မာတိကာသို့ ခုန်သွားရန်

နန္ဒဝန်ကျောင်းဝတ်ရွတ်စဉ်(ပုလော)

ဝီကီရင်းမြစ် မှ
နန္ဒဝန်ကျောင်းဝတ်ရွတ်စဉ်(ပုလော)
by ရှေးဆရာ
5962နန္ဒဝန်ကျောင်းဝတ်ရွတ်စဉ်(ပုလော) — ရှေးဆရာ

နန္ဒဝန်ကျောင်းဝတ်ရွတ်စဉ်(ပုလော)

ဘုရားရှိခိုးခန်း

ဘုရားအနေကဇာတင်ပါဠိတော်

(နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ)၃

အနေကဇာတိ သံသာရံ၊ သန္ဓာဝိဿံ အနိဗ္ဗိသံ၊
ဂဟကာရံ ဂဝေသန္တော၊ ဒုက္ခာ ဇာတိ ပုနပ္ပုနံ၊
ဂဟကာရက ဒိဋ္ဌောသိ၊ ပုန ဂေဟံ န ကာဟသိ၊
သဗ္ဗာ တေ ဖာသုကာ ဘဂ္ဂါ၊ ဂဟကူဋံ ဝိသင်္ခတံ၊
ဝိသင်္ခါရ ဂတံ စိတ္တံ၊ တဏှာနံ ခယမဇ္ဈဂါ။

အဝိဇ္ဇာပစ္စယာ သင်္ခါရာ၊ သင်္ခါရ ပစ္စယာဝိညာဏံ၊ ဝိညာဏပစ္စယာ နာမရူပံ၊ နာမရူပပစ္စယာ သဠာယတနံ၊ သဠာယတနပစ္စယာ ဖေဿာ၊ ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာပစ္စယာ တဏှာ၊ တဏှာပစ္စယာ ဥပါဒါနံ၊ ဥပါဒါနပစ္စယာ ဘဝေါ၊ ဘဝပစ္စယာ ဇာတိ ဇာတိပစ္စယာ ဇရာမရဏံ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿုပါယာသာ သမ္ဘဝန္တိ။ ဧဝမေတဿ ကေဝလဿ
ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။
အဝိဇ္ဇာယ တွေဝ အသေသ ဝိရာဂ နိရောဓာ သင်္ခါရနိရောဓော၊ သင်္ခါရနိရောဓာ ဝိညာဏနိရောဓော၊ ဝိညာဏနိရောဓာ နာမရူပနိရောဓော၊ နာမရူပနိရောဓာ သဠာယတနနိရောဓော၊ သဠာယတနနိရောဓာ ဖဿနိရောဓော၊ ဖဿနိရောဓာ ဝေဒနာနိရောဓော၊ ဝေဒနာနိရောဓာ တဏှာနိရောဓော၊ တဏှာနိရောဓာ ဥပါဒါနနိရောဓော၊ ဥပါဒါနနိရောဓာ ဘဝနိရောဓော၊ ဘဝနိရောဓာ ဇာတိနိရောဓော၊ ဇာတိနိရောဓာ ဇရာမရဏံ သောက-ပရိဒေဝ-ဒုက္ခဒေါမနဿုပါယာသာ နိရုဇ္ဈန္တိ။ ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ နိရောဓော ဟောတိ။

ယဒါ ဟဝေ ပါတုဘဝန္တိ ဓမ္မာ၊ အာတာပိနော စျာယတော ဗြဟ္မဏဿ၊ အထဿ ကင်္ခါ ဝပယန္တိ သဗ္ဗာ၊ ယတော ပဇာနာတိ သဟေတု ဓမ္မံ။
ယဒါ ဟဝေ ပါတုဘဝန္တိ ဓမ္မာ၊ အာတာပိနော စျာယတော ဗြဟ္မဏဿ၊ အထဿ ကင်္ခါ ဝပယန္တိ သဗ္ဗာ၊ ယတော ခယံ ပစ္စယာနံ အဝေဒိ။
ယဒါ ဟဝေ ပါတုဘဝန္တိ ဓမ္မာ၊ အာတာပိနော စျာယတော ဗြဟ္မဏဿ၊ ဝိဓူပယံ တိဋ္ဌတိ မာရသေနံ၊ သူရိယောဝ ဩဘာသယ မန္တလိက္ခံ။

ဟေတုပစ္စယော၊ အာရမ္မဏပစ္စယော၊ အဓိပတိပစ္စယော၊ အနန္တရပစ္စယော၊ သမနန္တရပစ္စယော၊ သဟဇာတပစ္စယော၊ အညမည ပစ္စယော၊ နိဿယပစ္စယော၊ ဥပနိဿယပစ္စယော၊ ပုရေဇာတပစ္စယော၊ ပစ္ဆာဇာတပစ္စယော၊ အာသေဝနပစ္စယော၊ ကမ္မပစ္စယော၊ ဝိပါကပစ္စယော၊ အာဟာရပစ္စယော၊ ဣန္ဒြိယပစ္စယော၊ စျာနပစ္စယော၊ မဂ္ဂပစ္စယော၊ သမ္ပယုတ္တပစ္စယော၊ ဝိပ္ပယုတ္တပစ္စယော၊ အတ္ထိ ပစ္စယော၊ နတ္ထိပစ္စယော၊ ဝိဂတပစ္စယော၊ အဝိဂတပစ္စယောတိ။

ဇယန္တော ဗောဓိယာ မူလေ၊ သကျာနံ နန္ဒိဝုဍ္ဎုနော။
ဧဝမေဝ ဇယော ဟောတု၊ ဇယဿု ဇယမင်္ဂလေ။
အပရာဇိတပလ္လင်္ကေ၊ သီသေ ပုထု ဝိပုက္ခလေ၊
အဘိသေကေ သဗ္ဗဗုဒ္ဓါနံ၊ အဂ္ဂပတ္တော ပမောဒတိ။
သုနက္ခတ္တံ သုမင်္ဂလံ၊ သုပ္ပဘာတံ သုဟုဋ္ဌိတံ၊
သုခဏော သုမုဟုတ္တော စ၊ သုယိဋ္ဌံ ဗြဟ္မစာရိသု။
ပဒက္ခိဏံ ကာယကမ္မံ၊ ဝါစာကမ္မံ ပဒက္ခိဏံ၊
ပဒက္ခိဏံ မနောကမ္မံ၊ ပဏီဓိ တေ ပဒက္ခိဏေ။
ပဒက္ခိဏာနိ ကတွာန၊ လဘန္တ တ္ထေ ပဒက္ခိဏေ၊
တေ အတ္ထလဒ္ဓါ သုခိတာ၊ ဝိရုဠှာ ဗုဒ္ဓသာသနေ၊
အရောဂါ သုခိတာ ဟောထ၊ သဟ သဗ္ဗေဟိ ဉာတိဘိ။

ဘုရားဂုဏ်တော်ကိုးပါး

ဣတိပိ သော ဘဂဝါ အရဟံ, သမ္မာသမ္ဗုဒ္ဓေါ,
ဝိဇ္ဇာစရဏသမ္ပန္နော, သုဂတော, လောကဝိဒူ, အနုတ္တရော ပုရိသ
ဒမ္မသာရထိ, သတ္ထာ ဒေဝ မနုဿာနံ, ဗုဒ္ဓေါ, ဘဂဝါတိ။

၁။ သော ဘဂဝါ၊ ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဣတိပိ ဣမိနာ စ ကာရဏေန၊ တစ်ထောင့်ငါးရာ ကိလေသာတို့ ဝါသနာဓလေ့ ထုံအငွေ့မျှ မငွေ့မရိပ် ဝင်းဝင်းဖိတ်သို့ ရွှေစိတ်ပျံ့သင်း လွန်သန့်ရှင်း၍ မင်းမင်းပြည်သူ ကြည်ဖြူကော်ရော် အလှူတော်မှန် အပူဇော်ကို ခံတော်မူထိုက်သော ဤအကြောင်းကြောင့်လည်း။ အရဟံ၊ အရဟံ ဟူသော ဂုဏ်တော်ကြီးဖြင့် အံ့ချီး၍ မကုန် ဗြဟ္မာဘုံတိုင်အောင် ပျံ့လှိုင်ကျော်ကြား ထင်ရှားတော်မူပါပေသည်တကား။

၂။ သော ဘဂဝါ၊ ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဣတိပိ ဣမိနာ စ ကာရဏေန၊ သဗ္ဗဉ်ဉာဏ်အား စွမ်းပကားဖြင့် များသင်္ခါရ ဝိကာရနှင့် လက္ခဏာ ပညတ် နိဗ္ဗာန်ဓာတ်ဟု ငါးရပ်သိရန် ညေယျဓမ်ကို ဖောက်ပြန်မရှိ ကိုယ်တော်တိုင် သိတော်မူသော ဤအကြောင်းကြောင့်လည်း။ သမ္မာသမ္ဗုဒ္ဓေါ၊ သမ္မာသမ္ဗုဒ္ဓ ဟူသော ဂုဏ်တော်ကြီးဖြင့် အံ့ချီး၍ မကုန် ဗြဟ္မာဘုံတိုင်အောင် ပျံ့လှိုင်ကျော်ကြား ထင်ရှားတော်မူပါပေသည်တကား။

၃။ သော ဘဂဝါ၊ ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဣတိပိ ဣမိနာ စ ကာရဏေန၊ သုံးပါး၊ ရှစ်ပါး၊ နှစ်မျိုးအားဖြင့် ဟောကြားပညာ ဉာဏ်ဝိဇ္ဇာတည်း နိဗ္ဗာန်နဓာတ် အမြိုက်ရပ်သို့ ဆိုက်ကပ်ရန်ဖြင့် အမှန်သင့်သည့် အကျင့်စရဏ ဆယ့်ငါးဝနှင့် တကွ ဥဿုံ ပြည့်စုံတော်မူသော ဤအကြောင်းကြောင့်လည်း။ ဝိဇ္ဇာစရဏသမ္ပန္နော၊ ဝိဇ္ဇာစရဏသမ္ပန္န ဟူသော ဂုဏ်တော်ကြီးဖြင့် အံ့ချီး၍ မကုန် ဗြဟ္မာဘုံတိုင်အောင် ပျံ့လှိုင်ကျော်ကြား ထင်ရှားတော်မူပါပေသည်တကား။

၄။ သော ဘဂဝါ၊ ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဣတိပိ ဣမိနာ စ ကာရဏေန၊ ဒီပင်္ကရာထွဋ်ချာသနင်း ခြေတော်ရင်းမှ မှန်ကင်းသိရီ ဗောဓိမဏ္ဍိုင် ခန်းဝါပိုင်အောင် ဆယ်ခိုင်ပါရမီ စုံပြည့်ညီလျက် သုံးလီဘဝ များသတ္တ၏ သုခစီးပွား ကျင့်သောအားဖြင့် မိုက်မှားအယူ မိစ္ဆာဟူက ဆံမြူတစ်စိ မကပ်ငြိဘဲ၊ သတိသမ္ပဇဉ် မပြတ်ယှဉ်လျက်၊ သဗ္ဗဉ်ဉာဏ်တော် ရကြောင်းရော်၍ ကြွတော်မူခဲ့သော ဤအကြောင်းကြောင့်လည်း။ သုဂတော၊ သုဂတ ဟူသော ဂုဏ်တော်ကြီးဖြင့် အံ့ချီး၍ မကုန် ဗြဟ္မာဘုံတိုင်အောင် ပျံ့လှိုင်ကျော်ကြား ထင်ရှားတော်မူပါပေသည်တကား။

၅။ သော ဘဂဝါ၊ ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဣတိပိ ဣမိနာ စ ကာရဏေန၊ သတ္တောကာသ သင်္ခါရဟု လောကသုံးဘုံ အလုံးစုံကို အာရုံထင်စွာ ပိုင်းခြားကာဖြင့် ကောင်းစွာကုန်စင် သိမြင်တော်မူတတ်သော ဤအကြောင်းကြောင့်လည်း။ လောကဝိဒူ၊ လောကဝိဒူ ဟူသော ဂုဏ်တော်ကြီးဖြင့် အံ့ချီး၍ မကုန် ဗြဟ္မာဘုံတိုင်အောင် ပျံ့လှိုင်ကျော်ကြား ထင်ရှားတော်မူပါပေသည်တကား။

၆။ သော ဘဂဝါ၊ ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဣတိပိ ဣမိနာ စ ကာရဏေန၊ ဆုံးမသင့်ရန် သတ္တဝါမှန်သော် ခြောက်တန်လျှင် ခြောက် မြှောက်တန်မြှောက်၍ အောက်အောက်ထက်ဂုဏ် ဆင့်ဆင့်စုံဖို့ ဖုံဖုံသင်ပေး အစဉ်ဖေးလျက် ယဉ်ကျေးလေအောင် သွေးဆောင်ဆုံးမတော်မူတတ်သော ဤအကြောင်းကြောင့်လည်း။ အနုတ္တရောပုရိသ ဒမ္မသာရထိ၊ အနုတ္တရော ပုရိသ ဒမ္မသာရထိ ဟူသော ဂုဏ်တော်ကြီးဖြင့် အံ့ချီး၍ မကုန် ဗြဟ္မာဘုံတိုင်အောင် ပျံ့လှိုင်ကျော်ကြား ထင်ရှားတော်မူပါပေသည်တကား။

၇။ သော ဘဂဝါ၊ ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဣတိပိ ဣမိနာ စ ကာရဏေန၊ သတ္ထာဝါဟော် ကုန်သည်ကျော်သည် ဖော်လှော်ငယ်သား နောက်ပါများကို ရေရှားဘေးခ ကန္တာရမှ ခေမမြေငူ ထုတ်ကယ်ယူသို့ ထို့တူတစ်စိ ခဲယဉ်းဘိသည့် ဇာတိဇရာ မရဏာဟု ကန္တာရကြမ်း ခရီးလမ်းမှ ရွှေနန်းမြေငူ ပြည်နိဗ္ဗူသို့ နတ်လူဗြဟ္မာ သတ္တဝါကို ကောင်းစွာဆောင်ယူ ကယ်တင်တော်မူတတ်သော ဤအကြောင်းကြောင့်လည်း။ သတ္ထာ ဒေဝ မနုဿာနံ၊ သတ္ထာ ဒေဝ မနုဿာနံ ဟူသော ဂုဏ်တော်ကြီးဖြင့် အံ့ချီး၍ မကုန် ဗြဟ္မာဘုံတိုင်အောင် ပျံ့လှိုင်ကျော်ကြား ထင်ရှားတော်မူပါပေသည်တကား။

၈။ သော ဘဂဝါ၊ ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဣတိပိ ဣမိနာ စ ကာရဏေန၊ ဒုက္ခသမုဒယ နိရောဓနှင့် မဂ္ဂမည်သာ လေးသစ္စာကို ဦးစွာပိုင်ပိုင် သိမြင်နိုင်၍ သုံးဆိုင်ဝေနေ များဗိုလ်ခြေကို မသွေအတူ သိစေတော်မူနိုင်သော ဤအကြောင်းကြောင့်လည်း။ ဗုဒ္ဓေါ၊ ဗုဒ္ဓ ဟူသော ဂုဏ်တော်ကြီးဖြင့် အံ့ချီး၍ မကုန် ဗြဟ္မာဘုံတိုင်အောင် ပျံ့လှိုင်ကျော်ကြား ထင်ရှားတော်မူပါပေသည်တကား။

၉။ သော ဘဂဝါ၊ ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဣတိပိ ဣမိနာ စ ကာရဏေန၊ အဏုမြူသဖွယ် ပျောက်ကွယ်သိမ့်မွေ့ မမြင်တွေ့အောင် ရုပ်ဆောင် ဖန်ဆင်းနိုင်သော “အဏိမာ” ဘုန်းတော်...
စိတ်၏အလား ကောင်းကင်ဖျား၌ ပေါ့ပါးလျင်မြန် စျာန်ပျံကြွသွားနိုင်သော “လဃိမာ” ဘုန်းတော်.....
ကိုယ်တော်သဏ္ဌာန် ပုံဟန်တိုင်းငြား မနှိုင်းအားဖို့ ကြီးမားလေအောင် ရုပ်ဆောင်ဖန်ဆင်းနိုင်သော “မဟိမာ” ဘုန်းတော်...
ဆီးတားကွယ်ကာ မရှိပါဘဲ လိုရာတိုင်းပေါက် တစ်ခဏလောက်ဖြင့် ကြွရောက်နိုင်သော “ပတ္တိ” ဘုန်းတော်....
အဆင်းအတန်တန် ပုံသဏ္ဌာန်ကို စီမံဖန်တီး တစ်ခဏတည်းဖြင့် ပြီးစီးနိုင်သော ”ပါကမ္မ” ဘုန်းတော်....
ကိုယ်တော်မြတ်၏ စိတ်ဓာတ်တော်မှ စ၍မကြွင်း လူနတ်မင်းကို ပိုင်နင်းအုပ်စိုး လွှမ်းမိုးနိုင်သော “ဤသိတာ” ဘုန်းတော်...
သမာပတ်စျာန် အဘိညာဏ်ကို ဝင်စံလိုက တစ်ခဏချင်းပိုင် ဝင်စားနိုင်သော “ဝသိတာ”ဘုန်းတော်
ကိစ္စတစ်ခု ပြုစုတုန်းပင် ပြီးဆုံးချင်သော် ဆောလျင်မသွေ ပြီးဆုံးစေနိုင်သော “ယတ္ထကာမာဝသာယိတာ” ဘုန်းတော်
ရှစ်ဖော်အပြား ဤသို့အားဖြင့် ထင်ရှားလေဘိ “ဣဿရိယ” ဘုန်းတော်....
ကိလေသာရန် ပယ်ဖျက်လှန်ဖို့ နိဗ္ဗာန်ဖိုလ်မဂ် ကိုးချက်အပြား လောကုတ္တရာ တရားဟူသော “ဓမ္မ” ဘုန်းတော်...
ဟုတ်တိုင်းမှန်စွာ ဖြစ်ပေါ်လာ၍ ကမ္ဘာတိုက်ပေါင်း သောင်းလောကဓာတ်၊ ပဲ့တင်ထပ်မျှ နှံ့စပ်သတင်း ကျော်စောခြင်းဟူသော “ယသ” ဘုန်းတော်....
ရွှေမျက်နှာတော် လက်ခြေတော်မှ စ၍မကြွင်း ပင်လုံးဝင်းသည့် ပန်းမင်းအနေ ကျက်သရေမင်္ဂလာ စုဝေးကာဖြင့် လွန်စွာတင့်တယ် သပ္ပါယ်တော်မူသော “သိရီ” ဘုန်းတော်....
အလိုတော်အတိုင်း တောင့်တတိုင်းပင် မဆိုင်းမတွ ပြီးစီးရသည့် “ကာမ” ဘုန်းတော်....
တစ်လောကလုံး ညွှတ်ရုံး ကိုးစား အားထားဖို့ရာ လွန်စွာကြိုးကုတ် အားထုတ်တော်မူသော “ပယတ္ထ” ဘုန်းတော်....
ဤခြောက်ဖော်ဂုဏ်, ဘုန်းတော်ဟုန်နှင့်, ပြည့်စုံတော်မူသော ဤအကြောင်းကြောင့်လည်း။ ဘဂဝါ၊ ဘဂဝါ ဟူသော ဂုဏ်တော်ကြီးဖြင့် အံ့ချီး၍ မကုန် ဗြဟ္မာဘုံတိုင်အောင် ပျံ့လှိုင်ကျော်ကြား ထင်ရှားတော်မူပါပေသည်တကား။

ဘုရားရှိခိုးဂါထာ

ဧဝံ နဝဟိ ဂုဏေဟိ၊ လောကမှိ ကိတ္တဗျာပိတံ။
အတုလံ ဓမ္မရာဇာနံ၊ ဝန္ဒာမိ တီဟိ သာဒရံ။

ဧဝံ နဝဟိ ဂုဏေဟိ၊ ဤအရဟတာ အစလာသည့် ကိုးဖြာသော ဂုဏ်တော်တို့ဖြင့်။ လောကမှီ၊ ဘဝဂ်ဆုံးအောင် ဘုံသုံးဆောင်၌၊ ကိတ္တိဗျာပိတံ၊ သိမ့်သိမ့်တုန်ခတ် ပဲ့တင်ထပ်မျှ နှံ့စပ်ကျော်စောတော်မူထသော။ အတုလံ၊ သီလခေါင်ထိ သမာဓိနှင့် ကြီးဘိပညာ လွန်ကဲသာ၍ ပြိုင်လာနှိုင်းသူ အတူလည်းရှိတော်မမူထသော။ ဓမ္မရာဇာနံ၊ သုံးဘုံမကိဋ် သုံးတိုက်သရဖူ သုံးလူသင်းကျစ် ဓမ္မရာဇ်ထွတ်ထား ရှင်တော်မြတ်ဘုရားကို။ တီဟိ၊ လက်အုပ် အဉ္ဇလီ နှုတ်သံချီလျက် ရွှင်ကြည်မနော သုံးပါးသောဒွါရတို့ဖြင့်။ သာဒရံ၊ လေးမြတ်ကြည်ညို ရိုသေခြင်းရှိသည်ဖြစ်၍။ ဝန္ဒာမိ၊ ဂုဏ်တော်ထုံမွှမ်း ပုံတော်မှန်းလျက် ချီးမွှမ်းထောမနာ ပဏာညွှတ်ကျိုး လက်စုံမိုး၍ ရှိခိုးကန့်တော့ပါ၏ဘုရား။

(ဘုရားဂုဏ်တော်ကိုးပါးပြီး၏၊)

တရားဂုဏ်တော် ခြောက်ပါး

သွာက္ခာတော ဘဂဝတာ ဓမ္မော, သန္ဒိဋ္ဌိကော, အကာလိကော,
ဧဟိပဿိကော, ဩပနေယျိကော, ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟီတိ။

၁။ ဘဂဝတာ၊ ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဓမ္မော၊ မဂ်ဖိုလ်နိဗ္ဗာန် ဓမ္မက္ခန်ဟု ဆယ်တန်သော တရားတော်မြတ်ကို။ သွာက္ခာတော၊ ကြားနာရုံပင် အပူစင်၍ ကျင့်လျှင်ချမ်းသာ ကျင့်ပြီးကာလည်း လွန်စွာငြိမ်းချမ်း နိဗ္ဗာန်နန်းနှင့် စခန်းသင့်အောင် မှန်းလင့်ရည်ရော် ကောင်းစွာ ဟောတော်မူအပ်ပါပေ၏၊

၂။ ဓမ္မော၊ မဂ်ဖိုလ်နိဗ္ဗာန် ကိုးတန်သော တရားတော်မြတ်သည်။ သန္ဒိဋ္ဌိကော၊ ဟောပြောသလောက် ကျင့်တိုင်းပေါက်၍ မဂ်ရောက်ဖိုလ်ထိ ပညာရှိသည့် များအရိယာ သူတော်စွာတို့ သူတကာပြော ယုံကြည်သောကြောင့် သဘောချင်းထပ် မဆည်းကပ်ဘဲ တပ်အပ်ထင်ထင် ကိုယ်တိုင်လည်း သိမြင်ထိုက်ပါပေ၏၊

၃။ ဓမ္မော၊ သောတာပတ္တိ စသည့်ဆင့်တက် လေးချက်အပြား မဂ်တရားသည်။ အကာလိကော၊ ငါးရက် ခုနှစ်ရက် စသည်တက်၍ ငံ့လျက်ရှည်ဝေး အကျိုးပေးရာ အခါမငဲ့ အခြားမဲ့ဖိုလ် အကျိုးကိုလည်း ပေးတော်မူတတ်ပါပေ၏၊

၄။ ဓမ္မော၊ မဂ်ဖိုလ်နိဗ္ဗာန် ကိုးတန်သော တရားတော်မြတ်သည်။ ဧဟိပဿိကော၊ ဝေဟာတက်ထွန်း ယုဂန်းစွန်း၌ လဝန်းအလား ပတ္တမြားသဖွယ် စင်ကြယ်ထင်ရှား ရှိသည်များကြောင့်၊ အားရရွှင်လန်း လိုက်ခဲ့စမ်းပါ ရှုစမ်းပါဟု သံသာချိုမြ ဖိတ်ခေါ်ပြဖို့ မုချဧကန် အမှန်သင့်လျော် ထိုက်တန်တော်မူပါပေ၏၊

၅။ ဓမ္မော၊ မဂ်ဖိုလ်နိဗ္ဗာန် ကိုးတန်သော တရားတော်မြတ်သည်။ ဩပနေယျိကော၊ မိမိစိတ်တွင် တစ်ကြိမ်ထင်က လေးခွင်အပါယ်ဝဋ်မီး ကွယ်သဖြင့် ကိုယ်ဝယ်ထုံးနှောင် ဆံဥသျှောင်ကို မီးလောင်သော်ငြား မငြိမ်းအားဘဲ တရားမျက်ရှင် စိတ်စွဲထင်အောင် ကျင့်ဆောင်ခြင်းငှါ ထိုက်တန်တော်မူပါပေ၏၊

၆။ ဓမ္မော၊ မဂ်ဖိုလ်နိဗ္ဗာန် ကိုးတန်သော တရားတော်မြတ်ကို။ ဝိညူဟိ၊ ပုထုဇန်နှင့် မတန်သင့်စွာ လေးသစ္စာကို ကောင်းစွာမြင်သိ ပညာရှိအပေါင်း အရိယာသူတော်ကောင်းတို့သည်။ ပစ္စတ္တံ ဝေဒိတဗ္ဗော၊ ကိုယ်စီကိုယ်င လိုတိုင်းရ၍ နိဗ္ဗာနဓာတ် သမာပတ်ဖြင့် မပြတ်သိပိုင် ခံစားနိုင်ပါပေ၏၊ [အရိယာဖြစ်ပြီးသောပုဂ္ဂိုလ်သည် နိဗ္ဗာန်ကို အာရုံပြု၍ တရားအရသာကို ခံစားနိုင်၏၊]

တရားရှိခိုးဂါထာ

ဣစ္စေဝံ ဆဟိ ဂုဏေဟိ၊ ပါကဋံ ဇိနပူဇိတံ။
သမ္ပတ္တိဒါယကံ ဓမ္မံ၊ ဝန္ဒာမိ တီဟိ သာဒရံ။

ဣစ္စေဝံ ဆဟိ ဂုဏေဟိ၊ ဤသွာက္ခာတတာ အစလာသည့် ခြောက်ဖြာသော ဂုဏ်တော်တို့ဖြင့်။ ပါကဋံ၊ တိတ္ထိတို့ဘောင် လွန်မြားမြောင်သည့် ဟန်ဆောင်တရား အစားစားထက် မားမားစွင့်စွင့် ဂုဏ်ရည်တင့်၍ ကြီးမြင့်ထင်ရှားပေထသော။ ဇိနိပူဇိတံ၊ ကိုယ်တိုင်သိငြား ကိုယ့်တရားလည်း ငါးပါးမာရ်နှိမ် မာရဇိန်ပင် ကြိမ်ကြိမ်လေးမြတ် မှီဝဲပူဇော်တော်မူအပ်ထသော။ သမ္ပတ္တိဒါယကံ၊ ကျင့်ကြံလိုက်နာ ဝေနေယျာအား လူ့ရွာနတ်ဌာန်၊ နိဗ္ဗာန်အထိ သမ္ပတ္တိကို မိမိရရ ပေးစွမ်းနိုင်ပေထသော။ ဓမ္မံ၊ မဂ်ဖိုလ်နိဗ္ဗာန် ဓမ္မက္ခန်ဟု ဆယ်တန်သော တရားတော်မြတ်ကို။ တီဟိ၊ လက်အုပ် အဉ္ဇလီ နှုတ်သံချီလျက် ရွှင်ကြည်မနော သုံးပါးသောဒွါရတို့ဖြင့်။ သာဒရံ၊ လေးမြတ်ကြည်ညို ရိုသေခြင်းရှိသည်ဖြစ်၍။ ဝန္ဒာမိ၊ စိတ်ဖြင့်ဦးတန်း ဂုဏ်တော်မှန်းလျက် ချီးမွှမ်းထောမနာ ပဏာညွှတ်ကျိုး လက်စုံမိုး၍ ရှိခိုးကန့်တော့ပါ၏ဘုရား။

(တရားဂုဏ်တော်ခြောက်ပါးပြီး၏၊)

သံဃာဂုဏ်တော် ကိုးပါး

သုပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော,
ဥဇုပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော,
ဉာယပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော,
သာမီစိပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော,
ယဒိဒံ စတ္တာရိ ပုရိသယုဂါနိ အဋ္ဌ ပုရိသပုဂ္ဂလာ၊
ဧသ ဘဂဝတော သာဝကသံဃော,
အာဟုနေယျော ပါဟုနေယျော ဒက္ခိနေယျော
အဉ္ဇလီကရဏီယော အနုတ္တရံ ပုညက္ခေတ္တံ လောကဿာတိ။

၁။ ဘဂဝတော၊ ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရား၏၊ သာဝက သံဃော၊ ဆုံးမထားဟန် တရားမှန်ကို နာခံလိုက်နာ အရိယာဟု သင်္ချာရှစ်ဖော် သံဃာတော်အပေါင်း သူတော်ကောင်းသည်။ သုပ္ပဋိပန္နော၊ တရားသဖြင့် ဆုံးမသင့်ရာ သာသနာဝယ် လျှော်စွာထုံးပြ ဆုံးအမကို လုံးဝလိုက်နာ ကောင်းမွန်စွာလည်း ကျင့်ကြံတော်မူတတ်ပါပေ၏၊

၂။ ဘဂဝတော၊ ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရား၏၊ သာဝက သံဃော၊ ဆုံးမထားဟန် တရားမှန်ကို နာခံလိုက်နာ အရိယာဟု သင်္ချာရှစ်ဖော် သံဃာတော်အပေါင်း သူတော်ကောင်းသည်။ ဥဇုပ္ပဋိပန္နော၊ စဉ်းလဲသမှု မာယာမှုဖြင့် ဖုဖုထစ်ထစ် မကောက်ကျစ်ပဲ စစ်စစ်နိဗ္ဗာန် လမ်းဖြောင့်မှန်အောင် လျှော်ကန်ချင့်မျှော် ကျင့်ကြံတော်မူတတ်ပါပေ၏၊

၃။ ဘဂဝတော၊ ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရား၏၊ သာဝက သံဃော၊ ဆုံးမထားဟန် တရားမှန်ကို နာခံလိုက်နာ အရိယာဟု သင်္ချာရှစ်ဖော် သံဃာတော်အပေါင်း သူတော်ကောင်းသည်။ ဉာယပ္ပဋိပန္နော၊ ကိုယ်ဝယ်ဝတ်နှောင် ဆံဥသျှောင်ကို မီးလောင်သော်ငြား မငြိမ်းအားဘဲ ကြီးမားလောင်မီး ဒုက္ခကြီးတို့ အပြီးဧကန် ငြိမ်းရာမှန်သည့် နိဗ္ဗာန်အလို့ငှါ ကျင့်တော်မူတတ်ပါပေ၏၊

၄။ ဘဂဝတော၊ ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရား၏၊ သာဝက သံဃော၊ ဆုံးမထားဟန် တရားမှန်ကို နာခံလိုက်နာ အရိယာဟု သင်္ချာရှစ်ဖော် သံဃာတော်အပေါင်း သူတော်ကောင်းသည်။ သာမီစိပ္ပဋိပန္နော၊ ရိုသေသမှု လူတို့ပြုသည် သာမီစိကံ လျော်ထိုက်တန်အောင် ကျင့်ကြံတော်မူတတ်ပါပေ၏၊

စတ္တာရိ၊ မဂ်ဖိုလ်နှစ်ပါး တစ်စုံအားဖြင့် လေးပါးကုန်သော။ ယဒိဒံ ပုရိသယုဂါနိ၊ အကြင်ယောကျ်ားအစုံတို့သည်။ အဋ္ဌ၊ အသီးအခြား ခွဲသောအားဖြင့် ရှစ်ပါးကုန်သော။ ပုရိသပုဂ္ဂလာ၊ ပုရိသပုဂ္ဂလ ခေါ်ကြထိုထို မြင့်မြတ်သော ပုဂ္ဂိုလ်တို့ပါပေတည်း။

၅။ ဘဂဝတော၊ ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရား၏၊ ဧသ ဧသော သာဝကသံဃော၊ အစုံလေးပါး သီးခြားရှစ်ဖော် သံဃာတော်အပေါင်း ဤအရိယာ သူတော်ကောင်းသည်။ အာဟုနေယျော၊ တုံ့ပြန်ကြီးလေး အကျိုးပေးသဖြင့် အဝေးမှယူ ဆောင်၍မူလည်း ကြည်ဖြူလေးမြတ် ပူဇော်အပ်သည့် လာဘ်သပ်ပကာ အဖြာဖြာကို ကောင်းစွာသိမ်းပိုက် ခံယူခြင်းငှါလည်း ထိုက်တော်မူပါပေ၏၊

၆။ ဘဂဝတော၊ ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရား၏၊ ဧသ ဧသော သာဝကသံဃော၊ အစုံလေးပါး သီးခြားရှစ်ဖော် သံဃာတော်အပေါင်း ဤအရိယာ သူတော်ကောင်းသည်။ ပါဟုနေယျော၊ ဝေးရပ်မျိုးနွယ် များဧည့်သည်ဖို့ ရည်ရွယ်မှန်းထား ပစ္စည်းများကို ဘုရားတစ်ဆူ ပွင့်တော်မူမှ ပေါ်လာကြသည့် ကမ္ဘာ့ဧည့်ကောင်း သူတော်ပေါင်းမို့ အကြောင်းထိုက်စွာ ပေးလှူခြင်းငှါလည်း ထိုက်တော်မူပါပေ၏၊

၇။ ဘဂဝတော၊ ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရား၏၊ ဧသ ဧသော သာဝကသံဃော၊ အစုံလေးပါး သီးခြားရှစ်ဖော် သံဃာတော်အပေါင်း ဤအရိယာ သူတော်ကောင်းသည်။ ဒက္ခိဏေယျော၊ တမလွန်စခန်း ကြီးပွားလမ်းဖို့ မျှော်မှန်းရည်ရွယ် ပေးလှူဖွယ်ကို ရည်ရွယ်သမျှ အကျိုးရသဖြင့် တစ်စမချန် အလှူခံခြင်းငှါလည်း ထိုက်တော်မူပါပေ၏၊

၈။ ဘဂဝတော၊ ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရား၏၊ ဧသ ဧသော သာဝကသံဃော၊ အစုံလေးပါး သီးခြားရှစ်ဖော် သံဃာတော်အပေါင်း ဤအရိယာ သူတော်ကောင်းသည်။ အဉ္ဇလီကရဏီယော၊ လောကအားလုံး ကိုင်းညွှတ်ရုံးလျက် ရွှင်ပြုံးကြည်ညို ရိုသေမြတ်နိုး လက်အုပ်မိုး၍ ရှိခိုးခြင်းကိုလည်း ထိုက်တော်မူပါပေ၏၊

၉။ ဘဂဝတော၊ ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရား၏၊ ဧသ ဧသော သာဝကသံဃော၊ အစုံလေးပါး သီးခြားရှစ်ဖော် သံဃာတော်အပေါင်း ဤအရိယာ သူတော်ကောင်းသည်။ လောကဿ၊ လူ နတ် ဗြဟ္မာ သတ္တဝါအပေါင်း၏၊ အနုတ္တရံ၊ အတုမရှိမြတ်ခေါင်ထိသော။ ပုညက္ခေတ္တံ၊ ကုသိုလ်ကောင်းမှု မျိုးစေ့စု၏ ကြီးထုမြင့်မား စွင့်စွင့်ကားလျက် ဖွင့်ထားဖွယ်ရာ လယ်ယာမြေကောင်းအတူ ဖြစ်တော်မူပါပေ၏၊

သံဃာရှိခိုးဂါထာ

ဧဝံ နဝဟိ ဂုဏေဟိ၊ လောကမှိ ဝိဿုတံ ဂဏံ။
သာသနံ စိရဓာတာရံ၊ ဝန္ဒာမိ တီဟိ သာဒရံ။

ဧဝံ နဝဟိ ဂုဏေဟိ၊ ဤသုပ္ပဋိပန္နတာ အစလာသည့် ကိုးဖြာသော ဂုဏ်တော်အပေါင်းတို့ဖြင့်။ လောကမှိ၊ ဘဝဂ်ဆုံးအောင် ဘုံသုံးဆောင်၌။ ဝိဿုတံ၊ တိတ္ထိတို့ဘောင် လွန်မြားမြောင်သည့် ဟန်ဆောင်သံဃာ အဖြာဖြာထက် အရာရာဖြင့် ဂုဏ်ရည်တင့်၍ ကြီးမြင့်ထင်ရှားပေးထသော။ သာသနံ၊ ကမ္ဘာ့ကမ္ဘာလွန်လေပါလည်း တစ်ခါတစ်ဖန် ကြုံရန်ခဲကပ် အမြတ်ရတနာ ဤသာသနာတော်မြတ်ကြီးကို။ စိရဓာတာရံ၊ ဘုရားလက်ထက် အဆက်ဆက်မှ မပျက်ရအောင် ပို့ချသင်ယူ ဆောင်ရွက်တော်မူလာပေထသော။ ဂဏံ၊ အတွင်းစိတ်ဓာတ် မြင့်မြတ်ကြည်လင် သူတော်စင်ကောင်း အရိယာ သံဃာတော်အပေါင်းကို။ တီဟိ၊ လက်အုပ် အဉ္ဇလီ နှုတ်သံချီလျက် ရွှင်ကြည်မနော သုံးပါးသောဒွါရတို့ဖြင့်။ သာဒရံ၊ လေးမြတ်ကြည်ညို ရိုသေခြင်းရှိသည်ဖြစ်၍။ ဝန္ဒာမိ၊ ဂုဏ်တော်ထုံမွှမ်း ပုံတော်မှန်းလျက် ချီးမွှမ်းထောမနာ ပဏာညွှတ်ကျိုး လက်စုံမိုး၍ ရှိခိုးကန့်တော့ပါ၏ဘုရား။

(သံဃာဂုဏ်တော်ကိုးပါးပြီး၏၊)

ပရိတ်ကြီး မေတ္တာပို့

ပရိတ်ကြီးပါဠိတော်

၁။ သမန္တာ စက္ကဝါဠေသု၊ အတြာဂစ္ဆ န္တု ဒေဝတာ။
သဒ္ဓမ္မံ မုနိရာဇဿ၊ သုဏန္တု သဂ္ဂမောက္ခဒံ။

၂။ (ဓမ္မဿဝန ကာလော အယံ ဘဒ္ဒန္တာ။)၃

၃။ နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ၊ (၃)

၄။ ယေသန္တာသန္တစိတ္တာတိသရဏသရဏာဧတ္ထလောကန္တရေဝါ။
ဘုမ္မာဘုမ္မာ စ ဒေဝါ ဂုဏ, ဂဏ, ဂဟဏ, ဗျာဝဋာသဗ္ဗကာလံ။
ဧတေအာယန္တု ဒေဝါ ဝရ, ကနက, မယေ မေရုရာဇေဝသန္တော၊
သန္တော သန္တော သဟေတုံ မုနိဝရဝစနံ သောတုမဂ္ဂံ သမဂ္ဂါ။

၅။ သဗ္ဗေသု စက္ကဝါဠေသု ယက္ခာဒေဝါစ ဗြဟ္မနော။
ယံ အမှေဟိ ကတံပုညံ၊ သဗ္ဗသမ္ပတ္တိသာဓကံ။

၆။ သဗ္ဗေ တံ အနုမောဒိတွာ၊ သမဂ္ဂါ သာသနေ ရတာ။
ပမာဒရဟိတာ ဟောန္တု၊ အာရက္ခာသု ဝိသေသတော။

၇။ သာသနဿ စ လောကဿ၊ ဝုဍ္ဎို ဘဝတု သဗ္ဗဒါ။
သာသနမ္ပိ စ လောကဉ္စ၊ ဒေဝါ ရက္ခန္တု သဗ္ဗဒါ။

၈။ သဒ္ဓိံ ဟောန္တု သုခီ သဗ္ဗေ၊ ပရိဝါရေဟိ အတ္တနော။
အနီဃာ သုမနာ ဟောန္တု၊ သဟ သဗ္ဗေဟိ ဉာတိဘိ။

၉။ ရာဇတောဝါ စောရတောဝါ မနုဿတောဝါ အမနုဿတော
ဝါ အဂ္ဂိတော ဝါ ဥဒကတော ဝါ ပိသာစတော ဝါ
ခါဏုကတော ဝါ ကဏ္ဋကတော ဝါ နက္ခတ္တတော ဝါ
ဇနပဒရောဂတော ဝါ အသဒ္ဓမ္မတော ဝါ အသန္ဒိဋ္ဌိတော ဝါ
အသပ္ပုရိသတောဝါ စဏ္ဍ, ဟတ္ထိ, အဿ, မိဂ, ဂေါဏ, ကုက္ကုရ-
အဟိ, ဝိစ္ဆိက, မဏိသပ္ပ, ဒီပိ, အစ္ဆ, တရစ္ဆ, သူကရ, မဟိံသ, ယက္ခ,
ရက္ခသာဒိဟ,ိနာနာဘယတော ဝါ နာနာရောဂတော ဝါ
နာနာဥပဒ္ဒဝတော ဝါ အာရက္ခံ ဂဏှန္တု။

တနင်္ဂနွေနေ့ - မင်္ဂလသုတ်
တနင်္လာနေ့ - ရတနသုတ်
အင်္ဂါနေ့ - မေတ္တသုတ်
ဗုဒ္ဓဟူးနေ့ - ခန္ဓသုတ်၊ မောရသုတ်၊ ဝဋ္ဋသုတ်။
ကြာသပတေးနေ့ - ဓဇဂ္ဂသုတ်
သောကြာနေ့ - အာဋာနာဋိယသုတ်
စနေနေ့ - အင်္ဂုလိမာလသုတ်၊ ဗောဇ္ဈင်္ဂသုတ်၊ ပုဗ္ဗဏှသုတ်။

(ပရိတ်ကြီးပါဠိတော်ပြီး၏၊)

ဧဝံ ဗုဒ္ဓံ သရန္တာနံ၊ ဓမ္မံ သံဃဉ္စ ဘိက္ခဝေါ။
ဘယံ ဝါ ဆမ္ဘိတတ္တံဝါ လောမဟံသော န ဟေဿတိ။
ယံ ဒုန္နိမိတ္တံ အဝမင်္ဂလဉ္စ၊ ယောစာ'မနာပေါ သကုဏဿ သဒ္ဒေါ။
ပါပဂ္ဂဟော ဒုဿုပိနံ အကန္တံ၊ ဗုဒ္ဓါနုဘာဝေန ဝိနာသ'မေန္တု။
ယံ ဒုန္နိမိတ္တံ အဝမင်္ဂလဉ္စ၊ ယောစာ'မနာပေါ သကုဏဿ သဒ္ဒေါ။
ပါပဂ္ဂဟော ဒုဿုပိနံ အကန္တံ၊ ဓမ္မာနုဘာဝေန ဝိနာသ'မေန္တု။
ယံ ဒုန္နိမိတ္တံ အဝမင်္ဂလဉ္စ၊ ယောစာ'မနာပေါ သကုဏဿ သဒ္ဒေါ။
ပါပဂ္ဂဟော ဒုဿုပိနံ အကန္တံ၊ သံဃာနုဘာဝေန ဝိနာသ'မေန္တု။

မေတ္တာပို့

ဘေးရန်ခပ်သိမ်း ငြိမ်းတော်မူသော မြတ်စွာဘုရား၊ ကုသိုလ်ရှင်အားလုံးတို့ ဘေးရန် ခပ်သိမ်းငြိမ်းကြပါစေ။ (သုံးခေါက်)
ဘေးရန်ခပ်သိမ်း ငြိမ်းတော်မူသော မြတ်စွာဘုရား၊ သတ္တဝါအားလုံးတို့ ဘေးရန် ခပ်သိမ်းငြိမ်းကြပါစေ။ (သုံးခေါက်)

ပစ္စဝေက္ခဏာဆင်ခြင်

သင်္ကန်း၌ ဆင်ခြင်ရန်

ချမ်းပူကိုဖျက်၊ ခြင်, မှက်, လေ, နေ၊ ကင်း, မြွေလွှဲသုန်၊ ဟိရီဂုဏ်ကို၊ ကုန်စေတတ်စွာ၊ ကိုယ်အင်္ဂါကို၊ လုံပါစေလို၊ ကိုယ်ကိုစမ္ပယ်၊ ဆင်ပြင်မယ်ဟု၊ စိတ်ဝယ်မသန်း၊ ဤသင်္ကန်းကို၊ ဖုံးလွှမ်း သုံးဆောင်ပါသတည်း။

ဆွမ်းစားရာ၌ ဆင်ခြင်ရန်

ဤသည့်စားဖွယ်၊ အမယ်မယ်ကို၊ မြူးရယ်မာန်ကြွ၊ လှပရေဆင်း၊ ပြည့်ဖြိုးခြင်းငှာ၊ မသုံးပါဘူး၊ လေးဖြာဓာတ်ဆောင်၊ ဤကိုယ်ကောင် သည်၊ ရှည်အောင်တည်လျက်၊ အသက်မျှတန်း၊ မမောပန်းငြား၊ ဘုရားသာသနာ၊ ကျင့်နှစ်ဖြာကို၊ ကျင့်နိုင်ပါစေ၊ ဝေဒနာဟောင်းသစ်၊ မဖြစ်စေရ၊ ယာပိုထ်မျှလစ်၊ ခပ်သိမ်းပြစ်ကို၊ မဖြစ်လေအောင်၊ ချမ်းမြေ့အောင်ဟု၊ သုံးဆောင်မှီဝဲပါသတည်း။

ကျောင်း၌ ဆင်ခြင်ရန်

ချမ်း-ပူကိုဖျက်၊ ခြင်, မှက်, လေ, နေ၊ ကင်း, မြွေဝေးမှု ဥတုဘေးဘျမ်း၊ မသန်းကင်းစင်၊ စိတ်ကြည်လင်ကြောင်း၊ နေရာကျောင်းကို၊ ကိန်းအောင်းမှီခိုပါသတည်း။

ဆေးပစ္စည်း၌ ဆင်ခြင်ရန်လင်္ကာ

ကျင်နာခံခက်၊ နှိပ်စက်ဖိစီး၊ ဖြစ်ပြီးဖြစ်လာ၊ ဝေဒနာကို၊ စွန့်ခွာပယ်လျင်း၊ ဆင်းရဲကင်း၍၊ လူမင်းမြတ်စွာ၊ သာသနာကို၊ ကြည်သာရွှင်လန်း၊ ကျင့်ဖြည့်စွမ်းနိုင်ဖို့ ရည်မှန်းသုံးဆောင် ပါသတည်း။

အလုံးစုံကို တစ်ခါတည်းပြီး ဆင်ခြင်ပုံကား

ဘိနပ်, ဆီမီး၊ ထီး, တောင်ဝှေးစ၊ ဟူသမျှကို၊ အေးမြချမ်းပူ၊ မြေငူသစ်ငုတ်၊ ခလုပ်ဆူးငြောင့်၊ မနှောင့်ဘေးဘျမ်း၊ မသန်း ကင်းစင်၊ စိတ်ကြည်လင်၍၊ အားအင်ပြည့်မာ၊ သာသနာကို၊ ကောင်းစွာကျင့်ဆောင်၊ ဖြည့်နိုင်အောင်ဟု သုံးဆောင် မှီဝဲ ပါသတည်း။



ဒေသနာဂါမ်အာပတ် ကုစားနည်း

သီတင်းငယ်က သီတင်းကြီးထံ ဒေသနာပြောပုံ

ငယ်။။ အဟံ ဘန္တေ သဗ္ဗာ အာပတ္တိယော အာဝိကရောမိ - အရှင်ဘုရား ... ဘုရားတပည့်တော်သည် အလုံးစုံ သင့်သမျှသော အာပတ်တို့ကို ထင်စွာ ပြုပါ၏၊

ကြီး။။ သာဓု အာဝုသော သာဓု သာဓု - ကောင်းပြီ ငါ့ရှင်၊ ကောင်းပြီကောင်းပြီ။

ငယ်။။ အဟံ ဘန္တေ သမ္ဗဟုလာ နာနာဝတ္ထုကာ သဗ္ဗာ အာပတ္တိယော အာပဇ္ဇိံ၊ တာ တုမှမူလေ ပဋိဒေသေမိ - အရှင်ဘုရား ...ဘုရားတပည့်တော် သည် များစွာကုန်သော အမျိုးမျိုးဝတ္ထု ရှိကုန်သော အလုံးစုံကုန်သော အာပတ်တို့သို့ ရောက်ပါပြီ၊ ထိုအာပတ်တို့ကို အရှင်ဘုရား၏ အထံ၌ ပြောပြပါ၏၊

ကြီး။။ ပဿသိ အာဝုသော တာ အာပတ္တိယော - ငါ့ရှင် ...ထို အာပတ်တို့ကို ရှုပါ၏လော။

ငယ်။။ အာမ ဘန္တေ ပဿာမိ - မှန်ပါ အရှင်ဘုရား ...ရှုပါ၏၊

ကြီး။။ အာယတိံ အာဝုသော သံဝရေယျာသိ - ငါ့ရှင် ...နောက်နောင်အခါ (အာပတ်မသင့်အောင်) စောင့်စည်းလော့။

ငယ်။။ သာဓု သုဋ္ဌု ဘန္တေ သံဝရိဿာမိ - ကောင်းပါပြီ အရှင်ဘုရား ... ကောင်းစွာ စောင့်စည်းပါအံ့။

ကြီး။။ သာဓု အာဝုသော သာဓု သာဓု - ကောင်းပြီ ငါ့ရှင် ...ကောင်းပြီ ကောင်းပြီ။

[ငယ် ပြီး၏၊]

သီတင်းကြီးက ပြောပုံ

(အနက်အဓိပ္ပာယ် အငယ်၌ ကဲ့သို့ ယူ။)

ကြီး။။ အဟံ အာဝုသော သဗ္ဗာ အာတ္တိယော အာဝိကရောမိ။

ငယ်။။ သာဓု ဘန္တေ သာဓု သာဓု။

ကြီး။။ အဟံ အာဝုသော သမ္ဗဟုလာ နာနာဝတ္ထုကာ သဗ္ဗာ အာပတ္တိယော အာပဇ္ဇိံ၊ တာ တုယှမူလေ ပဋိဒေသေမိ။

ငယ်။။ ပဿထ ဘန္တေ တာ အာပတ္တိယော။

ကြီး။။ အာမ အာဝုသော ပဿာမိ။

ငယ်။။ အာယတိံ ဘန္တေ သံဝရေယျာထ။

ကြီး။။ သာဓု သုဋ္ဌု အာဝုသော သံဝရိဿာမိ။

ငယ်။။ သာဓု ဘန္တေ သာဓု သာဓု။

[ကြီး ပြီး၏၊]

ဝတ္ထု သဘာဂ ဖြစ်ခဲ့မူ ပြန်ကြားပုံ

ငယ်။။ အဟံ ဘန္တေ သမ္ဗဟုလာ နာနာဝတ္ထုကာ သဗ္ဗာ အာပတ္တိယော အာပဇ္ဇိံ၊ တာ တုမှမူလေ ပဋိဒေသေမိ။

ကြီး။။ ပဿသိ အာဝုသော တာ အာပတ္တိယော။

ငယ်။။ အာမ ဘန္တေ ပဿာမိ။

ကြီး။။ အာယတိံ အာဝုသော သံဝရေယျာသိ။

ငယ်။။ သာဓု သုဋ္ဌု ဘန္တေ သံဝရိဿာမိ။

ကြီး။။ သာဓု အာဝုသော သာဓု သာဓု။

မှတ်ချက်။။ ဝတ္ထုသဘာဂကား အတူတကွ လွန်ကျူးရာ၌ ထင်ရှား၏၊ တခြားစီ လွန်ကျူးခြင်း၊ မအပ်မရာပစ္စည်း အသီးသီး ရှိသူချင်းဖြစ်လျှင် မထင်ရှား။ [ဝတ္ထုသဘာဂ ရှိ, မရှိကို သိဖို့ရန် ခဲယဉ်း၏၊ ထို့ကြောင့် ပြန်ကြားသင့်၏၊၊]

ပဋ္ဌာန်း

(၁) ပစ္စယုဒ္ဒေသော

ဟေတုပစ္စယောအာရမ္မဏပစ္စယောအဓိပတိပစ္စယောအနန္တရပစ္စယောသမနန္တရပစ္စယောသဟဇာတပစ္စယောအညမညပစ္စယောနိဿယပစ္စယောဥပနိဿယပစ္စယောပုရေဇာတပစ္စယောပစ္ဆာဇာတပစ္စယောအာသေဝနပစ္စယောကမ္မပစ္စယောဝိပါကပစ္စယောအာဟာရပစ္စယောဣန္ဒြိယပစ္စယောစျာနပစ္စယောမဂ္ဂပစ္စယောသမ္ပယုတ္တပစ္စယောဝိပ္ပယုတ္တပစ္စယောအတ္ထိပစ္စယောနတ္ထိပစ္စယောဝိဂတပစ္စယောအဝိဂတပစ္စယောတိ

(၂) ပစ္စယနိဒ္ဒေသော

၁။ ဟေတုပစ္စယောတိ -- ဟေတူ ဟေတုသမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ ဟေတုပစ္စယေန ပစ္စယော။

၂။ အာရမ္မဏပစ္စယောတိ -- ရူပါယတနံ စက္ခုဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော။

သဒ္ဒါယတနံ သောတဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော။ ဂန္ဓာယတနံ ဃာနဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော။ ရသာယတနံ ဇိဝှါဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော။ ဖောဋ္ဌဗ္ဗာယတနံ ကာယဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော။ ရူပါယတနံ သဒ္ဒါယတနံ ဂန္ဓာယတနံ ရသာယတနံ ဖောဋ္ဌဗ္ဗာယတနံ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော။ သဗ္ဗေ ဓမ္မာ မနောဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော။

ယံ ယံ ဓမ္မံ အာရဗ္ဘ ယေ ယေ ဓမ္မာ ဥပ္ပဇ္ဇန္တိ စိတ္တစေတသိကာ ဓမ္မာ၊ တေ တေ ဓမ္မာ တေသံ တေသံ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော

၃။ အဓိပတိပစ္စယောတိ -- ဆန္ဒာဓိပတိ ဆန္ဒသမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ အဓိပတိပစ္စယေန ပစ္စယော။ ဝီရိယာဓိပတိ ဝီရိယသမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ အဓိပတိပစ္စယေန ပစ္စယော။ စိတ္တာဓိပတိ စိတ္တသမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ အဓိပတိပစ္စယေန ပစ္စယော။ ဝီမံသာဓိပတိ ဝီမံသသမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ အဓိပတိပစ္စယေန ပစ္စယော။

ယံ ယံ ဓမ္မံ ဂရုံ ကတွာ ယေ ယေ ဓမ္မာ ဥပ္ပဇ္ဇန္တိ စိတ္တစေတသိကာ ဓမ္မာ၊ တေ တေ ဓမ္မာ တေသံ တေသံ ဓမ္မာနံ အဓိပတိပစ္စယေန ပစ္စယော

၄။ အနန္တရပစ္စယောတိ -- စက္ခုဝိညာဏဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။ မနောဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။

သောတဝိညာဏဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။ မနောဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။

ဃာနဝိညာဏဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။ မနောဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။

ဇိဝှါဝိညာဏဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။ မနောဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။

ကာယဝိညာဏဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။ မနောဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။

ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။ ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အဗျာကတာနံ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။

ပုရိမာ ပုရိမာ အကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။ ပုရိမာ ပုရိမာ အကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အဗျာကတာနံ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။

ပုရိမာ ပုရိမာ အဗျာကတာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အဗျာကတာနံ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။ ပုရိမာ ပုရိမာ အဗျာကတာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။ ပုရိမာ ပုရိမာ အဗျာကတာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။

ယေသံ ယေသံ ဓမ္မာနံ အနန္တရာ ယေ ယေ ဓမ္မာ ဥပ္ပဇ္ဇန္တိ စိတ္တစေတသိကာ ဓမ္မာ၊ တေ တေ ဓမ္မာ တေသံ တေသံ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော