မာတိကာသို့ ခုန်သွားရန်

ဓမ္မသင်္ဂဏီပါဠိတော်-တ

ဝီကီရင်းမြစ် မှ

၃-နိက္ခေပကဏ္ဍ

မူလခန္ဓာစသည်ဖြင့် ချထား (ဝေဖန်) ၍ ပြသောအပိုင်း

သုံးဖို့ (သုံးစု) အားဖြင့် ချထား (ဝေဖန်) ၍ ပြခြင်း

တိကနိက္ခေပ

၁-ကုသလတိက်

ကုသိုလ်တရား

၉၈၅။ (၁) အဘယ်တရားတို့သည် ကုသိုလ်မည်ကုန်သနည်း။

မလိုချင် မတပ်မက်မှု ‘အလောဘ’ ၊ မဖျက်ဆီး မပြစ်မှားမှု ‘အဒေါသ’။ (အမှန်သဘော၌) မတွေဝေမှု (အမှန်ကိုသိမှု) ‘အမောဟ’ ဟူသော ကုသိုလ်တို့၏ အခြေအမြစ် ‘ကုသလမူလ’ သုံးပါးတို့သည်လည်းကောင်း၊ ထိုမလိုချင် မတပ်မက်မှု ‘အလောဘ’ စသည့် ကုသိုလ်အခြေအမြစ် ‘ကုသလမူလ’ သုံးပါးတို့နှင့်ယှဉ်သော ခံစားမှုအစု ‘ဝေဒနာက္ခန္ဓာ’ , မှတ်သားမှုအစု ‘သညာက္ခန္ဓာ’ , ပြု ပြင်မှုအစု ‘သင်္ခါရက္ခန္ဓာ’ ,အထူးသိမှု (စိတ်) အစု ‘ဝိညာဏက္ခန္ဓာ’ သည်လည်းကောင်း၊ ထိုမလိုချင် မတပ်မက်မှု ‘အလောဘ’ စသည့်ကုသိုလ်အခြေအမြစ် ‘ကုသလမူလ’ သုံးပါးတို့ကြောင့်ဖြစ်သော ကိုယ်ဖြင့် ပြုလုပ်မှု ‘ကာယကံ’ , နှုတ်ဖြင့်ပြောဆိုမှု ‘ဝစီကံ’ , စိတ်ဖြင့် ကြံစည်တွေးတောမှု ‘မနောကံ’ သည်လည်းကောင်း (ရှိ၏)။ ဤတရားတို့သည် ကုသိုလ်မည်ကုန်၏။

အကုသိုလ်တရား

၉၈၆။ (၂) အဘယ်တရားတို့သည် အကုသိုလ် မည်ကုန်သနည်း။

လိုချင်တပ်မက်မှု ‘လောဘ’ ၊ ဖျက်ဆီးပြစ်မှားမှု ‘ဒေါသ’။ (အမှန်သဘော၌) တွေဝေမှု (အမှန်ကိုမသိမှု) ‘မောဟ’ ဟူသော အကုသိုလ်တို့၏ အခြေအမြစ် ‘အကုသလမူလ’ သုံးပါးတို့သည်လည်း ကောင်း၊ ထို့ပြင် ထိုလိုချင်တပ်မက်မှု ‘လောဘ’ စသည့်အကုသိုလ် အခြေအမြစ် ‘အကုသလမူလ’ သုံးပါး တို့နှင့်အတူတကွ ဖြစ်ကုန်သော ပူပန်စေတတ် နှိပ်စက်တတ်သော ‘ကိလေသာ’ တရားတို့သည်လည်း ကောင်း၊ ထိုလိုချင်တပ်မက်မှု ‘လောဘ’ စသည့် အကုသိုလ်အခြေအမြစ် ‘အကုသလမူလ’ သုံးပါးတို့နှင့် ယှဉ်သော ခံစားမှုအစု ‘ဝေဒနာက္ခန္ဓာ’ မှတ်သားမှုအစု ‘သညာက္ခန္ဓာ’ , ပြု ပြင်မှုအစု ‘သင်္ခါရက္ခန္ဓာ’ , အထူးသိမှု (စိတ်) အစု ‘ဝိညာဏက္ခန္ဓာ’ သည်လည်းကောင်း၊ ထိုလိုချင် တပ်မက်မှု ‘လောဘ’ စသည့် အကုသိုလ်အခြေအမြစ် ‘အကုသလမူလ’ သုံးပါးတို့ကြောင့်ဖြစ်သော ကိုယ်ဖြင့် ပြုလုပ်မှု ‘ကာယကံ’ , နှုတ်ဖြင့် ပြောဆိုမှု ‘ဝစီကံ’ , စိတ်ဖြင့် ကြံစည် တွေးတောမှု ‘မနောကံ’ သည်လည်းကောင်း (ရှိ၏)။ ဤတရားတို့သည်အကုသိုလ်မည်ကုန်၏။

အဗျာကတတရား

၉၈၇။ (၃) အဘယ်တရားတို့သည် ကုသိုလ် အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သော ‘အဗျာကတ’ တရား မည်ကုန်သနည်း။

ကာမဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်ကုန်သော, ရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်ကုန်သော, အရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ် ကုန်သော, ဘုံသုံးပါး၌ အကျုံးမဝင်ကုန်သော (လောကုတ္တရာဖြစ်သော) , ကုသိုလ် အကုသိုလ်တရားတို့၏အကျိုး ‘ဝိပါက်’ ဖြစ်ကုန်သော ခံစားမှုအစု ‘ဝေဒနာက္ခန္ဓာ’ ,

--

မှတ်သားမှုအစု ‘သညာက္ခန္ဓာ', ပြုပြင်မှုအစု ‘သင်္ခါရက္ခန္ဓာ’ , အထူးသိမှု (စိတ်) အစု ‘ဝိညာဏက္ခန္ဓာ’ သည်လည်းကောင်း၊ ထို့ပြင် ကုသိုလ်လည်း မဟုတ်ကုန်, အကုသိုလ်လည်း မဟုတ်ကုန်သော, (ကုသိုလ် အကုသိုလ်) ကံတို့၏အကျိုး ‘ဝိပါက်’ လည်း မဟုတ်ကုန်သော, ပြုကာမျှ ‘ကိရိယာ’ ဖြစ်ကုန်သော အကြင် တရားတို့သည်လည်းကောင်း၊ ထို့ပြင်အလုံးစုံသော ရုပ်သည်လည်းကောင်း၊ ထို့ပြင် (ကံ, စိတ်, ဥတု, အာဟာရဟူသောအကြောင်းတရားတို့သည်) မပြုပြင်အပ်သော သဘော ‘အသင်္ခတဓာတ်’ (နိဗ္ဗာန်) သည်လည်းကောင်း (ရှိ၏)။ ဤတရားတို့သည် ကုသိုလ် အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သော ‘အဗျာကတ’ တရားမည်ကုန်၏ (ဝိပါက်၊ ကြိယာ၊ ရုပ်၊ နိဗ္ဗာန်)။

၂-ဝေဒနာတိက်

သုခဝေဒနာနှင့်ယှဉ်သောတရား

၉၈၈။ (၁) အဘယ်တရားတို့သည် ချမ်းသာခံစားမှု ‘သုခဝေဒနာ’ နှင့်ယှဉ်ကုန်သနည်း။

ကာမဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်သော , ရူပဘုံ၌ ကျင်လည်သက်ဝင်၍ဖြစ်သော , ဘုံသုံးပါး၌ အကျုံးမဝင်သော (လောကုတ္တရာဖြစ်သော) ချမ်းသာမှု ‘သုခ’ ၏ဖြစ်ရာ စိတ္တုပ္ပါဒ်၌ ဖြစ်သော (ချမ်းသာမှု ‘သုခ’ နှင့် ယှဉ်သည့် စိတ် စေတသိက်၌ ရှိသော) သုခဝေဒနာကို ချန်ထား၍ (ပယ်ထား၍) ထိုချမ်းသာခံစားမှု ‘သုခဝေဒနာ’ နှင့် ယှဉ်သော (ကြွင်းသော) မှတ်သားမှုအစု ‘သညာက္ခန္ဓာ’ , ပြု ပြင်မှုအစု ‘သင်္ခါရက္ခန္ဓာ’ , အထူးသိမှု (စိတ်) အစု ‘ဝိညာဏက္ခန္ဓာ’ သည် (ရှိ၏)။ ဤတရား တို့သည် ချမ်းသာခံစားမှု ‘သုခဝေဒနာ’ နှင့် ယှဉ်ကုန်၏။

ဒုက္ခဝေဒနာနှင့်ယှဉ်သောတရား

၉၈၉။ (၂) အဘယ်တရားတို့သည် ဆင်းရဲခံစားမှု ‘ဒုက္ခဝေဒနာ’ နှင့် ယှဉ်ကုန်သနည်း။

ကာမဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်သော , ဆင်းရဲမှု ‘ဒုက္ခ’ ၏ဖြစ်ရာ စိတ္တုပ္ပါဒ်၌ ဖြစ်သော (ဆင်းရဲမှု ‘ဒုက္ခ’ နှင့် ယှဉ်သည့် စိတ် စေတသိက်၌ ရှိသော) ဒုက္ခဝေဒနာကို ချန်ထား၍ (ပယ်ထား၍) ထိုဆင်းရဲ ခံစားမှု ဒုက္ခဝေဒနာ’ နှင့် ယှဉ်သော (ကြွင်းသော) မှတ်သားမှုအစု ‘သညာက္ခာန္ဓာ’ , ပြု ပြင်မှုအစု ‘သင်္ခါရက္ခန္ဓာ’ အထူးသိမှု (စိတ်) အစု ‘ဝိညာဏက္ခန္ဓာ’ သည် (ရှိ၏)။ ဤတရားတို့ သည် ဆင်းရဲခံစားမှု ‘ဒုက္ခဝေဒနာ’ နှင့် ယှဉ်ကုန်၏။

ဥပေက္ခာဝေဒနာနှင့်ယှဉ်သောတရား

၉၉၀။ (၃) အဘယ်တရားတို့သည် ဆင်းရဲချမ်းသာ မဟုတ်သောအလယ်အလတ် ခံစားမှု ‘အဒုက္ခမသုခဝေဒနာ’ နှင့် ယှဉ် ကုန်သနည်း။

ကာမဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်သော , ရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်သော , အရူပဘုံ၌ ကျင်လည်သက်ဝင်၍ဖြစ်သော , ဘုံသုံးပါး၌ အကျုံးမဝင်သော (လောကုတ္တရာဖြစ်သော) , မဆင်းရဲ မချမ်းသာမှု ‘အဒုက္ခမသုခ’ ၏ဖြစ်ရာ စိတ္တုပ္ပါဒ်၌ ဖြစ်သော (မဆင်းရဲ မချမ်းသာမှု ‘အဒုက္ခမသုခ’ နှင့် ယှဉ်သည့်စိတ် စေတသိက်၌ ရှိသော) အဒုက္ခမသုခဝေဒနာ’ ကို ချန်ထား၍ (ပယ်ထား၍) ထိုဆင်းရဲ ချမ်းသာမဟုတ်သော အလယ်အလတ်ခံစားမှု ‘အဒုက္ခမသုခဝေဒနာ’ နှင့် ယှဉ်သော (ကြွင်းသော) မှတ်သားမှုအစု ‘သညာက္ခန္ဓာ’ , ပြု ပြင်မှုအစု ‘သင်္ခါရက္ခန္ဓာ’ , အထူးသိမှု (စိတ်) အစု ‘ဝိညာဏက္ခန္ဓာ’ သည် (ရှိ၏)။ ဤတရားတို့သည် ဆင်းရဲချမ်းသာ မဟုတ်သော အလယ်အလတ် ခံစားမှု ‘အဒုက္ခမသုခဝေဒနာ’ နှင့် ယှဉ်ကုန်၏။

--

၃-ဝိပါကတိက်

အကျိုး ‘ဝိပါက်’ တရား

၉၉၁။ (၁) အဘယ်တရားတို့သည် အကျိုး ‘ဝိပါက်'ဖြစ်သော ‘ဝိပါက’ တရားဖြစ်ကုန်သနည်း။

ကာမဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်ကုန်သော, ရူပဘုံ၌ ကျင်လည်သက်ဝင်၍ဖြစ်ကုန်သော, အရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်ကုန်သော, ဘုံသုံးပါး၌ အကျုံးမဝင်ကုန်သော (လောကုတ္တရာဖြစ်သော) , ကုသိုလ် အကုသိုလ်တရားတို့၏ အကျိုး ‘ဝိပါက်’ ဖြစ်ကုန် သော ခံစားမှုအစု ‘ဝေဒနာက္ခန္ဓာ’။ပ။ အထူးသိမှု (စိတ်) အစု ‘ဝိညာဏက္ခန္ဓာ’ သည် (ရှိ၏)။ ဤတရား တို့သည်အကျိုး ‘ဝိပါက်’ ဖြစ်သော ‘ဝိပါက’ တရား ဖြစ်ကုန်၏ (ဝိပါက်စိတ်နှင့် စေတသိက်များ)။

အကျိုးဖြစ်စေတတ်သော တရား

၉၉၂။ (၂) အဘယ်တရားတို့သည် အကျိုး'ဝိပါက်'ကို ဖြစ်စေခြင်းသဘောရှိသော ‘ဝိပါကဓမ္မ’ တရား ဖြစ်ကုန်သနည်း။

ကာမဘုံ၌ ကျင်လည်သက်ဝင်၍ဖြစ်ကုန်သော, ရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်ကုန်သော, အရူပဘုံ၌ ကျင်လည်သက်ဝင်၍ဖြစ်ကုန်သော, ဘုံသုံးပါး၌ အကျုံးမဝင်ကုန်သော (လောကုတ္တရာဖြစ်သော) , ကုသိုလ် အကုသိုလ်တရားဖြစ်ကုန်သော ခံစားမှုအစု ‘ဝေဒနာက္ခန္ဓာ’။ပ။ အထူးသိမှု (စိတ်) အစု ‘ဝိညာဏက္ခန္ဓာ’ သည် (ရှိ၏)။ ဤတရားတို့သည် အကျိုး ‘ဝိပါက်’ ကို ဖြစ်စေခြင်းသဘောရှိသော ‘ဝိပါကဓမ္မ’ တရား ဖြစ်ကုန်၏ (ကုသိုလ်အကုသိုလ်စိတ်နှင့် စေတသိက်များ)။

နေဝ ဝိပါက န ဝိပါကဓမ္မတရား

၉၉၃။ (၃) အဘယ်တရားတို့သည် အကျိုး'ဝိပါက်'လည်း မဟုတ်၊ အကျိုး'ဝိပါက်'ကို ဖြစ်စေခြင်း သဘောရှိသော တရားလည်း မဟုတ်သော ‘နေဝ ဝိပါက န ဝိပါကဓမ္မ’ တရား ဖြစ်ကုန်သနည်း (အကျိုး ‘ဝိပါက်’ လည်း မဟုတ်၊ ကုသိုလ်အကုသိုလ်လည်း မဟုတ်သောတရားများကား အဘယ်နည်း)။ ကုသိုလ်လည်း မဟုတ်ကုန်သော ‘နေဝကုသလ’၊ အကုသိုလ်လည်း မဟုတ်ကုန်သော ‘နာ ကုသလ’။ (ကုသိုလ် အကုသိုလ်) ကံတို့၏ အကျိုး'ဝိပါက်’ လည်း မဟုတ်ကုန်သော ‘န ကမ္မဝိပါက’၊ ပြုကာမျှ ‘ကိရိယာ’ ဖြစ်ကုန်သော အကြင်တရားတို့သည်လည်းကောင်း၊ ထို့ပြင် အလုံးစုံသော ရုပ်သည်လည်းကောင်း၊ ထို့ပြင် (ကံ, စိတ်, ဥတု, အာဟာရဟူသော အကြောင်းတရားတို့) မပြုပြင်အပ်သော သဘော ‘အသင်္ခတဓာတ်’ (နိဗ္ဗာန်) သည်လည်းကောင်း (ရှိ၏)။ ဤတရားတို့သည် (အကျိုး ‘ဝိပါက်'လည်း မဟုတ်, အကျိုး ‘ဝိပါက်’ ကို ဖြစ်စေတတ်သောကုသိုလ် အကုသိုလ်လည်း မဟုတ်သော) ‘နေဝ ဝိပါက န ဝိပါကဓမ္မ’ တရား ဖြစ်ကုန်၏ (ကိရိယာစိတ်, ရုပ်, နိဗ္ဗာန်)။

--

၄-ဥပါဒိဏ္ဏတိက်

ဥပါဒိဏ္ဏုပါဒါနိယတရား

၉၉၄။ (၁) အဘယ်တရားတို့သည် အာရုံပြုသောအားဖြင့် တဏှာ ဒိဋ္ဌိတို့ ကပ်ရောက်အပ်သော ကံသည် (အကျိုး၏အဖြစ်ဖြင့်) စွဲယူလည်း စွဲယူ အပ်ကုန်သည် ဖြစ်၍ လွန်စွာစွဲလမ်းတတ်သည့် ‘ဥပါဒါန်’ တရားတို့၏ အစီးအပွား (အာရုံ) လည်း ဖြစ်သော ‘ဥပါဒိဏ္ဏုပါဒါနိယ’ တရားတို့ ဖြစ်ကုန်သနည်း (တဏှာ ဒိဋ္ဌိတို့ အာရုံပြုအပ်သည့် ကံ၏အကျိုးလည်းဖြစ်၍ ဥပါဒါန်တို့၏ အစီးအပွား (အာရုံ) လည်းဖြစ်သော တရားများကား အဘယ်နည်း)။ (လောဘ, ဒိဋ္ဌိ, မောဟတည်းဟူသော) အာသဝေါတရားတို့၏ အာရုံဖြစ်ကုန်သော ‘သာသဝ’၊ ကာမဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်ကုန်သော, ရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်ကုန်သော, အရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်ကုန်သော, ကုသိုလ်၊ အကုသိုလ်တရားတို့၏ အကျိုး ‘ဝိပါက်’ ဖြစ်ကုန်သော ခံစားမှုအစု'ဝေဒနာက္ခန္ဓာ’။ပ။ အထူးသိမှု (စိတ်) အစု ‘ဝိညာဏက္ခန္ဓာ’၊ ထို့ပြင် ကံကို ပြုအပ်ခဲ့ပြီးသည်၏ အဖြစ့် (ကံ) ကြောင့် ဖြစ်သော အကြင် ရုပ်သည် (ရှိ၏)။ ဤတရားတို့သည် (တဏှာ ဒိဋ္ဌိတို့ အာရုံပြုအပ်သည့်ကံ၏ အကျိုးလည်း ဖြစ်၍ ဥပါဒါန်တို့၏ အစီးအပွား (အာရုံ) လည်း ဖြစ်သော) ‘ဥပါဒိဏ္ဏုပါဒါနိယ’ တရားတို့ဖြစ်ကုန်၏ (လောကီဝိပါက်, ကမ္မဇရုပ်)။

အနုပါဒိဏ္ဏုပါဒါနိယတရား

၉၉၅။ (၂) အဘယ်တရားတို့သည် အာရုံပြုသောအားဖြင့် တဏှာ ဒိဋ္ဌိတို့ ကပ်ရောက်အပ်သော ကံသည် (အကျိုး၏အဖြစ်ဖြင့်) မစွဲယူ အပ်ကုန်သည် ဖြစ်၍ လွန်စွာစွဲလမ်းတတ်သော ‘ဥပါဒါန်’ တရားတို့၏ အစီးအပွား (အာရုံ) သာဖြစ်သော ‘အနုပါဒိဏ္ဏုပါဒါနိယ’ တရားတို့ဖြစ်ကုန်သနည်း (တဏှာ ဒိဋ္ဌိတို့ အာရုံပြုအပ်သည့် ကံ၏ အကျိုးကား မဟုတ်၊ ဥပါဒါန်တို့၏အစီးအပွား (အာရုံ) သာဖြစ်သော တရားများကား အဘယ်နည်း)။ (လောဘ,ဒိဋ္ဌိ, မောဟတည်းဟူသော) အာသဝေါတရားတို့၏ အာရုံဖြစ်ကုန်သော ‘သာသဝ’၊ ကာမဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်ကုန်သော, ရူပဘုံ၌ ကျင်လည် သက်ဝင်၍ ဖြစ်ကုန်သော, အရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်ကုန်သော, ကုသိုလ် အကုသိုလ်တရား ဖြစ်ကုန်သော ခံစားမှုအစု ‘ဝေဒနာက္ခန္ဓာ’။ပ။ အထူးသိမှု (စိတ်) အစု ‘ဝိညာဏက္ခန္ဓာ’ သည်လည်းကောင်း၊ ထို့ပြင် ကုသိုလ်လည်း မဟုတ်ကုန်သော,အကုသိုလ် လည်း မဟုတ်ကုန်သော, (ကုသိုလ် အကုသိုလ်) ကံတို့၏ အကျိုး ‘ဝိပါက်'လည်းမဟုတ်ကုန်သော, ပြုကာမျှ ‘ကိရိယာ’ ဖြစ်ကုန်သော အကြင် တရားတို့သည်လည်းကောင်း၊ ထို့ပြင် ကံကိုပြုအပ် ခဲ့ပြီးသည်၏အဖြစ် (ကံ) ကြောင့် မဖြစ်သော အကြင် ရုပ်သည်လည်းကောင်း (ရှိ၏)။ ဤတရားတို့သည် (တဏှာ, ဒိဋ္ဌိတို့ အာရုံပြုအပ်သည့် ကံ၏ အကျိုးကား မဟုတ်, ဥပါဒါန်တို့၏အစီးအပွား (အာရုံ) သာဖြစ်သော) ‘အနုပါဒိဏ္ဏုပါဒါနိယ’ တရားတို့ ဖြစ်ကုန်၏ (လောကီကုသိုလ်,အကုသိုလ်, ကိရိယာစိတ်, ကမ္မဇရုပ်မှတစ်ပါး အခြားသောရုပ်များ)။

အနုပါဒိဏ္ဏ အနုပါဒါနိယတရား

၉၉၆။ (၃) အဘယ်တရားတို့သည် အာရုံပြုသောအားဖြင့် တဏှာ ဒိဋ္ဌိတို့ကပ်ရောက်အပ်သော ကံသည် (အကျိုး၏အဖြစ်ဖြင့်) မစွဲယူလည်း မစွဲယူအပ်ကုန်သည်ဖြစ်၍လွန်စွာ စွဲလမ်းတတ်သော ‘ဥပါဒါန်’ တရားတို့၏ အစီးအပွား (အာရုံ) လည်း မဟုတ်သော ‘အနုပါဒိဏ္ဏအနုပါဒါနိယ’ တရားတို့ဖြစ်ကုန်သနည်း (တဏှာ ဒိဋ္ဌိတို့ အာရုံပြု အပ်သည့်ကံ၏အကျိုးလည်းမဟုတ်, ဥပါဒါန်တို့၏ အာရုံလည်း မဟုတ်သော တရားများကား အဘယ် နည်း)။ ဘုံသုံးပါး၌ အကျုံးမဝင်ကုန်သော (လောကုတ္တရာဖြစ်သော) မဂ်တို့သည်လည်းကောင်း၊ ကိလေသာတို့ကိုသတ်လျက် နိဗ္ဗာန်သို့ သွားတတ်သော မဂ်၏ အကျိုး (ဖိုလ်) တို့သည်လည်းကောင်း။ (ကံ, စိတ်, ဥတု,အာဟာရဟူသော အကြောင်းတရားတို့) မပြုပြင်အပ်သော သဘော ‘အသင်္ခတဓာတ်’ (နိဗ္ဗာန်) သည်လည်းကောင်း (ရှိ၏)။ ဤတရားတို့သည် (တဏှာ ဒိဋ္ဌိတို့ အာရုံပြုအပ်သည့် ကံ၏အကျိုးလည်း မဟုတ်, ဥပါဒါန်တို့၏ အာရုံလည်း မဟုတ်သော) ‘အနုပါဒိဏ္ဏအနုပါဒါနိယ’ တရားတို့ဖြစ်ကုန်၏ (မဂ်, ဖိုလ်, နိဗ္ဗာန်တရားများ)။

--

၅-သံကိလိဋ္ဌ သံကိလေသိကတိက်

သံကိလိဋ္ဌ သံကိလေသိကတရား

၉၉၇။ (၁) အဘယ်တရားတို့သည် ပူပန်စေတတ် နှိက်စက်တတ်သော ‘ကိလေသ’ တရားတို့သည် ပူပန်စေအပ် နှိပ်စက်အပ် ကုန်သည် ဖြစ်၍ ပူပန်စေတတ်နှိပ်စက်တတ်သော ‘ကိလေသ’ တရားတို့ကို (ရခြင်းငှါ) ထိုက်သော ‘သံကိလိဋ္ဌသံကိလေသိက’ တရားတို့ဖြစ်ကုန်သနည်း (ကိလေသာတို့နှင့်လည်း ယှဉ်၍ ‘သံကိလိဋ္ဌ’၊ ကိလေသာတို့၏ အာရုံ'သံကိလေသိက'လည်း ဖြစ်သော တရားတို့ကား အဘယ်နည်း)။ လိုချင် တပ်မက်မှု ‘လောဘ’၊ ဖျက်ဆီးပြစ်မှားမှု ‘ဒေါသ’။ (အမှန်သဘော၌) တွေဝေမှု (အမှန်ကို မသိမှု) ‘မောဟ’ ဟူသောအကုသိုလ်တို့၏ အခြေအမြစ် ‘အကုသလမူလ’ သုံးပါးတို့သည်လည်းကောင်း၊ ထို့ပြင် ထိုလိုချင်တပ်မက်မှု ‘လောဘ’ စသည့်အကုသိုလ်တို့၏ အခြေအမြစ် ‘အကုသလမူလ’ သုံးပါးတို့နှင့် အတူတကွ့ဖြစ်ကုန်သော, ပူပန်စေတတ် နှိပ်စက်တတ်သော ‘ကိလေသ’ တရားတို့သည်လည်းကောင်း၊ ထိုလိုချင်တပ်မက်မှု ‘လောဘ'စသည့်အကုသိုလ်တို့၏ အခြေအမြစ် ‘အကုသလမူလ’ သုံးပါးတို့နှင့် ယှဉ်သောခံစားမှုအစု ‘ဝေဒနာက္ခန္ဓာ’။ပ။ အထူးသိမှု (စိတ်) အစု ‘ဝိညာဏက္ခန္ဓာ’ သည်လည်းကောင်း၊ ထိုလိုချင်တပ်မက်မှု ‘လောဘ'စသည်တို့ကြောင့် ဖြစ်သော ကိုယ်ဖြင့် ပြုလုပ်မှု ‘ကာယကံ’၊ နှုတ်ဖြင့် ပြောဆိုမှု ‘ဝစီကံ’၊ စိတ်ဖြင့် ကြံစည် တွေးတောမှု ‘မနောကံ’ သည်လည်းကောင်း (ရှိ၏)။ ဤတရားတို့သည် (ကိလေသာတို့နှင့်လည်း ယှဉ်၍ ‘သံကိလိဋ္ဌ’၊ ကိလေသာတို့၏ အာရုံ ‘သံကိလေသိက’ လည်းဖြစ်သော) ‘သံကိလိဋ္ဌ သံကိလေသိက’ တရားတို့ ဖြစ်ကုန်၏ (အကုသိုလ်စိတ်, ၎င်းနှင့်ယှဉ်ဖက် စေတသိက်များ)။

အ သံကိလိဋ္ဌ သံကိလေသိကတရား

၉၉၈။ (၂) အဘယ်တရားတို့သည် ပူပန်စေတတ် နှိပ်စက်တတ်သော ‘ကိလေသ’ တရားတို့သည် မပူပန်စေအပ် မနှိပ် စက်အပ်ကုန်သည် ဖြစ်၍ ပူပန်စေတတ်နှိပ်စက်တတ်သော ‘ကိလေသ’ တရားတို့ကို (ရခြင်းငှါ) သာ ထိုက် သော ‘အသံကိလိဋ္ဌသံကိလေသိက’ တရားတို့ ဖြစ်ကုန်သနည်း (ကိလေသာတို့နှင့် မယှဉ် ‘အသံကိလိဋ္ဌ’၊ ကိလေသာတို့၏အာရုံ ‘သံကိလေသိက’ သာဖြစ်သော တရားတို့ကား အဘယ်နည်း)။ အာသဝေါတရားတို့၏ အာရုံဖြစ်ကုန်သော ‘သာသဝ’၊ ကာမဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်ကုန်သော, ရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်ကုန်သော, အရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်ကုန်သော ကုသိုလ်တရား၊ ကုသိုလ်အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သော ‘အဗျာကတ’ တရား ဖြစ်ကုန်သော ရုပ်အစု ‘ရူပက္ခန္ဓာ’၊ ခံစားမှုအစု'ဝေဒနာက္ခန္ဓာ’၊ မှတ်သားမှုအစု ‘သညာက္ခန္ဓာ’၊ ပြုပြင်မှုအစု ‘သင်္ခါရက္ခန္ဓာ’၊ အထူးသိမှု (စိတ်) အစု ‘ဝိညာဏက္ခန္ဓာ’ သည်လည်းကောင်း (ရှိ၏)။ ဤတရားတို့သည် (ကိလေသာတို့နှင့် မယှဉ် ‘အသံကိလိဋ္ဌ’၊ ကိလေသာတို့၏ အာရုံ ‘သံကိလေသိက’ သာဖြစ်သော) ‘အ သံကိလိဋ္ဌ သံကိလေသိက’ တရားတို့ ဖြစ်ကုန်၏ (လောကီကုသိုလ်, လောကီဝိပါက်, ကိရိယာစိတ်, ယှဉ်ဖက် စေတသိက်နှင့် ရုပ်တရားများ)။

--

အသံကိလိဋ္ဌ အသံကိလေသိက တရား

၉၉၉။ (၃) အဘယ်တရားတို့သည် ပူပန်စေတတ် နှိပ်စက်တတ်သော ‘ကိလေသ’ တရားတို့သည် ပူပန်လည်း မပူပန် စေအပ်၊ နှိပ်စက်လည်း မနှိပ်စက်အပ်ကုန်သည်ဖြစ်၍ ပူပန်စေတတ် နှိပ်စက်တတ်သော ‘ကိလေသ’ တရားတို့ကို (ရခြင်းငှါ) မထိုက်လည်း မထိုက်သော ‘အသံကိလိဋ္ဌ အသံကိလေသိက’ တရားတို့ ဖြစ် ကုန်သနည်း (ကိလေသာတို့နှင့်လည်း မယှဉ်၊ ‘အသံကိလိဋ္ဌ’၊ ကိလေသာတို့၏ အာရုံလည်း မဖြစ်သော ‘အသံကိလေသိက’ တရားတို့ကားအဘယ်နည်း)။ ဘုံသုံးပါး၌ အကျုံးမဝင်သော မဂ်တို့သည်လည်း ကောင်း,မဂ်၏အကျိုး (ဖိုလ်) တို့သည်လည်းကောင်း, (ကံ, စိတ်, ဥတု, အာဟာရဟူသော အကြောင်းတရားတို့) မပြုပြင်အပ်သော သဘော ‘အသင်္ခတဓာတ်’ (နိဗ္ဗာန်) သည်လည်းကောင်း (ရှိ၏)။ ဤတရားတို့သည် (ကိလေသာတို့နှင့်လည်း မယှဉ် ‘အသံကိလိဋ္ဌ’၊ ကိလေသာတို့၏ အာရုံလည်း မဖြစ်သော ‘အသံကိလေသိက’ ဖြစ်သော) ‘အသံကိလိဋ္ဌအသံကိလေသိက’ တရားတို့ ဖြစ်ကုန်၏ (မဂ်, ဖိုလ်, နိဗ္ဗာန်ဟူသော လောကုတ္တရာတရားများ)။

၆-ဝိတက္ကတိက်

သဝိတက္က သဝိစာရတရား

၁၀၀၀။ (၁) အဘယ်တရားတို့သည် ကြံစည်မှု ‘ဝိတက်’ နှင့်လည်းတကွ သုံးသပ်မှု ‘ဝိစာရ’ နှင့်လည်း တကွဖြစ်သော ‘သဝိတက္က သဝိစာရ’ တရားတို့ ဖြစ်ကုန်သနည်း (ဝိတက် ဝိစာရတို့နှင့်ယှဉ်သော တရားတို့ကား အဘယ်နည်း)။ ကာမဘုံ၌ ကျင်လည်သက်ဝင်၍ဖြစ်သော , ရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်သော , ဘုံသုံးပါး၌ အကျုံးမဝင်သော (လောကုတ္တရာဖြစ်သော) , ကြံစည်မှု ‘ဝိတက်’ နှင့်လည်း တကွ၊ သုံးသပ်မှု ‘ဝိစာရ’ နှင့်လည်း တကွဖြစ်သော (ဝိတက် ဝိစာရနှင့် ယှဉ်သော) စိတ်၌ ရှိသည့် ဝိတက်နှင့် ဝိစာရတို့ကို ချန်ထား၍ ထို ‘ဝိတက်ဝိစာရ'တို့နှင့် ယှဉ်သော (ကြွင်းသော) ခံစားမှုအစု ‘ဝေဒနာက္ခန္ဓာ’။ပ။ အထူးသိမှု (စိတ်) အစု ‘ဝိညာဏက္ခန္ဓာ’ သည် (ရှိ၏)။ ဤတရားတို့သည် ကြံစည်မှု ‘ဝိတက်’ နှင့်လည်း တကွ၊ သုံးသပ်မှု ‘ဝိစာရ’ နှင့်လည်း တကွဖြစ်သော (ဝိတက် ဝိစာရတို့နှင့် ယှဉ်သော) ‘သဝိတက္ကသဝိစာရ’ တရားတို့ ဖြစ်ကုန်၏ (ဒွေပဉ္စဝိညာဉ် တစ်ဆယ်နှင့် ဒုတိယ, တတိယ, စတုတ္ထ, ပဉ္စမဈာန်စိတ်များမှတစ်ပါးအခြားသော စိတ်နှင့် စေတသိက်များ)။

အဝိတက္က ဝိစာရမတ္တတရား

၁၀၀၁။ (၂) အဘယ်တရားတို့သည် ကြံစည်မှု ‘ဝိတက်’ ကား မရှိ၊ သုံးသပ်မှု ‘ဝိစာရ’ မျှသာရှိသော ‘အဝိတက္က ဝိစာရမတ္တ’ တရား တို့ ဖြစ်ကုန်သနည်း (ဝိတက်နှင့်ကားမယှဉ်, ဝိစာရနှင့်သာ ယှဉ်သောတရားတို့ကား အဘယ်နည်း)။ ရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်သော ,ဘုံသုံးပါး၌ အကျုံးမဝင်သော (လောကုတ္တရာဖြစ်သော) ကြံစည်မှု ‘ဝိတက်’ မရှိဘဲ၊ သုံးသပ်မှု ‘ဝိစာရ'မျှသာ ဖြစ်ရာစိတ်၌ (ဖြစ်သော) သုံးသပ်မှု ‘ဝိစာရ'ကို ချန်ထား၍ ထိုသုံးသပ်မှု ‘ဝိစာရ’ နှင့်ယှဉ်သော (ကြွင်းသော) ခံစားမှုအစု ‘ဝေဒနာက္ခန္ဓာ’။ပ။ အထူး သိမှု (စိတ်) အစု ‘ဝိညာဏက္ခန္ဓာ’ သည် (ရှိ၏)။ ဤတရားတို့သည် (ဝိတက်နှင့်ကား မယှဉ်၊ ဝိစာရနှင့်သာ ယှဉ်သော) ‘အဝိတက္ကဝိစာရမတ္တ’ တရားတို့ ဖြစ်ကုန်၏ (ဒုတိယဈာန်စိတ် ၁၁-နှင့် စေတသိက်, သဝိတက္က စိတ် ၅၅-ပါး၌ ရှိသော ဝိတက်-၅၅)။

--

အဝိတက္က အဝိစာရတရား

၁၀၀၂။ (၃) အဘယ်တရားတို့သည် ကြံစည်မှု ‘ဝိတက်’ လည်း မရှိ၊ သုံးသပ်မှု ‘ဝိစာရ’ လည်း မရှိသော ‘အဝိတက္ကအဝိစာရ’ တရားတို့ ဖြစ်ကုန်သနည်း (ဝိတက် ဝိစာရတို့နှင့် မယှဉ်သော တရားတို့ကား အဘယ်နည်း)။ ကာမဘုံ၌ ကျင်လည် သက်ဝင်၍ဖြစ်သော , ရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်သော , အရူပဘုံ၌ ကျင်လည် သက်ဝင်၍ ဖြစ်သော ,ဘုံသုံးပါး၌ အကျုံးမဝင်သော ကြံစည်မှု ‘ဝိတက်', သုံးသပ်မှု ‘ဝိစာရ’ မဖြစ်ရာ စိတ်၌ (ဖြစ်သော) (ဝိတက်ဝိစာရတို့နှင့် မယှဉ်သည့် စိတ်၌ ရှိသော) ခံစားမှုအစု ‘ဝေဒနာက္ခန္ဓာ’။ပ။ အထူးသိမှု (စိတ်) အစု'ဝိညာဏက္ခန္ဓာ’ သည်လည်းကောင်း၊ ထို့ပြင် အလုံးစုံသော ရုပ်သည်လည်းကောင်း ထို့ပြင် (ကံ, စိတ်,ဥတု, အာဟာရဟူသော အကြောင်း တရားတို့) မပြုပြင်အပ်သော သဘော ‘အသင်္ခတဓာတ်’ (နိဗ္ဗာန်) သည်လည်းကောင်း (ရှိ၏)။ ဤတရားတို့သည် (ဝိတက် ဝိစာရတို့နှင့် မယှဉ်သော) ‘အဝိတက္က အဝိစာရ’ တရားတို့ ဖြစ်ကုန်၏ (ဒွေပဉ္စဝိညာဉ် တစ်ဆယ်, တတိယ, စတုတ္ထ, ပဉ္စမဈာန်စိတ်များနှင့် စေတသိက်, ဝိစာရ၁၁, ရုပ်, နိဗ္ဗာန်)။

၇-ပီတိတိက်

ပီတိသဟဂတတရား

၁၀၀၃။ (၁) အဘယ်တရားတို့သည် နှစ်သက်မှု ‘ပီတိ’ နှင့် တကွဖြစ်သော ‘ပိတိသဟဂတ’ တရားတို့ ဖြစ်ကုန်သနည်း။

ကာမဘုံ၌ ကျင်လည် သက်ဝင်၍ ဖြစ်သော , ရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်သော , ဘုံသုံးပါး၌ အကျုံးမဝင်သော နှစ်သက်မှု ‘ပိတိ’ ၏ ဖြစ်ရာ စိတ်၌ (ဖြစ်သော) (ပီတိနှင့် ယှဉ်သည့် စိတ်၌ ရှိသော) နှစ်သက်မှု ‘ပိတိ’ ကို ချန်ထား၍ ထိုနှစ်သက်မှု ‘ပီတိ’ နှင့်ယှဉ်သော (ကြွင်းသော) ခံစားမှုအစု ‘ဝေဒနာက္ခန္ဓာ’။ပ။ အထူးသိမှု (စိတ်) အစု ‘ဝိညာဏက္ခန္ဓာ’ သည် (ရှိ၏)။ ဤတရားတို့သည် နှစ်သက်မှု ‘ပီတိ’ နှင့် တကွဖြစ်သော ‘ပိတိသဟဂတ’ တရားတို့ ဖြစ်ကုန်၏ (သုခသဟဂုတ် ကာယဝိညာဉ်, စတုတ္ထဈာန်မှတစ်ပါး သောမနဿ သဟဂုတ်စိတ် ၅၁-နှင့်စေတသိက်များ)။

သုခသဟဂတတရား

၁၀၀၄။ (၂) အဘယ်တရားတို့သည် ချမ်းသာမှု ‘သုခ’ နှင့်တကွဖြစ်သော ‘သုခသဟဂတ’ တရားတို့ ဖြစ်ကုန်သနည်း။

ကာမဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်သော , ရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်သော , ဘုံသုံးပါး၌ အကျုံးမဝင်သော ချမ်းသာမှု ‘သုခ’ ၏ ဖြစ်ရာ စိတ်၌ (ဖြစ်သော) (သုခနှင့် ယှဉ်သည့် စိတ်၌ ရှိသော) ချမ်းသာမှု ‘သုခ’ ကို ချန်ထား၍ ထို ချမ်းသာမှု ‘သုခ’ နှင့်ယှဉ်သော (ကြွင်းသော) မှတ်သားမှုအစု ‘သညာက္ခန္ဓာ’ ၊ ပြုပြင်မှုအစု ‘သင်္ခါရက္ခန္ဓာ’ ၊ အထူးသိမှု (စိတ်) အစု ‘ဝိညာဏက္ခန္ဓာ’ သည် (ရှိ၏)။ ဤတရားတို့သည် ချမ်းသာမှု ‘သုခ’ နှင့် တကွဖြစ်သော ‘သုခသဟဂတ’ တရားတို့ ဖြစ်ကုန်၏ (သုခသဟဂုတ် ကာယဝိညာဉ်, သောမနဿသဟဂုတ်စိတ်နှင့်စေတသိက်များ)။

ဥပေက္ခာသဟဂတတရား

၁၀၀၅။ (၃) အဘယ်တရားတို့သည် လျစ်လျူရှုမှု ‘ဥပေက္ခာ’ နှင့် တကွဖြစ်သော ‘ဥပေက္ခာသဟဂတ’ တရားတို့ ဖြစ်ကုန်သနည်း။

ကာမဘုံ၌ ကျင် လည်သက်ဝင်၍ ဖြစ်သော ,ရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်သော , အရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်သော , ဘုံသုံးပါး၌ အကျုံးမဝင်သော လျစ်လျူရှုမှု ‘ဥပေက္ခာ’ ၏ ဖြစ်ရာ စိတ်၌ (ဖြစ်သော) (ဥပေက္ခာနှင့်ယှဉ်သည့်စိတ်၌ ရှိသော) လျစ်လျူရှုမှု ‘ဥပေက္ခာ’ ကို ချန်ထား၍ ထိုလျစ်လျူရှုမှု ‘ဥပေက္ခာ’ နှင့် ယှဉ်သော (ကြွင်းသော) မှတ်သားမှုအစု ‘သညာက္ခန္ဓာ’ ၊ ပြုပြင်မှုအစု ‘သင်္ခၤါရက္ခန္ဓာ’ ၊ အထူးသိမှု (စိတ်) အစု ‘ဝိညာဏက္ခန္ဓာ’ သည် (ရှိ၏)။ ဤတရားတို့သည် လျစ်လျူရှုမှု ‘ဥပေက္ခာ’ နှင့် တကွ ဖြစ်သော ‘ဥပေက္ခာသဟဂတ’ တရားတို့ ဖြစ်ကုန်၏ (ဥပေက္ခာသဟဂုတ်စိတ် ၅၅-ခုနှင့် စေတသိက်များ)။

--

၈-ဒဿနတိက်

သောတာပတ္တိမဂ်ဖြင့် ပယ်အပ်သော သံယောဇဉ်သုံးပါး

၁၀၀၆။ (၁) အဘယ်တရားတို့သည်သောတာပတ္တိမဂ်ဖြင့်ပယ်အပ်သော ‘ဒဿ နေန ပဟာတဗ္ဗ’ တရားတို့ ဖြစ်ကုန်သနည်း။

ထင်ရှားရှိသော (ခန္ဓာငါးပါးဟု ဆိုအပ်သော) ကိုယ်၌ (ငါဟူ၍) အမြင်မှားမှု ‘သက္ကာယဒိဋ္ဌိ’ ၊ ယုံမှားမှု ‘ဝိစိကိစ္ဆာ’။ (နွား, ခွေးစသည်တို့၏) အလေ့အကျင့်တို့ကို (စင်ကြယ်၏ဟု) မှားသောအားဖြင့် သုံးသပ်မှု ‘သီလဗ္ဗတပရာမာသ’ ဟူသော သံယောဇဉ်သုံးပါးတို့သည် (သောတာပတ္တိမဂ်ဖြင့် ပယ်အပ်သောသံယောဇဉ်တို့ ဖြစ်ကုန်၏)။

သက္ကာယဒိဋ္ဌိ

၁၀၀၇။ ထို (သုံယောဇဉ်သုံးပါးတို့) တွင် ထင်ရှားသော (ခန္ဓာငါးပါးဟု ဆိုအပ်သော) ကိုယ်၌ (ငါဟူ၍) အမြင်မှားမှု ‘သက္ကာယဒိဋ္ဌိ’ ဟူသည် အဘယ်နည်း။ ဤလောက၌ အကြားအမြင် မရှိသော, (မဂ်ဉာဏ်, ဖိုလ်ဉာဏ် ရအပ်ပြီးသော) အရိယာတို့ကို ဉာဏ်ဖြင့် မြင်လေ့မရှိ သော, အရိယာတို့၏ (မဂ်,ဖိုလ်) တရား၌ မကျွမ်းကျင်သော, အရိယာတို့၏ (မဂ်, ဖိုလ်) တရား၌ (စောင့်စည်းခြင်း၊ ပယ်ရှားခြင်းအားဖြင့်) မဆုံးမအပ်သော, သူတော်ကောင်းတို့ကို (ဉာဏ်ဖြင့်) မြင်လေ့ မရှိသော,သူတော်ကောင်းတို့၏ တရား၌ မကျွမ်းကျင်သော, သူတော်ကောင်းတို့၏ တရား၌ (စောင့် စည်းခြင်း၊ ပယ်ရှားခြင်းအားဖြင့်) မဆုံးမအပ်သော ပုထုဇဉ်သည်-

(၁) (က) ရုပ်ကို အတ္တဟု ရှု၏။ (ခ) သို့မဟုတ် အတ္တကို ရုပ်ရှိ၏ဟု ရှု၏ (အတ္တမှာ ရုပ်ရှိ၏၊ တစ်နည်း ရုပ်ရှိသော အတ္တဟု ရှု၏)။ (ဂ) သို့မဟုတ် အတ္တ၌ ရုပ်ကို ရှု၏။ (ဃ) သို့မဟုတ် ရုပ်၌ အတ္တကို ရှု၏။

(၂) (က) ခံစားမှု ‘ဝေဒနာ’ ကို အတ္တဟု ရှု၏။ (ခ) သို့မဟုတ် အတ္တကို ခံစားမှု ‘ဝေဒနာ’ ရှိ၏ဟု ရှု၏။ (အတ္တမှာ ဝေဒနာရှိ၏၊ တစ်နည်း- ဝေဒနာရှိသော အတ္တဟု ရှု၏)။ (ဂ) သို့မဟုတ် အတ္တ၌ ခံစားမှု ‘ဝေဒနာ’ ကို ရှု၏။ (ဃ) သို့မဟုတ် ခံစားမှု ‘ဝေဒနာ’ ၌ အတ္တကို ရှု၏။

(၃) (က) မှတ်သားမှု ‘သညာ’ ကို အတ္တဟု ရှု၏။ (ခ) သို့မဟုတ် အတ္တကို မှတ်သားမှု ‘သညာ’ ရှိ၏ဟု ရှု၏ (အတ္တမှာ သညာရှိ၏၊။ တစ်နည်း သညာရှိသော အတ္တဟု ရှု၏)။ (ဂ) သို့မဟုတ် အတ္တ၌ မှတ်သားမှု ‘သညာ’ ကို ရှု၏။

(ဃ) သို့မဟုတ် မှတ်သားမှု ‘သညာ’ ၌ အတ္တကို ရှု၏။

--

(၄) (က) ပြုပြင်မှု ‘သင်္ခါရ’ တို့ကို အတ္တဟု ရှု၏။ (ခ) သို့မဟုတ် အတ္တကို ပြုပြင်မှု ‘သင်္ခါရ’ ရှိ၏ဟု ရှု၏ (အတ္တမှာ သင်္ခါရရှိ၏၊ တစ်နည်း-သင်္ခါရရှိသော အတ္တဟု ရှု၏)။ (ဂ) သို့မဟုတ် အတ္တ၌ ပြုပြင်မှု ‘သင်္ခါရ’ တို့ကို ရှု၏။ (ဃ) သို့မဟုတ် ပြုပြင်မှု ‘သင်္ခါရ’ တို့၌ အတ္တကို ရှု၏။

(၅) (က) အထူးသိမှု ‘ဝိညာဏ်’ ကို အတ္တဟု ရှု၏။ (ခ) သို့မဟုတ် အတ္တကို အထူးသိမှု ‘ဝိညာဏ်’ ရှိ၏ဟု ရှု၏ (အတ္တမှာ ဝိညာဏ်ရှိ၏၊ တစ်နည်း- ဝိညာဏ်ရှိသော အတ္တဟု ရှု၏)။ (ဂ) သို့မဟုတ် အတ္တ၌ အထူးသိမှု ‘ဝိညာဏ်’ ကို ရှု၏။ (ဃ) သို့မဟုတ် အထူးသိမှု ‘ဝိညာဏ်’ ၌ အတ္တကို ရှု၏။ ဤသို့သဘောရှိသော အကြင်အမြင်မှားမှု ‘ဒိဋ္ဌိ’။ (ခြောက်ဆယ့်နှစ်ပါးသော) အမြင်မှားမှုတို့၌ ပါဝင်ခြင်းသဘော ‘ဒိဋ္ဌိဂတ’။ (အမြင်မှန်ကို ပိတ်ဆီးတတ်သော) အမြင်မှားမှု တောအုပ် ‘ဒိဋ္ဌိဂဟန’ ၊ အမြင် မှန်သို့ မရောက်နိုင်အောင် ခက်ခဲစေသော) အမြင်မှားမှု ခရီးခဲ ‘ဒိဋ္ဌိကန္တာရ’။ (သမ္မာဒိဋ္ဌိကို) ထွင်းဖောက် ဖျက်ဆီးခြင်းသဘော ‘ဒိဋ္ဌိဝိသူကာယိက’ ၊ အမြင်မှားမှုတည်းဟူသောဖောက်ပြန်တုန်လှုပ်ခြင်းသဘော ‘ဒိဋ္ဌိဝိပ္ဖန္ဒိတ’။ (ဝဋ်ဆင်းရဲ၌) တုပ်နှောင်ကြောင်းဖြစ်သော အမြင်မှားမှု ‘ဒိဋ္ဌိသံယောဇန’။ (အာရုံကို မှားသော အားဖြင့်) မြဲစွာ ယူတတ်သော သဘော (အယူသည်းသောသဘော) ‘ဂါဟ’။ (အမြင်မှားမှု၏) တည်ရာ ဖြစ်သော သဘော ‘ပတိဋ္ဌာဟ’ « (အာရုံကိုမှားသောအားဖြင့်) ထပ်ကာထပ်ကာ မြဲစွာ ယူတတ်သော သဘော ‘ပဋိဂ္ဂါဟ’ ]၊ မှားသောအားဖြင့်နှလုံးသွင်းတတ်သော သဘော ‘အဘိနိဝေသ’ ၊ မှားသောအားဖြင့် သုံးသပ်တတ်သော သဘော ‘ပရာမာသ’ ၊ စက်ဆုပ်အပ်သော လမ်းစဉ် ‘ကုမ္မဂ္ဂ’ ၊ မှားသော ခရီးလမ်း ကြောင်း ‘မိစ္ဆာပထ’ ၊ မှားယွင်းသော သဘော ‘မိစ္ဆာတ္တ’ ၊ မှားသော အယူတည်းဟူသော အကျိုးမဲ့တို့၏ တည်ရာ ‘တိတ္ထာယတန’ ၊ ဖောက်ပြန်မှားယွင်းသောအားဖြင့် စွဲယူခြင်းသဘော ‘ဝိပရိယာသဂ္ဂါဟ’ သည် (ရှိ၏)။ ဤ (ဆိုအပ်ခဲ့ပြီးသော) သဘောကို ထင်ရှားရှိသော (ခန္ဓာငါးပါးဟု ဆိုအပ်သော) ကိုယ်၌ (ငါဟူ၍) အမြင်မှားမှု ‘သက္ကာယဒိဋ္ဌိ’ ဟု ဆိုအပ်၏။ (စာပိုဒ် ၃၈၁-ကြည့်)

ဝိစိကိစ္ဆာ

၁၀၀၈။ ထို (သံယောဇဉ် သုံးပါးတို့) တွင် ယုံမှားမှု ဝိစိကိစ္ဆာ’ ဟူသည် အဘယ်နည်း။ မြတ်စွာဘုရား၌ ယုံမှား၏, တွေးတော၏ (မဆုံးဖြတ်နိုင်ဘဲ ပင်ပန်း၏)၊ တရား၌ ယုံမှား၏၊ တွေးတော၏၊ သံဃာ၌ ယုံမှား၏၊ တွေးတော၏၊ အကျင့် ‘သိက္ခာ’၌ ယုံမှား၏၊ တွေးတော၏၊ ရှေ့အဖို့၌ (ဖြစ်ပြီးသောခန္ဓာစသည်တို့၌) ယုံမှား၏၊ တွေးတော၏၊ နောက်အဖို့၌ (ဖြစ်လတ္တံ့သော ခန္ဓာစသည်တို့၌) ယုံမှား၏၊ တွေးတော၏၊ ရှေ့အဖို့ နောက်အဖို့၌ (ဖြစ်ပြီး ဖြစ်လတ္တံ့သော ခန္ဓာစသည်တို့၌) ယုံမှား၏၊ တွေးတော၏၊ ဤ (ဇရာ မရဏစသည်တို့၏) အကြောင်းတရား (ဇာတိစသော ထိုထိုအကြောင်း) ကို စွဲ၍ဖြစ်သော အကျိုးတရားတို့၌ ယုံမှား၏၊ တွေးတော၏ (မဆုံးဖြတ်နိုင်ဘဲ ပင်ပန်း၏)။ ဤသို့သဘောရှိသော အကြင်ယုံမှားမှု ‘ကင်္ခါ’၊ ယုံမှားပုံအခြင်းအရာ ‘ကင်္ခါယနာ’၊ ယုံမှားတတ်သည်၏အဖြစ် ‘ကင်္ခါယိတတ္တ’၊ မသိခြင်း (တွေးတောခြင်း) ‘ဝိမတိ’၊ သဘာဝကို စဉ်းစားလျှင် (မဆုံးဖြတ်နိုင်၍) ပင်ပန်းကြောင်းသဘော ‘ဝိစိကိစ္ဆာ’၊ မှန်မမှန် (မဆုံးဖြတ်နိုင်၍) နှစ်မျိုးအားဖြင့် တုန်လှုပ်တတ်သောသဘော ‘ဒွေဠှက’၊ လမ်းနှစ်ခွနှင့်တူသော သဘော ‘ဒွေဓာပထ’၊ ထက်ဝန်းကျင်မှ ဖြစ်တတ် (ယုံမှားတတ်) သော သဘော ‘သံသယ’၊ ဧကန္တအားဖြင့် ယူခြင်းငှါ မစွမ်းနိုင်ခြင်းသဘော ‘အနေကံသဂ္ဂါဟ’။ (ဆုံးဖြတ်ခြင်းငှါ မစွမ်းနိုင်၍) အာရုံမှ ဆုတ်နစ်တတ်သော သဘော ‘အာသပ္ပန’။ (ဆုံးဖြတ်ခြင်းငှါ မစွမ်းနိုင်၍) (အာရုံ၏) ထက်ဝန်းကျင်၌ (တဝဲလည်လည်) ရွေ့လျားနေတတ်သော သဘော ‘ပရိသပ္ပန’။ (ဆုံးဖြတ်ခြင်းငှါ မစွမ်းနိုင်၍ အာရုံ၌ ဉာဏ်ဖြင့်) မသက်ဝင်နိုင်ခြင်းသဘော ‘အပရိယောဂါဟန’။ (ဆုံးဖြတ်ခြင်းငှါမစွမ်းနိုင်၍) စိတ်၏ ခက်တရော်သည်၏အဖြစ် ‘ထမ္ဘိတတ္တံ စိတ္တဿ’၊ စိတ်ကို ရေးခြစ်သကဲ့သို့ (ရှုပ်ရှုပ်ထွေးထွေး) ဖြစ်တတ်သော သဘော ‘မနောဝိလေခ’ သည် (ရှိ၏)။ ဤ (ဆိုအပ်ခဲ့ပြီးသော) သဘောကိုယုံမှားမှု ‘ဝိစိကိစ္ဆာ’ ဟု ဆိုအပ်၏။ (စာပိုဒ် ၄၂၅-ကြည့်)

--

သီလဗ္ဗတပရာမာသ

၁၀၀၉။ ထို (သံယောဇဉ်သုံးပါးတို့) တွင် (နွား, ခွေး စသည်တို့၏) အလေ့အကျင့်တို့ကို (စင်ကြယ်၏ဟု) မှားသောအားဖြင့် သုံးသပ်မှု ‘သီလဗ္ဗတပရာမသ’ ဟူသည် အဘယ်နည်း။ ဤသာသနာတော်မှ အပဖြစ်ကုန်သော ရဟန်း, ပုဏ္ဏားတို့၏ (နွား, ခွေး စသည်တို့၏) အလေ့ ‘သီလ’ ဖြင့် (ကိလေသာမှ) စင်ကြယ်၏။ (နွား, ခွေးစသည်တို့၏) အကျင့် ‘ဝတ’ ဖြင့် (ကိလေသာမှ) စင်ကြယ်၏။ (နွား, ခွေးစသည်တို့၏) အလေ့အကျင့် ‘သီလဗ္ဗတ’ ဖြင့် (ကိလေသာမှ) စင်ကြယ်၏ဟုဤသို့ သဘောရှိသော အကြင်အမြင်မှားမှု (ခြောက်ဆယ့်နှစ်ပါးသော) အမြင်မှားမှုတို့၌ ပါဝင်ခြင်းသဘော။ (အမြင်မှန်ကို ပိတ်ဆီးတတ်သော) အမြင်မှားမှု တောအုပ်။ (အမြင်မှန်သို့ မရောက်နိုင်အောင် ခက်ခဲစေသော) အမြင်မှားမှု ‘ခရီးခဲ’။ (သမ္မာဒိဋ္ဌိကို) ထွင်းဖောက် ဖျက်ဆီးခြင်းသဘော၊ အမြင်မှားမှုတည်းဟူသော ဖောက်ပြန် တုန်လှုပ်ခြင်းသဘော။ (ဝဋ်ဆင်းရဲ၌) တုပ်နှောင်ကြောင်းဖြစ်သော အမြင်မှားမှု။ (အာရုံကို မှားသောအားဖြင့်) မြဲစွာ ယူတတ်သော သဘော (အယူသည်းသော သဘော)။ (အမြင်မှားမှု၏) တည်ရာဖြစ်သော သဘော၊ မှားသော အားဖြင့် နှလုံးသွင်း တတ်သော သဘော၊ မှားသောအားဖြင့် သုံးသပ်တတ်သော သဘော၊ စက်ဆုပ်အပ်သော လမ်းစဉ်၊ မှားသော ခရီးလမ်းကြောင်း၊ မှားယွင်းသော သဘော၊ မှားသော အမြင်တည်းဟူသော အကျိုးမဲ့တို့၏ဖြစ်ရာ၊ ဖောက်ပြန်မှားယွင်းသောအားဖြင့် စွဲယူခြင်းသဘောသည် (ရှိ၏)။ ဤ (ဆိုအပ်ခဲ့ပြီးသော) သဘောကို (နွား, ခွေးစသည်တို့၏) အလေ့အကျင့်တို့ကို (စင်ကြယ်၏ဟု) မှားသောအားဖြင့် သုံးသပ်မှု ‘သီလဗ္ဗတပရာမာသ’ ဟု ဆိုအပ်၏။ (စာပိုဒ် ၃၉၂- ကြည့်)

ဒဿနေန ပဟာတဗ္ဗတရား

၁၀၁၀။ ဤသံယောဇဉ်သုံးပါးတို့သည်လည်းကောင်း၊ ထိုသံယောဇဉ်တို့နှင့် (အတူတကွ) တွဲယှဉ်ကုန်သော, ပူပန်စေတတ် နှိပ်စက်တတ်သော ‘ကိလေသ’ တရားတို့သည်လည်းကောင်း၊ ထိုသံယောဇဉ်တို့နှင့် ယှဉ်သော ခံစားမှုအစု ‘ဝေဒနာက္ခန္ဓာ’။ပ။ အထူးသိမှု (စိတ်) အစု ‘ဝိညာဏက္ခန္ဓာ’ သည်လည်းကောင်း၊ ထိုသံယောဇဉ်တို့ကြောင့်ဖြစ်သော ကိုယ်ဖြင့်ပြုလုပ်မှု ‘ကာယကံ’၊ နှုတ်ဖြင့် ပြောဆိုမှု ‘ဝစီကံ’၊ စိတ်ဖြင့် ကြံစည်တွေးတောမှု ‘မနောကံ’ သည်လည်းကောင်း (ရှိ၏)။ ဤတရားတို့သည် သောတာပတ္တိမဂ်ဖြင့် ပယ်အပ်သော ‘ဒဿနေန ပဟာတဗ္ဗ’ တရားတို့ဖြစ်ကုန်၏ (ဒိဋ္ဌိသံယောဇဉ်, ဝိစိကိစ္ဆာသံယောဇဉ်, သီလဗ္ဗတပရာမာသသံယောဇဉ်, ထိုသံယောဇဉ်တို့နှင့် ယှဉ်သော စိတ်, စေတသိက်တရားများ)။

ဘာဝနာယ ပဟာတဗ္ဗတရား

၁၀၁၁။ (၂) အဘယ်တရားတို့သည် အထက်မဂ်သုံးပါးဖြင့် ပယ်အပ်သော ‘ဘာဝနာယပဟာတဗ္ဗ’ တရားတို့ ဖြစ်ကုန်သနည်း။

(သောတာ ပတ္တိမဂ်ပယ်အပ်သည်မှ) ကြွင်းကျန်သော လိုချင် တပ်မက်မှု ‘လောဘ’ ၊ ဖျက်ဆီးပြစ်မှားမှု ‘ဒေါသ’။ (အမှန်သဘော၌) တွေဝေမှု (အမှန်ကိုမသိမှု) ‘မောဟ’ သည်လည်းကောင်း၊ ထိုလိုချင်တပ်မက်မှု ‘လောဘ’ စသည်တို့နှင့် (အတူတကွ) ဖြစ်ကုန်သော ပူပန်စေတတ် နှိပ်စက်တတ်သော ‘ကိလေသ’ တရားတို့သည်လည်းကောင်း၊ ထိုလိုချင်တပ်မက်မှု ‘လောဘ’ စသည်တို့နှင့် ယှဉ်သော ခံစားမှုအစု ‘ဝေဒနာက္ခန္ဓာ’။ပ။ အထူးသိမှု (စိတ်) အစု ‘ဝိညာဏက္ခန္ဓာ’ သည်လည်းကောင်း၊ ထိုလိုချင်တပ်မက်မှု ‘လောဘ’ စသည်တို့ကြောင့်ဖြစ်သော ‘ကိုယ်ဖြင့် ပြုလုပ်မှု ‘ကာယကံ၊ နှုတ်ဖြင့် ပြောဆိုမှု ‘ဝစီကံ’ ၊ စိတ်ဖြင့် ကြံစည်ဧတွးတောမှု ‘မနောကံ’ သည်လည်းကောင်း (ရှိ၏)။ ဤတရားတို့သည် အထက်မဂ်သုံးပါးဖြင့် ပယ်အပ့်သော ‘ဘာဝနာယ ပဟာတဗ္ဗ’ တရားတို့ ဖြစ်ကုန်၏ (သောတာပတ္တိမဂ်သည် ပယ်အပ်သော တရားတို့မှကြွင်းသော ကိလေသာ, ထိုကိလေသာတို့နှင့် ယှဉ်သော စိတ်, စေတသိက်တရားများ)။

--

နေဝ ဒဿနေန န ဘာဝနာယ ပဟာတဗ္ဗတရား

၁၀၁၂။ (၃) အဘယ်တရားတို့သည် သောတာပတ္တိမဂ်ဖြင့်လည်းကောင်း၊ အထက်မဂ်သုံး ပါးဖြင့်လည်းကောင်း မပယ်အပ်သော ‘နေဝ ဒဿနေန နဘာဝနာယ ပဟာတဗ္ဗ’ တရားတို့ ဖြစ်ကုန်သ နည်း။ ကာမဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်ကုန်သော,ရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်ကုန်သော, အရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်ကုန်သော, ဘုံသုံးပါး၌ အကျုံးမဝင်ကုန်သော (လောကုတ္တရာ ဖြစ်သော) ကုသိုလ်တရား၊ ကုသိုလ် အကုသိုလ်အဖြစ်ဖြင့်မဟောအပ်သော ‘အဗျာကတ’ တရား ဖြစ်ကုန်သော ခံစားမှုအစု ‘ဝေဒနာက္ခန္ဓာ’။ပ။ အထူးသိမှု (စိတ်) အစု ‘ဝိညာဏက္ခန္ဓာ’ သည်လည်းကောင်း၊ ထို့ပြင် အလုံးစုံသော ရုပ်သည်လည်းကောင်း၊ ထို့ပြင် (ကံ, စိတ်, ဥတု, အာဟာရဟူသော အကြောင်းတရားတို့ မပြုပြင်အပ်သော သဘော ‘အသင်္ခတဓာတ်’ (နိဗ္ဗာန်) သည်လည်းကောင်း (ရှိ၏)။ ဤတရားတို့သည်သောတာပတ္တိမဂ်ဖြင့်လည်းကောင်း၊ အထက်မဂ်သုံးပါးတို့ဖြင့်လည်းကောင်း မပယ်အပ်သော ‘နေဝဒဿ နေန န ဘာဝနာယ ပဟာတဗ္ဗ’ တရားတို့ ဖြစ်ကုန်၏ (မဂ်လေးပါးတို့ဖြင့် မပယ်အပ်သောကုသိုလ်, ဝိပါက်, ကြိယာစိတ်, စေတသိက်, ရုပ်, နိဗ္ဗာန်တရားများ)။

၉-ဒဿနဟေတုတိက်

သောတာပတ္တိမဂ်ဖြင့် ပယ်အပ်သော ဟိတ်ရှိသောတရား

၁၀၁၃။ (၁) အဘယ်တရားတို့သည် သောတာပတ္တိမဂ်ဖြင့် ပယ်အပ်သော အ ကြောင်းရင်း (ဟိတ်) ရှိသော ‘ဒဿနေန ပဟာတဗ္ဗဟေတုက’ တရားတို့ဖြစ်ကုန်သနည်း၊ ထင်ရှားသော (ခန္ဓာငါးပါးဟု ဆိုအပ်သော) ကိုယ်၌ အမြင်မှားမှု ‘သက္ကာယဒိဋ္ဌိ’၊ ယုံမှားမှု ‘ဝိစိကိစ္ဆာ’။ (နွား, ခွေး စသည်တို့၏) အလေ့အကျင့်တို့ကို (စင်ကြယ်၏ဟု) မှားသောအားဖြင့်သုံးသပ်မှု ‘သီလဗ္ဗတပရာမာသ’ ဟူသော သံယောဇဉ်သုံးပါးတို့သည် (သောတာပတ္တိမဂ်ဖြင့် ပယ်အပ်သောဟိတ်ရှိသော သံယောဇဉ် တို့ဖြစ်ကုန်၏)။

သက္ကာယဒိဋ္ဌိ

၁၀၁၄။ ထို (သံယောဇဉ်သုံးပါးတို့) တွင် ထင်ရှားရှိသော (ခန္ဓာငါးပါးဟု ဆိုအပ်သော) ကိုယ်၌ (ငါဟူ၍) အမြင်မှားမှု ‘သက္ကာယဒိဋ္ဌိ’ ဟူသည် အဘယ်နည်း။ပ။ ဤ (ဆိုအပ်ခဲ့ပြီးသောသဘောကိုထင်ရှားရှိသော ကိုယ်၌ အမြင်မှားမှု ‘သက္ကာယဒိဋ္ဌိ’ ဟု ဆိုအပ်၏။ (စာပိုဒ်၁၀၀၇- ကြည့်)

ဝိစိကိစ္ဆာ

၁၀၁၅။ ထို (သံယောဇဉ်သုံးပါးတို့) တွင် ယုံမှားမှု ‘ဝိစိကိစ္ဆာ’ ဟူသည် အဘယ်နည်း။ပ။ ဤ (ဆိုအပ်ခဲ့ပြီးသော သဘောကို ယုံမှားမှု ‘ဝိစိကိစ္ဆာ’ ဟု ဆိုအပ်၏။ (စာပိုဒ်၁၀၀၈-ကြည့်)

သီလဗ္ဗတပရာမာသ

၁၀၁၆။ ထို (သံယောဇဉ်သုံးပါးတို့) တွင် (နွား, ခွေးစသည်တို့၏) အလေ့အကျင့်တို့ကို (စင်ကြယ်၏ဟု) မှားသောအားဖြင့် သုံးသပ်မှု ‘သီလဗ္ဗတပရာမာသ’ ဟူသည် အဘယ်နည်း။ပ။ ဤသဘောကို (နွား, ခွေးစသည်တို့၏) အလေ့အကျင့်တို့ကို (စင်ကြယ်၏ဟု) မှားသောအားဖြင့် သုံးသပ်မှု ‘သီလဗ္ဗတပရာမာသ’ ဟု ဆိုအပ်၏။ (စာပိုဒ်၁၀၀၉-ကြည့်)

--

ဒဿနေန ပဟာတဗ္ဗဟေတုကတရား

၁၀၁၇။ ဤသံယောဇဉ်သုံးပါးတို့သည်လည်းကောင်း၊ ထိုသံယောဇဉ်တို့နှင့် အတူတကွ ဖြစ်ကုန်သော, ပူပန်စေတတ် နှိပ်စက်တတ်သော ‘ကိလေသ’ တရားတို့သည်လည်းကောင်း၊ ထိုသံယောဇဉ်တို့နှင့် ယှဉ်သော ခံစားမှုအစု ‘ဝေဒနာက္ခန္ဓာ’။ပ။ အထူးသိမှု (စိတ်) အစု ‘ဝိညာဏက္ခန္ဓာ’ သည်လည်းကောင်း၊ ထိုသံယောဇဉ်ကြောင့် ဖြစ်သော ကိုယ်ဖြင့် ပြုလုပ်မှု ‘ကာယကံ’၊ နှုတ်ဖြင့် ပြောဆိုမှု ‘ဝစီကံ’၊ စိတ်ဖြင့် ကြံစည်တွေးတောမှု ‘မနောကံ’ သည်လည်းကောင်း (ရှိ၏)။ ဤတရားတို့သည် သောတာပတ္တိမဂ်ဖြင့် ပယ်အပ်သော အကြောင်းရင်း ‘ဟိတ်'ရှိကုန်သော ‘ဒဿနေန ပဟာတဗ္ဗဟေတုက’ တရားတို့ ဖြစ်ကုန်၏။ ထင်ရှားရှိသော ကိုယ်၌ အမြင်မှားမှု ‘သက္ကာယဒိဋ္ဌိ’၊ ယုံမှားမှု ‘ဝိစိကိစ္ဆာ’။ (နွား, ခွေးစသည်တို့၏) အလေ့အကျင့်တို့ကို (စင်ကြယ်၏ဟု) မှားသောအားဖြင့် သုံးသပ်မှု ‘သီလဗ္ဗတပရာမာသ’ ဟူသောသံယောဇဉ်သုံးပါးတို့သည် (ရှိကုန်၏)။ ဤတရားတို့သည် သောတာပတ္တိမဂ်ဖြင့် ပယ်အပ်သော ‘ဒဿနေနပဟာတဗ္ဗ’ တရားတို့တည်း။ ထိုသံယောဇဉ်တို့နှင့် အတူတကွ ဖြစ်သော လိုချင်တပ်မက်မှု ‘လောဘ’၊ ဖျက်ဆီးပြစ်မှားမှု ‘ဒေါသ’။ (အမှန်သဘော၌) တွေဝေမှု (အမှန်ကိုမသိမှု) ‘မောဟ’ သည် (ရှိ၏)။ ဤတရားတို့သည် နိဗ္ဗာန်ကိုရှေးဦးစွာ မြင်တတ်သော သောတာပတ္တိမဂ်သည် ပယ်ရှားအပ်သော အကြောင်းရင်း (ဟိတ်) တို့တည်း။ ထိုသံယောဇဉ်တို့နှင့် အတူတကွ ဖြစ်ကုန်သော ပူပန်စေတတ် နှိပ်စက်တတ်သော ‘ကိလေသ’ တရားတို့သည်လည်းကောင်း ထိုသံယောဇဉ်တို့နှင့် ယှဉ်သော ခံစားမှုအစု ‘ဝေဒနာက္ခန္ဓာ’။ပ။ အထူးသိမှု (စိတ်) အစု ‘ဝိညာဏက္ခန္ဓာ’ သည်လည်းကောင်း၊ ထိုသံယောဇဉ်တို့ကြောင့်ဖြစ်သော ကိုယ်ဖြင့် ပြုလုပ်မှု ‘ကာယကံ’၊ နှုတ်ဖြင့် ပြောဆိုမှု ‘ဝစီကံ’၊ စိတ်ဖြင့် ကြံစည်တွေးတောမှု ‘မနောကံ’ သည်လည်းကောင်း (ရှိ၏)။ ဤတရားတို့သည် သောတာပတ္တိမဂ်ဖြင့် ပယ်အပ်သော အကြောင်းရင်း (ဟိတ်) ရှိသော ‘ဒဿနေနပဟာတဗ္ဗဟေတုက’ တရားတို့ ဖြစ်ကုန်၏။

ဘာဝနာယ ပဟာတဗ္ဗဟေတုကတရား

၁၀၁၈။ (၂) အဘယ်တရားတို့သည် အထက်မဂ်သုံးပါးဖြင့် ပယ်အပ်သော အကြောင်းရင်း (ဟိတ်) ရှိသော ‘ဘာဝနာယ ပဟာတဗ္ဗဟေတုက’ တရားတို့ ဖြစ်ကုန်သနည်း။

(သောတာပတ္တိမဂ်ဖြင့် ပယ်အပ်သော ဟိတ်ရှိသော တရားတို့မှ) ကြွင်းကျန်သော လိုချင်တပ်မက်မှု ‘လောဘ’ ၊ ဖျက်ဆီးပြစ်မှားမှု ‘ဒေါသ’။ (အမှန်သဘော၌) တွေဝေမှု (အမှန်ကို မသိမှု) ‘မောဟ’ သည် (ရှိ၏)။ ဤတရားတို့သည် အထက်မဂ်သုံးပါးဖြင့် ပယ်အပ် သော အကြောင်းရင်း (ဟိတ်) တို့တည်း။ ထိုလိုချင်တပ်မက်မှု ‘လောဘ’ စသည်တို့နှင့် အတူတကွ ဖြစ်ကုန်သော, ပူပန်စေတတ်သော,နှိပ်စက်တတ်သော ‘ကိလေသ’ တရားတို့သည်လည်းကောင်း၊ ထိုလိုချင်တပ်မက်မှု ‘လောဘ’ စသည်တို့နှင့်ယှဉ်သော ခံစားမှုအစု ‘ဝေဒနာက္ခန္ဓာ’။ပ။ အထူးသိမှု (စိတ်) အစု ‘ဝိညာဏက္ခန္ဓာ’ သည်လည်းကောင်း၊ ထိုလိုချင်တပ်မက်မှု ‘လောဘ’ စသည်တို့ကြောင့်ဖြစ်သော ကိုယ်ဖြင့် ပြုလုပ်မှု ‘ကာယကံ’ , နှုတ်ဖြင့်ပြောဆိုမှု ‘ဝစီကံ’ , စိတ်ဖြင့် ကြံစည်တွေးတောမှု ‘မနောကံ’ သည်လည်းကောင်း (ရှိ၏)။ ဤတရားတို့သည် အထက်မဂ်သုံးပါးဖြင့် ပယ်အပ်သော အကြောင်းရင်း (ဟိတ်) ရှိသော ‘ဘာဝနာယ ပဟာတဗ္ဗဟေတုက’ တရားတို့ ဖြစ်ကုန်၏။

မဂ်လေးပါးဖြင့် ပယ်အပ်သော ဟိတ်မရှိသောတရား

၁၀၁၉။ (၃) အဘယ်တရားတို့သည်သောတာပတ္တိမဂ်ဖြင့်လည်းကောင်း၊ အထက်မဂ်သုံး ပါးဖြင့်လည်းကောင်း၊ ပယ်အပ်သောအကြောင်းရင်း (ဟိတ်) မရှိသော ‘နေဝ ဒဿနေန န ဘာဝနာယ ပဟာတဗ္ဗဟေတုက’ တရားတို့ဖြစ်ကုန်သနည်း။

--

ထို (မဂ်လေးပါးဖြင့် ပယ်အပ်သော ဟိတ်ရှိသော) တရားတို့ကို ချန်ထား၍ ကာမဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်ကုန်သော, ရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်ကုန်သော, အရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်ကုန်သော, ဘုံသုံးပါး၌ အကျုံးမဝင်ကုန်သော, ကြွင်းကျန်ကုန်သော ကုသိုလ်တရား၊ အကုသိုလ်တရား၊ ကုသိုလ် အကုသိုလ် အဖြစ်ဖြင့် မဟောအပ်သော, ‘အဗျာကတ’ တရားဖြစ်ကုန်သောခံစားမှုအစု ‘ဝေဒနာက္ခန္ဓာ’ ၊ မှတ်သားမှုအစု ‘သညာက္ခန္ဓာ’ ၊ ပြုပြင်မှုအစု ‘သင်္ခါရက္ခန္ဓာ’ ၊ အထူးသိမှု (စိတ်) အစု ‘ဝိညာဏက္ခန္ဓာ’ သည်လည်းကောင်း၊ ထို့ပြင် အလုံးစုံသော ရုပ်သည်လည်းကောင်း၊ ထို့ပြင် (ကံ, စိတ်,ဥတု, အာဟာရဟူသော အကြောင်းတရားတို့) မပြုပြင်အပ်သောသဘော ‘အသင်္ခတဓာတ်’ (နိဗ္ဗာန်) သည်လည်းကောင်း (ရှိ၏)။ ဤတရားတို့သည် သောတာပတ္တိမဂ်ဖြင့်လည်းကောင်း၊ အထက်မဂ်သုံးပါးဖြင့်လည်းကောင်း ပယ်အပ်သော အကြောင်းရင်း (ဟိတ်) မရှိသော ‘နေဝဒဿနေန န ဘာဝနာယ ပဟာတဗ္ဗဟေတုက’ တရားတို့ ဖြစ်ကုန်၏။

၁၀-အာစယဂါမိတိက့်အာစယဂါမိတရား

၁၀၂၀။ (၁) အဘယ်တရားတို့သည် ပဋိသန္ဓေ စုတိသို့ ရောက်ကြောင်းဖြစ်သော (ရောက်စေတတ်သော) ‘အာစယဂါမိ’ တရားတို့ ဖြစ်ကုန်သနည်း။

ကာမဘုံ၌ ကျင်လည်သက်ဝင်၍ဖြစ်ကုန်သော, ရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်ကုန်သော, အရူပဘုံ၌ ကျင်လည်သက်ဝင်၍ဖြစ်ကုန်သော, အာသဝေါတရားတို့၏ အာရုံဖြစ်ကုန်သော, ကုသိုလ်တရားဖြစ်ကုန် သော,အကုသိုလ်တရားဖြစ်ကုန်သော ခံစားမှုအစု ‘ဝေဒနာက္ခန္ဓာ’။ပ။ အထူးသိမှု (စိတ်) အစု ‘ဝိညာဏက္ခန္ဓာ’ သည် (ရှိ၏)။ ဤတရားတို့သည် ကံ ကိလေသာတို့ ဆည်းပူးအပ်သော ပဋိသန္ဓေ စုတိသို့ရောက်ကြောင်းဖြစ်သော (ရောက်စေတတ်သော) ‘အာစယဂါမိ’ တရားတို့ ဖြစ်ကုန်၏ (ပဋိသန္ဓေ စုတိသို့ရောက်စေတတ်သော လောကီကုသိုလ်, အကုသိုလ်စိတ်နှင့် စေတသိက်များ)။

အပစယဂါမိတရား

၁၀၂၁။ (၂) အဘယ်တရားတို့သည် နိဗ္ဗာန်သို့ရောက်ကြောင်း ဖြစ်သော (ရောက်စေတတ်သော) ‘အပစယဂါမိ’ တရားတို့ ဖြစ်ကုန်သနည်း။

ဘုံသုံးပါး ၌ အကျုံးမဝင်ကုန်သောမဂ်လေးပါးတို့သည် (ရှိကုန်၏)။ ဤတရားတို့သည် နိဗ္ဗာန်သို့ ရောက်ကြောင်း ဖြစ်သော (ရောက်စေတတ်သော) ‘အပစယဂါမိ’ တရားတို့ ဖြစ်ကုန်၏ (နိဗ္ဗာန်သို့ ရောက်စေတတ်သောမဂ်စိတ်လေးပါးနှင့် စေတသိက်များ)။

နေဝ အာစယဂါမိ န အပစယဂါမိတရား

၁၀၂၂။ (၃) အဘယ်တရားတို့သည် ပဋိသန္ဓေ စုတိသို့ ရောက်ကြောင်း (ရောက်စေတတ်သည်) လည်း မဟုတ်၊ နိဗ္ဗာန်သို့ ရောက်ကြောင်း (ရောက်စေတတ်သည်) လည်း မဟုတ်သော ‘နေဝ အာစယဂါမိ န အပစယ ဂါမိ’ တရားတို့ဖြစ်ကုန်သနည်း။

ကာမဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်ကုန်သော, ရူပဘုံ၌ ကျင်လည် သက်ဝင်၍ဖြစ်ကုန်သော, အရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်ကုန်သော, ဘုံသုံးပါး၌ အကျုံး မဝင်ကုန်သော,ကုသိုလ် အကုသိုလ်တရားတို့၏ အကျိုး ‘ဝိပါက်’ ဖြစ်ကုန်သော ခံစားမှုအစု ‘ဝေဒနာက္ခန္ဓာ’။ပ။ အထူးသိမှု (စိတ်) အစု ‘ဝိညာဏက္ခန္ဓာ’ သည်လည်းကောင်း၊ ထို့ပြင် ကုသိုလ်လည်း မဟုတ်ကုန် သော,အကုသိုလ်လည်း မဟုတ်ကုန်သော, (ကုသိုလ် အကုသိုလ်) ကံတို့၏ အကျိုး ‘ဝိပါက်’ လည်း မဟုတ်ကုန်သော, ပြုကာမျှ ‘ကိရိယာ’ ဖြစ်ကုန်သော အကြင်တရားတို့သည်လည်းကောင်း၊ ထို့ပြင်အလုံးစုံသော ရုပ်သည်လည်းကောင်း၊ ထို့ပြင် (ကံ, စိတ်, ဥတု, အာဟာရတို့) မပြုပြင်အပ်သော သဘော ‘အသင်္ခတ ဓာတ်’ (နိဗ္ဗာန်) သည်လည်းကောင်း (ရှိ၏)။ ဤတရားတို့သည် ပဋိသန္ဓေ စုတိသို့ရောက်ကြောင်း (ရောက်စေတတ်သည်) လည်း မဟုတ်၊ နိဗ္ဗာန်သို့ ရောက်ကြောင်း (ရောက်စေတတ်သည်) လည်း မဟုတ်သော ‘နေဝ အာစယဂါမိ န အပစယဂါမိ’ တရားတို့ ဖြစ်ကုန်၏ (ပဋိသန္ဓေ စုတိသို့လည်း မရောက် စေတတ်၊ နိဗ္ဗာန်သို့လည်း မရောက်စေတတ်သော ဝိပါက်,ကြိယာစိတ်နှင့် စေတသိက်များ)။

--

၁၁-သေက္ခတိက်

သေက္ခတရား

၁၀၂၃။ (၁) အဘယ်တရားတို့သည် (အရဟတ္တဖိုလ်သို့ ရောက်ရန်) ကျင့်ဆဲသေက္ခပုဂ္ဂိုလ်ခုနစ်ယောက်တို့၏ ဥစ္စာဖြစ်သော ‘သေက္ခ’ တရားတို့ ဖြစ်ကုန်သနည်း။

ဘုံ သုံးပါး၌ အကျုံးမဝင်ကုန်သော မဂ်လေးပါး၊ ထို့ပြင် အောက်ဖြစ်သော ကိလေသာငြိမ်းကြောင်း မဂ်၏ အကျိုးဖြစ်သော ‘သာမညဖိုလ်’ (အောက်ဖိုလ်သုံးပါး) သုံးပါးတို့သည် (ရှိကုန်၏)။ ဤတရားတို့သည် (အရဟတ္တဖိုလ်သို့ ရောက်ရန်) ကျင့်ဆဲသေက္ခပုဂ္ဂိုလ် ခုနစ်ယောက်တို့၏ ဥစ္စာဖြစ်သော ‘သေက္ခ’ တရားတို့ဖြစ်ကုန်၏ (မဂ်ပုဂ္ဂိုလ် လေးယောက် အောက်ဖိုလ်ပုဂ္ဂိုလ် သုံးယောက်ဟု ဆိုအပ်သော သေက္ခပုဂ္ဂိုလ်ခုနစ်ယောက်တို့၏ ဥစ္စာဖြစ်သော မဂ်စိတ်လေးခု အောက်ဖိုလ်စိတ် သုံးခုနှင့် စေတသိက်များ)။

အသေက္ခတရား

၁၀၂၄။ (၂) အဘယ်တရားတို့သည် (အရဟတ္တဖိုလ်သို့ ရောက်ပြီးဖြစ်သော) ကျင့်ပြီးအသေက္ခ (ရဟန္တာ) ပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော ‘အသေက္ခ’ တရား ဖြစ် ကုန်သနည်း။

အထက်၌့တည်သော (ရဟန္တာဖြစ်ကြောင်း) အရဟတ္တမဂ်၏ အကျိုး (အရဟတ္တဖိုလ်) သည် (ရှိ၏)။ ဤတရားတို့သည် အသေက္ခ (ရဟန္တာ) ပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော ‘အသေက္ခ’ တရား ဖြစ်ကုန်၏ (ရဟန္တာပုဂ္ဂိုလ်၏ ဥစ္စာဖြစ်သော အရဟတ္တဖိုလ်စိတ်နှင့် စေတသိက်များ)။

နေဝ သေက္ခ နာ'သေက္ခတရား

၁၀၂၅။ (၃) အဘယ်တရားတို့သည် (အရဟတ္တဖိုလ်သို့ ရောက်ရန်) ကျင့်ဆဲသေက္ခပုဂ္ဂိုလ် ခုနစ်ယောက်တို့၏ ဥစ္စာလည်း မဟုတ်သော, (အရဟတ္တဖိုလ်သို့ရောက်ပြီးဖြစ်သော) ကျင့်ပြီးအသေက္ခ (ရဟန္တာ) ပုဂ္ဂိုလ်တို့၏ ဥစ္စာ လည်း မဟုတ်သော ‘နေဝသေက္ခနာသေက္ခ’ တရား ဖြစ်ကုန်သနည်း (အရိယာပုဂ္ဂိုလ်ရှစ်ယောက်တို့၏ ဥစ္စာမဟုတ်သော တရားများကားအဘယ်နည်း)။ ထို (ဟောပြီး) တရားတို့ကို ချန်ထား၍ ကာမဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်ကုန်သော,ရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်ကုန်သော, အရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်ကုန်သော,ကြွင်းကျန်ကုန်သော (လောကီ) ကုသိုလ်တရား၊ အကုသိုလ်တရား၊ ကုသိုလ် အကုသိုလ်အဖြစ်ဖြင့်မဟောအပ်သော, (လောကီ) ‘အဗျာကတ’ တရားဖြစ်ကုန်သော ခံစားမှုအစု ‘ဝေဒနာက္ခန္ဓာ’။ပ။ အထူးသိမှု (စိတ်) အစု ‘ဝိညာဏက္ခန္ဓာ’ သည်လည်းကောင်း၊ ထို့ပြင် အလုံးစုံသော ရုပ်သည်လည်းကောင်း၊ ထို့ပြင် (ကံ, စိတ်, ဥတု, အာဟာရတည်းဟူသော အကြောင်းတရားတို့ မပြုပြင်အပ်သော သဘော ‘အသင်္ခတဓာတ်’ (နိဗ္ဗာန်) သည်လည်းကောင်း (ရှိ၏)၊ ဤတရားတို့သည် (အရဟတ္တဖိုလ်သို့ ရောက်ရန်) ကျင့်ဆဲသေက္ခပုဂ္ဂိုလ်ခုနစ်ယောက်တို့၏ ဥစ္စာလည်း မဟုတ်သော, (အရ ဟတ္တဖိုလ်သို့ရောက်ပြီးဖြစ်သော) ကျင့်ပြီးအသေက္ခ (ရဟန္တာ) ပုဂ္ဂိူလ်တို့၏ ဥစ္စာလည်း မဟုတ် ကုန်သော (အရိယာပုဂ္ဂိုလ်ရှစ်ယောက်တို့၏ ဥစ္စာမဟုတ်သော) ‘နေဝသေက္ခ နာသေက္ခ’ တရား ဖြစ်ကုန်၏ (လောကီစိတ် ၈၁, စေတသိက်, ရုပ်, နိဗ္ဗာန်တရားများ)။

--

၁၂-ပရိတ္တတိက်

ပရိတ္တတရား

၁၀၂၆။ (၁) အဘယ်တရားတို့သည် နည်းပါးသော အာနုဘော်ရှိသော ‘ပရိတ္တ’ တရားဖြစ်ကုန်သနည်း။

အလုံးစုံသော ကာမဘုံ၌ ကျင်လည်သက်ဝင်၍သာ ဖြစ်ကုန်သော ကုသိုလ်တရား၊ အကုသိုလ်တရား၊ ကုသိုလ် အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သော ‘အဗျာကတ’ တရားဖြစ်ကုန်သောရုပ်အစု ‘ရူပက္ခန္ဓာ’။ပ။ အထူးသိမှု (စိတ်) အစု ‘ဝိညာဏက္ခန္ဓာ’ သည် (ရှိ၏)။ ဤတရားတို့သည်နည်းပါးသော အာနုဘော်ရှိသော ‘ပရိတ္တ’ တရား ဖြစ်ကုန်၏ (ကာမစိတ် ငါးဆယ့်လေးခု, ယှဉ်ဖက်စေတသိက်နှင့် ရုပ်တရားများ)။

မဟဂ္ဂတတရား

၁၀၂၇။ (၂) အဘယ်တရားတို့သည် ကြီးကျယ်မြင့်မြတ်သည်၏ အဖြစ်သို့ ရောက်သော ‘မဟဂ္ဂတ’ တရား ဖြစ်ကုန်သနည်း။

ရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်ကုန်သော, အရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်ကုန်သော, ကုသိုလ်တရား၊ ကုသိုလ် အကုသိုလ် အဖြစ်ဖြင့် မဟောအပ်သော ‘အဗျာကတ’ တရား ဖြစ်ကုန်သော ခံစားမှုအစု ‘ဝေဒနာက္ခန္ဓာ’။ပ။ အထူးသိမှု (စိတ်) အစု ‘ဝိညာဏက္ခန္ဓာ’ သည် (ရှိ၏)။ ဤတရားတို့သည် ကြီးကျယ်မြင့်မြတ်သည်၏ အဖြစ်သို့ ရောက်ကုန်သော ‘မဟဂ္ဂတ’ တရား ဖြစ်ကုန်၏ (မဟဂ္ဂုတ်စိတ်, စေတသိက်များ)။

အပ္ပမာဏတရား

၁၀၂၈။ (၃) အဘယ်တရားတို့သည် (နှိုင်းယှဉ်မှုကို ပြုတတ်သော အတိုင်းအရှည်ရှိသော တပ်မက်မှု ‘ရာဂ’ တရားစသည်တို့၏ ဆန့်ကျင်ဘက်ဖြစ်သည့်) မနှိုင်းယှဉ်အပ်သော ‘အပ္ပမာဏ’ တရား ဖြစ်ကုန်သနည်း။

ဘုံသုံးပါး၌ အကျုံးမဝင်ကုန်သော မဂ်တို့သည်လည်းကောင်း၊ ထို့ပြင် မဂ်၏ အကျိုး (ဖိုလ်) တို့သည်လည်းကောင်း၊ ထို့ပြင် (ကံ, စိတ်, ဥတု, အာဟာရဟူသောအကြောင်းတရားတို့) မပြုပြင်အပ်သော သဘော ‘အသင်္ခတဓာတ်’ (နိဗ္ဗာန်) သည်လည်းကောင်း (ရှိ၏)။ ဤတရားတို့သည် (နှိုင်းယှဉ်မှုကို ပြုတတ်သော အတိုင်းအရှည်ရှိသော တပ်မက်မှု ‘ရာဂ’ တရားစသည်တို့၏ ဆန့်ကျင်ဘက်ဖြစ်သည့်) မနှိုင်းယှဉ်အပ်သော ‘အပ္ပမာဏ’ တရား ဖြစ်ကုန်၏့ (လောကုတ္တရာစိတ်, စေတသိက်, နိဗ္ဗာန်တရားများ)။

--

၁၃-ပရိတ္တာရမ္မဏတိက်

ပရိတ္တာရမ္မဏတရား

၁၀၂၉။ (၁) အဘယ်တရားတို့သည် နည်းပါးသော အာနုဘော်ရှိသော ‘ပရိတ္တ’ တရားလျှင် အာရုံရှိသော ‘ပရိတ္တာရမ္မဏ’ တရား ဖြစ်ကုန်သနည်း။

အကြင်စိတ်, စေတသိက်တရားတို့သည် နည်းပါးသော အာနုဘော်ရှိသော ‘ပရိတ္တ’ တရားတို့ကို အာရုံပြု၍ဖြစ်ကုန်၏။ ဤတရားတို့သည် နည်းပါးသော အာနုဘော်ရှိသော ‘ပရိတ္တ’ တရားလျှင် အာရုံရှိသော ‘ပရိတ္တာရမ္မဏ’ တရား ဖြစ် ကုန်၏ (ကာမစိတ် ၅၄၊ အဘိညာဉ်ဒွေနှင့် စေတသိက်များ)။

မဟဂ္ဂတာရမ္မဏတရား

၁၀၃၀။ (၂) အဘယ်တရားတို့သည် ကြီးကျယ်မြင့်မြတ်သည်၏ အဖြစ်သို့ရောက်သော ‘မဟဂ္ဂုတ်’ တရားလျှင် အာရုံရှိသော ‘မဟဂ္ဂတာရမ္မဏ’ တရား ဖြစ်ကုန်သနည်း။

အကြင်စိတ် စေတသိက်တရားတို့သည် ကြီးကျယ်မြင့်မြတ်သည်၏ အဖြစ်သို့ ရောက် သော ‘မဟဂ္ဂုတ်’ တရားတို့ကို အာရုံပြု၍ ဖြစ်ကုန်၏။ ဤတရားတို့သည် ကြီးကျယ်မြင့်မြတ်သည်၏ အဖြစ်သို့ရောက်သော ‘မဟဂ္ဂုတ်’ တရားလျှင် အာရုံရှိသော ‘မဟဂ္ဂတာရမ္မဏ’ တရား ဖြစ်ကုန်၏ (အကုသိုလ်၊ မနောဒွါရာဝဇ္ဇန်း၊ မဟာကုသိုလ်၊ မဟာကြိယာ၊ အဘိညာဉ်ဒွေ (အနေကန်)၊ ဝိညာဏဉ္စာ ယတန,နေဝသညာ နာယတနစိတ် (ဧကန်) နှင့် စေတသိက်များ)။

အပ္ပမာဏာရမ္မဏတရား

၁၀၃၁။ (၃) အဘယ်တရားတို့သည် နှိုင်းယှဉ်မှုကို ပြုတတ်သော တပ်မက်မှု ‘ရာဂ’ တရားစသည်တို့၏ ဆန့်ကျင်ဘက်ဖြစ်သော , မနှိုင်းယှဉ် အပ်သော ‘အပ္ပမာဏ’ တရားလျှင်အာရုံရှိသော ‘အပ္ပမာဏာရမ္မဏ’ တရား ဖြစ်ကုန်သနည်း။

အကြင် စိတ် စေတသိက်တရားတို့သည်နှိုင်းယှဉ်မှုကို ပြုတတ်သော တပ်မက်မှု ‘ရာဂ’ စသည်တို့၏ ဆန့်ကျင်ဘက် ဖြစ်သော ,မနှိုင်းယှဉ်အပ်သော ‘အပ္ပမာဏ’ တရားတို့ကို အာရုံပြု ၍ ဖြစ်ကုန်၏။ ဤတရားတို့သည် နှိုင်းယှဉ်မှုကိုပြုတတ်သော တပ်မက်မှု ‘ရာဂ’ စသည်တို့၏ ဆန့်ကျင်ဘက်ဖြစ်သော , မနှိုင်းယှဉ်အပ်သော ‘အပ္ပမာဏ’ တရားတို့ကို အာရုံရှိသော ‘အပ္ပမာဏာရမ္မဏ’ တရား ဖြစ်ကုန်၏ (မနောဒွါရာဝဇ္ဇန်း, မဟာကုသိုလ်, မဟာကြိယာဉာဏသမ္ပယုတ်, အဘိညာဉ်ဒွေ (အနေကန်) , လောကုတ္တရာစိတ် (ဧကန်) နှင့်စေတသိက်များ)။

--

၁၄-ဟီနတိက်

ဟီနတရား

၁၀၃၂။ (၁) အဘယ်တရားတို့သည် ယုတ်ညံ့သော ‘ဟီန’ တရား ဖြစ်ကုန်သနည်း။

လိုချင်တပ်မက်မှု ‘လောဘ’ ၊ ဖျက်ဆီးပြစ်မှားမှု ‘ဒေါသ’။ (အမှန်သဘော၌) တွေဝေမှု (အမှန်ကိုမသိမှု) ‘မောဟ’ ဟူသော အကုသိုလ်၏ အခြေအမြစ် ‘အကုသလမူလ’ သုံးပါးတို့သည်လည်းကောင်း၊ ထိုလိုချင်တပ်မက်မှု ‘လောဘ’ စသည်တို့နှင့် အတူတကွ ဖြစ်သော , ပူပန်စေတတ် နှိပ်စက်တတ်သော ‘ကိလေသ’ တရားတို့သည်လည်းကောင်း၊ ထိုလိုချင်တပ်မက်မှု ‘လောဘ’ စသည်တို့နှင့် ယှဉ်သောခံစားမှုအစု ‘ဝေဒနာက္ခန္ဓာ’။ပ။ အထူးသိမှု (စိတ်) အစု ‘ဝိညာဏက္ခန္ဓာ’ သည်လည်းကောင်း၊ ထိုလိုချင်တပ်မက်မှု ‘လောဘ’ စသည်တို့ကြောင့် ဖြစ်သော ကိုယ်ဖြင့် ပြုလုပ်မှု ‘ကာယကံ’ ၊ နှုတ်ဖြင့်ပြောဆိုမှု ‘ဝစီကံ’ ၊ စိတ်ဖြင့် ကြံစည်တွေးတောမှု ‘မနောကံ’ သည်လည်းကောင်း (ရှိ၏)။ ဤတရားတို့သည် ယုတ်ညံ့သော ‘ဟီန’ တရား ဖြစ်ကုန်၏ (အကုသိုလ်စိတ်, ယှဉ်ဖက် စေတသိက်များ)။

မဇ္ဈိမတရား

၁၀၃၃။ (၂) အဘယ်တရားတို့သည် အလယ်အလတ်ဖြစ်သော ‘မဇ္ဈိမ’ တရား ဖြစ်ကုန်သနည်း။

အာသဝေါတရားတို့၏ အာရုံဖြစ်ကုန်သော, ကာမဘုံ၌ ကျင်လည် သက်ဝင်၍ ဖြစ်ကုန်သော,ရူပဘုံ၌ ကျင်လည် သက်ဝင်၍ ဖြစ်ကုန်သော, အရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်ကုန်သော ကုသိုလ်တရား၊ ကုသိုလ် အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သော ‘အဗျာကတ’ တရား ဖြစ်ကုန်သောရုပ်အစု ‘ရူပက္ခန္ဓာ’။ပ။ အထူးသိမှု (စိတ်) အစု ‘ဝိညာဏက္ခန္ဓာ’ သည် (ရှိ၏)။ ဤတရား တို့သည့်အလယ်အလတ် ဖြစ်သော ‘မဇ္ဈိမ’ တရား ဖြစ်ကုန်၏။ (လောကီကုသိုလ်, ဝိပါက်, ကြိယာစိတ်,စေတသိက်နှင့် ရုပ်တရားများ)။

ပဏီတတရား

၁၀၃၄။ (၃) အဘယ်တရားတို့သည် မွန်မြတ်သော ‘ပဏီတ’ တရား ဖြစ်ကုန်သနည်း။

ဘုံသုံးပါး၌ အကျုံးမဝင်ကုန်သော မဂ်တို့သည်လည်းကောင်း၊ ထို့ပြင် မဂ်၏အကျိုး (ဖိုလ်) တို့သည်လည်းကောင်း၊ ထို့ပြင် (ကံ, စိတ်, ဥတု, အာဟာရဟူသော အကြောင်းတရားတို့) မပြုပြင်အပ်သော သဘော ‘အသင်္ခတဓာတ်’ (နိဗ္ဗာန်) သည်လည်းကောင်း (ရှိ၏)။ ဤတရားတို့သည်မွန်မြတ်သော ‘ပဏီတ’ တရား ဖြစ်ကုန်၏ (မဂ်, ဖိုလ်, နိဗ္ဗာန်)။

--

၁၅-မိစ္ဆတ္တတိက်

မိစ္ဆတ္တနိယတတရား

၁၀၃၅။ (၁) အဘယ်တရားတို့သည် ဖောက်ပြန်သော သဘောရှိကုန်၍ စုတိ၏အခြားမဲ့၌ အကျိုးပေးသည်၏ အစွမ်းဖြင့် မြဲသော ‘မိစ္ဆတ္တနိယတ’ တရား ဖြစ်ကုန်သနည်း (ဖောက်ပြန်သောသဘောရှိ၍ သေပြီးသည့်နောက် အကျိုးပေးမြဲသော တရားများကား အဘယ်နည်း)။ (စုတိ၏) အခြားမဲ့၌ အနှောင့်အယှက်မရှိ၊ အကျိုးပေးတတ်ကုန်သောကံငါးပါး (ပဉ္စာနန္တရိယ ကံ) တို့သည်လည်းကောင်း၊ ထို့ပြင် (အပါယ်ငရဲ၌ အကျိုးပေး) မြဲသော အကြင်အမြင်မှားမှု ‘နိယတမိစ္ဆာ ဒိဋ္ဌိ’ (အဟေတုက,အကိရိယ, နတ္ထိကဒိဋ္ဌိ) သည်လည်းကောင်း (ရှိ၏)။ ဤတရားတို့သည် ဖောက်ပြန် သော သဘောရှိ၍သေပြီးသည့်နောက် အကျိုးပေးမြဲသော) ‘မိစ္ဆတ္တနိယတ’ တရားများ ဖြစ်ကုန်၏ (နိယတမိစ္ဆာဒိဋ္ဌိ၏အစွမ်းဖြင့်ဖြစ်သော ဒိဋ္ဌိဂတသမ္ပယုတ်သတ္တမဇော, ပဉ္စာနန္တရိယကံ၏ အစွမ်းဖြင့်ဖြစ်သော ဒေါသမူဒွေသတ္တမဇောနှင့် စေတသိက်များ)။

သမ္ပတ္တနိယတတရား

၁၀၃၆။ (၂) အဘယ်တရားတို့သည် မဖောက်မပြန် (မှန်ကန်) သော သဘောရှိကုန်၍ မိမိ၏ အခြားမဲ့၌ အကျိုးပေးသည်၏ အစွမ်းဖြင့် မြဲသော ‘သမ္ပတ္တနိယတ’ တရား ဖြစ်ကုန်သနည်း (မှန်ကန်သော သဘောရှိကုန်၍ မိမိ၏ အခြားမဲ့၌ အကျိုးပေး မြဲသော တရားများကား အဘယ်နည်း)။ ဘုံသုံးပါး၌ အကျုံးမဝင်ကုန်သော မဂ်လေးပါးတို့သည် (ရှိကုန်၏)။ ဤတရားတို့သည် မဖောက်မပြန် (မှန်ကန်) သော သဘောရှိကုန်၍ မိမိ၏ အခြားမဲ့၌ အကျိုး ပေးမြဲသော ‘သမ္ပတ္တနိယတ’ တရား ဖြစ်ကုန်၏ (မဂ်စိတ်လေးပါးနှင့် ယှဉ်ဖက် စေတသိက်များ)။

အနိယတတရား

၁၀၃၇။ (၃) အဘယ်တရားတို့သည် (စုတိ၏ အခြားမဲ့၌ လည်းကောင်း၊ မိမိ၏ အခြားမဲ့၌ လည်းကောင်း နှစ်ပါးသော အခြင်းအရာဖြင့်) အကျိုးပေးမမြဲသော ‘အနိယတ’ တရားဖြစ်ကုန်သနည်း။

ထို (စာပိုဒ်၁၀၃၅၊ ၁၀၃၆-၌ ဟောပြီးသော) တရားတို့ကို ချန်ထား၍ကြွင်းကျန်ကုန်သော, ကာမဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်ကုန်သော, ရူပဘုံ၌ ကျင်လည် သက်ဝင်၍ဖြစ်ကုန်သော, အရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်ကုန်သော, ဘုံသုံးပါး၌ အကျုံးမဝင် ကုန်သောကုသိုလ်တရား၊ အကုသိုလ်တရား၊ ကုသိုလ် အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သော ‘အဗျာကတ’ တရားဖြစ်ကုန်သော ခံစားမှုအစု ‘ဝေဒနာက္ခန္ဓာ’။ပ။ အထူးသိမှု (စိတ်) အစု ‘ဝိညာဏက္ခန္ဓာ’ သည်လည်း ကောင်း၊ ထို့ပြင် အလုံးစုံသော ရုပ်သည်လည်းကောင်း၊ ထို့ပြင် (ကံ, စိတ်, ဥတု, အာဟာရဟူသောအကြောင်းတရားတို့) မပြုပြင်အပ်သော သဘော ‘အသင်္ခတဓာတ်’ (နိဗ္ဗာန်) သည်လည်းကောင်း (ရှိ၏)။ ဤတရားတို့သည် စုတိ၏ အခြားမဲ့၌ လည်းကောင်း, မိမိ၏ အခြားမဲ့၌ လည်းကောင်း နှစ်ပါးသော အခြင်းအရာဖြင့်) အကျိုးပေးမမြဲသော ‘အနိယတ’ တရား ဖြစ်ကုန်၏ (ဒိဋ္ဌိဂတသမ္ပယုတ်, ဒေါသမူဒွေသတ္တမဇောမှ တစ်ပါးသော အကုသိုလ်, လောကီကုသိုလ်, ဝိပါက်, ကြိယာစိတ်, စေတသိက်, ရုပ်နှင့်နိဗ္ဗာန်တရားများ)။

--

၁၆-မဂ္ဂါရမ္မဏတိက်

မဂ္ဂါရမ္မဏတရား

၁၀၃၈။ (၁) အဘယ်တရားတို့သည် မဂ်တည်းဟူသော အာရုံရှိသော ‘မဂ္ဂါရမ္မဏ’ တရားဖြစ်ကုန်သနည်း (မဂ်ကို အာရုံပြုသော တရားများကား အဘယ်နည်း)။ အကြင်စိတ်စေတသိက်တရားတို့သည် အရိယမဂ်ကို အာရုံပြု၍ ဖြစ်ကုန်၏။ ဤတရားတို့သည် (မဂ်ကိုအာရုံပြုသော) ‘မဂ္ဂါရမ္မဏ’ တရား ဖြစ်ကုန်၏။ (မနောဒွါရာဝဇ္ဇန်း, မဟာကုသိုလ်ဉာဏသမ္ပယုတ်, မဟာကြိယာဉာဏသမ္ပယုတ်, အဘိညာဏ်ဒွေနှင့် ယှဉ်ဖက် စေတသိက်များ)။

မဂ္ဂဟေတုကတရား

၁၀၃၉။ (၂) အဘယ်တရားတို့သည် - (က) မဂ် (မဂ္ဂင်ရှစ်ပါး)ဟု ဆိုအပ်သောအကြောင်းရှိသော ‘မဂ္ဂဟေတုက’ တရား ဖြစ်ကုန်သနည်း။

တစ်နည်း (ခ) မဂ်၌ ပါဝင်သော (မဂ်၌ တည်သော) အကြောင်းရင်း (ဟိတ်) ရှိသော ‘မဂ္ဂဟေတုက’ တရား ဖြစ်ကုန် သနည်း။

တစ်နည်း (ဂ) မဂ်နှင့် ယှဉ်သော အကြောင်းရင်း (ဟိတ်) ရှိသော ‘မဂ္ဂဟေတုက’ တရား ဖြစ် ကုန်သနည်း။

(က) အရိယာမဂ်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်၏ မဂ္ဂင် (ရှစ်ပါး) တို့ကို ချန်ထား၍ ထို (မဂ္ဂင်) တို့နှင့်ယှဉ်သော ခံစားမှုအစု ‘ဝေဒနာက္ခန္ဓာ’။ပ။ အထူးသိမှု (စိတ်) အစု ‘ဝိညာဏက္ခန္ဓာ’ သည် (ရှိ၏)။ ဤတရားတို့သည် မဂ် (မဂ္ဂင်ရှစ်ပါး)ဟု ဆိုအပ်သော အကြောင်းရှိသော ‘မဂ္ဂဟေတုက’ တရား ဖြစ်ကုန်၏ (မဂ်စိတ်လေးခု, မဂ္ဂင်ရှစ်ပါးမှ တစ်ပါးသော ယှဉ်ဖက်စေတသိက်များ)။ (ခ) အရိယမဂ်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်၏ ကောင်းစွာ (အမှန်) မြင်မှု ‘သမ္မာဒိဋ္ဌိ’ (အမောဟ) သည်မဂ်လည်း မည်၏၊ အကြောင်းရင်း (ဟိတ်) လည်း မည်၏၊ ကောင်းစွာ (အမှန်) မြင်မှု ‘သမ္မာဒိဋ္ဌိ’ (အမောဟ) ကို ချန်ထား၍ ထိုကောင်းစွာ (အမှန်) မြင်မှု ‘သမ္မာဒိဋ္ဌိ’ (အမောဟ) နှင့် ယှဉ်သော ခံစားမှုအစု ‘ဝေဒနာက္ခန္ဓာ’။ပ။ အထူးသိမှု (စိတ်) အစု ‘ဝိညာဏက္ခန္ဓာ’ သည် (ရှိ၏)။ ဤတရားတို့သည် မဂ်၌ ပါဝင်သော (မဂ်၌ တည်သော) အကြောင်းရင်း (ဟိတ်) ရှိသော ‘မဂ္ဂဟေတုက’ တရား ဖြစ်ကုန်၏ (မဂ်စိတ်လေးခု, အမောဟမှ တစ်ပါးသော ယှဉ်ဖက်စေတသိက်များ)။ (ဂ) အရိယမဂ်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်၏ မလိုချင်မှု မတပ်မက်မှု ‘အလောဘ’ ၊ မဖျက်ဆီး မပြစ်မှားမှု ‘အဒေါသ’။ (အမှန်သဘော၌) မတွေဝေမှု (အမှန်ကို သိမှု) ‘အမောဟ’ သည် (ရှိ၏)။ ဤ တရားတို့သည်မဂ်၏အကြောင်းရင်း (ဟိတ်) တို့တည်း။ ထိုမဂ်၏ အကြောင်းရင်း (ဟိတ်) တို့နှင့် ယှဉ်သော ခံစားမှုအစု ‘ဝေဒနာက္ခန္ဓာ’။ပ။ အထူးသိမှု (စိတ်) အစု ‘ဝိညာဏက္ခန္ဓာ’ သည် (ရှိ၏)။ ဤတရားတို့သည် မဂ်နှင့်ယှဉ်သော အကြောင်းရင်း (ဟိတ်) ရှိသော ‘မဂ္ဂဟေတုက’ တရား ဖြစ်ကုန်၏ (မဂ်စိတ်လေးခုနှင့်ယှဉ်ဖက်စေတသိက်များ)။

မဂ္ဂါဓိပတိတရား

၁၀၄၀။ (၃) အဘယ်တရားတို့သည် မဂ်ဟူသော (အာရုံ) အကြီးအမှူး ‘အဓိပတိ'ရှိသော ‘မဂ္ဂါဓိပတိ’ တရား ဖြစ်ကုန်သနည်း (မဂ်အကြီးအမှူးရှိသော တရားများကား အဘယ်နည်း။ မြတ်သောမဂ်, တစ်နည်း- အရိယမဂ်ကို အကြီးအမှူးပြု၍ (အလေး အမြတ်ပြု၍) အကြင်စိတ် စေတသိက်တရားတို့သည် ဖြစ်ကုန်၏။ ဤတရားတို့သည် မဂ်ဟူသော အကြီးအမှူး'အဓိပတိ’ ရှိသော ‘မဂ္ဂါဓိပတိ’ တရား ဖြစ်ကုန်၏။ (အာရမ္မဏာဓိပတိ) (မဂ်ကို အလေး အမြတ်အားဖြင့်အာရုံပြုသော မဟာကုသိုလ်ဉာဏသမ္ပယုတ်, မဟာကြိယာဉာဏသမ္ပယုတ်စိတ်နှင့် ယှဉ်ဖက်စေတသိက်များ)။ စိစစ်မှုအကြီးအမှူး ‘ဝီမံသာဓိပတိ’ ရှိသော မဂ်ကို ပွါးစေသော အရိယမဂ်နှင့် ပြည့်စုံသည့် ပုဂ္ဂိုလ်၏စိစစ်မှု ‘ဝီမံသ’ (ပညာ) ကို ချန်ထား၍ ထိုစိစစ်မှု ‘ဝီမံသ’ (ပညာ) နှင့်ယှဉ်သော ခံစားမှုအစု ‘ဝေဒနာက္ခန္ဓာ’။ပ။ အထူးသိမှု (စိတ်) အစု ‘ဝိညာဏက္ခန္ဓာ’ သည် (ရှိ၏)။ ဤတရားတို့သည် မဂ်ဟူသော အကြီးအမှူး'အဓိပတိ'ရှိသော ‘မဂ္ဂါဓိပတိ’ တရား ဖြစ်ကုန်၏ (သဟဇာတာဓိပတိ) (မဂ်စိတ်လေးခု, ဝီမံသကြဉ်သောယှဉ်ဖက်စေတသိက်များ)။

--

၁၇-ဥပ္ပန္နတိက်

ဥပ္ပန္နတရား

၁၀၄၁။ (၁) အဘယ်တရားတို့သည် ဥပါဒ် ဌီ ဘင်ဟုဆိုအပ်သော ခဏသုံးပါးသို့ရောက်ဆဲ (ဖြစ်ဆဲ) ဖြစ်သော ‘ဥပ္ပန္န’ တရား ဖြစ်ကုန်သနည်း (ခဏသုံးပါးသို့ ရောက် ဆဲဖြစ်သော တရားများကား အဘယ်နည်း)။ ဖြစ်ပေါ်ကုန်သော ‘ဇာတာ’၊ ထင်ရှားကုန်သော ‘ဘူတာ’၊ ကောင်းစွာဖြစ်ကုန်သော ‘သဉ္ဇာတာ’၊ ဖြစ်ပေါ်ကုန်သော ‘နိဗ္ဗတ္တာ’၊ အလွန်ဖြစ်ပေါ်ကုန်သော ‘အဘိနိဗ္ဗတ္တာ’၊ ထင်ရှားစွာ ဖြစ်ကုန်သော ‘ပါတုဘူတာ’၊ ရှေးအဖို့မှ အထက်၌ (ယခုဖြစ်ဆဲ ပစ္စုပ္ပန်ကာလ၌) ဖြစ်ကုန်သော ‘ဥပ္ပန္နာ’၊ ရှေးအဖို့မှ အထက်၌ (ယခုဖြစ်ဆဲ ပစ္စုပ္ပန်ကာလ၌) ကောင်းစွာ ဖြစ်ပေါ်ကုန်သော ‘သမုပ္ပန္နာ’၊ ရှေးအဖို့မှ အထက်၌ (ယခုဖြစ်ဆဲ ပစ္စုပ္ပန် ကာလ၌) တည်ကုန်သော ‘ဥဋ္ဌိတာ’၊ ရှေးအဖို့မှအထက်၌ (ယခုဖြစ်ဆဲ ပစ္စုပ္ပန်ကာလ၌) ကောင်းစွာ တည်ကုန်သော ‘သမုဋ္ဌိတာ’၊ ရှေးအဖို့မှ အထက်၌ (ယခုဖြစ်ဆဲ ပစ္စုပ္ပန်ကာလ၌) ဖြစ်ကုန်သော ‘ဥပ္ပန္နာ’၊ ရှေးအဖို့မှ အထက်၌ (ယခုဖြစ်ဆဲ ပစ္စုပ္ပန်ကာလ၌) ဖြစ်သော အဖို့အစုအားဖြင့် ရေတွက်အပ်ကုန်သော ‘ဥပ္ပန္နံသေန သင်္ဂဟိတာ’၊ ရုပ်၊ ခံစားမှု ‘ဝေဒနာ’၊ မှတ်သားမှု ‘သညာ’၊ ပြုပြင်မှု ‘သင်္ခါရ’၊ အထူးသိမှု ‘ဝိညာဏ်’ ဟူသော အကြင်တရားတို့သည် (ရှိကုန်၏)။ ဤတရားတို့သည် ဥပါဒ် ဌီ ဘင်ဟုဆိုအပ်သော ခဏသုံးပါးသို့ ရောက်ဆဲ (ဖြစ်ဆဲ) ဖြစ်သော ‘ဥပ္ပန္န’ တရား ဖြစ်ကုန်၏ (ပစ္စုပ္ပန် စိတ် စေတသိက်နှင့် ရုပ်တရားများ)။

အနုပ္ပန္နတရား

၁၀၄၂။ (၂) အဘယ်တရားတို့သည် ဥပါဒ် ဌီ ဘင်ဟုဆိုအပ်သော ခဏသုံးပါးသို့ ရောက်ပြီးလည်း မဟုတ်၊ ရောက်ဆဲလည်း မဟုတ် (ဖြစ်ပြီး ဖြစ်ဆဲမဟုတ်) သော ‘အနုပ္ပန္န’ တရားဖြစ်ကုန်သနည်း (ဖြစ်ပြီး ဖြစ်ဆဲမဟုတ် အနာဂတ်ဖြစ်သော တရားများကား အဘယ် နည်း)။ မဖြစ်ကုန်သေးသော ‘အဇာတာ’၊ မထင်ရှားကုန်သေးသော ‘အဘူတာ’၊ ကောင်းစွာ မဖြစ်ကုန် သေးသော ‘အသဉ္ဇာတာ’၊ မဖြစ်ပေါ်ကုန်သေးသော ‘အနိဗ္ဗတ္တာ’၊ အလွန် (လုံးဝ) မဖြစ်ပေါ်ကုန်သေးသော ‘အနဘိနိဗ္ဗတ္တာ’၊ ထင်ရှားစွာ မဖြစ်ကုန်သေးသော ‘အပါတုဘူတာ’၊ ရှေးအဖို့မှ အထက်၌ (ယခုဖြစ်ဆဲပစ္စုပ္ပန်ကာလ၌) မဖြစ်ကုန်သေးသော ‘အနုပ္ပန္နာ’၊ ရှေးအဖို့မှ အထက်၌ (ယခု ဖြစ်ဆဲ ပစ္စုပ္ပန်ကာလ၌) ကောင်းစွာ မဖြစ်ကုန်သေးသော ‘အသမုပ္ပန္နာ’၊ ရှေးအဖို့မှ အထက်၌ (ယခုဖြစ်ဆဲ ပစ္စုပ္ပန်ကာလ၌) မတည်ကုန်သေးသော ‘အနုဋ္ဌိတာ’၊ ရှေးအဖို့မှ အထက်၌ (ယခုဖြစ်ဆဲ ပစ္စုပ္ပန်ကာလ၌) ကောင်းစွာမတည်ကုန်သေးသော ‘အသမုဋ္ဌိတာ’၊ ရှေးအဖို့မှ အထက်၌ (ယခုဖြစ်ဆဲ ပစ္စုပ္ပန်ကာလ၌) မဖြစ်ကုန်သေးသော ‘အနုပ္ပန္နာ’၊ ရှေးအဖို့မှ အထက်၌ (ယခုဖြစ်ဆဲ ပစ္စုပ္ပန်ကာလ၌) မဖြစ်သော အဖို့အစုအားဖြင့်ရေတွက်အပ်ကုန်သော ‘အနုပ္ပန္နံသေန သင်္ဂဟိတာ’၊ ရုပ်၊ ခံစားမှု ‘ဝေဒနာ’၊ မှတ်သားမှု ‘သညာ’၊ ပြုပြင်မှု ‘သင်္ခါရ’၊ အထူးသိမှု ‘ဝိညာဏ်’ ဟူသော အကြင်တရားတို့သည် (ရှိကုန်၏)။ ဤတရားတို့သည်ဥပါဒ် ဌီ ဘင်ဟုဆိုအပ်သော ခဏသုံးပါးသို့ ရောက်ပြီးလည်း မဟုတ်၊ ရောက်ဆဲလည်း မဟုတ်သော, (ဖြစ်ပြီး ဖြစ်ဆဲ မဟုတ်သော) (အနာဂတ်ဖြစ်သော) ‘အနုပ္ပန္န’ တရားဖြစ်ကုန်၏ (အနာဂတ်ဖြစ်သော အကုသိုလ်, ကုသိုလ်, ကြိယာစိတ်, ယှဉ်ဖက် စေတသိက်နှင့် စိတ္တဇ, ဥတုဇ, အာဟာရဇရုပ်တရားများ)။

--

ဥပ္ပါဒိတရား

၁၀၄၃။ (၃) အဘယ်တရားတို့သည် ပြုအပ်ခဲ့ပြီးသော အကြောင်း (ကံ) ရှိသည်၏အဖြစ်ကြောင့် မချွတ်ဧကန် ဖြစ်ပေါ်လတံ့သော ‘ဥပ္ပါဒိ’ တရား ဖြစ်ကုန်သနည်း (မချွတ်ဧကန်ဖြစ်ပေါ်လတံ့သောတရားများကား အဘယ်နည်း)။ ကာမဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်ကုန် သော,ရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်ကုန်သော, အရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်ကုန်သော, ဘုံသုံးပါး၌ အကျုံးမဝင်ကုန်သော, ကုသိုလ် အကုသိုလ်တရားတို့၏ အကျိုး ‘ဝိပါက်’ ဖြစ်ကုန်သော ခံစားမှု အစု'ဝေဒနာက္ခန္ဓာ’။ပ။ အထူးသိမှု (စိတ်) အစု ‘ဝိညာဏက္ခန္ဓာ’၊ ကံကို ပြုအပ်ခဲ့ပြီးသည်၏အဖြစ် (ကံ) ကြောင့်ဖြစ်သော အကြင်ရုပ်သည်လည်း ဖြစ်လတံ့ (ထိုရုပ်သည်လည်း) (ရှိ၏)။ ဤတရားတို့သည်ပြုအပ်ခဲ့ပြီးသော အကြောင်း (ကံ) ရှိသည်၏ အဖြစ်ကြောင့် မချွတ်ဧကန် ဖြစ်ပေါ်လတံ့သော ‘ဥပ္ပါဒိ’ တရား ဖြစ်ကုန်၏ (မချွတ်ဧကန်ဖြစ်ပေါ်မည့် ဝိပါက်စိတ်၊ ယှဉ်ဖက်စေတသိက်နှင့်ကမ္မဇရုပ်တရားများ)။

၁၈-အတီတတိက်

အတိတ်တရား

၁၀၄၄။ (၁) အဘယ်တရားတို့သည် အတိတ်မည်သော ‘အတီတ’ တရား ဖြစ်ကုန်သနည်း (အတိတ်မည်သော တရားများကား အဘယ်နည်း)။ (ခဏသုံးပါးကို) ကျော်လွန်ကုန်ပြီးသော,ချုပ်ကုန်ပြီးသော, ကင်းကုန်ပြီးသော, ဖောက်ပြန်ကုန်ပြီးသော, ချုပ်ခြင်းသို့ ရောက်ကုန်ပြီးသော,အလွန်ချုပ်ခြင်းသို့ ရောက်ကုန်ပြီးသော, ဖြစ်ပြီး၍ ကင်းပျောက်ကုန်ပြီးသော, (ခဏ သုံးပါးကို) ကျော်လွန်ကုန်ပြီးသော, (ခဏသုံးပါးကို) ကျော်လွန်သော, အဖို့အစုအားဖြင့် ရေတွက်အပ် ကုန်ပြီးသောရုပ်, ခံစားမှု ‘ဝေဒနာ', မှတ်သားမှု ‘သညာ', ပြုပြင်မှု ‘သင်္ခါရ', အထူးသိမှု ‘ဝိညာဏ်’ ဟူသောအကြင်တရားတို့သည် (ရှိကုန်၏)။ ဤတရားတို့သည် အတိတ်မည်သော ‘အတီတ’ တရား ဖြစ်ကုန်၏ (အတိတ်ဖြစ်သော စိတ်, စေတသိက်, ရုပ်တရားများ)။

အနာဂတ်တရား

၁၀၄၅။ (၂) အဘယ်တရားတို့သည် အနာဂတ်မည်သော ‘အနာဂတ’ တရား ဖြစ်ကုန်သနည်း (အနာဂတ်မည်သောတရားများကား အဘယ်နည်း)။ မဖြစ်ကုန် သေးသော ‘အဇာတာ’၊ မထင်ရှားကုန်သေးသော ‘အဘူတာ’၊ ကောင်းစွာ မဖြစ်ကုန်သေးသော ‘အသဉ္ဇာ တာ’၊ မဖြစ်ပေါ်ကုန်သေးသော ‘အနိဗ္ဗတ္တာ’၊ အလွန် (လုံးဝ) မဖြစ်ပေါ်ကုန်သေးသော ‘အနဘိနိဗ္ဗတ္တာ’၊ ထင်ရှားစွာမဖြစ်ကုန်သေးသော ‘အပါတုဘူတာ’၊ ရှေးအဖို့မှ အထက်၌ (ယခုဖြစ်ဆဲ ပစ္စုပ္ပန်ကာလ၌) မဖြစ်ကုန်သေးသော ‘အနုပ္ပန္နာ’၊ ရှေးအဖို့မှ အထက်၌ (ယခုဖြစ်ဆဲ ပစ္စုပ္ပန်ကာလ၌) မတည်ကုန်သေးသော ‘အနုဋ္ဌိတာ’၊ ရှေးအဖို့မှ အထက်၌ (ယခုဖြစ်ဆဲ ပစ္စုပ္ပန်ကာလ၌) ကောင်းစွာ မတည်ကုန်သေးသော ‘အသမုဋ္ဌိတာ’။ (မိမိသဘောသို့ဖြစ်စေ, ဥပါဒ် ဌီ ဘင်ဟုဆိုအပ်သော ခဏသုံးပါးသို့ဖြစ်စေ) မရောက်ကုန်သေးသော ‘အနာဂတာ’၊ မရောက်သေးသော အဖို့အစုအားဖြင့် ရေတွက်အပ်ကုန်သော ‘အနာဂတံသေန သင်္ဂဟိတာ’၊ ရုပ်, ခံစားမှု ‘ဝေဒနာ', မှတ်သားမှု ‘သညာ', ပြုပြင်မှု ‘သင်္ခါရ', အထူးသိမှု ‘ဝိညာဏ်’ ဟူသော အကြင်တရားတို့သည် (ရှိကုန်၏)။ ဤတရားတို့သည် အနာဂတ်မည်သော ‘အနာဂတ’ တရားဖြစ်ကုန်၏ (အနာဂတ်ဖြစ်သော စိတ်, စေတသိက်, ရုပ်တရားများ)။

--

ပစ္စုပ္ပန်တရား

၁၀၄၆။ (၃) အဘယ်တရားတို့သည် ပစ္စုပ္ပန်မည်သော ‘ပစ္စုပ္ပန္န’ တရား ဖြစ်ကုန်သနည်း (ပစ္စုပ္ပန်မည်သော တရားများကား အဘယ်နည်း)။ ဖြစ်ပေါ်ကုန်သော ‘ဇာတာ’၊ ထင်ရှားကုန်သော ‘ဘူတာ’၊ ကောင်းစွာ ဖြစ်ပေါ်ကုန်သော ‘သဉ္ဇာတာ’၊ ဖြစ်ပေါ်ကုန်သော ‘နိဗ္ဗတ္တာ’၊ အလွန်ဖြစ်ပေါ်ကုန်သော ‘အဘိနိဗ္ဗတ္တာ’၊ ထင်ရှားစွာ ဖြစ်ကုန်သော ‘ပါတုဘူတာ’၊ ရှေးအဖို့မှ အထက်၌ (ယခုဖြစ်ဆဲပစ္စုပ္ပန်ကာလ၌) ဖြစ်ကုန်သော ‘ဥပ္ပန္နာ’၊ ရှေးအဖို့မှ အထက်၌ (ယခုဖြစ်ဆဲ ပစ္စုပ္ပန်ကာလ၌) ကောင်းစွာဖြစ်ပေါ်ကုန်သော ‘သမုပ္ပန္နာ’၊ ရှေးအဖို့မှ အထက်၌ (ယခုဖြစ်ဆဲ ပစ္စုပ္ပန် ကာလ၌) တည်ကုန်သော ‘ဥဋ္ဌိတာ’၊ ရှေးအဖို့မှ အထက်၌ (ယခုဖြစ်ဆဲ ပစ္စုပ္ပန်ကာလ၌) ကောင်းစွာ တည်ကုန်သော ‘သမုဋ္ဌိတာ’၊ ရှေးအဖို့မှ အထက်၌ (ယခုဖြစ်ဆဲ ပစ္စုပ္ပန်ကာလ) ဖြစ်ကုန်သော ‘ဥပ္ပန္နာ’၊ ရှေးအဖို့မှ အထက်၌ (ယခုဖြစ်ဆဲ ပစ္စုပ္ပန်ကာလ၌) ဖြစ်သော အဖို့အစုအားဖြင့် ရေတွက်အပ်ကုန်သော ‘ဥပ္ပန္နံသေနသင်္ဂဟိတာ’၊ ရုပ်, ခံစားမှု ‘ဝေဒနာ', မှတ်သားမှု ‘သညာ ‘, ပြုပြင်မှု ‘သင်္ခါရ', အထူးသိမှု ‘ဝိညာဏ်’ ဟူသော အကြင်တရားတို့သည် (ရှိကုန်၏)။ ဤတရားတို့သည် ပစ္စုပ္ပန်မည်သော ‘ပစ္စုပ္ပန္န’ တရား ဖြစ်ကုန်၏ (ပစ္စုပ္ပန်ဖြစ်သော စိတ်, စေတသိက်နှင့် ရုပ်တရားများ)။

၁၉-အတီတာရမ္မဏတိက်

အတီတာရမ္မဏတရား

၁၀၄၇။ (၁) အဘယ်တရားတို့သည် အတိတ်တရားလျှင် အာရုံရှိသော ‘အတီတာရမ္မဏ’ တရားဖြစ်ကုန်သနည်း (အတိတ်ကို အာရုံပြုသော ‘အတီတာ ရမ္မဏ’ တရားများကားအဘယ်နည်း)။ အကြင် စိတ် စေတသိက်တရားတို့သည် (မိမိသဘောသို့ဖြစ်စေ၊ ဥပါဒ် ဌီ ဘင်ဟုဆိုအပ်သော ခဏသုံးပါးသို့ဖြစ်စေ ရောက်၍) လွန်သွားသော (အတိတ်) တရားတို့ကို အာရုံ့ပြု၍ ဖြစ်ကုန်၏။ ဤတရားတို့သည် အတိတ်တရားလျှင် အာရုံရှိသော ‘အတီတာရမ္မဏ’ တရား ဖြစ်ကုန်၏ (အတိတ်တရားကို အာရုံပြုသော စိတ်, စေတသိက်တရားများ)။

အနာဂတာရမ္မဏတရား

၁၀၄၈။ (၂) အဘယ်တရားတို့သည် အနာဂတ်တရားလျှင် အာရုံရှိသော ‘အနာဂတာရမ္မဏ’ တရား ဖြစ်ကုန်သနည်း (အနာဂတ်ကို အာရုံပြုသော ‘အနာဂတာရမ္မဏ’ တရားများကားအဘယ်နည်း)။ အကြင် စိတ် စေတသိက်တရားတို့သည် (မိမိ သဘောသို့ဖြစ်စေ၊ ဥပါဒ် ဌီ ဘင်ဟုဆိုအပ်သော ခဏသုံးပါးသို့ဖြစ်စေ) မရောက်သေးသော (အနာဂတ်) တရားတို့ကိုအာရုံပြု၍ ဖြစ်ကုန်၏။ ဤတရားတို့သည် အနာဂတ်တရားလျှင် အာရုံရှိသော ‘အနာဂတာ ရမ္မဏ’ တရားဖြစ်ကုန်၏ (အနာဂတ်တရားကို အနေကန် အာရုံပြုသော စိတ် စေတသိက်တရားများ)။

--

ပစ္စုပ္ပန္နာရမ္မဏတရား

၁၀၄၉။ (၃) အဘယ်တရားတို့သည် ပစ္စုပ္ပန်တရားလျှင် အာရုံရှိသော ‘ပစ္စုပ္ပန္နာရမ္မဏ’ တရားဖြစ်ကုန်သနည်း (ပစ္စုပ္ပန်ကို အာရုံပြုသော ‘ပစ္စုပ္ပန္နာ ရမ္မဏ’ တရားများကားအဘယ်နည်း)။ အကြင် စိတ် စေတသိက်တရားတို့သည် ထိုထိုအကြောင်းကို စွဲ၍ ဖြစ်ပေါ်နေသော (ပစ္စုပ္ပန်) တရားတို့ကို အာရုံပြု၍ ဖြစ်ကုန်၏။ ဤတရားတို့သည် ပစ္စုပ္ပန်တရားလျှင် အာရုံရှိသော ‘ပစ္စုပ္ပန္နာရမ္မဏ’ တရား ဖြစ်ကုန်၏ (ပစ္စုပ္ပန်တရားကို အာရုံပြုသော စိတ် စေတသိက်တရားများ)။

၂၀-အဇ္ဈတ္တတိက်

အဇ္ဈတ္တတရား

၁၀၅၀။ (၁) အဘယ်တရားတို့သည် အတွင်းသန္တာန်၌ ဖြစ်သော ‘အဇ္ဈတ္တ’ တရား ဖြစ်ကုန်သနည်း (အဇ္ဈတ္တသန္တာန်၌ ဖြစ်သော တရားများကား အဘယ်နည်း)။ အကြင်တရားတို့သည်ထိုထိုသတ္တဝါတို့၏ မိမိကိုယ် ‘အတ္တ’ ကို စွဲ၍ ဖြစ်ကုန်၏၊ အတ္တအသီးသီးကို စွဲ၍ဖြစ်ကုန်၏၊ မိမိသန္တာန်၌ ဖြစ်ကုန်၏၊ ပုဂ္ဂိုလ်အသီးသီး၏ ဥစ္စာ ဖြစ်ကုန်၏။ (မိမိသန္တာန်၌) ကပ်၍ စွဲယူအပ်ကုန်၏။ (ဤသို့သဘောရှိသော) ရုပ်, ခံစားမှု ‘ဝေဒနာ', မှတ်သားမှု ‘သညာ', ပြုပြင်မှု ‘သင်္ခါရ',အထူးသိမှု ‘ဝိညာဏ်’ သည် (ရှိ၏)။ ဤတရားတို့သည် အတွင်းသန္တာန်၌ ဖြစ်သော ‘အဇ္ဈတ္တ’ တရားဖြစ်ကုန်၏ (အဇ္ဈတ္တသန္တာန်၌ ဖြစ်သော စိတ်, စေတသိက်, ရုပ်တရားများ)။

ဗဟိဒ္ဓတရား

၁၀၅၁။ (၂) အဘယ်တရားတို့သည် အပသန္တာန်၌ ဖြစ်သော ‘ဗဟိဒ္ဓ’ တရား ဖြစ်ကုန်သနည်း (ဗဟိဒ္ဓသန္တာန်၌ ဖြစ်သော တရားများကား အဘယ်နည်း)။ အကြင် တရားတို့သည်ထိုထိုအခြားသတ္တဝါတို့၏ အခြားပုဂ္ဂိုလ်တို့၏ကိုယ် ‘အတ္တ’ ကို စွဲ၍ဖြစ်ကုန်၏၊ အတ ္တအသီးသီးကို စွဲ၍ဖြစ်ကုန်၏။ (အခြားပုဂ္ဂိုလ်၏) သန္တာန်၌ ဖြစ်ကုန်၏၊ ပုဂ္ဂိုလ်အသီးသီး၏ ဥစ္စာဖြစ် ကုန်၏။ (အခြားပုဂ္ဂိုလ်၏ သန္တာန်၌) ကပ်၍ စွဲယူအပ်ကုန်၏။ (ဤသို့သဘောရှိသော) ရုပ်, ခံစားမှု ‘ဝေဒနာ',မှတ်သားမှု ‘သညာ', ပြုပြင်မှု ‘သင်္ခါရ', အထူးသိမှု ‘ဝိညာဏ်’ သည် (ရှိ၏)။ ဤတရားတို့ သည်အပသန္တာန်၌ ဖြစ်သော ‘ဗဟိဒ္ဓ’ တရား ဖြစ်ကုန်၏ (ဗဟိဒ္ဓသန္တာန်၌ ဖြစ်သော စိတ်, စေတသိက်, ရုပ်,နိဗ္ဗာန်တရားများ)။

အဇ္ဈတ္တဗဟိဒ္ဓတရား

၁၀၅၂။ (၃) အဘယ်တရားတို့သည် အတွင်း အပသန္တာန်၌ ဖြစ်သော ‘အဇ္ဈတ္တဗဟိဒ္ဓ’ တရားဖြစ်ကုန်သနည်း (အဇ္ဈတ္တဗဟိဒ္ဓသန္တာန်တို့၌ ဖြစ်သော တရားများကား အဘယ်နည်း)။ ထို (အတွင်း အပြင် အဇ္ဈတ္တဗဟိဒ္ဓ) တရားနှစ်ပါးသည် (ရှိ၏)။ ဤ တရားတို့သည်အတွင်း အပသန္တာန်၌ ဖြစ်သော ‘အဇ္ဈတ္တဗဟိဒ္ဓ’ တရား ဖြစ်ကုန်၏ (အဇ္ဈတ္တဗဟိဒ္ဓ သန္တာန်၌ ဖြစ်သော စိတ်, စေတသိက်, ရုပ်တရားများ)။

--

၂၁-အဇ္ဈတ္တာရမ္မဏတိက်

အဇ္ဈတ္တာရမ္မဏတရား

၁၀၅၃။ (၁) အဘယ်တရားတို့သည် အဇ္ဈတ္တတရားလျှင် အာရုံရှိသော ‘အဇ္ဈတ္တာရမ္မဏ’ တရား ဖြစ်ကုန်သနည်း။

(အဇ္ဈတ္တတရားကို အာရုံပြုသော တရားများကား အဘယ်နည်း)။ အကြင် စိတ် စေတသိက်တရားတို့သည် အဇ္ဈတ္တသန္တာန်၌ ဖြစ်သော တရားတို့ကို အာရုံပြု၍ ဖြစ်ကုန်၏။ ဤတရားတို့သည် အဇ္ဈတ္တတရားလျှင် အာရုံရှိသော ‘အဇ္ဈတ္တာရမ္မဏ’ တရား ဖြစ်ကုန်၏ (အဇ္ဈတ္တတရားကို အာရုံပြုသော စိတ်, စေတသိက်တရားများ)။

ဗဟိဒ္ဓါရမ္မဏတရား

၁၀၅၄။ (၂) အဘယ်တရားတို့သည် ဗဟိဒ္ဓတရားလျှင် အာရုံရှိသော ‘ဗဟိဒ္ဓါရမ္မဏ’ တရားဖြစ်ကုန်သနည်း (ဗဟိဒ္ဓတရားကို အာရုံပြုသော တရားများကား အဘယ်နည်း)။ အကြင်စိတ် စေတသိက်တရားတို့သည် ဗဟိဒ္ဓသန္တာန်၌ ဖြစ်သော တရားတို့ကို အာရုံပြု၍ ဖြစ်ကုန်၏။ ဤတရားတို့သည် ဗဟိဒ္ဓတရားလျှင် အာရုံရှိသော ‘ဗဟိဒ္ဓါရမ္မဏ’ တရား ဖြစ်ကုန်၏ (ဗဟိဒ္ဓ တရားကိုအာရုံပြုသော စိတ်, စေတသိက်တရားများ)။

အဇ္ဈတ္တဗဟိဒ္ဓါရမ္မဏတရား

၁၀၅၅။ (၃) အဘယ်တရားတို့သည် အဇ္ဈတ္တဗဟိဒ္ဓတရားလျှင် အာရုံရှိသော ‘အဇ္ဈတ္တဗဟိဒ္ဓါရမ္မဏ’ တရား ဖြစ်ကုန်သနည်း (အဇ္ဈတ္တဗဟိဒ္ဓ တရားနှစ်ပါးတို့ကိုအာရုံပြုသော တရားများကား အဘယ်နည်း)။ အကြင် စိတ်, စေတသိက် တရား တို့သည်အဇ္ဈတ္တသန္တာန်, ဗဟိဒ္ဓသန္တာန်၌ ဖြစ်သော တရားတို့ကို အာရုံပြု၍ ဖြစ်ကုန်၏။ ဤတရား တို့သည်အဇ္ဈတ္တ, ဗဟိဒ္ဓတရားလျှင် အာရုံရှိသော ‘အဇ္ဈတ္တဗဟိဒ္ဓါရမ္မဏ’ တရား ဖြစ်ကုန်၏ (အဇ္ဈတ္တ,ဗဟိဒ္ဓတရားကို အာရုံပြုသော စိတ်, စေတသိက်တရားများ)။

၂၂-သနိဒဿနတိက်

သနိဒဿန သပ္ပဋိဃတရား

၁၀၅၆။ (၁) အဘယ်တရားတို့သည် မြင်ခြင်းနှင့်လည်း တကွဖြစ်သော ထိပါးခြင်းနှင့်လည်းတကွဖြစ်သော ‘သနိဒဿန သပ္ပဋိဃ’ တရား ဖြစ်ကုန်သနည်း (မြင်အပ်၍ထိပါးတတ်သော တရားများကား အဘယ်နည်း)။ မြင်သိစိတ် (စက္ခု ဝိညာဏ်) ဖြစ်ကြောင်း အဆင်း'ရူပါယတန’ သည် (ရှိ၏)။ ဤတရားတို့သည် မြင်ခြင်းနှင့်လည်း တကွ ထိပါးခြင်းနှင့်လည်း တကွဖြစ်သော ‘သနိဒဿန သပ္ပဋိဃ’ တရား ဖြစ်ကုန်၏ (ရူပါရုံ)။

အနိဒဿန သပ္ပဋိဃတရား

၁၀၅၇။ (၂) အဘယ်တရားတို့သည် မြင်ခြင်းကား မရှိ၊ ထိပါးခြင်းနှင့်သာတကွဖြစ်သော ‘အနိဒဿန သပ္ပဋိဃ’ တရား ဖြစ်ကုန်သနည်း (မမြင်အပ်မူ၍ ထိပါးတတ်သောတရားများကား အဘယ်နည်း)။ မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ရာ မျက်စိအကြည် ‘စက္ခာယတန’၊ ကြားသိစိတ် (သောတဝိညာဏ်) ဖြစ်ရာ နားအကြည် ‘သောတာယတန’၊ နံသိစိတ် (ဃာနဝိညာဏ်) ဖြစ်ရာနှာခေါင်းအကြည် ‘ဃာနာယတန’၊ လျက်သိစိတ် (ဇိဝှါဝိညာဏ်) ဖြစ်ရာ လျှာအကြည် ‘ဇိဝှါယတန’၊ ထိသိစိတ် (ကာယဝိညာဏ်) ဖြစ်ရာ ကိုယ်အကြည် ‘ကာယာယတန’၊ ကြားသိစိတ် (သောတဝိညာဏ်) ဖြစ်ကြောင်း အသံ ‘သဒ္ဒါယတန’၊ နံသိစိတ် (ဃာနဝိညာဏ်) ဖြစ်ကြောင်း အနံ့ ‘ဂန္ဓာယတန’၊ လျက်သိစိတ် (ဇိဝှါဝိညာဏ်) ဖြစ်ကြောင်း အရသာ ‘ရသာယတန’၊ ထိသိစိတ် (ကာယဝိညာဏ်) ဖြစ်ကြောင်း အတွေ့ ‘ဖောဋ္ဌဗ္ဗာယတန’ သည် (ရှိ၏)။ ဤတရားတို့သည် မြင်ခြင်းကား မရှိ၊ ထိပါးခြင်းနှင့်သာ တကွဖြစ်သော ‘အနိဒဿန သပ္ပဋိဃ’ တရား ဖြစ်ကုန်၏ (ပသာဒရုပ် ငါးခု၊ သဒ္ဒါရုံ,ဂန္ဓာရုံ, ရသာရုံ, ဖောဋ္ဌဗ္ဗာရုံ)။

--

အနိဒဿန အပ္ပဋိဃတရား

၁၀၅၈။ (၃) အဘယ်တရားတို့သည် မြင်ခြင်းလည်း မရှိ၊ ထိပါးခြင်းလည်းမရှိသော ‘အနိဒဿန အပ္ပဋိဃ’ တရား ဖြစ်ကုန်သနည်း (မြင် လည်း မမြင်အပ်, ထိပါးလည်းမထိပါးတတ်သော တရားများကား အဘယ်နည်း)။ ခံစားမှုအစု ‘ဝေဒနာက္ခန္ဓာ’၊ မှတ်သားမှုအစု'သညာက္ခန္ဓာ’၊ ပြုပြင်မှုအစု ‘သင်္ခါရက္ခန္ဓာ’၊ အထူးသိမှု (စိတ်) အစု ‘ဝိညာဏက္ခန္ဓာ’ သည်လည်းကောင်း၊ မြင်ခြင်းမရှိသော, ထိပါးခြင်းမရှိသော (မြင်လည်း မမြင်အပ်, ထိပါးလည်း မထိပါးတတ်သော) သိမှုစိတ်ဖြစ်ကြောင်းသဘော ‘ဓမ္မာယတန’၌ အကျုံးဝင်သော အကြင် ရုပ်သည်လည်းကောင်း။ (ကံ, စိတ်, ဥတု, အာဟာရဟူသော အကြောင်းတရားတို့) မပြုပြင် မစီရင်အပ် သော သဘော ‘အသင်္ခတဓာတ်’ (နိဗ္ဗာန်) သည်လည်းကောင်း (ရှိ၏)။ ဤတရားတို့သည် မြင်ခြင်းလည်း မရှိ၊ ထိပါးခြင်းလည်းမရှိသော ‘အနိဒဿန အပ္ပဋိဃ’ တရား ဖြစ်ကုန်၏။

သုံးဖို့ (သုံးစု) အားဖြင့် ချထား (ဝေဖန်) ၍ ပြအပ်သော ‘တိကနိက္ခေပ’ ပြီးပြီ။

တိက် ပြီးပြီ။

--

နှစ်ဖို့ (နှစ်စု) အားဖြင့် ချထား (ဝေဖန်) ၍ ပြခြင်း

ဒုကနိက္ခေပ

၁-ဟေတုဂေါစ္ဆက

၁-ဟေတုဒုက်

ဟိတ်မည်သောတရား

၁၀၅၉။ (၁) အဘယ်တရားတို့သည် အကြောင်းရင်း အခြေအမြစ် (ဟိတ်) မည်ကုန်သနည်း။

ကုသိုလ်အကြောင်းရင်း အခြေအမြစ် (ကုသိုလ်ဟိတ်) သုံးပါး၊ အကုသိုလ်အကြောင်းရင်းအခြေအမြစ် (အကုသိုလ်ဟိတ်) သုံးပါး၊ ကုသိုလ် အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သော အကြောင်းရင်းအခြေအမြစ် (အဗျာကတဟိတ်) သုံးပါး၊ ကာမဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်သော အကြောင်းရင်း (ကာမာဝစရဟိတ်) ကိုးပါး၊ ရူပဘုံ၌ ကျင်လည်သက်ဝင်၍ဖြစ်သော အကြောင်း ရင်း (ရူပါဝစရဟိတ်) ခြောက်ပါး၊ အရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်သော အကြောင်းရင်း (အရူပါဝစရဟိတ်) ခြောက်ပါး၊ ဘုံသုံးပါး၌ အကျုံးမဝင်သော အကြောင်းရင်း (အပရိယာပန္နဟိတ်) ခြောက်ပါးတို့သည် (ရှိကုန်၏)။

ကုသိုလ်ဟိတ်သုံးပါး

၁၀၆၀။ ထို (အကြောင်းရင်း ဟိတ်တို့) တွင် ကုသိုလ်အကြောင်းရင်း (ကုသိုလ်ဟိတ်) ‘ကုသလဟေတု'သုံးပါးတို့သည် အဘယ်နည်း။ မလိုချင် မတပ်မက်မှု ‘အလောဘ’၊ မဖျက်ဆီးမပြစ်မှားမှု ‘အဒေါသ’။ (အမှန်သဘော၌) မတွေဝေမှု (အမှန်ကိုသိမှု) ‘အမောဟ’ သည် (ရှိ၏)။

အလောဘ

၁၀၆၁။ ထို (ကုသိုလ်ဟိတ်သုံးပါးတို့) တွင် မလိုချင် မတပ်မက်မှု ‘အလောဘ’ ဟူသည် အဘယ်သဘောဖြစ်သနည်း။

အကြင် မလိုချင် မတပ်မက်ခြင်းသဘော၊ မလိုချင် မတပ်မက်ပုံအခြင်းအရာ၊ မလိုချင် မတပ်မက်တတ်သူ၏အဖြစ်၊ မစွဲလမ်းခြင်းသဘော၊ မစွဲလမ်းပုံအခြင်းအရာ၊ မစွဲလမ်းတတ်သူ၏အဖြစ်၊ မမက်မောမှု၊ ကုသိုလ်တို့၏ အခြေအမြစ်ဖြစ်သော မလိုချင် မတပ်မက်မှု ‘အလောဘကုသလမူလ’ သည် (ရှိ၏)။ ဤသဘောကို မလိုချင် မတပ်မက်မှု ‘အလောဘ’ ဟူ၍ ဆိုအပ်၏။ (စာပိုဒ် ၃၂,၁၀၄, ၃၁၂)

အဒေါသ

၁၀၆၂။ ထို (ကုသိုလ်ဟိတ်သုံးပါးတို့) တွင် မဖျက်ဆီး မပြစ်မှားမှု ‘အဒေါသ’ ဟူသည် အဘယ်သဘော ဖြစ်သနည်း။

အကြင် မဖျက်ဆီး မပြစ်မှားခြင်းသဘော ‘အဒေါသ’ ၊ မဖျက်ဆီးမပြစ်မှားပုံ အခြင်းအရာ ‘အဒုဿနာ’ ၊ မဖျက်ဆီး မပြစ်မှားတတ်သူ၏အဖြစ် ‘အဒုဿိတတ္တ’ ၊ ချစ်ခင်ခြင်းသဘော ‘မေတ္တိ’ ၊ ချစ်ခင်ပုံ အခြင်းအရာ ‘မေတ္တာယနာ’ ၊ ချစ်ခင်တတ်သူ၏အဖြစ် ‘မေတ္တာယိတတ္တ’ ၊ စောင့်ရှောက်ခြင်း သဘော ‘အနုဒ္ဒယာ’ ၊ စောင့်ရှောက်ပုံ အခြင်းအရာ ‘အနုဒ္ဒယနာ’ ၊ စောင့်ရှောက်တတ်သူ၏အဖြစ် ‘အနုဒ္ဒယိတတ္တ’ ၊ အစီးအပွါးကို ရှာမှီးခြင်း သဘော ‘ဟိတေသိတာ’ ၊ အစဉ်သနားခြင်း ‘အနုကမ္ပာ’ ၊ စိတ်မပျက်ဆီးမှု ‘အဗျာပါဒ’ ၊ စိတ်မပျက်စီးစေလိုမှု ‘အဗျာပဇ္ဇ’ ၊ ကုသိုလ်တို့၏ အခြေအမြစ်ဖြစ်သော မဖျက်ဆီး မပြစ်မှားမှု ‘အဒေါသကုသလမူလ’ သည် (ရှိ၏)။ ဤသဘောကို မဖျက်ဆီး မပြစ်မှားမှု ‘အဒေါသ’ ဟူ၍ ဆိုအပ်၏။ (စာပိုဒ် ၃၃,၁၀၅, ၃၁၃)

--

အမောဟ

၁၀၆၃။ ထို (ကုသိုလ်ဟိတ်သုံးပါတို့) တွင် (အမှန်သဘော၌) မတွေဝေမှု (အမှန်ကိုသိမှု) ‘အမောဟ’ ဟူသည် အဘယ်သဘောဖြစ်သနည်း။

ဆင်းရဲ၌ သိမှု ‘ဒုက္ခဉာဏ်’ ၊ ဆင်းရဲဖြစ်ကြောင်း၌ သိမှု ‘ဒုက္ခသမုဒယဉာဏ်’ ၊ ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) ၌ သိမှု ‘ဒုက္ခနိရောဓဉာဏ်’ ၊ ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ရောက်ကြောင်းအကျင့်၌ သိမှု ‘ဒုက္ခနိရောဓဂါမိနိပဋိပဒါဉာဏ်’ ၊ ရှေးအဖို့၌ (ဖြစ်ပြီးသော ခန္ဓာစသည်တို့၌) သိမှု ‘ပုဗ္ဗန္တဉာဏ်’ ၊ နောက်အဖို့၌ (ဖြစ်လတံ့သော ခန္ဓာစသည်တို့၌) သိမှု ‘အပရန္တဉာဏ်’ ၊ ရှေ့အဖို့နောက်အဖို့၌ (ဖြစ်ပြီး ဖြစ်လတံ့ခန္ဓာ စသည်တို့၌) သိမှု ‘ပုဗ္ဗန္တာပရန္တဉာဏ်’ ၊ ဤ (ဇရာ မရဏစသည်တို့၏) အကြောင်းတရားနှင့် (ဇာတိစသော ထိုထိုအကြောင်းတို့ကို) စွဲ၍ဖြစ်သော အကျိုးတရားတို့၌ သိမှု ‘ဣဒပ္ပစ္စယတာ ပဋိစ္စသမုပ္ပန္န ဓမ္မဉာဏ်’ သည် (ရှိ၏)။ ဤသို့သဘောရှိသော အကြင် (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှု။ (ခွဲခွဲခြားခြား) အပြားအားဖြင့်သိခြင်းသဘော။ (အနိစ္စစသည်ကို) စိစစ်ခြင်းသဘော။ (ခွဲခွဲခြားခြား) အပြားအားဖြင့် စိစစ်ခြင်းသဘော။ (သစ္စာလေးပါး) တရားတို့ကို စိစစ်ခြင်းသဘော။ (အနိစ္စစသည်ကို) ကောင်းစွာ မှတ်ခြင်းသဘော၊ ကပ်၍မှတ်ခြင်းသဘော၊ ရှေးရှုကပ်၍ မှတ်ခြင်း (ပိုင်းခြားခြင်း) သဘော၊ အသိ (ဉာဏ်) ရှိသူ၏အဖြစ်၊ ကျွမ်းကျင် (လိမ္မာ) သူ၏အဖြစ်၊ သိမ်မွေ့သူ၏အဖြစ်၊ ဝေဖန်တတ်သူ (ထင်ရှားပြတတ်သူ) ၏အဖြစ်။ (အနိစ္စစသည်ကို) ကြံစည်ခြင်းသဘော၊ နှိုင်းချိန်ခြင်းသဘော၊ မြေကြီးနှင့်တူသော သဘော၊ တစ်နည်း-ဟုတ်မှန်သော အနက်၌ မွေ့လျော်တတ်သော သဘော၊ ကိလေသာတို့ကို ညှဉ်းဆဲနှိပ်စက်တတ်သောသဘော၊ ထိုးထွင်း၍ သိမှု၌ ညွတ်စေတတ်သောသဘော၊ အထူးထူး ရှုမြင်တတ်သော သဘော၊ ကောင်းစွာ (ခွဲခွဲခြားခြား) အပြားအားဖြင့် သိတတ်သော သဘော။ (လမ်းမှားသို့ ပြေးသွားနေသောစိတ်ကို လမ်းမှန်သို့ ရောက်ရန် ထိုးနှင်တတ်သဖြင့်) နှင်တံ (တုတ်တပြာ) နှင့် တူသော သဘော၊ ပညာဟူသော အစိုးတရ (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှု ‘ပညိန္ဒြေ’ ၊ မတုန်မလှုပ် (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှု ‘ပညာဗိုလ်’။ (ကိလေသာတို့ကို ဖြတ်တတ်သော) (ခွဲခွဲခြားခြား) အပြားအားဖြင့်သိမှု ‘ပညာလက်နက်’။ (မိမိဖြစ်ရာ ပုဂ္ဂိုလ်ကို မြင့်တက်စေတတ်သော) (ခွဲခွဲခြားခြား) အပြားအားဖြင့်သိမှု ‘ပညာပြာသာဒ်’။ (အဝိဇ္ဇာအမိုက် မှောင်ကို ပယ်ဖျောက်၍ ထွန်းလင်းစေတတ်သော) (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှု ‘ပညာအလင်း’။ (ကြည်လင်တောက်ပသော) (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှု ‘ပညာအရောင်’။ (ထွန်းပြတတ်သော) (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှု ‘ပညာတန်ဆောင်’။ (ဖြစ်နိုင်ခဲရနိုင်ခဲ၍ နှစ်သက်ခြင်းကို ဖြစ်စေတတ် သော) (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှု ‘ပညာရတနာ’ ၊ မတွေဝေမှု ‘အမောဟ’။ (သစ္စာလေးပါး) တရားတို့ကို စိစစ်ခြင်းသဘော ‘ဓမ္မဝိစယ’ ၊ ကောင်းစွာ (အမှန်) သိမြင်မှု ‘သမ္မာဒိဋ္ဌိ’ သည် (ရှိ၏)။ ဤ သဘောကို (အမှန်သဘော၌) မတွေဝေမှု (အမှန်ကိုသိမှု) ‘အမောဟ’ ဟူ၍ ဆိုအပ်၏။ (စာပိုဒ် ၃၄,၁၀၆, ၃၁၄) ဤသုံးပါးတို့သည် ကုသိုလ်အကြောင်းရင်း (ကုသိုလ်ဟိတ်) တို့တည်း။

--

အကုသိုလ်ဟိတ်သုံးပါး

၁၀၆၄။ ထို (ဟိတ်တို့) တွင် အကုသိုလ်အကြောင်းရင်း (အကုသိုလ်ဟိတ်) သုံးပါးတို့ဟူသည် အဘယ်တို့နည်း။ လိုချင်တပ်မက်မှု ‘လောဘ’၊ ဖျက်ဆီး ပြစ်မှားမှု ‘ဒေါသ’။ (အမှန်သဘော၌) တွေဝေမှု (အမှန်ကို မသိမှု) ‘မောဟ’ သည် (ရှိ၏)။

လောဘ

၁၀၆၅။ ထို (အကုသိုလ်ဟိတ်သုံးပါးတို့) တွင် လိုချင်တပ်မက်မှု ‘လောဘ’ ဟူသည် အဘယ်သဘောဖြစ်သနည်း။

အကြင် စွဲလမ်းခြင်းသဘော ‘ရာဂ’ ၊ ပြင်းစွာစွဲလမ်းခြင်း သဘော ‘သာရာဂ’။ (အာရုံ၌ သတ္တဝါတို့ကို) အဖန်ဖန် ဆွဲဆောင်ခြင်းသဘော ‘အနုနယ’ ၊ မဆန့်ကျင်ခြင်း (လိုလားစေခြင်း) သဘော ‘အနုရောဓ’ ၊ နှစ်သက်ခြင်းသဘော ‘နန္ဒီ’ ၊ နှစ်သက်စွဲလမ်းခြင်းသဘော ‘နန္ဒီရာဂ’ ၊ စိတ်၏ ပြင်းစွာ စွဲလမ်းခြင်းသဘော ‘စိတ္တဿ သာရာဂ’။ (အာရုံကို) လိုလားမှုသဘော ‘ဣစ္ဆာ’။ (လိုချင်မှုအားကြီးသဖြင့်) မိန်းမောမှု သဘော ‘မုစ္ဆာ’ ၊ မျို၍ပြီးဆုံးစေခြင်းသဘော (အပြီးအဆုံး အကြွင်းအကျန်မရှိလိုချင်တပ်မက်မှု) ‘အဇ္ဈောသာန’ ၊ တပ်မက်ခြင်းသဘော ‘ဂေဓ’ ၊ ထက်ဝန်းကျင် (အားလုံးကို) တပ်မက်ခြင်းသဘော ‘ပလိဂေဓ’ ၊ ကပ်ငြိ တွယ်တာခြင်းသဘော ‘သင်္ဂ’ ၊ ရွှံ့ညွန်နှင့် တူသော (နစ်မြုပ်စေခြင်း) သဘော ‘ပင်္က’ ၊ ဆွဲငင်ခြင်း (ထိုထိုဘဝ၌ ဖြစ်ရန် ဆွဲဆောင်ခြင်း) သဘော ‘ဧဇာ’ ၊ လှည့်ပတ်ခြင်းသဘော ‘မာယာ’။ (ဝဋ်ဆင်းရဲ၌ သတ္တဝါတို့ကို) ဖြစ်စေခြင်းသဘော ‘ဇနိကာ’။ (ဆင်းရဲနှင့်) ယှဉ်လျက်ဖြစ်စေတတ်သော သဘော ‘သဉ္စနနီ’။ (သတ္တဝါတို့ကို ဝဋ်ဆင်းရဲ၌ စုတိ ပဋိသန္ဓေ၏ အစွမ်းဖြင့်) ချုပ်စပ်ခြင်းသဘော ‘သိဗ္ဗိနီ’ ၊ အာရုံကွန်ရက်ရှိသော သဘော ‘ဇာလိနီ’။ (တပ်မက်မှုဖြင့်) စိုစွတ်ခြင်းသဘော၊ တစ်နည်း- (ဝဋ်ဆင်းရဲသို့ ဆွဲဆောင်တတ်သဖြင့်) လျင်သော ရေအယဉ်ရှိသောမြစ်နှင့်တူသောသဘော ‘သရိတာ’ ၊ အဆိပ်နှင့်တူသော သဘော ‘ဝိသတ္တိကာ’။ (အကျိုးမဲ့သို့ရောက်အောင်နှောင်ဖွဲ့တတ်သဖြင့်) ကြိုးနှင့်တူသော သဘော ‘သုတ္တ’။ (ရူပါရုံစသည်တို့၌) ပျံ့နှံ့တပ်မက်တတ်သောသဘော ‘ဝိသဋာ’။ (ထိုထိုအာရုံကို ရခြင်းငှါ) အားထုတ် စေတတ်သော သဘော ‘အာယူဟိနီ’။ (ဖြစ်တိုင်းဖြစ်တိုင်းသော ဘဝသံသရာ၌ မိမိ၏ ချစ်နှစ်သက်သည့်) အဖော်ဖြစ်သော သဘော ‘ဒုတိယာ’ ၊ တောင့်တခြင်းသဘော ‘ပဏိဓိ’။ (သတ္တဝါတို့ကို) ဘဝသို့ ဆွဲဆောင်ကြောင်းသဘော (ဘဝကြိုး) ‘ဘဝနေတ္တိ’။ (ထိုထိုအာရုံသို့) ကပ်ရောက်တတ် (ငြိကပ်တတ်) သောသဘော၊ တစ်နည်း- (အကျိုးမဲ့ ဆင်းရဲကို ဖြစ်စေတတ်သဖြင့်) တောနှင့် တူသောသဘော ‘ဝန’။ (ထိုထိုအာရုံသို့) ပြင်းပြစွာ ကပ်ရောက်တတ် (ငြိကပ်တတ်) သော သဘော၊ တစ်နည်း- (အကျိုးမဲ့ဆင်းရဲကို လွန်စွာ ဖြစ်စေတတ်သဖြင့်) တောနှင့်တူသော သဘော ‘ဝနထ’။ (ချစ်ကြိုက်) ပေါင်းဖော် (ရောနှော) ခြင်းသဘော ‘သန္ထဝ’ ၊ ချစ်ကြိုက်ခြင်းသဘော ‘သိနေဟ’ ၊ ငဲ့ကွက်တွယ်တာခြင်းသဘော ‘အပေက္ခ’။ (အာရုံအသီးသီး၌) နှောင်ဖွဲ့တတ်သော သဘော ‘ပဋိဗန္ဓု’။ (အာရုံကို) တောင့်တခြင်းသဘော ‘အာသာ’ ၊ တောင့်တပုံအခြင်းအရာ ‘အာသိသနာ’ ၊ တောင့်တတတ်သော စိတ်၏အဖြစ် ‘အာသီသိတတ္တ’ ၊ အဆင်း (ရူပါရုံ) ၌ တောင့်တမှု ‘ရူပါသာ’ ၊ အသံ (သဒ္ဒါရုံ) ၌ တောင့်တမှု ‘သဒ္ဒါသာ’ ၊ အနံ့ (ဂန္ဓာရုံ၌) ၌ တောင့်တမှု ‘ဂန္ဓာသာ’ ၊ အရသာ (ရသာရုံ) ၌ တောင့်တမှု ‘ရသာသာ’ ၊ အတွေ့ (ဖောဋ္ဌဗ္ဗာရုံ) ၌ တောင့်တမှု ‘ဖောဋ္ဌဗ္ဗာသာ’ ၊ ရအပ်သော အရာဝတ္ထု (လာဘ်) ၌ တောင့်တမှု ‘လာဘာသာ’ ၊ ပစ္စည်းဥစ္စာ၌ တောင့်တမှု ‘ဓနာသာ’ ၊ သားသမီး၌ တောင့်တမှု ‘ပုတ္တာသာ’ ၊ အသက်၌ တောင့်တမှု ‘ဇီဝိတာသာ’။ (သတ္တဝါတို့ကို) တပ်မက်စေတတ်သောသဘော၊ တစ်နည်း- (ငါ့ဥစ္စာ ငါ့ဥစ္စာဟု) ပြောဆိုစေတတ် သောသဘော ‘ဇပ္ပါ’။ (သတ္တဝါတို့ကို) ထူးထူးခြားခြား တပ်မက်စေတတ်သော သဘော၊ တစ်နည်း- (ငါ့ဥစ္စာငါ့ဥစ္စာဟု) ထပ်ကာထပ်ကာ ပြောဆိုစေတတ်သော သဘော ‘ပဇပ္ပါ’။

--

(သတ္တဝါတို့ကို) အလွန်တပ်မက်စေတတ်သော သဘော၊ တစ်နည်း- (ငါ့ဥစ္စာ ငါ့ဥစ္စာဟု) အလွန် ပြောဆိုစေတတ်သော သဘော ‘အဘိဇပ္ပါ’ ၊ တပ်မက်စေခြင်းသဘော ‘ဇပ္ပါ’ ၊ တပ်မက်စေပုံအခြင်းအရာ ‘ဇပ္ပနာ’ ၊ တပ်မက်စေတတ်သည်၏အဖြစ် ‘ဇပ္ပိတတ္တ’။ (အာရုံ၌ အဖန်ဖန်) လုယက်ဆွဲငင်ခြင်းသဘော (အလွန်တပ်မက်ခြင်းသဘော) ‘လောလုပ္ပ’။ (အာရုံ၌ အဖန်ဖန်) လုယက်ဆွဲငင်ပုံ အခြင်းအရာ ‘လောလုပ္ပါယနာ’။ (အာရုံ၌ အဖန်ဖန်) လုယက် ဆွဲငင်တတ်သည်၏အဖြစ် ‘လောလုပ္ပါယိတတ္တ’ ၊ အမြီးနန့်သော ခွေးကဲ့သို့ (လာဘ်လာဘ၌) တုန်လှုပ်ခြင်းသဘော ‘ပုစ္ဆဉ္စိကတာ’ ၊ ကောင်းသော အာရုံတို့ကို လိုလားသူ၏အဖြစ် ‘သာဓုကမျတာ’။ (အမိ, အဒေါ်စသော) မသင့်လျော်သောအရာ၌ တပ်မက်ခြင်းသဘော ‘အဓမ္မရာဂ’ ၊ မညီမမျှ အဆမတန် အားကြီးစွာ လိုချင်ခြင်းသဘော ‘ဝိသမလောဘ’။ (အာရုံကို) နှစ်သက်ခြင်းသဘော ‘နိကန္တိ’ ၊ နှစ်သက်ပုံအခြင်းအရာ ‘နိကာမနာ’ ၊ မျှော်လင့်တောင့်တခြင်းသဘော ‘ပတ္ထနာ’ ၊ ချစ်ခင်ခြင်းသဘော ‘ပိဟနာ’ ၊ ကောင်းစွာမျှော်လင့်တောင့်တခြင်း သဘော ‘သမ္ပတ္ထနာ’။ ကာမဂုဏ်ငါးပါးတို့၌ တပ်မက်မှု ‘ကာမတဏှာ’။ (ရူပ အရူပ) ဘဝတို့၌ တပ်မက်မှု ‘ဘဝတဏှာ’။ (ဥစ္ဆေဒဟုဆိုအပ်သော) ဘဝကင်းခြင်း၌ တပ်မက်မှု ‘ဝိဘဝတဏှာ’ ၊ ရူပဘုံ၌ တပ်မက်မှု ‘ရူပတဏှာ’ ၊ အရူပဘုံ၌ တပ်မက်မှု ‘အရူပတဏှာ’ ၊ ဘဝချုပ်ခြင်း၌ တပ်မက်မှု ‘နိရောဓတဏှာ’ ၊ အဆင်း (ရူပါရုံ) ၌ တပ်မက်မှု ‘ရူပတဏှာ’ ၊ အသံ (သဒ္ဒါရုံ) ၌ တပ်မက်မှု ‘သဒ္ဒတဏှာ’ ၊ အနံ့ (ဂန္ဓာရုံ) ၌ တပ်မက်မှု ‘ဂန္ဓတဏှာ’ ၊ အရသာ (ရသာရုံ) ၌ တပ်မက်မှု ‘ရသတဏှာ’ ၊ အတွေ့ (ဖောဋ္ဌဗ္ဗာရုံ) ၌ တပ်မက်မှု ‘ဖောဋ္ဌဗ္ဗ့တဏှာ’ ၊ သဘောတရား (ဓမ္မာရုံ) ၌ တပ်မက်မှု ‘ဓမ္မတဏှာ’။ (ဝဋ်ဆင်းရဲ၌) နစ်မြုပ်စေခြင်းသဘော ‘ဩဃ’။ (ဝဋ်ဆင်းရဲ၌) ယှဉ်စေခြင်းသဘော ‘ယောဂ’။ (ဝဋ်ဆင်းရဲ၌) ဆက်စပ်ထုံးဖွဲ့ခြင်းသဘော ‘ဂန္ထ’ ၊ ပြင်းစွာယူခြင်း (စွဲလမ်းခြင်း) သဘော ‘ဥပါဒါန’။ (ကုသိုလ်တရားတို့ကို) ပိတ်ပင်တတ်သောသဘော ‘အာဝရဏ’။ (ကုသိုလ်တရားတို့ကို) တားမြစ်တတ်သောသဘော ‘နီဝရဏ’။ (အမှန်တရားကို) ဖုံးကွယ်ခြင်းသဘော ‘ဆာဒန’။ (သတ္တဝါတို့ကို ဝဋ်ဆင်းရဲ၌) ဖွဲ့နှောင် တတ်သော သဘော ‘ဗန္ဓန’။ (စိတ်ကို) ကပ်၍ ညစ်နွမ်းစေတတ်သော သဘော ‘ဥပက္ကိလေသ’ ၊ အစဉ် ကိန်းဝပ်တတ်သော သဘော၊ တစ်နည်း- လျောက်ပတ်သော အကြောင်းကိုရလျှင် (အကြောင်းညီညွတ် လျှင်) ဖြစ်တတ်သော သဘော ‘အနုသယ’ ၊ ထက်ဝန်းကျင် (စိတ်တစ်ခုလုံးသိမ်းကျုံး၍) ထကြွ (သောင်း ကျန်း) တတ်သော သဘော ‘ပရိယုဋ္ဌာန’။ (ရစ်ပတ်တတ်သော) နွယ်နှင့်တူသောသဘော ‘လတာ’ ၊ အရာ ဝတ္ထုအမျိုးမျိုးတို့ကို လိုချင်တတ်သော သဘော ‘ဝေဝိစ္ဆ’။ (ဝဋ်) ဆင်းရဲ၏ အခြေအမြစ် ‘ဒုက္ခမူလ’။ (ဝဋ်) ဆင်းရဲ၏ အကြောင်းရင်း ‘ဒုက္ခနိဒါန’။ (ဝဋ်) ဆင်းရဲ၏စ၍ဖြစ်ရာ ‘ဒုက္ခပ္ပဘဝ’ ၊ မာရ်၏ကျော့ ကွင်း ‘မာရပါသ’ ၊ မာရ်၏ငါးမျှားချိတ် ‘မာရဗဠိသ’ ၊ မာရ်၏အရာ (မာရ်၏နယ်ပယ်) ‘မာရဝိသယ’။ (ယိုစီးတတ် သော) တပ်မက်မှုတဏှာမြစ် ‘တဏှာနဒီ’။ (ဖုံးလွှမ်းတတ်သော) တပ်မက်မှုတဏှာကွန်ရက် ‘တဏှာ ဇာလ’။ (မြဲမြံစွာ နှောင်ဖွဲ့တတ်သော) တပ်မက်မှုတဏှာတောက် ‘တဏှာဂဒ္ဒုလ’ ၊ ပြည့်နိုင်ခဲသော တပ်မက်မှုတဏှာသမုဒ္ဒရာ ‘တဏှာသမုဒ္ဒ’။ (သူတစ်ပါးပစ္စည်းကို) လိုချင်မက်မောမှု ‘အဘိဇ္ဈာ’ ၊ အကုသိုလ်တို့၏ အခြေအမြစ်ဖြစ်သော လိုချင်တပ်မက်မှု ‘လောဘအကုသလမူလ’ သည် (ရှိ၏)။ ဤ (ဆိုအပ်ခဲ့ ပြီးသော) သဘောကိုလိုချင်တပ်မက်မှု ‘လောဘ’ ဟု ဆိုအပ်၏။ (၁၁၄၁)

ဒေါသ

၁၀၆၆။ ထို (အကုသိုလ်ဟိတ်သုံးပါးတို့) တွင် ဖျက်ဆီးပြစ်မှားမှု ‘ဒေါသ’ ဟူသည် အဘယ်နည်း။ “ငါ၏ အကျိုးမဲ့ကို ပြုကျင့်ခဲ့ပြီ” ဟု ရန်ငြိုးဖွဲ့မှု ‘အာဃာတ’ သည် ဖြစ်၏၊ “ငါ၏ အကျိုးမဲ့ကိုပြုကျင့်နေဆဲဖြစ်သည်” ဟု ရန်ငြိုးဖွဲ့မှု ‘အာဃာတ’ သည် ဖြစ်၏၊ “ငါ၏ အကျိုးမဲ့ကို ပြုကျင့် လတ္တံ့” ဟုရန်ငြိုးဖွဲ့မှု ‘အာဃာတ’ သည် ဖြစ်၏၊ “ငါ၏ ချစ်ခင်မြတ်နိုးအပ်သူ၏ အကျိုးမဲ့ကို ပြုကျင့်ခဲ့ပြီ။ပ။ အကျိုးမဲ့ကို ပြုကျင့်နေဆဲ ဖြစ်သည်။ပ။ အကျိုးမဲ့ကို ပြုကျင့်လတ္တံ့” ဟု ရန်ငြိုးဖွဲ့မှု ‘အာဃာတ’ သည်ဖြစ်၏၊ “ငါ၏ မချစ်ခင် မမြတ်နိုးအပ်သူ၏ အကျိုးကို ပြုကျင့်ခဲ့ပြီ။ပ။ အကျိုးကို ပြုကျင့်နေဆဲဖြစ်သည်။ပ။ အကျိုးကို ပြုကျင်လတ္တံ့” ဟု ရန်ငြိုးဖွဲ့မှု ‘အာဃာတ’ သည် ဖြစ်၏၊

--

ထို့ပြင်အကြောင်း မဟုတ်သည်၌ ရန်ငြိုးဖွဲ့မှု (အမျက်ထွက်မှု) သည် ဖြစ်၏။ ဤသို့သဘောရှိသော စိတ်၏ အကြင်ရန်ငြိုးဖွဲ့မှု ‘အာဃာတ’၊ လွန်စွာ ရန်ငြိုးဖွဲ့မှု ‘ပဋိဃာတ’။ (အာရုံ၌) ထိပါးမှု (မုန်းထားမှု) ‘ပဋိဃ’၊ လွန်စွာ ဆန့်ကျင်ခြင်းသဘော ‘ပဋိဝိရောဓ’၊ စိတ်ဆိုးခြင်း (အမျက်ထွက်ခြင်း) သဘော ‘ကောပ’၊ လွန်စွာ စိတ်ဆိုးခြင်း (အမျက်ထွက်ခြင်း) သဘော ‘ပကောပ’၊ အလွန် ပြင်းစွာ စိတ်ဆိုးခြင်း (အမျက်ထွက်ခြင်း) သဘော ‘သမ္ပကောပ’၊ ဖျက်ဆီးပြစ်မှားခြင်းသဘော ‘ဒေါသ’၊ လွန်စွာ ဖျက်ဆီးပြစ်မှားခြင်းသဘော ‘ပဒေါသ’၊ အလွန်ပြင်းစွာ ဖျက်ဆီးပြစ်မှားခြင်းသဘော ‘သမ္ပဒေါသ’၊ စိတ်၏ဖောက်ပြန်ခြင်းသဘော ‘စိတ္တဿဗျာပတ္တိ’၊ စိတ်ပျက်စီးခြင်းသဘော ‘မနောပဒေါသ’၊ အမျက် ထွက်ခြင်းသဘော ‘ကောဓ’၊ အမျက်ထွက်ပုံအခြင်းအရာ ‘ကုဇ္ဈနာ’၊ အမျက်ထွက်တတ်သူ၏အဖြစ် ‘ကုဇ္ဈိတတ္တ’၊ ဖျက်ဆီးပြစ်မှားခြင်းသဘော ‘ဒေါသ’၊ ဖျက်ဆီးပြစ်မှားပုံ အခြင်းအရာ ‘ဒုဿနာ’၊ ဖျက်ဆီးပြစ်မှားတတ်သူ၏အဖြစ် ‘ဒုဿိတတ္တ’၊ ဖောက်ပြန်ပျက်စီးခြင်းသဘော ‘ဗျာပတ္တိ’၊ ဖောက်ပြန်ပျက်စီးပုံအခြင်းအရာ ‘ဗျာပဇ္ဇနာ’၊ ဖောက်ပြန်ပျက်စီးတတ်သည်၏အဖြစ် ‘ဗျာပဇ္ဇိတတ္တံ’၊ ဆန့်ကျင်မှု ‘ဝိရောဓ’၊ လွန်စွာ အဖန်ဖန် ဆန့်ကျင်မှု ‘ပဋိဝိရောဓ’၊ ကြမ်းတမ်းသူ၏အဖြစ် (ကြမ်းတမ်းမှု) ‘စဏ္ဍိက္က’၊ ကောင်းမွန်ပြည့်စုံစွာ မပြောဆိုနိုင်ခြင်း (မကောင်းသဖြင့် ပြောဆိုခြင်း) ‘အသုရောပ’၊ စိတ်၏ မိမိပကတိစိတ့်မဟုတ်သည်၏အဖြစ် (မနှစ်လိုမှု) ‘အနတ္တမနသာ စိတ္တဿ’ သည် (ရှိ၏)။ ဤ (ဆိုအပ်ခဲ့ပြီးသော) သဘောကို ဖျက်ဆီးပြစ်မှားမှု ‘ဒေါသ’ ဟူ၍ ဆိုအပ်၏။ (၄၁၈, ၄၁၉,၁၁၄၂,၁၂၃၇,၁၂၄၂)

မောဟ

၁၀၆၇။ ထို (အကုသိုလ်ဟိတ်သုံးပါးတို့) တွင် (အမှန်သဘော၌) တွေဝေမှု (အမှန်ကိုမသိမှု) ‘မောဟ’ ဟူသည် အဘယ်နည်း။ ဆင်းရဲ၌ မသိမှု ‘ဒုက္ခေအညာဏ’၊ ဆင်းရဲဖြစ် ကြောင်း၌ မသိမှု ‘ဒုက္ခသမုဒယေ အညာဏ’၊ ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) ၌ မသိမှု ‘ဒုက္ခနိရောဓေ အညာဏ’၊ ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်၌ မသိမှု ‘ဒုက္ခနိရောဓဂါမိနိယာ ပဋိပဒါယ အညာဏ’၊ ရှေ့အဖို့၌ (ဖြစ်ပြီးသော ခန္ဓာစသည်တို့၌) မသိမှု ‘ပုဗ္ဗန္တေအညာဏ’၊ နောက်အဖို့၌ (ဖြစ်လတံ့သောခန္ဓာစသည်တို့၌) မသိမှု ‘အပရန္တေအညာဏ’၊ ရှေ့အဖို့ နောက်အဖို့၌ (ဖြစ်ပြီးလတံ့ခန္ဓာစသည်တို့၌) မသိမှု ‘ပုဗ္ဗာန္တာပရန္တေ အညာဏ’၊ ဤ (ဇရာ မရဏစသည်တို့၏) အကြောင်းတရားနှင့် (ဇာတိစသောထိုထိုအကြောင်းကို) စွဲ၍ဖြစ်သော အကျိုးတရားတို့၌ မသိမှု ‘ဣဒပ္ပစ္စယတာ ပဋိစ္စသမုပ္ပန္နေသု ဓမ္မေသုအညာဏ’ သည် (ရှိ၏)။ ဤသို့သဘောရှိသော အကြင် မသိခြင်းသဘော ‘အညာဏ’။ (အမှန်တရားကို) မမြင်ခြင်းသဘော ‘အဒဿန’၊ ထိုးထွင်း၍ မသိတတ်သောသဘော ‘အနဘိသမယ’။ (အမှန်တရားအား) လျော်စွာ မသိတတ်သောသဘော ‘အနနုဗောဓ’။ (အနိစ္စစသည်တို့နှင့် ယှဉ်၍) မသိတတ်သောသဘော (မှားယွင်းစွာ သိတတ်သောသဘော) ‘အသမ္ဗောဓ’၊ ထိုးထွင်း၍ မသိခြင်းသဘော ‘အပ္ပဋိဝေဓ’။ (အနိစ္စစသည်ဖြင့်) မယူတတ်သော သဘော ‘အသံဂါဟနာ’။ (အမှန်တရားကို) သက်ဝင်၍ (နားလည်၍) မယူတတ်သော သဘော ‘အပရိယောဂါဟနာ’၊ ညီညီညွတ်ညွတ် မရှုတတ် (အနိစ္စစသည်ကို နိစ္စစသည်ဟု မညီမညွတ် ရှုတတ်) သောသဘော ‘အသမပေက္ခန’၊ မဆင်ခြင်တတ်သောသဘော ‘အပစ္စဝေက္ခဏာ’၊ မျက်မှောက်မရှုတတ်သော သဘော (အကောင်းအဆိုးကို မဝေခွဲတတ်သောသဘော) ‘အပစ္စက္ခကမ္မ’။ (စိတ်) ဖြူစင်သန့်ရှင်းမှုကို ဖျက်ဆီးကြောင်းသဘော ‘ဒုမ္မေဇ္ဈ’၊ လူမိုက်ဖြစ်ကြောင်းသဘော ‘ဗာလျ၊ ကောင်းစွာ (ခွဲခွဲခြားခြား) အပြားအားဖြင့် မသိတတ်သောသဘော ‘အသမ္ပဇည’။ (အမှန်သဘော၌) တွေဝေခြင်းသဘော (အမှန်ကို မသိမှု) ‘မောဟ’၊ ပြင်းစွာ တွေဝေခြင်းသဘော ‘ပမောဟ’၊ ထက်ဝန်းကျင် (တရားအားလုံး၌) တွေဝေခြင်း သဘော ‘သမ္မောဟ’၊ သိအပ်သည်ကို မသိခြင်း (သစ္စာလေးပါးကိုမသိခြင်း) သဘော ‘အဝိဇ္ဇာ’။ (ဝဋ်ဆင်းရဲ ၌) နစ်မြုပ်စေတတ်သော မသိမှုသဘော ‘အဝိဇ္ဇောဃ’။ (ဝဋ်ဆင်းရဲ၌) ယှဉ်စေတတ်သော မသိမှုသဘော ‘အဝိဇ္ဇာယောဂ’၊ အစဉ်ကိန်းဝပ်တတ်သော မသိမှုသဘော ‘အဝိဇ္ဇာနုသယ’။ (ကိလေသာတို့၏) ထကြွ သောင်းကျန်းခြင်းဟူသော မသိမှုသဘော ‘အဝိဇ္ဇာပရိယုဋ္ဌာန’။

--

(စီးပွါးချမ်းသာသို့ မရောက်နိုင်အောင် ပိတ်ပင်တတ်သဖြင့်) တံခါးကျည် (မင်းတုပ်) နှင့်တူသောမသိမှုသဘော ‘အဝိဇ္ဇာလင်္ဂီ’၊ အကုသိုလ်တို့၏ အခြေအမြစ်ဖြစ်သော တွေဝေမှု ‘မောဟ'အကုသလမူလ’ သည် (ရှိ၏)။ ဤ (ဆိုအပ်ခဲ့ပြီးသော) သဘော ကို (အမှန်သဘော၌) တွေဝေမှု (အမှန်ကိုမသိမှု) ‘မောဟ’ ဟူ၍ ဆိုအပ်၏။ (စာပိုဒ် ၃၉၀,၁၁၀၅,၁၁၀၆,၁၂၃၈)

ဤသုံးပါးတို့သည် အကုသိုလ်အကြောင်းရင်း အခြေအမြစ် (အကုသိုလ်ဟိတ်) တို့တည်း။

အဗျာကတဟိတ်သုံးပါး

၁၀၆၈။ ထို (ဟိတ်တို့) တွင် ကုသိုလ် အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သောအကြောင်းရင်း အခြေအမြစ် ‘အဗျာကတဟိတ်’ သုံးပါးတို့ဟူသည် အဘယ်တို့နည်း။ ကုသိုလ်တရားတို့၏ အကျိုး ‘ဝိပါက်'တို့၌ လည်းကောင်း၊ ကုသိုလ် အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သောပြုကာမျှဖြစ်သော ‘ကိရိယာဗျာကတ’ တရားတို့၌ လည်းကောင်း (ရှိသော) မလိုချင် မတပ် မက်မှု ‘အလောဘ’၊ မဖျက်ဆီး မပြစ်မှားမှု ‘အဒေါသ’။ (အမှန်သဘော၌) မတွေဝေမှု (အမှန်ကိုသိမှု) ‘အမောဟ’ သည် (ရှိ၏)။ ဤသုံးပါးတို့သည် ကုသိုလ် အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သော အကြောင်းရင်း အခြေအမြစ် ‘အဗျာကတဟိတ်'တို့တည်း။

ကာမာဝစရဟိတ်ကိုးပါး

၁၀၆၉။ ထို (ဟိတ်တို့) တွင် ကာမဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်သော အကြောင်းရင်းအခြေအမြစ် ‘ကာမာဝစရဟိတ်’ ကိုးပါးတို့ဟူသည် အဘယ်တို့ နည်း။ ကုသိုလ်ဖြစ်သော အကြောင်းရင်း အခြေအမြစ် ‘ကုသိုလ်ဟိတ်'သုံးပါး၊ အကုသိုလ်ဖြစ်သော အကြောင်းရင်း အခြေအမြစ် ‘အကုသိုလ်ဟိတ်'သုံးပါး၊ ကုသိုလ် အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သော အကြောင်းရင်း အခြေအမြစ် ‘အဗျာကတဟိတ်'သုံးပါးတို့သည် (ရှိကုန်၏)။ ဤဟိတ်ကိုးပါးတို့သည် ကာမ ဘုံ၌ ကျင်လည်သက်ဝင်၍ဖြစ်သော အကြောင်းရင်း အခြေအမြစ် ‘ကာမာဝစရဟိတ်'တို့တည်း။

ရူပါဝစရဟိတ်ခြောက်ပါး

၁၀၇၀။ ထို (ဟိတ်တို့) တွင် ရူပဘုံ၌ ကျင်လည်သက်ဝင်၍ဖြစ်သော အကြောင်းရင်း အခြေအမြစ် ‘ရူပါဝစရဟိတ်'ခြောက်ပါးတို့ဟူသည် အဘယ်တို့ နည်း။ ကုသိုလ်ဖြစ်သော အကြောင်းရင်း အခြေအမြစ် ‘ကုသိုလ်ဟိတ်'သုံးပါး၊ ကုသိုလ် အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သောအကြောင်းရင်း အခြေအမြစ် ‘အဗျာကတဟိတ်'သုံးပါးတို့သည် (ရှိကုန်၏)။ ဤဟိတ် ခြောက်ပါးတို့သည်ရူပဘုံ၌ ကျင်လည်သက်ဝင်၍ဖြစ်သော အကြောင်းရင်း အခြေအမြစ် ‘ရူပါဝစရဟိတ်’ တို့တည်း။

အရူပါဝစရဟိတ်ခြောက်ပါး

၁၀၇၁။ ထို (ဟိတ်တို့) တွင် အရူပဘုံ၌ ကျင်လည် သက်ဝင်၍ ဖြစ်သော အကြောင်းရင်း အခြေအမြစ် ‘အရူပါဝစရဟိတ်’ ခြောက်ပါးတို့ဟူ သည် အဘယ်တို့နည်း။ ကုသိုလ်ဖြစ်သော အကြောင်းရင်း အခြေအမြစ် ‘ကုသိုလ်ဟိတ်'သုံးပါး၊ ကုသိုလ် အကုသိုလ်အဖြစ်ဖြင့်မဟောအပ်သော အကြောင်းရင်း အခြေအမြစ် ‘အဗျာကတဟိတ်'သုံးပါးတို့သည် (ရှိကုန်၏)။ ဤဟိတ်ခြောက်ပါးတို့သည် အရူပဘုံ၌ ကျင်လည် သက်ဝင်၍ ဖြစ်သော အကြောင်းရင်း အခြေအမြစ် ‘အရူပါဝစရဟိတ်'တို့တည်း။

--

အပရိယာပန္နဟိတ်ခြောက်ပါး

၁၀၇၂။ ထို (ဟိတ်တို့) တွင် ဘုံသုံးပါး၌ အကျုံးမဝင်သော (လောကုတ္တရာ) အကြောင်းရင်း အခြေအမြစ် ‘အပရိယာပန္နဟိတ်'ခြောက်ပါးတို့ဟူသည် အဘယ်တို့နည်း။ ကုသိုလ်ဖြစ်သော အကြောင်းရင်း အခြေအမြစ် ‘ကုသိုလ်ဟိတ်'သုံးပါး၊ ကုသိုလ် အကုသိုလ်အဖြစ်ဖြင့်မဟောအပ်သော အကြောင်းရင်း အခြေအမြစ် ‘အဗျာကတဟိတ်'သုံးပါး တို့သည် (ရှိကုန်၏)။ ဤဟိတ်ခြောက်ပါးတို့သည် ဘုံသုံးပါး၌ အကျုံးမဝင်သော အကြောင်းရင်း အခြေ အမြစ် ‘အပရိယာပန္နဟိတ်’ တို့တည်း။

ကုသိုလ်ဟိတ်သုံးပါး

၁၀၇၃။ ထို (ဟိတ်တို့) တွင် ကုသိုလ်ဖြစ်သော အကြောင်းရင်း အခြေအမြစ် ‘ကုသိုလ်ဟိတ်'သုံးပါးတို့ဟူသည် အဘယ်တို့နည်း။ မလိုချင်မတပ်မက်မှု ‘အလောဘ’၊ မဖျက်ဆီး မပြစ်မှားမှု ‘အဒေါသ’။ (အမှန်သဘော၌) မတွေဝေမှု (အမှန်ကိုသိမှု) ‘အမောဟ’ သည် (ရှိ၏)။

အလောဘ

၁၀၇၄။ (၁) ထို (ကုသိုလ်ဟိတ်သုံးပါးတို့) တွင် မလိုချင်မတပ်မက်မှု ‘အလောဘ’ ဟူသည်အဘယ်နည်း။ အကြင် မလိုချင်မတပ်မက်ခြင်းသဘော၊ မလိုချင်မတပ်မက်ပုံ အခြင်းအရာ၊ မလိုချင်မတပ်မက်တတ်သူ၏အဖြစ်၊ မစွဲလမ်းခြင်းသဘော၊ မစွဲလမ်းပုံအခြင်းအရာ၊ မစွဲလမ်း တတ်သူ၏အဖြစ်၊ မမက်မောမှု၊ ကုသိုလ်တို့၏ အခြေအမြစ်ဖြစ်သော မလိုချင်မတပ်မက်မှု ‘အလောဘ ကုသလမူလ’ သည် (ရှိ၏)။ ဤ (ဆိုအပ်ခဲ့ပြီးသော) သဘောကို မလိုချင်မတပ်မက်မှု ‘အလောဘ’ ဟူ၍ ဆိုအပ်၏။ (၃၂, ၁၀၄, ၃၁၂,၁၀၆၁)

အဒေါသ

၁၀၇၅။ (၂) ထို (ကုသိုလ်ဟိတ်သုံးပါးတို့) တွင် မဖျက်ဆီးမပြစ်မှားမှု ‘အဒေါသ’ ဟူသည်အဘယ်နည်း။ အကြင် မဖျက်ဆီးမပြစ်မှားခြင်းသဘော၊ မဖျက်ဆီး မပြစ်မှားပုံအခြင်းအရာ၊ မဖျက်ဆီး မပြစ်မှားတတ်သူ၏အဖြစ်။ပ။ စိတ်မပျက်ဆီးမှု၊ စိတ်မပျက်စီးစေ လိုမှု၊ ကုသိုလ်တို့၏အခြေအမြစ်ဖြစ်သော မဖျက်ဆီးမပြစ်မှားမှု ‘အဒေါသကုသလမူလ’ သည် (ရှိ၏)။ ဤ (ဆိုအပ်ခဲ့ပြီးသော) သဘောကို မဖျက်ဆီးမပြစ်မှားမှု ‘အဒေါသ’ ဟူ၍ ဆိုအပ်၏။ (၃၃, ၃၆,၁၀၅, ၃၁၃, ၁၀၆၂)

အမောဟ

၁၀၇၆။ (၃) ထို (ကုသိုလ်ဟိတ်သုံးပါးတို့) တွင် (အမှန်သဘော၌) မတွေဝေမှု (အမှန်ကိုသိမှု) ‘အမောဟ’ ဟူသည် အဘယ်နည်း။ ဆင်းရဲ၌ သိမှု ‘ဒုက္ခဉာဏ်’၊ ဆင်းရဲဖြစ် ကြောင်း၌ သိမှု ‘ဒုက္ခသမုဒယဉာဏ်’၊ ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) ၌ သိမှု ‘ဒုက္ခနိရောဓဉာဏ်’၊ ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ရောက်ကြောင်းအကျင့်၌ သိမှု ‘ဒုက္ခနိရောဓဂါမိနိပဋိပဒါဉာဏ်’၊ ရှေ့အဖို့၌ (ဖြစ်ပြီးသော ခန္ဓာစသည်တို့၌) သိမှု ‘ပုဗ္ဗန္တဉာဏ်’၊ နောက်အဖို့၌ (ဖြစ်လတ္တံ့သော ခန္ဓာစသည်တို့၌) သိမှု ‘အပရန္တဉာဏ်’၊ ရှေ့အဖို့ နောက်အဖို့၌ (ဖြစ်ပြီးဖြစ်လတ္တံ့ခန္ဓာစသည်တို့၌) သိမှု ‘ပုဗ္ဗန္တာပရန္တဉာဏ်’၊ ဤ (ဇရာ မရဏစသည်တို့၏) အကြောင်းတရားနှင့် (ဇာတိစသော ထိုထိုအကြောင်းကို) စွဲ၍ဖြစ်သော အကျိုးတရားတို့၌ သိမှု ‘ဣဒပ္ပစ္စယတာ ပဋိစ္စသမုပ္ပန္နဓမ္မဉာဏ်’ သည် (ရှိ၏)။ ဤသို့သဘောရှိသော အကြင် (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှု။ (ခွဲခွဲခြားခြား) အပြားအားဖြင့်သိခြင်းသဘော။ (အနိစ္စစသည်ကို) စိစစ်ခြင်းသဘော။ (ခွဲခွဲခြားခြား) အပြားအားဖြင့် စိစစ်ခြင်းသဘော။ (သစ္စာလေးပါး) တရားတို့ကို စိစစ်ခြင်းသဘော။

--

(အနိစ္စစသည်ကို) ကောင်းစွာ မှတ်ခြင်းသဘော၊ ကပ်၍မှတ်ခြင်းသဘော၊ ရှေးရှုကပ်၍ မှတ်ခြင်းသဘော၊ အသိဉာဏ်ရှိသူ၏အဖြစ်၊ ကျွမ်းကျင် (လိမ္မာ) သူ၏အဖြစ်၊ သိမ်မွေ့သူ၏အဖြစ်၊ ဝေဖန်တတ်သူ (ထင်ရှားပြတတ်သူ) ၏အဖြစ်။ (အနိစ္စစသည်ကို) ကြံစည်ခြင်းသဘော၊ နှိုင်းချိန်ခြင်းသဘော၊ မြေကြီးနှင့် တူသောသဘော၊ တစ်နည်း-ဟုတ်မှန်သော အနက်၌ မွေ့လျော်တတ် သောသဘော၊ ကိလေသာတို့ကို ညှဉ်းဆဲနှိပ်စက်တတ်သောသဘော၊ ထိုးထွင်း၍ သိမှု၌ ညွှတ်စေတတ် သောသဘော၊ အထူးထူး ရှုမြင်တတ်သောသဘော၊ ကောင်းစွာ (ခွဲခွဲခြားခြား) အပြားအားဖြင့် သိတတ် သော သဘော။ (လမ်းမှားသို့ ပြေးသွားနေသောစိတ်ကို လမ်းမှန်သို့ရောက်ရန် ထိုးနှင်တတ်သဖြင့်) နှင်တံ (တုတ်တပြာ) နှင့် တူသော သဘော၊ ပညာဟူသော အစိုးတရ (ခွဲခွဲခြားခြား) အပြားအားဖြင့်သိမှု ‘ပညိန္ဒြေ’၊ မတုန်မလှုပ် (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှု ‘ပညာဗိုလ်’။ (ကိလေသာတို့ကို ဖြတ်တတ် သော) (ခွဲခွဲခြားခြား) အပြားအားဖြင့်သိမှု ‘ပညာလက်နက်’။ (မိမိဖြစ်ရာ ပုဂ္ဂိုလ်ကို မြင့်တက်စေ တတ်သော) (ခွဲခွဲခြားခြား) အပြားအားဖြင့်သိမှု ‘ပညာပြာသာဒ်’။ (အဝိဇ္ဇာအမိုက်မှောင်ကို ပယ်ဖျောက်၍ ထွန်းလင်းစေတတ်သော) (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှု ‘ပညာအလင်း’။ (ကြည်လင်တောက်ပသော) (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှု ‘ပညာအရောင်’။ (ထွန်းပြတတ်သော) (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှု ‘ပညာတန်ဆောင်’။ (ဖြစ်နိုင်ခဲရနိုင်ခဲ၍ နှစ်သက်ခြင်းကို ဖြစ်စေတတ်သော) (ခွဲခွဲခြားခြား) အပြား အားဖြင့် သိမှု ‘ပညာရတနာ’၊ မတွေဝေမှု ‘အမောဟ’။ (သစ္စာလေးပါး) တရားတို့ကို စိစစ်ခြင်းသဘော ‘ဓမ္မဝိစယ’၊ ကောင်းစွာ (အမှန်) သိမြင်မှု ‘သမ္မာဒိဋ္ဌိ’၊ ထွက်မြောက်ကြောင်း (မဂ်) ၏ အစိတ်အပိုင်း အင်္ဂါ ‘မဂ္ဂင်'ဖြစ်သော ,ထွက်မြောက်ကြောင်း (မဂ်) ၌ အကျုံးဝင်သော, ကောင်းစွာသိမှု (မဂ်ဉာဏ်) ၏ အစိတ် အပိုင်းအင်္ဂါဖြစ်သော (သစ္စာလေးပါး) တရားတို့ကို စိစစ်မှု ‘ဓမ္မဝိစယသမ္ဗောဇ္ဈင်’ သည် (ရှိ၏)။ ဤ (ဆိုအပ်ခဲ့ပြီးသော) သဘောကို (အမှန်သဘော၌) မတွေဝေမှု (အမှန်ကိုသိမှု) ‘အမောဟ’ ဟူ၍ ဆိုအပ်၏။

(၃၄,၁၀၆, ၃၁၄,၁၀၆၃) ဤဟိတ်သုံးပါးတို့သည် ကုသိုလ်အကြောင်းရင်း အခြေအမြစ် (ကုသိုလ်ဟိတ်) တို့တည်း။

အဗျာကတဟိတ်သုံးပါး

၁၀၇၇။ ထို (အပရိယာပန္နဟိတ်တို့) တွင် ကုသိုလ် အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သော အကြောင်းရင်း အခြေအမြစ် ‘အဗျာကတဟိတ်’ သုံးပါးတို့ဟူသည် အဘယ်တို့နည်း။ ကုသိုလ်တရားတို့၏ အကျိုးဝိပါက်တို့၌ (ရှိသော) မလိုချင် မတပ်မက်မှု ‘အလောဘ’၊ မဖျက်ဆီးမပြစ်မှားမှု ‘အဒေါသ’။ (အမှန်သဘော၌) မတွေဝေမှု (အမှန်ကိုသိမှု) ‘အမောဟ’ သည် (ရှိ၏)။ ဤဟိတ်သုံးပါးတို့သည် ကုသိုလ် အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သော အကြောင်းရင်းအခြေအမြစ် ‘အဗျာကတဟိတ်'တို့တည်း။

ဤအကြောင်းရင်း အခြေအမြစ် ‘ဟိတ်’ ခြောက်ပါးတို့သည် ဘုံသုံးပါ၌ အကျုံးမဝင်သော အကြောင်းရင်း အခြေအမြစ် ‘အပရိယာပန္နဟိတ်’ တို့တည်း။ ဤတရားတို့သည် အကြောင်းရင်း အခြေအမြစ် ‘ဟိတ်’ မည်ကုန်၏။

ဟိတ် မမည်သော ‘နဟေတု’ တရား

၁၀၇၈။ (၂) အဘယ်တရားတို့သည် အကြောင်းရင်း အခြေအမြစ် ‘ဟိတ်'မမည်သော ‘နဟေတု’ တရား ဖြစ်ကုန်သနည်း။

ထို (ဟိတ်) တရားတို့ကို ချန်ထား၍ကြွင်းကျန်ကုန်သော, ကာမဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်ကုန်သော, ရူပဘုံ၌ ကျင်လည်သက်ဝင်၍ဖြစ်ကုန်သော, အရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်ကုန်သော, ဘုံသုံးပါး၌ အကျုံးမဝင်ကုန်သောကုသိုလ်တရား၊ အကုသိုလ်တရား၊ အဗျာကတတရားဖြစ်ကုန်သော ခံစားမှုအစု ‘ဝေဒနာက္ခန္ဓာ’။ပ။ အထူးသိမှု (စိတ်) အစု ‘ဝိညာဏက္ခန္ဓာ’ ၊ ထို့ပြင် အလုံးစုံသော ရုပ်၊ ထို့ပြင် (ကံ,စိတ်, ဥတု, အာဟာရဟူသော အကြောင်းတရားတို့) မပြုပြင်အပ်သောသဘော ‘အသင်္ခတဓာတ်’ (နိဗ္ဗာန်) သည် (ရှိ၏)။ ဤတရားတို့သည် အကြောင်းရင်း အခြေအမြစ် ဟိတ်မမည်သော ‘နဟေတု’ တရားဖြစ်ကုန်၏။

--

၂-သဟေတုကဒုက်

ဟိတ်ရှိသော ‘သဟေတုက’ တရား

၁၀၇၉။ (၁) အဘယ်တရားတို့သည် အကြောင်းရင်း အခြေအမြစ် ‘ဟိတ်'ရှိသော ‘သဟေတုက’ တရား ဖြစ်ကုန်သနည်း။

ထို (ဟိတ်) တရားတို့ဖြင့် (ထိုဟိတ်တရားတို့နှင့် ယှဉ်သဖြင့်) အကြောင်းရင်း အခြေအမြစ် (ဟိတ်) ရှိကုန်သော ခံစားမှုအစု ‘ဝေဒနာက္ခန္ဓာ’။ပ။ အထူးသိမှု (စိတ်) အစု ‘ဝိညာဏက္ခန္ဓာ’ ဟူသော အကြင်တရားတို့သည် ရှိကုန်၏။ ဤတရားတို့သည် အကြောင်းရင်း အခြေအမြစ် ‘ဟိတ်’ ရှိသော ‘သဟေတုက’ တရား ဖြစ်ကုန်၏။

ဟိတ်မရှိသော ‘အဟေတုက’ တရား

၁၀၈၀။ (၂) အဘယ်တရားတို့သည် အကြောင်းရင်း အခြေအမြစ် ‘ဟိတ်'မရှိသော ‘အဟေတုက’ တရား ဖြစ်ကုန်သ နည်း။ ထို (ဟိတ်) တရားတို့ဖြင့် (ထိုဟိတ်တရားတို့နှင့် မယှဉ်သဖြင့်) အကြောင်းရင်း အခြေအမြစ် (ဟိတ်) မရှိကုန်သော ခံစားမှုအစု'ဝေဒနာက္ခန္ဓာ’။ပ။ အထူးသိမှု (စိတ်) အစု ‘ဝိညာဏက္ခန္ဓာ’၊ ထို့ပြင် အလုံးစုံသော ရုပ်၊ ထို့ပြင် (ကံ, စိတ်, ဥတု, အာဟာရဟူသော အကြောင်းတရားတို့) မပြုပြင်အပ်သော သဘော ‘အသင်္ခတဓာတ်’ (နိဗ္ဗာန်)ဟူသော အကြင်တရားတို့သည်ရှိကုန်၏။ ဤတရားတို့သည် အကြောင်းရင်း အခြေအမြစ် ‘ဟိတ်'မရှိသော ‘အဟေတုက’ တရား ဖြစ်ကုန်၏။

--

၃-ဟေတုသမ္ပယုတ္တဒုက်

ဟိတ်နှင့်ယှဉ်သော ‘ဟေတုသမ္ပယုတ္တ’ တရား

၁၀၈၁။ (၁) အဘယ်တရားတို့သည် အကြောင်းရင်း အခြေအမြစ် ‘ဟိတ်’ နှင့် ယှဉ်သော ‘ဟေတုသမ္ပယုတ္တ’ တရားဖြစ် ကုန်သနည်း။

ထို (ဟိတ်) တရားတို့နှင့်ယှဉ်ကုန်သော ခံစားမှုအစု ‘ဝေဒနာက္ခန္ဓာ’။ပ။ အထူး သိမှု (စိတ်) အစု ‘ဝိညာဏက္ခန္ဓာ’ ဟူသောအကြင်တရားတို့သည် (ရှိကုန်၏)။ ဤတရားတို့သည် အကြောင်းရင်း အခြေအမြစ် ‘ဟိတ်’ နှင့် ယှဉ်သော ‘ဟေတုသမ္ပယုတ္တ’ တရား ဖြစ်ကုန်၏။

ဟိတ်နှင့်မယှဉ်သော ‘ဟေတုဝိပ္ပယုတ္တ’ တရား

၁၀၈၂။ (၁) အဘယ်တရားတို့သည် အကြောင်းရင်း အခြေအမြစ် ‘ဟိတ်’ နှင့်မယှဉ်သော ‘ဟေတုဝိပ္ပယုတ္တ’ တရားဖြစ်ကုန်သနည်း။

ထို (ဟိတ်) တရားတို့နှင့်မယှဉ်ကုန်သော ခံစားမှုအစု ‘ဝေဒနာက္ခန္ဓာ’။ပ။ အထူး သိမှု (စိတ်) အစု ‘ဝိညာဏက္ခန္ဓာ’ ၊ ထို့ပြင်အလုံးစုံသော ရုပ်၊ ထို့ပြင် (ကံ, စိတ်, ဥတု, အာဟာရဟူသော အကြောင်းတရားတို့) မပြုပြင်အပ်သော သဘော ‘အသင်္ခတဓာတ်’ (နိဗ္ဗာန်)ဟူသော အကြင် တရားတို့သည်ရှိကုန်၏။ ဤတရားတို့သည် အကြောင်းရင်း အခြေအမြစ် ‘ဟိတ်’ နှင့်မယှဉ်သော ‘ဟေတု ဝိပ္ပယုတ္တ’ တရား ဖြစ်ကုန်၏။

၄-ဟေတု သဟေတုကဒုက်

ဟေတု သဟေတုကတရား

၁၀၈၃။ (၁) အဘယ်တရားတို့သည် အကြောင်းရင်း အခြေအမြစ် ‘ဟိတ်'လည်းမည်၍ အကြောင်းရင်း အခြေအမြစ် ‘ဟိတ်'လည်း ရှိသော ‘ဟေတု သဟေတုက’ တရားဖြစ်ကုန်သနည်း။

လိုချင်တပ်မက်မှု ‘လောဘ’ သည် အကြောင်းရင်း အခြေအမြစ် ‘ဟိတ်’ လည်း မည်၏။ (ယှဉ်ဖက်ဖြစ်သော) မောဟကြောင့် အကြောင်းရင်း အခြေအမြစ် ‘ဟိတ်’ ရှိသည်လည်း ဖြစ်၏။ (အမှန်သဘော၌) တွေဝေမှု (အမှန်ကို မသိမှု) ‘မောဟ’ သည် အကြောင်း ရင်း အခြေအမြစ် ‘ဟိတ်’ လည်း မည်၏။ (ယှဉ်ဖက်ဖြစ်သော) လောဘကြောင့် အကြောင်းရင်း အခြေ အမြစ် ‘ဟိတ်’ ရှိသည်လည်း ဖြစ်၏၊ ဖျက်ဆီးပြစ်မှားမှု ‘ဒေါသ’ သည် အကြောင်းရင်း အခြေအမြစ် ‘ဟိတ်’ လည်းမည်၏။ (ယှဉ်ဖက်ဖြစ်သော) မောဟကြောင့် အကြောင်းရင်း အခြေအမြစ် ‘ဟိတ်’ ရှိသည်လည်းဖြစ်၏။ (အမှန်သဘော၌) တွေဝေမှု (အမှန်ကို မသိမှု) ‘မောဟ’ သည် အကြောင်းရင်း အခြေအမြစ် ‘ဟိတ်’ လည်းမည်၏။ (ယှဉ်ဖက်ဖြစ်သော) ဒေါသကြောင့် အကြောင်းရင်းအခြေအမြစ် ‘ဟိတ်’ ရှိသည်လည်း ဖြစ်၏၊ မလိုချင်မတပ်မက်မှု ‘အလောဘ’ ၊ မဖျက်ဆီးမပြစ်မှားမှု ‘အဒေါသ’။ (အမှန်သဘော၌) မတွေဝေမှု (အမှန် ကို သိမှု) ‘အမောဟ’ ၊ ထို (တရားသုံးပါး) တို့သည်အကြောင်းရင်းအခြေအမြစ် ‘ဟိတ်’ လည်း မည်ကုန်၏၊ အချင်းချင်း (ယှဉ်ဖက်ဖြစ်သဖြင့်) အကြောင်းရင်းအခြေအမြစ် ‘ဟိတ်’ ရှိသည်လည်း ဖြစ်ကုန်၏။ ဤတရား တို့သည် အကြောင်းရင်း အခြေအမြစ် ‘ဟိတ်’ လည်း မည်၍ အကြောင်းရင်း အခြေအမြစ် ‘ဟိတ်’ လည်း ရှိသော ‘ဟေတု သဟေတုက’ တရားဖြစ်ကုန်၏။

--

သဟေတုက န ဟေတုတရား

၁၀၈၄။ (၂) အဘယ်တရားတို့သည် အကြောင်းရင်း အခြေအမြစ် ‘ဟိတ်'သာ ရှိ၍ အကြောင်းရင်း အခြေအမြစ် ‘ဟိတ်'မမည်သော ‘သဟေတုက န ဟေတု’ တရားဖြစ်ကုန်သနည်း။

အကြင်တရားတို့သည် ထို (ယှဉ်ဖက်ဖြစ်သော ဟိတ်) တရားတို့ကြောင့် အကြောင်းရင်းအခြေအမြစ် ‘ဟိတ်’ ရှိသော ‘သဟေတုက’ တရား ဖြစ်ကုန်၏။ (ထို သဟေတုကတရားတို့၌ ပါရှိသော) ထို (ယှဉ်ဖက်ဖြစ်သော ဟိတ်) တရားတို့ကို ချန်ထား၍ (ကြွင်းသော) ခံစားမှုအစု ‘ဝေဒနာက္ခန္ဓာ’။ပ။ အထူးသိမှု (စိတ်) အစု ‘ဝိညာဏက္ခန္ဓာ’ သည် (ရှိ၏)။ ဤတရားတို့သည် အကြောင်းရင်း အခြေအမြစ် ‘ဟိတ်’ သာရှိ၍ အကြောင်းရင်း အခြေအမြစ် ‘ဟိတ်’ မမည်သော ‘သဟေတုက န ဟေတု’ တရားဖြစ်ကုန်၏။

၅-ဟေတု ဟေတုသမ္ပယုတ္တဒုက်

ဟေတု ဟေတုသမ္ပယုတ္တတရား

၁၀၈၅။ (၁) အဘယ်တရားတို့သည် အကြောင်းရင်း အခြေအမြစ် ‘ဟိတ်'လည်းမည်၍ အကြောင်းရင်း အခြေအမြစ် ‘ဟိတ်’ နှင့်လည်း ယှဉ်သော ‘ဟေတုဟေတုသမ္ပယုတ္တ’ တရား ဖြစ်ကုန်သနည်း။

လိုချင်တပ်မက်မှု ‘လောဘ’ သည် အကြောင်း ရင်း အခြေအမြစ် ‘ဟိတ်’ လည်းမည်၏။ (ယှဉ်ဖက်ဖြစ်သော) မောဟကြောင့် အကြောင်းရင်း အခြေအမြစ် ‘ဟိတ်’ နှင့်ယှဉ်သည်လည်း ဖြစ်၏။ (အမှန်သဘော၌) တွေဝေမှု (အမှန်ကိုမသိမှု) ‘မောဟ’ သည် အကြောင်း ရင်းအခြေအမြစ် ‘ဟိတ်’ လည်း မည်၏။ (ယှဉ်ဖက်ဖြစ်သော) ‘လောဘ’ ကြောင့် အကြောင်းရင်း အခြေအမြစ် ‘ဟိတ်’ နှင့် ယှဉ်သည်လည်း ဖြစ်၏၊ ဖျက်ဆီးပြစ်မှားမှု ‘ဒေါသ’ သည် အကြောင်းရင်း အခြေအမြစ် ‘ဟိတ်’ လည်း မည်၏။ (ယှဉ်ဖက်ဖြစ်သော) မောဟကြောင့် အကြောင်းရင်း အခြေအမြစ် ‘ဟိတ်’ နှင့် ယှဉ်သည်လည်း ဖြစ်၏။ (အမှန်သဘော၌) တွေဝေမှု (အမှန်ကိုမသိမှု) ‘မောဟ’ သည် အကြောင်းရင်း အခြေအမြစ် ‘ဟိတ်’ လည်း မည်၏။ (ယှဉ်ဖက်ဖြစ်သော) ဒေါသကြောင့် အကြောင်းရင်း အခြေအမြစ် ‘ဟိတ်’ နှင့်ယှဉ်သည်လည်းဖြစ်၏၊ မလိုချင်မတပ်မက်မှု ‘အလောဘ’ ၊ မဖျက်ဆီးမပြစ်မှားမှု ‘အဒေါသ’။ (အမှန်သဘော၌) မတွေဝေမှု (အမှန်ကိုသိမှု) ‘အမောဟ’ ၊ ထို (တရားသုံးပါး) တို့သည် အကြောင်းရင်း အခြေအမြစ့် ‘ဟိတ်’ လည်း မည်ကုန်၏၊ အချင်းချင်း (ယှဉ်ဖက်ဖြစ်သဖြင့်) အကြောင်းရင်း အခြေအမြစ် ‘ဟိတ်’ နှင့်ယှဉ်သည်လည်း ဖြစ်ကုန်၏၊ ဤတရားတို့သည် အကြောင်းရင်း အခြေအမြစ် ‘ဟိတ်’ လည်းမည်၍အကြောင်းရင်း အခြေအမြစ် ‘ဟိတ်’ နှင့်လည်း ယှဉ်သော ‘ဟေတု ဟေတုသမ္ပယုတ္တ’ တရား ဖြစ်ကုန်၏။

ဟေတုသမ္ပယုတ္တန ဟေတုတရား

၁၀၈၆။ (၂) အဘယ်တရားတို့သည် အကြောင်းရင်း အခြေအမြစ် ‘ဟိတ်’ နှင့်သာ ယှဉ်၍ အကြောင်းရင်း အခြေအမြစ် ‘ဟိတ်'မမည်သော ‘ဟေတုသမ္ပယုတ္တနဟေတု’ တရား ဖြစ်ကုန်သနည်း။

အကြင်တရားတို့သည် ထို (ဟိတ်) တရားတို့နှင့် ယှဉ်သော ‘ဟေတုသမ္ပယုတ္တ’ တရား ဖြစ်ကုန်၏။ (ထိုဟေတုသမ္ပယုတ္တတရားတို့၌ ပါရှိသော) ထို (ယှဉ်ဖက်ဖြစ်သော ဟိတ်) တရားတို့ကို ချန်ထား၍ (ကြွင်းသော) ခံစားမှုအစု ‘ဝေဒနာက္ခန္ဓာ’။ပ။ အထူးသိမှု (စိတ်) အစု ‘ဝိညာဏက္ခန္ဓာ’ သည် (ရှိ၏)။ ဤတရားတို့သည် အကြောင်းရင်း အခြေအမြစ် ‘ဟိတ်’ နှင့်သာ ယှဉ်၍ အကြောင်းရင်း အခြေအမြစ် ‘ဟိတ်’ မမည်သော ‘ဟေတုသမ္ပယုတ္တန ဟေတု’ တရား ဖြစ်ကုန်၏။

--

၆-န ဟေတု သဟေတုကဒုက်

န ဟေတု သဟေတုကတရား

၁၀၈၇။ (၁) အဘယ်တရားတို့သည် အကြောင်းရင်း အခြေအမြစ် ဟိတ်'မမည်မူ၍ အကြောင်းရင်း အခြေအမြစ် ‘ဟိတ်'ရှိသော ‘န ဟေတု သဟေတု’ တရားဖြစ်ကုန်သနည်း။

အကြောင်းရင်း အခြေအမြစ် ‘ဟိတ်’ မမည်ကုန်သော, ထို (ယှဉ်ဖက်ဖြစ်သော ဟိတ်) တရားတို့ကြောင့် အကြောင်းရင်း အခြေအမြစ် ‘ဟိတ်’ ရှိကုန်သော ခံစားမှုအစု ‘ဝေဒနာက္ခန္ဓာ’။ပ။ အထူးသိမှု (စိတ်) အစု ‘ဝိညာဏက္ခန္ဓာ’ ဟူသော အကြင်တရားတို့သည် (ရှိကုန်၏)။ ဤတရားတို့သည် အကြောင်းရင်း အခြေအမြစ် ‘ဟိတ်’ ရှိသော ‘န ဟေတု သဟေတုက’ တရားဖြစ်ကုန်၏။

န ဟေတု အဟေတုကတရား

၁၀၈၈။ (၂) အဘယ်တရားတို့သည် အကြောင်းရင်း အခြေအမြစ် ‘ဟိတ်'လည်း မမည်မူ၍ အကြောင်းရင်း အခြေအမြစ် ‘ဟိတ်’ လည်း မရှိသော ‘န ဟေတုအဟေတုက’ တရား ဖြစ်ကုန်သနည်း။

အကြင်တရားတို့သည် အကြောင်းရင်း အခြေအမြစ် ‘ဟိတ်’ လည်းမမည်၊ ထို (ဟိတ်) တရားတို့ဖြင့် (ထိုဟိတ်တရားတို့နှင့် မယှဉ်သဖြင့်) အကြောင်းရင်းအခြေအမြစ် ‘ဟိတ်’ လည်း မရှိကုန်။ (ထိုသို့သဘောရှိသော) ခံစားမှုအစု ‘ဝေဒနာက္ခန္ဓာ’။ပ။ အထူးသိမှု (စိတ်) အစု ‘ဝိညာဏက္ခန္ဓာ’ ၊ ထို့ပြင် အလုံးစုံသော ရုပ်၊ ထို့ပြင် (ကံ, စိတ်, ဥတု,အာဟာရဟူသော အကြောင်းတရားတို့) မပြုပြင်အပ်သော သဘော ‘အသင်္ခတဓာတ်’ (နိဗ္ဗာန်) သည် (ရှိ၏)။ ဤတရားတို့သည် အကြောင်းရင်း အခြေအမြစ် ‘ဟိတ်’ လည်း မမည်မူ၍ အကြောင်းရင်း အခြေအမြစ် ‘ဟိတ်’ လည်း မရှိသော ‘န ဟေတု အဟေတုက’ တရား ဖြစ်ကုန်၏။

ဟေတုဂေါစ္ဆက ပြီးပြီ။

--

၂-စူဠန္တရဒုက်

၁-သပ္ပစ္စယဒုက်

သပ္ပစ္စယတရား

၁၀၈၉။ (၁) အဘယ်တရားတို့သည် (ကံ, စိတ်, ဥတု, အာဟာရဟူသော) အကြောင်းတရားလေးပါးတို့နှင့် တကွဖြစ်သော (အကြောင်းတရားလေးပါးတို့ ကြောင့်ဖြစ်သော) ‘သပ္ပစ္စယ’ တရား ဖြစ်ကုန်သနည်း။

ရုပ်အစု ‘ရူပက္ခန္ဓာ’ ၊ ခံစားမှုအစု ‘ဝေဒနာက္ခန္ဓာ’ ၊ မှတ်သားမှုအစု ‘သညာက္ခန္ဓာ’ ၊ ပြုပြင်မှုအစု ‘သင်္ခါရက္ခန္ဓာ’ ၊ အထူးသိမှု (စိတ်) အစု ‘ဝိညာဏက္ခန္ဓာ’ ဟူသောခန္ဓာငါးပါးတို့သည် (ရှိကုန်၏)။ ဤတရားတို့သည် (ကံ, စိတ်, ဥတု, အာဟာရဟူသော) အကြောင်းတရားလေးပါးတို့နှင့် တကွဖြစ်သော (အကြောင်းတရား လေးပါးတို့ကြောင့် ဖြစ်သော) ‘သပ္ပစ္စယ’ တရား ဖြစ်ကုန်၏ (စိတ်, စေတသိက်, ရုပ်)။

အပ္ပစ္စယတရား

၁၀၉၀။ (၂) အဘယ်တရားတို့သည် (ကံ, စိတ်, ဥတု, အာဟာရဟူသော) အကြောင်းတရားလေးပါးတို့နှင့် တကွမဖြစ်သော (အကြောင်းတရား လေးပါးတို့ ကြောင့် မဖြစ်သော) ‘အပ္ပစ္စယ’ တရား ဖြစ်ကုန်သနည်း။

(ကံ, စိတ်, ဥတု, အာဟာရဟူသော အကြောင်း တရားတို့) မပြုပြင်မစီရင်အပ်သော သဘော ‘အသင်္ခတဓာတ်’ (နိဗ္ဗာန်) သည် (ရှိ၏)။ ဤတရားတို့ သည် (ကံ, စိတ်, ဥတု, အာဟာရဟူသော) အကြောင်းတရား လေးပါးတို့နှင့် တကွမဖြစ်သော (အကြောင်းတရားလေးပါးတို့ကြောင့် မဖြစ်သော) ‘အပ္ပစ္စယ’ တရား ဖြစ်ကုန်၏ (နိဗ္ဗာန်)။

၂-သင်္ခတဒုက်

သင်္ခတတရား

၁၀၉၁။ (၁) အဘယ်တရားတို့သည် (ကံ, စိတ်, ဥတု, အာဟာရဟူသောအကြောင်းတရားလေးပါးတို့သည်) ပြုပြင်စီရင်အပ်သော ‘သင်္ခတ’ တရား ဖြစ်ကုန်သနည်း။

အကြင်တရားတို့သည် (ကံ စိတ် ဥတု အာဟာရဟူသော) အကြောင်းတရား လေးပါးတို့နှင့် တကွ ဖြစ်သော (အကြောင်းတရားလေးပါးတို့ကြောင့်ဖြစ်သော) ‘သပ္ပစ္စယ’ တရား ဖြစ်ကုန်၏။ ထို (သပ္ပစ္စယ) တရားတို့သည်ပင် (ကံ စိတ်ဥတု အာဟာရဟူသော အကြောင်းတရားလေးပါးတို့) ပြုပြင်စီရင်အပ်သော ‘သင်္ခတ’ တရား ဖြစ်ကုန်၏ (စိတ်, စေတသိက်, ရုပ်)။

အသင်္ခတတရား

၁၀၉၂။ (၂) အဘယ်တရားတို့သည် (ကံ, စိတ်, ဥတု, အာဟာရဟူသော အကြောင်းတရား လေးပါးတို့သည်) မပြုပြင် မစီရင်အပ်သော ‘အသင်္ခတ’ တရား ဖြစ်ကုန်သနည်း။

--

အကြင်တရားသည် (ကံ, စိတ်, ဥတု, အာဟာရဟူသော) အကြောင်းတရားလေးပါးတို့နှင့် တကွမဖြစ်သော (အကြောင်းတရား လေးပါးတို့ကြောင့် မဖြစ်သော) ‘အပ္ပစ္စယ’ တရားတို့ ဖြစ်ကုန်၏။ ထို (အပ္ပစ္စယ) တရားသည်ပင် (ကံ, စိတ်, ဥတု, အာဟာရဟူသော အကြောင်းတရား လေးပါးတို့) မပြုပြင် မစီရင်အပ်သော ‘အသင်္ခတ’ တရား ဖြစ်ကုန်၏ (နိဗ္ဗာန်)။

၃-သနိဒဿနဒုက်

သနိဒဿနတရား

၁၀၉၃။ (၁) အဘယ်တရားတို့သည် မြင်ခြင်းနှင့် တကွဖြစ်သော (မြင်အပ် မြင်ရသော) ‘သနိဒဿန’ တရား ဖြစ်ကုန်သနည်း။

မြင်သိစိတ် (စက္ခု ဝိညာဏ်) ဖြစ်ကြောင်း အဆင်း ‘ရူပါယတန’ သည် (ရှိ၏)။ ဤတရားတို့သည် မြင်ခြင်းနှင့် တကွ ဖြစ်သော (မြင်အပ် မြင်ရသော) ‘သနိဒဿန’ တရား ဖြစ်ကုန်၏ (ရူပါရုံ)။

အနိဒဿနတရား

၁၀၉၄။ (၂) အဘယ်တရားတို့သည် မြင်ခြင်းနှင့် တကွ မဖြစ်သော (မမြင်အပ်,မမြင်ရသော) ‘အနိဒဿန’ တရား ဖြစ်ကုန်သနည်း၊ မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ရာမျက်စိအကြည် ‘စက္ခာယတန’။ပ။ ထိသိစိတ် (ကာယဝိညာဏ်) ဖြစ်ကြောင်း အတွေ့ ‘ဖောဋ္ဌဗ္ဗာယတန’၊ ခံစားမှုအစု ‘ဝေဒနာက္ခန္ဓာ’။ပ။ အထူးသိမှု (စိတ်) အစု ‘ဝိညာဏက္ခန္ဓာ’။ ထို့ပြင် မြင်ခြင်းနှင့် တကွ၊ ထိခြင်းနှင့် တကွမဖြစ်သော , သိမှုစိတ်ဖြစ်ကြောင်း သဘော ‘ဓမ္မာယတန’ ၌ အကျုံးဝင်သော အကြင်ရုပ်၊ ထို့ပြင် (ကံ, စိတ်, ဥတု, အာဟာရဟူသော အကြောင်းတရားလေးပါးတို့) မပြုပြင် မစီရင်အပ်သောသဘော ‘အသင်္ခတဓာတ်’ (နိဗ္ဗာန်) သည် (ရှိ၏)။ ဤတရားတို့သည် မြင်ခြင်း နှင့် တကွမဖြစ်သော (မမြင်အပ်, မမြင်ရသော) ‘အနိဒဿန’ တရား ဖြစ်ကုန်၏ (ရူပါရုံမှတစ်ပါး အခြား သော တရားများ)။

၄-သပ္ပဋိဃဒုက်

သပ္ပဋိဃတရား

၁၀၉၅။ (၁) အဘယ်တရားတို့သည် ထိပါးခြင်းနှင့် တကွဖြစ်သော (ထိခိုက်၍ ရသော) ‘သပ္ပဋိဃ’ တရား ဖြစ်ကုန်သနည်း။

မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ရာ မျက်စိအကြည် ‘စက္ခာယတန’။ပ။ ထိသိစိတ် (ကာယဝိညာဏ်) ဖြစ်ကြောင်း အတွေ့ ‘ဖောဋ္ဌဗ္ဗာယတန’ သည် (ရှိ၏)။ ဤတရားတို့သည် ထိပါးခြင်းနှင့် တကွဖြစ်သော (ထိခိုက်၍ ရသော) ‘သပ္ပဋိဃ’ တရား ဖြစ်ကုန်၏့ (ပသာဒရုပ်ငါးပါး, ဝိသယရုပ် ခုနစ်ပါး)။

အပ္ပဋိဃတရား

၁၀၉၆။ (၂) အဘယ်တရားတို့သည် ထိပါးခြင်းနှင့် တကွမဖြစ်သော (ထိခိုက်၍မရသော) ‘အပ္ပဋိဃ’ တရား ဖြစ်ကုန်သနည်း။

ခံစားမှုအစု ‘ဝေဒနာက္ခန္ဓာ’။ပ။ အထူးသိမှု (စိတ်) အစု ‘ဝိညာဏက္ခန္ဓာ’ ၊ ထို့ပြင် မြင်ခြင်းနှင့် တကွ, ထိပါးခြင်းနှင့် တကွမဖြစ်သော , သိမှုစိတ်ဖြစ်ကြောင်းသဘော ‘ဓမ္မာယတန’ ၌ အကျုံးဝင်သော အကြင် ရုပ်၊ ထို့ပြင် (ကံ, စိတ်, ဥတု,အာဟာရဟူသော အကြောင်းတရားတို့) မပြုပြင် မစီရင်အပ်သော သဘော ‘အသင်္ခတဓာတ်’ (နိဗ္ဗာန်) သည် (ရှိ၏)။ ဤတရား တို့သည် ထိပါးခြင်းနှင့် တကွမဖြစ်သော (ထိခိုက်၍ မရသော) ‘အပ္ပဋိဃ’ တရား ဖြစ်ကုန်၏ (စိတ်, စေတသိက်, သုခုမရုပ်, နိဗ္ဗာန်)။

--

၅-ရူပီဒုက်

ရူပီတရား

၁၀၉၇။ (၁) အဘယ်တရားတို့သည် ဖောက်ပြန်ခြင်းသဘောရှိသော ‘ရူပီ’ တရား ဖြစ်ကုန်သနည်း။

မဟာဘုတ်လေးပါးတို့သည်လည်းကောင်း၊ မဟာဘုတ်လေးပါးတို့ကို မှီ၍ (ဖြစ်သော) ရုပ်သည်လည်းကောင်း (ရှိ၏)။ ဤတရားတို့သည် ဖောက်ပြန်ခြင်းသဘောရှိသော ‘ရူပီ’ တရားဖြစ်ကုန်၏ (ရုပ်)။

အရူပီတရား

၁၀၉၈။ (၂) အဘယ်တရားတို့သည် ဖောက်ပြန်ခြင်းသဘော မရှိသော ‘အရူပီ’ တရားတို့ဖြစ်ကုန်သနည်း။

ခံစားမှုအစု ‘ဝေဒနာက္ခန္ဓာ’။ပ။ အထူးသိမှု (စိတ်) အစု ‘ဝိညာဏက္ခန္ဓာ’ ၊ ထို့ပြင် (ကံ, စိတ်, ဥတု, အာဟာရဟူသော အကြောင်းတရားတို့) မပြုပြင် မစီရင်အပ်သော သဘော ‘အသင်္ခတဓာတ်’ (နိဗ္ဗာန်) သည် (ရှိ၏)။ ဤတရားတို့သည် ဖောက်ပြန်ခြင်း သဘော မရှိသော ‘အရူပီ’ တရား ဖြစ်ကုန်၏ (စိတ်, စေတသိက်, နိဗ္ဗာန်)။

၆-လောကိယဒုက်

လောကိယတရား

၁၀၉၉။ (၁) အဘယ်တရားတို့သည် လောက၌ အကျုံးဝင်သော ‘လောကိယ’ တရားဖြစ်ကုန်သနည်း။

ကာမဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်ကုန်သော, ရူပ ဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်ကုန်သော, အရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်ကုန်သော, အာသဝေါ တရားတို့၏အာရုံဖြစ်ကုန်သော ကုသိုလ်တရား၊ အကုသိုလ်တရား၊ ကုသိုလ် အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သော ‘အဗျာကတ’ တရားဖြစ်သည့် ရုပ်အစု ‘ရူပက္ခန္ဓာ’။ပ။ အထူးသိမှု (စိတ်) အစု ‘ဝိညာ ဏက္ခန္ဓာ’ သည် (ရှိ၏)။ ဤတရားတို့သည် လောက၌ အကျုံးဝင်သော ‘လောကိယ’ တရား ဖြစ်ကုန်၏ (လောကီစိတ်,စေတသိက်, ရုပ်)။

လောကုတ္တရာတရား

၁၁၀၀။ (၂) အဘယ်တရားတို့သည် လောကမှ လွန်မြောက်သော ‘လောကုတ္တရာ’ တရားဖြစ်ကုန်သနည်း။

ဘုံသုံးပါး၌ အကျုံးမဝင်ကုန်သော မဂ်တို့ သည်လည်းကောင်း၊ မဂ်၏အကျိုး (ဖိုလ်) တို့သည်လည်းကောင်း။ (ကံ, စိတ်, ဥတု, အာဟာရဟူသော အကြောင်းတရားတို့) မပြုပြင်မစီရင်အပ်သောသဘော ‘အသင်္ခတဓာတ်’ (နိဗ္ဗာန်) သည်လည်းကောင်း (ရှိ၏)။ ဤတရားတို့သည်လောကမှ လွန်မြောက်သော ‘လောကုတ္တရာ’ တရား ဖြစ်ကုန်၏ (မဂ်, ဖိုလ်, နိဗ္ဗာန်)။

--

၇-ကေနစိ ဝိညေယျဒုက်

ကေနစိ ဝိညေယျတရား

၁၁၀၁။ (၁) အဘယ်တရားတို့ကို တစ်စုံတစ်ခုသော စိတ်သည် သိအပ်သိထိုက်ကုန်သနည်း (အဘယ်တရားတို့သည် တစ်စုံတစ်ခုသော စိတ်ဖြင့် သိအပ် သိထိုက်သော ‘ကေနစိဝိညေယျ’ တရား ဖြစ်ကုန်သနည်း)။ န ကေနစိ ဝိညေယျတရား (၂) အဘယ်တရားတို့ကို တစ်စုံတစ်ခုသော စိတ်သည် မသိအပ် မသိထိုက်ကုန်သနည်း (အဘယ်တရားတို့သည် တစ်စုံတစ်ခုသော စိတ်ဖြင့် မသိ အပ် မသိထိုက်သော ‘န ကေနစိဝိညေယျ’ တရား ဖြစ်ကုန်သနည်း)။ အကြင်တရားတို့ကို မြင်သိစိတ် စက္ခုဝိညာဏ်ဖြင့် သိအပ် သိထိုက်ကုန်၏၊ ထိုတရားတို့ကို သောတဝိညာဏ်ဖြင့် မသိအပ် မသိထိုက်ကုန်၊ အကြင်တရားတို့ကိုကား သောတဝိညာဏ်ဖြင့် သိအပ်သိထိုက်ကုန်၏၊ ထိုတရားတို့ကို စက္ခုဝိညာဏ်ဖြင့် မသိအပ် မသိထိုက်ကုန်။ အကြင်တရားတို့ကို စက္ခုဝိညာဏ်ဖြင့် သိအပ် သိထိုက်ကုန်၏၊ ထိုတရားတို့ကို ဃာနဝိညာဏ်ဖြင့်မသိအပ် မသိထိုက်ကုန်၊ အကြင်တရားတို့ကိုကား ဃာနဝိညာဏ်ဖြင့် သိအပ် သိထိုက်ကုန်၏၊ ထိုတရားတို့ကို စက္ခုဝိညာဏ်ဖြင့် မသိအပ် မသိထိုက်ကုန်။ အကြင်တရားတို့ကို စက္ခုဝိညာဏ်ဖြင့် သိအပ် သိထိုက်ကုန်၏၊ ထိုတရားတို့ကို ဇိဝှါဝိညာဏ်ဖြင့်မသိအပ် မသိထိုက်ကုန်၊ အကြင်တရားတို့ကိုကား ဇိဝှါဝိညာဏ်ဖြင့် သိအပ်သိထိုက်ကုန်၏၊ ထိုတရားတို့ကိုစက္ခုဝိညာဏ်ဖြင့် မသိအပ် မသိထိုက်ကုန်။ အကြင်တရားတို့ကို စက္ခုဝိညာဏ်ဖြင့် သိအပ် သိထိုက်ကုန်၏၊ ထိုတရားတို့ကို ကာယဝိညာဏ်ဖြင့်မသိအပ် မသိထိုက်ကုန်၊ အကြင်တရားတို့ကိုကား ကာယဝိညာဏ်ဖြင့် သိအပ် သိထိုက်ကုန်၏၊ ထိုတရားတို့ကို စက္ခုဝိညာဏ်ဖြင့် မသိအပ် မသိထိုက်ကုန်။ အကြင်တရားတို့ကို သောတဝိညာဏ်ဖြင့် သိအပ် သိထိုက်ကုန်၏၊ ထိုတရားတို့ကို ဃာနဝိညာဏ်ဖြင့်မသိအပ် မသိထိုက်ကုန်၊ အကြင်တရားတို့ကိုကား ဃာနဝိညာဏ်ဖြင့် သိအပ်သိထိုက်ကုန်၏၊ ထိုတရားတို့ကို သောတာဝိညာဏ်ဖြင့် မသိအပ် မသိထိုက်ကုန်။ အကြင်တရားတို့ကို သောတဝိညာဏ်ဖြင့် သိအပ် သိထိုက်ကုန်၏၊ ထိုတရားတို့ကို ဇိဝှါဝိညာဏ်ဖြင့်မသိအပ် မသိထိုက်ကုန်၊ အကြင်တရားတို့ကိုကား ဇိဝှါဝိညာဏ်ဖြင့် သိအပ်သိထိုက်ကုန်၏၊ ထိုတရားတို့ကိုသောတာဝိညာဏ်ဖြင့် မသိအပ် မသိထိုက်ကုန်။ အကြင်တရားတို့ကို သောတဝိညာဏ်ဖြင့် သိအပ် သိထိုက်ကုန်၏၊ ထိုတရားတို့ကို ကာယဝိညာဏ် ဖြင့်မသိအပ် မသိထိုက်ကုန်၊ အကြင်တရားတို့ကိုကား ကာယဝိညာဏ်ဖြင့် သိအပ်သိထိုက်ကုန်၏၊ ထိုတရားတို့ကို သောတာဝိညာဏ်ဖြင့် မသိအပ် မသိထိုက်ကုန်။ အကြင်တရားတို့ကို သောတဝိညာဏ်ဖြင့် သိအပ် သိထိုက်ကုန်၏၊ ထိုတရားတို့ကို စက္ခုဝိညာဏ် ဖြင့်မသိအပ် မသိထိုက်ကုန်၊ အကြင်တရားတို့ကိုကား စက္ခုဝိညာဏ်ဖြင့် သိအပ်သိထိုက်ကုန်၏၊ ထိုတရားတို့ကို သောတာဝိညာဏ်ဖြင့် မသိအပ် မသိထိုက်ကုန်။ အကြင်တရားတို့ကို ဃာနဝိညာဏ်ဖြင့် သိအပ် သိထိုက်ကုန်၏၊ ထိုတရားတို့ကို ဇိဝှါဝိညာဏ်ဖြင့်မသိအပ် မသိထိုက်ကုန်၊ အကြင်တရားတို့ကိုကား ဇိဝှါဝိညာဏ်ဖြင့် သိအပ်သိထိုက်ကုန်၏၊ ထိုတရားတို့ကိုဃာနဝိညာဏ်ဖြင့် မသိအပ် မသိထိုက်ကုန်။ အကြင်တရားတို့ကို ဃာနဝိညာဏ်ဖြင့် သိအပ် သိထိုက်ကုန်၏၊ ထိုတရားတို့ကို ကာယဝိညာဏ်ဖြင့်မသိအပ် မသိထိုက်ကုန်၊ အကြင်တရားတို့ကိုကား ကာယဝိညာဏ်ဖြင့် သိအပ်သိထိုက်ကုန်၏၊ ထိုတရားတို့ကို ဃာနဝိညာဏ်ဖြင့် မသိအပ် မသိထိုက်ကုန်။ အကြင်တရားတို့ကို ဃာနဝိညာဏ်ဖြင့် သိအပ် သိထိုက်ကုန်၏၊ ထိုတရားတို့ကို စက္ခုဝိညာဏ်ဖြင့်မသိအပ် မသိထိုက်ကုန်၊ အကြင်တရားတို့ကိုကား စက္ခုဝိညာဏ်ဖြင့် သိအပ် သိထိုက်ကုန်၏၊ ထိုတရားတို့ကို ဃာနဝိညာဏ်ဖြင့် မသိအပ် မသိထိုက်ကုန်။

--

အကြင်တရားတို့ကို ဃာနဝိညာဏ်ဖြင့် သိအပ် သိထိုက်ကုန်၏၊ ထိုတရားတို့ကို သောတဝိညာဏ်ဖြင့်မသိအပ် မသိထိုက်ကုန်၊ အကြင်တရားတို့ကိုကား သောတဝိညာဏ်ဖြင့် သိအပ် သိထိုက်ကုန်၏၊ ထိုတရားတို့ကို ဃာနဝိညာဏ်ဖြင့် မသိအပ် မသိထိုက်ကုန်။ အကြင်တရားတို့ကို ဇိဝှါဝိညာဏ်ဖြင့် သိအပ် သိထိုက်ကုန်၏၊ ထိုတရားတို့ကို ကာယဝိညာဏ်ဖြင့်မသိအပ် မသိထိုက်ကုန်၊ အကြင်တရားတို့ကိုကား ကာယဝိညာဏ်ဖြင့် သိအပ် သိထိုက်ကုန်၏၊ ထိုတရားတို့ကို ဇိဝှါဝိညာဏ်ဖြင့် မသိအပ် မသိထိုက်ကုန်။ အကြင်တရားတို့ကို ဇိဝှါဝိညာဏ်ဖြင့် သိအပ် သိထိုက်ကုန်၏၊ ထိုတရားတို့ကို စက္ခုဝိညာဏ်ဖြင့်မသိအပ် မသိထိုက်ကုန်၊ အကြင်တရားတို့ကိုကား စက္ခုဝိညာဏ်ဖြင့် သိအပ် သိထိုက်ကုန်၏၊ ထိုတရားတို့ကို ဇိဝှါဝိညာဏ်ဖြင့် မသိအပ် မသိထိုက်ကုန်။ အကြင်တရားတို့ကို ဇိဝှါဝိညာဏ်ဖြင့် သိအပ် သိထိုက်ကုန်၏၊ ထိုတရားတို့ကို သောတဝိညာဏ်ဖြင့်မသိအပ် မသိထိုက်ကုန်၊ အကြင်တရားတို့ကိုကား သောတဝိညာဏ်ဖြင့် သိအပ် သိထိုက်ကုန်၏၊ ထိုတရားတို့ကို ဇိဝှါဝိညာဏ်ဖြင့် မသိအပ် မသိထိုက်ကုန်။ အကြင်တရားတို့ကို ဇိဝှါဝိညာဏ်ဖြင့် သိအပ် သိထိုက်ကုန်၏၊ ထိုတရားတို့ကို ဃာနဝိညာဏ်ဖြင့်မသိအပ် မသိထိုက်ကုန်၊ အကြင်တရားတို့ကိုကား ဃာနဝိညာဏ်ဖြင့် သိအပ် သိထိုက်ကုန်၏၊ ထိုတရားတို့ကို ဇိဝှါဝိညာဏ်ဖြင့် မသိအပ် မသိထိုက်ကုန်။ အကြင်တရားတို့ကို ကာယဝိညာဏ်ဖြင့် သိအပ် သိထိုက်ကုန်၏၊ ထိုတရားတို့ကို စက္ခုဝိညာဏ်ဖြင့်မသိအပ် မသိထိုက်ကုန်၊ အကြင်တရားတို့ကိုကား စက္ခုဝိညာဏ်ဖြင့် သိအပ် သိထိုက်ကုန်၏၊ ထိုတရားတို့ကို ကာယဝိညာဏ်ဖြင့် မသိအပ် မသိထိုက်ကုန်။ အကြင်တရားတို့ကို ကာယဝိညာဏ်ဖြင့် သိအပ် သိထိုက်ကုန်၏၊ ထိုတရားတို့ကို သောတဝိညာဏ် ဖြင့်မသိအပ် မသိထိုက်ကုန်၊ အကြင်တရားတို့ကိုကား သောတဝိညာဏ်ဖြင့် သိအပ်သိထိုက်ကုန်၏၊ ထိုတရားတို့ကို ကာယဝိညာဏ်ဖြင့် မသိအပ် မသိထိုက်ကုန်။ အကြင်တရားတို့ကို ကာယဝိညာဏ်ဖြင့် သိအပ် သိထိုက်ကုန်၏၊ ထိုတရားတို့ကို ဃာနဝိညာဏ်ဖြင့်မသိအပ် မသိထိုက်ကုန်၊ အကြင်တရားတို့ကိုကား ဃာနဝိညာဏ်ဖြင့် သိအပ် သိထိုက်ကုန်၏၊ ထိုတရားတို့ကို ကာယဝိညာဏ်ဖြင့် မသိအပ် မသိထိုက်ကုန်။ အကြင်တရားတို့ကို ကာယဝိညာဏ်ဖြင့် သိအပ် သိထိုက်ကုန်၏၊ ထိုတရားတို့ကို ဇိဝှါဝိညာဏ်ဖြင့်မသိအပ် မသိထိုက်ကုန်၊ အကြင်တရားတို့ကိုကား ဇိဝှါဝိညာဏ်ဖြင့် သိအပ် သိထိုက်ကုန်၏၊ ထိုတရားတို့ကို ကာယဝိညာဏ်ဖြင့် မသိအပ် မသိထိုက်ကုန်။ ဤတရားတို့ကို တစ်စုံတစ်ခုသော စိတ်သည် သိအပ် သိထိုက်ကုန်၏ (ဤတရားတို့သည် တစ်စုံတစ်ခုသော စိတ်ဖြင့် သိအပ်သိထိုက်သော ‘ကေနစိဝိညေယျ’ တရား ဖြစ်ကုန်၏)။ (ဤတရားတို့ကို) တစ်စုံတစ်ခုသော စိတ်သည် မသိအပ် မသိထိုက်ကုန် (ဤတရားတို့သည် တစ်စုံတစ်ခုသော စိတ်ဖြင့် မသိအပ်မသိထိုက်သော ‘န ကေနစိ ဝိညေယျ’ တရား ဖြစ်ကုန်၏)။

စူဠန္တရဒုက် ပြီးပြီ။

--

၃-အာသဝဂေါစ္ဆက

၁ အာသဝဒုက်

အာသဝ

၁၁၀၂။ (၁) အဘယ်တရားတို့သည် (သတ္တဝါတို့သန္တာန်၌) ယိုစီးနေတတ်, ဖြစ်နေတတ်သော ‘အာသဝ’ တရား ဖြစ်ကုန်သနည်း။

လိုချင်ဖွယ် ‘ကာမ’ တို့၌ လိုချင်မှုဟူသော ယိုစီးခြင်း၊ ဖြစ်ခြင်း ‘ကာမာသဝ’။ (ရူပ, အရူပ) ဘဝတို့၌ လိုချင်မှုဟူသော ယိုစီးခြင်း၊ ဖြစ်ခြင်း ‘ဘဝါသဝ’ ၊ အမြင်မှားမှု ‘ဒိဋ္ဌိ’ ဟူသော ယိုစီးခြင်း၊ ဖြစ်ခြင်း ‘ဒိဋ္ဌာသဝ’ ၊ သိအပ်သည်ကို မသိမှု (သစ္စာ လေးပါးကိုမသိမှု)ဟူသော ယိုစီးခြင်း၊ ဖြစ်ခြင်း ‘အဝိဇ္ဇာသဝ’ ဟူသော အာသဝလေးပါးတို့သည် (ရှိ ကုန်၏)။

ကာမာသဝ

၁၁၀၃။ (၁) ထို (အာသဝလေးပါးတို့) တွင် လိုချင်ဖွယ် ‘ကာမ’ ၌ လိုချင်မှုဟူသော ယိုစီးခြင်းဖြစ်ခြင်း ‘ကာမာသဝ’ ဟူသည် အဘယ်နည်း၊ လိုချင်ဖွယ် ‘ကာမ’ တို့၌ အကြင်လိုချင်တောင့်တမှု ‘ကာမစ္ဆန္ဒ’၊ လိုချင်စွဲလမ်းမှု ‘ကာမရာဂ’၊ လိုချင်နှစ်သက်မှု ‘ကာမနန္ဒီ’၊ လိုချင်တပ်မက်မှု့'ကာမတဏှာ’၊ လိုချင်ဖွယ် ‘ကာမ’၌ တပ်မက်မှု အစေး ‘ကာမသိနေဟ’၊ လိုချင်မှု ‘ကာမ’ ဟူသောပူလောင်မှု ‘ကာမပရိဠာဟ’၊ လိုချင်မိန်းမောမှု (လိုချင်အားကြီးသဖြင့် မိန်းမောမှု) ‘ကာမမုစ္ဆာ’၊ လိုချင်ဖွယ်ကာမကို မျို၍ ပြီးဆုံးစေခြင်း (လိုချင်ဖွယ်ကာမကို အပြီးအဆုံး အကြွင်းအကျန်မရှိ လိုချင်မှု) ‘ကာမဇ္ဈောသာန’ သည် (ရှိ၏)။ ဤ (ဆိုအပ်ခဲ့ပြီးသော) သဘောကို လိုချင်ဖွယ် ‘ကာမ’ ၌ လိုချင်မှုဟူသောယိုစီးခြင်းဖြစ်ခြင်း ‘ကာမာသဝ’ ဟူ၍ ဆိုအပ်၏ (လောဘ)။

ဘဝါသဝ

၁၁၀၄။ (၂) ထို (အာသဝလေးပါးတို့) တွင် (ရူပ, အရူပ) ဘဝတို့၌ လိုချင်မှုဟူသော ယိုစီးခြင်း၊ ဖြစ်ခြင်း ‘ဘဝါသဝ’ ဟူသည် အဘယ်နည်း။ (ရူပ, အရူပ) ဘုံတို့၌ အကြင် ဘဝကို တောင့်တမှု ‘ဘဝဆန္ဒ’၊ ဘဝကို စွဲလမ်းမှု ‘ဘဝရာဂ’၊ ဘဝကို နှစ်သက်မှု ‘ဘဝနန္ဒီ’၊ ဘဝကို တပ်မက်မှု ‘ဘဝတဏှာ’၊ ဘဝ၌ (တပ်မက်မှု) အစေး ‘ဘဝသိနေဟ’၊ ဘဝကို လိုချင်မှုဟူသော ပူလောင်မှု အပူ ‘ဘဝပရိဠာဟ’၊ ဘဝကို လိုချင်မှု အားကြီးသဖြင့် မိန်းမောမှု ‘ဘဝမုစ္ဆာ’၊ ဘဝကို မျို၍ ပြီးဆုံးစေမှု (ဘဝကို အပြီးအဆုံးအကြွင်းအကျန်မရှိ လိုချင်မှု) ‘ဘဝဇ္ဈောသာန’ သည် (ရှိ၏)။ ဤဆိုအပ်ခဲ့ပြီးသော သဘောကို (ရူပ, အရူပ) ဘဝတို့၌ လိုချင်မှုဟူသော ယိုစီးခြင်း၊ ဖြစ်ခြင်း ‘ဘဝါသဝ’ ဟူ၍ ဆိုအပ်၏ (လောဘ)။

ဒိဋ္ဌာသဝ

၁၁၀၅။ (၃) ထို (အာသဝလေးပါးတို့) တွင် အမြင်မှားမှု ‘ဒိဋ္ဌိ’ ဟူသော ယိုစီးခြင်း၊ ဖြစ်ခြင်း'ဒိဋ္ဌာသဝ’ ဟူသည် အဘယ်နည်း။ (ခန္ဓာငါးပါးဟူသော) လောကသည် မြဲ၏ဟူ၍လည်းကောင်း။ (ခန္ဓာငါးပါးဟူသော) လောကသည် မမြဲဟူ၍လည်းကောင်း။ (ခန္ဓာငါးပါးဟူသော) လောကသည်အဆုံး (အပိုင်းအခြား) ရှိ၏ဟူ၍လည်းကောင်း။ (ခန္ဓာငါးပါးဟူသော) လောကသည် အဆုံး (အပိုင်းအခြား) မရှိဟူ၍လည်းကောင်း၊ ထိုအသက် ‘ဇီဝ’ သည်ပင် ထိုကိုယ်တည်းဟူ၍လည်းကောင်း၊ အသက် ‘ဇီဝ’ သည်တစ်ခြား, ကိုယ်သည် တစ်ခြားဟူ၍လည်းကောင်း၊ သတ္တဝါသည် သေပြီးနောက်ဖြစ်၏ဟူ၍လည်းကောင်း၊ သတ္တဝါသည် သေပြီးနောက် မဖြစ်ဟူ၍လည်းကောင်း၊ သတ္တဝါသည် သေပြီးနောက် ဖြစ်လည်းဖြစ်, မဖြစ်လည်း မဖြစ်ဟူ၍လည်းကောင်း၊ သတ္တဝါသည် သေပြီးသည့်နောက်ဖြစ်သည်လည်း မဟုတ်, မဖြစ်သည်လည်း မဟုတ်ဟူ၍လည်းကောင်း၊

--

ဤသို့ သဘောရှိသော အကြင်အမြင်မှားမှု ‘ဒိဋ္ဌိ’။ (ခြောက်ဆယ့်နှစ်ပါးသော) အမြင်မှားမှုတို့၌ ပါဝင်ခြင်းသဘော ‘ဒိဋ္ဌိဂတ’။ (အမြင်မှန်ကို ပိတ်ဆီးတတ်သော) အမြင်မှားမှုတည်းဟူသော တောအုပ် ‘ဒိဋ္ဌိဂဟန’။ (အမြင်မှန်သို့ မရောက်နိုင်အောင် ခက်ခဲစေသော) အမြင်မှားမှု ခရီးခဲ ‘ဒိဋ္ဌိကန္တာရ’၊ သမ္မာဒိဋ္ဌိကို ထွင်းဖောက် ဖျက်ဆီးခြင်းသဘော ‘ဒိဋ္ဌိပိသူကာယိက’၊ အမြင်မှားမှုတည်းဟူသော ဖောက်ပြန်တုန်လှုပ်ခြင်းသဘော ‘ဒိဋ္ဌိဝိပ္ဖန္ဒိတ’။ (ဝဋ် ဆင်းရဲ၌) တုပ်နှောင်ကြောင်းဖြစ်သော အမြင်မှားမှု ‘ဒိဋ္ဌိသညောဇန’။ (အာရုံကို မှားသောအားဖြင့်) မြဲစွာယူတတ်သော သဘော (အယူသည်းသော သဘော) ‘ဂါဟ’။ (အာရုံကို မှားသောအားဖြင့်) ထပ်ကာထပ်ကာမြဲစွာယူတတ်သော သဘော ‘ပဋိဂ္ဂါဟ’၊ « (အမြင်မှားမှု၏) တည်ရာဖြစ်သော သဘော ‘ပတိဋ္ဌာဟ’၊ ] မှားသောအားဖြင့် နှလုံးသွင်းတတ်သော သဘော ‘အဘိနိဝေသ’၊ မှားသောအားဖြင့် သုံးသပ်တတ်သောသဘော ‘ပရာမာသ’၊ စက်ဆုပ်အပ်သော လမ်းစဉ် ‘ကုမ္မဂ္ဂ’၊ မှားသော ခရီးလမ်းကြောင်း ‘မိစ္ဆာပထ’၊ မှားယွင်းသော သဘော ‘မိစ္ဆတ္တ’၊ မှားသော အယူတည်းဟူသော အကျိုးမဲ့တို့၏ဖြစ်ရာ ‘တိတ္ထာယတန’၊ ဖောက်ပြန်မှားယွင်းသော (အားဖြင့်) စွဲယူခြင်းသဘော ‘ဝိပရိယာသဂ္ဂါဟ’ သည် (ရှိ၏)။ ဤ (ဆိုအပ်ခဲ့ပြီးသော) သဘောကို အမြင်မှားမှု ‘ဒိဋ္ဌိ’ ဟူသော ယိုစီးခြင်း၊ ဖြစ်ခြင်း ‘ဒိဋ္ဌာသဝ’ ဟူ၍ ဆိုအပ်၏၊ အလုံးစုံသော အမြင်မှားမှု ‘မိစ္ဆာဒိဋ္ဌိ’ သည်လည်း ‘ဒိဋ္ဌာသဝ’မည်၏ (ဒိဋ္ဌိ)။ (၃၈၁,၁၀၀၇,၁၁၂၂,၁၁၄၄, ၁၁၈၀,၁၂၄၀)

အဝိဇ္ဇာသဝ

၁၁၀၆။ (၄) ထို (အာသဝလေးပါးတို့) တွင် သိအပ်သည်ကို မသိမှု (သစ္စာလေးပါးကိုမသိမှု)ဟူသော ယိုစီးခြင်းဖြစ်ခြင်း ‘အဝိဇ္ဇာသဝ’ ဟူသည် အဘယ်နည်း။ ဆင်းရဲ၌ မသိမှု၊ ဆင်းရဲခြင်းဖြစ်ကြောင်း၌ မသိမှု၊ ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) ၌ မသိမှု၊ ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ရောက်ကြောင်းအကျင့်၌ မသိမှု၊ ရှေ့အဖို့၌ (ဖြစ်ပြီးသော ခန္ဓာစသည်တို့၌) မသိမှု၊ နောက် အဖို့၌ (ဖြစ်လတ္တံ့သော ခန္ဓာစသည်တို့၌) မသိမှု၊ ရှေ့အဖို့ နောက်အဖို့၌ (ဖြစ်ပြီး ဖြစ်လတ္တံ့သောခန္ဓာစသည်တို့၌) မသိမှု၊ ဤ (ဇရာ မရဏစသည်တို့၏ အကြောင်းတရားနှင့် (ဇာတိစသော ထိုထိုအကြောင်းကို) စွဲ၍ ဖြစ်သော အကျိုးတရားတို့၌ မသိမှုသည် (ရှိ၏)။ ဤသို့သဘောရှိသော အကြင်မသိခြင်းသဘော ‘အညာဏ’။ (အမှန်တရားကို) မမြင်ခြင်းသဘော ‘အဒဿန’၊ ထိုးထွင်း၍ မသိတတ်သော သဘော ‘အနဘိသမယ’။ (အမှန်တရားအား) လျော်စွာ မသိတတ်သော သဘော ‘အနနုဗောဓ’။ (အနိစ္စစသည်တို့နှင့် ယှဉ်၍) မသိတတ်သော သဘော (မှားယွင်းစွာသိတတ်သော သဘော) ‘အသမေ ္ဗာဓ’၊ ထိုးထွင်း၍ မသိခြင်းသဘော ‘အပ္ပဋိဝေဒ’။ (အနိစ္စစသည်ဖြင့်) မယူတတ်သော သဘော ‘အသံဂါဟနာ’။ (အမှန်တရားကို) သက်ဝင်၍ (နားလည်၍) မယူတတ်သောသဘော ‘အပရိယော ဂါဟနာ’၊ ညီညီညွတ်ညွတ် မရှုတတ် (အနိစ္စစသည်ကို နိစ္စစသည်ဟု မညီမညွတ်ရှုတတ်) သော သဘော ‘အသမပေက္ခနာ’၊ မဆင်ခြင်တတ်သော သဘော ‘အပစ္စဝေက္ခဏာ’၊ မျက်မှောက်မရှုတတ်သော သဘော (အကောင်းအဆိုးကို မဝေခွဲတတ်သော သဘော) ‘အပစ္စက္ခကမ္မ’။ (စိတ်) ဖြူစင်သန့်ရှင်းမှုကို ဖျက်ဆီးကြောင်းသဘော ‘ဒုမ္မေဇ္ဈ’၊ လူမိုက်ဖြစ်ကြောင်းသဘော ‘ဗာလျ’၊ ကောင်းစွာ (ခွဲခွဲခြားခြား) အပြားအားဖြင့် မသိတတ်သော သဘော ‘အသမ္ပဇည’။ (အမှန်သဘော၌) တွေဝေခြင်းသဘော (အမှန်ကို မသိမှု) ‘မောဟ’။ (အမှန် သဘော၌) ပြင်းစွာ တွေဝေခြင်းသဘော ‘ပမောဟ’၊ ထက်ဝန်းကျင် (တရားအားလုံး၌) တွေဝေခြင်း သဘော ‘သမ္မောဟ’၊ သိအပ်သည်ကို မသိခြင်း (သစ္စာလေးပါးကို မသိခြင်း) သဘော ‘အဝိဇ္ဇာ’။ (ဝဋ်ဆင်းရဲ၌) နစ်မြုပ် စေတတ်သော မသိမှုသဘော ‘အဝိဇ္ဇောဃ’။ (ဝဋ်ဆင်းရဲ၌) ယှဉ်စေတတ်သော မသိမှုသဘော ‘အဝိဇ္ဇာယောဂ’၊ အစဉ်ကိန်းဝပ်တတ်သော (လျောက်ပတ်သော အကြောင်းကိုရလျှင် ဖြစ်တတ်သော) မသိမှုသဘော ‘အဝိဇ္ဇာနုသယ’၊ စိတ်၌ ကိလေသာတို့၏ ထကြွသောင်းကျန်းခြင်းဟူသော မသိမှုသဘော ‘အဝိဇ္ဇာပရိယုဋ္ဌာန’။ (စီးပွါးချမ်းသာသို့ မရောက်နိုင်အောင် ပိတ်ပင်တတ်သဖြင့်) တံခါးကျည် (မင်းတုပ်) နှင့် တူသော မသိမှုသဘော ‘အဝိဇ္ဇာလင်္ဂီ’၊ အကုသိုလ်တို့၏ အခြေအမြစ်ဖြစ်သော (အမှန်တရား၌) တွေဝေမှု ‘မောဟ အကုသလမူလ’ သည် (ရှိ၏)။ ဤ (ဆိုအပ်ခဲ့ပြီးသော) သဘောကို (သစ္စာလေးပါးကို) မသိမှုဟူသော ယိုစီးခြင်း၊ ဖြစ်ခြင်း ‘အဝိဇ္ဇာသဝ’ ဟူ၍ ဆိုအပ်၏ (မောဟ)။ (၁၀၆၇)

--

ဤတရားတို့သည် ‘အာသဝ’မည်ကုန်၏ (လောဘ, ဒိဋ္ဌိ, မောဟဟူသော အာသဝတရားကိုယ်သုံးပါး)။

နော အာသဝတရား

၁၁၀၇။ (၂) အဘယ်တရားတို့သည် ယိုစီးခြင်း၊ ဖြစ်ခြင်း ‘အာသဝ’ မမည်သော ‘နောအာသဝ’ တရား ဖြစ်ကုန်သနည်း။

ထို (အာသဝလေးပါး) တရား တို့ကို ချန်ထား၍ကြွင်းကျန်ကုန်သော, ကာမဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်ကုန်သော, ရူပဘုံ၌ ကျင်လည်သက်ဝင်၍ဖြစ်ကုန်သော, အရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်ကုန်သော, ဘုံသုံးပါး၌ အကျုံး မဝင်ကုန်သော (လောကုတ္တရာဖြစ်သော) ကုသိုလ်တရား၊ အကုသိုလ်တရား၊ အဗျာကတတရားဖြစ်သည့် ခံစားမှုအစု ‘ဝေဒနာက္ခန္ဓာ’။ပ။ အထူးသိမှု (စိတ်) အစု ‘ဝိညာဏက္ခန္ဓာ’ ၊ ထို့ပြင် အလုံးစုံသောရုပ်၊ ထို့ပြင် (ကံ, စိတ်,ဥတု, အာဟာရဟူသော အကြောင်းတရားတို့) မပြုပြင် မစီရင်အပ်သော သဘော ‘အသင်္ခတဓာတ်’ (နိဗ္ဗာန်) သည် (ရှိ၏)။ ဤတရားတို့သည် ယိုစီးခြင်း၊ ဖြစ်ခြင်း ‘အာသဝ’ မမည်သော ‘နောအာသဝ’ တရား ဖြစ်ကုန်၏ (စိတ်, အာသဝတရားကိုယ်ကြဉ်သော ယှဉ်ဖက်စေတသိက်, ရုပ်, နိဗ္ဗာန်)။

၂-သာသဝဒုက်

သာသဝတရား

၁၁၀၈။ (၁) အဘယ်တရားတို့သည် (လောဘ, ဒိဋ္ဌိ, မောဟဟူသော) အာသဝတို့၏အာရုံဖြစ်သော ‘သာသဝ’ တရား ဖြစ်ကုန်သနည်း။

ကာမဘုံ၌ ကျင် လည်သက်ဝင်၍ဖြစ်ကုန်သော, ရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်ကုန်သော, အရူပဘုံ၌ ကျင်လည်သက် ဝင်၍့ဖြစ်ကုန်သော ကုသိုလ်တရား၊ အကုသိုလ်တရား၊ အဗျာကတတရားဖြစ်သည့် ရုပ်အစု ‘ရူပက္ခန္ဓာ’။ပ။ အထူးသိမှု (စိတ်) အစု ‘ဝိညာဏက္ခန္ဓာ’ သည် (ရှိ၏)။ ဤတရားတို့သည် အာသဝတို့၏ အာရုံဖြစ်သော ‘သာသဝ’ တရား ဖြစ်ကုန်၏ (လောကီစိတ်, စေတသိက်, ရုပ်)။

အနာသဝတရား

၁၁၀၉။ (၂) အဘယ်တရားတို့သည် (လောဘ, ဒိဋ္ဌိ, မောဟဟူသော) အာသဝရားတို့၏ အာရုံမဖြစ်သော ‘အနာသဝ’ တရား ဖြစ်ကုန်သနည်း။

ဘုံသုံးပါး၌ အကျုံး မဝင်ကုန်သောမဂ်တို့သည်လည်းကောင်း၊ မဂ်၏ အကျိုး (ဖိုလ်) တို့သည်လည်းကောင်း။ (ကံ,စိတ်, ဥတု, အာဟာရဟူသော အကြောင်းတရားတို့) မပြုပြင် မစီရင်အပ်သောသဘော ‘အသင်္ခတဓာတ်’ (နိဗ္ဗာန်) သည်လည်းကောင်း (ရှိ၏)။ ဤတရားတို့သည် အာသဝတို့၏ အာရုံမဖြစ်သော ‘အနာသဝ’ တရားဖြစ်ကုန်၏ (မဂ်, ဖိုလ်, နိဗ္ဗာန်)။

--

၃-အာသဝသမ္ပယုတ္တဒုက်

အာသဝသမ္ပယုတ္တတရား

၁၁၁၀။ (၁) အဘယ်တရားတို့သည် (လောဘ, ဒိဋ္ဌိ, မောဟဟူသော) အာသဝတို့နှင့် ယှဉ်သော ‘အာသဝသမ္ပယုတ္တ’ တရား ဖြစ်ကုန်သနည်း။

ထို (အာဝသ) တရားတို့နှင့်ယှဉ်ကုန်သော ခံစားမှုအစု ‘ဝေဒနာက္ခန္ဓာ’။ပ။ အထူးသိမှု (စိတ်) အစု ‘ဝိညာ ဏက္ခန္ဓာ’ ဟူသော အကြင်တရားတို့သည် (ရှိကုန်၏)။ ဤတရားတို့သည် အာသဝနှင့်ယှဉ်သော ‘အာသဝ သမ္ပယုတ္တ’ တရားဖြစ်ကုန်၏ (အကုသိုလ်စိတ်, ဒေါသမူမောဟနှင့် မောဟမူမောဟမှတစ်ပါးသော ယှဉ်ဖက် စေတသိက်များ)။

အာသဝဝိပ္ပယုတ္တတရား

၁၁၁၁။ (၂) အဘယ်တရားတို့သည် (လောဘ, ဒိဋ္ဌိ, မောဟဟူသော) အာသဝတို့နှင့် မယှဉ်သော ‘အာသဝဝိပ္ပယုတ္တ’ တရား ဖြစ်ကုန်သနည်း။

ထို (အာသဝ) တရားတို့နှင့်မယှဉ်ကုန်သော ခံစားမှုအစု ‘ဝေဒနာက္ခန္ဓာ’။ပ။ အထူးသိမှု (စိတ်) အစု ‘ဝိညာဏက္ခန္ဓာ’ ၊ ထို့ပြင်အလုံးစုံသော ရုပ်၊ ထို့ပြင် (ကံ, စိတ်, ဥတု, အာဟာရဟူသော အကြောင်း တရားတို့) မပြုပြင်မစီရင်အပ်သော သဘော ‘အသင်္ခတဓာတ်’ (နိဗ္ဗာန်)ဟူသော အကြင်တရားတို့သည် (ရှိကုန်၏)။ ဤတရားတို့သည် အာသဝနှင့် မယှဉ်သော ‘အာသဝဝိပ္ပယုတ္တ’ တရား ဖြစ်ကုန်၏ (ကုသိုလ်, ဝိပါက်,ကြိယာစိတ်, ယှဉ်ဖက်စေတသိက်, ဒေါသမူမောဟ, မောဟမူမောဟ, ရုပ်, နိဗ္ဗာန်)။

၄-အာသဝ သာသဝဒုက်

အာသဝ သာသဝတရား

၁၁၁၂။ (၁) အဘယ်တရားတို့သည် (လောဘ, ဒိဋ္ဌိ, မောဟဟူသော) အာသဝလည်း မည်၍ အာသဝတို့၏ အာရုံလည်းဖြစ်သော ‘အာသဝ သာသဝ’ တရား ဖြစ်ကုန်သနည်း။

ထိုအာသဝ တို့သည်ပင် အာသဝလည်းမည်၍ အာသဝတို့၏ အာရုံလည်း ဖြစ်သော ‘အာသဝ သာသဝ’ တရား ဖြစ်ကုန်၏ (လောဘ, ဒိဋ္ဌိ, မောဟဟူသော အာသဝ တရားကိုယ် သုံးပါး)။

သာသဝ နော အာသဝတရား

၁၁၁၃။ (၂) အဘယ်တရားတို့သည် (လောဘ, ဒိဋ္ဌိ, မောဟဟူသော) အာသဝတရားတို့၏ အာရုံဖြစ်သော ‘သာသဝ’ တရားသာ ဖြစ်၍'အာသဝ’ မမည်သော ‘သာသဝ နောအာသဝ’ တရား ဖြစ်ကုန်သနည်း။

အကြင်တရားတို့သည် ထို (အာသဝ) တရားတို့ဖြင့် (ထိုအာသဝတရားတို့ အာရုံပြုအပ်သဖြင့်) အာသဝတရားတို့၏ အာရုံ ‘သာသဝ’ ဖြစ်ကုန်၏။ (ထို ‘သာသဝ’ တရားတို့၌ ပါရှိသော) ထို (ယှဉ်ဖက် ‘အာသဝ') တရားတို့ကို ချန်ထား ၍ ကြွင်းကျန်သည့် ‘သာသဝ’ တရား ဖြစ်ကုန်သော, ကာမဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်ကုန်သော, ရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်ကုန်သော, အရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်ကုန်သော ကုသိုလ် တရား၊ အကုသိုလ်တရား၊ အဗျာကတတရားဖြစ်သည့် ရုပ်အစု ‘ရူပက္ခန္ဓာ’။ပ။ အထူးသိမှု (စိတ်) အစု ‘ဝိညာဏက္ခန္ဓာ’ သည် (ရှိ၏)။ ဤတရားတို့သည် ‘အာသဝ'တို့၏ အာရုံသာ ဖြစ်၍ ‘အာသဝ’ မမည်သော ‘သာသဝ နော အာသဝ’ တရား ဖြစ်ကုန်၏ (လောကီစိတ်, အာသဝတရားကိုယ်မှတစ်ပါးသော စေတသိက်, ရုပ်)။

--

၅-အာသဝ အာသဝသမ္ပယုတ္တဒုက်

အာသဝ အာသဝသမ္ပယုတ္တတရား

၁၁၁၄။ (၁) အဘယ်တရားတို့သည် ‘အာသဝ'လည်းမည်၍ ‘အာသဝ’ နှင့်လည်း ယှဉ်သော ‘အာသဝ အာသဝသမ္ပယုတ္တ’ တရား ဖြစ်ကုန်သနည်း။

လိုချင်ဖွယ် ကာမဂုဏ်ငါးပါး ‘ကာမ’ ၌ လိုချင်မှုဟူသော ယိုစီးခြင်း၊ ဖြစ်ခြင်း ‘ကာမာသဝ’ သည် ‘အာသဝ’ လည်း မည်၏။ (ယှဉ်ဖက်ဖြစ်သော) အဝိဇ္ဇာသဝကြောင့် အာသဝနှင့်ယှဉ်သည်လည်း ဖြစ်၏။ (သိအပ်သည်ကို) မသိမှုဟူသော ယိုစီးခြင်းဖြစ်ခြင်း ‘အဝိဇ္ဇာသဝ’ သည် အာသဝလည်း မည်၏။ (ယှဉ်ဖက်ဖြစ်သော) ကာမာသဝကြောင့် အာသဝနှင့် ယှဉ်သည်လည်း ဖြစ်၏။ (ရူပ, အရူပ) ၌ လိုချင်မှုဟူသော ယိုစီးခြင်း ဖြစ်ခြင်း ‘ဘဝါသဝ’ သည် အာသဝလည်း မည်၏။ (ယှဉ်ဖက် ဖြစ်သော) အဝိဇ္ဇာသဝကြောင့် အာသဝနှင့် ယှဉ်သည်လည်း ဖြစ်၏။ (သိအပ်သည်ကို) မသိမှုဟူသော ယိုစီးခြင်း၊ ဖြစ်ခြင်း ‘အဝိဇ္ဇာသဝ’ သည် အာသဝလည်း မည်၏။ (ယှဉ်ဖက်ဖြစ်သော) ဘဝါသဝကြောင့် အာသဝနှင့် ယှဉ်သည်လည်း ဖြစ်၏။ အမြင်မှားမှုဟူသော ယိုစီးခြင်း၊ ဖြစ်ခြင်း ‘ဒိဋ္ဌာသဝ’ သည် အာသဝလည်း မည်၏။ (ယှဉ်ဖက် ဖြစ်သော) အဝိဇ္ဇာသဝကြောင့် အာသဝနှင့် ယှဉ်သည်လည်း ဖြစ်၏။ (သိအပ်သည်ကို) မသိမှုဟူသော ယိုစီးခြင်း၊ ဖြစ်ခြင်း ‘အဝိဇ္ဇာသဝ’ သည် အာသဝလည်း မည်၏။ (ယှဉ်ဖက်ဖြစ်သော) ဒိဋ္ဌာသဝကြောင့် အာသဝနှင့်ယှဉ်သည်လည်း ဖြစ်၏။ ဤတရားတို့သည် အာသဝလည်းမည်၍ အာသဝနှင့်လည်းယှဉ်သော ‘အာသဝ အာသဝသမ္ပယုတ္တ’ တရား ဖြစ်ကုန်၏ (လောဘမူစိတ်၌ ရှိသော လောဘ, ဒိဋ္ဌိ, မောဟ)။

အာသဝသမ္ပယုတ္တနော အာသဝတရား

၁၁၁၅။ (၂) အဘယ်တရားတို့သည် (လောဘ, ဒိဋ္ဌိ, မောဟဟူသော) အာသဝနှင့်သာ ယှဉ်၍ အာသဝမမည် သော ‘အာသဝသမ္ပယုတ္တနော အာသဝ’ တရားဖြစ်ကုန်သနည်း။

အကြင်တရားတို့သည် ထို (အာသဝ) တရားတို့နှင့် ယှဉ်သော ‘အာသဝသမ္ပယုတ္တ’ တရား ဖြစ်ကုန်၏။ (ထိုအာသဝ သမ္ပယုတ္တတရားတို့၌ ပါရှိသော) ထို (ယှဉ်ဖက်အာသဝ) တရားတို့ကို ချန်ထား၍ (ကြွင်းကျန်ကုန်သော) ခံစားမှုအစု ‘ဝေဒနာက္ခန္ဓာ’။ပ။ အထူးသိမှု (စိတ်) အစု ‘ဝိညာဏက္ခန္ဓာ’ သည် (ရှိ၏)။ ဤတရားတို့သည် အာသဝ နှင့်သာ ယှဉ်၍အာသဝမမည်သော ‘အာသဝသမ္ပယုတ္တနော အာသဝ’ တရား ဖြစ်ကုန်၏ (အကုသိုလ်စိတ်,အာသဝတရားကိုယ်ကြဉ်သော ယှဉ်ဖက်စေတသိက်)။

--

၆-အာသဝဝိပ္ပယုတ္တသာသဝဒုက်

အာသဝဝိပ္ပယုတ္တသာသဝတရား

၁၁၁၆။ (၁) အဘယ်တရားတို့သည် အာသဝနှင့် မယှဉ်မူ၍ အာသဝတရားတို့၏အာရုံဖြစ်သော ‘အာသဝဝိပ္ပယုတ္တသာသဝ’ တရား ဖြစ်ကုန်သနည်း။

ထို (အာသဝ) တရားတို့နှင့် မယှဉ်ကုန်သော, အာသဝတို့၏ အာရုံဖြစ်ကုန်သော, ကာမဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်ကုန်သော, ရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်ကုန်သော, အရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်ကုန်သော ကုသိုလ်တရား၊ အကုသိုလ်တရား၊ အဗျာကတတရားဖြစ်သည့် ရုပ်အစု ‘ရူပက္ခန္ဓာ’။ပ။ အထူးသိမှု (စိတ်) အစု ‘ဝိညာဏက္ခန္ဓာ’ ဟူသော အကြင်တရားတို့သည် (ရှိကုန်၏)။ ဤတရားတို့သည် အာသဝနှင့် မယှဉ်မူ၍ အာသဝတို့၏ အာရုံဖြစ်သော ‘အာသဝဝိပ္ပယုတ္တသာသဝ’ တရား ဖြစ်ကုန်၏ (လောကီကုသိုလ်, လောကီဝိပါက်, ကြိယာစိတ်, ယှဉ်ဖက်စေတသိက်, ဒေါသမူမောဟ, မောဟမူမောဟ, ရုပ်)။

အာသဝဝိပ္ပယုတ္တအနာသဝတရား

၁၁၁၇။ (၂) အဘယ်တရားတို့သည် အာသဝနှင့်လည်း မယှဉ်မူ၍အာသဝတို့၏ အာရုံလည်း မဖြစ်သော ‘အာသဝ ဝိပ္ပယုတ္တအနာသဝ’ တရား ဖြစ်ကုန်သနည်း။

ဘုံသုံးပါး၌ အကျုံးမဝင်ကုန်သော မဂ်တို့သည်လည်း ကောင်း၊ မဂ်၏အကျိုး (ဖိုလ်) တို့သည်လည်းကောင်း၊ (ကံ, စိတ်, ဥတု, အာဟာရဟူသော အကြောင်းတရား တို့) မပြုပြင် မစီရင်အပ်သော သဘော ‘အသင်္ခတဓာတ်’ (နိဗ္ဗာန်) သည်လည်းကောင်း (ရှိ၏)။ ဤတရား တို့သည် အာသဝနှင့်လည်း မယှဉ်မူ၍အာသဝတို့၏ အာရုံလည်းမဖြစ်သော ‘အာသဝဝိပ္ပယုတ္တအနာသဝ’ တရား ဖြစ်ကုန်၏ (မဂ်, ဖိုလ်, နိဗ္ဗာန်)။

တရားတို့ကို ချထားဝေဖန်ရာအပိုင်း၌

ရှေးဦးစွာ ဟောကြားခြင်း ‘နိက္ခေပကဏ္ဍ ပဌမဘာဏဝါရ’ ပြီးပြီ။

--

၄-သညောဇနဂေါစ္ဆက

၁-သညောဇနဒုက်

သညောဇနတရား

၁၁၁၈။ (၁) အဘယ်တရားတို့သည် သံယောဇဉ်မည်သော ‘သညောဇန’ တရား ဖြစ်ကုန်သနည်း။

(ကာမဂုဏ်တို့၌) လိုချင်စွဲလမ်းမှု ‘ကာမရာဂ’ သံယော ဇဉ်။ (အာရုံ၌) ထိပါးမှု (အမျက်ဒေါသ) ‘ပဋိဃ’ သံယောဇဉ်။ (ငါသာလျှင် မြတ်သည်ဟု စသည်ဖြင့်) မှတ်ထင်မှု (ထောင်လွှားမှု) ‘မာန’ သံယောဇဉ်၊ အမြင်မှားမှု ‘ဒိဋ္ဌိ’ သံယောဇဉ်၊ ယုံမှားမှု ‘ဝိစိကိစ္ဆာ’ သံယောဇဉ်။ (နွား, ခွေးစသည်တို့၏) အလေ့အကျင့်တို့ကို (စင်ကြယ်၏ဟု) မှားသောအားဖြင့် သုံးသပ်မှု ‘သီလဗ္ဗတပရာမာသ’ သံယောဇဉ်၊ ရူပ, အရူပဘဝ၌ စွဲလမ်းမှု ‘ဘဝရာဂ’ သံယောဇဉ်၊ ငြူစူမှု (မနာလိုမှု) ‘ဣဿာ’ သံယောဇဉ်၊ ဝန်တိုမှု ‘မစ္ဆရိယ’ သံယောဇဉ်။ (သိအပ်သည်ကို) မသိမှု ‘အဝိဇ္ဇာ’ သံယောဇဉ်ဟူသော သံယောဇဉ်ဆယ်ပါးတို့သည် (ရှိကုန်၏)။

ကာမရာဂသံယောဇဉ်

၁၁၁၉။ (၁) ထို (သံယောဇဉ်ဆယ်ပါးတို့) တွင် ကာမဂုဏ်တို့၌ လိုချင်စွဲလမ်းမှု ‘ကာမရာဂ’ သံယောဇဉ်ဟူသည် အဘယ်နည်း။ လိုချင်ဖွယ် ကာမဂုဏ်ငါးပါးတို့၌ အကြင်လိုချင်တောင့်တမှု ‘ကာမစ္ဆန္ဒ’၊ လိုချင်စွဲလမ်းမှု ‘ကာမရာဂ’၊ လိုချင်နှစ်သက်မှု ‘ကာမနန္ဒီ ‘၊ လိုချင်တပ်မက်မှု ‘ကာမတဏှာ’၊ လိုချင်မှုအစေး ‘ကာမသိနေဟ’၊ လိုချင်မှု ‘ကာမ’ ဟူသော ပူလောင်မှု ‘ကာမပရိဠာဟ’၊ လိုချင်မိန်းမောမှု (လိုချင်မှုအားကြီးသဖြင့် မိန်းမောမှု) ‘ကာမမုစ္ဆာ’၊ လိုချင်မှု ‘ကာမ'ကိုမျို၍ ပြီးဆုံးစေခြင်း (လိုချင်ဘွယ်ကာမကို အပြီးအဆုံး အကြွင်း အကျန်မရှိ လိုချင်မှု) ‘ကာမဇ္ဈောသာန’ သည် (ရှိ၏)။ ဤ (ဆိုအပ်ခဲ့ပြီးသော) သဘောကို လိုချင်စွဲလမ်းမှု ‘ကာမရာဂ'သံယောဇဉ်ဟူ၍ ဆိုအပ်၏။ (၁၁၀၃)

ပဋိဃသံယောဇဉ်

၁၁၂၀။ (၂) ထို (သံယောဇဉ်ဆယ်ပါးတို့) တွင် (အာရုံ၌) ထိပါးမှု (အမျက်ဒေါသ) ‘ပဋိဃ'သံယောဇဉ်ဟူသည် အဘယ်နည်း။ “ငါ၏ အကျိုးမဲ့ကို ပြု ကျင့်ခဲ့ပြီ” ဟုရန်ငြိုးဖွဲ့မှု ‘အာဃာတ’ သည် ဖြစ်၏၊ “ငါ၏ အကျိုးမဲ့ကို ပြုကျင့်နေဆဲ ဖြစ်သည်” ဟုရန်ငြိုးဖွဲ့မှု ‘အာဃာတ’ သည် ဖြစ်၏၊ “ငါ၏ အကျိုးမဲ့ကို ပြုကျင့်လတ္တံ့ဟု ရန်ငြိုးဖွဲ့မှု ‘အာဃာတ’ သည်ဖြစ်၏၊ “ငါ၏ ချစ်ခင်မြတ်နိုးအပ်သူ၏ အကျိုးမဲ့ကို ပြုကျင့်ခဲ့ပြီ။ပ။ အကျိုးမဲ့ကို ပြုကျင့်နေဆဲဖြစ်သည်။ပ။ အကျိုးမဲ့ကို ပြုကျင့်လတ္တံ့” ဟု ရန်ငြိုးဖွဲ့မှု ‘အာဃာတ’ သည် ဖြစ်၏၊ “ငါ၏ မချစ်ခင် မမြတ်နိုးအပ်သူ၏ အကျိုးကို ပြုကျင့်ခဲ့ပြီ။ပ။ အကျိုးကို ပြုကျင့်နေဆဲ ဖြစ်သည်။ပ။ အကျိုးကို ပြုကျင့်လတ္တံ့” ဟု ရန်ငြိုးဖွဲ့မှု ‘အာဃာတ’ သည် ဖြစ်၏၊ ထို့ပြင် အရာမဟုတ်သည်၌ ရန်ငြိုးဖွဲ့မှု (အမျက်ထွက်မှု) ‘အာဃာတ’ သည် ဖြစ်၏။ ဤသို့သဘောရှိသော စိတ်၏ အကြင် ရန်ငြိုးဖွဲ့မှု (အမျက်ထွက်မှု) ‘အာဃာတ’၊ လွန်စွာ ရန်ငြိုးဖွဲ့မှု ‘ပဋိဃာတ’။ (အာရုံ၌) ထိပါးမှု (မုန်းထားမှု) ‘ပဋိဃ’၊ လွန်စွာ ဆန့်ကျင်မှု ‘ပဋိဝိရောဓ’၊ စိတ်ဆိုးခြင်း (အမျက်ထွက်ခြင်း) ‘ကောပ’၊ လွန်စွာ စိတ်ဆိုးခြင်း (အမျက်ထွက်ခြင်း) ‘ပကောပ’၊ အလွန်ပြင်းစွာ စိတ်ဆိုးခြင်း (အမျက်ထွက်ခြင်း) ‘သမ္ပကောပ’၊ ဖျက်ဆီးပြစ်မှားခြင်း ‘ဒေါသ’၊ လွန်စွာ ဖျက်စီးပြစ်မှားခြင်း ‘ပဒေါသ’၊ အလွန်ပြင်းစွာ ဖျက်ဆီးပြစ်မှားခြင်း ‘သမ္ပဒေါသ’၊ စိတ်၏ ဖောက်ပြန်ခြင်း'စိတ္တဿဗျာပတ္တိ’၊ စိတ်ပျက်စီးခြင်း၏သဘော ‘မနောပဒေါသ’၊ အမျက်ထွက်ခြင်း ‘ကောဓ’၊ အမျက်ထွက်ပုံအခြင်းအရာ ‘ကုဇ္ဈနာ’၊

--

အမျက်ထွက်တတ်သူ၏အဖြစ် ‘ကုဇ္ဈိတတ္တ’၊ ဖျက်ဆီးပြစ်မှားခြင်းသဘော ‘ဒေါသ’၊ ဖျက်ဆီးပြစ်မှားပုံအခြင်းအရာ ‘ဒုဿနာ’၊ ဖျက်ဆီးပြစ်မှားတတ်သူ၏အဖြစ် ‘ဒုဿိတတ္တ’၊ ဖောက်ပြန် ပျက်စီးခြင်းသဘော ‘ဗျာပတ္တိ’၊ ဖောက်ပြန်ပျက်စီးပုံအခြင်းအရာ ‘ဗျာပဇ္ဇနာ’၊ ဖောက်ပြန်ပျက်စီးတတ်သူ၏အဖြစ် ‘ဗျာပဇ္ဇိတတ္တ’၊ ဆန့်ကျင်မှု ‘ဝိရောဓ’၊ လွန်စွာ ဆန့်ကျင်မှု ‘ပဋိဝိရောဓ’၊ ကြမ်းတမ်းသူ၏အဖြစ် (ကြမ်းတမ်းမှု) ‘စဏ္ဍိက္က’၊ ကောင်းမွန်ပြည့်စုံစွာ မပြောဆိုနိုင်ခြင်း (မကောင်းသဖြင့် ပြောဆိုခြင်း) ‘အသုရောပ’၊ စိတ်၏ မိမိပကတိစိတ် မဟုတ်သည်၏အဖြစ် (စိတ်တိုင်းမကျဖြစ်သည်၏အဖြစ်) ‘အနတ္တမနတာ စိတ္တဿ’ သည် (ရှိ၏)။ ဤ (ဆိုအပ်ခဲ့ပြီးသော) သဘောကို (အာရုံ၌) ထိပါးမှု (အမျက်ဒေါသ) ‘ပဋိဃ'သံယောဇဉ်ဟုဆိုအပ်၏။ (၁၀၆၆,၁၁၄၂)

မာနသံယောဇဉ်

၁၁၂၁။ (၃) ထို (သံယောဇဉ်ဆယ်ပါးတို့) တွင် (ငါသာလျှင် မြတ်သည်ဟု စသည်ဖြင့်) မှတ်ထင်မှု (ထောင်လွှားမှု) ‘မာန’ သံယောဇဉ်ဟူသည် အဘယ်နည်း။ “ငါသည် (အဆင့်အတန်း) မြင့်မြတ်သူဖြစ်၏” ဟူ၍ မှတ်ထင်မှု (ထောင်လွှားမှု) ‘သေယျမာန’၊ “ငါသည် (အဆင့်အတန်းချင်း) တူသူဖြစ်၏” ဟူ၍ မှတ်ထင်မှု (ထောင်လွှားမှု) ‘သဒိသမာန’၊ “ငါသည် (အဆင့်အတန်း) ယုတ်နိမ့် (အောက်ကျ) သူဖြစ်၏” ဟူ၍ မှတ်ထင်မှု (ထောင်လွှားမှု) (ငါသည် အဆင့်အတန်းယုတ်နိမ့်သော်လည်း မည်သူကိုမျှ ဂရုစိုက်ရန် မလိုဟု မှတ်ထင်မှု) ‘ဟီနမာန’ သည် (ရှိ၏)။ ဤသို့ သဘောရှိသော အကြင် မှတ်ထင်မှု (ထောင်လွှားမှု) ‘မာန’၊ မှတ်ထင်ပုံ (ထောင်လွှားပုံ) အခြင်းအရာ ‘မညနာ’၊ မှတ်ထင်တတ်သူ (ထောင်လွှားတတ်သူ) ၏အဖြစ် ‘မညိတတ္တ’၊ တက်ကြွခြင်းသဘော ‘ဥန္နတိ’၊ မြှောက်၍ထားခြင်းသဘော ‘ဥန္နမ’၊ တံခွန်နှင့်တူသော သဘော ‘ဓဇ’၊ မြှောက်ပင့်ခြင်းသဘော ‘သမ္ပဂ္ဂါဟ’၊ စိတ်၏ တံခွန်မှန်ကင်းကဲ့သို့ မြင့်မောက်လိုသည်၏အဖြစ် ‘ကေတုကမျတာ စိတ္တဿ’ သည် (ရှိ၏)။ ဤ (ဆိုအပ်ခဲ့ပြီးသော) သဘောကို (ငါသာလျှင် မြတ်သည်ဟုစသည်ဖြင့်) မှတ်ထင်မှု (ထောင် လွှားမှု) ‘မာန'သံယောဇဉ်ဟု ဆိုအပ်၏။

ဒိဋ္ဌိသံယောဇဉ်

၁၁၂၂။ (၄) ထို (သံယောဇဉ်ဆယ်ပါးတို့) တွင် အမြင်မှားမှု ‘ဒိဋ္ဌိ'သံယောဇဉ်ဟူသည်အဘယ်နည်း။ (ခန္ဓာငါးပါးဟူသော) လောကသည် မြဲ၏ဟူ၍လည်း ကောင်း။ (ခန္ဓာငါးပါးဟူသော) လောကသည် မမြဲ၏ဟူ၍လည်းကောင်း။ (ခန္ဓာငါးပါးဟူသော) လောကသည် အဆုံး (အပိုင်းအခြား) ရှိ၏ဟူ၍လည်းကောင်း။ (ခန္ဓာငါးပါးဟူသော) လောကသည် အဆုံး (အပိုင်းအခြား) မရှိဟူ၍လည်းကောင်း၊ ထိုအသက် ‘ဇီဝ’ သည်ပင် ထိုကိုယ်တည်းဟူ၍လည်းကောင်း၊ အသက် ‘ဇီဝ’ သည်တစ်ခြား, ကိုယ်သည် တစ်ခြားဟူ၍လည်းကောင်း၊ သတ္တဝါသည် သေပြီးနောက်ဖြစ်၏ဟူ၍လည်းကောင်း၊ သတ္တဝါသည် သေပြီးနောက် မဖြစ်ဟူ၍လည်းကောင်း၊ သတ္တဝါသည်သေပြီးနောက် ဖြစ်လည်းဖြစ်, မဖြစ်လည်း မဖြစ်ဟူ၍လည်းကောင်း၊ သတ္တဝါသည် သေပြီးနောက်ဖြစ်သည်လည်းမဟုတ်, မဖြစ်သည်လည်း မဟုတ်ဟူ၍လည်းကောင်း။ ဤသို့ သဘောရှိသော အကြင်အမြင်မှားမှု ‘ဒိဋ္ဌိ’။ (ခြောက်ဆယ့်နှစ်ပါးသော) အမြင်မှားမှုတို့၌ ပါဝင်ခြင်းသဘော ‘ဒိဋ္ဌိဂတ’။ (အမြင်မှန်ကို ပိတ်ဆီးတတ်သော) အမြင်မှားမှုတည်းဟူသော တောအုပ် ‘ဒိဋ္ဌိဂဟန’။ (အမြင်မှန်သို့ မရောက်နိုင်အောင် ခက်ခဲစေသော) အမြင်မှားမှုခရီးခဲ ‘ဒိဋ္ဌိကန္တာရ’၊ သမ္မာဒိဋ္ဌိကို ထွင်းဖောက်ဖျက်ဆီးခြင်းသဘော ‘ဒိဋ္ဌိဝိသူကာယိက’၊ အမြင်မှားမှုတည်းဟူသောဖောက်ပြန်တုန်လှုပ်ခြင်း သဘော ‘ဒိဋ္ဌိဝိပ္ဖန္ဒိတ’။ (ဝဋ်ဆင်းရဲ၌) တုပ်နှောင်ကြောင်းဖြစ်သော အမြင်မှားမှု ‘ဒိဋ္ဌိသညောဇန’။ (အာရုံကို မှားသောအားဖြင့်) မြဲစွာ ယူတတ်သော သဘော (အယူသည်းသော သဘော) ‘ဂါဟ’။ (အမြင်မှားမှု၏) တည်ရာဖြစ်သော သဘော ‘ပတိဋ္ဌာဟ’၊ « (အာရုံကို) မှားသောအားဖြင့်ထပ်ကာထပ်ကာ မြဲစွာ ယူတတ် သော သဘော ‘ပဋိဂ္ဂါဟ']၊ မှားသောအားဖြင့်နှလုံးသွင်းတတ်သော သဘော ‘အဘိနိဝေသ’၊ မှားသော အားဖြင့် သုံးသပ်တတ်သော သဘော ‘ပရာမာသ’၊ စက်ဆုပ်အပ်သောလမ်းစဉ် ‘ကုမ္မဂ္ဂ’၊ မှားသော ခရီးလမ်းကြောင်း ‘မိစ္ဆာပထ’၊ မှားယွင်းသော သဘော ‘မိစ္ဆတ္တ’၊ မှားသော အယူတည်းဟူသော အကျိုးမဲ့တို့၏ဖြစ်ရာ ‘တိတ္ထာယတန’၊ ဖောက်ပြန်မှားယွင်းသောအားဖြင့် စွဲယူခြင်းသဘော ‘ဝိပရိယာ သဂ္ဂါဟ’ သည် (ရှိ၏)။ ဤ (ဆိုအပ်ခဲ့ပြီးသော) သဘောကို အမြင်မှားမှု ‘ဒိဋ္ဌိ'သံယောဇဉ်ဟု ဆိုအပ်၏။ (နွား, ခွေးစသည်တို့၏) အလေ့အကျင့်တို့ကို (စင်ကြယ်၏ဟု) မှားသောအားဖြင့် သုံးသပ်မှု ‘သီလဗ္ဗတပရာမာသ’ သံယောဇဉ်ကို ချန်ထား၍ အလုံးစုံသော အမြင်မှားမှု ‘မိစ္ဆာဒိဋ္ဌိ’ သည်လည်း အမြင်မှားမှု ‘ဒိဋ္ဌိ'သံယောဇဉ် မည်၏။ (၁၁၀၅)

--

ဝိစိကိစ္ဆာသံယောဇဉ်

၁၁၂၃။ (၅) ထို (သံယောဇဉ်ဆယ်ပါးတို့) တွင် ယုံမှားမှု ‘ဝိစိကိစ္ဆာ’ သံယောဇဉ်ဟူသည် အဘယ်နည်း။ မြတ်စွာဘုရား၌ ယုံမှား၏၊ တွေးတော၏ (မဆုံးဖြတ်နိုင်ဘဲ ပင်ပန်း၏)၊ တရား၌ ယုံမှား၏၊ တွေးတော၏၊ သံဃာ၌ ယုံမှား၏၊ တွေးတော၏၊ အကျင့် (သိက္ခာ) ၌ ယုံမှား၏၊ တွေးတော၏၊ ရှေ့အဖို့၌ (ဖြစ်ပြီးသော ခန္ဓာစသည်တို့၌) ယုံမှား၏၊ တွေးတော၏၊ နောက်အဖို့၌ (ဖြစ်လတ္တံ့သော ခန္ဓာစသည်တို့၌) ယုံမှား၏၊ တွေးတော၏၊ ရှေ့အဖို့ နောက်အဖို့၌ (ဖြစ်ပြီးဖြစ်လတ္တံ့သော ခန္ဓာစသည်တို့၌) ယုံမှား၏၊ တွေးတော၏၊ ဤ (ဇရာ, မရဏ စသည်တို့၏) အကြောင်းတရားနှင့် (ဇာတိစသော ထိုထိုအကြောင်းကို) စွဲ၍ ဖြစ်သော အကျိုးတရားတို့၌ ယုံမှား၏၊ တွေးတော၏ (မဆုံးဖြတ်နိုင်ဘဲ ပင်ပန်း၏)။ ဤသို့သဘောရှိသော အကြင် ယုံမှားမှု ‘ကင်္ခါ’၊ ယုံမှားပုံအခြင်းအရာ ‘ကင်္ခါယနာ’၊ ယုံမှားတတ်သည်၏အဖြစ် ‘ကင်္ခါယိတတ္တ’၊ မသိခြင်း (တွေးတောခြင်း) ‘ဝိမတိ’၊ သဘာဝကို စဉ်းစားလျှင် (မဆုံးဖြတ်နိုင်၍) ပင်ပန်းကြောင်းသဘော ‘ဝိစိကိစ္ဆာ’၊ မှန်,မမှန် (မဆုံးဖြတ်နိုင်၍) နှစ်မျိုးအားဖြင့် တုန်လှုပ်တတ်သော သဘော ‘ဒွေဠှက’၊ လမ်းနှစ်ခွနှင့်တူသော သဘော ‘ဒွေဓာပထ’၊ ထက်ဝန်းကျင်မှ ဖြစ်တတ် (ယုံမှားတတ်) သော သဘော ‘သံသယ’၊ ဧကန္တအားဖြင့် ယူခြင်းငှါ မစွမ်းနိုင်ခြင်းသဘော ‘အနေကံသဂ္ဂါဟ’။ (ဆုံးဖြတ်နိုင်ခြင်းငှါ မစွမ်းနိုင်၍) အာရုံမှ ဆုတ်နစ်တတ်သော သဘော ‘အာသပ္ပနာ’။ (ဆုံးဖြတ်ခြင်းငှါ မစွမ်းနိုင်၍) (အာရုံ၏) ထက်ဝန်းကျင်၌ (တဝဲလည်လည်) ရွေ့လျားတတ်သော သဘော ‘ပရိသပ္ပနာ’။ (ဆုံးဖြတ်ခြင်းငှါ မစွမ်းနိုင်၍ အာရုံ၌ ဉာဏ်ဖြင့်) မသက်ဝင်နိုင်ခြင်းသဘောအပရိယောဂါဟနာ’။ (ဆုံး ဖြတ်ခြင်းငှါ မစွမ်းနိုင်၍) စိတ်၏ ခက်တရော်သည်၏အဖြစ် ‘ထမ္ဘိတတ္တံစိတ္တဿ’၊ စိတ်ကို ရေးခြစ်သကဲ့သို့ (ရှုပ်ရှုပ်ထွေးထွေး) ဖြစ်စေတတ်သော သဘော ‘မနောဝိလေခ’ သည် (ရှိ၏)။ ဤ (ဆိုအပ်ခဲ့ပြီးသော) သဘောကို ယုံမှားမှု ‘ဝိစိကိစ္ဆာ'သံယောဇဉ်ဟုဆိုအပ်၏။ (၄၂၅,၁၀၀၈)

သီလဗ္ဗတပရာမာသသံယောဇဉ်

၁၁၂၄။ (၆) ထို (သံယောဇဉ်ဆယ်ပါးတို့) တွင် (နွား, ခွေးစသည်တို့၏) အလေ့အကျင့်တို့ကို (စင်ကြယ်၏ဟု) မှားသောအားဖြင့် သုံးသပ်မှု ‘သီလဗ္ဗတပရာမာသ'သံယောဇဉ်ဟူသည် အဘယ်နည်း။ ဤသာသနာတော်မှ အပြင်အပ၌ ဖြစ်ကုန်သောရဟန်း, ပုဏ္ဏား သမဏဗြာဟ္မဏတို့၏ (နွား, ခွေးစသည်တို့၏) အလေ့'သီလ’ ဖြင့် (ကိလေ သာမှ) စင်ကြယ်၏, (နွား, ခွေးစသည်တို့၏) အကျင့်'ဝတ’ ဖြင့် (ကိလေသာမှ) စင်ကြယ်၏, (နွား, ခွေးစသည်တို့၏) အလေ့အကျင့် ‘သီလဗ္ဗတ’ ဖြင့် (ကိလေသာမှ) စင်ကြယ်၏ဟု ဤသို့သဘောရှိသော အကြင်အမြင်မှားမှု။ (ခြောက်ဆယ့်နှစ်ပါးသော) အမြင်မှားမှုတို့၌ ပါဝင်ခြင်းသဘော။ (အမြင်မှန်ကို ပိတ်ဆီးတတ်သော) အမြင်မှားမှုတည်းဟူသော တောအုပ်။ (အမြင်မှန်သို့ မရောက်နိုင်အောင် ခက်ခဲစေသော) အမြင်မှားမှုခရီးခဲ။ (သမ္မာဒိဋ္ဌိကို) ထွင်းဖောက်ဖျက်ဆီးခြင်းသဘော၊ အမြင်မှားမှုတည်းဟူသော ဖောက်ပြန့်တုန်လှုပ်ခြင်းသဘော။ (ဝဋ်ဆင်းရဲ၌) တုပ်နှောင်ကြောင်းဖြစ်သော အမြင်မှားမှု။ (အာရုံကို မှားသောအားဖြင့်) မြဲစွာယူတတ်သော သဘော (အယူသည်းသော သဘော)။ (အမြင်မှားမှု၏) တည်ရာဖြစ်သော သဘော၊ « (အာရုံကို) မှားသောအားဖြင့် ထပ်ကာထပ်ကာ မြဲစွာ ယူတတ်သော သဘော]၊ မှားသောအားဖြင့် နှလုံးသွင်းတတ်သော သဘော၊ မှားသောအားဖြင့် သုံးသပ်တတ်သော သဘော၊ စက်ဆုပ်အပ်သော လမ်းစ ဉ်၊ မှားသော ခရီးလမ်းကြောင်း၊ မှားယွင်းသော သဘော၊ မှားသောအယူတည်းဟူသော အကျိုးမဲ့တို့၏ဖြစ်ရာ၊ ဖောက်ပြန် မှားယွင်းသောအားဖြင့် စွဲယူခြင်း သဘောသည် (ရှိ၏)။ ဤ (ဆိုအပ် ခဲ့ပြီးသော) သဘောကို (နွား, ခွေးစသည်တို့၏) အလေ့အကျင့်တို့ကို (စင်ကြယ်၏ဟု) မှားသောအားဖြင့် သုံးသပ်မှု ‘သီလဗ္ဗတပရာမာသ’ သံယောဇဉ်ဟု ဆိုအပ်၏။ (၃၉၂, ၁၀၀၉)

--

ဘဝရာဂသံယောဇဉ်

၁၁၂၅။ (၇) ထို (သံယောဇဉ်ဆယ်ပါးတို့) တွင် (ရူပ, အရူပ) ဘဝ၌ စွဲလမ်းမှု ‘ဘဝရာဂ'သံယောဇဉ်ဟူသည် အဘယ်နည်း။ (ရူပ, အရူပ) ဘုံတို့၌ (ဖြစ်သော) အကြင်ဘဝကို တောင့်တမှု (လိုချင်မှု) ‘ဘဝဆန္ဒ’။ (ရူပ, အရူပ) ဘဝကို စွဲလမ်းမှု ‘ဘဝရာဂ’။ (ရူပ, အရူပ) ဘဝကို နှစ်သက်မှု ‘ဘဝနန္ဒီ’။ (ရူပ, အရူပ) ဘဝကို တပ်မက်မှု ‘ဘဝတဏှာ’။ (ရူပ, အရူပ) ဘဝ၌ (တပ်မက်မှု) အစေး'ဘဝသိနေဟ’။ (ရူပ, အရူပ) ဘဝ၌ (တပ်မက်မှုဟူသော) ပူလောင်မှု ‘ဘဝ ပရိဠာဟ’။ (ရူပ, အရူပ) ဘဝ၌ လိုချင်မှုအားကြီးသဖြင့် မိန်းမောမှု ‘ဘဝမုစ္ဆာ’။ (ရူပ, အရူပ) ဘဝကို မျို၍ ပြီးဆုံးစေမှု (ဘဝကိုအပြီးအဆုံး အကြွင်းအကျန်မရှိ လိုချင်မှု) ‘ဘဝဇ္ဈောသာန’ သည် (ရှိ၏)။ ဤ (ဆိုအပ်ခဲ့ပြီးသော) သဘောကို (ရူပ, အရူပ) ဘဝ၌ စွဲလမ်းမှု ‘ဘဝရာဂ'သံယောဇဉ်ဟု ဆိုအပ်၏။ (၁၁၀၄)

ဣဿာသံယောဇဉ်

၁၁၂၆။ (၈) ထို (သံယောဇဉ်ဆယ်ပါးတို့) တွင် ငြူစူမှု (မနာလိုမှု) ‘ဣဿာ'သံယောဇဉ်ဟူသည် အဘယ်နည်း။ သူတစ်ပါးတိုး၏ လာဘ်ရမှု ‘လာဘ’၊ ကောင်း စွာ ပြုမှု (ရိုသေမှု) ‘သက္ကာရ',အလေးပြုမှု ‘ဂရုကာရ', မြတ်နိုးမှု ‘မာနန’၊ ရှိခိုးမှု ‘ဝန္ဒန’၊ ပူဇော်မှု ‘ပူဇန'တို့၌ အကြင် ငြူစူခြင်းသဘော ‘ဣဿာ’၊ ငြူစူပုံအခြင်းအရာ ‘ဣဿာယနာ’၊ ငြူစူတတ်သူ၏အဖြစ် ‘ဣဿာယိတတ္တ’၊ စောင်းမြောင်းခြင်းသဘော ‘ဥသူယာ’၊ စောင်းမြောင်းပုံအခြင်းအရာ ‘ဥသူယနာ’၊ စောင်းမြောင်းတတ်သူ၏အဖြစ် ‘ဥသူယိတတ္တ’ သည် (ရှိ၏)။ ဤ (ဆိုအပ်ခဲ့ပြီးသော) သဘောကို ငြူစူမှု (မနာလိုမှု) ‘ဣဿာ’ သံယောဇဉ်ဟု ဆိုအပ်၏။

မစ္ဆရိယသံယောဇဉ်

၁၁၂၇။ (၉) ထို (သံယောဇဉ်ဆယ်ပါးတို့) တွင် ဝန်တိုမှု ‘မစ္ဆရိယ'သံယောဇဉ်ဟူသည်အဘယ်နည်း။ ဝန်တိုမှု ‘မစ္ဆရိယ'တို့သည် -

(၁) နေရာ၌ ဝန်တိုမှု ‘အာဝါသမစ္ဆရိယ’။

(၂) အမျိုး၌ (ဒါယကာတို့၌) ဝန်တိုမှု ‘ကုလမစ္ဆရိယ’။

(၃) လာဘ်၌ ဝန်တိုမှု ‘လာဘမစ္ဆရိယ’။

(၄) အဆင်းဂုဏ်၌ ဝန်တိုမှု ‘ဝဏ္ဏမစ္ဆရိယ’။

(၅) (ပရိယတ္တိ, ပဋိဝေဓ) တရား၌ ဝန်တိုမှု ‘ဓမ္မမစ္ဆရိယ’ ဟူ၍ ငါးပါးဖြစ်ကုန်၏။ ဤသို့သဘောရှိသော အကြင် ဝန်တိုခြင်းသဘော ‘မစ္ဆေရ’ ၊ ဝန်တိုပုံအခြင်းအရာ ‘မစ္ဆေရာယနာ’ ၊ ဝန်တိုတတ်သူ၏အဖြစ် ‘မစ္ဆရာယိတတ္တ’။ (မိမိပစ္စည်းစသည်တို့ကို သူတစ်ပါးနှင့် ဆက်ဆံ) ပျံ့နှံ့စေခြင်းငှါအလိုမရှိသူ၏အဖြစ် ‘ဝေဝိစ္ဆ’ ၊ ကပ်စေးနှဲခြင်း (နှမြောခြင်း) ‘ကဒရိယ’ ၊ ခါးစပ်သည်၏အဖြစ် (စိတ်ကိုတွန့်တိုစေခြင်းသဘော) ‘ကဋုကဉ္စုကတာ’။ (ပေးကမ်းစွန့်ကြဲလိုသည့်) စိတ်ကို ပိတ်ပင်၍ (တွန့်တိုသော) စိတ်ကို ယူထားသည်၏အဖြစ် ‘အဂ္ဂဟိတတ္တံစိတ္တဿ’ သည် (ရှိ၏)။ ဤ (ဆိုအပ်ခဲ့ပြီးသော) သဘောကို ဝန်တိုမှု ‘မစ္ဆရိယ’ သံယောဇဉ်ဟု ဆိုအပ်၏။

--

အဝိဇ္ဇာသံယောဇဉ်

၁၁၂၈။ (၁၀) ထို (သံယောဇဉ်ဆယ်ပါးတို့) တွင် (သိအပ်သည်ကို) မသိမှု ‘အဝိဇ္ဇာ’

သံယောဇဉ်ဟူသည် အဘယ်နည်း။ ဆင်းရဲ၌ မသိမှု၊ ဆင်းရဲဖြစ် ကြောင်း၌ မသိမှု၊ ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) ၌ မသိမှု၊ ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်း အကျင့်၌ မသိမှု၊ ရှေ့အဖို့၌ (ဖြစ်ပြီးသောခန္ဓာစသည်တို့၌) မသိမှု၊ နောက်အဖို့၌ (ဖြစ်လတ္တံ့သော ခန္ဓာ စသည်တို့၌) မသိမှု၊ ရှေ့အဖို့နောက်အဖို့၌ (ဖြစ်ပြီး ဖြစ်လတ္တံ့သော ခန္ဓာစသည်တို့၌) မသိမှု၊ ဤ (ဇရာ မရဏစသည်တို့၏) အကြောင်းတရားနှင့် (ဇာတိစသော ထိုထိုအကြောင်းကို) စွဲ၍ ဖြစ်သော အကျိုးတရားတို့၌ မသိမှုသည် (ရှိ၏)။ ဤသို့သဘောရှိသော အကြင်မသိခြင်းသဘော။ (အမှန်တရားကို) မမြင်ခြင်းသဘော၊ ထိုးထွင်း၍မသိတတ်သောသဘော။ (အမှန်တရားအား) လျော်စွာ မသိတတ်သော သဘော။ (အနိစ္စစသည်တို့နှင့်) ယှဉ်၍ မသိတတ်သော သဘော (မှားယွင်းစွာ သိတတ်သော သဘော)၊ ထိုးထွင်း၍ မသိခြင်းသဘော။ (အနိစစသည်ဖြင့်) မယူတတ်သော သဘော။ (အမှန်တရားကို) သက်ဝင်၍ (နားလည်၍) မယူတတ်သောသဘော၊ ညီညီညွတ်ညွတ် မရှုတတ် (အနိစ္စစသည်ကို နိစ္စစသည်ဟု မညီမညွတ် ရှုတတ်) သောသဘော၊ မဆင်ခြင်တတ်သော သဘော၊ မျက်မှောက် မရှုတတ်သော သဘော (အကောင်းအဆိုးကိုမဝေခွဲတတ်သော သဘော)။ (စိတ်) ဖြူစင်သန့်ရှင်းမှုကို ဖျက်ဆီးကြောင်းသဘော၊ လူမိုက်ဖြစ်ကြောင်းသဘော၊ ကောင်းစွာ (ခွဲခွဲခြားခြား) အပြားအားဖြင့် မသိတတ်သော သဘော။ (အမှန်သဘော၌) တွေဝေခြင်းသဘော (အမှန်ကို မသိမှု) ပြင်းစွာ တွေဝေခြင်းသဘော၊ ထက်ဝန်းကျင် (တရားအားလုံး၌) တွေဝေခြင်းသဘော၊ သိအပ် သည်ကို မသိခြင်း (သစ္စာလေးပါးကိုမသိခြင်း) သဘော။ (ဝဋ်ဆင်းရဲ၌) နစ်မြုပ်စေတတ်သော မသိမှုသဘော ‘အဝိဇ္ဇောဃ’။ (ဝဋ်ဆင်းရဲ၌) ယှဉ်စေတတ်သောမသိမှုသဘော ‘အဝိဇ္ဇာယောဂ’ ၊ အစဉ်ကိန်းဝပ်တတ်သော (လျောက်ပတ်သော အကြောင်းကိုရလျှင်ဖြစ်တတ်သော) မသိမှုသဘော ‘အဝိဇ္ဇာနုသယ’။ (ကိလေသာတို့၏) ထကြွသောင်းကျန်းခြင်းဟူသောမသိမှုသဘော ‘အဝိဇ္ဇာပရိယုဋ္ဌာန’ ၊ စီးပွါးချမ်းသာသို့ မရောက်နိုင် အောင် ပိတ်ပင်တတ်သဖြင့်) တံခါးကျည် (မင်းတုပ်) နှင့် တူသော မသိမှုသဘော ‘အဝိဇ္ဇာလင်္ဂီ’ ၊ အကုသိုလ်တို့၏ အခြေအမြစ်ဖြစ်သော (အမှန်သဘော၌) တွေဝေမှု ‘မောဟအကုသလမူလ’ သည် (ရှိ၏)။ ဤ (ဆိုအပ်ခဲ့ပြီးသော) သဘောကို (သိအပ်သည်ကို မသိမှု ‘အဝိဇ္ဇာ’ သံယောဇဉ်ဟု ဆိုအပ်၏။ (၁၀၆၇,၁၁၀၆) ဤတရားတို့သည် သံယောဇဉ်မည်ကုန်၏။

နော သညောဇနတရား

၁၁၂၉။ (၂) အဘယ်တရားတို့သည် သံယောဇဉ်မမည်သော ‘နော သညောဇန’ တရား ဖြစ်ကုန်သနည်း။

ထို (သံယောဇဉ်) တရားတို့ကို ချန်ထား ၍ ကြွင်းကျန် ကုန်သော, ကာမဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်ကုန်သော, ရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်ကုန်သော, အရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်ကုန်သော, ဘုံသုံးပါး၌ အကျုံးမဝင်ကုန်သော ကုသိုလ်တရား၊ အကုသိုလ်တရား၊ အဗျာကတတရားဖြစ်သည့် ခံစားမှုအစု ‘ဝေဒနာက္ခန္ဓာ’။ပ။ အထူး သိမှု (စိတ်) အစု ‘ဝိညာဏက္ခန္ဓာ’ ၊ ထို့ပြင် အလုံးစုံသော ရုပ်၊ ထို့ပြင် (ကံ, စိတ်, ဥတု, အာဟာရဟူသော အကြောင်းတရားတို့) မပြုပြင်မစီရင်အပ်သော သဘော ‘အသင်္ခတဓာတ်’ (နိဗ္ဗာန်) သည် (ရှိ၏)။ ဤ တရားတို့သည်သံယောဇဉ်မမည်သော ‘နောသညောဇန’ တရား ဖြစ်ကုန်၏။ (စိတ်, သံယောဇဉ် တရားကိုယ် ကြဉ်သောစေတသိက်, ရုပ်, နိဗ္ဗာန်)။

--

၂-သညောဇနိယဒုက်

သညောဇနိယတရား

၁၁၃၀။ (၁) အဘယ်တရားတို့သည် သံယောဇဉ်တို့၏ အာရုံဖြစ်သော ‘သညောဇနိယ’ တရား ဖြစ်ကုန်သနည်း။

အာသဝတရားတို့၏ အာရုံဖြစ်ကုန် သော, ကာမဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်ကုန်သော, ရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်ကုန်သော အရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်ကုန်သော ကုသိုလ်၊ အကုသိုလ်၊ အဗျာကတတရားဖြစ်သည့် ရုပ်အစု ‘ရူပက္ခန္ဓာ’။ပ။ အထူးသိမှု (စိတ်) အစု ‘ဝိညာဏက္ခန္ဓာ’ သည် (ရှိ၏)။ ဤတရားတို့သည် သံယောဇဉ်တို့၏အာရုံဖြစ်ကုန်သော ‘သညောဇနိယ’ တရား ဖြစ်ကုန်၏ (လောကီစိတ်, စေတသိက်, ရုပ်)။

အသညောဇနိယတရား

၁၁၃၁။ (၂) အဘယ်တရားတို့သည် သံယောဇဉ်တို့၏ အာရုံမဖြစ်သော ‘အသညောဇနိယ’ တရား ဖြစ်ကုန်သနည်း။

ဘုံသုံးပါး၌ အကျုံးမဝင်ကုန်သော မဂ်တို့သည်လည်းကောင်း၊ မဂ်၏အကျိုး (ဖိုလ်) တို့သည်လည်းကောင်း။ (ကံ, စိတ်, ဥတု, အာဟာရဟူသောအကြောင်းတရားတို့) မပြုပြင် မစီရင်အပ်သောသဘော ‘အသင်္ခတဓာတ်’ (နိဗ္ဗာန်) သည်လည်း ကောင်း (ရှိ၏)။ ဤတရားတို့သည် သံယောဇဉ်တို့၏ အာရုံမဖြစ်သော ‘အသညောဇနိယ’ တရား ဖြစ်ကုန် ၏ (မဂ်, ဖိုလ်, နိဗ္ဗာန်)။

၃-သညောဇနသမ္ပယုတ္တဒုက်

သညောဇနသမ္ပယုတ္တတရား

၁၁၃၂။ (၁) အဘယ်တရားတို့သည် သံယောဇဉ်တို့နှင့် ယှဉ်သော ‘သညောဇနသမ္ပယုတ္တ’ တရား ဖြစ်ကုန်သနည်း။

ထို (သံယောဇဉ်) တရား တို့နှင့် ယှဉ်ကုန်သော ခံစားမှုအစု ‘ဝေဒနာက္ခန္ဓာ’။ပ။ အထူးသိမှု (စိတ်) အစု ‘ဝိညာဏက္ခန္ဓာ’ ဟူသော အကြင်တရားတို့သည် (ရှိကုန်၏)။ ဤတရားတို့သည် သံယောဇဉ်တို့နှင့်ယှဉ်သော ‘သညောဇနသမ္ပယုတ္တ’ တရား ဖြစ်ကုန်၏ (အကုသိုလ်စိတ်, ယှဉ်ဖက်စေတသိက်)။

သညောဇနဝိပ္ပယုတ္တတရား

၁၁၃၃။ (၂) အဘယ်တရားတို့သည် သံယောဇဉ်တို့နှင့်မယှဉ်သော ‘သညောဇနဝိပ္ပယုတ္တ’ တရား ဖြစ်ကုန်သနည်း။

ထို (သံယောဇဉ်) တရားတို့နှင့် မယှဉ်ကုန်သော ခံစားမှုအစု ‘ဝေဒနာက္ခန္ဓာ’။ပ။ အထူးသိမှု (စိတ်) အစု ‘ဝိညာဏက္ခန္ဓာ’ ၊ ထို့ပြင် အလုံးစုံသော ရုပ်၊ ထို့ပြင် (ကံ,စိတ်, ဥတု, အာဟာရဟူသော အကြောင်းတရားတို့) မပြုပြင် မစီရင် အပ်သောသဘော ‘အသင်္ခတဓာတ်’ (နိဗ္ဗာန်)ဟူသော အကြင်တရားတို့သည် (ရှိကုန်၏)။ ဤတရား တို့သည်သံယောဇဉ်တို့နှင့် မယှဉ်သော ‘သညောဇနဝိပ္ပယုတ္တ’ တရား ဖြစ်ကုန်၏ (ကုသိုလ်, ဝိပါက်, ကြိယာစိတ်,ယှဉ်ဖက်စေတသိက်, ရုပ်, နိဗ္ဗာန်)။

--

၄-သညောဇန သညောဇနိယဒုက်

သညောဇနသညောဇနိယတရား

၁၁၃၄။ (၁) အဘယ်တရားတို့သည် သံယောဇဉ်လည်းမည်၍သံယောဇဉ်တို့၏ အာရုံလည်း ဖြစ်သော ‘သညောဇနသညောဇနိယ’ တရား ဖြစ်ကုန်သနည်း။

ထိုသံယောဇဉ်တို့သည်ပင် သံယောဇဉ်လည်းမည်၍ သံယောဇဉ်တို့၏ အာရုံ လည်း ဖြစ်သော ‘သညောဇန သညောဇနိယ’ တရား ဖြစ်ကုန်၏ (သံယောဇဉ် တရားကိုယ်ရှစ်ပါး)။

သညောဇနိယ နော သညောဇနတရား

၁၁၃၅။ (၂) အဘယ်တရားတို့သည် သံယောဇဉ်တို့၏ အာရုံသာဖြစ်၍ သံယောဇဉ်မမည်သော ‘သညောဇနိယ နော သညောဇန’ တရား ဖြစ်ကုန်သနည်း။

အကြင်တရားတို့သည် ထို (သံယောဇဉ်) တရားတို့ဖြင့် (ထို သံယောဇဉ်တရားတို့သည် အာရုံပြုအပ်သဖြင့်) ‘သညောဇနိယ’ တရား ဖြစ်ကုန်၏။ (ထိုသညောဇနိယ တရားတို့၌ ပါရှိသော) ထို (ယှဉ်ဖက်သံယောဇဉ်) တရားတို့ကို ချန်ထား၍ ကြွင်းကျန်ကုန်သော, အာသဝ တရားတို့၏အာရုံဖြစ်ကုန်သော, ကာမဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်ကုန်သော, ရူပဘုံ၌ ကျင်လည် သက်ဝင်၍ဖြစ်ကုန်သော, အရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်ကုန်သော ကုသိုလ်တရား၊ အကုသိုလ် တရား၊ အဗျာကတတရားဖြစ်သည့် ရုပ်အစု ‘ရူပက္ခန္ဓာ’။ပ။ အထူးသိမှု (စိတ်) အစု ‘ဝိညာဏက္ခန္ဓာ’ သည် (ရှိ၏)။

ဤတရားတို့သည် သံယောဇဉ်တို့၏ အာရုံသာဖြစ်၍ သံယောဇဉ်မမည်သော ‘သညောဇနိယ နောသညောဇန’ တရား ဖြစ်ကုန်၏ (လောကီစိတ်, သံယောဇဉ်တရား ကိုယ်ကြဉ်သော စေတသိက်, ရုပ်)။

၅-သညောဇန သညောဇနသမ္ပယုတ္တဒုက်

သညောဇန သညောဇနသမ္ပယုတ္တတရား

၁၁၃၆။ (၁) အဘယ်တရားတို့သည် သံယောဇဉ်လည်း မည်၍သံယောဇဉ်နှင့်လည်း ယှဉ်သော ‘သညောဇန သညောဇနသမ္ပယုတ္တ’ တရား ဖြစ်ကုန်သနည်း။

လိုချင်စွဲလမ်းမှု ‘ကာမရာဂ’ သံယောဇဉ်သည် သံယောဇဉ် လည်းမည်၏။ (ယှဉ်ဖက်ဖြစ်သော) ‘အဝိဇ္ဇာ’ သံယောဇဉ်ကြောင့် သံယောဇဉ်နှင့် ယှဉ်သည်လည်း ဖြစ်၏။ (သိအပ်သည်ကို) မသိမှု ‘အဝိဇ္ဇာ’ သံယောဇဉ်သည် သံယောဇဉ်လည်း မည်၏။ (ယှဉ်ဖက်ဖြစ်သော) ‘ကာမ ရာဂ’ သံယောဇဉ်ကြောင့် သံယောဇဉ်နှင့် ယှဉ်သည်လည်း ဖြစ်၏။ (အာရုံ၌) ထိပါးမှု (အမျက်ဒေါသ) ‘ပဋိဃ’ သံယောဇဉ်သည် သံယောဇဉ်လည်း မည်၏။ (ယှဉ်ဖက်ဖြစ်သော) ‘အဝိဇ္ဇာ’ သံယောဇဉ်ကြောင့် သံယောဇဉ်နှင့် ယှဉ်သည်လည်း ဖြစ်၏။ (သိအပ်သည်ကို) မသိမှု ‘အဝိဇ္ဇာ’ သံယောဇဉ်သည် သံယောဇဉ်လည်း မည်၏။ (ယှဉ်ဖက်ဖြစ်သော) ‘ပဋိဃ’ သံယောဇဉ်ကြောင့်သံယောဇဉ်နှင့် ယှဉ်သည်လည်း ဖြစ်၏။ (ငါသာလျှင် မြတ်၏ဟုစသည်ဖြင့်) မှတ်ထင်မှု (ထောင်လွှားမှု) ‘မာန’ သံယောဇဉ်သည် သံယောဇဉ်လည်း မည်၏။ (ယှဉ်ဖက်ဖြစ်သော) ‘အဝိဇ္ဇာ’ သံယောဇဉ်ကြောင့် သံယောဇဉ်နှင့် ယှဉ်သည်လည်း ဖြစ်၏။ (သိအပ်သည် ကို) မသိမှု ‘အဝိဇ္ဇာ’ သံယောဇဉ်သည် သံယောဇဉ်လည်း မည်၏။ (ယှဉ်ဖက်ဖြစ်သော) ‘မာန’ သံယောဇဉ်ကြောင့် သံယောဇဉ်နှင့် ယှဉ်သည်လည်းဖြစ်၏။ အမြင်မှားမှု ‘ဒိဋ္ဌိ’ သံယောဇဉ်သည် သံယောဇဉ်လည်း မည်၏။

--

(ယှဉ်ဖက်ဖြစ်သော) ‘အဝိဇ္ဇာ’ သံယောဇဉ်ကြောင့် သံယောဇဉ်နှင့် ယှဉ်သည်လည်း ဖြစ်၏။ (သိအပ်သည်ကို) မသိမှု ‘အဝိဇ္ဇာ’ သံယောဇဉ်သည် သံယောဇဉ်လည်း မည်၏။ (ယှဉ်ဖက်ဖြစ်သော) ‘ဒိဋ္ဌိ’ သံယောဇဉ်ကြောင့် သံယောဇဉ်နှင့်ယှဉ်သည်လည်း ဖြစ်၏။ ယုံမှားမှု ‘ဝိစိကိစ္ဆာ’ သံယောဇဉ်သည် သံယောဇဉ်လည်း မည်၏။ (ယှဉ်ဖက်ဖြစ်သော) ‘အဝိဇ္ဇာ’ သံယောဇဉ်ကြောင့် သံယောဇဉ်နှင့် ယှဉ်သည်လည်းဖြစ်၏။ (သိအပ်သည်ကို) မသိမှု ‘အဝိဇ္ဇာ’ သံယောဇဉ်သည် သံယောဇဉ်လည်း မည်၏။ (ယှဉ်ဖက်ဖြစ်သော) ‘ဝိစိကိစ္ဆာ’ သံယောဇဉ်ကြောင့် သံယောဇဉ်နှင့် ယှဉ်သည်လည်း ဖြစ်၏။ (နွား, ခွေးစသည်တို့၏) အလေ့အကျင့်တို့ကို (စင်ကြယ်၏ဟု) မှားသောအားဖြင့် သုံးသပ်မှု ‘သီလဗ္ဗတပရာမာသ’ သံယောဇဉ်သည် သံယောဇဉ်သည် သံယောဇဉ်လည်း မည်၏။ (ယှဉ်ဖက်ဖြစ်သော) ‘အဝိဇ္ဇာ’ သံယောဇဉ်ကြောင့် သံယောဇဉ်နှင့် ယှဉ်သည်လည်းဖြစ်၏။ (သိအပ်သည်ကို) မသိမှု ‘အဝိဇ္ဇာ’ သံယောဇဉ်သည် သံယောဇဉ်လည်း မည်၏။ (ယှဉ်ဖက်ဖြစ်သော) ‘သီလဗ္ဗတပရာမာသ’ သံယောဇဉ်ကြောင့်သံယောဇဉ်နှင့်ယှဉ်သည်လည်း ဖြစ်၏။ (ရူပ, အရူပ) ဘဝ၌ စွဲလမ်းမှု ‘ဘဝရာဂ’ သံယောဇဉ်သည် သံယောဇဉ်လည်း မည်၏။ (ယှဉ်ဖက်ဖြစ်သော) ‘အဝိဇ္ဇာ’ သံယောဇဉ်ကြောင့် သံယောဇဉ်နှင့် ယှဉ်သည်လည်း ဖြစ်၏။ (သိအပ်သည်ကို) မသိမှု ‘အဝိဇ္ဇာ’ သံယောဇဉ်သည် သံယောဇဉ်လည်း မည်၏။ (ယှဉ်ဖက်ဖြစ်သော) ‘ဘဝရာဂ’ သံယောဇဉ်ကြောင့်သံယောဇဉ်နှင့် ယှဉ်သည်လည်း ဖြစ်၏။ ငြူစူမှု (မနာလိုမှု) ‘ဣဿာ’ သံယောဇဉ်သည် သံယောဇဉ်လည်း မည်၏။ (ယှဉ်ဖက်ဖြစ်သော) ‘အဝိဇ္ဇာ’ သံယောဇဉ်ကြောင့် သံယောဇဉ်နှင့် ယှဉ်သည်လည်း ဖြစ်၏။ (သိအပ်သည်ကို) မသိမှု ‘အဝိဇ္ဇာ’ သံယောဇဉ်သည် သံယောဇဉ်လည်း မည်၏။ (ယှဉ်ဖက်ဖြစ်သော) ‘ဣဿာ’ သံယောဇဉ်ကြောင့်သံယောဇဉ် နှင့် ယှဉ်သည်လည်း ဖြစ်၏။ ဝန်တိုမှု ‘မစ္ဆရိယ’ သံယောဇဉ်သည် သံယောဇဉ်လည်းမည်၏။ (ယှဉ်ဖက်ဖြစ်သော) ‘အဝိဇ္ဇာ’ သံယောဇဉ်ကြောင့် သံယောဇဉ်နှင့် ယှဉ်သည်လည်း ဖြစ်၏။ (သိအပ်သည်ကို) မသိမှု ‘အဝိဇ္ဇာ’ သံယောဇဉ်သည် သံယောဇဉ်လည်း မည်၏။ (ယှဉ်ဖက်ဖြစ်သော) ‘မစ္ဆရိယ’ သံယောဇဉ်ကြောင့်သံယောဇဉ် နှင့် ယှဉ်သည်လည်း ဖြစ်၏။ ဤတရားတို့သည် သံယောဇဉ်လည်း မည်၍ သံယောဇဉ်နှင့်လည်း ယှဉ်သော ‘သညောဇနသညောဇနသမ္ပယုတ္တ’ တရား ဖြစ်ကုန်၏။ (သံယောဇဉ်တရားကိုယ်ရှစ်ပါး)

သညောဇနသမ္ပယုတ္တနော သညောဇနတရား

၁၁၃၇။ (၂) အဘယ်တရားတို့သည် သံယောဇဉ်နှင့်သာယှဉ်၍ သံယောဇဉ်မမည်သော ‘သညောဇန သမ္ပယုတ္တနော သညောဇန’ တရား ဖြစ်ကုန်သနည်း။

အကြင်တရားတို့သည် ထို (သံယောဇဉ်) တရားတို့ နှင့် ယှဉ်သော ‘သညောဇနသမ္ပယုတ္တ’ တရားဖြစ်ကုန်၏။ (ထိုသညောဇနသမ္ပယုတ္တတရားတို့၌ ပါရှိသော) ထို (ယှဉ်ဖက်သံယောဇဉ်) တရားတို့ကိုချန်ထား၍ ကြွင်းကျန်သော သညောဇနသမ္ပယုတ္တတရားဖြစ်သည့်) ခံစားမှုအစု ‘ဝေဒနာက္ခန္ဓာ’။ပ။ အထူးသိမှု (စိတ်) အစု ‘ဝိညာဏက္ခန္ဓာ’ သည် (ရှိ၏)။ ဤတရားတို့သည် သံယောဇဉ်နှင့်သာ ယှဉ်၍သံယောဇဉ်မမည်သော ‘သညောဇနသမ္ပယုတ္တနော သညောဇန’ တရား ဖြစ်ကုန်၏ (အကုသိုလ်စိတ်,သံယောဇဉ်တရားကိုယ်ကြဉ်သော ယှဉ်ဖက်စေတသိက်)။

--

၆-သညောဇနဝိပ္ပယုတ္တသညောဇနိယဒုက်

သညောဇနဝိပ္ပယုတ္တသညောဇနိယတရား

၁၁၃၈။ (၁) အဘယ်တရားတို့သည် သံယောဇဉ်နှင့် မယှဉ်ကုန်သည် ဖြစ်၍ သံယောဇဉ်တို့၏ အာရုံသာဖြစ်သော ‘သညောဇနဝိပ္ပယုတ္တသညောဇနိယ’ တရားဖြစ်ကုန်သနည်း။

ထို (သံယောဇဉ်) တရားတို့နှင့် မယှဉ်ကုန်သော, အာသဝေါတရားတို့၏အာရုံဖြစ်ကုန်သော, ကာမဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ် ကုန်သော, ရူပဘုံ၌ ကျင်လည်သက်ဝင်၍ဖြစ်ကုန်သော, အရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်ကုန်သော, ကုသိုလ်တရား၊ အကုသိုလ်တရား၊ အဗျာကတတရားဖြစ်သည့် ရုပ်အစု ‘ရူပက္ခန္ဓာ’။ပ။ အထူးသိမှု (စိတ်) အစု ‘ဝိညာဏက္ခန္ဓာ’ ဟူသောအကြင်တရားတို့သည် (ရှိကုန်၏)။ ဤတရားတို့သည် သံယောဇဉ်နှင့် မယှဉ် ကုန်သည်ဖြစ်၍သံယောဇဉ်တို့၏ အာရုံသာဖြစ်သော ‘သညောဇနဝိပ္ပယုတ္တသညောဇနိယ’ တရား ဖြစ်ကုန်၏ (လောကီကုသိုလ်, လောကီဝိပါက်, ကိရိယာစိတ်, ယှဉ်ဖက်စေတသိက်, ရုပ်)။

သညောဇနဝိပ္ပယုတ္တအသညောဇနိယတရား

၁၁၃၉။ (၂) အဘယ်တရားတို့သည် သံယောဇဉ်နှင့်လည်းမယှဉ်သည်ဖြစ်၍ သံယောဇဉ်တို့၏ အာရုံ လည်း မဖြစ်သော ‘သညောဇနဝိပ္ပယုတ္တအသညောဇနိယ’ တရား ဖြစ်ကုန်သနည်း။

ဘုံသုံးပါး၌ အကျုံး မဝင်ကုန်သောမဂ်တို့သည်လည်းကောင်း၊ မဂ်၏အကျိုး (ဖိုလ်) တို့သည်လည်းကောင်း။ (ကံ, စိတ်, ဥတု,အာဟာရဟူသော အကြောင်းတရားတို့) မပြုပြင်မစီရင်အပ်သော သဘော ‘အသင်္ခတဓာတ်’ (နိဗ္ဗာန်) သည်လည်းကောင်း (ရှိ၏)။ ဤတရားတို့သည် သံယောဇဉ်နှင့်လည်း မယှဉ်သည်ဖြစ်၍ သံယောဇဉ်တို့၏အာရုံလည်း မဖြစ်သော ‘သညောဇနဝိပ္ပယုတ္တအသညောဇနိယ’ တရား ဖြစ်ကုန်၏ (မဂ်, ဖိုလ်, နိဗ္ဗာန်)။

သညောဇနဂေါစ္ဆက ပြီးပြီ။

--

၅-ဂန္ထဂေါစ္ဆက

၁-ဂန္ထဒုက်

ဂန္ထမည်သောတရား

၁၁၄၀။ (၁) အဘယ်တရားတို့သည် (ဝဋ်ဆင်းရဲ၌) ဆက်စပ်ထုံးဖွဲ့မှု ‘ဂန္ထ’မည်ကုန်သနည်း။

နာမ်တရားအပေါင်း ‘နာမကာယ’ ကို (ဝဋ်ဆင်းရဲ၌) ဆက်စပ် ထုံးဖွဲ့တတ်သောမက်မောမှု ‘အဘိဇ္ဈာကာယဂန္ထ’ ၊ နာမ်တရားအပေါင်း ‘နာမကာယ’ ကို (ဝဋ် ဆင်းရဲ၌) ဆက်စပ်ထုံးဖွဲ့တတ်သော ဖောက်ပြန် ပျက်စီးစေမှု ‘ဗျာပါဒကာယဂန္ထ’ ၊ နာမ်တရားအပေါင်း ‘နာမကာယ’ ကို (ဝဋ်ဆင်းရဲ၌) ဆက်စပ်ထုံးဖွဲ့တတ်သော (နွား, ခွေးစသည်တို့၏) အလေ့အကျင့်တို့ကို (စင်ကြယ်၏ဟု) မှားသောအားဖြင့် သုံးသပ်မှု ‘သီလဗ္ဗတပရာမာသကာယဂန္ထ’ ၊ နာမ်တရားအပေါင်း ‘နာမကာယ’ ကို (ဝဋ်ဆင်းရဲ၌) ဆက်စပ်ထုံးဖွဲ့ တတ်သော ဤသည်သာ အမှန်တည်းဟု (မှားသောအားဖြင့်) လွန်စွာ နှလုံးသွင်းမှု ‘ဣဒံသစ္စာဘိနိဝေသကာယဂန္ထ’ ဟူသော ဂန္ထလေးပါးတို့သည် (ရှိကုန်၏)။

အဘိဇ္ဈာကာယဂန္ထ

၁၁၄၁။ (၁) ထို (ဂန္ထလေးပါးတို့) တွင် နာမ်တရားအပေါင်း ‘နာမကာယ'ကို (ဝဋ်ဆင်းရဲ၌) ဆက်စပ်ထုံးဖွဲ့တတ်သော မက်မောမှု ‘အဘိဇ္ဈာကာယ ဂန္ထ’ ဟူသည် အဘယ်နည်း။ အကြင် စွဲလမ်းခြင်းသဘော၊ ပြင်းစွာစွဲလမ်းခြင်းသဘော။ (အာရုံ၌ သတ္တဝါ တို့ကို) အဖန်ဖန်ဆွဲဆောင်ခြင်းသဘော၊ မဆန့်ကျင်ခြင်း (လိုလားစေခြင်း) သဘော၊ နှစ်သက်ခြင်း သဘော၊ နှစ်သက်စွဲလမ်းခြင်းသဘော၊ စိတ်၏ပြင်းစွာ စွဲလမ်းခြင်းသဘော။ (အာရုံကို) လိုလားမှုသဘော။ (လိုချင်မှုအားကြီးသဖြင့်) မိန်းမောမှုသဘော၊ မျို၍ပြီးဆုံးစေခြင်းသဘော (အပြီးအဆုံးအကြွင်းအကျန်မရှိ လိုချင်တပ်မက်မှု)၊ တပ်မက်ခြင်းသဘော၊ ထက်ဝန်းကျင် (အားလုံးကို) တပ်မက်ခြင်းသဘော၊ ကပ်ငြိ တွယ်တာခြင်းသဘော၊ ရွှံ့ညွန်နှင့်တူသော (နစ်မြုပ်စေခြင်း) သဘော၊ ဆွဲငင်ခြင်း (ထိုထိုဘဝ၌ ဖြစ်ရန် ဆွဲဆောင်ခြင်း) သဘော၊ လှည့်ပတ်ခြင်းသဘော။ (ဝဋ်ဆင်းရဲ၌ သတ္တဝါတို့ကို) ဖြစ်စေခြင်းသဘော။ (ဆင်းရဲနှင့်) ယှဉ်လျက် ဖြစ်စေတတ်သော သဘော။ (သတ္တဝါတို့ကိုဝဋ်ဆင်းရဲ၌ စုတိ, ပဋိသန္ဓေ၏ အစွမ်းဖြင့်) ချုပ်စပ်ခြင်းသဘော၊ အာရုံကွန်ရက်ရှိသော သဘော။ (တပ်မက်မှုဖြင့်) စိုစွတ်ခြင်းသဘော၊ တစ်နည်း- (ဝဋ်ဆင်းရဲသို့ ဆွဲဆောင်တတ်သဖြင့်) လျင်သောရေအယဉ်ရှိသော မြစ်နှင့်တူသော သဘော၊ အဆိပ်နှင့်တူသော သဘော။ (အကျိုးမဲ့သို့ရောက်အောင်နှောင်ဖွဲ့တတ်သဖြင့်)၊ ကိးနှင့်တူသောသဘော။ (ရူပါရုံစသည်တို့၌) ပျံ့နှံ့တပ်မက်တတ်သော သဘော။ (ထိုထိုအာရုံကို ရခြင်းငှါ) အားထုတ်စေတတ်သော သဘော။ (ဖြစ်တိုင်းဖြစ်တိုင်းသော ဘဝသံသရာ၌ မိမိ၏ ချစ်ခင်နှစ်သက်သည့်) အဖော်ဖြစ်သော သဘော၊ တောင့်တခြင်းသဘော။ (သတ္တဝါတို့ကို) ဘဝသို့ဆွဲဆောင်ကြောင်း သဘော (ဘဝကြိုး)။ (ထိုထိုအာရုံသို့) ကပ်ရောက်တတ် (ငြိကပ်တတ်သော) သဘော၊ တစ်နည်း- (အကျိုးမဲ့ ဆင်းရဲကို ဖြစ်စေတတ် သဖြင့်) တောနှင့်တူသော သဘော။ (ထိုထိုအာရုံသို့) ပြင်းပြစွာ ကပ်ရောက်တတ် (ငြိကပ်တတ်) သော သဘော၊ တစ်နည်း- (အကျိုးမဲ့ဆင်းရဲကိုလွန်စွာဖြစ်စေတတ်သဖြင့်) တောနှင့်တူသော သဘော။ (ချစ်ကြိုက်) ပေါင်းဖော် (ရောနှော) ခြင်းသဘော၊ ချစ်ကြိုက်ခြင်းသဘော၊ ငဲ့ကွက်ခြင်းသဘော။ (အာရုံအသီးသီး၌) နှောင် ဖွဲ့တတ်သော သဘော။ (အာရုံကို) တောင့်တခြင်းသဘော၊ တောင့်တပုံအခြင်းအရာ၊ တောင့်တတတ်သော စိတ်၏အဖြစ်၊ အဆင်း (ရူပါရုံ) ၌ တောင့်တမှု၊ အသံ (သဒ္ဒါရုံ) ၌ တောင့်တမှု၊ အနံ့ (ဂန္ဓာရုံ) ၌ တောင့်တမှု၊ အရသာ (ရသာရုံ) ၌ တောင့်တမှု၊ အတွေ့ (ဖောဋ္ဌဗ္ဗာရုံ) ၌ တောင့်တမှု၊ ရအပ်သော အရာဝတ္ထု (လာဘ်) ၌ တောင့်တမှု၊ ပစ္စည်းဥစ္စာ၌ တောင့်တမှု၊ သားသမီး၌ တောင့်တမှု၊ အသက်၌ တောင့်တမှု။ (သတ္တဝါတို့ကို) တပ်မက်စေတတ်သော သဘော၊ တစ်နည်း- (ငါ့ဥစ္စာ, ငါ့ဥစ္စာဟု) ပြောဆိုစေတတ်သော သဘေအ။ (သတ္တဝါတို့ကို) ထူးထူးခြားခြား တပ်မက်စေတတ်သော သဘော၊ တစ်နည်း- (ငါ့ဥစ္စာ, ငါ့ဥစ္စာဟု) ထပ်ကာထပ်ကာ ပြောဆိုစေတတ်သော သဘော။ (သတ္တဝါတို့ကို) အလွန် တပ်မက်စေတတ်သော သဘော၊ တစ်နည်း- (ငါ့ဥစ္စာ, ငါ့ဥစ္စာဟု) အလွန် ပြောဆိုစေတတ်သော သဘော၊ တပ်မက်စေခြင်းသဘော၊ တပ်မက်စေပုံအခြင်းအရာ၊ တပ်မက်စေတတ်သည်၏အဖြစ်။

--

(အာရုံ၌ အဖန်ဖန်) လုယက်ဆွဲငင်ခြင်းသဘော (အလွန်တပ်မက်ခြင်းသဘော)။ (အာရုံ၌ အဖန်ဖန်) လုယက်ဆွဲငင်ပုံအခြင်းအရာ။ (အာရုံ၌ အဖန်ဖန်) လုယက်ဆွဲငင်တတ်သည်၏အဖြစ်၊ အမြီးနန့်သောခွေးကဲ့သို့ (လာဘ်လာဘ၌) တုန်လှုပ်ခြင်းသဘော၊ ကောင်းသော အာရုံတို့ကို လိုလားသူ၏အဖြစ်။ (အမိ, အဒေါ်စသော) မသင့်လျော်သောအရာ၌ တပ်မက်ခြင်းသဘော၊ မညီမမျှ အဆမတန် အားကြီးစွာလိုချင်ခြင်းသဘော။ (အာရုံကို) နှစ်သက်ခြင်းသဘော၊ နှစ်သက်ပုံအခြင်းအရာ၊ မျှော်လင့်ခြင်းသဘော၊ ချစ်ခင်ခြင်းသဘော၊ ကောင်းစွာ မျှော်လင့်ခြင်းသဘော။ ကာမဂုဏ်ငါးပါးတို့၌ တပ်မက်မှု။ (ရူပ, အရူပ) ဘဝ၌ တပ်မက်မှု။ (ဥစ္ဆေဒဟု ဆိုအပ်သော) ဘဝ့ကင်းခြင်း၌ တပ်မက်မှု၊ ရူပဘုံ၌ တပ်မက်မှု၊ အရူပဘုံ၌ တပ်မက်မှု၊ ဘဝချုပ်ခြင်း၌ တပ်မက်မှု၊ အဆင်း (ရူပါရုံ) ၌ တပ်မက်မှု၊ အသံ (သဒ္ဒါရုံ) ၌ တပ်မက်မှု၊ အနံ့ (ဂန္ဓာရုံ) ၌ တပ်မက်မှု၊ အရသာ (ရသာရုံ) ၌ တပ် မက်မှု၊ အတွေ့ (ဖောဋ္ဌဗ္ဗာရုံ) ၌ တပ်မက်မှု၊ သဘောတရား (ဓမ္မာရုံ) ၌ တပ်မက်မှု။ (ဝဋ်ဆင်းရဲ၌) နစ်မြုပ်စေခြင်းသဘော။ (ဝဋ်ဆင်းရဲ၌) ယှဉ်စေခြင်းသဘော။ (ဝဋ်ဆင်းရဲ၌) ဆက်စပ်ထုံးဖွဲ့ခြင်းသဘော၊ ပြင်းစွာယူခြင်း (စွဲလမ်းခြင်း) သဘော။ (ကုသိုလ်တရားတို့ကို) ပိတ်ပင်တတ်သောသဘော။ (ကုသိုလ်တရားတို့ကို) တားမြစ်တတ်သော သဘော။ (အမှန်တရားကို) ဖုံးကွယ်ခြင်းသဘော။ (သတ္တဝါတို့ကို ဝဋ်ဆင်းရဲ၌) ဖွဲ့နှောင်တတ်သော သဘော။ (စိတ်ကို) ကပ်၍ ညစ်နွမ်းစေတတ်သောသဘော၊ အစဉ်ကိန်းဝပ်တတ်သော သဘော၊ တစ်နည်း- လျောက်ပတ်သော အကြောင်းကိုရလျှင် (အကြောင်းညီညွတ်လျှင်) ဖြစ်တတ်သော သဘော၊ ထက်ဝန်းကျင် (စိတ်တစ်ခုလုံး သိမ်းကျုံး၍) ထကြွ (သောင်းကျန်း) တတ်သော သဘော။ (ရစ်ပတ်တတ်သော) နွယ်နှင့်တူသော သဘော၊ အရာဝတ္ထုအမျိုးမျိုးတို့ကို လိုချင်တတ်သောသဘော။ (ဝဋ်) ဆင်းရဲ၏ အခြေအမြစ်။ (ဝဋ်) ဆင်းရဲ၏ အကြောင်းရင်း။ (ဝဋ်) ဆင်းရဲ၏ စ၍ဖြစ်ရာ၊ မာရ်၏ကျော့ကွင်း၊ မာရ်၏ငါးမျှားချိတ်၊ မာရ်၏အရာ (မာရ်၏နယ်ပယ်)။ (ယိုစီးတတ်သော) တပ်မက်မှု တဏှာမြစ်။ (ဖုံးလွှမ်းတတ်သော) တပ်မက်မှု တဏှာကွန်ရက်။ (မြဲမြံစွာ နှောင်ဖွဲ့တတ်သော) တပ်မက်မှု တဏှာတောက်။ (ပြည့်နိုင်ခဲသော) တပ်မက်မှု တဏှာသမုဒ္ဒရာ။ (သူတစ်ပါးပစ္စည်းကို) လိုချင်မက်မောမှု၊ အကုသိုလ်တို့၏ အခြေအမြစ်ဖြစ်သော လိုချင်တပ်မက်မှု ‘လောဘအကုသလ မူလ’ သည် (ရှိ၏)။ ဤ (ဆိုအပ်ခဲ့ပြီးသော) သဘောကို နာမ်တရားအပေါင်း'နာမကာယ'ကို (ဝဋ်ဆင်းရဲ၌) ဆက်စပ်ထုံးဖွဲ့တတ်သော မက်မောမှု ‘အဘိဇ္ဈာကာယဂန္ထ’ ဟူ၍ ဆိုအပ်၏ (လောဘ)။ (၁၀၆၅)

ဗျာပါဒကာယဂန္ထ

၁၁၄၂။ (၂) ထို (ဂန္ထလေးပါးတို့) တွင် နာမ်တရားအပေါင်း ‘နာမကာယ'ကို (ဝဋ်ဆင်းရဲ၌) ဆက်စပ်ထုံးဖွဲ့တတ်သော ဖောက်ပြန်ပျက်စီးစေမှု ‘ဗျာပါဒ ကာယဂန္ထ’ ဟူသည်အဘယ်နည်း။ “ငါ၏အကျိုးမဲ့ကို ပြုကျင့်ခဲ့ပြီ” ဟု ရန်ငြိုးဖွဲ့မှု ‘အာဃာတ’ သည် ဖြစ်၏၊ “ငါ၏အကျိုးမဲ့ကိုပြုကျင့်နေဆဲဖြစ်သည်” ဟု ရန်ငြိုးဖွဲ့မှု ‘အာဃာတ’ သည် ဖြစ်၏၊ “ငါ၏ အကျိုးမဲ့ကို ပြုကျင့်လတ္တံ့’ ဟုရန်ငြိုးဖွဲ့မှု ‘အာဃာတ’ သည် ဖြစ်၏၊ “ငါ၏ ချစ်ခင်မြတ်နိုးအပ်သူ၏ အကျိုးမဲ့ကို ပြုကျင့်ခဲ့ပြီ။ပ။ အကျိုးမဲ့ကို ပြုကျင့်နေဆဲဖြစ်သည်။ပ။ အကျိုးမဲ့ကို ပြုကျင့်လတ္တံ့” ဟု ရန်ငြိုးဖွဲ့မှု ‘အာဃာတ’ သည်ဖြစ်၏၊ “ငါ၏ မချစ်ခင် မမြတ်နိုးအပ်သူ၏ အကျိုးကို ပြုကျင့်ခဲ့ပြီ။ပ။ အကျိုးကို ပြုကျင့်နေဆဲဖြစ်သည်။ပ။ အကျိုးကို ပြုကျင့်လတ္တံ့” ဟု ရန်ငြိုးဖွဲ့မှု ‘အာဃာတ’ သည် ဖြစ်၏၊ ထို့ပြင် အကြောင်းမဟုတ်သည်၌ ရန်ငြိုးဖွဲ့မှု (အမျက်ထွက်မှု) သည် ဖြစ်၏။ ဤသို့သဘောရှိသော စိတ်၏ အကြင် ရန်ငြိုးဖွဲ့မှု၊ လွန်စွာရန်ငြိုးဖွဲ့မှု။ (အာရုံ၌) ထိပါးမှု (မုန်းထားမှု)၊ လွန်စွာ ဆန့်ကျင်ခြင်းသဘော၊ စိတ်ဆိုးခြင်း (အမျက်ထွက်ခြင်း) သဘော၊

--

လွန်စွာ စိတ်ဆိုးခြင်း (အမျက်ထွက်ခြင်း) သဘော၊ အလွန်ပြင်းစွာ စိတ်ဆိုးခြင်း (အမျက်ထွက်ခြင်း) သဘော၊ ဖျက်ဆီးပြစ်မှားခြင်းသဘော၊ လွန်စွာဖျက် ဆီးပြစ်မှားခြင်းသဘော၊ အလွန်ပြင်းစွာ ဖျက်ဆီးပြစ်မှားခြင်းသဘော၊ စိတ်၏ ဖောက်ပြန်ခြင်းသဘော၊ စိတ်ပျက်စီးခြင်းသဘော၊ အမျက်ထွက်ခြင်းသဘော၊ အမျက်ထွက်ပုံအခြင်းအရာ၊ အမျက်ထွက်တတ်သူ၏အဖြစ်၊ ဖျက်ဆီးပြစ်မှားခြင်းသဘော၊ ဖျက်ဆီးပြစ်မှားပုံအခြင်းအရာ၊ ဖျက်ဆီးပြစ်မှားတတ်သူ၏အဖြစ်၊ ဖောက်ပြန်ပျက်စီးခြင်းသဘော၊ ဖောက်ပြန်ပျက်စီးပုံအခြင်းအရာ၊ ဖောက်ပြန်ပျက်စီးတတ်သည်၏အဖြစ်၊ ဆန့်ကျင်မှု၊ လွန်စွာ အဖန်ဖန် ဆန့်ကျင်မှု၊ ကြမ်းတမ်းသူ၏အဖြစ် (ကြမ်းတမ်းမှု)၊ ကောင်းမွန် ပြည့်စုံစွာ မပြောဆိုနိုင်ခြင်း (မကောင်းသဖြင့်ပြောဆိုခြင်း)၊ စိတ်၏ မိမိပကတိစိတ် မဟုတ်သည်၏အဖြစ် (မနှစ်လိုမှု) သည် (ရှိ၏)။ ဤ (ဆိုအပ်ခဲ့ပြီးသော) သဘော ကို နာမ်တရားအပေါင်း ‘နာမကာယ'ကို (ဝဋ်ဆင်းရဲ၌) ဆက်စပ်ထုံးဖွဲ့တတ်သော ဖောက်ပြန်ပျက်စီးစေမှု ‘ဗျာပါဒကာယဂန္ထ’ ဟူ၍ ဆိုအပ်၏ (ဒေါသ)။ (၄၁၈, ၄၁၉,၁၀၆၆,၁၂၃၇,၁၂၄၂)

သီလဗ္ဗတပရာမာသကာယဂန္ထ

၁၁၄၃။ (၃) ထို (ဂန္ထလေးပါးတို့) တွင် နာမ်တရားအပေါင်း ‘နာမကာယ'ကို (ဝဋ်ဆင်းရဲ၌) ဆက်စပ်ထုံးဖွဲ့တတ်သော (နွား, ခွေး စသည်တို့၏) အလေ့အကျင့်တို့ကို (စင်ကြယ်၏ဟု) မှားသောအားဖြင့် သုံးသပ်မှု ‘သီလဗ္ဗတပရာမာသ ကာယဂန္ထ’ ဟူသည် အဘယ်နည်း။ ဤသာသနာတော်မှ အပြင်အပဖြစ်ကုန်သော ရဟန်းပုဏ္ဏား သမဏဗြာဟ္မဏတို့၏ (နွား, ခွေးစသည်တို့၏) အလေ့ ‘သီလ'ဖြင့် (ကိလေသာမှ) စင်ကြယ်၏။ (နွား, ခွေး စသည်တို့၏) အကျင့် ‘ဝတ'ဖြင့် (ကိလေသာမှ) စင်ကြယ်၏။ (နွား, ခွေးစသည်တို့၏) အလေ့အကျင့် ‘သီလဗ္ဗတ'ဖြင့် (ကိလေသာမှ) စင်ကြယ်၏ဟု ဤသို့သဘောရှိသော အကြင်အမြင်မှားမှု။ (၆၂-ပါးသော) အမြင်မှားမှုတို့၌ ပါဝင်ခြင်းသဘော။ (အမြင်မှန်ကို ပိတ်ဆီးတတ်သော) အမြင်မှားမှု တောအုပ်။ (အမြင် မှန်သို့မရောက်နိုင်အောင် ခက်ခဲစေသော) အမြင်မှားမှုခရီးခဲ။ (သမ္မာဒိဋ္ဌိကို) ထွင်းဖောက် ဖျက်ဆီးခြင်း သဘော၊ အမြင်မှားမှုတည်းဟူသော ဖောက်ပြန် တုန်လှုပ်ခြင်းသဘော။ (ဝဋ်ဆင်းရဲ၌) တုပ်နှောင် ကြောင်းဖြစ်သော အမြင်မှားမှု။ (အာရုံကို မှားသောအားဖြင့်) မြဲစွာယူတတ်သော သဘော (အယူသည်း သော သဘော)။ (အမြင်မှားမှု၏) တည်ရာဖြစ်သော သဘော « (အာရုံကို) မှားသောအားဖြင့် ထပ်ကာ ထပ်ကာ မြဲစွာယူတတ်သော သဘော]၊ မှားသောအားဖြင့် နှလုံးသွင်းတတ်သော သဘော၊ မှားသော အားဖြင့်သုံးသပ်တတ်သော သဘော၊ စက်ဆုပ်အပ်သော လမ်းစဉ်၊ မှားသော ခရီးလမ်းကြောင်း၊ မှားယွင်း သောသဘော၊ မှားသောအမြင် (မှားသောအယူ) တည်းဟူသော အကျိုးမဲ့တို့၏ဖြစ်ရာ၊ ဖောက်ပြန်မှားယွင်းသောအားဖြင့် စွဲယူခြင်းသဘောသည် (ရှိ၏)။ ဤ (ဆိုအပ်ခဲ့ပြီးသော) သဘောကို နာမ်တရားအပေါင်း ‘နာမကာယ'ကို (ဝဋ်ဆင်းရဲ၌) ဆက်စပ်ထုံးဖွဲ့တတ်သော (နွား, ခွေးစသည်တို့၏) အလေ့အကျင့်တို့ကို (စင်ကြယ်၏ဟု) မှားသောအားဖြင့် သုံးသပ်မှု ‘သီလဗ္ဗတပရာမာသကာယဂန္ထ’ ဟူ၍ ဆိုအပ်၏ (ဒိဋ္ဌိ)။ (၁၀၀၉)

ဣဒံသစ္စာဘိနိဝေသကာယဂန္ထ

၁၁၄၄။ (၄) ထို (ဂန္ထလေးပါးတို့) တွင် နာမ်တရားအပေါင်း ‘နာမကာယ'ကို (ဝဋ်ဆင်းရဲ၌) ဆက်စပ်ထုံးဖွဲ့တတ်သော ဤသည်သာ အမှန်တည်းဟု (မှားသောအားဖြင့်) နှလုံးသွင်းမှု ‘ဣဒံသစ္စာဘိနိဝေသကာယဂန္ထ’ ဟူသည် အဘယ် နည်း။ လောကသည် မြဲ၏ဟူသောဤအယူသည်သာ အမှန် (ဖြစ်၏) , အခြားအယူသည် အချည်းနှီး (အမှား)ဟူ၍လည်းကောင်း၊ လောကသည် မမြဲဟူသော ဤအယူသည်သာ အမှန် (ဖြစ်၏) , အခြားအယူ သည်အချည်းနှီး (အမှား)ဟူ၍လည်းကောင်း၊ လောကသည် အဆုံး (အပိုင်းအခြား) ရှိ၏ဟူသော ဤအယူသည်သာ အမှန် (ဖြစ်၏) , အခြားအယူသည် အချည်းနှီး (အမှား)ဟူ၍လည်းကောင်း၊ လောကသည်အဆုံး (အပိုင်းအခြား) မရှိဟူသော ဤအယူသည်သာ အမှန် (ဖြစ်၏) , အခြားအယူသည်အချည်းနှီး (အမှား)ဟူ၍လည်းကောင်း၊ ထိုအသက် ‘ဇီဝ’ သည်ပင် ထိုကိုယ်တည်းဟူသောဤအယူသည်သာ အမှန် (ဖြစ်၏) , အခြားအယူသည် အချည်းနှီး (အမှား)ဟူ၍လည်းကောင်း၊ အသက် ‘ဇီဝ’ သည် တခြား, ကိုယ်သည် တခြားဟူသော ဤအယူသည်သာ အမှန် (ဖြစ်၏) ,အခြားအယူသည် အချည်းနှီး (အမှား)ဟူ၍လည်း ကောင်း၊

--

သတ္တဝါသည် သေပြီးနောက် ဖြစ်၏ဟူသောဤအယူသည်သာ အမှန် (ဖြစ်၏) , အခြားအယူ သည် အချည်းနှီး (အမှား)ဟူ၍လည်းကောင်း၊ သတ္တဝါသည် သေပြီးနောက် မဖြစ်ဟူသော ဤအယူသည် သာ အမှန် (ဖြစ်၏) , အခြားအယူသည်အချည်းနှီး (အမှား)ဟူ၍လည်းကောင်း၊ သတ္တဝါသည် သေပြီး နောက် ဖြစ်လည်းဖြစ်၏, မဖြစ်လည်းမဖြစ်ဟူသော ဤအယူသည်သာ အမှန် (ဖြစ်၏) , အခြားအယူ သည်အချည်းနှီး (အမှား)ဟူ၍လည်းကောင်း၊ သတ္တဝါသည် သေပြီးနောက် ဖြစ်သည်လည်း မဟုတ်,့မဖြစ်သည်လည်းမဟုတ်ဟူသော ဤအယူသည်သာ အမှန် (ဖြစ်၏) , အခြားအယူသည် အချည်းနှီး (အမှား)ဟူ၍လည်းကောင်း။ ဤသို့သဘောရှိသော အကြင်အမြင်မှားမှု။ (၆၂-ပါးသော) အမြင်မှား (အယူမှား) မှုတို့၌ ပါဝင်ခြင်းသဘော။ (အမြင်မှန်ကို ပိတ်ဆီးတတ်သော) အမြင်မှားမှုတည်းဟူသော တောအုပ်။ (အမြင်မှန်သို့မရောက်နိုင်အောင် ခက်ခဲစေသော) အမြင်မှားမှုခရီးခဲ။ (သမ္မာဒိဋ္ဌိကို) ထွင်းဖောက်ဖျက်ဆီးခြင်းသဘော၊ အမြင်မှားမှုတည်းဟူသော ဖောက်ပြန်တုန်လှုပ်ခြင်းသဘော။ (ဝဋ်ဆင်းရဲ၌) တုပ်နှောင်ကြောင်းဖြစ်သော အမြင်မှားမှု။ (အာရုံကို မှားသောအားဖြင့်) မြဲစွာယူတတ်သော သဘော (အယူသည်းသော သဘော)။ (အမြင်မှားမှု၏) တည်ရာဖြစ်သော သဘော၊ မှားသောအားဖြင့် နှလုံးသွင်းတတ်သော သဘော၊ မှားသောအားဖြင့် သုံးသပ်တတ်သော သဘော၊ စက်ဆုပ်အပ်သော လမ်းစဉ်၊ မှားသော ခရီးလမ်းကြောင်း၊ မှားယွင်းသော သဘော၊ မှားသော အယူတည်းဟူသော အကျိုးမဲ့တို့၏ဖြစ်ရာ၊ ဖောက်ပြန်မှားယွင်းသောအားဖြင့် စွဲယူခြင်းသဘောသည် (ရှိ၏)။ ဤ (ဆိုအပ်ခဲ့ပြီးသော) သဘောကို ‘ဣဒံသစ္စာဘိနိဝေသကာယဂန္ထ’ ဟူ၍ ဆိုအပ်၏။ (နွား, ခွေးစသည်တို့၏) အလေ့အကျင့်တို့ကို (စင်ကြယ်၏ဟု) မှားသောအားဖြင့် သုံးသပ်မှု ‘သီလဗ္ဗတပရာမာသကာယဂန္ထ'ကို ချန်ထား၍ အလုံးစုံလည်းဖြစ်သော အမြင်မှားမှု ‘မိစ္ဆာဒိဋ္ဌိ’ သည် ‘ဣဒံသစ္စာဘိနိဝေသကာယဂန္ထ'တည်း (ဒိဋ္ဌိ)။ (၁၁၀၅,၁၁၂၂) ဤတရားတို့သည် ဂန္ထမည်ကုန်၏ (လောဘ, ဒေါသ, ဒိဋ္ဌိ)။

နော ဂန္ထတရား

၁၁၄၅။ (၂) အဘယ်တရားတို့သည် (သတ္တဝါတို့ကို ဝဋ်ဆင်းရဲ၌) ဆက်စပ်ထုံးဖွဲ့မှု (ဂန္ထ) မမည်သော ‘နော ဂန္ထတရား’ ဖြစ်ကုန်သနည်း။

ထို (ဂန္ထ) တရားတို့ကို ချန်ထား၍ကြွင်းကျန်ကုန်သော, ကာမဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်ကုန်သော, ရူပဘုံ၌ ကျင်လည်သက်ဝင်၍ဖြစ်ကုန်သော, အရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်ကုန်သော, ဘုံသုံးပါး၌ အကျုံး မဝင်ကုန်သော,ကုသိုလ်တရား၊ အကုသိုလ်တရား၊ အဗျာကတတရားဖြစ်သည့် ခံစားမှုအစု ‘ဝေဒနာက္ခန္ဓာ’။ပ။ အထူးသိမှု (စိတ်) အစု ‘ဝိညာဏက္ခန္ဓာ’ ၊ ထို့ပြင် အလုံးစုံသော ရုပ်၊ ထို့ပြင် (ကံ, စိတ်, ဥတု,အာဟာရဟူသော အကြောင်းတရားတို့) မပြုပြင်မစီရင်အပ်သော သဘော ‘အသင်္ခတဓာတ်’ (နိဗ္ဗာန်) သည် (ရှိ၏)။ ဤတရားတို့သည် ဂန္ထမမည်သော ‘နော ဂန္ထ’ တရား ဖြစ်ကုန်၏ (စိတ်, ဂန္ထတရားကိုယ်သုံးပါးကြဉ်သော စေတသိက်, ရုပ်, နိဗ္ဗာန်)။

--

၂-ဂန္ထနိယဒုက်

ဂန္ထနိယတရား

၁၁၄၆။ (၁) အဘယ်တရားတို့သည် (သတ္တဝါတို့ကို ဝဋ်ဆင်းရဲ၌) ဆက်စပ်ထုံးဖွဲ့မှု ‘ဂန္ထ’ တရားတို့၏ အာရုံဖြစ်သော ‘ဂန္ထနိယ’ တရား ဖြစ်ကုန်သနည်း။

အာသဝတရားတို့၏အာရုံဖြစ်ကုန်သော, ကာမဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်ကုန်သော, ရူပဘုံ၌ ကျင် လည်သက်ဝင်၍ဖြစ်ကုန်သော, အရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်ကုန်သော, ကုသိုလ်တရား၊ အကုသိုလ်တရား၊ အဗျာကတတရားဖြစ်သည့် ရုပ်အစု ‘ရူပက္ခန္ဓာ’။ပ။ အထူးသိမှု (စိတ်) အစု ‘ဝိညာဏက္ခန္ဓာ’ သည် (ရှိ၏)။

ဤတရားတို့သည် ဂန္ထတရားတို့၏ အာရုံဖြစ်သော ‘ဂန္ထနိယ’ တရား ဖြစ်ကုန်၏ (လောကီ စိတ်,စေတသိက်, ရုပ်)။

အဂန္ထနိယတရား

၁၁၄၇။ (၂) အဘယ်တရားတို့သည် ဂန္ထတရားတို့၏ အာရုံမဖြစ်သော အဂန္ထနိယ’ တရား ဖြစ်ကုန်သနည်း။

ဘုံသုံးပါး၌ အကျုံးမဝင်ကုန်သော မဂ်တို့ သည်လည်းကောင်း၊ မဂ်၏အကျိုး (ဖိုလ်) တို့သည်လည်းကောင်း။ (ကံ, စိတ်, ဥတု, အာဟာရဟူသော အကြောင်းတရားတို့) မပြုပြင်မစီရင်အပ်သော သဘော ‘အသင်္ခတဓာတ်’ (နိဗ္ဗာန်) သည်လည်းကောင်း (ရှိ၏)။ ဤတရားတို့သည်ဂန္ထတရားတို့၏ အာရုံမဖြစ်သော ‘အဂန္ထနိယ’ တရား ဖြစ်ကုန်၏ (မဂ်, ဖိုလ်, နိဗ္ဗာန်)။

၃- ဂန္ထသမ္ပယုတ္တဒုက့်ဂန္ထသမ္ပယုတ္တတရား

၁၁၄၈။ (၁) အဘယ်တရားတို့သည် ဂန္ထနှင့် ယှဉ်သော ‘ဂန္ထသမ္ပယုတ္တ’ တရား ဖြစ်ကုန်သနည်း။

ထို (ဂန္ထ) တရားတို့နှင့် ယှဉ်ကုန်သော ခံစားမှုအစု ‘ဝေဒနာက္ခန္ဓာ’။ပ။ အထူးသိမှု (စိတ်) အစု ‘ဝိညာဏက္ခန္ဓာ’ ဟူသော အကြင်တရားတို့သည် (ရှိကုန်၏)။ ဤတရားတို့သည်ဂန္ထနှင့် ယှဉ်သော ‘ဂန္ထသမ္ပယုတ္တ’ တရား ဖြစ်ကုန်၏ (လောဘမူ, ဒေါသမူစိတ်, ဒိဋ္ဌိ ဂတဝိပ္ပယုတ်၌ ရှိသော လောဘနှင့် ဒေါသမူဒွေ၌ ရှိသော ဒေါသကြဉ် ယှဉ်ဖက် စေတသိက်)။

ဂန္ထဝိပ္ပယုတ္တတရား

၁၁၄၉။ (၂) အဘယ်တရားတို့သည် ဂန္ထနှင့် မယှဉ်သော ‘ဂန္ထဝိပ္ပယုတ္တ’ တရား ဖြစ်ကုန်သနည်း။

ထို (ဂန္ထ) တရားတို့နှင့် မယှဉ်ကုန်သော ခံစားမှုအစု ‘ဝေဒနာက္ခန္ဓာ’။ပ။ အထူးသိမှု (စိတ်) အစု ‘ဝိညာဏက္ခန္ဓာ’ ၊ ထို့ပြင် အလုံးစုံသော ရုပ်၊ ထို့ပြင် (ကံ, စိတ်, ဥတု,အာဟာရဟူသော အကြောင်းတရားတို့) မပြုပြင် မစီရင်အပ်သော သဘော ‘အသင်္ခတဓာတ်’ (နိဗ္ဗာန်)ဟူသော အကြင်တရားတို့သည် (ရှိကုန်၏)။ ဤတရားတို့သည် ဂန္ထနှင့်မယှဉ်သော ‘ဂန္ထဝိပ္ပယုတ္တ’ တရား ဖြစ်ကုန်၏ (မောဟမူ, ကုသိုလ်, ဝိပါက်, ကိရိယာစိတ်, ယှဉ်ဖက်စေတသိက်, ဒိဋ္ဌိဂတဝိပ္ပယုတ်လောဘ, ဒေါသမူဒွေ၌ ဒေါသ, ရုပ်, နိဗ္ဗာန်)။

--

၄-ဂန္ထ ဂန္ထနိယဒုက်

ဂန္ထ ဂန္ထနိယတရား

၁၁၅၀။ (၁) အဘယ်တရားတို့သည် (သတ္တဝါတို့ကို ဝဋ်ဆင်းရဲ၌) ဆက်စပ်ထုံးဖွဲ့မှု ‘ဂန္ထ'လည်းမည်၍ ဆက်စပ်ထုံးဖွဲ့မှု ‘ဂန္ထ'တို့၏ အာရုံလည်းဖြစ်သော ‘ဂန္ထဂန္ထနိယ’ တရားဖြစ်ကုန်သနည်း။

ထိုဆက်စပ်ထုံးဖွဲ့မှု ‘ဂန္ထ’ တို့သည်ပင်လျှင် ဆက်စပ်ထုံးဖွဲ့မှု ‘ဂန္ထ’ လည်းမည်၍ဆက်စပ်ထုံးဖွဲ့မှု ‘ဂန္ထ'တို့၏ အာရုံလည်းဖြစ်သော ‘ဂန္ထ ဂန္ထနိယ’ တရား ဖြစ်ကုန်၏ (လောဘ, ဒေါသ,ဒိဋ္ဌိဟူသော ဂန္ထတရားကိုယ်သုံးပါး)။

ဂန္ထနိယ နော ဂန္ထတရား

၁၁၅၁။ (၂) အဘယ်တရားတို့သည် (လောဘ, ဒေါသ, ဒိဋ္ဌိဟူသော) ဂန္ထတို့၏ အာရုံသာဖြစ်၍ ဂန္ထမမည်သော ‘ဂန္ထနိယ နော ဂန္ထ’ တရား ဖြစ်ကုန်သနည်း။

အကြင်တရားတို့သည် ထို (ဂန္ထ) တရားတို့ဖြင့် (ထိုဂန္ထတရားတို့ အာရုံပြုအပ် သဖြင့်) ဂန္ထတို့၏အာရုံဖြစ်သော ‘ဂန္ထနိယ’ တရား ဖြစ်ကုန်၏။ (ထိုဂန္ထနိယတရားတို့၌ ပါရှိသော) ထို (ဂန္ထ) တရားတို့ကိုချန်ထား၍ ကြွင်းကျန်သော, အာသဝတရားတို့၏ အာရုံဖြစ်ကုန်သော, ကာမဘုံ၌ ကျင်လည်သက်ဝင်၍ဖြစ်ကုန်သော, ရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်ကုန်သော, အရူပဘုံ၌ ကျင်လည် သက်ဝင်၍ဖြစ်ကုန်သော ကုသိုလ်တရား၊ အကုသိုလ်တရား၊ အဗျာကတတရားဖြစ်သည့် ရုပ်အစု ‘ရူပက္ခန္ဓာ’။ပ။ အထူးသိမှု (စိတ်) အစု ‘ဝိညာဏက္ခန္ဓာ’ သည် (ရှိ၏)။ ဤတရားတို့သည် ဂန္ထတို့၏ အာရုံသာ ဖြစ်၍ဂန္ထမမည်သော ‘ဂန္ထနိယ နော ဂန္ထ’ တရား ဖြစ်ကုန်၏ (လောကီစိတ်, ဂန္ထတရားကိုယ် သုံးပါးမှတစ်ပါးအခြားသော ယှဉ်ဖက်စေတသိက်, ရုပ်)။

၅-ဂန္ထ ဂန္ထသမ္ပယုတ္တဒုက်

ဂန္ထ ဂန္ထသမ္ပယုတ္တတရား

၁၁၅၂။ (၁) အဘယ်တရားတို့သည် ဂန္ထလည်းမည်၍ ဂန္ထနှင့်လည်းယှဉ်သော ‘ဂန္ထဂန္ထသမ္ပယုတ္တ’ တရား ဖြစ်ကုန်သနည်း။

နာမ်တရားအပေါင်း ‘နာမကာယ’ ကို ဝဋ်ဆင်းရဲ၌ ဆက်စပ်ထုံးဖွဲ့တတ်သော (နွား, ခွေးစသည်တို့၏) အလေ့အကျင့်တို့ကို (စင်ကြယ်၏ဟု) မှားသောအားဖြင့်သုံးသပ်မှု ‘သီလဗ္ဗတပရာမာသကာယဂန္ထ’ သည် ဂန္ထလည်း မည်၏။ (ယှဉ်ဖက်ဖြစ်သော) ‘အဘိဇ္ဈာကာယဂန္ထ’ ကြောင့် ဂန္ထနှင့်ယှဉ်သည်လည်း ဖြစ်၏၊ နာမ်တရားအပေါင်း ‘နာမကာယ’ ကိုဝဋ်ဆင်းရဲ၌ ဆက်စပ်ထုံးဖွဲ့တတ်သော မက်မောမှု ‘အဘိဇ္ဈာကာယဂန္ထ’ သည် ဂန္ထလည်း မည်၏။ (ယှဉ်ဖက်ဖြစ်သော) သီလဗ္ဗတပရာမာသကာယဂန္ထကြောင့် ဂန္ထနှင့် ယှဉ်သည်လည်း ဖြစ်၏။ နာမ်တရားအပေါင်း ‘နာမကာယ’ ကို (ဝဋ်ဆင်းရဲ၌) ဆက်စပ်ထုံးဖွဲ့တတ်သော ဤသည်သာ အမှန်ဟုမှားသောအားဖြင့် နှလုံးသွင်းမှု ‘ဣဒံ သစ္စာဘိနိဝေသကာယဂန္ထ’ သည် ဂန္ထလည်းမည်၏။ (ယှဉ်ဖက့်ဖြစ်သော) အဘိဇ္ဈာကာယဂန္ထကြောင့် ဂန္ထနှင့် ယှဉ်သည်လည်း ဖြစ်၏၊ နာမ်တရားအပေါင်း ‘နာမကာယ’ ကို (ဝဋ်ဆင်းရဲ၌) ဆက်စပ်ထုံးဖွဲ့တတ်သော မက်မောမှု ‘အဘိဇ္ဈာကာယဂန္ထ’ သည် ဂန္ထလည်းမည်၏။ (ယှဉ်ဖက်ဖြစ်သော) ‘ဣဒံသစ္စာဘိနိဝေသကာယဂန္ထ’ ကြောင့် ဂန္ထနှင့် ယှဉ်သည်လည်း ဖြစ်၏။ ဤတရားတို့သည် ဂန္ထလည်းမည်၍ ဂန္ထနှင့်လည်း ယှဉ်သော ‘ဂန္ထ ဂန္ထသမ္ပယုတ္တ’ တရား ဖြစ်ကုန်၏ (ဒိဋ္ဌိဂတသမ္ပယုတ်စိတ်၌ ရှိသော လောဘ, ဒိဋ္ဌိ)။

--

ဂန္ထသမ္ပယုတ္တနော ဂန္ထတရား

၁၁၅၃။ (၂) အဘယ်တရားတို့သည် ဂန္ထနှင့်သာယှဉ်၍ ဂန္ထမမည်သော ‘ဂန္ထသမ္ပယုတ္တနော ဂန္ထ’ တရား ဖြစ်ကုန်သနည်း။

အကြင် တရားတို့သည် ထို (ဂန္ထ) တရားတို့နှင့်ယှဉ်သော ‘ဂန္ထသမ္ပယုတ္တ’ တရား ဖြစ်ကုန်၏။ (ထိုဂန္ထ သမ္ပယုတ္တတရားတို့၌ ပါရှိသော) ထို (ဂန္ထ) တရားတို့ကို ချန်ထား၍ (ကြွင်းသော) ခံစားမှုအစု ‘ဝေဒနာက္ခန္ဓာ’။ပ။ အထူးသိမှု (စိတ်) အစု ‘ဝိညာဏက္ခန္ဓာ’ သည် (ရှိ၏)။ ဤတရားတို့သည် ဂန္ထနှင့်သာ ယှဉ်၍ ဂန္ထမမည်သော ‘ဂန္ထသမ္ပယုတ္တနော ဂန္ထ’ တရား ဖြစ်ကုန်၏ (လောဘမူစိတ်, ဒေါသမူစိတ်,ဂန္ထတရားကိုယ်သုံးပါးမှတစ်ပါး အခြားသော ယှဉ်ဖက်စေတသိက်)။

၆-ဂန္ထဝိပ္ပယုတ္တဂန္ထနိယဒုက်

ဂန္ထဝိပ္ပယုတ္တဂန္ထနိယတရား

၁၁၅၄။ (၁) အဘယ်တရားတို့သည် ဂန္ထနှင့် မယှဉ်ကုန်မူ၍ ဂန္ထတို့၏အာရုံသာဖြစ်သော ‘ဂန္ထဝိပ္ပယုတ္တဂန္ထနိယ’ တရား ဖြစ် ကုန်သနည်း။

ထို (ဂန္ထ) တရားတို့နှင့်မယှဉ်ကုန်သော, အာသဝတရားတို့၏ အာရုံဖြစ်ကုန်သော, ကာမ ဘုံ၌ ကျင်လည်သက်ဝင်၍ဖြစ်ကုန်သော, ရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်ကုန်သော, အရူပဘုံ၌ ကျင်လည်သက်ဝင်၍ဖြစ်ကုန်သော ကုသိုလ်တရား၊ အကုသိုလ်တရား၊ အဗျာကတတရားဖြစ်သည့် ရုပ်အစု ‘ရူပက္ခန္ဓာ’။ပ။ အထူးသိမှု (စိတ်) အစု ‘ဝိညာဏက္ခန္ဓာ’ ဟူသော အကြင်တရားတို့သည် (ရှိကုန်၏)။ ဤ တရားတို့သည်ဂန္ထနှင့် မယှဉ်ကုန်မူ၍ ဂန္ထတို့၏ အာရုံသာဖြစ်သော ‘ဂန္ထဝိပ္ပယုတ္တဂန္ထနိယ’ တရား ဖြစ် ကုန်၏ (လောကီကုသိုလ်, မောဟမူဒွေ, လောကီဝိပါက်, ကိရိယာစိတ်, ယှဉ်ဖက်စေတသိက်, ဒိဋ္ဌိဂတဝိပ္ပယုတ်လောဘ, ဒေါသမူဒွေ၌ ရှိသော ဒေါသ, ရုပ်)။

ဂန္ထဝိပ္ပယုတ္တအဂန္ထနိယတရား

၁၁၅၅။ (၂) အဘယ်တရားတို့သည် ဂန္ထနှင့်လည်း မယှဉ်ကုန်မူ၍ ဂန္ထတို့၏ အာရုံလည်း မဖြစ်သော ‘ဂန္ထဝိပ္ပယုတ္တအဂန္ထနိယ’ တရား ဖြစ်ကုန်သနည်း။

ဘုံသုံးပါး၌ အကျုံးမဝင်ကုန်သော မဂ်တို့သည်လည်းကောင်း၊ မဂ်၏အကျိုး (ဖိုလ်) တို့သည်လည်းကောင်း။ (ကံ,စိတ်, ဥတု, အာဟာရဟူသော အကြောင်းတရားတို့) မပြုပြင် မစီရင်အပ်သော သဘော ‘အသင်္ခတဓာတ်’ (နိဗ္ဗာန်) သည်လည်းကောင်း (ရှိ၏)။ ဤတရားတို့သည် ဂန္ထ နှင့်လည်း မယှဉ်ကုန်မူ၍ဂန္ထတို့၏ အာရုံလည်း မဖြစ်သော ‘ဂန္ထဝိပ္ပယုတ္တအဂန္ထနိယ’ တရား ဖြစ်ကုန်၏ (မဂ်, ဖိုလ်, နိဗ္ဗာန်)။

ဂန္ထဂေါစ္ဆက ပြီးပြီ။

--

၆-ဩဃဂေါစ္ဆက

ဩဃ

၁၁၅၆။ (၁) အဘယ်တရားတို့သည် (သတ္တဝါတို့ကို ဝဋ်ဆင်းရဲ၌) နစ်မြုပ်စေမှု ‘ဩဃ'တို့ မည်ကုန်သနည်း။

။ပ။ (အာသဝနှင့် အားလုံးတူ)။


၇-ယောဂဂေါစ္ဆက

ယောဂ

၁၁၅၇။ (၁) အဘယ်တရားတို့သည် (သတ္တဝါတို့ကို ဝဋ်ဆင်းရဲ၌) ယှဉ်စေမှု ‘ယောဂ'တို့ မည်ကုန်သနည်း။

(အာသဝနှင့် အားလုံးတူ)။

--

၈-နီဝရဏဂေါစ္ဆက

၁-နီဝရဏဒုက်

နီဝရဏမည်သောတရား

၁၁၅၈။ (၁) အဘယ်တရားတို့သည် (ဈာန်မဂ်ဖိုလ်တရားတို့ကို) ပိတ်ပင်တားဆီးမှု ‘နီဝရဏ’မည်ကုန်သနည်း။

(ကာမဂုဏ်ငါးပါးတို့၌) လိုချင် တောင့်တခြင်း (အလိုကြီးခြင်း)ဟူသော ပိတ်ပင်တားဆီးမှု ‘ကာမစ္ဆန္ဒနီဝရဏ’။ (စိတ်) ပျက်စီးစေခြင်းဟူသောပိတ်ပင်တားဆီးမှု ‘ဗျာပါဒနီဝရဏ’ ၊ စိတ်စေတသိက်တို့၏ မခံ့ခြင်း (ထိုင်းမှိုင်းခြင်း)ဟူသောပိတ်ပင်တားဆီးမှု ‘ထိနမိဒ္ဓနီဝရဏ’ ၊ ပျံ့လွင့်ခြင်း, နောင်တတစ်ဖန် ပူပန်ခြင်းဟူသော ပိတ်ပင်တားဆီးမှု ‘ဥဒ္ဓစွကုက္ကုစ္စနီဝရဏ’ ၊ ယုံမှားခြင်းဟူသော ပိတ်ပင်တားဆီးမှု ‘ဝိစိကိစ္ဆာနီဝရဏ’ ၊ သိအပ်သည်ကို မသိ (သစ္စာလေးပါးကိုမသိ) ခြင်းဟူသော ပိတ်ပင်တားဆီးမှု ‘အဝိဇ္ဇာနီဝရဏ’ ဟူသော (ဈာန်, မဂ်, ဖိုလ်တရားတို့ကို) ပိတ်ပင်တားဆီးမှု ‘နီဝရဏ’ ခြောက်ပါးတို့သည် ရှိကုန်၏။

ကာမစ္ဆန္ဒနီဝရဏ

၁၁၅၉။ (၁) ထို (နီဝရဏခြောက်ပါးတို့) တွင် (ကာမဂုဏ်ငါးပါးတို့၌) လိုချင်တောင့်တခြင်း (အလိုကြီးခြင်း)ဟူသော ပိတ်ပင်တားဆီးမှု ‘ကာမစ္ဆန္ဒနီဝရဏ’ ဟူသည် အဘယ်နည်း။ လိုချင်ဖွယ် ‘ကာမ'တို့၌ အကြင် လိုချင်တောင့်တမှု၊ လိုချင်စွဲလမ်းမှု၊ လိုချင် နှစ်သက်မှု၊ လိုချင်တပ်မက်မှု၊ လိုချင်ဖွယ် ‘ကာမ’၌ တပ်မက်မှုအစေး၊ လိုချင်မှု ‘ကာမ’ ဟူသော ပူလောင်မှု၊ လိုချင်မိန်းမောမှု (လိုချင်မှုအားကြီးသဖြင့် မိန်းမောမှု)၊ လိုချင်ဖွယ် ‘ကာမ'ကို မျို၍ပြီးဆုံးစေခြင်း (လိုချင်ဖွယ် ကာမကိုအပြီးအဆုံး အကြွင်းအကျန်မရှိ လိုချင်မှု) သည် (ရှိ၏)။ ဤဆိုအပ်ခဲ့ပြီးသော သဘောကို (ကာမဂုဏ်ငါးပါးတို့၌) လိုချင်တောင့်တခြင်း (အလိုကြီးခြင်း)ဟူသော ပိတ်ပင်တားဆီးမှု ‘ကာမစ္ဆန္ဒနီဝရဏ’ ဟူ၍ ဆိုအပ်၏။ (၁၁၀၃)

ဗျာပါဒနီဝရဏ

၁၁၆၀။ (၂) ထို (နီဝရဏခြောက်ပါးတို့) တွင် (စိတ်) ပျက်စီးစေခြင်းဟူသော ပိတ်ပင်တားဆီးမှု ‘ဗျာပါဒနီဝရဏ’ ဟူသည် အဘယ်နည်း။ “ငါ၏အကျိုးမဲ့ကို ပြုကျင့်ခဲ့ပြီ” ဟု ရန်ငြိုးဖွဲ့မှု ‘အာဃာတ’ သည် ဖြစ်၏၊ “ငါ၏အကျိုးမဲ့ကို ပြုကျင့်နေဆဲဖြစ်သည်” ဟု ရန်ငြိုးဖွဲ့မှု ‘အာဃာတ’ သည်ဖြစ်၏၊ “ငါ၏အကျိုးမဲ့ကို ပြုကျင့်လတ္တံ့” ဟု ရန်ငြိုးဖွဲ့မှု ‘အာဃာတ’ သည် ဖြစ်၏၊ “ငါ၏ ချစ်ခင်မြတ်နိုးအပ်သူ၏ အကျိုးမဲ့ကို ပြုကျင့်ခဲ့ပြီ။ပ။ အကျိုးမဲ့ကို ပြုကျင့်နေဆဲဖြစ်သည်။ပ။ အကျိုးမဲ့ကိုပြုကျင့်လတ္တံ့” ဟု ရန်ငြိုးဖွဲ့မှု ‘အာဃာတ’ သည် ဖြစ်၏၊ “ငါ၏ မချင်ခင် မမြတ်နိုး အပ်သူ၏ အကျိုးကိုပြုကျင့်ခဲ့ပြီ။ပ။ အကျိုးကို ပြုကျင့်နေဆဲဖြစ်သည်။ပ။ အကျိုးကို ပြုကျင့်လတ္တံ့” ဟု ရန်ငြိုးဖွဲ့မှု ‘အာဃာတ’ သည် ဖြစ်၏၊ ထို့ပြင် အကြောင်းမဟုတ်သည်၌ ရန်ငြိုးဖွဲ့မှု (အမျက်ထွက်မှု) ‘အာဃာတ’ သည် ဖြစ်၏။ ဤသို့သဘောရှိသော စိတ်၏ အကြင် ရန်ငြိုးဖွဲ့မှု၊ လွန်စွာရန်ငြိုးဖွဲ့မှု။ (အာရုံ၌) ထိပါးမှု (မုန်းထားမှု)၊ ဆန့်ကျင်ခြင်းသဘော၊ အမျက်ထွက်ခြင်း (စိတ်ဆိုးခြင်း) သဘော၊ လွန်စွာအမျက်ထွက်ခြင်း (စိတ်ဆိုးခြင်း) သဘော၊ အလွန်ပြင်းစွာ အမျက်ထွက်ခြင်း (စိတ်ဆိုးခြင်း) သဘော၊ ဖျက်ဆီးပြစ်မှားခြင်းသဘော၊ လွန်စွာဖျက် ဆီးပြစ်မှားခြင်းသဘော၊

--

အလွန်ပြင်းစွာ ဖျက်ဆီးပြစ်မှားခြင်းသဘော၊ စိတ်၏ဖောက်ပြန်ခြင်းသဘော၊ အမျက်ထွက်ခြင်းသဘော၊ အမျက်ထွက်ပုံအခြင်းအရာ၊ အမျက်ထွက်တတ်သူ၏အဖြစ်၊ ဖျက်ဆီးပြစ်မှားခြင်းသဘော၊ ဖျက်ဆီးပြစ်မှားပုံအခြင်းအရာ၊ ဖျက်ဆီးပြစ်မှားတတ်သူ၏အဖြစ်၊ ဖောက်ပြန်ပျက်စီးစေခြင်းသဘော၊ ဖောက်ပြန်ပျက်စီးစေပုံအခြင်းအရာ၊ ဖောက်ပြန်ပျက်စီးစေတတ်သူ၏အဖြစ်၊ ဆန့်ကျင်မှု၊ လွန်စွာဆန့်ကျင်မှု၊ ကြမ်းတမ်းသူ၏အဖြစ် (ကြမ်းတမ်းမှု)၊ ကောင်းမွန်ပြည့်စုံစွာမပြောဆိုနိုင်ခြင်း (မကောင်းသဖြင့် ပြောဆိုခြင်း)၊ စိတ်၏ မိမိပကတိစိတ် မဟုတ်သည်၏အဖြစ် (စိတ်တိုင်းမကျသည်၏အဖြစ်) သည် (ရှိ၏)။ ဤ (ဆိုအပ်ခဲ့ပြီးသော) သဘောကို (စိတ်) ပျက်စီးစေခြင်းဟူသော ပိတ်ပင်တားဆီးမှု ‘ဗျာပါဒနီဝရဏ’ ဟူ၍ ဆိုအပ်၏။ (၁၀၆၆,၁၁၂၀,၁၁၄၂)

ထိနမိဒ္ဓနီဝရဏ

၁၁၆၁။ (၃) ထို (နီဝရဏခြောက်ပါးတို့) တွင် စေတသိက်တို့၏ မခံ့ခြင်း (ထိုင်းမှိုင်းခြင်း)ဟူသော ပိတ်ပင်တားဆီးမှု ‘ထိနမိဒ္ဓနီဝရဏ’ ဟူသည် အဘယ်နည်း။ (စိတ်၏) မခံ့မှု (ထိုင်းမှိုင်းမှု) ‘ထိန’ သည်ရှိ၏။ (စေတသိက်အပေါင်း၏) မခံ့မှု (ထိုင်းမှိုင်းမှု) ‘မိဒ္ဓ’ သည် (ရှိ၏)။

ထိန

၁၁၆၂။ (က) ထို (ထိန မိဒ္ဓတို့) တွင် (စိတ်၏) မခံ့မှု (ထိုင်းမှိုင်းမှု) ‘ထိန’ ဟူသည် အဘယ်နည်း။ စိတ်၏ အကြင် မခံ့ကျန်းသည်၏အဖြစ် ‘အကလ္လတာ’၊ အမှု၌ မခံ့သည်၏အဖြစ် (အမှုကိစ္စတို့၌ ပြီးမြောက်အောင် မလိုက်လျော မဆောင်ရှက်နိုင်မှု) ‘အကမ္မညတာ’။ (ရှိမြဲဣရိယာပုထ် မခိုင်ခံ့နိုင်အောင်ပျင်းရိခြင်း၌) ငြိတွယ်ပုံအခြင်းအရာ ‘ဩလီယနာ’။ (ရှိမြဲဣရိယာပုထ် မခိုင်ခံ့နိုင်အောင် ပျင်းရိခြင်း၌) ငြိကပ်ပုံအခြင်းအရာ ‘သလ္လီယနာ’၊ တွန့်ဆုတ်ခြင်းသဘော ‘လီန’၊ တွန့်ဆုတ်ပုံအခြင်းအရာ ‘လီယနာ’၊ တွန့်ဆုတ်တတ်သူ၏အဖြစ် ‘လီယိတတ္တ’။ (စိတ်၏) မခံ့ခြင်း (ထိုင်းမှိုင်းခြင်း) သဘော ‘ထိန’။ (စိတ်၏) မခံ့ပုံ (ထိုင်းမှိုင်းပုံ) အခြင်းအရာ ‘ထိယနာ’၊ စိတ်၏ မခံ့သည် (ထိုင်းမှိုင်းသည်) ၏အဖြစ် ‘ထိယိတတ္တ’ သည် (ရှိ၏)။ ဤသဘောကို (စိတ်၏) မခံ့မှု (ထိုင်းမှိုင်းမှု) ‘ထိန’ ဟူ၍ ဆိုအပ်၏။

မိဒ္ဓ

၁၁၆၃။ (ခ) ထို (ထိန, မိဒ္ဓတို့) တွင် (စေတသိက်အပေါင်း၏) မခံ့ကျန်းမှု (ထိုင်းမှိုင်းမှု) ‘မိဒ္ဓ’ ဟူသည် အဘယ်နည်း။ စေတသိက်အပေါင်း၏ အကြင် မခံ့ကျန်းသည်၏အဖြစ် ‘အကလ္လတာ’၊ အမှု၌ မခံ့သည်၏အဖြစ် (အမှုကိစ္စတို့၌ ပြီးမြောက်အောင် မလိုက်လျော မဆောင်ရှက်နိုင်မှု) ‘အကမ္မညတာ’။ (ယှဉ်ဖက်တရားတို့ကို မည်သည့်အာရုံကိုမျှ သွက်လက်ကြည်လင်စွာ မယူနိုင်အောင်ပိတ်ဆို့ဖွဲ့နှောင်) မြှေးယှက်ခြင်းသဘော ‘ဩနာဟ’၊ ထက်ဝန်းကျင် (အလုံးစုံ) (ယှဉ်ဖက်တရားတို့ကိုမည်သည့်အာရုံကိုမျှ သွက်လက်ကြည်လင်စွာ မယူနိုင်အောင် ပိတ်ဆို့ဖွဲ့နှောင်) မြှေးယှက်ခြင်းသဘော ‘ပရိယောနာဟ’။ (ယှဉ်ဖက်တရားတို့ကို အာရုံအမျိုးမျိုး၌ မဖြစ်နိုင် မယူနိုင်အောင် တားမြစ်ခြင်းအားဖြင့်) အတွင်း၌ ကောင်းစွာ ပိတ်ဆို့ခြင်းသဘော ‘အန္တောသမောရောဓ’။ (စေတသိက်အပေါင်း၏) မခံ့ခြင်း (ထိုင်းမှိုင်းခြင်း, ငိုက်မျဉ်းခြင်း) သဘော ‘မိဒ္ဓ’၊ အိပ်ကြောင်းသဘော ‘သောပ္ပ’။ (ငိုက်မျဉ်းသဖြင့် မှိတ်တုတ်မှိတ်တုတ်) မျက်တောင်လှုပ်ခြင်းကို ပြုခြင်းသဘော ‘ပစလာယိက’၊ အိပ်ကြောင်းသဘော ‘သောပ္ပ’၊ အိပ်ပုံအခြင်းအရာ ‘သုပနာ’၊ အိပ်သူ၏အဖြစ် ‘သုပိတတ္တ’ သည် (ရှိ၏)။ ဤသဘောကို (စေတသိက်အပေါင်း၏) မခံ့မှု (ထိုင်းမှိုင်းမှု) ‘မိဒ္ဓ’ ဟူ၍ ဆိုအပ်၏။ ဤသို့ ဤ (စိတ်၏) မခံ့မှု (ထိုင်းမှိုင်းမှု) ‘ထိန’ သည်လည်းကောင်း၊ ဤ (စေတသိက်အပေါင်း၏) မခံ့မှု (ထိုင်းမှိုင်းမှု) ‘မိဒ္ဓ’ သည်လည်းကောင်း (ရှိ၏)။ ဤ (စိတ်,စေတသိက်တို့၏) မခံ့မှု (ထိုင်းမှိုင်းမှု) ကို'ထိနမိဒ္ဓနီဝရဏ’ ဟူ၍ ဆိုအပ်၏။

--

ဥဒ္ဓစ္စကုက္ကစ္စနီဝရဏ

၁၁၆၄။ (၄) ထို (နီဝရဏခြောက်ပါးတို့) တွင် ဥဒ္ဓစ္စ, ကုက္ကုစ္စနီဝရဏဟူသည် အဘယ်နည်း။ ပျံ့လွင့်မှု ‘ဥဒ္ဓစ္စ’ သည်ရှိ၏။ နောင်တတစ်ဖန်ပူပန်မှု ‘ကုက္ကုစ္စ’ သည် (ရှိ၏)။

ဥဒ္ဓစ္စ

၁၁၆၅။ (က) ထို (ဥဒ္ဓစ္စ, ကုက္ကုစ္စတို့) တွင် ပျံ့လွင့်မှု ‘ဥဒ္ဓစ္စ’ ဟူသည် အဘယ်နည်း။ စိတ်၏ အကြင်တုန်လှုပ်သည်၏အဖြစ် (ပျံ့လွင့်ခြင်း)၊ မငြိမ်သက်ခြင်း (မငြိမ်းအေးခြင်း)၊ စိတ်ပျံ့လွင့်တတ်သော သဘော၊ စိတ်တုန်လှုပ် (မတည်ငြိမ်) သည်၏အဖြစ်သည် (ရှိ၏)။ ဤ (ဆိုအပ်ခဲ့ပြီးသော) သဘောကို ပျံ့လွင့်မှု ‘ဥဒ္ဓစ္စ’ ဟူ၍ ဆိုအပ်၏။ (၄၂၉)

ကုက္ကုစ္စ

၁၁၆၆။ (ခ) ထို (ဥဒ္ဓစ္စ, ကုက္ကုစ္စတို့) တွင် နောင်တတစ်ဖန် ပူပန်မှု ‘ကုက္ကုစ္စ’ ဟူသည် အဘယ်နည်း၊ မအပ်သည်၌ အပ်၏ဟု အမှတ် ‘သညာ'ရှိသူ၏အဖြစ်၊ အပ်သည်၌ မအပ်ဟု အမှတ် ‘သညာ'ရှိသူ၏အဖြစ်၊ အပြစ်မဟုတ်သည်၌ အပြစ်ဟု အမှတ် ‘သညာ'ရှိသူ၏အဖြစ်၊ အပြစ်၌ အပြစ်မဟုတ်ဟု အမှတ် ‘သညာ'ရှိသူ၏အဖြစ်သည် (ရှိ၏)။ ဤသို့ (အကြောင်းရင်းအခြေခံ) သဘောရှိသော အကြင် နောင်တတစ်ဖန် ပူပန်ခြင်းသဘော ‘ကုက္ကုစ္စ’၊ နောင်တတစ်ဖန် ပူပန်ပုံအခြင်းအရာ ‘ကုက္ကုစ္စာယနာ’၊ နောင်တ တစ်ဖန် ပူပန်တတ်သူ၏အဖြစ့်'ကုက္ကုစ္စာယိတတ္တ’၊ နှလုံးမသာယာခြင်းသဘော ‘စေတသော ဝိပ္ပဋိသာရ’၊ စိတ်ကို ရေးခြစ်သကဲ့သို့ (ရှုပ်ရှုပ်ထွေးထွေး) ဖြစ်ခြင်းသဘောသည် (ရှိ၏)။ ဤသဘောကို နောင်တ တစ်ဖန် ပူပန်မှု ‘ကုက္ကုစ္စ’ ဟူ၍ဆိုအပ်၏။ ဤသို့ ဤပျံ့လွင့်မှု ‘ဥဒ္ဓစ္စ’ သည်လည်းကောင်း၊ ဤနောင်တ တစ်ဖန် ပူပန်မှု ‘ကုက္ကုစ္စ’ သည်လည်းကောင်း (ရှိ၏)။ ဤပျံ့လွင့်မှု ‘ဥဒ္ဓစ္စ’ နှင့် နောင်တ တစ်ဖန် ပူပန်မှု ‘ကုက္ကုစ္စ'ကို ‘ဥဒ္ဓစ္စကုက္ကုစ္စနီဝရဏ’ ဟူ၍ ဆိုအပ်၏။

ဝိစိကိစ္ဆာနီဝရဏ

၁၁၆၇။ (၅) ထို (နီဝရဏခြောက်ပါးတို့) တွင် ဝိစိကိစ္ဆာနီဝရဏဟူသည် အဘယ်နည်း။ မြတ်စွာဘုရား၌ ယုံမှား၏၊ တွေးတော၏ (မဆုံးဖြတ်နိုင်ဘဲ ပင်ပန်း၏)၊ တရား၌ ယုံမှား၏၊ တွေးတော၏၊ သံဃာ၌ ယုံမှား၏, တွေးတော၏၊ အကျင့် ‘သိက္ခာ’၌ ယုံမှား၏၊ တွေးတော၏၊ ရှေ့အဖို့ (လွန်ပြီးသောခန္ဓာစသည်တို့) ၌ ယုံမှား၏၊ တွေးတော၏၊ နောက်အဖို့ (ဖြစ်လတ္တံ့ သောခန္ဓာစသည်တို့) ၌ ယုံမှား၏၊ တွေးတော၏၊ ရှေ့အဖို့ နောက်အဖို့ (ဖြစ်ပြီး ဖြစ်လတံ့သော ခန္ဓာစသည်တို့) ၌ ယုံမှား၏၊ တွေးတော၏၊ ဤ (ဇရာ မရဏစသည်တို့၏) အကြောင်းတရားနှင့် (ဇာတိစသောထိုထိုအကြောင်းကို) စွဲ၍ဖြစ်သော အကျိုးတရားတို့၌ ယုံမှား၏၊ တွေးတော၏ (မဆုံးဖြတ်နိုင်ဘဲပင်ပန်း၏)။ ဤသို့သဘောရှိသော အကြင်ယုံမှားမှု၊ ယုံမှားပုံအခြင်းအရာ၊ ယုံမှားတတ်သည်၏အဖြစ်၊ မသိခြင်း (တွေးတောခြင်း)၊ သဘာဝကို စဉ်းစားလျှင် (မဆုံးဖြတ်နိုင်၍) ပင်ပန်းကြောင်းသဘော၊ မှန်မမှန် (မဆုံးဖြတ်နိုင်၍) နှစ်မျိုးအားဖြင့် တုန်လှုပ်တတ်သော သဘော၊ လမ်းနှစ်ခွနှင့်တူသော သဘော၊ ထက်ဝန်းကျင်မှ ဖြစ်တတ် (ယုံမှားတတ်) သော သဘော၊ ဧကန္တအားဖြင့် ယူခြင်းငှါ မစွမ်းနိုင်ခြင်းသဘော။ (မဆုံးဖြတ်နိုင်၍) အာရုံမှ ဆုတ်နစ်တတ်သော သဘော။ (ဆုံးဖြတ်ခြင်းငှါ မစွမ်းနိုင်၍) (အာရုံ၏) ထက်ဝန်းကျင်၌ (တဝဲလည်လည်) ရွေ့လျားနေတတ်သော သဘော။ (ဆုံးဖြတ်ခြင်းငှါ မစွမ်းနိုင်၍အာရုံ၌ ဉာဏ်ဖြင့်) မသက် ဝင်နိုင်ခြင်းသဘော။ (ဆုံးဖြတ်ခြင်းငှါ မစွမ်းနိုင်၍) စိတ်၏ခက်တရော်သည်၏အဖြစ် (ခိုင်မာခြင်းသဘော)၊ စိတ်ကိုရေးခြစ်သကဲ့သို့ (ရှုပ်ရှုပ်ထွေးထွေး) ဖြစ်တတ်သော သဘောသည် (ရှိ၏)။ ဤဆိုအပ်ခဲ့ပြီးသော သဘောကို ‘ဝိစိကိစ္ဆာနီဝရဏ’ ဟူ၍ဆိုအပ်၏။ (၄၂၅,၁၀၀၈)

--

အဝိဇ္ဇာနီဝရဏ

၁၁၆၈။ (၆) ထို (နီဝရဏခြောက်ပါတို့) တွင် အဝိဇ္ဇာနီဝရဏဟူသည် အဘယ်နည်း။ ဆင်းရဲ၌ မသိမှု၊ ဆင်းရဲဖြစ်ကြောင်း၌ မသိမှု၊ ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) ၌ မသိမှု၊ ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်၌ မသိမှု၊ ရှေ့အဖို့ (ဖြစ်ပြီးသော ခန္ဓာ စသည်တို့) ၌ မသိမှု၊ နောက်အဖို့ (ဖြစ်လတ္တံ့သောခန္ဓာစသည်တို့) ၌ မသိမှု၊ ရှေ့အဖို့ နောက်အဖို့ (ဖြစ်ပြီး ဖြစ်လတ္တံ့သောခန္ဓာစသည်တို့) ၌ မသိမှု၊ ဤ (ဇရာ မရဏစသည်တို့၏) အကြောင်းတရားနှင့် (ဇာတိစသောထိုထိုအကြောင်းကို) စွဲ၍ဖြစ်သော အကျိုးတရားတို့၌ မသိမှုသည် (ရှိ၏)။ ဤသို့သဘောရှိသော အကြင် မသိခြင်းသဘော။ (အမှန်တရားကို) မမြင်ခြင်းသဘော၊ ထိုးထွင်း၍မသိတတ်သော သဘော။ (အမှန်တရားအား) လျော်စွာ မသိတတ်သောသဘော။ (အနိစ္စစသည်တို့နှင့်) ယှဉ်၍ မသိတတ်သော သဘော (မှားယွင်းစွာ သိတတ်သော သဘော)၊ ထိုးထွင်း၍ မသိခြင်းသဘော။ (အနိစ္စစသည်ဖြင့်) မယူတတ်သော သဘော။ (အမှန်တရားကို) သက်ဝင်၍ (နားလည်၍) မယူတတ်သောသဘော၊ ညီညီညွတ်ညွတ် မရှုတတ် (အနိစ္စစသည်ကို နိစ္စစသည်ဟု မညီမညွတ်ရှုတတ်) သော သဘော၊ မဆင်ခြင်တတ်သော သဘော၊ မျက်မှောက် မရှုတတ်သော သဘော (အကောင်းအဆိုးကိုမဝေခွဲတတ်သော သဘော)။ (စိတ်) ဖြူစင်သန့်ရှင်းမှုကို ဖျက်ဆီးကြောင်းသဘော၊ လူမိုက်ဖြစ်ကြောင်းသဘော၊ ကောင်းစွာ (ခွဲခွဲခြားခြား) အပြားအားဖြင့် မသိတတ်သော သဘော။ (အမှန်သဘော၌) တွေဝေခြင်းသဘော (အမှန်ကို မသိမှု)။ (အမှန်သဘော၌) ပြင်းစွာတွေဝေခြင်းသဘော၊ ထက်ဝန်းကျင် (တရားအားလုံး၌) တွေဝေခြင်း သဘော၊ သိအပ်သည်ကို မသိခြင်း (သစ္စာလေးပါးကို မသိခြင်း) သဘော။ (ဝဋ်ဆင်းရဲ၌) နစ်မြုပ်စေတတ် သော မသိမှုသဘော ‘အဝိဇ္ဇောဃ’။ (ဝဋ်ဆင်းရဲ၌) ယှဉ်စေတတ်သော မသိမှုသဘော ‘အဝိဇ္ဇာယောဂ’၊ အစဉ်ကိန်းဝပ်တတ်သောမသိမှုသဘော၊ တစ်နည်း- လျောက်ပတ်သော အကြောင်းကိုရလျှင် (အကြောင်း ညီညွတ်လျှင်) ဖြစ်တတ်သော သဘော ‘အဝိဇ္ဇာနုသယ’။ (စိတ်၌ ကိလေသာတို့၏) ထကြွသောင်းကျန်းခြင်းဟူသောမသိမှုသဘော ‘အဝိဇ္ဇာပရိယုဋ္ဌာန’။ (စီးပွါးချမ်းသာသို့ မရောက်နိုင်အောင် ပိတ်ပင်တတ်သဖြင့်) တံခါးကျည် (မင်းတုပ်) နှင့်တူသော မသိမှုသဘော ‘အဝိဇ္ဇာလင်္ဂီ’၊ အကုသိုလ်တို့၏ အခြေအမြစ်ဖြစ်သော တွေဝေမှု ‘မောဟအကုသလမူလ’ သည် (ရှိ၏)။ ဤ (ဆိုအပ်ခဲ့ပြီးသော) သဘောကို အဝိဇ္ဇာနီဝရဏဟူ၍ဆိုအပ်၏။ (၁၁၀၆,၁၂၃၈)

ဤတရားတို့သည် ‘နီဝရဏ’မည်ကုန်၏ (လောဘ, ဒေါသ, ထိန, မိဒ္ဓ, ဥဒ္ဓစ္စ, ကုက္ကစ္စ, ဝိစိကိစ္ဆာ,မောဟဟူသော နီဝရဏတရားကိုယ်ရှစ်ပါး)။

နော နီဝရဏတရား

၁၁၆၉။ (၂) အဘယ်တရားတို့သည် ‘နီဝရဏ'မမည်သော ‘နော နီဝရဏ’ တရားဖြစ်ကုန်သနည်း။

ထို (နီဝရဏ) တရားတို့ကို ချန်ထား၍ ကြွင်းကျန် ကုန်သော, ကာမဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်ကုန်သော, ရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်ကုန်သော, အရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်ကုန်သော, ဘုံသုံးပါး၌ အကျုံးမဝင်ကုန်သော ကုသိုလ်တရား၊ အကုသိုလ်တရား၊ အဗျာကတတရားဖြစ်သည့် ခံစားမှုအစု ဝေဒနာက္ခန္ဓာ’။ပ။ အထူးသိမှု (စိတ်) အစု ‘ဝိညာဏက္ခန္ဓာ’ ၊ ထို့ပြင် အလုံးစုံသော ရုပ်၊ ထို့ပြင် (ကံ, စိတ်, ဥတု, အာဟာရဟူသော အကြောင်း တရားတို့) မပြုပြင်မစီရင်အပ်သော သဘော ‘အသင်္ခတဓာတ်’ (နိဗ္ဗာန်) သည် (ရှိ၏)။ ဤတရားတို့သည်နီဝရဏမမည်သော ‘နော နီဝရဏ’ တရား ဖြစ်ကုန်၏ (စိတ်, နီဝရဏတရားကိုယ်ရှစ်ပါးမှ တစ်ပါးအခြားသော စေတသိက်, ရုပ်, နိဗ္ဗာန်)။

--

၂-နီဝရဏိယဒုက်

နီဝရဏိယတရား

၁၁၇၀။ (၁) အဘယ်တရားတို့သည် ‘နီဝရဏ'တို့၏ အာရုံဖြစ်သော ‘နီဝရဏိယ’ တရား ဖြစ်ကုန်သနည်း။

အာသဝတရားတို့၏ အာရုံဖြစ်ကုန်သော, ကာမဘုံ၌ ကျင်လည်သက်ဝင်၍ဖြစ်ကုန်သော, ရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်ကုန်သော, အရူပဘုံ၌ ကျင်လည်သက်ဝင်၍ဖြစ်ကုန်သော ကုသိုလ်တရား၊ အကုသိုလ်တရား၊ အဗျာကတတရားဖြစ်သည့် ရုပ်အစု ‘ရူပက္ခန္ဓာ’။ပ။ အထူးသိမှု (စိတ်) အစု ‘ဝိညာဏက္ခန္ဓာ’ သည် (ရှိ၏)။ ဤတရားတို့သည် ‘နီဝရဏ'တို့၏ အာရုံဖြစ်သော ‘နီဝရဏိယ’ တရားတို့ ဖြစ်ကုန်၏ (လောကီစိတ်, စေတသိက်, ရုပ်)။

အနီဝရဏိယတရား

၁၁၇၁။ (၂) အဘယ်တရားတို့သည် ‘နီဝရဏ'တို့၏ အာရုံမဖြစ်သော ‘အနီဝရဏိယ’ တရားတို့ ဖြစ်ကုန်သနည်း။

ဘုံသုံးပါး၌ အကျုံးမဝင်ကုန်သော မဂ်တို့သည်လည်းကောင်း၊ မဂ်၏အကျိုး (ဖိုလ်) တို့သည်လည်းကောင်း။ (ကံ, စိတ်, ဥတု, အာဟာရဟူသောအကြောင်းတရားတို့) မပြုပြင် မစီရင်အပ်သောသဘော ‘အသင်္ခတဓာတ်’ (နိဗ္ဗာန်) သည်လည်း ကောင်း (ရှိ၏)။ ဤတရားတို့သည် ‘နီဝရဏ'တို့၏ အာရုံမဖြစ်သော ‘အနီဝရဏိယ’ တရားတို့ ဖြစ်ကုန်၏ (မဂ်,ဖိုလ်, နိဗ္ဗာန်)။

--

၃-နီဝရဏသမ္ပယုတ္တဒုက်

နီဝရဏသမ္ပယုတ္တတရား

၁၁၇၂။ (၁) အဘယ်တရားတို့သည် ‘နီဝရဏ’ နှင့်ယှဉ်သော ‘နီဝရဏသမ္ပယုတ္တ’ တရား ဖြစ်ကုန်သနည်း။

ထို (နီဝရဏ) တရားတို့နှင့် ယှဉ်ကုန် သော ခံစားမှုအစု ‘ဝေဒနာက္ခန္ဓာ’။ပ။ အထူးသိမှု (စိတ်) အစု ‘ဝိညာဏက္ခန္ဓာ’ ဟူသော အကြင်တရား တို့သည် (ရှိကုန်၏)။ ဤတရားတို့သည် ‘နီဝရဏ’ နှင့် ယှဉ်သော ‘နီဝရဏသမ္ပယုတ္တ’ တရား ဖြစ်ကုန်၏ (အကုသိုလ်စိတ်, ယှဉ်ဖက် စေတသိက်)။

နီဝရဏဝိပ္ပယုတ္တတရား

၁၁၇၃။ (၂) အဘယ်တရားတို့သည် ‘နီဝရဏ’ နှင့် မယှဉ်သော ‘နီဝရဏဝိပ္ပယုတ္တ’ တရားဖြစ်ကုန်သနည်း။

ထို (နီဝရဏ) တရားတို့နှင့် မယှဉ်ကုန်သော ခံစားမှုအစု ‘ဝေဒနာက္ခန္ဓာ’။ပ။ အထူးသိမှု (စိတ်) အစု ‘ဝိညာဏက္ခန္ဓာ’ ထို့ပြင် အလုံးစုံသောရုပ်၊ ထို့ပြင် (ကံ, စိတ်, ဥတု, အာဟာရဟူသော အကြောင်းတရားတို့) မပြုပြင် မစီရင်အပ်သော သဘော ‘အသင်္ခတဓာတ်’ (နိဗ္ဗာန်)ဟူသော အကြင်တရားတို့သည် (ရှိကုန်၏)။ ဤတရားတို့သည် ‘နီဝရဏ’ နှင့် မယှဉ်သော ‘နီဝရဏဝိပ္ပယုတ္တ’ တရား ဖြစ်ကုန်၏ (ကုသိုလ်, ဝိပါက်, ကိရိယာစိတ်, ယှဉ်ဖက်စေတသိက်, ရုပ်,နိဗ္ဗာန်)။

--

၄-နီဝရဏ နီဝရဏိယဒုက်

နီဝရဏ နီဝရဏိယတရား

၁၁၇၄။ (၁) အဘယ်တရားတို့သည် နီဝရဏလည်းမည်၍ နီဝရဏတို့၏အာရုံလည်း ဖြစ်သော ‘နီဝရဏ နီဝရဏိယ’ တရား ဖြစ် ကုန်သနည်း။

ထိုနီဝရဏ (တရား) တို့သည်ပင် နီဝရဏလည်း မည်၍ နီဝရဏတို့၏ အာရုံလည်းဖြစ်သော ‘နီဝရဏနီဝရဏိယ’ တရား ဖြစ်ကုန်၏ (နီဝရဏတရားကိုယ်ရှစ်ပါး)။

နီဝရဏိယ နော နီဝရဏတရား

၁၁၇၅။ (၂) အဘယ်တရားတို့သည် နီဝရဏတို့၏ အာရုံသာ ဖြစ်၍နီဝရဏမမည်သော ‘နီဝရဏိယ နော နီဝရဏ’ တရား ဖြစ်ကုန်သနည်း။

အကြင်တရားတို့သည်ထို (နီဝရဏ) တရားတို့ဖြင့် (ထိုနီဝရဏတရားတို့ အာရုံပြုအပ် သဖြင့်) နီဝရဏတို့၏ အာရုံဖြစ်သော ‘နီဝရဏိယ’ တရား ဖြစ်ကုန်၏။ (ထိုနီဝရဏိယတရားတို့၌ ပါရှိ သော) ထို (ယှဉ်ဖက်နီဝရဏ) တရားတို့ကိုချန်ထား၍ ကြွင်းကျန်ကုန်သော, အာသဝတရားတို့၏ အာရုံဖြစ်ကုန်သော, ကာမဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်ကုန်သော, ရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်ကုန်သော, အရူပဘုံ၌ ကျင်လည်သက်ဝင်၍ဖြစ်ကုန်သော ကုသိုလ်တရား၊ အကုသိုလ်တရား၊ အဗျာကတတရားဖြစ်သည့် ရုပ်အစု ‘ရူပက္ခန္ဓာ’။ပ။ အထူးသိမှု (စိတ်) အစု ‘ဝိညာဏက္ခန္ဓာ’ သည် (ရှိ၏)။ ဤတရားတို့သည် နီဝရဏတို့၏ အာရုံသာ ဖြစ်၍နီဝရဏ မမည်သော ‘နီဝရဏိယ နော နီဝရဏ’ တရား ဖြစ်ကုန်၏ (လောကီစိတ်,နီဝရဏတရားကိုယ်ရှစ်ပါး ကြဉ်သော စေတသိက်, ရုပ်)။

--

၅-နီဝရဏ နီဝရဏသမ္ပယုတ္တဒုက်

နီဝရဏ နီဝရဏသမ္ပယုတ္တတရား

၁၁၇၆။ (၁) အဘယ်တရားတို့သည် နီဝရဏလည်း မည်၍ နီဝရဏနှင့်လည်း ယှဉ်သော ‘နီဝရဏ နီဝရဏသမ္ပယုတ္တ’ တရား ဖြစ်ကုန်သနည်း။

ကာမစ္ဆန္ဒနီဝရဏသည်နီဝရဏလည်းမည်၏။ (ယှဉ်ဖက်ဖြစ်သော) အဝိဇ္ဇာ နီဝရဏကြောင့် နီဝရဏနှင့် ယှဉ်သည်လည်း ဖြစ်၏၊ အဝိဇ္ဇာနီဝရဏသည် နီဝရဏလည်း မည်၏။ (ယှဉ် ဖက်ဖြစ်သော) ကာမစ္ဆန္ဒနီဝရဏကြောင့် နီဝရဏနှင့်ယှဉ်သည်လည်း ဖြစ်၏။ ဗျာပါဒနီဝရဏသည် နီဝရဏလည်းမည်၏။ (ယှဉ်ဖက်ဖြစ်သော) အဝိဇ္ဇာနီဝရဏကြောင့် နီဝရဏနှင့်ယှဉ်သည်လည်း ဖြစ်၏၊ အဝိဇ္ဇာနီဝရဏသည် နီဝရဏလည်း မည်၏။ (ယှဉ်ဖက်ဖြစ်သော) ဗျာပါဒနီဝရဏကြောင့် နီဝရဏနှင့် ယှဉ်သည်လည်း ဖြစ်၏။ ထိနမိဒ္ဓနီဝရဏသည် နီဝရဏလည်း မည်၏။ (ယှဉ်ဖက်ဖြစ်သော) အဝိဇ္ဇာနီဝရဏကြောင့် နီဝရဏ နှင့်ယှဉ်သည်လည်း ဖြစ်၏၊ အဝိဇ္ဇာနီဝရဏသည် နီဝရဏလည်း မည်၏။ (ယှဉ်ဖက်ဖြစ်သော) ထိနမိဒ္ဓနီဝရဏကြောင့် နီဝရဏနှင့် ယှဉ်သည်လည်း ဖြစ်၏။ ဥဒ္ဓစ္စနီဝရဏသည် နီဝရဏလည်းမည်၏။ (ယှဉ်ဖက်ဖြစ်သော) အဝိဇ္ဇာနီဝရဏကြောင့် နီဝရဏနှင့်ယှဉ်သည်လည်း ဖြစ်၏၊ အဝိဇ္ဇာနီဝရဏသည် နီဝရဏလည်း မည်၏။ (ယှဉ်ဖက်ဖြစ်သော) ဥဒ္ဓစ္စနီဝရဏကြောင့် နီဝရဏနှင့် ယှဉ်သည်လည်း ဖြစ်၏။ ကုက္ကုစ္စနီဝရဏသည် နီဝရဏလည်း မည်၏။ (ယှဉ်ဖက်ဖြစ်သော) အဝိဇ္ဇာနီဝရဏကြောင့် နီဝရဏ နှင့်ယှဉ်သည်လည်း ဖြစ်၏၊ အဝိဇ္ဇာနီဝရဏသည် နီဝရဏလည်း မည်၏။ (ယှဉ်ဖက်ဖြစ်သော) ကုက္ကုစ္စနီဝရဏကြောင့် နီဝရဏနှင့် ယှဉ်သည်လည်း ဖြစ်၏။ ဝိစိကိစ္ဆာနီဝရဏသည် နီဝရဏလည်း မည်၏။ (ယှဉ်ဖက်ဖြစ်သော) အဝိဇ္ဇာနီဝရဏကြောင့် နီဝရဏ နှင့်ယှဉ်သည်လည်း ဖြစ်၏၊ အဝိဇ္ဇာနီဝရဏသည် နီဝရဏလည်း မည်၏။ (ယှဉ်ဖက်ဖြစ်သော) ဝိစိကိစ္ဆာနီဝရဏကြောင့် နီဝရဏနှင့် ယှဉ်သည်လည်း ဖြစ်၏။ ကာမစ္ဆန္ဒနီဝရဏသည် နီဝရဏလည်း မည်၏။ (ယှဉ်ဖက်ဖြစ်သော) ဥဒ္ဓစ္စနီဝရဏကြောင့် နီဝရဏနှင့်ယှဉ်သည်လည်း ဖြစ်၏၊ ဥဒ္ဓစ္စနီဝရဏသည် နီဝရဏလည်း မည်၏။ (ယှဉ်ဖက်ဖြစ်သော) ကာမစ္ဆန္ဒနီဝရဏကြောင့် နီဝရဏနှင့် ယှဉ်သည်လည်း ဖြစ်၏။ ဗျာပါဒနီဝရဏသည် နီဝရဏလည်း မည်၏။ (ယှဉ်ဖက်ဖြစ်သော) ဥဒ္ဓစ္စနီဝရဏကြောင့် နီဝရဏနှင့်ယှဉ်သည်လည်း ဖြစ်၏၊ ဥဒ္ဓစ္စနီဝရဏသည် နီဝရဏလည်း မည်၏။ (ယှဉ်ဖက်ဖြစ်သော) ဗျာပါဒနီဝရဏကြောင့် နီဝရဏနှင့် ယှဉ်သည်လည်း ဖြစ်၏။ ထိန မိဒ္ဓနီဝရဏသည် နီဝရဏလည်း မည်၏။ (ယှဉ်ဖက်ဖြစ်သော) ဥဒ္ဓစ္စနီဝရဏကြောင့် နီဝရဏနှင့်ယှဉ်သည်လည်း ဖြစ်၏၊ ဥဒ္ဓစ္စနီဝရဏသည် နီဝရဏလည်း မည်၏။ (ယှဉ်ဖက်ဖြစ်သော) ထိနမိဒ္ဓနီဝရဏကြောင့် နီဝရဏနှင့် ယှဉ်သည်လည်း ဖြစ်၏။ ကုက္ကုစ္စနီဝရဏသည် နီဝရဏလည်း မည်၏။ (ယှဉ်ဖက်ဖြစ်သော) ဥဒ္ဓစ္စနီဝရဏကြောင့် နီဝရဏနှင့်ယှဉ်သည်လည်း ဖြစ်၏၊ ဥဒ္ဓစ္စနီဝရဏသည် နီဝရဏလည်း မည်၏။ (ယှဉ်ဖက်ဖြစ်သော) ကုက္ကုစ္စနီဝရဏကြောင့် နီဝရဏနှင့် ယှဉ်သည်လည်း ဖြစ်၏။ ဝိစိကိစ္ဆာနီဝရဏသည် နီဝရဏလည်း မည်၏။ (ယှဉ်ဖက်ဖြစ်သော) ဥဒ္ဓစ္စနီဝရဏကြောင့် နီဝရဏ နှင့်ယှဉ်သည်လည်း ဖြစ်၏၊ ဥဒ္ဓစ္စနီဝရဏသည် နီဝရဏလည်း မည်၏။ (ယှဉ်ဖက်ဖြစ်သော) ဝိစိကိစ္ဆာနီဝရဏကြောင့် နီဝရဏနှင့် ယှဉ်သည်လည်း ဖြစ်၏။ အဝိဇ္ဇာနီဝရဏသည် နီဝရဏလည်း မည်၏။ (ယှဉ်ဖက်ဖြစ်သော) ဥဒ္ဓစ္စနီဝရဏကြောင့် နီဝရဏနှင့်ယှဉ်သည်လည်း ဖြစ်၏၊ ဥဒ္ဓစ္စနီဝရဏသည် နီဝရဏလည်း မည်၏။ (ယှဉ်ဖက်ဖြစ်သော) အဝိဇ္ဇာနီဝရဏကြောင့် နီဝရဏနှင့် ယှဉ်သည်လည်း ဖြစ်၏။ ဤတရားတို့သည် နီဝရဏလည်းမည်၍ နီဝရဏနှင့်လည်း ယှဉ်သော ‘နီဝရဏ နီဝရဏသမ္ပယုတ္တ’ တရား ဖြစ်ကုန်၏ (နီဝရဏတရားကိုယ်ရှစ်ပါး)။

--

နီဝရဏသမ္ပယုတ္တနော နီဝရဏတရား

၁၁၇၇။ (၁) အဘယ်တရားတို့သည် နီဝရဏနှင့်သာ ယှဉ်ကုန်သည်ဖြစ်၍ နီဝရဏမမည်သော ‘နီဝရဏသမ္ပ ယုတ္တနော နီဝရဏ’ တရား ဖြစ်ကုန်သနည်း။

အကြင်တရားတို့သည် ထို (နီဝရဏ) တရားတို့နှင့် ယှဉ် သော ‘နီဝရဏသမ္ပယုတ္တ’ တရား ဖြစ်ကုန်၏။ (ထိုနီဝရဏသမ္ပယုတ္တတရားတို့၌ ပါရှိသော) ထို (ယှဉ်ဖက် နီဝရဏ) တရားတို့ကို ချန်ထား၍ (ကြွင်းကျန်သော) ခံစားမှုအစု ‘ဝေဒနာက္ခန္ဓာ’။ပ။ အထူးသိမှု (စိတ်) အစု ‘ဝိညာဏက္ခန္ဓာ’ သည် (ရှိ၏)။

ဤတရားတို့သည် နီဝရဏနှင့်သာ ယှဉ်ကုန်သည် ဖြစ်၍ နီဝရဏမမည်သော ‘နီဝရဏသမ္ပယုတ္တနောနီဝရဏ’ တရား ဖြစ်ကုန်၏ (အကုသိုလ်စိတ်, နီဝရဏ တရားကိုယ် ကြဉ် သောယှဉ်ဖက် စေတသိက်)။

၆-နီဝရဏဝိပ္ပယုတ္တနီဝရဏိယဒုက်

နီဝရဏဝိပ္ပယုတ္တနီဝရဏိယတရား

၁၁၇၈။ (၁) အဘယ်တရားတို့သည် နီဝရဏနှင့် မယှဉ်ကုန်သည်ဖြစ်၍ နီဝရဏတို့၏ အာရုံသာဖြစ်သော ‘နီဝရဏ ဝိပ္ပယုတ္တနီဝရဏိယ’ တရား ဖြစ်ကုန်သနည်း။

ထို (နီဝရဏ) တရားတို့နှင့် မယှဉ်ကုန်သော, အာသဝ တရားတို့၏ အာရုံဖြစ်ကုန်သော, ကာမဘုံ၌ ကျင်လည် သက်ဝင်၍ ဖြစ်ကုန်သော, ရူပဘုံ၌ ကျင်လည် သက်ဝင်၍ ဖြစ်ကုန်သော, အရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်ကုန်သော ကုသိုလ်တရား၊ အကုသိုလ် တရား၊ အဗျာကတတရားဖြစ်သည့်ရုပ်အစု ‘ရူပက္ခန္ဓာ’။ပ။ အထူးသိမှု (စိတ်) အစု ဝိညာဏက္ခန္ဓာ’ ဟူသော အကြင်တရားတို့သည် (ရှိကုန်၏)။ ဤတရားတို့သည် နီဝရဏတို့နှင့် မယှဉ်ကုန်သည် ဖြစ်၍ နီဝရဏတို့၏ အာရုံသာဖြစ်သော ‘နီဝရဏဝိပ္ပယုတ္တနီဝရဏိယ’ တရား ဖြစ်ကုန်၏ (လောကီကုသိုလ်, လောကီဝိပါက်, ကြိယာစိတ်,ယှဉ်ဖက်စေတသိက်, ရုပ်)။

နီဝရဏဝိပ္ပယုတ္တအနီဝရဏိယတရား

၁၁၇၉။ (၂) အဘယ်တရားတို့သည် နီဝရဏတို့နှင့်လည်းမယှဉ်ကုန်သည်ဖြစ်၍ နီဝရဏတို့၏ အာရုံလည်း မဖြစ်သော (နီဝရဏဝိပ္ပယုတ္တအနီဝရဏိယ’ တရား ဖြစ်ကုန်သနည်း၊ ဘုံသုံးပါး၌ အကျုံးမဝင်ကုန်သောမဂ်တို့ သည်လည်းကောင်း၊ မဂ်၏အကျိုး (ဖိုလ်) တို့သည်လည်းကောင်း။ (ကံ, စိတ်, ဥတု,အာဟာရဟူသော အကြောင်း တရားတို့) မပြုပြင် မစီရင်အပ်သော သဘော ‘အသင်္ခတဓာတ်’ (နိဗ္ဗာန်) သည်လည်းကောင်း (ရှိ၏)။ ဤတရားတို့သည် နီဝရဏတို့နှင့်လည်း မယှဉ်ကုန်သည် ဖြစ်၍နီဝရဏတို့၏ အာရုံလည်း မဖြစ်သော ‘နီဝရဏဝိပ္ပယုတ္တအနီဝရဏိယ’ တရား ဖြစ်ကုန်၏ (မဂ်, ဖိုလ်,နိဗ္ဗာန်)။

နီဝရဏဂေါစ္ဆက ပြီးပြီ။

--

၉-ပရာမာသဂေါစ္ဆက

၁-ပရာမာသဒုက်

ပရာမာသတရား

၁၁၈၀။ (၁) အဘယ်တရားတို့သည် မှားသောအားဖြင့် သုံးသပ်မှု ‘ပရာမာသ’မည်ကုန်သနည်း။

အမြင်မှားမှု ‘ဒိဋ္ဌိ’ သည် မှားသောအားဖြင့်သုံးသပ်မှု ‘ပရာမာသ’ မည်၏။

ဒိဋ္ဌိပရာမာသ

၁၁၈၁။ ထိုစကားရပ်၌ မှားသောအားဖြင့် သုံးသပ်တတ်သော အမြင်မှားမှု ‘ဒိဋ္ဌိပရာမာသ’ ဟူသည် အဘယ်နည်း။ (ခန္ဓာငါးပါးဟူသော) လောကသည် မြဲ၏ဟူ၍လည်း ကောင်း။ (ခန္ဓာငါးပါးဟူသော) လောကသည် မမြဲဟူ၍လည်းကောင်း။ (ခန္ဓာငါးပါးဟူသော) လောကသည် အဆုံး (အပိုင်း အခြား) ရှိ၏ဟူ၍လည်းကောင်း။ (ခန္ဓာငါးပါးဟူသော) လောကသည် အဆုံး (အပိုင်းအခြား) မရှိဟူ၍လည်းကောင်း၊ ထိုအသက် ‘ဇီဝ’ သည်ပင် ထိုကိုယ်တည်းဟူ၍လည်းကောင်း၊ အသက် ‘ဇီဝ’ သည်တစ်ခြား, ကိုယ်သည် တစ်ခြားဟူ၍လည်းကောင်း၊ သတ္တဝါသည် သေပြီးနောက်ဖြစ်၏ဟူ၍လည်းကောင်း၊ သတ္တဝါသည် သေပြီးနောက် မဖြစ်ဟူ၍လည်းကောင်း၊ သတ္တဝါသည်သေပြီးသည့်နောက် ဖြစ်လည်းဖြစ်, မဖြစ်လည်း မဖြစ်ဟူ၍လည်းကောင်း၊ သတ္တဝါသည် သေပြီးနောက်ဖြစ်သည်လည်းမဟုတ်, မဖြစ်သည်လည်း မဟုတ်ဟူ၍လည်းကောင်း။ ဤသို့သဘောရှိသော အကြင် အမြင်မှားမှု။ (ခြောက်ဆယ့်နှစ်ပါးသော) အမြင်မှားမှုတို့၌ ပါဝင်ခြင်းသဘော။ (အမြင်မှန်ကို ပိတ်ဆီးတတ်သော) အမြင်မှားမှုတည်းဟူသော တောအုပ်။ (အမြင်မှန်သို့မရောက်နိုင်အောင် ခက်ခဲစေသော) အမြင်မှားမှု ခရီးခဲ။ (သမ္မာဒိဋ္ဌိကို) ထွင်းဖောက် ဖျက်ဆီးခြင်းသဘော၊ အမြင်မှားမှုတည်းဟူသော ဖောက်ပြန်တုန်လှုပ်ခြင်းသဘော။ (ဝဋ်ဆင်းရဲ၌) တုပ်နှောင်ကြောင်းဖြစ်သော အမြင်မှားမှု။ (အာရုံကို မှားသောအားဖြင့်) မြဲစွာယူတတ်သော သဘော (အယူသည်းသော သဘော)။ (အာရုံကို) မှားသောအားဖြင့် ထပ်ကာထပ်ကာ မြဲစွာ ယူတတ်သော သဘော « (အမြင်မှားမှု၏) တည်ရာဖြစ်သော သဘော]။ (အာရုံကို) မှားသောအားဖြင့် နှလုံးသွင်းတတ်သော သဘော။ (အာရုံကို) မှားသောအားဖြင့် သုံးသပ်တတ်သော သဘော၊ စက်ဆုပ်အပ်သော လမ်းစဉ်၊ မှားသော ခရီးလမ်းကြောင်း၊ မှားယွင်းသော သဘော၊ မှားသော အယူတည်းဟူသော အကျိုးမဲ့တို့၏ဖြစ်ရာ၊ ဖောက်ပြန် မှားယွင်းသောအားဖြင့် စွဲယူခြင်းသဘောသည် (ရှိ၏)။ ဤဆိုအပ်ခဲ့ပြီးသော သဘောကို မှားသောအားဖြင့် သုံးသပ်တတ်သော အမြင်မှားမှု ‘ဒိဋ္ဌိပရာမာသ’ ဟူ၍ ဆိုအပ်၏။ အလုံးစုံသော အမြင်မှားမှု ‘မိစ္ဆာဒိဋ္ဌိ’ သည်လည်းမှားသောအားဖြင့် သုံးသပ်တတ်သော အမြင်မှားမှု ‘ဒိဋ္ဌိပရာမာသ'တည်း ('ဒိဋ္ဌိ’ ဟုဆိုအပ်သော ပရာမာသတရားကိုယ်တစ်ပါး)။ (၃၈၁,၁၁၀၅,၁၁၂၂,၁၁၄၄)။ ဤတရားတို့သည် မှားသောအားဖြင့် သုံးသပ်မှု ‘ပရာမာသ’မည်ကုန်၏။

--

နော ပရာမာသတရား

၁၁၈၂။ (၂) အဘယ်တရားတို့သည် မှားသောအားဖြင့် သုံးသပ်မှု ‘ပရာမာသ'မမည်သော ‘နော ပရာမာသ’ တရား ဖြစ်ကုန်သနည်း။

ထို (ပရာမာသ) တရားတို့ကို ချန်ထား၍ကြွင်းကျန်ကုန်သော, ကာမဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်ကုန် သော, ရူပဘုံ၌ ကျင်လည်သက်ဝင်၍ဖြစ်ကုန်သော, အရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်ကုန်သော, ဘုံသုံးပါး၌ အကျုံးမဝင်ကုန်သောကုသိုလ်တရား၊ အကုသိုလ်တရား၊ ကုသိုလ် အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သော ‘အဗျာကတ’ တရားဖြစ်သည့် ခံစားမှုအစု ‘ဝေဒနာက္ခန္ဓာ’။ပ။ အထူးသိမှု (စိတ်) အစု ‘ဝိညာဏက္ခန္ဓာ’ ၊ ထို့ပြင် အလုံးစုံသော ရုပ်၊ ထို့ပြင် (ကံ, စိတ်, ဥတု, အာဟာရဟူသော အကြောင်း တရားတို့) မပြု ပြင် မစီရင်အပ်သော သဘော ‘အသင်္ခတဓာတ်’ (နိဗ္ဗာန်) သည် (ရှိ၏)။ ဤတရားတို့ သည်မှားသောအားဖြင့် သုံးသပ်မှု ‘ပရာမာသ’ မမည်သော ‘နော ပရာမာသ’ တရား ဖြစ်ကုန်၏ (စိတ်,ဒိဋ္ဌိကြဉ်သော စေတသိက်, ရုပ်, နိဗ္ဗာန်)။

၂-ပရာမဋ္ဌဒုက်

ပရာမဋ္ဌတရား

၁၁၈၃။ (၁) အဘယ်တရားတို့သည် မှားသောအားဖြင့် သုံးသပ်မှု ‘ပရာမာသ'တို့၏အာရုံဖြစ်သော ‘ပရာမဋ္ဌ’ တရား ဖြစ်ကုန်သနည်း။

အာသဝတရားတို့၏အာရုံဖြစ်ကုန်သော, ကာမဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်ကုန်သော, ရူပဘုံ၌ ကျင်လည်သက်ဝင်၍ဖြစ်ကုန်သော, အရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်ကုန်သော ကုသိုလ်တရား၊ အကုသိုလ်တရား၊ ကုသိုလ်အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သော ‘အဗျာကတ’ တရားဖြစ်သည့် ရုပ်အစု ‘ရူပက္ခန္ဓာ’။ပ။ အထူးသိမှု (စိတ်) အစု ‘ဝိညာဏက္ခန္ဓာ’ သည် (ရှိ၏)။ ဤတရားတို့သည် မှားသောအားဖြင့်သုံးသပ်မှု ‘ပရာမာသ'တို့၏ အာရုံဖြစ်သော ‘ပရာမဋ္ဌ’ တရား ဖြစ်ကုန်၏ (လောကီစိတ်, စေတသိက်, ရုပ်)။

အပရာမဋ္ဌတရား

၁၁၈၄။ (၂) အဘယ်တရားတို့သည် မှားသောအားဖြင့် သုံးသပ်မှု ‘ပရာမာသ'တို့၏အာရုံမဖြစ်သော ‘အပရာမဋ္ဌ’ တရား ဖြစ်ကုန်သနည်း။

ဘုံသုံးပါး၌ အကျုံးမဝင်ကုန်သောမဂ်တို့သည်လည်းကောင်း၊ မဂ်၏အကျိုး (ဖိုလ်) တို့သည်လည်းကောင်း။ (ကံ, စိတ်, ဥတု,အာဟာရဟူသော အကြောင်းတရားတို့) မပြုပြင် မစီရင်အပ်သော သဘော ‘အသင်္ခတဓာတ်’ (နိဗ္ဗာန်) သည်လည်းကောင်း (ရှိ၏)။ ဤတရားတို့သည် မှားသောအားဖြင့် သုံးသပ်မှု ‘ပရာမာသ'တို့၏အာရုံမဖြစ်သော ‘အပရာမဋ္ဌ’ တရား ဖြစ်ကုန် ၏ (မဂ်, ဖိုလ်, နိဗ္ဗာန်)။

--

၃-ပရာမာသသမ္ပယုတ္တဒုက်

ပရာမာသသမ္ပယုတ္တတရား

၁၁၈၅။ (၁) အဘယ်တရားတို့သည် မှားသောအားဖြင့်သုံးသပ်မှု ‘ပရာမာသ’ နှင့် ယှဉ်သော ‘ပရာမာသသမ္ပယုတ္တ’ တရား ဖြစ်ကုန်သနည်း။

ထို (ပရာမာသ) တရားတို့နှင့်ယှဉ်ကုန်သော ခံစားမှုအစု ‘ဝေဒနာက္ခန္ဓာ’။ပ။ အထူးသိမှု (စိတ်) အစု ‘ဝိညာဏက္ခန္ဓာ’ ဟူသောအကြင်တရားတို့သည် (ရှိကုန်၏)။ ဤတရားတို့သည် မှားသောအားဖြင့် သုံးသပ်မှု ‘ပရာမာသ’ နှင့်ယှဉ်သော ‘ပရာမာသသမ္ပယုတ္တ’ တရား ဖြစ်ကုန်၏ (ဒိဋ္ဌိဂတသမ္ပယုတ်စိတ်နှင့် ဒိဋ္ဌိ ကြဉ်သောယှဉ်ဖက်စေတသိက်များ)။

ပရာမာသဝိပ္ပယုတ္တတရား

၁၁၈၆။ (၂) အဘယ်တရားတို့သည် မှားသောအားဖြင့်သုံးသပ်မှု ‘ပရာမာသ’ နှင့် မယှဉ်သော ‘ပရာမာသဝိပ္ပယုတ္တ’ တရား ဖြစ်ကုန်သနည်း။

ထို (ပရာမာသ) တရားတို့နှင့်မယှဉ်ကုန်သော ခံစားမှုအစု ‘ဝေဒနာက္ခန္ဓာ’။ပ။ အထူးသိမှု (စိတ်) အစု ‘ဝိညာဏက္ခန္ဓာ’ ၊ ထို့ပြင်အလုံးစုံသောရုပ်၊ ထို့ပြင် (ကံ, စိတ်, ဥတု, အာဟာရဟူသော အကြောင်း တရားတို့) မပြုပြင့်မစီရင်အပ်သော သဘော ‘အသင်္ခတဓာတ်’ (နိဗ္ဗာန်)ဟူသော အကြင်တရားတို့သည် (ရှိကုန်၏)။

ဤတရားတို့သည် မှားသောအားဖြင့်သုံးသပ်မှု ‘ပရာမာသ’ နှင့် မယှဉ်သော ‘ပရာမာသ ဝိပ္ပယုတ္တ’ တရားဖြစ်ကုန်၏ (ဒိဋ္ဌိဂတဝိပ္ပယုတ်, ဒေါသမူ, မောဟမူ, ကုသိုလ်, ဝိပါက်, ကြိယာစိတ်, ဒိဋ္ဌိကြဉ်သောစေတသိက်, ဒိဋ္ဌိပရာမာသ, ရုပ်, နိဗ္ဗာန်)။

--

၄-ပရာမာသ ပရာမဋ္ဌဒုက်

ပရာမာသ ပရာမဋ္ဌတရား

၁၁၈၇။ (၁) အဘယ်တရားတို့သည် ပရာမာသလည်းမည်၍ ပရာမာသတို့၏အာရုံလည်း ဖြစ်သော ‘ပရာမာသ ပရာမဋ္ဌ’ တရား ဖြစ်ကုန်သ နည်း။ ထိုမှားသောအားဖြင့် သုံးသပ်မှု ‘ပရာမာသ’ သည်ပင် ပရာမာသလည်းမည်၍ ပရာမာသတို့၏ အာရုံလည်း ဖြစ်သော ‘ပရာမာသ ပရာမဋ္ဌ’ တရားဖြစ်၏ (ဒိဋ္ဌိဟုဆိုအပ်သော ပရာမာသတရားကိုယ် တစ်ပါး)။

ပရာမဋ္ဌ နော ပရာမာသတရား

၁၁၈၈။ (၂) အဘယ်တရားတို့သည် ပရာမာသ၏ အာရုံသာ ဖြစ်၍ပရာမာသမမည်သော ‘ပရာမဋ္ဌ နော ပရာမာသ’ တရား ဖြစ်ကုန်သနည်း။

အကြင်တရားတို့သည်ထို (ပရာမာသ) တရားတို့ဖြင့် (ထိုပရာမာသတရားတို့ အာရုံပြု အပ်သဖြင့်) ‘ပရာမဋ္ဌ’ တရား မည်ကုန်၏။ (ထို ‘ပရာမဋ္ဌ’ တရားတို့၌ ပါရှိသော) ထို (ယှဉ်ဖက်ပရာမာသ) တရားတို့ကို ချန်ထား၍ကြွင်းကျန်ကုန်သော, အာသဝတရားတို့၏ အာရုံဖြစ်ကုန်သော, ကာမဘုံ၌ ကျင်လည်သက်ဝင်၍ဖြစ်ကုန်သော, ရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်ကုန်သော, အရူပဘုံ၌ ကျင်လည်သက်ဝင်၍ဖြစ်ကုန်သော ကုသိုလ်တရား၊ အကုသိုလ်တရား၊ ကုသိုလ် အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သော ‘အဗျာကတ’ တရားဖြစ်သည့် ရုပ်အစု ‘ရူပက္ခန္ဓာ’။ပ။ အထူးသိမှု (စိတ်) အစု ‘ဝိညာ ဏက္ခန္ဓာ’ သည် (ရှိ၏)။ ဤတရားတို့သည် ‘ပရာမာသ'တို့၏ အာရုံသာဖြစ်၍ ပရာမာသ မမည်သော ‘ပရာမဋ္ဌ နောပရာမာသ’ တရား ဖြစ်ကုန်၏ (လောကီ, စိတ်, ဒိဋ္ဌိကြဉ်သော စေတသိက်, ရုပ်)။

--

၅-ပရာမာသဝိပ္ပယုတ္တပရာမဋ္ဌဒုက်

ပရာမာသဝိပ္ပယုတ္တပရာမဋ္ဌတရား

၁၁၈၉။ (၁) အဘယ်တရားတို့သည် ‘ပရာမာသ’ နှင့် မယှဉ်ကုန်သည်ဖြစ်၍ ပရာမာသတို့၏ အာရုံသာဖြစ်သော ‘ပရာမာသ ဝိပ္ပယုတ္တပရာမဋ္ဌ’ တရား ဖြစ်ကုန်သနည်း။

ထို (ပရာမသ) တရားတို့နှင့် မယှဉ်ကုန်သော, အာသဝ တရားတို့၏ အာရုံဖြစ်ကုန်သော, ကာမဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်ကုန်သော, ရူပဘုံ၌ ကျင်လည် သက်ဝင်၍ ဖြစ်ကုန်သော, အရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်ကုန်သော, ကုသိုလ်တရား၊ အကုသိုလ် တရား၊ ကုသိုလ် အကုသိုလ်အဖြစ်ဖြင့်မဟောအပ်သော ‘အဗျာကတ’ တရား ဖြစ်သည့် ရုပ်အစု ‘ရူပက္ခန္ဓာ’။ပ။ အထူးသိမှု (စိတ်) အစု ‘ဝိညာဏက္ခန္ဓာ’ ဟူသော အကြင်တရားတို့သည် (ရှိကုန်၏)။ ဤတရား တို့သည် ‘ပရာမာသ’ နှင့်မယှဉ်ကုန်သည် ဖြစ်၍ ‘ပရာမာသ'တို့၏ အာရုံသာဖြစ်သော ‘ပရာမာသ ဝိပ္ပယုတ္တပရာမဋ္ဌ’ တရားဖြစ်ကုန်၏ (ဒိဋ္ဌိဂတဝိပ္ပယုတ်, ဒေါသမူ, မောဟမူ, လောကီကုသိုလ်, လောကီ ဝိပါက်, ကြိယာစိတ်,ဒိဋ္ဌိကြဉ်သော စေတသိက်, ဒိဋ္ဌိပရာမာသ, ရုပ်)။

ပရာမာသဝိပ္ပယုတ္တအပရာမဋ္ဌတရား

၁၁၉၀။ (၂) အဘယ်တရားတို့သည် ‘ပရာမာသ’ နှင့်လည်း မယှဉ်ကုန်သည် ဖြစ်၍ ‘ပရာမာသ'တို့၏ အာရုံလည်း မဖြစ်သော ‘ပရာမာသဝိပ္ပယုတ္တအပရာမဋ္ဌ’ တရားဖြစ်ကုန်သနည်း။

ဘုံသုံးပါး၌ အကျုံးမဝင်ကုန်သော မဂ်တို့သည်လည်းကောင်း၊ မဂ်၏အကျိုး (ဖိုလ်) တို့သည်လည်းကောင်း။ (ကံ, စိတ်, ဥတု, အာဟာရဟူသော အကြောင်းတရားတို့) မပြုပြင် မစီရင်အပ်သောသဘော ‘အသင်္ခတဓာတ်’ (နိဗ္ဗာန်) သည်လည်းကောင်း (ရှိ၏)။

ဤတရားတို့သည် ‘ပရာမာသ’ နှင့်လည်း မယှဉ်ကုန်သည် ဖြစ်၍ ‘ပရာမာသ'တို့၏ အာရုံလည်းမဖြစ်သော ‘ပရာမာသဝိပ္ပယုတ္တအပရာမဋ္ဌ’ တရား ဖြစ်ကုန်၏ (မဂ်, ဖိုလ်, နိဗ္ဗာန်)။

ပရာမာသဂေါစ္ဆက ပြီးပြီ။

--

၁၀-မဟန္တရဒုက်

၁-သာရမ္မဏဒုက်

သာရမ္မဏတရား

၁၁၉၁။ (၁) အဘယ်တရားတို့သည် အာရုံပြုခြင်းရှိသော (အာရုံပြုတတ်သော) ‘သာရမ္မဏ’ တရား ဖြစ်ကုန်သနည်း။

ခံစားမှုအစု ‘ဝေဒနာက္ခန္ဓာ’ ၊ မှတ်သားမှုအစု ‘သညာက္ခန္ဓာ’ ၊ ပြုပြင်မှုအစု ‘သင်္ခါရက္ခန္ဓာ’ ၊ အထူးသိမှု (စိတ်) အစု ‘ဝိညာဏက္ခန္ဓာ’ သည် (ရှိ၏)။

ဤတရားတို့သည် အာရုံပြုခြင်းရှိသော (အာရုံပြုတတ်သော) ‘သာရမ္မဏ’ တရား ဖြစ်ကုန်၏ (အာရုံပြုတတ်သော စိတ်, စေတသိက်)။

အနာရမ္မဏတရား

၁၁၉၂။ (၂) အဘယ်တရားတို့သည် အာရုံပြုခြင်းမရှိသော (အာရုံမပြုတတ်သော) ‘အနာရမ္မဏ’ တရား ဖြစ်ကုန်သနည်း။

အလုံးစုံသော ရုပ်သည်လည်းကောင်း။ (ကံ, စိတ်, ဥတု, အာဟာရဟူသောအကြောင်းတရားတို့) မပြုပြင် မစီရင်အပ်သော သဘော ‘အသင်္ခတဓာတ်’ (နိဗ္ဗာန်) သည်လည်းကောင်း (ရှိ၏)။ ဤတရားတို့သည် အာရုံပြုခြင်း မရှိသော (အာရုံမပြုတတ်သော) ‘အနာရမ္မာဏ’ တရား ဖြစ်ကုန်၏ (အာရုံမပြုတတ်သော ရုပ်, နိဗ္ဗာန်)။

၂-စိတ္တဒုက်

စိတ္တတရား

၁၁၉၃။ (၁) အဘယ်တရားတို့သည် စိတ်မည်သော ‘စိတ္တ’ တရားဖြစ်ကုန်သနည်း။

မြင်သိစိတ် ‘စက္ခုဝိညာဏ်’ ၊ ကြားသိစိတ် ‘သောတဝိညာဏ်’ ၊ နံသိစိတ် ‘ဃာန ဝိညာဏ်’ ၊ လျက်သိစိတ် ‘ဇိဝှါဝိညာဏ်’ ၊ ထိသိစိတ် ‘ကာယဝိညာဏ်’။ (အာရုံငါးပါးကို) သိကာမျှသဘော ‘မနောဓာတ်’ (သမ္ပဋိစ္ဆနဒွေ, ပဉ္စဒွါရဝဇ္ဇန)။ (အာရုံခြောက်ပါးကို) အထူးသိမှုသဘော ‘မနောဝိညာဏ ဓာတ်’ သည် (ရှိ၏)။ ဤ တရားတို့သည် စိတ်မည်သော ‘စိတ္တ’ တရား ဖြစ်ကုန်၏ (စိတ် ၈၉)။

နော စိတ္တတရား

၁၁၉၄။ (၂) အဘယ်တရားတို့သည် စိတ်မမည်သော ‘နော စိတ္တ’ တရား ဖြစ်ကုန်သနည်း။

ခံစားမှုအစု ‘ဝေဒနာက္ခန္ဓာ’ ၊ မှတ်သားမှုအစု ‘သညာက္ခန္ဓာ’ ၊ ပြုပြင်မှုအစု ‘သင်္ခါရက္ခန္ဓာ’ ၊ ထို့ပြင်အလုံးစုံသောရုပ်၊ ထို့ပြင် (ကံ, စိတ်, ဥတု, အာဟာရဟူသော အကြောင်းတရားတို့) မပြုပြင်မစီရင်အပ်သော သဘော ‘အသင်္ခတဓာတ်’ (နိဗ္ဗာန်) သည် (ရှိ၏)။ ဤ တရားတို့သည် စိတ်မမည်သော ‘နော စိတ္တ’ တရား ဖြစ်ကုန်၏ (စေတသိက်, ရုပ်, နိဗ္ဗာန်)။

--

၃-စေတသိကဒုက်

စေတသိကတရား

၁၁၉၅။ (၁) အဘယ်တရားတို့သည် စေတသိက်မည်သော ‘စေတသိက’ တရားဖြစ်ကုန်သနည်း။

ခံစားမှုအစု ‘ဝေဒနာက္ခန္ဓာ’ ၊ မှတ်သားမှုအစု ‘သညာက္ခန္ဓာ’ ၊ ပြုပြင်မှုအစု ‘သင်္ခါရက္ခန္ဓာ’ သည် (ရှိ၏)။ ဤတရားတို့သည် စေတသိက်မည်သော ‘စေတသိ က’ တရား ဖြစ်ကုန်၏ (စေတသိက် ၅၂)။

အစေတသိကတရား

၁၁၉၆။ (၂) အဘယ်တရားတို့သည် စေတသိက်မမည်သော ‘အစေတသိက’ တရားဖြစ်ကုန်သနည်း။

စိတ်သည်လည်းကောင်း၊ အလုံးစုံသော ရုပ်သည်လည်းကောင်း။ (ကံ, စိတ်,ဥတု, အာဟာရဟူသော အကြောင်းတရားတို့) မပြုပြင် မစီရင်အပ်သော သဘော ‘အသင်္ခတဓာတ်’ (နိဗ္ဗာန်) သည်လည်းကောင်း (ရှိ၏)။ ဤတရားတို့သည် စေတသိက် မမည် သော ‘အစေတသိက’ တရားဖြစ်ကုန်၏ (စိတ်, ရုပ်, နိဗ္ဗာန်)။

၄-စိတ္တသမ္ပယုတ္တဒုက်

စိတ္တသမ္ပယုတ္တတရား

၁၁၉၇။ (၁) အဘယ်တရားတို့သည် စိတ်နှင့် ယှဉ်သော ‘စိတ္တသမ္ပယုတ္တ’ တရားဖြစ်ကုန်သနည်း။

ခံစားမှုအစု ‘ဝေဒနာက္ခန္ဓာ’ ၊ မှတ်သားမှုအစု ‘သညာက္ခန္ဓာ’ ၊ ပြုပြင်မှုအစု ‘သင်္ခါရက္ခန္ဓာ’ သည် (ရှိ၏)။ ဤတရားတို့သည် စိတ်နှင့်ယှဉ်သော ‘စိတ္တသမ္ပယုတ္တ’ တရား ဖြစ်ကုန်၏့ (စိတ်နှင့် ယှဉ်သော စေတသိက် ၅၂)။

စိတ္တဝိပ္ပယုတ္တတရား

၁၁၉၈။ (၂) အဘယ်တရားတို့သည် စိတ်နှင့် မယှဉ်သော ‘စိတ္တဝိပ္ပယုတ္တ’ တရားဖြစ်ကုန်သနည်း။

အလုံးစုံသော ရုပ်သည်လည်းကောင်း။ (ကံ, စိတ်, ဥတု, အာဟာရဟူသောအကြောင်းတရားတို့) မပြုပြင် မစီရင်အပ်သောသဘော ‘အသင်္ခတဓာတ်’ (နိဗ္ဗာန်) သည်လည်းကောင်း (ရှိ၏)။ ဤတရားတို့သည် စိတ်နှင့် မယှဉ်သော ‘စိတ္တဝိပ္ပယုတ္တ’ တရား ဖြစ်ကုန်၏ (ရုပ်, နိဗ္ဗာန်)။ စိတ်ကိုစိတ်နှင့်ယှဉ်၏ဟူ၍လည်းကောင်း၊ စိတ်နှင့်မယှဉ်ဟူ၍လည်းကောင်း မဆိုအပ် မဆိုထိုက်။

--

၅-စိတ္တသံသဋ္ဌဒုက်

စိတ္တသံသဋ္ဌတရား

၁၁၉၉။ (၁) အဘယ်တရားတို့သည် စိတ်နှင့်ရောနှောသော (ယှဉ်သော) ‘စိတ္တသံသဋ္ဌ’ တရားဖြစ်ကုန်သနည်း။

ခံစားမှုအစု ‘ဝေဒနာက္ခန္ဓာ’ ၊ မှတ်သားမှုအစု ‘သညာက္ခန္ဓာ’ ၊ ပြုပြင်မှုအစု ‘သင်္ခါရက္ခန္ဓာ’ သည် (ရှိ၏)။ ဤတရားတို့သည် စိတ်နှင့်ရောနှောသော (ယှဉ် သော) ‘စိတ္တသံသဋ္ဌ’ တရား ဖြစ်ကုန်၏ (စိတ်နှင့် ရောနှောသော စေတသိက် ၅၂)။

စိတ္တဝိသံသဋ္ဌတရား

၁၂၀၀။ (၂) အဘယ်တရားတို့သည် စိတ်နှင့် မရောနှောသော (မယှဉ်သော) ‘စိတ္တဝိသံသဋ္ဌ’ တရား ဖြစ်ကုန်သနည်း။

အလုံးစုံသော ရုပ်သည်လည်းကောင်း။ (ကံ, စိတ်, ဥတု, အာဟာရဟူသောအကြောင်းတရားတို့) မပြုပြင်မစီရင်အပ်သော သဘောအသင်္ခတဓာတ်’ (နိဗ္ဗာန်) သည်လည်ကောင်း (ရှိ၏)။ ဤတရားတို့သည် စိတ်နှင့် မရောနှောသော (မယှဉ်သော) ‘စိတ္တဝိသံသဋ္ဌ’ တရား ဖြစ်ကုန်၏ (ရုပ်, နိဗ္ဗာန်)။ စိတ်ကို စိတ်နှင့်ရောနှော၏ဟူ၍လည်းကောင်း၊ စိတ်နှင့် မရောနှောဟူ၍လည်းကောင်း မဆိုအပ် မဆိုထိုက်။

၆-စိတ္တသမုဋ္ဌာနဒုက်

စိတ္တသမုဋ္ဌာနတရား

၁၂၀၁။ (၁) အဘယ်တရားတို့သည် စိတ်လျှင် ဖြစ်ကြောင်းရှိသော (စိတ်ကြောင့်ဖြစ်သော) ‘စိတ္တသမုဋ္ဌာန’ တရား ဖြစ်ကုန်သနည်း။

ခံစားမှုအစု ‘ဝေဒနာက္ခန္ဓာ’ ၊ မှတ်သားမှုအစု ‘သညာက္ခန္ဓာ’ ၊ ပြု ပြင်မှုအစု ‘သင်္ခါရက္ခန္ဓာ’။ (မိမိအလိုဆန္ဒကို) ကိုယ် အမူအရာဖြင့် သိစေမှု ‘ကာယဝိညတ်’။ (မိမိအလိုဆန္ဒကို) နှုတ်မြွက်ခြင်းဖြင့် သိစေမှု ‘ဝစီဝိညတ်’ သည် (ရှိ၏)။ ထို့ပြင် (ဆိုအပ်ခဲ့ပြီးသော ရုပ်တို့မှ) တစ်မျိုးတခြားဖြစ်သော , စိတ်ကြောင့်ဖြစ်သော , စိတ်ဟူသောအကြောင်းရှိသော, စိတ်လျှင်ဖြစ်ကြောင်းရှိသော, မြင်သိစိတ်ဖြစ်ကြောင်း အဆင်း ‘ရူပါယတန’ ၊ ကြားသိစိတ်ဖြစ်ကြောင်း အသံ ‘သဒ္ဒါယတန’ ၊ နံသိစိတ်ဖြစ်ကြောင်း အနံ့ ‘ဂန္ဓာယတန’ ၊ လျက်သိစိတ်ဖြစ်ကြောင်း အရသာ ‘ရသာယတန’ ၊ ထိသိစိတ်ဖြစ်ကြောင်း အတွေ့ ‘ဖောဋ္ဌဗ္ဗာယတန’ ၊ မရေးခြစ်အပ်သော (ရေးခြစ်၍ မထင်သော ကောင်းကင်ဟင်းလင်း) သဘော ‘အာကာသဓာတ်’ ၊ ရေဟူသော (ဖွဲ့စည်းမှု) သဘော ‘အာပေါဓာတ်’။ (နိပ္ဖန္န) ရုပ်၏ လျင်မြန် ပေါ့ပါးမှု ‘ရူပဿ လဟုတာ’။ (နိပ္ဖန္န) ရုပ်၏ နူးညံ့မှု ‘ရူပဿ မုဒုတာ’။ (နိပ္ဖန္န) ရုပ်၏ အလုပ်၌ ခံ့မှု (အမှုကိစ္စတို့၌ ပြီးမြောက်အောင် လိုက်လျော ဆောင်ရွက်နိုင်မှု) ‘ရူပဿ ကမ္မညတာ’။ (နိပ္ဖန္န) ရုပ်၏ ဖြစ်စ ‘ရူပဿ ဥပစယ’။ (နိပ္ဖန္န) ရုပ်၏ ကြီးပွါးဆဲအစဉ် ‘ရူပဿ သန္တတိ’ ၊ အလုတ်အလွေး ပြုအပ်သော အစာ ‘ကဗဠီကာရ အာဟာရ’ ဟူသော အကြင်ရုပ်လည်း ရှိသေး၏။ ဤတရားတို့သည် စိတ်လျှင် ဖြစ်ကြောင်းရှိသော (စိတ်ကြောင့်ဖြစ်သော) ‘စိတ္တသမုဋ္ဌာန’ တရား ဖြစ်ကုန်၏ (စေတသိက်- ၅၂, စိတ္တဇရုပ်)။

--

နော စိတ္တသမုဋ္ဌာနတရား

၁၂၀၂။ (၂) အဘယ်တရားတို့သည် စိတ်လျှင် ဖြစ်ကြောင်း မရှိသော (စိတ်ကြောင့်မဖြစ်သော) ‘နော စိတ္တသမုဋ္ဌာန’ တရား ဖြစ်ကုန်သနည်း။

စိတ်သည်လည်းကောင်း။ (စိတ္တဇရုပ်မှ) ကြွင်းကျန်သော ရုပ်သည်လည်းကောင်း။ (ကံ, စိတ်, ဥတု, အာဟာရဟူသောအကြောင်းတရားတို့) မပြုပြင် မစီရင်အပ်သောသဘော ‘အသင်္ခတဓာတ်’ (နိဗ္ဗာန်) သည်လည်းကောင်း (ရှိ၏)။ ဤတရားတို့သည် စိတ်လျှင်ဖြစ်ကြောင်း မရှိသော (စိတ်ကြောင့်မဖြစ်သော) ‘နော့စိတ္တသမုဋ္ဌာန’ တရား ဖြစ်ကုန်၏ (စိတ်, ကမ္မဇ, ဥတုဇ, အာဟာရဇရုပ်, နိဗ္ဗာန်)။

၇-စိတ္တသဟဘုဒုက်

စိတ္တသဟဘုတရား

၁၂၀၃။ (၁) အဘယ်တရားတို့သည် စိတ်နှင့် အတူတကွဖြစ်သော (စိတ်နှင့် အတူဖြစ်, အတူပျက်သော) ‘စိတ္တသဟဘု’ တရား ဖြစ်ကုန်သနည်း။

ခံစားမှု အစု ‘ဝေဒနာက္ခန္ဓာ’ ၊ မှတ်သားမှုအစု ‘သညာက္ခန္ဓာ’ ၊ ပြုပြင်မှုအစု ‘သင်္ခါရက္ခန္ဓာ’။ (မိမိအလိုဆန္ဒကို) ကိုယ် အမူအရာဖြင့်သိစေမှု ‘ကာယဝိညတ်’။ (မိမိအလိုဆန္ဒကို) နှုတ်မြွက်ခြင်းဖြင့် သိစေမှု ‘ဝစီဝိညတ်’ သည် (ရှိ၏)။

ဤတရားတို့သည် စိတ်နှင့် အတူတကွဖြစ်သော (စိတ်နှင့်အတူဖြစ်, အတူပျက်သော) ‘စိတ္တသဟဘု’ တရား ဖြစ်ကုန်၏ (စေတသိက်- ၅၂, ဝိညတ်ရုပ် နှစ်ပါး)။

နော စိတ္တသဟဘုတရား

၁၂၀၄။ (၂) အဘယ်တရားတို့သည် စိတ်နှင့်အတူတကွ မဖြစ်သော (စိတ်နှင့်အတူဖြစ် အတူပျက်မဟုတ်သော) ‘နော စိတ္တသဟဘု’ တရား ဖြစ်ကုန်သနည်း။

စိတ်သည်လည်းကောင်း။ (ဝိညတ်ရုပ်နှစ်ပါးမှ) ကြွင်းကျန်သော ရုပ်သည်လည်းကောင်း။ (ကံ, စိတ်, ဥတု, အာဟာရဟူသော အကြောင်းတရားတို့) မပြုပြင် မစီရင်အပ်သောသဘော ‘အသင်္ခတဓာတ်’ (နိဗ္ဗာန်) သည်လည်းကောင်း (ရှိ၏)။ ဤတရားတို့သည် စိတ်နှင့်အတူတကွ မဖြစ်သော (စိတ်နှင့်အတူဖြစ်, အတူပျက်မဟုတ်သော) ‘နော စိတ္တသဟဘု’ တရား ဖြစ်ကုန်၏ (စိတ်- ၈၉,ဝိညတ်ရုပ်မှတစ်ပါး အခြား သော ရုပ်, နိဗ္ဗာန်)။

--

၈-စိတ္တာနုပရိဝတ္တိဒုက်

စိတ္တာနုပရိဝတ္တိတရား

၁၂၀၅။ (၁) အဘယ်တရားတို့သည် စိတ်သို့ အစဉ်လိုက်သော (စိတ်နှင့်အတူဖြစ်, အတူပျက်သော) စိတ္တာနုပရိဝတ္တိ’ တရား ဖြစ်ကုန်သနည်း။

ခံစားမှုအစု ‘ဝေဒနာက္ခန္ဓာ’ ၊ မှတ်သားမှုအစု ‘သညာက္ခန္ဓာ’ ၊ ပြုပြင်မှုအစု ‘သင်္ခါရက္ခန္ဓာ’။ (မိမိအလိုဆန္ဒကို) ကိုယ်အမူအရာဖြင့် သိစေမှု ‘ကာယဝိညတ်’။ (မိမိအလိုဆန္ဒကို) နှုတ်မြွက်ခြင်းဖြင့် သိစေမှု ‘ဝစီဝိညတ်’ သည် (ရှိ၏)။

ဤတရားတို့သည် စိတ်သို့ အစဉ်လိုက်သော (စိတ်နှင့် အတူဖြစ်, အတူပျက်သော) ‘စိတ္တာနုပရိဝတ္တိ’ တရားဖြစ်ကုန်၏ (စေတသိက် ၅၂, ဝိညတ်ရုပ်နှစ်ပါး)။

နော စိတ္တာနုပရိဝတ္တိတရား

၁၂၀၆။ (၂) အဘယ်တရားတို့သည် စိတ်သို့ အစဉ်မလိုက်သော (စိတ်နှင့်အတူဖြစ်, အတူပျက် မဟုတ်သော) ‘နော စိတ္တာနုပရိဝတ္တိ’ တရား ဖြစ်ကုန်သနည်း။

စိတ်သည်လည်းကောင်း။ (ဝိညတ်ရုပ်နှစ်ပါးမှ) ကြွင်းကျန်သော ရုပ်သည်လည်းကောင်း။ (ကံ, စိတ်,ဥတု, အာဟာရဟူသော အကြောင်းတရားတို့) မပြုပြင် မစီရင်အပ်သော သဘော ‘အသင်္ခတဓာတ်’ (နိဗ္ဗာန်) သည်လည်းကောင်း (ရှိ၏)။ ဤတရားတို့သည် အစဉ်မလိုက်သော (စိတ်နှင့် အတူဖြစ်,အတူပျက် မဟုတ်သော) ‘နော စိတ္တာနုပရိဝတ္တိ’ တရား ဖြစ်ကုန်၏ (စိတ်- ၈၉, ဝိညတ်ရုပ်မှတစ်ပါးအခြားသော ရုပ်, နိဗ္ဗာန်)။

--

၉-စိတ္တသံသဋ္ဌသမုဋ္ဌာနဒုက်

စိတ္တသံသဋ္ဌသမုဋ္ဌာနတရား

၁၂၀၇။ (၁) အဘယ်တရားတို့သည် စိတ်နှင့်လည်း ရောနှော (စိတ်နှင့်လည်းယှဉ်သော) , စိတ်လျှင်ဖြစ်ကြောင်းလည်းရှိသော (စိတ်ကြောင့်လည်း ဖြစ်သော) စိတ္တသံသဋ္ဌသမုဋ္ဌာန’ တရားဖြစ်ကုန်သနည်း။

ခံစားမှုအစု ‘ဝေဒနာက္ခန္ဓာ’ ၊ မှတ်သားမှုအစု ‘သညာက္ခန္ဓာ’ ၊ ပြုပြင်မှုအစု ‘သင်္ခါရက္ခန္ဓာ’ သည် (ရှိ၏)။ ဤတရားတို့သည် စိတ်နှင့်လည်း ရောနှော, စိတ်လျှင်ဖြစ်ကြောင်းလည်းရှိသော (စိတ်ကြောင့်လည်းဖြစ်သော) ‘စိတ္တသံသဋ္ဌသမုဋ္ဌာန’ တရား ဖြစ်ကုန်၏ (စေတသိက် ၅၂)။

နော စိတ္တသံသဋ္ဌသမုဋ္ဌာနတရား

၁၂၀၈။ (၂) အဘယ်တရားတို့သည် စိတ်နှင့်လည်း မရောနှော (စိတ်နှင့်လည်းမယှဉ်) , စိတ်လျှင် ဖြစ်ကြောင်းလည်းမရှိသော (စိတ်ကြောင့်လည်း မဖြစ်သော) ‘နော့စိတ္တသံသဋ္ဌသမုဋ္ဌာန’ တရား ဖြစ်ကုန်သနည်း။

စိတ်သည်လည်း ကောင်း၊ အလုံးစုံသောရုပ်သည်လည်းကောင်း။ (ကံ, စိတ်, ဥတု, အာဟာရဟူသော အကြောင်းတရား တို့) မပြုပြင်မစီရင်အပ်သော သဘော ‘အသင်္ခတဓာတ်’ (နိဗ္ဗာန်) သည်လည်းကောင်း (ရှိ၏)။ ဤတရား တို့သည်စိတ်နှင့်လည်း မရောနှော (စိတ်နှင့်လည်း မယှဉ်) , စိတ်လျှင် ဖြစ်ကြောင်းလည်း မရှိသော (စိတ်ကြောင့်လည်း မဖြစ်သော) ‘နော စိတ္တသံသဋ္ဌသမုဋ္ဌာန’ တရား ဖြစ်ကုန်၏ (စိတ်, ရုပ်, နိဗ္ဗာန်)။

--

၁၀-စိတ္တသံသဋ္ဌသမုဋ္ဌာနသဟဘုဒုက်

စိတ္တသံသဋ္ဌသမုဋ္ဌာနသဟဘုတရား

၁၂၀၉။ (၁) အဘယ်တရားတို့သည် စိတ်နှင့်လည်း ရောနှော (စိတ်နှင့်လည်း ယှဉ်သော) , စိတ်လျှင်ဖြစ်ကြောင်းလည်း ရှိ (စိတ်ကြောင့်လည်း ဖြစ်သော) , စိတ်နှင့်လည်းတကွဖြစ်သော (စိတ်နှင့် အတူဖြစ်, အတူပျက်သော) ‘စိတ္တသံသဋ္ဌမုဋ္ဌာနသဟဘု’ တရား ဖြစ်ကုန်သနည်း။

ခံစားမှုအစု ‘ဝေဒနာက္ခန္ဓာ’ ၊ မှတ်သားမှုအစု ‘သညာက္ခန္ဓာ’ ၊ ပြုပြင်မှုအစု ‘သင်္ခါရက္ခန္ဓာ’ သည် (ရှိ၏)။

ဤတရားတို့သည် စိတ်နှင့်လည်း ရောနှော (စိတ်နှင့်လည်းယှဉ်) , စိတ်လျှင် ဖြစ်ကြောင်းလည်းရှိ (စိတ်ကြောင့်လည်းဖြစ်) , စိတ်နှင့်လည်း တကွ ဖြစ်သော (စိတ်နှင့် အတူဖြစ် အတူပျက်သော) ‘စိတ္တသံသဋ္ဌ သမုဋ္ဌာန သဟဘု’ တရား ဖြစ်ကုန်၏ (စေတသိက် ၅၂)။

နော စိတ္တသံသဋ္ဌသမုဋ္ဌာနသဟဘုတရား

၁၂၁၀။ (၂) အဘယ်တရားတို့သည် စိတ်နှင့် လည်း မရောနှော (စိတ်နှင့်လည်း မယှဉ်) , စိတ်လျှင် ဖြစ်ကြောင်း လည်း မရှိ (စိတ်ကြောင့်လည်း မဖြစ်) ,စိတ်နှင့်လည်း တကွ မဖြစ်သော (စိတ်နှင့်လည်း အတူဖြစ်, အတူပျက် မဟုတ်သော) ‘နောစိတ္တသံသဋ္ဌသမုဋ္ဌာနသဟဘု’ တရား ဖြစ်ကုန်သနည်း။

စိတ်သည်လည်း ကောင်း၊ အလုံးစုံသောရုပ်သည်လည်းကောင်း။ (ကံ, စိတ်, ဥတု, အာဟာရဟူသော အကြောင်းတရား တို့) မပြု ပြင်မစီရင်အပ်သောသဘော ‘အသင်္ခတဓာတ်’ (နိဗ္ဗာန်) သည်လည်းကောင်း (ရှိ၏)။ ဤ တရားတို့သည်စိတ်နှင့်လည်း မရောနှော (စိတ်နှင့်လည်း မယှဉ်) , စိတ်လျှင် ဖြစ်ကြောင်းလည်း မရှိ (စိတ်ကြောင့်လည်းမဖြစ်) , စိတ်နှင့်လည်း တကွမဖြစ်သော (စိတ်နှင့်လည်းအတူဖြစ်, အတူပျက် မဟုတ်သော) ‘နော စိတ္တသံသဋ္ဌသမုဋ္ဌာနသဟဘု’ တရား ဖြစ်ကုန်၏ (စိတ် ၈၉, ရုပ်, နိဗ္ဗာန်)။

--

၁၁-စိတ္တသံသဋ္ဌသမုဋ္ဌာနာနုပရိဝတ္တိဒုက်

စိတ္တသံသဋ္ဌသမုဋ္ဌာနာနုပရိဝတ္တိတရား

၁၂၁၁။ (၁) အဘယ်တရားတို့သည် စိတ်နှင့်လည်း ရောနှော (စိတ်နှင့်လည်း ယှဉ်) , စိတ်လျှင် ဖြစ်ကြောင်း လည်းရှိ (စိတ်ကြောင့်လည်း ဖြစ်) , စိတ်သို့လည်းအစဉ်လိုက်သော (စိတ်နှင့် အတူဖြစ်, အတူပျက်သော) ‘စိတ္တသံသဋ္ဌသမုဋ္ဌာနာနုပရိဝတ္တိ’ တရားဖြစ်ကုန်သနည်း။

ခံစားမှုအစု ‘ဝေဒနာက္ခန္ဓာ’ ၊ မှတ်သားမှုအစု ‘သညာက္ခန္ဓာ’ ၊ ပြု ပြင်မှုအစု ‘သင်္ခါရက္ခန္ဓာ’ သည် (ရှိ၏)။ ဤတရားတို့သည် စိတ်နှင့်လည်း ရောနှော (စိတ်နှင့်လည်းယှဉ်) ,စိတ်လျှင်ဖြစ်ကြောင်းလည်းရှိ (စိတ်ကြောင့်လည်းဖြစ်) , စိတ်သို့လည်း အစဉ် လိုက်သော (စိတ်နှင့်အတူဖြစ်, အတူပျက်သော) ‘စိတ္တသံသဋ္ဌ သမုဋ္ဌာနာ နုပရိဝတ္တိ’ တရား ဖြစ်ကုန်၏ (စေတသိက်- ၅၂)။

နော စိတ္တသံသဋ္ဌသမုဋ္ဌာနာနုပရိဝတ္တိတရား

၁၂၁၂။ (၂) အဘယ်တရားတို့သည် စိတ်နှင့်လည်း မရောနှော (စိတ်နှင့်လည်း မယှဉ်) , စိတ်လျှင် ဖြစ်ကြောင်းလည်း မရှိ (စိတ်ကြောင့်လည်း မဖြစ်) ,စိတ်သို့လည်း အစဉ်မလိုက်သော (စိတ်နှင့် အတူ ဖြစ်, အတူပျက်လည်း မဟုတ်သော) ‘နောစိတ္တသံသဋ္ဌသမုဋ္ဌာနာနုပရိဝတ္တိ’ တရား ဖြစ်ကုန်သနည်း၊ စိတ် သည်လည်းကောင်း၊ အလုံးစုံသောရုပ်သည်လည်းကောင်း။ (ကံ, စိတ်, ဥတု, အာဟာရဟူသော အကြောင်းတရားတို့) မပြုပြင်မစီရင်အပ်သော သဘော အသင်္ခတဓာတ် ‘(နိဗ္ဗာန်) သည်လည်းကောင်း (ရှိ၏)။ ဤတရားတို့သည်စိတ်နှင့်လည်း မရောနှော (စိတ်နှင့်လည်းမယှဉ်) , စိတ်လျှင် ဖြစ်ကြောင်းလည်း မရှိ (စိတ်ကြောင့်လည်း မဖြစ်) , စိတ်သို့လည်း အစဉ် မလိုက်သော (စိတ်နှင့် အတူဖြစ်, အတူပျက် လည်း မဟုတ်သော) ‘နော့စိတ္တသံသဋ္ဌသမုဋ္ဌာနာနုပရိဝတ္တိ’ တရား ဖြစ်ကုန်၏ (စိတ် ၈၉, ရုပ်, နိဗ္ဗာန်)။

၁၂-အဇ္ဈတ္တိကဒုက်

အဇ္ဈတ္တိကတရား

၁၂၁၃။ (၁) အဘယ်တရားတို့သည် အတွင်း'အဇ္ဈတ္တ'သန္တာန်၌ ဖြစ်သော ‘အဇ္ဈတ္တိက’ တရားဖြစ်ကုန်သနည်း။

မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ရာ မျက်စိ အကြည် ‘စက္ခာယတန’။ပ။ သိမှုစိတ် ဖြစ်ရာဌာန ‘မနာယတန’ သည် (ရှိ၏)။ ဤတရားတို့သည် အတွင်း ‘အဇ္ဈတ္တ’ သန္တာန်၌ ဖြစ်သော ‘အဇ္ဈတ္တိက’ တရား ဖြစ်ကုန်၏ (စိတ် ၈၉ နှင့် ပသာဒရုပ်ငါးပါး)။

ဗာဟိရတရား

၁၂၁၄။ (၂) အဘယ်တရားတို့သည် အပသန္တာန်၌ ဖြစ်သော ‘ဗာဟိရ’ တရား ဖြစ်ကုန်သနည်း။

မြင်သိစိတ်ဖြစ်ကြောင်း အဆင်း’ ရူပါယတန’။ပ။ သိမှုစိတ် ဖြစ်ကြောင်းသဘော ‘ဓမ္မာယတန’ သည် (ရှိ၏)၊ ဤတရားတို့သည် အပသန္တာန်၌ ဖြစ်သော ‘ဗာဟိရ’ တရား ဖြစ်ကုန်၏ (အာရုံ၆-ပါး)။

--

၁၃-ဥပါဒါဒုက်

ဥပါဒါတရား

၁၂၁၅။ (၁) အဘယ်တရားတို့သည် မှီ၍ ဖြစ်တတ်သော ‘ဥပါဒါ’ တရား ဖြစ်ကုန်သနည်း။

မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ရာ မျက်စိအကြည် ‘စက္ခာယတန’။ပ။ အလုတ် အလွေးပြုအပ်သောအစာ ‘ကဗဠီကာရ အာဟာရ’ သည် (ရှိ၏)။ ဤတရားတို့သည် မှီ၍ ဖြစ်တတ်သော ‘ဥပါဒါ’ တရား ဖြစ်ကုန်၏ (ဥပါဒါရုပ် နှစ်ဆယ့်လေးပါး)။

နော ဥပါဒါတရား

၁၂၁၆။ (၂) အဘယ်တရားတို့သည် မှီ၍ မဖြစ်တတ်သော ‘နော ဥပါဒါ’ တရားဖြစ်ကုန်သနည်း။

ခံစားမှုအစု ‘ဝေဒနာက္ခန္ဓာ’ ၊ မှတ်သားမှုအစု ‘သညာက္ခန္ဓာ’ ၊ ပြုပြင်မှုအစု ‘သင်္ခါရက္ခန္ဓာ’ ၊ အထူးသိမှု (စိတ်) အစု ‘ဝိညာဏက္ခန္ဓာ’ ၊ ထို့ပြင် မဟာဘုတ်လေးပါး၊ ထို့ပြင် (ကံ, စိတ်, ဥတု, အာဟာရဟူသော အကြောင်းတရားတို့) မပြုပြင် မစီရင်အပ်သောသဘော ‘အသင်္ခတဓာတ်’ (နိဗ္ဗာန်) သည် (ရှိ၏)။ ဤတရားတို့သည် မှီ၍ မဖြစ်တတ်သော ‘နော ဥပါဒါ’ တရား ဖြစ်ကုန်၏ (စိတ် ၈၉, စေတသိက် ၅၂, မဟာဘုတ်လေးပါး, နိဗ္ဗာန်)။

--

၁၄-ဥပါဒိဏ္ဏဒုက်

ဥပါဒိဏ္ဏတရား

၁၂၁၇။ (၁) အဘယ်တရားတို့သည် အာရုံပြုသောအားဖြင့် တဏှာ ဒိဋ္ဌိတို့ ကပ်ရောက်အပ်သော ကံသည် (အကျိုး၏ အဖြစ်ဖြင့်) စွဲယူအပ်သော ‘ဥပါဒိဏ္ဏ’ တရား ဖြစ်ကုန်သနည်း (အဘယ်တရားတို့သည် တဏှာ ဒိဋ္ဌိတို့ အာရုံပြုအပ်သည့် ကံ၏အကျိုး ‘ဝိပါက်’ ဖြစ်ကုန်သနည်း)။

အာသဝတရားတို့၏ အာရုံဖြစ်ကုန်သော, ကာမဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ် ကုန်သော, ရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်ကုန်သော, အရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်ကုန်သော,ကုသိုလ် အကုသိုလ်တို့၏ အကျိုး'ဝိပါက်’ ဖြစ်ကုန်သော ခံစားမှု အစု ‘ဝေဒနာက္ခန္ဓာ’။ပ။ အထူးသိမှု (စိတ်) အစု ‘ဝိညာဏက္ခန္ဓာ’၊ ထို့ပြင် ကံကို ပြုအပ်ခဲ့ပြီး သည်၏အဖြစ် (ကံ) ကြောင့် ဖြစ်သော အကြင်ရုပ်သည် (ရှိ၏)။ ဤတရားတို့သည် (တဏှာ ဒိဋ္ဌိတို့ အာရုံပြုအပ် သည့် ကံ၏အကျိုး ‘ဝိပါက်’ ဖြစ်ကုန်သော) ‘ဥပါဒိဏ္ဏ’ တရား ဖြစ်ကုန်၏ (လောကီဝိပါက်စိတ်, ယှဉ်ဖက် စေတသိက်, ကမ္မဇရုပ်)။

အနုပါဒိဏ္ဏတရား

၁၂၁၈။ (၂) အဘယ်တရားတို့သည် အာရုံပြုသောအားဖြင့် တဏှာ ဒိဋ္ဌိတို့ ကပ်ရောက်အပ်သော ကံသည် (အကျိုး၏အဖြစ်ဖြင့်) မစွဲယူအပ်သော ‘အနုပါဒိဏ္ဏ’ တရား ဖြစ်ကုန်သနည်း (အဘယ်တရားတို့သည် တဏှာ ဒိဋ္ဌိတို့ အာရုံပြုအပ်သည့် ကံ၏ အကျိုး ‘ဝိပါက်’ မဟုတ်ကုန်သနည်း)။

အာသဝတရားတို့၏ အာရုံဖြစ်ကုန်သော, ကာမဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်ကုန် သော, ရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်ကုန်သော, အရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်ကုန်သော, ကုသိုလ်တရား၊ အကုသိုလ်တရားဖြစ်သည့် ခံစားမှုအစု ‘ဝေဒနာက္ခန္ဓာ’။ပ။ အထူးသိမှု (စိတ်) အစု ‘ဝိညာဏက္ခန္ဓာ’၊ ထို့ပြင်ကုသိုလ်လည်း မဟုတ်, အကုသိုလ်လည်း မဟုတ်, (ကုသိုလ် အကုသိုလ်) ကံတို့၏ အကျိုး'ဝိပါက်'လည်းမဟုတ်ကုန်သော, ပြုကာမျှ ‘ကိရိယာ’ ဖြစ်သော အကြင်တရား၊ ထို့ပြင် ကံကို ပြုအပ်ခဲ့ပြီးသည်၏အဖြစ် (ကံ) ကြောင့် မဖြစ်သော အကြင် ရုပ်၊ ထို့ပြင် ဘုံသုံးပါး၌ အကျုံး မဝင်ကုန်သော မဂ်၊ ထို့ပြင် မဂ်၏အကျိုး (ဖိုလ်)၊ ထို့ပြင် (ကံ, စိတ်, ဥတု, အာဟာရဟူသော အကြောင်း တရားတို့) မပြု ပြင်မစီရင်အပ်သော သဘော ‘အသင်္ခတဓာတ်’ (နိဗ္ဗာန်) သည် (ရှိ၏)။ ဤတရား တို့သည် (တဏှာ ဒိဋ္ဌိတို့အာရုံပြုအပ်သည့် ကံ၏ အကျိုး'ဝိပါက်’ မဟုတ်သော) ‘အနုပါဒိဏ္ဏ’ တရား ဖြစ်ကုန်၏ (အကုသိုလ်,ကုသိုလ်, ဖိုလ်, ကြိယာစိတ်, ယှဉ်ဖက် စေတသိက်, ကမ္မဇရုပ်မှ တစ်ပါးသော တိဇရုပ်နှင့် နိဗ္ဗာန်)။

မဟန္တရဒုက် ပြီးပြီ။

--

၁၁-ဥပါဒါနဂေါစ္ဆက

၁-ဥပါဒါနဒုက်

ဥပါဒါနတရား

၁၂၁၉။ (၁) အဘယ်တရားတို့သည် ပြင်းစွာယူမှု (ပြင်းစွာစွဲလမ်းမှု) ဥပါဒါန်မည်သော ‘ဥပါဒါန’ တရား ဖြစ်ကုန်သနည်း။

လိုချင်ဖွယ် ‘ကာမ’ ကို ပြင်းစွာယူမှု (စွဲလမ်းမှု) ‘ကာမုပါဒါန်’ ၊ အမြင်မှားမှုကို ပြင်းစွာယူမှု (စွဲလမ်းမှု)၊ တစ်နည်း- ပြင်းစွာ ယူတတ် (စွဲလမ်းတတ်) သော အမြင်မှားမှု ‘ဒိဋ္ဌုပါဒါန်’။ (နွား, ခွေးစသည်တို့၏) အလေ့အကျင့်တို့ကို (စင်ကြယ်၏ဟု) ပြင်းစွာ ယူမှု (စွဲလမ်းမှု) ‘သီလဗ္ဗတုပါဒါန်’။ (အနတ္တဖြစ်သော ရုပ်နာမ်တရားတို့ကို) အတ္တဟု ပြောဆိုကြကြောင်း ဖြစ်သော ပြင်းစွာယူမှု (စွဲလမ်းမှု) ‘အတ္တဝါဒုပါဒါန်’ ဟု ဥပါဒါန်လေးပါး (ရှိကုန်၏)။

ကာမုပါဒါန်

၁၂၂၀။ (၁) ထို (ဥပါဒါန်လေးပါးတို့) တွင် လိုချင်ဖွယ် ‘ကာမ'ကို ပြင်းစွာယူမှု (စွဲလမ်းမှု) ‘ကာမုပါဒါန်’ ဟူသည် အဘယ်နည်း။ လိုချင်ဖွယ် ‘ကာမ'တို့၌ အကြင်လိုချင် တောင့်တမှု ‘ကာမစ္ဆန္ဒ’၊ လိုချင်စွဲလမ်းမှု ‘ကာမရာဂ’၊ လိုချင်နှစ်သက်မှု ‘ကာမနန္ဒီ’၊ လိုချင်တပ်မက်မှု ‘ကာမတဏှာ’၊ လိုချင်ဖွယ် ‘ကာမ’၌ တပ်မက်မှုအစေး ‘ကာမသိနေဟ’၊ လိုချင်ဖွယ် ‘ကာမ’ ဟူသော ပူလောင်မှု,ကာမပရိဠာဟ’၊ လိုချင်မိန်းမောမှု (လိုချင်အားကြီးသဖြင့် မိန်းမောမှု) ‘ကာမမုစ္ဆာ’၊ လိုချင်ဖွယ် ‘ကာမ'ကိုမျို၍ ပြီးဆုံးစေခြင်း (အပြီးအဆုံး အကြွင်းအကျန်မရှိ လိုချင်မှု) သည် (ရှိ၏)။ ဤ (ဆိုအပ်ခဲ့ပြီး သော) သဘောကို ‘ကာမုပါဒါန်’ ဟူ၍ ဆိုအပ်၏ (လောဘ)။ (၁၁၀၃,၁၁၅၉)

ဒိဋ္ဌုပါဒါန်

၁၂၂၁။ (၂) ထို (ဥပါဒါန်လေးပါးတို့) တွင် ပြင်းစွာယူတတ် (စွဲလမ်းတတ်) သော အမြင်မှားမှု ‘ဒိဋ္ဌုပါဒါန်’ ဟူသည် အဘယ်နည်း။ “ပေးလှူရခြင်း (အကျိုး) သည် မရှိ၊ ယစ်ကြီး (အလှူကြီး) ပူဇော်ရခြင်း (အကျိုး) သည် မရှိ၊ ယစ်ငယ် (ဟုန်း) (အလှူငယ်) ပူဇော်ရခြင်း (အကျိုး) သည် မရှိ၊ ကောင်းစွာ ပြုအပ်၊ မကောင်းသဖြင့် ပြုအပ်သော (ကောင်းမှု မကောင်းမှု) ကံတို့၏အကျိုးဖျား (အကျိုးဆက်) ‘ဖလ', အကျိုးရင်း'ဝိပါက်’ သည် မရှိ၊ ဤလောကသည် မရှိ၊ တမလွန်လောကသည် မရှိ၊ အမိ (၌ ကောင်းစွာ ပြုခြင်း, မကောင်းသဖြင့် ပြုခြင်း၏ အကျိုး) မရှိ၊ အဖ (၌ ကောင်းစွာ ပြုခြင်း, မကောင်းသဖြင့် ပြု ခြင်း၏ အကျိုး) မရှိ၊ သေ၍ တစ်ဖန် ဖြစ်သော သတ္တဝါတို့သည် မရှိကုန်၊ ဤလောကကိုလည်းကောင်း၊ တမလွန် လောကကိုလည်းကောင်း ကိုယ်တိုင်ထူးသော ဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုကာ ဟောကြားနိုင်ကုန်သော, ညီညွတ်ကုန်သော, ကောင်းသောအကျင့်ရှိကုန်သော ရဟန်းပုဏ္ဏားတို့သည် လောက၌ မရှိကုန်” ဟု ဤသို့သဘောရှိသော အကြင်အမြင်မှားမှု။ (ခြောက် ဆယ့်နှစ်ပါးသော) အမြင်မှားမှုတို့၌ ပါဝင်ခြင်းသဘော။ (အမြင်မှန်ကိုပိတ်ဆီးတတ်သော) အမြင်မှားမှု တောအုပ်။ (အမြင်မှန်သို့ မရောက်နိုင်အောင် ခက်ခဲစေသော) အမြင်မှားမှု ခရီးခဲ။ (သမ္မာဒိဋ္ဌိကို) ထွင်း ဖောက်ဖျက်ဆီးတတ်ခြင်းသဘော၊ အမြင်မှားမှုတည်းဟူသောဖောက်ပြန် တုန်လှုပ်ခြင်း သဘော။ (ဝဋ် ဆင်းရဲ၌) တုပ်နှောင်ကြောင်းဖြစ်သော အမြင်မှားမှု။ (အာရုံကိုမှားသော အားဖြင့်) မြဲစွာယူတတ်သော သဘော (အယူသည်းသော သဘော)။ (အမြင်မှားမှု၏) တည်ရာဖြစ်သော သဘော [ (အာရုံကို) မှားသောအားဖြင့် နှလုံးသွင်းတတ်သော သဘော]။

--

(အာရုံကို) မှားသောအားဖြင့် နှလုံးသွင်း တတ်သော သဘော။ (အာရုံကို) မှားသောအားဖြင့် သုံးသပ်တတ်သောသဘော၊ စက်ဆုပ်အပ်သောလမ်းစဉ်၊ မှားသော ခရီးလမ်းကြောင်း၊ မှားယွင်းသော သဘော၊ မှားသော အမြင် (မှားသော အယူ) တည်းဟူသော အကျိုးမဲ့တို့၏ တည်ရာ၊ ဖောက်ပြန်မှားယွင်းသောအားဖြင့်) စွဲယူခြင်း သဘောသည် (ရှိ၏)။ ဤဆို အပ်ခဲ့ပြီးသော) သဘောကိုပြင်းစွာယူတတ် (စွဲလမ်းတတ်) သော အမြင်မှားမှု ဒိဋ္ဌုပါဒါန်’ ဟူ၍ ဆိုအပ်၏။ (နွား, ခွေးစသည်တို့၏) အလေ့အကျင့်တို့ကို (စင်ကြယ်၏ဟု) ပြင်းစွာယူမှု (စွဲလမ်းမှု) ‘သီလဗ္ဗတုပါဒါန်’ ကိုလည်းကောင်း။ (အနတ္တဖြစ်သော ရုပ်နာမ်တရား တို့ကို) အတ္တဟု ပြောဆိုကြောင်းဖြစ်သော , ပြင်းစွာယူမှု (စွဲလမ်းမှု) ဖြစ်သော ‘အတ္တဝါဒုပါဒါန်’ ကို လည်းကောင်း ချန်ထား၍ ကြွင်းကျန်သည့် အလုံးစုံသော အမြင်မှားမှုသည်လည်း ပြင်းစွာယူတတ် (စွဲလမ်းတတ်) သော အမြင်မှားမှု ‘ဒိဋ္ဌုပါဒါန်’မည်၏ (ဒိဋ္ဌိ)။ (၃၈၁, ၁၁၀၅,၁၁၂၂,၁၁၄၄)

သီလဗ္ဗတုပါဒါန်

၁၂၂၂။ (၃) ထို (ဥပါဒါန်လေးပါးတို့) တွင် (နွား, ခွေးစသည်တို့၏ အလေ့အကျင့်တို့ကို (စင်ကြယ်၏ဟု) ပြင်းစွာယူမှု (စွဲလမ်းမှု) သီလဗ္ဗတုပါဒါန်’ ဟူသည် အဘယ်နည်း။ ဤသာသနာတော်မှ အပြင်အပဖြစ်ကုန်သော ရဟန်း, ပုဏ္ဏား သမဏ ဗြာဟ္မဏတို့၏"(နွား, ခွေးစသည်တို့၏) အလေ့ ‘သီလ'ဖြင့် (ကိလေသာမှ) စင်ကြယ်၏, (နွား, ခွေးစသည်တို့၏) အလေ့အကျင့်'ဝတ'ဖြင့် (ကိလေသာမှ) စင်ကြယ်၏” ဟု ဤသို့သဘောရှိသော အကြင်အမြင်မှားမှု (ခြောက် ဆယ့်နှစ်ပါးသော) အမြင်မှားမှုတို့၌ ပါဝင်ခြင်းသဘော။ (အမြင်မှန်ကို ပိတ်ဆီးတတ်သော) အမြင်မှား မှုတောအုပ်။ (အမြင်မှန်သို့ မရောက်နိုင်အောင် ခက်ခဲစေသော) အမြင်မှားမှုခရီးခဲ။ (သမ္မာဒိဋ္ဌိ) ကို ထွင်း ဖောက်ဖျက်ဆီးခြင်းသဘော၊ အမြင်မှားမှုတည်းဟူသောဖောက်ပြန်တုန်လှုပ်ခြင်းသဘော။ (ဝဋ်ဆင်းရဲ၌) တုပ်နှောင်ကြောင်းဖြစ်သော အမြင်မှားမှု။ (အာရုံကိုမှားသောအားဖြင့်) မြဲစွာ ယူတတ်သော သဘော (အယူသည်းသော သဘော)။ (အမြင်မှားမှု၏) တည်ရာဖြစ်သော သဘော « (အာရုံကို) မှားသောအားဖြင့် နှလုံးသွင်းတတ်သော သဘော]။ (အာရုံ) ကိုမှားသောအားဖြင့် နှလုံးသွင်း တတ်သော သဘော။ (အာရုံ ကို) မှားသောအားဖြင့် သုံးသပ်တတ်သောသဘော၊ စက်ဆုပ်အပ်သော လမ်းစဉ်၊ မှားသော ခရီး လမ်းကြောင်း၊ မှားယွင်းသော သဘော၊ မှားသောအမြင် (မှားသောအယူ) တည်းဟူသော အကျိုးမဲ့တို့၏ တည်ရာ၊ ဖောက်ပြန်မှားယွင်းသောအားဖြင့် စွဲယူခြင်းသဘောသည် (ရှိ၏)။ ဤ (ဆိုအပ်ခဲ့ပြီးသော) သဘောကို (နွား, ခွေးစသည်တို့၏) အလေ့အကျင့်တို့ကို (စင်ကြယ်၏ဟု) ပြင်းစွာယူမှု (စွဲလမ်းမှု) ‘သီလဗ္ဗတုပါဒါန်’ ဟူ၍ ဆိုအပ်၏ (ဒိဋ္ဌိ)။ (၁၁၄၃,၁၁၄၄)

အတ္တဝါဒုပါဒါန်

၁၂၂၃။ (၄) ထို (ဥပါဒါန်လေးပါးတို့) တွင် (အနတ္တဖြစ်သော ရုပ်နာမ်တရားတို့ကို) အတ္တဟုပြောဆိုကြောင်းဖြစ်သော ပြင်းစွာယူမှု (စွဲလမ်းမှု) ‘အတ္တဝါဒုပါဒါန်’ ဟူသည် အဘယ်နည်း။ ဤလောက၌ အကြားအမြင် မရှိသော, (မဂ်ဉာဏ်, ဖိုလ်ဉာဏ်ရအပ်ပြီးသော) အရိယာတို့ကို (ဉာဏ်ဖြင့်) မြင်လေ့မရှိသော, အရိယာတို့၏ (သတိပဋ္ဌာန်စသော) တရား၌ မကျွမ်း ကျင်သော, အရိယာတို့၏ (သတိပဋ္ဌာန်စသော) တရား၌ (စောင့်စည်းခြင်း, ပယ်ရှားခြင်းအားဖြင့်) မဆုံး မအပ်သော,သူတော်ကောင်းတို့ကို (ဉာဏ်ဖြင့်) မြင်လေ့မရှိသော, သူတော်ကောင်းတို့၏ တရား၌ မကျွမ်းကျင်သော,သူတော်ကောင်းတို့၏ တရား၌ (စောင့်စည်းခြင်း, ပယ်ရှားခြင်းအားဖြင့်) မဆုံးမအပ် သောပုထုဇဉ်သည် -

--

(၁) (က) ရုပ်ကို အတ္တဟု ရှု၏။ (ခ) သို့မဟုတ် အတ္တကို ရုပ်ရှိ၏ဟု ရှု၏ (အတ္တမှာ ရုပ်ရှိ၏၊ တစ်နည်း- ရုပ်ရှိသောအတ္တဟု ရှု၏။

(ဂ) သို့မဟုတ် အတ္တ၌ ရုပ်ကို ရှု၏။ (ဃ) သို့မဟုတ် ရုပ်၌ အတ္တကို ရှု၏။

(၂) (က) ခံစားမှု ‘ဝေဒနာ'ကို။ပ။

(၃) (က) မှတ်သားမှု ‘သညာ’ ကို။ပ။

(၄) (က) ပြုပြင်မှု ‘သင်္ခါရ’ တို့ကို။ပ။

(၅) (က) အထူးသိမှု (စိတ်) ‘ဝိညာဏ်’ ကို အတ္တဟု ရှု၏။ (ခ) သို့မဟုတ် အတ္တကို အထူးသိမှု ‘ဝိညာဏ်’ ရှိ၏ဟု ရှု၏ (အတ္တမှာ ဝိညာဏ်ရှိ၏၊ တစ်နည်း- ဝိညာဏ်ရှိသော အတ္တဟု ရှု၏)။ (ဂ) သို့မဟုတ် အတ္တ၌ အထူးသိမှု ‘ဝိညာဏ်’ ကို ရှု၏။ (ဃ) သို့မဟုတ် အထူးသိမှု ‘ဝိညာဏ်’ ၌ အတ္တကို ရှု၏။ ဤသို့သဘောရှိသော အကြင်အမြင်မှားမှု။ (ခြောက်ဆယ့်နှစ်ပါးသော) အမြင်မှားမှုတို့၌ ပါဝင်ခြင်းသဘော။ (အမြင်မှန်ကို ပိတ်ဆီးတတ်သော) အမြင်မှားမှုတောအုပ်။ (အမြင်မှန်သို့ မရောက်နိုင်အောင်ခက်ခဲစေသော) အမြင်မှားမှုခရီးခဲ။ (သမ္မာဒိဋ္ဌိကို) ထွင်းဖောက်ဖျက်ဆီးခြင်းသဘော၊ အမြင်မှားမှုတည်းဟူသော ဖောက်ပြန်တုန်လှုပ်ခြင်းသဘော။ (ဝဋ်ဆင်းရဲ၌) တုပ်နှောင်ကြောင်းဖြစ်သော အမြင်မှားမှု။ (အာရုံကို မှားသောအားဖြင့်) မြဲစွာ ယူတတ်သောသဘော (အယူသည်းသော သဘော)။ (အမြင်မှားမှု၏) တည်ရာဖြစ်သော သဘော « (အာရုံကို) မှားသောအားဖြင့် ထပ်ကာထပ်ကာ မြဲစွာယူတတ်သောသဘော]၊ မှားသောအားဖြင့် နှလုံးသွင်းတတ်သော သဘော၊ မှားသောအားဖြင့် သုံးသပ်တတ်သော သဘော၊ စက်ဆုပ်အပ်သော လမ်းစဉ်၊ မှားသော ခရီးလမ်းကြောင်း၊ မှားယွင်းသော သဘော၊ မှားသော အယူတည်းဟူသော အကျိုးမဲ့တို့၏ တည်ရာ၊ ဖောက်ပြန် မှားယွင်းသောအားဖြင့် စွဲယူခြင်းသဘောသည် (ရှိ၏)။ ဤဆိုအပ်ခဲ့ပြီးသော သဘောကို (အနတ္တဖြစ်သော ရုပ်နာမ်တရားတို့ကို) အတ္တဟု ပြောဆိုကြောင်း ဖြစ်သော ပြင်းစွာယူမှု (စွဲလမ်းမှု) ‘အတ္တဝါဒုပါဒါန်’ ဟူ၍ ဆိုအပ်၏။ (၃၉၂,၁၀၀၇,၁၁၀၅,၁၁၂၂,၁၁၄၄) ဤတရားတို့သည် ဥပါဒါန်မည်ကုန်၏ (လောဘ, ဒိဋ္ဌိ)။

နော ဥပါဒါနတရား

၁၂၂၄။ (၂) အဘယ်တရားတို့သည် ဥပါဒါန် မမည်သော ‘နော ဥပါဒါန’ တရားဖြစ်ကုန်သနည်း။

ထို (ဥပါဒါန်) တရားတို့ကို ချန်ထား၍ ကြွင်းကျန်ကုန် သော, ကာမဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်ကုန်သော, ရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်ကုန်သော, အရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်ကုန်သော, ဘုံသုံးပါး၌ အကျုံးမဝင်ကုန်သော ကုသိုလ်တရား၊ အကုသိုလ်တရား၊ ကုသိုလ် အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သော ‘အဗျာကတ’ တရား ဖြစ်ကုန်သော ခံစားမှုအစု ‘ဝေဒနာက္ခန္ဓာ’။ပ။ အထူးသိမှု (စိတ်) အစု ‘ဝိညာဏက္ခန္ဓာ’ ၊ ထို့ပြင် အလုံးစုံသော ရုပ်၊ ထို့ပြင် (ကံ, စိတ်, ဥတု, အာဟာရဟူသော အကြောင်းတရားတို့) မပြုပြင် မစီရင်အပ်သော သဘော ‘အသင်္ခတဓာတ်’ (နိဗ္ဗာန်) သည် ရှိ၏။ ဤတရားတို့သည် ဥပါဒါန်မမည်သော ‘နော ဥပါဒါန’ တရား ဖြစ်ကုန်၏။ (စိတ်, လောဘ, ဒိဋ္ဌိဟူသော ဥပါဒါန်တရား ကိုယ်နှစ်ပါး ကြဉ်သော စေတသိက်, ရုပ်, နိဗ္ဗာန်)။

--

၂-ဥပါဒါနိယဒုက်

ဥပါဒါနိယတရား

၁၂၂၅။ (၁) အဘယ်တရားတို့သည် လွန်စွာစွဲလမ်းတတ်သော ‘ဥပါဒါန်’ တရားတို့၏အာရုံဖြစ်သော ‘ဥပါဒါနိယ’ တရား ဖြစ်ကုန်သနည်း။

(ရှည်စွာသော သံသရာဆင်းရဲကို) ယိုစီးစေတတ်ဖြစ်စေတတ်သော အာသဝတရားတို့၏ အာရုံ ‘သာသဝ’ ဖြစ်ကုန်သော, ကာမဘုံ၌ ကျင်လည်သက်ဝင်၍ဖြစ်ကုန်သော, ရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်ကုန်သော, အရူပဘုံ၌ ကျင်လည်သက်ဝင်၍ဖြစ်ကုန်သော ကုသိုလ်တရား၊ အကုသိုလ်တရား၊ ကုသိုလ် အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သော ‘အဗျာကတ’ တရားဖြစ်သည့် ရုပ်အစု ‘ရူပက္ခန္ဓာ’။ပ။ အထူးသိမှု (စိတ်) အစု ‘ဝိညာ ဏက္ခန္ဓာ’ သည် (ရှိ၏)။ ဤတရားတို့သည် လွန်စွာ စွဲလမ်းတတ်သော ‘ဥပါဒါန်’ တရားတို့၏ အာရုံဖြစ်သော ‘ဥပါဒါနိယ’ တရား ဖြစ်ကုန်၏ (ဥပါဒါန်တို့၏ အာရုံဖြစ်သော လောကီနာမ်, ရုပ်)။

အနုပါဒါနိယတရား

၁၂၂၆။ (၂) အဘယ်တရားတို့သည် လွန်စွာ စွဲလမ်းတတ်သော ‘ဥပါဒါန်’ တရားတို့၏ အာရုံမဖြစ်သော ‘အနုပါဒါနိယ’ တရား ဖြစ်ကုန်သနည်း။

ဘုံသုံးပါး ၌ အကျုံးမဝင်ကုန်သောမဂ်တို့သည်လည်းကောင်း၊ မဂ်၏အကျိုး (ဖိုလ်) တို့သည်လည်းကောင်း။ (ကံ, စိတ်, ဥတု,အာဟာရဟူသော အကြောင်းတရားတို့) မပြုပြင် မစီရင်အပ်သော သဘော ‘အသင်္ခတဓာတ်’ (နိဗ္ဗာန်) သည်လည်းကောင်း (ရှိ၏)။ ဤတရားတို့သည် လွန်စွာ စွဲလမ်းတတ်သော ‘ဥပါဒါန်’ တရားတို့၏အာရုံ မဖြစ်သော ‘အနုပါဒါနိယ’ တရား ဖြစ်ကုန်၏ (ဥပါဒါန်တို့၏ အာရုံ မဖြစ်သော မဂ်, ဖိုလ်, နိဗ္ဗာန်)။

--

၃-ဥပါဒါနသမ္ပယုတ္တဒုက်

ဥပါဒါနသမ္ပယုတ္တတရား

၁၂၂၇။ (၁) အဘယ်တရားတို့သည် (လောဘ, ဒိဋ္ဌိဟူသော) ဥပါဒါန်တရားတို့နှင့်ယှဉ်သော ‘ဥပါဒါနသမ္ပယုတ္တ’ တရား ဖြစ်ကုန်သနည်း။

ထို (ဥပါဒါန်) တရားတို့နှင့် ယှဉ်ကုန်သောခံစားမှုအစု ‘ဝေဒနာက္ခန္ဓာ’။ပ။ အထူးသိမှု (စိတ်) အစု ‘ဝိညာ ဏက္ခန္ဓာ’ ဟူသော အကြင် တရားတို့သည် (ရှိကုန်)။ ဤတရားတို့သည် ဥပါဒါန်တရားတို့နှင့် ယှဉ်သော ‘ဥပါဒါနသမ္ပယုတ္တ’ တရား ဖြစ်ကုန်၏ (ဥပါဒါန်နှင့် ယှဉ်သော လောဘမူစိတ်, ယှဉ်ဖက် စေတသိက်)။

ဥါဒါနဝိပ္ပယုတ္တတရား

၁၂၂၈။ (၂) အဘယ်တရားတို့သည် (လောဘ, ဒိဋ္ဌိဟူသော) ဥပါဒါန်တရားတို့နှင့်မယှဉ်သော ‘ဥပါဒါနဝိပ္ပယုတ္တ’ တရား ဖြစ်ကုန်သနည်း။

ထို (ဥပါဒါန်) တရားတို့နှင့် မယှဉ်ကုန်သောခံစားမှုအစု ‘ဝေဒနာက္ခန္ဓာ’။ပ။ အထူးသိမှု (စိတ်) အစု ‘ဝိညာဏက္ခန္ဓာ’ ၊ ထို့ပြင် အလုံးစုံသော ရုပ်၊ ထို့ပြင် (ကံ, စိတ်, ဥတု, အာဟာရဟူသော အကြောင်းတရားတို့) မပြုပြင် မစီရင်အပ်သော သဘော ‘အသင်္ခတဓာတ်’ (နိဗ္ဗာန်)ဟူသော အကြင်တရားတို့သည် (ရှိကုန်၏)၊ ဤတရား တို့သည်ဥပါဒါန်တရားတို့နှင့် မယှဉ်သော ‘ဥပါဒါနဝိပ္ပယုတ္တ’ တရား ဖြစ်ကုန်၏ (ဥပါဒါန်နှင့် မယှဉ်သော ဒေါသမူ,မောဟမူ, ကုသိုလ်, ဝိပါက်, ကိရိယာစိတ်, ယှဉ်ဖက် စေတသိက်, ဒိဋ္ဌိဂတဝိပ္ပယုတ်လောဘ, ရုပ်,နိဗ္ဗာန်)။

--

၄-ဥပါဒါန ဥပါဒါနိယဒုက်

ဥပါဒါန ဥပါဒါနိယတရား

၁၂၂၉။ (၁) အဘယ်တရားတို့သည် ဥပါဒါန်လည်းမည်၍ ဥပါဒါန်တို့၏ အာရုံလည်း ဖြစ်သော ‘ဥပါဒါန ဥပါဒါနိယ’ တရား ဖြစ်ကုန်သနည်း။

ထိုပြင်းစွာ စွဲလမ်းတတ်သောဥပါဒါန်တရားတို့သည်ပင် ဥပါဒါန်လည်းမည်၍ ဥပါဒါန်တို့၏ အာရုံလည်း ဖြစ်သော ‘ဥပါဒါနဥပါဒါနိယ’ တရား ဖြစ်ကုန်၏ (လောဘ, ဒိဋ္ဌိဟူသော ဥပါဒါန်တရားကိုယ်နှစ်ပါး)။

ဥပါဒါနိယ နော ဥပါဒါနတရား

၁၂၃၀။ (၂) အဘယ်ရားတို့သည် (လောဘ, ဒိဋ္ဌိဟူသော) ဥပါဒါန်တို့၏အာရုံသာ ဖြစ်၍ ဥပါဒါန်မမည်သော ‘ဥပါဒါနိယ နော ဥပါဒါန’ တရား ဖြစ်ကုန်သနည်း။

အကြင်တရားတို့သည် ထို (ဥပါဒါန်) တရားတို့ဖြင့် (ထိုဥပါဒါန်တရားတို့ အာရုံပြုအပ်သဖြင့်) ဥပါဒါန်တို့၏အာရုံဖြစ်သော ‘ဥပါဒါနိယ’ တရား ဖြစ်ကုန်၏။ (ထို ‘ဥပါဒါနိယ’ တရား တို့၌ ပါရှိသော) ထို (ယှဉ်ဖက်ဥပါဒါန်) တရားတို့ကို ချန်ထား၍ ကြွင်းကျန်ကုန်သော, အာသဝတရားတို့၏အာရုံဖြစ်ကုန်သော, ကာမဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်ကုန်သော, ရူပဘုံ၌ ကျင်လည်သက်ဝင်၍ဖြစ်ကုန်သော, အရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်ကုန်သော ကုသိုလ်တရား၊ အကုသိုလ်တရား၊ ကုသိုလ်အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သော ‘အဗျာကတ’ တရား ဖြစ်သည့် ရုပ်အစု ‘ရူပက္ခန္ဓာ’။ပ။ အထူးသိမှု (စိတ်) အစု ဝိညာဏက္ခန္ဓာ’ သည် (ရှိ၏)။ ဤတရားတို့သည် ဥပါဒါန်တို့၏ အာရုံသာ ဖြစ်၍ ဥပါဒါန်မမည်သော ‘ဥပါဒါနိယ နော ဥပါဒါန’ တရား ဖြစ်ကုန်၏ (ဥပါဒါန်တို့၏ အာရုံသာဖြစ်၍ ဥပါဒါန် မမည့်သော လောကီစိတ် ၈၁, ဥပါဒါန်တရားကိုယ်နှစ်ပါးကြဉ်သော စေတသိက်, ရုပ်, နိဗ္ဗာန်)။

--

၅-ဥပါဒါန ဥပါဒါနသမ္ပယုတ္တဒုက်

ဥပါဒါန ဥပါဒါနသမ္ပယုတ္တတရား

၁၂၃၁။ (၁) အဘယ်တရားတို့သည် ဥပါဒါန်လည်း မည်၍ ဥပါဒါန်တို့နှင့်လည်း ယှဉ်သော ‘ဥပါဒါန ဥပါဒါနသမ္ပယုတ္တ’ တရား ဖြစ်ကုန်သနည်း။

ပြင်းစွာ စွဲလမ်းတတ်သော အမြင်မှားမှု ‘ဒိဋ္ဌုပါဒါန်’ သည် ဥပါဒါန်လည်း မည်၏။ (ယှဉ်ဖက်ဖြစ်သော) ‘ကာမုပါဒါန်’ ကြောင့် ဥပါဒါန်နှင့် ယှဉ်သည်လည်း ဖြစ်၏၊ လိုချင်ဖွယ် ‘ကာမ’ ကို ပြင်းစွာ စွဲလမ်းမှု ‘ကာမုပါဒါန်’ သည် ဥပါဒါန်လည်း မည်၏။ (ယှဉ်ဖက်ဖြစ်သော) ‘ဒိဋ္ဌုပါဒါန်’ ကြောင့် ဥပါဒါန်နှင့် ယှဉ်သည်လည်း ဖြစ်၏။ (နွား, ခွေးစသည်တို့၏) အလေ့အကျင့်တို့ကို (စင်ကြယ်၏ဟု) ပြင်းစွာစွဲလမ်းမှု ‘သီလဗ္ဗတုပါဒါန်’ သည်ဥပါဒါန်လည်းမည်၏။ (ယှဉ်ဖက်ဖြစ်သော) ‘ကာမုပါဒါန်’ ကြောင့် ဥပါဒါန်နှင့် ယှဉ်သည်လည်း ဖြစ်၏၊ လိုချင်ဖွယ် ‘ကာမ’ ကို ပြင်းစွာစွဲလမ်းမှု ‘ကာမုပါဒါန်’ သည် ဥပါဒါန်လည်း မည်၏။ (ယှဉ်ဖက်ဖြစ်သော) ‘သီလဗ္ဗတုပါဒါန်’ ကြောင့် ဥပါဒါန်နှင့် ယှဉ်သည်လည်း ဖြစ်၏။ (အနတ္တဖြစ်သော ရုပ်နာမ်တရားတို့ကို) အတ္တဟုပြောဆိုကြောင်းဖြစ်သော ပြင်းစွာစွဲလမ်းမှု ‘အတ္တဝါဒုပါဒါန်’ သည် ဥပါဒါန်လည်း မည်၏။ (ယှဉ်ဖက်ဖြစ်သော) ‘ကာမုပါဒါန်’ ကြောင့် ဥပါဒါန်နှင့် ယှဉ်သည်လည်း ဖြစ်၏။ လိုချင်ဖွယ် ‘ကာမ’ ကို ပြင်းစွာစွဲလမ်းမှု ‘ကာမုပါဒါန်’ သည် ဥပါဒါန်လည်း မည်၏။ (ယှဉ်ဖက်ဖြစ်သော) ‘အတ္တဝါဒုပါဒါန်’ ကြောင့် ဥပါဒါန်နှင့် ယှဉ်သည်လည်း ဖြစ်၏။ ဤတရားတို့သည် ဥပါဒါန်လည်း မည်၍ ဥပါဒါန်နှင့်လည်းယှဉ်သော ‘ဥပါဒါန ဥပါဒါနသမ္ပယုတ္တ’ တရားဖြစ်ကုန်၏ (လောဘမူ ဒိဋ္ဌိဂတသမ္ပယုတ်စိတ်၌ ရှိသည့် လောဘ, ဒိဋ္ဌိဟူသော ဥပါဒါန်တရားကိုယ် နှစ်ပါး)။

ဥပါဒါနသမ္ပယုတ္တနော ဥပါဒါနတရား

၁၂၃၂။ (၂) အဘယ်တရားတို့သည် ဥပါဒါန်တို့နှင့်သာ ယှဉ်ကုန်သည်ဖြစ်၍ ဥပါဒါန်မမည်သော ‘ဥပါဒါနသမ္ပယုတ္တနော ဥပါဒါန’ တရား ဖြစ်ကုန်သနည်း။

အကြင်တရားတို့သည် ထို (ဥပါဒါန်) တရားတို့နှင့် ယှဉ်ကုန် သော ‘ဥပါဒါနသမ္ပယုတ္တ’ တရား ဖြစ်ကုန်၏။ (ထို ‘ဥပါဒါနသမ္ပယုတ္တ’ တရားတို့၌ ပါရှိသော) ထို (ယှဉ်ဖက် ဥပါဒါန်) တရားတို့ကို ချန်ထား၍ (ကြွင်းကျန်သော) ခံစားမှုအစု ‘ဝေဒနာက္ခန္ဓာ’။ပ။ အထူးသိမှု (စိတ်) အစု ‘ဝိညာဏက္ခန္ဓာ’ သည် (ရှိ၏)။

ဤတရားတို့သည် ဥပါဒါန်တို့နှင့်သာ ယှဉ်ကုန်သည် ဖြစ်၍ ဥပါဒါန် မမည်သော ‘ဥပါဒါနသမ္ပယုတ္တနောဥပါဒါန’ တရား ဖြစ်ကုန်၏ (ဥပါဒါန်နှင့်သာ ယှဉ်၍ ဥပါဒါန်မမည် သော လောဘမူစိတ်ရှစ်ပါး,ဥပါဒါန်တရား ကိုယ်နှစ်ပါးကြဉ်သော ယှဉ်ဖက်စေတသိက်)။

--

၆-ဥပါဒါနဝိပ္ပယုတ္တဥပါဒါနိယဒုက်

ဥပါဒါနဝိပ္ပယုတ္တဥပါဒါနိယတရား

၁၂၃၃။ (၁) အဘယ်တရားတို့သည် ဥပါဒါန်တို့နှင့် မယှဉ်ကုန်သည်ဖြစ်၍ ဥပါဒါန်တို့၏အာရုံသာဖြစ်သော ‘ဥပါဒါနဝိပ္ပယုတ္တဥပါဒါနိယ’ တရား ဖြစ်ကုန်သနည်း။

ထို (ဥပါဒါန်) တရားတို့နှင့် မယှဉ်ကုန်သော, အာသဝတရားတို့၏ အာရုံဖြစ်ကုန်သော, ကာမဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်ကုန်သော, ရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်ကုန်သော, အရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်ကုန်သော ကုသိုလ်တရား၊ အကုသိုလ်တရား၊ ကုသိုလ် အကုသိုလ်အဖြစ်ဖြင့်မဟောအပ်သော ‘အဗျာကတ’ တရားဖြစ်သည့် ရုပ်အစု ‘ရူပက္ခန္ဓာ’။ပ။ အထူးသိမှု (စိတ်) အစု ‘ဝိညာဏက္ခန္ဓာ’ ဟူသော အကြင် တရားတို့သည် (ရှိကုန်၏)။ ဤတရားတို့သည် ဥပါဒါန်တို့နှင့်မယှဉ်ကုန်သည်ဖြစ်၍ ဥပါဒါန်တို့၏ အာရုံသာဖြစ်သော ‘ဥပါဒါနဝိပ္ပယုတ္တဥပါဒါနိယ’ တရားဖြစ်ကုန်၏ (ဥပါဒါန်နှင့် မယှဉ်မူ၍ ဥပါဒါန်တို့၏ အာရုံသာဖြစ်သော ဒေါသမူ, မောဟမူ, လောကီကုသိုလ်,လောကီဝိပါက်, ကိရိယာစိတ်, ယှဉ်ဖက်စေတသိက်, ဒိဋ္ဌိဂတဝိပ္ပယုတ်လောဘ, ရုပ်)။

ဥပါဒါနဝိပ္ပယုတ္တအနုပါဒါနိယတရား

၁၂၃၄။ (၂) အဘယ်တရားတို့သည် ဥပါဒါန်တို့နှင့်လည်း မယှဉ်ကုန်သည် ဖြစ်၍ ဥပါဒါန်တို့၏ အာရုံလည်းမဖြစ်သော ‘ဥပါဒါနဝိပ္ပယုတ္တအနုပါဒါနိယ’ တရားဖြစ်ကုန်သနည်း။

ဘုံသုံးပါး၌ အကျုံးမဝင်ကုန်သော မဂ်တို့ သည်လည်းကောင်း၊ မဂ်၏အကျိုး (ဖိုလ်) တို့သည်လည်းကောင်း။ (ကံ, စိတ်, ဥတု, အာဟာရဟူသော အကြောင်းတရားတို့) မပြုပြင် မစီရင်အပ်သော သဘော ‘အသင်္ခတဓာတ်’ (နိဗ္ဗာန်) သည်လည်းကောင်း (ရှိ၏)။

ဤတရားတို့သည် ဥပါဒါန်တို့နှင့်လည်း မယှဉ်ကုန်သည်ဖြစ်၍ ဥပါဒါန်တို့၏ အာရုံလည်း မဖြစ်သော ‘ဥပါဒါနဝိပ္ပယုတ္တအနုပါဒါနိယ’ တရား ဖြစ်ကုန်၏ (မဂ်, ဖိုလ်, နိဗ္ဗာန်)။

ဥပါဒါနဂေါစ္ဆက ပြီးပြီ။

--

၁၂-ကိလေသဂေါစ္ဆက

၁-ကိလေသဒုက်

ကိလေသတရား

၁၂၃၅။ (၁) အဘယ်တရားတို့သည် (သတ္တဝါတို့ကို) ပူပန်စေတတ် နှိပ်စက်တတ်သော ‘ကိလေသ’ တရား မည်ကုန်သနည်း။

လိုချင်တပ်မက်မှု ‘လောဘ’ ၊ ဖျက် ဆီး ပြစ်မှားမှု ‘ဒေါသ’။ (အမှန်သဘော၌) တွေဝေမှု (အမှန်ကို မသိမှု) ‘မောဟ’။ (ငါသာလျှင် မြတ်၏ဟု စသည်ဖြင့်) မှတ်ထင်မှု (ထောင်လွှားမှု) ‘မာန’ ၊ အမြင်မှားမှု ‘ဒိဋ္ဌိ’ ၊ ယုံမှားမှု ‘ဝိစိကိစ္ဆာ’။ (စိတ်၏) မခံ့မှု (ထိုင်းမှိုင်းမှု) ‘ထိန’ ၊ ပျံ့လွင့်မှု ‘ဥဒ္ဓစ္စ’။ (ကာယဒုစရိုက်စသော မကောင်းမှုမှ) မရှက်မှု ‘အဟိရီက’။ (ကာယ ဒုစရိုက်စသောမကောင်းမှုမှ) မကြောက်လန့်မှု ‘အနောတ္တပ္ပ’ ဟူသော (သတ္တဝါတို့ကို) ပူပန်စေတတ် နှိပ်စက်တတ်၍ (ပုထုဇဉ်သတ္တဝါတို့၏) တည်ရာ ‘ကိလေသဝတ္ထု’ တို့သည် ဆယ်ပါးရှိကုန်၏။

လောဘ

၁၂၃၆။ (၁) ထို (ကိလေသာဆယ်ပါး) တို့တွင် လိုချင်တပ်မက်မှု ‘လောဘ’ ဟူသည် အဘယ်နည်း။ အကြင် စွဲလမ်းခြင်းသဘော ‘ရာဂ’၊ ပြင်းစွာစွဲလမ်းခြင်းသဘော ‘သာရာဂ’။ (အာရုံ၌ သတ္တဝါတို့ကို) အဖန်ဖန် ဆွဲဆောင်ခြင်းသဘော ‘အနုနယ’၊ မဆန့်ကျင်ခြင်း (လိုလား စေခြင်း) သဘော ‘အနုရောဓ’၊ နှစ်သက်ခြင်းသဘော ‘နန္ဒီ’၊ နှစ်သက်စွဲလမ်းခြင်းသဘော ‘နန္ဒီရာဂ’၊ စိတ်၏ပြင်းစွာစွဲလမ်းခြင်းသဘော ‘စိတ္တဿ သာရာဂ’။ (အာရုံကို) လိုလားမှုသဘော ‘ဣစ္ဆာ’။ (လိုချင်မှုအားကြီးသဖြင့် မိန်းမောမှုသဘော ‘မုစ္ဆာ’၊ မျို၍ ပြီးဆုံးစေခြင်းသဘော (အပြီးအဆုံး အကြွင်းအကျန်မရှိလိုချင်တပ်မက်မှု) ‘အဇ္ဈောသာန’၊ တပ်မက်ခြင်းသဘော ‘ဂေဓ’၊ ထက်ဝန်းကျင် (အားလုံးကို) တပ်မက်ခြင်း သဘော ‘ပလိဂေဓ’၊ ကပ်ငြိတွယ်တာခြင်းသဘော ‘သင်္ဂ’၊ ရွှံ့ညွန်နှင့် တူသော (နစ်မြုပ်စေခြင်း) သဘော ‘ပင်္က’၊ ဆွဲငင်ခြင်း (ထိုထိုဘဝ၌ ဖြစ်ရန် ဆွဲဆောင်ခြင်း) သဘော ‘ဧဇာ’၊ လှည့်ပတ်ခြင်းသဘော ‘မာယာ’ (ဝဋ်ဆင်းရဲ၌ သတ္တဝါတို့ကို) ဖြစ်စေခြင်းသဘော ‘ဇနိကာ’။ (ဆင်းရဲနှင့်) ယှဉ်လျက် ဖြစ်စေတတ်သော သဘော ‘သဉ္ဇနနီ’။ (သတ္တဝါတို့ကို ဝဋ်ဆင်းရဲ၌ စုတိ,ပဋိသန္ဓေ၏အစွမ်းဖြင့်) ချုပ်စပ်ခြင်းသဘော ‘သိဗ္ဗိနီ’၊ အာရုံကွန်ရက်ရှိသော သဘော ‘ဇာလိနီ’။ (တပ်မက်မှုဖြင့်) စိုစွတ်ခြင်းသဘော၊ တစ်နည်း (ဝဋ်ဆင်းရဲသို့ ဆွဲဆောင်တတ်သဖြင့် လျင်သော ရေအလျဉ်ရှိသော) မြစ်နှင့်တူသောသဘော ‘သရိတာ’၊ အဆိပ်နှင့်တူသော သဘော ‘ဝိသတ္တိကာ’။ (အကျိုးမဲ့သို့ ရောက်အောင်နှောင်ဖွဲ့တတ်သဖြင့်)၊ ကိးနှင့်တူသော သဘော ‘သုတ္တ’။ (ရူပါရုံစသည်တို့၌) ပျံ့နှံ့တပ်မက်တတ်သောသဘော ‘ဝိသဋာ’။ (ထိုထိုအာရုံကို ရခြင်းငှါ) အားထုတ်စေတတ်သော သဘော ‘အာယူဟိနီ’။ (ဖြစ်တိုင်းဖြစ်တိုင်းသော ဘဝသံသရာ၌ မိမိ၏ ချစ်နှစ်သက်သည့်) အဖော်ဖြစ်သော သဘော ‘ဒုတိယာ’၊ တောင့်တခြင်းသဘော ‘ပဏိဓိ’။ (သတ္တဝါတို့ကို) ဘဝသို့ ဆွဲဆောင်ကြောင်းသဘော (ဘဝ၊ ကိး) ‘ဘဝနေတ္တိ’။ (ထိုထိုအာရုံသို့) ကပ်ရောက်တတ် (ငြိကပ် တတ်) သောသဘော၊ တစ်နည်း- အကျိုးမဲ့ဆင်းရဲကို ဖြစ်စေတတ်သဖြင့် တောနှင့် တူသောသဘော ‘ဝန’။ (ထိုထိုအာရုံသို့) ပြင်းပြစွာကပ်ရောက်တတ် (ငြိကပ်တတ်) သော သဘော၊ တစ်နည်း- အကျိုးမဲ့ ဆင်းရဲကို လွန်စွာ့ဖြစ်စေတတ်သဖြင့် တောနှင့်တူသောသဘော ‘ဝနထ’၊ ချစ်၊ ကိက် ပေါင်းဖော် (ရောနှော) ခြင်းသဘော ‘သန္ထဝ’၊ ချစ်၊ ကိက်ခြင်းသဘော ‘သိနေဟ’၊ ငဲ့ကွက်တွယ်တာခြင်းသဘော ‘အပေက္ခ’။ (အာရုံအသီးသီး၌) နှောင်ဖွဲ့တတ်သော သဘော ‘ပဋိဗန္ဓု’။ (အာရုံကို) တောင့်တခြင်းသဘော ‘အာသာ’၊ တောင့်တပုံအခြင်းအရာ ‘အာသီသနာ’၊

--

တောင့်တတတ်သော စိတ်၏အဖြစ် ‘အာသိသိတတ္တ’၊ အဆင်း (ရူပါရုံ) ၌ တောင့်တမှု ‘ရူပါသာ’၊ အသံ (သဒ္ဒါရုံ) ၌ တောင့်တ မှု ‘သဒ္ဒါသာ’၊ အနံ့ (ဂန္ဓာရုံ) ၌ တောင့်တမှု ‘ဂန္ဓာသာ’၊ အရသာ (ရသာရုံ) ၌ တောင့်တမှု ‘ရသာသာ’၊ အတွေ့ (ဖောဋ္ဌဗ္ဗာရုံ) ၌ တောင့်တမှု ‘ဖောဋ္ဌဗ္ဗာသာ’၊ ရအပ်သည့် အရာဝတ္ထု (လာဘ်) ၌ တောင့်တမှု ‘လာဘာသာ’၊ ပစ္စည်းဥစ္စာ၌ တောင့်တမှု ‘ဓနာသာ’၊ သားသမီး၌ တောင့်တမှု ‘ပုတ္တာသာ’၊ အသက်၌ တောင့်တမှု ‘ဇီဝိတာသာ’။ (သတ္တဝါတို့ကို) တပ်မက်စေတတ်သော သဘော၊ တစ်နည်း (ငါ့ဥစ္စာ, ငါ့ဥစ္စာဟု) ပြောဆိုစေတတ်သော သဘော ‘ဇပ္ပါ’။ (သတ္တဝါတို့ကို) ထူးထူးခြားခြား တပ်မက်စေတတ်သော သဘော၊ တစ်နည်း (ငါ့ဥစ္စာ ငါ့ဥစ္စာဟု ထပ်ကာထပ်ကာ ပြောဆိုစေတတ်သော) သဘော ‘ပဇပ္ပါ’။ (သတ္တဝါတို့ကို) အလွန်တပ်မက်စေတတ်သော သဘော၊ တစ်နည်း (ငါ့ဥစ္စာ, ငါ့ဥစ္စာဟု အလွန်ပြောဆိုစေတတ်သော) သဘော ‘အဘိဇပ္ပါ’၊ တပ်မက်စေခြင်းသဘော ‘ဇပ္ပါ’၊ တပ်မက်စေပုံအခြင်းအရာ ‘ဇပ္ပနာ’၊ တပ်မက်စေတတ်သည်၏အဖြစ် ‘ဇပ္ပိတတ္တ’။ (အာရုံ၌ အဖန်ဖန်) လုယက်ဆွဲငင်ခြင်းသဘော (အလွန်တပ်မက်ခြင်းသဘော) ‘လောလုပ္ပ’။ (အာရုံ၌ အဖန်ဖန်) လုယက်ဆွဲငင်ပုံအခြင်းအရာ ‘လောလုပ္ပါယနာ’။ (အာရုံ၌ အဖန်ဖန်) လုယက်ဆွဲငင်တတ်သည်၏အဖြစ် ‘လောလုပ္ပါယိတတ္တ’၊ အမြီးနန့်သော ခွေးကဲ့သို့ (လာဘ်လာဘ၌) တုန်လှုပ်ခြင်းသဘော ‘ပုစ္ဆဉ္ဇိကတာ’၊ ကောင်းသော အာရုံတို့ကို လိုလားသူ၏အဖြစ် ‘သာဓုကမျတာ’။ (အမိ, အဒေါ်စသော) မသင့်လျော်သောအရာ၌ တပ်မက်ခြင်းသဘော ‘အဓမ္မရာဂ’၊ မညီမမျှ (အဆမတန်အားကြီးစွာ) လိုချင်ခြင်းသဘော ‘ဝိသမလောဘ’။ (အာရုံကို) နှစ်သက်ခြင်းသဘော ‘နိကန္တိ’၊ နှစ်သက်ပုံအခြင်းအရာ ‘နိကာမနာ’၊ မျှော်လင့်တောင့်တခြင်းသဘော ‘ပတ္ထနာ’၊ ချစ်ခင်ခြင်းသဘော ‘ပိဟနာ’၊ ကောင်းစွာမျှော်လင့်တောင့်တခြင်း သဘော ‘သမ္ပတ္ထနာ’။ ကာမဂုဏ်ငါးပါးတို့၌ တပ်မက်မှု ‘ကာမတဏှာ’။ (ရူပ, အရူပ) ဘဝ၌ တပ်မက်မှု ‘ဘဝတဏှာ’။ (ဥစ္ဆေဒဟု ဆိုအပ်သော) ဘဝကင်းခြင်း၌ တပ်မက်မှု ‘ဝိဘဝတဏှာ’၊ ရူပဘုံ၌ တပ်မက်မှု ‘ရူပတဏှာ’၊ အရူပဘုံ၌ တပ်မက်မှု ‘အရူပတဏှာ’၊ ဘဝချုပ်ခြင်း၌ တပ်မက်မှု ‘နိရောဓတဏှာ’၊ အဆင်း (ရူပါရုံ) ၌ တပ်မက်မှု ‘ရူပတဏှာ’၊ အသံ (သဒ္ဒါရုံ) ၌ တပ်မက်မှု ‘သဒ္ဒတဏှာ’၊ အနံ့ (ဂန္ဓာရုံ) ၌ တပ်မက်မှု ‘ဂန္ဓတဏှာ’၊ အရသာ (ရသာရုံ) ၌ တပ်မက်မှု ‘ရသတဏှာ’၊ အတွေ့ (ဖောဋ္ဌဗ္ဗာရုံ) ၌ တပ်မက်မှု ‘ဖောဋ္ဌဗ္ဗတဏှာ’၊ သဘောတရား (ဓမ္မာရုံ) ၌ တပ်မက်မှု ‘ဓမ္မတဏှာ’။ (ဝဋ်ဆင်းရဲ၌) နစ်မြုပ်စေခြင်းသဘော ‘ဩဃ’။ (ဝဋ်ဆင်းရဲ၌) ယှဉ်စေခြင်းသဘော ‘ယောဂ’။ (ဝဋ်ဆင်းရဲ၌) ဆက်စပ်ထုံးဖွဲ့ခြင်းသဘော ‘ဂန္ထ’၊ ပြင်းစွာယူခြင်း (စွဲလမ်းခြင်း) သဘော ‘ဥပါဒါန’။ (ကုသိုလ်တရားတို့ကို) ပိတ်ပင်တတ်သောသဘော ‘အာဝရဏ’။ (ကုသိုလ်တရားတို့ကို) တားမြစ်တတ်သောသဘော ‘နီဝရဏ’။ (အမှန်တရားကို) ဖုံးကွယ်ခြင်းသဘော ‘ဆာဒန’။ (သတ္တဝါတို့ကို ဝဋ်ဆင်းရဲ၌) နှောင်ဖွဲ့တတ် သောသဘော ‘ဗန္ဓန’။ (စိတ်ကို) ကပ်၍ ညစ်နွမ်းစေတတ်သော သဘော ‘ဥပက္ကိလေသ’၊ အစဉ်ကိန်းဝပ်တတ်သောသဘော၊ တစ်နည်း လျောက်ပတ်သော အကြောင်းကိုရလျှင် (အကြောင်းညီညွတ်လျှင်) ဖြစ်တတ်သောသဘော ‘အနုသယ’၊ ထက်ဝန်းကျင် (စိတ်တစ်ခုလုံး သိမ်းကျုံး၍) ထကြွ (သောင်းကျန်း) တတ်သော သဘော ‘ပရိယုဋ္ဌာန’။ (ရစ်ပတ်တတ်သော) နွယ်နှင့်တူသော သဘော ‘လတာ’၊ အရာဝတ္ထုအမျိုးမျိုးတို့ကို လိုချင်တတ်သော သဘော ‘ဝေဝိစ္ဆ’။ (ဝဋ်) ဆင်းရဲ၏ အခြေအမြစ့်'ဒုက္ခမူလ’။ (ဝဋ်) ဆင်းရဲ၏အကြောင်းရင်း ‘ဒုက္ခနိဒါန’။ (ဝဋ်) ဆင်းရဲ၏ စ၍ဖြစ်ရာ ‘ဒုက္ခပ္ပဘဝ’၊ မာရ်၏ကျော့ကွင်း ‘မာရပါသ’၊ မာရ်၏ ငါးမျှားချိတ် ‘မာရဗဠိသ’၊ မာရ်၏အရာ (မာရ်၏နယ်ပယ်) ‘မာရဝိသယ’။ (ယိုစီးတတ်သော) တပ်မက်မှု ‘တဏှာ’ မြစ် ‘တဏှာနဒီ’။ (ဖုံးလွှမ်းတတ်သော) တပ်မက်မှု ‘တဏှာ'ကွန်ရက် ‘တဏှာဇာလ’။ (မြြဲံမံစွာ နှောင်ဖွဲ့တတ်သော) တပ်မက်မှု ‘တဏှာ’ တောက် ‘တဏှာဂဒ္ဒုလ’။ (ပြည့်နိုင်ခဲသော) တပ်မက်မှု ‘တဏှာ’ သမုဒ္ဒရာ ‘တဏှာသမုဒ္ဒ’။ (သူတစ်ပါးပစ္စည်းဥစ္စာကို) လိုချင်မက်မောမှု ‘အဘိဇ္ဈာ’၊ အကုသိုလ်တို့၏ အခြေအမြစ်ဖြစ်သော လိုချင်တပ်မက်မှု ‘လောဘအကုသလမူလ’ သည် (ရှိ၏)။ ဤ (ဆိုအပ်ခဲ့ပြီးသော) သဘောကို လိုချင်တပ်မက်မှု ‘လောဘ’ ဟူ၍ ဆိုအပ်၏။ (၁၀၆၅,၁၁၄၁)

--

ဒေါသ

၁၂၃၇။ (၂) ထို (ကိလေသာဆယ်ပါးတို့) တွင် ဖျက်ဆီးပြစ်မှားမှု ‘ဒေါသ’ ဟူသည် အဘယ်နည်း။ “ငါ၏ အကျိုးမဲ့ကို ပြုကျင့်ခဲ့ပြီ” ဟု ရန်ငြိုးဖွဲ့မှု ‘အာဃာတ’ သည် ဖြစ်၏။ “ငါ၏ အကျိုးမဲ့ကိုပြုကျင့်နေဆဲဖြစ်သည်” ဟု ရန်ငြိုးဖွဲ့မှု ‘အာဃာတ’ သည် ဖြစ်၏။ “ငါ၏ အကျိုးမဲ့ကို ပြုကျင့်လတ္တံ့” ဟုရန်ငြိုးဖွဲ့မှု ‘အာဃာတ’ သည် ဖြစ်၏။ “ငါ၏ ချစ်ခင်မြတ်နိုးအပ်သူ၏ အကျိုးမဲ့ကို ပြုကျင့်ခဲ့ပြီ။ပ။ အကျိုးမဲ့ကို ပြုကျင့် နေဆဲဖြစ်သည်။ပ။ အကျိုးမဲ့ကို ပြုကျင့်လတ္တံ့” ဟု ရန်ငြိုးဖွဲ့မှု ‘အာဃာတ’ သည်ဖြစ်၏။ “ငါ၏ မချစ်ခင် မမြတ်နိုးအပ်သူ၏ အကျိုးကို ပြုကျင့်ခဲ့ပြီ။ပ။ အကျိုးကို ပြုကျင့်နေဆဲဖြစ်သည်။ပ။ အကျိုးကို ပြုကျင့်လတ္တံ့” ဟု ရန်ငြိုးဖွဲ့မှု ‘အာဃာတ’ သည် ဖြစ်၏။ ထို့ပြင်အကြောင်းမဟုတ်သည်၌ ရန်ငြိုးဖွဲ့မှု (အမျက်ထွက်မှု) သည် ဖြစ်၏။ ဤသို့ သဘောရှိသော စိတ်၏အကြင် ရန်ငြိုးဖွဲ့မှု ‘အာဃာတ’၊ လွန်စွာ ရန်ငြိုးဖွဲ့မှု ‘ပဋိဃာတ’။ (အာရုံ၌) ထိပါးမှု (မုန်းထားမှု) ‘ပဋိဃ’၊ လွန်စွာ ဆန့်ကျင်ခြင်းသဘော ‘ပဋိဝိရောဓ’၊ စိတ်ဆိုးခြင်း (အမျက်ထွက်ခြင်း) သဘော ‘ကောပ’၊ လွန်စွာစိတ်ဆိုးခြင်း (အမျက်ထွက်ခြင်း) သဘော ‘ပကောပ’၊ အလွန်ပြင်းစွာ စိတ်ဆိုးခြင်း (အမျက်ထွက်ခြင်း) သဘော ‘သမ္ပကောပ’၊ ဖျက်ဆီးပြစ်မှားခြင်းသဘော ‘ဒေါသ’၊ လွန်စွာဖျက်ဆီးပြစ်မှားခြင်းသဘော ‘ပဒေါသ’၊ အလွန်ပြင်းစွာ ဖျက်ဆီးပြစ်မှားခြင်းသဘော ‘သမ္ပဒေါသ’၊ စိတ်၏ ဖောက်ပြန်ခြင်းသဘော ‘စိတ္တဿ ဗျာပတ္တိ’၊ စိတ်ပျက်စီးခြင်းသဘော ‘မနောပဒေါသ’၊ အမျက်ထွက်ခြင်းသဘော ‘ကောဓ’၊ အမျက်ထွက်ပုံအခြင်းအရာ ‘ကုဇ္ဈနာ’၊ အမျက်ထွက်တတ်သူ၏အဖြစ် ‘ကုဇ္ဈိတတ္တ’၊ ဖျက်ဆီးပြစ်မှားခြင်းသဘော ‘ဒေါသ’၊ ဖျက်ဆီးပြစ်မှားပုံအခြင်းအရာ ‘ဒုဿနာ’၊ ဖျက်ဆီး ပြစ်မှားတတ်သူ၏အဖြစ် ‘ဒုဿိတတ္တ’၊ ဖောက်ပြန်ပျက်စီးခြင်းသဘော ‘ဗျာပတ္တိ’၊ ဖောက်ပြန်ပျက်စီးပုံ အခြင်းအရာ ‘ဗျာပဇ္ဇနာ’၊ ဖောက်ပြန်ပျက်စီးတတ်သည်၏အဖြစ် ‘ဗျာပဇ္ဇိတတ္တ’၊ ဆန့်ကျင်မှု ‘ဝိရောဓ’၊ လွန်စွာ အဖန်ဖန် ဆန့်ကျင်မှု ‘ပဋိဝိရောဓ’၊ ကြမ်းတမ်းသူ၏အဖြစ် (ကြမ်းတမ်းမှု) ‘စဏ္ဍိက္က’၊ ကောင်းမွန် ပြည့်စုံစွာ မပြောဆိုနိုင်ခြင်း (မကောင်းသဖြင့် ပြောဆိုခြင်း) ‘အသုရောပ’၊ စိတ်၏ မိမိပကတိစိတ် မဟုတ်သည်၏အဖြစ် (မနှစ်လိုမှု) ‘အနတ္တမနတာ စိတ္တဿ’ သည် (ရှိ၏)။ ဤ (ဆိုအပ်ခဲ့ပြီးသော) သဘောကိုဖျက်ဆီးပြစ်မှားမှု ‘ဒေါသ’ ဟူ၍ ဆိုအပ်၏။ (၄၁၈, ၄၁၉,၁၀၆၆,၁၁၄၂,၁၂၄၂)

မောဟ

၁၂၃၈။ (၃) ထို (ကိလေသာဆယ်ပါးတို့) တွင် (အမှန်သဘော၌) တွေဝေမှု (အမှန်ကိုမသိမှု) ‘မောဟ’ ဟူသည် အဘယ်နည်း။ ဆင်းရဲ၌ မသိမှု ‘ဒုက္ခေ အညာဏ’၊ ဆင်းရဲဖြစ် ကြောင်း၌ မသိမှု ‘ဒုက္ခသမုဒယေ အညာဏ’၊ ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) ၌ မသိမှု ‘ဒုက္ခနိရောဓေ အညာဏ’၊ ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်း အကျင့်၌ မသိမှု ‘ဒုက္ခနိရောဓဂါမိနိယာ ပဋိပဒါယ အညာဏ’၊ ရှေ့အဖို့၌ (ဖြစ်ပြီးသော ခန္ဓာစသည်တို့၌) မသိမှု ‘ပုဗ္ဗန္တေ အညာဏ’၊ နောက်အဖို့၌ (ဖြစ်လတ္တံ့သောခန္ဓာစသည်တို့၌) မသိမှု ‘အပရန္တေ အညာဏ’၊ ရှေ့အဖို့ နောက်အဖို့၌ (ဖြစ်ပြီး ဖြစ်လတ္တံ့သောခန္ဓာစသည်တို့၌) မသိမှု ‘ပုဗ္ဗန္တာပရန္တေ အညာဏ’၊ ဤ (ဇရာ, မရဏစသည်တို့၏) အကြောင်းတရားနှင့် (ဇာတိစသော ထိုထိုအကြောင်းကို) စွဲ၍ ဖြစ်သော အကျိုးတရားတို့၌ မသိမှု ‘ဣဒပ္ပစ္စယတာ့ ပဋိစ္စသမုပ္ပန္နေသု ဓမ္မေသု အညာဏ’ သည် (ရှိ၏)။ ဤသို့သဘောရှိသော အကြင် မသိခြင်းသဘော ‘အညာဏ’။ (အမှန်တရားကို) မမြင်ခြင်းသဘော ‘အဒဿန’၊ ထိုးထွင်း၍ မသိတတ်သောသဘော ‘အနဘိသမယ’။ (အမှန်တရားအား) လျော်စွာမသိတတ်သော သဘော ‘အနုနုဗောဓ’။ (အနိစ္စစသည်တို့နှင့် ယှဉ်၍) မသိတတ်သော သဘော (မှားယွင်းစွာ သိတတ်သော သဘော) ‘အသမ္ဗောဓ’၊ ထိုးထွင်း၍ မသိခြင်းသဘော ‘အပ္ပဋိဝေဓ’။ (အနိစ္စစသည်ဖြင့်) မယူတတ်သော သဘော ‘အသံဂါဟနာ’။ (အမှန်တရားကို) သက်ဝင်၍ (နားလည်၍) မယူတတ်သော သဘော ‘အပရိယောဂါဟနာ’၊ ညီညီညွတ်ညွတ် မရှုတတ် (အနိစ္စစသည်ကို နိစ္စစသည်ဟုမညီမညွတ် ရှုတတ်) သော သဘော ‘အသမပေက္ခန’၊ မဆင်ခြင်တတ်သော သဘော ‘အပစ္စဝေက္ခဏာ’၊

--

မျက်မှောက် မရှုတတ်သော သဘော (အကောင်းအဆိုးကို မဝေခွဲတတ်သော သဘော) ‘အပစ္စက္ခကမ္မ’။ (စိတ်) ဖြူစင် သန့်ရှင်းမှုကို ဖျက်ဆီးကြောင်းသဘော ‘ဒုမ္မေဇ္ဈ’၊ လူမိုက်ဖြစ်ကြောင်းသဘော ‘ဗာလျ’၊ ကောင်းစွာ (ခွဲခွဲခြားခြား) အပြားအားဖြင့် မသိတတ်သော သဘော ‘အသမ္ပဇည’။ (အမှန်သဘော၌) တွေဝေခြင်း (အမှန်ကို မသိခြင်း) သဘော ‘မောဟ’၊ ပြင်းစွာတွေဝေခြင်းသဘော ‘ပမောဟ’၊ ထက်ဝန်းကျင် (တရားအားလုံး၌) တွေဝေခြင်းသဘော ‘သမ္မောဟ’။ (သိအပ်သည်ကို) မသိခြင်း (သစ္စာလေးပါးကို မသိခြင်း) သဘော ‘အဝိဇ္ဇာ’။ (ဝဋ်ဆင်းရဲ၌) နစ်မြုပ်စေတတ်သော မသိမှုသဘော ‘အဝိဇ္ဇောဃ’။ (ဝဋ်ဆင်းရဲ ၌) ယှဉ်စေတတ်သော မသိမှုသဘော ‘အဝိဇ္ဇာယောဂ’၊ အစဉ်ကိန်းဝပ်တတ်သော မသိမှုသဘော၊ တစ်နည်း- လျောက်ပတ်သော အကြောင်းကိုရလျှင် (အကြောင်းညီညွတ်လျှင်) ဖြစ်တတ်သော မသိမှု သဘော ‘အဝိဇ္ဇာနုသယ’။ (စိတ်၌ ကိလေသာတို့၏) ထကြွသောင်းကျန်းခြင်းဟူသော မသိမှုသဘော ‘အဝိဇ္ဇာပရိယုဋ္ဌာန’။ (စီးပွားချမ်းသာသို့မရောက်နိုင်အောင် ပိတ်ပင်တတ်သဖြင့်) တံခါးကျည် (မင်းတုပ်) နှင့် တူသော မသိမှုသဘော ‘အဝိဇ္ဇာလင်္ဂီ’၊ အကုသိုလ်တို့၏ အခြေအမြစ်ဖြစ်သော (အမှန်သဘော၌) တွေဝေမှု (အမှန်ကို မသိမှု) ‘မောဟအကုသလမူလ’ သည် (ရှိ၏)။ ဤ (ဆိုအပ်ခဲ့ပြီးသော) သဘောကို (အမှန်သဘော၌) တွေဝေမှု (အမှန်ကိုမသိမှု) ‘မောဟ’ ဟူ၍ ဆိုအပ်၏။ (၃၉၀,၁၀၆၇,၁၁၀၅,၁၁၀၆)

မာန

၁၂၃၉။ (၄) ထို (ကိလေသာဆယ်ပါးတို့) တွင် (ငါသာလျှင်မြတ်သည်ဟု စသည်ဖြင့်) မှတ်ထင်မှု (ထောင်လွှားမှု) ‘မာန’ ဟူသည် အဘယ်နည်း။ “ငါသည် (အဆင့်အတန်း) မြင့်မြတ်သူဖြစ်၏” ဟူ၍ မှတ်ထင်မှု (ထောင်လွှားမှု) ‘သေယျမာန’၊ “ငါသည် (အဆင့်အတန်းချင်း) တူသူဖြစ်၏” ဟူ၍မှတ်ထင်မှု (ထောင်လွှားမှု) ‘သဒိသမာန’၊ “ငါသည် (အဆင့်အတန်း) ယုတ်နိမ့် (အောက်ကျ) သူဖြစ်၏” ဟူ၍မှတ်ထင်မှု (ထောင်လွှားမှု) (ငါသည် အဆင့်အတန်းယုတ်နိမ့်သော်လည်း မည်သူ့ကိုမျှ ဂရုစိုက်ရန်မလိုဟုမှတ်ထင်မှု) ‘ဟီနမာန’ သည် (ရှိ၏)။ ဤသို့သဘောရှိသော အကြင် မှတ်ထင်မှု (ထောင်လွှားမှု) ‘မာန’၊ မှတ်ထင်ပုံ (ထောင်လွှားပုံ) အခြင်းအရာ ‘မညနာ’၊ မှတ်ထင်တတ် (ထောင်လွှားတတ်) သည်၏အဖြစ် ‘မညိတတ္တ’၊ တက်ကြွခြင်းသဘော ‘ဥန္နတိ’၊ မြှောက်၍ ထားခြင်းသဘော ‘ဥန္နမ’၊ တံခွန်နှင့်တူသောသဘော ‘ဓဇ’၊ မြှောက်ပင့်ခြင်းသဘော ‘သမ္ပဂ္ဂါဟ’၊ စိတ်၏ တံခွန် မှန်ကင်းကဲ့သို့ မြင့်မောက်လိုသည်၏အဖြစ် ‘ကေတုကမျတာ စိတ္တဿ’ သည် (ရှိ၏)။ ဤ (ဆိုအပ်ခဲ့ပြီးသော) သဘောကို (ငါသာလျှင် မြတ်သည်ဟုစသည်ဖြင့်) မှတ်ထင်မှု (ထောင်လွှားမှု) ‘မာန’ ဟူ၍ ဆိုအပ်၏။ (၁၁၂၁)

ဒိဋ္ဌိ

၁၂၄၀။ (၅) ထို (ကိလေသာဆယ်ပါးတို့) တွင် အမြင်မှားမှု ‘ဒိဋ္ဌိ’ ဟူသည် အဘယ်နည်း။ (ခန္ဓာငါးပါးဟူသော) လောကသည် မြဲ၏ဟူ၍လည်းကောင်း။ (ခန္ဓာငါးပါးဟူသော) လောက သည်မမြဲဟူ၍လည်းကောင်း။ (ခန္ဓာငါးပါးဟူသော) လောကသည် အဆုံး (အပိုင်းအခြား) ရှိ၏ဟူ၍လည်းကောင်း။ (ခန္ဓာငါးပါးဟူသော) လောကသည် အဆုံး (အပိုင်းအခြား) မရှိဟူ၍လည်းကောင်း၊ ထို့အသက် ‘ဇီဝ’ သည်ပင် ထိုကိုယ်တည်းဟူ၍လည်းကောင်း၊ အသက် ‘ဇီဝ’ သည် တခြား, ကိုယ်သည် တခြားဟူ၍လည်းကောင်း၊ သတ္တဝါသည် သေပြီးနောက် ဖြစ်၏ဟူ၍လည်းကောင်း၊ သတ္တဝါသည် သေပြီးနောက်မဖြစ်ဟူ၍လည်းကောင်း၊ သတ္တဝါသည် သေပြီးနောက် ဖြစ်လည်းဖြစ်, မဖြစ်လည်း မဖြစ်ဟူ၍လည်းကောင်း၊ သတ္တဝါသည် သေပြီးနောက် ဖြစ်သည်လည်း မဟုတ်, မဖြစ်သည်လည်း မဟုတ်ဟူ၍လည်းကောင်း၊ ဤသို့သဘောရှိသော အကြင်အမြင်မှားမှု ‘ဒိဋ္ဌိ’။ (၆၂ - ပါးသော) အမြင်မှားမှုတို့၌ ပါဝင်ခြင်းသဘော ‘ဒိဋ္ဌိဂတ’။ (အမြင်မှန်ကို ပိတ်ဆီးတတ်သော) အမြင်မှားမှုတည်းဟူသော တောအုပ် ‘ဒိဋ္ဌိဂဟန’။ (အမြင်မှန်သို့ မရောက်နိုင်အောင် ခက်ခဲစေသော) အမြင်မှားမှုခရီးခဲ ‘ဒိဋ္ဌိကန္တာရ’။ (သမ္မာဒိဋ္ဌိကို) ထွင်းဖောက်ဖျက်ဆီးခြင်းသဘော ‘ဒိဋ္ဌိဝိသူကာယိက’၊ အမြင်မှားမှုတည်းဟူသော ဖောက်ပြန်တုန်လှုပ်ခြင်းသဘော ‘ဒိဋ္ဌိဝိပ္ဖန္ဒိတ’။

--

(ဝဋ်ဆင်းရဲ၌) တုပ်နှောင်ကြောင်းဖြစ်သော အမြင်မှားမှု ‘ဒိဋ္ဌိသညောဇန’။ (အာရုံကိုမှားသောအားဖြင့်) မြဲစွာယူတတ်သောသဘော (အယူသည်းသောသဘော) ‘ဂါဟ’။ (အမြင်မှားမှု၏) တည်ရာဖြစ်သော သဘော ‘ပတိဋ္ဌာဟ’၊ မှားသောအားဖြင့် နှလုံးသွင်းတတ်သော သဘော ‘အဘိနိဝေသ’၊ မှားသောအားဖြင့် သုံးသပ်တတ်သော သဘော ‘ပရာမာသ’၊ စက်ဆုပ်အပ်သော လမ်းစဉ် ‘ကုမ္မဂ္ဂ’၊ မှားသော ခရီးလမ်းကြောင်း ‘မိစ္ဆာပထ’၊ မှားယွင်းသော သဘော ‘မိစ္ဆတ္တ’၊ မှားသောအယူတည်းဟူသောအကျိုးမဲ့တို့၏ဖြစ်ရာ ‘တိတ္တာယတန’၊ ဖောက်ပြန်မှားယွင်းသောအားဖြင့် စွဲယူခြင်းသဘော ‘ဝိပရိယာသဂ္ဂါဟ’ သည် (ရှိ၏)။ ဤ (ဆိုအပ်ခဲ့ပြီးသော) သဘောကို အမြင်မှားမှု ‘ဒိဋ္ဌိ’ ဟူ၍ ဆိုအပ်၏။ အလုံးစုံသော မှားယွင်းစွာမြင်မှု ‘မိစ္ဆာဒိဋ္ဌိ’ သည်လည်း အမြင်မှားမှု ‘ဒိဋ္ဌိ’ မည်၏။ (၁၁၀၅,၁၁၂၂)

ဝိစိကိစ္ဆာ

၁၂၄၁။ (၆) ထို (ကိလေသာဆယ်ပါးတို့) တွင် ယုံမှားမှု ‘ဝိစိကိစ္ဆာ’ ဟူသည် အဘယ်နည်း။ မြတ်စွာဘုရား၌ ယုံမှား၏, တွေးတော၏၊ အကျင့် ‘သိက္ခာ’ ၌ ယုံမှား၏, တွေးတော၏။ ရှေ့အဖို့၌ (ဖြစ်ပြီးသော ခန္ဓာစသည်တို့၌) ယုံမှား၏, တွေးတော၏။ နောက်အဖို့၌ (ဖြစ်လတ္တံ့သောခန္ဓာစသည်တို့၌) ယုံမှား၏, တွေးတော၏၊ ရှေ့အဖို့၊ နောက်အဖို့၌ (ဖြစ်ပြီး ဖြစ်လတ္တံ့ သောခန္ဓာစသည်တို့၌) ယုံမှား၏, တွေးတော၏၊ ဤ (ဇရာ, မရဏ စသည်တို့၏) အကြောင်းတရားနှင့် (ဇာတိစသော ထိုထိုအကြောင်းကို) စွဲ၍ဖြစ်သော အကျိုးတရားတို့၌ ယုံမှား၏, တွေးတော၏ (မဆုံးဖြတ်နိုင်ဘဲ ပင်ပန်း၏)။ ဤသို့သဘောရှိသော အကြင် ယုံမှားမှု ‘ကင်္ခါ’၊ ယုံမှားပုံအခြင်းအရာ ‘ကင်္ခါယနာ’၊ ယုံမှားတတ်သည်၏အဖြစ် ‘ကင်္ခါယိတတ္တ’၊ မသိခြင်း (တွေးတောခြင်း) ‘ဝိမတိ’၊ သဘာဝကို စဉ်းစားလျှင် (မဆုံးဖြတ်နိုင်၍) ပင်ပန်းကြောင်းသဘော ‘ဝိစိကိစ္ဆာ’။ (မဆုံးဖြတ်နိုင်၍) မှန်, မမှန်နှစ်မျိုးအားဖြင့် တုန်လှုပ်တတ်သောသဘော ‘ဒွေဠက’၊ လမ်းနှစ်ခွနှင့်တူသောသဘော ‘ဒွေဓာပထ’၊ ထက်ဝန်းကျင်မှဖြစ်တတ် (ယုံမှားတတ်) သောသဘော ‘သံသယ’၊ ဧကန္တအားဖြင့် ယူခြင်းငှါ မစွမ်းနိုင်ခြင်းသဘော ‘အနေကံသဂ္ဂါဟ’။ (ဆုံးဖြတ်ခြင်းငှါ မစွမ်းနိုင်၍) အာရုံမှ ဆုတ်နစ်တတ်သောသဘော ‘အာသပ္ပနာ’။ (ဆုံးဖြတ်ခြင်းငှါ မစွမ်း နိုင်၍) အာရုံမှ ဆုတ်နစ်တတ်သော သဘော ‘အာသပ္ပနာ’။ (ဆုံးဖြတ်ခြင်းငှါ မစွမ်းနိုင်၍) (အာရုံ၏) ထက်ဝန်းကျင် (တဝဲလည်လည်) ရွေ့ရှားတတ်သော သဘော ‘ပရိသပ္ပနာ’။ (ဆုံးဖြတ်ခြင်းငှါ မစွမ်းနိုင်၍) စိတ်၏ခက်တရော်သည်၏အဖြစ် ‘ထမ္ဘိတတ္တံ စိတ္တဿ’၊ စိတ်ကို ရေးခြစ်သကဲ့သို့ (ရှုပ်ရှုပ်ထွေးထွေး) ဖြစ်တတ်သော သဘော ‘မနောဝိလေခ’ သည် (ရှိ၏)။ ဤ (ဆိုအပ်ခဲ့ပြီးသော) သဘောကို ယုံမှားမှု ‘ဝိစိကိစ္ဆာ’ ဟူ၍ ဆိုအပ်၏။ (၄၂၅,၁၀၀၈,၁၁၂၃)

ထိန

၁၂၄၂။ (၇) ထို (ကိလေသာဆယ်ပါးတို့) တွင် (စိတ်၏) မခံ့မှု (ထိုင်းမှိုင်းမှု) ‘ထိန’ ဟူသည် အဘယ်နည်း။ စိတ်၏ အကြင်မခံ့ကျန်းသည်၏အဖြစ် ‘အကလ္လတာ’၊ အမှု၌ မခံ့သည်၏ အဖြစ် (အမှုကိစ္စတို့၌ ပြီးမြောက်အောင် မလိုက်လျော မဆောင်ရှက်နိုင်မှု) ‘အကမ္မညတာ’။ (ရှိမြဲ ဣရိယာပုထ် မခိုင်ခံ့နိုင်အောင်ပျင်းရိခြင်း၌) ငြိတွယ်ပုံအခြင်းအရာ ‘ဩလီယနာ’။ (ရှိမြဲ ဣရိယာပုထ် မခိုင်ခံ့နိုင်အောင် ပျင်းရိခြင်း၌)

ငြိကပ်ပုံအခြင်းအရာ ‘သလ္လီယနာ’၊ တွန့်ဆုတ်ခြင်းသဘော ‘လီန’၊ တွန့်ဆုတ်ပုံအခြင်းအရာ ‘လီယနာ’၊ တွန့်ဆုတ်တတ်သည်၏အဖြစ် ‘လီယိတတ္တ’။ (စိတ်၏) မခံ့ခြင်း (ထိုင်း မှိုင်းခြင်း) သဘော ‘ထိန’။ (စိတ်၏) မခံ့ပုံ (ထိုင်းမှိုင်းပုံ) အခြင်းအရာ ‘ထိယနာ’။ (စိတ်၏) မခံ့သည် (ထိုင်း မှိုင်းသည်) ၏အဖြစ် ‘ထိယိတတ္တ’ သည် (ရှိ၏)။ ဤ (ဆိုအပ်ခဲ့ပြီးသော) သဘောကို (စိတ်၏) မခံ့မှု (ထိုင်းမှိုင်းမှု) ‘ထိန’ ဟူ၍ဆိုအပ်၏။ (၁၁၆၂)

--

ဥဒ္စစ္စ

၁၂၄၃။ (၈) ထို (ကိလေသာဆယ်ပါးတို့) တွင် ပျံ့လွင့်မှု ‘ဥဒ္ဓစ္စ’ ဟူသည် အဘယ်နည်း။ စိတ်၏အကြင် တုန်လှုပ်သည်၏အဖြစ် (ပျံ့လွင့်ခြင်း) ‘စိတ္တဿ ဥဒ္ဓစ္စ’၊ မငြိမ်သက်ခြင်း (မငြိမ်းဧခြင်း) ‘အဝူပသမ’၊ စိတ်ပျံ့လွင့်တတ်သောသဘော (စိတ်၏ ဖရိုဖရဲ ပျံ့လွင့်ခြင်း) ‘စေတသော ဝိက္ခေပ’၊ စိတ်တုန်လှုပ် (မတည်ငြိမ်) သည်၏အဖြစ် (စိတ်လေလွင့်သည်၏အဖြစ်) ‘ဘန္တတ္တံ စိတ္တဿ’ သည် (ရှိ၏)။

ဤ (ဆိုအပ်ခဲ့ပြီးသော) သဘောကို ပျံ့လွင့်မှု ‘ဥဒ္ဓစ္စ’ ဟူ၍ ဆိုအပ်၏။ (၄၂၉,၁၁၆၅)

အဟိရီက

၁၂၄၄။ (၉) ထို (ကိလေသာဆယ်ပါးတို့) တွင် (ကာယဒုစရိုက်စသော မကောင်းမှုမှ) မရှက်မှု ‘အဟိရီက’ ဟူသည် အဘယ်နည်း။ အကြင်သဘောတရားသည် ရှက်ထိုက်သောကာယဒုစရိုက်စသည်ကို မရှက်တတ်၊ ယုတ်မာသော အကုသိုလ်တရားများသို့ ရောက်ခြင်း (လွန်ကျူးခြင်း) ကို မရှက်တတ်။ ဤ (ဆိုအပ်ခဲ့ပြီးသော) သဘောကို (ကာယဒုစရိုက်စသော မကောင်းမှုမှ) မရှက်မှု ‘အဟိရီက’ ဟူ၍ ဆိုအပ်၏။ (၃၈၇)

အနောတ္တပ္ပ

၁၂၄၅။ (၁၀) ထို (ကိလေသာဆယ်ပါးတို့) တွင် (ကာယဒုစရိုက်စသော မကောင်းမှုမှ) မကြောက်လန့်မှု ‘အနောတ္တပ’ ဟူသည် အဘယ်နည်း။ အကြင် သဘောတရားသည်ကြောက်လန့်ထိုက်သော ကာယဒုစရိုက်စသည်မှ မကြောက်လန့်တတ်၊ ယုတ်မာသောအကုသိုလ်တရားများ သို့ ရောက်ခြင်း (လွန်ကျူးခြင်း) မှ မကြောက်လန့်တတ်။ ဤ (ဆိုအပ်ခဲ့ပြီးသော) သဘောကို (ကာယ ဒုစရိုက်စသော မကောင်းမှုမှ) မကြောက်လန့်မှု ‘အနောတ္တပ္ပ’ ဟူ၍ ဆိုအပ်၏။ (၃၀၈)

ဤတရားတို့သည် ပူပန်စေတတ် နှိပ်စက်တတ်သော ‘ကိလေသာ’ တရားမည်ကုန်၏ (ကိလေသာ တရားကိုယ်ဆယ်ပါး)။

နော ကိလေသတရား

၁၂၄၆။ (၂) အဘယ်တရားတို့သည် (သတ္တဝါတို့ကို) ပူပန်စေတတ် နှိပ်စက်တတ်သော ‘ကိလေသ’ တရားမမည်သော ‘နော ကိလေသ’ တရားဖြစ် ကုန်သနည်း။

ထို (ကိလေသ) တရားတို့ကို ချန်ထား၍ ကြွင်းကျန်ကုန်သော, ကာမဘုံ၌ ကျင်လည် သက်ဝင်၍ဖြစ်ကုန်သော, ရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်ကုန်သော, အရူပဘုံ၌ ကျင်လည် သက်ဝင်၍ဖြစ်ကုန်သော, ဘုံသုံးပါး၌ အကျုံးမဝင်ကုန်သော ကုသိုလ်တရား၊ အကုသိုလ်တရား၊ ကုသိုလ် အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သော ‘အဗျာကတ’ တရားဖြစ်သည့် ခံစားမှုအစု ‘ဝေဒနာက္ခန္ဓာ’။ပ။ အထူးသိမ (စိတ်) အစု ‘ဝိညာဏက္ခန္ဓာ’ ၊ ထို့ပြင် အလုံးစုံသော ရုပ်၊ ထို့ပြင် (ကံ, စိတ်, ဥတု, အာဟာရဟူသောအကြောင်းတရားတို့) မပြုပြင် မစီရင်အပ်သောသဘော ‘အသင်္ခတဓာတ်’ (နိဗ္ဗာန်) သည် (ရှိ၏)။

ဤတရား တို့သည် ပူပန်စေတတ် နှိပ်စက်တတ်သော ‘ကိလေသ’ တရားမမည်သော ‘နောကိလေသ’ တရား ဖြစ် ကုန်၏ (စိတ်, ကိလေသာဆယ်ပါးမှတစ်ပါး အခြားသော စေတသိက်, ရုပ်,နိဗ္ဗာန်)။

--

၂-သံကိလေသိကဒုက်

သံကိလေသိကတရား

၁၂၄၇။ (၁) အဘယ်တရားတို့သည် (သတ္တဝါတို့ကို) ပူပန်စေတတ် နှိပ်စက်တတ်သော ‘ကိလေသ’ တရားကို ရခြင်းငှါထိုက်သော (ကိလေသာတို့၏ အာရုံဖြစ်သော) ‘သံကိလေသိက’ တရား ဖြစ်ကုန်သနည်း။

အာသဝတရားတို့၏ အာရုံဖြစ်ကုန်သော, ကာမဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်ကုန်သော, ရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်ကုန်သော, အရူပဘုံ၌့ကျင်လည်သက်ဝင်၍ ဖြစ်ကုန်သော ကုသိုလ်တရား၊ အကုသိုလ်တရား၊ ကုသိုလ် အကုသိုလ်အဖြစ်ဖြင့်မဟောအပ်သော အဗျာကတတရားဖြစ်သည့် ရုပ်အစု ‘ရူပက္ခန္ဓာ’။ပ။ အထူးသိမှု (စိတ်) အစု ‘ဝိညာဏက္ခန္ဓာ’ သည် (ရှိ၏)။ ဤတရားတို့သည် (သတ္တဝါတို့ကို) ပူပန်စေတတ် နှိပ်စက်တတ်သော ‘ကိလေသ’ တရားကို ရခြင်းငှါထိုက်သော (ကိလေသာတို့၏ အာရုံဖြစ်သော) ‘သံကိလေသိက’ တရားဖြစ်ကုန်၏ (ကိလေသာတို့၏ အာရုံဖြစ်သော လောကီတရားများ)။

အသံကိလေသိကတရား

၁၂၄၈။ (၂) အဘယ်တရားတို့သည် (သတ္တဝါတို့ကို) ပူပန်စေတတ် နှိပ်စက်တတ်သော ‘ကိလေသ’ တရားကို ရခြင်းငှါ မထိုက်သော (ကိလေသာတို့၏ အာရုံမဖြစ်သော) ‘အသံကိလေသိက’ တရား ဖြစ်ကုန်သနည်း။

ဘုံသုံးပါး၌ အကျုံးမဝင်ကုန်သောမဂ်တို့သည်လည်းကောင်း၊ မဂ်၏ အကျိုး (ဖိုလ်) တို့သည်လည်းကောင်း။ (ကံ, စိတ်, ဥတု, အာဟာရဟူသော အကြောင်းတရားတို့) မပြုပြင် မစီရင်အပ်သော သဘော ‘အသင်္ခတဓာတ်’ (နိဗ္ဗာန်) သည်လည်းကောင်း (ရှိ၏)။ ဤတရားတို့သည် ပူပန်စေတတ် နှိပ်စက်တတ်သော ‘ကိလေသ’ တရားကို ရခြင်းငှါမထိုက်သော (ကိလေသာတို့၏ အာရုံမဖြစ်သော) ‘အသံကိလေသိက’ တရား ဖြစ်ကုန်၏ (မဂ်, ဖိုလ်,နိဗ္ဗာန်)။

--

၃-သံကိလိဋ္ဌဒုက်

သံကိလိဋ္ဌတရား

၁၂၄၉။ (၁) အဘယ်တရားတို့သည် (သတ္တဝါတို့ကို) ပူပန်စေတတ် နှိပ်စက်တတ်သော ‘ကိလေသ’ တရားတို့သည် ပူပန်စေအပ် နှိပ်စက်အပ် (ညစ်နွမ်းစေအပ်) သော ‘သံကိလိဋ္ဌ’ တရားဖြစ်ကုန်သနည်း (ကိလေသာတို့နှင့်ယှဉ်သော တရားများကား အဘယ်တို့ နည်း)။

လိုချင်တပ်မက်မှု ‘လောဘ’၊ ဖျက်ဆီးပြစ်မှားမှု ‘ဒေါသ’။ (အမှန်သဘော၌) တွေဝေမှု (အမှန်ကို မသိမှု) ‘မောဟ’ ဟူသော အကုသိုလ် အခြေအမြစ် ‘အကုသလမူလ’ သုံးပါး၊ ထိုလိုချင်တပ်မက်မှု ‘လောဘ'စသည့် အကုသိုလ်အခြေအမြစ် ‘အကုသလမူလ’ သုံးပါးတို့နှင့် အတူတကွဖြစ်သော ‘ကိလေသာ’၊ ထိုလိုချင်တပ်မက်မှု ‘လောဘ’ စသည့်အကုသိုလ် အခြေအမြစ် ‘အကုသလမူလ’ တို့နှင့် ယှဉ်သောခံစားမှုအစု ‘ဝေဒနာက္ခန္ဓာ’။ပ။ အထူးသိမှု (စိတ်) အစု ‘ဝိညာဏက္ခန္ဓာ’၊ ထိုလိုချင်တပ်မက်မှု ‘လောဘ’ စသည့် ‘အကုသလမူလ'တို့ကြောင့် ဖြစ်သော ကိုယ်ဖြင့် ပြုလုပ်မှု ‘ကာယကံ’၊ နှုတ်ဖြင့်ပြောဆိုမှု ‘ဝစီကံ’၊ စိတ်ဖြင့် ကြံစည်တွေးတောမှု ‘မနောကံ’ သည် (ရှိ၏)။ ဤတရားတို့သည် (ကိလေသာတို့နှင့် ယှဉ်သော) ‘သံကိလိဋ္ဌ’ တရားဖြစ်ကုန်၏ (အကုသိုလ်စိတ်နှင့် ယှဉ်ဖက်စေတသိက်များ)။

အသံကိလိဋ္ဌတရား

၁၂၅၀။ (၂) အဘယ်တရားတို့သည် (သတ္တဝါတို့ကို) ပူပန်စေတတ် နှိပ်စက်တတ်သော ‘ကိလေသ’ တရားတို့သည် မပူပန်စေအပ် မနှိပ်စက်အပ် (မညစ်နွမ်းစေအပ်) သော ‘အသံကိလိဋ္ဌ’ တရား ဖြစ်ကုန်သနည်း (ကိလေသာတို့နှင့် မယှဉ်သော တရားများကား အဘယ်တို့နည်း)။

ကာမဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်ကုန်သော, ရူပဘုံ၌ ကျင်လည် သက်ဝင်၍ ဖြစ်ကုန်သော, အရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်ကုန်သော, ဘုံသုံးပါး၌ အကျုံး မဝင်ကုန်သော ကုသိုလ်တရား၊ ကုသိုလ် အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သော ‘အဗျာကတ’ တရား ဖြစ်သည့် ခံစားမှုအစု'ဝေဒနာက္ခန္ဓာ’။ပ။ အထူးသိမှု (စိတ်) အစု ‘ဝိညာဏက္ခန္ဓာ’၊ ထို့ပြင် အလုံးစုံသော ရုပ်၊ ထို့ပြင် (ကံ,စိတ်, ဥတု, အာဟာရဟူသော အကြောင်းတရားတို့) မပြုပြင် မစီရင်အပ်သော သဘော ‘အသင်္ခတဓာတ်’ (နိဗ္ဗာန်) သည် (ရှိ၏)။ ဤတရားတို့သည် (ကိလေသာတို့နှင့် မယှဉ်သော) ‘အသံကိလိဋ္ဌ’ တရား ဖြစ်ကုန်၏ (ကုသိုလ်, ဝိပါက်, ကြိယာစိတ်, ယှဉ်ဖက် စေတသိက်, ရုပ်နှင့် နိဗ္ဗာန်)။

--

၄-ကိလေသသမ္ပယုတ္တဒုက်

ကိလေသသမ္ပယုတ္တတရား

၁၂၅၁။ (၁) အဘယ်တရားတို့သည် (သတ္တဝါတို့ကို) ပူပန်စေတတ် နှိပ်စက်တတ်သော ‘ကိလေသ’ တရားတို့နှင့် ယှဉ်သော ‘ကိလေသ သမ္ပယုတ္တ’ တရား ဖြစ်ကုန်သနည်း။

ထို (ကိလေသ) တရားတို့နှင့် ယှဉ်ကုန်သော ခံစားမှုအစု ဝေဒနာက္ခန္ဓာ’။ပ။ အထူးသိမှု (စိတ်) အစု'ဝိညာဏက္ခန္ဓာ’ ဟူသော အကြင်တရားတို့သည် (ရှိကုန်၏)။ ဤတရား တို့သည် (သတ္တဝါတို့ကို) ပူပန်စေတတ် နှိပ်စက်တတ်သော ‘ကိလေသ’ တရားတို့နှင့် ယှဉ်သော ‘ကိလေသ သမ္ပယုတ္တ’ တရားဖြစ်ကုန်၏ (အကုသိုလ်စိတ်, ယှဉ်ဖက်စေတသိက်)။ (၁၂၄၉)

ကိလေသဝိပ္ပယုတ္တတရား

၁၂၅၂။ (၂) အဘယ်တရားတို့သည် (သတ္တဝါတို့ကို) ပူပန်စေတတ် နှိပ်စက်တတ်သော ‘ကိလေသ’ တရားတို့နှင့် မယှဉ်သော ‘ကိလေသ ဝိပ္ပယုတ္တ’ တရားဖြစ်ကုန်သနည်း။

ထို (ကိလေသ) တရားတို့နှင့် မယှဉ်ကုန်သော ခံစားမှုအစု ‘ဝေဒနာက္ခန္ဓာ’။ပ။ အထူးသိမှု (စိတ်) အစု ‘ဝိညာဏက္ခန္ဓာ’ ၊ ထို့ပြင် အလုံးစုံသော ရုပ်၊ ထို့ပြင် (ကံ, စိတ်, ဥတု, အာဟာရဟူသောအကြောင်းတရားတို့) မပြုပြင် မစီရင်အပ်သော သဘော ‘အသင်္ခတဓာတ်’ (နိဗ္ဗာန်)ဟူသောအကြင်တရားတို့သည် (ရှိကုန်၏)။ ဤတရားတို့သည် (သတ္တဝါတို့ကို) ပူပန်စေတတ် နှိပ်စက် တတ်သော ‘ကိလေသ’ တရားတို့နှင့် မယှဉ်သော ‘ကိလေသဝိပ္ပယုတ္တ’ တရား ဖြစ်ကုန်၏ (ကုသိုလ်, ဝိပါက်,ကြိယာစိတ်, ယှဉ်ဖက်စေတသိက်, ရုပ်, နိဗ္ဗာန်)။ (၁၂၅၀)

--

၅-ကိလေသ သံကိလေသိကဒုက်

ကိလေသ သံကိလေသိကတရား

၁၂၅၃။ (၁) အဘယ်တရားတို့သည် (သတ္တဝါတို့ကို) ပူပန်စေတတ်နှိပ်စက်တတ်သော ‘ကိလေသ’ တရားလည်း မည်၍ ကိလေသတို့ကို ရခြင်းငှါလည်း ထိုက်သော (ကိလေသတို့၏ အာရုံဖြစ်သော) ‘ကိလေသ သံကိလေသိက’ တရား ဖြစ်ကုန်သနည်း။

ထိုကိလေသာတို့သည်ပင် ‘ကိလေသ’ လည်းမည်၍ ပူပန်စေတတ် နှိပ်စက်တတ် သော ‘ကိလေသ’ တရားတို့ကို ရခြင်းငှါလည်း ထိုက်သော (ကိလေသတို့၏ အာရုံဖြစ်သော) ‘ကိလေသသံကိလေသိက’ တရား ဖြစ်ကုန်၏ (ကိလေသာဆယ်ပါး)။ (၁၂၃၅,၁၂၄၅)

သံကိလေသိက နော ကိလေသတရား

၁၂၅၄။ (၂) အဘယ်တရားတို့သည် (သတ္တဝါတို့ကို) ပူပန်စေတတ် နှိပ်စက်တတ်သော ‘ကိလေသ’ တရားတို့ကို ရခြင်းငှါသာ ထိုက်၍ (ကိလေသတို့၏အာရုံသာဖြစ်၍) ‘ကိလေသ’ မမည်သော ‘သံကိလေသိက နော ကိလေသ’ တရား ဖြစ်ကုန်သနည်း။

အကြင်တရားတို့သည် ထို ‘ကိလေသ’ တရားတို့ဖြင့် (ထို ‘ကိလေသ’ တရားတို့ အာရုံပြုအပ်သဖြင့်) ကိလေသတရားတို့၏ အာရုံဖြစ်သော ‘သံကိလေသ’ တရား ဖြစ်ကုန်၏။ (ထို ‘သံကိလေသိက’ တရားတို့၌ ပါရှိသော) ထို (ကိလေသ) တရားတို့ကို ချန်ထား၍ ကြွင်းကျန်သည့် (သံကိလေသိကတရားဖြစ်ကုန်သော) အာသဝတရားတို့၏ အာရုံဖြစ်ကုန်သော, ကာမဘုံ၌ ကျင်လည် သက်ဝင်၍ ဖြစ်ကုန်သော, ရူပဘုံ၌ ကျင်လည်သက်ဝင်၍ဖြစ်ကုန်သော, အရူပဘုံ၌ ကျင်လည် သက်ဝင်၍ ဖြစ်ကုန်သော ကုသိုလ်တရား၊ အကုသိုလ်တရား၊ ကုသိုလ် အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သော ‘အဗျာကတ’ တရားဖြစ်သည့် ရုပ်အစု ‘ရူပက္ခန္ဓာ’။ပ။ အထူးသိမှု (စိတ်) အစု ‘ဝိညာဏက္ခန္ဓာ’ သည် (ရှိ၏)။ ဤတရားတို့သည် (ကိလေသတို့၏အာရုံသာဖြစ်၍ ကိလေသမမည်သော) ‘သံကိလေသိက နော ကိလေသ’ တရား ဖြစ်ကုန်၏ (လောကီစိတ်,ကိလေသာတရားကိုယ် ဆယ်ပါးကြဉ်သော ယှဉ်ဖက် စေတသိက်, ရုပ်)။

--

၆-ကိလေသ သံကိလိဋ္ဌဒုက်

ကိလေသ သံကိလိဋ္ဌတရား

၁၂၅၅။ (၁) အဘယ်တရားတို့သည် (သတ္တဝါတို့ကို) ပူပန်စေတတ် နှိပ်စက်တတ်သော ‘ကိလေသ’ တရားလည်းမည်၍ ပူပန်စေတတ် နှိပ် စက်တတ်သော ‘ကိလေသ’ တရားတို့သည် ပူပန်လည်း ပူပန်စေအပ်, နှိပ်စက်လည်း နှိပ်စက်အပ် (ညစ်နွမ်းစေအပ်) သော ‘ကိလေသ သံကိလိဋ္ဌ’ တရား ဖြစ်ကုန်သနည်း (ကိလေသတရားလည်း မည်၍ ကိလေသနှင့်လည်းယှဉ်သော တရားများကား အဘယ်နည်း)။ ထိုပူပန်စေတတ် နှိပ်စက်တတ်သော ‘ကိလေသ’ တရားတို့သည်ပင် (ကိလေသလည်းမည်၍ ကိလေသနှင့်လည်းယှဉ်သော) ‘ကိလေသ့သံကိလိဋ္ဌ’ တရား ဖြစ်ကုန်၏ (ကိလေသာတရားကိုယ် ဆယ်ပါး)။ (၁၂၃၅,၁၂၄၅)

သံကိလိဋ္ဌ နော ကိလေသတရား

၁၂၅၆။ (၂) အဘယ်တရားတို့သည် (သတ္တဝါတို့ကို) ပူပန်စေတတ်နှိပ်စက်တတ်သော ‘ကိလေသ’ တရားတို့သည် ပူပန် စေအပ် နှိပ်စက်အပ် (ညစ်နွမ်းစေအပ်) သည်သာဖြစ်၍ (ကိလေသတို့နှင့်သာ ယှဉ်၍) ကိလေသ မမည်သော ‘သံကိလိဋ္ဌ နော ကိလေသ’ တရားဖြစ်ကုန်သနည်း။

အကြင်တရားတို့သည် ထို (ကိလေသ) တရားတို့ဖြင့် (ထိုကိလေသတရားတို့ကပူပန်စေအပ် နှိပ်စက်အပ်သဖြင့်) ‘သံကိလိဋ္ဌ’ တရား ဖြစ်ကုန်၏။ (ထို ‘သံကိလိဋ္ဌ’ တရားတို့၌ ပါရှိသော) ထို (ကိလေသ) တရားတို့ကို ချန်ထား၍ (ကြွင်းကျန်ကုန်သော) ခံစားမှုအစု ‘ဝေဒနာက္ခန္ဓာ’။ပ။ အထူးသိမှု (စိတ်) အစု ‘ဝိညာဏက္ခန္ဓာ’ သည် (ရှိ၏)။ ဤတရားတို့သည် (ကိလေသတို့နှင့်သာ ယှဉ်၍ကိလေသမမည်သော) ‘သံကိလိဋ္ဌ နော ကိလေသ’ တရား ဖြစ်ကုန်၏ (အကုသိုလ်စိတ်၊ ကိလေသဆယ်ပါးကြဉ်သော ယှဉ်ဖက် စေတသိက်)။

--

၇-ကိလေသ ကိလေသသမ္ပယုတ္တဒုက်

ကိလေသ ကိလေသသမ္ပယုတ္တတရား

၁၂၅၇။ (၁) အဘယ်တရားတို့သည် (သတ္တဝါတို့ကို) ပူပန်စေတတ်နှိပ်စက်တတ်သော ‘ကိလေသ’ တရားလည်း မည်၍ ‘ကိလေသ’ တရားတို့နှင့်လည်းယှဉ်သော ‘ကိလေသ ကိလေသသမ္ပယုတ္တ’ တရားဖြစ်ကုန်သနည်း။

လိုချင်တပ်မက်မှု ‘လောဘ’ သည် (သတ္တဝါတို့ကို) ပူပန်စေတတ် နှိပ်စက်တတ်သော ‘ကိလေသ’ တရားလည်း မည်၏။ (ယှဉ်ဖက်ဖြစ်သော) မောဟ (ကိလေသ) ကြောင့် ‘ကိလေသ’ နှင့် ယှဉ်သည်လည်း ဖြစ်၏။ (အမှန်တရား၌) တွေဝေမှု ‘မောဟ’ သည် ‘ကိလေသ’ လည်း မည်၏။ (ယှဉ်ဖက်ဖြစ်သော) လောဘ (ကိလေသ) ကြောင့် ‘ကိလေသ’ နှင့် ယှဉ်သည်လည်း ဖြစ်၏။ ဖျက်ဆီးပြစ်မှားမှု ‘ဒေါသ’ သည် (သတ္တဝါတို့ကို) ပူပန်စေတတ် နှိပ်စက်တတ်သော ‘ကိလေသ’ တရားလည်း မည်၏။ (ယှဉ်ဖက်ဖြစ်သော) မောဟ (ကိလေသ) ကြောင့် ‘ကိလေသ’ နှင့် ယှဉ်သည်လည်းဖြစ်၏။ (အမှန် တရား၌) တွေဝေမှု ‘မောဟ’ သည် ‘ကိလေသ’ လည်း မည်၏။ (ယှဉ်ဖက်ဖြစ်သော) ဒေါသ (ကိလေသ) ကြောင့် ‘ကိလေသ’ နှင့် ယှဉ်သည်လည်း ဖြစ်၏။ (ငါသာလျှင် မြတ်သည်ဟုစသည်ဖြင့်) မှတ်ထင်မှု (ထောင်လွှားမှု) ‘မာန’ သည် (သတ္တဝါတို့ကို) ပူပန်စေတတ် နှိပ်စက်တတ်သော ‘ကိလေသ’ တရားလည်း မည်၏။ (ယှဉ်ဖက်ဖြစ်သော) မောဟ (ကိလေသ) ကြောင့် ‘ကိလေသ’ နှင့် ယှဉ်သည်လည်း ဖြစ်၏။ (အမှန်တရား၌) တွေဝေမှု ‘မောဟ’ သည် ‘ကိလေသ’ လည်း မည်၏။ (ယှဉ်ဖက်ဖြစ်သော) မာန (ကိလေသ) ကြောင့် ‘ကိလေသ’ နှင့် ယှဉ်သည်လည်းဖြစ်၏။ အမြင်မှားမှု ‘ဒိဋ္ဌိ’ သည် (သတ္တဝါတို့ကို) ပူပန်စေတတ် နှိပ်စက်တတ်သော ‘ကိလေသ’ တရားလည်းမည်၏။ (ယှဉ်ဖက်ဖြစ်သော) မောဟ (ကိလေသ) ကြောင့် ‘ကိလေသ’ နှင့် ယှဉ်သည်လည်း ဖြစ်၏။ (အမှန်တရား၌) တွေဝေမှု ‘မောဟ’ သည် ‘ကိလေသ’ လည်း မည်၏။ (ယှဉ်ဖက်ဖြစ်သော) ဒိဋ္ဌိ (ကိလေသ) ကြောင့် ‘ကိလေသ’ နှင့် ယှဉ်သည်လည်း ဖြစ်၏။ ယုံမှားမှု ‘ဝိစိကိစ္ဆာ’ သည် (သတ္တဝါတို့ကို) ပူပန်စေတတ် နှိပ်စက်တတ်သော ‘ကိလေသ’ တရားလည်းမည်၏။ (ယှဉ်ဖက်ဖြစ်သော) မောဟ (ကိလေသ) ကြောင့် ‘ကိလေသ’ နှင့် ယှဉ်သည်လည်း ဖြစ်၏။ (အမှန်တရား၌) တွေဝေမှု ‘မောဟ’ သည် ‘ကိလေသ’ လည်း မည်၏။ (ယှဉ်ဖက်ဖြစ်သော) ဝိစိကိစ္ဆာ (ကိလေသ) ကြောင့် ‘ကိလေသ’ နှင့် ယှဉ်သည်လည်း ဖြစ်၏။ (စိတ်၏) မခံ့မှု (ထိုင်းမှိုင်းမှု) ‘ထိန’ သည် (သတ္တဝါတို့ကို) ပူပန်စေတတ် နှိပ်စက်တတ်သော ‘ကိလေသ’ တရားလည်း မည်၏။ (ယှဉ်ဖက်ဖြစ်သော) မောဟ (ကိလေသ) ကြောင့် ‘ကိလေသ’ နှင့် ယှဉ်သည်လည်း ဖြစ်၏။ (အမှန်တရား၌) တွေဝေမှု ‘မောဟ’ သည် ‘ကိလေသ’ လည်း မည်၏။ (ယှဉ်ဖက်ဖြစ့်သော) ထိန (ကိလေသ) ကြောင့် ‘ကိလေသ’ နှင့် ယှဉ်သည်လည်း ဖြစ်၏။ ပျံ့လွင့်မှု ‘ဥဒ္ဓစ္စ’ သည် (သတ္တဝါတို့ကို) ပူပန်စေတတ် နှိပ်စက်တတ်သော ‘ကိလေသ’ တရားလည်း မည်၏။ (ယှဉ်ဖက်ဖြစ်သော) မောဟ (ကိလေသ) ကြောင့် ‘ကိလေသ’ နှင့် ယှဉ်သည်လည်း ဖြစ်၏။ (အမှန်တရား၌) တွေဝေမှု ‘မောဟ’ သည် ‘ကိလေသ’ လည်း မည်၏။ (ယှဉ်ဖက်ဖြစ်သော) ဥဒ္ဓစ္စ (ကိလေသ) ကြောင့် ‘ကိလေသ’ နှင့် ယှဉ်သည်လည်း ဖြစ်၏။ (ကာယဒုစရိုက်စသည်မှ) မရှက်မှု ‘အဟိရီက’ သည် (သတ္တဝါတို့ကို) ပူပန်စေတတ် နှိပ်စက်တတ် သော ‘ကိလေသ’ တရားလည်း မည်၏။ (ယှဉ်ဖက်ဖြစ်သော) မောဟ (ကိလေသ) ကြောင့် ‘ကိလေသ’ နှင့်ယှဉ်သည်လည်း ဖြစ်၏။ (အမှန်တရား၌) တွေဝေမှု ‘မောဟ’ သည် ‘ကိလေသ’ လည်း မည်၏။ (ယှဉ်ဖက်ဖြစ်သော) အဟိရီက (ကိလေသ) ကြောင့် ‘ကိလေသ’ နှင့် ယှဉ်သည်လည်း ဖြစ်၏။

--

(ကာယဒုစရိုက်စသည်မှ) မကြောက်လန့်မှု ‘အနောတ္တပ္ပ’ သည် (သတ္တဝါတို့ကို) ပူပန်စေတတ်နှိပ်စက်တတ်သော ‘ကိလေသ’ တရားလည်း မည်၏။ (ယှဉ်ဖက်ဖြစ်သော) မောဟ (ကိလေသ) ကြောင့် ‘ကိလေသ’ နှင့် ယှဉ်သည်လည်း ဖြစ်၏။ (အမှန်တရား၌) တွေဝေမှု ‘မောဟ’ သည် ‘ကိလေသ’ လည်းမည်၏။ (ယှဉ်ဖက်ဖြစ်သော) အနောတ္တပ္ပ (ကိလေသ) ကြောင့် ‘ကိလေသ’ နှင့် ယှဉ်သည်လည်း ဖြစ်၏။ လိုချင်တပ်မက်မှု ‘လောဘ’ သည် (သတ္တဝါတို့ကို) ပူပန်စေတတ် နှိပ်စက်တတ်သော ‘ကိလေသ’ တရားလည်း မည်၏။ (ယှဉ်ဖက်ဖြစ်သော) ဥဒ္ဓစ္စ (ကိလေသ) ကြောင့် ‘ကိလေသ’ နှင့် ယှဉ်သည်လည်းဖြစ်၏၊ ပျံ့လွင့်မှု ‘ဥဒ္ဓစ္စ’ သည် ‘ကိလေသ’ လည်း မည်၏။ (ယှဉ်ဖက်ဖြစ်သော) လောဘ (ကိလေသ) ကြောင့် ‘ကိလေသ’ နှင့် ယှဉ်သည်လည်း ဖြစ်၏။ ဖျက်ဆီးပြစ်မှားမှု ‘ဒေါသ’ သည် (သတ္တဝါတို့ကို) ပူပန်စေတတ် နှိပ်စက်တတ်သော ‘ကိလေသ’ တရားလည်း မည်၏။ (ယှဉ်ဖက်ဖြစ်သော) ဥဒ္ဓစ္စ (ကိလေသ) ကြောင့် ‘ကိလေသ’ နှင့် ယှဉ်သည်လည်းဖြစ်၏၊ ပျံ့လွင့်မှု ‘ဥဒ္ဓစ္စ’ သည် ‘ကိလေသ’ လည်း မည်၏။ (ယှဉ်ဖက်ဖြစ်သော) ဒေါသ (ကိလေသ) ကြောင့် ‘ကိလေသ’ နှင့် ယှဉ်သည်လည်း ဖြစ်၏။ (အမှန်တရား၌) တွေဝေမှု ‘မောဟ’ သည် (သတ္တဝါတို့ကို) ပူပန်စေတတ် နှိပ်စက်တတ်သော ‘ကိလေသ’ တရားလည်း မည်၏။ (ယှဉ်ဖက်ဖြစ်သော) ဥဒ္ဓစ္စ (ကိလေသ) ကြောင့် ‘ကိလေသ’ နှင့် ယှဉ်သည်လည်းဖြစ်၏၊ ပျံ့လွင့်မှု ‘ဥဒ္ဓစ္စ’ သည် ‘ကိလေသ’ လည်း မည်၏။ (ယှဉ်ဖက်ဖြစ်သော) မောဟ (ကိလေသ) ကြောင့် ‘ကိလေသ’ နှင့် ယှဉ်သည်လည်း ဖြစ်၏။ (ငါသာလျှင် မြတ်သည်ဟုစသည်ဖြင့်) မှတ်ထင်မှု (ထောင်လွှားမှု) ‘မာန’ သည် (သတ္တဝါတို့ကို) ပူပန်စေတတ် နှိပ်စက်တတ်သော ‘ကိလေသ’ တရားလည်း မည်၏။ (ယှဉ်ဖက်ဖြစ်သော) ဥဒ္ဓစ္စ (ကိလေသ) ကြောင့် ‘ကိလေသ’ နှင့် ယှဉ်သည်လည်း ဖြစ်၏၊ ပျံ့လွင့်မှု ‘ဥဒ္ဓစ္စ’ သည် ‘ကိလေသ’ လည်း မည်၏။ (ယှဉ်ဖက်ဖြစ်သော) မာန (ကိလေသ) ကြောင့် ‘ကိလေသ’ နှင့် ယှဉ်သည်လည်း ဖြစ်၏။ အမြင်မှားမှု ‘ဒိဋ္ဌိ’ သည် (သတ္တဝါတို့ကို) ပူပန်စေတတ် နှိပ်စက်တတ်သော ‘ကိလေသ’ တရားလည်းမည်၏။ (ယှဉ်ဖက်ဖြစ်သော) ဥဒ္ဓစ္စ (ကိလေသ) ကြောင့် ‘ကိလေသ’ နှင့် ယှဉ်သည်လည်း ဖြစ်၏၊ ပျံ့လွင့်မှု ‘ဥဒ္ဓစ္စ’ သည် ‘ကိလေသ’ လည်း မည်၏။ (ယှဉ်ဖက်ဖြစ်သော) ဒိဋ္ဌိ (ကိလေသ) ကြောင့် ‘ကိလေသ’ နှင့် ယှဉ်သည်လည်း ဖြစ်၏။ ယုံမှားမှု ‘ဝိစိကိစ္ဆာ’ သည် (သတ္တဝါတို့ကို) ပူပန်စေတတ် နှိပ်စက်တတ်သော ‘ကိလေသ’ တရားလည်းမည်၏။ (ယှဉ်ဖက်ဖြစ်သော) ဥဒ္ဓစ္စ (ကိလေသ) ကြောင့် ‘ကိလေသ’ နှင့် ယှဉ်သည်လည်း ဖြစ်၏၊ ပျံ့လွင့်မှု ‘ဥဒ္ဓစ္စ’ သည် ‘ကိလေသ’ လည်း မည်၏။ (ယှဉ်ဖက်ဖြစ်သော) ဝိစိကိစ္ဆာ (ကိလေသ) ကြောင့် ‘ကိလေသ’ နှင့် ယှဉ်သည်လည်း ဖြစ်၏။ (စိတ်၏) မခံ့မှု (ထိုင်းမှိုင်းမှု) ‘ထိန’ သည် (သတ္တဝါတို့ကို) ပူပန်စေတတ် နှိပ်စက်တတ်သော ‘ကိလေသ’ တရားလည်း မည်၏။ (ယှဉ်ဖက်ဖြစ်သော) ဥဒ္ဓစ္စ (ကိလေသ) ကြောင့် ‘ကိလေသ’ နှင့် ယှဉ်သည်လည်း ဖြစ်၏၊ ပျံ့လွင့်မှု ‘ဥဒ္ဓစ္စ’ သည် ‘ကိလေသ’ လည်း မည်၏။ (ယှဉ်ဖက်ဖြစ်သော) ထိန (ကိလေသ) ကြောင့် ‘ကိလေသ’ နှင့် ယှဉ်သည်လည်း ဖြစ်၏။ (ကာယဒုစရိုက်စသည်မှ) မရှက်မှု ‘အဟိရီက’ သည် (သတ္တဝါတို့ကို) ပူပန်စေတတ် နှိပ်စက်တတ် သော ‘ကိလေသ’ တရားလည်း မည်၏။ (ယှဉ်ဖက်ဖြစ်သော) ဥဒ္ဓစ္စ (ကိလေသ) ကြောင့် ‘ကိလေသ’ နှင့် ယှဉ်သည်လည်း ဖြစ်၏၊ ပျံ့လွင့်မှု ‘ဥဒ္ဓစ္စ’ သည် ‘ကိလေသ’ လည်း မည်၏။ (ယှဉ်ဖက်ဖြစ်သော) အဟိရီက (ကိလေသ) ကြောင့် ‘ကိလေသ’ နှင့် ယှဉ်သည်လည်း ဖြစ်၏။ (ကာယဒုစရိုက်စသည်မှ) မကြောက်လန့်မှု ‘အနောတ္တပ္ပ’ သည် (သတ္တဝါတို့ကို) ပူပန်စေတတ်နှိပ်စက်တတ်သော ‘ကိလေသ’ တရားလည်း မည်၏။ (ယှဉ်ဖက်ဖြစ်သော) ဥဒ္ဓစ္စ (ကိလေသ) ကြောင့် ‘ကိလေသ’ နှင့် ယှဉ်သည်လည်း ဖြစ်၏၊ ပျံ့လွင့်မှု ‘ဥဒ္ဓစ္စ’ သည် ‘ကိလေသ’ လည်း မည်၏။ (ယှဉ်ဖက်ဖြစ်သော) အနောတ္တပ္ပ (ကိလေသ) ကြောင့် ‘ကိလေသ’ နှင့် ယှဉ်သည်လည်း ဖြစ်၏။

--

လိုချင်တပ်မက်မှု ‘လောဘ’ သည် (သတ္တဝါတို့ကို) ပူပန်စေတတ် နှိပ်စက်တတ်သော ‘ကိလေသ’ တရားလည်း မည်၏။ (ယှဉ်ဖက်ဖြစ်သော) အဟိရီက (ကိလေသ) ကြောင့် ‘ကိလေသ’ နှင့် ယှဉ်သည်လည်းဖြစ်၏။ (ကာယဒုစရိုက်စသည်မှ) မရှက်မှု ‘အဟိရီက’ သည် ‘ကိလေသ’ လည်း မည်၏။ (ယှဉ်ဖက်ဖြစ်သော) လောဘ (ကိလေသ) ကြောင့် ‘ကိလေသ’ နှင့် ယှဉ်သည်လည်း ဖြစ်၏။ ဖျက်ဆီးပြစ်မှားမှု ‘ဒေါသ’ သည် (သတ္တဝါတို့ကို) ပူပန်စေတတ် နှိပ်စက်တတ်သော ‘ကိလေသ’ တရားလည်း မည်၏။ (ယှဉ်ဖက်ဖြစ်သော) အဟိရီက (ကိလေသ) ကြောင့် ‘ကိလေသ’ နှင့် ယှဉ်သည်လည်းဖြစ်၏။ (ကာယဒုစရိုက်စသည်မှ) မရှက်မှု ‘အဟိရီက’ သည် ‘ကိလေသ’ လည်း မည်၏။ (ယှဉ်ဖက်ဖြစ်သော) ဒေါသ (ကိလေသ) ကြောင့် ‘ကိလေသ’ နှင့် ယှဉ်သည်လည်း ဖြစ်၏။ (အမှန်သဘော၌) တွေဝေမှု ‘မောဟ’ သည် (သတ္တဝါတို့ကို) ပူပန်စေတတ်နှိပ် စက်တတ်သော ‘ကိလေသ’ တရားလည်း မည်၏။ (ယှဉ်ဖက်ဖြစ်သော) အဟိရီက (ကိလေသ) ကြောင့် ‘ကိလေသ’ နှင့် ယှဉ်သည်လည်း ဖြစ်၏။ (ကာယဒုစရိုက်စသည်မှ) မရှက်မှု ‘အဟိရီက’ သည် ‘ကိလေသ’ လည်း မည်၏။ (ယှဉ်ဖက်ဖြစ်သော) မောဟ (ကိလေသ) ကြောင့် ‘ကိလေသ’ နှင့် ယှဉ်သည်လည်း ဖြစ်၏။ (ငါသာလျှင် မြတ်သည်ဟု စသည်ဖြင့်) မှတ်ထင်မှု (ထောင်လွှားမှု) ‘မာန’ သည် (သတ္တဝါတို့ကို) ပူပန်စေတတ် နှိပ်စက်တတ်သော ‘ကိလေသ’ တရားလည်း မည်၏။ (ယှဉ်ဖက်ဖြစ်သော) အဟိရီက (ကိလေသ) ကြောင့် ‘ကိလေသ’ နှင့် ယှဉ်သည်လည်း ဖြစ်၏။ (ကာယဒုစရိုက်စသည်မှ) မရှက်မှု ‘အဟိရီက’ သည် ‘ကိလေသ’ လည်း မည်၏။ (ယှဉ်ဖက်ဖြစ်သော) မာန (ကိလေသ) ကြောင့် ‘ကိလေသ’ နှင့် ယှဉ်သည်လည်း ဖြစ်၏။ အမြင်မှားမှု ‘ဒိဋ္ဌိ’ သည် (သတ္တဝါတို့ကို) ပူပန်စေတတ် နှိပ်စက်တတ်သော ‘ကိလေသ’ တရားလည်းမည်၏။ (ယှဉ်ဖက်ဖြစ်သော) အဟိရီက (ကိလေသ) ကြောင့် ‘ကိလေသ’ နှင့် ယှဉ်သည်လည်း ဖြစ်၏။ (ကာယဒုစရိုက်စသည်မှ) မရှက်မှု ‘အဟိရီက’ သည် ‘ကိလေသ’ လည်း မည်၏။ (ယှဉ်ဖက်ဖြစ်သော) ဒိဋ္ဌိ (ကိလေသ) ကြောင့် ‘ကိလေသ’ နှင့် ယှဉ်သည်လည်း ဖြစ်၏။ ယုံမှားမှု ‘ဝိစိကိစ္ဆာ’ သည် (သတ္တဝါတို့ကို) ပူပန်စေတတ် နှိပ်စက်တတ်သော ‘ကိလေသ’ တရားလည်းမည်၏။ (ယှဉ်ဖက်ဖြစ်သော) အဟိရီက (ကိလေသ) ကြောင့် ‘ကိလေသ’ နှင့် ယှဉ်သည်လည်း ဖြစ်၏။ (ကာယဒုစရိုက်စသည်မှ) မရှက်မှု ‘အဟိရီက’ သည် ‘ကိလေသ’ လည်း မည်၏။ (ယှဉ်ဖက်ဖြစ်သော) ဝိစိကိစ္ဆာ (ကိလေသ) ကြောင့် ‘ကိလေသ’ နှင့် ယှဉ်သည်လည်း ဖြစ်၏။ (စိတ်၏) မခံ့မှု (ထိုင်းမှိုင်းမှု) ‘ထိန’ သည် (သတ္တဝါတို့ကို) ပူပန်စေတတ် နှိပ်စက်တတ်သော ‘ကိလေသ’ တရားလည်း မည်၏။ (ယှဉ်ဖက်ဖြစ်သော) အဟိရီက (ကိလေသ) ကြောင့် ‘ကိလေသ’ နှင့် ယှဉ်သည်လည်း ဖြစ်၏။ (ကာယဒုစရိုက်စသည်မှ) မရှက်မှု ‘အဟိရီက’ သည် ‘ကိလေသ’ လည်း မည်၏။ (ယှဉ်ဖက်ဖြစ်သော) ထိန (ကိလေသ) ကြောင့် ‘ကိလေသ’ နှင့် ယှဉ်သည်လည်းဖြစ်၏။ ပျံ့လွင့်မှု ‘ဥဒ္ဓစ္စ’ သည် (သတ္တဝါတို့ကို) ပူပန်စေတတ် နှိပ်စက်တတ်သော ‘ကိလေသ’ တရားလည်း မည်၏။ (ယှဉ်ဖက်ဖြစ်သော) အဟိရီက (ကိလေသ) ကြောင့် ‘ကိလေသ’ နှင့် ယှဉ်သည်လည်း ဖြစ်၏။ (ကာယဒုစရိုက်စသည်မှ) မရှက်မှု ‘အဟိရီက’ သည် ‘ကိလေသ’ လည်းမည်၏။ (ယှဉ်ဖက်ဖြစ်သော) ဥဒ္ဓစ္စ (ကိလေသ) ကြောင့် ‘ကိလေသ’ နှင့် ယှဉ်သည်လည်း ဖြစ်၏။ (ကာယဒုစရိုက်စသည်မှ) မကြောက်လန့်မှု ‘အနောတ္တပ္ပ’ သည် (သတ္တဝါတို့ကို) ပူပန်စေတတ် နှိပ်စက်တတ်သော ‘ကိလေသ’ တရားလည်း မည်၏။ (ယှဉ်ဖက်ဖြစ်သော) အဟိရီက (ကိလေသ) ကြောင့် ‘ကိလေသ’ နှင့် ယှဉ်သည်လည်း ဖြစ်၏။ (ကာယဒုစရိုက်စသည်မှ) မရှက်မှု ‘အဟိရီက’ သည် ‘ကိလေသ’ လည်း မည်၏။ (ယှဉ်ဖက်ဖြစ်သော) အနောတ္တပ္ပ (ကိလေသ) ကြောင့် ‘ကိလေသ’ နှင့်ယှဉ်သည်လည်း ဖြစ်၏။ လိုချင်တပ်မက်မှု ‘လောဘ’ သည် (သတ္တဝါတို့ကို) ပူပန်စေတတ် နှိပ်စက်တတ်သော ‘ကိလေသ’ တရားလည်း မည်၏။ (ယှဉ်ဖက်ဖြစ်သော) အနောတ္တပ္ပ (ကိလေသ) ကြောင့် ‘ကိလေသ’ နှင့်ယှဉ်သည်လည်း ဖြစ်၏။ (ကာယဒုစရိုက်စသည်မှ) မကြောက်လန့်မှု ‘အနောတ္တပ္ပ’ သည် ‘ကိလေသ’ လည်း မည်၏။ (ယှဉ် ဖက်ဖြစ်သော) လောဘ (ကိလေသ) ကြောင့် ‘ကိလေသ’ နှင့်ယှဉ်သည်လည်း ဖြစ်၏။ ဖျက်ဆီးပြစ်မှားမှု ‘ဒေါသ’ သည် (သတ္တဝါတို့ကို) ပူပန်စေတတ် နှိပ်စက်တတ်သော ‘ကိလေသ’ တရားလည်း မည်၏။ (ယှဉ်ဖက်ဖြစ်သော) အနောတ္တပ္ပ (ကိလေသ) ကြောင့် ‘ကိလေသ’ နှင့်ယှဉ်သည်လည်း ဖြစ်၏။ (ကာယဒုစရိုက်စသည်မှ) မကြောက်လန့်မှု ‘အနောတ္တပ္ပ’ သည် ‘ကိလေသ’ လည်းမည်၏။ (ယှဉ် ဖက်ဖြစ်သော) ဒေါသ (ကိလေသ) ကြောင့် ‘ကိလေသ’ နှင့် ယှဉ်သည်လည်း ဖြစ်၏။ (အမှန်တရား၌) တွေဝေမှု ‘မောဟ’ သည် (သတ္တဝါတို့ကို) ပူပန်စေတတ် နှိပ်စက်တတ်သော ‘ကိလေသ’ တရားလည်း မည်၏။ (ယှဉ်ဖက်ဖြစ်သော) အနောတ္တပ္ပ (ကိလေသ) ကြောင့် ‘ကိလေသ’ နှင့် ယှဉ်သည်လည်း ဖြစ်၏။ (ကာယဒုစရိုက်စသည်မှ) မကြောက်လန့်မှု ‘အနောတ္တပ္ပ’ သည် ‘ကိလေသ’ လည်း မည်၏။

--

(ယှဉ်ဖက်ဖြစ်သော) မောဟ (ကိလေသ) ကြောင့် ‘ကိလေသ’ နှင့် ယှဉ်သည်လည်း ဖြစ်၏။ (ငါသာလျှင် မြတ်သည်ဟုစသည်ဖြင့်) မှတ်ထင်မှု (ထောင်လွှားမှု) ‘မာန’ သည် (သတ္တဝါတို့ကို) ပူပန်စေတတ် နှိပ်စက်တတ်သော ‘ကိလေသ’ တရားလည်း မည်၏။ (ယှဉ်ဖက်ဖြစ်သော) အနောတ္တပ္ပ (ကိလေသ) ကြောင့် ‘ကိလေသ’ နှင့် ယှဉ်သည်လည်း ဖြစ်၏။ (ကာယဒုစရိုက်စသည်မှ) မကြောက်လန့်မှု ‘အနောတ္တပ္ပ’ သည် ‘ကိလေသ’ လည်း မည်၏။ (ယှဉ်ဖက်ဖြစ်သော) မာန (ကိလေသ) ကြောင့် ‘ကိလေသ’ နှင့် ယှဉ်သည်လည်း ဖြစ်၏။ အမြင်မှားမှု ‘ဒိဋ္ဌိ’ သည် (သတ္တဝါတို့ကို) ပူပန်စေတတ် နှိပ်စက်တတ်သော ‘ကိလေသ’ တရားလည်းမည်၏။ (ယှဉ်ဖက်ဖြစ်သော) အနောတ္တပ္ပ (ကိလေသ) ကြောင့် ‘ကိလေသ’ နှင့် ယှဉ်သည်လည်း ဖြစ်၏။ (ကာယဒုစရိုက်စသည်မှ) မကြောက်လန့်မှု ‘အနောတ္တပ္ပ’ သည် ‘ကိလေသ’ လည်း မည်၏။ (ယှဉ်ဖက်ဖြစ်သော) ဒိဋ္ဌိ (ကိလေသ) ကြောင့် ‘ကိလေသ’ နှင့် ယှဉ်သည်လည်း ဖြစ်၏။ ယုံမှားမှု ‘ဝိစိကိစ္ဆာ’ သည် (သတ္တဝါတို့ကို) ပူပန်စေတတ် နှိပ်စက်တတ်သော ‘ကိလေသ’ တရား လည်းမည်၏။ (ယှဉ်ဖက်ဖြစ်သော) အနောတ္တပ္ပ (ကိလေသ) ကြောင့် ‘ကိလေသ’ နှင့် ယှဉ်သည်လည်း ဖြစ်၏။ (ကာယဒုစရိုက်စသည်မှ) မကြောက်လန့်မှု ‘အနောတ္တပ္ပ’ သည် (သတ္တဝါတို့ကို) ပူပန်စေတတ်နှိပ်စက်တတ်သော ‘ကိလေသ’ တရားလည်း မည်၏။ (ယှဉ်ဖက်ဖြစ်သော) ဝိစိကိစ္ဆာ (ကိလေသ) ကြောင့် ‘ကိလေသ’ နှင့် ယှဉ်သည်လည်း ဖြစ်၏။ (စိတ်၏) မခံ့မှု (ထိုင်းမှိုင်းမှု) ‘ထိန’ သည် (သတ္တဝါတို့ကို) ပူပန်စေတတ်နှိပ်စက်တတ်သော ‘ကိလေသ’ တရားလည်း မည်၏။ (ယှဉ်ဖက်ဖြစ်သော) အနောတ္တပ္ပ (ကိလေသ) ကြောင့် ‘ကိလေသ’ နှင့် ယှဉ်သည်လည်း ဖြစ်၏။ (ကာယဒုစရိုက်စသည်မှ) မကြောက်လန့်မှု ‘အနောတ္တပ္ပ’ သည် (သတ္တဝါတို့ကို) ပူပန်စေတတ် နှိပ်စက်တတ်သော ‘ကိလေသ’ တရားလည်း မည်၏။ (ယှဉ်ဖက်ဖြစ်သော) ထိန (ကိလေသ) ကြောင့် ‘ကိလေသ’ နှင့် ယှဉ်သည်လည်း ဖြစ်၏။ ပျံ့လွင့်မှု ‘ဥဒ္ဓစ္စ’ သည် (သတ္တဝါတို့ကို) ပူပန်စေတတ် နှိပ်စက်တတ်သော ‘ကိလေသ’ တရားလည်း မည်၏။ (ယှဉ်ဖက်ဖြစ်သော) အနောတ္တပ္ပ (ကိလေသ) ကြောင့် ‘ကိလေသ’ နှင့် ယှဉ်သည်လည်း ဖြစ်၏။ (ကာယဒုစရိုက်စသည်မှ) မကြောက်လန့်မှု ‘အနောတ္တပ္ပ’ သည် (သတ္တဝါတို့ကို) ပူပန်စေတတ် နှိပ်စက်တတ်သော ‘ကိလေသ’ တရားလည်း မည်၏။ (ယှဉ်ဖက်ဖြစ်သော) ဥဒ္ဓစ္စ (ကိလေသ) ကြောင့် ‘ကိလေသ’ နှင့်ယှဉ် သည်လည်း ဖြစ်၏။ (ကာယဒုစရိုက်စသည်မှ) မရှက်မှု ‘အဟိရီက’ သည် (သတ္တဝါတို့ကို) ပူပန်စေတတ် နှိပ်စက်တတ် သော ‘ကိလေသ’ တရားလည်း မည်၏။ (ယှဉ်ဖက်ဖြစ်သော) အနောတ္တပ္ပ (ကိလေသ) ကြောင့် ‘ကိလေသ’ နှင့်ယှဉ်သည်လည်း ဖြစ်၏။ (ကာယဒုစရိုက်စသည်မှ) မကြောက်လန့်မှု ‘အနောတ္တပ္ပ’ သည် (သတ္တဝါတို့ကို) ပူပန်စေတတ် နှိပ်စက်တတ်သော ‘ကိလေသ’ တရားလည်း မည်၏။ (ယှဉ်ဖက်ဖြစ်သော) အဟိရီက (ကိလေသ) ကြောင့် ‘ကိလေသ’ နှင့် ယှဉ်သည်လည်း ဖြစ်၏။ ဤတရားတို့သည် (သတ္တဝါတို့ကို) ပူပန်စေတတ် နှိပ်စက်တတ်သော ‘ကိလေသ’ တရားလည်း မည် ၍ (သတ္တဝါတို့ကို) ပူပန်စေတတ် နှိပ်စက်တတ်သော ‘ကိလေသ’ တရားနှင့်လည်း ယှဉ်သော ‘ကိလေသကိလေသသမ္ပယုတ္တ’ တရား ဖြစ်ကုန်၏ (လောဘ, ဒေါသစသောကိလေသတရား ကိုယ်ဆယ်ပါး)။

ကိလေသသမ္ပယုတ္တနော ကိလေသတရား

၁၂၅၈။ (၂) အဘယ်တရားတို့သည် (သတ္တဝါတို့ကို) ပူပန်စေတတ် နှိပ်စက်တတ်သော ‘ကိလေသ’ တရားတို့နှင့်သာ ယှဉ်၍ ပူပန်စေတတ် နှိပ်စက်တတ်သော ‘ကိလေသ’ တရား မမည်သော ‘ကိလေသ သမ္ပယုတ္တနော ကိလေသ’ တရား ဖြစ်ကုန်သနည်း။

ထို (ပူပန်စေတတ် နှိပ်စက်တတ်သော ‘ကိလေသ') တရားတို့နှင့် ယှဉ်ကုန်သောထို (ကိလေသ) တရားတို့ကို ချန်ထား၍ (ကြွင်းကျန်သည့်) ခံစားမှုအစု ‘ဝေဒနာက္ခန္ဓာ’။ပ။ အထူးသိမှု (စိတ်) အစု ‘ဝိညာဏက္ခန္ဓာ’ ဟူသော အကြင် (အကုသိုလ်) တရားတို့သည် (ရှိကုန်၏)။

ဤတရားတို့သည် (သတ္တဝါတို့ကို) ပူပန်စေတတ် နှိပ်စက်တတ်သော ‘ကိလေသ’ တရား မမည်သော ‘ကိလေသသမ္ပယုတ္တနော ကိလေသ’ တရား ဖြစ်ကုန်၏ (အကုသိုလ်စိတ်နှင့် ကိလေသာဆယ်ပါးကြဉ်သော ယှဉ်ဖက် စေတသိက်)။

--

၈-ကိလေသဝိပ္ပယုတ္တသံကိလေသိကဒုက်

ကိလေသဝိပ္ပယုတ္တသံကိလေသိကတရား

၁၂၅၉။ (၁) အဘယ်တရားတို့သည် (သတ္တဝါတို့ကို) ပူပန်စေတတ် နှိပ်စက်တတ်သော ‘ကိလေသ’ တရား တို့နှင့် မယှဉ်ကုန်သည်ဖြစ်၍ (သတ္တဝါတို့ကို) ပူပန်စေတတ် နှိပ်စက်တတ်သော ‘ကိလေသ’ တရားကို (ရခြင်းငှါ) သာ ထိုက်သော (ကိလေသာတို့၏အာရုံဖြစ်သော) ‘ကိလေသဝိပ္ပယုတ္တသံကိလေသိက’ တရား ဖြစ်ကုန်သနည်း။

ထို (ကိလေသ) တရားတို့နှင့်မယှဉ်ကုန်သော, အာသဝတရားတို့၏ အာရုံဖြစ်ကုန်သော, ကာမဘုံ၌ ကျင်လည်သက်ဝင်၍ဖြစ်ကုန်သော, ရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်ကုန်သော, အရူပဘုံ၌ ကျင်လည်သက်ဝင်၍ဖြစ်ကုန်သော ကုသိုလ်တရား၊ ကုသိုလ် အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သော ‘အဗျာကတ’ တရားဖြစ်သည့်ရုပ်အစု ‘ရူပက္ခန္ဓာ’။ပ။ အထူးသိမှု (စိတ်) အစု ‘ဝိညာဏက္ခန္ဓာ’ ဟူသော အကြင် တရားတို့သည် (ရှိကုန်၏)။ ဤတရားတို့သည် (သတ္တဝါတို့ကို) ပူပန်စေတတ် နှိပ်စက်တတ်သော ‘ကိလေသ'့တရားတို့နှင့် မယှဉ်ကုန်သည် ဖြစ်၍ (သတ္တဝါတို့ကို) ပူပန်စေတတ် နှိပ်စက်စတတ်သော ‘ကိလေသ’ တရားကို (ရခြင်းငှါ) သာ ထိုက်သော (ကိလေသာတို့၏ အာရုံဖြစ်သော) ‘ကိလေသဝိပ္ပယုတ္တသံကိလေသိက’ တရား ဖြစ်ကုန်၏ (လောကီကုသိုလ်, လောကီဝိပါက်, ကြိယာစိတ်, ယှဉ်ဖက်စေတသိက်, ရုပ်)။

ကိလေသဝိပ္ပယုတ္တအသံကိလေသိကတရား

၁၂၆၀။ (၂) အဘယ်တရားတို့သည် (သတ္တဝါတို့ကို) ပူပန်စေတတ် နှိပ်စက်တတ်သော ‘ကိလေသ’ တရား တို့နှင့်လည်း မယှဉ်ကုန်သည် ဖြစ်၍ (သတ္တဝါတို့ကို) ပူပန်စေတတ် နှိပ်စက်စေတတ်သော ‘ကိလေသ’ တရားကို (ရခြင်းငှါ) လည်း မထိုက်သော (ကိလေသာတို့၏အာရုံလည်း မဖြစ်သော) ‘ကိလေသဝိပ္ပယုတ္တအသံကိလေသိက’ တရား ဖြစ်ကုန်သနည်း။

ဘုံသုံးပါး၌ အကျုံးမဝင်ကုန်သော မဂ်တို့သည်လည်းကောင်း၊ မဂ်၏အကျိုး (ဖိုလ်) တို့သည်လည်းကောင်း။ (ကံ, စိတ်, ဥတု, အာဟာရဟူသော အကြောင်းတရား တို့) မပြုပြင်မစီရင်အပ်သော သဘော ‘အသင်္ခတဓာတ်’ (နိဗ္ဗာန်) သည်လည်းကောင်း (ရှိ၏)။ ဤတရားတို့သည် (သတ္တဝါတို့ကို) ပူပန်စေတတ်, နှိပ်စက်တတ်သော ‘ကိလေသ’ တရားတို့နှင့်လည်း မယှဉ်ကုန်သည် ဖြစ်၍ (သတ္တဝါတို့ကို) ပူပန်စေတတ်, နှိပ်စက်တတ်သော ‘ကိလေသ’ တရားကို (ရခြင်းငှါ) လည်းမထိုက်သော (ကိလေသာတို့၏ အာရုံလည်းမဖြစ်သော) ‘ကိလေသဝိပ္ပယုတ္တအသံကိလေသိက’ တရားဖြစ်ကုန်၏ (မဂ်, ဖိုလ်, နိဗ္ဗာန်)။

ကိလေသဂေါစ္ဆက ပြီးပြီ။

--

၁၃-ပိဋ္ဌိဒုက်

၁-ဒဿနေန ပဟာတဗ္ဗဒုက်

ဒဿနေန ပဟာတဗ္ဗတရား

၁၂၆၁။ (၁) အဘယ်တရားတို့သည် (နိဗ္ဗာန်ကို ရှေးဦးစွာ မြင်တတ်သော) သောတာပတ္တိမဂ်ဖြင့် ပယ်အပ်သော ‘ဒဿနေန ပဟာတဗ္ဗ’ တရား ဖြစ်ကုန်သနည်း။

ထင်ရှားရှိသော (ခန္ဓာငါးပါးဟု ဆိုအပ်သော) ကိုယ်၌ (ငါဟူ၍) အမြင်မှားမှု ‘သက္ကာယဒိဋ္ဌိ’ ၊ ယုံမှားမှု ‘ဝိစိကိစ္ဆာ’။ (နွား, ခွေးစသည်တို့၏) အလေ့အကျင့်တို့ကို (စင်ကြယ်၏ဟု) မှား သောအားဖြင့်သုံးသပ်မှု ‘သီလဗ္ဗတပရာမာသ’ ဟူသော သံယောဇဉ်သုံးပါးတို့သည်ရှိကုန်၏။

သက္ကာယဒိဋ္ဌိ

၁၂၆၂။ (၁) ထို (သံယောဇဉ်သုံးပါးတို့) တွင် ထင်ရှားရှိသော (ခန္ဓာငါးပါးဟု ဆိုအပ်သော) ကိုယ်၌ (ငါဟူ၍) အမြင်မှားမှု ‘သက္ကာယဒိဋ္ဌိ’ ဟူသည် အဘယ်နည်း။ ဤ လောက၌ အကြားအမြင်မရှိသော, အရိယာတို့ကို (ဉာဏ်ဖြင့်) မြင်လေ့မရှိသော, အရိယာတို့၏ (သတိပဋ္ဌာန်စသော) တရား၌ မကျွမ်းကျင်သော, အရိယာတို့၏ (သတိပဋ္ဌာန်စသော) တရား၌ (စောင့်စည်းခြင်း၊ ပယ်ရှားခြင်းအားဖြင့်) မဆုံးမအပ်သော, သူတော်ကောင်းတို့ကို (ဉာဏ်ဖြင့်) မြင်လေ့မရှိသော, သူတော်ကောင်းတို့၏တရား၌ မကျွမ်းကျင်သော, သူတော်ကောင်းတို့၏ တရား၌ (စောင့်စည်းခြင်း, ပယ်ရှားခြင်းအားဖြင့်) မဆုံးမအပ်သော ပုထုဇဉ်သည်-

(၁) (က) ရုပ်ကို အတ္တဟုရှု၏။ (ခ) သို့မဟုတ် အတ္တကို ရုပ်ရှိ၏ဟု ရှု၏ (အတ္တမှာ ရုပ်ရှိ၏၊ တစ်နည်း- ရုပ်ရှိသောအတ္တဟုရှု၏)။ (ဂ) သို့မဟုတ် အတ္တ၌ ရုပ်ကို ရှု၏။ (ဃ) သို့မဟုတ် ရုပ်၌ အတ္တကို ရှု၏။ (၂) (က) ခံစားမှု ‘ဝေဒနာ’ ကို။ပ။ (၃) (က) မှတ်သားမှု ‘သညာ’ ကို။ပ။ (၄) (က) ပြုပြင်မှု ‘သင်္ခါရ’ တို့ကို။ပ။ (၅) (က) အထူးသိမှု ‘ဝိညာဏ်’ ကို အတ္တဟု ရှု၏။ (ခ) သို့မဟုတ် အတ္တကို အထူးသိမှု ‘ဝိညာဏ်’ ရှိ၏ဟု ရှု၏ (အတ္တမှာ ဝိညာဉ်ရှိ၏၊ တစ်နည်း- ဝိညာဉ်ရှိသော အတ္တဟု ရှု၏)။ (ဂ) သို့မဟုတ် အတ္တ၌ အထူးသိမှု ‘ဝိညာဏ်’ ကို ရှု၏။ (ဃ) သို့မဟုတ် အထူးသိမှု ‘ဝိညာဏ်’ ၌ အတ္တကို ရှု၏။ ဤသို့သဘောရှိသော အကြင် အမြင်မှားမှု။ (ခြောက်ဆယ့်နှစ်ပါးသော) အမြင်မှားမှုတို့၌ ပါဝင်ခြင်းသဘော။ပ။ ဖောက်ပြန်မှားယွင်းသောအားဖြင့် စွဲယူခြင်းသဘောသည် (ရှိ၏)။ ဤ (ဆိုအပ်ခဲ့ပြီးသော) သဘောကို ထင်ရှားရှိသော (ခန္ဓာငါးပါးဟု ဆိုအပ်သော) ကိုယ်၌ (ငါဟူ၍) အမြင်မှားမှု ‘သက္ကာယဒိဋ္ဌိ’ ဟုဆိုအပ်၏။ (၃၈၁,၁၀၀၇,၁၁၀၅,၁၁၂၂,၁၁၄၄)

ဝိစိကိစ္ဆာ

၁၂၆၃။ (၂) ထို (သံယောဇဉ်သုံးပါးတို့) တွင် ယုံမှားမှု ‘ဝိစိကိစ္ဆာ’ ဟူသည် အဘယ်နည်း။ မြတ်စွာဘုရား၌ ယုံမှား၏, တွေးတော၏။ (မဆုံးဖြတ်နိုင်ဘဲ ပင်ပန်း၏)။ပ။ (ဆုံးဖြတ်ခြင်းငှါမစွမ်းနိုင်၍) စိတ်၏ ခက်တရော်သည်၏အဖြစ်၊ စိတ်ကို ရေးခြစ်သကဲ့သို့ (ရှုပ်ရှုပ် ထွေးထွေး) ဖြစ်တတ်သော သဘောသည် (ရှိ၏)။ ဤဆိုအပ်ခဲ့ပြီးသော သဘောကို ယုံမှားမှု ‘ဝိစိကိစ္ဆာ’ ဟုဆိုအပ်၏။ (၄၂၅,၁၀၀၈,၁၁၂၃,၁၁၆၇)

--

သီလဗ္ဗတပရာမာသ

၁၂၆၄။ (၃) ထို (သံယောဇဉ်သုံးပါတို့) တွင် (နွား, ခွေးစသည်တို့၏) အလေ့အကျင့်တို့ကို (စင်ကြယ်၏ဟု) မှားသောအားဖြင့် သုံးသပ်မှု ‘သီလဗ္ဗတ ပရာမာသ’ ဟူသည် အဘယ်နည်း။ ဤသာသနာတော်မှ အပဖြစ်ကုန်သော ရဟန်း, ပုဏ္ဏား သမဏ ဗြာဟ္မဏတို့၏ (နွား, ခွေးစသည်တို့၏) အလေ့ ‘သီလ’ ဖြင့် (ကိလေသာမှ) စင်ကြယ်၏။ (နွား, ခွေးစသည်တို့၏) အကျင့် ‘ဝတ’ ဖြင့် (ကိလေသာမှ) စင်ကြယ်၏။ (နွား, ခွေးစသည်တို့၏) အလေ့အကျင့် ‘သီလဗ္ဗတ’ ဖြင့် (ကိလေသာမှ) စင်ကြယ်၏ဟု ဤသို့ သဘောရှိသော အကြင် အမြင်မှားမှု။ (ခြောက် ဆယ့်နှစ်ပါးသော) အမြင်မှားမှုတို့၌ ပါဝင်ခြင်းသဘော။ပ။ ဖောက်ပြန်မှားယွင်းသောအားဖြင့် စွဲယူခြင်း သဘောသည် (ရှိ၏)။ ဤ (ဆိုအပ်ခဲ့ပြီးသော) သဘောကို (နွား, ခွေးစသည်တို့၏) အလေ့အကျင့်တို့ကို (စင် ကြယ်၏ဟု) မှားသောအားဖြင့် သုံးသပ်မှု ‘သီလဗ္ဗတပရာမာသ’ ဟူ၍ ဆိုအပ်၏ (၃၉၂,၁၀၀၉,၁၁၄၃)။

ဤသံယောဇဉ်သုံးပါး၊ ထိုသံယောဇဉ်တို့နှင့် အတူတကွ ဖြစ်ကုန်သော (သတ္တဝါတို့ကို) ပူပန်စေတတ်သော, နှိပ်စက်တတ်သော ‘ကိလေသ’ တရား၊ ထို (သံယောဇဉ်တို့) နှင့် ယှဉ်သော ခံစားမှုအစု'ဝေဒနာက္ခန္ဓာ’။ပ။ အထူးသိမှု (စိတ်) အစု ‘ဝိညာဏက္ခန္ဓာ’၊ ထို (သံယောဇဉ်တို့) ကြောင့်ဖြစ်သော ကိုယ်ဖြင့်ပြုလုပ်မှု ‘ကာယကံ’၊ နှုတ်ဖြင့် ပြောဆိုမှု ‘ဝစီကံ’၊ စိတ်ဖြင့် ကြံစည်တွေးတောမှု ‘မနောကံ’ သည် (ရှိ၏)။ ဤတရားတို့သည် သောတာပတ္တိမဂ်ဖြင့် ပယ်အပ်သော ‘ဒဿနေန ပဟာတဗ္ဗ’ တရား ဖြစ်ကုန်၏ (သောတာပတ္တိမဂ်သည် အကြွင်းမရှိ ပယ်အပ်သော ဒိဋ္ဌိဂတသမ္ပယုတ်, ဝိစိကိစ္ဆာသဟဂုတ်စိတ်နှင့် ယှဉ်ဖက်စေတသိက်၊ အပါယဂမနိယဖြစ်သော ဒိဋ္ဌိဂတဝိပ္ပယုတ်, ဒေါသမူစိတ်နှင့် ယှဉ်ဖက်စေတသိက်များ)။

န ဒဿနေန ပဟာတဗ္ဗတရား

၁၂၆၅။ (၂) အဘယ်တရားတို့သည် (နိဗ္ဗာန်ကို ရှေးဦးစွာ မြင်တတ်သော) သောတာပတ္တိမဂ်ဖြင့် မပယ်အပ်သော ‘န ဒဿနေန ပဟာတဗ္ဗ’ တရား ဖြစ်ကုန်သနည်း။

ထို (သောတာပတ္တိမဂ်ဖြင့် ပယ်အပ်သော) တရားတို့ကို ချန်ထား၍ ကြွင်းကျန်ကုန်သော, ကာမဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်ကုန်သော, ရူပဘုံ၌ ကျင်လည် သက်ဝင်၍ ဖြစ်ကုန်သော, အရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်ကုန်သော, ဘုံသုံးပါး၌ အကျုံးမဝင် ကုန်သော ကုသိုလ်တရား၊ အကုသိုလ်တရား၊ ကုသိုလ် အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သော ‘အဗျာကတ တရားဖြစ်သည့်ခံစားမှုအစု ‘ဝေဒနာက္ခန္ဓာ’။ပ။ အထူးသိမှု (စိတ်) အစု ‘ဝိညာဏက္ခန္ဓာ’ ၊ ထို့ပြင် အလုံးစုံ သော ရုပ်၊ ထို့ပြင် (ကံ, စိတ်, ဥတု, အာဟာရဟူသော အကြောင်းတရားတို့) မပြုပြင် မစီရင်အပ် သော သဘော ‘အသင်္ခတဓာတ်’ (နိဗ္ဗာန်) သည် (ရှိ၏)။ ဤတရားတို့သည် သောတာပတ္တိမဂ်ဖြင့် မပယ် အပ်သော ‘နဒဿနေန ပဟာတဗ္ဗ’ တရား ဖြစ်ကုန်၏ (သောပတ္တိမဂ် ပယ်အပ်သည်မှတစ်ပါး ဒိဋ္ဌိဂတ ဝိပ္ပယုတ်,ဒေါသမူ, ဥဒ္ဓစ္စသဟဂုတ်, ကုသိုလ်, ဝိပါက်, ကြိယာစိတ်, ယှဉ်ဖက်စေတသိက်, ရုပ်, နိဗ္ဗာန်)။

--

၂-ဘာဝနာယ ပဟာတဗ္ဗဒုက်

ဘာဝနာယ ပဟာတဗ္ဗတရား

၁၂၆၆။ (၁) အဘယ်တရားတို့သည် အထက်မဂ်သုံးပါးဖြင့် ပယ်အပ်သော ‘ဘာဝနာယ ပဟာတဗ္ဗ’ တရား ဖြစ်ကုန်သနည်း။

(သောတာ ပတ္တိမဂ်ဖြင့်ပယ်အပ်သောတရားတို့မှ) ကြွင်းကျန်သော လိုချင်တပ်မက်မှု ‘လောဘ’ ၊ ဖျက်ဆီးပြစ်မှားမှု ‘ဒေါသ’။ (အမှန်သဘော၌) တွေဝေမှု (အမှန်ကိုမသိမှု) ‘မောဟ’ ၊ ထိုလိုချင်တပ်မက်မှု ‘လောဘ’ စသည် တို့နှင့်အတူတကွ ဖြစ်ကုန်သော (သတ္တဝါတို့ကို) ပူပန်စေတတ် နှိပ်စက်စေတတ်သော ‘ကိလေသ’ တရား၊ ထို (လိုချင်တပ်မက်မှု ‘လောဘ’ စသည်) တို့နှင့် ယှဉ်သော ခံစားမှုအစု ‘ဝေဒနာက္ခန္ဓာ’။ပ။ အထူးသိမှု (စိတ်) အစု ‘ဝိညာဏက္ခန္ဓာ’ ၊ ထို (လိုချင်တပ်မက်မှု ‘လောဘ’ စသည်တို့) ကြောင့် ဖြစ်သော ကိုယ်ဖြင့်ပြုလုပ်မှု ‘ကာယကံ’ ၊ နှုတ်ဖြင့်ပြောဆိုမှု ‘ဝစီကံ’ ၊ စိတ်ဖြင့် ကြံစည်တွေးတောမှု ‘မနောကံ’ သည် (ရှိ၏)။

ဤတရားတို့သည် အထက်မဂ်သုံးပါးဖြင့် ပယ်အပ်သော ‘ဘာဝနာယ ပဟာတဗ္ဗ’ တရား ဖြစ်ကုန်၏ (အထက်မဂ်သုံးပါးဖြင့် ပယ်အပ်သော ဒိဋ္ဌိဂတဝိပ္ပယုတ်, ဒေါသမူ, ဥဒ္ဓစ္စသဟဂုတ်စိတ်နှင့် ယှဉ်ဖက်စေတသိက်)။

န ဘာဝနာယ ပဟာတဗ္ဗတရား

၁၂၆၇။ (၂) အဘယ်တရားတို့သည် အထက်မဂ်သုံးပါးဖြင့် မပယ်အပ်သော ‘န ဘာဝနာယ ပဟာတဗ္ဗ’ တရား ဖြစ်ကုန်သ နည်း။ ထို (အထက်မဂ်သုံးပါးဖြင့် ပယ်အပ်သော) တရားတို့ကို ချန်ထား၍ ကြွင်းကျန်ကုန်သော, ကာမဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်ကုန်သော, ရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်ကုန်သော, အရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်ကုန်သော, ဘုံသုံးပါ၌ အကျုံးမဝင်ကုန်သော ကုသိုလ်တရား၊ အကုသိုလ်တရား၊ ကုသိုလ်အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သော ‘အဗျာကတ’ တရားဖြစ်သည့် ခံစားမှုအစု ‘ဝေဒနာက္ခန္ဓာ’။ပ။ အထူးသိမှု (စိတ်) အစု ‘ဝိညာဏက္ခန္ဓာ’၊ ထို့ပြင် အလုံးစုံသော ရုပ်၊ ထို့ပြင် (ကံ, စိတ်, ဥတု, အာဟာရဟူသော အကြောင်းတရားတို့) မပြုပြင်မစီရင်အပ်သောသဘော ‘အသင်္ခတဓာတ်’ (နိဗ္ဗာန်) သည် (ရှိ၏)။ ဤတရားတို့သည် အထက်မဂ်သုံးပါးဖြင့် မပယ်အပ်သော ‘န ဘာဝနာယ ပဟာတဗ္ဗ’ တရား ဖြစ်ကုန်၏ (အထက်မဂ်သုံးပါးဖြင့်မပယ်အပ်သော ကုသိုလ်, အပါယဂမနိယအကုသိုလ်, ဝိပါက်, ကြိယာစိတ်, ယှဉ်ဖက် စေတသိက်, ရုပ်,နိဗ္ဗာန်)။

--

၃-ဒဿနေန ပဟာတဗ္ဗဟေတုကဒုက်

ဒဿနေန ပဟာတဗ္ဗဟေတုကတရား

၁၂၆၈။ (၁) အဘယ်တရားတို့သည် (နိဗ္ဗာန်ကို ရှေးဦးစွာ မြင်တတ်သော) သောတာပတ္တိမဂ်ဖြင့် ပယ်အပ်သော အကြောင်းရင်း ‘ဟိတ်'ရှိသော ‘ဒဿနေနပဟာတဗ္ဗဟေတုက’ တရား ဖြစ်ကုန်သနည်း။

ထင်ရှားရှိသော (ခန္ဓာငါးပါးဟုဆိုအပ်သော) ကိုယ်၌ (ငါဟူ၍) အမြင်မှားမှု ‘သက္ကာယဒိဋ္ဌိ’ , ယုံမှားမှု ‘ဝိစိကိစ္ဆာ’ , (နွား, ခွေးစသည်တို့၏) အလေ့အကျင့်တို့ကို (စင်ကြယ်၏ဟု) မှားသောအားဖြင့် သုံးသပ်မှု ‘သီလဗ္ဗတ ပရာမာသ’ ဟူသောသံယောဇဉ်သုံးပါးတို့သည်ရှိကုန်၏။

သက္ကာယဒိဋ္ဌိ

၁၂၆၉။ (၁) ထို (သံယောဇဉ်သုံးပါးတို့) တွင် ထင်ရှားရှိသော (ခန္ဓာငါးပါးဟု ဆိုအပ်သော) ကိုယ်၌ (ငါဟူ၍) အမြင်မှားမှု ‘သက္ကာယဒိဋ္ဌိ’ ဟူသည် အဘယ်နည်း။ ဤ လောက၌ အကြားအမြင်မရှိသော, (မဂ်ဉာဏ်, ဖိုလ်ဉာဏ်ရအပ်ပြီးသော) အရိယာတို့ကို (ဉာဏ်ဖြင့်) မြင်လေ့မရှိသော, အရိယာတို့၏ (သတိပဋ္ဌာန်စသော) တရား၌ မကျွမ်းကျင်သော, အရိယာတို့၏ (သတိ့ပဋ္ဌာန်စသော) တရား၌ (စောင့်စည်းခြင်း ပယ်ရှားခြင်းအားဖြင့်) မဆုံးမအပ်သော, သူတော်ကောင်းတို့ကို (ဉာဏ်ဖြင့်) မြင်လေ့မရှိသော, သူတော်ကောင်းတို့၏ တရား၌ မကျွမ်းကျင်သော, သူတော်ကောင်းတို့၏တရား၌ (စောင့်စည်းခြင်း၊ ပယ်ရှားခြင်းအားဖြင့်) မဆုံးမအပ်သော ပုထုဇဉ်သည်- (၁) (က) ရုပ်ကို အတ္တဟုရှု၏။ (ခ) သို့မဟုတ် အတ္တကို ရုပ်ရှိ၏ဟု ရှု၏ (အတ္တမှာ ရုပ်ရှိ၏၊ တစ်နည်း- ရုပ်ရှိသော အတ္တဟုရှု၏)။ (ဂ) သို့မဟုတ် အတ္တ၌ ရုပ်ကို ရှု၏။ (ဃ) သို့မဟုတ် ရုပ်၌ အတ္တကို ရှု၏။ (၂) (က) ခံစားမှု ‘ဝေဒနာ’ ကို။ပ။ (၃) (က) မှတ်သားမှု ‘သညာ’ ကို။ပ။ (၄) (က) ပြုပြင်မှု ‘သင်္ခါရ’ တို့ကို။ပ။ (၅) (က) အထူးသိမှု ‘ဝိညာဏ်’ ကို အတ္တဟု ရှု၏။ (ခ) သို့မဟုတ် အတ္တကို အထူးသိမှု ‘ဝိညာဏ်’ ရှိ၏ဟု ရှု၏ (အတ္တမှာ ဝိညာဉ်ရှိ၏၊ တစ်နည်း- ဝိညာဉ်ရှိသော အတ္တဟု ရှု၏)။ (ဂ) သို့မဟုတ် အတ္တ၌ အထူးသိမှု ‘ဝိညာဏ်’ ကို ရှု၏။ (ဃ) သို့မဟုတ် အထူးသိမှု ‘ဝိညာဏ်’ ၌ အတ္တကို ရှု၏။ ဤသို့သဘောရှိသော အကြင် အမြင်မှားမှု။ (ခြောက်ဆယ့်နှစ်ပါးသော) အမြင်မှားမှုတို့၌ ပါဝင်ခြင်းသဘော။ပ။ ဖောက်ပြန်မှားယွင်းသောအားဖြင့် စွဲယူခြင်းသဘောသည် (ရှိ၏)။ ဤ (ဆိုအပ်ခဲ့ပြီးသော) သဘောကို ထင်ရှားရှိသော (ခန္ဓာငါးပါးဟု ဆိုအပ်သော) ကိုယ်၌ (ငါဟူ၍) အမြင်မှားမှု ‘သက္ကာယဒိဋ္ဌိ’ ဟုဆိုအပ်၏။ (၃၈၁,၁၀၀၇,၁၁၀၅,၁၁၂၂,၁၁၄၄,၁၂၆၂)

ဝိစိကိစ္ဆာ

၁၂၇၀။ (၂) ထို (သံယောဇဉ်သုံးပါးတို့) တွင် ယုံမှားမှု ‘ဝိစိကိစ္ဆာ’ ဟူသည် အဘယ်နည်း။ မြတ်စွာဘုရား၌ ယုံမှား၏၊ တွေးတော၏။ (မဆုံးဖြတ်နိုင်ဘဲ ပင်ပန်း၏)။ပ။ (ဆုံးဖြတ်ခြင်းငှါမစွမ်းနိုင်၍) စိတ်၏ ခက်တရော်သည်၏အဖြစ်၊ စိတ်ကို ရေးခြစ်သကဲ့သို့ (ရှုပ်ရှုပ် ထွေးထွေး) ဖြစ်တတ်သော သဘောသည် (ရှိ၏)။ ဤဆိုအပ်ခဲ့ပြီးသော သဘောကို ယုံမှားမှု ‘ဝိစိကိစ္ဆာ’ ဟုဆိုအပ်၏။ (၄၂၅,၁၀၀၈,၁၁၂၃,၁၁၆၇,၁၂၆၃)

--

သီလဗ္ဗတပရာမာသ

၁၂၇၁။ (၃) ထို (သံယောဇဉ်သုံးပါတို့) တွင် (နွား, ခွေးစသည်တို့၏) အလေ့အကျင့်တို့ကို (စင်ကြယ်၏ဟု) မှားသောအားဖြင့် သုံးသပ်မှု ‘သီလဗ္ဗတ ပရာမာသ’ ဟူသည် အဘယ်နည်း။ ဤသာသနာတော်မှ အပဖြစ်ကုန်သော ရဟန်း, ပုဏ္ဏား သမဏ, ဗြာဟ္မဏတို့၏ (နွား, ခွေးစသည်တို့၏) အလေ့ ‘သီလ’ ဖြင့် (ကိလေသာမှ) စင်ကြယ်၏, (နွား, ခွေး စသည်တို့၏) အကျင့် ‘ဝတ’ ဖြင့် (ကိလေသာမှ) စင်ကြယ်၏, (နွား, ခွေးစသည်တို့၏) အလေ့အကျင့် ‘သီလဗ္ဗတ’ ဖြင့် (ကိလေသာမှ) စင်ကြယ်၏ဟု ဤသို့သဘောရှိသော အကြင် အမြင်မှားမှု။ (ခြောက် ဆယ့်နှစ်ပါးသော) အမြင်မှားမှုတို့၌ ပါဝင်ခြင်းသဘော။ပ။ ဖောက်ပြန်မှားယွင်းသောအားဖြင့် စွဲယူခြင်း သဘောသည် (ရှိ၏)။

ဤ (ဆိုအပ်ခဲ့ပြီးသော) သဘောကို (နွား, ခွေးစသည်တို့၏) အလေ့အကျင့်တို့ကို (စင်ကြယ်၏ဟု) မှားသောအားဖြင့် သုံးသပ်မှု ‘သီလဗ္ဗတပရာမာသ’ ဟူ၍ ဆိုအပ်၏။ (၃၉၂,၁၀၀၉,၁၁၄၃,၁၂၆၄) ဤသံယောဇဉ်သုံးပါး၊ ထိုသံယောဇဉ်တို့နှင့် အတူတကွ ဖြစ်ကုန်သော (သတ္တဝါတို့ကို) ပူပန်စေတတ်သော နှိပ်စက်တတ်သော ‘ကိလေသ’ တရား၊ ထို (ကိလေသတရားတို့) နှင့် ယှဉ်သော ခံစားမှုအစု'ဝေဒနာက္ခန္ဓာ’။ပ။ အထူးသိမှု (စိတ်) အစု ‘ဝိညာဏက္ခန္ဓာ’၊ ထို (ကိလေသတရားတို့) ကြောင့်ဖြစ်သော ကိုယ်ဖြင့်ပြုလုပ်မှု ‘ကာယကံ’၊ နှုတ်ဖြင့်ပြောဆိုမှု ‘ဝစီကံ’၊ စိတ်ဖြင့် ကြံစည်တွေးတောမှု့'မနောကံ’ သည် (ရှိ၏)။ ဤတရားတို့သည် (နိဗ္ဗာန်ကို ရှေးဦးစွာ မြင်တတ်သော) သောတာပတ္တိမဂ်သည်ပယ်အပ်သော အကြောင်းရင်း ‘ဟိတ်'ရှိသော ‘ဒဿနေန ပဟာတဗ္ဗဟေတုက’ တရား ဖြစ်ကုန်၏။ ထင်ရှားရှိသော (ခန္ဓာငါးပါးဟု ဆိုအပ်သော) ကိုယ်၌ (ငါဟူ၍) အမြင်မှားမှု ‘သက္ကာယဒိဋ္ဌိ’၊ ယုံမှားမှု ‘ဝိစိကိစ္ဆာ’။ (နွား, ခွေးစသည်တို့၏) အလေ့အကျင့်တို့ကို (စင်ကြယ်၏ဟု) မှားသောအားဖြင့် သုံးသပ်မှု ‘သီလဗ္ဗတပရာမာသ’ ဟူသော သံယောဇဉ်သုံးပါးတို့သည်ရှိကုန်၏၊ ဤ (သံယောဇဉ်သုံးပါး) တရားတို့ကိုသောတာပတ္တိမဂ်ဖြင့် ပယ်အပ်ကုန်၏။ ထိုသံယောဇဉ်တို့နှင့် အတူတကွ ဖြစ်သော လိုချင်တပ်မက်မှု ‘လောဘ’၊ ဖျက်ဆီးပြစ်မှားမှု ‘ဒေါသ’။ (အမှန်သဘော၌) တွေဝေမှု (အမှန်ကို မသိမှု) ‘မောဟ’ သည် (ရှိ၏)။ ဤတရားတို့သည် သောတာပတ္တိမဂ်ဖြင့် ပယ်အပ်သော အကြောင်းရင်း ‘ဟိတ်’ တို့တည်း။ ထိုလိုချင်တပ်မက်မှု ‘လောဘ’ စသည်တို့နှင့် အတူတကွ ဖြစ်ကုန်သော (သတ္တဝါတို့ကို) ပူပန်စေ တတ်နှိပ်စက်တတ်သော ‘ကိလေသ’ တရား၊ ထို (လိုချင်တပ်မက်မှု ‘လောဘ’ စသည်တို့) နှင့် ယှဉ်သောခံစားမှုအစု ‘ဝေဒနာက္ခန္ဓာ’။ပ။ အထူးသိမှု (စိတ်) အစု ‘ဝိညာဏက္ခန္ဓာ’၊ ထို (လိုချင်တပ်မက်မှု ‘လောဘ'စသည်တို့) ကြောင့် ဖြစ်သော ကိုယ်ဖြင့် ပြုလုပ်မှု ‘ကာယကံ’၊ နှုတ်ဖြင့် ပြောဆိုမှု ‘ဝစီကံ’၊ စိတ်ဖြင့်ကြံစည်တွေးတောမှု ‘မနောကံ’ သည် (ရှိ၏)။ ဤတရားတို့သည် သောတာပတ္တိမဂ်ဖြင့် ပယ်အပ်သောအကြောင်းရင်း ‘ဟိတ်'ရှိသော ‘ဒဿနေန ပဟာတဗ္ဗဟေတုက’ တရား ဖြစ်ကုန်၏။

--

န ဒဿနေန ပဟာတဗ္ဗဟေတုကတရား

၁၂၇၂။ (၂) အဘယ်တရားတို့သည် (နိဗ္ဗာန်ကို ရှေးဦးစွာ မြင်တတ်သော) သောတာပတ္တိမဂ်ဖြင့် ပယ်အပ်သော အကြောင်းရင်း ‘ဟိတ်’ မရှိသော ‘န ဒဿနေနပဟာတဗ္ဗဟေတုက’ တရား ဖြစ်ကုန်သနည်း။

ထို (သောတာပတ္တိမဂ်ဖြင့် ပယ်အပ်သော အကြောင်းရင်း ‘ဟိတ်’ ရှိသော) တရားတို့ကို ချန်ထား၍ ကြွင်းကျန်ကုန်သော, ကာမဘုံ၌ ကျင်လည်သက်ဝင်၍ဖြစ်ကုန်သော, ရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်ကုန်သော, အရူပဘုံ၌ ကျင်လည်သက်ဝင်၍ဖြစ်ကုန်သော, ဘုံသုံးပါး၌ အကျုံးမဝင်ကုန်သော ကုသိုလ်တရား၊ အကုသိုလ်တရား၊ ကုသိုလ် အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သော ‘အဗျာကတ’ တရား ဖြစ်သည့် ခံစားမှုအစု ‘ဝေဒနာက္ခန္ဓာ’။ပ။ အထူးသိမှု (စိတ်) အစု ‘ဝိညာဏက္ခန္ဓာ’ ၊ ထို့ပြင် အလုံးစုံသော ရုပ်၊ ထို့ပြင် (ကံ,စိတ်, ဥတု, အာဟာရဟူသော အကြောင်းတရားတို့) မပြုပြင် မစီရင်အပ်သော သဘော ‘အသင်္ခတဓာတ်’ (နိဗ္ဗာန်) သည် (ရှိ၏)။ ဤတရားတို့သည် သောတာပတ္တိမဂ်ဖြင့် ပယ်အပ်သောအကြောင်းရင်း ‘ဟိတ်’ မရှိသော ‘န ဒဿနေန ပဟာတဗ္ဗဟေတုက’ တရား ဖြစ်ကုန်၏။

--

၄-ဘာဝနာယ ပဟာတဗ္ဗဟေတုကဒုက်

ဘာဝနာယ ပဟာတဗ္ဗဟေတုကတရား

၁၂၇၃။ (၁) အဘယ်တရားတို့သည် အထက်မဂ်သုံးပါးဖြင့် ပယ်အပ်သော အကြောင်းရင်း'ဟိတ်'ရှိသော ‘ဘာဝနာယ ပဟာတဗ္ဗ ဟေတုက’ တရား ဖြစ်ကုန်သနည်း။

(သောတာပတ္တိမဂ်ဖြင့် ပယ်အပ်သော အကြောင်းရင်း ‘ဟိတ်’ ရှိသော တရားတို့မှ) ကြွင်းကျန်သောလိုချင်တပ်မက်မှု ‘လောဘ’ ၊ ဖျက်ဆီးပြစ်မှားမှု ‘ဒေါသ’။ (အမှန်သဘော၌) တွေဝေမှု (အမှန်ကိုမသိမှု) ‘မောဟ’ သည် (ရှိ၏)။ ဤတရားတို့သည် အထက်မဂ် သုံးပါးဖြင့် ပယ်အပ်သော အကြောင်းရင်း ‘ဟိတ်’ တို့တည်း။ ထို့ပြင် ထိုလိုချင်တပ်မက်မှု ‘လောဘ’ စသည်တို့နှင့် အတူတကွ ဖြစ်ကုန်သော (သတ္တဝါတို့ကို) ပူပန်စေတတ် နှိပ်စက်တတ်သော ‘ကိလေသ’ တရား၊ ထို (လိုချင်တပ်မက်မှု ‘လောဘ’ စသည်တို့) နှင့် ယှဉ်သော ခံစားမှုအစု ‘ဝေဒနာက္ခန္ဓာ’။ပ။ အထူးသိမှု (စိတ်) အစု ‘ဝိညာဏက္ခန္ဓာ’ ၊ ထို (လိုချင်တပ်မက်မှု ‘လောဘ’ စသည်တို့) ကြောင့် ဖြစ်သော ကိုယ်ဖြင့် ပြုလုပ်မှု ‘ကာယကံ’ ၊ နှုတ်ဖြင့် ပြောဆိုမှု ‘ဝစီကံ’ ၊ စိတ်ဖြင့် ကြံစည်တွေးတောမှု ‘မနောကံ’ သည် (ရှိ၏)။ ဤတရားတို့သည် အထက်မဂ်သုံးပါးဖြင့် ပယ်အပ်သော အကြောင်းရင်း ‘ဟိတ်’ ရှိသော ‘ဘာဝနာယ ပဟာတဗ္ဗဟေတုက’ တရား ဖြစ်ကုန်၏။

န ဘာဝနာယ ပဟာတဗ္ဗဟေတုကတရား

၁၂၇၄။ (၂) အဘယ်တရားတို့သည် အထက်မဂ်သုံးပါးဖြင့်ပယ်အပ်သော အကြောင်းရင်း ‘ဟိတ်'မရှိသော ‘န ဘာဝနာယ ပဟာတဗ္ဗဟေတုက’ တရားဖြစ်ကုန်သနည်း။

ထို (အထက်မဂ်သုံးပါးဖြင့် ပယ်အပ်သော အကြောင်းရင်း ‘ဟိတ်’ ရှိသော) တရားတို့ကိုချန်ထား၍ ကြွင်းကျန်ကုန်သော, ကာမဘုံ၌ ကျင်လည် သက်ဝင်၍ ဖြစ်ကုန်သော, ရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်ကုန်သော, အရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်ကုန်သော, ဘုံသုံးပါး၌ အကျုံးမဝင်ကုန်သော ကုသိုလ်တရား၊ အကုသိုလ်တရား၊ ကုသိုလ် အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သော ‘အဗျာကတ’ တရားဖြစ်သည့် ခံစားမှုအစု ‘ဝေဒနာက္ခန္ဓာ’။ပ။ အထူးသိမှု (စိတ်) အစု ‘ဝိညာဏက္ခန္ဓာ’ ၊ ထို့ပြင် အလုံးစုံသော ရုပ်၊ ထို့ပြင် (ကံ, စိတ်, ဥတု, အာဟာရဟူသော အကြောင်းတရားတို့) မပြုပြင် မစီရင်အပ်သော သဘော ‘အသင်္ခတဓာတ်’ (နိဗ္ဗာန်) သည် (ရှိ၏)။ ဤတရားတို့သည်အထက်မဂ်သုံးပါးဖြင့် ပယ်အပ်သော အကြောင်းရင်း ‘ဟိတ်’ မရှိသော ‘န ဘာဝနာယပဟာတဗ္ဗဟေတုက’ တရား ဖြစ်ကုန်၏။

--

၅-သဝိတက္ကဒုက်

သဝိတက္ကတရား

၁၂၇၅။ (၁) အဘယ်တရားတို့သည် ကြံစည်မှု ‘ဝိတက်’ နှင့် တကွဖြစ်သော (ဝိတက်နှင့်ယှဉ်သော) ‘သဝိတက္က’ တရား ဖြစ်ကုန်သနည်း။

ကာမဘုံ၌ ကျင်လည် သက်ဝင်၍ ဖြစ်သော ,ရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်သော , ဘုံသုံးပါး၌ အကျုံးမဝင်သော ကြံစည်မှု ‘ဝိတက်’ နှင့် အတူတကွဖြစ်ရာစိတ်၌ (ရှိသည့်) ကြံစည်မှု ‘ဝိတက်’ ကို ချန်ထား၍ ထို (ကြံစည်မှု ‘ဝိတက်') နှင့် ယှဉ်သောခံစားမှုအစု ‘ဝေဒနာက္ခန္ဓာ’။ပ။ အထူးသိမှု (စိတ်) အစု ‘ဝိညာဏက္ခန္ဓာ’ သည် (ရှိ၏)။ ဤတရားတို့သည်ကြံစည်မှု ‘ဝိတက်’ နှင့် တကွဖြစ်သော (ဝိတက်နှင့် ယှဉ်သော) ‘သဝိတက္က’ တရား ဖြစ်ကုန်၏ (သဝိတက္ကစိတ် ၅၅ နှင့် ဝိတက်မှတစ်ပါးသော ယှဉ်ဖက် စေတသိက်)။

အဝိတက္ကတရား

၁၂၇၆။ (၂) အဘယ်တရားတို့သည် ကြံစည်မှု ‘ဝိတက်’ မရှိသော (ဝိတက်နှင့် မယှဉ်သော) ‘အဝိတက္က’ တရား ဖြစ်ကုန်သနည်း။

ကာမဘုံ၌ ကျင်လည် သက်ဝင်၍ ဖြစ်သော , ရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်သော , အရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်သော , ဘုံသုံးပါး၌ အကျုံးမဝင်ကုန်သော ကြံစည်မှု ‘ဝိတက်’ နှင့် အတူတကွ မဖြစ်ရာ စိတ်၌ (ရှိသည့်) ခံစားမှုအစု ‘ဝေဒနာက္ခန္ဓာ’။ပ။ အထူးသိမှု (စိတ်) အစု ‘ဝိညာဏက္ခန္ဓာ’ ၊ ထို့ပြင် ကြံစည်မှု ‘ဝိတက်’ ၊ ထို့ပြင်အလုံးစုံသောရုပ်၊ ထို့ပြင် (ကံ, စိတ်, ဥတု, အာဟာရဟူသောအကြောင်းတရားတို့) မပြုပြင်မစီရင်အပ်သော သဘော ‘အသင်္ခတဓာတ်’ (နိဗ္ဗာန်) သည် (ရှိ၏)။ ဤတရားတို့သည် ကြံစည်မှု ‘ဝိတက်’ မရှိသော (ဝိတက်နှင့် မယှဉ်သော) ‘အဝိတက္က’ တရား ဖြစ်ကုန်၏ (အဝိတက္ကစိတ် ၆၆၊ ဝိတက်ကြဉ်သော ယှဉ်ဖက် စေတသိက်, ဝိတက်, ရုပ်, နိဗ္ဗာန်)။

--

၆-သဝိစာရဒုက်

သဝိစာရတရား

၁၂၇၇။ (၁) အဘယ်တရားတို့သည် သုံးသပ်မှု ‘ဝိစာရ’ နှင့် တကွဖြစ်သော (ဝိစာရနှင့်ယှဉ်သော) ‘သဝိစာရ’ တရား ဖြစ်ကုန်သနည်း။

ကာမဘုံ၌ ကျင်လည် သက်ဝင်၍ဖြစ်သော , ရူပဘုံ၌ ကျင်လည် သက်ဝင်၍ ဖြစ်သော , ဘုံသုံးပါး၌ အကျုံးမဝင်ကုန်သောသုံးသပ်မှု ‘ဝိစာရ’ နှင့် အတူတကွ ဖြစ်ရာစိတ်၌ (ရှိသည့်) သုံးသပ်မှု ‘ဝိစာရ’ ကို ချန်ထား၍ ထို (သုံးသပ်မှု ‘ဝိစာရ') နှင့်ယှဉ်သော ခံစားမှုအစု ‘ဝေဒနာက္ခန္ဓာ’ ၊ မှတ်သားမှုအစု ‘သညာက္ခန္ဓာ’ ၊ ပြုပြင်မှုအစ ‘သင်္ခါရက္ခန္ဓာ’ ၊ အထူးသိမှု (စိတ်) အစု ‘ဝိညာဏက္ခန္ဓာ’ သည် (ရှိ၏)။ ဤတရားတို့သည် သုံးသပ်မှု ‘ဝိစာရ’ နှင့် တကွဖြစ်သော (ဝိစာရနှင့် ယှဉ်သော) ‘သဝိစာရ’ တရား ဖြစ်ကုန်၏ (သဝိစာရစိတ် ၆၆၊ ဝိစာရကြဉ်သော ယှဉ်ဖက်စေတသိက်)။

အဝိစာရတရား

၁၂၇၈။ (၂) အဘယ်တရားတို့သည် သုံးသပ်မှု ‘ဝိစာရ'မရှိသော (ဝိစာရနှင့် မယှဉ်သော) ‘အဝိစာရ’ တရား ဖြစ်ကုန်သနည်း။

ကာမဘုံ၌ ကျင်လည်သက် ဝင်၍ ဖြစ်သော , ရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်သော , အရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်သော , ဘုံသုံးပါး၌ အကျုံးမဝင်သောသုံးသပ်မှု ‘ဝိစာရ’ နှင့် အတူတကွ မဖြစ်ရာ စိတ်၌ (ရှိသည့်) ခံစားမှုအစု ‘ဝေဒနာက္ခန္ဓာ’။ပ။ အထူးသိမှု (စိတ်) အစု ‘ဝိညာဏက္ခန္ဓာ’ ၊ ထို့ပြင် သုံးသပ်မှု ‘ဝိစာရ’ ၊ ထို့ပြင် အလုံးစုံသောရုပ်၊ ထို့ပြင် (ကံ, စိတ်, ဥတု, အာဟာရဟူသော အကြောင်းတရားတို့) မပြုပြင် မစီရင်အပ်သော သဘော ‘အသင်္ခတဓာတ်’ (နိဗ္ဗာန်) သည် (ရှိ၏)။ ဤတရားတို့သည် သုံးသပ်မှု ‘ဝိစာရ’ မရှိသော (ဝိစာရနှင့်မယှဉ်သော) ‘အဝိစာရ’ တရား ဖြစ်ကုန်၏ (အဝိစာရစိတ် ၅၅, ဝိတက် ဝိစာရကြဉ်သော ယှဉ်ဖက်စေတသိက်, ဝိစာရ, ရုပ်, နိဗ္ဗာန်)။

--

၇-သပ္ပီတိကတရား

သပ္ပီတိကတရား

၁၂၇၉။ (၁) အဘယ်တရားတို့သည် နှစ်သက်မှု ‘ပီတိ’ ရှိသော (ပီတိနှင့်ယှဉ်သော) ‘သပ္ပီတိက’ တရား ဖြစ်ကုန်သနည်း။

ကာမဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်သော , ရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်သော , ဘုံသုံးပါး၌ အကျုံးမဝင်သော နှစ်သက်မှု ‘ပီတိ’ နှင့် အတူတကွဖြစ်ရာစိတ်၌ (ရှိသည့်) နှစ်သက်မှု ‘ပီတိ’ ကို ချန်ထား၍ ထို (နှစ်သက်မှု ‘ပီတိ') နှင့် ယှဉ်သော ခံစားမှုအစု ‘ဝေဒနာက္ခန္ဓာ’။ပ။ အထူးသိမှု (စိတ်) အစု ‘ဝိညာဏက္ခန္ဓာ’ သည် (ရှိ၏)။ ဤ တရားတို့သည် နှစ်သက်မှု ‘ပီတိ’ ရှိသော (ပီတိနှင့် ယှဉ်သော) ‘သပ္ပီတိက’ တရား ဖြစ်ကုန်၏ (ပီတိရှိ သော သပ္ပီတိကစိတ် ၅၁,ပီတိကြဉ်သော ယှဉ်ဖက် စေတသိက်)။

အပ္ပီတိကတရား

၁၂၈၀။ (၂) အဘယ်တရားတို့သည် နှစ်သက်မှု ‘ပီတိ’ မရှိသော (ပီတိနှင့် မယှဉ်သော) ‘အပ္ပီတိက’ တရား ဖြစ်ကုန်သနည်း။

ကာမဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်သော , ရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်သော , အရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်သော , ဘုံ သုံးပါး၌ အကျုံးမဝင်သော နှစ်သက်မှု ‘ပီတိ’ နှင့် အတူတကွ မဖြစ်ရာ စိတ်၌ (ရှိသည့်) ခံစားမှုအစု ‘ဝေဒနာက္ခန္ဓာ’။ပ။ အထူးသိမှု (စိတ်) အစု ‘ဝိညာဏက္ခန္ဓာ’ ၊ ထို့ပြင် နှစ်သက်မှု ‘ပီတိ’ ၊ ထို့ပြင် အလုံးစုံသော ရုပ်၊ ထို့ပြင် (ကံ, စိတ်, ဥတု, အာဟာရဟူသော အကြောင်းတရားတို့) မပြုပြင် မစီရင် အပ်သောသဘော ‘အသင်္ခတဓာတ်’ (နိဗ္ဗာန်) သည် (ရှိ၏)။ ဤတရားတို့သည် နှစ်သက်မှု ‘ပီတိ’ မရှိ သော (ပီတိနှင့် မယှဉ်သော) ‘အပ္ပီတိက’ တရား ဖြစ်ကုန်၏ (ပီတိမရှိသော အပ္ပီတိကစိတ် ၇၀, ပီတိကြဉ် သောယှဉ်ဖက်စေတသိက်, ပီတိ, ရုပ်, နိဗ္ဗာန်)။

--

၈-ပီတိသဟဂတဒုက်

ပီတိသဟဂတတရား

၁၂၈၁။ (၁) အဘယ်တရားတို့သည် နှစ်သက်မှု ‘ပီတိ’ နှင့် တကွဖြစ်သော (ပီတိနှင့် ယှဉ်သော) ‘ပီတိသဟဂတ’ တရား ဖြစ်ကုန်သနည်း။

ကာမဘုံ၌ ကျင်လည် သက်ဝင်၍ဖြစ်သော , ရူပဘုံ၌ ကျင်လည် သက်ဝင်၍ ဖြစ်သော , ဘုံသုံးပါး၌ အကျုံးမဝင်သော နှစ်သက်မှု ‘ပီတိ’ နှင့်အတူတကွဖြစ်ရာ စိတ်၌ (ရှိသည့်) နှစ်သက်မှု ‘ပီတိ’ ကို ချန်ထား၍ ထို (နှစ်သက်မှု ‘ပီတိ') နှင့် ယှဉ်သောခံစားမှုအစု ‘ဝေဒနာက္ခန္ဓာ’။ပ။ အထူးသိမှု (စိတ်) အစု ‘ဝိညာဏက္ခန္ဓာ’ သည် (ရှိ၏)။ ဤတရားတို့သည်နှစ်သက်မှု ‘ပီတိ’ နှင့် တကွဖြစ်သော (ပီတိနှင့် ယှဉ်သော) ‘ပီတိသဟဂတ’ တရား ဖြစ်ကုန်၏ (သပ္ပီတိကတရားနှင့် တူ၏)။

န ပီတိသဟဂတတရား

၁၂၈၂။ (၂) အဘယ်တရားတို့သည် နှစ်သက်မှု ‘ပီတိ’ နှင့် တကွမဖြစ်သော (ပီတိနှင့် မယှဉ်သော) ‘န ပီတိသဟဂတ’ တရား ဖြစ်ကုန်သနည်း။

ကာမဘုံ၌ ကျင်လည်သက်ဝင်၍ဖြစ်သော , ရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်သော , အရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်သော ,ဘုံသုံးပါး၌ အကျုံးမဝင်သော နှစ်သက်မှု ‘ပီတိ’ နှင့် အတူတကွ မဖြစ်ရာ စိတ်၌ (ရှိသည့်) ခံစားမှုအစု ‘ဝေဒနာက္ခန္ဓာ’။ပ။ အထူးသိမှု (စိတ်) အစု ‘ဝိညာဏက္ခန္ဓာ’ ၊ ထို့ပြင် နှစ်သက်မှု ‘ပီတိ’ ၊ ထို့ပြင့်အလုံးစုံသော ရုပ်၊ ထို့ပြင် (ကံ, စိတ်, ဥတု, အာဟာရဟူသော အကြောင်း တရားတို့) မပြုပြင်မစီရင်အပ်သော သဘော ‘အသင်္ခတဓာတ်’ (နိဗ္ဗာန်) သည် (ရှိ၏)။ ဤတရားတို့ သည်နှစ်သက်မှု ‘ပီတိ’ နှင့် တကွမဖြစ်သော (ပီတိနှင့် မယှဉ်သော) ‘န ပီတိသဟဂတ’ တရား ဖြစ်ကုန်၏ (အပ္ပီတိကတရားနှင့် တူ၏)။

--

၉-သုခသဟဂတဒုက်

သုခသဟဂတတရား

၁၂၈၃။ (၁) အဘယ်တရားတို့သည် ချမ်းသာမှု ‘သုခ’ နှင့် တကွဖြစ်သော (သုခနှင့် ယှဉ်သော) ‘သုခသဟဂတ’ တရား ဖြစ်ကုန်သနည်း။

ကာမဘုံ၌ ကျင်လည် သက်ဝင်၍ဖြစ်သော , ရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်သော , ဘုံသုံးပါး၌ အကျုံးမဝင်သော ချမ်းသာမှု ‘သုခ’ ၏ဖြစ်ရာစိတ်၌ (ရှိသည့်) ချမ်းသာမှု ‘သုခ’ ကို ချန်ထား၍ ထို (ချမ်းသာမှု ‘သုခ') နှင့် ယှဉ်သောမှတ်သားမှုအစု ‘သညာက္ခန္ဓာ’ ၊ ပြုပြင်မှုအစု ‘သင်္ခါရက္ခန္ဓာ’ ၊ အထူးသိမှု (စိတ်) အစု ‘ဝိညာ ဏက္ခန္ဓာ’ သည် (ရှိ၏)။ ဤတရားတို့သည် ချမ်းသာမှု ‘သုခ’ နှင့် တကွဖြစ်သော (သုခနှင့် ယှဉ်သော) ‘သုခသဟဂတ’ တရား ဖြစ်ကုန်၏ (သုခသဟဂုတ်စိတ် ၆၃, ဝေဒနာကြဉ်သော ယှဉ်ဖက်စေတသိက်)။

န သုခသဟဂတတရား

၁၂၈၄။ (၂) အဘယ်တရားတို့သည် ချမ်းသာမှု ‘သုခ’ နှင့် တကွမဖြစ်သော (သုခနှင့် မယှဉ်သော) ‘န သုခသဟဂတ’ တရား ဖြစ်ကုန်သ နည်း။ ကာမဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်သော , ရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်သော , အရူပဘုံ၌ ကျင်လည်သက်ဝင်၍ဖြစ်သော , ဘုံသုံးပါး၌ အကျုံးမဝင်သော ချမ်းသာမှု ‘သုခ’ ၏ မဖြစ်ရာ စိတ်၌ (ရှိသည့်) ခံစားမှုအစု'ဝေဒနာက္ခန္ဓာ’။ပ။ အထူးသိမှု (စိတ်) အစု ‘ဝိညာဏက္ခန္ဓာ’၊ ထို့ပြင် ချမ်းသာမှု ‘သုခ’၊ ထို့ပြင်အလုံးစုံသော ရုပ်၊ ထို့ပြင် (ကံ, စိတ်, ဥတု, အာဟာရဟူသော အကြောင်းတရားတို့) မပြုပြင်မစီရင်အပ်သော သဘော ‘အသင်္ခတဓာတ်’ (နိဗ္ဗာန်) သည် (ရှိ၏)။ ဤတရားတို့သည် ချမ်းသာမှု ‘သုခ’ နှင့် တကွမဖြစ်သော (သုခနှင့် မယှဉ်သော) ‘န သုခသဟဂတ’ တရား ဖြစ်ကုန်၏ (ဒုက္ခသဟဂုတ်စိတ်-၃, ဥပေက္ခာသဟဂုတ်စိတ်-၅၅, ပီတိကြဉ်သော ယှဉ်ဖက်စေတသိက်, သုခဝေဒနာ, ရုပ်, နိဗ္ဗာန်)။

--

၁၀-ဥပေက္ခာသဟဂတဒုက်

ဥပေက္ခာသဟဂတတရား

၁၂၈၅။ (၁) အဘယ်တရားတို့သည် အသင့်အားဖြင့် ရှုမှု (လျစ်လျူရှုမှု) ‘ဥပေက္ခာ’ နှင့် တကွဖြစ်သော (ဥပေက္ခာနှင့် ယှဉ်သော) ‘ဥပေက္ခာသဟဂတ’ တရားဖြစ်ကုန်သနည်း။

ကာမဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်သော , ရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်သော ,အရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်သော , ဘုံသုံးပါး၌ အကျုံးမဝင်သော အသင့်အားဖြင့် ရှုမှု (လျစ်လျူရှုမှု) ‘ဥပေက္ခာ’ ၏ ဖြစ်ရာစိတ်၌ (ရှိသည့်) အသင့်အားဖြင့် ရှုမှု (လျစ်လျူရှုမှု) ‘ဥပေက္ခာ’ ကိုချန်ထား၍ ထို (အသင့်အားဖြင့် ရှုမှု လျစ်လျူရှုမှု ‘ဥပေက္ခာ') နှင့် ယှဉ်သော မှတ်သားမှုအစု ‘သညာက္ခန္ဓာ’ ၊ ပြုပြင်မှုအစု ‘သင်္ခါရက္ခန္ဓာ’ ၊ အထူးသိမှု (စိတ်) အစု ‘ဝိညာဏက္ခန္ဓာ’ သည် (ရှိ၏)။

ဤတရားတို့သည် အသင့်အားဖြင့် ရှုမှု (လျစ်လျူရှုမှု) ‘ဥပေက္ခာ’ နှင့် တကွဖြစ်သော (ဥပေက္ခာ နှင့်ယှဉ်သော) ‘ဥပေက္ခာသဟဂတ’ တရား ဖြစ်ကုန်၏ (ဥပေက္ခာသဟဂုတ်စိတ်- ၅၅, ဥပေက္ခာဝေဒနာကြဉ်သော ယှဉ်ဖက်စေတသိက်)။

န ဥပေက္ခာသဟဂတတရား

၁၂၈၆။ (၂) အဘယ်တရားတို့သည် အသင့်အားဖြင့် ရှုမှု (လျစ်လျူရှုမှု) ‘ဥပေက္ခာ’ နှင့် တကွမဖြစ်သော (ဥပေက္ခာနှင့် မယှဉ်သော) ‘န ဥပေက္ခာသဟဂတ’ တရားဖြစ်ကုန်သနည်း။

ကာမဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်သော , ရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်သော ,ဘုံသုံးပါး၌ အကျုံးမဝင်သော အသင့်အားဖြင့် ရှုမှု (လျစ်လျူရှုမှု) ‘ဥပေက္ခာ’ ၏ မဖြစ်ရာစိတ်၌ (ရှိသည့်) ခံစားမှုအစု ‘ဝေဒနာက္ခန္ဓာ’။ပ။ အထူးသိမှု (စိတ်) အစု ‘ဝိညာဏက္ခန္ဓာ’ ၊ ထို့ပြင် အသင့်အားဖြင့် ရှုမှု (လျစ်လျူရှုမှု) ‘ဥပေက္ခာ’ ၊ ထို့ပြင် အလုံးစုံသော ရုပ်၊ ထို့ပြင် (ကံ, စိတ်, ဥတု, အာဟာရဟူသော အကြောင်းတရားတို့) မပြုပြင် မစီရင်အပ်သော သဘော ‘အသင်္ခတဓာတ်’ (နိဗ္ဗာန်) သည် (ရှိ၏)။

ဤတရားတို့သည် အသင့်အားဖြင့် ရှုမှု (လျစ်လျူရှုမှု) ‘ဥပေက္ခာ’ နှင့် တကွမဖြစ်သော (ဥပေက္ခာနှင့်မယှဉ်သော) ‘န ဥပေက္ခာသဟဂတ’ တရား ဖြစ်ကုန်၏ (သုခသဟဂုတ်စိတ်- ၆၃,ဒုက္ခသဟဂုတ်စိတ်- ၃, ဝိစိကိစ္ဆာကြဉ်သော စေတသိက်, ဥပေက္ခာဝေဒနာ, ရုပ်, နိဗ္ဗာန်)။

--

၁၁-ကာမာဝစရဒုက်

ကာမာဝစရတရား

၁၂၈၇။ (၁) အဘယ်တရားတို့သည် ကာမဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်သော ‘ကာမာဝစရ’ တရား ဖြစ်ကုန်သနည်း။

အောက်အဖို့အားဖြင့် အဝီစိ ငရဲကိုအဆုံး (အပိုင်းအခြား) ပြု၍ အထက်အဖို့အားဖြင့် ပရနိမ္မိတဝသဝတ္တီနတ်တို့ကို အတွင်းပြု၍ (အပါ အဝင်ထည့်သွင်း၍) ဤ (ဆိုခဲ့ပြီးသော) အရပ်ဌာန၌ ဤ (ကာမဘုံ) ၌ ကျင်လည်သက်ဝင် ဖြစ်ကုန်သော,ဤ (ကာမဘုံ) ၌ အကျုံးဝင်ကုန်သော အကြင် အစု ‘ခန္ဓာ’ ၊ သဘာဝ ‘ဓာတ်’။ (စိတ်တို့၏) ဖြစ်ရာဖြစ်ကြောင်း ‘အာယတန’ ၊ ရုပ်၊ ခံစားမှု ‘ဝေဒနာ’ ၊ မှတ်သားမှု ‘သညာ’ ၊ ပြုပြင်မှု ‘သင်္ခါရ’ ၊ အထူးသိမှု (စိတ်) ‘ဝိညာဏ်’ သည် (ရှိ၏)။ ဤတရားတို့သည် ကာမဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်သော ‘ကာမာဝစရ’ တရား ဖြစ်ကုန်၏ (ကာမစိတ်- ၅၄, စေတသိက်, ရုပ်)။

န ကာမာဝစရတရား

၁၂၈၈။ (၂) အဘယ်တရားတို့သည် ကာမဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်သော ‘ကာမာဝစရ’ မမည်သော ‘န ကာမာဝစရ’ တရား ဖြစ်ကုန်သ နည်း။ ရူပဘုံ၌ ကျင်လည်သက်ဝင်၍ဖြစ်သော , အရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်သော , ဘုံသုံးပါး၌ အကျုံးမဝင်သော တရားတို့သည် (ရှိကုန်၏)။ ဤတရားတို့သည် ကာမဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်သော ‘ကာမာဝစရ’ မမည်သော ‘နကာမာဝစရ’ တရား ဖြစ်ကုန်၏ (မဟဂ္ဂုတ်, လောကုတ္တရာစိတ်, ယှဉ်ဖက်စေတသိက်, နိဗ္ဗာန်)။

၁၂-ရူပါဝစရဒုက်

ရူပါဝစရတရား

၁၂၈၉။ (၁) အဘယ်တရားတို့သည် ရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်သော ‘ရူပါဝစရ’ တရား ဖြစ်ကုန်သနည်း။

အောက်အဖို့အားဖြင့် (ပဌမဈာန်ဘုံဟု ဆိုအပ် သော) ဗြဟ္မာလောကကိုအဆုံး (အပိုင်းအခြား) ပြု၍ အထက်အဖို့အားဖြင့် အကနိဋ္ဌဗြဟ္မာတို့ကို အတွင်း ပြု၍ (အပါအဝင်ထည့်သွင်း၍) ဤ (ဆိုအပ်ခဲ့ပြီးသော) အရပ်ဌာန၌ ဤ (ရူပဘုံ) ၌ ကျင်လည်သက်ဝင်၍ဖြစ်ကုန်သော, ဤ (ရူပဘုံ) ၌ အကျုံးဝင်ကုန်သော, (ဈာန်သို့) ကောင်းစွာရောက်သူ (ဈာန်ဝင်စားသူ) ၏လည်းကောင်း။ (ပဋိသန္ဓေအဖြစ်ဖြင့်) ကပ်ရောက်သူ (ပဋိသန္ဓေနေသူ) ၏လည်းကောင်း၊ မျက်မှောက်ဘဝ၌ (ဈာန်) ချမ်းသာဖြင့် နေခြင်းရှိသူ၏လည်းကောင်း စိတ်စေတသိက်တရားတို့သည် (ရှိကုန်၏)။ ဤတရားတို့သည် ရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်သော ‘ရူပါဝစရ’ တရား ဖြစ်ကုန်၏ (ရူပစိတ် ၁၅-ပါးနှင့် ယှဉ်ဖက်စေတသိက်)။

--

န ရူပါဝစရတရား

၁၂၉၀။ (၂) အဘယ်တရားတို့သည် ရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်သော ‘ရူပါဝစရ'မမည်သော ‘န ရူပါဝစရ’ တရား ဖြစ်ကုန်သနည်း။

ကာမဘုံ၌ ကျင် လည်သက်ဝင်၍ ဖြစ်ကုန်သော,အရူပဘုံ၌ ကျင်လည်သက်ဝင်၍ဖြစ်ကုန်သော, ဘုံသုံးပါး၌ အကျုံးမဝင် သော တရားတို့သည် (ရှိကုန်၏)။ ဤတရားတို့သည် ရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်သော ‘ရူပါဝစရ’ မမည်သော ‘န ရူပါဝစရ’ တရား ဖြစ်ကုန်၏ (ကာမစိတ်, အရူပစိတ်, လောကုတ္တရာစိတ်, စေတသိက်, ရုပ်, နိဗ္ဗာန်)။

အရူပါဝစရတရား

၁၂၉၁။ (၁) အဘယ်တရားတို့သည် အရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်သော ‘အရူပါဝစရ’ တရား ဖြစ်ကုန်သနည်း။

အောက်အဖို့အားဖြင့် အာ ကာသာနဉ္စာယတနဘုံသို့ကပ်ရောက်သော (ဖြစ်သော) ဗြဟ္မာတို့ကို အဆုံး (အပိုင်းအခြား) ပြု၍ အထက် အဖို့အားဖြင့် နေဝသညာနာသညာယတနဘုံသို့ ကပ်ရောက်သော (ဖြစ်သော) ဗြဟ္မာတို့ကို အတွင်းပြု၍ (အပါအဝင်ထည့်သွင်း၍) ဤ (ဆိုအပ်ခဲ့ပြီးသော) အရပ်ဌာန၌ ဤ (အရူပဘုံ) ၌ ကျင်လည် သက်ဝင်၍ ဖြစ်ကုန်သော,့ဤ (အရူပဘုံ) ၌ အကျုံးဝင်ကုန်သော, (ဈာန်သို့) ကောင်းစွာ ရောက်သူ (ဈာန်ဝင်စားသူ) ၏လည်းကောင်း။ (ပဋိသန္ဓေအဖြစ်ဖြင့်) ကပ်ရောက်သူ (ပဋိသန္ဓေနေသူ) ၏လည်းကောင်း၊ မျက်မှောက်ဘဝ၌ (ဈာန်) ချမ်းသာဖြင့် နေခြင်းရှိသူ၏လည်းကောင်း စိတ် စေတသိက်တရားတို့သည် (ရှိကုန်၏)။ ဤတရားတို့သည် အရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်သော ‘အရူပါဝစရ’ တရား ဖြစ်ကုန်၏ (အရူပစိတ်၁၂-ပါးနှင့် ယှဉ်ဖက်စေတသိက်)။

န အရူပါဝစရတရား

၁၂၉၂။ (၂) အဘယ်တရားတို့သည် အရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်သော ‘အရူပါဝစရ’ မမည်သော ‘န အရူပါဝစရ’ တရား ဖြစ်ကုန်သနည်း။

ကာမဘုံ၌ ကျင်လည်သက်ဝင်၍ဖြစ်ကုန်သော, ရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်ကုန်သော, ဘုံသုံးပါး၌ အကျုံးမဝင်သောတရားတို့သည် (ရှိကုန်၏)။ ဤတရားတို့သည် အရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်သော ‘အရူပါဝစရ’ မမည်သော ‘န အရူပါဝစရ’ တရား ဖြစ်ကုန်၏ (ကာမစိတ်, ရူပစိတ်, လောကုတ္တရာ စိတ်,စေတသိက်, ရုပ်, နိဗ္ဗာန်)။

--

၁၄-ပရိယာပန္နဒုက်

ပရိယာပန္နတရား

၁၂၉၃။ (၁) အဘယ်တရားတို့သည် (ဝဋ်ဆင်းရဲ၌) အကျုံးဝင်သော ‘ပရိယာပန္န’ တရားဖြစ်ကုန်သနည်း။

အာသဝတရားတို့၏ အာရုံဖြစ်ကုန်သော, ကာမဘုံ၌ ကျင်လည်သက်ဝင်၍ဖြစ်ကုန်သော, ရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်ကုန်သော, အရူပဘုံ၌ ကျင်လည်သက်ဝင်၍ဖြစ်ကုန်သော ကုသိုလ်တရား၊ အကုသိုလ်တရား၊ ကုသိုလ် အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သော ‘အဗျာကတ’ တရားဖြစ်သည့် ရုပ်အစု ‘ရူပက္ခန္ဓာ’။ပ။ အထူးသိမှု (စိတ်) အစု ‘ဝိညာ ဏက္ခန္ဓာ’ သည် (ရှိ၏)။ ဤတရားတို့သည် (ဝဋ်ဆင်းရဲ၌) အကျုံးဝင်သော ‘ပရိယာပန္န’ တရား ဖြစ်ကုန်၏ (လောကီစိတ်,စေတသိက်, ရုပ်)။

အပရိယာပန္နတရား

၁၂၉၄။ (၂) အဘယ်တရားတို့သည် (ဝဋ်ဆင်းရဲ၌) အကျုံးမဝင်သော ‘အပရိယာပန္န’ တရား ဖြစ်ကုန်သနည်း။

မဂ်တို့သည်လည်းကောင်း၊ မဂ်၏အကျိုး (ဖိုလ်) တို့သည်လည်းကောင်း။ (ကံ,စိတ်, ဥတု, အာဟာရဟူသော အကြောင်းတရားတို့) မပြုပြင် မစီရင်အပ်သောသဘော ‘အသင်္ခတဓာတ်’ (နိဗ္ဗာန်) သည်လည်းကောင်း (ရှိ၏)။ ဤတရားတို့သည် (ဝဋ် ဆင်းရဲ၌) အကျုံးမဝင်သော ‘အပရိယာပန္န’ တရား ဖြစ်ကုန်၏ (မဂ်, ဖိုလ်, နိဗ္ဗာန်)။

--

၁၅-နိယျာနိကဒုက်

နိယျာနိကတရား

၁၂၉၅။ (၁) အဘယ်တရားတို့သည် (ဝဋ်ဆင်းရဲမှ) ထွက်မြောက်ကြောင်း ‘နိယျာနိက’ တရားဖြစ်ကုန်သနည်း။

ဘုံသုံးပါး၌ အကျုံးမဝင်သော မဂ်လေးပါးတို့ သည် (ရှိကုန်၏)။

ဤတရားတို့သည် (ဝဋ်ဆင်းရဲမှ) ထွက်မြောက်ကြောင်း ‘နိယျာနိက’ တရား ဖြစ်ကုန်၏ (မဂ်စိတ်လေးပါးနှင့် ယှဉ်ဖက်စေတသိက်)။

အနိယျာနိကတရား

၁၂၉၆။ (၂) အဘယ်တရားတို့သည် (ဝဋ်ဆင်းရဲမှ) ထွက်မြောက်ကြောင်း မဟုတ်သော ‘အနိယျာနိက’ တရား ဖြစ်ကုန်သနည်း။

ထို (မဂ်လေးပါး) တရားတို့ကို ချန်ထား၍ကြွင်းကျန်ကုန်သော, ကာမဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်ကုန်သော, ရူပဘုံ၌ ကျင်လည်သက်ဝင်၍ဖြစ်ကုန်သော, အရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်ကုန်သော, ဘုံသုံးပါး၌ အကျုံး မဝင်ကုန်သောကုသိုလ်တရား၊ အကုသိုလ်တရား၊ ကုသိုလ် အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သော ‘အဗျာကတ’ တရားဖြစ်သည့် ခံစားမှုအစု ‘ဝေဒနာက္ခန္ဓာ’။ပ။ အထူးသိမှု (စိတ်) အစု ‘ဝိညာဏက္ခန္ဓာ’ ၊ ထို့ပြင် အလုံးစုံသော ရုပ်၊ ထို့ပြင် (ကံ, စိတ်, ဥတု, အာဟာရဟူသော အကြောင်းတရားတို့) မပြုပြင်မစီရင်အပ်သော သဘော ‘အသင်္ခတဓာတ်’ (နိဗ္ဗာန်) သည် (ရှိ၏)။ ဤတရားတို့သည် (ဝဋ်ဆင်းရဲမှ) ထွက်မြောက်ကြောင်း မဟုတ်သော ‘အနိယျာနိက’ တရား ဖြစ်ကုန်၏ (လောကီစိတ်, ဖိုလ်စိတ်, စေတသိက်,့ရုပ်, နိဗ္ဗာန်)။

--

၁၆-နိယတဒုက်

နိယတတရား

၁၂၉၇။ (၁) အဘယ်တရားတို့သည် (စုတိ၏ အခြားမဲ့၌ လည်းကောင်း, မိမိဖြစ်ခြင်း၏အခြားမဲ့၌ လည်းကောင်း အကျိုးပေးခြင်း) မြဲသော ‘နိယတ’ တရား ဖြစ် ကုန်သနည်း။

(စုတိ၏) အခြားမဲ့၌ အကျိုး ပေးခြင်းမြဲကုန်သော ကံငါးပါး (ပဉ္စာနန္တရိယကံငါးပါး)၊ ထို့ပြင် (အပါယ်ငရဲ၌) မြဲသောအကြင် အမြင်မှားမှု ‘နိယတမိစ္ဆာဒိဋ္ဌိ’ (အဟေတုက, အကြိယ, နတ္ထိကဒိဋ္ဌိ)၊ ဘုံ သုံးပါး၌ အကျုံးမဝင်ကုန်သော မဂ်လေးပါးတို့သည် (ရှိကုန်၏)။ ဤတရားတို့သည် (စုတိ၏ အခြားမဲ့၌ လည်းကောင်း၊ မိမိဖြစ်ခြင်း၏ အခြားမဲ့၌ လည်းကောင်း အကျိုးပေးခြင်း) မြဲသော ‘နိယတ’ တရား ဖြစ်ကုန်၏ (နိယတမိစ္ဆာဒိဋ္ဌိကံ, ပဉ္စာနန္တရိယကံတို့၏ အစွမ်းဖြင့်ဖြစ်သော ဒိဋ္ဌိဂတသမ္ပယုတ်နှင့် ဒေါသမူဒွေသတ္တမဇော, ယှဉ်ဖက်စေတသိက်, မဂ်စိတ်နှင့် ယှဉ်ဖက်စေတသိက်)။

အနိယတတရား

၁၂၉၈။ (၂) အဘယ်တရားတို့သည် (စုတိ၏ အခြားမဲ့၌ လည်းကောင်း၊ မိမိဖြစ်ခြင်း၏အခြားမဲ့၌ လည်းကောင်း အကျိုးပေးခြင်း) မမြဲသော ‘အနိယတ’ တရား ဖြစ်ကုန်သနည်း။

ထို (နိယတ) တရားတို့ကို ချန်ထား၍ ကြွင်းကျန်ကုန်သော, ကာမဘုံ၌ ကျင်လည် သက်ဝင်၍ဖြစ်ကုန်သော, ရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်ကုန်သော, အရူပဘုံ၌ ကျင်လည်သက်ဝင်၍ဖြစ်ကုန်သော, ဘုံသုံးပါး၌ အကျုံးမဝင်ကုန်သော ကုသိုလ်တရား၊ အကုသိုလ်တရား၊ ကုသိုလ် အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သော ‘အဗျာကတ’ တရားဖြစ်သည့် ခံစားမှုအစု ‘ဝေဒနာက္ခန္ဓာ’။ပ။ အထူးသိမှု (စိတ် အစု ‘ဝိညာဏက္ခန္ဓာ’ ၊ ထို့ပြင် အလုံးစုံသော ရုပ်၊ ထို့ပြင် (ကံ, စိတ်, ဥတု, အာဟာရဟူသောအကြောင်းတရားတို့) မပြုပြင် မစီရင်အပ်သော သဘော ‘အသင်္ခတဓာတ်’ (နိဗ္ဗာန်) သည် (ရှိ၏)။ ဤတရားတို့သည် (စုတိ၏ အခြားမဲ့၌ လည်းကောင်း၊ မိမိဖြစ်ခြင်း၏ အခြားမဲ့၌ လည်းကောင်းအကျိုးပေးခြင်း) မမြဲသော ‘အနိယတ’ တရား ဖြစ်ကုန်၏ (နိယတမိစ္ဆာဒိဋ္ဌိကံ, ပဉ္စာနန္တရိယကံတို့၏အစွမ်းဖြင့်ဖြစ်သော ဒိဋ္ဌိဂတသမ္ပယုတ်နှင့် ဒေါသမူဒွေ သတ္တမဇောကြဉ်သော အကုသိုလ်, ကုသိုလ်,ဝိပါက်, ကြိယာစိတ်, စေတသိက်, ရုပ်, နိဗ္ဗာန်)။

--

၁၇-သဥတ္တရဒုက်

သဥတ္တရတရား

၁၂၉၉။ (၁) အဘယ်တရားတို့သည် မိမိထက် သာလွန်မြင့်မြတ်သော တရားရှိသော ‘သဥတ္တရ’ တရား ဖြစ်ကုန်သနည်း။

အာသဝတရားတို့၏ အာရုံဖြစ်ကုန် သော, ကာမဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်ကုန်သော, ရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်ကုန်သော, အရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်ကုန်သော ကုသိုလ်တရား၊ အကုသိုလ်တရား၊ ကုသိုလ် အကုသိုလ် အဖြစ်ဖြင့်မဟောအပ်သော ‘အဗျာကတ’ တရားဖြစ်သည့် ရုပ်အစု ‘ရူပက္ခန္ဓာ’။ပ။ အထူးသိမှု (စိတ်) အစု ‘ဝိညာဏက္ခန္ဓာ’ သည် (ရှိ၏)။ ဤတရားတို့သည် မိမိထက် သာလွန် မြင့်မြတ်သော တရားရှိသော ‘သဥတ္တရ’ တရား ဖြစ်ကုန်၏ (လောကီစိတ်, စေတသိက်, ရုပ်)။

အနုတ္တရတရား

၁၃၀၀။ (၂) အဘယ်တရားတို့သည် မိမိထက် သာလွန်မြင့်မြတ်သော တရားမရှိသော ‘အနုတ္တရ’ တရား ဖြစ်ကုန်သနည်း။

ဘုံသုံးပါး၌ အကျုံးမဝင်ကုန်သော မဂ်တို့သည်လည်းကောင်း၊ မဂ်၏အကျိုး ‘ဖိုလ်’ တို့သည်လည်းကောင်း။ (ကံ, စိတ်, ဥတု, အာဟာရဟူသော အကြောင်းတရားတို့) မပြုပြင် မစီရင်အပ်သော သဘော ‘အသင်္ခတဓာတ်’ (နိဗ္ဗာန်) သည်လည်းကောင်း (ရှိ၏)။

ဤတရားတို့သည် မိမိထက် သာလွန် မြင့်မြတ်သော တရားမရှိသော ‘အနုတ္တရ’ တရား ဖြစ်ကုန် ၏ (မဂ်, ဖိုလ်, နိဗ္ဗာန်)။

--

၁၈-သရဏဒုက်

သရဏတရား

၁၃၀၁။ (၁) အဘယ်တရားတို့သည် ငိုကြွေးကြောင်းရာဂစသော ကိလေသာ (ရဏ) တို့နှင့် တကွဖြစ်သော ‘သရဏ’ တရား ဖြစ်ကုန်သနည်း။

လိုချင်တပ်မက်မှု ‘လောဘ’ ၊ ဖျက်ဆီးပြစ်မှားမှု ‘ဒေါသ’။ (အမှန်သဘော၌) တွေဝေမှု (အမှန်ကို မသိမှု) ‘မောဟ’ ဟူသော အကုသိုလ်အခြေအမြစ် ‘အကုသလမူလ’ သုံးပါး၊ ထို့ပြင် ထိုလိုချင်တပ်မက်မှု ‘လောဘ’ စသည်တို့နှင့် အတူတကွဖြစ်ကုန်သော (သတ္တဝါတို့ကို) ပူပန်စေတတ် နှိပ်စက်တတ်သော ‘ကိလေသ’ တရား၊ ထို (လိုချင်တပ်မက်မှု ‘လောဘ’ စသည်တို့) နှင့် ယှဉ်သော ခံစားမှုအစု ‘ဝေဒနာက္ခန္ဓာ’။ပ။ အထူးသိမှု (စိတ်) အစု ‘ဝိညာဏက္ခန္ဓာ’ ၊ ထို (လိုချင်တပ်မက်မှု ‘လောဘ’ စသည်တို့) ကြောင့် ဖြစ်သော ကိုယ်ဖြင့်ပြုလုပ်မှု ‘ကာယကံ’ ၊ နှုတ်ဖြင့် ပြောဆိုမှု ‘ဝစီကံ’ ၊ စိတ်ဖြင့် ကြံစည်တွေးတောမှု ‘မနောကံ’ သည် (ရှိ၏)။ ဤတရားတို့သည် ငိုကြွေးကြောင်း ရာဂစသော ကိလေသာ (ရဏ) တို့နှင့် တကွဖြစ်သော ‘သရဏ’ တရား ဖြစ်ကုန်၏ (အကုသိုလ်စိတ်နှင့် ယှဉ်ဖက်စေတသိက်)။

အရဏတရား

၁၃၀၂။ (၂) အဘယ်တရားတို့သည် ငိုကြွေးကြောင်း ရာဂစသော ကိလေသာ (ရဏ) တို့မရှိသော ‘အရဏ’ တရား ဖြစ်ကုန်သနည်း။

ကာမဘုံ၌ ကျင်လည်သက်ဝင် ၍ ဖြစ်ကုန်သော, ရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်ကုန်သော, အရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်ကုန်သော, ဘုံသုံးပါး၌ အကျုံးမဝင်ကုန်သော ကုသိုလ်တရား၊ ကုသိုလ် အကုသိုလ်အဖြစ်ဖြင့် မဟော အပ်သော ‘အဗျာကတ’ တရားဖြစ်သည့် ခံစားမှုအစု ‘ဝေဒနာက္ခန္ဓာ’။ပ။ အထူးသိမှု (စိတ်) အစု ‘ဝိညာ ဏက္ခန္ဓာ’ ၊ ထို့ပြင် အလုံးစုံသော ရုပ်၊ ထို့ပြင် (ကံ, စိတ်, ဥတု, အာဟာရဟူသော အကြောင်းတရား တို့) မပြုပြင် မစီရင်အပ်သော သဘော ‘အသင်္ခတဓာတ်’ (နိဗ္ဗာန်) သည် (ရှိ၏)။ ဤတရားတို့သည်ငိုကြွေးကြောင်း ရာဂစသော ကိလေသာ (ရဏ) မရှိသော ‘အရဏ’ တရား ဖြစ်ကုန်၏ (ကုသိုလ်, ဝိပါက်,ကြိယာစိတ်, ယှဉ်ဖက်စေတသိက်, ရုပ်, နိဗ္ဗာန်)။

ပိဋ္ဌိဒုက် ပြီးပြီ။

အဘိဓမ္မာဒုက် ပြီးပြီ။

--

သုတ္တန္တိကဒုကနိက္ခေပ

၁-ဝိဇ္ဇာဘာဂီဒုက်

ဝိဇ္ဇာဘာဂီတရား

၁၃၀၃။ (၁) အဘယ်တရားတို့သည် ဝိဇ္ဇာ (ရှစ်ပါး) သို့ ဆည်းကပ်တတ်သော ‘ဝိဇ္ဇာဘာဂီ’ တရား ဖြစ်ကုန်သနည်း။

ဝိဇ္ဇာ (ရှစ်ပါး) နှင့် ယှဉ်သော တရား တို့သည် (ရှိကုန်၏)။

ဤတရားတို့သည် ဝိဇ္ဇာ (ရှစ်ပါး) သို့ ဆည်းကပ်တတ်သော ‘ဝိဇ္ဇာဘာဂီ’ တရား ဖြစ်ကုန်၏ (ဝိဇ္ဇာရှစ်ပါးနှင့်ယှဉ်သော မဟာကုသိုလ်ဉာဏသမ္ပယုတ်, မဟာကြိယာဉာဏသမ္ပယုတ်စိတ်, အဘိညာဉ်ဒွေ,အရဟတ္တမဂ်စိတ်, အမောဟကြဉ်သော ယှဉ်ဖက် စေတသိက်များ)။

အဝိဇ္ဇာဘာဂီတရား

၁၃၀၄။ (၂) အဘယ်တရားတို့သည် (သိအပ်သည်ကို) မသိမှု (သစ္စာလေးပါးကိုမသိမှု) ‘အဝိဇ္ဇာ’ သို့ ဆည်းကပ်တတ်သော ‘အဝိဇ္ဇာဘာဂီ’ တရား ဖြစ်ကုန်သနည်း။

(သိအပ်သည်ကို) မသိမှု (သစ္စာလေးပါးကိုမသိမှု) ‘အဝိဇ္ဇာ’ နှင့် ယှဉ်သော တရား တို့သည် (ရှိကုန်၏)။

ဤတရားတို့သည် (သိအပ်သည်ကို) မသိမှု (သစ္စာလေးပါးကို မသိမှု) ‘အဝိဇ္ဇာ’ သို့ဆည်းကပ်တတ်သော ‘အဝိဇ္ဇာဘာဂီ’ တရား ဖြစ်ကုန်၏ (အကုသိုလ်စိတ်နှင့် မောဟကြဉ်သော ယှဉ်ဖက်စေတသိက်)။

၂-ဝိဇ္ဇူပမဒုက်

ဝိဇ္ဇူပမတရား

၁၃၀၅။ (၁) အဘယ်တရားတို့သည် (အမှန်တရား) သစ္စာလေးပါးတို့ကို ဖုံးကွယ်တတ်သည့် အဝိဇ္ဇာ မောဟအမိုက်မှောင်ကို မိမိဖြစ်ဆဲ အခိုက်အတန့်၌ ပယ်ခွင်းထွန်းလင်းစေတတ်သောကြောင့် မိုးမှောင်ကို ထွန်းလင်းစေသည့်) လျှပ်စစ်နှင့် တူသော ‘ဝိဇ္ဇူပမ’ တရားဖြစ်ကုန်သနည်း။

အောက်ဖြစ်သော အရိယမဂ်သုံးပါးတို့၌ (ခွဲခွဲခြားခြား) အပြားအားဖြင့်သိမှု ‘ပညာ’ သည် (ရှိ၏)။ ဤတရားတို့သည် လျှပ်စစ်နှင့် တူသော ‘ဝိဇ္ဇူပမ’ တရား ဖြစ်ကုန်၏ (အောက်မဂ်သုံးခု၌ ရှိသောပညာ)။

ဝဇိရူပမတရား

၁၃၀၆။ (၂) အဘယ်တရားတို့သည် (အလုံးစုံသော ကိလေသာတို့ကို နောက်ထပ် တစ်ဖန်ပြန်၍ မဖြစ်နိုင်အောင် အကြွင်းမဲ့ ပယ်ဖျက်သုတ်သင်တတ်သောကြောင့် မိမိကျသည့် နေရာ၌ အရာဝတ္ထုအားလုံးတို့ကို ဖောက်ခွဲဖျက်ဆီးတတ်သည့်) မိုးကြိုးစက်နှင့်တူသော ‘ဝဇိရူပမ’ တရားဖြစ်ကုန်သနည်း။

အထက်၌ တည်သော အရဟတ္တမဂ်၌ (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှု ‘ပညာ’ သည် (ရှိ၏)။ ဤတရားတို့သည် မိုးကြိုးစက်နှင့် တူသော ‘ဝဇိရူပမ’ တရား ဖြစ်ကုန်၏ (အရဟတ္တမဂ်၌ ရှိသောပညာ)။

--

၃-ဗာလဒုက်

လူမိုက်ဖြစ်အောင် ပြုတတ်သော ‘ဗာလ’ တရား

၁၃၀၇။ (၁) အဘယ်တရားတို့သည် လူမိုက်တို့၌ တည်သော (လူမိုက်ဖြစ်အောင် ပြုတတ်သော) ‘ဗာလ’ တရား ဖြစ်ကုန်သနည်း။

(ကာယဒုစရိုက်စသောမကောင်းမှုမှ) မရှက်မှု ‘အဟိရီက’ သည်လည်းကောင်း။ (ကာယဒုစရိုက်စသော မကောင်းမှုမှ) မကြောက်လန့်မှု ‘အနောတ္တပ္ပ’ သည်လည်းကောင်း (ရှိ၏)။ ဤတရားတို့သည် လူမိုက်တို့၌ တည်သော (လူမိုက်ဖြစ်အောင် ပြုတတ်သော) ‘ဗာလ’ တရား ဖြစ်ကုန်၏။ အလုံးစုံသောအကုသိုလ်တရားတို့သည်လည်း လူမိုက်တို့၌ တည်သော (လူမိုက်ဖြစ်အောင် ပြုတတ်သော) ‘ဗာလ’ တရား ဖြစ်ကုန်၏ (အကုသိုလ်စိတ်နှင့် ယှဉ်ဖက် စေတသိက်)။

လူလိမ္မာဖြစ်အောင် ပြုတတ်သော ‘ပဏ္ဍိတ’ တရား

၁၃၀၈။ (၂) အဘယ်တရားတို့သည် ပညာရှိတို့၌ တည်သော (လူလိမ္မာဖြစ်အောင် ပြု တတ်သော) ‘ပဏ္ဍိတ’ တရား ဖြစ်ကုန်သနည်း။

(ကာယဒုစရိုက်စသော မကောင်းမှုမှ) ရှက်မှု ‘ဟိရီ’ သည်လည်းကောင်း။ (ကာယဒုစရိုက်စသောမကောင်းမှုမှ) ကြောက်လန့်မှု ‘ဩတ္တပ္ပ’ သည်လည်းကောင်း (ရှိ၏)။ ဤတရားတို့သည် ပညာရှိတို့၌ တည်သော (လူလိမ္မာဖြစ်အောင် ပြုတတ်သော) ‘ပဏ္ဍိတ’ တရား ဖြစ်ကုန်၏။ အလုံးစုံသောကုသိုလ်တရားတို့သည်လည်း ပညာရှိတို့၌ တည်သော (လူလိမ္မာဖြစ်အောင် ပြုတတ်သော) ‘ပဏ္ဍိတ’ တရား ဖြစ်ကုန်၏ (ကုသိုလ်စိတ်နှင့် ယှဉ်ဖက် စေတသိက်)။

၄-ကဏှဒုက်

မည်းညစ်သော ‘ကဏှ’ တရား

၁၃၀၉။ (၁) အဘယ်တရားတို့သည် (စိတ်) မည်းညစ်အောင် (ယုတ်မာညံ့ဖျင်းသော လူဆင်းရဲဖြစ်အောင် ပြုတတ်သော) ‘ကဏှ’ တရား ဖြစ်ကုန်သနည်း။

(ကာယဒုစရိုက်စသော မကောင်းမှုမှ) မရှက်မှု ‘အဟိရီက’ သည်လည်းကောင်း။ (ကာယဒုစရိုက်စသောမကောင်းမှုမှ) မကြောက်လန့်မှု ‘အနောတ္တပ္ပ’ သည်လည်းကောင်း (ရှိ၏)။ ဤ တရားတို့သည်မည်းညစ်သော (ယုတ်မာညံ့ဖျင်းသော လူဆင်းရဲဖြစ်အောင် ပြုတတ်သော) ‘ကဏှ’ တရား ဖြစ်ကုန်၏။ အလုံးစုံသော အကုသိုလ်တရားတို့သည်လည်း မည်းညစ်သော (ယုတ်မာညံ့ဖျင်းသော လူဆင်းရဲဖြစ်အောင် ပြုတတ်သော) ‘ကဏှ’ တရား ဖြစ်ကုန်၏ (ဗာလတရားနှင့်တူ၏)။

ဖြူစင်သော ‘သုက္က’ တရား

၁၃၁၀။ (၂) အဘယ်တရားတို့သည် (စိတ်) ဖြူစင်သော (စိတ်ချမ်းသာသူ,ဘုန်းကံကြီးမားသူဖြစ်အောင် ပြုတတ်သော) ‘သုက္က’ တရား ဖြစ်ကုန်သနည်း။

(ကာယဒုစရိုက်စသောမကောင်းမှုမှ) ရှက်မှု ‘ဟိရီ’ သည်လည်းကောင်း။ (ကာယဒုစရိုက် စသောမကောင်းမှုမှ) ကြောက်လန့်မှု ‘ဩတ္တပ္ပ’ သည်လည်းကောင်း (ရှိ၏)။ ဤတရားတို့သည် (စိတ်) ဖြူစင်သော (စိတ်ချမ်းသာသူ၊ ဘုန်းကံကြီးမားသူဖြစ်အောင် ပြုတတ်သော) ‘သုက္က’ တရား ဖြစ်ကုန်၏။ အလုံးစုံသော ကုသိုလ်တရားတို့သည်လည်း (စိတ်) ဖြူစင်သော (စိတ်ချမ်းသာသူ၊ ဘုန်းကံကြီးမားသူ့ဖြစ်အောင် ပြုတတ်သော) ‘သုက္က’ တရား ဖြစ်ကုန်၏ (ပဏ္ဍိတတရားနှင့် တူ၏)။

--

၅-တပနီယဒုက်

ပူလောင်စေတတ်သော ‘တပနီယ’ တရား

၁၃၁၁။ (၁) အဘယ်တရားတို့သည် (ယခုဘဝ နောက်ဘဝ၌) ပူလောင်စေတတ်သော ‘တပနီယ’ တရား ဖြစ် ကုန်သနည်း။

ကိုယ်ဖြင့် မကောင်းပြုကျင့်မှု ‘ကာယဒုစရိုက်’ နှုတ် (စကား)ဖြင့် မကောင်းပြုကျင့်မှု (ပြောဆိုမှု) ‘ဝစီဒုစရိုက်’ ၊ စိတ်ဖြင့်မကောင်းပြုကျင့်မှု (ကြံစည်တွေးတောမှု) ‘မနောဒုစရိုက်’ သည် (ရှိ၏)။ ဤတရားတို့သည် (ယခုဘဝနောက်ဘဝ၌) ပူလောင်စေတတ်သော ‘တပနီယ’ တရား ဖြစ် ကုန်၏။ အလုံးစုံသောအကုသိုလ်တရားတို့သည်လည်း (ယခုဘဝ နောက်ဘဝ၌) ပူလောင်စေတတ်သော ‘တပနီယ’ တရားဖြစ်ကုန်၏ (ဗာလတရားနှင့် တူ၏)။

မပူလောင်စေတတ်သော ‘အ တပနီယ’ တရား

၁၃၁၂။ (၂) အဘယ်တရားတို့သည် (ယခုဘဝ နောက်ဘဝ၌) မပူလောင်စေတတ်သော ‘အတပနီယ’ တရား ဖြစ်ကုန်သနည်း။

ကိုယ်ဖြင့် ကောင်းစွာ ပြုကျင့်မှု ‘ကာယသုစရိုက်’ နှုတ် (စကား)ဖြင့် ကောင်းစွာပြုကျင့်မှု (ပြောဆိုမှု) ‘ဝစီသုစရိုက်’ ၊ စိတ်ဖြင့်ကောင်းစွာပြုကျင့်မှု (ကြံစည်တွေး တောမှု) ‘မနောသုစရိုက်’ သည် (ရှိ၏)။ ဤတရားတို့သည် (ယခုဘဝ နောက်ဘဝ၌) မပူလောင်စေတတ်သော ‘အတပနီယ’ တရား ဖြစ်ကုန်၏။ အလုံးစုံသောကုသိုလ်တရားတို့သည်လည်း (ယခုဘဝ နောက်ဘဝ၌) မပူလောင်စေတတ်သော ‘အတပနီယ’ တရားဖြစ်ကုန်၏ (ပဏ္ဍိတတရားနှင့် တူ၏)။

၆-အဓိဝစနဒုက်

အမည်ပညတ် ‘အဓိဝစန’ တရား

၁၃၁၃။ (၁) အဘယ်တရားတို့သည် အမည်ပညတ် ‘အဓိဝစန’ တရားဖြစ်ကုန်သနည်း။

ထိုထိုတရားတို့၏ အကြင်ကောင်းစွာ ပြောဆိုအပ်သော နာမည် ‘သင်္ခါ’ ၊ ကောင်းစွာသိအပ်သော နာမည် ‘သမညာ’ ၊ ပညတ်အပ်သော (သိစေအပ်သော) နာမည် ‘ပညတ္တိ’ ၊ ခေါ်ဝေါ်အပ်သောနာမည် ‘ဝေါဟာရ’ ၊ နာမည် (အနက်အဓိပ္ပါယ် ခေါ်ဝေါ်မှု၌ ညွတ်တတ်သော, အနက်အဓိပ္ပါယ်ခေါ်ဝေါ်မှုကို မိမိသို့ ညွှတ်စေတတ်သော အမည်) ‘နာမ’ ၊ မှည့်အပ်သောအမည် ‘နာမကမ္မ’ ၊ ထားအပ်သော အမည် ‘နာမဓေယျ’ ၊ ထုတ်ဖော်၍ ဆိုအပ်သော အမည် ‘နိရုတ္တိ’။ (အနက်အဓိပ္ပါယ်ကို) ပြတတ်သော အမည် ‘ဗျဉ္ဇန’ ၊ ပြောပြအပ်သော အမည် ‘အဘိလာပ’ သည် (ရှိ၏)။ ဤတရားတို့သည်အမည်ပညတ် ‘အဓိဝစန’ တရား ဖြစ်ကုန်၏ (သဒ္ဒပညတ်)။

အမည်ပညတ်၏ အကြောင်းဖြစ်သော (၂) အလုံးစုံသော တရားတို့သည်ပင်လျှင် အမည်ပညတ်၏အကြောင်း ‘အဓိဝ စနပထ’ တရားဖြစ်သော ‘အဓိဝစန ပထ’ တရား ဖြစ်ကုန်၏ (အတ္ထပညတ်)။

--

၇-နိရုတ္တိဒုက်

ထုတ်ဆိုအပ်သော ‘နိရုတ္တိ’ တရား

၁၃၁၄။ (၁) အဘယ်တရားတို့သည် (အသံ) ထုတ်၍ ရွတ်ဆိုအပ်သော ‘နိရုတ္တိ’ တရား ဖြစ်ကုန်သနည်း။

ထိုထိုတရားတို့၏ အကြင် ကောင်းစွာ ပြောဆိုအပ်သော နာမည် ‘သင်္ခါ’ ၊ ကောင်းစွာ သိအပ်သော နာမည် ‘သမညာ’ ၊ ပညတ်အပ်သော (သိစေအပ်သော) နာမည် ‘ပညတ္တိ’ ၊ ခေါ်ဝေါ်အပ်သော နာမည် ‘ဝေါဟာရ’ ၊ နာမည် (အနက်အဓိပ္ပါယ် ခေါ်ဝေါ်မှု၌ ညွတ်တတ်သော,အနက်အဓိပ္ပါယ် ခေါ်ဝေါ်မှုကို မိမိသို့ ညွှတ်စေတတ်သော အမည်) ‘နာမ’ ၊ မှည့်အပ်သော အမည် ‘နာမကမ္မ’ ၊ ထားအပ်သော အမည် ‘နာမဓေယျ’ ၊ ထုတ်ဖော်၍ ဆိုအပ်သော အမည် ‘နိရုတ္တိ’။ (အနက်အဓိပ္ပါယ်ကို) ပြတတ်သော အမည် ‘ဗျဉ္ဇန’ ၊ ပြောပြအပ်သော အမည် ‘အဘိလာပ’ သည် (ရှိ၏)။

ဤတရားတို့သည် (အသံ) ထုတ်၍ ရွတ်ဆိုအပ်သော ‘နိရုတ္တိ’ တရား ဖြစ်ကုန်၏ (သဒ္ဒပညတ်)။ ထုတ်ဆိုခြင်း၏အကြောင်းဖြစ်သော (၂) အလုံးစုံသော တရားတို့သည်ပင် (အသံ) ထုတ်၍ ရွတ်ဆိုအပ်သော ‘နိရုတ္တိပထ’ တရား တရားတို့၏အကြောင်း (ရွတ်ဆိုခြင်း၏ အကြောင်း) ဖြစ်သော ‘နိရုတ္တိ ပထ’ တရား ဖြစ်ကုန်၏ (အတ္ထပညတ်)။

၈-ပညတ္တိဒုက်

အပြားအားဖြင့် သိစေတတ်သော ‘ပညတ္တိ’ တရား

၁၃၁၅။ (၁) အဘယ်တရားတို့သည် ပိုင်းခြား၍ အပြားအားဖြင့် သိစေတတ်သော ‘ပညတ္တိ’ တရား ဖြစ်ကုန်သနည်း။

ထိုထိုတရားတို့၏ အကြင် ကောင်းစွာပြောဆိုအပ်သော နာမည် ‘သင်္ခါ’ ၊ ကောင်းစွာ သိအပ်သော နာမည် ‘သမညာ’ ၊ ပညတ်အပ်သော (သိစေအပ်သော) နာမည် ‘ပညတ္တိ’ ၊ ခေါ်ဝေါ်အပ်သော နာမည် ‘ဝေါဟာရ’ ၊ နာမည် (အနက်အဓိပ္ပါယ်ခေါ်ဝေါ်မှု၌ ညွတ်တတ်သော, အနက်အဓိပ္ပါယ် ခေါ်ဝေါ်မှုကို မိမိသို့ ညွှတ်စေတတ်သော အမည်) ‘နာမ’ ၊ မှည့်အပ်သော အမည် ‘နာမကမ္မ’ ၊ ထားအပ်သော အမည် ‘နာမဓေယျ’ ၊ ထုတ်၍ ဆိုအပ်သော အမည် ‘နိရုတ္တိ’။ (အနက်အဓိပ္ပါယ်ကို) ပြတတ်သော အမည် ‘ဗျဉ္ဇန’ ၊ ပြောပြအပ်သော အမည် ‘အဘိလာပ’ သည် (ရှိ၏)။ ဤတရားတို့သည် ပိုင်းခြား၍ အပြားအားဖြင့် သိစေတတ်သော ‘ပညတ္တိ’ တရား ဖြစ် ကုန်၏ (သဒ္ဒပညတ်)။ အပြားအားဖြင့် သိစေတတ်သောတရားတို့၏အကြောင်းဖြစ်သော (၂) အလုံးစုံသော ‘ပညတ္တိပထ’ တရား တရားတို့သည်ပင်ပိုင်းခြား၍ အပြားအားဖြင့် သိစေ တတ်သော တရားတို့၏အကြောင်းဖြစ်သော ‘ပညတ္တိ ပထ’ တရား ဖြစ်ကုန်၏ (အတ္ထပညတ်)။

--

၉-နာမရူပဒုက်

နာမ်

၁၃၁၆။ (၁) ထို (နာမ်, ရုပ်တို့) တွင် နာမ်ဟူသည် အဘယ်နည်း။ ခံစားမှုအစု ‘ဝေဒနာက္ခန္ဓာ’၊ မှတ်သားမှုအစု ‘သညာက္ခန္ဓာ’၊ ပြုပြင်မှုအစု ‘သင်္ခါရက္ခန္ဓာ’၊ အထူးသိမှု (စိတ်) အစု ‘ဝိညာဏက္ခန္ဓာ’၊ ထို့ပြင် (ကံ, စိတ်, ဥတု, အာဟာရဟူသော အကြောင်းတရားတို့) မပြုပြင် မစီရင် အပ်သောသဘော ‘အသင်္ခတဓာတ်’ (နိဗ္ဗာန်) သည် (ရှိ၏)။ ဤတရားအပေါင်းကို နာမ်ဟု ဆိုအပ်၏ (စိတ်, စေတသိက်, နိဗ္ဗာန်)။

ရုပ်

၁၃၁၇။ (၂) ထို (နာမ်, ရုပ်တို့) တွင် ရုပ်ဟူသည် အဘယ်နည်း။ မဟာဘုတ်လေးပါး၊ မဟာဘုတ်လေးပါးတို့ကို စွဲမှီ၍ ဖြစ်သော ‘ဥပါဒါ'ရုပ်သည် (ရှိ၏)။ ဤတရားအပေါင်းကို ရုပ်ဟု ဆိုအပ်၏ (မဟာဘူတရုပ်, ဥပါဒါရုပ်)။

၁၀-အဝိဇ္ဇာဒုက်

အဝိဇ္ဇာ

၁၃၁၈။ (၁) ထို (အဝိဇ္ဇာ, ဘဝတဏှာတို့) တွင် (သိအပ်သည်ကို) မသိမှု (သစ္စာလေးပါးကိုမသိမှု) အဝိဇ္ဇာ’ ဟူသည် အဘယ်နည်း။ အကြင်မသိခြင်းသဘော၊ မမြင်ခြင်းသဘော။ပ။ (စီးပွါးချမ်းသာသို့မရောက်နိုင်အောင် ပိတ်ပင်တတ်သဖြင့်) တံခါးကျည် (မင်းတုပ်) နှင့် တူသော မသိမှု သဘော၊ အကုသိုလ်တို့၏ အခြေအမြစ် ဖြစ်သော (အမှန်သဘော၌) တွေဝေမှု (အမှန်ကိုမသိမှု) ‘မောဟအကုလသမူလ’ သည် (ရှိ၏)။ ဤ (ဆိုအပ်ခဲ့ပြီးသော) သဘောကို (သိအပ်သည်ကို) မသိမှု (သစ္စာလေးပါးကို မသိမှု) ‘အဝိဇ္ဇာ’ ဟု ဆိုအပ်၏ (မောဟ)။

ဘဝတဏှာ

၁၃၁၉။ (၂) ထို (အဝိဇ္ဇာ, ဘဝတဏှာတို့) တွင် ဘဝကို တပ်မက်မှု ‘ဘဝတဏှာ’ ဟူသည်အဘယ်နည်း။ (ရူပ, အရူပ) ဘဝတို့၌ အကြင် (ရူပ, အရူပ) ဘဝကို တောင့်တမှု။ပ။ (ရူပ, အရူပ) ဘဝကို မျို၍ ပြီးဆုံးစေခြင်း (ရူပ, အရူပဘဝကို အပြီးအဆုံး အကြွင်း အကျန်မရှိ လိုချင်မှု) သည် (ရှိ၏)။ ဤ (ဆိုအပ်ခဲ့ပြီးသော) သဘောကို ဘဝကို တပ်မက်မှု ‘ဘဝတဏှာ’ ဟု ဆိုအပ်၏ (ရူပ, အရူပဘဝကို လိုချင်တောင့်တသော လောဘ)။

--

၁၁-ဘဝဒိဋ္ဌိဒုက်

ဘဝဒိဋ္ဌိ

၁၃၂၀။ (၁) ထို (ဘဝဒိဋ္ဌိ, ဝိဘဝဒိဋ္ဌိတို့) တွင် ဘဝမြဲခြင်း၏ အစွမ်းဖြင့် (အတ္တသည်လည်းကောင်း၊ လောကသည်လည်းကောင်း မြဲ၏ဟူသော အစွမ်းဖြင့်) ဖြစ်သော အယူ ‘ဘဝဒိဋ္ဌိ’ ဟူသည့်အဘယ်နည်း။ အတ္တသည်လည်းကောင်း၊ လောကသည်လည်းကောင်း ဖြစ်လတ္တံ့ဟု ဤသို့ သဘောရှိသောအကြင် အမြင်မှားမှု။ (ခြောက်ဆယ့်နှစ်ပါးသော) အမြင်မှားမှုတို့၌ ပါဝင်ခြင်းသဘော။ပ။ ဖောက်ပြန်မှားယွင်းသောအားဖြင့် စွဲယူခြင်းသဘောသည် (ရှိ၏)။ ဤ (ဆိုအပ်ခဲ့ပြီးသော) သဘောကို ဘဝ မြဲခြင်း၏အစွမ်းဖြင့် (အတ္တသည်လည်းကောင်း၊ လောကသည်လည်းကောင်း မြဲ၏ဟူသော အစွမ်းဖြင့်) ဖြစ်သော အယူ ‘ဘဝဒိဋ္ဌိ’ ဟု ဆိုအပ်၏ (ဒိဋ္ဌိ)။

ဝိဘဝဒိဋ္ဌိ

၁၃၂၁။ (၁) ထို (ဘဝဒိဋ္ဌိ, ဝိဘဝဒိဋ္ဌိတို့) တွင် ဘဝကင်းပြတ်ခြင်း၏ အစွမ်းဖြင့် ဖြစ်သော အယူ‘ဝိဘဝဒိဋ္ဌိ’ ဟူသည် အဘယ်နည်း။ အတ္တသည်လည်းကောင်း၊ လောကသည်လည်းကောင်းမဖြစ်လတ္တံ့ဟု ဤသို့သဘောရှိသော အကြင် အမြင်မှားမှု။ (ခြောက်ဆယ့်နှစ်ပါးသော) အမြင်မှားမှုတို့၌ ပါဝင်ခြင်းသဘော။ပ။ ဖောက်ပြန်မှားယွင်းသောအားဖြင့် စွဲယူခြင်းသဘောသည် (ရှိ၏)။

ဤ (ဆိုအပ်ခဲ့ပြီးသော) သဘောကို ဘဝကင်းပြတ်ခြင်း၏ အစွမ်းဖြင့်ဖြစ်သော အယူ ‘ဝိဘဝဒိဋ္ဌိ’ ဟု ဆိုအပ်၏ (ဒိဋ္ဌိ)။

၁၂-သဿတဒိဋ္ဌိဒုက်

သဿတဒိဋ္ဌိ

၁၃၂၂။ (၁) ထို (သဿတဒိဋ္ဌိ, ဥစ္ဆေဒဒိဋ္ဌိတို့) တွင် (အတ္တသည်လည်းကောင်း၊ လောကသည်လည်းကောင်း) မြဲ၏ဟု စွဲယူခြင်း ‘သဿတဒိဋ္ဌိ’ ဟူသည် အဘယ်နည်း။ အတ္တသည်လည်းကောင်း၊ လောကသည်လည်းကောင်း မြဲ၏ဟု ဤသို့သဘောရှိသော အကြင် အမြင်မှားမှု။ (ခြောက်ဆယ့်နှစ်ပါးသော) အမြင်မှားမှုတို့၌ ပါဝင်ခြင်းသဘော။ပ။ ဖောက်ပြန်မှားယွင်းသောအားဖြင့်စွဲယူခြင်းသဘောသည် (ရှိ၏)။ ဤ (ဆိုအပ်ခဲ့ပြီးသော) သဘောကို (အတ္တသည်လည်းကောင်း၊ လောကသည်လည်းကောင်း) မြဲ၏ဟု စွဲယူခြင်း ‘သဿတဒိဋ္ဌိ’ ဟု ဆိုအပ်၏ (ဒိဋ္ဌိ)။

ဥစ္ဆေဒဒိဋ္ဌိ

၁၃၂၃။ (၂) ထို (သဿတဒိဋ္ဌိ, ဥစ္ဆေဒဒိဋ္ဌိတို့) တွင် (အတ္တသည်လည်းကောင်း၊ လောကသည်လည်းကောင်း) ပြတ်လတ္တံ့ဟု စွဲယူခြင်း ‘ဥစ္ဆေဒဒိဋ္ဌိ’ ဟူသည် အဘယ်နည်း။ အတ္တသည်လည်းကောင်း၊ လောကသည်လည်းကောင်း ပြတ်လတံ့ဟု ဤသို့သဘောရှိသော အကြင်အမြင်မှားမှု။ (ခြောက်ဆယ့်နှစ်ပါးသော) အမြင်မှားမှုတို့၌ ပါဝင်ခြင်းသဘော။ပ။ ဖောက်ပြန်မှားယွင်းသောအားဖြင့် စွဲယူခြင်း သဘောသည် (ရှိ၏)။ ဤ (ဆိုအပ်ခဲ့ပြီးသော) သဘောကို (အတ္တသည်လည်းကောင်း၊ လောကသည်လည်းကောင်း) ပြတ်လတ္တံ့ဟု စွဲယူခြင်း ‘ဥစ္ဆေဒဒိဋ္ဌိ’ ဟု ဆိုအပ်၏ (ဒိဋ္ဌိ)။

--

၁၃-အန္တဝါ ဒိဋ္ဌိဒုက်

အန္တဝါဒိဋ္ဌိ

၁၃၂၄။ (၁) ထို (အန္တဝါဒိဋ္ဌိ, အနန္တဝါဒိဋ္ဌိတို့) တွင် (အတ္တသည်လည်းကောင်း၊ လောကသည်လည်းကောင်း) အဆုံး (အပိုင်းအခြား) ရှိ၏ဟု စွဲယူခြင်း ‘အန္တဝါဒိဋ္ဌိ’ ဟူသည် အဘယ်နည်း။ အတ္တသည်လည်းကောင်း၊ လောကသည်လည်းကောင်း အဆုံး (အပိုင်းအခြား) ရှိ၏ဟု ဤသို့သဘောရှိသော အကြင် အမြင်မှားမှု။ (ခြောက်ဆယ့်နှစ်ပါးသော) အမြင်မှားမှုတို့၌ ပါဝင်ခြင်းသဘော။ပ။ ဖောက် ပြန်မှားယွင်းသောအားဖြင့် စွဲယူခြင်း သဘောသည် (ရှိ၏)။ ဤ (ဆိုအပ်ခဲ့ပြီးသော) သဘောကို (အတ္တသည်လည်းကောင်း၊ လောကသည်လည်းကောင်း) အဆုံး (အပိုင်းအခြား) ရှိ၏ဟု စွဲယူခြင်း ‘အန္တဝါဒိဋ္ဌိ’ ဟု ဆိုအပ်၏ (ဒိဋ္ဌိ)။

အနန္တဝါဒိဋ္ဌိ

၁၃၂၅။ (၂) ထို (အန္တဝါဒိဋ္ဌိ, အနန္တဝါဒိဋ္ဌိတို့) တွင် (အတ္တသည်လည်းကောင်း၊ လောကသည်လည်းကောင်း) အဆုံး (အပိုင်းအခြား) မရှိ၏ဟု စွဲယူခြင်း ‘အနန္တဝါ ဒိဋ္ဌိ’ ဟူသည် အဘယ်နည်း။ အတ္တသည်လည်းကောင်း၊ လောကသည်လည်းကောင်း အဆုံး (အပိုင်းအခြား) ရှိ၏ဟု ဤသို့သဘောရှိသော အကြင် အမြင်မှားမှု။ (ခြောက်ဆယ့်နှစ်ပါးသော) အမြင်မှားမှုတို့၌ ပါဝင်ခြင်းသဘော။ပ။ ဖောက်ပြန်မှားယွင်းသောအားဖြင့် စွဲယူခြင်းသဘောသည် (ရှိ၏)။ ဤ (ဆိုအပ်ခဲ့ ပြီးသော) သဘောကို (အတ္တသည်လည်းကောင်း၊ လောကသည်လည်းကောင်း) အဆုံး (အပိုင်းအခြား) မရှိ၏ဟု စွဲယူခြင်း'အနန္တဝါဒိဋ္ဌိ’ ဟု ဆိုအပ်၏ (ဒိဋ္ဌိ)။

၁၄-ပုဗ္ဗန္တာနုဒိဋ္ဌိဒုက်

ပုဗ္ဗန္တာနုဒိဋ္ဌိ

၁၃၂၆။ (၁) ထို (ပုဗ္ဗန္တာနုဒိဋ္ဌိ, အပရန္တာနုဒိဋ္ဌိတို့) တွင် (သံသရာ၏) ရှေးအဖို့သို့ အစဉ်လိုက်သော အယူ (ရှေးအတိတ် သံသရာဘဝ အဆက်ဆက်တို့၌ ဖြစ်ခဲ့သော ခန္ဓာတို့ကို စွဲ၍ဖြစ်ပေါ်သော အယူမှားမှု) ‘ပုဗ္ဗန္တာနုဒိဋ္ဌိ’ ဟူသည် အဘယ်နည်း။ (သံသရာ၏) ရှေးအဖို့ ကို (ရှေးအတိတ်ဘဝတို့၌ ဖြစ်ခဲ့သော ခန္ဓာတို့ကို) အာရုံပြု၍ အကြင် အမြင်မှားမှု။ (ခြောက်ဆယ့်နှစ်ပါးသော) အမြင်မှားမှုတို့၌ ပါဝင်ခြင်းသဘော။ပ။ ဖောက်ပြန်မှားယွင်းသောအားဖြင့် စွဲယူခြင်းသဘောသည် ဖြစ်၏။ ဤ (ဆိုအပ်ခဲ့ပြီးသော) သဘောကို (သံသရာ၏) ရှေးအဖို့သို့ အစဉ်လိုက်သောအယူ (ရှေးအတိတ် သံသရာဘဝအဆက်ဆက်တို့၌ ဖြစ်ခဲ့သော ခန္ဓာတို့ကိုစွဲ၍ ဖြစ်ပေါ်လာသော အယူမှားမှု) ‘ပုဗ္ဗန္တာနုဒိဋ္ဌိ’ ဟု ဆိုအပ်၏ (ဒိဋ္ဌိ)။

အပရန္တာနုဒိဋ္ဌိ

၁၃၂၇။ (၂) ထို (ပုဗ္ဗန္တာနုဒိဋ္ဌိ, အပရန္တာနုဒိဋ္ဌိတို့) တွင် (သံသရာ၏) နောက်အဖို့သို့အစဉ်လိုက်သော အယူ (နောင်ဘဝ အနာဂတ်အခါ၌ ခန္ဓာတို့သည် မည်သို့ဖြစ် လိမ့်မည်,မည်သို့ဖြစ်လတ္တံ့စသည်ဖြင့် တွေးတောပြီးလျှင် ထိုအနာဂတ်ခန္ဓာတို့ကို စွဲ၍ဖြစ်ပေါ်သော အယူမှားမှု) ‘အပရန္တာနုဒိဋ္ဌိ’ ဟူသည် အဘယ်နည်း။ (သံသရာ၏) နောက်အဖို့ကို (နောင်အနာဂတ်အခါ၌ ဖြစ်ပေါ်မည့်ခန္ဓာတို့ကို) အာရုံပြု၍ အကြင် အမြင်မှားမှု။ (ခြောက်ဆယ့်နှစ်ပါးသော) အမြင်မှားမှုတို့၌ ပါဝင်ခြင်းသဘော။ပ။ ဖောက်ပြန်မှားယွင်းသောအားဖြင့် စွဲယူခြင်း သဘောသည် ဖြစ်၏။ ဤ (ဆိုအပ်ခဲ့ပြီးသော) သဘောကို (သံသရာ၏) နောက်အဖို့သို့ အစဉ်လိုက်သော အယူ (နောင်ဘဝအနာဂတ်အခါ၌ ခန္ဓာတို့သည် မည်သို့ဖြစ်လိမ့်မည်, မည်သို့ဖြစ်လတ္တံ့စသည်ဖြင့် တွေးတောပြီးလျှင်ထိုအနာဂတ်ခန္ဓာတို့ကို စွဲ၍ဖြစ်ပေါ်သော အယူမှားမှု) ‘အပရန္တာနုဒိဋ္ဌိ’ ဟု ဆိုအပ်၏ (ဒိဋ္ဌိ)။

--

၁၅-အဟိရီကဒုက်

အဟိရီက

၁၃၂၈။ (၁) ထို (အဟိရီက, အနောတ္တပ္ပတို့) တွင် (ကာယဒုစရိုက်စသော မကောင်းမှုမှ) မရှက်မှု ‘အဟိရီက’ ဟူသည် အဘယ်နည်း။ အကြင်သဘောသည် ရှက်ထိုက်သော ကာယ ဒုစရှိက်စသည်ကိုမရှက်တတ်၊ ယုတ်မာသော အကုသိုလ်တရားတို့သို့ ရောက်ခြင်း (ကျူးလွန်ခြင်း) ကို မရှက်တတ်။ ဤ (ဆိုအပ်ခဲ့ပြီးသော) သဘောကို (ကာယဒုစရိုက်စသော မကောင်းမှုမှ) မရှက်မှု ‘အဟိရီက’ ဟုဆိုအပ်၏ (အဟိရီကစေတသိက်)။

အနောတ္တပ္ပ

၁၃၂၉။ (၂) ထို (အဟိရီက, အနောတ္တပ္ပတို့) တွင် (ကာယဒုစရိုက်စသော မကောင်းမှုမှ) မကြောက်လန့်မှု ‘အနောတ္တပ္ပ’ ဟူသည် အဘယ်နည်း။ အကြင်သဘောသည် ကြောက်လန့်ထိုက်သောကာယဒုစရိုက်စသည်ကို မကြောက်လန့်တတ်၊ ယုတ်မာသော အကုသိုလ် တရားတို့သို့ ရောက်ခြင်း (ကျူးလွန်ခြင်း) မှ မကြောက်လန့်တတ်။ ဤ (ဆိုအပ်ခဲ့ပြီးသော) သဘောကို (ကာယဒုစရိုက်စသောမကောင်းမှုမှ) မကြောက်လန့်မှု ‘အနောတ္တပ္ပ’ ဟု ဆိုအပ်၏ (အနောတ္တပ္ပ စေတသိက်)။

၁၆-ဟိရီဒုက်

ဟိရီ

၁၃၃၀။ (၁) ထို (ဟိရီ, ဩတ္တပ္ပတို့) တွင် (ကာယဒုစရိုက်စသော မကောင်းမှုမှ) ရှက်မှု ‘ဟိရီ’ ဟူသည်အဘယ်နည်း။ အကြင်သဘောသည် ရှက်ထိုက်သော ကာယဒုစရိုက်စသည်မှ ရှက်တတ် ၏၊ ယုတ်မာသော အကုသိုလ်တရားတို့သို့ ရောက်ခြင်း (ကျူးလွန်ခြင်း) ကို ရှက်တတ်၏။ ဤ (ဆိုအပ်ခဲ့ပြီးသော) သဘောကို (ကာယဒုစရိုက်စသော မကောင်းမှုမှ) ရှက်မှု ‘ဟိရီ’ ဟု ဆိုအပ်၏ (ဟိရီစေတသိက်)။

ဩတ္တပ္ပ

၁၃၃၁။ (၂) ထို (ဟိရီ, ဩတ္တပ္ပတို့) တွင် (ကာယဒုစရိုက်စသော မကောင်းမှုမှ) ကြောက်လန့်မှု ‘ဩတ္တပ္ပ’ ဟူသည် အဘယ်နည်း။ အကြင်သဘောသည် ကြောက်လန့်ထိုက်သော ကာယဒုစရိုက်စသည်မှ့ကြောက်လန့်တတ်၏၊ ယုတ်မာသော အကုသိုလ်တရားတို့သို့ ရောက်ခြင်း (ကျူး လွန်ခြင်း) မှကြောက်လန့်တတ်၏။ ဤ (ဆိုအပ်ခဲ့ပြီးသော) သဘောကို (ကာယဒုစရိုက်စသော မကောင်းမှု မှ) ကြောက်လန့်မှု ‘ဩတ္တပ္ပ’ ဟု ဆိုအပ်၏ (ဩတ္တပ္ပစေတသိက်)။

--

၁၇-ဒေါဝစဿတာဒုက်

ဆိုဆုံးမခက်သောသူ ဖြစ်ကြောင်းတရား

၁၃၃၂။ (၁) ထို (ဒေါဝစဿတာ,ပါပမိတ္တတာတို့) တွင် ‘ဒေါဝစဿတာ’ ဆိုဆုံးမခက်သော သူ၏အဖြစ် (ဆိုဆုံးမခက် သောသူ ဖြစ်အောင်ပြုတတ်သောတရား) ‘ဒေါဝစဿတာ’ ဟူသည် အဘယ်နည်း။ အကျင့်သိက္ခာပုဒ်၌ (အကြောင်းကိုပြကာ သင်သည်ဤအပြစ်အာပတ်သို့ ရောက်နေ၏၊ ထိုအပြစ် အာပတ်ကို ကုစားလော့ဟု) ပြောဆို (ဆုံးမ) အပ်သည်ရှိသော် ခဲယဉ်းသော စကားရှိသူ (ဆိုဆုံးမ ခက်သူ) ၏ အပြုအမူ'ဒေါဝစဿာယံ’၊ ခဲယဉ်းသော စကားရှိသူ၏ အပြုအမူ၏အဖြစ် ‘ဒေါဝစဿိယံ’၊ ခဲယဉ်းသောစကားရှိသူ၏ အပြုအမူ၏ဖြစ်ကြောင်း ‘ဒေါဝစဿတာ’၊ မလျောက်ပတ်သည်ကို (စက်ဆုပ်ဖွယ်ဆန့်ကျင်ဘက်ကို) ယူလေ့ရှိသူ၏အဖြစ် ‘ဝိပ္ပဋိကူလဂ္ဂါဟိတာ’။ (မလျောက်ပတ်သည်ကို ယူခြင်းဟုဆိုအပ်သော) ဆန့်ကျင်မှုကို သာယာတတ်သူ၏အဖြစ် ‘ဝိပစ္စနီကသာတတာ’။ (အဆုံးအမကို မနာယူသည်၏အစွမ်းဖြင့်) ရိုသေခြင်းမရှိသူ၏အဖြစ် ‘အနာဒရိယ’။ (အဆုံးအမကို မနာယူသည်၏ အစွမ်းဖြင့်) ရိုသေခြင်းမရှိသူ၏ အခြင်းအရာ ‘အနာဒရတာ’။ (လေးစားစွာ မနေသည်၏ အစွမ်းဖြင့်) လေးစားခြင်းမရှိသူ၏အဖြစ် ‘အဂါရဝတာ’၊ ရှေးရှု (စူးစိုက်၍) နားထောင်ခြင်း မရှိသူ၏အဖြစ် (မကျိုးနွံခြင်း) ‘အပ္ပဋိဿဝတာ’ သည်ရှိ၏။ ဤ (ဆိုအပ်ခဲ့ပြီးသော) သဘောကို ဆိုဆုံးမ ခက်သောသူ၏ အဖြစ် (ဆိုဆုံးမခက်သောသူဖြစ်အောင် ပြုတတ်သောတရား) ‘ဒေါဝစဿတာ’ ဟု ဆိုအပ်၏ (ဒေါသမူဒွေ, ယှဉ်ဖက်စေတသိက်)။

မိတ်ဆွေဆိုးရှိသူဖြစ်ကြောင်းတရား ‘ပါပမိတ္တတာ'

၁၃၃၃။ (၂) ထို (ဒေါဝစဿတာ, ပါပမိတ္တတာတို့) တွင်ယုတ်မာသော (မကောင်းသော) မိတ်ဆွေ ရှိသူ၏အဖြစ် (မကောင်းသောမိတ်ဆွေရှိသောသူဖြစ်အောင် ပြုတတ်သောတရား) ‘ပါပမိတ္တတာ’ ဟူသည် အဘယ်နည်း။ အကြင်ပုဂ္ဂိုလ်တို့သည် (ကံ, ကံ၏အကျိုးကို) ယုံကြည်မှု ‘သဒ္ဓါ’ တရား မရှိကုန် ‘အသဒ္ဓ’၊ အကျင့် သီလမရှိကုန် ‘ဒုဿီလ’၊ အကြားအမြင်မရှိကုန် ‘အပ္ပဿုတ’၊ နှမြောဝန်တိုခြင်းရှိကုန်၏ ‘မစ္ဆရီ’၊ ပညာမရှိကုန် ‘ဒုပ္ပည’၊ ထိုပုဂ္ဂိုလ်တို့ကို အကြင် (မှီဝဲဆည်းကပ်) ပေါင်းသင်းခြင်း ‘သေဝန’၊ အမြဲ (မှီဝဲ ဆည်းကပ်) ပေါင်းသင်းခြင်း ‘နိသေဝန’၊ ကောင်းစွာ (မှီဝဲဆည်းကပ်) ပေါင်းသင်းခြင်း ‘သံသေဝန’၊ မှီဝဲခြင်း ‘ဘဇန’၊ ကောင်းစွာ မှီဝဲခြင်း ‘သမ္ဘဇန’၊ ဆည်းကပ်ခြင်း ‘ဘတ္တိ’၊ ကောင်းစွာ ဆည်းကပ်ခြင်း ‘သမ္ဘတ္တိ’၊ ထိုပုဂ္ဂိုလ်တို့၌ ညွတ်ယိမ်း ကိုင်းရှိုင်းခြင်း ‘သမ္ပဝင်္ကတာ’ သည် (ရှိ၏)။ ဤ (ဆိုအပ်ခဲ့ပြီးသော) သဘောကိုယုတ်မာသော (မကောင်းသော) မိတ်ဆွေရှိ သူ၏အဖြစ် (မကောင်းသော မိတ်ဆွေရှိသော သူဖြစ်အောင်ပြုတတ်သောတရား) ‘ပါပမိတ္တတာ’ ဟု ဆိုအပ်၏ (လောဘမူ, မောဟမူစိတ်, ယှဉ်ဖက် စေတသိက်)။

--

၁၈-သောဝစဿတာဒုက်

ဆိုဆုံးမလွယ်သောသူဖြစ်ကြောင်းတရား ‘သောဝစဿတာ'

၁၃၃၄။ (၁) ထို (သောဝစဿတာ,ကလျာဏမိတ္တတာတို့) တွင် ဆိုဆုံးမလွယ် သောသူ၏အဖြစ် (ဆိုဆုံးမလွယ်သောသူဖြစ်အောင်ပြုတတ်သောတရား) ‘သောဝစဿတာ’ ဟူသည် အဘယ်နည်း။ အကျင့်သိက္ခာပုဒ်၌ (အကြောင်းကိုပြကာ သင်သည် ဤအပြစ်အာပတ်သို့ ရောက်နေ၏၊ ထိုအပြစ်အာပတ်ကို ကုစားလော့ဟု) ပြောဆို (ဆုံးမ) အပ်သည်ရှိသော် လွယ်ကူသော စကားရှိသူ (ဆိုဆုံးမလွယ်သောသူ) ၏ အပြုအမူ'သောဝစဿာယံ’၊ လွယ်ကူသော စကားရှိသူ (ဆိုဆုံးမလွယ်သူ) ၏ အပြုအမူ၏အဖြစ် ‘သောဝစဿိယံ’၊ လွယ်ကူသော စကားရှိသူ (ဆုံးမလွယ်သူ) ၏ အပြုအမူ၏ဖြစ်ကြောင်း ‘သောဝစဿတာ’၊ လျောက်ပတ်သည်ကို (မဆန့်ကျင်သည်ကို) ယူလေ့ရှိသူ၏အဖြစ် ‘အပ္ပဋိကူလဂ္ဂါဟိတာ’၊ မဆန့်ကျင်မှုကိုသာယာတတ်သူ၏အဖြစ် ‘အဝိပစ္စနီကသာတတာ’။ (အဆုံးအမကို နာယူသည်၏ အစွမ်းဖြင့်) ရိုသေခြင်းရှိသူ၏အဖြစ် ‘သာဒရိယံ’ (အဆုံးအမကို နာယူသည်၏ အစွမ်းဖြင့်) ရိုသေခြင်းရှိသူ၏အခြင်းအရာ ‘သာဒရတာ’။ (လေးစားစွာ နေသည်၏ အစွမ်းဖြင့်) လေးစားခြင်းရှိသူ၏အဖြစ် ‘သဂါရဝတာ’၊ ရှေးရှု (စူးစိုက်၍) နားထောင်ခြင်းရှိသူ၏အဖြစ် (ကျိုးနွံခြင်း) ‘သပ္ပဋိဿဝတာ’ သည် (ရှိ၏)။ ဤ (ဆိုအပ်ခဲ့ပြီးသော) သဘောကို ဆိုဆုံးမ လွယ်သောသူ၏အဖြစ် (ဆိုဆုံးမ လွယ်သောသူဖြစ်အောင် ပြုတတ်သောတရား) ‘သောဝစဿတာ’ ဟု ဆိုအပ်၏ (မဟာကုသိုလ်, မဟာကြိယာစိတ်, ယှဉ်ဖက် စေတသိက်)။

အဆွေခင်ပွန်းကောင်းရှိသူဖြစ်ကြောင်းတရား

၁၃၃၅။ (၂) ထို (သောဝစဿတာ,'ကလျာဏမိတ္တတာ'တို့) တွင် ကောင်းသော မိတ်ဆွေရှိသူ၏ အဖြစ် (အဆွေခင်ပွန်းကောင်းရှိသောသူဖြစ်အောင် ပြုတတ်သော တရား) ‘ကလျာဏမိတ္တတာ’ ဟူသည်အဘယ်နည်း။ အကြင်ပုဂ္ဂိုလ်တို့သည် (ကံ, ကံ၏အကျိုးကို) ယုံကြည်မှု ‘သဒ္ဓါ’ ရှိကုန်၏၊ အကျင့်'သီလ'ရှိကုန်၏ ‘သီလဝန္တ’၊ များသော အကြားအမြင်ရှိကုန် (အကြားအမြင်များကုန်) ၏၊ စွန့်ကြဲပေးကမ်းခြင်းရှိကုန်၏ ‘စာဂဝန္တ’၊ ပညာရှိကုန်၏ ‘ပညဝန္တ’၊ ထိုပုဂ္ဂိုလ် တို့ကို အကြင် (မှီဝဲဆည်းကပ်) ပေါင်းသင်းခြင်း'သေဝန’၊ အမြဲ (မှီဝဲဆည်းကပ်) ပေါင်းသင်းခြင်း ‘နိသေဝန’၊ ကောင်းစွာ (မှီဝဲဆည်းကပ်) ပေါင်းသင်းခြင်း ‘သံသေဝန’၊ မှီဝဲခြင်း ‘ဘဇန’၊ ကောင်းစွာ မှီဝဲခြင်း ‘သမ္ဘဇန’၊ ဆည်းကပ်ခြင်း ‘ဘတ္တိ’၊ ကောင်းစွာ ဆည်းကပ်ခြင်း ‘သမ္ဘတ္တိ’ ထိုပုဂ္ဂိုလ်တို့၌ ညွတ်ယိမ်းကိုင်းရှိုင်းခြင်း ‘သမ္ပဝင်္ကတာ’ သည် (ရှိ၏)။ ဤ (ဆိုအပ်ခဲ့ပြီးသော) သဘောကို ကောင်းသော မိတ်ဆွေရှိသူ၏အဖြစ် (အဆွေခင်ပွန်းကောင်းရှိသောသူ ဖြစ်အောင် ပြုတတ်သောတရား) ‘ကလျာဏမိတ္တတာ’ ဟု ဆိုအပ်၏ (မဟာကုသိုလ်, မဟာကြိယာစိတ်, ယှဉ်ဖက်စေတသိက်)။

--

၁၉-အာပတ္တိကုသလတာဒုက်

အာပတ်တို့၌ လိမ္မာသောသူဖြစ်ကြောင်းတရား

၁၃၃၆။ (၁) ထို (အာပတ္တိကုသလတာ အာပတ္တိဝုဋ္ဌာန'အာပတ္တိကုသလတာ'ကုသလတာတို့) တွင် အပြစ်အာပတ်တို့၌ ကျွမ်းကျင် (လိမ္မာ) သော သူ၏အဖြစ် (အပြစ်အာပတ်တို့၌ ကျွမ်းကျင်တတ်သိလိမ္မာသော သူဖြစ်အောင် ပြုတတ်သောတရား) ‘အာပတ္တိကုသလတာ’ ဟူသည် အဘယ်နည်း။ (ပါရာဇိက, သံဃာဒိသိသ်, ပါစိတ်, ပါဋိဒေသနီ,ဒုက္ကဋ်ဟူသော) (အပြစ်) အာပတ်ငါးပုံ (ငါးစု) တို့သည်လည်း (အပြစ်) အာပတ်တို့တည်း။ (ပါရာဇိက,သံဃာဒိသိသ်, ထုလ္လစဉ်း, ပါစိတ်, ပါဋိဒေသနီ, ဒုက္ကဋ်, ဒုဗ္ဘာသီဟူသော) (အပြစ်) အာပတ်ခုနစ်ပုံ (ခုနစ်စု) တို့သည်လည်း (အပြစ်) အာပတ်တို့တည်း၊ ထို (အပြစ်) အာပတ်တို့ကို အကြင်အာပတ်၌ ကျွမ်းကျင် (လိမ္မာ) သူ၏အဖြစ်။ (ခွဲခွဲ ခြားခြား) အပြားအားဖြင့် သိမှု။ (ခွဲခွဲခြားခြား) အပြားအားဖြင့်သိခြင်း။ပ။ (အမှန်သဘော၌) မတွေဝေ မှု (အမှန်ကိုသိမှု)။ (သစ္စာလေးပါး) တရားတို့ကို စိစစ်ခြင်း၊ ကောင်းစွာ သိမြင်မှု (အမြင်မှန်မှု) ‘သမ္မာဒိဋ္ဌိ’ သည် (ရှိ၏)။ ဤ (ဆိုအပ်ခဲ့ပြီးသော) သဘောကို (အပြစ်) အာပတ်တို့၌ ကျွမ်းကျင် (လိမ္မာ) သောသူအဖြစ် (အပြစ် အာပတ်တို့၌ ကျွမ်းကျင်တတ်သိလိမ္မာသောသူဖြစ်အောင် ပြုတတ်သောတရား) ‘အာပတ္တိကုသလတာ’ ဟု ဆိုအပ်၏ (မဟာကုသိုလ် ဉာဏသမ္ပယုတ်, မဟာကြိယာ ဉာဏသမ္ပယုတ်စိတ်၌ ရှိသောပညာ)။

အာပတ်မှထခြင်း၌ လိမ္မာသောသူဖြစ်ကြောင်းတရား

၁၃၃၇။ (၂) ထို (အာပတ္တိကုသလတာ, အာပတ္တိဝုဋ္ဌာန'အာပတ္တိဝုဋ္ဌာနကုသလတာ’ ကုသလတာတို့) တွင် (အပြစ်) အာပတ်မှ ထခြင်း၌ ကျွမ်းကျင် (လိမ္မာ) သောသူ၏ အဖြစ် (အပြစ်အာပတ်မှ ကင်းလွတ်အောင် ကုစားခြင်း၌ ကျွမ်းကျင်တတ်သိလိမ္မာသောသူဖြစ်အောင် ပြု တတ်သောတရား) ‘အာပတ္တိဝုဋ္ဌာနကုသလတာ’ ဟူသည့်အဘယ်နည်း။ ထိုအာပတ်တို့မှ အကြင် ထခြင်း၌ (ကင်းလွတ်အောင် ကုစားခြင်း၌) ကျွမ်းကျင် (လိမ္မာ) သူ၏အဖြစ်။ (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှု။ (ခွဲခွဲခြားခြား) အပြားအားဖြင့်သိခြင်း။ပ။ (အမှန်သဘော၌) မတွေဝေမှု (အမှန်ကိုသိမှု)။ (သစ္စာ လေးပါး) တရားတို့ကို စိစစ်ခြင်း၊ ကောင်းစွာ သိမြင်မှု (အမြင်မှန်မှု) ‘သမ္မာဒိဋ္ဌိ’ သည် (ရှိ၏)။ ဤ (ဆိုအပ်ခဲ့ပြီးသော) သဘောကို (အပြစ်) အာပတ်မှ ထခြင်း၌ ကျွမ်းကျင် (လိမ္မာ) သောသူအဖြစ် (အပြစ် အာပတ်မှ ကင်းလွတ်အောင်ကုစားခြင်း၌ ကျွမ်းကျင်တတ်သိ လိမ္မာသောသူဖြစ်အောင် ပြုတတ်သော တရား) ‘အာပတ္တိဝုဋ္ဌာနကုသလတာ’ ဟု ဆိုအပ်၏ (မဟာကုသိုလ် ဉာဏသမ္ပယုတ်, မဟာကြိယာ ဉာဏသမ္ပယုတ်စိတ်၌ ရှိသော ပညာ)။

--

၂၀-သမာပတ္တိ ကုသလတာဒုက်

သမာပတ်၌ လိမ္မာသောသူဖြစ်ကြောင်းတရား

၁၃၃၈။ (၁) ထို (သမာပတ္တိကုသလတာ, သမာပတ္တိဝုဋ္ဌာန'သမာပတ္တိကုသလတာ’ ကုသလတာတို့) တွင် သမာပတ် (ဝင်စားမှု) ၌ ကျွမ်းကျင် (လိမ္မာ) သောသူ၏အဖြစ် (သ မာပတ်ဝင်စားမှုကို ပိုင်းခြားခွဲခြမ်း၍ သိနိုင်သောဉာဏ်ရှိသူဖြစ်အောင် ပြုတတ်သောတရား) ‘သမာပတ္တိ ကုသလတာ’ ဟူသည် အဘယ်နည်း။ ကြံစည်မှု ‘ဝိတက်’ နှင့် တကွ၊ သုံးသပ်မှု ‘ဝိစာရ’ နှင့် တကွဖြစ်သော သမာပတ်သည်ရှိ၏၊ ကြံစည်မှု ‘ဝိတက်'ကားမရှိ၊ သုံးသပ်မှု ‘ဝိစာရ'မျှသာရှိသော သမာပတ်သည် ရှိ၏၊ ကြံစည်မှု ‘ဝိတက်’ လည်း မရှိ၊ သုံးသပ်မှု ‘ဝိစာရ’ လည်း မရှိသော သမာပတ်သည်ရှိ၏၊ ထို သမာပတ်တို့ကို ဝင်စားခြင်း၌ အကြင် ကျွမ်းကျင် (လိမ္မာ) သူ၏အဖြစ်။ (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှု။ (ခွဲခွဲခြားခြား) အပြားအားဖြင့် သိခြင်း။ပ။ (အမှန် သဘော၌) မတွေဝေမှု (အမှန်ကိုသိမှု)။ (သစ္စာလေးပါး) တရားတို့ကို စိစစ်ခြင်း၊ ကောင်းစွာသိမြင်မှု (အမြင်မှန်မှု) ‘သမ္မာဒိဋ္ဌိ’ သည် (ရှိ၏)။ ဤ (ဆိုအပ်ခဲ့ပြီးသော) သဘောကို သမာပတ်တို့၌ ကျွမ်းကျင် (လိမ္မာ) သောသူ၏အဖြစ် (သမာပတ်ဝင်စား မှုကို ပိုင်းခြားခွဲခြမ်း၍သိနိုင်သောဉာဏ်ရှိသူဖြစ်အောင် ပြုတတ်သောတရား) ‘သမာပတ္တိကုသလတာ’ ဟု ဆိုအပ်၏ (မဟာကုသိုလ် ဉာဏသမ္ပယုတ်, မဟာကြိယာဉာဏ သမ္ပယုတ်စိတ်၌ ရှိသော ပညာ)။

သမာပတ်မှထမှု၌ လိမ္မာသောသူဖြစ်ကြောင်းတရား

၁၃၃၉။ (၂) ထို (သမာပတ္တိကုသလတာ,'သမာပတ္တိဝုဋ္ဌာနကုသလတာ’ သမာပတ္တိဝုဋ္ဌာန ကုသလတာတို့) တွင် သမာပတ်မှ ထခြင်း၌ ကျွမ်းကျင် (လိမ္မာ) သော သူ၏အဖြစ် (သမာပတ်မှထခြင်းကို ပိုင်းခြားခွဲခြမ်း၍ သိနိုင်သောဉာဏ်ရှိသူဖြစ်အောင် ပြုတတ်သော တရား) ‘သမာပတ္တိဝုဋ္ဌာန ကုသလတာ’ ဟူသည် အဘယ်နည်း။ ထိုသမာပတ်တို့မှ အကြင်ထခြင်း၌ လိမ္မာ သူ၏အဖြစ်။ (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှု။ (ခွဲခွဲခြားခြား) အပြားအားဖြင့် သိခြင်း။ပ။ (အမှန်သဘော၌) မတွေဝေမှု (အမှန်ကိုသိမှု)။ (သစ္စာလေးပါး) တရားတို့ကို စိစစ်ခြင်း၊ ကောင်းစွာ သိမြင်မှု (အမြင်မှန်မှု) ‘သမ္မာဒိဋ္ဌိ’ သည် (ရှိ၏)။

ဤ (ဆိုအပ်ခဲ့ပြီးသော) သဘောကို သမာပတ်မှ ထခြင်း၌ ကျွမ်းကျင် (လိမ္မာ) သောသူ၏အဖြစ် (သမာပတ်မှထခြင်းကို ပိုင်းခြားခွဲခြမ်း၍ သိနိုင်သော ဉာဏ်ရှိသူ ဖြစ်အောင် ပြုတတ်သောတရား) ‘သမာပတ္တိဝုဋ္ဌာနကုသလတာ’ ဟုဆိုအပ်၏ (မဟာကုသိုလ် ဉာဏသမ္ပယုတ်, မဟာကြိယာဉာဏသမ္ပယုတ်စိတ်၌ ရှိသော ပညာ)။

--

၂၁-ဓာတုကုသလတာဒုက်

သဘာဝ'ဓာတ် ‘၌ လိမ္မာသောသူဖြစ်ကြောင်းတရား

၁၃၄၀။ (၁) ထို (ဓာတုကုသလတာ မနသိကာရ ‘ဓာတုကုသလတာ’ ကုသလတာတို့) တွင် ပင်ကိုရှိရင်း သဘောကို ဆောင်ထားမှု ‘ဓာတ်’ ၌ ကျွမ်းကျင် (လိမ္မာ) သော သူ၏အဖြစ် (ဓာတ်တစ်ဆယ့် ရှစ်ပါးတို့၌ တတ်သိကျွမ်းကျင် လိမ္မာသောသူဖြစ်အောင် ပြုတတ်သော တရား) ‘ဓာတုကုသလတာ’ ဟူသည် အဘယ်နည်း။ မျက်စိသဘာဝ့'စက္ခုဓာတ်’၊ အဆင်း (ရူပါရုံ) သဘာဝ ‘ရူပဓာတ်’၊ မြင်သိစိတ်သဘာဝ ‘စက္ခုဝိညာဏဓာတ်’၊ နားသဘာဝ ‘သောတဓာတ်’၊ အသံ (သဒ္ဒါရုံ) သဘာဝ ‘သဒ္ဒဓာတ်’၊ ကြားသိစိတ်သဘာဝ'သောတဝိညာဏဓာတ်’၊ နှာခေါင်းသဘာဝ ‘ဃာနဓာတ်’၊ အနံ့ (ဂန္ဓာရုံ) သဘာဝ ‘ဂန္ဓဓာတ်’၊ နံသိစိတ်သဘာဝ ‘ဃာနဝိညာဏဓာတ်’၊ လျှာသဘာဝ ‘ဇိဝှါဓာတ်’၊ အရသာ (ရသာရုံ) သဘာဝ ‘ရသဓာတ်’၊ လျက်သိစိတ်သဘာဝ ‘ဇိဝှါဝိညာဏဓာတ်’၊ ကိုယ်သဘာဝ ‘ကာယဓာတ်’၊ အတွေ့ (ဖောဋ္ဌဗ္ဗာရုံ) သဘာဝ'ဖောဋ္ဌဗ္ဗဓာတ်’၊ ထိသိစိတ်သဘာဝ ‘ကာယဝိညာဏဓာတ်’၊ သိမှုသဘာဝ ‘မနောဓာတ်’၊ တရားသဘာဝ'ဓမ္မဓာတ်’၊ အထူးသိမှုသဘာဝ ‘မနောဝိညာဏဓာတ်’ ဟူသော သဘာဝ ‘ဓာတ်’ တစ်ဆယ့်ရှစ်ပါးတို့သည် (ရှိကုန်၏)၊ ထိုသဘာဝ ‘ဓာတ်’ တို့ကို အကြင် ‘ဓာတ်’ ၌ ကျွမ်းကျင် (လိမ္မာ) သူ၏အဖြစ်။ (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှု။ (ခွဲခွဲခြားခြား) အပြားအားဖြင့် သိခြင်း။ပ။ (အမှန်သဘော၌) မတွေဝေမှု (အမှန်ကို သိမှု)။ (သစ္စာလေးပါး) တရားတို့ကို စိစစ်ခြင်း၊ ကောင်းစွာ သိမြင်မှု (အမြင်မှန်မှု) ‘သမ္မာဒိဋ္ဌိ’ သည် (ရှိ၏)။ ဤ (ဆိုအပ်ခဲ့ပြီးသော) သဘောကို ပင်ကိုရှိရင်းသဘောကို ဆောင်ထားမှု ‘ဓာတ်’ ၌ ကျွမ်းကျင် (လိမ္မာ) သောသူ၏အဖြစ် (ဓာတ်တစ်ဆယ့်ရှစ်ပါးတို့၌ တတ်သိကျွမ်းကျင်လိမ္မာသောသူဖြစ်အောင် ပြုတတ်သော တရား) ‘ဓာတုကုသလတာ’ ဟု ဆိုအပ်၏ (မဟာကုသိုလ်ဉာဏသမ္ပယုတ်, မဟာကြိယာ ဉာဏ သမ္ပယုတ်စိတ်, အဘိညာဉ်စိတ်, မဂ်စိတ်တို့၌ ရှိသော ပညာ)။

(ဓာတ်တစ်ဆယ့်ရှစ်ပါးတို့ကို) နှလုံးသွင်းမှု၌ လိမ္မာသောသူ

၁၃၄၁။ (၂) ထို (ဓာတုကုသလတာ,ဖြစ်ကြောင်းတရား ‘မနသိကာရကုသလတာ’ မနသိကာရကုသလတာတို့) တွင် (ပင်ကိုရှိရင်းသဘောကို ဆောင်ထားမှု ‘ဓာတ်'တို့ကို) နှလုံးသွင်းမှု၌ ကျွမ်းကျင် (လိမ္မာ) သူ၏အဖြစ် (ဓာတ်တစ်ဆယ့်ရှစ်ပါးတို့ကို နှလုံးသွင်းမှု၌ တတ်သိ ကျွမ်းကျင်လိမ္မာသောသူဖြစ်အောင် ပြုတတ်သောတရား) ‘မနသိကာရကုသလတာ’ ဟူသည် အဘယ်နည်း။ ထိုသဘာဝ ‘ဓာတ်’ တို့ကို အကြင်နှလုံးသွင်းမှု၌ ကျွမ်းကျင် (လိမ္မာ) သူ၏အဖြစ်။ (ခွဲခွဲခြားခြား) အပြား အားဖြင့် သိမှု။ (ခွဲခွဲခြားခြား) အပြားအားဖြင့်သိခြင်း။ပ။ (အမှန်သဘော၌) မတွေဝေမှု (အမှန်ကိုသိမှု)။ (သစ္စာလေးပါး) တရားတို့ကို စိစစ်ခြင်း၊ ကောင်းစွာ သိမြင်မှု (အမြင်မှန်မှု) ‘သမ္မာဒိဋ္ဌိ’ သည် (ရှိ၏)။ ဤ (ဆိုအပ်ခဲ့ပြီးသော) သဘောကို (ပင်ကိုရှိရင်းသဘောကို ဆောင်ထားမှု ‘ဓာတ်’ တို့ကို) နှလုံးသွင်းမှု၌ ကျွမ်းကျင် (လိမ္မာ) သူ၏အဖြစ် (ဓာတ်တစ်ဆယ့်ရှစ်ပါးတို့ကို နှလုံးသွင်းမှု၌ တတ်သိကျွမ်းကျင် လိမ္မာ သောသူဖြစ်အောင်ပြုတတ်သောတရား) ‘မနသိကာရကုသလတာ’ ဟု ဆိုအပ်၏ (မဟာကုသိုလ် ဉာဏ သမ္ပယုတ်,မဟာကြိယာ ဉာဏသမ္ပယုတ်စိတ်, အဘိညာဉ်စိတ်, မဂ်စိတ်တို့၌ ရှိသော ပညာ)။

--

၂၂-အာယတနကုသလတာဒုက်

အာယတနတစ်ဆယ့်နှစ်ပါး၌ တတ်သိလိမ္မာသောသူ

၁၃၄၂။ (၁) ထို (အာယတနကုသလတာ, ပဋိစ္စဖြစ်ကြောင်းတရား ‘အာယတနကုသလတာ'သမုပ္ပါဒကုသလတာတို့) တွင်စိတ်ဖြစ်ရာ စိတ်ဖြစ်ကြောင်း ‘အာယတန’၌ ကျွမ်းကျင် (လိမ္မာ) သူ၏အဖြစ် (အာယတနတစ်ဆယ့်နှစ်ပါး၌ တတ်သိကျွမ်းကျင်လိမ္မာသောသူဖြစ်အောင် ပြုတတ်သော တရား) ‘အာယတနကုသလတာ’ ဟူသည်အဘယ်နည်း။ မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ရာ မျက်စိ အကြည် ‘စက္ခာယတန’၊ မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ကြောင်း အဆင်း ‘ရူပါယတန’၊ ကြားသိစိတ် (သောတဝိညာဏ်) ဖြစ်ရာ နားအကြည် ‘သောတာယတန’၊ ကြားသိစိတ် (သောတဝိညာဏ်) ဖြစ်ကြောင်း အသံ ‘သဒ္ဒါယတန’၊ နံသိစိတ် (ဃာနဝိညာဏ်) ဖြစ်ရာ နှာခေါင်းအကြည် ‘ဃာနာယတန’၊ နံသိစိတ် (ဃာနဝိညာဏ်) ဖြစ်ကြောင်း အနံ့ ‘ဂန္ဓာယတန’၊ လျက်သိစိတ် (ဇိဝှါဝိညာဏ်) ဖြစ်ရာ လျှာအကြည် ‘ဇိဝှါယတန’၊ လျက်သိစိတ် (ဇိဝှါဝိညာဏ်) ဖြစ်ကြောင်း အရသာ ‘ရသာယတန’၊ ထိသိစိတ် (ကာယ ဝိညာဏ်) ဖြစ်ရာကိုယ်အကြည် ‘ကာယာယတန’၊ ထိသိစိတ် (ကာယဝိညာဏ်) ဖြစ်ကြောင်း အတွေ့ ‘ဖောဋ္ဌဗ္ဗာယတန’၊ သိမှုစိတ် ဖြစ်ရာ ‘မနာယတန’၊ သိမှုစိတ် ဖြစ်ကြောင်းသဘာဝ ‘ဓမ္မာယတန’ ဟူသောအာယတနတစ်ဆယ့်နှစ်ပါးတို့သည် (ရှိကုန်၏)။ ထို (အာယတန) တို့ကို အကြင် အာယတန၌ ကျွမ်းကျင် (လိမ္မာ) သူ၏အဖြစ်။ (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှု။ (ခွဲခွဲခြားခြား) အပြားအားဖြင့် သိခြင်း။ပ။ (အမှန်သဘော၌) မတွေဝေမှု (အမှန်ကိုသိမှု)။ (သစ္စာလေးပါး) တရားတို့ကို စိစစ်ခြင်း၊ ကောင်းစွာသိမြင်မှု (အမြင်မှန်မှု) ‘သမ္မာဒိဋ္ဌိ’ သည် (ရှိ၏)။ ဤ (ဆိုအပ်ခဲ့ပြီးသော) သဘောကို စိတ်ဖြစ်ရာ စိတ်ဖြစ်ကြောင်း ‘အာယတန’ ၌ ကျွမ်းကျင် (လိမ္မာ) သူ၏အဖြစ် (အာယတန တစ်ဆယ့်နှစ်ပါး၌ တတ်သိကျွမ်းကျင်လိမ္မာသောသူဖြစ်အောင် ပြုတတ်သော တရား) ‘အာယတနကုသလတာ’ ဟု ဆိုအပ်၏ (မဟာကုသိုလ်ဉာဏသမ္ပယုတ်, မဟာကြိယာ ဉာဏသမ္ပယုတ်စိတ်, အဘိညာဉ်စိတ်, မဂ်စိတ်တို့၌ ရှိသော ပညာ)။

ပဋိစ္စသမုပ္ပါဒ်၌ တတ်သိလိမ္မာသောသူဖြစ်ကြောင်းတရား

၁၃၄၃။ (၂) ထို (အာယတနကုသလတာ,'ပဋိစ္စသမုပ္ပါဒကုသလတာ’ ပဋိစ္စသမုပ္ပါဒကုသလတာတို့) တွင် ပဋိစ္စသမုပ္ပါဒ်၌ ကျွမ်းကျင် (လိမ္မာ) သူ၏အဖြစ် (ပဋိစ္စသမုပ္ပါဒ်၌ တတ်သိကျွမ်းကျင် လိမ္မာသောသူဖြစ်အောင် ပြုတတ်သောတရား) ‘ပဋိစ္စသမုပ္ပါဒကုသလတာ’ ဟူသည် အဘယ်နည်း။ သိအပ်သည်ကို မသိခြင်း (သစ္စာလေးပါးကို မသိခြင်း) ‘အဝိဇ္ဇာ’ ဟူသော အကြောင်းကြောင့် ပြုပြင်စီရင်မှု ‘သင်္ခါရ’ တို့သည် (ဖြစ်ကုန်၏)၊ ပြုပြင်စီရင်မှု ‘သင်္ခါရ’ ဟူသော အကြောင်း ကြောင့် အထူးသိမှု ‘ဝိညာဏ်’ (ပဋိသန္ဓေစိတ်) သည် (ဖြစ်၏)၊ အထူးသိမှု ‘ဝိညာဏ်’ (ပဋိသန္ဓေစိတ်)ဟူသော အကြောင်းကြောင့် နာမ်နှင့်ရုပ်သည် (ဖြစ်၏)၊ နာမ်ရုပ်ဟူသောအကြောင်းကြောင့် စိတ်ဖြစ်ရာ အာယတနခြောက်ပါးသည် (ဖြစ်၏)၊ စိတ်ဖြစ်ရာ ‘အာယတန’ ခြောက်ပါးဟူသော အကြောင်းကြောင့် တွေ့ထိမှု ‘ဖဿ’ သည် (ဖြစ်၏)၊ တွေ့ထိမှု ‘ဖဿ’ ဟူသော အကြောင်းကြောင့် ခံစားမှု ‘ဝေဒနာ’ သည် (ဖြစ်၏)၊ ခံစားမှု ‘ဝေဒနာ’ ဟူသော အကြောင်းကြောင့် တပ်မက်မှု ‘တဏှာ’ သည် (ဖြစ်၏)၊ တပ်မက်မှု ‘တဏှာ’ ဟူသော အကြောင်းကြောင့် ပြင်းစွာယူမှု (စွဲလမ်းမှု) ‘ဥပါဒါန်’ သည် (ဖြစ်၏)၊ ပြင်းစွာယူမှု (စွဲလမ်းမှု) ‘ဥပါဒါန်’ ဟူသော အကြောင်းကြောင့် ဖြစ်ပေါ်ကြောင်း'ဘဝ’ (ကမ္မဘဝ) သည် (ဖြစ်၏)၊ ဖြစ် ပေါ်ကြောင်း ‘ဘဝ’ (ကမ္မဘဝ)ဟူသော အကြောင်းကြောင့်ဖြစ်မှု (ပဋိသန္ဓေနေမှု) ‘ဇာတိ’ သည် (ဖြစ်၏)၊ ဖြစ်မှု (ပဋိသန္ဓေနေမှု) ‘ဇာတိ’ ဟူသော အကြောင်းကြောင့်အိုမှုနှင့် သေမှု ‘ဇရာ, မရဏ’ သည် (ဖြစ်၏)၊ စိုးရိမ်မှု ‘သောက', ငိုကြွေးမှု ‘ပရိဒေဝ', ကိုယ်ဆင်းရဲမှု ‘ဒုက္ခ', စိတ်ဆင်းရဲမှု ‘ဒေါမနဿ', ပြင်းထန်စွာ ပင်ပန်းမှု ‘ဥပါယာသ'တို့သည် ဖြစ်ကုန်၏၊ ဤသို့အလုံးစုံသော ဆင်းရဲအစု၏ ဖြစ်ပေါ်ခြင်းသည် ထင်ရှား၏။ ဤသို့ ထိုပဋိစ္စသမုပ္ပါဒ်၌ အကြင် (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှု။ (ခွဲခွဲခြားခြား) အပြား အားဖြင့်သိခြင်း။ပ။ (အမှန်သဘော၌) မတွေဝေမှု (အမှန်ကိုသိမှု)။ (သစ္စာလေးပါး) တရားတို့ကို စိစစ်ခြင်း၊ ကောင်းစွာ သိမြင်မှု (အမြင်မှန်မှု) ‘သမ္မာဒိဋ္ဌိ’ သည် (ရှိ၏)။ ဤ (ဆိုအပ်ခဲ့ပြီးသော) သဘောကိုပဋိစ္စသမုပ္ပါဒ်၌ ကျွမ်းကျင် (လိမ္မာ) သူ၏အဖြစ် (ပဋိစ္စသမုပ္ပါဒ်၌ တတ်သိကျွမ်းကျင် လိမ္မာသောသူ ဖြစ်အောင်ပြုတတ်သောတရား) ‘ပဋိစ္စသမုပ္ပါဒကုသလတာ’ ဟု ဆိုအပ်၏ (မဟာကုသိုလ်ဉာဏသမ္ပယုတ်,မဟာကြိယာဉာဏသမ္ပယုတ်စိတ်, အဘိညာဉ်စိတ်, မဂ်စိတ်တို့၌ ရှိသောပညာ)။

--

၂၃-ဌာနကုသလတာဒုက်

အကြောင်း (ဟုတ်သည်) ၌ လိမ္မာသောသူဖြစ်ကြောင်းတရား

၁၃၄၄။ (၁) ထို (ဌာနကုသလတာ,'ဌာနကုသလတာ’ အဋ္ဌာနကုသလတာတို့) တွင် အကြောင်း (ဟုတ်သည်) ၌ ကျွမ်းကျင် (လိမ္မာ) သူ၏အဖြစ် (အကြောင်း ‘ဌာန’ ဟုတ်သည်၌ တတ်သိ ကျွမ်းကျင် လိမ္မာသောသူဖြစ်အောင် ပြုတတ်သောတရား) ‘ဌာနကုသလတာ’ ဟူသည် အဘယ်နည်း။ အကြင်အကြင်တရားတို့သည် အကြင်အကြင် (အကျိုး) တရားတို့၏ အကြောင်း'ဟေတု’ ဖြစ်ကုန်၏။ အထောက်အပံ့'ပစ္စယ’ ဖြစ်ကုန်၏။ (ထိုထို အကျိုးတရားတို့) ဖြစ်ပေါ်ခြင်းငှါ ထိုထိုအကြောင်း ‘ဌာန’ သည် ရှိ၏။ «ထိုထိုအကြောင်းကို စွဲ၍ (ထိုထိုအကျိုးတရားတို့သည် ဖြစ်ကုန်၏) ]။ ဤသို့ ထိုအကြောင်းဟုတ်သည်၌ အကြင် (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှု။ (ခွဲခွဲခြားခြား) အပြားအားဖြင့် သိခြင်း။ပ။ (အမှန်သဘော၌) မတွေဝေမှု (အမှန်ကို သိမှု)။ (သစ္စာလေးပါး) တရားတို့ကို စိစစ်ခြင်း၊ ကောင်းစွာ သိမြင်မှု (အမြင်မှန်မှု) ‘သမ္မာဒိဋ္ဌိ’ သည် (ရှိ၏)။ ဤ (ဆိုအပ်ခဲ့ပြီးသော) သဘောကို အကြောင်း (ဟုတ်သည်) ၌ ကျွမ်းကျင် (လိမ္မာ) သူ၏အဖြစ် (အကြောင်းဟုတ်သည်၌ တတ်သိကျွမ်းကျင်လိမ္မာသောသူဖြစ်အောင် ပြုတတ်သောတရား) ‘ဌာနကုသလတာ’ ဟု ဆိုအပ်၏ (မဟာကုသိုလ်ဉာဏသမ္ပယုတ်, မဟာကြိယာ ဉာဏသမ္ပယုတ်စိတ်, အဘိညာဉ်စိတ်တို့၌ ရှိသောပညာ)။

အကြောင်းမဟုတ်သည်၌ လိမ္မာသောသူဖြစ်ကြောင်းတရား

၁၃၄၅။ (၂) ထို (ဌာနကုသလတာ အဋ္ဌာန'အဋ္ဌာနကုသလတာ’ ကုသလတာတို့) တွင်အကြောင်း မဟုတ်သည်၌ ကျွမ်းကျင် (လိမ္မာ) သူ၏အဖြစ် (အကြောင်းမဟုတ်သည်၌ တတ်သိကျွမ်းကျင် လိမ္မာသူဖြစ်အောင်ပြုတတ်သောတရား) ‘အဋ္ဌာနကုသလတာ’ ဟူသည် အဘယ်နည်း။ အကြင်အကြင် တရားတို့သည်အကြင်အကြင် (အကျိုး) တရားတို့၏ (ဖြစ်ပေါ်ရန်) အကြောင်း မဟုတ်ကုန်၊ အထောက်အပံ့မဟုတ်ကုန်။ (ထိုထိုအကျိုးတရားတို့) ဖြစ်ပေါ်ခြင်းငှါ ထိုထိုမဟုတ်သော အကြောင်း ‘အဋ္ဌာန’ သည်ရှိ၏။ «ထိုထိုအကြောင်း မဟုတ်သည်ကို စွဲ၍ (ထိုထိုအကျိုးတရားတို့ မဖြစ်ကုန်) ]။ ဤသို့ ထိုအကြောင်းဟုတ်သည်၌ အကြင် (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှု။ (ခွဲခွဲခြားခြား) အပြားအားဖြင့် သိခြင်း။ပ။ (အမှန်သဘော၌) မတွေဝေမှု (အမှန်ကိုသိမှု)။ (သစ္စာလေးပါး) တရားတို့ကိုစိစစ်ခြင်း၊ ကောင်းစွာ သိမြင်မှု (အမြင်မှန်မှု) ‘သမ္မာဒိဋ္ဌိ’ သည် (ရှိ၏)။ ဤ (ဆိုအပ်ခဲ့ပြီးသော) သဘောကို အကြောင်းမဟုတ်သည်၌ ကျွမ်းကျင် (လိမ္မာ) သူ၏အဖြစ် (အကြောင်းမဟုတ်သည်၌ တတ်သိကျွမ်းကျင် လိမ္မာသောသူဖြစ်အောင် ပြုတတ်သောတရား) ‘အဋ္ဌာနကုသလတာ’ ဟု ဆိုအပ်၏ (စက္ခုပသာဒသည် သောတဝိညာဉ်ဖြစ်ပေါ်ရန် အကြောင်းမဟုတ်စသည်ဖြင့် သိတတ်သော မဟာကုသိုလ်ဉာဏ သမ္ပယုတ်, မဟာကြိယာ ဉာဏသမ္ပယုတ်စိတ်, အဘိညာဉ် စိတ်တို့၌ ရှိသောပညာ)။

--

၂၄-အဇ္ဇဝဒုက်

ဖြောင့်မတ်သောသူဖြစ်ကြောင်းတရား ‘အဇ္ဇဝ'

၁၃၄၆။ (၁) ထို (အဇ္ဇဝ မဒ္ဒဝတို့) တွင် ဖြောင့်မတ်သူ၏အဖြစ် (ဖြောင့်မတ်သူဖြစ်အောင် ပြုတတ် သောတရား) ‘အဇ္ဇဝ’ ဟူသည် အဘယ်နည်း။ အကြင်ဖြောင့်မတ်သည်၏အဖြစ် ‘အဇ္ဇဝတာ’၊ မကောက် သည်၏အဖြစ် ‘အဇိမှတာ’၊ မကွေးသည်၏အဖြစ် ‘အဝင်္ကတာ’၊ မကိုင်းသည်၏အဖြစ် ‘အကုဋိလတာ’ သည် (ရှိ၏)။ ဤ (ဆိုအပ်ခဲ့ပြီးသော) သဘောကိုဖြောင့်မတ်သူ၏အဖြစ် (ဖြောင့်မတ်သောသူ ဖြစ်အောင် ပြုတတ်သော တရား) ‘အဇ္ဇဝ’ ဟု ဆိုအပ်၏ (ကာယုဇုကတာ, စိတ္တုဇုကတာ)။

နူးညံ့ပြေပြစ်သောသူဖြစ်ကြောင်းတရား ‘မဒ္ဒဝ'

၁၃၄၇။ (၂) ထို (အဇ္ဇဝ မဒ္ဒဝတို့) တွင် နူးညံ့ပြေပြစ်သူ၏အဖြစ် (နူးညံ့ပြေပြစ်သောသူဖြစ်အောင် ပြု တတ်သောတရား) ‘မဒ္ဒဝ’ ဟူသည် အဘယ်နည်း။ အကြင်နူးညံ့သည်၏အဖြစ် ‘မုဒုတာ’၊ ပြေပြစ်သည်၏ အဖြစ် ‘မဒ္ဒဝတာ’၊ မခက်ထန်သည်၏အဖြစ် ‘အကက္ခဠတာ’၊ မကြမ်းတမ်းသည်၏အဖြစ် ‘အကထိနတာ’။ (မာနမရှိသဖြင့်) နှိမ့်ချသော စိတ်ရှိသူ၏အဖြစ် ‘နီစစိတ္တတာ’ သည် (ရှိ၏)။ ဤ (ဆိုအပ်ခဲ့ပြီးသော) သဘော ကို နူးညံ့ပြေပြစ်သူ၏ အဖြစ် (နူးညံ့ပြေပြစ်သောသူဖြစ်အောင် ပြုတတ်သောတရား) ‘မဒ္ဒဝ’ ဟု ဆိုအပ်၏ (ကာယမုဒုတာ, စိတ္တမုဒုတာ)။

၂၅-ခန္တိဒုက်

သည်းခံခြင်းတရား ‘ခန္တိ'

၁၃၄၈။ (၁) ထို (ခန္တိ, သောရစ္စတို့) တွင် သည်းခံခြင်းတရား'ခန္တိ’ ဟူသည်အဘယ်နည်း။ အကြင် သည်းခံခြင်း ‘ခန္တိ’၊ သည်းခံပုံအခြင်းအရာ ‘ခမနတာ’၊ အထက်၌ နေစေခြင်း (မိမိထက် အမြတ်ထားခြင်း) ဆန့်ကျင်ဘက်အဖြစ်ဖြင့် မတည်ခြင်း ‘အဓိဝါသနတာ’၊ မကြမ်းတမ်းခြင်းသဘော ‘အစဏ္ဍိက္က’၊ ပြည့်စုံစွာ ပြောဆိုနိုင်ခြင်း (ကောင်းစွာဆိုအပ်သော စကား) ‘အနသုရောပ’။ (ဝမ်းမြောက်သည်၏အစွမ်းဖြင့်) စိတ်၏ မိမိပကတိစိတ်ရှိသည်၏အဖြစ် (နှစ်သက်လိုလားခြင်း) ‘အတ္တမနတာ စိတ္တဿ’ သည် (ရှိ၏)။ ဤ (ဆိုအပ်ခဲ့ပြီးသော) သဘောကိုသည်းခံခြင်းတရား ‘ခန္တိ’ ဟု ဆိုအပ်၏ (သည်းခံခြင်း အဒေါသပြဋ္ဌာန်းသော မဟာကုသိုလ်,မဟာကြိယာစိတ်, ယှဉ်ဖက် စေတသိက်)။

ကောင်းသောအမှု၌ မွေ့လျော်သောသူဖြစ်ကြောင်းတရား

၁၃၄၉။ (၂) ထို (ခန္တိ, သောရစ္စတို့) တွင် ‘သောရစ္စ’ ကောင်းသောအမှု၌ မွေ့လျော်သူ၏ အဖြစ် (ကောင်းသောအမှု၌ မွေ့လျော် သူဖြစ်အောင်ပြုတတ်သောတရား) ‘သောရစ္စ’ ဟူသည် အဘယ်နည်း။ အကြင် ကိုယ်၌ ဖြစ်သော မလွန်ကျူး မှု (ကာယသုစရိုက်သုံးပါး)၊ နှုတ် (စကား) ၌ ဖြစ်သော မလွန်ကျူးမှု (ဝစီသုစရိုက်လေးပါး)၊ ကိုယ်နှုတ် (နှစ်ပါး) ၌ ဖြစ်သော မလွန်ကျူးမှု (အာဇီဝလျှင် ရှစ်ခုမြောက်သော ‘အာဇီဝဋ္ဌမက သီလ') သည် (ရှိ၏)။ ဤဆိုအပ်ခဲ့ပြီးသော သဘောကို ကောင်းသော အမှု၌ မွေ့လျော်သူ၏အဖြစ် (ကောင်းသော အမှု၌ မွေ့လျော်သောသူဖြစ်အောင် ပြုတတ်သောတရား) ‘သောရစ္စ’ ဟူ၍ ဆိုအပ်၏။ အလုံးစုံသော အကျင့် ‘သီလ’ ကိုစောင့်စည်းခြင်းကိုလည်း ကောင်းသောအမှု၌ မွေ့လျော်သူ၏အဖြစ် (ကောင်းသော အမှု၌ မွေ့လျော်သူဖြစ်အောင် ပြုတတ်သောတရား) ‘သောရစ္စ’ ဟု ဆိုအပ်၏ (သီလစေတနာ ပြဋ္ဌာန်းသော မဟာကုသိုလ်,မဟာကြိယာစိတ်, လောကုတ္တရာစိတ်, ယှဉ်ဖက်စေတသိက်)။

--

၂၆-သာခလျဒုက်

နူးညံ့ပြေပြစ်ချစ်ခင်ဖွယ်စကားကို ဆိုတတ်သောသူ

၁၃၅၀။ (၁) ထို (သာခလျ၊ ပဋိသန္ထာရတို့) တွင်ဖြစ်ကြောင်းတရား ‘သာခလျ’ နူးညံ့သိမ်မွေ့သော, စကားရှိသော သူ၏အဖြစ် (နူးညံ့ပြေပြစ်ချစ်ဖွယ်စကားကို ဆိုတတ် သောသူဖြစ်အောင် ပြုတတ်သောတရား) ‘သာခလျ’ ဟူသည် အဘယ်နည်း။ အကြင်စကားသည် (မပြေမပြစ်) အဖုအထစ်ရှိ၏ ‘အဏ္ဍက’၊ ဆွေးမြည့်၏ (နားမချမ်းသာဖွယ်ဖြစ်၏) ‘ကက္ကသ’၊ သူတစ်ပါး တို့ကို စပ်ပူစေတတ်၏ (ဒေါသကို ဖြစ်စေတတ်၏) ‘ပရကဋုက’၊ သူတစ်ပါးတို့ကို (သွားလိုရာသို့ သွားခွင့် မပေးဘဲ ဆူးခက်ကဲ့သို့) အလွန် ငြိတွယ်တတ်၏ (စိတ်ကို ထိခိုက်တတ်၏) ‘ပရာဘိသဇ္ဇနီ’၊ အမျက် ဒေါသ၏ အနီးအပါး၌ ဖြစ်၏ (အမျက်ဒေါသထွက်လောက်အောင် ဖြစ်၏) ‘ကောဓသာမန္တာ’၊ တည်ကြည်မှု ‘သမာဓိ’ ကို မဖြစ်ပေါ်စေတတ် ‘အသမာဓိ သံဝတ္တနိကာ’၊ ထိုသို့သဘောရှိသော စကားကို ပယ်စွန့်၍ အကြင် စကားသည် အပြစ်ကင်း၏ ‘နေဠ’၊ နားချမ်းသာ၏'ကဏ္ဏသုခ’၊ နှစ်သက်မြတ်နိုးဖွယ်ရှိ၏ ‘ပေမနီယ’။ (မထိခိုက်ဘဲ ချမ်းသာစွာ) စိတ်နှလုံးသို့ သက်ဝင်၏ ‘ဟဒယင်္ဂမ’၊ နေပြည်တော်သူ မြို့ကြီးသူတို့ စကားသဖွယ် ယဉ်ကျေး၏ ‘ပေါရီ’၊ လူအများ နှစ်သက်၏'ဗဟုဇနကန္တ’၊ လူအများစိတ်ကို (နှစ်သက်မြတ်နိုးသည်၏ အဖြစ်ဖြင့်) တိုးပွါးစေတတ်၏ ‘ဗဟုဇနမနာပ’၊ ထိုသို့သဘောရှိသော စကားကို ပြောဆိုအပ်၏။ ထိုစကား၌ အကြင် ပြေပြစ်သော စကားရှိသူ၏အဖြစ် ‘သဏှဝါစတာ’၊ နူးညံ့သိမ်မွေ့သော စကားရှိသူ၏အဖြစ် ‘သခိလဝါစတာ’၊ မကြမ်းတမ်းသော စကားရှိသူ၏အဖြစ် ‘အဖရုသဝါစတာ’ သည် (ရှိ၏)။

ဤ (ဆိုအပ်ခဲ့ပြီးသော) သဘောကို နူးညံ့သိမ်မွေ့သော စကားရှိသူ၏အဖြစ် (နူးညံ့ပြေပြစ် ချစ်ဖွယ်စကားကိုဆိုတတ်သောသူဖြစ်အောင် ပြုတတ်သောတရား) ‘သာခလျ’ ဟု ဆိုအပ်၏ (ချစ်ဖွယ်စကားကို ဆိုသောအခါဖြစ်ပေါ်သော မဟာကုသိုလ်, မဟာကြိယာစိတ်, ယှဉ်ဖက်စေတသိက်)။

ပျူငှါလောကဝတ် ဖော်ရှေကျေပွန်ခြင်းဖြစ်သော သူ

၁၃၅၁။ (၂) ထို (သာခလျ၊ ပဋိသန္ထာရတို့) တွင် ‘ပဋိသန္ထာရ’ (တရား'ဓမ္မ'ဖြင့်ဖြစ်စေ, ပစ္စည်း'အာမိသ'ဖြင့်ဖြစ်စေ) ပျူငှါလောကဝတ် အစေ့အစပ်ပြုခြင်း (လောကဝတ် ဖော်ရွေကျေပွန်ခြင်း, ကျွမ်းဝင်ရင်းနှီးစွာ ဆက်ဆံခြင်း) ‘ပဋိသန္ထာရ’ ဟူသည်အဘယ်နည်း။ ပစ္စည်း'အာမိသ'ဖြင့် အစေ့အစပ်ပြုခြင်း ‘အာမိသပဋိသန္ထာရ’၊ တရား ‘ဓမ္မ’ ဖြင့် အစေ့အစပ့်ပြုခြင်း ‘ဓမ္မပဋိသန္ထာရ’ ဟူ၍ အစေ့အစပ်ပြုခြင်း ‘ပဋိသန္ထာရ'တို့သည် နှစ်မျိုးရှိကုန်၏။ ဤသာသနာ (လောက) ၌ အချို့ပုဂ္ဂိုလ်သည် ပစ္စည်း ‘အာမိသ’ ဖြင့် အစေ့အစပ်ပြုခြင်း ‘အာမိသပဋိသန္ထာရ'ဖြင့်လည်းကောင်း၊ တရား ‘ဓမ္မ’ ဖြင့် အစေ့အစပ်ပြုခြင်း ‘ဓမ္မပဋိသန္ထာရ’ ဖြင့်လည်းကောင်းစေ့စပ်တတ်သူဖြစ်၏၊ ဤ (ဆိုအပ်ခဲ့ပြီးသော) သဘောကို ပျူငှါလောကဝတ်အစေ့အစပ်ပြုခြင်း ‘ပဋိသန္ထာရ’ ဟု ဆိုအပ်၏ (ပျူငှါလောကဝတ် ပြုသောအခါ၌ ဖြစ်ပေါ်သော မဟာကုသိုလ်, မဟာကြိယာစိတ်, ယှဉ်ဖက်စေတသိက်)။

--

၂၇-ဣန္ဒြိယေသု အဂုတ္တဒွါရတာဒုက်

မျက်စိစသောဣန္ဒြေကို မစောင့်ထိန်းတတ်သူဖြစ်ကြောင်းတရား

၁၃၅၂။ (၁) ထို (ဣန္ဒြိယေသု အဂုတ္တ'ဣန္ဒြိယေသု အဂုတ္တဒွါရတာ’ ဒွါရတာ, ဘောဇနေ အမတ္တညုတာတို့) တွင် အစိုးရမှု ‘ဣန္ဒြေ'ခြောက်ပါး (တံခါးခြောက်ပေါက်) တို့၌ မစောင့်ရှောက်သော တံခါးပေါက်ရှိသူ၏အဖြစ် (မျက်စိစသော,ဣန္ဒြေကို မစောင့်ထိန်းတတ်သူဖြစ်အောင် ပြုတတ်သောတရား) ‘ဣန္ဒြိယေသု အဂုတ္တဒွါရတာ’ ဟူသည်အဘယ်နည်း။ ဤလောက၌ အချို့ပုဂ္ဂိုလ်သည် မျက်စိအကြည် ‘စက္ခု’ ဖြင့် အဆင်း ‘ရူပါရုံ'ကိုမြင်သော် (မိန်းမ, ယောက်ျားဟူသော) အမှတ်အသား ပုံသဏ္ဌာန် ‘နိမိတ်'ကို ယူလေ့ရှိ၏၊ ကိလေသာကို ထင်ရှားပြတတ်သော လက်ခြေစသော အင်္ဂါ၊ ပြုံးဟန် ရယ်ဟန် စသောအမူအရာ အမှတ်လက္ခဏာ ‘အနုဗျဉ္စန’ ကိုယူလေ့ရှိ၏၊ အကြင်အကြောင်းကြောင့် မြင်မှု၌ အစိုးရသော မျက်စိအကြည် ‘စက္ခုန္ဒြေ’ ကို မစောင့်စည်း (မပိတ်ဆို့) ဘဲ နေသော ဤပုဂ္ဂိုလ်ကို မက်မောမှု ‘အဘိဇ္ဈာ’၊ နှလုံးမသာခြင်း စိတ်ဆင်းရဲမှု ‘ဒေါမနဿ’ ဟူသော ယုတ်ညံ့သော အကုသိုလ်တရားတို့သည် အစဉ်လိုက်၍ နှိပ်စက်ကုန်ရာ၏၊ ထိုမြင်မှု၌ အစိုးရသော မျက်စိအကြည် ‘စက္ခုန္ဒြေ'ကို စောင့်စည်းခြင်းငှါ မကျင့်၊ မြင်မှု၌ အစိုးရသော မျက်စိအကြည် ‘စက္ခုန္ဒြေ'ကို မစောင့်ရှောက်၊ မြင်မှု၌ အစိုးရသော မျက်စိအကြည် ‘စက္ခုန္ဒြေ’ ၌ စောင့်စည်းခြင်းသို့မရောက်။ နားအကြည် ‘သောတ’ ဖြင့် အသံ ‘သဒ္ဒါရုံ'ကို ကြားသော်။ပ။ နှာခေါင်းအကြည် ‘ဃာန'ဖြင့် အနံ့'ဂန္ဓာရုံ'ကို နမ်း (နံ) သော်။ပ။ လျှာအကြည် ‘ဇိဝှါ’ ဖြင့် အရသာ ‘ရသာရုံ’ ကို လျက်သော်။ပ။ ကိုယ်အကြည် ‘ကာယ'ဖြင့် အတွေ့ ‘ဖောဋ္ဌဗ္ဗာရုံ’ ကို ထိသော်။ပ။ စိတ်ဖြင့် သဘောတရား ‘ဓမ္မာရုံ’ ကိုသိသော် (မိန်းမ, ယောက်ျားဟူသော) အမှတ်အသားပုံသဏ္ဌာန် ‘နိမိတ်’ ကို ယူလေ့ရှိ၏၊ ကိလေသာကိုထင်ရှားပြတတ်သော လက်ခြေစသော အင်္ဂါ, ပြုံးဟန် ရယ်ဟန်စသော အမူအရာ အမှတ်လက္ခဏာ ‘အနုဗျဉ္ဇန'ကို ယူလေ့ရှိ၏၊ အကြင် အကြောင်းကြောင့် အစိုးတရ သိမှု ‘မနိန္ဒြေ’ ကို မစောင့်စည်း (မပိတ်ဆို့) ဘဲ နေသော ဤပုဂ္ဂိုလ်ကို မက်မောမှု ‘အဘိဇ္ဈာ’၊ နှလုံးမသာခြင်း စိတ်ဆင်းရဲမှု ‘ဒေါမနဿ’ ဟူသော ယုတ်မာသော အကုသိုလ်တရားတို့သည် အစဉ်လိုက်၍ နှိပ်စက်ကုန်ရာ၏၊ ထိုအစိုးတရ သိမှု ‘မနိန္ဒြေ’ ကို စောင့်စည်း ခြင်းငှါ မကျင့်၊ အစိုးတရ သိမှု ‘မနိန္ဒြေ'ကို မစောင့်ရှောက်၊ အစိုးတရ သိမှု ‘မနိန္ဒြေ’ ၌ စောင့်စည်း ခြင်းသို့ မရောက်။ ဤအစိုးရမှု ‘ဣန္ဒြေ’ ခြောက်ပါး (တံခါးခြောက်ပေါက်) တို့ကို အကြင် မလုံခြုံစေခြင်း ‘အဂုတ္တိ’၊ မလုံခြုံစေပုံအခြင်းအရာ ‘အဂေါပနာ’၊ မစောင့်ရှောက်ခြင်း ‘အနာရက္ခ’၊ မစောင့်စည်းခြင်း (မပိတ်ဆို့ခြင်း) ‘အသံဝရ’ သည် (ရှိ၏)။ ဤ (ဆိုအပ်ခဲ့ပြီးသော) သဘောကို အစိုးရမှု ‘ဣန္ဒြေ’ ခြောက်ပါး (တံခါးခြောက်ပေါက်) တို့၌ မစောင့်ရှောက်သော တံခါးပေါက်ရှိသူ၏အဖြစ် (မျက်စိစသော ဣန္ဒြေကို မစောင့်ထိန်းတတ်သူဖြစ်အောင် ပြုတတ်သောတရား) ‘ဣန္ဒြိယေသု အဂုတ္တဒွါရတာ’ ဟု ဆိုအပ်၏ (လောဘမူစိတ်, ဒေါသမူစိတ်, ယှဉ်ဖက်စေတသိက်)။

စားဖွယ် (ဘောဇဉ်) ၌ အတိုင်းအရှည်မသိတတ်သူ

၁၃၅၃။ (၂) ထို (ဣန္ဒြိယေသု အဂုတ္တဒွါရတာ,ဖြစ်ကြောင်းတရား ‘ဘောဇနေ အမတ္တညုတာ’ ဘောဇနေအမတ္တညုတာတို့) တွင် စားဖွယ် (ဘောဇဉ်) ၌့အတိုင်းအရှည်ကို မသိတတ် သူ၏အဖြစ် (စားဖွယ်ဘောဇဉ်၌ အတိုင်းအရှည်ကို မသိတတ်သူ ဖြစ်အောင်ပြုတတ်သောတရား) ‘ဘောဇနေ အမတ္တညုတာ’ ဟူသည် အဘယ်နည်း။ ဤလောက၌ အချို့ပုဂ္ဂိုလ်သည် (ဉာဏ်ဖြင့်) မဆင်ခြင်မူ၍ မသင့်လျော်သောအားဖြင့် (ကချေသည် ကျွမ်းသမားတို့ကဲ့သို့) မြူးထူးပျော်ပါးခြင်းငှါ။ (မင်း, မင်း၏အမတ်တို့ကဲ့သို့) မာန်ယစ်ခြင်းငှါ။ (ပြည့်တန်ဆာ နန်းတွင်းသူတို့ကဲ့သို့ ခန္ဓာကိုယ်ကို) တန်ဆာဆင်ခြင်းငှါ။ (လက်ဝှေ့သည်, လက်ပမ်းသည်တို့ကဲ့သို့ အသားအရေကို) ပြည့်ဖြိုးတိုးပွါးစေခြင်းငှါ အစာ ‘အာဟာရ’ ကို စားသောက်၏။ ထိုစားဖွယ် (ဘောဇဉ်) ၌ အကြင် မရောင့်ရဲသူ၏အဖြစ် ‘အသန္တုဋ္ဌိတာ’၊ အတိုင်းအရှည်ကို မသိသူ၏အဖြစ် ‘အမတ္တညုတာ’၊ စားဖွယ် (ဘောဇဉ်) ၌ (သင့်လျော်သောအားဖြင့်) မဆင်ခြင်ခြင်း ‘အပ္ပဋိသင်္ခါဘောဇနေ’ သည် (ရှိ၏)။ ဤ (ဆိုအပ်ခဲ့ပြီးသော) သဘောကို စားဖွယ် (ဘောဇဉ်) ၌ အတိုင်းအရှည်ကိုမသိတတ်သူ၏အဖြစ် (စားဖွယ်ဘောဇဉ်၌ အတိုင်းအရှည်ကို မသိတတ်သူဖြစ်အောင် ပြုတတ်သော တရား) ‘ဘောဇနေ အမတ္တညုတာ’ ဟု ဆိုအပ်၏ (လောဘမူစိတ်, မောဟမူစိတ်, ယှဉ်ဖက်စေတသိက်)။

--

၂၈-ဣန္ဒြိယေသု ဂုတ္တဒွါရတာဒုက်

မျက်စိစသောဣန္ဒြေကိုစောင့်ထိန်းတတ်သူဖြစ်ကြောင်းတရား

၁၃၅၄။ (၁) ထို (ဣန္ဒြိယေသု'ဣန္ဒြိယေသု ဂုတ္တဒွါရတာ’ ဂုတ္တဒွါရတာ,ဘောဇနေ မတ္တညုတာတို့) တွင်အစိုးရမှု ‘ဣန္ဒြေ'ခြောက်ပါး (တံခါးခြောက်ပေါက်) တို့၌ စောင့်ရှောက်ပိတ်ဆို့အပ်သော တံခါးပေါက်ရှိသူ၏အဖြစ် (မျက်စိစသော ဣန္ဒြေကို စောင့်ထိန်းတတ်သူဖြစ်အောင် ပြုတတ်သောတရား) ‘ဣန္ဒြိယေသုဂုတ္တဒွါရတာ’ ဟူသည် အဘယ်နည်း။ ဤလောက၌ အချို့ပုဂ္ဂိုလ်သည် မျက်စိအကြည် ‘စက္ခု'ဖြင့် အဆင်း ‘ရူပါရုံ’ ကိုမြင်သော် (မိန်းမ, ယောက်ျားဟူသော) အမှတ်အသားပုံသဏ္ဌာန် ‘နိမိတ်'ကို ယူလေ့မရှိ၊ ကိလေသာကိုထင်ရှားပြတတ်သော လက်ခြေစသော အင်္ဂါ, ပြုံးဟန် ရယ်ဟန်စသော အမူအရာ အမှတ်လက္ခဏာ ‘အနုဗျဉ္စန'ကို ယူလေ့မရှိ၊ အကြင် အကြောင်းကြောင့် မြင်မှု၌ အစိုးရသော မျက်စိအကြည် ‘စက္ခုန္ဒြေ'ကိုမစောင့်စည်း (မပိတ်ဆို့) ဘဲ နေသော ဤပုဂ္ဂိုလ်ကို မက်မောမှု ‘အဘိဇ္ဈာ’၊ နှလုံးမသာခြင်း စိတ်ဆင်းရဲမှု ‘ဒေါမနဿ’ ဟူသော ယုတ်မာသော အကုသိုလ်တရားတို့သည် အစဉ်လိုက်၍ နှိပ်စက်ကုန်ရာ၏၊ ထိုမြင်မှု၌ အစိုးရသော မျက်စိအကြည် ‘စက္ခုန္ဒြေ’ ကို စောင့်စည်းခြင်းငှါ ကျင့်၏၊ မြင်မှု၌ အစိုးရသောမျက်စိအကြည် ‘စက္ခုန္ဒြေ’ ကို စောင့်ရှောက်၏၊ မြင်မှု၌ အစိုးရသော မျက်စိအကြည် ‘စက္ခုန္ဒြေ’ ၌ စောင့်စည်းခြင်းသို့ ရောက်၏။ နားအကြည် ‘သောတ’ ဖြင့် အသံ ‘သဒ္ဒါရုံ’ ကို ကြားသော်။ပ။ နှာခေါင်းအကြည် ‘ဃာန’ ဖြင့် အနံ့'ဂန္ဓာရုံ’ ကို နမ်း (နံ) သော်။ပ။ လျှာအကြည် ‘ဇိဝှါ’ ဖြင့် အရသာ ‘ရသာရုံ’ ကို လျက်သော်။ပ။ ကိုယ်အကြည် ‘ကာယ’ ဖြင့် အတွေ့ ‘ဖောဋ္ဌဗ္ဗာရုံ’ ကို ထိသော်။ပ။ စိတ်ဖြင့် သဘောတရား ‘ဓမ္မာရုံ’ ကို သိသော် (မိန်းမ, ယောက်ျားဟူသော) အမှတ်အသားပုံသဏ္ဌာန် ‘နိမိတ်’ ကို ယူလေ့မရှိ၊ ကိလေသာကို ထင်ရှားပြတတ်သော လက်ခြေစသော အင်္ဂါ, ပြုံးဟန် ရယ်ဟန်စသော အမူအရာ အမှတ်လက္ခဏာ ‘အနုဗျ ဉ္ဇန’ ကို ယူလေ့မရှိ၊ အကြင် အကြောင်းကြောင့် အစိုးတရ သိမှု ‘မနိန္ဒြေ’ ကို မစောင့်စည်း (မပိတ်ဆို့) ဘဲ နေသော ဤပုဂ္ဂိုလ်ကို မက်မောမှု ‘အဘိဇ္ဈာ’၊ နှလုံးမသာခြင်း စိတ်ဆင်းရဲမှု ‘ဒေါမနဿ’ ဟူသော ယုတ်မာသော အကုသိုလ်တရားတို့သည် အစဉ်လိုက်၍ နှိပ်စက်ကုန်ရာ၏၊ ထိုအစိုးတရ သိမှု ‘မနိန္ဒြေ'ကို စောင့်စည်းခြင်းငှါ ကျင့်၏၊ အစိုးတရ သိမှု ‘မနိန္ဒြေ'ကို စောင့်ရှောက်၏၊ အစိုးတရ သိမှု ‘မနိန္ဒြေ’၌ စောင့်စည်းခြင်းသို့ ရောက်၏။ ဤအစိုးရမှု ‘ဣန္ဒြေ'ခြောက်ပါး (တံခါးခြောက်ပေါက်) တို့ကို အကြင် လုံခြုံစေခြင်း ‘ဂုတ္တိ’၊ လုံခြုံစေပုံအခြင်းအရာ ‘ဂေါပနာ’၊ စောင့်ရှောက်ခြင်း ‘အာရက္ခ’၊ စောင့်စည်း (ပိတ်ဆို့) ခြင်း'သံဝရ’ သည် (ရှိ၏)။

ဤ (ဆိုအပ်ခဲ့ပြီးသော) သဘောကို အစိုးရမှု ‘ဣန္ဒြေ’ ခြောက်ပါး (တံခါးခြောက်ပေါက်) တို့၌ စောင့်ရှောက့်ပိတ်ဆို့အပ်သော တံခါးပေါက်ရှိသူ၏အဖြစ် (မျက်စိစသော ဣန္ဒြေကို စောင့်ထိန်းတတ်သူဖြစ်အောင် ပြုတတ်သော တရား) ‘ဣန္ဒြိယေသု ဂုတ္တဒွါရတာ’ ဟု ဆိုအပ်၏ (မဟာကုသိုလ်, မဟာကြိယာ,လောကုတ္တရာ စိတ်, ယှဉ်ဖက် စေတသိက်)။

--

စားဖွယ် (ဘောဇဉ်) ၌ အတိုင်းအရှည်သိတတ်သူ

၁၃၅၅။ (၂) ထို (ဣန္ဒြိယေသု အဂုတ္တဒွါရတာ, ဘာဇနေဖြစ်ကြောင်းတရား ‘ဘောဇနေ မတ္တညုတာ’ မတ္တညုတာတို့) တွင် စားဖွယ် (ဘောဇဉ်) ၌ အတိုင်းအရှည်ကို သိတတ်သူ၏အဖြစ် (စားဖွယ် ဘောဇဉ်၌ အတိုင်းအရှည်ကိုသိတတ်သူဖြစ်အောင် ပြုတတ်သော တရား) ‘ဘောဇနေ မတ္တညုတာ’ ဟူသည် အဘယ်နည်း။ ဤသာသနာတော်၌ အချို့ပုဂ္ဂိုလ်သည် (ဉာဏ်ဖြင့်) ဆင်ခြင်၍ သင့်လျော်သော အားဖြင့် အစာ ‘အာဟာရ'ကို စားသောက်၏။ (ကချေသည် ကျွမ်းသမားတို့ကဲ့သို့) မြူးထူးပျော်ပါးခြင်းငှါ မစား။ (မင်း, မင်း၏အမတ်တို့ကဲ့သို့) မာန်ယစ်ခြင်းငှါ မစား။ (ပြည့်တန်ဆာ, နန်းတွင်းသူတို့ကဲ့သို့ခန္ဓာကိုယ်ကို) တန်ဆာဆင်ခြင်းငှါ မစား။ (လက်ဝှေ့သည်, လက်ပန်းသည်တို့ကဲ့သို့ အသားအရေကို) ပြည့်ဖြိုးတိုးပွါးစေခြင်းငှါ မစား၊ ဤကိုယ်၏ တည်တံ့ရန်, မျှတရန်, ပင်ပန်းခြင်းကို ပယ်ဖျောက်ရန်,ဆာလောင်ခြင်း မွတ်သိပ်ခြင်းငြိမ်းရန်, မြတ်သောအကျင့်ကို ချီးမြှောက်ရန် အကျိုးငှါသာလျှင် အစာ ‘အာဟာရ’ ကို စားသောက်၏၊ ဤသို့ (အစာ ‘အာဟာရ’ ကို) စားသောက်ခြင်းကြောင့် ခံစားမှု ‘ဝေဒနာ'အဟောင်း (အစာမစားခြင်းကြောင့်ဖြစ် သည့် ဝေဒနာ) ကိုလည်း ပယ်ဖျောက်မည်၊ ခံစားမှု ‘ဝေဒနာ'အသစ် (အလွန်စားခြင်းကြောင့်ဖြစ်သည့် ဝေဒနာ) ကိုလည်း မဖြစ်စေမည်၊ ငါ့အား မျှတခြင်းသည်လည်းကောင်း၊ အပြစ်မရှိခြင်းသည်လည်းကောင်း၊ ချမ်းသာစွာ နေရခြင်းသည်လည်းကောင်း ဖြစ်လိမ့်မည်ဟူသောရည်ရွယ်ချက်ဖြင့် အစာ ‘အာဟာရ'ကို စားမျို၏၊ ထိုစားဖွယ် (ဘောဇဉ်) ၌ အကြင်ရောင့်ရဲသူ၏အဖြစ် ‘သန္တုဋ္ဌိတာ’၊ အတိုင်းအရှည်ကို သိသူ၏အဖြစ် ‘မတ္တညုတာ’၊ စားဖွယ် (ဘောဇဉ်) ၌ ဆင်ခြင်ခြင်း ‘ပဋိသင်္ခါဘောဇနေ’ သည် (ရှိ၏)။ ဤဆိုအပ်ခဲ့ပြီးသော သဘောကို စားဖွယ် (ဘောဇဉ်) ၌ အတိုင်းအရှည်ကိုသိတတ်သူ၏အဖြစ် (စားဖွယ်ဘောဇဉ်၌ အတိုင်းအရှည်ကို သိတတ်သူဖြစ်အောင် ပြုတတ်သော တရား) ‘ဘောဇနေ မတ္တညုတာ’ ဟု ဆိုအပ်၏ (မဟာကုသိုလ်, မဟာကြိယာစိတ်, ယှဉ်ဖက် စေတသိက်)။

၂၉-မုဋ္ဌသစ္စဒုက်

သတိမေ့လျော့သောသူဖြစ်ကြောင်းတရား ‘မုဋ္ဌသစ္စ'

၁၃၅၆။ (၁) ထို (မုဋ္ဌသစ္စ၊ အသမ္ပဇညတို့) တွင်မေ့လျော့သော ‘သတိ'ရှိသူ (သတိ မေ့သူ) ၏အဖြစ် (သတိမေ့လျော့သောသူဖြစ်အောင်ပြုတတ်သောတရား) ‘မုဋ္ဌသစ္စ’ ဟူသည် အဘယ်နည်း။ အကြင် မအောက်မေ့မှု, အမှတ်မရမှု ‘အသတိ’၊ အစဉ်မအောက်မေ့မှု ‘အနနုဿတိ’၊ တစ်ဖန် မအောက်မေ့မှု ‘အပ္ပဋိဿတိ’၊ ‘အသတိ’ ဟူသောမအောက်မေ့ပုံ အခြင်းအရာ ‘အသတိ အသရဏရတာ’၊ ဆောင်ခြင်းငှါ မစွမ်းနိုင်သည်၏အဖြစ် ‘အဓာရဏတာ’။ (ရေပေါ်၌ ပေါ်နေသော ဗူးခွံကဲ့သို့ အာရုံ၌) ပေါ် သည်၏အဖြစ် (အာရုံ၌ မစူးစိုက်မှု) ‘ပိလာပနတာ’၊ မေ့ပျောက်သော သတိရှိသည်၏အဖြစ် ‘သမ္မုဿနတာ’ သည် (ရှိ၏)။

ဤ (ဆိုအပ်ခဲ့ပြီးသော) သဘောကို မေ့လျော့သော ‘သတိ’ ရှိသူ (သတိမေ့သူ) ၏အဖြစ် (သတိမေ့လျော့သောသူဖြစ်အောင် ပြုတတ်သော တရား) ‘မုဋ္ဌသစ္စ’ ဟု ဆိုအပ်၏ (သတိ၏ ဆန့်ကျင်ဖက်အကုသိုလ်စိတ်, ယှဉ်ဖက်စေတသိက်)။

ဆင်ခြင်စဉ်းစားဉာဏ်မရှိသောသူဖြစ်ကြောင်းတရား

၁၃၅၇။ (၂) ထို (မုဋ္ဌသစ္စ၊ အသမ္ပဇညတို့) ‘အသမ္ပဇည’ တွင် ဆင်ခြင်စဉ်းစားဉာဏ်မရှိသူ၏ အဖြစ် (ဆင်ခြင်စဉ်းစားဉာဏ် မရှိသူ ဖြစ်အောင်ပြုတတ်သောတရား) ‘အသမ္ပဇည’ ဟူသည် အဘယ်နည်း။ အကြင် မသိခြင်းသဘော ‘အညာဏ’၊ မမြင်ခြင်းသဘော ‘အဒဿန’။ပ။ (စီးပွားချမ်းသာသို့ မရောက်နိုင်အောင် ပိတ်ပင်တတ် သဖြင့်) တံခါးကျည် (မင်းတုပ်) နှင့် တူသော မသိမှုသဘော ‘အဝိဇ္ဇာလင်္ဂီ’၊ အကုသိုလ်တို့၏ အခြေအမြစ့်ဖြစ်သော (အမှန်သဘော၌) တွေဝေမှု (အမှန်ကို မသိမှု) ‘မောဟအကုသလမူလ’ သည် (ရှိ၏)။ ဤ (ဆိုအပ်ခဲ့ပြီးသော) သဘောကို ဆင်ခြင်စဉ်းစားဉာဏ် မရှိသူ၏အဖြစ် (ဆင်ခြင်စဉ်းစားဉာဏ်မရှိသောသူဖြစ်အောင် ပြုတတ်သောတရား) ‘အသမ္ပဇည’ ဟု ဆိုအပ်၏ (ပညာ၏ ဆန့်ကျင်ဖက် အကုသိုလ်စိတ်,ယှဉ်ဖက် စေတသိက်)။

--

၃၀-သတိဒုက်

အောက်မေ့မှု ‘သတိ’ တရား

၁၃၅၈။ (၁) ထို (သတိ,သမ္ပဇညတို့) တွင် အောက်မေ့မှု အမှတ်ရမှု ‘သတိ’ တရားဟူသည် အဘယ်နည်း။ အကြင်အောက်မေ့မှု, အမှတ်ရမှု ‘သတိ’၊ အစဉ်အောက်မေ့မှု ‘အနုဿတိ’၊ တစ်ဖန် အောက်မေ့မှု ‘ပဋိဿတိ’၊ အမှတ်ရမှု ‘သတိ’ ဟူသော အောက်မေ့ပုံ အခြင်းအရာ ‘သတိ သရဏတာ’၊ ဆောင်ပုံအခြင်းအရာ ‘ဓာရဏတာ’၊ မပေါ်သောအခြင်းအရာ (အာရုံ၌ စူးစိုက်မှု) ‘အပိလာပနတာ’၊ မမေ့ပျောက်သည်၏အဖြစ် ‘အသမ္မုဿနတာ’၊ သတိဟူသော အစိုးတရ အောက်မေ့မှု ‘သတိန္ဒြေ’။ (ခိုင်မြဲစွာ) မတုန်မလှုပ် အောက်မေ့မှု ‘သတိဗိုလ်’၊ ကောင်းစွာ အောက်မေ့မှု ‘သမ္မာသတိ’ သည် (ရှိ၏)။ ဤ (ဆိုအပ်ခဲ့ပြီးသော) သဘော ကို အောက်မေ့မှု အမှတ်ရမှု ‘သတိ’ တရားဟုဆိုအပ်၏ (သတိ)။

ဆင်ခြင်စဉ်းစားမှု ‘သမ္ပဇည’ တရား

၁၃၅၉။ (၂) ထို (သတိ, သမ္ပဇညတို့) တွင် ဆင်ခြင်စဉ်းစားမှု ‘သမ္ပဇည’ တရားဟူသည် အဘယ်နည်း။ အကြင် (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှု ‘ပညာ’။ (ခွဲခွဲခြားခြား) အပြားအားဖြင့် သိခြင်း ‘ပဇာနနာ’။ပ။ (အမှန်သဘော၌) မတွေဝေမှု (အမှန်ကို သိမှု) ‘အမောဟ’။ (သစ္စာလေးပါး) တရားတို့ကို စိစစ်ခြင်းသဘော ‘ဓမ္မဝိစယ’၊ ကောင်းစွာ သိမြင်မှု (အမြင်မှန်မှု) ‘သမ္မာဒိဋ္ဌိ’ သည် (ရှိ၏)။ ဤ (ဆိုအပ်ခဲ့ပြီးသော) သဘောကို ဆင်ခြင် စဉ်းစားမှု ‘သမ္ပဇည’ တရားဟုဆိုအပ်၏ (ပညာ)။

၃၁-ပဋိသင်္ခါနဗလဒုက်

မတုန်မလှုပ်ဆင်ခြင်ခြင်း'ပဋိသင်္ခါနဗလ'

၁၃၆၀။ (၁) ထို (ပဋိသင်္ခါနဗလ, ဘာဝနာဗလတို့) တွင် (ခိုင်မြဲစွာ) မတုန်မလှုပ်သော ဆင်ခြင်ခြင်း ‘ပဋိသင်္ခါနဗလ’ ဟူသည် အဘယ်နည်း။ အကြင် (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှု။ (ခွဲခွဲခြားခြား) အပြားအားဖြင့် သိခြင်းသဘော။ပ။ (အမှန်သဘော၌) မတွေဝေမှု (အမှန်ကိုသိမှု)။ (သစ္စာလေးပါး) တရားတို့ကို စိစစ်ခြင်းသဘော၊ ကောင်းစွာ သိမြင်မှု (အမြင်မှန်မှု) ‘သမ္မာဒိဋ္ဌိ’ သည် (ရှိ၏)။ ဤ (ဆိုအပ်ခဲ့ပြီးသော) သဘောကို (ခိုင်မြဲစွာ) မတုန်မလှုပ်သော ဆင်ခြင်ခြင်း'ပဋိသင်္ခါနဗလ’ ဟု ဆိုအပ်၏ (ပညာ)။

မတုန်မလှုပ်ပွားများခြင်း ‘ဘာဝနာဗလ'

၁၃၆၁။ (၂) ထို (ပဋိသင်္ခါနဗလ,ဘာဝနာဗလတို့) တွင် (ခိုင်မြဲစွာ) မတုန်မလှုပ် ပွားများခြင်း ‘ဘာဝနာဗလ’ ဟူသည် အဘယ်နည်း။ ကုသိုလ်တရား (ဗောဓိပက္ခိယတရား) တို့ကို အကြင် မှီဝဲခြင်း ‘အာသေဝနာ’၊ ပွားများခြင်း ‘ဘာဝနာ’၊ အကြိမ်များစွာပြုခြင်း ‘ဗဟုလီကမ္မ’ သည် (ရှိ၏)။ ဤ (ဆိုအပ်ခဲ့ပြီးသော) သဘောကို (ခိုင်မြဲစွာ) မတုန်မလှုပ်ပွားများခြင်း ‘ဘာဝနာဗလ’ ဟု ဆိုအပ်၏။ (သစ္စာလေးပါးကို) သိခြင်း၏ အဖို့ အစု (အသင်းအပင်း) ‘ဗောဇ္ဈင်’ ခုနစ်ပါးတို့ကိုလည်း (ခိုင်မြဲစွာ) မတုန်မလှုပ် ပွားများခြင်း ‘ဘာဝနာ ဗလ’ ဟု ဆိုအပ်၏ (ကုသိုလ် ၂၁, ယှဉ်ဖက် စေတသိက် ၃၈)။

--

၃၂-သမထဒုက်

ဆန့်ကျင်ဘက် အကုသိုလ်တရားတို့ကို ငြိမ်သက်စေမှု

၁၃၆၂။ (၁) ထို (သမထ, ဝိပဿနာတို့) တွင် ‘သမထ’ တရား (ဆန့်ကျင်ဘက် အကုသိုလ်တရား တို့ကို) ငြိမ်သက်စေမှု ‘သမထ’ ဟူသည်အဘယ်နည်း။ စိတ်၏ အကြင် တည်မှု။ပ။ ကောင်းစွာ တည်ကြည်မှု ‘သမ္မာသမာဓိ’ သည် (ရှိ၏)။ ဤ (ဆိုအပ်ခဲ့ပြီးသော) သဘောကို (ဆန့်ကျင်ဘက် အကုသိုလ်တရားတို့ကို) ငြိမ်သက်စေမှု ‘သမထ’ ဟု ဆိုအပ်၏ (သမ္မာသမာဓိ)။

အထူးထူးရှုမြင်မှု ‘ဝိပဿနာ’ တရား

၁၃၆၃။ (၁) ထို (သမထ, ဝိပဿနာတို့) တွင် (အနိစ္စအစရှိသော) အထူးထူးသော အခြင်းအရာအားဖြင့် ရှုမြင်မှု ‘ဝိပဿနာ’ ဟူသည် အဘယ်နည်း။ အကြင် (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှု။ (ခွဲခွဲခြားခြား) အပြား အားဖြင့် သိခြင်းသဘော။ပ။ (အမှန်သဘော၌) မတွေဝေခြင်း (အမှန်ကိုသိမှု)။ (သစ္စာလေးပါး) တရား တို့ကို စိစစ်ခြင်းသဘော၊ ကောင်းစွာ သိမြင်မှု (အမြင်မှန်မှု) ‘သမ္မာဒိဋ္ဌိ’ သည် (ရှိ၏)။ ဤ (ဆိုအပ်ခဲ့ပြီး သော) သဘောကို (အနိစ္စအစရှိသော) အထူးထူးသော အခြင်းအရာအားဖြင့် ရှုမြင်မှု ‘ဝိပဿနာ’ ဟု ဆိုအပ်၏ (ပညာ)။

၃၃-သမထနိမိတ္တဒုက်

သမထ၏အကြောင်း ‘သမထနိမိတ္တ'

၁၃၆၄။ (၁) ထို (သမထနိမိတ္တ၊ ပဂ္ဂါဟနိမိတ္တတို့) တွင် ငြိမ်သက်စေမှု ‘သမထ’ ၏အကြောင်း ‘သမထနိမိတ္တ’ ဟူသည် အဘယ် နည်း။ စိတ်၏ အကြင်တည်မှု။ပ။ ကောင်းစွာ တည်ကြည်မှု ‘သမ္မာသမာဓိ’ သည် (ရှိ၏)။ ဤ (ဆိုအပ် ခဲ့ပြီးသော) သဘောကိုငြိမ်သက်စေမှု ‘သမထ’ ၏အကြောင်း ‘သမထနိမိတ္တ’ ဟု ဆိုအပ်၏ (သမ္မာ သမာဓိ)။

ပဂ္ဂါဟ၏အကြောင်း ‘ပဂ္ဂါဟနိမိတ္တ'

၁၃၆၅။ (၂) ထို (သမထနိမိတ္တ,ပဂ္ဂါဟနိမိတ္တတို့) တွင် (သမ္ပယုတ်တရားတို့ကို) ချီးမြှောက်မှု (ထောက်ပံ့မှု) ‘ပဂ္ဂါဟ’ ၏ အကြောင်း ‘ပဂ္ဂါဟနိမိတ္တ’ ဟူသည် အဘယ်နည်း။ စိတ်၌ မှီသော အကြင် လုံ့လအားထုတ်မှု။ပ။ ကောင်းစွာ အားထုတ်မှု ‘သမ္မာဝါယာမ’ သည် (ရှိ၏)။

ဤ (ဆိုအပ်ခဲ့ပြီးသော) သဘောကို (သမ္ပယုတ်တရားတို့ကို) ချီးမြှောက်မှု (ထောက်ပံ့မှု) ‘ပဂ္ဂါဟ'၏အကြောင်း ‘ပဂ္ဂါဟနိမိတ္တ’ ဟု ဆိုအပ်၏ (သမ္မာဝါယာမ)။

--

၃၄-ပဂ္ဂါဟဒုက်

ချီးမြှောက်မှု ‘ပဂ္ဂါဟ'

၁၃၆၆။ (၁) ထို (ပဂ္ဂါဟ၊ အဝိက္ခေပတို့) တွင် (သမ္ပယုတ်တရားတို့ကို) ချီးမြှောက်မှု (ထောက်ပံ့မှု) ‘ပဂ္ဂါဟ’ ဟူသည် အဘယ်နည်း။ စိတ်၌ မှီသော အကြင် လုံ့လအားထုတ်မှု။ပ။ ကောင်းစွာ အားထုတ်မှု ‘သမ္မာဝါယာမ’ သည် (ရှိ၏)။ ဤ (ဆိုအပ်ခဲ့ပြီးသော) သဘောကို (သမ္ပယုတ်တရားတို့ကို) ချီးမြှောက်မှု (ထောက်ပံ့မှု) ‘ပဂ္ဂါဟ’ ဟု ဆိုအပ်၏ (သမ္မာဝါယာမ)။

မပျံ့လွင့်မှု ‘အဝိက္ခေပ'

၁၃၆၇။ (၁) ထို (ပဂ္ဂါဟ၊ အဝိက္ခေပတို့) တွင်မပျံ့လွင့်မှု ‘အဝိက္ခေပ’ ဟူသည်အဘယ်နည်း။ စိတ်၏ အကြင် တည်မှု။ပ။ ကောင်းစွာ တည်ကြည်မှု ‘သမ္မာသမာဓိ’ သည် (ရှိ၏)။

ဤ (ဆိုအပ်ခဲ့ပြီးသော) သဘောကို မပျံ့လွင့်မှု ‘အဝိက္ခေပ’ ဟု ဆိုအပ်၏ (သမ္မာသမာဓိ)။

၃၅-သီလဝိပတ္တိဒုက်

အကျင့် ‘သီလ'ပျက်စီးခြင်း ‘သီလဝိပတ္တိ'

၁၃၆၈။ (၁) ထို (သီလဝိပတ္တိ,ဒိဋ္ဌိဝိပတ္တိတို့) တွင်အကျင့်'သီလ'ပျက်စီးခြင်း ‘သီလဝိပတ္တိ’ ဟူသည် အဘယ် နည်း။ ကိုယ်၌ ဖြစ်သော အကြင် လွန်ကျူးမှု (ကာယဒုစရိုက်သုံးပါး)၊ နှုတ် (စကား) ၌ ဖြစ်သော အကြင် လွန်ကျူးမှု (ဝစီဒုစရိုက်လေးပါး)၊ ကိုယ်နှုတ် (စကား) နှစ်ပါး၌ ဖြစ်သော လွန်ကျူးမှုသည် (ရှိ၏)။ ဤ (ဆိုအပ်ခဲ့ပြီးသော) သဘောကို (မစောင့်စည်းမှုဟူသော) အကျင့်ပျက်စီးခြင်း ‘သီလဝိပတ္တိ’ ဟု ဆိုအပ်၏။ အလုံးစုံသောအကျင့်'သီလ'မရှိသူ၏အဖြစ် ‘ဒုဿီလျ'ကိုလည်း အကျင့်ပျက်စီးခြင်း ‘သီလဝိပတ္တိ’ ဟု ဆိုအပ်၏ (အကုသိုလ်စိတ်, ယှဉ်ဖက်စေတသိက်)။

အယူပျက်စီးခြင်း'ဒိဋ္ဌိဝိပတ္တိ'

၁၃၆၉။ (၂) ထို (သီလဝိပတ္တိ,ဒိဋ္ဌိဝိပတ္တိတို့) တွင်အယူပျက်စီးခြင်း ‘ဒိဋ္ဌိဝိပတ္တိ’ ဟူသည် အဘယ်နည်း။ “ပေးလှူခြင်း (အကျိုး) သည် မရှိ၊ ယဇ်ကြီး (အလှူကြီး) ပူဇော်ရခြင်း (အကျိုး) သည် မရှိ၊ ယဇ်ငယ် (ဟုန်း) (အလှူငယ်) ပူဇော်ရခြင်း (အကျိုး) သည် မရှိ၊ ကောင်းစွာ ပြုအပ်, မကောင်းသဖြင့် ပြုအပ်သော (ကောင်းမှု မကောင်းမှု) ကံတို့၏ အကျိုးဖျား (အကျိုးဆက်) ‘ဖလ', အကျိုးရင်း'ဝိပါက်’ သည် မရှိ၊ ဤလောကသည် မရှိ၊ တမလွန် လောကသည့်မရှိ၊ အမိ (၌ ကောင်းစွာ ပြုခြင်း မကောင်းသဖြင့် ပြုခြင်း၏ အကျိုး) သည် မရှိ၊ အဖ (၌ ကောင်းစွာပြုခြင်း မကောင်းသဖြင့် ပြုခြင်း၏ အကျိုး) သည် မရှိ၊ သေ၍ တစ်ဖန်ဖြစ်သော သတ္တဝါ တို့သည်မရှိကုန်၊ ဤလောကကိုလည်းကောင်း၊ တမလွန် လောကကိုလည်းကောင်း ကိုယ်တိုင် ထူးသော ဉာဏ်ဖြင့်သိ၍ မျက်မှောက်ပြုကာ ဟောကြားနိုင်ကုန်သော, ညီညွတ်ကုန်သော, ကောင်းသော အကျင့်ရှိ ကုန်သောရဟန်း, ပုဏ္ဏား (သမဏ, ဗြာဟ္မဏ) တို့သည် လောက၌ မရှိကုန်” ဟု ဤသို့ သဘောရှိသော အကြင်အမြင်မှားမှု။ (ခြောက်ဆယ့်နှစ်ပါးသော) အမြင်မှားမှု (အယူမှားမှု) တို့၌ ပါဝင်ခြင်းသဘော။ပ။ ဖောက်ပြန် မှားယွင်းသောအားဖြင့် စွဲယူခြင်းသည် (ရှိ၏)။ ဤ (ဆိုအပ်ခဲ့ပြီးသော) သဘောကို အယူပျက်စီးခြင်း ‘ဒိဋ္ဌိဝိပတ္တိ’ ဟု ဆိုအပ်၏။ အလုံးစုံသော အမြင်မှားမှု (အယူမှားမှု) ကိုလည်း အယူပျက်စီးခြင်း ‘ဒိဋ္ဌိဝိပတ္တိ’ ဟု ဆိုအပ်၏ (ဒိဋ္ဌိ)။ (၁၂၂၁)

--

၃၆-သီလသမ္ပဒါဒုက်

အကျင့်သီလပြည့်စုံခြင်း ‘သီလသမ္ပဒါ'

၁၃၇၀။ (၁) ထို (သီလသမ္ပဒါ, ဒိဋ္ဌိသမ္ပဒါတို့) တွင် အကျင့်'သီလ'ပြည့်စုံခြင်း ‘သီလသမ္ပဒါ’ ဟူသည် အဘယ်နည်း။ အကြင်ကိုယ်၌ ဖြစ်သော မလွန်ကျူးမှု (ကာယသုစရိုက်သုံးပါး)၊ နှုတ် (စကား) ၌ ဖြစ်သော မလွန်ကျူးမှု (ဝစီသုစရိုက်လေးပါး)၊ ကိုယ်နှုတ် (စကား) နှစ်ပါး၌ ဖြစ်သော မလွန်ကျူးမှု (အာဇီဝလျှင် ရှစ်ခုမြောက် ဖြစ်သော ‘အာဇီဝဋ္ဌမကသီလ') သည် (ရှိ၏)။ ဤ (ဆိုအပ်ခဲ့ပြီးသော) သဘောကို အကျင့် ‘သီလ’ နှင့် ပြည့်စုံခြင်း'သီလသမ္ပဒါ’ ဟု ဆိုအပ်၏။ အလုံးစုံသော အကျင့် ‘သီလ’ ကို စောင့်စည်းခြင်း ‘သီလသံဝရ’ ကိုလည်းအကျင့် ‘သီလ’ ပြည့်စုံခြင်း ‘သီလသမ္ပဒါ’ ဟု ဆိုအပ်၏ (မဟာကုသိုလ်, မဟာကြိယာစိတ်,ယှဉ်ဖက်စေတသိက်)။

အယူပြည့်စုံခြင်း'ဒိဋ္ဌိသမ္ပဒါ'

၁၃၇၁။ (၂) ထို (သီလသမ္ပဒါ, ဒိဋ္ဌိသမ္ပဒါတို့) တွင် (ကောင်းမွန် မှန်ကန်သော) အယူ ပြည့်စုံခြင်း (သမ္မာ) ‘ဒိဋ္ဌိသမ္ပဒါ’ ဟူသည် အဘယ်နည်း။ “ပေးလှူခြင်း (အကျိုး) သည် ရှိ၏၊ ယဇ်ကြီး (အလှူကြီး) ပူဇော်ရခြင်း (အကျိုး) သည် ရှိ၏၊ ယဇ်ငယ် (ဟုန်း) (အလှူငယ်) ပူဇော်ရခြင်း (အကျိုး) သည် ရှိ၏၊ ကောင်းစွာပြုအပ် မကောင်းသဖြင့် ပြုအပ်သော (ကောင်းမှုမကောင်းမှု) ကံတို့၏ အကျိုးဖျား (အကျိုးဆက်) ‘ဖလ', အကျိုးရင်း'ဝိပါက’ သည် ရှိ၏။ ဤလောကသည်ရှိ၏၊ တမလွန် လောကသည်ရှိ၏၊ အမိ (၌ ကောင်းစွာ ပြုခြင်း မကောင်းသဖြင့် ပြုခြင်း၏အကျိုး) သည်ရှိ၏၊ အဖ (၌ ကောင်းစွာ ပြုခြင်း မကောင်းသဖြင့် ပြုခြင်း၏အကျိုး) သည် ရှိ၏၊ သေ၍ တစ်ဖန်ဖြစ်သော သတ္တဝါတို့သည် ရှိကုန်၏၊ ဤလောကကိုလည်းကောင်း၊ တမလွန်လောကကိုလည်းကောင်းကိုယ်တိုင်ထူးသော ဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုကာ ဟောကြားနိုင်ကုန်သော, ညီညွတ်ကုန်သော,ကောင်းသော အကျင့်ရှိကုန်သော ရဟန်း, ပုဏ္ဏား (သမဏ, ဗြာဟ္မဏ) တို့သည် လောက၌ ရှိကြ၏” ဟုဤသို့သဘောရှိသော အကြင် (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှု။ (ခွဲခွဲခြားခြား) အပြားအားဖြင့်သိခြင်းသဘော။ပ။ (အမှန်သဘော၌) မတွေဝေခြင်း (အမှန်ကို သိခြင်း)။ (သစ္စာလေးပါး) တရားတို့ကိုစိစစ်ခြင်းသဘော၊ ကောင်းစွာ မြင်မှု (အမြင်မှန်မှု) ‘သမ္မာဒိဋ္ဌိ’ သည် (ရှိ၏)။ ဤ (ဆိုအပ်ခဲ့ပြီးသော) သဘောကို (ကောင်းမွန် မှန်ကန်သော) အယူပြည့်စုံခြင်း (သမ္မာ) ‘ဒိဋ္ဌိသမ္ပဒါ’ ဟု ဆိုအပ်၏။ အလုံးစုံသောအမြင်မှန်မှု (အယူမှန်မှု) ‘သမ္မာဒိဋ္ဌိ’ ကိုလည်း အယူပြည့်စုံခြင်း ‘ဒိဋ္ဌိသမ္ပဒါ’ ဟု ဆိုအပ်၏ (သမ္မာဒိဋ္ဌိ)။

--

၃၇-သီလဝိသုဒ္ဓိဒုက်

အကျင့်'သီလ'၏ အထူးစင်ကြယ်ခြင်း ‘သီလဝိသုဒ္ဓိ'

၁၃၇၂။ (၁) ထို (သီလဝိသုဒ္ဓိ, ဒိဋ္ဌိဝိသုဒ္ဓိတို့) တွင်အကျင့်'သီလ'၏ အထူး စင်ကြယ်ခြင်း ‘သီလဝိသုဒ္ဓိ’ ဟူသည် အဘယ်နည်း။ ကိုယ်၌ ဖြစ်သော အကြင် မလွန်ကျူးမှု (ကာယသုစရိုက်သုံးပါး)၊ နှုတ် (စကား) ၌ ဖြစ်သော မလွန်ကျူးမှု (ဝစီသုစရိုက်လေးပါး)၊ ကိုယ်နှုတ် (စကား) နှစ်ပါး၌ ဖြစ်သော မလွန်ကျူးမှု (အာဇီဝလျှင့်ရှစ်ခုမြောက်ဖြစ်သော ‘အာဇီဝဋ္ဌမကသီလ') သည် (ရှိ၏)။ ဤ (ဆိုအပ်ခဲ့ပြီးသော) သဘောကိုအကျင့် ‘သီလ'၏ အထူးစင်ကြယ်ခြင်း ‘သီလဝိသုဒ္ဓိ’ ဟု ဆိုအပ်၏။ အလုံးစုံသော အကျင့် ‘သီလ’ ကိုစောင့်စည်းခြင်း ‘သီလသံဝရ'ကိုလည်း အကျင့် ‘သီလ'၏ အထူး စင်ကြယ်ခြင်း ‘သီလဝိသုဒ္ဓိ’ ဟု ဆိုအပ်၏ (လောကုတ္တရာစိတ်, ယှဉ်ဖက်စေတသိက်)။

အယူ၏အထူးစင်ကြယ်ခြင်း ‘ဒိဋ္ဌိဝိသုဒ္ဓိ'

၁၃၇၃။ (၂) ထို (သီလဝိသုဒ္ဓိ, ဒိဋ္ဌိဝိသုဒ္ဓိတို့) တွင် အယူ၏ အထူးစင်ကြယ်ခြင်း ‘ဒိဋ္ဌိဝိသုဒ္ဓိ’ ဟူသည် အဘယ်နည်း။ ကံသည် မိမိဥစ္စာဖြစ်သည်ဟု သိသောဉာဏ် ‘ကမ္မဿကတဉာဏ်’။ (သစ္စာလေးပါး) အမှန်တရားအား လျော်စွာ သိမှု ‘သစ္စာနုလောမိကဉာဏ်’ (ဝိပဿနာဉာဏ်)၊ မဂ်နှင့်ပြည့်စုံသော ပုဂ္ဂိုလ်၏ သိမှု ‘မဂ် ဉာဏ်’၊ မဂ်၏ အကျိုး (ဖိုလ်) နှင့် ပြည့်စုံသောပုဂ္ဂိုလ်၏သိမှု ‘ဖိုလ်ဉာဏ်’ သည် (ရှိ၏)။ (ဤဆိုအပ်ခဲ့ပြီး သော သဘောကို အယူ၏ အထူးစင်ကြယ်ခြင်း'ဒိဋ္ဌိဝိသုဒ္ဓိ’ ဟုဆိုအပ်၏) (ကမ္မဿကတဉာဏ်, သစ္စာနုလောမိကဟု ဆိုအပ်သော ဝိပဿနာဉာဏ်,မဂ်ဉာဏ်, ဖိုလ်ဉာဏ်)။

၃၈-ဒိဋ္ဌိဝိသုဒ္ဓိခေါပနဒုက်

အယူ၏ အထူးစင်ကြယ်ခြင်း'ဒိဋ္ဌိဝိသုဒ္ဓိ'

၁၃၇၄။ (၁) ထိုပြင် အယူ၏အထူးစင်ကြယ်ခြင်း ‘ဒိဋ္ဌိဝိသုဒ္ဓိ’ ဟူသည်ကား အကြင် (ခွဲခွဲခြားခြား) အပြားအား ဖြင့် သိမှု။ (ခွဲခွဲ ခြားခြား) အပြားအားဖြင့်သိခြင်းသဘော။ပ။ (အမှန်သဘော၌) မတွေဝေခြင်းသဘော (အမှန်ကို သိခြင်းသဘော)။ (သစ္စာလေးပါး) တရားတို့ကို စိစစ်ခြင်းသဘော၊ ကောင်းစွာ သိမြင်မှု (အမြင်မှန်မှု) ‘သမ္မာဒိဋ္ဌိ’ သည် (ရှိ၏)။ (ဤကား အယူ၏ အထူးစင်ကြယ်ခြင်း ‘ဒိဋ္ဌိဝိသုဒ္ဓိ’ တည်း။) (ကမ္မဿကတဉာဏ်,သစ္စာနုလောမိကဉာဏ်, မဂ်ဉာဏ်, ဖိုလ်ဉာဏ်)။

အထူးစင်ကြယ်သောအယူအားလျော်သော လုံ့လ

၁၃၇၅။ (၂) အထူးစင်ကြယ်သောအယူ ‘ဒိဋ္ဌိဝိသုဒ္ဓိ"ယထာဒိဋ္ဌိဿ ပဓာန’ အားလျော်သော လုံ့လ ‘ယထာဒိဋ္ဌိဿပဓာန’ ဟူသည်ကား စိတ်၌ မှီသော အကြင် လုံ့လ အားထုတ်မှု။ပ။ ကောင်းစွာ အားထုတ်မှု ‘သမ္မာဝါယာမ’ သည် (ရှိ၏)။ (ဤကား အထူးစင်ကြယ် သော အယူ ‘ဒိဋ္ဌိဝိသုဒ္ဓိ’ အားလျော် သော လုံ့လ'ယထာဒိဋ္ဌိဿ ပဓာန’ တည်း) (မဟာကုသိုလ်ဉာဏ သမ္ပယုတ်, မဟာကိရိယာဉာဏ သမ္ပယုတ်,လောကုတ္တရာစိတ်တို့၌ ရှိသော ဝီရိယ)။

--

၃၉-သံဝေဂဒုက်

ထိတ်လန့်ဖွယ်အကြောင်းတို့၌ ထိတ်လန့်ခြင်း'သံဝေဂ'

၁၃၇၆။ (၁) (ထိတ်လန့်ဖွယ်အကြောင်းတို့၌) ထိတ်လန့်ခြင်း ‘သံဝေဂ’ ဟူ သည်ကား ပဋိသန္ဓေနေမှု ‘ဇာတိ’ ကို ဘေးအားဖြင့် မြင်၍ တည်သော (ဖြစ်ပေါ်လာသော) ဉာဏ် ‘ဇာတိဘယ’၊ အိုမှု ‘ဇရာ'ကို ဘေးအားဖြင့် မြင်၍ တည်သော (ဖြစ်ပေါ်လာသော) ဉာဏ် ‘ဇရာဘယ’၊ နာမှု ‘ဗျာဓိ'ကို ဘေးအားဖြင့် မြင်၍ တည်သော (ဖြစ်ပေါ်လာသော) ဉာဏ် ‘ဗျာဓိဘယ’၊ သေမှု ‘မရဏ'ကို ဘေးအားဖြင့် မြင်၍ တည်သော (ဖြစ်ပေါ်လာသော) ဉာဏ် ‘မရဏဘယ'တည်း၊ ထိတ်လန့်ဖွယ် အကြောင်းဟူသည်ကား ပဋိသန္ဓေနေမှု ‘ဇာတိ’၊ အိုမှု ‘ဇရာ’၊ နာမှု ‘ဗျာဓိ’၊ သေမှု ‘မရဏ’ တည်း (ဇာတိစသည်တို့မှ ထိတ်လန့်သောအခါဖြစ်ပေါ်သော မဟာကုသိုလ် ဉာဏသမ္ပယုတ်၌ ရှိသော ပညာ)။

ထိတ်လန့်သူ၏သင့်လျော်သောအားဖြင့်လုံ့လပြုခြင်း

၁၃၇၇။ (၂) ထိတ်လန့်သူ၏ သင့်လျော်သောအား'သံဝိဂ္ဂဿ ယောနိသော ပဓာန'ဖြင့် လုံ့လပြုခြင်း ‘သံဝိဂ္ဂဿ ယောနိသောပဓာန’ ဟူသည်ကား ဤသာသနာတော် ၌ ရဟန်းသည် - (၁) မဖြစ်ပေါ်သေးကုန်သော ယုတ်မာကုန်သော အကုသိုလ်တရားတို့ကို မဖြစ်စေခြင်းငှါ လိုလားမှု ကိုဖြစ်စေ၏ ‘ဆန္ဒံ ဇနေတိ’၊ ကြိုးစား၏ ‘ဝါယမတိ’၊ ကြိုးစားမှု ‘ဝီရိယ’ ကို အားထုတ်၏ ‘ဝီရိယံ့အာရဘတိ’၊ စိတ်ကို ချီးမြှောက် (အားပေး) ၏ ‘စိတ္တံ ပဂ္ဂဏှာတိ’၊ လုံ့လစိုက်၏ ‘ပဒဟတိ’။ (၂) ဖြစ်ပေါ်ကုန်ပြီးသော ယုတ်မာကုန်သော အကုသိုလ်တရားတို့ကို ပယ်ရှားခြင်းငှါ လိုလားမှုကိုဖြစ်စေ၏၊ ကြိုးစား၏၊ ကြိုးစားမှု ‘ဝီရိယ'ကို အားထုတ်၏၊ စိတ်ကို ချီးမြှောက် (အားပေး) ၏၊ လုံ့လစိုက်၏။ (၃) မဖြစ်ပေါ်သေးကုန်သော ကုသိုလ်တရားတို့ကို ဖြစ်ပေါ်စေခြင်းငှါ လိုလားမှုကို ဖြစ်စေ၏၊ ကြိုးစား၏၊ ကြိုးစားမှု ‘ဝီရိယ'ကို အားထုတ်၏၊ စိတ်ကို ချီးမြှောက် (အားပေး) ၏၊ လုံ့လစိုက်၏။ (၄) ဖြစ်ပေါ်ကုန်ပြီးသော ကုသိုလ်တရားတို့၏ တည်တံ့စေခြင်းငှါ ‘ဌိတိယာ’၊ မမေ့မပျောက် စေခြင်းငှါ'အသမ္မောသာယ’၊ လွန်စွာ တိုးပွါးစေခြင်းငှါ ‘ဘိယျောဘာဝါယ’၊ စည်ပင်ပြန့်ပြောစေခြင်းငှါ ‘ဝေပုလ္လာယ’၊ ပွားများစေခြင်းငှါ ‘ဘာဝနာယ’၊ ပြည့်ဖြိုးစေခြင်းငှါ ‘ပါရိပူရိယာ’ လိုလားမှုကို ဖြစ်စေ၏၊ ကြိုးစား၏၊ ကြိုးစားမှု ‘ဝီရိယ’ ကို အားထုတ်၏၊ စိတ်ကို ချီးမြှောက် (အားပေး) ၏၊ လုံ့လစိုက်၏။ (ဤကား ထိတ်လန့်သူ၏ သင့်လျော်သောအားဖြင့် လုံ့လပြုခြင်း ‘သံဝိဂ္ဂဿ ယောနိသော ပဓာန'ပေတည်း။) (ကုသိုလ်စိတ် ၂၁နှင့် ဖိုလ်စိတ် ၄ တို့၌ ရှိသော ဝီရိယ)

--

၄၀-အသန္တုဋ္ဌိတာဒုက်

ကုသိုလ်တရားတို့၌ မရောင့်ရဲနိုင်သူဖြစ်ကြောင်းတရား

၁၃၇၈။ (၁) ကုသိုလ် တရားတို့၌ ‘အသန္တုဋ္ဌိတာကုသလေသု ဓမ္မေသု’ မရောင့်ရဲ (မတင်းတိမ်) နိုင်သူ၏အဖြစ် (ကုသိုလ်တရားတို့၌ မရောင့်ရဲမတင်းတိမ်နိုင်သူဖြစ်အောင် ပြုတတ်သော တရား)ဟူသည်ကား ကုသိုလ်တရားတို့ကို ပွားစေခြင်းငှါမရောင့်ရဲ (မတင်းတိမ်) သူ၏ အကြင် လွန်စွာ လိုလားသူ၏အဖြစ်သည် (ရှိ၏)။ «ဤကားကုသိုလ်တရားတို့၌ မရောင့်ရဲ (မတင်းတိမ်) နိုင်သူ၏အဖြစ် (ကုသိုလ်တရားတို့၌ မရောင့်ရဲ မတင်းတိမ်နိုင်သူဖြစ်အောင် ပြုတတ်သော တရား ‘အသန္တုဋ္ဌိတာ ကုသလေသု ဓမ္မေသု’ တည်း) (ကုသိုလ်စိတ် ၂၁,ယှဉ်ဖက်စေတသိက် ၃၈) ]။

လုံ့လပြုခြင်း'ဝီရိယ’၌ မဆုတ်နစ်သူဖြစ်ကြောင်းတရား

၁၃၇၉။ (၂) လုံ့လပြုခြင်း'ဝီရိယ’ ၌ ‘အပ္ပဋိဝါနိတာ ပဓာနသ္မိံ’ မဆုတ်နစ်သူ (ဇွဲရှိသူ) ၏အဖြစ် (ကုသိုလ် တရားပွားများအားထုတ်ခြင်း၌ မဆုတ်နစ်သူ ဖြစ်အောင် ပြုတတ်သောတရား) ဟူသည်ကား ကုသိုလ်တရားတို့ကိုပွားစေခြင်းငှါ အကြင် ရိုသေစွာ ပြုခြင်း ‘သက္ကစ္စ ကိရိယတာ’၊ အမြဲ မပြတ်ပြုခြင်း ‘သာတစ္စကိရိယတာ’။ (ဝီရိယကို ကျိုးပဲ့ပျက်စီးအောင် မပြုဘဲ) ဝီရိယကို ချန်မထားဘဲ ပြုခြင်း ‘အဋ္ဌိတကိရိယတာ’၊ မတွန့်ဆုတ်သော (ဝီရိယမလျော့သော) ဖြစ်ခြင်းရှိသည်၏အဖြစ် ‘အနောလီနဝုတ္တိတာ’၊ မချအပ်သော (မလျော့သော လိုလားမှုရှိသူ၏အဖြစ် (ကောင်းသော အလိုဆန္ဒကို မချခြင်း) ‘အနိက္ခိတ္တဆန္ဒတာ’၊ မချအပ်သော (မလျော့သော) တာဝန်ရှိသူ၏ အဖြစ် (ကုသိုလ်ပြုရာ၌ ဝီရိယတည်းဟူသော တာဝန်ကိုမလျော့ခြင်း) ‘အနိက္ခိတ္တဓုရတာ’၊ မှီဝဲခြင်း ‘အာသေဝနာ’၊ ပွားစေခြင်း ‘ဘာဝနာ’၊ အကြိမ်များစွာ ပြုခြင်း'ဗဟုလီကမ္မ’ သည် (ရှိ၏)။ (ဤကား လုံ့လပြုခြင်း ‘ဝီရိယ’၌ မဆုတ်နစ်သူ (ဇွဲရှိသူ) ၏အဖြစ် ‘အပ္ပဋိဝါနိတာ ပဓာနသ္မိံ ‘တည်း။) (ကုသိုလ်စိတ် ၂၁နှင့် ဖိုလ်စိတ် ၄ တို့၌ ရှိသော ဝီရိယ။)

--

၄၁-ဝိဇ္ဇာဒုက်

ဖောက်ထွင်းသိမှု ‘ဝိဇ္ဇာ'

၁၃၈၀။ (၁) (သစ္စာလေးပါးကို ဖုံးလွှမ်းတတ်သော အဝိဇ္ဇာမောဟ အမိုက်မှောင်ကို) ဖောက်ထွင်းသိမှု ‘ဝိဇ္ဇာ’ တရားဟူသည်ကား ရှေး၌ နေဖူးသော ခန္ဓာအစဉ်ကို (ရှေးဘဝကို) အဖန်ဖန် အောက်မေ့မှုနှင့် ယှဉ်သောသိမှု ‘ပုဗ္ဗေနိဝါသာနုဿတိဉာဏ်’ ဟူသော ဖောက်ထွင်းသိမှု ‘ဝိဇ္ဇာ’၊ သတ္တဝါတို့၏ သေခြင်း, ပဋိသန္ဓေနေခြင်း၌ သိမှု ‘စုတူပပါတဉာဏ်’ ဟူသော ဖောက်ထွင်းသိမှု ‘ဝိဇ္ဇာ’၊ အာသဝတို့၏ ကုန်ရာ (အရဟတ္တမဂ်) ၌ သိမှု ‘အာသဝက္ခယဉာဏ်’ ဟူသော ဖောက်ထွင်းသိမှု ‘ဝိဇ္ဇာ'အားဖြင့် (သစ္စာလေးပါးကို ဖုံးလွှမ်းတတ်သော အဝိဇ္ဇာမောဟ အမိုက် မှောင်ကို) ဖောက်ထွင်းသိမှု ‘ဝိဇ္ဇာ’ တို့သည် သုံးပါးတို့တည်း (ဤကား ဖောက်ထွင်းသိမှု ‘ဝိဇ္ဇာ’ တရား တို့တည်း) (ပုဗ္ဗေနိဝါသဉာဏ်, စုတူပပါတဉာဏ်, အာသဝက္ခယဉာဏ်)။

လွတ်မြောက်မှု ‘ဝိမုတ္တိ'

၁၃၈၁။ (၂) လွတ်မြောက်မှု ‘ဝိမုတ္တိ’ တရားဟူသည်ကား စိတ်၏ လွတ်မြောက်မှု (သမာပတ်ရှစ်ပါး) ‘စိတ္တဿအဓိမုတ္တိ’၊ ‘ဝါန’ ဟူသော တဏှာမှ ထွက်မြောက်မှု ‘နိဗ္ဗာန်'အားဖြင့်လွတ်မြောက်မှု ‘ဝိမုတ္တိ’ တို့သည် နှစ်မျိုးတို့တည်း။ (ဤတရားတို့ကား လွတ်မြောက်မှု ‘ဝိမုတ္တိ’ တရားတို့တည်း) (မဟဂ္ဂုတ်ကုသိုလ်, မဟဂ္ဂုတ်ကိရိယာစိတ်, ယှဉ်ဖက်စေတသိက်, နိဗ္ဗာန်)။

၄၂-ခယေဉာဏဒုက်

ကိလေသာကုန်ခန်းခြင်းကို ပြုတတ်သောဉာဏ်

၁၃၈၂။ (၁) (ကိလေသာ) ကုန်ခန်းခြင်းကို ပြုတတ်သော ‘ခယေဉာဏ’ (အရိယမဂ်) ဉာဏ် ‘ခယေဉာဏ’ ဟူသည်ကား မဂ်နှင့်ပြည့်စုံသောပုဂ္ဂိုလ်၏ သိမှု ‘မဂ်ဉာဏ်’ တည်း (မဂ်စိတ်လေးခု၌ ရှိသောပညာ)။

ကိလေသာတစ်ဖန်မဖြစ်ပေါ်စေတတ်သောဉာဏ်

၁၃၈၃။ (၂) (ကိလေသာ) တစ်ဖန် မဖြစ်ပေါ်စေတတ် ‘အနုပ္ပါဒေဉာဏ’ သော (အရိယာဖိုလ်) ဉာဏ် ‘အနုပ္ပါဒေဉာဏ’ ဟူသည်ကား မဂ်၏အကျိုး ‘ဖိုလ်’ နှင့် ပြည့်စုံ သော ပုဂ္ဂိုလ်၏ သိမှု ‘ဖိုလ်ဉာဏ်'တည်း (ဖိုလ်စိတ်လေးခု၌ ရှိသော ပညာ)။

နိက္ခေပကဏ္ဍ ပြီးပြီ။

--

၄-ပိဋကတ်သုံးပုံဟူသော မြတ်စွာဘုရားစကားတော်၏ အနက်ကို ထုတ်ဆိုရာအပိုင်း

အဋ္ဌကထာကဏ္ဍ

(က) သုံးစုပြု၍ ဟောအပ်သော တရားတို့၏အရကောက်ကို ထုတ်ပြခြင်း

တိကအတ္ထုဒ္ဓါရ

၁-ကုသလတိက်

ကုသိုလ်တရား

၁၃၈၄။ (၁) အဘယ်တရားတို့သည် ကုသိုလ်မည်ကုန်သနည်း။

(ကာမ, ရူပ, အရူပ,အပရိယာပန္န) ဘုံလေးပါးတို့၌ (ဖြစ်သော) ကုသိုလ် (၂၁) သည် (ရှိ၏)။ ဤတရားတို့သည်ကုသိုလ်မည်ကုန်၏။

အကုသိုလ်တရား

၁၃၈၅။ (၂) အဘယ်တရားတို့သည် အကုသိုလ်မည်ကုန်သနည်း။

အကုသိုလ်စိတ္တုပ္ပါဒ်တစ်ဆယ့်နှစ်ပါးတို့သည် (ရှိကုန်၏)။ ဤတရားတို့သည် အကုသိုလ် မည်ကုန်၏။

အဗျာကတတရား

၁၃၈၆။ (၃) အဘယ်တရားတို့သည် ကုသိုလ် အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သော ‘အဗျာကတ’ တရားမည်ကုန်သနည်း။

(ကာမ, ရူပ, အရူပ, အပရိယာပန္န) ဘုံလေးပါးတို့၌ (ဖြစ်သော) အကျိုး ‘ဝိပါက်’ (၃၆)။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ (ဖြစ်သော) ကုသိုလ် အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သော ပြုကာမျှ ‘ကိရိယာ’ (၂၀)၊ ထို့ပြင် ရုပ်၊ ထို့ပြင် (ဝါနဟူသော တဏှာမှ ထွက်မြောက်ရာ) နိဗ္ဗာန်သည် (ရှိ၏)။ ဤတရားတို့သည် ကုသိုလ်အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သော ‘အဗျာကတ’ တရားမည်ကုန်၏။

--

၂-ဝေဒနာတိက်

သုခဝေဒနာနှင့် ယှဉ်သောတရား

၁၃၈၇။ (၁) အဘယ်တရားတို့သည် ချမ်းသာခံစားမှု ‘သုခဝေဒနာ’ နှင့်ယှဉ်ကုန်သနည်း။

ကာမဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်သော (ကာမာဝစရ) ကုသိုလ်မှသောမနဿသဟဂုတ် စိတ္တုပ္ပါဒ် ၄၊ အကုသိုလ်မှ (သောမနဿသဟဂုတ် စိတ္တုပ္ပါဒ်) ၄၊ ကာမာဝစရကုသိုလ်၏ အကျိုး ‘ဝိပါက်’ မှ (သောမနဿသဟဂုတ် စိတ္တုပ္ပါဒ်) ၅၊ ကိရိယာမှ (သောမနဿသဟဂုတ်စိတ္တုပ္ပါဒ်) ၅၊ ကုသိုလ်မှလည်းကောင်း၊ ဝိပါက်မှလည်းကောင်း၊ ကိရိယာမှ လည်းကောင်း ရူပါဝစရတိက စတုက္ကဈာန် (စတုက္ကနည်းအားဖြင့် ရူပါဝစရ ပဌမ, ဒုတိယ, တတိယဈာန် ၉,့ပဉ္စကနည်းအားဖြင့် ရူပါဝစရ ပဌမ, ဒုတိယ, တတိယ, စတုတ္တဈာန်၁၂)၊ ကုသိုလ်မှလည်းကောင်း၊ ဝိပါက်မှလည်းကောင်း လောကုတ္တရာတိက စတုက္ကဈာန် (စတုက္ကနည်းအားဖြင့် လောကုတ္တရာ ပဌမ,ဒုတိယ, တတိယဈာန် ၂၄, ပဉ္စကနည်းအားဖြင့် လောကုတ္တရာ ပဌမ, ဒုတိယ, တတိယ, စတုတ္ထဈာန်၃၂)၊ ဤစိတ်တို့၌ ဖြစ်သော ချမ်းသာခံစားမှု ‘သုခဝေဒနာ’ ကို ချန်ထား၍ (ကြွင်းသော စေတသိက်၄၆ - တို့သည် ရှိကုန်၏)။ ဤတရားတို့သည် ချမ်းသာခံစားမှု ‘သုခဝေဒနာ’ နှင့် ယှဉ်ကုန်၏။

ဒုက္ခဝေဒနာနှင့် ယှဉ်သောတရား

၁၃၈၈။ (၂) အဘယ်တရားတို့သည် ဆင်းရဲခံစားမှု ‘ဒုက္ခဝေဒနာ’ နှင့်ယှဉ်ကုန်သနည်း။

ဒေါမနဿသဟဂုတ် စိတ္တုပ္ပါဒ် ၂၊ ဒုက္ခသဟဂုတ် ကာယဝိညာဏ်၁၊ ဤစိတ်တို့၌ ဖြစ်သော ဆင်းရဲခံစားမှု ‘ဒုက္ခဝေဒနာ’ ကို ချန်ထား၍ (ကြွင်းသော စေတသိက် ၂၁-တို့သည် ရှိကုန်၏)။

ဤတရားတို့သည် ဆင်းရဲခံစားမှု ‘ဒုက္ခဝေဒနာ’ နှင့် ယှဉ်ကုန်၏။

အဒုက္ခမသုခဝေဒနာနှင့် ယှဉ်သောတရား

၁၃၈၉။ (၃) အဘယ်တရားတို့သည် ဆင်းရဲချမ်းသာ မဟုတ်သော အလယ်အလတ် ခံစားမှု (ဥပေက္ခာဝေဒနာ) ‘အဒုက္ခမသုခဝေဒနာ’ နှင့် ယှဉ်ကုန်သနည်း။

ကာမာဝစရကုသိုလ်မှ ဥပေက္ခာသဟဂုတ်စိတ္တုပ္ပါဒ် ၄၊ အကုသိုလ်မှ (ဥပေက္ခာသဟဂုတ်စိတ္တုပ္ပါဒ်) ၆၊ ကာမာဝစရကုသိုလ်၏ အကျိုး ‘ဝိပါက်’ မှ (ဥပေက္ခာ သဟဂုတ်စိတ္တုပ္ပါဒ်) ၁၀၊ အကုသိုလ်၏အကျိုး (ဝိပါက်) မှ (ဥပေက္ခာသဟဂုတ်စိတ္တုပ္ပါဒ်) ၆၊ ကိရိယာမှ (ဥပေက္ခာသဟဂုတ်စိတ္တုပ္ပါဒ်) ၆၊ ကုသိုလ်မှလည်းကောင်း, အကျိုး ‘ဝိပါက်’ မှလည်းကောင်း, ကိရိယာမှ လည်းကောင်း စတုက္ကနည်းအားဖြင့်ရူပါဝစရစတုတ္ထဈာန် ၃၊ ကုသိုလ်မှလည်းကောင်း, ဝိပါက်မှ လည်းကောင်း, ကိရိယာမှလည်းကောင်း အရူပဝစရစိတ် ၄ -ပါးစီ၁၂၊ ကုသိုလ်မှလည်းကောင်း, ဝိပါက်မ ှလည်းကောင်း စတုက္ကနည်းအားဖြင့်လောကုတ္တရာစတုတ္ထဈာန် ၈၊ ဤစိတ်တို့၌ ဖြစ်သော ဆင်းရဲချမ်းသာ မဟုတ်သော အလယ်အလတ်ခံစားမှု (ဥပေက္ခာဝေဒနာ) ‘အဒုက္ခမသုခ ဝေဒနာ’ ကို ချန်ထား၍ (ကြွင်း သော စေတသိက်၄၆- တို့သည်ရှိကုန်၏)။ ဤတရားတို့သည် ဆင်းရဲချမ်းသာ မဟုတ်သော အလယ် အလတ် ခံစားမှု (ဥပေက္ခာဝေဒနာ) ‘အဒုက္ခမသုခဝေဒနာ’ နှင့် ယှဉ်ကုန်၏။ တိတ်မုတ် (သုခ, ဒုက္ခ, အဒုက္ခမသုခဟူသော) ဝေဒနာသုံးပါးတို့သည်လည်းကောင်း၊ ရုပ်သည်လည်းကောင်း၊ နိဗ္ဗာန်သည်လည်းကောင်း (ရှိ၏)။ ဤတရားတို့ကို ချမ်းသာခံစားမှု ‘သုခ ဝေဒနာ’ နှင့်ယှဉ်ကုန်၏ဟူ၍လည်းကောင်း၊ ဆင်းရဲခံစားမှု ‘ဒုက္ခဝေဒနာ’ နှင့် ယှဉ်ကုန်၏ဟူ၍လည်းကောင်း၊ ဆင်းရဲချမ်းသာမဟုတ်သော အလယ်အလတ် ခံစားမှု (ဥပေက္ခာဝေဒနာ) ‘အဒုက္ခမသုခဝေဒနာ’ နှင့် ယှဉ်ကုန်၏ဟူ၍လည်းကောင်း မဆိုအပ် မဆိုထိုက်ကုန်။

--

၃-ဝိပါကတိက်

အကျိုး'ဝိပါက်’ တရား

၁၃၉၀။ (၁) အဘယ်တရားတို့သည် အကျိုး ‘ဝိပါက်’မည်ကုန်သနည်း။

ဘုံလေးပါးတို့၌ (ဖြစ်သော) အကျိုး ‘ဝိပါက်’ (၃၆) သည် (ရှိ၏)။ ဤ တရားတို့သည်အကျိုး ‘ဝိပါက်’ မည်ကုန်၏။

အကျိုးကိုဖြစ်စေသော ‘ဝိပါကဓမ္မ’ တရား

၁၃၉၁။ (၂) အဘယ်တရားတို့သည် အကျိုး ‘ဝိပါက်'ကိုဖြစ်စေခြင်းသဘောရှိသော ‘ဝိပါကဓမ္မ’ တရားမည် ကုန်သနည်း။

ဘုံလေးပါးတို့၌ (ဖြစ်သော) ကုသိုလ် (၂၁)၊ အကုသိုလ် (၁၂) သည် (ရှိ၏)။ ဤတရား တို့သည် အကျိုး ‘ဝိပါက်’ ကိုဖြစ်စေခြင်းသဘောရှိသော ‘ဝိပါကဓမ္မ’ တရား မည်ကုန်၏။

အကျိုးလည်းမဟုတ်အကျိုးကိုလည်းမဖြစ်စေသော တရား

၁၃၉၂။ (၃) အဘယ်တရားတို့သည် အကျိုး ‘ဝိပါက်"နေဝ ဝိပါက န ဝိပါကဓမ္မ’ တရားလည်းမဟုတ်, အကျိုး ‘ဝိပါက်’ ကို ဖြစ် စေခြင်းသဘောရှိသည်လည်း မဟုတ်သော ‘နေဝ ဝိပါက န ဝိပါကဓမ္မ’ တရား မည်ကုန်နည်း။ ဘုံသုံးပါးတို့၌ (ဖြစ်သော) ကုသိုလ် အကုသိုလ် အဖြစ်ဖြင့် မဟောအပ်သော ပြုကာမျှ ‘ကိရိယာ’ (၂၀)၊ ထို့ပြင် ရုပ်၊ ထို့ပြင် နိဗ္ဗာန်သည် (ရှိ၏)။ ဤ တရားတို့သည် အကျိုး'ဝိပါက်’ လည်း မဟုတ်၊ အကျိုး ‘ဝိပါက်’ ကိုဖြစ်စေခြင်းသဘောရှိသည်လည်း မဟုတ်သော ‘နေဝ ဝိပါက န ဝိပါကဓမ္မ’ တရားမည်ကုန်၏။

၄-ဥပါဒိဏ္ဏတိက်

ဥပါဒိဏ္ဏုပါဒါနိယတရား

၁၃၉၃။ (၁) အဘယ်တရားတို့သည် (အာရုံပြုသောအားဖြင့်) တဏှာ ဒိဋ္ဌိတို့ကပ်အပ်သော ကံသည် (အကျိုး၏ အဖြစ်ဖြင့်) စွဲယူလည်း စွဲယူအပ်ကုန်သည် ဖြစ်၍ လွန်စွာစွဲလမ်းတတ်သော ‘ဥပါဒါန်’ တရားတို့၏ အာရုံလည်းဖြစ်သော ‘ဥပါဒိဏ္ဏုပါဒါနိယ’ တရားဖြစ်ကုန်သနည်း (တဏှာ ဒိဋ္ဌိတို့ အာရုံပြုအပ်သည့် ကံ၏အကျိုးလည်း ဖြစ်၍ ဥပါဒါန်တို့၏ အာရုံလည်းဖြစ်သော တရားများကား အဘယ်နည်း)။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါး တို့၌ (ဖြစ်သော) အကျိုး'ဝိပါက်’ (၃၂)၊ ထို့ပြင် (ကုသိုလ် အကုသိုလ်) ကံကို ပြုအပ်သည်၏အဖြစ် (ကံ) ကြောင့်ဖြစ်သော အကြင် (ကမ္မဇ) ရုပ်သည် (ရှိ၏)။ ဤတရားတို့သည် (တဏှာ ဒိဋ္ဌိတို့ အာရုံပြုအပ်သည့် ကံ၏ အကျိုးလည်းဖြစ်၍ဥပါဒါန်တို့၏ အာရုံလည်း ဖြစ်သော) ‘ဥပါဒိဏ္ဏုပါဒါနိယ’ တရား ဖြစ်ကုန်၏။ (၉၉၄)

--

အနုပါဒိဏ္ဏုပါဒါနိယတရား

၁၃၉၄။ (၂) အဘယ်တရားတို့သည် (အာရုံပြုသောအားဖြင့် တဏှာ ဒိဋ္ဌိတို့ကပ်အပ်သော ကံသည် (အကျိုး၏အဖြစ်ဖြင့်) မစွဲယူအပ် ကုန်သည်ဖြစ်၍ လွန်စွာစွဲလမ်းတတ်သော ‘ဥပါဒါန်’ တရားတို့၏ အာရုံသာဖြစ်သော ‘အနုပါဒိဏ္ဏုပါဒါနိယ’ တရားဖြစ်ကုန်သနည်း (တဏှာ ဒိဋ္ဌိတို့အာရုံပြုအပ်သည့် ကံ၏အကျိုးကား မဟုတ်, ဥပါဒါန်တို့၏ အာရုံသာဖြစ်သော တရားများကားအဘယ်နည်း)။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ (ဖြစ်သော) ကုသိုလ် (၁၇)၊ အကုသိုလ် (၁၂)။ (ကာမ, ရူပ, အရူပ) , ဘုံသုံးပါးတို့၌ (ဖြစ်သော) ကုသိုလ် အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သောပြုကာမျှ ကိရိယာ (၂၀)၊ ထို့ပြင် (ကုသိုလ် အကုသိုလ်) ကံကို ပြုအပ်ပြီးသည်၏အဖြစ် (ကံ) ကြောင့်မဖြစ်သော အကြင် (တိဇ) ရုပ်သည် (ရှိ၏)။ ဤတရားတို့သည် (တဏှာ ဒိဋ္ဌိတို့ အာရုံပြုအပ်သည့် ကံ၏အကျိုးကား မဟုတ်၊ ဥပါဒါန်တို့၏ အာရုံသာဖြစ်သော) ‘အနုပါဒိဏ္ဏုပါဒါနိယ’ တရား ဖြစ်ကုန်၏။ (၉၉၅)

အနုပါဒိဏ္ဏ အနုပါဒါနိယတရား

၁၃၉၅။ (၃) အဘယ်တရားတို့သည် (အာရုံပြုသောအားဖြင့်) တဏှာ ဒိဋ္ဌိတို့ကပ်အပ်သောကံသည် (အကျိုး၏အဖြစ်ဖြင့်) မစွဲယူလည်း မစွဲယူအပ်ကုန်သည် ဖြစ်၍ လွန်စွာစွဲလမ်းတတ်သော ‘ဥပါဒါန်’ တရားတို့၏ အာရုံလည်း မဟုတ်သော ‘အနုပါဒိဏ္ဏအနုပါဒါနိယ’ တရားဖြစ်ကုန်သနည်း (တဏှာ ဒိဋ္ဌိတို့ အာရုံပြုအပ်သည့်ကံ၏ အကျိုးလည်း မဟုတ်, ဥပါဒါန်တို့၏ အာရုံလည်းမဟုတ်သော တရားများကား အဘယ်နည်း)။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါး၌ အကျုံးမဝင်ကုန်သောမဂ်လေးပါး၊ ထို့ပြင်ဖိုလ်လေးပါး၊ ထို့ပြင် နိဗ္ဗာန်သည် (ရှိ၏)။ ဤတရားတို့သည် (တဏှာ, ဒိဋ္ဌိတို့အာရုံပြုအပ်သည့် ကံ၏ အကျိုးလည်း မဟုတ်, ဥပါဒါန်တို့၏ အာရုံလည်းမဟုတ်သော) ‘အနုပါဒိဏ္ဏအနုပါဒါနိယ’ တရားဖြစ်ကုန်၏။ (၉၉၆)

၅-သံကိလိဋ္ဌတိက်

သံကိလိဋ္ဌ သံကိလေသိကတရား

၁၃၉၆။ (၁) အဘယ်တရားတို့သည် (သတ္တဝါတို့ကို) ပူပန်စေတတ်နှိပ်စက်တတ်သော ‘ကိလေသ’ တရားတို့သည် ပူပန် စေအပ် နှိပ်စက်အပ်ကုန်သည်ဖြစ်၍ (သတ္တဝါတို့ကို) ပူပန်စေတတ် နှိပ်စက်တတ်သော ‘ကိလေသ’ တရား တို့ကို (ရခြင်းငှါ) ထိုက်သော ‘သံကိလိဋ္ဌသံကိလေသိက’ တရား ဖြစ်ကုန်သနည်း (ကိလေသာတို့နှင့်လည်း ယှဉ်၍ ‘သံကိလိဋ္ဌ’၊ ကိလေသာတို့၏ အာရုံ ‘သံကိလေသိက’ လည်း ဖြစ်သော တရားတို့ကား အဘယ် နည်း)။

အကုသိုလ်စိတ္တုပ္ပါဒ် တစ်ဆယ့်နှစ်ပါးတို့သည် (ရှိကုန်၏)။ ဤတရားတို့သည် (ကိလေသာတို့ နှင့်လည်းယှဉ်၍ ‘သံကိလိဋ္ဌ’၊ ကိလေသာတို့၏ အာရုံ ‘သံကိလေသိက’ လည်း ဖြစ်သော) ‘သံကိလိဋ္ဌသံကိလေသိက’ တရားဖြစ်ကုန်၏။ (၉၉၇)

အသံကိလိဋ္ဌ သံကိလေသိကတရား

၁၃၉၇။ (၂) အဘယ်တရားတို့သည် (သတ္တဝါတို့ကို) ပူပန်စေတတ်နှိပ်စက်တတ်သော ‘ကိလေသ’ တရားတို့သည် မပူပန် စေအပ် မနှိပ်စက်အပ်ကုန်သည်ဖြစ်၍ (သတ္တဝါတို့ကို) ပူပန်စေတတ်, နှိပ်စက်တတ်သော ‘ကိလေသ’ တရားတို့ကို (ရခြင်းငှါ) သာ ထိုက်သော ‘အသံကိလိဋ္ဌ သံကိလေသိက’ တရားဖြစ်ကုန်သနည်း (ကိလေသ တို့နှင့်မယှဉ် ‘အသံကိလိဋ္ဌ’၊ ကိလေသာတို့၏ အာရုံ ‘သံကိလေသိက'သာဖြစ်သော တရားတို့ကား အဘယ်နည်း)။ (ကာမ, ရူပ,အရူပ) ဘုံသုံးပါးတို့၌ (ဖြစ်သော) ကုသိုလ် (၁၇)။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ (ဖြစ်သော) အကျိုး ‘ဝိပါက်’ (၃၂)။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ (ဖြစ်သော) ကုသိုလ် အကုသိုလ်အဖြစ်ဖြင့်မဟောအပ်သော ပြုကာမျှ ‘ကိရိယာ’ (၂၀)၊ ထို့ပြင် အလုံးစုံသော ရုပ် သည် (ရှိ၏)။ ဤတရားတို့သည် (ကိလေသာတို့နှင့် မယှဉ် ‘အသံကိလိဋ္ဌ’၊ ကိလေသာတို့၏ အာရုံ ‘သံကိလေသိက’ သာဖြစ်သော) ‘အသံကိလိဋ္ဌ သံကိလေသိက’ တရား ဖြစ်ကုန်၏။ (၉၉၈)

--

အသံကိလိဋ္ဌ အသံကိလေသိကတရား

၁၃၉၈။ (၃) အဘယ်တရားတို့သည် (သတ္တဝါတို့ကို) ပူပန်စေတတ် နှိပ်စက်တတ်သော ‘ကိလေသ’ တရားတို့ သည် ပူလည်းမပူပန်စေအပ်,နှိပ်လည်းမနှိပ်စက်အပ်ကုန်မူ၍ (သတ္တဝါတို့ကို) ပူပန်စေတတ်, နှိပ်စက် တတ်သော ‘ကိလေသ’ တရားတို့ကို (ရခြင်းငှါ) ထိုက်လည်း မထိုက်သော ‘အသံကိလိဋ္ဌ အသံကိလေသိက’ တရားဖြစ်ကုန်သနည်း (ကိလေသာတို့နှင့်လည်း မယှဉ်၊ ‘အသံကိလိဋ္ဌ’၊ ကိလေသာတို့၏ အာရုံလည်းမဖြစ်သော ‘အသံကိလေသိက’ တရားတို့ကား အဘယ်နည်း)။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါး၌ အကျုံးမဝင်ကုန်သော မဂ်လေးပါး၊ ထို့ပြင် ဖိုလ်လေးပါး၊ ထို့ပြင် နိဗ္ဗာန်သည် (ရှိ၏)။ ဤတရားတို့သည် (ကိလေသာတို့နှင့်လည်း မယှဉ်၊ ကိလေသာတို့၏ အာရုံလည်း မဖြစ်သော ‘အသံကိလိဋ္ဌ အသံကိလေသိက’ တရား ဖြစ်ကုန်၏။ (၉၉၉)

၆-ဝိတက္ကတိက်

သဝိတက္က သဝိစာရတရား

၁၃၉၉။ (၁) အဘယ်တရားတို့သည် ကြံစည်မှု ‘ဝိတက်’ နှင့်လည်း တကွသုံးသပ်မှု ‘ဝိစာရ’ နှင့်လည်း တကွဖြစ်သော ‘သဝိတက္က သဝိစာရ’ တရား ဖြစ်ကုန်သနည်း (ဝိတက် ဝိစာရတို့နှင့် ယှဉ်သော တရားများကား အဘယ်နည်း)။ ကာမာဝစရကုသိုလ် (၈)၊ အကုသိုလ် (၁၂)၊ ကာမာဝစရကုသိုလ်၏ အကျိုး'ဝိပါက်’ မှ စိတ္တုပ္ပါဒ် (ဝိပါက် စိတ်) တစ်ဆယ့်တစ်ပါး၊ အကုသိုလ်၏အကျိုး ‘ဝိပါက်’ မှ (ဝိပါက်စိတ်) နှစ်ပါး၊ ကိရိယာမှ (ကာမ) ကိရိယာ တစ်ဆယ့်တစ်ပါး၊ ကုသိုလ်မှရူပါဝစရ ပဌမဈာန် (၁)၊ ဝိပါက်မှ ရူပါဝစရ ပဌမဈာန် (၁)၊ ကိရိယာမှ ရူပါဝစရ ပဌမဈာန် (၁)၊ ကုသိုလ်မှ လောကုတ္တရာ ပဌမဈာန် (၄)၊ ဝိပါက်မှ လောကုတ္တရာ ပဌမဈာန် (၄)၊ ဤ (ငါးဆယ့်ငါးပါးသော) စိတ်တို့၌ ဖြစ်ကုန်သော ကြံစည်မှု ‘ဝိတက်’၊ သုံးသပ်မှု ‘ဝိစာရ’ တို့ကိုချန်ထား၍ (ကြွင်းသောစေတသိက် ငါးဆယ်တို့သည်ရှိကုန်၏)။ ဤတရားတို့သည် ကြံစည်မှု ‘ဝိတက်’ နှင့်လည်း တကွ၊ သုံးသပ်မှု ‘ဝိစာရ’ နှင့်လည်း တကွဖြစ်သော ‘သဝိတက္က သဝိစာရ’ တရား ဖြစ်ကုန်၏။ (၁၀၀၀)

အဝိတက္က ဝိစာရမတ္တတရား

၁၄၀၀။ (၂) အဘယ်တရားတို့သည် ကြံစည်မှု ‘ဝိတက်’ ကား မရှိ၊ သုံးသပ်မှု ‘ဝိစာရ'မျှသာရှိသော (ဝိတက်နှင့်ကား မယှဉ်, ဝိစာရနှင့်သာ ယှဉ်သော) ‘အဝိတက္က ဝိစာရမတ္တ’ တရားဖြစ်ကုန်သနည်း။

ရူပါဝစရ (ဈာန်) ပဉ္စကနည်း၌ ကုသိုလ်မှ ဒုတိယဈာန် (၁)၊ ဝိပါက်မှ ဒုတိယဈာန် (၁)၊ ကိရိယာမှ ဒုတိယဈာန် (၁)၊ လောကုတ္တရာ (ဈာန်) ပဉ္စကနည်း၌ ကုသိုလ်မှ ဒုတိယဈာန် (၄)၊ ဝိပါက်မှ ဒုတိယဈာန် (၄)၊ ဤ (တစ်ဆယ့်တစ်ပါးသော) စိတ် တို့၌ ဖြစ်သော သုံးသပ်မှု ‘ဝိစာရ’ ကို ချန်ထား၍ (ကြွင်းသော စေတသိက် သုံးဆယ့်ခြောက်)။ (သဝိတက္က စိတ်၅၅ ခု၌ ရှိသော) ကြံစည်မှု ‘ဝိတက်’ သည် (ရှိ၏)။ ဤတရားတို့သည် ကြံစည်မှု ‘ဝိတက်’ ကား မရှိ၊ သုံးသပ်မှု ‘ဝိစာရ’ မျှသာရှိသော (ဝိတက်နှင့်ကား မယှဉ်၊ ဝိစာရနှင့်သာ ယှဉ်သော) ‘အဝိတက္က့ဝိစာရမတ္တ’ တရား ဖြစ်ကုန်၏။ (၁၀၀၁)

--

အဝိတက္က အဝိစာရတရား

၁၄၀၁။ (၃) အဘယ်တရားတို့သည် ကြံစည်မှု ‘ဝိတက်'လည်း မရှိ၊ သုံးသပ်မှု ‘ဝိစာရ'လည်း မရှိသော ‘အဝိတက္က အဝိစာရ’ တရား ဖြစ် ကုန်သနည်း (ဝိတက် ဝိစာရတို့နှင့်မယှဉ်သော တရားများကား အဘယ်နည်း)။ ဒွေပဉ္စဝိညာဏ် (၁၀)၊ ကုသိုလ်မှ ရူပါဝစရတိက တိကဈာန် (စတုက္ကနည်းအားဖြင့် ရူပါဝစရ ဒုတိယ, တတိယ, စတုတ္ထဈာန် ၃၊ ပဉ္စကနည်းအားဖြင့် ရူပါဝစရတတိယ, စတုတ္ထ, ပဉ္စမဈာန် ၃)၊ ဝိပါက်မှ ရူပါဝစရတိက တိကဈာန် (စတုက္ကနည်းအားဖြင့် ရူပါဝစရဒုတိယ, တတိယ, စတုတ္ထဈာန် ၃၊ ပဉ္စကနည်းအားဖြင့် ရူပါဝစရ တတိယ, စတုတ္ထ, ပဉ္စမဈာန် ၃)၊ ကိရိယာမှ ရူပါဝစရတိက တိကဈာန် (စတုက္ကနည်းအားဖြင့် ရူပါဝစရ ဒုတိယ, တတိယ, စတုတ္ထဈာန် ၃၊ ပဉ္စကနည်း အားဖြင့် ရူပါဝစရ တတိယ, စတုတ္ထ, ပဉ္စမဈာန် ၃)၊ ကုသိုလ်မှ အရူပဈာန် (၄)၊ ဝိပါက်မှအရူပဈာန် (၄)၊ ကြိယာမှ အရူပဈာန် (၄)၊ ကုသိုလ်မှ လောကုတ္တရာတိက တိကဈာန် (စတုက္ကနည်းအားဖြင့် လောကုတ္တရာ ဒုတိယ, တတိယ, စတုတ္ထဈာန်၁၂၊ ပဉ္စကနည်းအားဖြင့်လောကုတ္တရာ တတိယ, စတုတ္ထ, ပဉ္စမဈာန်၁၂)၊ ဝိပါက်မှ လောကုတ္တရာတိက တိကဈာန် (စတုတ္ထနည်းအားဖြင့် လောကုတ္တရာ ဒုတိယ၊ တတိယ၊ စတုတ္ထ၁၂၊ ပဉ္စကနည်းအားဖြင့် လောကုတ္တရာတတိယ, စတုတ္ထ, ပဉ္စမဈာန်၁၂) ပဉ္စကနည်း၌ ဒုတိယဈာန်၌ ဖြစ်သော သုံးသပ်မှု ‘ဝိစာရ’ (၁၁)၊ ရုပ် (၂၈)၊ နိဗ္ဗာန်သည် (ရှိ၏)။ ဤတရားတို့သည် ကြံစည်မှု ‘ဝိတက်'လည်း မရှိ, သုံးသပ်မှု ‘ဝိစာရ'လည်းမရှိသော (ဝိတက်, ဝိစာရတို့နှင့် မယှဉ်သော) ‘အဝိတက္က အဝိစာရ’ တရား ဖြစ်ကုန်၏။ (၁၀၀၂)

တိက်မုတ် ဝိတက်နှင့် တကွဖြစ်သော (ဝိတက်နှင့် ယှဉ်သော) ‘ဝိစာရ’ ကို ‘ဝိတက်’ ‘ဝိစာရ’ နှစ်ပါးစလုံးနှင့် ယှဉ်၏ဟူ၍လည်းကောင်း၊ ဝိတက်နှင့်ကား မယှဉ်, ဝိစာရနှင့်သာ ယှဉ်၏ဟူ၍လည်းကောင်း၊ ဝိတက် ဝိစာရနှစ်ပါးစလုံးနှင့် မယှဉ်ဟူ၍လည်းကောင်း မဆိုအပ် မဆိုထိုက်။

၇-ပီတိတိက်

ပီတိသဟဂတတရား

၁၄၀၂။ (၁) အဘယ်တရားတို့သည် နှစ်သက်မှု ‘ပီတိ’ နှင့် တကွ ဖြစ်သော (ပီတိနှင့်ယှဉ်သော) ‘ပီတိသဟဂတ’ တရား ဖြစ်ကုန်သနည်း။

ကာမာဝစရ ကုသိုလ်မှသောမနဿသဟဂုတ်စိတ္တုပ္ပါဒ်လေးပါး၊ အကုသိုလ်မှ (သောမနဿသဟဂုတ်စိတ္တုပ္ပါဒ်) လေးပါး၊ ကာမာဝစရကုသိုလ်၏ အကျိုး ‘ဝိပါက်’ မှ (သောမနဿသဟဂုတ် စိတ္တုပ္ပါဒ်) ငါးပါး၊ ကိရိယာမှ (သောမနဿသဟဂုတ် စိတ္တုပ္ပါဒ်) ငါးပါး၊ ကုသိုလ်မှ ရူပါဝစရဒုက တိကဈာန် (စတုက္ကနည်းအားဖြင့်ရူပါဝစရ ပဌမ, ဒုတိယဈာန် ၂၊ ပဉ္စကနည်းအားဖြင့် ရူပါဝစရ ပဌမ, ဒုတိယ, တတိယဈာန် ၃)၊ ဝိပါက်မှ ရူပါဝစရဒုက တိကဈာန် (စတုက္ကနည်းအားဖြင့် ရူပါဝစရ ပဌမ, ဒုတိယဈာန် ၂၊ ပဉ္စကနည်းအားဖြင့် ရူပါဝစရ ပဌမ, ဒုတိယ, တတိယဈာန် ၃)၊ ကိရိယာမှ ရူပါဝစရဒုက တိကဈာန် (စတုက္ကနည်းအားဖြင့် ရူပါဝစရ ပဌမ, ဒုတိယဈာန် ၂၊ ပဉ္စကနည်းအားဖြင့် ရူပါဝစရ ပဌမ, ဒုတိယ, တတိယဈာန် ၃)၊ ကုသိုလ်မှ လောကုတ္တရာ ဒုက တိကဈာန် (စတုက္ကနည်းအားဖြင့် လောကုတ္တရာ ပဌမဈာန် ၄,ဒုတိယဈာန် ၄, ပေါင်း ၈၊ ပဉ္စကနည်းအားဖြင့် လောကုတ္တရာ ပဌမ, ဒုတိယ, တတိယဈာန်၁၂)၊ ဝိပါက်မှ လောကုတ္တရာ ဒုကတိကဈာန် (စတုက္ကနည်းအားဖြင့် လောကုတ္တရာ ပဌမဈာန် ၄, ဒုတိယဈာန်၄, ပေါင်း ၈၊ ပဉ္စကနည်းအားဖြင့် လောကုတ္တရာ ပဌမ, ဒုတိယ, တတိယဈာန်၁၂)၊ ဤ (ငါးဆယ့်တစ်ပါးသော စိတ်) တို့၌ ဖြစ်သော နှစ်သက်မှု ‘ပီတိ’ ကို ချန်ထား၍ (ကြွင်းသော စေတသိက်လေးဆယ့်ခြောက်ပါးတို့သည်ရှိကုန်၏)။ ဤတရားတို့သည် နှစ်သက်မှု ‘ပီတိ’ နှင့်တကွ ဖြစ်သော (ပီတိနှင့်ယှဉ်သော) ‘ပီတိသဟဂတ’ တရား ဖြစ်ကုန်၏ (ပီတိသဟဂုတ်စိတ် ၅၁, ပီတိကြဉ်ယှဉ်ဖက် စေတသိက်)။ (၁၀၀၃)

--

သုခသဟဂတတရား

၁၄၀၃။ (၂) အဘယ်တရားတို့သည် ချမ်းသာမှု ‘သုခ’ နှင့် တကွဖြစ်သော (သုခဝေဒနာနှင့် ယှဉ်သော) ‘သုခသဟဂတ’ တရားဖြစ်ကုန်သနည်း။

ကာမာဝစရ ကုသိုလ်မှသောမနဿသဟဂုတ် စိတ္တုပ္ပါဒ်လေးပါး၊ အကုသိုလ်မှ (သောမနဿသဟဂုတ် စိတ္တုပ္ပါဒ်) လေးပါး၊ ကာမာဝစရကုသိုလ်၏ အကျိုး ‘ဝိပါက်’ မှ (သုခသဟဂုတ်စိတ္တုပ္ပါဒ်) ခြောက်ပါး၊ ကိရိယာမှ (သောမနဿသဟဂုတ်စိတ္တုပ္ပါဒ်) ငါးပါး၊ ကုသိုလ်မှ ရူပါဝစရ တိက စတုက္ကဈာန် (စတုက္က နည်းအားဖြင့်ရူပါဝစရ ပဌမ, ဒုတိယ, တတိယဈာန် ၃၊ ပဉ္စကနည်းအားဖြင့် ရူပါဝစရ ပဌမ, ဒုတိယ, တတိယ,စတုတ္ထဈာန် ၄)၊ ဝိပါက်မှ ရူပါဝစရတိက စတုက္ကဈာန် (စတုက္ကနည်းအားဖြင့် ရူပါဝစရ ပဌမ, ဒုတိယ,တတိယဈာန် ၃၊ ပဉ္စကနည်းအားဖြင့် ရူပါဝစရ ပဌမ, ဒုတိယ, တတိယ, စတုတ္ထဈာန် ၄)၊ ကိရိယာမှရူပါဝစရတိက စတုက္ကဈာန် (စတုက္ကနည်းအားဖြင့် ရူပါဝစရ ပဌမ, ဒုတိယ, တတိယဈာန် ၃၊ ပဉ္စကနည်းအားဖြင့် ရူပါဝစရ ပဌမ, ဒုတိယ, တတိယ, စတုတ္ထဈာန် ၄)၊ ကုသိုလ်မှ လောကုတ္တရာတိကစတုက္ကဈာန် (စတုက္ကနည်းအားဖြင့် လောကုတ္တရာ ပဌမ, ဒုတိယ, တတိယ ဈာန်၁၂၊ ပဉ္စကနည်းအားဖြင့် လောကုတ္တရာ ပဌမ, ဒုတိယ, တတိယ, စတုတ္ထဈာန်၁၆)၊ ဝိပါက်မှလောကုတ္တရာတိက စတုက္ကဈာန် (စတုက္ကနည်းအားဖြင့် လောကုတ္တရာပဌမ, ဒုတိယ, တတိယဈာန်၁၂၊ ပဉ္စကနည်းအားဖြင့် လောကုတ္တရာ ပဌမ, ဒုတိယ, တတိယ, စတုက္ကဈာန်၁၆)၊ ဤ (ခြောက်ဆယ့်သုံးပါးသော စိတ်) တို့၌ ဖြစ်သော ချမ်းသာမှု ‘သုခ’ ကို ချန်ထား၍ (ကြွင်းသော စေတသိက်လေးဆယ့်ခြောက်ပါးတို့သည်ရှိကုန်၏)။ ဤ တရားတို့သည် ချမ်းသာမှု ‘သုခ’ နှင့် တကွဖြစ်သော (သုခဝေဒနာနှင့် ယှဉ်သော) ‘သုခသဟဂတ’ တရား ဖြစ်ကုန်၏။ (၁၀၀၄)

ဥပေက္ခာသဟဂတတရား

၁၄၀၄။ (၃) အဘယ်တရားတို့သည် လျစ်လျူရှုမှု ‘ဥပေက္ခာ’ နှင့် တကွဖြစ်သော (ဥပေက္ခာနှင့် ယှဉ်သော) ‘ဥပေက္ခာသဟဂတ’ တရားဖြစ် ကုန်သနည်း။

ကာမာဝစရကုသိုလ်မှဥပေက္ခာသဟဂုတ်စိတ္တုပ္ပါဒ် လေးပါး၊ အကုသိုလ်မှ (ဥပေက္ခာ သဟဂုတ်စိတ္တုပ္ပါဒ်) ခြောက်ပါး၊ ကာမာဝစရကုသိုလ်၏ အကျိုး ‘ဝိပါက်’ မှ (ဥပေက္ခာသဟဂုတ်စိတ္တုပ္ပါဒ်) ဆယ်ပါး၊ အကုသိုလ်၏အကျိုး ‘ဝိပါက်’ မှ (ဥပေက္ခာသဟဂုတ်စိတ္တုပ္ပါဒ်) ခြောက်ပါး၊ ကိရိယာမှ (ဥပေက္ခာ သဟဂုတ်စိတ္တုပ္ပါဒ်) ခြောက်ပါး၊ ကုသိုလ်မှ (စတုက္ကနည်းအားဖြင့်) ရူပါဝစရစတုတ္ထဈာန် (၁)၊ ဝိပါက်မှ (စတုက္ကနည်းအားဖြင့်) ရူပါဝစရစတုတ္ထဈာန် (၁)၊ ကိရိယာမှ (စတုက္ကနည်းအားဖြင့်) ရူပါဝစရစတုတ္ထဈာန် (၁)၊ ကုသိုလ်မှ အရူပဈာန်လေးပါး၊ ဝိပါက်မှ အရူပဈာန် လေးပါး၊ ကိရိယာမှ အရူပဈာန် လေးပါး၊ ကုသိုလ်မှ (စတုက္ကနည်းအားဖြင့်) လောကုတ္တရာစတုတ္ထဈာန် (၄)၊ ဝိပါက်မှ (စတုက္ကနည်းအားဖြင့်) လောကုတ္တရာစတုတ္ထဈာန် (၄)၊ ဤ (ငါးဆယ့်ငါးပါးသော စိတ်) တို့၌ ဖြစ်သော လျစ်လျူရှုမှု ‘ဥပေက္ခာ’ ကို ချန်ထား၍ (ကြွင်းသော စေတသိက်လေးဆယ့်ခြောက်ပါးတို့သည် ရှိကုန်၏)။ ဤတရားတို့သည် ‘ဥပေက္ခာ’ နှင့် တကွဖြစ်သော (ဥပေက္ခာနှင့် ယှဉ်သော) ‘ဥပေက္ခာသဟဂတ’ တရားဖြစ်ကုန်၏ (ဥပေက္ခာသဟဂုတ် စိတ်, ဥပေက္ခာဝေဒနာ ကြဉ်သော ယှဉ်ဖက် စေတသိက်)။ နှစ်သက်မှု ‘ပီတိ’ သည် နှစ်သက်မှု ‘ပီတိ’ နှင့် တကွမဖြစ်၊ ချမ်းသာမှု ‘သုခ’ နှင့် တကွဖြစ်၏၊ လျစ် လျူရှုမှု ‘ဥပေက္ခာ’ နှင့် တကွမဖြစ်။ ချမ်းသာမှု ‘သုခ’ သည် ချမ်းသာမှု ‘သုခ’ နှင့် တကွ မဖြစ်၊ ရံခါ နှစ်သက်မှု ‘ပီတိ’ နှင့် တကွ ဖြစ်၏၊ လျစ်လျူရှုမှု ‘ဥပေက္ခာ’ နှင့် တကွ မဖြစ်၊ ရံခါ နှစ်သက်မှု ‘ပီတိ’ နှင့်တကွ ဖြစ်၏ဟု မဆိုအပ် မဆိုထိုက်။ တိက်မုတ် ဒေါမနဿသဟဂုတ်စိတ္တုပ္ပါဒ်နှစ်ပါး၊ ဒုက္ခသဟဂုတ်ကာယဝိညာဏ်၊ ဥပေက္ခာဝေဒနာ၊ ရုပ်၊ နိဗ္ဗာန်သည် (ရှိ၏)။ ဤတရားတို့ကို နှစ်သက်မှု ‘ပီတိ’ နှင့် တကွ ဖြစ်ကုန်၏ဟူ၍လည်း ကောင်း၊ ချမ်းသာမှု ‘သုခ’ နှင့် တကွ ဖြစ်ကုန်၏ဟူ၍လည်းကောင်း၊ လျစ်လျူရှုမှု ‘ဥပေက္ခာ’ နှင့် တကွဖြစ်ကုန်၏ဟူ၍လည်းကောင်း မဆိုအပ် မဆိုထိုက်ကုန်။ (၁၀၀၅)

--

၈ - ဒဿနတိက်

ဒဿနေန ပဟာတဗ္ဗတရား

၁၄၀၅။ (၁) အဘယ်တရားတို့သည် (နိဗ္ဗာန်ကို ရှေးဦးစွာမြင်တတ်သော ‘ဒဿန') သောတာပတ္တိမဂ်ဖြင့် ပယ်အပ်သော ‘ဒဿနေန ပဟာတဗ္ဗ’ တရားတို့ ဖြစ်ကုန်သနည်း။

ဒိဋ္ဌိဂတသမ္ပယုတ် စိတ္တုပ္ပါဒ်လေးပါး၊ ဝိစိကိစ္ဆာသဟဂုတ် စိတ္တုပ္ပါဒ်၁- သည် (ရှိ၏)။ ဤတရားတို့သည်သောတာပတ္တိမဂ်ဖြင့် ပယ်အပ်သော ‘ဒဿနေန ပဟာတဗ္ဗ’ တရားတို့ ဖြစ်ကုန်၏ (သောတာပတ္တိမဂ်သည်အကြွင်းမရှိ ပယ်အပ်သော ဒိဋ္ဌိဂတသမ္ပယုတ်စိတ်, ဝိစိကိစ္ဆာ သဟဂုတ်စိတ်, ယှဉ်ဖက်စေတသိက်)။

ဘာဝနာယ ပဟာတဗ္ဗတရား

၁၄၀၆။ (၂) အဘယ်တရားတို့သည် အထက်မဂ်သုံးပါးဖြင့် ပယ်အပ်သော ‘ဘာဝနာယ ပဟာတဗ္ဗ’ တရားတို့ ဖြစ်ကုန်သနည်း။

ဥဒ္ဓစ္စ သဟဂုတ်စိတ္တုပ္ပါဒ်၁-သည် (ရှိ၏)။

ဤတရားတို့သည် အထက်မဂ်သုံးပါးဖြင့် ပယ်အပ်သော ‘ဘာဝနာယ ပဟာတဗ္ဗ’ တရားတို့ ဖြစ်ကုန်၏။ ဒိဋ္ဌိဂတဝိပ္ပယုတ် လောဘသဟဂုတ်စိတ္တုပ္ပါဒ်လေးပါး၊ ဒေါမနဿသဟဂုတ်စိတ္တုပ္ပါဒ် နှစ်ပါးတို့သည် (ရှိကုန်၏)။ ဤတရားတို့သည် အချို့ကား (ဤတရားတို့အနက်မှ အပါယ်သို့လားစေတတ်သည့် အစိတ်အပိုင်း ဖြစ်သော တရားအချို့တို့သည်) သောတာပတ္တိမဂ်ဖြင့် ပယ်အပ်သော ‘ဒဿနေန ပဟာတဗ္ဗ’ တရားတို့ ဖြစ်ကုန်၏၊ အချို့ကား (ကြွင်းကျန်သည့် အစိတ်အပိုင်း အချို့တရားတို့သည်) အထက်မဂ်သုံးပါးတို့ဖြင့် ပယ်အပ်သော ‘ဘာဝနာယ ပဟာတဗ္ဗ’ တရားတို့ဖြစ်ကုန်၏။

နေဝ ဒဿနေန န ဘာဝနာယ ပဟာတဗ္ဗတရား

၁၄၀၇။ (၂) အဘယ်တရားတို့သည် သောတာပတ္တိမဂ်ဖြင့်လည်း မပယ်အပ်, အထက်မဂ်သုံးပါးဖြင့် လည်း မပယ်အပ်သော ‘နေဝ ဒဿနေန န ဘာဝနာယပဟာတဗ္ဗ’ တရားဖြစ်ကုန်သနည်း။

(ကာမ, ရူပ, အရူပ, အပရိယာပန္န) ဘုံလေးပါးတို့၌ ဖြစ်သော ကုသိုလ် (၂၁)။ (ကာမ, ရူပ, အရူပ, အပရိယာပန္န) ဘုံလေးပါးတို့၌ ဖြစ်သော ဝိပါက် (၃၆)။ (ကာမ,ရူပ, အရူပ) ဘုံသုံးပါးတို့၌ ဖြစ်သော ပြုကာမျှ ဖြစ်၍ ကုသိုလ် အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သော ‘ကိရိယာဗျာကတ’ စိတ် (၂၀)၊ ထို့ပြင် ရုပ်၊ ထို့ပြင် နိဗ္ဗာန်သည် (ရှိ၏)။ ဤတရားတို့သည်သောတာပတ္တိမဂ်ဖြင့်လည်း မပယ်အပ်၊ အထက် မဂ်သုံးပါးဖြင့်လည်း မပယ်အပ်သော ‘နေဝ ဒဿနေနန ဘာဝနာယ ပဟာတဗ္ဗ’ တရား ဖြစ်ကုန်၏ (ကုသိုလ်, ဝိပါက်, ကိရိယာစိတ်, ယှဉ်ဖက် စေတသိက်,ရုပ်, နိဗ္ဗာန်)။

--

၉-ဒဿနဟေတုတိက်

ဒဿနေန ပဟာတဗ္ဗဟေတုကတရား

၁၄၀၈။ (၂) အဘယ်တရားတို့သည် (နိဗ္ဗာန်ကို ရှေးဦးစွာ မြင်တတ်သော ‘ဒဿန') သောတာပတ္တိမဂ်ဖြင့် ပယ် အပ်သော အကြောင်းရင်း အခြေအမြစ် (ဟိတ်) ရှိသော (ဟိတ်နှင့်ယှဉ်သော) ‘ဒဿနေန ပဟာတဗ္ဗ ဟေတုက’ တရား ဖြစ်ကုန်သနည်း။

ဒိဋ္ဌိဂတသမ္ပယုတ်စိတ္တုပ္ပါဒ်လေးပါး၊ ဝိစိကိစ္ဆာသဟဂုတ်စိတ္တုပ္ပါဒ်၁၊ ဤ (ဝိစိကိစ္ဆာသဟဂုတ်စိတ်) ၌ ဖြစ်သော (အမှန်သဘော၌) တွေဝေမှု (အမှန်ကို မသိမှု) ‘မောဟ’ ကို ချန်ထား၍ (ကြွင်းသောစေတသိက် (၂၂) ပါးတို့သည်ရှိကုန်၏)။ ဤတရားတို့သည် သောတာပတ္တိမဂ်ဖြင့် ပယ်အပ်သောအကြောင်းရင်း အခြေအမြစ် (ဟိတ်) ရှိသော (ဟိတ်နှင့် ယှဉ်သော) ‘ဒဿနေန ပဟာတဗ္ဗဟေတုက’ တရားဖြစ်ကုန်၏ (ဒိဋ္ဌိဂတသမ္ပယုတ်, ဝိစိကိစ္ဆာသဟဂုတ်စိတ်, ဝိစိကိစ္ဆာသဟဂုတ် စိတ်၌ ရှိသောမောဟမှတစ်ပါး အခြားသော ယှဉ်ဖက်စေတသိက်)။

ဘာဝနာယမဟာတဗ္ဗဟေတုကတရား

၁၄၀၉။ (၂) အဘယ်တရားတို့သည် အထက်မဂ်သုံးပါးဖြင့် ပယ်အပ်သော အကြောင်းရင်း အခြေအမြစ် (ဟိတ်) ရှိသော (ဟိတ်နှင့် ယှဉ်သော) ‘ဘာဝနာယပဟာတဗ္ဗဟေတုက’ တရားဖြစ်ကုန်သနည်း။

ဥဒ္ဓစ္စသဟဂုတ်စိတ္တုပ္ပါဒ်၁၊ ဤ (ဥဒ္ဓစ္စသဟဂုတ်စိတ်) ၌ ရှိသောမောဟကို ချန်ထား၍ (ကြွင်းသော စေတသိက်၁၄-ပါးတို့ သည်ရှိကုန်၏)။ ဤတရားတို့သည်အချို့ကား (ဤတရားတို့အနက်မှ အပါယ်သို့ လားစေတတ်သည့် အစိတ်အပိုင်းဖြစ်သော တရားအချို့တို့သည်) သောတာပတ္တိမဂ်ဖြင့် ပယ်အပ်သော အကြောင်းရင်း အခြေအမြစ် (ဟိတ်) ရှိသော ‘ဒဿနေန ပဟာတဗ္ဗဟေတုက’ တရား ဖြစ်ကုန်၏။ အချို့ကား (ကြွင်း ကျန်သည့် အစိတ်အပိုင်းတရားအချို့တို့သည်) အထက်မဂ်သုံးပါးဖြင့် ပယ်အပ်သော အကြောင်းရင်း အခြေအမြစ် (ဟိတ်) ရှိသော (ဟိတ်နှင့် ယှဉ်သော) ‘ဘာဝနာယ ပဟာတဗ္ဗဟေတုက’ တရား ဖြစ်ကုန်၏ (ဥဒ္ဓစ္စသဟဂုတ်စိတ်,ဒိဋ္ဌိဂတဝိပ္ပယုတ်, ဒေါသမူဒွေ, ဥဒ္ဓစ္စသဟဂုတ်စိတ်၌ ရှိသော မောဟမှတစ်ပါး အခြားသော ယှဉ်ဖက်စေတသိက်)။

နေဝ ဒဿနေန န ဘာဝနာယပဟာတဗ္ဗဟေတုကတရား

၁၄၁၀။ (၃) အဘယ်တရားတို့သည် သောတာပတ္တိမဂ်ဖြင့်လည်း ပယ်အပ်သော အကြောင်းရင်း အခြေအမြစ် (ဟိတ်) မရှိ၊ အထက်မဂ်သုံးပါးဖြင့်လည်းပယ်အပ်သော အကြောင်းရင်း အခြေအမြစ် (ဟိတ်) မရှိသော (ဟိတ်နှင့်မယှဉ်သော) ‘နေဝ ဒဿနေနန ဘာဝနာယ ပဟာတဗ္ဗ ဟေတုက’ တရား ဖြစ်ကုန်သနည်း။

ဝိစိကိစ္ဆာနှင့် တကွဖြစ်သော တွေဝေမှု ‘ဝိစိကိစ္ဆာသဟဂုတ်မောဟ’ ၊ ဥဒ္ဓစ္စနှင့် တကွဖြစ်သော တွေဝေမှု ‘ဥဒ္ဓစ္စသဟဂုတ်မောဟ’။ (ကာမ,ရူပ, အရူပ, အပရိယာပန္န) ဘုံလေး ပါးတို့၌ ဖြစ်သော ကုသိုလ် (၂၁)။ (ကာမ, ရူပ,အရူပ, အပရိယာပန္န) ဘုံလေးပါးတို့၌ ဖြစ်သော ဝိပါက် (၃၆)။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ (ဖြစ်သော) ပြုကာမျှ ဖြစ်၍ ကုသိုလ် အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သော ‘ကိရိယာဗျာကတ’ (၂၀)၊ ထို့ပြင် ရုပ်၊ ထို့ပြင် နိဗ္ဗာန်သည် (ရှိ၏)။ ဤတရားတို့သည် သောတာပတ္တိမဂ်ဖြင့်လည်း ပယ်အပ်သောအကြောင်းရင်း အခြေအမြစ် (ဟိတ်) မရှိသော, အထက်မဂ် သုံးပါးဖြင့်လည်း ပယ်အပ်သောအကြောင်းရင်း အခြေအမြစ် (ဟိတ်) မရှိသော (ဟိတ်နှင့် မယှဉ်သော) ‘နေဝ ဒဿနေနန ဘာဝနာယ ပဟာတဗ္ဗ ဟေတုက’ တရား ဖြစ်ကုန်၏ (ကုသိုလ်, ဝိပါက်, ကိရိယာစိတ်,ယှဉ်ဖက်စေတသိက်, ဝိစိကိစ္ဆာသဟဂုတ်မောဟ, ဥဒ္ဓစ္စသဟဂုတ်မောဟ, ရုပ်, နိဗ္ဗာန်)။

--

၁၀-အာစယဂါမိတိက်

အာစယဂါမိတရား

၁၄၁၁။ (၁) အဘယ်တရားတို့သည် ပဋိသန္ဓေ စုတိသို့ ရောက်ကြောင်းဖြစ်သော (ရောက်စေတတ်သော) ‘အာစယဂါမိ’ တရား ဖြစ်ကုန်သနည်း။

ဘုံသုံးပါး တို့၌ (ဖြစ်သော) (လောကီ) ကုသိုလ် (၁၇)၊ အကုသိုလ် (၁၂) သည် (ရှိ၏)။ ဤတရားတို့သည် ပဋိသန္ဓေ စုတိသို့ရောက်ကြောင်း ဖြစ်သော (ရောက်စေတတ်သော) ‘အာစယဂါမိ’ တရား ဖြစ်ကုန်၏။

အပစယဂါမိတရား

၁၄၁၂။ (၂) အဘယ်တရားတို့သည် နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်သော (ရောက်စေတတ်သော) ‘အပစယဂါမိ’ တရား ဖြစ်ကုန်သနည်း။

ဘုံသုံးပါး၌ အကျုံးမဝင်ကုန်သောမဂ်လေးပါးတို့သည် (ရှိကုန်၏)။ ဤတရားတို့သည် နိဗ္ဗာန်သို့ ရောက်ကြောင်း ဖြစ်သော (ရောက်စေတတ်သော) ‘အပစယဂါမိ’ တရား ဖြစ်ကုန်၏ (မဂ်စိတ်, ယှဉ်ဖက်စေတသိက်)။

နေဝါစယဂါမိ နာပစယဂါမိတရား

၁၄၁၃။ (၃) အဘယ်တရားတို့သည် ပဋိသန္ဓေ စုတိသို့ ရောက်ကြောင်း (ရောက်စေတတ်သည်) လည်း မဟုတ်၊ နိဗ္ဗာန်သို့ ရောက်ကြောင်း (ရောက်စေတတ်သည်) လည်းမဟုတ်သော ‘နေဝါစယဂါမိ နာပစယဂါမိ’ တရား ဖြစ်ကုန်သနည်း။

ဘုံလေးပါးတို့၌ (ဖြစ်သော) ဝိပါက် (၃၆)၊ ဘုံသုံးပါးတို့၌ (ဖြစ်သော) ကုသိုလ် အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သော ပြုကာမျှ ‘ကိရိယာ’ (၂၀)၊ ထို့ပြင် ရုပ်၊ ထို့ပြင် နိဗ္ဗာန်သည် (ရှိ၏)။ ဤတရား တို့သည် ပဋိသန္ဓေ စုတိသို့ ရောက်ကြောင်း (ရောက်စေတတ်သည်) လည်းမဟုတ်၊ နိဗ္ဗာန်သို့ ရောက်ကြောင်း (ရောက်စေတတ်သည်) လည်းမဟုတ်သော ‘နေဝါစယဂါမိ နာပစယဂါမိ’ တရား ဖြစ်ကုန်၏ (ဝိပါက်စိတ်, ကိရိယာစိတ်, ယှဉ်ဖက်စေတသိက်, ရုပ်, နိဗ္ဗာန်)။

--

၁၁-သေက္ခတိက်

သေက္ခတရား

၁၄၁၄။ (၁) အဘယ်တရားတို့သည် (အရဟတ္တဖိုလ်သို့ ရောက်ရန်) ကျင့်ဆဲ သေက္ခပုဂ္ဂိုလ်ခုနစ်ယောက်တို့၏ ဥစ္စာဖြစ်သော ‘သေက္ခ’ တရား ဖြစ်ကုန်သနည်း။

ဘုံသုံးပါး၌့အကျုံးမဝင်ကုန်သော မဂ်လေးပါး၊ ထို့ပြင် အောက်၌ ဖြစ်သော ကိလေသာငြိမ်းကြောင်း ‘သာမည’ (မဂ်) ၏အကျိုး (အောက်ဖိုလ်) သုံးပါးတို့သည် (ရှိကုန်၏)။ ဤတရားတို့သည် (အရဟတ္တဖိုလ်သို့ရောက်ရန်) ကျင့်ဆဲသေက္ခ ပုဂ္ဂိုလ်ခုနစ်ယောက်တို့၏ ဥစ္စာဖြစ်သော ‘သေက္ခ’ တရား ဖြစ်ကုန်၏ (မဂ်စိတ်လေးခု, အောက်ဖိုလ်သုံးခု, ယှဉ်ဖက် စေတသိက်)။

အသေက္ခတရား

၁၄၁၅။ (၂) အဘယ်တရားတို့သည် (အရဟတ္တဖိုလ်သို့ ရောက်ပြီးဖြစ်သော) ကျင့်ပြီးအသေက္ခ (ရဟန္တာ) ပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော ‘အသေက္ခ’ တရား ဖြစ်ကုန် သနည်း။

(အောက်ဖိုလ်သုံးပါးတို့၏) အထက်၌ တည်သော အရဟတ္တဖိုလ်သည် (ရှိ၏)။ ဤတရား တို့သည် (အရဟတ္တဖိုလ်သို့ ရောက်ပြီးဖြစ်သော) ကျင့်ပြီး အသေက္ခ (ရဟန္တာ) ပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော ‘အသေက္ခ’ တရား ဖြစ်ကုန်၏ (အရဟတ္တဖိုလ်စိတ်, ယှဉ်ဖက် စေတသိက်)။

နေဝသေက္ခ နာသေက္ခတရား

၁၄၁၆။ (၃) အဘယ်တရားတို့သည် (အရဟတ္တဖိုလ်သို့ရောက်ရန်) ကျင့်ဆဲသေက္ခပုဂ္ဂိုလ်ခုနစ်ယောက်တို့၏ ဥစ္စာလည်းမဟုတ်။ (အရဟတ္တဖိုလ်သို့ ရောက်ပြီးဖြစ်သော) ကျင့်ပြီးအသေက္ခ (ရဟန္တာ) ပုဂ္ဂိုလ်တို့၏ ဥစ္စာလည်း မဟုတ်သော ‘နေဝသေက္ခ နာသေက္ခ’ တရားဖြစ်ကုန်သနည်း။

(အရိယာပုဂ္ဂိုလ် ရှစ်ယောက်တို့၏ ဥစ္စာမဟုတ်သော တရားများကား အဘယ်နည်း)။

(ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ (ဖြစ်သော) (လောကီ) ကုသိုလ် (၁၇)၊ အကုသိုလ် (၁၂)။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ (ဖြစ်သော) (လောကီ) ဝိပါက် (၃၂)။ (ကာမ,ရူပ,အရူပ) ဘုံသုံးပါတို့၌ ဖြစ်သော ကုသိုလ် အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သော ပြုကာမျှ ‘ကိရိယာ’ (၂၀)၊ ထို့ပြင် ရုပ်၊ ထို့ပြင် နိဗ္ဗာန်သည် (ရှိ၏)။ ဤတရားတို့သည် (အရဟတ္တဖိုလ်သို့ ရောက်ရန်) ကျင့်ဆဲသေက္ခပုဂ္ဂိုလ်ခုနစ်ယောက်တို့၏ ဥစ္စာလည်း မဟုတ်။ (အရဟတ္တဖိုလ်သို့ ရောက်ပြီး ဖြစ်သော) ကျင့်ပြီးအသေက္ခ (ရဟန္တာ) ပုဂ္ဂိုလ်တို့၏ ဥစ္စာလည်း မဟုတ်သော (အရိယာပုဂ္ဂိုလ် ရှစ်ယောက်တို့၏ဥစ္စာမဟုတ်သော) ‘နေဝသေက္ခ နာသေက္ခ’ တရား ဖြစ်ကုန်၏ (အကုသိုလ်, လောကီ ကုသိုလ်,လောကီဝိပါက်, ကြိယာစိတ်, စေတသိက်, ရုပ်, နိဗ္ဗာန်)။

--

၁၂-ပရိတ္တတိက်

ပရိတ္တတရား

၁၄၁၇။ (၁) အဘယ်တရားတို့သည် နည်းပါးသော အာနုဘော်ရှိသော ‘ပရိတ္တ’ တရား ဖြစ်ကုန်သနည်း။

ကာမာဝစရကုသိုလ် (၈)၊ အကုသိုလ် (၁၂)၊ အလုံးစုံသော ကာမာဝစရဝိပါက် (၂၃)၊ ကာမဘုံ၌ ကျင်လည်သက်ဝင်၍ ပြုကာမျှဖြစ်သည့် ကုသိုလ် အကုသိုလ် အဖြစ်ဖြင့် မဟောအပ်သော ‘ကာမာဝစရကိရိယာဗျာကတ’ စိတ် (၁၁)၊ ထို့ပြင် အလုံးစုံသော ရုပ်သည် (ရှိ၏)။ ဤတရားတို့သည်နည်းပါးသော အာနုဘော်ရှိသော ‘ပရိတ္တ’ တရား ဖြစ်ကုန်၏ (ကာမစိတ်, စေတသိက်, ရုပ်)။

မဟဂ္ဂတရား

၁၄၁၈။ (၂) အဘယ်တရားတို့သည် ကြီးကျယ်မြင့်မြတ်သည်၏အဖြစ်သို့ ရောက်သော ‘မဟဂ္ဂတ’ တရား ဖြစ်ကုန်သနည်း။

ရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်သော ‘ရူပါဝစရ’ ကုသိုလ် (၅)၊ အရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်သော ‘အရူပါဝစရ’ ကုသိုလ် (၄)၊ ကုသိုလ် အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သော (မဟဂ္ဂုတ်ဝိပါက်) အဗျာကတ (၉)။ (မဟဂ္ဂုတ်ကြိယာ) အဗျာကတ (၉) တို့သည် (ရှိကုန်၏)။ ဤတရားတို့သည် ကြီးကျယ် မြင့်မြတ်သည်၏အဖြစ်သို့ ရောက် သော ‘မဟဂ္ဂတ’ တရားဖြစ်ကုန်၏ (မဟဂ္ဂုတ်စိတ်, ယှဉ်ဖက် စေတသိက်)။

အပ္ပမာဏတရား

၁၄၁၉။ (၃) အဘယ်တရားတို့သည် (နှိုင်းယှဉ်မှုကို ပြုတတ်သော ရာဂစသည်တို့၏ဆန့်ကျင်ဘက်ဖြစ်သည့်) မနှိုင်းယှဉ်အပ်သော ‘အပ္ပမာဏ’ တရား ဖြစ်ကုန် သနည်း။

ဘုံသုံးပါး၌ အကျုံးမဝင်ကုန်သော မဂ်လေးပါး၊ ကိလေသာငြိမ်းကြောင်း ‘သာမည’ (မဂ်) ၏အကျိုး (ဖိုလ်) လေးပါး၊ နိဗ္ဗာန်သည် (ရှိ၏)။ ဤတရားတို့သည် (နှိုင်းယှဉ်မှုကို ပြုတတ်သော ရာဂစသည်တို့၏ဆန့်ကျင်ဘက်ဖြစ်သည့်) မနှိုင်းယှဉ်အပ်သော ‘အပ္ပမာဏ’ တရား ဖြစ်ကုန်၏ (မဂ်, ဖိုလ်, နိဗ္ဗာန်)။

--

၁၃-ပရိတ္တာရမ္မဏတိက်

ပရိတ္တာရမ္မဏတရား

၁၄၂၀။ (၁) အဘယ်တရားတို့သည် နည်းပါးသော အာနုဘော်ရှိသော ‘ပရိတ္တ’ တရား (ကာမတရား) လျှင် အာရုံရှိသော ‘ပရိတ္တာရမ္မဏ’ တရား ဖြစ်ကုန်သနည်း။

အလုံးစုံသောကာမာဝစရဝိပါက် (၂၃)၊ ကိရိယာမနောဓာတ် (ပဉ္စဒွါရာဝဇ္ဇန်း (၁)၊ သောမနဿသဟဂုတ် (အဟိတ်) ကြိယာ မနောဝိညာဏဓာတ် (ဟသိတုပ္ပါဒ်) သည် (ရှိ၏)။ ဤ (၂၅) ပါး သော) တရားတို့သည်နည်းပါးသော အာနုဘော်ရှိသော ‘ပရိတ္တ’ တရား (ကာမတရား) လျှင် အာရုံရှိသော ‘ပရိတ္တာရမ္မဏ’ တရားဖြစ်ကုန်၏ (ကာမတရားကို ဧကန်အာရုံပြုသော ကာမဝိပါက်, ပဉ္စဒွါရာဝဇ္ဇန်း, ဟသိတုပ္ပါဒ်စိတ်, ယှဉ်ဖက်စေတသိက်)။

မဟဂ္ဂတာရမ္မဏတရား

၁၄၂၁။ (၂) အဘယ်တရားတို့သည် ကြီးကျယ်မြင့်မြတ်သည်၏ အဖြစ်သို့ရောက်သော ‘မဟဂ္ဂတ’ တရားလျှင် အာရုံရှိသော ‘မဟဂ္ဂတာရမ္မဏ’ တရား ဖြစ်ကုန်သနည်း။

ဝိညာဏဉ္စာယတနဈာန်စိတ် (၃)၊ နေဝသညာ နာသညာယတနဈာန်စိတ် (၃) သည် (ရှိ၏)။

ဤတရား (ခြောက်ပါး) တို့သည် ကြီးကျယ် မြင့်မြတ်သည်၏အဖြစ်သို့ ရောက်သော ‘မဟဂ္ဂတ’ တရားလျှင်အာရုံရှိသော ‘မဟဂ္ဂတာရမ္မဏ’ တရား ဖြစ်ကုန်၏ (ဝိညာဏဉ္စာယတနစိတ်, နေဝသညာနာသညာယတနစိတ်, ယှဉ်ဖက် စေတသိက်)။

အပ္ပမာဏာရမ္မဏတရား

၁၄၂၂။ (၃) အဘယ်တရားတို့သည် (နှိုင်းယှဉ်မှုကို ပြုတတ်သော ရာဂစသည်တို့၏ ဆန့်ကျင်ဘက်ဖြစ်သည့်) မနှိုင်းယှဉ်အပ်သော ‘အပ္ပမာဏ’ (လောကုတ္တရာ) တရားလျှင်အာရုံရှိသော ‘အပ္ပမာဏာရမ္မဏ’ တရား ဖြစ်ကုန်သနည်း။

(ကာမ, ရူပ, အရူပ) ဘုံသုံးပါး၌ အကျုံးမဝင်ကုန်သော မဂ်လေးပါး၊ ကိလေသာငြိမ်းကြောင်း ‘သာမည’ (မဂ်) ၏အကျိုး (ဖိုလ်) လေးပါးတို့သည် (ရှိကုန်၏)။ ဤတရား (ရှစ်ပါး) တို့သည် (နှိုင်းယှဉ်မှုကို ပြုတတ်သော ရာဂ စသည်တို့၏ဆန့်ကျင်ဘက်ဖြစ်သည့်) မနှိုင်းယှဉ်အပ်သော ‘အပ္ပမာဏ’ တရား (လောကုတ္တရာတရား) လျှင်အာရုံရှိသော ‘အပ္ပမာဏာရမ္မဏ’ တရား ဖြစ်ကုန်၏ (မဂ်, ဖိုလ်)။ ကာမာဝစရကုသိုလ်မှ ဉာဏဝိပ္ပယုတ် စိတ္တုပ္ပါဒ်လေးပါး၊ ကြိယာမှ ဉာဏဝိပ္ပယုတ် စိတ္တုပ္ပါဒ် လေးပါး၊ အလုံးစုံသော အကုသိုလ် (တစ်ဆယ့်နှစ်ပါး) သည် (ရှိ၏)။ ဤ (နှစ်ဆယ်သော) တရားတို့သည် ရံခါနည်းပါးသော အာနုဘော်ရှိသော ‘ပရိတ္တ’ တရား (ကာမတရား) လျှင် အာရုံရှိသော ‘ပရိတ္တာရမ္မဏ’ တရားဖြစ်ကုန်၏၊ ရံခါ ကြီးကျယ်မြင့်မြတ်သည်၏အဖြစ်သို့ ရောက်သော ‘မဟဂ္ဂတ’ တရားလျှင် အာရုံ ရှိသော ‘မဟဂ္ဂတာရမ္မဏ’ တရား ဖြစ်ကုန်၏။ (နှိုင်းယှဉ်မှုကို ပြုတတ်သော ရာဂစသည်တို့၏ ဆန့်ကျင်ဘက်ဖြစ်သည့်) မနှိုင်းယှဉ်အပ်သော ‘အပ္ပမာဏ’ တရား (လောကုတ္တရာတရား) လျှင် အာရုံရှိသော ‘အပ္ပမာဏာရမ္မဏ’ တရားတို့ကား မဟုတ်ကုန် (ဟု ဆိုအပ်ဆိုထိုက်၏)။ ရံခါ နည်းပါးသော အာနုဘော်ရှိသော ‘ပရိတ္တ’ တရား (ကာမတရား) လျှင် အာရုံရှိသော ‘ပရိတ္တာရမ္မဏ’ တရား ဖြစ်ကုန်၏ဟူ၍လည်းကောင်း၊ ရံခါ ကြီးကျယ်မြင့်မြတ်သည်၏အဖြစ်သို့ ရောက်သော ‘မဟဂ္ဂတ’ တရားလျှင် အာရုံရှိသော ‘မဟဂ္ဂတာရမ္မဏ’ တရားဖြစ်ကုန်၏ဟူ၍လည်းကောင်း မဆိုအပ် မဆိုထိုက်ကုန်။

--

ကာမာဝစရကုသိုလ်မှ ဉာဏသမ္ပယုတ် စိတ္တုပ္ပါဒ်လေးပါး၊ ကိရိယာမှ ဉာဏသမ္ပယုတ် စိတ္တုပ္ပါဒ် လေးပါး၊ ထို့ပြင် ကုသိုလ်မှ (စတုက္ကနည်းအားဖြင့်) ရူပါဝစရစတုတ္ထဈာန် (၁)၊ ထို့ပြင် ကိရိယာမှ (စတုက္ကနည်းအားဖြင့်) ရူပါဝစရစတုတ္ထဈာန် (၁)၊ ဥပေက္ခာသဟဂုတ်ကြိယာ အဟိတ် မနောဝိညာဏဓာတ် (မနောဒွါရာဝဇ္ဇန်း) သည် (ရှိ၏)။ ဤ (တစ်ဆယ့်တစ်ပါးသော) တရားတို့သည် ရံခါ နည်းပါးသောအာနုဘော်ရှိသော ‘ပရိတ္တ’ တရားလျှင် အာရုံရှိသော ‘ပရိတ္တာရမ္မဏ’ တရား ဖြစ်ကုန်၏၊ ရံခါ ကြီးကျယ်မြင့်မြတ်သည်၏ အဖြစ်သို့ရောက်သော ‘မဟဂ္ဂတ’ တရားလျှင် အာရုံရှိသော ‘မဟဂ္ဂတာရမ္မဏ’ တရား ဖြစ်ကုန်၏၊ ရံခါ (နှိုင်းယှဉ်မှုကို ပြုတတ်သော ရာဂစသည်တို့၏ ဆန့်ကျင်ဘက်ဖြစ်သည့်) မနှိုင်းယှဉ်အပ့်သော ‘အပ္ပမာဏ’ တရား (လောကုတ္တရာတရား) လျှင် အာရုံရှိသော ‘အပ္ပမာဏာရမ္မဏ’ တရား ဖြစ်ကုန်၏ (ဟု ဆိုအပ် ဆိုထိုက်ကုန်၏)။ ရံခါ နည်းပါးသော အာနုဘော်ရှိသော ‘ပရိတ္တ’ တရား (ကာမတရား) လျှင်အာရုံရှိသော ‘ပရိတ္တာရမ္မဏ’ တရား ဖြစ်ကုန်၏ဟူ၍လည်းကောင်း၊ ရံခါ ကြီးကျယ်မြင့်မြတ် သည်၏အဖြစ်သို့ ရောက်သော ‘မဟဂ္ဂတ’ တရားလျှင် အာရုံရှိသော ‘မဟဂ္ဂတာရမ္မဏ’ တရား ဖြစ်ကုန်၏ဟူ၍လည်းကောင်း၊ ရံခါ (နှိုင်းယှဉ်မှုကို ပြုတတ်သော ရာဂစသည်တို့၏ ဆန့်ကျင်ဘက်ဖြစ်သည့်) မနှိုင်းယှဉ်အပ်သော ‘အပ္ပမာဏ’ တရား (လောကုတ္တရာတရား) လျှင် အာရုံရှိသော ‘အပ္ပမာဏာရမ္မဏ’ တရား ဖြစ်ကုန်၏ဟူ၍လည်းကောင်း မဆိုအပ် မဆိုထိုက်ကုန်။ ကုသိုလ်မှ ရူပါဝစရတိက စတုက္ကဈာန် (စတုက္ကနည်းအားဖြင့် ရူပါဝစရပဌမ, ဒုတိယ, တတိယဈာန် ၃၊ ပဉ္စကနည်းအားဖြင့် ရူပါဝစရ ပဌမ, ဒုတိယ, တတိယ, စတုတ္ထဈာန် (၄)၊ ဝိပါက်မှ ရူပါဝစရတိက စတုက္ကဈာန် (စတုက္ကနည်းအားဖြင့်) ရူပါဝစရ ပဌမ, ဒုတိယ, တတိယဈာန် ၃၊ ပဉ္စကနည်းအားဖြင့်ရူပါဝစရ ပဌမ, ဒုတိယ, တတိယ, စတုတ္ထဈာန် (၄)၊ ကိရိယာမှ ရူပါဝစရတိက စတုက္ကဈာန် (စတုက္ကနည်းအားဖြင့်) ရူပါဝစရ ပဌမ, ဒုတိယ, တတိယဈာန် ၃၊ ပဉ္စကနည်းအားဖြင့် ရူပါဝစရ ပဌမ,ဒုတိယ, တတိယ, စတုတ္ထဈာန် (၄)။ (စတုက္ကနည်းအားဖြင့်) ရူပါဝစရစတုတ္ထဈာန် ဝိပါက် (၁)၊ အာကာသာနဉ္စာယတနဈာန် (၃)၊ အာကိဉ္စာညာယတနဈာန် (၃) သည် ရှိ၏။ ဤတရားတို့သည် နည်းပါးသော အာနုဘော်ရှိသော ‘ပရိတ္တ’ တရား (ကာမတရား) လျှင် အာရုံရှိသော ‘ပရိတ္တာရမ္မဏ’ တရား ဖြစ်ကုန်၏ဟူ၍လည်းကောင်း, ကြီးကျယ်မြင့်မြတ်သည်၏အဖြစ်သို့ရောက်သော ‘မဟဂ္ဂတ’ တရားလျှင် အာရုံရှိသော ‘မဟဂ္ဂတာရမ္မဏ’ တရား ဖြစ်ကုန်၏ဟူ၍လည်းကောင်း။ (နှိုင်းယှဉ်မှုကို ပြုတတ်သော ရာဂစသည်တို့၏ဆန့်ကျင်ဘက်ဖြစ်သည်) မနှိုင်းယှဉ်အပ်သော ‘အပ္ပမာဏ’ တရား (လောကုတ္တရာတရား) လျှင် အာရုံရှိသော ‘အပ္ပမာဏာရမ္မဏ’ တရား ဖြစ်ကုန်၏ဟူ၍လည်းကောင်း မဆိုအပ် မဆိုထိုက်ကုန်။ ရုပ်သည်လည်းကောင်း၊ နိဗ္ဗာန်သည်လည်းကောင်း အာရုံမပြုတတ်သော ‘အနာရမ္မဏ’ တရား ဖြစ်ကုန်၏။

--

၁၄-ဟီနတိက်

ဟီနတရား

၁၄၂၃။ (၁) အဘယ်တရားတို့သည် ယုတ်ညံ့သော ‘ဟီန’ တရား ဖြစ်ကုန်သနည်း။

အကုသိုလ်စိတ္တုပ္ပါဒ်တစ်ဆယ့်နှစ်ပါးတို့သည် (ရှိကုန်၏)။ ဤတရားတို့သည် ယုတ်ညံ့သော ‘ဟီန’ တရားဖြစ်ကုန်၏ (အကုသိုလ်စိတ်, ယှဉ်ဖက်စေတသိက်)။

မဇ္ဈိမတရား

၁၄၂၄။ (၂) အဘယ်တရားတို့သည် အလယ်အလတ်ဖြစ်သော ‘မဇ္ဈိမ’ တရား ဖြစ်ကုန်သနည်း။

(ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ (ဖြစ်သော) (လောကီ) ကုသိုလ် (၁၇)။ (ကာမ, ရူပ,အရူပ) ဘုံသုံးပါးတို့၌ (ဖြစ်သော) (လောကီ) ဝိပါက် (၃၂)။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ (ဖြစ်သော) ပြုကာမျှ ဖြစ်၍ ကုသိုလ် အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သော ‘ကိရိယာဗျာကတ’ (၂၀)၊ ထို့ပြင် အလုံးစုံသော ရုပ်သည် (ရှိ၏)။ ဤတရားတို့သည် အလယ်အလတ် ဖြစ်သော ‘မဇ္ဈိမ’ တရားဖြစ်ကုန်၏ (လောကီကုသိုလ်, လောကီဝိပါက်, ကြိယာစိတ်, ယှဉ်ဖက်စေတသိက်, ရုပ်)။

ပဏီတတရား

၁၄၂၅။ (၃) အဘယ်တရားတို့သည် မွန်မြတ်သော ‘ပဏီတ’ တရား ဖြစ်ကုန်သနည်း။

(ကာမ, ရူပ, အရူပ) ဘုံသုံးပါး၌ အကျုံးမဝင်ကုန်သော မဂ်လေးပါး၊ ကိလေသာငြိမ်းကြောင်း ‘သာမည’ (မဂ်) ၏အကျိုး (ဖိုလ်) လေးပါး၊ နိဗ္ဗာန်သည် (ရှိ၏)။ ဤတရားတို့ သည် မွန်မြတ်သော ‘ပဏီတ’ တရား ဖြစ်ကုန်၏ (မဂ်, ဖိုလ်, နိဗ္ဗာန်)။

၁၅-မိစ္ဆတ္တတိက်

မိစ္ဆတ္တနိယတ တရား

၁၄၂၆။ (၁) အဘယ်တရားတို့သည် ဖောက်ပြန်သောသဘောရှိကုန်၍ (စုတိ၏အခြားမဲ့၌) အကျိုးပေးမြဲသော ‘မိစ္ဆတ္တနိယတ’ တရား ဖြစ်ကုန် သနည်း။

ဒိဋ္ဌိဂတသမ္ပယုတ့်စိတ္တုပ္ပါဒ်လေးပါး၊ ဒေါမနဿသဟဂုတ် စိတ္တုပ္ပါဒ်နှစ်ပါးတို့သည် (ရှိကုန်၏)။

ဤတရား (ခြောက်ပါး) တို့သည် ရံခါ ဖောက်ပြန်သော သဘောရှိကုန်၍ စုတိ၏ အခြားမဲ့၌ အကျိုးပေးမြဲကုန်၏၊ ရံခါ မမြဲကုန်။ (ဒိဋ္ဌိဂတ သမ္ပယုတ်သတ္တမဇော, ဒေါသမူသတ္တမဇော, ယှဉ်ဖက်စေတသိက်)။

သမ္မတ္တနိယတတရား

၁၄၂၇။ (၂) အဘယ်တရားတို့သည် မဖောက်ပြန်သောသဘောရှိကုန်၍ (မိမိ၏အခြားမဲ့၌) အကျိုးပေးမြဲသော ‘သမ္မတ္တနိယတ’ တရားဖြစ်ကုန်သ နည်း။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါး၌ အကျုံးမဝင်ကုန်သော မဂ်လေးပါးတို့သည် (ရှိကုန်၏)။ ဤ တရားတို့သည်မဖောက်ပြန်သော သဘောရှိကုန်၍ မိမိ၏ အခြားမဲ့၌ အကျိုးပေးမြဲသော ‘သမ္မတ္တနိယတ’ တရားဖြစ်ကုန်၏ (မဂ်စိတ်, ယှဉ်ဖက်စေတသိက်)။

--

အနိယတတရား

၁၄၂၈။ (၃) အဘယ်တရားတို့သည် (စုတိ၏ အခြားမဲ့၌ လည်းကောင်း၊ မိမိ၏ အခြားမဲ့၌ လည်းကောင်း) အကျိုးပေးမမြဲသော ‘အနိယတ’ တရား ဖြစ်ကုန်သနည်း။

ဒိဋ္ဌိဂတဝိပ္ပယုတ်လောဘသဟဂုတ်စိတ္တုပ္ပါဒ် လေးပါး၊ ဝိစိကိစ္ဆာသဟဂုတ် စိတ္တုပ္ပါဒ် (၁)၊ ဥဒ္ဓစ္စ သဟဂုတ်စိတ္တုပ္ပါဒ် (၁)။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ (ဖြစ်သော) (လောကီ) ကုသိုလ် (၁၇)။ (ကာမ, ရူပ, အရူပ, အပရိယာပန္န) ဘုံလေးပါးတို့၌ (ဖြစ်သော) ဝိပါက် (၃၆)။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ (ဖြစ်သော) ပြုကာမျှ ဖြစ်၍ ကုသိုလ် အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သော ‘ကိရိယာဗျာကတ’ စိတ် (၂၀)၊ ထို့ပြင် ရုပ်၊ ထို့ပြင် နိဗ္ဗာန်သည် (ရှိ၏)။ ဤတရားတို့သည် (စုတိ၏အခြားမဲ့၌ လည်းကောင်း၊ မိမိ၏ အခြားမဲ့၌ လည်းကောင်း) အကျိုးပေးမမြဲသော ‘အနိယတ’ တရား ဖြစ်ကုန်၏ (ဒိဋ္ဌိဂတသမ္ပယုတ် သတ္တမဇောနှင့် ဒေါသမူဒွေသတ္တမဇောကြဉ်သော အကုသိုလ်, လောကီကုသိုလ်,ဝိပါက်, ကိရိယာစိတ်, ယှဉ်ဖက်စေတသိက်, ရုပ်, နိဗ္ဗာန်)။

၁၆-မဂ္ဂါရမ္မဏတိက်

မဂ္ဂါရမ္မဏ, မဂ္ဂဟေတုက,မဂ္ဂါဓိပတိတရား

၁၄၂၉။ အဘယ်တရားတို့သည် မဂ်တည်းဟူသော အာရုံရှိသော ‘မဂ္ဂါရမ္မဏ’ တရား ဖြစ်ကုန်သနည်း။

ကာ မာဝစရကုသိုလ်မှ ဉာဏသမ္ပယုတ် စိတ္တုပ္ပါဒ်လေးပါး။ (ကာမာဝစရ) ကိရိယာမှ ဉာဏသမ္ပယုတ် စိတ္တုပ္ပါဒ် လေးပါးတို့သည် (ရှိကုန်၏)။ ဤတရားတို့သည် ရံခါမဂ်တည်းဟူသော အာရုံရှိသော ‘မဂ္ဂါရမ္မဏ’ တရား ဖြစ်ကုန်၏။ (ဤတရားတို့သည်) မဂ်တည်းဟူသောအကြောင်းရင်း အခြေအမြစ် (ဟိတ်) ရှိသော ‘မဂ္ဂဟေတုက’ တရားများကား မဟုတ်ကုန်၊ ရံခါမဂ်တည်းဟူသော အကြီးအမှူး ‘အဓိပတိ’ ရှိသော ‘မဂ္ဂါဓိပတိ’ တရား ဖြစ်ကုန်၏ (ဟု ဆိုအပ် ဆိုထိုက်၏)၊ ရံခါ မဂ်တည်းဟူသော အာရုံရှိကုန်၏ဟူ၍ လည်းကောင်း၊ မဂ်တည်းဟူသော အကြီးအမှူး ‘အဓိပတိ’ ရှိကုန်၏ဟူ၍လည်းကောင်း မဆိုအပ် မဆို ထိုက်ကုန်။ အရိယာမဂ်လေးပါးတို့သည် မဂ်တည်းဟူသော အာရုံရှိသော ‘မဂ္ဂါရမ္မဏ’ တရား မဟုတ်ကုန်၊ မဂ်တည်းဟူသော အကြောင်းရင်း အခြေအမြစ် (ဟိတ်) ရှိသော ‘မဂ္ဂဟေတုက’ တရား ဖြစ်ကုန်၏၊ ဤတရားတို့သည် ရံခါ မဂ်တည်းဟူသော အကြီးအမှူး ‘အဓိပတိ’ ရှိသော ‘မဂ္ဂါဓိပတိ’ တရား ဖြစ်ကုန်၏ (ဟုဆိုအပ် ဆိုထိုက်၏)။ ရံခါ မဂ်တည်းဟူသော အကြီးအမှူး ‘အဓိပတိ’ ရှိသော ‘မဂ္ဂါဓိပတိ’ တရားဟူ၍မဆိုအပ် မဆိုထိုက်ကုန်။ ကုသိုလ်မှ (စတုက္ကနည်းအားဖြင့်) ရူပါဝစရစတုတ္ထဈာန် (၁)၊ ကိရိယာမှ (စတုက္ကနည်းအားဖြင့်) ရူပါဝစရစတုတ္ထဈာန် (၁)၊ ဥပေက္ခာသဟဂုတ် ကြိယာ အဟိတ်မနောဝိညာဏဓာတ် (မနောဒွါရာဝဇ္ဇန်း) သည် (ရှိ၏)။ ဤတရား (သုံးပါး) တို့သည် ရံခါ မဂ်လျှင် အာရုံရှိသော တရားဖြစ်ကုန်၏၊ မဂ်တည်းဟူ သောအကြောင်းရင်း အခြေအမြစ် (ဟိတ်) ရှိသော တရားများကား မဟုတ်ကုန်၊ မဂ်တည်းဟူသော အကြီးအမှူး ‘အဓိပတိ’ ရှိသော တရားမဟုတ်ကုန် (ဟု ဆိုအပ် ဆိုထိုက်၏)။ (ဤတရားတို့ကို) ရံခါ မဂ်လျှင်အာရုံရှိသော တရားဟူ၍ မဆိုအပ် မဆိုထိုက်ကုန် (ဤတရားတို့သည် ရံခါ မဂ်ကို အာရုံပြု၍ ရံခါ မဂ်ကို အာရုံမပြုကုန်)။

--

ကာမာဝစရကုသိုလ်မှ ဉာဏဝိပ္ပယုတ် စိတ္တုပ္ပါဒ်လေးပါး၊ အလုံးစုံသော အကုသိုလ် (၁၂)၊ အလုံးစုံသော ကာမာဝစရဝိပါက် (၂၃)။ (ကာမာဝစရ) ကိရိယာမှ (ပဉ္စဒွါရာဝဇ္ဇန်း, ဟသိတုပ္ပါဒ်, ဉာဏဝိပ္ပယုတ်၄) စိတ္တုပ္ပါဒ်ခြောက်ပါး၊ ကုသိုလ်မှ ရူပါဝစရတိကစတုက္ကဈာန် (စတုက္ကနည်းအားဖြင့် ရူပါဝစရ ပဌမ, ဒုတိယ, တတိယဈာန် ၃၊ ပဉ္စကနည်းအားဖြင့် ရူပါဝစရ ပဌမ, ဒုတိယ, တတိယ, စတုတ္ထဈာန် ၄)၊ ဝိပါက်မှ ရူပါဝစရတိက စတုက္ကဈာန် (စတုက္ကနည်းအားဖြင့် ရူပါဝစရ ပဌမ, ဒုတိယ, တတိယဈာန် ၃၊ ပဉ္စကနည်းအားဖြင့် ရူပါဝစရ ပဌမ, ဒုတိယ, တတိယ, စတုတ္ထဈာန် ၄)၊ ကိရိယာမှ ရူပါဝစရတိက စတုက္ကဈာန် (စတုက္ကနည်းအားဖြင့် ရူပါဝစရ ပဌမ, ဒုတိယ, တတိယဈာန် ၃၊ ပဉ္စကနည်းအားဖြင့် ရူပါဝစရ ပဌမ, ဒုတိယ, တတိယ, စတုတ္ထဈာန် ၄)။ (စတုက္ကနည်းအားဖြင့်) ရူပါဝစရစတုတ္ထဈာန်ဝိပါက် (၁)၊ ကုသိုလ်မှ အရူပ (ဈာန်) လေးပါး၊ ဝိပါက်မှ အရူပ (ဈာန်) လေးပါး၊ ကိရိယာမှ အရူပ (ဈာန်) လေးပါး၊ ကိလေသာငြိမ်းကြောင်း ‘သာမည’ (မဂ်) ၏အကျိုး (ဖိုလ်) လေးပါးတို့သည် (ရှိကုန်၏)။

ဤတရားတို့ကို မဂ်တည်းဟူသော အာရုံရှိကုန်၏ဟူ၍လည်းကောင်း၊ မဂ်တည်းဟူသော အကြောင်းရင်း (ဟိတ်) ရှိကုန်၏ဟူ၍လည်းကောင်း၊ မဂ်တည်းဟူသော အကြီးအမှူး ‘အဓိပတိ'ရှိကုန်၏ဟူ ၍လည်းကောင်းမဆိုအပ် မဆိုထိုက်ကုန်။ ရုပ်သည်လည်းကောင်း၊ နိဗ္ဗာန်သည်လည်းကောင်း အာရုံမပြုတတ်သော ‘အနာရမ္မဏ’ တရား ဖြစ်ကုန်၏။

၁၇-ဥပ္ပန္နတိက်

ဥပ္ပန္နတရား

၁၄၃၀။ အဘယ်တရားတို့သည် ဥပါဒ်, ဌီ, ဘင်ဟု ဆိုအပ်သော ခဏသုံးပါးသို့ ရောက်ဆဲ (ဖြစ်ဆဲ) ဖြစ်သော ‘ဥပ္ပန္န’ တရား ဖြစ်ကုန်သနည်း။

(ကာမ, ရူပ, အရူပ, အပရိယာပန္န) ဘုံလေးပါးတို့၌ (ဖြစ်သော) ဝိပါက် (၃၆)၊ ထို့ပြင် (ကုသိုလ် အကုသိုလ်) ကံကို ပြုအပ်ခဲ့ပြီးသည်၏အဖြစ် (ကံ) ကြောင့် ဖြစ်သော အကြင် (ကမ္မဇ) ရုပ်သည် (ရှိ၏)။ ဤတရားတို့သည် ရံခါဥပါဒ်, ဌီ, ဘင်ဟု ဆိုအပ်သော ခဏသုံးပါးသို့ ရောက်ဆဲ ဖြစ်သော ‘ဥပ္ပန္န’ တရား ဖြစ်ကုန်၏။ ရံခါမချွတ်ဧကန် ဖြစ်လတံ့သော ‘ဥပ္ပါဒိ’ တရား ဖြစ်ကုန်၏။ ဥပါဒ်, ဌီ, ဘင်ဟုဆိုအပ်သော ခဏသုံးပါးသို့ရောက်ပြီးလည်းမဟုတ်၊ ရောက်ဆဲလည်း မဟုတ်သော ‘အနုပ္ပန္န’ တရားဟူ၍ မဆိုအပ် မဆိုထိုက်ကုန်။ (ကာမ, ရူပ, အရူပ, အပရိယာပန္န) ဘုံလေးပါးတို့၌ (ဖြစ်သော) ကုသိုလ် (၂၁)၊ အကုသိုလ် (၁၂)။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ (ဖြစ်သော) ပြုကာမျှဖြစ်၍ ကုသိုလ် အကုသိုလ်အဖြစ်ဖြင့်မဟောအပ်သော ‘ကိရိယာဗျာကတ’ စိတ် (၂၀)၊ ထို့ပြင် ကံကို ပြုအပ်ခဲ့ပြီးသည်၏အဖြစ် (ကံ) ကြောင့်မဖြစ်သော အကြင် (တိဇ) ရုပ်သည် (ရှိ၏)။ ဤတရားတို့သည် ရံခါ ဥပါဒ်, ဌီ, ဘင်ဟု ဆိုအပ်သောခဏသုံးပါသို့ ရောက်ဆဲဖြစ်သော ‘ဥပ္ပန္န’ တရား ဖြစ်ကုန်၏၊ ရံခါ ဥပါဒ်, ဌီ, ဘင်ဟုဆိုအပ်သော ခဏသုံးပါးသို့ ရောက်ပြီးလည်းမဟုတ်၊ ရောက်ဆဲလည်း မဟုတ်သော ‘အနုပ္ပန္န’ တရား ဖြစ်ကုန်၏။ မချွတ်ဧကန် ဖြစ်လတံ့သော ‘ဥပ္ပါဒိ’ တရားဟူ၍ မဆိုအပ် မဆိုထိုက်ကုန်။ တိက်မုတ် နိဗ္ဗာန်ကို ဥပါဒ်, ဌီ, ဘင်ဟုဆိုအပ်သော ခဏသုံးပါသို့ ရောက်ဆဲဖြစ်သော ‘ဥပ္ပန္န’ တရားဖြစ်၏ဟူ၍လည်းကောင်း၊ ဥပါဒ်, ဌီ, ဘင်ဟုဆိုအပ်သော ခဏသုံးပါးသို့ ရောက်ပြီးလည်း မဟုတ်,ရောက်ဆဲလည်း မဟုတ်သော ‘အနုပ္ပန္န’ တရားဖြစ်၏ဟူ၍လည်းကောင်း၊ မချွတ်ဧကန် ဖြစ်လတံ့ သော ‘ဥပ္ပါဒိ’ တရားဟူ၍လည်းကောင်း မဆိုအပ် မဆိုထိုက်။

--

၁၈-အတီတတိက်

အတိတ်, အနာဂတ်, ပစ္စုပ္ပန်တရား

၁၄၃၁။ နိဗ္ဗာန်ကို ချန်ထား၍အလုံးစုံသော တရားတို့သည် ရံခါအတိတ်မည်ကုန်၏၊ ရံခါ အနာဂတ်မည်ကုန်၏၊ ရံခါ ပစ္စုပ္ပန်မည်ကုန်၏။

တိက်မုတ် နိဗ္ဗာန်ကို အတိတ်ဟူ၍လည်းကောင်း၊ အနာဂတ်ဟူ၍လည်းကောင်း၊ ပစ္စုပ္ပန်ဟူ၍လည်းကောင်းမဆိုအပ် မဆိုထိုက်။

၁၉-အတီတာရမ္မဏတိက်

အတီတာရမ္မဏတရား

၁၄၃၂။ (၁) အဘယ်တရားတို့သည် အတိတ်တရားလျှင် အာရုံရှိသော ‘အတီတာရမ္မဏ’ တရား ဖြစ်ကုန်သနည်း (အတိတ်တရားကို အာရုံပြုသော ‘အတီတာရမ္မဏ’ တရားများကားအဘယ်နည်း)။ ဝိညာဏဉ္စာယတနဈာန် (၃)၊ နေဝသညာ နာသညာယတန ဈာန် (၃) သည် (ရှိ၏)။

ဤတရား (ခြောက်ပါး) တို့သည် အတိတ်တရားလျှင် အာရုံရှိသော ‘အတီတာရမ္မဏ’ တရား ဖြစ်ကုန်၏ (ဝိညာဏဉ္စာယတန, နေဝသညာနာသညာယတနစိတ်, ယှဉ်ဖက် စေတသိက်)။

အနာဂတာရမ္မဏတရား

၁၄၃၃။ (၂) အမြဲတန်း အနာဂတ်တရားလျှင် အာရုံရှိသော ‘အနာဂတာရမ္မဏ’ (စိတ်, စေတသိက်) တရားများ မရှိကြ။

ပစ္စုပ္ပန္နာရမ္မဏတရား

၁၄၃၄။ (၃) အဘယ်တရားတို့သည် ပစ္စုပ္ပန်တရားလျှင် အာရုံရှိသော ‘ပစ္စုပ္ပန္နာရမ္မဏ’ တရား ဖြစ်ကုန်သနည်း။

(ပစ္စုပ္ပန်တရားကို အာရုံပြု၍ ‘ပစ္စုပ္ပန္နာရမ္မဏ’ တရားများကားအဘယ်နည်း)။ ဒွေပဉ္စဝိညာဏ် (၁၀)၊ မနောဓာတ်သုံးပါးတို့သည် (ရှိ ကုန်၏)။

ဤတရား (တစ်ဆယ့်သုံးပါး) တို့သည် ပစ္စုပ္ပန်တရားလျှင် အာရုံရှိသော ‘ပစ္စုပ္ပန္နာရမ္မဏ’ တရား ဖြစ်ကုန်၏။ ကာမာဝစရကုသိုလ်၏ ဝိပါက်မှ စိတ္တုပ္ပါဒ်ဆယ်ပါး၊ အကုသလဝိပါက်မှ ဥပေက္ခာသဟဂုတ်မနောဝိညာဏဓာတ် (သန္တီရဏ) (၁)၊ သောမနဿသဟဂုတ် ကိရိယာ အဟိတ်မနောဝိညာဏဓာတ် (ဟသိတုပ္ပါဒ်) (၁) သည် (ရှိ၏)။ ဤတရား (တစ်ဆယ့်နှစ်ပါး) တို့သည် ရံခါ အတိတ်တရားလျှင် အာရုံရှိကုန်၏၊ ရံခါ အနာဂတ်တရားလျှင် အာရုံရှိကုန်၏၊ ရံခါ ပစ္စုပ္ပန်တရားလျှင် အာရုံရှိကုန်၏။ ကာမာဝစရကုသိုလ် (၈)၊ အကုသိုလ် (၁၂)။ (ကာမ) ကိရိယာမှ စိတ္တုပ္ပါဒ်ကိုးပါး၊ ကုသိုလ်မှ (စတုက္ကနည်းအားဖြင့်) ရူပါဝစရစတုတ္ထဈာန် (၁)၊ ကိရိယာမှ (စတုက္ကနည်းအားဖြင့်) ရူပါဝစရစတုတ္ထဈာန် (၁) သည် (ရှိ၏)။ ဤတရား (သုံးဆယ့်တစ်ပါး) တို့သည် ရံခါ အတိတ်တရားလျှင် အာရုံရှိကုန်၏၊ ရံခါအနာဂတ်တရားလျှင် အာရုံရှိကုန်၏၊ ရံခါ ပစ္စုပ္ပန်တရားလျှင် အာရုံရှိကုန်၏ဟုဆိုအပ် ဆိုထိုက်ကုန်။ ရံခါ အတိတ်တရားလျှင် အာရုံရှိကုန်၏ဟူ၍လည်းကောင်း၊ အနာဂတ်တရားလျှင် အာရုံရှိကုန်၏ဟူ၍လည်းကောင်း၊ ပစ္စုပ္ပန်တရားလျှင် အာရုံရှိကုန်၏ဟူ၍လည်းကောင်း မဆိုအပ် မဆိုထိုက်ကုန် (ဤတရားသုံးဆယ့်တစ်ပါးတို့သည် ရံခါ အတိတ်, အနာဂတ်, ပစ္စုပ္ပန် အာရုံရှိကုန်၍ ရံခါ အတိတ်, အနာဂတ်, ပစ္စုပ္ပန်အာရုံ မရှိကြကုန်)။

--

ကုသိုလ်မှ ရူပါဝစရတိက စတုက္ကဈာန် (စတုက္ကနည်းအားဖြင့် ရူပါဝစရ ပဌမ, ဒုတိယ, တတိယဈာန် ၃၊ ပဉ္စကနည်းအားဖြင့် ရူပါဝစရ ပဌမ, ဒုတိယ, တတိယ, စတုတ္ထဈာန် ၄)၊ ဝိပါက်မှ ရူပါဝစရတိက စတုက္ကဈာန် (စတုက္ကနည်းအားဖြင့် ရူပါဝစရ ပဌမ, ဒုတိယ, တတိယဈာန် ၃၊ ပဉ္စကနည်းအားဖြင့် ရူပါဝစရ ပဌမ, ဒုတိယ, တတိယ, စတုတ္ထဈာန် ၄)၊ ကိရိယာမှ ရူပါဝစရတိက စတုက္ကဈာန် (စတုက္ကနည်းအားဖြင့် ရူပါဝစရ ပဌမ, ဒုတိယ, တတိယဈာန် ၃၊ ပဉ္စကနည်းအားဖြင့် ရူပါဝစရ ပဌမ, ဒုတိယ, တတိယ, စတုတ္ထဈာန် ၄)။ (စတုက္ကနည်းအားဖြင့်) ရူပါဝစရစတုတ္ထဈာန် ဝိပါက် (၁)၊ အာကာသာနဉ္စာယတနဈာန် (၃)၊ အာကိဉ္စညာယတနဈာန် (၃)၊ ဘုံသုံးပါး၌ အကျုံး မဝင်ကုန်သောမဂ်လေးပါး၊ ထို့ပြင် ကိလေသာငြိမ်းကြောင်း မဂ်၏အကျိုး (ဖိုလ်) လေးပါးတို့သည် (ရှိကုန်၏)။

ဤတရားတို့ကို အတိတ်တရားလျှင် အာရုံရှိကုန်၏ဟူ၍လည်းကောင်း၊ အနာဂတ်တရားလျှင်အာရုံရှိကုန်၏ဟူ၍လည်းကောင်း၊ ပစ္စုပ္ပန်တရားလျှင် အာရုံရှိကုန်၏ဟူ၍လည်းကောင်း မဆိုအပ် မဆိုထိုက်ကုန် (ဤတရားတို့သည် ပညတ်နှင့် နိဗ္ဗာန်ကို အာရုံပြု ကြ၏)။ ရုပ်သည်လည်းကောင်း၊ နိဗ္ဗာန်သည်လည်းကောင်း အာရုံမပြုတတ်သော ‘အနာရမ္မဏ’ တရား ဖြစ် ကုန်၏။

၂၀-အဇ္ဈတ္တတိက်

အဇ္ဈတ္တ, ဗဟိဒ္ဓ, အဇ္ဈတ္တဗဟိဒ္ဓသန္တာန်၌ ဖြစ်သော တရား

၁၄၃၅။ ဣန္ဒြေနှင့်မစပ်သော ‘အနိန္ဒြိယဗဒ္ဓ'ရုပ် (ဣန္ဒြိယဗဒ္ဓရုပ်ရှစ်ပါးမှ တစ်ပါး သော ရုပ်) ကိုလည်းကောင်း၊ နိဗ္ဗာန်ကိုလည်းကောင်း ချန်ထား၍အလုံးစုံသော «စိတ်, စေတသိက်, ဣန္ဒြေနှင့်စပ်သော ‘ဣန္ဒြိယဗဒ္ဓ'ရုပ် (ပသာဒရုပ်ငါးခု ဘာဝရုပ်နှစ်ခုဇီဝိတရုပ်) ] တရားတို့သည် ရံခါ အဇ္ဈတ္တသန္တာန်၌ ဖြစ်သော ‘အဇ္ဈတ္တ’ တရား ဖြစ်ကုန်၏၊ ရံခါဗဟိဒ္ဓသန္တာန်၌ ဖြစ်သော ‘ဗဟိဒ္ဓ’ တရား ဖြစ်ကုန်၏၊ ရံခါ အဇ္ဈတ္တဗဟိဒ္ဓသန္တာန်၌ ဖြစ်သော ‘အဇ္ဈတ္တဗဟိဒ္ဓ’ တရား ဖြစ်ကုန်၏။ ဣန္ဒြေနှင့် မစပ်သော ‘အနိန္ဒြိယဗဒ္ဓ'ရုပ်သည်လည်းကောင်း၊ နိဗ္ဗာန်သည်လည်းကောင်း ဗဟိဒ္ဓသန္တာန်၌ ဖြစ်သော ‘ဗဟိဒ္ဓ’ တရား ဖြစ်ကုန်၏။

--

၂၁-အဇ္ဈတ္တာရမ္မဏတိက်

အဇ္ဈတ္တာရမ္မဏတရား

၁၄၃၆။ (၁) အဘယ်တရားတို့သည် အဇ္ဈတ္တတရားလျှင် အာရုံရှိသော ‘အဇ္ဈတ္တာရမ္မဏ’ တရား ဖြစ်ကုန်သနည်း (အဇ္ဈတ္တတရားကို အာရုံပြုသော တရားများကား အဘယ်နည်း)။

ဝိညာဏဉ္စာယတနဈာန် (၃)၊ နေဝသညာ နာသညာယတနဈာန် (၃) သည် (ရှိ၏)။ ဤတရား (ခြောက်ပါး) တို့သည် အဇ္ဈတ္တတရားလျှင် အာရုံရှိသော ‘အဇ္ဈတ္တာရမ္မဏ’ တရား ဖြစ်ကုန်၏ (အဇ္ဈတ္တာရမ္မဏဧကန် ဖြစ်သော ဝိညာဏဉ္စာယတန, နေဝသညာ နာသညာယတနစိတ်, ယှဉ်ဖက်စေတသိက်)။

ဗဟိဒ္ဓါရမ္မဏတရား

၁၄၃၇။ (၂) အဘယ်တရားတို့သည် ဗဟိဒ္ဓတရားလျှင် အာရုံရှိသော ‘ဗဟိဒ္ဓါရမ္မဏ’ တရားဖြစ် ကုန်သနည်း (ဗဟိဒ္ဓတရားကို အာရုံပြုသော တရားများ ကား အဘယ်နည်း)။ ကုသိုလ်မှ ရူပါဝစရတိက စတုက္ကဈာန် (စတုက္ကနည်းအားဖြင့် ရူပါဝစရ ပဌမ, ဒုတိယ, တတိယဈာန် ၃၊ ပဉ္စကနည်းအားဖြင့် ရူပါဝစရ ပဌမ, ဒုတိယ, တတိယ, စတုတ္ထဈာန် ၄)၊ ဝိပါက်မှ ရူပါဝစရတိက စတုက္ကဈာန် (စတုက္ကနည်းအားဖြင့် ရူပါဝစရ ပဌမ, ဒုတိယ, တတိယဈာန် ၃၊ ပဉ္စကနည်းအားဖြင့် ရူပါဝစရ ပဌမ, ဒုတိယ, တတိယ, စတုတ္ထဈာန် ၄)၊ ကိရိယာမှ ရူပါဝစရတိက စတုက္ကဈာန် (စတုက္ကနည်းအားဖြင့် ရူပါဝစရ ပဌမ, ဒုတိယ, တတိယဈာန် ၃၊ ပဉ္စကနည်းအားဖြင့် ရူပါဝစရ ပဌမ, ဒုတိယ, တတိယ, စတုတ္ထဈာန် ၄)။ (စတုက္ကနည်းအားဖြင့်) ရူပါဝစရစတုတ္ထဈာန် ဝိပါက် (၁)၊ အာကာသာနဉ္စာယတနဈာန် (၃)၊ ဘုံသုံးပါး၌ အကျုံးမဝင်ကုန်သော မဂ်လေးပါး၊ ထို့ပြင်ကိလေသာငြိမ်းကြောင်း မဂ်၏အကျိုး (ဖိုလ်) လေးပါးတို့သည် (ရှိကုန်၏)။ ဤတရားတို့သည် ဗဟိဒ္ဓတရားလျှင် အာရုံရှိသော ‘ဗဟိဒ္ဓါရမ္မဏ’ တရား ဖြစ်ကုန်၏ (အဘိညာဉ်ဒွေမှ တစ်ပါးသော ဗဟိဒ္ဓါရမ္မဏဧကန်ဖြစ်သော ရူပစိတ်, အာကာသာနဉ္စာယတနစိတ်, မဂ်စိတ်, ဖိုလ်စိတ်, ယှဉ်ဖက် စေတသိက်)။ ရုပ်ကို ချန်ထား၍ အလုံးစုံသာလျှင် ဖြစ်ကုန်သော ကာမဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်ကုန်သော (မဟာ) ကုသိုလ် (၈)၊ အကုသိုလ် (၁၂)၊ ကုသိုလ် အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သော (ကာမဝိပါက်ကိရိယာ) ‘အဗျာကတ’ တရား (၃၄)၊ ကုသိုလ်မှ (စတုက္ကနည်းအားဖြင့်) ရူပါဝစရစတုတ္ထဈာန် (၁)၊ ကိရိယာမှ (စတုက္ကနည်းအားဖြင့်) ရူပါဝစရစတုတ္ထဈာန် (၁) သည် (ရှိ၏)။ ဤတရားတို့သည် ရံခါအဇ္ဈတ္တတရားလျှင် အာရုံရှိသော ‘အဇ္ဈတ္တာရမ္မဏ’ တရား ဖြစ်ကုန်၏၊ ရံခါ ဗဟိဒ္ဓတရားလျှင် အာရုံရှိသော ‘ဗဟိဒ္ဓါရမ္မဏ’ တရား ဖြစ်ကုန်၏၊ ရံခါ အဇ္ဈတ္တ,ဗဟိဒ္ဓတရားလျှင် အာရုံရှိကုန်သော ‘အဇ္ဈတ္တဗဟိဒ္ဓါရမ္မဏ’ တရား ဖြစ်ကုန်၏ (အနေကန် အာရုံပြုသောတရား)။

တိက်မုတ် အာကိဉ္စညာယတနဈာန် (၃) ကို အဇ္ဈတ္တတရားလျှင် အာရုံရှိ၏ဟူ၍လည်းကောင်း၊ ဗဟိဒ္ဓတရားလျှင် အာရုံရှိ၏ဟူ၍လည်းကောင်း၊ အဇ္ဈတ္တ, ဗဟိဒ္ဓတရားလျှင် အာရုံရှိ၏ဟူ၍လည်းကောင်း မဆိုအပ်မဆိုထိုက်။

ရုပ်သည်လည်းကောင်း၊ နိဗ္ဗာန်သည်လည်းကောင်း အာရုံမပြုတတ်သော ‘အနာရမ္မဏ’ တရား ဖြစ်ကုန် ၏။

--

၂၂-သနိဒဿနတိက်

သနိဒဿန သပ္ပဋိဃတရား

၁၄၃၈။ (၁) အဘယ်တရားတို့သည် မြင်ခြင်းနှင့်လည်း တကွ ထိပါးခြင်းနှင့်လည်း တကွဖြစ်သော ‘သနိဒဿန သပ္ပဋိဃ’ တရား ဖြစ်ကုန် သနည်း (မြင်အပ်၍ ထိပါးတတ်သောတရားများကား အဘယ်နည်း)။ မြင်သိစိတ် ‘စက္ခုဝိညာဏ်’ ဖြစ် ကြောင်း အဆင်း ‘ရူပါယတန’ သည် (ရှိ၏)။ ဤ (ရူပါယတန) တရားတို့သည် မြင်ခြင်းနှင့်လည်း တကွ ထိပါးခြင်းနှင့်လည်း တကွဖြစ်သော ‘သနိဒဿန သပ္ပဋိဃ’ တရား ဖြစ်ကုန်၏ (ရူပါရုံ)။

အနိဒဿန သပ္ပဋိဃတရား

၁၄၃၉။ (၂) အဘယ်တရားတို့သည် မြင်ခြင်းကား မရှိ၊ ထိပါးခြင်းနှင့်သာတကွဖြစ်သော ‘အနိဒဿန သပ္ပဋိဃ’ တရား ဖြစ်ကုန်သနည်း (မမြင်အပ်မူ၍ ထိပါးတတ်သောတရားများကား အဘယ်နည်း)။ မြင်သိစိတ် ‘စက္ခုဝိညာဏ်’ ဖြစ်ရာ မျက်စိအကြည် ‘စက္ခာယတန’။ပ။ ထိသိစိတ် ‘ကာယဝိညာဏ်’ ဖြစ်ကြောင်း အတွေ့ ‘ဖောဋ္ဌဗ္ဗာယတန’ သည် (ရှိ၏)။ ဤတရားတို့သည်မြင်ခြင်းကား မရှိ၊ ထိပါးခြင်းနှင့်သာ တကွဖြစ်သော ‘အနိဒဿန သပ္ပဋိဃ’ တရား ဖြစ်ကုန်၏ (ရူပါရုံမှတစ်ပါးသော ဩဠာရိကရုပ်)။

အနိဒဿန အပ္ပဋိဃတရား

၁၄၄၀။ (၃) အဘယ်တရားတို့သည် မြင်ခြင်းလည်း မရှိ၊ ထိပါးခြင်းလည်းမရှိသော ‘အနိဒဿန အပ္ပဋိဃ’ တရား ဖြစ်ကုန်သနည်း (မြင် လည်း မမြင်အပ်, ထိပါးလည်းမထိပါးတတ်သော တရားများကား အဘယ်နည်း)။ (ကာမ, ရူပ, အရူပ, အပရိယာပန္န) ဘုံလေးပါးတို့၌ (ဖြစ်သော) ကုသိုလ် (၂၁)၊ အကုသိုလ် (၁၂)။ (ကာမ, ရူပ, အရူပ, အပရိယာပန္န) ဘုံလေးပါးတို့၌ (ဖြစ်သော) ဝိပါက် (၃၆)။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ (ဖြစ်သော) ပြုကာမျှဖြစ်၍ကုသိုလ် အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သော ‘ကိရိယာဗျာကတ’ (၂၀)၊ ထို့ပြင် ဓမ္မာယတန၌ အကျုံးဝင်သော မြင်ခြင်းလည်း မရှိ၊ ထိပါးခြင်းလည်းမရှိသော အကြင် (သုခုမ) ရုပ်၊ ထို့ပြင်နိဗ္ဗာန်သည် (ရှိ၏)။ ဤတရားတို့သည် မြင်ခြင်းလည်း မရှိ၊ ထိပါးခြင်းလည်း မရှိသော ‘အနိဒဿနအပ္ပဋိဃ’ တရား ဖြစ်ကုန်၏ (စိတ်, စေတသိက်, သုခုမရုပ်, နိဗ္ဗာန်)။

သုံးစုပြု၍ဟောအပ်သော ‘တိက်’ ပြီးပြီ။

--

၂-နှစ်စုပြု၍ ဟောအပ်သော တရားတို့၏အရကောက်ကို ထုတ်ပြခြင်း

ဒုကအတ္ထုဒ္ဓါရ

(၁) ဟေတုဂေါစ္ဆက

၁-ဟေတုဒုက်

ဟေတုတရား

၁၄၄၁။ (၁) အဘယ်တရားတို့သည် အကြောင်းရင်း အခြေအမြစ် (ဟိတ်) မည်သော ‘ဟေတု’ တရား ဖြစ်ကုန်သနည်း။

ကုသိုလ်အကြောင်းရင်း အခြေအမြစ် (ကုသိုလ်ဟိတ်) သုံးပါး၊ အကုသိုလ်အကြောင်းရင်း အခြေအမြစ် (အကုသိုလ်ဟိတ်) သုံးပါး၊ ကုသိုလ် အကုသိုလ်အဖြစ်ဖြင့်မဟောအပ်သော အကြောင်းရင်း အခြေအမြစ် (အဗျာကတဟိတ်) သုံးပါးတို့သည် (ရှိကုန်၏)။ မလိုချင်မတပ်မက်မှု ‘အလောဘ’ ဟူသော ကုသိုလ်ဟိတ်သည် မဖျက်ဆီး မပြစ်မှားမှု ‘အဒေါသ’ ဟူသော ကုသိုလ်ဟိတ်သည် ဘုံလေးပါးတို့၌ (ဖြစ်သော) ကုသိုလ် (၂၁) တို့၌ ဖြစ်ကုန်၏။ (အမှန်သဘော၌) မတွေဝေမှု (အမှန်ကို သိမှု) ‘အမောဟ’ ဟူသော ကုသိုလ်ဟိတ်သည် ကာမာဝစရကုသိုလ်မှ ဉာဏဝိပ္ပယုတ်စိတ္တုပ္ပါဒ်တို့ကို ချန်ထား၍ ဘုံလေးပါးတို့၌ (ဖြစ်သော) ကုသိုလ် (၁၇) တို့၌ ဖြစ်၏။ လိုချင်တပ်မက်မှု ‘လောဘ’ (အကုသိုလ်ဟိတ်) သည် လောဘသဟဂုတ် စိတ္တုပ္ပါဒ်ရှစ်ပါးတို့၌ ဖြစ်၏၊ ဖျက်ဆီးပြစ်မှားမှု ‘ဒေါသ’ (အကုသိုလ်ဟိတ်) သည် ဒေါမနဿသဟဂုတ်စိတ္တုပ္ပါဒ် နှစ်ပါးတို့၌ ဖြစ်၏။ (အမှန် သဘော၌) တွေဝေမှု (အမှန်ကိုမသိမှု) ‘မောဟ’ (အကုသိုလ်ဟိတ်) သည် အလုံးစုံသော အကုသိုလ့်တို့၌ ဖြစ်၏။ မလိုချင်မတပ်မက်မှု ‘အလောဘ’ ဟူသော ဝိပါက်ဟိတ်သည်, မဖျက်ဆီးမပြစ်မှားမှု ‘အဒေါသ’ ဟူသောဝိပါက်ဟိတ်သည် ကာမာဝစရဝိပါက်မှ အဟိတ်စိတ္တုပ္ပါဒ် (အဟိတ်ဝိပါက်) တို့ကို ချန်ထား၍ ဘုံလေးပါးတို့၌ (ဖြစ်သော) ဝိပါက် (မဟာဝိပါက်, မဟဂ္ဂုတ်ဝိပါက်, ဖိုလ်စိတ်) တို့၌ ဖြစ်ကုန်၏၊ မတွေဝေမှု ‘အမောဟ’ ဟူသော ဝိပါက်ဟိတ်သည် ကာမာဝစရဝိပါက်မှ အဟိတ်စိတ္တုပ္ပါဒ် (အဟိတ်ဝိပါက်) တို့ကို ချန်ထား၍ဉာဏဝိပ္ပယုတ်စိတ္တုပ္ပါဒ် လေးပါးတို့ကို ချန်ထား၍ ဘုံလေးပါးတို့၌ (ဖြစ်သော) ဝိပါက် (မဟာဝိပါက်ဉာဏသမ္ပယုတ်, မဟဂ္ဂုတ်ဝိပါက်, ဖိုလ်စိတ်) တို့၌ ဖြစ်၏။ မလိုချင်မတပ်မက်မှု ‘အလောဘ’ ဟူသော ကိရိယာဟိတ်သည် မဖျက်ဆီး မပြစ်မှားမှု ‘အဒေါသ’ ဟူသောကိရိယာဟိတ်သည် ကာမာဝစရကိရိယာမှ အဟိတ်စိတ္တုပ္ပါဒ် (အဟိတ်ကိရိယာ) တို့ကို ချန်ထား၍ဘုံသုံးပါးတို့၌ (ဖြစ်သော) ကိရိယာ (မဟာကိရိယာ, မဟဂ္ဂုတ်ကိရိယာ) တို့၌ ဖြစ်ကုန်၏၊ မတွေဝေမှု ‘အမောဟ’ ဟူသော ကြိယာဟိတ်သည် ကာမာဝစရကိရိယာမှ အဟိတ်စိတ္တုပ္ပါဒ် (အဟိတ်ကိရိယာ) တို့ကိုချန်ထား၍ ဉာဏဝိပ္ပယုတ် စိတ္တပ္ပါဒ်လေးပါးတို့ကို ချန်ထား၍ ဘုံသုံးပါးတို့၌ (ဖြစ်သော) ကိရိယာ (မဟာကိရိယာဉာဏသမ္ပယုတ်, မဟဂ္ဂုတ်ကိရိယာ) တို့၌ ဖြစ်၏။ ဤတရားတို့သည် အကြောင်းရင်း အခြေအမြစ် (ဟိတ်) မည်သော ‘ဟေတု’ တရား ဖြစ်ကုန်၏ (ဟိတ်၆-ပါး)။

န ဟေတုတရား

၁၄၄၂။ (၂) အဘယ်တရားတို့သည် အကြောင်းရင်း အခြေအမြစ် (ဟိတ်) မမည်သော ‘န ဟေတု’ တရား ဖြစ်ကုန်သနည်း။

အကြောင်းရင်း အခြေအမြစ် (ဟိတ်) တို့ကို ချန်ထား၍ဘုံလေးပါးတို့၌ (ဖြစ်သော) ကုသိုလ် (၂၁)၊ အကုသိုလ် (၁၂)၊ ဘုံလေးပါးတို့၌ (ဖြစ်သော) ဝိပါက် (၃၆)၊ ဘုံသုံးပါးတို့၌ ဖြစ်သော ပြုကာမျှဖြစ်၍ ကုသိုလ် အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သော ‘ကိရိယာဗျာကတ’ (၂၀)၊ ထို့ပြင် ရုပ်၊ ထို့ပြင် နိဗ္ဗာန်သည် (ရှိ၏)။ ဤတရားတို့သည် အကြောင်းရင်းအခြေအမြစ် (ဟိတ်) မမည်သော ‘န ဟေတု’ တရား ဖြစ်ကုန်၏ (စိတ်, ဟိတ် ၆-ပါး မှတစ်ပါးအခြားသော စေတသိက်, ရုပ်, နိဗ္ဗာန်)။

--

၂-သဟေတုကဒုက်

သဟေတုကတရား

၁၄၄၃။ (၁) အဘယ်တရားတို့သည် အကြောင်းရင်း အခြေအမြစ် (ဟိတ်) ရှိသော (ဟိတ်နှင့်ယှဉ်သော) ‘သဟေတုက’ တရား ဖြစ်ကုန်သနည်း။

ဝိစိကိစ္ဆာနှင့် တကွဖြစ်သော မောဟ (ဝိစိကိစ္ဆာနှင့် ယှဉ်သော မောဟ) နှင့် ဥဒ္ဓစ္စနှင့် တကွဖြစ်သော မောဟ (ဥဒ္ဓစ္စနှင့် ယှဉ်သောမောဟ) တို့ကိုချန်ထား၍ ကြွင်းကျန်သော အကုသိုလ် (၁၂)၊ ဘုံလေးပါးတို့၌ (ဖြစ်သော) ကုသိုလ် (၂၁)၊ ကာမာဝစရဝိပါက်မှ အဟိတ်စိတ္တုပ္ပါဒ် (အဟိတ်ဝိပါက်) တို့ကို ချန်ထား ၍ ဘုံလေးပါးတို့၌ (ဖြစ်သော) ဝိပါက် (မဟာဝိပါက်, မဟဂ္ဂုတ်ဝိပါက်, ဖိုလ်စိတ်) (၂၁)၊ ကာမာဝစရ ကိရိယာမှ အဟိတ်စိတ္တုပ္ပါဒ် (အဟိတ်ကိရိယာ) တို့ကို ချန်ထား၍ ဘုံသုံးပါးတို့၌ (ဖြစ်သော) ပြုကာမျှ ဖြစ်၍ကုသိုလ် အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သော ‘ကိရိယာဗျာကတ’ (၁၇) သည် (ရှိ၏)။ ဤတရားတို့သည် အကြောင်းရင်း အခြေအမြစ် (ဟိတ်) ရှိသော ‘သဟေတုက’ တရား ဖြစ်ကုန်၏ (သဟိတ်စိတ် ၇၁, မောဟမူဒွေမောဟမှတစ်ပါး အခြားသော စေတသိက်)။

အဟေတုကတရား

၁၄၄၄။ (၂) အဘယ်တရားတို့သည် အကြောင်းရင်း အခြေအမြစ် (ဟိတ်) မရှိသော ‘အဟေတုက’ တရား ဖြစ်ကုန်သနည်း။

ဝိစိကိစ္ဆာနှင့် တကွဖြစ်သော မောဟ (ဝိစိကိစ္ဆာနှင့်ယှဉ်သော မောဟ)၊ ဥဒ္ဓစ္စနှင့် တကွဖြစ်သော မောဟ (ဥဒ္ဓစ္စနှင့် ယှဉ်သော မောဟ)၊ ဒွေပဉ္စဝိညာဏ် (၁၀)၊ ထို့ပြင် မနောဓာတ်သုံးပါး (ပဉ္စဒွါရာဝဇ္ဇန်း, သမ္ပဋိစ္ဆိုန်းဒွေး)၊ အဟိတ် မနောဝိညာဏဓာတ် (သန္တီရဏသုံးခု၊ မနောဒွါရာဝဇ္ဇန်း၊ ဟသိတုပ္ပါဒ်) ငါးပါး၊ ထို့ပြင် ရုပ်၊ ထို့ပြင် နိဗ္ဗာန်သည် (ရှိ၏)။

ဤတရားတို့သည် အကြောင်းရင်း အခြေအမြစ် (ဟိတ်) မရှိသော ‘အဟေတုက’ တရား ဖြစ်ကုန်၏ (အဟိတ်စိတ်, ယှဉ်ဖက် စေတသိက်, မောဟမူဒွေ၌ ရှိသော မောဟ, ရုပ်, နိဗ္ဗာန်)။

၃-ဟေတုသမ္ပယုတ္တဒုက်

ဟေတုသမ္ပယုတ္တတရား

၁၄၄၅။ (၁) အဘယ်တရားတို့သည် အကြောင်းရင်းအခြေအမြစ် (ဟိတ်) နှင့်ယှဉ်သော ‘ဟေတုသမ္ပယုတ္တ’ တရား ဖြစ်ကုန်သနည်း။

ဝိစိကိစ္ဆာနှင့် တကွဖြစ်သော မောဟ (ဝိစိကိစ္ဆာနှင့် ယှဉ်သော မောဟ)၊ ဥဒ္ဓစ္စနှင့် တကွဖြစ်သော မောဟ (ဥဒ္ဓစ္စနှင့် ယှဉ်သော မောဟ) တို့ကိုချန်ထား၍ ကြွင်းကျန်သော အကုသိုလ် (၁၂)၊ ဘုံလေးပါးတို့၌ (ဖြစ်သော) ကုသိုလ် (၂၁)၊ ကာမာဝစရဝိပါက်မှ အဟိတ်စိတ္တုပ္ပါဒ် (အဟိတ်ဝိပါက်) တို့ကို ချန်ထား၍ ဘုံလေးပါးတို့၌ (ဖြစ်သော) ဝိပါက် (မဟာဝိပါက်, မဟဂ္ဂုတ်ဝိပါက်, ဖိုလ်စိတ်) (၂၁)၊ ကာမာဝစရကိရိယာမှ အဟိတ် စိတ္တုပ္ပါဒ် (အဟိတ်ကိရိယာ) တို့ကို ချန်ထား၍ ဘုံသုံးပါးတို့၌ ဖြစ်သော ပြုကာမျှဖြစ်၍ ကုသိုလ်,အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သော ‘ကိရိယာဗျာကတ’ (၁၇) သည် (ရှိ၏)။ ဤ (ခုနစ်ဆယ့်တစ်ပါး) တရားတို့သည် အကြောင်းရင်း အခြေအမြစ် (ဟိတ်) နှင့် ယှဉ်သော ‘ဟေတုသမ္ပယုတ္တ’ တရား ဖြစ်ကုန်၏ (သဟိတ်စိတ် ၇၁၊ မောဟမူဒွေမောဟမှတစ်ပါး အခြားသောစေတသိက်)။

--

ဟေတုဝိပ္ပယုတ္တတရား

၁၄၄၆။ (၂) အဘယ်တရားတို့သည် အကြောင်းရင်းအခြေအမြစ် (ဟိတ်) နှင့်မယှဉ်သော ‘ဟေတုဝိပ္ပယုတ္တ’ တရား ဖြစ်ကုန်သနည်း။

ဝိစိကိစ္ဆာနှင့် တကွဖြစ်သော မောဟ (ဝိစိကိစ္ဆာနှင့်ယှဉ်သော မောဟ)၊ ဥဒ္ဓစ္စနှင့် တကွဖြစ်သော မောဟ (ဥဒ္ဓစ္စနှင့် ယှဉ်သော မောဟ)၊ ဒွေပဉ္စဝိညာဏ် (၁၀)၊ ထို့ပြင် မနောဓာတ်သုံးပါး (ပဉ္စဒွါရာဝဇ္ဇန်း, သမ္ပဋိစ္ဆိုန်းဒွေး)၊ အဟိတ်မနောဝိညာဏဓာတ် (သန္တီရဏသုံးခု၊ မနောဒွါရာဝဇ္ဇန်း၊ ဟသိတုပ္ပါဒ်) ငါးပါး၊ ထို့ပြင် ရုပ်၊ ထို့ပြင် နိဗ္ဗာန်သည် (ရှိ၏)။ ဤတရားတို့သည် အကြောင်းရင်း အခြေအမြစ် (ဟိတ်) နှင့် မယှဉ်သော ‘ဟေတုဝိပ္ပယုတ္တ’ တရား ဖြစ်ကုန်၏ (အဟိတ်စိတ်, ယှဉ်ဖက်စေတသိက်, မောဟမူဒွေ၌ ရှိသော မောဟ,ရုပ်, နိဗ္ဗာန်)။

၄-ဟေတု သဟေတုကဒုက်

ဟေတု သဟေတုကတရား

၁၄၄၇။ (၁) အဘယ်တရားတို့သည် အကြောင်းရင်းအခြေအမြစ် (ဟိတ်) လည်း မည်၍ အကြောင်းရင်း အခြေအမြစ် (ဟိတ်) လည်း ရှိသော (ဟိတ်နှင့်လည်း ယှဉ်သော) ‘ဟေတု သဟေတုက’ တရား ဖြစ်ကုန်သနည်း။

အကြင်စိတ်၌ အကြောင်းရင်း အခြေအမြစ် (ဟိတ်) နှစ်ပါးသုံးပါးတို့သည် တစ်ပြိုင်နက် ဖြစ်ကုန်၏။ ဤ (ဟိတ်နှစ်ပါး သုံးပါး) တရားတို့သည် အကြောင်းရင်းအခြေအမြစ် (ဟိတ်) လည်း မည်၍ အကြောင်းရင်း အခြေအမြစ် (ဟိတ်) လည်းရှိသော (ဟိတ်နှင့်လည်းယှဉ်သော) ‘ဟေတု သဟေတုက’ တရား ဖြစ်ကုန်၏ (မောဟမူဒွေ မောဟကြဉ်သော ဟိတ် ခြောက်ပါး)။

သဟေတုက န ဟေတုတရား

၁၄၄၈။ (၂) အဘယ်တရားတို့သည် အကြောင်းရင်း အခြေအမြစ် (ဟိတ်) သာ ရှိ၍ အကြောင်းရင်း အခြေအမြစ် (ဟိတ်) မမည်သော ‘သဟေတုက န ဟေတု’ တရားဖြစ်ကုန်သနည်း။

ဘုံလေးပါးတို့၌ (ဖြစ်သော) ကုသိုလ် (၂၁)၊ အကုသိုလ် (၁၂)၊ ကာမာဝစရဝိပါက်မှအဟိတ်စိတ္တုပ္ပါဒ် (အဟိတ်ဝိပါက်) တို့ကို ချန်ထား၍ ဘုံလေးပါး တို့၌ (ဖြစ်သော) ဝိပါက် (မဟာဝိပါက်,မဟဂ္ဂုတ်ဝိပါက်, ဖိုလ်စိတ်) (၂၁)၊ ကာမာဝစရကိရိယာမှ အဟိတ်စိတ္တုပ္ပါဒ် (အဟိတ်ကိရိယာ) တို့ကိုချန်ထား၍ ဘုံသုံးပါးတို့၌ (ဖြစ်သော) ပြုကာမျှ ဖြစ်၍ ကုသိုလ် အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သော ‘ကိရိယာဗျာကတ’ (မဟာကိရိယာ, မဟဂ္ဂုတ်ကိရိယာ) (၁၇)၊ ဤစိတ် (ခုနစ်ဆယ့်တစ်ပါး) တို့၌ ဖြစ်ကုန်သော အကြောင်းရင်း အခြေအမြစ် (ဟိတ်) တို့ကို ချန်ထား၍ (ကြွင်းသောစေတသိက် (၄၆) တို့သည်ရှိကုန်၏)။ ဤတရားတို့သည် အကြောင်းရင်း အခြေအမြစ် (ဟိတ်) သာ ရှိ၍ အကြောင်းရင်း အခြေအမြစ် (ဟိတ်) မမည်သော ‘သဟေတုက န ဟေတု’ တရား ဖြစ်ကုန်၏။ (သဟိတ်စိတ် ၇၁၊ ဟိတ်ခြောက်ပါးမှတစ်ပါး အခြားသော စေတသိက်)။

ဒုက်မုတ်အကြောင်းရင်း အခြေအမြစ် (ဟိတ်) မရှိသော ‘အဟေတုက’ တရားတို့ကို အကြောင်းရင်း အခြေအမြစ် (ဟိတ်) လည်းမည်၍ အကြောင်းရင်း အခြေအမြစ် (ဟိတ်) လည်းရှိသော တရားတို့ဟူ၍လည်းကောင်း၊ အကြောင်းရင်း အခြေအမြစ် (ဟိတ်) သာရှိ၍ အကြောင်းရင်း အခြေအမြစ် (ဟိတ်) မမည်သော တရားတို့ဟူ၍လည်းကောင်း မဆိုအပ် မဆိုထိုက်ကုန်။

--

၅-ဟေတု ဟေတုသမ္ပယုတ္တဒုက်

ဟေတု ဟေတုသမ္ပယုတ္တတရား

၁၄၄၉။ (၁) အဘယ်တရားတို့သည်အကြောင်းရင်း အခြေအမြစ် (ဟိတ်) လည်းမည်၍ အကြောင်းရင်း အခြေအမြစ် (ဟိတ်) နှင့်လည်း ယှဉ်သော ‘ဟေတုဟေတုသမ္ပယုတ္တ’ တရား ဖြစ်ကုန်သနည်း။

အကြင်စိတ်၌ အကြောင်းရင်း အခြေအမြစ် (ဟိတ်) နှစ်ပါးသုံးပါးတို့သည် တစ်ပြိုင်နက် ဖြစ်ကုန်၏။ ဤ (ဟိတ်နှစ်ပါး, သုံးပါး) တို့သည်အကြောင်းရင်း အခြေအမြစ် (ဟိတ်) လည်းမည်၍ အကြောင်းရင်း အခြေအမြစ် (ဟိတ်) နှင့်လည်းယှဉ်သော ‘ဟေတု ဟေတုသမ္ပယုတ္တ’ တရား ဖြစ်ကုန်၏ (မောဟမူဒွေ၌ ရှိသော မောဟကြဉ်သောဟိတ်ခြောက်ပါး)။

ဟေတုသမ္ပယုတ္တန ဟေတုတရား

၁၄၅၀။ (၂) အဘယ်တရားတို့သည် အကြောင်းရင်း အခြေအမြစ် (ဟိတ်) နှင့်သာ ယှဉ်၍ အကြောင်းရင်း အခြေအမြစ် (ဟိတ်) မမည်သော ‘ဟေတုသမ္ပယုတ္တနဟေတု’ တရား ဖြစ်ကုန်သနည်း။

ဘုံလေးပါးတို့၌ (ဖြစ်သော) ကုသိုလ် (၂၁)၊ အကုသိုလ် (၁၂)၊ ကာမာဝစရဝိပါက်မှ အဟိတ်စိတ္တုပ္ပါဒ် (အဟိတ်ဝိပါက်) တို့ကို ချန်ထား၍ ဘုံလေးပါးတို့၌ (ဖြစ်သော) ဝိပါက် (မဟာဝိပါက်, မဟဂ္ဂုတ်ဝိပါက်, ဖိုလ်စိတ်) (၂၁)၊ ကာမာဝစရကိရိယာမှ အဟိတ်စိတ္တုပ္ပါဒ် (အဟိတ်ကိရိယာ) တို့ကို ချန်ထား၍ ဘုံသုံးပါးတို့၌ (ဖြစ်သော) ပြုကာမျှဖြစ်၍ကုသိုလ် အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သော ‘ကိရိယာဗျာကတ’ (၁၇)၊ ဤစိတ် (ခုနစ်ဆယ့်တစ်ပါး) တို့၌ ဖြစ်ကုန်သော အကြောင်းရင်း အခြေအမြစ် (ဟိတ်) တို့ကို ချန်ထား၍ (ကြွင်းသော စေတသိက် ၄၆-ပါးတို့သည် ရှိကုန်၏)။ ဤတရားတို့သည် အကြောင်းရင်း အခြေအမြစ် (ဟိတ်) နှင့်သာ ယှဉ်၍ အကြောင်းရင်း အခြေအမြစ် (ဟိတ်) မမည်သော ‘ဟေတုသမ္ပယုတ္တန ဟေတု’ တရား ဖြစ်ကုန်၏ (သဟိတ်စိတ် ၇၁၊ ဟိတ်ခြောက်ပါးမှတစ်ပါး အခြားသော စေတသိက်)။

ဒုက်မုတ် အကြောင်းရင်း အခြေအမြစ် (ဟိတ်) နှင့်မယှဉ်သော ‘ဟေတုဝိပ္ပယုတ္တ’ တရားတို့ကို အကြောင်းရင်း အခြေအမြစ် (ဟိတ်) လည်းမည်၍ အကြောင်းရင်း အခြေအမြစ် (ဟိတ်) နှင့်လည်းယှဉ်ကုန်၏ဟူ၍လည်းကောင်း၊ အကြောင်းရင်း အခြေအမြစ် (ဟိတ်) နှင့်သာ ယှဉ်၍ အကြောင်းရင်းအခြေအမြစ် (ဟိတ်) မမည်ဟူ၍လည်းကောင်း မဆိုအပ် မဆိုထိုက်ကုန်။

--

၆-န ဟေတု သဟေတုကဒုက်

န ဟေတု သဟေတုကတရား

၁၄၅၁။ (၁) အဘယ်တရားတို့သည် အကြောင်းရင်း အခြေအမြစ် (ဟိတ်) မမည်ဟူ၍ အကြောင်းရင်း အခြေအမြစ် (ဟိတ်) သာ ရှိသော ‘န ဟေတု သဟေတုက’ တရားဖြစ်ကုန်သနည်း။

ဘုံလေးပါးတို့၌ (ဖြစ်သော) ကုသိုလ် (၂၁)၊ အကုသိုလ် (၁၂)၊ ကာမာဝစရဝိပါက်မှအဟိတ်စိတ္တုပ္ပါဒ် (အဟိတ်ဝိပါက်) တို့ကို ချန်ထား၍ ဘုံလေးပါး တို့၌ (ဖြစ်သော) ဝိပါက် (မဟာဝိပါက်,မဟဂ္ဂုတ်ဝိပါက်, ဖိုလ်စိတ်) (၂၁)၊ ကာမာဝစရကိရိယာမှ အဟိတ်စိတ္တုပ္ပါဒ် (အဟိတ်ကိရိယာ) တို့ကိုချန်ထား၍ ဘုံသုံးပါးတို့၌ (ဖြစ်သော) ပြုကာမျှ ဖြစ်၍ ကုသိုလ် အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သော ‘ကိရိယာဗျာကတ’ (၁၇)၊ ဤစိတ်တို့၌ ဖြစ်ကုန်သော အကြောင်းရင်း အခြေအမြစ် (ဟိတ်) တို့ကိုချန်ထား၍ (ကြွင်းသော စေတသိက် ၄၆-ပါးတို့သည် ရှိကုန်၏)။ ဤတရား (ခုနစ်ဆယ့်တစ်ပါး) တို့သည် အကြောင်းရင်း အခြေအမြစ် (ဟိတ်) မမည်မူ၍ အကြောင်းရင်း အခြေအမြစ် (ဟိတ်) သာရှိသော ‘န့ဟေတု သဟေတုက’ တရား ဖြစ်ကုန်၏ (သဟိတ် စိတ် ၇၁၊ ဟိတ် ခြောက်ပါးမှတစ်ပါး အခြားသောစေတသိက်)။

န ဟေတု အဟေတုကတရား

၁၄၅၂။ (၂) အဘယ်တရားတို့သည် အကြောင်းရင်း အခြေအမြစ် (ဟိတ်) လည်း မမည်၊ အကြောင်းရင်း အခြေအမြစ် (ဟိတ်) လည်း မရှိသော ‘န ဟေတု အဟေတုက’ တရားဖြစ်ကုန်သနည်း။

ဒွေပဉ္စဝိညာဏ် (၁၀)၊ ထို့ပြင် မနောဓာတ်သုံးပါး (ပဉ္စဒွါရာဝဇ္ဇန်း, သမ္ပဋိစ္ဆိုန်းဒွေး)၊ ထို့ပြင် အဟိတ်မနောဝိညာဏဓာတ် (သန္တီရဏ သုံးခု၊ မနောဒွါရာဝဇ္ဇန်း၊ ဟသိတုပ္ပါဒ်) ငါးပါး၊ ထို့ပြင်ရုပ်၊ ထို့ပြင် နိဗ္ဗာန်သည် (ရှိ၏)။ ဤတရား တို့သည် အကြောင်းရင်း အခြေအမြစ် (ဟိတ်) လည်းမမည်၊ အကြောင်းရင်း အခြေအမြစ် (ဟိတ်) လည်း မရှိသော ‘န ဟေတု အဟေတုက’ တရားဖြစ်ကုန်၏ (အဟိတ်စိတ်, ယှဉ်ဖက် စေတသိက်, ရုပ်, နိဗ္ဗာန်)။

ဒုက်မုတ် ဟိတ် (ခြောက်ပါး) တရားတို့ကိုအကြောင်းရင်း အခြေအမြစ် (ဟိတ်) မမည်မူ၍ အကြောင်းရင်းအခြေအမြစ် (ဟိတ်) သာရှိ၏ဟူ၍လည်းကောင်း၊ အကြောင်းရင်း အခြေအမြစ် (ဟိတ်) လည်း မမည်,အကြောင်းရင်း အခြေအမြစ် (ဟိတ်) လည်း မရှိသော တရားတို့ဟူ၍လည်းကောင်း မဆိုအပ် မဆိုထိုက်ကုန်။

ဟေတုဂေါစ္ဆက ပြီးပြီ။

--

၂-စူဠန္တရဒုက်

၁-သပ္ပစ္စယဒုက်

သပ္ပစ္စယတရား

၁၄၅၃။ (၁) အဘယ်တရားတို့သည် (ကံ, စိတ်, ဥတု, အာဟာရတည်းဟူသော) အကြောင်းတရား (လေးပါး) တို့နှင့် တကွဖြစ်သော (အကြောင်းတရား လေးပါးတို့ကြောင့်ဖြစ်သော) ‘သပ္ပစ္စယ’ တရား ဖြစ်ကုန်သနည်း။

ဘုံလေးပါးတို့၌ (ဖြစ်သော) ကုသိုလ် (၂၁)၊ အကုသိုလ် (၁၂)၊ ဘုံလေးပါးတို့၌ (ဖြစ်သော) ဝိပါက် (၃၆)၊ ဘုံသုံးပါးတို့၌ (ဖြစ်သော) ပြုကာမျှ ဖြစ်၍ ကုသိုလ်,အကုသိုလ် အဖြစ်ဖြင့် မဟောအပ်သော ‘ကိရိယာဗျာကတ’ (၂၀)၊ ထို့ပြင် အလုံးစုံသော ရုပ်သည် (ရှိ၏)။ ဤတရားတို့သည် (ကံ, စိတ်, ဥတု, အာဟာရတည်းဟူသော) အကြောင်းတရား (လေးပါး) တို့နှင့် တကွဖြစ်သော (အကြောင်း တရား လေးပါးတို့ကြောင့် ဖြစ်သော) ‘သပ္ပစ္စယ’ တရားဖြစ်ကုန်၏ (စိတ်, စေတသိက်, ရုပ်)။

အပ္ပစ္စယတရား

၁၄၅၄။ (၂) အဘယ်တရားတို့သည် (ကံ, စိတ်, ဥတု, အာဟာရတည်းဟူသော) အကြောင်းတရား (လေးပါး) တို့နှင့် တကွမဖြစ်သော (အကြောင်းတရား လေးပါး တို့ကြောင့် မဖြစ်သော) ‘အပ္ပစ္စယ’ တရား ဖြစ်ကုန်သနည်း။

နိဗ္ဗာန်သည် (ရှိ၏)။ ဤတရားတို့သည် (ကံ, စိတ်, ဥတု, အာဟာရတည်းဟူသော) အကြောင်းတရား (လေးပါး) တို့နှင့် တကွမဖြစ်သော (အကြောင်းတရား လေးပါးတို့ကြောင့် မဖြစ်သော) ‘အပ္ပစ္စယ’ တရား ဖြစ်ကုန်၏ (နိဗ္ဗာန်)။

--

၂-သင်္ခတဒုက်

သင်္ခတတရား

၁၄၅၅။ (၁) အဘယ်တရားတို့သည် (ကံ, စိတ်, ဥတု, အာဟာရတည်းဟူသော အကြောင်းတရား လေးပါးတို့သည်) ပြုပြင်စီရင်အပ်သော ‘သင်္ခတ’ တရား ဖြစ်ကုန် သနည်း။

ဘုံလေးပါးတို့၌ (ဖြစ်သော) ကုသိုလ် (၂၁)၊ အကုသိုလ် (၁၂)၊ ဘုံလေးပါးတို့၌ (ဖြစ်သော) ဝိပါက် (၃၆)၊ ဘုံသုံးပါးတို့၌ (ဖြစ်သော) ပြုကာမျှဖြစ်၍ ကုသိုလ် အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သော ကိရိယာဗျာကတ’ (၂၀)၊ ထို့ပြင် အလုံးစုံသော ရုပ်သည် (ရှိ၏)။ ဤတရားတို့သည် (ကံ, စိတ်, ဥတု, အာဟာရတည်းဟူသောအကြောင်း တရားလေးပါးတို့သည်) ပြုပြင် စီရင်အပ်သော ‘သင်္ခတ’ တရား ဖြစ် ကုန်၏ (စိတ်,စေတသိက်, ရုပ်)။

အသင်္ခတတရား

၁၄၅၆။ (၂) အဘယ်တရားတို့သည် (ကံ, စိတ်, ဥတု, အာဟာရတည်းဟူသောအကြောင်းတရားလေးပါးတို့သည်) မပြုပြင်မစီရင်အပ်သော ‘အသင်္ခတ’ တရား ဖြစ် ကုန်သနည်း။

နိဗ္ဗာန်သည် (ရှိ၏)။ ဤတရားတို့သည် (ကံ, စိတ်, ဥတု, အာဟာရတည်းဟူသော) အကြောင်းတရားလေးပါးတို့သည်) မပြုပြင် မစီရင်အပ်သော ‘အသင်္ခတ’ တရား ဖြစ်ကုန်၏ (နိဗ္ဗာန်)။

၃-သနိဒဿနဒုက်

သနိဒဿနတရား

၁၄၅၇။ (၁) အဘယ်တရားတို့သည် မြင်ခြင်းနှင့် တကွဖြစ်သော (မြင်အပ် မြင်ရသော) ‘သနိဒဿန’ တရား ဖြစ်ကုန်သနည်း။

မြင်သိစိတ်ဖြစ်ကြောင်း အဆင်း ‘ရူပါယတန’ သည် (ရှိ၏)။ ဤ (ရူပါယတန) တရားတို့သည် မြင်ခြင်းနှင့် တကွဖြစ်သော (မြင်အပ် မြင် ရသော) ‘သနိဒဿန’ တရားဖြစ်ကုန်၏ (ရူပါရုံ)။

အနိဒဿနတရား

၁၄၅၈။ (၂) အဘယ်တရားတို့သည် မြင်ခြင်းနှင့် တကွမဖြစ်သော (မမြင်အပ် မမြင်ရသော) ‘အနိဒဿန’ တရား ဖြစ်ကုန်သနည်း။

မြင်သိစိတ်ဖြစ်ရာ မျက်စိ အကြည် ‘စက္ခာယတန’။ပ။ ထိသိစိတ် ဖြစ်ကြောင်း အတွေ့ ‘ဖောဋ္ဌဗ္ဗာယတန’ ၊ ဘုံလေးပါးတို့၌ (ဖြစ်သော) ကုသိုလ် (၂၁)၊ အကုသိုလ် (၁၂)၊ ဘုံလေးပါးတို့၌ (ဖြစ်သော) ဝိပါက် (၃၆)၊ ဘုံသုံးပါးတို့၌ (ဖြစ်သော) ပြုကာမျှ ဖြစ်၍ကုသိုလ် အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သော ‘ကိရိယာဗျာကတ’ (၂၀)၊ ထို့ပြင် မြင်ခြင်းနှင့်လည်းတကွမဖြစ် ထိပါးခြင်းနှင့်လည်း တကွမဖြစ်သော , စိတ်ဖြစ်ရာ စိတ်ဖြစ်ကြောင်း သဘော ‘ဓမ္မာယတန’ ၌ အကျုံးဝင်သော အကြင် (သုခုမ) ရုပ်၊ ထို့ပြင် နိဗ္ဗာန်သည် (ရှိ၏)။ ဤတရားတို့သည် မြင်ခြင်းနှင့်တကွမဖြစ်သော (မမြင်အပ်, မမြင်ရသော) ‘အနိဒဿန’ တရား ဖြစ်ကုန်၏ (စိတ်, စေတသိက်,ရူပါရုံမှတစ်ပါး အခြားသောရုပ်, နိဗ္ဗာန်)။

--

၄-သပ္ပဋိဃဒုက်

သပ္ပဋိဃတရား

၁၄၅၉။ (၁) အဘယ်တရားတို့သည် ထိပါးခြင်းနှင့် တကွဖြစ်သော (ထိခိုက်၍ရသော) ‘သပ္ပဋိဃ’ တရား ဖြစ်ကုန်သနည်း။

မြင်သိစိတ် ဖြစ်ရာ မျက်စိအကြည် ‘စက္ခာယတတန’။ပ။ ထိသိစိတ်ဖြစ်ကြောင်း အတွေ့ ‘ဖောဋ္ဌဗ္ဗာယတန’ သည် (ရှိ၏)။ ဤတရားတို့သည် ထိပါးခြင်းနှင့်တကွဖြစ်သော (ထိခိုက်၍ရသော) ‘သပ္ပဋိဃ’ တရား ဖြစ်ကုန်၏ (သပ္ပဋိဃရုပ်၁၂)။

အပ္ပဋိဃတရား

၁၄၆၀။ (၂) အဘယ်တရားတို့သည် ထိပါးခြင်းနှင့် တကွမဖြစ်သော (ထိခိုက်၍ မရသော) ‘အပ္ပဋိဃ’ တရား ဖြစ်ကုန်သနည်း။

ဘုံလေးပါးတို့၌ (ဖြစ်သော) ကုသိုလ် (၂၁)၊ အကုသိုလ် (၁၂)၊ ဘုံလေးပါးတို့၌ (ဖြစ်သော) ဝိပါက် (၃၆)၊ ဘုံသုံးပါးတို့၌ (ဖြစ်သော) ပြုကာမျှဖြစ်၍ ကုသိုလ် အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သော ‘ကိရိယာဗျာကတ’ (၂၀)၊ ထို့ ပြင်မြင်ခြင်းနှင့်လည်း တကွမဖြစ် ထိပါးခြင်းနှင့်လည်း တကွမဖြစ်သော , စိတ်ဖြစ်ရာ စိတ်ဖြစ်ကြောင်းသဘော ‘ဓမ္မာယတန’ ၌ အကျုံးဝင်သော အကြင် (သုခုမ) ရုပ်၊ ထို့ပြင် (နိဗ္ဗာန်) သည် (ရှိ၏)။ ဤတရားတို့သည် ထိပါးခြင်းနှင့် တကွမဖြစ်သော (ထိခိုက်၍ မရသော) ‘အပ္ပဋိဃ’ တရား ဖြစ်ကုန်၏ (စိတ်, စေတသိက်, သုခုမရုပ်, နိဗ္ဗာန်)။

၅-ရူပီဒုက်

ရူပီတရား

၁၄၆၁။ (၁) အဘယ်တရားတို့သည် ဖောက်ပြန်ခြင်း သဘောရှိသော ‘ရူပီ’ တရား ဖြစ်ကုန်သနည်း။

ကြီးကျယ်ထင်ရှားသော ‘မဟာဘုတ်’ လေးပါး၊ ကြီးကျယ်ထင်ရှားသော ‘မဟာဘုတ်’ လေးပါးတို့ကို စွဲမှီ၍ (ဖြစ်သော) ‘ဥပါဒါ’ ရုပ်သည် (ရှိ၏)။ ဤတရားတို့သည် ဖောက်ပြန်ခြင်းသဘောရှိသော ‘ရူပီ’ တရား ဖြစ်ကုန်၏ (ရုပ်နှစ်ဆယ့်ရှစ်ပါး)။

အရူပီတရား

၁၄၆၂။ (၂) အဘယ်တရားတို့သည် ဖောက်ပြန်ခြင်းသဘော မရှိသော ‘အရူပီ’ တရား ဖြစ်ကုန်သနည်း။

ဘုံလေးပါးတို့၌ (ဖြစ်သော) ကုသိုလ် (၂၁)၊ အကုသိုလ် (၁၂)၊ ဘုံလေးပါးတို့၌့ (ဖြစ်သော) ဝိပါက် (၃၆)၊ ဘုံသုံးပါးတို့၌ (ဖြစ်သော) ပြုကာမျှဖြစ်၍ ကုသိုလ်, အကုသိုလ်အဖြစ်ဖြင့်မဟောအပ်သော ‘ကိရိယာဗျာကတ’ (၂၀)၊ ထို့ပြင် နိဗ္ဗာန်သည် (ရှိ၏)။ ဤတရား တို့သည်ဖောက်ပြန်ခြင်းသဘော မရှိသော ‘အရူပီ’ တရား ဖြစ်ကုန်၏ (စိတ်, စေတသိက်, နိဗ္ဗာန်)။

--

၆-လောကိယဒုက်

လောကိယတရား

၁၄၆၃။ (၁) အဘယ်တရားတို့သည် လောက၌ အကျုံးဝင်သော ‘လောကိယ’ တရားဖြစ်ကုန်သနည်း (အဘယ်တရားတို့သည် ဖြစ်တတ်, ပျက်တတ်သော ဝဋ်ဆင်းရဲဟု ဆိုအပ်သောသင်္ခါရလောက၌ အကျုံးဝင်သည်၏အဖြစ်ဖြင့် ဖြစ်တတ်, ပျက်တတ်သော ဝဋ် ဆင်းရဲဟု ဆိုအပ်သောသင်္ခါရလောက၌ ယှဉ်ကုန်သနည်း)။

ဘုံသုံးပါးတို့၌ (ဖြစ်သော) (လောကီ) ကုသိုလ် (၁၇)၊ အကုသိုလ် (၁၂)၊ ဘုံသုံးပါးတို့၌ (ဖြစ်သော) (လောကီ) ဝိပါက် (၃၂)၊ ဘုံသုံးပါးတို့၌ (ဖြစ်သော) ပြုကာမျှ ဖြစ်၍ကုသိုလ်, အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သော ‘ကိရိယာဗျာကတ’ (၂၀)၊ ထို့ပြင် အလုံးစုံသောရုပ်သည် (ရှိ၏)။ ဤတရားတို့သည် လောက၌ အကျုံးဝင်သော ‘လောကိယ’ တရား ဖြစ်ကုန်၏ (ဖြစ်တတ်, ပျက်တတ်သော ဝဋ်ဆင်းရဲဟုဆိုအပ်သော သင်္ခါရလောက၌ အကျုံးဝင် သည်၏ အဖြစ်ဖြင့်ဖြစ်တတ်, ပျက်တတ်သော ဝဋ်ဆင်းရဲဟု ဆိုအပ်သော သင်္ခါရလောက၌ ယှဉ်ကုန်၏) (လောကီစိတ်,စေတသိက်, ရုပ်)။

လောကုတ္တရာတရား

၁၄၆၃။ (၂) အဘယ်တရားတို့သည် လောကမှ လွန်မြောက်သော ‘လောကုတ္တရာ’ တရား ဖြစ်ကုန်သနည်း (အဘယ်တရားတို့သည် ဖြစ်တတ်, ပျက် တတ်သော ဝဋ်ဆင်းရဲဟုဆိုအပ်သော သင်္ခါရလောက၌ အကျုံးမဝင်သည်၏ အဖြစ်ဖြင့် ဖြစ်တတ်, ပျက် တတ်သော ဝဋ်ဆင်းရဲဟုဆိုအပ်သော သင်္ခါရလောကမှ လွန်မြောက်ကုန်သနည်း)။ ဘုံသုံးပါး၌ အကျုံး မဝင်သော မဂ်လေးပါး၊ ကိလေသာငြိမ်းကြောင်း မဂ်၏အကျိုး (ဖိုလ်) လေးပါး၊ နိဗ္ဗာန်သည် (ရှိ၏)။ ဤတရားတို့သည်လောကမှ လွန်မြောက်သော ‘လောကုတ္တရာ’ တရား ဖြစ်ကုန်၏ (ဖြစ်တတ်, ပျက်တတ် သောဝဋ်ဆင်းရဲဟုဆိုအပ်သော သင်္ခါရလောက၌ အကျုံးမဝင်သည်၏ အဖြစ်ဖြင့် ဖြစ်တတ်, ပျက်တတ်သောဝဋ်ဆင်းရဲဟုဆိုအပ်သော သင်္ခါရလောကမှ လွန်မြောက်ကုန်၏) (မဂ်, ဖိုလ်, နိဗ္ဗာန်)။

၇-ကေနစိ ဝိညေယျဒုက်

ကေနစိ ဝိညေယျတရား

၁၄၆၄။ (၁) (စက္ခုဝိညာဏ်စသော) တစ်စုံတစ်ခုသော စိတ်သည် အလုံးစုံသော (မိမိနှင့်သက်ဆိုင်သည့်) တရားတို့ကို သိအပ် သိထိုက် ကုန်၏။ (၁၁၀၁)

ကေနစိ န ဝိညေယျတရား

၁၄၆၄။ (၂) (စက္ခုဝိညာဏ်စသော) တစ်စုံတစ်ခုသော စိတ်သည် (မိမိနှင့်မသက်ဆိုင်သည့် အလုံးစုံသော တရားတို့ကို) မသိအပ် မသိထိုက်ကုန်။

စူဠန္တရဒုက် ပြီးပြီ။

--

၃-အာသဝဂေါစ္ဆက

၁-အာသဝဒုက်

အာသဝတရား

၁၄၆၅။ (၁) အဘယ်တရားတို့သည် (သတ္တဝါတို့သန္တာန်၌) ယိုစီးနေတတ်, ဖြစ်နေတတ်သော ‘အာသဝ’ တရား ဖြစ်ကုန်သနည်း။

(လိုချင်ဖွယ် ‘ကာမ’ တို့၌) လိုချင်မှုဟူသောယိုစီးခြင်း, ဖြစ်ခြင်း ‘ကာမာသဝ’။ (ရူပ, အရူပ) ဘဝတို့၌ လိုချင်မှုဟူသော ယိုစီးခြင်း, ဖြစ်ခြင်း ‘ဘဝါသဝ’ ၊ အမြင်မှားမှု ‘ဒိဋ္ဌိ’ ဟူသော ယိုစီးခြင်း, ဖြစ်ခြင်း ဒိဋ္ဌာသဝ’ ၊ သိအပ်သည် ကိုမသိမှု (သစ္စာလေးပါးကို မသိမှု) ‘အဝိဇ္ဇာ’ ဟူသော ယိုစီးခြင်း, ဖြစ်ခြင်း ‘အဝိဇ္ဇာသဝ’ ဟူသော ‘အာသဝ’ လေးပါးတို့သည် ရှိကုန်၏။ (ထိုအာသဝလေးပါးတွင်) (လိုချင်ဖွယ် ‘ကာမ’ တို့၌) လိုချင်မှုဟူသော ယိုစီးခြင်း, ဖြစ်ခြင်း ‘ကာမာသဝ’ သည် လော ဘသဟဂုတ် စိတ္တုပ္ပါဒ်ရှစ်ပါးတို့ ၌ ဖြစ်၏။ (ရူပ, အရူပ) ဘဝတို့၌ လိုချင်မှုဟူသော ယိုစီးခြင်း ဖြစ်ခြင်း ‘ဘဝါသဝ’ သည် ဒိဋ္ဌိဂတဝိပ္ပယုတ် လောဘသဟဂုတ်စိတ္တုပ္ပါဒ်လေးပါးတို့၌ ဖြစ်၏။ (အမြင်မှားမှု) ဒိဋ္ဌိဟူသော ယိုစီးခြင်း ဖြစ်ခြင်း ‘ဒိဋ္ဌာသဝ’ သည်ဒိဋ္ဌိဂတသမ္ပယုတ် (လောဘသဟဂုတ်) စိတ္တုပ္ပါဒ်လေးပါးတို့၌ ဖြစ်၏၊ သိအပ်သည်ကိုမသိမှု (သစ္စာလေးပါးကို မသိမှု) ‘အဝိဇ္ဇာ’ ဟူသော ယိုစီး ခြင်း ဖြစ်ခြင်း ‘အဝိဇ္ဇာသဝ’ (မောဟ) သည်အလုံးစုံသော အကုသိုလ် (၁၂) တို့၌ ဖြစ်၏။ ဤတရားတို့ သည် (သတ္တဝါတို့သန္တာန်၌) ယိုစီးနေတတ်,ဖြစ်နေတတ်သော ‘အာသဝ’ တရား ဖြစ်ကုန်၏ (လောဘ, ဒိဋ္ဌိ, မောဟဟူသော အာသဝတရားကိုယ်သုံးပါး)။

နော အာသဝတရား

၁၄၆၆။ (၂) အဘယ်တရားတို့သည် (သတ္တဝါတို့သန္တာန်၌) ယိုစီးနေတတ်, ဖြစ်နေတတ်သော ‘အာသဝ’ မမည်သော ‘နော အာသဝ’ တရား ဖြစ်ကုန်သ နည်း။ ‘အာသဝ’ (လေးပါး) တို့ကို ချန်ထား၍ ကြွင်းကျန်သော အကုသိုလ် (၁၂)၊ ဘုံလေးပါးတို့ ၌ (ဖြစ်သော) ကုသိုလ် (၂၁)၊ ဘုံ (လေးပါးတို့၌) ဖြစ်သော ဝိပါက် (၃၆)၊ ဘုံသုံးပါးတို့၌ (ဖြစ်သော) ပြုကာမျှ ဖြစ်၍ကုသိုလ် အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သော ‘ကိရိဗျာကတ’ (၂၀)၊ ထို့ ပြင် ရုပ်၊ ထို့ ပြင် နိဗ္ဗာန်သည် (ရှိ၏)။ ဤတရားတို့သည် (သတ္တဝါတို့သန္တာန်၌) ယိုစီးနေတတ်, ဖြစ်နေတတ် သော ‘အာသဝ'မမည်သော ‘နော အာသဝ’ တရား ဖြစ်ကုန်၏ (စိတ်, အာသဝတရား ကိုယ်သုံးပါးမှတစ် ပါးအခြားသော စေတသိက်, ရုပ်, နိဗ္ဗာန်)။

--

၂-သာသဝဒုက်

သာသဝတရား

၁၄၆၇။ (၁) အဘယ်တရားတို့သည် (သတ္တဝါတို့၏ သန္တာန်၌) ယိုစီးနေတတ်, ဖြစ်နေတတ်သော ‘အာသဝ’ တရားတို့၏ အာရုံဖြစ်သော ‘သာသဝ’ တရား ဖြစ် ကုန်သနည်း။

ဘုံသုံးပါး၌ (ဖြစ်သော) (လောကီ) ကုသိုလ် (၁၇)၊ အကုသိုလ် (၁၂)၊ ဘုံသုံးပါးတို့၌ (ဖြစ်သော) (လောကီ) ဝိပါက် (၃၂)၊ ဘုံသုံးပါးတို့၌ (ဖြစ်သော) ပြုကာမျှဖြစ်၍ ကုသိုလ် အကုသိုလ် အဖြစ်ဖြင့်မဟောအပ်သော ‘ကိရိယာဗျာကတ’ (၂၀)၊ ထို့ပြင် အလုံးစုံသော ရုပ်သည် (ရှိ၏)။ ဤတရား တို့သည် (သတ္တဝါတို့သန္တာန်၌) ယိုစီးနေတတ်, ဖြစ်နေတတ်သော ‘အာသဝ’ တရားတို့၏ အာရုံဖြစ်သော ‘သာသဝ’ တရားဖြစ်ကုန်၏ (လောကီစိတ်, စေတသိက်, ရုပ်)။

အနာသဝတရား

၁၄၆၈။ (၂) အဘယ်တရားတို့သည် (သတ္တဝါတို့သန္တာန်၌) ယိုစီးနေတတ်, ဖြစ်နေတတ်သော ‘အာသဝ’ တရားတို့၏ အာရုံမဖြစ်သော ‘အနာသဝ’ တရား ဖြစ်ကုန်သနည်း။

ဘုံသုံးပါး၌ အကျုံး မဝင်သော မဂ်လေးပါး၊ ကိလေသာငြိမ်းကြောင်း မဂ်၏အကျိုး (ဖိုလ်) လေးပါး၊ ထို့ပြင်နိဗ္ဗာန်သည် (ရှိ၏)။ ဤတရားတို့သည် (သတ္တဝါတို့သန္တာန်၌) ယိုစီးနေတတ်, ဖြစ်နေတတ်သော ‘အာသဝ’ တရားတို့၏ အာရုံမဖြစ်သော ‘အနာသဝ’ တရားဖြစ်ကုန်၏ (မဂ်, ဖိုလ်, နိဗ္ဗာန်)။

၃-အာသဝသမ္ပယုတ္တဒုက်

အာသဝသမ္ပယုတ္တတရား

၁၄၆၉။ (၁) အဘယ်တရားတို့သည် (သတ္တဝါတို့သန္တာန်၌) ယိုစီးနေတတ်,ဖြစ်နေတတ်သော ‘အာသဝ’ တရားနှင့် ယှဉ်သော ‘အာသဝ သမ္ပယုတ္တ’ တရား ဖြစ်ကုန်သနည်း။

ဒေါမနဿသဟဂုတ်စိတ္တုပ္ပါဒ်နှစ်ပါး၊ ဤ (ဒေါမနဿသဟဂုတ်စိတ်) တို့၌ ဖြစ်သော (အမှန်သဘော၌) တွေဝေမှု (အမှန်ကိုမသိမှု) ‘မောဟ’ ကို ချန်ထား၍, ယုံမှားမှု ‘ဝိစိကိစ္ဆာ’ နှင့် တကွဖြစ်သော မောဟ (ဝိစိကိစ္ဆာနှင့် ယှဉ်သော မောဟ) နှင့် ပျံ့လွင့်မှု ‘ဥဒ္ဓစ္စ’ နှင့် တကွ ဖြစ်သော မောဟ (ဥဒ္ဓစ္စနှင့် ယှဉ်သောမောဟ) တို့ကို ချန်ထား၍ ကြွင်းကျန်သော အကုသိုလ်သည် (ရှိ၏)။ ဤတရားတို့သည် (သတ္တဝါတို့သန္တာန်၌) ယိုစီးနေတတ်, ဖြစ်နေတတ်သော ‘အာသဝ’ တရား တို့နှင့် ယှဉ်သော ‘အာသဝသမ္ပယုတ္တ’ တရား ဖြစ်ကုန်၏ (အကုသိုလ်စိတ်, ဒေါသမူဒွေမောဟနှင့် မောဟမူ ဒွေ၌့မောဟကြဉ်သော ယှဉ်ဖက်စေတသိက်)။

အာသဝဝိပ္ပယုတ္တတရား

၁၄၇၀။ (၂) အဘယ်တရားတို့သည် (သတ္တဝါတို့သန္တာန်၌) ယိုစီးနေတတ်, ဖြစ်နေတတ်သော ‘အာသဝ’ တရားတို့နှင့် မယှဉ်သော ‘အာသဝ ဝိပ္ပယုတ္တ’ တရား ဖြစ်ကုန်သနည်း။

--

ဒေါမနဿသဟဂုတ်စိတ္တုပ္ပါဒ် နှစ်ပါးတို့၌ ဖြစ်သော ‘မောဟ’ ၊ ယုံမှားမှု ‘ဝိစိကိစ္ဆာ’ နှင့် တကွဖြစ်သော မောဟ (ဝိစိကိစ္ဆာနှင့် ယှဉ်သော မောဟ)၊ ပျံ့လွင့်မှု ‘ဥဒ္ဓစ္စ’ နှင့် တကွဖြစ်သော မောဟ (ဥဒ္ဓစ္စနှင့်ယှဉ်သော မောဟ)၊ ဘုံလေးပါးတို့၌ (ဖြစ်သော) ကုသိုလ် (၂၁)၊ ဘုံလေးပါးတို့၌ (ဖြစ်သော) ဝိပါက် (၃၆)၊ ဘုံသုံးပါးတို့၌ (ဖြစ်သော)၊ ပြုကာမျှ ဖြစ်၍ ကုသိုလ်, အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သော ‘ကိရိယာဗျာကတ’ (၂၀)၊ ထို့ပြင် ရုပ်၊ ထို့ပြင် နိဗ္ဗာန်သည် (ရှိ၏)။ ဤတရားတို့သည် (သတ္တဝါတို့သန္တာန်၌) ယိုစီးနေတတ် ဖြစ်နေတတ်သော ‘အာသဝ’ တရား တို့နှင့် မယှဉ်သော ‘အာသဝဝိပ္ပယုတ္တ’ တရား ဖြစ်ကုန်၏ (ကုသိုလ်, ဝိပါက်, ကိရိယာစိတ်, ယှဉ်ဖက် စေတသိက်,ဒေါသမူဒွေမောဟ, မောဟမူဒွေမောဟ, ရုပ်, နိဗ္ဗာန်)။

၄-အာသဝ သာသဝဒုက်

အာသဝ သာသဝတရား

၁၄၇၁။ (၁) အဘယ်တရားတို့သည် (သတ္တဝါတို့သန္တာန်၌) ယိုစီးနေတတ်, ဖြစ်နေတတ်သော ‘အာသဝ’ တရားလည်း မည်၍ ‘အာသဝ'တို့၏ အာရုံလည်း ဖြစ်သော ‘အာသဝ သာသဝ’ တရား ဖြစ်ကုန်သနည်း။

ထို ‘အာသဝ’ (လေးပါး) တို့သည် ပင်လျှင် ‘အာသဝ’ လည်းမည်၍ ‘အာသဝ'တို့၏ အာရုံလည်း ဖြစ်သော ‘အာသဝ သာသဝ’ တရား ဖြစ်ကုန်၏ (လောဘ, ဒိဋ္ဌိ,မောဟဟူသော အာသဝတရား ကိုယ်သုံးပါး)။

သာသဝ နော အာသဝတရား

၁၄၇၂။ (၂) အဘယ်တရားတို့သည် (သတ္တဝါတို့သန္တာန်၌) ယိုစီးနေတတ်,ဖြစ်နေတတ်သော ‘အာသဝ'တို့၏ အာရုံသာဖြစ်၍ ‘အာသဝ’ မမည်သော ‘သာသဝ နောအာသဝ’ တရား ဖြစ်ကုန်သနည်း။

အာသဝတို့ကို ချန်ထား၍ ကြွင်းကျန်သော အကုသိုလ် (၁၂)၊ ဘုံသုံးပါးတို့၌ (ဖြစ်သော) (လောကီ) ကုသိုလ် (၁၇)၊ ဘုံသုံးပါးတို့၌ (ဖြစ်သော) (လောကီ) ဝိပါက် (၃၂)၊ ဘုံသုံးပါးတို့၌ (ဖြစ်သော)၊ ပြုကာမျှ ဖြစ်၍ ကုသိုလ် အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သော ‘ကိရိယာဗျာကတ’ (၂၀)၊ ထို့ပြင် အလုံးစုံသော ရုပ်သည် (ရှိ၏)။ ဤတရားတို့သည် အာသဝတို့၏အာရုံသာဖြစ်၍ ‘အာသဝ’ မမည်သော ‘သာသဝ နော အာသဝ’ တရား ဖြစ်ကုန်၏ (လောကီ စိတ်,အာသဝတရားကိုယ် သုံးပါးကြဉ်သော စေတသိက်, ရုပ်)။

ဒုက်မုတ် အာသဝတို့၏ အာရုံမဟုတ်သော ‘အနာသဝ’ (လောကုတ္တရာ) တရားတို့ကို အာသဝလည်းမည်၍ အာသဝတို့၏ အာရုံလည်းဖြစ်သော တရားတို့ဟူ၍လည်းကောင်း၊ အာသဝတို့၏ အာရုံသာဖြစ်၍ အာသဝမမည်သော တရားတို့ဟူ၍လည်းကောင်း မဆိုအပ် မဆိုထိုက်ကုန်။

--

၅-အာသဝ အာသဝသမ္ပယုတ္တဒုက်

အာသဝ အာသဝသမ္ပယုတ္တတရား

၁၄၇၃။ (၁) အဘယ်တရားတို့သည်အာသဝလည်းမည်၍ အာသဝနှင့်လည်း ယှဉ်သော ‘အာသဝ အာသဝသမ္ပယုတ္တ’ တရား ဖြစ်ကုန်သနည်း။

အကြင်စိတ်၌ အာသဝနှစ်ပါးသုံးပါးတို့သည် တစ်ပြိုင်နက် ဖြစ်ကုန်၏၊ ဤတရား တို့သည် အာသဝလည်းမည်၍ အာသဝနှင့်လည်းယှဉ်သော ‘အာသဝ အာသဝသမ္ပယုတ္တ’ တရား ဖြစ် ကုန်၏ (လောဘမူစိတ်၌ ရှိသော လောဘ, ဒိဋ္ဌိ,မောဟဟူသော အာသဝတရားကိုယ်သုံးပါး)။

အာသဝသမ္ပယုတ္တနော အာသဝတရား

၁၄၇၄။ (၂) အဘယ်တရားတို့သည် (သတ္တဝါတို့သန္တာန်၌) ယိုစီးနေတတ်, ဖြစ်နေတတ်သော ‘အာသဝ’ နှင့်သာ ယှဉ်၍ ‘အာသဝ'မမည်သော ‘အာသဝသမ္ပယုတ္တနော အာသဝ’ တရား ဖြစ်ကုန်သနည်း။

‘အာသဝ’ တို့ကို ချန်ထား၍ ကြွင်းကျန်သော အကုသိုလ်သည် (ရှိ၏)။ ဤတရားတို့သည် ‘အာသဝ’ နှင့်သာ ယှဉ်၍ ‘အာသဝ’ မမည်သော ‘အာသဝသမ္ပယုတ္တ့နော အာသဝ’ တရား ဖြစ်ကုန်၏ (အကုသိုလ် စိတ်, အာသဝတရားကိုယ်သုံးပါးကြဉ်သောယှဉ်ဖက်စေတသိက်)။

ဒုက်မုတ်အာသဝနှင့် မယှဉ်သော ‘အာသဝဝိပ္ပယုတ္တ’ တရားတို့ကို အာသဝလည်း မည်၍ အာသဝနှင့်လည်း ယှဉ်ကုန်၏ဟူ၍လည်းကောင်း၊ အာသဝနှင့်သာ ယှဉ်၍ အာသဝမမည်ကုန်ဟူ၍လည်း ကောင်းမဆိုအပ် မဆိုထိုက်ကုန်။

၆-အာသဝဝိပ္ပယုတ္တသာသဝဒုက်

အာသဝဝိပ္ပယုတ္တသာသဝတရား

၁၄၇၅။ (၁) အဘယ်တရားတို့သည် (သတ္တဝါတို့၏ သန္တာန်၌) ယိုစီးနေတတ်, ဖြစ်နေတတ်သော ‘အာသဝ’ နှင့် မယှဉ်မူ၍ ‘အာသဝ'တို့၏ အာရုံသာဖြစ်သော ‘အာသဝဝိပ္ပယုတ္တသာသဝ’ တရား ဖြစ်ကုန်သနည်း။

ဒေါမနဿ သဟဂုတ် စိတ္တုပ္ပါဒ်နှစ်ပါးတို့၌ ဖြစ်သော မောဟ၊ ယုံမှားမှု ‘ဝိစိကိစ္ဆာ’ နှင့် တကွဖြစ်သော မောဟ (ဝိစိကိစ္ဆာနှင့် ယှဉ်သော မောဟ)၊ ပျံ့လွင့်မှုဥဒ္ဓစ္စနှင့် တကွဖြစ်သော မောဟ (ဥဒ္ဓစ္စနှင့် ယှဉ်သော မောဟ)၊ ဘုံသုံးပါးတို့၌ (ဖြစ်သော) (လောကီ) ကုသိုလ် (၁၇)၊ ဘုံသုံးပါးတို့၌ ဖြစ်သော (လောကီ) ဝိပါက် (၃၂)၊ ဘုံသုံးပါးတို့၌ (ဖြစ်သော) ပြုကာမျှဖြစ်၍ ကုသိုလ် အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သော ‘ကိရိယာဗျာကတ’ (၂၀)၊ ထို့ပြင်အလုံးစုံသော ရုပ်သည် (ရှိ၏)။ ဤတရားတို့သည် ‘အာသဝ’ နှင့် မယှဉ်မူ၍ ‘အာသဝ'တို့၏ အာရုံသာဖြစ်သော ‘အာသဝဝိပ္ပယုတ္တသာသဝ’ တရား ဖြစ်ကုန်၏ (လောကီကုသိုလ်, လောကီဝိပါက်,ကိရိယာစိတ်, ယှဉ်ဖက်စေတသိက်, ဒေါသမူဒွေမောဟ, မောဟမူဒွေ မောဟ, ရုပ်)။

--

အာသဝဝိပ္ပယုတ္တအနာသဝတရား

၁၄၇၆။ (၂) အဘယ်တရားတို့သည် (သတ္တဝါတို့၏ သန္တာန်၌) ယိုစီးနေတတ်, ဖြစ်နေတတ်သော ‘အာသဝ’ နှင့်လည်း မယှဉ်မူ၍ ‘အာသဝ'တို့၏ အာရုံလည်းမဖြစ်သော ‘အာသဝဝိပ္ပယုတ္တအနာသဝ’ တရား ဖြစ် ကုန်သနည်း။

ဘုံသုံးပါး၌ အကျုံးမဝင်သောမဂ်လေးပါး၊ ကိလေသာငြိမ်းကြောင်း မဂ်၏ အကျိုး (ဖိုလ်) လေးပါး၊ ထို့ပြင် နိဗ္ဗာန်သည် (ရှိ၏)။

ဤတရားသည် ‘အာသဝ’ နှင့်လည်း မယှဉ်မူ၍ ‘အာဝသ'တို့၏ အာရုံလည်း မဖြစ်သော ‘အာသဝဝိပ္ပယုတ္တအနာသဝ’ တရား ဖြစ်ကုန်၏ (မဂ်, ဖိုလ်, နိဗ္ဗာန်)။

ဒုက်မုတ် ‘အာသဝ’ နှင့် ယှဉ်သော ‘အာသဝသမ္ပယုတ္တ’ တရားတို့ကို ‘အာသဝ’ နှင့် မယှဉ်မူ၍ ‘အာသဝ’ တရားတို့၏ အာရုံသာဖြစ်ကုန်၏ဟူ၍လည်းကောင်း၊ ‘အာသဝ’ နှင့်လည်း မယှဉ်, ‘အာသဝ'တို့၏အာရုံလည်း မဖြစ်ကုန်ဟူ၍လည်းကောင်း မဆိုအပ် မဆိုထိုက်ကုန်။

အာသဝဂေါစ္ဆကပြီးပြီ။

--

၄-သညောဇနဂေါစ္ဆက

၁-သညောဇနဒုက်

သညောဇနတရား

၁၄၇၇။ (၁) အဘယ်တရားတို့သည် (သတ္တဝါတို့ကို ဝဋ်ဆင်းရဲ၌) ယှဉ်စေတတ် နှောင်ဖွဲ့တတ်သော သံယောဇဉ်မည်သော ‘သညောဇန’ တရား ဖြစ်ကုန်သနည်း။

ကာမဂုဏ်တို့၌ လိုချင်တပ်မက်မှုဟူသော (သတ္တဝါတို့ကို ဝဋ်ဆင်းရဲ၌) ယှဉ်စေတတ် နှောင်ဖွဲ့ တတ်သော ‘ကာမရာဂသံယောဇဉ်’။ (အာရုံ၌) ထိပါးမှု (အမျက်ဒေါသ)ဟူသော (သတ္တဝါဝာို့ကို ဝဋ် ဆင်းရဲ၌) ယှဉ်စေတတ် နှောင်ဖွဲ့တတ်သော ‘ပဋိ့ဃသံယောဇဉ်’။ (ငါသာလျှင် မြတ်၏ဟု စသည်ဖြင့်) မှတ်ထင်မှု (ထောင်လွှားမှု)ဟူသော (သတ္တဝါတို့ကို ဝဋ်ဆင်းရဲ၌) ယှဉ်စေတတ် နှောင်ဖွဲ့တတ်သော ‘မာနသံယောဇဉ်’ ၊ အမြင်မှားမှုဟူသော (သတ္တဝါတို့ကို ဝဋ်ဆင်းရဲ၌) ယှဉ်စေတတ် နှောင်ဖွဲ့တတ်သော ‘ဒိဋ္ဌိသံယောဇဉ်’ ၊ ယုံမှားမှုဟူသော (သတ္တဝါတို့ကို ဝဋ်ဆင်းရဲ၌) ယှဉ်စေတတ် နှောင်ဖွဲ့တတ်သော ‘ဝိစိကိစ္ဆာသံယောဇဉ်’ ၊ နွား, ခွေးစသည်တို့၏ အလေ့အကျင့်ဖြင့် (မကောင်းမှုမှ စင်ကြယ်၏ဟု) အမှားသုံးသပ့်ခြင်းဟူသော (သတ္တဝါတို့ကို ဝဋ်ဆင်းရဲ၌) ယှဉ်စေတတ် နှောင်ဖွဲ့တတ်သော ‘သီလဗ္ဗတပရာမာသ သံယောဇဉ်’ ၊ ရူပ, အရူပဘဝ၌ တပ်မက်မှုဟူသော (သတ္တဝါတို့ကို ဝဋ်ဆင်းရဲ၌) ယှဉ်စေတတ် နှောင်ဖွဲ့တတ်သော ‘ဘဝရာဂသံယောဇဉ်’ ၊ ငြူစူမှု (မနာလိုမှု)ဟူသော (သတ္တဝါတို့ကို ဝဋ်ဆင်းရဲ၌) ယှဉ်စေတတ် နှောင်ဖွဲ့တတ်သော ‘ဣဿာသံယောဇဉ်’ ၊ ဝန်တိုမှုဟူသော (သတ္တဝါတို့ကို ဝဋ်ဆင်းရဲ၌) ယှဉ်စေတတ် နှောင်ဖွဲ့တတ်သော ‘မစ္ဆရိယသံယောဇဉ်’။ (သိအပ်သည်ကို) မသိမှု (သစ္စာလေးပါးကို မသိမှု)ဟူသော (သတ္တဝါတို့ကို ဝဋ်ဆင်းရဲ၌) ယှဉ်စေတတ် နှောင်ဖွဲ့တတ်သော ‘အဝိဇ္ဇာသံယောဇဉ်ဟူသော သံယောဇဉ်ဆယ်ပါးတို့သည်ရှိကုန်၏။ (ထိုသံယောဇဉ်ဆယ်ပါးတို့တွင်) ကာမဂုဏ်တို့၌ လိုချင်တပ်မက်မှုဟူသော (သတ္တဝါတို့ကို ဝဋ်ဆင်းရဲ ၌) ယှဉ်စေတတ် နှောင်ဖွဲ့တတ်သော ကာမရာဂသံယောဇဉ်သည် လောဘသဟဂုတ် စိတ္တုပ္ပါဒ်ရှစ်ပါးတို့၌ ဖြစ်၏။ (အာရုံ၌) ထိပါးမှု (အမျက်ဒေါသ)ဟူသော (သတ္တဝါတို့ကို ဝဋ်ဆင်းရဲ၌) ယှဉ်စေတတ် နှောင်ဖွဲ့တတ်သော ‘ပဋိဃသံယောဇဉ်’ သည် ဒေါမနဿသဟဂုတ် စိတ္တုပ္ပါဒ်နှစ်ပါးတို့၌ ဖြစ်၏။ (ငါသာလျှင် မြတ်၏ဟုစသည်ဖြင့်) မှတ်ထင်မှု (ထောင်လွှားမှု)ဟူသော (သတ္တဝါတို့ကို ဝဋ်ဆင်းရဲ၌) ယှဉ်စေတတ် နှောင်ဖွဲ့တတ်သော ‘မာနသံယောဇဉ်’ သည် ဒိဋ္ဌိဂတဝိပ္ပယုတ် လောဘသဟဂုတ် စိတ္တုပ္ပါဒ်လေးပါးတို့၌ ဖြစ်၏။ အမြင်မှားမှု ‘ဒိဋ္ဌိ’ ဟူသော (သတ္တဝါတို့ကို ဝဋ်ဆင်းရဲ၌) ယှဉ်စေတတ် နှောင်ဖွဲ့တတ်သော ‘ဒိဋ္ဌိသံယောဇဉ်’ သည် ဒိဋ္ဌိဂတသမ္ပယုတ် စိတ္တုပ္ပါဒ်လေးပါးတို့၌ ဖြစ်၏။ ယုံမှားမှု ‘ဝိစိကိစ္ဆာ’ ဟူသော (သတ္တဝါတို့ကို ဝဋ်ဆင်းရဲ၌) ယှဉ်စေတတ် နှောင်ဖွဲ့တတ်သော ‘ဝိစိကိစ္ဆာသံယောဇဉ်’ သည် ဝိစိကိစ္ဆာသဟဂုတ် စိတ္တုပ္ပါဒ်တို့၌ ဖြစ်၏။ နွား, ခွေးစသည်တို့၏ အလေ့အကျင့်ဖြင့် (မကောင်းမှုမှ စင်ကြယ်၏ဟု) အမှားသုံးသပ်ခြင်း ‘သီလဗ္ဗတပရာမာသ’ ဟူသော (သတ္တဝါတို့ကို ဝဋ်ဆင်းရဲ၌) ယှဉ်စေတတ်, နှောင်ဖွဲ့တတ်သော ‘သီလဗ္ဗတပရာမာသသံယောဇဉ်’ သည် ဒိဋ္ဌိဂတသမ္ပယုတ် စိတ္တုပ္ပါဒ်လေးပါးတို့၌ ဖြစ်၏။ (ရူပ, အရူပဘဝ၌) တပ်မက်မှုဟူသော (သတ္တဝါတို့ကို ဝဋ်ဆင်းရဲ၌) ယှဉ်စေတတ် နှောင်ဖွဲ့တတ် သော ‘ဘဝရာဂသံယောဇဉ်’ သည် ဒိဋ္ဌိဂတဝိပ္ပယုတ် လောဘသဟဂုတ် စိတ္တုပ္ပါဒ်လေးပါးတို့၌ ဖြစ်ကုန်၏။ ငြူစူမှု (မနာလိုမှု)ဟူသော (သတ္တဝါတို့ကို ဝဋ်ဆင်းရဲ၌) ယှဉ်စေတတ် နှောင်ဖွဲ့တတ်သော ‘ဣဿာသံယောဇဉ်’ သည်လည်းကောင်း၊ ဝန်တိုမှုဟူသော (သတ္တဝါတို့ကို ဝဋ်ဆင်းရဲ၌) ယှဉ်စေတတ်, နှောင်ဖွဲ့တတ်သော ‘မစ္ဆရိယသံယောဇဉ်’ သည်လည်းကောင်း ဒေါမနဿသဟဂုတ် စိတ္တုပ္ပါဒ်နှစ်ပါးတို့၌ ဖြစ်ကုန်၏။ (သိအပ်သည်ကို) မသိမှု (သစ္စာလေးပါးတို့ကို မသိမှု)ဟူသော (သတ္တဝါတို့ကို ဝဋ်ဆင်းရဲ၌) ယှဉ်စေတတ် နှောင်ဖွဲ့တတ်သော ‘အဝိဇ္ဇာသံယောဇဉ်’ (မောဟ) သည် အလုံးစုံသော အကုသိုလ်တို့၌ ဖြစ်၏။ ဤတရားတို့သည် (သတ္တဝါတို့ကို ဝဋ်ဆင်းရဲ၌) ယှဉ်စေတတ် နှောင်ဖွဲ့တတ်သော သံယောဇဉ်မည်သော ‘သညောဇန’ တရား ဖြစ်ကုန်၏။

--

နော သညောဇနတရား

၁၄၇၈။ (၂) အဘယ်တရားတို့သည် သံယောဇဉ်မမည်သော ‘နော သညောဇန’ တရား ဖြစ်ကုန်သနည်း။

(သံယောဇဉ်) တို့ကို ချန်ထား၍ ကြွင်း ကျန်သော အကုသိုလ် (၁၂)၊ ဘုံလေးပါးတို့၌ ဖြစ်သော ကုသိုလ် (၂၁)၊ ဘုံလေပါးတို့၌ (ဖြစ်သော) ဝိပါက် (၃၆)၊ ဘုံသုံးပါးတို့၌ (ဖြစ်သော) ပြုကာမျှဖြစ်၍ ကုသိုလ် အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သော ‘ကိရိယာဗျာကတ’ (၂၀)၊ ထို့ပြင် ရုပ်၊ ထို့ပြင် နိဗ္ဗာန်သည် (ရှိ၏)။ ဤတရားတို့သည် သံယောဇဉ် မမည်သော ‘နော သညောဇန’ တရား ဖြစ်ကုန်၏ (စိတ်, သံယောဇဉ်တရားကိုယ် ရှစ်ပါးမှတစ်ပါး အခြား သော စေတသိက်, ရုပ်, နိဗ္ဗာန်)။

၂-သညောဇနိယဒုက်

သညောဇနိယတရား

၁၄၇၉။ (၁) အဘယ်တရားတို့သည် (သတ္တဝါတို့ကို ဝဋ်ဆင်းရဲ၌) ယှဉ်စေတတ်နှောင်ဖွဲ့တတ်သော ‘သံယောဇဉ်'တို့၏အာရုံဖြစ်သော ‘သညောဇနိယ’ တရားဖြစ် ကုန်သနည်း။

ဘုံသုံးပါးတို့၌ (ဖြစ်သော) (လောကီ) ကုသိုလ် (၁၇)၊ အကုသိုလ် (၁၂)၊ ဘုံသုံးပါးတို့၌ (ဖြစ်သော) (လောကီ) ဝိပါက် (၃၂)၊ ဘုံသုံးပါးတို့၌ (ဖြစ်သော) ပြုကာမျှ ဖြစ်၍ ကုသိုလ် အကုသိုလ်အဖြစ်ဖြင့်မဟောအပ်သော ‘ကိရိယဗျာကတ’ (၂၀)၊ ထို့ပြင် အလုံးစုံသော ရုပ်သည် (ရှိ၏)။ ဤတရားတို့သည် (သတ္တဝါတို့ကို ဝဋ်ဆင်းရဲ၌) ယှဉ်စေတတ် နှောင်ဖွဲ့တတ်သော ‘သံယောဇဉ်'တို့၏ အာရုံဖြစ်သော ‘သညောဇနိယ’ တရား ဖြစ်ကုန်၏ (လောကီစိတ်, စေတသိက်, ရုပ်)။

အသညောဇနိယတရား

၁၄၈၀။ (၂) အဘယ်တရားတို့သည် သံယောဇဉ်တို့၏ အာရုံမဖြစ်သော ‘အသညောဇနိယ’ တရား ဖြစ်ကုန်သနည်း။

ဘုံသုံးပါး၌ အကျုံးမဝင်ကုန်သော မဂ်လေးပါး၊ ကိလေသာငြိမ်းကြောင်း မဂ်၏ အကျိုး (ဖိုလ်) လေးပါး၊ နိဗ္ဗာန်သည် (ရှိ၏)။ ဤတရား တို့သည်သံယောဇဉ်တို့၏ အာရုံမဖြစ်သော ‘အသညောဇနိယ’ တရား ဖြစ်ကုန်၏ (မဂ်, ဖိုလ်, နိဗ္ဗာန်)။

--

၃-သညောဇနသမ္ပယုတ္တဒုက်

သညောဇနသမ္ပယုတ္တတရား

၁၄၈၁။ (၁) အဘယ်တရားတို့သည် (သတ္တဝါတို့ကို ဝဋ်ဆင်းရဲ၌) ယှဉ်စေတတ် နှောင်ဖွဲ့တတ်သော ‘သံယောဇဉ်'တို့နှင့် ယှဉ်သော ‘သညောဇနသမ္ပယုတ္တ’ တရားဖြစ်ကုန်သနည်း။

ပျံ့လွင့်မှု ‘ဥဒ္ဓစ္စ’ နှင့် တကွဖြစ်သော မောဟ (ဥဒ္ဓစ္စနှင့် ယှဉ်သော မောဟ) ကို ချန်ထား၍ကြွင်းကျန်သော အကုသိုလ်သည် (ရှိ၏)။ ဤတရားတို့သည် (သတ္တဝါ တို့ကို ဝဋ်ဆင်းရဲ၌) ယှဉ်စေတတ် နှောင်ဖွဲ့တတ်သော ‘သံယောဇဉ်’ နှင့် ယှဉ်သော ‘သညောဇနသမ္ပယုတ္တ’ တရား ဖြစ်ကုန်၏ (အကုသိုလ်စိတ်၊ ဥဒ္ဓစ္စသဟဂုတ်၌ မောဟကြဉ် ယှဉ်ဖက် စေတသိက်)။

သညောဇနဝိပ္ပယုတ္တတရား

၁၄၈၂။ (၂) အဘယ်တရားတို့သည်သံယောဇဉ်တို့နှင့် မယှဉ်သော ‘သညောဇနဝိပ္ပယုတ္တ’ တရား ဖြစ်ကုန်သနည်း။

ဥဒ္ဓစ္စသဟဂုတ်မောဟ၊ ဘုံ လေးပါးတို့၌ (ဖြစ်သော) ကုသိုလ် (၂၁)၊ ဘုံလေးပါးတို့၌ (ဖြစ်သော) ဝိပါက် (၃၆)၊ ဘုံသုံးပါးတို့၌ (ဖြစ်သော) ပြုကာမျှ ဖြစ်၍ ကုသိုလ် အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သော ‘ကိရိယာဗျာကတ’ (၂၀)၊ ထို့ပြင် ရုပ်၊ ထို့ပြင် နိဗ္ဗာန်သည် (ရှိ၏)။ ဤတရားတို့သည် သံယောဇဉ်တို့နှင့် မယှဉ်သော ‘သညောဇနဝိပ္ပယုတ္တ’ တရား ဖြစ်ကုန်၏ (ကုသိုလ်, ဝိပါက်, ကိရိယာစိတ်, ယှဉ်ဖက် စေတသိက်, ဥဒ္ဓစ္စသဟဂုတ်၌ မောဟ, ရုပ်, နိဗ္ဗာန်)။

--

၄-သညောဇန သညောဇနိယဒုက်

သညောဇန သညောဇနိယတရား

၁၄၈၃။ (၁) အဘယ်တရားတို့သည် သံယောဇဉ်လည်း မည်၍ သံယောဇဉ်တို့၏ အာရုံလည်း ဖြစ်သော ‘သညောဇန သညောဇနိယ’ တရား ဖြစ်ကုန်သနည်း။

ထိုသံယောဇဉ်တို့သည်ပင်လျှင် သံယောဇဉ်လည်း မည်၍ သံယောဇဉ်တို့၏ အာရုံလည်း ဖြစ်သော ‘သညောဇန သညောဇနိယ’ တရား ဖြစ်ကုန်၏ (သံယောဇဉ် တရားကိုယ် ရှစ်ပါး)။

သညောဇနိယ နော သညောဇနတရား

၁၄၈၄။ (၂) အဘယ်တရားတို့သည်သံယောဇဉ်တို့၏ အာရုံသာဖြစ်၍ သံယောဇဉ်မမည်သော ‘သညောဇနိယ နော သညောဇန’ တရား ဖြစ်ကုန်သနည်း။

သံယောဇဉ်တို့ကို ချန်ထား၍ ကြွင်းကျန်သော အကုသိုလ် (၁၂)။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ (ဖြစ်သော) (လောကီ) ကုသိုလ် (၁၇)။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ (ဖြစ်သော) (လောကီ) ဝိပါက် (၃၂)။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ (ဖြစ်သော) ပြုကာမျှ ဖြစ်၍ ကုသိုလ် အကုသိုလ်အဖြစ်ဖြင့်မဟောအပ်သော ‘ကိရိယာဗျာကတ’ (၂၀)၊ ထို့ပြင် အလုံးစုံသော ရုပ်သည် (ရှိ၏)။ ဤတရားတို့သည်သံယော ဇဉ်တို့၏ အာရုံသာ ဖြစ်၍ သံယောဇဉ် မမည်သော ‘သညောဇနိယ နော သညောဇန’ တရားဖြစ်ကုန်၏ (လောကီစိတ်, သံယောဇဉ်တရားကိုယ် ရှစ်ပါးမှတစ်ပါး အခြားသော စေတသိက်, ရုပ်)။

ဒုက်မုတ် သံယောဇဉ်တို့၏အာရုံမဖြစ်သော ‘အသညောဇနိယ’ (လောကုတ္တရာ) တရားတို့ကို သံယောဇဉ်လည်း မည်၍ သံယောဇဉ်တို့၏ အာရုံလည်း ဖြစ်ကုန်၏ဟူ၍လည်းကောင်း၊ သံယောဇဉ်တို့၏အာရုံသာ ဖြစ်၍ သံယောဇဉ် မမည်ကုန်ဟူ၍လည်းကောင်း မဆိုအပ် မဆိုထိုက်ကုန်။

--

၅-သညောဇန သညောဇနသမ္ပယုတ္တဒုက်

သညောဇန သညောဇနသမ္ပယုတ္တတရား

၁၄၈၅။ (၁) အဘယ်တရားတို့သည်သံယောဇဉ်လည်း မည်၍သံယောဇဉ်တို့နှင့်လည်း ယှဉ်သော ‘သညောဇန သညောဇနသမ္ပယုတ္တ’ တရား ဖြစ်ကုန်သနည်း။

အကြင်စိတ်၌ သံယောဇဉ်နှစ်ပါး သုံးပါးတို့သည် တစ်ပြိုင် နက် ဖြစ်ကုန်၏၊ ဤ (နှစ်ပါးသုံးပါးသောသံယောဇဉ်) တရားတို့သည် သံယောဇဉ်လည်းမည်၍ သံယောဇဉ် တို့နှင့်လည်းယှဉ်သော ‘သညောဇန သညောဇနသမ္ပယုတ္တ’ တရား ဖြစ်ကုန်၏ (ဥဒ္ဓစ္စသဟဂုတ် မောဟ ကြဉ်သောသံယောဇဉ်တရားကိုယ် ရှစ်ပါး)။

သညောဇနသမ္ပယုတ္တနော သညောဇနတရား

၁၄၈၆။ (၂) အဘယ်တရားတို့သည် သံယောဇဉ်တို့နှင့်သာ ယှဉ်၍ သံယောဇဉ် မမည်သော ‘သညောဇနသမ္ပယုတ္တနော သညောဇန’ တရားဖြစ်ကုန်သနည်း။

သံယောဇဉ်တို့ကို ချန်ထား၍ ကြွင်း ကျန်သော အကုသိုလ် (၁၂) သည် (ရှိ၏)။ ဤတရားတို့သည် သံယောဇဉ်တို့နှင့်သာ ယှဉ်၍ သံယောဇဉ် မမည်သော ‘သညောဇနသမ္ပယုတ္တနော သညောဇန’ တရား ဖြစ်ကုန်၏ (အကုသိုလ်စိတ်, သံယောဇဉ် တရားကိုယ်ရှစ်ပါးမှတစ်ပါးအခြားသော ယှဉ်ဖက် စေတသိက်)။

ဒုက်မုတ် သံယောဇဉ်တို့နှင့် မယှဉ်သော ‘သညောဇနဝိပ္ပယုတ္တ’ (ကုသိုလ်, ဝိပါက်, ကိရိယာစိတ်, ယှဉ်ဖက်စေတသိက်, ရုပ်, နိဗ္ဗာန်) တရားတို့ကို သံယောဇဉ်လည်း မည်၍ သံယောဇဉ်တို့နှင့်လည်းယှဉ်ကုန်၏ဟူ၍လည်းကောင်း သံယောဇဉ်တို့နှင့်သာ ယှဉ်ကုန်သည်ဖြစ်၍ သံယောဇဉ် မမည်ကုန်ဟူ၍လည်းကောင်း မဆိုအပ် မဆိုထိုက်ကုန်။

--

၆-သညောဇနဝိပ္ပယုတ္တသညောဇနိယဒုက်

သညောဇနဝိပ္ပယုတ္တသညောဇနိယတရား

၁၄၈၇။ (၁) အဘယ်တရားတို့သည် သံယောဇဉ်တို့နှင့်မယှဉ်မူ၍ သံယောဇဉ်တို့၏ အာရုံသာဖြစ်သော ‘သညောဇနဝိပ္ပယုတ္တသညောဇနိယ’ တရားဖြစ်ကုန်သနည်း။

ဥဒ္ဓစ္စသဟဂုတ် မောဟ (ဥဒ္ဓစ္စ သဟဂုတ်စိတ်၌ ရှိသော မောဟ)။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ (ဖြစ်သော) (လောကီ) ကုသိုလ် (၁၇)။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ (ဖြစ်သော) (လောကီ) ဝိပါက် (၃၂)။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ (ဖြစ်သော) ပြုကာမျှ ဖြစ်၍ကုသိုလ် အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သော ‘ကိရိယာ ဗျာကတ’ (၂၀)၊ ထို့ပြင် အလုံးစုံသောရုပ်သည် (ရှိ၏)။ ဤတရားတို့သည် သံယောဇဉ်တို့နှင့် မယှဉ်မူ ၍ သံယောဇဉ်တို့၏ အာရုံသာဖြစ်သော ‘သညောဇနဝိပ္ပယုတ္တသညောဇနိယ’ တရား ဖြစ်ကုန်၏ (လောကီ ကုသိုလ်, လောကီဝိပါက်,ကိရိယာစိတ်, ယှဉ်ဖက် စေတသိက်, ဥဒ္ဓစ္စသဟဂုတ်မောဟ, ရုပ်)။

သညောဇနဝိပ္ပယုတ္တအသညောဇနိယတရား

၁၄၈၈။ (၂) အဘယ်တရားတို့သည် သံယောဇဉ်တို့နှင့်လည်း မယှဉ်, သံယောဇဉ်တို့၏ အာရုံလည်း မဖြစ်သော ‘သညောဇနဝိပ္ပယုတ္တအသညောဇနိယ’ တရား ဖြစ်ကုန်သနည်း။

(ကာမ, ရူပ, အရူပ) ဘုံသုံး ပါးတို့၌ အကျုံးမဝင်သောမဂ်လေးပါး၊ ထို့ပြင် ကိလေသာငြိမ်းကြောင်း ‘သာမည’ (မဂ်) ၏ အကျိုး (ဖိုလ်) လေးပါး၊ ထို့ ပြင်နိဗ္ဗာန်သည် (ရှိ၏)။ ဤတရားတို့သည် သံယောဇဉ်တို့နှင့်လည်း မယှဉ်၊ သံယောဇဉ်တို့၏ အာရုံလည်းမဖြစ်သော ‘သညောဇနဝိပ္ပယုတ္တအသညောဇနိယ’ တရား ဖြစ်ကုန်၏ (မဂ်, ဖိုလ်, နိဗ္ဗာန်)။

ဒုက်မုတ် သံယောဇဉ်တို့နှင့် ယှဉ်သော သညောဇနသမ္ပယုတ္တ’ (အကုသိုလ်) တရားတို့ကို သံယောဇဉ်တို့နှင့် မယှဉ်မူ၍ သံယောဇဉ်တို့၏ အာရုံသာဖြစ်ကုန်၏ဟူ၍လည်းကောင်း၊ သံယောဇဉ်တို့နှင့် လည်းမယှဉ်, သံယောဇဉ်တို့၏ အာရုံလည်း မဖြစ်ကုန်ဟူ၍လည်းကောင်း မဆိုအပ် မဆိုထိုက်ကုန်။

သညောဇနဂေါစ္ဆက ပြီးပြီ။

--

ဂန္ထဂေါစ္ဆက

၁-ဂန္ထဒုက်

ဂန္ထတရား

၁၄၈၉။ (၁) အဘယ်တရားတို့သည် (စုတိ ပဋိသန္ဓေ၏ အစွမ်းဖြင့် ဝဋ်ဆင်းရဲ၌) ဆက်စပ်ထုံးဖွဲ့တတ်သော ‘ဂန္ထ’ တရား မည်ကုန်သနည်း။

နာမ်တရားအပေါင်း ‘နာမကာယ’ ကို (စုတိ ပဋိသန္ဓေ၏အစွမ်းဖြင့် ဝဋ်ဆင်းရဲ၌) ဆက်စပ်ထုံးဖွဲ့တတ်သော မက်မောမှု ‘အဘိဇ္ဈာ ကာယဂန္ထ’ ၊ နာမ်တရားအပေါင်း ‘နာမကာယ’ ကို (စုတိ ပဋိသန္ဓေ၏အစွမ်းဖြင့် ဝဋ်ဆင်းရဲ၌) ဆက်စပ်ထုံးဖွဲ့တတ်သော ဖျက်ဆီးပြစ်မှားမှု ‘ဗျာပါဒကာယဂန္ထ’ ၊ နာမ်တရားအပေါင်း ‘နာမကာယ’ ကို (စုတိ,ပဋိသန္ဓေ၏ အစွမ်းဖြင့် ဝဋ်ဆင်းရဲ၌) ဆက်စပ်ထုံးဖွဲ့တတ်သော နွား, ခွေးစသည်တို့၏ အလေ့အကျင့်ဖြင့် (မကောင်းမှုမှ စင်ကြယ်၏ဟု) မှားသောအားဖြင့် သုံးသပ်မှု ‘သီလဗ္ဗတပရာမာသကာယဂန္ထ’ ၊ နာမ်တရားအပေါင်း ‘နာမကာယ’ ကို (စုတိ ပဋိသန္ဓေ၏ အစွမ်းဖြင့် ဝဋ်ဆင်းရဲ၌) ဆက်စပ်ထုံးဖွဲ့တတ်သော ဤငါ၏အယူသည်သာလျှင် မှန်၏ (တစ်ပါးသောအယူသည် အချည်းနှီးတည်း)ဟု မှားသောအားဖြင့် နှလုံးသွင်းမှု ‘ဣဒံသစ္စာ ဘိနိဝေသကာယဂန္ထ’ ဟူသော ဂန္ထလေးပါးတို့သည် ရှိကုန်၏။ ထို (ဂန္ထလေးပါးတို့) တွင် နာမ်တရားအပေါင်း ‘နာမကာယ’ ကို (စုတိ ပဋိသန္ဓေ၏ အစွမ်းဖြင့် ဝဋ်ဆင်းရဲ၌) ဆက်စပ်ထုံးဖွဲ့တတ်သော မက်မောမှု ‘အဘိဇ္ဈာကာယဂန္ထ’ သည် လောဘသဟဂုတ် စိတ္တုပ္ပါဒ်ရှစ်ပါးတို့၌ ဖြစ်၏။ နာမ်တရားအပေါင်း ‘နာမကာယ’ ကို (စုတိ ပဋိသန္ဓေ၏ အစွမ်းဖြင့် ဝဋ်ဆင်းရဲ၌) ဆက်စပ်ထုံးဖွဲ့တတ်သော ဖျက်ဆီးပြစ်မှားမှု ‘ဗျာပါဒကာယဂန္ထ’ သည် ဒေါမနဿသဟဂုတ်စိတ္တုပ္ပါဒ် နှစ်ပါးတို့၌ ဖြစ်၏။ နာမ်တရားအပေါင်း ‘နာမကာယ’ ကို (စုတိ ပဋိသန္ဓေ၏အစွမ်းဖြင့် ဝဋ်ဆင်းရဲ၌) ဆက်စပ်ထုံးဖွဲ့တတ်သော နွား, ခွေးစသည်တို့၏ အလေ့အကျင့်ဖြင့် (မကောင်းမှုမှ စင်ကြယ်၏ဟု) မှားသောအားဖြင့် သုံးသပ်မှု ‘သီလဗ္ဗတပရာမာသကာယဂန္ထ’ သည်လည်းကောင်း၊ နာမ်တရားအပေါင်း ‘နာမကာယ’ ကို (စုတိပဋိသန္ဓေ၏အစွမ်းဖြင့် ဝဋ်ဆင်းရဲ၌) ဆက်စပ်ထုံးဖွဲ့တတ်သော ဤငါ၏ အယူသည်သာလျှင် မှန်၏။ (တစ်ပါးသောအယူသည် အချည်းနှီးတည်း)ဟု မှားသောအားဖြင့် နှလုံးသွင်းမှု ‘ဣဒံသစ္စာဘိနိဝေသကာယဂန္ထ’ သည်လည်းကောင်း ဒိဋ္ဌိဂတသမ္ပယုတ် စိတ္တုပ္ပါဒ်လေးပါးတို့၌ ဖြစ်ကုန်၏။ ဤတရားတို့သည် (စုတိ, ပဋိသန္ဓေ၏ အစွမ်းဖြင့် ဝဋ်ဆင်းရဲ၌) ဆက်စပ် ထုံးဖွဲ့တတ်သော ‘ဂန္ထ’ တရားမည်ကုန်၏ (လောဘ, ဒေါသ, ဒိဋ္ဌိဟူသော ဂန္ထတရားကိုယ်သုံးပါး)။

နော ဂန္ထတရား

၁၄၉၀။ (၂) အဘယ်တရားတို့သည် ဂန္ထမမည်သော ‘နော ဂန္ထ’ တရား ဖြစ်ကုန်သနည်း။

ဂန္ထတို့ကို ချန်ထား၍ ကြွင်းကျန်သော အကုသိုလ် (၁၂)။ (ကာမ, ရူပ, အရူပ, အပရိယာပန္န) ဘုံလေးပါးတို့၌ (ဖြစ်သော) ကုသိုလ် (၂၁)။ (ကာမ, ရူပ, အရူပ, အပရိယာပန္န) ဘုံလေးပါးတို့၌ (ဖြစ်သော) ဝိပါက် (၃၆)။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ (ဖြစ်သော) ပြုကာမျှဖြစ်၍ကုသိုလ် အကုသိုလ် အဖြစ်ဖြင့် မဟောအပ်သော ‘ကိရိယာဗျာကတ’ (၂၀)၊ ထို့ပြင် ရုပ်၊ ထို့ပြင်နိဗ္ဗာန်သည် (ရှိ၏)။ ဤတရားတို့သည် ဂန္ထမမည်သော ‘နော ဂန္ထ’ တရား ဖြစ်ကုန်၏ (စိတ်,ဂန္ထတရားကိုယ်သုံးပါးကြဉ်သော စေတသိက်, ရုပ်, နိဗ္ဗာန်)။

--

၂-ဂန္ထနိယဒုက်

ဂန္ထနိယတရား

၁၄၉၁။ (၁) အဘယ်တရားတို့သည် (လောဘ, ဒေါသ, ဒိဋ္ဌိဟူသော) ဂန္ထ၏ အာရုံဖြစ်သော ‘ဂန္ထနိယ’ တရား ဖြစ်ကုန်သနည်း။

(ကာမ, ရူပ, အရူပ) ဘုံသုံးပါး တို့၌ (ဖြစ်သော) (လောကီ) ကုသိုလ် (၁၇)၊ အကုသိုလ် (၁၂)၊ ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ (ဖြစ်သော) (လောကီ) ဝိပါက် (၃၂)။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ (ဖြစ်သော) ပြုကာမျှဖြစ်၍ကုသိုလ် အကုသိုလ်အပြစ်ဖြင့် မဟောအပ်သော ‘ကိရိယာဗျာကတ’ (၂၀)၊ ထို့ပြင် အလုံးစုံသော ရုပ်သည် (ရှိ၏)။ ဤတရားတို့သည် ဂန္ထ၏အာရုံဖြစ်သော ‘ဂန္ထနိယ’ တရား ဖြစ်ကုန်၏ (လောကီစိတ်, စေတသိက်,ရုပ်)။

အဂန္ထနိယတရား

၁၄၉၂။ (၂) အဘယ်တရားတို့သည် (လောဘ, ဒေါသ, ဒိဋ္ဌိဟူသော) ဂန္ထ၏ အာရုံမဖြစ်သော ‘အဂန္ထနိယ’ တရား ဖြစ်ကုန်သနည်း။

(ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ အကျုံးမဝင်ကုန်သော မဂ်လေးပါး၊ ထို့ပြင် ကိလေသာငြိမ်းကြောင်း ‘သာမည’ (မဂ်) ၏အကျိုး (ဖိုလ်) လေးပါး၊ ထို့ပြင် နိဗ္ဗာန်သည် (ရှိ၏)။ ဤတရားတို့သည် ဂန္ထ၏ အာရုံမဖြစ်သော ‘အဂန္ထနိယ’ တရား ဖြစ်ကုန်၏ (မဂ်, ဖိုလ်, နိဗ္ဗာန်)။

--

၃-ဂန္ထသမ္ပယုတ္တဒုက်

ဂန္ထသမ္ပယုတ္တတရား

၁၄၉၃။ (၁) အဘယ်တရားတို့သည် (လောဘ, ဒေါသ, ဒိဋ္ဌိဟူသော) ဂန္ထနှင့် ယှဉ်သော ‘ဂန္ထသမ္ပယုတ္တ’ တရား ဖြစ်ကုန်သနည်း။

ဒိဋ္ဌိဂတသမ္ပယုတ် စိတ္တုပ္ပါဒ် လေးပါး၊ ဒိဋ္ဌိဂတဝိပ္ပယုတ်လောဘသဟဂုတ် စိတ္တုပ္ပါဒ်လေးပါး၊ ဤ (ဒိဋ္ဌိဂတဝိပ္ပယုတ်စိတ်) တို့၌ ဖြစ်သော လောဘကို ချန်ထား၍ (ကြွင်းသော စေတသိက်နှစ်ဆယ့်နှစ်ပါး)၊ ဒေါမနဿသဟဂုတ် စိတ္တုပ္ပါဒ်နှစ်ပါး၊ ဤ (ဒေါသမူစိတ်) တို့၌ ဖြစ်သော ပဋိဃကို ချန်ထား၍ (ကြွင်းသော စေတသိက် နှစ်ဆယ့်တစ်ပါး) တို့သည် (ရှိကုန်၏)။

ဤတရားတို့သည် ဂန္ထနှင့် ယှဉ်သော ‘ဂန္ထသမ္ပယုတ္တ’ တရား ဖြစ်ကုန်၏ (လောဘမူစိတ်, ဒေါသမူဒွေ,ဒိဋ္ဌိဂတဝိပ္ပယုတ်လောဘနှင့် ဒေါသမူဒေါသမှတစ်ပါး အခြားသော ယှဉ်ဖက်စေတသိက်)။

ဂန္ထဝိပ္ပယုတ္တတရား

၁၄၉၄။ (၂) အဘယ်တရားတို့သည် (လောဘ, ဒေါသ, ဒိဋ္ဌိဟူသော) ဂန္ထနှင့် မယှဉ်သော ‘ဂန္ထဝိပ္ပယုတ္တ’ တရား ဖြစ်ကုန်သနည်း။

ဒိဋ္ဌိဂတဝိပ္ပယုတ် လောဘသဟဂုတ်စိတ္တုပ္ပါဒ်လေးပါးတို့၌ ဖြစ်သော လောဘ၊ ဒေါမနဿသဟဂုတ် စိတ္တုပ္ပါဒ်နှစ်ပါးတို့၌ ဖြစ်သော ပဋိဃ၊ ဝိစိကိစ္ဆာသဟဂုတ်စိတ္တုပ္ပါဒ်၊ ဥဒ္ဓစ္စသဟဂုတ်စိတ္တုပ္ပါဒ်။ (ကာမ, ရူပ, အရူပ, အပရိယာပန္န) ဘုံလေးပါးတို့၌ ဖြစ်သော ကုသိုလ် (၂၁)၊ ကာမ, ရူပ, အရူပ, အပရိယာပန္န) ဘုံလေးပါးတို့၌ ဖြစ်သော ဝိပါက် (၃၆)။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ (ဖြစ်သော) ပြုကာမျှ ကုသိုလ် အကုသိုလ် အဖြစ်ဖြင့်မဟောအပ်သော ‘ကိရိယာဗျာကတ’ (၂၀)၊ ထို့ပြင် ရုပ်၊ ထို့ပြင် နိဗ္ဗာန်သည် (ရှိ၏)။ ဤ တရားတို့သည်ဂန္ထနှင့် မယှဉ်သော ဂန္ထဝိပ္ပယုတ္တ’ တရား ဖြစ်ကုန်၏ (မောဟမူဒွေ, ကုသိုလ်, ဝိပါက်, ကိရိယာစိတ်,ယှဉ်ဖက် စေတသိက်, ဒိဋ္ဌိဂတဝိပ္ပယုတ်၌ လောဘ, ဒေါသမူဒွေ၌ ဒေါသ, ရုပ်, နိဗ္ဗာန်)။

--

၄-ဂန္ထ ဂန္ထနိယဒုက်

ဂန္ထဂန္ထနိယတရား

၁၄၉၅။ (၁) အဘယ်တရားတို့သည် (လောဘ, ဒေါသ, ဒိဋ္ဌိဟူသော) ဂန္ထလည်းမည်၍ ဂန္ထ၏ အာရုံလည်းဖြစ်သော ‘ဂန္ထ္ထဂန္ထနိယ’ တရား ဖြစ်ကုန်သ နည်း။ ထိုဂန္ထတရားတို့သည်ပင် ဂန္ထလည်းမည် ကုန်၍ ဂန္ထ၏ အာရုံလည်းဖြစ်သော ‘ဂန္ထဂန္ထနိယ’ တရားဖြစ်ကုန်၏ (လောဘ, ဒေါသ, ဒိဋ္ဌိဟူသော ဂန္ထတရား ကိုယ်သုံးပါး)။

ဂန္ထနိယ နော ဂန္ထတရား

၁၄၉၆။ (၂) အဘယ်တရားတို့သည် (လောဘ, ဒေါသ, ဒိဋ္ဌိဟူသော) ဂန္ထ၏အာရုံသာ ဖြစ်၍ ဂန္ထမမည်သော ‘ဂန္ထနိယ နော ဂန္ထ’ တရား ဖြစ်ကုန်သနည်း။

ဂန္ထတို့ကို ချန်ထား၍ကြွင်းကျန်သော အကုသိုလ် (၁၂)။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ (ဖြစ်သော) (လောကီ) ကုသိုလ် (၁၇)။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ ဖြစ်သော လောကီဝိပါက် (၃၂)။ (ကာမ, ရူပ,အရူပ) ဘုံသုံးပါးတို့၌ ဖြစ်သော ပြုကာမျှ ဖြစ်၍ ကုသိုလ်, အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သော ‘ကိရိယာဗျာကတ’ (၂၀)၊ ထို့ပြင် အလုံးစုံသော ရုပ်သည် (ရှိ၏)။ ဤတရားတို့သည် ဂန္ထတို့၏အာရုံသာဖြစ်၍ ဂန္ထ မမည်သော ‘ဂန္ထနိယ နော ဂန္ထ’ တရား ဖြစ်ကုန်၏ (အကုသိုလ်, လောကီကုသိုလ်,လောကီဝိပါက်, ကိရိယာစိတ်, ဂန္ထတရားကိုယ်သုံးပါးမှတစ်ပါး အခြား သော စေတသိက်, ရုပ်)။

ဒုက်မုတ်ဂန္ထတို့၏ အာရုံမဖြစ်သော ‘အဂန္ထနိယ’ (လောကုတ္တရာ) တရားတို့ကို ဂန္ထလည်းမည်၍ ဂန္ထတို့၏ အာရုံလည်း ဖြစ်ကုန်၏ဟူ၍လည်းကောင်း၊ ဂန္ထ၏ အာရုံသာ ဖြစ်၍ ဂန္ထမမည်ကုန်ဟူ၍လည်းကောင်း မဆိုအပ် မဆိုထိုက်ကုန်။

--

၅-ဂန္ထဂန္ထသမ္ပယုတ္တဒုက်

ဂန္ထဂန္ထသမ္ပယုတ္တတရား

၁၄၉၇။ (၁) အဘယ်တရားတို့သည် (လောဘ, ဒေါသ, ဒိဋ္ဌိ)ဟူသော ဂန္ထလည်း မည်၍ ဂန္ထနှင့်လည်း ယှဉ်သော ‘ဂန္ထ ဂန္ထသမ္ပယုတ္တ’ တရား ဖြစ်ကုန်သနည်း။

အကြင်စိတ်၌ ဒိဋ္ဌိသည်လည်းကောင်း၊ လောဘသည်လည်းကောင်း တစ်ပြိုင်နက် ဖြစ်ကုန်၏။ (ထိုစိတ်၌ ဖြစ်သော လောဘ, ဒိဋ္ဌိဟူသော) ဤတရားတို့သည် ဂန္ထလည်းမည်၍ ဂန္ထနှင့် လည်း ယှဉ်သော ‘ဂန္ထဂန္ထသမ္ပယုတ္တ’ တရား ဖြစ်ကုန်၏ (ဒိဋ္ဌိဂတသမ္ပယုတ်စိတ်၌ ရှိသော လောဘ, ဒိဋ္ဌိ)။

ဂန္ထသမ္ပယုတ္တနော ဂန္ထတရား

၁၄၉၈။ (၂) အဘယ်တရားတို့သည် (လောဘ, ဒေါသ, ဒိဋ္ဌိ)ဟူသောဂန္ထနှင့်သာ ယှဉ်၍ ဂန္ထမမည်သော ‘ဂန္ထသမ္ပယုတ္တနော ဂန္ထ’ တရား ဖြစ်ကုန်သနည်း။

လောဘသဟဂုတ်စိတ္တုပ္ပါဒ် ရှစ်ပါး၊ ဒေါမနဿသဂုတ် စိတ္တုပ္ပါဒ်နှစ်ပါး၊ ဤ (လောဘမူ၊ ဒေါသမူစိတ်) တို့၌ ဖြစ်သော ဂန္ထတို့ကို ချန်ထား၍ (ကြွင်းသော စေတသိက် နှစ်ဆယ့်သုံးပါး တို့သည်ရှိကုန်၏)။ ဤတရားတို့သည် ဂန္ထနှင့်သာ ယှဉ်၍ ဂန္ထမမည်သော ‘ဂန္ထသမ္ပယုတ္တနော ဂန္ထ’ တရားဖြစ်ကုန်၏ (လောဘမူ, ဒေါသမူစိတ်, ဂန္ထတရားကိုယ် သုံးပါးမှတစ်ပါး အခြားသော ယှဉ်ဖက်စေတသိက်)။

ဒုက်မုတ်ဂန္ထနှင့် မယှဉ်သော ‘ဂန္ထဝိပ္ပယုတ္တ’ (မောဟမူဒွေ, ကုသိုလ်, ဝိပါက်, ကိရိယာစိတ်, ယှဉ်ဖက်စေတသိက်, ရုပ်, နိဗ္ဗာန်) တရားတို့ကို ဂန္ထလည်းမည်၍ ဂန္ထနှင့်လည်း ယှဉ်ကုန်၏ဟူ၍လည်းကောင်း၊ ဂန္ထတို့နှင့်သာ ယှဉ်၍ ဂန္ထမမည်ကုန်ဟူ၍လည်းကောင်း မဆိုအပ် မဆိုထိုက်ကုန်။

--

၆-ဂန္တဝိပ္ပယုတ္တဂန္ထနိယဒုက်

ဂန္ထဝိပ္ပယုတ္တဂန္ထနိယတရား

၁၄၉၉။ (၁) အဘယ်တရားတို့သည် (လောဘ,ဒေါသ, ဒိဋ္ဌိဟူသော) ဂန္ထနှင့် ကုန်သနည်း။

ဒိဋ္ဌိဂတဝိပ္ပယုတ်လောဘသဟဂုတ် စိတ္တုပ္ပါဒ် လေးပါးတို့၌ ဖြစ်သော လောဘ၊ ဒေါမနဿသဟဂုတ်စိတ္တုပ္ပါဒ်နှစ်ပါးတို့၌ ဖြစ်သော ပဋိဃ၊ ဝိစိကိစ္ဆာ သဟဂုတ်စိတ္တုပ္ပါဒ်၊ ဥဒ္ဓစ္စသဟဂုတ်စိတ္တုပ္ပါဒ်။ (ကာမ, ရူပ, အရူပ, ဘုံသုံးပါးတို့၌ (ဖြစ်သော) (လောကီ) ကုသိုလ် (၁၇)။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ (ဖြစ်သော) (လောကီ) ဝိပါက် (၃၂)။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါတို့၌ ဖြစ်သော ပြုကာမျှဖြစ်၍ ကုသိုလ် အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သော ‘ကိရိယာဗျာကတ’ (၂၀)၊ ထို့ပြင် အလုံးစုံသော ရုပ်သည် (ရှိ၏)။ ဤတရားတို့သည် ဂန္ထနှင့် မယှဉ်မူ၍ဂန္ထ၏ အာရုံသာဖြစ်သော ‘ဂန္ထဝိပ္ပယုတ္တဂန္ထနိယ’ တရား ဖြစ်ကုန်၏ (မောဟမူဒွေ, လောကီကုသိုလ်,လောကီဝိပါက်, ကိရိယာစိတ်, ယှဉ်ဖက် စေတသိက်, ဒိဋ္ဌိဂတဝိပ္ပယုတ်၌ လောဘ, ဒေါသမူဒွေ၌ ဒေါသ၊ ရုပ်)။

ဂန္ထဝိပ္ပယုတ္တအဂန္ထနိယတရား

၁၅၀၀။ (၂) အဘယ်တရားတို့သည် (လောဘ, ဒေါသ, ဒိဋ္ဌိဟူသော) ဂန္ထနှင့်လည်း မယှဉ်ကုန်, ဂန္ထ၏အာရုံလည်း မဖြစ်သော ‘ဂန္ထဝိပ္ပယုတ္တအဂန္ထနိယ’ တရားဖြစ်ကုန်သနည်း။

(ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ အကျုံးမဝင်သော မဂ်လေးပါး၊ ထို့ပြင်ကိလေသာငြိမ်းကြောင်း ‘သာမည’ (မဂ်) ၏ အကျိုး (ဖိုလ်) လေးပါး၊ ထို့ပြင် နိဗ္ဗာန် သည် (ရှိ၏)။

ဤတရားတို့သည် ဂန္ထနှင့်လည်း မယှဉ်ကုန်၊ ဂန္ထ၏ အာရုံလည်း မဖြစ်သော ‘ဂန္ထ ဝိပ္ပယုတ္တ့အဂန္ထနိယ’ တရား ဖြစ်ကုန်၏ (မဂ်, ဖိုလ်, နိဗ္ဗာန်)။

ဒုက်မုတ်ဂန္ထနှင့် ယှဉ်သော ‘ဂန္ထသမ္ပယုတ္တ’ တရားတို့ကို ဂန္ထနှင့် မယှဉ်ကုန်သည်ဖြစ်၍ ဂန္ထ၏ အာရုံသာဖြစ်ကုန်၏ဟူ၍ လည်းကောင်း၊ ဂန္ထနှင့်လည်း မယှဉ်၊ ဂန္ထ၏ အာရုံလည်း မဖြစ်ကုန်ဟူ၍လည်းကောင်း မဆိုအပ် မဆိုထိုက်ကုန်။

ဂန္ထဂေါစ္ဆက ပြီးပြီ။

--

၆-ဩဃဂေါစ္ဆက

၁-ဩဃဒုက်

ဩဃတရား

၁၅၀၁။ အဘယ်တရားတို့သည် ဩဃမည်ကုန်သနည်း။ပ။


၇-ယောဂဂေါစ္ဆက

၁-ယောဂဃဒုက်

ယောဂတရား

၁၅၀၂။ အဘယ်တရားတို့သည် ယောဂမည်ကုန်သနည်း။ပ။

--

၈-နီဝရဏဂေါစ္ဆက

၁-နီဝရဏဒုက်

နီဝရဏတရား

၁၅၀၃။ (၁) အဘယ်တရားတို့သည် (ဈာန်, မဂ်, ဖိုလ်တရားတို့ကို) ပိတ်ပင်တားဆီးမှု ‘နီဝရဏ’ မည်ကုန်သနည်း။

ကာမဂုဏ်တို့၌ လိုချင်တောင့်တခြင်း ‘ကာမစ္ဆန္ဒ’ ဟူသော (ဈာန်, မဂ်, ဖိုလ်တရားတို့ကို) ပိတ်ပင် တားဆီးမှု ‘ကာမစ္ဆန္ဒနီဝရဏ’ ၊ ဖျက်ဆီးပြစ်မှားမှု ‘ဗျာပါဒ’ ဟူသော (ဈာန်, မဂ်, ဖိုလ်တရားတို့ကို) ပိတ်ပင်တားဆီးမှု ‘ဗျာပါဒနီဝရဏ’ ၊ စိတ် စေတသိက်တို့၏မခံ့မှု (ထိုင်းမှိုင်းခြင်း) ‘ထိနမိဒ္ဓ’ ဟူသော (ဈာန်, မဂ်, ဖိုလ်တရားတို့ကို) ပိတ်ပင်တားဆီးမှု ‘ထိနမိဒ္ဓနီဝရဏ’ ၊ ပျံ့လွင့်မှု ‘ဥဒ္ဓစ္စ’ ၊ နောင်တတစ်ဖန် ပူပန်မှု ‘ကုက္ကုစ္စ’ ဟူသော (ဈာန်, မဂ်, ဖိုလ်တရားတို့ကို) ပိတ်ပင် တားဆီးမှု ‘ဥဒ္ဓစ္စကုက္ကုစ္စနီဝရဏ’ ၊ ယုံမှားမှု ‘ဝိစိကိစ္ဆာ’ ဟူသော (ဈာန်, မဂ်, ဖိုလ်တရားတို့ကို) ပိတ်ပင်တားဆီးမှု ‘ဝိစိကိစ္ဆာနီဝရဏ’။ (သိအပ်သည်ကို) မသိမှု (သစ္စာလေးပါးကိုမသိမှု) ‘အဝိဇ္ဇာ’ ဟူသော (ဈာန်, မဂ်, ဖိုလ်တရားတို့ကို) ပိတ်ပင်တားဆီးမှု ‘အဝိဇ္ဇာ နီဝရဏ’ ဟူသော နီဝရဏခြောက်ပါးတို့သည် (ရှိကုန်၏)။ (ထိုနီဝရဏခြောက်ပါးတို့တွင်) ကာမစ္ဆန္ဒနီဝရဏသည် လောဘသဟဂုတ် စိတ္တုပ္ပါဒ်ရှစ်ပါးတို့၌ ဖြစ်၏။ ဗျာပါဒ နီဝရဏသည် ဒေါမနဿသဟဂုတ် စိတ္တုပ္ပါဒ်နှစ်ပါးတို့၌ ဖြစ်၏။ ထိနမိဒ္ဓ နီဝရဏသည် သသင်္ခါရိက အကုသိုလ် (စိတ်) တို့၌ ဖြစ်၏။ ဥဒ္ဓစ္စနီဝရဏသည် ဥဒ္ဓစ္စသဂုတ် စိတ္တုပ္ပါဒ်တို့၌ ဖြစ်၏။ ကုက္ကုစ္စ နီဝရဏသည် ဒေါမနဿသဟဂုတ် စိတ္တုပ္ပါဒ်နှစ်ပါးတို့၌ ဖြစ်၏။ ဝိစိကိစ္ဆာ နီဝရဏသည် ဝိစိကိစ္ဆာသဟဂုတ် စိတ္တုပ္ပါဒ်တို့၌ ဖြစ်၏။ အဝိဇ္ဇာနီဝရဏ (မောဟ) သည် အလုံးစုံသော အကုသိုလ် (စိတ်) တို့၌ ဖြစ်၏။ ဤတရားတို့သည် (ဈာန်, မဂ်, ဖိုလ်တရားတို့ကို) ပိတ်ပင်တားဆီးမှု ‘နီဝရဏ’ မည်ကုန်၏။

နော နီဝရဏတရား

၁၅၀၄။ (၂) အဘယ်တရားတို့သည် နီဝရဏမမည်သော ‘နော နီဝရဏ’ တရားဖြစ်ကုန်သနည်း။

(ဈာန်, မဂ်, ဖိုလ်တရားတို့ကို) ပိတ်ပင်တားဆီးမှု ‘နီဝရဏ’ တရားတို့ကို ချန်ထား၍ကြွင်းကျန်သော အကုသိုလ် (၁၂)။ (ကာမ, ရူပ, အရူပ, အပရိယာပန္န) ဘုံလေးပါးတို့၌ (ဖြစ်သော) ကုသိုလ် (၂၁)။ (ကာမ, ရူပ, အရူပ, အပရိယာပန္န) ဘုံလေးပါးတို့၌ (ဖြစ်သော) ဝိပါက် (၃၆)၊ (ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ (ဖြစ်သော) ပြုကာမျှဖြစ်၍ ကုသိုလ် အကုသိုလ် အဖြစ်ဖြင့်မဟောအပ်သော ‘ကိရိယာဗျာကတ’ (၂၀)၊ ထို့ပြင် ရုပ်၊ ထို့ပြင် နိဗ္ဗာန်သည် (ရှိ၏)။

ဤတရားတို့သည် နီဝရဏမမည်သော ‘နော နီဝရဏ’ တရား ဖြစ်ကုန်၏ (စိတ်, နီဝရဏတရားကိုယ်ရှစ်ပါးမှတစ်ပါး အခြားသော စေတသိက်, ရုပ်, နိဗ္ဗာန်)။

--

၂-နီဝရဏိယဒုက်

နီဝရဏိယတရား

၁၅၀၅။ (၁) အဘယ်တရားတို့သည် နီဝရဏတို့၏ အာရုံဖြစ်သော ‘နီဝရဏိယ’ တရားဖြစ်ကုန်သနည်း။

(ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ (ဖြစ်သော) (လောကီ) ကုသိုလ် (၁၇)၊ အကုသိုလ် (၁၂)။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ ဖြစ်သော (လောကီ) ဝိပါက် (၃၂)။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ (ဖြစ်သော) ပြုကာမျှ ဖြစ်၍ ကုသိုလ် အကုသိုလ် အဖြစ်ဖြင့်မဟောအပ်သော ‘ကိရိယာဗျာကတ’ (၂၀)၊ ထို့ပြင် အလုံးစုံသော ရုပ်သည် (ရှိ၏)။ ဤတရားတို့သည်နီဝရဏတို့၏ အာရုံဖြစ်သော ‘နီဝရဏိယ’ တရား ဖြစ်ကုန်၏ (လောကီစိတ်, စေတသိက်, ရုပ်)။

အနီဝရဏိယတရား

၁၅၀၆။ (၂) အဘယ်တရားတို့သည် နီဝရဏတို့၏ အာရုံမဖြစ်သော ‘အနီဝရဏိယ’ တရား ဖြစ်ကုန်သနည်း။

(ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ အကျုံး မဝင်သော မဂ်လေးပါး၊ ကိလေသာငြိမ်းကြောင်း ‘သာမည’ (မဂ်) ၏ အကျိုး (ဖိုလ်) လေးပါး၊ ထို့ပြင် နိဗ္ဗာန်သည် (ရှိ၏)။

ဤတရားတို့သည် နီဝရဏတို့၏ အာရုံမဖြစ်သော ‘အနီဝရဏိယ’ တရား ဖြစ်ကုန်၏ (မဂ်, ဖိုလ်, နိဗ္ဗာန်)။

၃-နီဝရဏသမ္ပယုတ္တဒုက်

နီဝရဏသမ္ပယုတ္တတရား

၁၅၀၇။ (၁) အဘယ်တရားတို့သည် နီဝရဏနှင့် ယှဉ်သော ‘နီဝရဏသမ္ပယုတ္တ’ တရား ဖြစ်ကုန်သနည်း။

အကုသိုလ်စိတ္တုပ္ပါဒ် တစ်ဆယ့်နှစ်ပါး တို့သည် (ရှိကုန်၏)။ ဤတရားတို့သည် နီဝရဏတို့နှင့် ယှဉ်သော ‘နီဝရဏသမ္ပယုတ္တ’ တရား ဖြစ်ကုန်၏ (အကုသိုလ်စိတ် ၁၂, ယှဉ်ဖက်စေတသိက်)။

နီဝရဏဝိပ္ပယုတ္တတရား

၁၅၀၈။ (၂) အဘယ်တရားတို့သည် နီဝရဏနှင့် မယှဉ်သော ‘နီဝရဏဝိပ္ပယုတ္တ’ တရား ဖြစ်ကုန်သနည်း။

(ကာမ, ရူပ, အရူပ, အပရိယာပန္န) ဘုံလေးပါး တို့၌ (ဖြစ်သော) ကုသိုလ် (၂၁)။ (ကာမ,ရူပ, အရူပ, အပရိယာပန္န) ဘုံလေးပါးတို့၌ (ဖြစ်သော) ဝိပါက် (၃၆)။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ (ဖြစ်သော) ပြုကာမျှ ဖြစ်၍ ကုသိုလ် အကုသိုလ် အဖြစ်ဖြင့် မဟောအပ်သော ‘ကိရိယာဗျာကတ’ (၂၀)၊ ထို့ပြင် ရုပ်၊ ထို့ပြင် နိဗ္ဗာန်သည် (ရှိ၏)။ ဤတရားတို့သည် နီဝရဏနှင့်မယှဉ်သော ‘နီဝရဏဝိပ္ပယုတ္တ’ တရား ဖြစ်ကုန်၏ (ကုသိုလ်, ဝိပါက်, ကိရိယာစိတ်, ယှဉ်ဖက်စေတသိက်,ရုပ်, နိဗ္ဗာန်)။

--

၄-နီဝရဏ နီဝရဏိယဒုက်

နီဝရဏ နီဝရဏိယတရား

၁၅၀၉။ (၁) အဘယ်တရားတို့သည် နီဝရဏလည်းမည်၍ နီဝရဏတို့၏အာရုံလည်းဖြစ်သော ‘နီဝရဏ နီဝရဏိယ’ တရား ဖြစ်ကုန် သနည်း။

ထိုနီဝရဏတရားတို့သည်ပင်လျှင် နီဝရဏလည်း မည်၍ နီဝရဏတို့၏ အာရုံလည်း ဖြစ်သော ‘နီဝရဏနီဝရဏိယ’ တရား ဖြစ်ကုန်၏ (နီဝရဏတရားကိုယ်ရှစ်ပါး)။

နီဝရဏိယ နော နီဝရဏတရား

၁၅၁၀။ (၂) အဘယ်တရားတို့သည် နီဝရဏတို့၏ အာရုံသာ ဖြစ်၍နီဝရဏမမည်သော ‘နီဝရဏိယ နော နီဝရဏ’ တရား ဖြစ်ကုန်သနည်း။

နီဝရဏတရားတို့ကိုချန်ထား၍ ကြွင်းကျန်သော အကုသိုလ် (၁၂)။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ (ဖြစ်သော) (လောကီ) ကုသိုလ် (၁၇)။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ (ဖြစ်သော) (လောကီ) ဝိပါက် (၃၂)။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ ဖြစ်သော ပြုကာမျှ ဖြစ်၍ ကုသိုလ် အကုသိုလ်အဖြစ်ဖြင့်မဟောအပ်သော ‘ကိရိယာဗျာကတ’ (၂၀)၊ ထို့ပြင် အလုံးစုံသော ရုပ်သည် (ရှိ၏)။ ဤတရားတို့သည့်နီဝရဏတို့၏ အာရုံသာ ဖြစ်၍ နီဝရဏမမည်သော ‘နီဝရဏိယ နော နီဝရဏ’ တရား ဖြစ်ကုန်၏ (လောကီစိတ်, နီဝရဏတရားကိုယ်ရှစ်ပါး ကြဉ်သော စေတသိက်, ရုပ်)။

ဒုက်မုတ် နီဝရဏတို့၏ အာရုံမဟုတ်သော ‘အနီဝရဏိယ’ (မဂ်, ဖိုလ်, နိဗ္ဗာန်) တရားတို့ကို နီဝရဏလည်း မည်၍ နီဝရဏတို့၏ အာရုံလည်း ဖြစ်ကုန်၏ဟူ၍လည်းကောင်း၊ နီဝရဏတို့၏ အာရုံသာဖြစ်၍ နီဝရဏမမည်ကုန်ဟူ၍လည်းကောင်း မဆိုအပ် မဆိုထိုက်ကုန်။

--

၅-နီဝရဏ နီဝရဏသမ္ပယုတ္တဒုက်

နီဝရဏ နီဝရဏသမ္ပယုတ္တတရား

၁၅၁၁။ (၁) အဘယ်တရားတို့သည် နီဝရဏလည်းမည်၍ နီဝရဏနှင့်လည်း ယှဉ်သော ‘နီဝရဏ နီဝရဏသမ္ပယုတ္တ’ တရား ဖြစ်ကုန်သနည်း။

အကြင်စိတ်၌ နီဝရဏနှစ်ပါး, သုံးပါးတို့သည် တစ်ပြိုင်နက် ဖြစ်ကုန်၏။ (ထိုစိတ်၌ ဖြစ်သော နီဝရဏနှစ်ပါး,သုံးပါးဟူသော) ဤတရားတို့သည် နီဝရဏလည်း မည်၍ နီဝရဏနှင့်လည်း ယှဉ်သော ‘နီဝရဏနီဝရဏသမ္ပယုတ္တ’ တရား ဖြစ်ကုန်၏ (နီဝရဏတရားကိုယ်ရှစ်ပါး)။

နီဝရဏသမ္ပယုတ္တနော နီဝရဏတရား

၁၅၁၂။ (၂) အဘယ်တရားတို့သည် နီဝရဏတို့နှင့်သာ ယှဉ်ကုန်သည် ဖြစ်၍ နီဝရဏမမည်သော ‘နီဝရဏ သမ္ပယုတ္တနော နီဝရဏ’ တရား ဖြစ်ကုန်သနည်း။

နီဝရဏတရားတို့ကို ချန်ထား၍ ကြွင်းကျန်သော အကုသိုလ် (၁၂) သည် (ရှိ၏)။ ဤတရားတို့သည်နီဝရဏတို့နှင့်သာ ယှဉ်ကုန်သည်ဖြစ်၍ နီဝရဏမမည် သော ‘နီဝရဏသမ္ပယုတ္တနော နီဝရဏ’ တရားဖြစ်ကုန်၏ (အကုသိုလ်စိတ်, နီဝရဏတရား ကိုယ်ရှစ်ပါး မှတစ်ပါး အခြားသော ယှဉ်ဖက် စေတသိက်)။

ဒုက်မုတ် နီဝရဏတို့နှင့် မယှဉ်သော ‘နီဝရဏဝိပ္ပယုတ္တ’ (ကုသိုလ်, ဝိပါက်, ကိရိယာ, ရုပ်, နိဗ္ဗာန်) တရားတို့ကို နီဝရဏလည်း မည်၍ နီဝရဏတို့နှင့်လည်း ယှဉ်ကုန်၏ဟူ၍လည်းကောင်း၊ နီဝရဏတို့နှင့်သာ ယှဉ်ကုန်သည် ဖြစ်၍ နီဝရဏ မမည်ကုန်ဟူ၍လည်းကောင်း မဆိုအပ် မဆိုထိုက်ကုန်။

--

၆-နီဝရဏဝိပ္ပယုတ္တနီဝရဏိယဒုက်

နီဝရဏဝိပ္ပယုတ္တနီဝရဏိယတရား

၁၅၁၃။ (၁) အဘယ်တရားတို့သည် နီဝရဏတို့နှင့် မယှဉ်ကုန်မူ၍နီဝရဏတို့၏အာရုံသာဖြစ်သော ‘နီဝရဏဝိပ္ပယုတ္တနီဝရဏိယ’ တရား ဖြစ်ကုန်သနည်း။

(ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ (ဖြစ်သော) (လောကီ) ကုသိုလ် (၁၇)။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ (ဖြစ်သော) (လောကီ) ဝိပါက် (၃၂)။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ (ဖြစ်သော) ပြုကာမျှဖြစ်၍ ကုသိုလ် အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သော ‘ကိရိယာ အဗျာကတ’ (၂၀)၊ ထို့ပြင်အလုံးစုံသော ရုပ်သည် (ရှိ၏)။ ဤတရားတို့သည် နီဝရဏတို့နှင့် မယှဉ် ကုန်မူ၍ နီဝရဏတို့၏အာရုံသာဖြစ်သော ‘နီဝရဏဝိပ္ပယုတ္တနီဝရဏိယ’ တရား ဖြစ်ကုန်၏ (လောကီ ကုသိုလ်,လောကီဝိပါက်, ကိရိယာစိတ်, ယှဉ်ဖက် စေတသိက်, ရုပ်)။

နီဝရဏဝိပ္ပယုတ္တအနီဝရဏိယတရား

၁၅၁၄။ (၂) အဘယ်တရားတို့သည် နီဝရဏတို့နှင့်လည်း မယှဉ်ကုန်မူ၍ နီဝရဏတို့၏ အာရုံလည်း မဖြစ်သော ‘နီဝရဏဝိပ္ပယုတ္တအနီဝရဏိယ’ တရားဖြစ်ကုန်သနည်း။

(ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ အကျုံး မဝင်သော မဂ်လေးပါး၊ ကိလေသာငြိမ်းကြောင်း ‘သာမည’ (မဂ်) ၏ အကျိုး (ဖိုလ်) လေးပါး၊ ထို့ပြင် နိဗ္ဗာန်သည် (ရှိ၏)။

ဤတရားတို့သည် နီဝရဏတို့နှင့်လည်း မယှဉ်ကုန်မူ၍ နီဝရဏတို့၏ အာရုံလည်း မဖြစ်သော ‘နီဝရဏဝိပ္ပယုတ္တအနီဝရဏိယ’ တရား ဖြစ်ကုန်၏ (မဂ်, ဖိုလ်, နိဗ္ဗာန်)။

ဒုက်မုတ် နီဝရဏတို့နှင့် ယှဉ်သော ‘နီဝရဏသမ္ပယုတ္တ’ (အကုသိုလ်) တရားတို့ကို နီဝရဏတို့နှင့် မယှဉ်မူ၍ နီဝရဏတို့၏ အာရုံသာ ဖြစ်ကုန်၏ဟူ၍လည်းကောင်း၊ နီဝရဏတို့နှင့်လည်း မယှဉ်ကုန် မူ၍နီဝရဏတို့၏ အာရုံလည်း မဖြစ်ကုန်ဟူ၍လည်းကောင်း မဆိုအပ် မဆိုထိုက်ကုန်။

နီဝရဏဂေါစ္ဆက ပြီးပြီ။

--

၉-ပရာမာသဂေါစ္ဆက

၁-ပရာမာသဒုက်

ပရာမာသတရား

၁၅၁၅။ (၁) အဘယ်တရားတို့သည် မှားသောအားဖြင့် သုံးသပ်မှု ‘ပရာမာသ’ မည်ကုန်သနည်း။

မိစ္ဆာဒိဋ္ဌိဟူသော မှားသောအားဖြင့် သုံးသပ်မှု ‘ဒိဋ္ဌိ ပရာမာသ’ သည် ဒိဋ္ဌိဂတသမ္ပယုတ်စိတ္တုပ္ပါဒ်လေးပါးတို့၌ ဖြစ်၏။ ဤတရားတို့သည် မှားသောအားဖြင့် သုံးသပ်မှု ‘ပရာမာသ’ မည်ကုန်၏ (ဒိဋ္ဌိစေတသိက်)။

နော ပရာမာသတရား

၁၅၁၆။ (၂) အဘယ်တရားတို့သည် ပရာမာသမမည်သော ‘နော ပရာမာသ’ တရားဖြစ်ကုန်သနည်း။

ဒိဋ္ဌိပရာမာသကို ချန်ထား၍ ကြွင်းကျန် သော အကုသိုလ် (၁၂)။ (ကာမ, ရူပ, အရူပ, အပရိယာပန္န) ဘုံလေးပါးတို့၌ (ဖြစ်သော) ကုသိုလ် (၂၁)။ (ကာမ, ရူပ, အရူပ,အပရိယာပန္န) ဘုံလေးပါးတို့၌ (ဖြစ်သော) ဝိပါက် (၃၆)။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ (ဖြစ်သော) ပြုကာမျှ ဖြစ်၍ ကုသိုလ် အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သော ‘ကိရိယာ အဗျာကတ’ (၂၀)၊ ထို့ပြင်အလုံးစုံသော ရုပ်၊ ထို့ပြင် နိဗ္ဗာန်သည် (ရှိ၏)။ ဤတရားတို့သည် ပရာမာသမမည်သော ‘နောပရာမာသ’ တရား ဖြစ်ကုန်၏ (စိတ်, ဒိဋ္ဌိကြဉ်သော စေတသိက် ၅၁, ရုပ်, နိဗ္ဗာန်)။

၂-ပရာမဋ္ဌဒုက်

ပရာမဋ္ဌတရား

၁၅၁၇။ (၁) အဘယ်တရားတို့သည် ‘ပရာမာသ'၏ အာရုံဖြစ်သော ‘ပရာမဋ္ဌ’ တရား ဖြစ်ကုန်သနည်း။

(ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ (ဖြစ်သော) (လောကီ) ကုသိုလ် (၁၇)၊ အကုသိုလ် (၁၂)။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ (ဖြစ်သော) (လောကီ) ဝိပါက် (၃၂)။ (ကာမ, ရူပ,အရူပ) ဘုံသုံးပါးတို့၌ (ဖြစ်သော) ပြုကာမျှ ဖြစ်၍ ကုသိုလ် အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သော ‘ကိရိယာဗျာကတ’ (၂၀)၊ ထို့ပြင် အလုံးစုံသော ရုပ်သည် (ရှိ၏)။ ဤတရားတို့သည် ‘ပရာမာသ'၏အာရုံဖြစ်သော ‘ပရာမဋ္ဌ’ တရား ဖြစ်ကုန်၏ (လောကီစိတ်, စေတသိက်, ရုပ်)။

အပရာမဋ္ဌတရား

၁၅၁၈။ (၂) အဘယ်တရားတို့သည် ‘ပရာမာသ'၏ အာရုံမဖြစ်သော ‘အပရာမဋ္ဌ’ တရား ဖြစ်ကုန်သနည်း။

(ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ အကျုံး မဝင်သော မဂ်လေးပါး၊ ထို့ပြင် ကိလေသာငြိမ်းကြောင်း ‘သာမည’ (မဂ်) ၏ အကျိုး (ဖိုလ်) လေးပါး၊ ထို့ပြင် နိဗ္ဗာန်သည် (ရှိ၏)။ ဤတရားတို့သည် ‘ပရာမာသ’ ၏ အာရုံ မဖြစ်သော ‘အပရာမဋ္ဌ’ တရား ဖြစ်ကုန်၏ (မဂ်, ဖိုလ်,နိဗ္ဗာန်)။

--

၃-ပရာမာသသမ္ပယုတ္တဒုက်

ပရာမာသ သမ္ပယုတ္တတရား

၁၅၁၉။ (၁) အဘယ်တရားတို့သည် ‘ပရာမာသ’ နှင့်ယှဉ်သော ‘ပရာမာသသမ္ပယုတ္တ’ တရား ဖြစ်ကုန်သနည်း။

ဒိဋ္ဌိဂတသမ္ပယုတ် စိတ္တုပ္ပါဒ်လေးပါး၊ ဤစိတ်တို့၌ ဖြစ်သော (ဒိဋ္ဌိ) ပရာမာသကို ချန်ထား၍ (ကြွင်းသော) စေတသိက် (၂၀) တို့သည် (ရှိကုန်၏)။ ဤတရားတို့သည် ‘ပရာမာသ’ နှင့် ယှဉ်သော ‘ပရာမာသ သမ္ပယုတ္တ’ တရား ဖြစ် ကုန်၏ (ဒိဋ္ဌိဂတသမ္ပယုတ်စိတ်, ဒိဋ္ဌိမှတစ်ပါးအခြားသော ယှဉ်ဖက် စေတသိက်)။

ပရာမာသဝိပ္ပယုတ္တတရား

၁၅၂၀။ (၂) အဘယ်တရားတို့သည် ‘ပရာမာသ’ နှင့် မယှဉ်သော ‘ပရာမာသဝိပ္ပယုတ္တ’ တရား ဖြစ်ကုန်သနည်း။

ဒိဋ္ဌိဂတဝိပ္ပယုတ် လောဘ သဟဂုတ် စိတ္တုပ္ပါဒ်လေးပါး၊ ဒေါမနဿသဟဂုတ် စိတ္တုပ္ပါဒ်နှစ်ပါး၊ ဝိစိကိစ္ဆာသဟဂုတ်စိတ္တုပ္ပါဒ် (၁)၊ ဥဒ္ဓစ္စသဟဂုတ်စိတ္တုပ္ပါဒ် (၁)။ (ကာမ, ရူပ, အရူပ, အပရိယာပန္န) ဘုံလေးပါးတို့၌ ဖြစ်သော ကုသိုလ် (၂၁)။ (ကာမ, ရူပ, အရူပ,အပရိယာပန္န) ဘုံလေးပါးတို့၌ ဖြစ်သော ဝိပါက် (၃၆)။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ ဖြစ်သော ပြုကာမျှ ဖြစ်၍ ကုသိုလ် အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သော ‘ကိရိယာဗျာကတ’ (၂၀)၊ ထို့ပြင် ရုပ်၊ ထို့ပြင် နိဗ္ဗာန်သည် (ရှိ၏)။ ဤတရားတို့သည် ‘ပရာမာသ’ နှင့် မယှဉ်သော ‘ပရာမာသဝိပ္ပယုတ္တ’ တရားဖြစ်ကုန်၏ (ဒိဋ္ဌိဂတဝိပ္ပယုတ်, ဒေါသမူ, မောဟမူ, ကုသိုလ်, ဝိပါက်, ကိရိယာစိတ်,ယှဉ်ဖက်စေတသိက်, ရုပ်, နိဗ္ဗာန်)။

ဒုက်မုတ် (ဒိဋ္ဌိ) ပရာမာသကို ‘ပရာမာသ’ နှင့် ယှဉ်၏ဟူ၍လည်းကောင်း၊ ‘ပရာမာသ’ နှင့် မယှဉ်ဟူ၍လည်းကောင်း မဆိုအပ် မဆိုထိုက်။

--

၄-ပရာမာသ ပရာမဋ္ဌဒုက်

ပရာမာသ ပရာမဋ္ဌတရား

၁၅၂၁။ (၁) အဘယ်တရားတို့သည် ‘ပရာမာသ'လည်းမည်၍ ပရာမာသ၏အာရုံလည်း ဖြစ်သော ‘ပရာမာသ ပရာမဋ္ဌ’ တရား ဖြစ်ကုန် သနည်း။

ထို (ဒိဋ္ဌိ) ပရာမာသသည်ပင် ‘ပရာမာသ’ လည်း မည်၍ ‘ပရာမာသ’ ၏ အာရုံလည်း ဖြစ်သော ‘ပရာမာသ ပရာမဋ္ဌ’ တရား ဖြစ်၏ (ဒိဋ္ဌိစေတသိက်)။

ပရာမဋ္ဌ နော ပရာမာသတရား

၁၅၂၂။ (၂) အဘယ်တရားတို့သည် ‘ပရာမာသ'၏ အာရုံသာဖြစ်၍'ပရာမာသ'မမည်သော ‘ပရာမဋ္ဌ နော ပရာမာသ’ တရား ဖြစ်ကုန်သနည်း။

(ဒိဋ္ဌိ) ပရာမာသကိုချန်ထား၍ ကြွင်းကျန်သော အကုသိုလ် (၁၂)။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ (ဖြစ်သော) (လောကီ) ကုသိုလ် (၁၇)။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ (ဖြစ်သော) (လောကီ) ဝိပါက် (၃၂)။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ (ဖြစ်သော) ပြုကာမျှဖြစ်၍ ကုသိုလ်, အကုသိုလ်အဖြစ်ဖြင့်မဟောအပ်သော ‘ကိရိယာအဗျာကတ’ (၂၀)၊ ထို့ပြင် အလုံးစုံသော ရုပ်သည် (ရှိ၏)။

ဤတရားတို့သည် ‘ပရာမာသ’ ၏ အာရုံသာ ဖြစ်၍ ‘ပရာမာသ’ မမည်သော ‘ပရာမဋ္ဌ နောပရာမာသ’ တရား ဖြစ်ကုန်၏ (လောကီစိတ်, ဒိဋ္ဌိမှတစ်ပါး အခြားသော စေတသိက်, ရုပ်)။

ဒုက်မုတ် ‘ပရာမာသ’ ၏ အာရုံမဖြစ်သော ‘အပရာမဋ္ဌ’ (မဂ်, ဖိုလ်, နိဗ္ဗာန်) တရားတို့ကို ‘ပရာမာသ’ လည်း မည်၍ ‘ပရာမာသ’ ၏ အာရုံလည်း ဖြစ်ကုန်၏ဟူ၍လည်းကောင်း၊ ‘ပရာမာသ’ ၏ အာရုံသာဖြစ်၍ ‘ပရာမာသ’ မမည်ကုန်ဟူ၍လည်းကောင်း မဆိုအပ် မဆိုထိုက်ကုန်။

--

၅-ပရာမာသဝိပ္ပယုတ္တပရာမဋ္ဌဒုက်

ပရာမာသဝိပ္ပယုတ္တပရာမဋ္ဌတရား

၁၅၂၃။ (၁) အဘယ်တရားတို့သည် ‘ပရာမာသ’ နှင့် မယှဉ်မူ၍'ပရာမာသ'၏ အာရုံသာဖြစ်သော ‘ပရာမာသ ဝိပ္ပယုတ္တပရာမဋ္ဌ’ တရား ဖြစ်ကုန်သနည်း။

ဒိဋ္ဌိဂတဝိပ္ပယုတ် လောဘသဟဂုတ် စိတ္တုပ္ပါဒ်လေးပါး၊ ဒေါမနဿသဟဂုတ် စိတ္တုပ္ပါဒ်နှစ်ပါး၊ ဝိစိကိစ္ဆာသဟဂုတ် စိတ္တုပ္ပါဒ် (၁)၊ ဥဒ္ဓစ္စသဟဂုတ် စိတ္တုပ္ပါဒ် (၁)။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ ဖြစ်သော (လောကီ) ကုသိုလ် (၁၇)။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ (ဖြစ်သော) (လောကီ) ဝိပါက် (၃၂)။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ ဖြစ်သော ပြုကာမျှ ဖြစ်၍ကုသိုလ် အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သော ‘ကိရိယာအဗျာကတ’ (၂၀)၊ ထို့ပြင် အလုံးစုံသောရုပ်သည် (ရှိ၏)။ ဤတရားတို့သည် ‘ပရာမာသ’ နှင့် မယှဉ်မူ၍ ‘ပရာမာသ’ ၏ အာရုံသာဖြစ်သော ‘ပရာမာသဝိပ္ပယုတ္တပရာမဋ္ဌ’ တရား ဖြစ်ကုန်၏ (ဒိဋ္ဌိဂတဝိပ္ပယုတ်, ဒေါသမူ, မောဟမူ, လောကီကုသိုလ်,လောကီဝိပါက်, ကိရိယာစိတ်, စေတသိက်, ရုပ်)။

ပရာမာသဝိပ္ပယုတ္တအပရာမဋ္ဌတရား

၁၅၂၄။ (၂) အဘယ်တရားတို့သည် ‘ပရာမာသ’ နှင့်လည်း မယှဉ်မူ၍ ‘ပရာမသ'၏ အာရုံလည်းမဖြစ်သော ‘ပရာမာသ ဝိပ္ပယုတ္တအပရာမဋ္ဌ’ တရား ဖြစ်ကုန်သနည်း။

(ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ အကျုံးမဝင်သော မဂ် လေးပါး၊ ထို့ပြင်ကိလေသာငြိမ်းကြောင်း ‘သာမည’ (မဂ်) ၏ အကျိုး (ဖိုလ်) လေးပါး၊ ထို့ပြင် နိဗ္ဗာန်သည် (ရှိ၏)။

ဤတရားတို့သည် ‘ပရာမာသ’ နှင့်လည်း မယှဉ်မူ၍ ‘ပရာမာသ’ ၏ အာရုံလည်း မဖြစ်သော ‘ပရာမာသဝိပ္ပယုတ္တအပရာမဋ္ဌ’ တရား ဖြစ်ကုန်၏။

ဒုက်မုတ် ‘ပရာမာသ’ (ဒိဋ္ဌိ) တို့ကိုလည်းကောင်း၊ ‘ပရာမာသ’ နှင့် ယှဉ်သော (ဒိဋ္ဌိဂတသမ္ပယုတ် စိတ္တုပ္ပါဒ်) တရားတို့ကိုလည်းကောင်း၊ ‘ပရာမာသ’ နှင့် မယှဉ်မူ၍ ‘ပရာမာသ’ ၏ အာရုံသာ ဖြစ်ကုန်၏ဟူ၍လည်းကောင်း၊ ‘ပရာမာသ’ နှင့်လည်း မယှဉ်၊ ‘ပရာမာသ’ ၏ အာရုံလည်းမဖြစ်ကုန်ဟူ၍လည်းကောင်း မဆိုအပ် မဆိုထိုက်ကုန်။

ပရာမာသဂေါစ္ဆက ပြီးပြီ။

--

၁၀-မဟန္တရဒုက်

၁-သာရမ္မဏဒုက်

သာရမ္မဏတရား

၁၅၂၅။ (၁) အဘယ်တရားတို့သည် အာရုံပြုခြင်းရှိသော (အာရုံပြုတတ်သော) ‘သာရမ္မဏ’ တရား ဖြစ်ကုန်သနည်း။

(ကာမ, ရူပ, အရူပ, အပရိယာပန္န) ဘုံလေးပါးတို့၌ (ဖြစ်သော) ကုသိုလ် (၂၁)၊ အကုသိုလ် (၁၂)။ (ကာမ, ရူပ, အရူပ, အပရိယာပန္န) ဘုံလေးပါးတို့၌ (ဖြစ်သော) ဝိပါက် (၃၆)။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ (ဖြစ်သော) ပြုကာမျှ ဖြစ်၍ကုသိုလ် အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သော ‘ကိရိယာဗျာကတ’ (၂၀) သည် (ရှိ၏)။

ဤတရားတို့သည် အာရုံပြုခြင်းရှိသော (အာရုံပြုတတ်သော) ‘သာရမ္မဏ’ တရား ဖြစ် ကုန်၏ (အာရုံပြုခြင်းရှိသော စိတ်, စေတသိက်)။

အနာရမ္မဏတရား

၁၅၂၆။ (၂) အဘယ်တရားတို့သည် အာရုံပြုခြင်းမရှိသော (အာရုံမပြုတတ်သော) ‘အနာရမ္မဏ’ တရား ဖြစ်ကုန်သနည်း။

ရုပ်သည်လည်းကောင်း၊ နိဗ္ဗာန် သည်လည်းကောင်း (ရှိ၏)။

ဤတရားတို့သည် အာရုံပြုခြင်းမရှိသော (အာရုံမပြုတတ်သော) ‘အနာရမ္မဏ’ တရား ဖြစ်ကုန်၏ (အာရုံပြုခြင်းမရှိသော ရုပ်, နိဗ္ဗာန်)။

၂-စိတ္တဒုက်

စိတ္တတရား

၁၅၂၇။ (၁) အဘယ်တရားတို့သည် (အာရုံကိုသိတတ်သည့်) ‘စိတ်’မည်သော ‘စိတ္တ’ တရားဖြစ်ကုန်သနည်း။

မြင်သိစိတ် ‘စက္ခုဝိညာဏ်’ ၊ ကြားသိစိတ် ‘သောတဝိညာဏ်’ ၊ နံသိစိတ် ‘ဃာနဝိညာဏ်’ ၊ လျက်သိစိတ် ‘ဇိဝှါဝိညာဏ်’ ၊ ထိသိစိတ် ‘ကာယဝိညာဏ်’ ၊ သိတတ်သော သဘော ‘မနောဓာတ်’ ၊ အထူးသိတတ်သော သဘော ‘မနောဝိညာဏဓာတ်’ သည် (ရှိ၏)။ ဤတရားတို့သည် (အာရုံကိုသိတတ်သည့်) ‘စိတ်’ မည်သော ‘စိတ္တ’ တရား ဖြစ်ကုန်၏ (စိတ် ၈၉)။

နော စိတ္တတရား

၁၅၂၈။ (၂) အဘယ်တရားတို့သည် (အာရုံကို သိတတ်သည့်) ‘စိတ်’ မမည်သော ‘နော စိတ္တ’ တရား ဖြစ်ကုန်သနည်း။

ခံစားမှုအစု ‘ဝေဒနာက္ခန္ဓာ’ ၊ မှတ်သားမှုအစု ‘သညာက္ခန္ဓာ’ ၊ ပြုပြင်မှုအစု ‘သင်္ခါရက္ခန္ဓာ’ ၊ ထို့ပြင် ရုပ်၊ ထို့ပြင် နိဗ္ဗာန်သည် (ရှိ၏)။ ဤတရားတို့သည် (အာရုံကိုသိတတ်သည့်) ‘စိတ်’ မမည်သော ‘နော စိတ္တ’ တရား ဖြစ်ကုန်၏ (စေတသိက်, ရုပ်, နိဗ္ဗာန်)။

--

၃-စေတသိကဒုက်

စေတသိကတရား

၁၅၂၉။ (၁) အဘယ်တရားတို့သည် (စိတ်၌ ယှဉ်သည့်) ‘စေတသိက်’မည်သော ‘စေတသိက’ တရား ဖြစ်ကုန်သနည်း။

ခံစားမှုအစု ‘ဝေဒနာက္ခန္ဓာ’ ၊ မှတ်သားမှုအစု ‘သညာက္ခန္ဓာ’ ၊ ပြုပြင်မှုအစု ‘သင်္ခါရက္ခန္ဓာ’ သည် (ရှိ၏)။ ဤတရားတို့သည် (စိတ်၌ ယှဉ်သည့်) ‘စေတသိက်’ မည်သော ‘စေတသိက’ တရား ဖြစ်ကုန်၏ (စေတသိက် ၅၂)။

အစေတသိကတရား

၁၅၃၀။ (၂) အဘယ်တရားတို့သည် (စိတ်၌ ယှဉ်သည့်) ‘စေတသိက်’ မမည်သော ‘အစေတသိက’ တရား ဖြစ်ကုန်သနည်း။

စိတ်၊ ထို့ပြင် ရုပ်၊ ထို့ပြင် နိဗ္ဗာန်သည် (ရှိ၏)။

ဤတရားတို့သည် (စိတ်၌ ယှဉ်သည့်) ‘စေတသိက်’ မမည်သော ‘အစေတသိက’ တရား ဖြစ်ကုန်၏။

(စိတ်, ရုပ်, နိဗ္ဗာန်)။

၄-စိတ္တသမ္ပယုတ္တဒုက်

စိတ္တသမ္ပယုတ္တတရား

၁၅၃၁။ (၁) အဘယ်တရားတို့သည် စိတ်၌ ယှဉ်သော ‘စိတ္တသမ္ပယုတ္တ’ တရား ဖြစ်ကုန်သနည်း။

ခံစားမှုအစု ‘ဝေဒနာက္ခန္ဓာ’ ၊ မှတ်သားမှုအစု ‘သညာက္ခန္ဓာ’ ၊ ပြုပြင်မှုအစု ‘သင်္ခါရက္ခန္ဓာ’ သည် (ရှိ၏)။ ဤတရားတို့သည် စိတ်၌ ယှဉ်သော ‘စိတ္တသမ္ပယုတ္တ’ တရား ဖြစ် ကုန်၏ (စေတသိက် ၅၂)။

စိတ္တဝိပ္ပယုတ္တတရား

၁၅၃၂။ (၂) အဘယ်တရားတို့သည် စိတ်နှင့် မယှဉ်သော ‘စိတ္တဝိပ္ပယုတ္တ’ တရားဖြစ်ကုန်သနည်း။

ရုပ်သည်လည်းကောင်း၊ နိဗ္ဗာန်သည်လည်းကောင်း (ရှိ၏)။ ဤတရားတို့သည်စိတ်နှင့် မယှဉ်သော ‘စိတ္တဝိပ္ပယုတ္တ’ တရား ဖြစ်ကုန်၏ (စိတ်နှင့် မယှဉ်သော ရုပ်, နိဗ္ဗာန်)။

ဒုက်မုတ် စိတ်ကိုစိတ်နှင့်ယှဉ်၏ဟူ၍လည်းကောင်း၊ စိတ်နှင့်မယှဉ်ဟူ၍လည်းကောင်း မဆိုအပ် မဆိုထိုက်။

--

၅-စိတ္တသံသဋ္ဌဒုက်

စိတ္တသံသဋ္ဌတရား

၁၅၃၃။ (၁) အဘယ်တရားတို့သည် စိတ်နှင့် ရောနှောသော (စိတ်နှင့် ယှဉ်သော) ‘စိတ္တသံသဋ္ဌ’ တရား ဖြစ်ကုန်သနည်း။

ခံစားမှုအစု ‘ဝေဒနာက္ခန္ဓာ’ ၊ မှတ်သားမှုအစု ‘သညာက္ခန္ဓာ’ ၊ ပြုပြင်မှုအစု ‘သင်္ခါရက္ခန္ဓာ’ သည် (ရှိ၏)။ ဤတရားတို့သည် စိတ်နှင့် ရောနှောသော (စိတ်နှင့် ယှဉ်သော) ‘စိတ္တသံသဋ္ဌ’ တရား ဖြစ်ကုန်၏ (စေတသိက် ၅၂)။

စိတ္တဝိသံသဋ္ဌတရား

၁၅၃၄။ (၂) အဘယ်တရားတို့သည် စိတ်နှင့် မရောနှောသော (စိတ်နှင့် မယှဉ်သော) ‘စိတ္တဝိသံသဋ္ဌ’ တရား ဖြစ်ကုန်သနည်း။

ရုပ်သည်လည်းကောင်း၊ နိဗ္ဗာန် သည်လည်းကောင်း (ရှိ၏)။

ဤတရားတို့သည် စိတ်နှင့် မရောနှောသော (စိတ်နှင့် မယှဉ်သော) ‘စိတ္တဝိသံသဋ္ဌ’ တရား ဖြစ်ကုန်၏ (ရုပ်, နိဗ္ဗာန်)။

ဒုက်မုတ် စိတ်ကို စိတ်နှင့်ရောနှော၏ဟူ၍လည်းကောင်း စိတ်နှင့် မရောနှောဟူ၍လည်းကောင်း မဆိုအပ်မဆိုထိုက်။

--

၆-စိတ္တသမုဋ္ဌာနဒုက်

စိတ္တသမုဋ္ဌာနတရား

၁၅၃၅။ (၁) အဘယ်တရားတို့သည် စိတ်လျှင်ဖြစ်ကြောင်းရှိသော (စိတ်ကြောင့်ဖြစ်သော) ‘စိတ္တသမုဋ္ဌာန’ တရား ဖြစ်ကုန်သနည်း။

ခံစားမှုအစု ‘ဝေဒနာက္ခန္ဓာ’ ၊ မှတ်သားမှုအစု ‘သညာက္ခန္ဓာ’ ၊ ပြုပြင်မှုအစု ‘သင်္ခါရက္ခန္ဓာ’။ (မိမိအလိုဆန္ဒကို) ကိုယ်အမူ အရာဖြင့် သိစေမှု ‘ကာယဝိညတ်’။ (မိမိအလိုဆန္ဒကို) နှုတ်မြွက်ခြင်းဖြင့် သိစေမှု ‘ဝစီဝိညတ်’ သည် (ရှိ၏)။ ထို့ပြင် (ဆိုအပ်ခဲ့ပြီးသော ရုပ်တို့မှ) တစ်မျိုးတခြား ဖြစ်သော စိတ်ကြောင့်ဖြစ်သော ‘စိတ္တဇ’ ၊ စိတ်ဟူသောအကြောင်းရှိသော ‘စိတ္တဟေတုက’ ၊ စိတ်လျှင် ဖြစ်ကြောင်းရှိသော ‘စိတ္တသမုဋ္ဌာန’ ၊ မြင်သိစိတ်ဖြစ်ကြောင်း အဆင်း ‘ရူပါယတန’ ၊ ကြားသိစိတ်ဖြစ်ကြောင်း အသံ ‘သဒ္ဒါယတန’ ၊ နံသိစိတ်ဖြစ်ကြောင်း အနံ့ ‘ဂန္ဓာယတန’ ၊ လျက်သိစိတ်ဖြစ်ကြောင်း အရသာ ‘ရသာယတန’ ထိသိစိတ်ဖြစ်ကြောင်း အတွေ့ ‘ဖောဋ္ဌဗ္ဗာယတန’ ၊ မရေး ခြစ်အပ်သော (ရေးခြစ်၍ မထင်သောဟင်းလင်း) သဘော ‘အာကာသဓာတ်’ ၊ ရေဟူသောသဘော (ဖွဲ့စည်းခြင်းသဘော) ‘အာပေါဓာတ်’ ၊ ရုပ်၏လျင်မြန် ပေါ့ပါးမှု ‘ရူပဿ လဟုတာ’ ၊ ရုပ်၏ နူးညံ့မှု ‘ရူပဿ မုဒုတာ’ ၊ ရုပ်၏ ခံ့မှု (အမှုကိစ္စတို့၌ ပြီးမြောက်အောင် လိုက်လျော ဆောင်ရွက်နိုင်မှု) ‘ရူပဿ ကမ္မညတာ’ ၊ ရုပ်၏ ဖြစ်ပေါ်စ ‘ရူပဿဥပစယ’ ၊ ရုပ်၏ ကြီးပွါးဆဲအစဉ် ‘ရူပဿ သန္တတိ’ ၊ အလုတ်အလွေး ပြုအပ်သော အစာ ‘ကဗဠီကာရအာဟာရ’ ဟူသော အကြင် ရုပ်သည်လည်း ရှိသေး၏။ ဤတရားတို့သည် စိတ်လျှင် ဖြစ်ကြောင်းရှိသော (စိတ်ကြောင့် ဖြစ်သော) ‘စိတ္တသမုဋ္ဌာန’ တရား ဖြစ်ကုန်၏ (စေတသိက်, စိတ္တဇရုပ်)။

နော စိတ္တသမုဋ္ဌာနတရား

၁၅၃၆။ (၂) အဘယ်တရားတို့သည် စိတ်လျှင်ဖြစ်ကြောင်း မရှိသော (စိတ်ကြောင့်မဖြစ်သော) ‘နော စိတ္တသမုဋ္ဌာန’ တရား ဖြစ်ကုန်သနည်း။

စိတ်၊ ထို့ပြင် (စိတ္တဇရုပ်မှ) ကြွင်းကျန်သော ရုပ်၊ ထို့ပြင် နိဗ္ဗာန်သည် (ရှိ၏)။ ဤတရားတို့သည် စိတ်လျှင်ဖြစ်ကြောင်း မရှိသော (စိတ်ကြောင့် မဖြစ်သော) ‘နော စိတ္တသမုဋ္ဌာန’ တရား ဖြစ်ကုန်၏ (စိတ်, ကမ္မဇ, ဥတုဇ,အာဟာရဇရုပ်, နိဗ္ဗာန်)။

--

၇-စိတ္တသဟဘုဒုက်

စိတ္တသဟဘုတရား

၁၅၃၇။ (၁) အဘယ်တရားတို့သည် စိတ်နှင့် အတူတကွ ဖြစ်သော (စိတ်နှင့် အတူဖြစ် အတူပျက်သော) ‘စိတ္တသဟဘု’ တရား ဖြစ်ကုန်သနည်း။

ခံစားမှု အစု ‘ဝေဒနာက္ခန္ဓာ’ ၊ မှတ်သားမှုအစု ‘သညာက္ခန္ဓာ’ ၊ ပြုပြင်မှုအစု ‘သင်္ခါရက္ခန္ဓာ’။ (မိမိအလိုဆန္ဒကို) ကိုယ်အမူအရာဖြင့် သိစေမှု ‘ကာယဝိညတ်’။ (မိမိအလိုဆန္ဒကို) နှုတ်မြွက်ခြင်းဖြင့် သိစေမှု ‘ဝစီဝိညတ်’ သည် (ရှိ၏)။ ဤတရားတို့သည်စိတ်နှင့် အတူတကွ ဖြစ်သော (စိတ်နှင့် အတူဖြစ် အတူပျက်သော) ‘စိတ္တသဟဘု’ တရား ဖြစ်ကုန်၏ (စေတသိက် ၅၂, ဝိညတ်ရုပ်နှစ်ပါး)။

နော စိတ္တသဟဘုတရား

၁၅၃၈။ (၂) အဘယ်တရားတို့သည် စိတ်နှင့်အတူတကွ မဖြစ်သော (စိတ်နှင့်အတူဖြစ် အတူပျက်မဟုတ်သော) ‘နော စိတ္တသဟဘု’ တရား ဖြစ်ကုန်သနည်း။

စိတ်သည်လည်းကောင်း။ (ဝိညတ်ရုပ်မှ) ကြွင်းကျန်သော ရုပ်သည်လည်းကောင်း၊ နိဗ္ဗာန်သည်လည်းကောင်း (ရှိ၏)။ ဤတရားတို့သည် စိတ်နှင့် အတူတကွ မဖြစ်သော (စိတ်နှင့် အတူဖြစ်,အတူပျက်မဟုတ်သော) ‘နော စိတ္တသဟဘု’ တရား ဖြစ်ကုန်၏ (စိတ်, ဝိညတ်ရုပ်မှတစ်ပါး အခြားသောရုပ်, နိဗ္ဗာန်)။

၈-စိတ္တာနုပရိဝတ္တိဒုက်

စိတ္တာနုပရိဝတ္တိတရား

၁၅၃၉။ (၁) အဘယ်တရားတို့သည် စိတ်သို့အစဉ်လိုက်သော (စိတ်နှင့် အတူဖြစ်,အတူပျက်သော) ‘စိတ္တာနုပရိဝတ္တိ’ တရား ဖြစ်ကုန်သနည်း။

ခံစားမှုအစု ‘ဝေဒနာက္ခန္ဓာ’ ၊ မှတ်သားမှုအစု ‘သညာက္ခန္ဓာ’ ၊ ပြုပြင်မှုအစု ‘သင်္ခါရက္ခန္ဓာ’။ (မိမိအလိုဆန္ဒကို) ကိုယ် အမူအရာဖြင့် သိစေမှု ‘ကာယဝိညတ်’။ (မိမိအလိုဆန္ဒကို) နှုတ်မြွက်ခြင်းဖြင့် သိစေမှု ‘ဝစီဝိညတ်’ သည် (ရှိ၏)။

ဤတရားတို့သည် စိတ်သို့အစဉ်လိုက်သော (စိတ်နှင့်အတူဖြစ် အတူပျက်သော) ‘စိတ္တာနုပရိဝတ္တိ’ တရားဖြစ်ကုန်၏ (စေတသိက်, ဝိညတ်ရုပ်နှစ်ပါး)။

နော စိတ္တာနုပရိဝတ္တိတရား

၁၅၄၀။ (၂) အဘယ်တရားတို့သည် စိတ်သို့အစဉ်မလိုက်သော (စိတ်နှင့်အတူဖြစ် အတူပျက်မဟုတ်သော) ‘နော စိတ္တာနုပရိဝတ္တိ’ တရား ဖြစ်ကုန်သနည်း။

စိတ်သည်လည်းကောင်း။ (ဝိညတ်ရုပ်မှ) ကြွင်းကျန်သော ရုပ်သည်လည်းကောင်း၊ နိဗ္ဗာန်သည်လည်းကောင်း (ရှိ၏)။ ဤတရားတို့သည် စိတ်သို့အစဉ် မလိုက်သော (စိတ်နှင့် အတူဖြစ်, အတူပျက်မဟုတ်သော) ‘နောစိတ္တာနုပရိဝတ္တိ’ တရား ဖြစ်ကုန်၏ (စိတ်, ဝိညတ်ရုပ်မှတစ်ပါး အခြားသော ရုပ်, နိဗ္ဗာန်)။

--

၉-စိတ္တသံသဋ္ဌ သမုဋ္ဌာနဒုက်

စိတ္တသံသဋ္ဌ သမုဋ္ဌာနတရား

၁၅၄၁။ (၁) အဘယ်တရားတို့သည် စိတ်နှင့်လည်း ရောနှော (စိတ်နှင့်လည်း ယှဉ်သော)၊ စိတ်လျှင်ဖြစ်ကြောင်းလည်း ရှိသော (စိတ်ကြောင့်လည်း ဖြစ်သော) ‘စိတ္တသံသဋ္ဌ သမုဋ္ဌာန’ တရား ဖြစ်ကုန်သနည်း။

ခံစားမှုအစု ‘ဝေဒနာက္ခန္ဓာ’ ၊ မှတ်သားမှုအစု ‘သညာက္ခန္ဓာ’ ၊ ပြုပြင်မှုအစု ‘သင်္ခါရက္ခန္ဓာ’ သည် (ရှိ၏)။ ဤတရားတို့သည် စိတ်နှင့်လည်း ရောနှော (စိတ်နှင့်လည်းယှဉ်သော)၊ စိတ်လျှင်ဖြစ်ကြောင်းလည်းရှိသော (စိတ်ကြောင့်လည်း ဖြစ်သော) ‘စိတ္တသံသဋ္ဌသမုဋ္ဌာန’ တရား ဖြစ်ကုန်၏ (စေတသိက် ၅၂)။

နော စိတ္တသံသဋ္ဌ သမုဋ္ဌာနတရား

၁၅၄၂။ (၂) အဘယ်တရားတို့သည် စိတ်နှင့်လည်း မရောနှော (စိတ်နှင့်လည်း မယှဉ်)၊ စိတ်လျှင်ဖြစ်ကြောင်းလည်း မရှိသော (စိတ်ကြောင့်လည်း မဖြစ်သော) ‘နောစိတ္တသံသဋ္ဌ သမုဋ္ဌာန’ တရား ဖြစ်ကုန်သနည်း။

စိတ်သည်လည်း ကောင်း၊ ရုပ်သည်လည်းကောင်း၊ နိဗ္ဗာန်သည်လည်းကောင်း (ရှိ၏)။ ဤတရားတို့သည် စိတ်နှင့်လည်း မရောနှော (စိတ်နှင့်လည်း မယှဉ်)၊ စိတ်လျှင်ဖြစ်ကြောင်းလည်း မရှိသော (စိတ်ကြောင့်လည်း မဖြစ်သော) ‘နော စိတ္တသံသဋ္ဌ သမုဋ္ဌာန’ တရား ဖြစ်ကုန်၏ (စိတ်, ရုပ်, နိဗ္ဗာန်)။

--

၁၀-စိတ္တသံသဋ္ဌ သမုဋ္ဌာန သဟဘုဒုက်

စိတ္တသံသဋ္ဌ သမုဋ္ဌာန သဟဘုတရား

၁၅၄၃။ (၁) အဘယ်တရားတို့သည် စိတ်နှင့်လည်း ရောနှော (စိတ်နှင့် လည်းယှဉ်)၊ စိတ်လျှင်ဖြစ်ကြောင်းလည်း ရှိ (စိတ်ကြောင့်လည်း ဖြစ်သော)၊ စိတ်နှင့်လည်းအတူတကွ ဖြစ်သော (စိတ်နှင့် အတူဖြစ်, အတူပျက် သော) ‘စိတ္တသံသဋ္ဌ သမုဋ္ဌာန သဟဘု’ တရားဖြစ်ကုန်သနည်း။

ခံစားမှုအစု ‘ဝေဒနာက္ခန္ဓာ’ ၊ မှတ်သားမှု အစု ‘သညာက္ခန္ဓာ’ ၊ ပြုပြင်မှုအစု ‘သင်္ခါရက္ခန္ဓာ’ သည် (ရှိ၏)။ ဤတရားတို့သည် စိတ်နှင့်လည်း ရောနှော (စိတ်နှင့်လည်းယှဉ်)၊ စိတ်လျှင်ဖြစ်ကြောင်းလည်းရှိ (စိတ်ကြောင့်လည်း ဖြစ်သော)၊ စိတ်နှင့်လည်း အတူတကွ ဖြစ်သော (စိတ်နှင့်အတူဖြစ်, အတူပျက်သော) ‘စိတ္တသံသဋ္ဌ သမုဋ္ဌာန သဟဘု’ တရား ဖြစ်ကုန်၏ (စေတသိက် ၅၂)။

နော စိတ္တသံသဋ္ဌ သမုဋ္ဌာန သဟဘုတရား

၁၅၄၄။ (၂) အဘယ်တရားတို့သည် စိတ်နှင့်လည်းမရောနှော (စိတ်နှင့်လည်း မယှဉ်)၊ စိတ်လျှင်ဖြစ်ကြောင်း လည်း မရှိသော (စိတ်ကြောင့်လည်း မဖြစ်) စိတ်နှင့်လည်း အတူတကွ မဖြစ်သော (စိတ်နှင့်လည်း အတူဖြစ် အတူပျက် မဟုတ်သော) ‘နော စိတ္တသံသဋ္ဌ သမုဋ္ဌာန သဟဘု’ တရား ဖြစ်ကုန်သနည်း။

စိတ်သည်လည်းကောင်း၊ ရုပ်သည်လည်းကောင်း၊ နိဗ္ဗာန်သည်လည်းကောင်း (ရှိ၏)။ ဤတရားတို့သည် စိတ်နှင့်လည်း မရောနှော (စိတ်နှင့်လည်း မယှဉ်)၊ စိတ်လျှင်ဖြစ်ကြောင်းလည်း မရှိ (စိတ်ကြောင့်လည်း မဖြစ်)၊ စိတ်နှင့်လည်းအတူတကွ မဖြစ်သော (စိတ်နှင့်လည်း အတူဖြစ် အတူပျက် မဟုတ်သော) ‘နော စိတ္တသံသဋ္ဌ သမုဋ္ဌာနသဟဘု’ တရား ဖြစ်ကုန်၏ (စိတ်, ရုပ်, နိဗ္ဗာန်)။

--

၁၁-စိတ္တသံသဋ္ဌ သမုဋ္ဌာနာနုပရိဝတ္တိဒုက်

စိတ္တသံသဋ္ဌ သမုဋ္ဌာနာနုပရိဝတ္တိတရား

၁၅၄၅။ (၁) အဘယ်တရားတို့သည် စိတ်နှင့်လည်း ရောနှော (စိတ်နှင့် လည်းယှဉ်)၊ စိတ်လျှင်ဖြစ်ကြောင်းလည်း ရှိ (စိတ်ကြောင့်လည်း ဖြစ်သော)၊ စိတ်သို့လည်းအစဉ်လိုက်သော (စိတ်နှင့် အတူဖြစ်, အတူပျက်သော) ‘စိတ္တသံသဋ္ဌ သမုဋ္ဌာနာနုပရိဝတ္တိ’ တရားဖြစ်ကုန်သနည်း။

ခံစားမှုအစု ‘ဝေဒနာက္ခန္ဓာ’ ၊ မှတ်သားမှုအစု ‘သညာက္ခန္ဓာ’ ၊ ပြုပြင်မှုအစု ‘သင်္ခါရက္ခန္ဓာ’ သည် (ရှိ၏)။ ဤတရားတို့သည် စိတ်နှင့်လည်း ရောနှော (စိတ်နှင့်လည်းယှဉ်)၊ စိတ်လျှင်ဖြစ်ကြောင်းလည်းရှိ (စိတ်ကြောင့်လည်းဖြစ်)၊ စိတ်သို့လည်း အစဉ်လိုက် သော (စိတ်နှင့်အတူဖြစ်, အတူပျက်သော) ‘စိတ္တသံသဋ္ဌသမုဋ္ဌာနာနုပရိဝတ္တိ’ တရား ဖြစ်ကုန်၏ (စေတသိက် -၅၂)။

နော စိတ္တသံသဋ္ဌ သမုဋ္ဌာနာနုပရိဝတ္တိတရား

၁၅၄၆။ (၂) အဘယ်တရားတို့သည် စိတ်နှင့်လည်း မရောနှော (စိတ်နှင့်လည်း မယှဉ်)၊ စိတ်လျှင်ဖြစ် ကြောင်းလည်း မရှိ (စိတ်ကြောင့်လည်း မဖြစ်သော)၊ စိတ်သို့လည်း အစဉ်မလိုက်သော (စိတ်နှင့်လည်း အတူဖြစ် အတူပျက်မဟုတ်သော) ‘နော စိတ္တသံသဋ္ဌ သမုဋ္ဌာနာနုပရိဝတ္တိ’ တရား ဖြစ်ကုန်သနည်း။

စိတ် သည်လည်းကောင်း၊ ရုပ်သည်လည်းကောင်း၊ နိဗ္ဗာန်သည်လည်းကောင်း (ရှိ၏)။ ဤ တရားတို့သည် စိတ်နှင့်လည်း မရောနှော (စိတ်နှင့်လည်း မယှဉ်)၊ စိတ်လျှင်ဖြစ်ကြောင်းလည်း မရှိ (စိတ်ကြောင့်လည်း မဖြစ်)၊ စိတ်သို့လည်းအစဉ်မလိုက်သော (စိတ်နှင့်လည်း အတူဖြစ် အတူပျက် မဟုတ်သော) ‘နောစိတ္တသံသဋ္ဌ သမုဋ္ဌာနာနုပရိဝတ္တိ’ တရား ဖြစ်ကုန်၏ (စိတ်, ရုပ်, နိဗ္ဗာန်)။

၁၂-အဇ္ဈတ္တိကဒုက်

အဇ္ဈတ္တိကတရား

၁၅၄၇။ (၁) အဘယ်တရားတို့သည် အတွင်း ‘အဇ္ဈတ္တ'သန္တာန်၌ ဖြစ်သော ‘အဇ္ဈတ္တိက’ တရား ဖြစ်ကုန်သနည်း။

မြင်သိစိတ်ဖြစ်ရာ မျက်စိအကြည် ‘စက္ခာယတန’။ပ။ သိမှု (စိတ်) ဖြစ်ရာ ‘မနာယတန’ သည် (ရှိ၏)။ ဤတရားတို့သည် အတွင်း ‘အဇ္ဈတ္တ’ သန္တာန်၌ ဖြစ်သော ‘အဇ္ဈတ္တိက’ တရားဖြစ်ကုန်၏ (စိတ် ၈၉, ပသာဒရုပ် ၅)။

ဗာဟိရတရား

၁၅၄၈။ (၂) အဘယ်တရားတို့သည် အပ (ဗဟိဒ္ဓ) သန္တာန်၌ ဖြစ်သော ‘ဗာဟိရ’ တရားဖြစ်ကုန်သနည်း။

မြင်သိစိတ်ဖြစ်ကြောင်း အဆင်း ‘ရူပါယတန’။ပ။ သိမှု (စိတ်) ဖြစ်ကြောင်း သဘော ‘ဓမ္မာယတန’ သည် (ရှိ၏)။ ဤတရားတို့သည် အပ (ဗဟိဒ္ဓ) သန္တာန်၌ ဖြစ်သော ‘ဗာဟိရ’ တရားဖြစ်ကုန်၏ (စေတသိက်, ပသာဒရုပ်မှတစ်ပါး အခြားသော ရုပ်, နိဗ္ဗာန်)။

--

၁၃-ဥပါဒါဒုက်

ဥပါဒါတရား

၁၅၄၉။ (၁) အဘယ်တရားတို့သည် မှီ၍သာဖြစ်တတ်သော ‘ဥပါဒါ’ တရား ဖြစ်ကုန်သနည်း။

မြင်သိစိတ်ဖြစ်ရာ မျက်စိအကြည် ‘စက္ခာယတန’။ပ။ အလုတ်အလွေး ပြုအပ် သော အစာ ‘ကဗဠီကာရအာဟာရ’ သည် (ရှိ၏)။ ဤတရားတို့သည် မှီ၍သာ ဖြစ်တတ်သော ‘ဥပါဒါ’ တရားဖြစ်ကုန်၏ (ဥပါဒါရုပ် ၂၄)။

နော ဥပါဒါတရား

၁၅၅၀။ (၂) အဘယ်တရားတို့သည် မှီ၍သာ ဖြစ်တတ်သည့် ‘ဥပါဒါ'ရုပ် မဟုတ်သော ‘နော ဥပါဒါ’ တရား ဖြစ်ကုန်သနည်း။

(ကာမ, ရူပ, အရူပ, အပရိယာ ပန္န) ဘုံလေးပါးတို့၌ (ဖြစ်သော) ကုသိုလ် (၂၁)၊ အကုသိုလ် (၁၂)။ (ကာမ, ရူပ, အရူပ, အပရိယာပန္န) ဘုံလေးပါးတို့၌ (ဖြစ်သော) ဝိပါက် (၃၆)။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ (ဖြစ်သော) ပြုကာမျှ ဖြစ်၍ကုသိုလ် အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သော ‘ကိရိယာဗျာကတ’ (၂၀)၊ ထို့ပြင် မဟာဘုတ် လေးပါး၊ ထို့ပြင် နိဗ္ဗာန်သည် (ရှိ၏)။ ဤတရားတို့သည် မှီ၍သာ ဖြစ်တတ်သည့် ‘ဥပါဒါ’ ရုပ်မဟုတ်သော ‘နောဥပါဒါ’ တရား ဖြစ်ကုန်၏ (စိတ်, စေတသိက်, ဘူတရုပ်လေးပါး, နိဗ္ဗာန်)။

--

၁၄-ဥပါဒိဏ္ဏဒုက်

ဥပါဒိဏ္ဏတရား

၁၅၅၁။ (၁) အဘယ်တရားတို့သည် အာရုံပြုသောအားဖြင့် တဏှာ ဒိဋ္ဌိတို့ ကပ်အပ်သော ကံသည် အကျိုး'ဝိပါက်'၏အဖြစ်ဖြင့် စွဲယူအပ်သော ‘ဥပါဒိဏ္ဏ’ တရား ဖြစ်ကုန်သနည်း (အဘယ်တရားတို့သည် တဏှာ ဒိဋ္ဌိတို့ အာရုံပြုအပ်သည့် ကံ၏အကျိုး ‘ဝိပါက်’ ဖြစ်ကုန်သနည်း)။

(ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ ဖြစ်သော (လောကီ) ဝိပါက် (၃၂)၊ ထို့ပြင် (ကုသိုလ် အကုသိုလ်) ကံကို ပြုအပ်ခဲ့ပြီးသည်၏အဖြစ် (ကံ) ကြောင့် ဖြစ်သော အကြင် (ကမ္မဇ) ရုပ်သည် (ရှိ၏)။

ဤတရားတို့သည် (တဏှာ ဒိဋ္ဌိတို့ အာရုံပြုအပ်သော ကံ၏အကျိုး ‘ဝိပါက်’ ဖြစ်သော) ‘ဥပါဒိဏ္ဏ’ တရားဖြစ်ကုန်၏ (လောကီဝိပါက်စိတ်, ယှဉ်ဖက် စေတသိက်, ကမ္မဇရုပ်)။

အနုပါဒိဏ္ဏတရား

၁၅၅၂။ (၂) အဘယ်တရားတို့သည် အာရုံပြုသောအားဖြင့် တဏှာ ဒိဋ္ဌိတို့ ကပ်အပ်သော ကံသည် အကျိုး (ဝိပါက်) ၏အဖြစ်ဖြင့် မစွဲယူအပ်သော ‘အနုပါဒိဏ္ဏ’ တရား ဖြစ်ကုန်သနည်း (အဘယ်တရားတို့သည် တဏှာ ဒိဋ္ဌိတို့ အာရုံပြုအပ်သော ကံ၏ အကျိုး'ဝိပါက်’ မဟုတ်ကုန်သနည်း)။

(ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ ဖြစ်သော လောကီကုသိုလ် (၁၇)၊ အကုသိုလ် (၁၂)။ (ကာမ, ရူပ,အရူပ) ဘုံသုံးပါးတို့၌ (ဖြစ်သော) ပြုကာမျှဖြစ်၍ ကုသိုလ် အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သော ‘ကိရိယာဗျာကတ’ (၂၀)၊ ထို့ပြင် (ကုသိုလ် အကုသိုလ်) ကံကို ပြုအပ်ခဲ့ပြီးသည်၏အဖြစ် (ကံ) ကြောင့်မဖြစ်သော (ကမ္မဇရုပ်မဟုတ်သော) အကြင် (တိဇ) ရုပ်။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါး၌ အကျုံးမဝင်သော မဂ်လေးပါး၊ ထို့ပြင် ကိလေသာငြိမ်းကြောင်း (မဂ်) ၏အကျိုး (ဖိုလ်) လေးပါး၊ ထို့ပြင်နိဗ္ဗာန်သည် (ရှိ၏)။ ဤတရားတို့သည် (တဏှာ ဒိဋ္ဌိတို့ အာရုံပြုအပ်သော ကံ၏ အကျိုး ‘ဝိပါက်'မဟုတ်သော) ‘အနုပါဒိဏ္ဏ’ တရား ဖြစ်ကုန်၏ (ကုသိုလ်, အကုသိုလ်, ကိရိယာ, ဖိုလ်စိတ်, စေတသိက်,တိဇရုပ်, နိဗ္ဗာန်)။

မဟန္တရဒုက် ပြီးပြီ။

--

၁၁-ဥပါဒါနဂေါစ္ဆက

၁-ဥပါဒါနဒုက်

ဥပါဒါနတရား

၁၅၅၃။ (၁) အဘယ်တရားတို့သည် ပြင်းစွာယူမှု (စွဲလမ်းမှု) ‘ဥပါဒါန်’မည်သော ‘ဥပါဒါန’ တရား ဖြစ်ကုန်သနည်း။

လိုချင်ဖွယ် ‘ကာမ’ ကို ပြင်းစွာယူမှု (စွဲလမ်းမှု) ‘ကာမုပါဒါန်’ ၊ အမြင်မှားမှုဟူသော ပြင်းစွာယူမှု (စွဲလမ်းမှု) ‘ဒိဋ္ဌုပါဒါန်’။ (နွား ခွေးစသည်တို့၏) အလေ့ အကျင့်တို့ကို (စင်ကြယ်၏ဟု) ပြင်းစွာယူမှု (စွဲလမ်းမှု) ‘သီလဗ္ဗတုပါဒါန်’။ (အနတ္တဖြစ်သော ရုပ်နာမ် တရားတို့ကို) အတ္တဟု ပြောဆိုကြောင်းဖြစ်သော ပြင်းစွာယူမှု (စွဲလမ်းမှု) ‘အတ္တဝါဒုပါဒါန်’ ဟူသော ပြင်းစွာ ယူမှု (စွဲလမ်းမှု) ဥပါဒါန်လေးပါးတို့သည် (ရှိကုန်၏)။ (ထိုဥပါဒါန်လေးပါးတို့တွင်) ကာမဟူသော လိုချင်ဖွယ် ‘ကာမ’ ကို ပြင်းစွာယူမှု (စွဲလမ်းမှု) ‘ကာမုပါဒါန်’ သည် လောဘသဟဂုတ်စိတ္တုပ္ပါဒ် ရှစ်ပါးတို့၌ ဖြစ်၏၊ အမြင်မှားမှုဟူသော ပြင်းစွာယူမှု (စွဲလမ်းမှု) ‘ဒိဋ္ဌုပါဒါန်’။ (နွား ခွေးစသည်တို့၏) အလေ့အကျင့်တို့ကို (စင်ကြယ်၏ဟု) ပြင်းစွာယူမှု (စွဲလမ်းမှု) ‘သီလဗ္ဗတုပါဒါန်’။ (အနတ္တဖြစ်သော ရုပ်နာမ်တရားတို့ကို) အတ္တဟု ပြောဆိုကြောင်းဖြစ်သော ပြင်းစွာယူမှု (စွဲလမ်းမှု) ‘အတ္တဝါဒုပါဒါန်’ သည် ဒိဋ္ဌိဂတသမ္ပယုတ်စိတ္တုပ္ပါဒ်လေးပါးတို့၌ ဖြစ်ကုန်၏။ ဤတရားတို့သည် ပြင်းစွာယူမှု (စွဲလမ်းမှု) ‘ဥပါဒါန်’ မည်သော ‘ဥပါဒါန’ တရား ဖြစ်ကုန်၏ (လောဘမူစိတ်ရှစ်ပါး၌ ရှိသော လောဘ, ဒိဋ္ဌိဂတသမ္ပယုတ်စိတ် လေးခု၌ ရှိသော ဒိဋ္ဌိဟူသော ဥပါဒါန်တရားကိုယ်နှစ်ပါး)။

နော ဥပါဒါနတရား

၁၅၅၄။ (၂) အဘယ်တရားတို့သည် ဥပါဒါန် မမည်သော ‘နော ဥပါဒါန’ တရား ဖြစ်ကုန်သနည်း။

ဥပါဒါန်တို့ကို ချန်ထား၍ ကြွင်းကျန်သော အကုသိုလ် (၁၂)။ (ကာမ, ရူပ, အရူပ,အပရိယာပန္န) ဘုံလေးပါးတို့၌ (ဖြစ်သော) ကုသိုလ် (၂၁)၊ ဘုံလေးပါးတို့၌ ဖြစ်သော ဝိပါက် (၃၆)။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ ဖြစ်သော ပြုကာမျှဖြစ်၍ ကုသိုလ် အကုသိုလ်အဖြစ်ဖြင့်မဟောအပ်သော ‘ကိရိယာဗျာကတ’ (၂၀)၊ ထို့ပြင် ရုပ်၊ ထို့ပြင် နိဗ္ဗာန်သည် (ရှိ၏)။ ဤတရားတို့သည်ဥပါဒါန်မမည်သော ‘နော ဥပါဒါန’ တရား ဖြစ်ကုန်၏ (စိတ်, ဥပါဒါန်တရား ကိုယ်နှစ်ပါးမှတစ်ပါးအခြားသော စေတသိက်, ရုပ်, နိဗ္ဗာန်)။

--

၂-ဥပါဒါနိယဒုက်

ဥပါဒါနိယတရား

၁၅၅၅။ (၁) အဘယ်တရားတို့သည် (လောဘ, ဒိဋ္ဌိဟူသော) ‘ဥပါဒါန်'တို့၏ အာရုံဖြစ်သော ‘ဥပါဒါနိယ’ တရား ဖြစ်ကုန်သနည်း။

(ကာမ, ရူပ, အရူပ) ဘုံသုံးပါး တို့၌ ဖြစ်သော (လောကီ) ကုသိုလ် (၁၇)၊ အကုသိုလ် (၁၂)။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါး တို့၌ ဖြစ်သော (လောကီ) ဝိပါက် (၃၂)။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ ဖြစ်သော ပြုကာမျှဖြစ်၍ ကုသိုလ် အကုသိုလ်အဖြစ်ဖြင့်မဟောအပ်သော ‘ကိရိယာဗျာကတ’ (၂၀)၊ ထို့ပြင် အလုံးစုံသော ရုပ်သည် (ရှိ၏)။ ဤတရားတို့သည် (လောဘ, ဒိဋ္ဌိဟူသော) ဥပါဒါန်တို့၏ အာရုံဖြစ်သော ‘ဥပါဒါနိယ’ တရား ဖြစ်ကုန်၏ (လောကီစိတ်, စေတသိက်, ရုပ်)။

အနုပါဒါနိယတရား

၁၅၅၆။ (၂) အဘယ်တရားတို့သည် (လောဘ, ဒိဋ္ဌိဟူသော) ‘ဥပါဒါန်'တို့၏ အာရုံမဖြစ်သော ‘အနုပါဒါနိယ’ တရား ဖြစ်ကုန်သနည်း။

(ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ အကျုံးမဝင်သော မဂ်လေးပါး၊ ကိလေသာငြိမ်းကြောင်း မဂ်၏အကျိုး (ဖိုလ်) လေးပါး၊ နိဗ္ဗာန်သည် (ရှိ၏)။ ဤတရားတို့သည် (လောဘ, ဒိဋ္ဌိဟူသော) ‘ဥပါဒါန်'တို့၏ အာရုံမဖြစ်သော ‘အနုပါဒါနိယ’ တရားဖြစ်ကုန်၏ (မဂ်, ဖိုလ်, နိဗ္ဗာန်)။

--

၃-ဥပါဒါနသမ္ပယုတ္တဒုက်

ဥပါဒါနသမ္ပယုတ္တတရား

၁၅၅၇။ (၁) အဘယ်တရားတို့သည် (လောဘ, ဒိဋ္ဌိဟူသော) ‘ဥပါဒါန်’ တရားတို့နှင့် ယှဉ်သော ‘ဥပါဒါနသမ္ပယုတ္တ’ တရား ဖြစ်ကုန်သနည်း။

ဒိဋ္ဌိဂတသမ္ပယုတ် လောဘသဟဂုတ့်စိတ္တုပ္ပါဒ်လေးပါး၊ ဒိဋ္ဌိဂတဝိပ္ပယုတ် လောဘသဟဂုတ် စိတ္တုပ္ပါဒ် လေးပါး၊ ဤ (ဒိဋ္ဌိဂတဝိပ္ပယုတ် လောဘသဟဂုတ်စိတ္တုပ္ပါဒ်) တို့၌ ဖြစ်သော လောဘကို ချန်ထား၍ (ကြွင်းသောစေတသိက် နှစ်ဆယ့်နှစ်ပါးတို့သည်ရှိကုန်၏)။ ဤတရားတို့သည် (လောဘ, ဒိဋ္ဌိဟူသော) ‘ဥပါဒါန်’ တရားတို့နှင့် ယှဉ်သော ‘ဥပါဒါနသမ္ပယုတ္တ’ တရား ဖြစ်ကုန်၏ (လောဘမူစိတ်, ဒိဋ္ဌိဂတ ဝိပ္ပယုတ်၌ လောဘမှတစ်ပါး အခြားသော စေတသိက်)။

ဥပါဒါနဝိပ္ပယုတ္တတရား

၁၅၅၈။ (၂) အဘယ်တရားတို့သည် (လောဘ, ဒိဋ္ဌိဟူသော) ‘ဥပါဒါန်’ တရားတို့နှင့် မယှဉ်သော ‘ဥပါဒါနဝိပ္ပယုတ္တ’ တရား ဖြစ်ကုန်သနည်း။

ဒိဋ္ဌိဂတဝိပ္ပယုတ် လောဘသဟဂုတ်စိတ္တုပ္ပါဒ်လေးပါးတို့၌ ဖြစ်သော လောဘ၊ ဒေါမနဿသဟဂုတ် စိတ္တုပ္ပါဒ်နှစ်ပါး၊ ဝိစိကိစ္ဆာသဟဂုတ်စိတ္တုပ္ပါဒ် (၁)၊ ဥဒ္ဓစ္စသဟဂုတ်စိတ္တုပ္ပါဒ် (၁)။ (ကာမ, ရူပ, အရူပ, အပရိယာပန္န) ဘုံလေးပါးတို့၌ (ဖြစ်သော) ကုသိုလ် (၂၁)။ (ကာမ, ရူပ, အရူပ, အပရိယာပန္န) ဘုံ လေးပါးတို့၌ ဖြစ်သော ဝိပါက် (၃၆)။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ (ဖြစ်သော) ပြုကာမျှဖြစ်၍ ကုသိုလ် အကုသိုလ်အဖြစ်ဖြင့်မဟောအပ်သော ‘ကိရိယာဗျာကတ’ (၂၀)၊ ထို့ပြင် ရုပ်၊ ထို့ပြင် နိဗ္ဗာန် သည် (ရှိ၏) ဤတရားတို့သည် (လောဘ, ဒိဋ္ဌိဟူသော) ‘ဥပါဒါန်’ တရားတို့နှင့် မယှဉ်သော ‘ဥပါဒါန ဝိပ္ပယုတ္တ’ တရား ဖြစ်ကုန်၏ (ဒေါသမူဒွေ, မောဟမူဒွေ, ကုသိုလ်, ဝိပါက်, ကိရိယာစိတ်, ယှဉ်ဖက် စေတသိက်, ဒိဋ္ဌိဂတဝိပ္ပယုတ်စိတ်၌ လောဘ, ရုပ်, နိဗ္ဗာန်)။

--

၄-ဥပါဒါန ဥပါဒါနိယဒုက်

ဥပါဒါန ဥပါဒါနိယတရား

၁၅၅၉။ (၁) အဘယ်တရားတို့သည် ဥပါဒါန်လည်းမည်၍ ဥပါဒါန်တို့၏ အာရုံလည်း ဖြစ်သော ‘ဥပါဒါန ဥပါဒါနိယ’ တရား ဖြစ်ကုန်သနည်း။

ထိုဥပါဒါန်တို့သည်ပင်လျှင်ဥပါဒါန်လည်းမည်၍ ဥပါဒါန်တို့၏ အာရုံလည်း ဖြစ်သော ‘ဥပါဒါန ဥပါဒါနိယ’ တရား ဖြစ်ကုန်၏ (လောဘ, ဒိဋ္ဌိဟူသော ဥပါဒါန်တရား ကိုယ်နှစ်ပါး)။

ဥပါဒါနိယ နော ဥပါဒါနတရား

၁၅၆၀။ (၂) အဘယ်တရားတို့သည် (လောဘ, ဒိဋ္ဌိဟူသော) ‘ဥပါဒါန်'တို့၏ အာရုံသာဖြစ်၍ ဥပါဒါန်မမည်သော ‘ဥပါဒါနိယ နော ဥပါဒါန’ တရား ဖြစ်ကုန်သနည်း။

ဥပါဒါန်တို့ကို ချန်ထား၍ ကြွင်းကျန်သော အကုသိုလ် (၁၂)။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ (ဖြစ်သော) လောကီကုသိုလ် (၁၇)။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ ဖြစ်သော (လောကီ) ဝိပါက် (၃၂)။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ ဖြစ်သော ပြုကာမျှ ဖြစ်၍ ကုသိုလ် အကုသိုလ်အဖြစ်ဖြင့်မဟောအပ်သော ‘ကိရိယာဗျာကတ’ (၂၀)၊ ထို့ပြင် အလုံးစုံသော ရုပ်သည် (ရှိ၏)။ ဤတရားတို့သည် (လောဘ ဒိဋ္ဌိဟူသော) ဥပါဒါန်တို့၏ အာရုံသာ ဖြစ်၍ ဥပါဒါန်မမည်သော ‘ဥပါဒါနိယ နောဥပါဒါန’ တရား ဖြစ်ကုန်၏ (လောကီစိတ်, ဥပါဒါန်တရားကိုယ် နှစ်ပါးမှတစ်ပါး အခြားသော စေတသိက်,ရုပ်)။

ဒုက်မုတ် ဥပါဒါန်တို့၏အာရုံ မဖြစ်သော (လောကုတ္တရာ) တရားတို့ကို ဥပါဒါန်လည်း မည်၍ ဥပါဒါန်တို့၏ အာရုံလည်း ဖြစ်ကုန်၏ဟူ၍လည်းကောင်း၊ ဥပါဒါန်တို့၏ အာရုံသာဖြစ်၍ ဥပါဒါန်မမည်ကုန်ဟူ၍လည်းကောင်း မဆိုအပ် မဆိုထိုက်ကုန်။

--

၅-ဥပါဒါန ဥပါဒါနသမ္ပယုတ္တဒုက်

ဥပါဒါန ဥပါဒါနသမ္ပယုတ္တတရား

၁၅၆၁။ (၁) အဘယ်တရားတို့သည် ဥပါဒါန်လည်း မည်၍ ဥပါဒါန်နှင့်လည်း ယှဉ်သော ‘ဥပါဒါနဥပါဒါနသမ္ပယုတ္တ’ တရား ဖြစ် ကုန်သနည်း။

အကြင် (ဒိဋ္ဌိဂတသမ္ပယုတ်) စိတ်၌ ဒိဋ္ဌိသည်လည်းကောင်း, လောဘသည်လည်းကောင်း တစ်ပြိုင်နက် ဖြစ်ကုန်၏။ (ထိုစိတ်၌ ဖြစ်သော လောဘ ဒိဋ္ဌိဟူသော) ဤတရားတို့သည် ဥပါဒါန်လည်း မည်၍ ဥပါဒါန်နှင့်လည်း ယှဉ်သော ‘ဥပါဒါနဥပါဒါနသမ္ပယုတ္တ’ တရား ဖြစ်ကုန်၏ (ဒိဋ္ဌိဂတသမ္ပယုတ် စိတ်၌ ရှိသော လောဘ, ဒိဋ္ဌိဟူသော ဥပါဒါန်တရားကိုယ်နှစ်ပါး)။

ဥပါဒါနသမ္ပယုတ္တနော ဥပါဒါနတရား

၁၅၆၂။ (၂) အဘယ်တရားတို့သည် ဥပါဒါန်နှင့်သာ ယှဉ်ကုန်သည် ဖြစ်၍ဥပါဒါန်မမည်သော ‘ဥပါဒါနသမ္ပယုတ္တနော ဥပါဒါန’ တရား ဖြစ်ကုန်သနည်း။

လောဘသဟဂုတ်စိတ္တုပ္ပါဒ် ရှစ်ပါး၊ ဤစိတ်တို့၌ ဖြစ်ကုန်သော ဥပါဒါန်တို့ကို ချန်ထား၍ (ကြွင်းသောစေတသိက် (၂၀) တို့သည်ရှိကုန်၏)။ ဤတရားတို့သည် ဥပါဒါန် နှင့်သာ ယှဉ်ကုန်သည် ဖြစ်၍ဥပါဒါန်မမည်သော ‘ဥပါဒါနသမ္ပယုတ္တနော ဥပါဒါန’ တရား ဖြစ်ကုန်၏ (လောဘမူစိတ်,ဥပါဒါန်တရားကိုယ် နှစ်ပါးမှတစ်ပါး အခြားသောယှဉ်ဖက် စေတသိက်)။

ဒုက်မုတ် ဥပါဒါန်နှင့် မယှဉ်သော ‘ဥပါဒါနဝိပ္ပယုတ္တ’ (ဒေါသမူ, မောဟမူ, ကုသိုလ်, ဝိပါက်, ကြိယာစိတ်, ယှဉ်ဖက် စေတသိက်, ရုပ်, နိဗ္ဗာန်) တရားတို့ကို ဥပါဒါန်လည်း မည်၍ ဥပါဒါန်နှင့် လည်းယှဉ်ကုန်၏ဟူ၍လည်းကောင်း၊ ဥပါဒါန်နှင့်သာ ယှဉ်ကုန်သည် ဖြစ်၍ ဥပါဒါန်ကား မမည်ကုန်ဟူ၍လည်းကောင်း မဆိုအပ် မဆိုထိုက်ကုန်။

--

၆-ဥပါဒါနဝိပ္ပယုတ္တဥပါဒါနိယဒုက်

ဥပါဒါနဝိပ္ပယုတ္တဥပါဒါနိယတရား

၁၅၆၃။ (၁) အဘယ်တရားတို့သည် ဥပါဒါန်နှင့် မယှဉ်ကုန်မူ၍ဥပါဒါန်တို့၏ အာရုံသာဖြစ်သော ‘ဥပါဒါနဝိပ္ပယုတ္တဥပါဒါနိယ’ တရား ဖြစ်ကုန်သနည်း။

ဒိဋ္ဌိဂတဝိပ္ပယုတ် လောဘသဟဂုတ် စိတ္တုပ္ပါဒ်လေးပါးတို့၌ ဖြစ်သော လောဘ၊ ဒေါမနဿသဟဂုတ်စိတ္တုပ္ပါဒ်နှစ်ပါး၊ ဝိစိကိစ္ဆာသဟဂုတ်စိတ္တုပ္ပါဒ် (၁)၊ ဥဒ္ဓစ္စသဟဂုတ် စိတ္တုပ္ပါဒ် (၁)။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ (ဖြစ်သော) (လောကီ) ကုသိုလ် (၁၇)။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ ဖြစ်သော (လောကီ) ဝိပါက် (၃၂)။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ ဖြစ်သော ပြုကာမျှဖြစ်၍ကုသိုလ် အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သော ‘ကိရိယာဗျာကတ’ (၂၀)၊ ထို့ပြင် အလုံးစုံသော ရုပ်သည် (ရှိ၏)။ ဤတရားတို့သည် ဥပါဒါန်နှင့် မယှဉ်ကုန်မူ၍ ဥပါဒါန်တို့၏ အာရုံသာဖြစ်သော ‘ဥပါဒါနဝိပ္ပယုတ္တဥပါဒါနိယ’ တရား ဖြစ်ကုန်၏ (ဒေါသမူဒွေ, မောဟမူဒွေ, လောကီကုသိုလ်, လောကီဝိပါက်,ကိရိယာစိတ်, ယှဉ်ဖက်စေတသိက်, ဒိဋ္ဌိဂတဝိပ္ပယုတ်၌ လောဘ, ရုပ်)။

ဥပါဒါနဝိပ္ပယုတ္တအနုပါဒါနိယတရား

၁၅၆၄။ (၂) အဘယ်တရားတို့သည် ဥပါဒါန်နှင့်လည်း မယှဉ်ကုန်သည် ဖြစ်၍ ဥပါဒါန်တို့၏ အာရုံလည်း မဖြစ်သော ‘ဥပါဒါနဝိပ္ပယုတ္တအနုပါဒါနိယ’ တရားဖြစ်ကုန်သနည်း။

(ကာမ, ရူပ, အရူပ) ဘုံသုံးပါး၌ အကျုံး မဝင်သော မဂ်လေးပါး၊ ထို့ပြင်ကိလေသာငြိမ်းကြောင်း (မဂ်) ၏အကျိုး (ဖိုလ်) လေးပါး၊ ထို့ပြင် နိဗ္ဗာန်သည် (ရှိ၏)။ ဤတရားတို့သည်ဥပါဒါန်တို့နှင့်လည်း မယှဉ်ကုန်သည် ဖြစ်၍ ဥပါဒါန်တို့၏ အာရုံလည်း မဖြစ်သော ‘ဥပါဒါနဝိပ္ပယုတ္တအနုပါဒါနိယ’ တရား ဖြစ်ကုန်၏ (မဂ်, ဖိုလ်, နိဗ္ဗာန်)။

ဒုက်မုတ်ဥပါဒါန်နှင့် ယှဉ်သော ‘ဥပါဒါနသမ္ပယုတ္တ’ (လောဘမူစိတ်ရှစ်ခု, ဒိဋ္ဌိဂတဝိပ္ပယုတ် လောဘကြဉ်သော ယှဉ်ဖက်စေတသိက် နှစ်ဆယ့်နှစ်ပါး) တရားတို့ကို ဥပါဒါန်နှင့် မယှဉ်မူ၍ ဥပါဒါန်တို့၏အာရုံသာဖြစ်သော တရားတို့ဟူ၍လည်းကောင်း၊ ဥပါဒါန်နှင့်လည်း မယှဉ်၊ ဥပါဒါန်တို့၏ အာရုံလည်းမဖြစ်သော တရားတို့ဟူ၍လည်းကောင်း မဆိုအပ် မဆိုထိုက်ကုန်။

ဥပါဒါနဂေါစ္ဆက ပြီးပြီ။

--

၁၂-ကိလေသဂေါစ္ဆက

၁-ကိလေသဒုက်

ကိလေသတရား

၁၅၆၅။ (၁) အဘယ်တရားတို့သည် (သတ္တဝါတို့ကို) ပူပန်စေတတ် နှိပ်စက်တတ်သော ‘ကိလေသ’ တရား ဖြစ်ကုန်သနည်း။

လိုချင်တပ်မက်မှု ‘လောဘ’ ၊ ဖျက်ဆီး ပြစ်မှားမှု ‘ဒေါသ’ ၊ (အမှန်သဘော၌) တွေဝေမှု (အမှန်ကိုမသိမှု) ‘မောဟ’။ (ငါသာလျှင် မြတ်၏ဟု စသည်ဖြင့်) မှတ်ထင်မှု (ထောင်လွှားမှု) ‘မာန’ ၊ အမြင်မှားမှု ‘ဒိဋ္ဌိ’ ၊ ယုံမှားမှု ဝိစိကိစ္ဆာ’။ (စိတ်၏) မခံ့မှု (ထိုင်းမှိုင်းမှု) ‘ထိန’ ၊ ပျံ့လွင့်မှု ‘ဥဒ္ဓစ္စ’။ (ကာယဒုစရိုက်စသော မကောင်းမှုမှ) မရှက်မှု ‘အဟိရီက’။ (ကာယဒုစရိုက်စသောမကောင်းမှုမှ) မကြောက်လန့်မှု ‘အနောတ္တပ္ပ’ ဟူသော (သတ္တဝါတို့ကို) ပူပန်စေမှု, နှိပ်စက်မှု ‘ကိလေသ’ ဖြစ်ရာ အကြောင်း ‘ကိလေသဝတ္ထု’ ဆယ်ပါးတို့သည် ရှိကုန်၏။ (ထိုဆယ်ပါးတို့တွင်) လိုချင်တပ်မက်မှု ‘လောဘ’ သည် လောဘသဟဂုတ်စိတ္တပ္ပါဒ် ရှစ်ပါးတို့၌ ဖြစ်၏၊ ဖျက်ဆီးပြစ်မှားမှု ‘ဒေါသ’ သည် ဒေါမနဿသဟဂုတ် စိတ္တုပ္ပါဒ်နှစ်ပါးတို့၌ ဖြစ်၏။ (အမှန်သဘော၌) တွေဝေမှု (အမှန်ကို မသိမှု) ‘မောဟ’ သည် အလုံးစုံသော အကုသိုလ်တို့၌ ဖြစ်၏။ (ငါသာလျှင်မြတ်၏ဟု စသည်ဖြင့်) မှတ်ထင်မှု (ထောင်လွှားမှု) ‘မာန’ သည် ဒိဋ္ဌိဂတဝိပ္ပယုတ်လောဘသဟဂုတ်စိတ္တုပ္ပါဒ် လေးပါး တို့၌ ဖြစ်၏၊ အမြင်မှားမှု ‘ဒိဋ္ဌိ’ သည် ဒိဋ္ဌိဂတသမ္ပယုတ်စိတ္တုပ္ပါဒ်လေးပါးတို့၌ ဖြစ်၏၊ ယုံမှားမှု ‘ဝိစိကိစ္ဆာ’ သည် ဝိစိကိစ္ဆာသဟဂုတ် စိတ္တုပ္ပါဒ်တို့၌ ဖြစ်၏။ (စိတ်၏) မခံ့မှု (ထိုင်းမှိုင်းမှု) ‘ထိန’ သည် သသင်္ခါရိက အကုသိုလ်တို့၌ ဖြစ်၏၊ ပျံ့လွင့်မှု ‘ဥဒ္ဓစ္စ’။ (ကာယဒုစရိုက်စသော မကောင်းမှုမှ) မရှက်မှု ‘အဟိရီက’။ (ကာယဒုစရိုက်စသော မကောင်းမှုမှ) မကြောက်လန့်မှု ‘အနောတ္တပ္ပ’ သည် အလုံးစုံသော အကုသိုလ်တို့၌ ဖြစ်ကုန်၏။ ဤတရားတို့သည် (သတ္တဝါတို့ကို) ပူပန်စေတတ် နှိပ်စက်တတ်သော ‘ကိလေသ’ တရား ဖြစ် ကုန်၏။

နော ကိလေသတရား

၁၅၆၆။ (၂) အဘယ်တရားတို့သည် ကိလေသမမည်သော ‘နော ကိလေသ’ တရားဖြစ်ကုန်သနည်း။

ကိလေသာ (၁၀) ပါးတို့ကို ချန်ထား၍ ကြွင်းကျန် သော အကုသိုလ် (၁၂)။ (ကာမ, ရူပ, အရူပ, အပရိယာပန္န) ဘုံလေးပါးတို့၌ (ဖြစ်သော) ကုသိုလ် (၂၁)။ (ကာမ, ရူပ, အရူပ, အပရိယာပန္န) ဘုံလေးပါးတို့၌ ဖြစ်သော ဝိပါက် (၃၆)။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ ဖြစ်သော ပြုကာမျှဖြစ်၍ ကုသိုလ် အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သော ‘ကိရိယာဗျာကတ’ (၂၀)၊ ထို့ပြင် ရုပ်၊ ထို့ပြင် နိဗ္ဗာန်သည် (ရှိ၏)။ ဤတရားတို့သည် ကိလေသမမည်သော ‘နောကိလေသ’ တရား ဖြစ်ကုန်၏။ (စိတ်, ကိလေသာဆယ်ပါးမှတစ်ပါး အခြားသောစေတသိက်, ရုပ်, နိဗ္ဗာန်)။

--

၂-သံကိလေသိကဒုက်

သံကိလေသိကတရား

၁၅၆၇။ (၁) အဘယ်တရားတို့သည် (သတ္တဝါတို့ကို) ပူပန်စေတတ် နှိပ်စက်စေတတ်သော ‘ကိလေသ’ တရားတို့ကို (ရခြင်းငှါ) ထိုက်သော (ကိလေသာတို့၏ အာရုံဖြစ်သော) ‘သံကိလေသိက’ တရား ဖြစ်ကုန်သနည်း။

(ကာမ, ရူပ, အရူပ) ဘုံသုံးပါတို့၌ (ဖြစ်သော) (လောကီ) ကုသိုလ် (၁၇)၊ အကုသိုလ် (၁၂)။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ (ဖြစ်သော) (လောကီ) ဝိပါက် (၃၂)။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ (ဖြစ်သော) ပြုကာမျှဖြစ်၍ ကုသိုလ် အကုသိုလ်အဖြစ်ဖြင့်မဟောအပ်သော ‘ကိရိယာဗျာကတ’ (၂၀)၊ ထို့ပြင် အလုံးစုံသော ရုပ်သည် (ရှိ၏)။ ဤတရားတို့သည် (သတ္တဝါတို့ကို) ပူပန်စေတတ် နှိပ်စက်တတ်သော ‘ကိလေသ’ တရားတို့ကို (ရခြင်းငှါ) ထိုက်သော (ကိလေသာတို့၏ အာရုံဖြစ်သော) ‘သံကိလေသိက’ တရား ဖြစ်ကုန်၏ (ကိလေသာတို့၏ အာရုံဖြစ်သော လောကီစိတ်, စေတသိက်, ရုပ်)။

အသံကိလေသိကတရား

၁၅၆၈။ (၂) အဘယ်တရားတို့သည် (သတ္တဝါတို့ကို) ပူပန်စေတတ် နှိပ်စက်တတ်သော ‘ကိလေသ’ တရားတို့ကို (ရခြင်းငှါ) မထိုက်သော (ကိလေသာတို့၏ အာရုံမဖြစ်သော) ‘အသံကိလေသိက’ တရား ဖြစ်ကုန်သနည်း။

(ကာမ, ရူပ, အရူပ) ဘုံ သုံးပါးတို့၌ အကျုံးမဝင်သောမဂ်လေးပါး၊ ထို့ပြင် ကိလေသာငြိမ်းကြောင်း (မဂ်) ၏အကျိုး (ဖိုလ်) လေးပါး၊ ထို့ပြင် နိဗ္ဗာန်သည် (ရှိ၏)။ ဤတရားတို့သည် (သတ္တဝါတို့ကို) ပူပန်စေတတ် နှိပ်စက်တတ် သော ‘ကိလေသ’ တို့ကို (ရခြင်းငှါ) မထိုက်သော (ကိလေသာတို့၏ အာရုံမဖြစ်သော) ‘အသံကိလေသိက’ တရား ဖြစ်ကုန်၏ (မဂ်, ဖိုလ်, နိဗ္ဗာန်)။

--

၃-သံကိလိဋ္ဌဒုက်

သံကိလိဋ္ဌတရား

၁၅၆၉။ (၁) အဘယ်တရားတို့သည် (သတ္တဝါတို့ကို) ပူပန်စေတတ် နှိပ်စက်တတ်သော ‘ကိလေသ’ တရားတို့သည် ပူပန်စေအပ် နှိပ်စက်အပ် (ညစ်နွမ်းစေအပ်) သော ‘သံကိလိဋ္ဌ’ တရားဖြစ်ကုန်သနည်း။

(ကိလေသာတို့နှင့် ယှဉ်သော တရားများကား အဘယ် နည်း)။ အကုသိုလ်စိတ္တုပ္ပါဒ်တစ်ဆယ့်နှစ်ပါးတို့သည် (ရှိကုန်၏)။ ဤတရားတို့သည် (ကိလေသာတို့နှင့် ယှဉ်သော) ‘သံကိလိဋ္ဌ’ တရားဖြစ်ကုန်၏ (အကုသိုလ်စိတ်, ယှဉ်ဖက်စေတသိက်)။

အသံကိလိဋ္ဌတရား

၁၅၇၀။ (၂) အဘယ်တရားတို့သည် (သတ္တဝါတို့ကို) ပူပန်စေတတ် နှိပ်စက်တတ်သော ‘ကိလေသ’ တရားတို့သည် မပူပန်စေအပ် မနှိပ်စက်အပ် (မညစ်နွမ်းစေအပ်) သော ‘အသံကိလိဋ္ဌ’ တရား ဖြစ်ကုန်သနည်း (ကိလေသာတို့နှင့် မယှဉ်သော တရားများကား အဘယ်နည်း)။

(ကာမ, ရူပ, အရူပ, အပရိယာပန္န) ဘုံလေးပါးတို့၌ (ဖြစ်သော) ကုသိုလ် (၂၁)။ (ကာမ, ရူပ,အရူပ, အပရိယာပန္န) ဘုံလေးပါးတို့၌ (ဖြစ်သော) ဝိပါက် (၃၆)။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါး တို့၌ (ဖြစ်သော) ပြုကာမျှ ဖြစ်၍ ကုသိုလ် အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သော ‘ကိရိယာဗျာကတ’ (၂၀)၊ ထို့ပြင် ရုပ်၊ ထို့ပြင် နိဗ္ဗာန်သည် (ရှိ၏)။ ဤတရားတို့သည် (ကိလေသာနှင့် မယှဉ်သော) ‘အသံကိလိဋ္ဌ’ တရား ဖြစ်ကုန်၏ (ကုသိုလ်, ဝိပါက်, ကိရိယာစိတ်, ယှဉ်ဖက်စေတသိက်, ရုပ်, နိဗ္ဗာန်)။

၄-ကိလေသသမ္ပယုတ္တဒုက်

ကိလေသသမ္ပယုတ္တတရား

၁၅၇၁။ (၁) အဘယ်တရားတို့သည် (သတ္တဝါတို့ကို) ပူပန်စေတတ် နှိပ်စက်တတ်သော ‘ကိလေသ’ တရားတို့နှင့် ယှဉ်သော ‘ကိလေသ သမ္ပယုတ္တ’ တရား ဖြစ်ကုန်သနည်း။

အကုသိုလ်စိတ္တုပ္ပါဒ် တစ်ဆယ့်နှစ်ပါးတို့သည် (ရှိကုန်၏)။ ဤတရား တို့သည် (သတ္တဝါတို့ကို) ပူပန်စေတတ် နှိပ်စက်တတ်သော ‘ကိလေသ’ တို့နှင့် ယှဉ်သော ‘ကိလေသ သမ္ပယုတ္တ’ တရား ဖြစ်ကုန်၏ (အကုသိုလ်စိတ်, ယှဉ်ဖက်စေတသိက်)။

ကိလေသဝိပ္ပယုတ္တတရား

၁၅၇၂။ (၂) အဘယ်တရားတို့သည် ကိလေသတို့နှင့် မယှဉ်သော ‘ကိလေသဝိပ္ပယုတ္တ’ တရား ဖြစ်ကုန်သနည်း။ (ကာမ, ရူပ, အရူပ, အပရိယာပန္န) ဘုံလေးပါးတို့၌ (ဖြစ်သော) ကုသိုလ် (၂၁)။ (ကာမ, ရူပ, အရူပ, အပရိယာပန္န) ဘုံ လေးပါးတို့၌ (ဖြစ်သော) ဝိပါက် (၃၆)။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ (ဖြစ်သော) ပြုကာမျှ ဖြစ်၍ကုသိုလ် အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သော ‘ကိရိယာဗျာကတ’ (၂၀)၊ ထို့ပြင် ရုပ်၊ ထို့ပြင်နိဗ္ဗာန်သည် (ရှိ၏)။ ဤတရားတို့သည် ကိလေသတို့နှင့် မယှဉ်သော ‘ကိလေသဝိပ္ပယုတ္တ’ တရားဖြစ်ကုန်၏ (ကုသိုလ်, ဝိပါက်, ကိရိယာစိတ်, ယှဉ်ဖက်စေတသိက်, ရုပ်, နိဗ္ဗာန်)။

--

၅-ကိလေသ သံကိလေသိကဒုက်

ကိလေသ သံကိလေသိကတရား

၁၅၇၃။ (၁) အဘယ်တရားတို့သည် ‘ကိလေသ’ တရားလည်း မည်၍ကိလေသတို့ကို (ရခြင်းငှါ) လည်း ထိုက်သော (ကိလေ သာတို့၏ အာရုံဖြစ်သော) ‘ကိလေသသံကိလေသိက’ တရား ဖြစ်ကုန်သနည်း။

ထိုကိလေသ (ဆယ်ပါး) တို့သည်ပင်လျှင် ‘ကိလေသ’ လည်းမည်၍ ကိလေသတို့ကို (ရခြင်းငှါ) လည်း ထိုက်သော (ကိလေသတို့၏အာရုံလည်းဖြစ်သော) ‘ကိလေသ သံကိလေသိက’ တရား ဖြစ်ကုန်၏ (ကိလေသာ တရားကိုယ်ဆယ်ပါး)။

သံကိလေသိက နော ကိလေသတရား

၁၅၇၄။ (၂) အဘယ်တရားတို့သည် ကိလေသကို (ရခြင်းငှါ) သာထိုက်၍ (ကိလေသအာရုံသာ ဖြစ်၍) ကိလေသ မမည်သော ‘သံကိလေသိက နော ကိလေသ’ တရားဖြစ်ကုန်သနည်း။

ကိလေသတို့ကို ချန်ထား၍ ကြွင်းကျန်သော အကုသိုလ် (၁၂)။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ (ဖြစ်သော) (လောကီ) ကုသိုလ် (၁၇)။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ (ဖြစ်သော)

(လောကီ) ဝိပါက် (၃၂)။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ (ဖြစ်သော) ပြုကာမျှဖြစ်၍ကုသိုလ် အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သော ‘ကိရိယာဗျာကတ’ (၂၀)၊ ထို့ပြင် အလုံးစုံသော ရုပ်သည် (ရှိ၏)။ ဤတရားတို့သည် (ကိလေသတို့၏ အာရုံသာဖြစ်၍) ‘ကိလေသ'မမည်သော ‘သံကိလေသိကနော ကိလေသ’ တရား ဖြစ်ကုန်၏ (လောကီစိတ်, ကိလေသတရားကိုယ် ဆယ်ပါးမှတစ်ပါး အခြားသောစေတသိက်, ရုပ်)။

ဒုက်မုတ် ကိလေသတို့ကို (ရခြင်းငှါ) မထိုက်သော (ကိလေသာတို့၏အာရုံမဟုတ်သော) ‘အသံကိလေသိက’ (လောကုတ္တရာ) တရားတို့ကို ကိလေသလည်းမည်၍ ကိလေသတို့ကို (ရခြင်းငှါ) လည်း ထိုက် ကုန်၏ (ကိလေသာတို့၏ အာရုံလည်းဖြစ်၏)ဟူ၍လည်းကောင်း၊ ကိလေသတို့ကို (ရခြင်းငှါ) သာ ထိုက်၍ (ကိလေသာတို့၏ အာရုံသာဖြစ်၍) ကိလေသမမည်ကုန်ဟူ၍လည်းကောင်း မဆိုအပ် မဆိုထိုက်ကုန်။

--

၆-ကိလေသ သံကိလိဋ္ဌဒုက်

ကိလေသ သံကိလိဋ္ဌတရား

၁၅၇၅။ (၁) အဘယ်တရားတို့သည် ကိလေသတရားလည်းမည်၍ကိလေသတရားတို့သည် ပူပန်လည်း ပူပန်စေအပ်, နှိပ်စက် လည်း နှိပ်စက်အပ် (ညစ်နွမ်းလည်း ညစ်နွမ်းစေအပ်) သော (ကိလေသတို့နှင့်ယှဉ်သော) ‘ကိလေသ သံကိလိဋ္ဌ’ တရားလည်းဖြစ်ကုန်သနည်း (ကိလေသတရားလည်း မည်၍ ကိလေသနှင့်လည်း ယှဉ်သော တရားများ ကားအဘယ်နည်း)။ ထို ကိလေသ (ဆယ်ပါး) တို့သည်ပင် (ကိလေသလည်း မည်၍ ကိလေသနှင့်လည်းယှဉ်သော) ‘ကိလေသသံကိလိဋ္ဌ’ တရား ဖြစ်ကုန်၏ (ကိလေသာတရားကိုယ် ဆယ်ပါး)။

သံကိလိဋ္ဌ နော ကိလေသတရား

၁၅၇၆။ (၂) အဘယ်တရားတို့သည် ကိလေသသတရားတို့သည်ပူပန်စေအပ် နှိပ်စက်အပ် (ညစ်နွမ်းစေအပ်) သည်သာ ဖြစ်၍ (ကိလေသတို့နှင့်သာယှဉ်၍) ကိလေသမမည်သော ‘သံကိလိဋ္ဌ နော ကိလေသ’ တရား ဖြစ်ကုန်သနည်း။

ကိလေသ (ဆယ်ပါး) တို့ကို ချန်ထား၍ ကြွင်းကျန်သော အကုသိုလ် (၁၂) သည် (ရှိ၏)။ ဤတရားတို့သည် (ကိလေသတို့နှင့်သာယှဉ်၍ ကိလေသမမည်သော) ‘သံကိလိဋ္ဌ နော ကိလေသ’ တရားဖြစ်ကုန်၏ (အကုသိုလ်စိတ်, ကိလေသတရားကိုယ် ဆယ်ပါးကြဉ်သော ယှဉ်ဖက်စေတသိက်)။

ဒုက်မုတ် ကိလေသ (ဆယ်ပါး) တို့သည် မပူပန်စေအပ် မနှိပ်စက်အပ် (မညစ်နွမ်းစေအပ်) သော (ကိလေသတို့နှင့် မယှဉ်သော) ‘အသံကိလိဋ္ဌ’ တရားတို့ကို ကိလေသလည်းမည်၍ ကိလေသတို့သည်ပူပန်လည်း ပူပန်စေအပ် နှိပ်စက်လည်း နှိပ်စက်အပ်သော (ကိလေသာနှင့် ယှဉ်သော) ‘သံကိလိဋ္ဌ’ တရားဖြစ်ကုန်၏ဟူ၍လည်းကောင်း၊ ကိလေသတို့သည် ပူပန်စေအပ် နှိပ်စက်အပ် (ညစ်နွမ်းစေအပ်) သည်သာဖြစ်၍ (ကိလေသတို့နှင့်သာ ယှဉ်၍) ကိလေသမမည်သော ‘သံကိလိဋ္ဌ နော ကိလေသ’ တရား ဖြစ်ကုန်၏ဟူ၍လည်းကောင်း မဆိုအပ် မဆိုထိုက်ကုန်။

--

၇-ကိလေသ ကိလေသသမ္ပယုတ္တဒုက်

ကိလေသ ကိလေသသမ္ပယုတ္တတရား

၁၅၇၇။ (၁) အဘယ်တရားတို့သည် ‘ကိသေလ'လည်း မည်၍'ကိလေသ'တို့နှင့်လည်း ယှဉ်သော ‘ကိလေသ ကိလေသသမ္ပယုတ္တ’ တရား ဖြစ်ကုန်သနည်း။

အကြင်စိတ်၌ ကိလေသနှစ်ပါး သုံးပါးတို့သည် တစ်ပြိုင်နက် ဖြစ်ကုန်၏။ (ထိုစိတ်၌ ဖြစ်သော ကိလေသနှစ်ပါး သုံးပါးဟူသော) ဤတရားတို့သည် ကိလေသလည်း မည်၍ ကိလေသနှင့်လည်းယှဉ်သော ‘ကိလေသ ကိလေသသမ္ပယုတ္တ’ တရား ဖြစ်ကုန်၏ (ကိလေသ တရား ကိုယ်ဆယ်ပါး)။

ကိလေသသမ္ပယုတ္တနော ကိလေသတရား

၁၅၇၈။ (၂) အဘယ်တရားတို့သည် ကိလေသနှင့်သာ ယှဉ်သည် ဖြစ်၍ ကိလေသမမည်သော ‘ကိလေသ သမ္ပယုတ္တနော ကိလေသ’ တရား ဖြစ်ကုန်သနည်း။

ကိလေသ (ဆယ်ပါး) တို့ကို ချန်ထား၍ ကြွင်းကျန် သော အကုသိုလ် (၁၂) သည် (ရှိ၏)။

ဤတရားတို့သည် ကိလေသနှင့်သာ ယှဉ်သည်ဖြစ်၍ ကိလေသ မမည်သော ‘ကိလေသသမ္ပယုတ္တနော ကိလေသ’ တရား ဖြစ်ကုန်၏ (အကုသိုလ်စိတ်, ကိလေသာ တရားကိုယ်ဆယ်ပါးမှတစ်ပါး အခြား သော ယှဉ်ဖက်စေတသိက်)။

ဒုက်မုတ် ကိလေသနှင့် မယှဉ်သော ‘ကိလေသဝိပ္ပယုတ္တ’ (ကုသိုလ် ၂၁, ဝိပါက် ၃၆, ကိရိယာ ၂၀, ရုပ်,နိဗ္ဗာန်) တရားတို့ကို ကိလေသလည်း မည်၍ ကိလေသတို့နှင့်လည်း ယှဉ်ကုန်၏ဟူ၍ လည်းကောင်း၊ ကိလေသတို့နှင့်သာ ယှဉ်သည်ဖြစ်၍ ကိလေသမမည်ကုန်ဟူ၍လည်းကောင်း မဆိုအပ် မဆိုထိုက်ကုန်။

--

၈-ကိလေသဝိပ္ပယုတ္တသံကိလေသိကဒုက်

ကိလေသဝိပ္ပယုတ္တသံကိလေသိကတရား

၁၅၇၉။ (၁) အဘယ်တရားတို့သည် ‘ကိလေသ’ နှင့် မယှဉ်မူ၍ ကိလေသတို့ကို (ရခြင်းငှါ) သာ ထိုက်သော (ကိလေသတို့၏ အာရုံသာဖြစ်သော) ‘ကိလေသဝိပ္ပယုတ္တသံကိလေသိက’ တရား ဖြစ်ကုန်သနည်း။

(ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ (ဖြစ်သော) (လောကီ) ကုသိုလ် (၁၇)။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ (ဖြစ်သော) (လောကီ) ဝိပါက် (၃၂)။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ (ဖြစ်သော) ပြုကာမျှ ဖြစ်၍ကုသိုလ် အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သော ‘ကိရိယာဗျာကတ’ (၂၀)၊ ထို့ပြင် အလုံးစုံသော ရုပ်သည် (ရှိ၏)။ ဤတရားတို့သည် ကိလေသနှင့် မယှဉ်မူ၍ ကိလေသတရားတို့ကို (ရခြင်းငှါ) သာ ထိုက်သော (ကိလေသာတို့၏ အာရုံသာဖြစ်သော) ‘ကိလေသဝိပ္ပယုတ္တသံကိလေသိက’ တရား ဖြစ်ကုန်၏ (လောကီကုသိုလ်, လောကီဝိပါက်, ကိရိယာစိတ်, ယှဉ်ဖက် စေတသိက်, ရုပ်)။

ကိလေသဝိပ္ပယုတ္တအသံကိလေသတရား

၁၅၈၀။ (၂) အဘယ်တရားတို့သည်ကိလေသနှင့်လည်း မယှဉ်ကုန်သည် ဖြစ်၍ ကိလေသတို့ကို (ရခြင်းငှါ) လည်း မထိုက်သော (ကိလေသတို့၏ အာရုံလည်းမဖြစ်သော) ‘ကိလေသဝိပ္ပယုတ္တအသံကိလေသိက’ တရား ဖြစ်ကုန်သနည်း။

(ကာမ, ရူပ, အရူပ) ဘုံသုံးပါး၌ အကျုံးမဝင်သော မဂ်လေးပါး၊ ထို့ပြင် ကိလေသာငြိမ်း ကြောင်း (မဂ်) ၏အကျိုး (ဖိုလ်) လေးပါး၊ ထို့ပြင် နိဗ္ဗာန်သည် (ရှိ၏)။ ဤတရားတို့သည် ကိလေသာ တရားတို့နှင့်လည်းမယှဉ်ကုန်သည် ဖြစ်၍ ကိလေသတို့ကို (ရခြင်းငှါ) လည်း မထိုက်သော (ကိလေသတို့၏ အာရုံလည်းမဖြစ်သော) ‘ကိလေသဝိပ္ပယုတ္တအသံကိလေသိက’ တရား ဖြစ်ကုန်၏ (မဂ်, ဖိုလ်, နိဗ္ဗာန်)။

ဒုက်မုတ် ကိလေသနှင့်ယှဉ်သော ‘ကိလေသသမ္ပယုတ္တ’ (အကုသိုလ်စိတ္တုပ္ပါဒ်) တရားတို့ကို ကိလေသတရားတို့နှင့် မယှဉ်မူ၍ ကိလေသတို့ကို (ရခြင်းငှါ) သာ ထိုက်ကုန်၏ (ကိလေသတို့၏ အာရုံသာ ဖြစ်ကုန်၏)ဟူ၍လည်းကောင်း၊ ကိလေသတို့နှင့်လည်း မယှဉ်မူ၍ ကိလေသတို့ကို (ရခြင်းငှါ) လည်း မထိုက်ကုန် (ကိလေသတို့၏ အာရုံလည်း မဖြစ်ကုန်)ဟူ၍လည်းကောင်း မဆိုအပ် မဆိုထိုက်ကုန်။

ကိလေသဂေါစ္ဆက ပြီးပြီ။

--

၁၃-ပိဋ္ဌိဒုက်

၁-ဒဿနေန ပဟာတဗ္ဗဒုက်

ဒဿနေန ပဟာတဗ္ဗတရား

၁၅၈၁။ (၁) အဘယ်တရားတို့သည် (နိဗ္ဗာန်ကို ရှေးဦးစွာ မြင်တတ်သော ‘ဒဿန') သောတာပတ္တိမဂ်ဖြင့် ပယ်အပ်သော ‘ဒဿနေန ပဟာတဗ္ဗ’ တရား ဖြစ်ကုန်သနည်း။

ဒိဋ္ဌိဂတသမ္ပယုတ် စိတ္တုပ္ပါဒ်လေးပါး၊ ဝိစိကိစ္ဆာသဟဂုတ် စိတ္တုပ္ပါဒ် (၁) သည် (ရှိ၏)။ ဤတရားတို့သည်သောတာပတ္တိမဂ်ဖြင့် ပယ်အပ်သော ‘ဒဿနေန ပဟာတဗ္ဗ’ တရား ဖြစ်ကုန်၏ (ဒိဋ္ဌိဂတသမ္ပယုတ်,ဝိစိကိစ္ဆာသဟဂုတ်စိတ်, ယှဉ်ဖက်စေတသိက်)။ ဒိဋ္ဌိဂတဝိပ္ပယုတ် လောဘသဟဂုတ်စိတ္တုပ္ပါဒ် လေးပါး၊ ဒေါမနဿသဟဂုတ်စိတ္တုပ္ပါဒ် နှစ်ပါးတို့သည် (ရှိကုန်၏)။ ဤတရားတို့သည် အချို့ကား (ဤတရားတို့အနက်မှ အပါယ်သို့ လားစေတတ်သည့် ‘အပါယ့ဂမနိယ’ ဖြစ်သော အစိတ်အပိုင်းတရား အချို့တို့သည်) သောတာပတ္တိမဂ်ဖြင့် ပယ်အပ်သော ‘ဒဿနေနပဟာတဗ္ဗ’ တရား ဖြစ်ကုန်၏၊ အချို့ကား (အပါယဂမနိယတရားမှတစ်ပါး ကြွင်းကျန်သည့် အစိတ်အပိုင်းအချို့တရားတို့သည်) သောတာပတ္တိမဂ်ဖြင့် မပယ်အပ်သော ‘န ဒဿနေန ပဟာတဗ္ဗ’ တရား ဖြစ်ကုန်၏။

န ဒဿနေန ပဟာတဗ္ဗတရား

၁၅၈၂။ အဘယ်တရားတို့သည် (နိဗ္ဗာန်ကို ရှေးဦးစွာ မြင်တတ်သော ‘ဒဿန') သောတာပတ္တိမဂ်ဖြင့် မပယ်အပ်သော ‘န ဒဿနေန ပဟာတဗ္ဗ’ တရား ဖြစ်ကုန်သနည်း။

ဥဒ္ဓစ္စသဟဂုတ်စိတ္တုပ္ပါဒ် (၁)။ (ကာမ, ရူပ, အရူပ, အပရိယာပန္န) ဘုံလေးပါးတို့၌ ဖြစ်သော ကုသိုလ် (၂၁)။ (ကာမ, ရူပ, အရူပ, အပရိယာပန္န) ဘုံလေးပါးတို့၌ ဖြစ်သော ဝိပါက် (၃၆)။ (ကာမ, ရူပ,အရူပ) ဘုံသုံးပါးတို့၌ ဖြစ်သော ပြုကာမျှ ဖြစ်၍ ကုသိုလ် အကုသိုလ် အဖြစ်ဖြင့် မဟောအပ်သော ‘ကိရိယာဗျာကတ’ (၂၀)၊ ထို့ပြင် ရုပ်၊ ထို့ပြင် နိဗ္ဗာန်သည် (ရှိ၏)။ ဤတရား တို့သည်သောတာပတ္တိမဂ်ဖြင့် မပယ်အပ်သော ‘န ဒဿနေန ပဟာတဗ္ဗ’ တရား ဖြစ်ကုန်၏ (ဥဒ္ဓစ္စ သဟဂုတ်စိတ်,ကုသိုလ်, ဝိပါက်, ကိရိယာစိတ်, ယှဉ်ဖက်စေတသိက်, ရုပ်, နိဗ္ဗာန်)။

--

၂-ဘာဝနာယ ပဟာတဗ္ဗဒုက်

ဘာဝနာယ ပဟာတဗ္ဗတရား

၁၅၈၃။ (၁) အဘယ်တရားတို့သည် အထက်မဂ်သုံးပါးဖြင့် ပယ်အပ်သော ‘ဘာဝနာယ ပဟာတဗ္ဗ’ တရား ဖြစ်ကုန်သနည်း။

ဥဒ္ဓစ္စ သဟဂုတ် စိတ္တုပ္ပါဒ်သည် (ရှိ၏)။

ဤတရားတို့သည် အထက်မဂ်သုံးပါးဖြင့် ပယ်အပ်သော ‘ဘာဝနာယ ပဟာတဗ္ဗ’ တရား ဖြစ်ကုန်၏။ ဒိဋ္ဌိဂတဝိပ္ပယုတ် လောဘသဟဂုတ်စိတ္တုပ္ပါဒ် လေးပါး၊ ဒေါမနဿသဟဂုတ်စိတ္တုပ္ပါဒ် နှစ်ပါးတို့သည် (ရှိကုန်၏)။ ဤတရားတို့သည် အချို့ကား အထက်မဂ်သုံးပါးဖြင့် ပယ်အပ်သော ‘ဘာဝနာယ ပဟာတဗ္ဗ’ တရား ဖြစ်ကုန်၏၊ အချို့ကား အထက်မဂ်သုံးပါးဖြင့် မပယ်အပ်သော ‘န ဘာဝနာယ ပဟာတဗ္ဗ’ တရားဖြစ်ကုန်၏။

န ဘာဝနာယ ပဟာတဗ္ဗ္ဗ္ဗ္ဗတရား

၁၅၈၄။ (၂) အဘယ်တရားတို့သည် အထက်မဂ်သုံးပါးဖြင့် မပယ်အပ်သော ‘န ဘာဝနာယ ပဟာတဗ္ဗ’ တရား ဖြစ်ကုန်သနည်း။

ဒိဋ္ဌိဂတသမ္ပယုတ် စိတ္တုပ္ပါဒ်လေးပါး၊ ဝိစိကိစ္ဆာသဟဂုတ်စိတ္တုပ္ပါဒ် (၁)။ (ကာမ, ရူပ, အရူပ, အပရိယာပန္န) ဘုံလေးပါးတို့၌ ဖြစ်သော ကုသိုလ် (၂၁)။ (ကာမ, ရူပ, အရူပ, အပရိယာပန္န) ဘုံလေးပါးတို့၌ ဖြစ်သော ဝိပါက် (၃၆)။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ (ဖြစ်သော) ပြုကာမျှ ဖြစ်၍ ကုသိုလ် အကုသိုလ် အဖြစ်ဖြင့် မဟောအပ်သော ‘ကိရိယာဗျာကတ’ (၂၀)၊ ထို့ပြင် ရုပ်၊ ထို့ပြင် နိဗ္ဗာန် သည် (ရှိ၏)။ ဤတရားတို့သည်အထက်မဂ်သုံးပါးဖြင့် မပယ်အပ်သော ‘န ဘာဝနာယ ပဟာတဗ္ဗ’ တရား ဖြစ်ကုန်၏။

--

၃-ဒဿနေန ပဟာတဗ္ဗဟေတုကဒုက်

ဒဿနေန ပဟာတဗ္ဗဟေတုကတရား

၁၅၈၅။ (၁) အဘယ်တရားတို့သည် (နိဗ္ဗာန်ကို ရှေးဦးစွာ မြင်တတ်သော ‘ဒဿန') သောတာပတ္တိမဂ်ဖြင့် ပယ် အပ်သော အကြောင်းရင်း အခြေအမြစ် (ဟိတ်) ရှိသော (ဟိတ်နှင့်ယှဉ်သော) ‘ဒဿနေန ပဟာတဗ္ဗ ဟေတုက’ တရား ဖြစ်ကုန်သနည်း။

ဒိဋ္ဌိဂတသမ္ပယုတ်စိတ္တုပ္ပါဒ် လေးပါး၊ ဝိစိကိစ္ဆာသဟဂုတ်စိတ္တုပ္ပါဒ် (၁)၊ ဤ (ဝိစိကိစ္ဆာသဟဂုတ်) စိတ်၌ ဖြစ်သော မောဟကို ချန်ထား၍ (ကြွင်းသော ယှဉ်ဖက်စေတသိက် နှစ်ဆယ့်နှစ်ပါးတို့သည်ရှိကုန်၏)။ ဤတရားတို့သည် သောတာပတ္တိမဂ်ဖြင့် ပယ်အပ်သော အကြောင်းရင်း အခြေအမြစ် (ဟိတ်) ရှိသော (ဟိတ်နှင့် ယှဉ်သော) ‘ဒဿနေန ပဟာတဗ္ဗဟေတုက’ တရား ဖြစ်ကုန်၏ (ဒိဋ္ဌိဂတသမ္ပယုတ်, ဝိစိကိစ္ဆာသဟဂုတ်စိတ်, ဝိစိကိစ္ဆာသဟဂုတ် စိတ်၌ ရှိသော မောဟကြဉ်သော ယှဉ်ဖက်စေတသိက် ၂၂) ဒိဋ္ဌိဂတဝိပ္ပယုတ် လောဘသဟဂုတ်စိတ္တုပ္ပါဒ် လေးပါး၊ ဒေါမနဿသဟဂုတ်စိတ္တုပ္ပါဒ် နှစ်ပါးတို့သည် (ရှိကုန်၏)။ ဤတရားတို့သည် အချို့ကား သောတာပတ္တိမဂ်ဖြင့် ပယ်အပ်သော အကြောင်းရင်း အခြေ့အမြစ် (ဟိတ်) ရှိသော တရားမည်ကုန်၏၊ အချို့ကား သောတာပတ္တိမဂ်ဖြင့် ပယ်အပ်သော အကြောင်းရင်း အခြေအမြစ် (ဟိတ်) ရှိသော တရားမမည်ကုန်။

န ဒဿနေန ပဟာတဗ္ဗဟေတုကတရား

၁၅၈၆။ (၂) အဘယ်တရားတို့သည် (နိဗ္ဗာန်ကို ရှေးဦးစွာ မြင်တတ်သော ‘ဒဿန') သောတာပတ္တိမဂ်ဖြင့် ပယ် အပ်သော အကြောင်းရင်းအခြေအမြစ် (ဟိတ်) မရှိသော (ဟိတ်နှင့် မယှဉ်သော)၊ ‘န ဒဿနေန ပဟာတဗ္ဗ ဟေတုက’ တရားဖြစ်ကုန်သနည်း။

ဝိစိကိစ္ဆာသဟဂုတ်မောဟ၊ ဥဒ္ဓစ္စသဟဂုတ်စိတ္တုပ္ပါဒ် (၁)။ (ကာမ, ရူပ,အရူပ, အပရိယာပန္န) ဘုံလေးပါးတို့၌ (ဖြစ်သော) ကုသိုလ် (၂၁)။ (ကာမ, ရူပ, အရူပ, အပရိယာပန္န) ဘုံလေးပါးတို့၌ (ဖြစ်သော) ဝိပါက် (၃၆)။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ (ဖြစ်သော) ပြုကာမျှဖြစ်၍ ကုသိုလ် အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သော ‘ကိရိယာဗျာကတ’ (၂၀)၊ ထို့ပြင် ရုပ်၊ ထို့ပြင်နိဗ္ဗာန်သည် (ရှိ၏)။ ဤတရားတို့သည် သောတာပတ္တိမဂ်ဖြင့် ပယ်အပ်သော အကြောင်းရင်း အခြေအမြစ် (ဟိတ်) မရှိသော (ဟိတ်နှင့်မယှဉ်သော) ‘န ဒဿနေန ပဟာတဗ္ဗဟေတုက’ တရား ဖြစ်ကုန်၏ (ဥဒ္ဓစ္စသဂုတ်စိတ်, ကုသိုလ်, ဝိပါက်, ကိရိယာစိတ်, ယှဉ်ဖက် စေတသိက်, ဝိစိကိစ္ဆာသဟဂုတ်မောဟ, ရုပ်,နိဗ္ဗာန်)။

--

၄-ဘာဝနာယ ပဟာတဗ္ဗဟေတုကဒုက်

ဘာဝနာယ ပဟာတဗ္ဗဟေတုကတရား

၁၅၈၇။ (၁) အဘယ်တရားတို့သည် အထက်မဂ်သုံးပါးဖြင့် ပယ်အပ်သော အကြောင်းရင်း အခြေအမြစ် (ဟိတ်) ရှိသော (ဟိတ်နှင့်ယှဉ်သော) ‘ဘာဝနာယပဟာတဗ္ဗဟေတုက’ တရား ဖြစ်ကုန်သနည်း။

ဥဒ္ဓစ္စသဟဂုတ် စိတ္တုပ္ပါဒ် (၁)၊ ဤ (ဥဒ္ဓစ္စသဟဂုတ်) စိတ်၌ ဖြစ်သော မောဟကို ချန်ထား၍ (ကြွင်းသော ယှဉ်ဖက် စေတသိက်တစ်ဆယ့်လေးပါးတို့သည် (ရှိကုန်၏)။ ဤတရားတို့သည် အထက်မဂ် သုံးပါးဖြင့် ပယ်အပ်သောအကြောင်းရင်း အခြေအမြစ် (ဟိတ်) ရှိသော (ဟိတ်နှင့်ယှဉ်သော) ‘ဘာဝနာယ ပဟာတဗ္ဗဟေတုက’ တရား ဖြစ်ကုန်၏ (ဥဒ္ဓစ္စသဟဂုတ်စိတ်, ဥဒ္ဓစ္စသဟဂုတ် မောဟကြဉ်သော ယှဉ်ဖက်စေတသိက်၁၄) ဒိဋ္ဌိဂတဝိပ္ပယုတ် လောဘသဟဂုတ်စိတ္တုပ္ပါဒ်လေးပါး၊ ဒေါမနဿသဟဂုတ်စိတ္တုပ္ပါဒ်နှစ်ပါးတို့သည် (ရှိကုန်၏)။ ဤတရားတို့သည် အချို့ကား အထက်မဂ်သုံးပါးဖြင့် ပယ်အပ်သော အကြောင်းရင်း အခြေအမြစ် (ဟိတ်) ရှိကုန်၏ (ဟိတ်နှင့် ယှဉ်ကုန်၏)၊ အချို့ကား အထက်မဂ်သုံးပါးဖြင့် ပယ်အပ်သောအကြောင်းရင်း အခြေအမြစ် (ဟိတ်) မရှိကုန် (ဟိတ်နှင့် မယှဉ်ကုန်)။

န ဘာဝနာယ ပဟာတဗ္ဗဟေတုကတရား

၁၅၈၈။ (၂) အဘယ်တရားတို့သည် အထက်မဂ်သုံးပါးဖြင့်ပယ်အပ်သော အကြောင်းရင်း အခြေအမြစ် (ဟိတ်) မရှိသော (ဟိတ်နှင့်မယှဉ်သော) ‘န ဘာဝနာယပဟာတဗ္ဗဟေတုက’ တရား ဖြစ်ကုန်သနည်း။

ဒိဋ္ဌိဂတသမ္ပယုတ်စိတ္တုပ္ပါဒ် လေးပါး၊ ဝိစိကိစ္ဆာသဟဂုတ်စိတ္တုပ္ပါဒ် (၁)၊ ဥဒ္ဓစ္စသဟဂုတ် မောဟ။ (ကာမ, ရူပ, အရူပ, အပရိယာပန္န) ဘုံလေးပါးတို့၌ (ဖြစ်သော) ကုသိုလ် (၂၁)။ (ကာမ, ရူပ, အရူပ, အပရိယာပန္န) ဘုံလေးပါးတို့၌ (ဖြစ်သော) ဝိပါက် (၃၆)။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ (ဖြစ်သော) ပြုကာ မျှဖြစ်၍ကုသိုလ် အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သော ‘ကိရိယာဗျာကတ’ (၂၀)၊ ထို့ပြင် ရုပ်၊ ထို့ပြင်နိဗ္ဗာန်သည် (ရှိ၏)။ ဤတရားတို့သည် အထက်မဂ်သုံးပါးဖြင့် ပယ်အပ်သော အကြောင်းရင်း အခြေအမြစ် (ဟိတ်) မရှိသော (ဟိတ်နှင့်မယှဉ်သော) ‘န ဘာဝနာယ ပဟာတဗ္ဗဟေတုက’ တရား ဖြစ်ကုန်၏ (ဒိဋ္ဌိဂတသမ္ပယုတ်, ဝိစိကိစ္ဆာသဟဂုတ်, ကုသိုလ်, ဝိပါက်, ကိရိယာစိတ်, ယှဉ်ဖက်စေတသိက်, ဥဒ္ဓစ္စသဟဂုတ်မောဟ, ရုပ်, နိဗ္ဗာန်)။

--

၅-သဝိတက္ကဒုက်

သဝိတတ္ကတရား

၁၅၈၉။ (၁) အဘယ်တရားတို့သည် ကြံစည်မှု ‘ဝိတက်’ နှင့် တကွ ဖြစ်သော (ဝိတက်နှင့် ယှဉ်သော) ‘သဝိတက္က’ တရား ဖြစ်ကုန်သနည်း။

ကာမာဝစရကုသိုလ် ၈၊ အကုသိုလ်၁၂၊ ကာမာဝစရကုသလ ဝိပါက်မှ စိတ္တုပ္ပါဒ် တစ်ဆယ့်တစ်ပါး၊ အကုသလဝိပါက်မှ နှစ်ပါး၊ ကိရိယာမှတစ်ဆယ့်တစ်ပါး၊ ကုသိုလ်မှလည်းကောင်း၊ ဝိပါက်မှလည်းကောင်း၊ ကိရိယာမှလည်းကောင်း၊ ရူပါဝစရပဌမဈာန် ၃၊ ကုသိုလ်မှလည်းကောင်း၊ ဝိပါက်မှလည်းကောင်း လောကုတ္တရာ ပဌမဈာန် ၈၊ ဤ (၅၅-ပါးသော) စိတ်တို့၌ ဖြစ်သော ကြံစည်မှု ‘ဝိတက်’ ကို ချန်ထား၍ (ကြွင်းသော စေတသိက်ငါးဆယ့်တစ်ပါးတို့သည် ရှိကုန်၏)။ ဤတရားတို့သည် ကြံစည်မှု ‘ဝိတက်’ နှင့် တကွ ဖြစ်သော (ဝိတက်နှင့် ယှဉ်သော) ‘သဝိတက္က’ တရား ဖြစ်ကုန်၏ (သဝိတက္ကစိတ် ၅၅၊ ဝိတက်ကြဉ်သောယှဉ်ဖက်စေတသိက် ၅၁)။

အဝိတက္ကတရား

၁၅၉၀။ (၁) အဘယ်တရားတို့သည် ကြံစည်မှု ‘ဝိတက်’ နှင့် တကွမဖြစ်သော (ဝိတက်နှင့် မယှဉ်သော) ‘အဝိတက္က’ တရား ဖြစ်ကုန်သနည်း။

ဒွေပဉ္စဝိညာဏ်၁၀၊ ကုသိုလ်မှ ရူပါဝစရတိကစတုက္ကဈာန် (စတုက္ကနည်းအားဖြင့် ရူပါဝစရ ဒုတိယ, တတိယ, စတုတ္ထဈာန် ၃၊ ပဉ္စကနည်းအားဖြင့် ရူပါဝစရ ဒုတိယ, တတိယ, စတုတ ္ထ, ပဉ္စမဈာန် ၄)၊ ဝိပါက်မှ ရူပါဝစရတိက စတုက္ကဈာန် (စတုက္ကနည်းအားဖြင့် ရူပါဝစရ ဒုတိယ, တတိယ, စတုတ္ထဈာန် ၃၊ ပဉ္စကနည်းအားဖြင့် ရူပါဝစရ ဒုတိယ, တတိယ, စတုတ္ထ, ပဉ္စမဈာန် ၄)’ ၊ ကိရိယာမှ ရူပါဝစရတိကစတုက္ကဈာန် (စတုက္ကနည်းအားဖြင့် ရူပါဝစရ ဒုတိယ, တတိယ, စတုတ္ထဈာန် ၃၊ ပဉ္စကနည်း အားဖြင့် ရူပါဝစရ ဒုတိယ, တတိယ, စတုတ္ထ, ပဉ္စမဈာန် ၄)၊ ကုသိုလ်မှ အရူပါဝစရစိတ္တုပ္ပါဒ်လေးပါး၊ ဝိပါက်မှ အရူပဝစရစိတ္တုပ္ပါဒ်လေးပါး၊ ကိရိယာမှ အရူပါဝစရစိတ္တုပ္ပါဒ် လေးပါး၊ ကုသိုလ်မှ လောကုတ္တရာ တိကစတုက္ကဈာန် (စတုက္ကနည်းအားဖြင့် လောကုတ္တရာ ဒုတိယ, တတိယ, စတုတ္ထဈာန်၁၂၊ ပဉ္စကနည်းအားဖြင့် လောကုတ္တရာ ဒုတိယ, တတိယ, စတုတ္ထ, ပဉ္စမဈာန်၁၆)၊ ဝိပါက်မှ လောကုတ္တရာ တိကစတုက္ကဈာန် (စတုက္ကနည်းအားဖြင့် လောကုတ္တရာ ဒုတိယ, တတိယ, စတုတ္ထဈာန်၁၂၊ ပဉ္စကနည်း အားဖြင့် လောကုတ္တရာ ဒုတိယ, တတိယ, စတုတ္ထ, ပဉ္စမဈာန်၁၆)၊ ထို့ပြင် ဝိတက်၊ ထို့ပြင် ရုပ်၊ ထို့ပြင် နိဗ္ဗာန်သည် (ရှိ၏)။

ဤတရားတို့သည် ကြံစည်မှု ‘ဝိတက်’ နှင့် တကွမဖြစ်သော (ဝိတက်နှင့် မယှဉ်သော) ‘အဝိတက္က’ တရား ဖြစ်ကုန်၏ (အဝိတက္ကစိတ် ၆၆၊ ယှဉ်ဖက် စေတသိက် ၃၇၊ ဝိတက် စေတသိက်၊ ရုပ်၊ နိဗ္ဗာန်)။

--

၆-သဝိစာရဒုက်

သဝိစာရတရား

၁၅၉၁။ (၁) အဘယ်တရားတို့သည် သုံးသပ်မှု ‘ဝိစာရ’ နှင့်လည်း တကွဖြစ်သော (ဝိစာရနှင့် ယှဉ်သော) ‘သဝိစာရ’ တရား ဖြစ်ကုန်သနည်း။

ကာမာဝစရကုသိုလ် ၈၊ အကုသိုလ်၁၂၊ ကာမာဝစရကုသလ ဝိပါက်မှ စိတ္တုပ္ပါဒ် တစ်ဆယ့်တစ်ပါး၊ အကုသလဝိပါက်မှ နှစ်ပါး၊ ကိရိယာမှ တစ်ဆယ့်တစ်ပါး၊ ကုသိုလ်မှ ရူပါဝစရ ဧကကဒုကဈာန် (စတုက္ကနည်းအားဖြင့် ရူပါဝစရ ပဌမဈာန်၁၊ ပဉ္စကနည်းအားဖြင့် ရူပါဝစရ ပဌမ, ဒုတိယဈာန် ၂)၊ ဝိပါက်မှ ရူပါဝစရဧကက ဒုကဈာန် (စတုက္ကနည်းအားဖြင့် ရူပါဝစရ ပဌမဈာန် ၁၊ ပဉ္စကနည်းအားဖြင့် ရူပါဝစရ ပဌမ, ဒုတိယ ဈာန် ၂)၊ ကိရိယာမှ ရူပါဝစရ ဧကကဒုကဈာန် (စတုက္ကနည်းအားဖြင့် ရူပါဝစရ ပဌမဈာန်၁၊ ပဉ္စကနည်းအားဖြင့် ရူပါဝစရ ပဌမ, ဒုတိယဈာန် ၂)၊ ကုသိုလ်မှ လောကုတ္တရာ ဧကကဒုကဈာန် (စတုက္ကနည်းအားဖြင့် လောကုတ္တရာ ပဌမဈာန် ၄၊ ပဉ္စကနည်း အားဖြင့် လောကုတ္တရာ ပဌမ, ဒုတိယဈာန် ၈)၊ ဝိပါက်မှလောကုတ္တရာ ဧကကဒုကဈာန် (စတုက္ကနည်းအားဖြင့် လောကုတ္တရာ ပဌမဈာန် ၄၊ ပဉ္စကနည်းအားဖြင့်လောကုတ္တရာ ပဌမ, ဒုတိယဈာန် ၈)၊ ဤ (၆၆-ပါးသော) စိတ်တို့၌ ဖြစ်သော သုံးသပ်မှု ‘ဝိစာရ’ ကိုချန်ထား၍ (ကြွင်းကျန်သော စေတသိက် ၅၁-ပါး တို့သည်ရှိကုန်၏)။ ဤ တရားတို့သည် သုံးသပ်မှု ‘ဝိစာရ’ နှင့် တကွဖြစ်သော (ဝိစာရနှင့် ယှဉ်သော) ‘သဝိစာရ’ တရား ဖြစ် ကုန်၏ (သဝိစာရစိတ် ၆၆၊ ဝိစာရကြဉ် စေတသိက် ၅၁)။

အဝိစာရတရား

၁၅၉၂။ (၂) အဘယ်တရားတို့သည် သုံးသပ်မှု ‘ဝိစာရ’ နှင့် တကွမဖြစ်သော (ဝိစာရနှင့်မယှဉ်သော) ‘အဝိစာရ’ တရား ဖြစ်ကုန်သနည်း။

ဒွေပဉ္စဝိညာဏ်၁၀၊ ကုသိုလ်မှ ရူပါဝစရ တိကတိကဈာန် (စတုက္ကနည်းအားဖြင့် ရူပါဝစရ ဒုတိယ, တတိယ, စတုတ္ထဈာန် ၃၊ ပဉ္စကနည်းအားဖြင့် ရူပါဝစရ တတိယ, စတုတ္ထ, ပဉ္စမဈာန် ၃)၊ ဝိပါက်မှ ရူပါဝစရ တိကတိကဈာန် (စတုက္ကနည်းအားဖြင့် ရူပါဝစရ ဒုတိယ, တတိယ, စတုတ္ထဈာန် ၃၊ ပဉ္စကနည်းအားဖြင့် ရူပါဝစရ တတိယ, စတုတ္ထ, ပဉ္စမဈာန်၃၊ ကိရိယာမှ ရူပါဝစရ တိကတိကဈာန် (စတုက္ကနည်းအားဖြင့် ရူပါဝစရ ဒုတိယ, တတိယ, စတုတ္ထဈာန် ၃၊ ပဉ္စကနည်းအားဖြင့် ရူပါဝစရ တတိယ, စတုတ္ထ, ပဉ္စမဈာန် ၃)၊ ကုသိုလ်မှ အရူပစိတ် ၄၊ ဝိပါက်မှ အရူပစိတ် ၄၊ ကိရိယာမှ အရူပစိတ်လေးပါး၊ ကုသိုလ်မှ လောကုတ္တရာ တိကတိကဈာန် (စတုက္ကနည်းအားဖြင့် လောကုတ္တရာ ဒုတိယ, တတိယ, စတုတ္ထဈာန်၁၂၊ ပဉ္စကနည်းအားဖြင့်လောကုတ္တရာ တတိယ, စတုတ္ထ, ပဉ္စမဈာန်၁၂)၊ ဝိပါက်မှ လောကုတ္တရာတိက တိကဈာန် (စတုက္ကနည်းအားဖြင့် လောကုတ္တရာ ဒုတိယ, တတိယ, စတုတ္ထဈာန်၁၂၊ ပဉ္စကနည်းအားဖြင့် လောကုတ္တရာ တတိယ, စတုတ္ထ, ပဉ္စမဈာန်၁၂)၊ ထို့ပြင် သုံးသပ်မှု ‘ဝိစာရ’ ၊ ထို့ပြင် ရုပ်၊ ထို့ပြင်နိဗ္ဗာန်သည် (ရှိ၏)။ ဤတရားတို့သည် သုံးသပ်မှု ‘ဝိစာရ’ နှင့် တကွမဖြစ်သော (ဝိစာရနှင့် မယှဉ်သော) အဝိစာရ’ တရား ဖြစ်ကုန်၏ (အဝိစာရစိတ် ၅၅၊ ယှဉ်ဖက်စေတသိက် ၃၆၊ ဝိစာရစေတသိက်၊ ရုပ်၊ နိဗ္ဗာန်)။

--

၇-သပ္ပီတိကဒုက်

သပ္ပီတိကတရား

၁၅၉၃။ (၁) အဘယ်တရားတို့သည် နှစ်သက်မှု ‘ပီတိ’ နှင့် တကွ ဖြစ်သော (ပီတိနှင့်ယှဉ်သော) ‘သပ္ပီတိက’ တရား ဖြစ်ကုန်သနည်း။

ကာမာဝစရကုသိုလ်မှ သောမနဿသဟဂုတ်စိတ္တုပ္ပါဒ်လေးပါး၊ အကုသိုလ်မှ (သောမနဿသဟဂုတ်စိတ္တုပ္ပါဒ်) လေးပါး၊ ကာမာဝစရ ကုသလဝိပါက်မှ (သောမနဿသဟဂုတ်စိတ္တုပ္ပါဒ်) ငါးပါး။ (ကာမ) ကိရိယာမှ သောမနဿ သဟဂုတ်စိတ္တုပ္ပါဒ် ငါးပါး၊ ကုသိုလ်မှ ရူပါဝစရ ဒုကတိကဈာန် (စတုက္ကနည်းအားဖြင့် ရူပါဝစရ ပဌမ, ဒုတိယဈာန် ၂၊ ပဉ္စကနည်းအားဖြင့် ရူပါဝစရ ပဌမ, ဒုတိယ, တတိယဈာန် ၃)၊ ဝိပါက်မှ ရူပါဝစရ ဒုကတိကဈာန် (စတုက္ကနည်းအားဖြင့် ရူပါဝစရ ပဌမ, ဒုတိယဈာန် ၂၊ ပဉ္စကနည်းအားဖြင့် ရူပါဝစရ ပဌမ, ဒုတိယ, တတိယဈာန် ၃)၊ ကိရိယာမှ ရူပါဝစရ ဒုကတိကဈာန် (စတုက္ကနည်းအားဖြင့် ရူပါဝစရ ပဌမ, ဒုတိယဈာန် ၂၊ ပဉ္စကနည်းအားဖြင့် ရူပါဝစရ ပဌမ, ဒုတိယ, တတိယဈာန် ၃)၊ ကုသိုလ်မှ လောကုတ္တရာ ဒုက တိကဈာန် (စတုက္ကနည်းအားဖြင့် လောကုတ္တရာ ပဌမ, ဒုတိယဈာန် ၈၊ ပဉ္စကနည်း အားဖြင့် လောကုတ္တရာ ပဌမ, ဒုတိယ, တတိယဈာန်၁၂)၊ ဝိပါက်မှ လောကုတ္တရာ ဒုကတိကဈာန်။ (စတုက္ကနည်းအားဖြင့် လောကုတ္တရာ ပဌမ, ဒုတိယဈာန် ၈၊ ပဉ္စကနည်းအားဖြင့် လောကုတ္တရာ ပဌမ, ဒုတိယ, တတိယဈာန်၁၂)၊ ဤစိတ်တို့၌ ဖြစ်သော နှစ်သက်မှု ‘ပီတိ’ ကို ချန်ထား၍ (ကြွင်းသောစေတသိက် ၄၆-ပါးတို့သည်ရှိကုန်၏)။ ဤတရားတို့သည် နှစ်သက်မှု ‘ပီတိ’ နှင့် တကွဖြစ်သော (ပီတိနှင့်ယှဉ်သော) ‘သပ္ပီတိက’ တရား ဖြစ်ကုန်၏ (သပ္ပီတိကစိတ် ၅၁၊ ပီတိကြဉ် ယှဉ်ဖက်စေတသိက် ၄၆)။

အပ္ပီတိကတရား

၁၅၉၄။ (၂) အဘယ်တရားတို့သည် နှစ်သက်မှု ‘ပီတိ’ နှင့် တကွမဖြစ်သော (ပီတိနှင့်မယှဉ်သော) ‘အပ္ပီတိက’ တရား ဖြစ်ကုန်သနည်း။

ကာမာဝစရကုသိုလ်မှ ဥပေက္ခာသဟဂုတ်စိတ္တုပ္ပါဒ်လေးပါး၊ အကုသိုလ်မှ (ဒေါသမူ ၂၊ ဥပေက္ခာ ၆) ရှစ်ပါး၊ ကာမာဝစရ ကုသလဝိပါက်မှ (ဥပေက္ခာ၁၀၊ သုခသဟဂုတ် ကာယဝိညာဏ်) တစ်ဆယ့်တစ်ပါး၊ အကုသလဝိပါက်မှ (ဥပေက္ခာ ၆၊ ဒုက္ခသဟဂုတ်ကာယဝိညာဏ်) ခုနစ်ပါး။ (ကာမ) ကိရိယာမှ (ဥပေက္ခာ) ခြောက်ပါး၊ ကုသိုလ်မှ ရူပါဝစရ ဒုကဒုကဈာန် (စတုက္ကနည်းအားဖြင့် ရူပါဝစရ တတိယ, စတုက္ကဈာန် ၂၊ ပဉ္စက နည်း အားဖြင့် ရူပါဝစရစတုတ္ထ, ပဉ္စမဈာန် ၂)၊ ဝိပါက်မှ ရူပါဝစရ ဒုကဒုကဈာန် (စတုက္ကနည်း အားဖြင့် ရူပါဝစရ တတိယ,့စတုတ္ထဈာန် ၂၊ ပဉ္စကနည်းအားဖြင့် ရူပါဝစရစတုတ္ထ, ပဉ္စမဈာန် ၂)၊ ကိရိယာမှ ရူပါဝစရ ဒုကဒုကဈာန် (စတုက္ကနည်းအားဖြင့် ရူပါဝစရတတိယ, စတုတ္ထဈာန် ၂၊ ပဉ္စကနည်း အားဖြင့် ရူပါဝစရစတုတ္ထ, ပဉ္စကဈာန် ၂)၊ ကုသိုလ်မှ အရူပစိတ် လေးပါး၊ ဝိပါက်မှ အရူပစိတ် လေးပါး၊ ကိရိယာမှ အရူပစိတ်လေးပါး၊ ကုသိုလ်မှ လောကုတ္တရာ ဒုကဒုကဈာန် (စတုက္ကနည်းအားဖြင့် လောကုတ္တရာ တတိယ, စတုတ္ထဈာန် ၈၊ ပဉ္စကနည်းအားဖြင့် လောကုတ္တရာ စတုတ္ထ, ပဉ္စမဈာန် ၈)၊ ဝိပါက်မှ လောကုတ္တရာ ဒုကဒုကဈာန် (စတုက္ကနည်းအားဖြင့် လောကုတ္တရာ တတိယ, စတုတ္ထဈာန် ၈၊ ပဉ္စကနည်းအားဖြင့် လောကုတ္တရာ စတုတ္ထ, ပဉ္စမဈာန် ၈)၊ ထို့ပြင် နှစ်သက်မှု ‘ပီတိ’ ၊ ထို့ပြင် ရုပ်၊ ထို့ပြင် နိဗ္ဗာန်သည် (ရှိ၏)။ ဤ (ခုနစ်ဆယ်သော) တရားတို့သည် နှစ်သက်မှု ‘ပီတိ’ နှင့် တကွမဖြစ်သော (ပီတိနှင့် မယှဉ်သော) ‘အပ္ပီတိက’ တရား ဖြစ်ကုန်၏ (အပ္ပီတိကစိတ် ၇၀၊ ပီတိကြဉ်စေတသိက် ၅၁၊ ပီတိ စေတသိက်၊ ရုပ်၊ နိဗ္ဗာန်)။

--

၈-ပီတိသဟဂတဒုက်

ပီတိသဟဂတတရား

၁၅၉၅။ (၁) အဘယ်တရားတို့သည် နှစ်သက်မှု ‘ပီတိ’ နှင့် တကွဖြစ်သော (ပီတိနှင့် ယှဉ်သော) ‘ပီတိသဟဂတ’ တရား ဖြစ်ကုန်သနည်း။

ကာမာဝစရ ကုသိုလ်မှသောမနဿသဟဂုတ်စိတ္တုပ္ပါဒ်လေးပါး၊ အကုသိုလ်မှ (သောမနဿသဟဂုတ် စိတ္တုပ္ပါဒ်) လေးပါး၊ ကာမာဝစရ ကုသလဝိပါက်မှ (သောမနဿသဟဂုတ်စိတ္တုပ္ပါဒ်) ငါးပါး၊ ကိရိယာမှ သောမနဿသဟဂုတ် စိတ္တုပ္ပါဒ် ငါးပါး၊ ကုသိုလ်မှ ရူပါဝစရ ဒုကတိကဈာန် (စတုက္ကနည်းအားဖြင့် ရူပါဝစရ ပဌမ, ဒုတိယဈာန် ၂၊ ပဉ္စကနည်းအားဖြင့် ရူပါဝစရ ပဌမ, ဒုတိယ, တတိယဈာန် ၃)၊ ဝိပါက်မှ ရူပါဝစရဒုကတိကဈာန် (စတုက္ကနည်းအားဖြင့် ရူပါဝစရ ပဌမ, ဒုတိယဈာန် ၂၊ ပဉ္စကနည်းအားဖြင့် ရူပါဝစရပဌမ ဒုတိယ, တတိယဈာန် ၃) ကိရိယာမှ ရူပါဝစရ ဒုကတိကဈာန် (စတုက္ကနည်းအားဖြင့် ရူပါဝစရ ပဌမ, ဒုတိယဈာန် ၂၊ ပဉ္စကနည်းအားဖြင့် ရူပါဝစရ ပဌမ, ဒုတိယ, တတိယဈာန် ၃)၊ ကုသိုလ်မှ လောကုတ္တရာ ဒုကတိကဈာန် (စတုက္ကနည်းအားဖြင့် လောကုတ္တရာ ပဌမ, ဒုတိယဈာန် ၈၊ ပဉ္စကနည်း အားဖြင့် လောကုတ္တရာ ပဌမ, ဒုတိယ, တတိယဈာန်၁၂)၊ ဝိပါက်မှ လောကုတ္တရာ ဒုကတိကဈာန် (စတုက္ကနည်းအားဖြင့် လောကုတ္တရာ ပဌမ, ဒုတိယဈာန် ၈၊ ပဉ္စကနည်းအားဖြင့် လောကုတ္တရာ ပဌမ, ဒုတိယ, တတိယဈာန်၁၂)၊ ဤစိတ်တို့၌ ဖြစ်သော နှစ်သက်မှု ‘ပီတိ’ ကို ချန်ထား၍ (ကြွင်းသောစေတသိက် ၄၆-ပါးတို့သည် ရှိကုန်၏)။ ဤတရားတို့သည် နှစ်သက်မှု ‘ပီတိ’ နှင့် တကွဖြစ်သော (ပီတိနှင့် ယှဉ်သော) ပီတိသဟဂတတရား ဖြစ်ကုန်၏ (ပီတိသဟဂုတ်စိတ် ၅၁၊ ပီတိကြဉ် ယှဉ်ဖက်စေတသိက် ၄၆)။

န ပီတိသဟဂတတရား

၁၅၉၆။ (၂) အဘယ်တရားတို့သည် နှစ်သက်မှု ‘ပီတိ’ နှင့်တကွမဖြစ်သော (ပီတိနှင့် မယှဉ်သော) ‘န ပီတိသဟဂတ’ တရား ဖြစ်ကုန်သနည်း။

ကာမာဝစရကုသိုလ်မှဥပေက္ခာသဟဂုတ်စိတ္တုပ္ပါဒ်လေးပါး၊ အကုသိုလ်မှ (ဒေါသမူ ၂၊ ဥပေက္ခာ ၆) ရှစ်ပါး၊ ကာမာဝစရကုသလဝိပါက်မှ (ဥပေက္ခာ၁၀၊ သုခသဟဂုတ် ကာယဝိညာဏ်) တစ်ဆယ့် တစ်ပါး၊ အကုသလဝိပါက်မှ (ဥပေက္ခာ ၆၊ ဒုက္ခသဟဂုတ် ကာယဝိညာဏ်) ခုနစ်ပါး။ (ကာမ) ကိရိယာမှ (ဥပေက္ခာ) ခြောက်ပါး၊ ကုသိုလ်မှ ရူပါဝစရ ဒုကဒုကဈာန် (စတုက္ကနည်းအားဖြင့် ရူပါဝစရ တတိယ, စတုက္ကဈာန် ၂၊ ပဉ္စကနည်းအားဖြင့် ရူပါဝစရစတုတ္ထ, ပဉ္စမဈာန် ၂)၊ ဝိပါက်မှ ရူပါဝစရ ဒုကဒုက ဈာန် (စတုက္ကနည်းအားဖြင့် ရူပါဝစရ တတိယ, စတုတ္ထဈာန် ၂၊ ပဉ္စကနည်းအားဖြင့် ရူပါဝစရစတုတ္ထ,ပဉ္စမဈာန် ၂)၊ ကိရိယာမှ ရူပါဝစရ ဒုကဒုကဈာန် (စတုက္ကနည်းအားဖြင့် ရူပါဝစရတတိယ, စတုတ္ထဈာန်၂၊ ပဉ္စကနည်းအားဖြင့် ရူပါဝစရစတုတ္ထ, ပဉ္စမဈာန် ၂)၊ ကုသိုလ်မှ အရူပစိတ် လေးပါး၊ ဝိပါက်မှအရူပစိတ်လေးပါး၊ ကိရိယာမှ အရူပစိတ်လေးပါး၊ ကုသိုလ်မှ လောကုတ္တရာ ဒုကဒုကဈာန် (စတုက္ကနည်းအားဖြင့် လောကုတ္တရာ တတိယ, စတုတ္ထဈာန် ၈၊ ပဉ္စကနည်းအားဖြင့် လောကုတ္တရာ စတုတ္ထ, ပဉ္စမဈာန်၈)၊ ဝိပါက်မှ လောကုတ္တရာ ဒုကဒုကဈာန် (စတုက္ကနည်းအားဖြင့် လောကုတ္တရာ တတိယဈာန်, စတုတ္ထဈာန် ၈၊ ပဉ္စကနည်းအားဖြင့် လောကုတ္တရာ စတုတ္ထ, ပဉ္စမဈာန် ၈)၊ ထို့ပြင် နှစ်သက်မှု ‘ပီတိ’ ၊ ထို့ပြင်ရုပ်၊ ထို့ပြင် နိဗ္ဗာန်သည် (ရှိ၏)။ ဤတရားတို့သည် နှစ်သက်မှု ‘ပီတိ’ နှင့် တကွမဖြစ်သော (ပီတိနှင့်မယှဉ်သော) ‘န ပီတိသဟဂတ’ တရား ဖြစ်ကုန်၏ (န ပီတိသဟဂတစိတ် ၇၀, ပီတိကြဉ် ယှဉ်ဖက်စေတသိက် ၅၁, ပီတိစေတသိက်, ရုပ်, နိဗ္ဗာန်)။

--

၉-သုခသဟဂတဒုက်

သုခသဟဂတတရား

၁၅၉၇။ (၁) အဘယ်တရားတို့သည် ချမ်းသာမှု ‘သုခ’ နှင့် တကွဖြစ်သော (သုခနှင့် ယှဉ်သော) ‘သုခသဟဂတ’ တရား ဖြစ်ကုန်သနည်း။

ကာမာဝစရ ကုသိုလ်မှသောမနဿသဟဂုတ်စိတ္တုပ္ပါဒ် လေးပါး၊ အကုသိုလ်မှ (သောမနဿသဟဂုတ် စိတ္တုပ္ပါဒ်) လေးပါး၊ ကာမာဝစရ ကုသလဝိပါက်မှ (သောမနဿသဟဂုတ် ၅၊ သုခသဟဂုတ် ကာယဝိညာဏ်) ခြောက်ပါး။ (ကာမ) ကိရိယာမှ သောမနဿ သဟဂုတ်စိတ္တုပ္ပါဒ် ငါးပါး၊ ကုသိုလ်မှ ရူပါဝစရ တိကစတုက္က ဈာန် (စတုက္ကနည်းအားဖြင့် ရူပါဝစရ ပဌမ, ဒုတိယ, တတိယဈာန် ၃၊ ပဉ္စကနည်းအားဖြင့် ရူပါဝစရ ပဌမ,ဒုတိယ, တတိယ, စတုတ္ထဈာန် ၄)၊ ဝိပါက်မှ ရူပါဝစရ တိကစတုတ္ထဈာန် (စတုက္ကနည်းအားဖြင့်ရူပါဝစရ ပဌမ, ဒုတိယ, တတိယဈာန် ၃၊ ပဉ္စကနည်းအားဖြင့် ရူပါဝစရ ပဌမ, ဒုတိယ, တတိယ,စတုတ္ထဈာန် ၄)၊ ကိရိယာမှ ရူပါဝစရ တိကစတုက္ကဈာန် (စတုက္ကနည်းအားဖြင့် ရူပဝါစရ ပဌမ, ဒုတိယ,တတိယဈာန် ၃၊ ပဉ္စကနည်းအားဖြင့် ရူပါဝစရ ပဌမ, ဒုတိယ, တတိယ, စတုတ္ထဈာန် ၄)၊ ကုသိုလ်မှလောကုတ္တရာ တိကစတုက္ကဈာန် (စတုက္ကနည်းအားဖြင့် လောကုတ္တရာ ပဌမ, ဒုတိယ, တတိယဈာန် ၁၂၊ ပဉ္စကနည်းအားဖြင့် လောကုတ္တရာ ပဌမ, ဒုတိယ, တတိယ, စတုတ္ထဈာန် ၁၆)၊ ဝိပါက်မှ လောကုတ္တရာတိကစတုက္ကဈာန် (စတုက္ကနည်းအားဖြင့် လောကုတ္တရာ ပဌမ, ဒုတိယ, တတိယဈာန် ၁၂၊ ပဉ္စကနည်းအားဖြင့် လောကုတ္တရာ ပဌမ, ဒုတိယ, တတိယ, စတုတ္ထဈာန် ၁၆)၊ ဤစိတ်တို့၌ ဖြစ်သော ချမ်းသာမှု ‘သုခ’ ကို ချန်ထား၍ (ကြွင်းသော စေတသိက် ၄၆-ပါးတို့သည် ရှိကုန်၏)။ ဤတရား တို့သည်ချမ်းသာမှု ‘သုခ’ နှင့် တကွဖြစ်သော (သုခနှင့်ယှဉ်သော) ‘သုခသဟဂတ’ တရား ဖြစ်ကုန်၏ (သုခ သဟဂုတ်စိတ် ၆၃၊ ဝေဒနာကြဉ် ယှဉ်ဖက်စေတသိတ် ၄၆)။

န သုခသဟဂတတရား

၁၅၉၈။ (၂) အဘယ်တရားတို့သည် ချမ်းသာမှု ‘သုခ’ နှင့် တကွ မဖြစ်သော (သုခနှင့် မယှဉ်သော ‘န သုခသဟဂတ’ တရား ဖြစ်ကုန်သနည်း။

ကာမာဝစရကုသိုလ်မှဥပေက္ခာသဟဂုတ်စိတ္တုပ္ပါဒ် လေးပါး၊ အကုသိုလ်မှ (ဒေါသမူ ၂, ဥပေက္ခာ ၆) ရှစ်ပါး၊ ကာမာဝစရကုသလဝိပါက်မှ (ဥပေက္ခာသဟဂုတ်စိတ္တုပ္ပါဒ်၁၀၊ အကုသလဝိပါက်မှ (ဥပေက္ခာ ၆၊ ဒုက္ခသဟဂုတ်ကာယဝိညာဏ်) ခုနစ်ပါး။ (ကာမ) ကိရိယာမှ (ဥပေက္ခာသဟဂုတ် စိတ္တုပ္ပါဒ်) ခြောက်ပါး၊ ကုသိုလ်မှ (စတုက္ကနည်းအားဖြင့်) ရူပါဝစရစတုတ္ထဈာန် ၁၊ ဝိပါက်မှ (စတုက္ကနည်း အားဖြင့်) ရူပါဝစရစတုတ္ထဈာန် ၁၊ ကိရိယာမှ (စတုက္ကနည်းအားဖြင့်) ရူပါဝစရစတုတ္ထဈာန် ၁၊ ကုသိုလ်မှ အရူပစိတ်လေးပါး၊ ဝိပါက်မှအရူပစိတ်လေးပါး၊ ကိရိယာမှ အရူပစိတ်လေးပါး၊ ကုသိုလ်မှ (စတုက္က နည်းအားဖြင့်) လောကုတ္တရာစတုတ္ထဈာန် ၄၊ ဝိပါက်မှ (စတုက္ကနည်းအားဖြင့်) လောကုတ္တရာ စတုတ္ထဈာန် ၄၊ ထို့ပြင်ချမ်းသာမှု ‘သုခ’ ၊ ထို့ပြင် ရုပ်၊ ထို့ပြင် နိဗ္ဗာန်သည် (ရှိ၏)။ ဤတရားတို့သည် ချမ်းသာမှု ‘သုခ’ နှင့်တကွမဖြစ်သော ‘န သုခသဟဂတ’ တရား ဖြစ်ကုန်၏ (န သုခသဟဂတစိတ် ၅၈၊ ပီတိကြဉ် စေတသိက်၅၁၊ သုခဝေဒနာ၊ ရုပ်၊ နိဗ္ဗာန်)။

--

၁၀-ဥပေက္ခာသဟဂတဒုက်

ဥပေက္ခာသဟဂတတရား

၁၅၉၉။ (၁) အဘယ်တရားတို့သည် လျစ်လျူရှုမှု ‘ဥပေက္ခာ’ နှင့် တကွဖြစ်သော (ဥပေက္ခာနှင့် ယှဉ်သော) ‘ဥပေက္ခာသဟဂတ’ တရား ဖြစ်ကုန် သနည်း။

ကာမာဝစရကုသိုလ်မှဥပေက္ခာသဟဂုတ်စိတ္တုပ္ပါဒ် လေးပါး၊ အကုသိုလ်မှ (ဥပေက္ခာသဟဂုတ် စိတ္တုပ္ပါဒ်) ခြောက်ပါး၊ ကာမာဝစရကုသလဝိပါက်မှ (ဥပေက္ခာသဟဂုတ်စိတ္တုပ္ပါဒ်) ဆယ်ပါး၊ အကုသလ ဝိပါက်မှ (ဥပေက္ခာသဟဂုတ်စိတ္တုပ္ပါဒ်) ခြောက်ပါး။ (ကာမ) ကိရိယာမှ (ဥပေက္ခာသဟဂုတ်စိတ္တုပ္ပါဒ်) ခြောက်ပါး၊ ကုသိုလ်မှ (စတုက္ကနည်းအားဖြင့်) ရူပါဝစရစတုတ္ထဈာန် ၁၊ ဝိပါက်မှ (စတုက္ကနည်းအားဖြင့်) ရူပါဝစရစတုတ္ထဈာန် ၁၊ ကိရိယာမှ (စတုက္ကနည်းအားဖြင့်) ရူပါဝစရစတုတ္ထဈာန် ၁၊ ကုသိုလ်မှအရူပစိတ်လေးပါး၊ ဝိပါက်မှ အရူပစိတ် လေးပါး၊ ကိရိယာမှ အရူပစိတ် လေးပါး၊ ကုသိုလ်မှ (စတုက္ကနည်းအားဖြင့်) လောကုတ္တရာ စတုတ္ထဈာန် ၄၊ ဝိပါက်မှ (စတုက္ကနည်းအားဖြင့်) လောကုတ္တရာစတုတ္ထဈာန်၄၊ ဤစိတ်တို့၌ ဖြစ်သော ဥပေက္ခာကို ချန်ထား၍ (ကြွင်းသော စေတသိက် ၄၆-ပါးတို့သည်ရှိကုန်၏)။ ဤတရားတို့သည် ဥပေက္ခာနှင့် တကွဖြစ်သော (ဥပေက္ခာနှင့် ယှဉ်သော) ‘ဥပေက္ခာသဟဂတ’ တရား ဖြစ်ကုန်၏ (ဥပေက္ခာသဟဂတတရား ၅၅၊ ဝေဒနာကြဉ် ယှဉ်ဖက် စေတသိက် ၄၆)။

န ဥပေက္ခာသဟဂတတရား

၁၆၀၀။ (၂) အဘယ်တရားတို့သည် လျစ်လျူရှုမှု ‘ဥပေက္ခာ’ နှင့် တကွမဖြစ်သော (ဥပေက္ခာနှင့်မယှဉ်သော) ‘န ဥပေက္ခာသဟဂတ’ တရား ဖြစ်ကုန်သနည်း။

ကာမာဝစရကုသိုလ်မှသောမနဿသဟဂုတ်စိတ္တုပ္ပါဒ်လေးပါး, အကုသိုလ်မှ (သောမနဿ သဟဂုတ်စိတ္တုပ္ပါဒ် ၄၊ ဒေါမနဿ သဟဂုတ်စိတ္တုပ္ပါဒ် ၂-) ခြောက်ပါး၊ ကာမာဝစရကုသလ ဝိပါက်မှ (သုခသဟဂုတ်ကာယဝိညာဏ်, သောမနဿသဟဂုတ်စိတ္တုပ္ပါဒ် ၅) ခြောက်ပါး၊ အကုသလ ဝိပါက်မှ (ဒုက္ခသဟဂုတ်ကာယဝိညာဏ်) တစ်ပါး။ (ကာမ) ကိရိယာမှ (သောမနဿသဟဂုစိတ္တုပ္ပါဒ်) ငါးပါး၊ ကုသိုလ်မှ ရူပါဝစရတိကစတုက္ကဈာန် စတုက္ကနည်းအားဖြင့် ရူပါဝစရ ပဌမ, ဒုတိယ, တတိယ ဈာန်၃၊ ပဉ္စကနည်းအားဖြင့် ရူပါဝစရ ပဌမ, ဒုတိယ, တတိယ, စတုတ္ထဈာန် ၄)၊ ဝိပါက်မှ ရူပါဝစရတိကစတုက္ကဈာန် (စတုက္ကနည်းအားဖြင့် ရူပါဝစရပဌမ, ဒုတိယ, တတိယဈာန် ၃၊ ပဉ္စကနည်းအားဖြင့်ရူပါဝစရ ပဌမ, ဒုတိယ, တတိယ, စတုတ္ထဈာန် ၄)၊ ကိရိယာမှ ရူပါဝစရ တိကစတုက္ကဈာန် (စတုက္ကနည်းအားဖြင့် ရူပါဝစရ ပဌမ, ဒုတိယ, တတိယဈာန် ၃၊ ပဉ္စကနည်းအားဖြင့် ရူပါဝစရ ပဌမ, ဒုတိယ,တတိယ, စတုတ္ထဈာန် ၄)၊ ကုသိုလ်မှ လောကုတ္တရာ တိကစတုက္ကဈာန် (စတုက္ကနည်းအားဖြင့်လောကုတ္တရာ ပဌမ, ဒုတိယ, တတိယဈာန်၁၂၊ ပဉ္စကနည်းအားဖြင့် လောကုတ္တရာ ပဌမ, ဒုတိယ,တတိယ, စတုတ္ထဈာန် ၁၆)၊ ဝိပါက်မှ လောကုတ္တရာ တိကစတုက္ကဈာန် (စတုက္ကနည်းအားဖြင့်လောကုတ္တရာ ပဌမ, ဒုတိယ, တတိယ ဈာန် ၁၂၊ ပဉ္စကနည်းအားဖြင့် လောကုတ္တရာ ပဌမ, ဒုတိယ,တတိယ, စတုတ္ထဈာန် ၁၆)၊ ထို့ပြင် ဥပေက္ခာ (ဝေဒနာ)၊ ထို့ပြင် ရုပ်၊ ထို့ပြင် နိဗ္ဗာန်သည် (ရှိ၏)။ ဤတရားတို့သည် လျစ်လျူရှုမှု ‘ဥပေက္ခာ’ နှင့် တကွမဖြစ်သော (ဥပေက္ခာနှင့် မယှဉ်သော) ‘န ဥပေက္ခာသဟဂတ’ တရား ဖြစ်ကုန်၏ (န ဥပေက္ခာသဟဂတစိတ် ၆၆၊ ဝိစိကိစ္ဆာကြဉ် စေတသိက် ၅၁၊ ဥပေက္ခာဝေဒနာ၊ ရုပ်၊ နိဗ္ဗာန်)။

--

၁၁-ကာမာဝစရဒုက်

ကာမာဝစရတရား

၁၆၀၁။ (၁) အဘယ်တရားတို့သည် ကာမဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်သော ‘ကာမာဝစရ’ တရား ဖြစ်ကုန်သနည်း။

ကာမာဝစရကုသိုလ် ၈၊ အကုသိုလ်၁၂)၊ ကာမာဝစရဝိပါက်အလုံးစုံ ၂၃၊ ကာမာဝစရ ကိရိယာဗျာကတ၁၁၊ ထို့ပြင် အလုံးစုံ သော ရုပ်သည် (ရှိ၏)။

ဤတရားတို့သည် ကာမဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်သော ‘ကာမာဝစရ’ တရား ဖြစ်ကုန်၏ (ကာမစိတ် ၅၄၊ စေတသိက် ၅၂၊ ရုပ် ၂၈)။

န ကာမာဝစရတရား

၁၆၀၂။ (၂) အဘယ်တရားတို့သည် ကာမဘုံ၌ ကျင်လည်သက်ဝင်၍ မဖြစ်သော ‘န ကာမာဝစရ’ တရား ဖြစ်ကုန်သနည်း။

ရူပါဝစရတရား (၁၅)၊ အရူပါဝစရ တရား (၁၂)။ (ကာမ,့ရူပ, အရူပ) ဘုံသုံးပါးတို့၌ အကျုံးမဝင်သော ‘အပရိယာပန္န’ တရား (မဂ်, ဖိုလ်, နိဗ္ဗာန်) တို့သည် (ရှိကုန်၏)။ ဤတရားတို့သည် ကာမဘုံ၌ ကျင်လည်သက်ဝင်၍ မဖြစ်သော ‘န ကာမာဝစရ’ တရားဖြစ်ကုန်၏ (မဟဂ္ဂုတ်စိတ်၊ လောကုတ္တရာစိတ်၊ ယှဉ်ဖက်စေတသိက်, နိဗ္ဗာန်)။

၁၂-ရူပါဝစရဒုက်

ရူပါဝစရတရား

၁၆၀၃။ (၁) အဘယ်တရားတို့သည် ရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်သော ‘ရူပါဝစရ’ တရား ဖြစ်ကုန်သနည်း။

ကုသိုလ်မှ ရူပါဝစရစတုက္ကပဉ္စကဈာန် (စတုက္က နည်းအားဖြင့် ရူပါဝစရဈာန်၄၊ ပဉ္စကနည်း အားဖြင့် ရူပါဝစရဈာန် ၅)၊ ဝိပါက်မှ ရူပါဝစရစတုက္က ပဉ္စကဈာန် (စတုက္ကနည်းအားဖြင့် ရူပါဝစရဈာန် ၄၊ ပဉ္စကနည်းအားဖြင့် ရူပါဝစရဈာန် ၅)၊ ကိရိယာမှ ရူပါဝစရစတုက္ကပဉ္စကဈာန် (စတုက္ကနည်းအားဖြင့် ရူပါဝစရဈာန ၄၊ ပဉ္စကနည်းအားဖြင့် ရူပါဝစရဈာန် ၅) တို့သည် (ရှိကုန်၏)။ ဤတရားတို့သည် ရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်သော ‘ရူပါဝစရ’ တရား ဖြစ်ကုန်၏ (ရူပစိတ် ၁၅၊ ယှဉ်ဖက် စေတသိက် ၃၅)။

န ရူပါဝစရတရား

၁၆၀၄။ (၂) အဘယ်တရားတို့သည် ရူပဘုံ၌ ကျင်လည်သက်ဝင်၍ မဖြစ်သော ‘နရူပါဝစရ’ တရား ဖြစ်ကုန်သနည်း။

ကာမာဝစရတရား (ကာမစိတ်, ယှဉ်ဖက်စေတသိက်, ရုပ်)၊ အရူပါဝစရတရား (အရူပစိတ်, ယှဉ်ဖက်စေတသိက်)။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ အကျုံးမဝင်သော ‘အပရိယာပန္န’ တရား (မဂ်, ဖိုလ်, နိဗ္ဗာန်) တို့သည် (ရှိကုန်၏)။ ဤ တရားတို့သည်ရူပဘုံ၌ ကျင်လည်သက်ဝင်၍ မဖြစ်သော ‘န ရူပါဝစရ’ တရား ဖြစ်ကုန်၏ (ကာမစိတ်၊ အရူပစိတ်၊ လောကုတ္တရာစိတ်၊ ယှဉ်ဖက်စေတသိက်၊ ရုပ်၊ နိဗ္ဗာန်)။

--

၁၃-အရူပါဝစရဒုက်

အရူပါဝစရတရား

၁၆၀၅။ (၁) အဘယ်တရားတို့သည် အရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်သော ‘အရူပါဝစရ’ တရား ဖြစ်ကုန်သနည်း။

ကုသိုလ်မှ အရူပစိတ်လေးပါး၊ ဝိပါက်မှ အရူပစိတ်လေးပါး၊ ကိရိယာမှ အရူပစိတ်လေးပါးတို့သည် (ရှိကုန်၏)။ ဤတရားတို့သည် အရူပ ဘုံ၌ ကျင်လည်သက်ဝင်၍ဖြစ်သော ‘အရူပါဝစရ’ တရား ဖြစ်ကုန်၏ (အရူပစိတ်၊ ယှဉ်ဖက်စေတသိက်)။

န အရူပါဝစရတရား

၁၆၀၆။ (၂) အဘယ်တရားတို့သည် အရူပဘုံ၌ ကျင်လည်သက်ဝင်၍ မဖြစ်သော ‘န အရူပါဝစရ’ တရား ဖြစ်ကုန်သနည်း။

ကာမာဝစရတရား (ကာမစိတ်, ယှဉ်ဖက်စေတသိက်, ရုပ်)၊ ရူပါဝစရတရား (ရူပစိတ်, ယှဉ်ဖက်စေတသိက်)။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ အကျုံးမဝင်သော ‘အပရိယာပန္န’ တရား (မဂ်, ဖိုလ်, နိဗ္ဗာန်) တို့သည် (ရှိကုန်၏)။ ဤတရားတို့သည် အရူပဘုံ၌ ကျင်လည်သက်ဝင်၍ မဖြစ်သော ‘န အရူပါဝစရ’ တရား ဖြစ်ကုန်၏ (ကာမ စိတ်၊ ရူပစိတ်၊ လောကုတ္တရာစိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန်)။

၁၄-ပရိယာပန္နဒုက်

ပရိယာပန္နတရား

၁၆၀၇။ (၁) အဘယ်တရားတို့သည် ဝဋ်ဆင်းရဲ၌ အကျုံးဝင်သော ‘ပရိယာပန္န’ တရားဖြစ်ကုန်သနည်း။

(ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ (ဖြစ်သော) (လောကီ) ကုသိုလ် (၁၇)၊ အကုသိုလ် (၁၂)။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ (ဖြစ်သော) (လောကီ) ဝိပါက် (၃၂)။ (ကာမ,ရူပ, အရူပ) ဘုံသုံးပါးတို့၌ (ဖြစ်သော) ပြုကာမျှဖြစ်၍ ကုသိုလ် အကုသိုလ် အဖြစ်ဖြင့် မဟောအပ်သော ‘ကိရိယာဗျာကတ’ (၂၀)၊ ထို့ပြင် အလုံးစုံသော ရုပ်သည် (ရှိ၏)။ ဤတရား တို့သည် ဝဋ်ဆင်းရဲ၌ အကျုံးဝင်သော ‘ပရိယာပန္န’ တရား ဖြစ်ကုန်၏ (လောကီစိတ်၊ စေတသိက်၊ ရုပ်)။

အပရိယာပန္နတရား

၁၆၀၈။ (၂) အဘယ်တရားတို့သည် ဝဋ်ဆင်းရဲ၌ အကျုံးမဝင်သော ‘အပရိယာပန္န’ တရား ဖြစ်ကုန်သနည်း။

(ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ အကျုံး မဝင်သော မဂ်လေးပါး၊ ထို့ပြင် ကိလေသာငြိမ်းကြောင်း (မဂ်) ၏ အကျိုး (ဖိုလ်) လေးပါး၊ ထို့ပြင် နိဗ္ဗာန် သည် (ရှိ၏)။

ဤတရားတို့သည် ဝဋ်ဆင်းရဲ၌ အကျုံးမဝင်သော ‘အပရိယာပန္န’ တရား ဖြစ်ကုန်၏ (မဂ်, ဖိုလ်, နိဗ္ဗာန်)။

--

၁၅-နိယျာနိကဒုက်

နိယျာနိကတရား

၁၆၀၉။ (၁) အဘယ်တရားတို့သည် ဝဋ်ဆင်းရဲမှ ထွက်မြောက်ကြောင်း ဖြစ်သော ‘နိယျာနိက’ တရား ဖြစ်ကုန်သနည်း။

(ကာမ, ရူပ, အရူပ) ဘုံသုံးပါး တို့၌ အကျုံးမဝင်သော (လောကုတ္တရာ) မဂ်လေးပါးတို့သည် (ရှိကုန်၏)။ ဤတရားတို့သည် ဝဋ်ဆင်းရဲမှ ထွက်မြောက်ကြောင်း ‘နိယျာနိက’ တရား ဖြစ်ကုန်၏ (မဂ် လေးပါး)။

အနိယျာနိကတရား

၁၆၁၀။ (၂) အဘယ်တရားတို့သည် ဝဋ်ဆင်းရဲမှ ထွက်မြောက်ကြောင်း မဖြစ်သော ‘အနိယျာနိက’ တရား ဖြစ်ကုန်သနည်း။

(ကာမ, ရူပ, အရူပ) ဘုံ သုံးပါးတို့၌ ဖြစ်သော (လောကီ) ကုသိုလ် (၁၇)၊ အကုသိုလ် (၁၂)။ (ကာမ, ရူပ, အရူပ, အပရိယာပန္န) ဘုံလေးပါးတို့၌ ဖြစ်သော (လောကီ) ဝိပါက် (၃၆)။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ (ဖြစ်သော) ပြုကာမျှဖြစ်၍ကုသိုလ် အကုသိုလ် အဖြစ်ဖြင့် မဟောအပ်သော ‘ကိရိယာဗျာကတ’ (၂၀)၊ ထို့ပြင် ရုပ်၊ ထို့ပြင်နိဗ္ဗာန်သည် (ရှိ၏)။ ဤတရားတို့သည် ဝဋ်ဆင်းရဲမှ ထွက်မြောက်ကြောင်း မဖြစ်သော ‘အနိယျာနိက’ တရား ဖြစ်ကုန်၏။

--

၁၆-နိယတဒုက်

နိယတတရား

၁၆၁၁။ (၁) အဘယ်တရားတို့သည် စုတိ၏ အခြားမဲ့၌ လည်းကောင်း, မိမိဖြစ်ခြင်း၏အခြားမဲ့၌ လည်းကောင်း အကျိုးပေးမြဲသော ‘နိယတ’ တရား ဖြစ်ကုန် သနည်း။

ဒိဋ္ဌိဂတသမ္ပယုတ်စိတ္တုပ္ပါဒ် လေးပါး၊ ဒေါမနဿသဟဂုတ်စိတ္တုပ္ပါဒ် နှစ်ပါးတို့သည် (ရှိကုန်၏)။

ဤတရားတို့သည် အချို့ကား (နိယတမိစ္ဆာဒိဋ္ဌိကံ၏ အစွမ်းဖြင့် ဖြစ်သော ဒိဋ္ဌိဂတသမ္ပယုတ် သတ္တမဇော၊ ပဉ္စာနန္တရိယကံ၏ အစွမ်းဖြင့်ဖြစ်သော ဒေါသမူသတ္တမဇောတို့သည်) စုတိ၏အခြားမဲ့၌ အကျိုးပေးမြဲသော ‘နိယတ’ တရား ဖြစ်ကုန်၏။ (ကြွင်းကျန်သောတရား) အချို့ကား စုတိ၏အခြားမဲ့၌ အကျိုးပေးမမြဲသော ‘အနိယတ’ တရား ဖြစ်ကုန်၏။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ အကျုံးမဝင်သော မဂ်လေးပါးတို့သည် (ရှိကုန်၏)။ ဤတရားတို့သည် မိမိဖြစ်ခြင်း၏ အခြားမဲ့၌ အကျိုးပေးမြဲသော ‘နိယတ’ တရား ဖြစ်ကုန်၏။

အနိယတတရား

၁၆၁၂။ (၂) အဘယ်တရားတို့သည် စုတိ၏ အခြားမဲ့၌ လည်းကောင်း, မိမိဖြစ်ခြင်း၏အခြားမဲ့၌ လည်းကောင်း အကျိုးပေးမမြဲသော ‘အနိယတ’ တရား ဖြစ် ကုန်သနည်း။

ဒိဋ္ဌိဂတဝိပ္ပယုတ်လောဘသဟဂုတ်စိတ္တုပ္ပါဒ် လေးပါး၊ ဝိစိကိစ္ဆာသဟဂုတ်စိတ္တုပ္ပါဒ် (၁)၊ ဥဒ္ဓစ္စသဟဂုတ်စိတ္တုပ္ပါဒ် (၁)။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ (ဖြစ်သော) (လောကီ) ကုသိုလ် (၁၇)။ (ကာမ, ရူပ, အရူပ,အပရိယာပန္န) ဘုံလေးပါးတို့၌ (ဖြစ်သော) ဝိပါက် (၃၆)၊ ဘုံသုံးပါးတို့၌ (ဖြစ်သော) ပြုကာမျှ ဖြစ်၍ကုသိုလ် အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သော ‘ကိရိယာဗျာကတ’ (၂၀)၊ ထို့ပြင် ရုပ်၊ ထို့ပြင်နိဗ္ဗာန်သည် (ရှိ၏)။ ဤတရားတို့သည် စုတိ၏အခြားမဲ့၌ လည်းကောင်း၊ မိမိဖြစ်ခြင်း၏အခြားမဲ့၌ လည်းကောင်း အကျိုးပေးမမြဲသော ‘အနိယတ’ တရား ဖြစ်ကုန်၏။

--

၁၇-သဥတ္တရဒုက်

သဥတ္တရတရား

၁၆၁၃။ (၁) အဘယ်တရားတို့သည် မိမိထက် သာလွန်မြင့်မြတ်သည့် တရားရှိသော ‘သဥတ္တရ’ တရား ဖြစ်ကုန်သနည်း။

(ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ (ဖြစ်သော) (လောကီ) ကုသိုလ် (၁၇)၊ အကုသိုလ် (၁၂)။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ (ဖြစ်သော) (လောကီ) ဝိပါက် (၃၂)။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ (ဖြစ်သော) ပြုကာမျှဖြစ်၍ ကုသိုလ် အကုသိုလ်အဖြစ်ဖြင့်မဟောအပ်သော ‘ကိရိယာဗျာကတ’ (၂၀)၊ ထို့ပြင် အလုံးစုံသော ရုပ်သည် (ရှိ၏)။ ဤတရားတို့သည်မိမိထက် သာလွန် မြင့်မြတ်သည့်တရားရှိသော ‘သဥတ္တရ’ တရား ဖြစ်ကုန်၏ (လောကီစိတ် ၈၁၊ စေတသိက် ၅၂၊ ရုပ်)။

အနုတ္တရတရား

၁၆၁၄။ (၂) အဘယ်တရားတို့သည် မိမိထက် သာလွန်မြင့်မြတ်သည့် တရားမရှိသော ‘အနုတ္တရ’ တရား ဖြစ်ကုန်သနည်း။

(ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ အကျုံးမဝင်သော မဂ်လေးပါး၊ ထို့ပြင် မဂ်၏ အကျိုး (ဖိုလ်) လေးပါး၊ ထို့ပြင် နိဗ္ဗာန်သည် (ရှိ၏)။ ဤတရားတို့သည် မိမိထက် သာလွန်မြင့်မြတ်သည့်တရား မရှိသော ‘အနုတ္တရ’ တရား ဖြစ်ကုန်၏ (မဂ်၊ ဖိုလ်၊ နိဗ္ဗာန်)။

--

၁၈-သရဏဒုက်

သရဏတရား

၁၆၁၅။ (၁) အဘယ်တရားတို့သည် ငိုကြွေးကြောင်းရာဂစသော ကိလေသာ (ရဏ) တို့နှင့် တကွဖြစ်သော ('ရဏ'တို့နှင့် ယှဉ်သော) ‘သရဏ’ တရား ဖြစ်ကုန် သနည်း။

အကုသိုလ်စိတ္တုပ္ပါဒ် တစ်ဆယ့်နှစ်ပါးတို့သည် (ရှိကုန်၏)။ ဤတရားတို့သည် ငိုကြွေးကြောင်း ရာဂစသောကိလေသာ (ရဏ) တို့နှင့် တကွဖြစ်သော ('ရဏ’ တို့နှင့် ယှဉ်သော) ‘သရဏ’ တရား ဖြစ်ကုန်၏ (အကုသိုလ်စိတ် ၁၂၊ ယှဉ်ဖက် စေတသိက် ၂၇)။

အရဏတရား

၁၆၁၆။ (၂) အဘယ်တရားတို့သည် ငိုကြွေးကြောင်း ရာဂစသော ကိလေသာ (ရဏ) တို့မရှိသော ('ရဏ'တို့နှင့် မယှဉ်သော ‘အရဏ’ တရား ဖြစ်ကုန်သနည်း။

(ကာမ, ရူပ, အရူပ, အပရိယာပန္န) ဘုံလေးပါးတို့၌ (ဖြစ်သော) ကုသိုလ် (၂၁)။ (ကာမ, ရူပ, အရူပ, အပရိယာပန္န) ဘုံလေးပါးတို့၌ (ဖြစ်သော) ဝိပါက် (၃၆)။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ (ဖြစ်သော) ပြုကာမျှဖြစ်၍ ကုသိုလ် အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သော ‘ကိရိယာဗျာကတ’ (၂၀)၊ ထို့ပြင် ရုပ်၊ ထို့ပြင် နိဗ္ဗာန်သည် (ရှိ၏)။ ဤတရားတို့သည် ငိုကြွေးကြောင်းရာဂစသော ကိလေသာ (ရဏ) တို့မရှိသော ('ရဏ’ တို့နှင့် မယှဉ်သော) ‘အရဏ’ တရား ဖြစ်ကုန်၏ (ကုသိုလ်၊ ဝိပါက်၊ ကိရိယာစိတ်၊ ယှဉ်ဖက်စေတသိက်၊ ရုပ်၊ နိဗ္ဗာန်)။

အနက်ကို ထုတ်ပြခန်း ‘အတ္ထုဒ္ဓါရ’ ပြီးပြီ။

တရားတို့ကို ပေါင်းစုရေတွက်ရာ ‘ဓမ္မသင်္ဂဏီ’ ကျမ်း ပြီးပြီ။