မာတိကာသို့ ခုန်သွားရန်

နိဗ္ဗာနဂါမိနိပဋိပဒါ-တတိယတွဲ/ပဋ္ဌာန်းပစ္စည်း ဆက်သွယ်ပုံ

ဝီကီရင်းမြစ် မှ

ပဋ္ဌာန်းပစ္စည်း ဆက်သွယ်ပုံ

ဤသည့်တိုင်အောင် ရေးသားတင်ပြခဲ့သော ပဋိစ္စသမုပ္ပါဒ်ရှုကွက် (၅)နည်းတို့ကို ကျွမ်းကျင်စွာ အတိတ် အဆက်ဆက် အနာဂတ်အဆက်ဆက်သို့ ဉာဏ်ကို စေလွှတ်၍ ရှုနိုင်ပါက အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းနိုင်ပါက အသင်သူတော်ကောင်း၏ သန္တာန်ဝယ် ပစ္စယပရိဂ္ဂဟဉာဏ်ကား ပြည့်စုံလောက်ပြီ ဖြစ်ပေသည်။ ကံ-ကံ၏ အကျိုးတရားကိုလည်း တစ်စိတ်တစ်ဒေသအားဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်ပြီး ဖြစ်ပေသည်။

သို့သော် ဤမျှဖြင့် တင်းတိမ်အားရမှု ကျေနပ်မှုကို မရရှိနိုင်သေးသော ပဋ္ဌာန်းပစ္စည်း ဆက်သွယ်ပုံများကို အလွန်စိတ်ဝင်စားသော ယောဂီသူတော်စင်အချို့တို့လည်း ရှိတတ်ကြ၏။ ထိုယောဂီသူတော်ကောင်းများအတွက် အကြောင်းတရားကြောင့် အကျိုးတရားများ ဖြစ်ရာဝယ် အကြောင်းတရားတို့က မည်သို့မည်ပုံ ဝိုင်းဝန်းကျေးဇူး ပြု၍ အကျိုးတရားတို့ ဖြစ်ပေါ်လာကြရသည်ကို ပိုမိုနက်ရှိုင်းစွာ ဉာဏ်ကျက်စားနိုင်ရန် အလို့ငှာ ပဋ္ဌာန်းပစ္စည်း ဆက်သွယ်ပုံ သဘောတရားများကို အခွင့်သင့်ခိုက် ထပ်မံ၍ ရှင်းလင်း တင်ပြအပ်ပါသည်။

သို့သော် ယခု တင်ပြအပ်လတ္တံ့သည့်အတိုင်း ပဋ္ဌာန်းပစ္စည်းဆက်သွယ်ပုံများကို တိတိကျကျ သိရှိပါမှ ပစ္စယပရိဂ္ဂဟဉာဏ်သည် ပြည့်စုံသည်ဟူ၍ကား မယူဆစေလိုပါ။ ပစ္စယသတ္တိထူးများကို မသိသော်လည်း အကြောင်းတရားကြောင့် အကျိုးတရား ဖြစ်ပုံကို ပုံစံမှန် ရှုနိုင်လျှင် တစ်စိတ်တစ်ဒေသအားဖြင့် ကံ-ကံ၏ အကျိုးကို ရှုနိုင်လျှင် သာဝကတစ်ဦးအတွက် ထိုက်သင့်သော ပစ္စယပရိဂ္ဂဟဉာဏ်ကား ပြည့်စုံ လုံလောက် သည်သာ ဖြစ်ပါသည်။ ကြောင်း-ကျိုးဆက်နွယ်မှု သဘောတရားတို့ကို ပိုမို နက်ရှိုင်းစွာ ပိုမို တိကျစွာ ပိုမို ကျယ်ပြန့်စွာ သဘောပေါက်ရေး ဉာဏ်ကျက်စားနိုင်ရေး အတွက်သာ ဆက်လက် တင်ပြခြင်း ဖြစ်ပါသည်။

ထိုကျယ်ပြန့်သော ကြောင်း-ကျိုးဆက်နွယ်မှု သဘောတရားတို့ကို စနစ်တကျ နားလည်ရေးအတွက် ဆရာစဉ်ဆက် သင်ကြားပို့ချလာခဲ့သော နှစ်ချက်စု သုံးချက်စုစသည့် သင်နည်းမှတ်ချက် တစ်ခုခုကိုကား ကျေပွန်စွာ အလွတ်ရထားရမည် ဖြစ်ပါသည်။ ထို့ပြင် ပဋ္ဌာန်းပစ္စယနိဒ္ဒေသပါဠိတော်နှင့် အရကောက် အနက် အဓိပ္ပါယ်တို့ကိုလည်း ကျေပွန်စွာ လေ့လာထားသင့်ပေသည်။ ဤတွင် ဆရာစဉ်ဆက် သင်ကြားပို့ချလာသော နှစ်ချက်စုကို ရေးသား တင်ပြအပ်ပါသည်။

ပဋ္ဌာန်း (၂) ချက်စု

သဟဇာတကြီး (၄) မျိုး

သဟဇာတ-နိဿယ-အတ္ထိ-အဝိဂတတို့၌ ပစ္စည်းတရားကား ----

၁။ အချင်းချင်းအား တပ်သော စိတ် (၈၉), စေတသိက် (၅၂) ပဝတ္တိ ပဋိသန္ဓေ နာမက္ခန္ဓာ (၄)ပါး။

၂။ အချင်းချင်းအား တပ်သော မဟာဘုတ် (၄)ပါး။

၃။ အချင်းချင်းအား တပ်သော ပဉ္စဝေါကာရ ပဋိသန္ဓေ နာမက္ခန္ဓာ (၄)ပါးနှင့် ဟဒယဝတ္ထု။

၄။ စိတ္တဇရုပ် ပဋိသန္ဓေကမ္မဇရုပ်အား တပ်သော ပဉ္စဝေါကာရဘုံ၌ ဖြစ်သောအခါ အရူပဝိပါက် (၄)ခု၊ ဒွေပဉ္စဝိညာဏ် (၁၀)၊ ရဟန္တာတို့၏ စုတိစိတ်ကြဉ်သော စိတ်(၇၅)၊ စေတသိက် (၅၂)၊ ပဝတ္တိ ပဋိသန္ဓေ နာမက္ခန္ဓာ (၄)ပါး။

၅။ ဥပါဒါရုပ်အား တပ်သော မဟာဘုတ် (၄)ပါးတည်း။

[မှတ်ချက် --- အချင်းချင်းအား တပ်သောဟူသည် အချင်းချင်းအား ကျေးဇူးပြုတတ်သောဟု ဆိုလိုသည်။ စိတ္တဇရုပ် ပဋိသန္ဓေကမ္မဇရုပ်အား တပ်သောဟူသည် စိတ္တဇရုပ် ပဋိသန္ဓေကမ္မဇရုပ်အား ကျေးဇူးပြုတတ်သောဟု ဆိုလိုသည်။ ဥပါဒါရုပ်အား တပ်သောဟူသည် ဥပါဒါရုပ်အား ကျေးဇူးပြုတတ်သောဟု ဆိုလိုသည်။]

ပစ္စယုပ္ပန်တရားကား ---

၁။ အချင်းချင်းမှ ထောက်အပ်သော စိတ် (၈၉), စေတသိက် (၅၂), ပဝတ္တိ ပဋိသန္ဓေ နာမက္ခန္ဓာ (၄)ပါး။

၂။ အချင်းချင်းမှ ထောက်အပ်သော မဟာဘုတ် (၄)ပါး။

၃။ အချင်းချင်းမှ ထောက်အပ်သော ပဉ္စဝေါကာရ ပဋိသန္ဓေ နာမက္ခန္ဓာ (၄)ပါးနှင့် ဟဒယဝတ္ထု။

၄။ နာမက္ခန္ဓာမှ ထောက်အပ်သော စိတ္တဇရုပ် ပဋိသန္ဓေကမ္မဇရုပ်။

၅။ မဟာဘုတ်မှ ထောက်အပ်သော ဥပါဒါရုပ်တည်း။

သဟဇာတလတ် (၄) မျိုး

အညမည၌ ပစ္စည်းတရားကား --- သဟဇာတ (၁) (၂) (၃) ပစ္စည်းတရားတို့ပင်တည်း။

ပစ္စယုပ္ပန်တရားကား --- သဟဇာတ (၁) (၂) (၃) ပစ္စယုပ္ပန်တရားတို့ပင်တည်း။

ဝိပါက၌ ပစ္စည်းတရားကား ---

၁။ အချင်းချင်းအားတပ်သော ဝိပါက်စိတ် ဆတ္တိံသ၊ စေတသိက် အဋ္ဌတိံသ၊ ပဝတ္တိ ပဋိသန္ဓေနာမက္ခန္ဓာ (၄)ပါး၊

၂။ ဝိပါက် စိတ္တဇရုပ် ပဋိသန္ဓေကမ္မဇရုပ်အား တပ်သော ပဉ္စဝေါကာရဘုံ၌ ဖြစ်သောအခါ အရူပဝိပါက် (၄)ခု၊ ဒွေပဉ္စဝိညာဏ် (၁၀)၊ ရဟန္တာတို့၏ စုတိစိတ်ကြဉ်သော ဝိပါက်စိတ် ဗာဝီသ၊ စေတသိက် အဋ္ဌတိံသ၊ ပဝတ္တိ ပဋိသန္ဓေ နာမက္ခန္ဓာ (၄)ပါး၊

၃။ ဟဒယဝတ္ထုအား တပ်သော ပဉ္စဝေါကာရ ပဋိသန္ဓေ နာမက္ခန္ဓာ (၄)ပါးတည်း။

ပစ္စယုပ္ပန်တရားကား ---

၁။ အချင်းချင်းမှထောက်အပ်သော ဝိပါက်စိတ် ဆတ္တိံသ၊ စေတသိက် အဋ္ဌတိံသ၊ ပဝတ္တိ ပဋိသန္ဓေ နာမက္ခန္ဓာ (၄)ပါး၊

၂။ ဝိပါက် နာမက္ခန္ဓာမှ ထောက်အပ်သော စိတ္တဇရုပ် ပဋိသန္ဓေ ကမ္မဇရုပ်၊

၃။ ပဉ္စဝေါကာရ ပဋိသန္ဓေနာမက္ခန္ဓာမှ ထောက်အပ်သော ဟဒယဝတ္ထုတည်း။

သမ္ပယုတ္တ၌ ပစ္စည်းတရားကား --- သဟဇာတ (၁) ပစ္စည်းတရားတို့ပင်တည်း။

ပစ္စယုပ္ပန်တရားကား --- သဟဇာတ (၁) ပစ္စယုပ္ပန်တရားတို့ပင်တည်း။

ဝိပ္ပယုတ္တ၌ ပစ္စည်းတရားကား --- သဟဇာတ (၃) (၄) ပစ္စည်းတရားတို့ပင်တည်း။

ပစ္စယုပ္ပန်တရားကား --- သဟဇာတ (၃) (၄) ပစ္စယုပ္ပန်တရားတို့ပင်တည်း။

သဟဇာတငယ် (၇) မျိုး

ဟေတု၌ ပစ္စည်းတရားကား --- လောဘ ဒေါသ မောဟ၊ အလောဘ အဒေါသ အမောဟတည်း။

ပစ္စယုပ္ပန်တရားကား --- သဟိတ် စိတ် ဧကသတ္တတိ၊ မောဟမူဒွေ၌ မောဟကြဉ်သော စေတသိက် ဒွေပညာသ၊ သဟိတ် စိတ္တဇရုပ် သဟိတ် ပဋိသန္ဓေကမ္မဇရုပ်တည်း။

အဓိပတိ၌ ပစ္စည်းတရားကား --- အဓိပတိကိစ္စတပ်ခိုက် ဆန္ဒ ဝီရိယ စိတ် ဝီမံသ (၃)ပါး (၄)ပါးတို့တွင် တစ်ပါးပါးတည်း။

ပစ္စယုပ္ပန်တရားကား --- အဓိပတိပစ္စည်းကို ရခိုက်ရနေ မောဟမူဒွေ၊ ဟသိတုပ္ပါဒ်ဇော ကြဉ်သော သာဓိပတိဇော (၅၂)ခု၊ အဓိပတိတရားကိုယ်၊ ဝိစိကိစ္ဆာကြဉ်သော စေတသိက် ဧကပညာသ၊ သာဓိပတိ စိတ္တဇရုပ်တည်း။

ကမ္မ၌ ပစ္စည်းတရားကား --- စေတနာတည်း။

ပစ္စယုပ္ပန်တရားကား --- စိတ်(၈၉)၊ စေတနာကြဉ်သော စေတသိက် ဧကပညာသ၊ စိတ္တဇရုပ် ပဋိသန္ဓေကမ္မဇရုပ်တည်း။

အာဟာရ၌ ပစ္စည်းတရားကား --- ဖဿ စေတနာ ဝိညာဏ်တည်း။

ပစ္စယုပ္ပန်တရားကား --- စိတ် (၈၉), စေတသိက် ဒွေပညာသ၊ စိတ္တဇရုပ် ပဋိသန္ဓေကမ္မဇရုပ်တည်း။

ဣန္ဒြိယ၌ ပစ္စည်းတရားကား --- ဇီဝိတ စိတ် ဝေဒနာ သဒ္ဓါ ဝီရိယ သတိ ဧကဂ္ဂတာ ပညာတည်း။

ပစ္စယုပ္ပန်တရားကား --- စိတ် (၈၉), စေတသိက် ဒွေပညာသ၊ စိတ္တဇရုပ် ပဋိသန္ဓေကမ္မဇရုပ်တည်း။

စျာန၌ ပစ္စည်းတရားကား --- ဝိတက် ဝိစာရ ပီတိ ဝေဒနာ ဧကဂ္ဂတာတည်း။

ပစ္စယုပ္ပန်တရားကား --- ဒွေပဉ္စဝိညာဏ် (၁၀) ကြဉ်သော စိတ် (၇၉), စေတသိက် ဒွေပညာသ၊ စိတ္တဇရုပ် ပဋိသန္ဓေကမ္မဇရုပ်တည်း။

မဂ္ဂ၌ ပစ္စည်းတရားကား --- ပညာ ဝိတက် သမ္မာဝါစာ သမ္မာကမ္မန္တ သမ္မာအာဇီဝ ဝီရိယ သတိ ဧကဂ္ဂတာ ဒိဋ္ဌိတည်း။

ပစ္စယုပ္ပန်တရားကား --- သဟိတ်စိတ် ဧကသတ္တတိ၊ စေတသိက် ဒွေပညာသ၊ သဟိတ် စိတ္တဇရုပ်၊ သဟိတ် ပဋိသန္ဓေကမ္မဇရုပ်တည်း။

အာရမ္မဏ (၈) မျိုး သို့မဟုတ် (၁၁) မျိုး

အာရမ္မဏ၌ ပစ္စည်းတရားကား --- အာရုံ (၆)ပါးတည်း။ (ဝါ) ပစ္စုပ္ပန် အတိတ် အနာဂတ် ဖြစ်သော စိတ် (၈၉)၊ စေတသိက် ဒွေပညာသ၊ ရုပ် အဋ္ဌဝီသ၊ ကာလဝိမုတ်ဖြစ်သော နိဗ္ဗာန် ပညတ်တည်း။

ပစ္စယုပ္ပန်တရားကား --- စိတ် (၈၉)၊ စေတသိက် ဒွေပညာသတည်း။

အာရမ္မဏာဓိပတိ၊ အာရမ္မဏူပနိဿယတို့၌ ပစ္စည်းတရားကား --- အလေးအမြတ်ပြုအပ်သော ပစ္စုပ္ပန် အတိတ် အနာဂတ် ဣဋ္ဌ ဖြစ်သော နိပ္ဖန္နရုပ် အဋ္ဌာရသ၊ ဒေါသမူဒွေ မောဟမူဒွေ ဒုက္ခသဟဂုတ် ကာယဝိညာဏ်ကြဉ်သော စိတ် (၈၄)ခု၊ ဒေါသ ဣဿာ မစ္ဆရိယ ကုက္ကုစ္စ ဝိစိကိစ္ဆာကြဉ်သော စေတသိက် သတ္တစတ္တာလီသ၊ ကာလဝိမုတ်ဖြစ်သော နိဗ္ဗာန်တည်း။

ပစ္စယုပ္ပန်တရားကား --- အလေးအမြတ်ပြုတတ်သော လောဘမူစိတ် (၈)ခု၊ မဟာကုသိုလ်စိတ် (၈)ခု၊ မဟာကြိယာ ဉာဏသမ္ပယုတ်စိတ် (၄)ခု၊ လောကုတ္တရာစိတ် (၈)ခု၊ ဒေါသ ဣဿာ မစ္ဆရိယ ကုက္ကုစ္စ ဝိစိကိစ္ဆာ အပ္ပမညာကြဉ်သော စေတသိက် ပဉ္စစတ္တာလီသတည်း။

ဝတ္ထာရမ္မဏပုရေဇာတနိဿယ၊ ဝတ္ထာရမ္မဏပုရေဇာတ၊ ဝတ္ထာရမ္မဏပုရေဇာတဝိပ္ပယုတ္တ၊ ဝတ္ထာရမ္မဏပုရေဇာတတ္ထိ၊ ဝတ္ထာရမ္မဏပုရေဇာတအဝိဂတတို့၌ ပစ္စည်းတရားကား ---- မရဏာသန္နအခါ စုတိစိတ်မှ ပြန်၍ ရေသည်ရှိသော် (၁၇)ချက်မြောက်သော စိတ်နှင့် အတူဥပါဒ်သော ဟဒယဝတ္ထုတည်း။

ပစ္စယုပ္ပန်တရားကား --- ပဉ္စဝေါကာရဘုံ၌ ဝတ္ထာရမ္မဏပုရေဇာတနိဿယပစ္စည်းကို ရသောအခါ မနောဒွါရာဝဇ္ဇန်း၊ ကာမဇော တစ်ခုယုတ် (၃၀)၊ တဒါရုံ ဧကာဒသ၊ အဘိညာဉ်ဒွေ၊ ဣဿာ မစ္ဆရိယ ကုက္ကုစ္စ ဝိရတိ အပ္ပမညာ ကြဉ်သော စေတသိက် စတုစတ္တာလီသတည်း။

အာရမ္မဏပုရေဇာတ၊ အာရမ္မဏပုရေဇာတတ္ထိ၊ အာရမ္မဏပုရေဇာတအဝိဂတတို့၌ ပစ္စည်းတရားကား ပစ္စုပ္ပန် နိပ္ဖန္နရုပ် အဋ္ဌာရသတည်း။

ပစ္စယုပ္ပန်တရားကား --- ပဉ္စဝေါကာရဘုံ၌ အာရမ္မဏပုရေဇာတပစ္စည်းကို ရခိုက်ရနေ ကာမစိတ် စတုပညာသ၊ အဘိညာဉ်ဒွေ၊ အပ္ပမညာကြဉ်သော စေတသိက် ပညာသတည်း။

အနန္တရမျိုး (၇) မျိုး

အနန္တရ၊ သမနန္တရ၊ အနန္တရူပနိဿယ၊ နတ္ထိ၊ ဝိဂတတို့၌ ပစ္စည်းတရားကား --- ရဟန္တာတို့၏ စုတိစိတ် ကြဉ်သော ရှေးရှေးသောစိတ် (၈၉)၊ စေတသိက် ဒွေပညာသတည်း။

ပစ္စယုပ္ပန်တရားကား --- ရဟန္တာတို့၏ စုတိစိတ်နှင့်တကွ နောက်နောက်သော စိတ် (၈၉)၊ စေတသိက် ဒွေပညာသတည်း။

အာသေဝန၌ ပစ္စည်းတရားကား --- အဆုံးဇော ကြဉ်သော ရှေးရှေးသော လောကီဇော သတ္တစတ္တာလီသ၊ စေတသိက် ဒွေပညာသတည်း။

ပစ္စယုပ္ပန်တရားကား ---- ပထမဇော ဖိုလ်ဇော ကြဉ်သော နောက်နောက်၌ ဖြစ်သော ဇော ဧကပညာသ၊ စေတသိက် ဒွေပညာသတည်း။

အနန္တရမျိုး ကမ္မ၌ ပစ္စည်းတရားကား ---- မဂ် (၄)ခု၌ ရှိသော စေတနာတည်း။

ပစ္စယုပ္ပန်တရားကား ---- မဂ္ဂါနန္တရဖိုလ် (၄)ခု၊ စေတသိက် ဆတ္တိံသတည်း။

ဝတ္ထုမျိုး (၆) မျိုး

ဝတ္ထုပုရေဇာတနိဿယ၊ ဝတ္ထုပုရေဇာတ၊ ဝတ္ထုပုရေဇာတဝိပ္ပယုတ္တ၊ ဝတ္ထုပုရေဇာတတ္ထိ၊ ဝတ္ထုပုရေဇာတအဝိဂတတို့၌ ပစ္စည်းတရားကား ---- ပဝတ္တိအခါ ဆဝတ္ထုတည်း။

ပစ္စယုပ္ပန်တရားကား ---- ပဉ္စဝေါကာရဘုံ၌ ဖြစ်သောအခါ အရူပဝိပါက် (၄)ခု ကြဉ်သော စိတ် (၈၅)ခု၊ စေတသိက် ဒွေပညာသတည်း။

ဝတ္ထုပုရေဇာတိန္ဒြိယ၌ ပစ္စည်းတရားကား ---- ရှေးဦးအစ အတီတဘဝင်နှင့် အတူ ဥပါဒ်သော မဇ္ဈိမာယုက စက္ခုဝတ္ထု။ ပ ။ ရှေးဦးအစ အတီတဘဝင်နှင့် အတူ ဥပါဒ်သော မဇ္ဈိမာယုက ကာယဝတ္ထုတည်း။

ပစ္စယုပ္ပန်တရားကား ---- ဒွေပဉ္စဝိညာဏ် (၁၀)၊ သဗ္ဗစိတ္တသာဓာရဏစေတသိက် (၇)ခုတည်း။

ပစ္ဆာဇာတမျိုး (၄) မျိုး

ပစ္ဆာဇာတ၊ ပစ္ဆာဇာတဝိပ္ပယုတ္တ၊ ပစ္ဆာဇာတတ္ထိ၊ ပစ္ဆာဇာတအဝိဂတတို့၌ ပစ္စည်းကား ---- ပဉ္စဝေါကာရဘုံ၌ ဖြစ်သောအခါ အရူပဝိပါက် (၄)ခု ကြဉ်သော ပထမဘဝင်အစရှိသော နောက်နောက်၌ ဖြစ်သော စိတ် (၈၅)ခု၊ စေတသိက် ဒွေပညာသတည်း။

ပစ္စယုပ္ပန်တရားကား ---- ပဋိသန္ဓေအစရှိသော ရှေးရှေးသော စိတ်နှင့် အတူဥပါဒ်၍ ရုပ်၏ ဌီသို့ရောက်သော ဧကဇကာယ ဒွိဇကာယ တိဇကာယ စတုဇကာယတည်း။

နာနာက္ခဏိကကမ္မမျိုး (၆) မျိုး

နာနာက္ခဏိကကမ္မ၌ ပစ္စည်းတရားကား ---- အတိတ်ဖြစ်သော ကုသိုလ်ကံ (၂၁)၊ အကုသိုလ်ကံ (၁၂)တည်း။

ပစ္စယုပ္ပန်တရားကား ---- ဝိပါက်စိတ် ဆတ္တိံသ၊ စေတသိက် အဋ္ဌတိံသ၊ ပဋိသန္ဓေကမ္မဇရုပ် အသညသတ်ကမ္မဇရုပ် ပဝတ္တိကမ္မဇရုပ်တည်း။

နာနာက္ခဏိကကမ္မမျိုး အနန္တရ၊ သမနန္တရ၊ နတ္ထိ၊ ဝိဂတတို့၌ ပစ္စည်းတရားကား ---- မဂ် (၄)ခု၌ ရှိသော စေတနာတည်း။

ပစ္စယုပ္ပန်တရားကား ---- မဂ္ဂါနန္တရဖိုလ် (၄)ခု၊ စေတသိက် ဆတ္တိံသ နာမက္ခန္ဓာတည်း။

နာနာက္ခဏိကကမ္မမျိုး ဥပနိဿယ၌ ပစ္စည်းတရားကား ---- အတိတ်ဖြစ်သော ကုသိုလ်ကံ (၂၁)၊ အကုသိုလ်ကံ (၁၂)တည်း။

ပစ္စယုပ္ပန်တရားကား ---- ဝိပါက်စိတ် ဆတ္တိံသ၊ စေတသိက် အဋ္ဌတိံသ နာမက္ခန္ဓာတည်း။

ရူပအာဟာရမျိုး (၃) မျိုး

ရူပအာဟာရ၊ ရူပအာဟာရတ္ထိ၊ ရူပအာဟာရအဝိဂတတို့၌ ပစ္စည်းတရားကား ---- စတုသမုဋ္ဌာနိကဩဇာတည်း။

ပစ္စယုပ္ပန်တရားကား ---- ကလာပ်တူ ဩဇာကြဉ်သော ကလာပ်တူ ကလာပ်ပြားဖြစ်သော စတုသမုဋ္ဌာနိကရုပ်တည်း။

ရူပဇီဝိတိန္ဒြိယမျိုး (၃) မျိုး

ရူပဇီဝိတိန္ဒြိယ၊ ရူပဇီဝိတိန္ဒြိယတ္ထိ၊ ရူပဇီဝိတိန္ဒြိယ, အဝိဂတတို့၌ ပစ္စည်းတရားကား ---- ရုပ်ဇီဝိတိန္ဒြေတည်း။

ပစ္စယုပ္ပန်တရားကား ---- ရုပ်ဇီဝိတိန္ဒြေကြဉ်သော ကလာပ်တူ ကမ္မဇရုပ် (၉)ခု (၈)ခုတည်း။

ပကတူပနိဿယ

ပကတူပနိဿယ၌ ပစ္စည်းတရားကား ---- ဗလဝဖြစ်သော စိတ် (၈၉)၊ စေတသိက် ဒွေပညာသ၊ ရုပ်အဋ္ဌဝီသ၊ ပစ္စည်းဖြစ်ထိုက်သော အချို့သော ပညတ်တည်း။

ပစ္စယုပ္ပန်တရားကား ---- စိတ် (၈၉)၊ စေတသိက် ဒွေပညာသတည်း။

ဤတွင် ပဋ္ဌာန်း (၂)ချက်စု ပြီး၏။

အတိုချုပ် ရှင်းလင်းချက်

အသင်သူတော်ကောင်းသည် ပဋ္ဌာန်းပစ္စည်း ဆက်သွယ်ပုံများကို သဘောပေါက်လိုပါက ဤအထက်ပါ (၂)ချက်စုကို ကျေပွန်စွာ နှုတ်ငုံဆောင်ထားပါ။ သို့မှသာလျှင် အကြောင်းတရားများက အကျိုးတရားများ ဖြစ်ပေါ်လာအောင် မည်သို့ မည်ပုံ ကျေးဇူးပြုပေးနေသည်ကို သဘောပေါက်နိုင်မည် ဖြစ်သည်။

သဟဇာတမျိုးဟူသည် အကြောင်းတရားနှင့် အကျိုးတရားတို့ ပြိုင်တူဖြစ်သော တရားမျိုးတည်း။ ထိုပြိုင်တူ ဖြစ်ကြသော တရားတို့တွင် သမ္ပယုတ်တရားတို့လည်း ပါဝင်ကြ၏၊ ဝိပ္ပယုတ်တရားတို့လည်း ပါဝင်ကြ၏။ ပဝတ္တိ ပဋိသန္ဓေ နာမက္ခန္ဓာ (၄)ပါးတို့ကား အတူယှဉ်တွဲ၍ ပြိုင်တူ ဖြစ်ကြသော သမ္ပယုတ်တရားတို့တည်း။ နာမ်နှင့် ရုပ်ကား ပြိုင်တူ ဖြစ်သော်လည်း သမ္ပယုတ်မဟုတ်သည့် ဝိပ္ပယုတ်တရားတည်း။

အာရမ္မဏမျိုးကား စိတ်စေတသိက်တို့၏ လာရောက်မွေ့လျော်ရာ သိစရာ အာရုံအကြောင်းတရားအဖြစ် ရပ်တည်၍ စိတ်စေတသိက်တို့အား ကျေးဇူးပြုသော တရားတည်း။ ဤအာရမ္မဏပစ္စည်း၌ အကြောင်းနှင့် အကျိုးတို့သည် ပြိုင်တူဖြစ်ကြသည်လည်း ရှိ၏၊ မဖြစ်ကြသည်လည်း ရှိ၏။

အနန္တရမျိုး၌ကား အကြောင်းတရားနှင့် အကျိုးတရားတို့သည် ပြိုင်တူ မဖြစ်ကြပေ။ ရှေးစိတ္တက္ခဏနှင့် နောက်စိတ္တက္ခဏဟု စိတ္တက္ခဏချင်း ကွာခြားလျက်ရှိ၏။ ဝတ္ထုမျိုးကား မှီရာဝတ္ထုအဖြစ် မှီရာဝတ္ထုရုပ်တို့က နာမ်တရားတို့အား ဖြစ်ပေါ်လာအောင် ကျေးဇူးပြုသော ပစ္စည်းမျိုးတည်း။ အကြောင်းနှင့် အကျိုး နှစ်မျိုးလုံး ထင်ရှားရှိခိုက် အကြောင်းတရားက အကျိုးတရားအား ဖြစ်ပေါ်လာအောင် ကျေးဇူးပြုခြင်း ဖြစ်သည်။

ပစ္ဆာဇာတမျိုး၌ကား အကြောင်းတရားက နောက်မှ ဖြစ်၍ အကျိုးတရားက ရှေးက ဖြစ်၏။ စိတ္တက္ခဏ ကွာခြားလျက် ရှိ၏။ နာနာက္ခဏိကကမ္မမျိုး၌ကား အကြောင်းတရားနှင့် အကျိုးတရားတို့သည် ခဏချင်း ကွာခြားလျက်ရှိ၏။ မဂ်ကုသိုလ်ကံနှင့် ဖိုလ်ဝိပါက်တို့ကား မဂ်စိတ္တက္ခဏနှင့် ဖိုလ်စိတ္တက္ခဏဟု စိတ္တက္ခဏချင်း ကပ်လျက်ရှိ၏။ လောကီ ကုသိုလ် အကုသိုလ်ကံနှင့် အကျိုးဝိပါက်တို့ကား စိတ္တက္ခဏပေါင်းများစွာ ကွာခြား၏။ ဘဝပေါင်းများစွာ ကမ္ဘာပေါင်းများစွာ ကွာခြားနိုင်၏။ ရူပအာဟာရမျိုးကား ဩဇာဓာတ်များ ဩဇာရုပ်များက ဩဇဋ္ဌမကရုပ်တို့အား ဖြစ်ပေါ်လာအောင် အဆင့်ဆင့် ကျေးဇူးပြုပုံကို ပြဆိုသော ပစ္စည်းမျိုးတည်း။ ရူပဇီဝိတိန္ဒြိယမျိုးကား ကမ္မဇရုပ်ကလာပ် အသီးအသီး၌ ရှိသော ဇီဝိတက မိမိနှင့် ကလာပ်တူ ကမ္မဇရုပ်တို့အား ဘင်မတိုင်မီ ကျေးဇူးပြုပုံကို ပြဆိုသော ပစ္စည်းမျိုးတည်း။ ဤပစ္စည်း၌ အကြောင်း ဇီဝိတနှင့် အကျိုးကလာပ်တူ ကမ္မဇရုပ်သည် ပြိုင်တူ ဖြစ်၍ ပြိုင်တူပင် ပျက်သည်။

ပကတူပနိဿယကား အလွန်အရာကျယ်၏။ အကြောင်းတရားနှင့် အကျိုးတရားတို့သည် စိတ္တက္ခဏပေါင်းများစွာသော်လည်း ကွာခြားနိုင်၏။ ဝီထိပေါင်း များစွာသော်လည်း ကွာခြားနိုင်၏၊ ဘဝပေါင်းများစွာ ကမ္ဘာပေါင်းများစွာ သော်လည်း ကွာခြားနိုင်၏။

ဤအထက်ပါ နှစ်ချက်စုကိုလည်း ကျေပွန်စွာ နှုတ်ငုံရရှိထား၍ ဤအခြေခံ ရှင်းလင်းချက် သဘောတရား အတိုချုပ်ကိုလည်း သဘောပေါက်ပါလျှင် ဆက်လက်တင်ပြမည့် ပဋ္ဌာန်းပစ္စည်းဆက်သွယ်ပုံများကို လွယ်လွယ် ကူကူပင် သဘောပေါက်နိုင်ပေလိမ့်မည်ဟု မျှော်လင့်ပါသည်။

ကြိုတင်သိမှတ်ထားရန်

ဒွိပဉ္စဝိညာဏေသု (ပဉ္စဝိညာဏေသု) စျာနင်္ဂါနိ န လဗ္ဘန္တိ။ (အဘိဓမ္မတ္ထသင်္ဂဟ-သမုစ္စည်းပိုင်း)

ဒွေပဉ္စဝိညာဏ် (၁၀) ၌ ---- စျာနင်တရားကိုယ်များနှင့် နာမည်ချင်းတူသော ဝေဒနာ ဧကဂ္ဂတာတို့ ယှဉ်ကြသော်လည်း ထိုဝေဒနာ ဧကဂ္ဂတာတို့သည် ဒွေပဉ္စဝိညာဏ်နှင့် ယှဉ်ခိုက် စျာနင်ဟူသော အမည်ကို မရထိုက်၊ စျာနပစ္စည်းမတပ်၊ စျာနပစ္စည်း အကြောင်းတရား မဖြစ်နိုင်။ စျာနင်ဟူသည် ဆိုင်ရာသမထနိမိတ် စသည့် အာရုံ၌ စိုက်စိုက်စူးစူး မြဲမြဲမြံမြံ ချပ်ချပ်ရပ်ရပ် ကပ်နေအောင် အာရုံထဲ၌ စူးစိုက်ဝင်သွားသကဲ့သို့ ထင်ရလောက်အောင် ရှုတတ် အာရုံယူတတ်သော တရားတည်း။ ထိုသို့ အာရုံယူရာ၌ ရှေးဦးအစပိုင်း၌ ဝိတက်၏ အကူအညီကား လိုအပ်လျက် ရှိ၏။ အာရုံပေါ်သို့ သမ္ပယုတ်တရားတို့ကို ရောက်အောင် တင်ပေးမည့် ဝိတက် ပါမှသာလျှင် နာမ်တရားစုက အာရုံကို စူးစူးစိုက်စိုက် ယူနိုင်၏၊ ဝိတက်မပါသော နာမ်တရားစုမှာ ထိုသို့ အာရုံကို စူးစူးစိုက်စိုက် မြဲမြဲမြံမြံ မယူနိုင်ပေ။ ထိုကြောင့် ---- ဝိတက္ကပစ္ဆိမကံ ဟိ စျာနံ နာမ။ (အဘိ၊ဋ္ဌ၊၁၊၃၀၄။) ဟူသည်နှင့်အညီ အောက်ထစ်ပိုင်းခြား အယုတ်ဆုံးအားဖြင့် ဝိတက်ရှိသော ဝိတက်ယှဉ်သော စျာနင် တရားကိုယ်သည်သာလျှင် စျာနပစ္စည်း တပ်ပေသည်။

အဝီရိယေသု ဗလာနိ န လဗ္ဘန္တိ ---- (အဘိဓမ္မတ္ထသင်္ဂဟ-သမုစ္စည်းပိုင်း။)

ဝီရိယမပါသော တရားတို့ကား ပျော့ညံ့ညံ့ ရှိသဖြင့် ခွန်အားမရှိရကား ဗိုလ်ဟုမခေါ်ထိုက်ချေ။ ထိုကြောင့် ဝီရိယ မယှဉ်ရာ ပဉ္စဒွါရာဝဇ္ဇန်း ဒွေပဉ္စဝိညာဏ် သမ္ပဋိစ္ဆိုင်း သန္တီရဏ ---- အားလုံးပေါင်းသော် (၁၆)မျိုးသော စိတ်တို့၌ ဗိုလ်တရားတွင် ပါဝင်သော သမာဓိဗိုလ် = ဧကဂ္ဂတာမျိုးယှဉ်သော်လည်း ထိုဧကဂ္ဂတာသည် ဗိုလ်ဟု အမည်မရချေ။ ထိုကြောင့် ဝီရိယပစ္ဆိမကံ ဗလံ ---- ဟူသော အဋ္ဌကထာ, ဗလံ ဝီရိယပစ္ဆိမံ ---- ဟူသော ပရမတ္ထဝိနိစ္ဆယတို့နှင့် အညီ အယုတ်ဆုံးအားဖြင့် ဝီရိယရှိသော ဝီရိယယှဉ်သော တရားစုသည်သာ ဗိုလ်အမည် ရထိုက်ပေသည်။

ဓမ္မသင်္ဂဏီပါဠိတော်ဝယ် ဝီရိယမယှဉ်သော ယင်းစိတ် (၁၆)မျိုး၌ တီဏိ ဣန္ဒြိယာနိ (အဘိ၊၁၊၁၀၆။)ဟု လာရှိ၏။ ဥပမာ စက္ခုဝိညာဏ် စိတ်စေတသိက်၌ နာမ်တရား (၈)လုံး ရှိ၏။ ယင်းနာမ်တရား (၈)မျိုးတို့၌ မနိန္ဒြေ ဥပေက္ခိန္ဒြေ ဇီဝိတိန္ဒြေအားဖြင့် ဣန္ဒြေ (၃)မျိုးသာ ရထိုက်၏။ (အဘိ၊၁၊၁၀၄-ကြည့်။) ထိုစက္ခုဝိညာဏ်စိတ်၌ ဧကဂ္ဂတာယှဉ်ပါလျက် သမာဓိန္ဒြေကို ဟောတော်မမူ။ ထိုကြောင့် ဝိစိကိစ္ဆာစိတ်၌ ယှဉ်သော ဧကဂ္ဂတာသာ ဣန္ဒြေမထိုက်သည် မဟုတ်၊ အဝီရိယစိတ် = ဝီရိယမယှဉ်သော စိတ် (၁၆)မျိုး၌ ယှဉ်သော ဧကဂ္ဂတာသည်လည်း ဣန္ဒြေမထိုက်ဟု မှတ်ပါ။

အဟေတုကေသု မဂ္ဂင်္ဂါနိ န လဗ္ဘန္တိ။ (အဘိဓမ္မတ္ထသင်္ဂဟ-သမုစ္စည်းပိုင်း။) အဟိတ်စိတ်တို့သည် ဟိတ်နှင့် မယှဉ်ရကား ဆိုင်ရာအာရုံကို ယူမှု၌ အမြစ်စွဲနေသကဲ့သို့ ခိုင်မြဲမှု မရှိပေ။ ရေသောက်မြစ်နှင့် အလားတူသော ဟိတ်မပါသော တရားများသည် ဆိုင်ရာ အာရုံကို ယူမှု၌ ခိုင်မြဲမှု မရှိ၍ အပေါ်ယံမျှသာ ဖြစ်ရကား ---- ယင်းဟိတ်မပါသော ဟိတ်မယှဉ်သော တရားများသည် သုဂတိ ဒုဂ္ဂတိသို့သွားကြောင်း ကောင်းသောလမ်း မကောင်းသောလမ်း = မဂ္ဂဟု မဆိုထိုက်။ ဟေတုပစ္ဆိမကော မဂ္ဂေါ နာမ။ (အဘိ၊ဋ္ဌ၊၁၊၃၀၄။) အယုတ်ဆုံးအားဖြင့် ဟိတ်နှင့်ယှဉ်သော တရားသည်သာလျှင် မဂ္ဂအမည်ရနိုင်သည်။ ထိုကြောင့် အဟိတ်စိတ်များဝယ် မဂ္ဂင် တရားကိုယ်နှင့် အလားတူသော ဝိတက် ဝီရိယ ဧကဂ္ဂတာ စေတသိက်တို့သည် ထိုက်သလို ယှဉ်ကြသော်လည်း ယင်းစေတသိက်တို့သည် မဂ္ဂပစ္စည်း မတပ်ပေ။

ဝိစိကိစ္ဆာစိတ္တေ ဧကဂ္ဂတာ မဂ္ဂိန္ဒြိယ, ဗလဘာဝံ န ဂစ္ဆတိ။ (အဘိဓမ္မတ္ထသင်္ဂဟ။) ---- ဝိစိကိစ္ဆာစိတ်၌ ယှဉ်သော ဧကဂ္ဂတာသည် တည်ကြည်သည်ဟု ဆိုသော်လည်း ယုံမှား သံသယများသော ဝိစိကိစ္ဆာက အာရုံပေါ်၌ စွဲစွဲမြဲမြဲ မရှိသောကြောင့် ထိုဝိစိကိစ္ဆာနှင့် ယှဉ်ရသည့်အတွက် ဧကဂ္ဂတာသည်လည်း အာရုံ၌ မစွဲမြဲနိုင်၊ စိတ္တက္ခဏပေါင်းများစွာ ကာလရှည်စွာ အဆက်မပြတ် မဖြစ်နိုင်၊ ခဏခေတ္တမျှသာ တည်တံ့နိုင်၏။ ထိုကြောင့် ဝိစိကိစ္ဆာ၌ ယှဉ်သော ဧကဂ္ဂတာသည် မဂ္ဂပစ္စည်း ဣန္ဒြိယပစ္စည်း မတပ်ပေ။ ဗလ = ဗိုလ် = ခွန်အားရှိသည့် အဆင့်သို့လည်း မရောက်ရှိနိုင်ပေ။

ပဋ္ဌာန်းပစ္စည်း ဆက်သွယ်ပုံ

ဤကျမ်းတွင် ပဋိစ္စသမုပ္ပါဒ် ပဉ္စမနည်းဖြင့် အကြောင်း အကျိုး သိမ်းဆည်းပုံကို ပဋိသန္ဓေခန္ဓာ (၅)ပါးမှ စတင်၍ ရေးသားတင်ပြခဲ့၏။ ယခုတစ်ဖန်လည်း ယင်းပဋိသန္ဓေခန္ဓာ (၅)ပါးကပင် စတင်၍ မည်သို့သော ပစ္စယသတ္တိတို့ဖြင့် ဝိုင်းဝန်းကျေးဇူးပြု၍ ယင်းပဋိသန္ဓေခန္ဓာ (၅)ပါးတို့ ဖြစ်ပေါ်တည်နေရပုံကစ၍ ပဋ္ဌာန်းပစ္စည်းဆက်သွယ်ပုံကို ရေးသားတင်ပြမည် ဖြစ်ပါသည်။ ရှေးဦးစွာ ပဋိသန္ဓေရူပက္ခန္ဓာက စတင်၍ တင်ပြအပ် ပါသည်။ လူသားများအတွက်သာ ပဓာနထား၍ တင်ပြထားသည်ဟု မှတ်ပါ။ ထိုတွင်လည်း ယောဂါဝစရပုဂ္ဂိုလ်များသည် တိဟိတ်ပုဂ္ဂိုလ်များသာ အဖြစ်များကြသဖြင့် တိဟိတ်သူတော်ကောင်းကိုသာ ပဓာနထား၍ တင်ပြပေအံ့ ----

တိဟိတ် ပဋိသန္ဓေ ကမ္မဇရုပ် = ရူပက္ခန္ဓာ (၂၉)

ရှေးဦးစွာ အသင်သူတော်ကောင်းသည် အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်၊ သင်္ခါရ၊ ကံ-ဟူသော အတိတ် အကြောင်းတရားများကြောင့် ပစ္စုပ္ပန် ပဋိသန္ဓေခန္ဓာ (၅)ပါးတို့ ဖြစ်ပုံကိုလည်းကောင်း, ပစ္စုပ္ပန် အကြောင်းတရား များကြောင့် ယင်းပဋိသန္ဓေခန္ဓာတို့ ဖြစ်ပုံကိုလည်းကောင်း, အထူးသဖြင့် ကမ္မဇရုပ် (၃၀)ဟူသော ရူပက္ခန္ဓာ ဖြစ်ပုံကိုလည်းကောင်း ပဋိစ္စသမုပ္ပါဒ် ပဉ္စမနည်း ရှုကွက်၌ ရေးသားတင်ပြခဲ့သည့်အတိုင်း ဉာဏ်ဖြင့် မြင်အောင် စိုက်ရှုပါ။ ထိုသို့ အကြောင်းတရားကြောင့် အကျိုးတရားဖြစ်ပုံကို ဉာဏ်ဖြင့် မြင်ပြီးပါမှ အောက်တွင် တင်ပြထားသော အကြောင်းတရားနှင့် အကျိုးတရားတို့၏ ပဋ္ဌာန်းပစ္စည်းဆက်သွယ်ပုံ သဘောတရားကို ဉာဏ်ဖြင့် မြင်အောင် ထပ်မံ၍ ရှုပါ။ ဉာဏ်ဖြင့် စူးစမ်းပါ။ အကြောင်းတရားကြောင့် အကျိုးတရားဖြစ်ပုံကို ဉာဏ်ဖြင့် မြင်အောင် မရှုနိုင်သေးလျှင် ပဋ္ဌာန်းပစ္စည်းဆက်သွယ်မှုကိုလည်း သဘောပေါက်နိုင်လိမ့်မည် မဟုတ်ပေ။

ကမ္မဇရုပ် ---- ဟဒယဝတ္ထုမှ တစ်ပါးသော (၂၉)မျိုးသော ကာမ တိဟိတ် ပဋိသန္ဓေကမ္မဇရုပ် ပစ္စယုပ္ပန်တရားတို့သည် ----

၁။ နာမ်သဟဇာတမျိုး --- ၁၂၊

၂။ ရုပ်သဟဇာတမျိုး --- ၅၊

၃။ ပစ္ဆာဇာတမျိုး --- ၄၊

၄။ ရူပဇီဝိတိန္ဒြိယမျိုး --- ၃၊

၅။ နာနာက္ခဏိကကမ္မမျိုး --- ၁၊

ဤ (၂၅)မျိုးသော အကြောင်းပစ္စည်းတရားတို့က ဝိုင်းဝန်းကျေးဇူးပြုသောကြောင့် ဖြစ်ပေါ်တည်နေရကုန်၏။

ဖြစ်ပေါ်တည်နေရပုံကား

၁။ (က) ဟဒယဝတ္ထုမှ တစ်ပါးသော (၂၉)မျိုးသော ကာမတိဟိတ် ပဋိသန္ဓေကမ္မဇရုပ် ပစ္စယုပ္ပန်တရားတို့သည် ဆိုင်ရာ ကာမတိဟိတ် ပဋိသန္ဓေနာမ်တရားစု (သောမနဿဖြစ်လျှင်-၃၄၊ ဥပေက္ခာဖြစ်လျှင်-၃၃၊) အစိတ်အပေါင်း နာမက္ခန္ဓာပစ္စည်းတရားတို့၏ သဟဇာတ နိဿယ ဝိပါက ဝိပ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ။

( ခ ) ပဋိသန္ဓေနာမ်တရားစုတွင် ပါဝင်သော အလောဘ အဒေါသ အမောဟ ဟိတ် (၃)ပါး ပစ္စည်းတရား တို့၏ ဟေတုသတ္တိ၊

( ဂ ) ပဋိသန္ဓေနာမ်တရားစုတွင် ပါဝင်သော စေတနာပစ္စည်းတရားတို့၏ သဟဇာတကမ္မသတ္တိ၊

(ဃ) ပဋိသန္ဓေနာမ်တရားစုတွင် ပါဝင်သော ဖဿ စေတနာ ဝိညာဏ်ပစ္စည်းတရားတို့၏ အာဟာရသတ္တိ၊

( င ) ပဋိသန္ဓေနာမ်တရားစုတွင် ပါဝင်သော ဇီဝိတ စိတ် ဝေဒနာ (သောမနဿဝေဒနာ သို့မဟုတ် ဥပေက္ခာဝေဒနာ) သဒ္ဓါ ဝီရိယ သတိ ဧကဂ္ဂတာ ပညာဟူသော နာမ်ဣန္ဒြေ (၈)ပါး ပစ္စည်းတရားတို့၏ ဣန္ဒြိယသတ္တိ၊

( စ ) သောမနဿသဟဂုတ် ပဋိသန္ဓေနှင့် အတူဥပါဒ်သော ကမ္မဇရုပ်ဖြစ်အံ့ ---- ဝိတက် ဝိစာရ ပီတိ သုခ (ဝေဒနာ) ဧကဂ္ဂတာဟူသော စျာနင် (၅)ပါး၊ ဥပေက္ခာသဟဂုတ် ပဋိသန္ဓေနှင့် အတူဥပါဒ်သော ကမ္မဇရုပ်ဖြစ်အံ့ ---- ဝိတက် ဝိစာရ ဥပေက္ခာ (ဝေဒနာ) ဧကဂ္ဂတာဟူသော စျာနင် (၄)ပါး ပစ္စည်းတရားတို့၏ စျာနသတ္တိ၊

(ဆ) ပညာ ဝိတက် ဝီရိယ သတိ ဧကဂ္ဂတာဟူသော မဂ္ဂင် (၅)ပါး ပစ္စည်းတရားတို့၏ မဂ္ဂသတ္တိကြောင့် လည်းကောင်း။ (နာမ်သဟဇာတမျိုး - ၁၂)

၂။ ကလာပ် (၃)မျိုး = ရုပ်အမျိုးအစား (၃၀), (ဟဒယဝတ္ထုနှုတ်သော်-၂၉-မျိုး)သော ရုပ်တို့တွင် ကလာပ်တူ အစိတ်အပေါင်း မဟာဘုတ် (၄)ပါး ပစ္စည်းတရားတို့၏ ထိုက်သည့် အားလျော်စွာ ကျေးဇူးပြုမှု သဟဇာတ အညမည နိဿယ အတ္ထိ အဝိဂတသတ္တိကြောင့် လည်းကောင်း၊ (ရုပ်သဟဇာတမျိုး - ၅)

၃။ နောက်ဖြစ်သော ပထမဘဝင် နာမက္ခန္ဓာပစ္စည်းတရားတို့၏ ပစ္ဆာဇာတ ဝိပ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ ကြောင့်လည်းကောင်း၊ (ပစ္ဆာဇာတမျိုး - ၄)

၄။ ကလာပ်တူ ရုပ်ဇီဝိတိန္ဒြေ ပစ္စည်းတရားတို့၏ ရူပဇီဝိတိန္ဒြိယ, ရူပဇီဝိတိန္ဒြိယတ္ထိ ရူပဇီဝိတိန္ဒြိယအဝိဂတပစ္စယသတ္တိကြောင့်လည်းကောင်း၊ (ရူပဇီဝိတိန္ဒြိယမျိုး - ၃)

၅။ အသင်သူတော်ကောင်းကိုယ်တိုင် အတိတ်ဘဝတစ်ခုက ပြုစုပျိုးထောင်ခဲ့သော အဝိဇ္ဇာ တဏှာ ဥပါဒါန် ဟူသော ကိလေသဝဋ် ခြံရံလျက်ရှိသော သင်္ခါရ-ကံဟူသော ကမ္မဝဋ် = ထိုက်သင့်ရာ တစ်မျိုးမျိုးသော ကာမကုသိုလ်ကံ ပစ္စည်းတရားတို့၏ နာနာက္ခဏိကကမ္မသတ္တိကြောင့်လည်းကောင်း၊ (နာနာက္ခဏိကကမ္မမျိုး - ၁)

ဤ (၂၅)မျိုးသော ပစ္စည်းတရားတို့၏ ကျေးဇူးပြုပေးမှု ပစ္စယသတ္တိတို့ကြောင့် ယင်း (၂၉)မျိုးသော ပဋိသန္ဓေ ကမ္မဇရုပ်တရားများသည် ဖြစ်ပေါ်တည်နေကြရပေသည်။ ဉာဏ်ဖြင့် မြင်အောင် စေ့စေ့ငုငု တိုက်ဆိုင်၍ ရှုကြည့်ပါ။ ပဋ္ဌာန်းဒေသနာတော်က အသင်သူတော်ကောင်း၏ ပစ္စယပရိဂ္ဂဟဉာဏ်အတွက် မည်သို့ မည်ပုံ ကျေးဇူးပြုပေးနေသည်ကို ကိုယ်တိုင်ပင် သဘောပေါက်နိုင်ပေလိမ့်မည်။

ပဋိသန္ဓေ ဟဒယဝတ္ထု ပစ္စယုပ္ပန်တရား တည်နေရပုံ

ကာမတိဟိတ် ပဋိသန္ဓေနှင့် ဥပါဒ်ပြိုင်၍ဖြစ်သော ကမ္မဇရုပ် - ဟဒယဝတ္ထု ပစ္စယုပ္ပန်တရားတို့သည် --

၁။ နာမ်သဟဇာတမျိုး --- ၁၃၊

၂။ ရုပ်သဟဇာတမျိုး --- ၄၊

၃။ ပစ္ဆာဇာတမျိုး --- ၄၊

၄။ ရူပဇီဝိတိန္ဒြိယမျိုး --- ၃၊

၅။ နာနာက္ခဏိကကမ္မမျိုး --- ၁၊

ဤ (၂၅)မျိုးသော အကြောင်းပစ္စည်းတရားတို့က ဝိုင်းဝန်းကျေးဇူးပြုသောကြောင့် ဖြစ်ပေါ်တည်နေရကုန်၏။

ဖြစ်ပေါ်တည်နေရပုံကား

၁။ (က) ကာမတိဟိတ် ပဋိသန္ဓေနှင့် ဥပါဒ်ပြိုင်သော ကမ္မဇရုပ် - ဟဒယဝတ္ထု ပစ္စယုပ္ပန်တရားတို့သည် ကာမတိဟိတ် ပဋိသန္ဓေနာမ်တရားစု (၃၄-သို့မဟုတ်-၃၃) အစိတ်အပေါင်း နာမက္ခန္ဓာပစ္စည်းတရား တို့၏ သဟဇာတ အညမည နိဿယ ဝိပါက ဝိပ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ၊

( ခ ) ပဋိသန္ဓေနာမ်တရားစုတွင် ပါဝင်သော အလောဘ အဒေါသ အမောဟ ဟိတ် (၃)ပါး ပစ္စည်းတရားတို့၏ ဟေတုသတ္တိ၊

( ဂ ) စေတနာပစ္စည်းတရားတို့၏ သဟဇာတကမ္မသတ္တိ၊

(ဃ) ဖဿ စေတနာ ဝိညာဏ် ပစ္စည်းတရားတို့၏ အာဟာရသတ္တိ၊

( င ) နာမ်ဣန္ဒြေ (၈)ပါး ပစ္စည်းတရားတို့၏ ဣန္ဒြိယသတ္တိ၊

( စ ) သောမနဿသဟဂုတ် တိဟိတ် ပဋိသန္ဓေနှင့် ဥပါဒ်ပြိုင်သော ကမ္မဇရုပ် - ဟဒယဝတ္ထု ဖြစ်အံ့ --- စျာနင် (၅)ပါး၊ ဥပေက္ခာသဟဂုတ် တိဟိတ် ပဋိသန္ဓေနှင့် ဥပါဒ်ပြိုင်သော ကမ္မဇရုပ် - ဟဒယဝတ္ထု ဖြစ်အံ့ --- ပီတိကြဉ်သော စျာနင် (၄)ပါး ပစ္စည်းတရားတို့၏ စျာနသတ္တိ၊

(ဆ) ဝိရတိကြဉ်သော မဂ္ဂင် (၅)ပါး ပစ္စည်းတရားတို့၏ မဂ္ဂသတ္တိကြောင့်လည်းကောင်း (၁၃)။

၂။ ကလာပ်တူ အစိတ်အပေါင်း မဟာဘုတ် (၄)ပါး ပစ္စည်းတရားတို့၏ သဟဇာတ နိဿယ အတ္ထိ အဝိဂတသတ္တိကြောင့်လည်းကောင်း (၄)။

၃။ နောက်နောက်၌ ဖြစ်သော ပထမဘဝင် နာမက္ခန္ဓာပစ္စည်းတရားတို့၏ ပစ္ဆာဇာတ ဝိပ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိကြောင့်လည်းကောင်း (၄)။

၄။ ကလာပ်တူ ရုပ်ဇီဝိတိန္ဒြေပစ္စည်းတရားတို့၏ (ဟဒယဒသကကလာပ်အတွင်း၌ ရှိသော ကလာပ်တူ ဇီဝိတိန္ဒြေကို ဆိုလိုသည်။) ရူပဇီဝိတိန္ဒြိယ, ရူပဇီဝိတိန္ဒြိယတ္ထိ, ရူပဇီဝိတိန္ဒြိယအဝိဂတပစ္စယသတ္တိကြောင့် လည်းကောင်း (၃)။

၅။ အတိတ်ဘဝတစ်ခုက ပြုစုပျိုးထောင်ခဲ့သော ထိုက်သင့်ရာ တစ်မျိုးမျိုးသော တိဟိတ် ဥက္ကဋ္ဌ ကာမ ကုသိုလ်ကံဟူသော ပစ္စည်းတရားတို့၏ နာနာက္ခဏိကကမ္မသတ္တိကြောင့်လည်းကောင်း (၁)။

ဤ (၂၅)မျိုးသော အကြောင်းပစ္စည်းတရားတို့၏ ကျေးဇူးပြုပေးမှုကြောင့် ပဋိသန္ဓေ ကမ္မဇရုပ် - ဟဒယဝတ္ထု ပစ္စည်းတရားတို့သည် ဖြစ်ပေါ်တည်နေကြရပေကုန်သည်။ ဤကြောင်း-ကျိုးဆက်နွယ်မှု သဘောများကိုလည်း ဉာဏ်ဖြင့် စေ့စေ့ငုငု မြင်အောင် ကြည့်၍ ရှုပါလေ။

ကာမတိဟိတ် ပဋိသန္ဓေ နာမက္ခန္ဓာ (၄) ပါး ဖြစ်ပေါ်တည်နေရပုံ

ကာမတိဟိတ်ပဋိသန္ဓေ (၄)ခု (သောမနဿဖြစ်လျှင် နာမ်တရား - ၃၄၊ ဥပေက္ခာဖြစ်လျှင် နာမ်တရား - ၃၃) နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည် ----

၁။ နာမ်သဟဇာတမျိုး --- ၁၃၊

၂။ ရုပ်သဟဇာတမျိုး --- ၆၊

၃။ အာရမ္မဏမျိုး --- ၁၊

၄။ အနန္တရမျိုး --- ၅၊

၅။ နာနာက္ခဏိကကမ္မမျိုး --- ၂၊

ဤ (၂၇)မျိုးသော ပစ္စယသတ္တိတို့က ဝိုင်းဝန်း၍ ကျေးဇူးပြုပေးခြင်းကြောင့် ဖြစ်ပေါ်တည်နေရကုန်၏။

ယင်းကာမတိဟိတ် ပဋိသန္ဓေ (၄)ခု နာမက္ခန္ဓာ (၄)ပါး (နာမ်တရား ၃၄၊ ၃၃၊) ပစ္စယုပ္ပန်တရားတို့သည် -

၁။ (က) အချင်းချင်းအား ကျေးဇူးပြုတတ်သော ကာမတိဟိတ် ပဋိသန္ဓေ (၄)ခု (၃၄-၃၃) အစိတ်အစိတ် နာမက္ခန္ဓာပစ္စည်းတရားတို့၏ ---- သဟဇာတ အညမည နိဿယ ဝိပါက သမ္ပယုတ္တ အတ္ထိ အဝိဂတ သတ္တိ၊

( ခ ) သမ္ပယုတ္တခန္ဓာအား ကျေးဇူးပြုတတ်သော ယင်းကာမတိဟိတ် ပဋိသန္ဓေ နာမက္ခန္ဓာ၌ ပါရှိသော အလောဘ အဒေါသ အမောဟ ဟိတ် (၃)ပါး ပစ္စည်းတရားတို့၏ ဟေတုသတ္တိ၊

( ဂ ) စေတနာပစ္စည်းတရားတို့၏ သဟဇာတကမ္မသတ္တိ၊

(ဃ) ဖဿ စေတနာ ဝိညာဏ် ပစ္စည်းတရားတို့၏ အာဟာရသတ္တိ၊

( င ) နာမ်ဣန္ဒြေ (၈)ပါး ပစ္စည်းတရားတို့၏ ဣန္ဒြိယသတ္တိ၊

( စ ) သောမနဿသဟဂုတ် ပဋိသန္ဓေဖြစ်အံ့ ---- စျာနင် (၅)ပါး၊ ဥပေက္ခာသဟဂုတ် ပဋိသန္ဓေဖြစ်အံ့ --- စျာနင် (၄)ပါး ပစ္စည်းတရားတို့၏ စျာနသတ္တိ၊

(ဆ) ဝိရတိကြဉ်သော မဂ္ဂင်(၅)ပါး ပစ္စည်းတရားတို့၏ မဂ္ဂသတ္တိ၊ (နာမ်သဟဇာတမျိုး - ၁၃)

၂။ ကာမတိဟိတ်ပဋိသန္ဓေ (နာမ်တရား ၃၄၊ ၃၃) အစိတ်အပေါင်း နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည် မိမိ (ကာမတိဟိတ် ပဋိသန္ဓေနာမက္ခန္ဓာ)နှင့် အတူဥပါဒ်သော ဟဒယဝတ္ထုပစ္စည်းတရားတို့၏ သဟဇာတ အညမည နိဿယ ဝိပ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ၊ (ရုပ်သဟဇာတမျိုး - ၆)

၃။ ကာမ တိဟိတ်ပဋိသန္ဓေ (၃၄၊ ၃၃) အစိတ်အပေါင်း နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည် ကံ-ကမ္မနိမိတ်-ဂတိနိမိတ် (၃)ပါးတို့တွင် တစ်ပါးပါးသော အာရုံပစ္စည်းတရားတို့၏ အာရမ္မဏသတ္တိ (၁)

၄။ ကာမ တိဟိတ်ပဋိသန္ဓေ (၃၄၊ ၃၃) အစိတ်အပေါင်း နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည် ချုပ်လေပြီးသော စုတိ (၁၉)မျိုးတို့တွင် တစ်မျိုးမျိုးသော နာမက္ခန္ဓာပစ္စည်းတရားတို့၏ အနန္တရ သမနန္တရ ဥပနိဿယ နတ္ထိ ဝိဂတသတ္တိ၊ (အနန္တရမျိုး-၅)

၅။ ကာမ တိဟိတ်ပဋိသန္ဓေ (၃၄၊ ၃၃) အစိတ်အပေါင်း နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည် အတိတ်ဖြစ်သော ထိုက်သင့်ရာ တစ်မျိုးမျိုးသော တိဟိတ် ဥက္ကဋ္ဌ ကာမကုသိုလ်ကံ ပစ္စည်းတရားတို့၏ နာနာက္ခဏိကကမ္မ ပကတူပနိဿယသတ္တိ၊ (နာနာက္ခဏိကကမ္မမျိုး -၂)

ဤ (၂၇)မျိုးသော ပစ္စယသတ္တိတို့၏ ဝိုင်းဝန်း၍ ကျေးဇူးပြုမှုကြောင့် ဖြစ်ပေါ်တည်နေရကုန်၏။ (နာမ်ခန္ဓာ-၄-ပါးတို့သည် အချင်းချင်း အပြန်အလှန် ကျေးဇူးပြုနိုင်ကြသဖြင့် ခန္ဓာတစ်ပါးစီ သို့မဟုတ် ခန္ဓာနှစ်ပါးစီ စသည်ဖြင့် ခွဲရှုလျှင်လည်း နည်းတူပင် သဘောပေါက်ပါ။)

ဘဝင်ခန္ဓာ (၅) ပါး

ဘဝင်ခန္ဓာ (၅)ပါးတို့တွင် ဘဝင်နာမ်တရားတို့သည် ဟဒယဝတ္ထုကို မှီ၍ဖြစ်ကြသဖြင့် ယခုလက်ရှိ ဘဝင်၏ မှီရာ ဟဒယ၌ ရုပ် (၅၄)မျိုး ရှိနေမည် ဖြစ်သည်။ သို့သော် ပထမဘဝင်အခိုက်၌ကား ကမ္မဇရုပ် စိတ္တဇရုပ် ဥတုဇရုပ်များသာ ရှိနေကြသေး၏။ အမိစားမျိုလိုက်သော အစာအာဟာရသည် သူငယ်၏ ခန္ဓာကိုယ်၌ ပြန့်နှံ့ သည့် အခါကစ၍ အာဟာရဇရုပ်များလည်း ဖြစ်လာကြမည် ဖြစ်သည်။ သို့အတွက် အာဟာရဇရုပ်များကို အာဟာရဇရုပ် ဖြစ်ချိန်အခိုက်၌သာ ရှုရန် ဖြစ်သည်။ ဤသည်မှာ ဂဗ္ဘသေယျက လူသားများအတွက်သာ ဦးတည်၍ ဆိုခြင်း ဖြစ်သည်။ ယင်းရုပ်တရားတို့၏ ပဋ္ဌာန်းပစ္စည်း ဆက်နွယ်လျက် ဖြစ်ပေါ်တည်နေရပုံကို ဆက်လက် ပြဆိုပေအံ့။

ဘဝင် ရူပက္ခန္ဓာ

ဘဝင်၏ ဥပါဒ်ခဏနှင့် အတူပြိုင်၍ ဖြစ်ကောင်းသော ရုပ်တို့ကား (၁) ပဝတ္တိ ကမ္မဇရုပ်, (၂) စိတ္တဇရုပ်, (၃) ဥတုဇရုပ်, (၄) အာဟာရဇရုပ်ဟု (၄)မျိုးတို့တည်း။ (အာဟာရဇရုပ် မဖြစ်သေးလျှင် အာဟာရဇရုပ်ကို နှုတ်ထားပါ။)

ဌီခဏ ဘင်ခဏတို့နှင့် အတူပြိုင်၍ ဖြစ်ကောင်းသော ရုပ်တို့ကား (၁) ပဝတ္တိ ကမ္မဇရုပ်, (၂) ဥတုဇရုပ်, (၃) အာဟာရဇရုပ်တို့တည်း။ (အာဟာရဇရုပ် မဖြစ်သေးလျှင် နှုတ်ထားပါ။)

ဘဝင်စိတ်၏ ဥပါဒ်-ဌီ-ဘင်ခဏတို့နှင့် အတူပြိုင်၍ ဖြစ်သော ပဝတ္တိ ကမ္မဇရုပ်တို့၏ ဖြစ်ပေါ်တည်နေရပုံ

ပဝတ္တိကမ္မဇရုပ် ပစ္စယုပ္ပန်တရားတို့သည် ----

၁။ ရုပ်သဟဇာတမျိုး --- ၅၊

၂။ ပစ္ဆာဇာတမျိုး --- ၄၊

၃။ ရူပအာဟာရမျိုး --- ၃၊

၄။ ရူပဇီဝိတိန္ဒြိယမျိုး --- ၃၊

၅။ နာနာက္ခဏိကကမ္မ --- ၁၊

ဤ (၁၆)မျိုးသော အကြောင်းပစ္စည်းတရားတို့ကြောင့် ဖြစ်ပေါ်တည်နေရကုန်၏။

ပဝတ္တိ ကမ္မဇရုပ် ပစ္စယုပ္ပန်တရားတို့သည် ----

၁။ ကလာပ်တူ အစိတ်အပေါင်း မဟာဘုတ် (၄)ပါး ပစ္စည်းတရားတို့၏ ထိုက်သည့်အားလျော်စွာ သဟဇာတ အညမည နိဿယ အတ္ထိ အဝိဂတသတ္တိ၊ (၅)။

၂။ နောက်နောက်သော စိတ်စေတသိက်ပစ္စည်းတရားတို့၏ ပစ္ဆာဇာတ ဝိပ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ၊ (၄)။

[မှတ်ချက် ---- နောက်နောက်သော စိတ်စေတသိက်ဟူသည် မိမိရှုပွားလိုက်သော ဘဝင်၏ နောက်၌ ကပ်လျက်ရှိသော စိတ်စေတသိက် နာမ်တရားစုပင် ဖြစ်သည်။ ထိုနာမ်တရားစုသည် ဝီထိစိတ်သော်လည်း ဖြစ်နိုင်၏၊ ဝီထိမုတ်စိတ်သော်လည်း ဖြစ်နိုင်၏။ ဝီထိမုတ်စိတ်ဟူသည် ဤ၌ အထူးသဖြင့် ဘဝင်စိတ်ကို ရည်ညွှန်း၍ ဆိုခြင်းတည်း။ ရှေးရှေးဘဝင်နှင့် အတူဥပါဒ်သော ရုပ်၏ ဌီကာလသို့ ရောက်သော ကမ္မဇရုပ်အား (စတုသမုဋ္ဌာနိကရုပ်အား) နောက်နောက် ဘဝင်နာမ်တရားစုက ကျေးဇူးပြုမှုကို ဆိုလိုသည်။ သတိပြု၍ ရှုပါ၊၊]

၃။ ကလာပ်တူ ကလာပ်ပြားဖြစ်သော စတုသမုဋ္ဌာနိကဩဇာ (ကမ္မဇဩဇာ စိတ္တဇဩဇာ ဥတုဇဩဇာ အာဟာရဇဩဇာ) ပစ္စည်းတရားတို့၏ ရူပအာဟာရ ရူပအာဟာရတ္ထိ ရူပအာဟာရအဝိဂတသတ္တိ၊ (၃)။

၄။ ကလာပ်တူ ရုပ်ဇီဝိတိန္ဒြေ ပစ္စည်းတရားတို့၏ ရူပဇီဝိတိန္ဒြိယ, ရူပဇီဝိတိန္ဒြိယတ္ထိ, ရူပဇီဝိတိန္ဒြိယအဝိဂတ သတ္တိ၊ (၃)။

၅။ အတိတ်ဖြစ်သော ထိုက်သင့်ရာ ကာမကုသိုလ်ကံ (အကုသိုလ်ကံ) ပစ္စည်းတရားတို့၏ နာနာက္ခဏိကကမ္မ သတ္တိ၊ (၁)။

ဤ (၁၆)မျိုးသော ပစ္စည်းတရားတို့၏ ဝိုင်းဝန်း၍ ကျေးဇူးပြုမှုကြောင့် ဖြစ်ပေါ်တည်နေရကုန်၏။

ဘဝင် စိတ္တဇရုပ်တို့ ဖြစ်ပေါ်တည်နေရပုံ

ဘဝင် စိတ္တဇရုပ် ပစ္စယုပ္ပန်တရားတို့သည် ----

၁။ နာမ်သဟဇာတမျိုး --- ၁၂၊

၂။ ရုပ်သဟဇာတမျိုး --- ၅၊

၃။ ပစ္ဆာဇာတမျိုး --- ၄၊

၄။ ရူပအာဟာရမျိုး --- ၃၊

ဤ (၂၄)မျိုးသော ပစ္စည်းတရားတို့၏ ဝိုင်းဝန်း ကျေးဇူးပြုမှုကြောင့် ဖြစ်ပေါ်တည်နေရကုန်၏။

ဘဝင် စိတ္တဇရုပ် ပစ္စယုပ္ပန်တရားတို့သည် ----

၁။ (က) ဘဝင်နာမ်တရား (၃၄၊ ၃၃) အစိတ်အပေါင်း နာမက္ခန္ဓာ (၄)ပါး ပစ္စည်းတရားတို့၏ သဟဇာတ နိဿယ ဝိပါက ဝိပ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ၊

( ခ ) ယင်းဘဝင်နာမ်တရားစုတွင် ပါဝင်သော အလောဘ အဒေါသ အမောဟ ပစ္စည်းတရားတို့၏ ဟေတုသတ္တိ၊

( ဂ ) စေတနာပစ္စည်းတရားတို့၏ သဟဇာတကမ္မသတ္တိ၊

(ဃ) ဖဿ စေတနာ ဝိညာဏ် ပစ္စည်းတရားတို့၏ အာဟာရသတ္တိ၊

( င ) ဇီဝိတ စိတ် ဝေဒနာ သဒ္ဓါ ဝီရိယ သတိ ဧကဂ္ဂတာ ပညာ ဟူသော နာမ်ဣန္ဒြေ (၈)ပါး ပစ္စည်းတရား တို့၏ ဣန္ဒြိယသတ္တိ၊

( စ ) သောမနဿသဟဂုတ် ကာမ တိဟိတ် ဘဝင်စိတ်ကြောင့်ဖြစ်သော စိတ္တဇရုပ် ဖြစ်အံ့ ----

ဝိတက် ဝိစာရ ပီတိ (သောမနဿ)ဝေဒနာ ဧကဂ္ဂတာဟူသော စျာနင် (၅)ပါး, ဥပေက္ခာသဟဂုတ် ကာမ တိဟိတ် ဘဝင်စိတ်ကြောင့်ဖြစ်သော စိတ္တဇရုပ်ဖြစ်အံ့ ---- ဝိတက် ဝိစာရ (ဥပေက္ခာ)ဝေဒနာ ဧကဂ္ဂတာဟူသော စျာနင် (၄)ပါး ပစ္စည်းတရားတို့၏ စျာနသတ္တိ၊

(ဆ) ပညာ ဝိတက် ဝီရိယ သတိ ဧကဂ္ဂတာဟူသော မဂ္ဂင် (၅)ပါး ပစ္စည်းတရားတို့၏ မဂ္ဂသတ္တိ၊ (၁၂)။

၂။ ကလာပ်တူ အစိတ်အပေါင်း မဟာဘုတ် (၄)ပါး ပစ္စည်းတရားတို့၏ ထိုက်သည့်အားလျော်စွာ သဟဇာတ အညမည နိဿယ အတ္ထိ အဝိဂတသတ္တိ၊ (၅)။

၃။ နောက်နောက်သော စိတ်စေတသိက် နာမက္ခန္ဓာပစ္စည်းတရားတို့၏ ပစ္ဆာဇာတ ဝိပ္ပယုတ္တ အတ္ထိ အဝိဂတ သတ္တိ၊ (၄)။

၄။ ကလာပ်တူ ကလာပ်ပြား ဖြစ်သော စတုသမုဋ္ဌာနိကဩဇာ ပစ္စည်းတရားတို့၏ ရူပအာဟာရ ရူပအာဟာရတ္ထိ ရူပအာဟာရ အဝိဂတသတ္တိ၊ (၃)။

ဤ (၂၄)မျိုးသော အကြောင်းပစ္စည်းတရားတို့က ဝိုင်းဝန်း၍ ကျေးဇူးပြုပေးသောကြောင့် ဖြစ်ပေါ်တည်နေကြရကုန်၏။

ဘဝင်စိတ်၏ ဥပါဒ်-ဌီ-ဘင်ခဏတို့နှင့် အတူပြိုင်၍ ဖြစ်သော ဥတုဇရုပ် အာဟာရဇရုပ်တို့၏ ဖြစ်ပေါ်တည်နေရပုံ

ဘဝင် ဥတုဇရုပ် အာဟာရဇရုပ် ပစ္စယုပ္ပန်တရားတို့သည် ----

၁။ ရုပ်သဟဇာတမျိုး --- ၅၊

၂။ ပစ္ဆာဇာတမျိုး --- ၄၊

၃။ ရူပအာဟာရမျိုး --- ၃၊

ဤ (၁၂)မျိုးသော ပစ္စည်းတရားတို့ကြောင့် ဖြစ်ပေါ်တည်နေရကုန်၏။

ဘဝင် ဥတုဇရုပ် အာဟာရဇရုပ် ပစ္စယုပ္ပန်တရားတို့သည် ----

၁။ ကလာပ်တူ အစိတ်အပေါင်း မဟာဘုတ် (၄)ပါး ပစ္စည်းတရားတို့၏ ထိုက်သည့်အားလျော်စွာ သဟဇာတ အညမည နိဿယ အတ္ထိ အဝိဂတသတ္တိ၊ (၅)။

၂။ နောက်နောက်သော စိတ်စေတသိက်ပစ္စည်းတရားတို့၏ ပစ္ဆာဇာတ ဝိပ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ၊ (၄)။

၃။ ကလာပ်တူ ကလာပ်ပြားဖြစ်သော စတုသမုဋ္ဌာနိကဩဇာ ပစ္စည်းတရားတို့၏ ရူပအာဟာရ ရူပအာဟာရတ္ထိ ရူပအာဟာရအဝိဂတသတ္တိ၊ (၃)။

ဤ (၁၂)မျိုးသော အကြောင်းပစ္စည်းတရားတို့က ဝိုင်းဝန်း၍ ကျေးဇူးပြုပေးသောကြောင့် ဖြစ်ပေါ်တည်နေရကုန်၏။

ဘဝင်နာမက္ခန္ဓာ (၄) ပါး

ကာမ တိဟိတ် ဘဝင် (၃၄၊ ၃၃) နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည် ----

၁။ နာမ်သဟဇာတမျိုး --- ၁၃၊

၂။ အာရမ္မဏမျိုး --- ၁၊

၃။ အနန္တရမျိုး --- ၅၊

၄။ ဝတ္ထုမျိုး --- ၅၊

၅။ နာနာက္ခဏိကကမ္မမျိုး --- ၂၊

ဤ (၂၆)မျိုးသော ပစ္စည်းတရားတို့ကြောင့် ဖြစ်ပေါ်တည်နေရကုန်၏။

ကာမ တိဟိတ် ဘဝင် (၃၄၊ ၃၃) အစိတ်အပေါင်း နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည် ----

၁။ (က) အချင်းချင်းအား ကျေးဇူးပြုတတ်သော ကာမ တိဟိတ် ဘဝင် (၃၄၊ ၃၃) အစိတ်အစိတ် နာမက္ခန္ဓာ ပစ္စည်းတရားတို့၏ သဟဇာတ အညမည နိဿယ ဝိပါက သမ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ၊

[မှတ်ချက် ---- ဖဿ (= ၃၃)က အကြောင်းတရား ဝေဒနာက္ခန္ဓာက အကျိုးတရား စသည့် ရှုကွက်များကို သတိပြုပါ။]

( ခ ) သမ္ပယုတ္တခန္ဓာအား ကျေးဇူးပြုတတ်သော ကာမ တိဟိတ် ဘဝင် (၃၄၊ ၃၃) နာမက္ခန္ဓာ၌ ပါရှိသော အလောဘ အဒေါသ အမောဟ ဟိတ် (၃)ပါး ပစ္စည်းတရားတို့၏ ဟေတုသတ္တိ၊

( ဂ ) စေတနာပစ္စည်းတရားတို့၏ သဟဇာတကမ္မသတ္တိ၊

(ဃ) ဖဿ စေတနာ ဝိညာဏ် နာမ်အာဟာရ (၃)ပါး ပစ္စည်းတရားတို့၏ အာဟာရသတ္တိ၊

( င ) နာမ်ဣန္ဒြေ (၈)ပါး ပစ္စည်းတရားတို့၏ ဣန္ဒြိယသတ္တိ၊

( စ ) သောမနဿဘဝင် ဖြစ်အံ့ ---- ဝိတက် ဝိစာရ ပီတိ သုခ ဧကဂ္ဂတာ - စျာနင် (၅)ပါး၊ ဥပေက္ခာဘဝင် ဖြစ်အံ့ ---- ဝိတက် ဝိစာရ ဥပေက္ခာ ဧကဂ္ဂတာ စျာနင် (၄)ပါး ပစ္စည်းတရားတို့၏ စျာနသတ္တိ၊

(ဆ) ဝိရတိကြဉ်သော မဂ္ဂင် (၅)ပါး ပစ္စည်းတရားတို့၏ မဂ္ဂသတ္တိ၊ (၁၃)။

၂။ ကံ-ကမ္မနိမိတ်-ဂတိနိမိတ် သုံးပါးတို့တွင် တစ်ပါးပါးသော အာရုံပစ္စည်းတရားတို့၏ အာရမ္မဏသတ္တိ၊ (၁)။

၃။ (က) ပဋိသန္ဓေ၏ အခြားမဲ့၌ ဖြစ်သောအခါ ချုပ်လေပြီးသော ကာမ တိဟိတ် ပဋိသန္ဓေနာမက္ခန္ဓာ၊

( ခ ) ဘဝင်၏ အခြားမဲ့၌ ဖြစ်သောအခါ ချုပ်လေပြီးသော ကာမ တိဟိတ် ဘဝင်နာမက္ခန္ဓာ၊

( ဂ ) ဝုဋ္ဌော၏ အခြားမဲ့၌ ဖြစ်သောအခါ ချုပ်လေပြီးသော ဝုဋ္ဌောနာမက္ခန္ဓာ၊

(ဃ) ဇော၏ အခြားမဲ့၌ ဖြစ်သောအခါ ချုပ်လေပြီးသော အဆုံးဇောနာမက္ခန္ဓာ၊

(င) တဒါရုံ၏ အခြားမဲ့၌ ဖြစ်သောအခါ ချုပ်လေပြီးသော ဒုတိယတဒါရုံ နာမက္ခန္ဓာ ပစ္စည်းတရားတို့၏ အနန္တရ သမနန္တရ ဥပနိဿယ နတ္ထိ ဝိဂတသတ္တိ၊ (၅)။

၄။ (က) ယင်းဘဝင်နာမက္ခန္ဓာတို့သည် ပဋိသန္ဓေ၏ အခြားမဲ့၌ဖြစ်သောအခါ (ပထမဘဝင်ကို ဆိုလိုသည်။) ကာမ တိဟိတ် ပဋိသန္ဓေနှင့် အတူဥပါဒ်သော ဟဒယဝတ္ထု၊

( ခ ) ဘဝင်၏ အခြားမဲ့၌ ဖြစ်သောအခါ (ဘဝင်နောင် ဖြစ်သော ဘဝင် = ဒုတိယဘဝင် စသည်ကို ဆိုလိုသည်။) ရှေးရှေး ကာမ တိဟိတ် ဘဝင်နာမက္ခန္ဓာနှင့် အတူဥပါဒ်သော ဟဒယဝတ္ထု၊

( ဂ ) ဝုဋ္ဌော၏ အခြားမဲ့၌ ဖြစ်သောအခါ ဝုဋ္ဌောနာမက္ခန္ဓာနှင့် အတူဥပါဒ်သော ဟဒယဝတ္ထု၊

(ဃ) ဇော၏ အခြားမဲ့၌ ဖြစ်သောအခါ အဆုံးဇောနာမက္ခန္ဓာနှင့် အတူဥပါဒ်သော ဟဒယဝတ္ထု၊

( င ) တဒါရုံ၏ အခြားမဲ့၌ ဖြစ်သောအခါ ဒုတိယတဒါရုံနာမက္ခန္ဓာနှင့် အတူဥပါဒ်သော ဟဒယဝတ္ထု၊

( စ ) မရဏာသန္နအခါ စုတိစိတ်မှ ပြန်၍ ရေတွက်သည်ရှိသော် (၁၇)ချက်မြောက်သော စိတ်နှင့် အတူ ဥပါဒ်သော ဟဒယဝတ္ထုပစ္စည်းတရားတို့၏ နိဿယ ပုရေဇာတ ဝိပ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ၊(၅)။

၅။ အတိတ်ဖြစ်သော ထိုက်သင့်ရာ တစ်မျိုးမျိုးသော တိဟိတ် ဥက္ကဋ္ဌ ကာမကုသိုလ်ကံ ပစ္စည်းတရားတို့၏ နာနာက္ခဏိကကမ္မ ပကတူပနိဿယသတ္တိ၊ (၂)။

ဤ (၂၆)မျိုးသော အကြောင်းပစ္စယသတ္တိတို့က ဝိုင်းဝန်း၍ ကျေးဇူးပြုပေးသောကြောင့် ဖြစ်ပေါ်တည်နေရကုန်၏။

[မှတ်ချက် ---- ပထမဘဝင်စသော ဘဝင် (၁၅)ကြိမ် သို့မဟုတ် (၁၆)ကြိမ်တို့နောင် ဖြစ်သော မနောဒွါရာဝဇ္ဇန်း၊ ဘဝနိကန္တိက လောဘဇော ခန္ဓာ (၅)ပါးတို့၏ ဖြစ်ပေါ်တည်နေရပုံကို နောက်တွင် ရေးသား တင်ပြမည့် မနောဒွါရာဝဇ္ဇန်း လောဘဇော ခန္ဓာ (၅)ပါးတို့ကို နည်းမှီး၍ သိနိုင်လောက်ပေပြီ။]

ပဉ္စဒွါရိကဝီထိစိတ်

ပဉ္စဒွါရိကဝီထိစိတ်တို့သည် အကျဉ်းအားဖြင့် ---- ပဉ္စဒွါရာဝဇ္ဇန်း၊ ပဉ္စဝိညာဏ်၊ သမ္ပဋိစ္ဆိုင်း၊ သန္တီရဏ၊ ဝုဋ္ဌော၊ ဇော၊ တဒါရုံ - ဟု (၇)မျိုးတည်း။

စိတ္တုပ္ပါဒ်၏ အစွမ်းအားဖြင့်ကား --- ပဉ္စဒွါရာဝဇ္ဇန်း၊ ပဉ္စဝိညာဏ်၊ သမ္ပဋိစ္ဆိုင်း၊ သန္တီရဏ၊ ဝုဋ္ဌော၊ ပထမဇော၊ ဒုတိယဇော၊ တတိယဇော၊ စတုတ္ထဇော၊ ပဉ္စမဇော၊ ဆဋ္ဌဇော၊ သတ္တမဇော၊ ပထမတဒါရုံ၊ ဒုတိယတဒါရုံ - ဟု (၁၄)မျိုးတည်း။

အကျယ်အားဖြင့်ကား ကာမစိတ် (၅၄)မျိုးတည်း။ ထိုနာမ်တရားတို့၏ စိတ္တက္ခဏတိုင်း၌ ခန္ဓာ (၅)ပါးဖွဲ့၍ ယင်းခန္ဓာ (၅)ပါးတို့၏ ဖြစ်ပေါ်တည်နေရပုံ ပဋ္ဌာန်းပစ္စည်း ဆက်သွယ်ပုံများကို ဆက်လက်၍ ရေးသား တင်ပြ အပ်ပါသည်။ ထိုတွင် ကြိယာဇောများမှာ ရဟန္တာအရှင်မြတ်ကြီးတို့နှင့်သာ သက်ဆိုင်သဖြင့် ချန်လှပ်ထားပါသည်။

ရုပ်တို့၏ ဖြစ်ပေါ်တည်နေပုံ - ကြိုတင်သိမှတ်ထားရန်

ပဉ္စဒွါရဝီထိ၌ ပဉ္စဝိညာဏ်တို့၏ ဥပါဒ်ခဏ၊ ဌီခဏ၊ ဘင်ခဏတို့နှင့် အတူပြိုင်၍ ဖြစ်ကောင်းသော ရုပ်တို့ကား ---- (၁) ပဝတ္တိ ကမ္မဇရုပ်, (၂) ဥတုဇရုပ်, (၃) အာဟာရဇရုပ် ---- (၃)မျိုးတို့တည်း။

ပဉ္စဝိညာဏ်မှ ကြွင်းသော ပဉ္စဒွါရာဝဇ္ဇန်း၊ သမ္ပဋိစ္ဆိုင်း၊ သန္တီရဏ၊ ဝုဋ္ဌော၊ ဇော၊ တဒါရုံတို့၏ ဥပါဒ်ခဏနှင့် အတူပြိုင်၍ ဖြစ်ကောင်းသော ရုပ်တို့ကား ---- (၁) ပဝတ္တိ ကမ္မဇရုပ်, (၂) စိတ္တဇရုပ်, (၃) ဥတုဇရုပ်, (၄) အာဟာရဇရုပ် ---- (၄)မျိုးတို့တည်း။

ယင်းဝီထိစိတ်တို့၏ ဌီခဏ ဘင်ခဏတို့နှင့် အတူပြိုင်၍ ဖြစ်ကောင်းသော ရုပ်တို့ကား ---- (၁) ပဝတ္တိ ကမ္မဇရုပ်, (၂) ဥတုဇရုပ်, (၃) အာဟာရဇရုပ် ---- (၃)မျိုးတို့တည်း။

ပဉ္စဒွါရာဝဇ္ဇန်း - ရူပက္ခန္ဓာ

ကမ္မဇရုပ် ---- ပဉ္စဒွါရာဝဇ္ဇန်းစိတ်၏ ဥပါဒ်-ဌီ-ဘင်ခဏတို့နှင့် အတူပြိုင်၍ ဖြစ်သော ပဝတ္တိ ကမ္မဇရုပ် ပစ္စယုပ္ပန်တရားတို့သည် ----

၁။ ရုပ်သဟဇာတမျိုး --- ၅၊

၂။ ပစ္ဆာဇာတမျိုး --- ၄၊

၃။ ရူပအာဟာရမျိုး --- ၃၊

၄။ ရူပဇီဝိတိန္ဒြိယမျိုး --- ၃၊

၅။ နာနာက္ခဏိကကမ္မ --- ၁၊

ဤ (၁၆)မျိုးသော ပစ္စည်းတရားတို့ကြောင့် ဖြစ်ပေါ်တည်နေရကုန်၏။

ပဉ္စဒွါရာဝဇ္ဇန်းအခိုက် ပဝတ္တိ ကမ္မဇရုပ် ပစ္စယုပ္ပန်တရားတို့သည် ----

၁။ ကလာပ်တူ အစိတ်အပေါင်း မဟာဘုတ် (၄)ပါး ပစ္စည်းတရားတို့၏ ထိုက်သည့်အားလျော်စွာ သဟဇာတ အညမည နိဿယ အတ္ထိ အဝိဂတသတ္တိ၊ (၅)။

၂။ နောက်ဖြစ်သော ပဉ္စဝိညာဏ် ပစ္စည်းတရားတို့၏ ပစ္ဆာဇာတ ဝိပ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ၊ (၄)။

၃။ ကလာပ်တူ ကလာပ်ပြားဖြစ်သော စတုသမုဋ္ဌာနိကဩဇာ ပစ္စည်းတရားတို့၏ ရူပအာဟာရ ရူပအာဟာရတ္ထိ ရူပအာဟာရအဝိဂတသတ္တိ၊ (၃)။

၄။ ကလာပ်တူ ရုပ်ဇီဝိတိန္ဒြေ ပစ္စည်းတရားတို့၏ ရူပဇီဝိတိန္ဒြိယ, ရူပဇီဝိတိန္ဒြိယတ္ထိ ရူပဇီဝိတိန္ဒြိယအဝိဂတ သတ္တိ၊ (၃)။

၅။ အတိတ်ဖြစ်သော ကာမကုသိုလ်ကံ အကုသိုလ်ကံ (၈+၁၂ = ၂၀) ပစ္စည်းတရားတို့၏ နာနာက္ခဏိကကမ္မ သတ္တိ၊ (၁)။ (ရူပကမ္မဇရုပ်အတွက်ဖြစ်မူ ရူပကုသိုလ်ကံ ဖြစ်သည်။)

ဤ (၁၆)မျိုးသော ပစ္စည်းတရားတို့၏ ဝိုင်းဝန်း၍ ကျေးဇူးပြုမှုကြောင့် ဖြစ်ပေါ်တည်နေရကုန်၏။

စိတ္တဇရုပ် ---- ပဉ္စဒွါရာဝဇ္ဇန်းနာမက္ခန္ဓာအခိုက် ပဉ္စဒွါရာဝဇ္ဇန်းစိတ်ကြောင့်ဖြစ်သော စိတ္တဇရုပ် ပစ္စယုပ္ပန် တရားတို့သည် ----

၁။ နာမ်သဟဇာတမျိုး --- ၉၊

၂။ ရုပ်သဟဇာတမျိုး --- ၅၊

၃။ ပစ္ဆာဇာတမျိုး --- ၄၊

၄။ ရူပအာဟာရမျိုး --- ၃၊

ဤ (၂၁)မျိုးသော ပစ္စည်းတရားတို့ကြောင့် ဖြစ်ပေါ်တည်နေရကုန်၏။

ပဉ္စဒွါရာဝဇ္ဇန်းစိတ်ကြောင့် ဖြစ်သော စိတ္တဇရုပ် ပစ္စယုပ္ပန်တရားတို့သည် ----

၁။ (က) ပဉ္စဒွါရာဝဇ္ဇန်း (နာမ်တရား-၁၁) = အစိတ်အပေါင်း နာမက္ခန္ဓာပစ္စည်းတရားတို့၏ သဟဇာတ နိဿယ ဝိပ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ၊

( ခ ) ယင်းပဉ္စဒွါရာဝဇ္ဇန်း နာမ်တရားစုတွင် ပါဝင်သော စေတနာပစ္စည်းတရားတို့၏ သဟဇာတကမ္မသတ္တိ၊

( ဂ ) ဖဿ စေတနာ ဝိညာဏ် ပစ္စည်းတရားတို့၏ အာဟာရသတ္တိ၊

(ဃ) ဇီဝိတ စိတ် (ဥပေက္ခာ)ဝေဒနာ - နာမ်ဣန္ဒြေ (၃)ပါး ပစ္စည်းတရားတို့၏ ဣန္ဒြိယသတ္တိ၊

( င ) ဝိတက် ဝိစာရ (ဥပေက္ခာ)ဝေဒနာ ဧကဂ္ဂတာ - စျာနင် (၄)ပါး ပစ္စည်းတရားတို့၏ စျာနသတ္တိ၊ (၉)။

၂။ ကလာပ်တူ အစိတ်အပေါင်း မဟာဘုတ် (၄)ပါး ပစ္စည်းတရားတို့၏ ထိုက်သည့်အားလျော်စွာ သဟဇာတ အညမည နိဿယ အတ္ထိ အဝိဂတသတ္တိ၊ (၅)။

၃။ ပစ္ဆာဇာတ = နောက်ဖြစ်သော ပဉ္စဝိညာဏ်နာမက္ခန္ဓာ ပစ္စည်းတရားတို့၏ ပစ္ဆာဇာတ ဝိပ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ၊ (၄)။

၄။ ကလာပ်တူ ကလာပ်ပြားဖြစ်သော စတုသမုဋ္ဌာနိကဩဇာ ပစ္စည်းတရားတို့၏ ရူပအာဟာရ ရူပအာဟာရတ္ထိ ရူပအာဟာရအဝိဂတသတ္တိ၊ (၃)၊

ဤ (၂၁)မျိုးသော ပစ္စည်းတရားတို့က ဝိုင်းဝန်း၍ ကျေးဇူးပြုသောကြောင့် ဖြစ်ပေါ်တည်နေရကုန်၏။

ဥတုဇရုပ် အာဟာရဇရုပ် ---- ပဉ္စဒွါရာဝဇ္ဇန်းစိတ်၏ ဥပါဒ်-ဌီ-ဘင် ခဏတို့နှင့် အတူပြိုင်၍ ဖြစ်သော ဥတုဇရုပ် အာဟာရဇရုပ် ပစ္စယုပ္ပန်တရားတို့သည် ----

၁။ ရုပ်သဟဇာတမျိုး --- ၅၊

၂။ ပစ္ဆာဇာတမျိုး --- ၄၊

၃။ ရူပအာဟာရမျိုး --- ၃၊

ဤ (၁၂)မျိုးသော ပစ္စည်းတရားတို့ကြောင့် ဖြစ်ပေါ်တည်နေရကုန်၏။

ပဉ္စဒွါရာဝဇ္ဇန်းစိတ်၏ ဥပါဒ်-ဌီ-ဘင် ခဏတို့နှင့် အတူပြိုင်၍ ဖြစ်သော ဥတုဇရုပ် အာဟာရဇရုပ် ပစ္စယုပ္ပန်တရားတို့သည် ----

၁။ ကလာပ်တူ အစိတ်အပေါင်း မဟာဘုတ် (၄)ပါး ပစ္စည်းတရားတို့၏ ထိုက်သည့်အားလျော်စွာ သဟဇာတ အညမည နိဿယ အတ္ထိ အဝိဂတသတ္တိ၊ (၅)။

၂။ ပစ္ဆာဇာတ = နောက်ဖြစ်သော ပဉ္စဝိညာဏ်နာမက္ခန္ဓာ ပစ္စည်းတရားတို့၏ ပစ္ဆာဇာတ ဝိပ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ၊ (၄)။

၃။ ကလာပ်တူ ကလာပ်ပြားဖြစ်သော စတုသမုဋ္ဌာနိကဩဇာ ပစ္စည်းတရားတို့၏ ရူပအာဟာရ ရူပအာဟာရတ္ထိ ရူပအာဟာရအဝိဂတသတ္တိ၊ (၃)။

ဤ (၁၂)မျိုးသော အကြောင်းပစ္စည်းတရားတို့က ဝိုင်းဝန်း၍ ကျေးဇူးပြုပေးသောကြောင့် ဖြစ်ပေါ်တည်နေရကုန်၏။

ပဉ္စဒွါရာဝဇ္ဇန်း (နာမ်တရား - ၁၁လုံး) နာမက္ခန္ဓာ (၄) ပါး

ပဉ္စဒွါရာဝဇ္ဇန်း နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည် ----

၁။ နာမ်သဟဇာတမျိုး --- ၁၀၊

၂။ အာရမ္မဏမျိုး --- ၄၊

၃။ အနန္တရမျိုး --- ၅၊

၄။ ဝတ္ထုမျိုး --- ၅၊

၅။ ပကတူပနိဿယမျိုး --- ၁၊

ဤ (၂၅)မျိုးသော အကြောင်းပစ္စည်းတရားတို့က ဝိုင်းဝန်း၍ ကျေးဇူးပြုပေးခြင်းကြောင့် ဖြစ်ပေါ်တည်နေရကုန်၏။

(ပဉ္စဒွါရာဝဇ္ဇန်းစိတ်, ဆန္ဒ ပီတိ ဝီရိယကြဉ် အညသမာန်းစေတသိက် (၁၀)ဟူသော) ပဉ္စဒွါရာဝဇ္ဇန်း အစိတ်အစိတ် နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည် ----

၁။ (က) အချင်းချင်းအား ကျေးဇူးပြုတတ်သော ပဉ္စဒွါရာဝဇ္ဇန်း အစိတ်အစိတ် နာမက္ခန္ဓာ ပစ္စည်းတရားတို့၏ သဟဇာတ အညမည နိဿယ သမ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ၊

( ခ ) သမ္ပယုတ္တခန္ဓာအား ကျေးဇူးပြုတတ်သော ပဉ္စဒွါရာဝဇ္ဇန်း နာမက္ခန္ဓာ၌ ပါရှိသော စေတနာပစ္စည်းတရားတို့၏ သဟဇာတကမ္မသတ္တိ၊

( ဂ ) ဖဿ စေတနာ ဝိညာဏ် - နာမ်အာဟာရ (၃)ပါး ပစ္စည်းတရားတို့၏ အာဟာရသတ္တိ၊

(ဃ) ဇီဝိတ စိတ် (ဥပေက္ခာ)ဝေဒနာ - နာမ်ဣန္ဒြေ (၃)ပါး ပစ္စည်းတရားတို့၏ ဣန္ဒြိယသတ္တိ၊

( င ) ဝိတက် ဝိစာရ (ဥပေက္ခာ)ဝေဒနာ ဧကဂ္ဂတာ - စျာနင် (၄)ပါး ပစ္စည်းတရားတို့၏ စျာနသတ္တိ၊(၁၀)။

၂။ သာမန်အားဖြင့် အာရုံပြုတတ်သော ပဉ္စဒွါရာဝဇ္ဇန်း နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည် သာမန်အားဖြင့် အာရုံပြုအပ်သော ပစ္စုပ္ပန်ရူပါရုံ (သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗာရုံ) ပစ္စည်းတရားတို့၏ အာရမ္မဏ ပုရေဇာတ အတ္ထိ အဝိဂတသတ္တိ၊ (၄)။

၃။ အခြားမရှိသည်ဖြစ်၍ (မိမိရှေးက) ချုပ်လေပြီးသော ပဉ္စဝေါကာရ ဘဝင်္ဂုပစ္ဆေဒ (တိဟိတ် ဘဝင်ဖြစ်လျှင် နာမ်တရား ၃၄-၃၃၊) နာမက္ခန္ဓာပစ္စည်းတရားတို့၏ အနန္တရ သမနန္တရ ဥပနိဿယ နတ္ထိ ဝိဂတသတ္တိ၊(၅)။

၄။ ပဉ္စဒွါရာဝဇ္ဇန်း နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည် ပဉ္စဝေါကာရ ဘဝင်္ဂုပစ္ဆေဒ နာမက္ခန္ဓာတို့၏ ဥပါဒ်ခဏနှင့် အတူပြိုင်၍ ဖြစ်သော ဟဒယဝတ္ထု၊ မရဏာသန္နအခါ စုတိစိတ်မှ ပြန်၍ ရေတွက်သည်ရှိသော် (၁၇)ချက်မြောက်သော စိတ်၏ ဥပါဒ်ခဏနှင့် အတူပြိုင်၍ ဖြစ်သော ဟဒယဝတ္ထု ပစ္စည်းတရားတို့၏ နိဿယ ပုရေဇာတ ဝိပ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ၊ (၅)။

၅။ ပဉ္စဒွါရာဝဇ္ဇန်း နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည် အားကောင်းသော = ဗလဝဖြစ်သော စိတ် (၈၉) စေတသိက် (၅၂) ရုပ် (၂၈), ပစ္စည်းဖြစ်ထိုက်သော အချို့သော ပညတ်ပစ္စည်းတရားတို့၏ ပကတူပနိဿယသတ္တိ၊ (၁)။

ဤ (၂၅)မျိုးသော ပစ္စယသတ္တိ အကြောင်းတရားတို့က ဝိုင်းဝန်း၍ ကျေးဇူးပြုပေးသောကြောင့် ဖြစ်ပေါ်တည်နေရကုန်၏။

ယခုတစ်ဖန် ဒွေပဉ္စဝိညာဏ်ခန္ဓာ (၅)ပါး၌ ပဋ္ဌာန်းပစ္စည်းဆက်သွယ်ပုံကို ဆက်လက် တင်ပြအပ်ပါသည်။

ဒွေပဉ္စဝိညာဏ် - ရူပက္ခန္ဓာ (ပဝတ္တိ ကမ္မဇရုပ်)

ဒွေပဉ္စဝိညာဏ်၏ ဥပါဒ်-ဌီ-ဘင် ခဏတို့နှင့် အတူပြိုင်၍ ဖြစ်သော (၆-ဒွါရ၊ ထိုထိုကောဋ္ဌာသ၌ရှိသော) ပဝတ္တိ ကမ္မဇရုပ် ပစ္စယုပ္ပန်တရားတို့သည် ----

၁။ ရုပ်သဟဇာတမျိုး --- ၅၊

၂။ ပစ္ဆာဇာတမျိုး --- ၄၊

၃။ ရုပ်အာဟာရမျိုး --- ၃၊

၄။ ရူပဇီဝိတိန္ဒြိယမျိုး --- ၃၊

၅။ နာနာက္ခဏိကကမ္မ --- ၁၊

ဤ (၁၆)မျိုးသော အကြောင်းပစ္စည်းတရားတို့ကြောင့် ဖြစ်ပေါ်တည်နေရကုန်၏။

ဒွေပဉ္စဝိညာဏ်၏ ဥပါဒ်-ဌီ-ဘင် ခဏတို့နှင့် အတူပြိုင်၍ ဖြစ်သော ပဝတ္တိ ကမ္မဇရုပ် ပစ္စယုပ္ပန်တရား တို့သည် ----

၁။ ကလာပ်တူ အစိတ်အပေါင်း မဟာဘုတ် (၄)ပါး ပစ္စည်းတရားတို့၏ ယထာရဟ = ထိုက်သည့်အားလျော်စွာ သဟဇာတ အညမည နိဿယ အတ္ထိ အဝိဂတသတ္တိ၊ (၅)။

၂။ ပစ္ဆာဇာတ = နောက်ဖြစ်သော သမ္ပဋိစ္ဆိုင်းနာမက္ခန္ဓာ ပစ္စည်းတရားတို့၏ ပစ္ဆာဇာတ ဝိပ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ၊ (၄)။

၃။ ကလာပ်တူ ကလာပ်ပြားဖြစ်သော စတုသမုဋ္ဌာနိကဩဇာ ပစ္စည်းတရားတို့၏ ရူပအာဟာရ ရူပအာဟာရတ္ထိ ရူပအာဟာရအဝိဂတသတ္တိ၊ (၃)။

၄။ ကလာပ်တူ ရုပ်ဇီဝိတိန္ဒြေ ပစ္စည်းတရားတို့၏ ရူပဇီဝိတိန္ဒြိယ, ရူပဇီဝိတိန္ဒြိယတ္ထိ ရူပဇီဝိတိန္ဒြိယအဝိဂတ သတ္တိ၊ (၃)။

၅။ အတိတ်ဖြစ်သော ထိုက်သင့်ရာ ကာမကုသိုလ်ကံ (အကုသိုလ်ကံ) ပစ္စည်းတရားတို့၏ နာနာက္ခဏိကကမ္မသတ္တိ၊ (၁)။

ဤ (၁၆)မျိုးသော ပစ္စယသတ္တိ အကြောင်းတရားစုတို့က ဝိုင်းဝန်း ကျေးဇူးပြုပေးသောကြောင့် ဖြစ်ပေါ်တည်နေရကုန်၏။

ဥတုဇရုပ် အာဟာရဇရုပ်

ဒွေပဉ္စဝိညာဏ်၏ ဥပါဒ်-ဌီ-ဘင်ခဏတို့နှင့် အတူပြိုင်၍ ဖြစ်သော ဥတုဇရုပ် အာဟာရဇရုပ် ပစ္စယုပ္ပန်တရားတို့သည် ----

၁။ ရုပ်သဟဇာတမျိုး --- ၅၊

၂။ ပစ္ဆာဇာတမျိုး --- ၄၊

၃။ ရူပအာဟာရမျိုး --- ၃၊

ဤ (၁၂)မျိုးသော အကြောင်းပစ္စည်းတရားတို့က ဝိုင်းဝန်း၍ ကျေးဇူးပြုပေးသောကြောင့် ဖြစ်ပေါ်တည်နေရကုန်၏။ (အထက်ပါ ပဝတ္တိ ကမ္မဇရုပ် ၁ -၂ - ၃ အတိုင်းရှုပါ။)

ဒွေပဉ္စဝိညာဏ် - နာမက္ခန္ဓာ (၄) ပါး

စက္ခုဝိညာဏ် (သောတဝိညာဏ် ။ ပ ။ ကာယဝိညာဏ်) နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည် -- (နာမ်တရား-၈-လုံးစီ။)

၁။ သဟဇာတမျိုး --- ၁၀၊

၂။ အာရမ္မဏမျိုး --- ၄၊

၃။ အနန္တရမျိုး --- ၅၊

၄။ ဝတ္ထုမျိုး --- ၆၊

၅။ နာနာက္ခဏိကကမ္မမျိုး --- ၂၊

၆။ ပကတူပနိဿယမျိုး --- ၁၊

ဤ (၂၈)မျိုးသော အကြောင်းပစ္စည်းတရားတို့ကြောင့် ဖြစ်ပေါ်တည်နေရကုန်၏။

စက္ခုဝိညာဏ် (သောတဝိညာဏ် ။ ပ ။ ကာယဝိညာဏ်) အစိတ်အစိတ် နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည် ----

၁။ (က) အချင်းချင်းအား ကျေးဇူးပြုတတ်သော စက္ခုဝိညာဏ် (သောတဝိညာဏ် ။ ပ ။ ကာယဝိညာဏ်) အစိတ်အစိတ် နာမက္ခန္ဓာ ပစ္စည်းတရားတို့၏ သဟဇာတ အညမည နိဿယ ဝိပါက သမ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ၊

(ခ) သမ္ပယုတ္တခန္ဓာအား ကျေးဇူးပြုတတ်သော စက္ခုဝိညာဏ် (သောတဝိညာဏ် ။ ပ ။ ကာယဝိညာဏ်) နာမက္ခန္ဓာ၌ ပါရှိသော စေတနာပစ္စည်းတရားတို့၏ သဟဇာတကမ္မသတ္တိ၊

(ဂ) ဖဿ စေတနာ ဝိညာဏ် - နာမ်အာဟာရ (၃)ပါး ပစ္စည်းတရားတို့၏ အာဟာရသတ္တိ၊

(ဃ) ဇီဝိတ စိတ် (ဥပေက္ခာ)ဝေဒနာ - နာမ်ဣန္ဒြေ (၃)ပါး ပစ္စည်းတရားတို့၏ ဣန္ဒြိယသတ္တိ၊ (၁၀)။

၂။ သာမန်အားဖြင့် အာရုံပြုတတ်သော စက္ခုဝိညာဏ် (သောတဝိညာဏ် ။ ပ ။ ကာယဝိညာဏ်) နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည် သာမန်အားဖြင့် အာရုံပြုအပ်သော ပစ္စုပ္ပန်ရူပါရုံ (သဒ္ဒါရုံ ။ ပ ။ ဖောဋ္ဌဗ္ဗာရုံ) ပစ္စည်းတရားတို့၏ အာရမ္မဏ ပုရေဇာတ အတ္ထိ အဝိဂတသတ္တိ၊ (၄)။

၃။ စက္ခုဝိညာဏ် (သောတဝိညာဏ် ။ ပ ။ ကာယဝိညာဏ်) နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည် အခြားမရှိသည်ဖြစ်၍ ချုပ်လေပြီးသော ပဉ္စဒွါရာဝဇ္ဇန်း နာမက္ခန္ဓာ ပစ္စည်းတရားတို့၏ အနန္တရ သမနန္တရ ဥပနိဿယ နတ္ထိ ဝိဂတသတ္တိ၊ (၅)။

၄။ စက္ခုဝိညာဏ်ဒွေ (သောတဝိညာဏ်ဒွေ ။ ပ ။ ကာယဝိညာဏ်ဒွေ) နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရား တို့သည် ရှေးဦးအစ အတီတဘဝင်၏ ဥပါဒ်ခဏနှင့် အတူပြိုင်၍ ဖြစ်သော မဇ္ဈိမာယုက စက္ခုဝတ္ထု (သောတဝတ္ထု ။ ပ ။ ကာယဝတ္ထု) ပစ္စည်းတရားတို့၏ နိဿယ ပုရေဇာတ ဣန္ဒြိယ ဝိပ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ၊ (၆)။

၅။ ထိုက်သင့်ရာ အတိတ် ကာမကုသိုလ်ကံ (အကုသိုလ်ကံ) ပစ္စည်းတရားတို့၏ နာနာက္ခဏိကကမ္မ ပကတူပနိဿယ သတ္တိ။ (၂)။ (ကုသလဝိပါက် ပဉ္စဝိညာဏ်သည် ကုသိုလ်ကံကြောင့်, အကုသလဝိပါက် ပဉ္စဝိညာဏ်သည် အကုသိုလ်ကံကြောင့် ဖြစ်ရကား တစ်ခုစီ သီးသန့်ခွဲ၍ ရှုပါ။)

၆။ ဗလဝဖြစ်သော = အားကောင်းသော စိတ် (၈၉) စေတသိက် (၅၂) ရုပ် (၂၈), ပစ္စည်းဖြစ်ထိုက်သော အချို့သော ပညတ်ပစ္စည်းတရားတို့က ပကတူပနိဿယသတ္တိ၊

ဤ (၂၈)မျိုးသော အကြောင်းပစ္စယသတ္တိတို့က ဝိုင်းဝန်း၍ ကျေးဇူးပြုပေးသောကြောင့် ဖြစ်ပေါ်တည်နေရကုန်၏။

[မှတ်ချက် ---- ပဉ္စဝိညာဏ်များကို တစ်ခုစီ သီးသန့်ခွဲ၍ ရှုရန် ဖြစ်သည်။ မှတ်သား လွယ်ကူစေရန် စုပေါင်းရေးသား ဖော်ပြခြင်း ဖြစ်သည်။ ကုသလဝိပါက် အကုသလဝိပါက်ကိုလည်း ခွဲရှုပါ။]

သမ္ပဋိစ္ဆိုင်း ခန္ဓာ (၅)ပါး

သမ္ပဋိစ္ဆိုင်း - ရူပက္ခန္ဓာ

ပဝတ္တိ ကမ္မဇရုပ် - ဥတုဇရုပ် - အာဟာရဇရုပ် ---- သမ္ပဋိစ္ဆိုင်း နာမက္ခန္ဓာ၏ ဥပါဒ်-ဌီ-ဘင်ခဏတို့နှင့် အတူပြိုင်၍ ဖြစ်သော ပဝတ္တိ ကမ္မဇရုပ် ဥတုဇရုပ် အာဟာရဇရုပ်တို့၏ ဖြစ်ပေါ်တည်နေရပုံကို စက္ခုဝိညာဏ် နာမက္ခန္ဓာ၏ ဥပါဒ်-ဌီ-ဘင် ခဏတို့နှင့် အတူပြိုင်၍ ဖြစ်သော ပဝတ္တိ ကမ္မဇရုပ် ဥတုဇရုပ် အာဟာရဇရုပ် ပစ္စယုပ္ပန်တရားတို့၏ ဖြစ်ပေါ်တည်နေရပုံကို နည်းမှီး၍ ရှုပါ။ ပစ္ဆာဇာတအရာ၌ ပစ္ဆာဇာတ = နောက်ဖြစ်သော သန္တီရဏနာမက္ခန္ဓာ ပစ္စည်းတရားတို့၏ ပစ္ဆာဇာတ ဝိပ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိဟု ပြောင်းလဲမှုသာ ရှိသည်၊ ပဉ္စဝိညာဏ်နာမက္ခန္ဓာ၏ ဥပါဒ်-ဌီ-ဘင်ခဏတို့နှင့် အတူပြိုင်၍ ဖြစ်သော ပဝတ္တိ ကမ္မဇရုပ် ဥတုဇရုပ် အာဟာရဇရုပ်တို့အတိုင်းပင် ရှုပါ။

စိတ္တဇရုပ် ---- သမ္ပဋိစ္ဆိုင်း နာမက္ခန္ဓာကြောင့် ဖြစ်ကုန်သော စိတ္တဇရုပ် ပစ္စယုပ္ပန်တရားတို့သည် ----

၁။ နာမ်သဟဇာတမျိုး --- ၁၀၊

၂။ ရုပ်သဟဇာတမျိုး --- ၅၊

၃။ ပစ္ဆာဇာတမျိုး --- ၄၊

၄။ ရူပအာဟာရမျိုး --- ၃၊

ဤ (၂၂)မျိုးသော အကြောင်းပစ္စယသတ္တိတို့က ဝိုင်းဝန်း၍ ကျေးဇူးပြုပေးသောကြောင့် ဖြစ်ပေါ်တည်နေရကုန်၏။

သမ္ပဋိစ္ဆိုင်းစိတ်ကြောင့် ဖြစ်ကုန်သော စိတ္တဇရုပ် ပစ္စယုပ္ပန်တရားတို့သည် ----

၁။ (က) သမ္ပဋိစ္ဆိုင်း (နာမ်တရား - ၁၁) အစိတ်အပေါင်း နာမက္ခန္ဓာ ပစ္စည်းတရားတို့၏ သဟဇာတ နိဿယ ဝိပါက ဝိပ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ၊

( ခ ) ယင်း သမ္ပဋိစ္ဆိုင်းနာမ်တရားစုတွင် ပါဝင်သော စေတနာပစ္စည်းတရားတို့၏ သဟဇာတ ကမ္မသတ္တိ၊

( ဂ ) ဖဿ စေတနာ ဝိညာဏ် ပစ္စည်းတရားတို့၏ အာဟာရသတ္တိ၊

(ဃ) ဇီဝိတ စိတ် ဝေဒနာ နာမ်ဣန္ဒြေ (၃)ပါး ပစ္စည်းတရားတို့၏ ဣန္ဒြိယသတ္တိ၊

( င ) ဝိတက် ဝိစာရ ဝေဒနာ ဧကဂ္ဂတာ စျာနင် (၄)ပါး ပစ္စည်းတရားတို့၏ စျာနသတ္တိ၊ (၁၀)။

၂။ ကလာပ်တူ အစိတ်အပေါင်း မဟာဘုတ် (၄)ပါး ပစ္စည်းတရားတို့၏ ယထာရဟ = ထိုက်သည့်အားလျော်စွာ သဟဇာတ အညမည နိဿယ အတ္ထိ အဝိဂတသတ္တိ၊ (၅)။

၃။ ပစ္ဆာဇာတ = နောက်ဖြစ်သော သန္တီရဏ နာမက္ခန္ဓာ ပစ္စည်းတရားတို့၏ ပစ္ဆာဇာတ ဝိပ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ၊ (၄)။

၄။ ကလာပ်တူ ကလာပ်ပြား ဖြစ်သော စတုသမုဋ္ဌာနိကဩဇာပစ္စည်းတရားတို့၏ ရူပအာဟာရ ရူပအာဟာရတ္ထိ ရူပအာဟာရ အဝိဂတသတ္တိ၊ (၃)။

ဤ (၂၂ )မျိုးသော အကြောင်း ပစ္စယသတ္တိတို့က ဝိုင်းဝန်း၍ ကျေးဇူးပြုပေးသောကြောင့် ဖြစ်ပေါ်တည်နေ ရကုန်၏။

သမ္ပဋိစ္ဆိုင်း နာမက္ခန္ဓာ (၄)ပါး

သမ္ပဋိစ္ဆိုင်း (၁၁) နာမက္ခန္ဓာ ပစ္စယုပ္ပန်တရားတို့သည် ----

၁။ နာမ်သဟဇာတမျိုး --- ၁၁၊

၂။ အာရမ္မဏမျိုး --- ၄၊

၃။ အနန္တရမျိုး --- ၅၊

၄။ ဝတ္ထုမျိုး --- ၅၊

၅။ နာနာက္ခဏိကကမ္မမျိုး --- ၂၊

၆။ ပကတူပနိဿယ --- ၁၊

ဤ (၂၈)မျိုးသော အကြောင်းပစ္စည်းတရားတို့ကြောင့် ဖြစ်ပေါ်တည်နေရကုန်၏။

သမ္ပဋိစ္ဆိုင်း အစိတ်အစိတ် နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည် ----

၁။ (က) အချင်းချင်းအား ကျေးဇူးပြုတတ်သော သမ္ပဋိစ္ဆိုင်း အစိတ်အစိတ် နာမက္ခန္ဓာပစ္စည်းတရားတို့၏ သဟဇာတ အညမည နိဿယ ဝိပါက သမ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ၊

( ခ ) သမ္ပယုတ္တခန္ဓာအား ကျေးဇူးပြုတတ်သော သမ္ပဋိစ္ဆိုင်း နာမက္ခန္ဓာ၌ ပါရှိသော စေတနာပစ္စည်းတရားတို့၏ သဟဇာတ ကမ္မသတ္တိ၊

( ဂ ) ဖဿ စေတနာ ဝိညာဏ် နာမ်အာဟာရ (၃)ပါး ပစ္စည်းတရားတို့၏ အာဟာရသတ္တိ၊

(ဃ) ဇီဝိတ စိတ် ဝေဒနာ နာမ်ဣန္ဒြေ (၃)ပါး ပစ္စည်းတရားတို့၏ ဣန္ဒြိယသတ္တိ၊

( င ) ဝိတက် ဝိစာရ ဝေဒနာ ဧကဂ္ဂတာ စျာနင် (၄)ပါး ပစ္စည်းတရားတို့၏ စျာနသတ္တိ၊ (၁၁)။

၂။ သာမန်အားဖြင့် အာရုံပြုတတ်သော သမ္ပဋိစ္ဆိုင်း နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည် သာမန် အားဖြင့် အာရုံပြုအပ်သော ပစ္စုပ္ပန် ရူပါရုံ (သဒ္ဒါရုံ ။ ပ ။ ဖောဋ္ဌဗ္ဗာရုံ) ပစ္စည်းတရားတို့၏ အာရမ္မဏ ပုရေဇာတ အတ္ထိ အဝိဂတသတ္တိ၊ (၄)။

၃။ သမ္ပဋိစ္ဆိုင်း နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည် အခြားမရှိသည်ဖြစ်၍ ချုပ်လေပြီးသော စက္ခုဝိညာဏ် (သောတဝိညာဏ် ။ ပ ။ ကာယဝိညာဏ်) နာမက္ခန္ဓာ (၄)ပါး ပစ္စည်းတရားတို့၏ အနန္တရ သမနန္တရ ဥပနိဿယ နတ္ထိ ဝိဂတသတ္တိ၊ (၅)။

၄။ စက္ခုဝိညာဏ် (သောတဝိညာဏ် ။ ပ ။ ကာယဝိညာဏ်) နာမက္ခန္ဓာတို့၏ ဥပါဒ်ခဏနှင့် အတူ ပြိုင်၍ဖြစ်သော ဟဒယဝတ္ထု (မရဏာသန္နအခါ စုတိစိတ်မှ ပြန်၍ ရေတွက်သည်ရှိသော် (၁၇)ချက် မြောက်သော စိတ်၏ ဥပါဒ်ခဏနှင့် အတူပြိုင်၍ဖြစ်သော ဟဒယဝတ္ထု) ပစ္စည်းတရားတို့၏ နိဿယ ပုရေဇာတ ဝိပ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ၊ (၅)။

၅။ ထိုက်သင့်ရာ အတိတ် ကာမကုသိုလ်ကံ (အကုသိုလ်ကံ) ပစ္စည်းတရားတို့၏ နာနာက္ခဏိကကမ္မ ပကတူပနိဿယသတ္တိ၊ (၂)။

၆။ ဗလဝဖြစ်သော = အားကောင်းသော စိတ် (၈၉), စေတသိက် (၅၂ ), ရုပ် (၂၈), ပစ္စည်းဖြစ်ထိုက်သော အချို့သော ပညတ်ပစ္စည်းတရားတို့၏ ပကတူပနိဿယသတ္တိ၊ (၁)။

ဤ (၂၈)မျိုးသော အကြောင်းပစ္စည်းတရား = ပစ္စယသတ္တိတို့က ဝိုင်းဝန်း၍ ကျေးဇူးပြုပေးသောကြောင့် ဖြစ်ပေါ်တည်နေရကုန်၏။

သန္တီရဏ ခန္ဓာ (၅) ပါး

သန္တီရဏ ရူပက္ခန္ဓာ

သန္တီရဏ နာမက္ခန္ဓာ၏ ဥပါဒ်-ဌီ-ဘင် ခဏတို့နှင့် အတူပြိုင်၍ ဖြစ်သော ပဝတ္တိကမ္မဇရုပ် ဥတုဇရုပ် အာဟာရဇရုပ်တို့ကို သမ္ပဋိစ္ဆိုင်း၌ ဆိုခဲ့ပြီးသည့်အတိုင်း နည်းမှီး၍ ရှုပါ။ ပစ္ဆာဇာတအရာ၌ ပစ္ဆာဇာတဖြစ်သော ဝုဋ္ဌော နာမက္ခန္ဓာဟု ပြောင်းလဲမှုမျှသာ ရှိသည်။ အောက်ပါ စိတ္တဇရုပ် ပုံစံတွင် ကြည့်ပါ။

စိတ္တဇရုပ် ----သန္တီရဏစိတ်ကြောင့် ဖြစ်သော စိတ္တဇရုပ် ပစ္စယုပ္ပန်တရားတို့သည် ----

၁။ နာမ်သဟဇာတမျိုး --- ၁၀၊

၂။ ရုပ်သဟဇာတမျိုး --- ၅၊

၃။ ပစ္ဆာဇာတမျိုး --- ၄၊

၄။ ရူပအာဟာရမျိုး --- ၃၊

ဤ (၂၂ )မျိုးသော အကြောင်း ပစ္စည်းတရားတို့ကြောင့် ဖြစ်ပေါ်တည်နေရကုန်၏။

သန္တီရဏစိတ်ကြောင့် ဖြစ်သော စိတ္တဇရုပ် ပစ္စယုပ္ပန်တရားတို့သည် ----

၁။ (က) သန္တီရဏ (၁၂ - ၁၁) အစိတ်အပေါင်း နာမက္ခန္ဓာ ပစ္စည်းတရားတို့၏ သဟဇာတ နိဿယ ဝိပါက ဝိပ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ၊

( ခ ) ယင်းသန္တီရဏ နာမ်တရားစုတွင် ပါရှိသော စေတနာ ပစ္စည်းတရားတို့၏ သဟဇာတ ကမ္မသတ္တိ၊

( ဂ ) ဖဿ စေတနာ ဝိညာဏ် ပစ္စည်းတရားတို့၏ အာဟာရသတ္တိ၊

(ဃ) ဇီဝိတ စိတ် ဝေဒနာ နာမ်ဣန္ဒြေ (၃)ပါး ပစ္စည်းတရားတို့၏ ဣန္ဒြိယသတ္တိ၊

( င ) သောမနဿ သန္တီရဏ စိတ်ကြောင့်ဖြစ်သော စိတ္တဇရုပ်ဖြစ်အံ့ ---- စျာနင် (၅)ပါး, ဥပေက္ခာ သန္တီရဏ စိတ်ကြောင့် ဖြစ်သော စိတ္တဇရုပ် ဖြစ်အံ့ ---- ပီတိကြဉ် စျာနင်တရား (၄)ပါး ပစ္စည်းတရားတို့၏ စျာနသတ္တိ၊ (၁၀)။

၂။ ကလာပ်တူ အစိတ်အပေါင်း မဟာဘုတ် (၄)ပါး ပစ္စည်းတရားတို့၏ ယထာရဟ = ထိုက်သည့်အားလျော်စွာ သဟဇာတ အညမည နိဿယ အတ္ထိ အဝိဂတသတ္တိ၊ (၅)။

၃။ ပစ္ဆာဇာတ = နောက်ဖြစ်သော ဝုဋ္ဌော နာမက္ခန္ဓာပစ္စည်းတရားတို့၏ ပစ္ဆာဇာတ ဝိပ္ပယုတ္တ အတ္ထိ အဝိဂတ သတ္တိ၊ (၄)။

၄။ ကလာပ်တူ ကလာပ်ပြားဖြစ်သော စတုသမုဋ္ဌာနိကဩဇာ ပစ္စည်းတရားတို့၏ ရူပအာဟာရ ရူပအာဟာရတ္ထိ ရူပအာဟာရအဝိဂတသတ္တိ၊ (၃)။

ဤ (၂၂)မျိုးသော အကြောင်းပစ္စည်းတရား ပစ္စယသတ္တိတို့က ဝိုင်းဝန်း၍ ကျေးဇူးပြုပေးသောကြောင့် ဖြစ်ပေါ်တည်နေရကုန်၏။

သန္တီရဏ နာမက္ခန္ဓာ (၄) ပါး

သန္တီရဏ (၁၂ - ၁၁) နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့ုသည် -----

၁။ သဟဇာတမျိုး --- ၁၁၊

၂။ အာရမ္မဏမျိုး --- ၄၊

၃။ အနန္တရမျိုး --- ၅၊

၄။ ဝတ္ထုမျိုး --- ၅၊

၅။ နာနာက္ခဏိကကမ္မမျိုး --- ၂၊

၆။ ပကတူပနိဿယ --- ၁၊

ဤ (၂၈)မျိုးသော ပစ္စည်းတရားတို့၏ ကျေးဇူးပြုပေးမှုကြောင့် ဖြစ်ပေါ်တည်နေရကုန်၏။

သန္တီရဏ အစိတ်အစိတ် နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည် -----

၁။ (က) အချင်းချင်းအား ကျေးဇူးပြုတတ်သော သန္တီရဏ (၁၂ - ၁၁) အစိတ်အစိတ် နာမက္ခန္ဓာပစ္စည်း တရားတို့၏ သဟဇာတ အညမည နိဿယ ဝိပါက သမ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ၊

( ခ ) သမ္ပယုတ္တခန္ဓာအား ကျေးဇူးပြုတတ်သော သန္တီရဏ နာမက္ခန္ဓာ၌ ပါရှိသော စေတနာပစ္စည်းတရား တို့၏ သဟဇာတ ကမ္မသတ္တိ၊

( ဂ ) ဖဿ စေတနာ ဝိညာဏ် နာမ်အာဟာရ (၃)ပါး ပစ္စည်းတရားတို့၏ အာဟာရသတ္တိ၊

(ဃ) ဇီဝိတ စိတ် ဝေဒနာ နာမ်ဣန္ဒြေ (၃)ပါး ပစ္စည်းတရားတို့၏ ဣန္ဒြိယသတ္တိ၊

( င ) သောမနဿသန္တီရဏဖြစ်အံ့ ----- စျာနင် (၅)ပါး, ဥပေက္ခာ သန္တီရဏ ဖြစ်အံ့ ----- ပီတိကြဉ် စျာနင် (၄)ပါး ပစ္စည်းတရားတို့၏ စျာနသတ္တိ၊ (၁၁)။

၂။ သာမန်အားဖြင့် အာရုံပြုတတ်သော သန္တီရဏ နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည် သာမန်အားဖြင့် အာရုံပြုအပ်သော ရူပါရုံ (သဒ္ဒါရုံ ။ ပ ။ ဖောဋ္ဌဗ္ဗာရုံ) ပစ္စည်းတရားတို့၏ အာရမ္မဏ ပုရေဇာတ အတ္ထိ အဝိဂတသတ္တိ၊ (၄)။

၃။ သန္တီရဏ နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည် အခြားမရှိသည် ဖြစ်၍ ချုပ်လေပြီးသော သမ္ပဋိစ္ဆိုင်း နာမက္ခန္ဓာ (၄)ပါး ပစ္စည်းတရားတို့၏ အနန္တရ သမနန္တရ ဥပနိဿယ နတ္ထိ ဝိဂတသတ္တိ၊ (၅)။

၄။ သမ္ပဋိစ္ဆိုင်း နာမက္ခန္ဓာတို့၏ ဥပါဒ်ခဏနှင့် အတူပြိုင်၍ ဖြစ်သော ဟဒယဝတ္ထု၊ (မရဏာသန္နအခါ စုတိစိတ်မှ ပြန်၍ ရေတွက်သည်ရှိသော် (၁၇) ချက်မြောက်သော စိတ်၏ ဥပါဒ်ခဏနှင့် အတူပြိုင်၍ဖြစ်သော ဟဒယဝတ္ထု) ပစ္စည်းတရားတို့၏ နိဿယ ပုရေဇာတ ဝိပ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ၊ (၅)။

၅။ အတိတ် ကုသိုလ်ကံ (အကုသိုလ်ကံ) ပစ္စည်းတရားတို့၏ နာနာက္ခဏိက ကမ္မ ပကတူပနိဿယသတ္တိ၊(၂)။

၆။ ဗလဝဖြစ်သော = အားကောင်းသော စိတ် (၈၉) စေတသိက် (၅၂) ရုပ် (၂၈), ပစ္စည်းဖြစ်ထိုက်သော အချို့သော ပညတ်ပစ္စည်းတရားတို့၏ ပကတူပနိဿယသတ္တိ၊ (၁)။

ဤ (၂၈)မျိုးသော အကြောင်းပစ္စည်းတရား ပစ္စယသတ္တိတို့က ဝို်င်းဝန်း၍ ကျေးဇူးပြုပေးခြင်းကြောင့် ဖြစ်ပေါ်တည်နေရကုန်၏။

ဝုဋ္ဌော ခန္ဓာ (၅) ပါးမှ - ရူပက္ခန္ဓာ

ဝုဋ္ဌော နာမက္ခန္ဓာ၏ ဥပါဒ်-ဌီ-ဘင်ခဏတို့နှင့် အတူပြိုင်၍ ဖြစ်ကြသော ပဝတ္တိကမ္မဇရုပ် ဥတုဇရုပ် အာဟာရဇရုပ်တို့ကို သမ္ပဋိစ္ဆိုင်း၌ ပြဆိုခဲ့ပြီးသည်တို့ကို နည်းမှီး၍ ရှုပါ။

စိတ္တဇရုပ် ---- ဝုဋ္ဌော နာမက္ခန္ဓာကြောင့် ဖြစ်သော စိတ္တဇရုပ် ပစ္စယုပ္ပန်တရားတို့သည် ----

၁။ နာမ်သဟဇာတမျိုး --- ၉၊

၂။ ရုပ်သဟဇာတမျိုး --- ၅၊

၃။ ပစ္ဆာဇာတမျိုး --- ၄၊

၄။ ရူပအာဟာရမျိုး --- ၃၊

ဤ (၂၁)မျိုးသော အကြောင်းပစ္စည်းတရားတို့ကြောင့် ဖြစ်ပေါ်တည်နေရကုန်၏။

ဝုဋ္ဌော နာမက္ခန္ဓာကြောင့် ဖြစ်သော စိတ္တဇရုပ် ပစ္စယုပ္ပန်တရားတို့သည် -----

၁။ (က) ဝုဋ္ဌော (၁၂) အစိတ်အပေါင်း နာမက္ခန္ဓာပစ္စည်းတရားတို့၏ သဟဇာတ နိဿယ ဝိပ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ၊

( ခ ) ယင်းဝုဋ္ဌောနာမ်တရားစုတွင် ပါဝင်သော စေတနာပစ္စည်းတရားတို့၏ သဟဇာတကမ္မသတ္တိ၊

( ဂ ) ဖဿ စေတနာ ဝိညာဏ် ပစ္စည်းတရားတို့၏ အာဟာရသတ္တိ၊

(ဃ) ဇီဝိတ စိတ် ဝေဒနာ ဝီရိယ ဧကဂ္ဂတာ နာမ်ဣန္ဒြေ (၅)ပါး ပစ္စည်းတရားတို့၏ ဣန္ဒြိယသတ္တိ၊

( င ) ပီတိကြဉ် စျာနင် (၄)ပါး ပစ္စည်းတရားတို့၏ စျာနသတ္တိ၊ (၉)။

၂။ ကလာပ်တူ အစိတ်အပေါင်း မဟာဘုတ် (၄)ပါး ပစ္စည်းတရားတို့၏ ယထာရဟ = ထိုက်သည့်အားလျော်စွာ သဟဇာတ အညမည နိဿယ အတ္ထိ အဝိဂတသတ္တိ၊ (၅)။

၃။ ပစ္ဆာဇာတ = နောက်ဖြစ်သော ပထမဇော (သို့မဟုတ် ဝုဋ္ဌောနောင် ဘဝင်ကျခဲ့သော် ပထမဘဝင်) နာမက္ခန္ဓာပစ္စည်းတရားတို့၏ ပစ္ဆာဇာတ ဝိပ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ၊ (၄)။

၄။ ကလာပ်တူ ကလာပ်ပြားဖြစ်သော စတုသမုဋ္ဌာနိကဩဇာ ပစ္စည်းတရားတို့၏ ရူပအာဟာရ ရူပအာဟာရတ္ထိ ရူပအာဟာရအဝိဂတသတ္တိ၊ (၃)။

ဤ (၂၁)မျိုးသော အကြောင်းပစ္စည်းတရား = ပစ္စယသတ္တိတို့က ဝိုင်းဝန်း ကျေးဇူးပြုပေးသောကြောင့် ဖြစ်ပေါ်တည်နေရကုန်၏။

ဝုဋ္ဌော နာမက္ခန္ဓာ (၄) ပါး

ဝုဋ္ဌော (၁၂) နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည် ----

၁။ သဟဇာတမျိုး --- ၁၀၊

၂။ အာရမ္မဏမျိုး --- ၄၊

၃။ အနန္တရမျိုး --- ၅၊

၄။ ဝတ္ထုမျိုး --- ၅၊

၅။ ပကတူပနိဿယ --- ၁၊

ဤ (၂၅)မျိုးသော အကြောင်းပစ္စည်းတရားတို့ကြောင့် ဖြစ်ပေါ်တည်နေရကုန်၏။

ဝုဋ္ဌော အစိတ်အစိတ် နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည် ----

၁။ (က) အချင်းချင်းအား ကျေးဇူးပြုတတ်သော ဝုဋ္ဌော (၁၂ ) အစိတ်အစိတ် နာမက္ခန္ဓာပစ္စည်းတရားတို့၏ သဟဇာတ အညမည နိဿယ သမ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ၊

( ခ ) သမ္ပယုတ္တခန္ဓာအား ကျေးဇူးပြုတတ်သော ဝုဋ္ဌော နာမက္ခန္ဓာ၌ ပါရှိသော စေတနာပစ္စည်းတရားတို့၏ သဟဇာတ ကမ္မသတ္တိ၊

( ဂ ) ဖဿ စေတနာ ဝိညာဏ် နာမ်အာဟာရ (၃)ပါး ပစ္စည်းတရားတို့၏ အာဟာရသတ္တိ၊

(ဃ) ဇီဝိတ စိတ် ဝေဒနာ ဝီရိယ ဧကဂ္ဂတာ နာမ်ဣန္ဒြေ (၅)ပါး ပစ္စည်းတရားတို့၏ ဣန္ဒြိယသတ္တိ၊

( င ) ပီတိကြဉ် စျာနင် (၄)ပါး ပစ္စည်းတရားတို့၏ စျာနသတ္တိ၊ (၁၀)။

၂။ သာမန်အားဖြင့် အာရုံပြုတတ်သော ဝုဋ္ဌော နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည် သာမန်အားဖြင့် အာရုံပြုအပ်သော ပစ္စုပ္ပန်ရူပါရုံ (သဒ္ဒါရုံ ။ ပ ။ ဖောဋ္ဌဗ္ဗာရုံ) ပစ္စည်းတရားတို့၏ အာရမ္မဏ ပုရေဇာတ အတ္ထိ အဝိဂတသတ္တိ၊ (၄)။

၃။ ဝုဋ္ဌော နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည် အခြားမရှိသည်ဖြစ်၍ ချုပ်လေပြီးသော သန္တီရဏ နာမက္ခန္ဓာ ပစ္စည်းတရားတို့၏ အနန္တရ သမနန္တရ ဥပနိဿယ နတ္ထိ ဝိဂတသတ္တိ၊ (၅)။

၄။ သန္တီရဏ နာမက္ခန္ဓာတို့၏ ဥပါဒ်ခဏနှင့် အတူပြိုင်၍ ဖြစ်သော ဟဒယဝတ္ထု၊ (မရဏာသန္နအခါ စုတိစိတ်မှ ပြန်၍ ရေတွက်သည်ရှိသော် (၁၇) ချက်မြောက်သော စိတ်၏ ဥပါဒ်ခဏနှင့် အတူပြိုင်၍ ဖြစ်သော ဟဒယဝတ္ထု) ပစ္စည်းတရားတို့၏ နိဿယ ပုရေဇာတ ဝိပ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ၊ (၅)။

၅။ ဗလဝဖြစ်သော = အားကောင်းသော စိတ် (၈၉), စေတသိက် (၅၂ ), ရုပ် (၂၈), ပစ္စည်းဖြစ်ထိုက်သော အချို့သော ပညတ်ပစ္စည်းတရားတို့၏ ပကတူပနိဿယသတ္တိ၊ (၁)။

ဤ (၂၅)မျိုးသော အကြောင်းပစ္စည်းတရားတို့က ဝိုင်းဝန်း၍ ကျေးဇူးပြုပေးသောကြောင့် ဖြစ်ပေါ်တည် နေရကုန်၏။

(ပဉ္စဒွါရိက) မဟာကုသိုလ် ပထမဇော ခန္ဓာ (၅) ပါး

မဟာကုသိုလ် ပထမဇော - ရူပက္ခန္ဓာ

မဟာကုသိုလ် ပထမဇော နာမက္ခန္ဓာ၏ ဥပါဒ်-ဌီ-ဘင်ခဏတို့နှင့် အတူပြိုင်၍ ဖြစ်ကြသော ပဝတ္တိကမ္မဇရုပ် ဥတုဇရုပ် အာဟာရဇရုပ် တို့ကို အထက်၌ ပြဆိုခဲ့ပြီးသည့်အတိုင်း ရှုပါ။

စိတ္တဇရုပ် ----- မဟာကုသိုလ် ပထမဇောကြောင့်ဖြစ်သော စိတ္တဇရုပ် ပစ္စယုပ္ပန်တရားတို့သည် -----

၁။ နာမ်သဟဇာတမျိုး --- ၁၂၊

၂။ ရုပ်သဟဇာတမျိုး --- ၅၊

၃။ ပစ္ဆာဇာတမျိုး --- ၄၊

၄။ ရူပအာဟာရမျိုး --- ၃၊

ဤ (၂၄)မျိုးသော အကြောင်းပစ္စည်းတရားတို့ကြောင့် ဖြစ်ပေါ်တည်နေရကုန်၏။

၁။ (က) မဟာကုသိုလ် ပထမဇောကြောင့်ဖြစ်သော စိတ္တဇရုပ် ပစ္စယုပ္ပန်တရားတို့သည် မဟာကုသိုလ် ပထမဇော (၃၄၊ ၃၃၊ ၃၃၊ ၃၂ ) အစိတ်အပေါင်း နာမက္ခန္ဓာပစ္စည်းတရားတို့၏ သဟဇာတ နိဿယ ဝိပ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ၊

( ခ ) ဒွိဟိတ် မဟာကုသိုလ်ဇောစိတ်ကြောင့် ဖြစ်သော စိတ္တဇရုပ် ဖြစ်အံ့ ---- ယင်းဒွိဟိတ် မဟာကုသိုလ် နာမ်တရားစု (၃၃၊ ၃၂ ) တွင် ပါရှိသော အလောဘ အဒေါသ, တိဟိတ် မဟာကုသိုလ်ဇောစိတ်ကြောင့် ဖြစ်သော စိတ္တဇရုပ် ဖြစ်အံ့ ---- ယင်းတိဟိတ် မဟာကုသိုလ် နာမ်တရားစု (၃၄၊ ၃၃)တွင် ပါရှိသော အလောဘ အဒေါသ အမောဟ ---- ဤ ဟိတ် (၂ )ပါး (၃)ပါး ပစ္စည်းတရားတို့၏ ဟေတုသတ္တိ၊

( ဂ ) ဒွိဟိတ် မဟာကုသိုလ်ဇောစိတ်ကြောင့် ဖြစ်သော စိတ္တဇရုပ် ဖြစ်အံ့ ---- ယင်းဒွိဟိတ် မဟာကုသိုလ် နာမ်တရားစုတွင် ပါဝင်သော ဆန္ဒ ဝီရိယ စိတ်, တိဟိတ် မဟာကုသိုလ်ဇောစိတ်ကြောင့်ဖြစ်သော စိတ္တဇရုပ်ဖြစ်အံ့ ---- ယင်းတိဟိတ် မဟာကုသိုလ်နာမ်တရားစုတွင် ပါဝင်သော ဆန္ဒ ဝီရိယ စိတ် ဝီမံသ ----- ဟူသော အဓိပတိတရားကိုယ် (၃)ပါး (၄)ပါး တို့တွင် တစ်ပါးပါးပစ္စည်းတရားတို့၏ အဓိပတိသတ္တိ၊

(ဃ) ယင်းမဟာကုသိုလ် ပထမဇောနာမ်တရားစုတွင် ပါရှိသော စေတနာပစ္စည်းတရားတို့၏ သဟဇာတ ကမ္မသတ္တိ၊

( င ) ဖဿ စေတနာ ဝိညာဏ် ပစ္စည်းတရားတို့၏ အာဟာရသတ္တိ၊

( စ ) ဒွိဟိတ် မဟာကုသိုလ်ဇောစိတ်ကြောင့် ဖြစ်သော စိတ္တဇရုပ် ဖြစ်အံ့ ---- ပညာကြဉ် နာမ်ဣန္ဒြေ (၇)ပါး, တိဟိတ် မဟာကုသိုလ်ဇောစိတ်ကြောင့် ဖြစ်သော စိတ္တဇရုပ် ဖြစ်အံ့ ---- နာမ် ဣန္ဒြေ (၈)ပါး ပစ္စည်းတရားတို့၏ ဣန္ဒြိယသတ္တိ၊

(ဆ) သောမနဿသဟဂုတ် မဟာကုသိုလ်ဇောစိတ်ကြောင့် ဖြစ်သော စိတ္တဇရုပ် ဖြစ်အံ့ ---- စျာနင် (၅)ပါး, ဥပေက္ခာသဟဂုတ် မဟာကုသိုလ်ဇောစိတ်ကြောင့်ဖြစ်သော စိတ္တဇရုပ်ဖြစ်အံ့ ---- ပီတိကြဉ် စျာနင် (၄)ပါး ပစ္စည်းတရားတို့၏ စျာနသတ္တိ၊

( ဇ ) ဒွိဟိတ် မဟာကုသိုလ်ဇောစိတ်ကြောင့် ဖြစ်သော စိတ္တဇရုပ် ဖြစ်အံ့ --- ဝိတက် ဝီရိယ သတိ ဧကဂ္ဂတာ - မဂ္ဂင် (၄)ပါး, တိဟိတ် မဟာကုသိုလ်ဇောစိတ်ကြောင့် ဖြစ်သော စိတ္တဇရုပ် ဖြစ်အံ့ ---- ပညာ ဝိတက် ဝီရိယ သတိ ဧကဂ္ဂတာ - မဂ္ဂင် (၅)ပါး ပစ္စည်းတရားတို့၏ မဂ္ဂသတ္တိ၊ (၁၂)။

၂။ ကလာပ်တူ အစိတ်အပေါင်း မဟာဘုတ် (၄)ပါး ပစ္စည်းတရားတို့၏ ယထာရဟ = ထိုက်သည့်အားလျော်စွာ သဟဇာတ အညမည နိဿယ အတ္ထိ အဝိဂတသတ္တိ၊ (၅)။

၃။ ပစ္ဆာဇာတ = နောက်ဖြစ်သော မဟာကုသိုလ် ဒုတိယဇော နာမက္ခန္ဓာ ပစ္စည်းတရားတို့၏ ပစ္ဆာဇာတ ဝိပ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ၊ (၄)။

[ဒုတိယဇောစိတ်ကြောင့် ဖြစ်သော စိတ္တဇရုပ် ဖြစ်အံ့ ----- ပစ္ဆာဇာတ တတိယဇော။ တတိယဇောစိတ်ကြောင့် ဖြစ်သော စိတ္တဇရုပ် ဖြစ်အံ့ ----- ပစ္ဆာဇာတ စတုတ္ထဇော။ စတုတ္ထဇောစိတ်ကြောင့် ဖြစ်သော စိတ္တဇရုပ် ဖြစ်အံ့ - ပစ္ဆာဇာတ ပဉ္စမဇော။ ပဉ္စမဇောစိတ်ကြောင့် ဖြစ်သော စိတ္တဇရုပ် ဖြစ်အံ့ ----- ပစ္ဆာဇာတ ဆဋ္ဌဇော။ ဆဋ္ဌဇော စိတ်ကြောင့် ဖြစ်သော စိတ္တဇရုပ် ဖြစ်အံ့ ----- ပစ္ဆာဇာတ သတ္တမဇော။ သတ္တမဇောစိတ်ကြောင့် ဖြစ်သော စိတ္တဇရုပ် ဖြစ်အံ့ ----- ပစ္ဆာဇာတ ပထမတဒါရုံ နာမက္ခန္ဓာ ပစ္စည်းတရားတို့၏ ပစ္ဆာဇာတ ဝိပ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ။ ဤသို့ စသည်ဖြင့် သဘောပေါက်ပါ။ အရာရာတိုင်း၌ နည်းတူမှတ်ပါ။]

၄။ ကလာပ်တူ ကလာပ်ပြားဖြစ်သော စတုသမုဋ္ဌာနိကဩဇာ ပစ္စည်းတရားတို့၏ ရူပအာဟာရ ရူပအာဟာရတ္ထိ ရူပအာဟာရ အဝိဂတသတ္တိ၊ (၃)။

ဤ (၂၄)မျိုးသော အကြောင်းပစ္စည်းတရားတို့က ဝိုင်းဝန်း၍ ကျေးဇူးပြုပေးသောကြောင့် ဖြစ်ပေါ်တည် နေရကုန်၏။

ပဉ္စဒွါရိက မဟာကုသိုလ် ပထမဇော နာမက္ခန္ဓာ (၄) ပါး

မဟာကုသိုလ်ဇောစိတ် (၈)ခု အစိတ်အစိတ် နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည် -----

၁။ သဟဇာတမျိုး --- ၁၃၊

၂။ အာရမ္မဏမျိုး --- ၄၊ (၆)

၃။ အနန္တရမျိုး --- ၅၊ (၆)

၄။ ဝတ္ထုမျိုး --- ၅၊

၅။ ပကတူပနိဿယ --- ၁၊

ဤ (၂၈)မျိုးသော အကြောင်းပစ္စည်းတရားတို့ကြောင့် ဖြစ်ပေါ်တည်နေရကုန်၏။

မဟာကုသိုလ် ပထမဇော (၈)မျိုး အစိတ်အစိတ် နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည် -----

၁။ (က) အချင်းချင်းအား ကျေးဇူးပြုတတ်သော မဟာကုသိုလ် ပထမဇော အစိတ်အစိတ် နာမက္ခန္ဓာ ပစ္စည်းတရားတို့၏ သဟဇာတ အညမည နိဿယ သမ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ၊

( ခ ) သမ္ပယုတ္တခန္ဓာအား ကျေးဇူးပြုတတ်သော မဟာကုသိုလ်စိတ် နာမက္ခန္ဓာ၌ ပါရှိသော ဒွိဟိတ် ကုသိုလ် (၄)ခု ဖြစ်အံ့ ---- အလောဘ အဒေါသ၊ တိဟိတ် ကုသိုလ် (၄)ခု ဖြစ်အံ့ ---- အလောဘ အဒေါသ အမောဟ ---- ဤဟိတ် (၂ )ပါး, (၃)ပါး ပစ္စည်းတရားတို့၏ ဟေတုသတ္တိ၊

( ဂ ) ဒွိဟိတ် ကုသိုလ် (၄)ခု ဖြစ်အံ့ ---- ဆန္ဒ ဝီရိယ စိတ်၊ တိဟိတ် ကုသိုလ် (၄)ခု ဖြစ်အံ့ ဆန္ဒ ဝီရိယ စိတ် ဝီမံသ (၃)ပါး, (၄)ပါး တို့တွင် တစ်ပါးပါး ပစ္စည်းတရားတို့၏ အဓိပတိသတ္တိ၊

(ဃ) စေတနာ ပစ္စည်းတရားတို့၏ သဟဇာတ ကမ္မသတ္တိ၊

( င ) ဖဿ စေတနာ ဝိညာဏ် နာမ်အာဟာရ (၃)ပါး ပစ္စည်းတရားတို့၏ အာဟာရသတ္တိ၊

( စ ) ဒွိဟိတ် ကုသိုလ် (၄)ခု ဖြစ်အံ့ --- ပညာကြဉ် နာမ်ဣန္ဒြေ (၇)ပါး၊ တိဟိတ် ကုသိုလ် (၄)ခု ဖြစ်အံ့-ဇီဝိတ စိတ် ဝေဒနာ သဒ္ဓါ ဝီရိယ သတိ ဧကဂ္ဂတာ ပညာ - နာမ်ဣန္ဒြေ (၈)ပါး ပစ္စည်းတရားတို့၏ ဣန္ဒြိယသတ္တိ၊

(ဆ) သောမနဿသဟဂုတ် မဟာကုသိုလ်စိတ် (၄)ခု ဖြစ်အံ့ ---- စျာနင် (၅)ပါး၊ ဥပေက္ခာသဟဂုတ် မဟာကုသိုလ်စိတ် (၄)ခု ဖြစ်အံ့ ---- ပီတိကြဉ် စျာနင် (၄)ပါး ပစ္စည်းတရားတို့၏ စျာနသတ္တိ၊

( ဇ ) ဒွိဟိတ် မဟာကုသိုလ် (၄)ခု ဖြစ်အံ့ ---- ပညာကြဉ် မဂ္ဂင် (၇)ပါး, တိဟိတ် မဟာကုသိုလ် (၄)ခု ဖြစ်အံ့ --- ပညာ (= သမ္မာဒိဋ္ဌိ), ဝိတက် (= သမ္မာသင်္ကပ္ပ), သမ္မာဝါစာ, သမ္မာကမ္မန္တ, သမ္မာအာဇီဝ, ဝီရိယ (= သမ္မာဝါယာမ), သတိ (= သမ္မာသတိ), ဧကဂ္ဂတာ (= သမ္မာသမာဓိ) ----- မဂ္ဂင် (၈)ပါး ပစ္စည်းတရားတို့၏ မဂ္ဂသတ္တိ၊ (၁၃)။

၂။ သာမန်အားဖြင့် အာရုံပြုတတ်သော မဟာကုသိုလ် နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည် သာမန် အားဖြင့် အာရုံပြုအပ်သော ပစ္စုပ္ပန် ရူပါရုံ (သဒ္ဒါရုံ ။ ပ ။ ဖောဋ္ဌဗ္ဗာရုံ) ပစ္စည်းတရားတို့၏ အာရမ္မဏ ပုရေဇာတ အတ္ထိ အဝိဂတသတ္တိ၊ (၄)၊ ရံခါ အလေးအမြတ်အားဖြင့် အာရုံပြုတတ်သော မဟာကုသိုလ် ဉာဏသမ္ပယုတ် ပထမဇော နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည် ရံခါ အလေးအမြတ်အားဖြင့် အာရုံပြုအပ်သော ပစ္စုပ္ပန် ရူပါရုံ ပစ္စည်းတရားတို့၏ အာရမ္မဏ အဓိပတိ ဥပနိဿယ ပုရေဇာတ အတ္ထိ အဝိဂတသတ္တိ၊ (၆)။

၃။ မဟာကုသိုလ် ပထမဇော နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည် ဝုဋ္ဌော နာမက္ခန္ဓာ (၄)ပါး ပစ္စည်းတရား တို့၏ အနန္တရ သမနန္တရ ဥပနိဿယ နိတ္ထိ ဝိဂတသတ္တိ၊ (၅)။

[မဟာကုသိုလ် ဒုတိယဇော နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့အား မဟာကုသိုလ် ပထမဇော နာမက္ခန္ဓာ (၄)ပါး ပစ္စည်းတရားတို့က အနန္တရ သမနန္တရ ဥပနိဿယ အာသေဝန နတ္ထိ ဝိဂတသတ္တိတို့ဖြင့် ကျေးဇူးပြုကြ၏။ ဤသို့ စသည်ဖြင့် ရှေးရှေး စိတ္တက္ခဏ၌ ရှိသော နာမက္ခန္ဓာ (၄)ပါး ပစ္စည်းတရားတို့က နောက်နောက် စိတ္တက္ခဏ၌ ရှိသော နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့အား အနန္တရစသော ပစ္စယသတ္တိတို့ဖြင့် ကျေးဇူးပြုပုံကို သဘောပေါက်ပါ။]

၄။ ဝုဋ္ဌော နာမက္ခန္ဓာတို့၏ ဥပါဒ်ခဏနှင့် အတူပြိုင်၍ ဖြစ်သော ဟဒယဝတ္ထု၊ (မရဏာသန္နအခါ စုတိစိတ်မှ ပြန်၍ ရေတွက်သည်ရှိသော် (၁၇) ချက်မြောက်သော စိတ်၏ ဥပါဒ်ခဏနှင့် အတူပြိုင်၍ ဖြစ်သော ဟဒယဝတ္ထု) ပစ္စည်းတရားတို့၏ နိဿယ ပုရေဇာတ ဝိပ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ၊ (၅)။

၅။ ဗလဝဖြစ်သော အရဟတ္တမဂ် အရဟတ္တဖိုလ် ကြဉ်သော စိတ် (၈၇), စေတသိက် (၅၂), ရုပ် (၂၈), ပစ္စည်း ဖြစ်ထိုက်သော အချို့သော ပညတ်ပစ္စည်းတရားတို့၏ ပကတူပနိဿယသတ္တိ၊ (၁)။

ဤ (၂၈)မျိုးသော (ရံခါ - ၃၀ မျိုးသော) အကြောင်းပစ္စည်းတရားတို့က ဝိုင်းဝန်း၍ ကျေးဇူးပြုပေးသော ကြောင့် ဖြစ်ပေါ်တည်နေရကုန်၏။

[မှတ်ချက် -----ဒုတိယဇောမှ သတ္တမဇောအထိ အာသေဝနပစ္စယသတ္တိကို ရရှိကြ၏။ သို့အတွက် ဒုတိယ ဇော ။ ပ ။ သတ္တမဇောတို့၌ အနန္တရမျိုးတွင် အာသေဝနပစ္စည်း (၁)မျိုးကို ထပ်ထည့်ပါက အနန္တရ သမနန္တရ ဥပနိဿယ အာသေဝန နတ္ထိ ဝိဂတသတ္တိဟု (၆)မျိုး ဖြစ်သည်။ သို့အတွက် အားလုံးပေါင်းသော် ပစ္စယသတ္တိ (၂၉)မျိုး ဖြစ်သည်။ ရံခါ အဓိပတိကိစ္စတပ်ခိုက် (၃၁)မျိုး ဖြစ်သည်။]

လောဘမူ ပထမဇော နာမက္ခန္ဓာ (၄) ပါး

[ရူပက္ခန္ဓာရှုကွက်မှာ ကုသိုလ်ရူပက္ခန္ဓာရှုကွက်ကို နည်းမှီး၍ သိလောက်ပေပြီ။ ဤတွင် အကုသိုလ်ဇော များ၌ ပဋ္ဌာန်းပစ္စည်း ဆက်သွယ်ပုံကို ဆက်လက်၍ ရေးသားတင်ပြအပ်ပါသည်။]

လောဘမူစိတ် (၈)ခု နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည် -----

၁။ သဟဇာတမျိုး --- ၁၃၊

၂။ အာရမ္မဏမျိုး --- ၄၊ သို့မဟုတ် - ၆ ၊

၃။ အနန္တရမျိုး --- ၅၊

၄။ ဝတ္ထုမျိုး --- ၅၊

၅။ ပကတူပနိဿယ --- ၁၊

ဤ (၂၈)မျိုးသော သို့မဟုတ် (၃၀)မျိုးသော ပစ္စည်းတရားတို့ကြောင့် ဖြစ်ပေါ်တည်နေရကုန်၏။

လောဘမူ ပထမဇော အစိတ်အစိတ် နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည် ----

၁။ (က) အချင်းချင်းအား ကျေးဇူးပြုတတ်သော လောဘမူ ပထမဇော အစိတ်အစိတ် နာမက္ခန္ဓာ ပစ္စည်းတရား တို့၏ သဟဇာတ အညမည နိဿယ သမ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ၊ (၆)။

( ခ ) သမ္ပယုတ္တခန္ဓာအား ကျေးဇူးပြုတတ်သော လောဘမူစိတ် (၈)ခု ပထမဇော နာမက္ခန္ဓာ၌ ပါရှိသော လောဘ မောဟ ----- ဤဟိတ် (၂ )ပါး ပစ္စည်းတရားတို့၏ ဟေတုသတ္တိ၊

( ဂ ) ဆန္ဒ ဝီရိယ စိတ် (၃)ပါးတို့တွင် တစ်ပါးပါးပစ္စည်းတရားတို့၏ အဓိပတိသတ္တိ၊

(ဃ) စေတနာ ပစ္စည်းတရားတို့၏ သဟဇာတကမ္မသတ္တိ၊

( င ) ဖဿ စေတနာ ဝိညာဏ် နာမ်အာဟာရ (၃)ပါး ပစ္စည်းတရားတို့၏ အာဟာရသတ္တိ၊

( စ ) ဇီဝိတ စိတ် ဝေဒနာ ဝီရိယ ဧကဂ္ဂတာ နာမ်ဣန္ဒြေ (၅)ပါး ပစ္စည်းတရားတို့၏ ဣန္ဒြိယသတ္တိ၊

(ဆ) ဝိတက် ဝိစာရ ပီတိ ဝေဒနာ ဧကဂ္ဂတာ စျာနင် (၅)ပါး ပစ္စည်းတရားတို့၏ စျာနသတ္တိ၊

( ဇ ) လောဘမူ ဒိဋ္ဌိဂတသမ္ပယုတ်စိတ် (၄)ခု ဖြစ်အံ့ ---- ဝိတက် ဝီရိယ ဧကဂ္ဂတာ ဒိဋ္ဌိ မဂ္ဂင် (၄)ပါး၊ လောဘမူ ဒိဋ္ဌိဂတဝိပ္ပယုတ်စိတ် (၄)ခု ဖြစ်အံ့ ---- ဝိတက် ဝီရိယ ဧကဂ္ဂတာ မဂ္ဂင် (၃)ပါး ပစ္စည်းတရားတို့၏ မဂ္ဂသတ္တိ၊ (၁၃)။

၂။ သာမန်အားဖြင့် အာရုံပြုတတ်သော လောဘမူ ပထမဇော နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည် သာမန်အားဖြင့် အာရုံပြုအပ်သော ပစ္စုပ္ပန် ရူပါရုံ (သဒ္ဒါရုံ ။ ပ ။ ဖောဋ္ဌဗ္ဗာရုံ) ပစ္စည်းတရားတို့၏ အာရမ္မဏ ပုရေဇာတ အတ္ထိ အဝိဂတသတ္တိ။ (၄)။

အကယ်၍ အလေးအမြတ်အားဖြင့် အာရုံပြုတတ်သော လောဘမူ နာမက္ခန္ဓာ ဖြစ်အံ့ ---- အလေးအမြတ်အားဖြင့် အာရုံပြုတတ်သော လောဘမူ နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည် အလေးအမြတ်အားဖြင့် အာရုံပြုအပ်သော ပစ္စုပ္ပန်ရူပါရုံ (သဒ္ဒါရုံ ။ ပ ။ ဖောဋ္ဌဗ္ဗာရုံ) ပစ္စည်းတရားတို့၏ အာရမ္မဏ အဓိပတိ ဥပနိဿယ ပုရေဇာတ အတ္ထိ အဝိဂတ သတ္တိ၊ (၆)။

၃။ လောဘမူ နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည် အခြားမရှိသည်ဖြစ်၍ ချုပ်လေပြီးသော ဝုဋ္ဌော နာမက္ခန္ဓာ ပစ္စည်းတရားတို့၏ အနန္တရ သမနန္တရ ဥပနိဿယ နတ္ထိ ဝိဂတသတ္တိ၊ (၅)။

[လောဘမူ ဒုတိယဇော နာမက္ခန္ဓာ ပစ္စယုပ္ပန်တရား ဖြစ်အံ့ ---- အခြားမရှိသည် ဖြစ်၍ ချုပ်လေပြီးသော ပထမဇော နာမက္ခန္ဓာ ပစ္စည်းတရားတို့၏ အနန္တရ သမနန္တရ ဥပနိဿယ အာသေဝန နတ္ထိ ဝိဂတသတ္တိ၊ (၆)။ -ဤသို့စသည်ဖြင့် သတ္တမဇောတိုင်အောင် ရှေးရှေးဇောက ကျေးဇူးပြုပုံကို သဘောပေါက်ပါ။]

၄။ ဝုဋ္ဌော နာမက္ခန္ဓာတို့၏ ဥပါဒ်ခဏနှင့် အတူပြိုင်၍ ဖြစ်သော ဟဒယဝတ္ထု၊ (မရဏာသန္နအခါ စုတိစိတ်မှ ပြန်၍ ရေတွက်သည်ရှိသော် (၁၇)ချက်မြောက်သော စိတ်၏ ဥပါဒ်ခဏနှင့် အတူပြိုင်၍ ဖြစ်သော ဟဒယဝတ္ထု) ပစ္စည်းတရားတို့၏ နိဿယ ပုရေဇာတ ဝိပ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ၊ (၅)။ (ဒုတိယဇော ဖြစ်အံ့ --- ပထမဇော၏ ဥပါဒ်ခဏနှင့် အတူပြိုင်၍ ဖြစ်သော ဟဒယဝတ္ထု --- ဤသို့စသည်ဖြင့် သဘောပေါက်ပါ။)

၅။ ဗလဝဖြစ်သော = အားကောင်းသော လောကီစိတ် (၈၁), စေတသိက် (၅၂), ရုပ် (၂၈), ပစ္စည်း ဖြစ်ထိုက်သော အချို့သော ပညတ်ပစ္စည်းတရားတို့၏ ပကတူပနိဿယသတ္တိ၊ (၁)။

ဤ (၂၈)မျိုးသော သို့မဟုတ် (၃၀)မျိုးသော အကြောင်းပစ္စည်းတရားတို့က ဝိုင်းဝန်း၍ ကျေးဇူးပြုပေးသောကြောင့် ဖြစ်ပေါ်တည်နေရကုန်၏။

[မှတ်ချက် ---- ဒုတိယဇောမှ သတ္တမဇောအထိ အာသေဝနပစ္စည်းကို ရရှိသဖြင့် အာသေဝနပစ္စည်း ထပ် ထည့်သော် ဒုတိယဇော နာမက္ခန္ဓာစသည်တို့အား (၂၉)မျိုးသော သို့မဟုတ် (၃၁)မျိုးသော ပစ္စယသတ္တိတို့က ကျေးဇူးပြုမည် ဖြစ်ပေသည်။]

ဒေါသဇော နာမက္ခန္ဓာ (၄) ပါး

[ဒေါသ၊ ဒေါသ ဣဿာ၊ ဒေါသ မစ္ဆရိယ၊ ဒေါသ ကုက္ကုစ္စ၊ ဤဒေါသအုပ်စုအားလုံး ပါဝင်သည်။ စိတ်စေတသိက် အရေအတွက်ကို နာမ်ကမ္မဋ္ဌာန်းဇယားတွင် ရေးသားတင်ပြခဲ့သည့်အတိုင်း ထိုက်သလိုရေတွက်ပါ။]

ဒေါသမူဒွေ နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည် ----

၁။ သဟဇာတမျိုး --- ၁၃၊

၂။ အာရမ္မဏမျိုး --- ၄၊ (အဓိပတိ ကိစ္စတပ်ခိုက် - ၅)

၃။ အနန္တရမျိုး --- ၅၊ (အာသေဝနထည့်သော် - ၆)

၄။ ဝတ္ထုမျိုး --- ၅၊

၅။ ပကတူပနိဿယ --- ၁၊

ဤ (၂၈)မျိုးသော အကြောင်းပစ္စည်းတရားတို့ကြောင့် ဖြစ်ပေါ်တည်နေရကုန်၏။

ဒေါသမူဒွေ ပထမဇော အစိတ်အစိတ် နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည် -----

၁။ (က) အချင်းချင်းအား ကျေးဇူးပြုတတ်သော ဒေါသမူ အစိတ်အစိတ် နာမက္ခန္ဓာ ပစ္စည်းတရားတို့၏ သဟဇာတ အညမည နိဿယ သမ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ၊ (၆)။

( ခ ) သမ္ပယုတ္တခန္ဓာအား ကျေးဇူးပြုတတ်သော ဒေါသမူ နာမက္ခန္ဓာ၌ပါရှိသော ဒေါသ မောဟ ----- ဤ ဟိတ် (၂ )ပါး ပစ္စည်းတရားတို့၏ ဟေတုသတ္တိ၊

( ဂ ) ဆန္ဒ ဝီရိယ စိတ် ----- အဓိပတိတရားကိုယ် (၃)ပါးတို့တွင် တစ်ပါးပါးသော ပစ္စည်းတရားတို့၏ အဓိပတိသတ္တိ။

(ဃ) စေတနာပစ္စည်းတရားတို့၏ သဟဇာတ ကမ္မသတ္တိ၊

( င ) ဖဿ စေတနာ ဝိညာဏ် နာမ်အာဟာရ (၃)ပါး ပစ္စည်းတရားတို့၏ အာဟာရသတ္တိ၊

( စ ) ဇီဝိတ စိတ် ဝေဒနာ ဝီရိယ ဧကဂ္ဂတာ နာမ်ဣန္ဒြေ (၅)ပါး ပစ္စည်းတရားတို့၏ ဣန္ဒြိယသတ္တိ၊

(ဆ) ပီတိကြဉ် စျာနင် (၄)ပါး ပစ္စည်းတရားတို့၏ စျာနသတ္တိ၊

( ဇ ) ဝိတက် ဝီရိယ ဧကဂ္ဂတာ မဂ္ဂင် (၃)ပါး ပစ္စည်းတရားတို့၏ မဂ္ဂသတ္တိ၊ (၁၃)။

၂။ သာမန်အားဖြင့် အာရုံပြုတတ်သော ဒေါသမူ နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည် သာမန်အားဖြင့် အာရုံပြုအပ်သော ပစ္စုပ္ပန် ရူပါရုံ (သဒ္ဒါရုံ ။ ပ ။ ဖောဋ္ဌဗ္ဗာရုံ) ပစ္စည်းတရားတို့၏ အာရမ္မဏ ပုရေဇာတ အတ္ထိ အဝိဂတသတ္တိ၊ (၄)။ (အဓိပတိကိစ္စတပ်ခိုက် အဓိပတိထည့်သော် - ၅။)

၃။ ဒေါသမူ ပထမဇော နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည် အခြားမရှိသည်ဖြစ်၍ ချုပ်လေပြီးသော ဝုဋ္ဌော နာမက္ခန္ဓာ ပစ္စည်းတရားတို့၏ အနန္တရ သမနန္တရ ဥပနိဿယ နတ္ထိ ဝိဂတသတ္တိ၊ (၅)။

[ဒုတိယဇောမှ စ၍ သတ္တမဇောတိုင်အောင် အာသေဝနပစ္စည်းကို ရရှိသဖြင့် ဒုတိယဇောစသည်တို့၌ အာသေဝနပစ္စည်းကို ထပ်ထည့်သော် (၆)ပစ္စည်း ဖြစ်သည်။]

၄။ ဝုဋ္ဌော နာမက္ခန္ဓာတို့၏ ဥပါဒ်ခဏနှင့် အတူပြိုင်၍ ဖြစ်သော ဟဒယဝတ္ထု၊ (မရဏာသန္နအခါ စုတိစိတ်မှ ပြန်၍ ရေတွက်သည်ရှိသော် (၁၇) ချက်မြောက်သော စိတ်၏ ဥပါဒ်ခဏနှင့် အတူပြိုင်၍ ဖြစ်သော ဟဒယဝတ္ထု) ပစ္စည်းတရားတို့၏ နိဿယ ပုရေဇာတ ဝိပ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ၊ (၅)။

[ဒုတိယဇော နာမက္ခန္ဓာသည် ပထမဇော၏ ။ ပ ။ သတ္တမဇော နာမက္ခန္ဓာသည် ဆဋ္ဌဇော၏ ဥပါဒ်ခဏနှင့် အတူပြိုင်၍ ဖြစ်သော ဟဒယဝတ္ထုကို အသီးအသီး မှီကြသည်။]

၅။ ဗလဝဖြစ်သော = အားကောင်းသော လောကီစိတ် (၈၁), စေတသိက် (၅၂), ရုပ် (၂၈), ပစ္စည်းဖြစ်ထိုက်သော အချို့သော ပညတ်ပစ္စည်းတရားတို့၏ ပကတူပနိဿယသတ္တိ၊ (၁)။

ဤ (၂၈)မျိုးသော [ဒုတိယဇော ။ ပ ။ သတ္တမဇော နာမက္ခန္ဓာဖြစ်လျှင် (၂၉)မျိုးသော] အကြောင်းပစ္စည်း တရားတို့က ဝိုင်းဝန်း၍ ကျေးဇူးပြုပေးသောကြောင့် ဖြစ်ပေါ်တည်နေရကုန်၏။

မောဟမူဒွေ နာမက္ခန္ဓာ (၄) ပါး

မောဟမူ နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည် -----

၁။ သဟဇာတမျိုး --- ၁၂၊

၂။ အာရမ္မဏမျိုး --- ၄၊

၃။ အနန္တရမျိုး --- ၅၊ (အာသေဝန ထည့်သော် - ၆ -)

၄။ ဝတ္ထုမျိုး --- ၅၊

၅။ ပကတူပနိဿယ --- ၁၊

ဤ (၂၇)မျိုးသော (ဒုတိယဇော ။ ပ ။ သတ္တမဇော နာမက္ခန္ဓာဖြစ်လျှင် (၂၈)မျိုးသော) အကြောင်း ပစ္စည်းတရားတို့ကြောင့် ဖြစ်ပေါ်တည်နေရကုန်၏။

မောဟမူ အစိတ်အစိတ် နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည် -----

၁။ (က) အချင်းချင်းအား ကျေးဇူးပြုတတ်သော မောဟမူ အစိတ်အစိတ် နာမက္ခန္ဓာ ပစ္စည်းတရားတို့၏ သဟဇာတ အညမည နိဿယ သမ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ၊ (၆)။

( ခ ) သမ္ပယုတ္တခန္ဓာအား ကျေးဇူးပြုတတ်သော မောဟမူ နာမက္ခန္ဓာ၌ ပါရှိသော မောဟပစ္စည်းတရားတို့၏ ဟေတုသတ္တိ၊

( ဂ ) စေတနာ ပစ္စည်းတရားတို့၏ သဟဇာတ ကမ္မသတ္တိ၊

(ဃ) ဖဿ စေတနာ ဝိညာဏ် နာမ်အာဟာရ (၃)ပါး ပစ္စည်းတရားတို့၏ အာဟာရသတ္တိ၊

( င ) ဝိစိကိစ္ဆာသမ္ပယုတ်စိတ်ဖြစ်အံ့ ---- ဇီဝိတ စိတ် ဝေဒနာ ဝီရိယ နာမ်ဣန္ဒြေ (၄)ပါး, ဥဒ္ဓစ္စသမ္ပယုတ် စိတ်ဖြစ်အံ့ ----- ဇီဝိတ စိတ် ဝေဒနာ ဝီရိယ ဧကဂ္ဂတာ နာမ်ဣန္ဒြေ (၅)ပါး ပစ္စည်းတရားတို့၏ ဣန္ဒြိယသတ္တိ၊

( စ ) ပီတိကြဉ် စျာနင် (၄)ပါး ပစ္စည်းတရားတို့၏ စျာနသတ္တိ၊

(ဆ) ဝိစိကိစ္ဆာသမ္ပယုတ်စိတ်ဖြစ်အံ့ ----- ဝိတက် ဝီရိယ မဂ္ဂင် (၂)ပါး, ဥဒ္ဓစ္စသမ္ပယုတ်စိတ်ဖြစ်အံ့ ---- ဝိတက် ဝီရိယ ဧကဂ္ဂတာ မဂ္ဂင် (၃)ပါး ပစ္စည်းတရားတို့၏ မဂ္ဂသတ္တိ၊ (၁၂)။

၂။ အာရမ္မဏမျိုး --- (၄)၊

၃။ အနန္တရမျိုး --- (၅)၊ (ဒုတိယဇော စသည်ဖြစ်လျှင် - ၆ -)

၄။ ဝတ္ထုမျိုး --- (၅)၊

၅။ ပကတူပနိဿယ --- (၁)၊

ဤပစ္စယသတ္တိတို့ကို ဒေါသမူ၌ ဆိုခဲ့ပြီးအတိုင်း မှတ်ပါ။

ပထမဇော မောဟမူ နာမက္ခန္ဓာ ဖြစ်အံ့၊ ဤ (၂၇)မျိုးသော, ဒုတိယဇောစသည့် မောဟမူ နာမက္ခန္ဓာ ဖြစ်အံ့၊ ဤ (၂၈)မျိုးသော အကြောင်းပစ္စည်းတရားတို့၏ ဝိုင်းဝန်း၍ ကျေးဇူးပြုမှုကြောင့် ဖြစ်ပေါ်တည်နေရကုန်၏။

အဟိတ် ပထမတဒါရုံ ခန္ဓာ (၅) ပါးမှ

အဟိတ် ပထမတဒါရုံ ရူပက္ခန္ဓာ

အဟိတ် ပထမတဒါရုံ နာမက္ခန္ဓာ၏ ဥပါဒ်-ဌီ-ဘင်ခဏတို့နှင့် အတူပြိုင်၍ ဖြစ်ကြသော ပဝတ္တိ ကမ္မဇရုပ် ဥတုဇရုပ် အာဟာရဇရုပ် တို့ကို ရှေး၌ ပြဆိုခဲ့ပြီးသည့်အတိုင်း မှတ်ပါ၊ ရှုပါ။ အနည်းငယ် ထူးခြားသည့် အဟိတ် ပထမတဒါရုံစိတ်ကြောင့် ဖြစ်သော စိတ္တဇရုပ်၌ ပဋ္ဌာန်းပစ္စည်း ဆက်သွယ်ပုံကို တင်ပြအပ်ပါသည်။

စိတ္တဇရုပ် ----- အဟိတ် ပထမတဒါရုံစိတ်ကြောင့် ဖြစ်သော စိတ္တဇရုပ် ပစ္စယုပ္ပန်တရားတို့သည် -----

၁။ နာမ် သဟဇာတမျိုး --- ၁၀၊

၂။ ရုပ် သဟဇာတမျိုး --- ၅၊

၃။ ပစ္ဆာဇာတမျိုး --- ၄၊

၄။ ရူပအာဟာရမျိုး --- ၃၊

ဤ (၂၂)မျိုးသော အကြောင်းပစ္စည်းတရားတို့ကြောင့် ဖြစ်ပေါ်တည်နေရကုန်၏။

အဟိတ် ပထမ တဒါရုံစိတ်ကြောင့် ဖြစ်သော စိတ္တဇရုပ် ပစ္စယုပ္ပန်တရားတို့သည် -----

၁။ (က) အဟိတ် ပထမတဒါရုံ အစိတ်အပေါင်း နာမက္ခန္ဓာ ပစ္စည်းတရားတို့၏ သဟဇာတ နိဿယ ဝိပါက ဝိပ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ၊

( ခ ) ယင်းတဒါရုံ နာမ်တရားစုတွင်ပါရှိသော စေတနာပစ္စည်းတရားတို့၏ သဟဇာတ ကမ္မသတ္တိ၊

( ဂ ) ဖဿ စေတနာ ဝိညာဏ်ပစ္စည်းတရားတို့၏ အာဟာရသတ္တိ၊

(ဃ) ဇီဝိတ စိတ် ဝေဒနာ နာမ်ဣန္ဒြေ (၃)ပါး ပစ္စည်းတရားတို့၏ ဣန္ဒြိယသတ္တိ၊

( င ) အဟိတ် သောမနဿ ပထမတဒါရုံစိတ်ကြောင့် ဖြစ်သော စိတ္တဇရုပ် ဖြစ်အံ့ ----- စျာနင် (၅)ပါး၊ အဟိတ် ဥပေက္ခာ ပထမတဒါရုံစိတ်ကြောင့် ဖြစ်သော စိတ္တဇရုပ် ဖြစ်အံ့ ----- ပီတိကြဉ် စျာနင် (၄)ပါး ပစ္စည်းတရားတို့၏ စျာနသတ္တိ၊ (၁၀)။

၂။ ကလာပ်တူ အစိတ်အပေါင်း (စိတ္တဇ) မဟာဘုတ် (၄)ပါး ပစ္စည်းတရားတို့၏ = ယထာရဟ = ထိုက်သည့်အားလျော်စွာ သဟဇာတ အညမည နိဿယ အတ္ထိ အဝိဂတသတ္တိ၊ (၅)။

၃။ ပစ္ဆာဇာတ = နောက်ဖြစ်သော အဟိတ် ဒုတိယတဒါရုံ နာမက္ခန္ဓာ (၄)ပါး ပစ္စည်းတရားတို့၏ ပစ္ဆာဇာတ ဝိပ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ၊ (၄)။

၄။ ကလာပ်တူ ကလာပ်ပြား ဖြစ်သော စတုသမုဋ္ဌာနိကဩဇာ ပစ္စည်းတရားတို့၏ ရူပအာဟာရ ရူပအာဟာရတ္ထိ ရူပအာဟာရအဝိဂတသတ္တိ၊ (၃)။

ဤ (၂၂)မျိုးသော အကြောင်းပစ္စည်းတရားတို့က ဝိုင်းဝန်း၍ ကျေးဇူးပြုပေးသောကြောင့် ဖြစ်ပေါ်တည်နေရကုန်၏။

[မှတ်ချက် -----အဟိတ် ဒုတိယတဒါရုံ နာမက္ခန္ဓာကြောင့် ဖြစ်သော စိတ္တဇရုပ် ဖြစ်အံ့၊ ပစ္ဆာဇာတမျိုး၌ ပစ္ဆာဇာတဖြစ်သော ပထမဘဝင် နာမက္ခန္ဓာ ပစ္စည်းတရားတို့၏ ပစ္ဆာဇာတ ဝိပ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိဟု -ဤမျှသာ ထူးသည်၊ ကျန်အားလုံး ပထမတဒါရုံ နာမက္ခန္ဓာကြောင့် ဖြစ်သော စိတ္တဇရုပ်နှင့် တူသည်။]

သဟိတ် - ပထမတဒါရုံ - ရူပက္ခန္ဓာ

ဤတွင် ဆက်လက်၍ သဟိတ် တဒါရုံ ရူပက္ခန္ဓာကို ရေးသားတင်ပြအပ်ပါသည်။ သဟိတ် တဒါရုံ ဟူသည်မှာ မဟာဝိပါက် တဒါရုံ (၃၄၊ ၃၃၊ ၃၃၊ ၃၂ ) ဖြစ်သည်။ သဟိတ် ပထမတဒါရုံ နာမက္ခန္ဓာ၏ ဥပါဒ်-ဌီ-ဘင်ခဏတို့နှင့် အတူပြိုင်၍ ဖြစ်ကြသော ပဝတ္တိ ကမ္မဇရုပ် ဥတုဇရုပ် အာဟာရဇရုပ်တို့ကို ပြဆိုပြီးအတိုင်း မှတ်ပါ၊ ရှုပါ။

စိတ္တဇရုပ် ----- သဟိတ် ပထမတဒါရုံ နာမက္ခန္ဓာကြောင့် ဖြစ်သော စိတ္တဇရုပ် ပစ္စယုပ္ပန်တရားတို့သည် -

၁။ နာမ်သဟဇာတမျိုး --- ၁၂၊

၂။ ရုပ်သဟဇာတမျိုး --- ၅၊

၃။ ပစ္ဆာဇာတမျိုး --- ၄၊

၄။ ရူပ အာဟာရမျိုး --- ၃၊

ဤ (၂၄)မျိုးသော အကြောင်းပစ္စည်းတရားတို့ကြောင့် ဖြစ်ပေါ်တည်နေရကုန်၏။

သဟိတ် ပထမတဒါရုံ နာမက္ခန္ဓာကြောင့် ဖြစ်သော စိတ္တဇရုပ် ပစ္စယုပ္ပန်တရားတို့သည် -----

၁။ (က) သဟိတ် ပထမတဒါရုံ အစိတ်အပေါင်း နာမက္ခန္ဓာ ပစ္စည်းတရားတို့၏ သဟဇာတ နိဿယ ဝိပါက ဝိပ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ၊

( ခ ) ဒွိဟိတ် တဒါရုံ နာမက္ခန္ဓာကြောင့် ဖြစ်သော စိတ္တဇရုပ် ဖြစ်အံ့ ----- အလောဘ အဒေါသ တိဟိတ် တဒါရုံ နာမက္ခန္ဓာကြောင့် ဖြစ်သော စိတ္တဇရုပ် ဖြစ်အံ့ ----- အလောဘ အဒေါသ အမောဟ ဤ ဟိတ် (၂)ပါး (၃)ပါး ပစ္စည်းတရားတို့၏ ဟေတုသတ္တိ၊

( ဂ ) ယင်း ပထမတဒါရုံ နာမ်တရားစုတွင် ပါဝင်သော စေတနာပစ္စည်းတရားတို့၏ သဟဇာတ ကမ္မသတ္တိ၊

(ဃ) ဖဿ စေတနာ ဝိညာဏ် ပစ္စည်းတရားတို့၏ အာဟာရသတ္တိ၊

( င ) ဒွိဟိတ် တဒါရုံ နာမက္ခန္ဓာကြောင့် ဖြစ်သော စိတ္တဇရုပ် ဖြစ်အံ့ ----- ပညာကြဉ် နာမ်ဣန္ဒြေ (၇)ပါး၊ တိဟိတ် တဒါရုံ နာမက္ခန္ဓာကြောင့် ဖြစ်သော စိတ္တဇရုပ် ဖြစ်အံ့ ----- နာမ်ဣန္ဒြေ (၈)ပါး ပစ္စည်းတရား တို့၏ ဣန္ဒြိယသတ္တိ၊

( စ ) သောမနဿတဒါရုံ နာမက္ခန္ဓာကြောင့် ဖြစ်သော စိတ္တဇရုပ် ဖြစ်အံ့ ----- စျာနင် (၅)ပါး၊ ဥပေက္ခာ တဒါရုံ နာမက္ခန္ဓာကြောင့် ဖြစ်သော စိတ္တဇရုပ် ဖြစ်အံ့ ပီတိကြဉ် စျာနင် (၄)ပါး ပစ္စည်းတရားတို့၏ စျာနသတ္တိ၊

(ဆ) ဒွိဟိတ် ပထမတဒါရုံ နာမက္ခန္ဓာကြောင့် ဖြစ်သော စိတ္တဇရုပ် ဖြစ်အံ့ ----- ဝိတက် ဝီရိယ သတိ ဧကဂ္ဂတာ မဂ္ဂင် (၄)ပါး၊ တိဟိတ် ပထမတဒါရုံ နာမက္ခန္ဓာကြောင့် ဖြစ်သော စိတ္တဇရုပ်ဖြစ်အံ့ ---- ပညာ ဝိတက် ဝီရိယ သတိ ဧကဂ္ဂတာ ----- မဂ္ဂင် (၅)ပါး ပစ္စည်းတရားတို့၏ မဂ္ဂသတ္တိ၊ (၁၂)။

၂။ ကလာပ်တူ အစိတ်အပေါင်း (စိတ္တဇ) မဟာဘုတ် (၄)ပါး ပစ္စည်းတရားတို့၏ ယထာရဟ = ထိုက်သည့်အားလျော်စွာ သဟဇာတ အညမည နိဿယ အတ္ထိ အဝိဂတသတ္တိ၊ (၅)။

၃။ ပစ္ဆာဇာတ = နောက်ဖြစ်သော သဟိတ် ဒုတိယတဒါရုံ နာမက္ခန္ဓာ (၄)ပါး ပစ္စည်းတရားတို့၏ ပစ္ဆာဇာတ ဝိပ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ၊ (၄)။

၄။ ကလာပ်တူ ကလာပ်ပြားဖြစ်သော စတုသမုဋ္ဌာနိကဩဇာ ပစ္စည်းတရားတို့၏ ရူပအာဟာရ ရူပအာဟာရတ္ထိ ရူပအာဟာရ အဝိဂတသတ္တိ၊ (၃)။

ဤ (၂၄)မျိုးသော အကြောင်းပစ္စည်းတရားတို့က ဝိုင်းဝန်း၍ ကျေးဇူးပြုပေးသောကြောင့် ယင်းသဟိတ် ပထမတဒါရုံ နာမက္ခန္ဓာကြောင့်ဖြစ်သော စိတ္တဇရုပ် ပစ္စယုပ္ပန်တရားတို့သည် ဖြစ်ပေါ်တည်နေရကုန်၏။ (ဒုတိယ တဒါရုံ နာမက္ခန္ဓာကြောင့် ဖြစ်သော စိတ္တဇရုပ်၌ ပစ္စည်းဆက်သွယ်ပုံကို နည်းမှီး၍ ရှုပါ။)

အဟိတ် ပထမတဒါရုံ - နာမက္ခန္ဓာ (၄) ပါး

အဟိတ် ပထမတဒါရုံ နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည် -----

၁။ သဟဇာတမျိုး ---- ၁၁၊

၂။ အာရမ္မဏမျိုး ---- ၄၊

၃။ အနန္တရမျိုး ---- ၅၊

၄။ ဝတ္ထုမျိုး ---- ၅၊

၅။ နာနာက္ခဏိကကမ္မမျိုး ---- ၂၊

၆။ ပကတူပနိဿယ ---- ၁၊

ဤ (၂၈)မျိုးသော အကြောင်းပစ္စည်းတရားတို့ကြောင့် ဖြစ်ပေါ်တည်နေရကုန်၏။

အဟိတ် ပထမတဒါရုံ အစိတ်စိတ် နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည် -----

၁။ (က) အချင်းချင်းအား ကျေးဇူးပြုတတ်သော အဟိတ် ပထမတဒါရုံ အစိတ်အစိတ် နာမက္ခန္ဓာ ပစ္စည်းတရားတို့၏ သဟဇာတ အညမည နိဿယ ဝိပါက သမ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ၊

( ခ ) သမ္ပယုတ္တခန္ဓာအား ကျေးဇူးပြုတတ်သော အဟိတ် ပထမ တဒါရုံ နာမက္ခန္ဓာ၌ ပါရှိသော စေတနာ ပစ္စည်းတရားတို့၏ သဟဇာတကမ္မသတ္တိ၊

( ဂ ) ဖဿ စေတနာ ဝိညာဏ် နာမ်အာဟာရ (၃)ပါး ပစ္စည်းတရားတို့၏ အာဟာရသတ္တိ၊

(ဃ) ဇီဝိတ စိတ် ဝေဒနာ နာမ်ဣန္ဒြေ (၃)ပါး ပစ္စည်းတရားတို့၏ ဣန္ဒြိယသတ္တိ၊

( င ) အဟိတ် သောမနဿတဒါရုံ ဖြစ်အံ့ စျာနင် (၅)ပါး၊ အဟိတ် ဥပေက္ခာတဒါရုံ ဖြစ်အံ့ ပီတိကြဉ် စျာနင် (၄)ပါး ပစ္စည်းတရားတို့၏ စျာနသတ္တိ၊ (၁၁)၊

၂။ သာမန်အားဖြင့် အာရုံပြုတတ်သော အဟိတ် ပထမတဒါရုံ နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည် သာမန်အားဖြင့် အာရုံပြုအပ်သော ပစ္စုပ္ပန် ရူပါရုံ (သဒ္ဒါရုံ ။ ပ ။ ဖောဋ္ဌဗ္ဗာရုံ) ပစ္စည်းတရားတို့၏ အာရမ္မဏ ပုရေဇာတ အတ္ထိ အဝိဂတသတ္တိ၊ (၄)။

၃။ အဟိတ် ပထမတဒါရုံ နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည် ----- အခြားမရှိသည်ဖြစ်၍ ချုပ်လေပြီးသော သတ္တမဇော နာမက္ခန္ဓာ ပစ္စည်းတရားတို့၏ (ဒုတိယတဒါရုံ ဖြစ်အံ့ ----- အခြားမရှိသည်ဖြစ်၍ ချုပ်လေပြီးသော ပထမတဒါရုံ နာမက္ခန္ဓာ (၄)ပါး ပစ္စည်းတရားတို့၏) အနန္တရ သမနန္တရ ဥပနိဿယ နတ္ထိ ဝိဂတသတ္တိ၊ (၅)။

၄။ သတ္တမဇော နာမက္ခန္ဓာတို့၏ ဥပါဒ်ခဏနှင့် အတူပြိုင်၍ ဖြစ်သော ဟဒယဝတ္ထု (အကယ်၍ ဒုတိယတဒါရုံ နာမက္ခန္ဓာ ပစ္စယုပ္ပန်တရားဖြစ်အံ့ ပထမတဒါရုံ၏ ဥပါဒ်ခဏနှင့် အတူပြိုင်၍ ဖြစ်သော ဟဒယဝတ္ထု), (မရဏာသန္နအခါ စုတိစိတ်မှ ပြန်၍ ရေတွက်သည်ရှိသော် (၁၇) ချက်မြောက်သော စိတ်၏ ဥပါဒ်ခဏနှင့် အတူပြိုင်၍ ဖြစ်သော ဟဒယဝတ္ထု) ပစ္စည်းတရားတို့၏ နိဿယ ပုရေဇာတ ဝိပ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ၊ (၅)။

၅။ အဟိတ် အကုသလဝိပါက် တဒါရုံ ဖြစ်အံ့ အတိတ်ဖြစ်သော ထိုက်သင့်ရာ အကုသိုလ်ကံ၊ အဟိတ် ကုသလဝိပါက် တဒါရုံ ဖြစ်အံ့ အတိတ်ဖြစ်သော ထိုက်သင့်ရာ ကာမကုသိုလ်ကံ ပစ္စည်းတရားတို့၏ နာနာက္ခဏိကကမ္မ ပကတူပနိဿယ သတ္တိ၊ (၂)။

၆။ ဗလဝဖြစ်သော = အားကောင်းသော စိတ် (၈၉), စေတသိက် (၅၂), ရုပ်(၂၈), ပစ္စည်းဖြစ်ထိုက်သော အချို့သော ပညတ်ပစ္စည်းတရားတို့က ပကတူပနိဿယသတ္တိ၊ (၁)။

ဤ (၂၈)မျိုးသော အကြောင်းပစ္စည်းတရားတို့က ဝိုင်းဝန်း၍ ကျေးဇူးပြုပေးသောကြောင့် ဖြစ်ပေါ်တည်နေ ရကုန်၏။

သဟိတ် မဟာဝိပါက် တဒါရုံ နာမက္ခန္ဓာ (၄) ပါး

သဟိတ် မဟာဝိပါက် တဒါရုံ နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည် -----

၁။ သဟဇာတမျိုး --- ၁၃၊

၂။ အာရမ္မဏမျိုး --- ၄၊

၃။ အနန္တရမျိုး --- ၅၊

၄။ ဝတ္ထုမျိုး --- ၅၊

၅။ နာနာက္ခဏိကကမ္မမျိုး --- ၂၊

၆။ ပကတူပနိဿယ --- ၁၊

ဤ (၃၀)မျိုးသော အကြောင်းပစ္စည်းတရားတို့ကြောင့် ဖြစ်ပေါ်တည်နေရကုန်၏။

မဟာဝိပါက် တဒါရုံ အစိတ်အစိတ် နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည် -----

၁။ (က) အချင်းချင်းအား ကျေးဇူးပြုတတ်သော မဟာဝိပါက် တဒါရုံ အစိတ်အစိတ် နာမက္ခန္ဓာ ပစ္စည်းတရားတို့၏ သဟဇာတ အညမည နိဿယ ဝိပါက သမ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ၊

( ခ ) သမ္ပယုတ္တခန္ဓာအား ကျေးဇူးပြုတတ်သော မဟာဝိပါက် တဒါရုံ နာမက္ခန္ဓာ၌ ပါရှိသော ဒွိဟိတ် တဒါရုံ ဖြစ်အံ့ အလောဘ အဒေါသ၊ တိဟိတ် တဒါရုံ ဖြစ်အံ့ အလောဘ အဒေါသ အမောဟ ဤဟိတ် (၂ )ပါး, (၃)ပါး ပစ္စည်းတရားတို့၏ ဟေတုသတ္တိ၊

( ဂ ) စေတနာ ပစ္စည်းတရားတို့၏ သဟဇာတကမ္မသတ္တိ၊

(ဃ) ဖဿ စေတနာ ဝိညာဏ် နာမ်အာဟာရ (၃)ပါး ပစ္စည်းတရားတို့၏ အာဟာရသတ္တိ၊

( င ) ဒွိဟိတ် တဒါရုံ ဖြစ်အံ့ ပညာကြဉ် နာမ်ဣန္ဒြေ (၇)ပါး၊ တိဟိတ် တဒါရုံ ဖြစ်အံ့ ဇီဝိတ စိတ် ဝေဒနာ သဒ္ဓါ ဝီရိယ သတိ ဧကဂ္ဂတာ ပညာ ----- နာမ်ဣန္ဒြေ (၈)ပါး ပစ္စည်းတရားတို့၏ ဣန္ဒြိယသတ္တိ၊

( စ ) သောမနဿတဒါရုံ ဖြစ်အံ့ စျာနင် (၅)ပါး၊ ဥပေက္ခာတဒါရုံ ဖြစ်အံ့ ပီတိကြဉ် စျာနင် (၄)ပါး ပစ္စည်းတရားတို့၏ စျာနသတ္တိ၊

(ဆ) ဒွိဟိတ် တဒါရုံ ဖြစ်အံ့ ဝိတက် ဝီရိယ သတိ ဧကဂ္ဂတာ မဂ္ဂင် (၄)ပါး၊ တိဟိတ် တဒါရုံ ဖြစ်အံ့ ပညာ ဝိတက် ဝီရိယ သတိ ဧကဂ္ဂတာ မဂ္ဂင် (၅)ပါး ပစ္စည်းတရားတို့၏ မဂ္ဂသတ္တိ၊ (၁၃)။

၂။ သာမန်အားဖြင့် အာရုံပြုတတ်သော သဟိတ် ပထမတဒါရုံ နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည် သာမန်အားဖြင့် အာရုံပြုအပ်သော ပစ္စုပ္ပန် ရူပါရုံ (သဒ္ဒါရုံ ။ ပ ။ ဖောဋ္ဌဗ္ဗာရုံ) ပစ္စည်းတရားတို့၏ အာရမ္မဏ ပုရေဇာတ အတ္ထိ အဝိဂတသတ္တိ၊ (၄)။

၃။ သဟိတ် ပထမတဒါရုံ နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည် အခြားမရှိသည်ဖြစ်၍ ချုပ်လေပြီးသော သတ္တမဇော နာမက္ခန္ဓာ ပစ္စည်းတရားတို့၏ (ဒုတိယတဒါရုံ ဖြစ်အံ့ အခြားမရှိသည်ဖြစ်၍ ချုပ်လေပြီးသော ပထမတဒါရုံ နာမက္ခန္ဓာ ပစ္စည်းတရားတို့၏) အနန္တရ သမနန္တရ ဥပနိဿယ နတ္ထိ ဝိဂတသတ္တိ၊ (၅)။

၄။ သတ္တမဇော နာမက္ခန္ဓာတို့၏ ဥပါဒ်ခဏနှင့် အတူပြိုင်၍ ဖြစ်သော ဟဒယဝတ္ထု (ဒုတိယတဒါရုံ ဖြစ်အံ့ ပထမတဒါရုံ၏ ဥပါဒ်ခဏနှင့် အတူပြိုင်၍ ဖြစ်သော ဟဒယဝတ္ထု ) ပစ္စည်းတရားတို့၏ နိဿယ ပုရေဇာတ ဝိပ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ၊ (၅)။

၅။ ထိုက်သင့်ရာ တစ်မျိုးမျိုးသော အတိတ် ကာမကုသိုလ်ကံ ပစ္စည်းတရားတို့၏ နာနာက္ခဏိကကမ္မ ပကတူပနိဿယသတ္တိ၊ (၂)။

၆။ ဗလဝဖြစ်သော = အားကောင်းသော စိတ် (၈၉), စေတသိက် (၅၂), ရုပ် (၂၈), ပစ္စည်းဖြစ်ထိုက်သော အချို့သော ပညတ်ပစ္စည်းတရားတို့၏ ပကတူပနိဿယသတ္တိ၊ (၁)။

ဤ (၃၀)မျိုးသော အကြောင်းပစ္စည်းတရား ပစ္စယသတ္တိတို့က ဝိုင်းဝန်း၍ ကျေးဇူးပြုပေးသောကြောင့် ဖြစ်ပေါ်တည်နေရကုန်၏။

ဤတွင် ပဉ္စဒွါရိကဝီထိစဉ် အတွင်း၌ရှိသော စိတ္တက္ခဏတိုင်းဝယ် အသီးအသီးသော ခန္ဓာ (၅)ပါးတို့၏ ပဋ္ဌာန်းပစ္စည်း ဆက်နွယ်လျက် ဖြစ်ပေါ်တည်နေပုံကို တင်ပြပြီးလေပြီ။ ယခု တစ်ဖန် ကာမဇော မနောဒွါရဝီထိ စိတ္တက္ခဏ အသီးအသီး၌ ရှိသော ခန္ဓာ (၅)ပါး အသီးအသီး၏ ပဋ္ဌာန်းပစ္စယသတ္တိတို့၏ ကျေးဇူးပြုမှုကြောင့် ဖြစ်ပေါ်တည်နေရပုံကို ဆက်လက် တင်ပြအပ်ပါသည်။

ကာမဇော မနောဒွါရိကစိတ်များ

ကာမဇော မနောဒွါရိကဝီထိစိတ်တို့သည် အကျဉ်းအားဖြင့် မနောဒွါရာဝဇ္ဇန်း, ဇော, တဒါရုံ ----- ဟု (၃)မျိုးတည်း။

စိတ္တုပ္ပါဒ်၏ အစွမ်းဖြင့်ကား ----- မနောဒွါရာဝဇ္ဇန်း၊ ပထမဇော၊ ဒုတိယဇော၊ တတိယဇော၊ စတုတ္ထဇော၊ ပဉ္စမဇော၊ ဆဋ္ဌမဇော၊ သတ္တမဇော၊ ပထမတဒါရုံ ၊ ဒုတိယတဒါရုံ ----- ဟု (၁၀)မျိုးတည်း။

အကျယ်အားဖြင့်ကား -----

၁။ မနောဒွါရာဝဇ္ဇန်း --- ၁၊

၂။ ကာမဇော --- ၂၉၊

၃။ တဒါရုံ --- ၁၁၊

ပေါင်းသော် --- ၄၁ - မျိုးတည်း။

ထိုတွင် ကြိယာဇောများမှာ ရဟန္တာအရှင်မြတ်တို့နှင့်သာ သက်ဆိုင်သဖြင့် ချန်လှပ်၍ ထားပါသည်။ ဝီထိစိတ္တက္ခဏတိုင်း၌ ခန္ဓာ (၅)ပါး ဖွဲ့၍ ပဋ္ဌာန်းပစ္စည်း ဆက်သွယ်ပုံကို ရှုရန် ဖြစ်သည်။ ရှေးဦးစွာ မနောဒွါရာဝဇ္ဇန်း၌ ခန္ဓာ (၅)ပါး ဖွဲ့၍ ရှုပါ။ ထိုတွင် မနောဒွါရာဝဇ္ဇန်း ----- ရူပက္ခန္ဓာကို ဝုဋ္ဌော ရူပက္ခန္ဓာကို နည်းမှီး၍ ရှုပါ။

မနောဒွါရာဝဇ္ဇန်း နာမက္ခန္ဓာ (၄) ပါး

မနောဒွါရာဝဇ္ဇန်း နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည် -----

၁။ သဟဇာတမျိုး --- ၁၀၊

၂။ အာရမ္မဏမျိုး --- (၁၊ ၄၊) ၆၊

၃။ အနန္တရမျိုး --- ၅၊

၄။ ဝတ္ထုမျိုး --- ၅၊

၅။ ပကတူပနိဿယ --- ၁၊

ဤ (၂၂), သို့မဟုတ် (၂၅), သို့မဟုတ် (၂၇)မျိုးသော ပစ္စည်းတရားတို့ကြောင့် ဖြစ်ပေါ်တည်နေရကုန်၏။

မနောဒွါရာဝဇ္ဇန်း အစိတ်အစိတ် နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည် -----

၁။ (က) အချင်းချင်းအား ကျေးဇူးပြုတတ်သော မနောဒွါရာဝဇ္ဇန်း အစိတ်အစိတ် နာမက္ခန္ဓာ ပစ္စည်းတရားတို့၏ သဟဇာတ အညမည နိဿယ သမ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ၊

( ခ ) သမ္ပယုတ္တခန္ဓာအား ကျေးဇူးပြုတတ်သော မနောဒွါရာဝဇ္ဇန်း နာမက္ခန္ဓာ၌ ပါရှိသော စေတနာ ပစ္စည်းတရားတို့၏ သဟဇာတကမ္မသတ္တိ၊

( ဂ ) ဖဿ စေတနာ ဝိညာဏ် နာမ်အာဟာရ (၃)ပါး ပစ္စည်းတို့၏ အာဟာရသတ္တိ၊

(ဃ) ဇီဝိတ စိတ် ဝေဒနာ ဝီရိယ ဧကဂ္ဂတာ ----- နာမ်ဣန္ဒြေ (၅)ပါး ပစ္စည်းတရားတို့၏ ဣန္ဒြိယသတ္တိ၊

( င ) ပီတိကြဉ် စျာနင် (၄)ပါး ပစ္စည်းတရားတို့၏ စျာနသတ္တိ၊ (၁၀)။

၂။ သာမန်အားဖြင့် အာရုံပြုတတ်သော မနောဒွါရာဝဇ္ဇန်း နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည် ---- -

(က) ရံခါ သာမန်အားဖြင့် အာရုံပြုအပ်သော စိတ် (၈၉), စေတသိက် (၅၂ ), အတိတ် အနာဂတ်ဖြစ်သော နိပ္ဖန္နရုပ် (၁၈), အတိတ် အနာဂတ် ပစ္စုပ္ပန် ဖြစ်သော အနိပ္ဖန္နရုပ် (၁၀), နိဗ္ဗာန်, ပညတ် ----- ဤ အာရုံ (၆)ပါး တို့တွင် တစ်ပါးပါးသော အာရုံပစ္စည်းတရားတို့၏ အာရမ္မဏသတ္တိ၊ (၁)။

( ခ ) ရံခါ သာမာန်အားဖြင့် အာရုံပြုအပ်သော ပစ္စုပ္ပန် နိပ္ဖန္နရုပ် (၁၈) ----- ဤအာရုံ (၆)ပါးတို့တွင် တစ်ပါးပါးသော အာရုံပစ္စည်းတရားတို့၏ အာရမ္မဏ ပုရေဇာတ အတ္ထိ အဝိဂတသတ္တိ၊ (၄)။

( ဂ ) မရဏာသန္နအခါ သာမန်အားဖြင့် အာရုံပြုအပ်သော စုတိစိတ်မှ ပြန်၍ ရေတွက်သည်ရှိသော် (၁၇) ချက်မြောက်သော စိတ်၏ ဥပါဒ်ခဏနှင့် အတူပြိုင်၍ ဖြစ်သော ဟဒယဝတ္ထု ပစ္စည်းတရားတို့၏ အာရမ္မဏ နိဿယ ပုရေဇာတ ဝိပ္ပယုတ္တ အတ္ထိ အဝိဂတ သတ္တိ၊ (၆)။ (ယင်းဟဒယဝတ္ထုကိုပင် မှီဖြစ်၍ ယင်းဟဒယဝတ္ထုကိုပင် ပြန်၍ အာရုံယူမှုကို ရည်ညွှန်းထားသည်။)

၃။ မနောဒွါရာဝဇ္ဇန်း နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည် အခြားမရှိသည်ဖြစ်၍ ချုပ်လေပြီးသော ဘဝင်္ဂုပစ္ဆေဒ, သို့မဟုတ် မိမိ၏ ရှေး၌ရှိသော ဘဝင် နာမက္ခန္ဓာ ပစ္စည်းတရားတို့၏ အနန္တရ သမနန္တရ ဥပနိဿယ နတ္ထိ ဝိဂတသတ္တိ၊ (၅)။

၄။ မနောဒွါရာဝဇ္ဇန်း နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည် ယင်းဘဝင်္ဂုပစ္ဆေဒ နာမက္ခန္ဓာ, သို့မဟုတ် မိမိ၏ ရှေး၌ရှိသော ဘဝင် နာမက္ခန္ဓာတို့၏ ဥပါဒ်ခဏနှင့် အတူပြိုင်၍ ဖြစ်သော ဟဒယဝတ္ထု ပစ္စည်းတရားတို့၏ နိဿယ ပုရေဇာတ ဝိပ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ၊ (၅)။

၅။ မနောဒွါရာဝဇ္ဇန်း နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည် ဗလဝဖြစ်သော = အားကောင်းသော စိတ် (၈၉), စေတသိက် (၅၂ ), ရုပ် (၂၈), ပစ္စည်းဖြစ်ထိုက်သော အချို့သော ပညတ်ပစ္စည်းတရားတို့၏ ပကတူပနိဿယသတ္တိ၊ (၁)။

ဤ (၂၂)မျိုး, သို့မဟုတ် (၂၅)မျိုး, သို့မဟုတ် (၂၇)မျိုးသော, အကြောင်းပစ္စည်းတရားတို့က ဝိုင်းဝန်း၍ ကျေးဇူးပြုပေးသောကြောင့် မနောဒွါရာဝဇ္ဇန်း နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည် ဖြစ်ပေါ်တည်နေရကုန်၏။

မနောဒွါရိက မဟာကုသိုလ် ပထမဇော နာမက္ခန္ဓာ (၄) ပါး

(မဟာကုသိုလ် ပထမဇော ရူပက္ခန္ဓာ ဒုတိယဇော ရူပက္ခန္ဓာ စသည်တို့သည် ပဉ္စဒွါရိက မဟာကုသိုလ် ပထမဇော ရူပက္ခန္ဓာ ဒုတိယဇော ရူပက္ခန္ဓာ စသည်တို့နှင့်တူပြီ။)

မဟာကုသိုလ် ပထမဇော နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည် -----

၁။ သဟဇာတမျိုး --- ၁၃၊

၂။ အာရမ္မဏမျိုး --- ၁၊ ၄၊ ၆၊ ၃၊

၃။ အနန္တရမျိုး --- ၅၊

၄။ ဝတ္ထုမျိုး --- ၅၊

၅။ ပကတူပနိဿယ --- ၁၊

ရံခါ ဤ (၂၅)မျိုး, ရံခါ (၂၈)မျိုး, ရံခါ (၃၀)မျိုး, ရံခါ (၂၇)မျိုးသော အကြောင်းပစ္စည်းတရားတို့ကြောင့် ဖြစ်ပေါ်တည်နေရကုန်၏။

မဟာကုသိုလ် ပထမဇော အစိတ်အစိတ် နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည် -----

၁။ (က) အချင်းချင်းအား ကျေးဇူးပြုတတ်သော မဟာကုသိုလ် ပထမဇော အစိတ်အစိတ် နာမက္ခန္ဓာ ပစ္စည်းတရားတို့၏ သဟဇာတ အညမည နိဿယ သမ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ၊

( ခ ) သမ္ပယုတ္တခန္ဓာအား ကျေးဇူးပြုတတ်သော မဟာကုသိုလ် ပထမဇော နာမက္ခန္ဓာ၌ ပါရှိသော ဒွိဟိတ် ကုသိုလ် (၄)ခုဖြစ်အံ့ ----- အလောဘ အဒေါသ၊ တိဟိတ် ကုသိုလ် (၄)ခုဖြစ်အံ့ ----- အလောဘ အဒေါသ အမောဟ ----- ဤဟိတ် (၂ )ပါး (၃)ပါး ပစ္စည်းတရားတို့၏ ဟေတုသတ္တိ၊

( ဂ ) ဒွိဟိတ်ကုသိုလ် (၄)ခု ဖြစ်အံ့ ----- ဆန္ဒ ဝီရိယ စိတ်၊ တိဟိတ်ကုသိုလ် (၄)ခု ဖြစ်အံ့ ----- ဆန္ဒ ဝီရိယ စိတ် ဝီမံသ (၃)ပါး (၄)ပါးတို့တွင် တစ်ပါးပါးသော ပစ္စည်းတရားတို့၏ အဓိပတိသတ္တိ၊

(ဃ) စေတနာ ပစ္စည်းတရားတို့၏ သဟဇာတကမ္မသတ္တိ၊

( င ) ဖဿ စေတနာ ဝိညာဏ် နာမ်အာဟာရ (၃)ပါး ပစ္စည်းတရားတို့၏ အာဟာရသတ္တိ၊

( စ ) ဒွိဟိတ် ကုသိုလ် (၄)ခု ဖြစ်အံ့ ---- ပညာကြဉ် နာမ်ဣန္ဒြေ (၇)ပါး၊ တိဟိတ် ကုသိုလ် (၄)ခု ဖြစ်အံ့ - ဇီဝိတ စိတ် ဝေဒနာ သဒ္ဓါ ဝီရိယ သတိ ဧကဂ္ဂတာ ပညာ - နာမ်ဣန္ဒြေ (၈)ပါး ပစ္စည်းတရားတို့၏ ဣန္ဒြိယသတ္တိ၊

(ဆ) သောမနဿ ပထမဇော ဖြစ်အံ့ ----- စျာနင် (၅)ပါး၊ ဥပေက္ခာ ပထမဇောဖြစ်အံ့ ----- ပီတိကြဉ် စျာနင် (၄)ပါး ပစ္စည်းတရားတို့၏ စျာနသတ္တိ၊

( ဇ ) ဒွိဟိတ် မဟာကုသိုလ် ပထမဇော ဖြစ်အံ့ ----- ပညာကြဉ် မဂ္ဂင် (၇)ပါး, တိဟိတ် မဟာကုသိုလ် ပထမဇော ဖြစ်အံ့ --- ပညာ ဝိတက် သမ္မာဝါစာ သမ္မာကမ္မန္တ သမ္မာအာဇီဝ ဝီရိယ သတိ ဧကဂ္ဂတာ-မဂ္ဂင် (၈)ပါး ပစ္စည်းတရားတို့၏ မဂ္ဂသတ္တိ၊ (၁၃)။

၂။ သာမန်အားဖြင့် အာရုံပြုတတ်သော မဟာကုသိုလ် ဉာဏဝိပ္ပယုတ် ပထမဇော နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည် -----

(က) ရံခါ သာမန်အားဖြင့် အာရုံ ပြုအပ်သော လောကီစိတ် (၈၁), စေတသိက် (၅၂ ), အတိတ် အနာဂတ် နိပ္ဖန္နရုပ် (၁၈), အတိတ် အနာဂတ် ပစ္စုပ္ပန် ကာလသုံးပါး၌ ဖြစ်သော အနိပ္ဖန္နရုပ် (၁၀), ပညတ်, ဤအာရုံ (၆)ပါးတို့တွင် တစ်ပါးပါးသော အာရုံပစ္စည်းတရားတို့၏ အာရမ္မဏသတ္တိ၊ (၁)။

( ခ ) ရံခါ သာမန်အားဖြင့် အာရုံပြုအပ်သော ပစ္စုပ္ပန် နိပ္ဖန္နရုပ် (၁၈) ----- ဤအာရုံ (၆)ပါးတို့တွင် တစ်ပါးပါးသော အာရုံပစ္စည်းတရားတို့၏ အာရမ္မဏ ပုရေဇာတ အတ္ထိ အဝိဂတသတ္တိ၊ (၄)။

( ဂ ) မရဏာသန္နအခါ သာမန်အားဖြင့် အာရုံပြုအပ်သော စုတိစိတ်မှပြန်၍ ရေတွက်သည်ရှိသော် (၁၇) ချက်မြောက်သော စိတ်၏ ဥပါဒ်ခဏနှင့် အတူပြိုင်၍ဖြစ်သော ဟဒယဝတ္ထု ပစ္စည်းတရားတို့၏ အာရမ္မဏ နိဿယ ပုရေဇာတ ဝိပ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ၊ (၆)။

သာမန်အားဖြင့် အာရုံပြုတတ်သော မဟာကုသိုလ် ဉာဏသမ္ပယုတ် ပထမဇော နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည် -----

(က) ရံခါ သာမန်အားဖြင့် အာရုံပြုအပ်သော အရဟတ္တမဂ် အရဟတ္တဖိုလ် ကြဉ်သော စိတ် (၈၇), စေတသိက် (၅၂), အတိတ် အနာဂတ် နိပ္ဖန္နရုပ် (၁၈), အတိတ် အနာဂတ် ပစ္စုပ္ပန်ကာလသုံးပါး၌ ဖြစ်သော အနိပ္ဖန္န ရုပ် (၁၀), ပညတ် ----- ဤအာရုံ (၆)ပါးတို့တွင် တစ်ပါးပါးသော အာရုံပစ္စည်းတရားတို့၏ အာရမ္မဏသတ္တိ၊ (၁)။

( ခ ) ရံခါ သာမန်အားဖြင့် အာရုံပြုအပ်သော ပစ္စုပ္ပန် နိပ္ဖန္နရုပ် (၁၈) ပစ္စည်းတရားတို့၏ အာရမ္မဏ ပုရေဇာတ အတ္ထိ အဝိဂတသတ္တိ၊ (၄)။

( ဂ ) မရဏာသန္နအခါ သာမန်အားဖြင့် အာရုံပြုအပ်သော စုတိစိတ်မှ ပြန်၍ ရေတွက်သည်ရှိသော် (၁၇) ချက်မြောက်သော စိတ်၏ ဥပါဒ်ခဏနှင့် အတူပြိုင်၍ဖြစ်သော ဟဒယဝတ္ထု ပစ္စည်းတရားတို့၏ အာရမ္မဏ နိဿယ ပုရေဇာတ ဝိပ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ၊ (၆)။

အလေးအမြတ်အားဖြင့် အာရုံပြုတတ်သော မဟာကုသိုလ် ဉာဏဝိပ္ပယုတ် ပထမဇော နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည် အလေးအမြတ်အားဖြင့် အာရုံပြုအပ်သော လောကီကုသိုလ် (၁၇) နာမက္ခန္ဓာ ဓမ္မာရုံ ပစ္စည်းတရားတို့၏ အာရမ္မဏ အဓိပတိ ဥပနိဿယသတ္တိ၊ (၃)။

အလေးအမြတ်အားဖြင့် အာရုံပြုတတ်သော မဟာကုသိုလ် ဉာဏသမ္ပယုတ် ပထမဇော နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည် ----- အလေးအမြတ်အားဖြင့် အာရုံပြုအပ်သော အရဟတ္တမဂ် ကြဉ်သော ကုသိုလ်စိတ် (၂၀), အောက်ဖိုလ် (၃)ခု၊ နိဗ္ဗာန် ----- ဤဓမ္မာရုံပစ္စည်းတရားတို့၏ အာရမ္မဏ အဓိပတိ ဥပနိဿယသတ္တိ၊ (၃)။

၃။ ကာမာဝစရ မဟာကုသိုလ် ပထမဇော နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည် ----- အခြားမရှိသည် ဖြစ်၍ ချုပ်လေပြီးသော မနောဒွါရာဝဇ္ဇန်း နာမက္ခန္ဓာ (၄)ပါး ပစ္စည်းတရားတို့၏ အနန္တရ သမနန္တရ ဥပနိဿယ နတ္ထိ ဝိဂတသတ္တိ၊ (၅)။

[ဒုတိယဇော နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည် အခြားမရှိသည်ဖြစ်၍ ချုပ်လေပြီးသော ပထမဇော နာမက္ခန္ဓာ ပစ္စည်းတရားတို့၏ အနန္တရ သမနန္တရ ဥပနိဿယ အာသေဝန နတ္ထိ ဝိဂတသတ္တိ၊ (၆)။ ဤသို့လျှင် သတ္တမဇောတိုင်အောင် ရှေးရှေးဇော၏ အာသေဝနသတ္တိဖြင့် ကျေးဇူးပြုပေးမှုကိုပါ ရရှိပုံကို သဘောပေါက် ပါလေ။]

၄။ ကာမာဝစရ မဟာကုသိုလ် ပထမဇော နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည် ----- မနောဒွါရာဝဇ္ဇန်း နာမက္ခန္ဓာတို့၏ ဥပါဒ်ခဏနှင့် အတူပြိုင်၍ ဖြစ်သော ဟဒယဝတ္ထု ပစ္စည်းတရားတို့၏ နိဿယ ပုရေဇာတ ဝိပ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ၊ (၅)။

၅။ မဟာကုသိုလ် ပထမဇော နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည် ----- ဗလဝ ဖြစ်သော = အားကောင်းသော အရဟတ္တမဂ် အရဟတ္တဖိုလ် ကြဉ်သော စိတ် (၈၇), စေတသိက် (၅၂ ), ရုပ် (၂၈), ပစ္စည်း ဖြစ်ထိုက်သော အချို့သော ပညတ်ပစ္စည်းတရားတို့၏ ပကတူပနိဿယသတ္တိ၊ (၁)။

ရံခါ ဤ (၂၅)မျိုးသော, ရံခါ (၂၈)မျိုးသော, ရံခါ (၃၀)မျိုးသော, ရံခါ အဓိပတိပစ္စည်းကို ရခိုက် (၂၇)မျိုးသော အကြောင်းပစ္စည်းတရားတို့က ဝိုင်းဝန်း၍ ကျေးဇူးပြုပေးသောကြောင့် ဖြစ်ပေါ်တည်နေရကုန်၏။ [အကယ်၍ ဒုတိယဇော ။ ပ ။ သတ္တမဇော မဟာကုသိုလ် နာမက္ခန္ဓာ ပစ္စယုပ္ပန်တရားများ ဖြစ်အံ့ ----- အနန္တရမျိုး၌ အာသေဝနပစ္စည်းကို ထပ်၍ထည့်သော် ရံခါ (၂၆), ရံခါ (၂၉), ရံခါ (၃၁), ရံခါ အဓိပတိပစ္စည်းကို ရခိုက် (၂၈)မျိုးသော ပစ္စည်းတရားများကို ရရှိနိုင်ပေသည်။]

လောဘမူ ပထမဇော နာမက္ခန္ဓာ (၄) ပါး

လောဘမူ ပထမဇော နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည် -----

၁။ သဟဇာတမျိုး --- ၁၃၊

၂။ အာရမ္မဏမျိုး --- ၁၊ ၄၊ ၆၊ ၃၊ ၆၊ ၈၊

၃။ အနန္တရမျိုး --- ၅၊ ၆၊

၄။ ဝတ္ထုမျိုး --- ၅၊

၅။ ပကတူပနိဿယ --- ၁၊

(က) ရံခါ (၂၅)မျိုး

( ခ ) ရံခါ (၂၈)မျိုး

( ဂ ) ရံခါ (၃၀)မျိုး

(ဃ) ရံခါ အဓိပတိပစ္စည်းကို ရခိုက် (၂၇)မျိုး

( င ) ရံခါ အဓိပတိပစ္စည်းကို ရခိုက် (၃၀)မျိုး

( စ ) ရံခါ အဓိပတိပစ္စည်းကို ရခိုက် (၃၂)မျိုး

ဒုတိယဇောစသည်ဖြစ်သော် အာသေဝနပစ္စည်းကို ထပ်၍ပေါင်းထည့်ပါက (၂၆၊၂၉၊ ၃၁၊၂၈၊ ၃၁၊ ၃၃။) မျိုးသော ဤအကြောင်းပစ္စည်းတရားတို့က ဝိုင်းဝန်း၍ ကျေးဇူးပြုပေးသောကြောင့် ဖြစ်ပေါ်တည်နေရကုန်၏။

လောဘမူ ပထမဇော အစိတ်အစိတ် နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည် ----

၁။ (က) အချင်းချင်းအား ကျေးဇူးပြုတတ်သော လောဘမူ ပထမဇော အစိတ်အစိတ် နာမက္ခန္ဓာ ပစ္စည်းတရားတို့၏ သဟဇာတ အညမည နိဿယ သမ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ၊ (၆)။

( ခ ) သမ္ပယုတ္တခန္ဓာအား ကျေးဇူးပြုတတ်သော လောဘမူ ပထမဇော နာမက္ခန္ဓာ၌ ပါရှိသော လောဘ မောဟ ဤဟိတ် (၂)ပါး ပစ္စည်းတရားတို့၏ ဟေတုသတ္တိ၊

( ဂ ) ဆန္ဒ ဝီရိယ စိတ် (၃)ပါးတို့တွင် တစ်ပါးပါးသော ပစ္စည်းတရားတို့၏ အဓိပတိသတ္တိ၊

(ဃ) စေတနာ ပစ္စည်းတရားတို့၏ သဟဇာတ ကမ္မသတ္တိ၊

( င ) ဖဿ စေတနာ ဝိညာဏ် နာမ်အာဟာရ (၃)ပါး ပစ္စည်းတရားတို့၏ အာဟာရသတ္တိ၊

( စ ) ဇီဝိတ စိတ် ဝေဒနာ ဝီရိယ ဧကဂ္ဂတာ နာမ်ဣန္ဒြေ (၅)ပါး ပစ္စည်းတရားတို့၏ ဣန္ဒြိယသတ္တိ၊

(ဆ) သောမနဿ လောဘဇော ဖြစ်အံ့ ----- စျာနင် (၅)ပါး, ဥပေက္ခာ လောဘဇော ဖြစ်အံ့ ---- ပီတိကြဉ် စျာနင် (၄)ပါး ပစ္စည်းတရားတို့၏ စျာနသတ္တိ၊

( ဇ ) ဒိဋ္ဌိဂတသမ္ပယုတ် လောဘဇော ဖြစ်အံ့ --- ဝိတက် ဝီရိယ ဧကဂ္ဂတာ ဒိဋ္ဌိ - မဂ္ဂင် (၄)ပါး, ဒိဋ္ဌိဂတ ဝိပ္ပယုတ် လောဘဇော ဖြစ်အံ့ ---- ဝိတက် ဝီရိယ ဧကဂ္ဂတာ - မဂ္ဂင် (၃)ပါး ပစ္စည်းတရားတို့၏ မဂ္ဂသတ္တိ၊ (၁၃)။

၂။ သာမန်အားဖြင့် အာရုံပြုတတ်သော လောဘမူ ပထမဇော နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည်-

(က) ရံခါ သာမန်အားဖြင့် အာရုံပြုအပ်သော လောကီစိတ် (၈၁), စေတသိက် (၅၂ ), အတိတ် အနာဂတ် နိပ္ဖန္နရုပ် (၁၈), ကာလသုံးပါး၌ ဖြစ်သော အနိပ္ဖန္နရုပ် (၁၀), ပညတ် ---- ဤအာရုံ (၆)ပါးတို့တွင် တစ်ပါးပါးသော အာရုံပစ္စည်းတရားတို့၏ အာရမ္မဏသတ္တိ၊ (၁)။

( ခ ) ရံခါ သာမန်အားဖြင့် အာရုံပြုအပ်သော ပစ္စုပ္ပန် နိပ္ဖန္နရုပ် (၁၈) ---- ဤ အာရုံ (၆)ပါးတို့တွင် တစ်ပါးပါးသော အာရုံပစ္စည်းတရားတို့၏ အာရမ္မဏ ပုရေဇာတ အတ္ထိ အဝိဂတသတ္တိ၊ (၄)။

( ဂ ) မရဏာသန္နအခါ သာမန်အားဖြင့် အာရုံပြုအပ်သော စုတိစိတ်မှ ပြန်၍ ရေတွက်သည်ရှိသော် (၁၇) ချက်မြောက်သော စိတ်၏ ဥပါဒ်ခဏနှင့် အတူပြိုင်၍ ဖြစ်သော ဟဒယဝတ္ထု ပစ္စည်းတရားတို့၏ အာရမ္မဏ နိဿယ ပုရေဇာတ ဝိပ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ၊ (၆)။

အလေးအမြတ်အားဖြင့် အာရုံပြုတတ်သော လောဘမူ ပထမဇော နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရား တို့သည် ----

(က) ရံခါ အလေးအမြတ်အားဖြင့် အာရုံပြုအပ်သော ဒေါသမူဒွေ မောဟမူဒွေ ဒုက္ခသဟဂုတ် ကာယဝိညာဏ် ကြဉ်သော လောကီစိတ် (၇၆) ဒေါသ ဣဿာ မစ္ဆရိယ ကုက္ကုစ္စ ဝိစိကိစ္ဆာ ကြဉ်သော စေတသိက် (၄၇), အတိတ် အနာဂတ် နိပ္ဖန္နရုပ် (၁၈) ----- ဤအာရုံ (၆)ပါးတို့တွင် တစ်ပါးပါးသော အာရုံ ပစ္စည်းတရားတို့၏ အာရမ္မဏ အဓိပတိ ဥပနိဿယသတ္ထိ၊ (၃)။

( ခ ) ရံခါ အလေးအမြတ်အားဖြင့် အာရုံပြုအပ်သော ပစ္စုပ္ပန် နိပ္ဖန္နရုပ် (၁၈) ----- ဤအာရုံ (၆)ပါးတို့တွင် တစ်ပါးပါးသော အာရုံပစ္စည်းတရားတို့၏ အာရမ္မဏ အဓိပတိ ဥပနိဿယ ပုရေဇာတ အတ္ထိ အဝိဂတသတ္တိ၊ (၆)။

( ဂ ) မရဏာသန္နအခါ အလေးအမြတ်အားဖြင့် အာရုံပြုအပ်သော စုတိစိတ်မှ ပြန်၍ ရေတွက်သည်ရှိသော် (၁၇) ချက်မြောက်သော စိတ်၏ ဥပါဒ်ခဏနှင့် အတူပြိုင်၍ ဖြစ်သော ဟဒယဝတ္ထု ပစ္စည်းတရားတို့၏ အာရမ္မဏ အဓိပတိ နိဿယ ဥပနိဿယ ပုရေဇာတ ဝိပ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ၊ (၈)။

၃။ လောဘမူ ပထမဇော နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည် အခြားမရှိသည်ဖြစ်၍ ချုပ်လေပြီးသော မနောဒွါရာဝဇ္ဇန်း နာမက္ခန္ဓာ (၄)ပါး ပစ္စည်းတရားတို့၏ အနန္တရ သမနန္တရ ဥပနိဿယ နတ္ထိ ဝိဂတသတ္တိ၊ (၅)။

[လောဘမူ ဒုတိယဇော နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည် အခြားမရှိသည်ဖြစ်၍ ချုပ်လေပြီးသော လောဘမူ ပထမဇော နာမက္ခန္ဓာ ပစ္စည်းတရားတို့၏ အနန္တရ သမနန္တရ ဥပနိဿယ အာသေဝန နတ္ထိ ဝိဂတသတ္တိ၊ (၆)။ --- ဤသို့ စသည်ဖြင့် နောက်နောက်ဇောအား ရှေးရှေးဇောက ကျေးဇူးပြုပုံကို သဘောပေါက်ပါ။]

၄။ လောဘမူ ပထမဇော နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည် မနောဒွါရာဝဇ္ဇန်း နာမက္ခန္ဓာ၏ ဥပါဒ် ခဏနှင့် အတူပြိုင်၍ ဖြစ်သော ဟဒယဝတ္ထု ပစ္စည်းတရားတို့၏ နိဿယ ပုရေဇာတ ဝိပ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ၊ (၅)။

[အကယ်၍ လောဘမူ ဒုတိယဇော နာမက္ခန္ဓာဖြစ်လျှင် ပထမဇော နာမက္ခန္ဓာ၏ ဥပါဒ်ခဏနှင့် အတူပြိုင်၍ ဖြစ်သော ဟဒယဝတ္ထု ။ ပ ။ သတ္တမဇော နာမက္ခန္ဓာဖြစ်လျှင် ဆဋ္ဌဇော နာမက္ခန္ဓာ၏ ဥပါဒ်ခဏနှင့် အတူ ပြိုင်၍ဖြစ်သော ဟဒယဝတ္ထု ပစ္စည်းတရားတို့၏ နိဿယ ပုရေဇာတ ဝိပ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ ---- ဤသို့ စသည်ဖြင့် သဘောပေါက်ပါလေ။]

၅။ လောဘမူ ပထမဇော နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည် ဗလဝဖြစ်သော = အားကောင်းသော လောကီစိတ် (၈၁), စေတသိက် (၅၂), ရုပ် (၂၈), ပစ္စည်းဖြစ်ထိုက်သော အချို့သော ပညတ်ပစ္စည်းတရား တို့၏ ပကတူပနိဿယသတ္တိ၊ (၁)။

ရံခါ (၂၅)မျိုး၊ ရံခါ (၂၈)မျိုး၊ ရံခါ (၃၀)မျိုး၊ အဓိပတိပစ္စည်းကို ရခိုက်ရနေ ရံခါ (၂၇)မျိုး၊ ရံခါ (၃၀)မျိုး၊ ရံခါ (၃၂ )မျိုးသော ဤအကြောင်းပစ္စည်းတရားတို့က ဝိုင်းဝန်း၍ ကျေးဇူးပြုပေးသောကြောင့် ဖြစ်ပေါ်တည်နေရကုန်၏။

[ဒုတိယဇောမှ သတ္တမဇောတိုင်အောင် အာသေဝနပစ္စည်း၏ အထောက်အပံ့ကို ရရှိသဖြင့် ယင်းအထက်ပါ ပစ္စည်းအမျိုးအစားတို့တွင် အာသေဝန ပစ္စည်းတစ်မျိုးကို ထပ်ထည့်ပါက - (၂၆၊ ၂၉၊ ၃၁။ ၂၈၊ ၃၁၊ ၃၃။) - အသီးအသီး ဖြစ်ပေမည်။ ။ ဒေါသဇော မောဟဇောတို့ကား ပဉ္စဒွါရိက၌ ဆိုခဲ့ပြီးသည်နှင့် တူ၏။ အဟိတ် တဒါရုံ သဟိတ် တဒါရုံတို့မှာလည်း ပဉ္စဒွါရဝီထိ၌ ဆိုခဲ့ပြီးသည့် တဒါရုံနှင့် တူလေပြီ။]

စျာနဝီထိ

မဟာကုသိုလ် ဉာဏသမ္ပယုတ် သောမနဿဇော (သသင်္ခါရိက အသင်္ခါရိက) နှစ်မျိုးနောက်၌ ဖြစ်ကောင်းသော အပ္ပနာဇောကား (၃၂ )မျိုးတည်း။ ----

(က) မဟဂ္ဂုတ်ကုသိုလ် သောမနဿဇော --- ၄၊

( ခ ) မဂ် သောမနဿဇော --- ၁၆၊

( ဂ ) အောက်ဖိုလ် သောမနဿဇော --- ၁၂၊

ပေါင်းသော် --- ၃၂ - မျိုးတည်း။

မဟာကုသိုလ် ဉာဏသမ္ပယုတ် ဥပေက္ခာဇော (သသင်္ခါရိက - အသင်္ခါရိက) နှစ်မျိုးနောက်၌ ဖြစ်ကောင်းသော အပ္ပနာဇောကား (၁၂ )မျိုးတည်း။

(က) မဟဂ္ဂုတ်ကုသိုလ် ဥပေက္ခာသဟဂုတ်ဇော --- ၅၊

( ခ ) မဂ် ဥပေက္ခာ သဟဂုတ်ဇော --- ၄၊

( ဂ ) အောက်ဖိုလ် ဥပေက္ခာဇော --- ၃၊

ပေါင်းသော် --- ၁၂ - မျိုးတည်း။

မဟဂ္ဂုတ် ကုသိုလ်ဇော

ပဉ္စကနည်းအရ မဟဂ္ဂုတ် ကုသိုလ်ဇောဝီထိကား -----

၁။ အာဒိကမ္မိက မဟဂ္ဂုတ် ကုသိုလ်ဇော --- (၉) ဝီထိ၊

၂။ သမာပတ္တိ မဟဂ္ဂုတ် ကုသိုလ်ဇော --- (၉) ဝီထိ၊

နှစ်ရပ်ပေါင်းသော် ဝီထိ (၁၈)မျိုး ရှိ၏။ ပဉ္စကနည်း၌ ဝိတက်နှင့် ဝိစာရ စျာန်အင်္ဂါများကို တစ်ခုစီ ဖြုတ်သဖြင့် ရူပါဝစရစျာန် (၅)မျိုး ဖြစ်သည်။ အရူပါဝစရစျာန် (၄)မျိုးနှင့် ပေါင်းသော် မဟဂ္ဂုတ်စျာန် (၉)မျိုး ဖြစ်သည်။ စျာန် (၉)မျိုး ဖြစ်သဖြင့် ဝီထိအမျိုးအစားလည်း (၉)မျိုးပင် ဖြစ်သည်။ ယင်းစျာနဝီထိများကို ရှေးနာမ်ကမ္မဋ္ဌာန်းပိုင်းတွင် ပြခဲ့ပြီ။ အရူပါဝစရစျာန်များကို ရှုပွားပုံကို သမထကမ္မဋ္ဌာန်းပိုင်းတွင် ကြည့်ပါ။ နားရှင်းစေရန် ယင်းစျာနဝီထိ ဖြစ်ပုံကို အနည်းငယ် ထပ်မံ ဖော်ပြအပ်ပါသည်။

၁။ အာဒိကမ္မိက မဟဂ္ဂုတ် ကုသိုလ်ဇောဝီထိ

ဘဝင်္ဂစလန၊ ဘဝင်္ဂုပစ္ဆေဒ၊ မနောဒွါရာဝဇ္ဇန်း၊ ပရိကံ၊ ဥပစာ၊ အနုလုံ၊ ဂေါတြဘု၊ ထိုနောင် မဟဂ္ဂုတ် ကုသိုလ်ဇော (၉)မျိုးတို့တွင် တစ်ခုခုသော ဇောသည် အာဒိကမ္မိကဖြစ်၍ တစ်ကြိမ်စီသာ အပ္ပနာသမာဓိဇောကိစ္စ ဖြစ်၍ ချုပ်၏၊ ထိုနောင် တိဟိတ်ဘဝင် (၁၃)မျိုးတို့တွင် တစ်မျိုးမျိုးသည် ဘဝင် ဘဝင်ဟု ဘဝင်ကိစ္စ ဖြစ်ထိုက်သမျှ ဖြစ်၍ ချုပ်၏။

၂။ သမာပတ္တိ မဟဂ္ဂုတ် ကုသိုလ်ဇောဝီထိ

ဘဝင်္ဂစလန၊ ဘဝင်္ဂုပစ္ဆေဒ၊ မနောဒွါရာဝဇ္ဇန်း၊ ပရိကံ၊ ဥပစာ၊ အနုလုံ၊ ဂေါတြဘု၊ ထိုနောင် မဟဂ္ဂုတ် ကုသိုလ်ဇော (၉)မျိုးတို့တွင် တစ်မျိုးမျိုးသည် ဘဝင်အယဉ်ကဲ့သို့ အကြိမ်များစွာ အပ္ပနာသမာဓိဇောကိစ္စ ဖြစ်၍ ချုပ်၏၊ ထိုနောင် တိဟိတ် ဘဝင် (၁၃)မျိုးတို့တွင် တစ်မျိုးမျိုးသည် ဘဝင် ဘဝင်ဟု ဘဝင်ကိစ္စ ဖြစ်ထိုက်သမျှ ဖြစ်၍ ချုပ်၏။

ထို (၁၈) ဝီထိတို့တွင် ပဉ္စကနည်းအရ ပထမစျာနဝီထိ ဒုတိယစျာနဝီထိ တတိယစျာနဝီထိ စတုတ္ထစျာန ဝီထိဟူသော ရူပါဝစရကုသိုလ်ဇောဝီထိတို့၌ ---- ပရိကံ၊ ဥပစာ၊ အနုလုံ၊ ဂေါတြဘု ကိစ္စတပ်သော စိတ်တို့ကား မဟာကုသိုလ် ဉာဏသမ္ပယုတ် သောမနဿဇော (သသင်္ခါရိက - အသင်္ခါရိက) နှစ်မျိုး တစ်မျိုးမျိုးတည်း။

ပဉ္စကနည်းအရ ပဉ္စမစျာနဝီထိ, စတုက္ကနည်းအရ စတုတ္ထစျာနဝီထိနှင့် အရူပါဝစရစျာနဝီထိဟူသော ကုသိုလ်ဇောဝီထိတို့၌ ပရိကံ၊ ဥပစာ၊ အနုလုံ၊ ဂေါတြဘု ကိစ္စတပ်သော စိတ်တို့ကား မဟာကုသိုလ် ဉာဏသမ္ပယုတ် ဥပေက္ခာ (သသင်္ခါရိက - အသင်္ခါရိက) ဇောစိတ်တို့တွင် တစ်မျိုးမျိုးတည်း။

မဟဂ္ဂုတ် ကုသိုလ်ဇော နာမက္ခန္ဓာ

ယင်းမဟဂ္ဂုတ် ကုသိုလ်ဇော (၉)မျိုး နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည် ----

၁။ သဟဇာတမျိုး --- ၁၃၊

၂။ အာရမ္မဏမျိုး --- ၁၊

၃။ အနန္တရမျိုး --- ၆၊

၄။ ဝတ္ထုမျိုး --- ၅၊

၅။ ပကတူပနိဿယ --- ၁၊

ဤ (၂၆)မျိုးသော အကြောင်းပစ္စည်းတရားတို့ကြောင့် ဖြစ်ပေါ်တည်နေရကုန်၏။

(အဓိပတိတရားကိုယ်နှင့် စေတနာကြဉ်သော) မဟဂ္ဂုတ် ကုသိုလ် (၉)မျိုး နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန် တရားတို့သည် ----

၁။ (က) အချင်းချင်းအား ကျေးဇူးပြုတတ်သော မဟဂ္ဂုတ်ကုသိုလ်ဇော (၉)မျိုး အစိတ်အစိတ် နာမက္ခန္ဓာ ပစ္စည်းတရားတို့၏ သဟဇာတ အညမည နိဿယ သမ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ၊

(ခ) သမ္ပယုတ်ခန္ဓာအား ကျေးဇူးပြုတတ်သော မဟဂ္ဂုတ်ကုသိုလ် (၉)မျိုး နာမက္ခန္ဓာ၌ ပါရှိသော အလောဘ အဒေါသ အမောဟ ဟိတ် (၃)ပါး ပစ္စည်းတရားတို့၏ ဟေတုသတ္တိ၊

( ဂ ) ဆန္ဒ ဝီရိယ စိတ် ဝီမံသ (၄)ပါးတို့တွင် တစ်ပါးပါးသော ပစ္စည်းတရားတို့၏ အဓိပတိသတ္တိ၊

(ဃ) စေတနာ ပစ္စည်းတရားတို့၏ သဟဇာတ ကမ္မသတ္တိ၊

( င ) ဖဿ စေတနာ ဝိညာဏ် နာမ်အာဟာရ (၃)ပါး ပစ္စည်းတရားတို့၏ အာဟာရသတ္တိ၊

( စ ) ဇီဝိတ စိတ် ဝေဒနာ သဒ္ဓါ ဝီရိယ သတိ ဧကဂ္ဂတာ ပညာ - နာမ်ဣန္ဒြေ (၈)ပါး ပစ္စည်းတရားတို့၏ ဣန္ဒြိယသတ္တိ၊

(ဆ) ပထမစျာန် မဟဂ္ဂုတ် ကုသိုလ်ဇော ဖြစ်အံ့ --- ဝိတက် ဝိစာရ ပီတိ သုခ ဧကဂ္ဂတာ -- စျာနင် (၅)ပါး,

ဒုတိယစျာန် မဟဂ္ဂုတ် ကုသိုလ်ဇော ဖြစ်အံ့ --- ဝိစာရ ပီတိ သုခ ဧကဂ္ဂတာ -- စျာနင် (၄)ပါး,

တတိယစျာန် မဟဂ္ဂုတ် ကုသိုလ်ဇော ဖြစ်အံ့ --- ပီတိ သုခ ဧကဂ္ဂတာ -- စျာနင် (၃)ပါး,

စတုတ္ထစျာန် မဟဂ္ဂုတ် ကုသိုလ်ဇော ဖြစ်အံ့ --- သုခ ဧကဂ္ဂတာ -- စျာနင် (၂ )ပါး,

ရူပါဝစရ ပဉ္စမစျာန် (၁)ပါး, အရူပါဝစရစျာန် (၄)ပါးတည်းဟူသော မဟဂ္ဂုတ် ပဉ္စမစျာန် ကုသိုလ် ဇော (၅)မျိုး တစ်မျိုးမျိုး ဖြစ်အံ့ --- ဥပေက္ခာ ဧကဂ္ဂတာ စျာနင် (၂ )ပါး -- ပစ္စည်းတရားတို့၏ စျာနသတ္တိ၊

[ဤကား ပဉ္စကနည်းတည်း၊ စတုက္ကနည်းအရမူ ပထမစျာန်၌ စျာနင် (၅)ပါး, ဒုတိယစျာန်၌ စျာနင် (၃)ပါး, တတိယစျာန်၌ သုခ ဧကဂ္ဂတာ စျာနင် (၂ )ပါး, စတုတ္ထစျာန်၌ ဥပေက္ခာ ဧကဂ္ဂတာ စျာနင် (၂ )ပါးတည်း။]

( ဇ ) ပထမစျာန် မဟဂ္ဂုတ် ကုသိုလ်ဇော ဖြစ်အံ့ --- ပညာ ဝိတက် ဝီရိယ သတိ ဧကဂ္ဂတာ မဂ္ဂင် (၅)ပါး၊ ဒုတိယစျာန် တတိယစျာန် စတုတ္ထစျာန် ပဉ္စမစျာန် မဟဂ္ဂုတ် ကုသိုလ်ဇော တစ်မျိုးမျိုး ဖြစ်အံ့ --- ပညာ ဝီရိယ သတိ ဧကဂ္ဂတာ မဂ္ဂင် (၄)ပါး ပစ္စည်းတရားတို့၏ မဂ္ဂသတ္တိ၊ (၁၃)။

၂။ ပထမစျာန် ရူပါဝစရကုသိုလ် နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည် ---

(က) ကသိုဏ်းပညတ် (၁၀)ပါး၊

( ခ ) အသုဘပညတ် (၁၀)ပါး၊

( ဂ ) ကာယဂတာသတိ၏ အာရုံဖြစ်သော ဆံပင်အစရှိသော ကာယကောဋ္ဌာသ ပညတ် (= ၃၂-ကောဋ္ဌာသ ပညတ်)၊

(ဃ) အာနာပါနဿတိ၏ အာရုံဖြစ်သော ဝင်သက် ထွက်သက် ပညတ် (= အာနာပါန ပဋိဘာဂနိမိတ် အာရုံ)၊

( င ) မေတ္တာ၏ အာရုံဖြစ်သော ခပ်သိမ်းသော သုခိတ ဒုက္ခိတ သတ္တဝါပညတ်၊

( စ ) ကရုဏာ၏ အာရုံဖြစ်သော ခပ်သိမ်းသော ဒုက္ခိတ သတ္တဝါပညတ်၊

(ဆ) မုဒိတာ၏ အာရုံဖြစ်သော ခပ်သိမ်းသော သုခိတ သတ္တဝါပညတ်၊

ဤ (၂၅) မျိုးသော ပညတ်တို့တွင် တစ်မျိုးမျိုးသော ပညတ်အာရုံ ပစ္စည်းတရားတို့၏ အာရမ္မဏသတ္တိ၊(၁)။

(ပဉ္စကနည်း) ဒုတိယစျာန် တတိယစျာန် စတုတ္ထစျာန် ရူပကုသိုလ် နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့ သည် ---

(က) ကသိုဏ်း (၁၀)ပါး၊

( ခ ) အာနာပါနဿတိ၏ အာရုံဖြစ်သော ဝင်သက် ထွက်သက် ပညတ် = (အာနာပါန ပဋိဘာဂနိမိတ် အာရုံ)

( ဂ ) မေတ္တာ၏ အာရုံဖြစ်သော ခပ်သိမ်းသော သုခိတ ဒုက္ခိတ သတ္တဝါပညတ်၊

(ဃ) ကရုဏာ၏ အာရုံဖြစ်သော ခပ်သိမ်းသော ဒုက္ခိတ သတ္တဝါပညတ်၊

( င ) မုဒိတာ၏ အာရုံဖြစ်သော ခပ်သိမ်းသော သုခိတ သတ္တဝါပညတ်၊

ဤ (၁၄)မျိုးသော ပညတ်အာရုံတို့တွင် တစ်မျိုးမျိုးသော ပညတ်အာရုံ ပစ္စည်းတရားတို့၏ အာရမ္မဏသတ္တိ၊ (၁)။

(ပဉ္စကနည်း) ပဉ္စမစျာန် ရူပါဝစရကုသိုလ် နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည် ----

(က) ကသိုဏ်း ပညတ် (၁၀)ပါး၊

( ခ ) အာနာပါနဿတိ၏ အာရုံဖြစ်သော ထွက်သက် ဝင်သက် ပညတ် (= အာနာပါနပဋိဘာဂနိမိတ်)

( ဂ ) ဥပေက္ခာ ဗြဟ္မဝိဟာရစျာန်၏ အာရုံဖြစ်သော ခပ်သိမ်းသော သုခိတ ဒုက္ခိတ သတ္တဝါပညတ်၊

ဤ (၁၂ ) မျိုးသော ပညတ်အာရုံတို့တွင် တစ်မျိုးမျိုးသော ပညတ်အာရုံ ပစ္စည်းတရားတို့၏ အာရမ္မဏ သတ္တိ၊ (၁)။

အာကာသာနဉ္စာယတနကုသိုလ် နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရား ဖြစ်အံ့ ---- အာကာသကသိုဏ်း ကြဉ်သော ကသိုဏ်း (၉)ပါးတို့တွင် တစ်ပါးပါးကို ခွာ၍ ရအပ်သော ကောင်းကင်ပညတ် ပစ္စည်းတရားတို့၏ အာရမ္မဏသတ္တိ၊ (၁)။

ဝိညာဏဉ္စာယတနကုသိုလ် နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရား ဖြစ်အံ့ ---- အတိတ်ဖြစ်သော အာကာသာနဉ္စာယတနကုသိုလ် နာမက္ခန္ဓာ ပစ္စည်းတရားတို့၏ အာရမ္မဏသတ္တိ၊ (၁)။

အာကိဉ္စညာယတနကုသိုလ် နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရား ဖြစ်အံ့ ---- အာကာသာနဉ္စာယတန စျာန်စိတ်၏ မရှိခြင်းတည်းဟူသော နတ္ထိဘောပညတ် ပစ္စည်းတရားတို့၏ အာရမ္မဏသတ္တိ၊ (၁)။

နေဝသညာနာသညာယတနကုသိုလ် နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရား ဖြစ်အံ့ ---- အတိတ်ဖြစ်သော အာကိဉ္စညာယတနကုသိုလ် နာမက္ခန္ဓာ ပစ္စည်းတရားတို့၏ အာရမ္မဏသတ္တိ၊ (၁)။

(ဤကား ပဉ္စကနည်းတည်း၊ စတုက္ကနည်းမှာ သဘောပေါက်လောက်ပေပြီ။)

၃။ (ပဉ္စကနည်းအရ ပထမစျာန်၊ ဒုတိယစျာန်၊ တတိယစျာန်၊ စတုတ္တစျာန်၊ စတုက္ကနည်းအရ ပထမစျာန်၊ ဒုတိယစျာန်၊ တတိယစျာန်ဟူသော) မဟဂ္ဂုတ် ကုသိုလ် သောမနဿဇော (၄)မျိုးတို့တွင် တစ်မျိုးမျိုးသော နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည် ---- အခြားမရှိသည်ဖြစ်၍ ချုပ်လေပြီးသော ဂေါတြဘုကိစ္စတပ်သော မဟာကုသိုလ် ဉာဏသမ္ပယုတ် သောမနဿဇော (၂ )မျိုးတို့တွင် တစ်မျိုးမျိုးသော နာမက္ခန္ဓာ ပစ္စည်းတရားတို့၏ အနန္တရ သမနန္တရ ဥပနိဿယ အာသေဝန နတ္ထိ ဝိဂတသတ္တိ၊ (၆)။

ဒုတိယဇောအစရှိသော နောက်နောက်သော မဟဂ္ဂုတ်ကုသိုလ် သောမနဿဇော (၄)မျိုးတို့တွင် တစ်မျိုးမျိုးဖြစ်အံ့ ---- ယင်းဇော နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည် အခြားမရှိသည်ဖြစ်၍ ချုပ်လေပြီးသော ပထမဇော အစရှိသော ရှေးရှေးသော ဇောတူ မဟဂ္ဂုတ် ကုသိုလ် သောမနဿဇော နာမက္ခန္ဓာ ပစ္စည်းတရားတို့၏ အနန္တရ သမနန္တရ ဥပနိဿယ အာသေဝန နတ္ထိ ဝိဂတသတ္တိ၊ (၆)။

ပထမ မဟဂ္ဂုတ် ကုသိုလ် ဥပေက္ခာဇော (၅)မျိုးတို့တွင် တစ်မျိုးမျိုးသော နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန် တရားတို့သည် ---- အခြားမရှိသည်ဖြစ်၍ ချုပ်လေပြီးသော ဂေါတြဘုကိစ္စတပ်သော မဟာကုသိုလ် ဉာဏသမ္ပယုတ် ဥပေက္ခာဇော (၂ )မျိုးတို့တွင် တစ်မျိုးမျိုးသော နာမက္ခန္ဓာ ပစ္စည်းတရားတို့၏ အနန္တရ သမနန္တရ ဥပနိဿယ အာသေဝန နတ္ထိ ဝိဂတသတ္တိ၊ (၆)။

ဒုတိယဇောအစရှိသော နောက်နောက်သော မဟဂ္ဂုတ်ကုသိုလ် ဥပေက္ခာဇော (၅)မျိုးတို့တွင် တစ်မျိုးမျိုး သော နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည် ---- အခြားမရှိသည်ဖြစ်၍ ချုပ်လေပြီးသော ပထမဇော အစရှိသော ရှေးရှေးသော ဇောတူ မဟဂ္ဂုတ် ကုသိုလ် ဥပေက္ခာဇော နာမက္ခန္ဓာ ပစ္စည်းတရားတို့၏ အနန္တရ သမနန္တရ ဥပနိဿယ အာသေဝန နတ္ထိ ဝိဂတသတ္တိ၊ (၆)။

၄။ ပထမ မဟဂ္ဂုတ် ကုသိုလ် သောမနဿဇော (၄)မျိုးတို့တွင် တစ်မျိုးမျိုးသော နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန် တရားတို့သည် ဂေါတြဘုကိစ္စတပ်သော မဟာကုသိုလ် ဉာဏသမ္ပယုတ် သောမနဿဇော နာမက္ခန္ဓာတို့၏ ဥပါဒ်ခဏနှင့် အတူပြိုင်၍ ဖြစ်သော ဟဒယဝတ္ထု ပစ္စည်းတရားတို့၏ နိဿယ ပုရေဇာတ ဝိပ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ၊ (၅)။

ဒုတိယဇော အစရှိသော နောက်နောက်သော မဟဂ္ဂုတ်ကုသိုလ် သောမနဿဇော (၄)မျိုးတို့တွင် တစ်မျိုးမျိုးသော နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည် ---- ပထမဇောအစရှိသော ရှေးရှေးသော ဇောတူ မဟဂ္ဂုတ် ကုသိုလ် သောမနဿဇော (၄)မျိုးတို့တွင် တစ်မျိုးမျိုးသော နာမက္ခန္ဓာတို့၏ ဥပါဒ်ခဏနှင့် အတူပြိုင်၍ ဖြစ်သော ဟဒယဝတ္ထု ပစ္စည်းတရားတို့၏ နိဿယ ပုရေဇာတ ဝိပ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ၊ (၅)။

မဟဂ္ဂုတ် ကုသိုလ် ဥပေက္ခာ ပထမဇော (၅)မျိုးတို့တွင် တစ်မျိုးမျိုးသော နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန် တရားတို့သည် ---- ဂေါတြဘုကိစ္စတပ်သော မဟာကုသိုလ် ဉာဏသမ္ပယုတ် ဥပေက္ခာဇော (သသင်္ခါရိက - အသင်္ခါရိက) နှစ်မျိုးတို့တွင် တစ်မျိုးမျိုးသော နာမက္ခန္ဓာတို့၏ ဥပါဒ်ခဏနှင့် အတူပြိုင်၍ ဖြစ်သော ဟဒယဝတ္ထု ပစ္စည်းတရားတို့၏ နိဿယ ပုရေဇာတ ဝိပ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ၊ (၅)။

ဒုတိယဇော အစရှိသော နောက်နောက်သော မဟဂ္ဂုတ်ကုသိုလ် ဥပေက္ခာဇော (၅)မျိုးတို့တွင် တစ်မျိုးမျိုးသော နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည် ---- ပထမဇောအစရှိသော ရှေးရှေးသော ဇောတူ မဟဂ္ဂုတ် ကုသိုလ် ဥပေက္ခာဇော (၅)မျိုးတို့တွင် တစ်မျိုးမျိုးသော နာမက္ခန္ဓာတို့၏ ဥပါဒ်ခဏနှင့် အတူပြိုင်၍ ဖြစ်သော ဟဒယဝတ္ထု ပစ္စည်းတရားတို့၏ နိဿယ ပုရေဇာတ ဝိပ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ၊ (၅)။

၅။ မဟဂ္ဂုတ် ကုသိုလ်ဇော (၉)မျိုးတို့တွင် တစ်မျိုးမျိုးသော နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည် ဗလဝ ဖြစ်သော = အားကောင်းသော အရဟတ္တမဂ် အရဟတ္တဖိုလ် ကြဉ်သော စိတ် (၈၇), စေတသိက် (၅၂ ), ရုပ် (၂၈), ပစ္စည်းဖြစ်ထိုက်သော အချို့သော ပညတ်ပစ္စည်းတရားတို့၏ ပကတူပနိဿယသတ္တိ၊ (၁)။

ဤ (၂၆)မျိုးသော အကြောင်းပစ္စည်းတရားတို့က ဝိုင်းဝန်း၍ ကျေးဇူးပြုပေးသောကြောင့် ဖြစ်ပေါ်တည်နေကြရကုန်၏။

ဤတိုင်အောင် ရေးသားတင်ပြခဲ့သော ပဋ္ဌာန်းပစ္စည်းဆက်သွယ်ပုံများမှာ အသင်ယောဂီသူတော်ကောင်း၏ ပစ္စုပ္ပန်ဘဝအတွင်းဝယ် ဖြစ်နိုင်သော, ဝိပဿနာဉာဏ်၏ အရှုခံအာရုံနယ်မြေအတွင်း၌ ရှိသော ပရမတ္ထဓာတ်သားတို့နှင့်သာ သက်ဆိုင်သည့် ပဋ္ဌာန်းပစ္စည်းဆက်သွယ်မှု ဖြစ်သည်။ ဤသည်မှာလည်း သဘောတူရာတူရာကို စုပေါင်းခြုံငုံ၍ တင်ပြခြင်းမျှသာ ဖြစ်ပါသည်။ အသေးစိတ် ရှုကွက်ကို ပြည့်ပြည့်စုံစုံ ရေးသားတင်ပြရလျှင်ကား ပဋ္ဌာန်းကျမ်းကြီး တစ်ကျမ်းပင် ဖြစ်ဖွယ်ရာ ရှိပေသည်။

ကြိယာဇောတို့မှာ ပုထုဇန်အဆင့်တွင် ရှိနေသေးသော အသင်သူတော်ကောင်း၏ သန္တာန်၌ မဖြစ်နိုင် သေးရကား အသင်သူတော်ကောင်း၏ ဝိပဿနာဉာဏ်၏ အရှုခံအာရုံစာရင်းတွင် မပါဝင်နိုင်သေးပေ။ မဂ်ဇော ဖိုလ်ဇောတို့မှာလည်း ဝိပဿနာဉာဏ်၏ အရှုခံအာရုံများ မဟုတ်ကြပေ။ ထိုကြောင့် ကြိယာဇော မဂ်ဇော ဖိုလ်ဇောတို့နှင့် သက်ဆိုင်သော ပဋ္ဌာန်းပစ္စည်း ဆက်သွယ်ပုံကို ချန်လှပ်ထားပါသည်။

အတိတ်နှင့် အနာဂတ်

အတိတ် အဆက်ဆက်၌လည်းကောင်း, အနာဂတ် အဆက်ဆက်၌လည်းကောင်း အကြောင်းတရားတို့ကို ရှာဖွေ၍ ကြောင်း-ကျိုး ဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်သဘောတရားတို့ကို ရှုရာ၌ အဝိဇ္ဇာ တဏှာ ဥပါဒါန် ဦးဆောင်သည့် ကိလေသဝဋ်တရားစုများမှာ လောဘမူ လောဘဒိဋ္ဌိဇောတို့၏ ပဋ္ဌာန်းပစ္စည်း ဆက်သွယ်ပုံနှင့် အတူတူပင် ဖြစ်သည်။ အကုသိုလ် သင်္ခါရတို့မှာ အကုသိုလ်ဇောတို့၏, ကုသိုလ် သင်္ခါရတို့မှာ ကုသိုလ်ဇောတို့၏ ပဋ္ဌာန်းပစ္စည်း ဆက်သွယ်ပုံနှင့် တူပြီ။

အကယ်၍ အသင်သူတော်ကောင်းသည် အတိတ်ကိုရှုရာ၌ အကြောင်းအားလျော်စွာ အပါယ်ဒုဂ္ဂတိ၌ ပဋိသန္ဓေ တည်နေခဲ့ရသည်ကိုလည်း တွေ့ရှိခဲ့သော် ယင်းဒုဂ္ဂတိပဋိသန္ဓေ၏ ပဋ္ဌာန်းပစ္စည်းဆက်သွယ်ပုံကိုလည်း ဉာဏ်ကျက်စားနိုင်ရန် ဆက်လက်တင်ပြအပ်ပါသည်။ အလားတူပင် သုဂတိ အဟိတ်ပဋိသန္ဓေနှင့် ဒွိဟိတ် ပဋိသန္ဓေများ တည်နေခဲ့ရပုံတို့ကို တွေ့ရှိပါကလည်း ယင်းပဋိသန္ဓေတို့ ဖြစ်ပေါ်လာအောင် ပဋ္ဌာန်းပစ္စည်းတရား များက မည်သို့မည်ပုံ ကျေးဇူးပြုပေးခဲ့သည်တို့ကို ဉာဏ်ကျက်စားနိုင်ရန် ဆက်လက်တင်ပြအပ်ပါသည်။

အဟိတ် ပဋိသန္ဓေ နာမက္ခန္ဓာ (၄) ပါး

အကုသလဝိပါက် ဥပေက္ခာ သန္တီရဏ (= အပါယ်ပဋိသန္ဓေ)နှင့် ကုသလဝိပါက် ဥပေက္ခာ သန္တီရဏ (= သုဂတိ အဟိတ် ပဋိသန္ဓေ) ဟူသော အဟိတ် ပဋိသန္ဓေ နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည် ----

၁။ နာမ် သဟဇာတမျိုး --- ၁၁၊

၂။ ရုပ် သဟဇာတမျိုး --- ၆၊

၃။ အာရမ္မဏမျိုး --- ၁၊

၄။ အနန္တရမျိုး --- ၅၊

၅။ နာနာက္ခဏိကကမ္မမျိုး --- ၂၊

ဤ (၂၅)မျိုးသော အကြောင်းပစ္စည်းတရားတို့ကြောင့် ဖြစ်ပေါ်တည်နေရကုန်၏။ (ပဋိသန္ဓေ နှစ်မျိုး၌ ပဋ္ဌာန်းပစ္စည်းဆက်သွယ်ပုံ တူညီနေ၍ စုပေါင်းရေးသားတင်ပြခြင်း ဖြစ်သည်။ ရှုသည့်အခါ၌ကား ထိုထိုဘဝ၌ ဖြစ်ခဲ့သည့်အတိုင်း တစ်မျိုးစီသာ ခွဲ၍ရှုပါ။)

အဟိတ် ပဋိသန္ဓေ (၂)ခု၊ ဆန္ဒ ပီတိ ဝီရိယ ကြဉ်သော အညသမာန်း စေတသိက် (၁၀)၊ (စိတ်+စေတသိက် = နာမ်တရား - ၁၁) အစိတ်အစိတ် နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည် ----

၁။ (က) အချင်းချင်းအား ကျေးဇူးပြုတတ်သော အဟိတ်ပဋိသန္ဓေ အစိတ်အစိတ် နာမက္ခန္ဓာပစ္စည်းတရားတို့၏ သဟဇာတ အညမည နိဿယ ဝိပါက သမ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ၊

( ခ ) သမ္ပယုတ္တခန္ဓာအား ကျေးဇူးပြုတတ်သော အဟိတ် ပဋိသန္ဓေ နာမက္ခန္ဓာ၌ ပါရှိသော စေတနာ ပစ္စည်းတရားတို့၏ သဟဇာတကမ္မသတ္တိ၊

( ဂ ) ဖဿ စေတနာ ဝိညာဏ် နာမ်အာဟာရ (၃)ပါး ပစ္စည်းတရားတို့၏ အာဟာရသတ္တိ၊

(ဃ) ဇီဝိတ စိတ် ဝေဒနာ နာမ်ဣန္ဒြေ (၃)ပါး ပစ္စည်းတရားတို့၏ ဣန္ဒြိယသတ္တိ၊

( င ) ပီတိကြဉ် စျာနင် (၄)ပါး ပစ္စည်းတရားတို့၏ စျာနသတ္တိ၊ (၁၁)။

၂။ အဟိတ် ပဋိသန္ဓေ အစိတ်အပေါင်း နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည် အဟိတ်ပဋိသန္ဓေ နာမက္ခန္ဓာနှင့်အတူ ဥပါဒ်သော ဟဒယဝတ္ထု ပစ္စည်းတရားတို့၏ သဟဇာတ အညမည နိဿယ ဝိပ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ၊ (၆)။

၃။ အဟိတ် ပဋိသန္ဓေ အစိတ်အပေါင်း နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည် ကံ ကမ္မနိမိတ် ဂတိနိမိတ် (၃)ပါးတို့တွင် တစ်ပါးပါးသော ပစ္စည်းတရားတို့၏ အာရမ္မဏသတ္တိ၊ (၁)။

၄။ အဟိတ် ပဋိသန္ဓေ အစိတ်အပေါင်း နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည် ချုပ်လေပြီးသော ကာမစုတိ (၁၀)တွင် တစ်မျိုးမျိုးသော စုတိ နာမက္ခန္ဓာ ပစ္စည်းတရားတို့၏ အနန္တရ သမနန္တရ ဥပနိဿယ နတ္ထိ ဝိဂတသတ္တိ၊ (၅)။

၅။ (က) ဒုဂ္ဂတိ အဟိတ်ပဋိသန္ဓေ အစိတ်အပေါင်း နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည် အတိတ် ဖြစ်သော ဥဒ္ဓစ္စ စေတနာ ကြဉ်သော အကုသိုလ်ကံ (၁၁)မျိုးတို့တွင် တစ်မျိုးမျိုးသော ပစ္စည်းတရား တို့၏ နာနာက္ခဏိကကမ္မ ပကတူပနိဿယသတ္တိ၊ (၂)။

( ခ ) သုဂတိ အဟိတ် ပဋိသန္ဓေ အစိတ်အပေါင်း နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည် အတိတ်ဖြစ်သော ဒွိဟိတ်ဩမက = (ယုတ်ညံ့သော ဉာဏ်မယှဉ်သော ဉာဏဝိပ္ပယုတ်) ကာမကုသိုလ်ကံ (၄)မျိုး = (သောမနဿ သသင်္ခါရိက, အသင်္ခါရိက, ဥပေက္ခာ သသင်္ခါရိက အသင်္ခါရိက)တို့တွင် ထိုက်သင့်ရာ တစ်မျိုးမျိုးသော ကုသိုလ်ကံ ပစ္စည်းတရားတို့၏ နာနာက္ခဏိကကမ္မ ပကတူပနိဿယသတ္တိ၊ (၂)။

ဤ (၂၅)မျိုးသော အကြောင်းပစ္စည်းတရားတို့က ဝိုင်းဝန်း၍ ကျေးဇူးပြုပေးသောကြောင့် ဖြစ်ပေါ်တည်နေရကုန်၏။

ဒွိဟိတ် ပဋိသန္ဓေ နာမက္ခန္ဓာ (၄) ပါး

(မဟာဝိပါက် ဉာဏ်မယှဉ်သော ဉာဏဝိပ္ပယုတ် သောမနဿ သသင်္ခါရိက, အသင်္ခါရိက၊ ဥပေက္ခာ သသင်္ခါရိက အသင်္ခါရိကဟူသော) ဒွိဟိတ် ပဋိသန္ဓေ နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည် ----

၁။ နာမ် သဟဇာတမျိုး --- ၁၃၊

၂။ ရုပ် သဟဇာတမျိုး --- ၆၊

၃။ အာရမ္မဏမျိုး --- ၁၊

၄။ အနန္တရမျိုး --- ၅၊

၅။ နာနာက္ခဏိကကမ္မမျိုး --- ၂၊

ဤ (၂၇)မျိုးသော အကြောင်းပစ္စည်းတရားတို့ကြောင့် ဖြစ်ပေါ်တည်နေရကုန်၏။

ဒွိဟိတ် ပဋိသန္ဓေ အစိတ်အစိတ် နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည် -----

၁။ (က) အချင်းချင်းအား ကျေးဇူးပြုတတ်သော ဒွိဟိတ် ပဋိသန္ဓေ အစိတ်အစိတ် နာမက္ခန္ဓာပစ္စည်းတရားတို့၏ သဟဇာတ အညမည နိဿယ ဝိပါက သမ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ၊ (၇)။

( ခ ) သမ္ပယုတ္တက္ခန္ဓာအား ကျေးဇူးပြုတတ်သော ဒွိဟိတ် ပဋိသန္ဓေ နာမက္ခန္ဓာ၌ ပါရှိသော အလောဘ အဒေါသ ဟိတ် (၂)ပါး ပစ္စည်းတရားတို့၏ ဟေတုသတ္တိ၊

( ဂ ) စေတနာပစ္စည်းတရားတို့၏ သဟဇာတ ကမ္မသတ္တိ၊

(ဃ) ဖဿ စေတနာ ဝိညာဏ် နာမ်အာဟာရ (၃)ပါး ပစ္စည်းတရားတို့၏ အာဟာရသတ္တိ၊

( င ) ပညာကြဉ် နာမ်ဣန္ဒြေ (၇)ပါး ပစ္စည်းတရားတို့၏ ဣန္ဒြိယသတ္တိ၊

( စ ) သောမနဿ ဒွိဟိတ် ပဋိသန္ဓေ ဖြစ်အံ့ - ဝိတက် ဝိစာရ ပီတိ သုခ ဧကဂ္ဂတာ စျာနင် (၅)ပါး၊ ဥပေက္ခာ ဒွိဟိတ် ပဋိသန္ဓေ ဖြစ်အံ့ - ပီတိကြဉ် စျာနင် (၄)ပါး ပစ္စည်းတရားတို့၏ စျာနသတ္တိ၊

(ဆ) ဝိတက် ဝီရိယ သတိ ဧကဂ္ဂတာ မဂ္ဂင် (၄)ပါး ပစ္စည်းတရားတို့၏ မဂ္ဂသတ္တိ၊ (၁၃)။

၂။ ဒွိဟိတ် ပဋိသန္ဓေ အစိတ်အပေါင်း နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည် မိမိ (ဒွိဟိတ် ပဋိသန္ဓေ နာမက္ခန္ဓာ)နှင့် အတူဥပါဒ်သော ဟဒယဝတ္ထု ပစ္စည်းတရားတို့၏ သဟဇာတ အညမည နိဿယ ဝိပ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ၊ (၆)။

၃။ ဒွိဟိတ် ပဋိသန္ဓေ အစိတ်အပေါင်း နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည် ကံ ကမ္မနိမိတ် ဂတိနိမိတ် (၃)ပါးတို့တွင် တစ်ပါးပါးသော အာရုံ ပစ္စည်းတရားတို့၏ အာရမ္မဏသတ္တိ၊ (၁)။

၄။ ဒွိဟိတ် ပဋိသန္ဓေ အစိတ်အပေါင်း နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည် ချုပ်လေပြီးသော ရူပစုတိ (၅)၊ ကာမစုတိ (၁၀)၊ ပေါင်း (၁၅)မျိုးသော စုတိတို့တွင် တစ်မျိုးမျိုးသော စုတိနာမက္ခန္ဓာ ပစ္စည်းတရားတို့၏ အနန္တရ သမနန္တရ ဥပနိဿယ နတ္ထိ ဝိဂတသတ္တိ၊ (၅)။

၅။ ဒွိဟိတ် ပဋိသန္ဓေ အစိတ်အပေါင်း နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည် အတိတ်ဖြစ်သော ထိုက်သင့်ရာ တစ်မျိုးမျိုးသော တိဟိတ် ဩမက, ဒွိဟိတ် ဥက္ကဋ္ဌ မဟာကုသိုလ်ကံ ပစ္စည်းတရားတို့၏ နာနာက္ခဏိကကမ္မ ပကတူပနိဿယသတ္တိ၊ (၂ )။

ဤ (၂၇)မျိုးသော အကြောင်း ပစ္စည်းတရားတို့က ဝိုင်းဝန်း၍ ကျေးဇူးပြုပေးသောကြောင့် ဖြစ်ပေါ်တည် နေရကုန်၏။

မှတ်သားထားသင့်သော အချက်များ

အကယ်၍ အသင်သူတော်ကောင်းသည် အတိတ်ဘဝတစ်ခုဝယ် ကာမတိဟိတ် ပဋိသန္ဓေ တည်နေခဲ့ ရသည်ကို တွေ့ရှိအံ့၊ အထက်တွင်ဖော်ပြခဲ့သော ကာမတိဟိတ် ပဋိသန္ဓေနှင့် အလားတူပင်ရှုပါ။ အကယ်၍ အနာဂတ်၌လည်း ကာမတိဟိတ် ပဋိသန္ဓေ တည်နေရလတ္တံ့သည်ကို တွေ့ရှိအံ့၊ နည်းတူပင်ရှုပါ။

အကယ်၍ အသင်သူတော်ကောင်းသည် ရူပပဋိသန္ဓေ တည်နေခဲ့ရသည်ကိုလည်းကောင်း၊ အနာဂတ်၌လည်း ရူပပဋိသန္ဓေ တည်နေရလတ္တံ့သည်ကိုလည်းကောင်း ဉာဏ်ဖြင့် ရှုမြင်ခဲ့သော် ယင်းရူပပဋိသန္ဓေ ဖြစ်ပေါ်လာအောင် ပဋ္ဌာန်းပစ္စည်းတို့၏ ကျေးဇူးပြုပုံ အခြင်းအရာကို ဉာဏ်ကျက်စားနိုင်ရန် ဆက်လက် တင်ပြအပ်ပါသည်။

ရူပပဋိသန္ဓေ နာမက္ခန္ဓာ (၄) ပါး ဖြစ်ပေါ်ပုံ

ပဉ္စကနည်းအရ ရူပါဝစရ ပဋိသန္ဓေ (၅)မျိုးတို့တွင် တစ်မျိုးမျိုးသော ရူပပဋိသန္ဓေ နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည် ---

၁။ နာမ်သဟဇာတမျိုး --- ၁၃၊

၂။ ရုပ်သဟဇာတမျိုး --- ၆၊

၃။ အာရမ္မဏမျိုး --- ၁၊

၄။ အနန္တရမျိုး --- ၅၊

၅။ နာနာက္ခဏိကကမ္မမျိုး --- ၂၊

ဤ (၂၇)မျိုးသော အကြောင်းပစ္စည်းတရားတို့ကြောင့် ဖြစ်ပေါ်တည်နေရကုန်၏။

ရူပပဋိသန္ဓေ အစိတ်အစိတ် နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည် ----

၁။ (က) အချင်းချင်းအား ကျေးဇူးပြုတတ်သော ရူပပဋိသန္ဓေ နာမက္ခန္ဓာ ပစ္စည်းတရားတို့၏ သဟဇာတ အညမည နိဿယ ဝိပါက သမ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ၊

( ခ ) သမ္ပယုတ္တခန္ဓာအား ကျေးဇူးပြုတတ်သော ရူပပဋိသန္ဓေ နာမက္ခန္ဓာ၌ ပါရှိသော အလောဘ အဒေါသ အမောဟ ဟိတ်သုံးပါး ပစ္စည်းတရားတို့၏ ဟေတုသတ္တိ၊

( ဂ ) စေတနာ ပစ္စည်းတရားတို့၏ သဟဇာတ ကမ္မသတ္တိ၊

(ဃ) ဖဿ စေတနာ ဝိညာဏ် နာမ်အာဟာရ (၃)ပါး ပစ္စည်းတရားတို့၏ အာဟာရသတ္တိ၊

( င ) နာမ်ဣန္ဒြေ (၈)ပါး ပစ္စည်းတရားတို့၏ ဣန္ဒြိယသတ္တိ၊

( စ ) ပထမစျာန် ပဋိသန္ဓေ ဖြစ်အံ့ - စျာနင် (၅)ပါး,

ဒုတိယစျာန် ပဋိသန္ဓေ ဖြစ်အံ့ - စျာနင် (၄)ပါး,

တတိယစျာန် ပဋိသန္ဓေ ဖြစ်အံ့ - စျာနင် (၃)ပါး,

စတုတ္ထစျာန် ပဋိသန္ဓေ ဖြစ်အံ့ - သုခ ဧကဂ္ဂတာ စျာနင် (၂)ပါး,

ပဉ္စမစျာန် ပဋိသန္ဓေ ဖြစ်အံ့ - ဥပေက္ခာ ဧကဂ္ဂတာ စျာနင် (၂)ပါး, ပစ္စည်းတရားတို့၏ စျာနသတ္တိ၊

(ဆ) ပထမစျာန် ပဋိသန္ဓေ ဖြစ်အံ့ -- ပညာ ဝိတက် ဝီရိယ သတိ ဧကဂ္ဂတာ မဂ္ဂင် (၅)ပါး ဒုတိယစျာန် တတိယစျာန် စတုတ္ထစျာန် ပဉ္စမစျာန် ပဋိသန္ဓေ တစ်ခုခုဖြစ်အံ့ ပညာ ဝီရိယ သတိ ဧကဂ္ဂတာ မဂ္ဂင် (၄)ပါး ပစ္စည်းတရားတို့၏ မဂ္ဂသတ္တိ၊ (၁၃)။

၂။ ရူပပဋိသန္ဓေ အစိတ်အပေါင်း နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည် --- မိမိ (ရူပပဋိသန္ဓေ)နှင့် အတူဥပါဒ်သော ဟဒယဝတ္ထု ပစ္စည်းတရားတို့၏ သဟဇာတ အညမည နိဿယ ဝိပ္ပယုတ္တ အတ္ထိ အဝိဂတ သတ္တိ၊ (၆)။

၃။ ပထမစျာန် ပဋိသန္ဓေ အစိတ်အပေါင်း နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည် ----

(က) ကသိုဏ်းပညတ် (၁၀)ပါး၊

( ခ ) အသုဘပညတ် (၁၀)ပါး၊

( ဂ ) ကာယဂတာသတိ၏ အာရုံဖြစ်သော ဆံပင်အစရှိသော ကာယကောဋ္ဌာသ (= ၃၂-ကောဋ္ဌာသ) ပညတ်၊

(ဃ) အာနာပါနဿတိ၏ အာရုံဖြစ်သော ဝင်သက် ထွက်သက် ပညတ် = အာနာပါန ပဋိဘာဂနိမိတ် အာရုံ၊

( င ) မေတ္တာ၏ အာရုံဖြစ်သော ခပ်သိမ်းသော သုခိတ ဒုက္ခိတ သတ္တဝါပညတ်၊

( စ ) ကရုဏာ၏ အာရုံဖြစ်သော ခပ်သိမ်းသော ဒုက္ခိတ သတ္တဝါပညတ်၊

(ဆ) မုဒိတာ၏ အာရုံဖြစ်သော ခပ်သိမ်းသော သုခိတ သတ္တဝါပညတ်၊

ဤ (၂၅) မျိုးသော ပညတ် ကမ္မနိမိတ်တို့တွင် တစ်ပါးပါးသော ပညတ် ကမ္မနိမိတ်အာရုံ ပစ္စည်းတရားတို့၏ အာရမ္မဏသတ္တိ၊ (၁)။

ဒုတိယစျာန် တတိယစျာန် စတုတ္ထစျာန် ပဋိသန္ဓေ အစိတ်အပေါင်း နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည် ----

(က) ကသိုဏ်းပညတ် (၁၀)ပါး၊

( ခ ) အာနာပါနဿတိ၏ အာရုံဖြစ်သော ဝင်သက် ထွက်သက် ပညတ် = အာနာပါန ပဋိဘာဂနိမိတ် အာရုံ၊

( ဂ ) မေတ္တာ၏ အာရုံဖြစ်သော ခပ်သိမ်းသော သုခိတ ဒုက္ခိတ သတ္တဝါပညတ်၊

(ဃ) ကရုဏာ၏ အာရုံဖြစ်သော ခပ်သိမ်းသော ဒုက္ခိတ သတ္တဝါပညတ်၊

( င ) မုဒိတာ၏ အာရုံဖြစ်သော ခပ်သိမ်းသော သုခိတ သတ္တဝါပညတ်၊

ဤ (၁၄) မျိုးသော ပညတ်ကမ္မနိမိတ်တို့တွင် တစ်ပါးပါးသော ပညတ် ကမ္မနိမိတ် ပစ္စည်းတရားတို့၏ အာရမ္မဏသတ္တိ၊ (၁)။

ပဉ္စမစျာန် ပဋိသန္ဓေ အစိတ်အပေါင်း နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည် ----

(က) ကသိုဏ်းပညတ် (၁၀)ပါး၊

( ခ ) အာနာပါနဿတိ၏ အာရုံဖြစ်သော ဝင်သက် ထွက်သက် ပညတ် = အာနာပါနပဋိဘာဂနိမိတ် အာရုံ၊

( ဂ ) ဥပေက္ခာ၏ အာရုံဖြစ်သော ခပ်သိမ်းသော သုခိတ ဒုက္ခိတ သတ္တဝါပညတ်၊

ဤ (၁၂) မျိုးသော ပညတ် ကမ္မနိမိတ်တို့တွင် တစ်ပါးပါးသော ပညတ် ကမ္မနိမိတ် ပစ္စည်းတရားတို့၏ အာရမ္မဏသတ္တိ၊ (၁)။

၄။ ရူပပဋိသန္ဓေ အစိတ်အပေါင်း နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည် ချုပ်လေပြီးသော ပဉ္စဝေါကာရ တိဟိတ် စုတိစိတ် (၉)မျိုးတို့တွင် တစ်မျိုးမျိုးသော နာမက္ခန္ဓာ ပစ္စည်းတရားတို့၏ အနန္တရ သမနန္တရ ဥပနိဿယ နတ္ထိ ဝိဂတသတ္တိ၊ (၅)။

၅။ ရူပပဋိသန္ဓေ အစိတ်အပေါင်း နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည် အတိတ်ဖြစ်သော ရူပကုသိုလ်ကံ (၅)မျိုးတို့တွင် (ထိုက်သင့်ရာ) တစ်မျိုးမျိုးသော ပစ္စည်းတရားတို့၏ နာနာက္ခဏိကကမ္မ ပကတူပနိဿယသတ္တိ၊ (၂)။

(ပထမစျာန် ကုသိုလ်ကံက ပထမစျာန် ပဋိသန္ဓေကို ဖြစ်စေ၏ ---- ဤသို့စသည်ဖြင့် ထိုက်သလို ယူပါ။)

ဤ (၂၇)မျိုးသော အကြောင်းပစ္စည်းတရားတို့က ဝိုင်းဝန်း၍ ကျေးဇူးပြုပေးသောကြောင့် ဖြစ်ပေါ်တည်နေရကုန်၏။

ယခုတစ်ဖန် အရူပ ပဋိသန္ဓေနှင့် အသညသတ် ပဋိသန္ဓေတို့၌ ပဋ္ဌာန်းပစ္စည်း ဆက်သွယ်ပုံ အပိုင်းကို ဆက်လက် တင်ပြအပ်ပါသည်။ အတိတ်သံသရာကား ရှည်လျားလှ၏၊ အတိတ်သံသရာတစ်လျှောက်၌ အရူပဘုံ၌ ဖြစ်စေ အသညသတ်ဘုံ၌ ဖြစ်စေ ပဋိသန္ဓေတည်နေခဲ့ရသည်ကို တွေ့ရှိခဲ့သော် အောက်ပါအတိုင်း ပဋ္ဌာန်းပစ္စည်း ဆက်သွယ်ပုံကို ရှုပါ။ ဤကဲ့သို့သော ပစ္စယပရိဂ္ဂဟ သမ္မာဒိဋ္ဌိဉာဏ်အမြင် ရရှိသည်တိုင်အောင် သမ္မာဒိဋ္ဌိဉာဏ်အမြင်နှင့် ပြည့်စုံပြီးဖြစ်သော, သာသနာတော်မှ မခွဲနိုင်အောင် သာသနာတော်၌ အမြစ်တွယ်ပြီး ဖြစ်သော ယောဂီသူတော်စင်တစ်ဦးအဖို့ နောင်အနာဂတ်တွင် အရူပ ပဋိသန္ဓေနှင့် အသညသတ် ပဋိသန္ဓေတို့ကား အလွန် ဖြစ်ခဲဖွယ်ရာ ရှိပေသည်။

အရူပ ပဋိသန္ဓေ နာမက္ခန္ဓာ (၄) ပါး

အရူပ ပဋိသန္ဓေ (၄)ခု, ဝိရတိ အပ္ပမညာ ဝိတက် ဝိစာရ ပီတိကြဉ် စေတသိက် တိံသ (= ၃၀) အစိတ်အစိတ် နာမက္ခန္ဓာ ပစ္စယုပ္ပန်တရားတို့သည် ----

၁။ သဟဇာတမျိုး --- ၁၃၊

၂။ အာရမ္မဏမျိုး --- ၁၊

၃။ အနန္တရမျိုး --- ၅၊

၄။ နာနာက္ခဏိကကမ္မမျိုး --- ၂၊

ဤ (၂၁)မျိုးသော အကြောင်းပစ္စည်းတရားတို့ကြောင့် ဖြစ်ပေါ်တည်နေရကုန်၏။

အရူပ ပဋိသန္ဓေ (၄)ခု, ဝိရတိ အပ္ပမညာ ဝိတက် ဝိစာရ ပီတိကြဉ် စေတသိက် တိံသ (၃၀) အစိတ်အစိတ် နာမက္ခန္ဓာ ပစ္စယုပ္ပန်တရားတို့သည် ----

၁။ (က) အချင်းချင်းအား ကျေးဇူးပြုတတ်သော အရူပ ပဋိသန္ဓေ (၄)ခု (ရှုသည့်အခါ ခွဲရှုပါ။) ဝိရတိ အပ္ပမညာ ဝိတက် ဝိစာရ ပီတိကြဉ် စေတသိက် တိံသ (၃၀) အစိတ်အစိတ် နာမက္ခန္ဓာ ပစ္စည်းတရားတို့က သဟဇာတ အညမည နိဿယ ဝိပါက သမ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ၊

( ခ ) ဆိုင်ရာ အရူပ ပဋိသန္ဓေ၌ ပါရှိသော အလောဘ အဒေါသ အမောဟ - ဤဟိတ် (၃)ပါး ပစ္စည်းတရားတို့က ဟေတုသတ္တိ၊

( ဂ ) စေတနာ ပစ္စည်းတရားက သဟဇာတ ကမ္မသတ္တိ၊

(ဃ) ဖဿ စေတနာ ဝိညာဏ် နာမ်အာဟာရ (၃)ပါး ပစ္စည်းတရားတို့က အာဟာရသတ္တိ၊

( င ) နာမ်ဣန္ဒြေ (၈)ပါး ပစ္စည်းတရားတို့က ဣန္ဒြိယသတ္တိ၊

( စ ) ဥပေက္ခာ ဧကဂ္ဂတာ စျာနင် (၂)ပါး ပစ္စည်းတရားတို့က စျာနသတ္တိ၊

(ဆ) ပညာ ဝီရိယ သတိ ဧကဂ္ဂတာ မဂ္ဂင် (၄)ပါး ပစ္စည်းတရားတို့က မဂ္ဂသတ္တိ၊ (၁၃)။

၂။ (က) အာကာသာနဉ္စာယတန ပဋိသန္ဓေ ဖြစ်အံ့၊ အာကာသကသိုဏ်းသည် ကြဉ်အပ်သော ကသိုဏ်း (၉)ပါးတို့တွင် တစ်ပါးပါးကို ခွာ၍ ရအပ်သော ကောင်းကင်ပညတ် ကမ္မနိမိတ်၊

( ခ ) ဝိညာဏဉ္စာယတန ပဋိသန္ဓေ ဖြစ်အံ့၊ အတိတ်ဖြစ်သော အာကာသာနဉ္စာယတနကုသိုလ်ဟု ဆိုအပ်သော မဟဂ္ဂုတ် ကမ္မနိမိတ်၊

( ဂ ) အာကိဉ္စညာယတန ပဋိသန္ဓေ ဖြစ်အံ့၊ အာကာသာနဉ္စာယတနစျာန်၏ မရှိခြင်းတည်းဟူသော နတ္ထိဘောပညတ် ကမ္မနိမိတ်၊

(ဃ) နေဝသညာနာသညာယတန ပဋိသန္ဓေ ဖြစ်အံ့၊ အတိတ်ဖြစ်သော အာကိဉ္စညာယတနကုသိုလ်ဟု ဆိုအပ်သော မဟဂ္ဂုတ် ကမ္မနိမိတ် ပစ္စည်းတရားတို့က အာရမ္မဏသတ္တိ၊ (၁)။

၃။ (က) အာကာသာနဉ္စာယတန ပဋိသန္ဓေ ဖြစ်အံ့၊ ပဉ္စဝေါကာရ တိဟိတ် စုတိ (၉)ခု, အာကာသာနဉ္စာယတန စုတိ၊

( ခ ) ဝိညာဏဉ္စာယတန ပဋိသန္ဓေ ဖြစ်အံ့၊ ပဉ္စဝေါကာရ တိဟိတ် စုတိ (၉)ခု, အာကာသာနဉ္စာယတန စုတိ, ဝိညာဏဉ္စာယတန စုတိ၊

( ဂ ) အာကိဉ္စညာယတန ပဋိသန္ဓေ ဖြစ်အံ့၊ ပဉ္စဝေါကာရ တိဟိတ် စုတိ (၉)ခု, အာကာသာနဉ္စာယတန စုတိ, ဝိညာဏဉ္စာယတန စုတိ, အာကိဉ္စညာယတန စုတိ၊

(ဃ) နေဝသညာနာသညာယတန ပဋိသန္ဓေ ဖြစ်အံ့၊ တိဟိတ် စုတိ တေရသ = (၁၃) နာမက္ခန္ဓာ ပစ္စည်းတရားတို့က အနန္တရ သမနန္တရ ဥပနိဿယ နတ္ထိ ဝိဂတသတ္တိ၊ (၅)။ (ဖြစ်ခဲ့သည့် စုတိတစ်မျိုးမျိုး ကိုသာ ရွေးချယ် ရှုပါ။)

၄။ အတိတ်ဖြစ်သော အရူပ ကုသိုလ်ကံ (ဆိုင်ရာဆိုင်ရာ အရူပ ကုသိုလ်ကံ) (၄)ခု ပစ္စည်းတရားက နာနာက္ခဏိက ကမ္မ ပကတူပနိဿယသတ္တိ၊ (၂)။

ဤ (၂၁)မျိုးသော အကြောင်းပစ္စည်းတရားတို့က ဝိုင်းဝန်း၍ ကျေးဇူးပြုပေးခြင်းကြောင့် ဖြစ်ပေါ်တည်နေရကုန်၏။

အသညသတ် ပဋိသန္ဓေ

အသညသတ် ပဋိသန္ဓေ ကမ္မဇရုပ် ပစ္စယုပ္ပန်တရားတို့သည် ----

၁။ ရုပ် သဟဇာတမျိုး --- ၅၊

၂။ နာနာက္ခဏိက ကမ္မ --- ၁၊

၃။ ရူပဇီဝိတိန္ဒြိယမျိုး --- ၃၊

ဤ (၉)မျိုးသော ပစ္စယသတ္တိတို့ကြောင့် ဖြစ်ပေါ်တည်နေရကုန်၏။

အသညသတ် ပဋိသန္ဓေ ကမ္မဇရုပ် ပစ္စယုပ္ပန်တရားတို့သည် ----

၁။ ကလာပ်တူ အစိတ်အပေါင်း မဟာဘုတ် ပစ္စည်းတရားတို့က သဟဇာတ အညမည နိဿယ အတ္ထိ အဝိဂတသတ္တိ၊ (၅)။

၂။ အတိတ်ဖြစ်သော ရူပပဉ္စမစျာန် ကုသိုလ်ကံ ပစ္စည်းတရားက နာနာက္ခဏိက ကမ္မသတ္တိ၊ (၁)။

၃။ ကလာပ်တူ ရုပ်ဇီဝိတိန္ဒြေ ပစ္စည်းတရားတို့က ရူပဇီဝိတိန္ဒြိယ ရူပဇီဝိတိန္ဒြိယတ္ထိ ရူပဇီဝိတိန္ဒြိယအဝိဂတ သတ္တိ၊ (၃)။

ဤ (၉)မျိုးသော အကြောင်းပစ္စည်းတရားတို့က ဝိုင်းဝန်း၍ ကျေးဇူးပြုပေးခြင်းကြောင့် ဖြစ်ပေါ်တည်နေရကုန်၏။

အဟိတ် ဘဝင် နာမက္ခန္ဓာ

အကယ်၍ အသင်သူတော်ကောင်းသည် အတိတ်ဘဝထိုထို၌ အဟိတ်ပဋိသန္ဓေ တည်နေခဲ့ဖူးသည် ဖြစ်အံ့၊ ဘဝင်မှာလည်း အဟိတ်ဘဝင်ပင် ဖြစ်သည်။ ယင်းအဟိတ်ဘဝင်၌ ပဋ္ဌာန်းပစ္စည်း ဆက်သွယ်ပုံကို ဆက်လက်၍ တင်ပြအပ်ပါသည်။

အဟိတ်ဘဝင် (၂ )ခု (= သုဂတိအဟိတ် + ဒုဂ္ဂတိအဟိတ်), ဆန္ဒ ပီတိ ဝီရိယကြဉ် အညသမာန်းစေတသိက် (၁၀) အစိတ်အစိတ် နာမက္ခန္ဓာ ပစ္စယုပ္ပန်တရားတို့သည် ----

၁။ သဟဇာတမျိုး --- ၁၁၊

၂။ အာရမ္မဏမျိုး --- ၁၊

၃။ အနန္တရမျိုး --- ၅၊

၄။ ဝတ္ထုမျိုး --- ၅၊

၅။ နာနာက္ခဏိကကမ္မမျိုး --- ၂၊

ဤ (၂၄)မျိုးသော ပစ္စယသတ္တိတို့ကြောင့် ဖြစ်ပေါ်တည်နေရကုန်၏။

အဟိတ်ဘဝင် (၂ )ခု, ဆန္ဒ ပီတိ ဝီရိယကြဉ် အညသမာန်း စေတသိက် (၁၀) အစိတ်အစိတ် နာမက္ခန္ဓာ ပစ္စယုပ္ပန်တရားတို့သည် ----

၁။ (က) အချင်းချင်းအား ကျေးဇူးပြုတတ်သော အဟိတ် ဘဝင် (၂ )ခု, ဆန္ဒ ပီတိ ဝီရိယကြဉ် အညသမာန်းစေတသိက် (၁၀) ပစ္စည်းတရားတို့က ထိုက်သည့်အားလျော်စွာ သဟဇာတ အညမည နိဿယ ဝိပါက သမ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ၊

( ခ ) စေတနာ ပစ္စည်းတရားက သဟဇာတ ကမ္မသတ္တိ၊

( ဂ ) ဖဿ စေတနာ ဝိညာဏ် နာမ်အာဟာရ (၃)ပါး ပစ္စည်းတရားတို့က အာဟာရသတ္တိ၊

(ဃ) ဇီဝိတ စိတ် ဝေဒနာ နာမ်ဣန္ဒြေ (၃)ပါး ပစ္စည်းတရားတို့က ဣန္ဒြိယသတ္တိ၊

( င ) ပီတိကြဉ် စျာနင် (၄)ပါး ပစ္စည်းတရားတို့က စျာနသတ္တိ၊ (၁၁)။

၂။ ကံ ကမ္မနိမိတ် ဂတိနိမိတ် (၃)ပါးတို့တွင် တစ်ပါးပါးသော ပစ္စည်းတရားက အာရမ္မဏသတ္တိ၊ (၁)။

၃။ (က) ပဋိသန္ဓေ၏ အခြားမဲ့၌ ဖြစ်သောအခါ ပဋိသန္ဓေ နာမက္ခန္ဓာ၊

( ခ ) ဘဝင်၏ အခြားမဲ့၌ ဖြစ်သောအခါ ဘဝင် နာမက္ခန္ဓာ၊

( ဂ ) ဝုဋ္ဌော၏ အခြားမဲ့၌ ဖြစ်သောအခါ ဝုဋ္ဌော နာမက္ခန္ဓာ၊

(ဃ) ဇော၏ အခြားမဲ့၌ ဖြစ်သောအခါ အဆုံးဇော နာမက္ခန္ဓာ၊

( င ) တဒါရုံ၏ အခြားမဲ့၌ ဖြစ်သောအခါ ဒုတိယတဒါရုံ နာမက္ခန္ဓာ ----

ပစ္စည်းတရားတို့က အနန္တရ သမနန္တရ ဥပနိဿယ နတ္ထိ ဝိဂတသတ္တိ၊ (၅)။

၄။ ပဋိသန္ဓေ အစရှိသော ရှေးရှေးသောစိတ်နှင့် အတူဥပါဒ်သော ဟဒယဝတ္ထု, (မရဏာသန္နအခါ စုတိစိတ်မှ ပြန်၍ ရေတွက်သည်ရှိသော် (၁၇) ချက်မြောက်သော စိတ်နှင့် အတူဥပါဒ်သော ဟဒယဝတ္ထု) ပစ္စည်းတရားတို့က နိဿယ ပုရေဇာတ ဝိပ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ၊ (၅)။

၅။ သုဂတိ အဟိတ် ဘဝင် ဖြစ်အံ့ --- အတိတ်ဖြစ်သော ကုသိုလ်ကံ, ဒုဂ္ဂတိ အဟိတ် ဘဝင် ဖြစ်အံ့ ---- အတိတ်ဖြစ်သော အကုသိုလ်ကံ ပစ္စည်းတရားတို့က နာနာက္ခဏိကကမ္မ ပကတူပနိဿယသတ္တိ၊ (၂)။

ဤ (၂၄)မျိုးသော အကြောင်းပစ္စည်းတရားတို့က ဝိုင်းဝန်း၍ ကျေးဇူးပြုခြင်းကြောင့် ဖြစ်ပေါ်တည်နေရကုန်၏။

[မှတ်ချက် --- သဘောတူ၍ ဘဝင်နှစ်မျိုးကို တစ်ပေါင်းတည်း ရေးသားတင်ပြခြင်းဖြစ်သည်။ ရှုသည့် အခါ၌ကား မိမိ ပဋိသန္ဓေနှင့်လျော်ညီစွာ ခွဲ၍သာ ထိုက်သလို ရှုပါ။]

ဒွိဟိတ် ဘဝင် နာမက္ခန္ဓာ

ဒွိဟိတ် ဘဝင် (၄)ခု, ဝိရတိ အပ္ပမညာ ဉာဏ်ကြဉ် စေတသိက် (၃၂) အစိတ်အစိတ် နာမက္ခန္ဓာ ပစ္စယုပ္ပန်တရားတို့သည် ---

၁။ သဟဇာတမျိုး --- ၁၃၊

၂။ အာရမ္မဏမျိုး --- ၁၊

၃။ အနန္တရမျိုး --- ၅၊

၄။ ဝတ္ထုမျိုး --- ၅၊

၅။ နာနာက္ခဏိကကမ္မမျိုး --- ၂၊

ဤ (၂၆)မျိုးသော ပစ္စယသတ္တိတို့ကြောင့် ဖြစ်ပေါ်တည်နေရကုန်၏။

ဒွိဟိတ် ဘဝင် (၄)ခု, ဝိရတိ အပ္ပမညာ ဉာဏ်ကြဉ် စေတသိက် (၃၂) အစိတ်အစိတ် နာမက္ခန္ဓာ ပစ္စယုပ္ပန်တရားတို့သည် ---

၁။ (က) အချင်းချင်းအား ကျေးဇူးပြုတတ်သော ဒွိဟိတ် ဘဝင် (၄)ခု, စေတသိက် (၃၂) ပစ္စည်းတရားတို့က ထိုက်သည့်အားလျော်စွာ သဟဇာတ အညမည နိဿယ ဝိပါက သမ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ၊

( ခ ) ဒွိဟိတ် ဘဝင်၌ ပါရှိသော အလောဘ အဒေါသ ဟိတ် (၂)ပါး ပစ္စည်းတရားတို့က ဟေတုသတ္တိ၊

( ဂ ) စေတနာ ပစ္စည်းတရားက သဟဇာတကမ္မသတ္တိ၊

(ဃ) ဖဿ စေတနာ ဝိညာဏ် နာမ်အာဟာရ (၃)ပါး ပစ္စည်းတရားတို့က အာဟာရသတ္တိ၊

( င ) ပညာကြဉ် နာမ်ဣန္ဒြေ (၇)ပါး ပစ္စည်းတရားတို့က ဣန္ဒြိယသတ္တိ၊

( စ ) သောမနဿသဟဂုတ် ဖြစ်အံ့ စျာနင် (၅)ပါး၊ ဥပေက္ခာသဟဂုတ် ဖြစ်အံ့ ပီတိကြဉ် စျာနင် (၄)ပါး ပစ္စည်းတရားတို့က စျာနသတ္တိ၊

(ဆ) ဝိတက် ဝီရိယ သတိ ဧကဂ္ဂတာ မဂ္ဂင် (၄)ပါး ပစ္စည်းတရားတို့က မဂ္ဂသတ္တိ၊ (၁၃)။

၂။ ကံ ကမ္မနိမိတ် ဂတိနိမိတ် (၃)ပါးတို့တွင် တစ်ပါးပါးသော ပစ္စည်းတရားက အာရမ္မဏသတ္တိ၊ (၁)။

၃။ (က) ပဋိသန္ဓေ၏ အခြားမဲ့၌ ဖြစ်သောအခါ ပဋိသန္ဓေ နာမက္ခန္ဓာ၊

( ခ ) ဘဝင်၏ အခြားမဲ့၌ ဖြစ်သောအခါ ဘဝင် နာမက္ခန္ဓာ၊

( ဂ ) ဝုဋ္ဌော၏ အခြားမဲ့၌ ဖြစ်သောအခါ ဝုဋ္ဌော နာမက္ခန္ဓာ၊

(ဃ) ဇော၏ အခြားမဲ့၌ ဖြစ်သောအခါ အဆုံးဇော နာမက္ခန္ဓာ၊

( င ) တဒါရုံ၏ အခြားမဲ့၌ ဖြစ်သောအခါ ဒုတိယတဒါရုံ နာမက္ခန္ဓာ၊

ပစ္စည်းတရားတို့က အနန္တရ သမနန္တရ ဥပနိဿယ နတ္ထိ ဝိဂတသတ္တိ၊ (၅)။

၄။ ပဋိသန္ဓေအစရှိသော ရှေးရှေးသောစိတ်နှင့် အတူဥပါဒ်သော ဟဒယဝတ္ထု, (မရဏာသန္နအခါ စုတိစိတ်မှ ပြန်၍ ရေတွက်သည်ရှိသော် (၁၇) ချက်မြောက်သော စိတ်နှင့် အတူဥပါဒ်သော ဟဒယဝတ္ထု) ပစ္စည်းတရားတို့က နိဿယ ပုရေဇာတ ဝိပ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ၊ (၅)။

၅။ အတိတ်ဖြစ်သော တိဟိတ် ဩမက, ဒွိဟိတ် ဥက္ကဋ္ဌ ကာမကုသိုလ်ကံ ပစ္စည်းတရားတို့တွင် ထိုက်သင့်ရာ တစ်မျိုးမျိုးသော ကုသိုလ်ကံ ပစ္စည်းတရားတို့က နာနာက္ခဏိကကမ္မ ပကတူပနိဿယသတ္တိ၊ (၂)။

ဤ (၂၆)မျိုးသော အကြောင်းပစ္စည်းတရားတို့က ဝိုင်းဝန်း၍ ကျေးဇူးပြုခြင်းကြောင့် ဖြစ်ပေါ်တည်နေရကုန်၏။

အကယ်၍ အတိတ်ဘဝထိုထို၌ ကာမ တိဟိတ် ပဋိသန္ဓေ တည်နေခဲ့ရသည်ဖြစ်၍ ကာမ တိဟိတ် ဘဝင် ဖြစ်ခဲ့သော် ထိုတိဟိတ် ဘဝင်၌ ပဋ္ဌာန်းပစ္စည်း ဆက်သွယ်ပုံ အခြင်းအရာကို အထက်တွင် ရေးသားတင်ပြခဲ့သော ကာမ တိဟိတ် ဘဝင် ခန္ဓာ (၅)ပါး ရှုကွက်အတိုင်းပင် ရှုပါ၊ အနာဂတ်၌လည်း ကာမ တိဟိတ် ဘဝင် ဖြစ်ခဲ့သော် နည်းတူပင် ရှုပါ။

အကယ်၍ အသင်သူတော်ကောင်းသည် အတိတ်ဘဝတစ်ခု၌ ရူပဗြဟ္မာ့ပြည်တွင် ပဋိသန္ဓေတည်နေခဲ့ရဖူးသည်ကို ဉာဏ်ဖြင့် ကိုယ်တိုင်ရှုမြင်နိုင်သည် ဖြစ်အံ့၊ အနာဂတ်၌လည်း ရူပဗြဟ္မာ့ပြည်တွင် ပဋိသန္ဓေ တည်နေရလတ္တံ့သည်ကို ဉာဏ်ဖြင့် ရှုမြင်နိုင်ခဲ့သည် ဖြစ်အံ့၊ ထိုရူပဘဝင် နာမက္ခန္ဓာ၌ ပဋ္ဌာန်းပစ္စည်းဆက်သွယ်ပုံ ရှုကွက်မှာ အောက်ပါအတိုင်း ဖြစ်၏။

ရူပ ဘဝင် နာမက္ခန္ဓာ

ရူပဘဝင် (၅)ခု, ဝိရတိကြဉ် စေတသိက် (၃၅) အစိတ်အစိတ် နာမက္ခန္ဓာ ပစ္စယုပ္ပန်တရားတို့သည် -----

၁။ သဟဇာတမျိုး --- ၁၃၊

၂။ အာရမ္မဏ --- ၁၊

၃။ အနန္တရမျိုး --- ၅၊

၄။ ဝတ္ထုမျိုး --- ၅၊

၅။ နာနာက္ခဏိကကမ္မမျိုး --- ၂၊

ဤ (၂၆)မျိုးသော ပစ္စယသတ္တိတို့ကြောင့် ဖြစ်ပေါ်တည်နေရကုန်၏။

ရူပဘဝင် (၅)ခု, ဝိရတိကြဉ် စေတသိက် (၃၅) အစိတ်အစိတ် နာမက္ခန္ဓာ ပစ္စယုပ္ပန်တရားတို့သည် --

၁။ (က) အချင်းချင်းအား ကျေးဇူးပြုတတ်သော ရူပဘဝင် (၅)ခု, စေတသိက် (၃၅) အစိတ်အစိတ် နာမက္ခန္ဓာ ပစ္စည်းတရားတို့က ထိုက်သည့်အားလျော်စွာ သဟဇာတ အညမည နိဿယ ဝိပါက သမ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ၊

( ခ ) ရူပဘဝင်၌ ပါရှိသော အလောဘ အဒေါသ အမောဟ --- ဤဟိတ် (၃)ပါး ပစ္စည်းတရားတို့က ဟေတုသတ္တိ၊

( ဂ ) စေတနာ ပစ္စည်းတရားက သဟဇာတကမ္မသတ္တိ၊

(ဃ) ဖဿ စေတနာ ဝိညာဏ် နာမ်အာဟာရ (၃)ပါး ပစ္စည်းတရားတို့က အာဟာရသတ္တိ၊

( င ) နာမ်ဣန္ဒြေ (၈)ပါး ပစ္စည်းတရားတို့က ဣန္ဒြိယသတ္တိ၊

( စ ) ပထမစျာန် ဘဝင် ဖြစ်အံ့ -- ဝိတက် ဝိစာရ ပီတိ သုခ ဧကဂ္ဂတာ -- စျာနင် (၅)ပါး,

ဒုတိယစျာန် ဘဝင် ဖြစ်အံ့ -- ဝိစာရ ပီတိသုခ ဧကဂ္ဂတာ -- စျာနင် (၄)ပါး,

တတိယစျာန် ဘဝင် ဖြစ်အံ့ -- ပီတိ သုခ ဧကဂ္ဂတာ -- စျာနင် (၃)ပါး,

စတုတ္ထစျာန် ဘဝင် ဖြစ်အံ့ -- သုခ ဧကဂ္ဂတာ -- စျာနင် (၂)ပါး,

ပဉ္စမစျာန် ဘဝင်ဖြစ်အံ့ - - ဥပက္ခာ ဧကဂ္ဂတာ -- စျာနင် (၂)ပါး, ပစ္စည်းတရားတိ်ု့က စျာနသတ္တိ၊

(ဆ) ပထမစျာန် ဘဝင်ဖြစ်အံ့ -- ပညာ ဝိတက် ဝီရိယ သတိ ဧကဂ္ဂတာ -- မဂ္ဂင် (၅)ပါး, ဒုတိယစျာန် တတိယစျာန် စတုတ္ထစျာန် ပဉ္စမစျာန် ဘဝင် ဖြစ်အံ့ -- ပညာ ဝီရိယ သတိ ဧကဂ္ဂတာ မဂ္ဂင် (၄)ပါး ပစ္စည်းတရားတို့က မဂ္ဂသတ္တိ၊ (၁၃)။

၂။ ပထမစျာန် ဘဝင် ဖြစ်အံ့ ---

(က) ကသိုဏ်းပညတ် (၁၀)ပါး၊

( ခ ) အသုဘပညတ် (၁၀)ပါး၊

( ဂ ) ကာယဂတာသတိ၏ အာရုံဖြစ်သော ဆံပင်အစရှိသော ကာယကောဋ္ဌာသပညတ် (= ၃၂-ကောဋ္ဌာသ ပညတ်)၊

(ဃ) အာနာပါနဿတိ၏ အာရုံဖြစ်သော ဝင်သက် ထွက်သက် ပညတ် = အာနာပါန ပဋိဘာဂနိမိတ် အာရုံ၊

( င ) မေတ္တာ၏ အာရုံဖြစ်သော ခပ်သိမ်းသော သုခိတ ဒုက္ခိတ သတ္တဝါပညတ်၊

( စ ) ကရုဏာ၏ အာရုံဖြစ်သော ခပ်သိမ်းသော ဒုက္ခိတ သတ္တဝါပညတ်၊

(ဆ) မုဒိတာ၏ အာရုံဖြစ်သော ခပ်သိမ်းသော သုခိတ သတ္တဝါပညတ်၊

ဤ (၂၅)ပါးသော ပညတ် ကမ္မနိမိတ်တို့တွင် တစ်ပါးပါးသော ပညတ်ကမ္မနိမိတ် ---

ဒုတိယစျာန် တတိယစျာန် စတုတ္ထစျာန် ဘဝင် တစ်ခုခု ဖြစ်အံ့ ---

(က) ကသိုဏ်းပညတ် (၁၀)ပါး၊

( ခ ) အာနာပါနဿတိ၏ အာရုံဖြစ်သော ဝင်သက် ထွက်သက် ပညတ် = အာနာပါန ပဋိဘာဂနိမိတ် အာရုံ၊

( ဂ ) မေတ္တာ၏အာရုံဖြစ်သော ခပ်သိမ်းသော သုခိတ ဒုက္ခိတ သတ္တဝါပညတ်၊

(ဃ) ကရုဏာ၏ အာရုံဖြစ်သော ခပ်သိမ်းသော ဒုက္ခိတ သတ္တဝါပညတ်၊

( င ) မုဒိတာ၏ အာရုံဖြစ်သော ခပ်သိမ်းသော သုခိတ သတ္တဝါပညတ်၊

ဤ (၁၄)ပါးသော ပညတ် ကမ္မနိမိတ်တို့တွင် တစ်ပါးပါးသော ပညတ်ကမ္မနိမိတ် -----

ပဉ္စမစျာန် ဘဝင် ဖြစ်အံ့ ---

(က) ကသိုဏ်းပညတ် (၁၀)ပါး၊

( ခ ) အာနာပါနဿတိ၏ အာရုံဖြစ်သော ဝင်သက် ထွက်သက် ပညတ် = အာနာပါန ပဋိဘာဂနိမိတ် အာရုံ၊

( ဂ ) ဥပေက္ခာ၏ အာရုံဖြစ်သော ခပ်သိမ်းသော သုခိတ ဒုက္ခိတ သတ္တဝါပညတ်၊

ဤ (၁၂)ပါးသော ပညတ် ကမ္မနိမိတ်တို့တွင် တစ်ပါးပါးသော ပညတ် ကမ္မနိမိတ် ပစ္စည်းတရားက အာရမ္မဏသတ္တိ၊ (၁)။

၃။ (က) ပဋိသန္ဓေ၏ အခြားမဲ့၌ ဖြစ်သောအခါ ပဋိသန္ဓေ နာမက္ခန္ဓာ၊

( ခ ) ဘဝင်၏ အခြားမဲ့၌ ဖြစ်သောအခါ ဘဝင် နာမက္ခန္ဓာ၊

( ဂ ) ဝုဋ္ဌော၏ အခြားမဲ့၌ ဖြစ်သောအခါ ဝုဋ္ဌော နာမက္ခန္ဓာ၊

(ဃ) ဇော၏ အခြားမဲ့၌ ဖြစ်သောအခါ အဆုံးဇော နာမက္ခန္ဓာ ---

ပစ္စည်းတရားတို့က အနန္တရ သမနန္တရ ဥပနိဿယ နတ္ထိ ဝိဂတသတ္တိ၊ (၅)။ (ရူပဘုံ၌ တဒါရုံ မရကောင်း၊)

၄။ ပဋိသန္ဓေအစရှိသော ရှေးရှေးသော စိတ်နှင့်အတူ ဥပါဒ်သော ဟဒယဝတ္ထု၊ [မရဏာသန္နအခါ စုတိစိတ်မှ ပြန်၍ ရေတွက်သည်ရှိသော် (၁၇) ချက်မြောက်သော စိတ်နှင့် အတူဥပါဒ်သော ဟဒယဝတ္ထု] ပစ္စည်းတရားတို့က နိဿယ ပုရေဇာတ ဝိပ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ ၊ (၅)။

၅။ အတိတ်ဖြစ်သော ရူပကုသိုလ်ကံ (၅)မျိုးတို့တွင် ထိုက်သင့်ရာ တစ်မျိုးမျိုးသော ရူပကုသိုလ်ကံ ပစ္စည်းတရားတို့က နာနာက္ခဏိကကမ္မ ပကတူပနိဿယသတ္တိ ၊ (၂)။

ဤ (၂၆)မျိုးသော အကြောင်းပစ္စည်းတရားတို့က ဝိုင်းဝန်း၍ ကျေးဇူးပြုခြင်းကြောင့် ဖြစ်ပေါ်တည်နေရကုန်၏။ (ခွဲရှုပါ။)

အကယ်၍ အသင်သူတော်ကောင်းသည် အရူပဘုံ၌ ဖြစ်ခဲ့ဖူးသည် သို့မဟုတ် ဖြစ်လတ္တံ့သည် ဖြစ်အံ့ -- အရူပ ဘဝင် နာမက္ခန္ဓာ၌ ပဋ္ဌာန်းပစ္စည်းဆက်သွယ်ပုံမှာ အောက်ပါအတိုင်း ဖြစ်၏။

အရူပ ဘဝင် နာမက္ခန္ဓာ

အရူပ ဘဝင် (၄)ခု, ဝိရတိ အပ္ပမညာ ဝိတက် ဝိစာရ ပီတိကြဉ် စေတသိက် (၃၀) အစိတ်အစိတ် နာမက္ခန္ဓာ ပစ္စယုပ္ပန်တရားတို့သည် ---

၁။ သဟဇာတမျိုး --- ၁၃၊

၂။ အာရမ္မဏ --- ၁၊

၃။ အနန္တရမျိုး --- ၅၊

၄။ နာနာက္ခဏိကကမ္မမျိုး --- ၂၊

ဤ (၂၁)မျိုးသော ပစ္စယသတ္တိတို့ကြောင့် ဖြစ်ပေါ်တည်နေရကုန်၏။

အရူပ ဘဝင် (၄)ခု, ဝိရတိ အပ္ပမညာ ဝိတက် ဝိစာရ ပီတိ ကြဉ်သော စေတသိက် (၃၀) အစိတ်အစိတ် နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည် ---

၁။ (က) အချင်းချင်းအား ကျေးဇူးပြုတတ်သော အရူပ ဘဝင် (၄)ခု၊ စေတသိက် (၃၀) အစိတ်အစိတ် နာမက္ခန္ဓာ ပစ္စည်းတရားတို့က ထိုက်သည့်အားလျော်စွာ သဟဇာတ အညမည နိဿယ ဝိပါက သမ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ၊

( ခ ) အလောဘ အဒေါသ အမောဟ --- ဤ ဟိတ် (၃)ပါး ပစ္စည်းတရားတို့က ဟေတုသတ္တိ၊

( ဂ ) စေတနာ ပစ္စည်းတရားက သဟဇာတကမ္မသတ္တိ၊

(ဃ) ဖဿ စေတနာ ဝိညာဏ် နာမ်အာဟာရ (၃)ပါး ပစ္စည်းတရားတို့က အာဟာရသတ္တိ၊

( င ) နာမ်ဣန္ဒြေ (၈)ပါး ပစ္စည်းတရားတို့က ဣန္ဒြိယသတ္တိ၊

( စ ) ဥပေက္ခာ ဧကဂ္ဂတာ စျာနင် (၂)ပါး ပစ္စည်းတရားတို့က စျာနသတ္တိ၊

(ဆ) ပညာ ဝီရိယ သတိ ဧကဂ္ဂတာ - မဂ္ဂင် (၄)ပါး ပစ္စည်းတရားတို့က မဂ္ဂသတ္တိ၊ (၁၃)။

၂။ (က) အာကာသာနဉ္စာယတန ဘဝင် ဖြစ်အံ့ --- အာကာသကသိုဏ်းသည် ကြဉ်အပ်သော ကသိုဏ်း (၉)ပါးတို့တွင် တစ်ပါးပါးကို ခွာ၍ ရအပ်သော အာကာသ ကောင်းကင်ပညတ် ကမ္မနိမိတ်၊

( ခ ) ဝိညာဏဉ္စာယတန ဘဝင် ဖြစ်အံ့ --- အတိတ်ဖြစ်သော အာကာသာနဉ္စာယတန ကုသိုလ်ဟု ဆိုအပ်သော မဟဂ္ဂုတ် ကမ္မနိမိတ်၊

( ဂ ) အာကိဉ္စညာယတန ဘဝင် ဖြစ်အံ့ --- အာကာသာနဉ္စာယတနစျာန်၏ မရှိခြင်းတည်းဟူသော နတ္ထိဘောပညတ် ကမ္မနိမိတ်၊

(ဃ) နေဝသညာနာသညာယတန ဘဝင် ဖြစ်အံ့ --- အတိတ်ဖြစ်သော အာကိဉ္စညာယတနကုသိုလ်ဟု ဆိုအပ်သော မဟဂ္ဂုတ် ကမ္မနိမိတ် ပစ္စည်းတရားတို့က အာရမ္မဏသတ္တိ၊(၁)။

၃။ (က) ပဋိသန္ဓေ၏ အခြားမဲ့၌ ဖြစ်သောအခါ ပဋိသန္ဓေနာမက္ခန္ဓာ၊

( ခ ) ဘဝင်၏ အခြားမဲ့၌ ဖြစ်သောအခါ ဘဝင်နာမက္ခန္ဓာ၊

( ဂ ) ဇော၏ အခြားမဲ့၌ ဖြစ်သောအခါ အဆုံးဇောနာမက္ခန္ဓာ ပစ္စည်းတရားတို့က အနန္တရ သမနန္တရ ဥပနိဿယ နတ္ထိ ဝိဂတသတ္တိ၊ (၅)။ (အရူပဘုံ၌ ဝုဋ္ဌော တဒါရုံ မရကောင်း။ ပဉ္စဒွါရဝီထိလည်း မရကောင်း။)

၄။ အတိတ်ဖြစ်သော အရူပ ကုသိုလ်ကံ (၄)ခု ပစ္စည်းတရားတို့က (အရူပ ကုသိုလ်ကံ လေးမျိုးတို့တွင် တစ်မျိုးမျိုးသော ကုသိုလ်ကံ ပစ္စည်းတရားတို့က ထိုက်သည့်အားလျော်စွာ) နာနာက္ခဏိကကမ္မ ပကတူပနိဿယသတ္တိ၊ (၂)။

ဤ (၂၁)မျိုးသော ပစ္စည်းအကြောင်းတရားတို့က ဝိုင်းဝန်း၍ကျေးဇူးပြုပေးသောကြောင့် ဖြစ်ပေါ်တည်နေရကုန်၏။ (ရှုသောအခါ ဖြစ်ပြီး ဖြစ်လတ္တံ့အတိုင်း ဘဝင်တစ်ခုစီ ခွဲရှုပါ။)

ယခု တစ်ဖန် စုတိစိတ်များ၌ ပဋ္ဌာန်းပစ္စည်း ဆက်သွယ်ပုံကို ဆက်လက်၍ ရေးသားတင်ပြအပ်ပါသည်။ အသင်သူတော်ကောင်းသည် မိမိ၏ အတိတ် ပစ္စုပ္ပန် အနာဂတ် သံသရာ တစ်လျှောက်ဝယ် ဖြစ်ပြီး ဖြစ်ဆဲ ဖြစ်လတ္တံ့ စုတိတို့ကို ဉာဏ်ဖြင့် မြင်အောင် ကြည့်၍ ဖြစ်ခဲ့သည့်အတိုင်း ဖြစ်ဆဲအတိုင်း ဖြစ်လတ္တံ့အတိုင်း ရှုပါ။ အတိတ်ဘဝ ထိုထိုက စုတိကို ဖြစ်ပြီးဟု ဆိုလို၏။ ပစ္စုပ္ပန်ဘဝ၏ စုတိကို ဖြစ်ဆဲဟု ဆိုလို၏၊ အနာဂတ်ဘဝ၏ စုတိကို ဖြစ်လတ္တံ့ဟု ဆိုလို၏။ ဖြစ်ခဲ့သည့်အတိုင်း ဖြစ်ဆဲအတိုင်း ဖြစ်လတ္တံ့အတိုင်းသာ သမ္မာဒိဋ္ဌိဉာဏ်ပညာ ဖြင့် မြင်အောင် ကြည့်၍ ရှုပါ။

အဟိတ် စုတိ ဖြစ်ပေါ်လာပုံ

အဟိတ် စုတိ (၂)ခု, ဆန္ဒ ပီတိ ဝီရိယကြဉ် အညသမာန်း စေတသိက် (၁၀) အစိတ်အစိတ် နာမက္ခန္ဓာ ပစ္စယုပ္ပန်တရားတို့သည် ---

၁။ သဟဇာတမျိုး --- ၁၁၊

၂။ အာရမ္မဏ --- ၁၊

၃။ အနန္တရမျိုး --- ၅၊

၄။ ဝတ္ထုမျိုး --- ၅၊

၅။ နာနာက္ခဏိကကမ္မမျိုး --- ၂၊

ဤ (၂၄)မျိုးသော ပစ္စယသတ္တိတို့ကြောင့် ဖြစ်ပေါ်တည်နေရကုန်၏။

အဟိတ်စုတိ (၂)ခု, ဆန္ဒ ပီတိ ဝီရိယကြဉ် အညသမာန်း စေတသိက် (၁၀) အစိတ်အစိတ် နာမက္ခန္ဓာ ပစ္စယုပ္ပန်တရားတို့သည် ---

၁။ (က) အချင်းချင်းအား ကျေးဇူးပြုတတ်သော အဟိတ်စုတိ (၂ )ခု, စေတသိက် (၁၀) အစိတ်အစိတ် နာမက္ခန္ဓာ ပစ္စည်းတရားတို့က ထိုက်သည့်အားလျော်စွာ သဟဇာတ အညမည နိဿယ ဝိပါက သမ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ၊

( ခ ) စေတနာ ပစ္စည်းတရားက သဟဇာတကမ္မသတ္တိ၊

( ဂ ) ဖဿ စေတနာ ဝိညာဏ် နာမ်အာဟာရ (၃)ပါး ပစ္စည်းတရားတို့က အာဟာရသတ္တိ၊

(ဃ) ဇီဝိတ စိတ် ဝေဒနာ နာမ်ဣန္ဒြေ (၃)ပါး ပစ္စည်းတရားတို့က ဣန္ဒြိယသတ္တိ၊

( င ) ပီတိကြဉ် စျာနင် (၄)ပါး ပစ္စည်းတရားတို့က စျာနသတ္တိ၊ (၁၁)။

၂။ ကံ ကမ္မနိမိတ် ဂတိနိမိတ် (၃)ပါးတို့တွင် ထိုက်သင့်ရာ တစ်ပါးပါးသော ပစ္စည်းတရားက အာရမ္မဏသတ္တိ၊ (၁)။

၃။ (က) ဇော၏ အခြားမဲ့၌ ဖြစ်သောအခါ မရဏာသန္န ပဉ္စမဇော နာမက္ခန္ဓာ၊

( ခ ) တဒါရုံ၏ အခြားမဲ့၌ ဖြစ်သောအခါ တဒါရုံ နာမက္ခန္ဓာ၊

( ဂ ) ဘဝင်၏ အခြားမဲ့၌ ဖြစ်သောအခါ ဘဝင် နာမက္ခန္ဓာ၊ (ဇောနောင် ဘဝင်, သို့မဟုတ် တဒါရုံနောင် ဘဝင်) ---

ပစ္စည်းတရားတို့က အနန္တရ သမနန္တရ ဥပနိဿယ နတ္ထိ ဝိဂတသတ္တိ၊ (၅)။

၄။ မိမိဟု ဆိုအပ်သော စုတိစိတ်မှ ပြန်၍ ရေတွက်သည်ရှိသော် (၁၇) ချက်မြောက်သော စိတ်နှင့် အတူ ဥပါဒ်သော ဟဒယဝတ္ထု ပစ္စည်းတရားက နိဿယ ပုရေဇာတ ဝိပ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ၊ (၅)။

၅။ သုဂတိ အဟိတ် စုတိ ဖြစ်အံ့ --- အတိတ်ဖြစ်သော ကာမကုသိုလ်ကံ, ဒုဂ္ဂတိ အဟိတ် စုတိ ဖြစ်အံ့ -- အတိတ်ဖြစ်သော အကုသိုလ်ကံ ပစ္စည်းတရားတို့က နာနာက္ခဏိကကမ္မ ပကတူပနိဿယသတ္တိ၊ (၂)။

ဤ (၂၄)မျိုးသော ပစ္စည်းအကြောင်းတရားတို့က ဝိုင်းဝန်း၍ကျေးဇူးပြုပေးသောကြောင့် ဖြစ်ပေါ်တည် နေရကုန်၏။

ဒွိဟိတ် စုတိ ဖြစ်ပေါ်လာပုံ

ဒွိဟိတ် စုတိ (၄)ခု, ဝိရတိ အပ္ပမညာ ဉာဏ်ကြဉ် စေတသိက် (၃၂) အစိတ်အစိတ် နာမက္ခန္ဓာ ပစ္စယုပ္ပန်တရားတို့သည် ---

၁။ သဟဇာတမျိုး --- ၁၃၊

၂။ အာရမ္မဏ --- ၁၊

၃။ အနန္တရမျိုး --- ၅၊

၄။ ဝတ္ထုမျိုး --- ၅၊

၅။ နာနာက္ခဏိကကမ္မမျိုး --- ၂၊

ဤ (၂၆)မျိုးသော ပစ္စယသတ္တိတို့ကြောင့် ဖြစ်ပေါ်တည်နေရကုန်၏။

၁။ ဒွိဟိတ် စုတိ (၄)ခု, ဝိရတိ အပ္ပမညာ ဉာဏ်ကြဉ် စေတသိက် (၃၂) အစိတ်အစိတ် နာမက္ခန္ဓာ ပစ္စယုပ္ပန်တရားတို့သည် အချင်းချင်းအား ကျေးဇူးပြုတတ်သော ဒွိဟိတ် စုတိ (၄)ခု, စေတသိက် (၃၂) အစိတ်အစိတ် နာမက္ခန္ဓာ ပစ္စည်းတရားတို့က ထိုက်သည့်အားလျော်စွာ သဟဇာတ အညမည နိဿယ ဝိပါက သမ္ပယုတ္တ အတ္ထိ အဝိဂတ ဟေတု ကမ္မ အာဟာရ ဣန္ဒြိယ စျာန မဂ္ဂသတ္တိ၊ (၁၃)။ (ဒွိဟိတ်ဘဝင်ကို နည်းမှီးပါ။)

၂။ ကံ ကမ္မနိမိတ် ဂတိနိမိတ် (၃)ပါးတို့တွင် တစ်ပါးပါးသော ပစ္စည်းတရားက အာရမ္မဏသတ္တိ၊ (၁)။

၃။ (က) ဇော၏ အခြားမဲ့၌ ဖြစ်သောအခါ မရဏာသန္န ပဉ္စမဇော နာမက္ခန္ဓာ၊

( ခ ) တဒါရုံ၏ အခြားမဲ့၌ ဖြစ်သောအခါ တဒါရုံ နာမက္ခန္ဓာ၊

( ဂ ) ဘဝင်၏ အခြားမဲ့၌ ဖြစ်သောအခါ ဘဝင် နာမက္ခန္ဓာ၊ ----

ပစ္စည်းတရားတို့က အနန္တရ သမနန္တရ ဥပနိဿယ နတ္ထိ ဝိဂတသတ္တိ၊ (၅)။

၄။ မိမိဟု ဆိုအပ်သော စုတိစိတ်မှ ပြန်၍ ရေတွက်သည်ရှိသော် (၁၇) ချက်မြောက်သော စိတ်နှင့် အတူ ဥပါဒ်သော ဟဒယဝတ္ထု ပစ္စည်းတရားက နိဿယ ပုရေဇာတ ဝိပ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ၊ (၅)။

၅။ အတိတ်ဖြစ်သော တိဟိတ် ဩမက, ဒွိဟိတ် ဥက္ကဋ္ဌ ကာမ ကုသိုလ်ကံ ပစ္စည်းတရားတို့တွင် ထိုက်သင့်ရာ တစ်မျိုးမျိုးသော ကုသိုလ်ကံ ပစ္စည်းတရားတို့က နာနာက္ခဏိက ကမ္မ ပကတူပနိဿယ သတ္တိ၊ (၂)။

ဤ (၂၆)မျိုးသော ပစ္စည်းအကြောင်းတရားတို့က ဝိုင်းဝန်း၍ ကျေးဇူးပြုခြင်းကြောင့် ဖြစ်ပေါ်တည်နေရကုန်၏။

ကာမ တိဟိတ် စုတိ (၄) ခု ဖြစ်ပေါ်လာပုံ

ကာမတိဟိတ် စုတိ (၄)ခု, ဝိရတိ အပ္ပမညာကြဉ် စေတသိက် (၃၃) အစိတ်အစိတ် နာမက္ခန္ဓာ ပစ္စယုပ္ပန်တရားတို့သည် ---

၁။ သဟဇာတမျိုး --- ၁၃၊

၂။ အာရမ္မဏ --- ၁၊

၃။ အနန္တရမျိုး --- ၅၊

၄။ ဝတ္ထုမျိုး --- ၅၊

၅။ နာနာက္ခဏိကကမ္မမျိုး --- ၂၊

ဤ (၂၆)မျိုးသော ပစ္စယသတ္တိတို့ကြောင့် ဖြစ်ပေါ်တည်နေရကုန်၏။

ကာမ တိဟိတ် စုတိ (၄)ခု, ဝိရတိ အပ္ပမညာကြဉ် စေတသိက် (၃၃) အစိတ်အစိတ် နာမက္ခန္ဓာ ပစ္စယုပ္ပန်တရားတို့သည် ----

၁။ အချင်းချင်းအား ကျေးဇူးပြုတတ်သော ကာမ တိဟိတ် စုတိ (၄)ခု, စေတသိက် (၃၃) အစိတ်အစိတ် နာမက္ခန္ဓာ ပစ္စည်းတရားတို့က ထိုက်သည့်အားလျော်စွာ သဟဇာတ အညမည နိဿယ ဝိပါက သမ္ပယုတ္တ အတ္ထိ အဝိဂတ ဟေတု ကမ္မ အာဟာရ ဣန္ဒြိယ စျာန မဂ္ဂသတ္တိ၊ (၁၃)။ (ကာမ တိဟိတ် ဘဝင်ကို နည်းမှီးပါ)

၂။ ကံ ကမ္မနိမိတ် ဂတိနိမိတ် (၃)ပါးတို့တွင် တစ်ပါးပါးသော ပစ္စည်းတရားက အာရမ္မဏသတ္တိ၊ (၁)။

၃။ (က) ဇော၏ အခြားမဲ့၌ ဖြစ်သောအခါ မရဏာသန္န ပဉ္စမဇော နာမက္ခန္ဓာ၊

( ခ ) တဒါရုံ၏ အခြားမဲ့၌ ဖြစ်သောအခါ တဒါရုံ နာမက္ခန္ဓာ၊

( ဂ ) ဘဝင်၏ အခြားမဲ့၌ ဖြစ်သောအခါ ဘဝင် နာမက္ခန္ဓာ၊ ----

ပစ္စည်းတရားတို့က အနန္တရ သမနန္တရ ဥပနိဿယ နတ္ထိ ဝိဂတသတ္တိ၊ (၅)။

၄။ မိမိဟု ဆိုအပ်သော စုတိစိတ်မှ ပြန်၍ ရေတွက်သည်ရှိသော် (၁၇) ချက်မြောက်သော စိတ်နှင့် အတူ ဥပါဒ်သော ဟဒယဝတ္ထု ပစ္စည်းတရားက နိဿယ ပုရေဇာတ ဝိပ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ၊ (၅)။

၅။ အတိတ်ဖြစ်သော တိဟိတ် ဥက္ကဋ္ဌ ကာမကုသိုလ်ကံ ပစ္စည်းတရားတို့တွင် ထိုက်သင့်ရာ တစ်မျိုးမျိုးသော ကုသိုလ်ကံ ပစ္စည်းတရားတို့က နာနာက္ခဏိကကမ္မ ပကတူပနိဿယသတ္တိ၊ (၂)။

ဤ (၂၆)မျိုးသော ပစ္စည်းအကြောင်းတရားတို့က ဝိုင်းဝန်း၍ ကျေးဇူးပြုခြင်းကြောင့် ဖြစ်ပေါ်တည်နေရကုန်၏။

ရူပ စုတိ (၅) ခု ဖြစ်ပေါ်လာပုံ

ရူပ စုတိ (၅)ခု, ဝိရတိကြဉ် စေတသိက် (၃၅) အစိတ်အစိတ် နာမက္ခန္ဓာ ပစ္စယုပ္ပန်တရားတို့သည် ---

၁။ သဟဇာတမျိုး --- ၁၃၊

၂။ အာရမ္မဏ --- ၁၊

၃။ အနန္တရမျိုး --- ၅၊

၄။ ဝတ္ထုမျိုး --- ၅၊

၅။ နာနာက္ခဏိကကမ္မမျိုး --- ၂၊

ဤ (၂၆)မျိုးသော ပစ္စယသတ္တိတို့ကြောင့် ဖြစ်ပေါ်လာကုန်၏။

ရူပ စုတိ (၅)ခု, ဝိရတိကြဉ် စေတသိက် (၃၅) အစိတ်အစိတ် နာမက္ခန္ဓာ ပစ္စယုပ္ပန်တရားတို့သည် ---

၁။ အချင်းချင်းအား ကျေးဇူးပြုတတ်သော ရူပ စုတိ (၅)ခု, စေတသိက် (၃၅) အစိတ်အစိတ် နာမက္ခန္ဓာ ပစ္စည်းတရားတို့က ထိုက်သည့်အားလျော်စွာ သဟဇာတ အညမည နိဿယ ဝိပါက သမ္ပယုတ္တ အတ္ထိ အဝိဂတ ဟေတု ကမ္မ အာဟာရ ဣန္ဒြိယ စျာန မဂ္ဂသတ္တိ၊ (၁၃)။

၂။ ပထမစျာန် စုတိ ဖြစ်အံ့ ကသိုဏ်း ပညတ် (၁၀)ပါး။ ပ ။ ဤ (၂၅)ပါးသော ပညတ် ကမ္မနိမိတ်တို့တွင် တစ်ပါးပါးသော ပညတ် ကမ္မနိမိတ်၊ ဒုတိယစျာန် တတိယစျာန် စတုတ္ထစျာန် စုတိ ဖြစ်အံ့ -- ကသိုဏ်း ပညတ် (၁၀)ပါး။ ပ ။ ဤ (၁၄)ပါးသော ပညတ် ကမ္မနိမိတ်တို့တွင် တစ်ပါးပါးသော ပညတ် ကမ္မနိမိတ်၊ ပဉ္စမစျာန် စုတိ ဖြစ်အံ့ ကသိုဏ်းပညတ် (၁၀)ပါး။ ပ ။ ဤ (၁၂)ပါးသော ပညတ် ကမ္မနိမိတ်တို့တွင် တစ်ပါးပါးသော ပညတ် ကမ္မနိမိတ် ပစ္စည်းတရားက--- အာရမ္မဏသတ္တိ၊ (၁)။ (ရူပဘဝင်ကို ပြန်ကြည့်ပါ။)

၃။ (က) ဇော၏ အခြားမဲ့၌ ဖြစ်သောအခါ မရဏာသန္န ပဉ္စမဇော နာမက္ခန္ဓာ၊

( ခ ) ဘဝင်၏ အခြားမဲ့၌ ဖြစ်သောအခါ ဘဝင် နာမက္ခန္ဓာ၊

ပစ္စည်းတရားတို့က အနန္တရ သမနန္တရ ဥပနိဿယ နတ္ထိ ဝိဂတသတ္တိ၊ (၅)။

၄။ မိမိဟုဆိုအပ်သော ရူပစုတိမှပြန်၍ ရေတွက်သည်ရှိသော် (၁၇) ချက်မြောက်သော စိတ်နှင့် အတူ ဥပါဒ်သော ဟဒယဝတ္ထု ပစ္စည်းတရားက နိဿယ ပုရေဇာတ ဝိပ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ၊ (၅)။

၅။ အတိတ်ဖြစ်သော ရူပကုသိုလ်ကံ (၅)မျိုးတို့တွင် ထိုက်သင့်ရာ တစ်မျိုးမျိုးသော ကုသိုလ်ကံ ပစ္စည်းတရား တို့က နာနာက္ခဏိကကမ္မ, ပကတူပနိဿယသတ္တိ၊ (၂)။

ဤ (၂၆)မျိုးသော ပစ္စည်းအကြောင်းတရားတို့က ဝိုင်းဝန်း၍ ကျေးဇူးပြုခြင်းကြောင့် ဖြစ်ပေါ်လာရကုန်၏။

အရူပ စုတိ (၄) ခု ဖြစ်ပေါ်လာပုံ

အရူပ စုတိ (၄)ခု, ဝိရတိ အပ္ပမညာ ဝိတက် ဝိစာရ ပီတိကြဉ် စေတသိက် (၃၀) အစိတ်အစိတ် နာမက္ခန္ဓာ ပစ္စယုပ္ပန်တရားတို့သည် ---

၁။ သဟဇာတမျိုး --- ၁၃၊

၂။ အာရမ္မဏ --- ၁၊

၃။ အနန္တရမျိုး --- ၅၊

၄။ နာနာက္ခဏိကကမ္မမျိုး --- ၂၊

ဤ (၂၁)မျိုးသော ပစ္စယသတ္တိတို့ကြောင့် ဖြစ်ပေါ်လာရကုန်၏။

အရူပ စုတိ (၄)ခု, ဝိရတိ အပ္ပမညာ ဝိတက် ဝိစာရ ပီတိကြဉ် စေတသိက် (၃၀) အစိတ်အစိတ် နာမက္ခန္ဓာ ပစ္စယုပ္ပန်တရားတို့သည် ---

၁။ အချင်းချင်းအား ကျေးဇူးပြုတတ်သော အရူပစုတိ (၄)ခု, စေတသိက် (၃၀) အစိတ်အစိတ် နာမက္ခန္ဓာ ပစ္စည်းတရားတို့က ထိုက်သည့်အားလျော်စွာ သဟဇာတ အညမည နိဿယ ဝိပါက သမ္ပယုတ္တ အတ္ထိ အဝိဂတ ဟေတု ကမ္မ အာဟာရ ဣန္ဒြိယ စျာန မဂ္ဂသတ္တိ၊ (၁၃)။

၂။ (က) အာကာသာနဉ္စာယတန စုတိ ဖြစ်အံ့၊ အာကာသကသိုဏ်းသည် ကြဉ်အပ်သော ကသိုဏ်း (၉)ပါးတို့တွင် တစ်ပါးပါးကို ခွာ၍ ရအပ်သော အာကာသ ကောင်းကင်ပညတ် ကမ္မနိမိတ်၊

( ခ ) ဝိညာဏဉ္စာယတန စုတိ ဖြစ်အံ့၊ အတိတ်ဖြစ်သော အာကာသာနဉ္စာယတန ကုသိုလ်ဟု ဆိုအပ်သော မဟဂ္ဂုတ် ကမ္မနိမိတ်၊

( ဂ ) အာကိဉ္စညာယတန စုတိ ဖြစ်အံ့၊ အာကာသာနဉ္စာယတနစျာန်၏ မရှိခြင်းတည်းဟူသော နတ္ထိဘော ပညတ် ကမ္မနိမိတ်၊

(ဃ) နေဝသညာနာသညာယတန စုတိ ဖြစ်အံ့၊ အတိတ်ဖြစ်သော အာကိဉ္စညာယတန ကုသိုလ်ဟု ဆိုအပ်သော မဟဂ္ဂုတ် ကမ္မနိမိတ် ပစ္စည်းတရားတို့က အာရမ္မဏသတ္တိ၊ (၁)။

၃။ (က) ဇော၏ အခြားမဲ့၌ ဖြစ်သောအခါ မရဏာသန္န ပဉ္စမဇော နာမက္ခန္ဓာ၊

( ခ ) ဘဝင်၏ အခြားမဲ့၌ ဖြစ်သောအခါ ဘဝင် နာမက္ခန္ဓာ၊ ---

ပစ္စည်းတရားတို့က အနန္တရ သမနန္တရ ဥပနိဿယ နတ္ထိ ဝိဂတသတ္တိ၊ (၅)။

၄။ အတိတ်ဖြစ်သော အရူပကုသိုလ်ကံ (၄)မျိုးတို့တွင် ထိုက်သင့်ရာ တစ်မျိုးမျိုးသော ကုသိုလ်ကံ ပစ္စည်းတရားတို့က နာနာက္ခဏိကကမ္မ, ပကတူပနိဿယသတ္တိ၊ (၂)။

ဤ (၂၁)မျိုးသော ပစ္စည်းအကြောင်းတရားတို့က ဝိုင်းဝန်း၍ ကျေးဇူးပြုခြင်းကြောင့် ဖြစ်ပေါ်လာရကုန်၏။

ဤအပိုင်းတွင် သဘောတူရာ တူရာကို စုပေါင်း၍ ရေးသားတင်ပြထားသော်လည်း ရှုသောအခါ၌ကား ခွဲ၍သာ ရှုပါ။ ဘဝတစ်ခုဝယ် ပဋိသန္ဓေအမျိုးမျိုး ဘဝင်အမျိုးမျိုး စုတိအမျိုးမျိုးကား မဖြစ်နိုင်၊ ပဋိသန္ဓေတစ်မျိုး ဘဝင်တစ်မျိုး စုတိတစ်မျိုးစီသာ ဖြစ်နိုင်၏၊ ဘဝတစ်ခုဝယ် ပဋိသန္ဓေ ဘဝင် စုတိတို့မှာလည်း စိတ်အမျိုးအစား တစ်ခုတည်းသာ ဖြစ်၏၊ ထိုကြောင့် ခွဲရှုပါ။

မှီငြမ်းပြုစရာ ကျမ်းစာ

ဤတွင် ပဋ္ဌာန်းပစ္စည်းဆက်သွယ်ပုံ အပိုင်းကို အပြီးသတ်လိုက်ပါသည်။ ကြိယာဇောများမှာ ရဟန္တာ အရှင်မြတ်တို့၏ သန္တာန်၌သာ ဖြစ်ကြသဖြင့် အသင်သူတော်ကောင်း၏ ဝိပဿနာဉာဏ်၏ အရှုခံအာရုံ နယ်မြေ အတွင်း၌ မတည်ရှိနိုင်သေးသဖြင့် ချန်လှပ်ထားသည်။

ဤပဋ္ဌာန်းပစ္စည်း ဆက်သွယ်ပုံ အပိုင်းကို ပဋ္ဌာန်းသင်ဖူးသူ ကျွမ်းကျင်သူများ အတွက်သာ ရည်ညွှန်း၍ ပဋ္ဌာန်းနယ်မြေ၌ ဉာဏ်ကျက်စားနိုင်ရန် အလို့ငှာသာ ရေးသား တင်ပြအပ်ပါသည်။ ပဋ္ဌာန်းတရားတော်၌ ကျွမ်းကျင်သူများအဖို့ အရကောက်ကျမ်း အမျိုးမျိုးနှင့် ပါဠိတော် အဋ္ဌကထာ ဋီကာတို့၌ မွှေနှောက်ကြည့်ပါက ဤအထက်တွင် တင်ပြထားသော ပဋ္ဌာန်းပစ္စည်းဆက်သွယ်ပုံ သဘောတရားများကို အလွယ်တကူ တွေ့ရှိနိုင်သဖြင့် ကျမ်းလေးမှု ဂန္ထ ဂရု ဒေါသ အပြစ်ကို ရှောင်ရှားလျက် ကျမ်းကိုး ကျမ်းကားများကို မဖော်ပြခြင်း ဖြစ်သည်။ ဤအပိုင်းကို အထူးသဖြင့် ကျေးဇူးတော်ရင် အဘိဓဇ မဟာရဋ္ဌဂုရု သက်တော်ရှည် မစိုးရိမ် ဆရာတော်ဘုရားကြီး၏ ----

၁။ ပဋ္ဌာန်းအရကောက် အကျဉ်းချုပ်,

၂။ ပဋ္ဌာန်းသင်နည်း အကျဉ်းချုပ် ---

ဤကျမ်းစာ (၂) စောင်တို့၌ လာရှိသော ပဋ္ဌာန်းသင်နည်း မှတ်ချက်များကို မှီငြမ်း ကိုးကား၍ ရေးသား တင်ပြထားပါသည်။

အသမ္မောဟ သမ္ပဇဉ်ဉာဏ်ကို ရရှိရန်

ဧဝမေတ္ထ ခန္ဓာယတနဓာတုပစ္စယပစ္စဝေက္ခဏဝသေနပိ အသမ္မောဟသမ္ပဇညံ ဝေဒိတဗ္ဗံ။ (ဒီ၊ဋ္ဌ၊၁၊၁၇၅-၁၇၆။ မ၊ဋ္ဌ၊၁၊၂၆၈။ သံ၊ဋ္ဌ၊၃၊၂၂၈။ အဘိ၊ဋ္ဌ၊၂၊၃၄၂။)

ဤအသမ္မောဟသမ္ပဇဉ်ပိုင်းဝယ် --- သွား - ရပ် - ထိုင် - လျောင်း ဟူသော ဣရိယာပထအခိုက်, ေ့ရှသို့ တက်ခြင်း နောက်သို့ ဆုတ်ခြင်းစသော သမ္ပဇဉ်ပိုင်းဆိုင်ရာ ထိုထိုအခိုက်အတန့်တို့၌ ---

၁။ ခန္ဓာ (၅)ပါးနည်း,

၂။ အာယတန (၁၂)ပါးနည်း,

၃။ ဓာတ် (၁၈)ပါးနည်း,

၄။ ပဋ္ဌာန်းပစ္စည်း ဆက်သွယ်ပုံကို ဆင်ခြင်နည်း ---

ဤသို့သော နည်းလမ်းများ၏ အစွမ်းဖြင့်လည်း အသမ္မောဟသမ္ပဇဉ်ဉာဏ်ကို ရရှိအောင် ကြိုးစားအားထုတ်ရန် အဋ္ဌကထာကြီးများက ညွှန်ကြားထားတော်မူကြ၏။ ဤညွှန်ကြားချက်များနှင့်အညီ အသမ္မောဟသမ္ပဇဉ်ဉာဏ်ကို ရရှိရန်အတွက် ပဋ္ဌာန်းပစ္စည်းဆက်သွယ်ပုံ နည်းလမ်းဖြင့် အကြောင်းတရားတို့ကို ဆင်ခြင်ပုံ သိမ်းဆည်းပုံ နည်းစနစ်များကို ပဋ္ဌာန်းဒေသနာတော်နည်းအားဖြင့် ဉာဏ်ကွန့်မြူးလိုသူ သူတော်ကောင်းများ အတွက် ရည်ရွယ်၍ ဤပဋ္ဌာန်းပစ္စည်းဆက်သွယ်ပုံအပိုင်းကို ရေးသားတင်ပြထားပေသည်။

ဤအပိုင်းကို လေ့လာလိုသော အသင် သူတော်ကောင်းသည် ပဋ္ဌာန်း ပစ္စယနိဒ္ဒေသပိုင်း ပါဠိတော်ကို လည်းကောင်း, ယင်းပါဠိတော်၏ မြန်မာပြန်အနက်ကိုလည်းကောင်း, ယင်းပါဠိတော်၏ ဆိုလိုရင်း အနက် အဓိပ္ပါယ် အရကောက်ကိုလည်းကောင်း, အထက်တွင် ရေးသားတင်ပြခဲ့သော ပဋ္ဌာန်းနှစ်ချက်စုကိုလည်းကောင်း အလွတ်ရအောင် လေ့ကျက်ထားဖို့ လိုအပ်ပေသည်။ သို့မှသာလျှင် ပဋ္ဌာန်းပစ္စည်းဆက်သွယ်ပုံ ကြောင်း-ကျိုး ဆက်နွယ်မှု သဘောတရားကို ပိုမိုနက်ရှိုင်းစွာ နားလည်သဘောပေါက်နိုင်မည် ဖြစ်ပေသည်။ မဟာသန္တိသုခ အငြိမ်းဓာတ် အမြိုက်နိဗ္ဗာန်တရားတော်မြတ်ကြီးကို ရည်သန်တောင့်တလျက်ရှိကြကုန်သော သူတော်ကောင်း အပေါင်းတို့သည် ပဋ္ဌာန်းဒေသနာတော်မြတ်၏ ကြောင်း-ကျိုးဆက်နွယ်မှု သဘောတရားတို့၌ ဉာဏ်ကွန့်မြူး စမ္ပယ်နိုင်ကြပါစေကုန်သောဝ် ...။

__________

ဓမ္မဋ္ဌိတိဉာဏ်

ဣတိ ဣမေ စတုသင်္ခေပေ တယော အဒ္ဓေ ဝီသတိယာ အာကာရေဟိ တိသန္ဓိံ ပဋိစ္စသမုပ္ပါဒံ ဇာနာတိ ပဿတိ အညာတိ ပဋိဝိဇ္ဈတိ၊ တံ ဉာတဋ္ဌေန ဉာဏံ၊ ပဇာနနဋ္ဌေန ပညာ၊ တေန ဝုစ္စတိ ပစ္စယပရိဂ္ဂဟေ ပညာ ဓမ္မဋ္ဌိတိဉာဏံ။ (ပဋိသံ ၊၅၁။)

= ဤသို့လျှင် ဤအလွှာ (၄) ပါး, အဓွန့်ကာလ (၃) ပါး, အစပ် (၃) ပါးရှိသော ကြောင်း-ကျိုးဆက် ပဋိစ္စသမုပ္ပါဒ်သဘောတရားကို ခြင်းရာ (၂၀)တို့နှင့် အတူတကွ သိ၏ မြင်၏ အပိုင်းအခြားဖြင့် သိ၏ ထိုးထွင်း၍ သိ၏၊ ထိုဉာဏ်သည် သိတတ်သော အနက်သဘောကြောင့် ဉာဏ် မည်၏၊ အပြားအားဖြင့် သိတတ်သော အနက်သဘောကြောင့် = ကွဲကွဲပြားပြား (ဂဃနဏ) သိတတ်သော အနက်သဘောကြောင့် ပညာ မည်၏။ ထိုကြောင့် အကြောင်းတရားတို့ကို သိမ်းဆည်းခြင်း ဉာဏ်ဖြင့် ပိုင်းခြားယူခြင်း၌ ဖြစ်သော ပညာကို ဓမ္မဋ္ဌိတိဉာဏ် ဟူ၍ ခေါ်ဆိုအပ်ပေသည်။ (ပဋိသံ ၊၅၁။)

ဓမ္မဋ္ဌိတိဉာဏန္တိ ပစ္စယာကာရေ ဉာဏံ။ (သံ၊ဋ္ဌ၊၂၊၆၃။)

ဓမ္မဋ္ဌိတိဉာဏန္တိ ဝိပဿနာဉာဏံ။ (သံ၊ဋ္ဌ၊၂၊၁၁၇။)

ပစ္စယာကာရ အမည်ရသော အကြောင်းတရားတို့ကို အစွဲပြု၍ အကျိုးတရားတို့၏ဖြစ်ပုံ အခြင်းအရာသည် ရုပ်နာမ်ဓမ္မ သင်္ခါရတရားတို့၏ ဖြစ်ခြင်း တည်ခြင်း၏ အကြောင်းဖြစ်သောကြောင့် ယင်းပစ္စယာကာရကို ဓမ္မဋ္ဌိတိဟူ၍ ဆိုအပ်၏။ ဤပစ္စယာကာရ၌ ထွင်းဖောက် သိမြင်တတ်သော ဉာဏ်သည် ဓမ္မဋ္ဌိတိဉာဏ် မည်၏။ (သံ၊ဋ္ဌ၊၂ ၊၆၃။ ဒုတိယဉာဏဝတ္ထုသုတ်။)

ဓမ္မာနံ ဌိတတာ တံသဘာဝတာ ဓမ္မဋ္ဌိတိ၊ အနိစ္စဒုက္ခာနတ္တတာ၊ တတ္ထ ဉာဏံ ဓမ္မဋ္ဌိတိဉာဏန္တိ အာဟ ဝိပဿနာဉာဏန္တိ။ (သံ၊ဋီ၊၂၊၁၂၄။)

သင်္ခါရတရားတို့၏ အနိစ္စအခြင်းအရာ ဒုက္ခအခြင်းအရာ အနတ္တအခြင်းအရာ၌ တည်နေမှုသဘောကား မိမိတို့၏ သဘာဝအတိုင်း တည်နေမှု ဓမ္မဋ္ဌိတိပင်တည်း။ ထိုအနိစ္စအခြင်းအရာ ဒုက္ခအခြင်းအရာ အနတ္တ အခြင်းအရာအတိုင်း တည်နေကြကုန်သော သင်္ခါရတရားတို့၏ အနိစ္စအခြင်းအရာ ဒုက္ခအခြင်းအရာ အနတ္တ အခြင်းအရာကို ထွင်းဖောက် သိမြင်လျက် ထိုအခြင်းအရာ၌ တည်နေသော ဝိပဿနာဉာဏ်သည်လည်း ဓမ္မဋ္ဌိတိဉာဏ် မည်၏။ (သံ၊ဋ္ဌ၊၂၊၁၁၇။ သံ၊ဋီ၊၂၊၁၂၄။)

သုသိမပရိဗ္ဗာဇကသုတ္တန်

အတိတ် အနာဂတ် ပစ္စုပ္ပန်ဟူသော ကာလသုံးပါးတို့၏ အတွင်း၌ တည်ရှိသော ဥပါဒါနက္ခန္ဓာ (၅) ပါးတို့ကိုလည်းကောင်း, အတိတ် ပစ္စုပ္ပန် အနာဂတ်ဟူသော ကာလသုံးပါးကို ကွင်းဆက်၍ ဟောကြားထားတော်မူသော ကြောင်း-ကျိုးဆက် = ပဋိစ္စသမုပ္ပါဒ် သဘောတရားတို့ကိုလည်းကောင်း ဝိပဿနာဉာဏ်ဖြင့် ရှု၍ ရသော ထင်ရှားသော ရှေးထုံးဟောင်းတစ်ရပ်ကို ဤတွင် ဆက်လက်၍ တင်ပြအပ်ပါသည်။ သံယုတ်ပါဠိတော် ပထမတွဲ နိဒါနဝဂ္ဂသံယုတ်ပါဠိတော် စာမျက်နှာ (၃၄၀-၃၄၈) တို့၌ သုသိမပရိဗ္ဗာဇက သုတ္တန် လာရှိပေသည်။ ထိုသုတ္တန်၏ ဆိုလိုရင်း အကျဉ်းချုပ်မှာ ဤသို့ ဖြစ်၏။

ဝေဠုဝန်ကျောင်းတိုက်တော်၌ ဘုရားရှင် သီတင်းသုံးစံနေတော်မူခိုက်ဝယ် သာသနာတော်တွင်းသို့ ရောက်သစ်စသာ ဖြစ်သေးသော အရှင်သုသိမကိုယ်တော်မြတ်သည် ဘုရားရှင်၏ ထံတော်မှောက်၌ အရဟတ္တဖိုလ်ကို ကြားလျှောက်တော်မူကြကုန်သော ရဟန္တာအရှင်မြတ်ကြီးတို့၏ထံသို့ ချဉ်းကပ်၍ ဤသို့ သိကုန် ဤသို့ မြင်ကုန်သော ရဟန္တာအရှင်မြတ်ကြီးတို့အား အဘိညာဏ် အမျိုးမျိုးနှင့် လောကီစျာန်သမာပတ်တို့ကို ရရှိကြသည် မရရှိကြသည်ဟူသော အချက်တို့ကို အသေးစိတ် လျှောက်ထား မေးမြန်းတော်မူ၏၊ ရဟန္တာအရှင်မြတ်ကြီးတို့ကလည်း မိမိတို့သည် စျာန်အဘိညာဏ်တို့ကို မရရှိကြောင်း, ပညာစခန်းဖြင့်သာ ကိလေသာတို့မှ လွတ်မြောက်လာကြသည့် ပညာဝိမုတ္တပုဂ္ဂိုလ်တို့ဖြစ်ကြောင်းကို အဖြေပေးတော်မူကြ၏။

ထိုရဟန္တာအရှင်မြတ်ကြီးတို့၏ အကျဉ်းချုပ် ဖြေကြားချက်ဖြင့် နားမလည်နိုင်သဖြင့် ဘုရားရှင်ထံသို့ ချဉ်းကပ်၍ ထိုရဟန္တာမထေရ်မြတ်ကြီးတို့နှင့် မိမိ၏ ဆွေးနွေးချက်ဟူသမျှကို အကုန်အစင် ဘုရားရှင်အား တင်ပြ လျှောက်ထားတော်မူ၏၊ ထိုအခါ ဘုရားရှင်က ဤသို့ မိန့်တော်မူ၏ ----

ပုဗ္ဗေ ခေါ သုသိမ ဓမ္မဋ္ဌိတိဉာဏံ၊ ပစ္ဆာ နိဗ္ဗာနေ ဉာဏံ။ (သံ၊၁၊၃၄၄။)

သုသိမ ...သင်္ခါရတရားတို့၏ အနိစ္စအခြင်းအရာ ဒုက္ခအခြင်းအရာ အနတ္တအခြင်းအရာ၌ တည်သော ဓမ္မဋ္ဌိတိဉာဏ် အမည်ရသော ဝိပဿနာဉာဏ်သည် ရှေးဦး ဖြစ်၏။ နိဗ္ဗာန်ကို သိမြင်သော အရိယမဂ်ဉာဏ်သည် နောက်မှ ဖြစ်၏။ (သံ၊၁၊၃၄၄။)

ဤကဲ့သို့သော ဘုရားရှင်၏ အကျဉ်းချုပ် အဖြေဖြင့် နားမလည်နိုင်သဖြင့် မိမိ နားလည်နိုင်လောက်သော အခြင်းအရာအားဖြင့် တရားတော်ကို ဟောကြားပြသ ဆိုဆုံးမပေးတော်မူပါရန် အရှင်သုသိမက ဘုရားရှင်အား တင်ပြ လျှောက်ထားသောအခါ ဘုရားရှင်က ဤသို့ မိန့်တော်မူ၏။ ----

အာဇာနေယျာသိ ဝါ တွံ သုသိမ၊ န ဝါ တွံ အာဇာနေယျာသိ။ အထ ခေါ ဓမ္မဋ္ဌိတိဉာဏံ ပုဗ္ဗေ၊ ပစ္ဆာ နိဗ္ဗာနေ ဉာဏံ။ (သံ၊၁၊၃၄၄။)

ချစ်သား သုသိမ ... သင်သိမူလည်း သိပါစေ၊ သင်မသိမူလည်း မသိပါစေ၊ စင်စစ်မှာမူ ---- သင်္ခါရ တရားတို့၏ အနိစ္စ ဒုက္ခ အနတ္တ အခြင်းအရာ၌ ကောင်းစွာ တည်သော ဓမ္မဋ္ဌိတိ အမည်ရသော ဝိပဿနာဉာဏ်သည် ရှေးဦး ဖြစ်၏။ နိဗ္ဗာန်ကို အာရုံပြုသောအားဖြင့် သိမြင်သော အရိယမဂ်ဉာဏ်သည် နောက်မှ ဖြစ်၏။ (သံ၊၁၊၃၄၄။)

ဆိုလိုရင်းသဘောတရား

အာဇာနေယျာသိ ဝါတိအာဒိ ကသ္မာ ဝုတ္တံ? ဝိနာပိ သမာဓိံ ဧဝံ ဉာဏုပ္ပတ္တိဒဿနတ္ထံ။ ဣဒံ ဟိ ဝုတ္တံ ဟောတိ ---- သုသိမ မဂ္ဂေါ ဝါ ဖလံ ဝါ န သမာဓိနိဿန္ဒော, န သမာဓိအာနိသံသော, န သမာဓိဿ နိပ္ဖတ္တိ၊ ဝိပဿနာယ ပနေသော နိဿန္ဒော, ဝိပဿနာယ အာနိသံသော, ဝိပဿနာယ နိပ္ဖတ္တိ၊ တသ္မာ ဇာနေယျာသိ ဝါ တွွံ, န ဝါ တွံ ဇာနေယျာသိ၊ အထ ခေါ ဓမ္မဋ္ဌိတိဉာဏံ ပုဗ္ဗေ၊ ပစ္ဆာ နိဗ္ဗာနေ ဉာဏန္တိ။ (သံ၊ဋ္ဌ၊၂ ၊၁၁၇။)

ဝိနာပိ သမာဓိန္တိ သမထလက္ခဏပ္ပတ္တံ ပုရိမသိဒ္ဓံ ဝိနာပိ သမာဓိန္တိ ဝိပဿနာယာနိကံ သန္ဓာယ ဝုတ္တံ။ ပ။ န သမာဓိဿ နိဿန္ဒော အနုပုဗ္ဗဝိဟာရာ ဝိယ။ န သမာဓိအာနိသံသော လောကိယာဘိညာ ဝိယ။ န သမာဓိဿ နိပ္ဖတ္တိ သဗ္ဗဘဝဂ္ဂံ ဝိယ။ ဝိပဿနာယ နိပ္ဖတ္တိ မဂ္ဂေါ ဝါ ဖလံ ဝါတိ ယောဇနာ။ (သံ၊ဋီ၊၂၊၁၂၅။)

= သမထလက္ခဏာသို့ ဆိုက်ရောက်နေသော အပ္ပနာစျာန်သမာဓိနှင့် ကင်း၍သော်လည်း အရိယမဂ်ဉာဏ် ဖိုလ်ဉာဏ်၏ ဖြစ်ခြင်းကို ထင်ရှား ပြတော်မူခြင်း အကျိုးငှာ အထက်ပါ စကားရပ်ကို သုသိမ ရဟန်းတော်အား ဘုရားရှင်က မိန့်ကြားတော်မူခြင်း ဖြစ်၏။ ယင်းပါဠိတော်၏ ဆိုလိုရင်းမှာ ဤသို့ ဖြစ်၏။ ----

ချစ်သား သုသိမ ...သမာပတ် (၈)ပါးတည်းဟူသော စျာန်သမထနှင့် ယင်းစျာန်နာမ်တရားတို့ကို လက္ခဏာရေးတင်ကာ ရှုပွားသုံးသပ်ခြင်း ဝိပဿနာကို ယှဉ်စုံကလျက် ယုဂနဒ္ဓနည်းအားဖြင့် အစဉ်အတိုင်း ဝင်စားအပ်သော အနုပုဗ္ဗဝိဟာရ အမည်ရသော နိရောဓသမာပတ်သည် အပ္ပနာစျာန်သမာဓိ၏ အကျိုးဆက် ဖြစ်သကဲ့သို့ အရိယမဂ်ဉာဏ် ဖိုလ်ဉာဏ်သည်ကား အပ္ပနာစျာန်သမာဓိ၏ အကျိုးဆက် မဟုတ်ပေ။ လောကီ အဘိညာဏ်သည် အပ္ပနာစျာန်သမာဓိ၏ အကျိုးအာနိသံသ ဖြစ်သကဲ့သို့ အရိယမဂ်ဉာဏ် ဖိုလ်ဉာဏ်သည် အပ္ပနာစျာန်သမာဓိ၏ အကျိုးအာနိသံသလည်း မဟုတ်ပေ။ ဘဝဂ္ဂ အမည်ရသော ဗြဟ္မာ့ဘုံသည် အပ္ပနာစျာန် သမာဓိကြောင့် ပြီးစီး ဖြစ်ပေါ်လာရသကဲ့သို့ အရိယမဂ်ဉာဏ် ဖိုလ်ဉာဏ်သည် အပ္ပနာစျာန်သမာဓိကြောင့် ပြီးစီး ဖြစ်ပေါ်လာရသည်လည်း မဟုတ်ပေ။ ဤအရိယမဂ်ဉာဏ် ဖိုလ်ဉာဏ်သည် ဓမ္မဋ္ဌိတိ အမည်ရသော ဝိပဿနာဉာဏ်၏ အကျိုးဆက် ဖြစ်၏။ ဝိပဿနာဉာဏ်၏ အကျိုးအာနိသံသ ဖြစ်၏၊ ဝိပဿနာဉာဏ်ကြောင့် ပြီးစီး ဖြစ်ပေါ်လာရ၏။ ထိုကြောင့် သင်သည် သိမူလည်း သိပါစေ၊ သင် မသိမူလည်း မသိပါစေ၊ စင်စစ်မှာမူ သင်္ခါရတရားတို့၏ အနိစ္စ ဒုက္ခ အနတ္တ အခြင်းအရာ၌ကောင်းစွာတည်သော ဓမ္မဋ္ဌိတိအမည်ရသော ဝိပဿနာဉာဏ်သည် ရှေးဦး ဖြစ်၏၊ နိဗ္ဗာန်ကို အာရုံပြုသောအားဖြင့် သိမြင်သော အရိယမဂ်ဉာဏ်သည် နောက်မှဖြစ်၏။ --- ဤသို့ ဆိုလို၏။ (သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ်ကို ရည်ညွှန်း၍ ဘုရားရှင်က မိန့်ကြားတော်မူခြင်း ဖြစ်၏။)

ထိုသို့ ရှင်းပြပြီးနောက် ဘုရားရှင်သည် အရှင်သုသိမအား တေပရိဝဋ္ဋဓမ္မ ဒေသနာနည်းဖြင့် အရဟတ္တဖိုလ်ပေါက် ချေချွတ်တော်မူ၏။

ခန္ဓာ (၅)ပါးတို့ကို ခန္ဓာတစ်ပါး တစ်ပါးစီ၌ အနိစ္စတစ်ကျော့, ဒုက္ခတစ်ကျော့, အနတ္တတစ်ကျော့ အမေး အဖြေ ပြုလုပ်ပြီးမှ --- အတိတ် အနာဂတ် ပစ္စုပ္ပန် အဇ္ဈတ္တ ဗဟိဒ္ဓ ဩဠာရိက သုခုမ ဟီန ပဏီတ ဒူရ သန္တိက-ဟူသော (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသော ရုပ်-ဝေဒနာ-သညာ-သင်္ခါရ-ဝိညာဏ် အသီးအသီးကို လက္ခဏာရေး သုံးတန်တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်ရန် ညွှန်ကြားတော်မူသော ဒေသနာတော်များကို တေပရိဝဋ္ဋဓမ္မ ဒေသနာဟု ခေါ်၏၊ အနတ္တလက္ခဏသုတ္တန်ကဲ့သို့သော သုတ္တန်များတည်း။

အရှင်သုသိမ ကိုယ်တော်မြတ်ကလည်း ဘုရားရှင် ဟောကြားပြသတော်မူသည့် ဒေသနာတော်စဉ်နောက်သို့ ဉာဏ်ကို စေလွှတ်၍ ဘုရားရှင်၏ တရားတော်ကို နာယူရင်း ---- အတိတ် အနာဂတ် ပစ္စုပ္ပန် အဇ္ဈတ္တ ဗဟိဒ္ဓ ဩဠာရိက သုခုမ ဟီန ပဏီတ ဒူရ သန္တိက ---- ဟူသော (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသော ဥပါဒါနက္ခန္ဓာ (၅)ပါးတို့ကို ဘုရားရှင် ဟောကြားတော်မူသည့် အတိုင်း (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသော ခန္ဓာတစ်ပါး တစ်ပါး၌ အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာယာဉ် (၃)ချက် တစ်လှည့်စီ တင်၍ ဝိပဿနာ ရှုပွားသုံးသပ်တော်မူရာ ထိုတေပရိဝဋ္ဋဓမ္မ ဒေသနာတော်၏ အဆုံး၌ ရဟန္တာအဖြစ်သို့ ရောက်ရှိသွားတော်မူလေသည်။

တေပရိဝဋ္ဋဒေသနာဝသာနေ ပန ထေရော အရဟတ္တံ ပတ္တော။ (သံ၊ဋ္ဌ၊၂၊၁၁၇။)

ထိုနောင် ဘုရားရှင်က အရှင်သုသိမအား အောက်ပါ မေးခွန်းများကို ဆက်လက် မေးမြန်းတော်မူ၏။ အရှင်သုသိမ ကိုယ်တော်မြတ်ကလည်း မေးတိုင်း ဖြေကြားတော်မူ၏။ ယင်းအမေးအဖြေတို့တွင် အချို့ကို ဤတွင် ကောက်နုတ်၍ တင်ပြအပ်ပါသည်။

ဇာတိပစ္စယာ ဇရာမရဏန္တိ သုသိမ ပဿသီတိ။ ဧဝံ ဘန္တေ။ ဘဝပစ္စယာ ဇာတီတိ သုသိမ ပဿသီတိ။ ဧဝံ ဘန္တေ။ ဥပါဒါနပစ္စယာ ဘဝေါတိ သုသိမ ပဿသီတိ။ ဧဝံ ဘန္တေ။ တဏှာပစ္စယာ ဥပါဒါနန္တိ သုသိမ ပဿသီတိ။ ဧဝံ ဘန္တေ။ ဝေဒနာပစ္စယာ တဏှာတိ။ ဖဿပစ္စယာ ဝေဒနာတိ။ သဠာယတနပစ္စယာ ဖေဿာတိ။ နာမရူပပစ္စယာ သဠာယတနန္တိ။ ဝိညာဏပစ္စယာ နာမရူပန္တိ်။ သင်္ခါရပစ္စယာ ဝိညာဏန္တိ။အဝိဇ္ဇာပစ္စယာ သင်္ခါရာတိ သုသိမ ပဿသီတိ။ ဧဝံ ဘန္တေ။

ဇာတိနိရောဓာ ဇရာမရဏနိရောဓောတိ သုသိမ ပဿသီတိ။ ဧဝံ ဘန္တေ။ဘဝနိရောဓာ ဇာတိနိရောဓောတိ သုသိမ ပဿသီတိ။ ဧဝံ ဘန္တေ။ ဥပါဒါနနိရောဓာ ဘဝနိရောဓောတိ။ တဏှာနိရောဓာ ဥပါဒါနနိရောဓောတိ။ ဝေဒနာနိရောဓာ တဏှာနိရောဓောတိ။ ဖဿနိရောဓာ ဝေဒနာနိရောဓော တိ။ သဠာယတနနိရောဓာ ဖဿနိရောဓောတိ။ နာမရူပနိရောဓာ သဠာယတနနိရောဓောတိ။ ဝိညာဏနိရောဓာ နာမရူပနိရောဓောတိ။ သင်္ခါရနိရောဓာ ဝိညာဏနိရောဓောတိ။ အဝိဇ္ဇာနိရောဓာ သင်္ခါရနိရောဓောတိ သုသိမ ပဿသီတိ။ ဧဝံ ဘန္တေ။ (သံ၊၁၊၃၄၅-၃၄၆။ )

သုသိမ ...ဇာတိအကြောင်းခံကြောင့် ဇရာမရဏ ဖြစ်၏ဟု သိမြင်ပါသလော။ သိမြင်ပါသည် အရှင်ဘုရား။

သုသိမ ...ဘဝ အကြောင်းခံကြောင့် ဇာတိ ဖြစ်၏ဟု သိမြင်ပါသလော။ သိမြင်ပါသည် အရှင်ဘုရား။

သုသိမ ...ဥပါဒါန် အကြောင်းခံကြောင့် ဘဝ ဖြစ်၏ဟု သိမြင်ပါသလော။ သိမြင်ပါသည် အရှင်ဘုရား။

သုသိမ ...တဏှာ အကြောင်းခံကြောင့် ဥပါဒါန် ဖြစ်၏ဟု သိမြင်ပါသလော။ သိမြင်ပါသည် အရှင်ဘုရား။

သုသိမ ...ဝေဒနာ အကြောင်းခံကြောင့် တဏှာ ဖြစ်၏ဟု သိမြင်ပါသလော ။ ပ ။

သုသိမ ...ဖဿ အကြောင်းခံကြောင့် ဝေဒနာ ဖြစ်၏ဟု သိမြင်ပါသလော ။ ပ ။

သုသိမ ...သဠာယတန အကြောင်းခံကြောင့် ဖဿ ဖြစ်၏ဟု သိမြင်ပါသလော ။ ပ ။

သုသိမ ...နာမ်ရုပ် အကြောင်းခံကြောင့် သဠာယတန ဖြစ်၏ဟု သိမြင်ပါသလော ။ ပ ။

သုသိမ ...ဝိညာဏ် အကြောင်းခံကြောင့် နာမ်ရုပ် ဖြစ်၏ဟု သိမြင်ပါသလော ။ ပ ။

သုသိမ ...သင်္ခါရ အကြောင်းခံကြောင့် ဝိညာဏ် ဖြစ်၏ဟု သိမြင်ပါသလော ။ ပ ။

သုသိမ ...အဝိဇ္ဇာ အကြောင်းခံကြောင့် သင်္ခါရတို့ ဖြစ်ကုန်၏ဟု သိမြင်ပါသလော။ သိမြင်ပါသည် အရှင်ဘုရား။

သုသိမ ...ဇာတိ ချုပ်ခြင်းကြောင့် ဇရာမရဏ ချုပ်၏ဟု သိမြင်ပါသလော။ သိမြင်ပါသည် အရှင်ဘုရား။

သုသိမ ...ဘဝ ချုပ်ခြင်းကြောင့် ဇာတိ ချုပ်၏ဟု သိမြင်ပါသလော ။ ပ ။

သုသိမ ...ဥပါဒါန် ချုပ်ခြင်းကြောင့် ဘဝ ချုပ်၏ဟု သိမြင်ပါသလော ။ ပ ။

သုသိမ ...တဏှာ ချုပ်ခြင်းကြောင့် ဥပါဒါန် ချုပ်၏ဟု သိမြင်ပါသလော ။ ပ ။

သုသိမ ...ဝေဒနာ ချုပ်ခြင်းကြောင့် တဏှာ ချုပ်၏ဟု သိမြင်ပါသလော ။ ပ ။

သုသိမ ...ဖဿ ချုပ်ခြင်းကြောင့် ဝေဒနာ ချုပ်၏ဟု သိမြင်ပါသလော ။ ပ ။

သုသိမ ...သဠာယတန ချုပ်ခြင်းကြောင့် ဖဿ ချုပ်၏ဟု သိမြင်ပါသလော ။ ပ ။

သုသိမ ...နာမ်ရုပ် ချုပ်ခြင်းကြောင့် သဠာယတနချုပ်၏ဟု သိမြင်ပါသလော ။ ပ ။

သုသိမ ...ဝိညာဏ် ချုပ်ခြင်းကြောင့် နာမ်ရုပ် ချုပ်၏ဟု သိမြင်ပါသလော ။ ပ ။

သုသိမ ...သင်္ခါရ ချုပ်ခြင်းကြောင့် ဝိညာဏ် ချုပ်၏ဟု သိမြင်ပါသလော ။ ပ ။

သုသိမ ...အဝိဇ္ဇာ ချုပ်ခြင်းကြောင့် သင်္ခါရတို့ ချုပ်ကုန်၏ဟု သိမြင်ပါသလော။ သိမြင်ပါသည် အရှင်ဘုရား။

ထိုနောင် ဘုရားရှင်က ---- သုသိမ ...ဤသို့ သိသော ဤသို့ မြင်သော သင်သည် တန်ခိုး အမျိုးမျိုးကို ဖန်ဆင်းနိုင်ပါသလောစသည်ဖြင့် အဘိညာဏ်များ စျာန်သမာပတ်များကို ရရှိမှု ရှိ-မရှိကို ဆက်လက်၍ အသီးအသီး မေးတော်မူ၏။ ထိုအခါ ရဟန္တာဖြစ်စ သုသိမအရှင်မြတ်ကလည်း အဘိညာဏ်အမျိုးမျိုးနှင့် စျာန်သမာပတ်တို့ကို မရရှိကြောင်း အသီးအသီး ဖြေကြား လျှောက်ထားတော်မူ၏။ ထိုအခါ ဘုရားရှင်က---

သုသိမ ...ဤအဘိညာဏ်နှင့် စျာန်သမာပတ်တို့သို့လည်း မရောက်ဘဲလျက် ဤကြောင်း-ကျိုးဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်သဘောတရားတို့ကိုလည်း အနုလုံ ပဋိလုံအားဖြင့် ဖြစ်မှု (=သံသရာစက်ရဟတ် လည်ပတ်မှု) ချုပ်မှု (= သံသရာစက်ရဟတ် ရပ်စဲချုပ်ငြိမ်းမှု)တို့ကို သိပါကြောင်း ဖြေကြားချက်သည် အသို့ပါနည်းဟု မေးမြန်းတော်မူ၏။

ထိုအခါတွင် အရှင်သုသိမ ရဟန္တာမထေရ်မြတ်သည် တရားခိုးရန်ဟူသော ဦးတည်ချက်ဖြင့် သာသနာတော်တွင်းသို့ ဝင်ရောက်၍ ရှင်ရဟန်းပြုမိလာသော မိမိ၏ မိုက်ပြစ်များကို ဘုရားရှင်အား ဝန်ချတောင်းပန် ကန်တော့လေသည်။ (အကျယ်ကို -- သံ၊၁၊၃၄၀-၃၄၈-၌ ကြည့်ပါ။)

ဤသုတ္တန်တွင် ကြောင်း-ကျိုးဆက် = ပဋိစ္စသမုပ္ပါဒ် သဘောတရားတို့ကို ဖြစ်စဉ် ချုပ်စဉ် နှစ်မျိုးလုံးဖြင့် = အနုလုံ ပဋိလုံအားဖြင့် အပြန်အလှန် အစအဆုံး သိတော်မူသော အရှင်သုသိမကား အဘိညာဏ် (၅)ပါးနှင့် စျာန်သမာပတ် (၈)ပါးတို့ကို မရရှိပါကြောင်းကို သူကိုယ်တိုင် ဘုရားရှင်၏ မျက်မှောက်တော်၌ ဝန်ခံစကား လျှောက်ကြားခဲ့ပေသည်။ ထိုကြောင့် ကြောင်း-ကျိုးဆက် = ပဋိစ္စသမုပ္ပါဒ် သဘောတရားတို့ကို ရှုခြင်းသည် စျာန်အဘိညာဏ်တို့ကို မရရှိသော သုက္ခဝိပဿကပုဂ္ဂိုလ်များလည်း ရှု၍ ရနိုင်သော အရာဌာနမျိုးသာ ဖြစ်သည်ဟု ယုံကြည်စိတ်ချစွာ နာယူ မှတ်သားထားလေရာသည် သူတော်ကောင်းအပေါင်းတို့ ....

နိဿယဆရာတော်များ၏ သုံးသပ်ချက်

နိဒါနဝဂ္ဂသံယုတ် ပါဠိတော်နိဿယသစ်ကို ပြုစီရင်တော်မူကြကုန်သော ဆရာတော်ဘုရားကြီးများက ကျမ်းဦးမှတ်ဖွယ် အပိုင်း (ဋ)တွင် ပဋိစ္စသမုပ္ပါဒ် တရားတော်ဟူသော ခေါင်းစဉ်ဖြင့် အောက်ပါ သုံးသပ်ချက်ကို တင်ပြထားတော်မူကြ၏။ ----

ဤပဋိစ္စသမုပ္ပါဒ် တရားသဘောကို မြတ်စွာဘုရားက တည်ထောင်ဖန်တီးထားသည် မဟုတ်၊ ဘုရား ပွင့်တော်မူသည် ဖြစ်စေ ပွင့်တော်မမူသည် ဖြစ်စေ ဤတရားသဘောသည် ရှိနေသည်သာ ဖြစ်၏။ သို့သော် ဘုရားရှင်တို့ ပွင့်ထွန်းပေါ်ပေါက်တော်မူသော အခါမှသာလျှင် ထိုဘုရားရှင်တို့၏ ဖော်ထုတ် ဟောကြားမှုကြောင့် ဤတရားတော်ကို သတ္တဝါတို့ သိရှိခွင့် ရကြသည်။ အကယ်၍ ဘုရားပွင့်တော်မမူသော်လည်းကောင်း, ဘုရား ပွင့်တော်မူသော်လည်း တရားတော်ကို မနာယူရသော်လည်းကောင်း, တရားတော်ကို နာယူရသော်လည်း သဿတဒိဋ္ဌိ ဥစ္ဆေဒဒိဋ္ဌိ ဝါဒဆိုးကြီးများကို စွဲလမ်း ဆုပ်ကိုင်ထားသော်လည်းကောင်း ဤပဋိစ္စသမုပ္ပါဒ်သဘောတရားကို သိရှိနားလည်နိုင်ကြမည် မဟုတ်ပါ။

ဤပဋိစ္စသမုပ္ပါဒ်တရားတော်သည် နက်ယောင်နဲ့ နက်၏၊ ခက်ယောင်နဲ့ ခက်၏၊ ဤတရားတော်ကို လွယ်သည် တိမ်သည်ဟု ပြောသော အရှင်အာနန္ဒာအား မြတ်စွာဘုရားက မာဟေဝံ အာနန္ဒ = အာနန္ဒာ ဒီလို မပြောနဲ့ဟု တားမြစ်တော်မူခဲ့လေသည်။ မည်မျှပင် အသိခက်၍ နက်နဲငြားသော်လည်း ဤပဋိစ္စသမုပ္ပါဒ်တရားတော်ကို ပိုင်းခြား၍ မသိဘဲ သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်နိုင်မည် မဟုတ်ချေ။ ဤတရားကို မသိဘဲ သမဏ ဗြဟ္မဏဟု အခေါ်မခံထိုက်ချေ။ ပွင့်တော်မူပြီး ပွင့်တော်မူဆဲ ပွင့်တော်မူလတ္တံ့သော ဘုရားရှင်တို့သည် ဤပဋိစ္စသမုပ္ပါဒ် တရားတော်ကို ပိုင်းခြား၍ သိတော်မူကြခြင်းကြောင့် ဘုရားအဖြစ်သို့ ရောက်တော်မူပြီး ရောက်တော်မူဆဲ ရောက်တော်မူလတ္တံ့ ဖြစ်ကြသည်။ သတ္တဝါအပေါင်းသည် ဤပဋိစ္စသမုပ္ပါဒ် တရားတော်ကို ပိုင်းခြား၍ မသိသေးသမျှ ကာလပတ်လုံး သဿတဒိဋ္ဌိ ဥစ္ဆေဒဒိဋ္ဌိတည်းဟူသော ချောက်ကြီးတစ်ခုခု အတွင်းသို့ ကျရောက်ကာ ဆင်းရဲဒုက္ခအပေါင်းကို ခံစားနေကြရဦးမည်သာ ဖြစ်၏။ ထိုကြောင့် သံသရာဝဋ်ဒုက္ခမှ လွတ်မြောက်လိုသူတို့သည် ဤပဋိစ္စသမုပ္ပါဒ် တရားတော်ကို ထိုးထွင်းသိနိုင်ရန် ကြိုးပမ်းကြရမည် ဖြစ်ကြောင်းကို နိဒါနသံယုတ်၌ ဟောတော်မူခဲ့သည်။ (နိဒါနဝဂ္ဂသံယုတ် ပါဠိတော်နိဿယ ကျမ်းဦးမှတ်ဖွယ် ---- ဋ။)

ယုံမှားခြင်း ဝိစိကိစ္ဆာတရား (၁၆) ပါးကို ပယ်နိုင်သည်

သော ဧဝံ ပစ္စယတော နာမရူပဿ ပဝတ္တိံ ဒိသွာ ယထာ ဣဒံ ဧတရဟိ၊ ဧဝံ အတီတေပိ အဒ္ဓါနေ ပစ္စယတော ပဝတ္တိတ္ထ၊ အနာဂတေပိ ပစ္စယတော ပဝတ္တိဿတီတိ သမနုပဿတိ။

တေဿဝံ သမနုပဿတော ယာ သာ ပုဗ္ဗန္တံ အာရဗ္ဘ ---- အဟောသိံ နု ခေါ အဟံ အတီတမဒ္ဓါနံ, နနု ခေါ အဟောသိံ အတီတမဒ္ဓါနံ, ကိံနု ခေါ အဟောသိံ အတီတမဒ္ဓါနံ, ကထံ နု ခေါ အဟောသိံ အတီတမဒ္ဓါနံ, ကိံဟုတွာ ကိံအဟောသိံနု ခေါ အဟံ အတီတမဒ္ဓါနန္တိ ပဉ္စဝိဓာ ဝိစိကိစ္ဆာ ဝုတ္တာ၊

ယာပိ အပရန္တံ အာရဗ္ဘ ---- ဘဝိဿာမိ နု ခေါ အဟံ အနာဂတမဒ္ဓါနံ, နနု ခေါ ဘဝိဿာမိ အနာဂတမဒ္ဓါနံ, ကိံနု ခေါ ဘဝိဿာမိ အနာဂတမဒ္ဓါနံ, ကထံ နု ခေါ ဘဝိဿာမိ အနာဂတမဒ္ဓါနံ, ကိံဟုတွာ ကိံဘဝိဿာမိ နု ခေါ အဟံ အနာဂတမဒ္ဓါနန္တိ ပဉ္စဝိဓာ ဝိစိကိစ္ဆာ ဝုတ္တာ၊

ယာပိ ပစ္စုပ္ပန္နံ အာရဗ္ဘ ---- ဧတရဟိ ဝါ ပန ပစ္စုပ္ပန္နံ အဒ္ဓါနံ အဇ္ဈတ္တံ ကထံ ကထီ ဟောတိ ---- အဟံ နု ခေါသ္မိ, နော နု ခေါသ္မိ, ကိံ နု ခေါသ္မိ, ကထံ နု ခေါသ္မိ, အယံ နု ခေါ သတ္တော ကုတော အာဂတော, သော ကုဟိံ ဂါမီ ဘဝိဿတီတိ ဆဗ္ဗိဓာ ဝိစိကိစ္ဆာ ဝုတ္တာ၊ သာ သဗ္ဗာပိ ပဟီယတိ။ (ဝိသုဒ္ဓိ၊၂ ၊၂၃၄။)

ပဝတ္တိံ ဒိသွာတိ ဧတရဟိ ပဝတ္တိံ ဒိသွာ။ ဧဝန္တိ ဣမိနာ န ကေဝလံ သပ္ပစ္စယတာမတ္တမေဝ ပစ္စာမဋ္ဌံ၊ အထ ခေါ ယာဒိသေဟိ ပစ္စယေဟိ ဧတရဟိ ပဝတ္တတိ၊ တာဒိသေဟိ အဝိဇ္ဇာဒိပစ္စယေဟေဝ အတီတေပိ ပဝတ္တိတ္ထာတိ ပစ္စယသဒိသတာပိ ပစ္စာမဋ္ဌာတိ ဒဋ္ဌဗ္ဗံ။ (မဟာဋီ၊၂ ၊၃၇၃။)

= ထိုယောဂါဝစရရဟန်းတော်သည် ဤသို့ အတိတ်က ပြုစုပျိုးထောင်ခဲ့သော အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံ - စသော အကြောင်းတရားကြောင့် ဤယခု ပစ္စုပ္ပန်ဘဝ၌ နာမ်ရုပ်၏ ဖြစ်ခြင်းကို သမ္မာဒိဋ္ဌိဉာဏ် ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်ပြီး၍ ----- ဤနာမ်ရုပ်သည် ဤယခု ပစ္စုပ္ပန်ဘဝ၌ အတိတ်က ပြုစုပျိုးထောင်ခဲ့သော အဝိဇ္ဇာစသော အကြောင်းတရားကြောင့် ထင်ရှား ဖြစ်ပေါ်လာရသကဲ့သို့ ---- ဤအတူ အတိတ်ဖြစ်သော အဓွန့်ကာလ၌လည်း ဤနာမ်ရုပ်သည် (ဆိုင်ရာ ဆိုင်ရာ အတိတ်ဘဝက ပြုစုပျိုးထောင်ခဲ့သော) အဝိဇ္ဇာစသော အကြောင်းတရားကြောင့် ဖြစ်ခဲ့လေပြီ။ နောင် အနာဂတ် အဓွန့်ကာလ၌လည်း (ပစ္စုပ္ပန်ဘဝ၌ ပြုစုပျိုးထောင်ထားသော သို့မဟုတ် ဆိုင်ရာ အတိတ်ဘဝထိုထိုက ပြုစုပျိုးထောင်ထားခဲ့သော) အဝိဇ္ဇာစသော အကြောင်းတရားကြောင့် ဤနာမ်ရုပ်သည် ဖြစ်ပေလတ္တံ့ဟု သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်အောင် အဖန်တလဲလဲ ရှု၏။

ဤသို့ အဖန်တလဲလဲ ရှုသော ယောဂါဝစရပုဂ္ဂိုလ်သည် ---

၁။ အတိတ်ဖြစ်သော ခန္ဓာအစဉ် ကောဋ္ဌာသကို အကြောင်းပြု၍ ဖြစ်ပေါ်လာသော ယုံမှားခြင်း ဝိစိကိစ္ဆာ တရား (၅)ပါး၊

၂။ အနာဂတ်ဖြစ်သော ခန္ဓာအစဉ် ကောဋ္ဌာသကို အကြောင်းပြု၍ ဖြစ်ပေါ်လာသော ယုံမှားခြင်း ဝိစိကိစ္ဆာ တရား (၅)ပါး၊

၃။ ပစ္စုပ္ပန်ဖြစ်သော ခန္ဓာအစဉ် ကောဋ္ဌာသကို အကြောင်းပြု၍ ဖြစ်ပေါ်လာသော ယုံမှားခြင်း ဝိစိကိစ္ဆာ တရား (၆)ပါး၊

ဤ (၁၆)မျိုးသော ယုံမှားခြင်း ဝိစိကိစ္ဆာတရားကို ပယ်ရှားနိုင်၏။

ဤ (၁၆)မျိုးသော ယုံမှားခြင်း ဝိစိကိစ္ဆာတရားတို့ကို ဘုရားရှင်သည် ဟောကြားထားတော်မူခဲ့၏။ မူလပဏ္ဏာသပါဠိတော် သဗ္ဗာသဝသုတ္တန် (မ၊၁၊၁၀။)၌ လာရှိ၏။ ယင်းတို့မှာ အောက်ပါအတိုင်း ဖြစ်၏။

အတိတ် ဖြစ်သော ခန္ဓာအစဉ် အဖို့အစု = ကောဋ္ဌာသကို အကြောင်းပြု၍ ဖြစ်ပေါ်လာသော ယုံမှားခြင်း ဝိစိကိစ္ဆာတရား (၅) မျိုးရှိ၏။ ---

၁။ အဟောသိံ နု ခေါ အဟံ အတီတမဒ္ဓါနံ = ငါသည် လွန်လေပြီးသော အတိတ်ကာလ၌ ဖြစ်ခဲ့ဖူးလေသလော။

၂။ နနု ခေါ အဟောသိံ အတီတမဒ္ဓါနံ = ငါသည် လွန်လေပြီးသော အတိတ်ကာလ၌ မဖြစ်ခဲ့ဖူးလေသလော။

[မှတ်ချက် ---- သဿတာကာရ = အတ္တဟု ဆိုအပ်သော မိမိသည် မြဲ၏ဟု စွဲယူသော သဿတအခြင်းအရာကို အမှီပြု၍ --- ငါသည် လွန်လေပြီးသော အတိတ်ကာလ၌ ဖြစ်ခဲ့ဖူးလေသလော--- အတိတ်ကာလ၌ မိမိဟု ဆိုအပ်သော အတ္တ၏ သို့မဟုတ် မိမိ၏ ထင်ရှားရှိမှုကို ယုံမှားသံသယ ရှိ၏။ ။ အဓိစ္စသမုပ္ပတ္တိအာကာရ = အတ္တဟုဆိုအပ်သော မိမိသည် အကြောင်းမရှိဘဲ သူ့အလိုအလျောက် သက်သက် ဖြစ်ပေါ်လာ၏ = သဘာဝ ဓမ္မတာအလျောက် ဖြစ်ပေါ်လာ၏ဟု စွဲယူသော အဓိစ္စသမုပ္ပတ္တိ အခြင်းအရာကို အမှီပြု၍ --- အကြင်အခါမှ အစပြု၍ ငါသည် ဖြစ်၏၊ ထိုအခါမှ ရှေး၌ ငါသည် မဖြစ်ခဲ့ဖူးလေသလောဟု အတိတ်၌ မိမိ၏ သို့မဟုတ် မိမိဟု ဆိုအပ်သော အတ္တ၏ ထင်ရှားမရှိမှုကိုလည်း ယုံမှားသံသယရှိ၏။ပုထုဇန်ကား အရူးနှင့်တူ၏၊ ထိုထို ဤဤ တောင်တောင် မြောက်မြောက် တွေးခေါ်ချင်သလို တွေးခေါ်နေတတ်၏၊ စိတ်ဖြစ်ချင်သလို ဖြစ်နေတတ်၏။ တစ်နည်းဆိုသော် ဤအရာ၌ အယောနိသောမနသိကာရ = နည်းမှား လမ်းမှား နှလုံးသွင်းမှုသည်ပင်လျှင် အကြောင်းရင်း ဖြစ်၏။ ဤသို့ဖြစ်သော် အယောနိသောမနသိကာရ၏ အကြောင်းကား အသို့နည်းဟု မေးရန် ရှိ၏။ ထိုမိုက်မဲသည့် ပုထုဇန်အဖြစ်သည်လည်းကောင်း ဘုရားအစရှိသော အရိယာသူတော်ကောင်းတို့ကို မဖူးမြော်ခြင်းသည်လည်းကောင်း ဤသို့စသော အကြောင်းတရားတို့ပင်တည်း။ ပုထုဇန်၏ သန္တာန်၌လည်း ယောနိသောမနသိကာရ ဖြစ်နိုင်သည်ပင် မဟုတ်ပါလောဟုလည်း မေးရန်ရှိ၏။ ပုထုဇန်သည်လည်း ယောနိသောမနသိကာရ = နည်းမှန် လမ်းမှန် နှလုံးသွင်းမှု မပြုဟု အဘယ်သူက ဤသို့ ဆိုနေသနည်း။ ထိုယောနိသောမနသိကာရကို ပြုလုပ်ရာ၌ ပုထုဇန် အဖြစ်သည်ကား အကြောင်းမဟုတ်ပေ။ ထိုယောနိသောမနသိကာရကို ပြုရာ၌ သဒ္ဓမ္မဿဝန = ဘုရားအစရှိသော အရိယာသူတော်ကောင်းတို့၏ သစ္စာလေးပါးနှင့် စပ်သော တရားစကားကို နာကြားခြင်း, ကလျာဏမိတ္တ = ဘုရားအစရှိသော သူတော်ကောင်းတည်းဟူသော မိတ်ကောင်း ဆွေကောင်း ရှိခြင်း --- ဤသို့ စသည်တို့သည်သာလျှင် အကြောင်းတရားတို့ ဖြစ်ကြ၏။ မှန်ပေသည် ငါး အမဲ စသည်တို့သည် မိမိ မိမိ၏ ပင်ကိုပကတိသဘောအားဖြင့် ကောင်းသောအနံ့ ရှိကုန်သည်ကား မဟုတ်ကုန်၊ ပြုပြင် မွမ်းမံမှု အကြောင်းတရားကြောင့်ကား ကောင်းသောအနံ့ ရှိရကုန်သည်လည်း ဖြစ်ရကုန်၏။ --- မ၊ဋ္ဌ၊၁၊၇၁။ မ၊ဋီ၊၁၊၁၅၅။]

၃။ ကိံနု ခေါ အဟောသိံ အတီတမဒ္ဓါနံ = ငါသည် လွန်လေပြီးသော အတိတ်ကာလ၌ အဘယ်သို့သောသူ ဖြစ်ဖူးလေသနည်း။

[အမျိုးဇာတ်, လိင်အသွင်သဏ္ဌာန်, ပဋိသန္ဓေ အမျိုးအစားတို့ကို အမှီပြု၍ မင်းမျိုးမင်းနွယ် ဖြစ်ဖူး လေသလော၊ ပုဏ္ဏားအမျိုးအနွယ် သူကြွယ်အမျိုးအနွယ် သူဆင်းရဲအမျိုးအနွယ် ဖြစ်ဖူးလေသလော၊ အိမ်ရာ တည်ထောင် လူ့ဘောင်၌ ဖြစ်ခဲ့ဖူးလေသလော၊ အိမ်ရာ မထောင်သည့် ရဟန်းဘောင်သို့ ဝင်ရောက်၍ ရှင်ရဟန်း ပြုခဲ့ဖူးလေသလော၊ လူ ဖြစ်ခဲ့ဖူးလေသလော၊ နတ် ဖြစ်ခဲ့ဖူးလေသလော၊ ဤသို့ ယုံမှားသံသယ ရှိ၏။]

၄။ ကထံ နု ခေါ အဟောသိံ အတီတမဒ္ဓါနံ = ငါသည် လွန်လေပြီးသော အတိတ်ကာလ၌ အဘယ်သို့သော အခြင်းအရာအားဖြင့် ဖြစ်ဖူးလေသနည်း။

[ပုံအသွင်သဏ္ဌာန် အခြင်းအရာကို အမှီပြု၍ --- ငါသည် အရပ်ရှည်ရှည်မြင့်မြင့် ဖြစ်ခဲ့ဖူးလေသလော၊ အရပ်အမောင်းတိုသူ, အသားဖြူသူ, အသားမည်းသူ, အတိုင်းအရှည် ရှိသောသူ, အတိုင်းအရှည် မရှိသောသူ စသည်တို့တွင်လည်း တစ်မျိုးမျိုးသည် ဖြစ်ခဲ့ဖူးလေသလော ဤသို့ ယုံမှားသံသယ ရှိ၏။ ကေစိဆရာတို့သည်ကား ဖန်ဆင်းရှင် ဣဿရက ဖန်ဆင်းခြင်းကြောင့် ဖြစ်လေသလော၊ မဟာဗြဟ္မာက ဖန်ဆင်းခြင်းကြောင့် ဖြစ်လေသလော၊ ရှေးက ပြုခဲ့ဖူးသော ကံကြောင့် ဖြစ်လေသလော၊ အကြောင်းမရှိဘဲ ဖြစ်လေသလောဟု ကြံစည်၍, ဖန်ဆင်းရှင် ဣဿရက ဖန်ဆင်းခြင်းစသည်ကို အမှီပြု၍ --- အဘယ်သို့သော အကြောင်းတရားကြောင့် ဖြစ်ခဲ့ဖူးလေသနည်း --- ဟု အကြောင်းတရားအားဖြင့် ယုံမှားသံသယ ရှိ၏ဟု ဆိုကြကုန်၏။ ---- မ၊ဋ္ဌ၊၁၊၇၁။]

၅။ ကိံဟုတွာ ကိံအဟောသိံနု ခေါ အဟံ အတီတမဒ္ဓါနံ = ငါသည် လွန်လေပြီးသော အတိတ်ကာလ၌ အဘယ်သို့သောသူသည် ဖြစ်ပြီး၍ အဘယ်သို့သောသူသည် ဖြစ်ဖူးလေသနည်း။

[အမျိုးဇာတ် အနွယ် အစရှိသည်ကို အမှီပြု၍ ---- ရှင်ဘုရင် = မင်းမျိုးမင်းနွယ် ဖြစ်ပြီးနောက် ပုဏ္ဏား ဖြစ်ခဲ့ဖူးလေသလော၊ ဘဝတစ်ခုတွင် သူဌေးသူကြွယ် ဖြစ်ပြီးနောက် နောက်ဘဝတစ်ခုတွင် သူဆင်းရဲ ဖြစ်ခဲ့ဖူးလေသလော၊ ဘဝတစ်ခုတွင် အိမ်ရာတည်ထောင် လူ့ဘောင်၌ နေခဲ့ဖူး၍ နောက်ဘဝတစ်ခုတွင် ရသေ့ရဟန်း ပြုခဲ့ဖူးလေသလော၊ ဘဝတစ်ခုတွင် နတ် ဖြစ်ခဲ့ဖူး၍ နောက်ဘဝတစ်ခုတွင် လူ ဖြစ်ခဲ့ဖူးလေသလော၊ ---- ဤသို့လျှင် မိမိ၏ သို့မဟုတ် မိမိဟု ဆိုအပ်သော အတ္တ၏ အတိတ်အဆက်ဆက်၌ ဖြစ်ခဲ့ပုံကို ယုံမှားသံသယ ရှိ၏။ -မ၊ဋ္ဌ၊၁၊၇၁။]

ဤကား အတိတ်ဖြစ်သော ခန္ဓာအစဉ် အဖို့အစု ကောဋ္ဌာသကို အာရုံပြု၍ ဖြစ်ပေါ်လာသော ယုံမှားခြင်း ဝိစိကိစ္ဆာ (၅) မျိုးတည်း။ အနာဂတ်ဖြစ်သော ခန္ဓာအစဉ် အဖို့အစု ကောဋ္ဌာသကို အာရုံပြု၍ ဖြစ်ပေါ်လာသော ယုံမှားခြင်း ဝိစိကိစ္ဆာ (၅) မျိုးမှာ အောက်ပါအတိုင်း ဖြစ်၏။ ----

၁။ ဘဝိဿာမိ နု ခေါ အဟံ အနာဂတမဒ္ဓါနံ = ငါသည် နောင်လာလတ္တံ့သော အနာဂတ်ကာလ၌ (= သေပြီး နောက်ကာလ၌) ဖြစ်ရလတ္တံ့လေလော။

၂။ နနု ခေါ ဘဝိဿာမိ အနာဂတမဒ္ဓါနံ = ငါသည် နောင်လာလတ္တံ့သော အနာဂတ်ကာလ၌ မဖြစ်ရ လတ္တံ့လေလော။

[အတ္တသည် မြဲ၏ဟူသော သဿတ အခြင်းအရာကို အမှီပြု၍ --- ငါသည် နောင်အနာဂတ်ကာလ၌ ဖြစ်လတ္တံ့လေလောဟု နောင်အနာဂတ်ကာလ၌ မိမိ၏ သို့မဟုတ် မိမိဟု ဆိုအပ်သော အတ္တ၏ ထင်ရှားရှိမှုကို ယုံမှားသံသယ ရှိ၏။ အတ္တသည် သေလျှင်ပြတ်၏ဟု ယူသော ဥစ္ဆေဒ အခြင်းအရာကို အမှီပြု၍ --- အကြင် အတ္တဘော၌ ငါသည် ဖြစ်၏၊ ထိုမှ နောက်ကာလ၌ ငါသည် မဖြစ်ရလတ္တံ့လေလောဟု နောင်အနာဂတ်ကာလ၌ မိမိ၏ သို့မဟုတ် မိမိဟု ဆိုအပ်သော အတ္တ၏ ထင်ရှားမရှိမှုကိုလည်း ယုံမှားသံသယရှိ၏။ ---- မ၊ဋ္ဌ၊၁၊၇၂။ မ၊ဋီ၊၁၊၁၅၆။]

၃။ ကိံနု ခေါ ဘဝိဿာမိ အနာဂတမဒ္ဓါနံ = ငါသည် နောင်လာလတ္တံ့သော အနာဂတ်ကာလ၌ အဘယ်သို့သောသူသည် ဖြစ်ရလတ္တံ့နည်း။

[မင်း ဖြစ်လတ္တံ့လော၊ ပုဏ္ဏား ဖြစ်လတ္တံ့လော၊ သူဌေးသူကြွယ် ဖြစ်လတ္တံ့လော၊ သူဆင်းရဲ ဖြစ်လတ္တံ့လော၊ လူ ဖြစ်လတ္တံ့လော၊ ရဟန်း ဖြစ်လတ္တံ့လော၊ နတ် ဖြစ်လတ္တံ့လော --- ဤသို့ စသည်ဖြင့် ယုံမှားသံသယ ရှိ၏။]

၄။ ကထံ နု ခေါ ဘဝိဿာမိ အနာဂတမဒ္ဓါနံ = ငါသည် နောင်လာလတ္တံ့သော အနာဂတ်ကာလ၌ အဘယ်သို့သော အခြင်းအရာအားဖြင့် ဖြစ်လတ္တံ့နည်း။

[အရပ်ရှည်မည်လော၊ အရပ်တိုမည်လော၊ အသားဖြူမည်လော၊ အသားမည်းမည်လော (= အသားမည်းနက်မည်လော) --- ဤသို့ စသည်ဖြင့် ယုံမှားသံသယ ရှိ၏။]

၅။ ကိံဟုတွာ ကိံဘဝိဿာမိ နု ခေါ အဟံ အနာဂတမဒ္ဓါနံ = ငါသည် နောင်လာလတ္တံ့သော အနာဂတ်ကာလ၌ အဘယ်သို့သောသူသည် ဖြစ်ရ၍ နောက်ထပ် အဘယ်သို့သောသူသည် ဖြစ်ရလတ္တံ့နည်း။

[မင်းမျိုးမင်းနွယ် ဖြစ်ပြီးနောက် ပုဏ္ဏား ဖြစ်လတ္တံ့လော၊ သူဌေးသူကြွယ် ဖြစ်ပြီးနောက် သူဆင်းရဲ ဖြစ်လတ္တံ့လော၊ ရသေ့ရဟန်း ဖြစ်ပြီးနောက် လူ ဖြစ်လတ္တံ့လော၊ နတ် ဖြစ်ပြီးနောက် လူ ဖြစ်လတ္တံ့လော -- ဤသို့ စသည်ဖြင့် ယုံမှားသံသယ ရှိ၏။]

ဤကား အနာဂတ်ဖြစ်သော ခန္ဓာအစဉ် အဖို့အစု ကောဋ္ဌာသကို အာရုံပြု၍ ဖြစ်ပေါ်လာသော ယုံမှားခြင်း ဝိစိကိစ္ဆာ (၅)မျိုး ဖြစ်သည်။ ပစ္စုပ္ပန်ဖြစ်သော ခန္ဓာအစဉ် အဖို့အစု ကောဋ္ဌာသကို အာရုံပြု၍ ဖြစ်ပေါ်လာသော ယုံမှားခြင်း ဝိစိကိစ္ဆာ (၆)မျိုးမှာ အောက်ပါအတိုင်း ဖြစ်၏။

ယခု မျက်မှောက်ဘဝ၌မူလည်း ပဋိသန္ဓေအစ စုတိအဆုံးရှိသော အလုံးစုံသော ပစ္စုပ္ပန်ကာလကို အာရုံပြု၍ မိမိ ခန္ဓာအစဉ်၌ သို့လော သို့လော တွေးတောယုံမှားမှု ရှိနေ၏။ ----

၁။ အဟံ နု ခေါသ္မိ = ငါသည် ဖြစ်လေသလော။

[မိမိ၏ ထင်ရှားရှိမှုကို ယုံမှားသံသယ ရှိနေ၏။ ဤကဲ့သို့သော ယုံမှားသံသယမျိုးသည် ယုတ္တိရှိပါ၏လော ဟု မေးရန်ရှိ၏။ ဤအရာ၌ ယုတ္တိ ရှိ-မရှိ သင့်-မသင့်ကို အဘယ်မှာလျှင် ကြံစည် စဉ်းစားဖွယ် လိုပါအံ့နည်း၊ ပုထုဇန်သည် အရူးနှင့်တူ၏ဟု ရှေးမဆွကပင် ပြောဆိုခဲ့ပြီး မဟုတ်ပါလော။ တစ်နည်းလည်း ဤအရာ၌ ဤဝတ္ထုကို ထုတ်ဆောင် ပြတော်မူကြကုန်၏။ မိကြီး-မိထွေး နှစ်ဦးရှိ၏။ သားတစ်ယောက်စီရှိကြ၏။ မိထွေး၏ သားကား ကတုံးဦးပြည်း ဖြစ်၏။ မိကြီး၏သားကား ကတုံးဦးပြည်း မဟုတ် (ဆံပင် ရှိ၏)၊ သို့သော် မိကြီး၏ သားကား ကတုံး တုံးရန် အလိုမရှိပေ။ ကုလဓမ္မတာဟူသော အမျိုးအနွယ်ကျင့်ဝတ်အရ ကတုံး တုံးရ၏။ သို့အတွက် နိုးနေသောအခါ ကတုံး တုံးရန် ခက်ခဲသဖြင့် မိကြီး၏သား အိပ်ပျော်နေစဉ် လူကြီး မိဘတို့က ကတုံး တုံးပေးလိုက်ကြ၏။ ထိုမိကြီး၏ သားသည် အိပ်ရာမှ နိုးလာသောအခါ ---- ငါသည် မိထွေး၏သားပင် ဖြစ်လေသလောဟု စဉ်းစားမိ၏။ ဤဥပမာအတူ ငါသည် ဖြစ်လေသလောဟု ပညာမျက်စိကာဏ်းနေသော ပုထုဇန် ငမိုက်သားသည် မိမိ၏ ထင်ရှားရှိမှုကို ယုံမှားသံသယ ရှိနေ၏။ ---- မ၊ဋ္ဌ၊၁၊၇၂။ မ၊ဋီ၊၁၊၁၅၆။]

၂။ နော နု ခေါသ္မိ = ငါသည် မဖြစ်လေသလော။

[မိမိ၏ ထင်ရှားမရှိသည်၏ အဖြစ်ကို ယုံမှားသံသယ ရှိနေ၏။ ထိုသို့ ယုံမှားသံသယ ဖြစ်ရာ၌လည်း ဤဝတ္ထုကို ထုတ်ဆောင်ပြတော်မူကြကုန်၏ ---- တံငါသည် တစ်ဦးသည် ငါးတို့ကို ဖမ်းယူလေသော် ရေထဲ၌ အလွန် ကြာမြင့်စွာ ရပ်တည်နေရသဖြင့် အေးစက်စက်ဖြစ်နေသော မိမိ၏ပေါင်ကို ငါးဟု ထင်မြင်စဉ်းစား၍ ရိုက်ပုတ်လိုက်၏။ အခြား တစ်ယောက်သောသူကား သုသာန်သချုႋင်းဘေး၌ တည်ရှိသော လယ်တောကို စောင့်ရှောက်နေစဉ် ကြောက်ကြောက်ရွံ့ရွံ့ဖြင့် တွန့်ဆုတ်သော စိတ်ဓာတ်ဖြင့် ညအခါဝယ် အိပ်ပျော်သွား၏၊ ထိုယောက်ျားသည် အိပ်ရာမှ နိုးလာသောအခါ မိမိ၏ ဒူးနှစ်ဖက်တို့ကို ဘီလူးယက္ခနှစ်ကောင်တို့ဟု တွေးတော စဉ်းစားမိကာ ရိုက်ပုတ်မိလေ၏။ ဤဥပမာအတူ ကြောင်း-ကျိုးဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ် သဘောတရား၌ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်တတ်သော ဉာဏ်ပညာမျက်စိ မရှိသည့် ပညာမျက်စိကာဏ်းနေသည့် ပုထုဇန် ငမိုက်သားသည် ငါသည် မဖြစ်လေသလောဟု ယုံမှားသံသယ ရှိနေ၏။မ၊ဋ္ဌ၊၁၊၇၂။]

၃။ ကိံ နု ခေါသ္မိ = အဘယ်သို့သော သူသည် ဖြစ်လေသနည်း။

[မင်းမျိုးမင်းနွယ် ဖြစ်ပါလျက် မိမိ၏ မင်းမျိုးမင်းနွယ်ဖြစ်မှုကို ယုံမှားသံသယ ရှိနေ၏။ မျက်စိကာဏ်း နေသော သူသည် သားအရင်းကို သားအရင်းမဟုတ်ဟု မှတ်ထင်သကဲ့သို့တည်း။ ပုဏ္ဏားစသည့် ကြွင်းသော အရာတို့၌လည်း နည်းတူပင်မှတ်ပါ။ --- နတ်သားဖြစ်ပါလျက် နတ်သားဖြစ်နေမှုကို မသိသောသူ မည်သည်ကား မရှိနိုင်၊ သို့သော် ထိုနတ်သားသည်လည်း (ထိုဗြဟ္မာသည်လည်း) ငါသည် ရုပ်ရှိသူလော၊ ရုပ်မရှိသူလော - ဤသို့ စသောနည်းဖြင့် ယုံမှားသံသယ ရှိနေ၏။ မင်းမျိုးမင်းနွယ်ဇာတ်ရှိသူစသည့် ပုဂ္ဂိုလ်တို့သည်လည်း မိမိ တို့၏ မင်းမျိုးမင်းနွယ်ဇာတ်ရှိမှု စသည်ကို အဘယ်ကြောင့် မသိနိုင်ကုန်သနည်းဟု မေးရန်ရှိ၏။ ထိုထိုအမျိုး အနွယ်၌ ဖြစ်မှုကို မိမိတို့ ကိုယ်တိုင်မျက်မှောက် မသိမမြင်သောကြောင့်ဟု ဖြေဆိုရာ၏။ ခြိုးခြိုးခြံခြံ ဖြူဖြူ စင်စင် ကျင့်ဝတ်ပဋိပတ်တို့ကို ဖြည့်ကျင့်နေကြသော အချို့အချို့သော လူသားတို့သည် မိမိတို့ကိုယ်ကို မိမိတို့ ရသေ့ ရဟန်းဟု မှတ်ထင်တတ်ကြကုန်၏။ ရသေ့ရဟန်း ဖြစ်ပါလျက်လည်း အချို့အချို့သူတို့သည် ---- ကုပ္ပံ နု ခေါ မေ ကမ္မံ = ငါ၏ ရသေ့ရဟန်းဘဝ၌ ပြုသင့်ပြုထိုက်သော ရသေ့ရဟန်း လုပ်ငန်းရပ်သည် ပျက်စီး၍များ သွားလေပြီလောဟု ဤသို့ စသောနည်းဖြင့် လူဟု မှတ်ထင်တတ်ကြကုန်၏။ ရှင်ဘုရင်ကဲ့သို့သော အချို့ အချို့သော လူသားတို့သည် လူသားပင် ဖြစ်ပါသော်လည်း မိမိကိုယ်ကိုမိမိ နတ်ကဲ့သို့ အောက်မေ့ မှတ်ထင် တတ်ကြကုန်၏။ -- မ၊ဋ္ဌ၊၁၊၇၂။]

၄။ ကထံ နု ခေါသ္မိ = ငါသည် အဘယ်သို့သော အခြင်းအရာအားဖြင့် ဖြစ်လေသနည်း။

[ဤအရာ၌ သာသနာပ အယူအဆရှိသူတို့သည် မိမိ၏ ခန္ဓာအိမ်အတွင်း၌ သက်သက်သော အသက်ကောင် လိပ်ပြာကောင် ဝိညာဏ်ကောင် အတ္တကောင် ဇီဝကောင်သည်ရှိ၏ဟု အယူဝါဒ ရှိတတ်ကြ၏။ ခန္ဓာ ကိုယ်အတွင်း၌ ဇီဝကောင်မည်သည် ရှိ၏ဟု စွဲယူ၍ ထိုဇီဝကောင်၏ ပုံသဏ္ဌာန် အခြင်းအရာကို အမှီပြု၍ ထိုဇီဝကောင်သည် ရှည်သလော တိုသလော (၄) ထောင့်, (၆) ထောင့်, (၈) ထောင့်, (၁၆) ထောင့် ဤသို့ စသည့် ပုံသဏ္ဌာန်တို့တွင် တစ်မျိုးမျိုးသော အခြင်းအရာ ရှိလေသလောဟု ယုံမှားသံသယရှိလျက် ငါသည် အဘယ်သို့သော အခြင်းအရာအားဖြင့် ဖြစ်လေသနည်းဟု ယုံမှားသံသယရှိ၏ဟု သိရှိပါလေ။ ပစ္စုပ္ပန်ဖြစ်သော မိမိ ခန္ဓာကိုယ်၏ ပုံသဏ္ဌာန် အချိုးအစားကို မသိသူမည်သည်ကား မရှိနိုင်၊ အတ္တ ဇီဝကောင်၏ ပုံသဏ္ဌာန်ကို မသိမှုကိုသာ ဆိုလိုသည်။ ---- မ၊ဋ္ဌ၊၁၊၇၂။]

၅။ အယံ နု ခေါ သတ္တော ကုတော အာဂတော = ဤသတ္တဝါသည် အဘယ်ဘဝမှ လာသနည်း။

၆။ သော ကုဟိံ ဂါမီ ဘဝိဿတိ = ထိုသတ္တဝါသည် အဘယ်ဘဝသို့ သွားမည့်သူသည် ဖြစ်လေသနည်း။

[ဇီဝဝါဒ နယ်ပယ်၌ သတ္တဝါဟု = အတ္တဟု ပညတ်ခြင်းသည် ရှိ၏။ သာသနာပ အယူအဆ ရှိသူတို့၏ အယူမျှသာ ဖြစ်၏၊ ပရမတ္ထသစ္စာအားဖြင့်ကား ထိုဇီဝ - အတ္တဟူသည် ခန္ဓာကိုယ် အတ္တဘောပင်တည်း။ ထိုခန္ဓာကိုယ် အတ္တဘော၏ လာခဲ့ရာဋ္ဌာန = လာခဲ့ရာဘဝကိုလည်းကောင်း, သွားရမည့်ဋ္ဌာန သွားရမည့်ဘဝကို လည်းကောင်း ပညာမျက်စိကာဏ်းနေသော ပုထုဇန် ငမိုက်သားသည် ယုံမှားသံသယ ရှိနေ၏။ -- မ၊ဋ္ဌ၊၁၊၇၃။မ၊ဋီ၊၁၊၁၅၇။]

သာ ယထာဝုတ္တာ သောဠသဝိဓာပိ ဝိစိကိစ္ဆာ ဝိက္ခမ္ဘနဝသေန ပဟီယတိ။ (မဟာဋီ၊၂၊၃၇၄။)

= ထို (၁၆) မျိုးသော ယုံမှားခြင်း ဝိစိကိစ္ဆာတရားကို အတိတ် အနာဂတ် ပစ္စုပ္ပန် ကာလသုံးပါးအတွင်း၌ တည်ရှိသော သင်္ခါရတရားတို့၏ ကြောင်း-ကျိုး ဆက်နွယ်လျက် ဖြစ်ပေါ်နေပုံ ပဋိစ္စသမုပ္ပါဒ် သဘောတရားကို ထွင်းဖောက်သိမြင်နေသော ပစ္စယပရိဂ္ဂဟဉာဏ်က ခပ်ကြာကြာ ခွာထားနိုင်ခြင်းတည်းဟူသော ဝိက္ခမ္ဘနပဟာန်ဖြင့် ပယ်စွန့်နိုင်ပေသည်။ (မဟာဋီ၊၂ ၊၃၇၄။)

ခေတ္တ ရပ်နားကြည့်ပါ

အသင် သူတော်ကောင်းသည် ဤနေရာတွင် ခေတ္တရပ်နား၍ ကြည့်ပါ၊ လုပ်ငန်းခွင်ကို ပြန်လည်သုံးသပ်ကြည့်ပါ။ အတိတ်ဘဝ အဆက်ဆက်မှသည် ပစ္စုပ္ပန်, ပစ္စုပ္ပန်မှသည် အနာဂတ်ဘဝ အဆက်ဆက် ဆုံးသည်တိုင်အောင် သင်္ခါရတရားတို့၏ ကြောင်း-ကျိုး ဆက်နွယ်လျက် အထပ်ထပ် လည်ပတ်နေပုံ ဖြစ်ပေါ်နေပုံ အခြင်းအရာကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်အောင် မကျင့်ခဲ့သော် ထိုယုံမှားခြင်း ဝိစိကိစ္ဆာတရား (၁၆)ပါးတို့ ကင်းပျောက်မှု ရှိနိုင် မရှိနိုင်ကို စဉ်းစား ဝေဖန်ကြည့်လေရာသည်။

အတိတ် အနာဂတ်ကို မရှုကောင်းဟူသော ပုံသေမူကို လက်ခံထားသူ သူတော်ကောင်းတစ်ဦးအဖို့ ကာလသုံးပါးအတွင်း၌ သင်္ခါရတရားတို့၏ ကြောင်း-ကျိုး ဆက်နွယ်လျက် ဖြစ်နေပုံ အခြင်းအရာကို ကိုယ်တိုင် မျက်မှောက် သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ထွင်းဖောက်သိမြင်ရေးကား မိုးနှင့်မြေကြီးပမာ အလွန် အလှမ်းကွာဝေးလျက်ပင် ရှိနေပေသည်။

ဉာတပရိညာစခန်းသို့ ဆိုက်ပြီ

တေဿဝံ ကမ္မဝဋ္ဋဝိပါကဝဋ္ဋဝသေန နာမရူပဿ ပစ္စယပရိဂ္ဂဟံ ကတွာ တီသု အဒ္ဓါသု ပဟီနဝိစိကိစ္ဆဿ သဗ္ဗေ အတီတာနာဂတပစ္စုပ္ပန္နဓမ္မာ စုတိပဋိသန္ဓိဝသေန ဝိဒိတာ ဟောန္တိ၊ သာဿ ဟောတိ ဉာတပရိညာ။ (ဝိသုဒ္ဓိ၊၂၊၂၃၈။)

ဤဖွင့်ဆို ရေးသား တင်ပြအပ်ခဲ့ပြီးသည့်အတိုင်း ကိလေသဝဋ် ကမ္မဝဋ် ဝိပါကဝဋ်တို့၏ အစွမ်းဖြင့် နာမ်ရုပ်၏ အကြောင်းတရားကို ဉာဏ်ဖြင့် ပိုင်းခြားယူခြင်း သိမ်းဆည်းခြင်းကို ပြုလုပ်ပြီးခြင်းကြောင့် အတိတ် အနာဂတ် ပစ္စုပ္ပန်ဟု ဆိုအပ်သော ကာလသုံးပါးတို့၌ ယုံမှားခြင်း ဝိစိကိစ္ဆာတရား (၁၆)ပါးကို ပယ်ရှားထားအပ်ပြီးသော ထိုယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်ဝယ် ခပ်သိမ်းကုန်သော အတိတ် အနာဂတ် ပစ္စုပ္ပန်တရားတို့သည် စုတိ ပဋိသန္ဓေ၏ အစွမ်းဖြင့် ထင်ရှားလာကုန်၏။ ထိုနာမ်ရုပ်ကို သိမ်းဆည်းခြင်း = နာမရူပပရိဂ္ဂဟနှင့် အကြောင်းတရားကို သိမ်းဆည်းခြင်း ပစ္စယပရိဂ္ဂဟကို ပြုကြောင်းဖြစ်သော ပညာသည် ထိုယောဂါဝစရပုဂ္ဂိုလ်၏ ဉာတပရိညာ မည်၏။ ဤကား ရုပ်တရားတည်း၊ ရုပ်တရားကား ဤမျှသာတည်း၊ ဤထက် အပိုအလွန် မရှိ၊ ဤကား နာမ်တရားတည်း၊ နာမ်တရားကား ဤမျှသာတည်း၊ ဤထက် အပိုအလွန် မရှိ၊ ဤသို့ စသည်ဖြင့်လည်းကောင်း၊ ဤကား ထိုနာမ်ရုပ်၏ အကြောင်းတရားတည်း၊ ထိုနာမ်ရုပ်၏ အကြောင်းတရားကား ဤမျှသာတည်း၊ ဤထက် အပိုအလွန်ဖြစ်သော ဖန်ဆင်းရှင် ဣဿရ, မဟာဗြဟ္မာစသည်သည် မရှိ၊ ဤသို့ စသည်ဖြင့်လည်းကောင်း ဝိပဿနာဉာဏ်၏ အရှုခံအာရုံဖြစ်သော သိသင့်သိထိုက် သိအပ်သော ---

၁။ နာမ်တရား,

၂။ ရုပ်တရား,

၃။ ယင်းနာမ်-ရုပ်၏ အကြောင်းတရားတို့ကို

ပိုင်းခြား၍ သိသော ပရိညာတည်း။ (ဝိသုဒ္ဓိ၊၂၊၂၃၈။ မဟာဋီ၊၂၊၃၈၂။)

ထိုဉာတပရိညာစခန်းသို့ ဆိုက်ရောက်ပြီးသော ထိုယောဂါဝစရပုဂ္ဂိုလ်သည် ဤဆိုလတ္တံ့သော အခြင်းအရာအားဖြင့် ကွဲကွဲပြားပြား သိရှိနေ၏။ ---

အတိတ်ဘဝ၌ ကံဟူသော အကြောင်းတရားကြောင့် ထင်ရှား ဖြစ်ပေါ်ပြီးကုန်သော အကြင် ရုပ်နာမ် ခန္ဓာတို့သည် ရှိကြ၏၊ ထိုအတိတ်ဘဝ၌ ကံဟူသော အကြောင်းတရားကြောင့် ထင်ရှားဖြစ်ပြီးကုန်သော ရုပ်နာမ် ခန္ဓာတို့သည် ထိုအတိတ်ဘဝ၌သာလျှင် ချုပ်ပျက်ခဲ့ကုန်ပြီ။ စင်စစ်သော်ကား အတိတ်ကံဟူသော အကြောင်းတရားကြောင့် ဤပစ္စုပ္ပန်ဘဝ၌ အတိတ်ဘဝခန္ဓာမှ တစ်ပါးကုန်သော ရုပ်နာမ်ခန္ဓာတို့သည် အသစ်ဖြစ်ပေါ်လာကြကုန်၏။ အတိတ်ဘဝမှ ဤပစ္စုပ္ပန်ဘဝသို့လာသော တစ်ခုသော တရားသည်လည်း မရှိပေ။ ဤပစ္စပ္ပန် ဘဝ၌လည်း ကံဟူသော အကြောင်းတရားကြောင့် ထင်ရှား ဖြစ်ပေါ်လာကြကုန်သော ရုပ်နာမ်ခန္ဓာတို့သည် အမြဲမတည် မရှည်မကြာ ချုပ်ကုန်လတ္တံ့။ တစ်ဖန် နောင်အနာဂတ် ဘဝသစ်၌ အခြားတစ်ပါးကုန်သော ရုပ်နာမ် ခန္ဓာအသစ်တို့သည် ကံဟူသော အကြောင်းတရားကြောင့် အသစ်တစ်ဖန် ဖြစ်ကြကုန်လတ္တံ့၊ ဤပစ္စုပ္ပန်ဘဝမှ တစ်ဖန် ဘဝသစ်သို့ တခုသော တရားသည်မျှလည်း မသွားလတ္တံ့။ (ဤစကားရပ်ဖြင့် ရုပ်နာမ်ခန္ဓာတို့၏ ဘဝတစ်ပါးသို့ ပြောင်းသွားခြင်း မည်သည် တစ်ရံတဆစ်မျှသော်လည်း မရှိ၊ ထိုထိုဘဝ၌သာလျှင် ချုပ်ပျက် သွားခြင်းကြောင့်ပင်တည်းဟု ညွှန်ပြ၏။) (ဝိသုဒ္ဓိ၊၂၊၂၃၈။ မဟာဋီ၊၂၊၃၈၂။)

အကယ်စင်စစ်သော်ကား ဆရာ၏ ခံတွင်းမှ ရွတ်ဖတ်သရဇ္ဈာယ်သံသည် တပည့်၏ ခံတွင်းသို့ မဝင်ပေ၊ ထိုဆရာ၏ ရွတ်ဖတ်သရဇ္ဈာယ်ခြင်းဟူသော အကြောင်းကြောင့် ထိုတပည့်၏ ခံတွင်း၌ ရွတ်ဖတ်သရဇ္ဈာယ်ခြင်းသည် မဖြစ်သည်လည်း မဟုတ်၊ ဖြစ်သည်သာတည်း။ (ရှေးယခင်က ပိဋကတ်တော်များကိုပင် ဖြစ်စေ၊ ဗေဒင် မန္တန်များကိုပင် ဖြစ်စေ သင်ယူရာ၌ ဆရာသမားကလည်း နှုတ်တိုက် အလွတ်ချပေးရ၏၊ တပည့်ကလည်း နှုတ်တိုက်ရအောင် အလွတ်လိုက်ဆိုရ၏။ စာအုပ်စာတမ်းများ ရှားပါးသော ကာလတည်း။ ထိုသို့ နှုတ်တိုက် အလွတ် သင်ကြားပို့ချရာ၌ ဆရာက အလွတ်သင်ပေးသည့်အတိုင်း တပည့်လည်း အလွတ်ရလာ၏။ ထိုအခါ ဆရာ၏ ရွတ်ဖတ်သရဇ္ဈာယ်သံသည် တပည့်၏ ခံတွင်းသို့ ဝင်သွားသည်ကား မဟုတ်၊ ထိုဆရာ၏ ရွတ်ဖတ် သရဇ္ဈာယ်ခြင်းဟူသော အကြောင်းကြောင့် ထိုတပည့်၏ ခံတွင်း၌ ရွတ်ဖတ်သရဇ္ဈာယ်ခြင်းသည် မဖြစ်သည်လည်းမဟုတ် ဖြစ်သည်သာတည်းဟု ဆိုရ၏။)

ဥပမာတစ်မျိုး --- လူနာတစ်ဦးက စေခိုင်းလိုက်သော တမန်တစ်ဦးသည် ဆေးဆရာထံသို့ သွား၍ သ္မားတော်၏ မန္တရားရေ = ရေမန်းကို သောက်လိုက်၏။ ထိုတမန် သောက်အပ်သော ဆေးသ္မားတော်၏ မန္တရား ရေသည် = ရေမန်းသည် အနာရောဂါရှိနေသော လူနာ၏ ဝမ်းတွင်းသို့ကား မဝင်။ ထိုဆေးသ္မားတော်၏ မန္တရားရေ = ရေမန်းကို တမန်သောက်ခြင်းဟူသော အကြောင်းကြောင့် ထိုသူနာ၏ ရောဂါသည် မငြိမ်းသည်ကား မဟုတ်၊ ငြိမ်း၍ သွားသည်သာတည်း။

ဥပမာတစ်မျိုး --- မျက်နှာ၌ ဆင်ယင် ပြုပြင်ထားအပ်သော အဆင်းတန်ဆာသည် ကြေးမုံပြင် စသည်တို့၌ ထင်သော မျက်နှာရိပ်သို့ မသွား၊ ထိုမျက်နှာ၌ ဆင်ယင် ပြုပြင်ထားအပ်သော အဆင်းတန်ဆာဟူသော အကြောင်းကြောင့် ထိုကြေးမုံပြင် စသည်တို့၌ ပြုပြင် ဆင်ယင်ထားအပ်သော အဆင်းတန်ဆာသည် မထင်သည်လည်း မဟုတ်၊ ထင်သည်သာတည်း။

ဥပမာတစ်မျိုး --- တစ်ခုသော ဆီမီးစာမှ ဆီမီးလျှံသည် (မီးကူးယူလိုက်သော) အခြား တစ်ပါးသော ဆီမီးစာသို့ ပြောင်းရွှေ့ မသွားပေ။ ထိုမူလ ပထမဆီမီးစာ၌ တည်သော မီးတောက်မီးလျှံဟူသော အကြောင်းကြောင့် ထိုဒုတိယ ကူးယူလိုက်သော အခြား တစ်ပါးသော ဆီမီးစာ၌ ဆီမီးလျှံသည် မဖြစ်သည်ကား မဟုတ်၊ ဖြစ်သည်သာလျှင် ဖြစ်သကဲ့သို့----

ဤဥပမာများအတူ အတိတ်ဘဝဟောင်းမှ ဤပစ္စုပ္ပန်ဘဝသစ်သို့ တစ်စုံတစ်ခုသော ရုပ်နာမ်ခန္ဓာဟူသော တရားသည် ပြောင်းရွှေ့မလာပေ။ ဤပစ္စုပ္ပန်ဘဝမှမူလည်း တစ်ဖန် အနာဂတ်ဘဝသစ်သို့ တစ်စုံတစ်ခုသော တရားသည် ပြောင်းရွှေ့မသွားပေ။ အတိတ်ဘဝဟောင်း၌ ခန္ဓာ-အာယတန-ဓာတ်ဟူသော အကြောင်းကြောင့် ဤပစ္စုပ္ပန်ဘဝ၌ ခန္ဓာ-အာယတန-ဓာတ်တို့သည် မဖြစ်သည်ကား မဟုတ်၊ ဖြစ်သည်သာတည်း။ ဤပစ္စုပ္ပန် ဘဝ၌မူလည်း ဖြစ်ပေါ်သွားကြကုန်သော ခန္ဓာ-အာယတန-ဓာတ်ဟူသော အကြောင်းကြောင့် တစ်ဖန် အနာဂတ် ဘဝသစ်၌ ခန္ဓာ-အာယတန-ဓာတ်တို့သည် မဖြစ်ကြကုန်သည်ကား မဟုတ်ကုန်၊ ဖြစ်ကြကုန်သည်သာတည်း။ ဤသို့လျှင် ထိုယောဂါဝစရပုဂ္ဂိုလ်သည် ကွဲကွဲပြားပြား သိ၏။ (ဝိသုဒ္ဓိ၊၂ ၊၂၃၈၊၂၃၉။)

ယထေဝ စက္ခုဝိညာဏံ၊ မနောဓာတု အနန္တရံ။

န စေဝ အာဂတံ နာပိ၊ န နိဗ္ဗတ္တံ အနန္တရံ။

တထေဝ ပဋိသန္ဓိမှိ၊ ဝတ္တတေ စိတ္တသန္တတိ။

ပုရိမံ ဘိဇ္ဇတေ စိတ္တံ၊ ပစ္ဆိမံ ဇာယတေ တတော။

တေသံ အန္တရိကာ နတ္ထိ၊ ဝီစိ တေသံ န ဝိဇ္ဇတိ။

န စိတော ဂစ္ဆတိ ကိဉ္စိ၊ ပဋိသန္ဓိ စ ဇာယတိ။ (ဝိသုဒ္ဓိ၊၂၊၂၃၉။)

ကြိယာမနောဓာတ် အမည်ရသော ပဉ္စဒွါရာဝဇ္ဇန်း၏ အခြားမဲ့၌ ဖြစ်ပေါ်လာဖို့ရန် အခွင့်ရလာသော စက္ခုဝိညာဏ်သည် ကြိယာမနောဓာတ် ပဉ္စဒွါရာဝဇ္ဇန်းမှ လာသည်လည်း မဟုတ်၊ ထိုကြိယာမနောဓာတ်၏ အခြားမဲ့၌ မဖြစ်သည်လည်း မဟုတ်၊ ဖြစ်သည်သာလျှင် ဖြစ်သကဲ့သို့ ----

ထို့အတူပင်လျှင် --- ပဋိသန္ဓေ၌ စိတ်၏ အစဉ်သန္တတိသည် ဖြစ်ပေါ်လာ၏။ ရှေးဖြစ်သော စုတိစိတ်သည် ပျက်၏၊ ထိုစုတိစိတ်မှ အခြားမဲ့၌ပင်လျှင် နောက်ဖြစ်သော ပဋိသန္ဓေစိတ်သည် ဖြစ်ပေါ်လာ၏။

[ကြိယာမနောဓာတ်၏ အခြားမဲ့၌ ဖြစ်ခွင့်ရလာသော စက္ခုဝိညာဏ်သည် ကြိယာမနောဓာတ်မှ လာသည်လည်း မဟုတ်၊ ကိရိယာမနောဓာတ်၌ = ကိရိယာမနောဓာတ် ဖြစ်ခိုက်၌ စက္ခုဝိညာဏ်၏ ဥပါဒ်-ဌီ-ဘင် အနေအားဖြင့် ထင်ရှား မရှိခြင်းကြောင့်တည်း။ စက္ခုဝိညာဏ်သည် ကြိယာမနောဓာတ်မှ မလာသော်လည်း ရူပါရုံ, အာလောက, မနသိကာရစသော အကြောင်းတရားတို့၏ ညီညွတ်မှုကို ရရှိခြင်းကြောင့် ထိုကြိယာမနောဓာတ်မှ အခြားမဲ့၌ မဖြစ်သည်လည်း မဟုတ်၊ ဖြစ်သည်သာလျှင် ဖြစ်၏။ ပဝတ္တိအခါ၌ ဤစိတ်၏ ဖြစ်ခြင်းကဲ့သို့ ထို့အတူပင် ပဋိသန္ဓေအခါ၌လည်း စိတ္တသန္တတိ = စိတ်အစဉ်သည် ဖြစ်ပေါ်လာ၏။ စုတိစိတ်မှ မလာသော်လည်း ပဋိသန္ဓေစိတ်သည် ထိုစုတိစိတ်မှ အခြားမဲ့၌ မဖြစ်သည်လည်း မဟုတ်၊ အကြောင်းတရားတို့၏ ညီညွတ်သည်၏ အစွမ်းဖြင့် ဖြစ်သည်သာလျှင်တည်းဟု ဆိုလို၏။ ဤ၌ သန္တတိ သဒ္ဒါဖြင့်လည်း တစ်စုံတစ်ခုမှ လာခြင်း မရှိသည်ကိုသာလျှင် ထင်စွာပြသတည်း။ အဘယ်ကြောင့်နည်း? --- အကြောင်း-အကျိုး အဖြစ်ဖြင့် စပ်သည်ဖြစ်၍ ချဲ့တတ်သော ကျယ်ပွားတတ်သော ဓမ္မတို့၏ ဖြစ်ခြင်းအလျဉ်သည်ပင်လျှင် သန္တတိ မည်သောကြောင့်တည်း။ ထိုကြောင့် ရှေးဖြစ်သော စုတိစိတ်သည် ပျက်၏၊ ထိုစုတိစိတ်မှ အခြားမဲ့၌ပင်လျှင် နောက်ဖြစ်သော ပဋိသန္ဓေစိတ်သည် ဖြစ်ပေါ်လာ၏။ဟု အဋ္ဌကထာက မိန့်ဆိုခြင်း ဖြစ်သည်။ --- မဟာဋီ၊၂ ၊၃၈၂။]

ထိုစုတိ ပဋိသန္ဓေတို့၏ အကြား၌ ခြားဆီးခြင်းကို ပြုတတ်သော တစ်စုံတစ်ခုသော တရားသည် မရှိ။ ဤစုတိစိတ်မှ တစ်စုံတစ်ခုသော တရားသည် သွားသည်လည်း မဟုတ်။ စုတိစိတ်မှ အခြားတစ်ပါးသာလျှင် ဖြစ်သော ပဋိသန္ဓေဝိညာဏ်သည်လည်း အကြောင်းအားလျော်စွာ ဖြစ်ပေါ်လာ၏။ ဤသို့လျှင် ယောဂါဝစရပုဂ္ဂိုလ်သည် ကွဲကွဲပြားပြား သိ၏။ (ဝိသုဒ္ဓိ၊၂ ၊၂၃၉။)

ဤဆိုအပ်ခဲ့ပြီးသော နည်းဖြင့် စုတိ ပဋိသန္ဓေ၏ အစွမ်းဖြင့် သိအပ်ပြီးသော အလုံးစုံသော တေဘူမက = ဘုံသုံးပါးအတွင်း၌ ဖြစ်သော တရားရှိသော ယောဂါဝစရပုဂ္ဂိုလ်၏ ခပ်သိမ်းသော အခြင်းအရာအားဖြင့် နာမ်ရုပ်၏ အကြောင်းတရားကို သိမ်းဆည်းတတ်သော ဉာဏ်သည် သန်မြန်သော စွမ်းအင်ပြည့်ဝခြင်းသို့ ရောက်ရှိလာ၏၊ (၁၆)ပါး အပြားရှိသော ယုံမှားခြင်း ဝိစိကိစ္ဆာတရားကို အလွန်ကောင်းစွာ ပယ်ရှားနိုင်၏။ ထို(၁၆)ပါး အပြားရှိသော ယုံမှားခြင်း ဝိစိကိစ္ဆာတရား သက်သက်သည်သာ ကင်းပျောက်သွားသည် မဟုတ်သေး။ သမ္မာသမ္ဗုဒ္ဓဘုရားရတနာ၌ ယုံမှားခြင်းစသော (၈)မျိုးသော ယုံမှားခြင်း ဝိစိကိစ္ဆာတရားသည်လည်း ကင်းပျောက်သည်သာတည်း။ (၆၂)ပါးသော မိစ္ဆာဒိဋ္ဌိအယူဝါဒ မှန်သမျှတို့သည်လည်း ကွာကျသွားကုန်သည်သာ ဖြစ်ကုန်၏။

ဤသို့လျှင် အထူးထူးသော နည်းတို့ဖြင့် နာမ်ရုပ်၏ အကြောင်းတရားကို သိမ်းဆည်းခြင်းဖြင့် အတိတ် အနာဂတ် ပစ္စုပ္ပန် ကာလ (၃)ပါးတို့၌ ယုံမှားခြင်း ဝိစိကိစ္ဆာတရားကို ကျော်လွှား လွန်မြောက်၍ ခွာချထား၍ တည်နေသော ဉာဏ်ကို ကင်္ခါဝိတရဏဝိသုဒ္ဓိဟူ၍ သိရှိပါလေ။

ဓမ္မဋ္ဌိတိဉာဏ်ဟူသော အမည်သည်လည်းကောင်း, ယထာဘူတဉာဏ်ဟူသော အမည်သည်လည်းကောင်း, သမ္မာဒဿနဟူသော အမည်သည်လည်းကောင်း ထိုကင်္ခါဝိတရဏဝိသုဒ္ဓိ၏ ပရိယာယ်ဝေဝုစ် စကားသာ ဖြစ်သည်။ (ဝိသုဒ္ဓိ၊၂ ၊၂၃၉။)

ဓမ္မဋ္ဌိတိဉာဏ် ----ဓရီယန္တိ အတ္တနော ပစ္စယေဟီတိ ဓမ္မာ၊ တိဋ္ဌတိ ဧတ္ထ တဒါယတ္တဝုတ္တိတာယ ဖလန္တိ ဌိတိ၊ ဓမ္မာနံ ဌိတိ ဓမ္မဋ္ဌိတိ၊ ပစ္စယဓမ္မော။ အထ ဝါ ဓမ္မောတိ ကာရဏံ ဓမ္မပဋိသမ္ဘိဒါတိအာဒီသု ဝိယ၊ ဓမ္မဿ ဌိတိ သဘာဝေါ, ဓမ္မတော စ အညော သဘာဝေါ နတ္ထီတိ ပစ္စယဓမ္မာနံ ပစ္စယဘာဝေါ ဓမ္မဋ္ဌိတိ၊ ဓမ္မဋ္ဌိတိယံ ဉာဏံ ဓမ္မဋ္ဌိတိဉာဏံ။(မဟာဋီ၊၂ ၊၃၈၄။)

အကြင် အကျိုးပစ္စယုပ္ပန်တရားတို့ကို မိမိ၏ ဆိုင်ရာ အကြောင်းပစ္စည်းတရားတို့သည် ဆောင်ထားအပ် ကုန်၏။ (အကြောင်းတရားတို့၌ အကျိုးတရားတို့ကို ဖြစ်စေနိုင်သည့် စွမ်းအင်ရှိမှုကို ဆိုလိုသည်။) ထိုကြောင့် ထိုအကျိုးပစ္စယုပ္ပန်တရားတို့သည် ဓမ္မ မည်ကုန်၏။ ဓမ္မ-အရ အကျိုးတရားကို ကောက်ယူပါ။ ဤအကြောင်းတရား၌ ထိုအကြောင်းတရားနှင့်စပ်သော ဖြစ်ခြင်းရှိသည်၏ အဖြစ်ကြောင့် အကျိုးတရားသည် တည်နေတတ်၏။ ထိုသို့ အကြောင်းတရားသည် အကျိုးတရား၏ တည်ရာဖြစ်သောကြောင့် ဌိတိ မည်၏။ ဌိတိ-အရ အကျိုးတရား၏ တည်ရာ အကြောင်းတရားကို ကောက်ယူပါ။ အကျိုးတရား၏ အကြောင်းနှင့်စပ်၍ ဖြစ်သည်ကိုပင် အကျိုးတရားသည် အကြောင်းတရား၌ တည်သည်ဟူ၍ ဆိုသည်။ အကျိုးတရားတို့၏ တည်ရာ အကြောင်းတရားကို ဓမ္မဌိတိဟူ၍ ဆိုသည်။

တစ်နည်း ဓမ္မပဋိသမ္ဘိဒါ --- စသည်တို့၌ကဲ့သို့ ဓမ္မကား ကာရဏ = အကြောင်းဟောတည်း။ ဌိတိကား သဘာဝ ဝါစက = သဘာဝကို ဟောသော သဒ္ဒါတည်း။ ဓမ္မမှ တစ်ပါးသော အသီးအခြား သဘာဝ = သဘောတရားမည်သည် မရှိခဲ့ရကား အကြောင်းဖြစ်သော ပစ္စယဓမ္မတို့၏ အကျိုးတရား ဖြစ်ပေါ်လာအောင် ကျေးဇူးပြုတတ်သည်၏ အဖြစ်တည်းဟူသော သတ္တိသဘောသည် ဓမ္မဋ္ဌိတိ မည်၏။

ပထမအဖွင့် အလို --- အကျိုးတရားတို့၏ တည်ရာ အကြောင်းတရား၌ ဖြစ်သော ဉာဏ်သည် ဓမ္မဋ္ဌိတိဉာဏ် မည်၏။

ဒုတိယအဖွင့် အလို --- အကြောင်းတရား၏ အကျိုးတရား ဖြစ်ပေါ်လာအောင် ကျေးဇူးပြုတတ်သည်၏ အဖြစ်တည်းဟူသော သတ္တိသဘော၌ ဖြစ်သော ဉာဏ်သည် ဓမ္မဋ္ဌိတိဉာဏ် မည်၏။ (မဟာဋီ၊၂ ၊၃၈၄။)

အကျိုးတရားတို့၏ တည်ရာ အကြောင်းတရားကို သိသော ဉာဏ်သည်လည်းကောင်း, အကြောင်းတရား၏ အကျိုးတရား ဖြစ်ပေါ်လာအောင် ကျေးဇူးပြုတတ်သည်၏ အဖြစ်တည်းဟူသော စွမ်းအင်သတ္တိသဘောကို သိသောဉာဏ်သည်လည်းကောင်း ဓမ္မဋ္ဌိတိဉာဏ် မည်၏ဟု ဆိုလိုသည်။

ယထာဘူတဉာဏ်

သင်္ခါရာနံ ယံယံ ဘူတံ အနိစ္စတာဒိ ယထာဘူတံ၊ တတ္ထ ဉာဏန္တိ ယထာဘူတဉာဏံ။(မဟာဋီ၊၂၊၃၈၄။)

= သင်္ခါရတရားတို့၏ အကြင် အကြင်သို့သော ဖြစ်ပြီးလျှင် ပျက်တတ်သည့် အနိစ္စတာစသော မဖောက်မပြန် ဟုတ်မှန်သော သဘောသည် ယထာဘူတ မည်၏။ သင်္ခါရတရားတို့၏ အကြင် အကြင်သို့သော မဖောက်မပြန် ဟုတ်မှန်သော အနိစ္စတာစသော သဘော၌ ဖြစ်သော = အနိစ္စတာစသော သဘောကို ထွင်းဖောက် သိမြင်သော ဉာဏ်သည် ယထာဘူတဉာဏ် မည်၏။ (မဟာဋီ၊၂ ၊၃၈၄။)

သမ္မာဒဿန --- သမ္မာ ပဿတီတိ သမ္မာဒဿနံ။ (မဟာဋီ၊၂ ၊၃၈၄။)

= သင်္ခါရတရားတို့၏ အနိစ္စ ဒုက္ခ အနတ္တ အခြင်းအရာကို ကောင်းစွာ သိမြင်တတ်သော ဉာဏ်သည် သမ္မာဒဿန မည်၏။ (မဟာဋီ၊၂၊၃၈၄။) အောက်ပါ ပါဠိတော်များကို ရှုပါ။

အဝိဇ္ဇာ ပစ္စယော၊ သင်္ခါရာ ပစ္စယသမုပ္ပန္နာ၊ ဥဘောပေတေ ဓမ္မာ ပစ္စယသမုပ္ပန္နာတိ ပစ္စယပရိဂ္ဂဟေ ပညာ ဓမ္မဋ္ဌိတိဉာဏံ။ (ပဋိသံ၊၅၀။ ဝိသုဒ္ဓိ၊၂ ၊၂၃၉။)

အဝိဇ္ဇာသည် သင်္ခါရတို့အား ဟေတုသတ္တိ သဟဇာတသတ္တိစသော ပစ္စယသတ္တိတို့ဖြင့် ထိုက်သည် အားလျော်စွာ ကျေးဇူးပြုတတ်၏။ ထိုသို့ အဝိဇ္ဇာက သင်္ခါရတို့အား ဖြစ်ပေါ်လာအောင် ဟေတု သဟဇာတ စသော ပစ္စယသတ္တိတို့ဖြင့် ကျေးဇူးပြုခြင်းကြောင့်သာလျှင် သင်္ခါရတို့သည် အဝိဇ္ဇာဟူသော အကြောင်းကြောင့် ဖြစ်ကုန်သော ပစ္စယသမုပ္ပန္နတရားတို့ ဖြစ်ကြကုန်၏။ သို့သော် အဝိဇ္ဇာ၌လည်း အာသဝစသော ဆိုင်ရာ အကြောင်းတရားများ ထင်ရှား ရှိနေသည်သာ ဖြစ်၏။ ထိုကြောင့် အဝိဇ္ဇာ သင်္ခါရဟူသော ဤတရား နှစ်မျိုးလုံးတို့သည်လည်း ဆိုင်ရာ ဆိုင်ရာ အကြောင်းတရားကြောင့် ထင်ရှား ဖြစ်ပေါ်လာကြရကုန်သော ပစ္စယသမုပ္ပန္န တရားတို့သာ ဖြစ်ကြကုန်၏။ --- ဤသို့ အကြောင်းတရားကို ဉာဏ်ဖြင့် ပိုင်းခြားယူခြင်း သိမ်းဆည်းခြင်း၌ ဖြစ်သော = အကြောင်း တရားကို သိမ်းဆည်းတတ်သော = ဆိုင်ရာ ဆိုင်ရာ အကြောင်းတရားကို ထွင်းဖောက် သိမြင်တတ်သော ပညာသည် ဓမ္မဋ္ဌိတိဉာဏ် မည်၏။ (ပဋိသံ၊၅၀။)

အနိစ္စတော မနသိကရောန္တော နိမိတ္တံ ယထာဘူတံ ဇာနာတိ ပဿတိ၊ တေန ဝုစ္စတိ သမ္မာဒဿနံ၊ ဧဝံ တဒနွယေန သဗ္ဗေ သင်္ခါရာ အနိစ္စတော သုဒိဋ္ဌာ ဟောန္တိ၊ ဧတ္ထ ကင်္ခါ ပဟီယတိ။ ဒုက္ခတော မနသိကရောန္တော ပဝတ္တံ ယထာဘူတံ ဇာနာတိ ပဿတိ။ ပ ။ အနတ္တတော မနသိကရောန္တော နိမိတ္တဉ္စ ပဝတ္တဉ္စ ယထာဘူတံ ဇာနာတိ ပဿတိ၊ တေန ဝုစ္စတိ သမ္မာဒဿနံ၊ ဧဝံ တဒနွယေန သဗ္ဗေ ဓမ္မာ အနတ္တတော သုဒိဋ္ဌာ ဟောန္တိ၊ ဧတ္ထ ကင်္ခါ ပဟီယတိ။ (ပဋိသံ၊၂၅၈။ ဝိသုဒ္ဓိ၊၂၊၂၄၀။)

နိမိတ္တန္တိ သင်္ခါရနိမိတ္တံ၊ အတ္ထတော ပဉ္စက္ခန္ဓာ။ တေ ဟိ ဃနသညာပဝတ္တိယာ ဝတ္ထုဘာဝတော နိမိတ္တံ၊ သဝိဂ္ဂဟဘာဝေန ဥပဋ္ဌာနတော ဝါ။ ယသ္မာ အနိစ္စတာ နာမ သင်္ခါရာနံ အဝိပရီတာကာရော။ တတ္ထ နိစ္စတာယ လေသဿာပိ အဘာဝတော အနိစ္စတော ပဿန္တော ယထာဘူတံ ဇာနာတိ။ တဉ္စ ဉာဏံ အဝိပရီတဂ္ဂဟဏတာယ သမ္မာဒဿနံ။ တံ သမင်္ဂိနာ စ ပစ္စုပ္ပန္နေသု ဝိယ အတီတာနာဂတေသုပိ နယံ နေန္တေန တေ သုပရိဝိဒိတာ ဟောန္တိ။ ပ ။ ပဝတ္တန္တိ ဥပါဒိန္နက္ခန္ဓပ္ပဝတ္တံ။ တဥှိ ကိလေသာဘိသင်္ခါရေဟိ ပဝတ္တိတတ္တာ သာတိသယံ ဒုက္ခဘာဝေန ဥပဋ္ဌာတိ။ (မဟာဋီ၊၂၊၃၈၄။)

= အနိစ္စအားဖြင့် နှလုံးသွင်းသော သူသည် သင်္ခါရနိမိတ်ဟူသော အကြောင်းတရားနှင့် တကွသော ဥပါဒါနက္ခန္ဓာ (၅)ပါးကို မဖောက်မပြန် ဟုတ်မှန်သောအားဖြင့် သိ၏ မြင်၏။ ထိုကြောင့် မဖောက်မပြန် အမှန် သိမြင်တတ်သော သမ္မာဒဿနဟူ၍ ဆိုအပ်၏။ ဤသို့လျှင် ထိုသို့ တိုက်ရိုက် မျက်မှောက် = ပစ္စက္ခအားဖြင့် သိအပ်သည်ကို အစဉ်မှီးသဖြင့် ခပ်သိမ်းကုန်သော သင်္ခါရတရားတို့သည် အနိစ္စအားဖြင့် ကောင်းစွာ မြင်အပ်ပြီး ဖြစ်ကုန်၏။ ဤသို့ မြင်အပ်ပြီးသော တရားတို့၌ နိစ္စလေလော၊ အနိစ္စလေလော ---- ဤသို့စသော ယုံမှားခြင်း ကင်္ခါတရားသည် ပျောက်ကင်းသွား၏၊ ယင်းကင်္ခ်ါတရားကို ပယ်ပြီးဖြစ်၏။

ဒုက္ခအားဖြင့် နှလုံးသွင်းသော သူသည် ပဝတ္တ အမည်ရသော ကိလေသာ အဘိသင်္ခါရတို့ကြောင့် အဆင့်ဆင့် ဖြစ်သော ဥပါဒိန္နက္ခန္ဓာကို မဖောက်မပြန် ဟုတ်မှန်သောအားဖြင့် သိ၏ မြင်၏။ ပ ။

အနတ္တအားဖြင့် နှလုံးသွင်းသော သူသည် နိမိတ္တ = သင်္ခါရနိမိတ် အမည်ရသော အကြောင်းတရားနှင့် တကွသော ဥပါဒါနက္ခန္ဓာ (၅)ပါးကိုလည်းကောင်း, ပဝတ္တ အမည်ရသော ကိလေသာ အဘိသင်္ခါရတို့ကြောင့် အဆင့်ဆင့် ဖြစ်သော ဥပါဒိန္နက္ခန္ဓာကိုလည်းကောင်း မဖောက်မပြန် ဟုတ်မှန်သောအားဖြင့် သိ၏ မြင်၏၊ ထိုကြောင့် မဖောက်မပြန် အမှန်မြင်တတ်သော သမ္မာဒဿနဟူ၍ ဆိုအပ်၏။ ---- ဤသို့လျှင် ထိုသို့ တိုက်ရိုတ် မျက်မှောက် = ပစ္စက္ခအားဖြင့် သိအပ်သည်ကို အစဉ်မှီးသဖြင့် ခပ်သိမ်းကုန်သော ဓမ္မတို့သည် အနတ္တအားဖြင့် ကောင်းစွာ မြင်အပ်ပြီး ဖြစ်ကုန်၏။ ဤသို့ မြင်အပ်ပြီးသော တရားတို့၌ ယုံမှားခြင်း ကင်္ခါတရားသည် ပျောက်ကင်းသွား၏၊ ယင်းကင်္ခါတရားကို ပယ်ပြီး ဖြစ်၏။ (ပဋိသံ၊၂၅၈။ ဝိသုဒ္ဓိ၊၂ ၊၂၄၀။)

နိမိတ္တ --- ဟူသည် သင်္ခါရ နိမိတ်တည်း၊ တရားကိုယ်အားဖြင့် ခန္ဓာငါးပါးတို့တည်း။ (အကြောင်း ခန္ဓာငါးပါး, အကျိုး ခန္ဓာငါးပါး အားလုံးတည်း။) ရုပ်တုံးရုပ်ခဲ နာမ်တုံးနာမ်ခဲ အပေါင်းအစု အတုံးအခဲဟု မှတ်တတ်သော ဃနသညာ ဖြစ်ခြင်း၏ အကြောင်းတရားဖြစ်ခြင်းကြောင့် ခန္ဓာငါးပါးတို့သည် နိမိတ္တ မည်၏။ တစ်နည်း လုံးလုံးလျောငး်လျောင်း တရားအထည်ကိုယ်ဒြပ်ရှိသည်၏ အဖြစ်ဖြင့် ဉာဏ်အား ထင်ခြင်းကြောင့် ခန္ဓာငါးပါးတို့သည် နိမိတ္တ မည်၏။ (မဟာဋီ၊၂၊၃၈၄။)

အနိစ္စတာ = အနိစ္စ၏ အဖြစ်မည်သည် သင်္ခါရတရားတို့၏ မဖောက်မပြန် ဟုတ်မှန်တိုင်းသော အခြင်းအရာ မည်၏။ ထိုသင်္ခါရတရားတို့၌ မြဲသော နိစ္စအဖြစ်၏ အရိပ်အမြွက်မျှ၏လည်း မရှိခြင်းကြောင့် မဖောက်မပြန် ဟုတ်မှန်သော အခြင်းအရာ မည်၏၊ ထိုကြောင့်ရကား အနိစ္စအားဖြင့် ရှုသော ယောဂါဝစရပုဂ္ဂိုလ်သည် မဖောက်မပြန် ဟုတ်မှန်သော သဘောအားဖြင့် သင်္ခါရတရားတို့ကို သိသည် မည်၏ = ယထာဘူတဉာဏ် မည်၏။ ထိုယထာဘူတဉာဏ်သည်လည်း သင်္ခါရတရားတို့၏ မဖောက်မပြန် ဟုတ်မှန်သော သဘောကို ယူတတ် မှတ်တတ် သည်၏ အဖြစ်ကြောင့် သမ္မာဒဿန မည်၏ = မဖောက်မပြန် အမှန်မြင်တတ်သည် မည်၏။ ထိုယထာဘူတဉာဏ် သမ္မာဒဿနဉာဏ်အမြင်နှင့် ပြည့်စုံသော ယောဂါဝစရပုဂ္ဂိုလ်သည်လည်း ပစ္စုပ္ပန်တရားတို့၌ကဲ့သို့ အတိတ် အနာဂတ်တရားတို့၌လည်း နည်းကိုဆောင်သည်ဖြစ်၍ ထိုအတိတ် အနာဂတ် ပစ္စုပ္ပန်တရားတို့သည် လှံမစောက် ထက်ဝန်းကျင်အားဖြင့် ကောင်းစွာ သိအပ်ကုန်သည် ဖြစ်ကုန်၏။ အနိစ္စ၏ အဖြစ်မည်သည်လည်း ဖြစ်ခြင်းရှိသော တရား၏ အခြင်းအရာတည်း။ သဘာဝတည်း။ ဖြစ်ခြင်းဟူသည်လည်း အကြောင်းတရား၏ စွမ်းအားဖြင့် ပြီးစီး ဖြစ်ပေါ်လာရ၏။ ထိုကြောင့် မမြဲသည်၏ အဖြစ် = အနိစ္စတာသည် ဖြစ်ပြီးသည်ရှိသော် ထင်ရှားသည်ရှိသော် သင်္ခါရတရားတို့၏ အကြောင်းရှိသည်၏ အဖြစ်ကို ပြီးစေလျက် အကြင်အကြင် ဆိုအပ်ခဲ့ပြီးသော ယုံမှားခြင်း = ကင်္ခါ = ဝိစိကိစ္ဆာတရား အမျိုးမျိုးကို ပယ်ရှားခြင်းငှာ ကောင်းစွာဖြစ်၏။ ဤသို့သော အနက်အဓိပ္ပာယ်ကို ပြလိုသည်ဖြစ်၍ အထက်ပါ ပဋိသမ္ဘိဒါမဂ်ပါဠိတော်ကို အဋ္ဌကထာက ထုတ်ဆောင်ပြခြင်း ဖြစ်၏။ (မဟာဋီ၊၂၊၃၈၄။)

ပဝတ္တဟူသည် ဥပါဒိန္နက္ခန္ဓပဝတ္တတည်း = ကိလေသာ အဘိသင်္ခါရတို့ကြောင့် (= ကံ ကိလေသာတို့ကြောင့်) အဆင့်ဆင့် ဖြစ်သော ဥပါဒိန္နက္ခန္ဓာ (၅)ပါးတည်း။ ကံ ကိလေသာတို့ကြောင့် ထင်ရှားဖြစ်ပေါ်လာရသော ဝိပါက် နာမ်တရားနှင့် ကမ္မဇရုပ် ခန္ဓာအလျဉ်ကို ပဝတ္တဟု ဆိုလိုသည်။ မှန်ပေသည် ---- ထိုဥပါဒိန္နက္ခန္ဓာ အလျဉ်သည် ကိလေသာ အဘိသင်္ခါရ = ကံတို့သည် ဖြစ်စေအပ်သည်၏ အဖြစ်ကြောင့် အလွန်အကဲနှင့် တကွ = လွန်လွန်ကဲကဲ ဒုက္ခ၏ အဖြစ်ဖြင့် ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ ထင်လာ၏။ (မဟာဋီ၊၂၊၃၈၄။)

ယထာဘူတဉာဏ - သမ္မာဒဿန - ကင်္ခါဝိတရဏ

ယဉ္စ ယထာဘူတံဉာဏံ ယဉ္စ သမ္မာဒဿနံ ယာ စ ကင်္ခါဝိတရဏာ၊ ဣမေ ဓမ္မာ ဧကတ္ထာ၊ ဗျဉ္ဇနမေဝ နာနံ။ (ပဋိသံ၊၂၅၈။)

နိမိတ္တံ, ပဝတ္တန္တိ စ ဝုတ္တေ အဇ္ဈတ္တဗဟိဒ္ဓါသန္တာနသညိတေ သဗ္ဗသ္မိံ သပ္ပစ္စယေ နာမရူပေ ယာထာဝတော ပဝတ္တာ ဧကာဝ ပညာ ပရိယာယဝသေန ယထာဘူတဉာဏန္တိပိ သမ္မာဒဿနန္တိပိ တတ္ထ ကင်္ခါဝိက္ခမ္ဘနေန ကင်္ခါဝိတရဏာတိပိ ဝုစ္စတိ။ (မဟာဋီ၊၂၊၃၈၄။)

= ယင်းယထာဘူတဉာဏ်သည်လည်းကောင်း, ယင်းသမ္မာဒဿနဉာဏ်သည်လည်းကောင်း, ယင်းကင်္ခါဝိတရဏဉာဏ်သည်လည်းကောင်း ရှိ၏။ ဤ (၃)ပါးကုန်သော ဉာဏ်ပညာတရားတို့သည် အနက်အားဖြင့် တူကုန်၏၊ သဒ္ဒါမျှသည်သာလျှင် ထူး၏။ (ပဋိသံ၊၂၅၈။ ဝိသုဒ္ဓိ၊၂၊၂၄၀။)

နိမိတ္တ = သင်္ခါရနိမိတ်ဟူ၍လည်းကောင်း, ပဝတ္တ = ဥပါဒိန္နက္ခန္ဓပဝတ္တဟူ၍လည်းကောင်း ဆိုအပ်သော အဇ္ဈတ္တသန္တာန် ဗဟိဒ္ဓသန္တာန်ဟု အသိအမှတ်ပြုအပ်သော အလုံးစုံသော အကြောင်းတရားနှင့် တကွသော နာမ်ရုပ်၌ မဖောက်မပြန် ဟုတ်မှန်သော သဘောအားဖြင့် ဖြစ်သော တစ်ခုတည်းသာလျှင် ဖြစ်သော ပညာကို ပရိယာယ်၏ အစွမ်းဖြင့် ယထာဘူတဉာဏ်ဟူ၍လည်းကောင်း, သမ္မာဒဿနဉာဏ်ဟူ၍လည်းကောင်း, ထိုအကြောင်းတရားနှင့် တကွသော နာမ်ရုပ်၌ ယုံမှားခြင်း = ကင်္ခါ = ဝိစိကိစ္ဆာတရားကို ပယ်ခွာခြင်းကြောင့် ကင်္ခါဝိတရဏဉာဏ်ဟူ၍လည်းကောင်း ခေါ်ဆို၏။ ရုက္ခ = မြေ၌ ပေါက်ရောက်သော သစ်ပင်, ပါဒပ = အမြစ်ဖြင့် ရေကို သောက်တတ်သော သစ်ပင်, တရု = မြေမှကျော်တက်တတ်သော သစ်ပင် ---- ဤသို့ ခေါ်ဆိုသကဲ့သို့ မှတ်ပါ။ (မဟာဋီ၊၂၊၃၈၄။)

စူဠသောတာပန် စခန်းသို့ ဆိုက်ပြီ

ဣမိနာ ပန ဉာဏေန သမန္နာဂတော ဝိပဿကော ဗုဒ္ဓသာသနေ လဒ္ဓဿာသော လဒ္ဓပတိဋ္ဌော နိယတဂတိကော စူဠသောတာပန္နော နာမ ဟောတိ။ (ဝိသုဒ္ဓိ ၊၂၊၂၄၀။)

ဤဆိုအပ်ခဲ့ပြီးသော ယထာဘူတဉာဏ်နှင့် ပြည့်စုံသော ဝိပဿနာဘာဝနာ ကမ္မဋ္ဌာန်းကို အပတ်တကုတ် ကြိုးစား အားထုတ်လျက်ရှိသော ယောဂါဝစရပုဂ္ဂိုလ်သူမြတ်သည်ကား သဗ္ဗညုသမ္မာသမ္ဗုဒ္ဓဘုရားရှင်၏ သာသနာတော်မြတ် အတွင်း၌ ရအပ်သော သက်သာရာရှိသည်, ရအပ်သေနာ ထောက်ရာတည်ရာရှိသည်, မြဲသော သုဂတိရှိသည် ဖြစ်၍ စူဠသောတာပန် = သောတာပန် အထွေးကလေး မည်လေတော့၏။ (ဝိသုဒ္ဓိ၊၂၊၂၄၀။)

မဖောက်မပြန် မှန်ကန်သော အနက်သဘောဟူသော ပရမတ္ထသစ္စာအားဖြင့် ပြောဆိုရမူ ဘုရားရှင်၏ သာသနာတော်မြတ် အတွင်း၌ အဿာသ = သက်သာရာ မည်သည်ကား အရိယဖိုလ်တရားတည်း။ ပတိဋ္ဌာ = ထောက်ရာတည်ရာ မည်သည်ကား အရိယမဂ်တရားတည်း။ ဤယောဂါဝစရပုဂ္ဂိုလ်သည်ကား မရအပ်သေးသော အရိယမဂ်ဖိုလ် ရှိငြားသော်လည်း ထိုအရိယမဂ်ဖိုလ်ကို ရခြင်း၏ အကြောင်းဖြစ်သော ကျင့်ဝတ်ပဋိပတ်၌ တည်သည်၏ အဖြစ်ကြောင့် ရအပ်ပြီးသော သက်သာရာ ရှိသကဲ့သို့လည်းကောင်း, ရအပ်ပြီးသော ထောက်တည်ရာ ရှိသကဲ့သို့လည်းကောင်း ဖြစ်၏၊ ထိုကြောင့် လဒ္ဓဿာသ = ရအပ်သော သက်သာရာရှိသည်, လဒ္ဓပတိဋ္ဌ = ရအပ်သော ထောက်ရာတည်ရာ ရှိသည်ဟူ၍ မိန့်ဆိုခြင်း ဖြစ်၏။ မယုတ်လျော့သော ကင်္ခါဝိတရဏဝိသုဒ္ဓိဉာဏ်အမြင်ရှိသော ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို ကြိုးပမ်းလျက်ရှိသော ဝိပဿက ယောဂါဝစရပုဂ္ဂိုလ်သည် သီလသမ္ပဒါ = သီလ၏ ပြည့်စုံခြင်း, သမာဓိသမ္ပဒါ = သမာဓိ၏ ပြည့်စုံခြင်း, ပညာသမ္ပဒါ = ပညာ၏ ပြည့်စုံခြင်း တို့နှင့် ကုံလုံ ပြည့်စုံနေသည့် အတွက်ကြောင့် အထက်ဖြစ်သော တရားထူးတရားမြတ်ကို ထိုးထွင်း၍ မသိသည် ရှိသော်လည်း သုဂတိလျှင် လားရာရှိသောကြောင့် နိယတဂတိက = မြဲသောသုဂတိ ရှိသည်ဟု ဖွင့်ဆိုခြင်း ဖြစ်၏။ ထိုကြောင့်ပင်လျှင် စူဠသောတာပန် = သောတာပန်အထွေးကလေး မည်၏။ မှန်ပေသည် --- သောတာပန် ပုဂ္ဂိုလ်သည်ကား အပါယ်ရောက်ကြောင်း ကိလေသာဟူသမျှကို အရိယမဂ်တရားဖြင့် ပယ်ရှားပြီးသည့်အတွက် အပါယ်ဒုဂ္ဂတိသို့ ရောက်ကြောင်းတရားများ ကုန်လေပြီ၊ အပါယ်သို့ ကျရောက်ခြင်းသဘော မရှိ၊ ဖရိုဖရဲ ပြိုကွဲ ပျက်စီးလျက် ကျရောက်ခြင်း သဘောမရှိ၊ ကုန်ပြီးသော အပါယ်ဒုဂ္ဂတိ ဝိနိပါတဘေးဆိုးကြီးရှိ၏ဟု သိပါလေ။ (မဟာဋီ၊၂ ၊၃၈၅။)

တစ်နည်း --- ရုပ်နာမ်တရားတို့ကို ပရမတ်သို့ဆိုက်အောင် ဉာဏ်အမြင် သန့်ရှင်းပြီးဖြစ်သဖြင့် ယောဂါဝစရပုဂ္ဂိုလ်သည် ဒိဋ္ဌိဝိသုဒ္ဓိဉာဏ်အမြင်ကို ကောင်းစွာ ရထား၏။ ယင်းသို့ ဒိဋ္ဌိဝိသုဒ္ဓိဉာဏ်အမြင်ကို ကောင်းစွာ ရထားသဖြင့် လဒ္ဓဿာသ = သာသနာတော်၌ ရအပ်သော သက်သာရာ ရှိ၏။ မှန်ပေသည် နာမ်ရုပ်ကို ပိုင်းပိုင်း ခြားခြား သိတတ်သော နာမရူပပရိစ္ဆေဒဉာဏ်ဖြင့် ခန္ဓာ-အာယတန-ဓာတ်စသော ပရမတ်တရားတို့ကို ဟုတ်မှန်တိုင်းသော မိမိ မိမိ၏ ကိုယ်ပိုင်သဘာဝလက္ခဏာ, ဟုတ်မှန်တိုင်းသော မိမိ မိမိ၏ ကိုယ်ပိုင်လုပ်ငန်း ကိစ္စအားဖြင့် ကောင်းစွာ ပိုင်းခြားမှတ်သားနိုင်၍ = ရုပ် နာမ် ပရမတ္ထ ဓာတ်သားတိုင်းကို လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန် နည်းအားဖြင့် ဉာဏ်ဖြင့် ကောင်းစွာ ကြိတ်ချေနိုင်သည်ဖြစ်၍ သဗ္ဗညုသမ္မာသမ္ဗုဒ္ဓဘုရားရှင်၏ သာသနာတော်၌ တရားနှင့် စပ်ဆိုင်သော နှစ်သိမ့်ဝမ်းမြောက်ခြင်း = ပီတိ ပါမောဇ္ဇတရားကို ရရှိသဖြင့် လဒ္ဓဿာသ = ရအပ်သော သက်သာရာ ရှိ၏။

ကင်္ခါဝိတရဏဝိသုဒ္ဓိဉာဏ်ကို ကောင်းစွာ ရရှိသဖြင့် လဒ္ဓပတိဋ္ဌ = သာသနာတော်၌ ရအပ်သော ထောက်ရာတည်ရာ ရှိ၏။ မှန်ပေသည် --- အကြောင်းတရားနှင့် တကွသော နာမ်ရုပ်ကို ရှုမြင်တတ် ထိုးထွင်းသိတတ်သော ဉာဏ်ဖြင့် နှိမ်နင်း ချေမှုန်းအပ်ပြီးသော သဿတဒိဋ္ဌိ ဥစ္ဆေဒဒိဋ္ဌိစသော မိစ္ဆာဒိဋ္ဌိဆူးငြောင့် ရှိသည်ဖြစ်၍, ထုတ်ပယ်အပ်ပြီးသော အဟေတုဝါဒ = အကြောင်းမဲ့ဝါဒ, ဝိသမဟေတုဝါဒ = ဖန်ဆင်းရှင်စသော မညီညွတ်သော အကြောင်းရှိသော ဝါဒရှိသည် ဖြစ်၍ (= အကြောင်းတရားနှင့် တကွသော နာမ်ရုပ်ကို ရှုမြင်တတ် ထိုးထွင်းသိတတ်သော ဉာဏ်ဖြင့် သဿတဒိဋ္ဌိ ဥစ္ဆေဒဒိဋ္ဌိ စသော မိစ္ဆာဒိဋ္ဌိ ဆူးငြောင့် ခလုတ်တို့ကို နှိမ်နင်းချေ မှုန်းအပ်ပြီးသည် ဖြစ်၍, အကြောင်းမရှိဟု လက်ခံသော = အဟေတုဝါဒ, ဖန်ဆင်းရှင်စသော မညီညွတ်သော အကြောင်းကို လက်ခံသော = ဝိသမဟေတုဝါဒတို့ကို ထုတ်ပယ်အပ် နှုတ်ပယ်အပ်ပြီးသည် ဖြစ်၍) --- အကြင် အကြင် မိမိ မိမိ၏ ဥစ္စာဖြစ်သော ဆိုင်ရာ ဆိုင်ရာ အဝိဇ္ဇာ-တဏှာ-ဥပါဒါန်-သင်္ခါရ-ကံစသော အကြောင်းတရားတို့ကြောင့်သာလျှင် ဖြစ်ပေါ်လာသော ပရမတ္ထဓမ္မ သဘောတရားမျှကို သိရှိ၍ နေခြင်းကြောင့် ဘုရားရှင်၏ သာသနာတော်တွင်း၌ သာသနာတော်မှ မခွဲနိုင်အောင် အမြစ်တွယ်လျက် တည်တံ့သော သဒ္ဓါတရားရှိသော ပုဂ္ဂိုလ်သည် လဒ္ဓပတိဋ္ဌ = ရအပ်သော ထောက်ရာတည်ရာ ရှိသည် မည်ပေ၏။ (မဟာဋီ၊၂ ၊၃၈၅။)

နာမ်ရုပ်ကို ပိုင်းခြားမှတ်သားတတ်သော နာမရူပဝဝတ္ထာနဉာဏ်ဖြင့် ဒုက္ခသစ္စာကိုလည်းကောင်း, ဓမ္မဋ္ဌိတိဉာဏ်ဖြင့် သမုဒယသစ္စာကိုလည်းကောင်း, ထိုဓမ္မဋ္ဌိတိဉာဏ်၏သာလျှင် နောက်ပိုင်းအဖို့ဘာဂ ဖြစ်သော (ဝိပဿနာ) ဉာဏ်ဖြင့် ဒုက္ခသစ္စာ သမုဒယသစ္စာ အမည်ရသော သင်္ခါရတရားတို့ကို ဖြစ်ပြီးလျှင် ပျက်သွားသည့် သဘောကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အနိစ္စဟု နှလုံးသွင်းခြင်းစသော အစီအရင်ဖြင့် မဂ္ဂသစ္စာကို လည်းကောင်း ထူးသော ဉာဏ်ဖြင့် (= ဓမ္မဋ္ဌိတိ အမည်ရသော ဝိပဿနာဉာဏ်ဖြင့်) ထိုးထွင်းသိမြင်၍ အကြောင်းတရားတို့၏ မပြတ်ဖြစ်ခြင်းကြောင့် အကျိုးရုပ်နာမ်၏ မပြတ်ဖြစ်ခြင်းတည်းဟူသော မပြတ်ဖြစ်နေသော ရုပ်နာမ် အလျဉ်၏ ဒုက္ခ၏အဖြစ်ကို သိမြင်ပြီး၍ မပြတ်ဖြစ်နေသော ရုပ်နာမ်အလျဉ်၏ ကင်းရာဖြစ်သော အကြောင်းတရား တို့၏ ချုပ်ခြင်းကြောင့် အကျိုးရုပ်နာမ်အလျဉ်၏ ချုပ်ခြင်းဟု ဆိုအပ်သော နိရောဓသစ္စာ၌ (ဥဒယဗ္ဗယဉာဏ်ပိုင်းတွင် ထင်ရှားလတ္တံ့) စင်စစ်အားဖြင့်သာလျှင် ညွတ်ကိုင်းရှိုင်းသော အလိုအဇ္ဈာသယဓာတ် ရှိသည်၏ အဖြစ်ကြောင့် လောကီ ဝိပဿနာဉာဏ်ဖြင့်သာလျှင် အရိယသစ္စာ (၄)ပါးတို့ကို ရပြီး သိပြီးသည်၏ အဖြစ်ကြောင့် အပါယ်လေးဘုံတို့၌ ဖြစ်ထိုက်ခြင်းသဘော မရှိသည်လည်းကောင်း, သောတာပန်ဘုံအဆင့်၌ ဖြစ်ထိုက်ခြင်းသဘောရှိသည်လည်းကောင်း ဖြစ်ပေ၏။ ထိုကြောင့် နိယတဂတိကဟူ၍ ဖွင့်ဆိုခြင်း ဖြစ်၏။ ထိုကြောင့်ပင် စူဠသောတာပန် မည်ရပေသည်။ (မဟာဋီ၊၂၊၃၈၅။)

ထိုကြောင့် ဤသာသနာတော်၌ မိမိ၏လည်းကောင်း, သူတစ်ပါးတို့၏လည်းကောင်း, မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်တိုင်အောင်သော အကျိုးစီးပွားအလို့ငှာလည်းကောင်း ချမ်းသာသုခအလို့ငှာလည်းကောင်း ကျင့်ကြံကြိုးကုတ် ပွားများ အားထုတ်လျက်ရှိသော ပညာရှိသူတော်ကောင်းသည် ကြောင်း-ကျိုးဆက်နွယ်မှု = ပဋိစ္စသမုပ္ပါဒ် သဘောတရားတို့ကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်အောင် လုံ့လပြုခြင်းမှ ကြွင်းသော ကိစ္စအဝဝတို့ကို စွန့်ပယ်ထားလိုက်၍ နက်နဲလှစွာသော ပစ္စယာကာရ အမည်ရသော ကြောင်း-ကျိုး-ဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ် သဘောတရား အထူးအပြား၌ အကြင်သို့သော အခြင်းအရာအားဖြင့် ကြိုးစား အားထုတ်ခဲ့သော် ဉာဏ်ဖြင့် ထောက်ရာတည်ရာကို ရရှိနိုင်လေရာ၏၊ ထိုကဲ့သို့သော အခြင်းအရာအားဖြင့် သတိနှင့် ပြည့်စုံသည် ဖြစ်၍ ပညာအမြော်အမြင် သမ္ပဇဉ်ဉာဏ်နှင့် ပြည့်စုံသည် ဖြစ်၍ အခါခပ်သိမ်း အဖန်တလဲလဲ လုံ့လကြိုးကုတ် အားထုတ်လေရာသတည်း။ (အဘိ၊ဋ္ဌ၊၂၊၁၈၉။ ဝိသုဒ္ဓိ၊၂၊၂၂၁။)

ပြည်ဆရာတော်ဘုရားကြီး၏ အာသီသကထာ

ယောဇနာနှင့်၊ ဋီကာအနု၊ မဓု ဂဏ္ဌိ၊ ကျမ်းပေါင်း ညှိ၍၊ အတိဂမ္ဘီရ၊ ဒုဒ္ဒသဟု၊ ပဋိစ္စသမုပ္ပါဒ်၊ စက် ရဟတ်ကို၊ ဆုံးဖြတ်ဖွတ်နှည်၊ ဉာဏ်ပွတ်ကျည်ဖြင့်၊ လည်တပတ်ပတ်၊ နယ်ချေပွတ်လျက်၊ မွတ်မွတ်ညက်ညက်၊ လွန်ခဲခက်သည်၊ နက်ဓိပ္ပါယ်ယော်၊ ပေါပေါပေါ်အောင်၊ ထုတ်ဖော်ဆုံးဖြတ်၊ မြိန်မွန်မြတ်သား၊ ထောပတ်ဆီဥ၊ ရမှတ်ပြုမှ၊ လဒ္ဓုပဒေသာ၊ သကာချိုမြက်၊ အဖျော်ဖက်၍၊ နံ့သက်မွှေးမွှေး၊ ချိုဆိမ့်လေးသား၊ တည်ကျွေးစားငှာ၊ ဤသည့်စာကို၊ သုဓာမြိုက်တူ၊ စားသောသူကား၊ အယူမသာ၊ ကင်္ခါဝိမတိ၊ စေးညှိထဲနာ၊ ကင်းစင်ကွာ၍၊ နာမရူပတ်၊ ပရမတ်ကို၊ ဆတ်ဆတ်ဆိုနိုင်၊ ဉာဏ်ခန်းပိုင်သည်၊ ဦးကိုင်ပွဲမ၊ ခုံတည်ပလျက်၊ ထွေငေါ်နက်သား၊ သွက်သွက် မြန်သန်၊ ချက်တိုင်းမှန်၍၊ ကျမ်းဂန်စက်ကျ၊ သိုက်မှန်ရသို့၊ ပါမောက္ခကြီး၊ အံ့ဝှဲချီးလျက်၊ ဝေးနီးလူဗိုလ်၊ အများခိုသည်။ ။ ပုဂ္ဂိုလ်မြောက်ပါစေသတည်း။ (ပြည်-ဝိသုဒ္ဓိမဂ်နိဿယ-၄၊၂၆၇။)

__________