နိဗ္ဗာနဂါမိနိပဋိပဒါ-တတိယတွဲ/(ကလလရေကြည် တည်စခိုက်) ပဋိသန္ဓေ ခန္ဓာငါးပါး
(ကလလရေကြည် တည်စခိုက်) ပဋိသန္ဓေ ခန္ဓာငါးပါး
ပဋိသန္ဓေ ကလလရေကြည် တည်စအခိုက်၌ ---
၁။ ဟဒယဒသကကလာပ်, ကာယဒသကကလာပ်, ဘာဝဒသကကလာပ် ဟူသော ရုပ်ကလာပ်အမျိုးအစား (၃)မျိုး, ရုပ်အမျိုးအစား (၃၀)သည် ရူပက္ခန္ဓာမည်၏။
၂။ ပဋိသန္ဓေနာမ်တရား (= ၃၄)မှ ဝေဒနာသည် ဝေဒနာက္ခန္ဓာမည်၏။
၃။ ပဋိသန္ဓေနာမ်တရား (= ၃၄)မှ သညာသည် သညာက္ခန္ဓာမည်၏။
၄။ ပဋိသန္ဓေနာမ်တရား (= ၃၄)မှ စေတနာသည် သင်္ခါရက္ခန္ဓာမည်၏။ (ပထမနည်း။)
ပဋိသန္ဓေနာမ်တရား (= ၃၄)မှ ဝေဒနာ-သညာ-ဝိညာဏ်မှ ကြွင်းကျန်သော စေတသိက် (၃၁)လုံးသည် သင်္ခါရက္ခန္ဓာမည်၏။ (ဒုတိယနည်း။)
၅။ ပဋိသန္ဓေနာမ်တရား (= ၃၄)မှ အသိစိတ် = ဝိညာဏ်သည် ဝိညာဏက္ခန္ဓာမည်၏။
ဤခန္ဓာငါးပါးတို့မှာ သောမနဿဝေဒနာနှင့် ယှဉ်လျက် ပဋိသန္ဓေတည်ခဲ့သော တိဟိတ်ပုဂ္ဂိုလ်အတွက်သာ ဖြစ်သည်။ တိဟိတ်လူသားအတွက်သာ ဖြစ်သည်။ အကယ်၍ ဥပေက္ခာဝေဒနာနှင့် ယှဉ်လျက် ပဋိသန္ဓေတည်နေခဲ့သော တိဟိတ်ပုဂ္ဂိုလ်မျိုးဖြစ်မူ ပီတိမပါသဖြင့် နာမ်တရား (၃၃)လုံးရှိမည် ဖြစ်သည်။ ဒွိဟိတ် သောမနဿ ပဋိသန္ဓေဖြစ်မူ နာမ်တရား (၃၃), ဒွိဟိတ် ဥပေက္ခာ ပဋိသန္ဓေဖြစ်မူ နာမ်တရား (၃၂)လုံး အသီးအသီး ရှိပေမည်။
ပဋိသန္ဓေစိတ်၏ ဥပါဒ်အခိုက်၌သာ ရုပ်ကလာပ် အမျိုးအစား (၃)မျိုး ရုပ်အမျိုးအစား (၃၀) ဖြစ်သည်။ ပဋိသန္ဓေ၏ ဌီကာလမှစ၍ တစ်နည်းဆိုသော် ပဋိသန္ဓေကမ္မဇရုပ်တို့၏ ဌီကာလမှစ၍ ရုပ်၏ ဌီကာလသို့ ရောက်ရှိနေသော ယင်းကမ္မဇရုပ်တို့တွင်ပါဝင်သော တေဇောဓာတ် = ဥတုသည် ဥတုဇဩဇဋ္ဌမကရုပ်ကလာပ် အသစ်အသစ်ကို ထပ်မံ ဖြစ်စေပြန်၏။ ပဋိသန္ဓေ၏ ဌီကာလမှစ၍ ဥတုဇရုပ်ကို ဖြစ်စေနိုင်သကဲ့သို့ အလားတူပင် ရုပ်၏ဌီကာလသို့ ရောက်ရှိနေသော တေဇောဓာတ် ဥတုဟူသမျှသည် ယေဘုယျအားဖြင့် ဥတုဇဩဇဋ္ဌမက ရုပ်ကလာပ် အသစ်အသစ်ကို ဖြစ်စေနိုင်သည်ချည်းပင် ဖြစ်သည်။
ကမ္မဇရုပ်ကလာပ်တို့ကား စိတ္တက္ခဏတိုင်း၏ ဥပါဒ်ကာလတိုင်း ဌီကာလတိုင်း ဘင်ကာလတိုင်း၌ အမြဲတမ်း ဘဝတစ်လျှောက် အသစ်အသစ် ဖြစ်နေကြ၏။ ကမ္မဇရုပ်ကလာပ်တိုင်း၌ တေဇောဓာတ် ဥတုပါဝင် သဖြင့် ယင်းဥတုတိုင်းသည်လည်း ဌီကာလသို့ ရောက်တိုင်း ရောက်တိုင်း ရုပ်ကလာပ် အသစ်အသစ်ကို ထပ်မံ ဖြစ်စေသည်သာ ဖြစ်၏။
တစ်ဖန် ယင်းဥတုဇဩဇဋ္ဌမက ရုပ်ကလာပ်တိုင်း၌လည်း တေဇောဓာတ် ပါဝင်လျက်ပင်ရှိ၏။ ယင်း တေဇောဓာတ်ကလည်း ဌီကာလသို့ရောက်တိုင်း (ရုပ်ကမ္မဋ္ဌာန်းပိုင်းတွင် ဖော်ပြခဲ့သည့်အတိုင်း) ရုပ်ကလာပ် အသစ်အသစ်ကို ဖြစ်စေနိုင်ပြန်၏။
ပထမဘဝင်မှစ၍ ဘဝတစ်လျှောက်ဝယ် ပဉ္စဝိညာဏ်မှ တစ်ပါးသော စိတ်တိုင်း စိတ်တိုင်းသည် ဥပါဒ်လျှင် ဥပါဒ်ချင်း ဥပါဒ်ခဏတိုင်း ဥပါဒ်ခဏတိုင်း၌ စိတ္တဇဩဇဋ္ဌမကရုပ်ကလာပ် အသစ်အသစ်ကို ဖြစ်စေနိုင်ပြန်၏။ စိတ် တစ်ခုတစ်ခုသည် တစ်နည်းဆိုသော် စိတ္တက္ခဏ တစ်ခုတစ်ခုသည် စိတ္တဇရုပ်ကလာပ်ပေါင်းများစွာကို ဖြစ်စေနိုင်သည်သာ ဖြစ်၏။ ယင်းစိတ္တဇဩဇဋ္ဌမက ရုပ်ကလာပ်တိုင်းတွင်လည်း တေဇောဓာတ် = ဥတုပါဝင်ပြန်၏။ ယင်းဥတုကလည်း ရုပ်၏ ဌီကာလသို့ ရောက်တိုင်း ရောက်တိုင်း (ရုပ်ကမ္မဋ္ဌာန်းပိုင်းတွင် ဖော်ပြခဲ့သည့်အတိုင်း) ဥတုဇဩဇဋ္ဌမကရုပ်ကလာပ် အသစ်အသစ်ကို ဖြစ်စေနိုင်ပြန်၏။
အမိစားမျိုလိုက်သော အစာအာဟာရ၏ ကိုယ်ဝန်သားငယ်၏ ခန္ဓာအိမ်အတွင်းသို့ ပျံ့နှံ့သည့် အချိန် ကာလကစ၍ အာဟာရဇဩဇဋ္ဌမကရုပ်တို့ ဖြစ်ကြ၏။ သို့အတွက် ပဋိသန္ဓေ၏ ဌီကာလမှစ၍ ဥတုဇရုပ်တို့ စတင် ဖြစ်လာကြ၏။ ပထမဘဝင်မှ စ၍ စိတ္တဇရုပ်တို့ စတင် ဖြစ်ပေါ်လာကြ၏၊ မိခင်၏ စားမျိုလိုက်သော အာဟာရ၏ သူငယ်၏ ခန္ဓာအိမ်သို့ ကူးစက်ပျံ့နှံ့သည့် အချိန်ကာလမှ စ၍ အာဟာရဇရုပ်တို့ စတင် ဖြစ်ပေါ် လာကြ၏။ သို့အတွက် ရူပက္ခန္ဓာကို သိမ်းဆည်းရှုပွားရာ၌ သတိပြု၍ သိမ်းဆည်းရှုပွားပါ။ ယခုကဲ့သို့ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းနေသည့် အချိန်ပိုင်း၌ကား ကမ္မဇရုပ် စိတ္တဇရုပ် ဥတုဇရုပ် အာဟာရဇရုပ်တို့ စုံညီနေကြပြီ ဖြစ်၏။
ရှေးဦးစွာ အသင်သူတော်ကောင်းကိုယ်တိုင် သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်ထားသော ရှာဖွေတွေ့ရှိထားသော အတိတ်အကြောင်းတရား (၅)ပါးတို့တွင် အဝိဇ္ဇာ-တဏှာ-ဥပါဒါန် ဟူသော ကိလေသဝဋ်ကြောင့် သင်္ခါရ-ကံဟူသော ကမ္မဝဋ်နှစ်ပါး ထင်ရှားဖြစ်ပေါ်လာပုံကိုလည်းကောင်း, တစ်နည်းဆိုသော် အဝိဇ္ဇာ-တဏှာ-ဥပါဒါန် ဦးဆောင်သည့် မနောဒွါရိကဇောဝီထိစိတ်အစဉ်ကြောင့် သင်္ခါရ-ကံ ပြဓာန်းသည့် မနောဒွါရိကဇောဝီထိစိတ်အစဉ် ဖြစ်ပုံကိုလည်းကောင်း, ယင်းကမ္မဝဋ်ကြောင့် တစ်နည်း ဆိုသော် ကမ္မသတ္တိကြောင့် ဝိပါကဝဋ်တွင် အကျုံးဝင်သော ပဋိသန္ဓေရူပက္ခန္ဓာ၏ ကြောင်း-ကျိုး ဆက်နွယ်လျက် ဖြစ်မှုသဘောကိုလည်းကောင်း ဉာဏ်ဖြင့် မြင်အောင် ရှုပါ။ အကြောင်း ကံနှင့် အကျိုး ပဋိသန္ဓေကမ္မဇရုပ်တို့၏ တစ်နည်းဆိုသော် အဝိဇ္ဇာ-တဏှာ-ဥပါဒါန်တို့ ခြံရံထားသော အကြောင်း သင်္ခါရ-ကံနှင့် အကျိုး ပဋိသန္ဓေ ကမ္မဇရုပ်တို့၏ အကြောင်းတရားကို စွဲမှီ၍ အကျိုးတရား၏ ဖြစ်နေပုံသဘောကို ဉာဏ်ဖြင့် မြင်သောအခါ အောက်ပါအတိုင်း အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းပါ။
ပဋိသန္ဓေ ရူပက္ခန္ဓာ
၁။ အဝိဇ္ဇာ (=၂၀) ဖြစ်ခြင်းကြောင့် ပဋိသန္ဓေကမ္မဇရုပ် ရူပက္ခန္ဓာဖြစ်၏။
အဝိဇ္ဇာ (=၂၀)က အကြောင်းတရား၊ ပဋိသန္ဓေကမ္မဇရုပ် ရူပက္ခန္ဓာက အကျိုးတရား။
၂။ တဏှာ (=၂၀) ဖြစ်ခြင်းကြောင့် ပဋိသန္ဓေကမ္မဇရုပ် ရူပက္ခန္ဓာ ဖြစ်၏။
တဏှာ (=၂၀)က အကြောင်းတရား၊ ပဋိသန္ဓေကမ္မဇရုပ် ရူပက္ခန္ဓာက အကျိုးတရား။
၃။ ဥပါဒါန် (=၂၀) ဖြစ်ခြင်းကြောင့် ပဋိသန္ဓေကမ္မဇရုပ် ရူပက္ခန္ဓာဖြစ်၏။
ဥပါဒါန် (=၂၀)က အကြောင်းတရား၊ ပဋိသန္ဓေကမ္မဇရုပ် ရူပက္ခန္ဓာက အကျိုးတရား။
၄။ သင်္ခါရ (= ၃၄) ဖြစ်ခြင်းကြောင့် ပဋိသန္ဓေကမ္မဇရုပ် ရူပက္ခန္ဓာဖြစ်၏။
သင်္ခါရ (= ၃၄)က အကြောင်းတရား၊ ပဋိသန္ဓေကမ္မဇရုပ် ရူပက္ခန္ဓာက အကျိုးတရား။
၅။ ကံ (= ၃၄)၏ ကမ္မသတ္တိ ဖြစ်ခြင်းကြောင့် ပဋိသန္ဓေကမ္မဇရုပ် ရူပက္ခန္ဓာဖြစ်၏။
ကံ (= ၃၄)၏ ကမ္မသတ္တိက အကြောင်းတရား၊ ပဋိသန္ဓေကမ္မဇရုပ် ရူပက္ခန္ဓာက အကျိုးတရား။
မှတ်ချက် --- အဝိဇ္ဇာ-တဏှာ-ဥပါဒါန်တို့၌ (၂၀)ဟူသည် သောမနဿသဟဂုတ် ဒိဋ္ဌိဂတသမ္ပယုတ် အသင်္ခါရိက ပထမလောဘမူစိတ် နာမ်တရားစုကို ရည်ညွှန်းထားပါသည်။ (၂၂^၁၉^၂၁)လုံးသော နာမ်တရား တို့လည်း ထိုက်သလို ဖြစ်နိုင်ကြပါသည်။ မိမိ၏ အတိတ် ရုပ်နာမ်သန္တာန်အစဉ်တွင် ကံကို ထူထောင်ခဲ့စဉ်က ဖြစ်ခဲ့သည့်အတိုင်းသာ ရှုရန် ဖြစ်ပါသည်။
တစ်ဖန် သင်္ခါရ-ကံတို့၌ (၃၄)ဟူသည် ကမ္မဝဋ် သဒ္ဓါပညာအုပ်စု နာမ်တရား (၃၄)တို့ကို ဆိုလိုပါသည်။ သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် အသင်္ခါရိက ပထမ မဟာကုသိုလ်စိတ်ကို ရည်ညွှန်းထားပါသည်။ အကယ်၍ အသင်သူတော်ကောင်းသည် အတိတ်ဘဝက ကံကို ပြုစုပျိုးထောင်ခဲ့စဉ်က ဥပေက္ခာဝေဒနာနှင့် ယှဉ်တွဲနေသည့် ကံကို ပြုစုပျိုးထောင်ခဲ့သည် ဖြစ်အံ့၊ ထိုသင်္ခါရ-ကံတို့၌ ဥပေက္ခာဝေဒနာနှင့် ယှဉ်နေ၍ ပီတိမပါနိုင်ရကား နာမ်တရားစုတို့မှာ (၃၃) ဖြစ်ကြသည်။ ယခုကဲ့သို့ ရုပ်-နာမ်-ကြောင်း-ကျိုး = သင်္ခါရတရား တို့ကို သိမ်းဆည်းနိုင်သူ ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်သူ ရှုပွားနိုင်သူတို့သည် ယေဘုယျအားဖြင့် တိဟိတ် ပုဂ္ဂိုလ်များသာ ဖြစ်ကြသဖြင့် ဤ၌ တိဟိတ်ပုဂ္ဂိုလ်ကိုသာ စံနမူနာထား၍ ဖော်ပြထားပါသည်။ ဒွိဟိတ်ပုဂ္ဂိုလ် ဖြစ်မူကား ယင်းသင်္ခါရ-ကံ နာမ်တရားစု တို့မှာ (၃၃^၃၂) စသည်လည်း ဖြစ်နိုင်ကြပေသည်။
အကြောင်းအကျိုး နှစ်ဘက်လုံးတို့၌ ဃနအသီးအသီး ပြိုပါမှ ပရမတ်သို့ ဉာဏ်အမြင် ဆိုက်မည်၊ ပရမတ်သို့ ဉာဏ်အမြင်ဆိုက်ပါမှလည်း ပရမတ်အချင်းချင်း၏ ကြောင်း-ကျိုး ဆက်နွယ်မှု ရှိမရှိကို ရှု၍ ရနိုင်မည် ဖြစ်သည်။ ထိုကြောင့် အကြောင်းအကျိုး နှစ်ဘက်လုံးတို့၌ ဃနပြိုအောင် ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် ရှုနေရခြင်း ဖြစ်သည်။ ပညတ်အချင်းချင်းလည်း အကြောင်း အကျိုး စပ်၍ မရ၊ ပညတ်နှင့် ပရမတ်လည်း အကြောင်း အကျိုး စပ်၍ မရနိုင်ပေ။
ဥပါဒါန် --- ယောဂီအများစု၌် ယေဘုယျအားဖြင့် ကာမုပါဒါန်ပင် အဖြစ်များ၍ ဥပါဒါန်၌ ကာမုပါဒါန် တစ်မျိုးကိုသာ ဖော်ပြထားပါသည်။ သို့သော် အသင်သူတော်ကောင်းသည် ဥပါဒါန်လေးမျိုးတို့တွင် အတိတ် ဘဝက သင်္ခါရ-ကံတို့ကို ပြုစုပျိုးထောင်စဉ်၌ ဖြစ်ခဲ့ဖူးသော ဥပါဒါန် တစ်မျိုးမျိုးနှင့်သာ အကြောင်းအကျိုးစပ်၍ သိမ်းဆည်းရမည် ဖြစ်ပါသည်။
ပဋိသန္ဓေ ဝေဒနာက္ခန္ဓာ
အတိတ်က ပြုစုပျိုးထောင်ခဲ့သော အကြောင်းတရားများကြောင့် ပဋိသန္ဓေ ဝေဒနာက္ခန္ဓာ ဖြစ်ပုံကို လည်းကောင်း, ဝတ္ထု-အာရုံ-ဖဿစသော အကြောင်းတရားတို့ကြောင့် ပဋိသန္ဓေ ဝေဒနာက္ခန္ဓာ ဖြစ်ပုံကို လည်းကောင်း ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အောက်ပါအတိုင်း အကြောင်းအကျိုး သိမ်းဆည်းပါ။
အတိတ်အကြောင်းတရား (၅) ပါး
၁။ အဝိဇ္ဇာ (=၂၀) ဖြစ်ခြင်းကြောင့် ပဋိသန္ဓေဝေဒနာက္ခန္ဓာ ဖြစ်၏။
အဝိဇ္ဇာ (=၂၀)က အကြောင်းတရား၊ ပဋိသန္ဓေဝေဒနာက္ခန္ဓာက အကျိုးတရား။
၂။ တဏှာ (=၂၀) ဖြစ်ခြင်းကြောင့် ပဋိသန္ဓေဝေဒနာက္ခန္ဓာ ဖြစ်၏။
တဏှာ (=၂၀)က အကြောင်းတရား၊ ပဋိသန္ဓေဝေဒနာက္ခန္ဓာက အကျိုးတရား။
၃။ ဥပါဒါန် (=၂၀) ဖြစ်ခြင်းကြောင့် ပဋိသန္ဓေဝေဒနာက္ခန္ဓာဖြစ်၏။
ဥပါဒါန် (=၂၀)က အကြောင်းတရား၊ ပဋိသန္ဓေဝေဒနာက္ခန္ဓာက အကျိုးတရား။
၄။ သင်္ခါရ (= ၃၄) ဖြစ်ခြင်းကြောင့် ပဋိသန္ဓေဝေဒနာက္ခန္ဓာ ဖြစ်၏။
သင်္ခါရ (= ၃၄)က အကြောင်းတရား၊ ပဋိသန္ဓေဝေဒနာက္ခန္ဓာက အကျိုးတရား။
၅။ ကံ = (= ၃၄)၏ ကမ္မသတ္တိ ဖြစ်ခြင်းကြောင့် ပဋိသန္ဓေဝေဒနာက္ခန္ဓာ ဖြစ်၏။
ကံ = (= ၃၄)၏ ကမ္မသတ္တိက အကြောင်းတရား၊ ပဋိသန္ဓေဝေဒနာက္ခန္ဓာက အကျိုးတရား။
ပစ္စုပ္ပန်အကြောင်းတရား (၃) ပါး
၆။ ဝတ္ထု (= မှီရာဝတ္ထုရုပ် ၃၀) ဖြစ်ခြင်းကြောင့် ပဋိသန္ဓေဝေဒနာက္ခန္ဓာ ဖြစ်၏။
ဝတ္ထုက အကြောင်းတရား၊ ပဋိသန္ဓေဝေဒနာက္ခန္ဓာက အကျိုးတရား။
၇။ အာရုံ (= ကံအာရုံ) ဖြစ်ခြင်းကြောင့် ပဋိသန္ဓေဝေဒနာက္ခန္ဓာ ဖြစ်၏။
အာရုံက အကြောင်းတရား၊ ပဋိသန္ဓေ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၈။ ဖဿ (= ၃၄ - ဝေဒနာ = ၃၃) ဖြစ်ခြင်းကြောင့် ပဋိသန္ဓေဝေဒနာက္ခန္ဓာ ဖြစ်၏။
ဖဿက အကြောင်းတရား၊ ပဋိသန္ဓေဝေဒနာက္ခန္ဓာက အကျိုးတရား။
ထပ်မံရှင်းလင်းချက် --- ပဋိသန္ဓေ ဝေဒနာက္ခန္ဓာသည် ဝိပါက် နာမ်တရားစုတွင် ပါဝင်သဖြင့် အတိတ်ဘဝက ပြုစုပျိုးထောင်ခဲ့သော အဝိဇ္ဇာ-တဏှာ-ဥပါဒါန်-သင်္ခါရ-ကံဟူသော ကိလေသဝဋ် ကမ္မဝဋ်တို့ကြောင့်လည်း ဖြစ်၏။ တစ်ဖန် - ဝတ္ထု-အာရုံ-ဖဿစသော ပစ္စုပ္ပန်အကြောင်းတရားများကြောင့်လည်း ဖြစ်၏။ ဝိပါက်နာမ်တရားဖြစ်၍ အတိတ်အကြောင်းတရား (၅)ပါးကြောင့် ဖြစ်မှုမှာ သဘောပေါက်လောက်ပေပြီ။ ရှုလည်း ရှုတတ်လောက်ပေပြီ။ ပစ္စုပ္ပန်အကြောင်းတရားများကြောင့် ဖြစ်ပုံကိုလည်း အနည်းငယ် ရှင်းလင်းတင်ပြပေအံ့ ---
ဝတ္ထု --- ယင်းဝေဒနာ နာမ်တရားသည် တစ်နည်းဆိုရသော် ဝေဒနာနှင့် တကွသော ပဋိသန္ဓေနာမ်တရားစု အားလုံးသည် ပဉ္စဝေါကာရဘုံ၌ မှီရာဝတ္ထုရုပ် ရှိပါမှသာလျှင် ဖြစ်နိုင်စွမ်းရှိ၏၊ မှီရာဝတ္ထုရုပ် မရှိသော် ဖြစ်နိုင်စွမ်း မရှိပေ။ ဝေဒနာနှင့် တကွသော ယင်းပဋိသန္ဓေနာမ်တရားစုမှာ မိမိနှင့် စိတ္တက္ခဏတစ်ခု၏ အတွင်း၌ ပြိုင်တူ ဖြစ်လာသည့် = အတူဥပါဒ်လာသည့် ဟဒယဝတ္ထုရုပ်ကိုသာ မှီ၍ဖြစ်ရ၏၊ ယင်းဟဒယဝတ္ထုရုပ်ကို မမှီတွယ်ရလျှင် မဖြစ်နိုင်ပေ။ ဤသဘောတရားကို ဉာဏ်ဖြင့်မြင်အောင် ကြည့်ပြီးပါမှ ---
ဝတ္ထု ဖြစ်ခြင်းကြောင့် ပဋိသန္ဓေ ဝေဒနာက္ခန္ဓာ ဖြစ်၏။
ဝတ္ထုက အကြောင်းတရား၊ ပဋိသန္ဓေ ဝေဒနာက္ခန္ဓာက အကျိုးတရား။
ဤသို့ အကြောင်းတရား၊ အကျိုးတရားကို သိမ်းဆည်းပါ။
ပဉ္စဝေါကာရဘုံ၌ဖြစ်သော ပဋိသန္ဓေနောင် ပထမဘဝင်စသော မနောဝိညာဏ်စိတ်တို့ကား မိမိ၏ ရှေးအနန္တရစိတ်နှင့် အတူဥပါဒ်သော ဟဒယဝတ္ထုကို မှီကုန်၏။ နိရောဓသမာပတ်မှ ထသောအခါ အနာဂါမိဖိုလ် အရဟတ္တဖိုလ်စိတ်တို့သည် ရှေးစိတ္တက္ခဏတစ်ချက်ခန့် ကာလ၌ ဥပါဒ်သော ဟဒယဝတ္ထုကို မှီကုန်၏။ မရဏာသန္နအခါ ဘဝင်အာဝဇ္ဇန်းစသော မနောဝိညာဏ်စိတ်တို့သည် စုတိစိတ်မှ ပြန်၍ ရေတွက်သည်ရှိသော် (၁၇)ချက် မြောက်သော စိတ်နှင့် အတူဥပါဒ်သော ဟဒယဝတ္ထုရုပ်ကို မှီကုန်၏။ ပဉ္စဝိညာဏ်တို့ကား ရှေးဦးအစ အတီတ ဘဝင်နှင့် ဥပါဒ်ချင်းပြိုင်၍ ဖြစ်သော မဇ္ဈိမာယုက ပဉ္စပသာဒကိုသာ အသီးအသီး မှီ၍ ဖြစ်ကုန်၏။
ဝတ္ထုအရ တရားကိုယ်ကောက်ယူပုံ
စက္ခာယတနံ စက္ခုဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ နိဿယပစ္စယေန ပစ္စယော။ ပ ။ ယံ ရူပံ နိဿာယ မနောဓာတု စ မနောဝိညာဏဓာတု စ ဝတ္တန္တိ၊ တံ ရူပံ မနောဓာတုယာ စ မနောဝိညာဏဓာတုယာ စ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ နိဿယပစ္စယေန ပစ္စယော။ (ပဋ္ဌာန၊၁၊၅။)
၁။ စက္ခာယတန = စက္ခုဝတ္ထုသည် စက္ခုဝိညာဏဓာတ်အားလည်းကောင်း ထိုစက္ခုဝိညာဏဓာတ်နှင့် ယှဉ်ဖက် စေတသိက် သမ္ပယုတ်တရားတို့အားလည်းကောင်း မှီရာ နိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေး၏။
၂။ သောတာယတန = သောတဝတ္ထုသည် သောတဝိညာဏဓာတ်အားလည်းကောင်း၊ ထိုသောတ ဝိညာဏဓာတ်နှင့် ယှဉ်ဖက် စေတသိက် သမ္ပယုတ်တရားစုတို့အားလည်းကောင်း မှီရာ နိဿယပစ္စယ သတ္တိဖြင့် ကျေးဇူးပြုပေး၏။
၃။ ဃာနာယတန = ဃာနဝတ္ထုသည် ဃာနဝိညာဏဓာတ်အားလည်းကောင်း, ထိုဃာနဝိညာဏဓာတ်နှင့် ယှဉ်ဖက် စေတသိက် သမ္ပယုတ်တရားစုတို့အားလည်းကောင်း မှီရာ နိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြု ပေး၏။
၄။ ဇိဝှါယတန = ဇိဝှါဝတ္ထုသည် ဇိဝှါဝိညာဏဓာတ်အားလည်းကောင်း, ထိုဇိဝှါဝိညာဏဓာတ်နှင့် ယှဉ်ဖက် စေတသိက် သမ္ပယုတ်တရားစုတို့အားလည်းကောင်း မှီရာ နိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေး၏။
၅။ ကာယာယတန = ကာယဝတ္ထုသည် ကာယဝိညာဏဓာတ်အားလည်းကောင်း, ထိုကာယဝိညာဏဓာတ်နှင့် ယှဉ်ဖက် စေတသိက် သမ္ပယုတ်တရားစုတို့အားလည်းကောင်း မှီရာ နိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြု ပေး၏။
၆။ အကြင် ဟဒယဝတ္ထုရုပ်ကို မှီ၍ မနောဓာတ်သည်လည်းကောင်း, မနောဝိညာဏဓာတ်တို့သည် လည်းကောင်း ဖြစ်ကြကုန်၏။ ထိုဟဒယဝတ္ထုရုပ်သည် မနောဓာတ်အားလည်းကောင်း, မနောဝိညာဏ ဓာတ်အားလည်းကောင်း, ထိုမနောဓာတ် မနောဝိညာဏဓာတ်တို့နှင့် ယှဉ်ဖက် စေတသိက် သမ္ပယုတ် တရားစုတို့အားလည်းကောင်း မှီရာ နိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေး၏။ (အဘိ၊၈၊၅။)
သို့အတွက် ဤအထက်ပါ အဘိဓမ္မာဒေသနာတော်နည်းအရ ဝတ္ထုရုပ်ကို တရားကိုယ် ကောက်ယူခဲ့သော် စက္ခုဝတ္ထု, သောတဝတ္ထု, ဃာနဝတ္ထု, ဇိဝှါဝတ္ထု, ကာယဝတ္ထု, ဟဒယဝတ္ထု ဟူသော ဝတ္ထုရုပ် သက်သက်ကိုသာ တရားကိုယ်ကောက်ယူရ၏။ ယင်းဝတ္ထုရုပ် အသီးအသီးကိုသာ ဆိုင်ရာဆိုင်ရာ ဝိညာဏဓာတ်နှင့် သမ္ပယုတ် တရားစုတို့က မှီ၍ ဖြစ်ကြသောကြောင့် ဖြစ်၏။ သို့သော် သုတ္တန်နည်းအရ ကောက်ယူပုံကား တစ်မျိုးဖြစ်၏။ သုတ္တန်နည်းကား ဃနပြိုအောင် ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် သိမ်းဆည်းရှုပွားရသော လုပ်ငန်းခွင်ဖြစ်၏။ သို့အတွက် ဝတ္ထုအရ စက္ခုဝတ္ထုစသည်တို့ကိုသာ မကောက်ယူရဘဲ မကင်းစကောင်းသော ကလာပ်တူရုပ်တို့နှင့် တကွ ထိုစက္ခုဒသကကလာပ် စသည်တို့နှင့် မျက်လုံးအိမ်စသည့် ထိုထိုဌာန၌ တည်ရှိကြသော ဘူတရုပ် ဥပါဒါရုပ်တို့ကို ကောက်ယူရန် အဋ္ဌကထာများက ဤသို့ညွှန်ကြားထားတော်မူ၏ ---
သော ဣမေ ဖဿပဉ္စမကာ ကိံ နိဿိတာတိ ဥပဓာရေန္တော ဝတ္ထုံ နိဿိတာတိ ပဇာနာတိ။ ဝတ္ထု နာမ ကရဇကာယော။ ပ ။ သော အတ္ထတော ဘူတာနိ စေဝ ဥပါဒါရူပါနိ စ။ (မ၊ဋ္ဌ၊၁၊၂၈၁။)
ဖဿပဉ္စမကတရား ဦးဆောင်သည့် ဆိုင်ရာဆိုင်ရာ နာမ်တရားစုတို့၏ မှီရာ ဝတ္ထုရုပ်တို့အရ ကရဇကာယ အမည်ရသော ဘူတရုပ် ဥပါဒါရုပ်အားလုံးကိုပင် ကောက်ယူရန် သာမညဖလသုတ္တန်နှင့် မဟာသကုလုဒါယိ သုတ္တန်တို့ကို ကိုးကား၍ ဆုံးဖြတ်ထားတော်မူ၏။ ရုပ်ကမ္မဋ္ဌာန်းဇယားများတွင် ဖော်ပြခဲ့သည့်အတိုင်း (၅၄)မျိုးသော (၄၄)မျိုးသော ရုပ်တရားတို့ကို ထိုက်သလိုကောက်ယူပါ။
သဘာဝဘက်က ထောက်ဆ၍ ကြည့်ခဲ့သော် ရုပ်တို့မည်သည် ကလာပ်ခေါ်သည့် အုပ်စုအလိုက်သာ ဖြစ်ရိုးဓမ္မတာ ရှိကြ၏။ စက္ခုပသာဒ = စက္ခုဝတ္ထုရုပ်စသည့် ဝတ္ထုရုပ်များချည်းသက်သက် ဖြစ်နိုင်သည့် စွမ်းအား ကား မရှိကြပေ။ ယောဂါဝစရပုဂ္ဂိုလ်သည်လည်း ရုပ်နာမ်တို့ကို သိမ်းဆည်းရာ၌ ရုပ်တုံးရုပ်ခဲ နာမ်တုံး နာမ်ခဲ တည်းဟူသော ရုပ်ဃန နာမ်ဃနတို့ကို ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးလျက် ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် သိမ်းဆည်း ရှုပွားရသဖြင့် ယင်းစက္ခုဝတ္ထုစသော ရုပ်တို့နှင့် ဌာနတစ်ခုအတွင်း အတူတကွ ဖြစ်ကြသည့် (၅၄-၄၄)စသည့် ရုပ်တရားအားလုံးတို့ကိုပါ ရောနှော၍ သိမ်းဆည်းရပေသည်။
သို့သော် ပဋိသန္ဓေ ဥပါဒ်အခိုက်၌ကား ကမ္မဇရုပ်ကလာပ် (၃)မျိုး, ရုပ်မျိုးအစား (၃၀)သာ စတင်၍ ဖြစ်ချိန် ဖြစ်သဖြင့် ဝတ္ထုအရ ရုပ်အမျိုးအစား (၃၀)သာ ဖော်ပြထားပါသည်။ အကယ်၍ ယခုကဲ့သို့ တရားနှလုံးသွင်း နေသည့် အချိန်အခါမျိုး၌ တည်ရှိနေဆဲ ဟဒယဝတ္ထုဖြစ်မူ ရုပ်ကမ္မဋ္ဌာန်းဇယားများတွင် ဖော်ပြထားသည့်အတိုင်း ရုပ်အမျိုးအစား (၅၄)မျိုး ရှိမည်ဖြစ်ပေသည်။
ဒွါရနှင့် ဝတ္ထု
တတ္ထ စက္ခာဒီနိ ဆဒွါရာနိ, ရူပါဒီနိ ဆအာရမ္မဏာနိ နာမဿ သာဓာရဏော ပစ္စယော = ဒွါရ (၆)ပါး, အာရုံ (၆)ပါးတို့သည် နာမ်တရားအားလုံး၏ ဆက်ဆံသော သာဓာရဏအကြောင်းတရား ဖြစ်၏။ (ဝိသုဒ္ဓိ၊၂၊၂၃၄၊၊) ဟု ဖွင့်ဆိုထားသဖြင့် ဒွါရနှင့် ဝတ္ထု အသုံးအနှုန်းကို အနည်းငယ် ရှင်းလင်း တင်ပြအပ်ပါသည်။
၁။ စက္ခုဒွါရနှင့် စက္ခုဝတ္ထု၏ တရားကိုယ်မှာ စက္ခုပသာဒပင် ဖြစ်၏။
၂။ သောတဒွါရနှင့် သောတဝတ္ထု၏ တရားကိုယ်မှာ သောတပသာဒပင် ဖြစ်၏။
၃။ ဃာနဒွါရနှင့် ဃာနဝတ္ထု၏ တရားကိုယ်မှာ ဃာနပသာဒပင် ဖြစ်၏။
၄။ ဇိဝှါဒွါရနှင့် ဇိဝှါဝတ္ထု၏ တရားကိုယ်မှာ ဇိဝှါပသာဒပင် ဖြစ်၏။
၅။ ကာယဒွါရနှင့် ကာယဝတ္ထု၏ တရားကိုယ်မှာ ကာယပသာဒပင် ဖြစ်၏။
ဤဒွါရ (၅)မျိုးနှင့် ဝတ္ထု (၅)မျိုးတို့၏ တရားကိုယ်မှာ ကွဲပြားမှုမရှိ တူညီနေသဖြင့် ဝတ္ထုဟုသုံးစွဲလျှင် သော်လည်းကောင်း ဒွါရဟု သုံးစွဲလျှင်သော်လည်းကောင်း အဓိပ္ပါယ်မပျက် တူညီလျက်သာရှိပေသည်။ သို့သော် မနောဒွါရနှင့် ဟဒယဝတ္ထုကား တရားကိုယ်ချင်း ကွဲပြားလျက်ရှိ၏။ ဥပစာရအားဖြင့်သာ တူညီလျက်ရှိ၏။ ရှေး နာမ်ကမ္မဋ္ဌာန်းပိုင်းတွင် ရှင်းပြခဲ့သည့်အတိုင်း ---
၁။ ဘဝင်ကိုလည်း မနောဒွါရဟု ခေါ်ဆို၏။
၂။ မနောဒွါရာဝဇ္ဇန်းနှင့် တကွသော ဘဝင်စိတ်ကိုလည်း မနောဒွါရဟု ခေါ်ဆို၏။
၃။ ဟဒယဝတ္ထုကိုလည်း ဌာနူပစာရအားဖြင့် မနောဒွါရဟု ခေါ်ဆို၏။
ထိုတွင် ဘဝင်နှင့် အာဝဇ္ဇန်းတို့ကား ဝီထိစိတ်တို့၏ ဖြစ်ကြောင်း ဖြစ်သောကြောင့် မနောဒွါရဟူသော အမည်ကို ရရှိကြပေသည်။ ဟဒယဝတ္ထုသည်လည်း မနောဓာတ် မနောဝိညာဏဓာတ်တို့၏လည်းကောင်း သမ္ပယုတ်တရားတို့၏လည်းကောင်း မှီ၍ ဖြစ်ရာ ဖြစ်သောကြောင့် ဌာနူပစာရအားဖြင့် မနောဒွါရဟူသော အမည်ကို ရရှိပေသည်။
ဟဒယဝတ္ထု၏ တရားကိုယ်မှာ အဘိဓမ္မာနည်းအရ မနောဓာတ် မနောဝိညာဏဓာတ်တို့၏ မှီ၍ ဖြစ်ရာ ဟဒယရုပ်ဖြစ်၍ သုတ္တန်နည်းအရ ဟဒယရုပ်နှင့် တကွသော ဘူတရုပ် ဥပါဒါရုပ်များ ဖြစ်ကြ၏။ သို့အတွက် မနောဒွါရနှင့် ဟဒယဝတ္ထုတို့သည် တရားကိုယ်အားဖြင့် မတူညီကြပေ။
အကယ်၍ မနောဒွါရကို ပဋိသန္ဓေ ဝေဒနာက္ခန္ဓာနှင့်တကွသော နာမ်တရားစု၏ အကြောင်းတရားအဖြစ် ယူခဲ့သော် ပဋိသန္ဓေ၏ ရှေးတွင် ဤဘဝ၌ ကြိုတင်၍ ဖြစ်နှင့်သော မနောဒွါရကားမရှိ ဖြစ်ခဲ့၏။ ဤဘဝဝယ် ပဋိသန္ဓေနောင် ပထမဘဝင်မှ စ၍သာလျှင် မနောဒွါရအမည်ရသော ဘဝင်များ ဖြစ်ကြပေသည်။ ဤသည်လည်း အကြောင်းတစ်ရပ် ဖြစ်သည်။
တစ်ဖန် ပဋိသန္ဓေမှတစ်ပါးသော အခြားအခြားသော ဝီထိစိတ်နာမ်တရားတို့၏ အကြောင်းတရားများ အရာ၌ မနောဒွါရကိုသာ ထည့်သွင်း၍ ယူပြီးလျှင် ဟဒယဝတ္ထုကို ချန်လှပ်ထားခဲ့သော် မနောဒွါရသည် မနောဒွါရဝီထိစိတ်တို့၏ တစ်နည်းဆိုသော် မနောဓာတ် မနောဝိညာဏဓာတ်တို့၏ အကြောင်းတရား ဖြစ်သည်ကား မှန်သည်။ သို့သော် ဟဒယဝတ္ထုသည်လည်း မှီရာ နိဿယအကြောင်းတရားပင် ဖြစ်ကြောင်းကို ပဋ္ဌာန်းဒေသနာ တော်၌ ဘုရားရှင်ကိုယ်တော်တိုင် ဟောကြားထားတော်မူသည့်အတွက် အကြောင်းတရား ဖြစ်နိုင်သော ဟဒယ ဝတ္ထုသည် ကြွင်းကျန်နေမည် ဖြစ်သည်။ အကြောင်းတရားပိုင်းတွင် ဟဒယဝတ္ထုကို မကြွင်းကျန်စေလိုသည်မှာ လည်း အကြောင်းတစ်ရပ် ဖြစ်၏။
သို့အတွက် ဟဒယဝတ္ထုနှင့် မနောဒွါရ နှစ်မျိုးလုံး ပါဝင်စေလိုသည့်အတွက် ဤကျမ်းစာတွင် ပစ္စုပ္ပန် အကြောင်းတရားပိုင်း၌ အကြောင်းတရားအဖြစ် ဖော်ပြသင့်သော နေရာတို့၌ နှစ်မျိုးလုံးကိုပင် ဖော်ပြထားပါသည်။ ဤပဋိသန္ဓေအခိုက်၌ကား ဘဝင်မနောဒွါရ၏ ကျေးဇူးပြုပေးမှုကား မဖြစ်နိုင်သေးသည့်အတွက် မှီရာဝတ္ထုရုပ် တစ်ခုတည်းကိုသာ ဖော်ပြထားအပ်ပါသည်။ ဝတ္ထုသည်လည်း မှီရာနိဿယ အကြောင်းတရား ဖြစ်၏။ အာရုံသည် လည်း အာရမ္မဏ အကြောင်းတရား ဖြစ်၏။ ဝတ္ထုနှင့် အာရုံ နှစ်မျိုးကို ပူးတွဲ သိမ်းဆည်းပြီးပါမှ နာမ်တရားများကို သိမ်းဆည်းသော ရှေးထုံးဟောင်းကြီးကိုလည်း အနုပဒသုတ္တန်အဋ္ဌကထာ (မ၊ဋ္ဌ၊၄၊၆၀။)၌ ဖော်ပြလျက်ရှိ၏။ အရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးကိုယ်တိုင် ရှုပွားသွားတော်မူသော ရှေးထုံးဟောင်း ရှေးစနစ်ဟောင်း ရှေးလမ်းရိုးဟောင်းကြီးပင် ဖြစ်သည်။
အာရုံ --- အာရုံသည်လည်း နာမ်တရားတို့အား အာရမ္မဏပစ္စယသတ္တိ = အာရုံ အကြောင်းတရား အဖြစ် တည်းဟူသော ပစ္စယသတ္တိထူးဖြင့် ဖြစ်ပေါ်လာအောင် ကျေးဇူးပြုပေးလျက်ရှိသဖြင့် နာမ်တရားများ ဖြစ်ပေါ် လာရေးအတွက် အကြောင်းတစ်ရပ်ပင် ဖြစ်သည်။ ယင်းအာရုံများမှာ (၆)မျိုး ရှိကြသဖြင့် ရူပါရုံကို အာရုံပြုကြသည့် စက္ခုဒွါရဝီထိ မနောဒွါရဝီထိတို့၏ အာရုံအကြောင်းတရားမှာ ရူပါရုံ ဖြစ်၏။ သဒ္ဒါရုံကို အာရုံပြုသည့် သောတဒွါရဝီထိ, မနောဒွါရဝီထိတို့၏ အာရုံအကြောင်းတရားမှာ သဒ္ဒါရုံ ဖြစ်၏။ ဤသို့ စသည်ဖြင့် သဘောပေါက်ပါ။
လက်ရှိ ပဋိသန္ဓေ ဘဝင်နာမ်တရားစုတို့၏ အာရုံအကြောင်းတရားမှာ အတိတ်ဘဝ မရဏာသန္နဇောက ယူအပ်ခဲ့သော အာရုံပင် ဖြစ်သည်။ ထိုအာရုံမှာ ယောဂါဝစရသူတော်ကောင်းတို့အဖို့ တစ်ဦးနှင့် တစ်ဦး တူညီ ချင်မှ တူညီမည်။ ကံ ကမ္မနိမိတ် ဂတိနိမိတ်ဟူသော အာရုံသုံးမျိုးတို့တွင် တစ်မျိုးမျိုးသာ ဖြစ်သော်လည်း ယောဂီ ပုဂ္ဂိုလ်တို့ဝယ် တစ်ဦး၏ ကံအာရုံနှင့် တစ်ဦး၏ ကံအာရုံ, တစ်ဦး၏ ကမ္မနိမိတ်အာရုံနှင့် တစ်ဦး၏ ကမ္မနိမိတ်အာရုံ, တစ်ဦး၏ ဂတိနိမိတ်အာရုံနှင့် တစ်ဦး၏ ဂတိနိမိတ်အာရုံတို့ကား တူညီချင်မှ တူညီမည်။ ကံ ကမ္မနိမိတ် ဂတိနိမိတ် အမျိုးအစားကွဲလျှင် ကွဲသလို မတူထူးခြားမှု ဖြစ်နိုင်သည်။ သို့သော် ယောဂါဝစရပုဂ္ဂိုလ်တစ်ဦး၏ ရုပ်နာမ်သန္တာန် အစဉ်ဝယ် ဘဝတစ်ခု၏ အတွင်း၌ ပဋိသန္ဓေ ဘဝင် စုတိတို့၏ အာရုံသည် ယင်းနိမိတ်သုံးမျိုး တို့တွင် တစ်မျိုးမျိုးသာ ဖြစ်သည်။ အထက်တွင် ဖော်ပြထားသော ရှုကွက်တွင် ကံအာရုံဟု သာမန်သာ ဖော်ပြ ထားပါသည်။ ယင်းကံအာရုံမှာလည်း ဆွမ်းလှူသည့် ကံအာရုံ, ပန်းလှူသည့် ကံအာရုံ စသည်ဖြင့် အမျိုးမျိုး ကွဲပြားနိုင်ပေသည်။ ယောဂါဝစရပုဂ္ဂိုလ်သည် အတိတ်ဘဝဝယ် မိမိ၏ ရုပ်နာမ်သန္တာန်အစဉ်၌ ကျရောက်ခဲ့သော မရဏာသန္နအခါ၌ ထင်ခဲ့သော နိမိတ်အာရုံကိုသာ ဆန်းစစ်၍ အာရုံအရ သတ်မှတ်ရှုပွားရမည် ဖြစ်သည်။
အချို့သော ယောဂီပုဂ္ဂိုလ်တို့၌ ဒါနကံက အကျိုးပေးနေ၏၊ အချို့သော ပုဂ္ဂိုလ်တို့၌ သီလကံက အကျိုး ပေးနေ၏။ အချို့သော ပုဂ္ဂိုလ်တို့၌ ဘာဝနာကံက အကျိုးပေးနေ၏။ တစ်ဖန် ဒါနကံ၌လည်း ဆွမ်းလှူသည့် ဒါနကံ, သင်္ကန်းလှူသည့် ဒါနကံ စသည်ဖြင့် အမျိုးမျိုးရှိနိုင်၏။ သီလကံ၌လည်း ငါးပါးသီလကံ, ရှစ်ပါးသီလကံ, ဆယ်ပါးသီလကံ စသည်ဖြင့် အမျိုးမျိုး ရှိနိုင်ပြန်၏။
ဘာဝနာကံ၌လည်း ကသိုဏ်းဘာဝနာကံ, အသုဘဘာဝနာကံ, အာနာပါနဿတိသမာဓိဘာဝနာကံ, မေတ္တာဘာဝနာကံ, ဝိပဿနာဘာဝနာကံ စသည်ဖြင့် အမျိုးမျိုး ရှိနိုင်ပြန်၏။ ထိုသို့ ကံအမျိုးမျိုး ဖြစ်နိုင်ရကား အတိတ်ဘဝ မရဏာသန္နဇောနှင့် ပစ္စုပ္ပန် ပဋိသန္ဓေ-ဘဝင်-စုတိတို့၏ အာရုံမှာလည်း အမျိုးမျိုးပင် ဖြစ်နိုင်သည်။ လက်ရှိပဋိသန္ဓေ နာမ်တရားစု၏ အာရုံကို ပုံစံမှန် သိမ်းဆည်းရှုပွားနိုင်သောအခါ ထိုခံစားစရာ အာရုံရှိပါမှ ခံစားမှုဝေဒနာဖြစ်ပုံကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ ---
အာရုံ ဖြစ်ခြင်းကြောင့် ပဋိသန္ဓေ ဝေဒနာက္ခန္ဓာ ဖြစ်၏။
အာရုံက အကြောင်းတရား၊ ပဋိသန္ဓေ ဝေဒနာက္ခန္ဓာက အကျိုးတရား။
ဤသို့ အကြောင်းတရား အကျိုးတရားကို သိမ်းဆည်းပါ။
ဖဿ ---- ဖဿသမုဒယာ ဝေဒနာသမုဒယော = ဖဿ ဖြစ်ခြင်းကြောင့် ဝေဒနာ ဖြစ်၏။ --- ဤသို့ ဟောကြားတော်မူခြင်းမှာ အထက်တွင် ရှင်းပြခဲ့သည့်အတိုင်း ဖဿသည် ထူးကဲသော အကြောင်းတရား ဖြစ်သောကြောင့် ဖဿကို ဦးတည်၍ ပဓာနနည်းအားဖြင့် ဟောကြားတော်မူခြင်း ဖြစ်၏။ နာမ်ခန္ဓာလေးပါးတို့သည် အချင်းချင်း တစ်ပါးသည် တစ်ပါးအား အပြန်အလှန် ကျေးဇူးပြုနေကြသဖြင့် စိတ္တက္ခဏတစ်ခု၏ အတွင်း၌ တည်ရှိကြသော နာမ်တရားစုတွင် တစ်ခုကို အကျိုးတရားအဖြစ် ယူထားပါက ကျန်တရားစုများမှာ အကြောင်း တရားဘက်တွင် တည်ရှိကြပေသည်။ အထက်တွင် ပဋိသန္ဓေ ဝေဒနာက္ခန္ဓာမှာ အကျိုးတရားဘက်၌ တည်ရှိသဖြင့် ပဋိသန္ဓေ နာမ်တရား (၃၄)မှ အကျိုးဝေဒနာကို နှုတ်သော် ကျန်နာမ်တရား (၃၃)သည် အကြောင်းတရားဘက်၌ တည်ရှိပေသည်။ ယင်းအကြောင်းနာမ်တရားစုတွင် ဖဿကား ဝေဒနာ၏ ထူးကဲသော အကြောင်းတစ်ခု ဖြစ်နေ၏။ နာမ်တရားတို့သည် အချင်းချင်း တစ်ပါးသည် တစ်ပါးအား ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီဟူ၏သို့ အချင်းချင်း မှီလျက် တစ်ပါးသည် တစ်ပါးအား သဟဇာတ အညမည နိဿယစသော ပစ္စယသတ္တိတို့ဖြင့် ကျေးဇူး ပြုနေကြသည်သာ ဖြစ်သည်။ အာဟာရတစ်ခုကို စားသုံးသောအခါ များများဝါးနိုင်လျှင် ရသာရည် ပို၍ ထွက်လာသဖြင့် ခံစားမှု အရသာ ပိုလာနိုင်သကဲ့သို့ စိတ္တက္ခဏ တစ်ခုအတွင်း၌ အတူယှဉ်တွဲ၍ ဖြစ်ပေါ် နေကြသော နာမ်တရားတို့တွင်လည်းကောင်း, စိတ္တက္ခဏ ခြားနေသည့် နောက်နောက်သော နာမ်တရားတို့တွင် လည်းကောင်း ပါဝင်တည်ရှိသော ဖဿက အာရုံကို ကြိတ်ချေပေးပါက, ဖဿက အာရုံနှင့် အသိစိတ်ကို ဆက်သွယ်ပေးပါက အာရုံ၏ ရသာရည်များကို ပို၍ ပိုင်ပိုင်နိုင်နိုင် ဝေဒနာက ခံစားနိုင်လာ၏။ သို့အတွက် ဖဿသည် ဝေဒနာ၏ ထူးကဲသော အကြောင်းတရား ဖြစ်သဖြင့် ဖဿ ဖြစ်ခြင်းကြောင့် ဝေဒနာ ဖြစ်၏ဟု ဟောကြားတော်မူခြင်း ဖြစ်၏။
သို့သော် ဖဿသည် မိမိ ဖဿတစ်ခုတည်း မိမိချည်းသက်သက် ဖြစ်နိုင်သည့် အစွမ်းသတ္တိကား မရှိပေ။ မိမိမှကြွင်းသော ကျန်ယှဉ်ဖက် စိတ်+စေတသိက် = သမ္ပယုတ်တရားစုတို့က ဝိုင်းဝန်း၍ ကျေးဇူးပြုပေးပါမှသာလျှင် ကျန်သမ္ပယုတ်တရားစုတို့နှင့် အတူယှဉ်တွဲ၍သာ ဖြစ်နိုင်သည်။ သို့အတွက် တစ်နွယ်ငင် တစ်စင်ပါဟူ၏သို့ ဖဿဟု ဆိုလိုက်လျှင် ယှဉ်ဖက် သမ္ပယုတ်တရားတို့လည်း ပါဝင်သည်ဟု မှတ်ပါ။
ဖဿက အာရုံကို ကြိတ်ချေ ပွတ်တိုက်ပေးပါမှ အာရုံ၏ ရသဓာတ်ရည်များ ထင်ရှား ပေါ်လွင်နိုင်၍ ဝေဒနာက အာရုံ၏ ရသာရည်များကို ပိုင်ပိုင်နိုင်နိုင် သုံးဆောင် ခံစားနိုင်သကဲ့သို့ အလားတူပင် သညာကလည်း ပိုင်ပိုင်နိုင်နိုင် ယင်းအာရုံကို မှတ်သားနိုင်၏။ စေတနာကလည်း ယင်းအာရုံပေါ်သို့ သမ္ပယုတ်တရားတို့ကို ရောက်အောင် ပိုင်ပိုင်နိုင်နိုင် လှုံ့ဆော်ပေးနိုင်၏၊ အသိစိတ်ဝိညာဏ်ကလည်း ယင်းအာရုံကို ပိုင်ပိုင်နိုင်နိုင် သိလာနိုင်၏။ ဖဿက အာရုံနှင့် အသိစိတ်ကို ဆက်သွယ်မပေးပါက အာရုံ၏ ရသရည်များ ထွက်ပေါ်လာအောင် ကြိတ်ချေမပေးပါက ခံစားမှု မှတ်သားမှု စေ့ဆော်မှု သိမှုစသည်တို့သည်လည်း စွမ်းအင်ပြည့်ပြည့်ဝဝဖြင့် ဖြစ်နိုင်သည့် စွမ်းအားမရှိပေ။ ယောဂါဝစရပုဂ္ဂိုလ်သည် ဤကဲ့သို့သော သဘောတရားကို ဉာဏ်ဖြင့် မြင်အောင် ကြည့်၍ ---
ဖဿ (၃၄ - ဝေဒနာ = ၃၃) ဖြစ်ခြင်းကြောင့် ပဋိသန္ဓေ ဝေဒနာက္ခန္ဓာ ဖြစ်၏။
ဖဿက အကြောင်းတရား၊ ပဋိသန္ဓေ ဝေဒနာက္ခန္ဓာက အကျိုးတရား။
ဤသို့ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းပါ။ ကြွင်းကျန်သော နာမ်ခန္ဓာတို့၌လည်း နည်းတူပင် သဘောပေါက်ပါ။
ပဋိသန္ဓေ သညာက္ခန္ဓာ
အတိတ်အကြောင်းတရား (၅) ပါး
၁။ အဝိဇ္ဇာ (=၂၀) ဖြစ်ခြင်းကြောင့် ပဋိသန္ဓေ သညာက္ခန္ဓာ ဖြစ်၏။
အဝိဇ္ဇာ (=၂၀)က အကြောင်းတရား၊ ပဋိသန္ဓေ သညာက္ခန္ဓာက အကျိုးတရား။
၂။ တဏှာ (=၂၀) ဖြစ်ခြင်းကြောင့် ပဋိသန္ဓေ သညာက္ခန္ဓာ ဖြစ်၏။
တဏှာ (=၂၀)က အကြောင်းတရား၊ ပဋိသန္ဓေ သညာက္ခန္ဓာက အကျိုးတရား။
၃။ ဥပါဒါန် (=၂၀) ဖြစ်ခြင်းကြောင့် ပဋိသန္ဓေ သညာက္ခန္ဓာ ဖြစ်၏။
ဥပါဒါန် (=၂၀)က အကြောင်းတရား၊ ပဋိသန္ဓေ သညာက္ခန္ဓာက အကျိုးတရား။
၄။ သင်္ခါရ (= ၃၄) ဖြစ်ခြင်းကြောင့် ပဋိသန္ဓေ သညာက္ခန္ဓာ ဖြစ်၏။
သင်္ခါရ (= ၃၄)က အကြောင်းတရား၊ ပဋိသန္ဓေ သညာက္ခန္ဓာက အကျိုးတရား။
၅။ ကံ (= ၃၄-၏ ကမ္မသတ္တိ) ဖြစ်ခြင်းကြောင့် ပဋိသန္ဓေ သညာက္ခန္ဓာ ဖြစ်၏။
ကံ (= ၃၄-၏ ကမ္မသတ္တိ)က အကြောင်းတရား၊ ပဋိသန္ဓေ သညာက္ခန္ဓာက အကျိုးတရား။
ပစ္စုပ္ပန်အကြောင်းတရား (၃) ပါး
၆။ ဝတ္ထု (= ကမ္မဇရုပ်-၃၀) ဖြစ်ခြင်းကြောင့် ပဋိသန္ဓေ သညာက္ခန္ဓာ ဖြစ်၏။
ဝတ္ထုက အကြောင်းတရား၊ ပဋိသန္ဓေ သညာက္ခန္ဓာက အကျိုးတရား။
၇။ အာရုံ (= ကံအာရုံ) ဖြစ်ခြင်းကြောင့် ပဋိသန္ဓေ သညာက္ခန္ဓာ ဖြစ်၏။
အာရုံက အကြောင်းတရား၊ ပဋိသန္ဓေ သညာက္ခန္ဓာက အကျိုးတရား။
၈။ ဖဿ (= ၃၄ - သညာ = ၃၃) ဖြစ်ခြင်းကြောင့် ပဋိသန္ဓေ သညာက္ခန္ဓာ ဖြစ်၏။
ဖဿက အကြောင်းတရား၊ ပဋိသန္ဓေ သညာက္ခန္ဓာက အကျိုးတရား။
ပဋိသန္ဓေ သင်္ခါရက္ခန္ဓာ (ပထမနည်း)
(စေတနာကို ကောက်ယူပါ။)
အတိတ်အကြောင်းတရား (၅) ပါး
၁။ အဝိဇ္ဇာ (=၂၀) ဖြစ်ခြင်းကြောင့် ပဋိသန္ဓေ သင်္ခါရက္ခန္ဓာ ဖြစ်၏။
အဝိဇ္ဇာ (=၂၀)က အကြောင်းတရား၊ ပဋိသန္ဓေ သင်္ခါရက္ခန္ဓာက အကျိုးတရား။
၂။ တဏှာ (=၂၀) ဖြစ်ခြင်းကြောင့် ပဋိသန္ဓေ သင်္ခါရက္ခန္ဓာ ဖြစ်၏။
တဏှာ (=၂၀)က အကြောင်းတရား၊ ပဋိသန္ဓေ သင်္ခါရက္ခန္ဓာက အကျိုးတရား။
၃။ ဥပါဒါန် (=၂၀) ဖြစ်ခြင်းကြောင့် ပဋိသန္ဓေ သင်္ခါရက္ခန္ဓာ ဖြစ်၏။
ဥပါဒါန် (=၂၀)က အကြောင်းတရား၊ ပဋိသန္ဓေ သင်္ခါရက္ခန္ဓာက အကျိုးတရား။
၄။ သင်္ခါရ (= ၃၄) ဖြစ်ခြင်းကြောင့် ပဋိသန္ဓေ သင်္ခါရက္ခန္ဓာ ဖြစ်၏။
သင်္ခါရ (= ၃၄)က အကြောင်းတရား၊ ပဋိသန္ဓေ သင်္ခါရက္ခန္ဓာက အကျိုးတရား။
၅။ ကံ (= ၃၄-၏ ကမ္မသတ္တိ) ဖြစ်ခြင်းကြောင့် သင်္ခါရက္ခန္ဓာ ဖြစ်၏။
ကံ (= ၃၄-၏ ကမ္မသတ္တိ)က အကြောင်းတရား၊ ပဋိသန္ဓေ သင်္ခါရက္ခန္ဓာက အကျိုးတရား။
ပစ္စုပ္ပန် အကြောင်းတရား (၃) ပါး
၆။ ဝတ္ထု (= ၃ = ၃၀) ဖြစ်ခြင်းကြောင့် ပဋိသန္ဓေ သင်္ခါရက္ခန္ဓာ ဖြစ်၏။
ဝတ္ထုက အကြောင်းတရား၊ ပဋိသန္ဓေ သင်္ခါရက္ခန္ဓာက အကျိုးတရား။
၇။ အာရုံ (= ကံအာရုံ) ဖြစ်ခြင်းကြောင့် ပဋိသန္ဓေ သင်္ခါရက္ခန္ဓာ ဖြစ်၏။
အာရုံက အကြောင်းတရား၊ ပဋိသန္ဓေ သင်္ခါရက္ခန္ဓာက အကျိုးတရား။
၈။ ဖဿ (= ၃၄ - စေတနာ = ၃၃) ဖြစ်ခြင်းကြောင့် ပဋိသန္ဓေ သင်္ခါရက္ခန္ဓာ ဖြစ်၏။
ဖဿက အကြောင်းတရား၊ ပဋိသန္ဓေ သင်္ခါရက္ခန္ဓာက အကျိုးတရား။
[မှတ်ချက် --- ဤနည်း၌ သင်္ခါရက္ခန္ဓာအရ စေတနာကိုသာ အရကောက်ယူထားသည်။ ပထမနည်းတည်း။ ဝတ္ထုအရ (၃)ဟူသည် ကမ္မဇရုပ်ကလာပ်သုံးမျိုးကို ဆိုလိုသည်။ (၃၀)ဟူသည် ကမ္မဇရုပ် (၃၀)ကို ဆိုလိုသည်။ အကျိုးဖြစ်သော သင်္ခါရက္ခန္ဓာအရ စေတနာကိုသာ ကောက်ယူထားသဖြင့် အကြောင်းတရားဘက်၌ ဖဿအရ ယင်းစေတနာကို နှုတ်၍ ကြွင်းကျန်သော နာမ်တရား (၃၃)မျိုးကို ကောက်ယူပါ။ (၃၄ - စေတနာ = ၃၃)ဟု ဖော်ပြထားသည်။ အရာရာတွင် နည်းတူမှတ်ပါ။]
ပဋိသန္ဓေ သင်္ခါရက္ခန္ဓာ (ဒုတိယနည်း)
(စေတသိက် - ၃၁ - လုံးကို ကောက်ယူပါ။)
အတိတ်အကြောင်းတရား (၅) ပါး
၁။ အဝိဇ္ဇာ (=၂၀) ဖြစ်ခြင်းကြောင့် ပဋိသန္ဓေ သင်္ခါရက္ခန္ဓာ ဖြစ်၏။
အဝိဇ္ဇာ (=၂၀)က အကြောင်းတရား၊ ပဋိသန္ဓေ သင်္ခါရက္ခန္ဓာက အကျိုးတရား။
၂။ တဏှာ (=၂၀) ဖြစ်ခြင်းကြောင့် ပဋိသန္ဓေ သင်္ခါရက္ခန္ဓာ ဖြစ်၏။
တဏှာ (=၂၀)က အကြောင်းတရား၊ ပဋိသန္ဓေ သင်္ခါရက္ခန္ဓာက အကျိုးတရား။
၃။ ဥပါဒါန် (=၂၀) ဖြစ်ခြင်းကြောင့် ပဋိသန္ဓေ သင်္ခါရက္ခန္ဓာ ဖြစ်၏။
ဥပါဒါန် (=၂၀)က အကြောင်းတရား၊ ပဋိသန္ဓေ သင်္ခါရက္ခန္ဓာက အကျိုးတရား။
၄။ သင်္ခါရ (= ၃၄) ဖြစ်ခြင်းကြောင့် ပဋိသန္ဓေ သင်္ခါရက္ခန္ဓာ ဖြစ်၏။
သင်္ခါရ (= ၃၄)က အကြောင်းတရား၊ ပဋိသန္ဓေ သင်္ခါရက္ခန္ဓာက အကျိုးတရား။
၅။ ကံ (= ၃၄-၏ ကမ္မသတ္တိ) ဖြစ်ခြင်းကြောင့် ပဋိသန္ဓေ သင်္ခါရက္ခန္ဓာ ဖြစ်၏။
ကံ (= ၃၄-၏ ကမ္မသတ္တိ)က အကြောင်းတရား၊ ပဋိသန္ဓေ သင်္ခါရက္ခန္ဓာက အကျိုးတရား။
ပစ္စုပ္ပန်အကြောင်းတရား (၃) ပါး
၆။ ဝတ္ထု (= ၃ = ၃၀) ဖြစ်ခြင်းကြောင့် ပဋိသန္ဓေ သင်္ခါရက္ခန္ဓာ ဖြစ်၏။
ဝတ္ထုက အကြောင်းတရား၊ ပဋိသန္ဓေ သင်္ခါရက္ခန္ဓာက အကျိုးတရား။
၇။ အာရုံ (= ကံအာရုံ) ဖြစ်ခြင်းကြောင့် ပဋိသန္ဓေ သင်္ခါရက္ခန္ဓာ ဖြစ်၏။
အာရုံက အကြောင်းတရား၊ ပဋိသန္ဓေ သင်္ခါရက္ခန္ဓာက အကျိုးတရား။
၈။ ကျန်နာမ်ခန္ဓာ (၃)ပါး ဖြစ်ခြင်းကြောင့် ပဋိသန္ဓေ သင်္ခါရက္ခန္ဓာ ဖြစ်၏။
ကျန်နာမ်ခန္ဓာ (၃)ပါးက အကြောင်းတရား၊ ပဋိသန္ဓေ သင်္ခါရက္ခန္ဓာက အကျိုးတရား။
[မှတ်ချက် --- ပဋိသန္ဓေ နာမ်တရား (၃၄)လုံးတို့တွင် ဝေဒနာ-သညာ-ဝိညာဏ်မှ ကြွင်းသော ဖဿ-စေတနာ ဦးဆောင်သည့် စေတသိက် (၃၁)လုံးတို့ကို သင်္ခါရက္ခန္ဓာအရ ကောက်ယူပါ။ ယင်းသင်္ခါရက္ခန္ဓာတရား တို့ကား အကျိုးတရားဘက်၌ တည်နေကြ၏။ ယင်းသင်္ခါရက္ခန္ဓာ၏ ပစ္စုပ္ပန်အကြောင်းတရား အနီးကပ်ဆုံးသော ပဒဋ္ဌာန် အကြောင်းတရားမှာ သေသခန္ဓတ္တယ ပဒဋ္ဌာနာဟူသော အဋ္ဌကထာများနှင့်အညီ ဝေဒနာ-သညာ-ဝိညာဏ် ဟူသော ကြွင်းကျန်သော နာမ်ခန္ဓာ (၃)ပါးတို့ပင် ဖြစ်ကြသည်။ ဤဒုတိယနည်း ရှုကွက်ကို ရှုခြင်းသည် ဖဿနှင့် တကွသော သင်္ခါရက္ခန္ဓာ အမည်ရသော ကြွင်းကျန်သော စေတသိက်သင်္ခါရတရားစုတို့၌လည်း ကုန်စင် အောင် အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းလိုသောကြောင့် ဖြစ်သည်။ နောက်၌လည်း နည်းတူ မှတ်ပါ။]
ပဋိသန္ဓေ ဝိညာဏက္ခန္ဓာ
အတိတ်အကြောင်းတရား (၅) ပါး
၁။ အဝိဇ္ဇာ (=၂၀) ဖြစ်ခြင်းကြောင့် ပဋိသန္ဓေ ဝိညာဏက္ခန္ဓာ ဖြစ်၏။
အဝိဇ္ဇာ (=၂၀)က အကြောင်းတရား၊ ပဋိသန္ဓေ ဝိညာဏက္ခန္ဓာက အကျိုးတရား။
၂။ တဏှာ (=၂၀) ဖြစ်ခြင်းကြောင့် ပဋိသန္ဓေ ဝိညာဏက္ခန္ဓာ ဖြစ်၏။
တဏှာ (=၂၀)က အကြောင်းတရား၊ ပဋိသန္ဓေ ဝိညာဏက္ခန္ဓာက အကျိုးတရား။
၃။ ဥပါဒါန် (=၂၀) ဖြစ်ခြင်းကြောင့် ပဋိသန္ဓေ ဝိညာဏက္ခန္ဓာ ဖြစ်၏။
ဥပါဒါန် (=၂၀)က အကြောင်းတရား၊ ပဋိသန္ဓေ ဝိညာဏက္ခန္ဓာက အကျိုးတရား။
၄။ သင်္ခါရ (= ၃၄) ဖြစ်ခြင်းကြောင့် ပဋိသန္ဓေ ဝိညာဏက္ခန္ဓာ ဖြစ်၏။
သင်္ခါရ (= ၃၄)က အကြောင်းတရား၊ ပဋိသန္ဓေ ဝိညာဏက္ခန္ဓာက အကျိုးတရား။
၅။ ကံ (= ၃၄-၏ ကမ္မသတ္တိ) ဖြစ်ခြင်းကြောင့် ပဋိသန္ဓေ ဝိညာဏက္ခန္ဓာ ဖြစ်၏။
ကံ (= ၃၄-၏ ကမ္မသတ္တိ)က အကြောင်းတရား၊ ပဋိသန္ဓေ ဝိညာဏက္ခန္ဓာက အကျိုးတရား။
ပစ္စုပ္ပန်အကြောင်းတရား (၁) ပါး
၆။ နာမ်+ရုပ် ဖြစ်ခြင်းကြောင့် ပဋိသန္ဓေ ဝိညာဏက္ခန္ဓာ ဖြစ်၏။
နာမ်+ရုပ်က အကြောင်းတရား၊ ပဋိသန္ဓေ ဝိညာဏက္ခန္ဓာက အကျိုးတရား။
ထပ်မံရှင်းလင်းချက် --- နာမ်ဟူသည် ဝိညာဏ်နှင့် စိတ္တက္ခဏတစ်ခု၏ အတွင်း၌ အတူယှဉ်တွဲ ဖြစ်သည့် ဖဿ-စေတနာ ဦးဆောင်သည့် စေတသိက်တရားစုတည်း။ ထိုကြောင့် ဖဿဟုဆိုသည်နှင့် အတူတူပင် ဖြစ်သည်။ ပဋိသန္ဓေအခိုက်၌ကား ယင်းပဋိသန္ဓေဝိညာဏ်နှင့် အတူယှဉ်တွဲ ဖြစ်သည့် စေတသိက် (၃၃)လုံးတို့ကို ဆိုလိုသည်။ အကယ်၍ အသင်သူတော်ကောင်းသည် ဥပေက္ခာ ဝေဒနာနှင့်ယှဉ်လျက် ပဋိသန္ဓေတည်နေခဲ့သူ ဖြစ်ပါမူ ပီတိ မပါနိုင်တော့သဖြင့် နာမ်တရားတို့မှာ စေတသိက် (၃၂)လုံးတို့ ဖြစ်ကြသည်။ ရုပ်ဟူသည် မှီရာဝတ္ထုရုပ်နှင့် အာရုံရုပ်တည်း။
ဘုရားရှင်သည် ဝိညာဏက္ခန္ဓာ၏ ပစ္စုပ္ပန် အကြောင်းတရားပိုင်း၌ --- နာမရူပသမုဒယာ ဝိညာဏသမုဒယော (သံ၊၂၊၅၀။) = နာမ်ရုပ် ဖြစ်ခြင်းကြောင့် ဝိညာဏ်ဖြစ်၏ဟု ဟောကြားတော်မူခဲ့၏။ အဋ္ဌကထာကလည်း အောက်ပါအတိုင်း ရှင်းလင်းဖွင့်ဆိုထား၏။
နာမန္တိ အာရမ္မဏာဘိမုခံ နမနတော ဝေဒနာဒယော တယော ခန္ဓာ။
ရူပန္တိ စတ္တာရိ မဟာဘူတာနိ စတုန္နဉ္စ မဟာဘူတာနံ ဥပါဒါယရူပံ။ (ဝိသုဒ္ဓိ၊၂၊၁၉၂။)
နာမ်ဟူသည်ကား အာရုံသို့ ရှေးရှုညွတ်တတ်သောကြောင့် ဝေဒနာက္ခန္ဓာ သညာက္ခန္ဓာ သင်္ခါရက္ခန္ဓာဟူသော စေတသိက် နာမ်တရားစုတို့တည်း။ ရုပ်ဟူသည် မဟာဘုတ် (၄)ပါးနှင့် မဟာဘုတ် (၄)ပါးကို မှီ၍ဖြစ်သော ဥပါဒါရုပ်တည်း။ မှီရာဝတ္ထုရုပ်နှင့် အာရုံရုပ်များ ဖြစ်ကြသည်။
ရုပ်တရားအုပ်စုတွင် မှီရာဝတ္ထုရုပ်နှင့် အာရုံရုပ်များ ပါဝင်နေကြသဖြင့် ဝတ္ထု အာရုံ အကြောင်းတရား နှစ်မျိုး ပါဝင်နေ၏။ နာမ်တရားအုပ်စုတွင် သင်္ခါရက္ခန္ဓာ၌ ဖဿ ပါဝင်နေသဖြင့် ဖဿဟူသည့် အကြောင်းတရား လည်း ပါဝင်နေသည်သာ ဖြစ်၏။ ထိုကြောင့် နာမ်ရုပ်သည် ဝိညာဏက္ခန္ဓာ၏ အကြောင်းတရားဟုဆိုခြင်းနှင့် ဝတ္ထု အာရုံ ဖဿတို့သည် ဝိညာဏက္ခန္ဓာ၏ အကြောင်းတရားဟု ဆိုခြင်းတို့မှာ သဘောအဓိပ္ပါယ်အားဖြင့် ကွာဟချက် သိပ်မရှိလှဟု မှတ်ပါ။
ဤအထက်တွင် ပဋိသန္ဓေ၏ အာရုံကို ကံအာရုံဟု ဖော်ပြထား၏။ ယင်းကံအာရုံမှာကား ယခုလက်ရှိဘဝ အတွက် ဆိုရမူ အတိတ်ဘဝက ပြုစုပျိုးထောင်ခဲ့သော ကုသိုလ်စေတနာပင်တည်း။ ဓမ္မာရုံတည်း။ ရုပ်တရားကား မဟုတ်ပေ။ အကယ်၍ ဂတိနိမိတ်ဖြစ်မူ ယင်းဂတိနိမိတ် အာရုံကား ရူပါရုံတည်း။ ရုပ်တရားပင်တည်း။ အကယ်၍ ပဋိသန္ဓေ၏ အာရုံသည် ကမ္မနိမိတ်အာရုံဖြစ်မူ အာရုံ (၆)ပါး ထိုက်သလို ဖြစ်နိုင်၏။ ရုပ်အာရုံများလည်း ပါဝင်ကြ၏။
နာမ်တွင် စေတသိက်အားလုံးပါဝင်နေသဖြင့် စေတသိက်အားလုံးကပင် ဝိညာဏ်အား ကျေးဇူးပြုပေးပုံကို သိစေတော်မူလို၏ဟူသော အဓိပ္ပါယ်မှာ ပေါ်လွင်နေ၏။ တစ်ဖန် ယင်းဝိညာဏ်သည် မိမိချည်းသက်သက် ဝိညာဏ်တစ်ခုတည်း မဖြစ်နိုင်သဖြင့် စေတသိက်တို့နှင့် ယှဉ်တွဲရမှသာလျှင် ဖြစ်နိုင်ရကား စိတ်နှင့် စေတသိက် တို့၏ အပြန်အလှန် ကျေးဇူးပြုမှုကိုလည်း ပို၍ သဘောပေါက်စေလိုသည်ဟုလည်း မှတ်ပါ။ ဤသို့လည်း ရှု၍ ရသည် ဟူသော နည်းစနစ်တစ်မျိုးကို ဖော်ပြတော်မူခြင်းဖြစ်သည်။ ဝိညာဏပစ္စယာ နာမရူပံ = ဝိညာဏ်ကြောင့် နာမ်ရုပ် ဖြစ်ပုံကို ရှုရသော ရှုကွက်ရှိသကဲ့သို့, နာမရူပသမုဒယာ ဝိညာဏသမုဒယော = နာမ်ရုပ် ဖြစ်ခြင်းကြောင့် ဝိညာဏ် ဖြစ်ပုံ ရှုကွက်ကိုလည်း ရှုစေတော်မူလိုသည်။ နာမ်ခန္ဓာလေးပါးတို့သည် အချင်းချင်း တစ်ပါးသည် တစ်ပါးအား အပြန်အလှန် ကျေးဇူးပြုကြသည်ဟူသော ပဋ္ဌာန်းဒေသနာတော် အဆိုအမိန့်ကို ပေါ်လွင်စေသော ရှုကွက်ပင် ဖြစ်သည်။
ဤရှင်းလင်းချက်များအရ --- ဝတ္ထု အာရုံ ဖဿဟူသော အကြောင်းတရားများနှင့် နာမ်-ရုပ်ဟူသော အကြောင်းတရားတို့မှာ စကားလုံး အသုံးအနှုန်းသာ ကွဲလွဲသော်လည်း ပရမတ္ထ တရားကိုယ်ဓာတ်သား အနက် သဘောသွားအားဖြင့်မူကား အတူတူပင် ဖြစ်သည်ဟု သဘောပေါက်ပါလေ။
အသင်သူတော်ကောင်းသည် နာမ်ရုပ် ဖြစ်ခြင်းကြောင့် ဝိညာဏ် ဖြစ်ပုံကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍-
နာမ်ရုပ် ဖြစ်ခြင်းကြောင့် ဝိညာဏက္ခန္ဓာ ဖြစ်၏။
နာမ်ရုပ်က အကြောင်းတရား၊ ဝိညာဏက္ခန္ဓာက အကျိုးတရား။
ဤသို့ အကြောင်း အကျိုး သိမ်းဆည်းပါ။
ဉာဏ်နုံ့သူများ --- ဤပဋိသန္ဓေ ခန္ဓာ (၅)ပါး၌ အကြောင်း-အကျိုး သိမ်းဆည်းပုံကို သဘောပေါက်ပါလျှင် ဘဝတစ်လျှောက်တွင် ဖြစ်ပေါ်နေသော ဘဝင်ခန္ဓာ (၅)ပါးနှင့် ဝီထိစိတ္တက္ခဏတိုင်း၏ ခန္ဓာ (၅)ပါးတို့၌ ဉာဏ်ထက် မြက်သူနှင့် အဘိဓမ္မာကို သင်ကြားဖူးသူ သူတော်ကောင်းတို့ကား သဘောပေါက်နိုင်ပြီ ဖြစ်သည်။ သို့သော် အဘိဓမ္မာ မသင်ဖူးသူ ဉာဏ်နုံ့သူ သူတော်ကောင်းတို့ကား ဤမျှဖြင့် သဘောမပေါက်နိုင် ဖြစ်နေကြ၏။ ထိုကြောင့် အဘိဓမ္မာကို မသင်ကြားဖူးသူ ဉာဏ်နုံ့သူ သူတော်ကောင်းတို့အတွက် ဘဝင်ခန္ဓာ (၅)ပါးမှ စ၍ ဝီထိစိတ္တက္ခဏတိုင်း ၌ ပါဝင်တည်ရှိကြသော ခန္ဓာ (၅)ပါးတို့၌ အကြောင်းတရား အကျိုးတရား သိမ်းဆည်းပုံတို့ကို ဆက်လက်၍ ဖော်ပြအပ်ပါသည်။ ဘဝင်ခန္ဓာ (၅)ပါး၌ လက်ရှိအခြေအနေ၌ တည်ရှိသော ဘဝင်ခန္ဓာ (၅)ပါးကိုသာ စတင်၍ ဖော်ပြအပ်ပါသည်။ လက်ရှိ ဘဝင်ခန္ဓာ (၅)ပါး၌ အကျုံးဝင်သော ရူပက္ခန္ဓာ၌ ကမ္မဇရုပ် စိတ္တဇရုပ် ဥတုဇရုပ် အာဟာရဇရုပ်တို့ စုံညီနေပြီ ဖြစ်၏။ ပဋိသန္ဓေနောင် ဘဝင် ရူပက္ခန္ဓာ၌ကား အာဟာရဇရုပ် မဖြစ်သေးပေ။ ဤမျှသာ ကွာသည်။ ထိုသို့ တင်ပြရာ၌ စာနေစာသားကျဉ်းရန် -- အဝိဇ္ဇာ (=၂၀) ဖြစ်ခြင်းကြောင့် ဘဝင် ရူပက္ခန္ဓာ (ကမ္မဇရုပ်) ဖြစ်၏၊ အဝိဇ္ဇာ (=၂၀)က အကြောင်းတရား၊ ဘဝင်ရူပက္ခန္ဓာက အကျိုးတရား -- ဤသို့ မဖော်ပြတော့ဘဲ- အဝိဇ္ဇာ (=၂၀)က အကြောင်းတရား၊ ရူပက္ခန္ဓာက အကျိုးတရား --- ဟု ဤမျှသာ ဖော်ပြထား ပါသည်။ ထိုသို့ပင် ဖော်ပြထားသော်လည်း ပဋိသန္ဓေ ခန္ဓာ (၅)ပါး၌ကဲ့သို့ပင် အကြောင်းကြောင့် အကျိုးဖြစ်ပုံကို ဉာဏ်ဖြင့် မြင်အောင်ကြည့်ပြီးပါမှ -- အဝိဇ္ဇာ (=၂၀)က အကြောင်းတရား၊ ဘဝင် ရူပက္ခန္ဓာက အကျိုးတရား --ဤသို့ စသည်ဖြင့် ရှုရမည်သာ ဖြစ်သည်။
ဘဝင် ခန္ဓာ (၅) ပါး
၁။ ဘဝင်၏မှီရာ ဟဒယဝတ္ထုနှင့် တကွသော ရုပ်ကလာပ် (၆)မျိုး ရုပ်အမျိုးအစား (၅၄)ကား ရူပက္ခန္ဓာ။ (ရုပ်အတုတို့ကိုလည်း ရနိုင်သမျှ ရောနှော၍ သိမ်းဆည်းပါ။)
၂။ ဘဝင်နာမ်တရား (= ၃၄)မှ ဝေဒနာသည် ဝေဒနာက္ခန္ဓာ၊
၃။ ဘဝင်နာမ်တရား (= ၃၄)မှ သညာသည် သညာက္ခန္ဓာ။
၄။ ဘဝင်နာမ်တရား (= ၃၄)မှ စေတနာသည် သင်္ခါရက္ခန္ဓာ။ (ပထမနည်း)
ကျန်စေတသိက် (= ၃၁လုံး)သည် သင်္ခါရက္ခန္ဓာ။ (ဒုတိယနည်း)
၅။ ဘဝင်နာမ်တရား (= ၃၄)မှ အသိစိတ် = ဝိညာဏ်သည် ဝိညာဏက္ခန္ဓာ။
ဘဝင် ရူပက္ခန္ဓာ
အတိတ်အကြောင်းတရား (၅) ပါး
၁။ အဝိဇ္ဇာ (=၂၀)က အကြောင်းတရား၊ (ကမ္မဇရုပ်) ရူပက္ခန္ဓာက အကျိုးတရား။
၂။ တဏှာ (=၂၀)က အကြောင်းတရား၊ (ကမ္မဇရုပ်) ရူပက္ခန္ဓာက အကျိုးတရား။
၃။ ဥပါဒါန် (=၂၀)က အကြောင်းတရား၊ (ကမ္မဇရုပ်) ရူပက္ခန္ဓာက အကျိုးတရား။
၄။ သင်္ခါရ (= ၃၄)က အကြောင်းတရား၊ (ကမ္မဇရုပ်) ရူပက္ခန္ဓာက အကျိုးတရား။
၅။ ကံ (= ၃၄-၏ ကမ္မသတ္တိ)က အကြောင်းတရား၊ (ကမ္မဇရုပ်) ရူပက္ခန္ဓာက အကျိုးတရား။
ပစ္စုပ္ပန်အကြောင်းတရား (၃) ပါး
၆။ စိတ်က အကြောင်းတရား၊ (စိတ္တဇရုပ်) = ရူပက္ခန္ဓာက အကျိုးတရား။
၇။ ဥတုက အကြောင်းတရား၊ (ဥတုဇရုပ်) = ရူပက္ခန္ဓာက အကျိုးတရား။
၈။ အာဟာရက အကြောင်းတရား၊ (အာဟာရဇရုပ်) ရူပက္ခန္ဓာက အကျိုးတရား။
ရှင်းလင်းချက် --- အာဟာရသမုဒယာ ရူပသမုဒယော (သံ၊၂၊၄၈-၅၁။) ဥပါဒါနပရိပဝတ္တနသုတ္တန် သတ္တဋ္ဌာနကုသလသုတ္တန် စသည်တို့၌ ရူပက္ခန္ဓာ၏ ပစ္စုပ္ပန်အကြောင်းတရားများကို အာဟာရတစ်ခုတည်းကိုသာ ဟောကြားထားတော်မူ၏။ အာဟာရဖြစ်ခြင်းကြောင့် ရုပ်ဖြစ်၏ဟု ဤသို့ ဟောကြားထားတော်မူပါလျက် အဘယ်ကြောင့် စိတ် ဥတုဟူသော အကြောင်းတရားတို့ကိုပါ ထည့်ပေါင်း၍ ရှုနေရပါသနည်းဟု မေးမြန်းဖွယ် ရှိလာပြန်၏။ အဖြေကား ဤသို့တည်း ---
အာဟာရသမုဒယာတိ ပဝတ္တိပစ္စယေသု ကဗဠီကာရာဟာရဿ ဗလဝတ္တာ သောယေဝ ဂဟိတော။ တသ္မိံ ပန ဂဟိတေ ပဝတ္တိဟေတုဘူတာနိ ဥတုစိတ္တာနိပိ ဂဟိတာနေဝ ဟောန္တိ။ (ပဋိသံ၊ဋ္ဌ၊၁၊၂၃၅။)
အဖြေ --- ရုပ်တရားတို့၏ ပဝတ္တိဟေတု အမည်ရသော ပစ္စုပ္ပန်အကြောင်းတရားတို့တွင် ကဗဠီကာရာဟာရ ဟူသော အကြောင်းတရားသည် အလွန်အားကောင်းသော အကြောင်းတရား ဖြစ်သည့်အတွက်ကြောင့် ထို ကဗဠီကာရာဟာရတည်းဟူသော အကြောင်းတရား တစ်မျိုးတည်းကိုသာ ယူ၍ ဘုရားရှင်သည် ဟောကြားထား တော်မူခြင်း ဖြစ်သည်။ ထိုကဗဠီကာရာဟာရဟူသော အကြောင်းတရားကို ယူအပ်ခဲ့သည်ရှိသော် ပစ္စုပ္ပန် အကြောင်းတရားချင်း တူညီသော ပစ္စုပ္ပန်အကြောင်းတရား ဖြစ်ကြကုန်သော စိတ် ဥတုတို့ကိုလည်း ယူအပ်ပြီးသာ ဖြစ်ကုန်သည်။ ပစ္စုပ္ပန်အကြောင်းတရားချင်း တူညီ၍ လက္ခဏာဟာရနေတ္တိနည်းအားဖြင့် လက္ခဏာချင်း တူညီ ရာကို စုပေါင်း ဟောကြားထားတော်မူခြင်း ဖြစ်သည်။ ထိုကြောင့် စိတ် ဥတုဟူသော အကြောင်းတရားတို့ကိုလည်း ထည့်သွင်း၍ သိမ်းဆည်းခြင်း ဖြစ်သည်။ ထိုသို့ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းရာ၌ အကျိုးတရားပိုင်းတွင် ရုပ်အစစ်တို့ကိုသာ ပဓာနထား၍ ဖော်ပြထားပါသည်။ ရုပ်အစစ်တို့ကို သိမ်းဆည်းရာ၌ ရုပ်အတုတို့ကိုပါ ရောနှော၍ သိမ်းဆည်းပါလေ။
ဤဘဝင် ရူပက္ခန္ဓာမှာ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းနေဆဲဖြစ်သော လက်ရှိအချိန် ဘဝင် ရူပက္ခန္ဓာကို စံထား၍ ဖော်ပြထားခြင်း ဖြစ်သည်။ ပဋိသန္ဓေနောင် ပထမဘဝင်၏ မှီရာ ရူပက္ခန္ဓာစသည်တို့၌ ကမ္မဇရုပ် စိတ္တဇရုပ် ဥတုဇရုပ်တို့သာ ရှိနိုင်သေး၍ အာဟာရဇရုပ်များ မဖြစ်နိုင်သေးသဖြင့် အာဟာရဇရုပ်များကို ရူပက္ခန္ဓာမှ ပယ်နှုတ်ထားပါ။
ဗာဟိရဩဇာကြောင့် ဖြစ်သော အာဟာရဇရုပ်သည် ဂဗ္ဘသေယျက = အမိဝမ်း၌ ပဋိသန္ဓေတည်နေသူ လူသားတို့သန္တာန်ဝယ် နှစ်သတ္တာဟ, သုံးသတ္တာဟမြောက်၌ အမှတ်မရှိသော စိတ်၏ အမှတ်မရှိသော ခဏက စ၍ ဖြစ်သင့်ရာတွင် ရှေးစိတ် ဘင်ခဏနှင့် ဥပါဒ်ပြိုင်သော ဗာဟိရဩဇာသည် ထိုခဏငယ် လွန်သဖြင့် နောက်စိတ် ဥပါဒ်ခဏ၌ သုဒ္ဓဋ္ဌက အာဟာရဇရုပ်ကလာပ်ကို စ၍ ဖြစ်စေသည်။ (ဝီထိပုံ-ဘုံစဉ်-ဆန်းပုံ-သိမ်ပုံကျမ်း ၃၆။)
၆ - ဒွါရ, ၄၂ - ကောဋ္ဌာသ - ရူပက္ခန္ဓာ
အသင်သူတော်ကောင်းသည် ယခုဖော်ပြခဲ့သော ဘဝင်ရူပက္ခန္ဓာ၌ အကြောင်းအကျိုးစပ်၍ သိမ်းဆည်းပုံ နည်းစနစ်ကို နည်းမှီ၍ (၆) ဒွါရ, (၄၂) ကောဋ္ဌာသတို့၌ တည်ရှိကြသော ရူပက္ခန္ဓာတရားစုတို့၌လည်း အကြောင်း-အကျိုးစပ်၍ အကြောင်းတရား အကျိုးတရား သိမ်းဆည်းပုံကို သဘောသက်ရောက်နိုင်ပေပြီ။ ရုပ်အတုများ ပါဝင်သည့် အချို့အချို့သော စိတ္တဇ, ဥတုဇ အာဟာရဇ ရုပ်ကလာပ်တို့၌လည်း ဆိုင်ရာဆိုင်ရာ စိတ်-ဥတု-အာဟာရတို့နှင့် အကြောင်း-အကျိုးစပ်လျက် သိမ်းဆည်းပါ။ (၆)ဒွါရ, (၄၂)ကောဋ္ဌာသတို့၌ တည်ရှိသော ရုပ်တရားအားလုံးကို ခြုံ၍လည်း နည်းတူ သိမ်းဆည်းနိုင်ပေသည်။
ထိုသို့ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းရာ၌ ဆိုကမ္မဋ္ဌာန်း မဖြစ်ဖို့ရန် သတိပြုပါ။ စိတ်ကသာအကြောင်းတရား၊ အကျိုးတရားဟု ရွတ်ဆိုနေ၍ ဉာဏ်က အကြောင်းတရားကြောင့် အကျိုးတရား ဖြစ်ပုံကို မမြင်လျှင် = အကြောင်းတရားနှင့် အကျိုးတရားတို့၏ ကြောင်း-ကျိုး ဆက်နွယ်မှုသဘောကို မမြင်လျှင် သပိတ်ကွဲ ကိုယ်ကြေသာ ရှိချေမည်၊ ပစ္စယပရိဂ္ဂဟဉာဏ်ကိုကား မရရှိနိုင်ပေ။
အတိတ်က ပြုစုပျိုးထောင်ခဲ့သော အဝိဇ္ဇာ-တဏှာ-ဥပါဒါန်-သင်္ခါရ-ကံ တို့ကြောင့် ကမ္မဇရုပ် ဖြစ်ပုံကို ဉာဏ်ဖြင့် မြင်အောင် ရှုပြီးပါမှသာလျှင် အဝိဇ္ဇာ (တဏှာ-ဥပါဒါန်-သင်္ခါရ-ကံ)တို့က အကြောင်းတရား၊ ရူပက္ခန္ဓာက အကျိုးတရားဟုလည်းကောင်း၊ စိတ်ကြောင့် စိတ္တဇရုပ် ဖြစ်ပုံကို ဉာဏ်ဖြင့် မြင်အောင်ရှုပြီးပါမှသာလျှင် စိတ်က အကြောင်းတရား၊ စိတ္တဇရုပ်က အကျိုးတရားဟုလည်းကောင်း၊ ဥတုကြောင့် ဥတုဇရုပ်ဖြစ်ပုံကို ဉာဏ်ဖြင့် မြင်အောင် ရှုပြီးပါမှသာလျှင် ဥတုက အကြောင်းတရား၊ ဥတုဇရုပ်က အကျိုးတရားဟုလည်းကောင်း၊ အာဟာရကြောင့် အာဟာရဇရုပ် ဖြစ်ပုံကို ဉာဏ်ဖြင့် မြင်အောင် ရှုပြီးပါမှသာလျှင် အာဟာရက အကြောင်းတရား၊ အာဟာရဇရုပ်က အကျိုးတရားဟုလည်းကောင်း သိမ်းဆည်းပါ။ နာမ်ခန္ဓာလေးပါးတို့၌လည်း အကြောင်းတရားကြောင့် အကျိုးတရားဖြစ်ပုံကို ဉာဏ်ဖြင့် စေ့စေ့ငုငု ကြည့်ရှုပြီးလျှင် ကျေကျေနပ်နပ်ကြီး သိပါမှ မြင်ပါမှ သာလျှင် အကြောင်းတရား အကျိုးတရားဟု သိမ်းဆည်းပါ။
ဘဝင် ဝေဒနာက္ခန္ဓာ
အတိတ်အကြောင်းတရား (၅) ပါး
၁။ အဝိဇ္ဇာ (=၂၀)က အကြောင်းတရား၊ ဘဝင် ဝေဒနာက္ခန္ဓာက အကျိုးတရား။
၂။ တဏှာ (=၂၀)က အကြောင်းတရား၊ ဘဝင် ဝေဒနာက္ခန္ဓာက အကျိုးတရား။
၃။ ဥပါဒါန် (=၂၀)က အကြောင်းတရား၊ ဘဝင် ဝေဒနာက္ခန္ဓာက အကျိုးတရား။
၄။ သင်္ခါရ (= ၃၄)က အကြောင်းတရား၊ ဘဝင် ဝေဒနာက္ခန္ဓာက အကျိုးတရား။
၅။ ကံ (= ၃၄-၏ ကမ္မသတ္တိ)က အကြောင်းတရား၊ ဘဝင် ဝေဒနာက္ခန္ဓာက အကျိုးတရား။
ပစ္စုပ္ပန်အကြောင်းတရား (၃) ပါး
၆။ ဝတ္ထု (= ၆ = ၅၄)က အကြောင်းတရား၊ ဘဝင် ဝေဒနာက္ခန္ဓာက အကျိုးတရား။
၇။ အာရုံက (= ကံအာရုံက) အကြောင်းတရား၊ ဘဝင် ဝေဒနာက္ခန္ဓာက အကျိုးတရား။
၈။ ဖဿ = (က) ရှေးရှေး ဘဝင် မနောသမ္ဖဿ (= ၃၄)က အကြောင်းတရား၊ ဘဝင် ဝေဒနာက္ခန္ဓာက အကျိုးတရား။
( ခ ) နောက်နောက်သော (= သမ္ပယုတ်ဖြစ်သော) ဘဝင် မနောသမ္ဖဿ (= ၃၄ - ဝေဒနာ = ၃၃)က အကြောင်းတရား၊ ဘဝင် ဝေဒနာက္ခန္ဓာက အကျိုးတရား။
မှတ်ချက် --- ဤ၌ ဘဝင် မနောသမ္ဖဿ နှစ်မျိုးကို ဖော်ပြထားပါသည်။ ရှေးရှေးသော ဘဝင် မနောသမ္ဖဿ တရားသည် နောက်နောက်သော ဘဝင် နာမက္ခန္ဓာအား အနန္တရစသော သတ္တိဖြင့် ကျေးဇူးပြုပေး၏။ ရှေးရှေးသော ဘဝင် မနောသမ္ဖဿအရ ဘဝင်နာမ်တရား (၃၄)လုံးကိုပင် အရကောက်ယူပါ။ ကျေးဇူးပြုခံရသော ဘဝင်ကို နောက်နောက်သော ဘဝင်ဟု ခေါ်ဝေါ်သုံးစွဲထားပါသည်။ ယင်းနောက်နောက်သော ဘဝင်၌ နာမ်တရား (၃၄)လုံး ရှိရာ ဝေဒနာကို အကျိုးယူထားသဖြင့် ယင်းဝေဒနာ၏ သဟဇာတ အကြောင်းတရားတို့မှာ ယင်းဝေဒနာမှ တစ်ပါးသော ကြွင်းကျန်သော နာမ်တရား (၃၃)လုံးတို့ ဖြစ်ကြသည်။ ယင်းနာမ်တရား (၃၃)လုံးတို့ကို နောက်နောက်သော ဘဝင်မနောသမ္ဖဿဟု ခေါ်ဝေါ်သုံးစွဲထားပါသည်။
ယမ္ပိဒံ မနောသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒယိတံ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ။ (သံ၊၂၊၂၄၉။)
ယမ္ပိဒံ မနောသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒနာဂတံ သညာဂတံ သင်္ခါရဂတံ ဝိညာဏဂတံ။ (မ၊၃၊၃၂၆၊၊)
ဖဿသမုဒယာ ဝေဒနာသမုဒယော။ (သံ၊၂၊၅၁။)
ဤအထက်ပါ ဒေသနာတော်တို့၌ မနောသမ္ဖဿကို အကြောင်းခံ၍ ဖြစ်ပေါ်လာကြသော သုခဝေဒနာ ဒုက္ခဝေဒနာ ဥပေက္ခာဝေဒနာတို့ကိုလည်းကောင်း, ဝေဒနာက္ခန္ဓာ, သညာက္ခန္ဓာ, သင်္ခါရက္ခန္ဓာ ဝိညာဏက္ခန္ဓာ တို့ကိုလည်းကောင်း ဝိပဿနာရှုရန် ညွှန်ကြားထားတော်မူ၏။ ယင်းဝေဒနာအမျိုးမျိုးတို့ကား စိတ္တက္ခဏတစ်ခု၏ အတွင်း၌ ပြိုင်တူ ဖြစ်နိုင်သောတရားတို့ကား မဟုတ်၊ စိတ္တက္ခဏတစ်ခု၏ အတွင်း၌ ဝေဒနာတစ်မျိုးစီသာ ဖြစ်ခွင့်ရှိ၏။ သို့အတွက် ယင်းဝေဒနာတို့မှာ သို့မဟုတ် နာမ်ခန္ဓာ (၄)ပါးတို့မှာ အကြောင်းဖြစ်သော မနောသမ္ဖဿနှင့် စိတ္တက္ခဏချင်း မတူသော်လည်း ရှိရာ၏၊ တူသော်လည်း ရှိရာ၏။ စိတ္တက္ခဏချင်း မတူညီသော မနောသမ္ဖဿကို ရှေးရှေးသော မနောသမ္ဖဿဟုလည်းကောင်း စိတ္တက္ခဏချင်း တူညီသော မနောသမ္ဖဿကို နောက်နောက်သော မနောသမ္ဖဿဟုလည်းကောင်း ခေါ်ဝေါ်သုံးစွဲထားပါသည်။ အရာရာ၌ နည်းတူပင် မှတ်ပါ။
ဘဝင် သညာက္ခန္ဓာ
၁။ ၂။ ၃။ ၄။ ၅။ ၆။ ၇။ ဝေဒနာက္ခန္ဓာနှင့် အားလုံးတူသည်။ မတူသည်ကိုသာဆိုအံ့ ---
၈။ ဖဿ = (က) ရှေးရှေး ဘဝင်မနောသမ္ဖဿ (= ၃၄)က အကြောင်းတရား၊ သညာက္ခန္ဓာက အကျိုးတရား
( ခ ) နောက်နောက် ဘဝင်မနောသမ္ဖဿ (= ၃၄ - သညာ = ၃၃)က အကြောင်းတရား၊ သညာက္ခန္ဓာက အကျိုးတရား။
ဘဝင် သင်္ခါရက္ခန္ဓာ (စေတနာကို ကောက် - ပ -)
၁။ ၂။ ၃။ ၄။ ၅။ ၆။ ၇။ ဝေဒနာက္ခန္ဓာနှင့် အားလုံးတူသည်။ မတူသည်ကိုသာဆိုအံ့ ---
၈။ ဖဿ = (က) ရှေးရှေး ဘဝင်မနောသမ္ဖဿ (= ၃၄)က အကြောင်းတရား၊ သင်္ခါရက္ခန္ဓာက အကျိုးတရား။
( ခ ) နောက်နောက် ဘဝင်မနောသမ္ဖဿ (= ၃၄ - စေတနာ = ၃၃)က အကြောင်းတရား၊ သင်္ခါရက္ခန္ဓာက အကျိုးတရား။
ဘဝင် သင်္ခါရက္ခန္ဓာ (စေတသိက် - ၃၁ - လုံးကို ကောက် - ဒု -)
၁။ ၂။ ၃။ ၄။ ၅။ ၆။ ၇။ ဝေဒနာက္ခန္ဓာနှင့် အားလုံးတူသည်။ မတူသည်ကိုသာ ဆိုအံ့ --- --
၈။ ဖဿ = (က) ရှေးရှေး ဘဝင်မနောသမ္ဖဿ (= ၃၄)က အကြောင်းတရား၊ သင်္ခါရက္ခန္ဓာက အကျိုးတရား။
( ခ ) နောက်နောက် ဘဝင်နာမ်ခန္ဓာ (၃)ပါးက အကြောင်းတရား၊ သင်္ခါရက္ခန္ဓာက အကျိုးတရား။
ဘဝင် ဝိညာဏက္ခန္ဓာ
၁။ ၂။ ၃။ ၄။ ၅။ အတိတ်အကြောင်းတရား (၅)ပါး ဝေဒနာက္ခန္ဓာနှင့် တူသည်။
ပစ္စုပ္ပန်အကြောင်းတရား (၂) ပါး
၆။ ဖဿ = ရှေးရှေး ဘဝင်မနောသမ္ဖဿ (= ၃၄)က အကြောင်းတရား၊ ဝိညာဏက္ခန္ဓာက အကျိုးတရား။
၇။ နာမ်+ရုပ်က အကြောင်းတရား၊ ဝိညာဏက္ခန္ဓာက အကျိုးတရား။
[နာမ် = ယှဉ်ဖက် စေတသိက် (၃၃)တည်း။ ရုပ် = မှီရာဝတ္ထုရုပ်နှင့် အာရုံရုပ်တည်း။]
အနန္တရအကြောင်းတရား
ပုရိမာ ပုရိမာ အဗျာကတာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အဗျာကတာနံ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။ (ပဋ္ဌာန၊၁၊၃။)
ဤဒေသနာတော်အရ ဝိပါက် အဗျာကတတရားဖြစ်သော ရှေးရှေး ဘဝင်နာမ်တရားစုသည် ဝိပါက် အဗျာကတဖြစ်သော နောက်နောက် ဘဝင်နာမ်တရားစုအား အနန္တရစသော ပစ္စယသတ္တိဖြင့် ကျေးဇူးပြုလျက် ပင်ရှိ၏။ သူတည်း တစ်ယောက်၊ ကောင်းဖို့ရောက်မူ၊ သူတစ်ယောက်မှာ၊ ပျက်လင့်ကာသာ၊ ဓမ္မတာတည်း --- ဟူသကဲ့သို့ နာမ်တရားတို့သည် ရှေးရှေး စိတ္တက္ခဏ ချုပ်သွားပါမှသာလျှင် နောက်နောက် စိတ္တက္ခဏသည် ဖြစ်ပေါ်လာနိုင်၏။ ရှေးရှေး စိတ္တက္ခဏ ချုပ်ပျက်သွားခြင်းသည် နောက်နောက် စိတ္တက္ခဏ ဖြစ်ဖို့ရန် အကြောင်းတရား ဖြစ်၏။ရှေးရှေး စိတ္တက္ခဏသည် ချုပ်ပျက်သွားသောအခါ နောက်နောက် စိတ္တက္ခဏ ဖြစ်ပေါ်လာနိုင်အောင် ကျေးဇူး ပြုပြီးမှသာလျှင် ချုပ်ပျက်သွား၏။ သို့အတွက် ဝီထိစိတ်များနှင့် စိတ္တက္ခဏအားဖြင့် နှစ်ခု သုံးခုစသည်ဖြင့် ကွာခြား နေသော ဘဝင်ကို ယူ၍ ရှုခဲ့လျှင် ဖဿအရာ၌ ---
(က) ရှေးရှေး ဘဝင် မနောသမ္ဖဿ (= ၃၄)
( ခ ) နောက်နောက် ဘဝင် မနောသမ္ဖဿ (= ၃၄ - ဝေဒနာ = ၃၃။)
ဤသို့စသည်ဖြင့် နှစ်မျိုးခွဲလျက် ဖော်ပြထားပါသည်။ တစ်ဖန် ---
ယေသံ ယေသံ ဓမ္မာနံ အနန္တရာ ယေ ယေ ဓမ္မာ ဥပ္ပဇ္ဇန္တိ စိတ္တစေတသိကာ ဓမ္မာ၊ တေ တေ ဓမ္မာ တေသံ တေသံ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။ (ပဋ္ဌာန၊၁၊၃။)
ဤဒေသနာတော်အရ ဇောနောင် ဘဝင်ကျသည့် ဝါရ၌ ဇောနောင် ကပ်လျက်ရှိသော ဘဝင်၏ အကြောင်း တရားတို့ကို သိမ်းဆည်းခဲ့လျှင် --- ဖဿအရ -
(က) ဇော မနောသမ္ဖဿ -
( ခ ) ရှုသည့် ဘဝင် မနောသမ္ဖဿ (= ၃၄ - ဝေဒနာ = ၃၃)
ဤသို့ စသည်ဖြင့် ကောက်ယူပါ။ အကယ်၍ တဒါရုံနောင် ဘဝင်ကျသည့် ဝါရ ဖြစ်အံ့၊ တဒါရုံနောင် ကပ်လျက်ရှိသော ဘဝင်၏ အကြောင်းတရားတို့ကို သိမ်းဆည်းလိုသည် ဖြစ်အံ့ --- ဖဿအရ
(က) တဒါရုံ မနောသမ္ဖဿ -
( ခ ) ရှုသည့် ဘဝင် မနောသမ္ဖဿ (= ၃၄ - ဝေဒနာ = ၃၃) ---
ဤသို့ စသည်ဖြင့် အရကောက်ယူပါ။ နှစ်မျိုးခွဲ ရှုပါ။ အကယ်၍ ပဋိသန္ဓေ၏ နောင်၌ ကပ်လျက်ရှိသော ပထမဘဝင်၏ အကြောင်းတရားတို့ကို သိမ်းဆည်းလိုခဲ့သော် ဖဿအရ ---
(က) ပဋိသန္ဓေ မနောသမ္ဖဿ (= ၃၄)
( ခ ) ပထမ ဘဝင် မနောသမ္ဖဿ (= ၃၄ - ဝေဒနာ = ၃၃)
ဤသို့ စသည်ဖြင့် ကောက်ယူပါ။ ဤသို့ စသည်ဖြင့် ဖဿအရ နှစ်မျိုးကောက်ယူပုံကို သဘောပေါက်လေ ရာသည်။
ဘဝနိကန္တိက လောဘဇောဝီထိ
ပဋိသန္ဓေနောင်၌ ဘဝင် (၁၅)ကြိမ်, သို့မဟုတ် (၁၆)ကြိမ် ဖြစ်ပြီးလျှင် မနောဒွါရာဝဇ္ဇန်း (၁)ကြိမ်၊ ဘဝနိကန္တိက လောဘဇော (၇)ကြိမ် ဖြစ်၏။ ဘဝနိကန္တိက လောဘဇောဟူသည် မိမိရရှိသည့် ယောက်ျားဘဝသစ်, သို့မဟုတ် မိန်းမဘဝသစ်ကို တွယ်တာတပ်မက်သည့် လောဘဇောတည်း။ မနောဒွါရာဝဇ္ဇန်း၌ ခန္ဓာငါးပါး, ဇော အသီးအသီး၌ ခန္ဓာငါးပါးစီ ရှိကြ၏။ ယင်းခန္ဓာငါးပါးတို့၏ အကြောင်းတရားတို့ကို သိမ်းဆည်းပုံမှာ ဓမ္မာရုံလိုင်း မနောဒွါရိက လောဘဇောဝီထိနှင့် တူ၏။ နည်းမှီး၍ သိမ်းဆည်းပါ။ ထူးသည်မှာ ဤဘဝနိကန္တိက လောဘဇော ဝီထိ၌ အာရုံဟူသည် ဘဝသစ်အာရုံတည်း။ အမျိုးသားယောဂီဖြစ်လျှင် အမျိုးသားဘဝသစ် အာရုံတည်း။ အမျိုးသမီးယောဂီဖြစ်လျှင် အမျိုးသမီးဘဝသစ် အာရုံတည်း။
တစ်ဖန် ဘဝတစ်လျှောက် ဖြစ်ပေါ်နေသော ဝီထိစိတ် အမျိုးအစားများမှာ စက္ခုဒွါရဝီထိ, သောတဒွါရဝီထိ, ဃာနဒွါရဝီထိ, ဇိဝှါဒွါရဝီထိ, ကာယဒွါရဝီထိ, မနောဒွါရ ဝီထိဟု ဝီထိအမျိုးအစား (၆)မျိုးသာ ရှိသဖြင့်, ယင်းဝီထိ (၆)မျိုးတို့၌ အကြောင်းနှင့် အကျိုး ဆက်စပ်လျက် အကြောင်းတရားနှင့် အကျိုးတရားတို့၏ ကြောင်း-ကျိုး ဆက်နွယ်မှုသဘောကို ဉာဏ်ဖြင့် မြင်အောင်ရှု၍ အကြောင်းတရား အကျိုးတရား သိမ်းဆည်းနည်းတို့ကို ဖော်ပြ လိုက်လျှင် ဘဝတစ်လျှောက် တိုးလျှိုပေါက် သဘောပေါက်နိုင်သဖြင့် ယင်း (၆)မျိုးသော ဝီထိစိတ်တို့၏ စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း၌ ခန္ဓာငါးပါးနည်းဖြင့် အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းပုံကို ဆက်လက် ဖော်ပြအပ်ပါသည်။
အသင်သူတော်ကောင်းသည် သမာဓိကို အဆင့်ဆင့် ထူထောင်ပြီးလျှင် စက္ခုအကြည်ဓာတ်ခေါ်သည့် စက္ခုဒွါရနှင့် ဘဝင်မနောအကြည်ဓာတ်ခေါ်သည့် မနောဒွါရဟူသော ဒွါရနှစ်ခုတို့ကို ပူးတွဲသိမ်းဆည်းပြီးလျှင် ရုပ်ကလာပ်အများစု၏ ရူပါရုံအရောင်ကို လှမ်း၍ အာရုံယူပါ။ ထိုအခါ စက္ခုဒွါရဝီထိနှင့် ရူပါရုံကို ဆက်လက်အာရုံ ယူသည့် မနောဒွါရဝီထိများ ဖြစ်ပေါ်လာကြမည် ဖြစ်သည်။ ဤ၌ အတိမဟန္တာရုံ စက္ခုဒွါရဝီထိနှင့် ဝိဘူတာရုံ မနောဒွါရဝီထိတို့၌ အကြောင်းတရား အကျိုးတရား သိမ်းဆည်းပုံကို ဖော်ပြအပ်ပါသည်။ မဟန္တာရုံဝီထိ, ပရိတ္တာရုံ ဝီထိ, အဝိဘူတာရုံဝီထိတို့၌လည်း နည်းမှီး၍ ရှုပါ။ အသင်သူတော်ကောင်းသည် နာမ်ကမ္မဋ္ဌာန်းပိုင်း ဇယား များကို ပြန်လည်၍ အာရုံယူထားပါ။
ရူပါရုံ အရောင်လိုင်း - ပဉ္စဒွါရာဝဇ္ဇန်း (= ဆင်ခြင်) ခန္ဓာ (၅) ပါး
၁။ ပဉ္စဒွါရာဝဇ္ဇန်း၏ မှီရာ ဟဒယ၌ရှိသော ရုပ် (၅၄)မျိုးနှင့် ရူပါရုံက ရူပက္ခန္ဓာ။
၂။ ပဉ္စဒွါရာဝဇ္ဇန်း နာမ်တရား (၁၁)လုံးမှ ဝေဒနာက ဝေဒနာက္ခန္ဓာ။
၃။ ပဉ္စဒွါရာဝဇ္ဇန်း နာမ်တရား (၁၁)လုံးမှ သညာက သညာက္ခန္ဓာ။
၄။ ပဉ္စဒွါရာဝဇ္ဇန်း နာမ်တရား (၁၁)လုံးမှ စေတနာက သင်္ခါရက္ခန္ဓာ။ (ပ)
ပဉ္စဒွါရာဝဇ္ဇန်း နာမ်တရား (၁၁)လုံးမှ ကျန်စေတသိက် (= ၈-လုံး)က သင်္ခါရက္ခန္ဓာ။ (ဒု)
၅။ ပဉ္စဒွါရာဝဇ္ဇန်း နာမ်တရား (၁၁)လုံးမှ အသိစိတ်ဝိညာဏ်က ဝိညာဏက္ခန္ဓာ။
ပဉ္စဒွါရာဝဇ္ဇန်း - ရူပက္ခန္ဓာ
အတိတ်အကြောင်းတရား (၅) ပါး
၁။ အဝိဇ္ဇာ (=၂၀)က အကြောင်းတရား၊ (ကမ္မဇရုပ်) ရူပက္ခန္ဓာက အကျိုးတရား။
၂။ တဏှာ (=၂၀)က အကြောင်းတရား၊ (ကမ္မဇရုပ်) ရူပက္ခန္ဓာက အကျိုးတရား။
၃။ ဥပါဒါန် (=၂၀)က အကြောင်းတရား၊ (ကမ္မဇရုပ်) ရူပက္ခန္ဓာက အကျိုးတရား။
၄။ သင်္ခါရ (= ၃၄)က အကြောင်းတရား၊ (ကမ္မဇရုပ်) ရူပက္ခန္ဓာက အကျိုးတရား။
၅။ ကံ (= ၃၄-၏ ကမ္မသတ္တိ)က အကြောင်းတရား၊ (ကမ္မဇရုပ်) ရူပက္ခန္ဓာက အကျိုးတရား။
ပစ္စုပ္ပန်အကြောင်းတရား (၃) ပါး
၆။ စိတ်က အကြောင်းတရား၊ (စိတ္တဇရုပ်) ရူပက္ခန္ဓာက အကျိုးတရား။
၇။ ဥတုက အကြောင်းတရား၊ (ဥတုဇရုပ်) ရူပက္ခန္ဓာက အကျိုးတရား။
၈။ အာဟာရက အကြောင်းတရား၊ (အာဟာရဇရုပ်) ရူပက္ခန္ဓာက အကျိုးတရား။
ပဉ္စဒွါရာဝဇ္ဇန်း = ဆင်ခြင်စိတ် --- ဤစိတ်သည် အာရုံကို အာရုံပြုကာမတ္တသာ ဖြစ်သောကြောင့် ကိရိယာစိတ် ဖြစ်၏။ အတိတ်အကြောင်းတရားကြောင့် ဖြစ်ပေါ်လာသော စိတ်မဟုတ်ပေ။ ပစ္စုပ္ပန်အကြောင်းတရားများ ကြောင့်သာ ဖြစ်ပေါ်လာရသော စိတ်ဖြစ်၏။ သို့သော် မှီရာ ဝတ္ထုရုပ်များဘက်၌ကား ကံ-စိတ်-ဥတု-အာဟာရ ဟူသော အကြောင်းတရား (၄)မျိုးတို့ကြောင့် ဖြစ်ကြသော ရုပ်တရားအပေါင်းအစုများ ဖြစ်ကြသဖြင့် အကြောင်း တရား (၄)မျိုးလုံးနှင့်ပင် အကြောင်းအကျိုးစပ်၍ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းရမည် ဖြစ်သည်။
ရူပါရုံလိုင်း - ပဉ္စဒွါရာဝဇ္ဇန်း - ဝေဒနာက္ခန္ဓာ
ပစ္စုပ္ပန်အကြောင်းတရား (၃) ပါး
၁။ ဝတ္ထု (= ဟဒယ၌ရှိသော ရုပ် - ၅၄ - မျိုး)က အကြောင်းတရား၊ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၂။ အာရုံ (= ရူပါရုံ)က အကြောင်းတရား၊ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၃။ ဖဿ = (က) ဘဝင် မနောသမ္ဖဿ (= ၃၄)က အကြောင်းတရား၊ ဝေဒနာက္ခန္ဓာက အကျိုးတရား။
( ခ ) ပဉ္စဒွါရာဝဇ္ဇန်း မနောသမ္ဖဿ (= ၁၁ - ဝေဒနာ = ၁၀)က အကြောင်းတရား၊ ဝေဒနာက္ခန္ဓာက အကျိုးတရား။
မှတ်ချက် --- ဘဝင်္ဂါဒိကော ကိရိယဿ - (ဝိသုဒ္ဓိ၊၂၊၂၃၄။)ဟူသော ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာနှင့်အညီ ကိရိယာစိတ်ဖြစ်သော ပဉ္စဒွါရာဝဇ္ဇန်း၏ ရှေး၌ဖြစ်သော ဘဝင်နာမ်တရားစုတို့ကလည်း ပဉ္စဒွါရာဝဇ္ဇန်း ကိရိယာ နာမ်တရားစုအား အနန္တရစသော ပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးလျက်ပင် ရှိကြ၏။ ပဉ္စဒွါရာဝဇ္ဇန်း နာမ်တရား (၁၁)လုံးတွင် ပါဝင်သော ဖဿကလည်း တစ်နည်းဆိုသော် ဖဿဦးဆောင်သည့် နာမ်တရားစုကလည်း သဟဇာတ အညမည စသော ပစ္စယသတ္တိတို့ဖြင့် ပဉ္စဒွါရာဝဇ္ဇန်း ဝေဒနာက္ခန္ဓာအား ကျေးဇူးပြုပေးလျက်ပင် ရှိ၏။
ဘဝင်တွင် တိဟိတ် သောမနဿဘဝင်ကို ရည်ရွယ်၍ ဖဿကို ဦးတည်လျက် (၃၄)ဟု ဖော်ပြထားပါသည်။ ပဉ္စဒွါရာဝဇ္ဇန်းတွင် နာမ်တရား (၁၁)လုံး ရှိသဖြင့် အကျိုးဝေဒနာကို နှုတ်သော် ကြွင်းကျန်သော နာမ်တရားများမှာ (၁၀) ဖြစ်ကြသည်။ သို့အတွက် ဖဿကို ဦးတည်၍ (၁၀)ဟု ဖော်ပြထားပါသည်။ သညာက္ခန္ဓာစသည်တို့၌လည်း နည်းတူပင် မှတ်ပါ။ တစ်ဖန် ဤပဉ္စဒွါရဝီထိ မနောဒွါရဝီထိတို့တွင် ပဉ္စဝိညာဏ်မှ တစ်ပါးသော ဝီထိစိတ်အားလုံး တို့သည် ဟဒယဝတ္ထုကိုသာ မှီ၍ ဖြစ်ကြသဖြင့် --- ဝတ္ထု (= ဟဒယ = ၆ = ၅၄)ဟု ဖော်ပြလျှင် ဟဒယ၌ တည်ရှိ ကြသော ဟဒယဝတ္ထုနှင့်တကွသော ရုပ်ကလာပ်အမျိုးအစား (၆)မျိုး, ရုပ်အမျိုးအစား (၅၄)တို့ကို ဆိုလိုသည်ဟု လည်း သဘောပေါက်ပါ။ အလားတူပင် (စက္ခု = ၆ = ၅၄)ဟု ဆိုရာ၌လည်း စက္ခုဝတ္ထုနှင့်တကွသော ရုပ်ကလာပ် (၆)မျိုး, ရုပ်အမျိုးအစား (၅၄)တို့ကိုပင် ရည်ညွှန်းထားသည်ဟုမှတ်ပါ။ သောတဝတ္ထုစသည်တို့၌လည်း နည်းတူ ပင်တည်း။ တစ်ဖန် ယခုဖော်ပြနေသော စိတ္တက္ခဏတိုင်း၌ တည်ရှိသော ခန္ဓာငါးပါးတို့မှာ ရူပါရုံကို အာရုံယူနေသည့် အကောင်းအုပ်စု မဟာကုသိုလ် သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် အသင်္ခါရိကဇောစောသည့် စက္ခုဒွါရဝီထိ မနောဒွါရဝီထိတို့ ဖြစ်ကြသည်။ ဇယားတွင် ပထမအတန်း ဖြစ်သည်။ (နာမ်ကမ္မဋ္ဌာန်းပိုင်း ဇယားကို ပြန်ကြည့်ပါ၊၊)
ရူပါရုံလိုင်း - ပဉ္စဒွါရာဝဇ္ဇန်း - သညာက္ခန္ဓာ
ပစ္စုပ္ပန်အကြောင်းတရား (၃) ပါး
၁။ ဝတ္ထု (= ဟဒယ = ၆ = ၅၄)က အကြောင်းတရား၊ သညာက္ခန္ဓာက အကျိုးတရား။
၂။ အာရုံ (= ရူပါရုံ)က အကြောင်းတရား၊ သညာက္ခန္ဓာက အကျိုးတရား။
၃။ ဖဿ = (က) ဘဝင်မနောသမ္ဖဿ (= ၃၄)က အကြောင်းတရား၊ သညာက္ခန္ဓာက အကျိုးတရား။
( ခ ) ဆင်ခြင် မနောသမ္ဖဿ (= ၁၁ - သညာ = ၁၀)က အကြောင်းတရား၊ သညာက္ခန္ဓာက အကျိုးတရား။
ရူပါရုံလိုင်း - ပဉ္စဒွါရာဝဇ္ဇန်း - သင်္ခါရက္ခန္ဓာ
(ပထမနည်း - စေတနာကို ကောက်)
ပစ္စုပ္ပန်အကြောင်းတရား (၃) ပါး
၁။ ဝတ္ထု (= ဟဒယ = ၆ = ၅၄)က အကြောင်းတရား၊ သင်္ခါရက္ခန္ဓာက အကျိုးတရား။
၂။ အာရုံ (= ရူပါရုံ)က အကြောင်းတရား၊ သင်္ခါရက္ခန္ဓာက အကျိုးတရား။
၃။ ဖဿ = (က) ဘဝင်မနောသမ္ဖဿ (= ၃၄)က အကြောင်းတရား၊ သင်္ခါရက္ခန္ဓာက အကျိုးတရား။
( ခ ) ဆင်ခြင်မနောသမ္ဖဿ (= ၁၁ - စေတနာ = ၁၀)က အကြောင်းတရား၊ သင်္ခါရက္ခန္ဓာက အကျိုးတရား။
ရူပါရုံလိုင်း - ပဉ္စဒွါရာဝဇ္ဇန်း - သင်္ခါရက္ခန္ဓာ
(ဒုတိယနည်း စေတသိက် - ၃၁ - လုံးယူ)
ပစ္စုပ္ပန်အကြောင်းတရား (၄) ပါး
၁။ ဝတ္ထု (= ဟဒယ = ၆ = ၅၄)က အကြောင်းတရား၊ သင်္ခါရက္ခန္ဓာက အကျိုးတရား။
၂။ အာရုံ (= ရူပါရုံ)က အကြောင်းတရား၊ သင်္ခါရက္ခန္ဓာက အကျိုးတရား။
၃။ ဖဿ = ဘဝင် မနောသမ္ဖဿ (= ၃၄)က အကြောင်းတရား၊ သင်္ခါရက္ခန္ဓာက အကျိုးတရား။
၄။ ကျန်နာမ်ခန္ဓာ (၃)ပါး က အကြောင်းတရား၊ သင်္ခါရက္ခန္ဓာက အကျိုးတရား။
မှတ်ချက် --- ကျန် နာမ်ခန္ဓာ (၃)ပါးဟု ဆိုရာတိုင်း၌ ဝေဒနာ သညာ ဝိညာဏ်ဟူသော နာမ်ခန္ဓာ (၃)ပါးကိုသာ ဆိုလိုသည်ဟု အမြဲ မှတ်ပါ။
ရူပါရုံလိုင်း - ပဉ္စဒွါရာဝဇ္ဇန်း - ဝိညာဏက္ခန္ဓာ
ပစ္စုပ္ပန်အကြောင်းတရား (၂) ပါး
၁။ ဘဝင်မနောသမ္ဖဿ (= ၃၄)က အကြောင်းတရား၊ ဝိညာဏက္ခန္ဓာက အကျိုးတရား။
၂။ နာမ်+ရုပ်က အကြောင်းတရား၊ ဝိညာဏက္ခန္ဓာက အကျိုးတရား။
နာမ်ဟူသည် ယှဉ်ဖက် စေတသိက် (၁၀)လုံးကို ဆိုလိုသည်။ ရုပ်ဟူသည် ဟဒယဝတ္ထုရုပ်နှင့် တကွသော မှီရာဝတ္ထုရုပ် (၅၄)မျိုးနှင့် ရူပါရုံကို ဆိုလိုသည်။ မှီရာဝတ္ထုရုပ်နှင့် အာရုံရုပ် မှန်သမျှသည် ရုပ်တရားစာရင်းတွင် ပါဝင်၍ ဖဿနှင့် တကွသော စေတသိက်ဟူသမျှသည် နာမ်စာရင်းတွင် ပါဝင်နေ၏။ သို့အတွက် ဝတ္ထု-အာရုံ-ဖဿ ဟူသော အကြောင်းတရားနှင့် နာမ်ရုပ်ဟူသော အကြောင်းတရားတို့သည် အမည်ကွဲသော်လည်း ပရမတ္ထ တရားကိုယ်ဓာတ်သားအားဖြင့်ကား တူညီလျက်ပင် ရှိပေသည်။
ရူပါရုံလိုင်း - စက္ခုဝိညာဏ် (= မြင်သိ) ခန္ဓာ (၅) ပါး
ဧတ္ထ ဟိ စက္ခု စေဝ ရူပဉ္စ ရူပက္ခန္ဓော၊ ဒဿနံ ဝိညာဏက္ခန္ဓော၊ တံသမ္ပယုတ္တာ ဝေဒနာ ဝေဒနာက္ခန္ဓော၊ သညာ သညာက္ခန္ဓော၊ ဖဿာဒိကာ သင်္ခါရက္ခန္ဓော။ (မ၊ဋ္ဌ၊၁၊၂၆၇။)
၁။ စက္ခုဝတ္ထုနှင့် တကွသော ရုပ် (၅၄)မျိုးနှင့် ရူပါရုံကား ရူပက္ခန္ဓာတည်း။
၂။ မြင်သိ နာမ်တရား (= ၈-လုံး)မှ ဝေဒနာသည် ဝေဒနာက္ခန္ဓာတည်း။
၃။ မြင်သိ နာမ်တရား (= ၈-လုံး)မှ သညာသည် သညာက္ခန္ဓာတည်း။
၄။ မြင်သိ နာမ်တရား (= ၈-လုံး)မှ စေတနာသည် သင်္ခါရက္ခန္ဓာတည်း။ (ပထမနည်း)
မြင်သိ နာမ်တရား (= ၈-လုံး)မှ ကျန်စေတသိက် (၅)လုံးသည် သင်္ခါရက္ခန္ဓာတည်း။ (ဒုတိယနည်း)
၅။ မြင်သိ နာမ်တရား (= ၈-လုံး)မှ စက္ခုဝိညာဏ်သည် ဝိညာဏက္ခန္ဓာတည်း။
ရူပါရုံလိုင်း - စက္ခုဝိညာဏ် - ရူပက္ခန္ဓာ
အတိတ်အကြောင်းတရား (၅) ပါး
၁။ အဝိဇ္ဇာ (=၂၀)က အကြောင်းတရား၊ (ကမ္မဇရုပ်) ရူပက္ခန္ဓာက အကျိုးတရား။
၂။ တဏှာ (=၂၀)က အကြောင်းတရား၊ (ကမ္မဇရုပ်) ရူပက္ခန္ဓာက အကျိုးတရား။
၃။ ဥပါဒါန် (=၂၀)က အကြောင်းတရား၊ (ကမ္မဇရုပ်) ရူပက္ခန္ဓာက အကျိုးတရား။
၄။ သင်္ခါရ (= ၃၄)က အကြောင်းတရား၊ (ကမ္မဇရုပ်) ရူပက္ခန္ဓာက အကျိုးတရား။
၅။ ကံ (= ၃၄-၏ ကမ္မသတ္တိ)က အကြောင်းတရား၊ (ကမ္မဇရုပ်) ရူပက္ခန္ဓာက အကျိုးတရား။
ပစ္စုပ္ပန်အကြောင်းတရား (၃) ပါး
၆။ စိတ်က အကြောင်းတရား၊ (စိတ္တဇရုပ်) ရူပက္ခန္ဓာက အကျိုးတရား။
၇။ ဥတုက အကြောင်းတရား၊ (ဥတုဇရုပ်) ရူပက္ခန္ဓာက အကျိုးတရား။
၈။ အာဟာရက အကြောင်းတရား၊ (အာဟာရဇရုပ်) ရူပက္ခန္ဓာက အကျိုးတရား။
ရူပါရုံလိုင်း - စက္ခုဝိညာဏ် - ဝေဒနာက္ခန္ဓာ
အတိတ်အကြောင်းတရား (၅) ပါး
၁။ အဝိဇ္ဇာ (=၂၀)က အကြောင်းတရား၊ စက္ခုဝိညာဏ် ဝေဒနာက္ခန္ဓာက အကျိုးတရား။
၂။ တဏှာ (=၂၀)က အကြောင်းတရား၊ စက္ခုဝိညာဏ် ဝေဒနာက္ခန္ဓာက အကျိုးတရား။
၃။ ဥပါဒါန် (=၂၀)က အကြောင်းတရား၊ စက္ခုဝိညာဏ် ဝေဒနာက္ခန္ဓာက အကျိုးတရား။
၄။ သင်္ခါရ (= ၃၄)က အကြောင်းတရား၊ စက္ခုဝိညာဏ် ဝေဒနာက္ခန္ဓာက အကျိုးတရား။
၅။ ကံ (= ၃၄-၏ ကမ္မသတ္တိ)က အကြောင်းတရား၊ စက္ခုဝိညာဏ် ဝေဒနာက္ခန္ဓာက အကျိုးတရား။
ပစ္စုပ္ပန်အကြောင်းတရား (၅) ပါး
၆။ ဝတ္ထု (= စက္ခု = ၆ = ၅၄)က အကြောင်းတရား၊ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၇။ အာရုံ (= ရူပါရုံ)က အကြောင်းတရား၊ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၈။ စက္ခုသမ္ဖဿ (= ၈ - ဝေဒနာ = ၇)က အကြောင်းတရား၊ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၉။ အာလောက (= အရောင်အလင်း)က အကြောင်းတရား၊ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၁၀။ မနသိကာရ (= ပဉ္စဒွါရာဝဇ္ဇန်း = ၁၁)က အကြောင်းတရား၊ ဝေဒနာက္ခန္ဓာက အကျိုးတရား။
ထပ်မံရှင်းလင်းချက်များ
ဖဿ --- စက္ခုဝိညာဏ်၏ ပစ္စုပ္ပန်အကြောင်းတရားများကို များသောအားဖြင့် (၄)မျိုးပင် ဖော်ပြကြသော် လည်း ဤကျမ်း၌ကား --- ဖဿသမုဒယာ ဝေဒနာသမုဒယော --- (သံ၊၂၊၄၉။) = ဖဿ ဖြစ်ခြင်းကြောင့် ဝေဒနာ ဖြစ်၏ဟုလည်းကောင်း, ဖဿပစ္စယာ ဝေဒနာ (အဘိ၊၂၊၁၄၂။) = ဖဿ ဖြစ်ခြင်းကြောင့် ဝေဒနာ ဖြစ်၏ဟု လည်းကောင်း, စက္ခုဝိညာဏ သမ္ပယုတ္တာယ ပန ဝတ္တဗ္ဗမေဝ နတ္ထိ။ (သံ၊ဋ္ဌ၊၃-၅။) = စက္ခုဝိညာဏ်နှင့် ယှဉ်သော ဝေဒနာအား စက္ခုသမ္ဖဿက ကျေးဇူးပြုပေးမှုမှာ ဆိုဖွယ်ရာပင် မရှိတော့ပေဟုလည်းကောင်း --- ဤဒေသနာ တော်များနှင့် အဋ္ဌကထာအဖွင့်များအတိုင်း စက္ခုသမ္ဖဿနှင့်တကွ အကြောင်းတရား (၅)မျိုး ဖော်ပြထားပါသည်။ ယင်းစက္ခုသမ္ဖဿကလည်း စက္ခုသမ္ဖဿဇာ ဝေဒနာအား သဟဇာတစသော ပစ္စယသတ္တိတို့ဖြင့် ကျေးဇူးပြု ပေးသည်သာ ဖြစ်ပေသည်။
အာလောက --- မီးရောင် လရောင် နေရောင် ဉာဏ်ရောင်ဟူသော အရောင်အလင်း (၄)မျိုးလုံးသည်ပင် စက္ခုဝိညာဏ် နာမ်တရားစုအား ဥပနိဿယစသော ပစ္စယသတ္တိထူးတို့ဖြင့် ဖြစ်ပေါ်လာအောင် ကျေးဇူးပြုပေး သည်သာဖြစ်၏။ သမထဘာဝနာစိတ်တို့ကြောင့် ဖြစ်ပေါ်လာသော ဉာဏ်ရောင်ဖြင့်လည်း ရူပါရုံအမျိုးမျိုးကို တွေ့မြင်နိုင်ကြောင်းကို ရှေးအာနာပါနဿတိ သမာဓိပိုင်းတွင် ရှင်းလင်းတင်ပြခဲ့ပြီးပင် ဖြစ်၏။ မဟာသိဝမထေရ် မြတ်ကြီးတို့ကဲ့သို့သော တောထဲတောင်ထဲ၌ သီတင်းသုံးတော်မူကြသော မထေရ်မြတ်ကြီးတို့၏ အသိဉာဏ်ဝယ် ညဥ့်အခါ၌လည်း ယင်းရုပ်နာမ်ဓမ္မ သင်္ခါရတရားတို့ကား အလွန်ထင်ရှားနေကြသည်သာ ဖြစ်၏။ ယင်းရုပ်နာမ် တို့တွင် ရူပါရုံ အရောင်လည်း ပါဝင်သည်သာ ဖြစ်သည်။ စက္ခုဝိညာဏ်နာမ်တရားစုတို့လည်း ပါဝင်ကြသည်သာ ဖြစ်၏။ ယင်းရူပါရုံ အရောင်ကို ယင်းစက္ခုဝိညာဏ် နာမ်တရားစုတို့က မည်သည့်အရောင်ကြောင့် မြင်တွေ့နိုင် ပါသနည်းဟု ဆန်းစစ်ခဲ့သော် အဖြေမှာ ပေါ်လွင် ထင်ရှားလျက်ပင် ရှိ၏။ ညဉ့်အခါ တောထဲ တောင်ထဲဝယ် မှောင်မိုက်အတွင်း၌ ရူပါရုံ ပရမတ်တရားကို ရုပ်တုံး ရုပ်ခဲတည်းဟူသော ရုပ်ဃနအသီးအသီးကို ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးလျက် ပရမတ်သို့ဆိုက်အောင် ရှုမြင်နိုင်ခြင်းမှာ ဉာဏ်အရောင်အလင်း၏ သတ္တိသာ ဖြစ်၏။ ရုပ်ကလာပ်တစ်ခုတစ်ခုကို ပကတိမျက်စိဖြင့် မမြင်နိုင်ဘဲ ဉာဏ်မျက်စိဖြင့်သာ မြင်နိုင်ရကား ရုပ်ကလာပ်တစ်ခု၏ အတွင်း၌ တည်ရှိသော ရူပါရုံကို မြင်နိုင်ရေးမှာလည်း ဉာဏ်မျက်စိ၏ အရာသာဖြစ်၏။
တစ်နည်းဆိုသော် --- ဉာဏ်အရောင်အလင်းက ကျေးဇူးပြုပေးပါမှသာလျှင် ရုပ်ကလာပ်တို့၏ ရူပါရုံ အရောင်ကို မြင်နိုင်မည်၊ ရုပ်ကလာပ်တို့၏ ရူပါရုံအရောင်ကို မြင်နိုင်ပါမှသာလျှင် ပရမတ္ထ ရူပါရုံအစစ်ကို တွေ့သည် မည်ပေသည်။ ပရမတ္ထရူပါရုံ အစစ်ကို မြင်ပါမှ ယင်းပရမတ္ထ ရူပါရုံနှင့် တကွသော ရုပ်နာမ်ဓမ္မ သင်္ခါရတရားတို့ကို လက္ခဏာရေးသုံးတန်တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်နိုင်မည် ဖြစ်သည်။ ယင်းသို့ ရူပါရုံနှင့် တကွသော ပရမတ္ထ ရုပ်နာမ်တို့ကို ဝိပဿနာရှုသောကြောင့်သာလျှင် ရှေးရှေးမထေရ်မြတ်ကြီးတို့သည် ညဉ့် အခါမှာပင်သော်လည်း အရဟတ္တဖိုလ်သို့ ဆိုက်ရောက်တော်မူကြခြင်း ဖြစ်ပေသည်။ ထိုကြောင့် ရူပါရုံကို အာရုံ ပြုသည့် စက္ခုဝိညာဏ် နာမ်တရားစုအား ဖြစ်ပေါ်လာအောင် ကျေးဇူးပြုပေးသော အရောင်အလင်းသည် အရောင် အလင်း (၄)မျိုးလုံးပင် ဖြစ်သည်ဟု မှတ်ပါ။ သို့သော် ဝိပဿနာအရာ၌ကား ဉာဏ်အရောင်သာ လိုရင်း ဖြစ်သည်။
မနသိကာရ - ဟူသည်
၁။ မပျက်စီးသော စက္ခုပသာဒတည်ရှိခြင်း --- အသက်ရှင်နေသူ၏ စက္ခုပသာဒသည် သွေး သည်းခြေ သလိပ် ဟူသော အပြစ်တို့ကြောင့် မပျက်မစီး တည်ရှိနေခြင်းကို ဆိုလိုသည်။ သေသူ၏ စက္ခု, အသက်ရှင်နေသူ၏ ပျက်စီးပြီး စက္ခုတို့ကား စက္ခုဝိညာဏ်အား ကျေးဇူးမပြုပေးနိုင်။
၂။ ထိုမပျက်စီးသော စက္ခုပသာဒသို့ ရူပါရုံ ရှေးရှုကျရောက်ပါမှ စက္ခုအကြည်ဓာတ်ဝယ် ရူပါရုံ ထင်လာပါမှ စက္ခုဝိညာဏ် ဖြစ်နိုင်သည်၊ မထင်ခဲ့သော် မဖြစ်နိုင်။
၃။ စက္ခုပသာဒ၌ ရူပါရုံ ထင်လာရာ၌လည်း အာလောက = အရောင်အလင်းကို အမှီရသော်သာ အရောင်အလင်း ရှိပါမှသာ စက္ခုပသာဒ၌ ရူပါရုံ ထင်လာနိုင်၏၊ စက္ခုဝိညာဏ် ဖြစ်နိုင်၏၊ အရောင်အလင်း မရှိသော် စက္ခုပသာဒ၌ ရူပါရုံ မထင်လာနိုင်၊ စက္ခုဝိညာဏ်လည်း မဖြစ်နိုင်။
၄။ အရောင်အလင်း ထင်ရှားရှိသော်လည်း မနသိကာရဟူသော အကြောင်းတရား ရှိပါမှသာလျှင် စက္ခုဝိညာဏ် ဖြစ်နိုင်သည်၊ မနသိကာရ အကြောင်းတရား မရှိသော် မဖြစ်နိုင်။ (အဘိ၊ဋ္ဌ၊၁၊၃၂၁။)
ယင်းမနသိကာရ အကြောင်းတရားနှင့် ပတ်သက်၍ အဋ္ဌသာလိနီအဋ္ဌကထာ၌ အောက်ပါအတိုင်း ဖွင့်ဆို ထား၏ ---
တသ္မိံ သန္တေပိ ကိရိယမနောဓာတုယာ ဘဝင်္ဂေ အနာဝဋ္ဋိတေ နုပ္ပဇ္ဇတိ၊ အာဝဋ္ဋိတေယေဝ ဥပ္ပဇ္ဇတိ။ ဧဝံ ဥပ္ပဇ္ဇ္ဇမာနံ သမ္ပယုတ္တဓမ္မေဟိ သဒ္ဓိံယေဝ ဥပ္ပဇ္ဇတိ။ ဣတိ ဣမေ စတ္တာရော ပစ္စယေ လဘိတွာ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ။ (အဘိ၊ဋ္ဌ၊၁၊၃၂၁။)
ဤအထက်ပါ အဋ္ဌကထာအရ မနသိကာရဟူသည် မနသိကာရ စေတသိက်ကို မဆိုလို၊ ပဉ္စဒွါရာဝဇ္ဇန်း ဟူသော ကိရိယာမနောဓာတ် = ဆင်ခြင်စိတ်ကို ဆိုလိုပေသည်။ တစ်နည်းဆိုသော် မနသိကာရစေတသိက် အဝင်အပါဖြစ်သော ပဉ္စဒွါရာဝဇ္ဇန်း စိတ်+စေတသိက်တရားစု (၁၁)လုံးကို ဆိုလိုပေသည်။ ယင်း နာမ်တရားစုကို ဝီထိပဋိပါဒကမနသိကာရဟု ခေါ်ဆို၏။ ဝီထိစိတ်တို့၏ အခြေခံ အကြောင်းရင်းဖြစ်သော နှလုံးသွင်းမှုတည်း။ ယင်းကိရိယာမနောဓာတ် ဆင်ခြင်စိတ်က ဘဝင်ကို မလည်စေခဲ့သော် စက္ခုဝိညာဏ် နာမ်တရားစုသည်လည်း မဖြစ်နိုင်၊ ယင်းကိရိယာမနောဓာတ်က ဘဝင်ကို လည်စေနိုင်မှသာလျှင် စက္ခုဝိညာဏ် နာမ်တရားစု ဖြစ်နိုင်၏။ လည်စေ၏ ဟူသည်မှာ ဘဝင်အယဉ်ကို ရပ်စေ၍ မိမိကိရိယာမနောဓာတ်၏ ဖြစ်ခြင်းကိုပင် ဆိုလိုပေသည်။ ယင်းသို့ အကြောင်း (၄)ရပ် စုံညီ၍ စက္ခုဝိညာဏ် ဖြစ်ပေါ်လာသော်လည်း သမ္ပယုတ်တရားတို့နှင့် အတူတကွ သာလျှင် ဖြစ်ပေါ်လာပေသည်။ သမ္ပယုတ်တရားများ မပါဘဲ မိမိစက္ခုဝိညာဏ်တစ်ဦးတည်း မဖြစ်နိုင်သောကြောင့် တည်း။ သို့အတွက် စက္ခုသမ္ဖဿစသော သမ္ပယုတ်တရားများကိုလည်း အကြောင်းတရားတစ်ခုအဖြစ် ထည့်သွင်း၍ ဖော်ပြခြင်းဖြစ်သည်။
တစ်ဖန် မနသိကာရအမည်ရသော ပဉ္စဒွါရာဝဇ္ဇန်း စိတ်မှာလည်း မိမိချည်း တစ်လုံးတည်း မဖြစ်နိုင်သဖြင့် သမ္ပယုတ်တရားစုနှင့်သာ အတူယှဉ်တွဲ၍ ဖြစ်နိုင်ရကား ယင်းမနသိကာရအမည်ရသော ပဉ္စဒွါရာဝဇ္ဇန်းနှင့်တကွ ယှဉ်ဖက် သမ္ပယုတ်တရားအားလုံးကိုပင် စက္ခုဝိညာဏ် သမ္ပယုတ်တရားစု၏ အကြောင်းတရားအဖြစ် ဖော်ပြထား ပါသည်။ ယင်းမနသိကာရ အမည်ရသော ပဉ္စဒွါရာဝဇ္ဇန်း သမ္ပယုတ်တရားစုက အနန္တရစသော ပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးပါမှ စက္ခုဝိညာဏ်နှင့် တကွသော သမ္ပယုတ်တရားစု၏ ဖြစ်နိုင်ပုံကို ဉာဏ်ဖြင့် မြင်အောင်ကြည့်ပြီး ပါမှ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းပါ။
ရူပါရုံလိုင်း - စက္ခုဝိညာဏ် - သညာက္ခန္ဓာ
အတိတ်အကြောင်းတရား (၅) ပါး
၁။ အဝိဇ္ဇာ (=၂၀)က အကြောင်းတရား၊ စက္ခုဝိညာဏ် သညာက္ခန္ဓာက အကျိုးတရား။
၂။ တဏှာ (=၂၀)က အကြောင်းတရား၊ စက္ခုဝိညာဏ် သညာက္ခန္ဓာက အကျိုးတရား။
၃။ ဥပါဒါန် (=၂၀)က အကြောင်းတရား၊ စက္ခုဝိညာဏ် သညာက္ခန္ဓာက အကျိုးတရား။
၄။ သင်္ခါရ (= ၃၄)က အကြောင်းတရား၊ စက္ခုဝိညာဏ် သညာက္ခန္ဓာက အကျိုးတရား။
၅။ ကံ (= ၃၄-၏ ကမ္မသတ္တိ)က အကြောင်းတရား၊ စက္ခုဝိညာဏ် သညာက္ခန္ဓာက အကျိုးတရား။
ပစ္စုပ္ပန်အကြောင်းတရား (၅) ပါး
၆။ ဝတ္ထု (= စက္ခု = ၆ = ၅၄)က အကြောင်းတရား၊ စက္ခုဝိညာဏ် သညာက္ခန္ဓာက အကျိုးတရား။
၇။ အာရုံ (= ရူပါရုံ)က အကြောင်းတရား၊ စက္ခုဝိညာဏ် သညာက္ခန္ဓာက အကျိုးတရား။
၈။ စက္ခုသမ္ဖဿ (= ၈ - သညာ = ၇)က အကြောင်းတရား၊ စက္ခုဝိညာဏ် သညာက္ခန္ဓာက အကျိုးတရား။
၉။ အာလောက (= အရောင်အလင်း)က အကြောင်းတရား၊ စက္ခုဝိညာဏ် သညာက္ခန္ဓာက အကျိုးတရား။
၁၀။ မနသိကာရ (= ဆင်ခြင် = ၁၁)က အကြောင်းတရား၊ စက္ခုဝိညာဏ် သညာက္ခန္ဓာက အကျိုးတရား။
ရူပါရုံလိုင်း - စက္ခုဝိညာဏ် - သင်္ခါရက္ခန္ဓာ (စေတနာကို ကောက် - ပ -)
၁။ ၂။ ၃။ ၄။ ၅။ ၆။ ၇။ ၉။ ၁၀။ သညာက္ခန္ဓာနှင့် အားလုံးတူသည်။ ထူးသည်ကိုသာ ဆိုအံ့ ---
၈။ စက္ခုသမ္ဖဿ (= ၈ - စေတနာ = ၇)က အကြောင်းတရား၊ သင်္ခါရက္ခန္ဓာက အကျိုးတရား။
ရူပါရုံလိုင်း - စက္ခုဝိညာဏ် - သင်္ခါရက္ခန္ဓာ (စေတသိက် ၅လုံးကောက် - ဒု -)
၁။ ၂။ ၃။ ၄။ ၅။ ၆။ ၇။ ၉။ ၁၀။ သညာက္ခန္ဓာနှင့် အားလုံးတူသည်။ ထူးသည်ကိုသာ ဆိုအံ့ ---
၈။ ကျန်နာမ်ခန္ဓာ (၃)ပါးက အကြောင်းတရား၊ သင်္ခါရက္ခန္ဓာက အကျိုးတရား။
ရူပါရုံလိုင်း - စက္ခုဝိညာဏ် - ဝိညာဏက္ခန္ဓာ
၁။ ၂။ ၃။ ၄။ ၅။ သညာက္ခန္ဓာနှင့် အားလုံးတူသည်။ ထူးသည်ကိုသာ ဆိုအံ့ ---
ပစ္စုပ္ပန်အကြောင်းတရား (၃) ပါး
၆။ နာမ်+ရုပ်က အကြောင်းတရား၊ စက္ခုဝိညာဏ် ဝိညာဏက္ခန္ဓာက အကျိုးတရား။
၇။ အာလောက က အကြောင်းတရား၊ စက္ခုဝိညာဏ် ဝိညာဏက္ခန္ဓာက အကျိုးတရား။
၈။ မနသိကာရ (= ဆင်ခြင် = ၁၁)က အကြောင်းတရား၊ စက္ခုဝိညာဏ် ဝိညာဏက္ခန္ဓာက အကျိုးတရား။
နာမ် --- ဟူသည် စက္ခုဝိညာဏ်နှင့် ယှဉ်ဖက် စေတသိက် (၇)လုံးတည်း။
ရုပ် --- ဟူသည် မှီရာဝတ္ထုရုပ် (၅၄)နှင့် ရူပါရုံတည်း။
ရူပါရုံလိုင်း - သမ္ပဋိစ္ဆိုင်း (= လက်ခံ) ခန္ဓာ (၅) ပါး
၁။ သမ္ပဋိစ္ဆိုင်း၏ မှီရာ ဟဒယ၌ရှိသော ရုပ် (၅၄)မျိုးနှင့် ရူပါရုံက ရူပက္ခန္ဓာတည်း။
၂။ သမ္ပဋိစ္ဆိုင်း နာမ်တရား (၁၁)လုံးမှ ဝေဒနာက ဝေဒနာက္ခန္ဓာတည်း။
၃။ သမ္ပဋိစ္ဆိုင်း နာမ်တရား (၁၁)လုံးမှ သညာက သညာက္ခန္ဓာတည်း။
၄။ သမ္ပဋိစ္ဆိုင်း နာမ်တရား (၁၁)လုံးမှ စေတနာက သင်္ခါရက္ခန္ဓာတည်း။ (ပ)
သမ္ပဋိစ္ဆိုင်း နာမ်တရား (၁၁)လုံးမှ ကျန်စေတသိက် (= ၈-လုံး)က သင်္ခါရက္ခန္ဓာတည်း။ (ဒု)
၅။ သမ္ပဋိစ္ဆိုင်း နာမ်တရား (၁၁)လုံးမှ သမ္ပဋိစ္ဆိုင်းစိတ်က ဝိညာဏက္ခန္ဓာတည်း။
မှတ်ချက် --- သမ္ပဋိစ္ဆိုင်း ရူပက္ခန္ဓာကို ပဉ္စဒွါရာဝဇ္ဇန်း ရူပက္ခန္ဓာနှင့် နည်းတူရှုပါ။
ရူပါရုံလိုင်း - သမ္ပဋိစ္ဆိုင်း - ဝေဒနာက္ခန္ဓာ
အတိတ်အကြောင်းတရား (၅) ပါး
၁။ အဝိဇ္ဇာ (=၂၀)က အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်း ဝေဒနာက္ခန္ဓာက အကျိုးတရား။
၂။ တဏှာ (=၂၀)က အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်း ဝေဒနာက္ခန္ဓာက အကျိုးတရား။
၃။ ဥပါဒါန် (=၂၀)က အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်း ဝေဒနာက္ခန္ဓာက အကျိုးတရား။
၄။ သင်္ခါရ (= ၃၄)က အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်း ဝေဒနာက္ခန္ဓာက အကျိုးတရား။
၅။ ကံ (= ၃၄-၏ ကမ္မသတ္တိ)က အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်း ဝေဒနာက္ခန္ဓာက အကျိုးတရား။
ပစ္စုပ္ပန်အကြောင်းတရား (၃) ပါး
၆။ ဝတ္ထု (= ဟဒယ = ၆ = ၅၄)က အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်း ဝေဒနာက္ခန္ဓာက အကျိုးတရား။
၇။ အာရုံ (= ရူပါရုံ)က အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်း ဝေဒနာက္ခန္ဓာက အကျိုးတရား။
၈။ ဖဿ = (က) စက္ခုသမ္ဖဿ (= ၈-လုံး)က အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်း ဝေဒနာက္ခန္ဓာက အကျိုးတရား။
( ခ ) သမ္ပဋိစ္ဆိုင်း မနောသမ္ဖဿ (= ၁၁ - ဝေဒနာ = ၁၀)က အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်း ဝေဒနာက္ခန္ဓာက အကျိုးတရား။
ဖဿ --- ဖဿသမုဒယာ ဝေဒနာသမုဒယော၊ ဖဿသမုဒယာ သညာသမုဒယော၊ ဖဿသမုဒယာ သင်္ခါရသမုဒယော --- (သံ၊၂၊၄၉။) ဤသို့စသော ဒေသနာတော်များနှင့် အညီ ဖဿကြောင့် ဝေဒနာ-သညာ-သင်္ခါရ-ဝိညာဏ်တို့ ဖြစ်ရာဝယ် ဤအပိုင်းတွင် ဖဿကို နှစ်မျိုးခွဲ၍ ယူထားပါသည်။
(က) စက္ခုသမ္ဖဿ = စက္ခုဝိညာဏ်နှင့် တကွသော နာမ်တရား (= ၈-လုံး)။
( ခ ) မနောသမ္ဖဿ = စက္ခုဝိညာဏ်၏နောက်၌ ဆက်လက် ဖြစ်ပေါ်လာကြသည့် သမ္ပဋိစ္ဆိုင်း, သန္တီရဏ, ဝုဋ္ဌော, ဇော, တဒါရုံတို့နှင့် ယှဉ်သော ဖဿ, တစ်နည်းဆိုသော် ယင်းဖဿ ဦးဆောင်သည့် နာမ်တရားစု -
ဤသို့ နှစ်မျိုးခွဲယူထားသည်။ စက္ခုသမ္ဖဿကလည်း မိမိ၏နောင်၌ ဆက်လက်ဖြစ်ကြသည့် သမ္ပဋိစ္ဆိုင်း စသော ဝီထိစိတ်တို့အား ဥပနိဿယစသော သတ္တိဖြင့် ကျေးဇူးပြုပေးလျက်ပင် ရှိ၏။ တစ်ဖန် သမ္ပဋိစ္ဆိုင်းစသော ဝီထိစိတ် အသီးအသီးတို့၌လည်း ဖဿပါဝင်လျက်ပင် ရှိ၏။ ယင်းဖဿဦးဆောင်သည့် နာမ်တရားစုကလည်း အချင်းချင်းအား သဟဇာတစသော ပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးလျက်ပင် ရှိ၏။ သို့အတွက် ဖဿကို (၂)မျိုးခွဲ၍ ဖော်ပြထားပါသည်။ အောက်တွင် ဖော်ပြထားသော ပါဠိတော် အဋ္ဌကထာတို့ကို ကြည့်ပါ။
ယမ္ပိဒံ စက္ခုသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒယိတံ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ။ (သံ၊၂၊၂၄၈-ပဟာနသုတ်။)
စက္ခုသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒယိတန္တိ စက္ခုသမ္ဖဿံ မူလပစ္စယံ ကတွာ ဥပ္ပန္နာ သမ္ပဋိစ္ဆနသန္တီရဏ ဝေါဋ္ဌဗ္ဗနဇဝနဝေဒနာ။ စက္ခုဝိညာဏသမ္ပယုတ္တာယ ပန ဝတ္တဗ္ဗမေဝ နတ္ထိ။ သောတဒွါရာဒိဝေဒနာပစ္စယာဒီသုပိ ဧသေဝ နယော။ (သံ၊ဋ္ဌ၊၃-၅။)
သဠာယတနဝဂ္ဂသံယုတ် ပါဠိတော်တစ်လျှောက်ဝယ် စက္ခုသမ္ဖဿ, သောတသမ္ဖဿ, ဃာနသမ္ဖဿ, ဇိဝှါသမ္ဖဿ, ကာယသမ္ဖဿ, မနောသမ္ဖဿတို့ကို မူလအကြောင်းတရားအဖြစ် = ဥပနိဿယ အကြောင်း တရားအဖြစ် အခြေခံ၍ နောက်ပိုင်း၌ သမ္ပဋိစ္ဆိုင်း သန္တီရဏ ဝုဋ္ဌော ဇောစသော ပဉ္စဒွါရဝီထိ နာမ်တရားများနှင့် မနောဒွါရာဝဇ္ဇန်း ဇောစသော မနောဒွါရဝီထိ နာမ်တရားများဖြစ်ပုံကို ယင်းဝီထိနာမ်တရားစုတို့တွင် ပါဝင်သော ဝေဒနာကို အဦးမူ၍ ဟောကြားထားတော်မူခဲ့သော ထုံးများ များစွာပင် ရှိနေပေသည်။
စက္ခုဝိညာဏ် နာမ်တရားစုကိုလည်းကောင်း, စက္ခုသမ္ဖဿကို အကြောင်းခံ၍ ဖြစ်ပေါ်လာကြသော ဝေဒနာ ဦးဆောင်သည့် နာမ်တရားစုတို့ကိုလည်းကောင်း ပရိညာဉာဏ် (၃)ပါးဖြင့် ပိုင်းပိုင်းခြားခြား သိအောင်ကျင့်ရန် (သံ၊၂၊၂၄၉-၂၅၀။) အပရိဇာနနသုတ္တန် စသည်တို့၌ ညွှန်ကြားထားတော်မူ၏။ ယခု ရေးသားတင်ပြဆဲဖြစ်သော အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းတတ်သည့် ပစ္စယပရိဂ္ဂဟဉာဏ်ကား ဉာတပရိညာတွင် အကျုံး ဝင်ပေသည်။ သောတသမ္ဖဿ စသည်တို့ကြောင့် သမ္ပဋိစ္ဆိုင်းစသည့် ဝီထိစိတ်တို့ ဖြစ်ရာ၌လည်း နည်းတူမှတ်ပါ။
ထိုကြောင့် သမ္ပဋိစ္ဆိုင်းစသော နာမ်တရားစုတို့အား စက္ခုသမ္ဖဿကလည်း ကျေးဇူးပြုပေး၍ သမ္ပဋိစ္ဆိုင်း စသည့် ဆိုင်ရာ စိတ္တက္ခဏအတွင်း၌ တည်ရှိကြသော ဖဿစသည့် နာမ်တရားစုတို့ကလည်း အချင်းချင်းအား အပြန်အလှန် ကျေးဇူးပြုပေးကြသဖြင့် ဖဿ နှစ်မျိုးနှစ်မျိုး ခွဲ၍ ဖော်ပြထားပါသည်။
ရူပါရုံလိုင်း - သမ္ပဋိစ္ဆိုင်း - သညာက္ခန္ဓာ
၁။ ၂။ ၃။ ၄။ ၅။ ၆။ ၇။ ဝေဒနာက္ခန္ဓာနှင့် နည်းတူရှုပါ။ ထူးသည်ကိုသာ ဆိုအံ့ ---
၈။ (က) စက္ခုသမ္ဖဿ (= ၈-လုံး)က အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်း သညာက္ခန္ဓာက အကျိုးတရား။
( ခ ) သမ္ပဋိစ္ဆိုင်း မနောသမ္ဖဿ (= ၁၁ - သညာ = ၁၀)က အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်း သညာက္ခန္ဓာက အကျိုးတရား။
ရူပါရုံလိုင်း - သမ္ပဋိစ္ဆိုင်း - သင်္ခါရက္ခန္ဓာ (စေတနာကို ကောက် - ပ -)
၁။ ၂။ ၃။ ၄။ ၅။ ၆။ ၇။ ဝေဒနာက္ခန္ဓာနှင့် နည်းတူရှုပါ။ ထူးသည်ကိုသာ ဆိုအံ့ ---
၈။ (က) စက္ခုသမ္ဖဿ (= ၈-လုံး)က အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်း သင်္ခါရက္ခန္ဓာက အကျိုးတရား။
( ခ ) သမ္ပဋိစ္ဆိုင်း မနောသမ္ဖဿ (= ၁၁ - စေတနာ = ၁၀)က အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်း သင်္ခါရက္ခန္ဓာက အကျိုးတရား။
ရူပါရုံလိုင်း - သမ္ပဋိစ္ဆိုင်း - သင်္ခါရက္ခန္ဓာ (စေတသိက် - ၈ - ကောက် - ဒု -)
၁။ ၂။ ၃။ ၄။ ၅။ ၆။ ၇။ ဝေဒနာက္ခန္ဓာနှင့် နည်းတူရှုပါ။ ထူးသည်ကိုသာ ဆိုအံ့ ---
၈။ စက္ခုသမ္ဖဿ (= ၈-လုံး)က အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်း သင်္ခါရက္ခန္ဓာက အကျိုးတရား။
၉။ ကျန်နာမ်ခန္ဓာ (၃)ပါးက အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်း သင်္ခါရက္ခန္ဓာက အကျိုးတရား။
ရူပါရုံလိုင်း - သမ္ပဋိစ္ဆိုင်း - ဝိညာဏက္ခန္ဓာ
၁။ ၂။ ၃။ ၄။ ၅။ ဝေဒနာက္ခန္ဓာနှင့် နည်းတူရှုပါ။
၆။ စက္ခုသမ္ဖဿ (= ၈-လုံး)က အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်း ဝိညာဏက္ခန္ဓာက အကျိုးတရား။
၇။ သမ္ပဋိစ္ဆိုင်း နာမ်ရုပ်က အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်း ဝိညာဏက္ခန္ဓာက အကျိုးတရား။
နာမ် - ဟူသည် သမ္ပဋိစ္ဆိုင်းစိတ်နှင့် ယှဉ်ဖက် စေတသိက် (၁၀)လုံးတည်း။
ရုပ် - ဟူသည် မှီရာဝတ္ထုရုပ် (၅၄)မျိုးနှင့် ရူပါရုံတည်း။
ရူပါရုံလိုင်း - သန္တီရဏ (= စုံစမ်း) ခန္ဓာ (၅) ပါး
၁။ သန္တီရဏ၏ မှီရာ ဟဒယ၌ တည်ရှိသော ရုပ် (၅၄)မျိုးနှင့် ရူပါရုံကား ရူပက္ခန္ဓာတည်း။
၂။ သန္တီရဏ နာမ်တရား (၁၂)လုံးမှ ဝေဒနာကား ဝေဒနာက္ခန္ဓာတည်း။
၃။ သန္တီရဏ နာမ်တရား (၁၂)လုံးမှ သညာကား သညာက္ခန္ဓာတည်း။
၄။ သန္တီရဏ နာမ်တရား (၁၂)လုံးမှ စေတနာကား သင်္ခါရက္ခန္ဓာတည်း။ (ပ)
သန္တီရဏ နာမ်တရား (၁၂)လုံးမှ ကျန်စေတသိက် (၉)လုံးကား သင်္ခါရက္ခန္ဓာတည်း။ (ဒု)
၅။ သန္တီရဏ နာမ်တရား (၁၂)လုံးမှ အသိစိတ်ဝိညာဏ်ကား ဝိညာဏက္ခန္ဓာတည်း။
မှတ်ချက် ---- သန္တီရဏသည် သောမနဿသန္တီရဏဖြစ်သော် နာမ်တရား (၁၂)လုံး ရှိ၏။ ပီတိပါ၏။ ဥပေက္ခာဝေဒနာနှင့် ယှဉ်သော် နာမ်တရား (၁၁)လုံး ရှိ၏။ ပီတိမပါ။ ဇောတွင် ပီတိပါသော် သန္တီရဏ၌လည်း ပီတိပါတတ်၏။ ဇောတွင် ပီတိမပါသော် သန္တီရဏ၌လည်း ပီတိမပါတတ်ပေ။ သန္တီရဏ ရူပက္ခန္ဓာကို ပဉ္စဒွါရာဝဇ္ဇန်း (= ဆင်ခြင်) ရူပက္ခန္ဓာအတိုင်း ရှုပါ။
ရူပါရုံလိုင်း - သန္တီရဏ - ဝေဒနာက္ခန္ဓာ
အတိတ်အကြောင်းတရား (၅) ပါး
၁။ အဝိဇ္ဇာ (=၂၀)က အကြောင်းတရား၊ သန္တီရဏ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၂။ တဏှာ (=၂၀)က အကြောင်းတရား၊ သန္တီရဏ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၃။ ဥပါဒါန် (=၂၀)က အကြောင်းတရား၊ သန္တီရဏ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၄။ သင်္ခါရ (= ၃၄)က အကြောင်းတရား၊ သန္တီရဏ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၅။ ကံ (= ၃၄-၏ ကမ္မသတ္တိ)က အကြောင်းတရား၊ သန္တီရဏ ဝေဒနာက္ခန္ဓာက အကျိုးတရား။
ပစ္စုပ္ပန်အကြောင်းတရား (၃) ပါး
၆။ ဝတ္ထု (= ဟဒယ = ၆ = ၅၄)က အကြောင်းတရား၊ သန္တီရဏ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၇။ အာရုံ (= ရူပါရုံ)က အကြောင်းတရား၊ သန္တီရဏ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၈။ (က) စက္ခုသမ္ဖဿ (= ၈-လုံး)က အကြောင်းတရား၊ သန္တီရဏ ဝေဒနာက္ခန္ဓာက အကျိုးတရား။
( ခ ) သမ္ပဋိစ္ဆိုင်း မနောသမ္ဖဿ (= ၁၁)က အကြောင်းတရား၊ သန္တီရဏ ဝေဒနာက္ခန္ဓာက အကျိုးတရား။
( ဂ ) သန္တီရဏ မနောသမ္ဖဿ (= ၁၂ - ဝေဒနာ = ၁၁)က အကြောင်းတရား၊ သန္တီရဏ ဝေဒနာက္ခန္ဓာက အကျိုးတရား။
ရူပါရုံလိုင်း - သန္တီရဏ - သညာက္ခန္ဓာ
၁။ ၂။ ၃။ ၄။ ၅။ ၆။ ၇။ သန္တီရဏ ဝေဒနာက္ခန္ဓာကို နည်းမှီး၍ ရှုပါ။
၈။ (က) စက္ခုသမ္ဖဿ (= ၈-လုံး)က အကြောင်းတရား၊ သန္တီရဏ သညာက္ခန္ဓာက အကျိုးတရား။
( ခ ) သမ္ပဋိစ္ဆိုင်း မနောသမ္ဖဿ (= ၁၁)က အကြောင်းတရား၊ သန္တီရဏ သညာက္ခန္ဓာက အကျိုးတရား။
( ဂ ) သန္တီရဏ မနောသမ္ဖဿ (= ၁၂ - သညာ = ၁၁)က အကြောင်းတရား၊ သန္တီရဏ သညာက္ခန္ဓာက အကျိုးတရား။
ရူပါရုံလိုင်း - သန္တီရဏ - သင်္ခါရက္ခန္ဓာ (စေတနာကို ကောက် - ပ -)
၁။ ၂။ ၃။ ၄။ ၅။ ၆။ ၇။ သန္တီရဏ ဝေဒနာက္ခန္ဓာကို နည်းမှီး၍ ရှုပါ။
၈။ (က) စက္ခုသမ္ဖဿ (= ၈-လုံး)က အကြောင်းတရား၊ သန္တီရဏ သင်္ခါရက္ခန္ဓာက အကျိုးတရား။
( ခ ) သမ္ပဋိစ္ဆိုင်း မနောသမ္ဖဿ (= ၁၁)က အကြောင်းတရား၊ သန္တီရဏ သင်္ခါရက္ခန္ဓာက အကျိုးတရား။
( ဂ ) သန္တီရဏ မနောသမ္ဖဿ (= ၁၁)က အကြောင်းတရား၊ သန္တီရဏ သင်္ခါရက္ခန္ဓာက အကျိုးတရား။
မှတ်ချက် --- သန္တီရဏ မနောသမ္ဖဿ (= ၁၁)ဟူသည် သန္တီရဏ နာမ်တရား (= ၁၂)မှ အကျိုးစေတနာကို နှုတ်ထားသည့် (၁၁)လုံး ဖြစ်သည်။ နာမ်တရားတစ်ခုကို အကျိုးယူလျှင် ကျန်နာမ်တရားစုမှာ အကြောင်းဖြစ်သည်။ အရာရာ၌ နည်းတူမှတ်ပါ။
ရူပါရုံလိုင်း - သန္တီရဏ - သင်္ခါရက္ခန္ဓာ (စေတသိက် - ၉ - လုံးကောက် - ဒု -)
၁။ ၂။ ၃။ ၄။ ၅။ ၆။ ၇။ ဝေဒနာက္ခန္ဓာကို နည်းမှီး၍ ရှုပါ။
၈။ (က) စက္ခုသမ္ဖဿ (= ၈-လုံး)က အကြောင်းတရား၊ သန္တီရဏ သင်္ခါရက္ခန္ဓာက အကျိုးတရား။
( ခ ) သမ္ပဋိစ္ဆိုင်း မနောသမ္ဖဿ (= ၁၁)က အကြောင်းတရား၊ သန္တီရဏ သင်္ခါရက္ခန္ဓာက အကျိုးတရား။
၉။ ကျန်နာမ်ခန္ဓာ (၃)ပါးက အကြောင်းတရား၊ သန္တီရဏ သင်္ခါရက္ခန္ဓာက အကျိုးတရား။
ရူပါရုံလိုင်း - သန္တီရဏ - ဝိညာဏက္ခန္ဓာ
၁။ ၂။ ၃။ ၄။ ၅။ ဝေဒနာက္ခန္ဓာကို နည်းမှီး၍ ရှုပါ။
၆။ (က) စက္ခုသမ္ဖဿ (= ၈-လုံး)က အကြောင်းတရား၊ သန္တီရဏ ဝိညာဏက္ခန္ဓာက အကျိုးတရား။
( ခ ) သမ္ပဋိစ္ဆိုင်း မနောသမ္ဖဿ (= ၁၁)က အကြောင်းတရား၊ သန္တီရဏ ဝိညာဏက္ခန္ဓာက အကျိုးတရား။
၇။ သန္တီရဏ နာမ်ရုပ်က အကြောင်းတရား၊ သန္တီရဏ ဝိညာဏက္ခန္ဓာက အကျိုးတရား။
နာမ် --- ဟူသည် သန္တီရဏစိတ်နှင့် ယှဉ်ဖက် စေတသိက် (၁၁)လုံးတည်း။
ရုပ် --- ဟူသည် မှီရာဝတ္ထုရုပ် (၅၄)မျိုးနှင့် ရူပါရုံတည်း။
ရူပါရုံလိုင်း - ဝုဋ္ဌော (= ဆုံးဖြတ်) ခန္ဓာ (၅) ပါး
၁။ ဝုဋ္ဌော၏ မှီရာ ဟဒယ၌ရှိသော ရုပ် (၅၄)မျိုးနှင့် ရူပါရုံသည် ရူပက္ခန္ဓာတည်း။
၂။ ဝုဋ္ဌောနာမ်တရား (၁၂)လုံးမှ ဝေဒနာသည် ဝေဒနာက္ခန္ဓာတည်း။
၃။ ဝုဋ္ဌောနာမ်တရား (၁၂)လုံးမှ သညာသည် သညာက္ခန္ဓာတည်း။
၄။ ဝုဋ္ဌောနာမ်တရား (၁၂)လုံးမှ စေတနာသည် သင်္ခါရက္ခန္ဓာတည်း။ (ပ)
ဝုဋ္ဌောနာမ်တရား (၁၂)လုံးမှ ကျန်စေတသိက် (၉)လုံးသည် သင်္ခါရက္ခန္ဓာတည်း။ (ဒု)
၅။ ဝုဋ္ဌောနာမ်တရား (၁၂)လုံးမှ အသိစိတ်ဝိညာဏ်သည် ဝိညာဏက္ခန္ဓာတည်း။
[မှတ်ချက် ---- ဤဝုဋ္ဌောစိတ်သည် ပြုကာမတ္တ ကြိယာစိတ်မျှသာ ဖြစ်၏၊ ဝိပါက်စိတ် မဟုတ်ရကား အတိတ်အကြောင်းတရားများကြောင့် မဖြစ်သဖြင့် အတိတ်အကြောင်းတရားများ မရှိပေ။ ပစ္စုပ္ပန်အကြောင်း တရားများကြောင့်သာ ဖြစ်သဖြင့် ပစ္စုပ္ပန်အကြောင်းတရားသာ ရှိသည်။ ဤဝုဋ္ဌော၏ မှီရာ ရူပက္ခန္ဓာကို ပဉ္စဒွါရာဝဇ္ဇန်း၏ မှီရာ ရူပက္ခန္ဓာအတိုင်း ရှုပါ။]
ရူပါရုံလိုင်း - ဝုဋ္ဌော - ဝေဒနာက္ခန္ဓာ
ပစ္စုပ္ပန်အကြောင်းတရား (၃) ပါး
၁။ ဝတ္ထု (= ဟဒယ = ၆ = ၅၄)က အကြောင်းတရား၊ ဝုဋ္ဌော ဝေဒနာက္ခန္ဓာက အကျိုးတရား။
၂။ အာရုံ (= ရူပါရုံ)က အကြောင်းတရား၊ ဝုဋ္ဌော ဝေဒနာက္ခန္ဓာက အကျိုးတရား။
၃။ ဖဿ = (က) စက္ခုသမ္ဖဿ (= ၈-လုံး)က အကြောင်းတရား၊ ဝုဋ္ဌော ဝေဒနာက္ခန္ဓာက အကျိုးတရား။
( ခ ) သန္တီရဏ မနောသမ္ဖဿ (= ၁၂-လုံး)က အကြောင်းတရား၊ ဝုဋ္ဌော ဝေဒနာက္ခန္ဓာက အကျိုးတရား။
( ဂ ) ဝုဋ္ဌော မနောသမ္ဖဿ (= ၁၁-လုံး)က အကြောင်းတရား၊ ဝုဋ္ဌော ဝေဒနာက္ခန္ဓာက အကျိုးတရား။
ရူပါရုံလိုင်း - ဝုဋ္ဌော - သညာက္ခန္ဓာ
၁။ ဝတ္ထု (= ဟဒယ = ၆ = ၅၄)က အကြောင်းတရား၊ ဝုဋ္ဌော သညာက္ခန္ဓာက အကျိုးတရား။
၂။ အာရုံ (= ရူပါရုံ)က အကြောင်းတရား၊ ဝုဋ္ဌော သညာက္ခန္ဓာက အကျိုးတရား။
၃။ ဖဿ = (က) စက္ခုသမ္ဖဿ (= ၈-လုံး)က အကြောင်းတရား၊ ဝုဋ္ဌော သညာက္ခန္ဓာက အကျိုးတရား။
( ခ ) သန္တီရဏ မနောသမ္ဖဿ (= ၁၂-လုံး)က အကြောင်းတရား၊ ဝုဋ္ဌော သညာက္ခန္ဓာက အကျိုးတရား။
( ဂ ) ဝုဋ္ဌော မနောသမ္ဖဿ (= ၁၁-လုံး)က အကြောင်းတရား၊ ဝုဋ္ဌော သညာက္ခန္ဓာက အကျိုးတရား။
ရူပါရုံလိုင်း - ဝုဋ္ဌော - သင်္ခါရက္ခန္ဓာ (စေတနာကို ကောက် - ပ -)
၁။ ၂။ ဝေဒနာက္ခန္ဓာကို နည်းမှီး၍ ရှုပါ။
၃။ ဖဿ = (က) စက္ခုသမ္ဖဿ (= ၈-လုံး)က အကြောင်းတရား၊ ဝုဋ္ဌော သင်္ခါရက္ခန္ဓာက အကျိုးတရား။
( ခ ) သန္တီရဏ မနောသမ္ဖဿ (= ၁၂-လုံး)က အကြောင်းတရား၊ ဝုဋ္ဌော သင်္ခါရက္ခန္ဓာက အကျိုးတရား။
( ဂ ) ဝုဋ္ဌော မနောသမ္ဖဿ (= ၁၁-လုံး)က အကြောင်းတရား၊ ဝုဋ္ဌော သင်္ခါရက္ခန္ဓာက အကျိုးတရား။
ရူပါရုံလိုင်း - ဝုဋ္ဌော - သင်္ခါရက္ခန္ဓာ (စေတသိက် - ၉ - လုံးကို ကောက် - ဒု -)
၁။ ၂။ ဝေဒနာက္ခန္ဓာကို နည်းမှီး၍ ရှုပါ။
၃။ ဖဿ = (က) စက္ခုသမ္ဖဿ (= ၈-လုံး)က အကြောင်းတရား၊ ဝုဋ္ဌော သင်္ခါရက္ခန္ဓာက အကျိုးတရား။
( ခ ) သန္တီရဏ မနောသမ္ဖဿ (= ၁၂-လုံး)က အကြောင်းတရား၊ ဝုဋ္ဌော သင်္ခါရက္ခန္ဓာက အကျိုး တရား။
၄။ ကျန်နာမ်ခန္ဓာ (၃)ပါးက အကြောင်းတရား၊ ဝုဋ္ဌော သင်္ခါရက္ခန္ဓာက အကျိုးတရား။
ရူပါရုံလိုင်း - ဝုဋ္ဌော - ဝိညာဏက္ခန္ဓာ
၁။ ဖဿ = (က) စက္ခုသမ္ဖဿ (= ၈-လုံး)က အကြောင်းတရား၊ ဝုဋ္ဌော ဝိညာဏက္ခန္ဓာက အကျိုးတရား။
( ခ ) သန္တီရဏ မနောသမ္ဖဿ (= ၁၂-လုံး)က အကြောင်းတရား၊ ဝုဋ္ဌော ဝိညာဏက္ခန္ဓာက အကျိုးတရား။
၂။ ဝုဋ္ဌော နာမ်ရုပ်က အကြောင်းတရား၊ ဝုဋ္ဌော ဝိညာဏက္ခန္ဓာက အကျိုးတရား။
နာမ် --- ဟူသည် ဝုဋ္ဌောစိတ်နှင့် ယှဉ်ဖက် စေတသိက် (၁၁)လုံးတည်း။
ရုပ် --- ဟူသည် ဝုဋ္ဌော၏ မှီရာဝတ္ထုရုပ် (၅၄)မျိုးနှင့် ရူပါရုံတည်း။
ရူပါရုံလိုင်း - ကုသိုလ်ဇော ခန္ဓာ (၅) ပါး (စက္ခုဒွါရဝီထိ)
၁။ ဇော၏ မှီရာ ဟဒယ၌ရှိသော ရုပ် (၅၄)မျိုးနှင့် ရူပါရုံသည် ရူပက္ခန္ဓာ။
၂။ ဇောနာမ်တရား (= ၃၄)မှ ဝေဒနာသည် ဝေဒနာက္ခန္ဓာ။
၃။ ဇောနာမ်တရား (= ၃၄)မှ သညာသည် သညာက္ခန္ဓာ။
၄။ ဇောနာမ်တရား (= ၃၄)မှ စေတနာသည် သင်္ခါရက္ခန္ဓာ။ (ပထမနည်း)
ဇောနာမ်တရား (= ၃၄)မှ ကျန်စေတသိက် (၃၁)လုံးသည် သင်္ခါရက္ခန္ဓာ။ (ဒုတိယနည်း)။
၅။ ဇောနာမ်တရား (= ၃၄)မှ အသိစိတ်ဝိညာဏ်သည် ဝိညာဏက္ခန္ဓာ။
မှတ်ချက် ---- ဇော၏ မှီရာ ရူပက္ခန္ဓာကို ပဉ္စဒွါရာဝဇ္ဇန်း ရူပက္ခန္ဓာအတိုင်းပင် ရှုပါ။ ဤတွင် ဝုဋ္ဌော၏ ဆုံးဖြတ်ချက်မှာ ရူပါရုံကို ရူပါရုံ = အရောင်ဟုသာ ဆုံးဖြတ်ထားသဖြင့် ယောနိသောမနသိကာရ ဖြစ်ရကား ကုသိုလ်ဇော စော၏။ ကုသိုလ်ဇောကား ဝိပါက်နာမ်တရား မဟုတ်သဖြင့် အတိတ်အကြောင်းတရားများကြောင့် ဖြစ်ပေါ်လာသော တရားကား မဟုတ်ပေ။ ပစ္စုပ္ပန် အကြောင်းတရားများကြောင့်သာ ဖြစ်ရကား ပစ္စုပ္ပန် အကြောင်းတရားများနှင့်သာ အကြောင်း အကျိုးစပ်၍ ရှုရန်ဖြစ်သည်။ (နာမ်ကမ္မဋ္ဌာန်းပိုင်း ဇယားများကို ပြန်၍ သတိပြုထားပါ၊၊)
ရူပါရုံလိုင်း - ကုသိုလ် ပထမဇော - ဝေဒနာက္ခန္ဓာ (စက္ခုဒွါရဝီထိ)
ပစ္စုပ္ပန်အကြောင်းတရား (၄) ပါး
၁။ ဝတ္ထု (= ဟဒယ = ၆ = ၅၄)က အကြောင်းတရား၊ ပထမဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
၂။ အာရုံ (= ရူပါရုံ)က အကြောင်းတရား၊ ပထမဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
၃။ ဖဿ = (က) စက္ခုသမ္ဖဿ (= ၈-လုံး)က အကြောင်းတရား၊ ပထမဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
( ခ ) ပထမဇော မနောသမ္ဖဿ (= ၃၃-လုံး)က အကြောင်းတရား၊ ပထမဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
၄။ ယောနိသောမနသိကာရ (= ဝုဋ္ဌော = ၁၂လုံး)က အကြောင်းတရား၊ ပထမဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
ယောနိသောမနသိကာရ --- ရူပါရုံ အရောင်ကို ---
၁။ ရူပါရုံ အရောင်ဟု
၂။ ရုပ်တရားဟု
၃။ အနိစ္စဟု
၄။ ဒုက္ခဟု
၅။ အနတ္တဟု
၆။ အသုဘဟု
၇။ အကြောင်းတရား အကျိုးတရားဟု,
ဤသို့ စသည်ဖြင့် နှလုံးသွင်းမှုကို နည်းမှန်လမ်းမှန် နှလုံးသွင်းမှု ယောနိသောမနသိကာရဟု ခေါ်၏။ ဇဝနပဋိပါဒကမနသိကာရ = ဇော၏ အခြေခံအကြောင်းရင်း နှလုံးသွင်းမှုတည်း။ တရားကိုယ်မှာ စက္ခုဒွါရဝီထိ ကဲ့သို့သော ပဉ္စဒွါရဝီထိ၌ ဇော၏ေ့ရှတွင် ကပ်လျက်ရှိသော ဝုဋ္ဌော = နာမ်တရား (၁၂)လုံးနှင့် မနောဒွါရဝီထိ၌ ဇော၏ေ့ရှတွင် ကပ်လျက်ရှိသော မနောဒွါရာဝဇ္ဇန်း နာမ်တရား (၁၂)လုံးတည်း။ ယင်းနှစ်မျိုးတို့တွင် ယခု စက္ခုဒွါရဝီထိ၏အတွင်း၌ တည်ရှိသော ဝုဋ္ဌောမှာ ရူပါရုံ အရောင်ကို ရူပါရုံ အရောင်ဟုသာ ဆုံးဖြတ်နိုင်၏။ (ယောနိသောမနသိကာရကိုသာ ဆိုလိုသည်။ အယောနိသောမနသိကာရကို နောက်တွင် သီးသန့်ဖော်ပြပါမည်၊၊) အနိစ္စဟုလည်းကောင်း, ဒုက္ခဟုလည်းကောင်း အနတ္တဟုလည်းကောင်း, အသုဘဟုလည်းကောင်း, အကြောင်း တရား အကျိုးတရားဟုလည်းကောင်း ဤသို့စသည်ဖြင့် မဆုံးဖြတ်နိုင်။ ထိုသို့ ဆုံးဖြတ်နိုင်မှုမှာ မနောဒွါရဝီထိ တို့၏ အရာသာဖြစ်သည်။ အကြောင်းမူ စက္ခုဒွါရဝီထိအတွင်း၌ တည်ရှိကြသော နာမ်တရားအားလုံးတို့သည် ရူပါရုံ အရောင်မျှကိုသာ ကုသိုလ်ဇော စောရာ၌ အာရုံပြုနိုင်သောကြောင့် ဖြစ်သည်။ ဝုဋ္ဌောက ယင်းရူပါရုံကို ရူပါရုံ = အရောင်ဟု ဆုံးဖြတ်ခြင်းသည်လည်း ယောနိသောမနသိကာရပင် ဖြစ်သည်။ သို့သော် တကယ်တန်း ပိုင်ပိုင်နိုင်နိုင် ဆုံးဖြတ်ချက် ချနိုင်သည်ကား မဟုတ်၊ ဆုံးဖြတ်သကဲ့သို့သာ ဖြစ်သည်။ စက္ခုဒွါရ တစ်ဝီထိလုံးက အရောင်မျှကိုသာ သိ၍ ရူပါရုံဟုပင် ပိုင်ပိုင်နိုင်နိုင် မသိသေးသောကြောင့် ဖြစ်သည်။ ယင်းသို့ ဆုံးဖြတ်သည့် ဝုဋ္ဌော (၁၂)လုံးကို ပထမဇောစသော ဇော ဝေဒနာက္ခန္ဓာ၏ အနန္တရစသော အကြောင်းတရားဖြစ်မှုကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အကြောင်းတရား၊ အကျိုးတရားဟု သိမ်းဆည်းပါ။ သညာက္ခန္ဓာ စသည်တို့၌လည်း နည်းတူ မှတ်ပါ။ တစ်ဖန် ---
၁။ သဒ္ဓမ္မဿဝန = သူတော်ကောင်းတရားကို နာကြားရခြင်း၊
၂။ သပ္ပုရိသူပနိဿယ = သူတော်ကောင်းတို့ကို မှီဝဲဆည်းကပ်ခွင့် ရခြင်း၊
၃။ ပဋိရူပဒေသဝါသ = သူတော် သူမြတ်တို့ရှိရာ အရပ်၌ နေထိုင်ရခြင်း၊
၄။ ဓမ္မာနုဓမ္မပဋိပန္န = လောကုတ္တရာတရား (၉)ပါးအားလျော်သော ကျင့်ဝတ်ပဋိပတ်ကို ကျင့်ခြင်း ---
ဤသို့စသော တရားများကို ဆက်လက်၍ ရှုလိုပါက ရှုပါ။ ဤတွင်ကား ယောနိသောမနသိကာရမျှကိုသာ ပဓာနထား၍ ရေးသားတင်ပြထားပါသည်။ သဒ္ဒါရုံ အသံလိုင်း စသည်တို့၌လည်း နည်းတူသဘောပေါက်ပါ။
ရူပါရုံလိုင်း - ကုသိုလ် ပထမဇော - သညာက္ခန္ဓာ (စက္ခုဒွါရဝီထိ)
၁။ ၂။ ဝေဒနာက္ခန္ဓာနှင့် တူသည်၊ နည်းမှီး၍ ရှုပါ။
၃။ ဖဿ = (က) စက္ခုသမ္ဖဿ (= ၈-လုံး)က အကြောင်းတရား၊ ပထမဇောသညာက္ခန္ဓာက အကျိုးတရား။
( ခ ) ပထမဇော မနောသမ္ဖဿ (= ၃၃လုံး)က အကြောင်းတရား၊ ပထမဇော သညာက္ခန္ဓာက အကျိုးတရား။
၄။ ယောနိသောမနသိကာရ (= ဝုဋ္ဌော = ၁၂လုံး)က အကြောင်းတရား၊ ပထမဇော သညာက္ခန္ဓာက အကျိုးတရား။
ရူပါရုံလိုင်း - ကုသိုလ် ပထမဇော - သင်္ခါရက္ခန္ဓာ (စက္ခုဒွါရဝီထိ) (စေတနာ - ပ -)
၁။ ၂။ ဝေဒနာက္ခန္ဓာနှင့် အားလုံးတူသည်။ နည်းမှီး၍ ရှုပါ။
၃။ ဖဿ = (က) စက္ခုသမ္ဖဿ (= ၈-လုံး)က အကြောင်းတရား၊ ပထမဇော သင်္ခါရက္ခန္ဓာက အကျိုးတရား။
( ခ ) ပထမဇော မနောသမ္ဖဿ (= ၃၃လုံး)က အကြောင်းတရား၊ ပထမဇောသင်္ခါရက္ခန္ဓာက အကျိုးတရား။
၄။ ယောနိသောမနသိကာရ (= ဝုဋ္ဌော = ၁၂လုံး)က အကြောင်းတရား၊ ပထမဇော သင်္ခါရက္ခန္ဓာက အကျိုးတရား။
ရူပါရုံလိုင်း - ကုသိုလ် ပထမဇော - သင်္ခါရက္ခန္ဓာ (စက္ခုဒွါရဝီထိ)
(စေတသိက် - ၃၁ - လုံး - ဒု -)
၁။ ၂။ ဝေဒနာက္ခန္ဓာနှင့် အားလုံးတူသည်။ နည်းမှီး၍ ရှုပါ။
၃။ (က) ဖဿ (= စက္ခုသမ္ဖဿ = ၈-လုံး)က အကြောင်းတရား၊ ပထမဇော သင်္ခါရက္ခန္ဓာက အကျိုးတရား။
( ခ ) ကျန်နာမ်ခန္ဓာသုံးပါးက အကြောင်းတရား၊ ပထမဇော သင်္ခါရက္ခန္ဓာက အကျိုးတရား။
၄။ ယောနိသောမနသိကာရ (= ဝုဋ္ဌော = ၁၂လုံး)က အကြောင်းတရား၊သင်္ခါရက္ခန္ဓာက အကျိုးတရား။
ရူပါရုံလိုင်း - ကုသိုလ် ပထမဇော - ဝိညာဏက္ခန္ဓာ (စက္ခုဒွါရဝီထိ)
၁။ ဖဿ (= စက္ခုသမ္ဖဿ = ၈-လုံး)က အကြောင်းတရား၊ ပထမဇော ဝိညာဏက္ခန္ဓာက အကျိုးတရား။
၂။ ပထမဇော နာမ်ရုပ်က အကြောင်းတရား၊ ပထမဇော ဝိညာဏက္ခန္ဓာက အကျိုးတရား။
၃။ ယောနိသောမနသိကာရ (= ဝုဋ္ဌော = ၁၂လုံး)က အကြောင်းတရား၊ ပထမဇော ဝိညာဏက္ခန္ဓာက အကျိုးတရား။
နာမ် --- ဟူသည် ကုသိုလ် ပထမဇောနှင့် ယှဉ်ဖက် စေတသိက် (၃၃)လုံးတည်း။
ရုပ် --- ဟူသည် ဟဒယ၌တည်ရှိသော မှီရာဝတ္ထုရုပ် (၅၄)နှင့် ရူပါရုံတည်း။
ဉာဏ် ပီတိ အပြောင်းအလဲ
အကယ်၍ အထက်ပါ ကုသိုလ်ဇောသည် ဥပေက္ခာဝေဒနာနှင့် အတူတကွဖြစ်သော် ပီတိ မယှဉ်နိုင်သဖြင့် ဇောနာမ်တရားများမှာ (၃၃)လုံး ဖြစ်ကြ၏။ အကယ်၍ ဉာဏ်မယှဉ်သော် (၃၃)ပင် ဖြစ်၏။ ဉာဏ် ပီတိ နှစ်မျိုးလုံး မယှဉ်သော် (၃၂) ဖြစ်၏။ သန္တီရဏ၌လည်း ဥပေက္ခာဝေဒနာနှင့် အတူတကွဖြစ်သော် ပီတိမယှဉ်နိုင်၊ သောမနဿ ဝေဒနာနှင့် အတူတကွဖြစ်သော် ပီတိယှဉ်နိုင်၏။ တဒါရုံမှာ မဟာဝိပါက်တဒါရုံ ဖြစ်သော် ဇောနည်းတူ မှတ်ပါ။ အဟိတ် သန္တီရဏတဒါရုံဖြစ်သော် သန္တီရဏနှင့် နည်းတူမှတ်ပါ။
သို့အတွက် ဉာဏ် ပီတိ အပြောင်းအလဲသို့လိုက်၍ သန္တီရဏ ဇော တဒါရုံတို့၌ စိတ်စေတသိက် အရေအတွက် အပြောင်းအလဲ ရှိပေသည်။ အထူးသဖြင့် သန္တီရဏ မနောသမ္ဖဿ, ဇော မနောသမ္ဖဿ, တဒါရုံ မနောသမ္ဖဿ တို့၌လည်းကောင်း, သင်္ခါရက္ခန္ဓာ ဒုတိယနည်း စသည်တို့၌လည်းကောင်း စိတ်စေတသိက် အရေအတွက် ကို သတိပြုပါ။ ဝေဒနာ, သညာ, ဝိညာဏ် (၃)လုံးမှ ကြွင်းသော ကျန်စေတသိက် ဟူသမျှသည် နည်းနည်း များများ သင်္ခါရက္ခန္ဓာဟူသော အမည်ကို ရသည်သာဟု မှတ်ပါ။
အထက်တွင် ရေးသားတင်ပြထားသော ဇောခန္ဓာငါးပါးရှုကွက်မှာ ကုသိုလ် ပထမဇောရှုကွက်သာ ဖြစ်သည်။ ဒုတိယဇောစသည်တို့၌လည်း အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းရမည်သာ ဖြစ်သည်။ ယင်းဒုတိယဇောစသည်တို့၌ ဖဿအရာတွင် ပုံစံအနည်းငယ် အပြောင်းအလဲ ရှိပေသည်။
ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော၊ (ပဋ္ဌာန၊၁၊၃။)
ပုရိမာ ပုရိမာတိ ဆသု ဒွါရေသုပိ အနန္တရာတီတာ ကုသလဇဝနဓမ္မာ ဒဋ္ဌဗ္ဗာ။ ပစ္ဆိမာနံ ပစ္ဆိမာနန္တိ အနန္တရဥပ္ပဇ္ဇ္ဇမာနာနညေဝ။ (အဘိ၊ဋ္ဌ၊၃၊၃၆၃ ပဋ္ဌာနအဋ္ဌကထာ။)
ဤပါဠိတော် အဋ္ဌကထာတို့၌ ဟောကြားတော်မူချက် ဖွင့်ဆိုတော်မူချက်နှင့်အညီ ရှေးရှေး ကုသိုလ်ဇော များက နောက်နောက် ကုသိုလ်ဇောများအားလည်း အနန္တရစသော ပစ္စယသတ္တိတို့ဖြင့် ကျေးဇူးပြုပေးကြသဖြင့် ဖဿအရာတွင် ပထမဇော မနောသမ္ဖဿ စသည်ကိုပါ ထည့်သွင်း၍ အကြောင်းတရားပိုင်းတွင် သိမ်းဆည်းပါ။ ဖဿကို ပဓာနထား၍ ဆိုခြင်းတည်း။ ထိုအနန္တရ အကြောင်းတရားတစ်ခုကို အထက်ပါ ပထမဇောရှုကွက်တွင် ထပ်တိုး၍ ဒုတိယဇော စသည်တို့နှင့် တဒါရုံတို့၌ ရှုရမည် ဖြစ်သည်။ ဒုတိယဇော ဝေဒနာက္ခန္ဓာတစ်ခုကို ပုံစံထုတ်၍ ဖော်ပြအပ်ပါသည်။ ကျန်ဒုတိယဇော နာမ်ခန္ဓာတို့နှင့် ကျန်ဇော တဒါရုံတို့၌ နည်းမှီး၍ ရှုပါလေ။
ရူပါရုံလိုင်း - ကုသိုလ် ဒုတိယဇော - ဝေဒနာက္ခန္ဓာ (စက္ခုဒွါရဝီထိ)
ပစ္စုပ္ပန်အကြောင်းတရား (၄) ပါး
၁။ ဝတ္ထု (= ဟဒယ = ၆ = ၅၄)က အကြောင်းတရား၊ ဒုတိယဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
၂။ အာရုံ (= ရူပါရုံ)က အကြောင်းတရား၊ ဒုတိယဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
၃။ ဖဿ = (က) စက္ခုသမ္ဖဿ (= ၈-လုံး)က အကြောင်းတရား၊ ဒုတိယဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
( ခ ) ပထမဇော မနောသမ္ဖဿ (= ၃၄-လုံး)က အကြောင်းတရား၊ ဒုတိယဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
( ဂ ) ဒုတိယဇော မနောသမ္ဖဿ (= ၃၃-လုံး)က အကြောင်းတရား၊ ဒုတိယဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
၄။ ယောနိသောမနသိကာရ (= ဝုဋ္ဌော = ၁၂လုံး)က အကြောင်းတရား၊ ဒုတိယဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
အနန္တရအကြောင်း
ဒုတိယဇော၏ အနန္တရအကြောင်းမှာ ပထမဇော,
တတိယဇော၏ အနန္တရအကြောင်းမှာ ဒုတိယဇော,
စတုတ္ထဇော၏ အနန္တရအကြောင်းမှာ တတိယဇော,
ပဉ္စမဇော၏ အနန္တရအကြောင်းမှာ စတုတ္ထဇော,
ဆဋ္ဌဇော၏ အနန္တရအကြောင်းမှာ ပဉ္စမဇော,
သတ္တမဇော၏ အနန္တရအကြောင်းမှာ ဆဋ္ဌဇော,
ပထမတဒါရုံ၏ အနန္တရအကြောင်းမှာ သတ္တမဇော,
ဒုတိယတဒါရုံ၏ အနန္တရအကြောင်းမှာ ပထမတဒါရုံ,
တဒါရုံနောင် ပထမဘဝင်၏ အနန္တရအကြောင်းမှာ ဒုတိယတဒါရုံ -
ဤသို့စသည်ဖြင့် သဘောပေါက်ပါ။ အထက်တွင် ဝေဒနာက္ခန္ဓာရှုကွက် (၃-ခ)၌ အစားသွင်း၍ ရှုရန် သိမ်းဆည်းရန် ဖြစ်သည်။
ရူပါရုံလိုင်း - ပထမတဒါရုံ ခန္ဓာ (၅) ပါး (စက္ခုဒွါရဝီထိ)
၁။ တဒါရုံ၏ မှီရာဝတ္ထုရုပ် (= ဟဒယ = ၆ = ၅၄)မျိုးနှင့် ရူပါရုံက ရူပက္ခန္ဓာ။
၂။ တဒါရုံ နာမ်တရား (= ၃၄)မှ ဝေဒနာက ဝေဒနာက္ခန္ဓာ။
၃။ တဒါရုံ နာမ်တရား (= ၃၄)မှ သညာက သညာက္ခန္ဓာ။
၄။ တဒါရုံ နာမ်တရား (= ၃၄)မှ စေတနာက သင်္ခါရက္ခန္ဓာ။ (ပထမနည်း)
တဒါရုံ နာမ်တရား (= ၃၄)မှ ကျန်စေတသိက် (၃၁)လုံးက သင်္ခါရက္ခန္ဓာ။ (ဒုတိယနည်း။)
၅။ တဒါရုံ နာမ်တရား (= ၃၄)မှ အသိစိတ်ဝိညာဏ်က ဝိညာဏက္ခန္ဓာ။
တဒါရုံ ရူပက္ခန္ဓာကို ပဉ္စဒွါရာဝဇ္ဇန်း ရူပက္ခန္ဓာနှင့် နည်းတူ ရှုပါ။
ရူပါရုံလိုင်း - ပထမတဒါရုံ - ဝေဒနာက္ခန္ဓာ (စက္ခုဒွါရဝီထိ)
အတိတ်အကြောင်းတရား (၅) ပါး
၁။ အဝိဇ္ဇာ (=၂၀)က အကြောင်းတရား၊ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၂။ တဏှာ (=၂၀)က အကြောင်းတရား၊ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၃။ ဥပါဒါန် (=၂၀)က အကြောင်းတရား၊ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၄။ သင်္ခါရ (= ၃၄)က အကြောင်းတရား၊ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၅။ ကံ (= ၃၄-၏ ကမ္မသတ္တိ)က အကြောင်းတရား၊ ဝေဒနာက္ခန္ဓာက အကျိုးတရား။
ပစ္စပ္ပန်အကြောင်းတရား (၃) ပါး
၆။ ဝတ္ထု (= ဟဒယ = ၆ = ၅၄)က အကြောင်းတရား၊ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၇။ အာရုံ (= ရူပါရုံ)က အကြောင်းတရား၊ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၈။ ဖဿ = (က) စက္ခုသမ္ဖဿ (= ၈-လုံး)က အကြောင်းတရား၊ ဝေဒနာက္ခန္ဓာက အကျိုးတရား။
( ခ ) သတ္တမဇော မနောသမ္ဖဿ (=၃၄-လုံး)က အကြောင်းတရား၊ ဝေဒနာက္ခန္ဓာကအကျိုးတရား။
( ဂ ) ပထမတဒါရုံ မနောသမ္ဖဿ (= ၃၃-လုံး)က အကြောင်းတရား၊ ဝေဒနာက္ခန္ဓာက အကျိုးတရား။
ရူပါရုံလိုင်း - ပထမတဒါရုံ - သညာက္ခန္ဓာ (စက္ခုဒွါရဝီထိ)
၁။ ၂။ ၃။ ၄။ ၅။ ၆။ ၇။ ပထမတဒါရုံ ဝေဒနာက္ခန္ဓာနှင့် တူသည်၊ နည်းမှီး၍ ရှုပါ။
၈။ ဖဿ = (က) စက္ခုသမ္ဖဿ (= ၈-လုံး)က အကြောင်းတရား၊ တဒါရုံ သညာက္ခန္ဓာက အကျိုးတရား။
( ခ ) သတ္တမဇော မနောသမ္ဖဿ (= ၃၄-လုံး)က အကြောင်းတရား၊ တဒါရုံ သညာက္ခန္ဓာက အကျိုးတရား။
( ဂ ) ပထမတဒါရုံ မနောသမ္ဖဿ (= ၃၃-လုံး)က အကြောင်းတရား၊ တဒါရုံ သညာက္ခန္ဓာက အကျိုးတရား။
ရူပါရုံလိုင်း - ပထမတဒါရုံ - သင်္ခါရက္ခန္ဓာ (စက္ခုဒွါရဝီထိ) (စေတနာကို ကောက် - ပ -)
၁။ ၂။ ၃။ ၄။ ၅။ ၆။ ၇။ ပထမတဒါရုံ ဝေဒနာက္ခန္ဓာနှင့် တူသည်၊ နည်းမှီး၍ ရှုပါ။
၈။ ဖဿ = (က) စက္ခုသမ္ဖဿ (= ၈-လုံး)က အကြောင်းတရား၊ တဒါရုံ သင်္ခါရက္ခန္ဓာက အကျိုးတရား။
( ခ ) သတ္တမဇော မနောသမ္ဖဿ (= ၃၄-လုံး)က အကြောင်းတရား၊ တဒါရုံ သင်္ခါရက္ခန္ဓာက အကျိုးတရား။
( ဂ ) ပထမတဒါရုံ မနောသမ္ဖဿ (= ၃၃-လုံး)က အကြောင်းတရား၊ တဒါရုံသင်္ခါရက္ခန္ဓာက အကျိုးတရား။
ရူပါရုံလိုင်း - ပထမတဒါရုံ - သင်္ခါရက္ခန္ဓာ (စက္ခုဒွါရဝီထိ)
(စေတသိက် - ၃၁ - လုံး ကောက် - ဒု -)
၁။ ၂။ ၃။ ၄။ ၅။ ၆။ ၇။ ပထမတဒါရုံ ဝေဒနာက္ခန္ဓာနှင့် တူသည်။ နည်းမှီး၍ ရှုပါ။
၈။ ဖဿ = (က) စက္ခုသမ္ဖဿ (= ၈-လုံး)က အကြောင်းတရား၊ တဒါရုံ သင်္ခါရက္ခန္ဓာက အကျိုးတရား။
( ခ ) သတ္တမဇောမနောသမ္ဖဿ (= ၃၄)လုံးက အကြောင်းတရား၊ တဒါရုံ သင်္ခါရက္ခန္ဓာက အကျိုးတရား။
၉။ ကျန်နာမ်ခန္ဓာ (၃)ပါးက အကြောင်းတရား၊ တဒါရုံ သင်္ခါရက္ခန္ဓာက အကျိုးတရား။
ရူပါရုံလိုင်း - ပထမတဒါရုံ - ဝိညာဏက္ခန္ဓာ (စက္ခုဒွါရဝီထိ)
အတိတ်အကြောင်းတရား (၅) ပါး
၁။ အဝိဇ္ဇာ (=၂၀)က အကြောင်းတရား၊ တဒါရုံ ဝိညာဏက္ခန္ဓာက အကျိုးတရား။
၂။ တဏှာ (=၂၀)က အကြောင်းတရား၊ တဒါရုံ ဝိညာဏက္ခန္ဓာက အကျိုးတရား။
၃။ ဥပါဒါန် (=၂၀)က အကြောင်းတရား၊ တဒါရုံ ဝိညာဏက္ခန္ဓာက အကျိုးတရား။
၄။ သင်္ခါရ (= ၃၄)က အကြောင်းတရား၊ တဒါရုံ ဝိညာဏက္ခန္ဓာက အကျိုးတရား။
၅။ ကံ (= ၃၄-၏ ကမ္မသတ္တိ)က အကြောင်းတရား၊ တဒါရုံ ဝိညာဏက္ခန္ဓာက အကျိုးတရား။
ပစ္စုပ္ပန်အကြောင်းတရား (၂) ပါး
၆။ ဖဿ = (က) စက္ခုသမ္ဖဿ (= ၈-လုံး)က အကြောင်းတရား၊ တဒါရုံ ဝိညာဏက္ခန္ဓာက အကျိုးတရား။
( ခ ) သတ္တမဇော မနောသမ္ဖဿ (= ၃၄)လုံးက အကြောင်းတရား၊ တဒါရုံ ဝိညာဏက္ခန္ဓာက အကျိုးတရား။
၇။ ပထမတဒါရုံ နာမ်ရုပ်က အကြောင်းတရား၊ တဒါရုံ ဝိညာဏက္ခန္ဓာက အကျိုးတရား။
နာမ် --- ဟူသည် ပထမတဒါရုံစိတ်နှင့် ယှဉ်ဖက် စေတသိက် (= ၃၃-လုံး)တည်း။
ရုပ် --- ဟူသည် ဟဒယ၌ရှိသော မှီရာဝတ္ထုရုပ် (၅၄)မျိုးနှင့် ရူပါရုံတည်း။
ယေဘုယျ မှတ်သားရန်
အကယ်၍ တဒါရုံသည် မဟာဝိပါက် တဒါရုံ ဖြစ်အံ့ ---
၁။ သောမနဿဝေဒနာနှင့် အတူတကွဖြစ်၍ ဉာဏ်ယှဉ်သော် နာမ်တရား (၃၄)
၂။ သောမနဿဝေဒနာနှင့် အတူတကွဖြစ်၍ ဉာဏ်မယှဉ်သော် နာမ်တရား (၃၃)
၃။ ဥပေက္ခာဝေဒနာနှင့် အတူတကွဖြစ်၍ ဉာဏ်ယှဉ်သော် နာမ်တရား (၃၃)
၄။ ဥပေက္ခာဝေဒနာနှင့် အတူတကွဖြစ်၍ ဉာဏ်မယှဉ်သော် နာမ်တရား (၃၂)
၅။ အဟိတ် သောမနဿသန္တီရဏ တဒါရုံ ဖြစ်သော် နာမ်တရား (၁၂)
၆။ အဟိတ် ဥပေက္ခာသန္တီရဏ တဒါရုံ ဖြစ်သော် နာမ်တရား (၁၁)
အသီးအသီး ရှိ၏။ အထက်တွင် သောမနဿဝေဒနာနှင့် အတူတကွဖြစ်သော ဉာဏ်ယှဉ်သော မဟာဝိပါက် တဒါရုံကို ပုံစံထုတ်၍ ပြထားပါသည်။ အကယ်၍ အထက်ဖော်ပြပါ အခြားတဒါရုံ တစ်ခုခု ကျခဲ့လျှင်လည်း စိတ်စေတသိက် အရေအတွက်မှာ သင်္ခါရက္ခန္ဓာ၌ ယုတ်လျော့ဖွယ်ရှိသည်။ ဝေဒနာ သညာ ဝိညာဏ်မှ ကြွင်းကျန် သမျှ စေတသိက်ဟူသမျှသည် သင်္ခါရက္ခန္ဓာချည်းပင်တည်း။
အဟိတ် ကုသလဝိပါက် သောမနဿသန္တီရဏ တဒါရုံ, အဟိတ် ကုသလဝိပါက် ဥပေက္ခာသန္တီရဏ တဒါရုံ, အဟိတ် အကုသလဝိပါက် ဥပေက္ခာသန္တီရဏ တဒါရုံတို့၌ သန္တီရဏ၌ ရေးသားခဲ့သော အကြောင်းတရား အကျိုးတရား သိမ်းဆည်းနည်းကို နည်းမှီး၍ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းပါ။
ဒုတိယတဒါရုံ၌လည်း ခန္ဓာငါးပါးဖွဲ့၍ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းပါ။ ခန္ဓာငါးပါး ဖွဲ့ပုံမှာ ပထမတဒါရုံနှင့် တူပြီ။ ရူပက္ခန္ဓာရှုကွက်မှာ ပဉ္စဒွါရာဝဇ္ဇန်း ရူပက္ခန္ဓာ ရှုကွက်နှင့် တူပြီ။ ဒုတိယတဒါရုံ ဝေဒနာက္ခန္ဓာရှုကွက်ကို ဖော်ပြအပ်ပါသည်။
ရူပါရုံလိုင်း - ဒုတိယတဒါရုံ - ဝေဒနာက္ခန္ဓာ (စက္ခုဒွါရဝီထိ)
အတိတ်အကြောင်းတရား (၅) ပါး
၁။ အဝိဇ္ဇာ (=၂၀)က အကြောင်းတရား၊ ဒုတိယတဒါရုံ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၂။ တဏှာ (=၂၀)က အကြောင်းတရား၊ ဒုတိယတဒါရုံ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၃။ ဥပါဒါန် (=၂၀)က အကြောင်းတရား၊ ဒုတိယတဒါရုံ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၄။ သင်္ခါရ (= ၃၄)က အကြောင်းတရား၊ ဒုတိယတဒါရုံ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၅။ ကံ (= ၃၄-၏ ကမ္မသတ္တိ)က အကြောင်းတရား၊ ဒုတိယတဒါရုံ ဝေဒနာက္ခန္ဓာက အကျိုးတရား။
ပစ္စုပ္ပန်အကြောင်းတရား (၃) ပါး
၆။ ဝတ္ထု (= ဟဒယ = ၆ = ၅၄)က အကြောင်းတရား၊ ဒုတိယတဒါရုံ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၇။ အာရုံ (= ရူပါရုံ)က အကြောင်းတရား၊ ဒုတိယတဒါရုံ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၈။ ဖဿ = (က) စက္ခုသမ္ဖဿ (= ၈-လုံး)က အကြောင်းတရား၊ ဒုတိယတဒါရုံ ဝေဒနာက္ခန္ဓာက အကျိုးတရား။
( ခ ) ပထမတဒါရုံ မနောသမ္ဖဿ (= ၃၄-လုံး)က အကြောင်းတရား၊ ဒုတိယတဒါရုံ ဝေဒနာက္ခန္ဓာ က အကျိုးတရား။
( ဂ ) ဒုတိယတဒါရုံ မနောသမ္ဖဿ (= ၃၃-လုံး)က အကြောင်းတရား၊ ဒုတိယတဒါရုံ ဝေဒနာက္ခန္ဓာ က အကျိုးတရား။
ရူပါရုံကို အာရုံယူသည့် မနောဒွါရဝီထိများ
ဤမျှဆိုလျှင် ဒုတိယတဒါရုံ ခန္ဓာ (၅)ပါးရှုကွက်ကို သဘောပေါက်သင့်ပေပြီ။ ဤတွင် စက္ခုဒွါရဝီထိ အတွင်း၌ တည်ရှိသော ကုသိုလ်ဇောစောသည့် အကောင်းအုပ်စု၌ ဝီထိစိတ္တက္ခဏတိုင်း ဝီထိစိတ္တက္ခဏတိုင်း၌ အကြောင်းအကျိုး ဆက်စပ်၍ရှုနည်း အကြောင်းအကျိုး သိမ်းဆည်းနည်းကို အရိပ်အမြွက်မျှ ပုံစံထုတ်၍ ဖော်ပြပြီး ဖြစ်၏။ ဤစနစ်ကို နည်းမှီး၍ ကျန်အကောင်းအုပ်စု နာမ်တရားတို့၌ ရှုပွားနိုင် သိမ်းဆည်းနိုင်လောက်ပေပြီ။ နာမ်ကမ္မဋ္ဌာန်းပိုင်း ဇယားများတွင် ဖော်ပြထားသည့်အတိုင်း အတန်းတိုင်း စိတ္တက္ခဏတိုင်း၌ ခန္ဓာငါးပါးဖွဲ့၍ အကြောင်းအကျိုးတို့ကို သိမ်းဆည်းပါ။
တစ်ဖန် စက္ခုဒွါရဝီထိ၏ နောင်၌ ဘဝင်များ ကျလာကြ၏။ ယင်းဘဝင်တွင်လည်း ခန္ဓာ (၅)ပါးဖွဲ့၍ ရှေးတွင် ရေးသားတင်ပြခဲ့သည့် ဘဝင်ခန္ဓာ (၅)ပါး ရှုကွက်ကို နည်းမှီး၍ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းပါ။ အကယ်၍ ထိုမိမိရှုသော ဘဝင်သည် ဇောနောင် ကပ်လျက်ကျသော ဘဝင်ဖြစ်မူ အနန္တရ အကြောင်းတရားမှာ သတ္တမဇောဖြစ်၏။ တဒါရုံနောင် ကပ်လျက်ကျသော ဘဝင်ဖြစ်မူ အနန္တရအကြောင်းတရားမှာ ဒုတိယတဒါရုံ ဖြစ်၏။ အကယ်၍ ဘဝင်နောင် ထပ်၍ကျသော ဘဝင်ဖြစ်မူ ရှေးရှေး ဘဝင်သည် အနန္တရ အကြောင်းတရား ဖြစ်ပေသည်။ သတိပြု၍ သိမ်းဆည်းပါ။
တစ်ဖန် ထိုဘဝင်များ၏ နောင်၌ စက္ခုဒွါရဝီထိက အာရုံယူခဲ့သော (အတိတ်)ရူပါရုံကိုပင် ဆက်လက် အာရုံယူသည့် တဒနုဝတ္တက မနောဒွါရဝီထိစသော မနောဒွါရဝီထိများလည်း ဖြစ်နိုင်ကြ၏။ မနောဒွါရဝီထိတို့သည် စက္ခုဒွါရဝီထိက အာရုံယူခဲ့သည့် အတိတ်ရူပါရုံကိုသာ အာရုံပြုနိုင်သည်ဟူ၍ ဤသို့ကား အယူအဆ မမှားစေလိုပါ။ အတိတ်ရူပါရုံကိုသာ အာရုံယူနိုင်သော မနောဒွါရဝီထိများ ရှိကြသကဲ့သို့ ပစ္စုပ္ပန်ရူပါရုံကို အာရုံပြုနိုင်သော မနောဒွါရဝီထိများလည်း ရှိကြသည်သာ ဖြစ်၏။
ဧတံ = (ပဉ္စဒွါရိကဇဝနံ) န လက္ခဏာရမ္မဏိကဝိပဿနာဝသေန ပဝတ္တတိ။ ပ ။ သဗ္ဗောပိ ပနေသ ပဘေဒေါ မနောဒွါရိကဇဝနေယေဝ လဗ္ဘတိ။ (အဘိ၊ဋ္ဌ၊၂၊၃၈၈။)
ပဉ္စဒွါရိကဇောကား ရူပါရုံအဝင်အပါဖြစ်သည့် သင်္ခါရတရားတို့၏ အနိစ္စလက္ခဏာ ဒုက္ခလက္ခဏာ အနတ္တလက္ခဏာလျှင် အာရုံရှိသော လက္ခဏာရမ္မဏိက ဝိပဿနာ၏ အစွမ်းဖြင့် မဖြစ်နိုင်။ ပ ။ မနောဒွါရိကဇော၌ သာလျှင် သင်္ခါရတရားတို့၏ အနိစ္စလက္ခဏာ ဒုက္ခလက္ခဏာ အနတ္တလက္ခဏာလျှင် အာရုံရှိသော လက္ခဏာရမ္မဏိက ဝိပဿနာဇောကို ရအပ်ပေ၏။ (အဘိ၊ဋ္ဌ၊၂၊၃၈၈။)
ဤအဋ္ဌကထာအဖွင့်များနှင့် အညီ မနောဒွါရိကဇောတို့သည် ရူပါရုံ အဝင်အပါဖြစ်သည့် သင်္ခါရတရားတို့၏ အနိစ္စ ဒုက္ခ အနတ္တအခြင်းအရာကို ခဏပစ္စုပ္ပန်သို့ဆိုက်အောင် ထွင်းဖောက် သိမြင်နိုင်သော စွမ်းအား အပြည့် အဝ ရှိကြပေသည်။ သို့အတွက် အတိတ်ရူပါရုံစသည့် အတိတ်သင်္ခါရတရားတို့ကိုလည်း မနောဒွါရိကဇောတို့သည် အာရုံယူနိုင်ကြ၏။ ပစ္စုပ္ပန်သင်္ခါရတရားတို့ကိုလည်း အာရုံယူနိုင်ကြ၏။ အနာဂတ်သင်္ခါရတရားတို့ကိုလည်း အာရုံယူနိုင်ကြ၏ဟု မှတ်ပါ။
ယင်းမနောဒွါရဝီထိတို့မှာ ဝိဘူတာရုံဖြစ်က မနောဒွါရာဝဇ္ဇန်း (၁)ကြိမ်၊ ဇော (၇)ကြိမ်၊ တဒါရုံ (၂)ကြိမ်၊ အဝိဘူတာရုံဖြစ်က မနောဒွါရာဝဇ္ဇန်း (၁)ကြိမ် ၊ ဇော (၇)ကြိမ်တို့ ဖြစ်ကြ၏။
၁။ မနောဒွါရာဝဇ္ဇန်း၌ စိတ်စေတသိက် = နာမ်တရား (၁၂)လုံး။
၂။ ဇောအသီးအသီး၌ မဟာကုသိုလ်ဇောဖြစ်အံ့ (၃၄^၃၃^၃၃^၃၂)လုံး။
၃။ တဒါရုံ အသီးအသီး၌ မဟာဝိပါက်တဒါရုံ ဖြစ်အံ့ (၃၄^၃၃^၃၃^၃၂)လုံး။
၄။ အဟိတ် သန္တီရဏတဒါရုံ ဖြစ်အံ့ (၁၂^၁၁)လုံး -
ဤသို့ထိုက်သလို နာမ်တရားများ ဖြစ်ကြ၏။
ထိုတွင် မနောဒွါရာဝဇ္ဇန်း၌ ခန္ဓာငါးပါးဖွဲ့ပုံသည် ဝုဋ္ဌော၌ ခန္ဓာငါးပါးဖွဲ့ပုံနှင့် အားလုံးတူ၏။ မနောဒွါရာဝဇ္ဇန်း၏ ရူပက္ခန္ဓာရှုကွက်သည် ပဉ္စဒွါရာဝဇ္ဇန်း၏ ရူပက္ခန္ဓာရှုကွက်နှင့် တူပြီ။
ရူပါရုံလိုင်း - မနောဒွါရာဝဇ္ဇန်း - ဝေဒနာက္ခန္ဓာ
ပစ္စုပ္ပန်အကြောင်းတရား (၃) ပါး
၁။ ဝတ္ထု (= ဟဒယ = ၆ = ၅၄)က အကြောင်းတရား၊ မနောဒွါရာဝဇ္ဇန်း ဝေဒနာက္ခန္ဓာက အကျိုးတရား။
၂။ အာရုံ (= ရူပါရုံ)က အကြောင်းတရား၊ မနောဒွါရာဝဇ္ဇန်း ဝေဒနာက္ခန္ဓာက အကျိုးတရား။
၃။ ဖဿ = (က) စက္ခုသမ္ဖဿ (= ၈-လုံး)က အကြောင်းတရား၊ မနောဒွါရာဝဇ္ဇန်း ဝေဒနာက္ခန္ဓာက အကျိုး တရား။
( ခ ) ဘဝင်မနောသမ္ဖဿ (= ၃၄-လုံး)က အကြောင်းတရား၊ မနောဒွါရာဝဇ္ဇန်း ဝေဒနာက္ခန္ဓာက အကျိုးတရား။
( ဂ ) မနောဒွါရာဝဇ္ဇန်း မနောသမ္ဖဿ (= ၁၁-လုံး)က အကြောင်းတရား၊ မနောဒွါရာဝဇ္ဇန်း ဝေဒနာက္ခန္ဓာက အကျိုးတရား။
စက္ခုသမ္ဖဿ --- ပုရိမာ ပုရိမာတိ အနန္တရူပနိဿယေ သမနန္တရတီတာ လဗ္ဘန္တိ၊ အာရမ္မဏူပနိဿယပကတူပနိဿယေသု နာနာဝီထိဝသေန ပုရိမတရာ။ (အဘိ၊ဋ္ဌ၊၃၊၃၆၈။)
အနန္တရူပနိဿယ၌ အကြောင်းတရားကား ရှေးစိတ္တက္ခဏ တရားစုတို့တည်း၊ အကျိုးတရားတို့ကား နောက် စိတ္တက္ခဏ တရားစုတို့တည်း။ အာရမ္မဏူပနိဿယ ပကတူပနိဿယတို့၌ကား အကြောင်းတရားနှင့် အကျိုးတရား တို့သည် အသီးအသီးသော ဝီထိတို့၏ အစွမ်းဖြင့်လည်း ကျေးဇူးပြုကြ၏။ အကြောင်းတရားနှင့် အကျိုးတရားတို့ သည် ဝီထိချင်းမတူသော်လည်း ဝီထိချင်းခြားသော်လည်း ဝီထိချင်းကွာခြားနေသော အကြောင်းတရားတို့က ဝီထိချင်းကွာခြားနေသော အကျိုးတရားတို့အား ဖြစ်ပေါ်လာအောင် ပကတူပနိဿယ အာရမ္မဏူပနိဿယသတ္တိ တို့ဖြင့် ကျေးဇူးပြုပေးနိုင်ကြ၏။ ထိုကြောင့် စက္ခုသမ္ဖဿ နာမ်တရားစုတို့ကိုလည်း ဝီထိခြားလျက်ရှိသော ရူပါရုံကို ဆက်လက်အာရုံယူကြသည့် တဒနုဝတ္တက မနောဒွါရဝီထိစသည်တို့၌ တည်ရှိသော နာမ်တရားစုတို့၏ အကြောင်း တရားအဖြစ် ဖော်ပြထားပါသည်။ အားကောင်းသော ဝိပဿနာဇောတို့ကား စက္ခုသမ္ဖဿ၏ အကူအညီ မပါဘဲလည်း ရူပါရုံကို တစ်နည်း ရူပါရုံနှင့်တကွသော သင်္ခါရတရားတို့ကို အာရုံပြုနိုင်သဖြင့် ထိုအခါမျိုး၌ စက္ခုသမ္ဖဿ၏ ကျေးဇူးပြုပေးမှု အကြောင်းတရားသည် ချို့တဲ့နိုင်ပေသည်။
ဘဝင် မနောသမ္ဖဿ
ယမ္ပိဒံ မနောသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒယိတံ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ။ (သံ၊၂၊၂၄၈။)
မနောသမ္ဖေဿာတိ ဘဝင်္ဂသဟဇာတော သမ္ဖေဿာ။ ဝေဒယိတန္တိ သဟာဝဇ္ဇနဝေဒနာယ ဇဝနဝေဒနာ၊ ဘဝင်္ဂသမ္ပယုတ္တာယ ပန ဝတ္တဗ္ဗမေဝ နတ္ထိ။ (သံ၊ဋ္ဌ၊၃၊၅။)
တံပုဗ္ဗကတ္တာ မနောဝိညာဏဖဿဝေဒနာနံ မူလပစ္စယဘူတာ သဗ္ဗေသွေဝ စက္ခုဒွါရာဒီသု ဝုတ္တိတ္တာ တဒနုရူပတော ဘဝင်္ဂသဟဇာတော သမ္ဖေဿာတိ ဝုတ္တံ။ သဟာဝဇ္ဇနဝေဒနာယ ဇဝနဝေဒနာ ဝေဒယိတန္တိ အဓိပ္ပေတာ။ ဘဝင်္ဂသမ္ပယုတ္တာယ ပန ဝေဒနာယ ဂဟဏေ ဝတ္တဗ္ဗမေဝ နတ္ထိ။ (သံ၊ဋီ၊၂၊၂၈၆။)
ဤပါဠိတော် အဋ္ဌကထာ ဋီကာများနှင့်အညီ ရူပါရုံကို ဆက်လက်အာရုံယူနေကြသည့် တဒနုဝတ္တက မနောဒွါရဝီထိ စသည်တို့၏ ရှေး၌ ကပ်လျက် ဖြစ်သွားကြသော ဘဝင်မနောသမ္ဖဿ ဦးဆောင်သည့် ဘဝင်နာမ်တရားစု တို့သည် ---
၁။ အချင်းချင်းအားလည်းကောင်း,
၂။ မနောဒွါရာဝဇ္ဇန်း နာမ်တရားစုတို့အားလည်းကောင်း,
၃။ ဇော နာမ်တရားစုတို့အားလည်းကောင်း,
၄။ အကယ်၍ ဇောနောင် တဒါရုံကျခဲ့လျှင် တဒါရုံ နာမ်တရားစုတို့အားလည်းကောင်း,
ဖြစ်ပေါ်လာအောင် ကျေးဇူးပြုပေးလျက် ရှိ၏။ သို့အတွက် ဘဝင် မနောသမ္ဖဿကိုလည်း ရူပါရုံကို ဆက်လက်၍ အာရုံယူကြသည့် မနောဒွါရဝီထိ နာမ်တရားစုတို့၏ အကြောင်းတရားအဖြစ်ဖြင့် ဖော်ပြထားပါသည်။ ဖဿကိုပင် ဦးတည်၍ ဖော်ပြထားခြင်း ဖြစ်သည်။
မနောဒွါရာဝဇ္ဇန်း၌ ဤဝေဒနာက္ခန္ဓာရှုကွက်ကို သဘောပေါက်ပါက သညာက္ခန္ဓာ သင်္ခါရက္ခန္ဓာ ဝိညာဏက္ခန္ဓာ ရှုကွက်တို့၌လည်း ရှေး၌ ရေးသားခဲ့သော နည်းများကို အစဉ်မှီး၍ သဘောပေါက်လောက်ပေပြီ။ ရူပါရုံကိုပင် ဆက်လက် အာရုံပြုသည့် မနောဒွါရဝီထိ၏ အတွင်း၌ အကျုံးဝင်သော ပထမဇော ဝေဒနာက္ခန္ဓာ တစ်ခု၌ အကြောင်းတရား အကျိုးတရား သိမ်းဆည်းပုံကို နည်းမှီးနိုင်အောင် ဆက်လက် ဖော်ပြအပ်ပါသည်။ (ဤမနောဒွါရဝီထိအတွင်း၌ အကျုံးဝင်သော ဇောအသီးအသီး၌လည်းကောင်း, တဒါရုံအသီးအသီး၌ လည်းကောင်း ခန္ဓာငါးပါးဖွဲ့ပုံသည် စက္ခုဒွါရ၌ ဖော်ပြခဲ့သော ဇော တဒါရုံတို့၌ ခန္ဓာငါးပါး ဖွဲ့စည်းပုံနှင့် အလုံးစုံ တူလေပြီ။ ထူးခြားမှု မရှိတော့ပြီ။ နည်းမှီး၍သာ ရှုပါ။)
ရူပါရုံလိုင်း - မနောဒွါရဝီထိ - ကုသိုလ် ပထမဇော - ဝေဒနာက္ခန္ဓာ
ပစ္စုပ္ပန်အကြောင်းတရား (၄) ပါး
၁။ ဝတ္ထု (= ဟဒယ = ၆ = ၅၄)က အကြောင်းတရား၊ ပထမဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
၂။ အာရုံ (= ရူပါရုံ)က အကြောင်းတရား၊ ပထမဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
၃။ ဖဿ = (က) စက္ခုသမ္ဖဿ (= ၈-လုံး)က အကြောင်းတရား၊ ပထမဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
( ခ ) ဘဝင် မနောသမ္ဖဿ (= ၃၄-လုံး)က အကြောင်းတရား၊ ပထမဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
( ဂ ) ပထမဇော မနောသမ္ဖဿ (= ၃၃-လုံး)က အကြောင်းတရား၊ ပထမဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
၄။ ယောနိသောမနသိကာရ (= မနောဒွါရာဝဇ္ဇန်း = ၁၂-လုံး)က အကြောင်းတရား၊ ပထမဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
ရူပါရုံလိုင်း - မနောဒွါရဝီထိ - ကုသိုလ် ဒုတိယဇော - ဝေဒနာက္ခန္ဓာ
ပစ္စုပ္ပန်အကြောင်းတရား (၄) ပါး
၁။ ဝတ္ထု (= ဟဒယ = ၆ = ၅၄)က အကြောင်းတရား၊ ဒုတိယဇောဝေဒနာက္ခန္ဓာက အကျိုးတရား။
၂။ အာရုံ (= ရူပါရုံ)က အကြောင်းတရား၊ ဒုတိယဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
၃။ ဖဿ = (က) စက္ခုသမ္ဖဿ (= ၈-လုံး)က အကြောင်းတရား၊ ဒုတိယဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
( ခ ) ဘဝင် မနောသမ္ဖဿ (= ၃၄-လုံး)က အကြောင်းတရား၊ ဒုတိယဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
( ဂ ) ပထမဇော မနောသမ္ဖဿ (= ၃၄-လုံး)က အကြောင်းတရား၊ ဒုတိယဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
(ဃ) ဒုတိယဇော မနောသမ္ဖဿ (= ၃၃-လုံး)က အကြောင်းတရား၊ ဒုတိယဇောဝေဒနာက္ခန္ဓာက အကျိုးတရား။
၄။ ယောနိသောမနသိကာရ (= မနောဒွါရာဝဇ္ဇန်း = ၁၂-လုံး)က အကြောင်းတရား၊ ဒုတိယဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
ဤမျှဆိုလျှင် ကြွင်းကျန်သော ပထမဇောခန္ဓာ, ဒုတိယဇောခန္ဓာတို့၌လည်းကောင်း, တတိယဇောစသည့် ခန္ဓာတို့၌လည်းကောင်း နည်းမှီး၍ ရှုနိုင်လောက်ပေပြီ။ တတိယဇောစသည့် နောက်နောက်ဇောအား ဒုတိယဇော စသည့် ရှေးရှေးဇောက အနန္တရစသော ပစ္စယသတ္တိဖြင့် အဆင့်ဆင့် ကျေးဇူးပြုပေးပုံကိုလည်း သဘောပေါက် ပါလေ။
ယောနိသောမနသိကာရ --- - ရူပါရုံ (= အရောင်)ကို (၁) ရူပါရုံ အရောင်ဟု, (၂) အနိစ္စဟု, (၃) ဒုက္ခဟု, (၄) အနတ္တဟု, (၅) အသုဘဟု - ဆုံးဖြတ်မှုများသည် ယောနိသောမနသိကာရဖြစ်သဖြင့် ဤအပိုင်း၌ ယင်း ယောနိသောမနသိကာရ၏ တရားကိုယ်မှာ (ဇောမဟုတ်တော့ဘဲ) မနောဒွါရာဝဇ္ဇန်း နာမ်တရားစု (၁၂)လုံးပင် ဖြစ်သည်။ ဇဝနပဋိပါဒကမနသိကာရ = ဇော၏ အခြေခံအကြောင်းရင်း နှလုံးသွင်းမှုပင်တည်း။ သို့အတွက် ယောနိသောမနသိကာရဟု ဆိုခြင်းနှင့် မနောဒွါရာဝဇ္ဇန်း မနောသမ္ဖဿ (= နာမ်တရား-၁၂)ဟု ဆိုခြင်းမှာ အမည်ကွဲသော်လည်း တရားကိုယ်မှာ အတူတူပင်ဖြစ်သည်ဟု မှတ်သားပါလေ။
ရူပါရုံလိုင်း - မနောဒွါရဝီထိ - ပထမတဒါရုံ - ဝေဒနာက္ခန္ဓာ
အတိတ်အကြောင်းတရား (၅) ပါး
၁။ အဝိဇ္ဇာ (=၂၀)က အကြောင်းတရား၊ ပထမတဒါရုံ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၂။ တဏှာ (=၂၀)က အကြောင်းတရား၊ ပထမတဒါရုံ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၃။ ဥပါဒါန် (=၂၀)က အကြောင်းတရား၊ ပထမတဒါရုံ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၄။ သင်္ခါရ (= ၃၄)က အကြောင်းတရား၊ ပထမတဒါရုံ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၅။ ကံ (= ၃၄-၏ ကမ္မသတ္တိ)က အကြောင်းတရား၊ ပထမတဒါရုံ ဝေဒနာက္ခန္ဓာက အကျိုးတရား။
ပစ္စုပ္ပန်အကြောင်းတရား (၃) ပါး
၆။ ဝတ္ထု (= ဟဒယ = ၆ = ၅၄)က အကြောင်းတရား၊ ပထမတဒါရုံ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၇။ အာရုံ (= ရူပါရုံ)က အကြောင်းတရား၊ ပထမတဒါရုံ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၈။ ဖဿ = (က) စက္ခုသမ္ဖဿ (= ၈-လုံး)က အကြောင်းတရား၊ ပထမတဒါရုံ ဝေဒနာက္ခန္ဓာက အကျိုးတရား။
( ခ ) ဘဝင် မနောသမ္ဖဿ (= ၃၄-လုံး)က အကြောင်းတရား၊ ပထမတဒါရုံ ဝေဒနာက္ခန္ဓာက အကျိုးတရား။
( ဂ ) သတ္တမဇော မနောသမ္ဖဿ (= ၃၄-လုံး)က အကြောင်းတရား၊ ပထမတဒါရုံ ဝေဒနာက္ခန္ဓာက အကျိုးတရား။
(ဃ) ပထမတဒါရုံ မနောသမ္ဖဿ (= ၃၃-လုံး)က အကြောင်းတရား၊ ပထမတဒါရုံ ဝေဒနာက္ခန္ဓာက အကျိုးတရား။
သတ္တမဇော မနောသမ္ဖဿ (= ၃၄) နှင့် တဒါရုံ
ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အဗျာကတာနံ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။ (ပဋ္ဌာန၊၁၊၃။)
အဗျာကတာနန္တိ ဣဒံ ပန ကုသလာနန္တရံ တဒါရမ္မဏဘဝင်္ဂဖလသမာပတ္တိဝသေန ဝုတ္တံ။ (အဘိ၊ဋ္ဌ၊၃၊၃၆၃။)
ရှေးရှေးသော ကုသိုလ်တရားတို့သည် နောက်နောက်သော အဗျာကတတရားတို့အား အနန္တရပစ္စယသတ္တိ ဖြင့် ကျေးဇူးပြု၏။ (ပဋ္ဌာန၊၁၊၃။)
ကုသိုလ်ဇောက (= ကုသိုလ်တရားက) အဗျာကတတရားအား အနန္တရပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးပုံကို ဘုရားရှင် ဟောကြားတော်မူခြင်းသည် ---
၁။ ကုသိုလ်ဇောနောင် တဒါရုံကျသည်ဖြစ်အံ့၊ ယင်းကုသိုလ်တရားက တဒါရုံ ဝိပါက် အဗျာကတတရားအား အနန္တရပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။
၂။ ကုသိုလ်ဇောနောင် ဘဝင်ကျသည်ဖြစ်အံ့၊ ယင်းကုသိုလ်တရားက ဘဝင် = ဝိပါက် အဗျာကတတရားအား အနန္တရပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေး၏။
၃။ အနုလောမံ သေက္ခာယ ဖလသမာပတ္တိယာ အနန္တရပစ္စယေန ပစ္စယော၊ အရဟတော အနုလောမံ ဖလသမာပတ္တိယာ အနန္တရပစ္စယေန ပစ္စယော။ (ပဋ္ဌာန၊၁၊၁၃၈။)
သေက္ခအမည်ရသော အရိယာသူတော်ကောင်းတို့၏ ဖလသမာပတ္တိဝီထိအတွင်း၌ ပါဝင်တည်ရှိကြသော အနုလောမ အမည်ရသော ကုသိုလ်တရားသည် ဖိုလ်ဇောဟူသော ဝိပါက် အဗျာကတတရားအား အနန္တရပစ္စယ သတ္တိဖြင့် ကျေးဇူးပြု၏။ ရဟန္တာအရှင်မြတ်တို့၏ ဖလသမာပတ္တိဝီထိ အတွင်း၌ ပါဝင်တည်ရှိသော အနုလောမ အမည်ရသော မဟာကြိယာ အဗျာကတတရားသည် အရဟတ္တဖိုလ်ဇောဟူသော ဝိပါက် အဗျာကတတရားအား အနန္တရပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။ (အဘိ၊ဋ္ဌ၊၃၊၃၆၃။)
ဤသို့ ဟောကြားထားတော်မူသဖြင့် သေက္ခအရှင်မြတ်တို့၏ ဖလသမာပတ္တိဝီထိ၌ ပါဝင်တည်ရှိသော အနုလောမအမည်ရသော မဟာကုသိုလ်တရားသည် သေက္ခအရှင်မြတ်တို့၏ သောတာပတ္တိဖိုလ် သို့မဟုတ် သကဒါဂါမိဖိုလ် သို့မဟုတ် အနာဂါမိဖိုလ်ဟူသော မိမိရရှိသည့် ဖိုလ်အား အနန္တရပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။
ဤပါဠိတော် အဋ္ဌကထာတို့နှင့် အညီ --- ကုသိုလ်တရားများကလည်း တဒါရုံဝိပါက်အား အနန္တရပစ္စယ သတ္တိဖြင့် ကျေးဇူးပြု၏ဟု သိရှိပါလေ။
ရူပါရုံလိုင်း - မနောဒွါရဝီထိ - ဒုတိယတဒါရုံ - ဝေဒနာက္ခန္ဓာ
အတိတ်အကြောင်းတရား (၅) ပါး
၁။ အဝိဇ္ဇာ (=၂၀)က အကြောင်းတရား၊ ဒုတိယတဒါရုံ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၂။ တဏှာ (=၂၀)က အကြောင်းတရား၊ ဒုတိယတဒါရုံ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၃။ ဥပါဒါန် (=၂၀)က အကြောင်းတရား၊ ဒုတိယတဒါရုံ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၄။ သင်္ခါရ (= ၃၄)က အကြောင်းတရား၊ ဒုတိယတဒါရုံ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၅။ ကံ (= ၃၄-၏ ကမ္မသတ္တိ)က အကြောင်းတရား၊ ဒုတိယတဒါရုံ ဝေဒနာက္ခန္ဓာက အကျိုးတရား။
ပစ္စုပ္ပန်အကြောင်းတရား (၃) ပါး
၆။ ဝတ္ထု (= ဟဒယ = ၆ = ၅၄)က အကြောင်းတရား၊ ဒုတိယတဒါရုံ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၇။ အာရုံ (= ရူပါရုံ)က အကြောင်းတရား၊ ဒုတိယတဒါရုံ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၈။ ဖဿ = (က) စက္ခုသမ္ဖဿ (= ၈-လုံး)က အကြောင်းတရား၊ ဒုတိယတဒါရုံ ဝေဒနာက္ခန္ဓာက အကျိုးတရား။
( ခ ) ဘဝင်မနောသမ္ဖဿ (= ၃၄-လုံး)က အကြောင်းတရား၊ ဒုတိယတဒါရုံ ဝေဒနာက္ခန္ဓာက အကျိုးတရား။
( ဂ ) ပထမတဒါရုံ မနောသမ္ဖဿ (= ၃၄-လုံး)က အကြောင်းတရား၊ ဒုတိယတဒါရုံ ဝေဒနာက္ခန္ဓာက အကျိုးတရား။
(ဃ) ဒုတိယတဒါရုံ မနောသမ္ဖဿ (= ၃၃-လုံး)က အကြောင်းတရား၊ ဒုတိယတဒါရုံ ဝေဒနာက္ခန္ဓာက အကျိုးတရား။
ဤမျှဆိုလျှင် ကြွင်းကျန်သော နာမ်ခန္ဓာတို့၌လည်း သဘောပေါက်လောက်ပေပြီ၊ နည်းမှီး၍သာ ရှုပါလေ။
၁။ ပီတိမယှဉ် ဉာဏ်သာယှဉ်သော စက္ခုဒွါရဝီထိ မနောဒွါရဝီထိတို့၌လည်းကောင်း,
၂။ ပီတိယှဉ်၍ ဉာဏ်မယှဉ်သော စက္ခုဒွါရဝီထိ မနောဒွါရဝီထိတို့၌လည်းကောင်း,
၃။ ဉာဏ် ပီတိ နှစ်မျိုးလုံး မယှဉ်သော စက္ခုဒွါရဝီထိ မနောဒွါရဝီထိတို့၌လည်းကောင်း,
၄။ အထက်တွင် ဖော်ပြခဲ့ပြီးသော ဉာဏ် ပီတိ နှစ်မျိုးလုံး ယှဉ်သည့် စက္ခုဒွါရဝီထိ မနောဒွါရဝီထိတို့၌ လည်းကောင်း ---
စိတ္တက္ခဏတိုင်းဝယ် အကြောင်းတရား အကျိုးတရား သိမ်းဆည်းပုံကို နည်းမှီး၍ ရှုပါ။ ဉာဏ်မယှဉ်က သင်္ခါရက္ခန္ဓာနှင့် ဖဿစသည်တို့၌ ဉာဏ်လျော့သွား၏၊ ပီတိမယှဉ်ပါက ပီတိလျော့သွား၏၊ ဉာဏ် ပီတိ နှစ်မျိုးလုံး မယှဉ်ပါက နှစ်မျိုးလုံး လျော့သွား၏။ နာမ်တရား (၃၄)အရာတွင် (၃၃^၃၃^၃၂) ဖြစ်ခြင်းသာ ထူးသည်။ တစ်ဖန် သန္တီရဏ၌ ပီတိ ယှဉ် မယှဉ်သို့လိုက်၍ နာမ်တရားစုမှာ (၁၂^၁၁) ထိုက်သလို ဖြစ်သည်။ မဟာဝိပါက် တဒါရုံ၌ ကုသိုလ်ဇောနှင့် နာမ်တရားစု အရေအတွက် တူ၏။ သန္တီရဏတဒါရုံ၌ သန္တီရဏနှင့် နာမ်တရားစု အရေအတွက် တူ၏။ နည်းမှီး၍သာ ကုန်စင်အောင်ရှုပါ။
ရူပါရုံလိုင်း - မနောဒွါရဝီထိများ
ရူပါရုံကိုပင်လျှင် --- (ဤ၌ ရုပ်ကလာပ်တစ်ခု၏ အတွင်း၌ရှိသော ရူပါရုံကိုပင်)
၁။ ရုပ်တရားဟု ရှုသော ရုပ်တရားဟု သိနေသော မနောဒွါရဝီထိများ,
၂။ အနိစ္စဟု ရှုသော အနိစ္စဟု သိနေသော မနောဒွါရဝီထိများ,
၃။ ဒုက္ခဟု ရှုနေသော ဒုက္ခဟု သိနေသော မနောဒွါရဝီထိများ,
၄။ အနတ္တဟု ရှုနေသော အနတ္တဟု သိနေသော မနောဒွါရဝီထိများ,
၅။ အသုဘဟု ရှုနေသော အသုဘဟု သိနေသော မနောဒွါရဝီထိများ,
ဤမနောဒွါရဝီထိတို့၌လည်း စိတ္တက္ခဏတိုင်းဝယ် ခန္ဓာငါးပါးဖွဲ့၍ အကြောင်းတရား အကျိုးတရားတို့ကို ဆက်လက်၍ သိမ်းဆည်းပါ။ နည်းရလောက်ပေပြီ။ ရူပါရုံကို အနိစ္စဟု ရှုလျှင် အနိစ္စဟု ဆင်ခြင်ဆုံးဖြတ်မှုသည်ပင်လျှင် ယောနိသောမနသိကာရ ဖြစ်သည်။ ဤသို့စသည်ဖြင့် သဘောပေါက်ပါလေ။ ဉာဏ် ပီတိ ယှဉ် မယှဉ်သို့ လိုက်၍ သောမနဿဝေဒနာနှင့် ဥပေက္ခာဝေဒနာသို့လိုက်၍ စေတသိက် တစ်လုံး နှစ်လုံး အပြောင်းအလဲကို သဘောပေါက်ပါလေ။
ယခုတစ်ဖန် ဆက်လက်၍ ရူပါရုံလိုင်း၌ပင် အကုသိုလ်ဇောများ စောသည့် မကောင်းအုပ်စု နာမ်တရားစု တို့၌လည်း တစ်နည်းဆိုသော် အကုသိုလ်ဇော စောသည့် စက္ခုဒွါရဝီထိ မနောဒွါရဝီထိတို့၌လည်း အကြောင်းတရား အကျိုးတရား သိမ်းဆည်းပုံ နည်းအမြွက်ကို တင်ပြအပ်ပါသည်။ ထိုတွင် ပဉ္စဒွါရာဝဇ္ဇန်း, စက္ခုဝိညာဏ်, သမ္ပဋိစ္ဆိုင်း, သန္တီရဏ, ဝုဋ္ဌောတို့၌ ကုသိုလ်ဇော စောသည့် စက္ခုဒွါရဝီထိ အကောင်းအုပ်စုတွင် ဖော်ပြခဲ့သည့် အတိုင်း ရှုပါ။ ဤတွင် လောဘမူ ပထမ အသင်္ခါရိကစိတ် လောဘဒိဋ္ဌိ အကုသိုလ်ဇော အလုံး (၂၀)အုပ်စုတွင် ပထမဇောကို ပုံစံထုတ်၍ တင်ပြပေအံ့ ---
ရူပါရုံလိုင်း - စက္ခုဒွါရဝီထိ - လောဘဒိဋ္ဌိအုပ်စု - ပထမ လောဘဇော ခန္ဓာ (၅) ပါး
၁။ လောဘဇော၏ မှီရာ ဟဒယ (= ၆ = ၅၄-မျိုး)နှင့် ရူပါရုံသည် ရူပက္ခန္ဓာတည်း။
၂။ လောဘဇော နာမ်တရား အလုံး (၂၀)မှ ဝေဒနာသည် ဝေဒနာက္ခန္ဓာတည်း။
၃။ လောဘဇော နာမ်တရား အလုံး (၂၀)မှ သညာသည် သညာက္ခန္ဓာတည်း။
၄။ လောဘဇော နာမ်တရား အလုံး (၂၀)မှ စေတနာသည် သင်္ခါရက္ခန္ဓာတည်း။ (ပ)
လောဘဇော နာမ်တရား အလုံး (၂၀)မှ ကျန်စေတသိက် (၁၇)လုံးသည် သင်္ခါရက္ခန္ဓာတည်း။ (ဒု)
၅။ လောဘဇော နာမ်တရားအလုံး (၂၀)မှ အသိစိတ်ဝိညာဏ်သည် ဝိညာဏက္ခန္ဓာတည်း။
လောဘဇော၏မှီရာ ရူပက္ခန္ဓာ၌ အကြောင်း အကျိုး သိမ်းဆည်းပုံမှာ ကုသိုလ်ဇော ရူပက္ခန္ဓာ၌ အကြောင်း အကျိုး သိမ်းဆည်းပုံနှင့် အားလုံးတူသည်။ နည်းမှီး၍သာ ရှုပါ။ (ပဉ္စဒွါရာဝဇ္ဇန်း ရူပက္ခန္ဓာကို နည်းမှီး၍ ရှုပါ။)
ရူပါရုံလိုင်း - စက္ခုဒွါရဝီထိ - လောဘဒိဋ္ဌိအုပ်စု - ပထမဇော - ဝေဒနာက္ခန္ဓာ
ပစ္စုပ္ပန်အကြောင်းတရား (၄) ပါး
၁။ ဝတ္ထု (= ဟဒယ = ၆ = ၅၄)က အကြောင်းတရား၊ ပထမဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
၂။ အာရုံ (= ရူပါရုံ)က အကြောင်းတရား၊ ပထမဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
၃။ ဖဿ = (က) စက္ခုသမ္ဖဿ (= ၈-လုံး)က အကြောင်းတရား၊ ပထမဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
( ခ ) ပထမဇော မနောသမ္ဖဿ (= ၁၉-လုံး)က အကြောင်းတရား၊ ပထမဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
၄။ အယောနိသောမနသိကာရ (= ဝုဋ္ဌော = ၁၂-လုံး)က အကြောင်းတရား၊ ပထမဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
အယောနိသောမနသိကာရဟူသည် အာရုံကို ဣဋ္ဌ အနိဋ္ဌစသည်ဖြင့် ဆုံးဖြတ်ချက် မှားမှုတည်း။ အကုသိုလ်ဇောများသည် ယင်းအယောနိသောမနသိကာရကို အခြေစိုက်၍ ထိုက်သလို စောကြ၏။ ရှေးပိုင်းတွင် ပဉ္စဒွါရဝီထိတို့သည် တစ်နည်း ပဉ္စဒွါရိကဇောတို့သည် အာရုံကို နိစ္စ သုခ အတ္တ သုဘဟုလည်းကောင်း အနိစ္စ ဒုက္ခ အနတ္တ အသုဘဟုလည်းကောင်း မသိနိုင်ကုန်။ မနောဒွါရိကဇောတို့ကသာ ထိုသို့ သိနိုင်ကုန်၏ ---- ဤသို့ စသည်ဖြင့် ရှင်းပြခဲ့၏။ (နာမ်ကမ္မဋ္ဌာန်းပိုင်းကို ပြန်ကြည့်ပါ။) ဆရာစဉ်ဆက် သင်ကြားပို့ချရိုး ဝါစာနာမဂ္ဂအတိုင်းမူ ပဉ္စဒွါရဝီထိတို့၌ ဝုဋ္ဌောသည် အာရုံကို ဣဋ္ဌ အနိဋ္ဌစသည်ဖြင့် ဆုံးဖြတ်၏ဟု ဖွင့်ဆို ရေးသားထားကြသော်လည်း အာရုံကို ဣဋ္ဌ အနိဋ္ဌစသည်ဖြင့် တကယ်တန်း ပိုင်ပိုင်နိုင်နိုင် ဆုံးဖြတ်ချက် ချနိုင်သည်ကား မဟုတ်ပေ။ ဆုံးဖြတ်ချက် ချသကဲ့သို့သာ ဖြစ်သည်။ အကြောင်းမူ ပဉ္စဒွါရဝီထိတို့သည် အရောင်မျှ အသံမျှ စသည်လောက် ကိုသာ သိသောကြောင့် ဖြစ်သည်။ ဣဋ္ဌ အနိဋ္ဌဟု ယင်းပဉ္စဒွါရဝီထိတို့က သိနိုင် မသိနိုင်ကိုလည်း စိစစ်သင့် ပေသည်။ (သင်္ဂြိုဟ်ဘာသာဋီကာ၊၁၆၁-၁၆၂ - ကြည့်ပါ၊၊)
ပဉ္စဟိ ဝိညာဏေဟိ န ကဉ္စိ ဓမ္မံ ပဋိဝိဇာနာတိ အညတြ အဘိနိပါတမတ္တာ။ ပဉ္စန္နံ ဝိညာဏာနံ သမနန္တရာပိ န ကဉ္စိ ဓမ္မံ ပဋိဝိဇာနာတိ။ (အဘိ၊၂၊၃၂၃။)
ပဉ္စန္နံ ဝိညာဏာနံ သမနန္တရာပိ န ကဉ္စိ ဓမ္မံ ပဋိဝိဇာနာတီတိ ပဉ္စန္နံ ဝိညာဏာနံ သမနန္တရာ မနောဓာတုယာပိ န ကဉ္စိ ဓမ္မံ ပဋိဝိဇာနာတိ။ (အဘိ၊၂၊၃၃၃။)
ဤ၌ ပဉ္စဝိညာဏ်တို့ဖြင့်လည်းကောင်း, ပဉ္စဝိညာဏ်နောင်၌ ဆက်လက်ဖြစ်ပေါ်လာသော သမ္ပဋိစ္ဆိုင်း မနောဓာတ်ဖြင့်လည်းကောင်း, မနောဓာတုယာပိ-၌ ပေါင်းဆည်းခြင်း သမ္ပိဏ္ဍနအနက်ရှိသော ပိ-သဒ္ဒါဖြင့် ပေါင်းယူအပ်သော သမ္ပဋိစ္ဆိုင်းနောင်၌ ဆက်လက် ဖြစ်ပေါ်လာကြသော မနောဝိညာဏဓာတ်တို့ဖြင့် လည်းကောင်း, အလုံးစုံသော ပဉ္စဒွါရိကဝိညာဏ်တို့ဖြင့် တစ်စုံတစ်ခုသော ကုသိုလ်တရား အကုသိုလ်တရားကိုမျှ မသိနိုင်၊ ရူပါရုံစသည့် ပဉ္စာရုံပေါ်သို့ ရှေးရှု ကျရောက်ခြင်းသဘောမျှသာ ပဉ္စဒွါရိကဝိညာဏ်တို့၌ စွမ်းအား ရှိသည်ဟု (အဘိ၊ဋ္ဌ၊၂၊၃၈၈။)၌ ဆက်လက်ဖွင့်ဆိုထား၏။
ဤပါဠိတော် အဋ္ဌကထာ ဋီကာတို့နှင့်ကား နှီးနှောကြည့်သင့်လှပေသည်။
ကိစ္စဝသေန ပဉ္စဒွါရမနောဒွါရေသု ဝေါဋ္ဌဗ္ဗနာဝဇ္ဇနရသာ။ (ဝိသုဒ္ဓိ၊၂၊၈၇။)
ဝေါဋ္ဌဗ္ဗနာဝဇ္ဇနရသာတိ ပဉ္စဒွါရေ သန္တီရဏေန ဂဟိတာရမ္မဏံ ဝဝတ္ထပေန္တီ ဝိယ ပဝတ္တနတော ဝေါဋ္ဌဗ္ဗနရသာ၊ မနောဒွါရေ ပန ဝုတ္တနယေန အာဝဇ္ဇနရသာ။ (မဟာဋီ၊၂၊၁၂၉-၁၃၀။)
ဤမဟာဋီကာ၌ ဝဝတ္ထပေန္တီ ဝိယ ပဝတ္တနတော ---- သန္တီရဏက ခံယူထားသော အာရုံကို ဆုံးဖြတ်သကဲ့သို့ ဖြစ်၏ဟု ဖွင့်ဆိုထား၏။ တကယ် ပိုင်ပိုင်နိုင်နိုင် အာရုံကို ဆုံးဖြတ်နိုင်သည့် စွမ်းအားမျိုးကား မဟုတ်ပေ။
ရူပါရုံလိုင်း - စက္ခုဒွါရဝီထိ - လောဘဒိဋ္ဌိအုပ်စု - ဒုတိယဇော - ဝေဒနာက္ခန္ဓာ
ပစ္စုပ္ပန်အကြောင်းတရား (၄) ပါး
၁။ ဝတ္ထု (= ဟဒယ = ၆ = ၅၄)က အကြောင်းတရား၊ ဒုတိယဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
၂။ အာရုံ (= ရူပါရုံ)က အကြောင်းတရား၊ ဒုတိယဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
၃။ ဖဿ = (က) စက္ခုသမ္ဖဿ (= ၈-လုံး)က အကြောင်းတရား၊ ဒုတိယဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
( ခ ) ပထမဇော မနောသမ္ဖဿ (=၂၀-လုံး)က အကြောင်းတရား၊ ဒုတိယဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
( ဂ ) ဒုတိယဇော မနောသမ္ဖဿ (၁၉-လုံး)က အကြောင်းတရား၊ ဒုတိယဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
၄။ အယောနိသောမနသိကာရ (= ဝုဋ္ဌော = ၁၂-လုံး)က အကြောင်းတရား၊ ဒုတိယဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
မှတ်ချက် --- ဒုတိယဇော နာမ်တရားစုအား ပထမဇော နာမ်တရားစုက အနန္တရစသော သတ္တိဖြင့် ကျေးဇူးပြုသကဲ့သို့ အလားတူပင် တတိယဇော နာမ်တရားစုစသည်အား ဒုတိယဇော နာမ်တရားစု စသည် ကလည်း အနန္တရစသော ပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးသည်ဟု မှတ်ပါ၊ သဘောပေါက်သင့်ပြီ။
ရူပါရုံလိုင်း - စက္ခုဒွါရဝီထိ - လောဘဇောနောင် ပထမတဒါရုံ ခန္ဓာ (၅) ပါး
၁။ တဒါရုံ၏ မှီရာ ဟဒယ၌ တည်ရှိသော ရုပ် (၅၄)မျိုးနှင့် ရူပါရုံက ရူပက္ခန္ဓာတည်း။
၂။ တဒါရုံ နာမ်တရား (၁၂)လုံးမှ ဝေဒနာသည် ဝေဒနာက္ခန္ဓာတည်း။
၃။ တဒါရုံ နာမ်တရား (၁၂)လုံးမှ သညာသည် သညာက္ခန္ဓာတည်း။
၄။ တဒါရုံ နာမ်တရား (၁၂)လုံးမှ စေတနာသည် သင်္ခါရက္ခန္ဓာတည်း။ (ပ)
တဒါရုံ နာမ်တရား (၁၂)လုံးမှ ကျန်စေတသိက် (၉)လုံးသည် သင်္ခါရက္ခန္ဓာတည်း။ (ဒု)
၅။ တဒါရုံ နာမ်တရား (၁၂)လုံးမှ အသိစိတ် ဝိညာဏ်သည် ဝိညာဏက္ခန္ဓာတည်း။
မှတ်ချက် --- ဤ၌ အဟိတ် ကုသလဝိပါက် သောမနဿသန္တီရဏ တဒါရုံကို ပုံစံထုတ်၍ ပြထားပါသည်။ ကုသလဝိပါက် သို့မဟုတ် အကုသလဝိပါက် ဥပေက္ခာသန္တီရဏ တဒါရုံဖြစ်သော် နာမ်တရား (၁၁)လုံး ဖြစ်သည်။ မဟာဝိပါက် တဒါရုံဖြစ်သော် နာမ်တရား (၃၄^၃၃^၃၃^၃၂) ထိုက်သလို ဖြစ်သည်။
ရူပါရုံလိုင်း - စက္ခုဒွါရဝီထိ - လောဘဇောနောင် ပထမတဒါရုံ - ဝေဒနာက္ခန္ဓာ
အတိတ်အကြောင်းတရား (၅) ပါး
၁။ အဝိဇ္ဇာ (=၂၀)က အကြောင်းတရား၊ ပထမတဒါရုံ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၂။ တဏှာ (=၂၀)က အကြောင်းတရား၊ ပထမတဒါရုံ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၃။ ဥပါဒါန် (=၂၀)က အကြောင်းတရား၊ ပထမတဒါရုံ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၄။ သင်္ခါရ (= ၃၄)က အကြောင်းတရား၊ ပထမတဒါရုံ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၅။ ကံ (= ၃၄-၏ ကမ္မသတ္တိ)က အကြောင်းတရား၊ ပထမတဒါရုံ ဝေဒနာက္ခန္ဓာက အကျိုးတရား။
ပစ္စုပ္ပန်အကြောင်းတရား (၃) ပါး
၆။ ဝတ္ထု (= ဟဒယ = ၆ = ၅၄)က အကြောင်းတရား၊ ပထမတဒါရုံ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၇။ အာရုံ (= ရူပါရုံ)က အကြောင်းတရား၊ ပထမတဒါရုံ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၈။ ဖဿ = (က) စက္ခုသမ္ဖဿ (= ၈-လုံး)က အကြောင်းတရား၊ ပထမတဒါရုံ ဝေဒနာက္ခန္ဓာက အကျိုးတရား။
( ခ ) သတ္တမဇော မနောသမ္ဖဿ (=၂၀)က အကြောင်းတရား၊ ပထမတဒါရုံ ဝေဒနာက္ခန္ဓာက အကျိုးတရား။
( ဂ ) ပထမတဒါရုံ မနောသမ္ဖဿ (= ၁၁)က အကြောင်းတရား၊ ပထမတဒါရုံ ဝေဒနာက္ခန္ဓာက အကျိုးတရား။
ရူပါရုံလိုင်း - စက္ခုဒွါရဝီထိ - လောဘဇောနောင် ဒုတိယတဒါရုံ - ဝေဒနာက္ခန္ဓာ
အတိတ်အကြောင်းတရား (၅)ပါး၊ ပထမတဒါရုံ ဝေဒနာက္ခန္ဓာနှင့် တူပြီ။
ပစ္စုပ္ပန်အကြောင်းတရား (၃) ပါး
၆။ ဝတ္ထု (= ဟဒယ = ၆ = ၅၄)က အကြောင်းတရား၊ ဒုတိယတဒါရုံ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၇။ အာရုံ (= ရူပါရုံ)က အကြောင်းတရား၊ ဒုတိယတဒါရုံ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၈။ ဖဿ = (က) စက္ခုသမ္ဖဿ (= ၈-လုံး)က အကြောင်းတရား၊ ဒုတိယတဒါရုံ ဝေဒနာက္ခန္ဓာက အကျိုးတရား။
( ခ ) ပထမတဒါရုံ မနောသမ္ဖဿ (၁၂)လုံးက အကြောင်းတရား၊ ဒုတိယတဒါရုံ ဝေဒနာက္ခန္ဓာက အကျိုးတရား။
( ဂ ) ဒုတိယတဒါရုံ မနောသမ္ဖဿ (၁၁)လုံးက အကြောင်းတရား၊ ဒုတိယတဒါရုံ ဝေဒနာက္ခန္ဓာက အကျိုးတရား။
ဤမျှဆိုလျှင် စက္ခုဒွါရဝီထိအတွင်း၌ တည်ရှိကြသော လောဘဇော စိတ္တက္ခဏတိုင်း၌လည်းကောင်း တဒါရုံ စိတ္တက္ခဏတိုင်း၌လည်းကောင်း ခန္ဓာ (၅)ပါးတိုင်း၌ အကြောင်းတရား အကျိုးတရား သိမ်းဆည်းပုံကို သဘောပေါက်သင့်ပေပြီ။ ရူပါရုံကိုပင် ဆက်လက်၍ အာရုံယူသည့် အကုသိုလ် လောဘဇော စောသည့် မနောဒွါရဝီထိ၌ ဇောစိတ္တက္ခဏတို့၌ ခန္ဓာငါးပါးဖွဲ့၍ အကြောင်းတရား အကျိုးတရား သိမ်းဆည်းပုံကို ဆက်လက်၍ အရိပ်အမြွက်မျှ ဖော်ပြအပ်ပါသည်။ ယင်းမနောဒွါရဝီထိဝယ် မနောဒွါရာဝဇ္ဇန်း ခန္ဓာ (၅)ပါး၌ အကြောင်းတရား အကျိုးတရား သိမ်းဆည်းပုံမှာ ကုသိုလ်ဇောတို့၏ ရှေး၌ရှိသော မနောဒွါရာဝဇ္ဇန်း၌ ခန္ဓာ (၅)ပါးတို့၏ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းပုံနှင့် အားလုံးတူလေပြီ။ လောဘဇော ဝေဒနာက္ခန္ဓာတစ်ခုကို ပုံစံထုတ်၍ ဖော်ပြပေအံ့-
ရူပါရုံလိုင်း - မနောဒွါရဝီထိ - ပထမလောဘဇော - ဝေဒနာက္ခန္ဓာ
ပစ္စုပ္ပန်အကြောင်းတရား (၄) ပါး
၁။ ဝတ္ထု (= ဟဒယ = ၆ =၅၄)က အကြောင်းတရား၊ ပထမဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
၂။ အာရုံ (= ရူပါရုံ)က အကြောင်းတရား၊ ပထမဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
၃။ ဖဿ = (က) စက္ခုသမ္ဖဿ (= ၈-လုံး)က အကြောင်းတရား၊ ပထမဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
( ခ ) ဘဝင် မနောသမ္ဖဿ (= ၃၄)လုံးက အကြောင်းတရား၊ ပထမဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
( ဂ ) ပထမဇော မနောသမ္ဖဿ (= ၁၉-လုံး)က အကြောင်းတရား၊ ပထမဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
၄။ အယောနိသောမနသိကာရ (= မနောဒွါရာဝဇ္ဇန်း = ၁၂)က အကြောင်းတရား၊ ပထမဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
ရူပါရုံလိုင်း - မနောဒွါရဝီထိ - ဒုတိယလောဘဇော - ဝေဒနာက္ခန္ဓာ
ပစ္စုပ္ပန်အကြောင်းတရား (၄) ပါး
၁။ ဝတ္ထု (= ဟဒယ = ၆ = ၅၄)က အကြောင်းတရား၊ ဒုတိယဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
၂။ အာရုံ (= ရူပါရုံ)က အကြောင်းတရား၊ ဒုတိယဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
၃။ ဖဿ = (က) စက္ခုသမ္ဖဿ (= ၈-လုံး)က အကြောင်းတရား၊ ဒုတိယဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
( ခ ) ဘဝင်မနောသမ္ဖဿ (= ၃၄- လုံး)က အကြောင်းတရား၊ ဒုတိယဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
( ဂ ) ပထမဇော မနောသမ္ဖဿ (=၂၀-လုံး)က အကြောင်းတရား၊ ဒုတိယဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
(ဃ) ဒုတိယဇော မနောသမ္ဖဿ (= ၁၉-လုံး)က အကြောင်းတရား၊ ဒုတိယဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
၄။ အယောနိသောမနသိကာရ (= မနောဒွါရာဝဇ္ဇန်း = ၁၂)က အကြောင်းတရား၊ ဒုတိယဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
ဤမျှဆိုလျှင် ကျန်နာမ်ခန္ဓာတို့၌လည်း သဘောပေါက်သင့်ပြီ၊ တတိယဇော ခန္ဓာငါးပါး စသည်တို့၌လည်း သဘောပေါက်သင့်ပြီ၊ နည်းမှီး၍သာ သိမ်းဆည်းလေ။ ခန္ဓာငါးပါး အကွက်စေ့အောင်ကား သိမ်းဆည်းပါ။
ရူပါရုံလိုင်း - မနောဒွါရဝီထိ - လောဘဇောနောင် ပထမတဒါရုံ - ဝေဒနာက္ခန္ဓာ
အတိတ်အကြောင်းတရား (၅) ပါး
၁။ အဝိဇ္ဇာ (=၂၀)က အကြောင်းတရား၊ ပထမတဒါရုံ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၂။ တဏှာ (=၂၀)က အကြောင်းတရား၊ ပထမတဒါရုံ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၃။ ဥပါဒါန် (=၂၀)က အကြောင်းတရား၊ ပထမတဒါရုံ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၄။ သင်္ခါရ (= ၃၄)က အကြောင်းတရား၊ ပထမတဒါရုံ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၅။ ကံ (= ၃၄-၏ ကမ္မသတ္တိ)က အကြောင်းတရား၊ ပထမတဒါရုံ ဝေဒနာက္ခန္ဓာက အကျိုးတရား။
ပစ္စုပ္ပန်အကြောင်းတရား (၃) ပါး
၆။ ဝတ္ထု (= ဟဒယ = ၆ = ၅၄)က အကြောင်းတရား၊ ပထမတဒါရုံ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၇။ အာရုံ (= ရူပါရုံ)က အကြောင်းတရား၊ ပထမတဒါရုံ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၈။ ဖဿ = (က) စက္ခုသမ္ဖဿ (= ၈-လုံး)က အကြောင်းတရား၊ ပထမတဒါရုံ ဝေဒနာက္ခန္ဓာက အကျိုးတရား။
( ခ ) ဘဝင် မနောသမ္ဖဿ (= ၃၄-လုံး)က အကြောင်းတရား၊ ပထမတဒါရုံ ဝေဒနာက္ခန္ဓာက အကျိုးတရား။
( ဂ ) သတ္တမဇော မနောသမ္ဖဿ (=၂၀-လုံး)က အကြောင်းတရား၊ ပထမတဒါရုံ ဝေဒနာက္ခန္ဓာက အကျိုးတရား။
(ဃ) ပထမတဒါရုံ မနောသမ္ဖဿ (၁၁)လုံးက အကြောင်းတရား၊ ပထမတဒါရုံ ဝေဒနာက္ခန္ဓာက အကျိုးတရား။
ဤ၌ အဟိတ် ကုသလဝိပါက် သောမနဿသန္တီရဏ တဒါရုံကိုသာ ပုံစံအဖြစ် ဖော်ပြထားပါသည်။ မဟာဝိပါက် တဒါရုံနှင့် ဥပေက္ခာသန္တီရဏ တဒါရုံတို့၌ နည်းမှီး၍ ရှုပါ။ တဒါရုံ (၁၁)မျိုးမှ ကျရာတဒါရုံ တစ်မျိုးမျိုးကိုသာ ရှုရန် ဖြစ်ပါသည်။
ရူပါရုံလိုင်း - မနောဒွါရဝီထိ - လောဘဇောနောင် ဒုတိယတဒါရုံ - ဝေဒနာက္ခန္ဓာ
အတိတ်အကြောင်းတရား (၅)ပါး၊ ပထမတဒါရုံနှင့် အားလုံးတူပြီ။
ပစ္စုပ္ပန်အကြောင်းတရား (၃) ပါး
၆။ ဝတ္ထု (= ဟဒယ = ၆ = ၅၄)က အကြောင်းတရား၊ ဒုတိယတဒါရုံ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၇။ အာရုံ (= ရူပါရုံ)က အကြောင်းတရား၊ ဒုတိယတဒါရုံ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၈။ ဖဿ = (က) စက္ခုသမ္ဖဿ (= ၈-လုံး)က အကြောင်းတရား၊ ဒုတိယတဒါရုံ ဝေဒနာက္ခန္ဓာက အကျိုးတရား။
( ခ ) ဘဝင်မနောသမ္ဖဿ (= ၃၄-လုံး)က အကြောင်းတရား၊ ဒုတိယတဒါရုံ ဝေဒနာက္ခန္ဓာက အကျိုးတရား။
( ဂ ) ပထမတဒါရုံ မနောသမ္ဖဿ (= ၁၂-လုံး)က အကြောင်းတရား၊ ဒုတိယတဒါရုံ ဝေဒနာက္ခန္ဓာ က အကျိုးတရား။
(ဃ) ဒုတိယတဒါရုံ မနောသမ္ဖဿ (= ၁၁-လုံး)က အကြောင်းတရား၊ ဒုတိယတဒါရုံ ဝေဒနာက္ခန္ဓာ က အကျိုးတရား။
ယေဘုယျမှတ်သားရန်
ဤအထက်တွင် ဖော်ပြခဲ့သော စက္ခုဒွါရဝီထိ လောဘဒိဋ္ဌိအုပ်စု, ရူပါရုံကိုပင် အာရုံပြုသည့် ရူပါရုံလိုင်း နောက်လိုက် မနောဒွါရဝီထိ လောဘဒိဋ္ဌိအုပ်စုဟု အမည်တပ်ထားသော လောဘဇော စောသည့် စက္ခုဒွါရဝီထိ မနောဒွါရဝီထိတို့၌ ဝီထိစိတ္တက္ခဏတိုင်း ဝီထိစိတ္တက္ခဏတိုင်းဝယ် ခန္ဓာ (၅)ပါးဖွဲ့၍ အကြောင်းနှင့် အကျိုးကို ဆက်စပ်လျက် = အကြောင်းတရားကြောင့် အကျိုးတရားဖြစ်ပုံကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းပုံကို နည်းမှီး၍ ကြွင်းကျန်သော လောဘမာနစသည့် အကုသိုလ်ဇောများ စောကြသည့် ရူပါရုံကိုပင် အာရုံပြုကြသည့် စက္ခုဒွါရဝီထိ မနောဒွါရဝီထိတို့၌လည်း ဝီထိစိတ္တက္ခဏတိုင်း ဝီထိစိတ္တက္ခဏတိုင်းတွင် ခန္ဓာ (၅)ပါးဖွဲ့၍ အကြောင်းနှင့် အကျိုးကို ဆက်စပ်လျက် အကြောင်းတရားကြောင့် အကျိုးတရား ဖြစ်ပုံကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အကြောင်းတရား အကျိုးတရားတို့ကို အကွက်စေ့အောင် သိမ်းဆည်းပါ။ လောဘမာန ဖြစ်အောင်, ဒေါသ ဖြစ်အောင်, ဒေါသဣဿာ ဖြစ်အောင်, ဒေါသမစ္ဆရိယ ဖြစ်အောင်, ဒေါသကုက္ကုစ္စ ဖြစ်အောင်, ဝိစိကိစ္ဆာဖြစ်အောင် နှလုံးသွင်းမှု မှန်သမျှသည် အယောနိသောမနသိကာရချည်းပင်တည်းဟု မှတ်ပါ။ နာမ်ကမ္မဋ္ဌာန်းပိုင်းဇယားများကို ကြည့်၍ အကွက်စေ့အောင် ရှုပါ။
အပြောင်းအလဲ
၂။ သဒ္ဒါရုံလိုင်း၌ အာရုံအရ ရူပါရုံနေရာ၌ သဒ္ဒါရုံဟုလည်းကောင်း,
စက္ခုသမ္ဖဿနေရာ၌ သောတသမ္ဖဿဟုလည်းကောင်း ပြောင်းလဲသွားသည်။
၃။ ဂန္ဓာရုံလိုင်း၌ အာရုံ၌ ဂန္ဓာရုံဟုလည်းကောင်း, ဖဿ၌ ဃာနသမ္ဖဿဟုလည်းကောင်း ပြောင်းလဲသွားသည်။
၄။ ရသာရုံလိုင်း၌ အာရုံ၌ ရသာရုံဟုလည်းကောင်း, ဖဿ၌ ဇိဝှါသမ္ဖဿဟုလည်းကောင်း ပြောင်းလဲသွားသည်။
၅။ ဖောဋ္ဌဗ္ဗာရုံလိုင်း၌ အာရုံ၌ ဖောဋ္ဌဗ္ဗာရုံဟုလည်းကောင်း, ဖဿ၌ ကာယသမ္ဖဿဟုလည်းကောင်း ပြောင်းလဲသွားသည်။
အဘိဓမ္မာကို ကျွမ်းကျင်လိမ္မာသူ သူတော်ကောင်းတို့ကား ဤမျှဆိုလျှင် သဘောပေါက် နားလည်သွားကြမည် ဖြစ်၏။ ရှုတတ်ကြမည် ဖြစ်၏။ သို့သော် ဤမျှဖြင့် သဘောမပေါက်နိုင်သူ သူတော်ကောင်းတို့လည်း ရှိကြပြန်၏။ အဘိဓမ္မာအခြေခံပညာ အားနည်းသူ ထိုသူတော်ကောင်းတို့အတွက် သဒ္ဒါရုံလိုင်းစသည်တို့၌ ရှုကွက် ပုံစံ အနည်းငယ် အရိပ်အမြွက်မျှကို ဆက်လက်၍ တင်ပြပေအံ့။ အကောင်းအုပ်စု ကုသိုလ်ဇောဝီထိများကို ရှေးဦးစွာ တင်ပြပေအံ့။ ကြိုတင်သိထားရန်အချက်မှာ ---- သဒ္ဒါရုံလိုင်း သောတဒွါရဝီထိနှင့် သဒ္ဒါရုံကိုပင် ဆက်လက် အာရုံပြုကြသည့် မနောဒွါရဝီထိတို့၌လည်း ဝီထိစိတ္တက္ခဏတိုင်း ဝီထိစိတ္တက္ခဏတိုင်း၌ ခန္ဓာ (၅)ပါး အသီးအသီး ဖွဲ့၍ အကြောင်းတရားကြောင့် အကျိုးတရားဖြစ်ပုံကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အကြောင်းနှင့် အကျိုးစပ်လျက် အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းရမည်ဟူသော အချက်ပင်တည်း။
သဒ္ဒါရုံလိုင်း - သောတဒွါရဝီထိ - ပဉ္စဒွါရာဝဇ္ဇန်း - ဝေဒနာက္ခန္ဓာ (အကောင်းအုပ်စု)
ပစ္စုပ္ပန်အကြောင်းတရား (၃) ပါး
၁။ ဝတ္ထု (= ဟဒယ = ၆ = ၅၄)က အကြောင်းတရား၊ ပဉ္စဒွါရာဝဇ္ဇန်း ဝေဒနာက္ခန္ဓာက အကျိုးတရား။
၂။ အာရုံ (= သဒ္ဒါရုံ)က အကြောင်းတရား၊ ပဉ္စဒွါရာဝဇ္ဇန်း ဝေဒနာက္ခန္ဓာက အကျိုးတရား။
၃။ ဖဿ = (က) ဘဝင် မနောသမ္ဖဿ (= ၃၄)က အကြောင်းတရား၊ ပဉ္စဒွါရာဝဇ္ဇန်း ဝေဒနာက္ခန္ဓာက အကျိုးတရား။
( ခ ) ပဉ္စဒွါရာဝဇ္ဇန်း မနောသမ္ဖဿ (= ၁၀)က အကြောင်းတရား၊ ပဉ္စဒွါရာဝဇ္ဇန်း ဝေဒနာက္ခန္ဓာက အကျိုးတရား။
သဒ္ဒါရုံလိုင်း - သောတဒွါရဝီထိ - ပဉ္စဒွါရာဝဇ္ဇန်း - ဝိညာဏက္ခန္ဓာ
၁။ ဘဝင် မနောသမ္ဖဿ (= ၃၄)က အကြောင်းတရား၊ ပဉ္စဒွါရာဝဇ္ဇန်း ဝိညာဏက္ခန္ဓာက အကျိုးတရား။
၂။ နာမ်ရုပ်က အကြောင်းတရား၊ ပဉ္စဒွါရာဝဇ္ဇန်း ဝိညာဏက္ခန္ဓာက အကျိုးတရား။
နာမ် --- ဟူသည် ပဉ္စဒွါရာဝဇ္ဇန်းစိတ်နှင့် ယှဉ်ဖက် စေတသိက် (၁၀)လုံးတည်း။
ရုပ် --- ဟူသည် ဟဒယဝတ္ထုနှင့် တကွသော မှီရာဝတ္ထုရုပ် (၅၄)မျိုးနှင့် သဒ္ဒါရုံတည်း။
ကြွင်းကျန်သော ခန္ဓာတို့၌ သဘောပေါက်လောက်ပေပြီ။
သဒ္ဒါရုံလိုင်း - သောတဒွါရဝီထိ - သောတဝိညာဏ် - ဝေဒနာက္ခန္ဓာ
အတိတ်အကြောင်းတရား (၅) ပါး
၁။ အဝိဇ္ဇာ (=၂၀)က အကြောင်းတရား၊ သောတဝိညာဏ် ဝေဒနာက္ခန္ဓာက အကျိုးတရား။
၂။ တဏှာ (=၂၀)က အကြောင်းတရား၊ သောတဝိညာဏ် ဝေဒနာက္ခန္ဓာက အကျိုးတရား။
၃။ ဥပါဒါန် (=၂၀)က အကြောင်းတရား၊ သောတဝိညာဏ် ဝေဒနာက္ခန္ဓာက အကျိုးတရား။
၄။ သင်္ခါရ (= ၃၄)က အကြောင်းတရား၊ သောတဝိညာဏ် ဝေဒနာက္ခန္ဓာက အကျိုးတရား။
၅။ ကံ (= ၃၄-၏ ကမ္မသတ္တိ)က အကြောင်းတရား၊ သောတဝိညာဏ် ဝေဒနာက္ခန္ဓာက အကျိုးတရား။
ပစ္စုပ္ပန်အကြောင်းတရား (၅) ပါး
၆။ ဝတ္ထု (= သောတ = ၆ = ၅၄)က အကြောင်းတရား၊ သောတဝိညာဏ် ဝေဒနာက္ခန္ဓာက အကျိုးတရား။
၇။ အာရုံ (= သဒ္ဒါရုံ)က အကြောင်းတရား၊ သောတဝိညာဏ် ဝေဒနာက္ခန္ဓာက အကျိုးတရား။
၈။ ဖဿ (= သောတသမ္ဖဿ = ၇)က အကြောင်းတရား၊ သောတဝိညာဏ် ဝေဒနာက္ခန္ဓာက အကျိုးတရား။
၉။ အာကာသ (= အကြားအပေါက်)က အကြောင်းတရား၊ သောတဝိညာဏ် ဝေဒနာက္ခန္ဓာက အကျိုးတရား။
၁၀။ မနသိကာရ (= ပဉ္စဒွါရာဝဇ္ဇန်း = ၁၁)က အကြောင်းတရား၊ သောတဝိညာဏ် ဝေဒနာက္ခန္ဓာက အကျိုး တရား။
သဒ္ဒါရုံလိုင်း - သောတဒွါရဝီထိ - သမ္ပဋိစ္ဆိုင်း - ဝေဒနာက္ခန္ဓာ
အတိတ်အကြောင်းတရား (၅) ပါး
၁။ အဝိဇ္ဇာ (=၂၀)က အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်း ဝေဒနာက္ခန္ဓာက အကျိုးတရား။
၂။ တဏှာ (=၂၀)က အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်း ဝေဒနာက္ခန္ဓာက အကျိုးတရား။
၃။ ဥပါဒါန် (=၂၀)က အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်း ဝေဒနာက္ခန္ဓာက အကျိုးတရား။
၄။ သင်္ခါရ (= ၃၄)က အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်း ဝေဒနာက္ခန္ဓာက အကျိုးတရား။
၅။ ကံ (= ၃၄-၏ ကမ္မသတ္တိ)က အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်း ဝေဒနာက္ခန္ဓာက အကျိုးတရား။
ပစ္စုပ္ပန်အကြောင်းတရား (၃) ပါး
၆။ ဝတ္ထု (= ဟဒယ = ၆ = ၅၄)က အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်း ဝေဒနာက္ခန္ဓာက အကျိုးတရား။
၇။ အာရုံ (= သဒ္ဒါရုံ)က အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်း ဝေဒနာက္ခန္ဓာက အကျိုးတရား။
၈။ ဖဿ = (က) သောတသမ္ဖဿ (= ၈)က အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်း ဝေဒနာက္ခန္ဓာက အကျိုးတရား။
( ခ ) သမ္ပဋိစ္ဆိုင်း မနောသမ္ဖဿ (= ၁၁)က အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်း ဝေဒနာက္ခန္ဓာက အကျိုးတရား။
သဒ္ဒါရုံလိုင်း - သောတဒွါရဝီထိ - သမ္ပဋိစ္ဆိုင်း - သင်္ခါရက္ခန္ဓာ
(စေတသိက် - ၈ - လုံး ကောက် ဒုတိယနည်း)
အတိတ်အကြောင်းတရား (၅) ပါး
၁။ အဝိဇ္ဇာ (=၂၀)က အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်း သင်္ခါရက္ခန္ဓာက အကျိုးတရား။
၂။ တဏှာ (=၂၀)က အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်း သင်္ခါရက္ခန္ဓာက အကျိုးတရား။
၃။ ဥပါဒါန် (=၂၀)က အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်း သင်္ခါရက္ခန္ဓာက အကျိုးတရား။
၄။ သင်္ခါရ (= ၃၄)က အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်း သင်္ခါရက္ခန္ဓာက အကျိုးတရား။
၅။ ကံ (= ၃၄-၏ ကမ္မသတ္တိ)က အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်း သင်္ခါရက္ခန္ဓာက အကျိုးတရား။
ပစ္စုပ္ပန်အကြောင်းတရား (၃) ပါး
၆။ ဝတ္ထု (= ဟဒယ = ၆ = ၅၄)က အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်း သင်္ခါရက္ခန္ဓာက အကျိုးတရား။
၇။ အာရုံ (= သဒ္ဒါရုံ)က အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်း သင်္ခါရက္ခန္ဓာက အကျိုးတရား။
၈။ ဖဿ = (က) သောတသမ္ဖဿ (= ၈)က အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်း သင်္ခါရက္ခန္ဓာက အကျိုးတရား။
( ခ ) ကျန်နာမ်ခန္ဓာ (၃)ပါးက အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်း သင်္ခါရက္ခန္ဓာက အကျိုးတရား။
သဒ္ဒါရုံလိုင်း - သောတဒွါရဝီထိ - သမ္ပဋိစ္ဆိုင်း - ဝိညာဏက္ခန္ဓာ
အတိတ်အကြောင်းတရား (၅) ပါး
၁။ အဝိဇ္ဇာ (=၂၀)က အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်း ဝိညာဏက္ခန္ဓာက အကျိုးတရား။
၂။ တဏှာ (=၂၀)က အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်း ဝိညာဏက္ခန္ဓာက အကျိုးတရား။
၃။ ဥပါဒါန် (=၂၀)က အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်း ဝိညာဏက္ခန္ဓာက အကျိုးတရား။
၄။ သင်္ခါရ (= ၃၄)က အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်း ဝိညာဏက္ခန္ဓာက အကျိုးတရား။
၅။ ကံ (= ၃၄-၏ ကမ္မသတ္တိ)က အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်း ဝိညာဏက္ခန္ဓာက အကျိုးတရား။
ပစ္စုပ္ပန်အကြောင်းတရား (၂) ပါး
၆။ သောတသမ္ဖဿ (= ၈)က အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်း ဝိညာဏက္ခန္ဓာက အကျိုးတရား။
၇။ သမ္ပဋိစ္ဆိုင်း နာမ်ရုပ်က အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်း ဝိညာဏက္ခန္ဓာက အကျိုးတရား။
နာမ် --- ဟူသည် သမ္ပဋိစ္ဆိုင်းစိတ်နှင့် ယှဉ်ဖက်စေတသိက် (၁၀)လုံးတည်း။
ရုပ် --- ဟူသည် မှီရာ ဟဒယဝတ္ထုနှင့် တကွသော (၅၄)မျိုးသော ရုပ်နှင့် သဒ္ဒါရုံတည်း။
သဒ္ဒါရုံလိုင်း - သောတဒွါရဝီထိ - သန္တီရဏ - ဝေဒနာက္ခန္ဓာ
အတိတ်အကြောင်းတရား (၅) ပါး
၁။ အဝိဇ္ဇာ (=၂၀)က အကြောင်းတရား၊ သန္တီရဏ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၂။ တဏှာ (=၂၀)က အကြောင်းတရား၊ သန္တီရဏ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၃။ ဥပါဒါန် (=၂၀)က အကြောင်းတရား၊ သန္တီရဏ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၄။ သင်္ခါရ (= ၃၄)က အကြောင်းတရား၊ သန္တီရဏ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၅။ ကံ (= ၃၄-၏ ကမ္မသတ္တိ)က အကြောင်းတရား၊ သန္တီရဏ ဝေဒနာက္ခန္ဓာက အကျိုးတရား။
ပစ္စုပ္ပန်အကြောင်းတရား (၃) ပါး
၆။ ဝတ္ထု (= ဟဒယ = ၆ = ၅၄)က အကြောင်းတရား၊ သန္တီရဏ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၇။ အာရုံ (= သဒ္ဒါရုံ)က အကြောင်းတရား၊ သန္တီရဏ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၈။ ဖဿ = (က) သောတသမ္ဖဿ (= ၈)က အကြောင်းတရား၊ သန္တီရဏ ဝေဒနာက္ခန္ဓာက အကျိုးတရား။
( ခ ) သမ္ပဋိစ္ဆိုင်း မနောသမ္ဖဿ (= ၁၁)က အကြောင်းတရား၊ သန္တီရဏ ဝေဒနာက္ခန္ဓာက အကျိုးတရား။
( ဂ ) သန္တီရဏ မနောသမ္ဖဿ (= ၁၁)က အကြောင်းတရား၊ သန္တီရဏ ဝေဒနာက္ခန္ဓာက အကျိုးတရား။
ဤ၌ သောမနဿ သန္တီရဏ နာမ်တရား (၁၂)လုံးအုပ်စု ဖြစ်သည်။ သဘောပေါက်နိုင်ရုံ အမြွက်မျှကိုသာ ဖော်ပြထားပါသည်။
သဒ္ဒါရုံလိုင်း - သောတဒွါရဝီထိ - ကုသိုလ် ပထမဇော - ဝေဒနာက္ခန္ဓာ
ပစ္စုပ္ပန်အကြောင်းတရား (၄) ပါး
၁။ ဝတ္ထု (= ဟဒယ = ၆ = ၅၄)က အကြောင်းတရား၊ ပထမဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
၂။ အာရုံ (= သဒ္ဒါရုံ)က အကြောင်းတရား၊ ပထမဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
၃။ ဖဿ = (က) သောတသမ္ဖဿ (= ၈)က အကြောင်းတရား၊ ပထမဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
( ခ ) ပထမဇော မနောသမ္ဖဿ (= ၃၃)က အကြောင်းတရား၊ ပထမဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
၄။ ယောနိသောမနသိကာရ (= ဝုဋ္ဌော = ၁၂)က အကြောင်းတရား၊ ပထမဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
သဒ္ဒါရုံလိုင်း - သောတဒွါရဝီထိ - ကုသိုလ် ဒုတိယဇော - ဝေဒနာက္ခန္ဓာ
ပစ္စုပ္ပန်အကြောင်းတရား (၄) ပါး
၁။ ဝတ္ထု (= ဟဒယ = ၆ = ၅၄)က အကြောင်းတရား၊ ဒုတိယဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
၂။ အာရုံ (= သဒ္ဒါရုံ)က အကြောင်းတရား၊ ဒုတိယဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
၃။ ဖဿ = (က) သောတသမ္ဖဿ (= ၈)က အကြောင်းတရား၊ ဒုတိယဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
( ခ ) ပထမဇော မနောသမ္ဖဿ (= ၃၄)က အကြောင်းတရား၊ ဒုတိယဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
( ဂ ) ဒုတိယဇောမနောသမ္ဖဿ (= ၃၃)က အကြောင်းတရား၊ ဒုတိယဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
၄။ ယောနိသောမနသိကာရ (= ဝုဋ္ဌော = ၁၂)က အကြောင်းတရား၊ ဒုတိယဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
သဒ္ဒါရုံလိုင်း - သောတဒွါရဝီထိ - ကုသိုလ်ဇောနောင် ပထမတဒါရုံ - ဝေဒနာက္ခန္ဓာ
အတိတ်အကြောင်းတရား (၅) ပါး
၁။ အဝိဇ္ဇာ (=၂၀)က အကြောင်းတရား၊ ပထမတဒါရုံ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၂။ တဏှာ (=၂၀)က အကြောင်းတရား၊ ပထမတဒါရုံ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၃။ ဥပါဒါန် (=၂၀)က အကြောင်းတရား၊ ပထမတဒါရုံ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၄။ သင်္ခါရ (= ၃၄)က အကြောင်းတရား၊ ပထမတဒါရုံ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၅။ ကံ (= ၃၄-၏ ကမ္မသတ္တိ)က အကြောင်းတရား၊ ပထမတဒါရုံ ဝေဒနာက္ခန္ဓာက အကျိုးတရား။
ပစ္စုပ္ပန်အကြောင်းတရား (၃) ပါး
၆။ ဝတ္ထု (= ဟဒယ = ၆ = ၅၄)က အကြောင်းတရား၊ ပထမတဒါရုံ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၇။ အာရုံ (= သဒ္ဒါရုံ)က အကြောင်းတရား၊ ပထမတဒါရုံ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၈။ ဖဿ = (က) သောတသမ္ဖဿ (= ၈)က အကြောင်းတရား၊ ပထမတဒါရုံ ဝေဒနာက္ခန္ဓာက အကျိုးတရား။
( ခ ) သတ္တမဇော မနောသမ္ဖဿ (= ၃၄)က အကြောင်းတရား၊ ပထမတဒါရုံ ဝေဒနာက္ခန္ဓာက အကျိုးတရား။
( ဂ ) ပထမတဒါရုံ မနောသမ္ဖဿ (= ၃၃)က အကြောင်းတရား၊ ပထမတဒါရုံ ဝေဒနာက္ခန္ဓာက အကျိုးတရား။
သဒ္ဒါရုံလိုင်း-သောတဒွါရဝီထိ - ကုသိုလ်ဇောနောင် ဒုတိယတဒါရုံ - ဝေဒနာက္ခန္ဓာ
အတိတ်အကြောင်းတရား (၅)ပါးသည် ပထမတဒါရုံ ဝေဒနာက္ခန္ဓာနှင့် တူပြီ။
ပစ္စုပ္ပန်အကြောင်းတရား (၃) ပါး
၆။ ဝတ္ထု (= ဟဒယ = ၆ = ၅၄)က အကြောင်းတရား၊ ဒုတိယတဒါရုံ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၇။ အာရုံ (= သဒ္ဒါရုံ)က အကြောင်းတရား၊ ဒုတိယတဒါရုံ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၈။ ဖဿ = (က) သောတသမ္ဖဿ (= ၈)က အကြောင်းတရား၊ ဒုတိယတဒါရုံ ဝေဒနာက္ခန္ဓာက အကျိုးတရား။
( ခ ) ပထမတဒါရုံ မနောသမ္ဖဿ (= ၃၄)က အကြောင်းတရား၊ ဒုတိယတဒါရုံ ဝေဒနာက္ခန္ဓာက အကျိုးတရား။
( ဂ ) ဒုတိယတဒါရုံ မနောသမ္ဖဿ (= ၃၃)က အကြောင်းတရား၊ ဒုတိယတဒါရုံ ဝေဒနာက္ခန္ဓာက အကျိုးတရား။
ဤမျှဆိုလျှင် သဒ္ဒါရုံလိုင်း သောတဒွါရဝီထိအတွင်း၌ တည်ရှိသော နာမ်ကမ္မဋ္ဌာန်းပိုင်း ဇယားများတွင် ဖော်ပြထားသည့်အတိုင်း အတန်းတိုင်း အတန်းတိုင်းဝယ် စိတ္တက္ခဏ အသီးအသီး၏ ခန္ဓာ (၅)ပါးတိုင်း ခန္ဓာ (၅)ပါးတိုင်း၌ အကြောင်းတရားကြောင့် အကျိုးတရားဖြစ်ပုံကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အကြောင်းနှင့် အကျိုးစပ်လျက် အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းပုံကိုလည်း ရူပါရုံလိုင်း၌ ရေးသားတင်ပြခဲ့ သည်များကိုလည်းကောင်း, ဤသဒ္ဒါရုံလိုင်း၌ ရေးသားတင်ပြခဲ့သည်များကိုလည်းကောင်း နည်းမှီး၍ ရှုနိုင် လောက်ပေပြီ။ ယခုတစ်ဖန် သဒ္ဒါရုံကိုပင် ဆက်လက်၍ အာရုံပြုကြသည့် နောက်လိုက် မနောဒွါရဝီထိစသော မနောဒွါရဝီထိများ၏ အတွင်းဝယ် ဝီထိစိတ် အသီးအသီး၏ စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း၌လည်း ခန္ဓာ (၅)ပါး ဖွဲ့၍ အကြောင်း အကျိုး သိမ်းဆည်းပုံကို ပုံစံတူ နည်းမှီး၍ ရှုနိုင်ရန် မဟာကုသိုလ် မနောဒွါရိက ဒုတိယဇော ဝေဒနာက္ခန္ဓာကို နမူနာပုံစံအဖြစ် တင်ပြအပ်ပါသည် ---
သဒ္ဒါရုံလိုင်း - မနောဒွါရဝီထိ - မဟာကုသိုလ် ဒုတိယဇော - ဝေဒနာက္ခန္ဓာ
ပစ္စုပ္ပန်အကြောင်းတရား (၄) ပါး
၁။ ဝတ္ထု (= ဟဒယ = ၆ = ၅၄)က အကြောင်းတရား၊ ဒုတိယဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
၂။ အာရုံ (= သဒ္ဒါရုံ)က အကြောင်းတရား၊ ဒုတိယဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
၃။ ဖဿ = (က) သောတသမ္ဖဿ (= ၈)က အကြောင်းတရား၊ ဒုတိယဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
( ခ ) ဘဝင် မနောသမ္ဖဿ (= ၃၄)က အကြောင်းတရား၊ ဒုတိယဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
( ဂ ) ပထမဇော မနောသမ္ဖဿ (= ၃၄)က အကြောင်းတရား၊ ဒုတိယဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
(ဃ) ဒုတိယဇော မနောသမ္ဖဿ (= ၃၃)က အကြောင်းတရား၊ ဒုတိယဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
၄။ ယောနိသောမနသိကာရ (= မနောဒွါရာဝဇ္ဇန်း = ၁၂)က အကြောင်းတရား၊ ဒုတိယဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
သဒ္ဒါရုံလိုင်း - မနောဒွါရဝီထိ - မဟာကုသိုလ်ဇောနောင် ဒုတိယတဒါရုံ - ဝေဒနာက္ခန္ဓာ
အတိတ်အကြောင်းတရား (၅) ပါး
၁။ အဝိဇ္ဇာ (=၂၀)က အကြောင်းတရား၊ ဒုတိယတဒါရုံ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၂။ တဏှာ (=၂၀)က အကြောင်းတရား၊ ဒုတိယတဒါရုံ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၃။ ဥပါဒါန် (=၂၀)က အကြောင်းတရား၊ ဒုတိယတဒါရုံ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၄။ သင်္ခါရ (= ၃၄)က အကြောင်းတရား၊ ဒုတိယတဒါရုံ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၅။ ကံ (= ၃၄-၏ ကမ္မသတ္တိ)က အကြောင်းတရား၊ ဒုတိယတဒါရုံ ဝေဒနာက္ခန္ဓာက အကျိုးတရား။
ပစ္စုပ္ပန်အကြောင်းတရား (၃) ပါး
၆။ ဝတ္ထု (= ဟဒယ = ၆ = ၅၄)က အကြောင်းတရား၊ ဒုတိယတဒါရုံ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၇။ အာရုံ (= သဒ္ဒါရုံ)က အကြောင်းတရား၊ ဒုတိယတဒါရုံ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၈။ ဖဿ = (က) သောတသမ္ဖဿ (= ၈)က အကြောင်းတရား၊ ဒုတိယတဒါရုံ ဝေဒနာက္ခန္ဓာက အကျိုးတရား။
( ခ ) ဘဝင်မနောသမ္ဖဿ (= ၃၄)က အကြောင်းတရား၊ ဒုတိယတဒါရုံ ဝေဒနာက္ခန္ဓာက အကျိုးတရား။
( ဂ ) ပထမတဒါရုံ မနောသမ္ဖဿ (= ၃၄)က အကြောင်းတရား၊ ဒုတိယတဒါရုံ ဝေဒနာက္ခန္ဓာက အကျိုးတရား။
(ဃ) ဒုတိယတဒါရုံ မနောသမ္ဖဿ (= ၃၃)က အကြောင်းတရား၊ ဒုတိယတဒါရုံ ဝေဒနာက္ခန္ဓာက အကျိုးတရား။
ဤမျှဆိုလျှင် သဒ္ဒါရုံလိုင်း ကြွင်းကျန်သော ခန္ဓာတို့၌လည်း နည်းမှီး၍ ရလောက်ပေပြီ။
ဂန္ဓာရုံလိုင်း - ဃာနဒွါရဝီထိ - ပဉ္စဒွါရာဝဇ္ဇန်း - ဝေဒနာက္ခန္ဓာ
ပစ္စုပ္ပန်အကြောင်းတရား (၃) ပါး
၁။ ဝတ္ထု (= ဟဒယ = ၆ = ၅၄)က အကြောင်းတရား၊ ပဉ္စဒွါရာဝဇ္ဇန်း ဝေဒနာက္ခန္ဓာက အကျိုးတရား။
၂။ အာရုံ (= ဂန္ဓာရုံ)က အကြောင်းတရား၊ ပဉ္စဒွါရာဝဇ္ဇန်း ဝေဒနာက္ခန္ဓာက အကျိုးတရား။
၃။ ဖဿ = (က) ဘဝင် မနောသမ္ဖဿ (= ၃၄)က အကြောင်းတရား၊ ပဉ္စဒွါရာဝဇ္ဇန်း ဝေဒနာက္ခန္ဓာက အကျိုးတရား။
( ခ ) ပဉ္စဒွါရာဝဇ္ဇန်း မနောသမ္ဖဿ (= ၁၀)က အကြောင်းတရား၊ ပဉ္စဒွါရာဝဇ္ဇန်း ဝေဒနာက္ခန္ဓာက အကျိုးတရား။
ဂန္ဓာရုံလိုင်း - ဃာနဒွါရဝီထိ - ဃာနဝိညာဏ် - ဝေဒနာက္ခန္ဓာ
အတိတ်အကြောင်းတရား (၅) ပါး
၁။ အဝိဇ္ဇာ (=၂၀)က အကြောင်းတရား၊ ဃာနဝိညာဏ်ဝေဒနာက္ခန္ဓာက အကျိုးတရား။
၂။ တဏှာ (=၂၀)က အကြောင်းတရား၊ ဃာနဝိညာဏ်ဝေဒနာက္ခန္ဓာက အကျိုးတရား။
၃။ ဥပါဒါန် (=၂၀)က အကြောင်းတရား၊ ဃာနဝိညာဏ်ဝေဒနာက္ခန္ဓာက အကျိုးတရား။
၄။ သင်္ခါရ (= ၃၄)က အကြောင်းတရား၊ ဃာနဝိညာဏ်ဝေဒနာက္ခန္ဓာက အကျိုးတရား။
၅။ ကံ (= ၃၄-၏ ကမ္မသတ္တိ)က အကြောင်းတရား၊ ဃာနဝိညာဏ်ဝေဒနာက္ခန္ဓာက အကျိုးတရား။
ပစ္စုပ္ပန်အကြောင်းတရား (၅) ပါး
၆။ ဝတ္ထု (= ဃာန = ၆ = ၅၄)က အကြောင်းတရား၊ ဃာနဝိညာဏ် ဝေဒနာက္ခန္ဓာက အကျိုးတရား။
၇။ အာရုံ (= ဂန္ဓာရုံ)က အကြောင်းတရား၊ ဃာနဝိညာဏ် ဝေဒနာက္ခန္ဓာက အကျိုးတရား။
၈။ ဖဿ (= ဃာနသမ္ဖဿ = ၇)က အကြောင်းတရား၊ ဃာနဝိညာဏ် ဝေဒနာက္ခန္ဓာက အကျိုးတရား။
၉။ ဝါယောဓာတ်က အကြောင်းတရား၊ ဃာနဝိညာဏ် ဝေဒနာက္ခန္ဓာက အကျိုးတရား။
၁၀။ မနသိကာရ (= ပဉ္စဒွါရာဝဇ္ဇန်း = ၁၁)က အကြောင်းတရား၊ ဃာနဝိညာဏ် ဝေဒနာက္ခန္ဓာက အကျိုးတရား
ဂန္ဓာရုံလိုင်း - ဃာနဒွါရဝီထိ - သမ္ပဋိစ္ဆိုင်း - ဝေဒနာက္ခန္ဓာ
အတိတ်အကြောင်းတရား (၅) ပါး
၁။ အဝိဇ္ဇာ (=၂၀)က အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်း ဝေဒနာက္ခန္ဓာက အကျိုးတရား။
၂။ တဏှာ (=၂၀)က အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်း ဝေဒနာက္ခန္ဓာက အကျိုးတရား။
၃။ ဥပါဒါန် (=၂၀)က အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်း ဝေဒနာက္ခန္ဓာက အကျိုးတရား။
၄။ သင်္ခါရ (= ၃၄)က အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်း ဝေဒနာက္ခန္ဓာက အကျိုးတရား။
၅။ ကံ (= ၃၄-၏ ကမ္မသတ္တိ)က အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်း ဝေဒနာက္ခန္ဓာက အကျိုးတရား။
ပစ္စုပ္ပန်အကြောင်းတရား (၃) ပါး
၆။ ဝတ္ထု (= ဟဒယ = ၆ = ၅၄)က အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်း ဝေဒနာက္ခန္ဓာက အကျိုးတရား။
၇။ အာရုံ (= ဂန္ဓာရုံ)က အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်း ဝေဒနာက္ခန္ဓာက အကျိုးတရား။
၈။ ဖဿ = (က) ဃာနသမ္ဖဿ (= ၈)က အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်း ဝေဒနာက္ခန္ဓာက အကျိုးတရား။
( ခ ) သမ္ပဋိစ္ဆိုင်း မနောသမ္ဖဿ (= ၁၀)က အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်း ဝေဒနာက္ခန္ဓာက အကျိုးတရား။
ဂန္ဓာရုံလိုင်း - ဃာနဒွါရဝီထိ - သန္တီရဏ - ဝေဒနာက္ခန္ဓာ
၁။၂။ ၃။ ၄။ ၅။ အတိတ်အကြောင်းတရား (၅)ပါး၊ သမ္ပဋိစ္ဆိုင်း ဝေဒနာက္ခန္ဓာနှင့် ရှုကွက်တူပြီ၊ နည်းမှီး၍ရှုပါ။
ပစ္စုပ္ပန်အကြောင်းတရား (၃) ပါး
၆။ ဝတ္ထု (= ဟဒယ = ၆ = ၅၄)က အကြောင်းတရား၊ သန္တီရဏ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၇။ အာရုံ (= ဂန္ဓာရုံ)က အကြောင်းတရား၊ သန္တီရဏ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၈။ ဖဿ = (က) ဃာနသမ္ဖဿ (= ၈)က အကြောင်းတရား၊ သန္တီရဏ ဝေဒနာက္ခန္ဓာက အကျိုးတရား။
( ခ ) သမ္ပဋိစ္ဆိုင်း မနောသမ္ဖဿ (= ၁၁)က အကြောင်းတရား၊ သန္တီရဏ ဝေဒနာက္ခန္ဓာက အကျိုးတရား။
( ဂ ) သန္တီရဏ မနောသမ္ဖဿ (= ၁၁)က အကြောင်းတရား၊ သန္တီရဏ ဝေဒနာက္ခန္ဓာက အကျိုးတရား။
ဤမျှဆိုလျှင် နည်းမှီးနိုင်လောက်ပေပြီ၊ ရူပါရုံလိုင်းကို သဘောပေါက် ကျေပွန်ပါက သဒ္ဒါရုံလိုင်း ဂန္ဓာရုံလိုင်း စသည်တို့၌လည်း ရှုနိုင်မည် ဖြစ်ပေသည်။ ဤဂန္ဓာရုံလိုင်း၌ ရူပါရုံလိုင်းက စက္ခုသမ္ဖဿအရာတွင် ဃာနသမ္ဖဿ ပြောင်းလဲလာသည်။ ရူပါရုံနေရာတွင် ဂန္ဓာရုံဟု ပြောင်းလဲလာသည်။ ဤသို့ စသည်ဖြင့် အနည်းငယ်မျှသာ ကွဲလွဲသည်။ တစ်ဖန် ဃာနဝိညာဏ် သမ္ပဋိစ္ဆိုင်း သန္တီရဏ ဝုဋ္ဌော ဇော တဒါရုံ, မနောဒွါရာဝဇ္ဇန်း ဇော တဒါရုံဟူသော ဝီထိစိတ္တက္ခဏ အသီးအသီးဝယ် ဝိညာဏက္ခန္ဓာ အသီးအသီး၏ ပစ္စုပ္ပန် အကြောင်း တရားပိုင်းတွင် နာမ်ရုပ်ဟူသော အကြောင်းတရား၌ နာမ် - အရ ဆိုင်ရာ ဆိုင်ရာ ထိုအသိစိတ် ဝိညာဏက္ခန္ဓာနှင့် စိတ္တက္ခဏတစ်ခုအတွင်း၌ အတူယှဉ်တွဲဖြစ်သည့် သမ္ပယုတ် စေတသိက်တရားစုကို အရကောက်ယူပါ။ ရုပ် - အရ ဆိုင်ရာ မှီရာဝတ္ထုရုပ်နှင့် ဂန္ဓာရုံကို အရကောက်ယူပါ။ ကျန်လိုင်းတို့၌လည်း ဆိုင်ရာ ယှဉ်ဖက် စေတသိက်, ဆိုင်ရာဝတ္ထု, ဆိုင်ရာအာရုံတို့ကို ထိုက်သလို အရကောက်ယူပါ။
ရသာရုံလိုင်း - ဇိဝှါဒွါရဝီထိ - ပဉ္စဒွါရာဝဇ္ဇန်း - ဝေဒနာက္ခန္ဓာ
ပစ္စုပ္ပန်အကြောင်းတရား (၃) ပါး
၁။ ဝတ္ထု (= ဟဒယ = ၆ = ၅၄)က အကြောင်းတရား၊ ပဉ္စဒွါရာဝဇ္ဇန်း ဝေဒနာက္ခန္ဓာက အကျိုးတရား။
၂။ အာရုံ (= ရသာရုံ)က အကြောင်းတရား၊ ပဉ္စဒွါရာဝဇ္ဇန်း ဝေဒနာက္ခန္ဓာက အကျိုးတရား။
၃။ ဖဿ = (က) ဘဝင် မနောသမ္ဖဿ (= ၃၄)က အကြောင်းတရား၊ ပဉ္စဒွါရာဝဇ္ဇန်း ဝေဒနာက္ခန္ဓာက အကျိုးတရား။
( ခ ) ပဉ္စဒွါရာဝဇ္ဇန်း မနောသမ္ဖဿ (= ၁၀)က အကြောင်းတရား၊ ပဉ္စဒွါရာဝဇ္ဇန်း ဝေဒနာက္ခန္ဓာက အကျိုးတရား။
ရသာရုံလိုင်း - ဇိဝှါဒွါရဝီထိ - ဇိဝှါဝိညာဏ် - ဝေဒနာက္ခန္ဓာ
အတိတ်အကြောင်းတရား (၅) ပါး
၁။ အဝိဇ္ဇာ (=၂၀)က အကြောင်းတရား၊ ဇိဝှါဝိညာဏ် ဝေဒနာက္ခန္ဓာက အကျိုးတရား။
၂။ တဏှာ (=၂၀)က အကြောင်းတရား၊ ဇိဝှါဝိညာဏ် ဝေဒနာက္ခန္ဓာက အကျိုးတရား။
၃။ ဥပါဒါန် (=၂၀)က အကြောင်းတရား၊ ဇိဝှါဝိညာဏ် ဝေဒနာက္ခန္ဓာက အကျိုးတရား။
၄။ သင်္ခါရ (= ၃၄)က အကြောင်းတရား၊ ဇိဝှါဝိညာဏ် ဝေဒနာက္ခန္ဓာက အကျိုးတရား။
၅။ ကံ (= ၃၄-၏ ကမ္မသတ္တိ)က အကြောင်းတရား၊ ဇိဝှါဝိညာဏ် ဝေဒနာက္ခန္ဓာက အကျိုးတရား။
ပစ္စုပ္ပန်အကြောင်းတရား (၅) ပါး
၆။ ဝတ္ထု (= ဇိဝှါဒွါရ = ၆ = ၅၄)က အကြောင်းတရား၊ ဇိဝှါဝိညာဏ် ဝေဒနာက္ခန္ဓာက အကျိုးတရား။
၇။ အာရုံ (= ရသာရုံ)က အကြောင်းတရား၊ ဇိဝှါဝိညာဏ် ဝေဒနာက္ခန္ဓာက အကျိုးတရား။
၈။ ဖဿ (= ဇိဝှါသမ္ဖဿ = ၇)က အကြောင်းတရား၊ ဇိဝှါဝိညာဏ် ဝေဒနာက္ခန္ဓာက အကျိုးတရား။
၉။ အာပေါဓာတ်က အကြောင်းတရား၊ ဇိဝှါဝိညာဏ် ဝေဒနာက္ခန္ဓာက အကျိုးတရား။
၁၀။ မနသိကာရ (= ပဉ္စဒွါရာဝဇ္ဇန်း = ၁၁)က အကြောင်းတရား၊ ဇိဝှါဝိညာဏ် ဝေဒနာက္ခန္ဓာက အကျိုးတရား။
ရသာရုံလိုင်း - ဇိဝှါဒွါရဝီထိ - သမ္ပဋိစ္ဆိုင်း - ဝေဒနာက္ခန္ဓာ
၁။ ၂။ ၃။ ၄။ ၅။ အတိတ်အကြောင်းတရား (၅)ပါး, ဇိဝှါဝိညာဏ် ဝေဒနာက္ခန္ဓာနှင့် ရှုကွက်တူပြီ။
ပစ္စုပ္ပန်အကြောင်းတရား (၃) ပါး
၆။ ဝတ္ထု (= ဟဒယ = ၆ = ၅၄)က အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်း ဝေဒနာက္ခန္ဓာက အကျိုးတရား။
၇။ အာရုံ (= ရသာရုံ)က အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်း ဝေဒနာက္ခန္ဓာက အကျိုးတရား။
၈။ ဖဿ = (က) ဇိဝှါသမ္ဖဿ (= ၈)က အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်း ဝေဒနာက္ခန္ဓာက အကျိုးတရား။
( ခ ) သမ္ပဋိစ္ဆိုင်း မနောသမ္ဖဿ (= ၁၀)က အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်း ဝေဒနာက္ခန္ဓာက အကျိုးတရား။
ရသာရုံလိုင်း - ဇိဝှါဒွါရဝီထိ - သန္တီရဏ - ဝေဒနာက္ခန္ဓာ
၁။ ၂။ ၃။ ၄။ ၅။ အတိတ်အကြောင်းတရား (၅)ပါး, ဇိဝှါဝိညာဏ် ဝေဒနာက္ခန္ဓာနှင့် ရှုကွက်တူပြီ။
ပစ္စုပ္ပန်အကြောင်းတရား (၃) ပါး
၆။ ဝတ္ထု (= ဟဒယ = ၆ = ၅၄)က အကြောင်းတရား၊ သန္တီရဏ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၇။ အာရုံ (= ရသာရုံ)က အကြောင်းတရား၊ သန္တီရဏ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၈။ ဖဿ = (က) ဇိဝှါသမ္ဖဿ (= ၈)က အကြောင်းတရား၊ သန္တီရဏ ဝေဒနာက္ခန္ဓာက အကျိုးတရား။
( ခ ) သမ္ပဋိစ္ဆိုင်း မနောသမ္ဖဿ (= ၁၁)က အကြောင်းတရား၊ သန္တီရဏ ဝေဒနာက္ခန္ဓာက အကျိုးတရား။
( ဂ ) သန္တီရဏ မနောသမ္ဖဿ (= ၁၁)က အကြောင်းတရား၊ သန္တီရဏ ဝေဒနာက္ခန္ဓာက အကျိုးတရား။
ရသာရုံလိုင်း - ဇိဝှါဒွါရဝီထိ - မဟာကုသိုလ် ဒုတိယဇော - ဝေဒနာက္ခန္ဓာ
ပစ္စုပ္ပန်အကြောင်းတရား (၄) ပါး
၁။ ဝတ္ထု (= ဟဒယ = ၆ = ၅၄)က အကြောင်းတရား၊ ဒုတိယဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
၂။ အာရုံ (= ရသာရုံ)က အကြောင်းတရား၊ ဒုတိယဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
၃။ ဖဿ = (က) ဇိဝှါသမ္ဖဿ (= ၈)က အကြောင်းတရား၊ ဒုတိယဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
( ခ ) ပထမဇော မနောသမ္ဖဿ (= ၃၄)က အကြောင်းတရား၊ ဒုတိယဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
( ဂ ) ဒုတိယဇော မနောသမ္ဖဿ (= ၃၃)က အကြောင်းတရား၊ ဒုတိယဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
၄။ ယောနိသောမနသိကာရ (= ဝုဋ္ဌော = ၁၂)က အကြောင်းတရား၊ ဒုတိယဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
ရသာရုံလိုင်း - မနောဒွါရဝီထိ - မဟာကုသိုလ် ဒုတိယဇော - ဝေဒနာက္ခန္ဓာ
ပစ္စုပ္ပန်အကြောင်းတရား (၄) ပါး
၁။ ဝတ္ထု (= ဟဒယ = ၆ = ၅၄)က အကြောင်းတရား၊ ဒုတိယဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
၂။ အာရုံ (= ရသာရုံ)က အကြောင်းတရား၊ ဒုတိယဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
၃။ ဖဿ = (က) ဇိဝှါသမ္ဖဿ (= ၈)က အကြောင်းတရား၊ ဒုတိယဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
( ခ ) ဘဝင် မနောသမ္ဖဿ (= ၃၄)က အကြောင်းတရား၊ ဒုတိယဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
( ဂ ) ပထမဇော မနောသမ္ဖဿ (= ၃၄)က အကြောင်းတရား၊ ဒုတိယဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
(ဃ) ဒုတိယဇော မနောသမ္ဖဿ (= ၃၃)က အကြောင်းတရား၊ ဒုတိယဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
၄။ ယောနိသောမနသိကာရ (= မနောဒွါရာဝဇ္ဇန်း = ၁၂)က အကြောင်းတရား၊ ဒုတိယဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
ရသာရုံလိုင်း - မနောဒွါရဝီထိ - မဟာကုသိုလ် ဒုတိယဇော - ဝိညာဏက္ခန္ဓာ
ပစ္စုပ္ပန်အကြောင်းတရား (၃) ပါး
၁။ ဖဿ = (က) ဇိဝှါသမ္ဖဿ (= ၈)က အကြောင်းတရား၊ ဒုတိယဇော ဝိညာဏက္ခန္ဓာက အကျိုးတရား။
( ခ ) ဘဝင် မနောသမ္ဖဿ (= ၃၄)က အကြောင်းတရား၊ ဒုတိယဇော ဝိညာဏက္ခန္ဓာက အကျိုးတရား။
( ဂ ) ပထမဇော မနောသမ္ဖဿ (= ၃၄)က အကြောင်းတရား၊ ဒုတိယဇော ဝိညာဏက္ခန္ဓာက အကျိုးတရား။
၂။ ဒုတိယဇော နာမ်ရုပ်က အကြောင်းတရား၊ ဒုတိယဇော ဝိညာဏက္ခန္ဓာက အကျိုးတရား။
၃။ ယောနိသောမနသိကာရ (= မနောဒွါရာဝဇ္ဇန်း = ၁၂)က အကြောင်းတရား၊ ဒုတိယဇော ဝိညာဏက္ခန္ဓာက အကျိုးတရား။
နာမ် --- ဟူသည် မဟာကုသိုလ် ဒုတိယဇော ဝိညာဏက္ခန္ဓာနှင့် ယှဉ်သည့် စေတသိက် (၃၃)တည်း။
ရုပ် --- ဟူသည် မှီရာဝတ္ထုရုပ် (၅၄)မျိုးနှင့် ရသာရုံတည်း။
ဤမျှဆိုလျှင် ရသာရုံလိုင်း အကောင်းအုပ်စု၌ နည်းမှီး၍ ရလောက်ပေပြီ။ မကောင်းအုပ်စု၌ ယောနိသောမနသိကာရအရာတွင် အယောနိသောမနသိကာရ ဝင်လာသည်။ ဤမျှသာထူးသည်။ သင်္ခါရက္ခန္ဓာနှင့် မနောသမ္ဖဿစသည်တို့၌ ယှဉ်ဖက် စေတသိက် အရေအတွက်သို့လိုက်၍ စေတသိက် အတိုးအဆုတ်ရှိသည်။ နည်းမှီး၍ သိမ်းဆည်းပါ။
ဖောဋ္ဌဗ္ဗာရုံလိုင်း - ကာယဒွါရဝီထိ - ပဉ္စဒွါရာဝဇ္ဇန်း - ဝေဒနာက္ခန္ဓာ
ပစ္စုပ္ပန်အကြောင်းတရား (၃) ပါး
၁။ ဝတ္ထု (= ဟဒယ = ၆ = ၅၄)က အကြောင်းတရား၊ ပဉ္စဒွါရာဝဇ္ဇန်း ဝေဒနာက္ခန္ဓာက အကျိုးတရား။
၂။ အာရုံ (= ဖောဋ္ဌဗ္ဗာရုံ)က အကြောင်းတရား၊ ပဉ္စဒွါရာဝဇ္ဇန်း ဝေဒနာက္ခန္ဓာက အကျိုးတရား။
၃။ ဖဿ = (က) ဘဝင် မနောသမ္ဖဿ (= ၃၄)က အကြောင်းတရား၊ ပဉ္စဒွါရာဝဇ္ဇန်း ဝေဒနာက္ခန္ဓာက အကျိုးတရား။
( ခ ) ပဉ္စဒွါရာဝဇ္ဇန်း မနောသမ္ဖဿ (= ၁၀)က အကြောင်းတရား၊ ပဉ္စဒွါရာဝဇ္ဇန်း ဝေဒနာက္ခန္ဓာက အကျိုးတရား။
ဖောဋ္ဌဗ္ဗာရုံလိုင်း - ကာယဒွါရဝီထိ - ကာယဝိညာဏ် - ဝေဒနာက္ခန္ဓာ
အတိတ်အကြောင်းတရား (၅) ပါး
၁။ အဝိဇ္ဇာ (=၂၀)က အကြောင်းတရား၊ ကာယဝိညာဏ် ဝေဒနာက္ခန္ဓာက အကျိုးတရား။
၂။ တဏှာ (=၂၀)က အကြောင်းတရား၊ ကာယဝိညာဏ် ဝေဒနာက္ခန္ဓာက အကျိုးတရား။
၃။ ဥပါဒါန် (=၂၀)က အကြောင်းတရား၊ ကာယဝိညာဏ် ဝေဒနာက္ခန္ဓာက အကျိုးတရား။
၄။ သင်္ခါရ (= ၃၄)က အကြောင်းတရား၊ ကာယဝိညာဏ် ဝေဒနာက္ခန္ဓာက အကျိုးတရား။
၅။ ကံ (= ၃၄-၏ ကမ္မသတ္တိ)က အကြောင်းတရား၊ ကာယဝိညာဏ် ဝေဒနာက္ခန္ဓာက အကျိုးတရား။
ပစ္စုပ္ပန်အကြောင်းတရား (၃) ပါး
၆။ ဝတ္ထု (= ကာယဒွါရ = ၅ = ၄၄)က အကြောင်းတရား၊ ကာယဝိညာဏ် ဝေဒနာက္ခန္ဓာက အကျိုးတရား။
၇။ အာရုံ (= ဖောဋ္ဌဗ္ဗာရုံ)က အကြောင်းတရား၊ ကာယဝိညာဏ် ဝေဒနာက္ခန္ဓာက အကျိုးတရား။
၈။ ဖဿ (= ကာယသမ္ဖဿ = ၇)က အကြောင်းတရား၊ ကာယဝိညာဏ် ဝေဒနာက္ခန္ဓာက အကျိုးတရား။
၉။ ပထဝီဓာတ်က အကြောင်းတရား၊ ကာယဝိညာဏ် ဝေဒနာက္ခန္ဓာက အကျိုးတရား။
၁၀။ မနသိကာရ (= ပဉ္စဒွါရာဝဇ္ဇန်း = ၁၁)က အကြောင်းတရား၊ ကာယဝိညာဏ် ဝေဒနာက္ခန္ဓာက အကျိုးတရား။
ပထဝီဓာတ် --- ဖောဋ္ဌဗ္ဗာရုံသည် ကာယပသာဒ၌ ထိခိုက်သည့်အခါ ကာယပသာဒတွင်သာ တန့်ရပ်မနေ၊ ကာယပသာဒ အကြည်ဓာတ်၏ မှီရာမဟာဘုတ်ကိုလည်း ထိခိုက်လေ၏။ ထိုမဟာဘုတ်ဓာတ်ကြီးလေးပါးတို့တွင် ပထဝီဓာတ်သည် အချုပ်အခြာ အမာခံဓာတ်တည်း။ ထိုကြောင့် ဖောဋ္ဌဗ္ဗာရုံ၏ ကာယဒွါရဝယ် ထင်လာရာ၌ ပထဝီဓာတ်သည် အရေးကြီးသော အထောက်အပံ့တစ်ခုပေတည်း။ ကာယအကြည်ဓာတ် ကာယဒွါရကိုလည်းကောင်း, ဖောဋ္ဌဗ္ဗာရုံကိုလည်းကောင်း အစွဲပြု၍ ကာယဝိညာဏ်စိတ်သည် ဖြစ်ပေါ်လာရ၏။ သို့အတွက် အာရုံနှင့် ဒွါရတို့၏ ထိခိုက်မှု ရှိပါမှသာလျှင် ဒွါရနှင့် အာရုံကို အစွဲပြု၍ ကာယဝိညာဏ် နာမ်တရားစုတို့ ဖြစ်ပေါ်လာနိုင် ကြသဖြင့် အာရုံ ဒွါရ ထိခိုက်မှုတွင် အရေးပါသော ပထဝီဓာတ်သည်လည်း ကာယဝိညာဏ် နာမ်တရားစု၏ အကြောင်းတစ်ရပ် ဖြစ်ရပေသည်။ (အဘိ၊ဋ္ဌ၊၁၊၃၂၂။)
အာကာသဓာတ် --- ပဉ္စဒွါရဝယ် ပဉ္စာရုံတို့ ထင်လာကြရာ၌ အာရုံနှင့် ဒွါရ စုစည်းမိရုံမျှဖြင့် ပေါင်းဆုံမိရုံ မျှဖြင့် ထင်လာနိုင်ကြသည်ကား မဟုတ်၊ စက္ခုဒွါရဝယ် အာလောက (= အရောင်အလင်း) ရှိပါမှ ထင်လာနိုင်သည်။ သောတဒွါရဝယ် အာကာသ (= အပေါက်အကြား) ရှိပါမှ ထင်နိုင်သည်။ အသံနှင့် သောတပသာဒတို့၏ အကြားဝယ် အပေါက်အကြားမရှိပါက တစ်စုံတစ်ခု ကာဆီးပိတ်ဆို့နေပါက ယင်းအသံသည် သောတဒွါရ၌ မထင်နိုင်။ သောတဒွါရ၌ အသံသဒ္ဒါရုံ ထင်လာပါမှလည်း သောတဝိညာဏ် နာမ်တရားစု ဖြစ်နိုင်သည်။ ထိုကြောင့် အာကာသ ဓာတ်သည်လည်း သောတဝိညာဏ် နာမ်တရားစု၏ အကြောင်းတစ်ရပ်ပင် ဖြစ်ရပေသည်။ (အဘိ၊ဋ္ဌ၊၁၊၃၂၂၊၊)
ဝါယောဓာတ် --- ဃာနဒွါရဝယ် ဂန္ဓာရုံ ထင်လာရာ၌လည်း ဂန္ဓာရုံကို ဝါယောလေဓာတ်က သယ်ဆောင် ပေးပါမှသာလျှင် ထင်လာနိုင်သည်။ ဃာနဒွါရဝယ် ဂန္ဓာရုံထင်လာပါမှလည်း ဃာနဝိညာဏ် နာမ်တရားစု ဖြစ်နိုင် သည်။ သို့အတွက် ဝါယောဓာတ်သည်လည်း ဃာနဝိညာဏ် နာမ်တရားစု၏ အထောက်အပံ့ အကြောင်းတစ်ရပ် ဖြစ်ရပေသည်။ (အဘိ၊ဋ္ဌ၊၁၊၃၂၂။)
အာပေါဓာတ် --- တစ်ဖန် ဇိဝှါပသာဒ ဇိဝှါဒွါရဝယ် ရသာရုံ ထင်လာရာ၌လည်း အာပ (= အရည်)ဟူသော အာပေါဓာတ်၏ အထောက်အပံ့ကို ရရှိပါမှသာလျှင် ထင်လာနိုင်၏၊ ခြောက်သွေ့သော အစာအာဟာရကို လျှာပေါ်မှာ တင်ထားသော်လည်း အရသာမပေါ်သေး၊ လျှာရည်က ထိုအစာကို စွတ်စိုစေသည့်အခါမှ အရသာ ပေါ်လာလေသည်။ ထိုအခါမှ ဇိဝှါဝိညာဏ်စိတ် ဖြစ်နိုင်လေသည်။ သို့အတွက် အာပေါဓာတ်ရည်သည်လည်း ဇိဝှါဝိညာဏ် နာမ်တရားစု ဖြစ်ပေါ်လာအောင် အထောက်အကူပြုပေးနေသော အကြောင်းတစ်ရပ် ဖြစ်ရပေသည်။ (အဘိ၊ဋ္ဌ၊၁၊၃၂၂။)
ဖောဋ္ဌဗ္ဗာရုံလိုင်း - ကာယဒွါရဝီထိ - သမ္ပဋိစ္ဆိုင်း - ဝေဒနာက္ခန္ဓာ
၁။ ၂။ ၃။ ၄။ ၅။ အတိတ်အကြောင်းတရား (၅)ပါး ရှုကွက် တူပြီ၊ နည်းမှီး၍ ရှုပါ။
ပစ္စုပ္ပန်အကြောင်းတရား (၃) ပါး
၆။ ဝတ္ထု (= ဟဒယ = ၆ = ၅၄)က အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်း ဝေဒနာက္ခန္ဓာက အကျိုးတရား။
၇။ အာရုံ (= ဖောဋ္ဌဗ္ဗာရုံ)က အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်း ဝေဒနာက္ခန္ဓာက အကျိုးတရား။
၈။ ဖဿ = (က) ကာယသမ္ဖဿ (= ၈)က အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်း ဝေဒနာက္ခန္ဓာက အကျိုးတရား။
( ခ ) သမ္ပဋိစ္ဆိုင်း မနောသမ္ဖဿ (= ၁၀)က အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်း ဝေဒနာက္ခန္ဓာက အကျိုးတရား။
ဖောဋ္ဌဗ္ဗာရုံလိုင်း - ကာယဒွါရဝီထိ - သန္တီရဏ - ဝေဒနာက္ခန္ဓာ
၁။ ၂။ ၃။ ၄။ ၅။ အတိတ်အကြောင်းတရား (၅)ပါးရှုကွက် တူပြီ။ နည်းမှီး၍ ရှုပါ။
ပစ္စုပ္ပန်အကြောင်းတရား (၃) ပါး
၆။ ဝတ္ထု (= ဟဒယ = ၆ = ၅၄)က အကြောင်းတရား၊ သန္တီရဏ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၇။ အာရုံ (= ဖောဋ္ဌဗ္ဗာရုံ)က အကြောင်းတရား၊ သန္တီရဏ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၈။ ဖဿ = (က) ကာယသမ္ဖဿ (= ၈)က အကြောင်းတရား၊ သန္တီရဏ ဝေဒနာက္ခန္ဓာက အကျိုးတရား။
( ခ ) သမ္ပဋိစ္ဆိုင်း မနောသမ္ဖဿ (= ၁၁)က အကြောင်းတရား၊ သန္တီရဏ ဝေဒနာက္ခန္ဓာက အကျိုးတရား။
( ဂ ) သန္တီရဏ မနောသမ္ဖဿ (= ၁၁)က အကြောင်းတရား၊ သန္တီရဏ ဝေဒနာက္ခန္ဓာက အကျိုးတရား။
ဖောဋ္ဌဗ္ဗာရုံလိုင်း - ကာယဒွါရဝီထိ - ဒုတိယဇော - ဝေဒနာက္ခန္ဓာ
ပစ္စုပ္ပန်အကြောင်းတရား (၄) ပါး
၁။ ဝတ္ထု (= ဟဒယ = ၆ = ၅၄)က အကြောင်းတရား၊ ဒုတိယဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
၂။ အာရုံ (= ဖောဋ္ဌဗ္ဗာရုံ)က အကြောင်းတရား၊ ဒုတိယဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
၃။ ဖဿ = (က) ကာယသမ္ဖဿ (= ၈)က အကြောင်းတရား၊ ဒုတိယဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
( ခ ) ပထမဇော မနောသမ္ဖဿ (= ၃၄)က အကြောင်းတရား၊ ဒုတိယဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
( ဂ ) ဒုတိယဇော မနောသမ္ဖဿ (= ၃၃)က အကြောင်းတရား၊ ဒုတိယဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
၄။ ယောနိသောမနသိကာရ (= ဝုဋ္ဌော = ၁၂)က အကြောင်းတရား၊ ဒုတိယဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
ဖောဋ္ဌဗ္ဗာရုံလိုင်း - မနောဒွါရဝီထိ - ဒုတိယဇော - ဝေဒနာက္ခန္ဓာ
ပစ္စုပ္ပန်အကြောင်းတရား (၄) ပါး
၁။ ဝတ္ထု (= ဟဒယ = ၆ = ၅၄)က အကြောင်းတရား၊ ဒုတိယဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
၂။ အာရုံ (= ဖောဋ္ဌဗ္ဗာရုံ)က အကြောင်းတရား၊ ဒုတိယဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
၃။ ဖဿ = (က) ကာယသမ္ဖဿ (= ၈)က အကြောင်းတရား၊ ဒုတိယဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
( ခ ) ဘဝင် မနောသမ္ဖဿ (= ၃၄)က အကြောင်းတရား၊ ဒုတိယဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
( ဂ ) ပထမဇော မနောသမ္ဖဿ (= ၃၄)က အကြောင်းတရား၊ ဒုတိယဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
(ဃ) ဒုတိယဇောမနောသမ္ဖဿ (= ၃၃)က အကြောင်းတရား၊ ဒုတိယဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
၄။ ယောနိသောမနသိကာရ (= မနောဒွါရာဝဇ္ဇန်း = ၁၂)က အကြောင်းတရား၊ ဒုတိယဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
ဖောဋ္ဌဗ္ဗာရုံလိုင်း - မနောဒွါရဝီထိ - ဒုတိယတဒါရုံ - ဝေဒနာက္ခန္ဓာ
အတိတ်အကြောင်းတရား (၅) ပါး
၁။ အဝိဇ္ဇာ (=၂၀)က အကြောင်းတရား၊ ဒုတိယတဒါရုံ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၂။ တဏှာ (=၂၀)က အကြောင်းတရား၊ ဒုတိယတဒါရုံ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၃။ ဥပါဒါန် (=၂၀)က အကြောင်းတရား၊ ဒုတိယတဒါရုံ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၄။ သင်္ခါရ (= ၃၄)က အကြောင်းတရား၊ ဒုတိယတဒါရုံ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၅။ ကံ (= ၃၄-၏ ကမ္မသတ္တိ)က အကြောင်းတရား၊ ဒုတိယတဒါရုံ ဝေဒနာက္ခန္ဓာက အကျိုးတရား။
ပစ္စုပ္ပန်အကြောင်းတရား (၃) ပါး
၆။ ဝတ္ထု (= ဟဒယ = ၆ = ၅၄)က အကြောင်းတရား၊ ဒုတိယတဒါရုံ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၇။ အာရုံ (= ဖောဋ္ဌဗ္ဗာရုံ)က အကြောင်းတရား၊ ဒုတိယတဒါရုံ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၈။ ဖဿ = (က) ကာယသမ္ဖဿ (= ၈)က အကြောင်းတရား၊ ဒုတိယတဒါရုံ ဝေဒနာက္ခန္ဓာက အကျိုးတရား။
( ခ ) ဘဝင် မနောသမ္ဖဿ (= ၃၄)က အကြောင်းတရား၊ ဒုတိယတဒါရုံ ဝေဒနာက္ခန္ဓာက အကျိုးတရား။
( ဂ ) ပထမတဒါရုံ မနောသမ္ဖဿ (= ၃၄)က အကြောင်းတရား၊ ဒုတိယတဒါရုံ ဝေဒနာက္ခန္ဓာက အကျိုးတရား။
(ဃ) ဒုတိယတဒါရုံ မနောသမ္ဖဿ (= ၃၃)က အကြောင်းတရား၊ ဒုတိယတဒါရုံ ဝေဒနာက္ခန္ဓာက အကျိုးတရား။
ဤမျှဆိုလျှင် ဖောဋ္ဌဗ္ဗာရုံလိုင်း၌ ဝီထိစိတ္တက္ခဏတိုင်း၌ ခန္ဓာ (၅)ပါးဖွဲ့၍ အကြောင်း အကျိုး သိမ်းဆည်းပုံ ကို သဘောပေါက်သင့်ပေပြီ။ ယခုအခါတွင် ဓမ္မာရုံအမည်ရသည့် ရုပ်အစစ် ရုပ်အတုတို့ကို အာရုံပြု၍ ဖြစ်ပေါ် လာကြသော မနောဒွါရဝီထိတို့၌ စိတ္တက္ခဏတိုင်းဝယ် ခန္ဓာ (၅)ပါးဖွဲ့၍ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းဖို့ရန် အလှည့်အကြိမ်သို့ ဆိုက်ရောက်လာပြီ ဖြစ်ပေသည်။ ဤတွင် စက္ခုအကြည်ဓာတ် အာရုံကို အာရုံပြု၍ ဖြစ်ပေါ်လာကြသော ကုသိုလ်ဇော စောသည့် အကောင်းအုပ်စု မနောဒွါရဝီထိတို့၌ စိတ္တက္ခဏတိုင်း၌ ခန္ဓာ (၅)ပါးဖွဲ့၍ သိမ်းဆည်းပုံ အရိပ်အမြွက်မျှကို ဖော်ပြပေအံ့ ----
ဓမ္မာရုံလိုင်း - မနောဒွါရဝီထိ - မနောဒွါရာဝဇ္ဇန်း - ဝေဒနာက္ခန္ဓာ
ပစ္စုပ္ပန်အကြောင်းတရား (၃) ပါး
၁။ ဝတ္ထု (= ဟဒယ = ၆ = ၅၄)က အကြောင်းတရား၊ မနောဒွါရာဝဇ္ဇန်း ဝေဒနာက္ခန္ဓာက အကျိုးတရား။
၂။ အာရုံ (= စက္ခုအကြည်ဓာတ်ဓမ္မာရုံ)က အကြောင်းတရား၊ မနောဒွါရာဝဇ္ဇန်း ဝေဒနာက္ခန္ဓာက အကျိုးတရား။
၃။ ဖဿ = (က) ဘဝင် မနောသမ္ဖဿ (= ၃၄)က အကြောင်းတရား၊ မနောဒွါရာဝဇ္ဇန်း ဝေဒနာက္ခန္ဓာက အကျိုးတရား။
( ခ ) မနောဒွါရာဝဇ္ဇန်း မနောသမ္ဖဿ (= ၁၁)က အကြောင်းတရား၊ မနောဒွါရာဝဇ္ဇန်း ဝေဒနာက္ခန္ဓာက အကျိုးတရား။
ဓမ္မာရုံလိုင်း - မနောဒွါရဝီထိ - ပထမဇော - ဝေဒနာက္ခန္ဓာ
ပစ္စုပ္ပန်အကြောင်းတရား (၄) ပါး
၁။ ဝတ္ထု (= ဟဒယ = ၆ = ၅၄)က အကြောင်းတရား၊ ပထမဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
၂။ အာရုံ (= စက္ခုအကြည်ဓာတ်ဓမ္မာရုံ)က အကြောင်းတရား၊ ပထမဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
၃။ ဖဿ = (က) ဘဝင် မနောသမ္ဖဿ (= ၃၄)က အကြောင်းတရား၊ ပထမဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
( ခ ) ပထမဇော မနောသမ္ဖဿ (= ၃၃)က အကြောင်းတရား၊ ပထမဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
၄။ ယောနိသောမနသိကာရ (= မနောဒွါရာဝဇ္ဇန်း = ၁၂)က အကြောင်းတရား၊ ပထမဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
ဓမ္မာရုံလိုင်း - မနောဒွါရဝီထိ - ဒုတိယဇော - ဝေဒနာက္ခန္ဓာ
ပစ္စုပ္ပန်အကြောင်းတရား (၄) ပါး
၁။ ဝတ္ထု (= ဟဒယ = ၆ = ၅၄)က အကြောင်းတရား၊ ဒုတိယဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
၂။ အာရုံ (= စက္ခုအကြည်ဓာတ်ဓမ္မာရုံ)က အကြောင်းတရား၊ ဒုတိယဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
၃။ ဖဿ = (က) ဘဝင် မနောသမ္ဖဿ (= ၃၄)က အကြောင်းတရား၊ ဒုတိယဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
( ခ ) ပထမဇော မနောသမ္ဖဿ (= ၃၄)က အကြောင်းတရား၊ ဒုတိယဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
( ဂ ) ဒုတိယဇော မနောသမ္ဖဿ (၃၃)က အကြောင်းတရား၊ ဒုတိယဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
၄။ ယောနိသောမနသိကာရ (= မနောဒွါရာဝဇ္ဇန်း = ၁၂)က အကြောင်းတရား၊ ဒုတိယဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
ဓမ္မာရုံလိုင်း - မနောဒွါရဝီထိ - ဒုတိယဇော - ဝိညာဏက္ခန္ဓာ
ပစ္စုပ္ပန်အကြောင်းတရား (၂) ပါး
၁။ ဖဿ = (က) ဘဝင် မနောသမ္ဖဿ (= ၃၄)က အကြောင်းတရား၊ ဒုတိယဇော ဝိညာဏက္ခန္ဓာက အကျိုးတရား။
( ခ ) ပထမဇော မနောသမ္ဖဿ (= ၃၄)က အကြောင်းတရား၊ ဒုတိယဇော ဝိညာဏက္ခန္ဓာက အကျိုးတရား။
၂။ ဒုတိယဇော နာမ်ရုပ်က အကြောင်းတရား၊ ဒုတိယဇော ဝိညာဏက္ခန္ဓာက အကျိုးတရား။
နာမ် --- ဟူသည် မဟာကုသိုလ် ဒုတိယဇောနှင့် ယှဉ်သော စေတသိက် (၃၃)တည်း။
ရုပ် --- ဟူသည် မှီရာဝတ္ထုရုပ် (၅၄)နှင့် စက္ခုအကြည်ဓာတ် အာရုံတည်း။
ဓမ္မာရုံလိုင်း - မနောဒွါရဝီထိ - (မဟာဝိပါက်) ဒုတိယတဒါရုံ - ဝေဒနာက္ခန္ဓာ
အတိတ်အကြောင်းတရား (၅) ပါး
၁။ အဝိဇ္ဇာ (=၂၀) ဖြစ်ခြင်းကြောင့် ဒုတိယတဒါရုံ ဝေဒနာက္ခန္ဓာ ဖြစ်၏။
အဝိဇ္ဇာ (=၂၀)က အကြောင်းတရား၊ ဒုတိယတဒါရုံ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၂။ တဏှာ (=၂၀) ဖြစ်ခြင်းကြောင့် ဒုတိယတဒါရုံ ဝေဒနာက္ခန္ဓာ ဖြစ်၏။
တဏှာ (=၂၀)က အကြောင်းတရား၊ ဒုတိယတဒါရုံ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၃။ ဥပါဒါန် (=၂၀) ဖြစ်ခြင်းကြောင့် ဒုတိယတဒါရုံ ဝေဒနာက္ခန္ဓာ ဖြစ်၏။
ဥပါဒါန် (=၂၀)က အကြောင်းတရား၊ ဒုတိယတဒါရုံ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၄။ သင်္ခါရ (= ၃၄) ဖြစ်ခြင်းကြောင့် ဒုတိယတဒါရုံ ဝေဒနာက္ခန္ဓာ ဖြစ်၏။
သင်္ခါရ (= ၃၄)က အကြောင်းတရား၊ ဒုတိယတဒါရုံ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၅။ ကံ (= ၃၄-၏ ကမ္မသတ္တိ) ဖြစ်ခြင်းကြောင့် ဒုတိယတဒါရုံ ဝေဒနာက္ခန္ဓာ ဖြစ်၏။
ကံ (= ၃၄-၏ ကမ္မသတ္တိ)က အကြောင်းတရား၊ ဒုတိယတဒါရုံ ဝေဒနာက္ခန္ဓာက အကျိုးတရား။
ပစ္စုပ္ပန်အကြောင်းတရား (၃) ပါး
၆။ ဝတ္ထု (= ဟဒယ = ၆ = ၅၄) ဖြစ်ခြင်းကြောင့် ဒုတိယတဒါရုံ ဝေဒနာက္ခန္ဓာ ဖြစ်၏။
ဝတ္ထုက အကြောင်းတရား၊ ဒုတိယတဒါရုံ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၇။ အာရုံ (= စက္ခုအကြည်ဓာတ်ဓမ္မာရုံ) ဖြစ်ခြင်းကြောင့် ဒုတိယတဒါရုံ ဝေဒနာက္ခန္ဓာဖြစ်၏။
အာရုံက အကြောင်းတရား၊ ဒုတိယတဒါရုံ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၈။ ဖဿ = (က) ဘဝင် မနောသမ္ဖဿ (= ၃၄) ဖြစ်ခြင်းကြောင့် ဒုတိယတဒါရုံ ဝေဒနာက္ခန္ဓာဖြစ်၏။
ဘဝင် မနောသမ္ဖဿ (= ၃၄)က အကြောင်းတရား၊ ဒုတိယတဒါရုံ ဝေဒနာက္ခန္ဓာက အကျိုးတရား။
( ခ ) ပထမတဒါရုံ မနောသမ္ဖဿ (= ၃၄) ဖြစ်ခြင်းကြောင့် ဒုတိယတဒါရုံ ဝေဒနာက္ခန္ဓာဖြစ်၏။
ပထမတဒါရုံ မနောသမ္ဖဿ (= ၃၄)က အကြောင်းတရား၊ ဒုတိယတဒါရုံ ဝေဒနာက္ခန္ဓာက အကျိုးတရား။
( ဂ ) ဒုတိယတဒါရုံ မနောသမ္ဖဿ (= ၃၃) ဖြစ်ခြင်းကြောင့် ဒုတိယတဒါရုံ ဝေဒနာက္ခန္ဓာဖြစ်၏။
ဒုတိယတဒါရုံ မနောသမ္ဖဿက အကြောင်းတရား၊ ဒုတိယတဒါရုံ ဝေဒနာက္ခန္ဓာက အကျိုးတရား။
အကြောင်း အကျိုး သိမ်းဆည်းရာ၌ သတိပြန်၍ ရစေရန် ထပ်မံ ဖော်ပြခြင်း ဖြစ်ပေသည်။ ဤမျှဆိုလျှင် အကောင်းအုပ်စု၌ နည်းမှီး၍ ရှုနိုင်လောက်ပေပြီ။ ယခုအခါ၌ အကုသိုလ်ဇော စောသည့် မကောင်းအုပ်စု မနောဒွါရဝီထိတို့၌ အကြောင်းတရား အကျိုးတရား သိမ်းဆည်းပုံ ပုံစံတစ်ခုကို ဆက်လက်၍ ဖော်ပြအပ် ပါသည်။ သဒ္ဒါရုံလိုင်း ဂန္ဓာရုံလိုင်း ရသာရုံလိုင်း ဖောဋ္ဌဗ္ဗာရုံလိုင်းတို့၌လည်း အကုသိုလ်ဇောဝီထိ စိတ္တက္ခဏတို့၌ နည်းမှီး၍ အလားတူပင် အကြောင်း အကျိုး သိမ်းဆည်းပါ။
ဓမ္မာရုံလိုင်း - မနောဒွါရဝီထိ - လောဘဒိဋ္ဌိအုပ်စု - လောဘမူ ဒုတိယဇော - ဝေဒနာက္ခန္ဓာ
ပစ္စုပ္ပန်အကြောင်းတရား (၄) ပါး
၁။ ဝတ္ထု (= ဟဒယ = ၆ = ၅၄) ဖြစ်ခြင်းကြောင့် လောဘမူ ဒုတိယဇော ဝေဒနာက္ခန္ဓာ ဖြစ်၏။
ဝတ္ထုက အကြောင်းတရား၊ လောဘမူ ဒုတိယဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
၂။ အာရုံ (= စက္ခုအကြည်ဓာတ်ဓမ္မာရုံ) ဖြစ်ခြင်းကြောင့် လောဘမူ ဒုတိယဇော ဝေဒနာက္ခန္ဓာဖြစ်၏။
အာရုံ (= စက္ခုအကြည်ဓာတ်ဓမ္မာရုံ)က အကြောင်းတရား၊ လောဘမူ ဒုတိယဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
၃။ ဖဿ = (က) ဘဝင် မနောသမ္ဖဿ (= ၃၄) ဖြစ်ခြင်းကြောင့် လောဘမူ ဒုတိယဇော ဝေဒနာက္ခန္ဓာဖြစ်၏။
ဘဝင် မနောသမ္ဖဿ (= ၃၄)က အကြောင်းတရား၊ လောဘမူ ဒုတိယဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
( ခ ) လောဘမူ ပထမဇော မနောသမ္ဖဿ (=၂၀) ဖြစ်ခြင်းကြောင့် လောဘမူ ဒုတိယဇော ဝေဒနာက္ခန္ဓာ ဖြစ်၏။
လောဘမူ ပထမဇော မနောသမ္ဖဿက အကြောင်းတရား၊ လောဘမူ ဒုတိယဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
( ဂ ) လောဘမူ ဒုတိယဇော မနောသမ္ဖဿ (= ၁၉) ဖြစ်ခြင်းကြောင့် လောဘမူ ဒုတိယဇော ဝေဒနာက္ခန္ဓာ ဖြစ်၏။
လောဘမူ ဒုတိယဇော မနောသမ္ဖဿ (= ၁၉)က အကြောင်းတရား၊ လောဘမူ ဒုတိယဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
၄။ အယောနိသောမနသိကာရ (= မနောဒွါရာဝဇ္ဇန်း = ၁၂) ဖြစ်ခြင်းကြောင့် လောဘမူ ဒုတိယဇော ဝေဒနာက္ခန္ဓာ ဖြစ်၏။ အယောနိသောမနသိကာရက အကြောင်းတရား၊ လောဘမူ ဒုတိယဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
ဤမျှဆိုလျှင် ဓမ္မာရုံလိုင်း မကောင်းအုပ်စုတို့၌ အကြောင်း အကျိုး သိမ်းဆည်းပုံကို နည်းမှီးနိုင်လောက် ပေပြီ။ ဘဝနိကန္တိက လောဘဇောဝီထိ၌ ဝီထိစိတ္တက္ခဏတိုင်း၌ ဤဓမ္မာရုံလိုင်း လောဘ-ဒိဋ္ဌိအုပ်စုကိုပင် နည်းမှီး၍ အကြောင်း အကျိုး သိမ်းဆည်းပါ။ ထိုဘဝနိကန္တိက လောဘဇော၏ အာရုံမှာ ---
၁။ အမျိုးသား ယောဂီသူတော်ကောင်းဖြစ်က အမျိုးသားဘဝသစ် အာရုံ,
၂။ အမျိုးသမီး ယောဂီသူတော်ကောင်းဖြစ်က အမျိုးသမီးဘဝသစ် အာရုံပင် ဖြစ်ပေသည်။ အာရုံသာ အပြောင်း အလဲရှိသည်။ ကြွင်းကျန်သော အကြောင်းတရားတို့ကား တူညီလေပြီ။
ယခုတစ်ဖန် ဆက်လက်၍ ဓမ္မာရုံလိုင်းတွင် အကျုံးဝင်သော စျာနသမာပတ္တိဝီထိတို့၌ စိတ္တက္ခဏတိုင်း၌ ခန္ဓာ (၅)ပါးဖွဲ့၍ အကြောင်း အကျိုး သိမ်းဆည်းပုံ အရိပ်အမြွက်ကို တင်ပြပေအံ့ --- အာနာပါနပဋိဘာဂနိမိတ်ကို အာရုံယူ၍ ဖြစ်ပေါ်လာသော အာနာပါန ပထမစျာနသမာပတ္တိဝီထိတွင် -- မနောဒွါရာဝဇ္ဇန်း တစ်ကြိမ်၊ ပရိကံ၊ ဥပစာ၊ အနုလုံ၊ ဂေါတြဘုဟူသော ကာမာဝစရ ဥပစာရသမာဓိဇော (၄)ကြိမ်၊ ထိုနောင် စျာန်ဇော အကြိမ်များစွာ ကျ၏။ ယင်းစျာန်ဇောတို့တွင် အမှတ်မထား တစ်ပါးပါးသော ဇောခန္ဓာ (၅)ပါး၌ ပုံစံတစ်ခုကို ထုတ်ဖော်ပြအပ်ပါသည်။ ယင်းဇောကို နောက်နောက်ဇောဟု ခေါ်ဝေါ်အသုံးပြု၍ ယင်းဇော၏ ရှေး၌ရှိသော အနန္တရသတ္တိဖြင့် ကျေးဇူးပြုသော ဇောကို ရှေးရှေးဇောဟု ခေါ်ဝေါ်သုံးစွဲထားပါသည်။
ဓမ္မာရုံလိုင်း - ပထမစျာနသမာပတ္တိ မနောဒွါရဝီထိ၌ အမှတ်မရှိသော စျာန်ဇော - ဝေဒနာက္ခန္ဓာ
(နောက်နောက်သော စျာန်ဇော)
ပစ္စုပ္ပန်အကြောင်းတရား (၄) ပါး
၁။ ဝတ္ထု (= ဟဒယ = ၆ = ၅၄) ဖြစ်ခြင်းကြောင့် စျာန်ဇော ဝေဒနာက္ခန္ဓာ ဖြစ်၏။
ဝတ္ထုက အကြောင်းတရား၊ စျာန်ဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
၂။ အာရုံ (= အာနာပါနပဋိဘာဂနိမိတ်အာရုံ) ဖြစ်ခြင်းကြောင့် စျာန်ဇော ဝေဒနာက္ခန္ဓာဖြစ်၏။
အာနာပါနပဋိဘာဂနိမိတ်အာရုံက အကြောင်းတရား၊ စျာန်ဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
၃။ ဖဿ = (က) ဘဝင် မနောသမ္ဖဿ (= ၃၄) ဖြစ်ခြင်းကြောင့် စျာန်ဇော ဝေဒနာက္ခန္ဓာဖြစ်၏။
ဘဝင် မနောသမ္ဖဿ (= ၃၄)က အကြောင်းတရား၊ စျာန်ဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
(ခ) ရှေးရှေးဇော မနောသမ္ဖဿ (= ၃၄) ဖြစ်ခြင်းကြောင့် စျာန်ဇော ဝေဒနာက္ခန္ဓာဖြစ်၏။
ရှေးရှေးဇော မနောသမ္ဖဿ (= ၃၄)က အကြောင်းတရား၊ စျာန်ဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
(ဂ) နောက်နောက်သော စျာန်ဇော မနောသမ္ဖဿ (= ၃၃) ဖြစ်ခြင်းကြောင့် နောက်နောက် စျာန်ဇော ဝေဒနာက္ခန္ဓာဖြစ်၏။
နောက်နောက်သော စျာန်ဇော မနောသမ္ဖဿ (= ၃၃)က အကြောင်းတရား၊
(စိတ္တက္ခဏတူ) နောက်နောက် စျာန်ဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
၄။ ယောနိသောမနသိကာရ (= မနောဒွါရာဝဇ္ဇန်း = ၁၂) ဖြစ်ခြင်းကြောင့် စျာန်ဇော ဝေဒနာက္ခန္ဓာ ဖြစ်၏။ ယောနိသောမနသိကာရက အကြောင်းတရား၊ စျာန်ဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
မှတ်ချက် ---- ကြွင်းကျန်သော စျာန်ဇောခန္ဓာတို့၌လည်း သဘောပေါက်နိုင်လောက်ပေပြီ၊ ဒုတိယစျာန် စသည်၌ ဝိတက် ဝိစာရစသည့် စေတသိက်အရေအတွက် အနည်းငယ်လျော့သွား၏။ ဤမျှသာထူး၏။ ကသိုဏ်းစျာန် ဗြဟ္မဝိဟာရစျာန် စသည်တို့၌လည်းကောင်း၊ စတုရာရက္ခကမ္မဋ္ဌာန်းတို့၌လည်းကောင်း နည်းမှီး ၍ ရှုပါလေ။
ရူပါရုံလိုင်း, သဒ္ဒါရုံလိုင်း, ဂန္ဓာရုံလိုင်း, ရသာရုံလိုင်း, ဖောဋ္ဌဗ္ဗာရုံလိုင်း, ဓမ္မာရုံလိုင်းဟု (၆)လိုင်း သတ်မှတ်၍ ဖော်ပြထားသော နာမ်ကမ္မဋ္ဌာန်းပိုင်း ဇယားများအတိုင်း (၁)လိုင်း (၁)လိုင်း၌ အကောင်းအုပ်စု မကောင်းအုပ်စုများကို ကုန်စင်အောင် သိမ်းဆည်းပါ။ ဝီထိတိုင်း ဝီထိတိုင်းဝယ် စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း၌ ခန္ဓာ (၅)ပါးဖွဲ့၍ အကြောင်း အကျိုး သိမ်းဆည်းပါ။
ရုပ်နာမ်ကို သိမ်းဆည်းခဲ့စဉ် ရုပ်နာမ်ကို ပိုင်းခြား မှတ်သားခဲ့စဉ်က အာယတနဒွါရအလိုက် (၆)လိုင်း လုံး၌ အကောင်းအုပ်စု မကောင်းအုပ်စုများကို ကုန်စင်အောင် စိတ္တက္ခဏတိုင်း၌ ရုပ်နာမ်ကို ခွဲခဲ့၏။ ယင်းရုပ်နာမ်တို့ကိုပင် ခန္ဓာ (၅)ပါးနည်းအရ (၅)ပုံ ပုံ၍ အကြောင်းနှင့် အကျိုးတို့၏ ကြောင်း-ကျိုး ဆက်နွယ်မှု သဘောကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အကြောင်း အကျိုးစပ်လျက် အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းခြင်းပင် ဖြစ်သည်။ ယင်းအာရုံ (၆)ပါးကို အာရုံပြု၍ ဖြစ်ပေါ်လာကြကုန်သော (၆)လိုင်းလုံးအတွင်း၌ တည်ရှိကြသော ဝီထိတိုင်း ဝီထိတိုင်း၏ စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း၌ ခန္ဓာ (၅)ပါးတို့ကို အကြောင်း အကျိုးစပ်လျက် နေရာတကျ သိမ်းဆည်းမိပါက ဘဝတစ်လျှောက်လုံး ဖြစ်ပေါ်နေသော နာမ်တရားများမှာလည်း ထိုအမျိုးအစားများတွင်ပင် ပါဝင်၍ သွားပေသည်။ အမျိုးအစားများကိုကား သာဝကတို့သည် ကုန်စင်အောင် သိမ်းဆည်းနိုင်ကြ၏။ တစ်ဘဝလုံး ဘဝတစ်လျှောက်လုံး ဖြစ်နေကြသည့် မျိုးတူ နာမ်တရားအားလုံးကို ကုန်စင်အောင် သိမ်းဆည်းနိုင်ဖို့ကား သာဝကတို့၏ ဉာဏ်အရာကား မဟုတ်ပေ။ သာဝကတို့သည် ရုပ်+နာမ်+ ကြောင်း+ကျိုး = သင်္ခါရတရားတို့ကို တစ်စိတ်တစ်ဒေသသာ သိမ်းဆည်းနိုင် ရှုပွားနိုင်သောကြောင့် ဖြစ်သည်။ အမျိုးအစားကိုကား ကုန်စင်အောင် သိမ်းဆည်းနိုင်၏။ တစ်မျိုး တစ်မျိုး၌ အရေအတွက်ကိုကား ကုန်စင်အောင် မသိမ်းဆည်းနိုင်၊ မရှုပွားနိုင်၊ ဥပမာ-ပထဝီဓာတ်ကိုကား သာဝကတို့သည် ရှုနိုင်ကြ၏၊ သိမ်းဆည်းနိုင်ကြ၏။ အဇ္ဈတ္တ ဗဟိဒ္ဓ (၂)ဌာနတို့၌ ရုပ်ကလာပ်တိုင်း ရုပ်ကလာပ်တိုင်း၌ ပထဝီဓာတ် ပါဝင်လေရာ ယင်းရုပ်ကလာပ် တိုင်း၌ တည်ရှိသော ပထဝီဓာတ်တိုင်း ပထဝီဓာတ်တိုင်းကိုကား သာဝကတို့သည် ကုန်စင်အောင် မရှုနိုင်ကြ။ ပထဝီဓာတ် အချို့အဝက်လောက်ကိုသာ ရှုနိုင်ကြ၏။ --- ဤသို့စသည်ဖြင့် သဘောပေါက်ပါလေ။
ပဋိသန္ဓေနာမ်တရားစုနှင့် ဘဝတစ်လျှောက်အတွင်း ဖြစ်ပေါ်နေကြသော ဘဝင်နာမ်တရားစု, နောက်ဆုံး ဖြစ်သည့် စုတိနာမ်တရားစုတို့ကား ပဋိသန္ဓေကျိုးကို ပေးတတ်သော = ပဋိသန္ဓေကျိုးကို ဖြစ်စေတတ်သော ယင်းဇနကကံကြောင့်ပင် ဖြစ်ကြ၏။ အခြားအခြားသော ပဝတ္တိ ဝိပါက်ဝိညာဏ် အမည်ရကြသော ပဉ္စဝိညာဏ်, သမ္ပဋိစ္ဆိုင်း, သန္တီရဏ, တဒါရုံ ဝိပါက်နာမ်တရားတို့ကား ယင်းပဋိသန္ဓေကျိုးကို ဖြစ်စေတတ်သော ယင်းဇနကကံကြောင့်ပင် ဖြစ်သည်လည်း ရှိရာ၏။ မဖြစ်သည်လည်း ရှိရာ၏။ အထက်တွင်ဖော်ပြခဲ့သော ဘုရားရှင်၏ ဝိပါက်တော် (၁၂)ပါးကိုပင် ပြန်၍ အာရုံယူကြည့်ပါ။ ဘဝတစ်လျှောက် ဝိပါက် နာမ်တရားစုအားလုံးကို ဖြစ်စေ တတ်သည့် ဆိုင်ရာဆိုင်ရာ အကြောင်းကံအားလုံးတို့ကိုကား သာဝကများသည် ကုန်စင်အောင် မသိနိုင်။ အချို့အဝက် တစ်စိတ်တစ်ဒေသမျှလောက်ကိုသာ သိနိုင်သဖြင့် ဤကျမ်းတွင် ပဋိသန္ဓေကျိုးကို ပေးတတ်သော ဇနကကံကိုသာ ပဓာနထား၍ ပုံစံထား၍ ဖော်ပြထားပါသည်။ အကယ်၍ အသင်သူတော်ကောင်းသည် အတိတ် အဆက်ဆက်သို့ ဉာဏ်ကို စေလွှတ်၍ အကြောင်းတရားများကို ထပ်မံရှာဖွေပါက ပဉ္စဝိညာဏ်, သမ္ပဋိစ္ဆိုင်း, သန္တီရဏ တဒါရုံတို့ကဲ့သို့သော အချို့အချို့သော ပဝတ္တိ ဝိပါက်ဝိညာဏ်များကို ဖြစ်စေတတ်သော ကုသိုလ်ကံ အကုသိုလ်ကံများကိုလည်း တွေ့ရှိကောင်း တွေ့ရှိနိုင်ပါသည်။ ထိုအခါတွင်လည်း ယင်းအကြောင်းကံနှင့် ယင်း ပဝတ္တိ ဝိပါက်ဝိညာဏ်များကို အကြောင်း အကျိုးစပ်လျက် အကြောင်းတရား အကျိုးတရားတို့ကို ဆက်လက်၍ သိမ်းဆည်းပါလေ။ ယင်း ကုသိုလ်ကံ အကုသိုလ်ကံတို့ကြောင့် မည်ကဲ့သို့သော ကောင်းကျိုး ဆိုးပြစ်များကို ဤ ပစ္စုပ္ပန်တွင် ရရှိနေသည်ကို ဉာဏ်ဖြင့် မြင်အောင် ရှုပါ။ ဇနက အကြောင်း ဥပတ္ထမ္ဘက အကြောင်းများကို ဉာဏ်ဖြင့် မြင်အောင် ရှုပါ။
ပဋိစ္စသမုပ္ပါဒ် ပဉ္စမနည်း
ဤဖော်ပြခဲ့ပြီးသော ပဋိစ္စသမုပ္ပါဒ် ကြောင်း-ကျိုးဆက် ရှုကွက်ကို ဤကျမ်းတွင် ပဋိစ္စသမုပ္ပါဒ် ပဉ္စမနည်း- ဟုပင် ခေါ်ဝေါ်သုံးစွဲထားပါသည်။ ဤမျှ ရှည်လျားစွာ အကြောင်း အကျိုး သိမ်းဆည်းပုံကို ဖတ်ရှုရသော အဘိဓမ္မာဉာဏ် ရင့်ကျက်သူ ယောဂီသူတော်စင်ကြီးတို့ကား ငြီးငွေ့ကြမည်ပင် ဖြစ်သည်။ သို့သော် အဘိဓမ္မာကို မသင်ကြားဖူးသူ ယောဂီသူတော်စင်တို့တွင် ဤမျှ အရိပ်အမြွက် ပြရုံဖြင့်ပင် သဘောမပေါက်နိုင်သေးသော ယောဂီသူတော်စင်များလည်း ရှိနေကြပြန်သေးသည်။ သို့အတွက် အဘိဓမ္မာကို မသင်ကြားဖူးသူ အဘိဓမ္မာ အခြေခံပညာ အားနည်းသူတို့အတွက် ငဲ့ညှာ၍ တင်ပြနေခြင်း ဖြစ်သဖြင့် ခွင့်လွှတ်နိုင်လိမ့်မည်ဟု မျှော်လင့်အပ် ပါသည်။
အတိတ်အဆက်ဆက်သို့
အတီတေပိ ပစ္စယာ စေဝ ပစ္စယသမုပ္ပန္နဓမ္မာ စ၊ အနာဂတေပိ ဧတရဟိပိ ပစ္စယာ စေဝ ပစ္စယသမုပ္ပန္နဓမ္မာ စ၊ တတော ဥဒ္ဓံ သတ္တော ဝါ ပုဂ္ဂလော ဝါ နတ္ထိ၊ သုဒ္ဓသင်္ခါရပုေဉ္ဇာ ဧဝါတိ တီသု အဒ္ဓါသု ကင်္ခံ ဝိတရတိ။ (အဘိ၊ဋ္ဌ၊၂၊၂၄၂။)
၁။ အတိတ်၌လည်း အကြောင်းတရားနှင့် အကျိုးတရားသာ ရှိ၏။
၂။ ပစ္စုပ္ပန်၌လည်း အကြောင်းတရားနှင့် အကျိုးတရားသာ ရှိ၏။
၃။ အနာဂတ်၌လည်း အကြောင်းတရားနှင့် အကျိုးတရားသာ ရှိ၏။
ဤသို့လျှင် ကာလသုံးပါးလုံး၌ အကြောင်းတရားနှင့် အကျိုးတရားသာ ရှိ၏ဟု သိအောင် အသင် သူတော်ကောင်းသည် ဆက်လက်၍ ကြိုးပမ်းရဦးမည် ဖြစ်ပေသည်။
ယခုလက်ရှိဘဝ၏ ပဋိသန္ဓေစသော အကျိုးတရားတို့ကို ဖြစ်စေတတ်သော အတိတ်အကြောင်းတရားများ ရှိကြ၏။ ယင်းအတိတ်အကြောင်းတရားတို့မှာလည်း အကြောင်းခန္ဓာ (၅)ပါး = ရုပ်နာမ် (၂)ပါးပင် ဖြစ်ကြ၏။ ယင်းအကြောင်းတရား ရုပ်တရား နာမ်တရားတို့သည်လည်း သင်္ခတပရမတ်တရားတို့သာ ဖြစ်ခြင်းကြောင့် ယင်းအကြောင်းတရားတို့ကို ဖြစ်ပေါ်စေတတ်သော ဆိုင်ရာဆိုင်ရာ အကြောင်းတရားများလည်း ရှိကြသည်သာ ဖြစ်၏။ တစ်ဖန် ယင်းအကြောင်း ရုပ်နာမ်တို့၏ စွဲမှီ၍ ဖြစ်ခဲ့ရာ အတိတ်ခန္ဓာအိမ်၌လည်း ယင်းအကြောင်း ရုပ်နာမ်မှ တစ်ပါးသော အခြားအခြားသော ရုပ်နာမ်တို့သည်လည်း ဘဝတစ်လျှောက် အဆက်မပြတ် အထပ်ထပ် များစွာ ဖြစ်ခဲ့ကြ၏။ ယင်းရုပ်နာမ်တို့သည်လည်း သင်္ခတတရားတို့သာ ဖြစ်ခြင်းကြောင့် ဆိုင်ရာဆိုင်ရာ အကြောင်းတရားများကြောင့်သာ ဖြစ်ပေါ်နေကြသည့် ပရမတ္ထ ဓမ္မသဘာဝတို့သာ ဖြစ်ကြရကား ယင်းဆိုင်ရာဆိုင်ရာ အကြောင်းတရားတို့ကိုလည်း ထပ်မံရှာဖွေလျက် အကြောင်းနှင့် အကျိုး ဆက်စပ်ကာ အတိတ်၌လည်း အကြောင်းတရားနှင့် အကျိုးတရားသာ ရှိသည်ဟု သိအောင် ထပ်မံ၍ ရှုရမည် ဖြစ်သည်။
ဗဟိဒ္ဓသို့ ဉာဏ်ကို စေလွှတ်ပါ
အတိတ်အဆက်ဆက်သို့ ထပ်မံ၍ အကြောင်းတရားများကို မရှာဖွေမီ ရှေးဦးစွာ အဇ္ဈတ္တ၌ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းသည့် ပုံစံအတိုင်းပင် ဗဟိဒ္ဓ၌လည်း ယောက်ျား မိန်းမ ပုဂ္ဂိုလ် သတ္တဝါ မည်သူမည်ဝါ ခွဲခြားဝေဖန်မှု မပြုဘဲ ဗဟိဒ္ဓချင်း တူညီ၍ သာမန် ပေါင်းစုခြုံငုံကာ (၆)လိုင်းလုံး၌ စိတ္တက္ခဏ တိုင်းဝယ် ခန္ဓာ (၅)ပါး ဖွဲ့၍ အကြောင်းတရား အကျိုးတရားတို့ကို ကုန်စင်အောင် သိမ်းဆည်းပါ။ အဇ္ဈတ္တ တစ်လှည့်၊ ဗဟိဒ္ဓတစ်လှည့် သိမ်းဆည်းပါ။ ကျေညက်သောအခါ ကျေနပ်မှုရသောအခါ နောက်ထပ် အတိတ်သို့ ဉာဏ်ကို စေလွှတ်နိုင်ပြီ။
ပထမအတိတ်မှ ဒုတိယအတိတ်သို့
ပထမအတိတ်ဘဝဝယ် ပစ္စုပ္ပန်ပဋိသန္ဓေစသည့် ဝိပါကဝဋ်တရားတို့ကို ဖြစ်စေတတ်သည့် ကိလေသဝဋ် ကမ္မဝဋ် အကြောင်းတရားတို့ကို ပြုစုပျိုးထောင်ခဲ့သည့် အချိန်ကာလက ဖြစ်ခဲ့သော ရုပ်နာမ်တို့က စ၍ဖြစ်စေ၊ အတိတ်ဘဝ မရဏာသန္နအခါ ရုပ်နာမ်တို့က စ၍ဖြစ်စေ၊ အတိတ်ဘဝ ခန္ဓာအစဉ် ရုပ်နာမ်တို့ကို စတင် သိမ်းဆည်းပါ။ ထိုသို့ သိမ်းဆည်းရာ၌ အခက်အခဲရှိပါမူ အတိတ် သင်္ခါရ-ကံတို့ကို အားထုတ်ခဲ့စဉ် အချိန်က (၆)ဒွါရ, (၄၂)ကောဋ္ဌာသတို့၌ တည်ရှိကြသော ရုပ်တရားတို့က စ၍ဖြစ်စေ၊ မရဏာသန္နအခါ (၆)ဒွါရ, (၄၂) ကောဋ္ဌာသတို့၌ တည်ရှိကြသော ရုပ်တရားတို့က စ၍ဖြစ်စေ ရုပ်တရားတို့ကို ရှေးဦးစွာ သိမ်းဆည်းပါ။ ဓာတ်ကြီး (၄)ပါးကို ဦးတည်၍သာ ရုပ်တရားတို့ကို သိမ်းဆည်းပါ။ ထို ရုပ်တရားတို့ကို သိမ်းဆည်းမှု အောင်မြင်သောအခါ ဟဒယဝတ္ထုကို ထပ်မံ၍ အာရုံယူကြည့်ပါ။ ထပ်မံ၍ သိမ်းဆည်းပါ။ ယင်းဟဒယဝတ္ထုကို မှီ၍ ဖြစ်နေသော အတိတ်ဘဝ၏ အိမ်ရှင် ဘဝင်မနောအကြည်ဓာတ်ကို တစ်ဖန် ထပ်၍ မိအောင် စိုက်ရှုပါ။ သိမ်းဆည်းပါ။ ထိုမှတစ်ဆင့် ဘဝင်မနောအကြည်ဓာတ်ကို အစွဲပြု၍ ဟဒယဝတ္ထုကို မှီတွယ်၍ ဖြစ်ပေါ်သွားခဲ့ကြသော နာမ်တရားစုတို့ကို ဆက်လက်၍ သိမ်းဆည်းပါ။ အောင်မြင်မှု ရခဲ့သော် အတိတ်ဘဝ၏ ပဋိသန္ဓေဘက်သို့ တာစူ၍ အတိတ်ဘဝ ရုပ်နာမ်တို့ကို ဖြစ်ခဲ့သည့်အတိုင်း တဖြည်းဖြည်း တစ်စတစ်စ တိုး၍ ရုပ်တရား နာမ်တရား, ရုပ်တရား နာမ်တရားဟု သိမ်းဆည်းပါ။ အတိတ်ဘဝ ကလလရေကြည်သို့တိုင်အောင် ရုပ်နာမ်တို့ကို ဆက်လက်၍ သိမ်းဆည်းပါ။
ဝိဇ္ဇာမျိုးစေ့ - စရဏမျိုးစေ့များကို သတိပြုကြည့်ပါ
ထိုသို့ သိမ်းဆည်းရာ၌ နိဗ္ဗာန်ကို ရည်ရွယ်တောင့်တ၍ ပြုစုပျိုးထောင်ခဲ့သည့် ဒါန သီလ သမထဘာဝနာ တည်းဟူသော စရဏမျိုးစေ့၊ နာမရူပပရိစ္ဆေဒဉာဏ်, ပစ္စယပရိဂ္ဂဟဉာဏ်, ဝိပဿနာဉာဏ်တည်းဟူသော ဝိဇ္ဇာမျိုးစေ့ကောင်းများကို ကြဲချ စိုက်ပျိုးခဲ့မှု ရှိမရှိကိုပါ သတိပြု၍ သိမ်းဆည်းပါ။ အကယ်၍ တွေ့ရှိခဲ့သော် ယင်းစရဏမျိုးစေ့ ဝိဇ္ဇာမျိုးစေ့ ကုသိုလ်တရားတို့က ယခုဘဝတွင် အသင်သူတော်ကောင်းကိုယ်တိုင် ကြိုးစား အားထုတ် ရှာဖွေနေသော သို့မဟုတ် ရှုပွားနေသော --- သိမ်းဆည်းနေသော ---
၁။ ရုပ်နာမ်ကို သိမ်းဆည်းနေသည့် နာမရူပပရိစ္ဆေဒဉာဏ်,
၂။ အကြောင်းတရားတို့ကို သိမ်းဆည်းနေသည့် ပစ္စယပရိဂ္ဂဟဉာဏ်,
၃။ အကယ်၍ ဝိပဿနာပိုင်းသို့ ရောက်ခဲ့လျှင် ယင်းဝိပဿနာဉာဏ်တို့အား
ဥပတ္ထမ္ဘကသတ္တိဖြင့် အားပေးထောက်ပံ့လျက် ကျေးဇူးပြုမှု ရှိမရှိကို သတိပြု၍ အကြောင်း အကျိုး စပ်ကြည့်ပါ။ ကျေးဇူးပြုမြဲဓမ္မတာသာ များသည်။
ဥပပီဠကကံ = ကပ်၍ ညှဉ်းဆဲတတ်သော ကံ
ဥပတ္ထမ္ဘကကံကိုသာမက ဥပပီဠကကံကိုလည်း တွေ့ရတတ်၏။ ယောဂီတစ်ဦး၏ လက်ရှိပစ္စုပ္ပန်ဘဝ၏ ပဋိသန္ဓေကို ဖြစ်စေတတ်သော ဇနကကံမှာ လျောင်းတော်မူတစ်ဆူအား ပန်း ရေချမ်း တံခွန်များ လှူဒါန်းသည့် ကုသိုလ်စေတနာကံ ဖြစ်၏။ ပထမအတိတ်က ထူထောင်ခဲ့သောကံ ဖြစ်၏။ ယင်းပထမအတိတ်တွင် ကလေးငယ်ဘဝ မီးလှုံရင်း အမှိုက်များကို မီးပုံထဲသို့ ထည့်လေရာ ခါချဉ်ကောင်များ အသက်ရှင်နေသေးသည့် ခါချဉ်ထုပ် တစ်ခုကိုပါ မီးပုံထဲသို့ ထည့်မိခဲ့၏။ ယင်းအကုသိုလ်ကံက ယခုဘဝတွင် ခေါင်းကိုက်တတ်သည့်ရောဂါနှင့် အသက်ရှူမဝသည့် ရင်ကျပ်ရောဂါကို ဖြစ်စေသော ဟူ၏။ လျောင်းတော်မူအား ပန်း ရေချမ်း တံခွန်များ လှူဒါန်းခဲ့သည့် ကံကြောင့် ဖြစ်ပေါ်လာသော အကျိုး ဝိပါက် ရုပ်နာမ်အစဉ်ကို ကပ်၍ ညှဉ်းပန်း နှိပ်စက်တတ်သော ဥပပီဠကကံပင်တည်း။
အသင်သူတော်ကောင်းသည်လည်း အတိတ်ရုပ်နာမ်တို့ကို သိမ်းဆည်းရာ၌ ကံအမျိုးမျိုးကိုလည်း တွေ့ရှိ နိုင်ပေသည်၊ ထိုအခါတွင် ယင်းကံတို့နှင့် ပစ္စုပ္ပန် အကျိုးဝိပါကဝဋ် အချို့တို့၏ ကြောင်း-ကျိုး ဆက်နွယ်မှု ရှိမရှိကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ ကြောင်း-ကျိုး ဆက်နွယ်မှု ရှိနေပါက ယင်းအကြောင်းတရား အကျိုးတရားတို့ကိုလည်း ဆက်လက်၍ သိမ်းဆည်းပါ။
အကယ်၍ ပထမအတိတ် ကလလရေကြည်သို့တိုင်အောင်သော, သို့မဟုတ် ပဋိသန္ဓေသို့တိုင်အောင်သော ရုပ်နာမ်တို့ကို သိမ်းဆည်းရာ၌ အောင်မြင်မှုရခဲ့သော် ကောင်း၏၊ အောင်မြင်မှု မရခဲ့သော် ဝိပဿနာ၏ အခြေ ပါဒကပြုထားသော ဥပစာရသမာဓိကို ဖြစ်စေ၊ အာနာပါန စတုတ္ထစျာန်ကဲ့သို့သော စတုတ္ထစျာန်သမာဓိကိုဖြစ်စေ မိမိရရှိထားသော သမာဓိကို တစ်ဖန်ပြန်၍ ထူထောင်ပါ။ သမာဓိ၏ အရှိန်အဝါ အားကောင်းလာသောအခါ ပရိသုဒ္ဓ ပရိယောဒါတဖြစ်၍ နီဝရဏအညစ်အကြေးများ ကင်းစင်သဖြင့် ယင်းသမာဓိနှင့် ယှဉ်သော ဉာဏ်ကြောင့် အရောင်အလင်းများသည် ပြိုးပြိုးပြက်ပြက် အရောင်တလက်လက် တောက်ပလာသောအခါ ရုပ်နာမ်တို့ကို ထပ်မံ၍ သိမ်းဆည်းပါ။
ပထမအတိတ်၏ ကလလရေကြည်အခိုက် သို့မဟုတ် ပဋိသန္ဓေအခိုက် တည်ရှိကြသော ရုပ်နာမ်သို့ တိုင်အောင် ရုပ်နာမ်တို့ကို သိမ်းဆည်းနိုင်ခဲ့သော် ထိုရုပ်နာမ်များသည် မည်သည့်အကြောင်းတရားများကြောင့် ဖြစ်ပေါ်လာကြရပါသနည်းဟု သိလိုသော စိတ်ထား စူးစမ်းရှာဖွေတတ်သော ဉာဏ်ပညာတရားဖြင့် ဒုတိယ အတိတ်ဘက်သို့ စိုက်ရှုကြည့်ပါ။ ထိုဒုတိယအတိတ် မရဏာသန္နအချိန်အခါကို တွေ့သော် ထိုအချိန်၌ တည်ရှိသော ရုပ်နာမ်တို့ကို ဆက်လက်၍ သိမ်းဆည်းပါ။ အောင်မြင်မှုမရခဲ့သော် ထိုဒုတိယအတိတ် သေခါနီးပုံ၌ ဓာတ်ကြီး (၄)ပါးကို စတင်၍ ရှုပါ။ ရုပ်ကလာပ်အမှုန်များကိုတွေ့သော် ရုပ်တရားတို့ကို ဆက်လက် သိမ်းဆည်းပါ။ ဟဒယဝတ္ထုကို ထပ်မံ၍ သိမ်းဆည်းပါ၊ တစ်ဖန် ထိုဟဒယဝတ္ထုရုပ်ကို မှီ၍ ဖြစ်နေသော အိမ်ရှင် ဘဝင်မနောအကြည်ဓာတ်ကို ဆက်လက်၍ သိမ်းဆည်းပါ။ ထိုအိမ်ရှင် ဘဝင်မနောအကြည်ဓာတ်ကို သိမ်းဆည်းနိုင်သော အခါ ထိုဘဝင်မနောအကြည်ဓာတ်ကိုပင် မရဏာသန္န ရှေးပိုင်းသို့လည်းကောင်း, သေခါနီး မရဏာသန္နပိုင်း သို့လည်းကောင်း ေ့ရှတိုး နောက်ဆုတ် ပြုလုပ်၍ အကြိမ်ကြိမ် ရှုကြည့်ပါ။ ထိုအခါ သေခါနီး မရဏာသန္နအခါ၌ ထိုဘဝင်မနောအကြည်ဓာတ်တို့၏ အကြား အကြား၌ ဖြစ်ပေါ်သွားကြသော နာမ်တရားတို့ကိုလည်းကောင်း, သေခါနီး မရဏာသန္နအခါ၌ ယင်းဘဝင်မနောအကြည် = မနောဒွါရ၌ ထင်လာသော ကံ ကမ္မနိမိတ် ဂတိနိမိတ် ဟူသော နိမိတ် (၃)မျိုးတို့တွင် တစ်မျိုးမျိုးသော အာရုံကိုလည်းကောင်း တွေ့ရှိနိုင်ပေသည်။
ယင်းနိမိတ်အာရုံကား အကျိုးပေးတော့မည့်ကံ၏ စွမ်းအားကြောင့် ထင်လာသော နိမိတ်ဖြစ်သဖြင့် အကျိုး ပေးတော့မည့် ကံကို ရှာဖွေရာ၌ အရေးအကြီးဆုံးသော အင်္ဂါရပ် အစိတ်အပိုင်းတစ်ခုကို တွေ့ရှိခြင်းပင် ဖြစ်သည်။
ယင်းနိမိတ်ကို ရှာဖွေတွေ့ရှိခဲ့သော် အဝိဇ္ဇာ-တဏှာ-ဥပါဒါန်-သင်္ခါရ-ကံတို့ကို ဆက်လက်၍ ရှာဖွေပါ။ ကောင်းမှုပြုစဉ် သို့မဟုတ် မကောင်းမှုပြုစဉ်က ဖြစ်ခဲ့သော နာမ်တရားတို့ကို ရှေးဦးစွာ သိမ်းဆည်းပါ။ ယင်းနာမ်တရားစုတို့တွင် အဝိဇ္ဇာ-တဏှာ-ဥပါဒါန်တို့ကို ရှေးဦးစွာ ရှာဖွေပါ။ တစ်ဖန် ယင်းအဝိဇ္ဇာ-တဏှာ-ဥပါဒါန်တို့ ခြံရံထားသည့် သင်္ခါရ-ကံတို့ကို ဆက်လက် ရှာဖွေပါ။ တွေ့ရှိခဲ့သော် ယင်းဒုတိယအတိတ်တွင် ပြုစုပျိုးထောင် ခဲ့သော အကြောင်းတရားများကြောင့် ပထမအတိတ် ပဋိသန္ဓေ ကလလရေကြည်အခိုက် တည်ရှိကြသော ပဋိသန္ဓေ ရုပ်တရား နာမ်တရားတို့သည် ဖြစ်ပေါ်လာကြသည်, သို့မဟုတ် ဖြစ်ပေါ်မလာကြသည်ကို ဉာဏ်ဖြင့် စူးစမ်း ရှာဖွေကြည့်ပါ။ အကြောင်း အကျိုး ဆက်စပ်မှု ရှိမရှိကို ဉာဏ်ဖြင့် စူးစမ်းကြည့်ပါ။ ယင်းအကြောင်းတရားများကြောင့်ပင် ပဋိသန္ဓေ ဝိပါက်ရုပ်နာမ်စသော အကျိုးတရားများ ထင်ရှားဖြစ်လာကြသည်ကို ဟုတ်တိုင်း မှန်စွာ ဉာဏ်ဖြင့် သိမြင်လာသောအခါ အကြောင်းတရားနှင့် အကျိုးတရားတို့ကို ဆက်စပ်လျက် အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းပါ။
ပစ္စုပ္ပန်၌ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းသည့် ပုံစံအတိုင်း (၆)လိုင်းလုံး ကုန်စင်အောင် စိတ္တက္ခဏတိုင်း၌ ခန္ဓာ (၅)ပါးဖွဲ့၍ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းပါလေ။ ထိုသို့ သိမ်းဆည်းရာ၌ အသင်သူတော်ကောင်းသည် ပထမအတိတ်ဘဝ၌ စျာန်များကို မရခဲ့ဖူးလျှင် ဓမ္မာရုံလိုင်းတွင် စျာန်တရားများ လျော့သွားမည် ဖြစ်၏။ စျာန်နှင့် ပတ်သက်သည့် အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းရန် မလိုပါ။ အလားတူပင် ပထမအတိတ်၌ ရုပ်နာမ်တို့ကို မသိမ်းဆည်းခဲ့ဖူးလျှင် (= ရုပ်နာမ်တို့ကို ပရမတ်သို့ ဆိုက်အောင် မရှုခဲ့ဖူးလျှင်)ယင်းပရမတ္ထရုပ်နာမ်တို့ကို အာရုံယူ၍ ဖြစ်ပေါ်လာကြသော ပရမတ္ထရုပ်နာမ်တို့ကို ထိုးထွင်း သိမြင်နေသော နာမ်တရားတို့ကိုလည်း သိမ်းဆည်းရန် မလိုတော့ပေ။ ပရမတ်ကို ထိုးထွင်း သိမြင်နေသော နာမ်တရားများသည် ပထမအတိတ်တွင် မဖြစ်ခဲ့ဖူးသောကြောင့် ဖြစ်၏။ ဥပမာ --- စက္ခုအကြည်ဓာတ်ကို ထိုးထွင်း သိမြင်နေသော ----
၁။ စက္ခုအကြည်ဓာတ်ဟု သိနေသော မနောဒွါရဝီထိနာမ်တရားများ၊
၂။ ယင်းစက္ခုအကြည်ဓာတ်ကို ရုပ်တရားဟု သိမြင်နေသော မနောဒွါရဝီထိနာမ်တရားများ၊
၃။ ယင်းစက္ခုအကြည်ဓာတ်ကို အနိစ္စဟု သိနေသော မနောဒွါရဝီထိနာမ်တရားများ၊
၄။ အလားတူပင် ဒုက္ခဟု သိနေသော မနောဒွါရဝီထိနာမ်တရားများ၊
၅။ အနတ္တဟု သိနေသော မနောဒွါရဝီထိနာမ်တရားများ၊
၆။ အသုဘဟု သိနေသော မနောဒွါရဝီထိနာမ်တရားများ၊
ဤသို့စသည့် ပရမတ်ကို အာရုံယူနေသည့် နာမ်တရားများကို ထည့်သွင်း၍ အကြောင်း အကျိုး သိမ်းဆည်းရန် မလိုပါ။ သို့သော် အကယ်၍ အသင်သူတော်ကောင်းသည် ရုပ်နာမ်တို့ကို ပရမတ်သို့ဆိုက်အောင် ရှုခဲ့ဖူးလျှင်ကား ထိုရုပ်တရားတို့ကို အာရုံပြု၍ ဖြစ်ပေါ်လာသော နာမ်တရားတို့ကိုလည်း သိမ်းဆည်းဖို့ လိုပေသည်။ ယင်းနာမ်တရားတို့၏ အကြောင်းတရားတို့ကိုလည်း သိမ်းဆည်းဖို့ လိုပေသည်။
အကယ်၍ ပထမအတိတ်ဝယ် ရုပ်နာမ်တို့ကို ပရမတ်သို့ ဆိုက်အောင် မသိမ်းဆည်းခဲ့ဖူးလျှင်ကား အကောင်းအုပ်စုဝယ် ---
၁။ ရူပါရုံလိုင်း၌ အရောင်မျှကိုသာ သိသော စက္ခုဒွါရဝီထိစိတ် မနောဒွါရဝီထိစိတ်,
၂။ သဒ္ဒါရုံလိုင်း၌ အသံမျှကိုသာ သိသော သောတဒွါရဝီထိစိတ် မနောဒွါရဝီထိစိတ်,
၃။ ဂန္ဓာရုံလိုင်း၌ အနံ့မျှကိုသာ သိသော ဃာနဒွါရဝီထိစိတ် မနောဒွါရဝီထိစိတ်,
၄။ ရသာရုံလိုင်း၌ အရသာမျှကိုသာ သိသော ဇိဝှါဒွါရဝီထိစိတ် မနောဒွါရဝီထိစိတ်,
၅။ ဖောဋ္ဌဗ္ဗာရုံလိုင်း၌ အတွေ့အထိမျှကိုသာ သိသော ကာယဒွါရဝီထိစိတ် မနောဒွါရဝီထိစိတ်,
၆။ ဓမ္မာရုံလိုင်း၌ ပညတ်ဓမ္မသဘောတို့ကို အာရုံပြုသော မနောဒွါရဝီထိစိတ်,
ဤကုသိုလ်ဇော စောသည့် ဝီထိစိတ်များကိုသာ သိမ်းဆည်းပါ။ ယင်းနာမ်တရားတို့၏ အကြောင်းတရားတို့ကိုသာ သိမ်းဆည်းပါ။ အလားတူပင် အရောင်အတုံးအခဲ အသံအတုံးအခဲ စသည်ကို အာရုံပြုကြသော အကုသိုလ်ဇောစောသည့် စက္ခုဒွါရဝီထိ မနောဒွါရဝီထိ, သောတဒွါရဝီထိ မနောဒွါရဝီထိစသည်တို့ကို လည်းကောင်း, ယင်းနာမ်တရားတို့၏ အကြောင်းတရားတို့ကိုလည်းကောင်း သိမ်းဆည်းပါ။ (၆)လိုင်းလုံး၌ သိမ်းဆည်းပါ။
အကယ်၍ ပထမအတိတ်ဘဝက စျာန်များကိုလည်း ရခဲ့ဖူးလျှင်, ရုပ်နာမ်တို့ကိုလည်း ပရမတ်သို့ ဆိုက်အောင် သိမ်းဆည်းခဲ့ဖူးလျှင် ပစ္စုပ္ပန်၌ အကြောင်းတရားတို့ကို သိမ်းဆည်းသည့် ပုံစံအတိုင်းပင် နည်းမှီး၍ သိမ်းဆည်းပါ။
ဤနည်းစနစ်ကို အခြေခံ၍ တတိယအတိတ် စတုတ္ထအတိတ်စသည့် အတိတ်အဆက်ဆက်သို့ ဉာဏ်ကို စေလွှတ်၍ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းပါ။ အနည်းဆုံး ပမာဏအားဖြင့် ဝိဇ္ဇာမျိုးစေ့ စရဏမျိုးစေ့များကို ကြဲချစိုက်ပျိုးခဲ့ရာ ဘဝအထိ အကြောင်းတရား အကျိုးတရားတို့ကို ဆက်စပ်လျက် သိမ်းဆည်းပါ။
တန်ဖိုးမဖြတ်နိုင်သော ဘဝသင်ခန်းစာများ
အတိတ်ဘဝအဆက်ဆက် ခပ်များများ၌ အကြောင်းတရား အကျိုးတရားတို့ကို များများ သိမ်းဆည်းနိုင်လေ တန်ဖိုးမဖြတ်နိုင်သော ဘဝသင်ခန်းစာများကိုလည်း ရရှိလေဖြစ်သည်။ အတိတ်ဘဝခရီးတစ်လျှောက်၌ အထက်တန်းကျသည့်ဘဝ, အောက်တန်းကျသည့်ဘဝ အတွေ့အကြုံများကို, တောင်ထိပ် တစ်နေရာမှ တောင်အောက် တစ်နေရာသို့ လှမ်းကြည့်၍ မြင်ရသကဲ့သို့, ဉာဏ်မျက်စိဖြင့် မြင်တွေ့နေရသောအခါ ထိုသူတော်ကောင်းသည်-
၁။ ဗြဟ္မာဘဝကိုလည်းကောင်း, ဗြဟ္မာ့ပြည်သို့ ရောက်ကြောင်းကံကိုလည်းကောင်း,
၂။ နတ်ဘဝကိုလည်းကောင်း, နတ်ပြည်သို့ ရောက်ကြောင်းကံကိုလည်းကောင်း,
၃။ လူ့ဘဝကိုလည်းကောင်း, လူ့ပြည်သို့ ရောက်ကြောင်းကံကိုလည်းကောင်း,
၄။ တိရစ္ဆာန်ဘဝကိုလည်းကောင်း, တိရစ္ဆာန်ဘဝသို့ ရောက်ကြောင်းကံကိုလည်းကောင်း,
၅။ ပြိတ္တာဘဝကိုလည်းကောင်း, ပြိတ္တာဘဝသို့ ရောက်ကြောင်းကံကိုလည်းကောင်း,
၆။ ငရဲဘဝကိုလည်းကောင်း, ငရဲဘဝသို့ ရောက်ကြောင်းကံကိုလည်းကောင်း,
ကွဲကွဲ ပြားပြား ကျကျနန ဂဃနဏ ထိထိမိမိ ဉာဏ်မျက်စိဖြင့် မြင်သိနေ၏။ ထိုအခါ ထိုသူတော်ကောင်း၏ သန္တာန်ဝယ် တန်ဖိုးမဖြတ်နိုင်သော ဘဝသင်ခန်းစာများကို များစွာ ရရှိနိုင်၏။
ဤမည်သော ကောင်းမှုကြောင့် ဤမည်သော ကောင်းကျိုးကို ရခဲ့၏။
ဤမည်သော မကောင်းမှုကြောင့် ဤမည်သော မကောင်းကျိုးကို ရခဲ့၏။
ဤကဲ့သို့သော အသိဉာဏ်များကား တန်ဖိုးမဖြတ်နိုင်သော ဘဝသင်ခန်းစာများပင် ဖြစ်ကြ၏။ သံသရာ ခရီးကို ရွံရှာစက်ဆုပ်သည့် စိတ်ဓာတ်များလည်း များစွာ ကိန်းဝပ်လာနိုင်၏။ သံဝေဂဉာဏ်များလည်း များစွာ ဖြစ်ပွားလာနိုင်၏။ ဘဝ၏ အထင်ကြီးစရာ မရှိပုံ မခိုင်မြဲပုံ အနှစ်သာရ မရှိပုံတို့ကိုလည်း ပိုမို၍ နက်ရှိုင်းစွာ သဘောပေါက်လာနိုင်၏။ သတ္တဝါတို့သည် ဘဝဟောင်းကို မေ့နေကြ၍ မိမိကိုယ်ကို မိမိ မာနကြီးတစ်ခွဲသားဖြင့် အထင်ကြီးနေကြခြင်း ဖြစ်၏။
ဤမည်သော မကောင်းမှုကြောင့် ဤမည်သော တိရစ္ဆာန်ဘဝ, ဤမည်သော ပြိတ္တာဘဝ, ဤမည်သော ငရဲဘဝသို့ ရောက်ရှိခဲ့ရ၏ဟု သိရှိလာသော အသိဉာဏ်ကား အလွန် တန်ဖိုးကြီးလှ၏၊ ထိုသို့ သိနေသော သူတော်ကောင်းသည် နောက်ထပ် ထိုကဲ့သို့သော မကောင်းမှုမျိုးကို ပြုဝံ့တော့မည်ကား မဟုတ်ပေ။ သံသရာ ခရီးကိုလည်း အလွန်ကြောက်ရွံ့၍ နေပေလိမ့်မည်။ ဤသည်မှာလည်း တန်ဖိုးမဖြတ်နိုင်သော သင်ခန်းစာ တစ်ရပ်ပင် ဖြစ်ပေသည်။
နက်လည်း နက်၏ - ခက်လည်း ခက်
အတိတ်ဘဝ အဆက်ဆက်၌ အကြောင်းတရားများကို ရှာဖွေရာ၌ ရံခါ နိမိတ်များသည် အရောရော အနှောနှော ထင်လာတတ်၏။ ထိုအခါ၌ အကျိုးပေးသော ကံကို ရှာဖွေရာတွင် သဘောပေါက်ရန် ရှေးဦးစွာ အောက်ပါစည်းမျဉ်း ဥပဒေသကို မှတ်သားထားပါ။
အထက်တွင် အကြိမ်ကြိမ် ရှင်းပြခဲ့သည့်အတိုင်း တစ်ခုသောဘဝ၌ ပဋိသန္ဓေ-ဘဝင်-စုတိ ဤသုံးမျိုးတို့၏ အာရုံသည် တူမြဲဖြစ်၏။ ထိုသုံးမျိုးတို့၏ အာရုံမှာလည်း ပဋိသန္ဓေမတိုင်မီ လွန်ခဲ့သည့် အတိတ်ဘဝက မရဏာသန္နဇောသည် ယူခဲ့သော အာရုံသာ ဖြစ်ပေသည်။ ထိုမရဏာသန္နဇောက ကံအာရုံကို ယူခဲ့လျှင် ပဋိသန္ဓေ-ဘဝင်-စုတိတို့သည်လည်း ယင်းကံအာရုံကိုပင် ယူကြ၏။ အကယ်၍ မရဏာသန္နဇောက ကမ္မနိမိတ် အာရုံကို ယူခဲ့လျှင် ပဋိသန္ဓေ-ဘဝင်-စုတိတို့ကလည်း ယင်းကမ္မနိမိတ်အာရုံကိုပင် ယူကြ၏။ အကယ်၍ မရဏာသန္နဇောက ဂတိနိမိတ်အာရုံကို ယူခဲ့လျှင် ပဋိသန္ဓေ-ဘဝင်-စုတိတို့ကလည်း ယင်းဂတိနိမိတ်အာရုံကိုပင် ဆက်လက်၍ အာရုံယူကြသည်။ ဤစကားကို တစ်နည်းဆိုရသော် ဤသို့ ဖြစ်၏။ ---
၁။ အတိတ်ဘဝ မရဏာသန္နဇော၏ အာရုံ,
၂။ ပစ္စုပ္ပန်ဘဝ ပဋိသန္ဓေ၏ အာရုံ,
၃။ ပစ္စုပ္ပန်ဘဝ ဘဝင်၏ အာရုံ,
၄။ ပစ္စုပ္ပန်ဘဝ စုတိ၏ အာရုံ,
ဤ (၄)မျိုးသည် အာရုံချင်း တူညီ၏၊ တစ်ခုတည်းသာ ဖြစ်၏။ အလားတူပင် ---
၁။ ဒုတိယအတိတ်ဘဝ မရဏာသန္နဇော၏ အာရုံ,
၂။ ပထမအတိတ်ဘဝ ပဋိသန္ဓေ၏ အာရုံ,
၃။ ပထမအတိတ်ဘဝ ဘဝင်၏ အာရုံ,
၄။ ပထမအတိတ်ဘဝ စုတိ၏ အာရုံ,
ဤ (၄)မျိုးသည်လည်း အာရုံချင်း တူညီ၏၊ အာရုံ တစ်မျိုးတည်းသာ ဖြစ်၏။ အတိတ်ဘဝ အဆက်ဆက်၌ လည်းကောင်း အနာဂတ်ဘဝ အဆက်ဆက်၌လည်းကောင်း နည်းတူသဘောပေါက်ပါ။
ဤအပိုင်းတွင် သဘောပေါက်လွယ်စေရန် ပုံစံတစ်ခုကို တင်ပြအပ်ပါသည်။ ယောဂီတစ်ဦးသည် ပဋိသန္ဓေ ကလလရေကြည်သို့တိုင်အောင် ရုပ်နာမ်တို့ကို သိမ်းဆည်းပြီးနောက် အတိတ်အကြောင်းတရားများကို ရှာဖွေလိုက်သောအခါ ---
၁။ တောက်ပနေသော ဆီမီးတိုင် ကမ္မနိမိတ်အာရုံ တစ်ခု,
၂။ သံဃာတော်များအား ထီးနှင့် သင်္ကန်းလှူနေသည့် ကံအာရုံ တစ်ခု,
ဤအာရုံနှစ်ခုကို အတိတ်ဘဝ မရဏာသန္နအခါ၌ မနောဒွါရတွင် ထင်နေသည်ကို တွေ့ရှိရ၏။ မရဏာသန္နအခါဟု ဆိုသော်လည်း မရဏာသန္နဇောအခိုက်ကို မဆိုလိုသေးပါ။ မရဏာသန္နဇော၏ ဝန်းကျင်တွင် ယင်းအာရုံနှစ်မျိုးကို တစ်လှည့်စီ တွေ့နေခြင်းကိုသာ ဆိုလိုသည်။
ထပ်မံ၍ ဉာဏ်ဖြင့် စူးစမ်းရှာဖွေလိုက်သောအခါ ယခုလက်ရှိ ပစ္စုပ္ပန်ဘဝ၏ ပဋိသန္ဓေစသည့် အချို့သော ဝိပါကဝဋ် ရုပ်နာမ်တို့ကို ဖြစ်စေတတ်သော ဇနကကံမှာ ထီးနှင့် သင်္ကန်းလှူသော ကံပင် ဖြစ်၏။ တစ်ဖန် ပထမ အတိတ်ဘဝ၏ ပဋိသန္ဓေသို့တိုင်အောင်သော ရုပ်နာမ်တို့ကို သိမ်းဆည်းပြီးနောက် ယင်းပဋိသန္ဓေ ရုပ်နာမ်တို့၏ အကြောင်းတရားများကို စူးစမ်းရှာဖွေလျက် ဒုတိယ အတိတ်ဘဝ၏ သေခါနီး မရဏာသန္နအခါသို့ စိုက်ရှုလိုက်သောအခါ ယင်းဆီမီးတိုင် ကမ္မနိမိတ်အာရုံသည် တစ်ဖန်ပြန်၍ ပေါ်လာ၏။ ယင်းဆီမီးတိုင် ကမ္မနိမိတ်အာရုံ၏ မြစ်ဖျားခံရာ ကံကို ဆက်လက်၍ စူးစမ်းရှာဖွေသောအခါ ---
၁။ စေတီတော်တစ်ဆူတွင် ပူဇော်ထားသော ဆီမီးဖြစ်ကြောင်းကိုလည်းကောင်း,
၂။ စေတီတော်အား ဆီမီးလှူသည့် ကံကိုလည်းကောင်း တွေ့ရှိရပေသည်။ ဤတွင် ---
၁။ ဒုတိယအတိတ် မရဏာသန္နဇော၏ အာရုံမှာ ဆီမီးတိုင် ကမ္မနိမိတ်အာရုံ ဖြစ်သည်။
၂။ ပထမအတိတ် ပဋိသန္ဓေ၏ အာရုံမှာ ယင်းဆီမီးတိုင် ကမ္မနိမိတ်အာရုံပင် ဖြစ်သည်။
၃။ ပထမအတိတ် ဘဝင်၏ အာရုံမှာလည်း ယင်းဆီမီးတိုင် ကမ္မနိမိတ်အာရုံပင် ဖြစ်သည်။
၄။ ပထမအတိတ် မရဏာသန္နဇော၏ အာရုံမှာ သံဃာတော်များအား ထီးသင်္ကန်းလှူသည့် ကံအာရုံ ဖြစ်သည်။
၅။ ပထမအတိတ် စုတိ၏ အာရုံမှာ ယင်းဆီမီးတိုင် ကမ္မနိမိတ်အာရုံပင် ဖြစ်သည်။
၆။ တစ်ဖန် ပစ္စုပ္ပန်ဘဝ၏ ပဋိသန္ဓေ၏ အာရုံ -
၇။ ဘဝင်၏ အာရုံ -
၈။ စုတိ၏ အာရုံ --- ဤအာရုံတို့မှာ သံဃာတော်တို့အား ထီးသင်္ကန်းလှူသည့် ကံအာရုံပင် ဖြစ်သည်။
ထိုယောဂီကား ပထမအတိတ်ဘဝတွင် မရဏာသန္နဇောနှင့် စုတိ၏ အကြားတွင် ဘဝင်အကျများခဲ့သော ယောဂီတစ်ဦးဖြစ်၏။ ထိုကြောင့် အတိတ်ဘဝ သေခါနီးကာလသို့ လှမ်းရှုလိုက်သောအခါ ---
၁။ ထိုပထမအတိတ်ဘဝ ဘဝင် စုတိတို့၏ အာရုံဖြစ်သော ဆီမီးတိုင် ကမ္မနိမိတ်အာရုံကိုလည်းကောင်း,
၂။ ပထမအတိတ်ဘဝ မရဏာသန္နဇော၏ အာရုံဖြစ်သော သံဃာတော်တို့အား ထီးနှင့် သင်္ကန်း လှူဒါန်း ပူဇော်သည့် ကံအာရုံကိုလည်းကောင်း, တွေ့ရှိခြင်းပင် ဖြစ်၏။
အဝိဇ္ဇာ - တဏှာ - ဥပါဒါန်
၁။ တစ်ဖန် ဒုတိယအတိတ်ဘဝ စေတီတော်အား ဆီမီးလှူဒါန်းခဲ့စဉ်က --- တရားထူးတရားမြတ် ရနိုင်သည့် အမျိုးကောင်းသမီးဖြစ်ရန် ဆုတောင်းပန်ထွာလျက် လှူဒါန်းပူဇော်ခဲ့၏။ ဆီမီးလှူဒါန်းပူဇော်ခြင်း ကုသိုလ် သင်္ခါရကို ပြုစုပျိုးထောင်ခဲ့၏။
၂။ ပထမအတိတ်၌ မဏ္ဍပ်တစ်ခု၏ အတွင်းဝယ် သံဃာတော်များအား ထီးနှင့် သင်္ကန်းများကို လှူဒါန်း ခဲ့စဉ်ကမူ အနီးအနားတွင် တည်ရှိနေသော ဣန္ဒြေသိက္ခာနှင့် ပြည့်စုံသည့် သီလရှင်တစ်ပါးအား အားကျလျက် ဣန္ဒြေသိက္ခာနှင့် ပြည့်စုံသော အမျိုးကောင်းသမီးဘဝကို လိုလားတောင့်တလျက် ဆုတောင်းပန်ထွာလျက် သံဃာတော်များအား ထီးနှင့်သင်္ကန်း လှူဒါန်းခြင်း ကုသိုလ်သင်္ခါရကို ပြုစုပျိုးထောင်ခဲ့၏။
ထိုတွင် တရားထူးတရားမြတ်ရနိုင်သည့် အမျိုးကောင်းသမီးဘဝကို တွယ်တာတပ်မက်သည့် အဝိဇ္ဇာ-တဏှာ-ဥပါဒါန်တို့ ခြံရံထားသည့် စေတီတော်အား ဆီမီးလှူဒါန်းပူဇော်ခဲ့သည့်ကံက ပထမအတိတ်ဘဝတွင် ပဋိသန္ဓေစသော ဝိပါကဝဋ်တရားအချို့တို့ကို ဖြစ်စေ၍ ---
ဣန္ဒြေသိက္ခာနှင့် ပြည့်စုံသည့် အမျိုးကောင်းသမီးဘဝကို တွယ်တာတပ်မက်သည့် အဝိဇ္ဇာ-တဏှာ- ဥပါဒါန်တို့ ခြံရံထားသော သံဃာတော်တို့အား ထီးနှင့် သင်္ကန်း လှူဒါန်းပူဇော်သည့် ကုသိုလ်ကံက ဤပစ္စုပ္ပန် ဘဝ၏ ပဋိသန္ဓေစသော အချို့သော ဝိပါကဝဋ်တရားတို့ကို ဖြစ်စေသည်ကို ကိုယ်တိုင် ဉာဏ်ဖြင့် ထိုးထွင်း သိသွား၏။
ဥပတ္ထမ္ဘကကံ
ဤတွင် အလွန်စိတ်ဝင်စားဖွယ် အချက်တစ်ရပ်ကား ဥပတ္ထမ္ဘကကံပင် ဖြစ်၏။ ဒုတိယအတိတ်ဘဝတွင် တရားထူးတရားမြတ်ရနိုင်သည့် အမျိုးကောင်းသမီးဘဝကို လိုလားတောင့်တလျက် ပြုစုပျိုးထောင်ခဲ့သော စေတီတော်အား ဆီမီးလှူဒါန်းသည့် ကုသိုလ် သင်္ခါရကံသည် ပထမအတိတ်ဘဝတွင် ပဋိသန္ဓေစသော အချို့သော ဝိပါကဝဋ်တရားတို့ကို ဖြစ်စေပြီးနောက် ဤပစ္စုပ္ပန်ဘဝတွင်လည်း ယင်းကံက ဝိပဿနာဉာဏ်များကို အားကောင်းအောင် အထောက်အကူပြုပေးနေသည့် ဥပတ္ထမ္ဘကကံလည်း ဖြစ်နေခြင်းပင်တည်း။
အတိတ် အနာဂတ် ပစ္စုပ္ပန်ဟူသော ကာလသုံးပါးအတွင်း၌ တည်ရှိကြသော ရုပ်တရား နာမ်တရား အကြောင်းတရား အကျိုးတရားတို့ကို လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်နည်းအားဖြင့် နေရာတကျ သိမ်းဆည်း ပြီးသောအခါ ထိုယောဂီပုဂ္ဂိုလ်သည် ဝိပဿနာပိုင်းသို့ ကူးသွား၏။ ဝိပဿနာပိုင်းသို့ ရောက်ရှိ၍ ဝိပဿနာဉာဏ်များသည် အားကောင်းလာသောအခါ ဥပတ္ထမ္ဘကကံနှင့် ဆက်စပ်၍ ထိုယောဂီပုဂ္ဂိုလ်၏ လျှောက်ထားချက်မှာ အောက်ပါအတိုင်း ဖြစ်၏ ---
အတိတ် အနာဂတ် ပစ္စုပ္ပန်ဟူသော ကာလသုံးပါးအတွင်း၌ တည်ရှိသော -
၁။ ရုပ်တရား
၂။ နာမ်တရား
၃။ အကြောင်းတရား
၄။ အကျိုးတရားတို့ကို ---
ရုပ်တစ်လှည့်, နာမ်တစ်လှည့်, အကြောင်းတစ်လှည့် အကျိုးတစ်လှည့်, အဇ္ဈတ္တတစ်လှည့်, ဗဟိဒ္ဓတစ်လှည့်, လှည့်လည်၍ လက္ခဏာရေးသုံးတန်တွင်လည်း အနိစ္စတစ်လှည့်, ဒုက္ခတစ်လှည့်, အနတ္တတစ်လှည့် တစ်လှည့်စီ တင်၍ ဝိပဿနာရှုနေသည့်အခါ ဝိပဿနာရှုလို့ အရှိန်အားကောင်းလာလျှင် ဒုတိယအတိတ်ဘဝက ပြုစုပျိုးထောင်ခဲ့သည့် ဆီမီးတိုင် ကမ္မနိမိတ်အာရုံသည် လက်ရှိဘဝ ဘဝင်မနောအကြည်ဓာတ်တွင် လာ၍ ထင်နေတတ် ၏။ တစ်ဖန် ထိုဆီမီးတိုင်နိမိတ်ဘက်သို့ အာရုံစိုက်၍ ရှုလိုက်သောအခါ ထိုဆီမီးလှူခဲ့သည့် ကုသိုလ်စေတနာ သင်္ခါရအုပ်စု၏ ကမ္မသတ္တိက လက်ရှိ ဝိပဿနာဉာဏ်အား အရှိန်အဝါ စွမ်းအင်များ ပို၍ ပို၍ အားကောင်းအောင် အားပေးထောက်ပံ့နေသည်ကို တွေ့ရ၏။ ယင်းဆီမီးလှူခဲ့သည့် ကံက ဝင်၍ ဝိပဿနာဉာဏ်အား အားပေး ထောက်ပံ့လိုက်သောအခါ ဝိပဿနာရှုရသည်မှာ ပိုမို၍ ကောင်းမွန်သွက်လက်လာ၏၊ ဝိပဿနာဉာဏ်မှာ ပို၍ ပို၍ စူးရှထက်မြက်လာ၏၊ ဝိပဿနာဉာဏ်ကြောင့် ဖြစ်ပေါ်လာသော လင်းရောင်ခြည်စွမ်းအင်မှာ ပို၍ ပို၍ တောက်ပလာတတ်၏။ ထိုအခါမျိုးတွင် အတိတ် အနာဂတ် ပစ္စုပ္ပန်ဟူသော ကာလသုံးပါး, အဇ္ဈတ္တ ဗဟိဒ္ဓဟူသော သန္တာန်နှစ်ပါးအတွင်း၌ တည်ရှိကြသော ရုပ်နာမ်ဓမ္မ သင်္ခါရတရားတို့၏ အနိစ္စအချက် ဒုက္ခအချက် အနတ္တ အချက်တို့မှာ ပို၍ ပို၍ပင် အသိဉာဏ်၌ သန့်ရှင်းသည်ထက် သန့်ရှင်းလာသည်ကို တွေ့ရ၏။ အကယ်၍ အကြောင်းတရားနှင့် အကျိုးတရားတို့၏ ကြောင်း-ကျိုး ဆက်နွယ်မှုသဘောကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အကြောင်းတရား အကျိုးတရားတို့ကို ဝိပဿနာရှုလျှင်လည်း နည်းတူပင် အသိဉာဏ်မှာ သန့်ရှင်းသည်ထက် သန့်ရှင်း၍ လင်းသထက် လင်းလာသည်ကို တွေ့ရ၏။
ဤကား ထိုယောဂီ၏ လျှောက်ထားချက်များပင် ဖြစ်၏။
သတိ သံသာရပ္ပဝတ္တိယာ အဟောသိကမ္မံ နာမ န ဟောတိ။ (ဝိသုဒ္ဓိ၊၂၊၂၃၆။)
သံသရာဝယ် ဆက်လက်ဖြစ်ရခြင်း သဘောတရားသည် ထင်ရှားရှိနေခဲ့ပါမူ ဘဝထိုထိုက ပြုစုပျိုးထောင်ခဲ့ သော အပရာပရိယဝေဒနီယ အမည်ရသော ကံတို့သည် အဟောသိကံ ဖြစ်သွားသည်ဟူ၍ မရှိစကောင်းပေ။ (ဝိသုဒ္ဓိ၊၂၊၂၃၆။)
ဤကဲ့သို့သော ဗုဒ္ဓအဘိဓမ္မာ၏ ကမ္မသတ္တိ စည်းမျဉ်းဥပဒေသကို မှန်ကန်တိကျကြောင်းကို ထောက်ခံလျက် ရှိသော သာဓကတစ်ခုပင် ဖြစ်၏။
ယင်းဆီမီးလှူခဲ့သည့် ကံသည် ပထမအတိတ်တွင် အကျိုးပေးပြီးဖြစ်၍ ယခု ပစ္စုပ္ပန်ဘဝအထိ အဘယ်ကြောင့်လိုက်၍ အကျိုးပေးနေရသနည်းဟု စောကြောနေဖွယ်ကား မလိုပေ။
၁။ ဆီမီးမလှူမီ ေ့ရှပိုင်း၌လည်းကောင်း,
၂။ ဆီမီးလှူနေစဉ်၌လည်းကောင်း,
၃။ ဆီမီးလှူပြီး နောက်ပိုင်း၌လည်းကောင်း,
မဟာကုသိုလ် မနောဒွါရိက ဇောဝီထိပေါင်း မရေမတွက်နိုင်အောင် များစွာ စောခဲ့၏။ ကမ္မသတ္တိများလည်း များစွာပင် ရှိခဲ့၏။ ယင်းကံတို့တွင် အလယ်ဇော (၅)တန်တို့၏ စွမ်းအင်သတ္တိများလည်း များစွာပင် ပါဝင်လျက် ရှိ၏။ မဟာကုသိုလ် မနောဒွါရိကဇောဝီထိတိုင်း၌ အလယ်ဇောငါးတန်တို့ကား ပါဝင်လျက်ပင် ရှိကြ၏။ သတ္တမဇော စေတနာတို့က ပထမအတိတ်တွင် အကျိုးပေးခဲ့ပြီး ဖြစ်သော်လည်း ယင်းအလယ်ဇော (၅)တန်တို့၏ စွမ်းအင်သတ္တိများက ယခု ပစ္စုပ္ပန်ဘဝတွင် ဥပတ္ထမ္ဘကကံအဖြစ် အကျိုးပေးဖို့ရန် အခါအခွင့် သင့်လာကြ၏၊ အပရာပရိယဝေဒနီယ အမည်ရသော ကံများပင် ဖြစ်ကြ၏။
အားရကျေနပ်ဖွယ် အချက်တစ်ရပ်
တရားထူးတရားမြတ်ကို ရရှိရန်ဟူသော ဦးတည်ချက်ဖြင့် တစ်နည်းဆိုသော် မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်ကို ရရှိရန်ဟူသော ရည်ရွယ်တောင့်တချက်ဖြင့် ပြုစုပျိုးထောင်ခဲ့သော ကံများသည် ယခုကဲ့သို့ မဂ် ဖိုလ် နိဗ္ဗာန်ကို ရရာရကြောင်း ရောက်ရာရောက်ကြောင်း ဖြစ်သည့် သမထဝိပဿနာ ဘာဝနာလုပ်ငန်းရပ်တို့ကို ကျင့်ကြံ ကြိုးကုတ် ပွားများ အားထုတ်ရာ၌ ကြောင့်ကြမဲ့ လက်ပိုက်ကြည့်မနေကြဘဲ အခါအခွင့်သင့်တိုင်း ဝင်ရောက်၍ အားပေး ထောက်ပံ့တတ်သည်ဟူသော အချက်မှာ အလွန် အားရကျေနပ်ဖွယ်ကောင်းသော အချက်တစ်ရပ်ပင် ဖြစ်ပေသည်။ ထိုကြောင့် သံသရာဝဋ်ဆင်းရဲဒုက္ခမှ ကျွတ်လိုလွတ်လိုသည့် သူတော်ကောင်း သူမြတ်လောင်း မှန်သမျှသည် မည်သည့် ကောင်းမှုကုသိုလ်မျိုးကိုမဆို ပြုလုပ်တိုင်း ပြုလုပ်တိုင်း နိဗ္ဗာန်ကို စွဲစွဲမြဲမြဲ ဆုတောင်းသင့် လှပေသည်။ စွဲမြဲသည့် ဦးတည်ချက် တစ်ခုကား ရှိသင့်လှပေသည်။
သံသရာကွေ့များ၌ လောကဓံလေလှိုင်းများ
ယင်းသို့ အတိတ်အဆက်ဆက်သို့ ဉာဏ်ကို စေလွှတ်၍ ရုပ်-နာမ်-ကြောင်း-ကျိုး (= သင်္ခါရတရား)တို့ကို သိမ်းဆည်းရာ၌ ရံခါကုသိုလ်ကံများက ပဋိသန္ဓေစသော အကျိုးကိုပေး၍, ရံခါ ကုသိုလ်ကံတစ်ခုက အခြား ကုသိုလ်ကံ တစ်ခုကို အားပေးထောက်ပံ့တတ်သည်ကို တွေ့ရတတ်သော်လည်း, ရံခါ အကုသိုလ်ကံများက ကုသိုလ်၏ အကျိုးကို ပယ်သတ်ကာ မကောင်းကျိုးများကို ပေးတတ်သည်ကိုလည်း တွေ့ရတတ်ပါသည်။ ကုသိုလ်ကံက အကျိုးပေးခွင့်သာ၍ လူ့ဘဝကို ရရှိခိုက် ကုသိုလ်တရားတို့၌ မေ့လျော့ကာ ဒုစရိုက်များနှင့် ပျော်ခဲ့မှု, လောဘ, ဒေါသ, မောဟ, မာန်မာန, ဣဿာ, မစ္ဆရိယစသော အကုသိုလ် တရားဆိုးများကို အဖော်ပြုခဲ့မှုကြောင့် တိရစ္ဆာန်ဘဝ ပြိတ္တာဘဝစသည့် ထိုထိုဒုဂ္ဂတိဘဝတို့၌ မြုပ်ခဲ့ မျောခဲ့ရသည်တို့ကိုလည်း တွေ့နိုင်ပေသည်။
ယောဂါဝစရပုဂ္ဂိုလ်တစ်ဦးသည် ဝိပဿနာဉာဏ်များ အတော်အသင့် ရင့်ကျက်လာသောအခါ အတိတ် သံသရာ အဆက်ဆက်၌ ကြောင်း-ကျိုးဆက် ပဋိစ္စသမုပ္ပါဒ်သဘောတရားတို့ကို ခပ်များများ ရှုကြည့်၏။ လူဘဝ, နတ်ဘဝ, ဗြဟ္မာဘဝ, ယောက်ျားဘဝ, မိန်းမဘဝ, တိရစ္ဆာန်ဘဝ, ပြိတ္တာဘဝ, ငရဲဘဝစသည့် ဘဝပေါင်းများစွာကို လည်းကောင်း, ထိုထိုဘဝသို့ ရောက်ကြောင်းကံတို့ကိုလည်းကောင်း သိမ်းဆည်းနိုင်ခဲ့၏၊ ဝိပဿနာရှုနိုင်ခဲ့၏။ နိဗ္ဗိန္ဒဉာဏ်များလည်း ဖြစ်ခဲ့၏။
ထိုတွင် ဘဝတစ်ခုတွင် ဒီးဒုတ်ဖြစ်ခဲ့၏။ ထိုဒီးဒုတ်ဘဝတွင် ဇီးကွက်ငယ် တစ်ကောင်ကို ရေအိုင်ငယ် တစ်ခုတွင် အကြောင်းမဲ့သက်သက် စိတ်ရှည်လက်ရှည် နှုတ်သီးဖြင့် ပေါက်သတ်ခဲ့၏။ အပုညာဘိသင်္ခါရ အမည်ရသော ဒေါသပြဓာန်းသည့် ထိုမကောင်းမှု အကုသိုလ်ကံကြောင့် ငရဲဘဝ, ပြိတ္တာဘဝ, တိရစ္ဆာန်ဘဝ စသည့် ထိုထိုဒုဂ္ဂတိဘဝ၌ နှစ်ပေါင်းများစွာ ဆင်းရဲဒုက္ခခံခဲ့ရ၏။ -- ထိုယောဂီအတွက်ကား တန်ဖိုးမဖြတ်နိုင်သော ဘဝသင်ခန်းစာပင် ဖြစ်၏။
အသိမှားမှု အဝိဇ္ဇာကို အခြေခံ၍ ဖြစ်ပေါ်လာကြကုန်သော အပုညာဘိသင်္ခါရ အမည်ရသော အကုသိုလ် သင်္ခါရကံတို့ကြောင့် ဝိပါကဝဋ် အမည်ရသော ဒုဂ္ဂတိပဋိသန္ဓေစသော အကျိုးတရားများဖြစ်ပုံတည်း။
၁။ ယောက်ျား မိန်းမ ပုဂ္ဂိုလ် သတ္တဝါစသည်ဖြင့် အသိမှားမှု ဇီးကွက်ငယ်ဟု အသိမှားမှု သဘောကား အဝိဇ္ဇာတည်း။
၂။ ယင်းအဝိဇ္ဇာကို အခြေခံ၍ ကာယဒုစရိုက်မှု ဝစီဒုစရိုက်မှု မနောဒုစရိုက်မှုတို့၌ နှစ်ခြိုက်မှု မွေ့လျော်မှု တွယ်တာမှုသဘောကား တဏှာတည်း။ ဥပမာ တောမလိုက်ရ မနေနိုင်မှု, အတင်းအဖျင်း မပြောရ မနေနိုင်မှု, အတင်းအဖျင်းပြောမှုတို့၌ မွေ့လျော်မှု ပျော်ပိုက်မှုမျိုးတည်း။ အထက်တွင် ပုံစံထုတ်ပြထားသည့်အတိုင်း ဇီးကွက်ငယ်ကို မသတ်ဘဲ မနေနိုင်မှုမျိုးတည်း။
၃။ ယင်းဒုစရိုက်မှုတို့၌ စိတ်ကပ်ရောက်စွဲနေမှုကား ဥပါဒါန်တည်း။
၄။ ကာယဒုစရိုက် ဝစီဒုစရိုက် မနောဒုစရိုက်တို့ကို လွန်ကျူးခြင်းကား အပုညာဘိသင်္ခါရ အမည်ရသော အကုသိုလ် စေတနာအုပ်စု သင်္ခါရတရားတို့ကို ပြုစုပျိုးထောင်ခြင်းတည်း။ ဇီးကွက်ငယ်အား နှုတ်သီးဖြင့် ပေါက်သတ်သည့် ပါဏာတိပါတ ကာယဒုစရိုက် အကုသိုလ်စေတနာမျိုးတည်း။
၅။ ယင်းအကုသိုလ်စေတနာ သင်္ခါရအုပ်စု၏ ချုပ်ပျက်သွားသည့်အခါ ရုပ်နာမ်အစဉ်တွင် မြှုပ်နှံထားခဲ့သည့် မကောင်းကျိုးကိုပေးမည့် စွမ်းအင်သတ္တိကား ကံတည်း။
[မှတ်ချက် --- အပါယ်ဒုဂ္ဂတိဘဝကို မတွယ်တာသော်လည်း အပါယ်ရောက်ကြောင်း ဒုစရိုက်တရားတို့ကို လည်းကောင်း, အကုသိုလ်တရားတို့ကိုလည်းကောင်း မလွန်ကျူးရလျှင် မနေနိုင်အောင် တွယ်တာနေလျှင်လည်း တဏှာ ဥပါဒါန်တို့ အမည်ရသည်သာဟု မှတ်ပါ။]
ဤသို့လျှင် အဝိဇ္ဇာ-တဏှာ-ဥပါဒါန်တို့ကိုလည်းကောင်း, အပုညာဘိသင်္ခါရ အမည်ရသော အကုသိုလ် သင်္ခါရ-ကံတို့ကိုလည်းကောင်း, ယင်းအကုသိုလ်ကံကြောင့် ဖြစ်ပေါ်လာရသည့် အကုသလဝိပါက် အကျိုးတရားစုတို့ကိုလည်းကောင်း ဉာဏ်ဖြင့်မြင်အောင်ကြည့်၍ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းပါ။
ဒေါသကြောင့်သာ အပါယ်ဒုဂ္ဂတိသို့ ရောက်ရှိရသည် မဟုတ်သေး၊ လောဘကြောင့်လည်း အပါယ် ဒုဂ္ဂတိသို့ ရောက်ရှိနိုင်သည်သာ ဖြစ်၏။ ယောဂီတစ်ဦးကား ဒုတိယအတိတ်ဘဝ၏ သေခါနီး မရဏာသန္နအခါသို့ စိုက်၍ ရှုလိုက်သောအခါ ယင်းသေခါနီးကာလ ဘဝင်မနောဒွါရတွင် မိမိအမွေရရှိထားသော ရွှေထည်ပစ္စည်း အစုအပုံကြီး ထင်နေ၏။ ယင်းရွှေထည်ပစ္စည်း အစုအပုံကို မစွန့်လွှတ်နိုင်သော သဘောမျိုးဖြင့် တွယ်တာ တပ်မက်မှု မရှိသော်လည်း ယင်းရွှေထည်ပစ္စည်း အစုအပုံကို သာယာတပ်မက်နေသည့် လောဘဇောကား စောနေ၏။ ယင်းလောဘဇောက မရဏာသန္နဇော၏ နေရာကို ယူသွား၏။ ပြိတ္တာဘဝသို့ ရောက်ရှိသွား၏။ ဓနလောဘကြောင့် တောဒေယျ ပုဏ္ဏားကြီးသည် ခွေးဘဝသို့ ရောက်ရှိသွားရသကဲ့သို့ ဤယောဂီသည်လည်း ဓနလောဘကြောင့်ပင်လျှင် ပြိတ္တာဘဝသို့ ရောက်ရှိသွားခဲ့ရ၏။ အလားတူပင် ဣဿာ, မစ္ဆရိယ, မာန်မာနစသော အကုသိုလ် တရားဆိုးတို့ကြောင့်လည်း အပါယ်သို့ ရောက်ရှိနိုင်သည်သာ ဖြစ်ပေသည်။
သဗ္ဗပါပဿ အကရဏံ၊ ကုသလဿုပသမ္ပဒါ။
သစိတ္တပရိယောဒပနံ၊ ဧတံ ဗုဒ္ဓါနသာသနံ။
၁။ အကုသိုလ် မကောင်းမှု မှန်သမျှကို မပြုလုပ်ရာ။
၂။ ကုသိုလ်တရားမှန်သမျှကို ပြည့်စုံစေရာ၏။
၃။ မိမိတို့၏ စိတ်ကို အရဟတ္တဖိုလ်ရေစင်ဖြင့် စင်ကြယ်အောင် ဆေးကြောသုတ်သင်ရာ၏။ ---
ဤသည်ကား ဂင်္ဂါဝါလု သဲစုမျှမက ပွင့်တော်မူကြပြီးကုန်သော အဆူဆူသော ဘုရားရှင်တို့၏ အဆုံးအမ အနုသာသနီ တရားတော်ပါပေတည်း။
ရူပါဝစရ ပုညာဘိသင်္ခါရနှင့် အာနေဉ္ဇာဘိသင်္ခါရ
ထိုသို့ အတိတ်ဘက်သို့ ဉာဏ်ကို စေလွှတ်၍ ရုပ်တရား, နာမ်တရား, အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းရာ၌ အသင်သူတော်ကောင်း၏ ဉာဏ်သည် ထက်လျှင် ထက်သလို ဉာဏ်ကြောင့် အရောင်အလင်း သည်လည်း ထွက်ပေါ်နေမည်သာ ဖြစ်သည်။ ထိုဉာဏ်ရောင်သည်လည်း သမာဓိအားကောင်းလျှင် အားကောင်း သလို ထက်မြက် စူးရှလာတတ်၏။ ထိုဉာဏ်အရောင်အလင်းသည် အတိတ်ဇာတ်ကြောင်းစုံကို မီးမောင်း ထိုးပြနေမည်သာ ဖြစ်သည်။ ထိုဉာဏ်အရောင်အလင်း၏ စွမ်းအင်ဖြင့် အတိတ်ဘဝ ဇာတ်လမ်းများကို တစ်နည်းဆိုရသော် အတိတ် အကြောင်းတရားများကို တွေ့ရှိနေမည်သာ ဖြစ်ပေသည်။
ထိုသို့ အတိတ်သို့ ဉာဏ်ကို စေလွှတ်၍ အတိတ်အကြောင်းတရားများကို တစ်စ တစ်စ တစ်ဘဝပြီး တစ်ဘဝ ရှုသွားရာ၌ (၄)ဘဝ, (၅)ဘဝစသည်ကို ရှုပြီးသည်နောက် ဆက်လက်၍ ခပ်များများရှုလိုသေးပါက ပဋိသန္ဓေ ခန္ဓာ (၅)ပါးလောက်မျှနှင့်သာ အကြောင်း အကျိုးစပ်၍ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းပြီးနောက် ကျန်ပဝတ္တိ ဝိပါက်ဝိညာဏ် စသည်တို့၌ အကြောင်း အကျိုးစပ်၍ အကြောင်းတရား အကျိုးတရားတို့ကို မသိမ်းဆည်းတော့ဘဲ အတိတ်ဘဝ တစ်ခုပြီး တစ်ခု ဆက်လက် ရှုနိုင်ပါသည်။ သို့သော် အနည်းဆုံး ပမာဏအားဖြင့် အတိတ်၌လည်း အကြောင်းတရားနှင့် အကျိုးတရားသာ ရှိသည်ဟု သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်အောင် အတိတ်ဘဝ (၃ - ၄)ဘဝလောက်တွင် (၆)လိုင်းလုံး၌ စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်းဝယ် ခန္ဓာ (၅)ပါးဖွဲ့၍ အကြောင်းတရားနှင့် အကျိုးတရားတို့၏ ကြောင်း-ကျိုး ဆက်နွယ်မှုသဘောကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းပါ။
ထိုသို့ အတိတ်သို့ ဉာဏ်ကို စေလွှတ်၍ အကြောင်းတရား အကျိုးတရားတို့ကို တစ်စ တစ်စ သိမ်းဆည်း သွားရာ၌ အခါအခွင့်အားလျော်စွာ စျာန်ရခဲ့သည့်ဘဝများကိုလည်း တွေ့ရှိနိုင်ပေသည်။ အကယ်၍ တွေ့ရှိခဲ့လျှင် ထိုစျာန်များမှာ ရူပါဝစရစျာန် = ရူပါဝစရ ပုညာဘိသင်္ခါရ ဖြစ်ခဲ့သော် အဝိဇ္ဇာ-တဏှာ-ဥပါဒါန်-သင်္ခါရ-ကံ တို့ကို စုံအောင် ရှာဖွေလျက် ရူပါဝစရ ပဋိသန္ဓေ ခန္ဓာ (၅)ပါးနှင့် အကြောင်း အကျိုးစပ်၍ ကြည့်ပါ။ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းပါ။ ဤရှုကွက်မှာ ထိုစျာန်က သေသည့်တိုင်အောင် မလျှောကျသဖြင့် ရူပဗြဟ္မာဘဝကို ရရှိလာသောအခါကို တွေ့ရှိမှသာလျှင် ရှုရန် ဖြစ်သည်။ အကယ်၍ ရပြီးစျာန်သည် မသေခင် တစ်ချိန်၌ အရှင်ဒေဝဒတ်တို့ကဲ့သို့ လျှောကျခဲ့သော်လည်းကောင်း, ရူပဗြဟ္မာဘဝကို မရခဲ့သော်လည်းကောင်း ရှုရန်မလိုပါ။
အကယ်၍ အာနေဉ္ဇာဘိသင်္ခါရ အမည်ရသည့် အရူပစျာန်များကို ရရှိခဲ့ဖူး၍ အရူပဘုံသို့ ရောက်ခဲ့ဖူး လျှင်လည်း မိမိထူထောင်ထားသည့် အဝိဇ္ဇာ-တဏှာ-ဥပါဒါန်-သင်္ခါရ-ကံတို့ကို ပြည့်ပြည့်စုံစုံ ရှာဖွေလျက် မိမိရရှိဖူးသော အရူပ ပဋိသန္ဓေ နာမ်ခန္ဓာ (၄)ပါးနှင့် အကြောင်း အကျိုးစပ်၍ အကြောင်းတရား အကျိုးတရား တို့ကို သိမ်းဆည်းပါ။ (အကြောင်းတရားများကို ရှာဖွေပုံကို သဘောပေါက်သင့်ပြီ။)
အနာဂတ်သို့ ဉာဏ်ကို စေလွှတ်ပါ
အတိတ်၌လည်း အကြောင်းတရားနှင့် အကျိုးတရားသာ ရှိ၏၊ ပစ္စုပ္ပန်၌လည်း အကြောင်းတရားနှင့် အကျိုးတရားသာရှိ၏ဟု ဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်ပြီးသောအခါ အနာဂတ်၌လည်း အကြောင်းတရားနှင့် အကျိုးတရားသာရှိ၏ဟု သိအောင် ဆက်လက်၍ ရှုရဦးမည်သာ ဖြစ်သည်။
၁။ ထိုသို့ ရှုရာ၌ ဤပစ္စုပ္ပန်ဘဝတွင် မိမိကိုယ်တိုင် နောင်အနာဂတ် ဘဝအတွက် ရည်ရွယ်တောင့်တ၍ ပြုစု ပျိုးထောင်ထားသော ပြုလုပ်နေကျ ဖြစ်သော အဝိဇ္ဇာ-တဏှာ-ဥပါဒါန်-သင်္ခါရ-ကံတို့ကို ရှာဖွေ၍ ထိုကံကြောင့် ဖြစ်ပေါ်လာမည့် နောင်အနာဂတ်ခန္ဓာတို့ကို လှမ်းမျှော်ရှုကြည့်လျှင်လည်း အနာဂတ်ခန္ဓာတို့ကို တွေ့ရှိနိုင်ပေသည်။
၂။ ထိုသို့ ရှု၍ မတွေ့ရှိခဲ့သော် ယခုလက်ရှိ ပစ္စုပ္ပန်ရုပ်နာမ်တို့ကို သိမ်းဆည်းပြီးလျှင် ဤဘဝ စုတိဟူသော အနာဂတ်ဘက်သို့ ဉာဏ်ကို စေလွှတ်၍ ရုပ်နာမ်တို့ကို တဖြည်းဖြည်း သိမ်းဆည်းပါ။ စုတိေ့ရှ မရဏာသန္န သေခါနီးအခါ၌ တည်ရှိသော ဘဝင်မနောအကြည်ဓာတ် မနောဒွါရကို ထိထိမိမိ သိမ်းဆည်းပါ။ ထိုသေခါနီး မနောဒွါရ၌ အနာဂတ်ပဋိသန္ဓေကို ဖြစ်စေမည့် အကျိုးပေးတော့မည့် ကံ၏ စွမ်းအင်သတ္တိကြောင့် ကံ-ကမ္မနိမိတ်-ဂတိနိမိတ်ဟူသော အာရုံသုံးမျိုးတို့တွင် တစ်မျိုးမျိုးသည် ထင်နေမြဲ ဓမ္မတာပင် ဖြစ်၏။ ဤသို့ ထင်မှုမှာလည်း သံသရာခရီး မဆုံးသေးသူအတွက်သာ ဆိုလိုပါသည်။ ယင်းနိမိတ်သည် အနာဂတ်ဘဝ ပဋိသန္ဓေကို ဖြစ်စေမည့် ဇနကကံ၏ စွမ်းအားကြောင့် ထင်လာသော နိမိတ်ဖြစ်ရကား ယင်းနိမိတ်ကို အခြေခံ၍ သင်္ခါရ-ကံတို့ကို လည်းကောင်း အဝိဇ္ဇာ-တဏှာ-ဥပါဒါန်တို့ကိုလည်းကောင်း ရှာဖွေပြီးလျှင် ယင်းသင်္ခါရ-ကံကြောင့် ဖြစ်ပေါ် လာမည့် အနာဂတ် ပဋိသန္ဓေကို လှမ်း၍ ရှုပါကလည်း ထိုပဋိသန္ဓေခန္ဓာတို့ကို တွေ့ရှိနိုင်ပေသည်။
ပုံစံတစ်ခုဖြင့် ဆိုရသော်
ထို (၂)မျိုးတို့တွင် နံပါတ် (၁)၌ ဖော်ပြခဲ့သော စနစ်အရ အကြောင်း အကျိုး သိမ်းဆည်းပုံ ရှုကွက် အတိုချုပ်ကို ပုံစံထုတ်၍ တင်ပြပေအံ့ ---
အသင်သူတော်ကောင်းသည် နောင်အနာဂတ်ဘဝ၌ အထက်တန်းကျသည့် အထက်နတ်အမျိုးအစားတွင် ပါဝင်သည့် ဓမ္မကထိကနတ်သား ဖြစ်ရန် ရည်ရွယ်တောင့်တ၍ ဤပစ္စုပ္ပန်ဘဝတွင် ကုသိုလ်ကောင်းမှု သင်္ခါရ မျိုးစေ့တို့ကို အကြိမ်များစွာ ကြဲချ စိုက်ပျိုးခဲ့သည် ဖြစ်အံ့၊ ထိုကောင်းမှု ကုသိုလ်တို့တွင် နှစ်နှစ်ကာကာ စိတ်ပါလက်ပါ အမှတ်တရ ပြုမိသည့် ကောင်းမှုကုသိုလ်တစ်ခုကို ရွေးချယ်ပါ။ ဥပမာ - စေတီတော်အား ပန်း ဆီမီး လှူဒါန်း၍ အထက်တန်းကျသည့် ဓမ္မကထိကနတ်သားဖြစ်ရန် ဆုတောင်းပန်ထွာခဲ့ဖူးသည် ဆိုပါစို့။
၁။ အဝိဇ္ဇာ = ဓမ္မကထိကနတ်သားဟု အသိမှားမှုသဘော၊
၂။ တဏှာ = ယင်းဓမ္မကထိကနတ်သားဘဝကို တွယ်တာ တပ်မက်မှုသဘော၊
၃။ ဥပါဒါန် = ယင်းဓမ္မကထိကနတ်သားဘဝသို့ စိတ်ကပ်ရောက် စွဲနေမှုသဘော၊
၄။ သင်္ခါရ = စေတီတော်အား ပန်း ဆီမီး လှူသည့် ကုသိုလ်စေတနာအုပ်စု၊
၅။ ကံ = ယင်းကုသိုလ်စေတနာ သင်္ခါရအုပ်စု၏ ကမ္မသတ္တိ၊
အတိတ် အကြောင်းတရားများကြောင့် ပစ္စုပ္ပန် အကျိုးတရားများ ဖြစ်ပုံကိုလည်းကောင်း, ဆိုင်ရာဆိုင်ရာ အတိတ် အကြောင်းတရားများကြောင့် ဆိုင်ရာဆိုင်ရာ အတိတ် အကျိုးတရားများ ဖြစ်ပုံကိုလည်းကောင်း ကျေကျေပွန်ပွန် ရှုထားပြီးသော အသင်ယောဂီသူတော်ကောင်းသည် ပစ္စုပ္ပန်အကြောင်းတရားများကြောင့် တစ်နည်းဆိုသော် ယင်းဖော်ပြပါ ကမ္မသတ္တိကြောင့် ဖြစ်ပေါ်လာမည့် အနာဂတ် ဓမ္မကထိကနတ်သားဘဝ၏ ခန္ဓာ (၅)ပါးကို လှမ်းမြော်၍ ကြည့်လိုက်ပါက လွယ်လွယ်ကူကူပင် တွေ့ရှိမည် ဖြစ်ပါသည်။ ယင်းဇနကကံမှာ ဝမ်းမြောက် ဝမ်းသာ စိတ်ပါလက်ပါဖြင့် ထူထောင်ခဲ့သော တိဟိတ် သောမနဿ မဟာကုသိုလ်ကံမျိုး ဖြစ်သဖြင့် ယင်းကံကြောင့် ဖြစ်ပေါ်လာမည့် အနာဂတ်နတ်သားဘဝ၏ ပဋိသန္ဓေအခိုက်၌ ဩပပါတိက ပဋိသန္ဓေ ဖြစ်သဖြင့် စက္ခု-သောတ-ဃာန-ဇိဝှါ-ကာယ-ဘာဝ-ဟဒယဟူသော ဒသကကလာပ် (၇)မျိုးသည် ပြိုင်တူဖြစ်၍ တိဟိတ် သောမနဿ ပဋိသန္ဓေ နာမ်တရား (= ၃၄)လုံး ရှိမည် ဖြစ်သည်။ ယင်းပဋိသန္ဓေ ရုပ်နာမ်တို့နှင့် ယင်းကမ္မသတ္တိ တို့၏ ကြောင်း-ကျိုး ဆက်နွယ်မှုသဘောကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ ယင်းပဋိသန္ဓေ ခန္ဓာ (၅)ပါးမှ စတင်၍ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းပါ။
ရှေးဦးစွာ နတ်သားဘဝ၏ ပဋိသန္ဓေ ခန္ဓာ (၅)ပါးတို့ကို သိမ်းဆည်းနိုင်ပါက ထိုမှတစ်ဆင့် နတ်သားဘဝ၏ ရုပ်သန္တတိအစဉ်တွင် တည်ရှိကြသော စတုသမုဋ္ဌာနိကရုပ်တရားတို့ကိုလည်းကောင်း ယင်းနတ်သားဘဝ၏ နာမ်သန္တတိအစဉ်တွင် တည်ရှိကြသော နာမ်တရားတို့ကိုလည်းကောင်း သိမ်းဆည်းပါ။ နတ်သားဘဝ၏ ပဋိသန္ဓေမှသည် စုတိသို့တိုင်အောင် ဘဝတစ်လျှောက်တည်ရှိကြသော ရုပ်နာမ်တို့ကို တစ်စ တစ်စ တဖြည်းဖြည်း သိမ်းဆည်းသွားပါ။
ယင်းဘဝတစ်လျှောက် ဖြစ်ပေါ်နေသော နာမ်တရားတို့မှာ ပေါင်းရုံးလိုက်ပါက ရူပါရုံစသည့် အာရုံ (၆)ပါး ကိုပင် ထိုက်သလို အာရုံပြု၍ ဖြစ်ပေါ်လာကြသော နာမ်တရားတို့ပင် ဖြစ်ကြသည်။ ယင်းနာမ်တရားတို့ကို ဝီထိစိတ္တက္ခဏတိုင်း၌ ခန္ဓာ (၅)ပါးဖွဲ့၍ ပစ္စုပ္ပန်၌ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းသည့် ပုံစံအတိုင်းပင် သိမ်းဆည်းပါ။ နတ်သား၏ ဘဝတစ်လျှောက် ဖြစ်ပေါ်သွားကြသော နာမ်တရားအားလုံးတို့၌ အကြောင်းတရား အကျိုးတရားတို့ကို ကုန်စင်အောင်ကား မသိမ်းဆည်းနိုင်သဖြင့် ရူပါရုံစသည့် အာရုံ (၆)ပါးကို ထိုက်သလို အာရုံပြု၍ ဖြစ်ပေါ်လာကြသည့် နာမ်တရား အမျိုးအစားတို့ကိုသာ ပစ္စုပ္ပန်၌ အကြောင်း အကျိုး သိမ်းဆည်း သည့် ပုံစံအတိုင်း သိမ်းဆည်းရန် တင်ပြခြင်း ဖြစ်ပေသည်။ စက္ခုဒွါရဝီထိ, သောတဒွါရဝီထိ, ဃာနဒွါရဝီထိ, ဇိဝှါဒွါရဝီထိ, ကာယဒွါရဝီထိ, မနောဒွါရဝီထိဟူသော ဝီထိအမျိုးအစား (၆)မျိုးတို့၏ အတွင်း၌ ပါဝင်တည်ရှိ ကြသော စိတ္တက္ခဏတိုင်း၌ တည်ရှိကြသော နာမ်တရားတို့ပင်တည်း။
သတိပြုရန် အချက်တစ်ရပ်
ထိုသို့ အနာဂတ်ဘဝ၌ အကြောင်းတရား အကျိုးတရားတို့ကို ဉာဏ်ဖြင့် လှမ်း၍ သိမ်းဆည်းရာ၌ လူဘဝ နတ်ဘဝစသည့် ထိုထိုဘဝကို ရည်ရွယ်တောင့်တ၍ ပြုစုပျိုးထောင်ထားသည့် ဝဋ္ဋနိဿိတကုသိုလ်မျိုးနှင့်သာ အကြောင်း အကျိုးစပ်၍ သိမ်းဆည်းပါ။ ဝိဝဋ္ဋနိဿိတဖြစ်သည့် နိဗ္ဗာန်ကိုသာ ရည်ရွယ်မှန်းထား၍ ပြုစု ပျိုးထောင်ထားသော ကုသိုလ်မျိုးနှင့် အကြောင်း အကျိုး မစပ်ပါနှင့်။ ဝိဝဋ္ဋနိဿိတကုသိုလ်မျိုးနှင့် အကြောင်း အကျိုး စပ်ကြည့်ပါက အနာဂတ်ခန္ဓာ (၅)ပါးကို ဉာဏ်ဖြင့် တွေ့မြင်ရန် ခဲယဉ်းသောကြောင့် ဖြစ်၏။ အကယ်၍ အသင်သူတော်ကောင်းအဖို့ ဝိဝဋ္ဋနိဿိတကုသိုလ်မျိုးသာ ထင်ရှားရှိနေ၍ အဖြစ်များနေ၍ ဝဋ္ဋနိဿိတ ကုသိုလ်မျိုးကို ဉာဏ်ဖြင့် ရှာဖွေ၍ မတွေ့ဖြစ်နေလျှင် ထိုအခါမျိုး၌ အသစ်စက်စက် ဝဋ္ဋနိဿိတကုသိုလ်တစ်ခုကို ထပ်ပြုပါ။ ဥပမာ - ဘုရားအား ပန်း ဆီမီး လှူ၍ ရဟန်းဘဝ သို့မဟုတ် ဓမ္မကထိကနတ်သားဘဝကို ဆုတောင်း ပန်ထွာပါ။ ထိုကံကြောင့် နောင်အနာဂတ်တွင် ဖြစ်ပေါ်လာမည့် ရဟန်းဘဝ ခန္ဓာ (၅)ပါးကို သို့မဟုတ် ဓမ္မကထိက နတ်သားဘဝ ခန္ဓာ (၅)ပါးကို ဉာဏ်ဖြင့် လှမ်းရှုပါ။ ဉာဏ်ဖြင့် တွေ့မြင်နိုင်ပါသည်။
အကယ်၍ ဤနည်းစနစ်ဖြင့် အောင်မြင်မှုကို မရရှိခဲ့ပါက နံပါတ် (၂)အဖြစ် ဖေါ်ပြထားသော နည်းစနစ်ကို အသုံးပြုပါ။ ဤပစ္စုပ္ပန်ဘဝ၏ ယခုလက်ရှိ အခြေအနေ၌ တည်ရှိသော ရုပ်နာမ်တို့ကစ၍ စုတိတိုင်အောင်သော ရုပ်နာမ်တို့ကို တစ်စ တစ်စ သိမ်းဆည်းပါ။ ဤဘဝ သေခါနီးကာလ မရဏာသန္နအခါ မနောဒွါရတွင် ထင်နေသော ကံ-ကမ္မနိမိတ်-ဂတိနိမိတ်ဟူသော နိမိတ်သုံးမျိုးတို့တွင် တစ်မျိုးမျိုးသော နိမိတ်အာရုံကို ဉာဏ်ဖြင့် မြင်အောင် ရှုပါ။ အကယ်၍ ကောင်းမှုကုသိုလ်ကံကြောင့် ထင်နေသော ယင်းနိမိတ်ကို တွေ့ရှိပါက ယင်းကောင်းမှု ကုသိုလ်ကံကိုလည်းကောင်း, ကောင်းမှုပြုစဉ်က ဖြစ်ပေါ်ခဲ့သော နာမ်သန္တတိအစဉ်ကိုလည်းကောင်း, အဝိဇ္ဇာ-တဏှာ-ဥပါဒါန်တို့ကိုလည်းကောင်း ဆက်လက်၍ ရှာဖွေပါ။ ယင်းအဝိဇ္ဇာ-တဏှာ-ဥပါဒါန်-သင်္ခါရ-ကံတို့ကို ရှာဖွေတွေ့ရှိသောအခါ ယင်းကံကြောင့် ဖြစ်ပေါ်လာမည့် အနာဂတ်ဘဝ၏ ပဋိသန္ဓေ ခန္ဓာ (၅)ပါးတို့ကို ဆက်လက်၍ သိမ်းဆည်းပါ။ စက္ခုဉ္စ ပဋိစ္စ ရူပေစ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ၊ တိဏ္ဏံ သင်္ဂတိ ဖေဿာ၊ ဖဿပစ္စယာ ဝေဒနာ ---- (သံ၊၁၊၃၀၁။) ဤသို့စသော ဒေသနာတော်များနှင့် အညီပင်တည်း။
အပါယ် ဒုဂ္ဂတိဘဝ ပဋိသန္ဓေ
ဧဝံ သင်္ခါရေ သလ္လက္ခေတွာ ဌိတဿ ပန ဘိက္ခုဿ ဒသဗလဿ သာသနေ မူလံ ဩတိဏ္ဏံ နာမ ဟောတိ၊ ပတိဋ္ဌာ လဒ္ဓါ နာမ၊ စူဠသောတာပန္နော နာမ ဟောတိ နိယတဂတိကော။ (အဘိ၊ဋ္ဌ၊၂၊၂၄၂။)
ယောဂါဝစရပုဂ္ဂိုလ် တစ်ဦးသည် အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း နာမရူပပရိစ္ဆေဒဉာဏ်နှင့် ပစ္စယပရိဂ္ဂဟဉာဏ်တို့ကို အကယ်၍ ရရှိထားပြီးသည် ဖြစ်ငြားအံ့၊ ဤသို့ ရုပ်-နာမ်-ကြောင်း-ကျိုး (= သင်္ခါရတရား)တို့ကို ဉာဏ်ဖြင့် ကောင်းစွာ ပိုင်းခြား မှတ်သား၍ တည်နေသော ယောဂါဝစရရဟန်းတော်အဖို့ ဘုရားရှင်၏ သာသနာတော်၌ အမြစ်အရင်းသို့ သက်ဝင် တည်နေသည် မည်၏၊ သာသနာတော်မှ မခွဲနိုင်အောင် အမြစ်တွယ်သွားပြီ ဖြစ်၏၊ သာသနာတော်၌ ထောက်ရာတည်ရာကို ရရှိသည်မည်၏၊ ကောင်းရာသုဂတိဟူသော မြဲသော ဂတိရှိသော စူဠသောတာပန် မည်၏။ (အဘိ၊ဋ္ဌ၊၂၊၂၄၂။)
ဤအထက်ပါ အဋ္ဌကထာ အဖွင့်များနှင့်အညီ ဤပစ္စယပရိဂ္ဂဟဉာဏ်ပိုင်းသို့ ရောက်ရှိလာပြီးသော သူတော်ကောင်းတစ်ဦးအဖို့ ဒုဂ္ဂတိဘဝ အပါယ်ပဋိသန္ဓေကား မမျှော်လင့်အပ်သော အရာသာ ဖြစ်ပေသည်။ အပါယ် ဒုဂ္ဂတိဘဝဟူသော အပါယ်သံသရာဘေးဆိုးကြီးကား ကျော်လွှားလွန်မြောက်ဖို့ရန် အလွန်ခက်ခဲသော အရာဌာန တစ်ခု ဖြစ်၏။ ဤကဲ့သို့သော ဘေးဆိုးကြီးမှ ထုတ်ဆောင်ကယ်တင် ပေးနိုင်သည့် စွမ်းအင် အပြည့် အဝရှိသော ဤတရားမျိုးကိုကား ယခုကဲ့သို့သော သာသနာတော်နှင့် ကြုံခိုက် အမြော်အမြင်ရှိသော ပညာရှိ သူတော်ကောင်း မှန်သမျှသည် အရယူထားထိုက်လှပေသည်။
ဦးခေါင်းကို မီးလောင်နေသော ယောက်ျားအတွက် ဦးခေါင်း၌ လောင်နေသည့် မီးကို ငြိမ်းအောင် ငြှိမ်းဖို့သည် အရေးအကြီးဆုံး လုပ်ငန်းတစ်ခု ဖြစ်၏။ ပုဆိုးကို မီးလောင်နေသော ယောက်ျားအတွက် ပုဆိုး၌ လောင်နေသော မီးကို ငြိမ်းအောင် ငြှိမ်းဖို့သည် အရေးအကြီးဆုံး လုပ်ငန်းတစ်ခု ဖြစ်၏။ သက္ကာယဒိဋ္ဌိ တည်းဟူသော အပါယ် ငရဲမီးကြီးကို ငြိမ်းအောင် ငြှိမ်းဖို့ကား ပို၍ ပို၍ပင် အရေးကြီးလှ၏။ ဦးခေါင်း၌ စွဲလောင်နေသော မီးကို မငြှိမ်းသေးဘဲ, ဝတ်ထားသော ပုဆိုး၌ စွဲလောင်နေသော မီးကို မငြှိမ်းသေးဘဲ သက္ကာယဒိဋ္ဌိ ငရဲမီးကြီးကို ငြိမ်းအောင် ငြှိမ်းသင့်၏ဟု ဘုရားရှင်က ဆိုဆုံးမထားတော်မူ၏။
လိပ်ကန်းထမ်းပိုး ဥပမာဖြင့် ဟောကြားထားတော်မူအပ်သော ဆိဂ္ဂဠယုဂသုတ္တန်များကို (သံ၊၃၊၃၉၇။) ထောက်ရှုပါက အပါယ်သံသရာဟူသည် ဝင်ပေါက်သာရှိ၍ ထွက်ပေါက် မရှိဟု ဆိုထိုက်၏၊ စုန်လမ်းသာရှိ၍ ဆန်လမ်းမရှိဟု ဆိုထိုက်၏၊ မြုပ်လမ်းသာရှိ၍ ပေါ်လမ်းမရှိဟု ဆိုထိုက်၏။ (လယ်တီဆရာတော်ဘုရား။)
ဤမျှ ကြောက်မက်ဖွယ် ကောင်းလှသော အပါယ်ဘေးဆိုးကြီးမှ ထုတ်ဆောင်ကယ်တင်ပေးမည့် တရား တစ်ခုကို အသိအလိမ္မာ ဉာဏ်ပညာရှိသော အဘယ်မည်သော ယောက်ျားသည် ရရှိအောင် မယူထားဘဲ နေထိုက် ပါအံ့နည်း။
အနာဂတ် အပြောင်းအလဲ
အကယ်၍ အသင်သူတော်ကောင်းသည် သမထယာနိကပုဂ္ဂိုလ်ဖြစ်၍ အာနာပါနစတုတ္ထစျာန်ကဲ့သို့သော စတုတ္ထစျာန်စသည့် အပ္ပနာစျာန် သမာဓိတစ်ခုခုကို ရရှိထားသူ ဖြစ်အံ့၊ ယင်းအပ္ပနာစျာန်သမာဓိကို မရမီ ရှေးအဖို့က နောင်အနာဂတ် ပဋိသန္ဓေစသည့် အကျိုးကို ပေးဖို့ရန် အခါအခွင့် သာနေသော ကာမာဝစရကံ များသည် နောက်သို့ ဆုတ်သွားတတ်ကြ၏။ အပ္ပနာစျာန် သမာဓိများမှာ ဂရုကကံဖြစ်သောကြောင့်တည်း။ သို့သော် အသင် သူတော်ကောင်းဘက်ကလည်း ယင်းစျာန်ကို မလျှောကျအောင် အမြတ်စား သို့မဟုတ် အလတ်စား သို့မဟုတ် အညံ့စား ပွားထားနိုင်ပါမှ, ဗြဟ္မာဘဝကိုလည်း လိုလားတောင့်တသည့် အဝိဇ္ဇာ-တဏှာ-ဥပါဒါန် တို့သည်လည်း အနုသယဓာတ် (= အငုပ်ဓာတ်) အနေဖြင့် ဖြစ်စေ, ပရိယုဋ္ဌာန = စိတ်အစဉ်တွင် ဥပါဒ်-ဌီ-ဘင် အားဖြင့် ထင်ရှား ဖြစ်ပေါ်လာသည့် အနေဖြင့် ဖြစ်စေ ထင်ရှားရှိပါမှသာလျှင် ယင်းအပ္ပနာစျာန်သမာဓိဟူသော ဂရုကကံက ဗြဟ္မာဘဝဟူသော ခန္ဓာကို ဖြစ်စေနိုင်မည် ဖြစ်ပေသည်။
ဝိပဿနာဉာဏ်နှင့် စျာန်သမာပတ်တရားတို့ကား အပြန်အလှန် ကျေးဇူးပြုပေးနေသော တရားများ ဖြစ်ကြ သဖြင့် ဝိပဿနာဉာဏ်ကြောင့်လည်း စျာန်သမာပတ်တို့သည် ခိုင်ခံ့တတ်သော သဘောရှိ၏။ သို့အတွက် အသင် သူတော်ကောင်းသည် ဗြဟ္မာဘဝ (= ဗြဟ္မာ ခန္ဓာငါးပါး)ကို လိုလား တောင့်တသည့် စိတ်ဓာတ်ဖြင့် မိမိရရှိထားသည့် အပ္ပနာစျာန်သမာဓိကို ကြိမ်ဖန်များစွာ ဝင်စားကြည့်ပါ။ သို့မဟုတ် ဗြဟ္မာဘဝကို ရလိုပါကြောင်း ဆုတောင်း ပန်ထွာလျက် မိမိရရှိထားသည့် အပ္ပနာစျာန်သမာဓိကို ကြိမ်ဖန်များစွာ ဝင်စားကြည့်ပါ။ ထိုစျာန်မှထသောအခါ ဗြဟ္မာဘဝကို ဆုတောင်းပန်ထွာနေသည့် အဝိဇ္ဇာ-တဏှာ-ဥပါဒါန် ဦးဆောင်သည့် နာမ်တရားစုတို့ကိုလည်း ကောင်း, မိမိဝင်စားထားသည့် မိမိထူထောင်ထားသည့် အပ္ပနာစျာန် ကုသိုလ်သင်္ခါရတရားတို့ကိုလည်းကောင်း, ကမ္မသတ္တိကိုလည်းကောင်း ပြန်လည်၍ သိမ်းဆည်းပါ။ ယင်းကမ္မသတ္တိကို သိမ်းဆည်းနိုင်သောအခါ ယင်းကမ္မသတ္တိ ကြောင့် ဖြစ်ပေါ်လာမည့် အနာဂတ် ဗြဟ္မာဘဝ၏ ခန္ဓာ (၅)ပါးကို ဉာဏ်ဖြင့်မြင်အောင် လှမ်းရှုပါ။
ဤနည်းစနစ်ဖြင့် မအောင်မြင်ခဲ့သော် ဤဘဝ သေခါနီး မရဏာသန္နအခါသို့တိုင်အောင်သော ရုပ်နာမ် တို့ကို တစ်ဖန်ပြန်၍ သိမ်းဆည်းပါ။ သေခါနီး မရဏာသန္နအခါ၌ ယင်းအပ္ပနာစျာန်ကုသိုလ် သင်္ခါရ-ကံတို့၏ စွမ်းအင်ကြောင့် ထင်လာသော နိမိတ်ကို လှမ်းရှုကြည့်ပါ။ အကယ်၍ ယင်းဂရုကကံက အကျိုးပေးတော့မည် မှန်လျှင် ယင်းကံ၏ စွမ်းအင်ကြောင့် အာနာပါနပဋိဘာဂနိမိတ်ကဲ့သို့သော ကမ္မနိမိတ်အာရုံသည်လည်းကောင်း, ဩဒါတကသိုဏ်းကဲ့သို့သော ကမ္မနိမိတ်အာရုံသည်လည်းကောင်း မနောဒွါရ၌ ထင်နေပေလတ္တံ့။ ထိုအခါ အဝိဇ္ဇာ-တဏှာ-ဥပါဒါန်-သင်္ခါရ-ကံတို့ကို ရှာဖွေလျက် ယင်းမဟဂ္ဂုတ်ကံ (= ဂရုကကံ = အပ္ပနာစျာန်ကံ)ကြောင့် ဖြစ်ပေါ်လာမည့် ရူပဗြဟ္မာဘဝ ခန္ဓာ (၅)ပါးကို ဉာဏ်ဖြင့် မြင်အောင် လှမ်းရှုပါ။ တွေ့ရှိမည်သာ ဖြစ်ပေသည်။ ထိုအခါ အကြောင်းတရား အကျိုးတရားတို့ကို ဆက်လက်သိမ်းဆည်းပါ။
ရူပလောကေ ပန ဃာနာဒိတ္တယံ နတ္ထိ။ (အဘိဓမ္မတ္ထသင်္ဂဟ) --- ဟူသည်နှင့် အညီ ရူပဗြဟ္မာ့ဘုံ၌ ဃာနပသာဒ, ဇိဝှါပသာဒ, ကာယပသာဒ ဟူသော အကြည်ဓာတ်များလည်း မရှိပေ။ ဃာနဒွါရဝီထိ ဇိဝှါဒွါရဝီထိ ကာယဒွါရဝီထိ စိတ်များလည်း မဖြစ်၊ ဖြစ်သည့် ဝီထိများ၌လည်း တဒါရုံမကျ၊ သဘောပေါက်အောင် ကြည့်လေ။
ရူပါဝစရ - (၁၆) ဘုံ
၁။ ဗြဟ္မပါရိသဇ္ဇာ, ဗြဟ္မပုရောဟိတာ, မဟာဗြဟ္မာ - ဟု ပထမစျာန်ဘုံ (၃)ဘုံ,
၂။ ပရိတ္တာဘာ, အပ္ပမာဏာဘာ, အာဘဿရာ - ဟု ဒုတိယစျာန်ဘုံ (၃)ဘုံ,
၃။ ပရိတ္တသုဘာ, အပ္ပမာဏသုဘာ, သုဘကိဏှာ - ဟု တတိယစျာန်ဘုံ (၃)ဘုံ,
၄။ ဝေဟပ္ဖိုလ်, အသညသတ်, သုဒ္ဓါဝါသ (၅)ဘုံ - ဟု စတုတ္ထစျာန်ဘုံ (၇)ဘုံ,
အားလုံးပေါင်းသော် ရူပါဝစရ (၁၆)ဘုံတည်း။
သုဒ္ဓါဝါသ (၅) ဘုံ
အဝိဟာ, အတပ္ပါ, သုဒဿာ, သုဒဿီ, အကနိဋ္ဌ - ဟု သုဒ္ဓါဝါသ (၅)ဘုံ ရှိ၏။ စင်ကြယ်သော အနာဂါမ် ရဟန္တာအရှင်မြတ်တို့၏သာ တည်နေရာ ဘုံများတည်း။
ပရိတ္တ - မဇ္ဈိမ - ပဏီတ
၁။ ဆန္ဒ = လိုလားတောင့်တသည့် ဆန္ဒဓာတ်,
၂။ စိတ္တ = အသိစိတ်ဓာတ်,
၃။ ဝီရိယ = ကြိုးစားအားထုတ်မှု ဝီရိယဓာတ်,
၄။ ဝီမံသ = ပညာဓာတ်,
ဤတရား (၄)ပါးကား အဓိပတိတရားလေးပါးတည်း။ အပ္ပနာစျာန်ကဲ့သို့သော ကုသိုလ်တရားတို့ကို ကြိုးစားအားထုတ်ရာဝယ် ထိုသို့ ကြိုးစားအားထုတ်နေသော ကံကို ပြုစုပျိုးထောင်နေသော စိတ်အစဉ်ဝယ် အကြီးအကဲ ဖြစ်ထိုက်သော တရားတို့တည်း။ လိုလားတောင့်တသည့် ဆန္ဒဓာတ်က ပြင်းပြလျှင်, အသိစိတ်ဓာတ်က ပြင်းထန်လျှင်, ဝီရိယဓာတ်က အားကောင်းလျှင်, ပညာဓာတ်က စူးရှထက်မြက်လျှင် ဤတရားတစ်ပါးပါးက အားကောင်းလျှင် ထိုစိတ်အစဉ်၌ အဓိပတိတရား ကိန်းဝပ်နေပြီဟု ဆိုရ၏။
စျာန်ကို ရရှိအောင် အားထုတ်ရာ၌ ယင်းစျာန်ဝယ် ဆန္ဒ, စိတ္တ, ဝီရိယ, ဝီမံသတရားတို့လည်း ယှဉ်လျက်ပင် ရှိကြ၏။ ဆန္ဒ, စိတ္တ, ဝီရိယ, ဝီမံသဟူသော စျာန်နှင့်ယှဉ်ဖက်တရားတို့တွင် တစ်ပါးပါးသည် အဓိပတိ (= အကြီး အကဲ) ဖြစ်ရိုးတည်း။ ထိုအဓိပတိ ဖြစ်ထိုက်သော တရားသည် ညံ့နေ လျော့နေလျှင် ထိုစျာန်သည် ပရိတ္တစျာန် ဖြစ်၏။ တန်ခိုးအာနိသင် ညံ့သော စျာန်တည်း။ ထိုအဓိပတိဖြစ်ထိုက်သော တရားက အလယ်အလတ်တန်းစားသို့ ရောက်နေလျှင် ထိုစျာန်သည် မဇ္ဈိမစျာန်ဖြစ်၏။ တန်ခိုးအာနိသင် အလယ်အလတ်တန်းစားရှိသော စျာန်တည်း။ ထိုအဓိပတိဖြစ်ထိုက်သော တရားက ထက်မြက်လျှင် ပဏီတစျာန် ဖြစ်၏။ အမြတ်စားစျာန် အထက်တန်းစား အကျိုးကို ဖြစ်စေနိုင်သော စျာန်တည်း။
၁။ ရူပါဝစရကုသိုလ် ပထမစျာန်ကို ပရိတ္တစျာန်ဖြစ်အောင် ပွားများထားခဲ့သော် ယင်းစျာန်ကုသိုလ်ကံက ဗြဟ္မပါရိသဇ္ဇာဘုံ၌ ပထမစျာန်ဝိပါက်ကို ဖြစ်စေ၏။ မဇ္ဈိမစျာန် ဖြစ်အောင်ပွားခဲ့သော် ဗြဟ္မပုရောဟိတာဘုံ၌, ပဏီတစျာန် ဖြစ်အောင် ပွားခဲ့သော် မဟာဗြဟ္မာဘုံ၌ ပထမစျာန်ဝိပါက်ကို ဖြစ်စေ၏။
၂။ ပဉ္စကနည်းအားဖြင့် ဒုတိယစျာန် တတိယစျာန်ကို စတုက္ကနည်းအားဖြင့် ဒုတိယစျာန်ကို ပရိတ္တစျာန် ဖြစ်အောင် ပွားခဲ့သော် ပရိတ္တာဘာဘုံ၌, မဇ္ဈိမစျာန်ဖြစ်အောင် ပွားခဲ့သော် အပ္ပမာဏာဘာဘုံ၌, ပဏီတစျာန် ဖြစ်အောင် ပွားခဲ့သော် အာဘဿရာဘုံ၌ ပဉ္စကနည်းအားဖြင့် ဒုတိယစျာန်ဝိပါက် တတိယစျာန်ဝိပါက်ကို စတုက္ကနည်းအားဖြင့် ဒုတိယစျာန်ဝိပါက်ကို ဖြစ်စေ၏။
၃။ ပဉ္စကနည်းအားဖြင့် စတုတ္ထစျာန်ကို, စတုက္ကနည်းအားဖြင့် တတိယစျာန်ကို ပရိတ္တစျာန်ဖြစ်အောင် ပွားခဲ့သော် ပရိတ္တသုဘာဘုံ၌, မဇ္ဈိမစျာန်ဖြစ်အောင် ပွားခဲ့သော် အပ္ပမာဏသုဘာဘုံ၌, ပဏီတစျာန်ဖြစ်အောင် ပွားခဲ့သော် သုဘကိဏှာဘုံ၌ ပဉ္စကနည်းအားဖြင့် စတုတ္ထစျာန်ဝိပါက်ကို စတုက္ကနည်းအားဖြင့် တတိယစျာန် ဝိပါက်ကို ဖြစ်စေ၏။
၄။ ပဉ္စကနည်းအားဖြင့် ပဉ္စမစျာန်ကို, စတုက္ကနည်းအားဖြင့် စတုတ္ထစျာန်ကို ပွားများ အားထုတ်ထားခြင်းကြောင့် ယင်းကံကြောင့် ဝေဟပ္ဖိုလ်ဘုံ၌ ပဉ္စကနည်းအားဖြင့် ပဉ္စမစျာန်ဝိပါက်ကို စတုက္ကနည်းအားဖြင့် စတုတ္ထစျာန် ဝိပါက်ကို ဖြစ်စေ၏။
၅။ ထိုပဉ္စမစျာန် သို့မဟုတ် စတုတ္ထစျာန်ကိုပင် သညာဝိရာဂဘာဝနာ (= စိတ်စေတသိက်တို့ကို စက်ဆုပ်သော ဘာဝနာ) ဖြစ်အောင် ပွားခဲ့သော် အသညသတ်ဘုံ၌ ရုပ်ပဋိသန္ဓေကို ဖြစ်စေ၏။
၆။ ပဉ္စမစျာန် သို့မဟုတ် စတုက္ကနည်းအရ စတုတ္ထစျာန်ကို ရရှိပြီးသော အနာဂါမ်အရိယာသူတော်ကောင်း တို့သည် အလိုရှိပါက သုဒ္ဓါဝါသ ဗြဟ္မာပြည် (၅)ဘုံ တစ်ဘုံဘုံ၌ ပဋိသန္ဓေတည်နေခွင့်ရှိ၏။ ပဉ္စကနည်းအရ ယင်းပဉ္စမစျာန်ကုသိုလ်က, စတုက္ကနည်းအရ ယင်းစတုတ္ထစျာန်ကုသိုလ်က, ပဉ္စကနည်းအရ ပဉ္စမစျာန်ဝိပါက်ကို, စတုက္ကနည်းအရ စတုတ္ထစျာန်ဝိပါက်ကို သုဒ္ဓါဝါသ (၅)ဘုံတွင် တစ်ဘုံဘုံ၌ ဖြစ်စေ၏။ သဟမ္ပတိဗြဟ္မာကြီးတို့ကဲ့သို့ ပထမစျာန်ဘုံကိုသာ အလိုရှိခဲ့လျှင်လည်း ပထမစျာန်ဘုံ၌ပင် ဖြစ်ခွင့်ရှိ၏။ သဟမ္ပတိဗြဟ္မာကြီးကား ကဿပ ဘုရားရှင် လက်ထက်တော်က သဟက အမည်ရသော အနာဂါမ် ရဟန်းတော်တစ်ပါး ဖြစ်ခဲ့၏။ ပထမစျာန်ကို အမြတ်စား ပဏီတစျာန်ဖြစ်အောင် ပွားများခဲ့သဖြင့် ပထမစျာန် (၃)ဘုံတွင် အမြတ်စား မဟာဗြဟ္မာဘုံ၌ ဖြစ်ရ၏။ (သံ၊ဋ္ဌ၊၁၊၁၈၂။ သံ၊၃၊၂၁၄။)
အသင်သူတော်ကောင်းသည် မိမိ ရရှိထားသောစျာန်၏ ပရိတ္တဖြစ်ပုံ, မဇ္ဈိမဖြစ်ပုံ, ပဏီတဖြစ်ပုံကို သုံးသပ်၍ ယင်းစျာန်က မည်သည့် ဝိပါက်တရားကို ဖြစ်စေသည်ဟု တိတိကျကျ သိအောင် သိမ်းဆည်းရှုပွားပါ။
အာနေဉ္ဇာဘိသင်္ခါရ -- အကယ်၍ အသင်သူတော်ကောင်းသည် အရူပစျာန်သမာပတ်များကိုပါ ရရှိထားသူ ဖြစ်အံ့၊ အရူပဗြဟ္မာဘဝကိုလည်း ဆုတောင်းကြည့်ပါ။ သို့သော် အရူပဘုံသို့ရောက်ရှိလိုသော ဆန္ဒဓာတ် မရှိလျှင် ကား ဤရှုကွက်ကို မရှုပါနှင့်၊ အရူပဘုံသို့ ရောက်ရှိလိုသော ဆန္ဒဓာတ် ရှိပါမှသာလျှင် (= အဝိဇ္ဇာ-တဏှာ-ဥပါဒါန် ထင်ရှားရှိပါမှသာလျှင်) ဤရှုကွက်ကို ရှုပါ။ ထိုသို့ အဝိဇ္ဇာ-တဏှာ-ဥပါဒါန် ထင်ရှားရှိနေလျှင် မိမိ ရရှိထားသည့် အရူပစျာန်သမာပတ် တစ်ခုခုကို ကြိမ်ဖန်များစွာ ဝင်စားကြည့်ပါ။ ယင်းစျာန်မှ ထသောအခါ အဝိဇ္ဇာ-တဏှာ-ဥပါဒါန်-သင်္ခါရ-ကံ တို့ကို တစ်ဖန်ပြန်၍ သိမ်းဆည်းပါ။ ယင်းကံနှင့် အရူပဗြဟ္မာဘဝ၌ တည်ရှိသော နာမ်ခန္ဓာ (၄)ပါးနှင့် အကြောင်းအကျိုးစပ်ကာ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းပါ။ ယင်းအရူပဘုံ၌ တဒါရုံမကျသည့် မနောဒွါရဝီထိစိတ်အစဉ်များသာ ဘဝင်ခြားလျက် ဖြစ်နေကြ၏၊ ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ သိမ်းဆည်းပါလေ။ အာကာသာနဉ္စာယတနစျာန် ကုသိုလ်ကံက အာကာသာနဉ္စာယတနဘုံ၌ အာကာသာနဉ္စာယတနဝိပါက် ပဋိသန္ဓေကို ဖြစ်စေ၏။ ဤသို့ စသည်ဖြင့် အစဉ်အတိုင်း သဘောပေါက်ပါ။
[မှတ်ချက် --- အပါယ် (၄)ဘုံနှင့် ကာမသုဂတိ (၇)ဘုံတို့ကား ထင်ရှားပြီးဖြစ်၍ မဖော်ပြတော့ပြီ။]
အနာဂတ်မှ အနာဂတ်သို့
အသင်သူတော်ကောင်းသည် ပထမအနာဂတ်ဘဝ၌ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းပြီး သောအခါ ပထမအနာဂတ်ဘဝ၌ ရုပ်နာမ်တို့ကို ယင်းပထမအနာဂတ်ဘဝ၏ စုတိသို့တိုင်အောင် တစ်ဖန်ပြန်၍ သိမ်းဆည်းပါ။ ထိုပထမအနာဂတ် စုတိ၏ ရှေးတွင် တည်ရှိသော မရဏာသန္နဇော၏ အာရုံကို ဂရုပြု၍ သိမ်းဆည်းပါ။ ယင်းမရဏာသန္နဇော၏ အာရုံနိမိတ်သည်လည်း နောက်ထပ် ဒုတိယအနာဂတ်ဘဝ၏ ပဋိသန္ဓေ ခန္ဓာ (၅)ပါးစသည့် ဝိပါကဝဋ် အကျိုးတရားတို့ကို ဖြစ်စေမည့် ကံကြောင့် ဖြစ်ပေါ်လာသော အာရုံနိမိတ်ပင် ဖြစ်သည်။
အကယ်၍ အသင်သူတော်ကောင်းသည် ပထမအနာဂတ်ဘဝတွင်ပင် သံသရာခရီးကို အဆုံးသတ်နိုင်မည့် သူတော်ကောင်းဖြစ်ပါမူကား မရဏာသန္နဇော၌ ထိုအာရုံနိမိတ်များ ထင်နေတော့မည် မဟုတ်ပေ။ မရဏာသန္နဇောနှင့်တကွ မရဏာသန္နဇောမတိုင်မီ မနောဒွါရိကဇောဝီထိစိတ်အစဉ်တို့သည် ရုပ်နာမ် ဓမ္မ သင်္ခါရတရား တို့၏ ချုပ်ငြိမ်းရာ သဘာဝကို အာရုံမူနေကြမည်သာ ဖြစ်ပေသည်။
အကယ်၍ အသင်သူတော်ကောင်းသည် ပထမအနာဂတ်ဘဝ၏ မရဏာသန္နအခါ၌ ထင်လာသော ကံ-ကမ္မနိမိတ်-ဂတိနိမိတ်ဟူသော အာရုံ (၃)မျိုးတို့တွင် တစ်မျိုးမျိုးသော အာရုံနိမိတ်ကို တွေ့ရှိခဲ့သော် အကျိုး ပေးမည့် ကံကို ဆက်လက်၍ ရှာဖွေပါ။ ထိုကံကို တွေ့ရှိပါက ကံကို ပြုစုပျိုးထောင်စဉ်က ကောင်းမှုရှင်၏ ရုပ်နာမ်အစဉ်တွင် ဖြစ်ပေါ်ခဲ့သော အဝိဇ္ဇာ-တဏှာ-ဥပါဒါန်တို့ကို လည်းကောင်း, သင်္ခါရ-ကံတို့ကိုလည်းကောင်း ဆက်လက်၍ သိမ်းဆည်းပါ။ ယင်းအဝိဇ္ဇာ-တဏှာ-ဥပါဒါန်-သင်္ခါရ-ကံတို့ကြောင့် ဖြစ်ပေါ်လာမည့် ဒုတိယ အနာဂတ် ပဋိသန္ဓေ ခန္ဓာ (၅)ပါးတို့ကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အကြောင်းတရား အကျိုးတရားတို့ကို ဆက်လက်၍ သိမ်းဆည်းပါ။ ထိုသို့ သိမ်းဆည်းရာ၌ အသင်သူတော်ကောင်း၏ ဉာဏ်အရောင်အလင်းသည် မှေးမှိန်နေပါက သမာဓိကို တစ်ဖန် ပြန်၍ ထူထောင်ပါ။ လင်းရောင်ခြည် စွမ်းအင်များ ထက်မြက်စူးရှလာသော အခါ တစ်ဖန် ရုပ်-နာမ်-ကြောင်း-ကျိုး = သင်္ခါရတရားတို့ကို ပြန်လည်၍ သိမ်းဆည်းပါ။ ဤနည်းစနစ်ကိုပင် နည်းမှီး၍ အနာဂတ်ဘဝ အဆက်ဆက်သို့ ဉာဏ်ကို စေလွှတ်၍ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းပါ။ အဝိဇ္ဇာ-တဏှာ-ဥပါဒါန်-သင်္ခါရ-ကံ ဟူသော အကြောင်းတရားများ၏ အကြွင်းမဲ့ ချုပ်ငြိမ်းသွားခြင်းကြောင့် ခန္ဓာ (၅)ပါး ရုပ်နာမ်တရားတည်းဟူသော အကျိုးတရားစု၏ အကြွင်းမဲ့ ချုပ်ငြိမ်းသွားသည့် ဘဝတစ်ခုခုကိုကား တွေ့ရှိမည်သာ ဖြစ်ပေသည်။
အချို့ယောဂီသူတော်ကောင်းများ၌ကား တစ်ဘဝ နှစ်ဘဝအတွင်းလောက်မှာပင် သံသရာခရီးကို အဆုံး သတ်ရမည့်ဘဝကို ရှာဖွေတွေ့ရှိတတ်၏။ (၄)ဘဝ, (၅)ဘဝစသည် လွန်မှ သံသရာခရီးကို အဆုံးသတ်ရမည့်ဘဝကို ရှာဖွေတွေ့ရှိသူ သူတော်ကောင်းတို့လည်း ရှိတတ်ကြ၏။ အချို့ ယောဂီများ၌ကား ဤဘဝ၌သော်လည်းကောင်း, ပထမအနာဂတ်ဘဝ၌သော်လည်းကောင်း, ဒုတိယအနာဂတ်စသည့် ဘဝတစ်ခုခု၌သော်လည်းကောင်း သံသရာ ခရီးကို အဆုံးသတ်လိုကလည်း အဆုံးသတ်နိုင်၍ သံသရာခရီးကို အဆုံးမသတ်လိုသေးကလည်း ဆက်လက် ဖြစ်နိုင်ခွင့်ရှိသည့် ဘဝများကိုလည်း ဉာဏ်ဖြင့် တွေ့မြင်နေတတ်၏။ မဟာဓနသူဌေးသား ဇနီးမောင်နှံတို့ကဲ့သို့ ပစ္ဆိမဘဝိကအတုများဟု ယူဆရမည် ဖြစ်ပေသည်။
အလောင်းတော် သုမေဓာရှင်ရသေ့သည်လည်း သုမေဓာ ရှင်ရသေ့ ဘဝတွင် အကယ်၍ အရဟတ္တဖိုလ်ကို အလိုရှိခဲ့လျှင် ရနိုင်သည့် ပါရမီမျိုးစေ့ကောင်းများ ရှိနေ၏။ ဥဂ္ဃဋိတညူပုဂ္ဂိုလ် အမျိုးအစားတွင် ပါဝင်လျက် ရှိ၏။ သစ္စာလေးပါးနှင့်စပ်သည့် တရားစကားများကို တစ်ပုဒ် တစ်ဂါထာမျှ နာကြားခွင့် ရခဲ့လျှင် အရဟတ္တဖိုလ်ကို အရယူနိုင်သော စွမ်းအားများ အပြည့်အဝ ရှိခဲ့၏။ သို့သော် လက်တော်သို့ ရောက်လုဆဲဆဲ ဖြစ်သော နိဗ္ဗာန်ချမ်းသာမြတ်ကြီးကို စွန့်လွှတ်၍ သဗ္ဗညုတဉာဏ်တော်မြတ်ကို ရရှိရန် ရည်သန်တောင့်တတော်မူလျက် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းတို့ ကာလပတ်လုံး ပါရမီတော်မြတ်အပေါင်းကို ဖြည့်ကျင့် ဆည်းပူးတော်မူခဲ့၏။ ဤအနာဂတ်ပိုင်းတွင်လည်း ဤကဲ့သို့သော ထုံးဟောင်းများကို အထူးသတိပြုလေရာသည်။
အဝိဇ္ဇာယတွေဝ အသေသဝိရာဂနိရောဓာ သင်္ခါရနိရောဓော၊
ထိုသို့ အကြောင်းတရားများ၏ အရဟတ္တမဂ်ကြောင့် အကြွင်းမဲ့ ချုပ်ငြိမ်းသွားခြင်းကြောင့် အကျိုးတရား များ၏လည်း နောင်တစ်ဖန် မဖြစ်သော ချုပ်ငြိမ်းခြင်းဖြင့် ချုပ်ငြိမ်းခြင်း အနုပ္ပါဒနိရောဓ သဘောကို ယောဂါ ဝစရ ပုဂ္ဂိုလ်တစ်ဦးသည် မိမိကိုယ်တိုင်ပင် သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်ပါက --- အဝိဇ္ဇာ၏ အနုပ္ပါဒနိရောဓသဘောအားဖြင့် အကြွင်းမဲ့ ချုပ်ခြင်းကြောင့် သင်္ခါရတရားတို့၏ အနုပ္ပါဒနိရောဓ သဘောအားဖြင့် အကြွင်းမဲ့ ချုပ်ငြိမ်းခြင်းစသော ပဋိစ္စသမုပ္ပါဒ် သံသရာစက်ရဟတ်၏ ချုပ်ငြိမ်းမှု ရပ်နားမှု ပဋိလောမ ပဋိစ္စသမုပ္ပါဒ် သဘောတရားတို့ကိုလည်း ဝိပဿနာဉာဏ်ဖြင့် ဆက်လက်၍ ရှုပွားနိုင်တော့မည် ဖြစ်ပေသည်။ ထိုအခါတွင် --- ဝယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟရတိ - စသည်ဖြင့် သတိပဋ္ဌာန် ကျင့်စဉ်၌ ဘုရားရှင် ညွှန်ကြားထားတော်မူသော ---
၁။ အဝိဇ္ဇာ-တဏှာ-ဥပါဒါန်-သင်္ခါရ-ကံစသော အကြောင်းတရားတို့၏ ချုပ်ငြိမ်းခြင်းကြောင့် ကာယ-ဝေဒနာ-စိတ္တ-ဓမ္မ အမည်ရသော အကျိုးတရားစုတို့၏ ချုပ်ငြိမ်းပုံကို လည်းကောင်း,
၂။ ကာယ-ဝေဒနာ-စိတ္တ-ဓမ္မတို့၏ ပျက်ခြင်းဘင်ကိုလည်းကောင်း
ဆက်လက်၍ ရှုပွားနိုင်ပြီ ဖြစ်ပေသည်။ ထိုသို့ ရှုနိုင်ရေးအတွက် ယခုကဲ့သို့ အနာဂတ်ဘဝ အဆက်ဆက်၌ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းရာတွင် သံသရာခရီးဝယ် လည်ပတ်နေသော ပဋိစ္စသမုပ္ပါဒ် စက်ရဟတ်၏ ရပ်နားသည့် ချုပ်ဆုံးသည့် ဘဝသို့တိုင်အောင်ကား အနာဂတ်တွင် ဆက်လက်ရှုသင့်ပေသည်။ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းသင့်ပေသည်။
အလွန်ရနိုင်ခဲသော အခွင့်ကောင်းကြီးတစ်ရပ်
ထိုသို့ လည်ပတ်နေသော သံသရာစက်ရဟတ်ကြီး၏ ရပ်နားမည့် အချိန်အခါ ကာလကို လှမ်းမြော်၍ ကိုယ်တိုင်သိနိုင်ခြင်း, ရပ်နားမည့် ကျင့်စဉ်ကို ကိုယ်တိုင်ကျင့်နိုင်ခြင်းကား ဘုရားသာသနာတော်နှင့် တွေ့ကြုံခိုက် လက်တွေ့ကျင့်နိုင်သဖြင့်သာ ရရှိသော အခွင့်အလမ်းကြီးတစ်ခု ဖြစ်၏၊ အခွင့်ကောင်းကြီးတစ်ခု ဖြစ်၏။
အတိတ်သံသရာတစ်လျှောက်ဝယ် သုဂတိ ဒုဂ္ဂတိ ဘဝမျိုးစုံ၌ ဒုက္ခမျိုးစုံကို ခံစားခဲ့ရသည့် အတွေ့အကြုံ ခပ်များများကို ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်ပြီးသော သူတော်ကောင်းကြီးတို့ကား သံသရာခရီး၏ အဆုံးသတ်ရမည့် အချိန်အခါကိုသာ အထူးမျှော်လင့်တောင့်တနေကြ၏။ မည်သည့် အချိန်အခါတွင် မိမိ၏ သံသရာခရီးသည် အဆုံးသတ်ရတော့မည်ဟု ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်သောအခါ၌ကား --- အမောအပြေကြီး ပြေသွားကြ၏၊ ဝမ်းအသာကြီး သာသွားကြ၏၊ စိတ်အစဉ်တွင် ပီတိသောမနဿပန်းများ ပွင့်လန်းဝေဆာသွားကြ၏။
သံသရာတစ်လျှောက်၌ မြုပ်ခဲ့ မျောခဲ့ရသဖြင့် အမောကြီး မောခဲ့ရ၏၊ အပူကြီး ပူခဲ့ရ၏၊ ထိုကြောင့် ယခုကဲ့သို့ သံသရာခရီး၏ ပြီးဆုံးရမည့် အချိန်အခါကို လှမ်းမြင်လိုက်သောအခါ အမောအပြေကြီး ပြေသွား၏။ အအေးကြီး အေးသွား၏၊ အပူမီးကြီးလည်း အငြိမ်းကြီး ငြိမ်းသွား၏။
အကယ်၍ ထိုသူတော်ကောင်းသည် ယင်းအနာဂတ်၌လည်း အကြောင်းတရား အကျိုးတရားတို့ကို လက္ခဏာရေးသုံးတန်တင်ကာ တွင်တွင်ကြီး ဝိပဿနာရှုနိုင်ပါက, ယင်းအနာဂတ် ခန္ဓာ (၅)ပါးတို့ကို လက္ခဏာရေး သုံးတန်တင်ကာ တွင်တွင်ကြီးဝိပဿနာရှုနိုင်ပါက ယင်းအနာဂတ် ခန္ဓာ (၅)ပါး, အကြောင်းတရား အကျိုးတရားတို့အပေါ်၌ အစွဲကြီးစွဲနေသော တဏှာစွဲ မာနစွဲ ဒိဋ္ဌိစွဲတို့ကိုလည်း ယင်းဝိပဿနာဉာဏ်က ဖြိုခွဲနိုင်မည် ဖြစ်၏။ အကယ်၍ အနာဂတ် ဘဝအပေါ်၌ စွဲနေသော အစွဲတို့ကို အကြွင်းမဲ့ ချုပ်ငြိမ်းအောင် ကျင့်နိုင်ပါက, အတိတ် ခန္ဓာ (၅)ပါး, ပစ္စုပ္ပန်ခန္ဓာ (၅)ပါးတို့အပေါ်၌ စွဲနေသော အစွဲတို့ကိုလည်း အကြွင်းမဲ့ ချုပ်ငြိမ်းအောင် ကျင့်နိုင်ပါက ဤဘဝတွင်ပင် သံသရာခရီးကို အဆုံးသတ်နိုင်မည် ဖြစ်ပေသည်။ ထိုကြောင့် အတိတ် အနာဂတ် ပစ္စုပ္ပန် ဟူသော ကာလသုံးပါးအတွင်း၌ တည်ရှိကြသော ခန္ဓာ (၅)ပါး, အကြောင်းတရား အကျိုးတရားတို့ကို ဝိပဿနာ ရှုခြင်းပင် ဖြစ်ပေသည်။
အထူးမှာထားချက်
ပစ္စယပရိဂ္ဂဟဉာဏ်ပိုင်းတွင် ဤပဋိစ္စသမုပ္ပါဒ် ပဉ္စမနည်း တစ်ခုတည်းဖြင့်ပင် အတိတ် အနာဂတ် ပစ္စုပ္ပန် ကာလသုံးပါးတို့၌ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းပြီးလျှင် လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန် နည်းအားဖြင့် ယင်းရုပ်-နာမ်-ကြောင်း-ကျိုး သင်္ခါရတရားတို့ကို တစ်ဖန် ပြန်သိမ်းဆည်းလျက် ဝိပဿနာသို့ ကူးလိုက ကူးနိုင်ပေပြီ။ ဤမျှဖြင့် မကျေနပ်သေး၍ ပဋိစ္စသမုပ္ပါဒ် ပထမနည်းစသည့် ရှုကွက်များကိုပါ ဆက်လက် ရှုလိုသေးပါက ရှုနိုင်သေး၏။ ယင်းသို့ ပဋိစ္စသမုပ္ပါဒ် သံသရာ ပင်လယ်ပြင်၌ ဉာဏ်ဖြင့် ကူးခပ်လို သေးသူ ဉာဏ်ဖြင့် ကျက်စားလိုသေးသူ ယောဂီသူတော်စင်တို့အား ရည်ညွှန်း၍ ပဋိစ္စသမုပ္ပါဒ် ပထမနည်းရှုကွက် အမည်ရသော အကြောင်း အကျိုး သိမ်းဆည်းပုံ နည်းစနစ်ကို ဆက်လက်၍ တင်ပြပေအံ့ ---
သေသူနှင့် ရှင်သူ
သည်းချာသားလှ၊ သဘောကျလော့ --- ဗာလအမှု၊ ဒုစရိတ၊ ဒုကမ္မဖြင့်၊ ပါပမလျော်၊ မသူတော်ကား၊ နေသော် နေမှား၊ သွားသော် သွားဆိုး၊ မကောင်းကျိုးတိ၊ ကြိုးသို့လည်းငြိ၊ ဘေးသာ ထိရှင့် --- ပြုမိသမျှ၊ အပြစ်ရခဲ့ --- (မဃဒေဝ - စာပိုဒ်-၂၈၁။)
တန်ခိုး ပေါ်ထင်၊ ကုသိုလ်ရှင်မှ၊ လူတွင် မညှိုး၊ စည်းစိမ် ဖြိုး၏။ ကျင့်ရိုး အရှိ၊ လမ်းမှန် သိလော့၊ လောကိချမ်းသာ၊ နောင်ဖို့ ရှာသည့်၊ ပညာရှိပေါင်း၊ သူမြတ်ကောင်းတို့၊ နှစ်ထောင်း ဝမ်းသာ၊ ပြုအပ်စွာရှင့်၊ လူ့ရွာ နောက်နောင်၊ ကြံတိုင်း အောင်လိမ့်၊ သားမောင် သက်နှင်း၊ ကျင့်မပျင်းနှင့်၊ ကြောင်းရင်းကြမ္မာ၊ ကံမပါလျှင်၊ ကြံရာမပြီး၊ အချည်းနှီးဖြင့်၊ ပျက်စီးတတ်စွာ၊ မချွတ်ရာတည့်၊ ကလျာဏာ - ကလျာဏ၊ ကျင့်ကမ္မဖြင့်၊ ပုည, ပါပ၊ ကိစ္စအမှု၊ ခွဲဝေရှုသော်၊ အကုသိုလ်, ကုသိုလ်၊ နှစ်ခုကိုလည်း၊ မပြုလိုခဲ၊ ပြုလိုရဲ၏။ ကံမွဲမပြောင်၊ ကံမဆောင်လျှင်၊ ဂုဏ်ရောင် မလှ၊ မထွန်းပဘူး၊ ဒုက္ခလူ့ဘောင်၊ ဆင်းရဲခေါင်လိမ့်၊ ကျင့်ဆောင် မယုတ်၊ စောင့် ကိုယ်, နှုတ်နှင့်၊ ဥပုသ်ဗြဟ္မ၊ စရိယလည်း၊ ကာလအစဉ်၊ အမြဲ ယှဉ်လော့၊ ဖဲကြဉ် စေတနာ၊ တစ်ညစာဖြင့်၊ အင်္ဂါမပျက်၊ နေ့တစ်ဝက်မျှ၊ ကျိုးစက်လွန်အောင်၊ မင်းဖြစ်ဆောင်၏၊ (မဃဒေဝ - စာပိုဒ်-၂၈၉။)
ဆယ်ပါးပညတ်၊ ကုသိုလ်ရပ်ကို၊ ပြုအပ်ပြီးသည်၊ လူတမည်ကား၊ လူ့ပြည်, နတ်ပွဲ၊ ရမခဲတည်း၊ ယူစွဲမုချ၊ ယွင်းမခွဘူး။ --- ဒါန သီလ၊ ကုသလ၌၊ လုံ့လ လွှတ်လျော့၊ လေးဖင့်ပေါ့၍၊ မေ့လျော့သောသူ၊ သူသေဟူ၏။ --- အလှူသီတင်း၊ မကင်း ဘာဝနာ၊ မချာ ရက်နေ့၊ မမေ့လျော့တတ်၊ ထိုသူမြတ်တို့၊ လူ, နတ် ခန္ဓာ၊ ပြောင်းလဲကာလျှင်၊ ချမ်းသာသုခ၊ မပျက်ကြကြောင့်၊ ဘဝသဘော၊ ရွေ့လျောခြင်းဟူ၊ စုတိမူလည်း၊ သေသူ မမည်၊ ဟူတုံသည်တည်း။ (မဃဒေဝ - စာပိုဒ်-၂၉၁။)
ဝိပလ္လာသ၊ ဖောက်ပြန်ကလည်း၊ မောဟ လွှမ်းပြီး၊ အယူသီး၍၊ စပါးကြီးချက်ငြိ၊ ဟူတုံ ဘိသို့၊ အဝီစိသွား၊ အကျင့်မှားကို၊ မြစ်တားမရ၊ ဆုံးမ မနာ၊ ရှိတတ်စွာခဲ့၊ ပညာ အားနည်း၊ သဒ္ဓါ သည်းက၊ အရည်း မည်ကာ၊ ယူမိစ္ဆာ၌၊ သဒ္ဓါ လေးမြတ်၊ ဆည်းကပ်တတ်၏၊ ပရမတ်အရာ၊ မလိမ္မာဘဲ၊ သဒ္ဓါ နုန့်နဲ၊ ပညာကဲလည်း၊ အလွဲ ပြေးဝင်၊ အမြင် ယွင်းခွ၊ တိမ်းပါးကြလျက်၊ မီးပြ သမား၊ တွင်းကျွံမှားသို့၊ ဆယ်ပါးကောင်းမှု၊ လှူဝတ္ထုကို၊ စွန့်ပြု မလွှတ်၊ စိတ္တုပ္ပါဒ်မျှ၊ ဒါနအလှူ၊ မြောက်သောဟူ၍၊ အယူဖောက်လွဲ၊ မိစ္ဆာစွဲ၏၊ လိပ်ခဲပမာ၊ မြဲမြံစွာလျက်၊ သတ္တဝါတစ်ယောက်၊ ယူမှားမှောက်ကို၊ သိန်းလောက် ဘုရား၊ လှန်သောအားဖြင့်၊ ဟောကြား ချေချွတ်၊ ဖြေမလွတ်ဘူး၊ အကျွတ်မရ၊ နိယတဖြင့်၊ ဝါဒအလို၊ မြေကြီးမျိုလည်း၊ ယူကို စွန့်ဘဲ၊ အကျင့် လွဲ၍၊ ငရဲ ခံလိမ့် မည်သောကြောင့်၊ --- (မဃဒေဝ - စာပိုဒ်-၃၁၉။)
__________