မာတိကာသို့ ခုန်သွားရန်

ဓမ္မသင်္ဂဏီပါဠိတော်-ဒု

ဝီကီရင်းမြစ် မှ
5644ပိဋကတ်တော် မြန်မာပြန် — ဓမ္မသင်္ဂဏီပါဠိတော်-ဒုသာသနာရေးဦးစီးဌာန

၂-ရူပကဏ္ဍ

ရုပ်ပိုင်း

(က) အကျဉ်းချုပ်ဟောကြားခြင်း ‘ဥဒ္ဒေသဝါရ'

အဗျာကတတရားများ

၅၈၃။ အဘယ်တရားတို့သည် အဗျာကတမည်ကုန်သနည်း။

ကာမဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်ကုန်သော, ရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်ကုန်သော, အရူပဘုံ၌ ကျင်လည်သက်ဝင်၍ဖြစ်ကုန်သော, (ကာမ, ရူပ, အရူပ,) ဘုံသုံးပါး၌ အကျုံးမဝင်ကုန်သော (လောကုတ္တရာဖြစ်ကုန်သော) ,ကုသိုလ် အကုသိုလ်တရားတို့၏ အကျိုး ‘ဝိပါက်’ ဖြစ်ကုန်သော ခံစားမှုအစု ‘ဝေဒနာက္ခန္ဓာ’ ၊ မှတ်သားမှုအစု ‘သညာက္ခန္ဓာ’ ၊ ပြု ပြင်မှုအစု ‘သင်္ခါရက္ခန္ဓာ’ ၊ အထူးသိမှု (စိတ်) အစု ‘ဝိညာဏက္ခန္ဓာ’ သည်လည်းကောင်း၊ ထို့ပြင် ကုသိုလ်လည်း မဟုတ်ကုန်သော, အကုသိုလ်လည်း မဟုတ်ကုန်သော, (ကုသိုလ် အကုသိုလ်) ကံ၏အကျိုး ‘ဝိပါက်’ လည်း မဟုတ်ကုန်သော, ပြုကာမျှ ကိရိယာဖြစ်သော အကြင်တရားတို့သည်လည်းကောင်း၊ ထို့ပြင် အလုံးစုံသော ရုပ်သည်လည်းကောင်း၊ ထို့ပြင် (ကံ, စိတ်, ဥတု, အာဟာရဟူသော အကြောင်းတရားတို့သည်) မပြု ပြင်အပ်သော သဘာဝ ‘အသင်္ခတဓာတ်’ (နိဗ္ဗာန်) သည်လည်းကောင်း (ရှိကုန်၏)။ ဤတရား တို့သည် အဗျာကတမည်ကုန်၏။

မာတိကာ

အလုံးစုံသော ရုပ်အကျဉ်း

၅၈၄။ ထိုစကားရပ်၌ အလုံးစုံသော ရုပ်ဟူသည် အဘယ်နည်း။ ကြီးကျယ်ထင်ရှားသော ‘မဟာဘုတ်’ လေးပါးတို့သည်လည်းကောင်း၊ မဟာ ဘုတ်လေးပါးတို့ကို စွဲမှီ၍ဖြစ်သော ‘ဥပါဒါ’ ရုပ်သည်လည်းကောင်း (ရှိကုန်၏)။ ဤကြီးကျယ်ထင်ရှား သော ‘မဟာဘုတ်’ နှင့်ဥပါဒါရုပ်ကို အလုံးစုံသော ရုပ်ဟူ၍ ဆိုအပ်၏။

--

ရူပဝိဘတ္တိဥဒ္ဒေသ

ဧကက

အလုံးစုံသော ရုပ်သည် -

အကြောင်းရင်း ‘ဟိတ်’ မမည် ‘န ဟေတု’ ၊

အကြောင်းရင်း ‘ဟိတ်’ မရှိ ‘အဟေတုက’ ၊

အကြောင်းရင်း ‘ဟိတ်’ နှင့် မယှဉ် မရောနှော ‘ဟေတုဝိပ္ပယုတ္တ’။ (ကံ, စိတ်, ဥတု, အာဟာရဟူသော) အကြောင်းတရားတို့နှင့် တကွ (အကြောင်းတရားတို့ကြောင့်) ဖြစ်၏ ‘သပစ္စယ’။ (ကံ, စိတ်, ဥတု, အာဟာရဟူသော အကြောင်းတရားတို့သည်) ပေါင်း၍ ပြုပြင်စီမံအပ်၏ ‘သင်္ခတ’ ၊

ဆန့်ကျင်ဘက်အကြောင်းတို့ကြောင့် ဖောက်ပြန်တတ်၏ ‘ရူပ’ ၊

ဖြစ်တတ်ပျက်တတ်သော ‘လောက’ ၌ အကျုံးဝင်၏ ‘လောကိယ’ ၊

(သတ္တဝါတို့၏သန္တာန်၌) ယိုစီးနေတတ်, ဖြစ်နေတတ်သော အာသဝေါတရား (လောဘ, ဒိဋ္ဌိ,မောဟ)တို့၏ အာရုံဖြစ်၏ ‘သာသဝ’ ၊

သံယောဇဉ်တို့၏ အစီးအပွါး (အာရုံ) ဖြစ်၏ ‘သံယောဇနိယ’။ (ဝဋ်ဆင်းရဲ၌) ဆက်စပ်ထုံးဖွဲ့မှု ‘ဂန္ထ'တို့၏ အာရုံဖြစ်၏ ‘ဂန္ထနိယ’။ (ဝဋ်ဆင်းရဲ၌) နစ်မြုပ်စေမှု ‘ဩဃ'တို့၏ အာရုံဖြစ်၏ ‘ဩဃနိယ’။ (ဝဋ်ဆင်းရဲ၌) ယှဉ်စေမှု ‘ယောဂ'တို့၏ အာရုံဖြစ်၏ ‘ယောဂနိယ’ ၊

ဈာန်မဂ်ဖိုလ်တို့ကို ပိတ်ပင်မှု ‘နီဝရဏ'တို့၏ အာရုံဖြစ်၏ ‘နီဝရဏိယ’ ၊

မမြဲသည်ကို မြဲ၏ဟု မှားသောအားဖြင့် သုံးသပ်မှု ‘ပရာမာသ'တို့၏ အာရုံဖြစ်၏ ‘ပရာမဋ္ဌ’ ၊

ပြင်းစွာ စွဲလမ်းမှု ‘ဥပါဒါန်'တို့၏ အာရုံဖြစ်၏ (လောကီတရား) ‘ဥပါဒါနိယ’ ၊

ပူပန်စေမှု ‘ကိလေသာ'တို့၏ အာရုံဖြစ်၏ ‘သံကိလေသိက’ ၊

ကုသိုလ် အကုသိုလ်အဖြစ်ဖြင့် မဟောကြားအပ် ‘အဗျာကတ’ ၊

အာရုံပြု ခြင်းမရှိ (အာရုံကို ယူနိုင်သော သဘောမရှိ) ‘အနာရမ္မဏ’ ၊

စိတ်၌ မယှဉ် ‘အစေတသိက’ ၊

စိတ်နှင့် မယှဉ် (မပေါင်းမစပ် မရောနှော) ‘စိတ္တဝိပ္ပယုတ္တ’ ၊

အကျိုး ‘ဝိပါက်’ လည်း မဟုတ်၊ အကျိုး ‘ဝိပါက်’ ကို ဖြစ်စေခြင်းသဘောရှိသည်လည်း မဟုတ် ‘နေဝ ဝိပါကန ဝိပါကဓမ္မဓမ္မ’ ၊

ပူပန်စေတတ်, နှိပ်စက်တတ်သော ‘ကိလေသာ’ တရားတို့သည် မပူပန်စေအပ်, မနှိပ်စက်အပ်ကုန် သည်ဖြစ်၍ ပူပန်စေတတ်, နှိပ်စက်တတ်သော ‘ကိလေသာ’ တရားတို့ကို (ရခြင်းငှါ) သာ ထိုက် တန်၏ (ကိလေသာနှင့် မယှဉ်ဘဲ ကိလေသာ၏ အာရုံသာဖြစ်၏) ‘အသံကိလိဋ္ဌ သံကိလေသိက’ ၊

ကြံစည်မှု ‘ဝိတက်’ နှင့်လည်း တကွ၊ သုံးသပ်မှု ‘ဝိစာရ’ နှင့်လည်း တကွဖြစ်သည် မဟုတ် ‘န သဝိတက္ကသဝိစာရ’ ၊

--

ကြံစည်မှု ‘ဝိတက်’ ကား မရှိ၊ သုံးသပ်မှု ‘ဝိစာရ’ မျှသာရှိသည်လည်း မဟုတ် ‘န အဝိတက္က ဝိစာရ မတ္တ’ ၊

ကြံစည်မှု ‘ဝိတက်’ လည်း မရှိ၊ သုံးသပ်မှု ‘ဝိစာရ’ လည်း မရှိ ‘အဝိတက္က အဝိစာရ’ ၊

နှစ်သက်မှု ‘ပီတိ’ နှင့် တကွဖြစ်သည် မဟုတ် ‘န ပီတိသဟဂတ’ ၊

ချမ်းသာမှု ‘သုခ’ နှင့် တကွဖြစ်သည် မဟုတ် ‘န သုခသဟဂတ’ ၊

လျစ်လျူရှုမှု ‘ဥပေက္ခာ’ နှင့် တကွဖြစ်သည် မဟုတ် ‘န ဥပေက္ခာသဟဂတ’ ၊

သောတာပတ္တိမဂ်ဖြင့် ပယ်အပ်သည်လည်း မဟုတ်၊ အထက်မဂ်သုံးပါးဖြင့် ပယ်အပ်သည်လည်း မဟုတ် ‘နေဝ ဒဿနေန န ဘာဝနာယ ပဟာတဗ္ဗ’ ၊

သောတာပတ္တိမဂ်ဖြင့် ပယ်အပ်သော ဟိတ်ရှိသည်လည်း မဟုတ်၊ အထက်မဂ် သုံးပါးဖြင့် ပယ်အပ် သောဟိတ်ရှိသည်လည်း မဟုတ် ‘နေဝ ဒဿနေန န ဘာဝနာယ ပဟာတဗ္ဗဟေတုက’ ၊

ပဋိသန္ဓေ စုတိသို့ ရောက်ကြောင်းလည်း မဟုတ်။ (ပဋိသန္ဓေကို ဖြစ်စေနိုင်သော သဘောလည်း မဟုတ်၊ စုတိကို ဖြစ်စေနိုင်သော သဘောလည်း မဟုတ်၊) နိဗ္ဗာန်သို့ ရောက်ကြောင်းလည်း မဟုတ် ‘နေဝအာစယဂါမိ န အပစယဂါမိ’ ၊

သေက္ခပုဂ္ဂိုလ်ခုနစ်ယောက်တို့၏ ဥစ္စာလည်း မဟုတ်၊ အသေက္ခ (ရဟန္တာ) ပုဂ္ဂိုလ်၏ ဥစ္စာလည်း မဟုတ် ‘နေဝ သေက္ခ နာသေက္ခ’ ၊

နည်းပါးသော အာနုဘော်ရှိ၏ ‘ပရိတ္တ’ ၊

ကာမဘုံ၌ သက်ဝင်၍ ဖြစ်၏ (ကာမတဏှာ၏ ကျင်လည် ကျက်စားရာ ဖြစ်၏) ‘ကာမာဝစရ’ ၊

ရူပဘုံ၌ သက်ဝင်၍ မဖြစ် (ရူပတဏှာ၏ ကျင်လည် ကျက်စားရာ မဖြစ်) ‘န ရူပါဝစရ’ ၊

အရူပဘုံ၌ သက်ဝင်၍ မဖြစ် (အရူပတဏှာ၏ ကျင်လည် ကျက်စားရာ မဖြစ်) ‘န အရူပါဝစရ’ ၊

ဝဋ်ဆင်းရဲ၌ အကျုံးဝင်၏ ‘ပရိယာပန္န’ ၊

ဝဋ်ဆင်းရဲ၌ အကျုံးမဝင်သည် မဟုတ် ‘နောအပရိယာပန္န’ ၊

စုတိ၏ အခြားမဲ့၌ ဖြစ်စေ၊ မိမိဖြစ်ခြင်း၏ အခြားမဲ့၌ ဖြစ်စေ အကျိုးပေး မမြဲ ‘အနိယတ’ ၊

ဝဋ်ဆင်းရဲမှ ထွက်မြောက်ကြောင်း မဟုတ် ‘အနိယျာနိက’ ၊

ဖြစ်ဆဲ (ဖြစ်ပေါ်ဆဲ) ဖြစ်သော ရုပ်ကို အထူးသိမှု (စိတ်) ‘ဝိညာဏ်’ ခြောက်ပါးတို့သည် သိအပ်၏ ‘ဥပ္ပန္နံဆဟိ ဝိညာဏေဟိ ဝိညေယျံ’။ (ဖြစ်ပြီးသည့်နောက် တည်တံ့မနေခြင်းကြောင့်) မမြဲ ‘အနိစ္စ’ ၊

အိုမှု, ရင့်ရော်ဆွေးမြေ့မှု ‘ဇရာ’ သည် လွှမ်းမိုးနှိပ်စက်အပ်၏ ‘ဇရာဘိဘူတ’ ၊

ဤသို့ တစ်ဖို့ (တစ်စု) အားဖြင့် ရုပ်ကို ရေတွက်အပ်၏။

ဧကက ပြီးပြီ။

--

နှစ်မျိုးနှစ်စားအားဖြင့် ဟောကြားခြင်း

ဒုက

ပကိဏ္ဏကဒုက်

>

နှစ်ဖို့ (နှစ်စု) အားဖြင့် ရုပ်ကို ရေတွက်ခြင်း ‘ရူပသင်္ဂဟ'ကား -

(၁) မှီ၍ သာဖြစ်သော ရုပ်သည် ရှိ၏ ‘ဥပါဒါရူပ’။ (၅၉၅-၆၄၅)

(၂) (ဥပါဒါရုပ် မှီသကဲ့သို့) မမှီမူ၍ ဖြစ်သော ရုပ်သည် ရှိ၏ ‘နော ဥပါဒါရူပ’ (မဟာဘုတ် လေးပါး)။ (၆၄၆-၆၅၁)။

(၁) အာရုံပြုသောအားဖြင့် တဏှာ ဒိဋ္ဌိတို့ ကပ်ရောက်အပ်သော ကံသည် အကျိုး၏ အဖြစ်ဖြင့်စွဲယူအပ်သော ရုပ်သည် ရှိ၏ ‘ဥပါဒိဏ္ဏရူပ’ (တဏှာ ဒိဋ္ဌိတည်းဟူသော ဥပါဒါန်ဦးစီး လွှမ်းမိုး အပ်သည့်ကံ၏ အကျိုးဖြစ်သော ကမ္မဇရုပ်)။ (၆၅၂)

(၂) အာရုံပြုသောအားဖြင့် တဏှာ ဒိဋ္ဌိတို့ ကပ်ရောက်အပ်သော ကံသည် အကျိုး၏ အဖြစ်ဖြင့်မစွဲယူအပ်သော ရုပ်သည် ရှိ၏ ‘အနုပါဒိဏ္ဏရူပ’ (တိဇရုပ်)။ (၆၅၃)

(၁) အာရုံပြုသောအားဖြင့် တဏှာ ဒိဋ္ဌိတို့ ကပ်ရောက်အပ်သော ကံသည် (အကျိုး၏ အဖြစ်ဖြင့်) စွဲယူလည်း စွဲယူအပ်သည် ဖြစ်၍ လွန်စွာ စွဲလမ်းတတ်သော ‘ဥပါဒါန်’ တရားတို့၏ အာရုံ လည်းဖြစ်သော ရုပ်သည် ရှိ၏ ‘ဥပါဒိဏ္ဏုပါဒါနိယရူပ’ (တဏှာ ဒိဋ္ဌိဟူသော ဥပါဒါန်ဦးစီး သည့် ကံ၏အကျိုးလည်း ဖြစ်၍ ဥပါဒါန်တို့၏ အစီးအပွါး (အာရုံ) လည်း ဖြစ်သော ကမ္မဇရုပ်)။ (၆၅၄)

(၂) အာရုံပြုသောအားဖြင့် တဏှာ ဒိဋ္ဌိတို့ ကပ်ရောက်အပ်သော ကံသည် (အကျိုး၏ အဖြစ်ဖြင့်) မစွဲယူအပ်ကုန်မူ၍ လွန်စွာ စွဲလမ်းတတ်သော ‘ဥပါဒါန်’ တရားတို့၏ အာရုံသာဖြစ်သော ရုပ် သည်ရှိ၏ ‘အနုပါဒိဏ္ဏုပါဒါနိယရူပ’ (တဏှာ,ဒိဋ္ဌိဟူသော ဥပါဒါန်ဦးစီးသည့် ကံ၏ အကျိုး ကား မဟုတ်၊ ဥပါဒါန်တို့၏ အစီးအပွါး (အာရုံ) သာဖြစ်သော စိတ္တဇရုပ်, ဥတုဇရုပ်, အာဟာရဇရုပ်)။ (၆၅၅)

(၁) မြင်ခြင်း မြင်အပ်သည်၏ အဖြစ်နှင့် တကွဖြစ်သော ရုပ်သည်ရှိ၏ ‘သနိဒဿနရူပ’ (မြင်အပ် သောရူပါရုံ)။ (၆၅၆)

(၂) မြင်ခြင်း မြင်အပ်သည်၏ အဖြစ်နှင့် တကွမဖြစ်သော ရုပ်သည်ရှိ၏ ‘အနိဒဿနရူပ’ (ရူပါရုံမှတစ်ပါးသော ရုပ်များ)။ (၆၅၇)

(၁) ထိပါး (တိုက်ခိုက်) ခြင်း ထိပါး (တိုက်ခိုက်) တတ်သည်၏အဖြစ်နှင့် တကွဖြစ်သော ရုပ်သည် ရှိ၏ ‘သပ္ပဋိဃရူပ’ (ဩဠာရိကရုပ်)။ (၆၅၈)

(၂) ထိပါး (တိုက်ခိုက်) ခြင်း ထိပါး (တိုက်ခိုက်) တတ်သည်၏အဖြစ်နှင့် တကွမဖြစ်သော ရုပ်သည် ရှိ၏့ ‘အပ္ပဋိဃရူပ’ (သုခုမရုပ်)။ (၆၅၉)

(၁) (ဆိုင်ရာကိစ္စ၌) အစိုးရသော ရုပ်သည်ရှိ၏ ‘ဣန္ဒြိယရူပ’။ (၆၆၀)

(၂) (ဆိုင်ရာကိစ္စ၌) အစိုးရသည် မဟုတ်သော (အစိုးမရသော) ရုပ်သည်ရှိ၏ ‘န ဣန္ဒြိယရူပ’။ (၆၆၁)

(၁) ကြီးကျယ်ထင်ရှားသော ရုပ်သည်ရှိ၏ ‘မဟာဘူတရူပ’။ (၆၆၂)

(၂) ကြီးကျယ်ထင်ရှားသည် မဟုတ်သော ရုပ်သည်ရှိ၏ ‘နမဟာဘူတရူပ’ (ဥပါဒါရုပ်) (၆၆၃)

--

(၁) မိမိ၏ အလို ‘ဆန္ဒ’ ကို သိကြောင်း အမူအရာဖြစ်သော ရုပ်သည်ရှိ၏ ‘ဝိညတ္တိရူပ’။ (၆၆၄)

(၂) မိမိ၏ အလို ‘ဆန္ဒ’ ကို သိကြောင်း အမူအရာမဟုတ်သော ရုပ်သည်ရှိ၏ ‘န ဝိညတ္တိရူပ’။ (ဝိညတ်ရုပ်မှတစ်ပါးသော ရုပ်များ)။ (၆၆၅)

(၁) စိတ်လျှင် ဖြစ်ကြောင်းရှိသော (စိတ်ကြောင့်ဖြစ်သော) ရုပ်သည်ရှိ၏ ‘စိတ္တသမုဋ္ဌာနရူပ’။ (၆၆၆)

(၂) စိတ်လျှင် ဖြစ်ကြောင်းမရှိသော (စိတ်ကြောင့် မဖြစ်သော) ရုပ်သည်ရှိ၏ ‘န စိတ္တသမုဋ္ဌာနရူပ’ (ကမ္မဇ, ဥတုဇ, အာဟာရဇရုပ်များ)။ (၆၆၇)

(၁) စိတ်နှင့် တကွဖြစ်သော ရုပ်သည်ရှိ၏ ‘စိတ္တသဟဘုရူပ’ (ဝိညတ်ရုပ်နှစ်ခု)။ (၆၆၈)

(၂) စိတ်နှင့် တကွဖြစ်သည်မဟုတ် (စိတ်နှင့် တကွမဖြစ်) သော ရုပ်သည်ရှိ၏ ‘န စိတ္တသဟဘု ရူပ’ (ဝိညတ်ရုပ်မှတစ်ပါးသော ရုပ်များ)။ (၆၆၉)

(၁) စိတ်သို့ အစဉ်လိုက်သော ရုပ်သည်ရှိ၏ ‘စိတ္တာနုပရိဝတ္တိရူပ’ (စိတ်နှင့် အတူဖြစ် အတူပျက် သောဝိညတ်ရုပ်နှစ်ခု)။ (၆၇၀)

(၂) စိတ်သို့ အစဉ်လိုက်သည်မဟုတ် (စိတ်သို့အစဉ်မလိုက်) သော ရုပ်သည်ရှိ၏ ‘န စိတ္တာနုပရိဝတ္တိရူပ’ (ဝိညတ်ရုပ်မှတစ်ပါးသော ရုပ်များ)။ (၆၇၁)

(၁) အတွင်းသန္တာန်၌ ဖြစ်သော ရုပ်သည်ရှိ၏ ‘အဇ္ဈတ္တိကရူပ’ (ပသာဒရုပ်ငါးခု)။ (၆၇၂)

(၂) အပသန္တာန်၌ ဖြစ်သော ရုပ်သည်ရှိ၏ ‘ဗာဟိရရူပ’ (ပသာဒရုပ်မှတစ်ပါးသော ရုပ်များ)။ (၆၇၃)

(၁) ကြမ်းတမ်းသော ရုပ်သည်ရှိ၏ ‘ဩဠာရိကရူပ’ (ဩဠာရိကရုပ် တစ်ဆယ့်နှစ်ခု)။ (၆၇၄)

(၂) သိမ်မွေ့သော ရုပ်သည်ရှိ၏ ‘သုခုမရူပ’ (သုခုမရုပ်များ)။ (၆၇၅)

(၁) ဝေးကွာသော (အသိခက်သော) ရုပ်သည်ရှိ၏ ‘ဒူရေရူပ’ (သုခုမရုပ်များ)။ (၆၇၆)

(၂) နီးကပ်သော (သိလွယ်သော) ရုပ်သည်ရှိ၏ ‘သန္တိကေရူပ’ (ဩဠာရိကရုပ်များ)။ (၆၇၇)

ဝတ္ထုဒုက်

(၁) မြင်သိစိတ်နှင့် ယှဉ်သော တွေ့ထိမှု ‘ဖဿ'၏ မှီရာတည်ရာ ရုပ်သည်ရှိ၏ ‘စက္ခုသမ္ဖဿဿ ဝတ္ထု’ (စက္ခုပသာဒ)။ (၆၇၈)

(၂) မြင်သိစိတ်နှင့် ယှဉ်သော တွေ့ထိမှု ‘ဖဿ’ ၏ မှီရာတည်ရာ မဟုတ်သော ရုပ်သည်ရှိ၏ ‘စက္ခုသမ္ဖဿဿ န ဝတ္ထု’ (စက္ခုပသာဒမှတစ်ပါးသော ရုပ်များ)။ (၆၇၉)

(၁) မြင်သိစိတ်နှင့် ယှဉ်သော တွေ့ထိမှု ‘ဖဿ’ ကြောင့်ဖြစ်သော ခံစားမှု ‘ဝေဒနာ’ ၏။ပ။ မှတ်သား မှု ‘သညာ’ ၏။ပ။ စေ့ဆော်မှု (နှိုးဆော်မှု) ‘စေတနာ’ ၏။ပ။ မြင်သိစိတ်၏ မှီရာ တည်ရာ ရုပ်သည် ရှိ၏ ‘စက္ခုဝိညာဏဿဝတ္ထု’ (စက္ခုပသာဒ)။ (၆၈၀)

(၂) မြင်သိစိတ်၏ မှီရာတည်ရာ မဟုတ်သော ရုပ်သည်ရှိ၏ ‘စက္ခုဝိညာဏဿ န ဝတ္ထု’ (စက္ခုပသာဒမှတစ်ပါးသော ရုပ်များ)။ (၆၈၁)

--

(၁) ကြားသိစိတ်နှင့် ယှဉ်သော တွေ့ထိမှု ‘ဖဿ’ ၏။ပ။ နံသိစိတ်နှင့် ယှဉ်သော တွေ့ထိမှု ‘ဖဿ’ ၏။ပ။ လျက်သိစိတ်နှင့် ယှဉ်သော တွေ့ထိမှု ‘ဖဿ’။ပ။ ထိသိစိတ်နှင့် ယှဉ်သော တွေ့ထိမှု ‘ဖဿ’ ၏မှီရာတည်ရာ ရုပ်သည်ရှိ၏ ‘ကာယသမ္ဖဿဿ ဝတ္ထု’ (သောတ, ဃာန, ဇိဝှါ,ကာယပသာဒရုပ်လေးခု)။ (၆၈၂)

(၂) ထိသိစိတ်နှင့် ယှဉ်သော တွေ့ထိမှု ‘ဖဿ’ ၏ မှီရာတည်ရာ မဟုတ်သော ရုပ်သည်ရှိ၏ ‘ကာယသမ္ဖဿဿ န ဝတ္ထု’ (ကာယပသာဒရုပ်မှ တစ်ပါးသော ရုပ်များ)။ (၆၈၃)

(၁) ထိသိစိတ်နှင့် ယှဉ်သော တွေ့ထိမှု ‘ဖဿ’ ကြောင့်ဖြစ်သော ခံစားမှု ‘ဝေဒနာ’ ၏။ပ။ မှတ်သား မှု ‘သညာ’ ၏။ပ။ စေ့ဆော်မှု (နှိုးဆော်မှု) ‘စေတနာ’ ၏။ပ။ ထိသိစိတ်၏ မှီရာတည်ရာရုပ်သည်ရှိ၏ ‘ကာယဝိညာဏဿ ဝတ္ထု’ (ကာယပသာဒရုပ်)။ (၆၈၄)

(၂) ထိသိစိတ်၏ မှီရာတည်ရာ မဟုတ်သော ရုပ်သည်ရှိ၏ ‘ကာယဝိညာဏဿ န ဝတ္ထု’ (ကာယပသာဒမှတစ်ပါးသော ရုပ်များ)။ (၆၈၅)

အာရမ္မဏဒုက်

(၁) မြင်သိစိတ်နှင့် ယှဉ်သော တွေ့ထိမှု ‘ဖဿ'၏ အာရုံဖြစ်သော ရုပ်သည်ရှိ၏ ‘စက္ခုသမ္ဖဿဿအာရမ္မဏ’ (ရူပါရုံ)။ (၆၈၆)

(၂) မြင်သိစိတ်နှင့် ယှဉ်သော တွေ့ထိမှု ‘ဖဿ’ ၏ အာရုံမဟုတ်သော ရုပ်သည်ရှိ၏ ‘စက္ခု သမ္ဖဿဿနာရမ္မဏ’ (ရူပါရုံမှ တစ်ပါးသော ရုပ်များ)။ (၆၈၇)

(၁) မြင်သိစိတ်နှင့် ယှဉ်သော တွေ့ထိမှု ‘ဖဿ’ ကြောင့် ဖြစ်သော ခံစားမှု ‘ဝေဒနာ’ ၏။ပ။ မှတ်သားမှု ‘သညာ’ ၏။ပ။ စေ့ဆော်မှု (နှိုးဆော်မှု) ‘စေတနာ’ ၏။ပ။ မြင်သိစိတ်၏ အာရုံ ဖြစ်သော ရုပ်သည်ရှိ၏ ‘စက္ခုဝိညာဏဿ အာရမ္မဏ’ (ရူပါရုံ)။ (၆၈၈)

(၂) မြင်သိစိတ်၏ အာရုံမဟုတ်သော ရုပ်သည်ရှိ၏ ‘စက္ခု့ဝိညာဏဿ နာရမ္မဏ’ (ရူပါရုံမှတစ်ပါး သောရုပ်များ)။ (၆၈၉)

(၁) ကြားသိစိတ်နှင့်ယှဉ်သော တွေ့ထိမှု ‘ဖဿ’ ၏။ပ။ နံသိစိတ်နှင့်ယှဉ်သော တွေ့ထိမှု ‘ဖဿ’ ၏။ပ။ လျက်သိစိတ်နှင့် ယှဉ်သော တွေ့ထိမှု ‘ဖဿ’ ၏။ပ။ ထိသိစိတ်နှင့် ယှဉ်သော တွေ့ထိမှု ‘ဖဿ’ ၏အာရုံဖြစ်သော ရုပ်သည်ရှိ၏ ‘ကာယသမ္ဖဿဿ အာရမ္မဏ’ (သဒ္ဒါရုံ, ဂန္ဓာရုံ, ရသာရုံ, ဖောဋ္ဌဗ္ဗာရုံ)။ (၆၉၀)

(၂) ထိသိစိတ်နှင့် ယှဉ်သော တွေ့ထိမှု ‘ဖဿ'၏ အာရုံမဟုတ်သော ရုပ်သည် ရှိ၏ ‘ကာယ သမ္ဖဿဿနာရမ္မဏ’ (ဖောဋ္ဌဗ္ဗာရုံမှတစ်ပါးသော ရုပ်များ)။ (၆၉၁)

(၁) ထိသိစိတ်နှင့် ယှဉ်သော တွေ့ထိမှု ‘ဖဿ’ ကြောင့်ဖြစ်သော ခံစားမှု ‘ဝေဒနာ’ ၏။ပ။ မှတ်သား မှု ‘သညာ’ ၏။ပ။ စေ့ဆော်မှု့ (နှိုးဆော်မှု) ‘စေတနာ’ ၏။ပ။ ထိသိစိတ်၏ အာရုံဖြစ်သော ရုပ်သည် ရှိ၏ ‘ကာယဝိညာဏဿ အာရမ္မဏ’ (ဖောဋ္ဌဗ္ဗာရုံ)။ (၆၉၂)

(၂) ထိသိစိတ်၏ အာရုံမဟုတ်သော ရုပ်သည် ရှိ၏ ‘ကာယဝိညာဏဿ နာရမ္မဏ’ (ဖောဋ္ဌဗ္ဗာရုံမှတစ်ပါးသော ရုပ်များ။ (၆၉၃)

--

အာယတနဒုက်

(၁) မြင်သိစိတ်ဖြစ်ရာ မျက်စိအကြည်ရုပ်သည်ရှိ၏ ‘စက္ခာယတန’ (စက္ခုပသာဒ)။ (၆၉၄)

(၂) မြင်သိစိတ်ဖြစ်ရာ မျက်စိအကြည် မဟုတ်သော ရုပ်သည်ရှိ၏ ‘န စက္ခာယတန’ (စက္ခုပသာဒမှတစ်ပါးသော ရုပ်များ)။ (၆၉၅)

(၁-၂) ကြားသိစိတ်ဖြစ်ရာ နားအကြည်ရုပ်သည် (ရှိ၏) ‘သောတာယတန’ (သောတပသာဒ)။ပ။

(၁-၂) နံသိစိတ်ဖြစ်ရာ နှာခေါင်းအကြည်ရုပ်သည် (ရှိ၏) ‘ဃာနယတန’ (ဃာနပသာဒ)။ပ။

(၁-၂) လျက်သိစိတ်ဖြစ်ရာ လျှာအကြည်ရုပ်သည် (ရှိ၏) ‘ဇိဝှါယတန’ (ဇိဝှါပသာဒ)။ပ။

(၁) ထိသိစိတ်ဖြစ်ရာ ကိုယ်အကြည်ရုပ်သည်ရှိ၏ ‘ကာယာယတန’ (ကာယပသာဒ)။ (၆၉၆)

(၂) ထိသိစိတ်ဖြစ်ရာ ကိုယ်အကြည်မဟုတ်သော ရုပ်သည်ရှိ၏ ‘န ကာယာယတန’ (ကာယပသာဒ မှတစ်ပါးသော ရုပ်များ)။ (၆၉၇)

(၁) မြင်သိစိတ်ဖြစ်ကြောင်း အဆင်း ရုပ်သည်ရှိ၏ ‘ရူပါယတန’ (ရူပါရုံ)။ (၆၉၈)

(၂) မြင်သိစိတ်ဖြစ်ကြောင်း အဆင်း မဟုတ်သော ရုပ်သည်ရှိ၏ ‘န ရူပါယတန’ (ရူပါရုံမှတစ်ပါး သောရုပ်များ)။ (၆၉၉)

(၁) ကြားသိစိတ်ဖြစ်ကြောင်း အသံ ရုပ်သည် (ရှိ၏) ‘သဒ္ဒါယတန’ (သဒ္ဒါရုံ)။ပ။ နံသိစိတ်ဖြစ် ကြောင်းအနံ့ရုပ်သည် (ရှိ၏) ‘ဂန္ဓာယတန’ (ဂန္ဓာရုံ)။ပ။ လျက်သိစိတ်ဖြစ်ကြောင်း အရသာ ရုပ်သည် (ရှိ၏) ‘ရသာယတန’ (ရသာရုံ)။ပ။ ထိသိစိတ်ဖြစ်ကြောင်း အတွေ့ရုပ်သည် (ရှိ၏) ‘ဖောဋ္ဌဗ္ဗာယတန’ (ဖောဋ္ဌဗ္ဗာရုံ)။ (၇၀၀)

(၂) ထိသိစိတ်ဖြစ်ကြောင်း အတွေ့ မဟုတ်သော ရုပ်သည်ရှိ၏ ‘န ဖောဋ္ဌဗ္ဗာယတန’ (ဖောဋ္ဌဗ္ဗာရုံမှတစ်ပါးသော ရုပ်များ)။ (၇၀၁)

ဓာတုဒုက်

(၁) မြင်မှုသဘာဝရုပ်သည်ရှိ၏ ‘စက္ခု့ဓာတု’ (မြင်တတ်သော သဘောရှိသော ‘စက္ခုပသာဒ'ရုပ်)။ (၇၀၂)

(၂) မြင်မှုသဘာဝ မဟုတ်သော ရုပ်သည်ရှိ၏ ‘န စက္ခုဓာတု’ (မြင်တတ်သော သဘောမရှိသော ‘စက္ခုပသာဒ’ မှတစ်ပါးသော ရုပ်များ)။ (၇၀၃)

(၁) ကြားမှုသဘာဝရုပ်သည်ရှိ၏ ‘သောတဓာတု’ (ကြားတတ်သော သဘောရှိသော ‘သောတပသာဒ’ ရုပ်)။ပ။ နံမှုသဘာဝရုပ်သည် (ရှိ၏) ‘ဃာနဓာတု’ (နံတတ်သော သဘောရှိသောဃာနပသာဒ’ ရုပ်)။ပ။ လျက်မှုသဘာဝရုပ်သည် (ရှိ၏) ‘ဇိဝှါဓာတု’ (လျက်တတ်သောသဘောရှိသော ‘ဇိဝှါပသာဒ’ ရုပ်)။ပ။ ထိမှုသဘာဝရုပ်သည် (ရှိ၏) ‘ကာယဓာတု’ (ထိခိုက် တတ်သောသဘောရှိသော ‘ကာယပသာဒ’ ရုပ်)။ (၇၀၄)

(၂) ထိမှုသဘာဝမဟုတ်သော ရုပ်သည်ရှိ၏ ‘န ကာယဓာတု’ (ထိခိုက်တတ်သော သဘော မရှိ သော ‘ကာယပသာဒ’ မှတစ်ပါးသော ရုပ်များ)။ (၇၀၅)

--

(၁) အဆင်းသဘာဝရုပ်သည်ရှိ၏ ‘ရူပဓာတု’ (ရူပါရုံ)။ (၇၀၆)

(၂) အဆင်းသဘာဝမဟုတ်သော ရုပ်သည်ရှိ၏ ‘န ရူပဓာတု’ (ရူပါရုံမှတစ်ပါးသော ရုပ်များ)။ (၇၀၇)

(၁) အသံသဘာဝရုပ်သည်ရှိ၏ ‘သဒ္ဒဓာတု’ (သဒ္ဒါရုံ)။ပ။ အနံ့သဘာဝရုပ်သည် (ရှိ၏) ‘ဂန္ဓဓာတု’ (ဂန္ဓာရုံ)။ပ။ အရသာသဘာဝရုပ်သည် (ရှိ၏) ‘ရသဓာတု’ (ရသာရုံ)။ပ။ အတွေ့သဘာဝ ရုပ်သည် (ရှိ၏) ‘ဖောဋ္ဌဗ္ဗဓာတု’ (ဖောဋ္ဌဗ္ဗာရုံ)။ (၇၀၈)

(၂) အတွေ့သဘာဝ မဟုတ်သော ရုပ်သည်ရှိ၏ ‘န ဖောဋ္ဌဗ္ဗာဓာတု’ (ဖောဋ္ဌဗ္ဗာရုံမှတစ်ပါးသောရုပ်များ)။ (၇၀၉)

ဣန္ဒြိယဒုက်

(၁) မြင်ခြင်း၌ အစိုးရမှု (ရှိသော) မျက်စိအကြည်ရုပ်သည် ရှိ၏ ‘စက္ခု့န္ဒြိယ’ (စက္ခုပသာဒ)။ (၇၁၀)

(၂) မြင်ခြင်း၌ အစိုးရမှု (ရှိသော) မျက်စိအကြည်မဟုတ်သော ရုပ်သည် ရှိ၏ ‘န စက္ခုန္ဒြိယ’ (စက္ခုပသာဒမှတစ်ပါးသော ရုပ်များ)။ (၇၁၁)

(၁) ကြားခြင်း၌ အစိုးရမှု (ရှိသော) နားအကြည်ရုပ်သည် ရှိ၏ ‘သောတိန္ဒြိယ’ (သောတ ပသာဒ)။ပ။ နံခြင်း၌ အစိုးရမှု (ရှိသော) နှာခေါင်းအကြည်ရုပ်သည် (ရှိ၏) ‘ဃာနိန္ဒြိယ’ (ဃာနပသာဒ)။ပ။ လျက်ခြင်း၌ အစိုးရမှု (ရှိသော) လျှာအကြည်ရုပ်သည် (ရှိ၏)၊ ‘ဇိဝှိန္ဒြိယ’ (ဇိဝှါပသာဒ)။ပ။ ထိခြင်း၌ အစိုးရမှု (ရှိသော) ကိုယ်အကြည်ရုပ်သည် ရှိ၏ ‘ကာယိန္ဒြိယ’ (ကာယပသာဒ)။ (၇၁၂)

(၂) ထိခြင်း၌ အစိုးရမှု (ရှိသော) ကိုယ်အကြည်မဟုတ်သော ရုပ်သည်ရှိ၏ ‘န ကာယိန္ဒြိယ’ (ကာယပသာဒမှတစ်ပါးသော ရုပ်များ)။ (၇၁၃)

(၁) မိန်းမ (အမ) ဖြစ်ကြောင်း၌ အစိုးရမှု (ရှိသော) ရုပ်သည်ရှိ၏ ‘ဣတ္ထိန္ဒြိယ’ (ဣတ္ထိဘာဝရုပ်များ)။ (၇၁၄)

(၂) မိန်းမ (အမ) ဖြစ်ကြောင်း၌ အစိုးရမှု မဟုတ်သော ရုပ်သည်ရှိ၏ ‘န ဣတ္ထိန္ဒြိယ’ (ဣတ္ထိဘာဝရုပ်မှ တစ်ပါးသော ရုပ်များ)။ (၇၁၅)

(၁) ယောက်ျား (အထီးအဖို) ဖြစ်ကြောင်း၌ အစိုးရမှု ရုပ်သည်ရှိ၏ ‘ပုရိသိန္ဒြိယ’ (ပုရိသဘာဝရုပ်)။ (၇၁၆)

(၂) ယောက်ျား (အထီးအဖို) ဖြစ်ကြောင်း၌ အစိုးရမှု မဟုတ်သော ရုပ်သည် ရှိ၏ ‘န ပုရိသိန္ဒြိယ’ (ပုရိသဘာဝရုပ်မှ တစ်ပါးသော ရုပ်များ)။ (၇၁၇)

(၁) အစိုးတရ စောင့်ရှောက်မှု ရုပ်သည် ရှိ၏ ‘ဇီဝိတိန္ဒြိယ’ (ဇီဝိတရုပ်)။ (၇၁၈)

(၂) အစိုးတရ စောင့်ရှောက်မှု မဟုတ်သော ရုပ်သည် ရှိ၏ ‘န ဇီဝိတိန္ဒြိယ’ (ဇီဝိတရုပ်မှတစ်ပါး သောရုပ်များ)။ (၇၁၉)

--

သုခုမရူပဒုက်

(၁) (မိမိ၏ အလိုဆန္ဒကို) ကိုယ်အမူအရာဖြင့် သိစေမှုရုပ်သည် ရှိ၏ ‘ကာယဝိညတ္တိ’ (ကာယ ဝိညတ်ရုပ်)။ (၇၂၀)

(၂) (မိမိ၏ အလိုဆန္ဒကို) ကိုယ်အမူအရာဖြင့် သိစေမှု မဟုတ်သော ရုပ်သည် ရှိ၏ ‘န ကာယ ဝိညတ္တိ ‘(ကာယဝိညတ်မှတစ်ပါးသော ရုပ်များ)။ (၇၂၁)

(၁) (မိမိ၏ အလိုဆန္ဒကို) နှုတ်မြွက်ခြင်းဖြင့် သိစေမှုရုပ်သည် ရှိ၏ ‘ဝစိဝိညတ္တိ’ (ဝစီဝိညတ်ရုပ်)။ (၇၂၂)

(၂) (မိမိ၏ အလိုဆန္ဒကို) နှုတ်မြွက်ခြင်းဖြင့် သိစေမှုမဟုတ်သော ရုပ်သည် ရှိ၏ ‘န ဝစီဝိညတ္တိ’ (ဝစီဝိညတ်မှတစ်ပါးသော ရုပ်များ)။ (၇၂၃)

(၁) မရေးခြစ်အပ်သော (ရေးခြစ်၍ မရသော ဟင်းလင်း) သဘာဝ ရုပ်သည် ရှိ၏ ‘အာကာသ ဓာတု’ (ပရိစ္ဆေဒရုပ်)။ (၇၂၄)

(၂) မရေးခြစ်အပ်သော (ရေးခြစ်၍ မရသော ဟင်းလင်း) သဘာဝမဟုတ်သော ရုပ်သည် ရှိ၏ ‘နအာကာသဓာတု’ (ပရိစ္ဆေဒရုပ်မှတစ်ပါးသော ရုပ်များ)။ (၇၂၅)

(၁) ဖွဲ့စည်းမှုသဘာဝ ရုပ်သည်ရှိ၏ ‘အာပေါဓာတု’။ (၇၂၆)

(၂) ဖွဲ့စည်းမှုသဘာဝ မဟုတ်သော ရုပ်သည် ရှိ၏ ‘န အာပေါဓာတု’ (အာပေါဓာတ်မှ တစ်ပါးသောရုပ်များ)။ (၇၂၇)

(၁) (နိပ္ဖန္န) ရုပ်၏ ပေါ့ပါးမှု ရုပ်သည် ရှိ၏ ‘ရူပဿ လဟုတာ’။ (၇၂၈)

(၂) နိပ္ဖန္န) ရုပ်၏ ပေါ့ပါးမှု မဟုတ်သော ရုပ်သည် ရှိ၏ ‘ရူပဿ န လဟုတာ’ (ရူပဿလဟုတာရုပ်မှတစ်ပါးသော ရုပ်များ)။ (၇၂၉)

(၁) (နိပ္ဖန္န) ရုပ်၏ နူးညံ့မှုရုပ်သည် ရှိ၏ ‘ရူပဿ မုဒုတာ’။ (၇၃၀)

(၂) (နိပ္ဖန္န) ရုပ်၏ နူးညံ့မှုမဟုတ်သော ရုပ်သည် ရှိ၏ ‘ရူပဿ န မုဒုတာ’ (ရူပဿ မုဒုတာရုပ်မှတစ်ပါးသော ရုပ်များ)။ (၇၃၁)

(၁) (နိပ္ဖန္န) ရုပ်၏ အလုပ်၌ ခံ့မှု (အမှုကိစ္စတို့၌ ပြီးမြောက်အောင် လိုက်လျောဆောင်ရှက်နိုင်မှု) ရုပ်သည်ရှိ၏ ‘ရူပဿ ကမ္မညတာ’။ (၇၃၂)

(၂) (နိပ္ဖန္န) ရုပ်၏ အလုပ်၌ ခံ့မှု (အမှုကိစ္စတို့၌ ပြီးမြောက်အောင် လိုက်လျောဆောင်ရှက်နိုင်မှု) မဟုတ်သော ရုပ်သည် ရှိ၏ ‘ရူပဿ န ကမ္မညတာ’ (ရူပဿ ကမ္မညတာရုပ်မှ တစ်ပါးသော ရုပ်များ)။ (၇၃၃)

(၁) (နိပ္ဖန္န) ရုပ်၏ ဖြစ်ပေါ်လာစ ရုပ်သည် ရှိ၏ ‘ရူပဿ ဥပစယ’။ (၇၃၄)

(၂) (နိပ္ဖန္န) ရုပ်၏ ဖြစ်ပေါ်လာစ မဟုတ်သော ရုပ်သည် ရှိ၏ ‘ရူပဿ န ဥပစယ’ (ဥပစယရုပ်မှ့တစ်ပါးသော ရုပ်များ)။ (၇၃၅)

(၁) (နိပ္ဖန္န) ရုပ်၏ ကြီးပွါးဆဲအစဉ် ရုပ်သည်ရှိ၏ ‘ရူပဿ သန္တတိ’။ (၇၃၆)

(၂) (နိပ္ဖန္န) ရုပ်၏ ကြီးပွါးဆဲအစဉ် မဟုတ်သော ရုပ်သည် ရှိ၏ ‘ရူပဿ န သန္တတိ’ (သန္တတိရုပ်မှတစ်ပါးသော ရုပ်များ)။ (၇၃၇)

--

(၁) (နိပ္ဖန္န) ရုပ်၏ ယိုယွင်း ရင့်ရော်လျော့ပါးမှုဟူသော ရုပ်သည် ရှိ၏ ‘ရူပဿ ဇရတာ’။ (၇၃၈)

(၂) (နိပ္ဖန္န) ရုပ်၏ ယိုယွင်း ရင့်ရော်လျော့ပါးမှု မဟုတ်သော ရုပ်သည် ရှိ၏ ‘ရူပဿ န ဇရတာ’ (ဇရတာရုပ်မှတစ်ပါးသော ရုပ်များ)။ (၇၃၉)

(၁) (နိပ္ဖန္န) ရုပ်၏ (ချုပ်ပျက်၍) မမြဲမှု (ပျောက်ပျက်ချုပ်ဆုံးမှု)ဟူသော ရုပ်သည် ရှိ၏ ‘ရူပဿအနိစ္စတာ’။ (၇၄၀)

(၂) (နိပ္ဖန္န) ရုပ်၏ (ချုပ်ပျက်၍) မမြဲမှု (ပျောက်ပျက်ချုပ်ဆုံးမှု) မဟုတ်သော ရုပ်သည် ရှိ၏ ‘ရူပဿ န အနိစ္စတာ’ (အနိစ္စတာရုပ်မှတစ်ပါးသော ရုပ်များ)။ (၇၄၁)

(၁) အလုတ်အလွေး ပြုအပ်သော အစာအာဟာရ ရုပ်သည် ရှိ၏ ‘ကဗဠီကာရ အာဟာရ’။ (၇၄၂)

(၂) အလုတ်အလွေး ပြုအပ်သော အစာအာဟာရ မဟုတ်သော ရုပ်သည် ရှိ၏ ‘န ကဗဠီကာရ အာဟာရ’ (အာဟာရရုပ်မှတစ်ပါးသော ရုပ်များ)။ (၇၄၃)

ဤသို့ နှစ်ဖို့ (နှစ်စု) အားဖြင့် ရုပ်ကို ရေတွက်အပ်၏။

ဒုက ပြီးပြီ။

--

သုံးမျိုးသုံးစားအားဖြင့် ဟောကြားခြင်း

တိက

ပကိဏ္ဏကတိက်

သုံးဖို့ (သုံးစု) အားဖြင့် ရုပ်ကို ရေတွက်ခြင်း ‘ရူပသင်္ဂဟ'ကား-

၅၈၅။ (၁) အကြင် အတွင်းသန္တာန်၌ ဖြစ်သော ‘အဇ္ဈတ္တိက'၁ ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် မှီတတ်သော ‘ဥပါဒါ'ရုပ်သာဖြစ်၏ (အဇ္ဈတ္တိကဥပါဒါရုပ်ဖြစ်သော ပသာဒရုပ်ငါးခု)။ (၇၄၄)

(၂) အကြင် အပသန္တာန်၌ ဖြစ်သော ‘ဗာဟိရ’ ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် မှီတတ်သော ‘ဥပါဒါ’ ရုပ်လည်း ရှိ၏ (ပသာဒရုပ်မှတစ်ပါးသော ဗာဟိရဥပါဒါရုပ်ဖြစ်သော ဥပါဒါရုပ်များ)။ (၇၄၅)

(၃) မမှီတတ်သော ‘နောဥပါဒါ’ ရုပ်လည်း ရှိ၏ (မဟာဘုတ်လေးပါး)။ (၇၄၆)

(၁) အကြင် အတွင်းသန္တာန်၌ ဖြစ်သော ‘အဇ္ဈတ္တိက’ ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် အာရုံပြုသောအားဖြင့် တဏှာ ဒိဋ္ဌိတို့ကပ်ရောက်အပ်သော ကံသည် (အကျိုး၏အဖြစ်ဖြင့်) စွဲယူအပ်သော ‘ဥပါဒိဏ္ဏ’ ရုပ် (ကမ္မဇရုပ်) သာ ဖြစ်၏။ (အတွင်းသန္တာန်၌ လည်းဖြစ်၍ တဏှာ ဒိဋ္ဌိတို့ကပ်ရောက်အပ်သောကံ၏ အကျိုးတရားလည်းဖြစ်သော အဇ္ဈတ္တိကကမ္မဇပသာဒရုပ်ငါးခု)။ (၇၄၇)

(၂) အကြင် အပသန္တာန်၌ ဖြစ်သော ‘ဗာဟိရ’ ရုပ်သည် (ရှိ၏)၊ ၊ ထိုရုပ်သည် အာရုံပြုသောအားဖြင့်တဏှာ ဒိဋ္ဌိတို့ကပ်ရောက်အပ်သော ကံသည် (အကျိုး၏ အဖြစ်ဖြင့်) စွဲယူအပ်သော ‘ဥပါဒိဏ္ဏ’ ရုပ် (ကမ္မဇရုပ်) လည်း ရှိ၏။ (အပသန္တာန်၌ လည်းဖြစ်၍ တဏှာ ဒိဋ္ဌိတို့ ကပ်ရောက် အပ်သောကံ၏ အကျိုးတရားလည်းဖြစ်သော ပသာဒရုပ်မှတစ်ပါးသော ဗာဟိရကမ္မဇရုပ် များ)။ (၇၄၈)

(၃) အာရုံပြုသောအားဖြင့် တဏှာ ဒိဋ္ဌိတို့ကပ်ရောက်အပ်သော ကံသည် (အကျိုး၏ အဖြစ်ဖြင့်) မစွဲယူအပ်သော ‘အနုပါဒိဏ္ဏ’ ရုပ် (ကမ္မဇမဟုတ်သောရုပ်) လည်းရှိ၏ (ကမ္မဇရုပ်မဟုတ်သော စိတ္တဇ,ဥတုဇ, အာဟာရဇရုပ်များ)။ (၇၄၉)

(၁) အကြင် အတွင်းသန္တာန်၌ ဖြစ်သော ‘အဇ္ဈတ္တိက’ ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် အာရုံပြုသောအားဖြင့် တဏှာ ဒိဋ္ဌိတို့ကပ်ရောက်အပ်သော ကံသည် (အကျိုး၏ အဖြစ်ဖြင့်) စွဲယူလည်း စွဲယူအပ်သည့်ဖြစ်၍ (ကမ္မဇရုပ်လည်းဖြစ်၍) လွန်စွာ စွဲလမ်းတတ်သော ‘ဥပါဒါန်’ တရားတို့၏ အစီးအပွါး (အာရုံလည်းဖြစ်သော ရုပ် (ကိလေသာဥပါဒါန်၏ အာရုံဖြစ်သော ရုပ်) သာ ဖြစ်၏ (အဇ္ဈတ္တိကဥပါဒိဏ္ဏုပါဒါနိယ ကမ္မဇပသာဒရုပ်)။ (၇၅၀)

(၂) အကြင် အပသန္တာန်၌ ဖြစ်သော ‘ဗာဟိရ’ ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် အာရုံပြုသောအားဖြင့်တဏှာ ဒိဋ္ဌိတို့ကပ်ရောက်အပ်သောကံသည် (အကျိုး၏ အဖြစ်ဖြင့်) စွဲယူလည်း စွဲယူအပ် သည်ဖြစ်၍ (ကမ္မဇရုပ်လည်းဖြစ်၍) လွန်စွာ စွဲလမ်းတတ်သော ‘ဥပါဒါန်’ တရားတို့၏ အစီးအပွါး (အာရုံ) လည်းဖြစ်သော ရုပ် (တဏှာကိလေသာတို့၏ အာရုံဖြစ်သော ရုပ်) လည်း ရှိ၏ (ပသာဒရုပ်မှတစ်ပါးသော ဗာဟိရဥပါဒိဏ္ဏုပါဒါနိယ ကမ္မဇရုပ်များ)။ (၇၅၁)

(၃) အာရုံပြုသောအားဖြင့် တဏှာ ဒိဋ္ဌိတို့ကပ်ရောက်အပ်သော ကံသည် (အကျိုး၏ အဖြစ်ဖြင့်) မစွဲယူအပ်သည်ဖြစ်၍ (ကမ္မဇရုပ်မဟုတ်သော ရုပ်ဖြစ်၍) လွန်စွာ စွဲလမ်းတတ်သော ‘ဥပါဒါန်’ တရားတို့၏အစီးအပွါး (အာရုံ) သာဖြစ်သော ရုပ် (တဏှာကိလေသာတို့၏ စွဲလမ်း ရာဖြစ်သော ရုပ်) လည်းရှိ၏ (ကမ္မဇရုပ်မဟုတ်သော ဗာဟိရအနုပါဒိဏ္ဏုပါဒါနိယ စိတ္တဇ, ဥတုဇ, အာဟာရဇရုပ်များ)။ (၇၅၂)

--

(၁) အကြင်အတွင်းသန္တာန်၌ ဖြစ်သော ‘အဇ္ဈတ္တိက’ ရုပ်သည် (ရှိ၏)၊ ထိုအတွင်းသန္တာန်၌ ဖြစ်သော ‘အဇ္ဈတ္တိက’ ရုပ်သည် မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွမဖြစ်သော ‘အနိဒဿန’ ရုပ်သာ ဖြစ်၏ (အတွင်းသန္တာန်၌ ဖြစ်၍ မမြင်အပ်သော ပသာဒရုပ်များ)။ (၇၅၃)

(၂) အကြင် အပသန္တာန်၌ ဖြစ်သော ‘ဗာဟိရ’ ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် မြင်အပ်သည်၏ အဖြစ် (မြင်ခြင်း) နှင့် တကွဖြစ်သော ‘သနိဒဿန’ ရုပ်လည်း ရှိ၏ (အပသန္တာန်၌ ဖြစ်၍ မြင် အပ်သော ရူပါရုံ)။ (၇၅၄)

(၃) မြင်အပ်သည်၏ အဖြစ် (မြင်ခြင်းနှင့် တကွမဖြစ်သော ‘အနိဒဿန'ရုပ်လည်း ရှိ၏ (အပ သန္တာန်၌ ဖြစ်၍ မမြင်အပ်သော, ရူပါရုံမှတစ်ပါးသော ‘ဗာဟိရ'ရုပ်များ)။ (၇၅၅)

(၁) အကြင် အတွင်းသန္တာန်၌ ဖြစ်သော ‘အဇ္ဈတ္တိက’ ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် ထိပါး (တိုက် ခိုက်) တတ်သည်၏အဖြစ် ထိပါး (တိုက်ခိုက်) ခြင်းနှင့် တကွဖြစ်သော ‘သပ္ပဋိဃ’ ရုပ်သာ ဖြစ်၏ (အတွင်းသန္တာန်၌ ဖြစ်၍ ထိပါးခြင်းနှင့်လည်း တကွဖြစ်သော သပ္ပဋိဃပသာဒရုပ်)။ (၇၅၆)

(၂) အကြင် အပသန္တာန်၌ ဖြစ်သော ‘ဗာဟိရ’ ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် ထိပါးတတ်သည်၏ အဖြစ်ထိပါးခြင်းနှင့် တကွဖြစ်သော ‘သပ္ပဋိဃ’ ရုပ်လည်းရှိ၏ (အပသန္တာန်၌ ဖြစ်၍ ထိပါး ခြင်းနှင့်တကွဖြစ်သော ပသာဒရုပ်မှတစ်ပါးသော ဩဠာရိကရုပ် ခုနစ်ပါး)။ (၇၅၇)

(၃) ထိပါးတတ်သည်၏အဖြစ် ထိပါးခြင်းနှင့် တကွမဖြစ်သော ‘အပ္ပဋိဃ’ ရုပ်လည်းရှိ၏ (ထိခိုက်၍ မရသောသုခုမရုပ်)။ (၇၅၈)

(၁) အကြင် အတွင်းသန္တာန်၌ ဖြစ်သော ‘အဇ္ဈတ္တိက’ ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် (သက်ဆိုင်ရာ ကိစ္စ၌) အစိုးရသော ‘ဣန္ဒြိယ’ ရုပ်သာဖြစ်၏ (အတွင်းသန္တာန်၌ ဖြစ်၍ မိမိဆိုင်ရာ ကိစ္စ၌ အစိုးရသော,ဣန္ဒြေထိုက်သော ပသာဒရုပ်)။ (၇၅၉)

(၂) အကြင် အပသန္တာန်၌ ဖြစ်သော ဗာဟိရ’ ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် (သက်ဆိုင်ရာကိစ္စ၌) အစိုးရသော ‘ဣန္ဒြိယ’ ရုပ်လည်းရှိ၏ (အပသန္တာန်၌ ဖြစ်၍ မိမိဆိုင်ရာ ကိစ္စ၌ အစိုးရသော, ဘာဝရုပ်,ဇီဝတရုပ်)။ (၇၆၀)

(၃) (သက်ဆိုင်ရာကိစ္စ၌) အစိုးရသည် မဟုတ် (အစိုးမရ) သော န ဣန္ဒြိယရုပ်လည်းရှိ၏ (ပသာဒရုပ်ငါးခု၊ ဘာဝရုပ်နှစ်ခု၊ ဇီဝိတရုပ်ဟူသော ဣန္ဒြိယရုပ်ရှစ်ခုမှတစ်ပါးသော န ဣန္ဒြိယရုပ် များ)။ (၇၆၁)

(၁) အကြင် အတွင်းသန္တာန်၌ ဖြစ်သော ‘အဇ္ဈတ္တိက’ ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် မဟာဘုတ်မဟုတ်သော ရုပ်သာဖြစ်၏ (အတွင်းသန္တာန်၌ ဖြစ်၍ မဟာဘုတ်မဟုတ်သော ပသာဒရုပ်)။ (၇၆၂)

(၂) အကြင် အပသန္တာန်၌ ဖြစ်သော ‘ဗာဟိရ’ ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် မဟာဘုတ်ရုပ်လည်း ရှိ၏ (အပသန္တာန်၌ ဖြစ်သော မဟာဘုတ် ၄- ပါး)။ (၇၆၃)

(၃) မဟာဘုတ်မဟုတ်သော ရုပ်လည်းရှိ၏ (အပသန္တာန်၌ ဖြစ်၍ မဟာဘုတ်မဟုတ်သော ဥပါဒါရုပ်များ)။ (၇၆၄)

(၁) အကြင် အတွင်းသန္တာန်၌ ဖြစ်သော အဇ္ဈတ္တိက’ ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် မိမိ၏ အလို ဆန္ဒကိုသိကြောင်းမဟုတ်သော ‘န ဝိညတ္တိ’ ရုပ်တည်း (အတွင်းသန္တာန်၌ ဖြစ်၍ မိမိ၏ အလို ဆန္ဒကို သိကြောင်းမဟုတ်သော ပသာဒရုပ်)။ (၇၆၅)

(၂) အကြင် အပသန္တာန်၌ ဖြစ်သော ‘ဗာဟိရ’ ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် မိမိ၏ အလိုဆန္ဒကိုသိကြောင်းဖြစ်သော ‘ဝိညတ္တိ’ ရုပ်လည်းရှိ၏။ (အပသန္တာန်၌ ဖြစ်၍ မိမိ၏ အလိုဆန္ဒကို သိကြောင်းဖြစ်သော ဝိညတ္တိရုပ် ၂ -ခု)။ (၇၆၆)

--

(၃) မိမိ၏ အလိုဆန္ဒကို သိကြောင်းမဟုတ်သော ‘န ဝိညတ္တိ’ ရုပ်လည်းရှိ၏ (အပသန္တာန်၌ ဖြစ်၍ မိမိ၏အလိုဆန္ဒကို သိကြောင်းမဟုတ်သော (ဝိညတ်ရုပ်မှတစ်ပါးသော) ဗာဟိရရုပ်များ)။ (၇၆၇)

(၁) အကြင် အတွင်းသန္တာန်၌ ဖြစ်သော ‘အဇ္ဈတ္တိက’ ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် စိတ်ကြောင့် ဖြစ်သော ‘စိတ္တသမုဋ္ဌာန’ မဟုတ်သော ရုပ်တည်း (အတွင်းသန္တာန်၌ သာ ဖြစ်၍ စိတ်ကြောင့် ဖြစ်သည် မဟုတ်သောပသာဒရုပ် ၅-ခု)။ (၇၆၈)

(၂) အကြင် အပသန္တာန်၌ ဖြစ်သော ‘ဗာဟိရ’ ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် စိတ်ကြောင့်ဖြစ်သော ‘စိတ္တသမုဋ္ဌာန’ ရုပ်လည်းရှိ၏ (အပသန္တာန်၌ လည်းဖြစ်၊ စိတ်ကြောင့်လည်း ဖြစ်သော စိတ္တဇရုပ်)။ (၇၆၉)

(၃) စိတ်ကြောင့်ဖြစ်သည် မဟုတ် (စိတ်ကြောင့် မဖြစ်) သော ‘န စိတ္တသမုဋ္ဌာန’ ရုပ်လည်းရှိ၏ (ပသာဒရုပ်မှ တစ်ပါးသော, အပသန္တာန်၌ ဖြစ်၍ စိတ်ကြောင့်ဖြစ်သည် မဟုတ်သော ကမ္မဇ, ဥတုဇ,အာဟာရဇရုပ်များ)။ (၇၇၀)

(၁) အကြင် အတွင်းသန္တာန်၌ ဖြစ်သော ‘အဇ္ဈတ္တိက’ ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် စိတ်နှင့်တကွဖြစ်သည် မဟုတ် (စိတ်နှင့် အတူဖြစ်, အတူပျက်မဟုတ်) သော ‘န စိတ္တသဟဘု’ ရုပ်တည်း (အတွင်းသန္တာန်၌ သာ ဖြစ်၍ စိတ်နှင့်အတူ တကွမဖြစ်သော ပသာဒရုပ် ၅-ခု)။ (၇၇၁)

(၂) အကြင် အပသန္တာန်၌ ဖြစ်သော ‘ဗာဟိရ’ ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် စိတ်နှင့် တကွ ဖြစ်သော ‘စိတ္တသဟဘု’ ရုပ်လည်းရှိ၏ (အပသန္တာန်၌ ဖြစ်၍ စိတ်နှင့် အတူဖြစ်, အတူပျက် သော ဝိညတ္တိရုပ်၂-ခု)။ (၇၇၂)

(၃) စိတ်နှင့် တကွဖြစ်သည် မဟုတ် (စိတ်နှင့် အတူဖြစ်, အတူပျက်မဟုတ်) သော ‘န စိတ္တသဟဘု’ ရုပ်လည်းရှိ၏ (ဝိညတ်ရုပ်မှတစ်ပါးသော စိတ်နှင့် အတူဖြစ်, အတူပျက်မဟုတ်သော ဗာဟိရ ရုပ်များ)။ (၇၇၃)

(၁) အကြင် အတွင်းသန္တာန်၌ ဖြစ်သော အဇ္ဈတ္တိက'ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် စိတ်သို့အစဉ်လိုက်သည် မဟုတ် (စိတ်နှင့် အတူဖြစ်, အတူပျက်မဟုတ်) သော ‘န စိတ္တာနုပရိဝတ္တိ’ ရုပ်တည်း (အတွင်းသန္တာန်၌ ဖြစ်၍ စိတ်နှင့် အတူဖြစ်, အတူပျက်မဟုတ်သော ပသာဒရုပ် ၅-ခု)။ (၇၇၄)

(၂) အကြင် အပသန္တာန်၌ ဖြစ်သော ‘ဗာဟိရ’ ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် စိတ်သို့ အစဉ်လိုက် သော (စိတ်နှင့် အတူဖြစ်, အတူပျက်ဖြစ်သော) ‘စိတ္တာနုပရိဝတ္တိ’ ရုပ်လည်း ရှိ၏ (အပ သန္တာန်၌ ဖြစ်၍စိတ်နှင့်အတူဖြစ်, အတူပျက်ဖြစ်စသော ဝိညတ္တိရုပ် ၂-ခု)။ (၇၇၅)

(၃) စိတ်သို့ အစဉ်လိုက်သည် မဟုတ် (စိတ်နှင့် အတူဖြစ်, အတူပျက်မဟုတ်) သော ‘န စိတ္တာနုပရိဝတ္တိ’ ရုပ်လည်း ရှိ၏။ (စိတ်နှင့် အတူဖြစ်, အတူပျက်ဖြစ်သော (ဝိညတ်ရုပ်မှ တစ်ပါးသော) ဗာဟိရရုပ်များ)။ (၇၇၆)

(၁) အကြင် အတွင်းသန္တာန်၌ ဖြစ်သော ‘အဇ္ဈတ္တိက’ ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် ကြမ်းတမ်း သော ‘ဩဠာရိက’ ရုပ်သာ ဖြစ်၏ (အတွင်းသန္တာန်၌ ဖြစ်သော ကြမ်းတမ်းသော ပသာဒရုပ် ၅-ခု)။ (၇၇၇)

(၂) အကြင် အပသန္တာန်၌ ဖြစ်သော ‘ဗာဟိရ’ ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် ကြမ်းတမ်းသော ‘ဩဠာရိက’ ရုပ်လည်း ရှိ၏ (အပသန္တာန်၌ ဖြစ်၍ ကြမ်းတမ်းသော ပသာဒရုပ်မှတစ်ပါးသောဩဠာရိကရုပ်ခုနစ်ခု)။ (၇၇၈)

(၃) သိမ်မွေ့သော ‘သုခုမ’ ရုပ်လည်းရှိ၏ (သိမ်မွေ့သော အာပေါစသော သုခုမရုပ်များ)။ (၇၇၉)

--

(၁) အကြင် အတွင်းသန္တာန်၌ ဖြစ်သော ‘အဇ္ဈတ္တိက’ ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် နီးကပ် (သိလွယ်) သော ‘သန္တိကေ’ ရုပ်သာ ဖြစ်၏ (အတွင်းသန္တာန်၌ ဖြစ်၍ နီးကပ်သော (သိလွယ် သော) ပသာဒရုပ် ၅-ခု)။ (၇၈၀)

(၂) အကြင် အပသန္တာန်၌ ဖြစ်သော ‘ဗာဟိရ’ ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် ဝေးကွာ (အသိခက်) သော ‘ဒူရေ’ ရုပ်လည်း ရှိ၏ (အပသန္တာန်၌ ဖြစ်၍ ဝေးကွာသော (အသိခက်သော) အာပေါ စသောဒူရေရုပ်, သုခုမရုပ်များ)။ (၇၈၁)

(၃) နီးကပ် (သိလွယ်) သော ‘သန္တိကေ’ ရုပ်လည်း ရှိ၏ နီးကပ်သော (သိလွယ်သော) ပသာဒရုပ်မှတစ်ပါးသော ‘သန္တိကေ’ ရုပ် (ဩဠာရိကရုပ် ခုနစ်ခု)။ (၇၈၂)

ပကိဏ္ဏကတိက် ပြီးပြီ။

ဝတ္ထုတိက်

(၁) အကြင် အပသန္တာန်၌ ဖြစ်သော ‘ဗာဟိရ'ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် မြင်သိစိတ် (စက္ခု ဝိညာဏ်) နှင့် ယှဉ်သော တွေ့ထိမှု ‘ဖဿ'၏ မှီရာ တည်ရာမဟုတ်သော ‘နဝတ္ထု'ရုပ်တည်း (ဝိသယရုပ်,သုခုမရုပ်ဟူသော ဗာဟိရရုပ်များ)။ (၇၈၃)

(၂) အကြင် အတွင်းသန္တာန်၌ ဖြစ်သော ‘အဇ္ဈတ္တိက’ ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် မြင်သိစိတ် (စက္ခုဝိညာဏ်) နှင့် ယှဉ်သော တွေ့ထိမှု ‘ဖဿ’ ၏ မှီရာ တည်ရာဖြစ်သော ‘ဝတ္ထု’ ရုပ်လည်း ရှိ၏ (စက္ခုပသာဒ)။ (၇၈၄)

(၃) မြင်သိစိတ် (စက္ခုဝိညာဏ်) နှင့် ယှဉ်သော တွေ့ထိမှု ‘ဖဿ’ ၏ မှီရာ တည်ရာ မဟုတ်သော ‘န ဝတ္ထု’ ရုပ်လည်းရှိ၏ (သောတ, ဃာန, ဇိဝှါ, ကာယပသာဒ ၄-ခု)။ (၇၈၅)

(၁) အကြင် အပသန္တာန်၌ ဖြစ်သော ‘ဗာဟိရ’ ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် မြင်သိစိတ် (စက္ခု ဝိညာဏ်) နှင့် ယှဉ်သော တွေ့ထိမှု ‘ဖဿ’ ကြောင့် ဖြစ်သော ခံစားမှု ‘ဝေဒနာ’ ၏။ပ။ မှတ် သားမှု ‘သညာ’ ၏။ပ။ စေ့ဆော်မှု (နှိုးဆော်မှု) ‘စေတနာ’ ၏။ပ။ မြင်သိစိတ် ‘စက္ခု ဝိညာဏ်’ ၏ မှီရာတည်ရာ ‘ဝတ္ထု’ မဟုတ်သော ရုပ်တည်း (ပသာဒရုပ်မှတစ်ပါးသော ရုပ်များ)။ (၇၈၆)

(၂) အကြင် အတွင်းသန္တာန်၌ ဖြစ်သော ‘အဇ္ဈတ္တိက’ ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် မြင်သိစိတ် ‘စက္ခုဝိညာဏ်’ ၏ မှီရာ တည်ရာ ‘ဝတ္ထု’ ရုပ်လည်းရှိ၏ (စက္ခုပသာဒ’။ (၇၈၇)

(၃) မြင်သိစိတ် ‘စက္ခုဝိညာဏ်’ ၏ မှီရာ တည်ရာ ‘ဝတ္ထု’ မဟုတ်သော ရုပ်လည်းရှိ၏ (သောတ, ဃာန,ဇိဝှါ, ကာယပသာဒ)။ (၇၈၈)

(၁) အကြင် အပသန္တာန်၌ ဖြစ်သော ‘ဗာဟိရ’ ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် ကြားသိစိတ် (သောတဝိညာဏ်) နှင့် ယှဉ်သော တွေ့ထိမှု ‘ဖဿ’ ၏။ပ။ နံသိစိတ် (ဃာနဝိညာဏ်) နှင့် ယှဉ်သောတွေ့ထိမှု ‘ဖဿ’ ၏။ပ။ လျက်သိစိတ် (ဇိဝှါဝိညာဏ်) နှင့် ယှဉ်သော တွေ့ထိမှု ‘ဖဿ’ ၏။ပ။ ထိသိစိတ် (ကာယဝိညာဏ်) နှင့် ယှဉ်သော တွေ့ထိမှု ‘ဖဿ’ ၏ မှီရာ တည်ရာ ‘ဝတ္ထု’ မဟုတ်သော ရုပ်တည်း (ပသာဒရုပ်ငါးခုမှတစ်ပါးသော ရုပ်များ)။ (၇၈၉)

--

(၂) အကြင် အတွင်းသန္တာန်၌ ဖြစ်သော အဇ္ဈတ္တိက’ ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် ထိသိစိတ် (ကာယဝိညာဏ်) နှင့် ယှဉ်သော တွေ့ထိမှု ‘ဖဿ’ ၏ မှီရာ တည်ရာ ‘ဝတ္ထု’ ရုပ်လည်း ရှိ၏ (ကာယပသာဒ)။ (၇၉၀)

(၃) ထိသိစိတ် (ကာယဝိညာဏ်) နှင့် ယှဉ်သော တွေ့ထိမှု ‘ဖဿ’ ၏ မှီရာတည်ရာ ‘ဝတ္ထု’ မဟုတ်သော ရုပ်လည်းရှိ၏ (စက္ခု, သောတ, ဃာန, ဇိဝှါပသာဒ ၄-ခု)။ (၇၉၁)

(၁) အကြင် အပသန္တာန်၌ ဖြစ်သော ‘ဗာဟိရ’ ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် ထိသိစိတ် (ကာယဝိညာဏ်) နှင့် ယှဉ်သော တွေ့ထိမှု ‘ဖဿ’ ကြောင့် ဖြစ်သော ခံစားမှု ‘ဝေဒနာ’ ၏။ပ။ မှတ် သားမှု ‘သညာ’ ၏။ပ။ စေ့ဆော်မှု (နှိုးဆော်မှု) ‘စေတနာ’ ၏။ပ။ ထိသိစိတ် ‘ကာယ ဝိညာဏ်’ ၏ မှီရာတည်ရာ ‘ဝတ္ထု’ မဟုတ်သော ရုပ်တည်း (ပသာဒရုပ်မှတစ်ပါးသော ရုပ်များ)။ (၇၉၂)

(၂) အကြင် အတွင်းသန္တာန်၌ ဖြစ်သော ‘အဇ္ဈတ္တိက’ ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် ထိသိစိတ် ‘ကာယဝိညာဏ်’ ၏ မှီရာတည်ရာ ‘ဝတ္ထု’ ရုပ်လည်း ရှိ၏ (ကာယပသာဒ)။ (၇၉၃)

(၃) ထိသိစိတ် ‘ကာယဝိညာဏ်’ ၏ မှီရာတည်ရာ ‘ဝတ္ထု’ မဟုတ်သော ရုပ်လည်း ရှိ၏ (စက္ခု, သောတ,ဃာန, ဇိဝှါပသာဒလေးခု)။ (၇၉၄)

ဝတ္ထုတိက် ပြီးပြီ။

အာရမ္မဏတိက်

(၁) အကြင် အတွင်းသန္တာန်၌ ဖြစ်သော ‘အဇ္ဈတ္တိက'ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် မြင်သိစိတ် (စက္ခုဝိညာဏ်) နှင့် ယှဉ်သော တွေ့ထိမှု ‘ဖဿ'၏ အာရုံမဟုတ်သော ‘နာရမ္မဏ'ရုပ်တည်း (ပသာဒရုပ်ငါးခု)။ (၇၉၅)

(၂) အကြင် အပသန္တာန်၌ ဖြစ်သော ‘ဗာဟိရ’ ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် မြင်သိစိတ် (စက္ခုဝိညာဏ်) နှင့် ယှဉ်သော တွေ့ထိမှု ‘ဖဿ’ ၏ အာရုံဖြစ်သော ‘အာရမ္မဏ’ ရုပ်လည်း ရှိ၏ (ရူပါရုံ)။ (၇၉၆)

(၃) မြင်သိစိတ် (စက္ခုဝိညာဏ်) နှင့် ယှဉ်သော တွေ့ထိမှု ‘ဖဿ’ ၏ အာရုံမဟုတ်သော ‘နာရမ္မဏ’ ရုပ်လည်း ရှိ၏ (ရူပါရုံမှတစ်ပါးသော ဗာဟိရရုပ်များ)။ (၇၉၇)

(၁) အကြင် အတွင်းသန္တာန်၌ ဖြစ်သော ‘အဇ္ဈတ္တိက’ ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် မြင်သိစိတ် ‘စက္ခုဝိညာဏ်) နှင့် ယှဉ်သော တွေ့ထိမှု ‘ဖဿ’ ကြောင့် ဖြစ်သော ခံစားမှု ‘ဝေဒနာ’ ၏။ပ။ မှတ်သားမှု ‘သညာ’ ၏။ပ။ စေ့ဆော်မှု (နှိုးဆော်မှု) ‘စေတနာ’ ၏။ပ။ မြင်သိစိတ် ‘စက္ခု ဝိညာဏ်’ ၏အာရုံမဟုတ်သော ‘နာရမ္မဏ’ ရုပ်တည်း (ပသာဒရုပ်ငါးခု)။ (၇၉၈)

(၂) အကြင် အပသန္တာန်၌ ဖြစ်သော ‘ဗာဟိရ’ ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် မြင်သိစိတ် ‘စက္ခုဝိညာဏ်’ ၏ အာရုံဖြစ်သော ‘အာရမ္မဏ’ ရုပ်လည်း ရှိ၏ (ရူပါရုံ)။ (၇၉၉)

(၃) မြင်သိစိတ် ‘စက္ခုဝိညာဏ်’ ၏ အာရုံမဟုတ်သော ‘နာရမ္မဏ’ ရုပ်လည်း ရှိ၏ (ရူပါရုံမှ တစ်ပါးသောဗာဟိရရုပ်များ)။ (၈၀၀)

--

(၁) အကြင် အတွင်းသန္တာန်၌ ဖြစ်သော ‘အဇ္ဈတ္တိက’ ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် ကြားသိစိတ် (သောတဝိညာဏ်) နှင့် ယှဉ်သော တွေ့ထိမှု ‘သောတသမ္ဖဿ’ ၏။ပ။ နံသိစိတ် (ဃာနဝိညာဏ်) နှင့် ယှဉ်သော တွေ့ထိမှု ‘ဃာနသမ္ဖဿ’ ၏။ပ။ လျက်သိစိတ် (ဇိဝှါဝိညာဏ်) နှင့် ယှဉ်သောတွေ့ထိမှု ‘ဇိဝှါသမ္ဖဿ’ ၏။ပ။ ထိသိစိတ် (ကာယဝိညာဏ်) နှင့် ယှဉ်သော တွေ့ထိမှု ‘ကာယသမ္ဖဿ’ ၏အာရုံမဟုတ်သော ‘နာရမ္မဏ’ ရုပ်တည်း (ပသာဒရုပ် ငါးခု)။ (၈၀၁)

(၂) အကြင် အပသန္တာန်၌ ဖြစ်သော ‘ဗာဟိရ’ ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် ထိသိစိတ် (ကာယ့ဝိညာဏ်) နှင့် ယှဉ်သော တွေ့ထိမှု ‘ကာယသမ္ဖဿ’ ၏ အာရုံဖြစ်သော ‘အာရမ္မဏ’ ရုပ်လည်း ရှိ၏ (ဖောဋ္ဌဗ္ဗာရုံ)။ (၈၀၂)

(၃) ထိသိစိတ် (ကာယဝိညာဏ်) နှင့် ယှဉ်သော တွေ့ထိမှု ‘ဖဿ’ ၏ အာရုံမဟုတ်သော ‘နာရမ္မဏ’ ရုပ်လည်း ရှိ၏ (ဖောဋ္ဌဗ္ဗာရုံမှ တစ်ပါးသော ဗာဟိရရုပ်များ)။ (၈၀၃)

(၁) အကြင် အတွင်းသန္တာန်၌ ဖြစ်သော ‘အဇ္ဈတ္တိက’ ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် ထိသိစိတ် (ကာယဝိညာဏ်) နှင့် ယှဉ်သော တွေ့ထိမှု ‘ဖဿ’ ကြောင့်ဖြစ်သော ခံစားမှု ‘ဝေဒနာ’ ၏။ပ။ မှတ်သားမှု ‘သညာ’ ၏။ပ။ စေ့ဆော်မှု (နှိုးဆော်မှု) ‘စေတနာ’ ၏။ပ။ ထိသိစိတ် ‘ကာယဝိညာဏ်’ ၏အာရုံမဟုတ်သော ‘နာရမ္မဏ’ ရုပ်တည်း။ (ပသာဒရုပ် ငါးခု)။ (၈၀၄)

(၂) အကြင် အပသန္တာန်၌ ဖြစ်သော ‘ဗာဟိရ’ ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် ထိသိစိတ် ‘ကာယဝိညာဏ်’ ၏ အာရုံဖြစ်သော ‘အာရမ္မဏ’ ရုပ်လည်း ရှိ၏ (ဖောဋ္ဌဗ္ဗာရုံ)။ (၈၀၅)

(၃) ထိသိစိတ် ‘ကာယဝိညာဏ်’ ၏ အာရုံမဟုတ်သော ‘နာရမ္မဏ’ ရုပ်လည်း ရှိ၏ (ဖောဋ္ဌဗ္ဗာရုံမှတစ်ပါးသော ဗာဟိရရုပ်များ)။ (၈၀၆)

အာရမ္မဏတိက် ပြီးပြီ။

အာယတနတိက်

(၁) အကြင် အပသန္တာန်၌ ဖြစ်သော ‘ဗာဟိရ'ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ရာ မျက်စိအကြည် ‘စက္ခာယတန’ မမည်သော ရုပ်တည်း (အပသန္တာန်၌ ဖြစ်၍စက္ခာယတနမမည်သော ဗာဟိရရုပ်များ)။ (၈၀၇)

(၂) အကြင် အတွင်းသန္တာန်၌ ဖြစ်သော ‘အဇ္ဈတ္တိက’ ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ရာ မျက်စိအကြည် ‘စက္ခာယတန’ မည်သော ရုပ်လည်းရှိ၏ (စက္ခုပသာဒ)။ (၈၀၈)

(၃) မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ရာ မျက်စိအကြည် ‘စက္ခာယတန’ မမည်သော ရုပ်လည်းရှိ၏ (သောတ, ဃာန, ဇိဝှါ, ကာယပသာဒ)။ (၈၀၉)

(၁) အကြင် အပသန္တာန်၌ ဖြစ်သော ‘ဗာဟိရ’ ရုပ်သည် (ရှိ၏)၊ ၊ ထိုရုပ်သည် ကြားသိစိတ် (သောတဝိညာဏ်) ဖြစ်ရာ နားအကြည် ‘သောတာယတန’ မမည်သော ရုပ်တည်း။ပ။ နံသိ စိတ် (ဃာနဝိညာဏ်) ဖြစ်ရာ နှာခေါင်းအကြည် ‘ဃာနယတန’ မမည်သော ရုပ်တည်း။ပ။ လျက်သိစိတ် (ဇိဝှါဝိညာဏ်) ဖြစ်ရာ လျှာအကြည် ‘ဇိဝှါယတန’ မမည်သော ရုပ်တည်း။ပ။ ထိသိစိတ် (ကာယဝိညာဏ်) ဖြစ်ရာ ကိုယ်အကြည် ‘ကာယာယတန’ မမည်သော ရုပ်တည်း (ဗာဟိရရုပ်များ)။ (၈၁၀)

--

(၂) အကြင် အတွင်းသန္တာန်၌ ဖြစ်သော ‘အဇ္ဈတ္တိက’ ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် ထိသိစိတ် (ကာယဝိညာဏ်) ဖြစ်ရာ ကိုယ်အကြည် ‘ကာယာယတန’ မည်သော ရုပ်လည်း ရှိ၏ (ကာယ ပသာဒ)။ (၈၁၁)

(၃) ထိသိစိတ် (ကာယဝိညာဏ်) ဖြစ်ရာ ကိုယ်အကြည် ‘ကာယာယတန'မမည်သော ရုပ်လည်း ရှိ၏ (စက္ခု, သောတ, ဃာန, ဇိဝှါပသာဒ)။ (၈၁၂)

(၁) အကြင် အတွင်းသန္တာန်၌ ဖြစ်သော ‘အဇ္ဈတ္တိက’ ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ကြောင်း အဆင်း ‘ရူပါယတန’ မမည်သော ရုပ်တည်း (ပသာဒရုပ် ငါးခု)။ (၈၁၃)

(၂) အကြင် အပသန္တာန်၌ ဖြစ်သော ‘ဗာဟိရ’ ရုပ်သည် (ရှိ၏)၊ ထိုအပသန္တာန်၌ ဖြစ်သော ‘ဗာဟိရ’ ရုပ်သည် မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ကြောင်း အဆင်း ‘ရူပါယတန’ မည်သော ရုပ်လည်းရှိ၏ (ရူပါရုံ)။ (၈၁၄)

(၃) မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ကြောင်း အဆင်း ‘ရူပါယတန’ မမည်သော ရုပ်လည်း ရှိ၏့ (ရူပါရုံမှတစ်ပါးသော ဗာဟိရရုပ်များ)။ (၈၁၅)

(၁) အကြင် အတွင်းသန္တာန်၌ ဖြစ်သော ‘အဇ္ဈတ္တိက’ ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် ကြားသိစိတ် (သောတဝိညာဏ်) ဖြစ်ကြောင်း အသံ ‘သဒ္ဒါယတန’ မမည်သော ရုပ်တည်း။ပ။ နံသိစိတ် (ဃာနဝိညာဏ်) ဖြစ်ကြောင်း အနံ့ ‘ဂန္ဓာယတန’ မမည်သော ရုပ်တည်း။ပ။ လျက်သိစိတ် (ဇိဝှါဝိညာဏ်) ဖြစ်ကြောင်း အရသာ ‘ရသာယတန’ မမည်သော ရုပ်တည်း။ပ။ ထိသိစိတ် (ကာယဝိညာဏ်) ဖြစ်ကြောင်း အတွေ့ ‘ဖောဋ္ဌဗ္ဗာယတန’ မမည်သော ရုပ်တည်း (ပသာဒရုပ် ငါးခု)။ (၈၁၆)

(၂) အကြင် အပသန္တာန်၌ ဖြစ်သော ‘ဗာဟိရ’ ရုပ်သည် (ရှိ၏)၊ ထိုအပသန္တာန်၌ ဖြစ်သော ‘ဗာဟိရ’ ရုပ်သည် ထိသိစိတ် (ကာယဝိညာဏ်) ဖြစ်ကြောင်း အတွေ့ ‘ဖောဋ္ဌဗ္ဗာယတန’ မည် သောရုပ်လည်း ရှိ၏ (ဖောဋ္ဌဗ္ဗာရုံ)။ (၈၁၇)

(၃) ထိသိစိတ် (ကာယဝိညာဏ်) ဖြစ်ကြောင်း အတွေ့ ‘ဖောဋ္ဌဗ္ဗာယတန’ မမည်သော ရုပ်လည်း ရှိ၏ (ဖောဋ္ဌဗ္ဗာရုံမှတစ်ပါးသော ဗာဟိရရုပ်များ)။ (၈၁၈)

အာယတနတိက် ပြီးပြီ။

ဓာတုတိက်

(၁) အကြင် အပသန္တာန်၌ ဖြစ်သော ‘ဗာဟိရ'ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် မြင်မှုသဘော ‘စက္ခုဓာတု'မမည်သော ရုပ်တည်း (ပသာဒရုပ်မှတစ်ပါးသော ရုပ်များ)။ (၈၁၉)

(၂) အကြင် အတွင်းသန္တာန်၌ ဖြစ်သော ‘အဇ္ဈတ္တိက’ ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် မြင်မှုသဘော ‘စက္ခုဓာတု’ မည်သော ရုပ်လည်း ရှိ၏ (စက္ခုပသာဒ)။ (၈၂၀)

(၃) မြင်မှုသဘော ‘စက္ခုဓာတု’ မမည်သော ရုပ်လည်း ရှိ၏ (သောတ, ဃာန, ဇိဝှါ, ကာယ ပသာဒ)။ (၈၂၁)

(၁) အကြင် အပသန္တာန်၌ ဖြစ်သော ‘ဗာဟိရ’ ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် ကြားမှုသဘော ‘သောတဓာတု’ မမည်သော ရုပ်တည်း။ပ။ နံမှုသဘော ‘ဃာနဓာတု'မမည်သော ရုပ်တည်း။ပ။ လျက်မှုသဘော ‘ဇိဝှါဓာတု'မမည်သော ရုပ်တည်း။ပ။ ထိမှုသဘော ‘ကာယဓာတု’ မမည်သော ရုပ်တည်း (ပသာဒရုပ်မှတစ်ပါးသော ရုပ်များ)။ (၈၂၂)

--

(၂) အကြင် အတွင်းသန္တာန်၌ ဖြစ်သော ‘အဇ္ဈတ္တိက’ ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် ထိမှုသဘော ‘ကာယဓာတု’ မည်သော ရုပ်လည်းရှိ၏ (ကာယပသာဒ)။ (၈၂၃)

(၃) ထိမှုသဘော ‘ကာယဓာတု’ မမည်သော ရုပ်လည်းရှိ၏ (စက္ခု, သောတ, ဃာန, ဇိဝှါ ပသာဒ)။ (၈၂၄)

(၁) အကြင် အတွင်းသန္တာန်၌ ဖြစ်သော ‘အဇ္ဈတ္တိက'ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် အဆင်း သဘော ‘ရူပဓာတု’ မမည်သော ရုပ်တည်း (ပသာဒရုပ်ငါးခု)။ (၈၂၅)

(၂) အကြင် အပသန္တာန်၌ ဖြစ်သော ‘ဗာဟိရ’ ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် အဆင်းသဘော ‘ရူပဓာတု’ မည်သော ရုပ်လည်းရှိ၏ (ရူပါရုံ)။ (၈၂၆)

(၃) အဆင်းသဘော ‘ရူပဓာတု’ မမည်သော ရုပ်လည်း ရှိ၏ (ရူပါရုံမှတစ်ပါးသော ဗာဟိရရုပ် များ)။ (၈၂၇)

(၁) အကြင် အတွင်းသန္တာန်၌ ဖြစ်သော ‘အဇ္ဈတ္တိက'ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် အသံသဘော ‘သဒ္ဒဓာတု'မမည်သော ရုပ်တည်း။ပ။ အနံ့သဘော ‘ဂန္ဓဓာတု'မမည်သော ရုပ်တည်း။ပ။ အရသာသဘော ‘ရသဓာတု'မမည်သော ရုပ်တည်း။ပ။ အတွေ့သဘော ‘ဖောဋ္ဌဗ္ဗဓာတု’ မမည်သောရုပ်တည်း (ပသာဒရုပ်ငါးခု)။ (၈၂၈)

(၂) အကြင် အပသန္တာန်၌ ဖြစ်သော ‘ဗာဟိရ’ ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် အတွေ့သဘော ‘ဖောဋ္ဌဗ္ဗဓာတု’ မည်သော ရုပ်လည်းရှိ၏ (ဖောဋ္ဌဗ္ဗာရုံ)။ (၈၂၉)

(၃) အတွေ့သဘော ‘ဖောဋ္ဌဗ္ဗဓာတု’ မမည်သော ရုပ်လည်း ရှိ၏ (ဖောဋ္ဌဗ္ဗာရုံမှတစ်ပါးသောဗာဟိရရုပ်များ)။ (၈၃၀)

ဓာတုတိက် ပြီးပြီ။

ဣန္ဒြိယတိက်

(၁) အကြင် အပသန္တာန်၌ ဖြစ်သော ‘ဗာဟိရ'ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် မြင်မှု၌ အစိုးရသောမျက်စိအကြည် ‘စက္ခုန္ဒြေ'မမည်သော ရုပ်တည်း (ပသာဒရုပ်မှတစ်ပါးသော ရုပ်များ)။ (၈၃၁)

(၂) အကြင် အတွင်းသန္တာန်၌ ဖြစ်သော ‘အဇ္ဈတ္တိက’ ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် မြင်မှု၌ အစိုးရ သောမျက်စိအကြည် ‘စက္ခုန္ဒြေ’ မည်သော ရုပ်လည်းရှိ၏ (စက္ခုပသာဒ)။ (၈၃၂)

(၃) မြင်မှု၌ အစိုးရသော မျက်စိအကြည် ‘စက္ခုန္ဒြေ’ မမည်သော ရုပ်လည်း ရှိ၏ (သောတ, ဃာန, ဇိဝှါ,ကာယပသာဒ)။ (၈၃၃)

(၁) အကြင် အပသန္တာန်၌ ဖြစ်သော ‘ဗာဟိရ’ ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် ကြားမှု၌ အစိုးရ သောနားအကြည် ‘သောတိန္ဒြေ’ မမည်သော ရုပ်တည်း။ပ။ နံမှု၌ အစိုးရသော နှာခေါင်း အကြည် ‘ဃာနိန္ဒြေ’ မမည်သော ရုပ်တည်း။ပ။ လျက်မှု၌ အစိုးရသော လျှာအကြည် ‘ဇိဝှိန္ဒြေ’ မမည်သောရုပ်တည်း။ပ။ ထိမှု၌ အစိုးရသော ကိုယ်အကြည် ‘ကာယိန္ဒြေ’ မမည် သော ရုပ်တည်း (ပသာဒရုပ်မှတစ်ပါးသော ရုပ်များ)။ (၈၃၄)

--

(၂) အကြင် အတွင်းသန္တာန်၌ ဖြစ်သော ‘အဇ္ဈတ္တိက’ ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် ထိမှု၌ အစိုးရ သောကိုယ်အကြည် ‘ကာယိန္ဒြေ’ မည်သော ရုပ်လည်း ရှိ၏ (ကာယပသာဒ)။ (၈၃၅)

(၃) ထိမှု၌ အစိုးရသော ကိုယ်အကြည် ‘ကာယိန္ဒြေ’ မမည်သော ရုပ်လည်း ရှိ၏ (စက္ခု, သောတ,ဃာန, ဇိဝှါပသာဒ)။ (၈၃၆)

(၁) အကြင် အတွင်းသန္တာန်၌ ဖြစ်သော ‘အဇ္ဈတ္တိက’ ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် မိန်းမဖြစ် ကြောင်း၌ အစိုးရမှု ‘ဣတ္ထိန္ဒြေ’ မမည်သော ရုပ်တည်း (ပသာဒရုပ် ငါးခု)။ (၈၃၇)

(၂) အကြင် အပသန္တာန်၌ ဖြစ်သော ‘ဗာဟိရ’ ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် မိန်းမဖြစ်ကြောင်း၌ အစိုးရမှု ‘ဣတ္ထိန္ဒြေ’ မည်သော ရုပ်လည်း ရှိ၏ (ဣတ္ထိဘာဝရုပ်)။ (၈၃၈)

(၃) မိန်းမဖြစ်ကြောင်း၌ အစိုးရမှု ‘ဣတ္ထိန္ဒြေ’ မမည်သော ရုပ်လည်းရှိ၏ (ဣတ္တိဘာဝရုပ်မှတစ်ပါး သောဗာဟိရရုပ်များ)။ (၈၃၉)

(၁) အကြင် အတွင်းသန္တာန်၌ ဖြစ်သော ‘အဇ္ဈတ္တိက’ ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် ယောက်ျားဖြစ်ကြောင်း၌ အစိုးရမှု ‘ပုရိသိန္ဒြေ’ မမည်သော ရုပ်တည်း (ပသာဒရုပ် ငါးခု)။ (၈၄၀)

(၂) အကြင် အပသန္တာန်၌ ဖြစ်သော ‘ဗာဟိရ’ ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် ယောက်ျားဖြစ် ကြောင်း၌ အစိုးရမှု ‘ပုရိသိန္ဒြေ’ မည်သော ရုပ်လည်း ရှိ၏ (ပုရိသဘာဝရုပ်)။ (၈၄၁)

(၃) ယောက်ျားဖြစ်ကြောင်း၌ အစိုးရမှု ‘ပုရိသိန္ဒြေ’ မမည်သော ရုပ်လည်း ရှိ၏ (ပုရိသဘာဝရုပ်မှတစ်ပါးသော ဗာဟိရရုပ်များ)။ (၈၄၂)

(၁) အကြင် အတွင်းသန္တာန်၌ ဖြစ်သော ‘အဇ္ဈတ္တိက’ ရုပ်သည် ရှိ၏၊ ထိုရုပ်သည် အသက်ရှည် ကြောင်း၌ အစိုးရမှု ‘ဇီဝိတိန္ဒြေ’ မမည်သော ရုပ်တည်း (ပသာဒရုပ် ငါးခု)။ (၈၄၃)

(၂) အကြင် အပသန္တာန်၌ ဖြစ်သော ‘ဗာဟိရ’ ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် အသက်ရှည်ကြောင်း၌ အစိုးရမှု ‘ဇီဝိတိန္ဒြေ’ မည်သော ရုပ်လည်း ရှိ၏ (ဇီဝိတရုပ်)။ (၈၄၄)

(၃) အသက်ရှည်ကြောင်း၌ အစိုးရမှု ‘ဇီဝိတိန္ဒြေ’ မမည်သော ရုပ်လည်း ရှိ၏ (ဇီဝိတရုပ်မှတစ်ပါး သောဗာဟိရရုပ်များ)။ (၈၄၅)

ဣန္ဒြိယတိက် ပြီးပြီ။

--

သုခုမရူပတိက်

(၁) အကြင် အတွင်းသန္တာန်၌ ဖြစ်သော ‘အဇ္ဈတ္တိက'ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် မိမိ၏ အလို ဆန္ဒကိုကိုယ်အမူအရာဖြင့် သိစေမှု ‘ကာယဝိညတ်'မမည်သော ရုပ်တည်း (ပသာဒရုပ်ငါးခု)။ (၈၄၆)

(၂) အကြင် အပသန္တာန်၌ ဖြစ်သော ‘ဗာဟိရ’ ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် မိမိ၏ အလိုဆန္ဒကိုကိုယ်အမူအရာဖြင့် သိစေမှု ‘ကာယဝိညတ်’ မည်သော ရုပ်လည်းရှိ၏ (ကာယဝိညတ်)။ (၈၄၇)

(၃) မိမိ၏ အလိုဆန္ဒကို ကိုယ်အမူအရာဖြင့် သိစေမှု ‘ကာယဝိညတ်’ မမည်သော ရုပ်လည်း ရှိ၏ (ကာယဝိညတ်မှတစ်ပါးသော ဗာဟိရရုပ်များ)။ (၈၄၈)

(၁) အကြင် အတွင်းသန္တာန်၌ ဖြစ်သော ‘အဇ္ဈတ္တိက’ ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် မိမိ၏ အလို ဆန္ဒကိုနှုတ်မြွက်ခြင်းဖြင့် သိစေမှု ‘ဝစီဝိညတ်’ မမည်သော ရုပ်တည်း (ပသာဒရုပ်ငါးခု)။ (၈၄၉)

(၂) အကြင် အပသန္တာန်၌ ဖြစ်သော ‘ဗာဟိရ’ ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် မိမိ၏ အလိုဆန္ဒကိုနှုတ်မြွက်ခြင်းဖြင့် သိစေမှု ‘ဝစီဝိညတ်’ မည်သော ရုပ်လည်းရှိ၏ (ဝစီဝိညတ်)။ (၈၅၀)

(၃) မိမိ၏ အလိုဆန္ဒကို နှုတ်မြွက်ခြင်းဖြင့် သိစေမှု ‘ဝစီဝိညတ်’ မမည်သော ရုပ်လည်းရှိ၏ (ဝစီဝိညတ်မှတစ်ပါးသော ဗာဟိရရုပ်များ)။ (၈၅၁)

(၁) အကြင် အတွင်းသန္တာန်၌ ဖြစ်သော ‘အဇ္ဈတ္တိက’ ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် မရေးခြစ်အပ် သော (ရေးခြစ်၍ မရသော ဟင်းလင်း) သဘော ‘အာကာသဓာတ်’ မမည်သော ရုပ်တည်း (ပသာဒရုပ် ငါးခု) (၈၅၂)

(၂) အကြင် အပသန္တာန်၌ ဖြစ်သော ‘ဗာဟိရ'ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် မရေးခြစ်အပ်သော (ရေးခြစ်၍ မရသော ဟင်းလင်း) သဘော ‘အာကာသဓာတ်’မည်သော ရုပ်လည်း ရှိ၏ (ပရိစ္ဆေဒရုပ်)။ (၈၅၃)

(၃) မရေးခြစ်အပ်သော (ရေးခြစ်၍ မရသော ဟင်းလင်း) သဘော ‘အာကာသဓာတ်’ မမည်သောရုပ်လည်း ရှိ၏ (ပရိစ္ဆေဒရုပ်မှတစ်ပါးသော ဗာဟိရရုပ်များ)။ (၈၅၄)

(၁) အကြင် အတွင်းသန္တာန်၌ ဖြစ်သော ‘အဇ္ဈတ္တိက’ ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် ဖွဲ့စည်းမှု (ရေ)ဟူသော သဘော ‘အာပေါဓာတ်’ မမည်သော ရုပ်တည်း (ပသာဒရုပ်ငါးခု)။ (၈၅၅)

(၂) အကြင် အပသန္တာန်၌ ဖြစ်သော ‘ဗာဟိရ’ ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် ဖွဲ့စည်းမှု (ရေ)ဟူသော ‘အာပေါဓာတ်’ မည်သော ရုပ်လည်း ရှိ၏ (အာပေါဓာတ်)။ (၈၅၆)

(၃) ဖွဲ့စည်းမှု (ရေ)ဟူသော ‘အာပေါဓာတ်’ မမည်သော ရုပ်လည်းရှိ၏ (အာပေါဓာတ်မှတစ်ပါး သောဗာဟိရရုပ်များ)။ (၈၅၇)

(၁) အကြင် အတွင်းသန္တာန်၌ ဖြစ်သော ‘အဇ္ဈတ္တိက’ ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် ရုပ်၏ လျင်မြန်ပေါ့ပါးမှု ‘ရူပဿ လဟုတာ’ မမည်သော ရုပ်တည်း (ပသာဒရုပ်ငါးခု)။ (၈၅၈)

(၂) အကြင် အပသန္တာန်၌ ဖြစ်သော ‘ဗာဟိရ’ ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် ရုပ်၏ လျင်မြန် ပေါ့ပါးမှု ‘ရူပဿ လဟုတာ’ မည်သော ရုပ်လည်း ရှိ၏ (ရူပဿလဟုတာ)။ (၈၅၉)

(၃) ရုပ်၏ လျင်မြန်ပေါ့ပါးမှု ‘ရူပဿ လဟုတာ’ မမည်သော ရုပ်လည်းရှိ၏ (ရူပဿ လဟုတာမှတစ်ပါးသော ဗာဟိရရုပ်များ)။ (၈၆၀)

--

(၁) အကြင် အတွင်းသန္တာန်၌ ဖြစ်သော ‘အဇ္ဈတ္တိက’ ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် ရုပ်၏ နူးညံ့မှု့ ‘ရူပဿ မုဒုတာ’ မမည်သော ရုပ်တည်း (ပသာဒရုပ်ငါးခု)။ (၈၆၁)

(၂) အကြင် အပသန္တာန်၌ ဖြစ်သော ‘ဗာဟိရ’ ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် ရုပ်၏ နူးညံ့မှု ‘ရူပဿမုဒုတာ’ မည်သော ရုပ်လည်း ရှိ၏ (ရူပဿ မုဒုတာ)။ (၈၆၂)

(၃) ရုပ်၏ နူးညံ့မှု ‘ရူပဿ မုဒုတာ’ မမည်သော ရုပ်လည်း ရှိ၏ (ရူပဿ မုဒုတာရုပ်မှတစ်ပါး သောဗာဟိရရုပ်များ)။ (၈၆၃)

(၁) အကြင် အတွင်းသန္တာန်၌ ဖြစ်သော ‘အဇ္ဈတ္တိက’ ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် ရုပ်၏ခံ့မှု (အမှုကိစ္စတို့၌ ပြီးမြောက်အောင် လိုက်လျောဆောင်ရွက်နိုင်မှု) ‘ရူပဿ ကမ္မညတာ’ မမည် သောရုပ်တည်း (ပသာဒရုပ်ငါးခု)။ (၈၆၄)

(၂) အကြင် အပသန္တာန်၌ ဖြစ်သော ‘ဗာဟိရ’ ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် ရုပ်၏ခံ့မှု (အမှုကိစ္စ တို့၌ ပြီးမြောက်အောင် လိုက်လျောဆောင်ရွက်နိုင်မှု) ရူပဿ ကမ္မညတာ’ မည်သော ရုပ်လည်း ရှိ၏ (ရူပဿကမ္မညတာ)။ (၈၆၅)

(၃) ရုပ်၏ခံ့မှု (အမှုကိစ္စတို့၌ ပြီးမြောက်အောင် လိုက်လျောဆောင်ရွက်နိုင်မှု) ‘ရူပဿ ကမ္မညတာ’ မမည်သော ရုပ်လည်း ရှိ၏ (ရူပဿ ကမ္မညတာမှတစ်ပါးသော ဗာဟိရရုပ်များ)။ (၈၆၆)

(၁) အကြင် အတွင်းသန္တာန်၌ ဖြစ်သော ‘အဇ္ဈတ္တိက’ ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် ရုပ်၏ ဖြစ်စ ‘ရူပဿဥပစယ’ မမည်သော ရုပ်တည်း (ပသာဒရုပ်ငါးခု)။ (၈၆၇)

(၂) အကြင် အပသန္တာန်၌ ဖြစ်သော ‘ဗာဟိရ’ ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် ရုပ်၏ ဖြစ်စ ‘ရူပဿဥပစယ’ မည်သော ရုပ်လည်းရှိ၏ (ရူပဿ ဥပစယ)။ (၈၆၈)

(၃) ရုပ်၏ ဖြစ်စ ‘ရူပဿ ဥပစယ’ မမည်သော ရုပ်လည်း ရှိ၏ (ရူပဿ ဥပစယမှတစ်ပါးသောဗာဟိရရုပ်များ)။ (၈၆၉)

(၁) အကြင် အတွင်းသန္တာန်၌ ဖြစ်သော ‘အဇ္ဈတ္တိက’ ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် ရုပ်၏ ကြီးပွါးဆဲအစဉ် ‘ရူပဿ သန္တတိ’ မည်သော ရုပ်လည်း ရှိ၏ (ပသာဒရုပ်ငါးခု)။ (၈၇၀)

(၁) အကြင် အပသန္တာန်၌ ဖြစ်သော ‘ဗာဟိရ’ ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် ရုပ်၏ ကြီးပွါးဆဲ အစဉ် ‘ရူပဿ သန္တတိ’ မည်သော ရုပ်လည်း ရှိ၏ (ရူပဿ သန္တတိ)။ (၈၇၁)

(၃) ရုပ်၏ ကြီးပွါးဆဲအစဉ် ‘ရူပဿ သန္တတိ’ မမည်သော ရုပ်လည်း ရှိ၏ (ရူပဿ သန္တတိမှတစ်ပါးသော ဗာဟိရရုပ်များ)။ (၈၇၂)

(၁) အကြင် အတွင်းသန္တာန်၌ ဖြစ်သော ‘အဇ္ဈတ္တိက’ ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် ရုပ်၏ အိုမှု,ရင့်ရော်ဆွေးမြေ့မှု ‘ရူပဿ ဇရတာ’ မမည်သော ရုပ်တည်း (ပသာဒရုပ် ငါးခု)။ (၈၇၃)

(၂) အကြင် အပသန္တာန်၌ ဖြစ်သော ‘ဗာဟိရ’ ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် ရုပ်၏ အိုမှု, ရင့်ရော်ဆွေးမြေ့မှု ‘ရူပဿ ဇရတာ’ မည်သော ရုပ်လည်းရှိ၏ (ရူပဿ ဇရတာ)။ (၈၇၄)

(၃) ရုပ်၏ အိုမှု, ရင့်ရော်ဆွေးမြေ့မှု ‘ရူပဿ ဇရတာ’ မမည်သော ရုပ်လည်း ရှိ၏ (ရူပဿဇရတာမှတစ်ပါးသော ဗာဟိရရုပ်များ)။ (၈၇၅)

--

(၁) အကြင် အတွင်းသန္တာန်၌ ဖြစ်သော ‘အဇ္ဈတ္တိက’ ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် ရုပ်၏ (ချုပ် ပျက်၍) မမြဲမှု ‘ရူပဿ အနိစ္စတာ’ မမည်သော ရုပ်တည်း (ပသာဒရုပ်ငါးခု)။ (၈၇၆)

(၂) အကြင် အပသန္တာန်၌ ဖြစ်သော ‘ဗာဟိရ’ ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် ရုပ်၏ (ချုပ်ပျက်၍) မမြဲမှု ‘ရူပဿ အနိစ္စတာ’ မည်သော ရုပ်လည်းရှိ၏ (ရူပဿ အနိစ္စတာ)။ (၈၇၇)

(၃) ရုပ်၏ (ချုပ်ပျက်၍) မမြဲမှု ‘ရူပဿ အနိစ္စတာ’ မမည်သော ရုပ်လည်း ရှိ၏ (ရူပဿအနိစ္စတာမှတစ်ပါးသော ဗာဟိရရုပ်များ)။ (၈၇၈)

(၁) အကြင် အတွင်းသန္တာန်၌ ဖြစ်သော ‘အဇ္ဈတ္တိက’ ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် အလုတ် အလွေးပြုအပ်သော အစာ ‘ကဗဠီကာရအာဟာရ’ မမည်သော ရုပ်တည်း (ပသာဒရုပ်ငါးခု)။ (၈၇၉)

(၂) အကြင် အပသန္တာန်၌ ဖြစ်သော ‘ဗာဟိရ’ ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် အလုတ်အလွေး ပြုအပ်သောအစာ ‘ကဗဠီကာရအာဟာရ’ မည်သော ရုပ်လည်းရှိ၏ (ကဗဠီကာရအာဟာရ)။ (၈၈၀)

(၃) အလုတ်အလွေး ပြုအပ်သော အစာ ‘ကဗဠီကာရအာဟာရ’ မမည်သော ရုပ်လည်းရှိ၏ (ကဗဠီကာရအာဟာရမှတစ်ပါးသော ဗာဟိရရုပ်များ)။ (၈၈၁)

ဤသို့ သုံးဖို့ (သုံးစု) အားဖြင့် ရုပ်ကို ရေတွက်အပ်၏။

သုံးမျိုးသုံးစားအားဖြင့် ဟောကြားခြင်း ‘တိက’ ပြီးပြီ။

၁။ “အဇ္ဈတ္တိက” ဟူ၍ အမည်ပေးထားခြင်းသည် ကိုယ်ခန္ဓာ၏ အတွင်းသန္တာန်၌ ဖြစ်သော အကြောင်းတစ်ခုတည်း ကြောင့်သာ ပေးထားခြင်းမဟုတ်၊ စင်စစ်မူကား ကုသိုလ် အကုသိုလ်ကို ဖြစ်စေနိုင်သည့် ထူးခြားသော ကိစ္စ,၊ သတ္တိများရှိ၍ ကိုယ်ခန္ဓာအား အလွန်အကျူး အထူးပင် ကျေးဇူးများသောကြောင့် “အဇ္ဈတ္တိက” ဟူ၍ အမည်ပေးထားခြင်းဖြစ်သည်။ ထို့ကြောင့် ပသာဒရုပ်ငါးခုသည်သာ “အဇ္ဈတ္တိက’ ဟူသော အမည်ကို ရ၍ ကျန်သော ဘာဝရုပ်, ဇီဝိတရုပ်စသော ရုပ်များသည် အတွင်းသန္တာန်၌ ဖြစ်ကြသော်လည်း “အဇ္ဈတ္တိက” ဟူသော အမည်ကို မရနိုင်ချေ။ တစ်နည်းအားဖြင့် အတွင်း အကျဆုံး ရုပ်များဟူ၍ ဆိုလိုသည်။

--

လေးမျိုးလေးစားအားဖြင့် ဟောကြားခြင်း

စတုက္က

လေးဖို့ (လေးစု) အားဖြင့် ရုပ်ကို ရေတွက်ခြင်း ‘ရူပသင်္ဂဟ'ကား -

၅၈၆။ (၁) အကြင် မှီတတ်သော ‘ဥပါဒါ’ ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် အာရုံပြုသောအားဖြင့်တဏှာ ဒိဋ္ဌိ တို့ ကပ်ရောက်အပ်သော ကံသည် (အကျိုး၏ အဖြစ်ဖြင့်) စွဲယူအပ်သော ‘ဥပါဒိဏ္ဏ'ရုပ် (ကမ္မဇရုပ်) လည်း ရှိ၏ (တဏှာ ဒိဋ္ဌိတို့ဦးစီးသော ကံ၏ အကျိုးတရားဖြစ်သော ကမ္မဇ ဥပါဒါရုပ်)။ (၈၈၂)

(၂) အာရုံပြုသောအားဖြင့် တဏှာ ဒိဋ္ဌိတို့ ကပ်ရောက်အပ်သော ကံသည် (အကျိုး၏ အဖြစ်ဖြင့်) မစွဲယူအပ်သော ‘အနုပါဒိဏ္ဏ’ ရုပ် (ကမ္မဇရုပ်မဟုတ်သောရုပ်) လည်း ရှိ၏ (တဏှာ ဒိဋ္ဌိတို့ ဦးစီးသော ကံ၏အကျိုးတရား မဟုတ်သော တိဇဥပါဒါရုပ်)။ (၈၈၃)

(၃) အကြင် မမှီတတ်သော ‘နော ဥပါဒါ’ ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် အာရုံပြုသောအားဖြင့်တဏှာ ဒိဋ္ဌိတို့ ကပ်ရောက်အပ်သော ကံသည် (အကျိုး၏ အဖြစ်ဖြင့်) စွဲယူအပ်သော ‘ဥပါဒိဏ္ဏ’ ရုပ် (ကမ္မဇရုပ်) လည်း ရှိ၏ (တဏှာ ဒိဋ္ဌိတို့ဦးစီးသော ကံ၏ အကျိုးတရားဖြစ်သော ကမ္မဇမဟာဘုတ်ရုပ်)။ (၈၈၄)

(၄) အာရုံပြုသောအားဖြင့် တဏှာ ဒိဋ္ဌိတို့ ကပ်ရောက်အပ်သော ကံသည် (အကျိုး၏ အဖြစ်ဖြင့်) မစွဲယူအပ်သော ‘အနုပါဒိဏ္ဏ'ရုပ် (ကမ္မဇရုပ် မဟုတ်သောရုပ်) လည်း ရှိ၏ (တဏှာ ဒိဋ္ဌိတို့ ဦးစီးသော ကံ၏အကျိုးတရားမဟုတ်သော တိဇမဟာဘုတ်ရုပ်)။ (၈၈၅)

(၁) အကြင် မှီတတ်သော ‘ဥပါဒါ’ ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် အာရုံပြုသောအားဖြင့် တဏှာ ဒိဋ္ဌိတို့ကပ်ရောက်အပ်သော ကံသည် (အကျိုး၏အဖြစ်ဖြင့်) စွဲယူလည်း စွဲယူအပ် သည် ဖြစ်၍ (ကမ္မဇရုပ်လည်းဖြစ်၍) လွန်စွာ စွဲလမ်းတတ်သော ‘ဥပါဒါန်’ တရားတို့၏အစီးအပွါး (အာရုံ) လည်းဖြစ်သော (တဏှာ ဒိဋ္ဌိတို့၏အာရုံလည်းဖြစ်သော) ‘ဥပါဒိဏ္ဏုပါဒါနိယ’ ရုပ်လည်းရှိ၏ (တဏှာ ဒိဋ္ဌိတို့ဦးစီးသည့် ကံ၏ အကျိုးတရားဖြစ်၍ ဥပါဒါန်၏ အာရုံဖြစ်သော ကမ္မဇဥပါဒါရုပ်)။ (၈၈၆)

(၂) အာရုံပြုသောအားဖြင့် တဏှာ ဒိဋ္ဌိတို့ ကပ်ရောက်အပ်သော ကံသည် (အကျိုး၏ အဖြစ်ဖြင့်) မစွဲယူအပ်ကုန်မူ၍ (ကမ္မဇရုပ်မဟုတ်) လွန်စွာ စွဲလမ်းတတ်သော ‘ဥပါဒါန်’ တရားတို့၏ အစီးအပွါး (အာရုံ) သာဖြစ်သော (တဏှာ ဒိဋ္ဌိတို့၏ အာရုံသာဖြစ်သော) ‘အနုပါဒိဏ္ဏုပါဒါနိယ’ ရုပ်လည်းရှိ၏ (တဏှာ ဒိဋ္ဌိတို့ဦးစီးသည့် ကံ၏ အကျိုးကား မဟုတ်၊ သို့သော် ဥပါဒါန်၏ အာရုံဖြစ်သော တိဇဥပါဒါရုပ်)။ (၈၈၇)

(၃) အကြင် မမှီတတ်သော ‘နော ဥပါဒါ’ ရုပ်သည်ရှိ၏)၊ ထိုရုပ်သည် အာရုံပြုသောအားဖြင့်တဏှာ ဒိဋ္ဌိတို့ ကပ်ရောက်အပ်သော ကံသည် (အကျိုး၏ အဖြစ်ဖြင့်) စွဲယူလည်း စွဲယူအပ် သည်ဖြစ်၍ (ကမ္မဇရုပ်ဖြစ်၍) လွန်စွာ စွဲလမ်းတတ်သော ‘ဥပါဒါန်’ တရားတို့၏ အစီးအပွါး (အာရုံ) လည်း ဖြစ်သော (တဏှာ ဒိဋ္ဌိတို့၏ အာရုံလည်းဖြစ်သော) ‘ဥပါဒိဏ္ဏုပါဒါနိယ’ ရုပ်လည်းရှိ၏ (တဏှာ ဒိဋ္ဌိတို့ဦးစီးသည့်ကံ၏ အကျိုးတရားဖြစ်၍ ဥပါဒါန်၏ အာရုံဖြစ်သော ကမ္မဇမဟာဘုတ်ရုပ်)။ (၈၈၈)

(၄) အာရုံပြုသောအားဖြင့် တဏှာ ဒိဋ္ဌိတို့ ကပ်ရောက်အပ်သော ကံသည် (အကျိုး၏ အဖြစ်ဖြင့်) မစွဲယူအပ်ကုန်မူ၍ လွန်စွာ စွဲလမ်းတတ်သော ‘ဥပါဒါန်’ တရားတို့၏ အစီးအပွါး (အာရုံ) သာဖြစ်သော ‘အနုပါဒိဏ္ဏုပါဒါနိယ’ ရုပ်လည်း ရှိ၏ (တဏှာ ဒိဋ္ဌိတို့ဦးစီးသည့် ကံ၏အကျိုး ကား မဟုတ်၊ သို့သော်ဥပါဒါန်၏ အာရုံဖြစ်သော တိဇမဟာဘုတ်ရုပ်)။ (၈၈၉)

--

(၁) အကြင် မှီတတ်သော ‘ဥပါဒါ’ ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့်တကွဖြစ်သော ‘သပ္ပဋိဃ’ ရုပ်လည်းရှိ၏ (ဩဠာရိကဥပါဒါရုပ်)။ (၈၉၀)

(၂) ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွမဖြစ်သော ‘အပ္ပဋိဃ’ ရုပ်လည်းရှိ၏ (သုခုမဥပါဒါရုပ်)။ (၈၉၁)

(၃) အကြင် မမှီတတ်သော ‘နော ဥပါဒါ’ ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွဖြစ်သော ‘သပ္ပဋိဃ’ ရုပ်လည်းရှိ၏ (ဩဠာရိကမဟာဘုတ်ရုပ်)။ (၈၉၂)

(၄) ထိပါးတတ်သည်၏အဖြစ် (ထိးပါးခြင်း) နှင့် တကွမဖြစ်သော ‘အပ္ပဋိဃ’ ရုပ်လည်းရှိ၏ (သုခုမမဟာဘုတ်ရုပ်) (အာပေါရုပ်)။ (၈၉၃)

(၁) အကြင် မှီတတ်သော ‘ဥပါဒါ’ ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် ကြမ်းတမ်းသော ‘ဩဠာရိက’ ရုပ်လည်းရှိ၏ (ဩဠာရိကဥပါဒါရုပ်)။ (၈၉၄)

(၂) သိမ်မွေ့သော ‘သုခုမ’ ရုပ်လည်းရှိ၏ (သုခုမဥပါဒါရုပ်)။ (၈၉၅)

(၃) အကြင် မမှီတတ်သော ‘နော ဥပါဒါ’ ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် ကြမ်းတမ်းသော ‘ဩဠာရိက’ ရုပ်လည်း ရှိ၏ (ဩဠာရိကမဟာဘုတ်ရုပ်)။ (၈၉၆)

(၄) သိမ်မွေ့သော ‘သုခုမ’ ရုပ်လည်း ရှိ၏ (သုခုမမဟာဘုတ်ရုပ်) (အာပေါရုပ်)။ (၈၉၇)

(၁) အကြင် မှီတတ်သော ‘ဥပါဒါ’ ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် ဝေးကွာသော (အသိခက်သော) ‘ဒူရေ’ ရုပ်လည်း ရှိ၏ (သုခုမဥပါဒါရုပ်)။ (၈၉၈)

(၂) နီးကပ်သော (သိလွယ်သော) ‘သန္တိကေ’ ရုပ်လည်း ရှိ၏ (ဩဠာရိကဥပါဒါရုပ်)။ (၈၉၉)

(၃) အကြင် မမှီတတ်သော ‘နော ဥပါဒါ’ ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် ဝေးကွာသော (အသိခက် သော) ‘ဒူရေ’ ရုပ်လည်း ရှိ၏ (သုခုမမဟာဘုတ်ရုပ်)။ (၉၀၀)

(၄) နီးကပ်သော (သိလွယ်သော) ‘သန္တိကေ’ ရုပ်လည်း ရှိ၏ (ဩဠာရိကမဟာဘုတ်ရုပ်)။ (၉၀၁)

(၁) အကြင် အာရုံပြုသောအားဖြင့် တဏှာ ဒိဋ္ဌိတို့ ကပ်ရောက်အပ်သော ကံသည် (အကျိုး၏ အဖြစ်ဖြင့်) စွဲယူအပ်သော ‘ဥပါဒိဏ္ဏ’ ရုပ် (ကမ္မဇရုပ်) သည် (ရှိ၏) (တဏှာ ဒိဋ္ဌိတို့ ဦးစီးသော ကံ၏အကျိုးတရားဖြစ်သော ရုပ်)၊ ထိုရုပ်သည် မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွ ဖြစ်သော ‘သနိဒဿန’ ရုပ်လည်း ရှိ၏ (ရူပါရုံဟူသော သနိဒဿနကမ္မဇရုပ်)။ (၉၀၂)

(၂) မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွမဖြစ်သော ‘အနိဒဿန’ ရုပ်လည်းရှိ၏ (အနိဒဿနကမ္မဇရုပ်)။ (၉၀၃)

(၃) အကြင် အာရုံပြုသောအားဖြင့် တဏှာ ဒိဋ္ဌိတို့ ကပ်ရောက်အပ်သော ကံသည် (အကျိုး၏ အဖြစ်ဖြင့်) မစွဲယူအပ်သော ‘အနုပါဒိဏ္ဏ’ ရုပ်သည် (ရှိ၏) (တဏှာ ဒိဋ္ဌိတို့ ဦးစီးသော ကံ၏ အကျိုးတရားမဟုတ်သောရုပ်)၊ ထိုရုပ်သည် မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွ ဖြစ်သော ‘သနိဒဿန’ ရုပ်လည်း ရှိ၏ (သနိဒဿနတိဇရုပ်)။ (၉၀၄)

(၄) မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွမဖြစ်သော ‘အနိဒဿန’ ရုပ်လည်း ရှိ၏ (အနိဒဿနတိဇရုပ်)။ (၉၀၅)

--

(၁) အကြင် အာရုံပြုသောအားဖြင့် တဏှာ ဒိဋ္ဌိတို့ ကပ်ရောက်အပ်သော ကံသည် (အကျိုး၏ အဖြစ်ဖြင့်) စွဲယူအပ်သော ‘ဥပါဒိဏ္ဏ’ ရုပ် (ကမ္မဇရုပ်) သည် (ရှိ၏) (တဏှာ ဒိဋ္ဌိတို့ဦးစီးသော ကံ၏အကျိုးတရားဖြစ်သော ရုပ်)၊ ထိုရုပ်သည် ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွဖြစ်သော ‘သပ္ပဋိဃ’ ရုပ်လည်းရှိ၏ (ကမ္မဇဩဠာရိကရုပ်)။ (၉၀၆)

(၂) ထိးပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွမဖြစ်သော ‘အပ္ပဋိဃ’ ရုပ်လည်း ရှိ၏ (ကမ္မဇသုခုမရုပ်)။ (၉၀၇)

(၃) အကြင် အာရုံပြုသောအားဖြင့် တဏှာ ဒိဋ္ဌိတို့ ကပ်ရောက်အပ်သော ကံသည် (အကျိုး၏ အဖြစ်ဖြင့်) မစွဲယူအပ်သော ‘အနုပါဒိဏ္ဏ’ ရုပ်သည် (ရှိ၏) (တဏှာ ဒိဋ္ဌိတို့ ဦးစီးသော ကံ၏ အကျိုးတရားမဟုတ်သော ရုပ်)၊ ထိုရုပ်သည် ထိပါးတတ်သည်၏ အဖြစ် (ထိပါးခြင်း) နှင့် တကွဖြစ်သော ‘သပ္ပဋိဃ’ ရုပ်လည်း ရှိ၏ (ရူပ, သဒ္ဒ, ဂန္ဓ, ရသ, ဖောဋ္ဌဗ္ဗဟူသော အနုပါဒိဏ္ဏ သပ္ပဋိဃရုပ်)။ (၉၀၈)

(၄) ထိးပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွမဖြစ်သော ‘အပ္ပဋိဃ’ ရုပ်လည်း ရှိ၏ (အနုပါဒိဏ္ဏအပ္ပဋိဃရုပ်)။ (၉၀၉)

(၁) အကြင် အာရုံပြုသောအားဖြင့် တဏှာ ဒိဋ္ဌိတို့ ကပ်ရောက်အပ်သော ကံသည် (အကျိုး၏ အဖြစ်ဖြင့်) စွဲယူအပ်သော ‘ဥပါဒိဏ္ဏ’ ရုပ် (ကမ္မဇရုပ်) သည် (ရှိ၏) (တဏှာ ဒိဋ္ဌိတို့ ဦးစီး သော ကံ၏အကျိုးတရားဖြစ်သော ရုပ်)၊ ထိုရုပ်သည် ကြီးကျယ်ထင်ရှားသော ‘မဟာဘုတ်’ ရုပ်လည်းရှိ၏ (ကမ္မဇမဟာဘုတ်)။ (၉၁၀)

(၂) ကြီးကျယ်ထင်ရှားသည် မဟုတ်သော (န မဟာဘူတ) ရုပ်လည်းရှိ၏ (ကမ္မဇဥပါဒါရုပ်)။ (၉၁၁)

(၃) အကြင် အာရုံပြုသောအားဖြင့် တဏှာ ဒိဋ္ဌိတို့ ကပ်ရောက်အပ်သော ကံသည် (အကျိုး၏ အဖြစ်ဖြင့်) မစွဲယူအပ်သော ‘အနုပါဒိဏ္ဏ’ ရုပ်သည် (ရှိ၏) (တဏှာ ဒိဋ္ဌိတို့ ဦးစီးသော ကံ၏အကျိုးတရားမဟုတ်သော ရုပ်)၊ ထိုရုပ်သည် ကြီးကျယ်ထင်ရှားသော ‘မဟာဘုတ်’ ရုပ်လည်း ရှိ၏ (တိဇမဟာဘုတ်)။ (၉၁၂)

(၄) ကြီးကျယ်ထင်ရှားသည် မဟုတ်သော ‘န မဟာဘူတ’ ရုပ်လည်းရှိ၏ (တိဇဥပါဒါရုပ်)။ (၉၁၃)

(၁) အကြင် အာရုံပြုသောအားဖြင့် တဏှာ ဒိဋ္ဌိတို့ ကပ်ရောက်အပ်သော ကံသည် (အကျိုး၏ အဖြစ်ဖြင့်) စွဲယူအပ်သော ‘ဥပါဒိဏ္ဏ’ ရုပ် (ကမ္မဇရုပ်) သည် (ရှိ၏) (တဏှာ ဒိဋ္ဌိတို့ဦးစီး သော ကံ၏အကျိုးတရားဖြစ်သော ရုပ်)၊ ထိုရုပ်သည် ကြမ်းတမ်းသော ‘ဩဠာရိက’ ရုပ် လည်း ရှိ၏ (ကမ္မဇဩဠာရိကရုပ်)။ (၉၁၄)

(၂) သိမ်မွေ့သော ‘သုခုမ’ ရုပ်လည်း ရှိ၏ (ကမ္မဇသုခုမရုပ်)။ (၉၁၅)

(၃) အကြင် အာရုံပြုသောအားဖြင့် တဏှာ ဒိဋ္ဌိတို့ကပ်ရောက်အပ်သော ကံသည် (အကျိုး၏ အဖြစ်ဖြင့်) မစွဲယူအပ်သော ‘အနုပါဒိဏ္ဏ’ ရုပ်သည် (ရှိ၏) (တဏှာ ဒိဋ္ဌိတို့ ဦးစီးသော ကံ၏အကျိုးတရားမဟုတ်သော ရုပ်)၊ ထိုရုပ်သည် ကြမ်းတမ်းသော ‘ဩဠာရိက’ ရုပ်လည်း ရှိ၏့ (တိဇဩဠာရိကရုပ်)။ (၉၁၆)

(၄) သိမ်မွေ့သော ‘သုခုမ’ ရုပ်လည်းရှိ၏ (တိဇသုခုမရုပ်)။ (၉၁၇)

(၁) အကြင် အာရုံပြုသောအားဖြင့် တဏှာ ဒိဋ္ဌိတို့ ကပ်ရောက်အပ်သော ကံသည် (အကျိုး၏ အဖြစ်ဖြင့်) စွဲယူအပ်သော ‘ဥပါဒိဏ္ဏ’ ရုပ် (ကမ္မဇရုပ်) သည် (ရှိ၏) (တဏှာ ဒိဋ္ဌိတို့ဦးစီးသော ကံ၏အကျိုးတရားဖြစ်သော ရုပ်)၊ ထိုရုပ်သည် ဝေးကွာသော (အသိခက်သော) ‘ဒူရေ’ ရုပ် လည်း ရှိ၏ (ကမ္မဇ-သုခုမရုပ်)။ (၉၁၈)

(၂) နီးကပ်သော (သိလွယ်သော) ‘သန္တိကေ’ ရုပ်လည်း ရှိ၏ (ကမ္မဇဩဠာရိကရုပ်)။ (၉၁၉)

--

(၃) အကြင် အာရုံပြုသောအားဖြင့် တဏှာ ဒိဋ္ဌိတို့ကပ်ရောက်အပ်သော ကံသည် (အကျိုး၏ အဖြစ်ဖြင့်) မစွဲယူအပ်သော ‘အနုပါဒိဏ္ဏ’ ရုပ်သည် (ရှိ၏) (တဏှာ ဒိဋ္ဌိတို့ဦးစီးသော ကံ၏ အကျိုးတရားမဟုတ်သောရုပ်)၊ ထိုရုပ်သည် ဝေးကွာသော (အသိခက်သော) ‘ဒူရေ’ ရုပ် လည်း ရှိ၏ (တိဇသုခုမရုပ်)။ (၉၂၀)

(၄) နီးကပ်သော (သိလွယ်သော) ‘သန္တိကေ'ရုပ်လည်း ရှိ၏ (တိဇဩဠာရိကရုပ်)။ (၉၂၁)

(၁) အကြင် အာရုံပြုသောအားဖြင့် တဏှာ ဒိဋ္ဌိတို့ ကပ်ရောက်အပ်သော ကံသည် (အကျိုး၏ အဖြစ်ဖြင့်) စွဲယူလည်း စွဲယူအပ်သည်ဖြစ်၍ (ကမ္မဇရုပ်ဖြစ်၍) လွန်စွာ စွဲလမ်းတတ်သော ‘ဥပါဒါန်’ တရားတို့၏အစီးအပွါး (အာရုံ) လည်း ဖြစ်သော (တဏှာ ဒိဋ္ဌိတို့၏ အာရုံဖြစ်သော) ‘ဥပါဒိဏ္ဏုပါဒါနိယ’ ရုပ်သည် (ရှိ၏) (တဏှာ,ဒိဋ္ဌိတို့ဦးစီးသော ကံ၏ အကျိုးတရားလည်း ဖြစ် ဥပါဒါန်၏အစီးအပွါး (အာရုံ) လည်းဖြစ်သော ရုပ်)၊ ထိုရုပ်သည် မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွဖြစ်သော ‘သနိဒဿန’ ရုပ်လည်း ရှိ၏ (ကမ္မဇရူပါရုံ)။ (၉၂၂)

(၂) မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွမဖြစ်သော ‘အနိဒဿန’ ရုပ်လည်း ရှိ၏ (ရူပါရုံမှတစ်ပါးသော ကမ္မဇရုပ်များ)။ (၉၂၃)

(၃) အကြင် အာရုံပြုသောအားဖြင့် တဏှာ ဒိဋ္ဌိတို့ကပ်ရောက်အပ်သော ကံသည် (အကျိုး၏ အဖြစ်ဖြင့်) မစွဲယူအပ်မူ၍ လွန်စွာ စွဲလမ်းတတ်သော ‘ဥပါဒါန်’ တရားတို့၏ အစီးအပွါး (အာရုံ) သာဖြစ်သော ‘အနုပါဒိဏ္ဏုပါဒါနိယ’ ရုပ်သည် (ရှိ၏) (တဏှာ ဒိဋ္ဌိတို့ဦးစီးသော ကံ၏ အကျိုးကား မဟုတ်၊ ဥပါဒါန်တို့၏အစီးအပွါး (အာရုံ) သာဖြစ်သော ရုပ်)၊ ထိုရုပ်သည် မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွဖြစ်သော ‘သနိဒဿန’ ရုပ်လည်းရှိ၏ (တိဇရူပါရုံ)။ (၉၂၄)

(၄) မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွမဖြစ်သော ‘အနိဒဿန’ ရုပ်လည်းရှိ၏ (ရူပါရုံမှတစ်ပါးသော တိဇရုပ်များ)။ (၉၂၅)

(၁) အကြင် အာရုံပြုသောအားဖြင့် တဏှာ ဒိဋ္ဌိတို့ကပ်ရောက်အပ်သော ကံသည် (အကျိုး၏ အဖြစ်ဖြင့်) စွဲယူလည်း စွဲယူအပ်သည် ဖြစ်၍ (ကမ္မဇရုပ်ဖြစ်၍) လွန်စွာ စွဲလမ်းတတ် သော ‘ဥပါဒါန်’ တရားတို့၏အစီးအပွါး (အာရုံ) လည်း ဖြစ်သော (တဏှာ ဒိဋ္ဌိတို့၏ အာရုံ လည်း ဖြစ်သော) ‘ဥပါဒိဏ္ဏုပါဒါနိယ’ ရုပ်သည် (ရှိ၏) (တဏှာ ဒိဋ္ဌိတို့ဦးစီးသော ကံ၏ အကျိုးလည်းဖြစ်၊ ဥပါဒါန်၏အစီးအပွါး (အာရုံ) လည်းဖြစ်သော ရုပ်)၊ ထိုရုပ်သည် ထိပါးတတ်သည်၏ အဖြစ် (ထိပါးခြင်း) နှင့်တကွဖြစ်သော ‘သပ္ပဋိဃ’ ရုပ်လည်းရှိ၏ (ကမ္မဇ ဩဠာရိကရုပ်)။ (၉၂၆)

(၂) ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့်တကွ မဖြစ်သော ‘အပ္ပဋိဃ’ ရုပ်လည်း ရှိ၏ (ကမ္မဇသုခုမရုပ်)။ (၉၂၇)

(၃) အကြင် အာရုံပြုသောအားဖြင့် တဏှာ ဒိဋ္ဌိတို့ကပ်ရောက်အပ်သော ကံသည် (အကျိုး၏ အဖြစ်ဖြင့်) မစွဲယူအပ်မူ၍ (ကမ္မဇရုပ်မဟုတ်) လွန်စွာ စွဲလမ်းတတ်သော ‘ဥပါဒါန်’ တရားတို့၏ အစီးအပွါး (အာရုံ) သာဖြစ်သော (တဏှာ ဒိဋ္ဌိတို့၏ အာရုံသာဖြစ်သော) ‘အနု ပါဒိဏ္ဏုပါဒါနိယ’ ရုပ်သည် (ရှိ၏)

(တဏှာ ဒိဋ္ဌိတို့ဦးစီးသော ကံ၏အကျိုးကား မဟုတ်၊ ဥပါဒါန်တို့၏ အစီးအပွါး (အာရုံ) သာဖြစ်သော ရုပ်)၊ ထိုရုပ်သည် ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်းနှင့် တကွဖြစ်သော ‘သပ္ပဋိဃ’ ရုပ်လည်း ရှိ၏ (တိဇဩဠာရိကရုပ်)။ (၉၂၈)

(၄) ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွမဖြစ်သော ‘အပ္ပဋိဃ'ရုပ်လည်း ရှိ၏ (တိဇသုခုမရုပ်)။ (၉၂၉)

--

(၁) အကြင် အာရုံပြုသောအားဖြင့် တဏှာ ဒိဋ္ဌိတို့ ကပ်ရောက်အပ်သော ကံသည် (အကျိုး၏ အဖြစ်ဖြင့်) စွဲယူလည်း စွဲယူအပ်သည်ဖြစ်၍ (ကမ္မဇရုပ်ဖြစ်၍) လွန်စွာ စွဲလမ်းတတ်သော၊ ‘ဥပါဒါန်’ တရားတို့၏အစီးအပွါး (အာရုံ) လည်း ဖြစ်သော (တဏှာ ဒိဋ္ဌိတို့၏ အာရုံဖြစ်သော) ‘ဥပါဒိဏ္ဏုပါဒါနိယ’ ရုပ်သည် (ရှိ၏) (တဏှာ ဒိဋ္ဌိတို့ဦးစီးသော ကံ၏ အကျိုးလည်းဖြစ်၊ ဥပါဒါန်၏ အစီးအပွါး (အာရုံ) လည်း ဖြစ်သော ရုပ်)၊ ထိုရုပ်သည် ကြီးကျယ်ထင်ရှားသော ‘မဟာဘူတ’ ရုပ်လည်း ရှိ၏ (ကမ္မဇ မဟာဘူတရုပ်)။ (၉၃၀)

(၂) ကြီးကျယ်ထင်ရှားသည် မဟုတ်သော ‘န မဟာဘူတ’ ရုပ်လည်း ရှိ၏ (ကမ္မဇဥပါဒါရုပ်)။ (၉၃၁)

(၃) အကြင်အာရုံပြုသောအားဖြင့် တဏှာ ဒိဋ္ဌိတို့ ကပ်ရောက်အပ်သော ကံသည် (အကျိုး၏ အဖြစ်ဖြင့်) မစွဲယူအပ်မူ၍ လွန်စွာ စွဲလမ်းတတ်သော ‘ဥပါဒါန်’ တရားတို့၏ အစီးအပွါး (အာရုံ) သာဖြစ်သော ‘အနုပါဒိဏ္ဏုပါဒါနိယ’ ရုပ်သည် (ရှိ၏) (တဏှာ ဒိဋ္ဌိတို့ ဦးစီးသော ကံ၏အကျိုးကား မဟုတ်၊ ဥပါဒါန်တို့၏အစီးအပွါး (အာရုံ) သာဖြစ်သော ရုပ်)၊ ထိုရုပ်သည် ကြီးကျယ်ထင်ရှားသော ‘မဟာဘူတ’ ရုပ်လည်းရှိ၏ (တိဇမဟာဘူတရုပ်)။ (၉၃၂)

(၄) ကြီးကျယ်ထင်ရှားသည် မဟုတ်သော ‘န မဟာဘူတ’ ရုပ်လည်း ရှိ၏ (တိဇဥပါဒါရုပ်)။ (၉၃၃)

(၁) အကြင် အာရုံပြုသောအားဖြင့် တဏှာ ဒိဋ္ဌိတို့ကပ်ရောက်အပ်သော ကံသည် (အကျိုး၏ အဖြစ်ဖြင့်) စွဲယူလည်း စွဲယူအပ်သည် ဖြစ်၍ (ကမ္မဇရုပ်ဖြစ်၍) လွန်စွာ စွဲလမ်းတတ်သော ‘ဥပါဒါန်’ တရားတို့၏အစီးအပွါး (အာရုံ) လည်း ဖြစ်သော (တဏှာ ဒိဋ္ဌိတို့၏ အာရုံဖြစ်သော) ‘ဥပါဒိဏ္ဏုပါဒါနိယ’ ရုပ်သည် (ရှိ၏) (တဏှာ ဒိဋ္ဌိတို့ဦးစီးသော ကံ၏အကျိုးလည်းဖြစ် ဥပါဒါန်၏ အစီးအပွါး (အာရုံ) လည်း ဖြစ်သော ရုပ်)၊ ထိုရုပ်သည် ကြမ်းတမ်းသော ‘ဩဠာရိက’ ရုပ်လည်း ရှိ၏ (ကမ္မဇဩဠာရိကရုပ်)။ (၉၃၄)

(၂) သိမ်မွေ့သော ‘သုခုမ’ ရုပ်လည်း ရှိ၏ (ကမ္မဇသုခုမရုပ်)။ (၉၃၅)

(၃) အကြင် အာရုံပြုသောအားဖြင့် တဏှာ ဒိဋ္ဌိတို့ကပ်ရောက်အပ်သော ကံသည် (အကျိုး၏ အဖြစ်ဖြင့်) မစွဲယူအပ်မူ၍ (ကမ္မဇရုပ်မဟုတ်သော ရုပ်ဖြစ်၍) လွန်စွာ စွဲလမ်းတတ်သော ‘ဥပါဒါန်’ တရားတို့၏အစီးအပွါး (အာရုံ) သာဖြစ်သော (တဏှာ ဒိဋ္ဌိတို့၏ အာရုံသာဖြစ်သော) ‘အနုပါဒိဏ္ဏုပါဒါနိယ’ ရုပ်သည် (ရှိ၏)၊ ထို (အနုပါဒိဏ္ဏုပါဒါနိယ) ရုပ်သည် ကြမ်းတမ်း သော ‘ဩဠာရိက’ ရုပ်လည်း ရှိ၏ (တိဇဩဠာရိကရုပ်)။ (၉၃၆)

(၄) သိမ်မွေ့သော ‘သုခုမ’ ရုပ်လည်း ရှိ၏ (တိဇသုခုမရုပ်)။ (၉၃၇)

(၁) အကြင် အာရုံပြုသောအားဖြင့် တဏှာ ဒိဋ္ဌိတို့ကပ်ရောက်အပ်သော ကံသည် (အကျိုး၏ အဖြစ်ဖြင့်) စွဲယူလည်း စွဲယူအပ်သည် ဖြစ်၍ (ကမ္မဇရုပ်ဖြစ်၍) လွန်စွာ စွဲလမ်းတတ်သော ‘ဥပါဒါန်’ တရားတို့၏အစီးအပွါး (အာရုံ) လည်း ဖြစ်သော (တဏှာ ဒိဋ္ဌိတို့၏ အာရုံလည်း ဖြစ်သော) ‘ဥပါဒိဏ္ဏုပါဒါနိယ’ ရုပ်သည် (ရှိ၏)၊ ထို (ဥပါဒိဏ္ဏုပါဒါနိယ) ရုပ်သည် ဝေးကွာသော (အသိခက်သော) ‘ဒူရေ’ ရုပ်လည်း ရှိ၏ (ကမ္မဇသုခုမရုပ်)။ (၉၃၈)

(၂) နီးကပ်သော (သိလွယ်သော) ‘သန္တိကေ’ ရုပ်လည်း ရှိ၏ (ကမ္မဇဩဠာရိက’ ရုပ်)။ (၉၃၉)

(၃) အကြင် အာရုံပြုသောအားဖြင့် တဏှာ ဒိဋ္ဌိတို့ ကပ်ရောက်အပ်သော ကံသည် (အကျိုး၏ အဖြစ်ဖြင့်) မစွဲယူအပ်မူ၍ (ကမ္မဇရုပ်မဟုတ်သော ရုပ်ဖြစ်၍) လွန်စွာ စွဲလမ်းတတ်သော ‘ဥပါဒါန်’ တရားတို့၏အစီးအပွါး (အာရုံ) သာဖြစ်သော (တဏှာ ဒိဋ္ဌိတို့၏ အာရုံသာဖြစ်သော) ‘အနုပါဒိဏ္ဏုပါဒါနိယ’ ရုပ်သည့် (ရှိ၏)၊ ထို (အနုပါဒိဏ္ဏုပါဒါနိယ) ရုပ်သည် ဝေးကွာ သော (အသိခက်သော) ‘ဒူရေ’ ရုပ်လည်း ရှိ၏ (တိဇသုခုမရုပ်)။ (၉၄၀)

(၄) နီးကပ်သော (သိလွယ်သော) ‘သန္တိကေ’ ရုပ်လည်း ရှိ၏ (တိဇဩဠာရိကရုပ်)။ (၉၄၁)

--

(၁) အကြင် ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွဖြစ်သော ‘သပ္ပဋိ ဃ’ ရုပ်သည် (ရှိ၏)၊ ထို (သပ္ပဋိ ဃ) ရုပ်သည် အစိုးရမှု ‘ဣန္ဒြေ’ မည်သော ရုပ်လည်း ရှိ၏ (ဣန္ဒြိယဩဠာရိကရုပ်)။ (၉၄၂)

(၂) အစိုးရမှု ‘ဣန္ဒြေ’ မမည်သော ‘န ဣန္ဒြေ’ ရုပ်လည်းရှိ၏ (အနိန္ဒြိယဩဠာရိကရုပ်)။ (၉၄၃)

(၃) အကြင် ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွမဖြစ်သော ‘အပ္ပဋိ ဃ’ ရုပ်သည် (ရှိ၏)၊ ထို (အပ္ပဋိဃ) ရုပ်သည် အစိုးရမှု ‘ဣန္ဒြေ’ မည်သော ရုပ်လည်း ရှိ၏ (ဣန္ဒြိယသုခုမရုပ်)။ (၉၄၄)

(၄) အစိုးရမှု ‘ဣန္ဒြေ’ မမည်သော ‘န ဣန္ဒြေ’ ရုပ်လည်း ရှိ၏ (အနိန္ဒြိယသုခုမရုပ်)။ (၉၄၅)

(၁) အကြင် ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွဖြစ်သော ‘သပ္ပဋိဃ’ ရုပ်သည် (ရှိ၏)၊ ထို (သပ္ပဋိ ဃ) ရုပ်သည် ကြီးကျယ်ထင်ရှားသော ‘မဟာဘုတ်’ ရုပ်လည်း ရှိ၏ (မဟာဘူတ ဩဠာရိကရုပ်)။ (၉၄၆)

(၂) ကြီးကျယ်ထင်ရှားသည် မဟုတ်သော ‘န မဟာဘူတ'ရုပ်လည်း ရှိ၏ (ဥပါဒါဩဠာရိကရုပ်)။ (၉၄၇)

(၃) အကြင် ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွမဖြစ်သော ‘အပ္ပဋိဃ’ ရုပ်သည် (ရှိ၏)၊ ထို (အပ္ပဋိဃ) ရုပ်သည် ကြီးကျယ်ထင်ရှားသော ‘မဟာဘုတ်’ ရုပ်လည်း ရှိ၏ (မဟာ ဘူတ သုခုမရုပ်) (အာပေါဓာတ်)။ (၉၄၈)

(၄) ကြီးကျယ်ထင်ရှားသည် မဟုတ်သော ‘န မဟာဘူတ’ ရုပ်လည်း ရှိ၏ (ဥပါဒါသုခုမရုပ်)။ (၉၄၉)

(၁) အကြင် အစိုးရမှု ‘ဣန္ဒြေ’ မည်သော ရုပ်သည် (ရှိ၏)၊ ထိုအစိုးရမှု ‘ဣန္ဒြေ’ မည်သော ရုပ် သည်ကြမ်းတမ်းသော ‘ဩဠာရိက’ ရုပ်လည်း ရှိ၏ (ဣန္ဒြိယဩဠာရိကရုပ်)။ (၉၅၀)

(၂) သိမ်မွေ့သော ‘သုခုမ’ ရုပ်လည်း ရှိ၏ (ဣန္ဒြိယသုခုမရုပ်)။ (၉၅၁)

(၃) အကြင် အစိုးရမှု ‘ဣန္ဒြေ’ မမည်သော ရုပ်သည် (ရှိ၏)၊ ထိုအစိုးရမှု ‘ဣန္ဒြေ’ မမည်သော ရုပ်သည်ကြမ်းတမ်းသော ‘ဩဠာရိက’ ရုပ်လည်း ရှိ၏ (အနိန္ဒြိယဩဠာရိကရုပ်)။ (၉၅၂)

(၄) သိမ်မွေ့သော ‘သုခုမ’ ရုပ်လည်း ရှိ၏ (အနိန္ဒြိယသုခုမရုပ်)။ (၉၅၃)

(၁) အကြင် အစိုးရမှု ‘ဣန္ဒြေ’ မမည်သော ရုပ်သည် (ရှိ၏)၊ ထိုအစိုးရမှု ‘ဣန္ဒြေ’ မည်သော ရုပ်သည်ဝေးကွာသော (အသိခက်သော) ‘ဒူရေ’ ရုပ်လည်း ရှိ၏ (ဣန္ဒြိယသုခုမရုပ်)။ (၉၅၄)

(၂) နီးကပ်သော (သိလွယ်သော) ‘သန္တိကေ’ ရုပ်လည်း ရှိ၏ (ဣန္ဒြိယဩဠာရိကရုပ်)။ (၉၅၅)

(၃) အကြင် အစိုးရမှု ‘ဣန္ဒြေ’ မမည်သော ရုပ်သည် (ရှိ၏)၊ ထိုအစိုးရမှု ‘ဣန္ဒြေ’ မမည်သော ရုပ်သည်ဝေးကွာသော (အသိခက်သော) ‘ဒူရေ’ ရုပ်လည်း ရှိ၏ (အနိန္ဒြိယသုခုမရုပ်)။ (၉၅၆)

(၄) နီးကပ်သော (သိလွယ်သော) ‘သန္တိကေ’ ရုပ်လည်း ရှိ၏ (အနိန္ဒြိယဩဠာရိကရုပ်)။ (၉၅၇)

(၁) အကြင် ကြီးကျယ်ထင်ရှားသော ‘မဟာဘုတ်’ ရုပ်သည် (ရှိ၏)၊ ထိုကြီးကျယ်ထင်ရှားသော ‘မဟာဘုတ်’ ရုပ်သည် ကြမ်းတမ်းသော ‘ဩဠာရိက’ ရုပ်လည်း ရှိ၏ (မဟာဘူတဩဠာရိက ရုပ်)။ (၉၅၈)

(၂) သိမ်မွေ့သော ‘သုခုမ’ ရုပ်လည်း ရှိ၏ (မဟာဘူတသုခုမရုပ်) (အာပေါဓာတ်)။ (၉၅၉)

(၃) အကြင် ကြီးကျယ်ထင်ရှားသော ‘မဟာဘုတ်’ မမည်သော ရုပ်သည် (ရှိ၏)၊ ထိုကြီးကျယ်ထင်ရှားသော ‘မဟာဘုတ်’ မမည်သော ရုပ်သည် ကြမ်းတမ်းသော ‘ဩဠာရိက’ ရုပ်လည်း ရှိ၏ (ဥပါဒါဩဠာရိကရုပ်)။ (၉၆၀)

(၄) သိမ်မွေ့သော ‘သုခုမ’ ရုပ်လည်း ရှိ၏ (ဥပါဒါသုခုမရုပ်)။ (၉၆၁)

--

(၁) အကြင် ကြီးကျယ်ထင်ရှားသော ‘မဟာဘုတ်’ ရုပ်သည် (ရှိ၏)၊ ထိုကြီးကျယ်ထင်ရှားသော ‘မဟာဘုတ်’ ရုပ်သည် ဝေးကွာသော (အသိခက်သော) ‘ဒူရေ’ ရုပ်လည်း ရှိ၏ (မဟာဘူတ သုခုမရုပ်)

(အာပေါဓာတ်)။ (၉၆၂)

(၂) နီးကပ်သော (သိလွယ်သော) ‘သန္တိကေ'ရုပ်လည်း ရှိ၏ (မဟာဘူတဩဠာရိကရုပ်)။ (၉၆၃)

(၃) အကြင် ကြီးကျယ်ထင်ရှားသည် မဟုတ်သော ‘န မဟာဘူတ’ ရုပ်သည် (ရှိ၏)၊ ထိုကြီးကျယ်ထင်ရှားသည် မဟုတ်သော ‘န မဟာဘူတ’ ရုပ်သည် ဝေးကွာသော (အသိခက်သော) ‘ဒူရေ’ ရုပ်လည်းရှိ၏ (ဥပါဒါသုခုမရုပ်)။ (၉၆၄)

(၄) နီးကပ်သော (သိလွယ်သော) ‘သန္တိကေ’ ရုပ်လည်း ရှိ၏ (ဥပါဒါဩဠာရိကရုပ်)။ (၉၆၅)

(၁) မြင်အပ်သော ‘ဒိဋ္ဌ’ ရုပ်သည် (ရှိ၏) (ရူပါရုံ)။ (၉၆၆)

(၂) ကြားအပ်သော ‘သုတ’ ရုပ်သည် (ရှိ၏) (သဒ္ဒါရုံ)။ (၉၆၆)

(၃) (ဃာန, ဇိဝှါ, ကာယဝိညာဏ်ဖြင့်) သိအပ်သော ‘မုတ’ ရုပ်သည် ရှိ၏ (ဂန္ဓာရုံ, ရသာရုံ, ဖောဋ္ဌဗ္ဗာရုံ)။ (၉၆၆)

(၄) (စိတ်ဖြင့်) သိအပ်သော ‘ဝိညာတ'ရုပ်သည် ရှိ၏ (ရုပ်အားလုံး)။ (၉၆၆)

ဤသို့ လေးဖို့ (လေးစု) အားဖြင့် ရုပ်ကို ရေတွက်အပ်၏။

လေးမျိုးလေးစားအားဖြင့် ဟောကြားခြင်း ‘စတုက္က’ ပြီးပြီ။

--

ငါးမျိုးငါးစားအားဖြင့် ဟောကြားခြင်း

ပဉ္စက

ငါးဖို့ (ငါးစု) အားဖြင့် ရုပ်ကို ရေတွက်ခြင်း ‘ရူပသင်္ဂဟ’ ကား -

၅၈၇။ (၁) မြေဟူသော သဘော ‘ပထဝီဓာတ်’ သည် (ရှိ၏)။ (၉၆၇)

(၂) ရေဟူသော သဘော ‘အာပေါဓာတ်’ သည် (ရှိ၏)။ (၉၆၈)

(၃) မီးဟူသော သဘော ‘တေဇောဓာတ်’ သည် (ရှိ၏)။ (၉၆၉)

(၄) လေဟူသော သဘော ‘ဝါယောဓာတ်’ သည် (ရှိ၏)။ (၉၇၀)

(၅) ယင်းသဘာဝ ‘ဓာတ်’ လေးပါးကို မှီတတ်သော ‘ဥပါဒါ’ ရုပ်သည် (ရှိ၏)။ (၉၇၁) ဤသို့ ငါးဖို့ (ငါးစု) အားဖြင့် ရုပ်ကို ရေတွက်အပ်၏။

ငါးမျိုးငါးစားအားဖြင့် ဟောကြားခြင်း ‘ပဉ္စက’ ပြီးပြီ။

--

ခြောက်မျိုးခြောက်စားအားဖြင့် ဟောကြားခြင်း

ဆက္က

ခြောက်ဖို့ (ခြောက်စု) အားဖြင့် ရုပ်ကို ရေတွက်ခြင်း ‘ရူပသင်္ဂဟ’ ကား -

၅၈၈။ (၁) စက္ခုဝိညာဏ်ဖြင့် သိအပ်သော ‘စက္ခုဝိညေယျ'ရုပ်သည် (ရှိ၏) (ရူပါရုံ)။ (၉၇၂)

(၂) သောတဝိညာဏ်ဖြင့် သိအပ်သော ‘သောတဝိညေယျ’ ရုပ်သည် (ရှိ၏) (သဒ္ဒါရုံ)။ (၉၇၂)

(၃) ဃာနဝိညာဏ်ဖြင့် သိအပ်သော ‘ဃာနဝိညေယျ’ ရုပ်သည် (ရှိ၏) (ဂန္ဓာရုံ)။ (၉၇၂)

(၄) ဇိဝှါဝိညာဏ်ဖြင့် သိအပ်သော ‘ဇိဝှါဝိညေယျ’ ရုပ်သည် (ရှိ၏) (ရသာရုံ)။ (၉၇၂)

(၅) ကာယဝိညာဏ်ဖြင့် သိအပ်သော ‘ကာယဝိညေယျ’ ရုပ်သည် (ရှိ၏) (ဖောဋ္ဌဗ္ဗာရုံ)။ (၉၇၂)

(၆) မနောဝိညာဏ်ဖြင့် သိအပ်သော ‘မနောဝိညေယျ’ ရုပ်သည် (ရှိ၏) (ရုပ်အားလုံး)။ (၉၇၂) ဤသို့ ခြောက်ဖို့ (ခြောက်စု) အားဖြင့် ရုပ်ကို ရေတွက်အပ်၏။

ခြောက်မျိုးခြောက်စားအားဖြင့် ဟောကြားခြင်း ‘ဆက္က’ ပြီးပြီ။

--

ခုနစ်မျိုး (ခုနစ်စား) အားဖြင့် ဟောကြားခြင်း

သတ္တက

ခုနစ်ဖို့ (ခုနစ်စု) အားဖြင့် ရုပ်ကို ရေတွက်ခြင်း ‘ရူပသင်္ဂဟ’ ကား -

၅၈၉။ (၁) စက္ခု့ဝိညာဏ်ဖြင့် သိအပ်သော ‘စက္ခုဝိညေယျ'ရုပ်သည် (ရှိ၏) (ရူပါရုံ)။ (၉၇၃)

(၂) သောတဝိညာဏ်ဖြင့် သိအပ်သော ‘သောတဝိညေယျ’ ရုပ်သည် (ရှိ၏) (သဒ္ဒါရုံ)။ (၉၇၃)

(၃) ဃာနဝိညာဏ်ဖြင့် သိအပ်သော ‘ဃာနဝိညေယျ’ ရုပ်သည် (ရှိ၏) (ဂန္ဓာရုံ)။ (၉၇၃)

(၄) ဇိဝှါဝိညာဏ်ဖြင့် သိအပ်သော ‘ဇိဝှါဝိညေယျ’ ရုပ်သည် (ရှိ၏) (ရသာရုံ)။ (၉၇၃)

(၅) ကာယဝိညာဏ်ဖြင့် သိအပ်သော ‘ကာယဝိညေယျ’ ရုပ်သည် (ရှိ၏) (ဖောဋ္ဌဗ္ဗာရုံ)။ (၉၇၃)

(၆) (ပဉ္စာရုံကို) သိကာမျှသဘော ‘မနောဓာတ်'ဖြင့် သိအပ်သော ‘မနောဓာတုဝိညေယျ’ ရုပ်သည် (ရှိ၏) (ရူပါရုံစသော အာရုံငါးပါး)။ (၉၇၃)

(၇) (အာရုံခြောက်ပါးလုံးကို) အထူးသိမှု သဘော ‘မနောဝိညာဏဓာတ်'ဖြင့် သိအပ်သော ‘မနောဝိညာဏဓာတုဝိညေယျ’ ရုပ်သည် (ရှိ၏) (ရုပ်အားလုံး)။ (၉၇၃)

ဤသို့ ခုနစ်ဖို့ (ခုနစ်စု) အားဖြင့် ရုပ်ကို ရေတွက်အပ်၏။

ခုနစ်မျိုး (ခုနစ်စား) အားဖြင့် ဟောကြားခြင်း ‘သတ္တက’ ပြီးပြီ။

--

ရှစ်မျိုးရှစ်စားအားဖြင့် ဟောကြားခြင်း

အဋ္ဌက

ရှစ်ဖို့ (ရှစ်စု) အားဖြင့် ရုပ်ကို ရေတွက်ခြင်း ‘ရူပသင်္ဂဟ’ ကား-

၅၉၀။ (၁) စက္ခု့ဝိညာဏ်ဖြင့် သိအပ်သော ‘စက္ခုဝိညေယျ'ရုပ်သည် (ရှိ၏) (ရူပါရုံ)။ (၉၇၄)

(၂) သောတဝိညာဏ်ဖြင့် သိအပ်သော ‘သောတဝိညေယျ’ ရုပ်သည် (ရှိ၏) (သဒ္ဒါရုံ)။ (၉၇၄)

(၃) ဃာနဝိညာဏ်ဖြင့် သိအပ်သော ‘ဃာနဝိညေယျ’ ရုပ်သည် (ရှိ၏) (ဂန္ဓာရုံ)။ (၉၇၄)

(၄) ဇိဝှါဝိညာဏ်ဖြင့် သိအပ်သော ‘ဇိဝှါဝိညေယျ’ ရုပ်သည် (ရှိ၏) (ရသာရုံ)။ (၉၇၄)

(၅) ကာယဝိညာဏ်ဖြင့် သိအပ်သော ‘ကာယဝိညေယျ’ ဟူသော ချမ်းသာသော အတွေ့အထိရှိသော ‘သုခသမ္ဖဿ’ ရုပ်သည် (ရှိ၏) (နှစ်လိုဖွယ်သော ဖောဋ္ဌဗ္ဗာရုံ)။ (၉၇၄)

(၆) ဆင်းရဲသော အတွေ့အထိရှိသော ‘ဒုက္ခသမ္ဖဿ’ ရုပ်သည် (ရှိ၏) (မနှစ်လိုဖွယ်သော ဖောဋ္ဌဗ္ဗာရုံ)။ (၉၇၄)

(၇) (ပဉ္စာရုံကို) သိကာမျှ သဘော (မနောဓာတ်) ဖြင့် သိအပ်သော ‘မနောဓာတုဝိညေယျ’ ရုပ်သည် (ရှိ၏) (ရူပါရုံစသော အာရုံငါးပါး)။ (၉၇၄)

(၈) (အာရုံခြောက်ပါးလုံးကို) အထူးသိမှုသဘော ‘မနောဝိညာဏဓာတ်'ဖြင့် သိအပ်သော ‘မနောဝိညာဏဓာတုဝိညေယျ’ ရုပ်သည် ရှိ၏ (ရုပ်အားလုံး)။ (၉၇၄)

ဤသို့ ရှစ်ဖို့ (ရှစ်စု) အားဖြင့် ရုပ်ကို ရေတွက်အပ်၏။

ရှစ်မျိုးရှစ်စားအားဖြင့် ဟောကြားခြင်း ‘အဋ္ဌက’ ပြီးပြီ။

--

ကိုးမျိုး ကိုးစားအားဖြင့် ဟောကြားခြင်း

နဝက

ကိုးဖို့ (ကိုစု) အားဖြင့် ရုပ်ကို ရေတွက်ခြင်း ‘ရူပသင်္ဂဟ’ ကား-

၅၉၁။ (၁) မြင်မှု၌ အစိုးရသော မျက်စိအကြည် ‘စက္ခုန္ဒြေ’မည်သော ရုပ်သည် (ရှိ၏) (စက္ခု ပသာဒ)။ (၉၇၅)

(၂) ကြားမှု၌ အစိုးရသော နားအကြည် ‘သောတိန္ဒြေ’ မည်သော ရုပ်သည် (ရှိ၏) (သောတ ပသာဒ)။ (၉၇၆)

(၃) နံမှု၌ အစိုးရသော နှာခေါင်းအကြည် ‘ဃာနိန္ဒြေ’ မည်သော ရုပ်သည် (ရှိ၏) (ဃာနပသာဒ)။ (၉၇၆)

(၄) လျက်မှု၌ အစိုးရသော လျှာအကြည် ‘ဇိဝှိန္ဒြေ’ မည်သော ရုပ်သည် (ရှိ၏) (ဇိဝှါပသာဒ)။ (၉၇၆)

(၅) ထိမှု၌ အစိုးရသော ကိုယ်အကြည် ‘ကာယိနြေ’ မည်သော ရုပ်သည် (ရှိ၏) (ကာယပသာဒ)။ (၉၇၆)

(၆) မိန်းမ (အမ) ဖြစ်ကြောင်း၌ အစိုးရမှု ‘ဣတ္ထိန္ဒြေ’ မည်သော ရုပ်သည် (ရှိ၏) (ဣတ္ထိဘာဝရုပ်)။ (၉၇၆)

(၇) ယောက်ျား (အထီးအဖို) ဖြစ်ကြောင်း၌ အစိုးရမှု ‘ပုရိသိန္ဒြေ’ မည်သော ရုပ်သည် (ရှိ၏) (ပုရိသဘာဝရုပ်)။ (၉၇၆)

(၈) အသက်ရှည်ကြောင်း၌ အစိုးရမှု ‘ဇီဝိတိန္ဒြေ’ မည်သော ရုပ်သည် (ရှိ၏) (ဇီဝိတရုပ်)။ (၉၇၆)

(၉) အကြင် ဣန္ဒြေ မမည်သော ရုပ်သည် (ရှိ၏) (ဣန္ဒြိယရုပ်ရှစ်ခုမှ တစ်ပါးသော ရုပ်များ)။ (၉၇၇)

ဤသို့ ကိုးဖို့ (ကိုးစု) အားဖြင့် ရုပ်ကို ရေတွက်အပ်၏။

ကိုးမျိုး ကိုးစားအားဖြင့် ဟောကြားခြင်း ‘နဝက’ ပြီးပြီ။

--

ဆယ်မျိုး ဆယ်စားအားဖြင့် ဟောကြားခြင်း

ဒသက

ဆယ်ဖို့ (ဆယ်စု) အားဖြင့် ရုပ်ကို ရေတွက်ခြင်း ‘ရူပသင်္ဂဟ’ ကား -

၅၉၂။ (၁) မြင်မှု၌ အစိုးရသော မျက်စိအကြည် ‘စက္ခုန္ဒြေ’မည်သော ရုပ်သည် (ရှိ၏) (စက္ခုပသာဒ)။ (၉၇၈)

(၂) ကြားမှု၌ အစိုးရသော နားအကြည် ‘သောတိန္ဒြေ’ မည်သော ရုပ်သည် (ရှိ၏) (သောတပသာဒ)။ (၉၇၉)

(၃) နံမှု၌ အစိုးရသော နှာခေါင်းအကြည် ‘ဃာနိန္ဒြေ’ မည်သော ရုပ်သည် (ရှိ၏) (ဃာနပသာဒ)။ (၉၇၉)

(၄) လျက်မှု၌ အစိုးရသော လျှာအကြည် ‘ဇိဝှိန္ဒြေ’ မည်သော ရုပ်သည် (ရှိ၏) (ဇိဝှါပသာဒ)။ (၉၇၉)

(၅) ထိမှု၌ အစိုးရသော ကိုယ်အကြည် ‘ကာယိန္ဒြေ’ မည်သော ရုပ်သည် (ရှိ၏) (ကာယပသာဒ)။ (၉၇၉)

(၆) မိန်းမ (အမ) ဖြစ်ကြောင်း၌ အစိုးရမှု ‘ဣတ္ထိန္ဒြေ’ မည်သော ရုပ်သည် (ရှိ၏) (ဣတ္ထိဘာဝရုပ်)။ (၉၇၉)

(၇) ယောက်ျား (အထီးအဖို) ဖြစ်ကြောင်း၌ အစိုးရမှု ‘ပုရိသိန္ဒြေ’ မည်သော ရုပ်သည် (ရှိ၏) (ပုရိသဘာဝရုပ်)။ (၉၇၉)

(၈) အသက်ရှည်ကြောင်း၌ အစိုးရမှု ‘ဇီဝိတိန္ဒြေ’ မည်သော ရုပ်သည် (ရှိ၏) (ဇီဝိတရုပ်)။ (၉၇၉)

(၉) ဣန္ဒြေမမည်သော ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွဖြစ်သော ‘သပ္ပဋိဃ’ ရုပ်သည် (ရှိ၏) (ဝိသယရုပ်ခုနစ်ခု)။ (၉၈၀)

(၁၀) ဣန္ဒြေမမည်သော ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွမဖြစ်သော ‘အပ္ပဋိဃ'ရုပ် သည် (ရှိ၏) (ဘာဝရုပ် ဇီဝိတရုပ်မှ တစ်ပါး သုခုမရုပ်များ)။ (၉၈၁) ဤသို့ ဆယ်ဖို့ (ဆယ်စု) အားဖြင့် ရုပ်ကို ရေတွက်အပ်၏။

ဆယ်မျိုး ဆယ်စားအားဖြင့် ဟောကြားခြင်း ‘ဒသက’ ပြီးပြီ။

--

တစ်ဆယ့်တစ်မျိုးတစ်ဆယ့်တစ်စားအားဖြင့် ဟောကြားခြင်း

ဧကာဒသက

တစ်ဆယ့်တစ်ဘို့ (တစ်ဆယ့်တစ်စု) အားဖြင့် ရုပ်ကို ရေတွက်ခြင်း ‘ရူပသင်္ဂဟ’ ကား-

၅၉၃။ (၁) မြင်သိစိတ်ဖြစ်ရာ မျက်စိအကြည် ‘စက္ခာယတန’ မည်သော ရုပ်သည် (ရှိ၏) (စက္ခုပသာဒ)။ (၉၈၂)

(၂) ကြားသိစိတ်ဖြစ်ရာ နားအကြည် ‘သောတာယတန’ မည်သော ရုပ်သည် (ရှိ၏) (သောတ ပသာဒ)။ (၉၈၃)

(၃) နံသိစိတ်ဖြစ်ရာ နှာခေါင်းအကြည် ‘ဃာနာယတန’ မည်သော ရုပ်သည် (ရှိ၏) (ဃာန ပသာဒ)။ (၉၈၃)

(၄) လျက်သိစိတ်ဖြစ်ရာ လျှာအကြည် ‘ဇိဝှါယတန’ မည်သော ရုပ်သည် (ရှိ၏) (ဇိဝှါပသာဒ)။ (၉၈၃)

(၅) ထိသိစိတ်ဖြစ်ရာ ကိုယ်အကြည် ‘ကာယာယတန’ မည်သော ရုပ်သည် (ရှိ၏) (ကာယပသာဒ)။ (၉၈၃)

(၆) မြင်သိစိတ်ဖြစ်ကြောင်း အဆင်း ‘ရူပါယတန’ မည်သော ရုပ်သည် (ရှိ၏) (ရူပါရုံ)။ (၉၈၃)

(၇) ကြားသိစိတ်ဖြစ်ကြောင်း အသံ ‘သဒ္ဒါယတန’ မည်သော ရုပ်သည် (ရှိ၏) (သဒ္ဒါရုံ)။ (၉၈၃)

(၈) နံသိစိတ်ဖြစ်ကြောင်း အနံ့ ‘ဂန္ဓာယတန’ မည်သော ရုပ်သည် (ရှိ၏) (ဂန္ဓာရုံ)။ (၉၈၃)

(၉) လျက်သိစိတ်ဖြစ်ကြောင်း အရသာ ‘ရသာယတန’ မည်သော ရုပ်သည် (ရှိ၏) (ရသာရုံ)။ (၉၈၃)

(၁၀) ထိသိစိတ်ဖြစ်ကြောင်း အတွေ့ ‘ဖောဋ္ဌဗ္ဗာယတန’ မည်သော ရုပ်သည် (ရှိ၏) (ဖောဋ္ဌဗ္ဗာရုံ)။ (၉၈၃)

(၁၁) ဓမ္မာယတန၌ အကျုံးဝင်သော, မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) လည်း မရှိ၊ ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) လည်း မရှိသော အကြင် ‘အနိဒဿန,အပ္ပဋိဃ’ ရုပ်သည်လည်း (ရှိ၏) (အနိဒဿန အပ္ပဋိဃဖြစ်သော သုခုမရုပ်)။ (၉၈၄)

ဤသို့ တစ်ဆယ့်တစ်ဖို့ (တစ်ဆယ့်တစ်စု) အားဖြင့် ရုပ်ကို ရေတွက်အပ်၏။

တစ်ဆယ့်တစ်မျိုးတစ်ဆယ့်တစ်စားအားဖြင့် ဟောကြားခြင်း ‘ဧကာဒသက’ ပြီးပြီ။

ခေါင်းစဉ်မာတိကာ ပြီးပြီ။

--

ရူပဝိဘတ္တိနိဒ္ဒေသ

တစ်ခုစီအကျယ်ပြခြင်း

ဧကကနိဒ္ဒေသ

၅၉၄။ အလုံးစုံသော ရုပ်သည် -အကြောင်းရင်း (ဟိတ်) မမည်သည်သာတည်း ‘န ဟေတုမေဝ’၊

အကြောင်းရင်း (ဟိတ်) နှင့် မယှဉ်သည်သာတည်း ‘ဟေတုဝိပ္ပယုတ္တမေဝ’။

(ကံ, စိတ်, ဥတု, အာဟာရဟူသော) အကြောင်းတရားတို့နှင့် တကွ (အကြောင်းတရားတို့ကြောင့်) ဖြစ်သည်သာတည်း ‘သပ္ပစ္စယမေဝ’။

(ကံ, စိတ်, ဥတု, အာဟာရဟူသော) အကြောင်းတရားတို့သည် (ပေါင်း၍) ပြုပြင်စီမံအပ်သည်သာတည်း ‘သင်္ခတမေဝ’၊

ဆန့်ကျင်ဘက်အကြောင်းတို့ကြောင့် ဖောက်ပြန်တတ်သည်သာတည်း ‘ရူပမေဝ’။ (ဥပါဒါနက္ခန္ဓာဟူသော) လောက၌ အကျုံးဝင်သည်သာတည်း ‘လောကိယမေဝ’၊

ရှည်စွာသော သံသရာဝဋ်ဆင်းရဲကို ဖြစ်စေတတ်သော, သတ္တဝါတို့သန္တာန်၌ ယိုစီးဖြစ်ပေါ်နေတတ် သည့်တဏှာ, ဒိဋ္ဌိ, မောဟတည်းဟူသော အာသဝေါတရားတို့၏ အာရုံဖြစ်သည်သာတည်း ‘သာသဝမေဝ’၊

ဝဋ်ဆင်းရဲ၌ ယှဉ်စပ်နှောင်ဖွဲ့တတ်သော သံယောဇဉ်တို့၏ အာရုံဖြစ်သည်သာတည်း ‘သညောဇနိယ မေဝ’၊

ဝဋ်ဆင်းရဲ၌ ဆက်စပ်ထုံးဖွဲ့တတ်သော ‘ဂန္ထ'တို့၏ အာရုံဖြစ်သည်သာတည်း ‘ဂန္ထနိယမေဝ’၊

ဝဋ်ဆင်းရဲ၌ နစ်မြုပ်စေတတ်သော ‘ဩဃ'တို့၏ အာရုံဖြစ်သည်သာတည်း ‘ဩဃနိယမေဝ’၊

ဝဋ်ဆင်းရဲ၌ ယှဉ်စေတတ်သော ‘ယောဂ'တို့၏ အာရုံဖြစ်သည်သာတည်း ‘ယောဂနိယမေဝ’၊

ဈာန်မဂ်ဖိုလ်တို့ကို ပိတ်ပင်တတ်သော နီဝရဏတို့၏ အာရုံဖြစ်သည်သာတည်း ‘နီဝရဏိယမေဝ’၊

မမြဲသည်ကို မြဲ၏ဟု မှားသောအားဖြင့် သုံးသပ်တတ်သော ‘ပရာမာသ'တို့၏ အာရုံဖြစ်သည်သာ တည်း'ပရာမဋ္ဌမေဝ’၊

ပြင်းစွာ စွဲလမ်းတတ်သော ဥပါဒါန်တို့၏ အာရုံဖြစ်သည်သာတည်း ‘ဥပါဒါနိယမေဝ’၊

ပူပန်စေတတ် နှိပ်စက်တတ်သော ကိလေသာတို့၏ အာရုံဖြစ်သည်သာတည်း ‘သံကိလေသိကမေဝ’၊

ကုသိုလ် အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သော ‘အဗျာကတ’ တရားချည်းသာတည်း ‘အဗျာကတ မေဝ’၊

အာရုံပြု ခြင်း မရှိသည်သာတည်း ‘အနာရမ္မဏမေဝ’၊

စိတ်၌ မယှဉ်သည်သာတည်း ‘အစေတသိကမေဝ’၊

စိတ်နှင့် မတွဲယှဉ် မရောနှောသည်သာတည်း ‘စိတ္တဝိပ္ပယုတ္တမေဝ’၊

အကျိုး ‘ဝိပါက်’ (စိတ်) လည်း မဟုတ်၊ အကျိုး'ဝိပါက်'ကို ဖြစ်စေခြင်းသဘောရှိသည်လည်း မဟုတ်သည်သာတည်း ‘နေဝ ဝိပါက န ဝိပါကဓမ္မဓမ္မမေဝ’၊

ပူပန်စေတတ် နှိပ်စက်တတ်သော ‘ကိလေသာ'တို့သည် မပူပန်စေအပ် မနှိပ်စက်အပ်ကုန်မူ၍ ပူပန့်စေတတ် နှိပ်စက်တတ်သော ‘ကိလေသာ'တို့ကို (ရခြင်းငှါသာ) ထိုက်တန်သည်သာတည်း (ကိလေသာနှင့်မရောယှဉ်၊ ကိလေသာ၏ အာရုံဖြစ်သည်) ‘အသံကိလိဋ္ဌ သံကိလေသိကမေဝ’၊

--

ကြံစည်မှု ‘ဝိတက်’ နှင့်လည်း တကွ သုံးသပ်မှု ‘ဝိစာရ’ နှင့်လည်း တကွဖြစ်သော ‘သဝိတက္ကသဝိစာရ’ တရား မဟုတ်သည်သာတည်း ‘န သဝိတက္ကသဝိစာရမေဝ’၊

ကြံစည်မှု ‘ဝိတက်'ကား မရှိ၊ သုံးသပ်မှု ‘ဝိစာရ'မျှသာရှိသော ‘အဝိတက္က ဝိစာရမတ္တ’ တရားလည်းမဟုတ်သည်သာတည်း ‘န အဝိတက္ကဝိစာရမတ္တမေဝ’၊

ကြံစည်မှု ‘ဝိတက်’ လည်း မရှိ၊ သုံးသပ်မှု ‘ဝိစာရ'လည်း မရှိသည်သာတည်း ‘အဝိတက္က အဝိစာရ မေဝ’၊

နှစ်သက်မှု ‘ပီတိ’ (စေတသိက်) နှင့် တကွမဖြစ်။ (မတွဲယှဉ် မရောနှော) သည်သာတည်း ‘န ပီတိသဟဂတမေဝ’၊

ချမ်းသာမှု ‘သုခ’ နှင့် တကွမဖြစ်။ (မတွဲယှဉ် မရောနှော) သည်သာတည်း ‘န သုခသဟဂတမေဝ’၊

လျစ်လျူရှုမှု ‘ဥပေက္ခာ’ နှင့် တကွမဖြစ်။ (မတွဲယှဉ် မရောနှော) သည်သာတည်း ‘န ဥပေက္ခာသဟဂတမေဝ’၊

သောတာပတ္တိမဂ်ဖြင့် ပယ်အပ်သည်လည်း မဟုတ်၊ အထက်မဂ်သုံးပါးဖြင့် ပယ်အပ်သည်လည်းမဟုတ်သည်သာတည်း ‘နေဝ ဒဿနေန န ဘာဝနာယ ပဟာတဗ္ဗမေဝ’၊

သောတာပတ္တိမဂ်ဖြင့် ပယ်အပ်သော ဟိတ်ရှိသည်လည်း မဟုတ်၊ အထက်မဂ်သုံးပါးဖြင့် ပယ်အပ် သောဟိတ်ရှိသည်လည်း မဟုတ်သည်သာတည်း ‘နေဝ ဒဿနေန န ဘာဝနာယ ပဟာတဗ္ဗဟေတုက မေဝ’၊

ပဋိသန္ဓေ စုတိသို့ ရောက်ကြောင်းလည်း မဟုတ်၊ နိဗ္ဗာန်သို့ ရောက်ကြောင်းလည်း မဟုတ်သည်သာတည်း ‘နေဝ အာစယဂါမိ န အပစယဂါမိမေဝ’၊

သေက္ခပုဂ္ဂိုလ်ခုနစ်ယောက်တို့၏ ဥစ္စာလည်း မဟုတ်၊ ရဟန္တာ ‘အသေက္ခ'ပုဂ္ဂိုလ်၏ ဥစ္စာလည်းမဟုတ်သည်သာတည်း ‘နေဝသေက္ခ နာသေက္ခမေဝ’၊

နည်းပါးသော အာနုဘော်ရှိသော ‘ပရိတ္တ’ တရားသာတည်း ‘ပရိတ္တမေဝ’၊

ကာမဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်သော ကာမာဝစရတရားသာတည်း ‘ကာမာဝစရမေဝ’၊

ရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်သော ရူပါဝစရတရား မဟုတ်သည်သာတည်း ‘န ရူပါဝစရမေဝ’၊

အရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်သော အရူပါဝစရတရား မဟုတ်သည်သာတည်း ‘န အရူပါဝစရမေဝ’၊

ဝဋ်၌ အကျုံးဝင်သည်သာတည်း ‘ပရိယာပန္နမေဝ’၊

ဝဋ်၌ အကျုံးမဝင်သည် မဟုတ်သည်သာတည်း ‘နော အပရိယာပန္နမေဝ’၊

စုတိ၏ အခြားမဲ့၌ ဖြစ်စေ, မိမိ၏ အခြားမဲ့၌ ဖြစ်စေ အကျိုးပေး မမြဲသည်သာတည်း ‘အနိယတမေဝ’၊

ဝဋ်ဆင်းရဲမှ ထွက်မြောက်ကြောင်းတရား မဟုတ်သည်သာတည်း ‘အနိယျာနိကမေဝ’၊

ဖြစ်ဆဲ (ဖြစ်ပေါ်ဆဲ) ဖြစ်သော ရုပ်ကို အထူးသိမှု ‘ဝိညာဏ် ‘ခြောက်ပါးတို့သည် သိအပ်သည်သာ တည်း'ဥပ္ပန္နံ ဆဟိ ဝိညာဏေဟိ ဝိညေယျမေဝ’။ (ဖြစ်ပြီးသည့်နောက် တည်တံ့မနေခြင်းကြောင့်) မမြဲသည်သာတည်း ‘အနိစ္စမေဝ’၊

အိုမှု, ရင့်ရော်ဆွေးမြေ့မှု ‘ဇရာ’ သည် လွှမ်းမိုးနှိပ်စက်အပ်သည်သာတည်း ‘ဇရာဘိဘူတမေဝ’။ (ပဒအမှတ် ၅၈၄-ကြည့်) ဤသို့ တစ်ဖို့ (တစ်စု) အားဖြင့် ရုပ်ကို ရေတွက်အပ်၏။

တစ်ခုစီ အကျယ်ပြခြင်း ‘ဧကကနိဒ္ဒေသ’ ပြီးပြီ။

--

နှစ်ခုစီအကျယ်ပြခြင်း

ဒုကနိဒ္ဒေသ

ဥပါဒါရုပ်ကို ဝေဖန်ခြင်း ‘ဥပါဒါဘာဇနီယ'

ဥပါဒါရုပ်

၅၉၅။ ထိုမှီ၍ဖြစ်သော ‘ဥပါဒါ'ရုပ်ဟူသည် အဘယ်နည်း။

(၁) မြင်သိစိတ်ဖြစ်ရာ မျက်စိအကြည် ‘စက္ခာယတန'ရုပ်သည်။

(၂) ကြားသိစိတ်ဖြစ်ရာ နားအကြည် ‘သောတာယတန'ရုပ်သည်။

(၃) နံသိစိတ်ဖြစ်ရာ နှာခေါင်းအကြည် ‘ဃာနာယတန’ ရုပ်သည်။

(၄) လျက်သိစိတ်ဖြစ်ရာ လျှာအကြည် ‘ဇိဝှါယတန'ရုပ်သည်။

(၅) ထိသိစိတ်ဖြစ်ရာ ကိုယ်အကြည် ‘ကာယာယတန'ရုပ်သည်။

(၆) မြင်သိစိတ်ဖြစ်ကြောင်း အဆင်း (ရူပါရုံ) ‘ရူပါယတန'ရုပ်သည်။

(၇) ကြားသိစိတ်ဖြစ်ကြောင်း အသံ (သဒ္ဒါရုံ) ‘သဒ္ဒါယတန'ရုပ်သည်။

(၈) နံသိစိတ်ဖြစ်ကြောင်း အနံ့ (ဂန္ဓာရုံ) ‘ဂန္ဓာယတန'ရုပ်သည်။

(၉) လျက်သိစိတ်ဖြစ်ကြောင်း အရသာ (ရသာရုံ) ‘ရသာယတန'ရုပ်သည်။

(၁၀) မိန်းမ (အမ) ဖြစ်ကြောင်း၌ အစိုးရမှု ‘ဣတ္ထိန္ဒြေ'ရုပ်သည်။ (ဣတ္ထိဘာဝရုပ်)

(၁၁) ယောက်ျား (အထီးအဖို) ဖြစ်ကြောင်း၌ အစိုးရမှု ‘ပုရိသိန္ဒြေ'ရုပ်သည်။ (ပုမ္ဘာဝရုပ်)။

(၁၂) အသက်ရှည်ကြောင်း၌ အစိုးရမှု ‘ဇီဝိတိန္ဒြေ'ရုပ်သည်။

(၁၃) မိမိ၏ အလိုဆန္ဒကို ကိုယ်အမူအရာဖြင့် သိစေမှု ‘ကာယဝိညတ်'ရုပ်သည်။

(၁၄) မိမိ၏ အလိုဆန္ဒကို နှုတ်မြွက်ခြင်းဖြင့် သိစေမှု ‘ဝစီဝိညတ်’ ရုပ်သည်။

(၁၅) မရေးခြစ်အပ်သော (ရေးခြစ်၍ မရသော ဟင်းလင်း) သဘော ‘အာကာသဓာတ်'ရုပ်သည်။

(၁၆) ရုပ်၏ လျင်မြန်ပေါ့ပါးမှု ‘ရူပဿ လဟုတာ’ ရုပ်သည်။

(၁၇) ရုပ်၏ နူးညံ့မှု ‘ရူပဿ မုဒုတာ’ ရုပ်သည်။

(၁၈) ရုပ်၏ခံ့မှု (အမှုကိစ္စတို့၌ ပြီးမြောက်အောင် လိုက်လျောဆောင်ရှက်နိုင်မှု) ‘ရူပဿ ကမ္မညတာ’ ရုပ်သည်။

(၁၉) ရုပ်၏ ဖြစ်ပေါ်လာစ ‘ရူပဿ ဥပစယ’ ရုပ်သည်။

(၂၀) ရုပ်၏ ကြီးပွါးဆဲအစဉ် ‘ရူပဿ သန္တတိ’ ရုပ်သည်။

(၂၁) ရုပ်၏ အိုမှု, ရင့်ရော်ဆွေးမြေ့မှု ‘ရူပဿ ဇရတာ’ ရုပ်သည်။

(၂၂) ရုပ်၏ (ဖြစ်ပြီးသည့်နောက် တည်တံ့မနေခြင်းကြောင့်) မမြဲမှု ‘ရူပဿ အနိစ္စတာ'ရုပ်သည်။

(၂၃) အလုတ်အလွေး ပြုအပ်သောအစာ ‘ကဗဠီကာရအာဟာရ’ ရုပ်သည် (ရှိ၏)။

(ဤရုပ်အပေါင်းသည် မှီ၍ ဖြစ်သော ဥပါဒါရုပ်ပေတည်း)

--

စက္ခာယတနရုပ်

၅၉၆။ (၁) မြင်သိစိတ်ဖြစ်ရာ မျက်စိအကြည် ‘စက္ခာယတန’ ဟူသော ထိုရုပ်သည်အဘယ်နည်း။ အကြင် မျက်စိအကြည် ‘စက္ခု’ (ပသာဒ) ရုပ်သည် မဟာဘုတ်လေးပါး တို့ကို စွဲမှီ၍ ကြည်လင်၏'ပသာဒ’၊ အတ္တဘော (ကိုယ်ခန္ဓာ) ၌ အကျုံးဝင်၏ ‘အတ္တဘာဝပရိယာပန္န’၊ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွမဖြစ် ‘အနိဒဿန', ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ ‘သပ္ပဋိဃ'ဖြစ်၏။ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွ မဖြစ်သော , ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့်တကွ ဖြစ်သော , အကြင် မျက်စိအကြည် ‘စက္ခု’ (ပသာဒ) ဖြင့် မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့်တကွ ‘သနိဒဿန', ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ ‘သပ္ပဋိဃ'ဖြစ်သော အဆင်း (ရူပါရုံ) ကို မြင်လည်း မြင်ခဲ့ပြီ၊ မြင်လည်း မြင်ဆဲ၊ မြင်လည်း မြင်လတ္တံ့၊ မြင်မူလည်း မြင်ရာ၏။ ဤရုပ်သည် မျက်စိအကြည် ‘စက္ခု’ (ပသာဒ) လည်း မည်၏၊ ဤရုပ်သည် မြင်သိစိတ်ဖြစ်ရာ မျက်စိအကြည် ‘စက္ခာယတန'လည်း မည်၏၊ ဤရုပ်သည် မျက်စိအကြည်ဟူသော သဘော ‘စက္ခုဓာတ်'လည်းမည်၏၊ ဤရုပ်သည် မြင်မှု၌ အစိုးရသော မျက်စိအကြည် ‘စက္ခုန္ဒြေ'လည်း မည်၏၊ ဤရုပ်သည့်ဖြစ်တတ် ပျက်တတ်သော သဘော ‘လောက'လည်း မည်၏၊ ဤရုပ်သည် ဖဿစသောနာမ်တရားတို့၏ဖြစ်ကြောင်း တံခါး ‘ဒွါရ'လည်း မည်၏၊ ဤရုပ်သည် (ရူပါရုံကို မြင်မှု၌ မရောင့်ရဲပြည့်နိုင်ခဲသော သဘောကြောင့်) သမုဒ္ဒရာ ‘သမုဒ္ဒ'လည်း မည်၏၊ ဤရုပ်သည် ဖြူစင်ခြင်းသဘော ‘ပဏ္ဍရ'လည်း မည်၏၊ ဤရုပ်သည် ဖဿစသော နာမ်တရားတို့၏ ပေါက်ဖွားရာ လယ်မြေ'ခေတ္တ'လည်း မည်၏၊ ဤရုပ်သည် ဖဿစသော နာမ်တရားတို့၏ မှီရာတည်ရာ ‘ဝတ္ထု’ လည်း မည်၏၊ ဤရုပ်သည် (လမ်းခရီး ညီညွတ်သည် မညီညွတ် သည်ကို ပြလျက် အတ္တဘောကို) ဆောင်တတ်သောမျက်စိ ‘နေတ္တ'လည်း မည်၏၊ ဤရုပ်သည် (လမ်း ခရီး ညီညွတ်သည် မညီညွတ်သည်ကို ပြလျက်အတ္တဘောကိုပင်) ဆောင်တတ်သော မျက်စိ ‘နယန'လည်း မည်၏၊ ဤရုပ်သည် (နိဗ္ဗာန်မှတစ်ဖက်ကမ်းဖြစ်သော သက္ကာယ၌ အကျုံးဝင်သဖြင့်) ဤမှာဘက်ကမ်း ‘ဩရိမတီရ'လည်း မည်၏၊ ဤရုပ်သည် (စက္ခုဒွါရ၌ ဖြစ်သော စိတ် အများနှင့် ဆက်ဆံခြင်းရှိ၍ သီးခြား ပိုင်ရှင် ကင်းမဲ့သဖြင့်) ဆိတ်သုဉ်းသော ရွာ ‘သုညဂါမ'လည်း မည်၏၊ ဤသို့သဘောရှိသော ရုပ်သည် မြင်သိစိတ်ဖြစ်ရာမျက်စိအကြည် ‘စက္ခာယတန’ ဟူသော ထိုရုပ်ပေတည်း။

၅၉၇။ (၂) မြင်သိစိတ်ဖြစ်ရာ မျက်စိအကြည် ‘စက္ခာယတန’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ အကြင်မျက်စိအကြည် ‘စက္ခု’ (ပသာဒ) ရုပ်သည် မဟာဘုတ်လေးပါးတို့ကို စွဲမှီ၍ ကြည်လင်၏ ‘ပသာဒ’ ၊ အတ္တဘော (ကိုယ်ခန္ဓာ) ၌ အကျုံးဝင်၏ ‘အတ္တဘာဝပရိယာပန္န’ ၊ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့်တကွ မဖြစ် ‘အနိဒဿန’ , ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ ‘သပ္ပဋိဃ’ ဖြစ်၏။ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွမဖြစ်သော , ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့်တကွဖြစ်သော အကြင် မျက်စိအကြည် ‘စက္ခု’ (ပသာဒ) ၌ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွ ‘သနိဒဿန’ , ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ ‘သပ္ပဋိဃ’ ဖြစ်သော အဆင်း (ရူပါရုံ) သည်ထိပါးလည်း ထိပါးခဲ့ပြီ၊ ထိပါးလည်း ထိပါးဆဲ၊ ထိပါးလည်း ထိပါးလတ္တံ့၊ ထိပါးမူလည်း ထိပါးရာ၏။ ဤရုပ်သည် မျက်စိအကြည် ‘စက္ခု’ (ပသာဒ) လည်း မည်၏၊ ဤရုပ်သည် မြင်သိစိတ်ဖြစ်ရာ မျက်စိအကြည် ‘စက္ခာယတန’ လည်း မည်၏၊ ဤရုပ်သည် မျက်စိအကြည်ဟူသော သဘော ‘စက္ခုဓာတ်’ လည်းမည်၏၊ ဤရုပ်သည် မြင်မှု၌ အစိုးရသော မျက်စိအကြည် ‘စက္ခုန္ဒြေ’ လည်း မည်၏၊ ဤရုပ်သည်ဖြစ်တတ်၊ ပျက်တတ်သော သဘော ‘လောက’ လည်း မည်၏၊ ဤရုပ်သည် ဖဿစသော နာမ်တရားတို့၏ဖြစ်ကြောင်း တံခါး ‘ဒွါရ’ လည်း မည်၏၊ ဤရုပ်သည် (ရူပါရုံကို မြင်မှု၌ မရောင့်ရဲ ပြည့်နိုင်ခဲသောသဘောကြောင့်) သမုဒ္ဒရာ ‘သမုဒ္ဒ’ လည်း မည်၏၊ ဤရုပ်သည် ဖြူစင်ခြင်းသဘော ‘ပဏ္ဍရ’ လည်းမည်၏၊ ဤရုပ်သည် ဖဿစသော နာမ်တရားတို့၏ ပေါက်ဖွားရာ လယ်မြေ ‘ခေတ္တ’ လည်း မည်၏၊ ဤရုပ်သည် ဖဿစသော နာမ်တရားတို့၏ မှီရာတည်ရာ ‘ဝတ္ထု’ လည်း မည်၏၊ ဤရုပ်သည် (လမ်းခရီးညီညွတ် သည် မညီညွတ်သည်ကို ပြလျက် အတ္တဘောကို) ဆောင်တတ်သော မျက်စိ ‘နေတ္တ’ လည်းမည်၏၊ ဤရုပ် သည် (လမ်းခရီးညီညွတ်သည် မညီညွတ်သည်ကို ပြလျက် အတ္တဘောကိုပင်) ဆောင်တတ်သော မျက်စိ ‘နယန’ လည်း မည်၏၊ ဤရုပ်သည် (နိဗ္ဗာန်မှ တစ်ဘက်ကမ်းဖြစ်သော သက္ကာယ၌ အကျုံးဝင်သဖြင့်) ဤမှာဘက်ကမ်း ‘ဩရိမတီရ’ လည်း မည်၏၊ ဤရုပ်သည် (စက္ခုဒွါရ၌ ဖြစ်သော စိတ် အများနှင့် ဆက်ဆံခြင်းရှိ၍ သီးခြားပိုင်ရှင်ကင်းမဲ့သဖြင့်) ဆိတ်သုဉ်းသော ရွာ ‘သုညဂါမ’ လည်း မည်၏၊ ဤသို့ သဘောရှိသော ရုပ်သည် မြင်သိစိတ်ဖြစ်ရာ မျက်စိအကြည် ‘စက္ခာယတန’ ဟူသော ထိုရုပ်ပေတည်း။

--

၅၉၈။ (၃) မြင်သိစိတ်ဖြစ်ရာ မျက်စိအကြည် ‘စက္ခာယတန’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ အကြင်မျက်စိအကြည် ‘စက္ခု’ (ပသာဒ) ရုပ်သည် မဟာဘုတ်လေးပါးတို့ကို စွဲမှီ၍ ကြည်လင်၏ ‘ပသာဒ’ ၊ အတ္တဘော (ကိုယ်ခန္ဓာ) ၌ အကျုံးဝင်၏ ‘အတ္တဘာဝပရိယာပန္န’ ၊ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့်တကွမဖြစ် ‘အနိဒဿန’ , ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ ‘သပ္ပဋိဃ’ ဖြစ်၏။ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွမဖြစ်သော , ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့်တကွဖြစ်သော အကြင် မျက်စိအကြည် ‘စက္ခု’ (ပသာဒ) သည် မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့်တကွ ‘သနိဒဿန’ , ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ ‘သပ္ပဋိဃ’ ဖြစ်သော အဆင်း ရူပါရုံ၌ ထိပါးလည်း ထိပါးခဲ့ပြီ၊ ထိပါးလည်း ထိပါးဆဲ၊ ထိပါးလည်း ထိပါးလတ္တံ့၊ ထိပါးမူလည်း ထိပါးရာ၏။ ဤရုပ်သည် မျက်စိအကြည် ‘စက္ခု’ (ပသာဒ) လည်း မည်၏၊ ဤရုပ်သည် မြင်သိစိတ်ဖြစ်ရာ မျက်စိအကြည် ‘စက္ခာယတန’ လည်း မည်၏၊ ဤရုပ်သည် မျက်စိအကြည်ဟူသော သဘော ‘စက္ခုဓာတ်’ လည်းမည်၏၊ ဤရုပ်သည် မြင်မှု၌ အစိုးရသော မျက်စိအကြည် ‘စက္ခုန္ဒြေ’ လည်း မည်၏၊ ဤရုပ်သည်ဖြစ်တတ် ပျက်တတ်သော သဘော ‘လောက’ လည်း မည်၏၊ ဤရုပ်သည် ဖဿစသော နာမ်တရားတို့၏ဖြစ်ကြောင်း တံခါး ‘ဒွါရ’ လည်း မည်၏၊ ဤရုပ်သည် (ရူပါရုံကို မြင်မှု၌ မရောင့်ရဲ ပြည့်နိုင်ခဲသောသဘောကြောင့်) သမုဒ္ဒရာ ‘သမုဒ္ဒ’ လည်း မည်၏၊ ဤရုပ်သည် ဖြူစင်ခြင်း သဘော ‘ပဏ္ဍရ’ လည်းမည်၏၊ ဤရုပ်သည် ဖဿစသော နာမ်တရားတို့၏ ပေါက်ဖွားရာ လယ်မြေ ‘ခေတ္တ’ လည်း မည်၏၊ ဤရုပ်သည် ဖဿစသော နာမ်တရားတို့၏ မှီရာတည်ရာ ‘ဝတ္ထု’ လည်း မည်၏၊ ဤရုပ်သည် (လမ်းခရီးညီညွတ်သည် မညီညွတ်သည်ကို ပြလျက် အတ္တဘောကို) ဆောင်တတ်သော မျက်စိ ‘နေတ္တ’ လည်းမည်၏၊ ဤရုပ်သည် (လမ်းခရီးညီညွတ်သည် မညီညွတ်သည်ကို ပြလျက် အတ္တဘောကိုပင်) ဆောင်တတ်သော မျက်စိ ‘နယန’ လည်း မည်၏၊ ဤရုပ်သည် (နိဗ္ဗာန်မှ တစ်ဖက်ကမ်းဖြစ်သော သက္ကာယ၌ အကျုံးဝင် သဖြင့်) ဤမှာဘက်ကမ်း ‘ဩရိမတီရ’ လည်း မည်၏၊ ဤရုပ်သည် (စက္ခုဒွါရ၌ ဖြစ်သော စိတ် အများနှင့် ဆက်ဆံခြင်းရှိ၍ သီးခြားပိုင်ရှင် ကင်းမဲ့သဖြင့်) ဆိတ်သုဉ်းသော ရွာ ‘သုညဂါမ’ လည်း မည်၏၊ ဤသို့ သဘောရှိသော ရုပ်သည် မြင်သိစိတ်ဖြစ်ရာ မျက်စိအကြည် ‘စက္ခာယတန’ ဟူသော ထိုရုပ်ပေတည်း။

၅၉၉။ (၄) မြင်သိစိတ်ဖြစ်ရာ မျက်စိအကြည် ‘စက္ခာယတန’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ အကြင်မျက်စိအကြည် ‘စက္ခု’ (ပသာဒ) သည် မဟာဘုတ်လေးပါးတို့ကို စွဲမှီ၍ ကြည်လင်၏ ‘ပသာဒ’ ၊ အတ္တဘော (ကိုယ်ခန္ဓာ) ၌ အကျုံးဝင်၏ ‘အတ္တဘာဝပရိယာပန္န’ ၊ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့်တကွမဖြစ် ‘အနိဒဿန’ , ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ ‘သပ္ပဋိဃ’ ဖြစ်၏။ အကြင် မျက်စိအကြည် ‘စက္ခု’ (ဝတ္ထု) ကို မှီ၍ အဆင်း (ရူပါရုံ) ကို အာရုံပြု၍ မြင်သိစိတ်နှင့် ယှဉ်သောတွေ့ထိမှု ‘ဖဿ’ သည် ဖြစ်လည်း ဖြစ်ခဲ့ပြီ၊ ဖြစ်လည်း ဖြစ်ဆဲ၊ ဖြစ်လည်း ဖြစ်လတ္တံ့၊ ဖြစ်မူ လည်းဖြစ်ရာ၏။ပ။ အကြင် မျက်စိအကြည် ‘စက္ခု’ (ဝတ္ထု) ကို မှီ၍ အဆင်း (ရူပါရုံ) ကို အာရုံပြု၍ မြင်သိစိတ်နှင့် ယှဉ်သောတွေ့ထိမှု ‘ဖဿ’ ကြောင့် ဖြစ်သော ခံစားမှု ‘ဝေဒနာ’ သည်။ပ။ မှတ်သားမှု ‘သညာ’ သည်။ပ။ စေ့ဆော်မှု (နှိုးဆော်မှု) ‘စေတနာ’ သည်။ပ။ မြင်သိစိတ် ‘စက္ခုဝိညာဏ်’ သည် ဖြစ်လည်း ဖြစ်ခဲ့ပြီ၊ ဖြစ်လည်း ဖြစ်ဆဲ၊ ဖြစ်လည်း ဖြစ်လတ္တံ့၊ ဖြစ်မူလည်း ဖြစ်ရာ၏။ပ။ အကြင် မျက်စိအကြည် ‘စက္ခု’ (ဝတ္ထု) ကို မှီ၍ အဆင်း (ရူပါရုံ) လျှင် အာရုံရှိသော မြင်သိစိတ်နှင့်ယှဉ်သော တွေ့ထိမှု ‘ဖဿ’ သည် ဖြစ်လည်း ဖြစ်ခဲ့ပြီ၊ ဖြစ်လည်း ဖြစ်ဆဲ၊ ဖြစ်လည်း ဖြစ်လတ္တံ့၊ ဖြစ်မူလည်း ဖြစ်ရာ၏။ပ။ အကြင် မျက်စိအကြည် ‘စက္ခု’ (ဝတ္ထု) ကို မှီ၍ အဆင်း (ရူပါရုံ) လျှင် အာရုံရှိသော မြင်သိစိတ်နှင့်ယှဉ်သော တွေ့ထိမှု ‘ဖဿ’ ကြောင့်ဖြစ်သော ခံစားမှု ‘ဝေဒနာ’ သည်။ပ။ မှတ်သားမှု ‘သညာ’ သည်။ပ။ စေ့ဆော်မှု (နှိုးဆော်မှု) ‘စေတနာ’ သည်။ပ။ မြင်သိစိတ် ‘စက္ခုဝိညာဏ်’ သည် ဖြစ်လည်း ဖြစ်ခဲ့ပြီ၊ ဖြစ်လည်း ဖြစ်ဆဲ၊ ဖြစ်လည်း ဖြစ်လတ္တံ့၊ ဖြစ်မူလည်း ဖြစ်ရာ၏။

--

ဤရုပ်သည် မျက်စိအကြည် ‘စက္ခု’ (ပသာဒ) လည်း မည်၏၊ ဤရုပ်သည် မြင်သိစိတ်ဖြစ်ရာ မျက်စိအကြည် ‘စက္ခာယတန'လည်း မည်၏၊ ဤရုပ်သည် မျက်စိအကြည်ဟူသော သဘော ‘စက္ခုဓာတ်’ လည်းမည်၏၊ ဤရုပ်သည် မြင်မှု၌ အစိုးရသော မျက်စိအကြည် ‘စက္ခုန္ဒြေ'လည်း မည်၏၊ ဤရုပ်သည်ဖြစ်တတ် ပျက်တတ်သော သဘော ‘လောက'လည်း မည်၏၊ ဤရုပ်သည် ဖဿစသော နာမ်တရားတို့၏ဖြစ်ကြောင်း တံခါး ‘ဒွါရ'လည်း မည်၏၊ ဤရုပ်သည် (ရူပါရုံကို မြင်မှု၌ မရောင့်ရဲ ပြည့်နိုင်ခဲသောသဘောကြောင့်) သမုဒ္ဒရာ ‘သမုဒ္ဒ'လည်း မည်၏၊ ဤရုပ်သည် ဖြူစင်ခြင်းသဘော ‘ပဏ္ဍရ'လည်းမည်၏၊ ဤရုပ်သည် ဖဿစသော နာမ်တရားတို့၏ ပေါက်ဖွားရာ လယ်မြေ ‘ခေတ္တ'လည်း မည်၏၊ ဤရုပ်သည် ဖဿစသော နာမ်တရားတို့၏ မှီရာတည်ရာ ‘ဝတ္ထု’ လည်း မည်၏၊ ဤရုပ်သည် (လမ်းခရီးညီညွတ် သည် မညီညွတ်သည်ကို ပြလျက် အတ္တဘောကို) ဆောင်တတ်သော မျက်စိ ‘နေတ္တ'လည်းမည်၏၊ ဤရုပ်သည် (လမ်းခရီး ညီညွတ်သည် မညီညွတ်သည်ကို ပြလျက် အတ္တဘောကိုပင်) ဆောင်တတ်သော မျက်စိ ‘နယန'လည်း မည်၏၊ ဤရုပ်သည် (နိဗ္ဗာန်မှ တစ်ဖက်ကမ်းဖြစ်သော သက္ကာယ၌ အကျုံးဝင် သဖြင့်) ဤမှာဘက်ကမ်း ‘ဩရိမတီရ’ လည်း မည်၏၊ ဤရုပ်သည် (စက္ခုဒွါရ၌ ဖြစ်သော စိတ် အများနှင့် ဆက်ဆံခြင်းရှိ၍ သီးခြားပိုင်ရှင်ကင်းမဲ့သဖြင့်) ဆိတ်သုဉ်းသော ရွာ ‘သုညဂါမ'လည်း မည်၏၊ ဤသို့ သဘောရှိသော ရုပ်သည် မြင်သိစိတ်ဖြစ်ရာ မျက်စိအကြည် ‘စက္ခာယတန’ ဟူသော ထိုရုပ်ပေတည်း။

သောတာယတနရုပ်

၆၀၀။ (၁) ကြားသိစိတ်ဖြစ်ရာ နားအကြည် ‘သောတာယတန’ ဟူသော ထိုရုပ်သည်အဘယ်နည်း၊ အကြင် နားအကြည် ‘သောတ’ (ပသာဒ) သည် မဟာ ဘုတ်လေးပါးတို့ကို စွဲမှီ၍ကြည်လင်၏ ‘ပသာဒ’၊ အတ္တဘော (ကိုယ်ခန္ဓာ) ၌ အကျုံးဝင်၏ ‘အတ္တဘာဝ ပရိယာပန္န’၊ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွမဖြစ် ‘အနိဒဿန’ ထိပါးတတ်သည်၏ အဖြစ် ထိပါးခြင်းနှင့်တကွ ‘သပ္ပဋိဃ'ဖြစ်၏။ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွမဖြစ်သော , ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့်တကွဖြစ်သော , အကြင် နားအကြည် ‘သောတ’ (ပသာဒ) ဖြင့် မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့်တကွ မဖြစ်သော ‘အနိဒဿန', ထိပါးတတ်သည်၏ အဖြစ် (ထိပါးခြင်း) နှင့် တကွ ‘သပ္ပဋိဃ'ဖြစ်သော အသံ (သဒ္ဒါရုံ) ကို ကြားလည်း ကြားခဲ့ပြီ၊ ကြားလည်း ကြားဆဲ၊ ကြားလည်း ကြားလတ္တံ့၊ ကြားမူလည်း ကြားရာ၏။ ဤရုပ်သည် နားအကြည် ‘သောတ’ (ပသာဒ) လည်း မည်၏၊ ဤရုပ်သည် ကြားသိစိတ်ဖြစ်ရာ နားအကြည် ‘သောတာယတန'လည်း မည်၏၊ ဤရုပ်သည် နားအကြည်ဟူသော သဘော ‘သောတဓာတ်'လည်း မည်၏၊ ဤရုပ်သည် ကြားမှု၌ အစိုးရသော နားအကြည် ‘သောတိန္ဒြေ'လည်း မည်၏၊ ဤရုပ်သည် ဖြစ်တတ် ပျက်တတ်သော သဘော ‘လောက'လည်း မည်၏၊ ဤရုပ်သည် ဖဿစသော နာမ်တရားတို့၏ ဖြစ်ကြောင်း တံခါး ‘ဒွါရ'လည်း မည်၏၊ ဤရုပ်သည် (သဒ္ဒါရုံကို ကြားမှု၌ မရောင့်ရဲပြည့်နိုင်ခဲသော သဘောကြောင့်) သမုဒ္ဒရာ ‘သမုဒ္ဒ'လည်း မည်၏၊ ဤရုပ်သည် ဖြူစင်ခြင်းသဘော ‘ပဏ္ဍရ'လည်း မည်၏၊ ဤရုပ်သည် ဖဿစသော နာမ်တရားတို့၏ ပေါက်ဖွားရာ လယ်မြေ ‘ခေတ္တ'လည်းမည်၏၊ ဤရုပ်သည် ဖဿစသော နာမ်တရားတို့၏ မှီရာတည်ရာ ‘ဝတ္ထု’ လည်း မည်၏၊ ဤရုပ်သည် (နိဗ္ဗာန်မှ တစ်ဖက်ကမ်းဖြစ်သော သက္ကာယ၌ အကျုံးဝင်သဖြင့်) ဤမှာဘက်ကမ်း ‘ဩရိမတီရ'လည်းမည်၏၊ ဤရုပ်သည် (သောတဒွါရ၌ ဖြစ်သော စိတ် အများနှင့် ဆက်ဆံခြင်းရှိ၍ သီးခြားပိုင်ရှင်ကင်းမဲ့သဖြင့်) ဆိတ်သုဉ်းသော ရွာ ‘သုညဂါမ'လည်း မည်၏၊ ဤသို့ သဘောရှိသော ရုပ်သည် ကြားသိစိတ်ဖြစ်ရာ နားအကြည် ‘သောတာယတန’ ဟူသော ထိုရုပ်ပေတည်း။

--

၆၀၁။ (၂) ကြားသိစိတ်ဖြစ်ရာ နားအကြည် ‘သောတာယတန’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ အကြင် နားအကြည် ‘သောတ’ (ပသာဒ) သည် မဟာဘုတ်လေးပါးတို့ကို စွဲမှီ၍ ကြည်လင်၏ ‘ပသာဒ’ ၊ အတ္တဘော (ကိုယ်ခန္ဓာ) ၌ အကျုံးဝင်၏ ‘အတ္တဘာဝပရိယာပန္န’ ၊ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့်တကွမဖြစ် ‘အနိဒဿန’ ၊ ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ ‘သပ္ပဋိဃ’ ဖြစ်၏။ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွမဖြစ်သော , ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့်တကွဖြစ်သော , အကြင် နားအကြည် ‘သောတ’ (ပသာဒ) ၌ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွမဖြစ်သော ‘အနိဒဿန’ ၊ ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ ‘သပ္ပဋိဃ’ ဖြစ်သော အသံ (သဒ္ဒါရုံ) သည် ထိပါးလည်း ထိပါးခဲ့ပြီ၊ ထိပါးလည်း ထိပါးဆဲ၊ ထိပါးလည်း ထိပါးလတ္တံ့၊ ထိပါးမူလည်းထိပါးရာ၏။ ဤရုပ်သည် နားအကြည် ‘သောတ’ (ပသာဒ) လည်း မည်၏၊ ဤရုပ်သည် ကြားသိစိတ်ဖြစ်ရာနားအကြည် ‘သောတာယတန’ လည်း မည်၏၊ ဤရုပ်သည် နားအကြည်ဟူသော သဘော ‘သောတဓာတ်’ လည်း မည်၏၊ ဤရုပ်သည် ကြားမှု၌ အစိုးရသော နားအကြည် ‘သောတိန္ဒြေ’ လည်း မည်၏၊ ဤရုပ်သည် ဖြစ်တတ် ပျက်တတ်သော သဘော ‘လောက’ လည်း မည်၏၊ ဤရုပ်သည် ဖဿစသောနာမ်တရားတို့၏ ဖြစ်ကြောင်း တံခါး ‘ဒွါရ’ လည်း မည်၏၊ ဤရုပ်သည် (သဒ္ဒါရုံကို ကြားမှု၌ မရောင့်ရဲပြည့်နိုင်ခဲသော သဘောကြောင့်) သမုဒ္ဒရာ ‘သမုဒ္ဒ’ လည်း မည်၏၊ ဤရုပ်သည် ဖြူစင်ခြင်းသဘော ‘ပဏ္ဍရ’ လည်း မည်၏၊ ဤရုပ်သည် ဖဿစသော နာမ်တရားတို့၏ ပေါက်ဖွားရာ လယ်မြေ ‘ခေတ္တ’ လည်းမည်၏၊ ဤရုပ်သည် ဖဿစသော နာမ်တရားတို့၏ မှီရာတည်ရာ ‘ဝတ္ထု’ လည်း မည်၏၊ ဤရုပ်သည် (နိဗ္ဗာန်မှ တစ်ဖက်ကမ်းဖြစ်သော သက္ကာယ၌ အကျုံးဝင်သဖြင့်) ဤမှာဘက်ကမ်း ‘ဩရိမတီရ’ လည်းမည်၏၊ ဤရုပ်သည် (သောတဒွါရ၌ ဖြစ်သော စိတ် အများနှင့် ဆက်ဆံခြင်းရှိ၍ သီးခြားပိုင်ရှင်ကင်းမဲ့သဖြင့်) ဆိတ်သုဉ်းသော ရွာ ‘သုညဂါမ’ လည်း မည်၏၊ ဤသို့ သဘောရှိသော ရုပ်သည် ကြားသိစိတ်ဖြစ်ရာ နားအကြည် ‘သောတာယတန’ ဟူသော ထိုရုပ်ပေတည်း။

၆၀၂။ (၃) ကြားသိစိတ်ဖြစ်ရာ နားအကြည် ‘သောတာယတန’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ အကြင်နားအကြည် ‘သောတ’ (ပသာဒ) သည် မဟာဘုတ်လေးပါးတို့ကို စွဲမှီ၍ ကြည်လင်၏ ‘ပသာဒ’ ၊ အတ္တဘော (ကိုယ်ခန္ဓာ) ၌ အကျုံးဝင်၏ ‘အတ္တဘာဝပရိယာပန္န’ ၊ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့်တကွမဖြစ် ‘အနိဒဿန’ ၊ ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ ‘သပ္ပဋိဃ’ ဖြစ်၏။ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွမဖြစ်သော , ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့်တကွဖြစ်သော , အကြင် နားအကြည် ‘သောတ’ (ပသာဒ) သည် မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့်တကွမဖြစ်သော ‘အနိဒဿန’ ၊ ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ ‘သပ္ပဋိဃ’ ဖြစ်သော အသံ (သဒ္ဒါရုံ) ၌ ထိပါးလည်း ထိပါးခဲ့ပြီ၊ ထိပါးလည်း ထိပါးဆဲ၊ ထိပါးလည်း ထိပါးလတ္တံ့၊ ထိပါးမူလည်းထိပါးရာ၏။ ဤရုပ်သည် နားအကြည် ‘သောတ’ (ပသာဒ) လည်း မည်၏၊ ဤရုပ်သည် ကြားသိစိတ်ဖြစ်ရာနားအကြည် ‘သောတာယတန’ လည်း မည်၏၊ ဤရုပ်သည် နားအကြည်ဟူသော သဘော ‘သောတဓာတ်’ လည်း မည်၏၊ ဤရုပ်သည် ကြားမှု၌ အစိုးရသော နားအကြည် ‘သောတိန္ဒြေ’ လည်း မည်၏၊ ဤရုပ်သည် ဖြစ်တတ် ပျက်တတ်သော သဘော ‘လောက’ လည်း မည်၏၊ ဤရုပ်သည် ဖဿစသောနာမ်တရားတို့၏ ဖြစ်ကြောင်း တံခါး ‘ဒွါရ’ လည်း မည်၏၊ ဤရုပ်သည် (သဒ္ဒါရုံကို ကြားမှု၌ မရောင့်ရဲပြည့်နိုင်ခဲသော သဘောကြောင့်) သမုဒ္ဒရာ ‘သမုဒ္ဒ’ လည်း မည်၏၊ ဤရုပ်သည် ဖြူစင်ခြင်းသဘော ‘ပဏ္ဍရ’ လည်း မည်၏၊ ဤရုပ်သည် ဖဿစသော နာမ်တရားတို့၏ ပေါက်ဖွားရာ လယ်မြေ ‘ခေတ္တ’ လည်းမည်၏၊ ဤရုပ်သည် ဖဿစသော နာမ်တရားတို့၏ မှီရာ တည်ရာ ‘ဝတ္ထု’ လည်း မည်၏၊ ဤရုပ်သည် (နိဗ္ဗာန်မှ တစ်ဖက်ကမ်းဖြစ်သော သက္ကာယ၌ အကျုံးဝင်သဖြင့်) ဤမှာဘက်ကမ်း ‘ဩရိမတီရ’ လည်းမည်၏၊ ဤရုပ်သည် (သောတဒွါရ၌ ဖြစ်သော စိတ် အများနှင့် ဆက်ဆံခြင်းရှိ၍ သီးခြားပိုင်ရှင် ကင်းမဲ့သဖြင့်) ဆိတ်သုဉ်းသော ရွာ ‘သုညဂါမ’ လည်း မည်၏၊ ဤသို့သဘောရှိသော ရုပ်သည် ကြားသိစိတ်ဖြစ်ရာ နားအကြည် ‘သောတာယတန’ ဟူသော ထိုရုပ်ပေ တည်း။

--

၆၀၃။ (၄) ကြားသိစိတ်ဖြစ်ရာ နားအကြည် ‘သောတာယတန’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ အကြင် နားအကြည် ‘သောတ’ (ပသာဒ) သည် မဟာဘုတ်လေးပါးတို့ကို စွဲမှီ၍ ကြည်လင်၏ ‘ပသာဒ’ ၊ အတ္တဘော (ကိုယ်ခန္ဓာ) ၌ အကျုံးဝင်၏ ‘အတ္တဘာဝပရိယာပန္န’ ၊ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့်တကွမဖြစ် ‘အနိဒဿန’ ၊ ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ ‘သပ္ပဋိဃ’ ဖြစ်၏။ အကြင် နားအကြည် ‘သောတ’ (ဝတ္ထု) ကို မှီ၍ အသံ (သဒ္ဒါရုံ) ကို အာရုံပြု၍ ကြားသိစိတ်နှင့်ယှဉ်သော တွေ့ထိမှု ‘ဖဿ’ သည် ဖြစ်လည်း ဖြစ်ခဲ့ပြီ၊ ဖြစ်လည်း ဖြစ်ဆဲ၊ ဖြစ်လည်း ဖြစ်လတ္တံ့၊ ဖြစ်မူလည်း ဖြစ်ရာ၏။ပ။ အကြင် နားအကြည် ‘သောတ’ (ဝတ္ထု) ကို မှီ၍ အသံ (သဒ္ဒါရုံ) ကို အာရုံပြု၍ ကြားသိစိတ်နှင့်ယှဉ်သော တွေ့ထိမှု ‘ဖဿ’ ကြောင့် ဖြစ်သော ခံစားမှု ‘ဝေဒနာ’ သည်။ပ။ မှတ်သားမှု ‘သညာ’ သည်။ပ။ စေ့ဆော်မှု (နှိုးဆော်မှု) ‘စေတနာ’ သည်။ပ။ ကြားသိစိတ် ‘သောတဝိညာဏ်’ သည် ဖြစ် လည်းဖြစ်ခဲ့ပြီ၊ ဖြစ်လည်း ဖြစ်ဆဲ၊ ဖြစ်လည်း ဖြစ်လတ္တံ့၊ ဖြစ်မူလည်း ဖြစ်ရာ၏။ပ။ အကြင် နားအကြည် ‘သောတ’ (ဝတ္ထု) ကို မှီ၍ အသံ (သဒ္ဒါရုံ) လျှင် အာရုံရှိသော ကြားသိစိတ်နှင့်ယှဉ်သော တွေ့ထိမှု ‘ဖဿ’ သည် ဖြစ်လည်း ဖြစ်ခဲ့ပြီ၊ ဖြစ်လည်း ဖြစ်ဆဲ၊ ဖြစ်လည်း ဖြစ်လတ္တံ့၊ ဖြစ်မူလည်း ဖြစ်ရာ၏။ပ။ အကြင် နားအကြည် ‘သောတ’ (ဝတ္ထု) ကို မှီ၍ အသံ (သဒ္ဒါရုံ) လျှင် အာရုံရှိသော, ကြားသိစိတ်နှင့်ယှဉ်သော တွေ့ထိမှု ‘ဖဿ’ ကြောင့် ဖြစ်သော ခံစားမှု ‘ဝေဒနာ’ သည်။ပ။ မှတ်သားမှု ‘သညာ’ သည်။ပ။ စေ့ဆော်မှု (နှိုးဆော်မှု) ‘စေတနာ’ သည်။ပ။ ကြားသိစိတ် ‘သောတဝိညာဏ်’ သည် ဖြစ်လည်းဖြစ်ခဲ့ပြီ၊ ဖြစ်လည်း ဖြစ်ဆဲ၊ ဖြစ်လည်း ဖြစ်လတ္တံ့၊ ဖြစ်မူလည်း ဖြစ်ရာ၏။ ဤရုပ်သည် နားအကြည် ‘သောတ’ (ပသာဒ) လည်း မည်၏၊ ဤရုပ်သည် ကြားသိစိတ်ဖြစ်ရာနားအကြည် ‘သောတာယတန’ လည်း မည်၏၊ ဤရုပ်သည် နားအကြည်ဟူသော သဘော ‘သောတဓာတ်’ လည်း မည်၏၊ ဤရုပ်သည် ကြားမှု၌ အစိုးရသော နားအကြည် ‘သောတိန္ဒြေ’ လည်း မည်၏၊ ဤရုပ်သည် ဖြစ်တတ် ပျက်တတ်သော သဘော ‘လောက’ လည်း မည်၏၊ ဤရုပ်သည် ဖဿစသောနာမ်တရားတို့၏ ဖြစ်ကြောင်း တံခါး ‘ဒွါရ’ လည်း မည်၏၊ ဤရုပ်သည် (သဒ္ဒါရုံကို ကြားမှု၌ မရောင့်ရဲပြည့်နိုင်ခဲသော သဘောကြောင့်) သမုဒ္ဒရာ ‘သမုဒ္ဒ’ လည်း မည်၏၊ ဤရုပ်သည် ဖြူစင်ခြင်း သဘော ‘ပဏ္ဍရ’ လည်း မည်၏၊ ဤရုပ်သည် ဖဿစသော နာမ်တရားတို့၏ ပေါက်ဖွားရာ လယ်မြေ ‘ခေတ္တ’ လည်းမည်၏၊ ဤရုပ်သည် ဖဿစသော နာမ်တရားတို့၏ မှီရာ တည်ရာ ‘ဝတ္ထု’ လည်း မည်၏၊ ဤရုပ်သည် (နိဗ္ဗာန်မှ တစ်ဖက်ကမ်း ဖြစ်သော သက္ကာယ၌ အကျုံး ဝင်သဖြင့်) ဤမှာဘက်ကမ်း ‘ဩရိမတီရ’ လည်းမည်၏၊ ဤရုပ်သည် (သောတဒွါရ၌ ဖြစ်သော စိတ် အများနှင့် ဆက်ဆံခြင်းရှိ၍ သီးခြားပိုင်ရှင် ကင်းမဲ့သဖြင့်) ဆိတ်သုဉ်းသော ရွာ ‘သုညဂါမ’ လည်း မည်၏၊ ဤသို့သဘောရှိသော ရုပ်သည် ကြားသိစိတ်ဖြစ်ရာ နားအကြည် ‘သောတာယတန’ ဟူသော ထိုရုပ်ပေ တည်း။

ဃာနာယတနရုပ်

၆၀၄။ (၁) နံသိစိတ်ဖြစ်ရာ နှာခေါင်းအကြည် ‘ဃာနာယတန’ ဟူသော ထိုရုပ်ဟူသည်အဘယ်နည်း၊ အကြင် နှာခေါင်းအကြည် ‘ဃာန’ (ပသာဒ) သည် မဟာ ဘုတ် လေးပါးတို့ကို စွဲမှီ၍ကြည်လင်၏ ‘ပသာဒ’၊ အတ္တဘော (ကိုယ်ခန္ဓာ) ၌ အကျုံးဝင်၏ ‘အတ္တဘာဝ ပရိယာပန္န’၊ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွမဖြစ် ‘အနိဒဿန’၊ ထိပါးတတ်သည်၏အဖြစ် ထိပါးခြင်းနှင့်တကွ ‘သပ္ပဋိဃ’ ဖြစ်၏။

မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွမဖြစ်သော , ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့်တကွဖြစ်သော အကြင် နှာခေါင်းအကြည် ‘ဃာန’ (ပသာဒ) ဖြင့် မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့်တကွမဖြစ်သော ‘အနိဒဿန', ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ ‘သပ္ပဋိဃ'ဖြစ်သော အနံ့ (ဂန္ဓာရုံ) ကို နမ်းလည်း နမ်းခဲ့ပြီ၊ နမ်းလည်း နမ်းဆဲ၊ နမ်းလည်း နမ်းလတ္တံ့၊ နမ်းမူလည်း နမ်းရာ၏။ ဤရုပ်သည် နှာခေါင်းအကြည် ‘ဃာန’ (ပသာဒ) လည်း မည်၏၊ ဤရုပ်သည် နံသိစိတ်ဖြစ်ရာနှာခေါင်းအကြည် ‘ဃာနာယတန'လည်း မည်၏၊ ဤရုပ်သည် နှာခေါင်းအကြည်ဟူသော သဘော ‘ဃာနဓာတ်'လည်း မည်၏၊ ဤရုပ်သည် နံမှု၌ အစိုးရသော နှာခေါင်းအကြည် ‘ဃာနိန္ဒြေ'လည်း မည်၏၊ ဤရုပ်သည် ဖြစ်တတ် ပျက်တတ်သော သဘော ‘လောက'လည်း မည်၏၊ ဤရုပ်သည် ဖဿစသောနာမ်တရားတို့၏ ဖြစ်ကြောင်း တံခါး ‘ဒွါရ'လည်း မည်၏၊ ဤရုပ်သည် (ဂန္ဓာရုံကို နမ်းမှု၌ မရောင့်ရဲပြည့်နိုင်ခဲသော သဘောကြောင့်) သမုဒ္ဒရာ ‘သမုဒ္ဒ'လည်း မည်၏၊ ဤရုပ်သည် ဖြူစင်ခြင်းသဘော ‘ပဏ္ဍရ'လည်း မည်၏၊ ဤရုပ်သည် ဖဿစသော နာမ်တရားတို့၏ ပေါက်ဖွားရာ လယ်မြေ ‘ခေတ္တ'လည်းမည်၏၊ ဤရုပ်သည် ဖဿစသော နာမ်တရားတို့၏ မှီရာ တည်ရာ ‘ဝတ္ထု’ လည်း မည်၏၊ ဤရုပ်သည် (နိဗ္ဗာန်မှ တစ်ဖက်ကမ်းဖြစ်သော သက္ကာယ၌ အကျုံးဝင်သဖြင့်) ဤမှာဘက်ကမ်း ‘ဩရိမတီရ'လည်းမည်၏၊ ဤရုပ်သည် (ဃာနဒွါရ၌ ဖြစ်သော စိတ်အများနှင့် ဆက်ဆံခြင်းရှိ၍ သီးခြားပိုင်ရှင်ကင်းမဲ့သဖြင့်) ဆိတ်သုဉ်းသော ရွာ ‘သုညဂါမ'လည်း မည်၏၊ ဤသို့ သဘောရှိသော ရုပ်သည်နံသိစိတ်ဖြစ်ရာ နှာခေါင်းအကြည် ‘ဃာနာယတန’ ဟူသော ထိုရုပ်ပေတည်း။

--

၆၀၅။ (၂) နံသိစိတ်ဖြစ်ရာ နှာခေါင်းအကြည် ‘ဃာနာယတန’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ အကြင် နှာခေါင်းအကြည် ‘ဃာန’ (ပသာဒ) သည် မဟာဘုတ်လေးပါးတို့ကို စွဲမှီ၍ ကြည်လင်၏'ပသာဒ’၊ အတ္တဘော (ကိုယ်ခန္ဓာ) ၌ အကျုံးဝင်၏ ‘အတ္တဘာဝပရိယာပန္န’၊ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွမဖြစ် ‘အနိဒဿန’၊ ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ ‘သပ္ပဋိဃ'ဖြစ်၏။ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့်တကွ မဖြစ်သော , ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့်တကွဖြစ်သော , အကြင် နှာခေါင်းအကြည် ‘ဃာန’ (ပသာဒ) ၌ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့်တကွ မဖြစ်သော ‘အနိဒဿန’၊ ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ ‘သပ္ပဋိဃ'ဖြစ်သော အနံ့ (ဂန္ဓာရုံ) သည် ထိပါးလည်း ထိးပါးခဲ့ပြီ၊ ထိပါးလည်း ထိပါးဆဲ၊ ထိပါးလည်း ထိပါးလတ္တံ့၊ ထိပါးမူလည်း ထိပါးရာ၏။ ဤရုပ်သည် နှာခေါင်းအကြည် ‘ဃာန’ (ပသာဒ) လည်း မည်၏၊ ဤရုပ်သည် နံသိစိတ်ဖြစ်ရာနှာခေါင်းအကြည် ‘ဃာနာယတန'လည်း မည်၏၊ ဤရုပ်သည် နှာခေါင်းအကြည်ဟူသော သဘော ‘ဃာနဓာတ်'လည်း မည်၏၊ ဤရုပ်သည် နံမှု၌ အစိုးရသော နှာခေါင်းအကြည် ‘ဃာနိန္ဒြေ'လည်းမည်၏၊ ဤရုပ်သည် ဖြစ်တတ် ပျက်တတ်သော သဘော ‘လောက'လည်း မည်၏၊ ဤရုပ်သည် ဖဿစသောနာမ်တရားတို့၏ ဖြစ်ကြောင်း တံခါး ‘ဒွါရ'လည်း မည်၏၊ ဤရုပ်သည် (ဂန္ဓာရုံကို နမ်းမှု၌ မရောင့်ရဲပြည့်နိုင်ခဲသော သဘောကြောင့်) သမုဒ္ဒရာ ‘သမုဒ္ဒ'လည်း မည်၏၊ ဤရုပ်သည် ဖြူစင်ခြင်းသဘော ‘ပဏ္ဍရ'လည်း မည်၏၊ ဤရုပ်သည် ဖဿစသော နာမ်တရားတို့၏ ပေါက်ဖွားရာ လယ်မြေ ‘ခေတ္တ'လည်းမည်၏၊ ဤရုပ်သည် ဖဿစသော နာမ်တရားတို့၏ မှီရာတည်ရာ ‘ဝတ္ထု'လည်း မည်၏၊ ဤရုပ်သည် (နိဗ္ဗာန်မှ တစ်ဖက်ကမ်းဖြစ်သော သက္ကာယ၌ အကျုံးဝင်သဖြင့်) ဤမှာဘက်ကမ်း ‘ဩရိမတီရ'လည်းမည်၏၊ ဤရုပ်သည် (ဃာနဒွါရ၌ ဖြစ်သော စိတ် အများနှင့် ဆက်ဆံခြင်းရှိ၍ သီးခြားပိုင်ရှင်ကင်းမဲ့သဖြင့်) ဆိတ်သုဉ်းသော ရွာ ‘သုညဂါမ'လည်း မည်၏၊ ဤသို့သဘောရှိသော ရုပ်သည် နံသိစိတ်ဖြစ်ရာ နှာခေါင်းအကြည် ‘ဃာနာယတန’ ဟူသော ထိုရုပ်ပေတည်း။

၆၀၆။ (၃) နံသိစိတ်ဖြစ်ရာ နှာခေါင်းအကြည် ‘ဃာနာယတတန’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ အကြင် နှာခေါင်းအကြည် ‘ဃာန’ (ပသာဒ) သည် မဟာဘုတ်လေးပါးတို့ကို စွဲမှီ၍ ကြည်လင်၏ ‘ပသာဒ’ ၊ အတ္တဘော (ကိုယ်ခန္ဓာ) ၌ အကျုံးဝင်၏ ‘အတ္တဘာဝပရိယာပန္န’ ၊ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွ မဖြစ် ‘အနိဒဿန’ ၊ ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ ‘သပ္ပဋိဃ’ ဖြစ်၏။ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွမဖြစ်သော , ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့်တကွဖြစ်သော , အကြင် နှာခေါင်းအကြည် ‘ဃာန’ (ပသာဒ) သည် မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့်တကွမဖြစ်သော ‘အနိဒဿန’ ၊ ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ ‘သပ္ပဋိဃ’ ဖြစ်သော အနံ့ (ဂန္ဓာရုံ) ၌ ထိပါးလည်း ထိးပါးခဲ့ပြီ၊ ထိပါးလည်း ထိပါးဆဲ၊ ထိပါးလည်း ထိပါးလတ္တံ့၊ ထိပါးမူလည်းထိပါးရာ၏။ ဤရုပ်သည် နှာခေါင်းအကြည် ‘ဃာန’ (ပသာဒ) လည်း မည်၏၊ ဤရုပ်သည် နံသိစိတ်ဖြစ်ရာနှာခေါင်းအကြည် ‘ဃာနာယတန’ လည်း မည်၏၊ ဤရုပ်သည် နှာခေါင်းအကြည်ဟူသော သဘော ‘ဃာနဓာတ်’ လည်း မည်၏၊ ဤရုပ်သည် နံမှု၌ အစိုးရသော နှာခေါင်းအကြည် ‘ဃာနိန္ဒြေ’ လည်းမည်၏၊ ဤရုပ်သည် ဖြစ်တတ် ပျက်တတ်သော သဘော ‘လောက’ လည်း မည်၏၊ ဤရုပ်သည် ဖဿစသောနာမ် တရားတို့၏ ဖြစ်ကြောင်း တံခါး ‘ဒွါရ’ လည်း မည်၏၊ ဤရုပ်သည် (ဂန္ဓာရုံကို နမ်းမှု၌ မရောင့်ရဲပြည့်နိုင်ခဲသော သဘောကြောင့်) သမုဒ္ဒရာ ‘သမုဒ္ဒ’ လည်း မည်၏၊ ဤရုပ်သည် ဖြူစင်ခြင်းသဘော ‘ပဏ္ဍရ’ လည်း မည်၏၊ ဤရုပ်သည် ဖဿစသော နာမ်တရားတို့၏ ပေါက်ဖွားရာ လယ်မြေ ‘ခေတ္တ’ လည်းမည်၏၊ ဤရုပ်သည် ဖဿစသော နာမ်တရားတို့၏ မှီရာ တည်ရာ ‘ဝတ္ထု’ လည်း မည်၏၊ ဤရုပ်သည် (နိဗ္ဗာန်မှ တစ်ဖက်ကမ်းဖြစ်သော သက္ကာယ၌ အကျုံးဝင်သဖြင့်) ဤမှာဘက်ကမ်း ‘ဩရိမတီရ’ လည်းမည်၏၊ ဤရုပ်သည် (ဃာနဒွါရ၌ ဖြစ်သော စိတ် အများနှင့် ဆက်ဆံခြင်းရှိ၍ သီးခြားပိုင်ရှင်ကင်းမဲ့သဖြင့်) ဆိတ်သုဉ်းသော ရွာ ‘သုညဂါမ’ လည်း မည်၏၊ ဤသို့ သဘောရှိသော ရုပ်သည် နံသိစိတ်ဖြစ်ရာနှာခေါင်းအကြည် ‘ဃာနာယတန’ ဟူသော ထိုရုပ်ပေတည်း။

--

၆၀၇။ (၄) နံသိစိတ်ဖြစ်ရာ နှာခေါင်းအကြည် ‘ဃာနာယတန’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ အကြင် နှာခေါင်းအကြည် ‘ဃာန’ (ပသာဒ) သည် မဟာဘုတ်လေးပါးတို့ကို စွဲမှီ၍ ကြည်လင်၏ ‘ပသာဒ’ ၊ အတ္တဘော (ကိုယ်ခန္ဓာ) ၌ အကျုံးဝင်၏ ‘အတ္တဘာဝပရိယာပန္န’ ၊ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့်တကွ မဖြစ် ‘အနိဒဿန’ ၊ ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ ‘သပ္ပဋိဃ’ ဖြစ်၏။ အကြင် နှာခေါင်းအကြည် ‘ဃာန’ (ဝတ္ထု) ကို မှီ၍ အနံ့ (ဂန္ဓာရုံ) ကို အာရုံပြု၍ နံသိစိတ်နှင့် ယှဉ်သောတွေ့ထိမှု ‘ဖဿ’ သည် ဖြစ်လည်း ဖြစ်ခဲ့ပြီ၊ ဖြစ်လည်း ဖြစ်ဆဲ၊ ဖြစ်လည်း ဖြစ်လတ္တံ့၊ ဖြစ်မူ လည်းဖြစ်ရာ၏။ပ။ အကြင် နှာခေါင်းအကြည် ‘ဃာန’ (ဝတ္ထု) ကို မှီ၍ အနံ့ (ဂန္ဓာရုံ) ကို အာရုံပြု၍ နံသိစိတ်နှင့် ယှဉ်သောတွေ့ထိမှု ‘ဖဿ’ ကြောင့် ဖြစ်သော ခံစားမှု ‘ဝေဒနာ’ သည်။ပ။ မှတ်သားမှု ‘သညာ’ သည်။ပ။ စေ့ဆော်မှု (နှိုးဆော်မှု) ‘စေတနာ’ သည်။ပ။ နံသိစိတ် ‘ဃာနဝိညာဏ်’ သည် ဖြစ်လည်း ဖြစ်ခဲ့ပြီ၊ ဖြစ် လည်း ဖြစ်ဆဲ၊ ဖြစ်လည်း ဖြစ်လတ္တံ့၊ ဖြစ်မူလည်း ဖြစ်ရာ၏။ပ။ အကြင် နှာခေါင်းအကြည် ‘ဃာန’ (ဝတ္ထု) ကို မှီ၍ အနံ့ (ဂန္ဓာရုံ) လျှင် အာရုံရှိသော နံသိစိတ်နှင့်ယှဉ်သော တွေ့ထိမှု ‘ဖဿ’ သည် ဖြစ်လည်း ဖြစ်ခဲ့ပြီ၊ ဖြစ်လည်း ဖြစ်ဆဲ၊ ဖြစ်လည်း ဖြစ်လတ္တံ့၊ ဖြစ်မူလည်း ဖြစ်ရာ၏။ပ။ အကြင် နှာခေါင်းအကြည် ‘ဃာန’ (ဝတ္ထု) ကို မှီ၍ အနံ့ (ဂန္ဓာရုံ) လျှင် အာရုံရှိသော နံသိစိတ်နှင့်ယှဉ်သော တွေ့ထိမှု ‘ဖဿ’ ကြောင့် ဖြစ်သော ခံစားမှု ‘ဝေဒနာ’ သည်။ပ။ မှတ်သားမှု ‘သညာ’ သည်။ပ။ စေ့ဆော်မှု (နှိုးဆော်မှု) ‘စေတနာ’ သည်။ပ။ နံသိစိတ် ‘ဃာနဝိညာဏ်’ သည် ဖြစ်လည်း ဖြစ်ခဲ့ပြီ၊ ဖြစ်လည်း ဖြစ်ဆဲ၊ ဖြစ်လည်း ဖြစ်လတ္တံ့၊ ဖြစ်မူလည်း ဖြစ်ရာ၏။ ဤရုပ်သည် နှာခေါင်းအကြည် ‘ဃာန’ (ပသာဒ) လည်း မည်၏၊ ဤရုပ်သည် နံသိစိတ်ဖြစ်ရာနှာခေါင်းအကြည် ‘ဃာနာယတန’ လည်း မည်၏၊ ဤရုပ်သည် နှာခေါင်းအကြည်ဟူသော သဘော ‘ဃာနဓာတ်’ လည်း မည်၏၊ ဤရုပ်သည် နံမှု၌ အစိုးရသော နှာခေါင်းအကြည် ‘ဃာနိန္ဒြေ’ လည်း မည်၏၊ ဤရုပ်သည် ဖြစ်တတ် ပျက်တတ်သော သဘော ‘လောက’ လည်း မည်၏၊ ဤရုပ်သည် ဖဿစသောနာမ်တရားတို့၏ ဖြစ်ကြောင်း တံခါး ‘ဒွါရ’ လည်း မည်၏၊ ဤရုပ်သည် (ဂန္ဓာရုံကို နမ်းမှု၌ မရောင့်ရဲပြည့်နိုင်ခဲသော သဘောကြောင့်) သမုဒ္ဒရာ ‘သမုဒ္ဒ’ လည်း မည်၏၊ ဤရုပ်သည် ဖြူစင်ခြင်းသဘော ‘ပဏ္ဍရ’ လည်း မည်၏၊ ဤရုပ်သည် ဖဿစသော နာမ်တရားတို့၏ ပေါက်ဖွားရာ လယ်မြေ ‘ခေတ္တ’ လည်း မည်၏၊ ဤရုပ်သည် ဖဿစသော နာမ်တရားတို့၏ မှီရာ တည်ရာ ‘ဝတ္ထု’ လည်း မည်၏၊ ဤရုပ်သည် (နိဗ္ဗာန်မှ တစ်ဖက်ကမ်းဖြစ်သော သက္ကာယ၌ အကျုံးဝင်သဖြင့်) ဤမှာဘက်ကမ်း ‘ဩရိမတီရ’ လည်း မည်၏၊ ဤရုပ်သည် (ဃာနဒွါရ၌ ဖြစ်သော စိတ် အများနှင့် ဆက်ဆံခြင်းရှိ၍ သီးခြားပိုင်ရှင်ကင်းမဲ့သဖြင့်) ဆိတ်သုဉ်းသော ရွာ ‘သုညဂါမ’ လည်း မည်၏၊ ဤသို့ သဘောရှိသော ရုပ်သည် နံသိစိတ် (ဃာနဝိညာဏ်) ဖြစ်ရာ နှာခေါင်းအကြည် ‘ဃာနာယတန’ ဟူသော ထိုရုပ်ပေတည်း။

--

ဇိဝှါယတနရုပ်

၆၀၈။ (၁) လျက်သိစိတ် (ဇိဝှါဝိညာဏ်) ဖြစ်ရာ လျှာအကြည် ‘ဇိဝှါယတန’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ အကြင်လျှာအကြည် ‘ဇိဝှါ’ (ပသာဒ) သည် မဟာဘုတ် လေးပါးတို့ကို စွဲမှီ၍ကြည်လင်၏ ‘ပသာဒ’၊ အတ္တဘော (ကိုယ်ခန္ဓာ) ၌ အကျုံးဝင်၏ ‘အတ္တဘာဝ ပရိယာပန္န’၊ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွမဖြစ် ‘အနိဒဿန’၊ ထိပါးတတ် သည်၏အဖြစ် (ထိပါးခြင်း) နှင့်တကွ ‘သပ္ပဋိဃ’ ဖြစ်၏။ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွမဖြစ်သော , ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့်တကွဖြစ်သော အကြင်လျှာအကြည် ‘ဇိဝှါ’ (ပသာဒ) ဖြင့် မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွမဖြစ်သော ‘အနိဒဿန’၊ ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ ‘သပ္ပဋိဃ'ဖြစ်သော အရသာ (ရသာရုံ) ကို လျက်လည်း လျက်ခဲ့ပြီ၊ လျက်လည်း လျက်ဆဲ၊ လျက်လည်း လျက်လတ္တံ့၊ လျက်မူလည်းလျက်ရာ၏။ ဤရုပ်သည် လျှာအကြည် ‘ဇိဝှါ’ (ပသာဒ) လည်း မည်၏၊ ဤရုပ်သည် လျက်သိစိတ် (ဇိဝှါဝိညာဏ်) ဖြစ်ရာ လျှာအကြည် ‘ဇိဝှါယတန'လည်း မည်၏၊ ဤရုပ်သည် လျှာအကြည်ဟူသော သဘော ‘ဇိဝှါဓာတ်'လည်း မည်၏၊ ဤရုပ်သည် လျက်မှု၌ အစိုးရသော လျှာအကြည် ‘ဇိဝှိန္ဒြေ'လည်း မည်၏၊ ဤရုပ်သည် ဖြစ်တတ် ပျက်တတ်သော သဘော ‘လောက'လည်း မည်၏၊ ဤရုပ်သည် ဖဿစသောနာမ်တရားတို့၏ ဖြစ်ကြောင်း တံခါး ‘ဒွါရ’ လည်း မည်၏၊ ဤရုပ်သည် (ရသာရုံကို လျက်မှု၌ မရောင့်ရဲပြည့်နိုင်ခဲသော သဘောကြောင့်) သမုဒ္ဒရာ ‘သမုဒ္ဒ'လည်း မည်၏၊ ဤရုပ်သည် ဖြူစင်ခြင်းသဘော ‘ပဏ္ဍရ'လည်း မည်၏၊ ဤရုပ်သည် ဖဿစသော နာမ်တရားတို့၏ ပေါက်ဖွားရာ လယ်မြေ ‘ခေတ္တ'လည်းမည်၏၊ ဤရုပ်သည် ဖဿစသော နာမ်တရားတို့၏ မှီရာ တည်၏ရာ ‘ဝတ္ထု'လည်း မည်၏၊ ဤရုပ်သည် (နိဗ္ဗာန်မှ တစ်ဖက်ကမ်းဖြစ်သော သက္ကာယ၌ အကျုံးဝင်သဖြင့်) ဤမှာဘက်ကမ်း ‘ဩရိမတီရ'လည်းမည်၏၊ ဤရုပ်သည် (ဇိဝှါဒွါရ၌ ဖြစ်သော စိတ် အများနှင့် ဆက်ဆံခြင်းရှိ၍ သီးခြားပိုင်ရှင် ကင်းမဲ့သဖြင့်) ဆိတ်သုဉ်းသော ရွာ ‘သုညဂါမ'လည်း မည်၏၊ ဤသို့ သဘောရှိသော ရုပ်သည် လျက်သိစိတ် (ဇိဝှါဝိညာဏ်) ဖြစ်ရာ လျှာအကြည် ‘ဇိဝှါယတန’ ဟူသော ထိုရုပ်ပေတည်း။

၆၀၉။ (၂) လျက်သိစိတ် (ဇိဝှါဝိညာဏ်) ဖြစ်ရာ လျှာအကြည် ‘ဇိဝှါယတန’ ဟူသော ထိုရုပ်သည်အဘယ်နည်း။ အကြင် လျှာအကြည် ‘ဇိဝှါ’ (ပသာဒ) သည် မဟာဘုတ်လေးပါးတို့ကို စွဲမှီ၍ ကြည်လင်၏ ‘ပသာဒ’ ၊ အတ္တဘော (ကိုယ်ခန္ဓာ) ၌ အကျုံးဝင်၏ ‘အတ္တဘာဝပရိယာပန္န’ ၊ မြင်အပ်သည်၏အဖြစ့် (မြင်ခြင်း) နှင့် တကွမဖြစ် ‘အနိဒဿန’ ၊ ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ’ သပ္ပဋိဃ’ ဖြစ်၏။ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွ မဖြစ်သော , ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့်တကွဖြစ်သော အကြင် လျှာအကြည် ‘ဇိဝှါ’ (ပသာဒ)ဖြင့် မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွမဖြစ်သော ‘အနိဒဿန’ ၊ ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ ‘သပ္ပဋိဃ’ ဖြစ်သော အရသာ (ရသာရုံ) ကို ထိပါးလည်း ထိပါးခဲ့ပြီ၊ ထိပါးလည်း ထိပါးဆဲ၊ ထိပါးလည်း ထိပါးလတ္တံ့၊ ထိပါးမူလည်းထိပါးရာ၏။ ဤရုပ်သည် လျှာအကြည် ‘ဇိဝှါ’ (ပသာဒ) လည်း မည်၏၊ ဤရုပ်သည် လျက်သိစိတ် (ဇိဝှါဝိညာဏ်) ဖြစ်ရာ လျှာအကြည် ‘ဇိဝှါယတန’ လည်း မည်၏၊ ဤရုပ်သည် လျှာအကြည်ဟူသောသဘော ‘ဇိဝှါဓာတ်’ လည်း မည်၏၊ ဤရုပ်သည် လျက်မှု၌ အစိုးရသော လျှာအကြည် ‘ဇိဝှိန္ဒြေ’ လည်း မည်၏၊ ဤရုပ်သည် ဖြစ်တတ် ပျက်တတ်သော သဘော ‘လောက’ လည်း မည်၏၊ ဤရုပ်သည် ဖဿစသောနာမ်တရားတို့၏ ဖြစ်ကြောင်း တံခါး ‘ဒွါရ’ လည်း မည်၏၊ ဤရုပ်သည် (ရသာရုံကို လျက်မှု၌ မရောင့်ရဲပြည့်နိုင်ခဲသော သဘောကြောင့်) သမုဒ္ဒရာ ‘သမုဒ္ဒ’ လည်း မည်၏၊ ဤရုပ်သည် ဖြူစင်ခြင်းသဘော ‘ပဏ္ဍရ’ လည်း မည်၏၊ ဤရုပ်သည် ဖဿစသော နာမ်တရားတို့၏ ပေါက်ဖွားရာ လယ်မြေ ‘ခေတ္တ’ လည်းမည်၏၊ ဤရုပ်သည် ဖဿစသော နာမ်တရားတို့၏ မှီရာ တည်ရာ ‘ဝတ္ထု’ လည်း မည်၏၊ ဤရုပ်သည် (နိဗ္ဗာန်မှ တစ်ဖက်ကမ်းဖြစ်သော သက္ကာယ၌ အကျုံးဝင်သဖြင့်) ဤမှာဘက်ကမ်း ‘ဩရိမတီရ’ လည်းမည်၏၊ ဤရုပ်သည် (ဇိဝှါဒွါရ၌ ဖြစ်သော စိတ်အများနှင့် ဆက်ဆံခြင်းရှိ၍ သီးခြားပိုင်ရှင်ကင်းမဲ့သဖြင့်) ဆိတ်သုဉ်းသော ရွာ ‘သုညဂါမ’ လည်း မည်၏၊ ဤသို့ သဘောရှိသော ရုပ်သည် လျက်သိစိတ် (ဇိဝှါဝိညာဏ်) ဖြစ်ရာ လျှာအကြည် ‘ဇိဝှါယတန’ ဟူသော ထိုရုပ်ပေတည်း။

--

၆၁၀။ (၃) လျက်သိစိတ် (ဇိဝှါဝိညာဏ်) ဖြစ်ရာ လျှာအကြည် ‘ဇိဝှါယတန’ ဟူသော ထိုရုပ်သည်အဘယ်နည်း။ အကြင် လျှာအကြည် ‘ဇိဝှါ’ (ပသာဒ) သည် မဟာဘုတ်လေးပါးတို့ကို စွဲမှီ၍ ကြည်လင်၏ ‘ပသာဒ’ ၊ အတ္တဘော (ကိုယ်ခန္ဓာ) ၌ အကျုံးဝင်၏ ‘အတ္တဘာဝပရိယာပန္န’ ၊ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွမဖြစ် ‘အနိဒဿန’ ၊ ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ’ သပ္ပဋိဃ’ ဖြစ်၏။ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွမဖြစ်သော , ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့်တကွဖြစ်သော အကြင် လျှာအကြည် ‘ဇိဝှါ’ (ပသာဒ) သည် မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွမဖြစ်သော ‘အနိဒဿန’ ၊ ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ ‘သပ္ပဋိဃ’ ဖြစ်သော အရသာ (ရသာရုံ) ၌ ထိပါးလည်း ထိပါးခဲ့ပြီ၊ ထိပါးလည်း ထိပါးဆဲ၊ ထိပါးလည်း ထိပါးလတ္တံ့၊ ထိပါးမူလည်းထိပါးရာ၏။ ဤရုပ်သည် လျှာအကြည် ‘ဇိဝှါ’ (ပသာဒ) လည်း မည်၏၊ ဤရုပ်သည် လျက်သိစိတ် (ဇိဝှါဝိညာဏ်) ဖြစ်ရာ လျှာအကြည် ‘ဇိဝှါယတန’ လည်း မည်၏၊ ဤရုပ်သည် လျှာအကြည်ဟူသော သဘော ‘ဇိဝှါဓာတ်’ လည်း မည်၏၊ ဤရုပ်သည် လျက်မှု၌ အစိုးရသော လျှာအကြည် ‘ဇိဝှိန္ဒြေ’ လည်း မည်၏၊ ဤရုပ်သည် ဖြစ်တတ် ပျက်တတ်သော သဘော ‘လောက’ လည်း မည်၏၊ ဤရုပ်သည် ဖဿစသောနာမ်တရားတို့၏ ဖြစ်ကြောင်း တံခါး ‘ဒွါရ’ လည်း မည်၏၊ ဤရုပ်သည် (ရသာရုံကို လျက်မှု၌ မရောင့်ရဲပြည့်နိုင်ခဲသော သဘောကြောင့်) သမုဒ္ဒရာ ‘သမုဒ္ဒ’ လည်း မည်၏၊ ဤရုပ်သည် ဖြူစင်ခြင်းသဘော ‘ပဏ္ဍရ’ လည်း မည်၏၊ ဤရုပ်သည် ဖဿစသော နာမ်တရားတို့၏ ပေါက်ဖွားရာ လယ်မြေ ‘ခေတ္တ’ လည်းမည်၏၊ ဤရုပ်သည် ဖဿစသော နာမ်တရားတို့၏ မှီရာ တည်ရာ ‘ဝတ္ထု’ လည်း မည်၏၊ ဤရုပ်သည် (နိဗ္ဗာန်မှ တစ်ဖက်ကမ်းဖြစ်သော သက္ကာယ၌ အကျုံးဝင်သဖြင့်) ဤမှာဘက်ကမ်း ‘ဩရိမတီရ’ လည်းမည်၏၊ ဤရုပ်သည် (ဇိဝှါဒွါရ၌ ဖြစ်သော စိတ် အများနှင့် ဆက်ဆံခြင်းရှိ၍ သီးခြားပိုင်ရှင်ကင်းမဲ့သဖြင့်) ဆိတ်သုဉ်းသော ရွာ ‘သုညဂါမ’ လည်း မည်၏။ ဤသို့ သဘောရှိသော ရုပ်သည် လျက်သိစိတ် (ဇိဝှါဝိညာဏ်) ဖြစ်ရာ လျှာအကြည် ‘ဇိဝှါယတန’ ဟူသော ထိုရုပ်ပေတည်း။

၆၁၁။ (၄) လျက်သိစိတ် (ဇိဝှါဝိညာဏ်) ဖြစ်ရာ လျှာအကြည် ‘ဇိဝှါယတန’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ အကြင် လျှာအကြည် ‘ဇိဝှါ’ (ပသာဒ) သည် မဟာဘုတ်လေးပါးတို့ကို စွဲမှီ၍ ကြည်လင်၏ ‘ပသာဒ’ ၊ အတ္တဘော (ကိုယ်ခန္ဓာ) ၌ အကျုံးဝင်၏ ‘အတ္တဘာဝပရိယာပန္န’ ၊ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွ မဖြစ် ‘အနိဒဿန’ ၊ ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ ‘သပ္ပဋိဃ’ ဖြစ်၏။ အကြင် လျှာအကြည် ‘ဇိဝှါ’ (ဝတ္ထု) ကို မှီ၍ အရသာ (ရသာရုံ) ကို အာရုံပြု၍ လျက်သိစိတ် (ဇိဝှါဝိညာဏ်) နှင့် ယှဉ်သော တွေ့ထိမှု ‘ဖဿ’ သည် ဖြစ်လည်း ဖြစ်ခဲ့ပြီ၊ ဖြစ်လည်း ဖြစ်ဆဲ၊ ဖြစ်လည်းဖြစ်လတ္တံ့၊ ဖြစ်မူလည်း ဖြစ်ရာ၏။ပ။ အကြင် လျှာအကြည် ‘ဇိဝှါ’ (ဝတ္ထု) ကို မှီ၍ အရသာ (ရသာရုံ) ကို အာရုံပြု၍ လျက်သိစိတ် (ဇိဝှါဝိညာဏ်) နှင့် ယှဉ်သော တွေ့ထိမှု ‘ဖဿ’ ကြောင့် ဖြစ်သော ခံစားမှု ‘ဝေဒနာ’ သည်။ပ။ မှတ်သားမှု ‘သညာ’ သည်။ပ။ စေ့ဆော်မှု (နှိုးဆော်မှု) ‘စေတနာ’ သည်။ပ။ လျက်သိစိတ် ‘ဇိဝှါဝိညာဏ်’ သည်ဖြစ်လည်း ဖြစ်ခဲ့ပြီ၊ ဖြစ်လည်း ဖြစ်ဆဲ၊ ဖြစ်လည်း ဖြစ်လတ္တံ့၊ ဖြစ်မူလည်း ဖြစ်ရာ၏။ပ။ အကြင် လျှာအကြည် ‘ဇိဝှါ’ (ဝတ္ထု) ကို မှီ၍ အရသာ (ရသာရုံ) ကို အာရုံရှိသော လျက်သိစိတ် (ဇိဝှါဝိညာဏ်) နှင့် ယှဉ်သော တွေ့ထိမှု ‘ဖဿ’ သည် ဖြစ်လည်း ဖြစ်ခဲ့ပြီ၊ ဖြစ်လည်း ဖြစ်ဆဲ၊ ဖြစ်လည်းဖြစ်လတ္တံ့၊ ဖြစ်မူလည်း ဖြစ်ရာ၏။ပ။ အကြင် လျှာအကြည် ‘ဇိဝှါ’ (ဝတ္ထု) ကို မှီ၍ အရသာ (ရသာရုံ) ကို အာရုံရှိသော လျက်သိစိတ် (ဇိဝှါဝိညာဏ်) နှင့် ယှဉ်သော တွေ့ထိမှု ‘ဖဿ’ ကြောင့် ဖြစ်သော ခံစားမှု ‘ဝေဒနာ’ သည်။ပ။ မှတ်သားမှု ‘သညာ’ သည်။ပ။ စေ့ဆော်မှု (နှိုးဆော်မှု) ‘စေတနာ’ သည်။ပ။ လျက်သိစိတ် ‘ဇိဝှါဝိညာဏ်’ သည်ဖြစ်လည်း ဖြစ်ခဲ့ပြီ၊ ဖြစ်လည်း ဖြစ်ဆဲ၊ ဖြစ်လည်း ဖြစ်လတ္တံ့၊ ဖြစ်မူလည်း ဖြစ်ရာ၏။ ဤရုပ်သည် လျှာအကြည် ‘ဇိဝှါ’ (ပသာဒ) လည်း မည်၏၊ ဤရုပ်သည် လျက်သိစိတ် (ဇိဝှါဝိညာဏ်) ဖြစ်ရာ လျှာအကြည် ‘ဇိဝှါယတန’ လည်း မည်၏၊ ဤရုပ်သည် လျှာအကြည်ဟူသော သဘော ‘ဇိဝှါဓာတ်’ လည်း မည်၏၊ ဤရုပ်သည် လျက်မှု၌ အစိုးရသော လျှာအကြည် ‘ဇိဝှိန္ဒြေ’ လည်း မည်၏၊ ဤရုပ်သည်ဖြစ်တတ် ပျက်တတ်သော သဘော ‘လောက’ လည်း မည်၏၊ ဤရုပ်သည် ဖဿစသော နာမ်တရားတို့၏ဖြစ်ကြောင်း တံခါး ‘ဒွါရ’ လည်း မည်၏၊ ဤရုပ်သည် (ရသာရုံကို လျက်မှု၌ မရောင့်ရဲ ပြည့်နိုင်ခဲသောသဘောကြောင့်) သမုဒ္ဒရာ ‘သမုဒ္ဒ’ လည်း မည်၏၊ ဤရုပ်သည် ဖြူစင်ခြင်းသဘော ‘ပဏ္ဍရ’ လည်းမည်၏၊ ဤရုပ်သည် ဖဿစသော နာမ်တရားတို့၏ ပေါက်ဖွားရာ လယ်မြေ ‘ခေတ္တ’ လည်း မည်၏၊ ဤရုပ်သည် ဖဿစသော နာမ်တရားတို့၏ မှီရာ တည်ရာ ‘ဝတ္ထု’ လည်း မည်၏၊ ဤရုပ်သည် (နိဗ္ဗာန်မှတစ်ဖက် ကမ်းဖြစ်သော သက္ကာယ၌ အကျုံးဝင်သဖြင့်) ဤမှာဘက်ကမ်း ‘ဩရိမတီရ’ လည်း မည်၏၊ ဤရုပ်သည် (ဇိဝှါဒွါရ၌ ဖြစ်သော စိတ် အများနှင့် ဆက်ဆံခြင်းရှိ၍ သီးခြားပိုင်ရှင်ကင်းမဲ့သဖြင့်) ဆိတ်သုဉ်းသော ရွာ ‘သုညဂါမ’ လည်း မည်၏၊ ဤသို့ သဘောရှိသော ရုပ်သည်လျက်သိစိတ် (ဇိဝှါဝိညာဏ်) ဖြစ်ရာ လျှာ အကြည် ‘ဇိဝှါယတန’ ဟူသော ထိုရုပ်ပေတည်း။

--

ကာယာယတနရုပ်

၆၁၂။ (၅) ၁။ ထိသိစိတ် (ကာယဝိညာဏ်) ဖြစ်ရာ ကိုယ်အကြည် ‘ကာယာယတန’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ အကြင် ကိုယ်အကြည် ‘ကာယ’ (ပသာဒ) သည်ကြီးကျယ်ထင်ရှားသော ‘မဟာဘုတ်’ လေးပါးတို့ကို စွဲမှီ၍ ကြည်လင်၏ ‘ပသာဒ’၊ အတ္တဘော (ကိုယ်ခန္ဓာ) ၌ အကျုံးဝင်၏ ‘အတ္တဘာဝပရိယာပန္န’၊ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွ မဖြစ့်'အနိဒဿန’၊ ထိပါး တတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ ‘သပ္ပဋိဃ’ ဖြစ်ရာ၏။ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွမဖြစ်သော , ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့်တကွဖြစ်သော အကြင် ကိုယ်အကြည် ‘ကာယ’ (ပသာဒ) ဖြင့် မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွမဖြစ်သော ‘အနိဒဿန’၊ ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ ‘သပ္ပဋိဃ'ဖြစ်သော အတွေ့'ဖောဋ္ဌဗ္ဗာရုံ'ကို ထိပါးလည်း ထိပါးခဲ့ပြီ၊ ထိပါးလည်း ထိပါးဆဲ၊ ထိပါးလည်း ထိပါးလတ္တံ့၊ ထိပါးမူလည်းထိပါးရာ၏။ ဤရုပ်သည် ကိုယ်အကြည် ‘ကာယ’ (ပသာဒ) လည်း မည်၏၊ ဤရုပ်သည် ထိသိစိတ် (ကာယဝိညာဏ်) ဖြစ်ရာ ကိုယ်အကြည် ‘ကာယာယတန'လည်း မည်၏၊ ဤရုပ်သည် ကိုယ်အကြည်ဟူသောသဘော ‘ကာယဓာတ်'လည်း မည်၏၊ ဤရုပ်သည် ထိမှု၌ အစိုးရသော ကိုယ်အကြည် ‘ကာယိန္ဒြေ'လည်းမည်၏၊ ဤရုပ်သည် ဖြစ်တတ် ပျက်တတ်သော သဘော ‘လောက'လည်း မည်၏၊ ဤရုပ်သည်ဖဿစသော နာမ်တရားတို့၏ ဖြစ်ကြောင်း တံခါး ‘ဒွါရ'လည်း မည်၏၊ ဤရုပ်သည် (ဖောဋ္ဌဗ္ဗာရုံကိုထိမှု၌ မရောင့်ရဲ ပြည့်နိုင်ခဲသော သဘောကြောင့်) သမုဒ္ဒရာ ‘သမုဒ္ဒ'လည်း မည်၏၊ ဤရုပ်သည်ဖြူစင်ခြင်းသဘော ‘ပဏ္ဍရ'လည်းမည်၏၊ ဤရုပ်သည် ဖဿစသောနာမ်တရားတို့၏ ပေါက်ဖွားရာလယ်မြေ ‘ခေတ္တ'လည်း မည်၏၊ ဤရုပ်သည် ဖဿစသော နာမ်တရားတို့၏ မှီရာ တည်ရာ ‘ဝတ္ထု'လည်းမည်၏၊ ဤရုပ်သည် (နိဗ္ဗာန်မှ တစ်ဖက်ကမ်း ဖြစ်သော သက္ကာယ၌ အ ကျုံးဝင်သဖြင့်) ဤမှာဘက်ကမ်း'ဩရိမတီရ'လည်း မည်၏၊ ဤရုပ်သည် (ကာယဒွါရ၌ ဖြစ်သော စိတ် အများနှင့် ဆက်ဆံခြင်းရှိ၍သီးခြားပိုင်ရှင်ကင်းမဲ့သဖြင့်) ဆိတ်သုဉ်းသော ရွာ ‘သုညဂါမ'လည်း မည်၏၊ ဤသို့သဘောရှိသောရုပ်သည် ထိသိစိတ် (ကာယဝိညာဏ်) ဖြစ်ရာ ကိုယ်အကြည် ‘ကာယာယတန’ ဟူသော ထိုရုပ်ပေတည်း။

၆၁၃။ (၂) ထိသိစိတ် (ကာယဝိညာဏ်) ဖြစ်ရာ ကိုယ်အကြည် ‘ကာယာယတန’ ဟူသော ထိုရုပ်သည်အဘယ်နည်း။ အကြင် ကိုယ်အကြည် ‘ကာယ’ (ပသာဒ) သည် မဟာဘုတ်လေးပါးတို့ကို စွဲမှီ၍ကြည်လင် ၏ ‘ပသာဒ’ ၊ အတ္တဘော (ကိုယ်ခန္ဓာ) ၌ အကျုံးဝင်၏ ‘အတ္တဘာဝပရိယာပန္န’ ၊ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွမဖြစ် ‘အနိဒဿန’ ၊ ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့်တကွ ‘သပ္ပဋိဃ’ ဖြစ်၏။ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွမဖြစ်သော , ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွဖြစ်သော အကြင် ကိုယ်အကြည် ‘ကာယ’ (ပသာဒ) ၌ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွမဖြစ်သော ‘အနိဒဿန’ ၊ ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ ‘သပ္ပဋိဃ’ ဖြစ်သော အတွေ့ (ဖောဋ္ဌဗ္ဗာရုံ) သည် ထိပါးလည်း ထိပါးခဲ့ပြီ၊ ထိပါးလည်း ထိပါးဆဲ၊ ထိပါးလည်း ထိပါးလတ္တံ့၊ ထိပါးမူလည်း ထိပါးရာ၏။ ဤရုပ်သည် ကိုယ်အကြည် ‘ကာယ’ (ပသာဒ) လည်း မည်၏၊ ဤရုပ်သည် ထိသိစိတ် (ကာယဝိညာဏ်) ဖြစ်ရာ ကိုယ်အကြည် ‘ကာယာယတန’ လည်း မည်၏၊ ဤရုပ်သည် ကိုယ်အကြည်ဟူသောသဘော ‘ကာယဓာတ်’ လည်း မည်၏၊ ဤရုပ်သည် ထိမှု၌ အစိုးရသော ကိုယ်အကြည် ‘ကာယိန္ဒြေ’ လည်းမည်၏၊ ဤရုပ်သည် ဖြစ်တတ်ပျက်တတ်သော သဘော ‘လောက’ လည်း မည်၏၊ ဤရုပ်သည် ဖဿစသော နာမ်တရားတို့၏ ဖြစ်ကြောင်းတံခါး ‘ဒွါရ’ လည်း မည်၏၊ ဤရုပ်သည် (ဖောဋ္ဌဗ္ဗာရုံကို ထိမှု၌ မရောင့်ရဲ ပြည့်နိုင်ခဲသော သဘောကြောင့်) သမုဒ္ဒရာ ‘သမုဒ္ဒ’ လည်း မည်၏၊ ဤရုပ်သည် ဖြူစင်ခြင်းသဘော ‘ပဏ္ဍရ’ လည်း မည်၏၊ ဤရုပ်သည် ဖဿစသော နာမ်တရားတို့၏ ပေါက်ဖွားရာလယ်မြေ ‘ခေတ္တ’ လည်း မည်၏၊ ဤရုပ်သည် ဖဿစသော နာမ်တရားတို့၏ မှီရာ တည်ရာ ‘ဝတ္ထု’ လည်းမည်၏၊ ဤရုပ်သည် (နိဗ္ဗာန်မှ တစ်ဖက်ကမ်းဖြစ်သော သက္ကာယ၌ အကျုံးဝင်သဖြင့်) ဤမှာဘက်ကမ်း ‘ဩရိမတီရ’ လည်း မည်၏၊ ဤရုပ်သည် (ကာယဒွါရ၌ ဖြစ်သော စိတ် အများနှင့် ဆက်ဆံခြင်းရှိ၍ သီးခြားပိုင်ရှင့်ကင်းမဲ့သဖြင့်) ဆိတ်သုဉ်းသော ရွာ ‘သုညဂါမ’ လည်း မည်၏၊ ဤသို့ သဘောရှိသော ရုပ်သည် ထိသိစိတ် (ကာယဝိညာဏ်) ဖြစ်ရာ ကိုယ်အကြည် ‘ကာယာယတန’ ဟူသော ထိုရုပ်ပေတည်း။

--

၆၁၄။ (၃) ထိသိစိတ် (ကာယဝိညာဏ်) ဖြစ်ရာ ကိုယ်အကြည် ‘ကာယာယတန’ ဟူသော ထိုရုပ်သည်အဘယ်နည်း။ အကြင် ကိုယ်အကြည် ‘ကာယ’ (ပသာဒ) သည် ကြီးကျယ်ထင်ရှားသော ‘မဟာဘုတ်’ လေးပါးတို့ကို စွဲမှီ၍ ကြည်လင်၏ ‘ပသာဒ’ ၊ အတ္တဘော (ခန္ဓာကိုယ်) ၌ အကျုံးဝင်၏ ‘အတ္တဘာဝပရိယာပန္န’ ၊ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွမဖြစ် ‘အနိဒဿန’ ၊ ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ ‘သပ္ပဋိဃ’ ဖြစ်၏။ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွမဖြစ်သော , ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့်တကွဖြစ်သော အကြင် ကိုယ်အကြည် ‘ကာယ’ (ပသာဒ) သည် မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့်တကွ မဖြစ်သော ‘အနိဒဿန’ ၊ ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ ‘သပ္ပဋိဃ’ ဖြစ်သော အတွေ့ (ဖောဋ္ဌဗ္ဗာရုံ) ၌ ထိပါးလည်း ထိပါးခဲ့ပြီ၊ ထိပါးလည်း ထိပါးဆဲ၊ ထိပါးလည်း ထိပါးလတ္တံ့၊ ထိပါးမူလည်း ထိပါးရာ၏။ ဤရုပ်သည် ကိုယ်အကြည် ‘ကာယ’ (ပသာဒ) လည်း မည်၏၊ ဤရုပ်သည် ထိသိစိတ် (ကာယဝိညာဏ်) ဖြစ်ရာ ကိုယ်အကြည် ‘ကာယာယတန’ လည်း မည်၏၊ ဤရုပ်သည် ကိုယ်အကြည်ဟူသောသဘော ‘ကာယဓာတ်’ လည်း မည်၏၊ ဤရုပ်သည် ထိမှု၌ အစိုးရသော ကိုယ်အကြည် ‘ကာယိန္ဒြေ’ လည်းမည်၏၊ ဤရုပ်သည် ဖြစ်တတ် ပျက်တတ်သော သဘော ‘လောက’ လည်း မည်၏၊ ဤရုပ်သည် ဖဿစသော နာမ်တရားတို့၏ ဖြစ်ကြောင်း တံခါး ‘ဒွါရ’ လည်း မည်၏၊ ဤရုပ်သည် (ဖောဋ္ဌဗ္ဗာရုံကို ထိမှု၌ မရောင့်ရဲ ပြည့်နိုင်ခဲသော သဘောကြောင့်) သမုဒ္ဒရာ ‘သမုဒ္ဒ’ လည်း မည်၏၊ ဤရုပ်သည် ဖြူစင်ခြင်းသဘော ‘ပဏ္ဍရ’ လည်း မည်၏၊ ဤရုပ်သည် ဖဿစသော နာမ်တရားတို့၏ ပေါက်ဖွားရာ လယ်မြေ ‘ခေတ္တ’ လည်း မည်၏၊ ဤရုပ်သည် ဖဿစသော နာမ်တရားတို့၏ မှီရာတည်ရာ ‘ဝတ္ထု’ လည်း မည်၏၊ ဤရုပ်သည် (နိဗ္ဗာန်မှ တစ်ဖက်ကမ်းဖြစ်သော သက္ကာယ၌ အကျုံးဝင်သဖြင့်) ဤမှာဘက်ကမ်း ‘ဩရိမတီရ’ လည်း မည်၏၊ ဤရုပ်သည် (ကာယဒွါရ၌ ဖြစ်သော စိတ် အများနှင့် ဆက်ဆံခြင်းရှိ၍သီးခြားပိုင်ရှင်ကင်းမဲ့သဖြင့်) ဆိတ်သုဉ်းသော ရွာ ‘သုညဂါမ’ လည်း မည်၏၊ ဤသို့သဘောရှိသောရုပ်သည် ထိသိစိတ် (ကာယဝိညာဏ်) ဖြစ်ရာ ကိုယ်အကြည် ‘ကာယာယတန’ ဟူသော ထိုရုပ်ပေတည်း။

--

၆၁၅။ (၄) ထိသိစိတ် (ကာယဝိညာဏ်) ဖြစ်ရာ ကိုယ်အကြည် ‘ကာယာယတန’ ဟူသော ထိုရုပ်သည်အဘယ်နည်း။ အကြင် ကိုယ်အကြည် ‘ကာယ’ (ပသာဒ) သည် ကြီးကျယ်ထင်ရှားသော ‘မဟာဘုတ်’ လေးပါးတို့ကို စွဲမှီ၍ ကြည်လင်၏ ‘ပသာဒ’ ၊ အတ္တဘော (ကိုယ်ခန္ဓာ) ၌ အကျုံးဝင်၏ ‘အတ္တဘာဝပရိယာပန္န’ ၊ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွမဖြစ် ‘အနိဒဿန’ ၊ ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ ‘သပ္ပဋိဃ’ ဖြစ်၏။ အကြင် ကိုယ်အကြည် ‘ကာယ’ (ဝတ္ထု) ကို မှီ၍ အတွေ့ (ဖောဋ္ဌဗ္ဗာရုံ) ကို အာရုံပြု၍ ထိသိစိတ် (ကာယဝိညာဏ်) နှင့် ယှဉ်သော တွေ့ထိမှု ‘ဖဿ’ သည် ဖြစ်လည်း ဖြစ်ခဲ့ပြီ၊ ဖြစ်လည်း ဖြစ်ဆဲ၊ ဖြစ်လည်း ဖြစ်လတ္တံ့၊ ဖြစ်မူလည်း ဖြစ်ရာ၏။ပ။ အကြင် ကိုယ်အကြည် ‘ကာယ’ (ဝတ္ထု) ကို မှီ၍ အတွေ့ (ဖောဋ္ဌဗ္ဗာရုံ) ကို အာရုံပြု၍ ထိသိစိတ် (ကာယဝိညာဏ်) နှင့်ယှဉ်သော တွေ့ထိမှု ‘ဖဿ’ ကြောင့်ဖြစ်သော ခံစားမှု ‘ဝေဒနာ’ သည်။ပ။ မှတ်သားမှု ‘သညာ’ သည်။ပ။ စေ့ဆော်မှု (နှိုးဆော်မှု) ‘စေတနာ’ သည်။ပ။ ထိသိစိတ် ‘ကာယဝိညာဏ်’ သည် ဖြစ်လည်း ဖြစ်ခဲ့ပြီ၊ ဖြစ်လည်း ဖြစ်ဆဲ၊ ဖြစ်လည်း ဖြစ်လတ္တံ့၊ ဖြစ်မူလည်းဖြစ်ရာ၏။ပ။ အကြင် ကိုယ်အကြည် ‘ကာယ’ (ဝတ္ထု) ကို မှီ၍ အတွေ့ (ဖောဋ္ဌဗ္ဗာရုံ) လျှင် အာရုံရှိသော ထိသိစိတ့် (ကာယဝိညာဏ်) နှင့် ယှဉ်သော တွေ့ထိမှု ‘ဖဿ’ သည် ဖြစ်လည်း ဖြစ်ခဲ့ပြီ၊ ဖြစ်လည်း ဖြစ်ဆဲ၊ ဖြစ်လည်း ဖြစ်လတ္တံ့၊ ဖြစ်မူလည်း ဖြစ်ရာ၏။ပ။ အကြင် ကိုယ်အကြည် ‘ကာယ’ (ဝတ္ထု) ကို မှီ၍ အတွေ့ (ဖောဋ္ဌဗ္ဗာရုံ) လျှင် အာရုံရှိသော ထိသိစိတ် (ကာယဝိညာဏ်) နှင့် ယှဉ်သော တွေ့ထိမှု ‘ဖဿ’ ကြောင့် ဖြစ်သော ခံစားမှု ‘ဝေဒနာ’ သည်။ပ။ မှတ်သားမ ှု ‘သညာ’ သည်။ပ။ စေ့ဆော်မှု (နှိုးဆော်မှု) ‘စေတနာ’ သည်။ပ။ ထိသိစိတ် ‘ကာယဝိညာဏ်’ သည် ဖြစ် လည်း ဖြစ်ခဲ့ပြီ၊ ဖြစ်လည်း ဖြစ်ဆဲ၊ ဖြစ်လည်း ဖြစ်လတ္တံ့၊ ဖြစ်မူလည်းဖြစ်ရာ၏။ ဤရုပ်သည် ကိုယ်အကြည် ‘ကာယ’ (ပသာဒ) လည်း မည်၏၊ ဤရုပ်သည် ထိသိစိတ် (ကာယဝိညာဏ်) ဖြစ်ရာ ကိုယ်အကြည် ‘ကာယာယတန’ လည်း မည်၏၊ ဤရုပ်သည် ‘ကိုယ်အကြည်’ ဟူသောသဘော ‘ကာယဓာတ်’ လည်း မည်၏၊ ဤရုပ်သည် ထိမှု၌ အစိုးရသော ကိုယ်အကြည် ‘ကာယိန္ဒြေ’ လည်း မည်၏၊ ဤရုပ်သည် ဖြစ်တတ်ပျက်တတ်သော သဘော ‘လောက’ လည်း မည်၏၊ ဤရုပ်သည် ဖဿ စသော နာမ်တရားတို့၏ ဖြစ်ကြောင်း တံခါး ‘ဒွါရ’ လည်း မည်၏၊ ဤရုပ်သည် (ဖောဋ္ဌဗ္ဗာရုံကို ထိမှု၌ မရောင့်ရဲ ပြည့်နိုင်ခဲသော သဘောကြောင့်) သမုဒ္ဒရာ ‘သမုဒ္ဒ’ လည်း မည်၏၊ ဤရုပ်သည် ဖြူစင်ခြင်း သဘော ‘ပဏ္ဍရ’ လည်း မည်၏၊ ဤရုပ်သည် ဖဿစသော နာမ်တရားတို့၏ပေါက်ဖွားရာ လယ်မြေ ‘ခေတ္တ’ လည်း မည်၏၊ ဤရုပ်သည် ဖဿစသော နာမ်တရားတို့၏ မှီရာတည်ရာ ‘ဝတ္ထု’ လည်း မည်၏၊ ဤရုပ်သည် (နိဗ္ဗာန်မှ တစ်ဖက်ကမ်းဖြစ်သော သက္ကာယ၌ အကျုံးဝင်သဖြင့်) ဤမှာဘက်ကမ်း ‘ဩရိမတီရ’ လည်း မည်၏၊ ဤရုပ်သည် (ကာယဒွါရ၌ ဖြစ်သော စိတ်အများနှင့် ဆက်ဆံခြင်းရှိ၍ သီးခြားပိုင်ရှင်ကင်းမဲ့သဖြင့်) ဆိတ်သုဉ်းသော ရွာ ‘သုညဂါမ’ လည်း မည်၏၊ ဤသို့သဘောရှိသော ရုပ် သည် ထိသိစိတ် (ကာယဝိညာဏ်) ဖြစ်ရာ ကိုယ်အကြည် ‘ကာယာယတန’ ဟူသော ထိုရုပ်ပေတည်း။

ရူပါယတနရုပ်

၆၁၆။ (၆) ၁။ မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ကြောင်း အဆင်း ‘ရူပါယတန’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ ကြီးကျယ်ထင်ရှားသော ‘မဟာဘုတ်'လေးပါးတို့ကို စွဲမှီ၍ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွ ‘သနိဒဿန'ဖြစ်သော , ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ'သပ္ပဋိဃ'ဖြစ်သော , အဆင်းအရောင်ဟူသော အကြင် အဆင်း (ရူပါရုံ)၊ အညို ‘နီလ’၊ အရွှေ (အဝါနု) ‘ပီတက’၊ အနီ ‘လောဟိတက’၊ အဖြူ ‘ဩဒါတ’၊ အမည်း (အနက်) ‘ကာဠက’၊ အမောင်း (နီညိုရောင်) ‘မဉ္ဇိဋ္ဌက’၊ အဝါရင့် ‘ဟရိ’၊ အစိမ်းရောင် ‘ဟရိဝဏ္ဏ’၊ သရက်ညွန့်အဆင်းရောင် (အစိမ်းနု) ‘အမ္ဗင်္ကုရဝဏ္ဏ’၊ အရှည် ‘ဒီဃ’၊ အတို ‘ရဿ’၊ အငယ် ‘အဏု’၊ အကြီး ‘ထူလ’၊ အလုံး ‘ဝဋ္ဋ’၊ အဝန်းအဝိုင်း ‘ပရိမဏ္ဍလ’၊ လေးမြှောင့် ‘စတုရံသ’ (စတုရဿ)၊ ခြောက်မြှောင့် ‘ဆဠံသ’၊ ရှစ်မြှောင့် ‘အဋ္ဌံသ’၊ တစ်ဆယ့်ခြောက်မြှောင့်'သောဠသံသ’၊ အနိမ့်အရှိုင်း ‘နိန္န’၊ အမြင့်အမောက် ‘ထလ’၊ အရိပ် ‘ဆာယာ’၊ နေပူ ‘အာတပ’၊ အလင်းရောင် ‘အာလောက’၊ အမိုက်မှောင် ‘အန္ဓကာရ’၊ တိမ်တိုက် ‘အဗ္ဘာ’၊ ဆီးနှင်း ‘မဟိကာ’၊ အခိုး'ဓူမ’၊ မြူ ‘ရဇ’၊ လဝန်း၏ အဆင်းအရောင်၊ နေဝန်း၏ အဆင်းအရောင်၊ ကြယ် (တာရာ) အပေါင်းတို့၏အဆင်းအရောင်၊ ကြေးမုံ (မှန်) ဝန်း၏ အဆင်းအရောင်၊ ပတ္တမြား, ခရုသင်း, ပုလဲ, ဝါးအဆင်းရှိသောဝေဠုရိယ ကြောင်မျက်ရွဲ (မြ) ၏ အဆင်းအရောင်၊ ရွှေ, ငွေ၏ အဆင်းအရောင်သည် (ရှိ၏)။ ထို့ပြင် (ဆိုအပ်ခဲ့ပြီးသော အဆင်း ‘ရူပါရုံ'တို့မှ) တစ်မျိုးတခြားဖြစ်သော , မဟာဘုတ်လေးပါးတို့ကိုစွဲမှီ၍ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွ ‘သနိဒဿန'ဖြစ်သော , ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ ‘သပ္ပဋိဃ'ဖြစ်သော , အဆင်းအရောင်ဟူသော အကြင်အဆင်း ‘ရူပါရုံ’ သည်လည်းရှိသေး၏။ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွ ‘သနိဒဿန'ဖြစ်သော , ထိပါးတတ်သည်၏အဖြစ် (ထိ့ပါးခြင်း) နှင့် တကွ ‘သပ္ပဋိဃ'ဖြစ်သော အကြင် အဆင်း (ရူပါရုံ) ကို မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့်တကွမဖြစ်သော ‘အနိဒဿန’၊ ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ ‘သပ္ပဋိဃ'ဖြစ်သော မျက်စိ အကြည် ‘စက္ခု'ဖြင့် မြင်လည်း မြင်ခဲ့ပြီ၊ မြင်လည်း မြင်ဆဲ၊ မြင်လည်း မြင်လတ္တံ့၊ မြင်မူလည်းမြင်ရာ၏။ ဤရုပ်သည် အဆင်း ‘ရူပါရုံ'လည်း မည်၏၊ ဤရုပ်သည် မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ကြောင်းအဆင်း ‘ရူပါယတန'လည်း မည်၏၊ ဤရုပ်သည် အဆင်း (ရူပါရုံ)ဟူသော သဘော ‘ရူပဓာတ်'လည်းမည်၏၊ ဤရုပ်သည် မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ကြောင်း အဆင်း ‘ရူပါယတန’ ဟူသော ထိုရုပ်ပေတည်း။

--

၆၁၇။ (၂) မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ကြောင်း အဆင်း ‘ရူပါယတန’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ ကြီးကျယ်ထင်ရှားသော ‘မဟာဘုတ်’ လေးပါးတို့ကို စွဲမှီ၍ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့်တကွ ‘သနိဒဿန’ ဖြစ်သော , ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ ‘သပ္ပဋိဃ’ ဖြစ်သော ,အဆင်းအရောင်ဟူသော အကြင်အဆင်း (ရူပါရုံ) အညို ‘နီလ’ ၊ အရွှေ (အဝါနု) ‘ပီတက’ ၊ အနီ ‘လောဟိတက’ ၊ အဖြူ ‘ဩဒါတ’ ၊ အမည်း (အနက်) ‘ကာဠက’ ၊ အမောင်း (နီညိုရောင်) ‘မဉ္ဇိဋ္ဌက’ ၊ အဝါရင့် ‘ဟရိ’ ၊ အစိမ်း ရောင် ‘ဟရိဝဏ္ဏ’ ၊ သရက်ညွန့် အဆင်းရောင် (အစိမ်းနု) ‘အမ္ဗင်္ကုရဝဏ္ဏ’ ၊ အရှည် ‘ဒီဃ’ ၊ အတို ‘ရဿ’ ၊ အငယ် ‘အဏု’ ၊ အကြီး ‘ထူလ’ ၊ အလုံး ‘ဝဋ္ဋ’ ၊ အဝန်းအဝိုင်း ‘ပရိမဏ္ဍလ’ ၊ လေးမြှောင့် ‘စတုရံသ’ (စတုရဿ)၊ ခြောက်မြှောင့် ‘ဆဠံသ’ ၊ ရှစ်မြှောင့် ‘အဋ္ဌံသ’ ၊ တစ်ဆယ့်ခြောက်မြှောင့် ‘သောဠသံသ’ ၊ အနိမ့်အရှိုင်း ‘နိန္န’ ၊ အမြင့်အမောက် ‘ထလ’ ၊ အရိပ် ‘ဆာယာ’ ၊ နေပူ ‘အာတပ’ ၊ အလင်းရောင် ‘အာလောက’ ၊ အမိုက်မှောင် ‘အန္ဓကာရ’ ၊ တိမ်တိုက် ‘အဗ္ဘာ’ ၊ ဆီးနှင်း ‘မဟိကာ’ ၊ အခိုး ‘ဓူမ’ ၊ မြူ ‘ရဇ’ ၊ လဝန်း၏ အဆင်းအရောင်၊ နေဝန်း၏ အဆင်းအရောင်၊ ကြယ် (တာရာ) အပေါင်းတို့၏အဆင်းအရောင်၊ ကြေးမုံ (မှန်) ဝန်း၏ အဆင်းအရောင်၊ ပတ္တမြား, ခရုသင်း, ပုလဲ, ဝါးအဆင်းရှိသောဝေဠုရိယ ကြောင် မျက်ရွဲ (မြ) ၏ အဆင်းအရောင်၊ ရွှေ, ငွေ၏ အဆင်းအရောင်သည် (ရှိ၏)။ ထို့ပြင် (ဆိုအပ်ခဲ့ပြီးသော အဆင်း ‘ရူပါရုံ’ တို့မှ) တစ်မျိုးတခြားဖြစ်သော , ကြီးကျယ်ထင်ရှားသော ‘မဟာဘုတ်’ လေးပါးတို့ကို စွဲမှီ၍ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွ ‘သနိဒဿန’ ဖြစ်သော ,ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ ‘သပ္ပဋိဃ’ ဖြစ်သော , အဆင်းအရောင်ဟူသော အကြင်အဆင်း ‘ရူပါရုံ’ သည်လည်း ရှိသေး၏။ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွ ‘သနိဒဿန’ ဖြစ်သော , ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ ‘သပ္ပဋိဃ’ ဖြစ်သော အကြင် အဆင်း (ရူပါရုံ) ၌ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွမဖြစ်သော ‘အနိဒဿန’ ၊ ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ ‘သပ္ပဋိဃ’ ဖြစ်သော မျက်စိ အကြည် ‘စက္ခု’ (ပသာဒ) သည် ထိပါးလည်း ထိပါးခဲ့ပြီ၊ ထိပါးလည်းထိပါးဆဲ၊ ထိပါးလည်း ထိပါးလတ္တံ့၊ ထိပါးမူလည်း ထိပါးရာ၏။ ဤရုပ်သည် အဆင်း (ရူပါရုံ) လည်း မည်၏၊ ဤရုပ်သည် မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ကြောင်းအဆင်း ‘ရူပါယတန’ လည်း မည်၏၊ ဤရုပ်သည် အဆင်း (ရူပါရုံ)ဟူသော သဘော ‘ရူပဓာတ်’ လည်းမည်၏၊ ဤရုပ်သည် မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ကြောင်း အဆင်း ‘ရူပါယတန’ ဟူသော ထိုရုပ်ပေတည်း။

--

၆၁၈။ (၃) မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ကြောင်း အဆင်း ‘ရူပါယတန’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ ကြီးကျယ်ထင်ရှားသော ‘မဟာဘုတ်’ လေးပါးတို့ကို စွဲမှီ၍ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့်တကွ ‘သနိဒဿန’ ဖြစ်သော , ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ ‘သပ္ပဋိဃ’ ဖြစ်သော ,အဆင်းအရောင်ဟူသော အကြင် အဆင်း (ရူပါရုံ)၊ အညို ‘နီလ’ ၊ အရွှေ (အဝါနု) ‘ပီတက’ ၊ အနီ ‘လောဟိတက’ ၊ အဖြူ ‘ဩဒါတ’ ၊ အမည်း (အနက်) ‘ကာဠက’ ၊ အမောင်း (နီညိုရောင်) ‘မဉ္ဇိဋ္ဌက’ ၊ အဝါရင့် ‘ဟရိ’ ၊ အစိမ်းရောင် ‘ဟရိဝဏ္ဏ’ ၊ သရက်ညွန့် အဆင်းရောင် (အစိမ်းနု) ‘အမ္ဗင်္ကုရဝဏ္ဏ’ ၊ အရှည် ‘ဒီဃ’ ၊ အတို ‘ရဿ’ ၊ အငယ် ‘အဏု’ ၊ အကြီး ‘ထူလ’ ၊ အလုံး ‘ဝဋ္ဋ’ ၊ အဝန်းအဝိုင်း ‘ပရိမဏ္ဍလ’ ၊ လေးမြှောင့် ‘စတုရံသ’ (စတုရဿ)၊ ခြောက်မြှောင့် ‘ဆဠံသ’ ၊ ရှစ်မြှောင့် ‘အဋ္ဌံသ’ ၊ တစ်ဆယ့်ခြောက်မြှောင့် ‘သောဠသံသ’ ၊ အနိမ့်အရှိုင်း ‘နိန္န’ ၊ အမြင့်အမောက် ‘ထလ’ ၊ အရိပ် ‘ဆာယာ’ ၊ နေပူ ‘အာတပ’ ၊ အလင်းရောင် ‘အာလောက’ ၊ အမိုက်မှောင် ‘အန္ဓကာရ’ ၊ တိမ်တိုက် ‘အဗ္ဘာ’ ၊ ဆီးနှင်း ‘မဟိကာ’ ၊ အခိုး ‘ဓူမ’ ၊ မြူ ‘ရဇ’ ၊ လဝန်း၏ အဆင်းအရောင်၊ နေဝန်း၏ အဆင်းအရောင်၊ ကြယ် (တာရာ) အပေါင်းတို့၏အဆင်းအရောင်၊ ကြေးမုံ (မှန်) ဝန်း၏ အဆင်းအရောင်၊ ပတ္တမြား, ခရုသင်း, ပုလဲ, ဝါးအဆင်းရှိသောဝေဠုရိယ ကြောင်မျက်ရွဲ (မြ) ၏ အဆင်းအရောင်၊ ရွှေ, ငွေ၏ အဆင်းအရောင်သည် (ရှိ၏)။ ထို့ပြင် (ဆိုအပ်ခဲ့ပြီးသောအဆင်း ‘ရူပါရုံ’ တို့မှ) တစ်မျိုးတခြားဖြစ်သော , ကြီးကျယ်ထင်ရှားသော ‘မဟာဘုတ်’ လေးပါးတို့ကို စွဲမှီ၍ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွ ‘သနိဒဿန’ ဖြစ်သော ,ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ ‘သပ္ပဋိဃ’ ဖြစ်သော , အဆင်းအရောင်ဟူသော အကြင်အဆင်း ‘ရူပါရုံ’ သည်လည်း ရှိသေး၏။ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွ ‘သနိဒဿန’ ဖြစ်သော , ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ ‘သပ္ပဋိဃ’ ဖြစ်သော အကြင်အဆင်း (ရူပါရုံ) သည် မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွမဖြစ်သော ‘အနိဒဿန’ ၊ ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ ‘သပ္ပဋိဃ’ ဖြစ်သော မျက်စိအကြည် ‘စက္ခု’ (ပသာဒ) ၌ ထိပါးလည်း ထိပါးခဲ့ပြီ၊ ထိပါးလည်း ထိပါးဆဲ၊ ထိပါးလည်း ထိပါးလတ္တံ့၊ ထိပါးမူလည်း ထိပါးရာ၏။ ဤရုပ်သည် အဆင်း (ရူပါရုံ) လည်း မည်၏၊ ဤရုပ်သည် မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ကြောင်း အဆင်း ‘ရူပါယတန’ လည်း မည်၏၊ ဤရုပ်သည် အဆင်း (ရူပါရုံ)ဟူသော သဘော ‘ရူပဓာတ်’ လည်း မည်၏၊ ဤရုပ်သည် မြင်သိစိတ်ဖြစ်ကြောင်း အဆင်း ‘ရူပါယတန’ ဟူသော ထိုရုပ်ပေတည်း။

၆၁၉။ (၄) မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ကြောင်း အဆင်း ‘ရူပါယတန’ ဟူသော ထိုရုပ်သည် အဘယ်နည်း ကြီးကျယ်ထင်ရှားသော ‘မဟာဘုတ်’ လေးပါးတို့ကို စွဲမှီ၍ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့်တကွ ‘သနိဒဿန’ ဖြစ်သော , ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ ‘သပ္ပဋိဃ’ ဖြစ်သော ,အဆင်းအရောင်ဟူသော အကြင် အဆင်း (ရူပါရုံ)၊ အညို ‘နီလ’ ၊ အရွှေ (အဝါနု) ‘ပီတက’ ၊ အနီ ‘လောဟိတက’ ၊ အဖြူ ‘ဩဒါတ’ ၊ အမည်း (အနက်) ‘ကာဠက’ ၊ အမောင်း (နီညိုရောင်) ‘မဉ္ဇိဋ္ဌက’ ၊ အဝါရင့် ‘ဟရိ’ ၊ အစိမ်းရောင် ‘ဟရိဝဏ္ဏ’ ၊ သရက်ညွန့် အဆင်းရောင် (အစိမ်းနု) ‘အမ္ဗင်္ကုရဝဏ္ဏ’ ၊ အရှည် ‘ဒီဃ’ ၊ အတို ‘ရဿ’ ၊ အငယ် ‘အဏု’ ၊ အကြီး ‘ထူလ’ ၊ အလုံး ‘ဝဋ္ဋ’ ၊ အဝန်းအဝိုင်း ‘ပရိမဏ္ဍလ’ ၊ လေးမြှောင့် ‘စတုရံသ’ (စတုရဿ)၊ ခြောက်မြှောင့် ‘ဆဠံသ’ ၊ ရှစ်မြှောင့် ‘အဋ္ဌံသ’ ၊ တစ်ဆယ့်ခြောက်မြှောင့် ‘သောဠသံသ’ ၊ အနိမ့်အရှိုင်း ‘နိန္န’ ၊ အမြင့်အမောက် ‘ထလ’ ၊ အရိပ် ‘ဆာယာ’ ၊ နေပူ ‘အာတပ’ ၊ အလင်းရောင် ‘အာလောက’ ၊ အမိုက်မှောင် ‘အန္ဓကာရ’ ၊ တိမ်တိုက် ‘အဗ္ဘာ’ ၊ ဆီးနှင်း ‘မဟိကာ’ ၊ အခိုး ‘ဓူမ’ ၊ မြူ ‘ရဇ’ ၊ လဝန်း၏ အဆင်းအရောင်၊ နေဝန်း၏ အဆင်းအရောင်၊ ကြယ် (တာရာ) အပေါင်းတို့၏အဆင်းအရောင်၊ ကြေးမုံ (မှန်) ဝန်း၏ အဆင်းအရောင်၊ ပတ္တမြား, ခရုသင်း, ပုလဲ, ဝါးအဆင်းရှိသောဝေဠုရိယ ကြောင် မျက်ရွဲ (မြ) ၏ အဆင်းအရောင်၊ ရွှေ, ငွေ၏ အဆင်းအရောင်သည် (ရှိ၏)။ ထို့ပြင် (ဆိုအပ်ခဲ့ပြီးသော အဆင်း ‘ရူပါရုံ’ မှ) တစ်မျိုးတစ်ခြားဖြစ်သော , ကြီးကျယ်ထင်ရှားသော ‘မဟာဘုတ်’ လေးပါးတို့ကို စွဲမှီ၍ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွ ‘သနိဒဿန’ ဖြစ်သော ,ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ ‘သပ္ပဋိဃ’ ဖြစ်သော , အဆင်းအရောင်ဟူသော အကြင်အဆင်း ‘ရူပါရုံ’ သည်လည်း ရှိသေး၏။ အကြင် အဆင်း (ရူပါရုံ) ကို အာရုံပြု၍ မျက်စိအကြည် ‘စက္ခု’ (ဝတ္ထု) ကို မှီ၍ မြင်သိစိတ် (စက္ခု့ဝိညာဏ်) နှင့် ယှဉ်သော တွေ့ထိမှု ‘ဖဿ’ သည် ဖြစ်လည်း ဖြစ်ခဲ့ပြီ၊ ဖြစ်လည်း ဖြစ်ဆဲ၊ ဖြစ်လည်းဖြစ်တလ္တံ့၊ ဖြစ်မူလည်း ဖြစ်ရာ၏။ပ။ အကြင် အဆင်း (ရူပါရုံ) ကို အာရုံပြု၍ မျက်စိအကြည် ‘စက္ခု’ (ဝတ္ထု) ကို မှီ၍ မြင်သိစိတ် (စက္ခုဝိညာဏ်) နှင့် ယှဉ်သော တွေ့ထိမှု ‘ဖဿ’ ကြောင့် ဖြစ်သော ခံစားမှု ‘ဝေဒနာ’ သည်။ပ။ မှတ်သားမှု ‘သညာ’ သည်။ပ။ စေ့ဆော်မှု (နှိုးဆော်မှု) ‘စေတနာ’ သည်။ပ။ မြင်သိစိတ် ‘စက္ခုဝိညာဏ်’ သည်ဖြစ်လည်း ဖြစ်ခဲ့ပြီ၊ ဖြစ်လည်း ဖြစ်ဆဲ၊ ဖြစ်လည်း ဖြစ်လတ္တံ့၊ ဖြစ်မူလည်း ဖြစ်ရာ၏။ပ။ အကြင် မျက်စိအကြည် ‘စက္ခု’ (ဝတ္ထု) ကို မှီ၍ အဆင်း ရူပါရုံလျှင် အာရုံရှိသော မြင်သိစိတ် (စက္ခုဝိညာဏ်) နှင့် ယှဉ်သော တွေ့ထိမှု ‘ဖဿ’ သည် ဖြစ်လည်း ဖြစ်ခဲ့ပြီ၊ ဖြစ်လည်း ဖြစ်ဆဲ၊ ဖြစ်လည်းဖြစ်တလ္တံ့၊ ဖြစ်မူလည်း ဖြစ်ရာ၏။ပ။ အကြင် မျက်စိအကြည် ‘စက္ခု’ (ဝတ္ထု) ကို မှီ၍ အဆင်း ရူပါရုံလျှင် အာရုံရှိသော မြင်သိစိတ် (စက္ခုဝိညာဏ်) နှင့် ယှဉ်သော တွေ့ထိမှု ‘ဖဿ’ ကြောင့် ဖြစ်သော ခံစားမှု ‘ဝေဒနာ’ သည်။ပ။ မှတ်သားမှု ‘သညာ’ သည်။ပ။ စေ့ဆော်မှု (နှိုးဆော်မှု) ‘စေတနာ’ သည်။ပ။ မြင်သိစိတ် ‘စက္ခုဝိညာဏ်’ သည် ဖြစ်လည်း ဖြစ်ခဲ့ပြီ၊ ဖြစ်လည်း ဖြစ်ဆဲ၊ ဖြစ်လည်း ဖြစ်လတ္တံ့၊ ဖြစ်မူလည်း ဖြစ်ရာ၏။ပ။ ဤရုပ်သည် အဆင်း (ရူပါရုံ) လည်း မည်၏၊ ဤရုပ်သည် မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ကြောင်းအဆင်း ‘ရူပါယတန’ လည်း မည်၏၊ ဤရုပ်သည် အဆင်း (ရူပါရုံ)ဟူသော သဘော ‘ရူပဓာတ်’ လည်းမည်၏၊ ဤရုပ်သည် မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ကြောင်း အဆင်း ‘ရူပါယတန’ ဟူသော ထိုရုပ်ပေတည်း။

--

သဒ္ဒါယတနရုပ်

၆၂၀။ (၇) ၁။ ကြားသိစိတ် (သောတဝိညာဏ်) ဖြစ်ကြောင်း အသံ ‘သဒ္ဒါယတန’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ ကြီးကျယ်ထင်ရှားသော ‘မဟာဘုတ်'လေးပါးတို့ကို စွဲမှီ၍မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွမဖြစ်သော ‘အနိဒဿန’၊ ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ ‘သပ္ပဋိဃ’ ဖြစ်သော အကြင် အသံ (သဒ္ဒါရုံ) သည်၊ စည်ကြီးသံ ‘ဘေရိသဒ္ဒ’၊ မုရှိးစည်သံ ‘မုဒိင်္ဂသဒ္ဒ’၊ ခရုသင်းသံ ‘သင်္ခသဒ္ဒ’၊ ထက်စည်သံ ‘ပဏဝသဒ္ဒ’၊ သီချင်းသံ ‘ဂီတသဒ္ဒ’၊ တီးမှုတ်သံ ‘ဝါဒိတသဒ္ဒ’၊ မောင်းကြေးနင်း, ခွက်ခွင်းသံ ‘သမ္မသဒ္ဒ’၊ လက်သံ (လက်ခုပ်တီးသံ) ‘ပါဏိသဒ္ဒ’၊ သတ္တဝါတို့၏ ကြွေးကြော်သံ ‘နိဂ္ဃေါသသဒ္ဒ’၊ သဘာဝ (ဓာတ်)တို့၏ (အချင်းချင်း) ထိခိုက်သောအသံ'သန္နိဃာတသဒ္ဒ’၊ လေသံ (လေတိုက်သော အသံ) ‘ဝါတသဒ္ဒ’၊ ရေသံ ‘ဥဒကသဒ္ဒ’၊ လူသံ ‘မနုဿသဒ္ဒ’၊ လူသံမှ တစ်ပါးသော အသံ ‘အမနုဿသဒ္ဒ’ သည် (ရှိ၏)။ ထို့ပြင် (ဆိုအပ်ခဲ့ပြီးသော အသံ ‘သဒ္ဒါရုံ'တို့မှ) တစ်မျိုးတခြားဖြစ်သော , ကြီးကျယ်ထင်ရှားသော ‘မဟာဘုတ်'လေးပါးတို့ကို စွဲမှီ၍ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွမဖြစ်သော , ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ ဖြစ်သော အကြင်အသံ (သဒ္ဒါရုံ) သည်လည်း ရှိသေး၏။ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွ မဖြစ်သော , ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့်တကွဖြစ်သော အကြင်အသံ (သဒ္ဒါရုံ) ကို မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွမဖြစ်သော ‘အနိဒဿန’၊ ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ ‘သပ္ပဋိဃ’ ဖြစ်သော နားအကြည် ‘သောတ’ (ပသာဒ) ဖြင့် ကြားလည်း ကြားခဲ့ပြီ၊ ကြားလည်း ကြားဆဲ၊ ကြားလည်း ကြားလတ္တံ့၊ ကြားမူလည်း ကြားရာ၏။ ဤရုပ်သည် အသံ (သဒ္ဒါရုံ) လည်း မည်၏၊ ဤရုပ်သည် ကြားသိစိတ် (သောတဝိညာဏ်) ဖြစ်ကြောင်းအသံ ‘သဒ္ဒါယတန'လည်း မည်၏၊ ဤရုပ်သည် အသံ (သဒ္ဒါရုံ)ဟူသော သဘော ‘သဒ္ဒဓာတ်’ လည်းမည်၏၊ ဤရုပ်သည် ကြားသိစိတ် (သောတဝိညာဏ်) ဖြစ်ကြောင်း အသံ ‘သဒ္ဒါယတန’ ဟူသောထိုရုပ်ပေတည်း။

၆၂၁။ (၂) ကြားသိစိတ် (သောတဝိညာဏ်) ဖြစ်ကြောင်း အသံ ‘သဒ္ဒါယတန’ ဟူသော ထိုရုပ်သည့်အဘယ်နည်း။ ကြီးကျယ်ထင်ရှားသော ‘မဟာဘုတ်’ လေးပါးတို့ကို စွဲမှီ၍ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွမဖြစ်သော ‘အနိဒဿန’ ၊ ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ ‘သပ္ပဋိဃ’ ဖြစ်သော အကြင် အသံ (သဒ္ဒါရုံ) သည်၊ စည်ကြီးသံ ‘ဘေရိသဒ္ဒ’ ၊ မုရှိးစည်သံ ‘မုဒိင်္ဂသဒ္ဒ’ ၊ ခရုသင်းသံ ‘သင်္ခသဒ္ဒ’ ၊ ထက်စည်သံ ‘ပဏဝသဒ္ဒ’ ၊ သီချင်းသံ ‘ဂီတသဒ္ဒ’ ၊ တီးမှုတ်သံ ‘ဝါဒိတသဒ္ဒ’ ၊ မောင်းကြေးနင်း, ခွက်ခွင်းသံ ‘သမ္မသဒ္ဒ’ ၊ လက်သံ (လက်ခုပ်တီးသံ) ‘ပါဏိသဒ္ဒ’ ၊ သတ္တဝါတို့၏ ကြွေးကြော်သံ ‘နိဂ္ဃေါသသဒ္ဒ’ ၊ သဘာဝ (ဓာတ်)တို့၏ (အချင်းချင်း) ထိခိုက်သော အသံ ‘သန္နိဃာတသဒ္ဒ’ ၊ လေသံ (လေတိုက်သော အသံ) ‘ဝါတသဒ္ဒ’ ၊ ရေသံ ‘ဥဒကသဒ္ဒ’ ၊ လူသံ ‘မနုဿသဒ္ဒ’ ၊ လူသံမှ တစ်ပါးသော အသံ ‘အမနုဿသဒ္ဒ’ သည် (ရှိ၏)။ ထို့ပြင် (ဆိုအပ်ခဲ့ပြီးသော အသံ ‘သဒ္ဒါရုံ’ တို့မှ) တစ်မျိုးတခြားဖြစ်သော , ကြီးကျယ်ထင်ရှားသော ‘မဟာဘုတ်’ လေးပါးတို့ကို စွဲမှီ၍ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွမဖြစ်သော ‘အနိဒဿန’ ၊ ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ ‘သပ္ပဋိဃ’ ဖြစ်သော အကြင် အသံ (သဒ္ဒါရုံ) သည်လည်းရှိသေး၏။ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွ မဖြစ်သော , ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့်တကွဖြစ်သော အကြင်အသံ (သဒ္ဒါရုံ) ၌ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွမဖြစ်သော ‘အနိဒဿန’ ၊ ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ ‘သပ္ပဋိဃ’ ဖြစ်သော နားအကြည် ‘သောတ’ (ပသာဒ) သည် ထိပါးလည်း ထိပါးခဲ့ပြီ၊ ထိပါးလည်း ထိပါးဆဲ၊ ထိပါးလည်း ထိပါးလတ္တံ့၊ ထိပါးမူလည်း ထိပါးရာ၏။ ဤရုပ်သည် အသံ (သဒ္ဒါရုံ) လည်း မည်၏၊ ဤရုပ်သည် ကြားသိစိတ် (သောတဝိညာဏ်) ဖြစ် ကြောင်းအသံ ‘သဒ္ဒါယတန’ လည်း မည်၏၊ ဤရုပ်သည် အသံ (သဒ္ဒါရုံ)ဟူသော သဘော ‘သဒ္ဒဓာတ်’ လည်းမည်၏၊ ဤရုပ်သည် ကြားသိစိတ် (သောတဝိညာဏ်) ဖြစ်ကြောင်း အသံ ‘သဒ္ဒါယတန’ ဟူသောထိုရုပ်ပေတည်း။

--

၆၂၂။ (၃) ကြားသိစိတ် (သောတဝိညာဏ်) ဖြစ်ကြောင်း အသံ ‘သဒ္ဒါယတန’ ဟူသော ထိုရုပ်သည်အဘယ်နည်း။ ကြီးကျယ်ထင်ရှားသော ‘မဟာဘုတ်’ လေးပါးတို့ကို စွဲမှီ၍ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွ မဖြစ်သော ‘အနိဒဿန’ ၊ ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ ‘သပ္ပဋိဃ’ ဖြစ်သော အကြင် အသံ (သဒ္ဒါရုံ) သည်၊ စည်ကြီးသံ ‘ဘေရိသဒ္ဒ’ ၊ မုရှိးစည်သံ ‘မုဒိင်္ဂသဒ္ဒ’ ၊ ခရုသင်းသံ ‘သင်္ခသဒ္ဒ’ ၊ ထက်စည်သံ ‘ပဏဝသဒ္ဒ’ ၊ သီချင်းသံ ‘ဂီတသဒ္ဒ’ ၊ တီးမှုတ်သံ ‘ဝါဒိတသဒ္ဒ’ ၊ မောင်းကြေးနင်း, ခွက်ခွင်းသံ ‘သမ္မသဒ္ဒ’ ၊ လက်သံ (လက်ခုပ်တီးသံ) ‘ပါဏိသဒ္ဒ’ ၊ သတ္တဝါတို့၏ ကြွေးကြော်သံ ‘နိဂ္ဃေါသသဒ္ဒ’ ၊ သဘာဝ (ဓာတ်)တို့၏ (အချင်းချင်း) ထိခိုက်သောအသံ ‘သန္နိဃာတသဒ္ဒ’ ၊ လေသံ (လေတိုက်သောအသံ) ‘ဝါတသဒ္ဒ’ ၊ ရေသံ ‘ဥဒကသဒ္ဒ’ ၊ လူသံ ‘မနုဿသဒ္ဒ’ ၊ လူသံမှ တစ်ပါးသော အသံ ‘အမနုဿသဒ္ဒ’ သည် (ရှိ၏)။ ထို့ပြင် (ဆိုအပ်ခဲ့ပြီးသော အသံ ‘သဒ္ဒါရုံ’ တို့မှ) တစ်မျိုးတခြား ဖြစ်သော , ကြီးကျယ်ထင်ရှားသော ‘မဟာဘုတ်’ လေးပါးတို့ကို စွဲမှီ၍ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွမဖြစ်သော ‘အနိဒဿန’ ,ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ ‘သပ္ပဋိဃ’ ဖြစ်သော အကြင် အသံ (သဒ္ဒါရုံ) သည်လည်းရှိသေး၏။ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွမဖြစ်သော ‘အနိဒဿန’ ၊ ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ ‘သပ္ပဋိဃ’ ဖြစ်သော အကြင်အသံ (သဒ္ဒါရုံ) သည် မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွမဖြစ်သော ‘အနိဒဿန’ ၊ ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ ‘သပ္ပဋိဃ’ ဖြစ်သော နားအကြည် ‘သောတ’ (ပသာဒ) ၌ ထိပါးလည်း ထိပါးခဲ့ပြီ၊ ထိပါးလည်း ထိပါးဆဲ၊ ထိပါးလည်း ထိပါးလတ္တံ့၊ ထိပါးမူလည်း ထိပါးရာ၏။ ဤရုပ်သည် အသံ ‘သဒ္ဒါရုံ’ လည်း မည်၏၊ ဤရုပ်သည် ကြားသိစိတ် (သောတဝိညာဏ်) ဖြစ် ကြောင်းအသံ ‘သဒ္ဒါယတန’ လည်း မည်၏၊ ဤရုပ်သည် အသံ (သဒ္ဒါရုံ)ဟူသော သဘော ‘သဒ္ဒဓာတ်’ လည်း မည်၏၊ ဤရုပ်သည် ကြားသိစိတ် (သောတဝိညာဏ်) ဖြစ်ကြောင်း အသံ ‘သဒ္ဒါယတန’ ဟူသော ထိုရုပ်ပေတည်း။

၆၂၃။ (၄) ကြားသိစိတ် (သောတဝိညာဏ်) ဖြစ်ကြောင်း အသံ ‘သဒ္ဒါယတန’ ဟူသော ထိုရုပ်သည်အဘယ်နည်း။ ကြီးကျယ်ထင်ရှားသော ‘မဟာဘုတ်’ လေးပါးတို့ကို စွဲမှီ၍ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွမဖြစ်သော ‘အနိဒဿန’ , ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ ‘သပ္ပဋိဃ’ ဖြစ်သော အကြင် အသံ ‘သဒ္ဒါရုံ’ သည်၊ စည်ကြီးသံ ‘ဘေရိသဒ္ဒ’ ၊ မုရှိးစည်သံ ‘မုဒိင်္ဂသဒ္ဒ’ ၊ ခရုသင်းသံ ‘သင်္ခသဒ္ဒ’ ၊ ထက်စည်သံ ‘ပဏဝသဒ္ဒ’ ၊ သီချင်းသံ ‘ဂီတသဒ္ဒ’ ၊ တီးမှုတ်သံ ‘ဝါဒိတသဒ္ဒ’ ၊ မောင်းကြေးနင်း,ခွက်ခွင်းသံ ‘သမ္မသဒ္ဒ’ ၊ လက်သံ (လက်ခုပ်တီးသံ) ‘ပါဏိသဒ္ဒ’ ၊ သတ္တဝါတို့၏ ကြွေးကြော်သံ ‘နိဂ္ဃေါသသဒ္ဒ’ ၊ သဘာဝ (ဓာတ်)တို့၏ (အချင်းချင်း) ထိခိုက်သော အသံ ‘သန္နိဃာတသဒ္ဒ’ ၊ လေသံ (လေတိုက်သော အသံ) ‘ဝါတသဒ္ဒ’ ၊ ရေသံ ‘ဥဒကသဒ္ဒ’ ၊ လူသံ ‘မနုဿသဒ္ဒ’ ၊ လူသံမှ တစ်ပါးသော အသံ ‘အမနုဿသဒ္ဒ’ သည် (ရှိ၏)။ ထို့ပြင် (ဆိုအပ်ခဲ့ပြီးသော အသံ ‘သဒ္ဒါရုံ’ တို့မှ) တစ်မျိုးတခြားဖြစ်သော , ကြီးကျယ်ထင်ရှားသော ‘မဟာဘုတ်’ လေးပါးတို့ကို စွဲမှီ၍ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွမဖြစ်သော ‘အနိဒဿန’ ၊ ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ ‘သပ္ပဋိဃ’ ဖြစ်သော အကြင် အသံ (သဒ္ဒါရုံ) သည်လည်းရှိသေး၏။ အကြင် အသံ (သဒ္ဒါရုံ) ကို အာရုံပြု၍ နားအကြည် ‘သောတ’ (ဝတ္ထု) ကို မှီ၍ ကြားသိစိတ် (သောတဝိညာဏ်) နှင့် ယှဉ်သော တွေ့ထိမှု ‘ဖဿ’ သည် ဖြစ်လည်း ဖြစ်ခဲ့ပြီ၊ ဖြစ်လည်း ဖြစ်ဆဲ၊ ဖြစ်လည်းဖြစ်လတ္တံ့၊ ဖြစ်မူလည်း ဖြစ်ရာ၏။ပ။ အကြင် အသံ (သဒ္ဒါရုံ) ကို အာရုံပြု၍ နားအကြည် ‘သောတ’ (ဝတ္ထု) ကို မှီ၍ ကြားသိစိတ် (သောတဝိညာဏ်) နှင့် ယှဉ်သော တွေ့ထိမှု ‘ဖဿ’ ကြောင့် ဖြစ်သော ခံစားမှု ‘ဝေဒနာ’ သည်။ပ။ မှတ်သားမှု ‘သညာ’ သည်။ပ။ စေ့ဆော်မှု (နှိုးဆော်မှု) ‘စေတနာ’ သည်။ပ။ ကြားသိစိတ် ‘သောတဝိညာဏ်’ သည်ဖြစ်လည်း ဖြစ်ခဲ့ပြီ၊ ဖြစ်လည်း ဖြစ်ဆဲ၊ ဖြစ်လည်း ဖြစ်လတ္တံ့၊ ဖြစ်မူလည်း ဖြစ်ရာ၏။ပ။ အကြင် နားအကြည် ‘သောတ’ (ဝတ္ထု) ကို မှီ၍ အသံ (သဒ္ဒါရုံ) လျှင် အာရုံရှိသော ကြားသိစိတ် (သောတဝိညာဏ်) နှင့် ယှဉ်သော တွေ့ထိမှု ‘ဖဿ’ သည် ဖြစ်လည်း ဖြစ်ခဲ့ပြီ၊ ဖြစ်လည်း ဖြစ်ဆဲ၊ ဖြစ်လည်း ဖြစ်လတ္တံ့၊ ဖြစ်မူလည်း ဖြစ်ရာ၏။ပ။ အကြင် နားအကြည် ‘သောတ’ (ဝတ္ထု) ကို မှီ၍ အသံ (သဒ္ဒါရုံ) လျှင် အာရုံရှိသော ကြားသိစိတ် (သောတဝိညာဏ်) နှင့် ယှဉ်သော တွေ့ထိမှု ‘ဖဿ’ ကြောင့်ဖြစ်သော ခံစားမှု ‘ဝေဒနာ’ သည်။ပ။ မှတ်သားမှု ‘သညာ’ သည်။ပ။ စေ့ဆော်မှု (နှိုးဆော်မှု) ‘စေတနာ’ သည်။ပ။ ကြားသိစိတ် ‘သောတဝိညာဏ်’ သည် ဖြစ် လည်း ဖြစ်ခဲ့ပြီ၊ ဖြစ်လည်း ဖြစ်ဆဲ၊ ဖြစ်လည်း ဖြစ်လတ္တံ့၊ ဖြစ်မူလည်း ဖြစ်ရာ၏။ပ။ ဤရုပ်သည် အသံ (သဒ္ဒါရုံ) လည်း မည်၏၊ ဤရုပ်သည် ကြားသိစိတ် (သောတဝိညာဏ်) ဖြစ် ကြောင်းအသံ ‘သဒ္ဒါယတန’ လည်း မည်၏၊ ဤရုပ်သည် အသံ (သဒ္ဒါရုံ)ဟူသော သဘော ‘သဒ္ဒဓာတ်’ လည်းမည်၏၊ ဤရုပ်သည် ကြားသိစိတ် (သောတဝိညာဏ်) ဖြစ်ကြောင်း အသံ ‘သဒ္ဒါယတန’ ဟူသော ထိုရုပ်ပေတည်း။

--

ဂန္ဓာယတနရုပ်

၆၂၄။ (ဂ) ၁။ နံသိစိတ် (ဃာနဝိညာဏ်) ဖြစ်ကြောင်း အနံ့ ‘ဂန္ဓာယတန’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ ကြီးကျယ်ထင်ရှားသော ‘မဟာဘုတ်'လေးပါးတို့ကို စွဲမှီ၍ မြင်အပ်သည်၏အဖြစ့် (မြင်ခြင်း) နှင့် တကွမဖြစ်သော ‘အနိဒဿန', ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ ‘သပ္ပဋိဃ'ဖြစ်သော အကြင် အနံ့ ‘ဂန္ဓာရုံ’ သည်၊ အမြစ်နံ့ ‘မူလဂန္ဓ’၊ အနှစ်နံ့ ‘သာရဂန္ဓ’၊ အခေါက် (အခွံ) နံ့'တစဂန္ဓ’၊ အရွက်နံ့ ‘ပတ္တဂန္ဓ’၊ အပွင့်နံ့ ‘ပုပ္ဖဂန္ဓ’၊ အသီးနံ့ ‘ဖလဂန္ဓ’၊ စိမ်းရွှေသော အနံ့ ‘အာမကဂန္ဓ’၊ သားစိမ်းငါးစိမ်း အညှီနံ့ ‘ဝိဿဂန္ဓ’၊ ကောင်းသော အနံ့ ‘သုဂန္ဓ’၊ မကောင်းသော အနံ့ ‘ဒုဂ္ဂန္ဓ’ သည် (ရှိ၏)။ ထို့ပြင် (ဆိုအပ်ခဲ့ပြီးသော အနံ့ ‘ဂန္ဓာရုံ'တို့မှ) တစ်မျိုးတခြား ဖြစ်သော , ကြီးကျယ်ထင်ရှားသော ‘မဟာဘုတ်’ လေးပါးတို့ကို စွဲမှီ၍ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွ မဖြစ်သော ‘အနိဒဿန’၊ ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ ‘သပ္ပဋိဃ'ဖြစ်သော အကြင်အနံ့ ‘ဂန္ဓာရုံ’ သည်လည်းရှိသေး၏။ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွမဖြစ်သော ‘အနိဒဿန’၊ ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ ‘သပ္ပဋိဃ'ဖြစ်သော အကြင် အနံ့ (ဂန္ဓာရုံ) ကို မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့်တကွမဖြစ်သော ‘အနိဒဿန’၊ ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ ‘သပ္ပဋိဃ’ ဖြစ်သော နှာခေါင်းအကြည် ‘ဃာန’ (ပသာဒ) ဖြင့် နမ်းလည်း နမ်းခဲ့ပြီ၊ နမ်းလည်း နမ်းဆဲ၊ နမ်းလည်း နမ်းလတ္တံ့၊ နမ်းမူလည်း နမ်းရာ၏။ ဤရုပ်သည် အနံ့ ‘ဂန္ဓာရုံ'လည်း မည်၏၊ ဤရုပ်သည် နံသိစိတ် (ဃာနဝိညာဏ်) ဖြစ်ကြောင်း အနံ့ ‘ဂန္ဓာယတန'လည်း မည်၏၊ ဤရုပ်သည် အနံ့ (ဂန္ဓာရုံ)ဟူသော သဘော ‘ဂန္ဓဓာတ်'လည်း မည်၏၊ ဤရုပ်သည် နံသိစိတ် (ဃာနဝိညာဏ်) ဖြစ်ကြောင်း အနံ့ ‘ဂန္ဓာယတန’ ဟူသော ထိုရုပ်ပေတည်း။

--

၆၂၅။ (၂) နံသိစိတ် (ဃာနဝိညာဏ်) ဖြစ်ကြောင်း အနံ့ ‘ဂန္ဓာယတန’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ ကြီးကျယ်ထင်ရှားသော ‘မဟာဘုတ်'လေးပါးတို့ကို စွဲမှီ၍ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွမဖြစ်သော ‘အနိဒဿန’၊ ထိပါးတတ်သည်၏ အဖြစ် (ထိပါးခြင်း) နှင့် တကွ ‘သပ္ပဋိဃ'ဖြစ်သော အကြင်အနံ့ ‘ဂန္ဓာရုံ’ သည် အမြစ်နံ့ ‘မူလဂန္ဓ’၊ အနှစ်နံ့ ‘သာရဂန္ဓ’၊ အခေါက် (အခွံ) နံ့ ‘တစဂန္ဓ’၊ အရွက်နံ့'ပတ္တဂန္ဓ’၊ အပွင့်နံ့ ‘ပုပ္ဖဂန္ဓ’၊ အသီးနံ့ ‘ဖလဂန္ဓ’၊ စိမ်းရွှေသော အနံ့ ‘အာမကဂန္ဓ’၊ သားစိမ်းငါးစိမ်းအညှီနံ့ ‘ဝိဿဂန္ဓ’၊ ကောင်းသော အနံ့ ‘သုဂန္ဓ’၊ မကောင်းသော အနံ့ ‘ဒုဂ္ဂန္ဓ’ သည် (ရှိ၏)။ ထို့ပြင် (ဆိုအပ်ခဲ့ပြီးသော အနံ့ ‘ဂန္ဓာရုံ'တို့မှ) တစ်မျိုးတခြား ဖြစ်သော , ကြီးကျယ်ထင်ရှားသော ‘မဟာဘုတ်'လေးပါးတို့ကို စွဲမှီ၍ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွ မဖြစ်သော ‘အနိဒဿန’၊ ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ ‘သပ္ပဋိဃ'ဖြစ်သော အကြင်အနံ့ ‘ဂန္ဓာရုံ’ သည်လည်းရှိသေး၏။ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွမဖြစ်သော ‘အနိဒဿန’၊ ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ ‘သပ္ပဋိဃ'ဖြစ်သော အကြင် အနံ့ (ဂန္ဓာရုံ) ၌ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့်တကွမဖြစ်သော ‘အနိဒဿန’၊ ထိပါးတတ်သည်၏ အဖြစ် (ထိပါးခြင်း) နှင့် တကွ ‘သပ္ပဋိဃ’ ဖြစ်သော နှာခေါင်းအကြည် ‘ဃာန’ (ပသာဒ) သည် ထိပါးလည်း ထိပါးခဲ့ပြီ၊ ထိပါးလည်း ထိပါးဆဲ၊ ထိပါးလည်းထိပါးလတ္တံ့၊ ထိပါးမူလည်း ထိပါးရာ၏။ ဤရုပ်သည် အနံ့ (ဂန္ဓာရုံ) လည်း မည်၏၊ ဤရုပ်သည် နံသိစိတ် (ဃာနဝိညာဏ်) ဖြစ်ကြောင်း အနံ့'ဂန္ဓာယတန'လည်း မည်၏၊ ဤရုပ်သည် အနံ့ (ဂန္ဓာရုံ)ဟူသော သဘော ‘ဂန္ဓဓာတ်'လည်း မည်၏၊ ဤရုပ်သည် နံသိစိတ် (ဃာနဝိညာဏ်) ဖြစ်ကြောင်း အနံ့ ‘ဂန္ဓာယတန’ ဟူသော ထိုရုပ်ပေတည်း။

၆၂၆။ (၃) နံသိစိတ် (ဃာနဝိညာဏ်) ဖြစ်ကြောင်း အနံ့ ‘ဂန္ဓာယတန’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ ကြီးကျယ်ထင်ရှားသော ‘မဟာဘုတ်’ လေးပါးတို့ကို စွဲမှီ၍ မြင်အပ်သည်၏ အဖြစ် (မြင်ခြင်း) နှင့်တကွမဖြစ်သော ‘အနိဒဿန’ ၊ ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ ‘သပ္ပဋိဃ’ ဖြစ်သော အကြင် အနံ့ ‘ဂန္ဓာရုံ’ သည်၊ အမြစ်နံ့ ‘မူလဂန္ဓ’ ၊ အနှစ်နံ့ ‘သာရဂန္ဓ’ ၊ အခေါက် (အခွံ) နံ့ ‘တစဂန္ဓ’ ၊ အရွက်နံ့ ‘ပတ္တဂန္ဓ’ ၊ အပွင့်နံ့ ‘ပုပ္ဖဂန္ဓ’ ၊ အသီးနံ့ ‘ဖလဂန္ဓ’ ၊ စိမ်းရွှေသော အနံ့ ‘အာမကဂန္ဓ’ ၊ သားစိမ်းငါးစိမ်း အညှီနံ့ ‘ဝိဿဂန္ဓ’ ၊ ကောင်းသော အနံ့ ‘သုဂန္ဓ’ ၊ မကောင်းသော အနံ့ ‘ဒုဂ္ဂန္ဓ’ သည် (ရှိ၏)။ ထို့ပြင် (ဆိုအပ်ခဲ့ပြီးသော အနံ့ ‘ဂန္ဓာရုံ’ တို့မှ) တစ်မျိုးတခြား ဖြစ်သော , ကြီးကျယ်ထင်ရှားသော ‘မဟာဘုတ်’ လေးပါးတို့ကို စွဲမှီ၍ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွ မဖြစ်သော ‘အနိဒဿန’ ၊ ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ ‘သပ္ပဋိဃ’ ဖြစ်သော အကြင်အနံ့ ‘ဂန္ဓာရုံ’ သည်လည်းရှိသေး၏။ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွမဖြစ်သော ‘အနိဒဿန’ ၊ ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ ‘သပ္ပဋိဃ’ ဖြစ်သော အကြင် အနံ့ (ဂန္ဓာရုံ) သည် မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွ မဖြစ်သော ‘အနိဒဿန’ ၊ ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ ‘သပ္ပဋိဃ’ ဖြစ်သော နှာခေါင်းအကြည် ‘ဃာန’ (ပသာဒ) ၌ ထိပါးလည်း ထိပါးခဲ့ပြီ၊ ထိပါးလည်း ထိပါးဆဲ၊ ထိပါလည်းထိပါးလတ္တံ့၊ ထိပါးမူလည်း ထိပါးရာ၏။ ဤရုပ်သည် အနံ့ (ဂန္ဓာရုံ) လည်း မည်၏၊ ဤရုပ်သည် နံသိစိတ် (ဃာနဝိညာဏ်) ဖြစ်ကြောင်း အနံ့ ‘ဂန္ဓာယတန’ လည်း မည်၏၊ ဤရုပ်သည် အနံ့ (ဂန္ဓာရုံ)ဟူသော သဘော ‘ဂန္ဓဓာတ်’ လည်း မည်၏၊ ဤရုပ်သည် နံသိစိတ် (ဃာနဝိညာဏ်) ဖြစ်ကြောင်း အနံ့ ‘ဂန္ဓာယတန’ ဟူသော ထိုရုပ်ပေတည်း။

--

၆၂၇။ (၄) နံသိစိတ် (ဃာနဝိညာဏ်) ဖြစ်ကြောင်း အနံ့ ‘ဂန္ဓာယတန’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ ကြီးကျယ်ထင်ရှားသော ‘မဟာဘုတ်’ လေးပါးတို့ကို စွဲမှီ၍ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့်တကွမဖြစ်သော ‘အနိဒဿန’ ၊ ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ ‘သပ္ပဋိဃ’ ဖြစ်သော အကြင် အနံ့ ‘ဂန္ဓာရုံ’ သည် အမြစ်နံ့ ‘မူလဂန္ဓ’ ၊ အနှစ်နံ့ ‘သာရဂန္ဓ’ ၊ အခေါက် (အခွံ) နံ့ ‘တစဂန္ဓ’ ၊ အရွက်နံ့ ‘ပတ္တဂန္ဓ’ ၊ အပွင့်နံ့ ‘ပုပ္ဖဂန္ဓ’ ၊ အသီးနံ့ ‘ဖလဂန္ဓ’ ၊ စိမ်းရွှေသော အနံ့ ‘အာမကဂန္ဓ’ ၊ သားစိမ်းငါးစိမ်း အညှီနံ့ ‘ဝိဿဂန္ဓ’ ၊ ကောင်းသော အနံ့ ‘သုဂန္ဓ’ ၊ မကောင်းသော အနံ့ ‘ဒုဂ္ဂန္ဓ’ သည် (ရှိ၏)။ ထို့ပြင် (ဆိုအပ်ခဲ့ပြီးသော အနံ့ ‘ဂန္ဓာရုံ’ တို့မှ) တစ်မျိုးတခြား ဖြစ်သော , ကြီးကျယ်ထင်ရှားသော ‘မဟာဘုတ်’ လေးပါးတို့ကို စွဲမှီ၍ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွမဖြစ်သော ‘အနိဒဿန’ ၊ ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ ‘သပ္ပဋိဃ’ ဖြစ်သော အကြင် အနံ့ ‘ဂန္ဓာရုံ’ သည်လည်းရှိသေး၏။ အကြင်အနံ့ (ဂန္ဓာရုံ) ကို အာရုံပြု၍ နှာခေါင်းအကြည် ‘ဃာန’ (ဝတ္ထု) ကို မှီ၍ နံသိစိတ် (ဃာနဝိညာဏ်) နှင့်ယှဉ်သော တွေ့ထိမှု ‘ဖဿ’ သည် ဖြစ်လည်း ဖြစ်ခဲ့ပြီ၊ ဖြစ်လည်း ဖြစ်ဆဲ၊ ဖြစ်လည်းဖြစ်လတ္တံ့၊ ဖြစ်မူလည်း ဖြစ်ရာ၏။ပ။ အကြင် အနံ့ (ဂန္ဓာရုံ) ကို အာရုံပြု၍ နှာခေါင်းအကြည် ‘ဃာန’ (ဝတ္ထု) ကို မှီ၍ နံသိစိတ် (ဃာနဝိညာဏ်) နှင့်ယှဉ်သော တွေ့ထိမှု ‘ဖဿ’ ကြောင့် ဖြစ်သော ခံစားမှု ‘ဝေဒနာ’ သည်။ပ။ မှတ်သားမှု ‘သညာ’ သည်။ပ။ စေ့ဆော်မှု (နှိုးဆော်မှု) ‘စေတနာ’ သည်။ပ။ နံသိစိတ် ‘ဃာနဝိညာဏ်’ သည် ဖြစ်လည်း ဖြစ်ခဲ့ပြီ၊ ဖြစ်လည်း ဖြစ်ဆဲ၊ ဖြစ်လည်း ဖြစ် လတ္တံ့၊ ဖြစ်မူလည်း ဖြစ်ရာ၏။ပ။ အကြင် နှာခေါင်းအကြည် ‘ဃာန’ (ဝတ္ထု) ကို မှီ၍ အနံ့ (ဂန္ဓာရုံ) လျှင် အာရုံရှိသော နံသိစိတ် (ဃာနဝိညာဏ်) နှင့် ယှဉ်သော တွေ့ထိမှု ‘ဖဿ’ သည် ဖြစ်လည်း ဖြစ်ခဲ့ပြီ၊ ဖြစ်လည်း ဖြစ်ဆဲ၊ ဖြစ်လည်းဖြစ်လတ္တံ့၊ ဖြစ်မူလည်း ဖြစ်ရာ၏။ပ။ အကြင် နှာခေါင်းအကြည် ‘ဃာန’ (ဝတ္ထု) ကို မှီ၍ အနံ့ (ဂန္ဓာရုံ) လျှင် အာရုံရှိသော နံသိစိတ် (ဃာနဝိညာဏ်) နှင့် ယှဉ်သော တွေ့ထိမှု ‘ဖဿ’ ကြောင့်ဖြစ်သော ခံစားမှု ‘ဝေဒနာ’ သည်။ပ။ မှတ်သားမှု့ ‘သညာ’ သည်။ပ။ စေ့ဆော်မှု (နှိုးဆော်မှု) ‘စေတနာ’ သည်။ပ။ နံသိစိတ် ‘ဃာနဝိညာဏ်’ သည် ဖြစ်လည်းဖြစ်ခဲ့ပြီ၊ ဖြစ်လည်း ဖြစ်ဆဲ၊ ဖြစ် လည်း ဖြစ်လတ္တံ့၊ ဖြစ်မူလည်း ဖြစ်ရာ၏။ ဤရုပ်သည် အနံ့ ‘ဂန္ဓာရုံ’ လည်း မည်၏၊ ဤရုပ်သည် နံသိစိတ် (ဃာနဝိညာဏ်) ဖြစ်ကြောင်း အနံ့ ‘ဂန္ဓာယတန’ လည်း မည်၏၊ ဤရုပ်သည် အနံ့ (ဂန္ဓာရုံ)ဟူသော သဘော ‘ဂန္ဓဓာတ်’ လည်း မည်၏၊ ဤရုပ်သည် နံသိစိတ် (ဃာနဝိညာဏ်) ဖြစ်ကြောင်း အနံ့ ‘ဂန္ဓာယတန’ ဟူသော ထိုရုပ်ပေတည်း။

ရသာယတနရုပ်

၆၂၈။ (၉) ၁။ လျက်သိစိတ် (ဇိဝှါဝိညာဏ်) ဖြစ်ကြောင်း အရသာ ‘ရသာယတန’ ဟူသောထိုရုပ်သည် အဘယ်နည်း။ ကြီးကျယ်ထင်ရှားသော ‘မဟာဘုတ်’ လေးပါးတို့ကို စွဲမှီ၍မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွမဖြစ်သော ‘အနိဒဿန’၊ ထိပါးတတ် သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ ‘သပ္ပဋိဃ’ ဖြစ်သော အကြင် အရသာ (ရသာရုံ) သည်၊ အမြစ် အရသာ ‘မူလရသ’၊ ပင်စည်အရသာ ‘ခန္ဓရသ’၊ အခေါက် (အခွံ) အရသာ ‘တစရသ’၊ အရွက် အရသာ ‘ပတ္တရသ’၊ အပွင့်အရသာ ‘ပုပ္ဖရသ’၊ အသီးအရသာ ‘ဖလရသ’၊ အချဉ် ‘အမ္ဗိလ’၊ အချို အမြိန် ‘မဓုရ’၊ အခါး'တိတ္တက’၊ အစပ် ‘ကဋုက’၊ ဆားအငန် ‘လောဏိက’၊ ဆပ်ပြာအငန် ‘ခါရိက’၊ စူးရှသော အချဉ် ‘လမ္ဗိလ’၊ အဖန် ‘ကသာဝ’၊ သာယာဖွယ် (ကောင်းသော) အရသာ ‘သာဒု’၊ မသာယာဖွယ် (မကောင်းသော) အရသာ ‘အသာဒု’ သည် (ရှိ၏)။ ထို့ပြင် (ဆိုအပ်ခဲ့ပြီးသောအရသာ ‘ရသာရုံ'တို့မှ) တစ်မျိုးတခြား ဖြစ်သော , ကြီးကျယ်ထင်ရှားသာ ‘မဟာဘုတ်’ လေးပါးတို့ကို စွဲမှီ၍ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွမဖြစ်သော ‘အနိဒဿန’၊ ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ ‘သပ္ပဋိဃ'ဖြစ်သော အကြင် အရသာ (ရသာရုံ) သည်လည်းရှိသေး၏။ မြင်အပ်သည်၏ အဖြစ် (မြင်ခြင်း) နှင့် တကွမဖြစ်သော ‘အနိဒဿန’၊ ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ ‘သပ္ပဋိဃ'ဖြစ်သော အကြင် အရသာ (ရသာရုံ) ကို မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွမဖြစ်သော ‘အနိဒဿန’၊ ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ ‘သပ္ပဋိဃ’ ဖြစ်သော လျှာ အကြည် ‘ဇိဝှါ’ (ပသာဒ) ဖြင့် လျက်လည်း လျက်ခဲ့ပြီ၊ လျက်လည်း လျက်ဆဲ၊ လျက်လည်း လျက်လတ္တံ့၊ လျက်မူလည်း လျက်ရာ၏။ ဤရုပ်သည် အရသာ ‘ရသာရုံ'လည်း မည်၏၊ ဤရုပ်သည် လျက်သိစိတ် (ဇိဝှါဝိညာဏ်) ဖြစ်ကြောင်းအရသာ ‘ရသာယတန'လည်း မည်၏၊ ဤရုပ်သည် အရသာ (ရသာရုံ)ဟူသော သဘော ‘ရသဓာတ်'လည်း မည်၏၊ ဤရုပ်သည် လျက်သိစိတ် (ဇိဝှါဝိညာဏ်) ဖြစ်ကြောင်း အရသာ ‘ရသာယတန’ ဟူသော ထိုရုပ်ပေတည်း။

--

၆၂၉။ (၂) လျက်သိစိတ် (ဇိဝှါဝိညာဏ်) ဖြစ်ကြောင်း အရသာ ‘ရသာယတန’ ဟူသော ထိုရုပ်သည်အဘယ်နည်း။ ကြီးကျယ်ထင်ရှားသော ‘မဟာဘုတ်’ လေးပါးတို့ကို စွဲမှီ၍ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွ မဖြစ်သော ‘အနိဒဿန’ ၊ ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ ‘သပ္ပဋိဃ’ ဖြစ်သော အကြင် အရသာ (ရသာရုံ) သည် အမြစ်အရသာ ‘မူလရသ’ ၊ ပင်စည်အရသာ ‘ခန္ဓရသ’ ၊ အခေါက် (အခွံ) အရသာ ‘တစရသ’ ၊ အရွက်အရသာ ‘ပတ္တရသ’ ၊ အပွင့်အရသာ ‘ပုပ္ဖရသ’ ၊ အသီးအရသာ ‘ဖလရသ’ ၊ အချဉ် ‘အမ္ဗိလ’ ၊ အချိုအမြိန် ‘မဓုရ’ ၊ အခါး ‘တိတ္တက’ ၊ အစပ် ‘ကဋုက’ ၊ ဆားအငန် ‘လောဏိက’ ၊ ဆပ်ပြာအငန် ‘ခါရိက’ ၊ စူးရှသော အချဉ် ‘လမ္ဗိလ’ ၊ အဖန် ‘ကသာဝ’ ၊ သာယာဖွယ် (ကောင်းသော) အရသာ ‘သာဒု’ ၊ မသာယာဖွယ် (မကောင်းသော) အရသာ ‘အသာဒု’ သည် (ရှိ၏)။ ထို့ပြင် (ဆိုအပ်ခဲ့ပြီးသောအရသာ ‘ရသာရုံ’ တို့မှ) တစ်မျိုးတခြား ဖြစ်သော , ကြီးကျယ်ထင်ရှားသာ ‘မဟာဘုတ်’ လေးပါးတို့ကို စွဲမှီ၍ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွ မဖြစ်သော ‘အနိဒဿန’ ,့ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ ‘သပ္ပဋိဃ’ ဖြစ်သော အကြင်အရသာ (ရသာရုံ) သည်လည်းရှိသေး၏။ မြင်အပ်သည်၏ အဖြစ် (မြင်ခြင်း) နှင့် တကွမဖြစ်သော ‘အနိဒဿန’ ၊ ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ ‘သပ္ပဋိဃ’ ဖြစ်သော အကြင်အရသာ (ရသာရုံ) ၌ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွ မဖြစ်သော ‘အနိဒဿန’ , ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ ‘သပ္ပဋိဃ’ ဖြစ်သော လျှာ အကြည် ‘ဇိဝှါ’ (ပသာဒ) သည် ထိပါးလည်း ထိပါးခဲ့ပြီ၊ ထိပါးလည်း ထိပါးဆဲ၊ ထိပါးလည်း ထိပါးလတ္တံ့၊ ထိပါးမူလည်း ထိပါးရာ၏။ ဤရုပ်သည် အရသာ (ရသာရုံ) လည်း မည်၏၊ ဤရုပ်သည် လျက်သိစိတ် (ဇိဝှါဝိညာဏ်) ဖြစ်ကြောင်းအရသာ ‘ရသာယတန’ လည်း မည်၏၊ ဤရုပ်သည် အရသာ (ရသာရုံ)ဟူသော သဘော ‘ရသဓာတ်’ လည်းမည်၏၊ ဤရုပ်သည် လျက်သိစိတ် (ဇိဝှါဝိညာဏ်) ဖြစ်ကြောင်း အရသာ ‘ရသာယတန’ ဟူသော ထိုရုပ်ပေတည်း။

၆၃၀။ (၃) လျက်သိစိတ် (ဇိဝှါဝိညာဏ်) ဖြစ်ကြောင်း အရသာ ‘ရသာယတန’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ ကြီးကျယ်ထင်ရှားသော ‘မဟာဘုတ်’ လေးပါးတို့ကို စွဲမှီ၍ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့်တကွ မဖြစ်သော ‘အနိဒဿန’ ၊ ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ ‘သပ္ပဋိဃ’ ဖြစ်သော အကြင် အရသာ (ရသာရုံ) သည် အမြစ်အရသာ ‘မူလရသ’ ၊ ပင်စည်အရသာ ‘ခန္ဓရသ’ ၊ အခေါက် (အခွံ) အရသာ ‘တစရသ’ ၊ အရွက်အရသာ ‘ပတ္တရသ’ ၊ အပွင့်အရသာ ‘ပုပ္ဖရသ’ ၊ အသီးအရသာ ‘ဖလရသ’ ၊ အချဉ် ‘အမ္ဗိလ’ ၊ အချိုအမြိန် ‘မဓုရ’ ၊ အခါး ‘တိတ္တက’ ၊ အစပ် ‘ကဋုက’ ၊ ဆားအငန် ‘လောဏိက’ ၊ ဆပ်ပြာအငန် ‘ခါရိက’ ၊ စူးရှသော အချဉ် ‘လမ္ဗိလ’ ၊ အဖန် ‘ကသာဝ’ ၊ သာယာဖွယ် (ကောင်းသော) အရသာ ‘သာဒု’ ၊ မသာယာဖွယ် (မကောင်းသော) အရသာ ‘အသာဒု’ သည် (ရှိ၏)။ ထို့ပြင် (ဆိုအပ်ခဲ့ပြီးသောအရသာ ‘ရသာရုံ’ တို့မှ) တစ်မျိုးတခြား ဖြစ်သော , ကြီးကျယ်ထင်ရှားသာ ‘မဟာဘုတ်’ လေးပါးတို့ကို စွဲမှီ၍ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွမဖြစ်သော ‘အနိဒဿန’ ,ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ ‘သပ္ပဋိဃ’ ဖြစ်သော အကြင်အရသာ (ရသာရုံ) သည်လည်းရှိသေး၏။ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွမဖြစ်သော ‘အနိဒဿန’ ၊ ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ ‘သပ္ပဋိဃ’ ဖြစ်သော အကြင် အရသာ (ရသာရုံ) သည် မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွမဖြစ်သော ‘အနိဒဿန’ ၊ ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ ‘သပ္ပဋိဃ’ ဖြစ်သော လျှာအကြည် ‘ဇိဝှါ’ (ပသာဒ) ၌ ထိပါးလည်း ထိပါးခဲ့ပြီ၊ ထိပါးလည်း ထိပါးဆဲ၊ ထိပါးလည်းထိပါးလတ္တံ့၊ ထိပါးမူလည်း ထိပါးရာ၏။ ဤရုပ်သည် အရသာ (ရသာရုံ) လည်း မည်၏၊ ဤရုပ်သည် လျက်သိစိတ် (ဇိဝှါဝိညာဏ်) ဖြစ်ကြောင်းအရသာ ‘ရသာယတန’ လည်း မည်၏၊ ဤရုပ်သည် အရသာ (ရသာရုံ)ဟူသော သဘော ‘ရသဓာတ်’ လည်းမည်၏၊ ဤရုပ်သည် လျက်သိစိတ် (ဇိဝှါဝိညာဏ်) ဖြစ်ကြောင်း အရသာ ‘ရသာယတန’ ဟူသော ထိုရုပ်ပေတည်း။

--

၆၃၁။ (၄) လျက်သိစိတ် (ဇိဝှါဝိညာဏ်) ဖြစ်ကြောင်း အရသာ ‘ရသာယတန’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ ကြီးကျယ်ထင်ရှားသော ‘မဟာဘုတ်’ လေးပါးတို့ကို စွဲမှီ၍ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့်တကွမဖြစ်သော ‘အနိဒဿန’ ၊ ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ ‘သပ္ပဋိဃ’ ဖြစ်သော အကြင် အရသာ (ရသာရုံ) သည် အမြစ်အရသာ ‘မူလရသ’ ၊ ပင်စည်အရသာ ‘ခန္ဓရသ’ ၊ အခေါက် (အခွံ) အရသာ ‘တစရသ’ ၊ အရွက်အရသာ ‘ပတ္တရသ’ ၊ အပွင့်အရသာ ‘ပုပ္ဖရသ’ ၊ အသီးအရသာ ‘ဖလရသ’ ၊ အချဉ် ‘အမ္ဗိလ’ ၊ အချိုအမြိန် ‘မဓုရ’ ၊ အခါး ‘တိတ္တက’ ၊ အစပ် ‘ကဋုက’ ၊ ဆားအငန် ‘လောဏိက’ ၊ ဆပ်ပြာအငန် ‘ခါရိက’ ၊ စူးရှသော အချဉ် ‘လမ္ဗိလ’ ၊ အဖန် ‘ကသာဝ’ ၊ သာယာဖွယ် (ကောင်းသော) အရသာ ‘သာဒု’ ၊ မသာယာဖွယ် (မကောင်းသော) အရသာ ‘အသာဒု’ သည် (ရှိ၏)။ ထို့ပြင် (ဆိုအပ်ခဲ့ပြီးသောအရသာ ‘ရသာရုံ’ တို့မှ) တစ်မျိုးတခြား ဖြစ်သော , ကြီးကျယ်ထင်ရှားသာ ‘မဟာဘုတ်’ လေးပါးတို့ကို စွဲမှီ၍ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွမဖြစ်သော ‘အနိဒဿန’ ၊ ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ ‘သပ္ပဋိဃ’ ဖြစ်သော အကြင်အရသာ (ရသာရုံ) သည်လည်းရှိသေး၏။ အကြင် အရသာ (ရသာရုံ) ကို အာရုံပြု၍ လျှာအကြည် ‘ဇိဝှါ’ (ဝတ္ထု) ကို မှီ၍ လျက်သိစိတ် (ဇိဝှါဝိညာဏ်) နှင့် ယှဉ်သော တွေ့ထိမှု ‘ဖဿ’ သည် ဖြစ်လည်း ဖြစ်ခဲ့ပြီ၊ ဖြစ်လည်း ဖြစ်ဆဲ၊ ဖြစ်လည်း ဖြစ်လတ္တံ့၊ ဖြစ်မူလည်း ဖြစ်ရာ၏။ပ။ အကြင် အရသာ (ရသာရုံ) ကို အာရုံပြု၍ လျှာအကြည် ‘ဇိဝှါ’ (ဝတ္ထု) ကို မှီ၍ လျက်သိစိတ် (ဇိဝှါဝိညာဏ်) နှင့် ယှဉ်သော တွေ့ထိမှု ‘ဖဿ’ ကြောင့် ဖြစ်သော ခံစားမှု ‘ဝေဒနာ’ သည်။ပ။ မှတ်သားမှု ‘သညာ’ သည်။ပ။ စေ့ဆော်မှု (နှိုးဆော်မှု) ‘စေတနာ’ သည်။ပ။ လျက်သိစိတ် ‘ဇိဝှါဝိညာဏ်’ သည် ဖြစ်လည်းဖြစ်ခဲ့ပြီ၊ ဖြစ်လည်း ဖြစ်ဆဲ၊ ဖြစ်လည်း ဖြစ်လတ္တံ့၊ ဖြစ်မူလည်း ဖြစ်ရာ၏။ပ။ အကြင် လျှာအကြည် ‘ဇိဝှါ’ (ဝတ္ထု) ကို မှီ၍ အရသာ (ရသာရုံ) လျှင် အာရုံရှိသော လျက်သိစိတ်နှင့်ယှဉ်သော တွေ့ထိမှု ‘ဖဿ’ သည် ဖြစ်လည်း ဖြစ်ခဲ့ပြီ၊ ဖြစ်လည်း ဖြစ်ဆဲ၊ ဖြစ်လည်း ဖြစ်လတ္တံ့၊ ဖြစ်မူလည်း ဖြစ်ရာ၏။ပ။ အကြင် လျှာအကြည် ‘ဇိဝှါ’ (ဝတ္ထု) ကို မှီ၍ အရသာ (ရသာရုံ) လျှင် အာရုံရှိသော လျက်သိစိတ် (ဇိဝှါဝိညာဏ်) နှင့် ယှဉ်သော တွေ့ထိမှု ‘ဖဿ’ ကြောင့် ဖြစ်သော ခံစားမှု ‘ဝေဒနာ’ သည်။ပ။ မှတ်သားမှု ‘သညာ’ သည်။ပ။ စေ့ဆော်မှု (နှိုးဆော်မှု) ‘စေတနာ’ သည်။ပ။ လျက်သိစိတ် ‘ဇိဝှါဝိညာဏ်’ သည် ဖြစ်လည်းဖြစ်ခဲ့ပြီ၊ ဖြစ်လည်း ဖြစ်ဆဲ၊ ဖြစ်လည်း ဖြစ်လတ္တံ့၊ ဖြစ်မူလည်း ဖြစ်ရာ၏။ပ။ ဤရုပ်သည် အရသာ (ရသာရုံ) လည်း မည်၏၊ ဤရုပ်သည် လျက်သိစိတ် (ဇိဝှါဝိညာဏ်) ဖြစ်ကြောင်းအရသာ ‘ရသာယတန’ လည်း မည်၏၊ ဤရုပ်သည် အရသာ (ရသာရုံ)ဟူသော သဘော ‘ရသဓာတ်’ လည်းမည်၏၊ ဤရုပ်သည် လျက်သိစိတ် (ဇိဝှါဝိညာဏ်) ဖြစ်ကြောင်း အရသာ ‘ရသာယတန’ ဟူသော ထိုရုပ်ပေတည်း။

ဣတ္ထိန္ဒြေရုပ်

၆၃၂။ (၁၀) မိန်းမ (အမ) ဖြစ်ကြောင်း၌ အစိုးရမှု ‘ဣတ္ထိန္ဒြေ’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ မိန်းမ၏ အကြင် (အရပ်အမောင်း လက်ခြေစသော) မိန်းမပုံသဏ္ဌာန် ‘ဣတ္ထိလိင်္ဂ’။ (မိန်းမဟုသိကြောင်း) မိန်းမအမှတ်အသား ‘ဣတ္ထိနိမိတ္တ’၊ မိန်းမအမူအရာ ‘ဣတ္ထိကုတ္တ’၊ မိန်းမ၏ (သွားပုံလာပုံစသော) အသွင်အပြင် ‘ဣတ္ထာကပ္ပ’၊ မိန်းမ၏အဖြစ် ‘ဣတ္ထတ္တ’၊ မိန်းမ၏သဘော ‘ဣတ္ထိဘာဝ’ သည် (ရှိ၏)။ ဤသို့သဘောရှိသော ရုပ်သည် မိန်းမ (အမ) ဖြစ်ကြောင်း၌ အစိုးရမှု ‘ဣတ္ထိန္ဒြေ’ ဟူသော ထိုရုပ်ပေတည်း။

--

ပုရိသန္ဒြေရုပ်

၆၃၃။ (၁၁) ယောက်ျား (အထီး အဖို) ဖြစ်ကြောင်း၌ အစိုးရမှု ‘ပုရိသိန္ဒြေ’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ ယောက်ျား၏ အကြင် (အရပ်အမောင်း လက်ခြေစသော) ယောက်ျား ပုံသဏ္ဌာန် ‘ပုရိသလိင်္ဂ’။ (ယောက်ျားဟု သိကြောင်း) ယောက်ျားအမှတ်အသား ‘ပုရိသနိမိတ္တ’၊ ယောက်ျားအမူအရာ ‘ပုရိသကုတ္တ’၊ ယောက်ျား၏ (သွားပုံလာပုံစသော) အသွင်အပြင် ‘ပုရိသာကပ္ပ’၊ ယောက်ျား၏အဖြစ် ‘ပုရိသတ္တ’၊ ယောက်ျား၏သဘော ‘ပုရိသဘာဝ’ သည် (ရှိ၏)။ ဤသို့သဘောရှိသော ရုပ်သည် ယောက်ျား (အထီး အဖို) ဖြစ်ကြောင်း အစိုးရမှု၌ ‘ပုရိသိန္ဒြေ’ ဟူသော ထိုရုပ်ပေတည်း။

ဇီဝိတိန္ဒြေရုပ်

၆၃၄။ (၁၂) အသက်ရှည်ကြောင်း၌ အစိုးရမှု ‘ဇီဝိတိန္ဒြေ’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ ထိုဖောက်ပြန်ခြင်းသဘောရှိသော ‘ရုပ်’ တရားတို့၏ အကြင်အသက် ‘အာယု’၊ တည်ကြောင်းသဘော ‘ဌိတိ’။ (တည်တံ့စွာ) ဖြစ်နေခြင်းသဘော ‘ယပနာ’။ (တည်တံ့စွာ) ဖြစ်နေစေခြင်းသဘော ‘ယာပနာ’။ (တိုးပွါး၍) ဖြစ်မှုသဘော ‘ဣရိယနာ’။ (ဆက်လက်၍) ဖြစ်ကြောင်းသဘော ‘ဝတ္တနာ’၊ စောင့်ရှောက်ခြင်းသဘော ‘ပါလနာ’၊ အသက်ရှည်ကြောင်းသဘော ‘ဇီဝိတ’၊ အသက်ရှည်ကြောင်း၌ အစိုးရမှု ‘ဇီဝိတိန္ဒြေ’ သည် (ရှိ၏)။ ဤသို့သဘောရှိသော ရုပ်သည် အသက်ရှည်ကြောင်း၌ အစိုးရမှု ‘ဇီဝိတိန္ဒြေ’ ဟူသော ထိုရုပ်ပေတည်း။

ကာယဝိညတ်ရုပ်

၆၃၅။ (၁၃) (မိမိ အလိုဆန္ဒကို) ကိုယ်အမူအရာဖြင့် သိစေမှု ‘ကာယဝိညတ်’ ဟူသောထိုရုပ်သည် အဘယ်နည်း။ ကုသိုလ်စိတ်ကြောင့်ဖြစ်စေ, အကုသိုလ်စိတ် ကြောင့်ဖြစ်စေ,ကုသိုလ် အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သော ‘အဗျာကတ'စိတ်ကြောင့်ဖြစ်စေ, ရှေ့သို့တက်သူအားလည်းကောင်း, နောက်သို့ဆုတ်သူအားလည်းကောင်း, တူရူကြည့်သူအားလည်းကောင်း,တစောင်းကြည့်သူအားလည်းကောင်း, ကွေးသူအားလည်းကောင်း, ဆန့်တန်းသူအားလည်းကောင်း, (ဖြစ်ပေါ်လာသော) ကိုယ်၏ အကြင် ခိုင်မာမှု ‘ထမ္ဘန’၊ ကောင်းစွာ ခိုင်မာမှု ‘သန္ထမ္ဘန’၊ ကောင်းစွာခိုင်မာသည်၏ အဖြစ် (ကောင်းစွာ ခိုင်မာခြင်း) ‘သန္ထမ္ဘိတတ္တ’၊ သိစေခြင်းသဘော ‘ဝိညတ္တိ’၊ သိစေသော အခြင်းအရာ ‘ဝိညာပနာ’၊ သိစေတတ်သည်၏အဖြစ် ‘ဝိညာပိတတ္တ’ သည် (ရှိ၏)။ ဤသို့သဘောရှိသော ရုပ်သည် (မိမိ အလိုဆန္ဒကို) ကိုယ်အမူအရာဖြင့် သိစေမှု ‘ကာယဝိညတ်’ ဟူသောထိုရုပ်ပေတည်း။

ဝစီဝိညတ်ရုပ်

၆၃၆။ (၁၄) (မိမိအလိုဆန္ဒကို) နှုတ်မြွက်ခြင်းဖြင့် သိစေမှု ‘ဝစီဝိညတ်’ ဟူသော ထိုရုပ်သည်အဘယ်နည်း။ ကုသိုလ်စိတ်ကြောင့်ဖြစ်စေ၊ အကုသိုလ်စိတ်ကြောင့်ဖြစ်စေ၊ ကုသိုလ် အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သော ‘အဗျာကတ'စိတ်ကြောင့်ဖြစ်စေ (ဖြစ်ပေါ်လာသော) အကြင် စကား ‘ဝါစာ’၊ မြွက်ဆိုမှု ‘ဂိရာ’၊ စကားအစီအစဉ် ‘ဗျပ္ပထ’၊ ပြောဆိုမှု ‘ဥဒီရဏ’၊ ကြွေးကြော်ခြင်း ‘ဃောသ’၊ ကြွေးကြော်မှု ‘ဃောသကမ္မ’၊ စကားတည်းဟူသော နှုတ်မြွက်မှု ‘ဝါစာဝစီဘေဒ’ သည် (ရှိ၏)၊ ဤမြွက်ဆိုမှု စသည်ကို စကား'ဝါစာ’ ဟု ဆိုအပ်၏၊ ထိုစကား ‘ဝါစာ'ဖြင့်အကြင် သိစေခြင်းသဘော ‘ဝိညတ္တိ’၊ သိစေသော အခြင်းအရာ ‘ဝိညာပနာ’၊ သိစေတတ်သည်၏အဖြစ် ‘ဝိညာပိတတ္တ’ သည် (ရှိ၏)။ ဤသို့သဘောရှိသော ရုပ်သည် (မိမိအလိုဆန္ဒကို) နှုတ်မြွက်ခြင်းဖြင့် သိစေမှု ‘ဝစီဝိညတ်’ ဟူသော ထိုရုပ် ပေတည်း။

--

အာကာသဓာတ်ရုပ်

၆၃၇။ (၁၅) မရေးခြစ်အပ်သော (ရေးခြစ်၍မရသောဟင်းလင်း) သဘော ‘အာကာသဓာတ်’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ အကြင် မရေးခြစ်အပ်သော (ရေးခြစ်၍မရသော ဟင်းလင်း) သဘော ‘အာကာသ’၊ မရေးခြစ်အပ်သော (ရေးခြစ်၍မရသော ဟင်းလင်း) သဘောဟူ၍ ဖြစ်ခြင်း'အာကာသဂတ’၊ မထိမခိုက်အပ်သော (ထိကိုင်၍ မရသော ဟင်းလင်း) သဘော ‘အဃ’၊ မထိမခိုက်အပ်သော (ထိကိုင်၍ မရသော ဟင်းလင်း) သဘောဟူ၍ ဖြစ်ခြင်း ‘အဃဂတ’။ (ဟင်းလင်း) အပေါက် ‘ဝိဝရ’။ (ဟင်းလင်း) အပေါက်ဟူ၍ ဖြစ်ခြင်း ‘ဝိဝရဂတ’၊ ကြီးကျယ်ထင်ရှားသောမဟာဘုတ်လေးပါးတို့ဖြင့် မတွေ့ထိအပ်သော သဘော ‘အသမ္ဖုဋ္ဌ’ သည် (ရှိ၏)။ ဤသို့သဘောရှိသောရုပ်သည် မရေးခြစ်အပ်သော (ရေးခြစ်၍ မရသော ဟင်းလင်း) သဘော ‘အာကာသဓာတ်’ ဟူသော ထိုရုပ်ပေတည်း။

ရူပဿ လဟုတာရုပ်

၆၃၈။ (၁၆) ရုပ်၏ လျင်မြန်ပေါ့ပါးမှု ‘ရူပဿ လဟုတာ’ ဟူသော ထိုရုပ်သည်အဘယ်နည်း။ (နိပ္ဖန္န) ရုပ်၏ အကြင် လျင်မြန်ပေါ့ပါးသည်၏အဖြစ် ‘လဟုတာ’၊ ပေါ့ပါးစွာပြောင်းလဲနိုင်သည် (လျင်မြန်သည်) ၏ အဖြစ် ‘လဟုပရိဏာမတာ’၊ မနုန့်နှေး မလေးလံသည်၏ အဖြစ် ‘အဒန္ဓနတာ’၊ မခိုင်မာသည်၏အဖြစ် (မတုန်မလှုပ်ခြင်း ကင်းသည်၏အဖြစ်) ‘အဝိတ္ထနတာ’ သည် (ရှိ၏)။ ဤသို့သဘောရှိသော ရုပ်သည် ရုပ်၏ လျင်မြန် ပေါ့ပါးမှု ‘ရူပဿ လဟုတာ’ ဟူသော ထိုရုပ်ပေ တည်း။

ရူပဿ မုဒုတာရုပ်

၆၃၉။ (၁၇) ရုပ်၏နူးညံ့မှု ‘ရူပဿ မုဒုတာ’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ (နိပ္ဖန္န) ရုပ်၏ အကြင်နူးညံ့မှု ‘မုဒုတာ’၊ ပျော့ပျောင်းပြေပြစ်မှု ‘မဒ္ဒဝတာ’၊ မကြမ်း တမ်းမှု ‘အကက္ခဠတာ’၊ မခက်မာမှု ‘အကထိနတာ’ သည် (ရှိ၏)။ ဤသို့သဘောရှိသော ရုပ်သည် ရုပ်၏ နူးညံ့မှု ‘ရူပဿမုဒုတာ’ ဟူသော ထိုရုပ်ပေတည်း။

ရူပဿ ကမ္မညတာရုပ်

၆၄၀။ (၁၈) ရုပ်၏ ခံ့မှု (အမှုကိစ္စတို့၌ ပြီးမြောက်အောင်လိုက်လျောဆောင်ရှက်နိုင်မှု) ‘ရူပဿ ကမ္မညတာ’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ (နိပ္ဖန္န) ရုပ်၏အကြင် အလုပ်၌ ခံ့မှု ‘ကမ္မညတာ’၊ အလုပ်၌ ခံ့ကြောင်းသဘော ‘ကမ္မညတ္တ’၊ အလုပ်၌ ခံ့သည်၏အဖြစ် ‘ကမ္မညဘာဝ’ သည် (ရှိ၏)။ ဤသို့သဘောရှိသော ရုပ်သည် ရုပ်၏ခံ့မှု (အမှုကိစ္စတို့၌ ပြီးမြောက်အောင်လိုက်လျောဆောင်ရွက်နိုင်မှု) ‘ရူပဿ ကမ္မညတာ’ ဟူသော ထိုရုပ်ပေတည်း။

ရူပဿ ဥပစယရုပ်

၆၄၁။ (၁၉) ရုပ်၏ ဖြစ်စ ‘ရူပဿ ဥပစယ’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ ရုပ် ‘အာယတန'တို့၏ အကြင် (ဦးစွာအစ) ဖြစ်ပေါ်လာစ ‘အာစယ’ သည် ရှိ၏၊ ထိုရုပ် ‘အာယတန'တို့၏ (ဦးစွာအစ) ဖြစ်ပေါ်လာစ ‘အာစယ’ သည် ရုပ်၏ဖြစ်စ ‘ရူပဿ ဥပစယ’မည်၏။ ဤသို့ သဘောရှိသော ရုပ်သည် ရုပ်၏ဖြစ်စ ‘ရူပဿ ဥပစယ’ ဟူသော ထိုရုပ်ပေတည်း။

--

ရူပဿ သန္တတိရုပ်

၆၄၂။ (၂၀) ရုပ်၏ကြီးပွါးဆဲအစဉ် ‘ရူပဿ သန္တတိ’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ (နိပ္ဖန္န) ရုပ်၏ အကြင်ကြီးပွါးဆဲအစဉ် (ဆက်လက်ဖြစ်နေဆဲ) သည်ရှိ၏၊ ထိုရုပ်၏ ကြီးပွါးဆဲအစဉ်သည် ရုပ်၏ ဖြစ်စဉ် ‘ရူပဿ သန္တတိ'ရုပ် မည်၏။ ဤသို့သဘော ရှိသော ရုပ်သည် ရုပ်၏ကြီးပွါးဆဲအစဉ် ‘ရူပဿ သန္တတိ’ ဟူသော ထိုရုပ်ပေတည်း။

ရူပဿ ဇရတာရုပ်

၆၄၃။ (၂၁) ရုပ်၏အိုမှု, ရင့်ရော်ဆွေးမြည့်မှု ‘ရူပဿ ဇရတာ’ ဟူသော ထိုရုပ်သည်အဘယ်နည်း။ (နိပ္ဖန္န) ရုပ်၏ အကြင် လျော့ပါးခြင်း (အိုမင်းယုတ်လျော့ ခြင်း) ‘ဇရာ’၊ ရင့်ရော်ဆွေးမြည့်ကြောင်း ‘ဇီရဏတာ’၊ သွားကျိုးကြောင်း ‘ခဏ္ဍိစ္စ’၊ ဆံပင်ဖြူကြောင်း ‘ပါလိစ္စ’၊ အရေတွန့်ကြောင်း ‘ဝလိတ္တစတာ’၊ အသက်၏ ဆုတ်ယုတ်ကြောင်း ‘အာယုနော သံဟာနိ’။ (စက္ခုန္ဒြေစသော) (မိမိဆိုင်ရာကိစ္စ၌) အစိုးရမှု ‘ဣန္ဒြေ'တို့၏ ရင့်ရော် ပျက်ပြားကြောင်း ‘ဣန္ဒြိယာနံပရိပါက’ သည် (ရှိ၏)။ ဤသို့ သဘောရှိသောရုပ်သည် ရုပ်၏ အိုမှု (ရင့်ရော်ဆွေးမြည့်မှု) ‘ရူပဿဇရတာ’ ဟူသော ထိုရုပ်ပေတည်း။

ရူပဿ အနိစ္စတာရုပ်

၆၄၄။ (၂၂) ရုပ်၏ (ဖြစ်ပြီးသည့်နောက် တည်တံ့မနေခြင်းကြောင့်) မမြဲမှု ‘ရူပဿအနိစ္စတာ’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ (နိပ္ဖန္န) ရုပ်၏ အကြင် ကုန်ဆုံးမှု ‘ခယ’၊ ပျက်မှု ‘ဝယ’၊ ကွဲမှု ‘ဘေဒ’၊ ထက်ဝန်းကျင် ကွဲမှု (အာလုံးပျက်ပြိုကွဲမှု) ‘ပရိဘေဒ’။ (ဖြစ်ပြီးသည့်နောက်တည်တံ့မနေခြင်းကြောင့်) မမြဲမှု ‘အနိစ္စတာ’၊ ကွယ်ပျောက်မှု ‘အန္တရဓာန’ သည် (ရှိ၏)။ ဤသို့သဘောရှိသော ရုပ်သည် ရုပ်၏ (ဖြစ်ပြီးသည့်နောက် တည်တံ့မနေခြင်းကြောင့်) မမြဲမှု ‘ရူပဿအနိစ္စတာ’ ဟူသော ထိုရုပ်ပေတည်း။

ကဗဠီကာရ အာဟာရရုပ်

၆၄၅။ (၂၃) အလုတ်အလွေး ပြုအပ်သော အစာ ‘ကဗဠီကာရအာဟာရ’ ဟူသောထိုရုပ်သည် အဘယ်နည်း။ ထမင်း ‘ဩဒန’၊ မုယောမုန့် (ဆန် ကြမ်းမုန့်နပ်) ‘ကုမ္မာသ’၊ မုန့်လုံး'သတ္တု’၊ ငါး ‘မစ္ဆ’၊ အသား ‘မံသ’၊ နို့ရည် ‘ခီရ’၊ နို့ဓမ်း ‘ဒဓိ’၊ ထောပတ် ‘သပ္ပိ’၊ ဆီဦး ‘နဝနီတ’၊ ဆီ'တေလ’၊ ပျားရည် ‘မဓု’၊ တင်လဲ ‘ဖာဏိတ’ သည် ရှိ၏။ ထို့ပြင် (ဆိုအပ်ခဲ့ပြီးသော အစာအာဟာရတို့မှ) တစ်မျိုးတခြားဖြစ်သော , အကြင်အကြင် ဇနပုဒ် (တိုင်း၊ ခရှိင်) ၌ ထိုထိုသတ္တဝါတို့၏ ခံတွင်း (ပါးစပ်) ဖြင့် စားအပ်သော, သွားတို့ဖြင့် ကိုက်ခဲအပ် (ကြိတ်ချေဝါး၍စားအပ်) သော, လည်ချောင်းဖြင့် မျိုချအပ်သော, ဝမ်း (ပိုက်) ကို ပြည့်ဝ တောင့်တင်းစေတတ်သောအကြင် (အစာအာဟာရ) ရုပ်သည်လည်း ရှိသေး၏။

အကြင် အဆီအနှစ်အစေး (ဩဇာ)ဖြင့် သတ္တဝါတို့သည် မျှတကုန်၏၊ ဤမျှတကြောင်းဖြစ်သော ရုပ်သည် အလုတ်အလွေး ပြုအပ်သော အစာ ‘ကဗဠီကာရအာဟာရ’ ဟူသော ထိုရုပ်ပေတည်း။ ဤ (ဆိုအပ်ခဲ့ပြီးသော) ရုပ်အပေါင်းသည် မှီတတ်သော ‘ဥပါဒါ’ ဟူသော ထိုရုပ်ပေတည်း။

မှီတတ်သော ‘ဥပါဒါ'ရုပ်တို့ကို ဝေဖန်ခြင်း ‘ဥပါဒါဘာဇနီယ’ ပြီးပြီ။

ရုပ်ပိုင်း ‘ရူပကဏ္ဍ’ ၌ ရှေးဦးစွာရှတ်ဆိုမှု အလှည့်အကြိမ် ‘ပဌမဘာဏဝါရ’ ပြီးပြီ။

--

မမှီတတ်သော ‘နောဥပါဒါ ‘ရုပ်များ

နော ဥပါဒါရုပ်

၆၄၆။ (ဥပါဒါရုပ်မှီသကဲ့သို့မမှီမူ၍ဖြစ်သော) ‘နော ဥပါဒါ’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ ထိသိစိတ်ဖြစ်ကြောင်း အတွေ့ ‘ဖောဋ္ဌဗ္ဗာယတန’ (ပထဝီဓာတ်, တေဇော ဓာတ်,ဝါယောဓာတ်)၊ ‘ရေ’ ဟူသော (ဖွဲ့စည်းမှု) သဘော ‘အာပေါဓာတ်’ သည် ရှိ၏။ (ဤရုပ်အပေါင်း သည် ‘နော ဥပါဒါ’ ဟူသော ထိုရုပ်ပေတည်း)။

ဖောဋ္ဌဗ္ဗာယတနရုပ်

၆၄၇။ (၁) ထိသိစိတ်ဖြစ်ကြောင်း အတွေ့ ‘ဖောဋ္ဌဗ္ဗာယတန’ ဟူသော ထိုရုပ်သည်အဘယ်နည်း။ မြေဟူသော သဘော (ခက်မာခြင်းသဘော) ‘ပထဝီ ဓာတ်’၊ မီးဟူသော သဘော (ရင့်ကျက်စေခြင်း သဘော) ‘တေဇောဓာတ်’၊ လေဟူသော သဘော (ထောက်ကန်လှုပ်ရှားခြင်းသဘော) ‘ဝါယောဓာတ်’၊ ခိုင်မာခြင်း သဘော ‘ကက္ခဠ’၊ နူးညံ့ခြင်းသဘော ‘မုဒုက’၊ သိမ်မွေ့ခြင်း သဘော ‘သဏှ’၊ ကြမ်းတမ်းခြင်းသဘော ‘ဖရုသ’၊ ချမ်းသာသော အတွေ့ ‘သုခသမ္ဖဿ’၊ ဆင်းရဲသော အတွေ့'ဒုက္ခသမ္ဖဿ’၊ လေးသော သဘော ‘ဂရုက’၊ ပေါ့သော သဘော ‘လဟုက’ သည် ရှိ၏။ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွမဖြစ်သော ‘အနိဒဿန’၊ ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ ‘သပ္ပဋိဃ’ ဖြစ်သော အကြင်အတွေ့ (ဖောဋ္ဌဗ္ဗာရုံ) ကို မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွမဖြစ်သော ‘အနိဒဿန’၊ ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ ‘သပ္ပဋိဃ'ဖြစ်သော ကိုယ်အကြည် ‘ကာယ’ (ပသာဒ) ဖြင့် ထိပါးလည်း ထိပါးခဲ့ပြီ၊ ထိပါးလည်း ထိပါးဆဲ၊ ထိပါးလည်း ထိပါးလတ္တံ့၊ ထိပါးမူလည်း ထိပါး ရာ၏။ ဤရုပ်သည် အတွေ့ (ဖောဋ္ဌဗ္ဗာရုံ) လည်း မည်၏၊ ဤရုပ်သည် ထိသိစိတ်ဖြစ်ကြောင်း အတွေ့'ဖောဋ္ဌဗ္ဗာယတန'လည်း မည်၏၊ ဤရုပ်သည် အတွေ့ (ဖောဋ္ဌဗ္ဗာရုံ)ဟူသော သဘော ‘ဖောဋ္ဌဗ္ဗဓာတ်'လည်းမည်၏။ ဤသို့သဘောရှိသော ရုပ်သည် ထိသိစိတ်ဖြစ်ကြောင်း အတွေ့ ‘ဖောဋ္ဌဗ္ဗာယတန’ ဟူသော ထိုရုပ်ပေတည်း။

၆၄၈။ (၂) ထိသိစိတ်ဖြစ်ကြောင်း အတွေ့ ‘ဖောဋ္ဌဗ္ဗာယတန’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြေဟူသော သဘော (ခက်မာခြင်းသဘော) ‘ပထဝီဓာတ်’ ၊ မီးဟူသော သဘော (ရင့်ကျက်စေခြင်းသဘော) ‘တေဇောဓာတ်’ ၊ လေဟူသော သဘော (ထောက်ကန်လှုပ်ရှားခြင်းသဘော) ‘ဝါယောဓာတ်’ ၊ ခိုင်မာခြင်းသဘော ‘ကက္ခဠ’ ၊ နူးညံ့ခြင်းသဘော ‘မုဒုက’ ၊ သိမ်မွေ့ခြင်းသဘော ‘သဏှ’ ၊ ကြမ်းတမ်းခြင်းသဘော ‘ဖရုသ’ ၊ ချမ်းသာသောအတွေ့ ‘သုခသမ္ဖဿ’ ၊ ဆင်းရဲသောအတွေ့ ‘ဒုက္ခသမ္ဖဿ’ ၊ လေးလံသောသဘော ‘ဂရုက’ ၊ ပေါ့ပါးသောသဘော ‘လဟုက’ သည်ရှိ၏။ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွမဖြစ်သော ‘အနိဒဿန’ ၊ ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ ‘သပ္ပဋိဃ’ ဖြစ်သော အကြင် အတွေ့ (ဖောဋ္ဌဗ္ဗာရုံ) ၌ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွမဖြစ်သော ‘အနိဒဿန’ ၊ ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ ‘သပ္ပဋိဃ’ ဖြစ်သော ကိုယ်အကြည် ‘ကာယ’ (ပသာဒ) သည် ထိပါးလည်း ထိပါးခဲ့ပြီ၊ ထိပါးလည်း ထိပါးဆဲ၊ ထိပါး လည်းထိပါးလတ္တံ့၊ ထိပါးမူလည်း ထိပါးရာ၏။ ဤရုပ်သည် အတွေ့ (ဖောဋ္ဌဗ္ဗာရုံ) လည်း မည်၏၊ ဤရုပ်သည် ထိသိစိတ်ဖြစ်ကြောင်း အတွေ့ ‘ဖောဋ္ဌဗ္ဗာယတန’ လည်း မည်၏၊ ဤရုပ်သည် အတွေ့ (ဖောဋ္ဌဗ္ဗာရုံ)ဟူသော သဘော ‘ဖောဋ္ဌဗ္ဗဓာတ်’ လည်းမည်၏။ ဤသို့သဘောရှိသောရုပ်သည် ထိသိစိတ်ဖြစ်ကြောင်း အတွေ့ ‘ဖောဋ္ဌဗ္ဗာယတန’ ဟူသော ထိုရုပ်ပေတည်း။

--

၆၄၉။ (၃) ထိသိစိတ်ဖြစ်ကြောင်း အတွေ့ ‘ဖောဋ္ဌဗ္ဗာယတန’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြေဟူသော သဘော (ခက်မာခြင်းသဘော) ‘ပထဝီဓာတ်’ ၊ မီးဟူသော သဘော (ရင့်ကျက်စေခြင်းသဘော) ‘တေဇောဓာတ်’ ၊ လေဟူသော သဘော (ထောက်ကန်လှုပ်ရှားခြင်းသဘော) ‘ဝါယောဓာတ်’ ၊ ခိုင်မာခြင်း သဘော ‘ကက္ခဠ’ ၊ နူးညံ့ခြင်းသဘော ‘မုဒုက’ ၊ သိမ်မွေ့ခြင်းသဘော ‘သဏှ’ ၊ ကြမ်းတမ်းခြင်းသဘော ‘ဖရုသ’ ၊ ချမ်းသာသော အတွေ့ ‘သုခသမ္ဖဿ’ ၊ ဆင်းရဲသော အတွေ့ ‘ဒုက္ခသမ္ဖဿ’ ၊ လေးလံသော သဘော ‘ဂရုက’ ၊ ပေါ့ပါးသော သဘော ‘လဟုက’ သည် ရှိ၏။ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွမဖြစ်သော ‘အနိဒဿန’ , ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ ‘သပ္ပဋိဃ’ ဖြစ်သော အကြင် အတွေ့ (ဖောဋ္ဌဗ္ဗာရုံ) သည် မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွမဖြစ်သော ‘အနိဒဿန’ , ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ ‘သပ္ပဋိဃ’ ဖြစ်သော ကိုယ်အကြည် ‘ကာယ’ (ပသာဒ) ၌ ထိပါးလည်း ထိပါးခဲ့ပြီ၊ ထိပါးလည်း ထိပါးဆဲ၊ ထိပါးလည်းထိပါးလတ္တံ့၊ ထိပါးမူလည်း ထိပါးရာ၏။ ဤရုပ်သည် အတွေ့ (ဖောဋ္ဌဗ္ဗာရုံ) လည်း မည်၏၊ ဤရုပ်သည် ထိသိစိတ်ဖြစ်ကြောင်း အတွေ့ ‘ဖောဋ္ဌဗ္ဗာယတန’ လည်း မည်၏၊ ဤရုပ်သည် အတွေ့ (ဖောဋ္ဌဗ္ဗာရုံ)ဟူသော သဘော ‘ဖောဋ္ဌဗ္ဗဓာတ်’ လည်းမည်၏။ ဤသို့သဘောရှိသော ရုပ်သည် ထိသိစိတ်ဖြစ်ကြောင်း အတွေ့ ‘ဖောဋ္ဌဗ္ဗာယတန’ ဟူသော ထိုရုပ်ပေတည်း။

၆၅၀။ (၄) ထိသိစိတ်ဖြစ်ကြောင်း အတွေ့ ‘ဖောဋ္ဌဗ္ဗာယတန’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြေဟူသော သဘော (ခက်မာခြင်းသဘော) ‘ပထဝီဓာတ်’ ၊ မီးဟူသော သဘော (ရင့်ကျက်စေခြင်းသဘော) ‘တေဇောဓာတ်’ ၊ လေဟူသော သဘော (ထောက်ကန်လှုပ်ရှားခြင်းသဘော) ‘ဝါယောဓာတ်’ ၊ ခိုင်မာခြင်းသဘော ‘ကက္ခဠ’ ၊ နူးညံ့ခြင်းသဘော ‘မုဒုက’ ၊ သိမ်မွေ့ခြင်းသဘော ‘သဏှ’ ၊ ကြမ်းတမ်းခြင်းသဘော ‘ဖရုသ’ ၊ ချမ်းသာသော အတွေ့ ‘သုခ သမ္ဖဿ’ ၊ ဆင်းရဲသော အတွေ့ ‘ဒုက္ခသမ္ဖဿ’ ၊ လေးလံသောသဘော ‘ဂရုက’ ၊ ပေါ့ပါးသော သဘော ‘လဟုက’ သည် ရှိ၏။ အကြင် အတွေ့ (ဖောဋ္ဌဗ္ဗာရုံ) ကို အာရုံပြုလျက် ကိုယ်အကြည် ‘ကာယ’ (ဝတ္ထု) ကို မှီ၍ ထိသိစိတ်နှင့် ယှဉ်သော တွေ့ထိမှု ‘ဖဿ’ သည်ဖြစ်လည်း ဖြစ်ခဲ့ပြီ၊ ဖြစ်လည်း ဖြစ်ဆဲ၊ ဖြစ်လည်း ဖြစ်လတ္တံ့၊ ဖြစ်မူလည်း ဖြစ်ရာ၏။ပ။ အကြင် အတွေ့ (ဖောဋ္ဌဗ္ဗာရုံ) ကို အာရုံပြုလျက် ကိုယ်အကြည် ‘ကာယ’ (ဝတ္ထု) ကို မှီ၍ ထိသိစိတ်နှင့်ယှဉ်သော တွေ့ထိမှု ‘ဖဿ’ ကြောင့် ဖြစ်သော ခံစားမှု ‘ဝေဒနာ’ သည်။ပ။ မှတ်သားမှု ‘သညာ’ သည်။ပ။ စေ့ဆော်မှု (နှိုးဆော်မှု) ‘စေတနာ’ သည်။ပ။ ထိသိစိတ် ‘ကာယဝိညာဏ်’ သည် ဖြစ်လည်း ဖြစ်ခဲ့ပြီ၊ ဖြစ်လည်း ဖြစ်ဆဲ၊ ဖြစ်လည်း ဖြစ်လတ္တံ့၊ ဖြစ်မူလည်း ဖြစ်ရာ၏။ပ။ အကြင် ကိုယ်အကြည် ‘ကာယ’ (ဝတ္ထု) ကို မှီ၍ အတွေ့ (ဖောဋ္ဌဗ္ဗာရုံ) လျှင် အာရုံရှိသော ထိသိစိတ်နှင့်ယှဉ်သော တွေ့ထိမှု ‘ဖဿ’ သည် ဖြစ်လည်း ဖြစ်ခဲ့ပြီ၊ ဖြစ်လည်း ဖြစ်ဆဲ၊ ဖြစ်လည်း ဖြစ်လတ္တံ့၊ ဖြစ်မူလည်း ဖြစ်ရာ၏။ပ။ အကြင် ကိုယ်အကြည် ‘ကာယ’ (ဝတ္ထု) ကို မှီ၍ အတွေ့ (ဖောဋ္ဌဗ္ဗာရုံ) လျှင်အာရုံရှိ သော ထိသိစိတ်နှင့် ယှဉ်သော တွေ့ထိမှု ‘ဖဿ’ ကြောင့် ဖြစ်သော ခံစားမှု ‘ဝေဒနာ’ သည်။ပ။ မှတ်သားမှု ‘သညာ’ သည်။ပ။ စေ့ဆော်မှု (နှိုးဆော်မှု) ‘စေတနာ’ သည်။ပ။ ထိသိစိတ် (ကာယဝိညာဏ်) သည် ဖြစ်လည်း ဖြစ်ခဲ့ပြီ၊ ဖြစ်လည်း ဖြစ်ဆဲ၊ ဖြစ်လည်း ဖြစ်လတ္တံ့၊ ဖြစ်မူလည်း ဖြစ်ရာ၏။ ဤရုပ်သည် အတွေ့ (ဖောဋ္ဌဗ္ဗာရုံ) လည်း မည်၏၊ ဤရုပ်သည် ထိသိစိတ်ဖြစ်ကြောင်း အတွေ့ ‘ဖောဋ္ဌဗ္ဗာယတန’ လည်း မည်၏၊ ဤရုပ်သည် အတွေ့ (ဖောဋ္ဌဗ္ဗာရုံ)ဟူသော သဘော ‘ဖောဋ္ဌဗ္ဗဓာတ်’ လည်းမည်၏။ ဤသို့သဘောရှိသော ရုပ်သည် ထိသိစိတ်ဖြစ်ကြောင်း အတွေ့ ‘ဖောဋ္ဌဗ္ဗာယတန’ ဟူသော ထိုရုပ်ပေတည်း။

အာပေါဓာတ်

၆၅၁။ ရေဟူသော (ဖွဲ့စည်းမှု) သဘော ‘အာပေါဓာတ်’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ အကြင် ရေ ‘အာပေါ’၊ ရေဟူ၍ဖြစ်ခြင်း ‘အာပေါဂတ’၊ အစေး ‘သိနေဟ’၊ အစေးဟူ၍ ဖြစ်ခြင်း'သိနေဟဂတ’၊ ရုပ်ကို ဖွဲ့စည်းခြင်းသဘော ‘ဗန္ဓနတ္တ’ သည် (ရှိ၏)။ ဤသို့သဘောရှိသော ရုပ်သည်ရေဟူသော (ဖွဲ့စည်းမှု) သဘော ‘အာပေါဓာတ်’ ဟူသော ထိုရုပ်ပေတည်း။ ဤရုပ်အပေါင်းသည် မမှီတတ်သော ‘နောဥပါဒါ’ ဟူသော ထိုရုပ်ပေတည်း။နှစ်ခုစီအကျယ်ပြခြင်း ‘ဒုကနိဒ္ဒေသ'

--

တဏှာဒိဋ္ဌိတို့အာရုံပြုအပ်သည့် ကံကြောင့် ဖြစ်သော ရုပ်

၆၅၂။ (၁) ‘ဥပါဒိဏ္ဏ’ (ကမ္မဇ)ဟူသော ‘ဥပါဒိဏ္ဏ'ရုပ်ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ် ဖြစ်ရာမျက်စိအကြည် ‘စက္ခာယတန’၊ ကြားသိစိတ်ဖြစ်ရာ နားအကြည် ‘သောတာယတန’၊ နံသိစိတ်ဖြစ်ရာ နှာခေါင်းအကြည် ‘ဃာနာယတန’၊ လျက်သိစိတ်ဖြစ်ရာ လျှာအကြည် ‘ဇိဝှါယတန’၊ ထိသိစိတ်ဖြစ်ရာ ကိုယ်အကြည် ‘ကာယာယတန’၊ မိန်းမ (အမ) ဖြစ်ကြောင်း၌ အစိုးရမှု ‘ဣတ္ထိန္ဒြေ’၊ ယောက်ျား (အထီး အဖို) ဖြစ်ကြောင်း၌ အစိုးရမှု ‘ပုရိသိန္ဒြေ’၊ အသက်ရှည်ကြောင်း၌ အစိုးရမှု ‘ဇီဝိတိန္ဒြေ’ သည် (ရှိ၏) (ကမ္မဇရုပ် ဧကန်)။ ထို့ပြင် (ဆိုအပ်ခဲ့ပြီးသော ရုပ်တို့မှ) တစ်မျိုးတခြား ဖြစ်သော , ကံကို ပြုအပ်ခဲ့ပြီးသည်၏အဖြစ် (ကံ) ကြောင့်ဖြစ်သော အကြင် မြင်သိစိတ်ဖြစ်ကြောင်း အဆင်း ‘ရူပါယတန’၊ နံသိစိတ်ဖြစ်ကြောင်း အနံ့'ဂန္ဓာယတန’၊ လျက်သိစိတ်ဖြစ်ကြောင်း အရသာ ‘ရသာယတန’၊ ထိသိစိတ်ဖြစ်ကြောင်း အတွေ့ ‘ဖောဋ္ဌဗ္ဗာယတန’၊ မရေးခြစ်အပ်သော (ရေးခြစ်၍မရသောဟင်းလင်း) သဘော ‘အာကာသဓာတ်’၊ ‘ရေ’ ဟူသော (ဖွဲ့စည်းမှု) သဘော ‘အာပေါဓာတ်’၊ ရုပ်၏ဖြစ်စ ‘ရူပဿ ဥပစယ’၊ ရုပ်၏ကြီးပွါးဆဲ အစဉ် ‘ရူပဿသန္တတိ’၊ အလုတ်အလွေး ပြုအပ်သော အစာ ‘ကဗဠီကာရအာဟာရ’ ဟူသော ရုပ်သည်လည်း ရှိသေး၏။ ဤရုပ်အပေါင်းသည် ‘ဥပါဒိဏ္ဏ’ (ကမ္မဇ)ဟူသော ထိုရုပ်ပေတည်း။

ကံကြောင့် မဖြစ်သော ‘အနုပါဒိဏ္ဏ'ရုပ်

၆၅၃။ (၂) ‘အနုပါဒိဏ္ဏ’ ဟူသောထိုရုပ်သည် အဘယ်နည်း။ ကြားသိစိတ်ဖြစ်ကြောင်း အသံ ‘သဒ္ဒါယတန’။ (မိမိအလိုဆန္ဒ ကို) ကိုယ်အမူအရာဖြင့် သိစေမှု ‘ကာယဝိညတ်’။ (မိမိအလိုဆန္ဒကို) နှုတ်မြွက်ခြင်းဖြင့် သိစေမှု ‘ဝစီ ဝိညတ်’၊ ရုပ်၏ ပေါ့ပါးမှု ‘ရူပဿ လဟုတာ’၊ ရုပ်၏နူးညံ့မှု ‘ရူပဿ မုဒုတာ’၊ ရုပ်၏ အလုပ်၌ ခံ့မှု (အမှုကိစ္စတို့၌ ပြီးမြောက်အောင်လိုက်လျောဆောင်ရွက်နိုင်မှု) ‘ရူပဿ ကမ္မညတာ’၊ ရုပ်၏ အိုမှု, ရင့်ရော်ဆွေးမြည့်မှု ‘ရူပဿ ဇရတာ’၊ ရုပ်၏ (ဖြစ်ပြီးသည့်နောက် တည်တံ့ မနေခြင်းကြောင့်) မမြဲမှု ‘ရူပဿ အနိစ္စတာ’ သည်ရှိ၏။ ထို့ပြင် (ဆိုအပ်ခဲ့ပြီးသော ရုပ်တို့မှ) တစ်မျိုးတခြား ဖြစ်သော , ကံကို ပြုအပ်ခဲ့ပြီးသည်၏အဖြစ် (ကံ) ကြောင့်မဖြစ်သော အကြင် မြင်သိစိတ်ဖြစ်ကြောင်း အဆင်း ‘ရူပါယတန’၊ နံသိစိတ်ဖြစ်ကြောင်း အနံ့'ဂန္ဓာယတန’၊ လျက်သိစိတ်ဖြစ်ကြောင်း အရသာ ‘ရသာယတန’၊ ထိသိစိတ်ဖြစ်ကြောင်း အတွေ့ ‘ဖောဋ္ဌဗ္ဗာယတန’၊ မရေးခြစ်အပ်သော (ရေးခြစ်၍မရသော ဟင်းလင်း) သဘော ‘အာကာသဓာတ်’၊ ရေဟူသော (ဖွဲ့စည်းမှု) သဘော ‘အာပေါဓာတ်’၊ ရုပ်၏ဖြစ်စ ‘ရူပဿ ဥပစယ’၊ ရုပ်၏ကြီးပွါးဆဲ အစဉ် ‘ရူပဿသန္တတိ’၊ အလုတ်အလွေး ပြုအပ်သော အစာ ‘ကဗဠီကာရအာဟာရ’ ဟူသော ရုပ်သည်လည်း ရှိသေး၏။ ဤရုပ်အပေါင်းသည် ‘အနုပါဒိဏ္ဏ’ ဟူသော ထိုရုပ်ပေတည်း။

--

ကံ၏အကျိုးဥပါဒါန်တို့၏ အာရုံဖြစ်သော ရုပ်

၆၅၄။ (၁) ဥပါဒိဏ္ဏုပါဒါနိယဟူသော ထိုရုပ်သည် ‘ဥပါဒိဏ္ဏုပါဒါနိယ'ရုပ် အဘယ်နည်း။ မြင်သိစိတ်ဖြစ်ရာ မျက်စိအကြည် ‘စက္ခာယတန’။ပ။ ထိသိစိတ်ဖြစ်ရာကိုယ်အကြည် ‘ကာယာယတန’၊ မိန်းမ (အမ) ဖြစ်ကြောင်း၌ အစိုးရမှု့'ဣတ္ထိန္ဒြေ’၊ ယောက်ျား (အထီးအဖို) ဖြစ်ကြောင်း၌ အစိုးရမှု ‘ပုရိသိန္ဒြေ’၊ အသက်ရှည်ကြောင်း၌ အစိုးရမှု ‘ဇီဝိတိန္ဒြေ’ သည် (ရှိ၏)။ ထို့ပြင် (ဆိုအပ်ခဲ့ပြီးသော ရုပ်တို့မှ) တစ်မျိုးတစ်ခြား ဖြစ်သော , ကံကို ပြုအပ်ခဲ့ပြီးသည်၏အဖြစ် (ကံ) ကြောင့်ဖြစ်သော အကြင် မြင်သိစိတ်ဖြစ်ကြောင်း အဆင်း ‘ရူပါယတန’၊ နံသိစိတ်ဖြစ်ကြောင်း အနံ့'ဂန္ဓာယတန’၊ လျက်သိစိတ်ဖြစ်ကြောင်း အရသာ ‘ရသာယတန’၊ ထိသိစိတ်ဖြစ်ကြောင်း အတွေ့ ‘ဖောဋ္ဌဗ္ဗာယတန’၊ မရေးခြစ်အပ်သော (ရေးခြစ်၍ မရသောဟင်းလင်း) သဘော ‘အာကာသဓာတ်’၊ ‘ရေ’ ဟူသော (ဖွဲ့စည်းမှု) သဘော ‘အာပေါဓာတ်’၊ ရုပ်၏ ဖြစ်စ ‘ရူပဿ ဥပစယ’၊ ရုပ်၏ကြီးပွါးဆဲ အစဉ် ‘ရူပဿ သန္တတိ’၊ အလုတ်အလွေး ပြုအပ်သော အစာ ‘ကဗဠီကာရ အာဟာရ’ ဟူသော ရုပ်သည်လည်းရှိသေး၏။ ဤရုပ် အပေါင်းသည် ‘ဥပါဒိဏ္ဏုပါဒါနိယ’ ဟူသော ထိုရုပ်ပေတည်း။

ကံ၏အကျိုးမဟုတ် ဥပါဒါန်တို့၏ အာရုံသာဖြစ်သော ရုပ်

၆၅၅။ (၂) ‘အနုပါဒိဏ္ဏုပါဒါနိယ’ ဟူသော ‘အနုပါဒိဏ္ဏုပါဒါနိယ'ရုပ် ထိုရုပ်သည် အဘယ်နည်း။ ကြားသိစိတ် ဖြစ်ကြောင်း အသံ'သဒ္ဒါယတန’။ (မိမိ အလိုဆန္ဒကို) ကိုယ်အမူအရာဖြင့် သိစေမှု ‘ကာယဝိညတ်’။ (မိမိအလို ဆန္ဒကို) နှုတ်မြွက်ခြင်းဖြင့် သိစေမှု ‘ဝစီဝိညတ်’၊ ရုပ်၏ ပေါ့ပါးမှု ‘ရူပဿ လဟုတာ’၊ ရုပ်၏ နူးညံ့မှု ‘ရူပဿမုဒုတာ’၊ ရုပ်၏ အလုပ်၌ ခံ့မှု (အမှုကိစ္စ တို့၌ ပြီးမြောက်အောင် လိုက်လျောဆောင်ရှက်နိုင်မှု) ‘ရူပဿကမ္မညတာ’၊ ရုပ်၏ အိုမှု (ရင့်ရော် ဆွေးမြည့်မှု) ‘ရူပဿ ဇရတာ’၊ ရုပ်၏ (ဖြစ်ပြီးသည့်နောက်တည်တံ့မနေခြင်းကြောင့်) မမြဲမှု ‘ရူပဿ အနိစ္စတာ’ သည်ရှိ၏။ ထို့ပြင် (ဆိုအပ်ခဲ့ပြီးသော ရုပ်တို့မှ) တစ်မျိုးတခြား ဖြစ်သော , ကံကို ပြုအပ်ခဲ့ပြီးသည်၏အဖြစ် (ကံ) ကြောင့် မဖြစ်သော အကြင် မြင်သိစိတ်ဖြစ်ကြောင်း အဆင်း ‘ရူပါယတန’၊ နံသိစိတ်ဖြစ်ကြောင်း အနံ့'ဂန္ဓာယတန’၊ လျက်သိစိတ်ဖြစ်ကြောင်း အရသာ ‘ရသာယတန’၊ ထိသိစိတ်ဖြစ်ကြောင်း အတွေ့ ‘ဖောဋ္ဌဗ္ဗာယတန’၊ မရေးခြစ်အပ်သော (ရေးခြစ်၍ မရသော ဟင်းလင်း) သဘော ‘အာကာသဓာတ်’၊ ရေဟူသော (ဖွဲ့စည်းမှု) သဘော ‘အာပေါဓာတ်’။ (နိပ္ဖန္န) ရုပ်၏ ဖြစ်စ ‘ရူပဿ ဥပစယ’။ (နိပ္ဖန္န) ရုပ်၏ ကြီးပွါးဆဲအစဉ် ‘ရူပဿ သန္တတိ’၊ အလုတ်အလွေး ပြုအပ်သော အစာ ‘ကဗဠီကာရအာဟာရ’ ဟူသော ရုပ်သည်လည်း ရှိသေး၏။ ဤရုပ်အပေါင်းသည် ‘အနုပါဒိဏ္ဏုပါဒါနိယ’ ဟူသော ထိုရုပ်ပေတည်း။

မြင်အပ်သော ‘သနိဒဿန'ရုပ်

၆၅၆။ (၁) ‘သနိဒဿန’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ်ဖြစ်ကြောင်း အဆင်း ‘ရူပါယတန’ သည် (ရှိ၏)။ ဤရုပ်သည် ‘သ နိဒဿန’ ဟူသော ထိုရုပ်ပေတည်း (ရူပါရုံ)။

မမြင်အပ်သော ‘အနိဒဿန'ရုပ်

၆၅၇။ (၂) ‘အနိဒဿန’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ်ဖြစ်ရာ မျက်စိအကြည် ‘စက္ခာယတန’။ပ။ အလုတ် အလွေး ပြုအပ်သော အစာ ‘ကဗဠီကာရအာဟာရ’ သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် ‘အနိဒဿန’ ဟူသော ထိုရုပ်ပေ တည်း။

--

ထိခိုက်တတ်သော ‘သပ္ပဋိဃ'ရုပ်

၆၅၈။ (၁) ‘သပ္ပဋိဃ’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ်ဖြစ်ရာ မျက်စိအကြည် ‘စက္ခာယတန’၊ ကြားသိစိတ်ဖြစ်ရာ နား အကြည် ‘သောတာယတန’၊ နံသိစိတ်ဖြစ်ရာ နှာခေါင်းအကြည် ‘ဃာနာယတန’၊ လျက်သိစိတ်ဖြစ်ရာ လျှာအကြည် ‘ဇိဝှါယတန’၊ ထိသိစိတ်ဖြစ်ရာ ကိုယ်အကြည် ‘ကာယာယတန’၊ မြင်သိစိတ်ဖြစ်ကြောင်း အဆင်း ‘ရူပါယတန’၊ ကြားသိစိတ်ဖြစ်ကြောင်း အသံ ‘သဒ္ဒါယတန’၊ နံသိစိတ်ဖြစ်ကြောင်း အနံ့ ‘ဂန္ဓာ ယတန’၊ လျက်သိစိတ်ဖြစ်ကြောင်း အရသာ ‘ရသာယတန’၊ ထိသိစိတ်ဖြစ်ကြောင်း အတွေ့ ‘ဖောဋ္ဌဗ္ဗာ ယတန’ သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် ‘သပ္ပဋိဃ’ ဟူသော ထိုရုပ်ပေတည်း (ဩဠာရိကရုပ်၊ သန္တိကေ ရုပ်)။

မထိခိုက်ကောင်းသော ‘အပ္ပဋိဃ'ရုပ်

၆၅၉။ (၂) ‘အပ္ပဋိဃ’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ မိန်းမ (အမ) ဖြစ်ကြောင်း၌ အစိုးရမှု ‘ဣတ္ထိန္ဒြေ’။ပ။ အလုတ်အလွေး ပြုအပ်သော အစာ့'ကဗဠီကာရအာဟာရ’ သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် ‘အပ္ပဋိဃ’ ဟူသော ထိုရုပ် ပေတည်း (သုခုမရုပ်၊ ဒူရေရုပ်)။

အစိုးရသော ‘ဣန္ဒြိယ'ရုပ်

၆၆၀။ (၁) (မိမိဆိုင်ရာကိစ္စ၌) အစိုးရမှု ‘ဣန္ဒြိယ’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်မှု၌ အစိုးရသော မျက်စိအကြည် ‘စက္ခုန္ဒြေ’၊ ကြားမှု၌ အစိုးရသော နားအကြည် ‘သောတိန္ဒြေ’၊ နံမှု၌ အစိုးရသော နှာခေါင်းအကြည် ‘ဃာနိန္ဒြေ’၊ လျက်မှု၌ အစိုးရသော လျှာအကြည် ‘ဇိဝှိန္ဒြေ’၊ ထိမှု၌ အစိုးရသော ကိုယ်အကြည် ‘ကာယိန္ဒြေ’၊ မိန်းမ (အမ) ဖြစ် ကြောင်း၌ အစိုးရမှု ‘ဣတ္ထိန္ဒြေ’၊ ယောက်ျား (အထီး အဖို) ဖြစ်ကြောင်း၌ အစိုးရမှု ‘ပုရိသိန္ဒြေ’၊ အသက်ရှည် ကြောင်း၌ အစိုးရမှု ‘ဇီဝိတိန္ဒြေ’ သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် (မိမိဆိုင်ရာကိစ္စ၌) အစိုးရမှု ‘ဣန္ဒြိယ’ ဟူသောထိုရုပ်ပေတည်း (ပသာဒရုပ်ငါးပါး၊ ဘာဝရုပ်နှစ်ပါး၊ ဇီဝိတရုပ်)။

န ဣန္ဒြိယရုပ်

၆၆၁။ (၂) ‘န ဣန္ဒြိယ’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ်ဖြစ်ကြောင်းအဆင်း'ရူပါယတန’။ပ။ အလုတ်အလွေး ပြုအပ်သော အစာ ‘ကဗဠီကာရ အာဟာရ’ သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် ‘န ဣန္ဒြိယ’ ဟူသော ထိုရုပ်ပေတည်း။

မဟာဘုတ်ရုပ်

၆၆၂။ (၁) ‘မဟာဘုတ်’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ ထိသိစိတ်ဖြစ်ကြောင်း အတွေ့'ဖောဋ္ဌဗ္ဗာယတန’ (ပထဝီ, တေဇော, ဝါယော)၊ ‘ရေ’ ဟူသော (ဖွဲ့စည်းမှု) သဘော ‘အာပေါဓာတ်’ သည် ရှိ၏)။ ဤရုပ်အပေါင်းသည် ‘မဟာဘုတ်’ ဟူသော ထိုရုပ်ပေတည်း။

န မဟာဘူတရုပ်

၆၆၃။ (၂) မဟာဘုတ် မမည်သော ‘န မဟာဘူတ’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ်ဖြစ်ရာ မျက်စိအကြည် ‘စက္ခာယတန’။ပ။ အလုတ်အလွေး ပြုအပ်သော အစာ ‘ကဗဠီကာရအာဟာရ’ သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် မဟာဘုတ် မမည်သော ‘နမဟာဘူတ’ ဟူသော ထိုရုပ်ပေတည်း။

--

ဝိညတ်ရုပ်

၆၆၄။ (၁) ‘ဝိညတ်’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ (မိမိအလိုဆန္ဒကို) ကိုယ်အမူအရာဖြင့်သိစေမှု ‘ကာယဝိညတ်’။ (မိမိအလိုဆန္ဒကို) နှုတ်မြွက်ခြင်းဖြင့် သိစေမှု ‘ဝစီ ဝိညတ်’ သည် (ရှိ၏)။ ဤရုပ်နှစ်ခုသည် ‘ဝိညတ်’ ဟူသော ထိုရုပ်ပေတည်း။

န ဝိညတ္တိရုပ်

၆၆၅။ (၂) ‘န ဝိညတ္တိ’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ်ဖြစ်ရာ မျက်စိအကြည် ‘စက္ခာယတန’။ပ။ အလုတ်အလွေး ပြုအပ်သော အစာ ‘ကဗဠီကာရ အာဟာရ’ သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် ‘န ဝိညတ္တိ’ ဟူသော ထိုရုပ်ပေတည်း။

စိတ်ကြောင့်ဖြစ်သော ‘စိတ္တသမုဋ္ဌာန'ရုပ်

၆၆၆။ (၁) ‘စိတ္တသမုဋ္ဌာန’ (စိတ္တဇ)ဟူသော ထိုရုပ်သည်အဘယ်နည်း။ (မိမိအလိုဆန္ဒကို) ကိုယ်အမူအရာဖြင့် သိစေမှု ‘ကာယဝိညတ်’။ (မိမိအလိုဆန္ဒကို) နှုတ်မြွက်ခြင်းဖြင့် သိစေမှု ‘ဝစီဝိညတ်’ သည် (ရှိ၏) (ဝိညတ်ရုပ် နှစ်ပါး, စိတ္တဇရုပ်ဧကန်)။ ထို့ပြင် (ဆိုအပ်ခဲ့ပြီးသော ရုပ်တို့မှ) တစ်မျိုးတခြား ဖြစ်သော , စိတ်ကြောင့်ဖြစ်သော , စိတ်လျှင်အကြောင်းရှိသော, စိတ်လျှင်ဖြစ်ကြောင်းရှိသော မြင်သိစိတ်ဖြစ်ကြောင်း အဆင်း ‘ရူပါယတန’၊ ကြားသိစိတ်ဖြစ်ကြောင်း အသံ ‘သဒ္ဒါယတန’၊ နံသိစိတ်ဖြစ်ကြောင်း အနံ့ ‘ဂန္ဓာယတန’၊ လျက်သိစိတ်ဖြစ်ကြောင်းအရသာ ‘ရသာယတန’၊ ထိသိစိတ်ဖြစ်ကြောင်း အတွေ့ ‘ဖောဋ္ဌဗ္ဗာယတန’၊ မရေးခြစ်အပ်သော (ရေးခြစ်၍မရသော ဟင်းလင်း) သဘော ‘အာကာသဓာတ်’၊ ရေဟူသော သဘော ‘အာပေါဓာတ်’၊ ရုပ်၏ပေါ့ပါးမှု ‘ရူပဿ လဟုတာ’၊ ရုပ်၏ နူးညံ့မှု ‘ရူပဿ မုဒုတာ’၊ ရုပ်၏ အလုပ်၌ ခံ့မှု အမှုကိစ္စတို့၌ ပြီးမြောက်အောင် လိုက်လျောဆောင်ရွက်နိုင်မှု) ‘ရူပဿ ကမ္မညတာ’။ (နိပ္ဖန္န) ရုပ်၏ ဖြစ်စ ‘ရူပဿဥပစယ’။ (နိပ္ဖန္န) ရုပ်၏ ကြီးပွါးဆဲ အစဉ် ‘ရူပဿ သန္တတိ’၊ အလုတ်အလွေး ပြုအပ်သော အစာ ‘ကဗဠီကာရအာဟာရ’ ဟူသော ရုပ်သည်လည်း ရှိသေး၏။ ဤရုပ်အပေါင်းသည် ‘စိတ္တသမုဋ္ဌာန’ (စိတ္တဇ)ဟူသော ထိုရုပ်ပေတည်း။

စိတ်ကြောင့် မဖြစ်သော ‘န စိတ္တသမုဋ္ဌာန'ရုပ်

၆၆၇။ (၂) ‘န စိတ္တသမုဋ္ဌာန’ ဟူသော ထိုရုပ်သည်အဘယ်နည်း။ မြင်သိစိတ်ဖြစ်ရာ မျက်စိအကြည် ‘စက္ခာယတန’။ပ။ ထိသိစိတ်ဖြစ်ရာ ကိုယ်အကြည် ‘ကာယာယတန’၊ မိန်းမ (အမ) ဖြစ်ကြောင်း၌ အစိုးရမှု ‘ဣတ္ထိန္ဒြေ’၊ ယောက်ျား (အထီး အဖို) ဖြစ်ကြောင်း၌ အစိုးရမှု ‘ပုရိသိန္ဒြေ’၊ အသက်ရှည်ကြောင်း၌ အစိုးရမှု ‘ဇီဝိတိန္ဒြေ’၊ ရုပ်၏ အိုမှု (ရင့်ရော် ဆွေးမြည့်မှု) ‘ရူပဿ ဇရတာ’၊ ရုပ်၏ (ဖြစ်ပြီးသည့်နောက် တည်တံ့ မနေခြင်းကြောင့်) မမြဲမှု ‘ရူပဿအနိစ္စတာ’ သည် (ရှိ၏)။ ထို့ပြင် (ဆိုအပ်ခဲ့ပြီးသော ရုပ်တို့မှ) တစ်မျိုးတခြား ဖြစ်သော , စိတ်ကြောင့် မဖြစ်သော , စိတ်ဟူသော အကြောင်းမရှိသော, စိတ်ဟူသော ဖြစ်ကြောင်းမရှိသော မြင်သိစိတ်ဖြစ်ကြောင်း အဆင်း'ရူပါယတန’၊ ကြားသိစိတ်ဖြစ်ကြောင်း အသံ ‘သဒ္ဒါယတန’၊ နံသိစိတ်ဖြစ်ကြောင်း အနံ့ ‘ဂန္ဓာယတန’၊ လျက်သိစိတ်ဖြစ်ကြောင်း အရသာ ‘ရသာယတန’၊ ထိသိစိတ်ဖြစ်ကြောင်း အတွေ့ ‘ဖောဋ္ဌဗ္ဗာယတန’၊ မရေးခြစ်အပ်သော (ရေးခြစ်၍ မရသော ဟင်းလင်း) သဘော ‘အာကာသဓာတ်’၊ ရေဟူသော (ဖွဲ့စည်းမှု) သဘော ‘အာပေါဓာတ်’၊ ရုပ်၏ပေါ့ပါးမှု ‘ရူပဿ လဟုတာ’၊ ရုပ်၏ နူးညံ့မှု ‘ရူပဿ မုဒုတာ’၊ ရုပ်၏အလုပ်၌ ခံ့မှု (အမှုကိစ္စတို့၌ ပြီးမြောက်အောင် လိုက်လျောဆောင်ရွက်နိုင်မှု) ‘ရူပဿ ကမ္မညတာ’။ (နိပ္ဖန္န) ရုပ်၏ဖြစ်စ ‘ရူပဿ ဥပစယ’။ (နိပ္ဖန္န) ရုပ်၏ ကြီးပွါးဆဲအစဉ် ‘ရူပဿ သန္တတိ’၊ အလုတ်အလွေး ပြုအပ်သောအစာ ‘ကဗဠီကာရအာဟာရ’ ဟူသော ရုပ်သည်လည်း ရှိသေး၏။ ဤရုပ်အပေါင်းသည် ‘န စိတ္တသမုဋ္ဌာန’ ဟူသော ထိုရုပ်ပေတည်း။

--

စိတ်နှင့်အတူဖြစ် (အတူပျက်) သော ‘စိတ္တသဟဘု'ရုပ်

၆၆၈။ (၁) ‘စိတ္တသဟဘု’ (စိတ္တဇ)ဟူသော ထိုရုပ်သည် အဘယ်နည်း။ (မိမိအလိုဆန္ဒ ကို) ကိုယ်အမူအရာဖြင့် သိစေမှု ‘ကာယဝိညတ်’။ (မိမိအလိုဆန္ဒကို) နှုတ်မြွက်ခြင်းဖြင့် သိစေမှု ‘ဝစီ ဝိညတ်’ သည် (ရှိ၏)။ ဤရုပ်နှစ်ခုသည် ‘စိတ္တသဟဘု’ (စိတ္တဇ)ဟူသော ထိုရုပ်ပေတည်း (ဝိညတ်ရုပ် နှစ်ပါး)။

စိတ်နှင့်အတူမဖြစ်သော ‘န စိတ္တသဟဘု'ရုပ်

၆၆၉။ (၂) ‘န စိတ္တသဟဘု’ ဟူသော ထိုရုပ်သည်အဘယ်နည်း။ မြင်သိစိတ်ဖြစ်ရာ မျက်စိအကြည် ‘စက္ခာယတန’။ပ။ အလုတ်အလွေး ပြုအပ်သောအစာ ‘ကဗဠီကာရအာဟာရ’ သည် (ရှိ၏)။ ဤရုပ်အပေါင်း သည် ‘န စိတ္တသဟဘု’ ဟူသောထိုရုပ်ပေတည်း (ဝိညတ်ရုပ်နှစ်ပါးမှ တစ်ပါးအခြားသော ရုပ်များ)။

စိတ်သို့ အစဉ်လိုက်၍ ဖြစ်သော ‘စိတ္တာနုပရိဝတ္တိ'ရုပ်

၆၇၀။ (၁) စိတ်သို့အစဉ်လိုက်၍ ဖြစ်သော (စိတ်နှင့်ဖြစ်တူ၊ ပျက်တူ) ‘စိတ္တာနုပရိဝတ္တိ’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ (မိမိအလိုဆန္ဒကို) ကိုယ်အမူအရာဖြင့် သိစေမှု ‘ကာယဝိညတ်’။ (မိမိအလိုဆန္ဒ ကို) နှုတ်မြွက်ခြင်းဖြင့် သိစေမှု ‘ဝစီဝိညတ်’ သည် (ရှိ၏)။ ဤရုပ်နှစ်ပါးသည် စိတ်သို့ အစဉ်လိုက်၍ ဖြစ်သော (စိတ်နှင့် ဖြစ်တူ၊ ပျက်တူ) ‘စိတ္တာနုပရိဝတ္တိ’ ဟူသော ထိုရုပ်ပေတည်း (ဝိညတ္တိရုပ် နှစ်ပါး)။

စိတ်သို့ အစဉ်လိုက်၍ မဖြစ်သော ‘န စိတ္တာနုပရိဝတ္တိ'ရုပ်

၆၇၁။ (၂) စိတ်သို့ အစဉ်လိုက်၍မဖြစ်သော (စိတ်နှင့်ဖြစ်တူ ပျက်တူ မဟုတ်သော) ‘န စိတ္တာနုပရိဝတ္တိ’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ်ဖြစ်ရာ မျက်စိအကြည် ‘စက္ခာ ယတန’။ပ။ အလုတ်အလွေး ပြုအပ်သော အစာ ‘ကဗဠီကာရအာဟာရ’ သည် (ရှိ၏)။ ဤရုပ်အပေါင်း သည် စိတ်သို့ အစဉ်လိုက်၍ မဖြစ်သော (စိတ်နှင့်ဖြစ်တူ ပျက်တူ မဟုတ်သော) ‘န စိတ္တာနုပရိဝတ္တိ’ ဟူသော ထိုရုပ်ပေတည်း (ဝိညတ်ရုပ် နှစ်ပါးမှတစ်ပါးအခြားသောရုပ်များ)။

အတွင်းကျသော ‘အဇ္ဈတ္တိက'ရုပ်

၆၇၂။ (၁) ‘အဇ္ဈတ္တိက’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ်ဖြစ်ရာ မျက်စိအကြည် ‘စက္ခာယတန’။ပ။ ထိသိစိတ်ဖြစ်ရာ ကိုယ်အကြည် ‘ကာယာယတန’ သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် အဇ္ဈတ္တိကဟူသော ထိုရုပ်ပေတည်း (ပသာဒရုပ် ငါးပါး)။

ပြင်ပဖြစ်သော ‘ဗာဟိရ'ရုပ်

၆၇၃။ (၂) ‘ဗာဟိရ’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ်ဖြစ်ကြောင်းအဆင်း ‘ရူပါယတန’။ပ။ အလုတ်အလွေး ပြုအပ်သော အစာ ‘ကဗဠီကာရအာဟာရ’ သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် ဗာဟိရဟူသော ထိုရုပ်ပေတည်း (ပသာဒရုပ် ငါးပါးမှတစ်ပါး အခြားသော ရုပ်များ)။

ကြမ်းတမ်းသော ‘ဩဠာရိက'ရုပ်

၆၇၄။ (၁) ‘ဩဠာရိက’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ်ဖြစ်ရာ မျက်စိအကြည် ‘စက္ခာယတန’။ပ။ ထိသိစိတ်ဖြစ် ကြောင်း အတွေ့ ‘ဖောဋ္ဌဗ္ဗာယတန’ သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် ‘ဩဠာရိက’ ဟူသော ထိုရုပ်ပေ တည်း (သပ္ပဋိဃရုပ်၊ သန္တိကေရုပ်)။

--

သိမ်မွေ့သော ‘သုခုမ'ရုပ်

၆၇၅။ (၂) ‘သုခုမ’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ မိန်းမ (အမ) ဖြစ်ကြောင်း၌ အစိုးရမှု ‘ဣတ္ထိန္ဒြေ’။ပ။ အလုတ်အလွေး ပြုအပ်သော အစာ ‘ကဗဠီကာရအာဟာရ’ သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် ‘သုခုမ’ ဟူသော ထိုရုပ်ပေတည်း (ဒူရေရုပ်၊ အပ္ပဋိဃရုပ်)။

သိဖို့ဝေးသော ‘ဒူရေ'ရုပ်

၆၇၆။ (၁) ‘ဒူရေ’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ မိန်းမ (အမ) ဖြစ်ကြောင်း၌ အစိုးရမှု ‘ဣတ္ထိန္ဒြေ’။ပ။ အလုတ်အလွေး ပြုအပ်သော အစာ ‘ကဗဠီကာရအာဟာရ’ သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် ဝေးကွာသော (အသိခက်သော) ‘ဒူရေ’ ဟူသော ထိုရုပ်ပေတည်း (သုခုမရုပ်၊ အပ္ပဋိဃရုပ်)။

သိဖို့နီးသော ‘သန္တိကေ'ရုပ်

၆၇၇။ (၂) ‘သန္တိကေ’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ်ဖြစ်ရာမျက်စိအကြည် ‘စက္ခာယတန’။ပ။ ထိသိစိတ်ဖြစ်ကြောင်း အတွေ့ ‘ဖောဋ္ဌဗ္ဗာယတန’ သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် နီးကပ်သော (သိလွယ်သော) ‘သန္တိကေ’ ဟူသော ထို ရုပ်ပေတည်း။

စက္ခုသမ္ဖဿ ဿ ဝတ္ထုရုပ်

၆၇၈။ (၁) မြင်သိစိတ်နှင့် ယှဉ်သော တွေ့ထိမှု ‘ဖဿ'၏ မှီရာတည်ရာ ‘စက္ခုသမ္ဖဿဿ ဝတ္ထု’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ်ဖြစ်ရာ မျက်စိအကြည် ‘စက္ခာယတန’ သည် (ရှိ၏)။ ဤရုပ်သည် မြင်သိစိတ်နှင့် ယှဉ်သော တွေ့ထိမှု ‘ဖဿ'၏ မှီရာ တည်ရာ ‘စက္ခုသမ္ဖဿဿ ဝတ္ထု’ ဟူသော ထိုရုပ်ပေတည်း (စက္ခုပသာဒ)။

စက္ခုသမ္ဖဿဿ န ဝတ္ထုရုပ်

၆၇၉။ (၂) မြင်သိစိတ်နှင့် ယှဉ်သောတွေ့ထိမှု ‘ဖဿ'၏ မှီရာ တည်ရာမဟုတ်သော ‘စက္ခုသမ္ဖဿဿ န ဝတ္ထု’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ ကြားသိစိတ်ဖြစ်ရာနားအကြည် ‘သောတာယတန’။ပ။ အလုတ်အလွေး ပြုအပ်သော အစာ ‘ကဗဠီကာရ အာဟာရ’ သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် မြင်သိစိတ်နှင့် ယှဉ်သော တွေ့ထိမှု ‘ဖဿ'၏ မှီရာတည်ရာ မဟုတ်သော ‘စက္ခုသမ္ဖဿဿ န ဝတ္ထု’ ဟူသော ထိုရုပ်ပေတည်း (စက္ခုပသာဒရုပ်မှတစ်ပါး အခြားသော ရုပ်များ)။

စက္ခုသမ္ဖဿဇာဝေဒနာစသည်တို့၏မှီရာဝတ္ထုရုပ်များ

၆၈၀။ (၁) မြင်သိစိတ်နှင့် ယှဉ်သော တွေ့ထိမှု ‘ဖဿ'ကြောင့် ဖြစ်သော ခံစားမှု ‘ဝေဒနာ'၏။ပ။ မှတ်သားမှု ‘သညာ'၏။ပ။ စေ့ဆော်မှု (နှိုးဆော်မှု) ‘စေတနာ'၏။ပ။ မြင်သိစိတ် (စက္ခု ဝိညာဏ်) ၏ မှီရာ တည်ရာ ‘စက္ခုဝိညာဏဿ ဝတ္ထု’ ဟူသောထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ် ဖြစ်ရာ မျက်စိအကြည် ‘စက္ခာယတန’ သည် (ရှိ၏)။ ဤရုပ်သည်မြင်သိစိတ်၏ မှီရာ တည်ရာ ‘စက္ခု ဝိညာဏဿ ဝတ္ထု’ ဟူသော ထိုရုပ်ပေတည်း (စက္ခုပသာဒရုပ်)။

--

စက္ခုဝိညာဏဿ န ဝတ္ထုရုပ်

၆၈၁။ (၂) မြင်သိစိတ်၏ မှီရာတည်ရာ မဟုတ်သော ‘စက္ခုဝိညာဏဿ နဝတ္ထု’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ ကြားသိစိတ် ဖြစ်ရာ နားအကြည် ‘သောတာယတန’။ပ။ အလုတ်အလွေး ပြုအပ်သော အစာ ‘ကဗဠီကာရအာဟာရ’ သည် (ရှိ၏)။ ဤရုပ် အပေါင်းသည်မြင်သိစိတ်၏ မှီရာတည်ရာ မဟုတ်သော ‘စက္ခုဝိညာဏဿ န ဝတ္ထု’ ဟူသော ထိုရုပ်ပေ တည်း။

သောတသမ္ဖဿဿဝတ္ထုစသော ရုပ်များ

၆၈၂။ (၁) ကြားသိစိတ်နှင့် ယှဉ်သော တွေ့ထိမှု ‘သောတသမ္ဖဿ'၏။ပ။ နံသိစိတ်နှင့်ယှဉ်သော တွေ့ထိမှု ‘ဃာနသမ္ဖဿ'၏။ပ။ လျက်သိစိတ်နှင့် ယှဉ်သောတွေ့ထိမှု ‘ဇိဝှါသမ္ဖဿ’ ၏။ပ။ ထိသိစိတ်နှင့် ယှဉ် သော တွေ့တိမှု ‘ကာယသမ္ဖဿ'၏ မှီရာတည်ရာ ‘ဝတ္ထု’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ ထိသိ စိတ်ဖြစ်ရာ ကိုယ်အကြည် ‘ကာယာယတန’ သည့် (ရှိ၏)။ ဤရုပ်သည် ထိသိစိတ်နှင့် ယှဉ်သော တွေ့ထိမှု ‘ကာယသမ္ဖဿ'၏ မှီရာတည်ရာ ‘ဝတ္ထု’ ဟူသော ထိုရုပ်ပေတည်း။

ကာယသမ္ဖဿဿ န ဝတ္ထုရုပ်

၆၈၃။ (၂) ထိသိစိတ်နှင့်ယှဉ်သော တွေ့ထိမှု ‘ဖဿ'၏ မှီရာ တည်ရာမဟုတ်သော ‘ကာယသမ္ဖဿဿ န ဝတ္ထု’ ဟူသော ထိုရုပ် သည် အဘယ်နည်း။ မြင်သိစိတ်ဖြစ်ရာမျက်စိအကြည် ‘စက္ခာယတန’။ပ။ အလုတ်အလွေး ပြုအပ်သော အစာ ‘ကဗဠီကာရအာဟာရ’ သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် ထိသိစိတ်နှင့် ယှဉ်သော တွေ့ထိမှု ‘ဖဿ'၏ မှီရာ တည်ရာ မဟုတ်သော ‘ကာယသမ္ဖဿဿ န ဝတ္ထု’ ဟူသော ထိုရုပ်ပေတည်း။

ကာယသမ္ဖဿဇာဝေဒနာစသည်တို့၏ ဝတ္ထုရုပ်များ

၆၈၄။ (၁) ထိသိစိတ်နှင့်ယှဉ်သော တွေ့ထိမှု ‘ဖဿ'ကြောင့်ဖြစ်သော ခံစားမှု ‘ဝေဒနာ'၏။ပ။ မှတ်သားမှု ‘သညာ'၏။ပ။ စေ့ဆော်မှု (နှိုးဆော်မှု) ‘စေတနာ'၏။ပ။ ထိသိစိတ် (ကာယဝိညာဏ်) ၏ မှီရာတည်ရာ ‘ကာယဝိညာဏဿ ဝတ္ထု’ ဟူသောထိုရုပ်သည် အဘယ်နည်း။ ထိသိစိတ်ဖြစ်ရာ ကိုယ် အကြည် ‘ကာယာယတန’ သည် (ရှိ၏)။ ဤရုပ်သည်ထိသိစိတ် ‘ကာယဝိညာဏ်'၏ မှီရာတည်ရာ ‘ကာယ ဝိညာဏဿ ဝတ္ထု’ ဟူသော ထိုရုပ်ပေတည်း။

ကာယဝိညာဏဿ န ဝတ္ထုရုပ်

၆၈၅။ (၂) ထိသိစိတ် (ကာယဝိညာဏ်) ၏ မှီရာတည်ရာ မဟုတ်သော ‘ကာယဝိညာဏဿ န ဝတ္ထု’ ဟူသော ထိုရုပ်သည် အဘယ် နည်း။ မြင်သိစိတ်ဖြစ်ရာ မျက်စိအကြည် ‘စက္ခာယတန’။ပ။ အလုတ်အလွေး ပြုအပ်သော အစာ ‘ကဗဠီကာရအာဟာရ’ သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် ထိသိစိတ် (ကာယဝိညာဏ်) ၏ မှီရာတည်ရာ မဟုတ်သော ‘ကာယဝိညာဏဿ န ဝတ္ထု’ ဟူသော ထိုရုပ်ပေတည်း (ကာယပသာဒမှတစ်ပါး အခြားသော ရုပ်များ)။

--

စက္ခုသမ္ဖဿဿ အာရမ္မဏရုပ်

၆၈၆။ (၁) မြင်သိစိတ် (စက္ခုဝိညာဏ်) နှင့် ယှဉ်သော တွေ့ထိမှု ‘ဖဿ'၏ အာရုံ ‘စက္ခုသမ္ဖဿဿ အာရမ္မဏ’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ်ဖြစ်ကြောင်းအဆင်း ‘ရူပါယတန’ သည် (ရှိ၏)။ ဤရုပ်သည် မြင်သိစိတ် (စက္ခု ဝိညာဏ်) နှင့် ယှဉ်သော တွေ့ထိမှု ‘ဖဿ'၏အာရုံ ‘စက္ခုသမ္ဖဿဿ အာရမ္မဏ’ ဟူသော ထိုရုပ်ပေတည်း (ရူပါရုံ)။

စက္ခုသမ္ဖဿဿ န အာရမ္မဏရုပ်

၆၈၇။ (၂) မြင်သိစိတ် (စက္ခုဝိညာဏ်) နှင့်ယှဉ်သော တွေ့ထိမှု ‘ဖဿ'၏ အာရုံမဟုတ်သော ‘စက္ခုသမ္ဖဿဿ န အာရမ္မဏ’ ဟူ သော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ရာ မျက်စိအကြည် ‘စက္ခာယတန’။ပ။ အလုပ်အလွေး ပြုအပ်သော အစာ ‘ကဗဠီကာရအာဟာရ’ သည် (ရှိ၏)။ ဤရုပ် အပေါင်းသည် မြင်သိစိတ် (စက္ခုဝိညာဏ်) နှင့် ယှဉ်သောတွေ့ထိမှု ‘ဖဿ'၏ အာရုံမဟုတ်သော ‘စက္ခုသမ္ဖဿဿ န အာရမ္မဏ’ ဟူသော ထိုရုပ်ပေတည်း (ရူပါရုံမှတစ်ပါး အခြားသောရုပ်များ)

စက္ခုသမ္ဖဿဇာ ဝေဒနာစသည်တို့၏ အာရမ္မဏရုပ်များ

၆၈၈။ (၁) မြင်သိစိတ် (စက္ခုဝိညာဏ်) နှင့်ယှဉ်သော တွေ့ထိမှု ‘ဖဿ’ ကြောင့် ဖြစ်သော ခံစားမှု ‘ဝေဒနာ'၏။ပ။ မှတ်သားမှု ‘သညာ'၏။ပ။ စေ့ဆော်မှု (နှိုးဆော်မှု) ‘စေတနာ'၏။ပ။ မြင်သိစိတ် (စက္ခုဝိညာဏ်) ၏ အာရုံ ‘စက္ခုဝိညာဏဿအာရမ္မဏ’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ကြောင်း အဆင်း'ရူပါယတန’ သည် (ရှိ၏)။ ဤရုပ်သည် မြင်သိ စိတ် (စက္ခုဝိညာဏ်) ၏ အာရုံ ‘စက္ခုဝိညာဏဿအာရမ္မဏ’ ဟူသော ထိုရုပ်ပေတည်း (ရူပါရုံ)။

စက္ခုဝိညာဏဿ န အာရမ္မဏရုပ်

၆၈၉။ (၂) မြင်သိစိတ် (စက္ခုဝိညာဏ်) ၏ အာရုံမဟုတ်သော ‘စက္ခုဝိညာဏဿ န အာရမ္မဏ’ ဟူသော ထိုရုပ်သည် အဘယ် နည်း။ မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ရာမျက်စိအကြည် ‘စက္ခာယတန’။ပ။ အလုတ်အလွေး ပြုအပ်သော အစာ ‘ကဗဠီကာရအာဟာရ’ သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် မြင်သိစိတ် (စက္ခုဝိညာဏ်) ၏ အာရုံ မဟုတ်သော ‘စက္ခုဝိညာဏဿ နအာရမ္မဏ’ ဟူသော ထိုရုပ်ပေတည်း။

သောတသမ္ဖဿဿ အာရမ္မဏစသော ရုပ်များ

၆၉၀။ (၁) ကြားသိစိတ် (သောတဝိညာဏ်) နှင့် ယှဉ်သော တွေ့ထိမှု ‘ဖဿ'၏။ပ။ နံသိစိတ် (ဃာနဝိညာဏ်) နှင့် ယှဉ်သော တွေ့ထိမှု ‘ဖဿ'၏။ပ။ လျက်သိစိတ် (ဇိဝှါဝိညာဏ်) နှင့်ယှဉ်သော တွေ့ထိမှု ‘ဖဿ'၏။ပ။ ထိသိစိတ် (ကာယဝိညာဏ်) နှင့်ယှဉ်သော တွေ့ထိမှု ‘ဖဿ'၏ အာရုံ ‘ကာယသမ္ဖဿဿ အာရမ္မဏ’ ဟူသော ထိုရုပ်သည်အဘယ်နည်း။ ထိသိစိတ် (ကာယဝိညာဏ်) ဖြစ်ကြောင်း အတွေ့ ‘ဖောဋ္ဌဗ္ဗာယတန’ သည် (ရှိ၏)။ ဤရုပ်သည် ထိသိစိတ် (ကာယဝိညာဏ်) နှင့် ယှဉ်သော တွေ့ထိမှု ‘ဖဿ’ ၏ အာရုံ ‘ကာယသမ္ဖဿဿအာရမ္မဏ’ ဟူသော ထိုရုပ်ပေတည်း။

--

ကာယသမ္ဖဿဿ န အာရမ္မဏရုပ်

၆၉၁။ (၂) ထိသိစိတ် (ကာယဝိညာဏ်) နှင့် ယှဉ်သော တွေ့ထိမှု ‘ဖဿ'၏ အာရုံမဟုတ်သော ‘ကာယသမ္ဖဿဿ န အာရမ္မဏ’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ရာ မျက်စိအကြည် ‘စက္ခာယတန’။ပ။ အလုတ်အလွေးပြုအပ်သောအစာ ‘ကဗဠီကာရအာဟာရ’ သည် (ရှိ၏)။ ဤရုပ် အပေါင်းသည် ထိသိစိတ် (ကာယဝိညာဏ်) နှင့် ယှဉ်သော တွေ့ထိမှု ‘ဖဿ'၏ အာရုံမဟုတ်သော ‘ကာယ သမ္ဖဿဿ နအာရမ္မဏ’ ဟူသော ထိုရုပ်ပေတည်း (ဖောဋ္ဌဗ္ဗာရုံမှတစ်ပါး အခြားသော ရုပ်များ)။

ကာယသမ္ဖဿဇာ ဝေဒနာစသည်တို့၏ အာရမ္မဏရုပ်များ

၆၉၂။ (၁) ထိသိစိတ် (ကာယဝိညာဏ်) နှင့်ယှဉ်သော တွေ့ထိမှု ‘ဖဿ’ ကြောင့် ဖြစ်သော ခံစားမှု ‘ဝေဒနာ'၏။ပ။ မှတ်သားမှု ‘သညာ'၏။ပ။ စေ့ဆော်မှု (နှိုးဆော်မှု) ‘စေတနာ’ ၏။ပ။ ထိသိစိတ် (ကာယဝိညာဏ်) ၏ အာရုံ'ကာယဝိညာဏဿ အာရမ္မဏ’ ဟူသော ထိုရုပ်သည် အဘယ် နည်း။ ထိသိစိတ် (ကာယဝိညာဏ်) ဖြစ်ကြောင်း အတွေ့ ‘ဖောဋ္ဌဗ္ဗာယတန’ သည် (ရှိ၏)။ ဤရုပ်သည် ထိသိ စိတ် (ကာယဝိညာဏ်) ၏ အာရုံ ‘ကာယဝိညာဏဿ အာရမ္မဏ’ ဟူသော ထိုရုပ်ပေတည်း (ဖောဋ္ဌဗ္ဗာရုံ)။

ကာယဝိညာဏဿ န အာရမ္မဏရုပ်

၆၉၃။ (၂) ထိသိစိတ် (ကာယဝိညာဏ်) ၏ အာရုံမဟုတ်သော ‘ကာယဝိညာဏဿ န အာရမ္မဏ’ ဟူသော ထိုရုပ် သည် အဘယ်နည်း။ မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ရာ မျက်စိအကြည် ‘စက္ခာယတန’။ပ။ အလုတ် အလွေး ပြုအပ်သော အစာ ‘ကဗဠီကာရအာဟာရ’ သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် ထိသိစိတ် (ကာယ ဝိညာဏ်) ၏အာရုံမဟုတ်သော ‘ကာယဝိညာဏဿ န အာရမ္မဏ’ ဟူသော ထိုရုပ်ပေတည်း (ဖောဋ္ဌဗ္ဗာ ယတနမှတစ်ပါးအခြားသောရုပ်များ)။

မြင်သိစိတ်ဖြစ်ရာ မျက်စိအကြည် ‘စက္ခာယတန'ရုပ်

၆၉၄။ (၁) မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ရာမျက်စိအကြည် ‘စက္ခာယတန’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ အကြင် မျက်စိအကြည်သည်မဟာဘုတ်လေးပါးတို့ကို စွဲမှီ၍ ကြည်လင်၏။ပ။ ဤ ရုပ်သည် (စက္ခုဒွါရ၌ ဖြစ်သော စိတ် အများနှင့်ဆက်ဆံခြင်းရှိ၍ သီးခြားပိုင်ရှင် ကင်းမဲ့သဖြင့်) ဆိတ်သုဉ်း သော ရွာ ‘သုညဂါမ’ လည်း မည်၏။ ဤသို့သဘောရှိသော ရုပ်သည် မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ရာ မျက်စိအကြည် ‘စက္ခာယတန’ ဟူသောထိုရုပ်ပေတည်း (စက္ခုပသာဒ)။

န စက္ခာယတနရုပ်

၆၉၅။ (၂) ‘န စက္ခာယတန’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ ကြားသိစိတ် (သောတဝိညာဏ်) ဖြစ်ရာ နားအကြည် ‘သောတာယတန’။ပ။ အလုတ်အလွေး ပြုအပ်သောအစာ ‘ကဗဠီကာရအာဟာရ’ သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် ‘န စက္ခာ ယတန’ ဟူသော ထိုရုပ်ပေတည်း။

--

ကြားသိစိတ်ဖြစ်ရာနားအကြည်

၆၉၆။ (၁) ကြားသိစိတ် (သောတဝိညာဏ်) ဖြစ်ရာ နားအကြည် ‘သောတာယတန'စသည်ဟူသော ထိုရုပ်သည်။ပ။ နံသိစိတ် (ဃာနဝိညာဏ်) ဖြစ်ရာနှာခေါင်းအကြည် ‘ဃာနာယတန’ ဟူသော ထိုရုပ်သည်။ပ။ လျက်သိစိတ် (ဇိဝှါဝိညာဏ်) ဖြစ်ရာလျှာအကြည် ‘ဇိဝှါယတန’ ဟူသော ထိုရုပ်သည်။ပ။ ထိသိစိတ် (ကာယဝိညာဏ်) ဖြစ်ရာ ကိုယ်အကြည့်'ကာယာယတန’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ အကြင် ကိုယ်အကြည်သည်မဟာဘုတ်လေးပါးတို့ကို စွဲမှီ၍ ကြည်လင်၏။ပ။ ဤသို့ သဘောရှိသော ရုပ်သည် (ကာယဒွါရ၌ ဖြစ်သော စိတ် အများနှင့် ဆက်ဆံခြင်းရှိ၍ သီးခြားပိုင်ရှင် ကင်းမဲ့သဖြင့်) ဆိတ်သုဉ်းသော ရွာ ‘သုညဂါမ'လည်း မည်၏။ ဤသို့သဘောရှိသော ရုပ်သည် ထိသိစိတ် (ကာယဝိညာဏ်) ဖြစ်ရာကိုယ်အကြည် ‘ကာယာယတန’ ဟူသော ထိုရုပ်ပေတည်း။

န ကာယာယတနရုပ်

၆၉၇။ (၂) ‘န ကာယာယတန’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ရာ မျက်စိအကြည် ‘စက္ခာယတန’။ပ။ အလုတ် အလွေး ပြုအပ်သော အစာ ‘ကဗဠီကာရအာဟာရ’ သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် ‘န ကာယာယတန’ ဟူသော ထိုရုပ်ပေတည်း။

ရူပါယတနရုပ်

၆၉၈။ (၁) မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ကြောင်း အဆင်း ‘ရူပါယတန’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ မဟာဘုတ်လေးပါးတို့ကို စွဲမှီ၍ အဆင်းအရောင်ဟူသော အကြင်အဆင်း'ရူပါရုံ’။ပ။ ဤရုပ်သည် အဆင်းဟူသောသဘော ‘ရူပဓာတ်'လည်း မည်၏။ ဤသို့သဘောရှိသောရုပ်သည် ရူပါယတနဟူသော ထိုရုပ်ပေတည်း (ရူပါရုံ)။

န ရူပါယတနရုပ်

၆၉၉။ (၂) ‘န ရူပါယတန’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ရာ မျက်စိအကြည် ‘စက္ခာယတန’။ပ။ အလုတ်အလွေး ပြုအပ်သော အစာ ‘ကဗဠီကာရအာဟာရ’ သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် ‘န ရူပါယတန’ ဟူသော ထိုရုပ်ပေတည်း (ရူပါရုံမှတစ်ပါး အခြားသောရုပ်များ)။

သဒ္ဒါယတနရုပ်စသည်

၇၀၀။ (၁) ကြားသိစိတ် (သောတဝိညာဏ်) ဖြစ်ကြောင်း အသံ ‘သဒ္ဒါယတန’ ဟူသောထိုရုပ်သည်။ပ။ နံသိစိတ် (ဃာနဝိညာဏ်) ဖြစ်ကြောင်း အနံ့ ‘ဂန္ဓာ ယတန’ ဟူသောထိုရုပ်သည်။ပ။ လျက်သိစိတ် (ဇိဝှါဝိညာဏ်) ဖြစ်ကြောင်း အရသာ ‘ရသာယတန’ ဟူသော ထိုရုပ်သည်။ပ။ ထိသိစိတ် (ကာယဝိညာဏ်) ဖြစ်ကြောင်း အတွေ့ ‘ဖောဋ္ဌဗ္ဗာယတန’ ဟူသော ထို ရုပ်သည်အဘယ်နည်း။ မြေဟူသော (ခက်မာမှု) သဘော ‘ပထဝီဓာတ်’။ပ။ ဤရုပ်သည် အတွေ့ဟူသောသဘော ‘ဖောဋ္ဌဗ္ဗဓာတ်'လည်း မည်၏။ ဤသို့သဘောရှိသော ရုပ်သည် ထိသိစိတ် (ကာယဝိညာဏ်) ဖြစ်ကြောင်း အတွေ့ ‘ဖောဋ္ဌဗ္ဗာယတန’ ဟူသော ထိုရုပ်ပေတည်း (ဖောဋ္ဌဗ္ဗာရုံ)။

--

န ဖောဋ္ဌဗ္ဗာယတနရုပ်

၇၀၁။ (၂) ‘န ဖောဋ္ဌဗ္ဗာယတန’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ရာ မျက်စိအကြည် ‘စက္ခာယတန’။ပ။ အလုတ် အလွေး ပြုအပ်သောအစာ ‘ကဗဠီကာရအာဟာရ’ သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် ‘န ဖောဋ္ဌဗ္ဗာယတန’ ဟူသော ထိုရုပ်ပေတည်း (ဖောဋ္ဌဗ္ဗာရုံမှတစ်ပါး အခြား သောရုပ်များ)။

စက္ခုဓာတုရုပ်

၇၀၂။ (၁) မြင်မှုသဘော ‘စက္ခုဓာတု’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ရာ မျက်စိအကြည် ‘စက္ခာယတန’ သည် (ရှိ၏)။ ဤရုပ်သည် မြင်မှု သဘော ‘စက္ခုဓာတု’ ဟူသော ထိုရုပ်ပေတည်း (စက္ခုပသာဒရုပ်)။

န စက္ခုဓာတုရုပ်

၇၀၃။ (၂) ‘န စက္ခုဓာတု’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ ကြားသိစိတ် (သောတဝိညာဏ်) ဖြစ်ရာ နားအကြည် ‘သောတာယတန’။ပ။ အလုတ်အလွေး ပြုအပ်သော အစာ ‘ကဗဠီကာရ အာဟာရ’ သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် ‘န စက္ခုဓာတု’ ဟူသော ထို ရုပ်ပေတည်း (စက္ခုပသာဒရုပ်မှတစ်ပါး အခြားသော ရုပ်များ)။

သောတဓာတုရုပ်စသည်

၇၀၄။ (၁) ကြားမှုသဘော ‘သောတဓာတု’ ဟူသော ထိုရုပ်သည်။ပ။ နံမှုသဘော ‘ဃာနဓာတု’ ဟူသော ထိုရုပ်သည်။ပ။ လျက်မှုသဘော ‘ဇိဝှါဓာတု’ ဟူသော ထိုရုပ်သည်။ပ။ ထိမှုသဘော ‘ကာယဓာတု’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ ထိသိစိတ် (ကာယဝိညာဏ်) ဖြစ်ရာကိုယ်အကြည် ‘ကာယာယတန’ သည် (ရှိ၏)။ ဤရုပ်သည် ထိမှု သဘော ‘ကာယဓာတု’ ဟူသော ထိုရုပ်ပေ တည်း။

န ကာယဓာတုရုပ်

၇၀၅။ (၂) ‘န ကာယဓာတု’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ရာ မျက်စိအကြည် ‘စက္ခာယတန’။ပ။ အလုတ်အလွေး ပြုအပ်သော အစာ ‘ကဗဠီကာရအာဟာရ’ သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် ‘န ကာယဓာတု’ ဟူသော ထိုရုပ်ပေတည်း (ကာယပသာဒရုပ်မှတစ်ပါး အခြားသောရုပ်များ)။

ရူပဓာတုရုပ်

၇၀၆။ အဆင်းသဘော ‘ရူပဓာတု’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ကြောင်း အဆင်း ‘ရူပါယတန’ သည် (ရှိ၏)။ ဤရုပ်သည် အဆင်း သဘော ‘ရူပဓာတု’ ဟူသော ထိုရုပ်ပေတည်း (ရူပါရုံ)။

--

န ရူပဓာတုရုပ်

၇၀၇။ (၁) ‘န ရူပဓာတု’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ရာ မျက်စိအကြည် ‘စက္ခာယတန’။ပ။ အလုတ်အလွေး ပြုအပ်သော အစာ ‘ကဗဠီကာရအာဟာရ’ သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် ‘န ရူပဓာတု’ ဟူသော ထို ရုပ်ပေတည်း (ရူပါရုံမှ တစ်ပါး အခြားသောရုပ်များ)။

သဒ္ဒဓာတုရုပ်စသည်

၇၀၈။ (၁) အသံသဘော ‘သဒ္ဒဓာတု’ ဟူသော ထိုရုပ်သည်။ပ။ အနံ့သဘော ‘ဂန္ဓဓာတု’ ဟူသော ထိုရုပ်သည်။ပ။ အရသာသဘော ‘ရသဓာတု’ ဟူသော ထိုရုပ်သည်။ပ။ အတွေ့သဘော ‘ဖောဋ္ဌဗ္ဗဓာတု’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ ထိသိစိတ် (ကာယ ဝိညာဏ်) ဖြစ်ကြောင်း အတွေ့ ‘ဖောဋ္ဌဗ္ဗာယတန’ သည် (ရှိ၏)။ ဤရုပ်သည် အတွေ့သဘော ‘ဖောဋ္ဌဗ္ဗဓာတု’ ဟူသော ထိုရုပ်ပေတည်း။

န ဖောဋ္ဌဗ္ဗဓာတုရုပ်

၇၀၉။ (၂) ‘န ဖောဋ္ဌဗ္ဗဓာတု’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ရာ မျက်စိအကြည် ‘စက္ခာယတန’။ပ။ အလုတ်အလွေး ပြုအပ်သော အစာ ‘ကဗဠီကာရအာဟာရ’ သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် ‘န ဖောဋ္ဌဗ္ဗဓာတု’ ဟူသော ထိုရုပ်ပေတည်း။

စက္ခုန္ဒြိယရုပ်

၇၁၀။ (၁) မြင်မှု၌ အစိုးရသော မျက်စိအကြည် ‘စက္ခုန္ဒြိယ’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ အကြင် မျက်စိအကြည်သည် မဟာဘုတ်လေးပါးတို့ကို စွဲမှီ၍ ကြည်လင်၏။ပ။ ဤရုပ်သည် (စက္ခုဒွါရ၌ ဖြစ်သော စိတ် အများနှင့် ဆက်ဆံခြင်းရှိ၍ သီးခြားပိုင်ရှင် ကင်းမဲ့သဖြင့်) ဆိတ်သုဉ်းသော ရွာ ‘သုညဂါမ'လည်း မည်၏။ ဤသို့သဘောရှိသော ရုပ်သည် မြင်မှု၌ အစိုးရသော မျက်စိအကြည် ‘စက္ခုန္ဒြိယ’ ဟူသော ထိုရုပ်ပေတည်း (စက္ခုပသာဒရုပ်)။

န စက္ခုန္ဒြိယရုပ်

၇၁၁။ (၂) ‘န စက္ခုန္ဒြိယရုပ်’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ ကြားသိစိတ် (သောတဝိညာဏ်) ဖြစ်ရာ နားအကြည် ‘သောတာယတန’။ပ။ အလုတ်အလွေး ပြုအပ်သော အစာ ‘ကဗဠီကာရအာဟာရ’ သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် ‘န စက္ခုန္ဒြိယ’ ဟူသော ထို ရုပ်ပေတည်း။

သောတိန္ဒြိယရုပ်စသည်

၇၁၂။ (၁) ကြားမှု၌ အစိုးရသော နားအကြည် ‘သောတိန္ဒြိယ’ ဟူသော ထိုရုပ်သည်။ပ။ နံမှု၌ အစိုးရသော နှာခေါင်းအကြည် ‘ဃာနိန္ဒြိယ’ ဟူသော ထိုရုပ်သည်။ပ။ လျက်မှု၌ အစိုးရသော လျှာအကြည် ‘ဇိဝှိန္ဒြိယ’ ဟူသော ထိုရုပ်သည်။ပ။ ထိမှု၌ အစိုးရသော ကိုယ်အကြည် ‘ကာယိန္ဒြိယ’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ အကြင် ကိုယ်အကြည်သည် မဟာဘုတ်လေးပါးတို့ကိုစွဲမှီ၍ ကြည်လင်၏။ပ။ ဤရုပ်သည် (ကာယဒွါရ၌ ဖြစ်သော စိတ် အများနှင့် ဆက်ဆံခြင်းရှိ၍သီးခြားပိုင်ရှင် ကင်းမဲ့သဖြင့်) ဆိတ်သုဉ်းသော ရွာ ‘သုညဂါမ'လည်း မည်၏။ ဤသို့ သဘောရှိသောရုပ်သည် ထိမှု၌ အစိုးရသော ကိုယ်အကြည် ‘ကာယိန္ဒြိယ’ ဟူသော ထိုရုပ်ပေတည်း (ကာယပသာဒ)။

--

န ကာယိန္ဒြိယရုပ်

၇၁၃။ (၂) ‘န ကာယိန္ဒြိယ’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ရာ မျက်စိအကြည် ‘စက္ခာယတန’။ပ။ အလုတ်အလွေး ပြုအပ်သော အစာ ‘ကဗဠီကာရအာဟာရ’ သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် ‘န ကာယိန္ဒြိယ’ ဟူသော ထိုရုပ်ပေတည်း။

ဣတ္ထိန္ဒြိယရုပ်

၇၁၄။ (၁) မိန်းမ (အမ) ဖြစ်ကြောင်း၌ အစိုးရမှု ‘ဣတ္ထိန္ဒြိယ’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ မိန်းမ၏ အကြင် (အရပ်အမောင်း လက်ခြေစသော) မိန်းမပုံ သဏ္ဌာန်။ (မိန်းမဟု သိကြောင်း) မိန်းမ၏အမှတ်အသား၊ မိန်းမအမူအရာ၊ မိန်းမ၏ (သွားပုံ, လာပုံ စသော) အသွင်အပြင်၊ မိန်းမ၏အဖြစ်၊ မိန်းမ၏သဘောသည် (ရှိ၏)။ ဤရုပ်သဘောရှိသော ရုပ်သည် မိန်းမ (အမ) ဖြစ်ကြောင်း၌ အစိုးရမှု ‘ဣတ္ထိန္ဒြိယ’ ဟူသော ထိုရုပ်ပေတည်း (ဣတ္ထိဘာဝရုပ်)။

န ဣတ္ထိန္ဒြိယရုပ်

၇၁၅။ (၂) ‘န ဣတ္ထိန္ဒြိယ’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ရာ မျက်စိအကြည် ‘စက္ခာယတန’။ပ။ အလုတ်အလွေး ပြုအပ်သော အစာ ‘ကဗဠီကာရအာဟာရ’ သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် ‘န ဣတ္ထိန္ဒြိယ’ ဟူသော ထိုရုပ်ပေတည်း (ဣတ္ထိဘာဝရုပ်မှတစ်ပါး အခြားသောရုပ်များ)။

ပုရိသိန္ဒြိယရုပ်

၇၁၆။ (၁) ယောက်ျား (အထီး အဖို) ဖြစ်ကြောင်း၌ အစိုးရမှု ‘ပုရိသိန္ဒြိယ’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ ယောက်ျား၏ အကြင် (အရပ်အမောင်း လက်ခြေ စသော) ယောက်ျားပုံသဏ္ဌာန်။ (ယောက်ျားဟု သိကြောင်း) ယောက်ျား၏ အမှတ်အသား၊ ယောက်ျား အမူအရာ၊ ယောက်ျား၏ (သွားပုံ လာပုံစသော) အသွင်အပြင်၊ ယောက်ျား၏အဖြစ်၊ ယောက်ျား၏ သဘော သည် (ရှိ၏)။ ဤသို့သဘောရှိသော ရုပ်သည် ‘ပုရိသိန္ဒြိယ’ ဟူသော ထိုရုပ်ပေတည်း (ပုမ္ဘာဝရုပ်)။

န ပုရိသိန္ဒြိယရုပ်

၇၁၇။ (၂) ‘န ပုရိသိန္ဒြိယ’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ရာ မျက်စိအကြည် ‘စက္ခာယတန’။ပ။ အလုတ်အလွေး ပြုအပ်သော အစာ ‘ကဗဠီကာရအာဟာရ’ သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် ‘န ပုရိသိန္ဒြိယ’ ဟူသော ထိုရုပ်ပေတည်း (ပုမ္ဘာဘာဝရုပ်မှတစ်ပါး အခြားသောရုပ်များ)။

ဇီဝိတိန္ဒြိယရုပ်

၇၁၈။ (၁) အသက်ရှည်ကြောင်း၌ အစိုးရမှု ‘ဇီဝိတိန္ဒြေ’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ ထိုဖောက်ပြန်ခြင်းသဘောရှိသော (ရုပ်) တရားတို့၏ အကြင်အသက်၊ တည်ကြောင်း သဘော။ (တည်တံ့စွာ) ဖြစ်နေခြင်းသဘော။ (တည်တံ့စွာ) ဖြစ်နေစေခြင်းသဘော။ (တိုးပွား ၍) ဖြစ်မှုသဘော။ (ဆက်လက်၍) ဖြစ်ကြောင်း သဘော၊ စောင့်ရှောက်ခြင်းသဘော၊ အသက်ရှည်ကြောင်း သဘော၊ အသက်ရှည်ကြောင်း၌ အစိုးရမှု ‘ဇီဝိတိန္ဒြေ’ သည် (ရှိ၏)။ ဤသို့သဘောရှိသော ရုပ်သည်အသက်ရှည်ကြောင်း၌ အစိုးရမှု ‘ဇီဝိတိန္ဒြိယ’ ဟူသော ထိုရုပ်ပေတည်း (ဇီဝိတိန္ဒြေ)။

--

န ဇီဝိတိန္ဒြိယရုပ်

၇၁၉။ (၂) ‘န ဇီဝိတိန္ဒြိယ’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ရာ မျက်စိအကြည် ‘စက္ခာယတန’။ပ။ အလုတ်အလွေး ပြုအပ်သော အစာ ‘ကဗဠီကာရအာဟာရ’ သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် ‘န ဇီဝိတိန္ဒြိယ’ ဟူသော ထို ရုပ်ပေတည်း (ဇီဝိတိန္ဒြေမှတစ်ပါး အခြားသောရုပ်များ)။

ကာယဝိညတ်ရုပ်

၇၂၀။ (၁) (မိမိအလိုဆန္ဒကို) ကိုယ်အမူအရာဖြင့် သိစေမှု ‘ကာယဝိညတ်’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ ကုသိုယ်စိတ်ကြောင့်ဖြစ်စေ၊ အကုသိုလ်စိတ် ကြောင့်ဖြစ်စေ၊ ကုသိုလ် အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သော ‘အဗျာကတ'စိတ်ကြောင့်ဖြစ်စေ၊ ရှေ့သို့တက်သူအားလည်းကောင်း၊ နောက်သို့ ဆုတ်သူအားလည်းကောင်း၊ တူရူကြည့်သူအားလည်းကောင်း၊ တစောင်းကြည့်သူအားလည်းကောင်း၊ ကွေးသူအားလည်းကောင်း၊ ဆန့်တန်းသူအားလည်းကောင်း (ဖြစ်ပေါ်လာသော) ကိုယ်၏ အကြင်ခိုင်မာမှု၊ ကောင်းစွာ ခိုင်မာမှု၊ ကောင်းစွာ ခိုင်မာသည်၏အဖြစ် (ကောင်းစွာခိုင်မာခြင်း)၊ သိစေခြင်းသဘော၊ သိစေပုံ အခြင်းအရာ၊ သိစေတတ်သည်၏ အဖြစ်သည် (ရှိ၏)။ ဤသို့သဘောရှိသော ရုပ်သည် (မိမိအလိုဆန္ဒကို) ကိုယ်အမူအရာဖြင့် သိစေမှု ‘ကာယဝိညတ်’ ဟူသော ထိုရုပ်ပေတည်း။

န ကာယဝိညတ္တိရုပ်

၇၂၁။ (၂) ‘န ကာယဝိညတ္တိ’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ရာ မျက်စိအကြည် ‘စက္ခာယတန’။ပ။ အလုတ် အလွေး ပြုအပ်သော အစာ ‘ကဗဠီကာရအာဟာရ’ သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် ‘န ကာယဝိညတ္တိ’ ဟူသော ထိုရုပ်ပေတည်း။

ဝစီဝိညတ်ရုပ်

၇၂၂။ (၁) (မိမိအလိုဆန္ဒကို) နှုတ်မြွက်ခြင်းဖြင့် သိစေမှု ‘ဝစီဝိညတ်’ ဟူသော ထိုရုပ်သည်အဘယ်နည်း။ ကုသိုလ်စိတ်ကြောင့်ဖြစ်စေ၊ အကုသိုလ်စိတ်ကြောင့်ဖြစ်စေ၊ ကုသိုလ် အကုသိုလ်အဖြစ်ဖြင့်မဟောအပ်သော ‘အဗျာကတ'စိတ်ကြောင့်ဖြစ်စေ အကြင်စကား၊ မြွက်ဆိုမှု၊ စကားအစီအစဉ်၊ ပြောဆိုမှု၊ ကြွေးကြော်ခြင်း၊ ကြွေးကြော်မှု၊ စကားတည်းဟူသော နှုတ်မြွက်မှုသည် (ရှိ၏)၊ ဤနှုတ်မြွက်မှုစသည်ကိုစကား ‘ဝါစာ’ ဟု ဆိုအပ်၏၊ ထိုစကားဖြင့် အကြင် သိစေခြင်းသဘော၊ သိစေပုံအခြင်းအရာ၊ သိစေတတ်သည်၏ အဖြစ်သည် (ရှိ၏)။ ဤသို့သဘောရှိသော ရုပ်သည် (မိမိအလို ဆန္ဒကို) နှုတ်မြွက်ခြင်းဖြင့် သိစေမှု ‘ဝစီဝိညတ်’ ဟူသော ထိုရုပ်ပေတည်း။ (၆၃၆, ၈၅၀)

န ဝစီဝိညတ္တိရုပ်

၇၂၃။ (၂) ဝစီဝိညတ်မဟုတ်သော ‘န ဝစီဝိညတ္တိ’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ်ဖြစ်ရာ မျက်စိအကြည် ‘စက္ခာယတန’။ပ။ အလုတ်အလွေး ပြုအပ်သော အစာ ‘ကဗဠီကာရအာဟာရ’ သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် (မိမိအလိုဆန္ဒကို) နှုတ်မြွက် ခြင်းဖြင့်သိစေမှုမဟုတ်သော ‘န ဝစီဝိညတ္တိ’ ဟူသော ထိုရုပ်ပေတည်း (ဝစီဝိညတ္တိရုပ်မှတစ်ပါး အခြား သောရုပ်များ)။

--

အာကာသဓာတုရုပ်

၇၂၄။ (၁) မရေးခြစ်အပ်သော (ရေးခြစ်၍ မရသော ဟင်းလင်း) သဘော ‘အာကာသဓာတု’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ အကြင် မရေးခြစ်အပ်သော (ရေးခြစ်၍ မရသောကောင်းကင် ဟင်းလင်း) သဘော၊ မရေးခြစ်အပ်သော (ရေးခြစ်၍ မရသော ကောင်းကင် ဟင်းလင်း) သဘောဟူ၍ ဖြစ်ခြင်း၊ မထိခိုက်အပ်သော (ထိကိုင်၍ မရသော ကောင်းကင် ဟင်းလင်း) သဘော၊ မထိခိုက် အပ်သော (ထိကိုင်၍ မရသော ကောင်းကင် ဟင်းလင်း) သဘောဟူ၍ ဖြစ်ခြင်း။ (ဟင်းလင်း) အပေါက်။ (ဟင်းလင်း) အပေါက်ဟူ၍ ဖြစ်ခြင်း၊ မဟာဘုတ်လေးပါးတို့ မတွေ့ မထိအပ်သောသဘောသည် (ရှိ၏)။ ဤသို့ သဘောရှိသော ရုပ်သည် မရေးခြစ်အပ်သော (ရေးခြစ်၍ မရသောဟင်းလင်း) သဘော ‘အာကာသဓာတု’ ဟူသော ထိုရုပ်ပေတည်း။ (၆၃၇,၈၅၃)

န အာကာသဓာတုရုပ်

၇၂၅။ (၂) အာကာသဓာတု မဟုတ်သော ‘န အာကာသဓာတု’ ဟူသော ထိုရုပ်သည်အဘယ်နည်း။ မြင်သိစိတ်ဖြစ်ရာ မျက်စိအကြည် ‘စက္ခာယတန’။ပ။ အလုတ်အလွေး ပြုအပ်သောအစာ ‘ကဗဠီကာရအာဟာရ’ သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် အာကာသ ဓာတု မဟုတ်သော ‘န အာကာသဓာတု’ ဟူသော ထိုရုပ်ပေတည်း (အာကာသဓာတုရုပ်မှတစ်ပါး အခြား သော ရုပ်များ)။

အာပေါဓာတုရုပ်

၇၂၆။ (၁) ရေဟူသော (ဖွဲ့စည်းမှု) သဘော ‘အာပေါဓာတု’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ အကြင် ရေ၊ ‘ရေ’ ဟူ၍ ဖြစ်ခြင်း (အရည်)၊ အစေး၊ အစေးဟူ၍ ဖြစ်ခြင်း၊ ရုပ်ကိုဖွဲ့စည်းခြင်းသဘောသည် (ရှိ၏)။ ဤသို့သဘောရှိသောရုပ်သည် ‘ရေ’ ဟူသော (ဖွဲ့စည်း မှု) သဘော ‘အာပေါဓာတု’ ဟူသော ထိုရုပ်ပေတည်း။ (၆၅၁,၈၅၆)

န အာပေါဓာတုရုပ်

၇၂၇။ (၂) အာပေါဓာတုမဟုတ်သော ‘န အာပေါဓာတု’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ်ဖြစ်ရာ မျက်စိအကြည် ‘စက္ခာယတန’။ပ။ အလုတ် အလွေး ပြုအပ်သောအစာ ‘ကဗဠီကာရအာဟာရ’ သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် အာပေါဓာတု မဟုတ်သော ‘န အာပေါဓာတု’ ဟူသော ထိုရုပ်ပေတည်း (အာပေါဓာတု ရုပ်မှတစ်ပါး အခြားသောရုပ်များ)။

ရူပဿ လဟုတာရုပ်

၇၂၈။ (၁) (နိပ္ဖန္န) ရုပ်၏ ပေါ့ပါးမှု ‘ရူပဿ လဟုတာ’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ (နိပ္ဖန္န) ရုပ်၏ အကြင် လျင်မြန် ပေါ့ပါးမှု။ (နိပ္ဖန္န) ရုပ်၏ ပေါ့ပါး စွာ ပြောင်းလဲနိုင်မှု (လျင်စွာဖြစ်မှု)၊ မနုန့်နှေး မလေးလံ (မနှေးကန်) သည်၏အဖြစ်၊ မခိုင်မာမှု (မတုန်မလှုပ်ခြင်းကင်းမှု) သည် (ရှိ၏)။ ဤသို့သဘောရှိသော ရုပ်သည် (နိပ္ဖန္န) ရုပ်၏ ပေါ့ပါးမှု ‘ရူပဿ့လဟုတာ’ ဟူသော ထိုရုပ်ပေတည်း။ (၆၃၈)

--

ရူပဿ န လဟုတာရုပ်

၇၂၉။ (၂) ရူပဿလဟုတာ မဟုတ်သော ‘ရူပဿ န လဟုတာ’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ်ဖြစ်ရာ မျက်စိအကြည် ‘စက္ခာယတန’။ပ။ အလုတ်အလွေးပြုအပ်သော အစာ ‘ကဗဠီကာရအာဟာရ’ သည် (ရှိ၏)။ ဤရုပ် အပေါင်းသည် ရူပဿ လဟုတာမဟုတ်သော ‘ရူပဿ န လဟုတာ’ ဟူသော ထိုရုပ်ပေတည်း (ရူပဿ လဟုတာရုပ်မှတစ်ပါး အခြားသောရုပ်များ)။

ရူပဿ မုဒုတာရုပ်

၇၃၀။ (၁) (နိပ္ဖန္န) ရုပ်၏ နူးညံ့မှု ‘ရူပဿ မုဒုတာ’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ (နိပ္ဖန္န) ရုပ်၏ အကြင် နူးညံ့မှု၊ ပျော့ပျောင်းပြေပြစ်မှု၊ မကြမ်းတမ်းမှု၊ မခက်မာမှုသည် (ရှိ၏)။ ဤသို့ သဘောရှိသော ရုပ်သည် (နိပ္ဖန္န) ရုပ်၏ နူးညံ့မှု ‘ရူပဿ မုဒုတာ’ ဟူသော ထိုရုပ်ပေတည်း။ (၆၃၄, ၈၆၂)

ရူပဿ န မုဒုတာရုပ်

၇၃၁။ (၂) ရူပဿမုဒုတာ မဟုတ်သော ‘ရူပဿ န မုဒုတာ’ ဟူသော ထိုရုပ်သည်အဘယ်နည်း။ မြင်သိစိတ်ဖြစ်ရာ မျက်စိအကြည် ‘စက္ခာယတန’။ပ။ အလုတ်အလွေး ပြုအပ်သောအစာ ‘ကဗဠီကာရအာဟာရ’ သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် ရူပဿ မုဒုတာ မဟုတ်သော ‘ရူပဿ န မုဒုတာ’ ဟူသော ထိုရုပ်ပေတည်း (ရူပဿ မုဒုတာရုပ်မှတစ်ပါး အခြား သောရုပ်များ)။

ရူပဿ ကမ္မညတာရုပ်

၇၃၂။ (၁) (နိပ္ဖန္န) ရုပ်၏ အလုပ်၌ ခံ့မှု (အမှုကိစ္စတို့၌ ပြီးမြောက်အောင် လိုက်လျောဆောင်ရွက်နိုင်မှု) ‘ရူပဿ ကမ္မညတာ’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ (နိပ္ဖန္န) ရုပ်၏အကြင်အလုပ်၌ ခံ့မှု၊ အလုပ်၌ ခံ့ကြောင်းသဘော၊ အလုပ်၌ ခံ့သည်၏ အဖြစ်သည် (ရှိ၏)။ ဤသို့သဘောရှိသော ရုပ်သည် (နိပ္ဖန္န) ရုပ်၏ အလုပ်၌ ခံ့မှု (အမှုကိစ္စတို့၌ ပြီး မြောက်အောင်လိုက်လျောဆောင်ရွက်နိုင်မှု) ‘ရူပဿ ကမ္မညတာ’ ဟူသော ထိုရုပ်ပေတည်း။ (၆၄၀, ၈၆၅)

ရူပဿ န ကမ္မညတာရုပ်

၇၃၃။ (၂) ရူပဿ ကမ္မညတာ မဟုတ်သော ‘ရူပဿ န ကမ္မညတာ’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ်ဖြစ်ရာ မျက်စိ အကြည် ‘စက္ခာယတန’။ပ။ အလုတ်အလွေး ပြုအပ်သော အစာ ‘ကဗဠီကာရအာဟာရ’ သည် (ရှိ၏)။ ဤ ရုပ်အပေါင်းသည်ရူပဿကမ္မညတာ မဟုတ်သော ‘ရူပဿ န ကမ္မညတာ’ ဟူသော ထိုရုပ်ပေတည်း (ရူပဿကမ္မညတာရုပ်မှတစ်ပါး အခြားသော ရုပ်များ)။

ရူပဿ ဥပစယရုပ်

၇၃၄။ (၁) (နိပ္ဖန္န) ရုပ်၏ ဖြစ်ပေါ်လာစ ‘ရူပဿ ဥပစယ’ ဟူသော ထိုရုပ်သည်အဘယ်နည်း။ ရုပ် ‘အာယတန'တို့၏ အကြင် (ဦးစွာအစ) ဖြစ်ပေါ် လာစသည် (ရှိ၏)၊ ထိုရုပ်အာယတနတို့၏ (ဦးစွာအစ) ဖြစ်ပေါ်လာစသည် ရုပ်၏ဖြစ်ပေါ်လာစ ‘ရူပဿ ဥပစယ’မည်၏။ ဤသို့သဘောရှိသော ရုပ်သည် (နိပ္ဖန္န) ရုပ်၏ ဖြစ်ပေါ်လာစ ‘ရူပဿ ဥပစယ’ ဟူသော ထိုရုပ်ပေတည်း။ (၆၄၁, ၈၆၈)

--

ရူပဿ န ဥပစယရုပ်

၇၃၅။ (၂) ရူပဿ ဥပစယ မဟုတ်သော ‘ရူပဿ န ဥပစယ’ ဟူသော ထိုရုပ်သည်အဘယ်နည်း။ မြင်သိစိတ်ဖြစ်ရာ မျက်စိအကြည် ‘စက္ခာယတန’။ပ။ အလုတ်အလွေး ပြုအပ်သောအစာ ‘ကဗဠီကာရအာဟာရ’ သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် ရူပဿ ဥပစယ မဟုတ်သော ‘ရူပဿ န ဥပစယ’ ဟူသော ထိုရုပ်ပေတည်း။

ရူပဿ သန္တတိရုပ်

၇၃၆။ (၁) (နိပ္ဖန္န) ရုပ်၏ ကြီးပွါးဆဲအစဉ် ‘ရူပဿ သန္တတိ’ ဟူသော ထိုရုပ်သည်အဘယ်နည်း။ (နိပ္ဖန္န) ရုပ်၏ အကြင် ကြီးပွါးဆဲအစဉ် (ဆက်လက် ဖြစ်နေဆဲ) သည် (ရှိ၏)၊ ထိုရုပ်၏ကြီးပွါးဆဲအစဉ်သည် ‘ရူပဿ သန္တတိ’မည်၏။ ဤသို့သဘောရှိသော ရုပ်သည် (နိပ္ဖန္န) ရုပ်၏ကြီးပွါးဆဲအစဉ် ‘ရူပဿ သန္တတိ’ ဟူသော ထိုရုပ်ပေတည်း။ (၆၄၂,၈၇၁)

ရူပဿ န သန္တတိရုပ်

၇၃၇။ (၂) ရူပဿ သန္တတိ မဟုတ်သော ‘ရူပဿ န သန္တတိ’ ဟူသော ထိုရုပ်သည်အဘယ်နည်း။ မြင်သိစိတ်ဖြစ်ရာ မျက်စိအကြည် ‘စက္ခာယတန’။ပ။ အလုတ်အလွေး ပြုအပ်သောအစာ ‘ကဗဠီကာရအာဟာရ’ သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် ရူပဿ သန္တတိ မဟုတ်သော ‘ရူပဿ န သန္တတိ ‘ဟူသော ထိုရုပ်ပေတည်း။

ရူပဿ ဇရတာရုပ်

၇၃၈။ (၁) (နိပ္ဖန္န) ရုပ်၏ အိုမှု (ရင့်ရော်ဆွေးမြည့်မှု) ‘ရူပဿ ဇရတာ’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ (နိပ္ဖန္န) ရုပ်၏ အကြင် လျော့ပါးခြင်း (အိုမင်း ယုတ်လျော့ခြင်း)၊ ရင့်ရော်ဆွေးမြည့်ကြောင်း၊ သွားကျိုးကြောင်း၊ ဆံဖြူကြောင်း၊ အရေတွန့်ကြောင်း၊ အသက်၏ဆုတ်ယုတ်ကြောင်း။ (စက္ခုန္ဒြေစသော မိမိဆိုင်ရာ ကိစ္စ၌) အစိုးရမှုရုပ် ‘ဣန္ဒြေ'တို့၏ ရင့်ရော်ပျက်ပြားကြောင်းသည် (ရှိ၏)။ ဤသို့သဘောရှိသော ရုပ်သည် (နိပ္ဖန္န) ရုပ်၏ အိုမှု (ရင့်ရော် ဆွေးမြည့်မှု) ‘ရူပဿ ဇရတာ’ ဟူသော ထိုရုပ်ပေတည်း။ (၆၄၃,၈၇၄)

ရူပဿ န ဇရတာရုပ်

၇၃၉။ (၂) ရူပဿ ဇရတာ မဟုတ်သော ‘ရူပဿ န ဇရတာ’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ်ဖြစ်ရာ မျက်စိအကြည် ‘စက္ခာ ယတန’။ပ။ အလုတ်အလွေးပြုအပ်သော အစာ ‘ကဗဠီကာရအာဟာရ’ သည် (ရှိ၏)။ ဤရုပ်အပေါင်း သည် ရူပဿဇရတာမဟုတ်သော ‘ရူပဿ န ဇရတာ’ ဟူသော ထိုရုပ်ပေတည်း။

ရူပဿ အနိစ္စတာရုပ်

၇၄၀။ (၁) (နိပ္ဖန္န) ရုပ်၏ (ဖြစ်ပြီးသည့်နောက် တည်တံ့မနေခြင်းကြောင့်) မမြဲမှု ‘ရူပဿ အနိစ္စတာ’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ ရုပ်၏ အကြင်ကုန်ဆုံးမှု၊ ပျက်မှု၊ ကွဲမှု၊ ထက်ဝန်းကျင်ကွဲမှု (အားလုံးပျက်ပြိုကွဲမှု)၊ မမြဲမှု၊ ကွယ်ပျောက်မှုသည် (ရှိ၏)။ ဤသို့သဘောရှိသောရုပ်သည် (နိပ္ဖန္န) ရုပ်၏ (ဖြစ်ပြီးသည့်နောက် တည်တံ့ မနေခြင်းကြောင့်) မမြဲမှု ‘ရူပဿအနိစ္စတာ’ ဟူသော ထိုရုပ်ပေတည်း။ (၆၄၄,၈၇၇)

--

ရူပဿ န အနိစ္စတာရုပ်

၇၄၁။ (၂) ရူပဿ အနိစ္စတာ မဟုတ်သော ‘ရူပဿ န အနိစ္စတာ’ ဟူသောထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ်ဖြစ်ရာ မျက်စိအကြည် ‘စက္ခာယတန’။ပ။ အလုတ်အလွေးပြုအပ်သော အစာ ‘ကဗဠီကာရအာဟာရ’ သည် (ရှိ၏)။ ဤရုပ်အပေါင်း သည် ရူပဿအနိစ္စတာမဟုတ်သော ‘ရူပဿ န အနိစ္စတာ’ ဟူသော ထိုရုပ်ပေတည်း။

ကဗဠီကာရ အာဟာရရုပ်

၇၄၂။ (၁) အလုတ်အလွေး ပြုအပ်သောအစာ ‘ကဗဠီကာရအာဟာရ’ ဟူသောထိုရုပ်သည် အဘယ်နည်း။ ထမင်း၊ မုယောမုန့် (ဆန်ကြမ်း မုန့်နပ်)၊ မုန့်လုံး၊ ငါး၊ အသား၊ နို့ရည်၊ နို့ဓမ်း၊ ထောပတ်၊ ဆီဦး (ထောပေး)၊ ဆီ၊ ပျားရည်၊ တင်လဲသည် (ရှိ၏)။ ထို့ပြင် (ဆိုအပ်ခဲ့ပြီးသောအစာ အာဟာရတို့မှ) တစ်မျိုးတခြားဖြစ်သော , အကြင်အကြင် ဇနပုဒ် (တိုင်းခရိုင်) ၌ ထိုထိုသတ္တဝါတို့၏ ခံတွင်း (ပါးစပ်) ဖြင့် စားအပ်သော, သွားတို့ဖြင့် ကိုက်ခဲအပ် (ကြိတ်ချေဝါး၍ စားအပ်) သော, လည်ချောင်းဖြင့် မျိုချအပ်သော, ဝမ်း (ပိုက်) ကို ပြည့်ဝတောင့်တင်းစေတတ်သောအကြင် အစာ အာဟာရသည်လည်းရှိသေး၏၊ အကြင် ဩဇာ (အဆီအနှစ်အစေး) ဖြင့် သတ္တဝါတို့သည်မျှတကုန်၏၊ ဤသို့ သဘောရှိသော ရုပ်သည် အလုတ်အလွေး ပြုအပ်သော အစာ ‘ကဗဠီကာရအာဟာရ’ ဟူသော ထိုရုပ်ပေတည်း။ (၆၄၅, ၈၈၀)

န ကဗဠီကာရ အာဟာရရုပ်

၇၄၃။ (၂) ကဗဠီကာရ အာဟာရ မဟုတ်သော ‘န ကဗဠီကာရအာဟာရ’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ်ဖြစ်ရာ မျက်စိ အကြည် ‘စက္ခာယတန’။ပ။ ရုပ်၏ (ဖြစ်ပြီးသည့်နောက် တည်တံ့ မနေခြင်းကြောင့်) မမြဲမှု ‘ရူပဿ အနိစ္စတာ’ သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် ကဗဠီကာရအာဟာရ မဟုတ်သော ‘န ကဗဠီကာရ အာဟာရ’ ဟူသောထိုရုပ်ပေတည်း။ ဤသို့ နှစ်ဖို့ (နှစ်စု) အားဖြင့် ရုပ်ကို ရေတွက်အပ်၏။

နှစ်ခုစီ အကျယ်ပြခြင်း ‘ဒုကနိဒ္ဒေသ’ ပြီးပြီ။

--

သုံးခုစီအကျယ်ပြခြင်း

တိကနိဒ္ဒေသ

အဇ္ဈတ္တိက ဥပါဒါရုပ်

၇၄၄။ (၁) အတွင်းသန္တာန်၌ လည်း ဖြစ်သော , မှီ၍လည်း ဖြစ်သော ‘အဇ္ဈတ္တိကဥပါဒါ’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ်ဖြစ်ရာ မျက်စိ အကြည် ‘စက္ခာယတန’။ပ။ ထိသိစိတ်ဖြစ်ရာ ကိုယ်အကြည် ‘ကာယာယတန’ သည် (ရှိ၏)။ ဤရုပ် အပေါင်းသည် ‘အဇ္ဈတ္တိကဥပါဒါ’ ဟူသော ထိုရုပ်ပေတည်း (ပသာဒရုပ်ငါးပါး)။

ဗာဟိရ ဥပါဒါရုပ်

၇၄၅။ (၂) အပသန္တာန်၌ လည်း ဖြစ်သော , မှီ၍လည်း ဖြစ်သော ‘ဗာဟိရဥပါဒါ’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ်ဖြစ်ကြောင်း အဆင်း ‘ရူပါယတန’။ပ။ အလုတ်အလွေး ပြုအပ်သော အစာ ‘ကဗဠီကာရ အာဟာရ’ သည် (ရှိ၏)။ ဤရုပ် အပေါင်းသည် ‘ဗာဟိရဥပါဒါ ‘ဟူသော ထိုရုပ်ပေတည်း။

ဗာဟိရ နော ဥပါဒါရုပ်

၇၄၆။ (၃) အပသန္တာန်၌ သာ ဖြစ်၍၊ မှီ၍ကား မဖြစ်သော ‘ဗာဟိရ နောဥပါဒါ’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ ထိသိစိတ်ဖြစ် ကြောင်း အတွေ့ ‘ဖောဋ္ဌဗ္ဗာယတန’၊ ရေဟူသော (ဖွဲ့စည်းမှု) သဘော ‘အာပေါဓာတ်’ သည် (ရှိ၏)။ ဤရုပ် အပေါင်းသည် ‘ဗာဟိရ နောဥပါဒါ’ ဟူသော ထိုရုပ်ပေတည်း (မဟာဘုတ်လေးပါး)။

အဇ္ဈတ္တိက ဥပါဒိဏ္ဏရုပ်

၇၄၇။ (၁) အတွင်းသန္တာန်၌ လည်း ဖြစ်သော , တဏှာ ဒိဋ္ဌိတို့ အာရုံပြုအပ်သည့်ကံ၏အကျိုးလည်း ဖြစ်သော ‘အဇ္ဈတ္တိက ဥပါဒိဏ္ဏ’ ဟူသော ထိုရုပ် သည် အဘယ်နည်း။ မြင်သိစိတ်ဖြစ်ရာ မျက်စိအကြည် ‘စက္ခာယတန’။ပ။ ထိသိစိတ်ဖြစ်ရာ ကိုယ်အကြည် ‘ကာယာယတန’ သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် ‘အဇ္ဈတ္တိက ဥပါဒိဏ္ဏ’ ဟူသော ထိုရုပ်ပေတည်း (ပသာဒ ရုပ်ငါးပါး)။

ဗာဟိရ ဥပါဒိဏ္ဏရုပ်

၇၄၈။ (၂) အပသန္တာန်၌ လည်း ဖြစ်သော , တဏှာ ဒိဋ္ဌိတို့ အာရုံပြုအပ်သည့် ကံ၏အကျိုးလည်း ဖြစ်သော ‘ဗာဟိရ ဥပါဒိဏ္ဏ’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ မိန်းမ (အမ) ဖြစ်ကြောင်း၌ အစိုးရမှု ‘ဣတ္ထိန္ဒြေ’၊ ယောက်ျား (အထီး အဖို) ဖြစ်ကြောင်း၌ အစိုးရမှု ‘ပုရိသိန္ဒြေ’၊ အသက်ရှည်ကြောင်း၌ အစိုးရမှု ‘ဇီဝိတိန္ဒြေ’ သည် (ရှိ၏) (ဘာဝရုပ်နှစ်ပါးနှင့် ဇီဝိတ ရုပ်)။ ထို့ပြင် (ဆိုအပ်ခဲ့ပြီးသော ရုပ်တို့မှ) တစ်မျိုးတခြားဖြစ်သော , ကံကို ပြုအပ်ခဲ့ပြီးသည်၏အဖြစ် ကြောင့် (ကံကြောင့်) ဖြစ်သော မြင်သိစိတ်ဖြစ်ကြောင်း အဆင်း ‘ရူပါယတန’၊ နံသိစိတ်ဖြစ်ကြောင်း အနံ့'ဂန္ဓာယတန’၊ လျက်သိစိတ်ဖြစ်ကြောင်း အရသာ ‘ရသာယတန’၊ ထိသိစိတ်ဖြစ်ကြောင်း အတွေ့'ဖောဋ္ဌဗ္ဗာယတန’၊ မရေးခြစ်အပ်သော (ရေးခြစ်၍ မရသော ဟင်းလင်း) သဘော ‘အာကာသဓာတ်’၊ ရေဟူသော (ဖွဲ့စည်းမှု) သဘော ‘အာပေါဓာတ်’၊ ရုပ်၏ဖြစ်ပေါ်လာစ ‘ရူပဿ ဥပစယ’၊ ရုပ်၏ ကြီးပွါးဆဲအစဉ် (ဆက်လက်ဖြစ်နေဆဲ) ‘ရူပဿ သန္တတိ’၊ အလုပ်အလွေး ပြုအပ်သော အစာ ‘ကဗဠီကာရအာဟာရ’ ဟူသော ရုပ်သည်လည်း ရှိသေး၏။ ဤရုပ်အပေါင်းသည် ‘ဗာဟိရဥပါဒိဏ္ဏ’ ဟူသော ထိုရုပ်ပေတည်း။

--

ဗာဟိရ အနုပါဒိဏ္ဏရုပ်

၇၄၉။ (၃) အပသန္တာန်၌ သာ ဖြစ်၍ တဏှာ ဒိဋ္ဌိတို့ အာရုံပြုအပ်သည့် ကံ၏အကျိုးကား မဟုတ်သော ‘ဗာဟိရ အနုပါဒိဏ္ဏ’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ ကြားသိစိတ်ဖြစ်ကြောင်း အသံ ‘သဒ္ဒါယတန’။ (မိမိအလိုဆန္ဒကို) ကိုယ်အမူအရာဖြင့် သိစေမှု ‘ကာယဝိညတ်’။ (မိမိအလိုဆန္ဒကို) နှုတ်မြွက်ခြင်းဖြင့် သိစေမှု ‘ဝစီဝိညတ်’။ (နိပ္ဖန္န) ရုပ်၏ ပေါ့ပါးမှု ‘ရူပဿလဟုတာ’။ (နိပ္ဖန္န) ရုပ်၏ နူးညံ့မှု ‘ရူပဿ မုဒုတာ’။ (နိပ္ဖန္န) ရုပ်၏ အလုပ်၌ ခံ့မှု (အမှုကိစ္စတို့၌ ပြီးမြောက်အောင် လိုက်လျော ဆောင်ရှက်နိုင်မှု) ‘ရူပဿ ကမ္မညတာ’၊ ရုပ်၏ အိုမှု, ရင့်ရော်ဆွေးမြည့်မှု ‘ရူပဿ ဇရတာ’၊ ရုပ်၏ (ဖြစ်ပြီးသည့်နောက် တည်တံ့ မနေခြင်းကြောင့်) မမြဲမှု ‘ရူပဿ အနိစ္စတာ’ သည် (ရှိ၏)။ ထို့ပြင် (ဆိုအပ်ခဲ့ပြီးသော ရုပ်တို့မှ) တစ်မျိုးတခြားဖြစ်သော , ကံကို ပြုအပ်ခဲ့ပြီးသည်၏အဖြစ် ကြောင့် (ကံကြောင့်) မဖြစ်သော မြင်သိစိတ် ဖြစ်ကြောင်း အဆင်း ‘ရူပါယတန’၊ ကြားသိစိတ်ဖြစ်ကြောင်း အသံ'သဒ္ဒါယတန’၊ နံသိစိတ်ဖြစ်ကြောင်း အနံ့ ‘ဂန္ဓာယတန’၊ လျက်သိစိတ်ဖြစ်ကြောင်း အရသာ ‘ရသာယတန’၊ ထိသိ စိတ်ဖြစ်ကြောင်း အတွေ့ ‘ဖောဋ္ဌဗ္ဗာယတန’၊ မရေးခြစ်အပ်သော (ရေးခြစ်၍ မရသော ဟင်းလင်း) သဘော ‘အာကာသဓာတ်’၊ ‘ရေ’ ဟူသော (ဖွဲ့စည်းမှု) သဘော ‘အာပေါဓာတ်’။ (နိပ္ဖန္န) ရုပ်၏ ဖြစ်ပေါ်လာစ ‘ရူပဿ ဥပစယ’။ (နိပ္ဖန္န) ရုပ်၏ ကြီးပွါးဆဲအစဉ် (ဆက်လက်ဖြစ်နေဆဲ) ‘ရူပဿသန္တတိ’၊ အလုပ်အလွေး ပြုအပ်သော အစာ ‘ကဗဠီကာရအာဟာရ’ ဟူသော ရုပ်သည်လည်းရှိသေး၏။ ဤ ရုပ်အပေါင်းသည် ‘ဗာဟိရ အနုပါဒိဏ္ဏ’ ဟူသော ထိုရုပ်ပေတည်း။

အဇ္ဈတ္တိက ဥပါဒိဏ္ဏုပါဒါနိယရုပ်

၇၅၀။ (၁) အတွင်းသန္တာန်၌ လည်း ဖြစ်သော , တဏှာ ဒိဋ္ဌိတို့ အာရုံပြုအပ်သည့် ကံ၏အကျိုးလည်း ဖြစ်၍ ဥပါဒါန်တို့၏ အစီး အပွါး (အာရုံ) လည်း ဖြစ်သော ‘အဇ္ဈတ္တိကဥပါဒိဏ္ဏုပါဒါနိယ’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိ စိတ်ဖြစ်ရာ မျက်စိအကြည် ‘စက္ခာယတန’။ပ။ ထိသိစိတ်ဖြစ်ရာ ကိုယ်အကြည် ‘ကာယာယတန’ သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် ‘အဇ္ဈတ္တိက ဥပါဒိဏ္ဏုပါဒါနိယ’ ဟူသော ထိုရုပ်ပေတည်း (အဇ္ဈတ္တိက ကမ္မဇရုပ် ဧကန်)။

ဗာဟိရ ဥပါဒိဏ္ဏုပါဒါနိယရုပ်

၇၅၁။ (၂) အပသန္တာန်၌ လည်း ဖြစ်သော , တဏှာ ဒိဋ္ဌိတို့ အာရုံပြုအပ်သည့် ကံ၏ အကျိုးလည်း ဖြစ်၍ ဥပါဒါန်တို့၏ အစီးအပွါး (အာရုံ) လည်း ဖြစ်သော ‘ဗာဟိရဥပါဒိဏ္ဏုပါဒါနိယ’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ မိန်းမ (အမ) ဖြစ်ကြောင်း၌ အစိုးရမှု ‘ဣတ္ထိန္ဒြေ’၊ ယောက်ျား (အထီး အဖို) ဖြစ်ကြောင်း၌ အစိုးရမှု ‘ပုရိသိန္ဒြေ’၊ အသက် ရှည်ကြောင်း၌ အစိုးရမှု ‘ဇီဝိတိန္ဒြေ’ သည် (ရှိ၏) (ဗာဟိရကမ္မဇရုပ် ဧကန်)။ ထို့ပြင် (ဆိုအပ်ခဲ့ပြီးသော ရုပ်တို့မှ) တစ်မျိုးတခြားဖြစ်သော , ကံကို ပြုအပ်ခဲ့ပြီးသည်၏ အဖြစ်ကြောင့် (ကံကြောင့်) ဖြစ်သော မြင်သိစိတ်ဖြစ်ကြောင်း အဆင်း ‘ရူပါယတန’၊ နံသိစိတ်ဖြစ်ကြောင်း အနံ့'ဂန္ဓာယတန’၊ လျက်သိ စိတ်ဖြစ်ကြောင်း အရသာ ‘ရသာယတန’၊ ထိသိစိတ်ဖြစ်ကြောင်း အတွေ့'ဖောဋ္ဌဗ္ဗာယတန’၊ မရေးခြစ် အပ်သော (ရေးခြစ်၍ မရသော ဟင်းလင်း) သဘော ‘အာကာသဓာတ်’၊ ရေဟူသော (ဖွဲ့စည်းမှု) သဘော ‘အာပေါဓာတ်’၊ ရုပ်၏ ဖြစ်ပေါ်လာစ ‘ရူပဿ ဥပစယ’၊ ရုပ်၏ကြီးပွါး ဆဲအစဉ် (ဆက်လက်ဖြစ်နေဆဲ) ‘ရူပဿ သန္တတိ’၊ အလုပ်အလွေး ပြုအပ်သော အစာ ‘ကဗဠီကာရ အာဟာရ’ ဟူသော ရုပ်သည်လည်း ရှိသေး၏။ ဤရုပ်အပေါင်းသည် ‘ဗာဟိရဥပါဒိဏ္ဏုပါဒါနိယ’ ဟူသော ထိုရုပ်ပေတည်း (ဗာဟိရ ကမ္မဇရုပ်အနေကန်)။

--

ဗာဟိရ အနုပါဒိဏ္ဏုပါဒါနိယရုပ်

၇၅၂။ (၃) အပသန္တာန်၌ လည်း ဖြစ်၍ တဏှာ ဒိဋ္ဌိတို့ အာရုံပြုအပ်သည့် ကံ၏ အကျိုးကား မဟုတ်, ဥပါဒါန်တို့၏ အစီး အပွါး (အာရုံ) သာဖြစ်သော ‘ဗာဟိရအနုပါဒိဏ္ဏုပါဒါနိယ’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ ကြားသိ စိတ်ဖြစ်ကြောင်း အသံ ‘သဒ္ဒါယတန’။ (မိမိအလိုဆန္ဒကို) ကိုယ်အမူအရာဖြင့် သိစေမှု ‘ကာယဝိညတ်’။ (မိမိ အလိုဆန္ဒကို) နှုတ်မြွက်ခြင်းဖြင့်သိစေမှု ‘ဝစီဝိညတ်’။ (နိပ္ဖန္န) ရုပ်၏ ပေါ့ပါးမှု ‘ရူပဿ လဟုတာ’။ (နိပ္ဖန္န) ရုပ်၏ နူးညံ့မှု ‘ရူပဿမုဒုတာ’။ (နိပ္ဖန္န) ရုပ်၏ အလုပ်၌ ခံ့မှု (အမှုကိစ္စတို့၌ ပြီးမြောက်အောင် လိုက်လျောဆောင်ရွက်နိုင်မှု) ‘ရူပဿ ကမ္မညတာ’၊ ရုပ်၏ အိုမှု, ရင့်ရော်ဆွေးမြည့်မှု ‘ရူပဿ ဇရတာ’၊ ရုပ်၏ (ဖြစ်ပြီးသည့်နောက်တည်တံ့မနေခြင်းကြောင့်) မမြဲမှု ‘ရူပဿ အနိစ္စတာ’ သည် (ရှိ၏) (ဒွိဇ, စိတ္တဇ, တိဇရုပ်ဧကန်)။ ထို့ပြင် (ဆိုအပ်ခဲ့ပြီးသော ရုပ်တို့မှ) တစ်မျိုးတခြားဖြစ်သော , ကံကို ပြုအပ်ခဲ့ပြီးသည်၏ အဖြစ်ကြောင့် (ကံကြောင့်) ဖြစ်သော မြင်သိစိတ်ဖြစ်ကြောင်း အဆင်း ‘ရူပါယတန’၊ နံသိစိတ်ဖြစ်ကြောင်း အနံ့'ဂန္ဓာယတန’၊ လျက်သိစိတ်ဖြစ်ကြောင်း အရသာ ‘ရသာယတန’၊ ထိသိစိတ်ဖြစ်ကြောင်း အတွေ့ ‘ဖောဋ္ဌဗ္ဗာယတန’၊ မရေးခြစ်အပ်သော (ရေးခြစ်၍ မရသော ဟင်းလင်း) သဘော ‘အာကာသဓာတ်’၊ ရေဟူသော (ဖွဲ့စည်းမှု) သဘော ‘အာပေါဓာတ်’။ (နိပ္ဖန္န) ရုပ်၏ ဖြစ်ပေါ်လာစ ‘ရူပဿ ဥပစယ’။ (နိပ္ဖန္န) ရုပ်၏ကြီးပွါးဆဲအစဉ် (ဆက်လက်ဖြစ်နေဆဲ) ‘ရူပဿ သန္တတိ’၊ အလုပ်အလွေး ပြုအပ်သော အစာ ‘ကဗဠီကာရ အာဟာရ’ ဟူသော ရုပ်သည်လည်းရှိသေး၏။ ဤရုပ်အပေါင်းသည် ‘ဗာဟိရအနုပါဒိဏ္ဏုပါဒါနိယ’ ဟူသော ထို ရုပ်ပေတည်း။

အဇ္ဈတ္တိက အနိဒဿနရုပ်

၇၅၃။ (၁) အတွင်းသန္တာန်၌ သာ ဖြစ်၍ မြင်အပ်သည်၏ အဖြစ် (မြင်ခြင်း) နှင့်တကွကား မဖြစ်သော (မမြင်အပ်, မမြင်ရသော) ‘အဇ္ဈတ္တိက အနိဒဿန’ ဟူသော ထိုရုပ်သည်အဘယ်နည်း။ မြင်သိစိတ်ဖြစ်ရာ မျက်စိအကြည် ‘စက္ခာယတန’။ပ။ ထိသိစိတ်ဖြစ်ရာ ကိုယ်အကြည် ‘ကာယာယတန’ သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် ‘အဇ္ဈတ္တိကအနိဒဿန’ ဟူသော ထိုရုပ်ပေတည်း (ပသာဒရုပ် ငါးပါး)။

ဗာဟိရ သနိဒဿနရုပ်

၇၅၄။ (၂) အပသန္တာန်၌ လည်းဖြစ်သော , မြင်အပ်သည်၏ အဖြစ် (မြင်ခြင်း) နှင့်တကွလည်း ဖြစ်သော (မြင်အပ် မြင်ရသော) ‘ဗာဟိရ သနိဒဿန’ ဟူသော ထိုရုပ်သည်အဘယ်နည်း။ မြင်သိစိတ်ဖြစ်ကြောင်း အဆင်း ‘ရူပါယတန’ သည် (ရှိ၏)။ ဤရုပ်သည် ‘ဗာဟိရ သနိဒဿန’ ဟူသော ထိုရုပ်ပေတည်း (ရူပါရုံ)။

ဗာဟိရ အနိဒဿနရုပ်

၇၅၅။ (၃) အပသန္တာန်၌ သာ ဖြစ်၍ မြင်အပ်သည်၏ အဖြစ် (မြင်ခြင်း) နှင့် တကွကား မဖြစ်သော ‘ဗာဟိရ အနိဒဿန’ ဟူသော ထိုရုပ်သည် အဘယ် နည်း။ ကြားသိစိတ်ဖြစ်ကြောင်းအသံ ‘သဒ္ဒါယတန’။ပ။ အလုတ်အလွေး ပြုအပ်သော အစာ ‘ကဗဠီကာရအာဟာရ’ သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် ‘ဗာဟိရ အနိဒဿန’ ဟူသော ထိုရုပ်ပေတည်း။

--

အဇ္ဈတ္တိက သပ္ပဋိဃရုပ်

၇၅၆။ (၁) အတွင်းသန္တာန်၌ လည်း ဖြစ်သော , ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွလည်း ဖြစ်သော ‘အဇ္ဈတ္တိက သပ္ပဋိဃ’ ဟူသော ထို ရုပ်သည် အဘယ်နည်း။ မြင်သိစိတ်ဖြစ်ရာ မျက်စိအကြည် ‘စက္ခာယတန’။ပ။ ထိသိစိတ်ဖြစ်ရာ ကိုယ် အကြည် ‘ကာယာယတန’ သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် ‘အဇ္ဈတ္တိက သပ္ပဋိဃ’ ဟူသော ထိုရုပ်ပေ တည်း (ပသာဒရုပ် ငါးပါး)။

ဗာဟိရ သပ္ပဋိဃရုပ်

၇၅၇။ (၂) အပသန္တာန်၌ လည်း ဖြစ်သော , ထိပါးတတ်သည်၏ အဖြစ် (ထိပါးခြင်း) နှင့် တကွလည်း ဖြစ်သော ‘ဗာဟိရ သပ္ပဋိဃ’ ဟူသော ထို ရုပ်သည် အဘယ်နည်း။ မြင်သိစိတ်ဖြစ်ကြောင်း အဆင်း ‘ရူပါယတန’။ပ။ ထိသိစိတ်ဖြစ်ကြောင်း အတွေ့ ‘ဖောဋ္ဌဗ္ဗာယတန’ သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် ‘ဗာဟိရ သပ္ပဋိဃ’ ဟူသော ထိုရုပ်ပေတည်း (အာရုံ ငါးပါး, ဝိသယရုပ် ခုနစ်ပါး)။

ဗာဟိရ အပ္ပဋိဃရုပ်

၇၅၈။ (၃) အပသန္တာန်၌ သာ ဖြစ်၍ ထိပါးတတ်သည်၏ အဖြစ် (ထိပါးခြင်း) နှင့်တကွကား မဖြစ်သော ‘ဗာဟိရ အပ္ပဋိဃ’ ဟူသော ထိုရုပ်သည် အ ဘယ်နည်း။ မိန်းမ (အမ) ဖြစ်ကြောင်း၌ အစိုးရမှု ‘ဣတ္ထိန္ဒြေ’။ပ။ အလုတ်အလွေး ပြုအပ်သော အစာ ‘ကဗဠီကာရအာဟာရ’ သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် ‘ဗာဟိရ အပ္ပဋိဃ’ ဟူသော ထိုရုပ်ပေတည်း။

အဇ္ဈတ္တိက ဣန္ဒြိယရုပ်

၇၅၉။ (၁) အတွင်းသန္တာန်၌ လည်းဖြစ်သော , မိမိဆိုင်ရာကိစ္စ၌ လည်း အစိုးရသော ‘အဇ္ဈတ္တိက ဣန္ဒြိယ’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်မှု၌ အစိုးရသော မျက်စိအကြည် ‘စက္ခုန္ဒြေ’။ပ။ ထိမှု၌ အစိုးရသော ကိုယ်အကြည် ‘ကာယိန္ဒြေ’ သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် ‘အဇ္ဈတ္တိက ဣန္ဒြိယ’ ဟူသော ထိုရုပ်ပေတည်း (ပသာဒရုပ် ငါးပါး)။

ဗာဟိရ ဣန္ဒြိယရုပ်

၇၆၀။ (၂) အပသန္တာန်၌ လည်း ဖြစ်သော , မိမိဆိုင်ရာ ကိစ္စ၌ လည်း အစိုးရသော ‘ဗာဟိရ ဣန္ဒြိယ’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ မိန်းမ (အမ) ဖြစ်ကြောင်း၌ အစိုးရမှု ‘ဣတ္ထိန္ဒြေ’၊ ယောက်ျား (အထီး အဖို) ဖြစ်ကြောင်း၌ အစိုးရမှု ‘ပုရိသိန္ဒြေ’၊ အစိုးတရ စောင့်ရှောက်မှု့'ဇီဝိတိန္ဒြေ’ သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် ‘ဗာဟိရ ဣန္ဒြိယ’ ဟူသော ထိုရုပ် ပေတည်း (ဘာဝရုပ်နှစ်ပါး, ဇီဝိတရုပ်)။

ဗာဟိရ န ဣန္ဒြိယရုပ်

၇၆၁။ (၃) အပသန္တာန်၌ သာ ဖြစ်၍ မိမိဆိုင်ရာ ကိစ္စ၌ လည်း အစိုးမရသော ‘ဗာဟိရ န ဣန္ဒြိယ’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိ စိတ်ဖြစ်ကြောင်း အဆင်း'ရူပါယတန’။ပ။ အလုတ်အလွေး ပြုအပ်သော အစာ ‘ကဗဠီကာရအာဟာရ’ သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် ‘ဗာဟိရ န ဣန္ဒြိယ’ ဟူသော ထိုရုပ်ပေတည်း။

--

အဇ္ဈတ္တိက န မဟာဘူတရုပ်

၇၆၂။ (၁) အတွင်းသန္တာန်၌ သာ ဖြစ်၍ မဟာဘုတ်မမည်သော ‘အဇ္ဈတ္တိကန မဟာဘူတ’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ် ဖြစ်ရာ မျက်စိအကြည် ‘စက္ခာယတန’။ပ။ ထိသိစိတ် ဖြစ်ရာ ကိုယ်အကြည် ‘ကာယာယတန’ သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် ‘အဇ္ဈတ္တိက န မဟာဘူတ’ ဟူသော ထိုရုပ်ပေတည်း (ပသာဒရုပ်ငါးပါး)။

ဗာဟိရ မဟာဘူတရုပ်

၇၆၃။ (၂) အပသန္တာန်၌ လည်း ဖြစ်သော , မဟာဘုတ်လည်းမည်သော ‘ဗာဟိရမဟာဘူတ’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ ထိသိစိတ်ဖြစ် ကြောင်း အတွေ့ ‘ဖောဋ္ဌဗ္ဗာယတန’၊ ‘ရေ’ ဟူသော (ဖွဲ့စည်းမှု) သဘော ‘အာပေါဓာတ်’ သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် ‘ဗာဟိရမဟာဘူတ’ ဟူသော ထိုရုပ်ပေတည်း။

ဗာဟိရ န မဟာဘူတရုပ်

၇၆၄။ (၃) အပသန္တာန်၌ သာဖြစ်၍ မဟာဘုတ်မမည်သော ‘ဗာဟိရ န မဟာဘူတ’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ်ဖြစ် ကြောင်း အဆင်း ‘ရူပါယတန’။ပ။ အလုတ်အလွေး ပြုအပ်သောအစာ ‘ကဗဠီကာရအာဟာရ’ သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် ‘ဗာဟိရ နမဟာဘူတ’ ဟူသော ထိုရုပ်ပေတည်း။

အဇ္ဈတ္တိက န ဝိညတ္တိရုပ်

၇၆၅။ (၁) အတွင်းသန္တာန်၌ သာ ဖြစ်၍ ဝိညတ်မမည်သော ‘အဇ္ဈတ္တိက နဝိညတ္တိ’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ် ဖြစ်ရာ မျက်စိအကြည် ‘စက္ခာယတန’။ပ။ ထိသိစိတ်ဖြစ်ရာ ကိုယ်အကြည် ‘ကာယာယတန’ သည် (ရှိ၏)။ ဤရုပ် အပေါင်းသည် ‘အဇ္ဈတ္တိက နဝိညတ္တိ’ ဟူသော ထိုရုပ်ပေတည်း (ပသာဒရုပ်ငါးပါး)။

ဗာဟိရ ဝိညတ္တိရုပ်

၇၆၆။ (၂) အပသန္တာန်၌ လည်း ဖြစ်သော , ဝိညတ်လည်းမည်သော ‘ဗာဟိရဝိညတ္တိ’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ (မိမိအလိုဆန္ဒကို) ကိုယ်အမူအရာ ဖြင့် သိစေမှု ‘ကာယဝိညတ္တိ’။ (မိမိအလိုဆန္ဒကို) နှုတ်မြွက်ခြင်းဖြင့် သိစေမှု ‘ဝစီဝိညတ္တိ’ သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် ‘ဗာဟိရဝိညတ္တိ’ ဟူသော ထိုရုပ်ပေတည်း။

ဗာဟိရ န ဝိညတ္တိရုပ်

၇၆၇။ (၃) အပသန္တာန်၌ သာ ဖြစ်၍ ဝိညတ် မမည်သော ‘ဗာဟိရ န ဝိညတ္တိ’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ်ဖြစ်ကြောင်း အဆင်း ‘ရူပါယတန’။ပ။ အလုတ်အလွေးပြုအပ်သော အစာ ‘ကဗဠီကာရ အာဟာရ’ သည် (ရှိ၏)။ ဤရုပ် အပေါင်းသည် ‘ဗာဟိရ နဝိညတ္တိ’ ဟူသော ထိုရုပ်ပေတည်း။

--

အဇ္ဈတ္တိက န စိတ္တသမုဋ္ဌာနရုပ်

၇၆၈။ (၁) အတွင်းသန္တာန်၌ သာ ဖြစ်၍ စိတ္တသမုဋ္ဌာန မမည်သော ‘အဇ္ဈတ္တိက န စိတ္တသမုဋ္ဌာန’ ဟူသော ထိုရုပ်သည် အဘယ် နည်း။ မြင်သိစိတ်ဖြစ်ရာမျက်စိအကြည် ‘စက္ခာယတန’။ပ။ ထိသိစိတ်ဖြစ်ရာ ကိုယ်အကြည် ‘ကာယာ ယတန’ သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် ‘အဇ္ဈတ္တိက န စိတ္တသမုဋ္ဌာန’ ဟူသော ထိုရုပ်ပေတည်း (ပသာဒ ရုပ်ငါးပါး)။

ဗာဟိရစိတ္တသမုဋ္ဌာနရုပ်

၇၆၉။ (၂) အပသန္တာန်၌ လည်း ဖြစ်သော စိတ်ကြောင့်ဖြစ်သဖြင့် စိတ္တသမုဋ္ဌာနလည်း မည်သော ‘ဗာဟိရစိတ္တသမုဋ္ဌာန’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ (မိမိအလိုဆန္ဒကို) ကိုယ်အမူအရာဖြင့် သိစေမှု ‘ကာယဝိညတ္တိ’။ (မိမိအလိုဆန္ဒကို) နှုတ်မြွက် ခြင်းဖြင့် သိစေမှု ‘ဝစီဝိညတ္တိ’ သည် (ရှိ၏) (စိတ္တဇရုပ် ဧကန်နှစ်ပါး)။ ထို့ပြင် (ဆိုအပ်ခဲ့ပြီးသော ရုပ်တို့မှ) တစ်မျိုးတခြား ဖြစ်သော , စိတ်ကြောင့်ဖြစ်သော , စိတ်လျှင်အကြောင်းရှိသော, စိတ်လျှင်ဖြစ်ကြောင်းရှိသော မြင်သိစိတ်ဖြစ်ကြောင်း အဆင်း ‘ရူပါယတန’၊ ကြားသိစိတ်ဖြစ်ကြောင်း အသံ ‘သဒ္ဒါယတန’၊ နံသိစိတ်ဖြစ်ကြောင်း အနံ့ ‘ဂန္ဓာယတန’၊ လျက်သိစိတ်ဖြစ်ကြောင်းအရသာ ‘ရသာယတန’၊ ထိသိစိတ်ဖြစ်ကြောင်း အတွေ့ ‘ဖောဋ္ဌဗ္ဗာယတန’၊ မရေးခြစ်အပ်သော (ရေးခြစ်၍မရသော ဟင်းလင်း) သဘော ‘အာကာသဓာတ်’၊ ရေဟူသော (ဖွဲ့စည်းမှု) သဘော ‘အာပေါဓာတ်’။ (နိပ္ဖန္န) ရုပ်၏ လျင်မြန် ပေါ့ပါးမှု ‘ရူပဿ လဟုတာ’။ (နိပ္ဖန္န) ရုပ်၏ နူးညံ့မှု ‘ရူပဿ မုဒုတာ’။ (နိပ္ဖန္န) ရုပ်၏အမှု၌ ခံ့မှု (အမှုကိစ္စတို့၌ ပြီးမြောက်အောင် လိုက်လျောဆောင်ရွက်နိုင်မှု) ‘ရူပဿ ကမ္မညတာ’။ (နိပ္ဖန္န) ရုပ်၏ ဖြစ်ပေါ်လာစ ‘ရူပဿ ဥပစယ’။ (နိပ္ဖန္န) ရုပ်၏ ကြီးပွါးဆဲအစဉ် (ဆက်လက်ဖြစ်နေဆဲ) ‘ရူပဿသန္တတိ’၊ အလုတ်အလွေး ပြုအပ်သော အစာ ‘ကဗဠီကာရ အာဟာရ’ ဟူသော ရုပ်သည်လည်းရှိသေး၏။ ဤရုပ်အပေါင်းသည် ‘ဗာဟိရစိတ္တသမုဋ္ဌာန’ ဟူသော ထိုရုပ်ပေတည်း (စိတ္တဇရုပ် အနေကန်)။

ဗာဟိရ န စိတ္တသမုဋ္ဌာနရုပ်

၇၇၀။ (၃) အပသန္တာန်၌ သာ ဖြစ်၍ စိတ္တသမုဋ္ဌာန မမည်သော ‘ဗာဟိရန စိတ္တသမုဋ္ဌာန’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ မိန်းမ (အမ) ဖြစ်ကြောင်း၌ အစိုးရမှု ‘ဣတ္ထိန္ဒြေ’၊ ယောက်ျား (အထီး အဖို) ဖြစ်ကြောင်း၌ အစိုးရမှု ‘ပုရိသိန္ဒြေ’၊ အစိုးတရ စောင့်ရှောက်မှု ‘ဇီဝိတိန္ဒြေ’၊ ရုပ်၏အိုမှု (ရင့်ရော် ဆွေးမြည့်မှု) ‘ရူပဿ ဇရတာ’၊ ရုပ်၏ (ဖြစ်ပြီးသည့်နောက် တည်တံ့မနေခြင်းကြောင့်) မမြဲမှု ‘ရူပဿ အနိစ္စတာ’ သည် (ရှိ၏)။ ထို့ပြင် (ဆိုအပ်ခဲ့ပြီးသော ရုပ်တို့မှ) တစ်မျိုးတခြား ဖြစ်သော , စိတ်ကြောင့်ဖြစ်သည် မဟုတ် (စိတ်ကြောင့် မဖြစ်) သော, စိတ်လျှင်ဖြစ်ကြောင်းရှိသည် မဟုတ် (စိတ်လျှင်ဖြစ်ကြောင်းမရှိ) သော, စိတ်ကြောင့်ဖြစ်သည် မဟုတ် (စိတ်ကြောင့်မဖြစ်) သော မြင်သိစိတ်ဖြစ်ကြောင်း အဆင်း ‘ရူပါယတန’၊ ကြားသိစိတ်ဖြစ်ကြောင်း အသံ ‘သဒ္ဒါယတန’၊ နံသိစိတ်ဖြစ်ကြောင်း အနံ့ ‘ဂန္ဓာယတန’၊ လျက်သိစိတ်ဖြစ်ကြောင်းအရသာ ‘ရသာယတန’၊ ထိသိစိတ် ဖြစ်ကြောင်း အတွေ့ ‘ဖောဋ္ဌဗ္ဗာယတန’၊ မရေးခြစ်အပ်သော (ရေးခြစ်၍ မရသော ဟင်းလင်း) သဘော ‘အာကာသဓာတ်’၊ ရေဟူသော (ဖွဲ့စည်းမှု) သဘော ‘အာပေါဓာတ်’။ (နိပ္ဖန္န) ရုပ်၏ လျင်မြန် ပေါ့ပါးမှု ‘ရူပဿ လဟုတာ’။ (နိပ္ဖန္န) ရုပ်၏ နူးညံ့မှု ‘ရူပဿမုဒုတာ’။ (နိပ္ဖန္န) ရုပ်၏ အလုပ်၌ ခံ့မှု (အမှုကိစ္စတို့၌ ပြီးမြောက်အောင် လိုက်လျော ဆောင်ရွက်နိုင်မှု) ‘ရူပဿ ကမ္မညတာ’။ (နိပ္ဖန္န) ရုပ်၏ ဖြစ်ပေါ်လာစ ‘ရူပဿ ဥပစယ’။ (နိပ္ဖန္န) ရုပ်၏ ကြီးပွါးဆဲအစဉ် (ဆက်လက်ဖြစ်နေဆဲ) ‘ရူပဿ သန္တတိ’၊ အလုတ်အလွေး ပြုအပ်သောအစာ ‘ကဗဠီကာရအာဟာရ’ ဟူသော ရုပ်သည်လည်း ရှိသေး၏။ ဤရုပ်အပေါင်းသည် ‘ဗာဟိရ န စိတ္တသမုဋ္ဌာန’ ဟူသောထိုရုပ်ပေတည်း။

--

အဇ္ဈတ္တိက န စိတ္တသဟဘုရုပ်

၇၇၁။ (၁) အတွင်းသန္တာန်၌ သာ ဖြစ်၍ စိတ္တသဟဘု မမည်သော ‘အဇ္ဈတ္တိက န စိတ္တသဟဘု’ ဟူသော ထိုရုပ်သည် အဘယ် နည်း။ မြင်သိစိတ်ဖြစ်ရာ မျက်စိအကြည် ‘စက္ခာယတန’။ပ။ ထိသိစိတ်ဖြစ်ရာ ကိုယ်အကြည် ‘ကာယာ ယတန’ သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် ‘အဇ္ဈတ္တိက န စိတ္တသဟဘု’ ဟူသော ထိုရုပ်ပေတည်း။

ဗာဟိရစိတ္တသဟဘုရုပ်

၇၇၂။ (၂) အပသန္တာန်၌ လည်း ဖြစ်သော , စိတ်နှင့်အတူဖြစ် အတူပျက်သဖြင့်စိတ္တသဟဘုလည်း မည်သော ‘ဗာဟိရစိတ္တသဟဘု’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ (မိမိအလိုဆန္ဒကို) ကိုယ်အမူအရာဖြင့် သိစေမှု ‘ကာယဝိညတ္တိ’။ (မိမိအလို ဆန္ဒကို) နှုတ်မြွက်ခြင်းဖြင့်သိစေမှု ‘ဝစီဝိညတ္တိ’ သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် ‘ဗာဟိရစိတ္တသဟဘု’ ဟူသော ထိုရုပ်ပေတည်း (စိတ္တဇရုပ်ဧကန်)။

ဗာဟိရ န စိတ္တသဟဘုရုပ်

၇၇၃။ (၃) အပသန္တာန်၌ သာ ဖြစ်၍ စိတ္တသဟဘု မမည်သော ‘ဗာဟိရ နစိတ္တသဟဘု’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ် ဖြစ်ကြောင်း အဆင်း ‘ရူပါယတန’။ပ။ အလုတ်အလွေး ပြုအပ်သော အစာ ‘ကဗဠီကာရအာဟာရ’ သည် (ရှိ၏)။ ဤရုပ် အပေါင်းသည် ‘ဗာဟိရန စိတ္တသဟဘု’ ဟူသော ထိုရုပ်ပေတည်း။

အဇ္ဈတ္တိက န စိတ္တာနုပရိဝတ္တိရုပ်

၇၇၄။ (၁) အတွင်းသန္တာန်၌ သာ ဖြစ်၍ စိတ္တာနုပရိဝတ္တိ မမည်သော ‘အဇ္ဈတ္တိက န စိတ္တာနုပရိဝတ္တိ’ ဟူသော ထိုရုပ်သည် အ ဘယ်နည်း။ မြင်သိစိတ်ဖြစ်ရာ မျက်စိအကြည် ‘စက္ခာယတန’။ပ။ ထိသိစိတ်ဖြစ်ရာ ကိုယ်အကြည် ‘ကာယာ ယတန’ သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် ‘အဇ္ဈတ္တိက န စိတ္တာနုပရိဝတ္တိ’ ဟူသော ထိုရုပ်ပေ တည်း။

ဗာဟိရစိတ္တာနုပရိဝတ္တိရုပ်

၇၇၅။ (၂) အပသန္တာန်၌ လည်း ဖြစ်သော , စိတ်သို့ အစဉ်လိုက်၍လည်းဖြစ် (စိတ်နှင့် အတူဖြစ် အတူပျက်) သဖြင့် စိတ္တာနုပရိဝတ္တိ လည်း မည်သော ‘ဗာဟိရစိတ္တာနုပရိဝတ္တိ’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ (မိမိအလိုဆန္ဒကို) ကိုယ်အမူအရာဖြင့် သိစေမှု ‘ကာယဝိညတ္တိ’။ (မိမိအလိုဆန္ဒကို) နှုတ်မြွက်ခြင်းဖြင့် သိစေမှု ‘ဝစီဝိညတ္တိ’ သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် ‘ဗာဟိရစိတ္တာနုပရိဝတ္တိ’ ဟူသော ထိုရုပ်ပေတည်း။ (စိတ္တဇရုပ် ဧကန်)

ဗာဟိရ န စိတ္တာနုပရိဝတ္တိရုပ်

၇၇၆။ (၃) အပသန္တာန်၌ သာ ဖြစ်၍ စိတ္တာနုပရိဝတ္တိ မမည်သော ‘ဗာဟိရ နစိတ္တာနုပရိဝတ္တိ’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင် သိစိတ်ဖြစ်ကြောင်း အဆင်း ‘ရူပါယတန’။ပ။ အလုတ်အလွေး ပြုအပ်သောအစာ ‘ကဗဠီကာရအာဟာရ’ သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် ‘ဗာဟိရန စိတ္တာနုပရိဝတ္တိ’ ဟူသော ထိုရုပ်ပေတည်း။

--

အဇ္ဈတ္တိက ဩဠာရိကရုပ်

၇၇၇။ (၁) အတွင်းသန္တာန်၌ လည်း ဖြစ်သော , ကြမ်းတမ်းသဖြင့် ဩဠာရိကလည်း မည်သော ‘အဇ္ဈတ္တိက ဩဠာရိက’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ်ဖြစ်ရာမျက်စိအကြည် ‘စက္ခာယတန’။ပ။ ထိသိစိတ်ဖြစ်ရာ ကိုယ်အကြည် ‘ကာယာယတန’ သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် ‘အဇ္ဈတ္တိက ဩဠာရိက’ ဟူသော ထိုရုပ်ပေတည်း (ပသာဒရုပ်ငါးပါး)။

ဗာဟိရ ဩဠာရိကရုပ်

၇၇၈။ (၂) အပသန္တာန်၌ လည်း ဖြစ်သော , ကြမ်းတမ်းသဖြင့် ဩဠာရိကလည်းမည်သော ‘ဗာဟိရ ဩဠာရိက’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ်ဖြစ်ကြောင်းအဆင်း ‘ရူပါယတန’။ပ။ ထိသိစိတ် ဖြစ်ကြောင်း အတွေ့ ‘ဖောဋ္ဌဗ္ဗာယတန’ သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် ‘ဗာဟိရ ဩဠာရိက’ ဟူသော ထိုရုပ်ပေတည်း။

ဗာဟိရ သုခုမရုပ်

၇၇၉။ (၃) အပသန္တာန်၌ လည်း ဖြစ်သော , သိမ်မွေ့နူးညံ့သဖြင့် သုခုမလည်းမည်သော ‘ဗာဟိရသုခုမ’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ မိန်းမ (အမ) ဖြစ်ကြောင်း၌ အစိုးရမှု ‘ဣတ္ထိန္ဒြေ’။ပ။ အလုတ်အလွေး ပြုအပ်သော အစာ ‘ကဗဠီကာရအာဟာရ’ သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် ‘ဗာဟိရသုခုမ’ ဟူသော ထိုရုပ်ပေတည်း။

အဇ္ဈတ္တိက သန္တိကေရုပ်

၇၈၀။ (၁) အတွင်းသန္တာန်၌ လည်း ဖြစ်သော , သိလွယ်သဖြင့် သန္တိကေလည်းမည်သော ‘အဇ္ဈတ္တိက သန္တိကေ’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ်ဖြစ်ရာ မျက်စိအကြည် ‘စက္ခာယတန’။ပ။ ထိသိစိတ်ဖြစ်ရာ ကိုယ်အကြည် ‘ကာယာယတန’ သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် ‘အဇ္ဈတ္တိက သန္တိကေ’ ဟူသော ထိုရုပ်ပေတည်း (ပသာဒရုပ်ငါးပါး)။

ဗာဟိရ ဒူရေရုပ်

၇၈၁။ (၂) အပသန္တာန်၌ လည်း ဖြစ်သော , အသိခက်သဖြင့် ဒူရေလည်းမည်သော ‘ဗာဟိရ ဒူရေ’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ မိန်းမ (အမ) ဖြစ် ကြောင်း၌ အစိုးရမှု ‘ဣတ္ထိန္ဒြေ’။ပ။ အလုတ်အလွေး ပြုအပ်သော အစာ ‘ကဗဠီကာရအာဟာရ’ သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် ‘ဗာဟိရ ဒူရေ’ ဟူသော ထိုရုပ်ပေတည်း။

ဗာဟိရ သန္တိကေရုပ်

၇၈၂။ (၃) အပသန္တာန်၌ လည်း ဖြစ်သော , သိလွယ်သဖြင့် သန္တိကေလည်း မည်သော ‘ဗာဟိရ သန္တိကေ’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိ စိတ်ဖြစ်ကြောင်းအဆင်း ‘ရူပါယတန’။ပ။ ထိသိစိတ်ဖြစ်ကြောင်း အတွေ့ ‘ဖောဋ္ဌဗ္ဗာယတန’ သည် (ရှိ၏)။

ဤရုပ်အပေါင်းသည် ‘ဗာဟိရ သန္တိကေ’ ဟူသော ထိုရုပ်ပေတည်း။

--

ဗာဟိရစက္ခုသမ္ဖဿဿ န ဝတ္ထုရုပ်

၇၈၃။ (၁) အပသန္တာန်၌ သာ ဖြစ်၍ မြင်သိစိတ်နှင့် ယှဉ်သောတွေ့ထိမှု ‘ဖဿ'၏ မှီရာ တည်ရာမဟုတ်သော ‘ဗာဟိရစက္ခုသမ္ဖဿဿ န ဝတ္ထု’ ဟူသောထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ်ဖြစ်ကြောင်း အဆင်း ‘ရူပါယတန’။ပ။ အလုတ်အလွေး ပြုအပ်သောအစာ ‘ကဗဠီကာရ အာဟာရ’ သည် (ရှိ၏)။ ဤရုပ် အပေါင်းသည် ‘ဗာဟိရစက္ခုသမ္ဖဿဿ နဝတ္ထု’ ဟူသော ထိုရုပ်ပေတည်း။

အဇ္ဈတ္တိက စက္ခုသမ္ဖဿဿ ဝတ္ထုရုပ်

၇၈၄။ (၂) အတွင်းသန္တာန်၌ လည်း ဖြစ်သော , မြင်သိစိတ်နှင့်ယှဉ်သော တွေ့ထိမှု ‘ဖဿ'၏ မှီရာ တည်ရာလည်း ဖြစ်သော ‘အဇ္ဈတ္တိက စက္ခုသမ္ဖဿဿဝတ္ထု’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ်ဖြစ်ရာ မျက်စိအကြည် ‘စက္ခာယတန’ သည် (ရှိ၏)။ ဤရုပ်သည် ‘အဇ္ဈတ္တိက စက္ခုသမ္ဖဿဿ ဝတ္ထု’ ဟူသော ထိုရုပ်ပေတည်း (စက္ခုပသာဒ)။

အဇ္ဈတ္တိက စက္ခုသမ္ဖဿဿ န ဝတ္ထုရုပ်

၇၈၅။ (၃) အတွင်းသန္တာန်၌ သာ ဖြစ်၍ မြင်သိစိတ်နှင့် ယှဉ်သော တွေ့ထိမှု ‘ဖဿ'၏ မှီရာ တည်ရာ မဟုတ်သော ‘အဇ္ဈတ္တိက စက္ခုသမ္ဖဿဿ နဝတ္ထု’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ ကြားသိစိတ် ဖြစ်ရာ နားအကြည် ‘သောတာ ယတန’။ပ။ ထိသိစိတ်ဖြစ်ရာ ကိုယ်အကြည် ‘ကာယာယတန’ သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် ‘အဇ္ဈတ္တိကစက္ခုသမ္ဖဿဿ န ဝတ္ထု’ ဟူသော ထိုရုပ်ပေတည်း။

ဗာဟိရစက္ခုဝိညာဏဿ န ဝတ္ထုရုပ်

၇၈၆။ (၁) အပသန္တာန်၌ သာ ဖြစ်၍ မြင်သိစိတ်နှင့် ယှဉ်သောတွေ့ထိမှု ‘ဖဿ'ကြောင့် ဖြစ်သော ခံစားမှု ‘ဝေဒနာ'၏။ပ။ မှတ်သားမှု ‘သညာ'၏။ပ။ စေ့ဆော်မှု (နှိုးဆော်မှု) ‘စေတနာ'၏။ပ။ မြင်သိစိတ် ‘စက္ခုဝိညာဏ်'၏ မှီရာတည်ရာ မဟုတ်သော ‘ဗာဟိရစက္ခုဝိညာဏဿ န ဝတ္ထု’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ်ဖြစ်ကြောင်း အဆင်း'ရူပါယတန’။ပ။ အလုတ်အလွေး ပြုအပ်သော အစာ ‘ကဗဠီကာရအာဟာရ’ သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် အပသန္တာန်၌ ဖြစ်သော မြင်သိစိတ် ‘စက္ခု ဝိညာဏ်'၏ မှီရာတည်ရာ မဟုတ်သော ‘ဗာဟိရစက္ခုဝိညာဏဿ န ဝတ္ထု’ ဟူသော ထိုရုပ်ပေတည်း။

အဇ္ဈတ္တိက စက္ခုဝိညာဏဿ ဝတ္ထုရုပ်

၇၈၇။ (၂) အတွင်းသန္တာန်၌ လည်း ဖြစ်သော , မြင်သိစိတ်၏မှီရာ တည်ရာလည်း ဖြစ်သော ‘အဇ္ဈတ္တိက စက္ခု ဝိညာဏဿ ဝတ္ထု’ ဟူသော ထိုရုပ်သည်အဘယ်နည်း။ မြင်သိစိတ်ဖြစ်ရာ မျက်စိအကြည် ‘စက္ခာယတန’ သည် (ရှိ၏)။ ဤရုပ်သည် ‘အဇ္ဈတ္တိကစက္ခုဝိညာဏဿ ဝတ္ထု’ ဟူသော ထိုရုပ်ပေတည်း (စက္ခုပသာဒ)။

အဇ္ဈတ္တိက စက္ခုဝိညာဏဿ န ဝတ္ထုရုပ်

၇၈၈။ (၃) အတွင်းသန္တာန်၌ သာ ဖြစ်၍ မြင်သိစိတ်၏ မှီရာတည်ရာ မဟုတ်သော ‘အဇ္ဈတ္တိက စက္ခုဝိညာ ဏဿ န ဝတ္ထု’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ ကြားသိစိတ်ဖြစ်ရာ နားအကြည် ‘သောတာယတန’။ပ။ ထိသိစိတ်ဖြစ်ရာ ကိုယ်အကြည် ‘ကာယာယတန’ သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် ‘အဇ္ဈတ္တိက စက္ခုဝိညာဏဿ န ဝတ္ထု’ ဟူသော ထိုရုပ်ပေတည်း။

--

ဗာဟိရ ကာယသမ္ဖဿဿ န ဝတ္ထုရုပ်

၇၈၉။ (၁) အပသန္တာန်၌ သာ ဖြစ်၍ ကြားသိစိတ်နှင့်ယှဉ်သောတွေ့ထိမှု ‘ဖဿ'၏။ပ။ နံသိစိတ်နှင့်ယှဉ်သော တွေ့ထိမှု ‘ဖဿ'၏။ပ။ လျက်သိစိတ်နှင့် ယှဉ်သောတွေ့ထိမှု ‘ဖဿ'၏။ပ။ ထိသိစိတ်နှင့် ယှဉ်သော တွေ့ထိမှု ‘ဖဿ'၏ မှီရာ တည်ရာ မဟုတ်သော ‘ကာယသမ္ဖဿဿ န ဝတ္ထု’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ်ဖြစ်ကြောင်း အဆင်း'ရူပါယတန’။ပ။ အလုတ်အလွေး ပြုအပ်သော အစာ ‘ကဗဠီကာရအာဟာရ’ သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် ‘ဗာဟိရ ကာယသမ္ဖဿဿ န ဝတ္ထု’ ဟူသော ထိုရုပ်ပေတည်း။

အဇ္ဈတ္တိက ကာယသမ္ဖဿဿ ဝတ္ထုရုပ်

၇၉၀။ (၂) အတွင်းသန္တာန်၌ လည်း ဖြစ်သော ,ထိသိစိတ် (ကာယဝိညာဏ်) နှင့် ယှဉ်သော တွေ့ထိမှု ‘ဖဿ'၏ မှီရာ တည်ရာလည်း ဖြစ်သော ‘အဇ္ဈတ္တိကကာယသမ္ဖဿဿ ဝတ္ထု’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ ထိသိစိတ်ဖြစ်ရာ ကိုယ်အကြည် ‘ကာယာယတန’ သည် (ရှိ၏)။ ဤရုပ်သည် ‘အဇ္ဈတ္တိက ကာယသမ္ဖဿဿ ဝတ္ထု’ ဟူသော ထိုရုပ်ပေတည်း (ကာယပသာဒ)။

အဇ္ဈတ္တိက ကာယသမ္ဖဿဿ န ဝတ္ထုရုပ်

၇၉၁။ (၃) အတွင်းသန္တာန်၌ သာ ဖြစ်၍ ထိသိစိတ် (ကာယဝိညာဏ်) နှင့် ယှဉ်သော တွေ့ထိမှု ‘ဖဿ'၏ မှီရာ တည်ရာ မဟုတ်သော ‘အဇ္ဈတ္တိကကာယသမ္ဖဿဿ န ဝတ္ထု’ ဟူသော ထိုရုပ်သည် အဘယ် နည်း။ မြင်သိစိတ်ဖြစ်ရာ မျက်စိအကြည် ‘စက္ခာယတန’။ပ။ လျက်သိစိတ်ဖြစ်ရာ လျှာအကြည် ‘ဇိဝှါယတန’ သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် ‘အဇ္ဈတ္တိက ကာယသမ္ဖဿဿ န ဝတ္ထု’ ဟူသော ထိုရုပ်ပေ တည်း။

ဗာဟိရ ကာယဝိညာဏဿ န ဝတ္ထုရုပ်

၇၉၂။ (၁) အပသန္တာန်၌ သာ ဖြစ်၍ ထိသိစိတ် (ကာယဝိညာဏ်) နှင့် ယှဉ်သော တွေ့ထိမှု ‘ဖဿ’ ကြောင့်ဖြစ်သော ခံစားမှု ‘ဝေဒနာ'၏။ မှတ်သားမှု ‘သညာ'၏။ပ။ စေ့ဆော်မှု (နှိုးဆော်မှု) ‘စေတနာ’ ၏။ပ။ ထိသိစိတ်၏ မှီရာတည်ရာ မဟုတ်သော ‘ဗာဟိရ ကာယဝိညာဏဿ န ဝတ္ထု’ ဟူသော ထိုရုပ် သည် အဘယ်နည်း။ မြင်သိစိတ်ဖြစ်ကြောင်းအဆင်း ‘ရူပါယတန’။ပ။ အလုတ်အလွေးပြုအပ်သော အစာ ‘ကဗဠီကာရအာဟာရ’ သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် ‘ဗာဟိရ ကာယဝိညာဏဿ န ဝတ္ထု’ ဟူသော ထိုရုပ်ပေတည်း။

အဇ္ဈတ္တိက ကာယဝိညာဏဿ ဝတ္ထုရုပ်

၇၉၃။ (၂) အတွင်းသန္တာန်၌ လည်း ဖြစ်သော , ထိသိစိတ်၏မှီရာတည်ရာလည်း ဖြစ်သော ‘အဇ္ဈတ္တိက ကာယ ဝိညာဏဿ ဝတ္ထု’ ဟူသော ထိုရုပ်သည်အဘယ်နည်း။ မြင်သိစိတ် ဖြစ်ရာ မျက်စိအကြည် ‘စက္ခာယတန’။ပ။ လျက်သိစိတ်ဖြစ်ရာ လျှာအကြည် ‘ဇိဝှါယတန’ သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် ‘အဇ္ဈတ္တိက ကာယဝိညာဏဿ န ဝတ္ထု’ ဟူသောထိုရုပ်ပေတည်း။

အဇ္ဈတ္တိက ကာယဝိညာဏဿ န ဝတ္ထုရုပ်

၇၉၄။ (၃) အတွင်းသန္တာန်၌ သာ ဖြစ်၍ ထိသိစိတ်၏ မှီရာတည်ရာမဟုတ်သော ‘အဇ္ဈတ္တိက ကာယဝိညာ ဏဿ န ဝတ္ထု’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ်ဖြစ်ရာ မျက်စိအကြည် ‘စက္ခာယတန’။ပ။ လျက်သိစိတ်ဖြစ်ရာ လျှာအကြည် ‘ဇိဝှါယတန’ သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် ‘အဇ္ဈတ္တိက ကာယ ဝိညာဏဿ န ဝတ္ထု’ ဟူသော ထိုရုပ်ပေတည်း။

--

အဇ္ဈတ္တိက စက္ခုသမ္ဖဿဿ န အာရမ္မဏရုပ်

၇၉၅။ (၁) အတွင်းသန္တာန်၌ သာ ဖြစ်၍ မြင်သိစိတ်နှင့်ယှဉ်သော တွေ့ထိမှု ‘ဖဿ'၏ အာရုံ မဟုတ်သော (မမြင်အပ် မမြင်ရသော) ‘အဇ္ဈတ္တိကစက္ခုသမ္ဖဿဿ န အာရမ္မဏ’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ်ဖြစ်ရာ မျက်စိအကြည် ‘စက္ခာယတန’။ပ။ ထိသိစိတ်ဖြစ်ရာ ကိုယ်အကြည် ‘ကာယာယတန’ သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် ‘အဇ္ဈတ္တိက စက္ခုသမ္ဖဿဿ န အာရမ္မဏ’ ဟူသော ထိုရုပ်ပေတည်း (ပသာဒရုပ်ငါးပါး)။

ဗာဟိရစက္ခုသမ္ဖဿဿ အာရမ္မဏရုပ်

၇၉၆။ (၂) အပသန္တာန်၌ လည်း ဖြစ်သော , မြင်သိစိတ်နှင့် ယှဉ်သော တွေ့ထိမှု ‘ဖဿ'၏ အာရုံလည်း ဖြစ်သော (မြင်အပ် မြင်ရသော) ‘ဗာဟိရစက္ခုသမ္ဖဿဿအာရမ္မဏ’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိ စိတ်ဖြစ်ကြောင်း အဆင်း ‘ရူပါယတန’ သည် (ရှိ၏)။ ဤရုပ်သည် ‘ဗာဟိရစက္ခုသမ္ဖဿဿ အာရမ္မဏ’ ဟူသော ထိုရုပ်ပေတည်း (ရူပါရုံ)။

ဗာဟိရစက္ခုသမ္ဖဿဿ န အာရမ္မဏရုပ်

၇၉၇။ (၃) အပသန္တာန်၌ သာ ဖြစ်၍ မြင်သိစိတ်နှင့် ယှဉ်သော တွေ့ထိမှု ‘ဖဿ'၏ အာရုံမဟုတ်သော ‘ဗာဟိရစက္ခုသမ္ဖဿဿ န အာရမ္မဏ’ ဟူသောထိုရုပ်သည် အဘယ်နည်း။ ကြားသိစိတ်ဖြစ်ကြောင်း အသံ ‘သဒ္ဒါယတန’။ပ။ အလုတ်အလွေးပြုအပ်သော အစာ ‘ကဗဠီကာရ အာဟာရ’ သည် (ရှိ၏)။ ဤရုပ် အပေါင်းသည် ‘ဗာဟိရစက္ခုသမ္ဖဿဿ န အာရမ္မဏ’ ဟူသော ထိုရုပ်ပေတည်း။

အဇ္ဈတ္တိက စက္ခုဝိညာဏဿ န အာရမ္မဏရုပ်

၇၉၈။ (၁) အတွင်းသန္တာန်၌ သာဖြစ်၍ မြင်သိစိတ်နှင့်ယှဉ်သော တွေ့ထိမှု ‘ဖဿ'ကြောင့် ဖြစ်သော ခံစားမှု ‘ဝေဒနာ'၏။ပ။ မှတ်သားမှု ‘သညာ'၏။ပ။ စေ့ဆော်မှု (နှိုးဆော်မှု) ‘စေတနာ'၏။ပ။ မြင်သိ စိတ်၏ အာရုံမဟုတ်သော (မမြင်အပ်မမြင်ရသော) ‘စက္ခုဝိညာဏဿ န အာရမ္မဏ’ ဟူသော ထို ရုပ်သည် အဘယ်နည်း။ မြင်သိစိတ်ဖြစ်ရာမျက်စိအကြည် ‘စက္ခာယတန’။ပ။ ထိသိစိတ်ဖြစ်ရာ ကိုယ် အကြည် ‘ကာယာယတန’ သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် ‘အဇ္ဈတ္တိက စက္ခုဝိညာဏဿ န အာရမ္မဏ’ ဟူသောထိုရုပ်ပေတည်း (ပသာဒရုပ်ငါးပါး)။

ဗာဟိရစက္ခုဝိညာဏဿ အာရမ္မဏရုပ်

၇၉၉။ (၂) အပသန္တာန်၌ လည်း ဖြစ်သော , မြင်သိစိတ်၏အာရုံလည်း ဖြစ်သော ‘ဗာဟိရစက္ခုဝိညာ ဏဿ အာရမ္မဏ’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ်ဖြစ်ကြောင်း အဆင်း ‘ရူပါယတန’ သည် (ရှိ၏)။ ဤရုပ်သည် ‘ဗာဟိရစက္ခုဝိညာဏဿအာရမ္မဏ’ ဟူသော ထိုရုပ်ပေတည်း (ရူပါရုံ)။

ဗာဟိရစက္ခုဝိညာဏဿ န အာရမ္မဏရုပ်

၈၀၀။ (၃) အပသန္တာန်၌ သာ ဖြစ်၍ မြင်သိစိတ်၏ အာရုံမဟုတ်သော ‘ဗာဟိရစက္ခုဝိညာဏဿ န အာရမ္မဏ’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ ကြားသိစိတ်ဖြစ်ကြောင်း အသံ ‘သဒ္ဒါယတန’။ပ။ အလုတ်အလွေး ပြုအပ်သော အစာ ‘ကဗဠီကာရအာဟာရ’ သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် ‘ဗာဟိရစက္ခုဝိညာဏဿ န အာရမ္မဏ’ ဟူသောထိုရုပ်ပေတည်း။

--

အဇ္ဈတ္တိက ကာယသမ္ဖဿဿ န အာရမ္မဏရုပ်

၈၀၁။ (၁) အတွင်းသန္တာန်၌ သာ ဖြစ်၍ ကြားသိစိတ်နှင့် ယှဉ်သော တွေ့ထိမှု ‘ဖဿ'၏။ပ။ နံသိစိတ်နှင့် ယှဉ်သော တွေ့ထိမှု ‘ဖဿ'၏။ပ။ လျက်သိစိတ်နှင့် ယှဉ်သော တွေ့ထိမှု ‘ဖဿ'၏။ပ။ ထိသိစိတ်နှင့် ယှဉ်သော တွေ့ထိ မှု ‘ဖဿ'၏အာရုံမဟုတ်သော ‘အဇ္ဈတ္တိက ကာယသမ္ဖဿဿ န အာရမ္မဏ’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ်ဖြစ်ရာ မျက်စိအကြည် ‘စက္ခာယတ န’။ပ။ ထိသိစိတ်ဖြစ်ရာ ကိုယ်အကြည် ‘ကာယာယတန’ သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် ‘အဇ္ဈတ္တိက ကာယ သမ္ဖဿဿ နအာရမ္မဏ’ ဟူသော ထိုရုပ်ပေတည်း (ပသာဒရုပ်ငါးပါး)။

ဗာဟိရ ကာယသမ္ဖဿဿ အာရမ္မဏရုပ်

၈၀၂။ (၂) အပသန္တာန်၌ လည်း ဖြစ်သော , ထိသိစိတ်နှင့်ယှဉ်သော တွေ့ထိမှု ‘ဖဿ'၏ အာရုံလည်း ဖြစ်သော ‘ဗာဟိရ ကာယသမ္ဖဿဿအာရမ္မဏ’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ ထိသိစိတ်ဖြစ် ကြောင်း အတွေ့ ‘ဖောဋ္ဌဗ္ဗာယတန’ သည် (ရှိ၏)။ ဤရုပ်သည် ‘ဗာဟိရ ကာယသမ္ဖဿဿ အာရမ္မဏ’ ဟူသော ထိုရုပ်ပေတည်း (ဖောဋ္ဌဗ္ဗာရုံ)။

ဗာဟိရ ကာယသမ္ဖဿဿ န အာရမ္မဏရုပ်

၈၀၃။ (၃) အပသန္တာန်၌ သာ ဖြစ်၍ ထိသိစိတ်နှင့် ယှဉ်သော တွေ့ထိမှု ‘ဖဿ'၏ အာရုံမဟုတ်သော ‘ဗာဟိရ ကာယသမ္ဖဿဿ န အာရမ္မဏ’ ဟူသောထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ်ဖြစ်ကြောင်း အဆင်း ‘ရူပါယတန’။ပ။ အလုတ်အလွေးပြုအပ်သော အစာ ‘ကဗဠီကာရအာဟာရ’ သည် (ရှိ၏)။ ဤ ရုပ်အပေါင်းသည် ‘ဗာဟိရကာယသမ္ဖဿဿ န အာရမ္မဏ’ ဟူသော ထိုရုပ်ပေ တည်း။

အဇ္ဈတ္တိက ကာယဝိညာဏဿ န အာရမ္မဏရုပ်

၈၀၄။ (၁) အတွင်းသန္တာန်၌ သာ ဖြစ်၍ ထိသိစိတ်နှင့်ယှဉ်သော တွေ့ထိမှု ‘ဖဿ'ကြောင့် ဖြစ်သော ခံစားမှု ‘ဝေဒနာ'၏။ပ။ မှတ်သားမှု ‘သညာ'၏။ပ။ စေ့ဆော်မှု (နှိုးဆော်မှု) ‘စေတနာ'၏။ပ။ ထိသိစိတ် ‘ကာယဝိညာဏ်'၏ အာရုံမဟုတ်သော ‘အဇ္ဈတ္တိကကာယဝိညာဏဿ န အာရမ္မဏ’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ်ဖြစ်ရာ မျက်စိအကြည် ‘စက္ခာယတန’။ပ။ ထိသိစိတ် ဖြစ်ရာ ကိုယ်အကြည် ‘ကာယာယတန’ သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် ‘အဇ္ဈတ္တိက ကာယဝိညာဏဿ န အာရမ္မဏ’ ဟူသော ထိုရုပ်ပေတည်း (ပသာဒရုပ်ငါးပါး)။

ဗာဟိရ ကာယဝိညာဏဿ အာရမ္မဏရုပ်

၈၀၅။ (၂) အပသန္တာန်၌ လည်း ဖြစ်သော , ထိသိစိတ်၏အာရုံလည်း ဖြစ်သော ‘ဗာဟိရ ကာယဝိညာ ဏဿ အာရမ္မဏ’ ဟူသော ထိုရုပ်သည်အဘယ်နည်း။ ထိသိစိတ်ဖြစ်ကြောင်း အတွေ့ ‘ဖောဋ္ဌဗ္ဗာယတန’ သည် (ရှိ၏)။ ဤရုပ်သည် ‘ဗာဟိရကာယဝိညာဏဿ အာရမ္မဏ’ ဟူသော ထိုရုပ် ပေတည်း။

ဗာဟိရ ကာယဝိညာဏဿ န အာရမ္မဏရုပ်

၈၀၆။ (၃) အပသန္တာန်၌ သာ ဖြစ်၍ ထိသိစိတ်၏ အာရုံမဟုတ်သော ‘ဗာဟိရ ကာယဝိညာဏဿ န အာရမ္မဏ’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ်ဖြစ်ကြောင်း အဆင်း ‘ရူပါယတန’။ပ။ အလုတ်အလွေး ပြုအပ်သော အစာ ‘ကဗဠီကာရအာဟာရ’ သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် ‘ဗာဟိရ ကာယဝိညာဏဿ နအာရမ္မဏ’ ဟူသော ထိုရုပ်ပေတည်း။

--

ဗာဟိရ န စက္ခာယတနရုပ်

၈၀၇။ (၁) အပသန္တာန်၌ သာဖြစ်၍ မြင်သိစိတ်ဖြစ်ရာ မျက်စိအကြည် ‘စက္ခာယတန'မမည်သော ‘ဗာဟိရ န စက္ခာယတန’ ဟူသော ထိုရုပ်သည် အဘယ် နည်း။ မြင်သိစိတ်ဖြစ်ကြောင်း အဆင်း ‘ရူပါယတန’။ပ။ အလုတ်အလွေး ပြုအပ်သော အစာ ‘ကဗဠီကာရအာဟာရ’ သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် ‘ဗာဟိရ န စက္ခာယတန’ ဟူသောထိုရုပ်ပေတည်း (ပသာဒရုပ်မှ တစ်ပါး အခြားသောရုပ်များ)။

အဇ္ဈတ္တိက စက္ခာယတနရုပ်

၈၀၈။ (၂) အတွင်းသန္တာန်၌ လည်း ဖြစ်သော , မြင်သိစိတ်ဖြစ်ရာ မျက်စိအကြည် ‘စက္ခာယတန'လည်း မည်သော ‘အဇ္ဈတ္တိက စက္ခာ ယတန’ ဟူသော ထိုရုပ်သည်အဘယ်နည်း။ အကြင် မျက်စိအကြည် ‘စက္ခု’ (ပသာဒ) သည် မဟာဘုတ် လေးပါးတို့ကို စွဲမှီ၍ကြည်လင်၏။ပ။ ဤရုပ်သည် (စက္ခုဒွါရ၌ ဖြစ်သော စိတ် အများနှင့် ဆက်ဆံခြင်း ရှိ၍သီးခြားပိုင်ရှင်ကင်းမဲ့သဖြင့်) ဆိတ်သုဉ်းသော ရွာ ‘သုညဂါမ'လည်း မည်၏။ ဤသို့သဘောရှိသောရုပ်သည် ‘အဇ္ဈတ္တိက စက္ခာယတန’ ဟူသော ထိုရုပ်ပေတည်း (စက္ခုပသာဒ)။

အဇ္ဈတ္တိက န စက္ခာယတနရုပ်

၈၀၉။ (၃) အတွင်းသန္တာန်၌ သာ ဖြစ်၍ မြင်သိစိတ်ဖြစ်ရာ မျက်စိအကြည် ‘စက္ခာယတန’ မမည်သော ‘အဇ္ဈတ္တိက န စက္ခာ ယတန’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ ကြားသိစိတ်ဖြစ်ရာ နားအကြည် ‘သောတာယတန’။ပ။ ထိသိစိတ်ဖြစ်ရာ ကိုယ်အကြည် ‘ကာယာယတန’ သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် ‘အဇ္ဈတ္တိက န စက္ခာ ယတန’ ဟူသောထိုရုပ်ပေတည်း။

ဗာဟိရ န သောတာယတနရုပ်စသည်

၈၁၀။ (၁) အပသန္တာန်၌ သာ ဖြစ်၍ ကြားသိစိတ် ဖြစ်ရာ နားအကြည် ‘သောတာယတန’ မမည်သော ‘ဗာဟိရ န သောတာယတန’ ဟူသော ထိုရုပ်သည်။ပ။ နံသိစိတ်ဖြစ်ရာ နှာခေါင်း အကြည် ‘ဃာနာယတန'မဟုတ်သော ‘န ဃာနာယတန’ ဟူသောထိုရုပ်သည်။ပ။ လျက်သိစိတ်ဖြစ်ရာ လျှာအကြည် ‘ဇိဝှါယတန’ မမည်သော ‘န ဇိဝှါယတန’ ဟူသောထိုရုပ်သည်။ပ။ ထိသိစိတ်ဖြစ်ရာ ကိုယ်အကြည် ‘ကာယာယတန'မမည်သော ‘ဗာဟိရ နကာယာယတန’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ် ဖြစ်ကြောင်း အဆင်း ‘ရူပါယတန’။ပ။ အလုတ်အလွေး ပြုအပ်သော အစာ ‘ကဗဠီကာရအာဟာရ’ သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် ‘ဗာဟိရန ကာယာယတန’ ဟူသော ထိုရုပ်ပေတည်း။

အဇ္ဈတ္တိက ကာယာယတနရုပ်

၈၁၁။ (၂) အတွင်းသန္တာန်၌ လည်း ဖြစ်သော , ထိသိစိတ်ဖြစ်ရာ ကိုယ်အကြည် ‘ကာယာယတန'လည်း မည်သော, ‘အဇ္ဈတ္တိက ကာယာယတန’ ဟူသော ထိုရုပ်သည်အဘယ်နည်း။ အကြင် ကိုယ်အကြည် ‘ကာယ’ (ပသာဒ) သည် မဟာဘုတ်လေးပါးတို့ကို စွဲမှီ၍ကြည်လင်၏။ပ။ ဤရုပ်သည် (ကာယဒွါရ၌ ဖြစ်သော စိတ် အများနှင့် ဆက်ဆံခြင်းရှိ၍သီးခြားပိုင်ရှင်ကင်းမဲ့သဖြင့်) ဆိတ်သုဉ်းသော ရွာ ‘သုညဂါမ'လည်း မည်၏။ ဤသို့ သဘောရှိသော ရုပ်သည် ‘အဇ္ဈတ္တိက ကာယာယတန’ ဟူသော ထိုရုပ်ပေတည်း (ကာယပသာဒ)။

--

အဇ္ဈတ္တိက န ကာယာယတနရုပ်

၈၁၂။ (၃) အတွင်းသန္တာန်၌ သာ ဖြစ်၍ ထိသိစိတ်ဖြစ်ရာ ကိုယ်အကြည် ‘ကာယာယတန’ မမည်သော ‘အဇ္ဈတ္တိက န ကာယာယတန’ ဟူသော ထိုရုပ်သည်အဘယ်နည်း။ မြင်သိစိတ် ဖြစ်ရာ မျက်စိအကြည် ‘စက္ခာယတန’။ပ။ လျက်သိစိတ်ဖြစ်ရာ လျှာအကြည် ‘ဇိဝှါယတန’ သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် ‘အဇ္ဈတ္တိက န ကာယာယတန’ ဟူသော ထိုရုပ်ပေတည်း။

အဇ္ဈတ္တိက န ရူပါယတနရုပ်

၈၁၃။ (၁) အတွင်းသန္တာန်၌ သာ ဖြစ်၍ မြင်သိစိတ်ဖြစ်ကြောင်း အဆင်း'ရူပါယတန’ မမည်သော ‘အဇ္ဈတ္တိက န ရူပါယတန’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ်ဖြစ်ရာ မျက်စိအကြည် ‘စက္ခာယတန’။ပ။ ထိသိစိတ်ဖြစ်ရာ ကိုယ်အကြည် ‘ကာယာယတန’ သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် ‘အဇ္ဈတ္တိက န ရူပါယတန’ ဟူသော ထို ရုပ်ပေတည်း (ပသာဒရုပ်ငါးပါး)။

ဗာဟိရ ရူပါယတနရုပ်

၈၁၄။ (၂) အပသန္တာန်၌ လည်း ဖြစ်သော , မြင်သိစိတ်ဖြစ်ကြောင်း အဆင်း’ ရူပါယတန ‘လည်းမည်သော, ‘ဗာဟိရ ရူပါယတန’ ဟူသော ထို ရုပ်သည် အဘယ်နည်း။ မဟာဘုတ်လေးပါးတို့ကို စွဲမှီ၍ အဆင်းအရောင်ဟူသော အကြင် အဆင်း ‘ရူပါရုံ’ သည်။ပ။ ဤရုပ်သည်အဆင်း'ရူပါရုံ’ ဟူသော သဘော ‘ရူပဓာတ်’ လည်း မည်၏။ ဤသို့သဘော ရှိသောရုပ်သည် ‘ဗာဟိရရူပါယတန’ ဟူသော ထိုရုပ်ပေတည်း။

ဗာဟိရ န ရူပါယတနရုပ်

၈၁၅။ (၃) အပသန္တာန်၌ သာဖြစ်၍ မြင်သိစိတ်ဖြစ်ကြောင်း အဆင်း ‘ရူပါယတန’ မမည်သော ‘ဗာဟိရ န ရူပါယတန’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ ကြားသိစိတ်ဖြစ်ကြောင်းအသံ ‘သဒ္ဒါယတန’။ပ။ အလုတ်အလွေး ပြုအပ်သော အစာ ‘ကဗဠီကာရအာဟာရ’ သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် ‘ဗာဟိရ န ရူပါယတန’ ဟူသော ထိုရုပ်ပေ တည်း။

အဇ္ဈတ္တိက န ဖောဋ္ဌဗ္ဗာယတနရုပ်

၈၁၆။ (၁) အတွင်းသန္တာန်၌ သာ ဖြစ်၍ ကြားသိစိတ် ဖြစ်ကြောင်းအသံ ‘သဒ္ဒါယတန’ မမည်သော ‘အဇ္ဈတ္တိက န သဒ္ဒါ ယတန’ ဟူသော ထိုရုပ်သည်။ပ။ နံသိစိတ်ဖြစ်ကြောင်း အနံ့ ‘ဂန္ဓာယတန’ မမည်သော ‘န ဂန္ဓာ ယတန’ ဟူသော ထိုရုပ်သည်။ပ။ လျက်သိစိတ်ဖြစ်ကြောင်း အရသာ ‘ရသာယတန’ မမည်သော ‘န ရသာယတန’ ဟူသော ထိုရုပ်သည်။ပ။ ထိသိစိတ်ဖြစ်ကြောင်း အတွေ့ ‘ဖောဋ္ဌဗ္ဗာယတန’ မမည်သော ‘အဇ္ဈတ္တိက န ဖောဋ္ဌဗ္ဗာယတန’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ်ဖြစ်ရာ မျက်စိအကြည် ‘စက္ခာယတန’။ပ။ ထိသိစိတ်ဖြစ်ရာ ကိုယ်အကြည် ‘ကာယာယတန’ သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် ‘အဇ္ဈတ္တိက နဖောဋ္ဌဗ္ဗာယတန’ ဟူသော ထိုရုပ်ပေတည်း (ပသာဒရုပ်ငါးပါး)။

ဗာဟိရ ဖောဋ္ဌဗ္ဗာယတနရုပ်

၈၁၇။ (၂) အပသန္တာန်၌ လည်း ဖြစ်သော , ထိသိစိတ်ဖြစ်ကြောင်း အတွေ့'ဖောဋ္ဌဗ္ဗာယတန'လည်း မည်သော ‘ဗာဟိရ ဖောဋ္ဌဗ္ဗာယတန’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြေဟူသော (ခက်မာမှု) သဘော ‘ပထဝီ'ဓာတ်။ပ။ ဤရုပ်သည် အတွေ့ (ဖောဋ္ဌဗ္ဗာရုံ)ဟူသော သဘော ‘ဖောဋ္ဌဗ္ဗဓာတ်'လည်း မည်၏။ ဤသို့သဘောရှိသော ရုပ်သည် ‘ဗာဟိရ ဖောဋ္ဌဗ္ဗာယတန’ ဟူသောထိုရုပ်ပေတည်း (ပထဝီ, တေဇော, ဝါယော)။ (၆၄၇)

--

ဗာဟိရ န ဖောဋ္ဌဗ္ဗာယတနရုပ်

၈၁၈။ (၃) အပသန္တာန်၌ သာ ဖြစ်၍ ထိသိစိတ်ဖြစ်ကြောင်း အတွေ့'ဖောဋ္ဌဗ္ဗာယတန'မမည်သော ‘ဗာဟိရ န ဖောဋ္ဌဗ္ဗာယတန’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ်ဖြစ်ကြောင်း အဆင်း ‘ရူပါယတတန’။ပ။ အလုတ်အလွေး ပြုအပ်သောအစာ ‘ကဗဠီကာရအာဟာရ’ သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် ‘ဗာဟိရ န ဖောဋ္ဌဗ္ဗာယတန’ ဟူသောထိုရုပ်ပေတည်း။

ဗာဟိရ န စက္ခုဓာတုရုပ်

၈၁၉။ (၁) အပသန္တာန်၌ သာ ဖြစ်၍ မြင်မှုသဘော ‘စက္ခုဓာတု'မမည်သော ‘ဗာဟိရ န စက္ခုဓာတု’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ်ဖြစ်ကြောင်း အဆင်း'ရူပါယတန’။ပ။ အလုတ်အလွေး ပြုအပ်သော အစာ ‘ကဗဠီကာရ အာဟာရ’ သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် ‘ဗာဟိရ န စက္ခုဓာတု’ ဟူသော ထိုရုပ်ပေတည်း။

အဇ္ဈတ္တိက စက္ခုဓာတုရုပ်

၈၂၀။ (၂) အတွင်းသန္တာန်၌ လည်း ဖြစ်သော , မြင်မှုသဘော ‘စက္ခုဓာတု'လည်း မည်သော ‘အဇ္ဈတ္တိက စက္ခုဓာတု’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ်ဖြစ်ရာမျက်စိအကြည် ‘စက္ခာယတတန’ သည် (ရှိ၏)။ ဤရုပ်သည် ‘အဇ္ဈတ္တိက စက္ခုဓာတု’ ဟူသောထိုရုပ်ပေတည်း (စက္ခုပသာဒ)။

အဇ္ဈတ္တိက န စက္ခုဓာတုရုပ်

၈၂၁။ (၃) အတွင်းသန္တာန်၌ သာ ဖြစ်၍ မြင်မှုသဘော ‘စက္ခုဓာတု’ မမည်သော, ‘အဇ္ဈတ္တိက န စက္ခုဓာတု’ ဟူသော ထိုရုပ်သည် အဘယ် နည်း။ ကြားသိစိတ်ဖြစ်ရာ နားအကြည် ‘သောတာယတန’။ပ။ ထိသိစိတ်ဖြစ်ရာ ကိုယ်အကြည် ‘ကာယာယတန’ သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် ‘အဇ္ဈတ္တိက န စက္ခုဓာတု’ ဟူသော ထိုရုပ်ပေတည်း။

ဗာဟိရ န ကာယဓာတုရုပ်

၈၂၂။ (၁) အပသန္တာန်၌ သာ ဖြစ်၍ ကြားမှုသဘော ‘သောတဓာတု’ မမည်သော, ‘ဗာဟိရ န သောတဓာတု’ ဟူသော ထိုရုပ်သည်။ပ။ နံမှု သဘော ‘ဃာနဓာတု’ မမည်သော,'န ဃာနဓာတု’ ဟူသော ထိုရုပ်သည်။ပ။ လျက်မှုသဘော ‘ဇိဝှါ ဓာတု’ မမည်သော, ‘န ဇိဝှါဓာတု’ ဟူသော ထိုရုပ်သည်။ပ။ ထိမှုသဘော ‘ကာယဓာတု’ မမည်သော, ‘ဗာဟိရ န ကာယဓာတု’ ဟူသောထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ်ဖြစ်ကြောင်း အဆင်း ‘ရူပါယတန’။ပ။ အလုတ်အလွေးပြုအပ်သောအစာ ‘ကဗဠီကာရအာဟာရ’ သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် အပ သန္တာန်၌ သာ ဖြစ်၍ထိမှုသဘော ‘ကာယဓာတု’ မမည်သော ‘ဗာဟိရ န ကာယဓာတု’ ဟူသော ထိုရုပ် ပေတည်း။

အဇ္ဈတ္တိက ကာယဓာတုရုပ်

၈၂၃။ (၂) အတွင်းသန္တာန်၌ လည်း ဖြစ်သော , ထိမှုသဘော ‘ကာယဓာတု'လည်း မည်သော ‘အဇ္ဈတ္တိက ကာယဓာတု’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ ထိသိစိတ်ဖြစ်ရာကိုယ်အကြည် ‘ကာယာယတန’ သည် (ရှိ၏)။ ဤရုပ်သည် ‘အဇ္ဈတ္တိက ကာယဓာတု’ ဟူသောထိုရုပ်ပေတည်း (ကာယပသာဒ)။

--

အဇ္ဈတ္တိက န ကာယဓာတုရုပ်

၈၂၄။ (၃) အတွင်းသန္တာန်၌ သာ ဖြစ်၍ ထိမှုသဘော ‘ကာယဓာတု'မမည်သော ‘အဇ္ဈတ္တိက န ကာယဓာတု’ ဟူသော ထို ရုပ်သည် အဘယ်နည်း။ မြင်သိစိတ်ဖြစ်ရာမျက်စိအကြည် ‘စက္ခာယတန’။ပ။ လျက်သိစိတ်ဖြစ်ရာ လျှာအကြည် ‘ဇိဝှါယတန’ သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် ‘အဇ္ဈတ္တိက န ကာယဓာတု’ ဟူသော ထို ရုပ်ပေတည်း။

အဇ္ဈတ္တိက န ရူပဓာတုရုပ်

၈၂၅။ (၁) အတွင်းသန္တာန်၌ သာဖြစ်၍ အဆင်းသဘော ‘ရူပဓာတု’ မမည်သော ‘အဇ္ဈတ္တိက န ရူပါဓာတု’ ဟူသော ထိုရုပ်သည် အဘယ် နည်း။ မြင်သိစိတ်ဖြစ်ရာမျက်စိအကြည် ‘စက္ခာယတန’။ပ။ ထိသိစိတ်ဖြစ်ရာ ကိုယ်အကြည် ‘ကာယာယတန’ သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် ‘အဇ္ဈတ္တိက န ရူပဓာတု’ ဟူသော ထိုရုပ်ပေတည်း (ပသာဒရုပ်ငါးပါး)။

ဗာဟိရ ရူပဓာတုရုပ်

၈၂၆။ (၂) အပသန္တာန်၌ လည်း ဖြစ်သော , အဆင်းသဘော ‘ရူပဓာတု'လည်းမည်သော ‘ဗာဟိရ ရူပဓာတု’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ်ဖြစ်ကြောင်း အဆင်း'ရူပါယတန’ သည် (ရှိ၏)။ ဤရုပ်သည် အဆင်း ‘ဗာဟိရ ရူပဓာတု’ ဟူသော ထိုရုပ်ပေတည်း (ရူပါရုံ)။

ဗာဟိရ န ရူပဓာတုရုပ်

၈၂၇။ (၃) အပသန္တာန်၌ သာ ဖြစ်၍ အဆင်းသဘော ‘ရူပဓာတု'မမည်သော ‘ဗာဟိရ န ရူပဓာတု’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ ကြားသိစိတ်ဖြစ်ကြောင်း အသံ'သဒ္ဒါယတန’။ပ။ အလုတ်အလွေး ပြုအပ်သော အစာ ‘ကဗဠီကာရ အာဟာရ’ သည် (ရှိ၏)။ ဤရုပ်အပေါင်း သည် ‘ဗာဟိရ န ရူပဓာတု’ ဟူသော ထိုရုပ်ပေတည်း။

အဇ္ဈတ္တိက နတ္တိ ဖောဋ္ဌဗ္ဗဓာတုရုပ်

၈၂၈။ (၁) အတွင်းသန္တာန်၌ သာ ဖြစ်၍ အသံသဘော ‘သဒ္ဒဓာတု'မမည်သော ‘န သဒ္ဒဓာတု’ ဟူသော ထိုရုပ်သည်။ပ။ အနံ့သဘော ‘ဂန္ဓဓာတု'မမည်သော ‘န ဂန္ဓဓာတု’ ဟူသော ထိုရုပ်သည်။ပ။ အရသာသဘော ‘ရသဓာတု’ မမည်သော ‘န ရသဓာတု’ ဟူသောထိုရုပ်သည်။ပ။ အတွေ့သဘော ‘ဖောဋ္ဌဗ္ဗဓာတု'မမည်သော ‘န ဖောဋ္ဌဗ္ဗ ဓာတု’ ဟူသော ထိုရုပ်သည်အဘယ်နည်း။ မြင်သိစိတ်ဖြစ်ရာ မျက်စိအကြည် ‘စက္ခာယတန’။ပ။ ထိသိ စိတ်ဖြစ်ရာ ကိုယ်အကြည် ‘ကာယာယတန’ သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် ‘အဇ္ဈတ္တိက န ဖောဋ္ဌဗ္ဗ ဓာတု’ ဟူသောထိုရုပ်ပေတည်း (ပသာဒရုပ် ငါးပါး)။

ဗာဟိရ ဖောဋ္ဌဗ္ဗဓာတုရုပ်

၈၂၉။ (၂) အပသန္တာန်၌ လည်း ဖြစ်သော , အတွေ့သဘော ‘ဖောဋ္ဌဗ္ဗဓာတု'လည်းမည်သော ‘ဗာဟိရဖောဋ္ဌဗ္ဗဓာတု’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ ထိသိစိတ်ဖြစ်ကြောင်းအတွေ့ ‘ဖောဋ္ဌဗ္ဗာယတန’ သည် (ရှိ၏)။ ဤရုပ်သည် ‘ဗာဟိရ ဖောဋ္ဌဗ္ဗဓာတု’ ဟူသော ထိုရုပ်ပေတည်း (ဖောဋ္ဌဗ္ဗာရုံ)။

--

ဗာဟိရ န ဖောဋ္ဌဗ္ဗဓာတုရုပ်

၈၃၀။ (၃) အပသန္တာန်၌ သာဖြစ်၍ အတွေ့သဘော ‘ဖောဋ္ဌဗ္ဗဓာတု’ မမည်သော ‘ဗာဟိရ န ဖောဋ္ဌဗ္ဗဓာတု’ ဟူသော ထိုရုပ်သည် အဘယ် နည်း။ မြင်သိစိတ်ဖြစ်ကြောင်းအဆင်း ‘ရူပါယတန’။ပ။ အလုတ်အလွေး ပြုအပ်သော အစာ ‘ကဗဠီကာရ အာဟာရ’ သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် ‘ဗာဟိရ န ဖောဋ္ဌဗ္ဗဓာတု’ ဟူသော ထိုရုပ်ပေတည်း။

ဗာဟိရ န စက္ခုန္ဒြိယရုပ်

၈၃၁။ (၁) အပသန္တာန်၌ သာ ဖြစ်၍ မြင်မှု၌ အစိုးရသော မျက်စိအကြည် ‘စက္ခုန္ဒြေ'မမည်သော ‘ဗာဟိရ န စက္ခုန္ဒြိယ’ ဟူသော ထိုရုပ် သည် အဘယ်နည်း။ မြင်သိစိတ်ဖြစ်ကြောင်း အဆင်း ‘ရူပါယတန’။ပ။ အလုတ်အလွေး ပြုအပ်သော အစာ ‘ကဗဠီကာရအာဟာရ’ သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် ‘ဗာဟိရ န စက္ခုန္ဒြိယ’ ဟူသော ထိုရုပ်ပေ တည်း။

အဇ္ဈတ္တိက စက္ခုန္ဒြိယရုပ်

၈၃၂။ (၂) အတွင်းသန္တာန်၌ လည်း ဖြစ်သော , မြင်မှု၌ အစိုးရသော မျက်စိအကြည် ‘စက္ခုန္ဒြေ'လည်း မည်သော ‘အဇ္ဈတ္တိက စက္ခုန္ဒြိယ’ ဟူ သော ထိုရုပ်သည် အဘယ်နည်း။ အကြင် မျက်စိအကြည် ‘စက္ခု’ (ပသာဒ) သည် မဟာဘုတ်လေးပါးတို့ကို စွဲမှီ၍ ကြည်လင်၏။ပ။ ဤရုပ်သည် (စက္ခုဒွါရ၌ ဖြစ်သော စိတ် အများနှင့် ဆက်ဆံခြင်းရှိ၍ သီးခြား ပိုင်ရှင်ကင်းမဲ့သဖြင့်) ဆိတ်သုဉ်းသော ရွာ ‘သုညဂါမ'လည်း မည်၏။ ဤသို့သဘောရှိသော ရုပ်သည် ‘အဇ္ဈတ္တိကစက္ခုန္ဒြိယ’ ဟူသော ထိုရုပ်ပေတည်း (စက္ခုပသာဒ)။

အဇ္ဈတ္တိက န စက္ခုန္ဒြိယရုပ်

၈၃၃။ (၃) အတွင်းသန္တာန်၌ သာဖြစ်၍မြင်မှု၌ အစိုးရသော မျက်စိအကြည် ‘စက္ခုန္ဒြေ'မမည်သော ‘အဇ္ဈတ္တိက န စက္ခုန္ဒြိယ’ ဟူသော ထိုရုပ် သည် အဘယ်နည်း။ ကြားသိစိတ်ဖြစ်ရာ နားအကြည် ‘သောတာယတန’။ပ။ ထိသိစိတ်ဖြစ်ရာ ကိုယ် အကြည် ‘ကာယာယတန’ သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် ‘အဇ္ဈတ္တိက န စက္ခုန္ဒြိယ’ ဟူသော ထိုရုပ်ပေ တည်း။

ဗာဟိရ န ကာယိန္ဒြိယရုပ်

၈၃၄။ (၁) အပသန္တာန်၌ သာ ဖြစ်၍ ကြားမှု၌ အစိုးရသော နားအကြည် ‘သောတိန္ဒြေ'မမည်သော, ဗာဟိရ န သောတိန္ဒြေ’ ဟူသော ထိုရုပ်သည်။ပ။ နံမှု၌ အစိုးရသော နှာခေါင်းအကြည် ‘ဃာနိန္ဒြေ'မမည်သော, ‘န ဃာနိန္ဒြိယ’ ဟူသော ထို ရုပ်သည်။ပ။ လျက်မှု၌ အစိုးရသော လျှာအကြည် ‘ဇိဝှိန္ဒြေ'မမည်သော, ‘န ဇိဝှိန္ဒြိယ’ ဟူသော ထိုရုပ် သည်။ပ။ ထိမှု၌ အစိုးရသော ကိုယ်အကြည် ‘ကာယိန္ဒြေ’ မမည်သော, ‘ဗာဟိရ န ကာယိန္ဒြိယ’ ဟူသော ထိုရုပ်သည်အဘယ်နည်း။ မြင်သိစိတ်ဖြစ်ကြောင်း အဆင်း ‘ရူပါယတန’။ပ။ အလုတ်အလွေး ပြုအပ်သော အစာ ‘ကဗဠီကာရအာဟာရ’ သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် အပသန္တာန်၌ ဖြစ်သော ထိမှု၌ အစိုးရသောကိုယ်အကြည် ‘ကာယိန္ဒြ'မမည်သော ‘ဗာဟိရ န ကာယိန္ဒြိယ’ ဟူသော ထိုရုပ်ပေတည်း။

--

အဇ္ဈတ္တိက ကာယိန္ဒြိယရုပ်

၈၃၅။ (၂) အတွင်းသန္တာန်၌ လည်း ဖြစ်သော , ထိမှု၌ အစိုးရသော ကိုယ်အကြည် ‘ကာယိန္ဒြေ'လည်းမည်သော, ‘အဇ္ဈတ္တိက ကာယိန္ဒြိယ’ ဟူသော ထိုရုပ်သည်အဘယ်နည်း။ အကြင် ကိုယ်အကြည် ‘ကာယ’ (ပသာဒ) သည် မဟာဘုတ်လေးပါး တို့ကို စွဲမှီ၍့ကြည်လင်၏။ပ။ ဤရုပ်သည် (ကာယဒွါရ၌ ဖြစ်သော စိတ် အများနှင့် ဆက်ဆံခြင်းရှိ၍ သီးခြားပိုင်ရှင်ကင်းမဲ့သဖြင့်) ဆိတ်သုဉ်းသော ရွာ ‘သုညဂါမ'လည်း မည်၏။ ဤသို့သဘောရှိသော ရုပ်သည် ‘အဇ္ဈတ္တိက ကာယိန္ဒြိယ’ ဟူသော ထိုရုပ်ပေတည်း (ကာယပသာဒ)။

အဇ္ဈတ္တိက န ကာယိန္ဒြိယရုပ်

၈၃၆။ (၃) အတွင်းသန္တာန်၌ သာဖြစ်၍ထိမှု၌ အစိုးရသော ကိုယ်အကြည် ‘ကာယိန္ဒြေ'မမည်သော ‘အဇ္ဈတ္တိက န ကာယိန္ဒြိယ’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ်ဖြစ်ရာ မျက်စိအကြည် ‘စက္ခာယတန’။ပ။ လျက်သိစိတ်ဖြစ်ရာ လျှာအကြည် ‘ဇိဝှါယတန’ သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် ‘အဇ္ဈတ္တိက န ကာယိန္ဒြိယ’ ဟူသော ထိုရုပ် ပေတည်း။

အဇ္ဈတ္တိက န ဣတ္ထိန္ဒြိယရုပ်

၈၃၇။ (၁) အတွင်းသန္တာန်၌ သာဖြစ်၍ ဣတ္ထိန္ဒြေ မမည်သော ‘အဇ္ဈတ္တိက နဣတ္ထိန္ဒြိယ’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ရာမျက်စိအကြည် ‘စက္ခာယတန’။ပ။ ထိသိစိတ် (ကာယဝိညာဏ်) ဖြစ်ရာ ကိုယ်အကြည် ‘ကာယာယတန’ သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် အတွင်းသန္တာန်၌ သာ ဖြစ်၍ ဣတ္ထိန္ဒြေ မမည်သော ‘အဇ္ဈတ္တိက န ဣတ္ထိန္ဒြိယ’ ဟူသော ထိုရုပ်ပေတည်း (ပသာဒရုပ်ငါးခု)။

ဗာဟိရ ဣတ္ထိန္ဒြိယရုပ်

၈၃၈။ (၂) အပသန္တာန်၌ လည်းဖြစ်သော , ဣတ္ထိန္ဒြေလည်း မည်သော ‘ဗာဟိရဣတ္ထိန္ဒြိယ’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ မိန်းမ၏ အကြင် (အရပ်အမောင်းလက်ခြေစသော) မိန်းမပုံသဏ္ဌာန် ‘ဣတ္ထိလိင်္ဂ’၊ မိန်းမဟု သိကြောင်း အမှတ်အသား ‘ဣတ္ထိ နိမိတ္တ’၊ မိန်းမအမူအရာ ‘ဣတ္ထိကုတ္တ’၊ မိန်းမ၏ (သွားပုံလာပုံစသော) အသွင်အပြင် ‘ဣတ္ထာကပ္ပ’၊ မိန်းမအဖြစ် ‘ဣတ္ထတ္တ’၊ မိန်းမ၏သဘော ‘ဣတ္ထိဘာဝ’ သည် (ရှိ၏)။ ဤသို့သဘောရှိသော ရုပ်သည် ‘ဗာဟိရဣတ္ထိန္ဒြိယ’ ဟူသော ထိုရုပ်ပေတည်း (ဣတ္ထိဘာဝရုပ်)။ (စာပိုဒ် ၆၃၂- ကြည့်)။

ဗာဟိရ န ဣတ္ထိန္ဒြိယရုပ်

၈၃၉။ (၃) အပသန္တာန်၌ သာဖြစ်၍ ဣတ္ထိန္ဒြေမမည်သော ‘ဗာဟိရ န ဣတ္ထိန္ဒြိယ’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ကြောင်း အဆင်း ‘ရူပါယတန’။ပ။ အလုတ်အလွေး ပြုအပ်သော အစာ ‘ကဗဠီကာရ အာဟာရ’ သည် (ရှိ၏)။ ဤရုပ်အပေါင်းသည်အပသန္တာန်၌ သာ ဖြစ်၍ ဣတ္ထိန္ဒြေမမည်သော, ‘ဗာဟိရ န ဣတ္ထိန္ဒြိယ’ ဟူသော ထိုရုပ်ပေတည်း။

အဇ္ဈတ္တိက န ပုရိသိန္ဒြိယရုပ်

၈၄၀။ (၁) အတွင်းသန္တာန်၌ သာဖြစ်၍ ပုရိသိန္ဒြေမမည်သော ‘အဇ္ဈတ္တိက နပုရိသိန္ဒြိယ’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ရာမျက်စိအကြည် ‘စက္ခာယတန’ သည်။ပ။ ထိသိစိတ် (ကာယဝိညာဏ်) ဖြစ်ရာ ကိုယ်အကြည် ‘ကာယာယတန’ သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် အတွင်းသန္တာန်၌ သာ ဖြစ်၍ ပုရိသိန္ဒြေ မမည်သော ‘အဇ္ဈတ္တိက န ပုရိသိန္ဒြိယ’ ဟူသော ထိုရုပ်ပေတည်း (ပသာဒရုပ်ငါးခု)။

--

ဗာဟိရ ပုရိသိန္ဒြိယရုပ်

၈၄၁။ (၂) အပသန္တာန်၌ လည်းဖြစ်သော ,ပုရိသိန္ဒြေလည်းမည်သော ‘ဗာဟိရပုရိသိန္ဒြိယ’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ ယောက်ျား၏ အကြင် (အရပ်အမောင်းလက်ခြေစသော) ယောက်ျားပုံသဏ္ဌာန် ‘ပုရိသလိင်္ဂ’၊ ယောက်ျားဟုသိကြောင်း အမှတ်အသား'ပုရိသနိမိတ္တ’၊ ယောက်ျားအမူအရာ ‘ပုရိသကုတ္တ’၊ ယောက်ျား၏ (သွားပုံ လာပုံစသော) အသွင်အပြင် ‘ပုရိသာကပ္ပ’၊ ယောက်ျားအဖြစ် ‘ပုရိသတ္တ’၊ ယောက်ျား၏သဘော ‘ပုရိသဘာဝ’ သည် (ရှိ၏)။ ဤသို့သဘောရှိသော ရုပ်သည် အပသန္တာန်၌ လည်း ဖြစ်သော , ပုရိသိန္ဒြေလည်း မည်သော ‘ဗာဟိရပုရိသိန္ဒြိယ’ ဟူသော ထိုရုပ်ပေတည်း (ပုမ္ဘာဝရုပ်)။ (စာပိုဒ် ၆၃၃-ကြည့်)

ဗာဟိရ န ပုရိသိန္ဒြိယရုပ်

၈၄၂။ (၃) အပသန္တာန်၌ သာဖြစ်၍ပုရိသိန္ဒြေမမည်သော ‘ဗာဟိရ န ပုရိသိန္ဒြိယ’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ကြောင်း အဆင်း'ရူပါယတန’။ပ။ အလုတ်အလွေး ပြုအပ်သော အစာ ‘ကဗဠီကာရ အာဟာရ’ သည် (ရှိ၏)။ ဤရုပ်အပေါင်းသည်အပသန္တာန်၌ သာ ဖြစ်၍ ပုရိသိန္ဒြေ မမည်သော ‘ဗာဟိရ န ပုရိသိန္ဒြိယ’ ဟူသော ထိုရုပ်ပေတည်း။

အဇ္ဈတ္တိက န ဇီဝိတိန္ဒြိယရုပ်

၈၄၃။ (၁) အတွင်းသန္တာန်၌ သာဖြစ်၍ဇီဝိတိန္ဒြေမမည်သော ‘အဇ္ဈတ္တိက နဇီဝိတိန္ဒြိယ’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ရာမျက်စိအကြည် ‘စက္ခာယတန’။ပ။ ထိသိစိတ် (ကာယဝိညာဏ်) ဖြစ်ရာ ကိုယ်အကြည် ‘ကာယာယတန’ သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် အတွင်းသန္တာန်၌ သာ ဖြစ်၍ ဇီဝိတိန္ဒြေ မမည်သော ‘အဇ္ဈတ္တိက န ဇီဝိတိန္ဒြိယ’ ဟူသော ထိုရုပ်ပေတည်း (ပသာဒ ရုပ်ငါးခု)။

ဗာဟိရ ဇီဝိတိန္ဒြိယရုပ်

၈၄၄။ (၂) အပသန္တာန်၌ လည်းဖြစ်သော ,ဇီဝိတိန္ဒြေလည်းမည်သော ‘ဗာဟိရဇီဝိတိန္ဒြိယ’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ ထိုဖောက်ပြန် ခြင်း သဘောရှိကုန်သော (ရုပ်) တရားတို့၏ အကြင် အသက်၊ တည်ကြောင်းသဘော။ (တည်တံ့စွာ) ဖြစ်နေခြင်းသဘော။ (တည်တံ့စွာ) ဖြစ်နေစေခြင်းသဘော။ (တိုးပွား၍) ဖြစ်မှုသဘော။ (ဆက်လက်၍) ဖြစ်ကြောင်းသဘော၊ စောင့်ရှောက်ခြင်းသဘော၊ အသက်ရှည်ခြင်းသဘော၊ အစိုးတရ စောင့်ရှောက်မှုသည် (ရှိ၏)။ ဤသို့သဘောရှိသော ရုပ်သည် အပသန္တာန်၌ လည်း ဖြစ်သော , ဇိဝိတိန္ဒြေလည်း မည်သော ‘ဗာဟိရဇီဝိတိန္ဒြိယ’ ဟူသော ထိုရုပ်ပေတည်း။ (စာပိုဒ် ၆၃၄-ကြည့်)

ဗာဟိရ န ဇီဝိတိန္ဒြိယရုပ်

၈၄၅။ (၃) အပသန္တာန်၌ သာ ဖြစ်၍ ဇီဝိတိန္ဒြေ မမည်သော ‘ဗာဟိရ နဇီဝိတိန္ဒြိယ’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ကြောင်း အဆင်း'ရူပါယတန’။ပ။ အလုတ်အလွေး ပြုအပ်သော အစာ ‘ကဗဠီကာရ အာဟာရ’ သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် အပသန္တာန်၌ သာ ဖြစ်၍ ဇီဝိတိန္ဒြေမမည်သော ‘ဗာဟိရ န ဇီဝိတိန္ဒြိယ’ ဟူသောထိုရုပ်ပေ တည်း။

--

အဇ္ဈတ္တိက န ကာယဝိညတ္တိ ရုပ်

၈၄၆။ (၁) အတွင်းသန္တာန်၌ သာ ဖြစ်၍ ကာယဝိညတ် မမည်သော ‘အဇ္ဈတ္တိက န ကာယဝိညတ္တိ’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ရာမျက်စိအကြည် ‘စက္ခာယတန’။ပ။ ထိသိစိတ် (ကာယ ဝိညာဏ်) ဖြစ်ရာ ကိုယ်အကြည် ‘ကာယာယတန’ သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် အတွင်းသန္တာန်၌ သာ ဖြစ်၍ ကာယဝိညတ်မမည်သော ‘အဇ္ဈတ္တိက န ကာယဝိညတ္တိ’ ဟူသော ထိုရုပ်ပေတည်း (ပသာဒ ရုပ်ငါးခု)။

ဗာဟိရ ကာယဝိညတ္တိရုပ်

၈၄၇။ (၂) အပသန္တာန်၌ လည်း ဖြစ်သော , ကာယဝိညတ်လည်း မည်သော ‘ဗာဟိရကာယဝိညတ္တိ’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ ကုသိုလ်စိတ်ကြောင့်ဖြစ်စေ,အကုသိုလ်စိတ်ကြောင့်ဖြစ်စေ, ကုသိုလ် အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သော ‘အဗျာကတ'စိတ်ကြောင့်ဖြစ်စေ ရှေ့သို့တက်သူအားလည်းကောင်း, နောက်သို့ ဆုတ်သူအားလည်းကောင်း,တည့်တည့်ကြည့်သူအားလည်းကောင်း, တစောင်းကြည့်သူအားလည်းကောင်း,ကွေးသူအားလည်းကောင်း, ဆန့်တန်းသူအားလည်းကောင်း, (ဖြစ်ပေါ်လာသော) ကိုယ်၏ အကြင်ခိုင်မာမှု၊ ကောင်းစွာ ခိုင်မာမှု၊ ကောင်းစွာ ခိုင်မာသည်၏အဖြစ်။ (မိမိအလိုဆန္ဒကို) သိစေခြင်းသဘော၊ သိစေပုံအခြင်းအရာ၊ သိစေတတ် သည်၏အဖြစ်သည် (ရှိ၏)။ ဤသို့သဘောရှိသော ရုပ်သည်အပသန္တာန်၌ လည်း ဖြစ်သော , ကာယ ဝိညတ်လည်းမည်သော ‘ဗာဟိရ ကာယဝိညတ္တိ’ ဟူသောထိုရုပ်ပေတည်း။ (စာပိုဒ် ၆၃၅-ကြည့်)

ဗာဟိရ န ကာယဝိညတ္တဣ

၈၄၈။ (၃) အပသန္တာန်၌ သာ ဖြစ်၍ ကာယဝိညတ် မမည်သော ‘ဗာဟိရ နကာယဝိညတ္တိ’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ကြောင်းအဆင်း ‘ရူပါယတန’။ပ။ အလုတ်အလွေး ပြုအပ်သောအစာ ‘ကဗဠီကာရ အာဟာရ’ သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် အပသန္တာန်၌ သာ ဖြစ်၍ ကာယဝိညတ်မမည်သော ‘ဗာဟိရ န ကာယဝိညတ္တိ’ ဟူသော ထိုရုပ်ပေတည်း။

အဇ္ဈတ္တိက န ဝစီဝိညတ္တိရုပ်

၈၄၉။ (၁) အတွင်းသန္တာန်၌ သာဖြစ်၍ဝစီဝိညတ်မမည်သော ‘အဇ္ဈတ္တိက နဝစီဝိညတ္တိ’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ရာ မျက်စိအကြည် ‘စက္ခာယတန’။ပ။ ထိသိစိတ် (ကာယဝိညာဏ်) ဖြစ်ရာ ကိုယ် အကြည် ‘ကာယာယတန’ သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် အတွင်းသန္တာန်၌ သာ ဖြစ်၍ ဝစီဝိညတ် မမည်သော ‘အဇ္ဈတ္တိက နဝစီဝိညတ္တိ’ ဟူသော ထိုရုပ်ပေတည်း (ပသာဒရုပ်ငါးခု)။

ဗာဟိရ ဝစီဝိညတ္တိရုပ်

၈၅၀။ (၂) အပသန္တာန်၌ လည်းဖြစ်သော , ဝစီဝိညတ်လည်းမည်သော ‘ဗာဟိရဝစီဝိညတ္တိ’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ ကုသိုလ်စိတ် ကြောင့်ဖြစ်စေ,အကုသိုလ်စိတ်ကြောင့်ဖြစ်စေ, ကုသိုလ် အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သော ‘အဗျာကတ'စိတ်ကြောင့်ဖြစ်စေ အကြင်စကား၊ မြွက်ဆိုမှု၊ စကားအစီအစဉ်၊ ပြောဆိုမှု၊ ကြွေးကြော်ခြင်း၊ ကြွေးကြော် မှု၊ နှုတ် (စကား)၊ နှုတ်မြွက်မှုသည် (ရှိ၏)။ ဤနှုတ်မြွက်မှု စသည်ကိုနှုတ်စကား ‘ဝါစာ’ ဟူ၍ ဆိုအပ်၏။ ထိုနှုတ် (စကား) ဖြင့် (မိမိအလိုဆန္ဒကို) အကြင် သိစေခြင်းသဘော၊ သိစေပုံအခြင်းအရာ၊ သိစေတတ်သည်၏အဖြစ်သည် (ရှိ၏)။ ဤသို့သဘောရှိသော ရုပ်သည် အပသန္တာန်၌ လည်းဖြစ်သော , ဝစီဝိညတ်လည်း မည်သော ‘ဗာဟိရဝစီဝိညတ္တိ’ ဟူသော ထိုရုပ်ပေတည်း။ (စာပိုဒ် ၆၃၆-ကြည့်)

--

ဗာဟိရ န ဝစီဝိညတ္တိရုပ်

၈၅၁။ (၃) အပသန္တာန်၌ သာ ဖြစ်၍ ဝစီဝိညတ် မမည်သော ‘ဗာဟိရ နဝစီဝိညတ္တိ’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ကြောင်း အဆင်းရူပါယတန’။ပ။ အလုတ်အလွေး ပြုအပ်သောအစာ ‘ကဗဠီကာရ အာဟာရ’ သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် အပသန္တာန်၌ သာ ဖြစ်၍ ဝစီဝိညတ် မမည်သော ‘ဗာဟိရ န ဝစီဝိညတ္တိ’ ဟူသောထိုရုပ် ပေတည်း။

အဇ္ဈတ္တိက န အာကာသဓာတုရုပ်

၈၅၂။ (၁) အတွင်းသန္တာန်၌ သာ ဖြစ်၍ အာကာသဓာတ် မမည်သော ‘အဇ္ဈတ္တိက န အာကာသဓာတု’ ဟူသော ထိုရုပ်သည် အ ဘယ်နည်း။ မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ရာ မျက်စိအကြည် ‘စက္ခာယတန’။ပ။ ထိသိစိတ် (ကာယ ဝိညာဏ်) ဖြစ်ရာကိုယ်အကြည် ‘ကာယာယတန’ သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် အတွင်းသန္တာန်၌ သာ ဖြစ်၍အာကာသဓာတ် မမည်သော ‘အဇ္ဈတ္တိက န အာကာသဓာတု’ ဟူသော ထိုရုပ်ပေတည်း။

ဗာဟိရ အာကာသဓာတုရုပ်

၈၅၃။ (၂) အပသန္တာန်၌ လည်း ဖြစ်သော , အာကာသဓာတ်လည်းမည်သော ‘ဗာဟိရ အာကာသဓာတု’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ အကြင်မရေး ခြစ်အပ်သော (ရေးခြစ်၍မရသော ကောင်းကင် ဟင်းလင်း) သဘော၊ မရေးခြစ်အပ်သော (ရေးခြစ်၍မရသောကောင်းကင်ဟင်းလင်း) သဘောဟူ၍ ဖြစ်ခြင်း၊ မထိခိုက်အပ်သော (ထိကိုင်၍မရသောကောင်းကင်ဟင်းလင်း) သဘော၊ မထိခိုက်အပ်သော ထိကိုင်၍ မရသော ကောင်းကင်ဟင်းလင်း) သဘောဟူ၍ ဖြစ်ခြင်း။ (ဟင်းလင်း) အပေါက်။ (ဟင်းလင်း) အပေါက်ဟူ၍ ဖြစ်ခြင်း၊ မဟာဘုတ်လေးပါးတို့သည် မတွေ့ထိအပ်သော သဘောသည် (ရှိ၏)။ ဤသို့သဘောရှိသော ရုပ်သည်အပသန္တာန်၌ လည်းဖြစ်သော , အာကာသဓာတ်လည်းမည်သော ‘ဗာဟိရ အာကာသဓာတု’ ဟူသောထိုရုပ်ပေတည်း။ (စာပိုဒ် ၆၃၇-ကြည့်)

ဗာဟိရ န အာကာသဓာတုရုပ်

၈၅၄။ (၃) အပသန္တာန်၌ သာ ဖြစ်၍ အာကာသဓာတ်ကား မမည်သော ‘ဗာဟိရ န အာကာသဓာတု’ ဟူသော ထိုရုပ်သည် အဘယ် နည်း။ မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ကြောင်း အဆင်း ‘ရူပါယတန’။ပ။ အလုတ်အလွေး ပြုအပ်သော အစာ ‘ကဗဠီကာရအာဟာရ’ သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် အပသန္တာန်၌ သာ ဖြစ်၍ အာကာသဓာတ်မမည်သော ‘ဗာဟိရ န အာကာသဓာတတု’ ဟူသော ထိုရုပ်ပေတည်း။

အဇ္ဈတ္တိက န အာပေါဓာတုရုပ်

၈၅၅။ (၁) အတွင်းသန္တာန်၌ သာ ဖြစ်၍ အာပေါဓာတ် မမည်သော ‘အဇ္ဈတ္တိက န အာပေါဓာတု’ ဟူသော ထိုရုပ်သည် အ ဘယ်နည်း။ မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ရာမျက်စိအကြည် ‘စက္ခာယတန’။ပ။ ထိသိစိတ် (ကာယ ဝိညာဏ်) ဖြစ်ရာ ကိုယ်အကြည် ‘ကာယာယတန’ သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် အတွင်းသန္တာန်၌ သာ ဖြစ်၍အာပေါဓာတ်မမည်သော ‘အဇ္ဈတ္တိက န အာပေါဓာတု’ ဟူသော ထိုရုပ်ပေတည်း (ပသာဒ ရုပ်ငါးခု)။

--

ဗာဟိရ အာပေါဓာတုရုပ်

၈၅၆။ (၂) အပသန္တာန်၌ လည်းဖြစ်သော , အာပေါဓာတ်လည်းမည်သော,'ဗာဟိရအာပေါဓာတု’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ အကြင်ရေ၊ ရေဟူ၍ ဖြစ်ခြင်း၊ အစေး (အစို)၊ အစေး (အစို)ဟူ၍ ဖြစ်ခြင်း၊ ရုပ်ကို ဖွဲ့စည်းခြင်းသည် (ရှိ၏)။ ဤသို့ သဘောရှိသောရုပ်သည် အပသန္တာန်၌ လည်း ဖြစ်သော , အာပေါဓာတ်လည်း မည်သော, ‘ဗာဟိရအာပေါဓာတု’ ဟူသောထိုရုပ်ပေတည်း။ (စာပိုဒ် ၆၅၁-ကြည့်)

ဗာဟိရ န အာပေါဓာတုရုပ်

၈၅၇။ (၃) အပသန္တာန်၌ သာ ဖြစ်၍ အာပေါဓာတ် မမည်သော ‘ဗာဟိရ နအာပေါဓာတု’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိ စိတ် ‘စက္ခုဝိညာဏ် ‘ဖြစ်ကြောင်း အဆင်း'ရူပါယတန’။ပ။ အလုတ်အလွေး ပြုအပ်သော အစာ ‘ကဗဠီကာရ အာဟာရ’ သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် အပသန္တာန်၌ သာ ဖြစ်၍ အာပေါဓာတ် မမည်သော ‘ဗာဟိရ နအာပေါဓာတု’ ဟူသော ထို ရုပ်ပေတည်း။

အဇ္ဈတ္တိက ရူပဿ န လဟုတာရုပ်

၈၅၈။ (၁) အတွင်းသန္တာန်၌ သာဖြစ်၍ ရူပဿလဟုတာမမည်သော ‘အဇ္ဈတ္တိက ရူပဿ န လဟုတာ’ ဟူသော ထို ရုပ်သည် အဘယ်နည်း။ မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ရာ မျက်စိ အကြည် ‘စက္ခာယတန’။ပ။ ထိသိစိတ် (ကာယဝိညာဏ်) ဖြစ်ရာကိုယ်အကြည် ‘ကာယာယတန’ သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် အတွင်း သန္တာန်၌ သာ ဖြစ်၍ ရူပဿလဟုတာမမည်သော ‘အဇ္ဈတ္တိက ရူပဿ န လဟုတာ’ ဟူသော ထိုရုပ် ပေတည်း (ပသာဒရုပ်ငါးခု)။

ဗာဟိရ ရူပဿ လဟုတာရုပ်

၈၅၉။ (၂) အပသန္တာန်၌ လည်းဖြစ်သော , ရူပဿ လဟုတာလည်းမည်သော, ‘ဗာဟိရ ရူပဿ လဟုတာ’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ (နိပ္ဖန္န) ရုပ်၏ အကြင်လျင်မြန်ပေါ့ပါးသည်၏ အဖြစ်၊ ပေါ့ပါးစွာပြောင်းလဲနိုင်သည်၏အဖြစ် (လျင်မြန်သည်၏အဖြစ်)၊ မနုန့်နှေးမလေးလံသည်၏အဖြစ်၊ မခိုင်မာသည်၏အဖြစ်။ (မတုန်မလှုပ်ခြင်း ကင်းသည်၏အဖြစ်) သည် (ရှိ၏)။ ဤသို့သဘောရှိသော ရုပ်သည် အပသန္တာန်၌ လည်း ဖြစ်သော , ရူပဿ လဟုတာလည်း မည်သော ‘ဗာဟိရ ရူပဿ လဟုတာ’ ဟူသော ထိုရုပ်ပေတည်း။ (စာပိုဒ် ၆၃၈-ကြည့်)

ဗာဟိရ ရူပဿ န လဟုတာရုပ်

၈၆၀။ (၃) အပသန္တာန်၌ သာ ဖြစ်၍ ရူပဿ လဟုတာ မမည်သော ‘ဗာဟိရ ရူပဿ န လဟုတာ’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ကြောင်း အဆင်း ‘ရူပါယတန’။ပ။ အလုတ်အလွေး ပြုအပ် သော အစာ ‘ကဗဠီကာရ အာဟာရ’ သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် အပသန္တာန်၌ သာဖြစ်၍ ရူပဿ လဟုတာမမည်သော ‘ဗာဟိရ ရူပဿ န လဟုတာ’ ဟူသော ထိုရုပ်ပေတည်း။

အဇ္ဈတ္တိက ရူပဿ န မုဒုတာရုပ်

၈၆၁။ (၁) အတွင်းသန္တာန်၌ သာ ဖြစ်၍ ရူပဿ မုဒုတာ မမည်သော ‘အဇ္ဈတ္တိက ရူပဿ န မုဒုတာ’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ရာ မျက်စိအကြည် ‘စက္ခာယတန’။ပ။ ထိသိစိတ် (ကာယ ဝိညာဏ်) ဖြစ်ရာကိုယ်အကြည် ‘ကာယာယတန’ သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် အတွင်းသန္တာန်၌ သာ ဖြစ်၍ရူပဿ မုဒုတာမမည်သော ‘အဇ္ဈတ္တိက ရူပဿ န မုဒုတာ’ ဟူသော ထိုရုပ်ပေတည်း (ပသာဒရုပ် ငါးခု)။

--

ဗာဟိရ ရူပဿ မုဒုတာရုပ်

၈၆၂။ (၂) အပသန္တာန်၌ လည်း ဖြစ်သော , ရူပဿ မုဒုတာလည်းမည်သော ‘ဗာဟိရ ရူပဿ မုဒုတာ’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ (နိပ္ဖန္န) ရုပ်၏ အကြင်နူးညံ့မှု၊ ပြော့ပျောင်းပြေပြစ်မှု၊ မကြမ်းတမ်းမှု၊ မခက်မာမှုသည် (ရှိ၏)။ ဤသို့ သဘောရှိသော ရုပ်သည့်အပသန္တာန်၌ လည်း ဖြစ်သော , ရူပဿ မုဒုတာလည်း မည်သော ‘ဗာဟိရ ရူပဿ မုဒုတာ’ ဟူသောထိုရုပ်ပေတည်း။ (စာပိုဒ် ၆၃၉-ကြည့်)

ဗာဟိရ ရူပဿ န မုဒုတာရုပ်

၈၆၃။ (၃) အပသန္တာန်၌ သာ ဖြစ်၍ ရူပဿ မုဒုတာ မမည်သော ‘ဗာဟိရ ရူပဿ န မုဒုတာ’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ကြောင်း အဆင်း ‘ရူပါယတန’။ပ။ အလုတ်အလွေး ပြု အပ်သော အစာ ‘ကဗဠီကာရအာဟာရ’ သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် အပသန္တာန်၌ သာ ဖြစ်၍ ရူပဿ မုဒုတာ မမည်သော ‘ဗာဟိရ ရူပဿ န မုဒုတာ’ ဟူသော ထိုရုပ်ပေတည်း။

အဇ္ဈတ္တိက ရူပဿ န ကမ္မညတာရုပ်

၈၆၄။ (၁) အတွင်းသန္တာန်၌ သာ ဖြစ်၍ ရူပဿ ကမ္မညတာမမည်သော ‘အဇ္ဈတ္တိက ရူပဿ န ကမ္မညတာ’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ရာ မျက်စိအကြည် ‘စက္ခာယတန’။ပ။ ထိသိစိတ် (ကာယဝိညာဏ်) ဖြစ်ရာကိုယ်အကြည် ‘ကာယာယတန’ သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် အတွင်း သန္တာန်၌ သာ ဖြစ်၍ ရူပဿကမ္မညတာမမည်သော ‘အဇ္ဈတ္တိက ရူပဿ န ကမ္မညတာ’ ဟူသော ထိုရုပ်ပေ တည်း (ပသာဒရုပ်ငါးခု)။

ဗာဟိရ ရူပဿ ကမ္မညတာရုပ်

၈၆၅။ (၂) အပသန္တာန်၌ လည်းဖြစ်သော , ရူပဿ ကမ္မညတာလည်းမည်သော, ‘ဗာဟိရ ကမ္မညတာ’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ (နိပ္ဖန္န) ရုပ်၏ အကြင်အလုပ်၌ ခံ့မှု၊ အလုပ်၌ ခံ့ကြောင်းသဘော၊ အလုပ်၌ ခံ့သည်၏ အဖြစ် သည် (ရှိ၏)။ ဤသို့သဘောရှိသောရုပ်သည် အပသန္တာန်၌ လည်း ဖြစ်သော , ရူပဿ ကမ္မညတာလည်း မည်သော ‘ဗာဟိရ ရူပဿကမ္မညတာ’ ဟူသော ထိုရုပ်ပေတည်း။ (စာပိုဒ် ၆၄၀-ကြည့်)

ဗာဟိရ ရူပဿ န ကမ္မညတာရုပ်

၈၆၆။ (၃) အပသန္တာန်၌ သာ ဖြစ်၍ ရူပဿ ကမ္မညတာမမည်သော ‘ဗာဟိရ ရူပဿ န ကမ္မညတာ’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ကြောင်း အဆင်း ‘ရူပါယတန’။ပ။ အလုတ်အလွေး ပြုအပ် သော အစာ ‘ကဗဠီကာရအာဟာရ’ သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် အပသန္တာန်၌ သာ ဖြစ်၍ ရူပဿ ကမ္မညတာမမည်သော ‘ဗာဟိရ ရူပဿ န ကမ္မညတာ’ ဟူသော ထိုရုပ်ပေတည်း။

အဇ္ဈတ္တိက ရူပဿ န ဥပစယရုပ်

၈၆၇။ (၁) အတွင်းသန္တာန်၌ သာဖြစ်၍ ရူပဿ ဥပစယ မမည်သော ‘အဇ္ဈတ္တိက ရူပဿ န ဥပစယ’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ရာ မျက်စိအကြည် ‘စက္ခာယတန’။ပ။ ထိသိစိတ် (ကာယ ဝိညာဏ်) ဖြစ်ရာကိုယ်အကြည် ‘ကာယာယတန’ သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် အတွင်းသန္တာန်၌ သာ ဖြစ်၍ ရူပဿဥပစယ မမည်သော ‘အဇ္ဈတ္တိက ရူပဿ န ဥပစယ’ ဟူသော ထိုရုပ်ပေတည်း (ပသာဒ ရုပ်ငါးခု)။

--

ဗာဟိရ ရူပဿ ဥပစယရုပ်

၈၆၈။ (၂) အပသန္တာန်၌ လည်းဖြစ်သော , ရူပဿ ဥပစယလည်းမည်သော ‘ဗာဟိရ ရူပဿ ဥပစယ’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ ရုပ်အာယတနတို့၏အကြင် (ဦးစွာအစ) ဖြစ်ပေါ် လာစသည် (ရှိ၏)၊ ထိုရုပ် အာယတနတို့၏ (ဦးစွာအစ) ဖြစ်ပေါ်လာစသည်ရုပ်၏ဖြစ်စ ‘ရူပဿ ဥပစယ’မည်၏။ ဤသို့သဘောရှိသော ရုပ်သည် အပ သန္တာန်၌ လည်း ဖြစ်သော ,ရူပဿ ဥပစယလည်းမည်သော ‘ဗာဟိရ ရူပဿ ဥပစယ’ ဟူသော ထိုရုပ်ပေတည်း။ (စာပိုဒ် ၆၄၁-ကြည့်)

ဗာဟိရ ရူပဿ န ဥပစယရုပ်

၈၆၉။ (၃) အပသန္တာန်၌ သာဖြစ်၍ ရူပဿ ဥပစယမမည်သော ‘ဗာဟိရရူပဿ န ဥပစယ’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ကြောင်းအဆင်း ‘ရူပါယတန’။ပ။ အလုတ်အလွေး ပြုအပ်သော အစာ ‘ကဗဠီကာရ အာဟာရ’ သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် အပသန္တာန်၌ သာ ဖြစ်၍ ရူပဿ ဥပစယ မမည်သော ‘ဗာဟိရ ရူပဿ နဥပစယ’ ဟူသော ထိုရုပ်ပေတည်း။

အဇ္ဈတ္တိက ရူပဿ န သန္တတိရုပ်

၈၇၀။ (၁) အတွင်းသန္တာန်၌ သာ ဖြစ်၍ ရူပဿ သန္တတိ မမည်သော ‘အဇ္ဈတ္တိက ရူပဿ န သန္တတိ’ ဟူသော ထိုရုပ်သည် အ ဘယ်နည်း။ မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ရာ မျက်စိအကြည် ‘စက္ခာယတန’။ပ။ ထိသိစိတ် (ကာယ ဝိညာဏ်) ဖြစ်ရာကိုယ်အကြည် ‘ကာယာယတန’ သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် အတွင်းသန္တာန်၌ သာ ဖြစ်၍ ရူပဿသန္တတိမမည်သော ‘အဇ္ဈတ္တိက ရူပဿ န သန္တတိ’ ဟူသော ထိုရုပ်ပေတည်း (ပသာဒ ရုပ်ငါးခု)။

ဗာဟိရ ရူပဿ သန္တတိရုပ်

၈၇၁။ (၂) အပသန္တာန်၌ လည်းဖြစ်သော , ရူပဿ သန္တတိလည်းမည်သော ‘ဗာဟိရ ရူပဿ သန္တတိ’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ ရုပ်၏ အကြင် ကြီးပွါးဆဲအစဉ် (ဆက်လက်၍ ဖြစ်ပေါ်နေဆဲ) သည် (ရှိ၏)။ ထိုရုပ်၏ ကြီးပွါးဆဲအစဉ်သည် ရုပ်၏ ဖြစ်စဉ် ‘ရူပဿသန္တတိ ‘မည်၏။ ဤသို့ သဘောရှိသော ရုပ်သည် အပသန္တာန်၌ လည်း ဖြစ်သော , ရူပဿသန္တတိလည်းမည်သော ‘ဗာဟိရရူပဿ သန္တတိ ‘ဟူသော ထိုရုပ်ပေတည်း။ (စာပိုဒ် ၆၄၂-ကြည့်)

ဗာဟိရ ရူပဿ န သန္တတိရုပ်

၈၇၂။ (၃) အပသန္တာန်၌ ဖြစ်၍ ရူပဿ သန္တတိ မမည်သော ‘ဗာဟိရရူပဿ န သန္တတိ’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ကြောင်းအဆင်း ‘ရူပါယတန’။ပ။ အလုတ်အလွေး ပြုအပ်သော အစာ ‘ကဗဠီကာရအာဟာရ’ သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် အပသန္တာန်၌ သာ ဖြစ်၍ ရူပဿ သန္တတိ မမည်သော ‘ဗာဟိရ ရူပဿ နသန္တတိ’ ဟူသော ထိုရုပ်ပေတည်း။

အဇ္ဈတ္တိက ရူပဿ န ဇရတာရုပ်

၈၇၃။ (၁) အတွင်းသန္တာန်၌ သာဖြစ်၍ ရူပဿ ဇရတာ မမည်သော ‘အဇ္ဈတ္တိက ရူပဿ န ဇရတာ’ ဟူသော ထိုရုပ်သည် အ ဘယ်နည်း။ မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ရာ မျက်စိအကြည် ‘စက္ခာယတန’။ပ။ ထိသိစိတ် (ကာယ ဝိညာဏ်) ဖြစ်ရာ ကိုယ်အကြည် ‘ကာယာယတန’ သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် အတွင်းသန္တာန်၌ သာ ဖြစ်၍ ရူပဿ ဇရတာမမည်သော ‘အဇ္ဈတ္တိက ရူပဿ န ဇရတာ’ ဟူသော ထိုရုပ်ပေတည်း (ပသာဒ ရုပ်ငါးခု)။

--

ဗာဟိရ ရူပဿ ဇရတာရုပ်

၈၇၄။ (၂) အပသန္တာန်၌ လည်းဖြစ်သော , ရူပဿဇရတာလည်း မည်သော ‘ဗာဟိရ ရူပဿ ဇရတာ’ ဟူသော ထိုရုပ်သည် အဘယ် နည်း။ (နိပ္ဖန္န) ရုပ်၏အကြင်လျော့ပါးခြင်း (အိုမင်းယုတ်လျော့ခြင်း) ‘ဇရာ’၊ ရင့်ရော်ဆွေးမြေ့ကြောင်း ‘ဇီရဏတာ’၊ သွားကျိုးကြောင်း ‘ခဏ္ဍိစ္စ’၊ ဆံပင်ဖြူကြောင်း ‘ပါလိစ္စ’၊ အရေတွန့်ကြောင်း ‘ဝလိတ္တစတာ’၊ အသက်၏ဆုတ်ယုတ်ကြောင်း ‘အာယုနောသံဟာနိ’။ (စက္ခုန္ဒြေစသော) (မိမိဆိုင်ရာကိစ္စ၌) အစိုးရမှု ‘ဣန္ဒြေ'တို့၏ရင့်ရော်ပျက်ပြားကြောင်း ‘ဣန္ဒြိယာနံ ပရိပါက’ သည် (ရှိ၏)။ ဤသို့သဘောရှိသော ရုပ်သည် အပသန္တာန်၌ လည်း ဖြစ်သော , ရူပဿ ဇရတာလည်း မည်သော ‘ဗာဟိရ ရူပဿ ဇရတာ’ ဟူသော ထိုရုပ်ပေတည်း။ (စာပိုဒ် ၆၄၃-ကြည့်)

ဗာဟိရ ရူပဿ န ဇရတာရုပ်

၈၇၅။ (၃) အပသန္တာန်၌ သာဖြစ်၍ ရူပဿဇရတာမမည်သော ‘ဗာဟိရရူပဿ န ဇရတာ’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ကြောင်းအဆင်း ‘ရူပါယတန’။ပ။ အလုတ်အလွေး ပြုအပ်သောအစာ ‘ကဗဠီကာရ အာဟာရ’ သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် အပသန္တာန်၌ သာ ဖြစ်၍ ရူပဿ ဇရတာ မမည်သော ‘ဗာဟိရ ရူပဿ နဇရတာ’ ဟူသော ထိုရုပ်ပေတည်း။

အဇ္ဈတ္တိက ရူပဿ န အနိစ္စတာရုပ်

၈၇၆။ (၁) အတွင်းသန္တာန်၌ သာဖြစ်၍ ရူပဿအနိစ္စတာ မမည်သော ‘အဇ္ဈတ္တိက ရူပဿ န အနိစ္စတာ’ ဟူသော ထို ရုပ်သည် အဘယ်နည်း။ မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ရာ မျက်စိအကြည် ‘စက္ခာယတန’။ပ။ ထိသိစိတ် (ကာယဝိညာဏ်) ဖြစ်ရာကိုယ်အကြည် ‘ကာယာယတန’ သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် အတွင်း သန္တာန်၌ သာ ဖြစ်၍ ရူပဿအနိစ္စတာ မမည်သော ‘အဇ္ဈတ္တိက ရူပဿ န အနိစ္စတာ’ ဟူသော ထိုရုပ်ပေ တည်း (ပသာဒရုပ်ငါးခု)။

ဗာဟိရ ရူပဿ အနိစ္စတာရုပ်

၈၇၇။ (၂) အပသန္တာန်၌ လည်းဖြစ်သော , ရူပဿ အနိစ္စတာလည်းမည်သော, ‘ဗာဟိရ ရူပဿ အနိစ္စတာ’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ (နိပ္ဖန္န) ရုပ်၏အကြင်ကုန်ဆုံးမှု ‘ခယ’၊ ပျက်မှု ‘ဝယ’၊ ကွဲမှု ‘ဘေဒ’၊ ထက်ဝန်းကျင်ကွဲမှု (အားလုံးပျက်ပြိုကွဲမှု) ‘ပရိဘေဒ’။ (ဖြစ်ပြီးသည့်နောက် တည်တံ့မနေခြင်းကြောင့်) မမြဲမှု ‘အနိစ္စတာ’၊ ကွယ်ပျောက်မှု ‘အန္တရဓာန’ သည် (ရှိ၏)။ ဤသို့သဘောရှိသော ရုပ်သည် အပသန္တာန်၌ လည်း ဖြစ်သော , ရူပဿအနိစ္စတာလည်း မည်သော ‘ဗာဟိရ ရူပဿ အနိစ္စတာ’ ဟူသော ထိုရုပ်ပေတည်း။ (စာပိုဒ် ၆၄၄-ကြည့်)

ဗာဟိရ ရူပဿ န အနိစ္စတာရုပ်

၈၇၈။ (၃) အပသန္တာန်၌ သာဖြစ်၍ ရူပဿ အနိစ္စတာ မမည်သော ‘ဗာဟိရ ရူပဿ န အနိစ္စတာ’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ကြောင်း အဆင်း ‘ရူပါယတန’။ပ။ အလုတ်အလွေး ပြုအပ်သော အစာ ‘ကဗဠီကာရအာဟာရ’ သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် အပသန္တာန်၌ သာ ဖြစ်၍ ရူပဿ အနိစ္စတာ မမည်သော ‘ဗာဟိရ ရူပဿန အနိစ္စတာ’ ဟူသော ထိုရုပ်ပင်တည်း။

--

အဇ္ဈတ္တိက န ကဗဠီကာရ အာဟာရရုပ်

၈၇၉။ (၁) အတွင်းသန္တာန်၌ သာဖြစ်၍ ကဗဠီကာရ အာဟာရမမည်သော ‘အဇ္ဈတ္တိက န ကဗဠီကာရအာဟာရ’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ရာ မျက်စိအကြည် ‘စက္ခာယတန’။ပ။ ထိသိစိတ် (ကာယဝိညာဏ်) ဖြစ်ရာကိုယ်အကြည် ‘ကာယာယတန’ သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် အတွင်း သန္တာန်၌ သာ ဖြစ်၍ နကဗဠီကာရအာဟာရ မမည်သော ‘အဇ္ဈတ္တိက န ကဗဠီကာရ အာဟာရ’ ဟူသော ထိုရုပ်ပေတည်း (ပသာဒရုပ်ငါးခု)။

ဗာဟိရ ကဗဠီကာရအာဟာရရုပ်

၈၈၀။ (၂) အပသန္တာန်၌ လည်းဖြစ်သော ,အလုတ်အလွေး ပြုအပ်သောအစာ ‘ကဗဠီကာရအာဟာရ'လည်း မည်သော ‘ဗာဟိရ ကဗဠီကာရအာဟာရ’ ဟူသော ထိုရုပ်သည်အဘယ်နည်း။ ထမင်း ‘ဩဒန’၊ မုယောမုန့် (ဆန်ကြမ်း မုန့်နပ်) ‘ကုမ္မာသ’၊ မုန့်လုံး ‘သတ္တု’၊ ငါး'မစ္ဆ’၊ အသား ‘မံသ’၊ နို့ရည် ‘ခီရ’၊ နို့ဓမ်း ‘ဒဓိ’၊ ထောပတ် ‘သပ္ပိ’၊ ဆီဦး (ထောပေး) ‘နဝနီတ’၊ ဆီ'တေလ’၊ ပျားရည် ‘မဓု’၊ တင်လဲ ‘ဖာဏိတ’ သည် (ရှိ၏)။ ထို့ပြင် (ဆိုအပ်ခဲ့ပြီးသော အစာအာဟာရတို့မှ) တစ်မျိုးတခြား ဖြစ်သော , အကြင်အကြင် ဇနပုဒ် (တိုင်း ခရိုင်) ၌ ထိုထိုသတ္တဝါတို့၏ ခံတွင်း (ပါးစပ်) ဖြင့် စားအပ်သော, သွားတို့ဖြင့် ကိုက်ခဲအပ် (ကြိတ်ချေဝါး၍ စားအပ်) သော, လည်ချောင်းဖြင့် မျိုချအပ်သော, ဝမ်း (ပိုက်) ကို ပြည့်ဝတောင့်တင်းစေတတ်သောအကြင် (အစာအာဟာရ) ရုပ်သည်လည်း ရှိသေး၏၊ အကြင် ဩဇာ (အဆီ အနှစ် အစေး) ဖြင့် သတ္တဝါတို့သည် မျှတကုန်၏။ ဤသို့သဘောရှိသော ရုပ်သည် အပသန္တာန်၌ လည်း ဖြစ်သော , အလုတ်အလွေးပြုအပ်သော အစာ ‘ကဗဠီကာရအာဟာရ'လည်း မည်သော ‘ဗာဟိရ ကဗဠီကာရအာဟာရ’ ဟူသော ထိုရုပ်ပေတည်း။ (စာပိုဒ် ၆၄၅-ကြည့်)

ဗာဟိရ န ကဗဠီကာရအာဟာရရုပ်

၈၈၁။ (၃) အပသန္တာန်၌ သာဖြစ်၍ ကဗဠီကာရအာဟာရ မမည်သော ‘ဗာဟိရ န ကဗဠီကာရ အာဟာရ’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ကြောင်း အဆင်း ရူပါယတန’။ပ။ (နိပ္ဖန္န) ရုပ်၏ (ဖြစ်ပြီးသည့်နောက်တည်တံ့မနေခြင်းကြောင့်) မမြဲမှု ‘ရူပဿ အနိစ္စတာ’ သည် (ရှိ၏)။ ဤရုပ် အပေါင်းသည်အပသန္တာန်၌ သာဖြစ်၍ ကဗဠီကာရအာဟာရမမည်သော ‘ဗာဟိရ န ကဗဠီကာရအာဟာရ’ ဟူသောထိုရုပ်ပေတည်း။

ဤသို့ သုံးဖို့ (သုံးစု) အားဖြင့် ရုပ်ကို ရေတွက်အပ်၏။

သုံးခုစီ အကျယ်ပြခြင်း ‘တိကနိဒ္ဒေသ’ ပြီးပြီ။

--

လေးခုစီအကျယ်ပြခြင်း

စတုက္ကနိဒ္ဒေသ

ဥပါဒါ ဥပါဒိဏ္ဏရုပ်

၈၈၂။ (၁) မှီ၍လည်းဖြစ်တတ်, တဏှာ ဒိဋ္ဌိတို့ အာရုံပြုအပ်သည့် ကံ၏ အကျိုးလည်းဖြစ်သော ‘ဥပါဒါ ဥပါဒိဏ္ဏ’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ရာမျက်စိအကြည် ‘စက္ခာယတတန’။ပ။ ထိသိစိတ် (ကာယဝိညာဏ်) ဖြစ်ရာ ကိုယ်အကြည် ‘ကာယာယတန’၊ မိန်းမ (အမ) ဖြစ်ကြောင်း၌ အစိုးရမှု ‘ဣတ္ထိန္ဒြေ’၊ ယောက်ျား (အထီး အဖို) ဖြစ်ကြောင်း၌ အစိုးရမှု ‘ပုရိသိန္ဒြေ’၊ အသက်ရှည်ကြောင်း၌ အစိုးရမှု ‘ဇီဝိတိန္ဒြေ’ သည် (ရှိ၏) (ပသာဒရုပ်ငါးခု, ဘာဝ ရုပ်နှစ်ခု,ဇီဝိတရုပ်)။ ထို့ပြင် (ဆိုအပ်ခဲ့ပြီးသော ရုပ်တို့မှ) တစ်မျိုးတခြားဖြစ်သော , ကံကို ပြုအပ်ခဲ့ပြီးသည်၏အဖြစ် (ကံ) ကြောင့်ဖြစ်သော အကြင် မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ကြောင်း အဆင်း ‘ရူပါယတန’၊ နံသိစိတ် (ဃာနဝိညာဏ်) ဖြစ်ကြောင်း အနံ့ ‘ဂန္ဓာယတတန’၊ လျက်သိစိတ် (ဇိဝှါဝိညာဏ်) ဖြစ်ကြောင်း အရသာ ‘ရသာယတန’၊ မရေးခြစ်အပ်သော (ရေးခြစ်၍ မရသောဟင်းလင်း) သဘော ‘အာကာသဓာတ်’။ (နိပ္ဖန္န) ရုပ်၏ ဖြစ်ပေါ်လာစ ‘ရူပဿ ဥပစယ’။ (နိပ္ဖန္န) ရုပ်၏ ကြီးပွါးဆဲအစဉ် ‘ရူပဿ သန္တတိ’၊ အလုတ်အလွေး ပြုအပ်သောအစာ ‘ကဗဠီကာရ အာဟာရ’ ဟူသော ရုပ်သည်လည်း ရှိသေး၏။ ဤရုပ်အပေါင်းသည် မှီ၍လည်း ဖြစ်တတ်, တဏှာ ဒိဋ္ဌိတို့အာရုံပြုအပ်သည့် ကံ၏ အကျိုးလည်းဖြစ်သော ‘ဥပါဒါဥပါဒိဏ္ဏ’ ဟူသော ထိုရုပ်ပေတည်း။

ဥပါဒါ အနုပါဒိဏ္ဏရုပ်

၈၈၃။ (၂) မှီ၍သာဖြစ်လျက် တဏှာ ဒိဋ္ဌိတို့အာရုံပြုအပ်သည့် ကံ၏အကျိုးမဟုတ်သော ‘ဥပါဒါ အနုပါဒိဏ္ဏ’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ ကြား သိစိတ် (သောတဝိညာဏ်) ဖြစ်ကြောင်း အသံ ‘သဒ္ဒါယတန’။ (မိမိအလိုဆန္ဒကို) ကိုယ်အမူအရာဖြင့် သိစေမှု ‘ကာယဝိညတ်’။ (မိမိအလိုဆန္ဒကို) နှုတ်မြွက်ခြင်းဖြင့် သိစေမှု ‘ဝစီဝိညတ်’။ (နိပ္ဖန္န) ရုပ်၏ လျင်မြန်ပေါ့ပါးမှု ‘ရူပဿလဟုတာ’။ (နိပ္ဖန္န) ရုပ်၏ နူးညံ့မှု ‘ရူပဿ မုဒုတာ’။ (နိပ္ဖန္န) ရုပ်၏ အလုပ်၌ ခံ့မှု (အမှုကိစ္စတို့၌ ပြီးမြောက်အောင် လိုက်လျောဆောင်ရွက်နိုင်မှု) ‘ရူပဿ ကမ္မညတာ’။ (နိပ္ဖန္န) ရုပ်၏အိုမှု (ရင့်ရော်ဆွေးမြေ့မှု) ‘ရူပဿ ဇရတာ’။ (နိပ္ဖန္န) ရုပ်၏ (ဖြစ်ပြီးသည့်နောက်တည်တံ့မနေခြင်းကြောင့်) မမြဲမှု ‘ရူပဿ အနိစ္စတာ’ သည် (ရှိ၏) (သဒ္ဒါရုံ, ဝိညတ်ရုပ်နှစ်ခု,လဟုတာစသောရုပ်သုံးခု, ဇရတာ, အနိစ္စတာ)။ ထို့ပြင် (ဆိုအပ်ခဲ့ပြီးသော ရုပ်တို့မှ) တစ်မျိုးတခြား ဖြစ်သော , ကံကို ပြုအပ်ခဲ့ပြီးသည်၏အဖြစ် (ကံ) ကြောင့် မဖြစ်သော အကြင် မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ကြောင်း အဆင်း ‘ရူပါယတန’၊ နံသိစိတ် (ဃာနဝိညာဏ်) ဖြစ်ကြောင်း အနံ့ ဂန္ဓာယတန’၊ လျက်သိစိတ် (ဇိဝှါဝိညာဏ်) ဖြစ်ကြောင်း အရသာ ‘ရသာယတန’၊ မရေးခြစ် အပ်သော (ရေးခြစ်၍ မရသော ဟင်းလင်း) သဘော ‘အာကာသဓာတ်’။ (နိပ္ဖန္န) ရုပ်၏ ဖြစ်ပေါ်လာစ ‘ရူပဿ ဥပစယ’။ (နိပ္ဖန္န) ရုပ်၏ ကြီးပွါးဆဲ အစဉ် ‘ရူပဿ သန္တတိ’၊ အလုတ် အလွေး ပြုအပ်သော အစာ ‘ကဗဠီကာရအာဟာရ’ ဟူသော ရုပ်သည်လည်းရှိသေး၏။ ဤရုပ်အပေါင်းသည် မှီ၍သာ ဖြစ်လျက် တဏှာ ဒိဋ္ဌိတို့အာရုံပြုသည့် ကံ၏အကျိုးမဟုတ်သော ‘ဥပါဒါအနုပါဒိဏ္ဏ’ ဟူသော ထိုရုပ်ပေတည်း။

--

နော ဥပါဒါ ဥပါဒိဏ္ဏရုပ်

၈၈၄။ (၃) မှီ၍ကားမဖြစ်သော ,တဏှာ ဒိဋ္ဌိတို့အာရုံပြုအပ်သည့် ကံ၏ အကျိုးသာဖြစ်သော , ‘နောဥပါဒါ ဥပါဒိဏ္ဏ’ ဟူသော ထိုရုပ်သည် အဘယ် နည်း။ ကံကိုပြုအပ်ခဲ့ပြီးသည်၏အဖြစ် (ကံ) ကြောင့်ဖြစ်သော ထိသိစိတ် (ကာယဝိညာဏ်) ဖြစ်ကြောင်းအတွေ့ (ဖောဋ္ဌဗ္ဗာရုံ) ‘ဖောဋ္ဌဗ္ဗာယတန’၊ ရေဟူသော (ဖွဲ့စည်းမှု) သဘော ‘အာပေါဓာတ်’ သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် မှီ၍ကား မဖြစ်သော , တဏှာ ဒိဋ္ဌိတို့အာရုံပြုအပ်သည့် ကံ၏အကျိုးသာဖြစ်သော ,'နော ဥပါဒါ ဥပါဒိဏ္ဏ’ ဟူသော ထိုရုပ်ပေတည်း (မဟာဘုတ်လေးပါး)။

နော ဥပါဒါ အနုပါဒိဏ္ဏရုပ်

၈၈၅။ (၄) မှီ၍လည်းမဖြစ်သော ,တဏှာဒိဋ္ဌိတို့ အာရုံပြုအပ်သည့် ကံ၏ အကျိုးလည်းမဟုတ်သော ‘နော ဥပါဒါ အနုပါဒိဏ္ဏ’ ဟူသော ထိုရုပ် သည် အဘယ်နည်း။ ကံကိုပြုအပ်ခဲ့ပြီးသည်၏အဖြစ် (ကံ) ကြောင့် မဖြစ်သော ထိသိစိတ် (ကာယ ဝိညာဏ်) ဖြစ်ကြောင်းအတွေ့ (ဖောဋ္ဌဗ္ဗာရုံ) ‘ဖောဋ္ဌဗ္ဗာယတန’၊ ရေဟူသော (ဖွဲ့စည်းမှု) သဘော ‘အာပေါ ဓာတ်’ သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် မှီ၍လည်း မဖြစ်သော , တဏှာ ဒိဋ္ဌိတို့ အာရုံပြုအပ်သည့် ကံ၏ အကျိုးလည်းမဟုတ်သော ‘နော ဥပါဒါ အနုပါဒိဏ္ဏ’ ဟူသော ထိုရုပ်ပေတည်း (မဟာဘုတ်လေးပါး)။

ဥပါဒါ ဥပါဒိဏ္ဏုပါဒါနိယရုပ်

၈၈၆။ (၁) မှီ၍လည်းဖြစ်သော ,တဏှာ ဒိဋ္ဌိတို့အာရုံပြုအပ်သည့် ကံ၏ အကျိုးလည်း ဖြစ်၍ ဥပါဒါန်တို့၏ အစီးအပွါး (အာရုံ) လည်း ဖြစ်သော ‘ဥပါဒါဥပါဒိဏ္ဏုပါဒါနိယ’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ရာ မျက်စိအကြည် ‘စက္ခာယတန’။ပ။ ထိသိစိတ် (ကာယဝိညာဏ်) ဖြစ်ရာ ကိုယ်အကြည် ‘ကာယာ ယတန’၊ မိန်းမ (အမ) ဖြစ်ကြောင်း၌ အစိုးရမှု ‘ဣတ္ထိန္ဒြေ’၊ ယောက်ျား (အထီးအဖို) ဖြစ်ကြောင်း၌ အစိုးရမှု ‘ပုရိသိန္ဒြေ’၊ အသက်ရှည်ကြောင်း၌ အစိုးရမှု ‘ဇီဝိတိန္ဒြေ’ သည် (ရှိ၏)။ (ပသာဒရုပ်ငါးခု, ဘာဝ ရုပ်နှစ်ခု, ဇီဝိတရုပ်)။ ထို့ပြင် (ဆိုအပ်ခဲ့ပြီးသော ရုပ်တို့မှ) တစ်မျိုးတခြား ဖြစ်သော , ကံကို ပြုအပ်ခဲ့ပြီးသည်၏အဖြစ် (ကံ) ကြောင့် ဖြစ်သော အကြင် မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ကြောင်း အဆင်း ‘ရူပါယတန’၊ နံသိစိတ် (ဃာနဝိညာဏ်) ဖြစ်ကြောင်း အနံ့ ‘ဂန္ဓာယတန’၊ လျက်သိစိတ် (ဇိဝှါဝိညာဏ်) ဖြစ်ကြောင်း အရသာ ‘ရသာယတန’၊ မရေးခြစ်အပ်သော (ရေးခြစ်၍ မရသောဟင်းလင်း) သဘော ‘အာကာသဓာတ်’။ (နိပ္ဖန္န) ရုပ်၏ ဖြစ်ပေါ်လာစ ‘ရူပ ဿဥပစယ’။ (နိပ္ဖန္န) ရုပ်၏ ကြီးပွါးဆဲအစဉ် ‘ရူပဿ သန္တတိ’၊ အလုတ်အလွေးပြုအပ်သော အစာ ‘ကဗဠီကာရအာဟာရ’ ဟူသော ရုပ်သည်လည်း ရှိသေး၏။ ဤရုပ်အပေါင်းသည် မှီ၍လည်းဖြစ်သော , တဏှာ ဒိဋ္ဌိတို့ အာရုံပြု အပ်သည့် ကံ၏အကျိုးလည်းဖြစ်၍ ဥပါဒါန်တို့၏ အစီးအပွါး (အာရုံ) လည်း ဖြစ်သော ‘ဥပါဒါ ဥပါဒိဏ္ဏုပါဒါနိယ’ ဟူသော ထိုရုပ်ပေတည်း။

ဥပါဒါ အနုပါဒိဏ္ဏုပါဒါနိယရုပ်

၈၈၇။ (၂) မှီ၍ကားဖြစ်၏ တဏှာ ဒိဋ္ဌိတို့အာရုံပြုအပ်သည့် ကံ၏အကျိုးကား မဟုတ်၊ ဥပါဒါန်တို့၏ အစီးအပွါး (အာရုံ) သာဖြစ်သော ‘ဥပါဒါ အနုပါဒိဏ္ဏုပါဒါနိယ’ ဟူသောထိုရုပ်သည် အဘယ်နည်း။ ကြားသိစိတ် (သောတဝိညာဏ်) ဖြစ် ကြောင်း အသံ ‘သဒ္ဒါယတန’။ (မိမိအလိုဆန္ဒကို) ကိုယ်အမူအရာဖြင့် သိစေမှု ‘ကာယဝိညတ်’။ (မိမိအလို ဆန္ဒကို) နှုတ်မြွက်ခြင်းဖြင့်သိစေမှု ‘ဝစီဝိညတ်’။ (နိပ္ဖန္န) ရုပ်၏ လျင်မြန် ပေါ့ပါးမှု ‘ရူပဿ လဟုတာ’။ (နိပ္ဖန္န) ရုပ်၏နူးညံ့မှု ‘ရူပဿ မုဒုတာ။

--

(နိပ္ဖန္န) ရုပ်၏ အမှု၌ ခံ့မှု (အမှုကိစ္စတို့၌ ပြီးမြောက်အောင် လိုက် လျောဆောင်ရှက်နိုင်မှု) ‘ရူပဿ ကမ္မညတာ’။ (နိပ္ဖန္န) ရုပ်၏ အိုမှု (ရင့်ရော်ဆွေးမြည့်မှု) ‘ရူပဿ ဇရတာ’။ (နိပ္ဖန္န) ရုပ်၏ (ဖြစ်ပြီးသည့်နောက် တည်တံ့မနေခြင်းကြောင့်) မမြဲမှု ‘ရူပဿ အနိစ္စတာ’ သည် (ရှိ၏)။ (သဒ္ဒါရုံ,ဝိညတ်ရုပ်နှစ်ခု, လဟုတာစသောရုပ်သုံးခု, ဇရတာ, အနိစ္စတာ)။ ထို့ပြင် (ဆိုအပ်ခဲ့ပြီးသော ရုပ်တို့မှ) တစ်မျိုးတခြား ဖြစ်သော , ကံကို ပြုအပ်ခဲ့ပြီးသည်၏အဖြစ် (ကံ) ကြောင့် မဖြစ်သော အကြင် မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ကြောင်း အဆင်း ‘ရူပါယတန’၊ နံသိစိတ် (ဃာနဝိညာဏ်) ဖြစ်ကြောင်း အနံ့ ‘ဂန္ဓာယတန’၊ လျက်သိစိတ် (ဇိဝှါဝိညာဏ်) ဖြစ်ကြောင်း အရသာ ‘ရသာယတန’၊ မရေးခြစ်အပ်သော (ရေးခြစ်၍ မရသော ဟင်းလင်း) သဘော ‘အာကာသဓာတ်’။ (နိပ္ဖန္န) ရုပ်၏ ဖြစ်ပေါ်လာစ ‘ရူပဿ ဥပစယ’။ (နိပ္ဖန္န) ရုပ်၏ ကြီးပွါးဆဲအစဉ် ‘ရူပဿ သန္တတိ’၊ အလုတ်အလွေး ပြုအပ်သော အစာ ‘ကဗဠီကာရ အာဟာရ’ ဟူသော ရုပ်သည်လည်း ရှိသေး၏။ ဤရုပ်အပေါင်းသည် မှီ၍ကား ဖြစ်၏ တဏှာ ဒိဋ္ဌိတို့အာရုံပြုအပ်သည့် ကံ၏အကျိုးကား မဟုတ်၊ ဥပါဒါန်တို့၏ အစီးအပွါး (အာရုံ) သာဖြစ်သော ‘ဥပါဒါ အနုပါဒိဏ္ဏုပါဒါနိယ’ ဟူသော ထိုရုပ်ပေတည်း။

နော ဥပါဒါ ဥပါဒိဏ္ဏုပါဒါနိယရုပ်

၈၈၈။ (၃) မှီ၍ကားမဖြစ်,တဏှာ ဒိဋ္ဌိတို့ အာရုံပြုအပ်သည့် ကံ၏အကျိုးလည်း ဖြစ်၍ ဥပါဒါန်တို့၏ အစီးအပွါး (အာရုံ) လည်း ဖြစ်သော ‘နော ဥပါဒါ့ဥပါဒိဏ္ဏုပါဒါနိယ’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ ကံကို ပြုအပ်ခဲ့ပြီးသည်၏အဖြစ် (ကံ) ကြောင့်ဖြစ်သော ထိသိစိတ် (ကာယဝိညာဏ်) ဖြစ်ကြောင်း အတွေ့ ‘ဖောဋ္ဌဗ္ဗာယတန’၊ ရေဟူသော (ဖွဲ့စည်းမှု) သဘော ‘အာပေါဓာတ်’ သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် မှီ၍ကား မဖြစ်၊ တဏှာဒိဋ္ဌိတို့ အာရုံပြုအပ်သည့် ကံ၏အကျိုးလည်း ဖြစ်၍ ဥပါဒါန်တို့၏ အစီးအပွါး (အာရုံ) လည်း ဖြစ်သော ‘နော ဥပါဒါ ဥပါဒိဏ္ဏုပါဒါနိယ’ ဟူသော ထိုရုပ်ပေတည်း (မဟာဘုတ်လေးပါး)။

နော ဥပါဒါ အနုပါဒိဏ္ဏုပါဒါနိယရုပ်

၈၈၉။ (၄) မှီ၍လည်းမဖြစ်၊ တဏှာဒိဋ္ဌိတို့ အာရုံပြုအပ်သည့် ကံ၏အကျိုးလည်း မဟုတ်၊ ဥပါဒါန်တို့၏ အစီးအပွါး (အာရုံ) သာဖြစ်သော ‘နော ဥပါဒါအနုပါဒိဏ္ဏုပါဒါနိယ’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ ကံကို ပြုအပ်ခဲ့ ပြီးသည်၏အဖြစ် (ကံ) ကြောင့်မဖြစ်သော ထိသိစိတ် (ကာယဝိညာဏ်) ဖြစ်ကြောင်း အတွေ့ ‘ဖောဋ္ဌဗ္ဗာ ယတန’၊ ရေဟူသော (ဖွဲ့စည်းမှု) သဘော ‘အာပေါဓာတ်’ သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် မှီ၍လည်း မဖြစ်၊ တဏှာ ဒိဋ္ဌိတို့အာရုံပြုအပ်သည့် ကံ၏အကျိုးလည်း မဟုတ်၊ ဥပါဒါန်တို့၏ အစီးအပွါး (အာရုံ) သာဖြစ်သော ‘နော ဥပါဒါ အနုပါဒိဏ္ဏုပါဒါနိယ’ ဟူသော ထိုရုပ်ပေတည်း (မဟာဘုတ်လေးပါး)။

ဥပါဒါ သပ္ပဋိဃရုပ်

၈၉၀။ (၁) မှီ၍လည်းဖြစ် ထိပါးခြင်းနှင့်လည်းတကွဖြစ်သော ‘ဥပါဒါ သပ္ပဋိဃ’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ရာ မျက်စိအကြည် ‘စက္ခာယတန’။ပ။ လျက်သိစိတ် (ဇိဝှါဝိညာဏ်) ဖြစ်ကြောင်း အရသာ ‘ရသာ ယတန’ သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် မှီ၍လည်းဖြစ်၊ ထိပါးခြင်းနှင့်လည်း တကွဖြစ်သော ‘ဥပါဒါ သပ္ပဋိဃ’ ဟူသောထိုရုပ်ပေတည်း (ပသာဒရုပ်ငါးပါးနှင့် ရူပ, သဒ္ဒ, ဂန္ဓ, ရသအာရုံလေးပါး)။

--

ဥပါဒါ အပ္ပဋိဃရုပ်

၈၉၁။ (၂) မှီ၍ကား ဖြစ်၏၊ ထိပါးခြင်းနှင့် တကွမဖြစ်သော ဥပါဒါ အပ္ပဋိဃ’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ မိန်းမ (အမ) ဖြစ်ကြောင်း၌ အစိုးရမှု ‘ဣတ္ထိန္ဒြေ’။ပ။ အလုတ်အလွေး ပြုအပ်သော အစာ ‘ကဗဠီကာရအာဟာရ’ သည် (ရှိ၏)။ ဤရုပ် အပေါင်းသည် မှီ၍ကားဖြစ်၏၊ ထိပါးခြင်းနှင့် တကွမဖြစ်သော ‘ဥပါဒါ အပ္ပဋိဃ’ ဟူသော ထိုရုပ်ပေတည်း။

နော ဥပါဒါ သပ္ပဋိဃရုပ်

၈၉၂။ (၃) မှီ၍ကား မဖြစ်၊ ထိပါးခြင်းနှင့် တကွဖြစ်သော ‘နော ဥပါဒါ သပ္ပဋိဃ’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ ထိသိစိတ် (ကာယဝိညာဏ်) ဖြစ်ကြောင်း အတွေ့'ဖောဋ္ဌဗ္ဗာယတန’ သည် (ရှိ၏)။ ဤရုပ်သည် မှီ၍ကား မဖြစ်၊ ထိပါးခြင်းနှင့် တကွ ဖြစ်သော ‘နော ဥပါဒါသပ္ပဋိဃ’ ဟူသော ထိုရုပ်ပေတည်း (ဖောဋ္ဌဗ္ဗာရုံ)။

နော ဥပါဒါ အပ္ပဋိဃရုပ်

၈၉၃။ (၄) မှီ၍လည်း မဖြစ်၊ ထိပါးခြင်းနှင့်လည်း တကွမဖြစ်သော , ‘နောဥပါဒါ အပ္ပဋိဃ’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ ရေဟူသော (ဖွဲ့စည်းမှု) သဘော ‘အာပေါဓာတ်’ သည် (ရှိ၏)။ ဤရုပ်သည် မှီ၍လည်း မဖြစ်၊ ထိပါးခြင်း နှင့်လည်း တကွမဖြစ်သော ‘နောဥပါဒါ အပ္ပဋိဃ’ ဟူသော ထိုရုပ်ပေတည်း (အာပေါဓာတ်)။

ဥပါဒါ ဩဠာရိကရုပ်

၈၉၄။ (၁) မှီ၍ ဖြစ်သော , ကြမ်းတမ်းသော ‘ဥပါဒါ ဩဠာရိက’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ရာ မျက်စိ အကြည် ‘စက္ခာယတန’။ပ။ လျက်သိစိတ် (ဇိဝှါဝိညာဏ်) ဖြစ်ကြောင်း အရသာ ‘ရသာယတန’ သည် (ရှိ၏)။ ဤရုပ်အပေါင်းသည်မှီ၍ဖြစ်သော , ကြမ်းတမ်းသော ‘ဥပါဒါ ဩဠာရိက’ ဟူသော ထိုရုပ်ပေ တည်း (ပသာဒရုပ်ငါးပါး၊ ရူပ,သဒ္ဒ, ဂန္ဓ, ရသအာရုံလေးပါး)။

ဥပါဒါ သုခုမရုပ်

၈၉၅။ (၂) မှီ၍ ဖြစ်သော , သိမ်မွေ့သော ‘ဥပါဒါ သုခုမ’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ မိန်းမ (အမ) ဖြစ်ကြောင်း၌ အစိုးရမှု ‘ဣတ္ထိန္ဒြေ’။ပ။ အလုတ် အလွေး ပြုအပ်သော အစာ ‘ကဗဠီကာရအာဟာရ’ သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် မှီ၍ ဖြစ်သော , သိမ်မွေ့သော ‘ဥပါဒါသုခုမ’ ဟူသော ထိုရုပ်ပေတည်း။

နော ဥပါဒါ ဩဠာရိကရုပ်

၈၉၆။ (၃) မှီ၍ မဖြစ်သော , ကြမ်းတမ်းသော ‘နော ဥပါဒါ ဩဠာရိက’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ ထိသိစိတ် (ကာယဝိညာဏ်) ဖြစ်ကြောင်း အတွေ့'ဖောဋ္ဌဗ္ဗာယတန’ သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် မှီ၍ မဖြစ်သော , ကြမ်းတမ်း သော ‘နော ဥပါဒါဩဠာရိက’ ဟူသော ထိုရုပ်ပေတည်း (ဖောဋ္ဌဗ္ဗာရုံ)။

--

နော ဥပါဒါ သုခုမရုပ်

၈၉၇။ (၄) မှီ၍ မဖြစ်သော , သိမ်မွေ့သော ‘နော ဥပါဒါ သုခုမ’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ ရေဟူသော (ဖွဲ့စည်းမှု) သဘော ‘အာပေါဓာတ်’ သည် (ရှိ၏)။ ဤရုပ်သည် မှီ၍မဖြစ်သော , သိမ်မွေ့သော ‘နော ဥပါဒါ သုခုမ’ ဟူသော ထိုရုပ်ပေတည်း (အာပေါဓာတ်)။

ဥပါဒါ ဒူရေရုပ်

၈၉၈။ (၁) မှီ၍ ဖြစ်သော , ဝေးကွာ (အသိခက်) သော, ‘ဥပါဒါ ဒူရေ’ ဟူသော ထိုရုပ်သည်အဘယ်နည်း။ မိန်းမ (အမ) ဖြစ်ကြောင်း၌ အစိုးရမှု ‘ဣတ္ထိန္ဒြေ’။ပ။ အလုတ် အလွေး ပြုအပ်သောအစာ ‘ကဗဠီကာရ အာဟာရ’ သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် မှီ၍ဖြစ်သော , ဝေးကွာ (အသိခက်) သော ‘ဥပါဒါ ဒူရေ’ ဟူသော ထိုရုပ်ပေတည်း။

ဥပါဒါ သန္တိကေရုပ်

၈၉၉။ (၂) မှီ၍ ဖြစ်သော နီးကပ် (သိလွယ်) သော, ‘ဥပါဒါ သန္တိကေ’ ဟူသောထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ရာ မျက်စိ အကြည် ‘စက္ခာယတန’။ပ။ လျက်သိစိတ် (ဇိဝှါဝိညာဏ်) ဖြစ်ကြောင်း အရသာ ‘ရသာယတန’ သည် (ရှိ၏)။ ဤရုပ်အပေါင်းသည်မှီ၍ဖြစ်သော , နီးကပ် (သိလွယ်) သော ‘ဥပါဒါ သန္တိကေ’ ဟူသော ထိုရုပ်ပေ တည်း (ပသာဒရုပ်ငါးပါး,ရူပ, သဒ္ဒ, ဂန္ဓ, ရသအာရုံလေးပါး)။

နော ဥပါဒါ ဒူရေရုပ်

၉၀၀။ (၃) မမှီမူ၍ဖြစ်သော , ဝေးကွာ (အသိခက်) သော ‘နော ဥပါဒါ ဒူရေ’ ဟူသောထိုရုပ်သည် အဘယ်နည်း။ ရေဟူသော (ဖွဲ့စည်းမှု) သဘော ‘အာပေါ ဓာတ်’ သည် (ရှိ၏)။ ဤရုပ်သည် မမှီမူ၍ ဖြစ်သော , ဝေးကွာ (အသိခက်) သော ‘နော ဥပါဒါ ဒူရေ’ ဟူသော ထိုရုပ်ပေတည်း (အာပေါဓာတ်)။

နော ဥပါဒါ သန္တိကေရုပ်

၉၀၁။ (၄) မမှီမူ၍ ဖြစ်သော ,နီးကပ် (သိလွယ်) သော ‘နော ဥပါဒါ သန္တိကေ’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ ထိသိစိတ် (ကာယဝိညာဏ်) ဖြစ်ကြောင်း အတွေ့'ဖောဋ္ဌဗ္ဗာယတန’ သည် (ရှိ၏)။ ဤရုပ်သည် မမှီမူ၍ ဖြစ်သော , နီးကပ် (သိလွယ်) သော ‘နော ဥပါဒါသန္တိကေ’ ဟူသော ထိုရုပ်ပေတည်း (ဖောဋ္ဌဗ္ဗာရုံ)။

ဥပါဒိဏ္ဏ သနိဒဿနရုပ်

၉၀၂။ (၁) တဏှာ ဒိဋ္ဌိတို့ အာရုံပြုအပ်သည့်ကံ၏အကျိုးလည်းဖြစ်၍ (ကမ္မဇရုပ်ဖြစ်၍) မြင်ခြင်းနှင့်လည်း တကွဖြစ်သော ‘ဥပါဒိဏ္ဏ သနိဒဿန’ ဟူသော ထိုရုပ်သည်အဘယ်နည်း။ ကံကို ပြုအပ်ခဲ့ပြီးသည်၏အဖြစ် (ကံ) ကြောင့်ဖြစ်သော မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ကြောင်း အဆင်း ‘ရူပါယတန’ သည် (ရှိ၏)။ ဤရုပ်သည် တဏှာ ဒိဋ္ဌိတို့ အာရုံပြုအပ်သည့်ကံ၏ အကျိုးလည်းဖြစ်၍ မြင်ခြင်းနှင့်လည်း တကွဖြစ်သော ‘ဥပါဒိဏ္ဏ သနိဒဿန’ ဟူသော ထိုရုပ်ပေတည်း (ရူပါရုံ)။

--

ဥပါဒိဏ္ဏ အနိဒဿနရုပ်

၉၀၃။ (၂) တဏှာ ဒိဋ္ဌိတို့ အာရုံပြုအပ်သည့် ကံ၏အကျိုးသာ ဖြစ်၍ မြင်ခြင်းနှင့် တကွမဖြစ်သော ‘ဥပါဒိဏ္ဏ အနိဒဿန’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ရာ မျက်စိအကြည် ‘စက္ခာယတန’။ပ။ ထိသိစိတ် (ကာယ ဝိညာဏ်) ဖြစ်ရာကိုယ်အကြည် ‘ကာယာယတန’၊ မိန်းမ (အမ) ဖြစ်ကြောင်း၌ အစိုးရမှု ‘ဣတ္ထိန္ဒြေ’၊ ယောက်ျား (အထီးအဖို) ဖြစ်ကြောင်း၌ အစိုးရမှု ‘ပုရိသိန္ဒြေ’၊ အသက်ရှည်ကြောင်း၌ အစိုးရမှု ‘ဇီဝိတိန္ဒြေ’ သည် (ရှိ၏)။ (ပသာဒရုပ်ငါးခု, ဘာဝရုပ်နှစ်ခု, ဇီဝိတရုပ်)။ ထို့ပြင် (ဆိုအပ်ခဲ့ပြီးသော ရုပ်တို့မှ) တစ်မျိုးတခြား ဖြစ်သော , ကံကို ပြုအပ်ခဲ့ပြီးသည်၏ အဖြစ် (ကံ) ကြောင့် ဖြစ်သော အကြင် နံသိစိတ် (ဃာနဝိညာဏ်) ဖြစ်ကြောင်း အနံ့ ‘ဂန္ဓာယတန’၊ လျက်သိစိတ့် (ဇိဝှါဝိညာဏ်) ဖြစ်ကြောင်း အရသာ ‘ရသာယတန’၊ ထိသိစိတ် (ကာယဝိညာဏ်) ဖြစ်ကြောင်း အတွေ့'ဖောဋ္ဌဗ္ဗာယတန’၊ မရေးခြစ်အပ်သော (ရေးခြစ်၍မရသော ဟင်းလင်း) သဘော ‘အာကာသဓာတ်’၊ ရေဟူသော (ဖွဲ့စည်းမှု) သဘော ‘အာပေါဓာတ်’။ (နိပ္ဖန္န) ရုပ်၏ ဖြစ်ပေါ်လာစ ‘ရူပဿ ဥပစယ’။ (နိပ္ဖန္န) ရုပ်၏ ကြီးပွါးဆဲ အစဉ် ‘ရူပဿ သန္တတိ’၊ အလုတ်အလွေး ပြုအပ်သော အစာ ‘ကဗဠီကာရအာဟာရ’ ဟူသော ရုပ်သည်လည်း ရှိသေး၏။ ဤရုပ်အပေါင်းသည် တဏှာ ဒိဋ္ဌိတို့ အာရုံပြုအပ်သည့် ကံ၏အကျိုး သာ ဖြစ်၍ မြင်ခြင်းနှင့် တကွမဖြစ်သော ‘ဥပါဒိဏ္ဏ အနိဒဿန’ ဟူသော ထိုရုပ်ပေတည်း။

အနုပါဒိဏ္ဏ သနိဒဿနရုပ်

၉၀၄။ (၃) တဏှာ ဒိဋ္ဌိတို့အာရုံပြုအပ်သည့် ကံ၏အကျိုးကား မဟုတ်၊ မြင်ခြင်းနှင့် တကွဖြစ်သော ‘အနုပါဒိဏ္ဏ သနိဒဿန’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ ကံကိုပြုအပ်ခဲ့ပြီးသည်၏အဖြစ် (ကံ) ကြောင့် မဖြစ်သော မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ကြောင်း အဆင်း'ရူပါယတန’ သည် (ရှိ၏)။ ဤရုပ်သည် တဏှာ ဒိဋ္ဌိတို့ အာရုံပြုအပ်သည့် ကံ၏ အကျိုးကား မဟုတ်၊ မြင်ခြင်းနှင့် တကွဖြစ်သော ‘အနုပါဒိဏ္ဏ သနိဒဿန’ ဟူသော ထိုရုပ်ပေတည်း (ရူပါရုံ)။

အနုပါဒိဏ္ဏ အနိဒဿနရုပ်

၉၀၅။ (၄) တဏှာ ဒိဋ္ဌိတို့ အာရုံပြုအပ်သည့် ကံ၏အကျိုးလည်း မဟုတ်၊ မြင်ခြင်းနှင့်လည်း တကွမဖြစ်သော ‘အနုပါဒိဏ္ဏ အနိဒဿန’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ ကြားသိစိတ် (သောတဝိညာဏ်) ဖြစ်ကြောင်း အသံ ‘သဒ္ဒါယတန’။ (မိမိအလိုဆန္ဒကို) ကိုယ်အမူအရာဖြင့်သိစေမှု ‘ကာယဝိညတ်’။ (မိမိ အလိုဆန္ဒကို) နှုတ်မြွက်ခြင်းဖြင့် သိစေမှု ‘ဝစီဝိညတ်’။ (နိပ္ဖန္န) ရုပ်၏လျင်မြန်ပေါ့ပါးမှု ‘ရူပဿ လဟုတာ’။ (နိပ္ဖန္န) ရုပ်၏ နူးညံ့မှု ‘ရူပဿ မုဒုတာ’။ (နိပ္ဖန္န) ရုပ်၏ အလုပ်၌ ခံ့မှု (အမှုကိစ္စတို့၌ ပြီးမြောက်အောင် လိုက်လျောဆောင်ရွက်နိုင်မှု) ‘ရူပဿ ကမ္မညတာ’။ (နိပ္ဖန္န) ရုပ်၏အိုမှု (ရင့်ရော်ဆွေးမြည့်မှု) ‘ရူပဿ ဇရတာ’။ (နိပ္ဖန္န) ရုပ်၏ (ဖြစ်ပြီးသည့် နောက်တည်တံ့မနေခြင်းကြောင့်) မမြဲမှု ‘ရူပဿ အနိစ္စတာ’ သည် (ရှိ၏)။ (သဒ္ဒါရုံ, ဝိညတ်ရုပ်နှစ်ခု,လဟုတာစသောရုပ်သုံးခု, ဇရတာ, အနိစ္စတာ)။ ထို့ပြင် (ဆိုအပ်ခဲ့ပြီးသော ရုပ်တို့မှ) တစ်မျိုးတခြား ဖြစ်သော , ကံကို ပြုအပ်ခဲ့ပြီးသည်၏အဖြစ် (ကံ) ကြောင့် မဖြစ်သော အကြင်နံသိစိတ် (ဃာနဝိညာဏ်) ဖြစ်ကြောင်း အနံ့ ‘ဂန္ဓာယတန’၊ လျက်သိစိတ် (ဇိဝှါဝိညာဏ်) ဖြစ်ကြောင်း အရသာ ‘ရသာယတန’၊ ထိသိစိတ် (ကာယဝိညာဏ်) ဖြစ်ကြောင်း အတွေ့'ဖောဋ္ဌဗ္ဗာယတန’၊ မရေးခြစ်အပ်သော (ရေးခြစ်၍မရသော ဟင်းလင်း) သဘော ‘အာကာသဓာတ်’၊ ရေဟူသော (ဖွဲ့စည်းမှု) သဘော ‘အာပေါဓာတ်’။ (နိပ္ဖန္န) ရုပ်၏ ဖြစ်ပေါ်လာစ ‘ရူပဿ ဥပစယ’။ (နိပ္ဖန္န) ရုပ်၏ကြီးပွါးဆဲအစဉ် ‘ရူပဿ သန္တတိ’၊ အလုတ်အလွေး ပြုအပ်သော အစာ ‘ကဗဠီကာရ အာဟာရ’ ဟူသောရုပ်သည်လည်း ရှိသေး၏။ ဤရုပ်အပေါင်း သည် တဏှာ ဒိဋ္ဌိတို့ အာရုံပြုအပ်သည့် ကံ၏အကျိုးလည်းမဟုတ်၊ မြင်ခြင်းနှင့်လည်း တကွမဖြစ်သော ‘အနုပါဒိဏ္ဏ အနိဒဿန’ ဟူသော ထိုရုပ်ပေတည်း။

--

ဥပါဒိဏ္ဏသပ္ပဋိဃရုပ်

၉၀၆။ (၁) တဏှာ ဒိဋ္ဌိတို့ အာရုံပြုအပ်သည့် ကံ၏အကျိုးလည်း ဖြစ်၍ (ကမ္မဇရုပ်ဖြစ်၍) ထိပါးခြင်းနှင့်လည်း တကွဖြစ်သော ‘ဥပါဒိဏ္ဏသပ္ပဋိဃ’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ရာ မျက်စိအကြည် ‘စက္ခာယတန’။ပ။ ထိသိစိတ် (ကာယဝိညာဏ်) ဖြစ်ရာကိုယ်အကြည် ‘ကာယာတန’ သည် (ရှိ၏)။ (ပသာဒရုပ်ငါးခု)။ ထို့ပြင် (ဆိုအပ်ခဲ့ပြီးသော ရုပ်တို့မှ) တစ်မျိုးတခြားဖြစ်သော , ကံကို ပြုအပ်ခဲ့ပြီးသည်၏အဖြစ် (ကံ) ကြောင့်ဖြစ်သော အကြင် မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ကြောင်း အဆင်း ‘ရူပါယတန’၊ နံသိစိတ် ဃာနဝိညာဏ်) ဖြစ်ကြောင်း အနံ့ ‘ဂန္ဓာယတန’၊ လျက်သိစိတ် (ဇိဝှါဝိညာဏ်) ဖြစ်ကြောင်း အရသာ ‘ရသာယတန’၊ ထိသိစိတ် (ကာယဝိညာဏ်) ဖြစ်ကြောင်း အတွေ့ ‘ဖောဋ္ဌဗ္ဗာယတန’ ဟူသောရုပ်သည်လည်း ရှိသေး၏။ ဤရုပ်အပေါင်းသည် တဏှာ ဒိဋ္ဌိတို့ အာရုံပြုအပ်သည့် ကံ၏ အကျိုးလည်းဖြစ်၍ ထိပါးခြင်းနှင့်လည်း တကွဖြစ်သော ‘ဥပါဒိဏ္ဏ သပ္ပဋိဃ’ ဟူသော ထိုရုပ်ပေတည်း။

ဥပါဒိဏ္ဏ အပ္ပဋိဃရုပ်

၉၀၇။ (၂) တဏှာ ဒိဋ္ဌိတို့ အာရုံပြုအပ်သည့်ကံ၏အကျိုးသာ ဖြစ်၍ (ကမ္မဇရုပ်ဖြစ်၍) ထိပါးခြင်းနှင့် တကွမဖြစ်သော ‘ဥပါဒိဏ္ဏအပ္ပဋိဃ’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ မိန်းမ (အမ) ဖြစ်ကြောင်း၌ အစိုးရမှု ‘ဣတ္ထိန္ဒြေ’၊ ယောက်ျား (အထီး အဖို) ဖြစ်ကြောင်း၌ အစိုးရမှု ‘ပုရိသိန္ဒြေ’၊ အသက်ရှည်ကြောင်း၌ အစိုးရမှု ‘ဇီဝိတိန္ဒြေ’ သည် (ရှိ၏)။ (ဘာဝရုပ် နှစ်ခု, ဇီဝိတိရုပ်)။ ထို့ပြင် (ဆိုအပ်ခဲ့ပြီးသော ရုပ်တို့မှ) တစ်မျိုးတခြား ဖြစ်သော , ကံကို ပြုအပ်ခဲ့ပြီးသည်၏အဖြစ် (ကံ) ကြောင့် ဖြစ်သော အကြင် မရေးခြစ်အပ်သော (ရေးခြစ်၍ မရသော ဟင်းလင်း) သဘော ‘အာကာသဓာတ်’၊ ရေဟူသော (ဖွဲ့စည်းမှု) သဘော ‘အာပေါဓာတ်’။ (နိပ္ဖန္န) ရုပ်၏ ဖြစ်ပေါ်လာစ ‘ရူပဿဥပစယ’။ (နိပ္ဖန္န) ရုပ်၏ ကြီးပွါးဆဲအစဉ် ‘ရူပဿ သန္တတိ’၊ အလုတ်အလွေး ပြုအပ်သော အစာ ‘ကဗဠီကာရအာဟာရ’ ဟူသော ရုပ်သည်လည်းရှိသေး၏။ ဤရုပ်အပေါင်းသည် တဏှာ ဒိဋ္ဌိတို့အာရုံပြုအပ်သည့်ကံ၏ အကျိုးသာဖြစ်၍ ထိပါးခြင်းနှင့် တကွမဖြစ်သော ‘ဥပါဒိဏ္ဏ အပ္ပဋိဃ’ ဟူသော ထိုရုပ်ပေတည်း။

အနုပါဒိဏ္ဏ သပ္ပဋိဃရုပ်

၉၀၈။ (၃) တဏှာ ဒိဋ္ဌိတို့ အာရုံပြုအပ်သည့် ကံ၏အကျိုးကား မဟုတ် ထိပါးခြင်းနှင့် တကွဖြစ်သော ‘အနုပါဒိဏ္ဏ သပ္ပဋိဃ’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ ကြားသိစိတ် (သောတဝိညာဏ်) ဖြစ်ကြောင်း အသံ ‘သဒ္ဒါယတန’ သည် (ရှိ၏)။ (သဒ္ဒါရုံ) ထို့ပြင် (ဆိုအပ်ခဲ့ပြီးသော ရုပ်တို့မှ) တစ်မျိုးတခြား ဖြစ်သော , ကံကို ပြုအပ်ခဲ့ပြီးသည်၏အဖြစ် (ကံ) ကြောင့် မဖြစ်သော အကြင် မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ကြောင်း အဆင်း ‘ရူပါယတန’၊ နံသိစိတ် (ဃာနဝိညာဏ်) ဖြစ်ကြောင်း အနံ့ ‘ဂန္ဓာယတန’၊ လျက်သိစိတ် (ဇိဝှါဝိညာဏ်) ဖြစ်ကြောင်းအရသာ ‘ရသာယတန’၊ ထိသိစိတ် (ကာယဝိညာဏ်) ဖြစ်ကြောင်း အတွေ့ ‘ဖောဋ္ဌဗ္ဗာယတန’ ဟူသောရုပ်သည်လည်း ရှိသေး၏။ ဤရုပ်အပေါင်းသည် တဏှာ ဒိဋ္ဌိတို့အာရုံပြုအပ်သည့် ကံ၏အကျိုးကားမဟုတ်၊ ထိပါးခြင်းနှင့် တကွဖြစ်သော ‘အနုပါဒိဏ္ဏ သပ္ပဋိဃ’ ဟူသော ထိုရုပ်ပေတည်း။

--

အနုပါဒိဏ္ဏ အပ္ပဋိဃရုပ်

၉၀၉။ (၄) တဏှာ ဒိဋ္ဌိတို့အာရုံပြုအပ်သည့် ကံ၏အကျိုးလည်း မဟုတ်၊ ထိပါးခြင်းနှင့်လည်း တကွမဖြစ်သော ၊ ‘အနုပါဒိဏ္ဏ အပ္ပဋိဃ’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ (မိမိအလိုဆန္ဒကို) ကိုယ်အမူအရာဖြင့် သိစေမှု ‘ကာယဝိညတ်’။ (မိမိ အလိုဆန္ဒကို) နှုတ်မြွက်ခြင်းဖြင့်သိစေမှု ‘ဝစီဝိညတ်’။ (နိပ္ဖန္န) ရုပ်၏ လျင်မြန်ပေါ့ပါးမှု ‘ရူပဿ လဟုတာ’။ (နိပ္ဖန္န) ရုပ်၏ နူးညံ့မှု ‘ရူပဿမုဒုတာ’။ (နိပ္ဖန္န) ရုပ်၏ အမှု၌ ခံ့မှု (အမှုကိစ္စတို့၌ ပြီးမြောက်အောင် လိုက်လျောဆောင် ရွက်နိုင်မှု) ‘ရူပဿ ကမ္မညတာ’။ (နိပ္ဖန္န) ရုပ်၏ အိုမှု (ရင့်ရော် ဆွေးမြည့်မှု) ‘ရူပဿ ဇရတာ’။ (နိပ္ဖန္န) ရုပ်၏ (ဖြစ်ပြီးသည့်နောက် တည်တံ့မနေခြင်းကြောင့်) မမြဲမှု ‘ရူပဿ အနိစ္စတာ’ သည် (ရှိ၏)။ (ဝိညတ်ရုပ်နှစ်ခု, လဟုတာစသော ရုပ်သုံးခု, ဇရတာ, အနိစ္စတာ) ထို့ပြင် (ဆိုအပ်ခဲ့ပြီးသော ရုပ်တို့မှ) တစ်မျိုးတခြား ဖြစ်သော , ကံကို ပြုအပ်ခဲ့ပြီးသည်၏အဖြစ် (ကံ) ကြောင့် မဖြစ်သော အကြင် မရေးခြစ်အပ်သော (ရေးခြစ်၍ မရသော ဟင်းလင်း) သဘော ‘အာကာသဓာတ်’၊ ရေဟူသော (ဖွဲ့စည်းမှု) သဘော ‘အာပေါဓာတ်’။ (နိပ္ဖန္န) ရုပ်၏ ဖြစ်ပေါ်လာစ ‘ရူပဿဥပစယ’။ (နိပ္ဖန္န) ရုပ်၏ ကြီးပွါးဆဲအစဉ် ‘ရူပဿ သန္တတိ’၊ အလုတ်အလွေး ပြုအပ်သောအစာ ‘ကဗဠီကာရ အာဟာရ’ ဟူသော ရုပ်သည်လည်း ရှိသေး၏။ ဤရုပ်အပေါင်းသည်တဏှာ ဒိဋ္ဌိတို့အာရုံပြုအပ်သည့် ကံ၏ အကျိုးလည်း မဟုတ်၊ ထိပါးခြင်းနှင့်လည်း တကွမဖြစ်သော ,'အနုပါဒိဏ္ဏ အပ္ပဋိဃ’ ဟူသော ထိုရုပ်ပေ တည်း။

ဥပါဒိဏ္ဏ မဟာဘူတရုပ်

၉၁၀။ (၁) တဏှာ ဒိဋ္ဌိတို့ အာရုံပြုအပ်သည့် ကံ၏အကျိုးလည်း ဖြစ်၍ မဟာဘုတ်လည်းဖြစ်သော ‘ဥပါဒိဏ္ဏ မဟာဘူတ’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ ကံကိုပြုအပ်ခဲ့ပြီးသည်၏အဖြစ် (ကံ) ကြောင့် ဖြစ်သော ထိသိစိတ် (ကာယဝိညဏ်) ဖြစ် ကြောင်း အတွေ့'ဖောဋ္ဌဗ္ဗာယတန’၊ ရေဟူသော (ဖွဲ့စည်းမှု) သဘော ‘အာပေါဓာတ်’ သည် (ရှိ၏)။ ဤ ရုပ်အပေါင်းသည်တဏှာ ဒိဋ္ဌိတို့ အာရုံပြုအပ်သည့် ကံ၏ အကျိုးလည်းဖြစ်၍ မဟာဘုတ်လည်းဖြစ်သော ‘ဥပါဒိဏ္ဏမဟာဘူတ’ ဟူသော ထိုရုပ်ပေတည်း (မဟာဘုတ်လေးပါး)။

ဥပါဒိဏ္ဏ န မဟာဘူတရုပ်

၉၁၁။ (၂) တဏှာ ဒိဋ္ဌိတို့အာရုံပြုအပ်သည့် ကံ၏အကျိုးသာ ဖြစ်၍ (ကမ္မဇရုပ်သာဖြစ်၍) မဟာဘုတ်မဟုတ်သော, ‘ဥပါဒိဏ္ဏ န မဟာ ဘူတ’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ရာ မျက်စိအကြည် ‘စက္ခာ ယတန’။ပ။ ထိသိစိတ် (ကာယဝိညာဏ်) ဖြစ်ရာကိုယ်အကြည် ‘ကာယာယတန’၊ မိန်းမ (အမ) ဖြစ် ကြောင်း၌ အစိုးရမှု ‘ဣတ္ထိန္ဒြေ’၊ ယောက်ျား (အထီးအဖို) ဖြစ်ကြောင်း၌ အစိုးရမှု ‘ပုရိသိန္ဒြေ’၊ အသက်ရှည် ကြောင်း၌ အစိုးရမှု ‘ဇီဝိတိန္ဒြေ’ သည် (ရှိ၏)။ (ပသာဒရုပ်ငါးခု, ဘာဝရုပ်နှစ်ခု, ဇီဝိတရုပ်) ထို့ပြင် (ဆိုအပ်ခဲ့ပြီးသော ရုပ်တို့မှ) တစ်မျိုးတခြား ဖြစ်သော , ကံကို ပြုအပ်ခဲ့ပြီးသည်၏အဖြစ် (ကံ) ကြောင့် ဖြစ်သော အကြင် မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ကြောင်း အဆင်း ‘ရူပါယတန’၊ နံသိစိတ် (ဃာနဝိညာဏ်) ဖြစ်ကြောင်း အနံ့ ‘ဂန္ဓာယတန’၊ လျက်သိစိတ် (ဇိဝှါဝိညာဏ်) ဖြစ်ကြောင်း အရသာ ‘ရသာယတန’၊ မရေးခြစ်အပ်သော (ရေးခြစ်၍မရသော ဟင်းလင်း) သဘော ‘အာကာသဓာတ်’။ (နိပ္ဖန္န) ရုပ်၏ ဖြစ်ပေါ်လာစ ‘ရူပဿ ဥပစယ’။ (နိပ္ဖန္န) ရုပ်၏ ကြီးပွါးဆဲအစဉ် ‘ရူပဿ သန္တတိ’၊ အလုတ်အလွေးပြုအပ်သော အစာ ‘ကဗဠီကာရအာဟာရ’ ဟူသော ရုပ်သည်လည်း ရှိသေး၏။ ဤရုပ်အပေါင်းသည်တဏှာ ဒိဋ္ဌိတို့အာရုံပြုအပ်သည့် ကံ၏အကျိုးသာဖြစ်၍ မဟာဘုတ်မဟုတ်သော, ‘ဥပါဒိဏ္ဏ န မဟာဘူတ’ ဟူသော ထိုရုပ်ပေတည်း။

အနုပါဒိဏ္ဏ မဟာဘူတရုပ်

၉၁၂။ (၃) တဏှာ ဒိဋ္ဌိတို့အာရုံပြုအပ်သည့် ကံ၏အကျိုးကား မဟုတ်၊ မဟာဘုတ်ဖြစ်သော ၊ ‘အနုပါဒိဏ္ဏ မဟာဘူတ’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ ကံကိုပြုအပ်ခဲ့ပြီးသည်၏အဖြစ် (ကံ) ကြောင့် မဖြစ်သော ထိသိစိတ် (ကာယဝိညာဏ်) ဖြစ် ကြောင်း အတွေ့'ဖောဋ္ဌဗ္ဗာယတန’၊ ရေဟူသော (ဖွဲ့စည်းမှု) သဘော ‘အာပေါဓာတ်’ သည် (ရှိ၏)။ ဤရုပ် အပေါင်းသည်တဏှာ ဒိဋ္ဌိတို့အာရုံပြုအပ်သည့် ကံ၏အကျိုးကား မဟုတ်၊ မဟာဘုတ်ဖြစ်သော ‘အနုပါဒိဏ္ဏမဟာဘူတ’ ဟူသော ထိုရုပ်ပေတည်း။ (မဟာဘုတ်လေးပါး)

--

အနုပါဒိဏ္ဏ န မဟာဘူတရုပ်

၉၁၃။ (၄) တဏှာ ဒိဋ္ဌိတို့ အာရုံပြုအပ်သည့် ကံ၏အကျိုးလည်း မဟုတ်၊ မဟာဘုတ်လည်း မဟုတ်သော ‘အနုပါဒိဏ္ဏ န မဟာဘူတ’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ ကြားသိစိတ် (သောတဝိညာဏ်) ဖြစ်ကြောင်း အသံ ‘သဒ္ဒါယတန’။ (မိမိအလိုဆန္ဒကို) ကိုယ်အမူအရာဖြင့်သိစေမှု ‘ကာယဝိညတ်’။ (မိမိအလိုဆန္ဒကို) နှုတ်မြွက်ခြင်းဖြင့် သိစေမှု ‘ဝစီဝိညတ်’။ (နိပ္ဖန္န) ရုပ်၏လျင်မြန်ပေါ့ပါးမှု ‘ရူပဿ လဟုတာ’။ (နိပ္ဖန္န) ရုပ်၏ နူးညံ့မှု ‘ရူပဿ မုဒုတာ’။ (နိပ္ဖန္န) ရုပ်၏အမှု၌ ခံ့မှု (အမှုကိစ္စတို့၌ ပြီးမြောက်အောင် လိုက်လျောဆောင်ရွက်နိုင်မှု) ‘ရူပဿ ကမ္မညတာ’။ (နိပ္ဖန္န) ရုပ်၏ အိုမှု (ရင့်ရော်ဆွေးမြည့်မှု) ‘ရူပဿ ဇရတာ’။ (နိပ္ဖန္န) ရုပ်၏ (ဖြစ်ပြီးသည့် နောက် တည်တံ့မနေခြင်းကြောင့်) မမြဲမှု ‘ရူပဿ အနိစ္စတာ’ သည် (ရှိ၏)။ (သဒ္ဒါရုံ, ဝိညတ်ရုပ်နှစ်ခု, လဟုတာစသောရုပ်သုံးခု, ဇရတာ,အနိစ္စတာ) ထို့ပြင် (ဆိုအပ်ခဲ့ပြီးသော ရုပ်တို့မှ) တစ်မျိုးတခြား ဖြစ်သော , ကံကိုပြုအပ်ခဲ့ပြီးသည်၏အဖြစ် (ကံ) ကြောင့် မဖြစ်သော မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ကြောင်း အဆင်း ‘ရူပါယတန’၊ နံသိစိတ် (ဃာနဝိညာဏ်) ဖြစ်ကြောင်း အနံ့ ‘ဂန္ဓာယတန’၊ လျက်သိစိတ် (ဇိဝှါဝိညာဏ်) ဖြစ်ကြောင်း အရသာ ‘ရသာယတန’၊ မရေးခြစ်အပ်သော (ရေးခြစ်၍မရသော ဟင်းလင်း) သဘော ‘အာကာသဓာတ်’။ (နိပ္ဖန္န) ရုပ်၏ ဖြစ်ပေါ်လာစ ‘ရူပဿ ဥပစယ’။ (နိပ္ဖန္န) ရုပ်၏ ကြီးပွါးဆဲအစဉ် ‘ရူပဿ သန္တတိ’၊ အလုတ်အလွေး ပြုအပ်သော အစာ ‘ကဗဠီကာရအာဟာရ’ ဟူသော ရုပ်သည်လည်း ရှိသေး၏။ ဤရုပ် အပေါင်းသည် တဏှာ ဒိဋ္ဌိတို့အာရုံပြုအပ်သည့် ကံ၏အကျိုးလည်း မဟုတ်၊ မဟာဘုတ်လည်း မဟုတ်သော ‘အနုပါဒိဏ္ဏ န မဟာဘူတ’ ဟူသော ထိုရုပ်ပေတည်း။

ဥပါဒိဏ္ဏ ဩဠာရိကရုပ်

၉၁၄။ (၁) တဏှာ ဒိဋ္ဌိတို့ အာရုံပြုအပ်သည့် ကံ၏အကျိုးလည်း ဖြစ်၍ (ကမ္မဇရုပ်ဖြစ်၍) ကြမ်းတမ်းသော ‘ဥပါဒိဏ္ဏ ဩဠာရိက’ ဟူသော ထိုရုပ် သည် အဘယ်နည်း။ မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ရာ မျက်စိအကြည် ‘စက္ခာယတန’။ပ။ ထိသိစိတ် (ကာယဝိညာဏ်) ဖြစ်ရာကိုယ်အကြည် ‘ကာယာယတန’ သည် (ရှိ၏)။ (ပသာဒရုပ်ငါးခု) ထို့ပြင် (ဆိုအပ်ခဲ့ပြီးသော ရုပ်တို့မှ) တစ်မျိုးတခြား ဖြစ်သော , ကံကိုပြုအပ်ခဲ့ပြီးသည်၏အဖြစ် (ကံ) ကြောင့် မဖြစ်သော မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ကြောင်း အဆင်း ‘ရူပါယတန’၊ နံသိစိတ် (ဃာနဝိညာဏ်) ဖြစ်ကြောင်း အနံ့ ‘ဂန္ဓာယတန’၊ လျက်သိစိတ် (ဇိဝှါဝိညာဏ်) ဖြစ်ကြောင်း အရသာ ‘ရသာယတန’၊ ထိသိစိတ် (ကာယဝိညာဏ်) ဖြစ်ကြောင်း အတွေ့ ‘ဖောဋ္ဌဗ္ဗာယတန’ ဟူသော ရုပ်သည်လည်းရှိသေး၏။ ဤရုပ်အပေါင်းသည် တဏှာ ဒိဋ္ဌိတို့အာရုံပြုအပ်သည့် ကံ၏အကျိုးလည်း ဖြစ်၍ ကြမ်းတမ်းသော ‘ဥပါဒိဏ္ဏ ဩဠာရိက’ ဟူသော ထိုရုပ်ပေတည်း။

ဥပါဒိဏ္ဏ သုခုမရုပ်

၉၁၅။ (၂) တဏှာ ဒိဋ္ဌိတို့အာရုံပြုအပ်သည့် ကံ၏အကျိုးလည်းဖြစ်၍ (ကမ္မဇရုပ်ဖြစ်၍) သိမ်မွေ့သော၊ ‘ဥပါဒိဏ္ဏသုခုမ’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ မိန်းမ (အမ) ဖြစ်ကြောင်း၌ အစိုးရမှု ‘ဣတ္ထိန္ဒြေ’၊ ယောက်ျား (အထီး အဖို) ဖြစ်ကြောင်း၌ အစိုးရမှု ‘ပုရိသိန္ဒြေ’၊ အသက်ရှည် ကြောင်း၌ အစိုးရမှု ‘ဇီဝိတိန္ဒြေ’ သည် (ရှိ၏)။ (ဘာဝရုပ်, ဇီဝိတရုပ်) ထို့ပြင် (ဆိုအပ်ခဲ့ပြီးသောရုပ်တို့မှ) တစ်မျိုးတခြား ဖြစ်သော , ကံကို ပြုအပ်ခဲ့ပြီးသည်၏အဖြစ် (ကံ) ကြောင့် ဖြစ်သော အကြင် မရေးခြစ်အပ်သော (ရေးခြစ်၍ မရသော ဟင်းလင်း) သဘော ‘အာကာသ ဓာတ်’၊ ရေဟူသော (ဖွဲ့စည်းမှု) သဘော ‘အာပေါဓာတ်’။ (နိပ္ဖန္န) ရုပ်၏ ဖြစ်ပေါ်လာစ ‘ရူပဿဥပစယ’။ (နိပ္ဖန္န) ရုပ်၏ ကြီးပွါးဆဲအစဉ် ‘ရူပဿသန္တတိ’၊ အလုတ်အလွေး ပြုအပ်သော အစာ ‘ကဗဠီကာရ အာဟာရ’ ဟူသော ရုပ်သည်လည်း ရှိသေး၏။ ဤရုပ်အပေါင်းသည် တဏှာ ဒိဋ္ဌိတို့အာရုံပြုအပ်သည့် ကံ၏အကျိုးလည်းဖြစ်၍ သိမ်မွေ့သော ‘ဥပါဒိဏ္ဏသုခုမ’ ဟူသော ထိုရုပ်ပေတည်း။

--

အနုပါဒိဏ္ဏ ဩဠာရိကရုပ်

၉၁၆။ (၃) တဏှာ ဒိဋ္ဌိတို့ အာရုံပြုအပ်သည့် ကံ၏အကျိုးမဟုတ်မူ၍ ကြမ်းတမ်းသော ‘အနုပါဒိဏ္ဏဩဠာရိက’ ဟူသော ထိုရုပ်သည် အဘယ် နည်း။ ကြားသိစိတ် (သောတဝိညာဏ်) ဖြစ်ကြောင်း အသံ ‘သဒ္ဒါယတန’ သည် (ရှိ၏)။ (သဒ္ဒါရုံ) (ဒွိဇရုပ်) ထို့ပြင် (ဆိုအပ်ခဲ့ပြီးသော ရုပ်တို့မှ) တစ်မျိုးတခြား ဖြစ်သော , ကံကို ပြုအပ်ခဲ့ပြီးသည်၏အဖြစ် (ကံ) ကြောင့် မဖြစ်သော မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ကြောင်း အဆင်း ‘ရူပါယတန’၊ နံသိစိတ် (ဃာနဝိညာဏ်) ဖြစ်ကြောင်း အနံ့ ‘ဂန္ဓာယတန’၊ လျက်သိစိတ် (ဇိဝှါဝိညာဏ်) ဖြစ်ကြောင်း အရသာ ‘ရသာယတန’၊ ထိသိစိတ် (ကာယဝိညာဏ်) ဖြစ်ကြောင်း အတွေ့ ‘ဖောဋ္ဌဗ္ဗာယတန’ ဟူသော ရုပ်သည်လည်းရှိသေး၏။ ဤရုပ်အပေါင်းသည် တဏှာ ဒိဋ္ဌိတို့ အာရုံပြုအပ်သည့် ကံ၏ အကျိုးမဟုတ်မူ၍ ကြမ်းတမ်းသော ‘အနုပါဒိဏ္ဏ ဩဠာရိက’ ဟူသော ထိုရုပ်ပေတည်း။

အနုပါဒိဏ္ဏ သုခုမရုပ်

၉၁၇။ (၄) တဏှာ ဒိဋ္ဌိတို့ အာရုံပြုအပ်သည့် ကံ၏အကျိုးမဟုတ်မူ၍ သိမ်မွေ့သော ‘အနုပါဒိဏ္ဏသုခုမ’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ (မိမိအလိုဆန္ဒ ကို) ကိုယ်အမူအရာဖြင့်သိစေမှု ‘ကာယဝိညတ်’။ (မိမိအလိုဆန္ဒကို) နှုတ်မြွက်ခြင်းဖြင့် သိစေမှု ‘ဝစီ ဝိညတ်’။ (နိပ္ဖန္န) ရုပ်၏လျင်မြန်ပေါ့ပါးမှု ‘ရူပဿ လဟုတာ’။ (နိပ္ဖန္န) ရုပ်၏ နူးညံ့မှု ‘ရူပဿ မုဒုတာ’။ (နိပ္ဖန္န) ရုပ်၏အမှု၌ ခံ့မှု (အမှုကိစ္စတို့၌ ပြီးမြောက်အောင် လိုက်လျောဆောင်ရွက်နိုင်မှု) ‘ရူပဿ ကမ္မညတာ’။ (နိပ္ဖန္န) ရုပ်၏အိုမှု (ရင့်ရော်ဆွေးမြည့်မှု) ‘ရူပဿ ဇရတာ’။ (နိပ္ဖန္န) ရုပ်၏ (ဖြစ်ပြီးသည့်နောက် တည်တံ့မနေခြင်းကြောင့်) မမြဲမှု ‘ရူပဿ အနိစ္စတာ’ သည် (ရှိ၏)။

ထို့ပြင် (ဆိုအပ်ခဲ့ပြီးသော ရုပ်တို့မှ) တစ်မျိုးတခြား ဖြစ်သော , ကံကို ပြုအပ်ခဲ့ပြီးသည်၏အဖြစ် (ကံ) ကြောင့် မဖြစ်သော အကြင် မရေးခြစ်အပ်သော (ရေးခြစ်၍မရသော ဟင်းလင်း) သဘော ‘အာကာသ ဓာတ်’၊ ရေဟူသော (ဖွဲ့စည်းမှု) သဘော ‘အာပေါဓာတ်’။ (နိပ္ဖန္န) ရုပ်၏ ဖြစ်ပေါ်လာစ ‘ရူပဿဥပစယ’။ (နိပ္ဖန္န) ရုပ်၏ ကြီးပွါးဆဲအစဉ် ‘ရူပဿ သန္တတိ’၊ အလုတ်အလွေး ပြုအပ်သော အစာ ‘ကဗဠီကာရ အာဟာရ’ ဟူသော ရုပ်သည်လည်း ရှိသေး၏။ ဤရုပ်အပေါင်းသည် တဏှာ ဒိဋ္ဌိတို့အာရုံပြုအပ်သည့် ကံ၏ အကျိုးမဟုတ်မူ၍ သိမ်မွေ့သော ‘အနုပါဒိဏ္ဏ သုခုမ’ ဟူသော ထိုရုပ်ပေတည်း။

ဥပါဒိဏ္ဏ ဒူရေရုပ်

၉၁၈။ (၁) တဏှာ ဒိဋ္ဌိတို့ အာရုံပြုအပ်သည့် ကံ၏ အကျိုးဖြစ်၍ (ကမ္မဇရုပ်ဖြစ်၍) ဝေးကွာ (အသိခက်) သော ‘ဥပါဒိဏ္ဏဒူရေ’ ဟူသော ထိုရုပ်သည် အဘယ် နည်း။ မိန်းမ (အမ) ဖြစ်ကြောင်း၌ အစိုးရမှု ‘ဣတ္ထိန္ဒြေ’၊ ယောက်ျား (အထီး အဖို) ဖြစ်ကြောင်း၌ အစိုးရမှု ‘ပုရိသိန္ဒြေ’၊ အသက်ရှည်ကြောင်း၌ အစိုးရမှု ‘ဇီဝိတိန္ဒြေ’ သည် (ရှိ၏)။ (ဘာဝရုပ်နှစ်ခု, ဇီဝိတရုပ်) ထို့ပြင် (ဆိုအပ်ခဲ့ပြီးသော ရုပ်တို့မှ) တစ်မျိုးတခြားဖြစ်သော , ကံကို ပြုအပ်ခဲ့ပြီးသည်၏အဖြစ် (ကံ) ကြောင့် ဖြစ်သော အကြင် မရေးခြစ်အပ်သော (ရေးခြစ်၍မရသော ဟင်းလင်း) သဘော ‘အာကာသဓာတ်’၊ ရေဟူသော (ဖွဲ့စည်းမှု) သဘော ‘အာပေါဓာတ်’။ (နိပ္ဖန္န) ရုပ်၏ ဖြစ်ပေါ်လာစ ‘ရူပဿ ဥပစယ’။ (နိပ္ဖန္န) ရုပ်၏ ကြီးပွါးဆဲအစဉ် ‘ရူပဿ သန္တတိ’၊ အလုတ်အလွေး ပြုအပ်သော အစာ ‘ကဗဠီကာရအာဟာရ’ ဟူသော ရုပ်သည်လည်း ရှိသေး၏။ ဤရုပ်အပေါင်းသည် တဏှာ ဒိဋ္ဌိတို့ အာရုံပြုအပ်သည့်ကံ၏အကျိုးဖြစ်၍ ဝေးကွာ (အသိခက်) သော ‘ဥပါဒိဏ္ဏ ဒူရေ’ ဟူသော ထိုရုပ်ပေတည်း။

--

ဥပါဒိဏ္ဏ သန္တိကေရုပ်

၉၁၉။ (၂) တဏှာ ဒိဋ္ဌိတို့အာရုံပြုအပ်သည့် ကံ၏အကျိုးဖြစ်၍ (ကမ္မဇရုပ်ဖြစ်၍) နီးကပ် (သိလွယ်) သော ‘ဥပါဒိဏ္ဏ သန္တိကေ’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ရာ မျက်စိအကြည် ‘စက္ခာယတန’။ပ။ ထိသိစိတ် (ကာယ ဝိညာဏ်) ဖြစ်ရာ ကိုယ်အကြည် ‘ကာယာယတန’ သည် (ရှိ၏)။ (ပသာဒရုပ်ငါးခု) ထို့ပြင် (ဆိုအပ်ခဲ့ပြီးသောရုပ်တို့မှ) တစ်မျိုးတခြား ဖြစ်သော ကံကို ပြုအပ်ခဲ့ပြီးသည်၏အဖြစ် (ကံ) ကြောင့် ဖြစ်သော မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ကြောင်း အဆင်း ‘ရူပါယတန’၊ နံသိစိတ် (ဃာနဝိညာဏ်) ဖြစ်ကြောင်း အနံ့ ‘ဂန္ဓာယတန’၊ လျက်သိစိတ် (ဇိဝှါဝိညာဏ်) ဖြစ်ကြောင်း အရသာ ‘ရသာယတန’၊ ထိသိစိတ် (ကာယဝိညာဏ်) ဖြစ်ကြောင်း အတွေ့ ‘ဖောဋ္ဌဗ္ဗာယတန’ ဟူသော ရုပ်သည်လည်းရှိသေး၏။ ဤရုပ်အပေါင်းသည် တဏှာ ဒိဋ္ဌိတို့ အာရုံပြုအပ်သည့် ကံ၏အကျိုးဖြစ်၍ နီးကပ် (သိလွယ်) သော ‘ဥပါဒိဏ္ဏ သန္တိကေ’ ဟူသော ထိုရုပ်ပေတည်း။

အနုပါဒိဏ္ဏ ဒူရေရုပ်

၉၂၀။ (၃) တဏှာ ဒိဋ္ဌိတို့ အာရုံပြုအပ်သည့် ကံ၏အကျိုး မဟုတ်မူ၍ ဝေးကွာ (အသိခက်) သော ‘အနုပါဒိဏ္ဏ ဒူရေ’ ဟူသော ထိုရုပ်သည် အဘယ် နည်း။ (မိမိအလိုဆန္ဒကို) ကိုယ်အမူအရာဖြင့် သိစေမှု ‘ကာယဝိညတ်’။ (မိမိအလိုဆန္ဒကို) နှုတ်မြွက်ခြင်း ဖြင့် သိစေမှု ‘ဝစီဝိညတ်’။ (နိပ္ဖန္န) ရုပ်၏ လျင်မြန်ပေါ့ပါးမှု ‘ရူပဿ လဟုတာ’။ (နိပ္ဖန္န) ရုပ်၏ နူးညံ့မှု ‘ရူပဿ မုဒုတာ’။ (နိပ္ဖန္န) ရုပ်၏အမှု၌ ခံ့မှု (အမှုကိစ္စတို့၌ ပြီးမြောက်အောင် လိုက်လျောဆောင်ရွက်နိုင်မှု) ‘ရူပဿ ကမ္မညတာ’။ (နိပ္ဖန္န) ရုပ်၏ အိုမှု (ရင့်ရော် ဆွေးမြည့်မှု) ‘ရူပဿ ဇရတာ’။ (နိပ္ဖန္န) ရုပ်၏ (ဖြစ်ပြီး သည့်နောက်တည်တံ့မနေခြင်းကြောင့်) မမြဲမှု ‘ရူပဿ အနိစ္စတာ’ သည် (ရှိ၏)။ (ဝိညတ်ရုပ်နှစ်ခု, လဟုတာစသောရုပ်သုံးခု, ဇရတာ, အနိစ္စတာ) ထို့ပြင် (ဆိုအပ်ခဲ့ပြီးသော ရုပ်တို့မှ) တစ်မျိုးတခြား ဖြစ်သော , ကံကို ပြုအပ်ခဲ့ပြီးသည်၏အဖြစ် (ကံ) ကြောင့် မဖြစ်သော အကြင် မရေးခြစ်အပ်သော (ရေးခြစ်၍မရသော ဟင်းလင်း) သဘော ‘အာကာသ ဓာတ်’၊ ရေဟူသော (ဖွဲ့စည်းမှု) သဘော ‘အာပေါဓာတ်’။ (နိပ္ဖန္န) ရုပ်၏ ဖြစ်ပေါ်လာစ ‘ရူပဿဥပစယ’။ (နိပ္ဖန္န) ရုပ်၏ ကြီးပွါးဆဲအစဉ် ‘ရူပဿ သန္တတိ’၊ အလုတ်အလွေး ပြုအပ်သော အစာ့'ကဗဠီကာရ အာဟာရ’ ဟူသော ရုပ်သည်လည်း ရှိသေး၏။ ဤရုပ်အပေါင်းသည်တဏှာ ဒိဋ္ဌိတို့အာရုံပြုအပ်သည့် ကံ၏ အကျိုးမဟုတ်မူ၍ ဝေးကွာ (အသိခက်) သော ‘အနုပါဒိဏ္ဏဒူရေ’ ဟူသော ထိုရုပ်ပေတည်း။

အနုပါဒိဏ္ဏ သန္တိကေရုပ်

၉၂၁။ (၄) တဏှာ ဒိဋ္ဌိတို့ အာရုံပြုအပ်သည့် ကံ၏အကျိုးမဟုတ်မူ၍ နီးကပ် (သိလွယ်) သော ‘အနုပါဒိဏ္ဏသန္တိကေ’ ဟူသော ထိုရုပ်သည် အဘယ် နည်း။ ကြားသိစိတ် (သောတဝိညာဏ်) ဖြစ်ကြောင်း အသံ ‘သဒ္ဒါယတန’ သည် (ရှိ၏)။ (သဒ္ဒါရုံ) (ဒွိဇရုပ်) ထို့ပြင် (ဆိုအပ်ခဲ့ပြီးသော ရုပ်တို့မှ) တစ်မျိုးတခြားဖြစ်သော , ကံကိုပြုအပ်ခဲ့ပြီးသည်၏အဖြစ် (ကံ) ကြောင့် မဖြစ်သော မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ကြောင်း အဆင်း ‘ရူပါယတန’၊ နံသိစိတ် (ဃာနဝိညာဏ်) ဖြစ်ကြောင်း အနံ့ ‘ဂန္ဓာယတန’၊ လျက်သိစိတ် (ဇိဝှါဝိညာဏ်) ဖြစ်ကြောင်း အရသာ ‘ရသာယတန’၊ ထိသိစိတ် (ကာယဝိညာဏ်) ဖြစ်ကြောင်း အတွေ့ ‘ဖောဋ္ဌဗ္ဗာယတန’ ဟူသော ရုပ်သည်လည်းရှိသေး၏။ ဤရုပ်အပေါင်းသည် တဏှာ ဒိဋ္ဌိတို့ အာရုံပြုအပ်သည့် ကံ၏အကျိုးမဟုတ်မူ၍ နီးကပ် (သိလွယ်) သော ‘အနုပါဒိဏ္ဏ သန္တိကေ’ ဟူသော ထိုရုပ်ပေတည်း။

--

ဥပါဒိဏ္ဏုပါဒါနိယ သနိဒဿနရုပ်

၉၂၂။ (၁) တဏှာ ဒိဋ္ဌိတို့ အာရုံပြုအပ်သည့် ကံ၏အကျိုးလည်းဖြစ်၍ဥပါဒါန်တို့၏ အစီးအပွါး (အာရုံ) လည်း ဖြစ်သော , မြင် ခြင်းနှင့် တကွဖြစ်သော ‘ဥပါဒိဏ္ဏုပါဒါနိယသနိဒဿန’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ ကံကိုပြု အပ်ခဲ့ပြီးသည်၏အဖြစ် (ကံ) ကြောင့်ဖြစ်သော မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ကြောင်း အဆင်း ‘ရူပါယတန’ သည် (ရှိ၏)။ ဤရုပ်သည် တဏှာ ဒိဋ္ဌိတို့အာရုံပြုအပ်သည့် ကံ၏အကျိုးလည်းဖြစ်၍ ဥပါဒါန်တို့၏ အစီးအပွါး (အာရုံ) လည်း ဖြစ်သော , မြင်ခြင်းနှင့်တကွဖြစ်သော ‘ဥပါဒိဏ္ဏုပါဒါနိယ သနိဒဿန’ ဟူသော ထိုရုပ်ပေ တည်း။ (ရူပါရုံ)

ဥပါဒိဏ္ဏုပါဒါနိယ အနိဒဿနရုပ်

၉၂၃။ (၂) တဏှာ ဒိဋ္ဌိတို့ အာရုံပြုအပ်သည့် ကံ၏အကျိုးလည်းဖြစ်၍ဥပါဒါန်တို့၏ အစီးအပွါး (အာရုံ) လည်းဖြစ်သော , မြင်ခြင်း နှင့် တကွမဖြစ်သော ‘ဥပါဒိဏ္ဏုပါဒါနိယအနိဒဿန’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ရာ မျက်စိအကြည်စက္ခာယတန’။ပ။ ထိသိစိတ် (ကာယဝိညာဏ်) ဖြစ်ရာ ကိုယ်အကြည် ‘ကာယာယတန’၊ မိန်းမ (အမ) ဖြစ်ကြောင်း၌ အစိုးရမှု ‘ဣတ္ထိန္ဒြေ’၊ ယောက်ျား (အထီး အဖို) ဖြစ်ကြောင်း၌ အစိုးရမှု ‘ပုရိသိန္ဒြေ’၊ အသက်ရှည်ကြောင်း၌ အစိုးရမှု ‘ဇီဝိတိန္ဒြေ’ သည် (ရှိ၏)။ (ပသာဒ ရုပ်ငါးခု, ဘာဝရုပ်နှစ်ခု,ဇီဝိတရုပ်) ထို့ပြင် (ဆိုအပ်ခဲ့ပြီးသော ရုပ်တို့မှ) တစ်မျိုးတခြားဖြစ်သော , ကံကိုပြုအပ်ခဲ့ပြီးသည်၏အဖြစ် (ကံ) ကြောင့် ဖြစ်သော အကြင် နံသိစိတ် (ဃာနဝိညာဏ်) ဖြစ်ကြောင်း အနံ့ ‘ဂန္ဓာယတန’၊ လျက်သိစိတ် (ဇိဝှါဝိညာဏ်) ဖြစ်ကြောင်း အရသာ ‘ရသာယတန’၊ ထိသိစိတ် (ကာယဝိညာဏ်) ဖြစ်ကြောင်း အတွေ့'ဖောဋ္ဌဗ္ဗာယတန’၊ မရေးခြစ် အပ်သော (ရေးခြစ်၍မရသော ဟင်းလင်း) သဘော ‘အာကာသဓာတ်’၊ ရေဟူသော (ဖွဲ့စည်းမှု) သဘော ‘အာပေါဓာတ်’။ (နိပ္ဖန္န) ရုပ်၏ ဖြစ်ပေါ်လာစ ‘ရူပဿ ဥပစယ’။ (နိပ္ဖန္န) ရုပ်၏ကြီးပွါးဆဲအစဉ် ‘ရူပဿ သန္တတိ’၊ အလုတ် အလွေး ပြုအပ်သော အစာ ‘ကဗဠီကာရအာဟာရ’ ဟူသောရုပ်သည်လည်း ရှိသေး၏။ ဤရုပ်အပေါင်းသည် တဏှာ ဒိဋ္ဌိတို့ အာရုံပြုအပ်သည့် ကံ၏အကျိုးလည်းဖြစ်၍ဥပါဒါန်တို့၏ အစီးအပွါး (အာရုံ) လည်း ဖြစ်သော , မြင်ခြင်းနှင့် တကွမဖြစ်သော ‘ဥပါဒိဏ္ဏုပါဒါနိယအနိဒဿန’ ဟူသော ထိုရုပ်ပေတည်း။

အနုပါဒိဏ္ဏုပါဒါနိယ သနိဒဿနရုပ်

၉၂၄။ (၃) တဏှာ ဒိဋ္ဌိတို့အာရုံပြုအပ်သည့် ကံ၏ အကျိုးကားမဟုတ်၊ ဥပါဒါန်တို့၏ အစီးအပွါး (အာရုံ) သာဖြစ်သော , မြင်ခြင်းနှင့် တကွဖြစ်သော ‘အနုပါဒိဏ္ဏုပါဒါနိယ သနိဒဿန’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ ကံကိုပြုအပ်ခဲ့ပြီးသည်၏အဖြစ် (ကံ) ကြောင့် မဖြစ်သော မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ကြောင်း အဆင်း'ရူပါယတန’ သည် (ရှိ၏)။ ဤရုပ်သည် တဏှာ ဒိဋ္ဌိတို့အာရုံပြုအပ်သည့်ကံ၏ အကျိုးကား မဟုတ်၊ ဥပါဒါန်တို့၏ အစီးအပွါး (အာရုံ) သာဖြစ်သော , မြင်ခြင်းနှင့် တကွဖြစ်သော ‘အနုပါဒိဏ္ဏုပါဒါနိယသနိဒဿန’ ဟူသော ထိုရုပ်ပေတည်း။ (ရူပါရုံ)

အနုပါဒိဏ္ဏုပါဒါနိယ အနိဒဿနရုပ်

၉၂၅။ (၄) တဏှာဒိဋ္ဌိတို့အာရုံပြုအပ်သည့်ကံ၏ အကျိုးကားမဟုတ်၊ ဥပါဒါန်တို့၏ အစီးအပွါး (အာရုံ) သာဖြစ်သော , မြင်ခြင်းနှင့်တကွမဖြစ်သော ‘အနုပါဒိဏ္ဏုပါဒါနိယ အနိဒဿန’ ဟူသော ထိုရုပ်သည် အဘယ် နည်း။ ကြားသိစိတ် (သောတဝိညာဏ်) ဖြစ်ကြောင်း အသံ ‘သဒ္ဒါယတန’။ (မိမိအလိုဆန္ဒကို) ကိုယ် အမူအရာဖြင့်သိစေမှု ‘ကာယဝိညတ်’။ (မိမိအလိုဆန္ဒကို) နှုတ်မြွက်ခြင်းဖြင့် သိစေမှု ‘ဝစီဝိညတ်’။

--

(နိပ္ဖန္န) ရုပ်၏လျင်မြန်ပေါ့ပါးမှု ‘ရူပဿ လဟုတာ’။ (နိပ္ဖန္န) ရုပ်၏ နူးညံ့မှု ‘ရူပဿ မုဒုတာ’။ (နိပ္ဖန္န) ရုပ်၏ အမှု၌ ခံ့မှု (အမှုကိစ္စတို့၌ ပြီးမြောက်အောင် လိုက်လျော ဆောင်ရွက်နိုင်မှု) ‘ရူပဿ ကမ္မညတာ’။ (နိပ္ဖန္န) ရုပ်၏အိုမှု (ရင့်ရော်ဆွေးမြည့်မှု) ‘ရူပဿ ဇရတာ’။ (နိပ္ဖန္န) ရုပ်၏ (ဖြစ်ပြီးသည့်နောက် တည်တံ့မနေခြင်းကြောင့်) မမြဲမှု ‘ရူပဿ အနိစ္စတာ’ သည် (ရှိ၏)။ ထို့ပြင် (ဆိုအပ်ခဲ့ပြီးသော ရုပ်တို့မှ) တစ်မျိုးတခြား ဖြစ်သော , ကံကို ပြုအပ်ခဲ့ပြီးသည်၏အဖြစ် (ကံ) ကြောင့် မဖြစ်သော အကြင် နံသိစိတ် (ဃာနဝိညာဏ်) ဖြစ်ကြောင်း အနံ့ ‘ဂန္ဓာယတန’၊ လျက်သိစိတ် (ဇိဝှါဝိညာဏ်) ဖြစ်ကြောင်း အရသာ ‘ရသာယတန’၊ ထိသိစိတ် (ကာယဝိညာဏ်) ဖြစ်ကြောင်း အတွေ့ ‘ဖောဋ္ဌဗ္ဗာယတန’၊ မရေးခြစ်အပ်သော (ရေးခြစ်၍မရသော ဟင်းလင်း) သဘော ‘အာကာသဓာတ်’၊ ရေဟူသော (ဖွဲ့စည်းမှု) သဘော ‘အာပေါဓာတ်’။ (နိပ္ဖန္န) ရုပ်၏ ဖြစ်ပေါ်လာစ ‘ရူပဿဥပစယ’။ (နိပ္ဖန္န) ရုပ်၏ ကြီးပွါးဆဲအစဉ် ‘ရူပဿသန္တတိ’၊ အလုတ်အလွေး ပြုအပ်သော အစာ ‘ကဗဠီကာရအာဟာရ’ ဟူသော ရုပ်သည်လည်း ရှိသေး၏။ ဤရုပ်အပေါင်းသည် တဏှာ ဒိဋ္ဌိတို့အာရုံပြုအပ်သည့် ကံ၏ အကျိုးကား မဟုတ်၊ ဥပါဒါန်တို့၏ အစီးအပွါး (အာရုံ) သာဖြစ်သော , မြင်ခြင်းနှင့်တကွမဖြစ်သော ‘အနုပါဒိဏ္ဏုပါဒါနိယ အနိဒဿန’ ဟူသော ထိုရုပ်ပေတည်း။

ဥပါဒိဏ္ဏုပါဒါနိယ သပ္ပဋိဃရုပ်

၉၂၆။ (၁) တဏှာ ဒိဋ္ဌိတို့အာရုံပြုအပ်သည့်ကံ၏ အကျိုးလည်းဖြစ် (ကမ္မဇရုပ်လည်းဖြစ်) ၍ ဥပါဒါန်တို့၏ အစီးအပွါး (အာရုံ) လည်း ဖြစ်သော , ထိပါးခြင်းနှင့် တကွဖြစ်သော ‘ဥပါဒိဏ္ဏုပါဒါနိယ သပ္ပဋိဃ’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ရာမျက်စိအကြည် ‘စက္ခာယတန’။ပ။ ထိသိစိတ် (ကာယဝိညာဏ်) ဖြစ်ရာ ကိုယ်အကြည် ‘ကာယာယတန’ သည် (ရှိ၏)။ (ပသာဒရုပ်ငါးခု) ထို့ပြင် (ဆိုအပ်ခဲ့ပြီးသော ရုပ်တို့မှ) တစ်မျိုးတခြား ဖြစ်သော , ကံကိုပြုအပ်ခဲ့ပြီးသည်၏အဖြစ် (ကံ) ကြောင့် ဖြစ်သော အကြင် မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ကြောင်း အဆင်း ‘ရူပါယတန’၊ နံသိစိတ် (ဃာနဝိညာဏ်) ဖြစ်ကြောင်း အနံ့ ‘ဂန္ဓာယတန’၊ လျက်သိစိတ် (ဇိဝှါဝိညာဏ်) ဖြစ်ကြောင်း အရသာ ‘ရသာယတန’၊ ထိသိစိတ် (ကာယဝိညာဏ်) ဖြစ်ကြောင်း အတွေ့ ‘ဖောဋ္ဌဗ္ဗာယတန’ ဟူသော ရုပ်သည်လည်းရှိသေး၏။ ဤရုပ်အပေါင်းသည် တဏှာ ဒိဋ္ဌိတို့ အာရုံပြုအပ်သည့် ကံ၏အကျိုးလည်းဖြစ်၍ ဥပါဒါန်တို့၏အစီးအပွါး (အာရုံ) လည်း ဖြစ်သော ထိပါးခြင်းနှင့် တကွဖြစ်သော ‘ဥပါဒိဏ္ဏုပါဒါနိယ သပ္ပဋိဃ’ ဟူသောထိုရုပ်ပေတည်း။

ဥပါဒိဏ္ဏုပါဒါနိယ အပ္ပဋိဃရုပ်

၉၂၇။ (၂) တဏှာ ဒိဋ္ဌိတို့အာရုံပြုအပ်သည့်ကံ၏ အကျိုးလည်းဖြစ် (ကမ္မဇရုပ်လည်းဖြစ်) ၍ ဥပါဒါန်တို့၏ အစီးအပွါး (အာရုံ) လည်း ဖြစ်သော , ထိပါးခြင်းနှင့်တကွမဖြစ်သော ‘ဥပါဒိဏ္ဏုပါဒါနိယ အပ္ပဋိဃ’ ဟူသော ထိုရုပ်သည် အဘယ် နည်း။ မိန်းမ (အမ)

ဖြစ်ကြောင်း၌ အစိုးရမှု ‘ဣတ္ထိန္ဒြေ’၊ ယောက်ျား (အထီး အဖို) ဖြစ်ကြောင်း၌ အစိုးရမှု ‘ပုရိသိန္ဒြေ’၊ အသက်ရှည် ကြောင်း၌ အစိုးရမှု ‘ဇီဝိတိန္ဒြေ’ သည် (ရှိ၏)။ (ဘာဝရုပ်နှစ်ခု, ဇီဝိတရုပ်) ထို့ပြင် (ဆိုအပ်ခဲ့ပြီးသော ရုပ်တို့မှ) တစ်မျိုးတခြား ဖြစ်သော , ကံကို ပြုအပ်ခဲ့ပြီးသည်၏အဖြစ် (ကံ) ကြောင့် ဖြစ်သော အကြင် မရေးခြစ်အပ်သော (ရေးခြစ်၍မရသော ဟင်းလင်း) သဘော ‘အာကာသဓာတ်’၊ ရေဟူသော (ဖွဲ့စည်းမှု) သဘော ‘အာပေါဓာတ်’ (နိပ္ဖန္န) ရုပ်၏ ဖြစ်ပေါ်လာစ ‘ရူပဿ ဥပစယ’။ (နိပ္ဖန္န) ရုပ်၏ ကြီးပွါးဆဲအစဉ် ‘ရူပဿ သန္တတိ’၊ အလုတ်အလွေး ပြုအပ်သော အစာ ‘ကဗဠီကာရအာဟာရ’ ဟူသော ရုပ်သည်လည်း ရှိသေး၏။ ဤရုပ်အပေါင်းသည် (ကမ္မဇရုပ်လည်းဖြစ်, ဥပါဒါန်တို့၏အာရုံလည်းဖြစ်၍ ထိပါးခြင်းနှင့် တကွမဖြစ်သော) ‘ဥပါဒိဏ္ဏုပါဒါနိယ အပ္ပဋိဃ’ ဟူသော ထိုရုပ်ပေတည်း။

--

အနုပါဒိဏ္ဏုပါဒါနိယ သပ္ပဋိဃရရုပ်

၉၂၈။ (၃) အာရုံပြုသောအားဖြင့် တဏှာ ဒိဋ္ဌိတို့ကပ်ရောက်အပ်သော ကံ (တဏှာ ဒိဋ္ဌိတို့အာရုံပြုအပ်သောကံ) သည် အကျိုးအဖြစ်ဖြင့် စွဲယူအပ်သည်ကား မဟုတ်, လွန်စွာစွဲလမ်းတတ်သော ဥပါဒါန်တရားတို့၏ အစီးအပွါး (အာရုံ) သာ ဖြစ်၍ ထိပါးခြင်းနှင့် တကွဖြစ်သော (ကမ္မဇရုပ်ကား မဟုတ်၊ ဥပါဒါန်တို့၏ အာရုံသာဖြစ်၍ ထိပါးခြင်းနှင့် တကွ ဖြစ်သော) ‘အနုပါဒိဏ္ဏုပါဒါနိယသပ္ပဋိဃ’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ ကြားသိစိတ် (သောတ ဝိညာဏ်) ဖြစ်ကြောင်း အသံ ‘သဒ္ဒါယတန’ သည် (ရှိ၏) (ဒွိဇရုပ်)။ ထို့ပြင် (ဆိုအပ်ခဲ့ပြီးသော ရုပ်တို့မှ) တစ်မျိုးတခြားဖြစ်သော , ကံကိုပြုအပ်ခဲ့ပြီးသည်၏အဖြစ် (ကံ) ကြောင့် မဖြစ်သော အကြင် မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ကြောင်း အဆင်း ‘ရူပါယတန’၊ နံသိစိတ် (ဃာနဝိညာဏ်) ဖြစ်ကြောင်း အနံ့ ‘ဂန္ဓာယတန’၊ လျက်သိစိတ် (ဇိဝှါဝိညာဏ်) ဖြစ်ကြောင်း အရသာ ‘ရသာယတန’၊ ထိသိစိတ် (ကာယဝိညာဏ်) ဖြစ်ကြောင်း အတွေ့ ‘ဖောဋ္ဌဗ္ဗာယတန’ ဟူသော ရုပ်သည်လည်းရှိသေး၏ (စတုဇရုပ်များ)။ ဤရုပ်အပေါင်းသည် (ကမ္မဇရုပ်ကား မဟုတ်, ဥပါဒါန်တို့၏ အာရုံသာ ဖြစ်၍ထိပါးခြင်းနှင့် တကွဖြစ်သော) ‘အနုပါဒိဏ္ဏုပါဒါနိယ သပ္ပဋိဃ’ ဟူသော ထိုရုပ်ပေတည်း။

အနုပါဒိဏ္ဏုပါဒါနိယ အပ္ပဋိဃရုပ်

၉၂၉။ (၄) အာရုံပြုသောအားဖြင့် တဏှာ ဒိဋ္ဌိတို့ ကပ်ရောက်အပ်သောကံ (တဏှာ ဒိဋ္ဌိတို့အာရုံပြုအပ်သောကံ) သည် အကျိုး အဖြစ်ဖြင့် စွဲယူအပ်သည်ကား မဟုတ်,လွန်စွာစွဲလမ်းတတ်သော ဥပါဒါန်တရားတို့၏ အစီးအပွါး (အာရုံ) သာ ဖြစ်၍ ထိပါးခြင်းနှင့်တကွမဖြစ်သော (ကမ္မဇရုပ်ကား မဟုတ်, ဥပါဒါန်တို့၏ အာရုံသာ ဖြစ်၍ ထိပါးခြင်းနှင့် တကွမဖြစ်သော) ‘အနုပါဒိဏ္ဏုပါဒါနိယအပ္ပဋိဃ’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ (မိမိ အလိုဆန္ဒကို) ကိုယ်အမူအရာဖြင့်သိစေမှု ‘ကာယဝိညတ်’။ (မိမိအလိုဆန္ဒကို) နှုတ်မြွက်ခြင်းဖြင့် သိစေမှု ‘ဝစီဝိညတ်’ (စိတ္တဇဧကန်)။ (နိပ္ဖန္န) ရုပ်၏လျင်မြန်ပေါ့ပါးမှု ‘ရူပဿ လဟုတာ’။ (နိပ္ဖန္န) ရုပ်၏ နူးညံ့မှု ‘ရူပဿ မုဒုတာ’။ (နိပ္ဖန္န) ရုပ်၏အမှု၌ ခံ့မှု (အမှုကိစ္စတို့၌ ပြီးမြောက်အောင် လိုက်လျော ဆောင်ရွက် နိုင်မှု) ‘ရူပဿ ကမ္မညတာ’ (တိဇရုပ်)။ (နိပ္ဖန္န) ရုပ်၏အိုမှု (ရင့်ရော်ဆွေးမြည့်မှု) ‘ရူပဿ ဇရတာ’။ (နိပ္ဖန္န) ရုပ်၏ (ဖြစ်ပြီးသည့်နောက်တည်တံ့ မနေခြင်းကြောင့်) မမြဲမှု ‘ရူပဿ အနိစ္စတာ’ သည် (ရှိ၏)။ ထို့ပြင် (ဆိုအပ်ခဲ့ပြီးသော ရုပ်တို့မှ) တစ်မျိုးတခြား ဖြစ်သော , ကံကိုပြုအပ်ခဲ့ပြီးသည်၏အဖြစ် (ကံ) ကြောင့် မဖြစ်သော , မရေးခြစ်အပ်သော (ရေးခြစ်၍ မရသော ဟင်းလင်း) သဘော ‘အာကာသဓာတ်’၊ ရေဟူသော (ဖွဲ့စည်းမှု) သဘော ‘အာပေါဓာတ်’။ (နိပ္ဖန္န) ရုပ်၏ ဖြစ်ပေါ်လာစ ‘ရူပဿဥပစယ’။ (နိပ္ဖန္န) ရုပ်၏ ကြီးပွါးဆဲ အစဉ် ‘ရူပဿ သန္တတိ’၊ အလုတ်အလွေး ပြုအပ်သော အစာ ‘ကဗဠီကာရ အာဟာရ’ ဟူသော ရုပ်သည်လည်း ရှိသေး၏ (စတုဇရုပ်)။ ဤရုပ်အပေါင်းသည် (ကမ္မဇရုပ်ကား မဟုတ်, ဥပါဒါန်တို့၏ အာရုံသာဖြစ်၍ ထိပါးခြင်းနှင့် တကွမဖြစ်သော) ‘အနုပါဒိဏ္ဏုပါဒါနိယ အပ္ပဋိဃ’ ဟူသော ထိုရုပ်ပေ တည်း။

ဥပါဒိဏ္ဏုပါဒါနိယ မဟာဘူတရုပ်

၉၃၀။ (၁) အာရုံပြုသောအားဖြင့် တဏှာ ဒိဋ္ဌိတို့ ကပ်ရောက်အပ်သောကံ (တဏှာ ဒိဋ္ဌိတို့အာရုံပြုအပ်သော ကံ) သည် အကျိုး၏ အဖြစ်ဖြင့် စွဲယူအပ်သည်ဖြစ်၍လွန်စွာစွဲလမ်းတတ်သော ဥပါဒါန်တရားတို့၏ အစီးအပွါး (အာရုံ) လည်း ဖြစ်သော , မဟာဘုတ်မည်သော (ကမ္မဇရုပ်လည်း ဖြစ်, ဥပါဒါန်တို့၏ အာရုံလည်းဖြစ်၍ မဟာဘုတ်မည် သော) ‘ဥပါဒိဏ္ဏုပါဒါနိယမဟာဘူတ’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ ကံကို ပြုအပ်ခဲ့ပြီးသည်၏ အဖြစ် (ကံ) ကြောင့်ဖြစ်သော ထိသိစိတ် (ကာယဝိညာဏ်) ဖြစ်ကြောင်း အတွေ့ ‘ဖောဋ္ဌဗ္ဗာယတန’၊ ရေဟူသော (ဖွဲ့စည်းမှု) သဘော ‘အာပေါဓာတ်’ သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် (ကမ္မဇရုပ်လည်းဖြစ်, ဥပါဒါန်တို့၏ အာရုံလည်းဖြစ်၍မဟာဘုတ်မည်သော) ‘ဥပါဒိဏ္ဏုပါဒါနိယ မဟာဘူတ’ ဟူသော ထိုရုပ်ပေ တည်း။ (ကမ္မဇမဟာဘုတ်လေးပါး)

--

ဥပါဒိဏ္ဏုပါဒါနိယ န မဟာဘူတရုပ်

၉၃၁။ (၂) အာရုံပြုသောအားဖြင့် တဏှာ ဒိဋ္ဌိတို့ ကပ်ရောက်အပ်သောကံ (တဏှာ ဒိဋ္ဌိတို့အာရုံပြုအပ်သောကံ) သည် အကျိုးအဖြစ်ဖြင့် စွဲယူအပ်သည်ဖြစ်၍ လွန်စွာစွဲလမ်းတတ်သော ဥပါဒါန်တရားတို့၏ အစီးအပွါး (အာရုံ) လည်းဖြစ်သော , မဟာဘုတ်မမည်သော (ကမ္မဇရုပ်လည်းဖြစ်, ဥပါဒါန်တို့၏ အာရုံလည်းဖြစ်၍ မဟာဘုတ် မမည်သော) ‘ဥပါဒိဏ္ဏုပါဒါနိယ နမဟာဘူတ’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ် (စက္ခု ဝိညာဏ်) ဖြစ်ရာ မျက်စိအကြည် ‘စက္ခာယတန’။ပ။ ထိသိစိတ် (ကာယဝိညာဏ်) ဖြစ်ရာ ကိုယ်အကြည် ‘ကာယာယတန’၊ မိန်းမ (အမ) ဖြစ်ကြောင်း၌ အစိုးရမှု ‘ဣတ္ထိန္ဒြေ’၊ ယောက်ျား (အထီးအဖို) ဖြစ်ကြောင်း၌ အစိုးရမှု ‘ပုရိသိန္ဒြေ’၊ အသက် ရှည်ကြောင်း၌ အစိုးရမှု ‘ဇီဝိတိန္ဒြေ’ သည် (ရှိ၏)။ (ကမ္မဇဧကန် ဖြစ်သော ဣန္ဒြိယ ရုပ်ရှစ်ပါး) ထို့ပြင် (ဆိုအပ်ခဲ့ပြီးသော ရုပ်တို့မှ) တစ်မျိုးတခြား ဖြစ်သော , ကံကိုပြုအပ်ခဲ့ပြီးသည်၏အဖြစ် (ကံ) ကြောင့် ဖြစ်သော အကြင် မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ကြောင်း အဆင်း ‘ရူပါယတန’၊ နံသိစိတ် (ဃာနဝိညာဏ်) ဖြစ်ကြောင်း အနံ့ ‘ဂန္ဓာယတန’၊ လျက်သိစိတ် (ဇိဝှါဝိညာဏ်) ဖြစ်ကြောင်း အရသာ ‘ရသာယတန’၊ မရေးခြစ် အပ်သော (ရေးခြစ်၍ မရသော ဟင်းလင်း) သဘော ‘အာကာသဓာတ်’။ (နိပ္ဖန္န) ရုပ်၏ ဖြစ်ပေါ်လာစ ‘ရူပဿ ဥပစယ’။ (နိပ္ဖန္န) ရုပ်၏ ကြီးပွါးဆဲအစဉ် ‘ရူပဿ သန္တတိ’၊ အလုတ်အလွေး ပြုအပ်သော အစာ ‘ကဗဠီကာရ အာဟာရ’ ဟူသော ရုပ်သည်လည်း ရှိသေး၏ (ကမ္မဇရုပ်အနေကန်)။ ဤရုပ် အပေါင်းသည် (ကမ္မဇရုပ်လည်း ဖြစ်၊ ဥပါဒါန်တို့၏ အာရုံလည်း ဖြစ်၍မဟာဘုတ်မမည်သော) ‘ဥပါဒိဏ္ဏုပါဒါနိယ န မဟာဘူတ’ ဟူသော ထိုရုပ် ပေတည်း။

အနုပါဒိဏ္ဏုပါဒါနိယ မဟာဘူတရုပ်

၉၃၂။ (၃) အာရုံပြုသောအားဖြင့် တဏှာ ဒိဋ္ဌိတို့ ကပ်ရောက်အပ်သော ကံ (တဏှာ ဒိဋ္ဌိတို့အာရုံပြုအပ်သောကံ) သည် အကျိုးအဖြစ်ဖြင့် စွဲယူအပ်သည်ဖြစ်၍ လွန်စွာစွဲလမ်းတတ်သော ဥပါဒါန်တရားတို့၏ အစီးအပွါး (အာရုံ) သာဖြစ်၍ မဟာဘုတ်မည်သော (ကမ္မဇရုပ်ကားမဟုတ်၊ ဥပါဒါန်တို့၏ အာရုံသာဖြစ်၍ မဟာဘုတ် မည်သော) ‘အနုပါဒိဏ္ဏုပါဒါနိယ မဟာဘူတ’ ဟူသောထိုရုပ်သည် အဘယ်နည်း။ ကံကိုပြုအပ်ခဲ့ပြီးသည်၏ အဖြစ် (ကံ) ကြောင့် မဖြစ်သော ထိသိစိတ် (ကာယဝိညာဏ်) ဖြစ်ကြောင်း အတွေ့ ‘ဖောဋ္ဌဗ္ဗာယတန’၊ ရေဟူသော (ဖွဲ့စည်းမှု) သဘော ‘အာပေါဓာတ်’ သည် (ရှိ၏) (တိဇမဟာဘုတ်လေးပါး)။ ဤရုပ်အပေါင်း သည် (ကမ္မဇရုပ်ကား မဟုတ်,ဥပါဒါန်တို့၏ အာရုံသာ ဖြစ်၍ မဟာဘုတ်မည်သော) ‘အနုပါဒိဏ္ဏုပါဒါနိယ မဟာဘူတ’ ဟူသောထိုရုပ်ပေတည်း။

အနုပါဒိဏ္ဏုပါဒါနိယ န မဟာဘူတရုပ်

၉၃၃။ (၄) အာရုံပြုသောအားဖြင့် တဏှာ ဒိဋ္ဌိတို့ ကပ်ရောက်အပ်သော ကံ (တဏှာ ဒိဋ္ဌိတို့ အာရုံပြုအပ်သောကံ) သည် အကျိုး အဖြစ်ဖြင့် စွဲယူအပ်သည်ကား မဟုတ်၊ လွန်စွာ စွဲလမ်းတတ်သော ဥပါဒါန်တရားတို့၏ အစီးအပွါး (အာရုံ) သာဖြစ်၍ မဟာဘုတ်မမည်သော (ကမ္မဇရုပ်ကား မဟုတ်, ဥပါဒါန်တို့၏ အာရုံသာ ဖြစ်၍ မဟာဘုတ်မမည်သော) ‘အနုပါဒိဏ္ဏုပါဒါနိယ နမဟာဘူတ’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ ကြား သိစိတ် (သောတဝိညာဏ်) ဖြစ်ကြောင်း အသံ့'သဒ္ဒါယတန’ (ဒွိဇရုပ်)။ (မိမိ အလိုဆန္ဒကို) ကိုယ်အမူ အရာဖြင့် သိစေမှု ‘ကာယဝိညတ်’။ (မိမိအလိုဆန္ဒကို) နှုတ်မြွက်ခြင်းဖြင့် သိစေမှု ‘ဝစီဝိညတ်’ (စိတ္တဇ ဧကန်)။ (နိပ္ဖန္န) ရုပ်၏လျင်မြန်ပေါ့ပါးမှု ‘ရူပဿ လဟုတာ’။ (နိပ္ဖန္န) ရုပ်၏ နူးညံ့မှု ‘ရူပဿ မုဒုတာ’။ (နိပ္ဖန္န) ရုပ်၏ အမှု၌ ခံ့မှု (အမှုကိစ္စတို့၌ ပြီးမြောက်အောင် လိုက်လျောဆောင်ရွက်နိုင်မှု) ‘ရူပဿ ကမ္မညတာ’ (တိဇရုပ်)။ (နိပ္ဖန္န) ရုပ်၏ အိုမှု (ရင့်ရော်ဆွေးမြည့်မှု) ‘ရူပဿ ဇရတာ’။

--

(နိပ္ဖန္န) ရုပ်၏ (ဖြစ်ပြီးသည့်နောက်တည်တံ့မနေခြင်းကြောင့်) မမြဲမှု ‘ရူပဿ အနိစ္စတာ’ သည် (ရှိ၏)။ ထို့ပြင် (ဆိုအပ်ခဲ့ပြီးသော ရုပ်တို့မှ) တစ်မျိုးတခြား ဖြစ်သော , ကံကို ပြုအပ်ခဲ့ပြီးသည်၏အဖြစ် (ကံ) ကြောင့် မဖြစ်သော အကြင် မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ကြောင်း အဆင်း ‘ရူပါယတန’၊ နံသိစိတ် (ဃာနဝိညာဏ်) ဖြစ်ကြောင်း အနံ့ ‘ဂန္ဓာယတန’၊ လျက်သိစိတ် (ဇိဝှါဝိညာဏ်) ဖြစ်ကြောင်းအရသာ ‘ရသာယတန’၊ မရေးခြစ်အပ်သော (ရေးခြစ်၍မရသော ဟင်းလင်း) သဘော ‘အာကာသဓာတ်’။ (နိပ္ဖန္န) ရုပ်၏ဖြစ်စ ‘ရူပဿ ဥပစယ’။ (နိပ္ဖန္န) ရုပ်၏ ကြီးပွါးဆဲအစဉ် ‘ရူပဿ သန္တတိ’၊ အလုတ်အလွေးပြု အပ်သော အစာ ‘ကဗဠီကာရအာဟာရ’ ဟူသော ရုပ်သည်လည်း ရှိသေး၏ (စတုဇရုပ်)။ ဤရုပ်အပေါင်း သည် (ကမ္မဇရုပ်ကား မဟုတ်, ဥပါဒါန်တို့၏ အာရုံသာဖြစ်၍ မဟာဘုတ်မမည်သော) ‘အနုပါဒိဏ္ဏုပါဒါနိယ န မဟာဘူတ’ ဟူသော ထိုရုပ်ပေတည်း။

ဥပါဒိဏ္ဏုပါဒါနိယ ဩဠာရိကရုပ်

၉၃၄။ (၁) အာရုံပြုသောအားဖြင့် တဏှာ,ဒိဋ္ဌိတို့ ကပ်ရောက်အပ်သောကံ (တဏှာ ဒိဋ္ဌိတို့အာရုံပြုအပ်သော ကံ) သည် အကျိုး၏ အဖြစ် ဖြင့် စွဲယူအပ်သည်ဖြစ်၍ လွန်စွာစွဲလမ်းတတ်သော ဥပါဒါန်တရားတို့၏ အစီးအပွါး (အာရုံ) လည်း ဖြစ်သော , ကြမ်းတမ်းသော (ကမ္မဇရုပ်လည်းဖြစ်, ဥပါဒါန်တို့၏ အာရုံလည်း ဖြစ်၍ ကြမ်းတမ်းသော) ‘ဥပါဒိဏ္ဏုပါဒါနိယဩဠာရိက’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ရာ မျက်စိအကြည် ‘စက္ခာယတန’။ပ။ ထိသိစိတ် (ကာယဝိညာဏ်) ဖြစ်ရာ ကိုယ်အကြည် ‘ကာယာယတန’ သည် ရှိ၏)။ (ဩဠာရိက, ကမ္မဇရုပ်ဧကန် ငါးပါး) ထို့ပြင် (ဆိုအပ်ခဲ့ပြီးသော ရုပ်တို့မှ) တစ်မျိုးတခြား ဖြစ်သော , ကံကို ပြုအပ်ခဲ့ပြီးသည်၏အဖြစ် (ကံ) ကြောင့် ဖြစ်သော အကြင် မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ကြောင်း အဆင်း ‘ရူပါယတန’၊ နံသိစိတ် (ဃာနဝိညာဏ်) ဖြစ်ကြောင်း အနံ့ ‘ဂန္ဓာယတန’၊ လျက်သိစိတ် (ဇိဝှါဝိညာဏ်) ဖြစ်ကြောင်း အရသာ ‘ရသာယတန’၊ ထိသိစိတ် (ကာယဝိညာဏ်) ဖြစ်ကြောင်း အတွေ့ ‘ဖောဋ္ဌဗ္ဗာယတန’ ဟူသော ရုပ်သည်လည်းရှိသေး၏ (ဩဠာရိက, ကမ္မဇရုပ် အနေကန်ခြောက်ပါး)။ ဤရုပ်အပေါင်းသည် (ကမ္မဇရုပ်လည်းဖြစ်,ဥပါဒါန်တို့၏ အာရုံလည်းဖြစ်၍ ကြမ်းတမ်းသော) ‘ဥပါဒိဏ္ဏုပါဒါနိယ ဩဠာရိက’ ဟူသော ထိုရုပ်ပေတည်း။

ဥပါဒိဏ္ဏုပါဒါနိယ သုခုမရုပ်

၉၃၅။ (၂) အာရုံပြုသောအားဖြင့် တဏှာ ဒိဋ္ဌိတို့ ကပ်ရောက်အပ်သောကံ (တဏှာ ဒိဋ္ဌိတို့ အာရုံပြုအပ်သောကံ) သည် အကျိုးအဖြစ်ဖြင့် စွဲယူအပ်သည် ဖြစ်၍ လွန်စွာစွဲလမ်းတတ်သော ဥပါဒါန်တရားတို့၏ အစီးအပွါး (အာရုံ) လည်း ဖြစ်သော , သိမ်မွေ့သော (ကမ္မဇရုပ်လည်းဖြစ်, ဥပါဒါန်တို့၏ အာရုံလည်း ဖြစ်၍ သိမ်မွေ့သော) ‘ဥပါဒိဏ္ဏုပါဒါနိယ သုခုမ’ ဟူသောထိုရုပ်သည် အဘယ်နည်း။ မိန်းမ (အမ) ဖြစ်ကြောင်း၌ အစိုးရမှု ‘ဣတ္ထိန္ဒြေ’၊ ယောက်ျား (အထီးအဖို) ဖြစ်ကြောင်း၌ အစိုးရမှု ‘ပုရိသိန္ဒြေ’၊ အသက်ရှည်ကြောင်း၌ အစိုးရမှု ‘ဇီဝိတိန္ဒြေ’ သည် (ရှိ၏) (သုခုမ,ကမ္မဇရုပ်ဧကန်သုံးပါး)။ ထို့ပြင် (ဆိုအပ်ခဲ့ပြီးသော ရုပ်တို့မှ) တစ်မျိုးတခြားဖြစ်သော , ကံကို ပြုအပ်ခဲ့ပြီးသည်၏အဖြစ် (ကံ) ကြောင့် ဖြစ်သော , အကြင် မရေးခြစ်အပ်သော (ရေးခြစ်၍ မရသော ဟင်းလင်း) သဘော ‘အာကာသဓာတ်’၊ ရေဟူသော (ဖွဲ့စည်းမှု) သဘော ‘အာပေါဓာတ်’။ (နိပ္ဖန္န) ရုပ်၏ဖြစ်စ ‘ရူပဿဥပစယ’။ (နိပ္ဖန္န) ရုပ်၏ ကြီးပွါးဆဲအစဉ် ‘ရူပဿ သန္တတိ’၊ အလုတ်အလွေး ပြုအပ်သော အစာ့'ကဗဠီကာရအာဟာရ’ ဟူသော ရုပ်သည်လည်း ရှိသေး၏ (သုခုမ, ကမ္မဇရုပ်အနေကန်ငါးပါး)။ ဤရုပ်အပေါင်းသည် (ကမ္မဇရုပ်လည်းဖြစ်, ဥပါဒါန်တို့၏ အာရုံလည်း ဖြစ်၍ သိမ်မွေ့သော) ‘ဥပါဒိဏ္ဏုပါဒါနိယသုခုမ’ ဟူသော ထိုရုပ်ပေတည်း။

--

အနုပါဒိဏ္ဏုပါဒါနိယ ဩဠာရိကရုပ်

၉၃၆။ (၃) အာရုံပြုသောအားဖြင့် တဏှာ ဒိဋ္ဌိတို့ ကပ်ရောက်အပ်သောကံ (တဏှာ ဒိဋ္ဌိတို့အာရုံပြုအပ်သောကံ) သည် အကျိုး၏ အဖြစ်ဖြင့် စွဲယူအပ်သည်ကား မဟုတ်,လွန်စွာ စွဲလမ်းတတ်သော ဥပါဒါန်တရားတို့၏ အစီးအပွါး (အာရုံ) သာ ဖြစ်၍ ကြမ်းတမ်းသော (ကမ္မဇရုပ်ကား မဟုတ်, ဥပါဒါန်တို့၏ အာရုံသာ ဖြစ်၍ ကြမ်း တမ်းသော) ‘အနုပါဒိဏ္ဏုပါဒါနိယဩဠာရိက’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ ကြားသိစိတ် (သောတ ဝိညာဏ်) ဖြစ်ကြောင်း အသံ'သဒ္ဒါယတန’ သည် (ရှိ၏)။ (ဒွိဇရုပ်) ထို့ပြင် (ဆိုအပ်ခဲ့ပြီးသော ရုပ်တို့မှ) တစ်မျိုးတခြားဖြစ်သော , ကံကို ပြုအပ်ခဲ့ပြီးသည်၏အဖြစ် (ကံ) ကြောင့် မဖြစ်သော အကြင် မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ကြောင်း အဆင်း ‘ရူပါယတန’၊ နံသိစိတ် (ဃာနဝိညာဏ်) ဖြစ်ကြောင်း အနံ့ ‘ဂန္ဓာယတန’၊ လျက်သိစိတ် (ဇိဝှါဝိညာဏ်) ဖြစ်ကြောင်းအရသာ ‘ရသာယတန’၊ ထိသိစိတ် (ကာယဝိညာဏ်) ဖြစ်ကြောင်း အတွေ့ ‘ဖောဋ္ဌဗ္ဗာယတန’ ဟူသောရုပ်သည်လည်း ရှိသေး၏ (စတုဇရုပ်)။ ဤရုပ်အပေါင်းသည် (ကမ္မဇရုပ်ကား မဟုတ်, ဥပါဒါန်တို့၏အာရုံသာ ဖြစ်၍ ကြမ်းတမ်းသော) ‘အနုပါဒိဏ္ဏုပါဒါနိယ ဩဠာရိက’ ဟူသော ထိုရုပ်ပေတည်း။

အနုပါဒိဏ္ဏုပါဒါနိယ သုခုမရုပ်

၉၃၇။ (၄) အာရုံပြုသောအားဖြင့် တဏှာ,ဒိဋ္ဌိတို့ ကပ်ရောက်အပ်သောကံ (တဏှာ ဒိဋ္ဌိတို့အာရုံပြုအပ်သောကံ) သည် အကျိုးအဖြစ်ဖြင့် စွဲယူအပ်သည်ကား မဟုတ်, လွန်စွာစွဲလမ်းတတ်သော ဥပါဒါန်တရားတို့၏ အစီးအပွါး (အာရုံ) သာ ဖြစ်၍ သိမ်မွေ့သော (ကမ္မဇရုပ်ကားမဟုတ်, ဥပါဒါန်တို့၏ အာရုံသာဖြစ်၍ သိမ်မွေ့သော) ‘အနုပါဒိဏ္ဏုပါဒါနိယ သုခုမ’ ဟူသော ထိုရုပ်သည်အဘယ်နည်း။ (မိမိအလိုဆန္ဒကို) ကိုယ်အမူအရာဖြင့် သိစေမှု ‘ကာယဝိညတ်’။ (မိမိအလိုဆန္ဒကို) နှုတ်မြွက်ခြင်းဖြင့် သိစေမှု ‘ဝစီဝိညတ်’ (စိတ္တဇဧကန်)။ (နိပ္ဖန္န) ရုပ်၏ လျင်မြန်ပေါ့ပါးမှု ‘ရူပဿလဟုတာ’။ (နိပ္ဖန္န) ရုပ်၏ နူးညံ့မှု ‘ရူပဿ မုဒုတာ’။ (နိပ္ဖန္န) ရုပ်၏ အမှု၌ ခံ့မှု (အမှုကိစ္စတို့၌ ပြီးမြောက်အောင် လိုက်လျောဆောင်ရွက်နိုင်မှု) ‘ရူပဿ ကမ္မညတာ’ (တိဇရုပ်)။ (နိပ္ဖန္န) ရုပ်၏ အိုမှု (ရင့်ရော် ဆွေးမြေ့မှု) ‘ရူပဿ ဇရတာ’။ (နိပ္ဖန္န) ရုပ်၏ (ဖြစ်ပြီးသည့်နောက် တည်တံ့ မနေခြင်းကြောင့်) မမြဲမှု ‘ရူပဿ အနိစ္စတာ’ သည် (ရှိ၏)။ ထို့ပြင် (ဆိုအပ်ခဲ့ပြီးသော ရုပ်တို့မှ) တစ်မျိုးတခြား ဖြစ်သော , ကံကို ပြုအပ်ခဲ့ပြီးသည်၏အဖြစ် (ကံ) ကြောင့် မဖြစ်သော , အကြင် မရေးခြစ်အပ်သော (ရေးခြစ်၍ မရသော ဟင်းလင်း) သဘော ‘အာကာသဓာတ်’၊ ရေဟူသော (ဖွဲ့စည်းမှု) သဘော ‘အာပေါဓာတ်’။ (နိပ္ဖန္န) ရုပ်၏ ဖြစ်စ'ရူပဿ ဥပစယ’။ (နိပ္ဖန္န) ရုပ်၏ ကြီးပွားဆဲအစဉ် ‘ရူပဿန္တတိ’၊ အလုတ်အလွေး ပြုအပ်သောအစာ ‘ကဗဠီကာရ အာဟာရ’ ဟူသော ရုပ်သည်လည်း ရှိသေး၏ (စတုဇရုပ်)။ ဤရုပ်အပေါင်းသည် (ကမ္မဇရုပ်ကား မဟုတ်, ဥပါဒါန်တို့၏ အာရုံသာ ဖြစ်၍ သိမ်မွေ့သော) ‘အနုပါဒိဏ္ဏုပါဒါနိယသုခုမ’ ဟူသော ထိုရုပ်ပေတည်း။

ဥပါဒိဏ္ဏုပါဒါနိယ ဒူရေရုပ်

၉၃၈။ (၁) အာရုံပြုသောအားဖြင့် တဏှာ ဒိဋ္ဌိတို့ ကပ်ရောက်အပ်သော ကံ (တဏှာ ဒိဋ္ဌိတို့အာရုံပြုအပ်သောကံ) သည် အကျိုး၏အဖြစ်ဖြင့် စွဲယူအပ်သည်ဖြစ်၍ လွန်စွာစွဲလမ်းတတ်သော ဥပါဒါန်တရားတို့၏ အစီးအပွား (အာရုံ) လည်း ဖြစ်သော , ဝေးကွာ (အသိခက်) သော, (ကမ္မဇရုပ်လည်းဖြစ်, ဥပါဒါန်တို့၏ အာရုံလည်းဖြစ်၍ အသိခက်သော) ‘ဥပါဒိဏ္ဏုပါဒါနိယ ဒူရေ’ ဟူသောထိုရုပ်သည် အဘယ်နည်း။ မိန်းမ (အမ) ဖြစ်ကြောင်း၌ အစိုးရမှု ‘ဣတ္ထိန္ဒြေ’၊ ယောက်ျား (အထီး အဖို) ဖြစ်ကြောင်း၌ အစိုးရမှု ‘ပုရိသိန္ဒြေ’၊ အသက်ရှည်ကြောင်း၌ အစိုးရမှု ‘ဇိဝိတိန္ဒြေ’ သည် (ရှိ၏)။ (ဒူရေ,့ကမ္မ္မဇရုပ်ဧကန်သုံးပါး) ထို့ပြင် (ဆိုအပ်ခဲ့ပြီးသောရုပ်တို့မှ) တစ်မျိုးတခြားဖြစ်သော , ကံကို ပြုအပ်ခဲ့ပြီးသည်၏အဖြစ် (ကံ) ကြောင့် ဖြစ်သော အကြင် မရေးခြစ်အပ်သော (ရေးခြစ်၍ မရသော ဟင်းလင်း) သဘော ‘အာကာသဓာတ်’၊

--

ရေဟူသော (ဖွဲ့စည်းမှု) သဘော ‘အာပေါဓာတ်’။ (နိပ္ဖန္န) ရုပ်၏ဖြစ်စ ‘ရူပဿ ဥပစယ’။ (နိပ္ဖန္န) ရုပ်၏ ကြီးပွားဆဲ အစဉ် ‘ရူပဿ သန္တတိ’၊ အလုတ်အလွေး ပြုအပ်သော အစာ ‘ကဗဠီကာရအာဟာရ’ ဟူသော ရုပ်သည်လည်း ရှိသေး၏ (ဒူရေ, ကမ္မဇရုပ်အနေကန်ငါးပါး)။ ဤရုပ်အပေါင်းသည် (ကမ္မဇရုပ်လည်းဖြစ်, ဥပါဒါန်တို့၏ အာရုံလည်းဖြစ်၍ အသိခက်သော) ‘ဥပါဒိဏ္ဏုပါဒါနိယ ဒူရေ’ ဟူသောထိုရုပ်ပေတည်း။

ဥပါဒိဏ္ဏုပါဒါနိယ သန္တိကေရုပ်

၉၃၉။ (၂) အာရုံပြုသောအားဖြင့် တဏှာ ဒိဋ္ဌိတို့ ကပ်ရောက်အပ်သောကံ (တဏှာ ဒိဋ္ဌိတို့အာရုံပြုအပ်သော ကံ) သည် အကျိုး၏အဖြစ် ဖြင့် စွဲယူအပ်သည်ဖြစ်၍ လွန်စွာစွဲလမ်းတတ်သော ဥပါဒါန်တရားတို့၏ အစီးအပွား (အာရုံ) လည်း ဖြစ်သော , နီးကပ် (သိလွယ်) သော (ကမ္မဇရုပ်လည်းဖြစ်, ဥပါဒါန်တို့၏ အာရုံလည်းဖြစ်၍ သိလွယ်သော) ‘ဥပါဒိဏ္ဏုပါဒါနိယသန္တိကေ’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ရာ မျက်စိအကြည် ‘စက္ခာယတန’။ပ။ ထိသိစိတ် (ကာယဝိညာဏ်) ဖြစ်ရာ ကိုယ်အကြည် ‘ကာယာယတန’ သည် (ရှိ၏)။ (သန္တိကေ, ကမ္မဇရုပ်ဧကန် ငါးပါး) ထို့ပြင် (ဆိုအပ်ခဲ့ပြီးသောရုပ်တို့မှ) တစ်မျိုးတခြား ဖြစ်သော , ကံကို ပြုအပ်ခဲ့ပြီးသည်၏အဖြစ် (ကံ) ကြောင့် ဖြစ်သော အကြင် မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ကြောင်း အဆင်း ‘ရူပါယတန’၊ နံသိစိတ် (ဃာနဝိညာဏ်) ဖြစ်ကြောင်း အနံ့ ‘ဂန္ဓာယတန’၊ လျက်သိစိတ် (ဇိဝှါဝိညာဏ်) ဖြစ်ကြောင်း အရသာ ‘ရသာယတန’၊ ထိသိစိတ် (ကာယဝိညာဏ်) ဖြစ်ကြောင်း အတွေ့ ‘ဖောဋ္ဌဗ္ဗာယတန’ ဟူသော ရုပ်သည်လည်း ရှိသေး၏ (သန္တိကေ, ကမ္မဇရုပ် အနေကန်ခြောက်ပါး)။ ဤရုပ်အပေါင်းသည် (ကမ္မဇရုပ်လည်းဖြစ်, ဥပါဒါန်တို့၏ အာရုံလည်း ဖြစ်၍ သိလွယ်သော) ‘ဥပါဒိဏ္ဏုပါဒါနိယ သန္တိကေ’ ဟူသော ထိုရုပ်ပေတည်း။

အနုပါဒိဏ္ဏုပါဒါနိယ ဒူရေရုပ်

၉၄၀။ (၃) အာရုံပြုသောအားဖြင့် တဏှာ ဒိဋ္ဌိတို့ ကပ်ရောက်အပ်သောကံ (တဏှာ ဒိဋ္ဌိတို့အာရုံပြုအပ်သောကံ) သည် အကျိုး၏အဖြစ်ဖြင့် စွဲယူအပ်သည်ကား မဟုတ်၊ လွန်စွာ စွဲလမ်းတတ်သော ဥပါဒါန်တရားတို့၏ အစီးအပွား (အာရုံ) သာ ဖြစ်၍ ဝေးကွာ (အသိခက်) သော (ကမ္မဇရုပ်ကား မဟုတ်, ဥပါဒါန်တို့၏ အာရုံသာ ဖြစ်၍ အသိခက်သော) ‘အနုပါဒိဏ္ဏုပါဒါနိယ ဒူရေ’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ (မိမိအလိုဆန္ဒကို) ကိုယ်အမူအရာဖြင့် သိစေမှု ‘ကာယဝိညတ်’။ (မိမိအလိုဆန္ဒကို) နှုတ်မြွက်ခြင်းဖြင့် သိစေမှု ‘ဝစီဝိညတ်’ (စိတ္တဇဧကန်)။ (နိပ္ဖန္န) ရုပ်၏ လျင်မြန်ပေါ့ပါးမှု ‘ရူပဿ လဟုတာ’။ (နိပ္ဖန္န) ရုပ်၏ နူးညံ့မှု ‘ရူပဿ မုဒုတာ’။ (နိပ္ဖန္န) ရုပ်၏ အမှု၌ ခံ့မှု (အမှုကိစ္စတို့၌ ပြီးမြောက်အောင် လိုက်လျော ဆောင်ရှက်နိုင်မှု) ‘ရူပဿ ကမ္မညတာ’ (တိဇရုပ်)။ (နိပ္ဖန္န) ရုပ်၏ အိုမှု (ရင့်ရော်ဆွေးမြေ့မှု) ‘ရူပဿ ဇရတာ’။ (နိပ္ဖန္န) ရုပ်၏ (ဖြစ်ပြီးသည့်နောက် တည်တံ့မနေခြင်းကြောင့်) မမြဲမှု ‘ရူပဿ အနိစ္စတာ’ သည် (ရှိ၏)။ ထို့ပြင် (ဆိုအပ်ခဲ့ပြီးသော ရုပ်တို့မှ) တစ်မျိုးတခြား ဖြစ်သော , ကံကို ပြုအပ်ခဲ့ပြီးသည်၏အဖြစ် (ကံ) ကြောင့် မဖြစ်သော အကြင် မရေးခြစ်အပ်သော (ရေးခြစ်၍ မရသော ဟင်းလင်း) သဘော,'အာကာသဓာတ်’၊ ရေဟူသော (ဖွဲ့စည်းမှု) သဘော ‘အာပေါဓာတ်’။ (နိပ္ဖန္န) ရုပ်၏ ဖြစ်စ ‘ရူပဿဥပစယ’။ (နိပ္ဖန္န) ရုပ်၏ ကြီးပွားဆဲအစဉ် ‘ရူပဿ သန္တတိ’၊ အလုတ်အလွေး ပြုအပ်သောအစာ ‘ကဗဠီကာရအာဟာရ’ ဟူသော ရုပ်သည်လည်း ရှိသေး၏ (စတုဇရုပ်)။ ဤရုပ်အပေါင်းသည် (ကမ္မဇရုပ်ကား မဟုတ် ဥပါဒါန်တို့၏ အာရုံသာ ဖြစ်၍ အသိခက်သော) ‘အနုပါဒိဏ္ဏုပါဒါနိယ ဒူရေ'့ဟူသော ထိုရုပ်ပေတည်း။

--

အနုပါဒိဏ္ဏုပါဒါနိယ သန္တိကေရုပ်

၉၄၁။ (၄) အာရုံပြုသောအားဖြင့် တဏှာ ဒိဋ္ဌိတို့ ကပ်ရောက်အပ်သောကံ (တဏှာ ဒိဋ္ဌိတို့အာရုံပြုအပ်သောကံ) သည် အကျိုး၏ အဖြစ်ဖြင့် စွဲယူအပ်သည်ကား မဟုတ်၊ လွန်စွာစွဲလမ်းတတ်သော ဥပါဒါန်တရားတို့၏ အစီးအပွား (အာရုံ) သာဖြစ်၍ နီးကပ် (သိလွယ်) သော (ကမ္မဇရုပ်ကား မဟုတ်, ဥပါဒါန်တို့၏ အာရုံသာ ဖြစ်၍ သိလွယ်သော) ‘အနုပါဒိဏ္ဏုပါဒါနိယသန္တိကေ’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ ကြားသိစိတ် (သောတဝိညာဏ်) ဖြစ်ကြောင်း အသံ'သဒ္ဒါယတန’ သည် (ရှိ၏)။ (ဒွိဇရုပ်) ထို့ပြင် (ဆိုအပ်ခဲ့ပြီးသောရုပ်တို့မှ) တစ်မျိုးတခြား ဖြစ်သော , ကံကို ပြုအပ်ခဲ့ပြီးသည်၏အဖြစ် (ကံ) ကြောင့် မဖြစ်သော အကြင် မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ကြောင်း အဆင်း ‘ရူပါယတန’၊ နံသိစိတ် (ဃာနဝိညာဏ်) ဖြစ်ကြောင်း အနံ့ ‘ဂန္ဓာယတန’၊ လျက်သိစိတ် (ဇိဝှာဝိညာဏ်) ဖြစ်ကြောင်း အရသာ ‘ရသာယတန’၊ ထိသိစိတ် (ကာယဝိညာဏ်) ဖြစ်ကြောင်း အတွေ့ ‘ဖောဋ္ဌဗ္ဗာယတန’ ဟူသော ရုပ်သည်လည်းရှိသေး၏ (စတုဇရုပ်)။ ဤရုပ်အပေါင်းသည် (ကမ္မဇရုပ်ကား မဟုတ်, ဥပါဒါန်တို့၏ အာရုံသာဖြစ်၍သိလွယ်သော) ‘အနုပါဒိဏ္ဏုပါဒါနိယ သန္တိကေ’ ဟူသော ထိုရုပ်ပေတည်း။

သပ္ပဋိဃ ဣန္ဒြိယရုပ်

၉၄၂။ (၁) ထိပါးခြင်းနှင့်တကွ ဖြစ်၍ (မိမိဆိုင်ရာကိစ္စ၌) အစိုးရသော ‘သပ္ပဋိဃဣန္ဒြိယ’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်မှု၌ အစိုးရသော မျက်စိအကြည် ‘စက္ခုန္ဒြေ’။ပ။ ထိမှု၌ အစိုးရသော ကိုယ်အကြည် ‘ကာယိန္ဒြေ’ သည် (ရှိ၏)။ ဤရုပ်အပေါင်းသည်ထိပါးခြင်းနှင့် တကွဖြစ်၍ (မိမိဆိုင်ရာကိစ္စ၌) အစိုးရသော ‘သပ္ပဋိဃဣန္ဒြိယ’ ဟူသော ထိုရုပ်ပေတည်း (ပသာဒရုပ်ငါးပါး)။

သပ္ပဋိဃ န ဣန္ဒြိယရုပ်

၉၄၃။ (၂) ထိပါးခြင်းနှင့်တကွဖြစ်၍ (မိမိဆိုင်ရာကိစ္စ၌) အစိုးမရသော ‘သပ္ပဋိဃန ဣန္ဒြိယ’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ် (စက္ခု ဝိညာဏ်) ဖြစ်ကြောင်းအဆင်း ‘ရူပါယတန’။ပ။ ထိသိစိတ် (ကာယဝိညာဏ်) ဖြစ်ကြောင်း အတွေ့ ‘ဖောဋ္ဌဗ္ဗာယတန’ သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် ထိပါးခြင်းနှင့် တကွဖြစ်၍ (မိမိဆိုင်ရာကိစ္စ၌) အစိုးမရသော ‘သပ္ပဋိဃ န ဣန္ဒြိယ’ ဟူသော ထိုရုပ်ပေတည်း။ (အာရုံငါးပါး၊ ဝိသယရုပ် ရ - ပါး)

အပ္ပဋိဃ ဣန္ဒြိယရုပ်

၉၄၄။ (၃) ထိပါးခြင်းနှင့် တကွမဖြစ်မူ၍ (မိမိဆိုင်ရာကိစ္စ၌) အစိုးရသော ‘အပ္ပဋိဃဣန္ဒြိယ’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ မိန်းမ (အမ) ဖြစ် ကြောင်း ၌ အစိုးရမှု ‘ဣတ္ထိန္ဒြေ’၊ ယောက်ျား (အထီးအဖို) ဖြစ်ကြောင်း၌ အစိုးရမှု ‘ပုရိသိန္ဒြေ’၊ အသက်ရှည် ကြောင်း၌ အစိုးရမှု ‘ဇီဝိတိန္ဒြေ’ သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် ထိပါးခြင်းနှင့် တကွ မဖြစ်မူ၍ (မိမိ ဆိုင်ရာကိစ္စ၌) အစိုးရသော ‘အပ္ပဋိဃဣန္ဒြိယ’ ဟူသော ထိုရုပ်ပေတည်း (ဘာဝရုပ်နှစ်ပါးနှင့် ဇီဝိတရုပ်)။

အပ္ပဋိဃ န ဣန္ဒြိယရုပ်

၉၄၅။ (၄) ထိပါးခြင်းနှင့် တကွမဖြစ်မူ၍ (မိမိဆိုင်ရာကိစ္စ၌) အစိုးမရသော ‘အပ္ပဋိဃ န ဣန္ဒြိယ’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ (မိမိ အလိုဆန္ဒကို) ကိုယ်အမူအရာဖြင့်သိစေမှု ‘ကာယဝိညတ်’။ (မိမိအလိုဆန္ဒကို) နှုတ်မြွက်ခြင်းဖြင့် သိစေမှု ‘ဝစီဝိညတ်’ (စိတ္တဇဧကန်)။ပ။ အလုတ်အလွေး ပြုအပ်သော အစာ ‘ကဗဠီကာရအာဟာရ’ သည် (ရှိ၏) (စတုဇရုပ်)။ ဤရုပ်အပေါင်းသည် ထိပါးခြင်းနှင့် တကွ မဖြစ်မူ၍ (မိမိဆိုင်ရာကိစ္စ၌) အစိုးမရသော ‘အပ္ပဋိဃ နဣန္ဒြိယ’ ဟူသော ထိုရုပ်ပေတည်း။

--

သပ္ပဋိဃ မဟာဘူတရုပ်

၉၄၆။ (၁) ထိပါးခြင်းနှင့်တကွဖြစ်၍ မဟာဘုတ်မည်သော ‘သပ္ပဋိဃမဟာဘူတ’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ ထိသိစိတ် (ကာယဝိညာဏ်) ဖြစ်ကြောင်း အတွေ့'ဖောဋ္ဌဗ္ဗာယတန’ သည် (ရှိ၏)။ ဤရုပ်သည် ထိပါးခြင်းနှင့် တကွဖြစ်၍ မဟာဘုတ် မည်သော ‘သပ္ပဋိဃမဟာဘူတ’ ဟူသော ထိုရုပ်ပေတည်း။ (ပထဝီ, တေဇော, ဝါယော)

သပ္ပဋိဃ န မဟာဘူတရုပ်

၉၄၇။ (၂) ထိပါးခြင်းနှင့် တကွဖြစ်၍ မဟာဘုတ်မမည်သော ‘သပ္ပဋိဃ နမဟာဘူတ’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ရာ မျက်စိအကြည် ‘စက္ခာယတန’။ပ။ လျက်သိစိတ် (ဇိဝှါဝိညာဏ်) ဖြစ်ကြောင်း အရသာ ‘ရသာယတန’ သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် ထိပါးခြင်းနှင့် တကွ ဖြစ်၍ မဟာဘုတ် မမည်သော ‘သပ္ပဋိဃ နမဟာဘူတ’ ဟူသော ထိုရုပ်ပေတည်း။

အပ္ပဋိဃ မဟာဘူတရုပ်

၉၄၈။ (၃) ထိပါးခြင်းနှင့် တကွမဖြစ်မူ၍ မဟာဘုတ်မည်သော ‘အပ္ပဋိဃ မဟာဘူတ’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ ရေဟူသော (ဖွဲ့စည်းမှု) သဘော ‘အာပေါဓာတ်’ သည် (ရှိ၏)။ ဤရုပ်သည် ထိပါးခြင်းနှင့် တကွမဖြစ်မူ၍ မဟာဘုတ်မည်သော ‘အပ္ပဋိဃ မဟာဘူတ’ ဟူသောထိုရုပ်ပေတည်း။

အပ္ပဋိယ န မဟာဘူတရုပ်

၉၄၉။ (၄) ထိပါးခြင်းနှင့်လည်း တကွမဖြစ်မူ၍ မဟာဘုတ်လည်း မမည်သော ‘အပ္ပဋိဃ န မဟာဘူတ’ ဟူသော ထိုရုပ်သည် အဘယ် နည်း။ မိန်းမ (အမ) ဖြစ်ကြောင်း၌ အစိုးရမှု ‘ဣတ္ထိန္ဒြေ’။ပ။ အလုတ်အလွေး ပြုအပ်သောအစာ ‘ကဗဠီကာရအာဟာရ’ သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် ထိပါးခြင်းနှင့်လည်း တကွ မဖြစ်မူ၍ မဟာဘုတ် လည်း မမည်သော ‘အပ္ပဋိဃ နမဟာဘူတ’ ဟူသော ထိုရုပ်ပေတည်း။

ဣန္ဒြိယ ဩဠာရိကရုပ်

၉၅၀။ (၁) (မိမိဆိုင်ရာကိစ္စ၌) အစိုးရ၍ ကြမ်းတမ်းသော ‘ဣန္ဒြိယ ဩဠာရိက’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်မှု၌ အစိုးရသော မျက်စိ အကြည် ‘စက္ခုန္ဒြေ’။ပ။ ထိမှု၌ အစိုးရသော ကိုယ်အကြည် ‘ကာယိန္ဒြေ’ သည် (ရှိ၏)။ ဤရုပ်အပေါင်း သည် (မိမိဆိုင်ရာကိစ္စ၌) အစိုးရ၍ကြမ်းတမ်းသော ‘ဣန္ဒြိယဩဠာရိက’ ဟူသော ထိုရုပ်ပေတည်း (ပသာဒ ရုပ်ငါးပါး)။

ဣန္ဒြိယ သုခုမရုပ်

၉၅၁။ (၂) (မိမိဆိုင်ရာကိစ္စ၌) အစိုးရ၍ သိမ်မွေ့သော ‘ဣန္ဒြိယသုခုမ’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ မိန်းမ (အမ) ဖြစ်ကြောင်း၌ အစိုးရမှု ‘ဣတ္ထိန္ဒြေ’၊ ယောက်ျား (အထီးအဖို) ဖြစ်ကြောင်း၌ အစိုးရမှု ‘ပုရိသိန္ဒြေ’၊ အသက်ရှည်ကြောင်း၌ အစိုးရမှု ‘ဇီဝိတိန္ဒြေ’ သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် (မိမိဆိုင်ရာကိစ္စ၌) အစိုးရ၍ သိမ်မွေ့သော ‘ဣန္ဒြိယ သုခုမ’ ဟူသော ထိုရုပ်ပေတည်း (ဘာဝရုပ်နှစ်ပါးနှင့် ဇီဝိတရုပ်)။

--

န ဣန္ဒြိယ ဩဠာရိကရုပ်

၉၅၂။ (၃) (မိမိဆိုင်ရာကိစ္စ၌) အစိုးမရမူ၍ ကြမ်းတမ်းသော ‘န ဣန္ဒြိယဩဠာရိက’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ကြောင်းအဆင်း ‘ရူပါယတန’။ပ။ ထိသိစိတ် (ကာယဝိညာဏ်) ဖြစ်ကြောင်း အတွေ့ ‘ဖောဋ္ဌဗ္ဗာယတန’ သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် (မိမိဆိုင်ရာကိစ္စ၌) အစိုးမရမူ၍ ကြမ်းတမ်းသော ‘န ဣန္ဒြိယ ဩဠာရိက’ ဟူသော ထိုရုပ်ပေတည်း (အာရုံငါးပါး၊ ဝိသယရုပ် ရ - ပါး)။

န ဣန္ဒြိယ သုခုမရုပ်

၉၅၃။ (၄) (မိမိဆိုင်ရာကိစ္စ၌) အစိုးမရမူ၍ သိမ်မွေ့သော ‘န ဣန္ဒြိယ သုခုမ’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ (မိမိအလိုဆန္ဒကို) ကိုယ်အမူအရာ ဖြင့် သိစေမှု ‘ကာယဝိညာတ်’။ (မိမိအလိုဆန္ဒကို) နှုတ်မြွက်ခြင်းဖြင့် သိစေမှု ‘ဝစီဝိညတ်’။ပ။ အလုတ် အလွေး ပြုအပ်သော အစာ ‘ကဗဠီကာရအာဟာရ’ သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် (မိမိဆိုင်ရာကိစ္စ၌) အစိုးမရမူ၍ သိမ်မွေ့သော ‘န ဣန္ဒြိယ သုခုမ’ ဟူသော ထိုရုပ်ပေတည်း။

ဣန္ဒြိယ ဒူရေရုပ်

၉၅၄။ (၁) (မိမိဆိုင်ရာကိစ္စ၌) အစိုးရ၍ ဝေးကွာ (အသိခက်) သော ‘ဣန္ဒြိယ ဒူရေ’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ မိန်းမ (အမ) ဖြစ်ကြောင်း၌ အစိုးရမှု ‘ဣတ္ထိန္ဒြေ’၊ ယောက်ျား (အထီးအဖို) ဖြစ်ကြောင်း၌ အစိုးရမှု ‘ပုရိသိန္ဒြေ’၊ အသက်ရှည်ကြောင်း၌ အစိုးရမှု ‘ဇီဝိတိန္ဒြေ’ သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် (မိမိဆိုင်ရာကိစ္စ၌) အစိုးရ၍ ဝေးကွာ (အသိခက်) သော ‘ဣန္ဒြိယဒူရေ’ ဟူသော ထိုရုပ်ပေတည်း။

ဣန္ဒြိယ သန္တိကေရုပ်

၉၅၅။ (၂) (မိမိဆိုင်ရာကိစ္စ၌) အစိုးရ၍ နီးကပ် (သိလွယ်) သော ‘ဣန္ဒြိယသန္တိကေ’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်မှု၌ အစိုးရသော မျက်စိ အကြည် ‘စက္ခုန္ဒြေ’။ပ။ ထိမှု၌ အစိုးရသော ကိုယ်အကြည် ‘ကာယိန္ဒြေ’ သည် (ရှိ၏)။ ဤရုပ်အပေါင်း သည် (မိမိဆိုင်ရာကိစ္စ၌) အစိုးရ၍နီးကပ် (သိလွယ်) သော ‘ဣန္ဒြိယသန္တိကေ’ ဟူသော ထိုရုပ်ပေတည်း။ (ပသာဒရုပ်ငါးပါး)

န ဣန္ဒြိယ ဒူရေရုပ်

၉၅၆။ (၃) (မိမိဆိုင်ရာကိစ္စ၌) အစိုးမရမူ၍ ဝေးကွာ (အသိခက်) သော ‘န ဣန္ဒြိယဒူရေ’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ (မိမိအလိုဆန္ဒကို) ကိုယ်အမူ အရာဖြင့် သိစေမှု ‘ကာယဝိညတ်’။ (မိမိအလိုဆန္ဒကို) နှုတ်မြွက်ခြင်းဖြင့် သိစေမှု ‘ဝစီဝိညတ်’။ပ။ အလုတ် အလွေးပြုအပ်သော အစာ ‘ကဗဠီကာရအာဟာရ’ သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် (မိမိဆိုင်ရာကိစ္စ၌) အစိုးမရမူ၍ ဝေးကွာ (အသိခက်) သော ‘န ဣန္ဒြိယ ဒူရေ’ ဟူသော ထိုရုပ်ပေတည်း။

န ဣန္ဒြိယ သန္တိကေရုပ်

၉၅၇။ (၄) (မိမိဆိုင်ရာကိစ္စ၌) အစိုးမရမူ၍ နီးကပ် (သိလွယ်) သော ‘န ဣန္ဒြိယသန္တိကေ’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ် (စက္ခု ဝိညာဏ်) ဖြစ်ကြောင်းအဆင်း ‘ရူပါယတန’။ပ။ ထိသိစိတ် (ကာယဝိညာဏ်) ဖြစ်ကြောင်း အတွေ့ ‘ဖောဋ္ဌဗ္ဗာယတန’ သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် (မိမိဆိုင်ရာကိစ္စ၌) အစိုးမရမူ၍ နီးကပ် (သိလွယ်) သော ‘န ဣန္ဒြိယ သန္တိကေ’ ဟူသော ထိုရုပ်ပေတည်း။ (အာရုံ ငါးပါး၊ ဝိသယရုပ် ရ -ပါး)

--

မဟာဘူတ ဩဠာရိကရုပ်

၉၅၈။ (၁) မဟာဘုတ်မည်၍ ကြမ်းတမ်းသော ‘မဟာဘူတ ဩဠာရိက’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ ထိသိစိတ် (ကာယဝိညာဏ်) ဖြစ်ကြောင်း အတွေ့'ဖောဋ္ဌဗ္ဗာယတန’ သည် (ရှိ၏)။ ဤရုပ်သည် မဟာဘုတ်မည်၍ ကြမ်းတမ်းသော ‘မဟာဘူတဩဠာရိက’ ဟူသော ထိုရုပ်ပေတည်း။ (ပထဝီ, တေဇော, ဝါယော)

မဟာဘူတ သုခုမရုပ်

၉၅၉။ (၂) မဟာဘုတ်မည်၍ သိမ်မွေ့သော ‘မဟာဘူတ သုခုမ’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ ရေဟူသော (ဖွဲ့စည်းမှု) သဘော ‘အာပေါဓာတ်’ သည် (ရှိ၏)။ ဤရုပ်သည်မဟာဘုတ်မည်၍ သိမ်မွေ့သော ‘မဟာဘူတ သုခုမ’ ဟူသော ထိုရုပ်ပေတည်း။

န မဟာဘူတ ဩဠာရိကရုပ်

၉၆၀။ (၃) မဟာဘုတ်မမည်မူ၍ ကြမ်းတမ်းသော ‘န မဟာဘူတ ဩဠာရိက’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ရာမျက်စိအကြည် ‘စက္ခာယတန’။ပ။ လျက်သိစိတ် (ဇိဝှါဝိညာဏ်) ဖြစ်ကြောင်း အရသာ ‘ရသာယတန’ သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် မဟာဘုတ်မမည်မူ၍ ကြမ်းတမ်းသော ‘န မဟာဘူတ ဩဠာရိက’ ဟူသောထိုရုပ် ပေတည်း။

န မဟာဘူတ သုခုမရုပ်

၉၆၁။ (၄) မဟာဘုတ်မမည်မူ၍ သိမ်မွေ့သော ‘န မဟာဘူတ သုခုမ’ ဟူသောထိုရုပ်သည် အဘယ်နည်း။ မိန်းမ (အမ) ဖြစ်ကြောင်း၌ အစိုးရမှု ‘ဣတ္ထိန္ဒြေ’။ပ။ အလုတ်အလွေးပြုအပ်သော အစာ ‘ကဗဠီကာရအာဟာရ’ သည် (ရှိ၏)။ ဤရုပ်အပေါင်း သည် မဟာဘုတ်မမည်မူ၍သိမ်မွေ့သော ‘န မဟာဘူတ သုခုမ’ ဟူသော ထိုရုပ်ပေတည်း။

မဟာဘူတ ဒူရေရုပ်

၉၆၂။ (၁) မဟာဘုတ်မည်၍ ဝေးကွာ (အသိခက်) သော ‘မဟာဘူတ ဒူရေ’ ဟူသောထိုရုပ်သည် အဘယ်နည်း။ ရေဟူသော (ဖွဲ့စည်းမှု) သဘော ‘အာပေါ ဓာတ်’ သည် (ရှိ၏)။ ဤရုပ်သည်မဟာဘုတ်မည်၍ ဝေးကွာ (အသိခက်) သော ‘မဟာဘူတ ဒူရေ’ ဟူသော ထိုရုပ်ပေတည်း။

မဟာဘူတ သန္တိကေရုပ်

၉၆၃။ (၂) မဟာဘုတ်မည်၍ နီးကပ် (သိလွယ်) သော ‘မဟာဘူတ သန္တိကေ’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ ထိသိစိတ် (ကာယဝိညာဏ်) ဖြစ်ကြောင်း အတွေ့'ဖောဋ္ဌဗ္ဗာယတန’ သည် (ရှိ၏)။ ဤရုပ်သည် မဟာဘုတ်မည်၍ နီးကပ် (သိလွယ်) သော ‘မဟာဘူတသန္တိကေ’ ဟူသော ထိုရုပ်ပေတည်း။

န မဟာဘူတ ဒူရေရုပ်

၉၆၄။ (၃) မဟာဘုတ်မမည်မူ၍ ဝေးကွာ (အသိခက်) သော ‘န မဟာဘူတဒူရေ’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ မိန်းမ (အမ) ဖြစ် ကြောင်း၌ အစိုးရမှု ‘ဣတ္ထိန္ဒြေ’။ပ။ အလုတ်အလွေး ပြုအပ်သော အစာ ‘ကဗဠီကာရအာဟာရ’ သည် (ရှိ၏)။ ဤ ရုပ်အပေါင်းသည်မဟာဘုတ်မမည်မူ၍ ဝေးကွာ (အသိခက်) သော ‘န မဟာဘူတ ဒူရေ’ ဟူသော ထိုရုပ်ပေတည်း။

--

န မဟာဘူတ သန္တိကေရုပ်

၉၆၅။ (၄) မဟာဘုတ် မမည်မူ၍ နီးကပ် (သိလွယ်) သော ‘န မဟာဘူတသန္တိကေ’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ရာ မျက်စိအကြည် ‘စက္ခာယတန’။ပ။ လျက်သိစိတ် (ဇိဝှါဝိညာဏ်) ဖြစ်ကြောင်း အရသာ ‘ရသာယတန’ သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် မဟာဘုတ်မမည်မူ၍ နီးကပ် (သိလွယ်) သော ‘န မဟာဘူတ သန္တိကေ’ ဟူသောထိုရုပ်ပေတည်း။

ဒိဋ္ဌရုပ်စသည်

၉၆၆။ (၁) မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ကြောင်း အဆင်း ‘ရူပါယတန’ သည် (မျက်စိဖြင့်) မြင်အပ်သော ‘ဒိဋ္ဌ’ ရုပ်ပေတည်း။ (၂) ကြားသိစိတ် (သောတဝိညာဏ်) ဖြစ်ကြောင်း အသံ ‘သဒ္ဒါယတန’ သည် (နားဖြင့်) ကြားအပ်သော ‘သုတ’ ရုပ်ပေတည်း။ (၃) နံသိစိတ် (ဃာနဝိညာဏ်) ဖြစ်ကြောင်း အနံ့ ‘ဂန္ဓာယတန’၊ လျက်သိစိတ် (ဇိဝှါ ဝိညာဏ်) ဖြစ်ကြောင်း အရသာ ‘ရသာယတန’၊ ထိသိစိတ် (ကာယ ဝိညာဏ်) ဖြစ်ကြောင်း အတွေ့'ဖောဋ္ဌဗ္ဗာယတန’ သည် (နှာခေါင်းဖြင့်, လျှာ ဖြင့်, ကိုယ်ဖြင့်) ထိအပ်သော ‘မုတ’ ရုပ်ပေတည်း။ (၄) အလုံးစုံသောရုပ်သည် စိတ်ဖြင့် သိအပ်သော ‘ဝိညာတ’ ရုပ်ပေတည်း။ ဤသို့လေးဖို့ (လေးစု) အားဖြင့် ရုပ်ကို ရေတွက်အပ်၏။

လေးခုစီ အကျယ်ပြခြင်း ‘စတုက္က’ ပြီးပြီ။

--

ငါးခုစီအကျယ်ပြခြင်း

ပဉ္စကနိဒ္ဒေသ

ပထဝီဓာတ်ရုပ်

၉၆၇။ (၁) မြေဟူသော သဘော (ခက်မာမှုသဘော) ‘ပထဝီဓာတ်’ ဟူသော ထိုရုပ်သည်အဘယ်နည်း။ အတွင်း ‘အဇ္ဈတ္တ’ သန္တာန်၌ လည်း ဖြစ်သော , အပ ‘ဗဟိဒ္ဓ’ သန္တာန်၌ လည်းဖြစ်သော , အာရုံပြုသောအားဖြင့် တဏှာ ဒိဋ္ဌိတို့ကပ်ရောက်အပ်သော ကံသည် အကျိုး၏ အဖြစ်ဖြင့်စွဲယူအပ်သည်လည်း ဖြစ်သော (တဏှာ ဒိဋ္ဌိတို့အာရုံပြုအပ်သည့် ကံ၏ အကျိုးဖြစ်သော) , အာရုံပြုသောအားဖြင့် တဏှာ ဒိဋ္ဌိတို့ကပ်ရောက်အပ်သော ကံသည် အကျိုး၏ အဖြစ်ဖြင့် မစွဲယူအပ်သည်လည်းဖြစ်သော (တဏှာ ဒိဋ္ဌိတို့အာရုံပြုအပ်သည့် ကံ၏ အကျိူးမဟုတ်သော) အကြင်ခိုင်မာခြင်း'ကက္ခဠ’၊ ကြမ်းတမ်းခြင်း ‘ခရဂတ’၊ ခိုင်မာသည်၏အဖြစ် ‘ကက္ခဠတ္တ’၊ ခိုင်မာခြင်းသဘော ‘ကက္ခဠဘာဝ’ သည် (ရှိ၏)။ ဤသို့ သဘောရှိသော ရုပ်သည် မြေဟူသော သဘော (ခက်မာမှုသဘော) ‘ပထဝီဓာတ်’ ဟူသော ထိုရုပ်ပေတည်း။

အာပေါဓာတ်ရုပ်

၉၆၈။ (၂) ရေဟူသော သဘော (ဖွဲ့စည်းမှုသဘော) ‘အာပေါဓာတ်’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ အတွင်း'အဇ္ဈတ္တ’ သန္တာန်၌ လည်း ဖြစ်သော , အပ ‘ဗဟိဒ္ဓ'သန္တာန်၌ လည်းဖြစ်သော , အာရုံပြုသောအားဖြင့် တဏှာ ဒိဋ္ဌိတို့ကပ်ရောက်အပ်သော ကံသည် အကျိုး၏အဖြစ်ဖြင့်စွဲယူအပ်သည်လည်း ဖြစ်သော (တဏှာ ဒိဋ္ဌိတို့အာရုံပြုအပ်သည့် ကံ၏ အကျိုး ဖြစ်သော) ,အာရုံပြုသောအားဖြင့် တဏှာ ဒိဋ္ဌိတို့ကပ်ရောက်အပ်သောကံသည် အကျိုး၏အဖြစ်ဖြင့် မစွဲယူအပ်သည်လည်းဖြစ်သော (တဏှာ ဒိဋ္ဌိတို့အာရုံပြုအပ်သည့်ကံ၏ အကျိုးမဟုတ်သော) အကြင်ရေ (အရည်) ‘အာပ’၊ ရေ (အရည်)ဟူ၍ ဖြစ်ခြင်း ‘အာပေါဂတ’၊ အစေး (အစို) ‘သိနေဟ’၊ အစေး (အစို)ဟူ၍ ဖြစ်ခြင်း ‘သိနေဟဂတ’၊ ရုပ်ကို ဖွဲ့စည်းခြင်း ‘ရူပဿ ဗန္ဓနတ္တ’ သည် (ရှိ၏)။ ဤသို့သဘောရှိသော ရုပ်သည် ရေဟူသော သဘော (ဖွဲ့စည်းမှုသဘော) ‘အာပေါဓာတ်’ ဟူသော ထိုရုပ်ပေ တည်း။

တေဇောဓာတ်ရုပ်

၉၆၉။ (၃) မီးဟူသော သဘော (ရင့်ကျက်စေမှုသဘော) ‘တေဇောဓာတ်’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ အတွင်း ‘အဇ္ဈတ္တ’ သန္တာန်၌ လည်း ဖြစ်သော , အပ ‘ဗဟိဒ္ဓ'သန္တာန်၌ လည်းဖြစ်သော , အာရုံပြုသောအားဖြင့် တဏှာ ဒိဋ္ဌိတို့ကပ်ရောက်အပ်သော ကံသည်အကျိုး၏အဖြစ်ဖြင့် စွဲယူအပ်သည်လည်း ဖြစ်သော (တဏှာ ဒိဋ္ဌိတို့အာရုံပြုအပ်သည့်ကံ၏ အကျိုးဖြစ်သော) , အာရုံပြုသောအားဖြင့် တဏှာ ဒိဋ္ဌိတို့ကပ်ရောက်အပ်သောကံသည် အကျိုး၏အဖြစ်ဖြင့် မစွဲယူအပ်သည်လည်းဖြစ်သော (တဏှာ ဒိဋ္ဌိတို့အာရုံပြုအပ်သည့်ကံ၏ အကျိုးမဟုတ်သော) အကြင် မီး ‘တေဇော’၊ မီးဟူ၍ ဖြစ်ခြင်း ‘တေဇောဂတ’၊ အပူ ‘ဥသ္မာ’၊ ‘အပူ’ ဟူ၍ ဖြစ်ခြင်း ‘ဥသ္မာဂတ’၊ အငွေ့ ‘ဥသုမ’၊ အငွေ့ဟူ၍ဖြစ်ခြင်း ‘ဥသုမဂတ’ သည် (ရှိ၏)။ ဤသို့သဘောရှိသော ရုပ်သည် မီးဟူသော သဘော (ရင့်ကျက်စေမှုသဘော) ‘တေဇောဓာတ်’ ဟူသော ထိုရုပ်ပေတည်း။

--

ဝါယောဓာတ်ရုပ်

၉၇၀။ (၄) လေဟူသောသဘော (ထောက်ကန်လှုပ်ရှားစေမှုသဘော) ‘ဝါယောဓာတ်’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ အတွင်း ‘အဇ္ဈတ္တ’ သန္တာန်၌ လည်း ဖြစ်သော , အပ'ဗဟိဒ္ဓ'သန္တာန်၌ လည်း ဖြစ်သော , အာရုံပြုသောအားဖြင့် တဏှာ ဒိဋ္ဌိတို့ကပ်ရောက် အပ်သောကံသည်အကျိုး၏အဖြစ်ဖြင့် စွဲယူအပ်သည်လည်း ဖြစ်သော (တဏှာ,ဒိဋ္ဌိတို့အာရုံပြုအပ်သည့်ကံ၏အကျိုးဖြစ်သော) , အာရုံပြုသောအားဖြင့် တဏှာ ဒိဋ္ဌိတို့ကပ်ရောက်အပ်သော ကံသည် အကျိုး၏အဖြစ်ဖြင့် မစွဲယူအပ်သည်လည်းဖြစ်သော (တဏှာ ဒိဋ္ဌိတို့ အာရုံပြုအပ်သည့် ကံ၏အကျိုး မဟုတ်သော) အကြင် လေ ‘ဝါယော’၊ ‘လေ’ ဟူ၍ ဖြစ်ခြင်း ‘ဝါယောဂတ’၊ ရုပ်၏ တောင့်တင်းသည်၏အဖြစ် (တောင့်တင်း ခြင်း) ‘ရူပဿ ထမ္ဘိတတ္တ’ သည် (ရှိ၏)။ ဤသို့သဘောရှိသော ရုပ်သည် ‘လေ’ ဟူသောသဘော (ထောက်ကန်လှုပ်ရှားမှု သဘော) ‘ဝါယောဓာတ်’ ဟူသော ထိုရုပ်ပေတည်း။

ဥပါဒါရုပ်

၉၇၁။ (၅) မှီ၍ဖြစ်သော ‘ဥပါဒါ’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ရာ မျက်စိအကြည် ‘စက္ခာယတန’။ပ။ အလုတ်အလွေး ပြုအပ်သော အစာ ‘ကဗဠီကာရအာဟာရ’ သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် မှီ၍ဖြစ်သော ‘ဥပါဒါ’ ဟူသော ထိုရုပ်ပေတည်း။ ဤသို့ငါးဖို့ (ငါးစု) အားဖြင့် ရုပ်ကို ရေတွက်အပ်၏။

ငါးခုစီ အကျယ်ပြခြင်း ‘ပဉ္စက’ ပြီးပြီ။

--

ခြောက်ခုစီအကျယ်ပြခြင်း

ဆက္ကနိဒ္ဒေသ

စက္ခုဝိညေယျရုပ်

၉၇၂။ (၁) ရူပါယတနသည် မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြင့် သိအပ်သော ‘စက္ခုဝိညေယျ'ရုပ်ပေတည်း (ရူပါရုံ)။

သောတဝိညေယျရုပ်

(၂) သဒ္ဒါယတနသည် ကြားသိစိတ် (သောတဝိညာဏ်) ဖြင့် သိအပ်သော ‘သောတဝိညေယျ’ ရုပ်ပေတည်း (သဒ္ဒါရုံ)။

ဃာနဝိညေယျရုပ်

(၃) ဂန္ဓာယတနသည် နံသိစိတ် (ဃာနဝိညာဏ်) ဖြင့် သိအပ်သော ‘ဃာနဝိညေယျ'ရုပ်ပေတည်း (ဂန္ဓာရုံ)။

ဇိဝှါဝိညေယျရုပ်

(၄) ရသာယတနသည် လျက်သိစိတ် (ဇိဝှါညာဏ်) ဖြင့် သိအပ်သော ‘ဇိဝှါဝိညေယျ'ရုပ်ပေတည်း (ရသာရုံ)။

ကာယဝိညေယျရုပ်

(၅) ဖောဋ္ဌဗ္ဗာယတနသည် ထိသိစိတ် (ကာယဝိညာဏ်) ဖြင့် သိအပ်သော ‘ကာယဝိညေယျ’ ရုပ်ပေတည်း (ဖောဋ္ဌဗ္ဗာရုံ)။

မနောဝိညေယျရုပ်

(၆) အလုံးစုံသော ရုပ်သည် စိတ်ဖြင့် သိအပ်သော ‘မနောဝိညေယျ’ ရုပ်ပေတည်း။

ဤသို့ ခြောက်ဖို့ (ခြောက်စု) အားဖြင့် ရုပ်ကို ရေတွက်အပ်၏။

ခြောက်ခုစီ အကျယ်ပြခြင်း ‘ဆက္က’ ပြီးပြီ။

--

ခုနစ်ခုစီအကျယ်ပြခြင်း

သတ္တကနိဒ္ဒေသ

စက္ခုဝိညေယျရုပ်

၉၇၃။ (၁) ရူပါယတနသည် မြင်သိစိတ်ဖြင့် သိအပ်သော ‘စက္ခုဝိညေယျ’ ရုပ်ပေတည်း (ရူပါရုံ)။

သောတဝိညေယျရုပ်

(၂) သဒ္ဒါယတနသည် ကြားသိစိတ်ဖြင့် သိအပ်သော ‘သောတဝိညေယျ’ ရုပ်ပေတည်း (သဒ္ဒါရုံ)။

ဃာနဝိညေယျရုပ်

(၃) ဂန္ဓာယတနသည် နံသိစိတ်ဖြင့် သိအပ်သော ‘ဃာနဝိညေယျ’ ရုပ်ပေတည်း (ဂန္ဓာရုံ)။

ဇိဝှါဝိညေယျရုပ်

(၄) ရသာယတနသည် လျက်သိစိတ်ဖြင့် သိအပ်သော ‘ဇိဝှါဝိညေယျ’ ရုပ်ပေ တည်း (ရသာရုံ)။

ကာယဝိညေယျရုပ်

(၅) ဖောဋ္ဌဗ္ဗာယတနသည် ထိသိစိတ်ဖြင့် သိအပ်သော ‘ကာယဝိညေယျ’ ရုပ်ပေတည်း (ဖောဋ္ဌဗ္ဗာရုံ)။

မနောဓာတုဝိညေယျရုပ်

(၆) ရူပါယတန, သဒ္ဒါယတန, ဂန္ဓာယတန, ရသာယတန, ဖောဋ္ဌဗ္ဗာယတနသည် သိကာမျှသဘော ‘မနောဓာတ်’ (ပဉ္စဒွါရာဝဇ္ဇန်း, သမ္ပဋိစ္ဆိုင်းဒွေး) ဖြင့် သိအပ်သော ‘မနောဓာတုဝိညေယျ’ ရုပ်ပေတည်း (အာရုံငါးပါး)။

မနောဝိညာဏဓာတုဝိညေယျရုပ်

(၇) အလုံးစုံသောရုပ်သည် အထူးသိမှုသဘော ‘မနောဝိညာဏဓာတ်’ ဖြင့်သိအပ်သော ‘မနောဝိညာဏဓာတုဝိညေယျ’ ရုပ်ပေတည်း။ ဤသို့ ခုနစ်ဖို့ (ခုနစ်စု) အားဖြင့် ရုပ်ကို ရေတွက်အပ်၏။

ခုနစ်ခုစီ အကျယ်ပြခြင်း ‘သတ္တက’ ပြီးပြီ။

--

ရှစ်ခုစီအကျယ်ပြခြင်း ‘အဋ္ဌကနိဒ္ဒေသ'

စက္ခုဝိညေယျရုပ်

၉၇၄။ (၁) ရူပါယတနသည် မြင်သိစိတ်ဖြင့် သိအပ်သော ‘စက္ခုဝိညေယျ’ ရုပ်ပေတည်း (ရူပါရုံ)။

သောတဝိညေယျရုပ်

(၂) သဒ္ဒါယတနသည် ကြားသိစိတ်ဖြင့် သိအပ်သော ‘သောတဝိညေယျ’ ရုပ်ပေတည်း (သဒ္ဒါရုံ)။

ဃာနဝိညေယျရုပ်

(၃) ဂန္ဓာယတနသည် နံသိစိတ်ဖြင့် သိအပ်သော ‘ဃာနဝိညေယျ’ ရုပ်ပေတည်း (ဂန္ဓာရုံ)။

ဇိဝှါဝိညေယျရုပ်

(၄) ရသာယတနသည် လျက်သိစိတ်ဖြင့် သိအပ်သော ‘ဇိဝှါဝိညေယျ'ရုပ်ပေတည်း (ရသာရုံ)။

(က) ကာယဝိညေယျရုပ်

(၅) စိတ်ကို တိုးပွားစေတတ်သော ချမ်းသာသော အတွေ့ဖြစ်သော (သုခဝေဒနာကို ရခြင်း၏ အကြောင်းဖြစ်သော) အတွေ့ (ဖောဋ္ဌဗ္ဗာရုံ) သည် ထိသိစိတ်ဖြင့် သိအပ်သော ‘သုခသဟဂတ ကာယဝိညေယျ’ ရုပ်ပေတည်း။

(ခ) ကာယဝိညေယျရုပ်

(၆) စိတ်ကို မတိုးပွားစေတတ်သော ဆင်းရဲသော အတွေ့ဖြစ်သော (ဒုက္ခဝေဒနာကို ရခြင်း၏ အကြောင်းဖြစ်သော) အတွေ့ (ဖောဋ္ဌဗ္ဗာရုံ) သည် ထိသိစိတ်ဖြင့် သိအပ်သော ‘ဒုက္ခသဟဂတ ကာယဝိညေယျ’ ရုပ်ပေတည်း။

မနောဓာတုဝိညေယျရုပ်

(၇) ရူပါယတန, သဒ္ဒါယတန, ဂန္ဓာယတန, ရသာယတန, ဖောဋ္ဌဗ္ဗာယတနသည် သိကာမျှသဘော ‘မနောဓာတ်’ (ပဉ္စဒွါရာဝဇ္ဇန်း, သမ္ပဋိ စ္ဆိုင်းဒွေး)ဖြင့် သိအပ်သော ‘မနောဓာတုဝိညေယျ’ ရုပ်ပေတည်း (အာရုံငါးပါး)။

မနောဝိညာဏဓာတုဝိညေယျရုပ်

(၈) အလုံးစုံသောရုပ်သည် (ရုပ်အာရုံခြောက်ပါးသည်) အထူးသိမှုသဘော ‘မနောဝိညာဏဓာတ်'ဖြင့် သိအပ်သော ‘မနောဝိညာဏ ဓာတုဝိညေယျ’ ရုပ်ပေတည်း။ ဤသို့ ရှစ်ဖို့ (ရှစ်စု) အားဖြင့် ရုပ်ကို ရေတွက်အပ်၏။

ရှစ်ခုစီ အကျယ်ပြခြင်း ‘အဋ္ဌက’ ပြီးပြီ။

--

ကိုးခုစီအကျယ်ပြခြင်း

နဝကနိဒ္ဒေသ

စက္ခုန္ဒြေရုပ်

၉၇၅။ (၁) မြင်မှု၌ အစိုးရသောမျက်စိအကြည် ‘စက္ခုန္ဒြေ’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ အကြင် မျက်စိအကြည် ‘စက္ခု’ (ပသာဒ) သည် မဟာဘုတ်လေးပါး တို့ကို စွဲမှီ၍ ကြည်လင်၏။ပ။ ဤရုပ်သည် (စက္ခုဒွါရ၌ ဖြစ်သော စိတ် အများနှင့် ဆက်ဆံခြင်းရှိ၍ သီးခြားပိုင်ရှင် ကင်းမဲ့သဖြင့်) ဆိတ်သုဉ်းသောရွာ ‘သုညဂါမ'လည်း မည်၏။ ဤသို့သဘောရှိသော ရုပ်သည် မြင်မှု၌ အစိုးရသောမျက်စိအကြည် ‘စက္ခုန္ဒြေ’ ဟူသော ထိုရုပ်ပေတည်း။

သောတိန္ဒြေရုပ်စသည်

၉၇၆။ (၂) ကြားမှု၌ အစိုးရသောနားအကြည် ‘သောတိန္ဒြေ’ ဟူသော ထိုရုပ်သည်။ပ။ (၃) နံမှု၌ အစိုးရသော နှာခေါင်းအကြည် ‘ဃာနိန္ဒြေ’ ဟူသော ထိုရုပ်သည်။ပ။ (၄) လျက်မှု၌ အစိုးရသော လျှာအကြည် ‘ဇိဝှိန္ဒြေ’ ဟူသော ထိုရုပ်သည်။ပ။ (၅) ထိမှု၌ အစိုးရသော ကိုယ်အကြည် ‘ကာယိန္ဒြေ’ ဟူသော ထိုရုပ်သည်။ပ။ (၆) မိန်းမ (အမ) ဖြစ်ကြောင်း၌ အစိုးရမှု ‘ဣတ္ထိန္ဒြေ’ ဟူသော ထိုရုပ်သည်။ပ။ (၇) ယောက်ျား (အထီးအဖို) ဖြစ်ကြောင်း၌ အစိုးရမှု ‘ပုရိသိန္ဒြေ’ ဟူသော ထို ရုပ်သည်။ပ။ (၈) အသက်ရှည်ကြောင်း၌ အစိုးရမှု ‘ဇိဝိတိန္ဒြေ’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ ထိုဖောက်ပြန်ခြင်း သဘောရှိကုန်သော (ရုပ်) တရားတို့၏ အကြင် အသက်၊ တည်ကြောင်းသဘော။ (တည်တံ့စွာ) ဖြစ်နေခြင်း သဘော။ (တည်တံ့စွာ) ဖြစ်နေစေခြင်းသဘော။ (တိုးပွား၍) ဖြစ်မှုသဘော။ (ဆက်လက်၍) ဖြစ်ကြောင်း သဘော၊ စောင့်ရှောက်ခြင်းသဘော၊ အသက်ရှည်ကြောင်းသဘော၊ အသက်ရှည်ကြောင်း၌ အစိုးရမှု ‘ဇိဝိတိန္ဒြေ’ သည် (ရှိ၏)။ ဤရုပ်သည် အသက်ရှည်ကြောင်း၌ အစိုးရမှု ‘ဇိဝိတိန္ဒြေ’ ဟူသော ထိုရုပ်ပေတည်း။

န ဣန္ဒြိယရုပ်

၉၇၇။ (၉) (မိမိဆိုင်ရာကိစ္စ၌) အစိုးမရသော ‘န ဣန္ဒြိယ’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ကြောင်း အဆင်း ‘ရူပါယတန’။ပ။ အလုတ်အလွေးပြုအပ်သောအစာ ‘ကဗဠီကာရအာဟာရ’ သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် (မိမိဆိုင်ရာ ကိစ္စ၌) အစိုးမရသော ‘န ဣန္ဒြိယ’ ဟူသော ထိုရုပ်ပေတည်း။ ဤသို့ ကိုးဖို့ (ကိုးစု) အားဖြင့် ရုပ်ကို ရေတွက်အပ်၏။

ကိုးခုစီအကျယ်ပြခြင်း ‘နဝက’ ပြီးပြီ။

--

ဆယ်ခုစီအကျယ်ပြခြင်း

ဒသကနိဒ္ဒေသ

စက္ခုန္ဒြေရုပ်

၉၇၈။ (၁) မြင်မှု၌ အစိုးရသော မျက်စိအကြည် ‘စက္ခုန္ဒြေ’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ အကြင် မျက်စိအကြည် ‘စက္ခု’ (ပသာဒ) သည် မဟာဘုတ်လေးပါးတို့ ကို စွဲမှီ၍ကြည်လင်၏။ပ။ ဤရုပ်သည် (စက္ခုဒွါရ၌ ဖြစ်သော စိတ် အများနှင့် ဆက်ဆံခြင်းရှိ၍ သီးခြားပိုင်ရှင်ကင်းမဲ့သဖြင့်) ဆိတ်သုဉ်းသော ရွာ ‘သုညဂါမ’ လည်း မည်၏။ ဤသို့သဘောရှိသော ရုပ်သည်မြင်မှု၌ အစိုးရသော မျက်စိအကြည် ‘စက္ခုန္ဒြေ’ ဟူသော ထိုရုပ်ပေတည်း။

သောတိန္ဒြေရုပ်စသည်

၉၇၉။ (၂) ကြားမှု၌ အစိုးရသောနားအကြည် ‘သောတိန္ဒြေ’ ဟူသော ထိုရုပ်သည်။ပ။ (၃) နံမှု၌ အစိုးရသော နှာခေါင်းအကြည် ‘ဃာနိန္ဒြေ’ ဟူသော ထိုရုပ်သည်။ပ။ (၄) လျက်မှု၌ အစိုးရသော လျှာအကြည် ‘ဇိဝိန္ဒြေ ‘ဟူသော ထိုရုပ်သည်။ပ။ (၅) ထိမှု၌ အစိုးရသော ကိုယ်အကြည် ‘ကာယိန္ဒြေ’ ဟူသော ထိုရုပ်သည်။ပ။ (၆) မိန်းမ (အမ) ဖြစ်ကြောင်း၌ အစိုးရမှု ‘ဣတ္ထိန္ဒြေ’ ဟူသော ထိုရုပ်သည်။ပ။ (၇) ယောက်ျား (အထီးအဖို) ဖြစ်ကြောင်း၌ အစိုးရမှု ‘ပုရိသိန္ဒြေ’ ဟူသော ထိုရုပ် သည်။ပ။ (၈) အသက်ရှည်ကြောင်း၌ အစိုးရမှု ‘ဇိဝိတိန္ဒြေ’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ ထိုဖောက်ပြန်ခြင်းသဘောရှိကုန်သော (ရုပ်) တရားတို့၏ အကြင် အသက်၊ တည်ကြောင်းသဘော။ (တည်တံ့စွာ) ဖြစ်နေခြင်းသဘော။ (တည်တံ့စွာ) ဖြစ်နေစေခြင်းသဘော။ (တိုးပွား၍) ဖြစ်မှုသဘော။ (ဆက်လက်၍) ဖြစ်ကြောင်း သဘော၊ စောင့်ရှောက်ခြင်းသဘော၊ အသက်ရှည်ကြောင်းသဘော၊ အသက် ရှည်ကြောင်း၌ အစိုးရမှု ‘ဇိဝိတိန္ဒြေ’ သည် (ရှိ၏)။ ဤသို့ သဘောရှိသော ရုပ်သည် အသက်ရှည် ကြောင်း၌ အစိုးရမှု ‘ဇိဝိတိန္ဒြေ ‘ဟူသော ထိုရုပ်ပေတည်း။

န ဣန္ဒြိယ သပ္ပဋိဃရုပ်

၉၈၀။ (၉) (မိမိဆိုင်ရာကိစ္စ၌) အစိုးမရသည်ဖြစ်၍ ထိပါးခြင်းနှင့် တကွဖြစ်သော ‘န ဣန္ဒြိယ သပ္ပဋိယ’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ကြောင်းအဆင်း ‘ရူပါယတန’။ပ။ ထိသိစိတ် (ကာယဝိညာဏ်) ဖြစ်ကြောင်း အတွေ့ ‘ဖောဋ္ဌဗ္ဗာယတန’ သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် (မိမိဆိုင်ရာကိစ္စ၌) အစိုးမရသည် ဖြစ်၍ ထိပါးခြင်း နှင့် တကွဖြစ်သော ‘နဣန္ဒြိယ သပ္ပဋိယ’ ဟူသော ထိုရုပ်ပေတည်း။

န ဣန္ဒြိယ အပ္ပဋိဃရုပ်

၉၈၁။ (၁၀) (မိမိဆိုင်ရာကိစ္စ၌) အစိုးမရသည်ဖြစ်၍ ထိပါးခြင်းနှင့် တကွမဖြစ်သော ‘န ဣန္ဒြိယ အပ္ပဋိယ’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ (မိမိအလိုဆန္ဒကို) ကိုယ်အမူအရာဖြင့်သိစေမှု ‘ကာယဝိညတ်’။ပ။ အလုတ်အလွေး ပြုအပ်သောအစာ ‘ကဗဠီကာရအာဟာရ’ သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် (မိမိဆိုင်ရာကိစ္စ၌) အစိုးမရသည် ဖြစ်၍ ထိပါးခြင်းနှင့် တကွမဖြစ်သော ‘န ဣန္ဒြိယအပ္ပဋိဃ’ ဟူသော ထိုရုပ်ပေတည်း။ ဤသို့ ဆယ်ဖို့ (ဆယ်စု) အားဖြင့် ရုပ်ကို ရေတွက်အပ်၏။

ဆယ်ခုစီအကျယ်ပြခြင်း ‘ဒသက’ ပြီးပြီ။

--

တဆယ့်တခုစီ အကျယ်ပြခြင်း

ဧကာဒသကနိဒ္ဒေသ

စက္ခာယတနရုပ်

၉၈၂။ (၁) မြင်သိစိတ်ဖြစ်ရာ မျက်စိအကြည် ‘စက္ခာယတန’ ဟူသော ထိုရုပ်သည်အဘယ်နည်း။ အကြင် မျက်စိအကြည် ‘စက္ခု’ (ပသာဒ) သည် မဟာဘုတ်လေးပါး တို့ကို စွဲမှီ၍ကြည်လင်၏။ပ။ ဤရုပ်သည် (စက္ခုဒွါရ၌ ဖြစ်သော စိတ် အများနှင့် ဆက်ဆံခြင်းရှိ၍သီးခြားပိုင်ရှင်ကင်းမဲ့သဖြင့်) ဆိတ်သုဉ်းသော ရွာ ‘သုညဂါမ’ လည်း မည်၏။ ဤသို့ သဘောရှိသောရုပ်သည် မြင်သိစိတ်ဖြစ်ရာ မျက်စိအကြည် ‘စက္ခာယတန’ ဟူသော ထိုရုပ်ပေတည်း။

သောတာယတနရုပ်စသည်

၉၈၃။ (၂) ကြားသိစိတ်ဖြစ်ရာ နားအကြည် ‘သောတာယတန’ ဟူသော ထိုရုပ်သည်။ပ။ (၃) နံသိစိတ်ဖြစ်ရာ နှာခေါင်းအကြည် ‘ဃာနာယတန’ ဟူသော ထိုရုပ်သည်။ပ။ (၄) လျက်သိစိတ် ဖြစ်ရာ လျှာအကြည် ‘ဇိဝှါယတန’ ဟူသော ထိုရုပ်သည်။ပ။ (၅) ထိသိစိတ် ဖြစ်ရာ ကိုယ်အကြည် ‘ကာယာယတန’ ဟူသော ထိုရုပ်သည်။ပ။ (၆) မြင်သိစိတ်ဖြစ်ကြောင်း အဆင်း ‘ရူပါယတန’ ဟူသော ထိုရုပ်သည်။ပ။ (၇) ကြားသိစိတ်ဖြစ်ကြောင်း အသံ ‘သဒ္ဒါယတန’ ဟူသော ထိုရုပ်သည်။ပ။

(၈) နံသိစိတ်ဖြစ်ကြောင်း အနံ့ ‘ဂန္ဓာယတန’ ဟူသော ထိုရုပ်သည်။ပ။ (၉) လျက်သိစိတ်ဖြစ်ကြောင်းအရသာ ‘ရသာယတန’ ဟူသော ထိုရုပ်သည်။ပ။ (၁၀) ထိသိစိတ်ဖြစ်ကြောင်း အတွေ့ ‘ဖောဋ္ဌဗ္ဗာယတန’ ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြေဟူသော (ခက်မာမှု) သဘော ‘ပထဝီဓာတ်’။ပ။ ဤရုပ်သည် အတွေ့သဘော ‘ဖောဋ္ဌဗ္ဗ ဓာတ်’ လည်း မည်၏။ ဤသို့သဘောရှိသော ရုပ်သည် ထိသိစိတ်ဖြစ်ကြောင်း အတွေ့ ‘ဖောဋ္ဌဗ္ဗာယတန’ ဟူသောထိုရုပ်ပေတည်း။

ဓမ္မာယတနပရိယာပန္န အနိဒဿန အပ္ပဋိဃရုပ်

၉၈၄။ (၁၁) သိမှုစိတ်ဖြစ်ကြောင်း သဘော ‘ဓမ္မာယတန’၌ အကျုံးဝင်သည်ဖြစ်၍ မြင်ခြင်းလည်း မရှိ၊ ထိပါးခြင်းလည်း မရှိသော ‘ဓမ္မာယတနပရိယာပန္န အနိဒဿနအပ္ပဋိဃ’ ဟူသော ထိုရုပ်သည် အဘယ် နည်း။ မိန်းမ (အမ) ဖြစ်ကြောင်း၌ အစိုးရမှု ‘ဣတ္ထိန္ဒြေ’။ပ။ အလုတ်အလွေး ပြုအပ်သောအစာ ‘ကဗဠီကာရ အာဟာရ’ သည် (ရှိ၏)။ ဤရုပ်အပေါင်းသည်သိမှုစိတ်ဖြစ်ကြောင်း သဘော ‘ဓမ္မာယတန’ ၌ အကျုံးဝင် သည်ဖြစ်၍ မြင်ခြင်းလည်း မရှိ၊ ထိပါးခြင်းလည်း မရှိသော ‘ဓမ္မာယတနပရိယာပန္န အနိဒဿန အပ္ပဋိဃ’ ဟူသော ထိုရုပ်ပေတည်း။ ဤသို့ တဆယ့်တဖို့ (တစ်ဆယ့်တစ်စု) အားဖြင့် ရုပ်ကို ရေတွက်အပ်၏။

တဆယ့်တခုစီ အကျယ်ပြခြင်း ‘ဧကာဒသက’ ပြီးပြီ။

ရုပ်ကိုဝေဘန်ရာအခန်း ‘ရူပဝိဘတ္တိ’ မည်သော

ရှစ်ကြိမ်မြောက် ရွတ်ဆိုရာ အလှည့်အကြိမ် ‘အဋ္ဌမဘာဏဝါရ’ ပြီးပြီ။

၂ - ရူပကဏ္ဍ ‘ရုပ်ပိုင်း’ ပြီးပြီ။

--