ဒီဃာသနဝိနိစ္ဆယ
ဒီဃာသန ဝိနိစ္ဆယကျမ်း
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
ဒီဃသနန္တိ ယံ ဧတံ ပညတ္တံ ဒီဃဒဿိနော။
တဿ ဝိနိစ္ဆယံ ဒါနိ၊ ပဝက္ခာမိ ယထာဗလံ။
အနက်။ ။ ဒီဃဒဿိနော=အရှည်ကိုမြင်တော်မူသော မြတ်စွာဘုရားသည်၊ ယံ ဧတံ အာသနံ=အကြင်အခင်းကို၊ ဒီဃသနန္တိ= ဒီဃာသန-ဟူ၍၊ ပညတ္တံ=ပညတ်တော်မူအပ်၏၊ ဒါနိ-ဣဒါနိ=ယခုအခါ၌၊ တဿ အာသနဿ=ထိုဒီဃာသနအခင်း၏၊ ဝိနိစ္ဆယံ=အဆုံးအဖြတ်ကို၊ ယထာဗလံ=အစွမ်းရှိသလောက်၊ အဟံ=လယ်တီတောကျောင်းဆရာ ငါသည်၊ ပဝက္ခာမိ=မိန့်ဆို စီရင်ပေအံ့။
၁-ဓမ္မဂါရဝမူလသိက္ခာပုဒ်
ယေ စ ဗဟူ ဘိက္ခူ ထေရော စ နဝါ စ မဇ္ဈိမာ စ အာယသ္မတော ဥပါလိဿ သန္တိကေ ဝိနယံ ပရိယာပုဏန္တိ၊ အာယသ္မာဥပါလိ ဌိတကော ဥဒ္ဒိသတိ ထေရာနံ ဘိက္ခူနံ၊ ဂါရဝေန၊ ထေရာပိ ဘိက္ခူ ဌိတကာ ဥဒ္ဒိဿာပေန္တိ ဓမ္မဂါရဝေန၊ တတ္ထ ထေရာစေဝ ဘိက္ခူ ကိလမန္တိ၊ အာယသ္မာ စ ဥပါလိ ဘဂဝတော ဧတမတ္ထံ အာရောစေသုံ၊ အနုဇာနာမိ ဘိက္ခဝေ နဝကေန ဘိက္ခုနာ ဥဒ္ဒိသန္တေန သမကေ ဝါ အာသနေ နိသီဒိတုံ ဥစ္စတရေ ဝါ ဓမ္မဂါရဝေန၊ ထေရေန ဘိက္ခုနာ ဥဒ္ဒိသာ ပန္တေန သမကေ ဝါ အာသနေ နိသီဒိတုံ နီစတရေ ဝါ ဓမ္မဂါရဝေန။
အရှင်ဥပါလိထေရ်သည် အရိယာသူမြတ်ဖြစ်၍ ဓမ္မဂါရဝအရာ ၌လည်း ပါရမီပတ္တဖြစ်သင့်ရကား“ထေရာနံဘိက္ခူနံ ဂါရဝေန”ဟူသော ပါဌ်ဖြင့် ဓမ္မဂါရဝကိုလည်းယူပါ၊ ထိုသို့ယူသည်ရှိသော် အရှင်ဥပါလိ ထေရ်သည် ဓမ္မဂါရဝအကြောင်းကြောင့် မိမိထက် သီတင်းကြီးဖြစ်သော ဓမ္မန္တေဝါသိကထေရဘိက္ခုတို့နှင့် နေရာတူ၌၎င်း, မြင့်သောနေရာ၌၎င်း, နေ၍ ဝိနည်းပိဋကတ်ကို ပို့ချကြောင်းကို သိအပ်၏၊ ထိုသို့ဓမ္မဂရဝ အကြောင်းကြောင့် နေရာတူမြင့်သောနေရာ၌ နေငြားသော်လည်း “ထေရဂါရဝ”ဟူသော အကြောင်းကြောင့် မတ်တတ်ရပ်ခြင်း ဣရိယာ ပုထ်ဖြင့်သာ နေ၍ပို့ချ လေသည်။
“အနုဇာနာမိ ဘိက္ခဝေ” အစရှိသော ပါဠိတော်မြတ်ဖြင့်ကား ထိုသို့ သဘောရှိသော တရားကျမ်းဂန် ပို့ချသင်ကြားခြင်း, တရားဓမ္မဟောပြော ဆုံးမ နာခံခြင်း-စသော အရာများ၌ အာစရိယပုဂ္ဂိုလ် သုဏန္တပုဂ္ဂိုလ် ၂-ဦးတို့သည်ပင်လျှင် ထေရဘာဝကို ပမာဏမပြုအပ် ဓမ္မမဟဂ္ဂဂုဏ် ကိုသာ ပမာဏပြုအပ်၏၊ ဓမ္မမဟဂ္ဂဂုဏ်ကို အာရုံပြုသော ဓမ္မဂါရဝ အကြောင်း တစ်ပါးတည်းဖြင့်ပင်လျှင်--
၁။ သုဏန္တထေရတို့နှင့် နေရာတူ၌၎င်း, နေရာမြင့်၌၎င်း, နေခြင်းငှါအပ်၏၊
၂။ သုဏန္တထေရတို့က မတ်တတ်ရပ်လျက် နာကုန်စဉ်လည်း ထိုင်ခြင်း, လျောင်းခြင်း ဣရိယာပုထ်ဖြင့် ချပို့ဟော ပြောခြင်းငှါအပ်၏၊
၃။ သုဏန္တထေရတို့ကလည်း တူသောနေရာ, နိမ့်သော နေရာ ၌ တူသောဣရိယာပုထ်, ယုတ်သော ဣရိယာပုထ်ဖြင့် နေ၍ သီတင်းငယ် အာစရိယပုဂ္ဂိုလ်ကို အရိုအသေပြု၍ နာအပ်၏-ဟု သိအပ်၏၊
ရပ်ခြင်း ဣရိယာပုထ်သည် အရှည်မခံသော ဣရိယာပုထ်ဖြစ်၍ ပုဂ္ဂိုလ် ၂-ဦးတို့အားပင် ထိုင်ခြင်းဣရိယာပုဒ်ကို ခွင့်ပြုတော် မူသည်၊။ [ဤပါဠိတော်၌ “သမကေဝါ အာသနေ” ဟူသောပါဌ်၌ အနိမ့်, အမြင့် အရပ်ပမာဏတူသော အသီးသီးသော ညောင်စောင်း, အင်းပျဉ် များကိုယူပါ၊ ဤသိက္ခာပုဒ်ကား- တရားကျမ်းဂန် ချပို့သင်ကြား ရာ, တရားဓမ္မဟောပြောနာခံရာ ဤကဲ့သို့သော အရာများ၌သာ ဆက်ဆံ သည်။]
ဓမ္မဂါရဝမူလသိက္ခာပုဒ်ပြီး၏၊ တစ်ရပ်။
၂-ထေရဂါဝရ, အသာရုပ္ပမူလကသိက္ခာပုဒ်၂-ပါး
တေန ခေါ ပန သမယေ ဗဟူ ဘိက္ခူ အာယသ္မတော ဥပါလိဿ သန္တိကေ ဌိတကာ ဥဒ္ဒေသံ ပတိမာနေန္တော ကိလမန္တိ၊ ဘဂဝတော ဧတမတ္ထံ အာရောစေသုံ၊ အနုဇာနာမိ ဘိက္ခဝေ သမာနာသနိကေဟိ သဟ နိသီဒိတုံ။
ဤသိက္ခာပုဒ် နိဒါန်း၌ အရှင်ဥပါလိ စာချသောကျောင်း၌ ညောင်စောင်း, အင်းပျဉ်မှတစ်ပါး ထိုင်၍ လျောင်း၍ နေစရာ နေရာ တစ်ပါးမရှိ၊ ရှိသော ညောင်စောင်း, အင်းပျဉ်စုမှာလည်း ထေရ ဂါရဝ တရား အားကြီးကြသောအခါဖြစ်၍ တစ်နာရီ တစ်ခဏ မုဟုတ္တမျှပင် သီတင်းသိက္ခာကြီးသော ပုဂ္ဂိုလ်တို့နှင့် အတူတကွနေခြင်းငှါ မဝံ့ကုန်သော နဝ, မဇ္ဈိမတို့သည် မတ်တတ်ရပ်လျက်နေကြကုန်သည်။
တစ်နည်း- ညောင်စောင်, အင်းပျဉ်မှတစ်ပါး ဘူမတ္ထရဏဖြစ်သော ဖျာ, သင်ဖြူး-စသည်ရှိပါသောလည်း မိမိတို့ထက် သီတင်းကြီးပုဂ္ဂိုလ်တို့ နေကြကုန်သည်ဖြစ်၍၎င်း, အခင်းမရှိရာ၌ ထိုင်နေခြင်းငှါ မတတ်ကောင်း သည် ဖြစ်၍၎င်း မတ်တတ်နေကြကုန်သည်။
သိက္ခာပုဒ်-
အညမညံ နာတိနဝ နာတိဝုဒ္ဓဘာဝေန သမာနံ အာသနံ အရဟန္တီတိ သမာနာသနိကာ-ပြုပါ။
သမာန-အရကို တစ်ခုတည်း အဖြစ်ဖြင့်တူသည်ကိုယူ၊ သမကေဝါ အာသနေ-ဟူသော ရှေ့သိက္ခာပုဒ်ကဲ့သို့ အနိမ့်, အမြင့် တူကာမျှကို မယူလင့်၊ သဟသဒ္ဒါကိုမြော်ပါ။
အာသနံ-အရကိုကား- ညောင်စောင်း, အင်းပျဉ်နှင့်တကွ ဘူမတ္ထရဏဖြစ်သော ဖျာ,သင်ဖြူး, ကော်ဇော-အစရှိသော နေရာဟူ သမျှကိုပင်ယူ၊ ညော်စောင်း အင်းပျဉ်မျှကို မယူလင့်။
သမာနာသနိကေဟိ၊ တခုတည်း အဖြစ်ဖြင့် တူသောနေရာ၌ နေခြင်းငှာ ထိုက်ကုန်သော ရဟန်းတို့အချင်းချင်း။ သဟ-အတူတကွ။ နိသီဒိတုံ- ထိုင်ခြင်းငှာ။ အနုဇာနာမိ-ငါဘုရား ခွင့်ပြုတော်မူ၏၊ အနက် ပေး။
[သမာနာသနိက အရသည် နောက်သိက္ခာပုဒ်၌ ထင်ရှားလာ လတ္တံ့။]
အနုဇာနာမိ ဘိက္ခဝေ တိဝဿန္တရေန သဟ နိသီဒိတုံ- ဟူသော သိက္ခာပုဒ်၌
တိဏ္ဏံ ဝဿာနံ အန္တရေ ဧတေသံ ဥပသမ္ပံဒါတိ တိဝဿန္တရာ၊ တေဧဝ ပုဂ္ဂလ သာမညေန တိဝဿန္တရော ဟုပြု။
တပါးနှင့်တပါးသည် ရက်ပေါင်း ၁၀၈၀ ဖြင့် ရေတွက်အပ်သော ၃-နှစ်ကို မလွန်မူ၍ ပဉ္စင်းအဖြစ်ကို ရကြသော ရဟန်းအချင်းချင်းသည် တိဝဿန္တရသမာနာနိကမည်၏၊ ထိုသမာနာသနိက ရဟန်းချင်းချင်း သည်သာလျှင် တစ်ခုတည်းသောညောင်စောင်း, တိုတည်းသောအင်းပျဉ် တစ်ခုတည်းသောဖျာ, သင်ဖြူး, ကော်ဇော, ခင်းနှီးတို့၌ အတူတကွထိုင် နေခြင်းကို ခွင့်ပြုတော်မူ၏ -ဟူလိုပါသည်။
အဋ္ဌကထာ၌ကား
တိဝဿန္တရေနာတိဧတ္ထ တိဝဿန္တရောနာမ ယောဒွီဟိဝေဿဟိ မဟန္တရော ဝါ ဒဟရတရော ဝါ ဟောတိ၊ ယော ပန ဧကေန ဝေဿန မဟန္တတရော ဝါဒဟတရော ဝါ၊၊ ယော ဝါ သမာနဝေဿာ၊ တတ္ထဗ္ဗမေဝ နတ္ထိ၊ ဣမေသဗ္ဗေ ဧကသ္မိံ မေဉ္စ ဝါပီဌေ ဝါ ဒွေဒွေ ဟုတွာ နိသီဒိတုံ လဘန္တိ၊ ဟုဖွင့်တော်မူသည်။
ဤအဋ္ဌကထာ၌
ဒွီဟိဝေဿဟိ- ဟုဆိုခြင်း၌ တတိယဝဿကို နစ်စေလို၍ ဆိုခြင်း မျှသာဖြစ်သည်။ သမ္မောဟဝိနောဒနီ အဋ္ဌကထာ ဒွတ္တိံသာကာရ သဇ္ဈာယဝိဓိတွင် ဆဟိမာသေဟိ- ဟူသောပုဒ်ကဲ့သို့ မှတ်ပါ၊ ထို့ကြောင့် တစ်ပါးနှင့်တစ်ပါး ၂-နှစ်နှင့်၁၀-လ,၁၁-လပင်ကြီးကြ,ငယ်ကြသော်လည်း တိဝဿန္တရ သမာနာသနိကပင်-ဟုမှတ်ယူသင့်ပါသည်။
ဧကသ္မိံ မဉ္စေဝါ ပီဌေဝါ ဒွေဒွေ ဟုတွာ ဟူသော စကားကိုကား နောက်၌ဟောတော်မူလတ္တံ့သောအနုဇာနာမိ ဘိက္ခဝေ ဒုဝဂ္ဂဿ မဉ္စံ ဒုဝဂ္ဂဿ ပီဌံ-ဟူသော သိက္ခာပုဒ်တော်အရကို အတွင်းဝင်ပြု၍ တစ်ချက် တည်းပြီး သိမ်းခြုံ၍ ဆိုက်သော စကားသာဖြစ်သည်၊ ယခုဖွင့်ဆဲဖြစ်သော သမာနာသနိက သိက္ခာပုဒ်တို့၌ အာသန-အရကို ညောင်စောင်း, အင်းပျဉ်ကိုသာ ယူစေလို၍ ဖွင့်ဆိုသည်ဟု မယူသင့်။ ဒွေဒွေ ဟုတွာ ဟုဆိုခွင့်မရောက်သေးဘဲလျက် ဒွေဒွေဟုတွာ-ဟု ဤနေရာ၌ ဆိုသည်ကို ထောက်ပါ။
ထို့ကြောင့် ဤသမာနာသနိက,တိဝဿန္တရ သိက္ခာပုဒ် ၂-ပါးတို့ဖြင့် တစ်ပါးနှင့်တစ်ပါး ရဟန်းသိက္ခာရခြင်း ၃-နှစ်ကို မလွန်ကြပါမူ တစ်ခု တည်းသော ညောင်စောင်း, အင်းပျဉ်, ဖျာ, သင်ဖြူးစသည်၌ အတူတကွ ထိုင်နေသော် လည်းအဂါရဝ, အသာရုအရာနှင့် စပ်၍ အပြစ်မရှိ၊ တစ်ပါးနှင့်တစ်ပါး ၃-နှစ်ကိုလွန်၍ ကြီးကြငယ်ကြမူ တစ်ခုတည်းသော ညောင်စောင်း, အင်းပျဉ်, ဖျာ, သင်ဖြူးစသည်၌ အတူတကွ ထိုင်နေခဲ့ သည်ရှိသော် သီတင်းငယ်များမှာ အဂါရဝ အပြစ်၊ သီတင်းကြီးများမှာ ပသာရုပ္ပအပြစ်ဖြင့် ဆုံးဖြတ်ထိုက်ကြောင်းကိုသိအပ်၏၊
ထေရဂါရဝ ,အသာရုပ္ပမူလသိက္ခာပုဒ် ၂-ပါးပြီး၏၊
ဘေဒမူလက ဒုဝဂ္ဂ မဉ္စသိက္ခာပုဒ်၌ စီစစ်ခြင်း
တေန ခေါ ပန သမယေန သမ္ပဟုလာ သမာမနာသနိကာ မေဉ္စနိသီဒိတွာ မဉ္စံဘိန္ဒိံသု၊ ပီဌေ နိသီဒိတွာ ပီဌံ ဘိန္ဒိံသု၊ဘဂဝတော ဧတမတ္ထံ အာရောစေသုံ၊ အနုဇနာမိ ဘိက္ခဝေ တိဝဂ္ဂဿ မဉ္စံ တိဝဂ္ဂဿ ပီဌန္ထိ၊ တိဝဂ္ဂေါပိ မေဉ္စ နိသီဒတွာ မဉ္စ ဘိန္ဒိ၊ ပီဌေ နိသီဒိတွာ ပီဌံ ဘိန္တိ၊ အနုဇာနာမိ ဘက္ခဝေ ဒုဝဂ္ဂဿပီဌန္တိ။
ဤသိက္ခာပုဒ် ၂-ပါးကား- သမာနာသနိကချင်းဖြစ်၍ အချင်းချင်း အဂါရဝ, အသာရုပ္ပအပြစ် မရှိသော်လည်း ဒါယကာတို့သဒ္ဓါဒေယျ လှူဒါန်း၍ရသော ပရိက္ခရာဘဏ္ဍာများ၌ ပမာဏကို မသိဘဲ သုံးဆောင် ခြင်းတည်းဟူသော ဒုပ္ပရိဘောဂကိုမြစ်ခြင်းငှာ မဉ္စ, ပီဌတို့၌သာ ဒုဝဂ္ဂပရိစ္ဆေဒပမာဏ အပိုင်းအခြားကို ထားတော်မူသော သိက္ခာပုဒ် များပေတည်း၊ ပုဂ္ဂလအဂါရဝ,အသာရုပ္ပအပြစ်များကို အကြောင်းပြု၍ ပညတ်သည်ဟု မမှတ်လင့်၊ ထိုပုဂ္ဂလဂါရဝ, အသာရုပ္ပအပြစ်များကိုကားရှေ့သမာနာသနိက တိဝဿန္တရ သိက္ခာပုဒ်တို့ဖြင့်ပင် အနွယဗျတိရေက အားဖြင့်ပယ်ပြီး ပိုင်းခြားပြီးဖြစ်သည်။
သမာနာသနိက ရဟန်းတို့ချင်းဖြစ်မူကား- တစ်ခုသော ညောင်း စောင်း, အင်းပျဉ်စသည်၌ ၅-ယောက်, တစ်ကျိပ်စသည်ဖြင့် ဆံ့သရွေ့ တိုးဝှေ့၍ ထိုင်နေကြသော်လည်း အဂါရဝအတွက်နှင့် အပြစ်မဆိုသာ၊ ဂရုဘဏ် အရာမြောက်ထိုက်သော ညောင်စောင်း, အင်းပျဉ်များ ပျက်စီးရန်အခွင့်ကို မမြော်မြင်ဘဲ အတိုင်းအရှည်ကို မသိမူ၍ သုံးဆောင် ကြခြင်းတည်းဟူသော ဒုပ္ပရိဘောဂ အတွက်ကြောင့်သာ အပြစ်ဖြစ်ရ လေသည်၊ မြတ်စွာဘုရားသည်လည်း ထိုအပြစ်ကို တားမြစ်ခြင်းငှါ တစ်ခုသော ညောင်စောင်း, အင်းပျဉ်၌ ၂-ပါးသော သမာနာသနိက ရဟန်းတို့အားသာ ထိုင်စေဟု အပိုင်းအခြားကို ထားတော်မူသည်ဟု နိသံသယမုချစင်စစ် မှတ်ပါ၊၊ ထိုအနက်သည်လည်း ညောင်စောင်း, အင်းပျဉ်ပြိုပျက်ခြင်းကို အရင်းပြု၍ ဖြစ်လာသော ဤသိက္ခာပုဒ် ဝတ္ထုနိဒါန်းဖြင့်ပင် ထင်လင်းလှပါ၏၊
ဆိုဖွယ်အထူးကား
တိဝဂ္ဂါပိ မေဉ္စ နိသီဒိတွာ မဉ္စံ ဘိန္ဒိ၊ ပီဌေ နိသီဒိတွာ ပီဌံ ဘိန္ဒိ။ ဟူ၍ တစ်ခုသော ညောင်စောင်း, အင်းပျဉ်၌ ၃-ပါးသောသမာနာသနိကရဟန်းတို့ တစ်ပြိုင်နက် တစ်ပေါင်းတစ်စုတည်း ထိုင် ရုံမျှနှင့် ညောင်စောင်း,အင်းပျဉ်ကျိုးပျက်ခြင်းကို အကြောင်းပြု၍ ဟောတော်မူသော သိက္ခာပုဒ်တော် ဖြစ်လာသောကြောင့် ဤဒုဝဂ္ဂဿပီဌံ ဟူသော သိက္ခာပုဒ်၌ မဉ္စအရ, ပီဌအရများကိုလည်း ၂-ပါးသောရဟန်း တို့အားသာ ထိုင်နေခြင်းငှါ အရှည်ခန့်စကောင်းလောက်သော အလျား ၄-တောင့်ထွာရှိသော လုပ်ဆောင်သုံးစွဲမြဲ အရိုးအစဉ်ဖြစ်သော တစ်ယောက်အိပ်လောက်ရုံ တစ်ပါးနေလောက်ရုံဖြစ်သော ပမာဏယုတ္တ ညောင်စောင်း, အင်းပျဉ်ကိုသာ ယူရန်အကြောင်းလည်းအလွန်ပင် ထင်ရှားလှပါသတည်း။
ပမာဏ ယုတ္တဖြစ်သော ညောင်စောင်း,အင်းပျဉ် ထင်ရှားရှိ ကြောင်းကိုလည်း
ယတ္ထ ပမာဏယုတ္တော မေဉ္စ ဣတောစိတော စ ပရိဝတ္တေတုံ သက္ကာ ဟောတိ။
ဟူသောကုဋိကာရ သိက္ခာပုဒ်အဋ္ဌကထာ,ပမာဏယုတ္တ မဉ္စအရကို အဋ္ဌဝိဒတ္ထိနဝဝိဒတ္ထိ- ဟုဖွင့်ကြသော ဋီကားများကို ရှု၍သိပါ။
ဤစူဠဝါပါဠိတော် သေနာသနက္ခန္ဓက၌ပင်လျှင်။
ဝါဆိုရဟန်းတို့ကို ကျောင်းနေရာချထားရာ၌ တစ်ပါးတစ်ပါးလျှင် ကျောင်းတစ်ကျောင်း တစ်ကျောင်းစီ ရလောက်လျှင် တစ်ကျောင်း တစ်ကျောင်းစီချစေ၊ တစ်ကျောင်းစီ မလောက်လျှင်ပရဝုဏ် အပိုင်းအခြား ဖြင့်ချစေ၊ ပရိဝုဏ်တစ်ခုစီမလောက်လျှင် တိုက်ခန်း အပိုင်းအခြားဖြင့် ချစေ၊ တိုက်ခန်းတစ်ခုစီမလောက်လျှင် သေယျဂ္ဂ-ဟုဆိုအပ်သော ညောင် စောင်း, အင်းပျဉ်ရာ အပိုင်းအခြားဖြင့် ချစေ- ဟုဟောတော်မူရာများကို မြော်၍လည်း သိသင့်ပါတော့သည်။
ထိုစကားမှန်ပါ၏၊ အကယ်၍ ညောင်စောင်း, အင်းပျဉ်ဟုဆိုသော အရာတိုင်းမှာ ဂရုဘဏ္ဍဝိနိစ္ဆယ အရာများကဲ့သို့ အကြီးအငယ်အတိုင်း အရှည် ပမာဏ အမှန်းအတားကို လုံးလုံးလွှတ်၍ အနည်းငယ်ရံခါမျှသာ အထူးဖြစ်လာသော တစ်ထွာ တစ်တောင်ခန့် ရှိသော ညောင်စောင်းငယ်၊ ၁၀- တောင်, ၁၅-တောင်, ၂၀ခန့်ရှည်သော ညောင်စောင်းကြီး များရှိနေ သည်ကို အစွဲအလမ်းတစ်ခုပြု၍ ငယ်ချင်သလောက်ငယ်, ကြီးချင် သလောက်ကြီးကို ကြံယူထည့်သွင်း၍ ဆုံးဖြတ်ပိုင်းခြားရမည်ချည်းမှန်လျှင် အယုတ်ဆုံး ကျောင်းအိပ်ရာနေရာကို ပိုင်းခြားရာ၌၎င်း, သိမ်နုတ်ရာ အခန်းတွင် စတုဝဂ္ဂသံဃာဘွဲ့ တွဲ၍ နေထိုင်ရာ အပိုင်းအခြား များ၌၎င်း ညောင်စောင်း ပမာဏကို အတိုင်းအရှည် အမှတ်ပြု၍ ဆိုခြင်းငှါ တတ် ကောင်းတော့မည်လော။
ထို့ကြောင့် ဤဒုဝဂ္ဂဿမဉ္စံ ဒုဝဂ္ဂဿမဌံ-ဟူသော သိက္ခာပုဒ်၌ လည်း အကြီးအငယ် ကြံဖန်၍ ရတိုင်းသာ ညောင်စောင်း, အင်းပျဉ် များကိုကြံယူထည့်သွင်း၍ ယူခြင်းငှါ မတတ်ကောင်း၊ ပမာဏယုတ္တ ဖြစ်သော ညောင်စောင်း, အင်းပျဉ်ကိုသာ နိသံသယ မုချစင်စစ် မှတ်ယူ ခြင်းငှါ သင့်မြတ်ပါသတည်း။
ဤသိက္ခာပုဒ်ကိုလည်း ဒါယကာတို့ သဒ္ဓါဒေယျ လှူဒါန်း၍ ထား အပ်သော သံဃိက, ဂဏိက, ပုဂ္ဂလိက, ဘိက္ခုသန္တက ထာဝရ အသုံး အဆောင်ဖြစ်သော ညောင်စောင်း, အင်းပျဉ်တို့မှာသာ ယူအပ်၏၊ ဤကဲ့သို့သော ညောင်စောင်း,အင်းပျဉ်တို့မှာသာ ကျိုးပျက်မည်ကို အထူးစောင့်ရှောက်ထိုက်သည်၊ ဤဒုဝဂ္ဂ သိက္ခာပုဒ်တော်သည်လည်း ကျိုးပျက်ခြင်းကို စောင့်ရှောက်ခြင်းငှါ ပညတ်သော သိက္ခာပုဒ်ပေတည်း။
မြို့တွင်းရွာတွင်း ပရိတ်ရွတ်, ဆွမ်းစဉ်, ဆွမ်းစား-စသော ဒုမင်္ဂလ, သုမင်္ဂလကိစ္စကြီးငယ်နှင့် ဒါယကာတို့ တတ်နိုင်ပါသမျှ ခဏခေတ္တ ခင်းထားအပ်သော ဂိဟိဝိကဋညောင်စောင်း, အင်းပျဉ်များကိုကားဤသိက္ခာပုဒ်၌ မလိုအပ်၊ ထိုသို့သော ဂိဟိဝိကဋ ညောင်စောင်း, အင်းပျဉ် များကိုကား-ဤသိက္ခာပုဒ်၌ကား-သမာနာသနိက ရဟန်းတို့ ချင်းဖြစ်ပေမူ ဒါယကာတို့ ရေတွက်မှန်းထား၍ ခင်းထားတိုင်း ပမာဏယုတ္တ ညောင် စောင်း, အပျဉ်းတစ်ခုလျှင် ၃-ပါးဖြစ်စေ၊, ၄-ပါးဖြစ်စေ, ၅-ပါးဖြစ်စေ၊ ဆံ့တတ်သရွေ့ တိုးဝှေ့သိပ်သည်း၍ပင် ထိုင်နေခြင်းငှါ အပ်ပါ၏၊ မအပ် ဟူ၍ မယူသင့်။
ထိုစကားသင့်၏ လူတို့သန္တကဖြစ်သော ဝတ္ထုတို့၌ လူတို့သဒ္ဓါတရား ရှိသည်အတိုင်း သုံးဆောင်၍ ကျိုးသော် ပျက်သော်လည်း ဒုပ္ပရိဘောဂ ဖြစ်သည်မဆိုသာ၊ ပဏ္ဏတ္တိဝဇ္ဇသိက္ခာပုဒ် အရာသို့ကျလျှင်လည်း မြတ်စွာဘုရား ကိုယ်တော်မြတ်သည် ဒါယကာတို့အား ရဟန်းတော် တို့အတွက် တာဝန်နှင့်စပ်၍ ပလိဗောဓကိစ္စ ပိုမိုရှိမည်အရာ၊ ကုသိုလ် ယုတ်လျော့မည်အရာများကို အလွန်တရာ ညှာတာစောင့်ရှောက်တော် မူခြင်းအလေ့ ရှိတော်မူပါသည်၊ ထို့ကြောင့် ဤဒုဝဂ္ဂသိက္ခာပုဒ်အတွက်နှင့် လူတို့အပေါ်တွင် ပလိဗောဓကိစ္စ ပိုမိုစေခြင်းငှါမသင့်ပေ၊ ဂိဟိဝိကဋံ အဘိနိသီဒိတုံ၊ နတွေဝ အဘိနိပ္ပဇ္ဇိတုံ-စသည်များကို မြော်ပါ။
လောကဝဇ္ဇ သိက္ခာပုဒ်အရာများ၌ကား လူတို့မျက်နှာကို ညှာတာစောင့်ရှောက်၍ သိက္ခာပုဒ်တော်ကို ချော့ခြင်းမည်သည် မရှိကောင်း၊ ထို့ကြောင့်ပင်လျှင် ပုဂ္ဂလအဂါရဝ, သာရုပ္ပဓမ္မ တည်းဟူသော လောကဝဇ္ဇအရာ စင်စစ်ဖြစ်ချေ၍ ထိုသို့သော ဂိဟိဝိကဋ တာဝကာလိက လူတို့ခင်းထားသော ညောင်စောင်း, အင်းပျဉ်တို့၌ ပင်သော်လည်း အသမာနာသနိက ရဟန်းတို့ခြင်းဖြစ်ခဲ့မူ မထေရ်ကြီးက ခွင့်မပြုပဲ သော်၎င်း, မထေရ်ငယ်က ခွင့်မပန်ပဲသော်၎င်း ပမာဏယုတ္တဖြစ်သော ညောင်စောင်း, အင်းပျဉ်ငယ်များ၌ ၂-ပါးအတူတကွ ထိုသ်နေခြင်းငှါ အပ်ကြောင်းကို ရှေ့သိက္ခာပုဒ်ဖြင့် တင်းတင်းကျပ်ကျပ် ဆုံးဖြတ်အပ်၏၊
သံဃိက, ဂဏိက, ပုဂ္ဂလိက, ဘိက္ခုသန္တကများ၌ကား ဆိုခွင့်ပင် မရှိပြီ၊ ထိုသို့သဘောရှိရာသော ဘိက္ခုသန္တများ၌ အသမာနာသနိက ရဟန်းတို့ချင်းဖြစ်မူ ညောင်စောင်း, အင်းပျဉ်တစ်ခု၌ ၂-ပါးသော ရဟန်းတို့ အတူတကွ နေထိုင်ခြင်းငှါ ဧကန္တ မအပ်တော့သည်သာတည်း၊ ထိုသို့သော ပမာဏယုတ္တညောင်စောင်း, အင်းပျဉ်ပေါ်မှာမှ မဟုတ်သေး၊ အလျား ၄- တောင့်ထွာအောက် ယုတ်သော ပမာဏရှိသည်ဖြစ်၍ ဒီဃာသနမဆိုလောက်သော ဖျာငယ်, သင်ဖြူးငယ်, ကော်ဇောငယ် စသည် များ၌လည်း သင့်လျော်ရာသော အကြောင်းတစ်ပါးနှင့်ကင်း၍ အာသမာနာ သနိက ရဟန်းတို့အတူတစ်ကွ တစ်ပေါင်းတည်း နေ ထိုင်ခြင်းငှါ မအပ်လေသည်သာတည်း။
မအပ်ကြောင်းကိုလည်း
အနုဇာနာမိ ဘိက္ခဝေ သမာနာသနိကေဟိသဟ နိသီဒိတုံ။
ဟူသော ရှေးသိက္ခာပုဒ်ဖြင့်ပြီးသတည်း။
သင့်လျော်ရာသော အကြောင်းတစ်ပါးဟူသည်ကား- မမာ မကျန်းရှိ၍ နင်းနှိပ်ဆုပ်နယ် ထူလှည်းပွေ့ပိုက်ခြင်း- စသော ဝေယျာ ဝစ္စကိစ္စ, လူရှင်ပရိတ်သတ် ကျဉ်းမြောင်းခြင်း, ရေ, မီး, မင်း, ခိုးသူ, ခြင်္သေ့ သစ်ကျား သားရဲ ဘီလူးစသော အန္တရယ်တွေ့ခြင်း စသည်များ ကိုယူပါ။ ထိုသို့သော အကြောင်းထူးပင် မရှိငြားသော်လည်း ဘတ္တဂ္ဂ အဋ္ဌာကထာများကို ထောက်ပြန်သော် ထေရ်ကြီးက ခွင့်ပေးသော်၎င်း, ထေရ်ငယ်ကခွင့်ပန်၍သော်၎င်း ထိုင်နေကြ သည်ဖြစ်ပါမူ ဂိဟိသန္တက ဘိက္ခူသန္တ-က မရွှေးမချယ် ပမာဏယုတ္တဖြစ်သော ညောင်စောင်း, အင်ပျဉ်အောက် ယုတ်သော ပမာဏရှိသော ဒီဃာသန မဆိုလောက် သော ဖျာငယ်, သင်ဖြူးငယ်, ကော်ဇောငယ်- စသည်များ၌ပင် သော် လည်း အသမာနာသနိကတို့ချင်း တစ်ပေါင်းထိုင်နေသည်ကို အပြစ်မဆို သင့်ပေ။
ညောင်စောင်း, အင်ပျဉ်၌ကား- ပြိုပျက်ခြင်းဘေးအကြောင်းကို ငဲ့ရန်ရှိပြီးသောကြောင့် ခွင့်တောင်းခွင့်ပေး၍ပင် ဖြစ်သော်လည်း ပမာဏ ယုတ္တ ညောင်စောင်းတစ်ခု အင်ပျဉ်တစ်ခု၌ ၂- ပါးထက် အတူနေခြင်းငှါ မလျော်လွန်းပါ။
ထောက်မျှော်ရန် စူဠဝါဝတ္တခန္ဓက ဘတ္တဂ္ဂဝတ်၌လာသော ပါဠိ အဋ္ဌာကထာပါဌ်ကား-
န ထေရေ ဘိက္ခူ အနုပခဇ္ဇ နိသီဒိတဗ္ဗံ နနဝါဘိက္ခူ အာသနေနပဋိဗာဟေတဗ္ဗာ။
( ပါဠိတော် )
နထေရေဘိက္ခူ အနုပခဇ္ဇာတိ ထေရေ ဘိက္ခူအတိအလ္လီ- ယိတွာ န နိသီဒိတဗ္ဗံ၊ သစေ မဟာထေရ်ရဿ နိသဇ္ဗာသနေန သမကံ အာသံနံ ဟောတိ၊ ဗဟူသု အာသနေသု သတိ ဧကံဒွေ အာသနာနိထပေတွာ နိသီဒိတဗ္ဗံ၊ ဘိက္ခူဂဏေတွာ ပည-တ္တာသနေသု အနီသီဒိတွာ မဟာ ထေရေန နိသီဒါတိ ဝုတ္တေန နိသီဒိတဗ္ဗံ၊ နော စေ မဟာထေရောဝဒတ္တ ဣဒံ ဘန္တေ အာသနံဥစ္စန္တိ ဝတ္တဗ္ဗံ နိသီဒါတိ ဝုတ္တေ နိသီဒိတဗ္ဗံ၊ သစေ ပန ဧဝံ ပုစ္ဆိတေန ဝဒတိ၊ နိသီဒန္တဿ အနာပတ္တိ မဟာထေရေဿဝ အာပတ္တိ၊ နာဝကော ဟိ ဧဝရူပေ အာသနေ အနာပုစ္ဆာ နိသီဒန္တော အာပဇ္ဇတိ၊ ထေရော အာပုစ္ဆိတော အနနုဇာနန္တော။
(အဋ္ဌာကထာ)
ဘတ္တဂ္ဂဟူသည်ကား-
ဘတ္တံဂဏှန္တိ ဧတ္တာတိဘတ္တဂ္ဂံ-ဟုဝစနတ္တပြု၍ စရပ်, တန်ဆောင်း, အိမ်တွင်း၊ အိမ်ပ ဌာနအမှတ်မရှိ လူတိုက ပင့်ဖိတ်၍ ဆွမ်းခဲဖွယ် ဘောဇဉ်ကို လုပ်ကျွေးရာဌာနသည် မုချအားဖြင့်၎င်း, လက္ခဏာဟာရ နည်းအားဖြင့်၎င်း ဘတ္တဂ္ဂမည်၏၊ ကျောင်းတွင်း ဆွမ်းကျောင်းသာမုချ၊ အကြွင်းမှာ လက္ခဏာဟာရ ဘတ္တဂ္ဂမည်၏၊။
ဘတ္တဂ္ဂဝတ္တေ အန္တောဂါမောဝါ ဟောတု ဝိဟာရော ဝါ မနုဿနံ ပရိဝေသနဋ္ဌာနံ ဂစ္ဆန္တေန စီဝရံ ပါရူပိတွာ ကာယဗန္ဓနံ ဗန္ဓနမေဝ ဝဋ္ဋတီတိ အဋ္ဌကထာသု ဝုတ္တံ။
ဟူသော အဋ္ဌကထာကိုထောက်ပါ။
ဤအကထာ ပါဌ်ဖြင့်ပင်-
ကျောင်းတွင်း, ကျောင်းပ၊ ရွာတွင်း, ရွာပ၊ ဒေသမရွှေး လူတို့ကပင်ဘိတ်၍ ပရိတ်ရွတ်ရာ, ဆွမ်းစဉ်ရာ, တရားနာရာ မပင့် မဘိတ်သော်လည်း ကိစ္စကြီးငယ် ပြောဆိုဖွယ်နှင့် လူပရိသတ်သို့ ကပ်ရာ ဝင်ရာများ၌လည်း သင်္ကန်းရုံခြင်းစသော အကျင့်အဝတ်ကို ပြု၍သာ ကပ်အပ် ဝင်အပ်သည်-ဟု ယူသင့်သည်။
ဤအရာ၌-
အနုပခဇ္ဇ-ဟူသောပါဠိပဒ၊ ယင်းပါဠိပဒကို ဖွင့်သော အတိ အလ္လီယိတွာ-ဟူသော အဋ္ဌာကဌာပဒတို့၏ အတက်ကို သေနာသန ဝဂ်၌လာသော ဣရိယာပုထ် ၄-ပါးဖြင့် နေ့နေ့ညည ထာဝရနေရာကိုသာ လိုအပ်သော အနုပခဇ္ဇသိက္ခာပုဒ်ကဲ့သို့ မယူပါလင့်၊ ဤအရာ၌ကားထိုင်ခြင်းဣရိယာပုထ်ဖြင့် ခဏတမုဟုတ်မျှသာ နေကြရာဖြစ်၍ အနုပခဇ္ဇေ အတိအလ္လီယိတွာ-အရကို ထိစပ်ခိုက်တိုက်၍ ထိုင်နေ သည်ကိုသာယူပါ။
သမကံ အာသနံ-အရကို တစ်ခုတည်းသော ညောင်စောင်း, တစ်ခုတည်းသောအင်းပျဉ်, တစ်ခုတည်းသောဖျာရိုင်, သင်ဖြူးကော် ဇောခင်းနှီးများကို အမြင့်အနိမ့်အထူးမရှိ တညီတပြင်တည်း ခင်းထား သည်ကိုပင်ယူသင့်၏၊
ဗဟူသု အာသနေသု သတိ ဧကံ ဒွေ အာသနာနိ ထပေတွာ နိသီဒိတဗ္ဗံ။
ဟူသောစကား၌ တတောင့်ထွာပမာဏကို နေရာတစ်ခုဟု ပိုင်းခြား၍ ရဟန်းကနည်း၍ နေရာက အပိုအမို များသေးပါလျှင် ထက်ဝယ်ဖွဲ့ခွေ၍ထိုင်နေသော မထေရ်ကြီးဒူးစွန်းမှ စပ်ကြား၌တစ် ထောင့်ထွာ ပမာဏခန့် ချန်ထား၍နေသည်ကို ဧကံအာသနံထပေထွာဟုယူပါ၊ ၃-တောင်ပမာဏခန့် ချန်ထား၍နေသည်ကို ဒွေ အာသနာနိ ထပေတွာ-ဟု ယူပါ၊ ခင်းထားအပ်သောဖျာတစ်ချပ် ၂-ချပ်, ကော်ဇော တစ်ချပ် ၂-ချပ်ကို ချန်ထား၍ နေသည်ကို ဆိုလိုရင်း မမှတ် ပါလင့်။ ဘိက္ခူ ဂဏေတွာ ပညတ္တာသနေသု၌
ရဟန်း ၂-ပါးဖြစ်၍ ၃-တောင်ခန့်သာ၊ ၃-ပါးဖြစ်၍ ၄- တောင့်ထွာခန့်သာ၊ ၄-ပါးဖြစ်၍ ၆-တောင့်ထွာခန့်သာ ခင်းထားသည်ကို ယူပါ၊၊ ဤအရာမျိုး၌ တစ်ပါးတစ်ပါး၏နေရာ တစ်ထောင့်ထွာ, တစ် ထောင့်ထွာခန့်သာ ယူသင့်ပါကြောင်း ယုတ္တိသည် နောက်၌လည်း ထင်ရှားလာလတ္တံ။
ဣဒံ ဘန္တေ အာသနံ ဥစ္စန္တိ ဝတ္တဗ္ဗံ၌
ဥစ္စံ-ဟူသည်ကား-မထေရ်ကြီးနေရာနှင့် တညီတပြင် တည်းနေ သည်ကိုပင် ဥစ္စာဟူသည်ဟု ဝိမတိဝိနောဒနီ ဖွင့်တိုင်း သင့်မြတ် တော့သည်၊ အကျဉ်းမှာ ပါဌ်လျောက်အဓိပ္ပါယ်အတိုင်း ဉာဏ်နှင့် စဉ်းစာ၍ ကြည့်လျှင် သိသာသင့်ပါပြီ။
လိုရင်းကိုဆိုပါအံ့။ ။။ ဤဘတ္တဂ္ဂဝတ္တအဋ္ဌကထာ၌ နီတတ္ထ, နေယျတ္ထအားဖြင့် ကျောင်းတွင်း ရွာတွင်းမရွေးချယ်၊ ဆွမ်းစား, ဆွမ်းစဉ်, ပရိတ်ရွတ်စသော ကိစ္စနှင့်ပင့်ဘိတ်၍ လူတို့ခင်းထားသော နေရာထိုင်ရာများ၌ တဝါသာရသေးသော ရဟန်းငယ်နှင့် အဝါ ၆၀- ရပြီးသောထေရ်ကြီးပင်ဖြစ်သော်လည်း ပန်ကြားခြင်း, ခွင့်ပြုခြင်းကိုပြု၍ နေသည်ရှိသော် တစ်ထောင်ခန့်သာ အလျားရှည်သော တစ်ခုတည်းသော ညောင်စောင်း, အင်းပျဉ်ပေါ်၌ပင် အတူတကွ ထိုင်နေသင့်ကြောင်းကို သိသာထင်လင်းရှိပါသောကြောင့် တတ်နိုင်ပါသမျှ ခဏခေတ္တကိစ္စနှင့် လူတို့ခင်းထားအပ်သော ပမာဏယုတ္တ ညောင်စောင်း, အင်းပျဉ်၊ ထိုညောင်စောင်း, အင်းပျဉ်အောက် ယုတ်သောပမာဏရှိသည်ဖြစ်၍ ဒီဃာသန မဆိုလောက်သော ဖျာငယ်, သင်ဖြူးငယ်, ကော်ဇောငယ်စသည်များ၌ အာသမာနာသနိကဖြစ်သော ရဟန်းတို့ ချင်းချင်းပင် သော်လည်း ပန်ကြားခြင်း, ခွင့်ပြုခြင်းကို ပြု၍နေကြခြင်းငှါ သင့်မြတ် ကြောင်းကို သိသာ ထင်လင်းပါတော့သည်။
ဘိက္ခုသန္တကပင် ဖြစ်ငြားသော်လည်း ဟတ္တပါသ်ကို စောင့်၍ ကံကြီး, ကံငယ်ဆောင်ရွက်ရာ သိမ်အပြင်၌ ခင်းထားသော ညောင်စောင်း, အင်းပျဉ်, ဖျာရိုင်, သင်ဖြူး, ကော်ဇောများ၌ကား-ကမ္မသမ္ပတ္တိကိုသာ အလေးဂရု ရှေးရှုပြု၍ နေကြရသော အရာဖြစ်၍ ဤသမာနာသနိက, တိဝဿန္တရသိက္ခာပုဒ်များကို စောင့်ရှောက်ရမည် ဟူသောကျမ်းဂန်အရိပ် အမြွက်မျှ မထင်၊ ဘုရားပုထိုး ရှိခိုးဝတ်တက်ရာ, တရားနာရာ, စာပေ ကျမ်းဂန် တက်နာရာများ၌လည်း အာရမ္မဏသမ္ပတိ, ဓမ္မသဝန သမ္ပတ္တိများကိုသာ အလေးဂရု ရှေးရှုပြု၍ နေကြရသော အရာပင် ဖြစ်ပြန်၍ ဤကံကြီး, ကံငယ်ဆောင်ရာနှင့် တူသင့် မတူသင့်ကို ချင့်ချိန် ကြပါ။
ဘေဒမူလကဒုဝဂ္ဂမဉ္စသိက္ခာပုဒ်၌ စီစစ်ခွင့်ရှိသမျှ အသားကုန် စီစစ်ထုတ်ပြသော စကားစုပြီး၏၊
၄-ဒီဃာသနအဆုံးအဖြတ်
တေန ခေါ ပန သမယေန ဘိက္ခူ အသမာနာသနိကေဟိသဟ ဒီဃာသနေ နိသီဒိတုံ ကုက္ကုစ္စာယန္တိ။ ဘဂဝတော ဧတမတ္တံ အာရောစေသုံ၊ အနုဇာနာမိ ဘိက္ခဝေ ဌပေတွာ ပဏ္ဍကံ မာတုဂါမံ ဥဘတောဗျဉ္ဇနကံ အသမာနာသနိကေဟိသဟဒီ-ဃာသနေ နိသီဒိတုန္တိ။
အထခေါ ဘိက္ခူနံ ဧတဒဟောသိ၊ ကိတ္တကံ ပစ္ဆိမံ နုခေါဒီဃာသနံ ဟောတီတိ။ အနုဇာနာမိ ဘိက္ခဝေ ယံ တိဏ္ဏံပဟောတိ၊ ဧတ္တကံ ပစ္ဆိမံ ဒီဃာသနန္တိ။
ဤဒီဃာသနသိက္ခာပုဒ်များ၌
အသမာနေသုယေဝ အာသနေသု နိသီဒိတုံ အရဟန္တိသမာနေ အာသနေ နိသီဒိတုံ န အရဟန္တီတိ အသမာ နာသနိကာ။
ဟု ဝိဂြိုဟ်ပြု၍ တိဝဿန္တရ ရဟန်းချင်းချင်းမှတစ်ပါး ၃-နှစ်လုံးလုံး ၃-နှစ်ထက်အလွန်ကြီးကြ, ငယ်ကြသော ရဟန်းချင်း ချင်းသည်၎င်း, ပဏ္ဍုက်, မိန်းမ, ဥဘတောဗျည်းဖြစ်သော သူများကို ချန်လှပ်၍ ကြွင်းသောသာမဏေ, လူယောက်ျား, အထီးဖြစ်သော ခွေး, ဝက်, ကြက်, ဌက်စသော ပါရာဇိကဝတ္ထုလောက်သော တိရစ္ဆာန်, မျက်မြင်ထင်ရှား အောင်ဆောင်ပြ၍တည်သော ဘီလူး, ပြိတ္တာ, ဗြဟ္မာ, နတ်များသည်၎င်း ရဟန်းတို့နှင့် ဒီဃာသနမဟုတ်သော ညောင်စောင်း, အင်းပျဉ်,ဖျာရိုင်, သင်ဖြူး, ကော်ဇောငယ် စသည်များ၌ အတူတကွထိုင်နေခြင်းငှါ မထိုက် သောကြောင့် အသမာနာသနိကမည်၏-ဟုယူသင့်သည်။
ပဏ္ဍုက်, လူမိန်းမ, ဥဘတောဗျည်းဖြစ်သော လူ, တိရစ္ဆာန်, ဘီလူး, ပြိတ္တာမများနှင့်ဖြစ်မူကား-ဒီဃာသနဖြစ်သော နေရာ ၌ပင်သော်လည်း နေရာတူတပြင်တည်း၌ အတူတကွထိုင်နေခြင်းငှါ မအပ်တော့သည် သာတည်း၊ အိပ်ခြင်းဣရိယာပုတ်၌ကား-ဆိုဘွယ်ပင်မရှိ။
အနုဇာနာမိ ဘိက္ခဝေ သမာနာသနိကေဟိ သဟ နိသီဒိတုံ၊ အနုဇာနာမိ ဘိက္ခဝေ တိဝဿန္တရေန သဟ နိသီဒိတုံ။
ဟူသော ရှေ့သိက္ခာပုဒ်တို့၌ ဗျတိရေက အဝုတ္တသိဒ္ဓိနည်းအားဖြင့် အသမာနာသနိကပုဂ္ဂိုလ်တို့နှင့်ကား- တစ်ခုတည်းသော နေရာ၌ အတူတကွထိုင်နေခြင်းငှာမအပ်ဟူ၍ သာမညအားဖြင့်သာ သိရသေး သည်၊ ထိုပုဂ္ဂိုလ်တို့နှင့်အတူတကွနေထိုင်ခြင်းငှါ မအပ်သောအရာသည် ဒီဃာသနနေရာ၌ပင် မအပ်သည်ဖြစ်မည်၊ ဒီဃာသနမဟုတ်သော နေရာ၌ မအပ်သည်ပင်ဖြစ်မည်၊ ၂-ပါးစုံ၌ပင်မအပ်သည်ဖြစ်မည်ဟူ၍ ဝိသေသအားဖြင့် မသိမသာ မထင်မလင်း ရှိနေသည်ဖြစ်၍ ဘုရား လက်ထက်၌ရဟန်းတော်တို့သည် အသမာနာသနိကတို့နှင့် တကွ ဒီဃာသန၌ပင် တကွအတူ ထိုင်နေခြင်းငှါအပ်မည်, မအပ်မည်ဟု ကုက္ကုစ္စရှိကြကုန်သည်။
[နိဒါန်းဝတ္ထုအဓိပ္ပါယ်။]
ဤသို့ သိက္ခာပုဒ် နိဒါန်းဝတ္ထု, အနုသန္ဓေကို သမာနာသနိက, တိဝဿန္တရသိက္ခာပုဒ်တို့နှင့်သာ စပ်ဆက်၍ ယူရမည်၊ ရှေ့ နောက် တစပ်တည်းဆက်၍နေသော ဒုဝဂ္ဂမဉ္စသိက္ခာပုဒ်နှင့် စပ်ဆက်၍ မယူပါ လင့်။
ထိုသို့ ဒုဝဂ္ဂမဉ္စသိက္ခာပုဒ်နှင့် ဒီဃာသနသိက္ခာပုဒ်တို့ကို အချင်းချင်းစပ်နွယ် ဆက်ကူးခြင်းငှါ အကြောင်းအခွင့် မသင့်လေသော ကြောင့်သာလျှင် “ဒီဃာသနံနာမ မဉ္စပီဌ ဝိနိမုတ္တံ” အစရှိသည်ဖြင့် ရှေ့မဉ္စပီဌသိက္ခာပုဒ်၌လာပြီးသော ညောင်စောင်း, အင်းပျဉ်မှတစ်ပါး သောနေရာများကိုသာ နောက်ဒီဃာသနသိက္ခာပုဒ်၌ ဒီဃာသနယူသင့် သည်ဟု နှလုံးပိုက်၍ဖွင့်ကြသော ဋီကာဆရာတို့ စကားကို အနှစ်သာရ အားဖြင့် မမှတ်မယူသာ။
အဘယ့်ကြောင့်နည်းဟူမူ-ပါဠိတော်၌လည်းအကြောင်းထူးမထင်၊ အဋ္ဌကထာ၌လည်း-ယံ တိဏ္ဏံ ပဟောတိ-ဟူ၍ ပဟောန ကဘာဝကိုသာ ဒီဃာသနလက္ခဏာပြု၍ သံဟာရိမံဝါ ဟောတု အသံဟာရိမံ ဝါ-ဟူ၍ ဝတ္ထုသာမညကိုသာပြလေသော ကြောင့်တည်း။
ရှေးဖြစ်သော သမာနာသနိက သာမညသိက္ခာပုဒ်နှင့်သာ စပ်ဆက်နှီးနွယ်ပြီးလျှင် ညောင်စောင်း, အင်းပျဉ်ပင်ဖြစ်စေ၊ ဖျာရိုင်, သင်ဖြူး, ကမ္ဗလာ, ကောဇောပင်ဖြစ်စေ
၁။ ရှည်လျားကျယ်ပြန့်သော နေရာထိုင်သည် ဒီဃာသန မည်၏၊
၂။ မရှည်လွန်းမကျယ်မပြန့်လွန်းသော နေရာထိုင်ရာသည် အဒီဃာသနမည်၏၊
ဟူ၍သာမညအားဖြင့်သာ ပိုင်းခြားပြောဆိုခွင့်ရှိသည်။
ဒီဃာသနံ-ဟူသောပုဒ်၌
ဒီဃသဒ္ဒါသည် ဥပနိဓာပညတ်ဖြစ်၍ ရဿရှိမှဒီဃရှိရသည်၊ ဝါခုဒ္ဒက, မဇ္ဈိမရှိမှ ဒီဃရှိရသည်ဖြစ်၍ ဒီဃနိကာယ်, မဇ္ဈိမနိကာယ်, ခုဒ္ဒကနိကာယ်ဟူရာတို့၌ကဲ့သို့ ဤအရာ၌လည်း ဒီဃာသန, မဇ္ဈိမာသန, ခုဒ္ဒကာသနဟူ၍ ၃-ထွေ ၃-ရပ် ဖော်ထုတ် ဝေဖန်သင့်ကြောင်းကို သတိပညာဖြစ်သင့်သည်။
ဝေဖန်၍ပြပေအံ့
အမေးကား
၁။ အဘယ်သည် မဇ္ဈိမာသနမည်ပါသနည်း။
၂။ အဘယ်သည် ခုဒ္ဒကာသနမည်ပါသနည်း။
၃။ အဘယ်သည် ဒီဃာသန မည်ပါသနည်း။
[အမေး သုံးချက်။]
အဖြေကား
၁။ ဤအရာဌာနသည် ခဏတမုဟုတ်မျှ ထိုင်နေခြင်း ဣရိယာပုထ်တစ်ခုနှင့်သာ ဆီဆိုင်စပ်လျင်းသော အရာဌာန ဖြစ်ပါ၍ အရာအားလျော်စွာ ဝေဖန်သင့်လေရကား-တစ်ပါးထိုင်နေရာ ကိုအလျား အနံ တစ်ထောင့်ထွာပမာဏ အမှတ်ထား၍ အလျား ၃-တောင်, အနံတစ်ထောင်ထွာ ပမာဏရှိသောညောင်စောင်း, အင်းပျဉ် စသော အမှတ်မရှိသော နေရာသည်မဇ္ဈိမာသနမည်၏၊
၂။ ထိုအောက် အလျားအနံ ပမာဏကိုလွန်လျှင် ခုဒ္ဒကာသန မည်၏၊
၃။ ထိုထက် အလျားအနံပမာဏ ရှည်လျားပြန့်ကျယ်လျှင် ဒီဃာသနမည်၏-ဟု ဝေဖန်ပိုင်းခြားရပါမည်။
ခဏတမုဟုတ်ထိုင်နေခြင်း ဣရိယာပုထ်အရာမျှသာဖြစ်၍ အရာအားလျော်စွာ အလျားအနံ တစ်ထောင့်ထွာ ပမာဏကို တစ်ပါး သောရဟန်း၏နေရာဟု ပိုင်းခြားဆုံးဖြတ် မှတ်ယူနိုင်သင့်ကြောင်း ယုတ္တိကို ဆိုပါမည်။
တေန ခေါ ပန သမယေန သမ္ပဟုလာ သမာနာသနိကာမေဉ္စ နိသီဒိတွာ မဉ္စံ ဘိန္ဒိံသု။ ပီဌေ နိသီဒိတွာ ပီဌံ ဘိန္ဒိံသု။ဘဂဝတော ဧတမတ္ထံ အာရောစေသုံ။ အနုဇာနာမိ ဘိက္ခဝေတိဝဂ္ဂဿ မဉ္စံ တိဝဂ္ဂဿ ပီဌံ။
ဟူ၍လာသော နိဒါန်းဝတ္ထုသိက္ခာပုဒ်တို့၌ အလျား ၄-တောင့်ထွာ အနံထိုနှင့် သင့်မြတ်လောက်သော ပမာဏယုတ္တဖြစ်သော ညောင် စောင်း, အင်းပျဉ်တစ်ခုပေါ်တွင် ၄-ပါး, ၅-ပါး, ၆-ပါး, ၇-ပါး စသည်ဖြင့် သမ္ပဟုလ သမာနာသနိကရဟန်းတို့သည် မဆံ့မပျည်း တိုးဝှေး သိပ်ညှပ် ၍ နေကြသဖြင့် ထိုညောင်စောင်း, အင်းပျဉ်တို့သည် မတည်မတံ့နိုင်၊ ကျိုးပျက်ပြိုကွဲ တိမ်းလဲပျက် စီးရှိခဲ့သောကြောင့် “အနုဇာနာမိ ဘိက္ခဝေ တိဝဂ္ဂဿမဉ္စံ တိဝဂ္ဂဿပီဌံ” ဟူ၍ ဟောတော်မူသည်မှာ အကြောင်း ၂-ပါးကိုငဲ့၍ ဟောတော်မူသည်။
အကြောင်း ၂-ပါးဟူသည်ကား
၁။ တစ်ခုတည်းသော ပမာဏယုတ္တ ညောင်စောင်း, အင်းပျဉ် ပေါ်၌ ၃-ပါးထက်အလွန် ၄-ပါး, ၅-ပါး စသည်ဖြင့် တိုးဝှေ့ သိပ်ညှပ်၍ ထိုင်နေခြင်းသည် သုခနိသိန္နသမဏသာရုပ္ပမဖြစ်၊ ဤသည်လည်း တစ်ကြောင်း။
၂။ ညောင်စောင်း အင်းပျဉ်မခံမရပ်နိုင် ပြိုပျက်လွယ်သည် လည်းတစ်ကြောင်း၊ ဤအကြောင်း ၂-ပါးကိုငဲ့၍ တိဝဂ္ဂသိက္ခာပုဒ်ကို ပညတ်တော်မူသည်။
ထိုအကြောင်း ၂-ပါးတွင်လည်း သုခနိသိန္နသမဏသာရုပ္ပမဖြစ် သောအကြောင်းသည်သာ ဤသိက္ခာပုဒ်၌ ပမာဏအားဖြင့် ငဲ့တော်မူရင်း ဖြစ်သည်၊ ပြိုပျက်ခြင်း အကြောင်းနှင့် ထပ်မံ၍ ဒုဝဂ္ဂသိက္ခာပုဒ် ဆင့်တော် မူရပြန် သည်ကိုထောက်ပါ။
ထို့ကြောင့် ပမာဏယုတ္တညောင်စောင်း အင်းပျဉ်တစ်ခုပေါ်တွင် ၃-ပါးသော ရဟန်းများသာထိုင်နေလျှင် တစ်ပါးတစ်ပါးလျှင် တစ်တောင့် ထွာစီ ဝေပုံကျသဖြင့် သုခနိသိန္နလည်းဖြစ်၊ သမဏသာရုပ္ပလည်းဖြစ် သင့်ပြီဟု-နှလုံးပိုက်တော်မူ၍ ဤတိဝဂ္ဂသိက္ခာပုဒ်ကို ဟောတော်မူ သည်ဟု မှတ်ယူယုံကြည်ကောင်းတော့သည်။
ထိုသို့သော အကြောင်းကြောင့် “ယံ တိဏ္ဏံ ပဟောတိ၊ ဧတ္တကံ ပစ္ဆိမံ ဒီဃာသနံ”ဟူ၍ အယုတ်ဆုံး ဒီဃာသနကို ပြတော်မူသော စကား၌ လည်း သုံးယောက်သောသူတို့အား ထိုင်နေခြင်းငှါလောက်သော ပစ္ဆိမ ဒီဃာသန နေရာဟူသည်လည်း အလျား ၄-တောင်ထွာပမာဏ ရှိသော နေရာအခင်းပင်တည်းဟု နိသံသယမုချစင်စစ် မှတ်ယူဆုံးဖြတ် သင့်လှ တော့သည်သာ ဖြစ်သတည်း။
စောဒနာချက်။။ ထိုသို့ဖြစ်ခဲ့သော် ပမာဏယုတ္တဖြစ်သော ညောင်စောင်း, အင်းပျဉ်များသည်လည်း ပစ္ဆိမဒီဃာသန၌ပင် ပါဝင်လေ သည်ဖြစ်၏၊ ထိုသို့ ဖြစ်ပြန်လျှင်လည်း ပမာဏယုတ္တဖြစ်သော ညောင် စောင်း, အင်းပျဉ်ပေါ်၌ ဝဇ္ဇနီယ ပုဂ္ဂိုလ် ၃-ယောက်မှ ကြွင်းသော ပုဂ္ဂိုလ် သာမညတို့နှင့်အတူတကွ ထိုင်နေအပ်၏-ဟူသော အနိဋ္ဌဒေါသ ရောက် ခဲ့၏-ဟူငြားအံ့။
အဖြေ။။မရောက်ပါ၊၊ ထိုပမာဏယုတ္တညောင်စောင်း, အင်းပျဉ်များသည် ဒီဃာသနလက္ခဏာသို့ ပါဝင်ပေသည်ကား မှန်၏၊ ထိုသို့ပင်ပါဝင်သော်လည်း ဒုဝဂ္ဂသိက္ခာပုဒ်ဖြင့် ထိုသို့သော ညောင်စောင်း, အင်းပျဉ်များ၌ သမာနာသနိကရဟန်း ၂-ပါးသာ အတူတကွထိုင် နေစေဟူ၍ အထူးထုတ်နုတ်ပိုင်းခြား ထားတော်မူပြီးဖြစ်သောကြောင့် ထိုအနိဋ္ဌဒေါသသည် စင်စစ်မရောက်သည်သာတည်း။
ဤအလုံးစုံသော စကားရပ်ဖြင့် ဒီဃာသနသည် ညောင်စောင်း, အင်းပျဉ်ဟူသော ဒီဃာသန, ဖျာရိုင်, သင်ဖြူး, ကမ္ဗလာ, ကော်ဇော စသော အခင်းမျိုးဟူသော ဒီဃာသနဟူ၍ ၂-ထွေပြား၏၊
ထိုတွင် ညောင်စောင်း အင်းပျဉ်တည်းဟူသော ဒီဃာသနမှာ အလျား ၄-တောင့်ထွာ အနံထိုနှင့် သင့်လျော်ရုံ ရှိသော ညောင်စောင်း အင်းပျဉ်ဖြစ်မူ ပစ္ဆိမဒီဃာသနပင်ဖြစ်သော်လည်း ဒုဝဂ္ဂသိက္ခာပုဒ်၌ ပါဝင်ပြီးသောကြောင့် ဒီဃာသနသိက္ခာပုဒ်၌ မသွင်းအပ်၊ အလျား ၄- တောင့်ထွာထက် တစ်တောင့်ထွာတက်၍ အလျား ၆-တောင်၊ ၆-တောင် ထက် အလွန်ရှိမှ ဒီဃာသနသိက္ခာပုဒ်၌ သွင်းရပါမည်။
ဖျာရိုင်, သင်ဖြူး, ကမ္ဗလာ, ကော်ဇောစသော ဒီဃာသနမျိုးမှာ ကား-အလျား ၄-တောင့်ထွာ အနံတစ်တောင့်ထွာရှိမူ အယုတ်ဆုံး ပစ္ဆိမ ဒီဃာသနမည်၏၊ ထိုထက် တစ်ယောက်ထိုင် လောက်သော တစ်တောင့် ထွာပမာဏဖြင့် အလျားအဆင့်ဆင့်တိုးပွား၍ အနံတစ်တောင့်ထွာ အလျားအလံတစ်ရာ, တစ်ထောင်-စသည်ရှည်သည်ရှိသော် မဟာ ဒီဃာ သနမည်၏၊
[ဤကား-အလျားသက်သက် တိုးနည်းတည်း။]
အလျား ၃-တောင်၊ အနံ ၃-တောင်စတုရန်းရှိပြန်ပါမူ၊ တစ် ယောက်ထိုင်နေလောက်သော တစ်တောင့်ထွာ ပမာဏဖြင့် ပိုင်းခြား ဝေဖန်လျှင် ၄-ယောက်ပင်ထိုင်နေလောက်ပြန်ရကား-ဒီဃာသန ပင်မည်၏၊
ထိုနည်းအတူ
၁။ အလျား ၄-တောင့်ထွာ၊ အနံ ၃-တောင်ရှိပါမူ ၆-ယောက် ထိုင်လောက်သော ဒီဃာသနမည်၏၊
၂။ အလျား ၄-တောင်ထွာ၊ အနံလည်း ၄-တောင့်ထွာ ရှိပါမူ ၉-ယောက်ထိုင်လောက်သော ဒီဃာသနမည်၏၊
၃။ အလျား ၆-တောင်၊ အနံ ၃-တောင်ရှိပါမူ ၈-ယောက် ထိုင်လောက်သော ဒီဃာသနမည်၏၊
၄။ အလျား ၆-တောင်၊ အနံ ၄-တောင့်ထွာရှိပါမူ တစ်ကျိပ် နှစ်ယောက် ထိုင်လောက်သော ဒီဃာသနမည်၏၊
၅။ အလျား ၆-တောင်၊ အနံလည်း ၆-တောင်ရှိပါမူ တစ် ကျိပ်ခြောက်ယောက်ထိုင်နေလောက်သော ဒီဃာသန မည်၏
ဤသို့စသည်ဖြင့် အလျားအနံ တိုးပွားနည်းကို ဉာဏ်ရှင်း အောင်ဝေဖန်ပါလေ၊ ညောင်စောင်း, အင်းပျဉ်များမှာလည်း အလျား အနံတိုးပွားနည်းကို ဤအတူသိပါလေဦး။
အလျား ၄-တောင့်ထွာ အနံ ၂-တောင် ၆-သစ်ခန့်မျှ ရှိသော ပမာဏယုတ္တ ညောင်စောင်း, အင်းပျဉ်သည် ဒီဃာသနပင်ဖြစ်သော် လည်း ဒုဝဂ္ဂသိက္ခာပုဒ်က ပိုင်ဆိုင်ပေသည်ဖြစ်၍ မဇ္ဈိမသန ဟူ၍ပင်ဆို အပ်တော့သည်၊ ထိုအောက်အလျား အနံ ၂-ပါးတိုသော, ကျဉ်းသော ညောင်စောင်း, အင်းပျဉ်ကို ခုဒ္ဒကာသနဟူ၍ ဆိုအပ်၏၊ အလျားပင် တိုသော်လည်း အနံကျယ်ပြန့်၍ စတုရန်း တစ်တောင့်ထွာ ၄-ဌာန၊ ၄- ဌာနထက်အလွန်ရပြန်ပေမူ ဒီဃာသန ပင်မည်၏၊
ခုဒ္ဒကာသနဖြစ်သော ညောင်စောင်း, အင်းပျဉ်၌ကား-အလျော် အားဖြင့်ဆိုသည်ရှိသော် သမာနာသနိက ရဟန်းချင်းပင် ဖြစ်သော်လည်း ၂-ပါးအတူထိုင်ခြင်းငှါမအပ်ဟုဆိုခွင့်ရှိ၏၊ ဖျာရိုင်, သင်ဖြူး, ကမ္ဗလာ, ကော်ဇော စသော သံဟာရိမ, အသံဟာရိမ အခင်းမျိုး၌ကား-အလျား ၃-တောင်၎င်း၊ ၄-တောင့်ထွာအောက် အယုတ်၎င်းရှိ၍ အနံတစ် တောင့်ထွာရှိပါမူ မဇ္ဈိမာသနဆိုအပ် ၏၊ အလျော်အားဖြင့် ၂-ပါးသာ ထိုင်နေသင့်၏၊ ဤသို့မဟာပဒေသ နည်းအားဖြင့် ပိုင်းခြားဝေဖန်၍ ဆုံးဖြတ်အပ်၏၊
အဋ္ဌကထာ၌
“သံဟာရိမေဝါ အသံဟာရိမေဝါ “ ဟူသောပါဌ်၌ သံဟာရိမေ အရကို ဖျာ, သင်ဖြူး စသည်၊ အသံဟာရိမေ-အရကို ကျောက်စသည်ဟု ဖွင့်ကြသော ဝိမတိနောဒနီဋီကာ, ဝိနယလင်္ကာရဋီကာများ၌ ဆိုဖွယ် အထူးကား-ပြောင်းရွှေ့ချီကြွ၍ရစကောင်းသော ဖျာ, သင်ဖြူး စသော သံဟာရိမဝတ္ထုများမှ သိသာပြီ။
ပြောင်းရွှေ့ချီကြွ၍ မရစကောင်းသော အသေစိုက်နှက် ချည် တုပ်ဖွဲ့နှောင်၍ ထားအပ်သော အသံဟာရိမ ဝတ္ထုများ၌ကားအသံဟာရိမေ-အရကို ပကတိသောဘူမိ၊ ထိုဘူမိနှင့်အလားတူ ဘူမိဂတ ဖြစ်သင့်သော ကျောင်းကြမ်းပြင်, စရပ်ကြမ်းပြင်, အိမိ ကြမ်းပြင်စသည်ကို ချန်လှပ်၍ ဘူမိဂတိကမရစကောင်းသော ဝတ္ထုများကိုသာ ယူသင့်ပါ သည်၊ ထိုသို့ယူသင့်လေသောကြောင့် ထိုဆိုခဲ့ပြီးသော ပကတိဘူမိ၊ ထိုဘူမိနှင့်အလားတူဖြစ်သော ကျောင်း, စရပ်, အိမ်ကြမ်းပြင်များ၌ အခင်းတစ်ပါးမရှိဘဲနှင့် ပဏ္ဍက ဣတ္ထိဥဘတော ဗျဉ္စနကဟုဆိုအပ်သော ဝဇ္ဇနီယဖြစ်သော လူ, တိရစ္ဆာန်, ဘီလူး, ပြိတ္တာများနှင့် တစ်ပြင်တည်း ထိုင်နေသော်လည်း အပြစ်မရှိဟု မှတ်ယူအပ်၏၊
ထို့အတူ ဒီဃာသနထိုက်သော အခင်းနေရာပေါ်၌ပင်သော်လည်း အခင်းငယ်အသီးသီး ဆင့်ထပ်ခင်း၍ ဝဇ္ဇနီယပုဂ္ဂိုလ် များနှင့်ပင်ထိုင်နေ သော်လည်း အပြစ်အထူးမဆိုသာပေ။
ဤကား-ပါဠိတော်၎င်းအဖွင့်အဌကထာတို့ကို အစဉ်အတိုင်း အဓိပ္ပါယ်ကို အသားကုန်ထွက်အောင် ဉာဏ်စွမ်းရှိသမျှ ထုတ်ဖော်ဝေ ဖန်၍ဆုံးဖြတ်အပ်သောအချက်တည်း။
ဒီဃာသန အဆုံးအဖြတ်ပြီး၏၊
နာနာဂန္တဝိစာရဏအခန်း
ယခုအခါ ရှေ့စကားရပ်စု၌ ရှုပ်ထွေးကျယ်ပွားအံ့စိုး၍ မထည့် မသွင်းပဲ ရှောင်လွဲချန်လှပ်ခဲ့သော လက်သန်းအဋ္ဌကထာ များနှင့်တကွ ဋီကာကြီးငယ်တို့ အထူးထူးအထွေထွေ ရေးသားဖွင့်ဆိုကြသော စကားရပ်များကို စီစဉ်ပေါင်းစု၍ စီစစ်ရာဖြစ်သော နာနာဂန္တ ဝိစာရဏ အခန်းကို ဆိုပေအံ့။
(က) အနုဇာနာမိ ဘိက္ခဝေ နဝကေန ဘိက္ခုနာ ဥဒ္ဒိသန္တေန သမကေ ဝါ အာသနေ နိသီဒိတုံ၊ ဥစ္စတရေ ဝါ ဓမ္မဂါရဝေန၊၊
ထေရေန ဘိက္ခုနာ ဥဒ္ဒိသာပေန္တန သမကေ ဝါ အာသနေ နိသီဒိတုံ၊ နီစတရေ ဝါ ဓမ္မဂါရဝေနာ တိ။
(ခ ) အနုဇာနာမိ ဘိက္ခဝေ သမာနာသနိကေဟိသဟ နိသီဒိတုံ။
(ဂ ) အနုဇာနာမိ ဘိက္ခဝေ တိဝဿန္တရေန သဟ နိသီဒိတုံ။
(ဃ) အနုဇာနာမိ ဘိက္ခဝေ တိဝဂ္ဂဿ မဉ္စံ တိဝဂ္ဂဿ ပီဌံ။
(င) အနုဇာနာမိ ဘိက္ခဝေ ဒုဝဂ္ဂဿ ပီဌံ။
(စ) အနုဇာနာမိ ဘိက္ခဝေ ဌပေတွာ ပဏ္ဍကံ မာတုဂါမံ ဥဘတောဗျဉ္ဇနကံ အသမာနာသနိကေဟိ သဟ ဒီဃာသနေ နိသီဒိတုံ။
(ဆ) အနုဇာနာမိ ဘိက္ခဝေ ယံ တိဏ္ဏံ ပဟောတိ။ ဧတ္တကံ ပစ္ဆိမံ ဒီဃာသနန္တိ။
[စူဠဝါသေနာသနက္ခန္ဓကပါဠိတော်။]
တိဝဿန္တရေနာ တိ ဧတ္ထ တိဝဿန္တရော နာမ ယောဒွီဟိ ဝေဿဟိ မဟန္တတရော ဝါ ဒဟရတရော ဝါ ဟောတိ။ ယော ပန ဧကေန ဝေဿန မဟန္တတရော ဝါ ဒဟတရော ဝါ ဟောတိ၊ ယော ဝါ သမာနဝေဿာ၊ တတ္ထ ဝတ္တဗ္ဗမေဝနတ္ထိ။ ဣမေ သဗ္ဗေ ဧကသ္မိံ မဉ္စေဝါ ပီဌေဝါ ဒွေဒွေ ဟုတွာ နိသီဒိတုံ လဘန္တိ။
ယံ တိဏ္ဏံ ပဟောတိ၊ တံ သံဟာရိမံ ဝါ ဟောတု အသံဟာရိမံ ဝါ၊ တထာရူပေအပိ ဖလကက္ခဏ္ဍေ အနုပသမ္ပန္နေနာပိ သဒ္ဓိံ နိသီဒိတုံ ဝဋ္ဋတိ။
[၎င်းအဋ္ဌကထာပါဌ်။]
တိဝဿန္တရေနာ တိ တိဏ္ဏံ ဝဿာနံ အန္တောဌိတေန။ [ဝဇိရဗုဒ္ဓိ။]
ဒီဃာသနံ နာမ မဉ္စ ပီဌ ဝိမုတ္တံ ယံကိဉ္စိ ဧကတော သုခံနိသီဒိတုံ ပဟောတိ။
[တေရသကဏ်။]
ယံ တိဏ္ဏံ ပဟောတီ တိ မဉ္စ ပီဌ ဝိနိမုတ္တံ ယံ အာသနံ တိဏ္ဏံသုခံ နိသီဒိတုံ ပဟောတိ၊ ဣဒံ ပစ္ဆိမံ ဒီဃာသနံ။
ဧတ္ထ မဉ္စပီဌရဟိတေသု အသမာနာသနိကာပိ တယော နိသီဒိတုံ လဘန္တိ။ မဉ္စပီဌေသု ပန ဒွေ။ အဒီဃာသနေသု မဉ္စ ပီဌေသု သမာနာသနိကာဧဝ ဒွေ နိသီဒိတုံ လဘန္တိ ဒုဝဂ္ဂေဿဝ အနုညာတတ္တာ။ [ဝိမတိ။]
မဉ္စေဝါ ပီဌေဝါ တိ ဧတ္ထ ဝါသဒ္ဒေါ သမုစ္စယတ္ထော။ တေန တဋ္ဋိကာ စမ္မက္ခဏ္ဍာဒီသု ဒီဃာသနေသုပိ နိသီဒိတုံ န ဝဋ္ဋတီ တိ ဒီပိတံ ဟောတိ။ [ပါရိဝါသိကက္ခန္ဓကအဖွင့်ဝိမတိဋီကာ။]
ယော ဟိ ဘိက္ခု မဟန္တတရောဝါ ဒဟရတရော ဝါ တိ အတ္တနော မဟန္တတရော ဝါ ဒဟရတရော ဝါ ဟောတိ၊ သောဘိက္ခု တိဝဿန္တရော နာမာ တိ ယောဇနာ။ ဧကဿ ဘိက္ခုနော တိဏ္ဏံ ဝဿာနမန္တရေဌိတော တိဝဿန္တရော။ အညောဘိက္ခု။
တတ္ထာ တိ ဘိက္ခူသု။ ဣမေ သဗ္ဗေ တိ သဗ္ဗေ တိဝဿန္တရ ဒွိဝဿန္တရ သမာနာသနိကာ။ ဣမေဘိက္ခူလဘန္တီတိသမ္ဗန္ဓော။
ယံ တိဏ္ဏံ ပဟောတီ တိ မဉ္စ ပီဌ ဝိနိမုတ္တံ ယံ အာသနံ တိဏ္ဏံ သုခံ နိသီဒိတုံ ပဟောတိ၊ တထာရူပေ အာသနေပိ ဒွေဒွေ ဟုတွာ နိသီဒိတုံ လဘန္တီ တိ ယောဇနာ။ အပိသဒ္ဒေန မဉ္စပီဌာနိအပေက္ခတိ၊ ဣဒံ ပစ္ဆိမံ ဒီဃာသနံ။ အနုပသမ္ပန္နေန ပီ တိ ပိသဒ္ဒေါ ပဂေဝ ဥပသမ္ပန္နေနာတိ ဒေဿတိ။
အနုဇာနာမိ ဘိက္ခဝေ တိဝဿန္တရေန သဟ နိသီဒိတုန္တိ ဝစနတော တိဝဿန္တ ရေန ဘိက္ခုနာ သဒ္ဓိံ ဧကာသနေ နိသီဒိတုံ ဝဋ္ဋတိ။ တိဝဿန္တရောနာမ ယော ဒွီဟိ ဝေဿဟိ မဟန္တတရော ဝါဒဟရတရော ဝါဟောတိ။ ယောပန ဧကေနဝေဿန မဟန္တတရော ဝါ ဒဟရတရော ဝါ ဟောတိ၊ ယောဝါ သမာနဝေဿာ။ တတ္ထ ဝတ္တဗ္ဗမေဝ နတ္ထိ။ ဣမေ သဗ္ဗေ ဧကသ္မိံ မဉ္စေဝါ ပီဌေ ဝါ ဒွေဒွေ ဟုတွာ နိသီဒိတုံ လဘန္တိ။
အနုဇာနာမိ ဘိက္ခဝေ ဒုဝဂ္ဂဿ မဉ္စံ ဒုဝဂ္ဂဿ ပီဌန္တိဟိဝုတ္တံ၊
ယံ ပန တိဏ္ဏံ ပဟောတိ။ တံ သံဟာရိမံ ဝ ဟောတု အသံဟာရိမံ ဝါ၊ တထာရူပေ အပိ ဖလကက္ခဏ္ဍေ အနုပသမ္ပန္နေ နာပိ သဒ္ဓိံ နိသီဒိတုံ ဝဋ္ဋတိ။
အနုဇာနာမိ ဘိက္ခဝေ ယံ တိဏ္ဏံ ပဟောတိ၊ ဧတ္တကံ ပစ္ဆိမံ ဒီဃာသနန္တိ ဟိ ဝုတ္တံ။
အနုဇာနာမိ ဘိက္ခဝေ ဌပေတွာ ပဏ္ဍကံ မာတုဂါမံ ဥဘတော ဗျဉ္စနကံ အသမာနာသနိကေဟိ သဟ ဒီဃာသနေ နိသီဒိ တုန္တိ ဝစနတော ပန ဒီဃာသနေပိ ပဏ္ဍကာဒီဟိသဟ နိသီဒိတုံ န ဝဋ္ဋတိ။ [ဝိနယသင်္ဂဟ။]
သံဟာရိမံ ဝါ တိ သံဟာရိတုံ ယုတ္တံ ကဋသာရကာဒိ။ အသံဟာရိမံ ဝါ တိ သံဟာရိတုံ အသက္ကုဏေယျံ ပါသာဏာဒိ အာသနံ။ တေနာဟ သာရတ္ထဒီပနိယံ ဒီဃာသနံ နာမမဉ္စ ပီဌ ဝိနိမုတ္တံ ယံကိဉ္စိ တိဏ္ဏန္နံ ဧကတော သုခံ နိသီဒိတုံ ပဟောတီတိ။
ကသ္မာ ပန တိဏ္ဏန္နံ ဧကတော သုခံ နိသီဒိတုံ ပဟောတီတိဝုတ္တံ။ နနု ဒွိန္နံ ပဟောနကာသနမ္ပိ ဒီဃမေဝါ တိ စောဒနံ သန္ဓာယာဟ အနုဇာနာမိ။လ။ ဒီဃာသနန္တိ ဟိ ဝုတ္တန္တိ။
ဒွိန္နံ ပဟောနကေဟိ အဒီဃာသနေတ္ထ သမာနာသနိကေဟေဝ သဟ နိသီဒိတုံ ဝဋ္ဋတိ။ တိဏ္ဏံ ပဟောနကတော ပဋ္ဌာယ ဂဟိတေ ဒီဃာသနေ ပန အသမာနာသနိကေဟိ သဟ နိသီဒိတုံ ဝဋ္ဋတိ၊ ယဒိ ဧဝံ ပဏ္ဍကာဒီဟိပိ သဟ နိသီဒိတုံ ဝဋ္ဋေယျာတိ စောဒနံ မနသိကတွာ အာဟ အနုဇာနာမိ ဘိက္ခဝေ ဌပေတွာ ပဏ္ဍကန္တိအာဒိ။ တတ္ထ အတ္ထော သုဝညေယျောဝ။ [၎င်းအဖွင့် ဝိနယာလင်္ကာရဋီကာ။]
သမာနာသနိကော နာမ၊ ဒွီဟိ ဝေဿဟိ ယော ပန။ ဝုဍ္ဎော ဝါ ဒဟရော ဝါပိ၊ ဝေဿနေကေန ဝါ ပန။ သမာနဝေဿ ဝတ္ထဗ္ဗံ၊ ကိဉ္စိနာမ န ဝိဇ္ဇတိ။ သတ္တဝဿဆဝေဿဟိ၊ ပဉ္စိနာမ န ဝိဇ္ဇတိ။ ဟေဋ္ဌာဒီဃာသနံ တိဏ္ဏံ၊ ယံ ပဟောတိ နိသီဒိတုံ။ ဧကမေဉ္စပိ ပီဌေဝါ၊ ဒွေ နိသီဒန္တိ ဝဋ္ဋတိ။
ဥဘတောဗျဉ္ဇနံဣတ္ထိံ၊ ဌပေတွာ ပဏ္ဍကံ ပန။ ဒီဃာသနေ အနုညာတိ၊ သဗ္ဗေသမ္ပိ နိသီဒိတုံ။ [ဝိနယဝိနိစ္ဆယပါဌ်။]
ယော ပန ဘိက္ခု ဒွီဟိ ဝေဿဟိ ဝါ ဧကေန ဝါ ဝေဿနယဿ ဘိက္ခုနော ဝုဍ္ဎတရော ဝါ ဟောတိ ဒဟရော ဝါ၊ သော တေန ဘိက္ခုနာ သမာနာသနိကော နာမ ဟောတီ တိ ယောဇနာ။ သတ္တဝေဿန ပဉ္စဝေဿာတိ ဣဒံ ဒွီဟိ ဝေဿဟိ ဝုဍ္ဎနဝကာနံ သမာနာသနိကတ္တေ ဥဒါဟရဏံ ဆဝေဿန ပဉ္စဝေဿာတိ ဣဒံ ဧကဝေဿန ဝုဍ္ဎနဝကာနံ သမာနာသနိကတ္တေ ဥဒါဟရဏံယံ တိဏ္ဏံ နိသီဒိတုံ ပဟောတိ၊ တံ ဟေဋ္ဌာဒီဃာသနံ နာမာ တိ ယောဇနာ။ သမာနာသနိကာ ဧဝ မေဉ္စနိသီဒိတွာ မဉ္စံ ဘိန္ဒိံသု။ ပီဌေ နိသီဒိတွာ ပီဌံ ဘိန္ဒိံသူ တိ အာရောစိတေ ဝတ္ထုမှိ အနုဇာနာမိ ဘိက္ခဝေ ဒုဝဂ္ဂဿ မဉ္စံ ဒုဝဂ္ဂဿ ပီဌန္တိ အနုညာတတ္တာ ဒွေ တိ သမာနာသနိကေ ဒွေသန္ဓာယ ဝုတ္တံ။ ဥဘတောဗျဉ္ဇန ဣတ္ထိပဏ္ဍကံ ဌပေတွာ သဗ္ဗေဟိ ဂဟဋ္ဌေဟိ ပဗ္ဗဇိ တေဟိ ပုရိသေဟိ ဝါ သဟ ဒီဃာသနေနိသီဒိတုံ အနုညာတန္တိ ယောဇနာ။
ပေါတ္ထကေသု ပန ကတ္ထစိ သဗ္ဗေသန္တိ သာမိဝစနန္တော ပါဌော ဒိဿတိ။ တတော သဗ္ဗေဟိ ပီတိ ကရဏဝစနန္တောဝ ပါဌော ယုတ္တတရော။ ကရဏဝစနပသင်္ဂေ ဝါ သာမိဝစနနိဒ္ဒေသော တိ ဝေဒိတဗ္ဗံ။ ယထာဟ
ယံ တိဏ္ဏံ ပဟောတိ၊ တံ သံဟာရိမံ ဝါ ဟောတု အသံဟာရိမံ ဝါ၊ တထာရူပေ အပိ ဖလကက္ခဏ္ဍေ အနုပသမ္ပန္နေနာပိ သဒ္ဓိံ နိသီဒိတုံ ဝဋ္ဋတီ တိ။ [၎င်းဋီကာပါဌ်။]
သမာနာသနိကောပိစာတိ။
တိဝဿန္တရမနုညာတံ၊ ဘိက္ခူနမေကမာသနံ။ သတ္တဝဿတိဝေဿဟိ၊ ပဉ္စဝေဿာ နိသီဒိတုံ။ ဌပေတွာ ပဏ္ဍကံ ဣတ္ထိံ၊ ဥဘတောဗျဉ္ဇနံ မုနိ။ ဒီဃာသနေ အနုညာသိ၊ သဗ္ဗေဟေဝ နိသီဒိတုံ။ အန္တံ ဒီဃာသနံ တိဏ္ဏံ၊ ယံ ပဟောတိ နိသီဒိတုံ။ မဉ္စကေဝါပိ ပီဌေဝါ၊ ဒွိန္နံ လဗ္ဘံ နိသီဒိတုန္တိ။ [ခုဒ္ဒသိက္ခာ။]
တိဏ္ဏံ ဝဿာနံ အန္တရံ တိဝဿန္တရံ။ အနုဇာနာမိ ဘိက္ခဝေ တိဝဿန္တရေန သဟ နိသီဒိတုန္တိ ဟိ ဝုတ္တံ။ ယော ဒွႌဟိ ဝေဿဟိ ဝုဍ္ဎေုာ ဝါ နဝေါ ဝါ။ သော တိဝဿန္တရော နာမ။ မုနီတိ ဗုဒ္ဓမုနိ။ သဗ္ဗေဟေဝါ တိ အနုပသမ္ပန္နေဟိပိ။ အန္တန္တိ ပစ္ဆိမံ။ အနုဇာနာမိ ဘိက္ခဝေ ယံ တိဏ္ဏံ ပဟောတိ၊ ဧတ္တကံ ပစ္ဆိမံ ဒီဃာသနန္တိ ဝုတ္တတ္တာ ယံ တိဏ္ဏံ ပဟောတိ။ တံ သံဟာရိမံ ဝါ ဟောတု အသံဟာရိမံ ဝါ။ တထာရူပေ ဖလကက္ခဏ္ဍေပိ နသီဒိတုံ ဝဋ္ဋတိ။ ဒွိန္နန္တိ ဒွိန္နံ သမာနာ သနိကာနံ။ အနုဇာနာမိ ဘိက္ခဝေ ဒုဝဂ္ဂဿ ပီဌန္တိ ဝုတ္တတ္တာ ဒွေ သမာနာသနိကာ သဟ နိသီဒိတုံ လဘန္တိ။ အညေဟိ အသမာနာသနိကေဟိ အနုပသမ္ပန္နာဒီဟိ ဝါ ဒွေ ဟုတွာပိ နိသီဒိတုံ န လဘန္တိ။ [ခုဒ္ဒသိက္ခာဋီကာဟောင်း]
တိဝဿန္တရမေကမာနံ ဘိက္ခူနံ အနုညာတန္တိ သမ္ဗန္ဓော။ တတ္ထ ဧကသ္မိံအာသနေ မဉ္စဒိကေ ဒွိန္နံ အာသနံ နိသီဒနံ ဧကမာသနံ။ မကာရော သန္ဓိဇော။ ကီဒိသန္တိ အာဟ တိဝဿန္တရန္တိ၊ တိဏ္ဏံ ဝဿာနမန္တရ မေတဿာတိ တိဝဿန္တရော။ ဒွီဟိဝေဿဟိ မဟန္တတရော ဝါ ဒဟရတရော ဝါ ဘိက္ခု။ သော တဿ အတ္ထီတိ တိဝဿန္တရံ။ တိဝဿန္တရဝန္တန္တိ အတ္ထော။ ယော ပန ဧကေန ဝေဿန မဟန္တတရော ဝါ ဒဟရတရော ဝါ ဧကဝေဿာ ယေဝ ဝါ။ တဗ္ဗန္တတာယ ဝတ္တဗ္ဗမေဝ နတ္ထိ။ အထဝါ။ တိဝဿန္တရေန သဒ္ဓိံ တိအတ္ထော။ တမေဝ သမတ္တေတိ သတ္တဝဿ တိဝေဿဟိစ္စာဒိနာ။ မုနိ အနုညာသီ တိ သမ္ဗန္ဓော။ သဗ္ဗေဟေဝါ တိ သမာနာသနိက အသမာနာသနိကေဟိ သဗ္ဗေဟေဝ သဒ္ဓိံ။ ဒီဃာသနံ ဒေဿတိ အန္တန္တိ အာဒိနာ။ ယံ တိဏ္ဏံ နိသီဒိတုံ ပဟောတိ၊ တံ အန္တံ ဒီဃာသနန္တိ သမ္ဗန္ဓော။ အန္တန္တိပစ္ဆိမံ။ အဒီဃာသနေ ပနေ သမာနာသနိကာ နိသီဒိတုံ လဘန္တီတိ ဒေဿန္တော မဉ္စကေတိအာဒိ မာဟ။ သဗ္ဗတ္ထ အယာထာဝကရဏတော ဒုက္ကဋန္တိ။
[၎င်းဋီကာသစ်။]
ဧကတော ပဏ္ဍကိတ္ထီဟိ၊ ဥဘတော ဗျဉ္ဇနေန ဝါ။ ဒီဃာသနေ နိသီဒေယျ၊ အဒီဃေ အာသနေ ပန။ အသမာနာသနိကေန၊ မဉ္စပီဌေ သယေယျ ဝါ။ [မူလသိက္ခာ။]
ယော ဒီဃာသနေ ပဏ္ဍကိတ္ထီဟိ ပဏ္ဍကေန ဝါ ဣတ္ထိယာ ဝါ ဥဘတော ဗျဉ္ဇနေနဝါ ဧကတော နိသီဒေယျ၊ တဿဒုက္ကဋံ သိယာ၊ အဒီဃာသနေတိ ရေဿ အာသနေ၊ ယော ဘိက္ခု ရဿာသနေ မဉ္စေဝါ ပီဌေ ဝါ အသမာနာသနိကေန ဧကတော သယေယျ၊ တဿ ဒုက္ကဋံ သိယာ တိ အတ္ထော။
[မူလသိက္ခာဋီကာဟောင်း။]
ပဏ္ဍကိတ္ထီဟိ ဝါ ဥဘတော ဗျဉ္ဇနေန ဝါ ဧကတော သဒ္ဓိံယေဝ ဒီဃာသနေ နိသီဒေယျ၊ တဿ ဒုက္ကဋန္တိ ယောဇနာ။ တတ္ထ ပဏ္ဍကော စ ဣတ္ထီ စာ တိ ဝိဂ္ဂဟော၊ တာဟိ။ ဥဘတော ဗျဉ္ဇနံ အဿာတိ ဥဘတော ဗျဉ္ဇနံ၊ တေန။ ဥယမ္ပိ သဟာဒိယောဂေ တတိယာ၊ နသမာနာသနိကော အသမာနာသနိကောတိ ဥဘေတပ္ပုရိသော၊ တေန။ သဟာဒိယောဂေ တတိယာ။ မေဉ္စာ စ ပီဌဉ္စာတိ သမာဟာရဒွန္ဒော၊ တသ္မိံ။ ဧတ္ထိ စ သမာနာသနိကံ နာမ ဒွီဟိ ဝေဿဟိ မဟန္တတရော ဝါ ဒဟရတရော ဝါ ဧကေန ဝေဿန မဟန္တတရော ဝါ ဒဟရတရော ဝါ ဟောတိ၊ တတောပရံ အသမာနာသနိကာနာမ၊ တေ ဟိ သဒ္ဓိံ အဒီဃာသနေ နိသန္နဿ ဝါ နိပ္ပန္နဿ ဝါ ဒုက္ကဋံ၊ ဝါ သဒ္ဒေါ အဝုတ္တသမုစ္စယော။ [မူလသိက္ခာဋီကာသစ်။]
ဤထုတ်ပြန်အပ်သောကျမ်းအပေါင်းတို့တွင် ပါဠိတော်၎င်းအဖွင့် အဋ္ဌကထာကြီးများ၌ စီစစ်ရန်ရှိသမျှကို ရှေး၌စီစစ်အပ်ပြီ၊ သာရတ္ထ ဒီပနီဋီကာ၊ ဝိမတိဝိနောဒနီဋီကာတို့၌လည်း “မဉ္စ ပီဌ ဝိနိမုတ္တံ” ဟူသော ပါဌ်၏အနက်ကို ပမာဏယုတ္တဖြစ်သော ညောင်စောင်း, အင်းပျဉ်မှ အလွတ်ဖြစ်သောဟူ၍ ရှေး၌ဆိုခဲ့ပြီးသောအတိုင်းသာ မှတ်ပါ။
ဧတ္ထ မဉ္စပီဌရဟိတေသု အသမာနာသနိကာပိ တယော နိသီဒိတုံ လဘန္တိ၊ မဉ္စပီဌေသု ပန ဒွေ၊ အဒီဃာသနေသု မဉ္စပီဌေသု သမာနာ သနိကာဧဝ ဒွေ နိသီဒိတုံ လဘန္တိ၊ ဒုဝဂ္ဂေဿဝ အနုညာတတ္တာ။
ဟူသော ဝိမတိဝိနောဒနီဋီကာပါဌ်၌ စီစစ်၍ထုတ်သော်လည်း ပါဠိအဋ္ဌကထာနှင့်ဆန့်ကျင်သောအနက်သာ ထွက်ရုံရှိသည်၊ မဆန့်ကျင် အောင် နှီးနှော၍ဆိုပြန်လျှင်လည်း အကျယ်အပွားစကားများ၍ မှတ် သားဖွယ် အထူးပေါ်တော့မည် မဟုတ်ရကား-မစီ စစ်လိုပြီ။
ပါရိဝါသိကက္ခန္ဓက၌လာသော ဝိမတိဝိနောဒနီဋီကာပါဌ်၌ “နဋ္ဋကာစမ္မက္ခဏ္ဍာဒီသု ဒီဃာသနေသုပိ” ဟူသောပါဌ်၌ အလျား ၄- တောင့်ထွာ အနံတစ်တောင့်ထွာ စသည်ရှိသော သပေါ့ဖျာ, သားရေပိုင်း တို့ကိုသာယူပါ။
ယောဇနာပါဌ်၌
“တထာရူပေ အာသနေပိ ဒွေဒွေဟုတွာ နိသီဒိတုံ လဘန္တီတိ ယောဇနာ”ဟူသော ပါဌ်သည်ပမာဒလေခ ပါဌ်သည်သာ စင်စစ်ဖြစ်၏၊ “အပိသဒ္ဒေန မဉ္စပီဌာနိအပေက္ခတိ“၊ ဟူသောစကား၌ “ဣဒံ ပစ္ဆိမံ ဒီဃာသနံ” ဟူသော ပါဌသေသကိုပြသော စကားစုသည်လည်း ပမာဒ လေခသာဖြစ်သည်။
ထိုစကားမှန်၏၊
ယံ တိဏ္ဏံ ပဟောတိ၊ တံ သံဟာရိမံ ဝါ ဟောတု အသံဟာရိမံ ဝါ၊ တထာရူပေ အပိဖလကက္ခဏ္ဍေ အနုပသမ္ပန္နေနာပိ သဒ္ဓိံ နိသီဒိတုံ ဝဋ္ဋတိ။
ဟူသော အဋ္ဌကထာပါဌ်သည် ယထာရုတ ဥဇုကပရိပုဏ္ဏဖြစ်သော အဋ္ဌကထာပေတည်း၊ စကားတစ်ပါးဆောင်၍လည်း ယောဇနာဖွယ်မရှိ၊ ထည့်သွင်း၍လည်း ယောဇနာဖွယ်မရှိ။
ဝိနယာလင်္ကာရဋီကာ၌
ယံ တိဏ္ဏံ ပဟောတိ၊ ဧတ္တကံ ပစ္ဆိမံ ဒီဃာသနံ၊ ဟူသော ပါဠိတော်၏ပြန်ဖက်ကိုပြသော “ဒွီန္နံ ပဟောနကေဟိ အဒီဃာ သနေသမာနာသနိကေဟေဝ သဟ နိသီဒိတုံ ဝဋ္ဋတိ”။
ဟူသောစကားသည် အလွန်သင့်မြတ်ပေ၏၊ ၃-ယောက်ထိုင် နေလောက်သော ဖျာ, သင်ဖြူးစသည် အောက်ငယ်သော ဖျာ, သင်ဖြူး စသည်လည်း ဒီဃာသန မဟုတ်သည်ဖြစ်၍ ခုဒ္ဒကာသနဟူ၍၎င်း၊ ရဿသနဟူ၍၎င်း ဆိုသင့်လေရကား-ထိုခုဒ္ဒကာသန, ရဿာသန ဖြစ်သော ဖျာ, သင်ဖြူး စသည်များ၌ သမာနာသနိကချင်းသာ အတူတကွ ထိုင်နေသင့်သော သဘောယုတ္တိသည် ပါဠိတော်နှင့်လျော်လှပေသည်။
ဝိနယဝိနိစ္ဆယအဋ္ဌကထာ၌
“သတ္တဝဿဆဝေဿဟိ၊ ပဉ္စဝေဿာ နိသီဒတိ၊ ခုဒ္ဒသိက္ခာ၌ သတ္တဝဿတိဝေဿတိ၊ ပဉ္စဝေဿာနိသီဒိတုံ။” ဟူသော စကားနှစ်ရပ် သည် မညီကြ၊ ခုဒ္ဒသိက္ခာအတိုင်း တထပ်တည်းရှိကြလျှင် အတိယုတ္တ။
ဝိနိစ္ဆယဋီကာ၌ ဆဝေဿဟိကို ပြလျက်ရှိသောကြောင့် ထပ်မိ အောင်ပြင်ရမည်လည်း မခက်ကောင်း၊ ရဟန်းခံသည့်နေ့မှ စ၍ ၅- ခါလည်၍ ၅-နှစ်ရှိပြီးသော ရဟန်းသည် ၇-နှစ်ရှိပြီးသော သီတင်းကြီး နှင့်၎င်း, ၃-နှစ်သာရှိသေးသော သီတင်းငယ်နှင့်၎င်း၊ ဤသို့မိမိကို အလယ်ထား၍ အထက်ကို ၂-နှစ်၊၂-ဝါကြီးနှင့်အောက်ကို ၂-နှစ်၊ ၂- ဝါငယ်နှင့် သမာနာသနိကဖြစ်သည်ကို ခုဒ္ဒသိက္ခာ၌ နိဒဿနနည်းပြ တော်မူခဲ့သည်၊ ၂-နှစ် ၂-ဝါကြီး၊ ၂-နှစ် ၂-ဝါငယ်ဟူရာ၌လည်း ၃-နှစ် မပြည့်သမျှကို ၂-နှစ် ၂-ဝါ၌ အတွင်းဝင် ပြု၍ယူပါ၊ ခုဒ္ဒသိက္ခာ မူလသိက္ခာ ဋီကာဟောင်း ဋီကာသစ်တို့၌ စီစစ်ဖွယ်များစွာ မရှိပြီ၊ စိုးစဉ်းရှိသည်ကို စီစစ်ပြန်လျှင် စကားသာ ကျယ်၍ အဓိပ္ပါယ်ထူးလှတော့မည်မဟုတ်၊ ထို့ကြောင့် မစီစစ်လိုပြီ။
နာနာဂန္ထဝိစာရဏအခန်းပြီး၏၊
ဤတွင်ရွေ့ကား-ဒီဃာသနဝိနိစ္ဆယကျမ်းပြီး၏၊