကုန်သောမိန်းမပေါင်း ရှစ်သောင်းခြောက်ထောင်တို့သည် ငါ့ကို အမြဲမပြတ် ခြံရံလျက် ရှိကုန်၏။ ဤသို့ဖြစ်ရခြင်းသည် ပတ္တမြားကို ပူဇော်ရခြင်း၏ အကျိုးပေတည်း။

၂၀။ ရွှေဖြင့် ပြီးကုန်သော၊ ပတ္တမြားဖြင့် ပြီးကုန်သော၊ ထို့အတူ ကျောက်နီဖြင့် ပြီးကုန် သောတန်ဆာတို့သည် အကယ်၍ အလိုရှိပါမူ ကောင်းစွာ ပြုလုပ်အပ်သော ဘဏ္ဍာတို့သည် ငါ့အားဖြစ်ပေါ်ကုန်၏။

--

၂၁။ နှလုံးမွေ့လျော်ဖွယ် ကောင်းသော စုလစ်မွန်းချွန် အထွတ်တပ်အပ်သော အိမ်တို့သည်လည်းကောင်း၊ မြတ်သော သူတို့အားသာ ထိုက်သော အိပ်ရာနေရာသည်လည်းကောင်း ငါ၏စိတ်အကြံကို သိ၍ အလိုရှိတိုင်း ဖြစ်ပေါ်ကုန်၏။

၂၂။ အကြင်သူတို့သည် တရားသံကို နာယူနိုင်သော အရပ်ဒေသကိုလည်းကောင်း၊ လူတို့၏ကောင်းမှုမျိုးစေ့ စိုက်ပျိုးရာ လယ်ယာမြေကောင်းသဖွယ် ဖြစ်သော မြတ်စွာဘုရားကို လည်းကောင်း၊ သတ္တဝါအားလုံးတို့၏ ဆေးသဖွယ်ဖြစ်သော တရားတော်ကိုလည်းကောင်း ရရှိကုန်၏။ (ဤသို့ရရှိခြင်းကား) ထိုသူတို့အား ကောင်းစွာ ရအပ်သောလာဘ်ကြီးပေ တည်း။

၂၃။ အကြင်ငါသည် မြတ်စွာဘုရားကို ဖူးမြင်ခဲ့၏၊ ထိုငါသည် ကောင်းမှုကံကို ကောင်းစွာ ပြုအပ်၏၊ ပျက်စီးကျရာ အပါယ်လေးပါးမှ လွတ်မြောက်ရ၏၊ တုန်လှုပ်ခြင်း မရှိသော နိဗ္ဗာန် သို့ ရောက်ရ၏။

၂၄။ ကပ်ရောက်ရတိုင်းသော လူအဖြစ် နတ်အဖြစ်ဟူသမျှတို့၌ နေ့၌လည်းကောင်း၊ ညဉ့်၌လည်းကောင်း အရောင်အလင်းသည် ငါ့အား အခါခပ်သိမ်း ဖြစ်ပေါ်လျက် ရှိ၏။

၂၅။ ထိုပတ္တမြားကို ပူဇော်ခြင်းကြောင့် စည်းစိမ်တို့ကို ခံစားပြီးလျှင် ဉာဏ်တည်းဟူသောအရောင်အလင်းကို တွေ့မြင်လျက် တုန်လှုပ်ခြင်း မရှိသော နိဗ္ဗာန်သို့ ရောက်ရပေ၏။

၂၆။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ ပတ္တမြားကို ပူဇော်ခဲ့ရသော အခါမှစ၍ အပါယ်လေးပါးလားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ပတ္တမြားကို ပူဇော်ရ ခြင်း၏ အကျိုးပေတည်း။

၂၇။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။

၂၈။ ငါ၏ လာခြင်းကား။ပ။ လိုက်နာပြုကျင့်အပ်ပါပြီ။

၂၉။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း။ပ။ လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်မဏိပူဇကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

နှစ်ခုမြောက် မဏိပူဇကတ္ထေရအပဒါန် ပြီး၏။

--

၃-ဥက္ကာသတိကတ္ထေရအပဒါန်

၃၀။ ထိုအခါ၌ ကောသိကမည်သော ပစ္စေကဗုဒ္ဓါသည် စိတ္တကုဋ်တောင်၌ နေတော်မူ၏၊ ရဟန်းမြတ်ဖြစ်တော်မူသော ပစ္စေကဗုဒ္ဓါအရှင်မြတ်သည် ဈာန်ဝင်စားတော်မူလေ့ရှိ၏၊ ဈာန်၌ မွေ့လျော်တော်မူ၏၊ ဆိတ်ငြိမ်ရာ၌ မွေ့လျော်တော်မူ၏။

၃၁။ ငါသည် မိန်းမအပေါင်း ခြံရံလျက် ဟိမဝန္တာတောသို့ သက်ဝင်သည်ရှိသော် ‘လပြည့်နေ့၌ပေါ်ထွက်သော လပြည့်ဝန်းကဲ့သို့’ ကောသိကပစ္စေကဗုဒ္ဓါကို ဖူးမြင်ရ၏။

၃၂။ ထိုအခါ၌ ငါသည် မီးရှူးမီးတိုင် တစ်ရာတို့ကို ယူဆောင်၍ ဝန်းရံခဲ့၏၊ ခုနစ်ညဉ့် ခုနစ်နေ့ပတ်လုံးရပ်တည်၍ ရှစ်ရက်မြောက်သော နေ့၌ ပြန်သွားခဲ့၏။

၃၃။ ငါသည် အလိုလိုဖြစ်တော်မူသော ၊ ရန်သူတို့သည် မအောင်အပ်သော၊ သမာပတ်မှ ထတော်မူသော ကောသိကပစ္စေကဗုဒ္ဓါအရှင်မြတ်ကို ကြည်ညိုသော စိတ်ရှိလျက် ရှိခိုးပြီးလျှင် တစ်ထပ်စာဆွမ်းကိုပေးလှူခဲ့၏။

၃၄။ အခြေနှစ်ချောင်းရှိသူ နတ်လူတို့ကို အစိုးရတော်မူသော လောက၏ အကြီးအမှူး ဖြစ်တော်မူသော မြတ်စွာဘုရား ထိုကောင်းမှုကံကြောင့် တုသိတာနတ်ပြည်၌ ဖြစ်ရပါ၏။ ဤ သို့ ဖြစ်ရခြင်းသည်တစ်ထပ်စာဆွမ်းကို လှူရခြင်း၏ အကျိုးပေတည်း။

၃၅။ အရောင်အလင်းသည် ငါ့အား နေ့၌လည်းကောင်း၊ ညဉ့်၌လည်းကောင်း နေ့ရော ညဉ့်ပါအခါခပ်သိမ်း ဖြစ်ပေါ်လျက် ရှိ၏။ ငါသည် ထက်ဝန်းကျင်မှ ယူဇနာတစ်ရာတိုင်အောင် အရောင်ဖြင့်ဖြန့်နိုင်၏။

၃၆။ ငါသည် ငါးဆယ့်ငါးကမ္ဘာပတ်လုံး သမုဒ္ဒရာလေးစင်းအဆုံးရှိသော၊ မြေပြင်ကို အစိုးရသော၊ အောင်အပ်ပြီးသော စစ်သည်ရှိသော၊ ဇမ္ဗူဒိပ်တစ်ကျွန်းလုံးကို အစိုးရသော စကြဝတေးမင်း ဖြစ်ခဲ့၏။

၃၇။ ထိုအခါ၌ ငါ၏ မြို့သည် ပြည့်စုံ၏၊ စည်ပင်သာယာ၏၊ ကောင်းစွာဖန်ဆင်း အပ်သောအလျားယူဇနာသုံးဆယ်၊ အနံယူဇနာနှစ်ဆယ် ရှိ၏။

၃၈။ ဝိသကြုံနတ်သား ဖန်ဆင်းအပ်သော ထိုသောဘဏမည်သော မြို့သည် မောင်းကြေး နင်းသံနှင့်တကွဖြစ်သော အသံဆယ်မျိုးတို့ဖြင့် မတိတ်ဆိတ်ဘဲ ရှိလေ၏။

၃၉။ ထိုမြို့၌ ကြိမ်နွယ်သစ်သားသည်လည်းကောင်း၊ အင်္ဂတေမြေညက်တို့သည်လည်းကောင်း မရှိကုန်။ (မြို့သည်) အလုံးစုံ ရွှေဖြင့်ပြီးလျက် အခါခပ်သိမ်းပင် ထွန်းတောက်ပ ပေ၏။

၄၀။ မြို့ကို တံတိုင်းလေးထပ် ဝန်းရံအပ်ပေ၏၊ တံတိုင်းသုံးထပ်တို့သည် ပတ္တမြားဖြင့် ပြီးကုန်၏၊ အလယ်၌ ထန်းပင်အစဉ်လိုက်ကိုလည်း ဝိသကြုံနတ်သားသည် ဖန်ဆင်းအပ်၏။

၄၁။ တစ်သောင်းသော ရေကန်တို့သည် ပဒုမ္မာကြာ, ဥပ္ပလကြာတို့ဖြင့် ဖုံးလွှမ်းကုန်၍ ပုဏ္ဍရိက်ကြာတို့ဖြင့်ဖုံးလွှမ်းအပ်ကုန်၏၊ အမျိုးမျိုးသော ရနံ့တို့ဖြင့် ကြိုင်လှိုင်လျက် ရှိကုန်၏။

၄၂။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်၌ ငါသည် မီးရှူးမီးတိုင်ကို ညှိထွန်းပူဇော် ခဲ့ရသောအခါမှစ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် မီးရှူးမီးတိုင်ညှိထွန်းရခြင်း၏ အကျိုးပေတည်း။

--

၄၃။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။

၄၄။ ငါ၏ လာခြင်းကား။ပ။ လိုက်နာပြုကျင့်အပ်ပါပြီ။

၄၅။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း။ပ။ လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ဥက္ကာသတိကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

သုံးခုမြောက် ဥက္ကာသတိကတ္ထေရအပဒါန် ပြီး၏။

၄-သုမနဗီဇနိယတ္ထေရအပဒါန်

၄၆။ ဝိပဿီမြတ်စွာဘုရား၏ မြတ်သော ဗောဓိပင်၌ ဝမ်းမြောက်သည်ဖြစ်၍ ယပ်ကို ယူပြီးလျှင် ဗောဓိပင်မြတ်ကို ယပ်ခတ်ခဲ့၏။

၄၇။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ ဗောဓိပင်မြတ်ကို ယပ်ခတ်ခဲ့၏၊ ထိုအခါမှစ၍အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ဖြစ်ရခြင်းသည် ယပ်ခတ်ခြင်း၏ အကျိုးပေတည်း။

၄၈။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။

၄၉။ ငါ၏ လာခြင်းကား။ပ။ လိုက်နာပြုကျင့်အပ်ပါပြီ။

၅၀။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း။ပ။ လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်သုမနဗီဇနိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

လေးခုမြောက် သုမနဗီဇနိယတ္ထေရအပဒါန် ပြီး၏။

--

၅-ကုမ္မာသဒါယကတ္ထေရအပဒါန်

၅၁။ ငါသည် ဆွမ်းရှာမှီးခြင်းငှါ ကြွတော်မူသော ဝိပဿီမြတ်စွာဘုရား၏ အချည်းနှီးသော သပိတ်ကိုမြင်ရ၍ မုယောဆွမ်းကို ပြည့်စေခဲ့၏။

၅၂။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ မုယောဆွမ်းကို ပေးလှူခဲ့ရသော အခါမှစ၍အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် မုယောဆွမ်း လှူရခြင်း၏အကျိုးပေတည်း။

၅၃။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေ ရ၏။

၅၄။ ငါ၏ လာခြင်းကား။ပ။ လိုက်နာပြုကျင့်အပ်ပါပြီ။

၅၅။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း။ပ။ လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ကုမ္မာသဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ငါးခုမြောက် ကုမ္မာသဒါယကတ္ထေရအပဒါန် ပြီး၏။

၆-ကုသဋ္ဌကဒါယကတ္ထေရအပဒါန်

၅၆။ မကောင်းမှုမှ အပပြုပြီးတော်မူသော ကျင့်သုံးအပ်ပြီးသော သိက္ခာသီလရှိတော်မူ သောကဿပမြတ်စွာဘုရားအား ကြည်ညိုဝမ်းမြောက်သော စိတ်ရှိသည်ဖြစ်၍ ငါသည် စာရေးတံဆွမ်းရှစ်ဝတ်ကို ပေးလှူခဲ့၏။

၅၇။ ငါသည် ဤဘဒ္ဒကမ္ဘာ၌ စာရေးတံဆွမ်း ရှစ်ဝတ်ကို ပေးလှူခဲ့ရသော အခါမှစ၍ အပါယ်လေးပါးလားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် စာရေးတံဆွမ်း ရှစ်ဝတ်ကို ပေးလှူရခြင်း၏အကျိုးပေတည်း။

၅၈။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။

၅၉။ ငါ၏ လာခြင်းကား။ပ။ လိုက်နာပြုကျင့်အပ်ပါပြီ။

၆၀။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း။ပ။ လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ကုသဋ္ဌကဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ခြောက်ခုမြောက် ကုသဋ္ဌကဒါယကတ္ထေရအပဒါန် ပြီး၏။

--

၇-ဂိရိပုန္နာဂိယတ္ထေရအပဒါန်

၆၁။ ထိုအခါ၌ သောဘိတမည်သော မြတ်စွာဘုရားသည် စိတ္တကုဋ်တောင်၌ နေတော်မူ၏၊ ငါသည်တောင်ပုန်းညက်ပန်းကို ယူ၍ မြတ်စွာဘုရားကို ပူဇော်ခဲ့၏။

၆၂။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်၌ မြတ်စွာဘုရားကို ပူဇော်ခဲ့ရသော အခါမှစ၍အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာဘုရား အားပန်းပူဇော်ရခြင်း၏ အကျိုးပေတည်း။

၆၃။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။

၆၄။ ငါ၏ လာခြင်းကား။ပ။ လိုက်နာပြုကျင့်အပ်ပါပြီ။

၆၅။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း။ပ။ လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ဂိရိပုန္နာဂိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ခုနစ်ခုမြောက် ဂိရိပုန္နာဂိယတ္ထေရအပဒါန် ပြီး၏။

၈-ဝလ္လိကာရဖလဒါယကတ္ထေရအပဒါန်

၆၆။ ထိုအခါ၌ သုမနမည်သော မြတ်စွာဘုရားသည် တက္ကရာပြည်၌ နေတော်မူ၏၊ ငါသည် နွယ်သီးကိုယူ၍ မြတ်စွာဘုရားကို လှူဒါန်းခဲ့၏။

၆၇။ ဤဘဒ္ဒကမ္ဘာမှ သုံးဆယ့်တစ်ကမ္ဘာထက်၌ နွယ်သီးကို လှူခဲ့ရသော အခါမှစ၍ အပါယ်လေးပါးလားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် သစ်သီးလှူရခြင်း၏ အကျိုးပေတည်း။

၆၈။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။

၆၉။ ငါ၏ လာခြင်းကား။ပ။ လိုက်နာပြုကျင့်အပ်ပါပြီ။

၇၀။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း။ပ။ လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ဝလ္လိကာရဖလဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ရှစ်ခုမြောက် ဝလ္လိကာရဖလဒါယကတ္ထေရအပဒါန် ပြီး၏။

--

၉-ပါနဓိဒါယကတ္ထေရအပဒါန်

၇၁။ လောက၏ အကြီးအမှူးဖြစ်သော၊ လူတို့ထက် မြတ်တော်မူသော ၊ စက္ခုငါးမျိုးရှိ တော်မူသော အနောမဒဿီမြတ်စွာဘုရားသည် နေ့အခါ၌ ကျောင်းတော်မှထွက်၍ ခရီး လမ်းမသို့ ကြွတော်မူ၏။

၇၂။ ငါသည် ကောင်းစွာ ပြုအပ်သော ဖိနပ်ကို ယူ၍ ခရီးရှည် သွားခဲ့၏။ ထိုအခါ တင့်တင့်တယ်တယ်ရှုချင်ဖွယ်ရှိသော ခြေကျင် ကြွတော်မူသော မြတ်စွာဘုရားကို ဖူးမြင်ရ၏။

၇၃။ မိမိစိတ်ကို ကြည်လင်စေပြီးလျှင် ဖိနပ်ကို ထုတ်၍ ခြေတော်ရင်း၌ ထားလျက် ဤ စကားကိုလျှောက်ထား၏-

၇၄။ လုံ့လကြီးမားတော်မူသော သုဂတိဘဝကို ပေးတော်မူတတ်သော မြတ်စွာဘုရား (ဤဖိနပ်ကို) စီးတော်မူပါ၊ ဤအလှူမှ အကျိုးကို ရလိုပါ၏၊ အကျွန်ုပ်အား ထိုအကျိုးသည် ပြည့်စုံပါစေသတည်း (ဟုဤစကားကို လျှောက်ထား၏)။

၇၅။ လောက၏ အကြီးအမှူးဖြစ်သော လူတို့ထက် မြတ်တော်မူသော အနောမဒဿီ မြတ်စွာဘုရားသည် ဖိနပ်ကို စီး၍ ဤစကားကို မိန့်တော်မူ၏-

၇၆။ အကြင်သူသည် ကြည်ညိုသည် ဖြစ်၍ မိမိလက်တို့ဖြင့် ငါဘုရားအား ဖိနပ်ကို ပေး လှူ၏၊ ထိုသူ့ကို ငါသည် ဗျာဒိတ်စကား မိန့်ကြားတော်မူအံ့၊ မိန့်ကြားမည့် ငါ၏ စကားကို နာယူကြကုန်လော့-

၇၇။ အလုံးစုံသော နတ်တို့သည် မြတ်စွာဘုရားအသံတော်ကို သိကုန်၍ တက်ကြွသော စိတ်ရှိကြကုန်သည်ဖြစ်၍ ဝမ်းမြောက်နှစ်သက်ကြကုန်ပြီးလျှင် လက်အုပ်ချီလျက် စည်းဝေးရောက်လာကြကုန်၏။

၇၈။ ဤသူသည် ဖိနပ်တို့ကို လှူဒါန်းခြင်းကြောင့် ချမ်းသာခြင်းရှိသူ ဖြစ်လတ္တံ့၊ ငါးဆယ့်ငါးကြိမ်တိုင်တိုင်နတ်မင်းအဖြစ်ကိုလည်း ပြုရလတ္တံ့။

၇၉။ အကြိမ်တစ်ထောင်တိုင်တိုင် စကြဝတေးမင်းလည်း ဖြစ်လတ္တံ့၊ ပြန့်ပြောသော ပဒေသရာဇ်မင်းအဖြစ်သည်ကား ဂဏန်းအားဖြင့် မရေတွက်နိုင်။

၈၀။ ဤကမ္ဘာမှ မရေတွက်နိုင်သော တစ်သင်္ချေနှင့် ကမ္ဘာတစ်သိန်းထက် ဘဒ္ဒကမ္ဘာ၌ ဩက္ကာကမင်းမျိုး၌ဖြစ်သော အနွယ်အားဖြင့် ဂေါတမအမည်ရှိသော မြတ်စွာဘုရားသည် လောက၌ ပွင့်တော်မူလတ္တံ့။

၈၁။ ထိုမြတ်စွာဘုရား၏ တရားတော်တို့၌ တရားဖြင့် ဖန်ဆင်းအပ်သော အမွေခံသား တော်ဖြစ်၍အာသဝတရား အားလုံးတို့ကို ပိုင်းခြားသိလျက် အာသဝမရှိဘဲ ပရိနိဗ္ဗာန် ပြုလတ္တံ့။

၈၂။ နတ်ပြည်၌လည်းကောင်း၊ လူ့ပြည်၌လည်းကောင်း ကောင်းမှုရှိသော သူ (ဘုန်းကံ ကြီးမားသူ) သည်ဖြစ်လတ္တံ့၊ နတ်ယာဉ်နှင့် တူသော ယာဉ်ကို ရလတ္တံ့။

၈၃။ ပြာသာဒ်တို့သည်လည်းကောင်း၊ ထမ်းစင်တို့သည်လည်းကောင်း၊ လှည်းပေါင်းချုပ်သည်လည်းကောင်း၊ ကောင်းစွာ တန်ဆာဆင်အပ်သော ဆင်တို့သည်လည်ကောင်း၊ အာဇာနည်မြင်းကသော ရထားတို့သည်လည်းကောင်း အခါခပ်သိမ်း ငါ့အား ဖြစ်ပေါ်ကုန်၏။

၈၄။ ငါသည် အိမ်မှ ထွက်သော် လည်း ရထားဖြင့် ထွက်ခဲ့ရ၏၊ ဆံပင်တို့ကို ရိတ်အပ် ကုန်သည်ရှိသော် ငါသည် အရဟတ္တဖိုလ်သို့ ရောက်၏။

--

၈၅။ ငါ့အား အရတော်လေစွ၊ ငါသည် ကောင်းစွာ ရအပ်ပေ၏၊ ကုန်သွယ်မှုကို ကောင်း စွာယှဉ်စေအပ်၏၊ ဖိနပ်တစ်ရံကို လှူရခြင်းကြောင့် တုန်လှုပ်ခြင်း မရှိသော နိဗ္ဗာန်သို့ ရောက်ရပေ၏။

၈၆။ ဤဘဒ္ဒကမ္ဘာမှ မရေတွက်နိုင်သော တစ်သင်္ချေနှင့် ကမ္ဘာတစ်သိန်းထက်၌ ငါသည် ဖိနပ်ကိုပေးလှူခဲ့ရသော အခါမှစ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည်ဖိနပ်လှူရခြင်း၏ အကျိုးပေတည်း။

၈၇။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။

၈၈။ ငါ၏ လာခြင်းကား။ပ။ လိုက်နာပြုကျင့်အပ်ပါပြီ။

၈၉။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း။ပ။ လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ပါနဓိဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ကိုးခုမြောက် ပါနဓိဒါယကတ္ထေရအပဒါန် ပြီး၏။

၁၀-ပုလိနစင်္ကမိယတ္ထေရအပဒါန်

၉၀။ ရှေးအခါက ငါသည် ငှက်တို့ တွန်မြည်ရာ ဖြစ်သော တော၌ သားမုဆိုး ဖြစ်ခဲ့၏၊ ငါသည် သမင်ပျံကို ရှာမှီးသည်ရှိသော် စင်္ကြံကျောင်းကို တွေ့မြင်ရ၏။

၉၁။ ငါသည် ကြည်ညိုဝမ်းမြောက်သော စိတ်ရှိသည် ဖြစ်၍ ခါးပိုက်ဖြင့် သဲကိုယူပြီးလျှင် ဘုန်းကြက်သရေရှိတော်မူသော မြတ်စွာဘုရား၏ စင်္ကြံကျောင်းကို ဖြန့်ခင်းခဲ့၏။

၉၂။ ဤဘဒ္ဒကမ္ဘာမှ သုံးဆယ်တစ်ကမ္ဘာထက်၌ သဲကို ဖြန့်ခင်းခဲ့ရသော အခါမှစ၍ အပါယ်လေးပါးလားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် သဲကို ဖြန့်ခင်းရခြင်း၏ အကျိုးပေတည်း။

၉၃။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။

၉၄။ ငါ၏ လာခြင်းကား။ပ။ လိုက်နာပြုကျင့်အပ်ပါပြီ။

၉၅။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း။ပ။ လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ပုလိနစင်္ကမိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ဆယ်ခုမြောက် ပုလိနစင်္ကမိယတ္ထေရအပဒါန် ပြီး၏။

လေးဆယ့်ရှစ်ခုမြောက် နဠမာလိဝဂ် ပြီး၏။

--

၄၉-ပံသုကူလဝဂ်

၁-ပံသုကူလသညကတ္ထေရအပဒါန်

။ အလိုလို ဖြစ်တော်မူ၍ အမြတ်ဆုံးပုဂ္ဂိုလ် ဖြစ်တော်မူသော တိဿမည်သော မြတ်စွာ ဘုရားသည် ပွင့်တော်မူ၏၊ မြတ်စွာဘုရားသည် ပံ့သကူသင်္ကန်းကို ထား၍ ကျောင်းသို့ ဝင်တော်မူ၏။

။ ငါသည် (သက်တင်ရေးကဲ့သို့) ညွတ်ကွေးသော လေးကို ယူ၍ အစားအစာအကျိုးငှါ လှည့်လည်ခဲ့၏၊ သန်လျက်ကို စွဲကိုင်လျက် တောသို့ ဝင်ခဲ့၏။

။ ငါသည် ထိုတောတွင် သစ်ပင်ဖျား၌ ငြိတွယ်သော ပံ့သကူသင်္ကန်းကို တွေ့မြင်ရ၏၊ ထိုအခါ ငါသည်ထိုနေရာ၌ပင် လေးကို ချထားပြီးလျှင် ဦးထိပ်၌ လက်အုပ်ချီလျက်-

။ ကြည်ညိုဝမ်းမြောက်သော စိတ်ရှိသည်ဖြစ်၍ ပြန့်ပြောသော နှစ်သက်ခြင်း ‘ပီတိ’ ဖြင့် ဘုရားမြတ်ကိုအောက်မေ့လျက် ပံ့သကူသင်္ကန်းကို ရှိခိုးခဲ့၏။

။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်နှစ်ကမ္ဘာထက်၌ ငါသည် ပံ့သကူသင်္ကန်းကို ရှိခိုးခဲ့ရသော အခါမှစ၍အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ရှိခိုးရခြင်း၏ အကျိုးပေတည်း။

။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ၊ အလုံးစုံသော ဘဝတို့ ကိုပယ်နုတ်အပ်ကုန်ပြီ၊ ‘ဆင်ပြောင်ကြီးသည် အနှောင်အဖွဲ့ကို ဖြတ်၍ နေသကဲ့သို့’ ငါသည် အာသဝမရှိဘဲနေရ၏။

။ ငါ၏ လာခြင်းကား စင်စစ် ကောင်းသောလာခြင်း ဖြစ်ပေ၏၊ ငါသည် မြတ်စွာ ဘုရား၏ အထံတော်၌ ဝိဇ္ဇာသုံးပါးတို့ကို ရအပ်ကုန်ပြီ၊ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာပြုကျင့်အပ်ပါပြီ။

။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်းကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ပံသုကူလသညကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ရှေးဦးစွာသော ပံသုကူလသညကတ္ထေရအပဒါန် ပြီး၏။

--

၂-ဗုဒ္ဓသညကတ္ထေရအပဒါန်

။ (ငါသည်) ဗေဒင်ကို သရဇ္ဈာယ်တတ်၏၊ ဗေဒင်ကို ဆောင်တတ်၏၊ ဗေဒင်သုံးပုံး တို့ကိုတစ်ဖက်ကမ်းရောက် တတ်မြောက်၏၊ နိဃဏ္ဍု (အဘိဓာန်) ကျမ်း၊ ကေဋုဘ (အလင်္ကာ) ကျမ်းနှင့်တကွသော လက္ခဏာကျမ်း၌လည်းကောင်း၊ ဣတိဟာသ (ပူရာဏ်) ကျမ်း၌ လည်းကောင်း တစ်ဖက်ကမ်းရောက် တတ်မြောက်၏။

၁၀။ ထိုအခါ တပည့်တို့သည် ‘မြစ်ရေလျဉ်ကဲ့သို့’ ငါ့ထံသို့ လာရောက်ကုန်၏၊ ငါသည် ထိုတပည့်တို့အား ညဉ့်နေ့ပတ်လုံး မပျင်းမရိဘဲ ဗေဒင်တို့ကို ပို့ချ၏။

၁၁။ ထိုအခါ သိဒ္ဓတ္ထမည်သော မြတ်စွာဘုရားသည် လောက၌ ပွင့်တော်မူ၏၊ မောဟ အမိုက်မှောင်ကိုဖျက်ဆီး၍ ဉာဏ်အလင်းရောင်ကို ဖြစ်စေတော်မူ၏။

၁၂။ ငါ၏ တပည့်တစ်ယောက်သည် ငါ၏ တပည့်တို့အား ပြောဆို၏၊ ထိုအခါ ထိုတပည့် တို့သည် ဤအကြောင်းကို ကြားကုန်၍ ငါ့အား ပြောကြားကုန်၏။

၁၃။ အလုံးစုံသော တရားကို သိတော်မူသော လောကကို နိဗ္ဗာန်သို့ ပို့ဆောင်တော်မူ တတ်သော မြတ်စွာဘုရားသည် လောက၌ ပွင့်တော်မူ၏၊ လူအပေါင်းသည် ထိုမြတ်စွာ ဘုရားသို့ အတုလိုက်၍ကျင့်လျက်ရှိ၏၊ ငါတို့အား လာဘ်ရခြင်းသည် မရှိတော့လတ္တံ့။

၁၄။ မြတ်စွာဘုရားတို့သည် တစ်ရံတစ်ခါသာ ပွင့်တော်မူကြကုန်၏၊ စက္ခုငါးမျိုး ရှိတော် မူကုန်၏၊ များသော အခြံအရံအကျော်အစော ရှိတော်မူကုန်၏၊ ငါသည် လောကကို နိဗ္ဗာန်သို့ ပို့ဆောင်တတ်သောဘုရားမြတ်ကို ဖူးမြင်ရမူ ကောင်းလေစွ။

၁၅။ ငါသည် ငါ၏ သစ်နက်ရေလျှော်တေ (သင်္ကန်း) နှင့် ရေကရားတို့ကို ယူ၍ သင်္ခမ်း ကျောင်းမှထွက်ပြီးလျှင် တပည့်တို့ကို ပြောဆိုခဲ့၏။

၁၆။ ရေသဖန်းပွင့်ကို ရခဲသကဲ့သို့လည်းကောင်း၊ လ၌ ယုန်ရုပ်ကို ရခဲသကဲ့သို့လည်းကောင်း၊ ကျီးတို့၏ နို့ရည်ကို ရခဲသကဲ့သို့လည်းကောင်း ထို့အတူ (လောကကို နိဗ္ဗာန်သို့ ပို့ဆောင်တတ်သော) မြတ်စွာဘုရားကို ရနိုင်ခဲ၏။

၁၇။ လောက၌ မြတ်စွာဘုရားသည် ပွင့်တော်မူစဉ် လူ့အဖြစ်ကိုလည်း ရနိုင်ခဲ၏၊ (ဘုရားအဖြစ်၊ လူအဖြစ်) နှစ်ပါးစုံရှိကုန်သော် လည်း တရားကို နာကြားရခြင်းကိုလည်း အလွန်ရနိုင်ခဲ၏။

၁၈။ လောက၌ မြတ်စွာဘုရားသည် ကောင်းစွာ ပွင့်တော်မူပေ၏၊ ငါတို့အား အကျိုး ရှိသောပညာမျက်စိကို ရကုန်လတ္တံ့။ လာကြကုန်၊ မြတ်စွာဘုရား၏ အထံသို့ ငါတို့အားလုံး သွားကုန်အံ့။

၁၉။ ထိုအခါ ရေကရားကို ဆောင်ကုန်သော၊ ကြမ်းတမ်းသော သစ်နက်ရေကို ဝတ် ကုန်သောထိုရသေ့အားလုံးတို့သည် ရသေ့ပရိက္ခရာဝန်ဖြင့် ပြည့်ကုန်လျက် တောမှ ထွက်ကုန်၏။

၂၀။ ထိုရသေ့အားလုံးတို့သည် ထမ်းပိုးတစ်ပြန်မျှ ရှုကြည့်တတ်ကုန်၏၊ မြတ်သော အကျိုးကိုရှာမှီးလေ့ရှိကုန်၏၊ ကပ်ငြိခြင်း'လောဘ’ ပြစ်မှားခြင်း ‘ဒေါသ'မှ ကင်းကုန်၏၊ ကေသရာခြင်္သေ့မင်းကဲ့သို့ကြောက်ရွံ့ခြင်း မရှိကြကုန်။

--

၂၁။ အမှုကိစ္စ နည်းပါးကုန်၏၊ လျှပ်ပေါ်လော်လည်ခြင်း မရှိကုန်၊ (ပါဋိဟာရိယဉာဏ် ဖြင့်) ရင့်ကျက်သော ပညာဉာဏ်ရှိကုန်၏၊ ငြိမ်သက်သော ဖြစ်ခြင်း ရှိကုန်၏၊ (ဆွမ်းကို) ရှာမှီးခြင်းအကျိုးငှါလှည့်လည်တတ်ကုန်၏၊ ထိုရသေ့တို့သည် ဘုရားမြတ်သို့ ချဉ်းကပ်ကုန်၏။

၂၂။ ကြွင်းကျန်သော ယူဇနာခွဲ ခရီးရှိလတ်သော် ငါ့အား အနာရောဂါသည် ဖြစ်ပေါ်လာ၏၊ ငါသည်ဘုရားမြတ်ကို အောက်မေ့လျက် ထိုအရပ်၌ပင် ကွယ်လွန်ခဲ့၏။

၂၃။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်၌ မြတ်စွာဘုရား၌ အမှတ်သညာကို ရခဲ့သော အခါမှစ၍အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာဘုရား၌ အမှတ်ရခြင်း၏အကျိုးပေတည်း။

၂၄။ ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။

၂၅။ ငါ၏ လာခြင်းကား ကောင်းသောလာခြင်းပေတည်း။ပ။ အဆုံးအမသာသနာကို လိုက်နာပြုကျင့်အပ်ပါပြီ။

၂၆။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း။ပ။ သာသနာကို လိုက်နာကျင့်သုံးပြီး ပါပြီ။

ဤသို့လျှင် အသျှင်ဗုဒ္ဓသညကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

နှစ်ခုမြောက် ဗုဒ္ဓသညကတ္ထေရအပဒါန် ပြီး၏။

၃-ဘိသဒါယကတ္ထေရအပဒါန်

၂၇။ ထိုအခါ ငါသည် ဆင်အမျိုးမျိုးတို့ မှီဝဲရာ ရေကန်သို့ သက်ဆင်း၍ ထိုရေကန်၌ အစာဟူသောအကြောင်းကြောင့် ကြာစွယ်ကို နုတ်ယူ၏။

၂၈။ ထိုအခါ ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသော ပဒုမုတ္တရအမည်ရှိသော မြတ်စွာဘုရားသည် နီမြန်းသော သင်္ကန်းကို ဝတ်ရုံလျက် ကောင်းကင်ခရီး၌ ကြွသွားတော်မူ၏။

၂၉။ ထိုအခါ မြတ်စွာဘုရားသည် ပံ့သကူသင်္ကန်းတို့ကို ခါတော်မူသည်ရှိသော် ငါသည် အသံကိုကြားရ၏၊ ငါသည် အထက်သို့ မျှော်ကြည့်လတ်သော် မြတ်စွာဘုရားကို ဖူးမြင်ရ၏။

၃၀။ ထိုအရပ်၌ပင် ရပ်တည်လျက် မြတ်စွာဘုရားကို တောင်းပန်လျှောက်ထားခဲ့၏၊ မြတ်စွာဘုရားကြာစွယ်တို့မှ ပျားရည်သည် ယိုစီးလျက် ရှိပါ၏၊ ကြာရင်းတို့မှ နို့ရည် ထောပတ်သည် ယိုစီးလျက်ရှိပါ၏။

၃၁။ စက္ခုငါးမျိုးရှိတော်မူသော မြတ်စွာဘုရားသည် တပည့်တော်အား အစဉ်သနားသဖြင့်ခံယူတော်မူပါ (ဟု တောင်းပန်လျှောက်ထားခဲ့၏)။ ထိုအခါ သနားခြင်း ‘ကရုဏာ’ ရှိတော်မူ သောများသော အခြံအရံ အကျော်အစော ရှိတော်မူသော မြတ်စွာဘုရားသည် (ကောင်း ကင်မှ) သက်ဆင်း၍-

၃၂။ စက္ခုငါးမျိုးရှိတော်မူသော မြတ်စွာဘုရားသည် အစဉ်သနားသဖြင့် ငါ၏ ဆွမ်းကို ခံယူတော်မူ၏၊ ခံယူပြီး၍ မြတ်စွာဘုရားသည် ငါ့အား အနုမောဒနာ ပြုတော်မူ၏။

--

၃၃။ ဘုန်းကံကြီးသော ရသေ့ သင်သည် ချမ်းသာခြင်းရှိသူ ဖြစ်ပါစေသတည်း၊ လားရာ ဂတိသည်သင့်အား ပြည့်စုံပါစေသတည်း၊ ဤကြာစွယ်ကို လှူရခြင်းကြောင့် ပြန့်ပြောသော ချမ်းသာခြင်းကိုရပါစေသတည်း။

၃၄။ မာရ်ငါးပါးကို အောင်မြင်တော်မူသော သစ္စာလေးပါးကို ထိုးထွင်းသိမြင်တော်မူသော ပဒုမုတ္တရအမည်ရှိသော မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူပြီးလျှင် ဆွမ်းကို ယူ လျက်ကောင်းကင်ဖြင့် ကြွသွားတော်မူ၏။

၃၅။ ထို့နောက် ငါသည် ကြာစွယ်ကို ယူ၍ ငါ၏ သင်္ခမ်းကျောင်းသို့ ပြန်လာခဲ့၏၊ ကြာစွယ်ကို သစ်ပင်၌ဆွဲချိတ်ပြီးလျှင် ငါ၏ အလှူကို အကြိမ်ကြိမ် အောက်မေ့ခဲ့၏။

၃၆။ ထိုအခါ လေပြင်းမုန်တိုင်းသည် ထ၍ တောသည် တုန်လှုပ်လေ၏၊ မိုးကြိုး ထစ်ကြိုးသဖြင့်ကောင်းကင်သည် မြည်ဟည်းလေ၏။

၃၇။ ထိုအခါ မိုးကြိုးကျသည်ရှိသော် ငါ၏ ဦးထိပ်၌ ကျလေ၏၊ ထိုအခါ ထိုငါသည် ထိုင် လျက်ပင်ထိုနေရာ၌ ကွယ်လွန်ခဲ့၏။

၃၈။ ကောင်းမှုကံနှင့် ယှဉ်သော ငါသည် တုသိတာဘုံ၌ ကပ်ရောက်ရပေ၏၊ ငါသည် ငါ၏ကိုယ်ကောင်ကို ပစ်ချလျက် နတ်ပြည်လောက၌ ပျော်မွေ့ရ၏။

၃၉။ ကောင်းစွာ တန်ဆာဆင်အပ်ကုန်သော မိန်းမပေါင်း ရှစ်သောင်းခြောက်ထောင်တို့ သည် ညဉ့်နံနက် (ငါ့အား) ခစားလျက် ရှိကုန်၏။ ဤသို့ ဖြစ်ရခြင်းသည် ကြာစွယ်လှူရ ခြင်း၏ အကျိုးပေတည်း။

၄၀။ ငါသည် လူဘဝသို့ လာရောက်သည်ရှိသော် အခါခပ်သိမ်း ချမ်းသာခြင်းရှိသူဖြစ်၏၊ စည်းစိမ်ဥစ္စာ၌ငါ့အား ယုတ်လျော့ခြင်းသည် မရှိ။ ဤသို့ဖြစ်ရခြင်းသည် ကြာစွယ်လှူရ ခြင်း၏ အကျိုးပေတည်း။

၄၁။ တာဒိဂုဏ်နှင့် ပြည့်စုံတော်မူသော နတ်ထက်နတ် ဖြစ်တော်မူသော ထိုမြတ်စွာဘုရား သည် အစဉ်သနားစောင့်ရှောက်အပ်သည်ဖြစ်၍ အာသဝအားလုံး ကုန်ခန်းပြီ၊ ယခုအခါ တစ်ဖန် ဘဝသစ်သည် (ငါ့အား) မရှိတော့ပြီ။

၄၂။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ ကြာစွယ်ကို လှူဒါန်းခဲ့ရသော အခါမှစ၍ မကောင်းမှုပြုသူတို့ လားရာ ‘ဒုဂ္ဂတိ’ ဘဝကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ကြာစွယ်လှူရခြင်း၏အကျိုးပေတည်း။

၄၃။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။

၄၄။ ငါ၏ လာခြင်းကား။ပ။ လိုက်နာပြုကျင့်အပ်ပါပြီ။

၄၅။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း။ပ။ သာသနာကို လိုက်နာကျင့်သုံးပြီး ပါပြီ။

ဤသို့လျှင် အသျှင်ဘိသဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

သုံးခုမြောက် ဘိသဒါယကတ္ထေရအပဒါန် ပြီး၏။

--

၄-ဉာဏထဝိကတ္ထေရအပဒါန်

၄၆။ ဟိမဝန္တာ၏ တောင်ဘက်၌ ငါသည် သင်္ခမ်းကျောင်းကို ကောင်းစွာ ဆောက်လုပ် အပ်၏၊ ထိုအခါ (ငါသည်) မြတ်သော အကျိုးကို ရှာမှီးလျက် တော၌ နေ၏။

၄၇။ ငါသည် ရရသမျှသော သစ်မြစ်ဖြင့်လည်းကောင်း၊ သစ်သီးဖြင့်လည်းကောင်း ရောင့်ရဲပြီးလျှင် ဆရာကို အစဉ် ရှာဖွေလျက် တစ်ယောက်တည်း နေ၏။

၄၈။ ထိုအခါ သုမေဓာမည်သော မြတ်စွာဘုရားသည် လောက၌ ပွင့်တော်မူ၏၊ လူအပေါင်းကိုထုတ်ဆောင်ကယ်တင်တော်မူလျက် သစ္စာလေးပါးကို ပြတော်မူ၏။

၄၉။ ငါသည် မြတ်စွာဘုရား ပွင့်တော်မူကြောင်းကို မကြားရပေ၊ ငါ့အား တစ်စုံတစ်ယောက်သောသူမျှလည်း မပြောကြားချေ၊ ရှစ်နှစ်လွန်သောအခါ ငါသည် မြတ်စွာဘုရား (ပွင့်တော်မူကြောင်း) ကို ကြားရပေ၏။

၅၀။ ငါသည် မီးပူဇော်ရန် ထင်းကို ထုတ်၍ သင်္ခမ်းကျောင်းကို တံမြက်လှည်းပြီးလျှင် ရသေ့ပရိက္ခရာဝန်ကို ယူလျက် တောမှ ထွက်ခဲ့၏။

၅၁။ ထိုအခါ ငါသည် ရွာတို့၌ လည်းကောင်း၊ နိဂုံးတို့၌ လည်းကောင်း တစ်ညဉ့်မျှ နေလျက်အစဉ်အတိုင်း (သွားလတ်သော်) စန္ဒဝတီမြို့သို့ ရောက်လေ၏။

၅၂။ ထိုအခါ လူအပေါင်းကို နိဗ္ဗာန်သို့ ပို့ဆောင်တော်မူတတ်သော သုမေဓာမြတ်စွာ ဘုရားသည် များစွာသော သတ္တဝါတို့ကို ထုတ်ဆောင်ကယ်တင်လျက် အမြိုက်နိဗ္ဗာန်ကို ဟော ကြားတော်မူ၏။

၅၃။ ငါသည် လူအပေါင်းကို ကျော်လွန်၍ သမုဒ္ဒရာနှင့် တူသော မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် ပခုံးတစ်ဖက်၌ သစ်နက်ရေကို တင်လျက် မြတ်စွာဘုရားကို ချီးကျူးခဲ့၏။

၅၄။ အရှင်ဘုရားသည် သတ္တဝါတို့၏ ဆရာလည်း ဖြစ်တော်မူပါပေ၏၊ မှန်ကင်းသဖွယ် လည်းဖြစ်တော်မူပါပေ၏၊ တံခွန်သဖွယ်လည်း ဖြစ်တော်မူပါပေ၏ ယဇ်တိုင်သဖွယ်လည်း ဖြစ်တော်မူပါပေ၏၊ လဲလျောင်းရာလည်း ဖြစ်တော်မူပါပေ၏၊ တည်ရာမှီရာလည်း ဖြစ်တော်မူ ပါပေ၏၊ ကျွန်းသဖွယ်လည်း ဖြစ်တော်မူပါပေ၏၊ အခြေနှစ်ချောင်းရှိသူ နတ်လူတို့ထက် မြတ်တော်မူပါပေ၏။

နှစ်ဆယ့်တစ်ခုမြောက် ဘာဏဝါရ ပြီး၏။

၅၅။ မြတ်စွာဘုရား အရှင်ဘုရားသည် ဉာဏ်အမြင်၌ သိမ်မွေ့ခြင်း ရှိတော်မူပါပေ၏၊ လုံ့လရှိတော်မူပါပေ၏၊ လူအပေါင်းကို ကယ်တင်တော်မူပါပေ၏၊ အရှင်ဘုရားထက် သာလွန် သောအခြားကယ်တင်နိုင်သူသည် လောက၌ မရှိပါ။

၅၆။ သမုဒ္ဒရာမြတ်၌ ရေပေါက်တို့ကို သမန်းမြက်ဖျားဖြင့် နှိုင်းယှဉ် (ရေတွက်) ခြင်းငှါ စွမ်းနိုင်ရာပါ၏၊ မြတ်စွာဘုရား အရှင်ဘုရား၏ ဉာဏ်တော်ကို နှိုင်းယှဉ် (ရေတွက်) ခြင်းငှါ မစွမ်းနိုင်သည်သာတည်း။

၅၇။ ချိန်ခွင် (မောင်း) ၌ မြေကို တင်ထား၍ ချိန်ဆောင်ခြင်းငှါ စွမ်းနိုင်ရာပါ၏၊ မြတ်စွာ ဘုရားအရှင်ဘုရား၏ ပညာတော်၏ အတိုင်းအရှည်ကား မရှိသည်သာတည်း။

--

၅၈။ ကောင်းကင်ကို ကြိုးဖြင့်လည်းကောင်း၊ လက်သစ်ဖြင့်လည်းကောင်း နှိုင်းယှဉ် (တိုင်းတာ) ခြင်းငှါစွမ်းနိုင်ရာပါ၏။ မြတ်စွာဘုရား အရှင်ဘုရား၏ သီလတော်ကို နှိုင်းယှဉ် (တိုင်းတာ) ခြင်းငှါမစွမ်းနိုင်သည်သာတည်း။

၅၉။ မဟာသမုဒ္ဒရာ၌ ရေလည်းကောင်း၊ ကောင်းကင်လည်းကောင်း၊ မြေကြီးလည်းကောင်း ဤအရာတို့သည် နှိုင်းယှဉ်နိုင်ပါကုန်၏။ မြတ်စွာဘုရား အရှင်ဘုရားသည် မနှိုင်း ယှဉ်အပ်သော ပုဂ္ဂိုလ်ဖြစ်တော်မူပါပေ၏။

၆၀။ ထိုအခါ ငါသည် များသော အခြံအရံအကျော်အစော ရှိတော်မူသော မြတ်စွာဘုရား ကိုခြောက်ဂါထာတို့ဖြင့် (ပြောကြား) ချီးကျူး၍ လက်အုပ်ကိုချီပြီးလျှင် ဆိတ်ဆိတ် ရပ် တည်၏။

၆၁။ ထိုအခါ မြေကြီးအထုနှင့် တူသော ပညာရှိတော်မူသော ကောင်းသော ပညာရှိတော် မူသော အကြင်မြတ်စွာဘုရားကို “သုမေဓာ”ဟူ၍ ပြောဆိုကုန်၏၊ ထိုမြတ်စွာဘုရားသည် ရဟန်းသံဃာ (အလယ်) ၌ ထိုင်ကာ ဤဆိုမည့် ဂါထာတို့ကို မိန့်တော်မူ၏-

၆၂။ အကြင်သူသည် ငါ၏ ဉာဏ်တော်ကို အထူးကြည်လင်သော စိတ်ဖြင့် ချီးကျူးလေ၏၊ ထိုသူ့ကိုငါသည် ဗျာဒိတ်စကားကို မိန့်ကြားတော်မူအံ့၊ မိန့်ဆိုမည့် ငါ၏ စကားကို နာယူ ကြကုန်လော့-

၆၃။ ခုနစ်ဆယ့်ခုနစ်ကမ္ဘာတို့ပတ်လုံး နတ်ပြည်၌ ပျော်မွေ့ရလတ္တံ့၊ အကြိမ်တစ်ထောင် တိုင်တိုင်နတ်တို့ကို အစိုးရ၍ သိကြားမင်းအဖြစ်ကို ပြုရလတ္တံ့။

၆၄။ အကြိမ်တစ်ရာမက စကြဝတေးမင်းလည်း ဖြစ်လတ္တံ့၊ ပြန့်ပြောသော ပဒေသရာဇ် မင်းအဖြစ်သည်ကား ဂဏန်းအားဖြင့် မရေတွက်နိုင်။

၆၅။ ကုသိုက်ကံကို ဆောက်တည်ပြီးသူသည် နတ်ဖြစ်သော် လည်းကောင်း၊ လူဖြစ်သော် လည်းကောင်းမယုတ်လျော့သော စိတ်အကြံရှိလျက် ထက်မြက်သော ပညာရှိသူ ဖြစ်လတ္တံ့။

၆၆။ ကမ္ဘာသုံးသောင်းထက်၌ ဩက္ကာကမင်းမျိုး၌ ဖြစ်သော အနွယ်အားဖြင့် ဂေါတမမည် သောမြတ်စွာဘုရားသည် လောက၌ ပွင့်တော်မူလတ္တံ့။

၆၇။ အိမ်မှ ထွက်၍ ကြောင့်ကြမရှိဘဲ ရဟန်းပြုလတ္တံ့၊ မွေးဖွားသည်မှ ခုနစ်နှစ်မျှဖြင့် အရဟတ္တဖိုလ်သို့ရောက်ရလတ္တံ့။

၆၈။ အကြင်အခါမှ (စ၍) ငါသည် မိမိကိုယ်ကို အောက်မေ့နိုင်၏၊ အကြင်အခါမှ (စ၍) ငါသည်သာသနာတော်သို့ ရောက်၏၊ ဤအတွင်း၌ မပျော်မွေ့သော စိတ်စေတနာကို မသိ စဖူးပေ။

၆၉။ ငါသည် အလုံးစုံသော ဘဝ၌ ကျင်လည်၍ စည်းစိမ်ကို ခံစားခဲ့ရ၏၊ စည်းစိမ်ဥစ္စာ၌ ငါ့အားယုတ်လျော့ခြင်းသည် မရှိချေ။ (ဤကား) ဉာဏ်တော်ကို ချီးကျူးခြင်း၏ အကျိုးပေ တည်း။

၇၀။ မီးသုံးပါးတို့သည် ငါ့အား ငြိမ်းကုန်ပြီ၊ အလုံးစုံသော ဘဝတို့ကို ပယ်နုတ်ပြီးကုန် ပြီ၊ အာသဝအားလုံး ကုန်ခန်းကုန်ပြီ၊ ယခုအခါ တစ်ဖန် ဘဝသစ်သည် (ငါ့အား) မရှိ တော့ပြီ။

၇၁။ ကမ္ဘာသုံးသောင်းထက်၌ ဉာဏ်တော်ကို ချီးကျူးခဲ့ရသော အခါမှစ၍ ငါသည် မကောင်းမှု ပြုသူတို့လားရာ ‘ဒုဂ္ဂတိ’ ဘဝကို မသိစဖူးပေ။ ဤသို့ဖြစ်ရခြင်းသည် ဉာဏ် တော်ကို ချီးကျူးရခြင်း၏အကျိုးပေတည်း။

၇၂။ ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။

၇၃။ ငါ၏ လာခြင်းကား။ပ။ လိုက်နာပြုကျင့်အပ်ပါပြီ။

၇၄။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း။ပ။ သာသနာကို လိုက်နာကျင့်သုံးပြီး ပါပြီ။

--

ဤသို့လျှင် အသျှင်ဉာဏထဝိကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

လေးခုမြောက် ဉာဏထဝိကတ္ထေရအပဒါန် ပြီး၏။

၅-စန္ဒနမာလိယတ္ထေရအပဒါန်

၇၅။ ငါသည် ချစ်အပ်သော သဘောရှိသော စိတ်ကို ပျော်မွေ့စေနိုင်သော ကာမဂုဏ် ငါးပါးတို့ကိုပယ်စွန့်၍ ဥစ္စာကုဋေရှစ်ဆယ်တို့ကို ပယ်စွန့်ပြီးလျှင် ရဟန်းဘောင်သို့ ဝင် ရောက်ခဲ့၏။

၇၆။ ရဟန်းပြုပြီး၍ ကိုယ်ဖြင့် မကောင်းမှုကို ရှောင်ကြဉ်ခဲ့၏၊ ငါသည် ဝစီဒုစရိုက်ကို ပယ်စွန့်၍ မြစ်ကမ်း၌ နေ၏။

၇၇။ ဘုရားမြတ်သည် တစ်ယောက်တည်းနေသော ငါ၏ အထံသို့ ကြွလာတော်မူ၏၊ ငါသည်"ဘုရား”ဟူ၍ မသိချေ၊ (သို့သော်) ပဋိသန္ထာရအမှု (စေ့စပ်ပြောဟောခြင်း) ကို ပြုခဲ့၏။

၇၈။ ငါသည် ပဋိသန္ထာရအမှု (စေ့စပ်ပြောဟောခြင်း) ကို ပြုပြီး၍ အမည်နှင့်အနွယ်ကို မေးမြန်းခဲ့၏၊ သင်သည် နတ် ဖြစ်ပါသလော၊ သင်သည် ဂန္ဓဗ္ဗ (နတ်) မျိုး ဖြစ်ပါသလော၊ သို့မဟုတ် (ရှေး၌အလှူပေးဖူးသော) သိကြားမင်း ဖြစ်ပါသလော။

၇၉။ သင်သည် အဘယ်သူ ဖြစ်ပါသနည်း၊ သင်သည် အဘယ်သူ၏သား ဖြစ်ပါသနည်း၊ ဗြဟ္မာကြီးသည်ပင် ဤအရပ်သို့ လာပါသလော၊ သင်သည် ‘တက်သစ်သော နေမင်းကဲ့သို့'အရပ်မျက်နှာအားလုံးတို့ကို တင့်တယ်စေဘိ၏။

၈၀။ အချင်း (သင်၏) ခြေ၌ အကန့်တစ်ထောင်ရှိသော စက်တို့ကို တွေ့မြင်ရပါကုန်၏၊ သင်သည်အဘယ်သူ ဖြစ်ပါသနည်း၊ အဘယ်သူ၏ သား ဖြစ်ပါသနည်း၊ ငါတို့သည် သင့်ကို အဘယ်သို့သိရပါကုန်အံ့နည်း၊ အမည်အနွယ်ကို ပြောကြားပါလော့၊ ငါ၏ ယုံမှားခြင်းကို ပယ်ဖျောက်ပါလော့ (ဟုမေး၏)။

၈၁။ ငါသည် နတ်လည်း မဟုတ်၊ ဂန္ဓဗ္ဗနတ်မျိုးလည်း မဟုတ်၊ ရှေး၌ အလှူပေးခဲ့ဖူး သောသိကြားမင်းလည်း မဟုတ်၊ ငါ့အား ဗြဟ္မာအဖြစ်သည်လည်း မရှိချေ၊ ငါကား ထိုသူ တို့ထက် မြတ်၏။

၈၂။ ငါသည် ထိုသူတို့၏ အရာကို လွန်မြောက်လျက် ကာမအနှောင်အဖွဲ့ကို ဖြတ် တောက်ခဲ့၏၊ အလုံးစုံသော ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေ၍ မြတ်သော သမ္မာ သမ္ဗောဓိဉာဏ် (ဘုရားအဖြစ်) သို့ ရောက်သူ ဖြစ်ပေ၏ (ဟု ဖြေကြားပေ၏)။

၈၃။ ငါသည် ထိုမြတ်စွာဘုရား၏ စကားကို ကြားရ၍ ဤစကားကို လျှောက်ဆို၏၊ မြတ်စွာဘုရားအရှင်သည် အကယ်၍ အလုံးစုံကို သိသော မြတ်စွာဘုရား ဖြစ်ပါမူ ထိုင်တော် မူပါ။

၈၄။ အရှင်သည် ဆင်းရဲခြင်း၏ အဆုံးကို ပြုတော်မူတတ်ပါ၏၊ (ထို့ကြောင့်) အကျွန်ုပ် သည် အရှင်ကိုပူဇော်ပါအံ့၊ (ဤသို့) ငါသည် လျှောက်ပြီးလျှင် ငါသည် သစ်နက်ရေကို ဖြန့် ခင်း၍ မြတ်စွာဘုရားအားပေးလှူခဲ့၏။

--

၈၅။ ‘တောင်ခေါင်း (လိုဏ်ဂူ) ၌ ခြင်္သေ့မင်းကဲ့သို့’ မြတ်စွာဘုရားသည် ထိုနေရာ၌ ထိုင် နေတော်မူ၏၊ ငါသည် တောင်ပေါ်သို့ လျင်စွာ တက်၍ သရက်သီးကို ဆွတ်ယူခဲ့၏။

၈၆။ အင်ကြင်ပန်းကိုလည်းကောင်း၊ မြတ်သူတို့အား ထိုက်တန်သော စန္ဒကူးကိုလည်းကောင်းထိုအလုံးစုံကို လျင်မြန်စွာ ယူ၍ မြတ်စွာဘုရားသို့ ချဉ်းကပ်ပြီးလျှင် -

၈၇-၈၈။ သရက်သီးကို မြတ်စွာဘုရားအား လှူ၍ အင်ကြင်းပန်းကို ပူဇော်ခဲ့၏၊ ငါသည်ကြည်လင်ဝမ်းမြောက်သော စိတ်ရှိလျက် ပြန့်ပြောသော ပီတိဖြင့် မြတ်စွာဘုရားအား စန္ဒကူး ကိုလိမ်းကျံ၍ ရှိခိုးခဲ့၏၊ သုမေဓာမြတ်စွာဘုရားသည် သစ်နက်ရေ၌ ထိုင်တော်မူ၏။

၈၉။ ထိုအခါ ငါ့ကို ရွှင်လန်းစေလျက် ငါ၏ ကောင်းမှုကံကို ဗျာဒိတ်စကား မိန့်ကြားတော်မူ၏၊ ဤသရက်သီးအလှူကြောင့်လည်းကောင်း၊ နံ့သာပန်း (အလှူ) တို့ကြောင့်လည်းကောင်း နှစ်ပါးစုံသောအလှူတို့ကြောင့်-

၉၀။ ကမ္ဘာနှစ်ထောင့်ငါးရာတို့ပတ်လုံး နတ်ပြည်၌ ပျော်မွေ့ရလတ္တံ့၊ မယုတ်လျော့သောစိတ်အကြံရှိသူဖြစ်၍ မိမိအလိုဆန္ဒအတိုင်း လိုက်စေနိုင်သူ ဖြစ်လတ္တံ့။

၉၁။ ကမ္ဘာနှစ်ထောင့်ခြောက်ရာတို့ပတ်လုံး လူ့အဖြစ်သို့ ရောက်ရလတ္တံ့၊ ကျွန်းကြီးလေး ကျွန်းအပိုင်းအခြားရှိသည်ဖြစ်၍ တန်ခိုးကြီးသော စကြဝတေးမင်း ဖြစ်လတ္တံ့။

၉၂။ (ထိုမင်းအား) ဝိသကြုံနတ်သား ဖန်ဆင်းအပ်သော အလုံးစုံ ရွှေဖြင့်ပြီးသော ရတနာအမျိုးမျိုးတို့ဖြင့် တန်ဆာဆင်အပ်သော ဝေဘာရမည်သော မြို့သည် ဖြစ်လတ္တံ့။

၉၃။ ဤနည်းအားဖြင့်သာလျှင် ထိုသူသည် နတ်ဘဝ၌ဖြစ်စေ သို့မဟုတ် လူ့ဘဝ၌ဖြစ်စေ အလုံးစုံသောဘဝတို့၌ ပူဇော်ခံရသူ ဖြစ်၍ ကျင်လည်ရလတ္တံ့။

၉၄။ နောက်ဆုံးဘဝသို့ ရောက်လတ်သော် ဗြဟ္မာ၏ အဆွေဖြစ်သော ဗြာဟ္မဏမျိုး ဖြစ်လတ္တံ့၊ အိမ်မှထွက်၍ ရဟန်းဖြစ်လတ္တံ့၊ အဘိညာဉ်၏ ကမ်းတစ်ဖက်သို့ ရောက်သူ ဖြစ်၍ အာသဝမရှိဘဲပရိနိဗ္ဗာန်ပြုရလတ္တံ့ (ဟု ဟောတော်မူ၏)။

၉၅။ လောက၏ ရှေ့သွား သုမေဓာမြတ်စွာဘုရားသည် ဤစကားကို မိန့်ဆို၍ ငါသည် ဖူးမြော်နေစဉ်ပင် ကောင်းကင်၌ ဖဲကြွတော်မူ၏။

၉၆။ ငါသည် ကောင်းစွာ ပြုအပ်သော ထိုကောင်းမှုကံကြောင့်လည်းကောင်း၊ စေတနာ, တောင့်တမှုတို့ကြောင့်လည်းကောင်း လူ၏ ကိုယ်ခန္ဓာစွန့်၍ တာဝတိံ သာသို့ ရောက်ခဲ့၏။

၉၇။ ငါသည် တုသိတာနတ်ပြည်မှ စုတေ၍ အမိဝမ်း၌ ဖြစ်၏၊ ငါ့အား စည်းစိမ်ဥစ္စာ၌ယုတ်လျော့သည့်အဖြစ်သည် မရှိချေ၊ ငါသည် အကြင်အမိဝမ်း၌ နေ၏။

၉၈။ ငါသည် အမိဝမ်းသို့ ရောက်သည်ရှိသော် ထမင်း, အဖျော်သည်လည်းကောင်း၊ စားဖွယ်သည်လည်းကောင်း ငါ၏ အလိုဆန္ဒကြောင့် အမိအား အလိုရှိတိုင်း ဖြစ်လေ၏။

၉၉။ မွေးဖွားသည်မှ ငါးနှစ်မျှဖြင့် ရဟန်းဘောင်သို့ ဝင်ရောက်ခဲ့၏၊ ဆံကို ချအပ်သည် ရှိသော် ငါသည်အရဟတ္တဖိုလ်သို့ ရောက်၏။

၁၀၀။ ငါသည် ရှေးကံကို ရှာဖွေစုံစမ်းသည်ရှိသော် (ကမ္ဘာသုံးသောင်း) အတွင်း၌ မတွေ့ မြင်ရချေ၊ ကမ္ဘာသုံးသောင်းထက်၌ ငါ၏ ကံကို အစဉ်လျှောက်၍ အောက်မေ့နိုင်၏။

၁၀၁။ ယောက်ျားအာဇာနည် ဖြစ်တော်မူသော မြတ်စွာဘုရား အရှင်ဘုရားအား ရှိခိုးပါ၏၊ ယောက်ျားမြတ်ဖြစ်တော်မူသော မြတ်စွာဘုရား အရှင်ဘုရားအား ရှိခိုးပါ၏၊ အရှင်ဘုရား၏ အဆုံးအမကို ရရှိ၍ တုန်လှုပ်ခြင်း မရှိသော နိဗ္ဗာန်သို့ ရောက်ရပါ၏။

--

၁၀၂။ ကမ္ဘာသုံးသောင်းထက်၌ မြတ်စွာဘုရားကို ပူဇော်ခဲ့ရသော အခါမှစ၍ မကောင်းမှု ပြုသူတို့လားရာ'ဒုဂ္ဂတိ’ ဘဝကို မသိစဖူးပေ။ ဤသို့ဖြစ်ရခြင်းသည် မြတ်စွာဘုရားအား ပူဇော်ရခြင်း၏အကျိုးပေတည်း။

၁၀၃။ ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။

၁၀၄။ ငါ၏ လာခြင်းကား။ပ။ သာသနာကို လိုက်နာပြုကျင့်အပ်ပါပြီ။

၁၀၅။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း။ပ။ သာသနာတော်ကို လိုက်နာကျင့် သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်စန္ဒနမာလိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ငါးခုမြောက် စန္ဒနမာလိယတ္ထေရအပဒါန် ပြီး၏။

၆-ဓာတုပူဇကတ္ထေရအပဒါန်

၁၀၆။ လောက၏ ကိုးကွယ်ရာ ဖြစ်တော်မူသော သိဒ္ဓတ္ထမြတ်စွာဘုရားသည် ပရိနိဗ္ဗာန်ပြုတော်မူသည်ရှိသော် ငါသည် ငါ၏ ဆွေမျိုးတို့ကို ခေါ်ဆောင်၍ ဓာတ်တော်ပူဇော်ခြင်းကို ပြုခဲ့၏။

၁၀၇။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်၌ ဓာတ်တော်ကို ပူဇော်ခဲ့ရသော အခါမှစ၍ မကောင်းမှုပြုသူတို့ လားရာ ‘ဒုဂ္ဂတိ’ ဘဝကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ဓာတ်တော်ပူဇော်ရခြင်း၏အကျိုးပေတည်း။

၁၀၈။ ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။

၁၀၉။ ငါ၏ လာခြင်းကား။ပ။ သာသနာတော်ကို လိုက်နာပြုကျင့်အပ်ပါပြီ။

၁၁၀။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း။ပ။ သာသနာတော်ကို လိုက်နာကျင့် သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ဓာတုပူဇကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ခြောက်ခုမြောက် ဓာတုပူဇကတ္ထေရအပဒါန် ပြီး၏။

--

၇-ပုလိနုပ္ပါဒကတ္ထေရအပဒါန်

၁၁၁။ (ငါသည်) ဟိမဝန္တာတောင်၌ ဒေဝလမည်သော ရသေ့ ဖြစ်ခဲ့၏၊ ထိုတောင်၌ နတ်တို့ဖန်ဆင်းအပ်သော ငါ၏ စင်္ကြံသည် ရှိ၏။

၁၁၂။ ထိုအခါ အခါခပ်သိမ်း ရေကရားကို ဆောင်သော ငါသည် ရသေ့ပရိက္ခရာဝန်ဖြင့် ပြည့်လျက်မြတ်သော အကျိုးကို ရှာမှီးလို၍ တောမှ ထွက်ခဲ့၏။

၁၁၃။ ရှစ်သောင်းလေးထောင်သော တပည့်တို့သည် ငါ့အား ဆည်းကပ်လုပ်ကျွေးကုန်၏၊ ထိုအခါ (တပည့်တို့သည်) မိမိအမှု၌ လေ့လာအားထုတ်ကုန်လျက် တော၌ နေကုန်၏။

၁၁၄။ ငါသည် သင်္ခမ်းကျောင်းမှ ထွက်၍ သဲပုံစေတီကို ပြုခဲ့၏၊ ပန်းအမျိုးမျိုးကို ကောင်းစွာဆောင်ယူ၍ ထိုစေတီကို ပူဇော်ခဲ့၏။

၁၁၅။ ငါသည် ထိုစေတီ၌ စိတ်ကို ကြည်လင်စေ၍ သင်္ခမ်းကျောင်းသို့ ဝင်၏၊ (ထိုအခါ ) တပည့်အားလုံးတို့သည် စုဝေးလာရောက်ကုန်၍ ငါ့အား ဤအကြောင်းကို မေးမြန်းကုန်၏။

၁၁၆။ အရှင်ရသေ့ အရှင်သည် စေတီကို သဲဖြင့် ပြုအပ်၏၊ ယင်းစေတီကို ရှိခိုးဘိ၏၊ အကျွန်ုပ်တို့လည်းသိလိုပါကုန်၏၊ မေးအပ်သော အရှင်ရသေ့သည် အကျွန်ုပ်တို့အား ဖြေ ကြားပါလော့။

၁၁၇။ များသော အခြံအရံရှိသော စက္ခုငါးမျိုးရှိတော်မူသော မြတ်စွာဘုရားတို့ကို ဗေဒင် ကျမ်းဂန်၌ညွှန်ပြထားကုန်သည် မဟုတ်ပါလော၊ ငါသည် များသော အခြံအရံ အကျော် အစောရှိကုန်သောထိုဘုရားမြတ်တို့ကို ရှိခိုးပေ၏။

၁၁၈။ မြတ်သော လုံ့လရှိသော အရှင်ရသေ့ တရားအားလုံးကို သိတော်မူကုန်သောထိုမြတ်စွာဘုရားတို့သည် အဘယ်သို့ သဘောရှိပါကုန်သနည်း၊ အဘယ်သို့ ကျေးဇူးဂုဏ်ရှိပါကုန်သနည်း၊ အဘယ်သို့ အကျင့်သီလ ရှိပါကုန်သနည်း၊ ထိုမြတ်စွာဘုရားတို့သည် အဘယ်သို့သဘောရှိပါကုန်သနည်း (ဟု မေးကုန်၏)။

၁၁၉။ မြတ်စွာဘုရားတို့သည် သုံးဆယ့်နှစ်ပါးသော လက္ခဏာတို့နှင့် ပြည့်စုံတော်မူကုန်၏၊ လေးဆယ်သော သွားတော်တို့နှင့်လည်း ပြည့်စုံတော်မူကုန်၏၊ ထိုမြတ်စွာဘုရားတို့၏ နွားငယ်၏မျက်တောင်နှင့် တူသော မျက်တောင်မွေးရှိသော မျက်လုံးတော်တို့သည် ချင်ရွေး သီးနှင့် တူကုန်၏။

၁၂၀။ ထိုမြတ်စွာဘုရားတို့သည် ကြွသွားကုန်သော် လည်း ထမ်းပိုးတစ်ပြန်မျှကိုသာ ကြည့်ရှုတော်မူကုန်၏၊ ထိုမြတ်စွာဘုရားတို့၏ ပုဆစ်ဒူးဝန်းသည် မြည်ခြင်းမရှိ၊ အရိုးဆက် အသံကိုလည်း မကြားရချေ။

၁၂၁။ မြတ်စွာဘုရားတို့သည် ကြွသွားကုန်သော် လည်း လက်ယာခြေကို ရှေးဦးစွာ ကြွချီလျက်သာလျှင်ကြွသွားတော်မူကုန်၏။ ဤကား မြတ်စွာဘုရားတို့၏ သဘောဓမ္မတာ တည်း။

၁၂၂။ ထိုမြတ်စွာဘုရားတို့သည် ‘သားတို့သနင်း ခြင်္သေ့မင်းတို့ကဲ့သို့’ ကြောက်ရွံ့ခြင်း မရှိကုန်၊ မိမိကိုယ်ကိုလည်း မြှောက်ပင့်တော်မမူကုန်၊ သတ္တဝါတို့ကိုလည်း နှိမ့်ချရှုတ်ချတော် မမူကုန်။

၁၂၃။ မြတ်စွာဘုရားတို့သည် မောက်မာခြင်း, မထီမဲ့မြင် ပြုခြင်းတို့မှ လွတ်ကင်းတော်မူကုန်၏၊ အလုံးစုံသော သတ္တဝါတို့၌ ညီမျှသော စိတ်ရှိတော်မူကုန်၏၊ မိမိကိုယ်ကို မြှောက်ပင့် တော်မမူကုန်။ ဤကား မြတ်စွာဘုရားတို့၏ သဘောဓမ္မတာတည်း။

--

၁၂၄။ ထိုမြတ်စွာဘုရားတို့သည် ပွင့်ထွန်းတော်မူကုန်သည်ရှိသော် တရားအလင်းရောင်ကိုပြတော်မူတတ်ကုန်၏၊ အလုံးစုံသော ဤမြေကြီးကို ခြောက်ပါးသော အခြင်းအရာအားဖြင့်တုန်လှုပ်စေတော်မူကုန်၏။

၁၂၅။ ထိုမြတ်စွာဘုရားတို့သည် ငရဲကို အကယ်၍ ကြည့်ရှုကုန်အံ့၊ ထိုအခါ ငရဲမီးသည် ငြိမ်းအေး၏၊ မိုးကြီးသည် ရွာသွန်း၏။ ဤကား မြတ်စွာဘုရားတို့၏ သဘောဓမ္မတာတည်း။

၁၂၆။ ထိုမြတ်စွာဘုရားတို့သည် ဤသို့ သဘောရှိတော်မူကုန်၏၊ မြတ်စွာဘုရားတို့သည်အတုရှိတော်မမူကုန်၊ (သူတစ်ပါးတို့သည်) မြတ်စွာဘုရားတို့ကို ကျေးဇူးဂုဏ်အားဖြင့် မသာ လွန်နိုင်ကုန်၊ မနှိုင်းယှဉ်နိုင်ကုန် (ဟု ပြောကြား၏)။

၁၂၇။ ရိုသေလေးစားခြင်းရှိသော တပည့်အားလုံးတို့သည် ငါ၏ စကားကို ဝမ်းမြောက် ဝမ်းသာလက်ခံလည်း လက်ခံကြလေကုန်၏၊ အစွမ်းရှိသလောက် ခွန်အားရှိသလောက် ထိုသို့ မိန့်ဆိုသည့်အတိုင်းကျင့်လည်း ကျင့်ကြလေကုန်၏။

၁၂၈။ မိမိအလုပ်ကို အထူးလိုလားသော တပည့်တို့သည် ငါ၏ စကားကို ယုံကြည်ကုန် သည်ဖြစ်၍မြတ်စွာဘုရား၌ ရိုသေသော စိတ်ရှိကုန်လျက် သဲပုံစေတီကို အကြိမ်ကြိမ် ပူဇော် ကြကုန်၏။

၁၂၉။ ထိုအခါ များသော အခြံအရံ အကျော်အစောရှိသော (အလောင်းတော်) နတ်သား သည်တုသိတာ (နတ်ပြည်) မှ စုတေ၍ မယ်တော်ဝမ်း၌ ဖြစ်လေ၏၊ (ထိုအခါ ) စကြဝဠာ တိုက်တစ်သောင်းသည်တုန်လှုပ်လေ၏။

၁၃၀။ ငါသည် သင်္ခမ်းကျောင်း၏ အနီးဖြစ်သော စင်္ကြံ ၌ ရပ်တည်လျက် ရှိစဉ် အလုံးစုံ သောတပည့်တို့သည် အညီအညွတ် စည်းဝေးကုန်၍ ငါ၏ အထံသို့ လာရောက်ကြလေကုန်၏။

၁၃၁။ (ထိုအခါ တပည့်တို့က) အရှင်ရသေ့ မြေကြီးသည် ‘နွားလားဥသဘကဲ့သို့’ မြည် တွန်ပါ၏၊ ‘ခြင်္သေ့မင်းကဲ့သို့’ ဟိန်းဟောက်ပါ၏၊ ‘မိကျောင်းကဲ့သို့’ အော်မြည်ပါ၏၊ အဘယ် သို့သော အကျိုးသည်ဖြစ်ပေါ်လတ္တံ့နည်း (ဟု မေးမြန်းကုန်၏)။

၁၃၂။ ငါသည် သဲပုံစေတီအနီး၌ အကြင်မြတ်စွာဘုရားကို ချီးကျူးပြောဆိုခဲ့၏၊ ဘုန်း တော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသော ထိုမြတ်စွာဘုရားသည် မယ်တော်ဝမ်းသို့ ယခုအခါကပ်ရောက်တော်မူ၏။

၁၃၃။ ငါသည် ထိုတပည့်တို့အား တရားစကားကို ဟောကြား၍ မြတ်စွာဘုရားကို ချီးကျူးလျက်မိမိတပည့်တို့ကို လွှတ်လိုက်ပြီးလျှင် ထက်ဝယ်ပလ္လင်ကို ဖွဲ့ခွေခဲ့၏။

၁၃၄။ ငါ့ကို လွန်ကဲသော အနာရောဂါ နှိပ်စက်ခြင်းကြောင့် ငါ၏ ခွန်အားသည် စင်စစ် ကုန်ခန်းလျက်ရှိပေ၏၊ ငါသည် မြတ်စွာဘုရားကို အောက်မေ့၍ ထိုအရပ်၌ ကွယ်လွန်ခဲ့၏။

၁၃၅။ ထိုအခါ အလုံးစုံသော တပည့်တို့သည် အညီအညွတ် လာရောက်ကုန်၍ (မီး သင်္ဂြိုဟ်ရန်) ထင်းပုံကို ပြုကြကုန်၏၊ ငါ၏ အလောင်းကိုလည်း ယူကုန်၍ (မီးသင်္ဂြိုဟ်ရန်) ထင်းပုံသို့တင်ထားလေကုန်၏။

၁၃၆။ အညီအညွတ် ရောက်လာသော ထိုတပည့်တို့သည် (မီးသင်္ဂြိုဟ်ရာ) ထင်းပုံကို ဝန်းရံကုန်ပြီးလျှင် ဦးထိပ်၌ လက်အုပ်ချီကုန်လျက် စိုးရိမ်ခြင်းငြောင့်ဖြင့် နှိပ်စက်အပ်ကုန်သည် ဖြစ်၍ငိုကြွေးမြည်တမ်းကြလေကုန်၏။

၁၃၇။ ထိုအခါ ငါသည် ထိုတပည့်တို့ ငိုကြွေးမြည်တမ်းကုန်စဉ်ပင် (မီးသင်္ဂြိုဟ်ရာ) ထင်းပုံးသို့ သွားခဲ့၏၊ ငါသည် သင်တို့၏ ဆရာပေတည်း၊ ကောင်းသော ပညာရှိတပည့်တို့ (သင်တို့) မစိုးရိမ်ကြကုန်လင့်။

--

၁၃၈။ သင်တို့သည် ညဉ့်နေ့ပတ်လုံး မပျင်းရိကုန်ဘဲ မိမိအကျိုး၌ အားထုတ်ကြကုန် လော့၊ သင်တို့သည် မေ့လျော့ခြင်း မဖြစ်ကြကုန်လင့်၊ သင်တို့အား အခွင့်ကောင်း အခါ ကောင်းသည်ပြီးပြည့်စုံလျက် ရှိ၏။

၁၃၉။ ငါသည် မိမိတပည့်တို့ကို ဆုံးမ၍ နတ်ပြည်သို့ ပြန်သွားခဲ့၏၊ ငါသည် တစ်ဆယ့်ရှစ်ကမ္ဘာပတ်လုံး နတ်ပြည်၌ ပျော်မွေ့ရ၏။

၁၄၀။ ငါသည် အကြိမ်ငါးရာတိုင်တိုင် စကြဝတေးမင်းလည်း ဖြစ်ခဲ့၏၊ အကြိမ်အရာမက နတ်မင်းအဖြစ်ကိုလည်း ပြုရ၏။

၁၄၁။ ငါသည် ကြွင်းသော ကမ္ဘာတို့၌ (လူ့ပြည်နတ်ပြည်) ရောပြွမ်းလျက် ကျင်လည်ရ ပေ၏၊ မကောင်းမှု ပြုသူတို့ လားရာ ‘ဒုဂ္ဂတိ’ ဘဝကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် နိမိတ်ဖတ်ခြင်း (သဲပုံစေတီ တည်ထားခြင်း) ၏ အကျိုးပေတည်း။

၁၄၂။ ကုမုဒြာကြာဖြူ ပွင့်ဆဲဖြစ်သော တန်ဆောင်မုန်းလ၌ များစွာကုန်သော သစ်ပင်တို့ သည်ပွင့်ကုန်သကဲ့သို့ ထို့အတူပင် ငါသည်လည်း မြတ်စွာဘုရားကြောင့် ပွင့်ချိန်တန်သော အခါ၌ ပွင့်ရပေ၏။

၁၄၃။ ငါ၏ လုံ့လဝီရိယသည် ဝန်ကို ဆောင်နိုင်၏၊ ယောဂကုန်ရာ နိဗ္ဗာန်သို့ ပို့ ဆောင်နိုင်၏၊ ‘ဆင်ပြောင်ကြီးသည် အနှောင်အဖွဲ့ကို ဖြတ်၍ နေသကဲ့သို့’ ငါသည် အာသဝ မရှိဘဲ နေရပေ၏။

၁၄၄။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ မြတ်စွာဘုရားကို ချီးကျူးခဲ့ရသော အခါမှစ၍ မကောင်းမှုပြုသူတို့ လားရာ ‘ဒုဂ္ဂတိ’ ဘဝကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ဘုရားကို ချီးကျူးရခြင်း၏အကျိုးပေတည်း။

၁၄၅။ ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။

၁၄၆။ ငါ၏ လာခြင်းကား။ပ။ လိုက်နာပြုကျင့်အပ်ပါပြီ။

၁၄၇။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း။ပ။ သာသနာတော်ကို လိုက်နာကျင့် သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ပုလိနုပ္ပါဒကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ခုနစ်ခုမြောက် ပုလိနုပ္ပါဒကတ္ထေရအပဒါန် ပြီး၏။

--

၈-တရဏိယတ္ထေရအပဒါန်

၁၄၈။ အလိုလို ဖြစ်တော်မူ၍ လောက၏ ရှေ့သွား ဖြစ်တော်မူတတ်သော ‘ရှေးဘုရားတို့ ကဲ့သို့'ကောင်းစွာ ကြွလာတော်မူတတ်သော အတ္ထဒဿီမြတ်စွာဘုရားသည် ဝိနတာမြစ်ကမ်း သို့ချဉ်းကပ်တော်မူ၏။

၁၄၉။ ငါသည် ရေ၌ ကျက်စားသော လိပ်ဖြစ်၍ ရေမှ ပေါ်ထွက်လျက် မြတ်စွာဘုရား ကိုကူးတို့ပို့လိုသောကြောင့် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ခဲ့၏။

၁၅၀။ အတ္ထဒဿီမြတ်စွာဘုရား မြတ်စွာဘုရားသည် တပည့်တော်ကို တက်စီးတော်မူပါ၊ တပည့်တော်သည် အရှင်ဘုရားကို ကူးတို့ပို့ပါအံ့၊ အရှင်ဘုရားသည် ဆင်းရဲခြင်း၏ အဆုံးကိုပြုတော်မူတတ်ပါပေ၏။

၁၅၁။ များသော အခြံအရံ, အကျော်အစော ရှိတော်မူသော အတ္ထဒဿီမြတ်စွာဘုရားသည် ငါ၏စိတ်အကြံကို သိသဖြင့် ငါ၏ ကျောက်ကုန်းထက်သို့ တက်စီးလျက် ရပ်တည်တော်မူလေ၏။

၁၅၂။ အကြင်အခါမှ (စ၍) မိမိကိုယ်ကို အောက်မေ့နိုင်၏၊ အကြင်အခါမှ (စ၍) သိကြားလိမ္မာသည်၏အဖြစ်သို့ ရောက်၏၊ (မြတ်စွာဘုရား၏) ခြေတော်အပြင်သည် (ငါ၏ ကျောက်ကုန်း၌) တွေ့ထိသောအခါငါ့အား (ဖြစ်ပေါ်လာသော) ချမ်းသာနှင့် တူသော ချမ်းသာမျိုးသည် မရှိခဲ့ဘူးပေ။

၁၅၃။ များသော အခြံအရံ, အကျော်အစော ရှိတော်မူသော အတ္ထဒဿီမြတ်စွာဘုရား သည် ကူးမြောက်ပြီး၍ မြစ်ကမ်း၌ ရပ်တည်လျက် ဤဂါထာတို့ကို မိန့်တော်မူ၏ -

၁၅၄။ ငါသည် ဂင်္ဂါမြစ်ရေအလျဉ်ကို ကူးအံ့ဟု အကြင်အခါ၌ (ငါ၏) စိတ်သည် ဖြစ်ပေါ် လေ၏၊ (ထိုအခါ ) ပညာရှိသော ဤလိပ်မင်းသည် ငါ့ကို ကူးတို့ပို့ပေး၏။

၁၅၅။ ဤမြတ်စွာဘုရားကို ကူးတို့ပို့ခြင်းကြောင့်လည်းကောင်း၊ မေတ္တာစိတ်ရှိသည်၏့အဖြစ်ကြောင့်လည်းကောင်း ကမ္ဘာတစ်ထောင့်ရှစ်ရာပတ်လုံး နတ်ပြည်၌ ပျော်မွေ့ရလတ္တံ့။

၁၅၆။ နတ်ပြည်မှ ဤလူ့ပြည်သို့ လာသည်ရှိသော် ဖြူစင်သော ကုသိုလ်ကံအကြောင်း ရင်းသည်တိုက်တွန်းနှိုးဆော်အပ်သည်ဖြစ်၍ တစ်ခုသော နေရာ၌ ထိုင်လျက် ယုံမှားခြင်း ရေအလျဉ်ကိုကူးမြောက်လတ္တံ့။

၁၅၇။ ကောင်းသော လယ်၌ အနည်းငယ်သော မျိုးစေ့ကိုလည်း စိုက်ပျိုးအပ်သည် ရှိသော် အလျဉ်သည်းထန်စွာ မိုးရွာသောအခါ အသီးသည် လယ်သမားကို အားရနှစ်သိမ့်စေ သကဲ့သို့-

၁၅၈။ ထို့အတူပင် ဤမြတ်စွာဘုရားပွင့်တော်မူရာခေတ်၌ မြတ်စွာဘုရား တရားဟောတော်မူသည်ရှိသော် အလျဉ်သည်းထန်စွာ သဒ္ဓါမိုးရွာသောအခါ အကျိုးသည် ငါ့ကို ကောင်းစွာအားရနှစ်သိမ့်စေလတ္တံ့။

၁၅၉။ ငါသည် ကမ္မဋ္ဌာန်း အားထုတ်ခြင်း၌ စိတ်ကို စေလွှတ်ထားသူ ဖြစ်၏၊ ကိလေသာ မီးငြိမ်းလျက်ဥပဓိမရှိသူ ဖြစ်ပေ၏၊ အာသဝအားလုံးတို့ကို ပိုင်းခြားသိသဖြင့် အာသဝ မရှိဘဲ နေရပေ၏။

၁၆၀။ ကမ္ဘာတစ်ထောင့်ရှစ်ရာထက်၌ ကုသိုလ်ကံကို ပြုခဲ့ရသော အခါမှစ၍ မကောင်းမှု ပြုသူတို့လားရာ ‘ဒုဂ္ဂတိ'ဘဝကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ကူးတို့ပို့ရခြင်း၏ အကျိုးပေတည်း။

၁၆၁။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။

--

၁၆၂။ ငါ၏ လာခြင်းကား။ပ။ သာသနာတော်ကို လိုက်နာပြုကျင့်အပ်ပါပြီ။

၁၆၃။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း။ပ။ သာသနာတော်ကို လိုက်နာကျင့် သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်တရဏိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ရှစ်ခုမြောက် တရဏိယတ္ထေရအပဒါန် ပြီး၏။

၉-ဓမ္မရုစိယတ္ထေရအပဒါန်

၁၆၄။ မာရ်ငါးပါးကို အောင်တော်မူသော ဒီပင်္ကရာမြတ်စွာဘုရားသည် သုမေဓာရသေ့ကို အကြင်အခါ၌ဗျာဒိတ်စကား မိန့်ကြားတော်မူ၏၊ (အဘယ်သို့ မိန့်ကြားတော်မူသနည်း)။ ဤ ကမ္ဘာမှမရေတွက်နိုင်သော လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းထက်၌ ဤရသေ့သည် ဘုရား ဖြစ်လတ္တံ့။

၁၆၅။ ဤရသေ့၏ မယ်တော်ရင်းသည် မာယာမည်သော မယ်တော် ဖြစ်လတ္တံ့၊ ဤ ရသေ့၏ခမည်းတော်သည် သုဒ္ဓေါဒနမည်သော ခမည်းတော် ဖြစ်လတ္တံ့၊ ဤရသေ့ကား ဂေါတမ (ဘုရား) ဖြစ်လတ္တံ့။

၁၆၆။ (ဤရသေ့သည်) ကမ္မဋ္ဌာန်းကို အားထုတ်၍ ပြုနိုင်ခဲသော အကျင့်ကို ပြုကျင့် လျက်ညောင်ဗုဒ္ဓဟေပင်ရင်း၌ များသော အခြံအရံအကျော်အစောရှိသော ဘုရားဖြစ်၍ ပွင့် တော်မူလတ္တံ့။

၁၆၇။ ဥပတိဿနှင့် ကောလိတတို့သည် အဂ္ဂသာကဝတို့ ဖြစ်ကုန်လတ္တံ့၊ အမည် အားဖြင့် အာနန္ဒာဟုထင်ရှားသော ရဟန်းသည် ဤမြတ်စွာဘုရားကို လုပ်ကျွေးလတ္တံ့။

၁၆၈။ ခေမာသည်လည်းကောင်း၊ ဥပ္ပလဝဏ်သည်လည်းကောင်း မြတ်သော အဂ္ဂသာ ဝိကာမတို့ဖြစ်ကုန်လတ္တံ့။ စိတ္တသည်လည်းကောင်း၊ အာဠဝကသည်လည်းကောင်း မြတ် သော ဥပါသကာတို့ဖြစ်ကုန်လတ္တံ့။

၁၆၉။ ခုဇ္ဇုတ္တရာနှင့် နန္ဒမာတာသည် မြတ်သော ဥပါသိကာမတို့ ဖြစ်ကုန်လတ္တံ့၊ ရဲရင့် သောလုံ့လရှိသော ဤဂေါတမဘုရား၏ ဗောဓိပင်ကို ညောင်ဗုဒ္ဓဟေဟူ၍ ခေါ်ဆိုရလတ္တံ့။ (ဤသို့ဗျာဒိတ်စကား မိန့်ကြားတော်မူ၏။)

၁၇၀။ လူနတ်တို့သည် အတုမရှိသော မြတ်စွာဘုရား၏ ဤစကားကို ကြားရခြင်းကြောင့် လွန်စွာဝမ်းေမြောက်ကုန်သည်ဖြစ်၍ လက်အုပ်ချီလျက် ရှိခိုးကုန်၏။

၁၇၁။ မြတ်စွာဘုရား အကျွန်ုပ်သည် ထိုအခါ ကောင်းစွာ သင်ကြားပြီးသော အတတ်ရှိ သောမေဃမည်သော လုလင်ဖြစ်ခဲ့ပါ၏၊ သုမေဓာရသေ့အား (မိန့်ကြားသော) ဗျာဒိတ်စကား မြတ်ကိုကြားရ၍ -

၁၇၂။ ကရုဏာ၏ တည်ရာဖြစ်သော သုမေဓာရသေ့၌ အလွန်အကျွမ်းဝင်သည်ဖြစ်၍ ရသေ့, ရဟန်းဖြစ်သော ထိုသုမေဓာရသေ့နောက်သို့ တကွပင် အတူလိုက်၍ ရဟန်းပြုခဲ့ပါ၏။

--

၁၇၃။ အကျွန်ုပ်သည် ရသေ့, ရဟန်း ပြုပြီးလတ်သော် ပါတိမောက်သီလ၌လည်းကောင်း၊ ငါးပါးသောဣန္ဒြေတို့၌ လည်းကောင်း စောင့်စည်းခဲ့ပါ၏။ စင်ကြယ်သော အသက်မွေးခြင်း ရှိသူဖြစ်၍ သတိ, ဝီရိယနှင့် ပြည့်စုံလျက် မြတ်စွာဘုရား၏ အဆုံးအမကို လိုက်နာပြုကျင့်ခဲ့သူ ဖြစ်ပါ၏။

၁၇၄။ အကျွန်ုပ်သည် ဤသို့ နေစဉ် တစ်စုံတစ်ယောက်သော ယုတ်မာသော မိတ်ဆွေ သည်မလျော်သော အကျင့်၌ တိုက်တွန်းအပ်သည်ဖြစ်၍ ကောင်းသော အကျင့်လမ်းမှ လျော ခဲ့ပါ၏။

၁၇၅-၁၇၆။ (ယုတ်မာသော) အကြံအစည်၏ အလိုသို့ လိုက်သူ ဖြစ်လျက် သာသနာမှ ဖဲခွါခဲ့ရပါ၏၊ နောက်အခါ ထိုယုတ်မာသော မိတ်ဆွေသည်ပင် တိုက်တွန်းအပ်သည် ဖြစ်၍ အမိ သတ်မှုအနန္တရိယကံကိုလည်း ပြုမိခဲ့ပါ၏၊ (အကျွန်ုပ်သည်) ပြစ်မှားသော စိတ်ရှိလျက် (အမိကို) သတ်မိခဲ့ပါ၏၊ ထိုဘဝမှ စုတေလတ်သော် အလွန်ကြမ်းကြုတ်သော အဝီစိငရဲကြီးသို့ ရောက်ခဲ့ရပါ၏။

၁၇၇။ အကျွန်ုပ်သည် ဖရိုဖရဲ ပျက်စီး၍ ကျရာ ငရဲသို့ ရောက်သည် ရှိသော် ကြာမြင့် စွာသောကာလပတ်လုံး ဆင်းဆင်းရဲရဲ ကျင်လည်ခဲ့ရပါ၏၊ လုံ့လရှိသော လူတို့၏ ရှေ့သွား ခေါင်းဆောင်ဖြစ်သောသုမေဓာရသေ့ကို တစ်ဖန် မတွေ့မြင်တော့ပါ။

၁၇၈။ အကျွန်ုပ်သည် ဤကမ္ဘာတွင် သမုဒ္ဒရာ၌ တိမိင်္ဂလငါးကြီး ဖြစ်ခဲ့ပါ၏၊ သမုဒ္ဒရာ၌ လှေကို မြင်၍ကျက်စားခြင်း၏ အကျိုးငှါ (အစာရှာခြင်းငှါ) ချဉ်းကပ်ခဲ့ပါ၏။

၁၇၉။ ကုန်သည်တို့သည် အကျွန်ုပ်ကို မြင်သည်ရှိသော် ကြောက်ရွံ့ကုန်သည်ဖြစ်၍ ဘုရားမြတ်ကိုအဖန်ဖန် အောက်မေ့ကြပါကုန်၏၊ အကျွန်ုပ်သည် ထိုကုန်သည်တို့ မြွက်ဆို အပ်သော “ဂေါတမ”ဟူသောအသံကြီးကို ကြားရ၍ -

၁၈၀။ ရှေး၌ ဖြစ်ဖူးသော အမှတ်သညာကို အောက်မေ့လျက် ထိုငါးဘဝမှ စုတေလတ် သော် သာဝတ္ထိမြို့ဝယ် ကြွယ်ဝသော အမျိုးဖြစ်သော ဗြာဟ္မဏဇာတ်၌ ဖြစ်ခဲ့ပါ၏။

၁၈၁။ အကျွန်ုပ်သည် အလုံးစုံသော အကုသိုလ်ကို စက်ဆုပ်တတ်သော ဓမ္မရုစိမည်သော သူ ဖြစ်ခဲ့ပါ၏၊ မွေးဖွားသည်မှ ခုနစ်နှစ်သားရှိလတ်သော် မြတ်စွာဘုရားကို ဖူးမြင်ရ သဖြင့် -

၁၈၂။ ဇေတဝန်ကျောင်းတော်သို့ သွား၍ ရဟန်းဘောင်သို့ ဝင်ရောက်ခဲ့ပါ၏၊ ညဉ့်၌ လည်းကောင်း၊ နေ့၌လည်းကောင်း သုံးကြိမ် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပါ၏။

၁၈၃။ ထိုအခါ မြတ်စွာဘုရားသည် အကျွန်ုပ်ကို မြင်၍ “ဓမ္မရုစိ ကြာမြင့်ပြီ”ဟု မိန့်ဆိုတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားအား ရှေးကံလျှင် အကြောင်းရင်းရှိသော စကားကို လျှောက်ထားပါ၏။

၁၈၄။ အရာ မကသော ဘုန်းကံလက္ခဏာ ရှိတော်မူသော ရှေးဘဝ၌ အထူးစင်ကြယ် သောအကြောင်းကံ ရှိတော်မူသော မြတ်စွာဘုရားကို (မဖူးမြင်ရသည်ကား) အလွန် ကြာမြင့် ပါပြီ၊ ယခုတပည့်တော်သည် အရှင်ဘုရား၏ မနှိုင်းယှဉ်နိုင်သော ကိုယ်တော်ကို ဖူးမြင်ရပါ၏၊ (ထိုဖူးမြင်ရခြင်းသည်) စင်စစ် ကောင်းသော ဖူးမြင်ရခြင်းပါတည်း။

၁၈၅။ အကျွန်ုပ်သည် မောဟအမိုက်မှောင်ကို အလွန်ကြာမြင့်စွာ ဖျက်ဆီးခဲ့ရပါ၏၊ စင် ကြယ်စွာစောင့်ရှောက်အပ်သော သီလအကျင့်မြတ်ဖြင့် တဏှာမြစ်ကို ခြောက်သွေ့စေအပ်ပါပြီ၊ မြတ်စွာဘုရားအကျွန်ုပ်သည် ဉာဏ်ဖြင့် ပြီးသော မျက်လုံးကို အညစ်အကြေး မရှိအောင် အလွန်ကြာမြင့်စွာသုတ်သင်ခဲ့ရပါပြီ။

၁၈၆။ အကျွန်ုပ်သည် အရှင်ဘုရားနှင့် ကာလကြာမြင့်စွာ အတူတကွ ပေါင်းဆုံခဲ့ရပါ၏၊ တစ်ဖန်ဘဝအလယ်၌ ကြာမြင့်စွာသော ကာလပတ်လုံး ကွေကွင်းခဲ့ရပါ၏၊ ယခုတစ်ဖန် အရှင် ဘုရားနှင့်ပေါင်းဆုံရပြန်ပါ၏။ ဂေါတမမြတ်စွာဘုရား မှန်ပါ၏၊ ပြုအပ်သော ကံတို့သည် မပျောက်ပျက်ပါကုန်။

--

၁၈၇။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။

၁၈၈။ ငါ၏ လာခြင်းကား။ပ။ အဆုံးအမတော်ကို လိုက်နာကျင့်သုံးအပ်ပါပြီ။

၁၈၉။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ အဆုံးအမတော်ကို လိုက်နာကျင့် သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ဓမ္မရုစိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ကိုးခုမြောက် ဓမ္မရုစိယတ္ထေရအပဒါန် ပြီး၏။

၁၀-သာလမဏ္ဍပိယတ္ထေရအပဒါန်

၁၉၀။ ငါသည် အင်ကြင်းတောသို့ သက်ဝင်၍ သင်္ခမ်းကျောင်းကို ကောင်းစွာ ဆောက် လုပ်ထား၏၊ (သင်္ခမ်းကျောင်းသည်) အင်ကြင်းပွင့်တို့ဖြင့် ကောင်းစွာဖုံးလွှမ်းလျက် ရှိ၏၊ ငါသည် ထိုအခါ တော၌နေ၏။

၁၉၁။ အလိုလို ဖြစ်တော်မူသော အမြတ်ဆုံးပုဂ္ဂိုလ် ဖြစ်တော်မူသော သစ္စာလေးပါးကို ကိုယ်တိုင်သိတော်မူသော ပိယဒဿီမြတ်စွာဘုရားသည် လည်း တိတ်ဆိတ်ခြင်းကို အလိုရှိ တော်မူ၍အင်ကြင်းတောသို့ ကြွတော်မူလေ၏။

၁၉၂။ ငါသည် သင်္ခမ်းကျောင်းမှ ထွက်၍ တောသို့ ထွက်သွားခဲ့၏၊ ထိုအခါ ငါသည် သစ်မြစ်, သစ်သီးကို ရှာဖွေလျက် တော၌ လှည့်လည်၏။

၁၉၃။ ထိုတောကြီး၌ ကောင်းစွာ ထိုင်လျက် သမာပတ်ဝင်စားကာ တင့်တယ်တော်မူသော များသောအခြံအရံအကျော်အစော ရှိတော်မူသော ပိယဒဿီမြတ်စွာဘုရားကို ဖူးမြင်ရ၏။

၁၉၄။ ငါသည် မြတ်စွာဘုရားအထက်၌ တိုင်လေးတိုင်တို့ကို စိုက်ထား၍ မဏ္ဍပ်ကို ကောင်းစွာပြုလုပ်ပြီးလျှင် အင်ကြင်းပန်းတို့ဖြင့် ဖုံးလွှမ်းခဲ့၏။

၁၉၅။ ငါသည် ခုနစ်ရက်ပတ်လုံး အင်ကြင်းပန်းတို့ဖြင့် ဖုံးလွှမ်းအပ်သော မဏ္ဍပ်ကို ဆောင်းမိုးပြီးလျှင် ထိုမြတ်စွာဘုရား၌ စိတ်ကို ကြည်ညိုစေလျက် ဘုရားမြတ်ကို ရှိခိုးခဲ့၏။

၁၉၆။ ထိုအခါ ယောက်ျားမြတ် ဖြစ်တော်မူသော မြတ်စွာဘုရားသည် သမာပတ်မှ ထ၍ထမ်းပိုးတစ်ပြန်မျှကိုသာ ကြည့်ရှုလျက် ထိုင်နေတော်မူ၏။

၁၉၇။ ပိယဒဿီမြတ်စွာဘုရား၏ ဝရုဏမည်သော တပည့် ‘သာဝက'သည် ရဟန္တာ တစ်သိန်းတို့နှင့်အတူမြတ်စွာဘုရားထံသို့ ကြွလာ၏။

၁၉၈။ လောက၏ အကြီးအမှူးဖြစ်၍ လူတို့ထက် မြတ်တော်မူသော မာရ်ငါးပါးကို အောင်တော်မူသော ပိယဒဿီမြတ်စွာဘုရားသည် ရဟန်းသံဃာအလယ်၌ ထိုင်နေ၍ ပြုံးခြင်း ကို ထင်ရှားပြုတော်မူ၏။

--

၁၉၉။ ပိယဒဿီမြတ်စွာဘုရား၏ အလုပ်အကျွေးဖြစ်သော အနုရုဒ္ဓါမထေရ်သည် ပခုံး တစ်ဖက်၌သင်္ကန်းစကို တင်၍ မြတ်စွာဘုရားကို မေးလျှောက်လေ၏ -

၂၀၀။ မြတ်စွာဘုရား မြတ်စွာဘုရား၏ (ပြုံးခြင်းကို ) ပြုတော်မူခြင်း၏ အကြောင်းကား အဘယ်ပါနည်း၊ မြတ်စွာဘုရားသည် အကြောင်းရှိသော် သာ ပြုံးခြင်းကို ထင်ရှားပြုတော်မူပါ၏ (ဟု မေးလျှောက်၏)။

၂၀၁။ အကြင်ပုဂ္ဂိုလ်သည် ငါ့အား အင်ကြင်းပန်းအမိုးကို ခုနစ်ရက်ပတ်လုံး ဆောင်းမိုး၏၊ ငါသည်ထိုပုဂ္ဂိုလ်၏ ကောင်းမှုကို အောက်မေ့၍ ပြုံးခြင်းကို ထင်စွာ ပြုတော်မူခဲ့၏။

၂၀၂။ ငါသည် အကျိုးပေးခွင့် မရှိသော ကုသိုလ်ကို မြင်တော် မမူ။ အကြင်ဘုံ၌ ကုသိုလ်ကို ရင့်ကျက်၏ (အကျိုးပေး၏)၊ ထိုကုသိုလ်၏ အကျိုးပေးခွင့်သည် နတ်ပြည်၌လည်းကောင်း၊ လူ့ပြည်၌လည်းကောင်း မဆန့်သည်သာတည်း။

၂၀၃။ နတ်ပြည်၌ နေရသည်ရှိသော် ဘုန်းကံနှင့် ပြည့်စုံသော ပုဂ္ဂိုလ်အား ထိုသူ၏ ပရိသတ်ရှိသလောက်အင်ကြင်းပန်းတို့ဖြင့် ဖုံးလွှမ်းသည် ဖြစ်လတ္တံ့။

၂၀၄။ ထိုနတ်ပြည်၌ ကောင်းမှုကံနှင့် ပြည့်စုံသော သူတော်ကောင်းသည် နတ်၌ ဖြစ် ကုန်သောကခြင်းတို့ဖြင့်လည်းကောင်း၊ သီဆိုခြင်းတို့ဖြင့်လည်းကောင်း၊ တီးမှုတ်ခြင်းတို့ဖြင့် လည်းကောင်းအခါခပ်သိမ်း ပျော်မွေ့ရလတ္တံ့။

၂၀၅။ ထိုပုဂ္ဂိုလ်၏ ပရိသတ်ရှိသလောက် မွှေးကြိုင်သော ရနံ့သည် ဖြစ်လတ္တံ့၊ ထို အခိုက်အင်ကြင်းပန်းမိုးသည် ရွာလတ္တံ့။

၂၀၆။ ဤသူသည် ဤနတ်ပြည်မှ စုတေလတ်သော် လူ့ပြည်သို့ ရောက်လတ္တံ့၊ ဤ လူ့ပြည်၌လည်းအင်ကြင်းပန်းအမိုးသည် (ထိုသူ့အား) အခါခပ်သိမ်း ဆောင်းမိုးလတ္တံ့။

၂၀၇။ ဤလူ့ပြည်၌ မောင်း, ကြေးနင်း, ခွက်ခွင်းနှင့် တကွဖြစ်သော ကခြင်းသည်လည်းကောင်း၊ သီဆိုခြင်းသည်လည်းကောင်း ဤသူ့ကို အမြဲ ခြံရံကုန်လတ္တံ့။ ဤသို့ဖြစ်ရခြင်းသည် မြတ်စွာဘုရားကိုပူဇော်ရခြင်း၏ အကျိုးပေတည်း။

၂၀၈။ နေတက်သည်ရှိသော် အင်ကြင်းပန်းမိုးသည် ရွာလတ္တံ့၊ ကုသိုလ်ကံနှင့် ယှဉ်သည် ဖြစ်၍အခါခပ်သိမ်း ရွာ၏။

၂၀၉။ ကမ္ဘာတစ်ထောင့်ရှစ်ရာထက်၌ ဩက္ကာကမင်းမျိုး၌ ဖြစ်သော အနွယ်အားဖြင့် ဂေါတမမည်သော မြတ်စွာဘုရားသည် လောက၌ ပွင့်တော်မူလတ္တံ့။

၂၁၀။ ထိုမြတ်စွာဘုရား၏ တရားသည် ဖန်ဆင်းအပ်သော တရားအမွေခံသား ဖြစ်၍ အလုံးစုံသောအာသဝေါတို့ကို ပိုင်းခြားသိပြီးလျှင် အာသဝမရှိဘဲ ပရိနိဗ္ဗာန်ပြုလတ္တံ့။

၂၁၁။ တရားကို ထိုးထွင်းသိသော ထိုပုဂ္ဂိုလ်အား အင်ကြင်းပန်းအမိုးသည် ဖြစ်လတ္တံ့၊ မီးသင်္ဂြိုဟ်ရန်ထင်းပုံ၌ မီးသင်္ဂြိုဟ်စဉ် အင်ကြင်ပန်းအမိုးသည် ထိုပုဂ္ဂိုလ်အား မီးသင်္ဂြိုဟ်ရာ၌ ဖြစ်လတ္တံ့ (ဟုမိန့်တော်မူ၏)။

၂၁၂။ ပိယဒဿီမြတ်စွာဘုရားသည် (ထိုကံ၏) အကျိုးကို မိန့်ကြား၍ တရားမိုးဖြင့် ရောင့်ရဲစေလျက် ပရိသတ်အား တရားကို ဟောတော်မူ၏။

၂၁၃။ ငါသည် ကမ္ဘာသုံးဆယ်တို့ပတ်လုံး နတ်ပြည်တို့၌ နတ်မင်းအဖြစ်ကို ပြုခဲ့ရ၏၊ ခြောက်ဆယ့်ခုနစ်ကြိမ်တိုင်တိုင် စကြဝတေးမင်းလည်း ဖြစ်ခဲ့၏။

--

၂၁၄။ နတ်ပြည်မှ ဤလူ့ပြည်သို့ ရောက်လာ၍ ပြန့်ပြောသော ချမ်းသာကို ရပေ၏၊ ဤလူ့ပြည်၌လည်းအင်ကြင်းပန်းအမိုးကို ရပေ၏။ ဤသို့ ဖြစ်ရခြင်းသည် မဏ္ဍပ်၏ အကျိုး ပေတည်း။

၂၁၅။ ဤဘဝသည်ကား ငါ့အား နောက်ဆုံးဘဝဖြစ်ပေ၏၊ ဤနောက်ဆုံးဘဝ၌လည်း အင်ကြင်းပန်းအမိုးသည် အခါခပ်သိမ်း ဖြစ်လတ္တံ့။

၂၁၆။ သာကီဝင်မင်းသားတို့၏ ရှေ့သွားခေါင်းဆောင်ဖြစ်သော ဂေါတမမြတ်စွာဘုရားကိုအားရနှစ်သက်စေလျက် အောင်ခြင်း, ရှုံးခြင်း (အနိုင်, အရှုံး) ကို စွန့်ပယ်၍ တုန်လှုပ်ခြင်း မရှိ သောနိဗ္ဗာန်သို့ ရောက်ရပေ၏။

၂၁၇။ ကမ္ဘာတစ်ထောင့်ရှစ်ရာထက်၌ မြတ်စွာဘုရားကို ပူဇော်ခဲ့ရသော အခါမှစ၍ မကောင်းမှု ပြုသူတို့လားရာ'ဒုဂ္ဂတိ'ဘဝကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာ ဘုရားကို ပူဇော်ရခြင်း၏အကျိုးပေတည်း။

၂၁၈။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။

၂၁၉။ ငါ၏ လာခြင်းကား။ပ။ အဆုံးအမတော်ကို လိုက်နာပြုကျင့်အပ်ပါပြီ။

၂၂၀။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ အဆုံးအမတော်ကို လိုက်နာကျင့် သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်သာလမဏ္ဍပိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ဆယ်ခုမြောက် သာလမဏ္ဍပိယထ္ထေရအပဒါန် ပြီး၏။

လေးဆယ့်ကိုးခုမြောက် ပံသုကူလဝဂ် ပြီး၏။

--

၅၀-ကိင်္ကဏိပုပ္ဖဝဂ်

၁-တိကိင်္ကဏိပုပ္ဖိယတ္ထေရအပဒါန်

။ ‘မဟာလှေကားပန်းကဲ့သို့’ တောက်ပလျက်ရှိသော ကိလေသာမြူ ကင်းတော်မူသော လောက၏ရှေ့သွား ဝိပဿီမြတ်စွာဘုရားကို တောင်ကြား၌ ထိုင်နေတော်မူစဉ် ငါသည် ဖူးမြင်ရ၏။

။ ငါသည် ဆည်းလည်းပန်း သုံးပွင့်တို့ကို ယူ၍ တင်လှူပူဇော်ခဲ့၏၊ မြတ်စွာဘုရားကို ပူဇော်ပြီးလျှင် တောင်အရပ်သို့ ရှေးရှု (မျက်နှာမူ)လျက် သွား၏။

။ ကောင်းစွာ ပြုအပ်သော ထိုကံကြောင့်လည်းကောင်း၊ စေတနာ, တောင့်တမှုတို့ကြောင့်လည်းကောင်း လူ့ခန္ဓာကိုယ်ကို စွန့်ပယ်ရသည်ရှိသော် ငါသည် တာဝတိံသာဘုံသို့ ရောက်ခဲ့၏။

။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ မြတ်စွာဘုရားကို ပူဇော်ခဲ့ရသော အခါမှစ၍ မကောင်းမှုပြုသူတို့ လားရာ'ဒုဂ္ဂတိ’ ဘဝကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာဘုရားကို ပူဇော်ရခြင်း၏အကျိုးပေတည်း။

။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ၊ အာသဝအားလုံးတို့ကို ပယ်နုတ်အပ်ကုန်ပြီ၊ ‘ဆင်ပြောင်ကြီးသည် အနှောင်အဖွဲ့ကို ဖြတ်၍ နေသကဲ့သို့’ ငါသည် အာသဝမရှိဘဲနေရ၏။

။ ငါ၏ လာခြင်းကား ကောင်းသောလာခြင်း စင်စစ် ဖြစ်ပေ၏၊ ငါသည် မြတ်စွာ ဘုရားအထံတော်၌ဝိဇ္ဇာသုံးပါးတို့ကို ရအပ်ပါကုန်ပြီ၊ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာပြုကျင့်အပ်ပါပြီ။

။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကို လည်းကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကို လည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်တိကိင်္ကဏိပုပ္ဖိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ရှေးဦးစွာသော တိကိင်္ကဏိပုပ္ဖိယတ္ထေရအပဒါန် ပြီး၏။

--

၂-ပံသုကူလပူဇကတ္ထေရအပဒါန်

။ ဟိမဝန္တာတောင်၏ အနီး၌ ဥဒင်္ဂဏမည်သော တောင်သည် ရှိ၏၊ ထိုတောင်၌ သစ်ပင်ဖျားဝယ်တွဲရရွဲ ဆွဲထားသော ပံ့သကူသင်္ကန်းကို တွေ့မြင်ရ၏။

။ ထိုအခါ ငါသည် ဆည်းလည်းပန်း သုံးပွင့်တို့ကို ဆွတ်ခူး၍ ရွှင်လန်းသည် ဖြစ်၍ ရွှင်လန်းသောစိတ်ဖြင့် ပံ့သကူသင်္ကန်းကို ပူဇော်ခဲ့၏။

၁၀။ ကောင်းစွာ ပြုအပ်သော ထိုကံကြောင့်လည်းကောင်း၊ စေတနာ, တောင့်တမှုတို့ကြောင့်လည်းကောင်း လူ့ခန္ဓာကိုယ်ကို စွန့်ရသည်ရှိသော် ငါသည် တာဝတိံသာဘုံသို့ ရောက် ခဲ့၏။

၁၁။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ ငါသည် ပူဇော်မှုကို ပြုခဲ့ရသော အခါမှစ၍ရဟန္တာပုဂ္ဂိုလ်တို့၏ တံခွန်သဖွယ် ဖြစ်သော သင်္ကန်းကို ပူဇော်ခြင်းကြောင့် မကောင်းမှု ပြုသူတို့လားရာ'ဒုဂ္ဂတိ'ဘဝကို မသိစဖူးပေ။

၁၂။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။

၁၃။ ငါ၏ လာခြင်းကား။ပ။ အဆုံးအမတော်ကို လိုက်နာပြုကျင့်အပ်ပါပြီ။

၁၄။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ အဆုံးအမတော်ကို လိုက်နာကျင့် သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ပံသုကူလပူဇကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

နှစ်ခုမြောက် ပံသုကူလပူဇကတ္ထေရအပဒါန် ပြီး၏။

--

၃-ကောရဏ္ဍပုပ္ဖိယတ္ထေရအပဒါန်

၁၅။ ရှေးအခါ ငါသည် အဖ အမိ (မိဘ) ကွယ်လွန်သဖြင့် တော၌အမှုလုပ်သူ ဖြစ်ခဲ့၏၊ သားကောင်ကိုသတ်ခြင်းဖြင့် အသက်မွေးရပေ၏၊ (ထို့ကြောင့်) ငါ့အား ကုသိုလ်သည် မရှိပေ။

၁၆။ လောကထက် မြတ်သော နိဗ္ဗာန်သို့ ပို့ဆောင်တော်မူတတ်သော တိဿမြတ်စွာ ဘုရားသည် အစဉ်သနားတော်မူသဖြင့် ငါ၏ နေရာ အနီး၌ ခြေတော်ရာ သုံးဆူတို့ကို ပြတော်မူ၏။

၁၇။ တိဿမည်သော မြတ်စွာဘုရား၏ နင်းကြွသော ခြေတော်ရာတို့ကို ဖူးမြင်ရ၍ ရွှင်လန်းသောငါသည် ရွှင်ပျသော စိတ်ဖြင့် ခြေတော်ရာ၌ စိတ်ကို ကြည်လင်စေခဲ့၏။

၁၈။ မြေ၌ ပေါက်သော ပွင့်နေသော လိပ်ဆူးရွှေပင်ကို မြင်၍ အခိုင်နှင့် တကွ ဆွတ်ယူ၍ခြေတော်ရာမြတ်ကို ပူဇော်ခဲ့၏။

၁၉။ ကောင်းစွာ ပြုအပ်သော ထိုကံကြောင့်လည်းကောင်း၊ စေတနာ, တောင့်တမှုတို့ကြောင့်လည်းကောင်း လူ့ခန္ဓာကိုယ်ကို စွန့်ရသည်ရှိသော် ငါသည် တာဝတိံသာဘုံသို့ ရောက် ခဲ့၏။

၂၀။ ကပ်ရောက်ရတိုင်းသော လူ့အဖြစ်နတ်အဖြစ်ဟူသမျှတို့၌ ငါသည် ‘လိပ်ဆူးရွှေကဲ့ သို့’ အရေရှိသူဖြစ်၏၊ ကောင်းသော အရောင်အဆင်း ရှိသူလည်း ဖြစ်၏။

၂၁။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်နှစ်ကမ္ဘာထက်၌ ပူဇော်မှုကို ပြုခဲ့ရသော အခါမှစ၍ မကောင်းမှု ပြုသူတို့လားရာ'ဒုဂ္ဂတိ’ ဘဝကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ခြေတော် ရာကို ပူဇော်ရခြင်း၏အကျိုးပေတည်း။

၂၂။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။

၂၃။ ငါ၏ လာခြင်းကား။ပ။ အဆုံးအမတော်ကို လိုက်နာပြုကျင့်အပ်ပါပြီ။

၂၄။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ အဆုံးအမတော်ကို လိုက်နာကျင့် သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ကောရဏ္ဍပုပ္ဖိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

သုံးခုမြောက် ကောရဏ္ဍပုပ္ဖိယတ္ထေရအပဒါန် ပြီး၏။

--

၄-ကိံသုကပုပ္ဖိယတ္ထေရအပဒါန်

၂၅။ ပွင့်နေသော ပေါက်ပွင့်ကို မြင်၍ လက်အုပ်ချီပြီးလျှင် ဘုရားမြတ်ကို အောက်မေ့ လျက်ကောင်းကင်၌ ပူဇော်ခဲ့၏။

၂၆။ ကောင်းစွာ ပြုအပ်သော ထိုကံကြောင့်လည်းကောင်း၊ စေတနာ, တောင့်တမှုတို့ကြောင့်လည်းကောင်း လူ့ခန္ဓာကိုယ်ကို စွန့်ရသည်ရှိသော် ငါသည် တာဝတိံသာဘုံသို့ ရောက်ခဲ့၏။

၂၇။ ဤဘဒ္ဒကမ္ဘာမှ သုံးဆယ့်တစ်ကမ္ဘာထက်၌ ပူဇော်မှုကို ပြုခဲ့ရသော အခါမှစ၍ မကောင်းမှု ပြုသူတို့လားရာ'ဒုဂ္ဂတိ’ ဘဝကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာ ဘုရားကို ပူဇော်ရခြင်း၏အကျိုးပေတည်း။

၂၈။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။

၂၉။ ငါ၏ လာခြင်းကား။ပ။ အဆုံးအမတော်ကို လိုက်နာပြုကျင့်အပ်ပါပြီ။

၃၀။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ အဆုံးအမတော်ကို လိုက်နာကျင့် သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ကိံသုကပုပ္ဖိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

လေးခုမြောက် ကိံသုကပုပ္ဖိယတ္ထေရအပဒါန် ပြီး၏။

၅-ဥပဍ္ဎဒုဿဒါယကတ္ထေရအပဒါန်

၃၁။ ထိုအခါ ပဒုမုတ္တရမြတ်စွာဘုရား၏ သုဇာတမည်သော တပည့် ‘သာဝက’ သည် ပံ့သကူသင်္ကန်းကိုရှာဖွေလျက် တံမြက်ချေးစွန့်ရာ အရပ်၌ လှည့်လည်လျက် ရှိ၏။

၃၂။ ထိုအခါ ငါသည် ဟံသာဝတီမြို့၌ သူတစ်ပါးတို့၏ အခစား ဖြစ်၍ ပုဆိုးတစ်ပိုင်းကို လှူ၍ဦးခေါင်းဖြင့် ရှိခိုးခဲ့၏။

၃၃။ ကောင်းစွာ ပြုအပ်သော ထိုကံကြောင့်လည်းကောင်း၊ စေတနာ, တောင့်တမှုတို့ကြောင့်လည်းကောင်း လူ့ခန္ဓာကိုယ်ကို စွန့်ရသည်ရှိသော် ငါသည် တာဝတိံသာဘုံသို့ ရောက် ခဲ့၏။

၃၄။ သုံးဆယ့်သုံးကြိမ်တိုင်တိုင် နတ်တို့ကို အစိုးရသည် ဖြစ်၍ သိကြားနတ်မင်းအဖြစ်ကို ပြုရ၏၊ ငါသည် ခုနစ်ဆယ့်ခုနစ်ကြိမ်တိုင်တိုင် စကြဝတေးမင်းလည်း ဖြစ်ရ၏။

၃၅။ ပြန့်ပြောသော ပဒေသရာဇ်မင်းအဖြစ်သည်ကား ဂဏန်းအားဖြင့် မရေတွက်နိုင်၊ ပုဆိုးပိုင်းကိုပေးလှူရခြင်းကြောင့် တစ်စုံတစ်ခုသော အရပ်မှ ဘေးမရှိသည်ဖြစ်၍ ဝမ်းမြောက် ရပေ၏။

--

၃၆။ ငါသည် ယခု အလိုရှိလတ်သော် တော, တောင်နှင့် တကွသော အရပ်ကို မျက်နှာရှိ သမျှကိုခေါမပုဆိုးတို့ဖြင့် ဖုံးလွှမ်းနိုင်ပေ၏။ ဤသို့ ဖြစ်ရခြင်းသည် ပုဆိုးတစ်ပိုင်း လှူရ ခြင်း၏အကျိုးပေတည်း။

၃၇။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ ပုဆိုးအလှူကို လှူခဲ့ရသော အခါမှစ၍ မကောင်းမှု ပြုသူတို့လားရာ ‘ဒုဂ္ဂတိ’ ဘဝကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ပုဆိုး တစ်ပိုင်း လှူရခြင်း၏အကျိုးပေတည်း။

၃၈။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။

၃၉။ ငါ၏ လာခြင်းကား။ပ။ အဆုံးအမတော်ကို လိုက်နာပြုကျင့်အပ်ပါပြီ။

၄၀။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ အဆုံးအမတော်ကို လိုက်နာကျင့် သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ဥပဍ္ဎဒုဿဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ငါးခုမြောက် ဥပဍ္ဎဒုဿဒါယကတ္ထေရအပဒါန် ပြီး၏။

၆-ဃတမဏ္ဍဒါယကတ္ထေရအပဒါန်

၄၁။ လောက၏ အကြီးအမှူး ဖြစ်တော်မူသော လူတို့ထက် မြတ်တော်မူသော သုစိန္တိတ မည်သော ပစ္စေကဗုဒ္ဓါကို တောကြီးသို့ ဝင်တော်မူလျက် လေနာဖြင့် နှိပ်စက်ခံနေရသည်ကို -

၄၂။ ဖူးမြင်ရ၍ စိတ်ကို ကြည်လင်စေလျက် ထောပတ်ကြည်ကို ကပ်လှူခဲ့၏၊ ပြုအပ်, ဆည်းပူးအပ်သော ကံကြောင့် ဤဘာဂီရထီဂင်္ဂါမြစ်သည်လည်းကောင်း၊ -

၄၃။ သမုဒ္ဒရာကြီးလေးစင်းတို့သည်လည်းကောင်း ငါ့အား ထောပတ် ဖြစ်ကုန်၏။ မနှိုင်း ယှဉ်နိုင်, မရေတွက်နိုင်သော ကြမ်းတမ်းသော ဤမြေကြီးသည်လည်း -

၄၄။ ငါ၏ စိတ်အကြံကို သိ၍ ပျားသကာ ဖြစ်၏၊ အခြေဖြင့် ရေကိုသောက်လျက် မြေ၌ပေါက်ကုန်သော လေးကျွန်းလုံးရှိ ဤသစ်ပင်တို့သည် -

၄၅။ ငါ၏ စိတ်အကြံကို သိကုန်၍ ပဒေသာပင်တို့ ဖြစ်ကုန်၏၊ ငါသည် အကြိမ်ငါးဆယ် တိုင်တိုင်နတ်တို့ကို အစိုးရသူဖြစ်၍ သိကြားမင်းအဖြစ်ကို ပြုခဲ့ရ၏။

၄၆။ ငါးဆယ့်တစ်ကြိမ်တိုင်တိုင် စကြဝတေးမင်းလည်း ဖြစ်ခဲ့၏၊ ပြန့်ပြောသော ပဒေသရာဇ်မင်း အဖြစ်သည်ကား ဂဏန်းအားဖြင့် မရေတွက်နိုင်။

၄၇။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်၌ အလှူကို လှူခဲ့ရသော အခါမှစ၍ မကောင်းမှု ပြုသူတို့လားရာ ‘ဒုဂ္ဂတိ’ ဘဝကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ထောပတ်ကြည် (လှူရခြင်း) ၏အကျိုးပေတည်း။

၄၈။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။

--

၄၉။ ငါ၏ လာခြင်းကား။ပ။ အဆုံးအမတော်ကို လိုက်နာပြုကျင့်အပ်ပါပြီ။

၅၀။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ အဆုံးအမတော်ကို လိုက်နာကျင့် သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ဃတမဏ္ဍဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ခြောက်ခုမြောက် ဃတမဏ္ဍဒါယကတ္ထေရအပဒါန် ပြီး၏။

၇-ဥဒကဒါယကတ္ထေရအပဒါန်

၅၁။ ပဒုမုတ္တရမြတ်စွာဘုရား၏ အမြတ်ဆုံးဖြစ်သော ရဟန်းသံဃာ၌ ကြည်ညိုဝမ်းမြောက် သောစိတ်ရှိသည်ဖြစ်၍ သောက်ရေအိုးကို ပြည့်စေခဲ့၏။

၅၂။ တောင်ထိပ်၌လည်းကောင်း၊ သစ်ပင်ဖျား၌လည်းကောင်း၊ ကောင်းကင်၌လည်းကောင်း၊ သို့မဟုတ်မြေပြင်၌လည်းကောင်း သောက်ရေကို အလိုရှိ၏။ ထိုအခါ (ရေသည်) ငါ့အား လျင်မြန်စွာ ဖြစ်လေ၏။

၅၃။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ အလှူကို လှူခဲ့ရသော အခါမှစ၍ မကောင်းမှု ပြုသူတို့လားရာ ‘ဒုဂ္ဂတိ’ ဘဝကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ရေလှူရ ခြင်း၏ အကျိုးပေတည်း။

၅၄။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။

၅၅။ ငါ၏ လာခြင်းကား။ပ။ အဆုံးအမတော်ကို လိုက်နာပြုကျင့်အပ်ပါပြီ။

၅၆။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ အဆုံးအမတော်ကို လိုက်နာကျင့် သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ဥဒကဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ခုနစ်ခုမြောက် ဥဒကဒါယကတ္ထေရအပဒါန် ပြီး၏။

--

၈-ပုလိနထူပိယတ္ထေရအပဒါန်

၅၇။ ဟိမဝန္တာ၏ အနီး၌ ယမကမည်သော တောင်သည် ရှိ၏၊ ထိုတောင်၌ ငါသည် သင်္ခမ်းကျောင်းကိုကောင်းစွာ ဆောက်လုပ်ထား၏၊ သစ်ရွက်မိုးကျောင်းကို ကောင်းစွာ ဖန်ဆင်းထား၏။

၅၈။ ငါသည် အမည်အားဖြင့် “နာရဒ”ဟု ထင်ရှားသော ထက်သော တန်ခိုးရှိသော ရသေ့ဖြစ်၏၊ တစ်သောင်းလေးထောင်ကုန်သော တပည့်တို့သည် ငါ့ကို ခြံရံ, လုပ်ကျွေးကုန်၏။

၅၉။ ထိုအခါ ငါသည် တစ်ယောက်တည်း ကိန်းအောင်းလျက် ဤသို့ ကြံစည်ခဲ့၏၊ အလုံးစုံသောလူအပေါင်းတို့သည် ငါ့ကို ပူဇော်ပေ၏၊ ငါသည်ကား တစ်စုံတစ်ယောက်ကိုမျှ မပူဇော်ရချေ။

၆၀။ ငါ့အား ဆုံးမတတ်သော တစ်စုံတစ်ယောက်သော သူသည် မရှိ၊ ပြောဆိုတတ်သောတစ်စုံတစ်ယောက်သော သူသည် မရှိ၊ ငါသည် ဆရာဥပဇ္ဈာယ် မရှိဘဲ တော၌ နေရ၏၊

၆၁။ ငါသည် အကြင်ဆရာကို ဆည်းကပ်လျက် အလေးပြုသော စိတ်ကို ဖြစ်စေရာ၏၊ ထိုဆရာသည်ငါ့အား မရှိ၊ တော၌ နေခြင်းသည် (ငါ့အား) အကျိုးမရှိချေ။

၆၂။ ငါသည် အလေးပြုထိုက် မြတ်နိုးထိုက် ပူဇော်ထိုက်သော ဆရာကို ရှာဖွေအံ့၊ မှီခိုရာရှိလျက်သာလျှင် နေတော့အံ့၊ (ဤသို့ နေသည်ရှိသော်) တစ်စုံတစ်ယောက်သောသူသည် (ငါ့အား) မကဲ့ရဲ့လတ္တံ့။

၆၃။ ငါ၏ သင်္ခမ်းကျောင်းအနီး၌ မြစ်ငယ်သည် တိမ်သော ကမ်းရှိ၏၊ ကောင်းသော ရေဆိပ်ရှိ၏၊ စိတ်နှလုံးမွေ့လျော်ဖွယ်ရှိ၏၊ ကောင်းစွာ စင်ကြယ်သော သဲဖြင့် ရောပြွမ်းလျက် ရှိ၏။

၆၄။ ထိုအခါ ငါသည် အမရိကမည်သော မြစ်သို့ ချဉ်းကပ်၍ သဲကို ကြီးပွါးစေ (ပေါင်းစု) လျက်သဲပုံစေတီကို ပြုခဲ့၏။

၆၅။ ဘဝအဆုံးကို ပြုတော်မူတတ်ကုန်သော ရဟန်းမြတ် ဖြစ်တော်မူကုန်သော အကြင်မြတ်စွာဘုရားတို့သည် ပွင့်တော်မူခဲ့ကြကုန်၏၊ ထိုမြတ်စွာဘုရားတို့၏ စေတီပုထိုးသည် ဤ သို့သဘောရှိပေ၏၊ ငါသည် ထိုစေတီပုထိုးဟူသော အမှတ်နိမိတ်ကို ပြု၏။

၆၆။ ငါသည် သဲပုံစေတီကို ပြု၍ ရွှေအတိပြီးအောင် ဖန်ဆင်းခဲ့၏၊ ရွှေဆည်းလည်းပန်း သုံးထောင်တို့ကို ပူဇော်ခဲ့၏။

၆၇။ ငါသည် နှစ်သက်ခြင်း ဖြစ်၍ လက်အုပ်ချီလျက် ညဉ့်နံနက် ရှိခိုးခဲ့၏၊ ငါသည် သဲပုံ စေတီကို'မျက်မှောက် (သက်တော်ထင်ရှား) မြတ်စွာဘုရားကဲ့သို့’ ရှိခိုးခဲ့၏။

၆၈။ အကြင်အခါ အိမ်၌ မှီကုန်သော အကြံအစည် ကိလေသာတို့သည် ဖြစ်ကုန်၏၊ ထို အခါ ငါသည်ကောင်းစွာ ပြုအပ်သော စေတီပုထိုးကို အောက်မေ့၏၊ (စေတီပုထိုးကို) ဆင်ခြင်၏။

၆၉။ လှည်းမှူးနှင့် တူသော မြတ်စွာဘုရားကို မှီ၍ နေပါလျက် (သင်သည်) ကိလေသာ တို့နှင့်အတူတကွ နေငြားအံ့၊ အမောင် သင့်အား (ထိုသို့ နေခြင်းသည်) မသင့်လျော်ချေ။

၇၀။ စေတီပုထိုးကို ဆင်ခြင်သည်နှင့် တစ်ပြိုင်နက် ထိုအခါ ငါ့အား (စေတီပုထိုး၌) ရိုသေလေးစားမှုသည်ဖြစ်၏၊ ထိုအခါ ငါသည် ‘သံချွန်ဖြင့် ထိုးအပ်သော ဆင်ကဲ့သို့’ ယုတ်မာသော အကြံအစည်တို့ကို ပယ်ဖျောက်နိုင်ခဲ့၏။

--

၇၁။ ဤသို့ နေသော ငါ့ကို သေမင်းသည် လွှမ်းမိုးနှိပ်စက်လေ၏၊ ငါသည် ထိုအရပ်၌ ကွယ်လွန်လျက်ဗြဟ္မာ့ပြည်သို့ ရောက်ခဲ့၏။

၇၂။ ငါသည် အသက်ထက်ဆုံး (ဗြဟ္မာ့ဘုံ၌) နေပြီးလျှင် တာဝတိံသာနတ်ဘုံ၌ ဖြစ်ခဲ့၏၊ အကြိမ်ရှစ်ဆယ်တိုင်တိုင် နတ်တို့ကို အစိုးရသူ ဖြစ်၍ သိကြားမင်းအဖြစ်ကို ပြုခဲ့ရ၏။

၇၃။ ငါသည် အကြိမ်သုံးရာတိုင်တိုင် စကြဝတေးမင်းလည်း ဖြစ်ခဲ့၏၊ ပြန့်ပြောသောပဒေသရာဇ်မင်းအဖြစ်သည်ကား ဂဏန်းအားဖြင့် မရေတွက်နိုင်။

၇၄။ ငါသည် ရွှေဆည်းလည်းပန်းတို့၏ အကျိုးကို ခံစားရပေ၏၊ နို့ထိန်း တစ်သိန်းတို့ သည်ဖြစ်ရာဘဝ၌ ငါ့ကို ခြံရံကုန်၏။

၇၅။ စေတီပုထိုးကို နှလုံးသွင်းလေ့ကျက်ခဲ့ခြင်းကြောင့် မြူအညစ်အကြေးသည် ကိုယ်၌ မလိမ်းကျံပေ၊ ချွေးတို့သည် (ကိုယ်မှ) မထွက်ကုန်၊ ငါသည် အရောင်အဆင်းတောက်ပသူ ဖြစ်ပေ၏။

၇၆။ ကောင်းစွာ ပြုအပ်သော ငါ၏ စေတီပုထိုးသည်လည်းကောင်း၊ ကောင်းစွာ ရှုမြင် အပ်သောအမရိကာမြစ်သည်လည်းကောင်း အံ့ဩဖွယ်ရှိပါပေစွ။ ငါသည် သဲပုံစေတီကို ပြုခဲ့ ခြင်းကြောင့်တုန်လှုပ်ခြင်း မရှိသော နိဗ္ဗာန်သို့ ရောက်ရပေ၏။

၇၇။ ကုသိုလ်ကို ပြုရန် အလိုရှိလျက် တရားအနှစ်ကို ယူလေ့ရှိသော ပုဂ္ဂိုလ်သတ္တဝါအားခေတ်သည်လည်းကောင်း၊ ခေတ်မဟုတ်ခြင်းသည်လည်းကောင်း (ခေတ်ကောင်း, မကောင်း သည်) မရှိ။ အကျင့်သည်သာလျှင် (အကျိုးကို) ပြီးစေတတ်၏၊ (တရားအနှစ်ပေတည်း)။

၇၈။ ‘အားကောင်းသော ယောက်ျားသည် သမုဒ္ဒရာကို ကူးရန် အားထုတ်ရာသကဲ့သို့ လည်းကောင်း၊ သေးငယ်သော သစ်သားကို ယူ၍ သမုဒ္ဒရာကို ကူးရာသကဲ့သို့လည်းကောင်း’ -

၇၉။ ငါသည် ဤသစ်သားကို မှီ၍ သမုဒ္ဒရာကို ကူးရတော့အံ့။ လူသည် အားထုတ်ခြင်း လုံ့လဖြင့်သမုဒ္ဒရာကို ကူးရာသကဲ့သို့ -

၈၀။ ထို့အတူပင် ငါပြုအပ်သော ကံသည် သေးငယ်၏၊ နည်းပါး၏။ ထိုကံကို အမှီ ပြု၍ ငါသည့်သံသရာကို ကောင်းစွာ လွန်မြောက်ခဲ့၏။

၈၁။ နောက်ဆုံးဖြစ်သော ဘဝသို့ ရောက်လတ်သော် ဖြူစင်သော ကုသိုလ်ကံအကြောင်း ရင်းသည်တိုက်တွန်းအပ်သည်ဖြစ်၍ သာဝတ္ထိပြည်ဝယ် ကောင်းစွာ ကြွယ်ဝသော မဟာသာလ အမျိုး၌ ဖြစ်ရ၏။

၈၂။ ငါ၏ အမိ, အဖတို့သည် ယုံကြည်မှု ‘သဒ္ဓါ'တရား ရှိကုန်၏၊ မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ဆည်းကပ်ကုန်၏၊ ဤမိဘနှစ်ပါးတို့သည် နိဗ္ဗာန်ကို မြင်ကုန်၏၊ (မြတ်စွာ ဘုရား၏ ) အဆုံးအမတော်ကိုလိုက်နာကျင့်ကြံကုန်၏။

၈၃။ (ငါ၏ မိဘတို့သည်) ဗောဓိပင်အပွေးကို ယူ၍ ရွှေပုထိုးစေတီကို ပြုကုန်၏၊ ညဉ့်, နံနက်မြတ်စွာဘုရား၏ မျက်မှောက်၌ ရှိခိုးကုန်၏။

၈၄။ ဥပုသ်နေ့၌ ရွှေပုထိုးစေတီကို ထုတ်ကြကုန်၏၊ မြတ်စွာဘုရား၏ ဂုဏ်ကျေးဇူးကို ချီးကျူးကုန်လျက်ညဉ့်သုံးယံကို လွန်စေကုန်၏။

၈၅။ ငါသည် စေတီပုထိုးကို ဖူးမြင်ရ၍ သဲပုံစေတီကို အောက်မေ့ခဲ့၏၊ တစ်ခုသော နေရာ၌ နေ၍အရဟတ္တဖိုလ်သို့ ရောက်ခဲ့၏။

နှစ်ဆယ့်နှစ်ခုမြောက် ဘာဏဝါရ ပြီး၏။

--

၈၆။ ငါသည် ထိုမြတ်စွာဘုရားကို ရှာဖွေလတ်သော် တရားစစ်သူကြီးဖြစ်သော အရှင် သာရိပုတ္တရာကိုဖူးမြင်ရ၏၊ (ထိုအခါ) အိမ်မှ ထွက်၍ ထိုတရားစစ်သူကြီးဖြစ်သော အရှင် သာရိပုတ္တရာ၏ အထံ၌ရဟန်းပြုခဲ့၏။

၈၇။ မွေးဖွားသည်မှ ခုနစ်နှစ်ဖြင့် အရဟတ္တဖိုလ်သို့ ရောက်ခဲ့၏၊ စက္ခုငါးမျိုးရှိတော်မူ သောမြတ်စွာဘုရားသည် (ငါ၏) ဂုဏ်ကို သိ၍ ရဟန်းခံပေးတော်မူ၏။

၈၈။ ငယ်ရွယ်သူမျှသာ ဖြစ်လျက် ငါသည် ပြုဖွယ်ကိစ္စကို ပြီးဆုံးစေခဲ့ပြီ၊ သာကီဝင် မင်းသားမြတ်စွာဘုရား၏ သာသနာတော်၌ ငါသည် ပြုဖွယ်ကိစ္စကို ယခု ပြုအပ်ပြီ။

၈၉။ မြတ်စွာဘုရား အရှင်ဘုရား၏ တပည့် ‘သာဝက’ ရဟန်းသည် အလုံးစုံသော ဘေးရန်အပေါင်းမှလွန်မြောက်လျက် အလုံးစုံသော ငြိကပ်တွယ်တာခြင်းမှ လွန်မြောက်ပါ၏။ ဤသို့ ဖြစ်ရခြင်းသည်ရွှေပုထိုးစေတီကို တည်ထားရခြင်း၏ အကျိုးပေတည်း။

၉၀။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။

၉၁။ ငါ၏ လာခြင်းကား။ပ။ အဆုံးအမတော်ကို လိုက်နာပြုကျင့်အပ်ပါပြီ။

၉၂။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ အဆုံးအမတော်ကို လိုက်နာကျင့် သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ပုလိနထူပိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ရှစ်ခုမြောက် ပုလိနထူပိယတ္ထေရအပဒါန် ပြီး၏။

--

၉-နဠကုဋိဒါယကတ္ထေရအပဒါန်

၉၃။ ဟိမဝန္တာ၏ အနီး၌ ဟာရိတမည်သော တောင်သည် ရှိ၏၊ ထိုတောင်၌ ထိုအခါ ‘နာရဒ’ မည်သော မြတ်စွာဘုရားသည် သစ်ပင်ရင်း၌ နေတော်မူ၏။

၉၄။ ငါသည် ကျူထရံကျောင်းကို မြက် (သက်ငယ်) ဖြင့် မိုးခဲ့၏။ ငါသည် စကြ øကို သုတ်သင်၍မြတ်စွာဘုရားအား လှူဒါန်းခဲ့၏။

၉၅။ ကောင်းစွာ ပြုအပ်သော ထိုကံကြောင့်လည်းကောင်း၊ စေတနာ, တောင့်တမှုတို့ကြောင့်လည်းကောင်း လူ့ခန္ဓာကိုယ်ကို စွန့်ရသည်ရှိသော် ငါသည် တာဝတိံသာဘုံသို့ ရောက် ရ၏။

၉၆။ ထိုဘုံ၌ ကောင်းစွာ ပြုအပ်သော ငါ၏ ဗိမာန်ကို ကျူထရံကျောင်းကို ဆောက်လုပ်သော ကံသည်ဖန်ဆင်းအပ်၏၊ (ထိုဗိမာန်သည်) ယူဇနာခြောက်ဆယ် မြင့်၏၊ ယူဇနာသုံးဆယ် ကျယ်ပြန့်၏။

၉၇။ တစ်ဆယ့်လေးကမ္ဘာတို့၌ ငါသည် နတ်ပြည်၌ ပျော်မွေ့ခဲ့ရ၏၊ ခုနစ်ဆယ့်တစ်ကြိမ် တိုင်တိုင်သိကြားမင်းအဖြစ်ကိုလည်း ပြုရ၏။

၉၈။ ငါသည် သုံးဆယ့်လေးကြိမ်တိုင်တိုင် စကြဝတေးမင်းလည်း ဖြစ်ခဲ့၏၊ ပြန့်ပြော သောပဒေသရာဇ်မင်းအဖြစ်သည်ကား ဂဏန်းအားဖြင့် မရေတွက်နိုင်။

၉၉။ ငါသည် သာကီဝင်မင်းသား မြတ်စွာဘုရား၏ သာသနာတော်၌ အလုံးစုံ မြတ်သော အခြင်းအရာဖြင့်နှိုင်းယှဉ်အပ်သော တရားတည်းဟူသော ပြာသာဒ်သို့ တက်၍ အလိုရှိတိုင်း နေရပေ၏။

၁၀၀။ ဤဘဒ္ဒကမ္ဘာမှ သုံးဆယ့်တစ်ကမ္ဘာထက်၌ ကောင်းမှုကံကို ပြုခဲ့ရသော အခါမှစ၍မကောင်းမှုပြုသူတို့ လားရာ'ဒုဂ္ဂတိ’ ဘဝကို မသိစဖူးပေ။ ဤသို့ဖြစ်ရခြင်းသည် ကျူထရံ ကျောင်းကိုဆောက်လုပ်ရခြင်း၏ အကျိုးပေတည်း။

၁၀၁။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။

၁၀၂။ ငါ၏ လာခြင်းကား။ပ။ အဆုံးအမတော်ကို လိုက်နာပြုကျင့်အပ်ပါပြီ။

၁၀၃။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ အဆုံးအမတော်ကို လိုက်နာကျင့် သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်နဠကုဋိဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ကိုးခုမြောက်နဠကုဋိဒါယကတ္ထေရအပဒါန် ပြီး၏။

--

၁၀-ပိယာလဖလဒါယကတ္ထေရအပဒါန်

၁၀၄။ ငါသည် ရှေးအခါ တော၌ လှည့်လည်သော သားမုဆိုး ဖြစ်ခဲ့၏၊ ထိုအခါ ကိလေသာမြူကင်းတော်မူသည်ဖြစ်၍ အလုံးစုံသော တရားတို့၏ တစ်ဖက်ကမ်းသို့ ရောက် တော်မူသော မြတ်စွာဘုရားကို ဖူးမြင်ရ၏။

၁၀၅။ ငါသည် လွန်သီးကို ယူ၍ ကုသိုလ်မျိုးစေ့ကို စိုက်ပျိုးရာ လယ်ယာမြေကောင်း သဖွယ်ဖြစ်တော်မူသော လုံ့လရှိတော်မူသော ဘုရားမြတ်အား ကြည်ညိုသည်ဖြစ်၍ မိမိ လက်တို့ဖြင့် လှူဒါန်းခဲ့၏။

၁၀၆။ ဤဘဒ္ဒကမ္ဘာမှ သုံးဆယ့်တစ်ကမ္ဘာထက်၌ လွန်သီးကို လှူဒါန်းခဲ့ရသော အခါမှစ၍ မကောင်းမှုပြုသူတို့ လားရာ'ဒုဂ္ဂတိ'ဘဝကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် လွန်သီးကို လှူရခြင်း၏အကျိုးပေတည်း။

၁၀၇။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။

၁၀၈။ ငါ၏ လာခြင်းကား။ပ။ အဆုံးအမတော်ကို လိုက်နာပြုကျင့်အပ်ပါပြီ။

၁၀၉။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ အဆုံးအမတော်ကို လိုက်နာကျင့် သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ပိယာလဖလဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ဆယ်ခုမြောက် ပိယာလဖလဒါယကတ္ထေရအပဒါန် ပြီး၏။

ငါးဆယ်ခုမြောက် ကိင်္ကဏိပုပ္ဖဝဂ် ပြီး၏။

မေတ္တေယျဒသကဝဂ် ပြီး၏။

ငါးခုမြောက် မထေရ်တစ်ရာအပေါင်း ပြီး၏။

--

၅၁-ကဏိကာရဝဂ်

၁-တိကဏိကာရပုပ္ဖိယတ္ထေရအပဒါန်

။ သစ္စာလေးပါးကို သိတော်မူသော သုံးဆယ့်နှစ်ပါးသော ယောက်ျားမြတ်၏ လက္ခဏာ တော်နှင့်ပြည့်စုံတော်မူသော သုမေဓာမည်သော မြတ်စွာဘုရားသည် ဆိတ်ငြိမ်ခြင်းကို အလိုရှိ တော်မူသည်ဖြစ်၍ဟိမဝန္တာသို့ ချဉ်းကပ်တော်မူ၏။

။ သနားခြင်း ကရုဏာရှိတော်မူသော ယောက်ျားမြတ် ဖြစ်တော်မူသော မြတ်စွာဘုရား သည်ဟိမဝန္တာသို့ ဝင်ရောက်၍ ထက်ဝယ်ဖွဲ့ခွေ ထိုင်နေတော်မူ၏။

။ ထိုအခါ ငါသည် ကောင်းကင်၌ သွားနိုင်သော ဝိဇ္ဇာဓိုရ် ဖြစ်ခဲ့၏၊ ထိုအခါ ကောင်းစွာ ပြုအပ်သောတံကျင်သုံးခွကို ကိုင်၍ ကောင်းကင်၌ သွား၏။

။ မြတ်စွာဘုရားသည် ‘တောင်ထိပ်၌ မီးကဲ့သို့လည်းကောင်း၊ လပြည့်နေ့၌ ပေါ်ထွက် သောလဝန်းကဲ့သို့လည်းကောင်း၊ ပွင့်သော အင်ကြင်းပင်မင်းကဲ့သို့လည်းကောင်း’ ထွန်းလင်းတောက်ပတော်မူလျက် ရှိ၏။

။ မြတ်စွာဘုရား၏ ရောင်ခြည်တော်တို့သည် တောဖျားမှ ထွက်၍ (ပြိုးပြက်) ပြေး သွားကုန်၏၊ ငါသည် ကျူမီးအဆင်းနှင့် တူသော ရောင်ခြည်တော်တို့ကို ဖူးမြင်ရ၍ စိတ်ကို ကြည်လင်စေခဲ့၏။

။ ငါသည် နတ် (ပန်း) ရနံ့ရှိသော မဟာလှေကားပန်းကို ရှာဖွေစဉ် မြတ်စွာဘုရားကို ဖူးမြင်ရ၏၊ ပန်းသုံးပွင့်တို့ကို ယူ၍ ဘုရားမြတ်ကို ပူဇော်ခဲ့၏။

။ ထိုအခါ ငါ၏ ပန်းသုံးပွင့်တို့သည် မြတ်စွာဘုရား၏ အာနုဘော်ကြောင့် အထက်၌ အညှာအောက်၌ပွင့်ချပ်ရှိကုန်လျက် မြတ်စွာဘုရားအား အရိပ်ကို ပြုကုန်၏။

။ ကောင်းစွာ ပြုအပ်သော ထိုကံကြောင့်လည်းကောင်း၊ စေတနာ, တောင့်တမှုတို့ကြောင့်လည်းကောင်း လူ့ခန္ဓာကိုယ်ကို စွန့်လွှတ်ရသည်ရှိသော် ငါသည် တာဝတိံသာဘုံသို့ ရောက်ခဲ့၏။

။ ထိုဘုံ၌ ကောင်းစွာ ပြုအပ်သော ငါ၏ ဗိမာန်သည် “ကဏိကာရီ”ဟု ထင်ရှားလျက်ယူဇနာခြောက်ဆယ် မြင့်၏၊ ယူဇနာသုံးဆယ် ကျယ်ပြန့်၏။

၁၀။ ငါ၏ ဗိမာန်သည် အပိုင်းအခြား တစ်ထောင် ရှိ၏၊ (အခန်း တစ်ထောင် ရှိ၏)။ ကျင်လုံး (ပွတ်လုံး) တစ်ရာရှိ၏၊ များသော တံခွန် ရှိ၏၊ ရွှေအတိ ပြီး၏။ ငါ၏ ဗိမာန်၌ ပြာသာဒ်ဆောင်တစ်သိန်းတို့သည် ထင်ရှားရှိကုန်၏။

၁၁။ ရွှေပလ္လင်၊ ပတ္တမြားပလ္လင်၊ ကျောက်နီပလ္လင်၊ ဖန်ပလ္လင်တို့သည်လည်း အလိုရှိတိုင်း အလိုရှိတိုင်းဖြစ်ပေါ်ကုန်၏။

၁၂။ မြတ်သော သူတို့အား ထိုက်တန်သော အိပ်ရာသည်လည်း လဲသွတ်သော မွေ့ရာ အရုပ်တို့ဖြင့်ဆန်းကြယ်သော အခင်းတို့နှင့် ယှဉ်၏၊ တစ်ဖက်အမွေးရှိသော အခင်းသည် လည်းကောင်း၊ နှစ်ဖက်အမွေးရှိသော အခင်းသည်လည်းကောင်း ခေါင်းအုံးနှင့် ယှဉ်လျက် ရှိ၏။

၁၃။ အကြင်အခါ ငါသည် နတ်အပေါင်း ခြံရံလျက် ဗိမာန်မှ ထွက်၍ နတ်ပြည်သို့ လှည့် လည်သွားလာခြင်းကို အလိုရှိ၏။

--

၁၄။ ထိုအခါ ငါသည် ပန်းပွင့်အောက်၌ ရပ်တည်ရပေ၏၊ ငါ၏ အထက်၌ အမိုးသည် ထက်ဝန်းကျင်ယူဇနာတစ်ရာတိုင်တိုင် မဟာလှေကားပန်းတို့ဖြင့် ဖုံးလွှမ်းအပ်၏။

၁၅။ တူရိယာခြောက်သောင်းတို့သည် ညဉ့်, နံနက် ခစားလျက် ရှိကုန်၏၊ ညဉ့်, နေ့ ပတ်လုံးမပျင်းမရိကုန်ဘဲ ငါ့ကို အမြဲ ခြံရံလျက် ရှိကုန်၏။

၁၆။ ထိုနတ်ပြည်၌ ကခြင်းတို့ဖြင့်လည်းကောင်း၊ သီဆိုခြင်းတို့ဖြင့်လည်းကောင်း၊ မောင်းကြေးနင်းတို့ဖြင့်လည်းကောင်း၊ တီးမှုတ်ခြင်းတို့ဖြင့်လည်းကောင်း ပျော်မွေ့ရ၏။ ငါသည် အလိုရှိတိုင်းမြူးထူးပျော်ရွှင်မှုဖြင့် ဝမ်းမြောက်ရ၏။

၁၇။ ထိုအခါ တာဝတိံသာနတ်ပြည်၌ အလိုရှိတိုင်း ခံစား၍လည်းကောင်း၊ သောက်၍ လည်းကောင်းဝမ်းမြောက်ရ၏။ ဗိမာန်မြတ်၌ နတ်သမီးအပေါင်းတို့နှင့် အတူတကွ ဝမ်း မြောက်ရ၏။

၁၈။ အကြိမ်ငါးရာတိုင်တိုင် နတ်မင်းအဖြစ်ကိုလည်း ပြုရ၏၊ ငါသည် အကြိမ်သုံးရာ တိုင်တိုင်စကြဝတေးမင်းလည်း ဖြစ်ခဲ့၏၊ ပြန့်ပြောသော ပဒေသရာဇ်မင်းအဖြစ်သည်ကား ဂဏန်းအားပြင့်မရေတွက်နိုင်။

၁၉။ ငါသည် ဘဝငယ်, ဘဝကြီး၌ ကျင်လည်ရသော် များသော စည်းစိမ်ဥစ္စာကို ရပေ၏၊ ငါ့အားစည်းစိမ်ဥစ္စာ၌ ယုတ်လျော့ခြင်းသည် မရှိချေ။ ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာဘုရား ကို ပူဇော်ရခြင်း၏အကျိုးပေတည်း။

၂၀။ နတ်ဘဝ သို့မဟုတ် လူ့ဘဝဟူသော ဘဝနှစ်ပါး၌ ကျင်လည်ရ၏၊ တစ်ပါးသောလားရာဂတိကိုမသိရပေ။ ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာဘုရားကို ပူဇော်ရခြင်း၏ အကျိုး ပေတည်း။

၂၁။ မင်းမျိုး သို့မဟုတ် ဗြာဟ္မဏမျိုးဟူသော နှစ်ပါးသော အမျိုး၌ ဖြစ်ရ၏၊ ယုတ် နိမ့်သော အမျိုး၌မဖြစ်ရပေ။ ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာဘုရားကို ပူဇော်ရခြင်း၏ အကျိုးပေတည်း။

၂၂။ ဆင်ယာဉ်ကိုလည်းကောင်း၊ မြင်းယာဉ်ကိုလည်းကောင်း၊ ထမ်းစင်ကိုလည်းကောင်း၊ သံလျင်းကိုလည်းကောင်း ဤအလုံးစုံကိုပင် ရပေ၏။ ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာဘုရား ကိုပူဇော်ရခြင်း၏ အကျိုးပေတည်း။

၂၃။ ကျွန်မအပေါင်းကိုလည်းကောင်း၊ ကျွန်ယောက်ျားအပေါင်းကိုလည်းကောင်း၊ ကောင်း စွာတန်ဆာဆင်အပ်ကုန်သော မိန်းမတို့ကို လည်းကောင်း ဤအလုံးစုံကိုပင် ရပေ၏။ ဤသို့ ဖြစ်ရခြင်းသည်မြတ်စွာဘုရားကို ပူဇော်ရခြင်း၏ အကျိုးပေတည်း။

၂၄။ ပိုးအထည်, ကမ္ဗလာအထည်တို့ကို လည်းကောင်း၊ ခေါမအထည်, ဝါချည်အထည်တို့ကို လည်းကောင်း ဤအလုံးစုံကိုပင် ရပေ၏။ ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာဘုရားကို ပူဇော်ရခြင်း၏အကျိုးပေတည်း။

၂၅။ အဝတ်ဦးကိုလည်းကောင်း၊ သစ်သီးဦးကိုလည်းကောင်း၊ မြတ်သော အရသာရှိ သောစားဖွယ်ဘောဇဉ်ဦးကိုလည်းကောင်း ဤအလုံးစုံကိုပင် ရပေ၏။ ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာဘုရားကိုပူဇော်ရခြင်း၏ အကျိုးပေတည်း။

၂၆။ ဤခဲဖွယ်ကို ခဲလော့၊ ဤစားဖွယ်ကို စားလော့၊ ဤအိပ်ရာ၌ အိပ်လော့၊ ဤ (ဖိတ်ခေါ်မှု) အလုံးစုံကိုပင် ရ၏။ ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာဘုရားကို ပူဇော်ရခြင်း၏ အကျိုးပေတည်း။

၂၇။ ငါသည် အလုံးစုံသော အရပ်၌ ပူဇော်ခံရသူ ဖြစ်၏၊ ငါ၏ အကျော်အစောသတင်း သည်ပျံ့နှံ့လျက်ရှိ၏၊ ငါသည် အခါခပ်သိမ်း များသော အသင်းအပင်းရှိသူ၊ အခါခပ်သိမ်း မကွဲပြားသောပရိသတ်ရှိသူ ဖြစ်၏၊ အဆွေအမျိုးတို့ထက် မြတ်သူ ဖြစ်၏။ ဤသို့ ဖြစ်ရ ခြင်းသည် မြတ်စွာဘုရားကိုပူဇော်ရခြင်း၏ အကျိုးပေတည်း။

--

၂၈။ အအေး, အပူကို မသိရပေ၊ အိုက်စပ်ခြင်းသည် (ငါ့အား) မရှိချေ၊ ထိုမှတစ်ပါး ငါ၏ နှလုံး၌စိတ်ကြောင့်ဖြစ်သော ဆင်းရဲခြင်းသည် မရှိချေ။

၂၉။ ဘဝငယ်, ဘဝကြီး၌ ရွှေအဆင်းနှင့် တူသော အဆင်းရှိသူဖြစ်၍ ကျင်လည်ရပေ၏၊ အဆင်းဖောက်ပြန်ခြင်းကို မသိရပေ။ ဤသို့ဖြစ်ရခြင်းသည် မြတ်စွာဘုရားကို ပူဇော်ရခြင်း၏အကျိုးပေတည်း။

၃၀။ (ငါသည်) နတ်ပြည်မှ စုတေ၍ ဖြူစင်သော ကုသိုလ်ကံ အကြောင်းရင်းသည် တိုက်တွန်းအပ်သည်ဖြစ်၍ သာဝတ္ထိပြည်ဝယ် ကောင်းစွာ ကြွယ်ဝသော မဟာသာလအမျိုး၌ ဖြစ်ရ ပေ၏။

၃၁။ ငါသည် ကာမဂုဏ်ငါးပါးတို့ကို စွန့်ပယ်၍ ရဟန်းဘောင်သို့ ဝင်ရောက်ခဲ့၏၊ ငါသည် မွေးဖွားသည်မှခုနစ်နှစ်သာ ရှိသေးလျက် အရဟတ္တဖိုလ်သို့ ရောက်ရပေ၏။

၃၂။ စက္ခုငါးမျိုးရှိတော်မူသော မြတ်စွာဘုရားသည် (ငါ၏) ဂုဏ်ကို သိ၍ ငါ့ကို ရဟန်း ခံပေးတော်မူ၏၊ ငါသည် ငယ်ရွယ်သူ ဖြစ်လျက် ပူဇော်ခံရသူ ဖြစ်၏။ ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာဘုရားကိုပူဇော်ရခြင်း၏ အကျိုးပေတည်း။

၃၃။ ငါ၏ ဒိဗ္ဗစက္ခုဉာဏ်သည် အထူးစင်ကြယ်၏၊ ငါသည် ဈာန်သမာဓိ၌ လိမ္မာကျွမ်း ကျင်၏၊ အဘိညာဉ်တို့၏ အထွတ်အထိပ်သို့ ရောက်ပေ၏။ ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာ ဘုရားကိုပူဇော်ရခြင်း၏ အကျိုးပေတည်း။

၃၄။ ငါသည် ပဋိသမ္ဘိဒါဉာဏ်တို့ကို အစဉ်ရောက်ရပေ၏၊ ဣဒ္ဓိပါဒ်တို့၌ လိမ္မာကျွမ်းကျင် ပေ၏၊ တရားတို့၌ အထွတ်အထိပ်သို့ ရောက်ရပေ၏။ ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာ ဘုရားကို ပူဇော်ရခြင်း၏အကျိုးပေတည်း။

၃၅။ ကမ္ဘာသုံးသောင်းထက်၌ မြတ်စွာဘုရားကို ပူဇော်ခဲ့ရသော အခါမှစ၍ မကောင်းမှု ပြုသူတို့လားရာ ‘ဒုဂ္ဂတိ'ဘဝကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာဘုရားကို ပူဇော်ရခြင်း၏အကျိုးပေတည်း။

၃၆။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ၊ ဘဝအားလုံးတို့ကို ပယ်နုတ်အပ်ကုန်ပြီ၊ ‘ဆင်ပြောင်ကြီးသည် အနှောင်အဖွဲ့ကို ဖြတ်၍ နေသကဲ့သို့’ ငါသည် အာသဝမရှိဘဲနေရ၏။

၃၇။ ငါ၏ လာခြင်းကား ကောင်းသောလာခြင်း စင်စစ် ဖြစ်ပေ၏၊ ငါသည် မြတ်စွာ ဘုရား၏ အထံတော်၌ ဝိဇ္ဇာသုံးပါးတို့ကို ရအပ်ကုန်ပြီ၊ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာပြုကျင့်အပ်ပါပြီ။

၃၈။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကို လည်းကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကို လည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ၊ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်တိကဏိကာရပုပ္ဖိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ရှေးဦးစွာသော တိကဏိကာရပုပ္ဖိယတ္ထေရအပဒါန် ပြီး၏။

--

၂-ဧကပတ္တဒါယကတ္ထေရအပဒါန်

၃၉။ ငါသည် ဟံသာဝတီမြို့၌ အိုးထိန်းသည် ဖြစ်ခဲ့၏၊ ကိလေသာမြူ ကင်းသော ဩဃကိုလွန်မြောက်သော အာသဝေါ ကင်းတော်မူသော မြတ်စွာဘုရားကို ဖူးမြင်ရ၏။

၄၀။ ငါသည် ကောင်းစွာ ပြုအပ်သော မြေသပိတ်ကို ဘုရားမြတ်အား လှူဒါန်းခဲ့၏၊ ဖြောင့်မတ်သောစိတ်သဘော ရှိတော်မူသော တာဒိဂုဏ်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား အား သပိတ်ကိုလှူဒါန်းခြင်းကြောင့်-

၄၁-၄၂။ ငါသည် သံသရာဘဝ၌ ဖြစ်ရသည်ရှိသော် ရွှေခွက်တို့ကို ရပေ၏။ ငါသည် ငွေဖြင့်ပြီးသောခွက်တို့ကို လည်းကောင်း၊ ရွှေဖြင့်ပြီးသော ခွက်တို့ကို လည်းကောင်း၊ ပတ္တမြား ဖြင့် ပြီးကုန်သောသဘော့ဖျာ သင်ဖြူးတို့ကို လည်းကောင်း၊ ခွက်တို့ကို လည်းကောင်း သုံး ဆောင်ရပေ၏။ ဤသို့ဖြစ်ရခြင်းသည် ကောင်းမှုကံ၏ အကျိုးပေတည်း။ ငါသည် အခြံ အရံတို့၏လည်းကောင်း၊ ဥစ္စာတို့၏လည်းကောင်း အမြတ်ဆုံး ဖြစ်ရပေ၏။

၄၃။ ကောင်းသော လယ်၌ အနည်းငယ်သော မျိုးစေ့ကို စိုက်ပျိုးအပ်သော် လည်း မိုးသည်းထန်စွာရွာသည်ရှိသော် အသီးအနှံသည် လယ်သမားကို နှစ်သက်စေဘိသကဲ့သို့-

၄၄။ ထို့အတူပင် မြတ်စွာဘုရားဟူသော လယ်မြေ၌ ဤသပိတ်အလှူ (မျိုးစေ့) ကို စိုက်ပျိုးအပ်သည်ရှိသော် ပီတိမိုးရွာသည်ရှိသော် အကျိုးသည် ငါ့အား နှစ်သက်စေလတ္တံ့။

၄၅၊ သံဃာဟူသော လယ်မြေတို့သည်လည်းကောင်း၊ ဂိုဏ်းဟူသော လယ်မြေတို့သည် လည်းကောင်းရှိကုန်၏။ (ထိုလယ်မြေတို့တွင်) အလုံးစုံသော သတ္တဝါတို့အား ချမ်းသာကို ပေးနိုင်သောဘုရားတည်းဟူသော လယ်မြေနှင့် တူသော အရာသည် မရှိ။

၄၆။ ယောက်ျားအာဇာနည်ဖြစ်တော်မူသော မြတ်စွာဘုရား အရှင်ဘုရားအား ရှိခိုးပါ၏၊ ယောက်ျားမြတ်ဖြစ်တော်မူသော မြတ်စွာဘုရား အရှင်ဘုရားအား ရှိခိုးပါ၏၊ (အကျွန်ုပ်သည်) သပိတ်တစ်လုံးကိုလှူခဲ့ရခြင်းကြောင့် တုန်လှုပ်ခြင်း မရှိသော နိဗ္ဗာန်သို့ ရောက်ရပါ၏။

၄၇။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ သပိတ်ကို လှူဒါန်းခဲ့ရသော အခါမှစ၍ မကောင်းမှုပြုသူတို့ လားရာ ‘ဒုဂ္ဂတိ’ ဘဝကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် သပိတ် လှူရခြင်း၏အကျိုးပေတည်း။

၄၈။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။

၄၉။ ငါ၏ လာခြင်းကား။ပ။ အဆုံးအမတော်ကို လိုက်နာပြုကျင့်အပ်ပါပြီ။

၅၀။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ အဆုံးအမတော်ကို လိုက်နာကျင့် သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ဧကပတ္တဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

နှစ်ခုမြောက် ဧကပတ္တဒါယကတ္ထေရအပဒါန် ပြီး၏။

--

၃-ကာသုမာရဖလိယတ္ထေရအပဒါန်

၅၁။ ‘မဟာလှေကားပန်းကဲ့သို့’ တောက်ပလျက် ကိလေသာမြူကင်းသော လောက၏အကြီးအမှူးဖြစ်တော်မူ၍ လူတို့ထက် မြတ်တော်မူသော မြတ်စွာဘုရားကို တောင်ကြား၌ထိုင်နေတော်မူစဉ် ဖူးမြင်ရ၏။

၅၂။ ငါသည် ကြည်ညိုဝမ်းမြောက်သော စိတ်ရှိသည်ဖြစ်၍ ဦးခေါင်း၌ လက်အုပ်ချီလျက် သရက်ဖြူသီးကိုယူပြီးလျှင် ဘုရားမြတ်အား လှူဒါန်းခဲ့၏။

၅၃။ ဤဘဒ္ဒကမ္ဘာမှ သုံးဆယ့်တစ်ကမ္ဘာထက်၌ အသီးကို လှူဒါန်းခဲ့ရသော အခါမှစ၍ မကောင်းမှုပြုသူတို့ လားရာ'ဒုဂ္ဂတိ’ ဘဝကို မသိစဘူးပေ။ ဤသို့ ဖြစ်ရခြင်းသည် အသီး ကို လှူရခြင်း၏အကျိုးပေတည်း။

၅၄။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။

၅၅။ ငါ၏ လာခြင်းကား။ပ။ အဆုံးအမတော်ကို လိုက်နာပြုကျင့်အပ်ပါပြီ။

၅၆။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ အဆုံးအမတော်ကို လိုက်နာကျင့် သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ကာသုမာရဖလိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

သုံးခုမြောက် ကာသုမာရဖလိယတ္ထေရအပဒါန် ပြီး၏။

--

၄-အဝဋဖလိယတ္ထေရအပဒါန်

၅၇။ အလိုလို ဖြစ်တော်မူသော ရန်သူတို့သည် မအောင်နိုင်သော ရောင်ခြည်တစ်ထောင် ရှိတော်မူသော မြတ်စွာဘုရားသည် ဆိတ်ငြိမ်ရာမှ ထ၍ ဆွမ်းခံခြင်းငှါ ရှေးရှု ထွက်တော်မူ၏။

၅၈။ လက်၌ သစ်သီးရှိသော ငါသည် မြတ်စွာဘုရားကို ဖူးမြင်ရသည်ရှိသော် (မြတ်စွာ ဘုရားထံသို့ ) ချဉ်းကပ်ခဲ့၏၊ (ထိုအခါ ) ကြည်ညိုဝမ်းမြောက်သော စိတ်ရှိသည်ဖြစ်၍ “အဝဋ” မည်သော သစ်သီးကိုလှူဒါန်းခဲ့၏။

၅၉။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်၌ အသီးကို လှူဒါန်းခဲ့ရသော အခါမှစ၍ မကောင်းမှုပြုသူတို့ လားရာ'ဒုဂ္ဂတိ'ဘဝကို မသိစဖူးပေ။ ဤသို့ဖြစ်ရခြင်းသည် အသီးကို လှူဒါန်းရခြင်း၏အကျိုးပေတည်း။

၆၀။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။

၆၁။ ငါ၏ လာခြင်းကား။ပ။ အဆုံးအမတော်ကို လိုက်နာပြုကျင့်အပ်ပါပြီ။

၆၂။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ အဆုံးအမတော်ကို လိုက်နာ ကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်အဝဋဖလိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

လေးခုမြောက် အဝဋဖလိယတ္ထေရအပဒါန် ပြီး၏။

၅-ပါဒဖလိယတ္ထေရအပဒါန်

၆၃။ ပေးလှူဖွယ် ပစ္စည်းတို့ကို အလှူခံတော်မူထိုက်သော ရွှေအဆင်းနှင့် တူသော အဆင်းရှိတော်မူသော မြတ်စွာဘုရားကို ခရီးလမ်း၌ ကြွသွားတော်မူစဉ် ငါသည် သစ်မြစ် အသီးကို လှူဒါန်းခဲ့၏။

၆၄။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ အသီးကို လှူဒါန်းခဲ့ရသော အခါမှစ၍ မကောင်းမှုပြုသူတို့ လားရာ'ဒုဂ္ဂတိ’ ဘဝကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် အသီးကို လှူရခြင်း၏အကျိုးပေတည်း။

၆၅။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။

၆၆။ ငါ၏ လာခြင်းကား။ပ။ အဆုံးအမတော်ကို လိုက်နာပြုကျင့်အပ်ပါပြီ။

၆၇။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ အဆုံးအမတော်ကို လိုက်နာကျင့် သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ပါဒဖလိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ငါးခုမြောက် ပါဒဖလိယတ္ထေရအပဒါန် ပြီး၏။

--

၆-မာတုလုင်္ဂဖလဒါယကတ္ထေရအပဒါန်

၆၈။ ငါသည် ‘တောက်ပသော မဟာလှေကားပန်းကဲ့သို့လည်းကောင်း၊ လပြည့်နေ့၌ ပေါ်ထွန်းသောလဝန်းကဲ့သို့လည်းကောင်း၊ ထွန်းလင်းသော ဆီမီးတိုင်ကဲ့သို့လည်းကောင်း’ မြတ်စွာဘုရားကိုဖူးမြင်ရ၏။

၆၉။ ငါသည် ကြည်ညိုသည်ဖြစ်၍ ရှောက်ချိုသီးကို ယူပြီးလျှင် မြတ်သော အလှူကို ခံတော်မူထိုက်သောလုံ့လရှိတော်မူသော မြတ်စွာဘုရားအား မိမိလက်တို့ဖြင့် လှူဒါန်းခဲ့၏။

၇၀။ ဤဘဒ္ဒကမ္ဘာမှ သုံးဆယ့်တစ်ကမ္ဘာထက်၌ အသီးကို လှူဒါန်းခဲ့ရသော အခါမှစ၍ မကောင်းမှုပြုသူတို့ လားရာ'ဒုဂ္ဂတိ’ ဘဝကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် အသီးကို လှူရခြင်း၏အကျိုးပေတည်း။

၇၁။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။

၇၂။ ငါ၏ လာခြင်းကား။ပ။ အဆုံးအမတော်ကို လိုက်နာပြုကျင့်အပ်ပါပြီ။

၇၃။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ အဆုံးအမတော်ကို လိုက်နာကျင့် သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်မာတုလုင်္ဂဖလဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ခြောက်ခုမြောက် မာတုလုင်္ဂဖလဒါယကတ္ထေရအပဒါန် ပြီး၏။

၇-အဇေလိဖလဒါယကတ္ထေရအပဒါန်

၇၄။ ထိုအခါ အဇ္ဇုနမည်သော မြတ်စွာဘုရားသည် ဟိမဝန္တာ၌ နေတော်မူ၏၊ မြတ်စွာ ဘုရားသည် အကျင့်'စရဏ'နှင့်လည်း ပြည့်စုံတော်မူ၏၊ ဈာန်သမာဓိ၌လည်း ကျွမ်းကျင်လိမ္မာတော်မူ၏။

၇၅။ ငါသည် အသက်ကို ရှည်စေတတ်သော ‘ထီးကဲ့သို့’ အရွက်ရှိသော အိုစရည်းပမာဏ ရှိသောအဇေလိမည်သော အသီးကို ယူ၍ မြတ်စွာဘုရားအား လှူဒါန်းခဲ့၏။

၇၆။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်၌ အသီးကို လှူဒါန်းခဲ့ရသော အခါမှစ၍ မကောင်းမှုပြုသူတို့ လားရာ'ဒုဂ္ဂတိ’ ဘဝကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် အသီးကို လှူရခြင်း၏့အကျိုးပေတည်း။

၇၇။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။

၇၈။ ငါ၏ လာခြင်းကား။ပ။ အဆုံးအမတော်ကို လိုက်နာပြုကျင့်အပ်ပါပြီ။

၇၉။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ အဆုံးအမတော်ကို လိုက်နာကျင့် သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်အဇေလိဖလဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ခုနစ်ခုမြောက် အဇေလိဖလဒါယကတ္ထေရအပဒါန် ပြီး၏။

--

၈-အမောဒဖလိယတ္ထေရအပဒါန်

၈၀။ ပေးလှူဖွယ်ပစ္စည်းဝတ္ထုကို ခံတော်မူထိုက်သော ရွှေအဆင်းနှင့် တူသော အဆင်း ရှိတော်မူသော မြတ်စွာဘုရားကို လမ်းခရီး၌ ကြွသွားတော်မူစဉ် အမောဒမည်သော အသီးကို လှူဒါန်းခဲ့၏။

၈၁။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ အသီးကို လှူဒါန်းခဲ့ရသော အခါမှစ၍ မကောင်းမှုပြုသူတို့ လားရာ'ဒုဂ္ဂတိ’ ဘဝကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် အသီးကို လှူရခြင်း၏အကျိုးပေတည်း။

၈၂။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။

၈၃။ ငါ၏ လာခြင်းကား။ပ။ အဆုံးအမတော်ကို လိုက်နာပြုကျင့်အပ်ပါပြီ။

၈၄။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ အဆုံးအမတော်ကို လိုက်နာကျင့် သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်အမောဒဖလိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ရှစ်ခုမြောက် အမောဒဖလိယတ္ထေရအပဒါန် ပြီး၏။

၉-တာလဖလဒါယကတ္ထေရအပဒါန်

၈၅။ အလိုလို ဖြစ်တော်မူသော ရန်သူတို့ မအောင်နိုင်သော သတရံသီမည်သော ပစ္စေကဗုဒ္ဓါအရှင်မြတ်သည် ဆိတ်ငြိမ်ရာမှ ထ၍ ဆွမ်းခံခြင်းငှါ ရှေးရှု ထွက်တော်မူ၏။

၈၆။ လက်၌ သစ်သီးရှိသော ငါသည် ပစ္စေကဗုဒ္ဓါ အရှင်မြတ်ကို ဖူးမြင်ရသည်ရှိသော် (ဘုရားထံသို့ ) ချဉ်းကပ်၏၊ ငါသည် ကြည်ညိုဝမ်းမြောက်သော စိတ်ရှိသည်ဖြစ်၍ ထန်းသီး ကို လှူဒါန်းခဲ့၏။

၈၇။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်၌ အသီးကို လှူဒါန်းခဲ့ရသော အခါမှစ၍ မကောင်းမှုပြုသူတို့ လားရာ'ဒုဂ္ဂတိ’ ဘဝကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် အသီးကို လှူရခြင်း၏အကျိုးပေတည်း။

၈၈။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။

၈၉။ ငါ၏ လာခြင်းကား။ပ။ အဆုံးအမတော်ကို လိုက်နာပြုကျင့်အပ်ပါပြီ။

၉၀။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ အဆုံးအမတော်ကို လိုက်နာကျင့် သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်တာလဖလဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ကိုးခုမြောက် တာလဖလဒါယကတ္ထေရအပဒါန် ပြီး၏။

--

၁၀-နာဠိကေရဖလဒါယကတ္ထေရအပဒါန်

၉၁။ ထိုအခါ ငါသည် ဗန္ဓုမတီမြို့၌ အရံစောင့် ဖြစ်စဉ် ကောင်းကင်၌ ကြွသွားတော်မူ သောကိလေသာမြူ ကင်းသော မြတ်စွာဘုရားကို ဖူးမြင်ရ၏။

၉၂။ ငါသည် အုန်းသီးကို ယူ၍ ဘုရားမြတ်အား လှူဒါန်းခဲ့၏၊ မြတ်စွာဘုရားသည် ကောင်းကင်၌ရပ်တည်လျက်ပင် အလှူခံတော်မူ၏။

၉၃။ အထူးကြည်ညိုသော စိတ်ဖြင့် အသီးကို မြတ်စွာဘုရားအား လှူခဲ့ခြင်းကြောင့် ငါ့အားနှစ်သက်ခြင်းကို ဖြစ်စေ၏၊ ငါ့အား မျက်မှောက်ချမ်းသာကို ရွက်ဆောင်၏။

၉၄။ ထိုအခါ နှစ်သက်ခြင်းကို လည်းကောင်း၊ ပြန့်ပြောသော ချမ်းသာမြတ်ကိုလည်းကောင်း ရပေ၏။ ထိုထိုဘဝ၌ ဖြစ်သော ငါ့အား ရတနာသည် ဖြစ်သည်သာလျှင်တည်း။

၉၅။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ အသီးကို လှူဒါန်းခဲ့ရသော အခါမှစ၍ မကောင်းမှုပြုသူတို့ လားရာ'ဒုဂ္ဂတိ’ ဘဝကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် အသီးကို လှူရခြင်း၏အကျိုးပေတည်း။

၉၆။ ငါ၏ ဒိဗ္ဗစက္ခုဉာဏ်သည် အထူးစင်ကြယ်ပေ၏၊ ငါသည် ဈာန်သမာဓိ၌ ကျွမ်းကျင် လိမ္မာသူဖြစ်ပေ၏၊ အဘိညာဉ်၏ အထွတ်အထိပ်သို့ ရောက်သူ ဖြစ်ပေ၏။ ဤသို့ ဖြစ်ရ ခြင်းသည် အသီးကိုလှူရခြင်း၏ အကျိုးပေတည်း။

၉၇။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။

၉၈။ ငါ၏ လာခြင်းကား။ပ။ အဆုံးအမတော်ကို လိုက်နာပြုကျင့်အပ်ပါပြီ။

၉၉။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ အဆုံးအမတော်ကို လိုက်နာကျင့် သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်နာဠိကေရဖလဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ဆယ်ခုမြောက် နာဠိကေရဖလဒါယကတ္ထေရအပဒါန် ပြီး၏။

ငါးဆယ့်တစ်ခုမြောက် ကဏိကာရဝဂ် ပြီး၏။

--

၅၂-ဖလဒါယကဝဂ်

၁-ကုရဉ္စိယဖလဒါယကတ္ထေရအပဒါန်

။ ရှေးအခါ ငါသည် တော၌ လှည့်လည်သော သားမုဆိုး ဖြစ်ခဲ့၏၊ အလုံးစုံသော တရားတို့၏တစ်ဖက်ကမ်းသို့ ရောက်တော်မူသော ကိလေသာမြူ ကင်းသော မြတ်စွာဘုရား ကို ဖူးမြင်ရ၏။

။ ငါသည် ကုရဉ္စိယမည်သော အသီးကို ယူ၍ ကုသိုလ်မျိုးစေ့ကို စိုက်ပျိုးရာ လယ်မြေ ကောင်းသဖွယ်ဖြစ်တော်မူသော တာဒိဂုဏ်နှင့် ပြည့်စုံတော်မူသော ဘုရားမြတ်အား ကြည်ညို သည်ဖြစ်၍ မိမိလက်တို့ဖြင့်လှူဒါန်းခဲ့၏။

။ ဤဘဒ္ဒကမ္ဘာမှ သုံးဆယ့်တစ်ကမ္ဘာထက်၌ အသီးကို လှူဒါန်းခဲ့ရသော အခါမှစ၍ မကောင်းမှု ပြုသူတို့လားရာ ‘ဒုဂ္ဂတိ’ ဘဝကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် အသီးကို လှူရခြင်း၏ အကျိုးပေတည်း။

။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ၊ ဘဝအားလုံးတို့ကို ပယ်နုတ်အပ်ကုန်ပြီ၊ ‘ဆင်ပြောင်ကြီးသည် အနှောင်အဖွဲ့ကို ဖြတ်၍ နေသကဲ့သို့’ ငါသည် အာသဝမရှိဘဲ နေရ၏။

။ ငါ၏ လာခြင်းကား ကောင်းသောလာခြင်း စင်စစ် ဖြစ်ပေ၏၊ ငါသည် မြတ်စွာ ဘုရား၏ အထံတော်၌ ဝိဇ္ဇာသုံးပါးတို့ကို ရအပ်ပါကုန်ပြီ၊ မြတ်စွာဘုရား၏ အဆုံးအမတော်ကိုလိုက်နာပြုကျင့်အပ်ပါပြီ။

။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကို လည်းကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကို လည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ကုရဉ္စိယဖလဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ရှေးဦးစွာသော ကုရဉ္စိယဖလဒါယကတ္ထေရအပဒါန် ပြီး၏။

--

၂-ကပိတ္ထဖလဒါယကတ္ထေရအပဒါန်

။ ပေးလှူဖွယ် ပစ္စည်းဝတ္ထုကို ခံတော်မူထိုက်သော ရွှေအဆင်းနှင့် တူသော အဆင်း ရှိတော်မူသော မြတ်စွာဘုရားအား လမ်းခရီး၌ ကြွသွားတော်မူစဉ် သီး, သီးကို လှူဒါန်းခဲ့၏။

။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ အသီးကို လှူဒါန်းခဲ့ရသော အခါမှစ၍ မကောင်းမှု ပြုသူတို့လားရာ'ဒုဂ္ဂတိ’ ဘဝကို မသိစဖူးပေ။ ဤသို့ဖြစ်ရခြင်းသည် သီး, သီး ကို လှူရခြင်း၏ အကျိုးပေတည်း။

။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။

၁၀။ ငါ၏ လာခြင်းကား။ပ။ အဆုံးအမတော်ကို လိုက်နာပြုကျင့်အပ်ပါပြီ။

၁၁။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ အဆုံးအမတော်ကို လိုက်နာကျင့် သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ကပိတ္ထဖလဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

နှစ်ခုမြောက် ကပိတ္ထဖလဒါယကတ္ထေရအပဒါန် ပြီး၏။

၃-ကောသမ္ဗဖလိယတ္ထေရအပဒါန်

၁၂။ ငါသည် ထိုအခါ ‘ရေခတက်ပင်ကဲ့သို့’ တင့်တယ်တော်မူသော လူတို့ထက်မြတ်သောမြတ်စွာဘုရားအား လမ်းခရီး၌ ကြွသွားတော်မူစဉ် ကြို့သီးကို လှူဒါန်းခဲ့၏။

၁၃။ ဤဘဒ္ဒကမ္ဘာမှ သုံးဆယ့်တစ်ကမ္ဘာထက်၌ အသီးကို လှူဒါန်းခဲ့ရသော အခါမှစ၍ မကောင်းမှုပြုသူတို့ လားရာ'ဒုဂ္ဂတိ’ ဘဝကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ကြို့သီး ကို လှူရခြင်း၏အကျိုးပေတည်း။

၁၄။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။

၁၅။ ငါ၏ လာခြင်းကား။ပ။ အဆုံးအမတော်ကို လိုက်နာပြုကျင့်အပ်ပါပြီ။

၁၆။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ အဆုံးအမတော်ကို လိုက်နာကျင့် သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ကောသမ္ဗဖလိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

သုံးခုမြောက် ကောသမ္ဗဖလိယတ္ထေရအပဒါန် ပြီး၏။

--

၄-ကေတကပုပ္ဖိယတ္ထေရအပဒါန်

၁၇။ ကောကျ်ားမြတ် ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဝိနတာမြစ်၏ ကမ်း၌နေတော်မူ၏၊ (ထိုအခါ ငါသည်) တစ်ခုသော အာရုံရှိ၍ ကောင်းစွာ တည်ကြည်သော စိတ်ရှိတော် မူသော ၊ ကိလေသာမြူကင်းသော မြတ်စွာဘုရားကို ဖူးမြင်ရ၏။

၁၈။ ထိုအခါ ငါသည် ပျားရနံ့ရှိသော ဆပ်သွားပင်၏ အပွင့်ပန်းဖြင့် ကြည်ညိုဝမ်းမြောက် သောစိတ်ရှိသည်ဖြစ်၍ မြတ်စွာဘုရားကို ပူဇော်ခဲ့၏။

၁၉။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ ပန်းပူဇော်ခဲ့ရသော အခါမှစ၍ မကောင်း မှု ပြုသူတို့လားရာ ‘ဒုဂ္ဂတိ'ဘဝကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာဘုရားကို ပူဇော်ရခြင်း၏အကျိုးပေတည်း။

၂၀။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။

၂၁။ ငါ၏ လာခြင်းကား။ပ။ အဆုံးအမတော်ကို လိုက်နာပြုကျင့်အပ်ပါပြီ။

၂၂။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ အဆုံးအမတော်ကို လိုက်နာကျင့် သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ကေတကပုပ္ဖိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

လေးခုမြောက် ကေတကပုပ္ဖိယတ္ထေရအပဒါန် ပြီး၏။

၅-နာဂပုပ္ဖိယတ္ထေရအပဒါန်

၂၃။ ပေးလှူဖွယ် ပစ္စည်းဝတ္ထုကို ခံတော်မူထိုက်သော ရွှေအဆင်းနှင့်တူသော အဆင်း ရှိတော်မူသော မြတ်စွာဘုရားအား လမ်းခရီး၌ ကြွသွားတော်မူစဉ် ကံ့ကော်ပန်းကို ပူဇော်ခဲ့၏။

၂၄။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ ပန်းကို ပူဇော်ခဲ့ရသော အခါမှစ၍ မကောင်းမှု ပြုသူတို့လားရာ'ဒုဂ္ဂတိ’ ဘဝကို မသိစဖူးပေ။ ဤသို့ဖြစ်ရခြင်းသည် မြတ်စွာ ဘုရားအား ပူဇော်ရခြင်း၏အကျိုးပေတည်း။

၂၅။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။

၂၆။ ငါ၏ လာခြင်းကား။ပ။ အဆုံးအမတော်ကို လိုက်နာပြုကျင့်အပ်ပါပြီ။

၂၇။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ အဆုံးအမတော်ကို လိုက်နာကျင့် သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်နာဂပုပ္ဖိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ငါးခုမြောက် နာဂပုပ္ဖိယတ္ထေရအပဒါန် ပြီး၏။

--

၆-အဇ္ဇုနပုပ္ဖိယတ္ထေရအပဒါန်

၂၈။ ငါသည် စန္ဒဘာဂါမြစ်ကမ်း၌ ကိန္နရာ ဖြစ်ခဲ့၏၊ ထိုအခါ အလိုလို ဖြစ်တော်မူသော ရန်သူတို့မအောင်နိုင်သော ကိလေသာမြူ ကင်းတော်မူသော မြတ်စွာဘုရားကို ဖူးမြင်ရ၏။

၂၉။ ကြည်ညိုဝမ်းမြောက်သော စိတ်ရှိသည်ဖြစ်၍ နှစ်သက်ခြင်း ဖြစ်လျက် လက်အုပ် ချီပြီးလျှင် ဖောက်ကြံ့ပန်းကို ယူ၍ မြတ်စွာဘုရားအား ပူဇော်ခဲ့၏။

၃၀။ ကောင်းစွာ ပြုအပ်သော ထိုကံကြောင့်လည်းကောင်း၊ စေတနာ, တောင့်တမှုတို့ကြောင့်လည်းကောင်း ကိန္နရာဘဝကိုယ်ကို စွန့်ရသည်ရှိသော် ငါသည် တာဝတိံသာဘုံသို့ ရောက်ရ၏။

၃၁။ သုံးဆယ့်ခြောက်ကြိမ်တိုင်တိုင် နတ်တို့ကို အစိုးရသူဖြစ်၍ နတ်မင်းအဖြစ်ကို ပြုခဲ့ရ၏၊ ဆယ်ကြိမ်တိုင်တိုင် စကြဝတေးမင်းကြီး အဖြစ်ကိုလည်း ပြုခဲ့ရ၏။

၃၂။ ပြန့်ပြောသော ပဒေသရာဇ်မင်းအဖြစ်သည်ကား ဂဏန်းအားဖြင့် မရေတွက်နိုင်၊ လယ်ယာမြေကောင်းသဖွယ် ဖြစ်သော မြတ်စွာဘုရား၌ စိုက်ပျိုးအပ်သော ငါ၏ (ကုသိုလ်) မျိုးစေ့သည်အံ့ဩဖွယ် ရှိပါပေစွ။

၃၃။ ငါ့အား ကုသိုလ်သည် ရှိ၏၊ (ထို့ကြောင့်) ရဟန်းဘောင်သို့ ဝင်ရောက်ခဲ့ရပေ၏၊ သာကီဝင်မင်းသားမြတ်စွာဘုရား၏ သာသနာတော်၌ ငါသည် ပူဇော်ခံထိုက်သူ ဖြစ်ရ၏။

၃၄။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။

၃၅။ ငါ၏ လာခြင်းကား။ပ။ အဆုံးအမတော်ကို လိုက်နာပြုကျင့်အပ်ပါပြီ။

၃၆။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ အဆုံးအမတော်ကို လိုက်နာကျင့် သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်အဇ္ဇုနပုပ္ဖိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ခြောက်ခုမြောက် အဇ္ဇုနပုပ္ဖိယတ္ထေရအပဒါန် ပြီး၏။

--

၇-ကုဋဇပုပ္ဖိယတ္ထေရအပဒါန်

၃၇။ ဟိမဝန္တာ၏ အနီး၌ ဝသလမည်သော တောင်သည် ရှိ၏၊ သုဒဿနမည်သော မြတ်စွာဘုရားသည် တောင်ကြား၌ နေတော်မူ၏။

၃၈။ ငါသည် ဟိမဝန္တာ၌ ဖြစ်သော (ရွှေအဆင်းရှိသော) ပန်းကို ယူ၍ ‘ကောင်းကင်သို့’ သွားခဲ့၏၊ ထိုတောင်၌ ဩဃမှ လွန်မြောက်တော်မူသော အာသဝမရှိသော မြတ်စွာဘုရားကို ဖူးမြင်ရ၏။

၃၉။ ထိုအခါ ငါသည် လက်ထုတ်ကြီးပန်းကို ယူ၍ ဦးခေါင်း၌ လက်အုပ်ချီလျက် အလိုလိုဖြစ်တော်မူသော မြတ်သော ဂုဏ်ကို ရှာမှီးတော်မူသော မြတ်စွာဘုရားအား တင်လှူပူဇော် ခဲ့၏။

၄၀။ ဤဘဒ္ဒကမ္ဘာမှ သုံးဆယ့်တစ်ကမ္ဘာထက်၌ ပန်းကို ပူဇော်ခဲ့ရသော အခါမှစ၍ မကောင်းမှု ပြုသူတို့လားရာ'ဒုဂ္ဂတိ’ ဘဝကို မသိစဖူးပေ။ ဤသို့ဖြစ်ရခြင်းသည် မြတ်စွာ ဘုရားအား ပူဇော်ရခြင်း၏အကျိုးပေတည်း။

၄၁။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။

၄၂။ ငါ၏ လာခြင်းကား။ပ။ အဆုံးအမတော်ကို လိုက်နာပြုကျင့်အပ်ပါပြီ။

၄၃။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ အဆုံးအမတော်ကို လိုက်နာကျင့် သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ကုဋဇပုပ္ဖိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ခုနစ်ခုမြောက် ကုဋဇပုပ္ဖိယတ္ထေရအပဒါန် ပြီး၏။

၈-ဃောသသညကတ္ထေရအပဒါန်

၄၄။ ရှေးအခါ ငါသည် ငှက်တို့ မြည်တွန်ရာတော၌ သားမုဆိုး ဖြစ်ခဲ့၏၊ နတ်အပေါင်း ခြံရံအပ်သောကိလေသာမြူ ကင်းတော်မူသော မြတ်စွာဘုရားကို ဖူးမြင်ရ၏။

၄၅။ သစ္စာလေးပါးကို ပြလျက် အမြိုက်နိဗ္ဗာန်ကို ဟောတော်မူသော သိခီမြတ်စွာဘုရား၏ ချိုမြိန်သောတရားသံကို ကြားနာခဲ့ရ၏။

၄၆။ အတူ ပြိုင်ဘက်မရှိသော မြတ်စွာဘုရား၌လည်းကောင်း၊ (မြတ်စွာဘုရား၏ ) အသံတော်၌လည်းကောင်း စိတ်ကို ကြည်ညိုစေခဲ့၏။ ထိုဘုရားနှင့် တရားသံ၌ စိတ်ကို ကြည်ညိုစေခြင်းကြောင့် ကူးမြောက်နိုင်ခဲသော ဘဝကို ကူးမြောက်ရပေ၏။

--

၄၇။ ဤဘဒ္ဒကမ္ဘာမှ သုံးဆယ့်တစ်ကမ္ဘာထက်၌ အမှတ်သညာကို ရခဲ့သော အခါမှစ၍ မကောင်းမှုပြုသူတို့ လားရာ ‘ဒုဂ္ဂတိ’ ဘဝကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် တရား သံကို မှတ်သားခြင်းသညာ၏ အကျိုးပေတည်း။

၄၈။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။

၄၉။ ငါ၏ လာခြင်းကား။ပ။ အဆုံးအမတော်ကို လိုက်နာပြုကျင့်အပ်ပါပြီ။

၅၀။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ အဆုံးအမတော်ကို လိုက်နာကျင့် သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ဃောသသညကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ရှစ်ခုမြောက် ဃောသသညကတ္ထေရအပဒါန် ပြီး၏။

၉-သဗ္ဗဖလဒါယကတ္ထေရအပဒါန်

၅၁။ ထိုအခါ ငါသည် ဗေဒင်သုံးပုံတို့၌ တစ်ဖက်ကမ်းသို့ရောက်သော အမည်အား ဖြင့် “ဝရုဏ”ဟုထင်ရှားသော ဗြာဟ္မဏဖြစ်၍ သားသမီးဆယ်ယောက်တို့ကို စွန့်ပြီးလျှင် တောအလယ်သို့ ဝင်ခဲ့၏။

၅၂။ ငါသည် သင်္ခမ်းကျောင်းကို ကောင်းစွာ ပြုလုပ်၍ ကောင်းစွာ ပိုင်းခြားအပ်သောစိတ်ပျော်မွေ့ဖွယ်ကောင်းသော သစ်ရွက်မိုးကျောင်းကို ပြုလုပ်ပြီးလျှင် တော၌ နေ၏။

၅၃။ ပေးလှူဖွယ် ပစ္စည်းဝတ္ထုတို့ကို ခံယူတော်မူထိုက်သော ထိုပဒုမုတ္တရမြတ်စွာဘုရား သည် ငါ့အား (သံသရာမှ) ထုတ်ဆောင်တော်မူလိုသည်ဖြစ်၍ ငါ၏ သင်္ခမ်းကျောင်းသို့ ကြွ လာတော်မူ၏။

၅၄။ ပြန့်ပြောသော အလင်းရောင်သည် တောအုပ်ရှိသလောက် ဖြစ်လေ၏၊ ထိုအခါ မြတ်စွာဘုရား၏ အာနုဘော်ကြောင့် တောသည် ထိန်လင်းတောက်ပလျက် ရှိ၏။

၅၅။ ငါသည် တာဒိဂုဏ်နှင့် ပြည့်စုံတော်မူသော ဘုရားမြတ်၏ ထိုတန်ခိုးပြာဋိဟာကို ဖူးမြင်ရ၍သစ်သီးထုပ်ကို ယူ၍ သစ်သီးဖြင့် ပူဇော်ခဲ့၏။

၅၆။ ငါသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ပရိက္ခရာနှင့်တကွ လှူဒါန်းခဲ့၏၊ မြတ်စွာ ဘုရားသည့်ငါ့အား အစဉ်သနားသဖြင့် ဤစကားကို မိန့်တော်မူ၏-

၅၇။ သင်သည် ရသေ့ပရိက္ခရာဝန်ကို ယူ၍ ငါ၏ နောက်မှ လိုက်ခဲ့လော့၊ သံဃာသည်သုံးဆောင်အပ်သည်ရှိသော် သင့်အား ကုသိုလ်ကောင်းမှုသည် ဖြစ်လတ္တံ့ (ဟု မိန့်တော်မူ၏)။

၅၈။ ငါသည် သစ်သီးထုပ်ကို ယူ၍ ရဟန်းသံဃာအား လှူဒါန်းခဲ့၏၊ ငါသည် ထို ရဟန်းသံဃာ၌ စိတ်ကိုကြည်ညိုစေ၍ တုသိတာဘုံသို့ ရောက်ရပေ၏။

၅၉။ ထိုတုသိတာဘုံ၌ နတ်၌ ဖြစ်သော ကခြင်းတို့ဖြင့်လည်းကောင်း၊ သီခြင်းတို့ဖြင့်လည်းကောင်း၊ တီးမှုတ်ခြင်းတို့ဖြင့်လည်းကောင်း ကောင်းမှုကံနှင့် ယှဉ်သော ချမ်းသာကို အခါခပ်သိမ်း ခံစားရပေ၏။

--

၆၀။ ကပ်ရောက်ရတိုင်းသော လူ့အဖြစ် နတ်အဖြစ်ဟူသမျှတို့၌ ငါ့အား စည်းစိမ်ဥစ္စာ၌ယုတ်လျော့ခြင်းသည် မရှိချေ။ ဤသို့ ဖြစ်ရခြင်းသည် သစ်သီးလှူရခြင်း၏ အကျိုးပေတည်း။

၆၁။ သမုဒ္ဒရာနှင့်တကွ တောင်နှင့်တကွသော လေးကျွန်းတို့သည် အကြင်မျှလောက် ရှိကုန်၏၊ ငါသည်သစ်သီးကို မြတ်စွာဘုရားအား လှူခြင်းကြောင့် ထိုလေးကျွန်းတို့၌ အစိုးရ ခြင်းကို ပြုရ၏။

၆၂။ ကောင်းကင်၌ ပျံသန်းနေကြသော ငှက်အပေါင်းတို့သည် အကြင်မျှလောက် အတိုင်း အရှည်ရှိကုန်၏၊ ထိုငှက်အပေါင်းတို့သည်လည်း ငါ၏ အလိုသို့ အစဉ်လိုက်ကြရကုန်၏။ ဤ သို့ဖြစ်ရခြင်းသည်သစ်သီးလှူရခြင်း၏ အကျိုးပေတည်း။

၆၃။ နတ်တို့သည်လည်းကောင်း၊ ဘုတ်ဘီလူးတို့သည်လည်းကောင်း၊ ရက္ခိုသ်တို့သည် လည်းကောင်း၊ ကုမ္ဘဏ်နတ်တို့သည်လည်းကောင်း၊ ဂဠုန်တို့သည်လည်းကောင်း အကြင်မျှ လောက် တောအုပ်၌ရှိကုန်၏၊ ထိုနတ်အစရှိသည်တို့သည်လည်း ငါ့အား ခစားဆည်းကပ် ခြင်းသို့ ရောက်ကုန်၏။

၆၄။ လိပ်တို့သည်လည်းကောင်း၊ ခွေးတို့သည်လည်းကောင်း၊ ပျားငယ်တို့သည်လည်းကောင်း၊ ခြင်မှက် နှစ်မျိုးစုံတို့သည်လည်းကောင်း ငါ့အား ခစားဆည်းကပ်ခြင်းသို့ ရောက်ကုန်၏။

၆၅။ အတောင်ရှိကုန်သော ကြီးမားသော ခွန်အားရှိကုန်သော ဂဠုန် (သုပဏ္ဏ) မည်သော ငှက်တို့သည်ရှိကုန်၏၊ ထိုငှက်တို့သည်လည်း ငါ့ကို ကိုးကွယ်ဆည်းကပ်ခြင်းသို့ ရောက်ကုန်၏။ ဤသို့ ဖြစ်ရခြင်းသည် အသီးလှူရခြင်း၏ အကျိုးပေတည်း။

၆၆။ ရှည်သော အသက်ရှိကုန်သော ကြီးမားသော တန်ခိုးရှိကုန်သော များသော အခြံ အရံရှိကုန်သောအကြင်နဂါးတို့သည် ရှိကုန်၏၊ ထိုနဂါတို့သည်လည်း ငါ၏ အလိုသို့ အစဉ် လိုက်ကြရကုန်၏။ ဤသို့ဖြစ်ရခြင်းသည် အသီးလှူရခြင်း၏ အကျိုးပေတည်း။

၆၇။ ခြင်္သေ့တို့သည်လည်းကောင်း၊ ကျားတို့သည်လည်းကောင်း၊ သစ်တို့သည်လည်းကောင်း၊ ဝံ, ဝံပုလွေ, အောင်းတို့သည်လည်းကောင်း ရှိကုန်၏။ ထိုသတ္တဝါတို့သည်လည်း ငါ၏ အလိုသို့အစဉ်လိုက်ကြရကုန်၏။ ဤသို့ ဖြစ်ရခြင်းသည် အသီးလှူရခြင်း၏ အကျိုး ပေတည်း။

၆၈။ ဆေးပင် မြက်ပင်၌ နေကုန်သော နတ်တို့သည်လည်းကောင်း၊ ကောင်းကင်၌ နေကုန်သောနတ်တို့သည်လည်းကောင်း ရှိကုန်၏။ အလုံးစုံသော နတ်တို့သည် ငါ့ကို ကိုးကွယ်ဆည်းကပ်ခြင်းသို့ရောက်ကုန်၏။ ဤသို့ ဖြစ်ရခြင်းသည် အသီးလှူရခြင်း၏ အကျိုး ပေတည်း။

၆၉။ (ငါသည်) အလွန်သိမ်မွေ့နက်နဲ၍ ကောင်းစွာ ပြအပ်သော အလွန်မြင်နိုင်ခဲသော နိဗ္ဗာန်ကိုတွေ့ရောက်၍ နေရ၏။ ဤသို့ ဖြစ်ရခြင်းသည် အသီးလှူရခြင်း၏ အကျိုးပေ တည်း။

၇၀။ ကိလေသာကို ပူပန်စေတတ်သော ရင့်ကျက်သော ဉာဏ်လည်းရှိသော ငါသည် ဝိမောက္ခရှစ်ပါးတို့ကို တွေ့ရောက်၍ အာသဝမရှိဘဲ နေရ၏။ ဤသို့ဖြစ်ရခြင်းသည် အသီး လှူရခြင်း၏ အကျိုးပေတည်း။

၇၁။ ကုန်ပြီးသော ဒေါသရှိကုန်သော၊ များသော အခြံအရံရှိကုန်သော၊ ဖိုလ်၌ တည် ကုန်သောအကြင်မြတ်စွာဘုရား၏ သားတော်တို့သည် ရှိကုန်၏။ ထိုသားတော်တို့တွင် ငါသည်တစ်ယောက်အပါအဝင် ဖြစ်ရ၏။ ဤသို့ ဖြစ်ရခြင်းသည် အသီးလှူ ရခြင်း၏ အကျိုး ပေတည်း။

၇၂။ ငါသည် အဘိညာဉ်တို့၏ အထွတ်အထိပ်သို့ ရောက်၍ ဖြူစင်သော ကံအကြောင်း ရင်းသည်တိုက်တွန်းအပ်သောကြောင့် အလုံးစုံသော အာဝသတို့ကို ပိုင်းခြားသိသဖြင့် အာသဝမရှိဘဲ နေရ၏။

၇၃။ ဝိဇ္ဇာသုံးပါးရှိကုန်သော တန်ခိုးသို့ ရောက်ကုန်သော များသော အခြံအရံရှိကုန်သောဒိဗ္ဗသောတအဘိညာဉ်နှင့် ပြည့်စုံကုန်သော မြတ်စွာဘုရား၏ သားတော်တို့သည် ရှိကုန်၏။ ထိုသားတော်တို့တွင် ငါသည် တစ်ယောက်အပါအဝင် ဖြစ်ရ၏။

--

၇၄။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ အသီးကို လှူဒါန်းခဲ့ရသော အခါမှစ၍ မကောင်းမှုပြုသူတို့လားရာ ‘ဒုဂ္ဂတိ’ ဘဝကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် အသီးလှူ ရခြင်း၏ အကျိုးပေတည်း။

၇၅။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။

၇၆။ ငါ၏ လာခြင်းကား။ပ။ အဆုံးအမတော်ကို လိုက်နာပြုကျင့်အပ်ပါပြီ။

၇၇။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ အဆုံးအမတော်ကို လိုက်နာ ကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်သဗ္ဗဖလဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ကိုးခုမြောက် သဗ္ဗဖလဒါယကတ္ထေရအပဒါန် ပြီး၏။

၁၀-ပဒုမဓာရိကတ္ထေရအပဒါန်

၇၈။ ဟိမဝန္တာ၏ အနီး၌ ရောမသမည်သော တောင်သည် ရှိ၏၊ ထိုတောင်၌ သမ္ဘဝ မည်သော ပစ္စေကဗုဒ္ဓါသည်လည်း ထိုအခါ လွင်တီးခေါင်၌ နေတော်မူ၏။

၇၉။ ငါသည် ဘုံဗိမာန်မှ ထွက်၍ ပဒုမ္မာကြာကို (ပေစ္စေကဗုဒ္ဓါအား) ဆောင်းမိုးခဲ့၏၊ တစ်ရက်မျှဆောင်းမိုး၍ ဘုံဗိမာန်သို့ တစ်ဖန် ပြန်လာခဲ့၏။

၈၀။ ဤဘဒ္ဒကမ္ဘာမှ သုံးဆယ့်တစ်ကမ္ဘာထက်၌ ပစ္စေကဗုဒ္ဓါကို ပူဇော်ခဲ့ရသော အခါမှစ၍ မကောင်းမှုပြုသူတို့ လားရာ'ဒုဂ္ဂတိ’ ဘဝကို မသိစဘူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ပစ္စေက ဗုဒ္ဓါကို ပူဇော်ရခြင်း၏အကျိုးပေတည်း။

၈၁။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။

၈၂။ ငါ၏ လာခြင်းကား။ပ။ အဆုံးအမတော်ကို လိုက်နာပြုကျင့်အပ်ပါပြီ။

၈၃။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ အဆုံးအမတော်ကို လိုက်နာကျင့် သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ပဒုမဓာရိကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ဆယ်ခုမြောက် ပဒုမဓာရိကတ္ထေရအပဒါန် ပြီး၏။

ငါးဆယ့်နှစ်ခုမြောက် ဖလဒါယကဝဂ် ပြီး၏။

--

၅၃-တိဏဒါယကဝဂ်

၁-တိဏမုဋ္ဌိဒါယကတ္ထေရအပဒါန်

။ ဟိမဝန္တာ၏ အနီး၌ လမ္ဗကမည်သော တောင်သည် ရှိ၏၊ ထိုတောင်၌သာလျှင်တိဿမြတ်စွာဘုရားသည် လွင်တီးခေါင်၌ စင်္ကြံကြွသွားတော်မူ၏။

။ ငါသည် ရှေးအခါ ငှက်တို့၏ တွန်မြည်ရာ ဖြစ်သော တော၌ သာမုဆိုး ဖြစ်ခဲ့၏၊ ထို နတ်ထက်နတ်မြတ်ဖြစ်သော မြတ်စွာဘုရားကို ဖူးမြင်ရ၍ ငါသည် မြက်ဆုပ်ကို လှူဒါန်းခဲ့၏။

။ မြတ်စွာဘုရားအား ထိုင်တော်မူခြင်းငှါ (မြက်ဆုပ်ကို) လှူပြီးလျှင် စိတ်ကို ကြည်လင် စေခဲ့၏၊ ငါသည် မြတ်စွာဘုရားကို ရှိခိုးပြီး၍ မြောက်အရပ်သို့ ရှေးရှုဖဲသွားခဲ့၏။

။ ဖဲသွား၍မျှ မကြာမြင့်မီ သားတို့သနင်း ခြင်္သေ့မင်းသည် (ငါ့ကို) နှိပ်စက်၏၊ ငါသည် ခြင်္သေ့နှိပ်စက်ခံရသည်ဖြစ်၍ ထိုအရပ်၌ ကွယ်လွန်ခဲ့၏။

။ အာသဝကင်းတော်မူသော ဘုရားမြတ်၌ ငါသည် သေခါနီးအခါ ကောင်းမှုကံကို ပြုအပ်၏၊ (ထိုကံကြောင့်) ငါသည် ‘ကောင်းစွာ လွှတ်အပ်သော မြားအဟုန်ကဲ့သို့’ နတ်ပြည် သို့ ရောက်ရ၏။

။ ထိုနတ်ပြည်၌ ကုသိုလ်သည် ဖန်ဆင်းအပ်သော တင့်တယ်လှပသော ပြာသာဒ်သည် ဖြစ်၏၊ အပိုင်းအခြား (အခန်း) တစ်ထောင်ရှိ၏၊ ဂျင်လုံး (ပွတ်လုံးတိုင်) တစ်ရာရှိ၏၊ တံခွန် များစွာ ရှိ၏။ ရွှေအတိ ပြီး၏။

။ ထိုပြာသာဒ်၏ အရောင်သည် ‘တက်သစ်သော နေမင်းကဲ့သို့’ ထိုမှ ဤမှ ပြေးသွား၏၊ ငါသည်နတ်သမီးတို့ဖြင့် ခြံရံလျက် အလိုရှိတိုင်း မွေ့လျော်ရ၏။

။ နတ်ပြည်မှ စုတေလတ်သော် ဖြူစင်သော ကံအကြောင်းရင်းသည် တိုက်တွန်းအပ် သည် ဖြစ်၍လူ့ဘဝသို့ ရောက်ပြီးလျှင် အာသဝကုန်ရာ နိဗ္ဗာန်သို့ ရောက်ရ၏။

။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်၌ ငါသည် နိသီဒိုင်ကို လှူခဲ့၏၊ ထိုအခါ မှစ၍ မကောင်းမှုပြုသူတို့ လားရာ ‘ဒုဂ္ဂတိ’ ဘဝကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် မြက်ဆုပ် (လှူရခြင်း၏) အကျိုးပေတည်း။

၁၀။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ၊ ဘဝအားလုံးတို့ကို ပယ်နုတ်အပ်ကုန်ပြီ၊ ‘ဆင်ပြောင်ကြီးသည် အနှောင်အဖွဲ့ကို ဖြတ်၍ နေသကဲ့သို့’ ငါသည် အာသဝမရှိဘဲနေရ၏။

၁၁။ ငါ၏ လာခြင်းကား ကောင်းသောလာခြင်း စင်စစ် ဖြစ်ပေ၏၊ ငါသည် မြတ်စွာ ဘုရား၏ အထံတော်၌ ဝိဇ္ဇာသုံးပါးတို့ကို ရအပ်ကုန်ပြီ၊ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာပြုကျင့်အပ်ပါပြီ။

၁၂။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကို လည်းကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကို လည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်တိဏမုဋ္ဌိဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ရှေးဦးစွာသော တိဏမုဋ္ဌိဒါယကတ္ထေရအပဒါန် ပြီး၏။

--

၂-မဉ္ဇဒါယကတ္ထေရအပဒါန်

၁၃။ လောက၏ အကြီးအမှူးဖြစ်တော်မူသော တာဒိဂုဏ်နှင့် ပြည့်စုံတော်မူသော ဝိပဿီမြတ်စွာဘုရားအား ငါသည် ကြည်ညိုသည်ဖြစ်၍ မိမိလက်ဖြင့် ညောင်စောင်းတစ်ခုကို (ပြုလုပ်) လှူဒါန်းခဲ့၏။

၁၄။ ငါသည် ထိုညောင်စောင်းအလှူကြောင့် ဆင်ယာဉ်၊ မြင်းယာဉ်၊ နတ်ယာဉ်တို့ကို ရခဲ့၏။ အာသဝကုန်ရာ နိဗ္ဗာန်သို့ ရောက်ရ၏။

၁၅။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ ညောင်စောင်းကို လှူဒါန်းခဲ့ရသော အခါမှစ၍မကောင်းမှု ပြုသူတို့ လားရာ ‘ဒုဂ္ဂတိ’ ဘဝကို မသိစဘူးပေ။ ဤသို့ ဖြစ်ရခြင်းသည်ညောင်စောင်းလှူရခြင်း၏ အကျိုးပေတည်း။

၁၆။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။

၁၇။ ငါ၏ လာခြင်းကား။ပ။ အဆုံးအမတော်ကို လိုက်နာပြုကျင့်အပ်ပါပြီ။

၁၈။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ အဆုံးအမတော်ကို လိုက်နာကျင့် သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်မဉ္စဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

နှစ်ခုမြောက် မဉ္စဒါယကတ္ထေရအပဒါန် ပြီး၏။

၃-သရဏဂမနိယတ္ထေရအပဒါန်

၁၉။ ထိုအခါ ရဟန်းသည်လည်းကောင်း၊ အာဇီဝကတက္ကတွန်းသည်လည်းကောင်း၊ ငါသည်လည်းကောင်းလှေကို တက်စီးကြကုန်၏။ လှေသည် ပျက်လတ်သော် ရဟန်းသည် ငါ့အား သရဏဂုံကို ပေး၏။

၂၀။ ဤဘဒ္ဒကမ္ဘာမှ သုံးဆယ့်တစ်ကမ္ဘာထက်၌ ထိုရဟန်းသည် ငါ့အား သရဏဂုံကို ပေးခဲ့ရသော အခါမှစ၍ မကောင်းမှု ပြုသူတို့ လားရာ ‘ဒုဂ္ဂတိ’ ဘဝကို မသိစဘူးပေ။ ဤသို့ ဖြစ်ရခြင်းသည် သရဏဂုံ၏အကျိုးပေတည်း။

၂၁။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။

၂၂။ ငါ၏ လာခြင်းကား။ပ။ အဆုံးအမတော်ကို လိုက်နာပြုကျင့်အပ်ပါပြီ။

၂၃။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ အဆုံးအမတော်ကို လိုက်နာကျင့် သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်သရဏဂမနိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

သုံးခုမြောက် သရဏဂမနိယတ္ထေရအပဒါန် ပြီး၏။

--

၄-အဗ္ဘ ဉ္ဇနဒါယကတ္ထေရအပဒါန်

၂၄။ ငါသည် ဗန္ဓုမတီမြို့ မင်းဥယျာဉ်၌ နေ၏၊ ထိုအခါ ငါသည် သားရေကို ဝတ်လျက် ရေကရားကိုဆောင်၏။

၂၅။ အညစ်အကြေးကင်းသော အလိုလို ဖြစ်၍ ရန်သူတို့ မအောင်နိုင်သော လုံ့လရှိသည် ဖြစ်၍နိဗ္ဗာန်သို့ စေလွှတ်သော စိတ်ရှိတော်မူသော ဈာန်ဝင်စားလျက် ဈာန်၌ မွေ့လျော်သောဝသီဘော်ရှိတော်မူသော ထိုမြတ်စွာဘုရားကို ဖူးမြင်ရ၏။

၂၆။ အလိုရှိသမျှ အလုံးစုံ ပြည့်စုံတော်မူသော ဩဃမှ လွန်မြောက်တော်မူသော အာသဝ မရှိသောထိုမြတ်စွာဘုရားကို ဖူးမြင်ရ၍ ငါသည် ကြည်ညိုဝမ်းမြောက်လျက် ခြေနယ်ဆီကို လှူခဲ့၏။

၂၇။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ အလှူကို လှူဒါန်းခဲ့ရသော အခါမှစ၍ မကောင်းမှုပြုသူတို့လားရာ'ဒုဂ္ဂတိ’ ဘဝကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ခြေနယ်ဆီ လှူရခြင်း၏ အကျိုးပေတည်း။

၂၈။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။

၂၉။ ငါ၏ လာခြင်းကား။ပ။ အဆုံးအမတော်ကို လိုက်နာပြုကျင့်အပ်ပါပြီ။

၃၀။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ အဆုံးအမတော်ကို လိုက်နာကျင့် သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်အဗ္ဘဉ္ဇနဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

လေးခုမြောက် အဗ္ဘ ဉ္ဇနဒါယကတ္ထေရအပဒါန် ပြီး၏။

၅-သုပဋဒါယကတ္ထေရအပဒါန်

၃၁။ ဝိပဿီမြတ်စွာဘုရားသည် နေ့အခါ၌ ကျောင်းမှ ထွက်လတ်သော် ငါသည် ကောင်း သောအဝတ်ပုဆိုးကို လျင်မြန်စွာ လှူဒါန်းခဲ့ခြင်းကြောင့် တစ်ကမ္ဘာပတ်လုံး နတ်ပြည်၌ မွေ့ လျော်ရ၏။

၃၂။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ ငါသည် ကောင်းသောပုဆိုးကို လှူဒါန်း ခဲ့ရသော အခါမှစ၍ မကောင်းမှု ပြုသူတို့ လားရာ ‘ဒုဂ္ဂတိ’ ဘဝကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ကောင်းသောပုဆိုး (လှူရခြင်း) ၏ အကျိုးပေတည်း။

၃၃။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။

၃၄။ ငါ၏ လာခြင်းကား။ပ။ အဆုံးအမတော်ကို လိုက်နာပြုကျင့်အပ်ပါပြီ။

၃၅။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ အဆုံးအမတော်ကို လိုက်နာကျင့် သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်သုပဋဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ငါးခုမြောက် သုပဋဒါယကတ္ထေရအပဒါန် ပြီး၏။

--

၆-ဒဏ္ဍဒါယကတ္ထေရအပဒါန်

၃၆။ ထိုအခါ ငါသည် ငှက်တို့ တွန်မြည်ရာဖြစ်သော တောသို့ဝင်၍ ဝါးကို ဖြတ်ပြီးလျှင် တောင်ဝှေးကိုပြုလုပ်လျက် သံဃာအား များစွာ လှူဒါန်းခဲ့၏။

၃၇။ ထိုစိတ်၏ ကြည်လင်ခြင်းကြောင့် ကောင်းသော အကျင့်ရှိသော သံဃာ၌ ရိုသေစွာ ရှိခိုး၍တောင်ဝှေးကို လှူပြီးလျှင် မြောက်အရပ်သို့ မျက်နှာမူလျက် ဖဲသွားခဲ့၏။

၃၈။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်၌ တောင်ဝှေးကို လှူဒါန်းခဲ့ရသော အခါမှစ၍မကောင်းမှုပြုသူတို့ လားရာ ‘ဒုဂ္ဂတိ’ ဘဝကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည်တောင်ဝှေးလှူရခြင်း၏ အကျိုးပေတည်း။

၃၉။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။

၄၀။ ငါ၏ လာခြင်းကား။ပ။ အဆုံးအမတော်ကို လိုက်နာပြုကျင့်အပ်ပါပြီ။

၄၁။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ အဆုံးအမတော်ကို လိုက်နာကျင့် သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ဒဏ္ဍဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ခြောက်ခုမြောက် ဒဏ္ဍဒါယကတ္ထေရအပဒါန် ပြီး၏။

နှစ်ဆယ့်သုံးခုမြောက် ဘာဏဝါရ ပြီး၏။

၇-ဂိရိနေလပူဇကတ္ထေရအပဒါန်

၄၂။ ရှေးအခါ ငါသည် တော၌ လှည့်လည်သော သားမုဆိုး ဖြစ်ခဲ့၏၊ အလုံးစုံသော တရားတို့၏ကမ်းတစ်ဖက်သို့ ရောက်တော်မူသော ကိလေသာမြူ ကင်းတော်မူသော မြတ်စွာ ဘုရားကို ဖူးမြင်ရ၏။

၄၃။ အလုံးစုံသော သတ္တဝါတို့၏ အစီးအပွား၌ ပျော်မွေ့တော်မူသော မဟာကရုဏာရှင် မြတ်စွာဘုရား၌ကြည်ညိုဝမ်းမြောက်သော စိတ်ရှိသည်ဖြစ်၍ အောင်မဲညိုပွင့်ကို ပူဇော်ခဲ့၏။

၄၄။ ဤဘဒ္ဒကမ္ဘာမှ သုံးဆယ့်တစ်ကမ္ဘာထက်၌ ပန်းကို ပူဇော်ခဲ့ရသော အခါမှစ၍ မကောင်းမှုပြုသူတို့လားရာ ‘ဒုဂ္ဂတိ’ ဘဝကို မသိစဖူးပေ။ ဤသို့ဖြစ်ရခြင်းသည် မြတ်စွာ ဘုရားကို ပူဇော်ရခြင်း၏အကျိုးပေတည်း။

၄၅။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။

--

၄၆။ ငါ၏ လာခြင်းကား။ပ။ အဆုံးအမတော်ကို လိုက်နာပြုကျင့်အပ်ပါပြီ။

၄၇။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ အဆုံးအမတော်ကို လိုက်နာကျင့် သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ဂိရိနေလပူဇကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ခုနစ်ခုမြောက် ဂိရိနေလပူဇကတ္ထေရအပဒါန် ပြီး၏။

၈-ဗောဓိသမ္မဇ္ဇကတ္ထေရအပဒါန်

၄၈။ ရှေးအခါ စေတီယင်ပြင်၌ စွန့်ပစ်အပ်သော ဗောဓိရွက်သည် ရှိ၏၊ ငါသည် ထို ဗောဓိရွက်ကို ယူ၍စွန့်ပစ်ခဲ့၏၊ ထိုကောင်းမှုကြောင့် နှစ်ဆယ်သော ဂုဏ်ကျေးဇူးတို့ကို ရခဲ့၏။

၄၉။ ထိုကံ၏ တန်ခိုးကြောင့် ဘဝကြီး, ငယ်၌ ကျင်လည်ရသည်ရှိသော် နတ်ဘဝ, လူ့ဘဝ ဖြစ်သောနှစ်မျိုးသော ဘဝ၌ ကျင်လည်ရ၏။

၅၀။ နတ်ပြည်မှ စုတေ၍ လူ့ဘဝသို့ ရောက်သည်ရှိသော် မင်းမျိုး ဗြာဟ္မဏမျိုးဖြစ်သော နှစ်ပါးသောအမျိုး၌ ဖြစ်ရ၏။

၅၁။ ငါသည် အင်္ဂါကြီးငယ်နှင့် ပြည့်စုံ၏၊ အလုံးအရပ်နှင့် ပြည့်စုံ၏၊ အလွန် အဆင်း လှ၏၊ စင်ကြယ်သူဖြစ်၏၊ မယုတ်လျော့ဘဲ ပြည့်ဖြိုးသော အင်္ဂါရှိသူ ဖြစ်ပေ၏။

၅၂။ ငါသည် နတ်ပြည်၌လည်းကောင်း၊ လူ့ပြည်၌လည်းကောင်း၊ အမှတ်မရှိ တစ်စုံတစ်ခု သောဘဝ၌လည်းကောင်း ဖြစ်သည်ရှိသော် ရွှေအဆင်းနှင့် တူသော အဆင်းရှိလျက် လှော်ပြီး, ဦးပြီးသောရွှေနှင့် တူသော သူ ဖြစ်ပေ၏။

၅၃။ ဗောဓိရွက်ကို စွန့်ပစ်ရသော ကံကြောင့် ငါ၏ အသားအရေသည် အခါခပ်သိမ်း နူးညံ့၏၊ ပြေပြစ်၏၊ ညက်ညော၏၊ သိမ်မွေ့၏၊ အလွန် နုနယ်၏။

၅၄။ အမှတ်မရှိသောလားရာဂတိဝယ် ဖြစ်ပေါ်လာသော ကိုယ်ခန္ဓာ၌ မြူအညစ်အကြေး မလိမ်းကျံ။ ဤကား ဗောဓိရွက် စွန့်ခြင်း၏ အကျိုးပေတည်း။

၅၅။ ထိုငါ့အား လေပူနေပူကြောင့်လည်းကောင်း၊ မီးပူကြောင့်လည်းကောင်း ကိုယ်၌ ချွေး တို့သည်မထွက်ကုန်။ ဤကား ဗောဓိရွက် စွန့်ခြင်း၏ အကျိုးပေတည်း။

၅၆။ နူနာလည်းကောင်း၊ အိုင်းအနာလည်းကောင်း၊ ဝဲကြီးနာလည်းကောင်း၊ မှဲ့လည်းကောင်း၊ သွေးစုနာလည်းကောင်း၊ ထိုမှတစ်ပါး ပွေးနာလည်းကောင်း ဤအနာတို့သည် ငါ၏ ကိုယ်ခန္ဓာ၌မဖြစ်ကုန်။ (ဤကား) ဗောဓိရွက် စွန့်ခြင်း၏ အကျိုးပေတည်း။

၅၇။ “ဘဝကြီးငယ်၌ ထိုငါ့အား ကိုယ်၌ ရောဂါတို့သည် မဖြစ်ကုန်”ဟူသော တစ်ပါး သောဂုဏ်ကျေးဇူးသည်လည်း ဖြစ်၏။ (ဤကား) ဗောဓိရွက် စွန့်ခြင်း၏ အကျိုးပေတည်း။

--

၅၈။ “ဘဝကြီးငယ်၌ ထိုငါ့အား စိတ်ကြောင့် ဖြစ်သော နှိပ်စက်ခြင်းတို့သည် မဖြစ်”ဟူသောတစ်ပါးသော ဂုဏ်ကျေးဇူးသည်လည်း ဖြစ်၏။ (ဤကား) ဗောဓိရွက် စွန့်ခြင်း၏ အကျိုးပေတည်း။

၅၉။ “ဘဝကြီးငယ်၌ ထိုငါ့အား ရန်သူတို့သည် မရှိကုန်”ဟူသော တစ်ပါးသော ဂုဏ်ကျေးဇူးသည်လည်း ဖြစ်၏။ (ဤကား) ဗောဓိရွက် စွန့်ခြင်း၏ အကျိုးပေတည်း။

၆၀။ “ဘဝကြီးငယ်၌ ထိုငါ့အား မယုတ်လျော့သော စည်းစိမ်ဥစ္စာရှိသူဖြစ်၏’ဟူသော တစ်ပါးသောဂုဏ်ကျေးဇူးသည်လည်း ဖြစ်၏။ (ဤကား) ဗောဓိရွက် စွန့်ခြင်း၏ အကျိုးပေ တည်း။

၆၁။ “ဘဝကြီးငယ်၌ ထိုငါ့အား မီးဘေး၊ မင်းဘေး၊ ခိုးသူဘေး၊ ရေဘေးသည် မဖြစ်”ဟူသောတစ်ပါးသော ဂုဏ်ကျေးဇူးသည်လည်း ဖြစ်၏။

၆၂။ “ဘဝကြီးငယ်၌ ထိုငါ့အား အခြံအရံဖြစ်သော ကျွန်မိန်းမ၊ ကျွန်ယောက်ျားတို့သည် ငါ၏စိတ်အလိုသို့ လိုက်ကြကုန်၏’ဟူသော တစ်ပါးသော ဂုဏ်ကျေးဇူးသည်လည်း ဖြစ်၏။

၆၃။ လူ့ဘဝဝယ် အကြင်အသက်တမ်း၌ ဖြစ်၏၊ ထိုအသက်တမ်းအောက် ငါ၏ အသက် သည်မယုတ်လျော့ချေ၊ ငါသည် အသက်တမ်းရှိသလောက် တည်ရပေ၏။

၆၄။ အတွင်းလူတို့သည်လည်းကောင်း၊ အပြင်လူတို့သည်လည်းကောင်း၊ တိုင်းသူပြည်သား နှင့်တကွနိဂုံးသူ၊ နိဂုံးသားတို့သည်လည်းကောင်း၊ အလုံးစုံသောသူတို့သည် မေတ္တာနှင့် ယှဉ်သော စိတ်ရှိကုန်လျက် (ငါ၏) ကြီးပွားခြင်းကို အလိုရှိကုန်၏။ ချမ်းသာခြင်းကို အလိုရှိကုန်၏။

၆၅။ ငါသည် စည်းစိမ်ဥစ္စာရှိသူ၊ အခြံအရံရှိသူ၊ ဘုန်းကျက်သရေရှိသူ၊ ဆွေမျိုးအသင်း အပင်းရှိသူဖြစ်ပေ၏။ ငါသည် ဘဝ၌ ဖြစ်ရသည်ရှိသော် အခါခပ်သိမ်း ကြောက်ခြင်း ထိတ်လန့်ခြင်း ကင်းသူဖြစ်ပေ၏။

၆၆။ “နတ်၊ လူ၊ အသုရာ၊ ဂန္ဓဗ္ဗနတ်၊ ဘီလူး၊ ရက္ခိုသ်”ဟူကုန်သော ထိုအလုံးစုံ တို့သည် ဘဝ၌ကျင်လည်သော ငါ့အား အခါခပ်သိမ်း စောင့်ရှောက်ကုန်၏။

၆၇။ နတ်ပြည်၌လည်းကောင်း၊ လူ့ပြည်၌လည်းကောင်း စည်းစိမ်နှစ်မျိုးတို့ကို ခံစားပြီး၍အဆုံးဘဝ၌လည်း အေးမြသော အမြတ်ဆုံး နိဗ္ဗာန်သို့ ရောက်ရပေ၏။

၆၈။ အကြင်သူသည် မြတ်စွာဘုရားကိုလည်းကောင်း၊ ထိုမြတ်စွာဘုရား၏ ဗောဓိ (ပင်) ကို လည်းကောင်းရည်စူး၍ ကုသိုလ်ကို ပွားစေ၏။ ထိုသူအား ရနိုင်ခဲသော အရာဝတ္ထုဟူ၍ အဘယ်မှာ ရှိပါမည်နည်း။

၆၉။ ငါသည် မဂ်၌လည်းကောင်း၊ ဖိုလ်၌လည်းကောင်း၊ ပရိယတ်အာဂုံ၌လည်းကောင်း၊ ဈာန်အဘိညာဉ်ဂုဏ်တို့၌ လည်းကောင်း သူတစ်ပါးတို့ထက် လွန်ကဲသူ ဖြစ်၍ အာသဝမရှိဘဲငြိမ်းအေးရပေ၏။

၇၀။ ရှေးအခါ ငါသည် ရွှင်လန်းသော စိတ်ရှိလျက် ဗောဓိပင်၏ အရွက်ကို စွန့်ခဲ့ခြင်း ကြောင့်ဤဂုဏ်အင်္ဂါနှစ်ဆယ်တို့နှင့် အခါခပ်သိမ်း ပြည့်စုံသူ ဖြစ်ရပေ၏။

၇၁။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။

၇၂။ ငါ၏ လာခြင်းကား။ပ။ အဆုံးအမတော်ကို လိုက်နာပြုကျင့်အပ်ပါပြီ။

၇၃။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ အဆုံးအမတော်ကို လိုက်နာကျင့် သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ဗောဓိသမ္မဇ္ဇကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ရှစ်ခုမြောက် ဗောဓိသမ္မဇ္ဇကတ္ထေရအပဒါန် ပြီး၏။

--

၉-အာမဏ္ဍဖလဒါယကတ္ထေရအပဒါန်

၇၄။ အလုံးစုံသော တရားတို့၏ ကမ်းတစ်ဖက်သို့ ရောက်တော်မူသော လောကကို နိဗ္ဗာန်သို့ပို့ဆောင်တော်မူတတ်သော ပဒုမုတ္တရမည်သော မြတ်စွာဘုရားသည် သမာဓိ (နိရောဓသမာပတ်) မှ ထ၍စကြøကြွတော်မူ၏။

၇၅။ ထိုအခါ ငါသည် ပရိက္ခရာဝန်ကို ယူ၍ သစ်သီးကို ဆောင်ယူသည်ရှိသော် ကိလေသာမြူကင်းတော်မူ၍ စင်္ကြံကြွတော်မူသော ရဟန်းမြတ် ဖြစ်သော မြတ်စွာဘုရားကို ဖူးမြင်ရ၏။

၇၆။ ငါသည် ကြည်ညိုဝမ်းမြောက်သော စိတ်ရှိသည် ဖြစ်၍ ဦးခေါင်း၌ လက်အုပ်ချီလျက်မြတ်စွာဘုရားကို ရိုသေစွာ ရှိခိုးပြီးလျှင် သျှိသျှားသီးကို လှူဒါန်းခဲ့၏။

၇၇။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ ငါသည် အသီးကို လှူဒါန်းခဲ့ရသော အခါမှစ၍ မကောင်းမှုပြုသူတို့ လားရာ ‘ဒုဂ္ဂတိ’ ဘဝကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် သျှိသျှားသီးကို လှူရခြင်း၏အကျိုးပေတည်း။

၇၈။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။

၇၉။ ငါ၏ လာခြင်းကား။ပ။ အဆုံးအမတော်ကို လိုက်နာပြုကျင့်အပ်ပါပြီ။

၈၀။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ အဆုံးအမတော်ကို လိုက်နာကျင့် သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်အာမဏ္ဍဖလဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ကိုးခုမြောက် အာမဏ္ဍဖလဒါယကတ္ထေရအပဒါန် ပြီး၏။

--

၁၀-သုဂန္ဓတ္ထေရအပဒါန်

၈၁။ ဤဘဒ္ဒကမ္ဘာ၌ ဗြာဟ္မဏမျိုးဖြစ်တော်မူသော များသော အခြံအရံအကျော်အစော ရှိတော်မူသော တရားဟောပြသူတို့ထက် အမြတ်ဆုံးဖြစ်တော်မူသော အနွယ်အားဖြင့် ကဿပ မည်တော်မူသော မြတ်စွာဘုရားသည် ပွင့်တော်မူ၏။

၈၂။ (ထိုမြတ်စွာဘုရားသည် ) လက္ခဏာတော် (ရှစ်ဆယ်) နှင့် ပြည့်စုံတော်မူ၏၊ သုံးဆယ့် နှစ်ပါးသောယောက်ျားမြတ်တို့၏ လက္ခဏာတို့နှင့် ပြည့်စုံတော်မူ၏၊ ဗျာမပ္ပဘာရောင်ခြည် တော်ကဲ့သို့သောရောင်ခြည်တော်တို့ဖြင့် ခြံရံလျက် ရှိတော်မူ၏၊ ရောင်ခြည်တော်ကွန်ရက်ဖြင့် ဖုံးလွှမ်းလျက် ရှိတော်မူ၏။

၈၃။ (ထိုမြတ်စွာဘုရားသည် ) ‘လကဲ့သို့’ သက်သာစေတော်မူ၏၊ ‘နေကဲ့သို့’ အရောင် အလင်းကို ပြုတော်မူတတ်၏၊ ‘မိုးကဲ့သို့’ ငြိမ်းအေးစေတော်မူတတ်၏၊ ‘သမုဒ္ဒရာကဲ့သို့’ ဂုဏ်ကျေးဇူး၏တည်ရာဖြစ်တော်မူ၏။

၈၄။ (ထိုမြတ်စွာဘုရားသည် ) သီလအားဖြင့် မြေကြီးနှင့် တူတော်မူ၏၊ သမာဓိအားဖြင့် ဟိမဝန္တာနှင့်တူတော်မူ၏၊ ပညာအားဖြင့် ကောင်းကင်နှင့် တူတော်မူ၏၊ မကပ်ငြိခြင်း၌ လေနှင့် တူတော်မူ၏။

၈၅။ ကြီးမားသော လုံ့လရှိတော်မူသော ပရိသတ်တို့၌ ရဲရင့်တော်မူသော ထိုမြတ်စွာ ဘုရားသည် ရံခါလူများအပေါင်းကို (ဝဋ်မှ) ထုတ်ဆောင်လျက် သစ္စာတရားတို့ကို ကောင်း စွာ ပြတော်မူ၏။

၈၆။ ထိုအခါ ငါသည် ဗာရာဏသီပြည်၌ များသော အခြံအရံ အကျော်အစောရှိသော သူဌေးသားဖြစ်ခဲ့၏၊ ထိုအခါ ဆည်းပူးအပ်သော ဥစ္စာစပါးဖြင့် ပေါများ၏။

၈၇-၈၈။ ငါသည် အညောင်းပြေ လမ်းလျှောက်သည်ရှိသော် (သားတို့အား ဘေးမဲ့ပေး ရာ) မိဂဒါဝုန်တောသို့ ချဉ်းကပ်ခဲ့၏။ သန့်ရှင်းလျက် နှစ်သက်ဖွယ်သော စကားရှိတော်မူ သော၊ ကရဝိက်ငှက်၏ အသံနှင့် တူမျှသော အသံရှိတော်မူသော ၊ ဟင်္သာမင်း၏ အသံနှင့် တူသောအသံရှိတော်မူသော ၊ လူအပေါင်းကို သိစေတော်မူတတ်သော၊ အမြိုက်နိဗ္ဗာန်ကိုဟောကြားတော်မူတတ်သော၊ ကိလေသာမြူ ကင်းသော မြတ်စွာဘုရားကို ဖူးမြင်ရ၏။

၈၉။ ထိုနတ်ထက် နတ်ဖြစ်တော်မူသော မြတ်စွာဘုရားကို ဖူးမြင်ရပြီးလျှင် ချိုမြိန်သော တရားသံကိုကြားနာရ၍သာလျှင် များစွာသော စည်းစိမ်ဥစ္စာတို့ကို ပယ်စွန့်လျက် ရဟန်း ဘောင်သို့ ဝင်ရောက် ခဲ့၏။

၉၀။ ငါသည် ဤသို့ရဟန်းပြုပြီးလတ်သော် မကြာမြင့်မီ အကြားအမြင်များသူ ဖြစ်လျက် ဆန်းကြယ်သောတရားစကားကို ဟောကြားတတ်သော တရားဟော “ဓမ္မကထိက” ဖြစ်၏။

၉၁။ ဂုဏ်ကျေးဇူးကို ချီးကျူးမှု၌ ရဲရင့်သော ငါသည် ရွှင်လန်းသော စိတ်ရှိသည်ဖြစ်၍ များစွာသောပရိသတ်အလယ်၌ ရွှေအဆင်းနှင့် တူသော အဆင်းရှိတော်မူသော မြတ်စွာ ဘုရား၏ ဂုဏ်တော်ကျေးဇူးတော်ကို အဖန်ဖန် ချီးကျူးခဲ့၏။

၉၂။ ဤမြတ်စွာဘုရားသည် ကုန်ပြီးသော အာသဝရှိတော်မူပါပေ၏၊ ဆင်းရဲခြင်း ကင်း တော်မူပါပေ၏၊ ဖြတ်အပ်ပြီးသော ယုံမှားခြင်း ရှိတော်မူပါပေ၏၊ အလုံးစုံသော ကုသိုလ် အကုသိုလ်ကံတို့၏ကုန်ခန်းခြင်းသို့ ရောက်တော်မူပါပေ၏၊ ဥပဓိကုန်ရာ နိဗ္ဗာန်၌ သက်ဝင် တော်မူပါပေ၏။

--

၉၃။ ဤမြတ်စွာဘုရားသည် ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူပါပေ၏၊ ဤမြတ်စွာ ဘုရားသည် ‘ခြင်္သေ့မင်းကဲ့သို့’ ရဲရင့်တော်မူပါပေ၏၊ အတုမရှိ မြင့်မြတ်တော်မူပါပေ၏၊ နတ်နှင့်တကွသောလောကအား မြတ်သော တရားစကြာကို လည်စေတော်မူတတ်ပါပေ၏။

၉၄။ မြတ်စွာဘုရားသည် (ကိုယ်တိုင်) ယဉ်ကျေး ပြီး၍ (လူအပေါင်းကိုလည်း) ယဉ်ကျေးစေတော်မူပါပေ၏၊ (ကိုယ်တိုင်) ငြိမ်သက်ပြီး၍ (လူအပေါင်းကိုလည်း) ငြိမ်သက်စေတော်မူ တတ်ပါပေ၏၊ (ကိုယ်တိုင်) ငြိမ်းအေးပြီး၍ (လူအပေါင်းကိုလည်း) ငြိမ်းအေးစေတော်မူတတ် ပါပေ၏၊ (ကိုယ်တိုင်) သက်သာရာရပြီး၍ (လူအပေါင်းကိုလည်း) သက်သာရာရစေတော်မူတတ် ပါပေ၏။

၉၅။ ထိုမြတ်စွာဘုရားသည် လုံ့လရှိတော်မူပါပေ၏၊ ရဲရင့်တော်မူပါပေ၏၊ နှစ်သက်ခြင်း ရှိတော်မူပါပေ၏၊ ပညာရှိတော်မူပါပေ၏၊ ကရုဏာ ရှိတော်မူပါပေ၏၊ ဝသီဘော် ရှိတော်မူ ပါပေ၏၊ ရန်ကိုအောင်ပြီးတော်မူပါပေ၏၊ မာန်မူခြင်း ကင်းတော်မူပါပေ၏၊ ကပ်ငြိတွယ်တာ ခြင်း ကင်းတော်မူပါပေ၏။

၉၆။ မြတ်စွာဘုရားသည် တဏှာ ကင်းတော်မူပါပေ၏၊ တုန်လှုပ်ခြင်း ကင်းတော်မူပါပေ၏၊ ပညာရှိတော်မူပါပေ၏၊ တွေဝေခြင်း ကင်းတော်မူပါပေ၏၊ ပြိုင်ဘက် ကင်းတော်မူပါ ပေ၏၊ လေးစားအပ်သူတို့တွင် ဝန်ဆောင်သော နွားလားဥသဘနှင့်လည်း တူတော်မူပါပေ၏၊ ဆင်ပြောင်နှင့်လည်းတူတော်မူပါပေ၏၊ ခြင်္သေ့မင်းနှင့်လည်း တူတော်မူပါပေ၏၊ သိကြားမင်း နှင့်လည်း တူတော်မူပါပေ၏။

၉၇။ မြတ်စွာဘုရားသည် တပ်မက်ခြင်း ကင်းတော်မူပါပေ၏၊ အညစ်အကြေး ကင်းတော် မူပါပေ၏၊ ဗြဟ္မာနှင့် တူတော်မူပါပေ၏၊ အယူဝါဒရှိသူတို့ထက် ရဲရင့်တော်မူပါပေ၏၊ ကိလေသာ ကိုပယ်စွန့်တော်မူပါပေ၏၊ (ကိလေသာ) ငြောင့်တံသင်း ကင်းတော်မူပါပေ၏၊ (ကိလေသာ) မြားငြောင့်ကိုလည်း နုတ်ပြီးတော်မူပါပေ၏၊ အတုမဲ့ ဖြစ်တော်မူပါပေ၏၊ စောင့်စည်းခြင်း, စင်ကြယ်ခြင်းရှိတော်မူပါပေ၏။

၉၈။ မြတ်စွာဘုရားသည် မကောင်းမှုကို အပပြုပြီး ဖြစ်တော်မူပါပေ၏၊ ကိလေသာကိုငြိမ်းအေးစေတော်မူပါပေ၏၊ (လူအားလုံးတို့၏) ကိုးကွယ်ရာ ဖြစ်တော်မူပါပေ၏၊ ဆေးဆရာ နှင့်တူတော်မူပါပေ၏၊ ငြောင့်တံသင်းကို ပယ်နုတ်တတ်သော ဆေးဆရာနှင့် တူတော်မူ ပါပေ၏၊ သူရဲကောင်း (စစ်သား) နှင့် တူတော်မူပါပေ၏၊ ကျော်စောသူတို့ထက် ကျော်စော တော်မူပါပေ၏၊ တုန်လှုပ်ခြင်းကင်းတော်မူပါပေ၏၊ ဝမ်းမြောက်ရွှင်လန်းစေတော်မူပါပေ၏။

၉၉။ မြတ်စွာဘုရားသည် (သံသရာမှ) ထုတ်ဆောင်တော်မူတတ်ပါပေ၏၊ နိဗ္ဗာန်ကိုဆောင်ထားတော်မူတတ်ပါပေ၏၊ ငြိမ်သက်တော်မူပါပေ၏၊ (တဏှာကို) သတ်တော်မူတတ်ပါ ပေ၏၊ (နိဗ္ဗာန်သို့) ဆောင်တော်မူတတ်ပါပေ၏၊ (သစ္စာတရားကို) ပြတော်မူတတ်ပါပေ၏၊ ကောင်းစွာရွှင်လန်းစေတော်မူတတ်ပါပေ၏၊ (ကိလေသာကို) ဖျက်ဆီးတော်မူတတ်ပါပေ၏၊ ဖြတ်တောက်တော်မူတတ်ပါပေ၏၊ (တရားကို) နာစေတော်မူတတ်ပါပေ၏၊ ချီးမွမ်းတော်မူ တတ်ပါပေ၏။

၁၀၀။ (ကိလေသာ) တံသင်းလည်း ကင်းတော်မူပါပေ၏၊ (ကိလေသာ) ငြောင့်ကိုလည်းနုတ်တော်မူတတ်ပါပေ၏၊ ဆင်းရဲခြင်း ကင်းတော်မူပါပေ၏၊ သို့လောသို့လော တွေးတောခြင်း လည်းရှိတော်မမူ၊ တဏှာကင်းတော်မူပါပေ၏၊ ကိလေသာမြူ ကင်းတော်မူပါပေ၏၊ တဏှာ ကိုသတ်တော်မူပါပေ၏၊ သီလအနံ့ ရှိတော်မူပါပေ၏၊ ဆိုသင့်သည်ကို ဆိုတတ်သည်ဖြစ်၍ ချီးမွမ်းသင့်သည်ကိုချီးမွမ်းတော်မူတတ်ပါပေ၏။

၁၀၁။ မြတ်စွာဘုရားသည် ကယ်တင်တော်မူတတ်ပါပေ၏၊ အကျိုးကို ပြုတော်မူတတ်ပါ ပေ၏၊ ပြုစေတော်မူတတ်ပါပေ၏၊ ကိလေသာကို ဖောက်ခွဲတော်မူတတ်ပါပေ၏၊ (နိဗ္ဗာန်သို့) ရောက်စေတော်မူတတ်ပါပေ၏၊ (ကိလေသာကို) နှိပ်စက်တော်မူတတ်ပါပေ၏၊ နှစ်သက်စေတော်မူတတ်ပါပေ၏၊ ကိလေသာကို သတ်တော်မူတတ်ပါပေ၏၊ (ကိလေသာကို) ပူပန်စေတတ် သောလုံ့လရှိတော်မူပါပေ၏၊ အစွမ်းသတ္တိ ရှိတော်မူပါပေ၏။

--

၁၀၂။ သတ္တဝါတို့ထက် မြတ်သော ဣသိဖြစ်တော်မူသော မြတ်စွာဘုရားသည် မျှတသောစိတ်ရှိတော်မူပါပေ၏၊ အတုမရှိသော ရှေးဘုရားတို့နှင့်သာ တူတော်မူပါပေ၏၊ (တဏှာ) အဖော်ကင်းတော်မူပါပေ၏၊ သနားခြင်းရှိတော်မူပါပေ၏၊ အကျော်အစောရှိတော်မူပါပေ၏။ ကိလေသာကိုဖြတ်တောက်သော လက်နက်ရှိတော်မူပါပေ၏၊ ပလွှားခြင်း ကင်းတော်မူပါပေ၏၊ ပြုအပ်ပြီးသော မဂ်ကိစ္စရှိတော်မူပါပေ၏။

၁၀၃။ မြတ်စွာဘုရားသည် ကူးမြောက်ပြီးသော ယုံမှားခြင်း ရှိတော်မူပါပေ၏၊ မာန်မာနကင်းတော်မူပါပေ၏၊ မနှိုင်းယှဉ်အပ်သည်ဖြစ်၍ နှိုင်းယှဉ်စရာ ဥပမာရှိတော်မမူ၊ အလုံးစုံ သောစကားလမ်းကြောင်းကို ကျော်လွန်တော်မူပါပေ၏၊ သစ္စာလေးပါးကို သိခြင်း၌ အဆုံးသို့ရောက်တော်မူပါပေ၏။

၁၀၄။ သတ္တဝါတို့၏ အနှစ်အမြုတေ ဖြစ်သော ထိုမြတ်စွာဘုရား၌ ကြည်ညိုခြင်းသည် အမြိုက်နိဗ္ဗာန်ကိုရွက်ဆောင်နိုင်ပေ၏။ ထို့ကြောင့် မြတ်စွာဘုရား၌လည်းကောင်း၊ တရား၌ လည်းကောင်း၊ သံဃာ၌လည်းကောင်း ယုံကြည်မှု'သဒ္ဓါ'သည် ကြီးမြတ်သော အကျိုးရှိပေ၏။

၁၀၅။ ဤသို့အစရှိကုန်သော ဂုဏ်တို့ဖြင့် လောကသုံးပါး၏ ကိုးကွယ်ရာ အမြတ်ဆုံးဖြစ် တော်မူသော မြတ်စွာဘုရားကို ငါသည် ပရိသတ်အလယ်၌ ချီးကျူးလျက် တရားစကားဟော ပြောမှုကို ပြုခဲ့၏။

၁၀၆။ ငါသည် ထိုဘဝမှ စုတေလတ်သော် တုသိတာဘုံ၌ ကြီးကျယ်သော ချမ်းသာကို ခံစားရ၍ထိုတုသိတာဘုံမှ စုတေလျက် လူ့ဘုံတို့၌ ဖြစ်လတ်သော် ကောင်းသော ဂုဏ်ရနံ့ ရှိသူ ဖြစ်ပေ၏။

၁၀၇။ ခံတွင်းအနံ့သည်လည်း မကောင်းသော အနံ့ မရှိ၊ (မွှေးကြိုင်၏)။ ငါ၏ ကိုယ်နံ့ သည်အလားတူပင်တည်း၊ ချွေးအနံ့သည်လည်း အမြဲ ငါ့အား အလုံးစုံ မွှေးရနံ့သည်ပင် ဖြစ်၏။

၁၀၈။ ငါ၏ ခံတွင်းနံ့သည် အခါခပ်သိမ်း ပဒုမ္မာကြာနံ့, ဥပ္ပလကြာနံ့, စံကားပန်းနံ့ ရှိ၏၊ ပရိသတ်အဆုံးတိုင်အောင် အခါခပ်သိမ်း ကြိုင်လှိုင်၏၊ ငါ၏ ကိုယ်နံ့သည်လည်း အလားတူမွှေးကြိုင်သည်သာတည်း။

၁၀၉။ ငါသည် (မြတ်စွာဘုရား၏ ) ဂုဏ်ကို ချီးကျူးခြင်း၏ အလွန်အံ့ဖွယ်ကောင်းသောထိုအကျိုးအားလုံးကို မြွက်ဆိုပေအံ့၊ အလုံးစုံသော သင်တို့သည် တည်ကြည်သော စိတ်ဖြင့် ငါ၏စကားကို နာကုန်လော့-

၁၁၀။ မြတ်စွာဘုရား၏ ဂုဏ်ကို ပြောဆိုခြင်းကြောင့် အစီးအပွား၌လည်း အတူ မရှိချေ၊ ငါသည်အလုံးစုံသော ဘဝ၌ ချမ်းသာသောသူ၊ ကိလေသာကို ညှဉ်းဆဲနိုင်သူ၊ ရဲရင့်ခြင်းနှင့် ပြည့်စုံသောသူဖြစ်ရပေ၏။

၁၁၁။ ငါသည် အခြံအရံအကျော်အစောရှိ၏၊ ချမ်းသာခြင်းရှိ၏၊ နှစ်သက်အပ်၏၊ အရောင်အဆင်းရှိသည်ဖြစ်၍ ချစ်ဖွယ်ကောင်းသူ၊ ရှုချင်ဖွယ်ကောင်းသူ ဖြစ်၏။ ယဉ်ကျေးစွာ ပြောဆို တတ်၏၊ သူတစ်ပါးတို့ မနှိပ်စက်နိုင်သည်ဖြစ်၍ အပြစ်ကင်းသူ ဖြစ်၏၊ (ထိုမှတစ်ပါး) ပညာ ရှိသူ ဖြစ်၏။

၁၁၂။ မြတ်စွာဘုရားကို ဆည်းကပ်လေ့ရှိသော သူအား အသက်တမ်းကုန်သည်ရှိသော် နိဗ္ဗာန်ကိုရလွယ်ပေ၏၊ ထိုပုဂ္ဂိုလ်တို့၏ အကြောင်းကို အမှန်အတိုင်း ဆိုပေအံ့၊ ထိုစကားကို နာကုန်လော့-

၁၁၃။ ငါသည် မြတ်စွာဘုရားအား ထင်ရှားရှိသော ကျော်စောခြင်းကို (ဆိုအပ်ပြီးသော) အစီအရင်ဖြင့်ချီးကျူးခဲ့၍ ထိုထိုဘဝ၌ ဖြစ်သော် လည်း ထိုကုသိုလ်ကံကြောင့် အခြံအရံ အကျော်အစောများသူဖြစ်ရပေ၏။

၁၁၄။ ငါသည် ဆင်းရဲ၏ အဆုံးကို ပြုတတ်သော မြတ်စွာဘုရားကိုလည်းကောင်း၊ (အကြောင်းတရားတို့) မပြုပြင်အပ်သော ငြိမ်သက်သော တရားကိုလည်းကောင်း ချီးမွမ်းခဲ့၍ ထိုကံကြောင့် (ကိုယ်တိုင်) ချမ်းသာသော သူ ဖြစ်လျက် သတ္တဝါတို့ကို လည်း ချမ်းသာပေး နိုင်သူ ဖြစ်ရပေ၏။

--

၁၁၅။ ငါသည် မြတ်စွာဘုရား၌ နှစ်သက်ခြင်းရှိသည် ဖြစ်၍ မြတ်စွာဘုရား၏ ဂုဏ်တော် ကို ချီးကျူးလျက်မိမိကိုယ်တိုင် နှစ်သက်ခြင်းကို လည်းကောင်း၊ သူတစ်ပါးကိုလည်း နှစ်သက် စေခြင်းကို လည်းကောင်းဖြစ်စေ၏။ ထိုကံကြောင့် ငါသည် နှစ်သက်ခြင်းခံရသူလည်း ဖြစ်ရပေ၏။

၁၁၆။ ပညာရောင် ရှိတော်မူသော မြတ်စွာဘုရားသည် တိတ္ထိဖြင့် ရောပြွမ်းသော လောက ၌ယုတ်မာသော တိတ္ထိကို လွှမ်းမိုး၍ အောင်မြင်တော်မူပါပေ၏။ ဤသို့ အကျွန်ုပ်သည် အရှင် ဘုရား၏ ဂုဏ်တော်ကို ချီးကျူးလျက် မြတ်စွာဘုရား၏ ဂုဏ်တော်ကို ထွန်းတောက်စေခဲ့ပါ၏။

၁၁၇။ ငါသည် လူအပေါင်းအား ချစ်ခင်ဖွယ်ကို ပြုလေ့ရှိသော မြတ်စွာဘုရား၏ ဂုဏ်တော်ကိုလည်းချီးကျူးခဲ့ပေ၏၊ ထိုကံကြောင့် ငါသည် ‘တန်ဆောင်မုန်းလ၌ ထွက်ပေါ် သော လမင်းကဲ့သို့’ ချစ်အပ်သူ၊ ချစ်ခင်ဖွယ်ရှိသူ ဖြစ်ရပေ၏။

၁၁၈။ ငါသည် အစွမ်းသတ္တိ ရှိသည့်အတိုင်း အလုံးစုံသော စကားတို့ဖြင့် မြတ်စွာဘုရား ကို ချီးကျုးခဲ့၏၊ ထိုကံကြောင့် စကားကို အစိုးရသူ၊ ဆန်းကြယ်သော ဉာဏ်ပဋိဘာန်ရှိသူ ဖြစ်ရပေ၏။

၁၁၉။ ယုံမှားခြင်းသို့ ရောက်သော အကြင်လူမိုက်တို့သည် မြတ်စွာဘုရားကို ရှုတ်ချ ကဲ့ရဲ့ကုန်၏၊ ငါသည် ထိုလူမိုက်တို့ကို သူတော်ကောင်းတရားဖြင့် နှိမ်နင်းခဲ့၏၊ ထိုကုသိုလ်ကံ ကြောင့် ငါသည်ရှုတ်ချကဲ့ရဲ့ခံရသူ မဖြစ်ရပေ။

၁၂၀။ ငါသည် မြတ်စွာဘုရားကို ချီးကျူးခြင်းဖြင့် သတ္တဝါတို့၏ ကိလေသာတို့ကို ပယ် ရှားခဲ့၏၊ ထိုကံ၏အစွမ်းကြောင့် ကိလေသာကင်းသော စိတ်ရှိသူ ဖြစ်ရပေ၏။

၁၂၁။ ငါသည် မြတ်စွာဘုရားအား အောက်မေ့ခြင်းဂုဏ်ကို ညွှန်ပြလျက် တရားနာသူ တို့၏ကြီးပွားခြင်းကို ဖြစ်စေခဲ့၏၊ ထိုကုသိုလ်ကံကြောင့်လည်း သိမ်မွေ့သော အနက် အဓိပ္ပါယ်ကို သိမြင်သောပညာရှိ ဖြစ်ရပေ၏။

၁၂၂။ ငါသည် အာသဝအားလုံး ကုန်ခန်းလျက် သံသရာသမုဒ္ဒရာကို ကူးမြောက်ပြီးသည် ဖြစ်၍'လောင်စာမရှိသော မီးလျှံကဲ့သို့’ ငြိမ်းအေးခြင်းသို့ ရောက်ရတော့အံ့။

၁၂၃။ ဤကမ္ဘာ၌ပင်လျှင် ငါသည် မြတ်စွာဘုရားကို ချီးကျူးခဲ့ရသော အခါမှစ၍ မကောင်းမှု ပြုသူတို့လားရာ ‘ဒုဂ္ဂတိ’ ဘဝကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာ ဘုရားအား ချီးကျူးရခြင်း၏အကျိုးပေတည်း။

၁၂၄။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။

၁၂၅။ ငါ၏ လာခြင်းကား။ပ။ အဆုံးအမတော်ကို လိုက်နာပြုကျင့်အပ်ပါပြီ။

၁၂၆။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ အဆုံးအမတော်ကို လိုက်နာ ကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်သုဂန္ဓမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ဆယ်ခုမြောက် သုဂန္ဓတ္ထေရအပဒါန် ပြီး၏။

ငါးဆယ့်သုံးခုမြောက် တိဏဒါယကဝဂ် ပြီး၏။

--

၅၄-ကစ္စာယနဝဂ်

၁-မဟာကစ္စာယနတ္ထေရအပဒါန်

။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ မာရ်ငါးပါးကို အောင်တော်မူသော တဏှာကင်း တော်မူသော အောင်နိုင်ခဲသော ရန်အပေါင်းကို အောင်တော်မူသော ပဒုမုတ္တရအမည်ရှိသော မြတ်စွာဘုရားသည် ပွင့်တော်မူလေ၏။

။ (ထိုမြတ်စွာဘုရားသည် ) လုံ့လရှိတော်မူ၏၊ ကြာညိုပွင့်ချပ်နှင့် တူသော မျက်လုံးရှိတော်မူ၏၊ ‘လကဲ့သို့’ အညစ်အကြေးကင်းသော မျက်နှာရှိတော်မူ၏၊ ရွှေတောင်နှင့် တူတော်မူ၏၊ နေရောင်နှင့်တူမျှသော အရောင်ရှိတော်မူ၏။

။ သတ္တဝါတို့၏ မျက်စိနှင့် စိတ်နှလုံးကို ဆွဲဆောင်တော်မူတတ်၏၊ မြတ်သော လက္ခဏာ တို့ဖြင့်တန်ဆာဆင်တော်မူအပ်၏၊ အလုံးစုံသော စကားစ လမ်းကြောင်းကို ကျော်လွန်တော် မူ၏၊ လူ, နတ်တို့သည် အရိုအသေ ပြုအပ်သော ပုဂ္ဂိုလ် ဖြစ်တော်မူ၏။

။ မြတ်စွာဘုရားသည် သတ္တဝါတို့အား သစ္စာလေးပါကို သိစေတော်မူတတ်၏၊ စကားကိုအစိုးရတော်မူ၏၊ ချိုမြိန်သော အသံရှိတော်မူ၏၊ ကရုဏာဖြင့် နှောင်ဖွဲ့အပ်သော စိတ်အစဉ် ရှိတော်မူ၏၊ ပရိသတ်တို့၌ ရဲရင့်တော်မူ၏။

။ (ထိုမြတ်စွာဘုရားသည် ) သစ္စာလေးပါးနှင့် စပ်သော ချိုမြိန်သော တရားတော်ကို ဟောတော်မူ၏၊ မောဟညွန်၌ နစ်မြုပ်သော သတ္တဝါတို့ကို ကောင်းစွာ ထုတ်ဆောင်ကယ် တင်တော်မူ၏။

။ ထိုအခါ ငါသည် ဟိမဝန္တာ၌ နေလျက် တစ်ဦးတည်း ကျင့်သော ရသေ့ဖြစ်၍ ကောင်း ကင်ဖြင့်လူတို့ မြို့ရွာသို့ သွားသည်ရှိသော် မြတ်စွာဘုရားကို ဖူးမြင်ရပေ၏။

။ ငါသည် ထိုမြတ်စွာဘုရား၏ အထံသို့ ချဉ်းကပ်၍ တပည့် ‘သာဝက'၏ ကြီးမြတ်သော ဂုဏ်ကိုချီးကျူးတော်မူသော မြတ်စွာဘုရား၏ တရားဒေသနာတော်ကို နာကြားခဲ့၏။

။ ဤကစ္စာယနမထေရ်သည် အကျဉ်းအားဖြင့် ငါဟောအပ်သည်ကို အကျယ်အားဖြင့် ဟောပြလျက့်ပရိသတ်ကိုလည်းကောင်း၊ ငါ့ကိုလည်းကောင်း အကြင်အခြင်းအရာအားဖြင့် နှစ်သက်စေနိုင်ပေ၏။

။ ငါသည် ဤသို့သဘောရှိသော (ကစ္စာယနမှ) တစ်ပါးသော တပည့် ‘သာဝက’ တစ်စုံ တစ်ယောက်ကိုမြင်တော်မမူ၊ ထို့ကြောင့် ထိုမြတ်သော ပုဂ္ဂိုလ်တို့တွင် ဤကစ္စာယန မထေရ် သည် အမြတ်ဆုံးဖြစ်၏၊ ရဟန်းတို့ သင်တို့သည် ဤသို့ မှတ်ကုန်လော့။

၁၀။ ထိုအခါ ငါသည် စိတ်ကို မွေ့လျော်စေတတ်သော စကားကို ကြားနာရသည်ရှိသော် အံ့ဩသည်ဖြစ်၍ဟိမဝန္တာသို့ သွားပြီးလျှင် ပန်းအပေါင်းကို ဆောင်ယူလျက်-

၁၁။ လောက၏ ကိုးကွယ်ရာ မြတ်စွာဘုရားကို ပူဇော်၍ ထိုအရာကို ဆုတောင်းခဲ့၏၊ ထိုအခါ ငါ၏စိတ်အလိုကို သိ၍ ကိလေသာကို စွန့်ပြီးသော ထိုမြတ်စွာဘုရားသည် ဗျာဒိတ် စကား မိန့်ကြားတော်မူ၏။

၁၂-၁၃။ လှော်ပြီး, ဦးပြီးသော ရွှေနှင့် တူသော အရေရှိသော၊ ရွှင်လန်းတက်ကြွသော အမွေးရှိသော၊ ပြည့်ဖြိုးသော ပခုံးရှိသော၊ တုန်လှုပ်ခြင်း မရှိသော၊ လက်အုပ်ချီလျက် တည် နေသော၊ ရွှင်လန်းသော၊ ပြည့်ဖြိုးသော မျက်စိရှိသော၊ မြတ်စွာဘုရား၏ ဂုဏ် (ကျေးဇူး) ၌ ရောက်သော စိတ်အလိုရှိသော၊ တရားကြောင့်ဖြစ်သော တက်ကြွသော စိတ်နှလုံးရှိသော၊ အမြိုက်ရေစင် သွန်းအပ်သကဲ့သို့ ဖြစ်သောဤရသေ့မြတ်ကို ရှုကုန်လော့-

--

၁၄-၁၅။ ကစ္စာယနမထေရ်၏ ဂုဏ်ကို ကြားနာရ၍ ထိုအရာအထူးကို ဆုတောင်းလျက် တည်နေသောရသေ့သည် အနာဂတ်ကာလဝယ် ထိုဂေါတမမြတ်စွာဘုရား၏ တရားတို့၌ တရားဖြင့် ဖန်ဆင်းအပ်သောအမွေခံသားတော်ဖြစ်၍ အမည်အားဖြင့် “ကစ္စာယန”ဟု ထင်ရှားသော မြတ်စွာဘုရား၏ တပည့်သာဝကဖြစ်လတ္တံ့။

၁၆။ ဤရသေ့သည် ငါဘုရား ဗျာဒိတ်စကား မိန့်ကြားသည့်အတိုင်း များသော အကြား အမြင်ရှိသောကြီးသော ဉာဏ်ရှိသော မြတ်စွာဘုရား၏ အလို (အဓိပ္ပါယ်) ကို သိသော ရဟန်း ဖြစ်၍ ထိုအရာအထူးသို့ရောက်လတ္တံ့။

၁၇။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ ကုသိုလ်ကံကို ပြုခဲ့ရသော အခါမှစ၍ မကောင်းမှု ပြုသူတို့လားရာ ‘ဒုဂ္ဂတိ’ ဘဝကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာဘုရားအား ပူဇော်ရခြင်း၏အကျိုးပေတည်း။

၁၈။ နတ်ဘဝနှင့် လူ့ဘဝဟူသော နှစ်ပါးသော ဘဝ၌ ကျင်လည်ရပေ၏၊ တစ်ပါးသောလားရာဂတိ (ဒုဂ္ဂတိ) သို့ မရောက်ရပေ။ ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာဘုရားအား ပူဇော် ရခြင်း၏အကျိုးပေတည်း။

၁၉။ မင်းမျိုးနှင့် ပုဏ္ဏားမျိုးဟူသော နှစ်ပါးသော အမျိုး၌ ဖြစ်ရပေ၏၊ ယုတ်နိမ့်သော အမျိုး၌မဖြစ်ရပေ။ ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာဘုရားအား ပူဇော်ရခြင်း၏ အကျိုးပေ တည်း။

၂၀။ ယခုနောက်ဆုံးဖြစ်သော ဘဝ၌လည်း ဥဇ္ဇေနီပြည်၌ စဏ္ဍပဇ္ဇောတမင်း၏ ပုရောဟိတ် ပုဏ္ဏားနှင့်စပ်သွယ်သော-

၂၁။ တိရိဋိဝစ္ဆပုဏ္ဏား၏ သားဖြစ်၍ သိမ်မွေ့၏၊ ဗေဒင်အရာ၌ တစ်ဖက်ကမ်းရောက် တတ်မြောက်၏၊ အမိ (သည်) ကား စန္ဒိမာ အမည်ရှိပေ၏၊ ငါကား မြတ်သော အရေအဆင်း ရှိသောကစ္စာယနသတို့သားပေတည်း။

၂၂။ မြတ်စွာဘုရားအား စုံစမ်းခြင်းငှါ မင်းသည် စေလွှတ်သည်ရှိသော် နိဗ္ဗာန်မြို့ တံခါးသဖွယ် ဖြစ်သောဂုဏ်တို့၏ စုပေါင်းရာ မြတ်စွာဘုရားကို ဖူးမြင်၍လည်းကောင်း-

၂၃။ ဂတိဟူသော ညွန်ကို ခြောက်သွေ့စေတတ်သော၊ အညစ်အကြေးကင်းသော တရား စကားကိုကြားနာရ၍လည်းကောင်း ကြွင်းသော အဖော်ခုနစ်ယောက်တို့နှင့်တကွ ငြိမ်သက် သော အမြိုက်နိဗ္ဗာန်သို့ရောက်ရပေ၏။

၂၄။ ငါသည် မြတ်စွာဘုရား၏ မြတ်သော အယူဝါဒ၌ အလို (အဓိပ္ပါယ်) ကို သိသူ ဖြစ်၍ ဧတဒဂ်အရာ၌တင်ထားအပ်သူ ဖြစ်၍ စိတ်နှလုံး အလိုပြီးမြောက်သူ ဖြစ်ပေ၏။

၂၅။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ၊ ဘဝအားလုံးတို့ကို ပယ်နုတ်အပ်ကုန်ပြီ၊ ‘ဆင်ပြောင်ကြီးသည် အနှောင်အဖွဲ့ကို ဖြတ်၍ နေသကဲ့သို့’ ငါသည် အာသဝမရှိဘဲနေရ၏။

၂၆။ ငါ၏ လာခြင်းကား ကောင်းသောလာခြင်း စင်စစ် ဖြစ်ပေ၏၊ ငါသည် မြတ်စွာ ဘုရား၏ အထံတော်၌ ဝိဇ္ဇာသုံးပါးတို့ကို ရအပ်ပါကုန်ပြီ၊ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာပြုကျင့်အပ်ပါပြီ။

၂၇။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကို လည်းကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကို လည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်မဟာကစ္စာယနမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ရှေးဦးစွာသော မဟာကစ္စာယနတ္ထေရအပဒါန် ပြီး၏။

--

၂-ဝက္ကလိတ္ထေရအပဒါန်

၂၈။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ မယုတ်ညံ့သော အမည်တော်ရှိသော၊ (ဂုဏ် အားဖြင့်) မနှိုင်းယှဉ်နိုင်သော၊ အမည်အားဖြင့် “ပဒုမုတ္တရ”ဟု ထင်ရှားသော မြတ်စွာဘုရား သည်ပွင့်တော်မူလေ၏။

၂၉။ (ထိုမြတ်စွာဘုရားသည် ) ပဒုမ္မာကြာနှင့် တူသော နှုတ်ခမ်းရှိတော်မူ၏၊ ‘ပဒုမ္မာကြာ ကဲ့သို့'အညစ်အကြေးကင်းလျက် သန့်ရှင်းသော အရေအဆင်းရှိတော်မူ၏၊ ‘ရေနှင့် ပဒုမ္မာ ကြာသည်အချင်းချင်း မကပ်ငြိသကဲ့သို့ပင်လျှင်’ လောကနှင့် လိမ်းကျံကပ်ငြိတော် မမူချေ။

၃၀။ လုံ့လရှိတော်မူသော မြတ်စွာဘုရားသည် ကြာပဒုမ္မာပွင့်ချပ်နှင့်တူသော မျက်လုံး ရှိတော်မူ၏၊ ‘ပဒုမ္မာကြာကဲ့သို့’ နှစ်သက်ဖွယ်ရှိတော်မူ၏၊ ‘ပဒုမ္မာကြာကဲ့သို့’ မြတ်သော အနံ့ ရှိတော်မူ၏၊ ထို့ကြောင့်ထိုမြတ်စွာဘုရားသည် “ပဒုမုတ္တရ"အမည်ရှိတော်မူ၏။

၃၁။ (ထိုမြတ်စွာဘုရားသည် ) လောက၏ အကြီးအမှူးလည်း ဖြစ်တော်မူ၏၊ မာန်လည်း ကင်းတော်မူ၏၊ သူကန်းတို့၏ မျက်စိသဖွယ် ဖြစ်တော်မူ၏၊ ငြိမ်သက်သော အသွင်သဏ္ဌာန် ရှိတော်မူ၏၊ ဂုဏ်၏ တည်ရာဖြစ်တော်မူ၏၊ ‘သမုဒ္ဒရာကဲ့သို့’ ကရုဏာပညာ ရှိတော်မူ၏။

၃၂။ ဗြဟ္မာ, အသုရာနှင့် နတ်တို့သည် ပူဇော်အပ်သော၊ လုံ့လကြီးမားသော၊ အမြတ်ဆုံး ဖြစ်သောထိုမြတ်စွာဘုရားသည် တစ်ရံတစ်ခါ နတ်နှင့် တကွသော လူတို့နှင့် ရောပြွမ်းလျက် ရှိသော သတ္တဝါတို့အလယ်၌-

၃၃။ ကောင်းသော အနံ့ရှိသော ခံတွင်းတော်မှ ချိုမြိန်သော အသံတော်ဖြင့် အလုံးစုံသော ပရိသတ်ကို ရွှင်ပြုံးနှစ်သက်စေလျက် မိမိတပည့် ‘သာဝက’ အပေါင်းကို ချီးကျူးတော်မူ၏။

၃၄။ ဤဝက္ကလိရဟန်းသည် ကြည်ညိုခြင်း ‘သဒ္ဓါ’ ၌ သက်ဝင်၍ တည်သူ ဖြစ်ပေ၏၊ ကောင်းသောပညာရှိသူ ဖြစ်ပေ၏၊ ငါ့အား ဖူးမြင်ခြင်း၌ ပြင်းပြသော စိတ်အလိုရှိသူ ဖြစ်ပေ၏၊ ထိုအခြင်းအရာအားဖြင့် ဤသို့ သဘောရှိသော အခြားသော ရဟန်းသည် မရှိချေ။

၃၅။ ထိုအခါ ငါသည် ဟံသာဝတီမြို့၌ ပုဏ္ဏား၏ သားဖြစ်၍ ထိုစကားကို ကြားနာ ရသည်ရှိသော် ထိုအရာအထူးကို အလွန် နှစ်သက်ခဲ့၏။

၃၆။ ထိုအခါ ငါသည် (ကိလေသာ) အညစ်အကြေး ကင်းသော ထိုမြတ်စွာဘုရားကို တပည့်သာဝကနှင့်တကွ ပင့်ဖိတ်၍ ခုနစ်ရက်ပတ်လုံး ဆွမ်းကပ်ပြီးလျှင် အဝတ်ပုဆိုးတို့ဖြင့် ဖုံးလွှမ်းလှူဒါန်းခဲ့၏။

၃၇။ ငါသည် ထိုမြတ်စွာဘုရား၏ အဆုံးမရှိသော ဂုဏ်တော်သမုဒ္ဒရာ၌ နစ်မြုပ်၍ ပီတိ ဖြင့် ပြည့်လျက်ဦးညွတ်ပြီးလျှင် ဤစကားကို လျှောက်၏-

၃၈။ မြတ်စွာဘုရား ဤနေ့မှ ခုနစ်ရက်မြောက်သောနေ့၌ ကြည်ညိုခြင်း ‘သဒ္ဓါ’ ရှိသော ပုဂ္ဂိုလ်တို့တွင်ဤရဟန်းသည် မြတ်၏ဟု အကြင်ရဟန်းကို ချီးကျူးတော်မူခဲ့ပါ၏၊ မြတ်စွာ ဘုရား တပည့်တော်သည်ထိုသို့သဘောရှိသော ရဟန်း ဖြစ်ရပါလို၏။

၃၉။ ဤသို့ လျှောက်အပ်သော် အပိတ်အပင်မရှိသော ဉာဏ်အမြင်ရှိတော်မူသော လုံ့လ ကြီးမားသောမြတ်စွာဘုရားသည် ပရိသတ်အား ဤစကားကို မိန့်တော်မူ၏-

--

၄၀။ ပြေပြစ်သော ရွှေရောင်ပုဆိုးကို ဝတ်သော ရွှေစလွယ်တင်သော ကိုယ်အင်္ဂါရှိသော လူတို့၏မျက်စိနှင့် စိတ်နှလုံးကို ဆွဲဆောင်နိုင်သော ဤလုလင်ကို ရှုကုန်လော့-

၄၁။ ဤလုလင်သည် အနာဂတ်ကာလ၌ ဂေါတမမြတ်စွာဘုရားအား ကြည်ညိုခြင်း'သဒ္ဓါ’၌ သက်ဝင်၍တည်သော ပုဂ္ဂိုလ်တို့တွင် မြတ်သော တပည့် ‘သာဝက’ သည် ဖြစ်လတ္တံ့။

၄၂။ နတ်ဖြစ်သော် လည်းကောင်း၊ လူဖြစ်သော် လည်းကောင်း အလုံးစုံသော ပူပန်ခြင်း ကင်းသူ၊ အလုံးစုံသော စည်းစိမ်ဥစ္စာ တိုးပွားသူ၊ ချမ်းသာသော သူ ဖြစ်၍ ကျင်လည်ရ လတ္တံ့။

၄၃။ ဤကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ ဩက္ကာကမင်းမျိုး၌ ဖြစ်သော အနွယ်အားဖြင့်ဂေါတမအမည်ရှိသော မြတ်စွာဘုရားသည် လောက၌ ပွင့်တော်မူလတ္တံ့။

၄၄။ ထိုမြတ်စွာဘုရား၏ တရားတို့၌ တရားဖြင့် ဖန်ဆင်းအပ်သော မြတ်စွာဘုရား၏ တရားအမွေခံတပည့်သားတော်ဖြစ်၍ အမည်အားဖြင့် “ဝက္ကလိ”ဟု ထင်ရှားသော မြတ်စွာ ဘုရား၏ တပည့်'သာဝက'ဖြစ်လတ္တံ့။

၄၅။ ထိုကံအထူးကြောင့်လည်းကောင်း၊ စေတနာ, တောင့်တမှုတို့ကြောင့်လည်းကောင်း လူ့ခန္ဓာကိုယ်ကိုစွန့်ရသည်ရှိသော် ငါသည် တာဝတိံသာဘုံသို့ ရောက်ခဲ့၏။

၄၆။ ငါသည် ဘဝကြီးငယ်၌ ကျင်လည်ရသည်ရှိသော် အလုံးစုံသော ဘဝတို့၌ ချမ်းသာ ခြင်းရှိသူဖြစ်၍သာဝတ္ထိပြည်၌ အမှတ်မရှိသော အမျိုး၌ ဖြစ်ခဲ့၏။

၄၇။ ‘ဆီဦးကဲ့သို့’ သိမ်မွေ့သော ‘ပေါက်ခါစ ရွက်နုကဲ့သို့’ နူးညံ့သော ပက်လက် အိပ်တတ်ကာမျှဖြင့်ငယ်ရွယ်သော ငါ့ကို မြေဘုတ်ဘီလူးဘေးမှ ကြောက်လန့်ကုန်သော မိဘ တို့သည်-

၄၈။ စိတ်ဆင်းရဲကုန်သည် ဖြစ်၍ မြတ်စွာဘုရား၏ ခြေတော်ရင်း၌ အိပ်စေကုန်၏၊ မြတ်စွာဘုရားအရှင်ဘုရားအား ဤသူငယ်ကို လှူပါကုန်၏၊ မြတ်စွာဘုရား အရှင်ဘုရားသည် ကိုးကွယ်ရာဖြစ်တော်မူပါလော့။

၄၉။ ထိုအခါ ကြောက်လန့်သူတို့၏ ကိုးကွယ်ရာ ဖြစ်သော ထိုမြတ်စွာဘုရားသည် စက် လက္ခဏာတို့ဖြင့်ပြည့်သော ရွှေကွန်ရက်နှင့် တူသော နူးညံ့သိမ်မွေ့သောလက်ဖြင့် ငါ့ကို ခံယူတော်မူ၏။

၅၀။ ငါသည် ထိုအခါ မှစ၍ အစောင့်အရှောက် ကင်းသော ထိုမြတ်စွာဘုရားသည် စောင့်ရှောက်အပ်သည်ဖြစ်၍ အလုံးစုံသော ဘေးရန်တို့မှ လွတ်မြောက်လျက် ချမ်းသာသဖြင့် ကြီးပွားခဲ့ရသူဖြစ်၏။

၅၁။ ငါသည် မြတ်စွာဘုရားနှင့် တစ်မုဟုတ်မျှ ကင်းကွာလတ်သော် ငြီးငွေ့ပျင်းရိလျက် ရှိပေ၏၊ မွေးဖွားသည်မှ ခုနစ်နှစ်မျှ ရှိသေးလျက် ငါသည် ရဟန်းဘောင်သို့ ဝင်ရောက်ခဲ့၏။

၅၂။ ငါသည် အလုံးစုံသော ပါရမီတော်ကြောင့်ဖြစ်သော ညိုသော မျက်စိ, မျက်လုံးရှိသော အလုံးစုံတင့်တယ်ခြင်းတို့ဖြင့် ပြွမ်းသော ရုပ်ပုံတော် (အဆင်း) မြတ်ကို (ဖူးမြော်လျက်) မရောင့်ရဲနိုင်ဘဲ နေရပေ၏။

၅၃။ ထိုအခါ မြတ်စွာဘုရားသည် မြတ်စွာဘုရား၏ ရုပ်ပုံတော် (အဆင်း) ၌ မွေ့လျော်ခြင်း ကို သိ၍ ငါ့ကို ဆုံးမတော်မူ၏။ ဝက္ကလိ မသင့်လျော်၊ သူမိုက်တို့သာ နှစ်သက်အပ်သော ရုပ် အဆင်း၌ သင်သည်အဘယ့်ကြောင့် မွေ့လျော်နေဘိသနည်း။

၅၄။ ပညာရှိသော အကြင်သူသည် သူတော်ကောင်းတရားကို မြင်၏၊ ထိုသူသည် ငါ့ကိုမြင်သည်သာတည်း။ သူတော်ကောင်းတရားကို မမြင်သော သူသည် ငါ့ကို မြင်သော် လည်း မမြင်သည်မည်၏။

၅၅။ ကိုယ်ခန္ဓာသည် အဆုံးအပိုင်းအခြား မရှိသော အပြစ်ရှိပေ၏၊ အဆိပ်ပင်နှင့်တူသော ဥပမာ ရှိပေ၏၊ အလုံးစုံသော ရောဂါတို့၏ နေရာ ဖြစ်ပေ၏၊ အလုံးစုံသော ဆင်းရဲ ခြင်း၏ အစုအပုံ ဖြစ်ပေ၏။

--

၅၆။ ထို့ကြောင့် သင်သည် ရုပ်အဆင်း၌ ငြီးငွေ့၍ ခန္ဓာတို့၏ ဖြစ်ခြင်း ပျက်ခြင်းကို ရှုလတ်သော် ညစ်ညူးကြောင်း ကိလေသာတို့၏ အဆုံးသို့ ချမ်းသာစွာ ရောက်လတ္တံ့။

၅၇။ ဤသို့ အစီးအပွားကို တောင့်တရှာမှီးတော်မူသော ထိုမြတ်စွာဘုရားသည် ဆုံးမ တော်မူသည်ရှိသော် ငါသည် ဂိဇ္ဈကုဋ်တောင်သို့ ကောင်းစွာ တက်၍ တောင်ချောက်ကြား၌ ကြံမှိုင်၏။

၅၈။ မြတ်စွာဘုရားသည် တောင်ခြေ၌ ရပ်လျက် သက်သာစေတော်မူ၏၊ မြတ်စွာဘုရား သည်"ဝက္ကလိ”ဟူသော စကားကို မိန့်ခေါ်တော်မူ၏၊ ငါသည် မြတ်စွာဘုရား၏ ထိုစကားကို ကြားရ၍ဝမ်းမြောက်၏။

၅၉။ အသူတစ်ရာ မကသော ကျောက်တောင်ဝှမ်း၌ ချော်ကျလေ၏၊ ထိုအခါ မြတ်စွာ ဘုရား၏ အာနုဘော်ကြောင့် ချမ်းသာသဖြင့်သာလျှင် မြေသို့ ရောက်ရပေ၏။

၆၀။ မြတ်စွာဘုရားသည် ငါ့အား ခန္ဓာတို့၏ အဖြစ်, အပျက်တရားကို ဟောတော်မူ၏။ ငါသည်ထိုတရားကို သိ၍ အရဟတ္တဖိုလ်သို့ ရောက်၏။

၆၁။ ထိုအခါ အလွန်များသော ပရိသတ်အလယ်၌ အကျင့်'စရဏ'၏ အပြီးအဆုံးသို့ ရောက်တော်မူသော မြတ်စွာဘုရားသည် ငါ့ကို ကြည်ညိုခြင်း ‘သဒ္ဓါ’၌ သက်ဝင်၍ တည်သော ပုဂ္ဂိုလ်တို့တွင် မြတ်၏ဟုပညတ်တော်မူ၏။

၆၂။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ ကုသိုလ်ကံကို ပြုခဲ့ရသော အခါမှစ၍ မကောင်းမှု ပြုသူတို့လားရာ ‘ဒုဂ္ဂတိ’ ဘဝကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာ ဘုရားအား ပူဇော်ရခြင်း၏အကျိုးပေတည်း။

၆၃။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။

၆၄။ ငါ၏ လာခြင်းကား။ပ။ အဆုံးအမတော်ကို လိုက်နာပြုကျင့်အပ်ပါပြီ။

၆၅။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ အဆုံးအမတော်ကို လိုက်နာကျင့် သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ဝက္ကလိမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

နှစ်ခုမြောက် ဝက္ကလိတ္ထေရအပဒါန် ပြီး၏။

--

၃-မဟာကပ္ပိနတ္ထေရအပဒါန်

၆၆။ အလုံးစုံသော တရားတို့၏ ကမ်းတစ်ဖက်သို့ ရောက်တော်မူသော ပဒုမုတ္တရမည် သောမြတ်စွာဘုရားသည် ‘တန်ဆောင်မုန်းလအခါ မရေးခြစ်အပ်သော ကောင်းကင်၌ နေကဲ့ သို့'တောက်ပလျက် (သဗ္ဗညုတဉာဏ်သို့) တက်ကြွတော်မူ၏။

၆၇။ ထိုမြတ်စွာဘုရားသည် ဝေနေယျကြာ သတ္တဝါတို့ကို တရားစကားတော်အရောင်ဖြင့် ပွင့်စေတော်မူ၏၊ မြတ်စွာဘုရားသည် ပညာအရောင်တို့ဖြင့် ကိလေသာညွန်ကို ခြောက်သွေ့စေတော်မူ၏။

၆၈။ နေသည် ပိုးစိမ်းဖြူရောင်တို့ကို ပယ်ဖျောက်သကဲ့သို့ (ထို့အတူ မြတ်စွာဘုရား သည်) တိတ္ထိတို့၏အကျော်အစောတို့ကို ပယ်ဖျောက်တော်မူ၏။ နေသည် ရတနာကို ထင်ရှားပြသကဲ့သို့ (ထို့အတူ)့မြတ်စွာဘုရားသည် သစ္စာလေးပါးတို့၏ အနက်အဓိပ္ပါယ် အရောင်ကို ပြတော်မူ၏။

၆၉။ မြတ်စွာဘုရားသည် ‘ရတနာတို့၏ တည်ရာဖြစ်သော မဟာသမုဒ္ဒရာကဲ့သို့’ ဂုဏ်တို့၏ တည်ရာဖြစ်တော်မူပါပေ၏၊ ‘မိုးနတ်သားကဲ့သို့’ သတ္တဝါတို့ကို တရားမိုးဖြင့် ရွာသွန်း တော်မူပါပေ၏။

၇၀။ ထိုအခါ ငါသည် ဟံသအမည်ရှိသော မြို့၌ တရားသူကြီး ဖြစ်ခဲ့၏၊ ငါသည် ပဒုမုတ္တရအမည်ရှိသော မြတ်စွာဘုရား၏ အထံသို့ ချဉ်းကပ်၍ တရားတော်ကို နာကြားခဲ့၏။

၇၁။ (မြတ်စွာဘုရားသည် ) ရဟန်းတို့ကို ဆုံးမတတ်သော “ကတာဝိ"မည်သော တပည့် ‘သာဝက'ရဟန်း၏ ဂုဏ်ကို ပြလျက် ငါ၏ စိတ်ကို နှစ်သက်စေတော်မူလတ်သော် -

၇၂။ ငါသည် ကြားနာရ၍ နှစ်သက်ဝမ်းမြောက်လျက် မြတ်စွာဘုရားကို တပည့်သံဃာနှင့် တကွပင့်ဖိတ်၍ဆွမ်းဘောဇဉ် လုပ်ကျွေးပြီးလျှင် ထိုအရာဌာနကို ဆုတောင်း (တောင့်တ) ခဲ့၏။

၇၃-၇၄-၇၅။ ထိုအခါ ဟင်္သာမင်းနှင့် တူမျှသော အဖို့ရှိသော၊ ဟင်္သာမင်း၏ အသံနှင့် တူသောစကားသံရှိသော မြတ်စွာဘုရားသည် မိန့်တော်မူ၏- တရားအဆုံးအဖြတ်၌ ရဲရင့် သော ငါ၏ ခြေရင်း၌ဝပ်လျက်ရှိသော၊ ရွှင်လန်းတက်ကြွသော ကိုယ်အမွေးရှိသော၊ မိုးတိမ် ညို (သုံးဆင့်ပန်း) အဆင်းရှိသော၊ ပြည့်ဖြိုးသော ပခုံးရှိသော၊ ကြည်လင်သော မျက်လုံး မျက်နှာရှိသော၊ များသော အခြံအရံအားဖြင့်မင်းနှင့် ယှဉ်သော အခြံအရံအကျော် အစောရှိ သော ဤအမတ်ကြီးကို ရှုကုန်လော့။ ဤအမတ်ကြီးသည်ကတာဝိရဟန်း၏ အရာအထူးကို ဝမ်းမြောက်သောအားဖြင့် အလိုရှိလျက် ဆုတောင်း၏။

၇၆။ ဤပဏိပါတ သရဏဂုံကြောင့်လည်းကောင်း၊ လှူဒါန်း စွန့်ကြဲခြင်းကြောင့်လည်းကောင်း၊ စေတနာ, တောင့်တမှုတို့ကြောင့်လည်းကောင်း ကမ္ဘာတစ်သိန်းတို့ပတ်လုံး မကောင်း မှု ပြုသူတို့လားရာ ‘ဒုဂ္ဂတိ'ဘဝသို့ မရောက်ရလတ္တံ့။

၇၇။ နတ်ပြည်တို့၌ နတ်၏ တင့်တယ်ခြင်းကို လည်းကောင်း၊ လူတို့၌ မြင့်မြတ်ခြင်းကို လည်းကောင်းခံစားရ၍ ကြွင်းသော ကုသိုလ်ကြောင့် နိဗ္ဗာန်သို့ ရောက်ရလတ္တံ့။

၇၈။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ ဩက္ကာကမင်းမျိုး၌ ဖြစ်သော အနွယ်အားဖြင့်ဂေါတမမည်သော မြတ်စွာဘုရားသည် လောက၌ ပွင့်တော်မူလတ္တံ့။

၇၉။ ထိုမြတ်စွာဘုရား၏ တရားတို့၌ တရားဖြင့် ဖန်ဆင်းအပ်သော မြတ်စွာဘုရား၏ တရားအမွေခံသားတော်တပည့် ‘သာဝက’ ဖြစ်၍ အမည်အားဖြင့် “ကပ္ပိန”ဟု ထင်ရှားသော တပည့် ‘သာဝက'သည်ဖြစ်လတ္တံ့။

--

၈၀။ ထို့နောက် ငါသည် မြတ်စွာဘုရားသာသနာတော်၌ ကောင်းစွာ ပြုအပ်သော ပူဇော် သက္ကာရကိုပြုခဲ့၍ လူ့ခန္ဓာကိုယ်ကို စွန့်ရသည်ရှိသော် တုသိတာဘုံသို့ ရောက်ခဲ့၏။

၈၁။ နတ်မင်း, လူမင်းအဖြစ်တို့ကို အမြဲအားဖြင့် ဆုံးမ၍ ဗာရာဏသီမြို့ အနီးဝယ် ရက် ကန်းသည် (ကေနိယဇာတ်) အမျိုး၌ ဖြစ်၏။

၈၂။ မယားနှင့်တကွသော ငါသည် အခြံအရံတစ်ထောင်နှင့်အတူ ပစ္စေကဗုဒ္ဓါငါးရာတို့ကို ကောင်းစွာလုပ်ကျွေးခဲ့၏။

၈၃။ ငါတို့သည် ဝါတွင်းသုံးလပတ်လုံး ဆွမ်းကျွေးမွေးပြီးလျှင် နောက်အခါ တိစီဝရိက်သင်္ကန်းသုံးထည်ကိုပါ လှူဒါန်းခဲ့ကုန်၏၊ ငါတို့အားလုံးသည် ထိုဘဝမှ စုတေကုန်သည်ရှိသော် တာဝတိံသာဘုံသို့ ရောက်ကြရကုန်၏။

၈၄။ တစ်ဖန် ထိုတာဝတိံသာဘုံမှ စုတေပြီးနောက် အားလုံးသော ငါတို့သည် လူ့ဘဝ သို့ရောက်လာကုန်၏၊ ဟိမဝန္တာ၏ နံပါးမှ ကုက္ကုဋပြည်၌ ဖြစ်ကြကုန်၏။

၈၅။ ငါသည် များသော အခြံအရံ အကျော်အစော ရှိသော ကပ္ပိနမည်သော မင်းသား ဖြစ်ခဲ့၏၊ ကြွင်းသော သူတို့သည် အမတ်မျိုး၌ ဖြစ်ကုန်၍ ငါ့ကိုပင် ခြံရံကုန်၏။

၈၆။ မြတ်သော မင်းအဖြစ်သို့ ချမ်းသာစွာ ရောက်လျက် အလို ‘ဆန္ဒ'အားလုံး ပြည့်စုံ ခြင်းရှိသောငါသည် ကုန်သည်တို့ ကောင်းစွာ ပြောကြားအပ်သော ဘုရားပွင့်တော်မူကြောင်း ကို ကြားသိရပေ၏။

၈၇။ အတုမရှိ တစ်ပါးတည်းသော ပုဂ္ဂိုလ်ဖြစ်တော်မူသော မြတ်စွာဘုရားသည် လောက၌ ကောင်းစွာပွင့်ထွန်းတော်မူ၏။ ထိုမြတ်စွာဘုရားသည် သူတော်ကောင်းတရားကိုလည်းကောင်း၊ အမြိုက်နိဗ္ဗာန်ချမ်းသာမြတ်ကိုလည်းကောင်း ပြတော်မူ၏။

၈၈။ ထိုမြတ်စွာဘုရား၏ တပည့်တို့သည်လည်းကောင်းမြတ်သော အကျင့်သီလနှင့် ယှဉ်ကုန်၏၊ (ကိလေသာမှ) လွတ်မြောက်လျက် အာသဝလည်း ကင်းတော်မူကုန်၏၊ ငါသည် ထိုကုန်သည်တို့၏ (အထံမှ) ကောင်းသော စကားကို ကြားရသဖြင့် ကုန်သည်တို့ကို (အသပြာသုံးသိန်း) ပူဇော်ပြီးလျှင် -

၈၉-၉၀။ မင်းအဖြစ်ကို ပယ်စွန့်၍ မြတ်စွာဘုရားကို မြတ်နိုးသည် ဖြစ်၍ အမတ်တို့နှင့် တကွထွက်လာခဲ့၏၊ (ထိုအခါ ) ကမ်းနှင့် အညီအမျှ ရေဖြင့် ပြည့်သော ထောက်တည်ရာ မရှိသောဆွဲစရာမရှိသော ကူးနိုင်ခဲသော လျင်သော ရေအဟုန်ရှိသော မဟာစန္ဒမြစ်ကို တွေ့မြင်ရသည်ရှိသော် မြတ်စွာဘုရား၏ ဂုဏ်တော်ကို အောက်မေ့ခြင်းကြောင့် ချမ်းသာသဖြင့် ကောင်းစွာ လွန်မြောက်ခဲ့ပေ၏။

၉၁။ မြတ်စွာဘုရားသည် ဘဝအယဉ်ကို ကူးမြောက်ပြီး ဖြစ်၍ လောက၏ အဆုံးသို့ ရောက်လျက် (လောကကို) သိသော (လွှမ်းမိုးနိုင်သော) ပုဂ္ဂိုလ် အကယ်၍ ဖြစ်အံ့၊ ဤသို့ ဖြစ်သည်ရှိသော် ဤသစ္စာစကားကို ဆိုခြင်းကြောင့် ငါ၏ သွားခြင်းကိစ္စသည် ပြီးမြောက်ပါစေ သတည်း။

၉၂။ မဂ်သည် နိဗ္ဗာန်သို့ ရောက်ကြောင်းတရားဖြစ်၍ နိဗ္ဗာန်သည်လည်း ဧကန်စင်စစ် ချမ်းသာသောတရားသည် အကယ်၍ ဖြစ်အံ့၊ ဤသို့ ဖြစ်သည်ရှိသော် ဤ (အမှန်) သစ္စာ စကားကို ဆိုခြင်းကြောင့်ငါ၏ သွားခြင်းကိစ္စသည် ပြီးမြောက်ပါစေသတည်း။

၉၃။ သံဃာတော်သည် (သံသရာ) ခရီးခဲကို ကူးမြောက်ပြီးဖြစ်၍ အတုမရှိသော ကုသိုလ် မျိုးစေ့ကိုစိုက်ပျိုးရာ လယ်ယာမြေကောင်းသဖွယ် အကယ်၍ ဖြစ်အံ့၊ ဤသို့ ဖြစ်သည် ရှိသော် ဤ (အမှန်) သစ္စာစကားကို ဆိုခြင်းကြောင့် ငါ၏ သွားခြင်းကိစ္စသည် ပြီးမြောက်ပါ စေသတည်း။

၉၄။ မြတ်သော သစ္စာကို ပြုသည်နှင့် တစ်ပြိုင်နက် ရေသည် လမ်းခရီးမှ ဖဲသွားလေ၏၊ ထိုအခါ ချမ်းသာစွာ ကူးမြောက်ခဲ့ရ၏၊ စိတ်ကို မွေ့လျော်စေနိုင်သော မြစ်ကမ်းအနီး၌-

--

၉၅-၉၆။ ‘တက်သစ်သော နေမင်းကဲ့သို့လည်းကောင်း၊ တောက်ပသော ရွှေတောင်ကဲ့ သို့လည်းကောင်း၊ ထွန်းလင်းသော ဆီမီးတိုင်ကဲ့သို့လည်းကောင်း၊ ကြယ်တာရာနှင့် တကွဖြစ် သောလမင်းကဲ့သို့လည်းကောင်း’ ဒေသနာကွန်ရက်ကို ဖြန့်ကာ တပည့်သာဝကတို့ ခြံရံ လျက်ထိုင်နေတော်မူသော မြတ်စွာဘုရားကို ဖူးမြင်ရလေ၏။

၉၇။ အမတ်တို့နှင့် တကွ ရှိခိုး၍ သင့်လျော်သော အရပ်၌ ချဉ်းကပ်ဝင်ရောက်ခဲ့၏၊ ထိုအခါမြတ်စွာဘုရားသည် ငါတို့၏ အလိုဆန္ဒကို သိ၍ တရားကို ဟောတော်မူ၏။

၉၈။ ငါတို့သည် အညစ်အကြေးကင်းသော တရားကို ကြားနာရ၍ မြတ်စွာဘုရား အကျွန်ုပ်တို့သည်ဘဝ၌ ငြီးငွေ့ပါကုန်၏၊ အကျွန်ုပ်တို့ကို ရဟန်းပြုပေးတော်မူပါဟု မြတ်စွာ ဘုရားကို လျှောက်ထားကုန်၏။

၉၉။ ရဟန်းတို့ ငါသည် သင်တို့အား ဆင်းရဲခြင်း၏ အဆုံးကို ပြုခြင်းငှါ တရားကို ကောင်းစွာဟောကြားအပ်ပေပြီ၊ မြတ်သော အကျင့်ကို သင်တို့ ကျင့်ကုန်လော့၊ ဤသို့ မြတ်စွာဘုရားသည် မိန့်တော်မူလေ၏။

၁၀၀။ မိန့်တော်မူသည်နှင့် တစ်ပြိုင်နက် အလုံးစုံသော ငါတို့သည်လည်း ရဟန်းအသွင် ကိုဆောင်ကုန်လျက် သာသနာတော်၌ သောတာပန်ရဟန်းတို့ ဖြစ်ကုန်၏။

၁၀၁။ ထို့နောက် ဇေတဝန်ကျောင်းတိုက်သို့ သွားရောက်သော အခါ မြတ်စွာဘုရားသည် ဆုံးမတော်မူ၏၊ ငါသည် မြတ်စွာဘုရား ဆုံးမတော်မူအပ်သည်ရှိသော် အရဟတ္တဖိုလ်သို့ ရောက်၏။

၁၀၂။ ထို့နောက် ငါသည် ရဟန်းတစ်ထောင်တို့ကို ဆုံးမ၏၊ ထိုအခါ ငါ၏ အဆုံးအမကိုလိုက်နာပြုကျင့်ကုန်သော ထိုရဟန်းတို့သည်လည်း အာသဝကင်းကွာ ရဟန္တာ ဖြစ်ကြကုန်၏။

၁၀၃။ မြတ်စွာဘုရားသည် ထိုဂုဏ်၌ နှစ်သက်သည် ဖြစ်၍ “ကပ္ပိနသည် ရဟန်းတို့အားဆုံးမတတ်သူတို့တွင် မြတ်၏’ဟု လူများအပေါင်းဝယ် ငါ့ကို ဧတဒဂ်အရာ၌ ထားတော်မူ၏။

၁၀၄။ ကမ္ဘာတစ်သိန်းထက်၌ ပြုအပ်ခဲ့သော ကံသည်ပင် ‘လွှတ်လိုက်သော မြားအဟုန်ကဲ့ သို့’ ဤဘဝ၌ငါ့အား အကျိုးကို ပြလေ၏၊ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်း စေအပ်ပြီ။

၁၀၅။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။

၁၀၆။ ငါ၏ လာခြင်းကား။ပ။ အဆုံးအမတော်ကို လိုက်နာပြုကျင့်အပ်ပါပြီ။

၁၀၇။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ အဆုံးအမတော်ကို လိုက်နာကျင့် သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်မဟာကပ္ပိနမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

သုံးခုမြောက် မဟာကပ္ပိနတ္ထေရအပဒါန် ပြီး၏။

--

၄-ဒဗ္ဗမလ္လပုတ္တတ္ထေရအပဒါန်

၁၀၈။ အလုံးစုံသော လောကကို သိတော်မူသော ရဟန်းမြတ်ဖြစ်တော်မူသော စက္ခုငါး မျိုးရှိတော်မူသော ပဒုမုတ္တရမည်သော မြတ်စွာဘုရားသည် ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာတစ်သိန်း ထက်၌ ပွင့်တော်မူ၏။

၁၀၉။ မြတ်စွာဘုရားသည် ဆုံးမတော်မူတတ်၏၊ (တရားကို) အထူးသိစေတော်မူတတ်၏၊ (အလုံးစုံသောသတ္တဝါတို့ကို ) ကယ်တင်တော်မူတတ်၏၊ ဒေသနာ၌ ကျွမ်းကျင်လိမ္မာတော်မူ၏၊ များစွာသောလူအပေါင်းကို ကယ်တင်တော်မူ၏။

၁၁၀။ အလုံးစုံသော သတ္တဝါတို့ကို အစဉ်စောင့်ရှောက်တော်မူ၏၊ သနားခြင်းရှိတော်မူ၏၊ အလုံးစုံသောသတ္တဝါတို့၏ အစီးအပွါးကို တောင့်တ (ရှာမှီး)တော်မူ၏၊ ရောက်လာသော တိတ္ထိအားလုံးတို့ကို ငါးပါးသီလ၌ တည်စေတော်မူ၏။

၁၁၁။ ဤသို့ (မြတ်စွာဘုရားသာသနာတော်သည်) ရောယှက်ရှုပ်ထွေးခြင်း မရှိဘဲ တိတ္တိ တို့မှလည်းဆိတ်သုဉ်း၏၊ ဝသီဘော်သို့ ရောက်ကုန်သော တာဒိဂုဏ်နှင့် ပြည့်စုံသော ရဟန္တာတို့ဖြင့်အထူးဆန်းကြယ်ခြင်း ရှိပေ၏။

၁၁၂။ ထိုမြတ်စွာဘုရားသည် အတောင် ငါးဆယ့်ရှစ်တောင် တိုင်တိုင် မြင့်တော်မူ၏၊ အဖိုးများစွာထိုက်သော ရွှေတုရိုဏ်နှင့် တူတော်မူ၏၊ သုံးဆယ့်နှစ်ပါးသော ယောက်ျားမြတ် တို့၏ လက္ခဏာနှင့်ပြည့်စုံတော်မူ၏။

၁၁၃။ ထိုအခါ အနှစ်တစ်သိန်းတို့ပတ်လုံး အသက်တမ်း တည်ရှိ၏၊ ထိုမြတ်စွာဘုရား သည်ထိုအနှစ်တစ်သိန်းမျှလောက် တည်တော်မူလျက် များစွာသော လူအပေါင်းတို့ကို ကယ် တင်တော်မူ၏။

၁၁၄။ ထိုအခါ ငါသည် ဟံသာဝတီမြို့၌ များသော အခြံအရံအကျော်အစောရှိသော သူဌေးသား ဖြစ်လျက်မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ တရားဒေသနာကို နာကြားခဲ့၏။

၁၁၅။ ငါသည် ရဟန်းတို့တွင် ကျောင်း, အိပ်ရာ, နေရာတို့ကို ခင်းထားတတ်သော မိမိ တပည့်'သာဝက'ကို ချီးကျူးတော်မူသော မြတ်စွာဘုရား၏ စကားကို ကြားနာရ၍ လွန်စွာ ဝမ်းမြောက်သူဖြစ်လေ၏။

၁၁၆။ သံဃာနှင့် တကွသော ထိုမြတ်စွာဘုရားအား ပူဇော်ခြင်းကို ပြု၍ ခြေတော်၌ ဦးခေါင်းဖြင့် ဝပ်ကာထိုအရာအထူးကို (တောင့်တ) ဆုတောင်းခဲ့၏။

၁၁၇။ ထိုအခါ ထိုမြတ်စွာဘုရားသည် ငါ၏ ကောင်းမှုကံကို ချီးကျူးလျက် (ဗျာဒိတ် စကား) မိန့်တော်မူ၏၊ အကြင်သူဌေးသားသည် သံဃာတော်နှင့်တကွ မြတ်စွာဘုရားကို ခုနစ်ရက်ပတ်လုံး ဆွမ်းကျွေးမွေး၏။

၁၁၈။ ကြာညိုပွင့်ချပ်နှင့် တူသော မျက်လုံးရှိသော၊ ခြင်္သေ့ပခုံးနှင့် တူသော ပခုံးရှိသော၊ ရွှေနှင့်တူသောအရေအဆင်းရှိသော ထိုသူဌေးသားသည် မြတ်သော အရာအထူးကို ဆု တောင်းလျက် ငါ၏ ခြေရင်း၌ဝပ်၏။

၁၁၉။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ ဩက္ကာကမင်းမျိုး၌ ဖြစ်သော အနွယ်အား ဖြင့်ဂေါတမအမည်ရှိသော မြတ်စွာဘုရားသည် လောက၌ ပွင့်တော်မူလတ္တံ့။

--

၁၂၀။ ထိုအခါ ဤသူဌေးသားသည် ထိုမြတ်စွာဘုရား၏ တပည့်သာဝက ဖြစ်၍ အမည် အားဖြင့် ‘ဒဗ္ဗ’ဟုထင်ရှားကျော်စောလျက် ကျောင်း, အိပ်ရာ, နေရာတို့ကို ခင်းထားတတ်သော မြတ်သော ပုဂ္ဂိုလ် ဖြစ်လတ္တံ့။

၁၂၁။ ကောင်းစွာ ပြုအပ်သော ထိုကံကြောင့်လည်းကောင်း၊ စေတနာ, တောင့်တမှုတို့ကြောင့်လည်းကောင်း လူ့ခန္ဓာကိုယ်ကို စွန့်ရသည်ရှိသော် ငါသည် တာဝတိံသာဘုံသို့ ရောက်၏။

၁၂၂။ ငါသည် အကြိမ်သုံးရာတိုင်တိုင် နတ်မင်းအဖြစ်ကိုလည်း ပြုခဲ့၏၊ ငါသည် အကြိမ်ငါးရာတို့တိုင်တိုင် စကြဝတေးမင်းလည်း ဖြစ်ခဲ့၏။

၁၂၃။ ပြန့်ပြောသော ပဒေသရာဇ်မင်းအဖြစ်သည်ကား ဂဏန်းအားဖြင့် မရေတွက်နိုင်၊ ထိုကံ၏အစွမ်းကြောင့် အလုံးစုံသော ဘဝတို့၌ ချမ်းသာသော သူ ဖြစ်ရပေ၏။

၁၂၄။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ ရှုချင်ဖွယ် တင့်တယ်ခြင်းရှိသော အလုံး စုံသောတရားတို့ကို အထူးရှုမြင်တတ်သော ဝိပဿီမည်သော မြတ်စွာဘုရားသည် ပွင့်တော် မူ၏။

၁၂၅။ ငါသည် ပြစ်မှားလိုသော စိတ်ရှိသည်ဖြစ်၍ တာဒိဂုဏ်နှင့် ပြည့်စုံတော်မူသော ထို မြတ်စွာဘုရား၏ အလုံးစုံသော အာသဝကုန်ပြီးသော တပည့်'သာဝက'ကို စင်ကြယ်သူဟု သိလျက်လည်း စွပ်စွဲခဲ့၏။

၁၂၆။ ငါသည် ထိုမြတ်စွာဘုရား၏ သာလျှင် မြတ်သော ဂုဏ်ကို ရှာမှီးလေ့ရှိကုန်သော တပည့်'သာဝက'တို့အား စာရေးတံကို ယူ၍ နို့ဆွမ်းကိုလည်း ကပ်လှူခဲ့၏။

၁၂၇။ ဤဘဒ္ဒကမ္ဘာ၌ ဗြာဟ္မဏမျိုး ဖြစ်၍ များသော အခြံအရံအကျော်အစောရှိသောတရားဟောပုဂ္ဂိုလ်တို့တွင် အမြတ်ဆုံးဖြစ်သော အမည်အားဖြင့် ကဿပမည်သော မြတ်စွာ ဘုရားသည် ပွင့်တော်မူ၏။

၁၂၈။ ထိုမြတ်စွာဘုရားသည် တပည့် ‘သာဝက'နှင့်တကွ သာသနာတော်ကို ထွန်လင်းစေ လျက်ယုတ်မာသော တိတ္ထိတို့ကို နှိမ်နင်း၍ ဝေနေယျသတ္တဝါတို့ကို ဆုံးမပြီးလျှင် ပရိနိဗ္ဗာန် ဝင်စံတော်မူ၏။

၁၂၉။ မြတ်စွာဘုရားသည် တပည့်တို့နှင့် တကွ ပရိနိဗ္ဗာန် ဝင်စံတော်မူ၍ သာသနာ တော်သည်ကွယ်ခြင်းသို့ ရောက်လုလတ်သော် နတ်တို့သည် ထိတ်လန့်ကြ၍ ဆံပင်ကို ဖြေကာ ငိုသောမျက်နှာရှိကုန်လျက် မြည်တမ်းကြကုန်၏။

၁၃၀။ တရားကို ဟောကြားတော်မူသော မြတ်စွာဘုရားသည် ချုပ်ငြိမ်းတော်မူလတ္တံ့၊ ကောင်းသောအကျင့်ရှိသော သံဃာတို့ကို မဖူးမြင်ရကုန်တော့အံ့၊ သူတော်ကောင်းတရားကို မနာကြားရကုန်တော့အံ့။ ငါတို့၏ ဘုန်းကံနည်းပါးသည်၏ အဖြစ်သည် ဪ အံ့ဩဖွယ် ရှိပါပေစွ။

၁၃၁။ ထိုအခါ မတုန်လှုပ်နိုင်သော အလုံးစုံသော ဤမြေကြီးသည် ပြင်းစွာ တုန်လှုပ်လေ၏။ သမုဒ္ဒရာသည်လည်း စိုးရိမ်ခြင်းရှိသူကဲ့သို့ သနားဖွယ် အသံကို မြည်ဟည်းလေ၏။

၁၃၂။ အရပ်လေးမျက်နှာမှ လူသံ မဟုတ်သော တော်လည်းသံတို့သည် မြည်ဟည်းကုန်၏၊ ကြောက်မက်ဖွယ်ကို ဆောင်ကုန်သော မိုးကြိုးတို့သည်လည်း ထက်ဝန်းကျင်မှ ထစ်ကြိုးကုန်၏။

၁၃၃။ ကောင်းကင်မှ ဥပါတ် (ဥက္ကာ) တို့သည် ကျရောက်ကုန်၏၊ ကြိတ် (အခိုးအလျှံအလုံး) သည်လည်းကောင်း၊ အခိုးနှင့်တကွ တိမ်တံခွန်သည်လည်းကောင်း ထင်ရှားလျက် ရှိ၏။ သားကောင်တို့သည် သနားစဖွယ် အော်မြည်ကုန်၏။

၁၃၄။ ထိုအခါ သာသနာကွယ်ခြင်း၏ အကြောင်းကို ပြကုန်သော ကြမ်းတမ်းသော ဥပါတ် နိမိတ်တို့ကို တွေ့မြင်ရ၍ ထိတ်လန့်ကြသော ငါတို့ ရဟန်းခုနစ်ပါးတို့သည် စဉ်းစားကြံစည်ကုန်၏။

--

၁၃၅။ ငါတို့အား သာသနာတော်နှင့် ကင်း၍ အသက်ရှင်ခြင်းဖြင့် အကျိုးမရှိချေ၊ ငါတို့ သည်တောကြီးသို့ ဝင်၍ မြတ်စွာဘုရားသာသနာတော်ကို အားထုတ်ကုန်အံ့။

၁၃၆။ ထိုအခါ (ငါတို့သည်) တော၌ မြင့်မားသော ကျောက်တောင်မြတ်ကို တွေ့မြင်ကုန်၏၊ (ထမ်းကျင့်) လှေကားဖြင့် ထိုတောင်သို့ တက်ပြီးလျှင် (ထမ်းကျင့်) လှေကားကို အောက် သို့ချလိုက်ကုန်၏။

၁၃၇။ ထိုအခါ ငါတို့အား (အကြီးဆုံး) မထေရ်သည် ဆုံးမ၏၊ (ငါတို့အား) အလွန်ရခဲ သောဘုရားပွင့်တော်မူခြင်းကို ရအပ်၏၊ အလွန်ရခဲသော ယုံကြည်ခြင်း'သဒ္ဓါ'တရားကို ရအပ်၏၊ သာသနာတော်သည်လည်း အနည်းငယ် ကြွင်းကျန်သေး၏။

၁၃၈။ (ဘုရားပွင့်တော်မူရာ) ခဏကို လွန်သွားသူတို့သည် အဆုံးမရှိသော ဆင်းရဲခြင်း သမုဒ္ဒရာ၌ကျရောက်ရကုန်၏၊ ထို့ကြောင့် မြတ်စွာဘုရားသာသနာတော် တည်တံ့နေသမျှ အားထုတ်ခြင်းကို ပြုသင့်ပေ၏။

၁၃၉။ ထိုမထေရ်ကြီးသည် ရဟန္တာ ဖြစ်တော်မူလေ၏၊ ထိုမထေရ်၏ နောက်လိုက် မထေရ်သည်အနာဂါမ် ဖြစ်တော်မူလေ၏၊ တရားအားထုတ်ဘက် အခြားရဟန်းငါးပါးတို့သည် ကောင်းသောသီလရှိကုန်သည်ဖြစ်၍ နတ်ပြည်သို့ ရောက်ကြရကုန်၏။

၁၄၀။ သံသရာကို ကူးမြောက်သော ရဟန္တာမထေရ်ကြီးသည် ပရိနိဗ္ဗာန် ဝင်စံတော်မူလေ၏၊ အနာဂါမ်မထေရ်တစ်ဦးကား သုဒ္ဓါဝါသဘုံ၌ ဖြစ်လေ၏။ ငါ (ဒဗ္ဗ) သည်လည်းကောင်း၊ ပက္ကုသာတိသည်လည်းကောင်း၊ သဘိယသည်လည်းကောင်း၊ ဗာဟိယသည်လည်းကောင်း၊ ထိုမှတစ်ပါး-

၁၄၁။ ကုမာရကဿပသည်လည်းကောင်း ငါတို့သည် ထိုထိုဘဝသို့ ရောက်ကုန်လျက်ဂေါတမမြတ်စွာဘုရားသည် အစဉ်စောင့်ရှောက်မှုကြောင့် သံသရာအနှောင်အဖွဲ့မှ လွတ်မြောက် ကြကုန်၏။

၁၄၂။ ငါသည် မလ္လတိုင်း ကုသိနာရုံမြို့၌ မွေးဖွားခဲ့၏၊ ငါသည် အမိဝမ်း၌ ရှိစဉ်သာလျှင်အမိကွယ်လွန်သဖြင့် ထင်းပုံသို့ တင်သည်ရှိသော် ထိုအမိဝမ်းမှ ထွက်ကျခဲ့၏။

၁၄၃။ ထင်းတုံးစပေါ်၌ ကျ၏၊ ထို့ကြောင့် “ဒဗ္ဗ”ဟု ကျော်စော၏၊ ငါသည် အကျင့် မြတ်၏အစွမ်းကြောင့် ခုနစ်နှစ်သာ ရှိသေးလျက် ကိလေသာမှ လွတ်မြောက်ခဲ့၏။

၁၄၄။ ငါသည် နို့ဆွမ်း (လှူခြင်း) အစွမ်းကြောင့် အင်္ဂါငါးပါးတို့နှင့် ပြည့်စုံသူ ဖြစ်ပေ၏၊ ရဟန္တာကိုစွပ်စွဲခဲ့ခြင်းကြောင့် ယုတ်မာသော ရဟန်းတို့သည် ငါ့ကို အကြိမ်များစွာ စွပ်စွဲ အပ်၏။

၁၄၅။ ယခုအခါ ငါသည် ကုသိုလ်ကို လည်းကောင်း၊ အကုသိုလ်ကို လည်းကောင်း နှစ်ပါး စုံကိုလွန်မြောက်သူ ဖြစ်၏။ အမြတ်ဆုံးနိဗ္ဗာန်သို့ ရောက်၍ အာသဝမရှိဘဲ နေရ၏။

၁၄၆။ ကောင်းသော အကျင့်ရှိသော သံဃာတော်တို့ကို ရွှင်လန်းစေလျက် အိပ်ရာနေရာကို ခင်းပေးခဲ့၏၊ မြတ်စွာဘုရားသည် ထိုဂုဏ်ကျေးဇူး၌ နှစ်သက်အားရတော်မူသည် ဖြစ်၍ ငါ့ကို ဧတဒဂ်အရာ၌ထားတော်မူ၏။

၁၄၇။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။

၁၄၈။ ငါ၏ လာခြင်းကား။ပ။ အဆုံးအမတော်ကို လိုက်နာပြုကျင့်အပ်ပါပြီ။

၁၄၉။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ အဆုံးအမတော်ကို လိုက်နာကျင့် သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ဒဗ္ဗမလ္လပုတ္တမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

လေးခုမြောက် ဒဗ္ဗမလ္လပုတ္တတ္ထေရအပဒါန် ပြီး၏။

--

၅-ကုမာရကဿပတ္ထေရအပဒါန်

၁၅၀။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ အလုံးစုံသော လောက၏ အစီးအပွါး ဖြစ်သောလုံ့လရှိတော်မူသော ပဒုမုတ္တရမည်သော မြတ်စွာဘုရားသည် ပွင့်တော်မူ၏။

၁၅၁-၁၅၂။ ထိုအခါ ငါသည် ဝေဒကျမ်းတို့၌ တစ်ဖက်ကမ်းရောက် တတ်မြောက်လျက် ကျော်စောသောပုဏ္ဏားဖြစ်၍ နေ့၌နေရာအရပ်သို့ လှည့်လည်လတ်သော် နတ်နှင့် တကွသော လူအပေါင်းအားသစ္စာလေးပါးတရားကို ဖော်ပြသိစေတော်မူသည်ဖြစ်၍ ဆန်းကြယ်စွာ ဟော ပြောတတ်သောပုဂ္ဂိုလ်တို့တွင် အမြတ်ဆုံးဖြစ်သော ရဟန်းကို လူအပေါင်း၌ ချီးကျူး တော်မူဆဲ ဖြစ်သောမြတ်စွာဘုရားကို ဖူးမြင်ရပေ၏။

၁၅၃-၁၅၄။ ထိုအခါ ငါသည် ဝမ်းမြောက်သော စိတ်ရှိသည်ဖြစ်၍ မြတ်စွာဘုရားကို ပင့်ဖိတ်လျက်ရတနာအမျိုးမျိုးတို့ဖြင့် တောက်ပသော မဏ္ဍပ်ကို အရောင်အမျိုးမျိုး ဆိုးအပ် ကုန်သော အဝတ်တို့ဖြင့်တန်ဆာဆင်ပြီးလျှင် ထိုမဏ္ဍပ်၌ သံဃာနှင့်တကွ ဆွမ်းလုပ်ကျွေး၏၊ ငါသည် မြတ်သော အရသာရှိသောဘောဇဉ်အမျိုးမျိုးကို ခုနစ်ရက်ပတ်လုံး ကျွေး မွေး၍-

၁၅၅။ ငါသည် အထူးထူး ဆန်းကြယ်ကုန်သော ပန်းတို့ဖြင့် တပည့်'သာဝက'နှင့် တကွ သောမြတ်စွာဘုရားကို ပူဇော်ပြီးလျှင် ခြေတော်ရင်း၌ ဝပ်လျက် ထိုအရာအထူးကို ဆုတောင်း ခဲ့၏။

၁၅၆-၁၅၇-၁၅၈။ ထိုအခါ သနားခြင်းကိစ္စ၏ တည်ရာဖြစ်သော ဘုရားမြတ်သည် မိန့်ဆိုတော်မူ၏-ပဒုမ္မာကြာနှင့်တူသော မျက်နှာ, မျက်လုံးရှိသော၊ များသော နှစ်သက်ဝမ်းမြောက် ခြင်းရှိသော၊ ကောင်းစွာရွှင်လန်းတက်ကြွသော အမွေးရှိသော၊ ရွှင်ခြင်းပြုံးခြင်းရှိလျက် ကျယ်သော မျက်စိရှိသော၊ ငါ၏သာသနာတော်ကို လွန်စွာ နှစ်သက်သော၊ ငါ၏ ခြေရင်း၌ ပျပ်ဝပ်လျက်ရှိသော၊ တစ်ထည်သောအဝတ်ကို ဝတ်လျက် ကောင်းသော စိတ်ရှိသော ဤ ပုဏ္ဏားမြတ်ကို ရှုကုန်လော့။ ဤပုဏ္ဏားသည်ဆန်းကြယ်သော တရားစကားကို ဟောကြား တတ်သူ၏ အဖြစ်ဟူသော ထိုအရာအထူးကို ဆုတောင်း၏။

၁၅၉။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ ဩက္ကာကမင်းမျိုး၌ ဖြစ်သော အနွယ်အား ဖြင့်ဂေါတမအမည်ရှိသော မြတ်စွာဘုရားသည် လောက၌ ပွင့်တော်မူလတ္တံ့။

၁၆၀။ ထိုမြတ်စွာဘုရား၏ တရားတို့၌ တရားဖြင့် ဖန်ဆင်းအပ်သော အမွေခံသားတော် ဖြစ်၍ကုမာရကဿပမည်သော မြတ်စွာဘုရား၏ တပည့် ‘သာဝက’ ဖြစ်လတ္တံ့။

၁၆၁။ ဆန်းကြယ်သော ပန်းပွင့်ပုဆိုးတို့၏လည်းကောင်း၊ ရတနာတို့၏လည်းကောင်း အစွမ်းကြောင့်ထိုပုဏ္ဏားသည် ဆန်းကြယ်သော တရားစကားကို ဟောကြားတတ်သူတို့တွင် အမြတ်ဆုံး ပုဂ္ဂိုလ်အဖြစ်သို့ရောက်လတ္တံ့ (ဟု မိန့်တော်မူ၏)။

၁၆၂။ ကောင်းစွာ ပြုအပ်သော ထိုကံကြောင့်လည်းကောင်း၊ စေတနာ, တောင့်တမှုတို့ကြောင့်လည်းကောင်း လူ့ခန္ဓာကိုယ်ကို စွန့်သည်ရှိသော် ငါသည် တာဝတိံသာဘုံသို့ ရောက်ခဲ့၏။

၁၆၃။ ‘ပွဲလမ်းသဘင်အလယ်၌ ကချေသည်ကဲ့သို့’ ဘဝကြီးငယ်၌ ချာချာလည်ခဲ့ရသည် ရှိသော် “သာခ"သမင်မင်း၏ သားဖြစ်၍ သမင်မ၏ ဝမ်းသို့ သက်ရောက်ခဲ့ရ၏။

၁၆၄။ ထိုအခါ ငါသည် ဝမ်း၌ တည်ရှိစဉ် ငါ့အမိကို သတ်ရန် အလှည့်ရောက်လာ၏၊ ငါ့အမိသည်"သာခ"သမင်မင်း စွန့်ပစ်အပ်သည်ရှိသော် “နိဂြောဓ"သမင်မင်းကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်၏။

--

၁၆၅။ ထိုနိဂြောဓသမင်မင်းသည် မိမိအသက်ကို စွန့်လွှတ်၍ ထိုအမိသမင်မကို သေခြင်းမှ လွတ်မြောက်စေ၏၊ ထိုအခါ (အမိသည်) ငါ့အား ဤသို့ ဆုံးမ၏-

၁၆၆။ နိဂြောဓသမင်မင်းကိုသာလျှင် မှီဝဲဆည်းကပ်ရာ၏၊ သာခသမင်မင်းကို မမှီဝဲ မဆည်းကပ်ရာ၊ နိဂြောဓသမင်မင်း (အထံ) ၌ သေရခြင်းသည် မြတ်၏၊ သာခသမင်မင်း (အထံ) ၌ အသက်ရှင်ရခြင်းသည်မမြတ်ချေ။

၁၆၇။ သမင်အပေါင်းကို စောင့်ရှောက်တတ်သော ထို (နိဂြောဓ) သမင်မင်း၏ အဆုံးအမကို ခံရသောငါသည်လည်းကောင်း၊ အမိသည်လည်းကောင်း၊ အခြားသော သမင်တို့သည်လည်းကောင်းထိုသမင်မင်း၏ အဆုံးအမကို စွဲ၍ ‘ကင်းကွာနေသော မိမိအိမ်သို့ ရောက်ရ သကဲ့ သို့သာလျှင်'မွေ့လျော်ဖွယ်ရှိသော တုသိတာဘုံသို့ ရောက်ကုန်၏။

၁၆၈။ တစ်ဖန် ကဿပမြတ်စွာဘုရား၏ သာသနာတော်သည် ကွယ်ခြင်းသို့ ရောက်လု လတ်သော် ကျောက်တောင်ထွတ်သို့ တက်၍ မြတ်စွာဘုရားသာသနာတော်ကို အားထုတ်ခဲ့ သောကြောင့်-

၁၆၉။ ယခုအခါ ငါသည် ရာဇဂြိုဟ်မြို့ သူဌေးအမျိုး၌ မွေးဖွားရသူ ဖြစ်ရပေ၏၊ ကိုယ်ဝန်ရှိသော ငါ၏အမိသည် ရဟန်းဘောင်သို့ ဝင်ရောက်ခဲ့၏။

၁၇၀။ (ငါ၏) ကိုယ်ဝန်ရှိသော ထိုအမိကို သိကုန်၍ ဒေဝဒတ်အထံသို့ ပို့ဆောင်ကုန်၏၊ (ထိုအခါ ) ထိုဒေဝဒတ်သည် “ယုတ်မာသော ဤရဟန်းမိန်းမကို ဖျက်ဆီးကုန်လော့”ဟု မိန့်ဆို လေ၏။

၁၇၁။ ဤအခါ၌လည်း ရဟန်းမင်း ဖြစ်တော်မူသော မြတ်စွာဘုရားသည် အစဉ်စောင့်ရှောက်တော်မူအပ်သည်ဖြစ်၍ ငါ၏ အမိသည် ရဟန်းမိန်းမကျောင်း၌ ငါ့အား ချမ်းသာခြင်း ရှိသည်ဖြစ်၍မွေးဖွားခဲ့၏။

၁၇၂။ ထိုအကြောင်းကို သိ၍ ကောသလမင်းသည် မင်းသားတို့၏ အဆောင်အယောင်ဖြင့် ငါ့ကိုမွေးစားခဲ့၏၊ ငါသည်ကား အမည်အားဖြင့် ကဿပမည်၏။

၁၇၃။ အရှင်မဟာကဿပကို စွဲ၍ ငါသည် ကုမာရကဿပမည်၏၊ မြတ်စွာဘုရားသည် ကိုယ်ကိုတောင်တို့နှင့် တူကြောင်း (ဥပမာပြု၍) ဟောအပ်သော တရားတော်ကို နာကြား ရ၍-

၁၇၄။ ထိုအခါ ငါ၏ စိတ်သည် (တစ်စုံတစ်ရာကို) မစွဲလမ်းဘဲ အကြွင်းမဲ့ လွတ်မြောက်၏၊ ငါသည်ပါယာသိ (ရာဇည) မင်းကို ဆုံးမ၍ ဧတဒဂ်အရာဌာနသို့ ရောက်၏။

၁၇၅။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။

၁၇၆။ ငါ၏ လာခြင်းကား။ပ။ အဆုံးအမတော်ကို လိုက်နာပြုကျင့်အပ်ပါပြီ။

၁၇၇။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ အဆုံးအမတော်ကို လိုက်နာကျင့် သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ကုမာရကဿပမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ငါးခုမြောက် ကုမာရကဿပတ္ထေရအပဒါန် ပြီး၏။

နှစ်ဆယ့်လေးခုမြောက် ဘာဏဝါရပြီး၏။

--

၆-ဗာဟိယတ္ထေရအပဒါန်

၁၇၈။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ ကြီးမားသော အရောင်တော်ရှိသော လောကသုံးပါးထက်မြတ်သော အမည်အားဖြင့် ပဒုမုတ္တရမည်သော မြတ်စွာဘုရားသည် ပွင့်တော်မူ၏။

၁၇၉။ ငါသည် လျင်မြန်သော အဘိညာဉ် (အသိဉာဏ်) ရှိသော ရဟန်း၏ ဂုဏ်ကျေးဇူးကိုချီးကျူးတော်မူသော မြတ်စွာဘုရား၏ စကားကို ကြားနာရသည်ရှိသော် တက်ကြွသော စိတ်ရှိသည်ဖြစ်၍မြတ်စွာဘုရားအား ပူဇော်သက္ကာရကို ပြုပြီးလျှင် -

၁၈၀။ ငါသည် တပည့်နှင့် တကွသော မြတ်စွာဘုရားအား ခုနစ်ရက်ပတ်လုံး အလှူကို ပေးလှူ၍ ထိုအခါ မြတ်စွာဘုရားကို ရှိးခိုးလျက် ထိုအရာဌာနကို ဆုတောင်းခဲ့၏။

၁၈၁-၁၈၂-၁၈၃။ ထို့နောက် မြတ်စွာဘုရားသည် ငါ့ကို ဗျာဒိတ်စကား မိန့်ကြားတော်မူ၏-ပုဏ္ဏားသည် အကျင့်ကို ဆင်ခြင်လျက် ငါ၏ ခြေရင်း၌ ပျပ်ဝပ်လျက် နေသော၊ ရွှေစလွယ်တင်သောကိုယ်အင်္ဂါရှိသော၊ ဖြူဖွေးသော ကိုယ်အရေရှိသော၊ တွဲရရွဲ ကျသော၊ ကျီးအာသီးနှင့် တူသောနီမြန်းသော နှုတ်ခမ်းရှိသော၊ ဖြူဖွေးသော, ထက်သော, ညီညာသော သွားရှိသော၊ အထူးထူးအပြားပြား များပြားသော ဂုဏ်အားအစွမ်းရှိသော၊ ကောင်းစွာ ရွှင်လန်းတက်ကြွသော ကိုယ်အမွေးရှိသော၊ ဂုဏ်အပေါင်း၏ တည်ရာဖြစ်သော ပီတိဖြင့် ကောင်းစွာ ပွင့်သော မျက်စိရှိသော ဤပုဏ္ဏားကို ရှုကုန်လော့။

၁၈၄။ ဤပုဏ္ဏားသည် လျင်မြန်သော အဘိညာဉ် (အသိဉာဏ်) ရှိသော ရဟန်း၏ အရာ ဌာနကိုဆုတောင်းလျက် ရှိ၏၊ နောင်အခါ၌ ဂေါတမမည်သော မြတ်စွာဘုရားသည် ပွင့်တော်မူ လတ္တံ့။

၁၈၅။ ထိုမြတ်စွာဘုရား၏ တရားတို့၌ တရားသည် ဖန်ဆင်းအပ်သော အမွေခံ သား တော်ဖြစ်၍အမည်အားဖြင့် ဗာဟိယမည်သော မြတ်စွာဘုရား၏ တပည့် ‘သာဝက’ ဖြစ်လတ္တံ့ (ဟု မိန့်တော်မူ၏)။

၁၈၆။ ထိုအခါ ငါသည် နှစ်သက်သည်ဖြစ်၍ နေရာမှ ထပြီးလျှင် အသက်ထက်ဆုံး မြတ်စွာဘုရား၌ပူဇော်သက္ကာရကို ပြုခဲ့ခြင်းကြောင့် (ဤဘဝမှ) စုတေလတ်သော် ‘မိမိနေရာ အိမ်ကဲ့သို့’ နတ်ပြည်ဘုံသို့ရောက်၏။

၁၈၇။ ငါသည် ထိုကံ၏ အစွမ်းကြောင့် နတ်ဖြစ်သော် လည်းကောင်း၊ လူဖြစ်သော် လည်းကောင်းချမ်းသာသော သူ ဖြစ်လျက် ကျင်လည်ခဲ့ပြီးလျှင် စည်းစိမ်ချမ်းသာကို ခံစားရပေ၏။

၁၈၈။ တစ်ဖန် ကဿပမြတ်စွာဘုရား၏ သာသနာသည် ကွယ်ခြင်းသို့ ရောက်လုလတ် သော် ကျောက်တောင်ထွတ်သို့ တက်ပြီးလျှင် မြတ်စွာဘုရားသာသနာကို အားထုတ်၍-

၁၈၉။ ငါသည် အထူးစင်ကြယ်သော သီလရှိ၏၊ ပညာရှိ၏၊ မြတ်စွာဘုရား၏ အဆုံးအမ သာသနာကိုလိုက်နာပြုကျင့်တတ်၏၊ ငါးယောက်သော ငါတို့သည် ထိုဘဝမှ စုတေကုန်လတ် သော် နတ်ပြည်သို့ရောက်ကြရကုန်၏။

၁၉၀။ ထို့နောက် ငါ ဗာဟိယသည် ဘာရုကစ္ဆပြည်မြတ်၌ ဖွားမြင်ခဲ့၏၊ ထိုအခါ လှေ သင်္ဘောဖြင့်အကျိုးပြီးစီးမှု နည်းပါးသော သမုဒ္ဒရာကို ကူးသွား၏။

၁၉၁။ ထိုအခါ လှေသင်္ဘောသည် နှစ်ရက်သုံးရက် သွားပြီးလတ်သော် ကွဲပျက်၏၊ ထို အခါ မကရ်းတို့၏တည်ရာ ကြောက်မက်ဖွယ် ကြမ်းတမ်းသော သမုဒ္ဒရာ၌ ကျလေ၏။

--

၁၉၂။ ထိုအခါ ငါသည် အားထုတ်၍ သမုဒ္ဒရာကို ကူးသည်ရှိသော် အနည်းငယ် ဖောက်ထွင်း၍ (ရန်ကိုနှိမ်နင်းရာ) သုပ္ပါဒက သင်္ဘောဆိပ်သို့ ကောင်းစွာ ရောက်ခဲ့၏။

၁၉၃။ ငါသည် ပျဉ်ချပ်စီသော အဝတ်ကို ဝတ်၍ ဆွမ်းအလို့ငှါ ရွာသို့ ဝင်၏၊ ထိုအခါ ထိုလူအပေါင်းသည် နှစ်သက်သည်ဖြစ်၍ “ဤရဟန္တာသည် ဤအရပ်သို့ ကြွလာတော်မူ၏”ဟု ပြောဆိုလေ၏။

၁၉၄။ ငါတို့သည် ဤရဟန္တာကို ဆွမ်းဖြင့်လည်းကောင်း၊ အဖျော်ဖြင့်လည်းကောင်း၊ အဝတ်ဖြင့်လည်းကောင်း၊ အိပ်ရာနေရာဖြင့်လည်းကောင်း၊ ဆေးဖြင့်လည်းကောင်း ပူဇော်ရ သောကြောင့်ချမ်းသာသူတို့ ဖြစ်ကုန်အံ့ (ဟု ပြောဆိုကုန်၏)။

၁၉၅။ ထိုအခါ ထိုသူတို့ကား အလေးအမြတ် ပူဇော်အပ်သောကြောင့် ပစ္စည်းတို့ကို ရခြင်းရှိသည်ဖြစ်၍ငါသည် ရဟန္တာတည်းဟူသော အကြံအစည်ကို မသင့်သောအားဖြင့် ဖြစ်စေခဲ့၏။

၁၉၆။ ထိုအခါ ရှေး၌ အဆွေဖြစ်ဖူးသော ဗြဟ္မာသည် ငါ၏ စိတ်ကို သိ၍ သင်သည် မဂ်ရကြောင်းကိုပင်သိသူ မဟုတ်ချေ၊ အဘယ်မှာ သင်သည် ရဟန္တာ ဖြစ်မည်နည်းဟု အပြစ်တင်၏။

၁၉၇။ ထိုအခါ ငါသည် ထိုဗြဟ္မာက အပြစ်တင်သည် ရှိသော် ထိတ်လန့်လျက် ထိုဗြဟ္မာ ကိုပင်လောက၌ ရဟန္တာပုဂ္ဂိုလ်မြတ်တို့သည် အဘယ်သူတို့နည်း၊ ဤရဟန္တာပုဂ္ဂိုလ်မြတ် တို့သည် အဘယ်မှာ (ရှိကုန်) သနည်းဟု မေးမြန်းခဲ့၏။

၁၉၈။ ကောသလမင်း နန်းစိုက်ရာ သာဝတ္ထိမြို့၌ ကြီးမားသော ပညာရှိသော ‘မြေကြီး ကဲ့သို့'မြတ်သော ပညာရှိတော်မူသော မြတ်စွာဘုရားသည် ရှိတော်မူ၏၊ အာသဝေါကင်းလျက် ရဟန္တာဖြစ်သောထိုသာကီဝင်မင်းသား မြတ်စွာဘုရားသည် အရဟတ္တဖိုလ်သို့ ရောက်ခြင်းငှါ တရားဟောတော်မူ၏ (ဟု ဆို၏)။

၁၉၉။ အထီးကျန်သော သူသည် ရွှေအိုးကို ရသည်ရှိသော် အလွန်ရွှင်လန်းဝမ်းမြောက် သကဲ့သို့ ထို့အတူငါသည် ထိုဗြဟ္မာ၏ စကားကို ကြားရသည်ရှိသော် နှစ်သက်လျက် တက်ကြွသော စိတ်ရှိသည်ဖြစ်၍အရဟတ္တဖိုလ်တရားမြတ်ကို ကောင်းစွာ သိမြင်တော်မူသော အဆုံးမရှိသော သဗ္ဗညုတဉာဏ်ရှိတော်မူသော မြတ်စွာဘုရားကို ဖူးမြင်ရန်အလို့ငှါ-

၂၀၀။ ထိုသင်္ဘောဆိပ်မှ ထွက်ခဲ့၍ အညစ်အကြေးကင်းသော မျက်နှာတော်ရှိသော မြတ်စွာဘုရားကိုအခါခပ်သိမ်း ဖူးမြော်အံ့ဟု (ကြံလျက်) မြတ်စွာဘုရား၏ မွေ့လျော်ဖွယ်ရှိ သော ဇေတဝန်မည်သော ထိုကျောင်းတိုက်သို့သာလျှင် ချဉ်းကပ်၍ လူအားလုံး ချစ်နှစ်သက် အပ်သော မြတ်စွာဘုရားသည် အဘယ်မှာနည်းဟု ရဟန္တာတို့ကို မေးလျှောက်ခဲ့၏။

၂၀၁။ ထိုအခါ (ရဟန္တာတို့က) လူနတ်တို့ ရှိခိုးအပ်သော ထိုမြတ်စွာဘုရားသည် မြို့သို့ဆွမ်းခံဝင်တော်မူ၏၊ သင်သည် မြတ်စွာဘုရားကို ဖူးမြင်ရန် ကြိုးစားအားထုတ်ခဲ့သော် လျင် မြန်စွာချဉ်းကပ်လော့၊ ချဉ်းကပ်၍ ထိုမြတ်စွာဘုရားကို ရှိခိုးလေလော့ဟု မိန့်ဆိုကုန်၏။

၂၀၂။ ထိုအခါ ငါသည် သာဝတ္ထိမြို့တော်သို့ လျင်မြန်စွာ သွားသည်ရှိသော် ချစ်ခင်တပ် မက်ခြင်းကင်းလျက် ဆွမ်းအကျိုးငှါ လှည့်လည်တော်မူသော ထိုမြတ်စွာဘုရားကို ဖူးမြင်ရပေ၏။

၂၀၃။ လက်၌ သပိတ်ရှိတော်မူသော ၊ မလျှပ်ပေါ်သော ဣန္ဒြေရှိတော်မူသော ၊ အကျိုးကို ရင့်ကျက်စေတော်မူတတ်သော၊ ဝါဝင်းသော အရောင်ရှိတော်မူသော ၊ အသရေ၏ တည်ရာ အိမ်သဖွယ်ဖြစ်တော်မူသော ၊ နေ၏ အရောင်ကို ပယ်ရှားနိုင်သော မျက်နှာရှိတော်မူသော -

--

၂၀၄။ ထိုမြတ်စွာဘုရားသို့ ငါသည် ကောင်းစွာ ချဉ်းကပ်၍ တုပ်ဝပ်လျက် ဂေါတမ မြတ်စွာဘုရားခရီးလမ်းမှား၌ ပျက်စီးလျက်ရှိသော တပည့်တော်၏ ကိုးကွယ်ရာ ဖြစ်တော်မူ ပါဟု ဤစကားကိုလျှောက်၏။

၂၀၅။ (ဗာဟိယ) ငါသည် အသက်ကို ဆောင်ခြင်းအကျိုးငှါ ဆွမ်းခံလှည့်လည်လျက် ရှိ၏၊ သင့်အားတရားဟောရန် အခါ မဟုတ်ပေ၊ ဤသို့ မြတ်စွာဘုရားသည် မိန့်တော်မူ၏။

၂၀၆။ ထိုအခါ တရားကို အလွန်လိုလားသော ငါသည် မြတ်စွာဘုရားကို အကြိမ်ကြိမ် တောင်းပန်ခဲ့၏၊ အကြင်မြတ်စွာဘုရားသည် နက်နဲသော ရာဂစသည် ဆိတ်ငြိမ်သော နိဗ္ဗာန် ရောက်ကြောင်းတရားကိုငါ့အား ဟောတော်မူ၏။

၂၀၇။ ထိုမြတ်စွာဘုရား၏ တရားကို နာကြားရ၍ အသက်ကုန်ခါနီးသူ ဖြစ်ပါလျက် ငါသည်အာသဝေါကုန်ခြင်းသို့ ရောက်ခဲ့၏၊ မြတ်စွာဘုရား၏ သနားစောင့်ရှောက်တော်မူခြင်း သည် ဪအံ့ဩဖွယ်ရှိပါပေစွ။

၂၀၈။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။

၂၀၉။ ငါ၏ လာခြင်းကား။ပ။ အဆုံးအမတော်ကို လိုက်နာပြုကျင့်အပ်ပါပြီ။

၂၁၀။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ အဆုံးအမတော်ကို လိုက်နာကျင့် သုံးပြီးပါပြီ။

၂၁၁။ ဤသို့ ပျဉ်ချပ်အဝတ်ကို ဝတ်သော ဗာဟိယမထေရ်သည် ဖုတ်ဘီလူး ပူးဝင် သော နွားမ၏ဝှေ့ခတ်ခြင်းကြောင့် အမှိုက်ပုံ၌ လဲကျစဉ် ပြောကြားတော်မူလေ၏။

၂၁၂။ ကြီးမြတ်သော ပညာရှိသော ထိုမထေရ်သည် မိမိ၏ ရှေးအကျင့်ကို မိန့်ကြားပြီး လျှင်သာဝတ္ထိမြို့တော်၌ ပရိနိဗ္ဗာန်စံတော်မူလေ၏။

၂၁၃-၂၁၄။ မြတ်စွာဘုရားသည် မြို့မှ ထွက်လတ်သော် (သာသနာတော်၏) အပမှ လာသော'သိကြားမင်း၏ မှန်ကင်းကို ချသကဲ့သို့’ မြေ၌ လဲကျသော ယဉ်ကျေးပြီးသော ထိုအခါ အသက်ကုန်ပြီးခါစ ဖြစ်သော မြတ်စွာဘုရားအဆုံးအမကို လိုက်နာပြုကျင့်တတ်သော ပျဉ်ချပ်အဝတ်ကို ဝတ်သော ထိုပညာရှိ ဗာဟိယကို မြင်သည်ရှိသော် -

၂၁၅။ ထိုအခါ မြတ်စွာဘုရားသည် သာသနာ၌ ပျော်မွေ့ကုန်သော တပည့်သာဝကတို့ကို မိန့်တော်မူ၏၊ သီတင်းသုံးဖော်ဖြစ်သော ဗာဟိယ၏ အလောင်းကို ယူခဲ့ကုန်လော့၊ ပူဇော်၍ မီးသင်္ဂြိုဟ်ကုန်လော့။

၂၁၆။ စေတီပုထိုးကို ပြုကုန်လော့၊ ပူဇော်ကုန်လော့၊ မြတ်သော ပညာရှိသော ထိုတပည့် သာဝကသည်ပရိနိဗ္ဗာန်ပြုပြီ၊ ငါ၏ စကားကို လိုက်နာတတ်သော ဤတပည့်သာဝကသည် လျင်မြန်သော အဘိညာဉ် (အသိဉာဏ်) ရှိသူတို့တွင် အမြတ်ဆုံးပုဂ္ဂိုလ် ဖြစ်၏။

၂၁၇။ အကျိုးမရှိသော ပုဒ်နှင့် စပ်ယှဉ်သော ဂါထာသည် အကယ်၍ တစ်ထောင်ပင်ရှိ သော် လည်းမမြတ်ပေ၊ အကြင်ဂါထာပုဒ်ကို ကြားနာရ၍ ကိလေသာ (မီး) ငြိမ်းအေး၏၊ ထို ဂါထာပုဒ်သည်တစ်ဂါထာပင် ဖြစ်သော် လည်း မြတ်၏။

၂၁၈။ အကြင်နိဗ္ဗာန်၌ ရေဓာတ်သည်လည်းကောင်း၊ မြေဓာတ်သည်လည်းကောင်း၊ မီးဓာတ်သည်လည်းကောင်း၊ လေဓာတ်သည်လည်းကောင်း မတည်တံ့နိုင်။ ထိုနိဗ္ဗာန်၌ ဖြူ သောအရောင်ရှိသော ဂြိုဟ်တို့သည် မထွန်းတောက်နိုင်ကုန်၊ နေသည်လည်း အလင်းရောင် ကို မပြနိုင်ချေ။

၂၁၉။ ထိုနိဗ္ဗာန်၌ လသည်လည်း မထွန်းလင်းနိုင်ချေ၊ ထိုနိဗ္ဗာန်၌ အမိုက်မှောင်သည် လည်း မရှိချေ၊ အကြင်အခါ၌ မကောင်းမှုကို အပပြုပြီးသော ရဟန်းသည် မဂ်ဉာဏ်ဖြင့် မိမိကိုယ်တိုင်ပင် သိ၏။

--

၂၂၀။ ထိုအခါ ရုပ်မှလည်းကောင်း၊ နာမ်မှလည်းကောင်း၊ ချမ်းသာခြင်း, ဆင်းရဲခြင်းမှ လည်းကောင်းလွတ်မြောက်၏။ ဤသို့လျှင် သတ္တဝါတို့၏ ကိုးကွယ်ရာ၊ လောကသုံးပါး၏ ကိုးကွယ်ရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် မိန့်တော်မူ၏။

ဤသို့လျှင် အသျှင်ဗာဟိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ခြောက်ခုမြောက် ဗာဟိယတ္ထေရအပဒါန် ပြီး၏။

၇-မဟာကောဋ္ဌိကတ္ထေရအပဒါန်

၂၂၁။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ အလုံးစုံသော လောကကို သိတော်မူသော ရဟန်းမြတ်ဖြစ်တော်မူသော စက္ခုငါးမျိုးရှိတော်မူသော ပဒုမုတ္တရမည်သော မြတ်စွာဘုရား သည် ပွင့်တော်မူ၏။

၂၂၂။ မြတ်စွာဘုရားသည် အလုံးစုံသော သတ္တဝါတို့ကို ဆုံးမတော်မူတတ်၏၊ (သစ္စာ လေးပါးကို) အထူးသိစေတော်မူတတ်၏၊ (သံသရာမှ) ကယ်တင်တော်မူတတ်၏၊ တရားပြမှု၌ကျွမ်းကျင်လိမ္မာတော်မူ၏၊ များစွာသော လူအပေါင်းကို ကယ်တင်တော်မူ၏။

၂၂၃။ အလုံးစုံသော သတ္တဝါတို့ကို အစဉ် စောင့်ရှောက်တော်မူတတ်၏၊ သနာခြင်း ရှိတော်မူ၏၊ (သတ္တဝါအားလုံးတို့၏) အစီးအပွါးကို ရှာမှီးတော်မူတတ်၏၊ ရောက်လာကုန်သော တိတ္ထိအားလုံးတို့ကို ငါးပါးသီလ၌ တည်စေတော်မူ၏။

၂၂၄။ ဤသို့ (မြတ်စွာဘုရား၏ သာသနာတော်သည်) ရောယှက်ရှုပ်ထွေးခြင်း ကင်း လေ၏၊ တိတ္ထိတို့မှလည်း ဆိတ်သုဉ်းလေ၏၊ ဝသီဘော်ရှိကုန်သော တာဒိဂုဏ်နှင့် ပြည့်စုံသောရဟန္တာတို့ဖြင့်လည်း ဆန်းကြယ်ပေ၏။

၂၂၅။ ထိုမြတ်စွာဘုရားသည် အတောင်ငါးဆယ့်ရှစ်တောင် မြင့်တော်မူ၏၊ ရွှေပန်းကုံးနှင့် တူတော်မူ၏၊ သုံးဆယ့်နှစ်ပါးသော ယောက်ျားမြတ်၏ လက္ခာဏာတို့နှင့်လည်း ပြည့်စုံတော် မူ၏။

၂၂၆။ ထိုအခါ အသက်တမ်းသည် အနှစ်တစ်သိန်းတို့ပတ်လုံး တည်ရှိ၏၊ ထိုမြတ်စွာ ဘုရားသည် ထိုမျှလောက် သက်တော်တည်ရှိသည်ဖြစ်၍ များစွာသော လူအပေါင်းတို့ကို ကယ် တင်တော်မူ၏။

၂၂၇။ ထိုအခါ ငါသည် ဟံသာဝတီမြို့၌ ဝေဒကျမ်း၌ တစ်ဖက်ကမ်းရောက် တတ်မြောက် သောပုဏ္ဏားဖြစ်၍ မြတ်စွာဘုရားအထံသို့ ချဉ်းကပ်လျက် တရားဒေသနာတော်ကို နာကြား ခဲ့၏။

၂၂၈။ ထိုအခါ ထိုမြတ်စွာဘုရားသည် ပဋိသမ္ဘိဒါဉာဏ်၏ အာရုံရှိသော အကျိုး (အနက်) ၌ လည်းကောင်း၊ အကြောင်း (ပါဠိ) ၌လည်းကောင်း၊ သဒ္ဒါ၌လည်းကောင်း၊ ပဋိဘာန်ဉာဏ်၌ လည်းကောင်းကျွမ်းကျင်လိမ္မာသော တပည့်သာဝကကို-

၂၂၉။ ဧတဒဂ်အရာ၌ ထားတော်မူ၏၊ ထိုအခါ ငါသည် ထိုစကားကို ကြားနာရသည် ရှိသော် ဝမ်းမြောက်သည်ဖြစ်၍ တပည့်သာဝကနှင့်တကွ ဘုရားမြတ်ကို ခုနစ်ရက်ပတ်လုံး ဆွမ်းလုပ်ကျွေး၏။

--

၂၃၀။ ငါသည် သမုဒ္ဒရာနှင့် တူသော ပညာရှိသော မြတ်စွာဘုရားကို တပည့်နှင့် တကွအဝတ်ပုဆိုးတို့ဖြင့် ဖုံးလွှမ်း (လှူဒါန်း) ၍ ခြေရင်း၌ တုပ်ဝပ်လျက် ထိုအရာအထူးကို ဆု တောင်းခဲ့၏။

၂၃၁။ ထိုအခါ မြတ်စွာဘုရားသည် ဗျာဒိတ်စကားကို မိန့်ကြားတော်မူ၏၊ ငါ၏ ခြေရင်း၌ ဦးညွှတ်လျက်နေသော ကြာတိုက်နှင့် တူသော အရောင်ရှိသော ဤပုဏ္ဏားမြတ်ကို ရှုကုန် လော့။

၂၃၂။ ဤပုဏ္ဏားသည် မြတ်စွာဘုရား၏ (တပည့်ဖြစ်သော ပဋိသမ္ဘိဒါပတ္တ) ရဟန်း၏ မြတ်သောအရာဌာနကို ဆုတောင်း၏။ ထိုယုံကြည်ခြင်းသဒ္ဓါကြောင့်လည်းကောင်း၊ ထိုစွန့်ကြဲခြင်းကြောင့်လည်းကောင်း၊ ထိုတရားနာခြင်းကြောင့်လည်းကောင်း-

၂၃၃။ ဘဝငယ်, ဘဝကြီး၌ ကျင်လည်ရသည်ရှိသော် အလုံးစုံသော ဘဝတို့၌ ချမ်းသာ ခြင်းရှိသည်ဖြစ်၍အနာဂတ်ကာလ၌ ထိုစိတ်နှလုံး အလို'ဆန္ဒ'ရှိသော ဆုကို ရရှိလတ္တံ့။

၂၃၄။ ဤကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ ဩက္ကာကမင်းမျိုး၌ ဖြစ်သော အနွယ်အားဖြင့် ဂေါတမမည်သော မြတ်စွာဘုရားသည် လောက၌ ပွင့်တော်မူလတ္တံ့။

၂၃၅။ ထိုမြတ်စွာဘုရား၏ တရားတို့၌ တရားဖြင့် ဖန်ဆင်းအပ်သော အမွေခံ သားတော် ဖြစ်၍အမည်အားဖြင့် “ကောဋ္ဌိက”ဟု ထင်ရှားသော မြတ်စွာဘုရား၏ တပည့် ‘သာဝက’ ဖြစ်လတ္တံ့ (ဟုမိန့်ကြားတော်မူ၏)။

၂၃၆။ ထိုအခါ သတိ, ပညာ, သမာဓိနှင့် ပြည့်စုံသော ငါသည် ထိုစကားကို ကြားနာရ သည်ရှိသော် ဝမ်းမြောက်သည် ဖြစ်လျက် အသက်ထက်ဆုံး မြတ်စွာဘုရားကို မေတ္တာစိတ်ရှိ သည် ဖြစ်၍ လေ့ကျက်ခဲ့၏။

၂၃၇။ ထိုကံအကျိုးကြောင့်လည်းကောင်း၊ စေတနာ, တောင့်တမှုတို့ကြောင့်လည်းကောင်းလူ့ခန္ဓာကိုယ်ကို ပယ်စွန့်ရသည်ရှိသော် ငါသည် တာဝတိံသာဘုံသို့ ရောက်ခဲ့၏။

၂၃၈။ ငါသည် အကြိမ်သုံးရာတိုင်တိုင် နတ်မင်းအဖြစ်ကိုလည်း ပြုခဲ့ရ၏၊ အကြိမ်ငါးရာ တိုင်တိုင်စကြဝတေမင်းလည်း ဖြစ်ခဲ့၏။

၂၃၉။ ပြန့်ပြောသော ပဒေသရာဇ်မင်းအဖြစ်သည်ကား ဂဏန်းအားဖြင့် မရေတွက်နိုင်၊ ထိုကံ၏အစွမ်းကြောင့် အလုံးစုံသော ဘဝတို့၌ ချမ်းသာသော သူ ဖြစ်ခဲ့၏။

၂၄၀။ ငါသည် နတ်ဘဝ သို့မဟုတ် လူ့ဘဝဟူသော ဘဝနှစ်ပါး၌သာ ကျင်လည်ခဲ့ရ၏၊ အခြားတစ်ပါးသောလားရာဂတိသို့ မရောက်ရပေ။ ဤသို့ ဖြစ်ရခြင်းသည် ကောင်းစွာ လေ့ကျက်ခြင်း၏ အကျိုးပေတည်း။

၂၄၁။ မင်းမျိုး သို့မဟုတ် ပုဏ္ဏားမျိုးဖြစ်သော အမျိုးနှစ်ပါး၌သာ ဖြစ်ရ၏၊ နိမ့်ကျ သော အမျိုး၌မဖြစ်ရပေ။ ဤသို့ ဖြစ်ရခြင်းသည် ကောင်းစွာ လေ့ကျက်ခြင်း၏ အကျိုးပေ တည်း။

၂၄၂။ ငါသည် နောက်ဆုံးဘဝသို့ ရောက်လတ်သော် သာဝတ္ထိမြို့တွင် များသော ဥစ္စာရှိ သောဗြာဟ္မဏမျိုး၌ မွေးဖွားသော ပုဏ္ဏားဖြစ်ခဲ့၏။

၂၄၃။ (ငါ၏) အမိသည် စန္ဒဝတီမည်၏၊ ငါ၏ အဖကား အဿလာယနမည်၏။ အကြင် အခါ၌မြတ်စွာဘုရားသည် အလုံးစုံ စင်ကြယ်ခြင်းငှါ ငါ၏ အဖကို ဆုံးမတော်မူ၏။

၂၄၄။ ထိုအခါ ငါသည် မြတ်စွာဘုရား၌ ကြည်ညိုသည် ဖြစ်၍ ရဟန်းဘောင်သို့ ဝင်ရောက်ခဲ့၏။ အရှင်မဟာမောဂ္ဂလာန်သည် ငါ၏ နိဿရည်းဆရာပေတည်း၊ အရှင် သာရိပုတ္တရာသည် (ငါ၏)့ဥပဇ္ဈာယ်ဆရာပေတည်း။

--

၂၄၅။ ဆံပင်တို့ကို ဖြတ်အပ်ကုန်စဉ် အမြစ်နှင့် တကွ မှားသော အယူသည် ပြတ်လေကုန်၏၊ ငါသည်သင်္ကန်းကို ဝတ်သည်ရှိသော် အရဟတ္တဖိုလ်သို့လည်း ရောက်ခဲ့၏။

၂၄၆။ ငါ၏ ဉာဏ်ပညာသည် အကျိုး (အနက်), အကြောင်း (ပါဠိ), သဒ္ဒါတို့၌ လည်းကောင်း၊ ပဋိဘာန်ဉာဏ်၌လည်းကောင်း ခွဲခြမ်းစိတ်ဖြာနိုင်ပေ၏။ ထို့ကြောင့် မြတ်စွာဘုရား သည် ငါ့ကိုဧတဒဂ်အရာ၌ ထားတော်မူ၏။

၂၄၇။ အရှင်ဥပတိဿသည် မေးအပ်သည် ဖြစ်၍ ပဋိသမ္ဘိဒါလေးပါးတို့ကို ယုံမှားခြင်း မရှိဘဲဖြေကြားခဲ့၏၊ ထို့ကြောင့် ငါသည် မြတ်စွာဘုရားသာသနာတော်၌ ထိုပဋိသမ္ဘိဒါသို့ ရောက်သောရဟန်းတို့တွင် အမြတ်ဆုံး ဖြစ်၏။

၂၄၈။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။

၂၄၉။ ငါ၏ လာခြင်းကား။ပ။ အဆုံးအမတော်ကို လိုက်နာပြုကျင့်အပ်ပါပြီ။

၂၅၀။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ အဆုံးအမတော်ကို လိုက်နာကျင့် သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်မဟာကောဋ္ဌိကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ခုနစ်ခုမြောက် မဟာကောဋ္ဌိကတ္ထေရအပဒါန် ပြီး၏။

၈-ဥရုဝေဠကဿပတ္ထေရအပဒါန်

၂၅၁။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ အလုံးစုံသော လောကကို သိတော်မူသော ရဟန်းမြတ်ဖြစ်တော်မူသော စက္ခုငါးမျိုးရှိတော်မူသော ပဒုမုတ္တရမည်သော မြတ်စွာဘုရားသည် ပွင့်တော်မူ၏။

၂၅၂။ မြတ်စွာဘုရားသည် အလုံးစုံသော သတ္တဝါတို့ကို ဆုံးမတော်မူတတ်၏၊ (သစ္စာ လေးပါးကို) အထူးသိစေတော်မူတတ်၏၊ (သံသရာမှ) ကယ်တင်တော်မူတတ်၏၊ တရားဟော ပြမှု၌ကျွမ်းကျင်လိမ္မာတော်မူ၏၊ များစွာသော လူအပေါင်းတို့ကို ကယ်တင်တော်မူ၏။

၂၅၃။ အလုံးစုံသော သတ္တဝါတို့ကို် အစဉ်စောင့်ရှောက်တော်မူတတ်၏၊ သနာခြင်း ‘ကရုဏာ’ ရှိတော်မူ၏၊ (သတ္တဝါအားလုံးတို့၏) အစီးအပွါးကို ရှာမှီးတော်မူ၏၊ ရောက်လာ သော တိတ္ထိအားလုံးတို့ကို ငါးပါးသီလ၌ တည်စေတော်မူ၏။

၂၅၄။ ဤသို့ မြတ်စွာဘုရားသာသနာတော်သည် ရောယှက်ရှုပ်ထွေးခြင်း ကင်းလေ၏၊ တိတ္ထိတို့မှလည်းဆိတ်သုဉ်းလေ၏၊ ဝသီဘော်ရှိကုန်သော တာဒိဂုဏ်နှင့် ပြည့်စုံသော ရဟန္တာ တို့ဖြင့်လည်း ဆန်းကြယ်၏။

၂၅၅။ ထိုမြတ်စွာဘုရားသည် အတောင်ငါးဆယ့်ရှစ်တောင် မြင့်တော်မူ၏၊ ပန်းကုံးနှင့် တူတော်မူ၏၊ သုံးဆယ့်နှစ်ပါးသော ယောက်ျားမြတ်တို့၏ လက္ခဏာတို့နှင့် ပြည့်စုံတော်မူ၏။

--

၂၅၆။ ထိုအခါ အသက်တမ်းသည် အနှစ်တစ်သိန်းတို့ပတ်လုံး တည်ရှိလေ၏၊ ထိုမြတ်စွာ ဘုရားသည် ထိုမျှလောက် (အသက်တော်) တည်ရှိလျက် များစွာသော လူအပေါင်းကို ကယ် တင်တော်မူ၏။

၂၅၇။ ထိုအခါ ငါသည် ဟံသာဝတီမြို့၌ သူတော်ကောင်းဟု သမုတ်အပ်သော ပုဏ္ဏား ဖြစ်၍မြတ်စွာဘုရားသို့ ချဉ်းကပ်ပြီးလျှင် တရားဒေသနာတော်ကို နာကြားခဲ့၏။

၂၅၈။ ထိုအခါ ငါသည် များစွာသော ပရိသတ်၌ များသော ပရိသတ်ရှိသော တပည့် သာဝကကိုဧတဒဂ်အရာ၌ ထားတော်မူသည်ကို ကြားနာရသည်ရှိသော် ဝမ်းမြောက်သည် ဖြစ်၍-

၂၅၉။ ငါသည် ဘုရားမြတ်ကို ပင့်ဖိတ်၍ များစွာသော အခြံအရံဖြစ်သော ပုဏ္ဏား တစ်ထောင်နှင့်တကွအလှူကို ပေးလှူခဲ့၏။

၂၆၀။ သင့်လျော်သော အရပ်၌ တည်နေသော ငါသည် ရွှင်လန်းလျက် ကြီးကျယ်သော အလှူကြီးကို ပေးလှူ၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် ဤစကားကို လျှောက်ထား၏-

၂၆၁။ မြတ်စွာဘုရား အရှင်ဘုရား၌ တပည့်တော်၏ ယုံကြည်ခြင်း ‘သဒ္ဓါ’ ကြောင့်လည်းကောင်း၊ ဆုတောင်းခြင်း ဂုဏ်ကြောင့်လည်းကောင်း ထိုထိုဘဝ၌ ဖြစ်ရသော တပည့်တော် အား များသောပရိသတ်သည် ဖြစ်ပါစေသော် (ဟု ဆုတောင်းလျှောက်ထား၏)။

၂၆၂-၂၆၃။ ထိုအခါ ‘ဆင်မြည်သံကဲ့သို့’ ကောင်းသော အသံရှိတော်မူသော မြတ်စွာ ဘုရားသည် ပရိသတ်ကို မိန့်တော်မူ၏- ရွှေအဆင်းရှိသော၊ ကြီးမားသော လက်ရုံးရှိသော၊ ကြာနှင့် တူသောမျက်နှာ, မျက်လုံးရှိသော၊ ရွှင်လန်းတက်ကြွသော အမွေးရှိသော၊ ရွှင်လန်း ခြင်းရှိသော ငါဘုရား၏ ဂုဏ်၌ ယုံကြည်ခြင်း'သဒ္ဓါ'ရှိသော ဤပုဏ္ဏားကို ရှုကုန်လော့။

၂၆၄။ ဤပုဏ္ဏားသည် “သီဟဃောသ"မည်သော ရဟန်း၏ အရာအထူးကို ဆုတောင်း၏။ အနာဂတ်ကာလ၌ ဤစိတ်အလို ‘ဆန္ဒ'ရှိသော ဆုကို ရလတ္တံ့။

၂၆၅။ ဤကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ ဩက္ကာကမင်းမျိုး၌ ဖြစ်သော အနွယ်အားဖြင့် ဂေါတမမည်သော မြတ်စွာဘုရားသည် လောက၌ ပွင့်တော်မူလတ္တံ့။

၂၆၆။ ထိုမြတ်စွာဘုရား၏ တရားတို့၌ တရားသည် ဖန်ဆင်းအပ်သော အမွေခံ သား တော်ဖြစ်၍အမည်အားဖြင့် ကဿပမည်သော မြတ်စွာဘုရား၏ တပည့်သာဝက ဖြစ်လတ္တံ့ (ဟု မိန့်တော်မူ၏)။

၂၆၇။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်နှစ်ကမ္ဘာထက်၌ သာလွန်သူမရှိသော၊ ဥပမာမရှိသော၊ တူသောသူမရှိသော၊ လောက၏ အမြတ်ဆုံး ရှေ့သွားဖြစ်တော်မူသော ဖုဿမြတ်စွာဘုရား သည် ပွင့်တော်မူခဲ့၏။

၂၆၈။ ထိုမြတ်စွာဘုရားသည် (ကား) အလုံးစုံသော အမိုက်မှောင်ကို ပယ်ဖျောက်၍ ကြီးစွာသောတဏှာအရှုပ်အထွေးကို ဖြေရှင်းပြီးလျှင် နတ်နှင့် တကွသော လူကို ရောင့်ရဲနှစ် သက်စေလျက်အမြိုက်နိဗ္ဗာန်မိုးကို ရွာချတော်မူ၏။

၂၆၉။ ထိုအခါ၌ပင်လျှင် (ငါတို့သည်) ဗာရာဏသီမြို့၌ မင်း၏ သားတော်ဖြစ်ခဲ့ကုန်၏၊ သုံးယောက်သောငါတို့ညီနောင်အားလုံးတို့သည် မင်းအား ကြောက်ရွံ့ခြင်း ကင်းစေကုန်၏။

၂၇၀။ ရဲရင့်သော အင်္ဂါရုပ်ရှိကုန်၏၊ ခွန်အား ကောင်းကုန်၏၊ စစ်မြေပြင်၌ ရန်သူတို့ သည်မအောင်နိုင်ကုန်၊ ထိုအခါ တိုင်းစွန်ပြည်ဖျားအရပ်သည် (သောင်းကျန်းမှုကြောင့်) ပျက် စီး၏၊ မင်းသည်ငါတို့ကို မိန့်ဆို၏-

၂၇၁။ လာကြကုန်လော့၊ တိုင်းစွန်ပြည်ဖျားအရပ်သို့ သွား၍ တောနေသူပုန်ကို သုတ်သင် ပြီးလျှင် ငါ၏နိုင်ငံတော်ကို ဘေးကင်းအောင်ပြု၍ ပြန်သိမ်းပေးကုန်လော့ဟု မိန့်ဆိုလေ၏။

--

၂၇၂။ ထိုအခါ ငါတို့သည် ဤသို့ လျှောက်ကုန်၏- မြတ်စွာဘုရားကို လုပ်ကျွေးခြင်းငှါအရှင်မင်းကြီးသည် အကျွန်ုပ်တို့အား အကယ်၍ ပေးငြားအံ့၊ ထိုသို့ ပေးခဲ့သော် အရှင် မင်းကြီးတို့၏ (အမှုကိစ္စကို) ပြီးစေပါကုန်အံ့ (ဟု လျှောက်၏)။

၂၇၃။ ထိုအခါ ဆုရပြီးသော ငါတို့သည် မင်းသည် စေလွှတ်အပ်ကုန်သည်ဖြစ်၍ တိုင်းစွန် ပြည်ဖျားအရပ်ကို လက်နက်ချစေပြီးလျှင် ထိုမင်းထံသို့ တစ်ဖန် ချဉ်းကပ်လျက်-

၂၇၄။ မြတ်စွာဘုရားအား လုပ်ကျွေးရန် မင်းကို တောင်းပန်လတ်သော် လောက၏ ရှေ့သွားဘုရားမြတ်ကို ရ၍ ထိုမြတ်စွာဘုရားကို အသက်ထက်ဆုံး ပူဇော်ခဲ့ကုန်၏။

၂၇၅။ အဖိုးများစွာ ထိုက်တန်သော အဝတ်တို့ကို လည်းကောင်း၊ မွန်မြတ်ကုန်သောအရသာတို့ကို လည်းကောင်း၊ မွေ့လျော်ဖွယ်ရှိသော ကျောင်းအိပ်ရာနေရာတို့ကို လည်းကောင်း၊ အစီးအပွါးကို ဆောင်သော ဆေးတို့ကို လည်းကောင်း-

၂၇၆။ သီလရှိကုန်သော သနားခြင်းရှိကုန်သော ဘာဝနာနှင့် ယှဉ်သော စိတ်ရှိကုန်သော ငါတို့သည်သံဃာနှင့် တကွသော မြတ်စွာဘုရားအား ငါတို့၏ တရားသဖြင့် ဖြစ်စေအပ် ကုန်သော ဝတ္ထုတို့ကို ပေးလှူ၍-

၂၇၇။ မြတ်စွာဘုရားကို သဒ္ဓါတရားရှိကုန်သည်ဖြစ်၍ မေတ္တာစိတ်ဖြင့် လုပ်ကျွေးပြီးလျှင် ထိုမြတ်စွာဘုရားသည် ပရိနိဗ္ဗာန်စံတော်မူလတ်သော် မြတ်စွာဘုရားကို စွမ်းအားရှိသလောက် ပူဇော်ခြင်းကို ပြုခဲ့ခြင်းကြောင့်-

၂၇၈။ ထိုဘဝမှ စုတေလတ်ကုန်သော် တုသိတာဘုံသို့ ရောက်ကြရကုန်၏၊ ထိုတုသိတာ ဘုံ၌ငါတို့အားလုံးသည် ကြီးစွာသော ချမ်းသာကို ခံစားကြရကုန်၏။ ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာဘုရားကိုပူဇော်ရခြင်း၏ အကျိုးပေတည်း။

၂၇၉။ မျက်လှည့်သမားသည် ပွဲသဘင်၌ (နိုင်ငံ၌) အထူးအဆန်း များစွာကို ပြသကဲ့သို့ ထို့အတူ ငါသည်သံသရာဘဝ၌ ကျင်လည်ရသော် ဝိဒေဟ (တိုင်းကိုအစိုးရသော အင်္ဂတိ) မင်း ဖြစ်ခဲ့၏။

၂၈၀။ ငါသည် ဂုဏတက္ကတွန်း၏ စကားကြောင့် မိစ္ဆာဒိဋ္ဌိသည် ဖျက်ဆီးအပ်သော စိတ် အလိုရှိသူ ဖြစ်၍ငရဲလမ်းကြောင်းသို့ တက်ရောက်လျက် ရှိလေ၏၊ ငါသည် ငါ၏ သမီးတော် ရုစာ၏-

၂၈၁။ အဆုံးအမကို မနာယူခြင်းကြောင့် ငါ့ကို နာရဒဗြဟ္မာသည် များစွာ ဆုံးမအပ်သည် ဖြစ်၍ယုတ်ညံ့သော ဒိဋ္ဌိအယူကို ပယ်စွန့်ပြီးလျှင် -

၂၈၂။ ငါသည် ကမ္မပထဆယ်ပါးတို့ကို အထူးသဖြင့် ပြည့်စေလျက် ခန္ဓာကိုယ်ကို ပယ်စွန့်ရသည်ရှိသော် ‘မိမိဘုံကဲ့သို့’ နတ်ပြည်သို့ ရောက်ခဲ့ရ၏။

၂၈၃။ ငါသည် နောက်ဆုံးဘဝသို့ ရောက်လတ်သော် စည်ပင်ဝပြောသော ဗာရာဏသီမြို့ တွင် မြတ်သောဗြာဟ္မဏမျိုး၌ မွေးဖွားသော ပုဏ္ဏား ဖြစ်ခဲ့၏။

၂၈၄။ ငါသည် သေခြင်း၊ နာခြင်း၊ အိုခြင်းမှ ကြောက်လန့်သည် ဖြစ်၍ ဥရုဝေဠတောကြီး သို့ဝင်ပြီးလျှင် နိဗ္ဗာန် (ရောက်ကြောင်းတရား) ကို ရှာမှီးလိုသဖြင့် ရသေ့တို့ဘောင်၌ ဝင်ရောက် ခဲ့၏။

၂၈၅။ ထိုအခါ ငါ၏ ညီနောင်နှစ်ယောက်တို့သည် ငါနှင့် အတူ ရသေ့ရဟန်းပြု၏၊ ငါသည်ဥရုဝေဠတော၌ သင်္ခမ်းကျောင်းကို ဖန်ဆင်း၍ နေခဲ့၏။

၂၈၆။ အနွယ်အားဖြင့် ကဿပ အမည်ရှိ၏၊ ဥရုဝေဠတော၌ နေခဲ့၏၊ ထို့ကြောင့် ငါ့အား"ဥရုဝေဠကဿပ”ဟူသော အမည်ပညတ်သည် ဖြစ်လေ၏။

--

၂၈၇။ ငါ၏ ညီအလတ်သည် မြစ်အနီး၌ နေခြင်းကြောင့် နဒီကဿပ အမည်ရှိ၏။ ဂယာ၌ နေသောငါ၏ ညီငယ်သည် မိမိနေရာ အမည်အားဖြင့် “ဂယာကဿပ” ဖြစ်လေ၏။

၂၈၈။ ညီငယ်အား နှစ်ရာသော တပည့်တို့ ရှိကုန်၏၊ ညီလတ်အား သုံးရာသော တပည့် တို့ရှိကုန်၏၊ ငါ့အား မယုတ်လျော့ကုန်သော တပည့်ငါးရာတို့သည် ရှိကုန်၏၊ တပည့်အားလုံး တို့သည် ငါ၏နောက်လိုက်များ ဖြစ်ကုန်၏။

၂၈၉။ ထိုအခါ လောကထက်မြတ်သော လူတို့ကို ဆုံးမတတ်သော မြတ်စွာဘုရားသည် ငါ့ထံသို့ ချဉ်းကပ်၍ ငါ့အား တန်ခိုးပြာဋိဟာ အမျိုးမျိုးတို့ကို ပြ၍ ဆုံးမတော်မူ၏။

၂၉၀။ ငါသည် တစ်ထောင်သော အခြံအရံနှင့် တကွ ဧဟိဘိက္ခုရဟန်းဖြစ်ခဲ့၏၊ ထိုတပည့် အားလုံးတို့နှင့်အတူတကွ အရဟတ္တဖိုလ်သို့ ရောက်ခဲ့၏။

၂၉၁။ များစွာသော ထိုတပည့်တို့သည်လည်းကောင်း၊ အခြားသော သူတို့သည်လည်းကောင်း ငါ့ကိုခြံရံကုန်၏။ ငါသည်လည်း ဆုံးမခြင်းငှါ စွမ်းနိုင်ပေ၏၊ ထို့ကြောင့် မြတ်စွာ ဘုရားသည် ငါ့ကို-

၂၉၂။ များသော ပရိသတ်ရှိခြင်းဟူသော ဧတဒဂ်အရာ၌ ထားတော်မူ၏၊ မြတ်စွာဘုရား၌ ပြုအပ်သောပူဇော်သက္ကာရသည် အံ့ဩဖွယ် ရှိပါပေစွ၊ ငါ့အား အကျိုးရှိသည် ဖြစ်၏။

၂၉၃။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။

၂၉၄။ ငါ၏ လာခြင်းကား။ပ။ အဆုံးအမတော်ကို လိုက်နာပြုကျင့်အပ်ပါပြီ။

၂၉၅။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ အဆုံးအမတော်ကို လိုက်နာကျင့် သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ဥရုဝေဠကဿပမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ရှစ်ခုမြောက် ဥရုဝေဠကဿပတ္ထေရအပဒါန် ပြီး၏။

၉-ရာဓတ္ထေရအပဒါန်

၂၉၆။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ အလုံးစုံသော လောကကို သိတော်မူ၍ စက္ခုငါးမျိုးရှိသည့်ရဟန်းမြတ်ဖြစ်တော်မူသော ပဒုမုတ္တရမည်သော မြတ်စွာဘုရားသည် ပွင့်တော်မူ၏။

၂၉၇။ မြတ်စွာဘုရားသည် အလုံးစုံသော သတ္တဝါတို့ကို ဆုံးမတော်မူတတ်၏၊ (သစ္စာ လေးပါးကို) အထူးသိစေတော်မူတတ်၏၊ (သံသရာမှ) ကယ်တင်တော်မူတတ်၏၊ တရားဟော ပြောမှု၌ကျွမ်းကျင်လိမ္မာတော်မူ၍ များစွာသော လူအပေါင်းကို ကယ်တင်တော်မူ၏။

၂၉၈။ အလုံးစုံသော သတ္တဝါတို့ကို အစဉ်စောင့်ရှောက်တော်မူတတ်၏၊ သနားခြင်းရှိတော် မူ၏၊ (သတ္တဝါအားလုံးတို့၏) အစီးအပွါးကို ရှာမှီးတော်မူ၏၊ ရောက်လာသော တိတ္ထိအားလုံး တို့ကို ငါးပါးသီလ၌ တည်စေတော်မူ၏။

--

၂၉၉။ ဤသို့ (မြတ်စွာဘုရား၏ သာသနာတော်သည်) ရောယှက်ရှုပ်ထွေးခြင်းကင်းလေ၏၊ တိတ္ထိတို့မှလည်း ဆိတ်သုဉ်းလေ၏၊ ဝသီဘော်သို့ ရောက်သော တာဒိဂုဏ်နှင့် ပြည့်စုံ သောရဟန္တာတို့ဖြင့်လည်း ဆန်းကြယ်ပေ၏။

၃၀၀။ ထိုမြတ်စွာဘုရားသည် အတောင်ငါးဆယ့်ရှစ်တောင် မြင့်တော်မူ၏၊ ရွှေတုရိုဏ် တိုင်နှင့်တူတော်မူ၏၊ ယောက်ျားမြတ်တို့၏ သုံးဆယ့်နှစ်ပါးသော လက္ခဏာတော်နှင့် ပြည့်စုံတော်မူ၏။

၃၀၁။ ထိုအခါ အသက်တမ်းသည် အနှစ်တစ်သိန်းတို့ပတ်လုံး တည်ရှိ၏၊ ထိုမြတ်စွာ ဘုရားသည် ထိုမျှလောက် အသက်တော် တည်ရှိလျက် များစွာသော လူအပေါင်းကို ကယ်တင်တော်မူ၏။

၃၀၂-၃၀၃။ ထိုအခါ ငါသည် ဟံသာဝတီမြို့၌ ဗေဒင်သုံးပုံတို့ကို တစ်ဖက်ကမ်းရောက် တတ်မြောက်သောပုဏ္ဏားဖြစ်၍ ပဋိဘာန်ဉာဏ်ရှိသော တရားဒေသနာ ဖြစ်ခြင်းငှါ ထိုက်သော ရဟန်းကို ဧတဒဂ်အရာ၌တင်ထားပညတ်တော်မူသော ကြီးမားသော လုံ့လရှိတော်မူသော ပရိသတ်တို့၌ ရဲရင့်တော်မူသော သတ္တဝါတို့ကို ဆုံးမတော်မူတတ်သော ထိုမြတ်စွာဘုရားသို့ ကပ်၍ တရားဒေသနာတော်ကို နာကြားခဲ့၏။

၃၀၄။ ထိုအခါ ငါသည် သံဃာနှင့် တကွသော မြတ်စွာဘုရားအား ပူဇော်သက္ကာရကို ပြုပြီးလျှင် ခြေတော်တို့ကို ဦးတိုက်၍ ထိုအရာအထူးကို ဆုတောင်းခဲ့၏။

၃၀၅။ ထိုအခါ သိင်္ဂနိက်ရွှေနှင့် တူမျှသော အရောင်ရှိတော်မူသော မြတ်စွာဘုရားသည် ကိလေသာအညစ်အကြေးကို ပယ်ရှားတတ်သော နှစ်သက်ဖွယ်ရှိသော အသံတော်ဖြင့် ငါ့ကို ဗျာဒိတ်စကားမိန့်ကြားတော်မူ၏-

၃၀၆။ သင်သည် သံဃာနှင့် တကွသော ငါဘုရားအား အလွန်လျှင် ကြီးကျယ်ပြန့် ပြောသောပူဇော်သက္ကာရကို ပြုခဲ့၏။ (ထို့ကြောင့်) ချမ်းသာရှိသူ၊ အသက်ရှည်သူ ဖြစ်စေ သတည်း။ သင်၏ဆုတောင်းခြင်းသည် ပြည့်စုံစေသတည်း။

၃၀၇။ ဤကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ ဩက္ကာကမင်းမျိုး၌ ဖြစ်သော အနွယ်အားဖြင့် ဂေါတမမည်သော မြတ်စွာဘုရားသည် လောက၌ ပွင့်တော်မူလတ္တံ့။

၃၀၈။ ထိုမြတ်စွာဘုရား၏ တရားတို့၌ တရားသည် ဖန်ဆင်းအပ်သော အမွေခံ သားတော်ဖြစ်၍"ရာဓ”ဟူသော အမည်ဖြင့် ထင်ရှားသော မြတ်စွာဘုရား၏ တပည့်သာဝက ဖြစ်လတ္တံ့။

၃၀၉။ လူတို့ထက် မြတ်သော သာကီဝင်မင်းသား မြတ်စွာဘုရားသည် မိမိဥစ္စာ ဖြစ် ကုန်သောအကြောင်းပါရမီဂုဏ်၌ နှစ်သက်တော်မူသည်ဖြစ်၍ ပဋိဘာန်ဉာဏ်ရှိသော ပုဂ္ဂိုလ်တို့ တွင် အမြတ်ဆုံးဟု တင်ထားပညတ်တော်မူလတ္တံ့ (ဟု မိန့်ကြားတော်မူ၏)။

၃၁၀။ ထိုအခါ သတိ၊ ပညာ၊ သမာဓိရှိသော ငါသည် ထိုစကားကို ကြားနာရသည် ရှိသော် ဝမ်းမြောက်သည်ဖြစ်၍ အသက်ရှင်သမျှ ကာလပတ်လုံး မြတ်စွာဘုရားကို မေတ္တာစိတ် ရှိသည်ဖြစ်၍လုပ်ကျွေးခဲ့၏။

၃၁၁။ ကောင်းစွာ ပြုအပ်သော ထိုကံကြောင့်လည်းကောင်း၊ စေတနာ, တောင့်တမှုတို့ကြောင့်လည်းကောင်း လူ့ခန္ဓာကိုယ်ကို ပယ်စွန့်ရသည်ရှိသော် ငါသည် တာဝတိံသာဘုံသို့ ရောက်ခဲ့၏။

၃၁၂။ ငါသည် အကြိမ်သုံးရာတိုင်တိုင် နတ်မင်းအဖြစ်ကိုလည်း ပြုခဲ့၏၊ အကြိမ်ငါးရာ တိုင်တိုင်စကြဝတေးမင်းလည်း ဖြစ်ခဲ့၏။

၃၁၃။ ပြန့်ပြောသော ပဒေသရာဇ်မင်းအဖြစ်သည်ကား ဂဏန်းအားဖြင့် မရေတွက်နိုင်၊ ထိုကံ၏အစွမ်းကြောင့် အလုံးစုံသော ဘဝတို့၌ ချမ်းသာသောသူ ဖြစ်ခဲ့၏။

--

၃၁၄။ နောက်ဆုံးဘဝသို့ ရောက်လတ်သော် ရာဇဂြိုဟ်မြို့တော်မြတ်တွင် အဝတ်အစား ချို့တဲ့သောပုဏ္ဏားမျိုး၌ ဖြစ်ရ၏။

၃၁၅။ တာဒိဂုဏ်နှင့် ပြည့်စုံတော်မူသော အသျှင်သာရိပုတ္တရာအား တစ်ဇွန်းမျှသော ဆွမ်းကို ပေးလှူခဲ့၏၊ အကြင်အခါ၌ အိုမင်းသူလည်း ဖြစ်၏၊ အရွယ်ကြီးသူလည်း ဖြစ်၏၊ ထိုအခါတွင်မှ ငါသည်ကျောင်းအရံသို့ ချဉ်းကပ်ခဲ့၏။

၃၁၆။ ထိုအခါ တစ်စုံတစ်ယောက်သော ရဟန်းမျှ အိုမင်း၍ နည်းသော အားအစွမ်းရှိ သော ငါ့ကိုရဟန်းပြုမပေးချေ၊ ထို့ကြောင့် ငါသည် ဆင်းရဲလျက် ရုပ်အဆင်းအင်္ဂါမလှဘဲ စိုးရိမ်ခြင်းရှိသူ ဖြစ်ခဲ့၏။

၃၁၇။ ကြီးမြတ်သော သနားခြင်းရှိတော်မူသော မြတ်စွာဘုရားသည် ငါ့ကို မြင်၍ ချစ်သားအဘယ့်ကြောင့် စိုးရိမ်ခြင်းသည် နှိပ်စက်အပ်ဘိသနည်း၊ စိတ်ကြောင့်ဖြစ်သော သင်၏ ရောဂါကိုပြောဆိုလော့ဟု မိန့်တော်မူ၏။

၃၁၈။ မြတ်စွာဘုရား ကောင်းစွာ ဟောကြားတော်မူအပ်သော အရှင်ဘုရား၏ သာသနာ တော်၌ရဟန်းအဖြစ်ကို မရပါ၊ ထိုစိုးရိမ်ခြင်းကြောင့် ဆင်းရဲသူ ဖြစ်ရပါ၏၊ မြတ်စွာဘုရား အရှင်ဘုရားသည် (တပည့်တော်၏) ကိုးကွယ်ရာ ဖြစ်တော်မူပါ။

၃၁၉။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို စည်းဝေးစေ၍ ဤပုဏ္ဏား၏ ပြုဖူး သော ကျေးဇူးကိုအမှတ်ရသူတို့သည် ပြောကြားကုန်လော့ဟု မေးတော်မူ၏။

၃၂၀။ ထိုအခါ အသျှင်သာရိပုတ္တရာသည် ထိုပုဏ္ဏား၏ ပြုဖူးသော ကျေးဇူးကို တပည့် တော်အောက်မေ့မိပါ၏၊ ဆွမ်းအကျိုးငှါ လှည့်လည်သော တပည့်တော်အား တစ်ဇွန်းမျှသော ဆွမ်းကိုလှူခဲ့ဖူးပါ၏ဟု လျှောက်ဆို၏။

၃၂၁။ သာရိပုတ္တရာ သာဓု, သာဓု၊ (ကောင်းစွ, ကောင်းစွ)။ သင်သည် ပြုခဲ့သော ကျေးဇူးကို သိသူဖြစ်၏၊ သင်သည် ဤပုဏ္ဏားအိုကြီးကို ရဟန်းပြုပေးလိုက်လော့၊ ဤ ပုဏ္ဏားသည် အာဇာနည်ပုဂ္ဂိုလ်ဖြစ်လတ္တံ့။

၃၂၂။ ထိုအခါ (ဉ တ္တိစတုတ္ထ) ကမ္မဝါစာဖြင့် ပဉ္စင်းခံသော ရဟန်းအဖြစ်ကို ရခဲ့၏၊ ကာလမကြာမြင့်မီပင်အာသဝေါကုန်ခြင်းသို့ ရောက်၏။

၃၂၃။ ငါသည် မြတ်စွာဘုရား၏ တရားစကားကို ဝမ်းမြောက်လျက် ရိုသေစွာ နာယူခဲ့၏၊ ထို့ကြောင့်မြတ်စွာဘုရားသည် ငါ့ကို ပဋိဘာန်ဉာဏ်ရှိသူတို့တွင် (တရားဒေသနာ ဖြစ်ခြင်းငှါ ထိုက်သူတို့တွင်) အမြတ်ဆုံးဟု (ဧတဒဂ်) ထားတော်မူ၏။

၃၂၄။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။

၃၂၅။ ငါ၏ လာခြင်းကား။ပ။ အဆုံးအမတော်ကို လိုက်နာပြုကျင့်အပ်ပါပြီ။

၃၂၆။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ အဆုံးအမတော်ကို လိုက်နာကျင့် သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ရာဓမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ကိုးခုမြောက် ရာဓတ္ထေရအပဒါန် ပြီး၏။

--

၁၀-မောဃရာဇတ္ထေရအပဒါန်

၃၂၇။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ အလုံးစုံသော လောကကို သိတော်မူ၍ စက္ခုငါးမျိုးရှိသည့်ရဟန်းမြတ်ဖြစ်တော်မူသော ပဒုမုတ္တရမည်သော မြတ်စွာဘုရားသည် ပွင့်တော်မူ၏။

၃၂၈။ မြတ်စွာဘုရားသည် အလုံးစုံသော သတ္တဝါတို့ကို ဆုံးမတော်မူတတ်၏၊ (သစ္စာ လေးပါးကို) အထူးသိစေတော်မူတတ်၏၊ (သံသရာမှ) ကယ်တင်တော်မူတတ်၏၊ တရားဟော ပြောမှု၌ကျွမ်းကျင်လိမ္မာတော်မူ၏၊ များစွာသော လူအပေါင်းကို ကယ်တင်တော်မူ၏။

၃၂၉။ အလုံးစုံသော သတ္တဝါတို့ကို အစဉ်စောင့်ရှောက်တော်မူတတ်၏၊ သနားခြင်းရှိတော်မူ၏၊ (သတ္တဝါအားလုံးတို့၏) အစီးအပွါးကို ရှာမှီးတော်မူ၏၊ ရောက်လာသော တိတ္ထိ အားလုံးတို့ကို ငါးပါးသီလ၌ တည်စေတော်မူ၏။

၃၃၀။ ဤသို့ (မြတ်စွာဘုရားသာသနာတော်သည်) ရောယှက်ရှုပ်ထွေးခြင်း ကင်းလေ၏၊ တိတ္ထိတို့မှလည်းဆိတ်သုဉ်းလေ၏၊ ဝသီဘော်သို့ ရောက်သော တာဒိဂုဏ်နှင့် ပြည့်စုံသော ရဟန္တာတို့ဖြင့်လည်းဆန်းကြယ်ပေ၏။

၃၃၁။ ထိုမြတ်စွာဘုရားသည် အတောင် ငါးဆယ့်ရှစ်တောင် မြင့်တော်မူ၏၊ ရွှေတုရိုဏ် တိုင်နှင့်တူတော်မူ၏၊ ယောက်ျားမြတ်တို့၏ သုံးဆယ့်နှစ်ပါးသော လက္ခဏာတော်နှင့် ပြည့်စုံတော်မူ၏။

၃၃၂။ ထိုအခါ အသက်တမ်းသည် အနှစ်တစ်သိန်းတို့ပတ်လုံး တည်လျက် ရှိ၏၊ ထို မြတ်စွာဘုရားသည် ထိုမျှလောက် အသက်တော် တည်ရှိလျက် များစွာသော လူအပေါင်းကို ကယ်တင်တော်မူ၏။

၃၃၃။ ထိုအခါ ငါသည် ဟံသာဝတီမြို့တွင် အမှတ်မရှိသော အမျိုး၌ သူတစ်ပါး အလုပ် ကိုလုပ်ကိုင်ရသော သူ ဖြစ်ခဲ့ရ၏၊ ငါ့အား တစ်စုံတစ်ရာ မိမိဥစ္စာသည် မရှိချေ။

၃၃၄။ တည်းခိုရာ ဇရပ်၌ နေသော ငါသည် အပြေအပြစ် ပြုအပ်သော မြေပေါ်၌ မီးဖိုခဲ့၏၊ ထိုမီးဖိုရာ၌ထိုမြေကြီးသည် စွဲမြဲစွာ မည်းနက်ခြင်း ဖြစ်၏။

၃၃၅။ ထိုအခါ သစ္စာလေးပါးကို ပြတော်မူတတ်သော မြတ်စွာဘုရားသည် ခေါင်းပါးသော သင်္ကန်းကိုဆောင်သော တပည့်သာဝကကို ပရိသတ်၌ ချီးကျူးတော်မူ၏။

၃၃၆။ ငါသည် ထိုရဟန်း၏ ထိုဂုဏ်ကျေးဇူး၌ နှစ်သက်သည်ဖြစ်၍ မြတ်စွာဘုရားကို ဦးညွတ်၍ခေါင်းပါးသော သင်္ကန်းကို ဆောင်သော ရဟန်းတို့တွင် အမြတ်ဆုံးဖြစ်သော အရာ အထူးကိုဆုတောင်းခဲ့၏။

၃၃၇-၃၃၈။ ထိုအခါ ပဒုမုတ္တရမြတ်စွာဘုရားသည် တပည့်သာဝကတို့ကို မိန့်တော်မူ၏- စက်ဆုပ်ဖွယ်အဝတ်ပုဆိုးရှိသော, ပိန်လှီသော ကိုယ်ရှိသော, ပီတိဖြင့် ကြည်လင်သော မျက်နှာရှိသော, သဒ္ဓါဥစ္စာဖြင့်အစဉ်လိုက်၍ တက်ကြွသော အမွေးရှိသော, ရွှင်လန်းဝမ်း မြောက်၍ တုန်လှုပ်ခြင်း မရှိသော, အင်ကြင်းပင်အစုနှင့် တူသော ဤယောက်ျားကို ရှုကုန် လော့ (ဟု မိန့်တော်မူ၏)။

၃၃၉။ ဤယောက်ျားသည် ခေါင်းပါးသော သင်္ကန်းကို ဆောင်လေ့ရှိသော ထိုသစ္စသေန ရဟန်း၏ဂုဏ်ကျေးဇူး၌ မှီသော အလိုဆန္ဒရှိသူ ဖြစ်၍ ထိုအရာအထူးကို ဆုတောင်း၏။

--

၃၄၀။ ထိုစကားကို ကြားရသည်ရှိသော် ငါသည် ဝမ်းမြောက်ခြင်းရှိသည်ဖြစ်၍ မြတ်စွာ ဘုရားကိုဦးတိုက်လျက် အသက်ထက်ဆုံး မြတ်စွာဘုရားသာသနာ၌ ကောင်းမှုကံကို ပြုခဲ့ပြီး လျှင်-

၃၄၁။ ကောင်းစွာ ပြုအပ်သော ထိုကံကြောင့်လည်းကောင်း၊ စေတနာ, တောင့်တမှုတို့ကြောင့်လည်းကောင်း လူ့ခန္ဓာကိုယ်ကို ပယ်စွန့်ရသည်ရှိသော် ငါသည် တာဝတိံသာဘုံသို့ ရောက်ခဲ့၏။

၃၄၂။ တည်းခိုရာ ဇရပ်ဝယ် မြေ၌ မီးတိုက်ခြင်း ကံကြောင့် အနှစ်တစ်ထောင်တိတိ ငရဲ၌ဆင်းရဲဝေဒနာဖြင့် နှိပ်စက်အပ်လျက် ပူလောင်ခဲ့၏။

၃၄၃။ ငါသည် ထိုကံကြွင်းကြောင့် ဘဝငါးရာတို့ပတ်လုံး လူဖြစ်၍ ပဋိသန္ဓေကပင် အမည်းမှတ်စွဲထင်ခဲ့ရသူ ဖြစ်ခဲ့၏။

၃၄၄။ ငါသည် ထိုကံ၏ အစွမ်းကြောင့် ဘဝငါးရာတို့ပတ်လုံးပင် နူနာဖြင့် နှိပ်စက်အပ် သည်ဖြစ်၍ကြီးစွာသော ဆင်းရဲကို ခံစားခဲ့ရ၏။

၃၄၅။ ငါသည် ဤဘဒ္ဒကမ္ဘာ၌ အခြံအရံအကျော်အစောရှိသော ဥပရိဋ္ဌပစ္စေကဗုဒ္ဓါကို ကြည် ညိုသောစိတ်ရှိသည်ဖြစ်၍ ဆွမ်းဖြင့် ရောင့်ရဲနှစ်သိမ့်စေခဲ့၏။

၃၄၆။ ထိုကံအထူးကြောင့်လည်းကောင်း၊ စေတနာ, တောင့်တမှုတို့ကြောင့်လည်းကောင်း လူ့ခန္ဓာကိုယ်ကိုစွန့်ပယ်ရသည်ရှိသော် ငါသည် တာဝတိံသာဘုံသို့ ရောက်ခဲ့၏။

၃၄၇။ ငါသည် နောက်ဆုံးဘဝသို့ ရောက်လတ်သော် မင်းမျိုး၌ ဖြစ်ခဲ့၏၊ အဖကွယ်လွန် သဖြင့် ငါသည်မြတ်သော မင်းအဖြစ်သို့ ရောက်ရ၏။

၃၄၈။ ငါသည် နူနာရောဂါဖြင့် နှိပ်စက်အပ်သည်ဖြစ်၍ ပျော်မွေ့ခြင်းကို မရပေ၊ ချမ်းသာ ခြင်းကို လည်းမရရှိခဲ့ပေ၊ (အကြင့်ကြောင့်) မင်းစည်းစိမ်ချမ်းသာသည် ငါ့အား အချည်းနှီးဖြစ်၏၊ ထို့ကြောင့် ငါသည် (မောဃရာဇ) အချည်းနှီးသော မင်းဖြစ်လေ၏။

၃၄၉။ ငါသည် ခန္ဓာကိုယ်၏ အပြစ်ကို မြင်၍ ရဟန်းဘောင်သို့ ဝင်ရောက်ခဲ့၏၊ ဗာဝရီ ပုဏ္ဏားမြတ်၏တပည့်အဖြစ်သို့ ကပ်ရောက်ခဲ့၏။

၃၅၀။ များစွာသော အခြံအရံဖြင့် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ အယူဝါဒကို ပြတတ် သောထိုမြတ်စွာဘုရားအား သိမ်မွေ့သော ပြဿနာကို မေးလျှောက်ခဲ့၏။

၃၅၁။ (မြတ်စွာဘုရား) ဤလောကသည်လည်းကောင်း၊ တမလွန်လောကသည်လည်းကောင်း၊ နတ်နှင့်တကွသော ဗြဟ္မာလောကသည်လည်းကောင်း ရှိပါ၏။ (သို့သော်) များ သော အခြံအရံအကျော်အစောရှိသော ဂေါတမမြတ်စွာဘုရား၏ အယူဝါဒကို အကျွန်ုပ် မသိပါ။

၃၅၂။ အကျွန်ုပ်သည် ဤသို့ လောကမှ လွန်မြောက်ရာ နိဗ္ဗာန်ကို မြင်တော်မူလေ့ရှိသောမြတ်စွာဘုရားကို ပြဿနာမေးလိုသဖြင့် လာရောက်ပါ၏၊ လောကကို အဘယ်သို့ ရှုကြည့် သူကိုသေမင်းသည် မမြင်နိုင်ပါသနည်း (ဟု မေးလျှောက်၏)။

၃၅၃။ မောဃရာဇ အခါခပ်သိမ်း သတိရှိလျက် အတ္တသို့ အစဉ်လိုက်သော (သက္ကာယ) ဒိဋ္ဌိကို ပယ်၍ (အတ္တ, သုခ, နိစ္စမှ) ဆိတ်သုဉ်းသောအားဖြင့် လောကကို ရှုကြည့်လော့။ ဤသို့ ရှုကြည့်လတ်သော် သေမင်းကို လွန်မြောက်သည် ဖြစ်ရာ၏။

၃၅၄။ ဤသို့ လောကကို ရှုကြည့်ရသော သူကို သေမင်း မမြင်နိုင်ချေ၊ ဤသို့ အလုံး စုံသော ရောဂါကိုကုစားတတ်သော မြတ်စွာဘုရားသည် ငါ့ကို မိန့်တော်မူ၏။

၃၅၅။ ဂါထာဆုံးသည်နှင့် တစ်ပြိုင်နက် ဆံမုတ်ဆိတ်ကင်းလျက် ဖန်ရည်စွန်းအဝတ်ကို ဝတ်သောထိုထိုအခြင်းအရာအားဖြင့် အပူဇော်ခံထိုက်သော (ဧဟိဘိက္ခုရဟန္တာ) ရဟန်း ဖြစ်ခဲ့၏။

--

၃၅၆။ လေရောဂါတို့သည် အလွန် နှိပ်စက်အပ်သည်ဖြစ်၍ ကျောင်းသည် မပျက်စီးပါစေ လင့်ဟုနှလုံးသွင်းလျက် ရောဂါနှိပ်စက်သော ငါသည် သံဃိကကျောင်းတို့၌ မနေခဲ့ပေ။

၃၅၇။ ငါသည် အမှိုက်ပုံမှလည်းကောင်း၊ သုသာန်မှလည်းကောင်း၊ လမ်းခရီးတို့မှလည်းကောင်းဆောင်ယူပြီးနောက် ဒုကုဋ်ကို ပြု၍ ခေါင်းပါးသော သင်္ကန်းကို ဆောင်ခဲ့၏။

၃၅၈။ ဆေးသမားကြီးသဖွယ် ဖြစ်တော်မူသော မြတ်စွာဘုရားသည် ငါ၏ ထိုဂုဏ်၌ နှစ်သက်သည်ဖြစ်၍ ခေါင်းပါးသော သင်္ကန်းကို ဆောင်သော ရဟန်းတို့တွင် ဧတဒဂ်အရာ၌ ငါ့ကို ထားတော်မူ၏။

၃၅၉။ ငါသည် ကုသိုလ် အကုသိုလ် ကုန်ခန်းလျက် အလုံးစုံသော ရောဂါ ကင်းပျောက် ပြီးလျှင် ‘လောင်စာမရှိသော မီးကဲ့သို့’ အာသဝမရှိဘဲ ငြိမ်းတော့အံ့ (ပရိနိဗ္ဗာန်ပြုအံ့)။

၃၆၀။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။

၃၆၁။ ငါ၏ လာခြင်းကား။ပ။ အဆုံးအမတော်ကို လိုက်နာပြုကျင့်အပ်ပါပြီ။

၃၆၂။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ အဆုံးအမတော်ကို လိုက်နာကျင့် သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်မောဃရာဇမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ဆယ်ခုမြောက် မောဃရာဇတ္ထေရအပဒါန် ပြီး၏။

ငါးဆယ့်လေးခုမြောက် ကစ္စာယနဝဂ် ပြီး၏။

--

၅၅-ဘဒ္ဒိယဝဂ်

၁-လကုဏ္ဍဘဒ္ဒိယတ္ထေရအပဒါန်

။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ အလုံးစုံသော တရားတို့၌ သိမြင်သော ပညာမျက်စိရှိတော်မူသော သတ္တဝါတို့ကို နိဗ္ဗာန်သို့ ပို့ဆောင်တော်မူတတ်သော ပဒုမုတ္တရမည်သော မြတ်စွာဘုရားသည် ပွင့်တော်မူ၏။

။ ထိုအခါ ငါသည် ဟံသာဝတီမြို့၌ များသော ဥစ္စာရှိသော သူဌေးသားဖြစ်၍ အညောင်းပြေလမ်းလျှောက်သွားလတ်သော် သံဃာ့အရံသို့ ရောက်ခဲ့၏။

။ ထိုအခါ လောက၏ မီးရှူးတန်ဆောင်ဖြစ်သော ထိုမြတ်စွာဘုရားသည် တရားကို ဟောတော်မူ၏၊ သာယာသော အသံရှိသော ပုဂ္ဂိုလ်တို့တွင် အမြတ်ဆုံး တပည့်သာဝကကို ချီးကျူးတော်မူ၏။

။ ထိုစကားကို ကြားနာရသည်ရှိသော် ဝမ်းမြောက်သည်ဖြစ်၍ မြတ်စွာဘုရားအား ပူဇော်သက္ကာရကိုပြုပြီးလျှင် မြတ်စွာဘုရား၏ ခြေတော်တို့ကို ရှိခိုးလျက် ထိုအရာအထူးကို ဆုတောင်းခဲ့၏။

။ ထိုအခါ (သတ္တဝါတို့ကို နိဗ္ဗာန်သို့) ပို့ဆောင်တတ်သော မြတ်စွာဘုရားသည် သံဃာ့ အလယ်၌ဗျာဒိတ်စကား မိန့်ကြားတော်မူ၏၊ ဤသူသည် အနာဂတ်ကာလ၌ ထိုစိတ်အလို ရှိသော ဆုကို ရရှိလတ္တံ့။

။ ဤကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ ဩက္ကာကမင်းမျိုး၌ ဖြစ်သော အနွယ်အားဖြင့်ဂေါတမအမည်ရှိသော မြတ်စွာဘုရားသည် လောက၌ ပွင့်တော်မူလတ္တံ့။

။ ထိုမြတ်စွာဘုရား၏ တရားတို့၌ တရားသည် ဖန်ဆင်းအပ်သော အမွေခံသားတော် ဖြစ်၍အမည်အားဖြင့် “ဘဒ္ဒိယ”ဟု ထင်ရှားသော မြတ်စွာဘုရား၏ တပည့်သာဝက ဖြစ်လတ္တံ့ (ဟုမိန့်ကြားတော်မူ၏)။

။ ကောင်းစွာ ပြုအပ်သော ထိုကံကြောင့်လည်းကောင်း၊ စေတနာ, တောင့်တမှုတို့ကြောင့်လည်းကောင်း လူ့ခန္ဓာကိုယ်ကို စွန့်ပယ်ရသည်ရှိသော် ငါသည် တာဝတိံသာဘုံသို့ ရောက် ခဲ့၏။

။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်နှစ်ကမ္ဘာထက်၌ ချဉ်းကပ်နိုင်ခဲသော နှိပ်စက်နိုင်ခဲသော အလုံးစုံသောလောကထက် မြတ်သော မာရ်ငါးပါးကို အောင်တော်မူသော ဖုဿမြတ်စွာဘုရား သည် ပွင့်တော်မူ၏။

၁၀။ ထိုမြတ်စွာဘုရားသည် အကျင့် ‘စရဏ’ နှင့်လည်း ပြည့်စုံတော်မူ၏၊ ကြီးမားသော ပညာ, ဖြောင့်မတ်သော သမာဓိ, ပြင်းထန်သော လုံ့လလည်း ရှိတော်မူ၏၊ အလုံးစုံသော သတ္တဝါတို့၏အစီးအပွါးကိုလည်း ရှာမှီးတော်မူ၏၊ များစွာသော သတ္တဝါအပေါင်းကို အနှောင် အဖွဲ့မှလည်းလွတ်စေတော်မူ၏။

၁၁။ ငါသည် ထိုမြတ်စွာဘုရား၏ နန္ဒာရုံတော၌ ဖုဿမည်သော ဥဩ ဖြစ်ခဲ့၏၊ ဂန္ဓကုဋိ အနီးသရက်ပင်၌ နေ၏။

၁၂။ ထိုအခါ ငါသည် ဆွမ်းခံကြွတော်မူသော မြတ်သော အလှူကို ခံတော်မူထိုက်သော ဘုရားမြတ်ကိုဖူးမြင်ရ၍ စိတ်ကို ကြည်လင်စေပြီးလျှင် သာယာသော အသံဖြင့် တွန်မြည် ခဲ့၏။

၁၃။ ထိုအခါ ငါသည် မင်းဥယျာဉ်သို့ သွား၍ ကောင်းစွာမှည့်သော ရွှေနှင့်တူသော အခွံရှိသောသရက်သီးခိုင်ကို ဆွတ်ခူးယူပြီးလျှင် မြတ်စွာဘုရားအား ကပ်လှူခဲ့၏။

--

၁၄။ ထိုအခါ ငါ၏ စိတ်ကို သိ၍ မြတ်သော ကရုဏာရှိသော မာရ်ငါးပါးကို အောင်တော် မူသော မြတ်စွာဘုရားသည် အလုပ်အကျွေးရဟန်း၏ လက်မှ သပိတ်ကို ယူတော်မူ၏။

၁၅။ ငါသည် ရွှင်လန်းသော စိတ်ရှိသည်ဖြစ်၍ သရက်သီးခိုင်ကို မြတ်စွာဘုရားအား သပိတ်၌ထည့်ပြီးလျှင် လှူဒါန်းခဲ့၏၊ အတောင်တို့ဖြင့် လက်အုပ်ချီလျက်-

၁၆။ ငါသည် မြတ်စွာဘုရားကို ပူဇော်ခြင်းအကျိုးငှါ စွဲမက်ဖွယ် နာပျော်ဖွယ်ရှိသော ချိုသာသော အသံဖြင့်တွန်မြည်လျက် အသိုက်သို့ သွား၍ ဝပ်နေ၏။

၁၇။ ထိုအခါ ဝမ်းမြောက်သော စိတ်ရှိသော ဘုရား၌ ကြည်ညိုသော အလို'ဆန္ဒ'ရှိသော ငါ့ကိုဖျက်ဆီးလိုသော စိတ်ရှိသော သိမ်းစွန်သည် အနီးသို့ လာ၍ သတ်ခဲ့၏။

၁၈။ ငါသည် ထိုဘဝမှ စုတေလတ်သော် ထိုကံ၏ အစွမ်းကြောင့် တုသိတာဘုံ၌ ကြီးစွာ သောချမ်းသာကို ခံစားပြီးလျှင် လူ့ဘဝသို့ ရောက်ခဲ့၏။

၁၉။ ဤဘဒ္ဒကမ္ဘာ၌ များသော အခြံအရံအကျော်အစောရှိသော တရားဟောပုဂ္ဂိုလ်တို့တွင် အမြတ်ဆုံးဖြစ်တော်မူသော အနွယ်အားဖြင့် ဗြာဟ္မဏအမျိုး၌ ဖြစ်သော ကဿပမည်သော မြတ်စွာဘုရားသည် ပွင့်တော်မူ၏။

၂၀။ ထိုမြတ်စွာဘုရားသည် သာသနာကို ထွန်းတောက်ပစေလျက် ယုတ်မာသော တိတ္ထိ တို့ကို လွှမ်းမိုးပြီးလျှင် ဝေနေယျသတ္တဝါတို့ကို ဆုံးမ၍ (ထိုမြတ်စွာဘုရားသည် ) တပည့် သာဝကနှင့်တကွပရိနိဗ္ဗာန် စံတော်မူ၏။

၂၁။ ထိုမြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူလတ်သော် များစွာသော ကြည်ညိုသူ လူ အပေါင်းတို့သည်မြတ်စွာဘုရားအား ပူဇော်ခြင်းအကျိုးငှါ မြတ်စွာဘုရား၏ ပုထိုး (စေတီ တော်) ကိုတည်ထားပြုလုပ်ကုန်၏။

၂၂။ ဤသို့လျှင် ထိုသူတို့သည် မြတ်စွာဘုရား၏ ပုထိုး (စေတီ) တော်ကို ရတနာ ခုနစ်ပါးဖြင့်တန်ဆာဆင်လျက် ခုနစ်ယူဇနာရှိအောင် ပြုကုန်အံ့ဟု တိုင်ပင်ကြကုန်၏။

၂၃။ ထိုအခါ ငါသည် ကိကီမည်သော ကာသိမင်း၏ စစ်ဗိုလ်ချုပ်ဖြစ်၍ အတိုင်းအရှည် မရှိသောမြတ်စွာဘုရား၏ စေတီတော်၌ အတိုင်းအရှည်ကို ပြောဆိုခဲ့၏။

၂၄။ ထိုအခါ ထိုသူတို့သည် ငါ၏ စကားကြောင့် မြတ်စွာဘုရား၏ စေတီတော်ကို အထူး ထူးသောရတနာတို့ဖြင့် တန်ဆာဆင်လျက် အမြင့်တစ်ယူဇနာရှိသည်ကို ပြုကုန်၏။

၂၅။ ကောင်းစွာ ပြုအပ်သော ထိုကံကြောင့်လည်းကောင်း၊ စေတနာ, တောင့်တမှုတို့ကြောင့်လည်းကောင်း လူ့ခန္ဓာကိုယ်ကို ပယ်စွန့်ရသည်ရှိသော် ငါသည် တာဝတိံသာဘုံသို့ ရောက်ခဲ့၏။

၂၆။ ငါသည် ဤယခုနောက်ဆုံးဘဝတွင် ပြည့်စုံစည်ကားလျက် များသော ဥစ္စာရှိသောသာဝတ္ထိမြို့တော်ဝယ် သူဌေးမျိုး၌ ဖြစ်ခဲ့၏။

၂၇။ ငါသည် မြို့သို့ ဝင်တော်မူသော မြတ်စွာဘုရားကို ဖူးမြင်ရ၍ ဝမ်းမြောက်သော စိတ်ရှိလျက်ရဟန်းပြုပြီးလျှင် မကြာမြင့်မီ အရဟတ္တဖိုလ်သို့ ရောက်ခဲ့၏။

၂၈။ စေတီတော်၏ အကြင်အတိုင်းအရှည်ကို ပြုခဲ့၏၊ ထိုကံကြောင့် ပုကွသော ကိုယ် ရှိသည်ဖြစ်၍သူတစ်ပါးတို့ ပြက်ရယ်ပြုထိုက်သူ ဖြစ်ရ၏။

၂၉။ ငါသည် မြတ်စွာဘုရားကို ချိုသာသော အသံဖြင့် ပူဇော်ခဲ့ခြင်းကြောင့် ချိုသာသော အသံရှိသောရဟန်းတို့တွင် အမြတ်ဆုံး ပုဂ္ဂိုလ်အဖြစ်သို့ ရောက်ခဲ့၏။

--

၃၀။ မြတ်စွာဘုရားအား သစ်သီးလှူခြင်းကြောင့်လည်းကောင်း၊ ဂုဏ်တော်ကို အကြိမ်ကြိမ်အောက်မေ့ခြင်းကြောင့်လည်းကောင်း သာမညဖိုလ် (အရဟတ္တဖိုလ်) နှင့် ပြည့်စုံလျက် အာသဝေါမရှိဘဲနေရပေ၏။

၃၁။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ၊ ဘဝအားလုံးတို့ကို ပယ်နုတ်အပ်ကုန်ပြီ၊ ‘ဆင်ပြောင်ကြီးသည် အနှောင်အဖွဲ့ကို ဖြတ်၍ နေသကဲ့သို့’ ငါသည် အာသဝမရှိဘဲနေရ၏။

၃၂။ ငါ၏ လာခြင်းကား ကောင်းသောလာခြင်း စင်စစ် ဖြစ်ပေ၏၊ ငါသည် မြတ်စွာ ဘုရား၏ အထံတော်၌ ဝိဇ္ဇာသုံးပါးတို့ကို ရအပ်ကုန်ပြီ၊ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာပြုကျင့်အပ်ပါပြီ။

၃၃။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကို လည်းကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကို လည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်လကုဏ္ဍဘဒ္ဒိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ရှေးဦးစွာသော လကုဏ္ဍဘဒ္ဒိယတ္ထေရအပဒါန် ပြီး၏။

၂-ကင်္ခါရေဝတတ္ထေရအပဒါန်

၃၄။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ အလုံးစုံသော တရားတို့၌ သိမြင်သော ပညာမျက်စိရှိတော်မူသော သတ္တဝါတို့ကို နိဗ္ဗာန်သို့ ပို့ဆောင်တော်မူတတ်သော ပဒုမုတ္တရမည်သော မြတ်စွာဘုရားသည် ပွင့်တော်မူ၏။

၃၅။ ထိုမြတ်စွာဘုရားသည် ခြင်္သေ့မင်း၏ မေးနှင့်တူသော မေးရှိတော်မူ၏၊ ဗြဟ္မာမင်း၏ အသံနှင့်တူသော အသံရှိတော်မူ၏၊ ဟင်္သာမင်း၏ အသံနှင့် တူသော အသံရှိတော်မူ၏၊ ‘ဆဒ္ဒန်ဆင်မင်း၏သွားခြင်းကဲ့သို့’ သွားခြင်းရှိတော်မူ၏၊ လ, နေတို့ထက် သာလွန်သော အရောင်ရှိတော်မူ၏။

၃၆။ ကြီးမားသော ပညာရှိတော်မူ၏၊ ကြီးမားသော လုံ့လရှိတော်မူ၏၊ မြတ်သော ဈာန်ဝင်စားခြင်းရှိတော်မူ၏၊ ကြီးမားသော ခွန်အားရှိတော်မူ၏၊ ကြီးမားသော ကရုဏာရှိတော် မူ၏၊ (သတ္တဝါတို့၏) ကိုးကွယ်ရာဖြစ်တော်မူ၏၊ ကြီးမားသော အမိုက်မှောင်ကို ပယ်ဖျောက်တော်မူ၏။

၃၇။ လောကထက် မြတ်တော်မူသော သစ္စာလေးပါးကို ကိုယ်တိုင် သိတော်မူသော သတ္တဝါတို့၏အလိုဆန္ဒကို သိတော်မူသော မြတ်စွာဘုရားသည် များစွာသော ဝေနေယျ သတ္တဝါအပေါင်းကို ဆုံးမလျက်တရားကို တစ်ရံတစ်ခါသာလျှင် ဟောတော်မူ၏။

၃၈။ ဈာန်ဝင်စားလေ့ရှိသော ဈာန်၌ ပျော်မွေ့၍ လုံ့လ'ဝီရိယ'ရှိသော ကိလေသာမီး ငြိမ်း ပြီးသောနောက်ကျုခြင်းမရှိသော ရဟန်းကို မြတ်စွာဘုရားသည် ပရိသတ်၌ ချီးကျူးလျက် လူအပေါင်းကိုနှစ်သက်စေတော်မူ၏။

--

၃၉။ ထိုအခါ ငါသည် ဟံသာဝတီမြို့၌ ဝေဒကျမ်းတို့၌ တစ်ဖက်ကမ်းရောက် တတ် မြောက်သောပုဏ္ဏားဖြစ်လျက် တရားကို နာကြားရသည်ရှိသော် ဝမ်းမြောက်သည်ဖြစ်၍ ထို အရာအထူးကိုဆုတောင်းခဲ့၏။

၄၀။ ထိုအခါ နတ်လူတို့ထက် အကြီးအမှူးဖြစ်တော်မူသော မြတ်စွာဘုရားသည် သံဃာ့ အလယ်၌ဗျာဒိတ်စကား မိန့်ကြားတော်မူ၏၊ ပုဏ္ဏား သင်သည် ဝမ်းမြောက်လေလော့၊ ထို စိတ်အလိုဆန္ဒရှိသောဆုကို ရလတ္တံ့။

၄၁။ ဤကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ ဩက္ကာကမင်းမျိုး၌ ဖြစ်သော အနွယ်အားဖြင့် ဂေါတမမည်သော မြတ်စွာဘုရားသည် လောက၌ ပွင့်တော်မူလတ္တံ့။

၄၂။ ထိုမြတ်စွာဘုရား၏ တရားတို့၌ တရားသည် ဖန်ဆင်းအပ်သော အမွေခံ သားတော် ဖြစ်၍အမည်အားဖြင့် “ရေဝတ”ဟု ထင်ရှားသော မြတ်စွာဘုရား၏ တပည့်သာဝက ဖြစ်လတ္တံ့ (ဟုမိန့်ကြားတော်မူ၏)။

၄၃။ ကောင်းစွာ ပြုအပ်သော ထိုကံကြောင့်လည်းကောင်း၊ စေတနာ, တောင့်တမှုတို့ကြောင့်လည်းကောင်း လူ့ခန္ဓာကိုယ်ကို စွန့်ပယ်ရသည်ရှိသော် ငါသည် တာဝတိံသာဘုံသို့ ရောက်ခဲ့၏။

၄၄။ ဤယခု နောက်ဆုံးဘဝတွင် ငါသည် ကောလိယမြို့ဝယ် ကြွယ်ဝပြည့်စုံလျက် များသော ဥစ္စာရှိသောအမျိုးနှင့် ပြည့်စုံသော မင်းမျိုး၌ ဖြစ်ခဲ့၏။

၄၅။ အကြင်အခါ ကပိလဝတ်ပြည်၌ မြတ်စွာဘုရားသည် တရားကို ဟောတော်မူ၏၊ ထိုအခါမြတ်စွာဘုရား၌ ကြည်ညိုသည်ဖြစ်၍ ရဟန်းဘောင်သို့ ဝင်ရောက်ခဲ့၏။

၄၆။ ထိုထိုအပ်စပ်သော အရာ, မအပ်စပ်သော အရာ၌ ငါ့အား များစွာသော ယုံမှားခြင်း ဖြစ်ခဲ့၏၊ မြတ်စွာဘုရားသည် မြတ်သော တရားကို ဟောကြားလျက် ထိုယုံမှားခြင်းအားလုံးကိုပယ်ဖျောက်တော်မူ၏။

၄၇။ ထို့ကြောင့် ငါသည် သံသရာကို လွန်မြောက်၍ (လွန်မြောက်ပြီးသော ယုံမှားခြင်းရှိ သည်ဖြစ်၍) အခါခပ်သိမ်း ဈာန်ချမ်းသာ၌ ပျော်မွေ့လျက် နေ၏၊ ထိုအခါ မြတ်စွာဘုရားသည် ငါ့ကို မြင်၍ဤစကားကို မိန့်တော်မူ၏ -

၄၈။ ဤလောက၌ဖြစ်စေ, တမလွန်လောက၌ဖြစ်စေ မိမိသိအပ်ကုန်သော သူတစ်ပါးတို့ သိအပ်ကုန်သောအမှတ်မရှိကုန်သော ယုံမှားခြင်းတို့သည် ရှိကုန်ရာ၏၊ ထိုယုံမှားခြင်း အား လုံးတို့ကို ကိလေသာကိုလွန်စွာ ပူပန်စေတတ်သော လုံ့လရှိကုန်သော မြတ်သော အကျင့်ကို ကျင့်ကုန်သောဈာန်ဝင်စားလေ့ရှိသော ပုဂ္ဂိုလ်တို့သည် စွန့်ပယ်ကုန်၏။

၄၉။ ကမ္ဘာတစ်သိန်းထက်၌ ပြုခဲ့သော ကံသည် ဤဘဝ၌ ငါ့အား အကျိုးကို ပြ၏၊ ငါသည် ‘ကောင်းစွာပစ်လွှတ်အပ်သော မြားအဟုန်ကဲ့သို့’ ငါ၏ ကိလေသာတို့ကို ရှို့မြှိုက် လောင်ကျွမ်းစေခဲ့၏။

၅၀။ ထိုအခါ လောက၏ အဆုံးသို့ ရောက်တော်မူသော ရဟန်းမြတ်ဖြစ်တော်မူသော ကြီးမားသောပညာရှိသော မြတ်စွာဘုရားသည် ဈာန်၌ ပျော်မွေ့သည်ကို မြင်၍ ဈာန်ဝင်စား လေ့ရှိကုန်သောရဟန်းတို့တွင် အမြတ်ဆုံးဟု ပညတ်တော်မူ၏။

၅၁။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။

၅၂။ ငါ၏ လာခြင်းကား။ပ။ အဆုံးအမတော်ကို လိုက်နာပြုကျင့်အပ်ပါပြီ။

၅၃။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ အဆုံးအမတော်ကို လိုက်နာကျင့် သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ကင်္ခါရေဝတမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

နှစ်ခုမြောက် ကင်္ခါရေဝတတ္ထေရအပဒါန် ပြီး၏။

--

၃-သီဝလိတ္ထေရအပဒါန်

၅၄။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ အလုံးစုံသော တရားတို့ကို သိမြင်သော ပညာမျက်စိရှိတော်မူသော သတ္တဝါတို့ကို နိဗ္ဗာန်သို့ ပို့ဆောင်တော်မူတတ်သော ပဒုမုတ္တရ မည်သော မြတ်စွာဘုရားသည် ပွင့်တော်မူ၏။

၅၅။ ထိုမြတ်စွာဘုရား၏ သီလတော်ကို ရေတွက်ခြင်းငှါ မစွမ်းနိုင်ချေ၊ ဝဇိရစိန်နှင့် တူသောသမာဓိတော်ကို ရေတွက်ခြင်းငှါ မစွမ်းနိုင်ချေ၊ ဉာဏ်တော်မြတ်ကို ရေတွက်ခြင်းငှါ မစွမ်းနိုင်ချေ၊ ဥပမာမရှိသော အရဟတ္တဖိုလ်ကို လည်း ရေတွက်ခြင်းငှါ မစွမ်းနိုင်ချေ။

၅၆။ ရဟန်း, ပုဏ္ဏားတို့ဖြင့် ရောပြွမ်းသော လူ, နတ်, နဂါးတို့၏လည်းကောင်း၊ ဗြဟ္မာတို့၏လည်းကောင်း အစည်းအဝေး၌ မြတ်စွာဘုရားသည် တရားတော်ကို ဟောတော်မူ၏။

၅၇။ ပရိသတ်တို့၌ ရဲရင့်တော်မူသော မြတ်စွာဘုရားသည် ဘုန်းကံကြီးမားလျက် များ သောလာဘ်ရှိသော အရောင်အလင်းကို ဆောင်သော မိမိတပည့်ကို ဧတဒဂ်အရာ၌ ထားတော်မူ၏။

၅၈။ ထိုအခါ ငါသည် ဟံသမည်သော မြို့၌ မင်းမျိုး ဖြစ်ခဲ့၏၊ တပည့်သာဝက၏ များ စွာသော ဂုဏ်ကို (ချီးကျူးတော်မူသော ) မြတ်စွာဘုရား၏ ထိုစကားကို ကြားနာရသည် ရှိသော် -

၅၉။ တပည့်သာဝကနှင့် တကွသော မြတ်စွာဘုရားကို ပင့်ဖိတ်၍ ခုနစ်ရက်ပတ်လုံး ဆွမ်းကျွေးလျက်အလှူကြီးကို လှူပြီးလျှင် ထိုအရာအထူးကို ဆုတောင်းခဲ့၏။

၆၀။ ထိုအခါ ယောကျာ်းမြတ်ဖြစ်သော မြတ်စွာဘုရားသည် ခြေတော်တို့ကို ဦးခိုက်လျက် နေသော ငါ့ကိုမြင်၍ မြတ်သော အသံဖြင့် ဤစကားကို မိန့်တော်မူ၏-

၆၁။ ထိုအခါ မြတ်စွာဘုရား၏ စကားကို ကြားနာလိုကုန်သော များစွာသောလူတို့သည် လည်းကောင်း၊ နတ်, ဒါနောဘီလူး, ဂန္ဓဗ္ဗနတ်တို့သည်လည်းကောင်း၊ တန်ခိုးကြီးသော ဗြဟ္မာတို့သည်လည်းကောင်း-

၆၂။ ရဟန်း, ပုဏ္ဏားတို့သည်လည်းကောင်း လက်အုပ်ချီလျက် ရှိခိုးကုန်လျက် ယောက်ျား အာဇာနည်ဖြစ်တော်မူသော မြတ်စွာဘုရား အရှင်ဘုရားအား ရှိခိုးပါ၏၊ ယောက်ျားမြတ် ဖြစ်တော်မူသော မြတ်စွာဘုရား အရှင်ဘုရားအား ရှိခိုးပါ၏။

၆၃။ မြတ်စွာဘုရား အရှင်ဘုရားတို့အား မင်းသည် ခုနစ်ရက်ပတ်လုံး အလှူကြီးကို ပေးလှူခဲ့ပါ၏၊ ထိုအလှူကြီး၏ အကျိုးကို နာလိုပါကုန်၏၊ ဟောကြားတော်မူပါ အရှင်ဘုရား (ဟု လျှောက်ဆိုကုန်၏)။

၆၄။ ထိုအခါ မြတ်စွာဘုရားသည် မိန့်တော်မူ၏၊ ငါဆိုမည့် စကားကို နာကြားကုန် လော့- သံဃာနှင့်တကွသော မနှိုင်းယှဉ်အပ်သော မြတ်စွာဘုရား၌ အလှူကို ဖြစ်စေအပ်၏။

၆၅။ ထိုအလှူ၏ (အကျိုးကို) အဘယ်သူသည် ဟောပြောနိုင်အံ့နည်း၊ ထိုအလှူသည် မနှိုင်းယှဉ်နိုင်သောအကျိုးရှိ၏၊ စင်စစ်သော် ကား များစွာသော စည်းစိမ်ရှိသော ထိုမင်းသည် မြတ်သော အရာအထူးကိုဆုတောင်းပေ၏။

၆၆။ ပြန့်ပြောသောလာဘ်တို့ကို ရလေ့ရှိသော သုဒဿနရဟန်းကဲ့သို့ ထို့အတူ ငါသည် လည်းဖြစ်ရပါလို၏ဟူသော ဤဆုကို အနာဂတ်ကာလ၌ ရလတ္တံ့။

--

၆၇။ ဤကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ ဩက္ကာကမင်းမျိုး၌ ဖြစ်သော အနွယ်အားဖြင့် ဂေါတမမည်သော မြတ်စွာဘုရားသည် လောက၌ ပွင့်တော်မူလတ္တံ့။

၆၈။ ထိုမြတ်စွာဘုရား၏ တရားတို့၌ တရားသည် ဖန်ဆင်းအပ်သော အမွေခံသားတော် ဖြစ်၍အမည်အားဖြင့် “သီဝလိ”ဟု ထင်ရှားသော မြတ်စွာဘုရား၏ တပည့်သာဝက ဖြစ်လတ္တံ့ (ဟုမိန့်တော်မူ၏)။

၆၉။ ကောင်းစွာ ပြုအပ်သော ထိုကံကြောင့်လည်းကောင်း၊ စေတနာ, တောင့်တမှုတို့ကြောင့်လည်းကောင်း လူ့ခန္ဓာကိုယ်ကို စွန့်ပယ်ရသည်ရှိသော် ငါသည် တာဝတိံသာဘုံသို့ ရောက်ခဲ့၏။

၇၀။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ တင့်တယ်သပ္ပါယ်သဖြင့် ဖူးမြော်ထိုက်သော အလုံးစုံသောတရားတို့ကို ရှုမြင်တတ်သော ဝိပဿီမြတ်စွာဘုရားသည် ပွင့်တော်မူ၏။

၇၁။ ထိုအခါ ငါသည် ဗန္ဓုမတီမြို့တွင် တစ်ခုသော အမျိုး၌ သနားကြည့်ရှုတတ်၍ အမှု ကိစ္စကိုကြောင့်ကြစိုက်တတ်သော သူ ဖြစ်ခဲ့၏။

၇၂။ ထိုအခါ အသင်းတစ်သင်းသည် ဝိပဿီမြတ်စွာဘုရားအား ကြီးကျယ်ထင်ရှားသော လုပ်ကျွေးခြင်းကို ပြုလေ၏။

၇၃။ (အသင်းသားတို့သည်) အလှူကြီး ပြီးစီးလတ်သော် ခဲဖွယ်နှင့် စပ်သော အလှူကို ပေးလှူကုန်၏၊ (ထိုအခါ) အသစ်သော နို့ဓမ်းကိုလည်းကောင်း၊ ပျားရည်ကိုလည်းကောင်း ရှာဖွေသော် လည်းမမြင်မတွေ့ရကုန်။

၇၄။ ထိုအခါ ငါသည် သစ်သော ထိုနို့ဓမ်းကိုလည်းကောင်း၊ ထိုပျားရည်အသစ်ကိုလည်းကောင်း ယူ၍အလုပ်ရှင်၏ အိမ်သို့ သွား၏၊ ထိုအရာဝတ္ထုကို ရှာဖွေသူတို့သည် ငါ့ကို တွေ့မြင်ကုန်၏။

၇၅။ (ထိုအသင်းသည်) အသပြာတစ်ထောင် ပေးသော် လည်း ထိုအရာဝတ္ထု (နို့ဓမ်း, ပျားရည်) နှစ်ခုကိုမရချေ၊ ထို့ကြောင့် ငါသည် ဤသို့ ကြံစည်ခဲ့၏၊ ဤအလှူသည် ယုတ်ညံ့ သော အလှူ မဖြစ်လတ္တံ့။

၇၆။ ဤလူအားလုံးတို့သည် မြတ်စွာဘုရားကို ကောင်းစွာ ပြုစုကုန်သကဲ့သို့ ငါသည် လည်းသံဃာနှင့်တကွ မြတ်စွာဘုရား၌ ပူဇော်သက္ကာရကို ပြုအံ့။

၇၇။ ထိုအခါ ငါသည် ဤသို့ ကြံစည်ပြီးလျှင် နို့ဓမ်းကိုလည်းကောင်း၊ ပျားရည်ကိုလည်းကောင်းတစ်ပေါင်းတည်း နယ်၍ သံဃာနှင့်တကွသော မြတ်စွာဘုရားအား လှူဒါန်းခဲ့၏။

၇၈။ ကောင်းစွာ ပြုအပ်သော ထိုကံကြောင့်လည်းကောင်း၊ စေတနာ, တောင့်တမှုတို့ကြောင့်လည်းကောင်း လူ့ခန္ဓာကိုယ်ကို စွန့်ပယ်ရသည်ရှိသော် ငါသည် တာဝတိံသာနတ် ပြည်သို့ရောက်ခဲ့၏။

၇၉။ ငါသည် ဗာရာဏသီမြို့၌ များသော အခြံအရံအကျော်အစောရှိသော မင်း တစ်ဖန် ဖြစ်၍ ရန်သူအားအမျက်ထွက်၍ (ဝန်းရံလျက်) မြို့တံခါး ပိတ်ခြင်းကို ပြုခဲ့၏။

၈၀။ ထိုအခါ ရသေ့ (ပစ္စေကဗုဒ္ဓါ) တို့သည် ဝန်းရံခံရကုန်လျက် တစ်ရက်မျှ စောင့်ရှောက် အပ်ကုန်၏ (ဆင်းရဲခြင်းသို့ ရောက်ကုန်၏)။ ထိုအခါ ထိုကံ၏ အကျိုးကြောင့် ပြင်းထန်သော ငရဲသို့ ကျရောက်ခဲ့ရ၏။

၈၁။ ဤယခု နောက်ဆုံးဘဝ၌ ငါသည် ကောလိယမြို့၌ မွေးဖွားခဲ့၏၊ ငါ၏ အမိကား သုပ္ပါဝါသာမည်၏၊ အဖကား မဟာလိလိစ္ဆဝီမည်၏။

၈၂။ ကုသိုလ်ကံကြောင့် မင်းမျိုး၌ ဖြစ်ခဲ့ရ၏၊ မြို့တံခါးကို ပိတ်ဆို့ခဲ့ခြင်း၏ အစွမ်း ကြောင့်ခုနစ်နှစ်တို့ပတ်လုံး အမိဝမ်း၌ ဆင်းရဲခြင်းသို့ ရောက်လျက် နေခဲ့ရ၏။

--

၈၃။ ငါသည် (မွေးဖွားစဉ်) ဒွါရ၌ တွေဝေမိန်းမောလျက် ခုနစ်ရက်ပတ်လုံး ကြီးစွာသော ဆင်းရဲခြင်းသို့ရောက်ခဲ့ရ၏၊ ငါ့အမိသည် (မြို့တံခါးပိတ်ရန်) အလိုဆန္ဒပေးခြင်းကြောင့် ဤသို့ အလွန်ဆင်းရဲသူဖြစ်ခဲ့ရ၏။

၈၄။ မြတ်စွာဘုရားသည် သနားစောင့်ရှောက်သည် ဖြစ်၍ ငါသည် အမိဝမ်းတိုက်မှ မွေးဖွားပြီးလျှင် မွေးဖွားသော နေ့၌ပင်လျှင် ရဟန်းဘောင်သို့ ဝင်ရောက်ခဲ့၏။

၈၅။ အသျှင်သာရိပုတ္တရာသည် ငါ၏ ဥပဇ္ဈာယ်ဆရာပေတည်း၊ တန်ခိုးကြီးမားသော မြတ်သောပညာရှိသော အသျှင်မောဂ္ဂလ္လာန်သည် ဆံပင်တို့ကို ချလျက် ငါ့အား ဆုံးမတော် မူ၏။

၈၆။ ဆံပင်တို့ကို ရိတ်ဖြတ်ကုန်စဉ် ငါသည် အရဟတ္တဖိုလ်သို့ ရောက်ခဲ့၏။ နတ်တို့သည် လည်းကောင်း၊ နဂါးတို့သည်လည်းကောင်း၊ လူတို့သည်လည်းကောင်း ငါ၏ (အထံသို့ ) ပစ္စည်းတို့ကို ပို့ဆောင်ကုန်၏။

၈၇။ ငါသည် အထူးအားဖြင့် ပဒုမုတ္တရမြတ်စွာဘုရားကိုလည်းကောင်း၊ ဝိပဿီမြတ်စွာဘုရားကိုလည်းကောင်း ပစ္စည်းတို့ဖြင့် ဝမ်းမြောက်လျက် ပူဇော်ခဲ့၏။

၈၈။ ထို့ကြောင့် ထိုကံတို့၏ အကျိုးအထူးအားဖြင့် တော၌လည်းကောင်း၊ ရွာ၌လည်းကောင်း၊ ရေ၌လည်းကောင်း၊ ကုန်း၌လည်းကောင်း အလုံးစုံသော အရပ်တို့၌ များမြတ်သောလာဘ်ကို ရ၏။

၈၉။ အကြင်အခါ လောက၏ အကြီးအမှူးဖြစ်သော မြတ်စွာဘုရားသည် အသျှင်ရေဝတ ကို တွေ့မြင်ရန်ရဟန်းသုံးသောင်းတို့နှင့်တကွ ကြွသွားတော်မူ၏။

၉၀။ ထိုအခါ ငါ၏ အကျိုးငှါ နတ်တို့သည် ပို့ဆောင်အပ်သော ပစ္စည်းတို့ဖြင့် သံဃာနှင့် တကွမြတ်သော ပညာရှိသော ကြီးသော လုံ့လရှိသော မြတ်စွာဘုရားကို-

၉၁။ ငါသည် လုပ်ကျွေးအပ်၏၊ မြတ်စွာဘုရားသည် အသျှင်ရေဝတထံသို့ ကြွသွား၍ ရှုကြည့်တော်မူ၏၊ ထို့နောက် ဇေတဝန်ကျောင်းသို့ ကြွသွား၍ ငါ့ကို ဧတဒဂ်အရာ၌ ထားတော်မူ၏။

၉၂။ ရဟန်းတို့ ငါ၏ တပည့်တို့၌ သီဝလိသည် လာဘ်ပေါများသူတို့တွင် အမြတ်ဆုံး ပုဂ္ဂိုလ်ဖြစ်ပေ၏ဟု အလုံးစုံသော လောက၏ အစီးအပွါးကို ဆောင်တော်မူတတ်သော မြတ်စွာဘုရားသည် ပရိသတ်တို့၌ ငါ့ကို ချီးကျူးတော်မူ၏။

၉၃။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။

၉၄။ ငါ၏ လာခြင်းကား။ပ။ အဆုံးအမတော်ကို လိုက်နာပြုကျင့်အပ်ပါပြီ။

၉၅။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ အဆုံးအမတော်ကို လိုက်နာကျင့် သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်သီဝလိမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

သုံးခုမြောက် သီဝလိတ္ထေရအပဒါန် ပြီး၏။

--

၄-ဝင်္ဂီသတ္ထေရအပဒါန်

၉၆။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ အလုံးစုံသော တရားတို့ကို သိမြင်တော်မူ သော ပညာမျက်စိရှိတော်မူသော သတ္တဝါတို့ကို နိဗ္ဗာန်သို့ ပို့ဆောင်တော်မူတတ်သော ပဒုမုတ္တရမည်သော မြတ်စွာဘုရားသည် ပွင့်တော်မူ၏။

၉၇။ သမုဒ္ဒရာ၌ လှိုင်းတံပိုးကဲ့သို့လည်းကောင်း၊ ကောင်းကင်၌ ကြယ်တာရာတို့ကဲ့သို့ လည်းကောင်းဤအတူ ထိုမြတ်စွာဘုရား၏ သာသနာတော်သည် ရဟန္တာတို့ဖြင့် ဆန်း ကြယ်လျက် ရှိပေ၏။

၉၈။ ဘုရားမြတ်သည် ရဟန်းပုဏ္ဏားတို့ဖြင့် ရောပြွမ်းသော လူတို့၏ အလယ်၌ နတ်, အသုရာ, နဂါးနှင့် တကွကုန်သော လူတို့ဖြင့် ခြံရံလျက် ရှိပေ၏။

၉၉။ လောက၏ အဆုံးသို့ ရောက်တော်မူသော ထိုမြတ်စွာဘုရားသည် ရောင်ခြည်တော် တို့ဖြင့်လောက၌ တပ်စွန်းစေလျက် ဝေနေယျသတ္တဝါ ကြာပဒုမ္မာတို့ကို စကားတော်ဖြင့် ပွင့်စေတော်မူ၏။

၁၀၀။ ယောက်ျားမြတ်ဖြစ်လျက် ရဲရင့်တော်မူသော မြတ်စွာဘုရားသည် လေးပါးသောဝေသာရဇ္ဇဉာဏ်တို့နှင့် ပြည့်စုံတော်မူ၏၊ ကြောက်ခြင်း, ရွံရှာခြင်းကို ပယ်ရှားတော်မူ၏၊ ဘေးမဲ့ရာနိဗ္ဗာန်သို့ ရောက်တော်မူ၏။

၁၀၁။ လောက၌ အမြတ်ဆုံး မြတ်စွာဘုရားသည် အမြင့်မြတ်ဆုံး ဌာနဖြစ်သော မြတ်စွာ ဘုရား၏ အဆင့်အတန်းကို အကြွင်းမဲ့ ဝန်ခံတော်မူ၏၊ တစ်ဦးတစ်ယောက်မျှ အပြစ်တင် စောဒနာမည့်သူရှိတော်မမူချေ။

၁၀၂။ ခြင်္သေ့သံနှင့် တူသော မကြောက်မရွံ့သော မိန့်ခွန်းကို မိန့် မြွက်တော်မူသော တာဒိဂုဏ်နှင့်ပြည့်စုံတော်မူသော ထိုမြတ်စွာဘုရားအား ကဲ့ရဲ့ပြောဆိုတတ်သော နတ်သည် လည်းကောင်း၊ လူသည်လည်းကောင်း၊ ဗြဟ္မာသည်လည်းကောင်း ရှိတော်မမူချေ။

၁၀၃။ ပရိသတ်တို့၌ ရဲရင့်တော်မူသော မြတ်စွာဘုရားသည် မြတ်သောတရားကို ဟောပြလျက် နတ်နှင့်တကွသော လူကို (ကောင်းစွာ) ကယ်တင်လျက် တရားစကြာကို လည်စေတော်မူ၏။

၁၀၄။ ပဋိဘာန်ဉာဏ်ရှိသော ပုဂ္ဂိုလ်တို့တွင် အမြတ်ဆုံးဖြစ်လျက် သူတော်ကောင်းဟု သမုတ်အပ်သောထိုတပည့်သာဝကကို များစွာသော ဂုဏ်တို့ဖြင့် ချီးကျူး၍ ဧတဒဂ်အရာ၌ ထားတော်မူ၏။

၁၀၅။ ထိုအခါ ငါသည် ဟံသာဝတီမြို့၌ သူတော်ကောင်းဟု သမုတ်အပ်သော ပုဏ္ဏား ဖြစ်၍အလုံးစုံသော ဗေဒင်ကို သိသော သူ၊ ဝါဒကို ပြတတ်သော သူ၊ စကားကို အစိုးရသော သူ ဖြစ်ခဲ့၏။

၁၀၆။ ငါသည် ထိုမြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ တရားဒေသနာကို နာကြားသည်ရှိ သော် တပည့်သာဝက၏ ဂုဏ်၌ မွေ့လျော်လျက် (စိတ်ညွတ်လျက်) မြတ်သော ပီတိကို ရခဲ့၏။

၁၀၇။ ထိုအခါ ငါသည် လောကကို နှစ်သက်စေတတ်သော မြတ်စွာဘုရားကို သံဃာ တော်နှင့်တကွပင့်ဖိတ်၍ ခုနစ်ရက်ပတ်လုံး ဆွမ်းကျွေးပြီးလျှင် ပုဆိုး (သင်္ကန်း) တို့ဖြင့် ဖုံးလွှမ်းလှူဒါန်းခဲ့၏။

၁၀၈။ အခွင့်ပြုအပ်ပြီးသော ငါသည် ခြေတော်တို့ကို ဦးတိုက်၍ သင့်လျော်ရာ အရပ်၌ ရပ်ပြီးလျှင် လက်အုပ်ချီလျက် ရွှင်လန်းဝမ်းမြောက်စွာ ဘုရားမြတ်ကို ချီးကျူးခဲ့၏။

--

၁၀၉။ အယူဝါဒကို နှိမ်နင်းတော်မူတတ်သော မြတ်စွာဘုရား အရှင်ဘုရားအား ရှိခိုးပါ၏၊ ခုနစ်ဆူမြောက်ဖြစ်တော်မူသော မြတ်စွာဘုရား အရှင်ဘုရားအား ရှိခိုးပါ၏၊ အလုံးစုံသော လောကထက်မြတ်တော်မူသော မြတ်စွာဘုရား အရှင်ဘုရားအား ရှိခိုးပါ၏၊ ဘေးမရှိအောင် ပြုတော်မူတတ်သောမြတ်စွာဘုရား အရှင်ဘုရားအား ရှိခိုးပါ၏။

၁၁၀။ မာရ်ငါးပါးကို နှိမ်နင်းတော်မူနိုင်သော မြတ်စွာဘုရား အရှင်ဘုရားအား ရှိခိုးပါ၏၊ အယူကိုပြတော်မူတတ်သော မြတ်စွာဘုရား အရှင်ဘုရားအား ရှိခိုးပါ၏၊ ငြိမ်းချမ်းသော (နိဗ္ဗာန်) ချမ်းသာကို ပေးတော်မူတတ်သော မြတ်စွာဘုရား အရှင်ဘုရားအား ရှိခိုးပါ၏၊ ကိုး ကွယ်ရာကို ပြုတော်မူတတ်သောမြတ်စွာဘုရား အရှင်ဘုရားအား ရှိခိုးပါ၏။

၁၁၁။ အရှင်ဘုရားသည် ကိုးကွယ်ရာမဲ့သူတို့၏ ကိုးကွယ်ရာ ဖြစ်တော်မူပါပေ၏၊ ဘေးမှကြောက်ရွံ့နေသူတို့အား ဘေးမဲ့ကို ပေးတော်မူတတ်ပါပေ၏၊ ပင်ပန်းသူတို့၏ အပန်းဖြေရာဖြစ်တော်မူပါပေ၏၊ ကိုးကွယ်ရာကို ရှာဖွေသူတို့၏ ကိုးကွယ်ရာ ဖြစ်တော်မူပါပေ၏။

၁၁၂။ ဤသို့အစရှိသော စကားတို့ဖြင့် မြတ်သော ဂုဏ်ရှိတော်မူသော မြတ်စွာဘုရားကို ချီးကျူးပြီးလျှင် အယူဝါဒကို ပြတတ်သော ‘ဝါဒိသူဒ’ ရဟန်း၏ လားရာဂတိသို့ ရောက်လိုပါ၏ဟု လျှောက်ထား၏။

၁၁၃ -၁၁၄။ ထိုအခါ အဆုံးမရှိသော ပဋိဘာန်ဉာဏ်ရှိတော်မူသော မြတ်စွာဘုရားသည် ဗျာဒိတ်စကားမိန့်ကြားတော်မူ၏၊ အကြင်သူသည် တပည့်သာဝကနှင့်တကွ မြတ်စွာဘုရားကို ကြည်ညိုသည်ဖြစ်၍မိမိလက်တို့ဖြင့် ခုနစ်ရက်ပတ်လုံး ဆွမ်းကျွေး၏၊ ငါ၏ ဂုဏ်တော်ကို လည်း ချီးကျူးလျှောက်ထား၏၊ ဤသူသည် အယူဝါဒကို ပြတတ်သော ‘ဝါဒိသူဒ'ရဟန်း၏ အရာဌာနကို ဆုတောင်း၏။

၁၁၅။ ဤသူသည် အနာဂတ်ကာလ၌ များစွာသော နတ်, လူတို့၏ စည်းစိမ်ကို ခံစား ပြီးလျှင် စိတ်အလိုအတိုင်း ဖြစ်သော ထိုဆုကို ရလတ္တံ့။

၁၁၆။ ဤကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ ဩက္ကာကမင်းမျိုး၌ ဖြစ်သော အနွယ်အားဖြင့် ဂေါတမမည်သော မြတ်စွာဘုရားသည် လောက၌ ပွင့်တော်မူလတ္တံ့။

၁၁၇။ ထိုမြတ်စွာဘုရား၏ တရားတို့၌ တရားသည် ဖန်ဆင်းအပ်သော အမွေခံသား တော်ဖြစ်၍အမည်အားဖြင့် “ဝင်္ဂီသ”ဟု ထင်ရှားသော မြတ်စွာဘုရား၏ တပည့်သာဝက ဖြစ်လတ္တံ့ (ဟုမိန့်ကြားတော်မူ၏)။

၁၁၈။ ထိုအခါ ငါသည် ထိုစကားကို ကြားနာရသည်ရှိသော် ဝမ်းမြောက်သည်ဖြစ်၍ မာရ် ငါးပါးကိုအောင်တော်မူသော မြတ်စွာဘုရားကို မေတ္တာစိတ်ရှိလျက် ပစ္စည်းတို့ဖြင့် အသက် ထက်ဆုံး လုပ်ကျွေးခဲ့၏။

၁၁၉။ ကောင်းစွာ ပြုအပ်သော ထိုကံကြောင့်လည်းကောင်း၊ စေတနာ, တောင့်တမှုတို့ကြောင့်လည်းကောင်း လူ့ခန္ဓာကိုယ်ကို စွန့်ပယ်ရသည်ရှိသော် ငါသည် တုသိတာဘုံသို့ ရောက်ခဲ့၏။

၁၂၀။ ဤယခု နောက်ဆုံးဘဝတွင်လည်း ငါသည် ပုဏ္ဏားမျိုး၌ ဖြစ်၏၊ အကြင်အခါ ငါသည်မွေးဖွားသည်မှ ခုနစ်နှစ်အရွယ်သို့ ရောက်သည် ဖြစ်၏။

၁၂၁။ (ထိုအခါ ငါသည်) အလုံးစုံသော ဝေဒကျမ်းတို့ကို တတ်သိသော သူ ဖြစ်၏၊ ဝါဒ ကျမ်း၌ရဲရင့်၏၊ စကားကို အစိုးရ၏၊ ဆန်းကြယ်သော စကားကို ပြောလေ့ရှိ၏၊ သူတစ်ပါး အယူဝါဒကိုနှိမ်နင်းနိုင်၏။

၁၂၂။ ဝင်္ဂအနွယ်၌ မွေးဖွားခြင်းကြောင့်လည်းကောင်း၊ စကား၌ အစိုးရခြင်းကြောင့်လည်းကောင်း"ဝင်္ဂီသ"မည်၏။ ဤသို့ လူအပေါင်းတို့သည် သမုတ်အပ်သော “ဝင်္ဂီသ”ဟူသော ငါ၏ အမည်သည်ဖြစ်၏။

--

၁၂၃။ အကြင်အခါ ငါသည် တတ်သိလိမ္မာသူ အဖြစ်သို့ ရောက်လျက် ပဌမအရွယ်၌ တည်၏၊ ထိုအခါ ပျော်မွေ့ဖွယ်ကောင်းသော ရာဇဂြိုဟ်ပြည်၌ အသျှင်သာရိပုတ္တရာကို ဖူးမြင်ခဲ့ ရ၏။

နှစ်ဆယ့်ငါးခုမြောက် ဘာဏဝါရ ပြီး၏။

၁၂၄-၁၂၅။ သပိတ်ပိုက်လျက် ဆွမ်းခံကြွတော်မူသော ၊ ကောင်းစွာ စောင့်စည်းအပ်သော ဣန္ဒြေရှိသော၊ လျှပ်ပေါ်လော်လီသော မျက်စိမရှိသော၊ နှိုင်းနှိုင်းချိန်ချိန် ပြောဆိုတော်မူတတ် သော၊ ထမ်းပိုးတစ်ပြန်မျှကြည့်ရှုတော်မူသော ထိုအသျှင်သာရိပုတ္တရာကို ဖူးမြင်ရသည်ရှိသော် ငါသည် အံ့ဩခြင်းဖြစ်၍မဟာလှေကားပန်းကဲ့သို့ သီကုံးအပ်သော၊ ငါ့အား လျောက် ပတ်သော၊ ဆန်းကြယ်သော ဂါထာပုဒ်ကိုလျှောက်ခဲ့၏။

၁၂၆။ ထိုအသျှင်သာရိပုတ္တရာသည် ငါ့အား (တရားအားလုံးကို) မဖောက်မပြန် ကိုယ် တိုင်သိတော်မူသော လောကကို နိဗ္ဗာန်သို့ ပို့ဆောင်တော်မူတတ်သော မြတ်စွာဘုရားကို ညွှန်ကြားခဲ့၏၊ ထိုအခါ ပညာရှိသော လုံ့လရှိသော ထိုအသျှင်သာရိပုတ္တရာသည် ငါ့အား လွန်မြတ်သောတရားစကားကိုလည်း ဟောတော်မူ၏။

၁၂၇။ တာဒိဂုဏ်နှင့် ပြည့်စုံတော်မူသော ထိုအသျှင်သာရိပုတ္တရာသည် မြင်နိုင်ခဲသော မြတ်သော နိဗ္ဗာန်နှင့်စပ်သော စကားကို ပြုလုပ်၍ ဆန်းကြယ်သော ပဋိဘာန်ဉာဏ်တို့ဖြင့် ငါ့ကို နှစ်သက်စေတော်မူ၏။

၁၂၈။ ငါသည် ခြေတို့ကို ဦးတိုက်၍ တပည့်တော်ကို ရဟန်းပြုပေးတော်မူပါဟု လျှောက် ထား၏၊ ထိုအခါ ကြီးကျယ်သော ပညာရှိသော ထိုအသျှင်သာရိပုတ္တရာသည် ငါ့ကို ဘုရား မြတ်ထံသို့ ခေါ်ဆောင်လေ၏။

၁၂၉။ ငါသည် ခြေတော်တို့ကို ဦးတိုက်၍ မြတ်စွာဘုရားအနီး၌ ထိုင်နေခဲ့၏၊ ငါ့အားတရားဟောပုဂ္ဂိုလ်တို့တွင် အမြတ်ဆုံးဖြစ်တော်မူသော မြတ်စွာဘုရားသည် “ဝင်္ဂီသ အသို့ နည်း၊ သင်သည် တစ်စုံတစ်ရာသော အတတ်ကို တတ်သိသလော”ဟု မိန့်တော်မူ၏။

၁၃၀။ အကျွန်ုပ်သည် တော၌ စွန့်ပစ်အပ်သော တစ်ဆယ့်နှစ်နှစ်ပင်ရှိသော သူသေဦး ခေါင်းခွံကိုလည်းသိပါ၏ဟု ထိုမြတ်စွာဘုရားအား လျှောက်ထား၏၊ သင်၏ အတတ်ပညာ အထူးဖြင့် အကယ်၍စွမ်းနိုင်အံ့၊ ပြောဆိုလော့။

၁၃၁။ ငါသည် “ကောင်းပါပြီဘုရား”ဟု ဝန်ခံလတ်သော် ဦးခေါင်းခွံသုံးခုတို့ကို ပြတော်မူ၏၊ ငရဲ, လူ, နတ်တို့၌ ဖြစ်သူတို့ကို လျှောက်ဆို၏။

၁၃၂။ ထိုအခါ မြတ်စွာဘုရားသည် ရဟန္တာပုဂ္ဂိုလ်၏ ဦးခေါင်းခွံကို ပြတော်မူ၏၊ ထိုအခါ ငါသည် (မသိနိုင်သည် ဖြစ်၍) အားလျှော့ကာ ရဟန်းအဖြစ်ကို တောင်းပန်ရတော့၏။

၁၃၃။ ငါသည် ရဟန်းပြုပြီး၍ ထိုထိုအရပ်၌ မြတ်စွာဘုရားကို ချီးကျူး၏၊ ထို့ကြောင့်ဤသာသနာတော်၌ ရဟန်းတို့သည် ငါ့ကို “ကဗျာဖွဲ့ခြင်း၌ နှစ်သက်သူ ဖြစ်၏’ဟု ကဲ့ရဲ့ကုန်၏။

၁၃၄။ ထိုအခါ ဆုံးမတော်မူတတ်သော မြတ်စွာဘုရားသည် စုံစမ်းခြင်းအကျိုးငှါ ငါ့အား မိန့်တော်မူ၏၊ ဤဂါထာတို့သည် ကြံစည်ခြင်းရှိကုန်သလော၊ အကြောင်းအားလျော်စွာ (တစ်ခဏချင်း) သင်၏ ဉာဏ်၌ထင်ကုန်သလော။

၁၃၅။ မြတ်စွာဘုရား တပည့်တော်သည် ကဗျာဖွဲ့ခြင်း၌ နှစ်သက်သူ မဟုတ်ပါ၊ အကြောင်းအားလျော်စွာတပည့်တော်၏ ဉာဏ်၌ ထင်ပါကုန်၏၊ ဝင်္ဂီသ ထိုသို့ဖြစ်မူ ယခုအခါ အကြောင်းအားလျော်စွာ ငါ့ကိုချီးကျူးလော့။

--

၁၃၆။ ထိုအခါ ငါသည် ဂါထာတို့ဖြင့် ကြီးသော လုံ့လရှိသော မြတ်စွာဘုရားကို အကြောင်းအားလျော်စွာ (တစ်ခဏချင်း) ချီးကျူး၏၊ ထိုအခါ မြတ်စွာဘုရားသည် ငါ့အား နှစ်သက်တော်မူသည်ဖြစ်၍ ငါ့ကိုဧတဒဂ်အရာ၌ ထားတော်မူ၏။

၁၃၇။ ငါသည် ဆန်းကြယ်သော ပဋိဘာန်ဉာဏ်ဖြင့် သီလကို ချစ်မြတ်နိုးကုန်သော အခြားရဟန်းတို့ကို မထီမဲ့မြင် ပြုခဲ့၏၊ ထို့ကြောင့် သံဝေဂရလျက် အရဟတ္တဖိုလ်သို့ ရောက်၏။

၁၃၈။ ရဟန်းတို့ ဤဝင်္ဂီသရဟန်းကဲ့သို့ ပဋိဘာန်ဉာဏ်ရှိသော ရဟန်းတို့တွင် အမြတ် ဆုံးဖြစ်သော (ဝင်္ဂီသရဟန်းမှ) တစ်ပါး တစ်စုံတစ်ယောက်သော ရဟန်းသည် မရှိချေ၊ ဤသို့ သင်တို့ မှတ်ကုန်လော့။

၁၃၉။ ကမ္ဘာတစ်သိန်းထက်၌ ပြုအပ်သော ငါ၏ ကံသည် ဤဘဝ၌ အကျိုးကို ပြလေ၏၊ ‘လွှတ်အပ်သော မြားအဟုန်ကဲ့သို့’ ငါသည် ငါ၏ ကိလေသာတို့ကို ရှို့မြှိုက်လောင် ကျွမ်းစေခဲ့၏။

၁၄၀။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။

၁၄၁။ ငါ၏ လာခြင်းကား။ပ။ အဆုံးအမတော်ကို လိုက်နာပြုကျင့်အပ်ပါပြီ။

၁၄၂။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ အဆုံးအမတော်ကို လိုက်နာကျင့် သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ဝင်္ဂီသမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

လေးခုမြောက် ဝင်္ဂီသတ္ထေရအပဒါန် ပြီး၏။

--

၅-နန္ဒကတ္ထေရအပဒါန်

၁၄၃။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ အလုံးစုံသော တရားတို့ကို သိမြင်တော်မူ သောပညာမျက်စိရှိတော်မူသော နိဗ္ဗာန်သို့ ပို့ဆောင်တော်မူတတ်သော ပဒုမုတ္တရမည်သော မြတ်စွာဘုရားသည် ပွင့်တော်မူ၏။

၁၄၄။ နတ်နှင့် တကွသော လောက၌ တရားဟောပုဂ္ဂိုလ်တို့တွင် အမြတ်ဆုံးဖြစ်သောယောက်ျားအာဇာနည် ဖြစ်တော်မူသော မြတ်စွာဘုရားသည် အလုံးစုံသော သတ္တဝါတို့၏ စီးပွါးခြင်းငှါချမ်းသာခြင်းငှါ အကျိုးဖြစ်ခြင်းငှါ ကျင့်တော်မူ၏။

၁၄၅။ မြတ်စွာဘုရားသည် ကျော်စောခြင်း၏ အထွတ်အထိပ်သို့ ရောက်တော်မူ၏၊ ဘုန်းကျက်သရေရှိတော်မူ၏၊ ကျော်စောခြင်းဂုဏ်ကို ဆောင်တော်မူ၏၊ အလုံးစုံသော လောကသည်ပူဇော်တော်မူအပ်၏၊ အရပ်မျက်နှာအားလုံးတို့၌ ထင်ရှားကျော်စောတော်မူ၏။

၁၄၆။ ထိုမြတ်စွာဘုရားသည် ယုံမှားခြင်းကို လွန်မြောက်တော်မူ၏၊ တွေးတောခြင်းကို ကျော်လွန်တော်မူ၏၊ စိတ်အကြံအစည် ပြည့်စုံခြင်း ရှိတော်မူ၏၊ မြတ်သော အရဟတ္တဖိုလ် ဉာဏ်သို့ရောက်တော်မူ၏။

၁၄၇။ လူတို့ထက် မြတ်သော မြတ်စွာဘုရားသည် မဖြစ်ဖူးသေးသော မဂ်ကို ဖြစ်စေတော်မူ၏၊ (သူတစ်ပါးတို့) မဟောကြားနိုင်သော တရားကိုလည်း ဟောကြားတော်မူ၏၊ (သူတစ်ပါးတို့) မသိအပ်သော တရားကိုလည်း သိတော်မူ၏။

၁၄၈။ မြတ်စွာဘုရားသည် မဂ်တရားကို သိတော်မူ၏၊ မဂ်တရား၌ ကျွမ်းကျင်တော်မူ၏၊ မဂ်တရားကိုဟောကြားလေ့ရှိတော်မူ၏၊ မြတ်စွာဘုရားသည် မဂ်တရား၌ လိမ္မာတော်မူ၏၊ ဆုံးမတတ်သောပုဂ္ဂိုလ်တို့တွင် အမြတ်ဆုံး ဖြစ်တော်မူ၏။

၁၄၉။ ထိုအခါ ကြီးမားသော ကရုဏာရှိတော်မူသော မြတ်စွာဘုရားသည် တရားကို ဟောတော်မူ၏၊ ကာမညွန်အိုင်၌ နစ်မြုပ်လျက်ရှိသော သတ္တဝါတို့ကို ကောင်းစွာ ထုတ်ဆောင်တော်မူ၏။

၁၅၀။ မြတ်စွာဘုရားသည် ရဟန်းမိန်းမတို့ကို ဆုံးမခြင်း၌ အမြတ်ဆုံးဟု သမုတ် အပ်သောတပည့်သာဝကကို ချီးကျူးလျက် ဧတဒဂ်အရာ၌ ပညတ်တော်မူ၏။

၁၅၁။ ငါသည် ထိုစကားကို ကြားနာရသည်ရှိသော် ဝမ်းမြောက်သည်ဖြစ်၍ သံဃာနှင့် တကွသောထိုမြတ်စွာဘုရားကို ပင့်ဖိတ်၍ ဆွမ်းကျွေးပြီးလျှင် မြတ်သော ထိုအရာအထူးကို ဆုတောင်းခဲ့၏။

၁၅၂။ ထိုအခါ နတ်, လူတို့၏ ကိုးကွယ်ရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဝမ်းမြောက်သည်ဖြစ်၍ငါ့ကို မိန့်ဆိုတော်မူ၏၊ သင်သည် ချမ်းသာခြင်းရှိသူ, အသက်ရှည်သူ ဖြစ်လေလော့၊ စိတ်အလိုအတိုင်းဖြစ်သော ထိုဆုကို ရလတ္တံ့။

၁၅၃။ ဤကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ ဩက္ကာကမင်းမျိုး၌ ဖြစ်သော အနွယ်အားဖြင့် ဂေါတမမည်သော မြတ်စွာဘုရားသည် လောက၌ ပွင့်တော်မူလတ္တံ့။

၁၅၄။ ထိုမြတ်စွာဘုရား၏ တရားတို့၌ တရားသည် ဖန်ဆင်းအပ်သော အမွေခံသားတော် ဖြစ်၍အမည်အားဖြင့် “နန္ဒက”ဟု ထင်ရှားသော မြတ်စွာဘုရား၏ တပည့်သာဝက ဖြစ်လတ္တံ့။

--

၁၅၅။ ကောင်းစွာ ပြုအပ်သော ထိုကံကြောင့်လည်းကောင်း၊ စေတနာ, တောင့်တမှုတို့ကြောင့်လည်းကောင်း လူ့ခန္ဓာကိုယ်ကို စွန့်ပယ်ရသည်ရှိသော် ငါသည် တာဝတိံသာဘုံသို့ ရောက်ခဲ့၏။

၁၅၆။ ငါသည် ဤယခု နောက်ဆုံးဘဝ၌လည်း ပြည့်စုံစည်ကားလျက် များသော ဥစ္စာ ရှိသောသာဝတ္ထိမြို့တော်တွင် သူဌေးအမျိုး၌ ဖြစ်၏။

၁၅၇။ ငါသည် မြို့အဝင်၌ မြတ်စွာဘုရားကို ဖူးမြင်ရသည်ရှိသော် အံ့ဩသော စိတ်ရှိ သည်ဖြစ်၍ဇေတဝန်ကျောင်းတော်၌ ရဟန်းဘောင်သို့ ဝင်ရောက်ခဲ့၏။

၁၅၈။ ငါသည် ကာလမကြာမြင့်မီပင် အရဟတ္တဖိုလ်သို့ ရောက်ခဲ့၏၊ ထိုအခါ ငါသည် အလုံးစုံကိုသိမြင်သော မြတ်စွာဘုရားသည် ဆုံးမအပ်သည် ဖြစ်၍ သံသရာကို ကူးမြောက်ခဲ့ ရ၏။

၁၅၉ -၁၆၀။ ငါသည် ရဟန်းမိန်းမတို့အား တရားစကားကို အမေးအဖြေ ပြု၍ ဟောကြားခဲ့၏၊ ငါဆုံးမအပ်သော ငါးရာအောက် မလျော့ကုန်သော ထိုရဟန်းမိန်းမအားလုံး တို့သည် အာသဝေါကင်းကွာ (ရဟန္တာမ) တို့ ဖြစ်ကြလေကုန်၏၊ ထိုအခါ မြတ်စွာဘုရား သည် အားရနှစ်သက်တော်မူသည် ဖြစ်၍ရဟန်းမိန်းမတို့အား ဆုံးမသော ရဟန်းတို့တွင် ငါ့ကို အမြတ်ဆုံးအရာဌာန၌ ထားတော်မူ၏။

၁၆၁။ ကမ္ဘာတစ်သိန်းထက်၌ ပြုအပ်သော ငါ၏ ကံသည် ဤဘဝ၌ အကျိုးကို ပြ၏၊ ငါသည်'ကောင်းစွာ လွှတ်အပ်သော မြားအဟုန်ကဲ့သို့’ ငါ၏ ကိလေသာတို့ကို ရှို့မြှိုက် လောင်ကျွမ်းစေခဲ့၏။

၁၆၂။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အသဝမရှိဘဲ နေရ၏။

၁၆၃။ ငါ၏ လာခြင်းကား။ပ။ အဆုံးအမတော်ကို လိုက်နာပြုကျင့်အပ်ပါပြီ။

၁၆၄။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ အဆုံးအမတော်ကို လိုက်နာကျင့် သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်နန္ဒကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။

ငါးခုမြောက် နန္ဒကတ္ထေရအပဒါန် ပြီး၏။

--

၆-ကာဠုဒါယိတ္ထေရအပဒါန်

၁၆၅။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ အလုံးစုံသော တရားတို့ကို သိမြင်တော်မူ သောပညာမျက်စိရှိတော်မူသော နိဗ္ဗာန်သို့ ပို့ဆောင်တော်မူတတ်သော ပဒုမုတ္တရမည်သော မြတ်စွာဘုရားသည် ပွင့်တော်မူ၏။

၁၆၆။ မြတ်စွာဘုရားသည် နိဗ္ဗာန်သို့ ပို့ဆောင်တတ်သော ပုဂ္ဂိုလ်တို့တွင် အမြတ်ဆုံး ဖြစ်တော်မူ၏၊ မြတ်စွာဘုရား သည် ဂုဏ်ရှိ, ဂုဏ်မဲ့ကို သိတော်မူ၏၊ ပြုအပ်သော ကျေးဇူးကို သိတော်မူ၏၊ ပြုဖူးသောကျေးဇူးကိုလည်း ထင်ရှားပြတော်မူ၏၊ သတ္တဝါတို့ကို နိဗ္ဗာန်ဆိပ် ကမ်း၌ ယှဉ်စေတော်မူ၏။

၁၆၇။ သနားခြင်း၏ တည်ရာ ဖြစ်သော အဆုံးမရှိသော ဂုဏ်တို့၏ စုပေါင်းရာ ဖြစ် သောမြတ်စွာဘုရားသည် သဗ္ဗညုတဉာဏ်ဖြင့် နှိုင်းချိန်၍ မြတ်သော တရားကို ဟောတော် မူ၏။

၁၆၈။ အဆုံးမရှိသော ရန်ကို အောင်မြင်လျက် လှည့်လည်တော်မူသော ထိုမြတ်စွာဘုရား သည် ရံခါသစ္စာလေးပါးနှင့် စပ်ယှဉ်သော ချိုမြိန်ကောင်းမြတ်သော တရားကို ဟောတော်မူ၏။

၁၆၉။ အစ, အလယ်, အဆုံး၌ ကောင်းခြင်းရှိသော ထိုတရားတော်မြတ်ကို ကြားနာရခြင်း ကြောင့်သတ္တဝါတစ်သိန်းတို့အား သစ္စာလေးပါးတရားကို ထိုးထွင်း၍ သိခြင်းသည် ဖြစ်၏။

၁၇၀။ ထိုအခါ မြေကြီးသည် ပဲ့တင်ထပ်လေ၏၊ မိုးတို့သည်လည်း ထစ်ကြိုးကုန်၏၊ နတ်, ဗြဟ္မာ, လူ, အသုရာတို့သည် ကောင်းချီးကို ဖြစ်စေကုန်၏။

၁၇၁။ သနားခြင်းရှိတော်မူသော မြတ်စွာဘုရားသည် ဪအံ့ဩဖွယ် ရှိပါပေစွ၊ သူတော်ကောင်းတရားကို ဟောတော်မူခြင်းသည် ဪ အံ့ဩဖွယ် ရှိပါပေစွ၊ ဘဝသမုဒ္ဒရာ၌ နစ်မြုပ်ကုန်သောသတ္တဝါတို့ကို ထုတ်ဆောင်တော်မူသော မြတ်စွာဘုရားသည် ဪ အံ့ဩ ဖွယ် ရှိပါပေစွ။

၁၇၂။ ဤသို့ လူနှင့် တကွ နတ်, ဗြဟ္မာတို့သည် နှစ်သက်ခြင်း ဖြစ်ကုန်လတ်သော် မြတ်စွာဘုရားသည် ဆွေမျိုးကို ကြည်ညိုစေတတ်သော ရဟန်းတို့တွင် အမြတ်ဆုံး ဖြစ်သော တပည့်သာဝကကို ချီးကျူးတော်မူ၏။

၁၇၃။ ထိုအခါ ငါသည် ဟံသာဝတီမြို့တွင် အမတ်မျိုး၌ မွေးဖွားလျက် ကြည်ညိုဖွယ် ကောင်းသူ၊ ရှုချင်ဖွယ်ရှိသူ၊ များသော ဥစ္စာစပါးရှိသူ ဖြစ်၏။

၁၇၄။ ငါသည် ဟံသာရုံကျောင်းတိုက်သို့ ချဉ်းကပ်၍ ထိုမြတ်စွာဘုရားကို ရှိခိုးပြီးလျှင် ချိုမြိန်ကောင်းမြတ်သော တရားကို နာကြားလျက် မြတ်စွာဘုရားအားလည်း ပူဇော်သက္ကာရ ကိုပြုပြီးလတ်သော် -

၁၇၅။ ငါသည် ခြေရင်း၌ တုပ်ဝပ်လျက် ဤစကားကို လျှောက်ထားခဲ့၏၊ မြတ်စွာဘုရားအရှင်ဘုရားသည် အမျိုးကို ကြည်ညိုစေတတ်သော ရဟန်းတို့တွင် အကြင်ရဟန်းကို အမြတ် ဆုံးဟုချီးကျူးတော်မူ၏။

၁၇၆။ မြတ်စွာဘုရား တပည့်တော်သည် ဘုရားမြတ်၏ သာသနာတော်၌ ထိုသို့သဘော ရှိသော သူဖြစ်ရပါလို၏၊ ထိုအခါ ကြီးမြတ်သော ကရုဏာရှိသော မြတ်စွာဘုရားသည် ငါ့ကို အမြိုက်ရေဖြင့်သွန်းလောင်းလျက်သာလျှင် ငါ့ကို (ဤသို့) မိန့်တော်မူ၏။

၁၇၇။ သူဌေးသား ဆောက်တည်ရာ ရလေလော့၊ ထိုစိတ်အလိုရှိသော ဆုကို ရလတ္တံ့၊ မြတ်စွာဘုရား၌ပူဇော်သက္ကာရကို ပြုခဲ့သော် အဘယ်မှာ အကျိုးမဲ့ ဖြစ်နိုင်အံ့နည်း။

--

၁၇၈။ ဤကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ ဩက္ကာကမင်းမျိုး၌ ဖြစ်သော အနွယ်အားဖြင့် ဂေါတမမည်သော မြတ်စွာဘုရားသည် လောက၌ ပွင့်တော်မူလတ္တံ့။

၁၇၉။ ထိုမြတ်စွာဘုရား၏ တရားတို့၌ တရားသည် ဖန်ဆင်းအပ်သော အမွေခံသား တော်ဖြစ်၍အမည်အားဖြင့် “ဥဒါယီ”ဟု ထင်ရှားသော မြတ်စွာဘုရား၏ တပည့်သာဝက ဖြစ်လတ္တံ့။

၁၈၀။ ထိုအခါ ငါသည် ထိုစကားကို ကြားနာရသည်ရှိသော် ဝမ်းမြောက်ခြင်း ရှိသည် ဖြစ်၍မာရ်ငါးပါးကို အောင်တော်မူသော မြတ်စွာဘုရားကို မေတ္တာစိတ်ရှိလျက် ပစ္စည်းတို့ဖြင့် အသက်ထက်ဆုံးလုပ်ကျွေးခဲ့၏။

၁၈၁။ ထိုကံအကျိုးကြောင့်လည်းကောင်း၊ စေတနာ, တောင့်တမှုတို့ကြောင့်လည်းကောင်း လူ့ခန္ဓာကိုယ်ကို စွန့်ပယ်ရသည်ရှိသော် ငါသည် တာဝတိံသာဘုံသို့ ရောက်ခဲ့၏။

၁၈၂။ ဤယခု နောက်ဆုံးဘဝ၌လည်း ပျော်မွေ့ဖွယ်ကောင်းသော ကပိလဝတ်ပြည်တွင် သုဒ္ဓေါဒနမင်း၏အမတ်ကြီးမျိုး၌ ဖြစ်ခဲ့၏။

၁၈၃။ ထိုအခါ လူတို့ထက် မြတ်သော သိဒ္ဓတ္ထမင်းသားသည် ပျော်မွေ့ဖွယ်ကောင်းသောလုမ္ဗိနီအင်ကြင်းတော၌ အလုံးစုံသော လောက၏ အစီးအပွါးအလို့ငှါလည်းကောင်း၊ ချမ်းသာ ခြင်းအလို့ငှါလည်းကောင်း ဖွားတော်မူလေ၏။

၁၈၄။ ငါသည် ထိုနေ့၌ပင်လျှင် မွေးဖွားလျက် ထိုသိဒ္ဓတ္ထမင်းသားနှင့် အတူတကွသာလျှင် ကြီးပွါးခြင်းသို့ရောက်ခဲ့၏၊ ငါသည် ချစ်အပ်သော အဆွေခင်ပွန်းပေတည်း၊ သနားတတ်သော အဆွေခင်ပွန်းပေတည်း၊ ထက်မြက်သော ပညာရှိပေတည်း၊ နီတိကျမ်း၌ ကျွမ်းကျင်သော သူပေတည်း။

၁၈၅။ ထိုသိဒ္ဓတ္ထမင်းသားသည် နှစ်ဆယ့်ကိုးနှစ် အရွယ်မျှဖြင့် အိမ်မှ တောထွက်လျက်ခြောက်နှစ်ကာလကို လွန်စေပြီးနောက် နိဗ္ဗာန်သို့ ပို့ဆောင်တတ်သော မြတ်စွာဘုရား ဖြစ် တော်မူလေ၏။

၁၈၆။ စစ်သည်နှင့် တကွသော မာရ်နတ်မင်းကို အောင်၍ အာသဝေါတို့ကို ကုန်စေပြီး လျှင်ဘဝဟူသော သမုဒ္ဒရာကို ကူးမြောက်လျက် နတ်နှင့် တကွသော လောက၌ ဘုရား ဖြစ်တော်မူ၏။

၁၈၇။ ထိုအခါ မြတ်စွာဘုရားသည် ဣသိ (ပတန) မည်သော တောသို့ ကြွသွား၍ ပဉ္စဝဂ္ဂီတို့ကို ဆုံးမပြီးလတ်သော် ထိုထိုအရပ်သို့ ကြွကာ ကြွကာ ဆုံးမတော်မူ၏။

၁၈၈။ ထိုအခါ ထိုမြတ်စွာဘုရားသည် ဆုံးမထိုက်သူတို့ကို ဆုံးမလျက် နတ်နှင့် တကွ သော လူကို ချီးမြှောက်လိုသည်ဖြစ်၍ မဂဓတိုင်း ရာဇဂြိုဟ်ပြည်သို့ ကြွရောက်လျက်နေတော် မူ၏။

၁၈၉။ ထိုအခါ ငါသည် သုဒ္ဓေါဒနမင်းက စေခိုင်းအပ်သည် ဖြစ်၍ (ရာဇဂြိုဟ်သို့) သွား ပြီးလျှင် မြတ်စွာဘုရားကို ဖူးမြင်ရသော် ရဟန်းပြုလျက် ရဟန္တာ ဖြစ်ခဲ့၏။

၁၉၀။ ထိုအခါ မြတ်စွာဘုရားကို တောင်းပန်၍ ကပိလဝတ်မည်သော ပြည်သို့ ပင့်ဆောင် ခဲ့၏၊ ထိုအခါ ငါသည် ရှေးဦးစွာ ကြွသွား၍ များသော ဆွေမျိုးအပေါင်းကို ကြည်ညိုစေခဲ့၏။

၁၉၁။ ထိုမြတ်စွာဘုရားသည် ထိုဂုဏ်၌ နှစ်သက်တော်မူသည်ဖြစ်၍ များစွာသော ပရိသတ်၌ ငါ့ကိုအမျိုးကို ကြည်ညိုစေတတ်သော ရဟန်းတို့တွင် အမြတ်ဆုံးဟု ပညတ်တော်မူ၏။

၁၉၂။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။

၁၉၃။ ငါ၏ လာခြင်းကား။ပ။ အဆုံးအမတော်ကို လိုက်နာပြုကျင့်အပ်ပါပြီ။

၁၉၄။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ အဆုံးအမတော်ကို လိုက်နာကျင့် သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ကာဠုဒါယိမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ခြောက်ခုမြောက် ကာဠုဒါယိတ္ထေရအပဒါန် ပြီး၏။

--

၇-အဘယတ္ထေရအပဒါန်

၁၉၅။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ အလုံးစုံသော တရားတို့၌ ပညာမျက်စိရှိ တော်မူသော နိဗ္ဗာန်သို့ ပို့ဆောင်တော်မူတတ်သော ပဒုမုတ္တရမည်သော မြတ်စွာဘုရားသည် ပွင့်တော်မူ၏။

၁၉၆။ မြတ်စွာဘုရားသည် အချို့သော သူကို သရဏဂုံ၌ တည်စေတော်မူ၏၊ အချို့ သောသူကို သီလ၌တည်စေတော်မူ၏၊ အချို့သော သူကို မြတ်သော (ကုသိုလ်) ကမ္မပထ ဆယ်ပါး၌ တည်စေတော်မူ၏။

၁၉၇။ ထိုမြတ်စွာဘုရားသည် အချို့သော သူအား ရဟန်းဖြစ်ခြင်း၏ အကျိုးမြတ်ကို ပေးတော်မူ၏၊ (အချို့သောသူအား) သမာပတ်ရှစ်ပါးတို့ကို ပေးတော်မူ၏၊ (အချို့သော သူအား) ဝိဇ္ဇာသုံးပါးတို့ကို ပေးတော်မူ၏။

၁၉၈။ မြတ်စွာဘုရားသည် အချို့သော ပုဂ္ဂိုလ်ကို အဘိညာဉ်ခြောက်ပါးတို့၌ ယှဉ်စေတော်မူ၏၊ ထိုမြတ်စွာဘုရားသည် အချို့သောသူအား ပဋိသမ္ဘိဒါလေးပါးတို့ကို ပေးတော် မူ၏။

၁၉၉။ မြတ်စွာဘုရားသည် (သစ္စာလေးပါးကို) သိစေထိုက်သော သတ္တဝါကို မြင်တော်မူ လတ်သော် မရေတွက်နိုင်သော ယူဇနာခရီးကိုသော် လည်း တစ်ခဏချင်းဖြင့် ကြွသွား၍ ဆုံးမတော်မူ၏။

၂၀၀။ ထိုအခါ ငါသည် ဟံသာဝတီမြို့၌ ပုဏ္ဏားအမျိုးသား ဖြစ်ခဲ့၏၊ အလုံးစုံသော ဝေဒကျမ်းတို့၏တစ်ဖက်ကမ်းရောက် တတ်မြောက်သူဖြစ်၍ ဗျာကရုဏ်းကျမ်းတတ်ဟူ၍ လည်း သမုတ်အပ်၏။

၂၀၁။ နိရုတ္တိ (သဒ္ဒါကျမ်း) ၌လည်း ကျွမ်းကျင်လိမ္မာ၏၊ အဘိဓာန်ကျမ်း၌လည်း ရဲရင့်၏၊ ပုဒ်၌ လိမ္မာ၏၊ အလင်္ကာကျမ်းကို သိ၍ ဆန်းကျမ်း၌ လိမ္မာ၏။

၂၀၂။ ငါသည် အညောင်းပြေ လမ်းလျှောက်စဉ် ဟံသာရုံကျောင်းတိုက်သို့ ချဉ်းကပ်သည် ရှိသော် လူအပေါင်းဖြင့် ခြံရံလျက်ရှိသော နိဗ္ဗာန်ဆုကို ပေးတတ်သော မြတ်စွာဘုရားကို ဖူးမြင်ရ၏။

၂၀၃။ ဆန့်ကျင်ဘက်ကို အလိုရှိသော ငါသည် တရားကို ဟောတော်မူဆဲဖြစ်သောကိလေသာမြူကင်းသော မြတ်စွာဘုရားသို့ ချဉ်းကပ်လျက် ထိုမြတ်စွာဘုရား၏ အညစ်အကြေး ကင်းသောကောင်းသော တရားကို နာကြားရသည်ရှိသော် -

၂၀၄။ ထိုမြတ်စွာဘုရား၏ အထပ်ထပ် မိန့်ဆိုအပ်သော စကားကိုလည်းကောင်း၊ အနက် မရှိသောစကားကိုလည်းကောင်း၊ အကျိုးမရှိသော စကားကိုလည်းကောင်း မတွေ့မြင်ရ။ ထို့ကြောင့် ငါသည်ရဟန်းပြုခဲ့၏။

၂၀၅။ ကာလ မကြာမီပင်လျှင် အလုံးစုံသော ကျမ်းတို့၌ ရဲရင့်၏၊ မြတ်စွာဘုရား စကားတော်၌့လိမ္မာသိမ်မွေ့၏၊ ဂုဏ်ရှိသော သူဟု သမုတ်ခံရ၏။

၂၀၆။ ထိုအခါ ကောင်းသော သဒ္ဒါရှိကုန်သော လေးဂါထာတို့ကို သီကုံးထုံးဖွဲ့၍ မြတ်စွာ ဘုရားကိုချီးကျူးလျက် နေ့တိုင်းနေ့တိုင်း ဟောခဲ့၏။

၂၀၇။ မြတ်စွာဘုရားသည် တပ်ခြင်းကင်းတော်မူ၏၊ ဘေးနှင့် တကွသော သံသရာ၌ နေတော်မူစဉ်ကရုဏာကြောင့် ငြိမ်းအေးတော်မမူချေ၊ ထို့ကြောင့် မြတ်စွာဘုရားသည် ကရုဏာရှိတော်မူ၏။

၂၀၈။ အကြင် (ဘုရားလောင်း) သတ္တဝါသည် ပုထုဇဉ်ဖြစ်လျက်ပင် ကိလေသာ၏ အလိုသို့ မလိုက်ပေ၊ ဆင်ခြင်ဉာဏ်ရှိ၏၊ သတိနှင့် ယှဉ်၏၊ ထို့ကြောင့် ဤဘုရားအလောင်းတော်ကို မကြံစည်ထိုက်ချေ။

--

၂၀၉။ အကြင် မြတ်စွာဘုရားသည် အလိုဆန္ဒသို့ ရောက်ကုန်သည့် အားနည်းကုန်သောဤကိလေသာတို့ကို ဉာဏ်မီးဖြင့် လောင်ကျွမ်းစေအပ်ကုန်၏၊ ထိုကိလေသာတို့သည် မကုန်နိုင် ကုန်၊ ထိုသို့မကုန်နိုင်ခြင်းသည် အံ့ဩဖွယ် ဖြစ်၏။

၂၁၀။ အကြင်ဘုရားလောင်းသည် အလုံးစုံသော လောက၏ လေးစားအပ်သော ဆရာ တည်း၊ လောကသည်လည်း အကြင်ဘုရားလောင်းအား ထိုအခြင်းအရာအားဖြင့် အလေးပြု၏၊ ထို့ကြောင့်လည်းလောက၏ ဆရာတည်း၊ လောကသည် ထို (ဘုရားလောင်း) သို့ အတုလိုက်၏။

၂၁၁။ ဤသို့ အစရှိသည်တို့ဖြင့် မြတ်စွာဘုရားကို ချီးကျူးလျက် တရားဟောမှုကို အသက်ထက်ဆုံးပြုလုပ်၍ ထိုဘဝမှ စုတေလတ်သော် နတ်ပြည်သို့ ရောက်ခဲ့၏။

၂၁၂။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ မြတ်စွာဘုရားကို အထူးချီးကျူးခဲ့၏၊ (ထို အခါမှစ၍) မကောင်းမှု ပြုသူတို့ လားရာ'ဒုဂ္ဂတိ'ဘဝကို မသိရပေ။ ဤသို့ ဖြစ်ရခြင်းသည် ချီးကျူးခြင်း၏အကျိုးပေတည်း။

၂၁၃။ ငါသည် နတ်ပြည်၌ ရွှေတုရိုဏ်တိုင်နှင့် တူသော နတ်မင်းမြတ်အဖြစ်သို့ ရောက်ခဲ့၏၊ ငါသည်စကြဝတေးမင်းမြတ်အဖြစ်ကို အကြိမ်များစွာ ခံစားခဲ့ရ၏။

၂၁၄။ နတ်ဘဝ, လူ့ဘဝဟူသော ဘဝနှစ်ပါး၌ ဖြစ်ရ၏၊ တစ်ပါးသောလားရာဂတိကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ချီးကျူးခြင်း၏ အကျိုးပေတည်း။

၂၁၅။ မင်းမျိုး, ပုဏ္ဏားမျိုးဟူသော အမျိုးနှစ်ပါး၌ ဖြစ်ရ၏၊ ယုတ်နိမ့်သော အမျိုး၌ မဖြစ်စဖူးပေ။ ဤသို့ဖြစ်ရခြင်းသည် ချီးကျူးခြင်း၏ အကျိုးပေတည်း။

၂၁၆။ ဤယခု နောက်ဆုံးဘဝ၌လည်း ရာဇဂြိုဟ်ပြည်မြတ်၌ ငါသည် အမည်အားဖြင့် အဘယမည်သော ဗိမ္ဗိသာရမင်း၏ သားတော် ဖြစ်၏။

၂၁၇။ ငါသည် ယုတ်မာသော မိတ်ဆွေ၏ အလိုသို့လိုက်၍ နာဋ၏သား နိဂဏ္ဌတက္ကတွန်း သည်တွေဝေစေအပ်လျက် စေခိုင်းအပ်သည်ရှိသော် ဘုရားမြတ်ထံသို့ ချဉ်းကပ်ပြီးလျှင် -

၂၁၈။ သိမ်မွေ့သော ပြဿနာကို မေးလျှောက်ရာ မြတ်သော အဖြေကို နာကြားရခြင်း ကြောင့်ရဟန်းပြုပြီး၍ မကြာမြင့်မီ အရဟတ္တဖိုလ်သို့ ရောက်၏။

၂၁၉။ ငါသည် ဘုရားမြတ်ကို ချီးကျူးခဲ့ခြင်းကြောင့် အခါခပ်သိမ်း ချီးကျူးခံရသူ ဖြစ်၏၊ ကောင်းသောကိုယ်အနံ့, ခံတွင်းအနံ့ရှိလျက် ချမ်းသာနှင့် ပြည့်စုံသူ ဖြစ်၏။

၂၂၀။ ထိုကံ၏ အစွမ်းကြောင့် ထက်မြက်ကြည်ရွှင် လျင်မြန်သော ပညာရှိ၏၊ ကြီးမား သော ပညာရှိ၏၊ ထို့အတူပင် ငါသည် ဆန်းကြယ်သော ပဋိဘာန်ဉာဏ်လည်း ရှိ၏။

၂၂၁။ ငါသည် ကြည်ညိုသော စိတ်ရှိလျက် အတုမရှိသော ပဒုမုတ္တရမြတ်စွာဘုရားကို ချီးကျူးခဲ့၍ ထိုကံ၏အစွမ်းအားကြောင့် ကမ္ဘာတစ်သိန်းတို့ပတ်လုံး အပါယ်ဘုံသို့ မရောက်ရ ပေ။

၂၂၂။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။

၂၂၃။ ငါ၏ လာခြင်းကား။ပ။ အဆုံးအမတော်ကို လိုက်နာပြုကျင့်အပ်ပါပြီ။

၂၂၄။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ အဆုံးအမတော်ကို လိုက်နာကျင့် သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်အဘယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ခုနစ်ခုမြောက် အဘယတ္ထေရအပဒါန် ပြီး၏။

--

၈-လောမသကင်္ဂံယတ္ထေရအပဒါန်

၂၂၅။ ဤဘဒ္ဒကမ္ဘာ၌ တရားဟောပုဂ္ဂိုလ်တို့တွင် အမြတ်ဆုံးဖြစ်သော ဗြာဟ္မဏမျိုးဖြစ်၍ များသောအခြံအရံရှိသော အနွယ်အားဖြင့် ကဿပဟု ထင်ရှားသော မြတ်စွာဘုရားသည် ပွင့်တော်မူ၏။

၂၂၆။ ထိုအခါ ငါသည်လည်းကောင်း၊ စန္ဒနသည်လည်းကောင်း သာသနာတော်၌ ရဟန်း ပြု၍အသက်ဆုံးသည်တိုင်အောင် သာသနာတော်၌ တရားကို ဖြည့်ကျင့်ခဲ့ခြင်းကြောင့်-

၂၂၇။ ထိုဘဝမှ စုတေကုန်သော် ငါတို့နှစ်ဦးလုံး တုသိတာဘုံသို့ ရောက်ကုန်၏၊ ထိုဘုံ၌ နတ်၌ဖြစ်ကုန်သော ကခြင်းတို့ဖြင့်လည်းကောင်း၊ သီခြင်းတို့ဖြင့်လည်းကောင်း၊ တီးမှုတ်ခြင်းတို့ဖြင့်လည်းကောင်း-

၂၂၈။ အဆင်းစသော အင်္ဂါဆယ်ပါးတို့ဖြင့်လည်းကောင်း ကြွင်းသော နတ်တို့ကို လွှမ်း မိုး၍ကြီးစွာသော ချမ်းသာကို ခံစားလျက် အသက်ထက်ဆုံး နေပြီးလျှင် -

၂၂၉။ ထိုဘုံမှ စုတေလတ်သော် စန္ဒနသည် တာဝတိံသာဘုံသို့ ဖြစ်လေ၏၊ ငါသည် ကပိလဝတ်ပြည်၌သာကိယမင်းသား ဖြစ်ခဲ့၏။

၂၃၀။ အကြင်အခါ မြတ်စွာဘုရားသည် ဥဒါယိထေရ် တိုက်တွန်းအပ်သည်ဖြစ်၍ သာကီဝင်မင်းတို့အားအစဉ်သနားတော်မူသဖြင့် ကပိလမည်သော မြို့သို့ ကြွရောက်တော် မူ၏။

၂၃၁။ ထိုအခါ အလွန်မာနကြီးကုန်သော မြတ်စွာဘုရား၏ ဂုဏ်ကို မသိသော သာကီဝင်မင်းတို့သည်ဇာတိမာန်ဖြင့် ခက်ထန်ကုန်သည်ဖြစ်၍ ရိုသေခြင်း ကင်းလျက် မြတ်စွာ ဘုရားကို ရှိမခိုးကုန်။

၂၃၂။ မြတ်စွာဘုရားသည် ထိုသာကီဝင်မင်းတို့၏ စိတ်အကြံကို သိ၍ ကောင်းကင်၌ စင်္ကြံကြွတော်မူ၏၊ ‘မိုးကဲ့သို့’ ရွာသွန်းတော်မူ၏၊ ‘မီးလျှံကဲ့သို့’ တောက်ပတော်မူ၏။

၂၃၃။ အတုမရှိသော ရုပ်အဆင်းကို ပြ၍ တစ်ဖန် ကွယ်ပျောက်တော်မူ၏၊ တစ်ပါးတည်း ဖြစ်၍လည်းအများအပြားဖြစ်တော်မူ၏၊ (အများအပြား ဖြစ်၍လည်း) တစ်ဖန် တစ်ပါးတည်း ဖြစ်တော်မူ၏။

၂၃၄။ မြတ်စွာဘုရားသည် အမိုက်တိုက်ကိုလည်းကောင်း၊ အလင်းရောင်ကိုလည်းကောင်း၊ အများအပြားပြတော်မူ၍ တန်ခိုးပြာဋိဟာကို ပြုပြီးလျှင် ဆွေမျိုးတို့ကို ဆုံးမတော်မူ၏။

၂၃၅။ ထိုခဏ၌ပင် လေးကျွန်းလုံး ပျံ့နှံ့သော မိုးကြီးသည် ရွာသွန်းလေ၏၊ ထိုအခါ မြတ်စွာဘုရားသည် ဝေဿန္တရာဇာတ်ကို ဟောတော်မူ၏။

၂၃၆။ ထိုအခါ ထိုမင်းအားလုံးတို့သည် ဇာတ်ကြောင့်ဖြစ်သော မာန်ယစ်ခြင်းကို ပယ် ဖျောက်ပြီးလျှင် မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍လည်း ဆည်းကပ်ကုန်၏၊ ထိုအခါ သုဒ္ဓေါဒနမင်းသည်လျှောက်ထားလေ၏။

၂၃၇။ ထက်ဝန်းကျင် သိမြင်နိုင်သော (သဗ္ဗညုတဉာဏ်) မျက်စိရှိတော်မူသော မြတ်စွာ ဘုရားအရှင်ဘုရား၏ ခြေတော်တို့ကို ရှိခိုးပါ၏၊ ဤရှိခိုးခြင်းသည် သုံးကြိမ်မြောက် ရှိခိုးခြင်း ပါတည်း။ အကြင်အခါ မွေးဖွားတော်မူစဉ် မြေကြီးသည် တုန်လှုပ်၏၊ ထိုအခါ (ပထမ အကြိမ်) ရှိခိုးခဲ့ပါ၏။ အကြင်အခါလည်း သပြေပင်ရိပ်သည် အရှင်ဘုရားကို မစွန့်လွှတ်ချေ၊ ထိုအခါ လည်း နှစ်ကြိမ်မြောက်ရှိခိုးခဲ့ပါ၏။

--

၂၃၈။ ထိုအခါ ငါသည် မြတ်စွာဘုရား၏ တန်ခိုးအာနုဘော်ကို မြင်ရသည်ရှိသော် တက်ကြွသောစိတ်ရှိသည်ဖြစ်၍ ရဟန်းပြုပြီးလျှင် ထိုမြို့၌ပင် အမိကို ပူဇော်လျက် နေခဲ့၏။

၂၃၉။ ထိုအခါ စန္ဒနနတ်သားသည် ငါ့ထံသို့ ချဉ်းကပ်၍ ဘဒ္ဒေကရတ္တသုတ်၏ အကျဉ်း နည်းအကျယ်နည်းကို မေးမြန်းလေ၏။

၂၄၀။ ထိုအခါ ထိုစန္ဒနနတ်သား တိုက်တွန်းအပ်သော ငါသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ဘဒ္ဒေကရတ္တသုတ်ကို ကြားနာရသည်ရှိသော် သံဝေဂရလျက် တော၌ နေခြင်းကို မြတ်နိုး၏။

၂၄၁။ ထိုအခါ ငါသည် “တော၌ တစ်ဦးတည်း နေပါရစေ”ဟု မယ်တော်ကို ပန်ကြား ခဲ့၏၊ “အရှင်ဘုရား သိမ်မွေ့နူးညံ့သော ပုဂ္ဂိုလ်ဖြစ်ပါသည်’ဟု ငါ၏ မယ်တော်က တားမြစ် လတ်သော် ထိုအခါ (ငါသည် ဤသို့) ပြောဆိုခဲ့၏။

၂၄၂။ ကျွန်ုပ်သည် ဝိဝေက (သုံးပါး) ကို ပွါးစေလျက် ကြိမ်နွယ်, သမန်းမြက်, ဖောင်း ကားမြက်, ပန်းရင်းဖြူဆံမြက် (ပိန်းမြက်) တို့ကို ရင်ဖြင့် နုတ်ပယ်ပါအံ့ (ဟု ပြောဆိုခဲ့၏)။

၂၄၃။ ထိုအခါ ငါသည် တောသို့ ဝင်လျက် မြတ်စွာဘုရားအဆုံးအမဖြစ်သော ဘဒ္ဒေကရတ္တသုတ်အဆုံးအမကို အောက်မေ့၍ အရဟတ္တဖိုလ်သို့ ရောက်ခဲ့၏။

၂၄၄။ အတိတ် (ရုပ်နာမ်) တရားကို အစဉ် မလိုက်ရာ၊ အနာဂတ် (ရုပ်နာမ်) တရားကို အလိုမရှိ (မတောင့်တ) ရာ၊ အတိတ် (ရုပ်နာမ်) တရားကို ပယ်အပ်ခဲ့ပြီ၊ အနာဂတ် (ရုပ်နာမ်) တရားသည်ကားမရောက်သေးချေ။

၂၄၅။ အကြင်ပုဂ္ဂိုလ်သည် ပစ္စုပ္ပန် (ရုပ်နာမ်) တရားကို ထိုထိုဖြစ်ပေါ်ဆဲအခါ ရုပ်စသည်တို့ ၌ (အနိစ္စ, ဒုက္ခ, အနတ္တ)ဟု အမျိုးမျိုး ရှု၏၊ ပညာရှိပုဂ္ဂိုလ်သည် မတွန့်ဆုတ်၊ မပျက်စီး သော ထိုဝိပဿနာကိုပွါးများရာ၏။

၂၄၆။ ယနေ့ပင်လျှင် ကိလေသာကို ပူပန်စေတတ်သော လုံ့လကို ပြုသင့်၏၊ နက်ဖြန် သေရမည်ကိုအဘယ်သူသည် သိနိုင်ပါအံ့နည်း။ များသော စစ်သည်ရှိသော ထိုသေမင်းနှင့် ငါတို့အား ချိန်းချက်မှုသည်မရှိချေ။

၂၄၇။ ဤသို့ နေလေ့ရှိသော ကိလေသာကို ပူပန်စေတတ်သော လုံ့လရှိသော နေ့ညဉ့် ပတ်လုံးပျင်းရိခြင်းမရှိသော ထိုပုဂ္ဂိုလ်ကို စင်စစ် ကောင်းမြတ်သော နေ့ညဉ့်ရှိသော ပုဂ္ဂိုလ်ဟု ကိလေသာမီးငြိမ်းတော်မူပြီးသော မြတ်စွာဘုရားသည် မိန့်ကြားတော်မူ၏။

၂၄၈။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။

၂၄၉။ ငါ၏ လာခြင်းကား။ပ။ အဆုံးအမတော်ကို လိုက်နာပြုကျင့်အပ်ပါပြီ။

၂၅၀။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ အဆုံးအမတော်ကို လိုက်နာကျင့် သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်လောမသကင်္ဂံယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ရှစ်ခုမြောက် လောမသကင်္ဂံယတ္ထေရအပဒါန် ပြီး၏။

--

၉-ဝနဝစ္ဆတ္ထေရအပဒါန်

၂၅၁။ ဤဘဒ္ဒကမ္ဘာ၌ တရားဟောပုဂ္ဂိုလ်တို့တွင် အမြတ်ဆုံးဖြစ်သော ဗြာဟ္မဏမျိုးဖြစ်၍ များသောအခြံအရံရှိသော အနွယ်အားဖြင့် ကဿပဟု ထင်ရှားသော မြတ်စွာဘုရားသည် ပွင့်တော်မူ၏။

၂၅၂။ ထိုအခါ ငါသည် ထိုမြတ်စွာဘုရား၏ သာသနာတော်၌ ရဟန်းပြုပြီးလျှင် မြတ်သော အကျင့်ကိုအသက်ထက်ဆုံး ကျင့်၍ ထိုဘဝမှ စုတေလတ်သော် -

၂၅၃။ ကောင်းစွာ ပြုအပ်သော ထိုကံကြောင့်လည်းကောင်း၊ စေတနာ, တောင့်တမှုတို့ကြောင့်လည်းကောင်း လူ့ခန္ဓာကိုယ်ကို စွန့်ပယ်ရသည်ရှိသော် ငါသည် တာဝတိံသာဘုံသို့ ရောက်ခဲ့၏။

၂၅၄။ ငါသည် ထိုဘဝမှ စုတေပြန်လတ်သော် တော၌ ခိုဖြစ်၏၊ ထိုတော၌ ဂုဏ်နှင့် ပြည့်စုံလျက်အခါခပ်သိမ်း ဈာန်၌ ပျော်မွေ့သော ရဟန်းသည် နေ၏။

၂၅၅။ (ထိုရဟန်းသည်) မေတ္တာစိတ်ရှိပေ၏၊ သနားခြင်းရှိပေ၏၊ အခါခပ်သိမ်း ရွှင်လန်းဝမ်းမြောက်သော မျက်နှာရှိပေ၏၊ လျစ်လျူရှုတတ်၏၊ ကြီးမားသော လုံ့လရှိ၏၊ အပ္ပမညာ တရားတို့၌ ကျွမ်းကျင်ပေ၏။

၂၅၆။ ငါသည် နီဝရဏကင်းသော စိတ်အကြံရှိသော အလုံးစုံသော သတ္တဝါတို့၏ အကျိုးစီးပွါးကိုလိုလားခြင်းရှိသော ထိုမြတ်စွာဘုရား၏ တပည့်သာဝက၌ မကြာမြင့်မီပင် အကျွမ်းဝင်သည် ဖြစ်၏။

၂၅၇။ ထိုအခါ ထိုရဟန်း၏ ခြေရင်း၌ ကပ်၍ နေသော ငါ့အား ထိုရဟန်းသည် တစ်ရံ တစ်ခါဆွမ်းအာမိသကို ပေး၏၊ တစ်ရံတစ်ခါ တရားတော်ကိုလည်း ဟောပြ၏။

၂၅၈။ ထိုအခါ ငါသည် ပြန့်ပြောသော ချစ်ခြင်းဖြင့် မြတ်စွာဘုရား၏ သားတော်ကိုဆည်းကပ်ခဲ့ခြင်းကြောင့် ထိုဘဝမှ စုတေလတ်သော် ‘(အိမ်နှင့်) ကွေကွင်းနေသူသည် မိမိအိမ် သို့ပြန်ရောက်သကဲ့သို့’ နတ်ပြည်သို့ ရောက်ရပေ၏။

၂၅၉။ ငါသည် နတ်ပြည်မှ စုတေပြန်လတ်သော် ကုသိုလ်ကံကြောင့် လူ့ဘုံတို့၌ ဖြစ်ရ၏၊ ငါသည်အိမ်ကို စွန့်ပယ်၍ အကြိမ်များစွာ ရဟန်းပြု၏။

၂၆၀။ ထို့အတူပင် ငါသည် ရဟန်းသည်လည်းကောင်း၊ ရသေ့သည်လည်းကောင်း၊ ပုဏ္ဏားသည်လည်းကောင်း၊ ပရိဗိုဇ်သည်လည်းကောင်း ဖြစ်၍ တော၌အကြိမ်အရာမက နေခဲ့၏။

၂၆၁။ ငါသည် ဤယခုနောက်ဆုံးဘဝ၌လည်း ပျော်မွေ့ဖွယ်ကောင်းသော ကပိလဝတ် ပြည်၌ဝစ္ဆအနွယ်ရှိသော ပုဏ္ဏား၏ မယား၌ ပဋိသန္ဓေ နေခဲ့၏။

၂၆၂။ ငါသည် အမိဝမ်းတိုက်၌ ပဋိသန္ဓေ တည်ရှိစဉ် ဖွားခါနီး အချိန်၌ ငါ၏ မယ်တော် အား တော၌နေလိုသော ချင်ခြင်းသည် ဖြစ်ပေါ်ခဲ့၏။

၂၆၃။ ထို့ကြောင့် မယ်တော်သည် ငါ့အား ပျော်မွေ့ဖွယ်ကောင်းသော တောအတွင်း၌ ဖွားမြင်ခဲ့၏၊ ဝမ်းတိုက်မှ မွေးဖွားသော ငါ့ကို ဖန်ရည်စွန်း အဝတ်ဖြင့် ခံယူကုန်၏။

၂၆၄။ ထိုအခါ သာကီဝင်မင်းမျိုးတို့၏ တံခွန်သဖွယ်ဖြစ်သော သိဒ္ဓတ္ထမင်းသားသည် ဖွားမြင်လေ၏၊ ငါသည် ထိုမင်းသား၏ ချစ်အပ်သော ကောင်းစွာ အကျွမ်းဝင်သော အလွန် မြတ်နိုးအပ်သော မိတ်ဆွေဖြစ်ခဲ့၏။

--

၂၆၅။ သတ္တဝါတို့၏ အနှစ်သဖွယ်ဖြစ်သော ဘုရားလောင်းသိဒ္ဓတ္ထမင်းသားသည် ကြီး ကျယ်သောအခြံအရံကို ပယ်စွန့်၍ တောထွက်သည်ရှိသော် ငါသည်လည်း ရဟန်းပြု၍ ဟိမဝန္တာသို့ ချဉ်းကပ်၏။

၂၆၆။ တော၌ နေလေ့ရှိသော ချီးမွမ်းထိုက်သော ဓူတင်ကို ဟောပြောတတ်သော အရှင် ကဿပကိုဖူးမြင်၍ မြတ်စွာဘုရား ပွင့်တော်မူကြောင်းကို ကြားသိရသော် မြတ်စွာဘုရား ထံသို့ ချဉ်းကပ်ခဲ့၏။

၂၆၇။ ထိုမြတ်စွာဘုရားသည် ငါ့အား အလုံးစုံသော အကျိုးကို ကောင်းစွာဖော်ပြလျက် တရားကိုဟောတော်မူ၏၊ ထို့ကြောင့် ငါသည် ရဟန်းပြု၍ တောသို့သာလျှင် တစ်ဖန် ပြန်သွားခဲ့၏။

၂၆၈။ ထိုတော၌ မမေ့မလျော့ နေသည် ဖြစ်၍ ငါသည် အဘိညာဉ် ခြောက်ပါးတို့ကို ရခဲ့၏၊ မိတ်ဆွေကောင်းသည် အစဉ်စောင့်ရှောက်အပ်သည်ဖြစ်၍ ကောင်းစွာ ရအပ်သောလာဘ်ရှိသူ ဖြစ်ခဲ့၏၊ ဪ အံ့ဩဖွယ် ရှိပေစွ။

၂၆၉။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။

၂၇၀။ ငါ၏ လာခြင်းကား။ပ။ အဆုံးအမတော်ကို လိုက်နာပြုကျင့်အပ်ပါပြီ။

၂၇၁။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း။ပ။ အဆုံးအမတော်ကို လိုက်နာကျင့် သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ဝနဝစ္ဆမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ကိုးခုမြောက် ဝနဝစ္ဆတ္ထေရအပဒါန် ပြီး၏။

--

၁၀-စူဠသုဂန္ဓတ္ထေရအပဒါန်

၂၇၂။ ဤဘဒ္ဒကမ္ဘာ၌ တရားဟောပုဂ္ဂိုလ်တို့တွင် အမြတ်ဆုံးဖြစ်၍ ဗြာဟ္မဏမျိုးဖြစ်သော အနွယ်အားဖြင့်ကဿပဟု ထင်ရှားသော မြတ်စွာဘုရားသည် ပွင့်တော်မူ၏။

၂၇၃။ (ထိုမြတ်စွာဘုရားသည် ) လက္ခဏာတော်ငယ် ရှစ်ဆယ်နှင့် ပြည့်စုံတော်မူ၏၊ ယောက်ျားမြတ်တို့၏သုံးဆယ့်နှစ်ပါးသော လက္ခဏာတော်နှင့် ပြည့်စုံတော်မူ၏၊ တစ်လံမျှ သော အရောင်ဖြင့် ခြံရံလျက်ရှိတော်မူ၏၊ ရောင်ခြည်ကွန်ရက်ဖြင့် လွှမ်းမိုးလျက် ရှိတော် မူ၏။

၂၇၄။ (ထိုမြတ်စွာ ဘုရားသည် ) လမင်းကဲ့သို့ သက်သာရာ ရစေတော်မူ၏၊ နေမင်း ကဲ့သို့အလင်းရောင်ကို ပြုတော်မူတတ်၏၊ မိုးကဲ့သို့ ငြိမ်းအေးစေတော်မူတတ်၏၊ သမုဒ္ဒရာ ကဲ့သို့ ဂုဏ်တို့၏တည်ရာ ဖြစ်တော်မူ၏။

၂၇၅။ (ထိုမြတ်စွာဘုရားသည် ) သီလအားဖြင့် မြေကြီးနှင့် တူတော်မူ၏၊ သမာဓိအားဖြင့် ဟိမဝန္တာနှင့်တူတော်မူ၏၊ ပညာအားဖြင့် ကောင်းကင်နှင့် တူတော်မူ၏၊ လေကဲ့သို့ ကပ်ငြိ ခြင်း ကင်းတော်မူ၏။

၂၇၆။ ထိုအခါ ငါသည် ဗာရာဏသီပြည်တွင် များသော ဥစ္စာစပါးရှိသော၊ ဆည်းပူးအပ် သောရတနာအမျိုးမျိုးရှိသော၊ မြင့်မြတ်သော အမျိုး၌ ဖြစ်၏။

၂၇၇။ ငါသည် များမြတ်သော အခြံအရံဖြင့် ထိုင်နေတော်မူသော မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍'အမြိုက်ရေစင်ကဲ့သို့’ စိတ်နှလုံးကို ဆွဲဆောင်တတ်သော တရားတော်ကို နာကြား ခဲ့၏။

၂၇၈။ (မြတ်စွာဘုရားသည် ) ‘နက္ခတ်နှင့် တကွသော လမင်းကဲ့သို့’ သုံးဆယ့်နှစ်ပါးသောလက္ခဏာတော်ကြီးတို့ကို ဆောင်တော်မူ၏၊ ‘ပင်လုံးကျွတ်ပွင့်သော အင်ကြင်းပင်မင်းကဲ့သို့'လက္ခဏာတော်ငယ် ရှစ်ဆယ်နှင့် ပြည့်စုံတော်မူ၏။

၂၇၉။ ‘တောက်ပသော ရွှေတောင်ကဲ့သို့’ ရောင်ခြည်ကွန်ရက်တို့ဖြင့် လွှမ်းမိုးလျက် ရှိတော်မူ၏၊ ‘များသော ရောင်ခြည်ရှိသော နေမင်းကဲ့သို့’ တစ်လံမျှသော အရောင်ဖြင့် ခြံရံလျက် ရှိတော်မူ၏။

၂၈၀။ ဘုရားမြတ်သည် ရွှေအဆင်းနှင့် တူသော မျက်နှာရှိတော်မူ၏၊ ထိုဘုရားမြတ်သည်ပတ္တမြားကျောက်တောင်နှင့် တူတော်မူ၏၊ ကရုဏာဖြင့် ပြည့်သော စိတ်နှလုံး ရှိတော်မူ၏၊ ဂုဏ်တော်ကြောင့် သမုဒ္ဒရာနှင့် တူတော်မူပါပေ၏။

၂၈၁။ (မြတ်စွာဘုရားသည် ) လောက၌ ထင်ရှားကျော်စောခြင်းလည်း ရှိတော်မူပါပေ၏၊ မြင်းမိုရ်တောင်မြတ်နှင့်လည်း တူတော်မူပါပေ၏၊ လုံ့လရှိသော မြတ်စွာဘုရားသည် အခြံအရံ အားဖြင့်ကျယ်ပြန့်သော ကောင်းကင်နှင့် တူတော်မူပါပေ၏။

၂၈၂။ မြတ်စွာဘုရားသည် ‘လေကဲ့သို့’ အလုံးစုံသော အာရုံ၌ ကပ်ငြိခြင်းကင်းသောစိတ်ရှိတော်မူပါပေ၏၊ မြတ်စွာဘုရားသည် ‘မြေကြီးကဲ့သို့’ အလုံးစုံသော သတ္တဝါတို့၏တည်ရာဖြစ်တော်မူပါပေ၏။

၂၈၃။ ‘ပဒုမ္မာကြာသည် ရေနှင့် မလိမ်းကျံသကဲ့သို့’ မြတ်စွာဘုရားသည် လောကနှင့် လိမ်းကျံငြိကပ်ခြင်းကင်းတော်မူပါပေ၏၊ ထိုမြတ်စွာဘုရားသည် ‘မီးပုံကဲ့သို့’ မိစ္ဆာဝါဒတည်းဟူသော တောချုံကိုလောင်ကျွမ်းစေလျက် တင့်တယ်တော်မူပါပေ၏။

--

၂၈၄။ (မြတ်စွာဘုရားသည် ) ‘ဆေးကဲ့သို့’ အလုံးစုံသော အာရုံတို့၌ ကိလေသာအဆိပ်ကိုဖျက်ဆီးတော်မူတတ်ပါပေ၏၊ ‘ဂန္ဓမာဒနတောင်ကဲ့သို့’ ဂုဏ်ရနံ့တို့ဖြင့် တန်ဆာဆင်တော်မူအပ် ပါပေ၏။

၂၈၅။ ‘သမုဒ္ဒရာသည် ရတနာတို့၏ တည်ရာဖြစ်သကဲ့သို့’ မြတ်စွာဘုရားသည် ဂုဏ်တို့၏တည်ရာဖြစ်တော်မူပါပေ၏၊ ‘သမုဒ္ဒရာသည် တောအရေးကို ပယ်ရှားသကဲ့သို့’ ကိလေသာအညစ်အကြေးကို ဖယ်ရှားတော်မူတတ်ပါပေ၏။

၂၈၆။ (မြတ်စွာဘုရားသည် ) ‘အောင်ပွဲဆင်သော စစ်ဗိုလ်ချုပ်ကဲ့သို့’ မာရ်စစ်တပ်ကို နှိမ် နင်းနိုင်လျက့်အောင်ပွဲဆင်တော်မူပါပေ၏၊ ထိုမြတ်စွာဘုရားသည် ‘စကြဝတေးမင်းကဲ့သို့’ ဗောဇ္ဈင်ရတနာကိုအစိုးရတော်မူပါပေ၏။

၂၈၇။ (မြတ်စွာဘုရားသည် ) (ကိလေသာ) အပြစ်အနာကို ကုစားတတ်သော သမားတော် ကြီးနှင့်တူတော်မူပါပေ၏၊ ‘မြားငြောင့်ကို ထုတ်နုတ် (ခွဲစိတ်ကုသ) တတ်သော ဆေးသမားကဲ့ သို့’ ဒိဋ္ဌိအိုင်းအမာကိုဖောက်ခွဲဖျက်ဆီးတော်မူတတ်ပါပေ၏။

၂၈၈။ ထိုအခါ လောကကို ထွန်းလင်းတောက်ပစေတော်မူသော လူနှင့် တကွ နတ်တို့ သည်အရိုအသေပြုအပ်သော လူတို့၏ နေမင်းသဖွယ် ဖြစ်တော်မူသော ထိုမြတ်စွာဘုရား သည် ပရိသတ်တို့၌ တရားကို ဟောတော်မူ၏။

၂၈၉။ အလှူကို ပေးလှူခြင်းကြောင့် များသော စည်းစိမ်ရှိ၏၊ သီလကြောင့် ကောင်း သော ဂတိသို့ရောက်ရ၏၊ ဘာဝနာကြောင့် (ကိလေသာမီး) ငြိမ်း၏၊ ဤသို့လျှင် မြတ်စွာ ဘုရားသည် ဆုံးမတော်မူ၏။

၂၉၀။ ပရိသတ်အားလုံးတို့သည် အမြိုက်ရသာမြတ်ကို ခံစားရသကဲ့သို့ များသော သာယာဖွယ်ရှိသောအစ, အလယ်, အဆုံးကောင်းခြင်းရှိသော ထိုတရားဒေသနာကို ကြားနာရကုန်၏။

၂၉၁။ ငါသည် အလွန်ချိုမြိန်သော တရားတော်ကို နာကြားရသဖြင့် မြတ်စွာဘုရား သာသနာတော်၌ကြည်ညိုလျက် မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပြီးလျှင် အသက်ထက်ဆုံး ရှိခိုးခဲ့ပေ၏။

၂၉၂-၂၉၃။ ထိုအခါ စိမ်းရွှေညှီဟောက်သော အနံ့ရှိသည်ဖြစ်၍ ကိုယ်၏ကောင်းသော ရနံ့ရှိသူ၏အဖြစ်ကို ဆုတောင်းလျက် ငါသည် လတိုင်း ရှစ်ရက်နေ့တို့၌ မြတ်စွာဘုရား၏ ဂန္ဓကုဋီမြေကိုနံ့သာမျိုးလေးပါးတို့ဖြင့် လိမ်းကျံခဲ့၏၊ ထိုအခါ မြတ်စွာဘုရားသည် ကောင်း သော ရနံ့ရှိသောခန္ဓာကိုယ်ရနံ့ရှိသည့်အဖြစ်ကို မိန့်ကြားတော်မူ၏။

၂၉၄။ အကြင်သူသည် ဂန္ဓကုဋီမြေကို နံ့သာဖြင့် တစ်ကြိမ် လိမ်းကျံ၏၊ ထိုကံ၏ အကျိုး ကြောင့်ထိုထိုဘဝ၌ ဖြစ်လတ်သော် -

၂၉၅။ ဤသူသည် အလုံးစုံသော ဘဝတို့၌ ကောင်းသော ကိုယ်ရနံ့ရှိသူ ဖြစ်လတ္တံ့၊ ဂုဏ်ရနံ့နှင့်ပြည့်စုံသူ ဖြစ်၍ အာသဝမရှိဘဲ ပရိနိဗ္ဗာန်စံရလတ္တံ့။

၂၉၆။ ကောင်းစွာ ပြုအပ်သော ထိုကံကြောင့်လည်းကောင်း၊ စေတနာ, တောင့်တမှုတို့ကြောင့်လည်းကောင်း လူ့ခန္ဓာကိုယ်ကို စွန့်ပယ်ရသည်ရှိသော် ငါသည် တာဝတိံသာဘုံသို့ ရောက်ခဲ့၏။

၂၉၇။ ဤယခု နောက်ဆုံးဘဝ၌လည်း ငါသည် ပုဏ္ဏားမျိုး၌ဖြစ်၍ ဝမ်း၌ နေရစဉ် ငါ၏ အမိသည်ကိုယ်အားဖြင့် ကောင်းသော ရနံ့ရှိသူ ဖြစ်၏။

၂၉၈။ အကြင်အခါ ငါသည် အမိဝမ်းမှ မွေးဖွား၏၊ ထိုအခါ သာဝတ္ထိပြည်သည် ‘အလုံး စုံသောရနံ့တို့ဖြင့် ထုံအပ်သကဲ့သို့’ ကြိုင်လှိုင်လျက် ရှိပေ၏။

--

၂၉၉။ ထိုအခိုက် ကောင်းသော ရနံ့ရှိသော ပန်းမိုးသည်လည်း ရွာသွန်းလေ၏၊ စိတ် နှလုံးကိုပျော်မွေ့စေနိုင်သော နတ်ရနံ့သည်လည်းကောင်း၊ အဖိုးများစွာထိုက်သော အခိုးအထုံတို့သည်လည်းကောင်း ကြိုင်လှိုင်ကုန်၏။

၃၀၀။ အကြင်အိမ်၌ ငါသည် ဖွားမြင်၏၊ ထိုအိမ်ကို နတ်တို့သည်လည်း အလုံးစုံသောရနံ့တို့ဖြင့်လည်းကောင်း၊ အခိုးအထုံပန်းတို့ဖြင့်လည်းကောင်း၊ ကောင်းသော ရနံ့ဖြင့်လည်းကောင်းကြိုင်လှိုင်စေကုန်၏။

၃၀၁။ အကြင်အခါ၌ ငါသည် နုပျိုသူ, လှပသူဖြစ်လျက် ပထမအရွယ်၌ တည်ရှိလေ၏၊ ထိုအခါမြတ်စွာဘုရားသည် ပရိသတ်နှင့် တကွသော သေလပုဏ္ဏားကို ဆုံးမပြီးလျှင် -

၃၀၂။ ထိုရဟန်းအားလုံးတို့ဖြင့် ခြံရံလျက် သာဝတ္ထိပြည်သို့ ကြွလာတော်မူ၏၊ ထိုအခါ ငါသည်ထိုမြတ်စွာဘုရား၏ အာနုဘော်ကို တွေ့မြင်ရသဖြင့် ရဟန်းပြုခဲ့၏။

၃၀၃။ သီလကိုလည်းကောင်း၊ သမာဓိ, ပညာကိုလည်းကောင်း၊ အမြတ်ဆုံး အရဟတ္တဖိုလ်ဝိမုတ္တိကိုလည်းကောင်း လေးပါးသော တရားတို့ကို ပွါးများ၍ အာသဝကုန်ခြင်းသို့ ရောက်ခဲ့ပေ၏။

၃၀၄။ ငါသည် အကြင်အခါ၌လည်း ရဟန်းပြုခဲ့၏၊ အကြင်အခါ၌လည်း ရဟန္တာဖြစ်ခဲ့၏၊ အကြင်အခါ၌လည်း ပရိနိဗ္ဗာန်ပြုအံ့၊ ထိုအခါတို့၌ နံ့သာမိုးသည် ရွာသွန်းလေ၏။

၃၀၅။ ငါ၏ ကိုယ်နံ့သည်လည်း အခါခပ်သိမ်း ကြိုင်လှိုင်လျက် ရှိ၏၊ အဖိုးများစွာ ထိုက် တန်သောစန္ဒကူးနံ့, စံကားနံ့, ကြာညိုနံ့ကိုလည်းကောင်း၊ ထို့အတူပင် အခြားသော (နံ့သာ) ရနံ့တို့ကို လည်းကောင်း အခါခပ်သိမ်း လွှမ်းမိုး၍ ထိုနံ့သာမျိုးတို့ထက် ထိုထိုအရပ်၌ ကြိုင် လှိုင်လျက်ရှိ၏။

၃၀၆။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။

၃၀၇။ ငါ၏ လာခြင်းကား။ပ။ အဆုံးအမတော်ကို လိုက်နာပြုကျင့်အပ်ပါပြီ။

၃၀၈။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ အဆုံးအမတော်ကို လိုက်နာကျင့် သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်သုဂန္ဓမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ဆယ်ခုမြောက် စူဠသုဂန္ဓတ္ထေရအပဒါန် ပြီး၏။

ငါးဆယ့်ငါးခုမြောက် ဘဒ္ဒိယဝဂ် ပြီး၏။

--

၅၆-ယသဝဂ်

၁-ယသတ္ထေရအပဒါန်

။ မဟာသမုဒ္ဒရာသို့ သက်ဝင်၍ ငါသည် ဘုံဗိမာန်ကို ကောင်းစွာ ဖန်ဆင်းအပ်၏၊ စက္ကဝါက်ငှက်တို့တွန်ကျူးအပ်သော ရေကန်ကို ကောင်းစွာ ဖန်ဆင်းအပ်၏။

။ (ထိုရေကန်၌) မန္ဒာရကပန်းတို့ဖြင့်လည်းကောင်း၊ ပဒုမ္မာကြာ, ကုမုဒြာကြာတို့ဖြင့် လည်းကောင်းဖုံးလွှမ်းအပ်၏။ ထိုဘုံ၌ ကောင်းသော ဆိပ်ရှိသော (နှလုံးမွေ့လျော်ဖွယ်) စိတ်ပျော်မွေ့ဖွယ်ရှိသောမြစ်သည်လည်း စီးဆင်း၏။

။ (ထိုမြစ်၌) ငါးလိပ်တို့ဖြင့် ဖုံးလွှမ်းအပ်၏၊ အထူးထူးသောငှက်တို့ စုဝေးရာ ဖြစ်၏၊ ဥဒေါင်း, ကြိုးကြာတို့ တွန်ကျူးကုန်၏၊ သာယာသော အသံရှိသော ဥဩငှက်စသည်တို့ (တွန်ကျူးကုန်၏။)

။ ခိုတို့သည်လည်းကောင်း၊ ရွှေဟင်္သာတို့သည်လည်းကောင်း၊ စက္ကဝါက်ငှက်တို့သည် လည်းကောင်းမြစ်၌ ကျက်စားကုန်၏။ ဤမြစ်၌ ခါ (ရစ်) တို့သည်လည်းကောင်း၊ သာလိကာ (ဆက်ရက်) တို့သည်လည်းကောင်း၊ ပါဝကငှက် (ပုတ်သင်ပျံ) တို့သည်လည်းကောင်း၊ ဇီဝဇိုးငှက်တို့သည်လည်းကောင်း (များပြားကုန်၏)။

။ (ထိုမြစ်၌) ဟင်္သာ, ကြိုးကြာတို့ တွန်ကျူးအပ်ကုန်၏၊ (အဆင်း) ကြောင်သော ခင်ပုတ်ငှက်တို့သည်များပြားကုန်၏၊ ရတနာခုနစ်ပါးနှင့် ပြည့်စုံကုန်၏၊ ပတ္တမြား, ပုလဲ, သန္တာရှိကုန်၏။

။ အထူးထူးသော ပင်စည်တို့ဖြင့် ကောင်းစွာ (ပြန့်ပွါး) စည်ပင်ကုန်သော အလုံးစုံ သောသစ်ပင်တို့သည် ရွှေဖြင့်ပြီးကုန်၏၊ နေ့, ညဉ့် အခါခပ်သိမ်း ဘုံဗိမာန်ကို ထိန်လင်း စေကုန်၏။

။ တူရိယာခြောက်သောင်းတို့သည် ညချမ်း၌လည်းကောင်း၊ နံနက်၌လည်းကောင်း တီး မှုတ်ကုန်၏။ မိန်းမတစ်သောင်းခြောက်ထောင်တို့သည် ငါ့ကို အခါခပ်သိမ်း ဝန်းရံကုန်၏။

။ (ငါသည်) ဘုံဗိမာန်မှ ထွက်ခဲ့၍ သုမေဓာမြတ်စွာဘုရားကို ကြည်ညိုဝမ်းမြောက်သော စိတ်ရှိသည်ဖြစ်၍အခြံအရံများသော ထိုသုမေဓာမြတ်စွာဘုရားကို ရှိခိုး၏။

။ မြတ်စွာဘုရားကို ရှိခိုး၍ သံဃာနှင့် တကွ ထိုမြတ်စွာဘုရားကို ပင့်ဖိတ်၏၊ ပညာရှိ တော်မူသော လောက၏ ရှေ့သွား ထိုသုမေဓာမြတ်စွာဘုရားသည် လက်ခံတော်မူ၏။

၁၀။ မြတ်စွာဘုရားသည် ငါ့အား တရားစကားကို ဟောပြော၍ လွှတ်လိုက်၏၊ မြတ်စွာ ဘုရားကို ရှိခိုး၍ငါ၏ ဘုံဗိမာန်သို့ ချဉ်းကပ်၏။

၁၁။ (ငါသည်) အလုပ်အကျွေးအခြွေအရံတို့ကို မိန့်ဆို၏၊ ထိုအခါ အားလုံးတို့သည် စည်းဝေးကုန်၏၊ နံနက်အခါ၌ မြတ်စွာဘုရားသည် ဗိမာန်သို့ ကြွလာတော်မူလတ္တံ့ (ဟု မိန့် ဆို၏)။

၁၂။ (ထိုသူတို့သည်) အကြင်အကျွန်ုပ်တို့သည် သင်၏ အထံ၌ နေကုန်၏၊ ထိုအကျွန်ုပ် တို့သည်အရတော်ပါကုန်၏၊ အကျွန်ုပ်တို့အား ကောင်းစွာ ရအပ်ပါကုန်၏၊ အကျွန်ုပ်တို့ သည်လည်းဆရာဖြစ်တော်မူသော မြတ်စွာဘုရားအား ပူဇော်ပါကုန်အံ့ (ဟု ဆိုကုန်၏)။

၁၃။ ထမင်း, အဖျော်ကို ဖြစ်စေ၍ ငါသည် အချိန်ကာလကို လျှောက်ကြား၏၊ ဈာန်ရရဟန်းတစ်သိန်းတို့နှင့်တကွ မြတ်စွာဘုရားသည် ချဉ်းကပ်တော်မူ၏။

--

၁၄။ ငါသည် အင်္ဂါငါးပါးရှိသော တူရိယာတို့ဖြင့် ခရီးဦးကြိုဆို၏၊ ယောက်ျားမြတ်ဖြစ် တော်မူသော မြတ်စွာဘုရားသည် အလုံးစုံ ရွှေဖြင့်ပြီးသော အင်းပျဉ်၌ ထိုင်တော်မူ၏။

၁၅။ ထိုအခါ အထက်အမိုးသည် အားလုံး ရွှေဖြင့်ပြီးသော အမိုးဖြစ်၏၊ လွန်မြတ်သူ မရှိသောရဟန်းသံဃာကို ယပ်တို့သည် တလွှဲလွှဲ တိုက်ခတ်ကုန်၏။

၁၆။ များစွာသော ထမင်း, အဖျော်ဖြင့် ရဟန်းသံဃာကို ရောင့်ရဲတင်းတိမ်စေ၏၊ ငါသည် အသီး အသီးအဝတ်အစုံတို့ကို ရဟန်းသံဃာအား ပေးလှူ၏။

၁၇။ ပူဇော်အထူးကို ခံတော်မူထိုက်သော ထိုသုမေဓာမြတ်စွာဘုရားသည် အကြင်စကားကိုဟောတော်မူ၏၊ ရဟန်းသံဃာ (အလယ်၌) ထိုင်၍ ဤဆိုမည့် ဂါထာတို့ကို ဟောတော်မူ၏-

၁၈။ အကြင်သူသည် ငါဘုရားကိုလည်းကောင်း၊ ဤရဟန်းသံဃာအားလုံးတို့ကို လည်းကောင်းထမင်း, အဖျော်ဖြင့် ရောင့်ရဲတင်းတိမ်စေ၏။ ထိုသူကို ငါသည် ဟောကြားတော်မူအံ့၊ ဟောကြားမည့်ငါ့စကားကို ကြားနာကုန်လော့-

၁၉။ ကမ္ဘာတစ်ထောင့်ရှစ်ရာတို့ပတ်လုံး နတ်ပြည်၌ ပျော်မွေ့ရလတ္တံ့။ ဤသူသည် အကြိမ်တစ်ထောင်စကြဝတေးမင်း ဖြစ်လတ္တံ့။

၂၀။ ကပ်ရောက်ရတိုင်းသော လူ့အဖြစ်၊ နတ်အဖြစ်ဟူသမျှတို့၌ ထိုသူအား အလုံးစုံ ရွှေဖြင့်ပြီးသောအမိုးသည် ဆောင်းမိုးလတ္တံ့။

၂၁။ ကမ္ဘာသုံးသောင်းထက်၌ ဩက္ကာကမင်းမျိုးဖြစ်သော အနွယ်အားဖြင့် ဂေါတမမည် သောမြတ်စွာဘုရားသည် လောက၌ ပွင့်တော်မူလတ္တံ့။

၂၂။ ထိုမြတ်စွာဘုရား၏ တရားတော်တို့၌ တရားသည် ဖန်ဆင်းအပ်သော အမွေခံသား တော်ဖြစ်၍အလုံးစုံသော အာသဝတို့ကို ပိုင်းခြားသိပြီးလျှင် အာသဝမရှိဘဲ ငြိမ်းအေးလတ္တံ့။

၂၃။ ရဟန်းသံဃာ (အလယ်၌) ထိုင်၍ ရဲရင့်သော အသံကို ကြွေးကြော်လတ္တံ့၊ ထင်းပုံ၌ ထီးကိုစိုက်ဆောင်းကုန်၏၊ ထီးအောက်၌ မီးသင်္ဂြိုဟ်ကြကုန်၏။

၂၄။ ငါသည် သာမညဖိုလ်သို့ အစဉ်ရောက်ပြီ၊ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ မဏ္ဍပ်၌လည်းကောင်း၊ သစ်ပင်ရင်း၌လည်းကောင်း ထိတ်လန့်မှု သည်ငါ့အား မရှိ။

၂၅။ ကမ္ဘာသုံးသောင်းထက်၌ အလှူကို လှူခဲ့ရသော အခါမှစ၍ မကောင်းသူတို့ လားရောက်ရာ'ဒုဂ္ဂတိ’ ဘဝကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် အလုံးစုံသော အလှူ၏ အကျိုးပေတည်း။

၂၆။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ၊ ဘဝအားလုံးတို့ကို ပယ်နုတ်အပ်ကုန်ပြီ၊ ‘ဆင်ပြောင်ကြီးသည် အနှောင်အဖွဲ့ကို ဖြတ်၍ နေသကဲ့သို့’ အာသဝ မရှိဘဲနေရပါ၏။

၂၇။ ငါ၏ လာခြင်းကား စင်စစ် ကောင်းသောလာခြင်းဖြစ်၏၊ ငါသည် မြတ်စွာဘုရား၏ အထံ၌ဝိဇ္ဇာသုံးပါးတို့သို့ အစဉ်ရောက်အပ်ကုန်ပြီ၊ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာပြုကျင့်အပ်ပါပြီ။

၂၈။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကို လည်းကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကို လည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ယသမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ရှေးဦးစွာသော ယသတ္ထေရအပဒါန် ပြီး၏။

--

၂-နဒီကဿပတ္ထေရအပဒါန်

၂၉။ လောကထက် ကြီးမြတ်သည်ဖြစ်၍ တာဒိဂုဏ်ရှိတော်မူသော ပဒုမုတ္တရမြတ်စွာဘုရား သည်ဆွမ်းခံလှည့်လည်တော်မူစဉ် မြတ်သော ကျော်စောသော သစ်သီးဦးကို ယူ၍ ငါသည် မြတ်စွာဘုရားအားအလှည့်အကြိမ်အားဖြင့် လှူဒါန်းခဲ့၏။

၃၀။ ထိုကံကြောင့် ‘သိကြားမင်းကဲ့သို့’ လောကထက် ကြီးမြတ်သော လူတို့၏ အမြတ် ရဟန္တာဖြစ်၍အောင်ခြင်း, ရှုံးခြင်းကို စွန့်ပယ်ပြီးလျှင် မတုန်လှုပ်ရာဌာန (နိဗ္ဗာန်) သို့ ရောက် သူ ဖြစ်ပါ၏။

၃၁။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ အသီးကို လှူခဲ့ရသော အခါမှစ၍ မကောင်းမှုပြုသူတို့လားရောက်ရာ ‘ဒုဂ္ဂတိ’ ဘဝကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် အဦးအလှူ၏ အကျိုးပေတည်း။

၃၂။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။

၃၃။ ငါ၏ လာခြင်းကား စင်စစ် ကောင်းသောလာခြင်း ဖြစ်၏။ပ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကိုလိုက်နာပြုကျင့်အပ်ပါပြီ။

၃၄။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ မြတ်စွာဘုရား၏ အဆုံးအမတော် ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်နဒီကဿပမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

နှစ်ခုမြောက် နဒီကဿပတ္ထေရအပဒါန် ပြီး၏။

--

၃-ဂယာကဿပတ္ထေရအပဒါန်

၃၅။ သစ်နက်ရေကို ဝတ်လျက် ထမ်းပိုးဝန် (ရသေ့ပရိက္ခရာဝန်) ကို ဆောင်သော ငါသည် ထိုအခါထမ်းပိုးဝန် ရသေ့ပရိက္ခရာကို ဆောင်၍ ဆီးသီးကို သင်္ခမ်းကျောင်းသို့ ပို့ဆောင် ခဲ့၏။

၃၆။ ထိုအခါ မာရ်ငါးပါးကို အောင်တော်မူသော မြတ်စွာဘုရားသည် အဖော်မရှိဘဲ တစ်ပါးတည်းပင်အခါခပ်သိမ်း ထွန်းလင်းတောက်ပလျက် ငါ၏ သင်္ခမ်းကျောင်းသို့ ချဉ်းကပ်တော်မူ၏။

၃၇။ မိမိစိတ်ကို ကြည်ညိုစေ၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် ငါသည် လက်နှစ်ဖက်တို့ ဖြင့် ယူမြှောက်၍ဆီးသီးကို မြတ်စွာဘုရားအား လှူဒါန်း၏။

၃၈။ ဤဘဒ္ဒကမ္ဘာမှ သုံးဆယ့်တစ်ကမ္ဘာထက်၌ အသီးကို လှူဒါန်းခဲ့ရသော အခါမှစ၍ မကောင်းမှုပြုသူတို့ လားရောက်ရာ ‘ဒုဂ္ဂတိ’ ဘဝကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ဆီးသီးအလှူ၏အကျိုးပေတည်း။

၃၉။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။

၄၀။ ငါ၏ လာခြင်းကား စင်စစ် ကောင်းသောလာခြင်း ဖြစ်၏။ပ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကိုလိုက်နာပြုကျင့်အပ်ပါပြီ။

၄၁။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ မြတ်စွာဘုရား၏ အဆုံးအမ တော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ဂယာကဿပမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

သုံးခုမြောက် ဂယာကဿပတ္ထေရအပဒါန် ပြီး၏။

--

၄-ကိမိလတ္ထေရအပဒါန်

၄၂။ မကောင်းမှုကို အပပြုအပ်ပြီးသော (အကျင့်မြတ်ကို) ကျင့်သုံးခြင်းရှိသော ကကုသန်မြတ်စွာဘုရားသည် ပရိနိဗ္ဗာန်ပြုလတ်သော် ငါသည် ထင်းရှူးပန်းကို ယူ၍ မဏ္ဍပ်ပြုလုပ်ခဲ့၏။

၄၃။ တာဝတိံသာဘုံသို့ ရောက်သည်ဖြစ်၍ မြတ်သောဗိမာန်ကို ရ၏၊ အခြားသော နတ်တို့ထက်သာလွန်တင့်တယ်၏။ ဤသို့ ဖြစ်ရခြင်းသည် ကောင်းမှုကံ၏ အကျိုးပေတည်း။

၄၄။ ငါသည် နေ့၌ဖြစ်စေ သို့မဟုတ် ညဉ့်၌ဖြစ်စေ စင်္ကြံသွားသော် လည်းကောင်း၊ ရပ်သော် လည်းကောင်း ထင်းရှူးပန်းပွင့်တို့ဖြင့် မိုးအပ်၏။ ဤသို့ ဖြစ်ရခြင်းသည် ကောင်းမှု ကံ၏အကျိုးပေတည်း။

၄၅။ ငါသည် ဤဘဒ္ဒကမ္ဘာ၌ပင် မြတ်စွာဘုရားကို ပူဇော်ခဲ့ရသော အခါမှစ၍ မကောင်းမှု ပြုသူတို့လားရောက်ရာ ‘ဒုဂ္ဂတိ’ ဘဝကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာ ဘုရားကို ပူဇော်ခြင်း၏အကျိုးပေတည်း။

၄၆။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။

၄၇။ ငါ၏ လာခြင်းကား စင်စစ် ကောင်းသောလာခြင်း ဖြစ်၏။ပ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကိုလိုက်နာပြုကျင့်အပ်ပါပြီ။

၄၈။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ မြတ်စွာဘုရား၏ အဆုံးအမ တော်ကိုလိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ကိမိလမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

လေးခုမြောက် ကိမိလတ္ထေရအပဒါန် ပြီး၏။

--

၅-ဝဇ္ဇီပုတ္တတ္ထေရအပဒါန်

၄၉။ ရောင်ခြည်တစ်ထောင်ဆောင်၍ ကိုယ်တိုင် ပွင့်တော်မူသော (ရန်သူတို့သည်) မအောင် အပ်, မအောင်နိုင်သော မြတ်စွာဘုရားသည် ဆိတ်ငြိမ်ရာ'ဝိဝေက’ မှ ထ၍ ဆွမ်းခံလှည့် လည်ခြင်းငှါထွက်တော်မူ၏။

၅၀။ လက်၌ အသီးရှိသော ငါသည် (ဘုရားရှင်ကို) ဖူးမြင်ရသောကြောင့် မြတ်စွာဘုရား ထံသို့ ချဉ်းကပ်၏၊ (ငါသည်) ကြည်ညိုဝမ်းမြောက်သော စိတ်ရှိသည်ဖြစ်၍ အညှာရှိသော (သရက်) အသီးကိုလှူဒါန်း၏။

၅၁။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်၌ အသီးကို လှူဒါန်းခဲ့ရသော အခါမှစ၍ မကောင်းမှုပြုသူတို့ လားရာ ‘ဒုဂ္ဂတိ’ ဘဝကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် အသီး အလှူ၏အကျိုးပေတည်း။

၅၂။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။

၅၃။ ငါ၏ လာခြင်းကား စင်စစ် ကောင်းသောလာခြင်းဖြစ်၏။ပ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကိုလိုက်နာပြုကျင့်အပ်ပါပြီ။

၅၄။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ မြတ်စွာဘုရား၏ အဆုံးအမတော် ကိုလိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ဝဇ္ဇီပုတ္တမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ငါးခုမြောက် ဝဇ္ဇီပုတ္တတ္ထေရအပဒါန် ပြီး၏။

--

၆-ဥတ္တရတ္ထေရအပဒါန်

၅၅။ ကိုယ်တော်တိုင် သိတော်မူသော သုံးဆယ့်နှစ်ပါးသော လက္ခဏာမြတ်ရှိတော်မူသော သုမေဓာမည်သော မြတ်စွာဘုရားသည် ဆိတ်ငြိမ်ရာ'ဝိဝေက'ကို အလိုရှိသည်ဖြစ်၍ ဟိမဝန္တာ တောသို့ချဉ်းကပ်တော်မူ၏။

၅၆။ မြတ်သော ကရုဏာရှိတော်မူသည်ဖြစ်၍ ယောက်ျားမြတ်ဖြစ်တော်မူသော မြတ်စွာ ဘုရားသည် ဟိမဝန္တာတောသို့ သက်ဝင်၍ ထက်ဝယ်ပလ္လင်ကို ဖွဲ့ခွေ၍ ထိုင်နေတော်မူ၏။

၅၇။ ထိုအခါ ငါသည် ကောင်းကင်၌ ကျက်စားသော ဝိဇ္ဇာဓိုရ်ဖြစ်၏၊ ကောင်းစွာ ပြုအပ် သောအဖျားထက်သော တံကျင်ကို ယူ၍ ထိုအခါ ကောင်းကင်၌ သွား၏။

၅၈။ ထိုအခါ ‘တောင်ထိပ်၌ မီးကဲ့သို့လည်းကောင်း၊ လပြည့်နေ့၌ လမင်းကဲ့သို့လည်းကောင်း၊ ပင်လုံးကျွတ်ပွင့်သော အင်ကြင်းပင်မင်းကဲ့သို့လည်းကောင်း’ မြတ်စွာဘုရားသည် တောကိုထွန်းလင်းစေ၏။

၅၉။ တောဖျားမှ ထွက်၍ မြတ်စွာဘုရားရောင်ခြည်တော်တို့သည် ပြေးသွားကုန်၏၊ ကျူမီးအဆင်းနှင့်တူသည်တို့ကို မြင်၍ စိတ်ကို ကြည်လင်စေ၏။

၆၀။ စူးစမ်းရှာဖွေလတ်သော် နတ်ရနံ့ရှိသော မဟာလှေကားပွင့်ကို မြင်၏၊ ပန်းသုံးပွင့် တို့ကို ယူ၍မြတ်စွာဘုရားကို ပူဇော်၏။

၆၁။ ထိုအခါ ငါ၏ ပန်းသုံးပွင့်တို့သည် မြတ်စွာဘုရား၏ အာနုဘော်ကြောင့် အထက်၌ အညှာအောက်၌အရွက်ဖြစ်၍ မြတ်စွာဘုရားအား အရိပ်ကို ပြုကုန်၏။

၆၂။ ကောင်းစွာ ပြုအပ်သော ထိုကံကြောင့်လည်းကောင်း၊ စေတနာ, တောင့်တမှုတို့ကြောင့်လည်းကောင်း လူ့ခန္ဓာကိုယ်ကို စွန့်ရသည်ရှိသော် ငါသည် တာဝတိံသာဘုံသို့ ရောက်၏။

၆၃။ ထိုဘုံ၌ ကောင်းစွာ ပြုအပ်သော ငါ၏ ဗိမာန်ကို မဟာလှေကားဗိမာန် ‘ကဏိကာရီ ဗိမာန်’ဟုသိအပ်၏၊ (ထိုဗိမာန်သည်) ယူဇနာခြောက်ဆယ် အစောက်မြင့်၏၊ ယူဇနာ သုံးဆယ် ကျယ်ပြန့်၏။

၆၄။ အပိုင်းအခြား (အခန်း) တစ်ထောင်ရှိ၏၊ ပွတ်လုံးတစ်ရာရှိ၏၊ များသော တံခွန် ရှိ၏၊ ရွှေဖြင့်ပြီး၏။ ငါ၏ ဗိမာန်၌ နန်းဦးစနုဆောင်တစ်သိန်းတို့သည် ထင်ရှားဖြစ်ကုန်၏။

၆၅။ ရွှေဖြင့်ပြီးသော ပလ္လင်၊ ပတ္တမြားဖြင့်ပြီးသော ပလ္လင်၊ ကျောက်နီဖြင့်ပြီးသော ပလ္လင်၊ ဖလ်တို့ဖြင့်ပြီးသော ပလ္လင်တို့သည်လည်း အလိုရှိရာ၌ အလိုရှိတိုင်း (ဖြစ်ကုန်၏)။

၆၆။ မြတ်သော သူတို့သာ ထိုက်တန်သော အိပ်ရာသည် လဲမွေ့ရာ ဆန်းကြယ်သော အခင်းနှင့် ယှဉ်၏၊ (နှစ်ဖက်) အမွေးရှိသော ဥဒ္ဓလောမိအခင်း၊ (တစ်ဖက်အမွေးရှိသော) ဧကန္တလောမိအခင်းသည်လည်းခေါင်းအုံးနှင့် ယှဉ်၏။

၆၇။ ဗိမာန်မှ ထွက်၍ နတ်ပြည်သို့ ဒေသစာရီကို လှည့်လည်လတ်သော် နတ်အပေါင်းခြံရံ လျက်သွားခြင်းကို အလိုရှိတိုင်း ပြည့်စုံ၏။

၆၈။ ပန်းပွင့်၏ အောက်၌ တည်ရ၏၊ ငါ၏ အထက်၌ အမိုးသည် ထက်ဝန်းကျင်မှယူဇနာတစ်ရာတိုင်အောင် မဟာလှေကားပွင့်တို့ဖြင့် လွှမ်းအပ်၏။

--

၆၉။ တူရိယာတီးမှုတ်သူ ခြောက်သောင်းတို့သည် ညချမ်း, နံနက်တိုင်း ခစားလုပ်ကျွေးကုန်၏၊ ညဉ့်, နေ့ပတ်လုံး မပျင်းရိကုန်ဘဲ ငါ့ကို အမြဲ ဝန်းရံကုန်၏။

၇၀။ ထိုနတ်ပြည်၌ ကခြင်းတို့ဖြင့်လည်းကောင်း၊ သီခြင်းတို့ဖြင့်လည်းကောင်း၊ မောင်း ကြေးနင်းတို့ဖြင့်လည်းကောင်း၊ တီးမှုတ်ခြင်းတို့ဖြင့်လည်းကောင်း၊ မြူးထူးပျော်မွေ့ခြင်းဖြင့်လည်းကောင်း ပျော်မွေ့ရ၏။ ငါသည် အလိုရှိတိုင်း အလိုရှိတိုင်း ပျော်မွေ့ရ၏။

၇၁။ ထိုအခါ ထိုနတ်ပြည် တာဝတိံသာနတ်ဘုံ၌ စား၍လည်းကောင်း၊ သောက်၍လည်းကောင်းပျော်မွေ့ရ၏။ နတ်သမီးအပေါင်းတို့နှင့် တကွဖြစ်၍ ဗိမာန်မြတ်၌ ပျော်မွေ့ရ၏။

၇၂။ တစ်ရာတို့၏ ငါးကြိမ်တိုင်အောင် (အကြိမ်ငါးရာတိုင်အောင်) နတ်မင်းအဖြစ်ကို ပြုခဲ့ရ၏၊ တစ်ရာတို့၏ သုံးကြိမ်တိုင်အောင် (အကြိမ်သုံးရာတိုင်အောင်) ငါသည် စကြဝတေး မင်းလည်း ဖြစ်ခဲ့၏၊ ပြန့်ပြောသော ပဒေသရာဇ်မင်းအဖြစ်သည်ကား ဂဏန်းအားဖြင့် မရေ တွက်နိုင်။

၇၃။ ဘဝတိုင်းဘဝတိုင်း ကျင်လည်ရသော် ငါသည် များစွာသော စည်းစိမ်ကို ရပါ၏၊ ငါ့အား စည်းစိမ်၌ယုတ်လျော့သည့် အဖြစ်သည် မရှိချေ။ ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာ ဘုရားအား ပူဇော်ခြင်း၏အကျိုးပေတည်း။

၇၄။ နတ်ဘဝ, လူ့ဘဝဟူသော ဘဝနှစ်ပါး၌ ကျင်လည်ရပါ၏၊ အခြားတစ်ပါးသော ဂတိ ကို မသိရပါ။ ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာဘုရားအား ပူဇော်ရခြင်း၏ အကျိုးပေတည်း။

၇၅။ မင်းမျိုး၌လည်းကောင်း၊ ပုဏ္ဏားမျိုး၌လည်းကောင်း အမျိုးနှစ်ပါး၌ ဖြစ်ရ၏။ ယုတ်နိမ့်သော အမျိုး၌ဖြစ်ခြင်းကို မသိပါ။ ဤသို့ဖြစ်ရခြင်းသည် မြတ်စွာဘုရားအား ပူဇော် ရခြင်း၏ အကျိုးပေတည်း။

၇၆။ ဆင်ယာဉ်၊ မြင်းယာဉ်၊ ထမ်းစင်၊ သံလျှင်းဟူသော ဤအလုံးစုံကိုပင် ရပေ၏။ ဤ သို့ဖြစ်ရခြင်းသည် မြတ်စွာဘုရားအား ပူဇော်ရခြင်း၏ အကျိုးပေတည်း။

၇၇။ ကျွန်မိန်းမအပေါင်း၊ ကျွန်ယောက်ျားအပေါင်းကိုလည်းကောင်း၊ ကောင်းစွာ တန်ဆာ ဆင်အပ်သောမိန်းမတို့ကို လည်းကောင်း ဤအလုံးစုံကိုပင် ရပေ၏။ ဤသို့ဖြစ်ရခြင်းသည် မြတ်စွာဘုရားအားပူဇော်ရခြင်း၏ အကျိုးပေတည်း။

၇၈။ ပိုးထည်, ကမ္ဗလာထည်တို့ကို လည်းကောင်း၊ ခေါမထည်, ဝါချည်ထည်တို့ကို လည်းကောင်းဤအလုံးစုံကိုပင် ရပေ၏။ ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာဘုရားအား ပူဇော်ရ ခြင်း၏ အကျိုးပေတည်း။

၇၉။ အဝတ်သစ်ကိုလည်းကောင်း၊ အသီးသစ် (သစ်သီးဦး) ကိုလည်းကောင်း၊ မြတ်သော အရသာရှိသောဘောဇဉ်သစ် (ဘောဇဉ်ဦး) ကိုလည်းကောင်း ဤအလုံးစုံကိုပင် ရပေ၏။ ဤသို့ ဖြစ်ရခြင်းသည်မြတ်စွာဘုရားအား ပူဇော်ရခြင်း၏ အကျိုးပေတည်း။

၈၀။ “ဤခဲဖွယ်ကို ခဲပါလော့၊ ဤစားဖွယ်ကို စားပါလော့၊ ဤအိပ်ရာ၌ အိပ်ပါလော့”ဟူသောဤအလုံးစုံကိုပင် ရပေ၏။ ဤသို့ဖြစ်ရခြင်းသည် မြတ်စွာဘုရားအား ပူဇော်ရခြင်း၏ အကျိုးပေတည်း။

၈၁။ အရပ်အားလုံး၌ ပူဇော်အပ်သူ ဖြစ်ပါ၏၊ ငါ၏ ကျော်စောခြင်းသည် လွှမ်းမိုးပျံ့နှံ့ တက်၏၊ အခါခပ်သိမ်း အသင်းအပင်းများသူ ဖြစ်ပေ၏၊ အခါခပ်သိမ်း ပရိသတ်မကွဲပျက်သူ ဖြစ်ပါ၏၊ ဆွေမျိုးတို့ထက် မြတ်သူ ဖြစ်ပါ၏။ ဤသို့ဖြစ်ရခြင်းသည် မြတ်စွာဘုရားအား ပူဇော်ရခြင်း၏အကျိုးပေတည်း။

၈၂။ အအေး, အပူကို မသိရပေ၊ အိုက်စပ်ခြင်းသည် ငါ့အား မရှိပေ၊ ထိုမှတစ်ပါး ငါ၏ နှလုံး၌စိတ်ကြောင့် ဖြစ်သော ဆင်းရဲခြင်းသည် မရှိချေ။

--

၈၃။ ရွှေအဆင်းနှင့် တူသော အဆင်းရှိသူဖြစ်၍ ဘဝကြီးငယ်၌ ကျင်လည်ရ၏၊ အဆင်းဖောက်ပြန်သည်ကို မသိရပေ။ ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာဘုရားအား ပူဇော်ရခြင်း၏အကျိုးပေတည်း။

၈၄။ ငါသည် နတ်ပြည်မှ စုတေ၍ ဖြူစင်သော ကုသိုလ်ကံအကြောင်းရင်းသည် တိုက်တွန်းအပ်သည်ဖြစ်၍ သာဝတ္ထိပြည်ဝယ် ကောင်းစွာ ကြွယ်ဝသော မဟာသာလအမျိုး၌ ဖြစ်ရ၏။

၈၅။ ကာမဂုဏ်ငါးပါးတို့ကို ပယ်စွန့်၍ အိမ်ရာမထောင် ရဟန်းဘောင်၌ ရဟန်းပြု၏၊ ငါသည့်မွေးဖွားသည်မှ ခုနစ်နှစ်သာ ရှိသေးလျက် အရဟတ္တဖိုလ်သို့ ရောက်ခဲ့၏။

၈၆။ စက္ခုငါးမျိုးရှိသော မြတ်စွာဘုရားသည် ငါ၏ ဂုဏ်ကို သိ၍ ငါ့ကို (ရဟန်းခံ) ပေးတော်မူ၏၊ ငါသည် ငယ်ရွယ်သူ ဖြစ်လျက် ပူဇော်ခံရသူ ဖြစ်၏။ ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာဘုရားအားပူဇော်ရခြင်း၏ အကျိုးပေတည်း။

၈၇။ ငါ၏ ဒိဗ္ဗစက္ခုဉာဏ်သည် အထူးစင်ကြယ်၏၊ ငါသည် ဈာန်သမာဓိ၌ လိမ္မာကျွမ်း ကျင်၏၊ အဘိညာဉ်၏ အဆုံးသို့ ရောက်၏။ ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာဘုရားအား ပူဇော်ရခြင်း၏အကျိုးပေတည်း။

၈၈။ ငါသည် ပဋိသမ္ဘိဒါသို့ အစဉ်ရောက်၏၊ ဣဒ္ဓိပါဒ်တို့၌ လိမ္မာကျွမ်းကျင်ပေ၏၊ တရား တို့၌ အထွတ်အထိပ်သို့ ရောက်ပေ၏။ ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာဘုရားအား ပူဇော်ရ ခြင်း၏အကျိုးပေတည်း။

၈၉။ ကမ္ဘာသုံးသောင်းထက်၌ မြတ်စွာဘုရားကို ပူဇော်ခဲ့ရသော အခါမှစ၍ မကောင်းမှု ပြုသူတို့လားရာ ‘ဒုဂ္ဂတိ'ဘဝကို မသိစဖူးပေ။ ဤသို့ဖြစ်ရခြင်းသည် မြတ်စွာဘုရားအား ပူဇော်ရခြင်း၏အကျိုးပေတည်း။

၉၀။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။

၉၁။ ငါ၏ လာခြင်းကား စင်စစ် ကောင်းသောလာခြင်း ဖြစ်၏။ပ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကိုလိုက်နာပြုကျင့်အပ်ပါပြီ။

၉၂။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ မြတ်စွာဘုရား၏ အဆုံးအမတော် ကိုလိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ဥတ္တရမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ခြောက်ခုမြောက် ဥတ္တရတ္ထေရအပဒါန် ပြီး၏။

--

၇-အပရဥတ္တရတ္ထေရအပဒါန်

၉၃။ လောက၏ ကိုးကွယ်ရာ ဖြစ်တော်မူသော သိဒ္ဓတ္ထမြတ်စွာဘုရားသည် ပရိနိဗ္ဗာန်ပြု လတ်သော် ငါသည် ငါ၏ ဆွေမျိုးတို့ကို အထူးစုပေါင်း၍ ဓာတ်တော်ပူဇော်ခြင်းကို ပြုခဲ့၏။

၉၄။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်၌ ဓာတ်တော်ကို ပူဇော်ခဲ့ရသော အခါမှစ၍ မကောင်းမှုပြုသူတို့ လားရောက်ရာ ‘ဒုဂ္ဂတိ'ဘဝကို မသိစဖူးပေ။ ဤသို့ဖြစ်ရခြင်းသည် ဓာတ်တော်ကိုပူဇော်ရခြင်း၏ အကျိုးပေတည်း။

၉၅။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။

၉၆။ ငါ၏ လာခြင်းကား စင်စစ် ကောင်းသောလာခြင်း ဖြစ်၏။ပ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကိုလိုက်နာပြုကျင့်အပ်ပါပြီ။

၉၇။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ မြတ်စွာဘုရား၏ အဆုံးအမ တော်ကိုလိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်အပရဥတ္တရမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ခုနစ်ခုမြောက် အပရဥတ္တရတ္ထေရအပဒါန် ပြီး၏။

၈-ဘဒ္ဒဇိတ္ထေရအပဒါန်

၉၈။ အထူးထူးသော ဆင်တို့ မှီဝဲအပ်သော အကြင်ရေကန်သို့ သက်ဆင်း၍ ထိုအခါ ငါသည် စားလိုခြင်းအကြောင်းကြောင့် ထိုရေကန်၌ ကြာစွယ်ကို နုတ်ယူ၏။

၉၉။ ထိုအခါ၌ ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသော ပဒုမုတ္တရအမည်ရှိသော နီမြန်းသောအဝတ်သင်္ကန်းကို ဆောင်သော မြတ်စွာဘုရားသည် ကောင်းကင်ခရီး၌ ကြွသွားတော်မူ၏။

၁၀၀။ ထိုအခါ ပံ့သကူသင်္ကန်းတို့ကို ခါတွက်လတ်သော် ငါသည် အသံကို ကြား၏၊ ငါသည် အထက်သို့ကြည့်ရှုလတ်သော် မြတ်စွာဘုရားကို ဖူးမြင်ရ၏။

၁၀၁။ ထိုနေရာ၌ပင် ရပ်တည်သည် ဖြစ်၍ မြတ်စွာဘုရားကို တောင်းပန်၏၊ ကြာစွယ်တို့ နှင့်တကွဖြစ်သော ပျားရည်ကိုလည်းကောင်း၊ ကြာစွယ်ကြာရင်းရှိသော နို့ရည်ထောပတ်ကို လည်းကောင်း-

၁၀၂။ စက္ခုငါးမျိုးရှိတော်မူသော မြတ်စွာဘုရားသည် အကျွန်ုပ်အား သနားသောအားဖြင့်ခံယူတော်မူပါလော့ (ဟု တောင်းပန်၏)၊ ထိုအခါ ကရုဏာရှိတော်မူသော အခြံအရံများသောမြတ်စွာဘုရားသည် ဆင်းသက်၍-

--

၁၀၃။ စက္ခုငါးမျိုးရှိတော်မူသော မြတ်စွာဘုရားသည် အစဉ်သနားသောအားဖြင့် ငါ၏ ဆွမ်းကိုခံယူတော်မူ၏၊ ခံယူပြီးသော် မြတ်စွာဘုရားသည် ငါ့အား အနုမောဒနာကို ပြုတော် မူ၏။

၁၀၄။ ဘုန်းကြီးသောသူ, ချမ်းသာခြင်းရှိသူ ဖြစ်ပါစေ၊ သင့်အား လားရာဂတိသည် ပြည့်စုံပါစေ၊ ဤကြာစွယ်အလှူကြောင့် ပြန့်ပြောသော ချမ်းသာခြင်းကို ရပါစေသတည်းဟု-

၁၀၅။ ပဒုမုတ္တရအမည်ရှိသော မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၍ ဆွမ်းကို ယူပြီးလျှင် ကိုယ်တိုင် သိတော်မူသော မြတ်စွာဘုရားသည် ကောင်းကင်ခရီးဖြင့် ကြွသွားတော် မူ၏။

၁၀၆။ ထို့နောက်မှ ကြာစွယ်ကို ယူ၍ ငါ၏ သင်္ခမ်းကျောင်းသို့ လာခဲ့၏၊ ကြာစွယ်ကို သစ်ပင်၌ချိတ်ထား၍ ငါ၏ အလှူကို အစဉ်လျှောက်၍ အောက်မေ့၏။

၁၀၇။ ထိုအခါ လေကြီးသည် ထ၍ တောကို လှုပ်ရှားစေ၏၊ ကောင်းကင်သည် ထစ်ချုံး၏၊ ထိုအခါမိုးကြိုးသည်လည်း ကွဲကျ၏။

၁၀၈။ ထို့ကြောင့် ထိုအခါ မိုးကြိုး ကျလတ်သော် ငါ၏ ဦးခေါင်းထိပ်ထက်၌ ကျ၏၊ ထိုငါသည်ထိုင်နေသည်ဖြစ်၍သာလျှင် ထိုနေရာ၌ ကွယ်လွန်၏။

၁၀၉။ ကုသိုလ်ကံနှင့် ယှဉ်၍ ငါသည် တုသိတာဘုံ၌ ဖြစ်၏၊ ငါ၏ ကိုယ်ကောင်သည် လည်း ကျ၏၊ ငါသည် နတ်ပြည်၌ ပျော်မွေ့ရ၏။

၁၁၀။ ကောင်းစွာ တန်ဆာဆင်အပ်ကုန်သော နတ်သမီးရှစ်သောင်းခြောက်ထောင်တို့သည် ညချမ်းတိုင်းနံနက်တိုင်း ခစားလုပ်ကျွေးကုန်၏။ ဤသို့ ဖြစ်ရခြင်းသည် ကြာစွယ်အလှူ၏ အကျိုးပေတည်း။

၁၁၁။ ထိုအခါ လူ့အဖြစ်သို့ ရောက်လာ၍ ငါသည် ချမ်းသာခြင်းရှိသူ ဖြစ်၏၊ ငါ့အား စည်းစိမ်တို့၏ယုတ်လျော့သည်၏ အဖြစ်သည် မရှိပေ။ ဤသို့ ဖြစ်ရခြင်းသည် ကြာစွယ် အလှူ၏ အကျိုးပေတည်း။

၁၁၂။ နတ်ထက် နတ်ဖြစ်တော်မူသော တာဒိဂုဏ်နှင့် ပြည့်စုံတော်မူသော ထိုမြတ်စွာ ဘုရားသည် အစဉ်စောင့်ရှောက်အပ်သည် ဖြစ်၍ အာသဝအားလုံး ကုန်ခန်းကုန်ပြီ၊ ယခုအခါ ဘဝသစ် တစ်ဖန်ဖြစ်ခြင်း မရှိတော့ပြီ။

၁၁၃။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ ကြာစွယ်ကို လှူဒါန်းခဲ့ရသော အခါမှစ၍ မကောင်းမှုပြုသူတို့ လားရောက်ရာ'ဒုဂ္ဂတိ'ဘဝကို မသိစဖူးပေ။ ဤသို့ဖြစ်ရခြင်းသည် ကြာစွယ် အလှူ၏အကျိုးပေတည်း။

၁၁၄။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။

၁၁၅။ ငါ၏ လာခြင်းကား စင်စစ် ကောင်းသောလာခြင်း ဖြစ်၏။ပ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာပြုကျင့်အပ်ပါပြီ။

၁၁၆။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ မြတ်စွာဘုရား၏ အဆုံးအမ တော်ကိုလိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ဘဒ္ဒဇိမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ရှစ်ခုမြောက် ဘဒ္ဒဇိတ္ထေရအပဒါန် ပြီး၏။

--

၉-သိဝကတ္ထေရအပဒါန်

၁၁၇။ ရှာမှီးခြင်းငှါ (ဆွမ်းခံခြင်းငှါ) လှည့်လည်တော်မူသော ဝိပဿီမြတ်စွာဘုရား၏ အချည်းနှီးသောသပိတ်ကို မြင်၍ ငါသည် မုယောဆွမ်းကို ပြည့်စေ၏။

၁၁၈။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ ဆွမ်းကို လှူဒါန်းခဲ့ရသော အခါမှစ၍ မကောင်းမှုပြုသူတို့ လားရောက်ရာ ‘ဒုဂ္ဂတိ’ ဘဝကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် မုယောဆွမ်း၏အကျိုးပေတည်း။

၁၁၉။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။

၁၂၀။ ငါ၏ လာခြင်းကား စင်စစ် ကောင်းသောလာခြင်း ဖြစ်၏။ပ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာပြုကျင့်အပ်ပါပြီ။

၁၂၁။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ မြတ်စွာဘုရား၏ အဆုံးအမ တော်ကိုလိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်သိဝကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ကိုးခုမြောက် သိဝကတ္ထေရအပဒါန် ပြီး၏။

--

၁၀-ဥပဝါနတ္ထေရအပဒါန်

၁၂၂။ အလုံးစုံသော တရားတို့၏ ကမ်းတစ်ဖက်သို့ ရောက်တော်မူသော (မာရ်ငါးပါးကို) အောင်တော်မူသော ပဒုမုတ္တရမည်သော မြတ်စွာဘုရားသည် မီးပုံကဲ့သို့ တောက်ပ၍ ပရိနိဗ္ဗာန်ပြုတော်မူ၏။

၁၂၃။ လူအများတို့သည် အညီအညွတ်လာကုန်၍ မြတ်စွာဘုရားကို ပူဇော်၍ ထင်းပုံကို ပြုပြီးလျှင် မြတ်စွာဘုရားကိုယ်တော်ကို တင်ထားကုန်၏။

၁၂၄။ ကိုယ်တော်ကို မီးသင်္ဂြိုဟ်ခြင်းကိစ္စကို ပြုပြီးသော် ထိုနေရာ၌ ဓာတ်တော်ကို ကောင်းစွာပင့်ဆောင်ကုန်၏၊ အလုံးစုံသော ထိုနတ်, လူတို့သည် ဘုရားပုထိုး (စေတီ) ကို တည်ကုန်၏။

၁၂၅။ ပထမပစ္စယံသည် ရွှေဖြင့်ပြီး၏။ ဒုတိယပစ္စယံသည် ပတ္တမြားဖြင့်ပြီး၏။ တတိယ ပစ္စယံသည်ငွေဖြင့်ပြီး၏။ စတုတ္ထပစ္စယံသည် ဖလ်ဖြင့်ပြီး၏။

၁၂၆။ ထိုပုထိုး၌ ပဉ္စမပစ္စယံသည် ပတ္တမြားနီဖြင့် ပြီး၏။ ဆဋ္ဌပစ္စယံသည် ပတ္တမြား ပြောက် (မသာရဂလ်) ဖြင့် ပြီး၏။ အထက်၌ အလုံးစုံသည် ရတနာဖြင့် ပြီး၏။

၁၂၇။ ပန်းတင်ခုံ ဖရုံတုံးဖိနပ်တော်သည် ပတ္တမြားဖြင့် ပြီးသည် ဖြစ်၏၊ ပွတ်တိုင်ဝရံတာ သည် ရတနာဖြင့် ပြီး၏။ အလုံးစုံရွှေဖြင့်ပြီးသော ပုထိုးစေတီသည် အထက်သို့ တစ်ယူဇနာ တိုင်အောင်မြင့်တက်၏။

၁၂၈။ ထိုအခါ နတ်တို့သည် ထိုပုထိုးသို့ အညီအညွတ် လာကုန်၍ ငါတို့သည်လည်းတာဒိဂုဏ်ရှိတော်မူသော မြတ်စွာဘုရား၏ ပုထိုးစေတီကို တည်ကုန်အံ့ဟု တစ်ပေါင်းတည်း တိုင်ပင်ကုန်၏။

၁၂၉။ ဓာတ်တော်သည် အသီးအခြား မရှိ၊ (ကိုယ်တော်သည်) သရီရဓာတ်တော်သည် အစိုင်အခဲတစ်ခုတည်း ဖြစ်၏၊ ငါတို့သည် ဤမြတ်စွာဘုရားပုထိုးစေတီ၌ သင်တိုင်းစွပ် စေတီကို တည်ပြုကုန်အံ့ဟုတစ်ပေါင်းတည်း တိုင်ပင်ကုန်၏။

၁၃၀။ နတ်တို့သည် ရတနာခုနစ်ပါးတို့ဖြင့် တစ်ပါးသော ယူဇနာကို ပွါးစေကုန်၏၊ ပုထိုးစေတီသည့်နှစ်ယူဇနာအစောက်ရှိ၏၊ ထိုပုထိုးစေတီသည် အမိုက်မှောင်ကို ပယ်ဖျောက်၏။

၁၃၁-၁၃၂။ ထိုအခါ နဂါးတို့သည် ထိုပုထိုးသို့ အညီအညွတ်လာကုန်၍ လူတို့သည် လည်းကောင်း၊ နတ်တို့သည်လည်းကောင်း ထိုသူတို့သည် မြတ်စွာဘုရားပုထိုးစေတီကို တည်ကုန်၏၊ ငါတို့အားမေ့လျော့ခြင်း မဖြစ်စေကုန်လင့်၊ နတ်နှင့် တကွသော လူတို့သည် မမေ့လျော့ကုန်၊ ငါတို့သည်လည်းတာဒိဂုဏ်ရှိတော်မူသော မြတ်စွာဘုရား၏ ပုထိုးစေတီကို တည်ကုန်အံ့ဟု တစ်ပေါင်းတည်း တိုင်ပင်ကုန်၏။

၁၃၃။ ဣန္ဒနီလာတည်းဟူသော နီလာမြတ်ကိုလည်းကောင်း၊ ထိုမှတစ်ပါး ဇောတိရသပတ္တမြားကိုလည်းကောင်း တစ်ပေါင်းတည်း စုဝေး၍ မြတ်စွာဘုရားပုထိုးစေတီကို ဖုံးလွှမ်းကုန်၏။

၁၃၄။ မြတ်စွာဘုရားစေတီတော် မြင့်မားကျယ်ဝန်းသလောက် အလုံးစုံသည် ပတ္တမြားဖြင့် ပြီးသည်ဖြစ်၏၊ သုံးယူဇနာ အစောက်ရှိ၏၊ ထိုအခါ အလင်းရောင်ကို ပြုတတ်၏။

၁၃၅-၁၃၆။ ဂဠုန်တို့သည်လည်း အညီအညွတ် လာကုန်၍ လူတို့သည်လည်းကောင်း၊ နတ်, နဂါးတို့သည်လည်းကောင်း ထိုသူတို့သည် မြတ်စွာဘုရားအား ပူဇော်ခြင်းကို ပြုကုန်၏၊ ငါတို့အားမေ့လျော့ခြင်း မဖြစ်စေကုန်လင့်၊ နတ်နှင့် တကွသော လူ, နဂါးတို့သည် မမေ့ လျော့ကုန်၊ ငါတို့သည်လည်း တာဒိဂုဏ်ရှိတော်မူသော မြတ်စွာဘုရား၏ ပုထိုးစေတီကို တည် ကုန်အံ့ဟုတစ်ပေါင်းတည်း တိုင်ပင်ကုန်၏။

--

၁၃၇။ ထိုဂဠုန်တို့သည်လည်း အလုံးစုံသော ပတ္တမြားဖြင့် ပြီးသော ပုထိုးကို သင်တိုင်း စွပ်စေတီတည်ကုန်၏၊ ထိုဂဠုန်တို့သည်လည်း ရှည်လျားသော မြတ်စွာဘုရားစေတီကို တစ်ယူဇနာပွါးစေကုန်၏။

၁၃၈။ လေးယူဇနာ အစောက်ရှိသော မြတ်စွာဘုရားပုထိုးစေတီသည် တင့်တယ်တောက်ပ၏၊ တက်သစ်သော နေကဲ့သို့ အရပ်မျက်နှာအားလုံးတို့ကို ထွန်းလင်းစေ၏။

၁၃၉-၁၄၀-၁၄၁။ ထိုအခါ ကုမ္ဘဏ်နတ်တို့သည်လည်း အညီအညွတ် လာကုန်၍ လူတို့သည်လည်းကောင်း၊ နတ်တို့သည်လည်းကောင်း၊ နဂါးတို့သည်လည်းကောင်း၊ ထို့အတူဂဠုန်တို့သည်လည်းကောင်း အသီးအသီး အထူးချီးမွမ်းတော်မူအပ်သော မြတ်စွာဘုရား၏ ပုထိုးစေတီမြတ်ကို တည်ကုန်၏။ ငါတို့အား မေ့လျော့ခြင်း မဖြစ်စေကုန်လင့်၊ နတ်နှင့် တကွသောလူ, နဂါး, ဂဠုန်တို့သည် မမေ့လျော့ကုန်။ ငါတို့သည်လည်း တာဒိဂုဏ်ရှိတော် မူသော မြတ်စွာဘုရား၏ ပုထိုးစေတီကို တည်ကုန်အံ့၊ ရှည်လျားသော မြတ်စွာဘုရားစေတီကို ရတနာတို့ဖြင့် ဖုံးလွှမ်းကုန်အံ့ဟုတစ်ပေါင်းတည်း တိုင်ပင်ကုန်၏။

၁၄၂။ ထိုကုမ္ဘဏ်နတ်တို့သည်လည်း ရှည်လျားသော မြတ်စွာဘုရားစေတီကို တစ်ယူဇနာ ပွါးစေကုန်၏၊ ထိုအခါ ငါးယူဇနာ အစောက်ရှိသော ပုထိုးစေတီသည် ထွန်းလင်းတောက်ပ၏။

၁၄၃-၁၄၄-၁၄၅။ ထိုအခါ ဘီလူးတို့သည် ပုထိုးစေတီသို့ အညီအညွတ် လာကုန်၍လူတို့သည်လည်းကောင်း၊ နတ်, နဂါးတို့သည်လည်းကောင်း၊ ဂဠုန်တို့သည်လည်းကောင်း၊ ကုမ္ဘဏ်နတ်တို့သည်လည်းကောင်း အသီးအသီး အထူးချီးမွမ်းတော်မူအပ်သော မြတ်စွာ ဘုရား၏ ပုထိုးမြတ်ကို တည်ကုန်၏။ ငါတို့အား မေ့လျော့ခြင်း မဖြစ်စေကုန်လင့်၊ နတ်နှင့် တကွသောလူ, နဂါး, ဂဠုန်, ကုမ္ဘဏ်နတ်တို့သည် မမေ့လျော့ကုန်။ ငါတို့သည်လည်း တာဒိဂုဏ်ရှိတော်မူသော မြတ်စွာဘုရား၏ ပုထိုးစေတီကို တည်ကုန်အံ့၊ ရှည်လျားသော မြတ်စွာဘုရားစေတီကို ဖလ်တို့ဖြင့်ဖုံးလွှမ်းကုန်အံ့ဟု တစ်ပေါင်းတည်း တိုင်ပင်ကုန်၏။

၁၄၆။ ထိုဘီလူးတို့သည်လည်း ရှည်လျားသော မြတ်စွာဘုရားစေတီကို တစ်ယူဇနာ ပွါး စေကုန်၏၊ ထိုအခါ ခြောက်ယူဇနာ အစောက်ရှိသော ပုထိုးစေတီသည် ထွန်းလင်းတောက်ပ၏။

၁၄၇။ ထိုအခါ ဂန္ဓဗ္ဗနတ်တို့သည်လည်း အညီအညွတ် လာကုန်၍ လူတို့သည်လည်းကောင်း၊ နတ်တို့သည်လည်းကောင်း၊ နဂါးတို့သည်လည်းကောင်း၊ ဂဠုန်တို့သည်လည်းကောင်း၊ ကုမ္ဘဏ်, ဘီလူးတို့သည်လည်းကောင်း-

၁၄၈။ အလုံးစုံသော သူတို့သည် မြတ်စွာဘုရားပုထိုးစေတီကို တည်ကုန်၏၊ ဤပုထိုး စေတီ၌ ငါတို့သည်မတည်ကြရကုန်သေး၊ ငါတို့သည်လည်း တာဒိဂုဏ်ရှိတော်မူသော မြတ်စွာ ဘုရား၏ ပုထိုးစေတီကိုတည်ကုန်အံ့ဟု တစ်ပေါင်းတည်း တိုင်ပင်ကုန်၏။

၁၄၉။ ထိုဂန္ဓဗ္ဗနတ်တို့သည် ပွတ်တိုင်အရံတို့ကို ခုနစ်ဆင်ပြု၍ တံခွန်ထီးကို တင်ကြကုန်၏၊ ထိုအခါဂန္ဓဗ္ဗနတ်တို့သည် အလုံးစုံ ရွှေဖြင့်ပြီးသော ပုထိုးစေတီကို တည်ကြကုန်၏။

၁၅၀။ ထိုအခါ ခုနစ်ယူဇနာ အစောက်ရှိသော ပုထိုးသည် ထွန်းလင်းတောက်ပ၏၊ ညဉ့် နေ့တို့သည်မထင်ကုန်၊ အခါခပ်သိမ်း အလင်းရောင်သည် ဖြစ်၏။

၁၅၁။ ထိုပုထိုး၏ အရောင်တို့ကို ကြယ်တာရာနှင့် တကွသော လ, နေတို့သည် မလွှမ်း မိုးနိုင်ကုန်၊ ဆီမီးသည်လည်း ထက်ဝန်းကျင်မှ ယူဇနာတစ်ရာ၌ မတောက်ပနိုင်။

၁၅၂။ ထိုအခါ ခပ်သိမ်းသော လူတို့သည် ပုထိုးစေတီကို ပူဇော်ကုန်၏၊ ထိုလူတို့သည် ပုထိုစေတီသို့မတက်နိုင်ကုန်၊ ထိုလူတို့သည် ကောင်းကင်၌ ပစ်တင်ကုန်၏။

--

၁၅၃။ နတ်တို့သည် ထားအပ်သော အဘိသမ္မတအမည်ရှိသော ဘီလူးသည် တံခွန်ကို လည်းကောင်း၊ ပန်းဆိုင်းကိုလည်းကောင်း အထက်သို့ တင်ဆောင်၏။

၁၅၄။ ထိုလူတို့သည် ဘီလူးကို မမြင်ရကုန်၊ သွားသော (ဘီလူး၏) ပန်းဆိုင်းကိုသာ မြင်ရကုန်၏၊ ဤသို့ (လှူဖွယ်ဝတ္ထု) သွားသည်တို့ကို မြင်ရသောကြောင့် အလုံးစုံသော လူတို့သည် သုဂတိဘုံသို့လားရကုန်၏။

၁၅၅။ အကြင်သူတို့သည် သာသနာတော်၌ ဆန့်ကျင်ကုန်၏၊ အကြင်သူတို့သည် သာသနာတော်၌ကြည်ညိုကုန်၏၊ ထိုလူတို့သည် တန်ခိုးပြာဋိဟာကို ရှုမြင်လိုကုန်၍ ပုထိုး စေတီကို ပူဇော်ကုန်၏။

၁၅၆။ ထိုအခါ (ငါသည်) ဟံသာဝတီမြို့၌ သူခစားဖြစ်ခဲ့၏၊ ဝမ်းမြောက်ခြင်းရှိသော လူအပေါင်းကို မြင်၍ငါသည် ဤသို့ ကြံစည်၏-

၁၅၇။ ဤမြတ်စွာဘုရားသည် စင်စစ် မြတ်တော်မူ၏၊ ယင်းမြတ်စွာဘုရား၏ ဓာတ်တော် အိမ်၌ (တန်ခိုးပြာဋိဟာသည်) ဤသို့ သဘောရှိ၏၊ ဤလူအပေါင်းသည်လည်း နှစ်သက်၍ ကောင်းမှုကိုပြုလျက် မရောင့်ရဲနိုင်ကုန်။

၁၅၈။ ငါသည်လည်း တာဒိဂုဏ်ရှိတော်မူသော မြတ်စွာဘုရား၏ (ဓာတ်တော်အိမ်၌) ကောင်းမှုကို ပြုအံ့၊ (ဤသို့ ပြုသော်) အနာဂတ်အခါ၌ ထိုမြတ်စွာဘုရား၏ တရားတို့၌ အမွေခံ ဖြစ်အံ့ဟု ဤသို့ ကြံ၏။

၁၅၉။ ငါသည် ခဝါသည်ဖြင့် ကောင်းစွာ ဖွပ်အပ်သော ငါ၏ အပေါ်ရုံအဝတ်ကို ဝါးလုံး ဖျား၌ ချိတ်ဆွဲ၍တံခွန် (ပြုကာ) ကောင်းကင်သို့ မြှောက်တင်၏။

၁၆၀။ အဘိသမ္မတဘီလူးသည် ငါ၏ တံခွန်ကို ယူ၍ ကောင်းကင်၌ ဆောင်၏၊ လေကြောင့်လှုပ်ရှားသော တံခွန်ကို မြင်၍ ငါသည် အလွန်ရွှင်လန်းခြင်းကို ဖြစ်စေ၏။

၁၆၁။ ထိုတံခွန်အလှူ၌ စိတ်ကို ကြည်လင်စေ၍ ရဟန်းသို့ ချဉ်းကပ်၏၊ ထိုရဟန်းကို ရှိခိုး၍ ငါသည်တံခွန်အလှူ၌ အကျိုးကို မေးလျှောက်၏။

၁၆၂။ ထိုရဟန်းသည် အကျွန်ုပ်အား နှစ်သက်ဖွယ် (တရားစကား) ကို ဟော၏၊ အကျွန်ုပ် အား ပီတိကိုဖြစ်စေ၏၊ ထိုတံခွန် (အလှူ) ၏ အကျိုးကို အခါခပ်သိမ်း ခံစားရလတ္တံ့။

၁၆၃။ ဆင်, မြင်း, ရထား, ခြေသည် အင်္ဂါလေးပါးရှိသော စစ်သည်တို့သည် သင့်ကို အမြဲ ဝန်းရံကုန်လတ္တံ့။ ဤသို့ ဖြစ်ရခြင်းသည် တံခွန်အလှူ၏ အကျိုးတည်း။

၁၆၄။ တူရိယာခြောက်သောင်းတို့သည်လည်းကောင်း၊ ကောင်းစွာ တန်ဆာဆင်အပ်သောစည်တို့သည်လည်းကောင်း သင့်ကို အမြဲ ဝန်းရံကုန်လတ္တံ့။ ဤသို့ ဖြစ်ရခြင်းသည် တံခွန် အလှူ၏့အကျိုးတည်း။

၁၆၅-၁၆၆။ ကောင်းစွာ တန်ဆာဆင်အပ်ကုန်သော၊ ဆန်းကြယ်သော အဝတ်အဆင် တန်ဆာရှိကုန်သော၊ ပုတီး, ပတ္တမြားနားတောင်း ဆင်အပ်ကုန်သော၊ ကော့တက်သော မျက် တောင်ရှိကုန်သော၊ ပြုံးရွှင်စွာပြောဆိုတတ်ကုန်သော၊ ကောင်းသော အမှတ်သညာရှိ ကုန်သော၊ သေးသွယ်သော ခါးရှိကုန်သော၊ ရှစ်သောင်းခြောက်ထောင်သော မိန်းမတို့သည် သင့်ကို အမြဲဝန်းရံကုန်လတ္တံ့။ ဤသို့ ဖြစ်ရခြင်းသည်တံခွန်အလှူ၏ အကျိုးတည်း။

၁၆၇။ ကမ္ဘာသုံးသောင်းတို့ပတ်လုံး နတ်ပြည်၌ ပျော်မွေ့ရလတ္တံ့၊ အကြိမ်ရှစ်ဆယ်တိုင် တိုင် နတ်တို့ကို အစိုးရသော သိကြားနတ်မင်းအဖြစ်ကို ပြုရလတ္တံ့။

--

၁၆၈။ အကြိမ်တစ်ထောင်တိုင်တိုင် စကြဝတေးမင်းလည်း ဖြစ်လတ္တံ့၊ ပြန့်ပြောသောပဒေသရာဇ်မင်းအဖြစ်သည်ကား ဂဏန်းအားဖြင့် မရေတွက်နိုင်။

၁၆၉။ ကမ္ဘာတစ်သိန်းထက်၌ ဩက္ကာကမင်းမျိုး ဖြစ်၍ အနွယ်အားဖြင့် ဂေါတမမည် သောမြတ်စွာဘုရားသည် လောက၌ ပွင့်တော်မူလတ္တံ့။

၁၇၀။ နတ်ပြည်မှ စုတေလတ်သော် ဖြူစင်သော ကုသိုလ်ကံအကြောင်းရင်းသည် တိုက်တွန်းအပ်သည်ဖြစ်၍ ကောင်းမှုကံနှင့် ယှဉ်သော ဗြာဟ္မဏမျိုး ပုဏ္ဏားဖြစ်လတ္တံ့။

၁၇၁။ ကုဋေရှစ်ဆယ်ကိုလည်းကောင်း၊ ကျွန်အမှုလုပ်များစွာတို့ကို လည်းကောင်း စွန့်၍ဂေါတမမြတ်စွာဘုရား၏ သာသနာတော်၌ ရဟန်းပြုလတ္တံ့။

၁၇၂။ သာကီဝင်မင်းတို့၏ ရှေ့သွား ဂေါတမမြတ်စွာဘုရားကို နှစ်သက်စေ၍ “ဥပဝါန”ဟူသောအမည်ဖြင့် မြတ်စွာဘုရား၏ တပည့်သာဝက ဖြစ်လတ္တံ့ဟု (ဟောဆို၏)။

၁၇၃။ ကမ္ဘာတစ်သိန်းထက်၌ ပြုအပ်သော ကံသည် ငါ့အား ဤဘဝ၌ အကျိုးကို ပြ၏၊ ကောင်းစွာ'လွှတ်အပ်သော မြားအဟုန်ကဲ့သို့’ ငါ၏ ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်း စေပြီ။

၁၇၄။ လေးကျွန်းလုံးကို အစိုးရသော စကြဝတေးမင်းဖြစ်သော ငါ့အား ထက်ဝန်းကျင်မှသုံးယူဇနာတိုင်အောင် တံခွန်တို့ကို အခါခပ်သိမ်း စိုက်ထောင်ကုန်၏။

၁၇၅။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ ကောင်းမှုကံကို ပြုခဲ့သော အခါမှစ၍ မကောင်းမှု ပြုသူတို့လားရာ ‘ဒုဂ္ဂတိ'ဘဝကို မသိစဖူးပေ။ ဤသို့ဖြစ်ရခြင်းသည် တံခွန် အလှူ၏ အကျိုးပေတည်း။

၁၇၆။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။

၁၇၇။ ငါ၏ လာခြင်းကား စင်စစ် ကောင်းသောလာခြင်း ဖြစ်၏။ပ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာပြုကျင့်အပ်ပါပြီ။

၁၇၈။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ မြတ်စွာဘုရား၏ အဆုံးအမ တော်ကိုလိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ဥပဝါနမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ဆယ်ခုမြောက် ဥပဝါနတ္ထေရအပဒါန် ပြီး၏။

--

၁၁-ရဋ္ဌပါလတ္ထေရအပဒါန်

၁၇၉-၁၈၀။ လောကထက် ကြီးမြတ်သည် ဖြစ်၍ တာဒိဂုဏ်နှင့် ပြည့်စုံတော်မူသော ပဒုမုတ္တရမြတ်စွာဘုရားအား ငါသည် လှည်းသံသဖွယ် အစွယ်ရှိသော (မင်းကို) ဆောင်စွမ်း နိုင်သော ထီးဖြူဖြင့် တင့်တယ်သော ဆင်ကုန်းနှင့် တကွသော ဆင်ဦးစီးနှင့် တကွသော ဆင်မြတ်ကို ပေးလှူအပ်၏၊ ထိုအားလုံးကို အဖိုးဖြတ်စေ၍ သံဃာ့အရံကို ဆောက်လုပ်ခဲ့၏။

၁၈၁။ ငါသည် ပြာသာဒ်ငါးသောင်းလေးထောင်တို့ကို ဆောက်လုပ်ခဲ့၏၊ ရေအလျဉ်ကြီး သဖွယ် ဖြစ်သော အလှူကို ပြု၍ မြတ်စွာဘုရားအား ဆောက်နှင်းလှူဒါန်းခဲ့၏။

၁၈၂။ ကြီးသော လုံ့လရှိတော်မူ၍ ပုဂ္ဂိုလ်မြတ်ဖြစ်သော မြတ်စွာဘုရားသည် အလုံးစုံ သော လူတို့ကို ရွှင်လန်းစေလျက် အနုမောဒနာပြုတော်မူ၏၊ အမြိုက်နိဗ္ဗာန်ကိုလည်း ဟောတော်မူ၏။

၁၈၃။ ငါ၏ ထိုအလှူကို ပဒုမုတ္တရအမည်ရှိသော မြတ်စွာဘုရားသည် မြွက်ကြားတော် မူ၏၊ ရဟန်းသံဃာ (အလယ်) ၌ ထိုင်နေတော်မူ၍ ဤဆိုမည့် ဂါထာတို့ကို ဟောတော်မူ၏-

၁၈၄။ ဤသူသည် ပြာသာဒ်ငါးသောင်းလေးထောင်တို့ကို ဆောက်လုပ်ခဲ့၏၊ အကျိုးကို ဟောအံ့၊ ငါဟောမည့်စကားကို နာကြားကုန်လော့-

၁၈၅။ အထွတ်တပ်သော ပြာသာဒ်တစ်သောင်းရှစ်ထောင်တို့သည် ဖြစ်ကုန်လတ္တံ့၊ ဗိမာန် မြတ်၌ ဖြစ်သောထိုအထွတ်တပ်သော ပြာသာဒ်တို့သည် အလုံးစုံ ရွှေဖြင့်ပြီးကုန်၏။

၁၈၆။ အကြိမ်ငါးဆယ်တိုင်တိုင် နတ်တို့ကို အစိုးရသော သိကြားနတ်မင်း အဖြစ်ကို ပြုရလတ္တံ့၊ ငါးဆယ့်ရှစ်ကြိမ်တိုင်တိုင် စကြဝတေးမင်းလည်း ဖြစ်ရလတ္တံ့။

၁၈၇။ ကမ္ဘာတစ်သိန်းထက်၌ ဩက္ကာကမင်းမျိုးဖြစ်၍ အနွယ်အားဖြင့် ဂေါတမမည်သော မြတ်စွာဘုရားသည် လောက၌ ပွင့်တော်မူလတ္တံ့။

၁၈၈။ ထိုအခါ နတ်ပြည်မှ စုတေလတ်သော် ဖြူစင်သော ကုသိုလ်ကံအကြောင်းရင်းသည်တိုက်တွန်းအပ်သည်ဖြစ်၍ ကြွယ်ဝသော စည်းစိမ်များသော အမျိုး၌ ဖြစ်ရလတ္တံ့။

၁၈၉။ ထိုသူသည် နောက်၌ ရဟန်းပြု၍ ဖြူစင်သော ကုသိုလ်ကံအကြောင်းရင်းသည် တိုက်တွန်းအပ်သည်ဖြစ်၍ “ရဋ္ဌပါလ”ဟူသော အမည်ဖြင့် မြတ်စွာဘုရား၏ တပည့်သာဝက ဖြစ်လတ္တံ့။

၁၉၀။ ထိုသူသည် ကမ္မဋ္ဌာန်းစီးဖြန်းခြင်းဖြင့် နိဗ္ဗာန်သို့ စေလွှတ်အပ်သော စိတ်ရှိကာ ငြိမ်းအေးလျက်ဥပဓိမရှိဘဲ အလုံးစုံသော အာသဝတို့ကို ပိုင်းခြားသိ၍ အာသဝမရှိဘဲ ငြိမ်း အေးလတ္တံ့။

၁၉၁။ (လုံ့လဝီရိယဖြင့်) နိုးကြားထကြွ၍ တောထွက်ပြီးလျှင် စည်းစိမ်ချမ်းသာတို့ကို စွန့်အပ်၏၊ တံတွေးပေါက်ကဲ့သို့ စည်းစိမ်၌ ချစ်ခင်ခြင်းသည် ငါ့အား မရှိပေ။

၁၉၂။ ယောဂကုန်ရာ နိဗ္ဗာန်သို့ ဆောင်တတ်သော ငါ၏ ဝီရိယသည် ဝန်ဆောင်နွားလား သဖွယ် ဖြစ်၏၊ မြတ်စွာဘုရားသာသနာတော်၌ အဆုံးစွန်သော ကိုယ်ကို ဆောင်ပါ၏။

၁၉၃။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။

၁၉၄။ ငါ၏ လာခြင်းကား စင်စစ် ကောင်းသောလာခြင်းဖြစ်၏။ပ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကိုလိုက်နာပြုကျင့်အပ်ပါပြီ။

--

၁၉၅။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ မြတ်စွာဘုရား၏ အဆုံးအမတော် ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ရဋ္ဌပါလမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

တစ်ဆယ့်တစ်ခုမြောက် ရဋ္ဌပါလတ္ထေရအပဒါန် ပြီး၏။

ငါးဆယ့်ခြောက်ခုမြောက် ယသဝဂ် ပြီး၏။

ထေရာပဒါန်ပါဠိတော် မြန်မာပြန် ပြီး၏။