နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၅၃/၂၀၂၁
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
အမိန့်အမှတ် ၁၅၃/၂၀၂၁
၁၃၈၃ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၉ ရက်
၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၁ ရက်
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့များ ပြင်ဆင်ဖွဲ့စည်းခြင်း
၁။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များ၏ အုပ်ချုပ်ရေးဆိုင်ရာများကို အကောင်ထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီများကို ဖွဲ့စည်းတာဝန်ပေးခဲ့ပါသည်။
၂။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက် (၉)ရပ်တို့နှင့်အညီ နိုင်ငံတော်တာဝန်များကို ပိုမို လွယ်ကူ၊ လျင်မြန်၊ ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက်တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီများကို “တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့” အဖြစ် အောက်ပါအတိုင်း ပြင်ဆင်ဖွဲ့စည်းလိုက်သည် -
(က) ဝန်ကြီးချုပ် (ခ) ဝန်ကြီး၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာန၊ (ဂ) ဝန်ကြီး၊ စီးပွားရေးရာဝန်ကြီးဌာန၊ (ဃ) ဝန်ကြီး၊ သယံဇာတရေးရာဝန်ကြီးဌာန၊ (င) ဝန်ကြီး၊ လူမှုရေးရာဝန်ကြီးဌာ၊ (စ) ဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန၊ (ဆ) ဝန်ကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီးဌာန၊ (ဇ) ဥပဒေချုပ်
၃။ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် ဝန်ကြီး၊ စည်ပင်သာယာရေးဝန်ကြီးဌာနကို ထည့်သွင်းဖွဲ့စည်းရမည်။ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့၏ စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) များသည် စည်ပင်သာယာရေးဝန်ကြီးများဖြစ်သည်။
၄။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးမှူးသည် တိုင်းဒသေကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့၏ အတွင်းရေးမှူးဖြစ်သည်။
အမိန့်အရ
(ပုံ) အောင်လင်းဒွေး
ဒုတိယဗိုလ်ချုပ်ကြီး
အတွင်းရေးမှူး