မာတိကာသို့ ခုန်သွားရန်

ပဋိသမ္ဘိဒါမဂ္ဂ ပါဠိတော်-ဒု

ဝီကီရင်းမြစ် မှ
5640ပိဋကတ်သုံးပုံ မြန်မာပြန်ပဋိသမ္ဘိဒါမဂ္ဂ ပါဠိတော်-ဒုသာသနာရေးဦးစီးဌာန


၃-အာနာပါနဿတိကထာ

၁-ဂဏနဝါရပြခြင်း

၁၅၂။ တစ်ဆယ့်ခြောက်ပါးသော မှီရာရှိသော အာနာပါနဿတိသမာဓိကို ပွါးများသော ပုဂ္ဂိုလ်အား ဉာဏ်နှစ်ရာကျော်တို့သည် ဖြစ်ကုန်၏။ တားမြစ်ခြင်း၌ ဉာဏ်ရှစ်ပါးတို့လည်းကောင်း၊ ကျေးဇူးပြုခြင်း၌ ဉာဏ်ရှစ်ပါးတို့လည်းကောင်း၊ ညစ်ညူးခြင်း၌ ဉာဏ်တစ်ဆယ့်ရှစ်ပါးတို့လည်းကောင်း၊ ဖြူစင်ခြင်း၌ ဉာဏ်တစ်ဆယ့်သုံးပါးတို့လည်းကောင်း၊ သတိပြုခြင်း၌ ဉာဏ်သုံးဆယ့်နှစ်ပါးတို့လည်းကောင်း၊ သမာဓိ၏ အစွမ်းအားဖြင့် ဉာဏ်နှစ်ဆယ့်လေးပါးတို့လည်းကောင်း၊ ဝိပဿနာ၏အစွမ်းအားဖြင့် ဉာဏ် ခုနစ်ဆယ့်နှစ်ပါးတို့လည်းကောင်း၊ နိဗ္ဗိဒါဉာဏ်ရှစ်ပါးတို့လည်းကောင်း၊ နိဗ္ဗိဒါနုလောမဉာဏ်ရှစ်ပါးတို့ လည်းကောင်း၊ နိဗ္ဗိဒါပဋိပဿဒ္ဓိဉာဏ်ရှစ်ပါးတို့လည်းကောင်း၊ ဝိမုတ္တိချမ်းသာနှင့် ယှဉ်သောဉာဏ့်နှစ်ဆယ့်တစ်ပါးတို့ လည်းကောင်း၊ ဤသို့ ဉာဏ်နှစ်ရာကျော်တို့ ဖြစ်ကုန်၏။

တားမြစ်ခြင်း၌ ဉာဏ်ရှစ်ပါးနှင့် ကျေးဇူးပြုခြင်း၌ ဉာဏ်ရှစ်ပါးတို့ကား အဘယ်တို့နည်း။

ကာမစ္ဆန္ဒသည် သမာဓိကို တားမြစ်တတ်၏။ ဈာန်သည် သမာဓိအား ကျေးဇူးပြုတတ်၏။ ဒေါသ သည် သမာဓိကို တားမြစ်တတ်၏။ မေတ္တာသည် သမာဓိအား ကျေးဇူးပြုတတ်၏။ ထိနမိဒ္ဓသည် သမာဓိ ကို တားမြစ်တတ်၏။ အာလောကသညာသည် သမာဓိအား ကျေးဇူးပြုတတ်၏။ ပျံ့လွင့်ခြင်း ‘ဥဒ္ဓစ္စ'သည် သမာဓိကို တားမြစ်တတ်၏။ မပျံ့လွင့်ခြင်းသည် သမာဓိအား ကျေးဇူးပြုတတ်၏။ ယုံမှားခြင်းသည် သမာဓိကို တားမြစ်တတ်၏။ တရားကို ပိုင်းခြားမှတ်သားခြင်းသည် သမာဓိအား ကျေးဇူးပြုတတ်၏။ အဝိဇ္ဇာသည် သမာဓိကို တားမြစ်တတ်၏။ ဉာဏ်သည် သမာဓိအား ကျေးဇူးပြုတတ်၏။ မမွေ့လျော်ခြင်း သည် သမာဓိကို တားမြစ်တတ်၏။ ဝမ်းမြောက်ခြင်းသည် သမာဓိအား ကျေးဇူးပြုတတ်၏။ အကုသိုလ် တရားအားလုံးတို့သည်လည်း သမာဓိကို တားမြစ်တတ်ကုန်၏။ ကုသိုလ်တရားအားလုံးတို့သည်လည်း သမာဓိအား ကျေးဇူးပြုတတ်ကုန်၏။ ဤကား တားမြစ်ခြင်း၌ ဉာဏ်ရှစ်ပါးနှင့် ကျေးဇူးပြုခြင်း၌ ဉာဏ် ရှစ်ပါးတို့တည်း။

ရှေးဦးစွာသော ဂဏနဝါရ ပြီး၏။

--

၂-သောဠသဉာဏ် အကျယ်ပြခြင်း

၁၅၃။ ဤတစ်ဆယ့်ခြောက်ပါးသော အခြင်းအရာတို့ဖြင့် အဆင့်ဆင့်ပွါးများအပ်သော စိတ်သည် လည်းကောင်း၊ ကောင်းစွာ အဆင့်ဆင့်ပွါးများအပ်သော စိတ်သည်လည်းကောင်း တစ်ခုတည်းသော အာရုံ ၌ တည်၏။ နီဝရဏတို့မှ စင်ကြယ်၏။ ထိုတစ်ခုတည်းသောအာရုံ၌ တည်သောတရားတို့သည် အဘယ် တို့နည်း။

ဈာန်သည် တစ်ခုတည်းသော အာရုံရှိ၏။ မေတ္တာသည် တစ်ခုတည်းသော အာရုံရှိ၏။ အာလောက သညာသည် တစ်ခုတည်းသော အာရုံရှိ၏။ မပျံ့လွင့်ခြင်းသည် တစ်ခုတည်းသော အာရုံရှိ၏။ တရားကို ပိုင်းခြား မှတ်သားနိုင်ခြင်းသည် တစ်ခုတည်းသော အာရုံရှိ၏။ ဉာဏ်သည် တစ်ခုတည်းသော အာရုံရှိ၏။ ဝမ်းမြောက်ခြင်းသည် တစ်ခုတည်းသော အာရုံရှိ၏။ ကုသိုလ်တရားအားလုံးတို့သည်လည်း တစ်ခုတည်း သော အာရုံရှိကုန်၏။

နီဝရဏဟူရာ၌ နီဝရဏတရားတို့သည် အဘယ်တို့နည်း။

ကာမစ္ဆန္ဒသည် နီဝရဏတရား မည်၏၊ ဗျာပါဒသည် နီဝရဏတရား မည်၏။ ထိနမိဒ္ဓသည် နီဝရဏတရား မည်၏။ ဥဒ္ဓစ္စကုက္ကုစ္စသည် နီဝရဏတရား မည်၏။ ဝိစိကိစ္ဆာသည် နီဝရဏတရား မည်၏။ အဝိဇ္ဇာသည် နီဝရဏတရား မည်၏။ မမွေ့လျော်ခြင်း ‘အရတိ'သည် နီဝရဏတရား မည်၏။

အကုသိုလ်တရားအားလုံးတို့သည်လည်း နီဝရဏတရား မည်ကုန်၏။

နီဝရဏဟူရာ၌ အဘယ်သဘောကြောင့် နီဝရဏ မည်သနည်း။

(ဝဋ်မှ) ထွက်မြောက်ကြောင်းကို တားမြစ်ပိတ်ပင်တတ်သော သဘောကြောင့် နီဝရဏ မည်၏။ ထိုဝဋ်မှ ထွက်မြောက်တတ်သော တရားတို့သည် အဘယ်သည်တို့နည်း။ ဈာန်သည် အရိယာတို့၏ ဝဋ်မှ ထွက်မြောက်ကြောင်းတည်း။ ထိုဈာန်ဖြင့်လည်း အရိယာတို့သည် ဝဋ်မှ ထွက်မြောက်ကုန်၏။ ကာမစ္ဆန္ဒ သည် ဝဋ်မှ ထွက်မြောက်ခြင်းကို တားမြစ်တတ်သော တရားတည်း။ ထိုကာမစ္ဆန္ဒဖြင့်လည်း တားမြစ် ပိတ်ပင်အပ်သည်၏အဖြစ်ကြောင့် အရိယာတို့၏ ဝဋ်မှ ထွက်မြောက်ကြောင်းဖြစ်သောဈာန်ကို မသိနိုင်။ ထို့ ကြောင့် ကာမစ္ဆန္ဒသည် ဝဋ်မှ ထွက်မြောက်ခြင်းကို တားမြစ်တတ်သော တရားမည်၏။

အဗျာပါဒ'မေတ္တာ'သည် အရိယာတို့၏ ဝဋ်မှ ထွက်မြောက်ကြောင်းတည်း။ ထိုအဗျာပါဒဖြင့်လည်း အရိယာတို့သည် ဝဋ်မှ ထွက်မြောက်ကုန်၏။ ဗျာပါဒသည် ဝဋ်မှ ထွက်မြောက်ခြင်းကို တားမြစ်ပိတ်ပင့်တတ်သော တရားတည်း။ ထိုဗျာပါဒဖြင့်လည်း တားမြစ်ပိတ်ပင်အပ်သည်၏အဖြစ်ကြောင့် အရိယာတို့၏ ဝဋ်မှ ထွက်မြောက်ကြောင်း ဖြစ်သော အဗျာပါဒကို မသိနိုင်။ ထို့ကြောင့် ဗျာပါဒသည် ဝဋ်မှ ထွက် မြောက်ခြင်းကို ပိတ်ပင်တားမြစ်တတ်သော တရား မည်၏။

အာလောကသညာသည် အရိယာတို့၏ ဝဋ်မှ ထွက်မြောက်ကြောင်းတည်း။ ထိုအာလောကသညာဖြင့် လည်း အရိယာတို့သည် ဝဋ်မှ ထွက်မြောက်ကုန်၏။ ထိနမိဒ္ဓသည် ဝဋ်မှ ထွက်မြောက်ခြင်းကို တားမြစ် ပိတ်ပင်တတ်သော တရားတည်း။ ထိုထိနမိဒ္ဓဖြင့်လည်း တားမြစ်ပိတ်ပင်အပ်သည်၏အဖြစ်ကြောင့် အရိယာ တို့၏ ဝဋ်မှ ထွက်မြောက်ကြောင်းဖြစ်သော အာလောကသညာကို မသိနိုင်။ ထို့ကြောင့် ထိနမိဒ္ဓသည် ဝဋ်မှ ထွက်မြောက်ခြင်းကို တားမြစ်တတ်သော တရားမည်၏။

--

သမာဓိသည် အရိယာတို့၏ ဝဋ်မှထွက်မြောက်ကြောင်းတည်း။ ထိုသမာဓိဖြင့်လည်း အရိယာတို့သည် ဝဋ်မှ ထွက်မြောက်ကုန်၏။ ပျံ့လွင့်ခြင်း ‘ဥဒ္ဓစ္စ'သည် ဝဋ်မှထွက်မြောက်ခြင်းကို တားမြစ်ပိတ်ပင်တတ်သော တရားတည်း။ ထိုပျံ့လွင့်ခြင်း ‘ဥဒ္ဓစ္စ'ဖြင့်လည်း တားမြစ်ပိတ်ပင်အပ်သည်၏ အဖြစ်ကြောင့် အရိယာတို့၏ ဝဋ်မှ ထွက်မြောက်ကြောင်းဖြစ်သော သမာဓိကို မသိနိုင်။ ထို့ကြောင့် ပျံ့လွင့်ခြင်း ‘ဥဒ္ဓစ္စ'သည် ဝဋ်မှ ထွက်မြောက်ခြင်းကို တားမြစ်ပိတ်ပင်တတ်သော တရားမည်၏။

တရားကို ပိုင်းခြားမှတ်သားခြင်းသည် အရိယာတို့၏ ဝဋ်မှ ထွက်မြောက်ကြောင်းတည်း။ ထိုတရား ကို ပိုင်းခြားမှတ်သားခြင်းဖြင့်လည်း အရိယာတို့သည် ဝဋ်မှ ထွက်မြောက်ကုန်၏။ ယုံမှားမှု ‘ဝိစိကိစ္ဆာ’ သည် ဝဋ်မှ ထွက်မြောက်ခြင်းကို တားမြစ်ပိတ်ပင်တတ်သော တရားတည်း။ ထိုဝိစိကိစ္ဆာဖြင့်လည်း တား မြစ်ပိတ်ပင်အပ်သည်၏ အဖြစ်ကြောင့် အရိယာတို့၏ ဝဋ်မှ ထွက်မြောက်ကြောင်းဖြစ်သော တရားကို ပိုင်းခြားမှတ်သားခြင်းကို မသိနိုင်။ ထို့ကြောင့် ဝိစိကိစ္ဆာသည် ဝဋ်မှ ထွက်မြောက်ခြင်းကို တားမြစ်ပိတ်ပင် တတ်သော တရားမည်၏။

ဉာဏ်သည် အရိယာတို့၏ ဝဋ်မှ ထွက်မြောက်ကြောင်းတည်း။ ထိုဉာဏ်ဖြင့်လည်း အရိယာတို့သည် ဝဋ်မှ ထွက်မြောက်ကုန်၏။ အဝိဇ္ဇာသည် ဝဋ်မှ ထွက်မြောက်ခြင်းကို တားမြစ်ပိတ်ပင်တတ်သော တရားတည်း။ ထိုအဝိဇ္ဇာဖြင့်လည်း တားမြစ်ပိတ်ပင်အပ်သည်၏အဖြစ်ကြောင့် အရိယာတို့၏ ဝဋ်မှ ထွက်မြောက် ကြောင်းဖြစ်သော ဉာဏ်ကို မသိနိုင်။ ထို့ကြောင့် တွေဝေမှုအဝိဇ္ဇာသည် ဝဋ်မှ ထွက်မြောက်ခြင်းကို တားမြစ်တတ်သော တရားမည်၏။

ဝမ်းမြောက်ခြင်းသည် အရိယာတို့၏ ဝဋ်မှထွက်မြောက်ကြောင်းတည်း။ ထိုဝမ်းမြောက်ခြင်းဖြင့်လည်း အရိယာတို့သည် ဝဋ်မှထွက်မြောက်ကုန်၏။ မမွေ့လျော်ခြင်း ‘အရတိ'သည် ဝဋ်မှထွက်မြောက်ခြင်းကို တား မြစ်ပိတ်ပင်တတ်သော တရားတည်း။ ထိုမမွေ့လျော်ခြင်း ‘အရတိ’ ဖြင့်လည်း တားမြစ်ပိတ်ပင်အပ်သည်၏ အဖြစ်ကြောင့် အရိယာတို့၏ ဝဋ်မှထွက်မြောက်ကြောင်းဖြစ်သော ဝမ်းမြောက်ခြင်းကို မသိနိုင်။ ထို့ကြောင့် မမွေ့လျော်ခြင်းသည် ထွက်မြောက်ခြင်းကို တားမြစ်ပိတ်ပင်တတ်သော တရားမည်၏။

ကုသိုလ်တရားအားလုံးတို့သည်လည်း အရိယာတို့၏ ဝဋ်မှထွက်မြောက်ကြောင်းတည်း။ ထိုကုသိုလ် တို့ဖြင့်လည်း အရိယာတို့သည် ဝဋ်မှထွက်မြောက်ကုန်၏။ အကုသိုလ်တရားအားလုံးတို့သည်လည်း ဝဋ်မှ ထွက်မြောက်ခြင်းကို တားမြစ်ပိတ်ပင်တတ်သော တရားတို့တည်း။ ထိုအကုသိုလ်တရားတို့ဖြင့်လည်း တား မြစ်ပိတ်ပင်အပ်သည်၏ အဖြစ်ကြောင့် အရိယာတို့၏ ဝဋ်မှ ထွက်မြောက်ကြောင်းဖြစ်သော ကုသိုလ်တရား တို့ကို မသိနိုင်။ ထို့ကြောင့် အကုသိုလ်တရားအားလုံးတိုသည်လည်း ဝဋ်မှ ထွက်မြောက်ခြင်းကို တားမြစ် ပိတ်ပင်တတ်သော တရားမည်၏။

နှစ်ခုမြောက် သောဠသဉာဏ်အကျယ်ပြခြင်း ပြီး၏။

--

၃-ဥပက္ကိလေသဉာဏ် အကျယ်ပြခြင်း

ပဌမဆက္က

၁၅၄။ ဤတားမြစ်ပိတ်ပင်တတ်သောတရားတို့မှလည်း စင်ကြယ်သောစိတ်ရှိသော တစ်ဆယ့်ခြောက် ပါးသောမှီရာရှိသော အာနာပါနဿတိသမာဓိကိုပွါးများသော ပုဂ္ဂိုလ်အား ခဏတိုင်း ခဏတိုင်း ဥပက္ကိလေသ တရားအပေါင်းတို့သည် ဖြစ်တတ်ကုန်၏။ ညစ်နွမ်းကြောင်းတရား တစ်ဆယ့်ရှစ်ပါးတို့သည် အဘယ်တို့ နည်း။ ဝင်သက်၁၏ အစ၊ အလယ်၊ အဆုံးသို့ သတိဖြင့် အစဉ်လျှောက်သောပုဂ္ဂိုလ်၏ အတွင်းသန္တာန်၌ ဖြစ်သော ပျံ့လွင့်ခြင်းသို့ ရောက်သော စိတ်သည် သမာဓိ၏ အနှောင့်အယှက်ဘေးရန်တည်း။ ထွက်သက်၂၏ အစ၊ အလယ်၊ အဆုံးသို့ သတိဖြင့် အစဉ်လျှောက်သော ပုဂ္ဂိုလ်၏ အပသန္တာန်၌ဖြစ်သော ပျံ့လွင့်ခြင်း သို့ ရောက်သော စိတ်သည် သမာဓိ၏ အနှောင့်အယှက်ဘေးရန်တည်း။ ဝင်သက်ကို တောင့်တစွဲလမ်း သော တဏှာဖြစ်ခြင်းသည် သမာဓိ၏ အနှောင့်အယှက်ဘေးရန်တည်း။ ဝင်သက်ရှေးရှိသော ထွက်သက်ကို တောင့်တစွဲလမ်းသော တဏှာဖြစ်ခြင်းသည် သမာဓိ၏ အနှောင့်အယှက်ဘေးရန်တည်း။ ဝင်သက်ဖြင့်နှိပ်စက်အပ်သောပုဂ္ဂိုလ်အား ထွက်သက်ကို ရခြင်း၌ တပ်မက်ခြင်းသည် သမာဓိ၏ အနှောင့်အယှက်ဘေး ရန်တည်း။ ထွက်သက်ဖြင့်နှိပ်စက်အပ်သော ပုဂ္ဂိုလ်အား ဝင်သက်ကို ရခြင်း၌ တပ်မက်ခြင်းသည် သမာဓိ၏ အနှောင့်အယှက်ဘေးရန်တည်း။

ဝင်သက်သို့ အစဉ်လျှောက်သော သတိ၊ ထွက်သက်သို့လည်း အစဉ်လျှောက် သော သတိ၊ အတွင်းသန္တာန်၌ ပျံ့လွင့်ခြင်းကို တောင့်တသော သတိ၊ အပသန္တာန် ၌ ပျံ့လွင့်ကြောင်း (ပဿာသ) ကို တောင့်တသော သတိ၊ ဝင်သက်ဖြင့်နှိပ်စက်အပ် သော ပုဂ္ဂိုလ်အား ထွက်သက်ကို ရခြင်း၌ တပ်မက်သော သတိနှင့် ထွက်သက်ဖြင့်နှိပ်စက်အပ်သော ပုဂ္ဂိုလ်အား ဝင်သက်ကို ရခြင်း၌ တပ်မက်သော သတိ၊ ဤ ခြောက်ပါးတို့သည် အာနာပါနဿတိသမာဓိ၏ ညစ်နွမ်းကြောင်း ဥပက္ကိလေသတို့တည်း။

ဥပက္ကိလေသတို့သည် ပျံ့လွင့်ခြင်းသို့ ရောက်စေအပ်သော စိတ်ရှိသော ပုဂ္ဂိုလ်၏ စိတ်သည် မဝင် မလွတ်၃။ လွတ်မြောက်မှုကို မသိသော ထိုသူတို့သည် သူတစ်ပါး ပြောကြားချက်ကိုသာ ယုံကြည်ကုန်၏။

၁။ အဿာသာဒိမဇ္ဈပရိယောသာနန္တိ အဗ္ဘန္တရပဝိသနဝါတဿ နာသိကဂ္ဂံ ဝါ မုခနိမိတ္တံ ဝါ အာဒိ၊ ဟဒယံ မဇ္ဈံ၊ နာဘိ ပရိယောသာနံ-ဟူသော အဋ္ဌကထာအရ ဝင်သက်ဟု ပြန်ဆိုသည်။

၂။ ပဿာသာဒိမဇ္ဈပရိယောသာနန္တိ ဗဟိနိက္ခမနဝါတဿ နာဘိ အာဒိ၊ ဟဒယံ မဇ္ဈံ၊ နာသိကဂ္ဂံ ဝါ မုခနိမိတ္တံ ဝါ ပရိယောသာနံ-ဟူသော အဋ္ဌကထာအရ ထွက်သက်ဟု ပြန်ဆိုသည်။

၃။ “မဝင်”ဟူသည် အဿာသပဿာသအာရုံ၌ မသက်ဝင်။ “မလွတ်”ဟူသည် ဆန့်ကျင်ဘက်တရားတို့မှ မလွတ်ဟူသတည်း။ နော စ စိတ္တံ ဝိမုစ္စတီတိ စိတ္တံ အဿာသပဿာသာရမ္မဏေ စ နာဓိမုစ္စတိ ပစ္စနီကဓမ္မေဟိ စ န ဝိမုစ္စတိ။ (အဋ္ဌကထာ)

--

ဒုတိယဆက္က

၁၅၅။ နိမိတ်ကို ဆင်ခြင်သော ပုဂ္ဂိုလ်၏ စိတ်သည် ဝင်သက်၌ တုန်လှုပ်၏။ သမာဓိကို တားမြစ် တတ်၏။ ဝင်သက်ကိုဆင်ခြင်သော ပုဂ္ဂိုလ်၏ စိတ်သည် နိမိတ်၌ တုန်လှုပ်၏။ သမာဓိကို တားမြစ်တတ်၏။ နိမိတ်ကိုဆင်ခြင်သော ပုဂ္ဂိုလ်၏ စိတ်သည် ထွက်သက်၌ တုန်လှုပ်၏။ သမာဓိကို တားမြစ်တတ်၏။ ထွက်သက်ကိုဆင်ခြင်သော ပုဂ္ဂိုလ်၏ စိတ်သည် နိမိတ်၌ တုန်လှုပ်၏။ သမာဓိကို တားမြစ်တတ်၏။ ဝင်သက်ကို ဆင်ခြင်သော ပုဂ္ဂိုလ်၏ စိတ်သည် ထွက်သက်၌ တုန်လှုပ်၏။ သမာဓိကို တားမြစ်တတ်၏။ ထွက်သက်ကို ဆင်ခြင်သော ပုဂ္ဂိုလ်၏ စိတ်သည် ဝင်သက်၌ တုန်လှုပ်၏။ သမာဓိကို တားမြစ်တတ်၏။

နိမိတ်ကို ဆင်ခြင်သော ပုဂ္ဂိုလ်၏ ဝင်သက်၌ ပျံ့လွင့်သောစိတ်၊ ဝင်သက်ကို ဆင်ခြင်သော ပုဂ္ဂိုလ်၏ နိမိတ်၌ တုန်လှုပ်သောစိတ်၊ နိမိတ်ကို ဆင်ခြင်သော ပုဂ္ဂိုလ်၏ ထွက်သက်၌ ပျံ့လွင့်သောစိတ်၊ ထွက်သက်ကို ဆင်ခြင်သော ပုဂ္ဂိုလ်၏ နိမိတ်၌ တုန်လှုပ်သောစိတ်၊ ဝင်သက်ကို ဆင်ခြင်သော ပုဂ္ဂိုလ်၏ ထွက်သက်၌ ပျံ့ လွင့်သောစိတ်နှင့် ထွက်သက်ကို ဆင်ခြင်သော ပုဂ္ဂိုလ်၏ ဝင်သက်၌ တုန်လှုပ်သော စိတ်၊ ဤခြောက်ပါးတို့သည် အာနာပါနဿတိသမာဓိ၏ ညစ်နွမ်းကြောင်း ဥပက္ကိလေသတို့တည်း။

ဥပက္ကိလေသတို့သည် ပျံ့လွင့်ခြင်းသို့ ရောက်စေအပ်သော စိတ်ရှိသော ပုဂ္ဂိုလ်၏ စိတ်သည် မဝင်မလွတ်။ လွတ်မြောက်မှုကိုမသိသော ထိုသူတို့သည် သူတစ်ပါးပြော ကြားချက်ကိုသာ ယုံကြည်ကုန်၏။

--

တတိယဆက္က

၁၅၆။ (တွေ့ထိရာဌာနကို) လွန်၍ဖြစ်သော စိတ်သည် ပျံ့လွင့်ခြင်းသို့ အစဉ်လိုက်၍ သမာဓိ၏ အနှောင့်အယှက်ဘေးရန်ဖြစ်၏။ (တွေ့ထိရာဌာနသို့) မရောက်သေးသော တောင့်တသောစိတ်သည် တုန် လှုပ်၍ သမာဓိ၏ အနှောင့်အယှက်ဘေးရန်ဖြစ်၏။ (ဝီရိယလျော့သဖြင့်) တွန့်ဆုတ်သော စိတ်သည် ပျင်းရိသည့်အဖြစ်သို့ အစဉ်လိုက်၍ သမာဓိ၏ အနှောင့်အယှက်ဘေးရန်ဖြစ်၏။ အလွန်ချီးမြှင့်အားထုတ်အပ် သော စိတ်သည် ပျံ့လွင့်ခြင်းသို့ အစဉ်လိုက်၍ သမာဓိ၏ အနှောင့်အယှက်ဘေးရန်ဖြစ်၏။ သာယာဖွယ် ဝတ္ထုတို့၌ အလွန်ညွတ်သော စိတ်သည် ရာဂသို့ အစဉ်လိုက်၍ သမာဓိ၏ အနှောင့်အယှက်ဘေးရန်ဖြစ်၏။ သာယာဖွယ်ဝတ္ထုတို့၌ ညွတ်ခြင်းကင်းသော စိတ်သည် ဗျာပါဒသို့ အစဉ်လိုက်၍ သမာဓိ၏ အနှောင့် အယှက်ဘေးရန်ဖြစ်၏။

(တွေ့ထိရာ ဌာနကို) လွန်၍ဖြစ်သော စိတ်၊ (တွေ့ထိရာဌာနသို့) မရောက်သေး သော တောင့်တသောစိတ်၊ (ဝီရိယလျော့သဖြင့်) တွန့်ဆုတ်သောစိတ်၊ အလွန် ချီးမြှင့်အားထုတ်အပ်သောစိတ်၊ အလွန်ညွတ်သော စိတ်နှင့် မညွတ်သော စိတ် သည် မတည်ကြည်၊ ဤခြောက်ပါးတို့သည် အာနာပါနဿတိသမာဓိ၏ ညစ်နွမ်း ကြောင်း ဥပက္ကိလေသတို့ ဖြစ်ကုန်၏။

အကြင်ညစ်နွမ်းကြောင်းတို့ဖြင့် ညစ်နွမ်းစေအပ်သော အကြံရှိသော ပုဂ္ဂိုလ်သည် လွန်မြတ်သော သမာဓိစိတ်ကို မသိ။

၁၅၇။ ဝင်သက်၏ အစ၊ အလယ်၊ အဆုံးသို့ သတိဖြင့် အစဉ်လျှောက်သော ပုဂ္ဂိုလ်၏ အတွင်း သန္တာန်၌ ပျံ့လွင့်ခြင်းသို့ ရောက်သောစိတ်ဖြင့် ကိုယ်သော်လည်းကောင်း၊ စိတ်သော်လည်းကောင်း ပူပန် တုန်လှုပ်၏။ စဉ်းငယ်လည်း တုန်လှုပ်၏။

ထွက်သက်၏ အစ၊ အလယ်၊ အဆုံးသို့ သတိဖြင့် အစဉ်လျှောက်သော ပုဂ္ဂိုလ်၏ အပသန္တာန်၌ ပျံ့လွင့်ခြင်းသို့ ရောက်သောစိတ်ဖြင့် ကိုယ်သော်လည်းကောင်း၊ စိတ်သော်လည်းကောင်း ပူပန်တုန်လှုပ်၏။ စဉ်းငယ်လည်း တုန်လှုပ်၏။

ဝင်သက်ကို တောင့်တစွဲလမ်းသော တဏှာဖြစ်ခြင်းဖြင့် ကိုယ်သော်လည်းကောင်း၊ စိတ်သော်လည်း ကောင်း ပူပန်တုန်လှုပ်၏။ စဉ်းငယ်လည်း တုန်လှုပ်၏။

ထွက်သက်ကို တောင့်တစွဲလမ်းသော တဏှာဖြစ်ခြင်းဖြင့် ကိုယ်သော်လည်းကောင်း၊ စိတ်သော်လည်း ကောင်း ပူပန်တုန်လှုပ်၏။ စဉ်းငယ်လည်း တုန်လှုပ်၏။

ဝင်သက်ဖြင့် ပြင်းစွာနှိပ်စက်သော စိတ်ရှိသောပုဂ္ဂိုလ်အား ထွက်သက်ကိုရခြင်း၌ တပ်မက်ခြင်းကြောင့် ကိုယ်သော်လည်းကောင်း၊ စိတ်သော်လည်းကောင်း ပူပန်တုန်လှုပ်၏။ စဉ်းငယ်လည်း တုန်လှုပ်၏။

ထွက်သက်ဖြင့် ပြင်းစွာနှိပ်စက်သော စိတ်ရှိသောပုဂ္ဂိုလ်အား ဝင်သက်ကိုရခြင်း၌ တပ်မက်ခြင်းကြောင့် ကိုယ်သော်လည်းကောင်း၊ စိတ်သော်လည်းကောင်း ပူပန်တုန်လှုပ်၏။ စဉ်းငယ်လည်း တုန်လှုပ်၏။

နိမိတ်ကို ဆင်ခြင်သောပုဂ္ဂိုလ်၏ စိတ်သည် ဝင်သက်၌ တုန်လှုပ်ခြင်းကြောင့် ကိုယ်သော်လည်း ကောင်း၊ စိတ်သော်လည်းကောင်း ပူပန်တုန်လှုပ်၏။ စဉ်းငယ်လည်း တုန်လှုပ်၏။

--

ဝင်သက်ကို ဆင်ခြင်သောပုဂ္ဂိုလ်၏ စိတ်သည် နိမိတ်၌ တုန်လှုပ်ခြင်းကြောင့် ကိုယ်သော်လည်း ကောင်း၊ စိတ်သော်လည်းကောင်း ပူပန်တုန်လှုပ်၏။ စဉ်းငယ်လည်း တုန်လှုပ်၏။

နိမိတ်ကို ဆင်ခြင်သောပုဂ္ဂိုလ်၏ စိတ်သည် ထွက်သက်၌ တုန်လှုပ်ခြင်းကြောင့် ကိုယ်သော်လည်း ကောင်း၊ စိတ်သော်လည်းကောင်း ပူပန်တုန်လှုပ်၏။ စဉ်းငယ်လည်း တုန်လှုပ်၏။

ထွက်သက်ကို ဆင်ခြင်သောပုဂ္ဂိုလ်၏ စိတ်သည် နိမိတ်၌ တုန်လှုပ်ခြင်းကြောင့် ကိုယ်သော်လည်း ကောင်း၊ စိတ်သော်လည်းကောင်း ပူပန်တုန်လှုပ်၏။ စဉ်းငယ်လည်း တုန်လှုပ်၏။

ဝင်သက်ကို ဆင်ခြင်သောပုဂ္ဂိုလ်၏ စိတ်သည် ထွက်သက်၌ တုန်လှုပ်ခြင်းကြောင့် ကိုယ်သော်လည်း ကောင်း၊ စိတ်သော်လည်းကောင်း ပူပန်တုန်လှုပ်၏။ စဉ်းငယ်လည်း တုန်လှုပ်၏။

ထွက်သက်ကို ဆင်ခြင်သောပုဂ္ဂိုလ်၏ စိတ်သည် ဝင်သက်၌ တုန်လှုပ်ခြင်းကြောင့် ကိုယ်သော်လည်း ကောင်း၊ စိတ်သော်လည်းကောင်း ပူပန်တုန်လှုပ်၏။ စဉ်းငယ်လည်း တုန်လှုပ်၏။

(တွေ့ထိရာဌာနကို) လွန်၍ဖြစ်သော ပျံ့လွင့်ခြင်းသို့ အစဉ်လိုက်သော စိတ်ကြောင့် ကိုယ်သော်လည်း ကောင်း၊ စိတ်သော်လည်းကောင်း ပူပန်တုန်လှုပ်၏။ စဉ်းငယ်လည်း တုန်လှုပ်၏။

(တွေ့ထိရာဌာနသို့) မရောက်သေးသော တောင့်တသော တုန်လှုပ်သော စိတ်ကြောင့် ကိုယ်သော် လည်းကောင်း၊ စိတ်သော်လည်းကောင်း ပူပန်တုန်လှုပ်၏။ စဉ်းငယ်လည်း တုန်လှုပ်၏။

တွန့်ဆုတ်သော ပျင်းရိသည့်အဖြစ်သို့ အစဉ်လိုက်သော စိတ်ကြောင့် ကိုယ်သော်လည်းကောင်း၊ စိတ်သော်လည်းကောင်း ပူပန်တုန်လှုပ်၏။ စဉ်းငယ်လည်း တုန်လှုပ်၏။

အလွန်အားထုတ်အပ်သော ပျံ့လွင့်ခြင်းသို့ အစဉ်လိုက်သော စိတ်ကြောင့် ကိုယ်သော်လည်းကောင်း၊ စိတ်သော်လည်းကောင်း ပူပန်တုန်လှုပ်၏။ စဉ်းငယ်လည်း တုန်လှုပ်၏။

အလွန်ညွတ်သော ရာဂသို့ အစဉ်လိုက်သော စိတ်ကြောင့် ကိုယ်သော်လည်းကောင်း၊ စိတ်သော် လည်းကောင်း ပူပန်တုန်လှုပ်၏။ စဉ်းငယ်လည်း တုန်လှုပ်၏။

ညွတ်ခြင်းကင်းသော ဗျာပါဒသို့ အစဉ်လိုက်သော စိတ်ကြောင့် ကိုယ်သော်လည်းကောင်း၊ စိတ်သော် လည်းကောင်း ပူပန်တုန်လှုပ်၏။ စဉ်းငယ်လည်း တုန်လှုပ်၏။

အာနာပါနဿတိသမာဓိကို ပြည့်စုံစွာ မပွားများသောပုဂ္ဂိုလ်၏ ကိုယ်သော်လည်း တုန်လှုပ်၏။ စိတ်သော်လည်း တုန်လှုပ်၏။ ကိုယ်သော်လည်း စဉ်းငယ်တုန်လှုပ်၏။ စိတ်သော်လည်း စဉ်းငယ်တုန်လှုပ်၏။

အာနာပါနဿတိသမာဓိကို ပြည့်စုံကောင်းမွန်စွာ ပွါးများသော ပုဂ္ဂိုလ်၏ ကိုယ် သော်လည်း မတုန်လှုပ်။ စိတ်သော်လည်း မတုန်လှုပ်။ ကိုယ်သော်လည်း စဉ်းငယ် မတုန်လှုပ်။ စိတ်သော်လည်း စဉ်းငယ်မတုန်လှုပ်။

နီဝရဏတရားတို့မှ စင်ကြယ်သောစိတ်ရှိသော တစ်ဆယ့်ခြောက်ပါးသော မှီရာရှိသော အာနာပါန ဿတိသမာဓိကို ပွါးများသော ပုဂ္ဂိုလ်အား ခဏတိုင်း ခဏတိုင်း ဤဥပက္ကိလေသတရား တစ်ဆယ့်ရှစ်ပါး အပေါင်းတို့သည် ဖြစ်ကုန်၏။

သုံးခုမြောက် ဥပက္ကိလေသဉာဏ် အကျယ်ပြခြင်း ပြီး၏။

--

၄-ဝေါဒါနဉာဏ် အကျယ်ပြခြင်း

၁၅၈။ ဖြူစင်သောဉာဏ် တစ်ဆယ့်သုံးပါးတို့သည် အဘယ်တို့နည်း။

(တွေ့ထိရာဌာနကို) လွန်၍ဖြစ်သော စိတ်သည် ပျံ့လွင့်ခြင်းသို့ အစဉ်လိုက်၏။ ထိုစိတ်ကိုကြဉ်၍့တစ်ခုသော အဿာသပဿာသတို့၏ တွေ့ထိရာဌာန၌ ကောင်းစွာထား၏။ ဤသို့လည်း စိတ်သည် ပျံ့လွင့်ခြင်းသို့ မရောက်။ (တွေ့ထိရာဌာနသို့) မရောက်သေးသော တောင့်တသော စိတ်သည် တုန်လှုပ်၏။ ထိုစိတ်ကို ကြဉ်၍ ထိုအဿာသပဿာသတို့၏ တွေ့ထိရာဌာန၌သာလျှင် ဆုံးဖြစ်၏။ ဤသို့လည်း စိတ်သည် ပျံ့လွင့်ခြင်းသို့ မရောက်။ တွန့်ဆုတ်သောစိတ်သည် ပျင်းရိသည်၏ အဖြစ်သို့ အစဉ်လိုက်၏။ ထိုစိတ်ကို ဘာဝနာဖြင့် ချီးမြှောက်၍ ပျင်းရိခြင်းကို စွန့်၏။ ဤသို့လည်း စိတ်သည် ပျံ့လွင့်ခြင်းသို့ မရောက်။ အလွန်ချီးမြှင့်အားထုတ်သော စိတ်သည် ပျံ့လွင့်ခြင်းသို့ အစဉ်လိုက်၏။ ထိုစိတ်ကို ဘာဝနာဖြင့်နှိပ်စက်၍ ပျံ့လွင့်ခြင်းကို စွန့်၏။ ဤသို့လည်း စိတ်သည် ပျံ့လွင့်ခြင်းသို့ မရောက်။ သာယာဖွယ်ဝတ္ထု တို့၌ အလွန်ညွတ်သော စိတ်သည် ရာဂသို့ အစဉ်လိုက်၏။ ထိုစိတ်ကို ဆင်ခြင်၍ ရာဂကို စွန့်၏။ ဤ သို့လည်း စိတ်သည် ပျံ့လွင့်ခြင်းသို့ မရောက်။ သာယာဖွယ်ဝတ္ထုတို့၌ မညွတ်သော စိတ်သည် ဗျာပါဒသို့ အစဉ်လိုက်၏။ ထိုစိတ်ကို ဆင်ခြင်၍ ဗျာပါဒကို စွန့်၏။ ဤသို့လည်း စိတ်သည် ပျံ့လွင့်ခြင်းသို့ မရောက်။ ဤခြောက်ပါးသော အကြောင်းအရာတို့ဖြင့် စင်ကြယ်သော ဖြူစင်သော စိတ်သည် တစ်ခုတည်း သော အဿာသပဿာသတို့၏ တွေ့ထိရာဌာန၌ တည်၏။

တစ်ခုတည်းသောဌာန၌ တည်သောတရားတို့သည် အဘယ်တို့နည်း။ ပေးခြင်း စွန့်ခြင်းကို ထင်သောအားဖြင့် တစ်ခုတည်းအဖြစ်သည်လည်းကောင်း၊ သမထနိမိတ်ကို ထင်သောအားဖြင့် တစ်ခုတည်း အဖြစ်သည်လည်းကောင်း၊ ပျက်ခြင်လက္ခဏာကို ထင်သောအားဖြင့် တစ်ခုတည်းအဖြစ်သည်လည်းကောင်း၊ ချုပ်ခြင်းနိဗ္ဗာန်၌ ထင်သောအားဖြင့် တစ်ခုတည်းအဖြစ်သည်လည်းကောင်း၊ စွန့်ကြဲခြင်းရှိကုန်သောပုဂ္ဂိုလ် တို့၏ ပေးခြင်းစွန့်ခြင်းကို ထင်သောအားဖြင့် တစ်ခုတည်းအဖြစ်သည်လည်းကောင်း၊ သမာဓိနိမိတ်ကို အားထုတ်ကုန်သော ပုဂ္ဂိုလ်တို့၏ သမထနိမိတ်ကို ထင်သောအားဖြင့် တစ်ခုတည်းအဖြစ်သည်လည်း ကောင်း၊ ဝိပဿကပုဂ္ဂိုလ်တို့၏ ပျက်ခြင်း လက္ခဏာကို ထင်သောအားဖြင့် တစ်ခုတည်းအဖြစ်သည်လည်း ကောင်း၊ အရိယာပုဂ္ဂိုလ်တို့၏ နိဗ္ဗာန်ကို ထင်သောအားဖြင့် တစ်ခုတည်းအဖြစ်သည်လည်းကောင်း၊ ဤလေးပါးသော အကြောင်းတို့ဖြင့် တစ်ခုတည်းအဖြစ်သို့ ရောက်သော စိတ်သည် ကျင့်စဉ်၏ စင်ကြယ်ခြင်းသို့ ပြေးဝင်သည်သာ ဖြစ်၏။ ဥပေက္ခာကိုလည်း ပွါးများသည် မည်၏။ ဉာဏ်ဖြင့်လည်း ရွှင်စေအပ်သည် မည်၏။

ပဌမဈာန်၏ အစကား အဘယ်နည်း။ အလယ်ကား အဘယ်နည်း။ အဆုံးကား အဘယ်နည်း။

ပဌမဈာန်၏ အစကား အကျင့်စင်ကြယ်ခြင်း ‘ပဋိပဒါဝိသုဒ္ဓိ'တည်း။ အလယ်ကား ဥပေက္ခာကို ပွါးများခြင်းတည်း။ အဆုံးကား ရွှင်စေခြင်းတည်း။

ပဌမဈာန်၏ အစကား ပဋိပဒါဝိသုဒ္ဓိတည်း။ အစ၏ လက္ခဏာတို့သည် အဘယ်မျှတို့နည်း။

အစ၏ လက္ခဏာတို့သည် သုံးပါးတို့တည်း။ ထိုပုဂ္ဂိုလ်၏ စိတ်သည် ဘေးရန်မှ စင်ကြယ်၏။ စင်ကြယ်သောကြောင့် စိတ်သည် အလယ်ဖြစ်သော သမထနိမိတ်သို့ ရောက်၏။ ရောက်သောကြောင့် စိတ် သည် သမထနိမိတ်၌ ပြေးဝင်၏။

--

စိတ်သည် ဘေးရန်မှ စင်ကြယ်ခြင်း၊ စင်ကြယ်သောကြောင့် အလယ်ဖြစ်သော သမထနိမိတ်သို့ ရောက်ခြင်း၊ ရောက်သောကြောင့် ထိုသမထနိမိတ်၌ ပြေးဝင်ခြင်း၊ ဤသည်တို့ကား ပဌမဈာန်၏ အစဖြစ် သော အကျင့်စင်ကြယ်ခြင်း ‘ပဋိပဒါဝိသုဒ္ဓိ'၏ လက္ခဏာတို့တည်း။ အစ၏ လက္ခဏာတို့သည် ဤသုံးပါးတို့တည်း။ ထို့ကြောင့် ပဌမဈာန်သည် အစ၏ ကောင်းခြင်းလည်း ရှိ၏၊ လက္ခဏာနှင့်လည်း ပြည့်စုံ၏ဟု ဆိုအပ်၏။

ပဌမဈာန်၏ အလယ်ကား ဥပေက္ခာကို ပွါးများခြင်းတည်း။ အလယ်၏ လက္ခဏာတို့သည် အဘယ် မျှတို့နည်း။

အလယ်၏ လက္ခဏာတို့သည် သုံးပါးတို့တည်း။ စင်ကြယ်သောစိတ်ကို လျစ်လျူရှု၏။ သမထသို့ရောက်သော (စိတ်ကို) လျစ်လျူရှု၏။ တစ်ခုသောအခြင်းအရာအားဖြင့် ထင်သောစိတ်ကို လျစ်လျူရှု၏။ စင်ကြယ်သော စိတ်ကို လျစ်လျူရှုခြင်း၊ သမထသို့ ရောက်သောစိတ်ကို လျစ်လျူရှုခြင်း၊ တစ်ခုသော အခြင်းအရာအားဖြင့် ထင်သောစိတ်ကို လျစ်လျူရှုခြင်း၊ ဤသည်တို့ကား ပဌမဈာန်၏ အလယ်ဖြစ်သော ဥပေက္ခာကို ပွါးများခြင်း၏ လက္ခဏာတို့တည်း။ အလယ်၏ သုံးပါးကုန်သော ဤလက္ခဏာတို့သည် ဖြစ်ကုန်၏။ ထို့ကြောင့် ပဌမဈာန်သည် အလယ်၏ ကောင်းခြင်းလည်း ရှိ၏။ လက္ခဏာနှင့်လည်း ပြည့်စုံ၏ဟု ဆိုအပ်၏။

ပဌမဈာန်၏ အဆုံးကား ရွှင်ခြင်းတည်း။ အဆုံး၏ လက္ခဏာတို့သည် အဘယ်မျှတို့နည်း။

အဆုံး၏ လက္ခဏာတို့သည် လေးပါးတို့တည်း။ ထိုပဌမဈာန်၌ ဖြစ်သောတရားတို့၏ မကျော်လွန် သော သဘောအားဖြင့် ရွှင်ခြင်း၊ ဣန္ဒြေတို့၏ တစ်ခုတည်းသောကိစ္စရှိသော သဘောအားဖြင့် ရွှင်ခြင်း၊ ထိုနှစ်ပါးစုံသို့ ရောက်သော ဝီရိယကို ရွက်ဆောင်တတ်သော သဘောအားဖြင့် ရွှင်ခြင်း၊ အဖန်တလဲလဲ မှီဝဲတတ်သော သဘောအားဖြင့် ရွှင်ခြင်း။ ဤလေးပါးတို့သည် ပဌမဈာန်၏ အဆုံးဖြစ်သော ရွှင်ခြင်း၏ လက္ခဏာတို့တည်း။ ထို့ကြောင့် ပဌမဈာန်သည် အဆုံး၏ ကောင်းခြင်းလည်း ရှိ၏။ လက္ခဏာနှင့်လည်း ပြည့်စုံ၏ဟု ဆိုအပ်၏။

ဤသို့ ဆိုအပ်သောအစီအရင်ဖြင့် သုံးပါးအပြားရှိသည့်အဖြစ်သို့ ရောက်သောစိတ်သည် သုံးပါးသော ကောင်းခြင်း ရှိ၏။ ဆယ်ပါးသောလက္ခဏာနှင့် ပြည့်စုံ၏။ ဝိတက်နှင့်လည်း ပြည့်စုံ၏။ ဝိစာရနှင့်လည်း ပြည့်စုံ၏။ ပီတိနှင့်လည်း ပြည့်စုံ၏။ သုခနှင့်လည်း ပြည့်စုံ၏။ စိတ်၏ အဓိဋ္ဌာန်နှင့်လည်း ပြည့်စုံ၏။ သဒ္ဓါနှင့်လည်း ပြည့်စုံ၏။ ဝီရိယနှင့်လည်း ပြည့်စုံ၏။ သတိနှင့်လည်း ပြည့်စုံ၏။ သမာဓိနှင့်လည်း ပြည့်စုံ၏။ ပညာနှင့်လည်း ပြည့်စုံ၏။

ဒုတိယဈာန်၏ အစကား အဘယ်နည်း။ အလယ်ကား အဘယ်နည်း။ အဆုံးကား အဘယ်နည်း။

ဒုတိယဈာန်၏ အစကား အကျင့်စင်ကြယ်ခြင်း ‘ပဋိပဒါဝိသုဒ္ဓိ'တည်း။ အလယ်ကား ဥပေက္ခာကို ပွါးများခြင်းတည်း။ အဆုံးကား ဉာဏ်ကိစ္စဖြစ်သော ရွှင်ခြင်းတည်း။ပ။ ဤသို့ ဆိုအပ်ပြီးသော အစီ အရင်ဖြင့် သုံးပါးအပြားရှိသည့်အဖြစ်သို့ ရောက်သောစိတ်သည် သုံးပါးသော ကောင်းခြင်းနှင့်ပြည့်စုံ၏။ ဆယ်ပါးသောလက္ခဏာနှင့် ပြည့်စုံ၏။ ပီတိနှင့်လည်း ပြည့်စုံ၏။ သုခနှင့်လည်း ပြည့်စုံ၏။ စိတ်၏ အဓိဋ္ဌာန်နှင့်လည်း ပြည့်စုံ၏။ သဒ္ဓါနှင့်လည်း ပြည့်စုံ၏။ ဝီရိယနှင့်လည်း ပြည့်စုံ၏။ သတိနှင့်လည်း ပြည့်စုံ၏။ သမာဓိနှင့်လည်း ပြည့်စုံ၏။ ပညာနှင့်လည်း ပြည့်စုံ၏။

တတိယဈာန်၏ အစကား အဘယ်နည်း။ အလယ်ကား အဘယ်နည်း။ အဆုံးကား အဘယ် နည်း။ပ။ ဤသို့ ဆိုအပ်ပြီးသော အစီအရင်ဖြင့် သုံးပါးအပြားရှိသည့်အဖြစ်သို့ ရောက်သော စိတ်သည် သုံးပါးသော ကောင်းခြင်းရှိ၏။ ဆယ်ပါးသောလက္ခဏာနှင့် ပြည့်စုံ၏။ သုခနှင့်လည်း ပြည့်စုံ၏။ စိတ်၏ အဓိဋ္ဌာန်နှင့်လည်း ပြည့်စုံ၏။ သဒ္ဓါနှင့်လည်း ပြည့်စုံ၏။ ဝီရိယနှင့်လည်း ပြည့်စုံ၏။ သတိနှင့်လည်း ပြည့်စုံ၏။ သမာဓိနှင့်လည်း ပြည့်စုံ၏။ ပညာနှင့်လည်း ပြည့်စုံ၏။

--

စတုတ္ထဈာန်၏ အစကား အဘယ်နည်း။ အလယ်ကား အဘယ်နည်း။ အဆုံးကား အဘယ် နည်း။ပ။ ဤသို့ဆိုအပ်ပြီးသော အစီအရင်ဖြင့် သုံးပါးအပြားရှိသည့်အဖြစ်သို့ ရောက်သော စိတ်သည် သုံးပါးသော ကောင်းခြင်းရှိ၏။ ဆယ်ပါးသောလက္ခဏာနှင့် ပြည့်စုံ၏။ ဥပေက္ခာနှင့်လည်း ပြည့်စုံ၏။ စိတ်၏ အဓိဋ္ဌာန်နှင့်လည်း ပြည့်စုံ၏။ သဒ္ဓါနှင့်လည်း ပြည့်စုံ၏။ ဝီရိယနှင့်လည်း ပြည့်စုံ၏။ သတိနှင့် လည်း ပြည့်စုံ၏။ သမာဓိနှင့်လည်း ပြည့်စုံ၏။ ပညာနှင့်လည်း ပြည့်စုံ၏။

အာကာသာနဉ္စာယတနသမာပတ်၏။ပ။ ဝိညာဏဉ္စာယတနသမာပတ်၏။ အာကိဉ္စညာယတနသမာပတ်၏။ နေဝသညာနာသညာယတနသမာပတ်၏ အစကား အဘယ်နည်း။ အလယ်ကား အဘယ်နည်း။ အဆုံးကား အဘယ်နည်း။ပ။ ဤသို့ ဆိုအပ်ပြီးသော အစီအရင်ဖြင့် သုံးပါးအပြားရှိသည့် အဖြစ်သို့ရောက်သော စိတ်သည် သုံးပါးသော ကောင်းခြင်းရှိ၏။ ဆယ်ပါးသောလက္ခဏာနှင့် ပြည့်စုံ၏။ ဥပေက္ခာနှင့်လည်း ပြည့်စုံ၏။ စိတ်၏ အဓိဋ္ဌာန်နှင့်လည်း ပြည့်စုံ၏။ပ။ ပညာနှင့်လည်း ပြည့်စုံ၏။

အနိစ္စာနုပဿနာ၏ အစကား အဘယ်နည်း။ အလယ်ကား အဘယ်နည်း။ အဆုံးကား အဘယ် နည်း။ပ။ ဤသို့ ဆိုအပ်ပြီးသောအစီအရင်ဖြင့် သုံးပါးအပြားရှိသည့်အဖြစ်သို့ ရောက်သော စိတ်သည် သုံးပါးသော ကောင်းခြင်းရှိ၏။ ဆယ်ပါးသောလက္ခဏာနှင့် ပြည့်စုံ၏။ ဝိတက်နှင့်လည်း ပြည့်စုံ၏။ ဝိစာရနှင့်လည်း ပြည့်စုံ၏။ ပီတိနှင့်လည်း ပြည့်စုံ၏။ သုခနှင့်လည်း ပြည့်စုံ၏။ စိတ်၏အဓိဋ္ဌာန်နှင့်လည်း ပြည့် စုံ၏။ သဒ္ဓါနှင့်လည်း ပြည့်စုံ၏။ ဝီရိယနှင့်လည်း ပြည့်စုံ၏။ သတိနှင့်လည်း ပြည့်စုံ၏။ သမာဓိနှင့်လည်း ပြည့်စုံ၏။ ပညာနှင့်လည်း ပြည့်စုံ၏။

ဒုက္ခာနုပဿနာ၏။ပ။ အနတ္တာနုပဿနာ၏။ ငြီးငွေ့ဖွယ်ဟု အဖန်ဖန်ရှုခြင်း ‘နိဗ္ဗိဒါနုပဿနာ'၏။ တပ်ခြင်းကင်းဖွယ်ဟု အဖန်ဖန်ရှုခြင်း ‘ဝိရာဂါနုပဿနာ'၏။ ချုပ်ရာဟု အဖန်ဖန်ရှုခြင်း ‘နိရောဓာနုပဿနာ'၏။ တစ်ဖန် စွန့်လွှတ်ဖွယ်ဟု အဖန်ဖန်ရှုခြင်း ‘ပဋိနိဿဂ္ဂါနုပဿနာ'၏။ ကုန်ဆုံးခြင်းဟု အဖန်ဖန်ရှုခြင်း ‘ခယာနုပဿနာ'၏။ ပျက်ပြုန်းခြင်းဟု အဖန်ဖန်ရှုခြင်း ‘ဝယာနုပဿနာ'၏။ ဖောက်ပြန်ခြင်းဟု အဖန်ဖန်ရှုခြင်း ‘ဝိပရိဏာမာနုပဿနာ'၏။ အာရုံနိမိတ်မရှိဟု အဖန်ဖန်ရှုခြင်း ‘အနိမိတ္တာနုပဿနာ'၏။ တောင့်တခြင်းမရှိဟု အဖန်ဖန်ရှုခြင်း ‘အပ္ပဏိဟိတာနုပဿနာ'၏။ ဆိတ်သုဉ်းခြင်းဟု အဖန်ဖန် ရှုခြင်း ‘သုညတာနုပဿနာ'၏။ လွန်ကဲသောပညာဖြင့် တရားကို အထူးရှုခြင်း ‘အဓိပညာဓမ္မဝိပဿနာ'၏။ဟုတ်တိုင်းမှန်စွာသိသော ဉာဏ်အမြင် ‘ယထာဘူတဉာဏဒဿန'၏။ အပြစ်ဟု အဖန်ဖန်ရှုခြင်း ‘အာဒီနဝါနုပဿနာ'၏။ ပညာဉာဏ်ဖြင့် အဖန်ဖန်ရှုခြင်း ‘ပဋိသင်္ခါနုပဿနာ'၏။ ဝဋ်မှ ထွက်မြောက်ခြင်းကို အဖန် ဖန်ရှုခြင်း ‘ဝိဝဋ္ဋနာနုပဿနာ'၏။

သောတာပတ္တိမဂ်၏။ သကဒါဂါမိမဂ်၏။ အနာဂါမိမဂ်၏၊ အရဟတ္တမဂ်၏။ အစကား အဘယ်နည်း။ အလယ်ကား အဘယ်နည်း။ အဆုံးကား အဘယ်နည်း။

အရဟတ္တမဂ်၏ အစကား အကျင့်စင်ကြယ်ခြင်း ‘ပဋိပဒါဝိသုဒ္ဓိ'တည်း။ အလယ်ကား ဥပေက္ခာကို ပွါးများခြင်းတည်း။ အဆုံးကား ရွှင်စေခြင်းတည်း။ အရဟတ္တမဂ်၏ အစကား ‘ပဋိပဒါဝိသုဒ္ဓိ'တည်း။ အစ၏လက္ခဏာတို့သည် အဘယ်တို့နည်း။ အစ၏လက္ခဏာတို့သည် သုံးပါးတို့တည်း။

ထိုပုဂ္ဂိုလ်၏စိတ်သည် ဘေးရန်မှ စင်ကြယ်၏။ စင်ကြယ်သောကြောင့် စိတ်သည် အလယ်ဖြစ်သော သမထနိမိတ်သို့ ရောက်၏။ ရောက်သောကြောင့် စိတ်သည် သမထနိမိတ်၌ ပြေးဝင်၏။

စိတ်သည် ဘေးရန်မှ စင်ကြယ်ခြင်း၊ စင်ကြယ်သောကြောင့် အလယ်ဖြစ်သော သမထနိမိတ်သို့ ရောက်ခြင်း၊ ရောက်သောကြောင့် သမထနိမိတ်၌ ပြေးဝင်ခြင်း၊ ဤသည်တို့ကား အရဟတ္တမဂ်၏ အစဖြစ် သော အကျင့်စင်ကြယ်ခြင်း ‘ပဋိပဒါဝိသုဒ္ဓိ'၏ လက္ခဏာသုံးပါးတို့တည်း။ ထို့ကြောင့် အရဟတ္တမဂ်သည် အစ၏ ကောင်းခြင်းလည်း ရှိ၏။ လက္ခဏာနှင့်လည်း ပြည့်စုံ၏ဟု ဆိုအပ်၏။

--

အရဟတ္တမဂ်၏ အလယ်ကား ဥပေက္ခာကို ပွါးများခြင်းတည်း။ အလယ်၏လက္ခဏာတို့သည် အဘယ်တို့နည်း။

အလယ်၏ လက္ခဏာတို့သည် သုံးပါးတို့တည်း။ စင်ကြယ်သောစိတ်ကို လျစ်လျူရှု၏။ သမထသို့ ရောက်သော (စိတ်ကို) လျစ်လျူ ရှု၏။ တစ်ခုသောအခြင်းအရာအားဖြင့် ထင်သောစိတ်ကို လျစ်လျူရှု၏။ စင်ကြယ်သော စိတ်ကို လျစ်လျူ ရှုခြင်း။ သမထသို့ ရောက်သောစိတ်ကို လျစ်လျူရှုခြင်း၊ တစ်ခုသော အခြင်းအရာအားဖြင့် ထင်သောစိတ်ကို လျစ်လျူရှုခြင်း၊ (ဤသည်တို့ကား အလယ်၏လက္ခဏာသုံးပါးတို့တည်း)။ ထို့ကြောင့် အရဟတ္တမဂ်သည် အလယ်၏ ကောင်းခြင်းလည်း ရှိ၏။ လက္ခဏာနှင့်လည်း ပြည့်စုံ၏ဟု ဆိုအပ်၏။

အရဟတ္တမဂ်၏ အဆုံးကား ရွှင်ခြင်းတည်း။ အဆုံး၏ လက္ခဏာတို့သည် အဘယ်မျှတို့နည်း။

အဆုံး၏ လက္ခဏာတို့သည် လေးပါးတို့တည်း။ ထိုအရဟတ္တမဂ်၌ ဖြစ်ကုန်သောတရားတို့၏ မကျော်လွန် သောသဘောအားဖြင့် ရွှင်ခြင်း၊ ဣန္ဒြေတို့၏ တစ်ခုတည်းသောကိစ္စရှိသော သဘောအားဖြင့် ရွှင်ခြင်း၊ ထိုနှစ်ပါးစုံသို့ရောက်သော ဝီရိယကို ရွက်ဆောင်တတ်သော သဘောအားဖြင့် ရွှင်ခြင်း၊ အဖန် တလဲလဲ မှီဝဲတတ်သော သဘောအားဖြင့် ရွှင်ခြင်း။ ဤလေးပါးတို့သည် အရဟတ္တမဂ်၏ အဆုံးဖြစ်သော ရွှင်ခြင်း၏ လက္ခဏာတို့တည်း။

ထို့ကြောင့် အရဟတ္တမဂ်သည် အဆုံး၏ ကောင်းခြင်းလည်း ရှိ၏။ လက္ခဏာနှင့်လည်း ပြည့်စုံ၏ဟု ဆိုအပ်၏။ ဤသို့ ဆိုအပ်ပြီးသောအစီအရင်ဖြင့် သုံးပါးအပြားရှိသည့်အဖြစ်သို့ ရောက်သော စိတ်သည် သုံးပါးသော ကောင်းခြင်း ရှိ၏။ ဆယ်ပါးသောလက္ခဏာနှင့် ပြည့်စုံ၏။ ဝိတက်နှင့်လည်း ပြည့်စုံ၏။ ဝိစာရနှင့်လည်း ပြည့်စုံ၏။ ပီတိနှင့်လည်း ပြည့်စုံ၏။ သုခနှင့်လည်း ပြည့်စုံ၏။ စိတ်၏ အဓိဋ္ဌာန်နှင့် လည်း ပြည့်စုံ၏။ သဒ္ဓါနှင့်လည်း ပြည့်စုံ၏။ ဝီရိယနှင့်လည်း ပြည့်စုံ၏။ သတိနှင့်လည်း ပြည့်စုံ၏။ သမာဓိနှင့်လည်း ပြည့်စုံ၏။ ပညာနှင့်လည်း ပြည့်စုံ၏။

၁၅၉။ နိမိတ်သည်လည်းကောင်း၊ ဝင်သက် ထွက်သက်သည်လည်းကောင်း တစ်ခုသောစိတ်၏ အာရုံမဟုတ်ကုန်။ သုံးပါးသောတရားတို့ကို မသိသောပုဂ္ဂိုလ် အား သမာဓိဘာဝနာကို မရအပ်။

နိမိတ်သည်လည်းကောင်း၊ ဝင်သက်ထွက်သက်သည်လည်းကောင်း တစ်ခုသော စိတ်၏ အာရုံမဟုတ်ကုန်။ သုံးပါးသော တရားတို့ကို သိသောပုဂ္ဂိုလ်အား သမာဓိ ဘာဝနာကို ရအပ်၏။

ဤတရားသုံးပါးတို့သည် အဘယ်သို့လျှင် တစ်ခုသောစိတ်၏ အာရုံမဟုတ်ကုန်သနည်း။ ဤတရား သုံးပါးတို့သည် အဘယ်သို့လျှင် မထင်သည် မဟုတ်ကုန်သနည်း။ အဘယ်သို့လျှင် စိတ်ပျံ့လွင့်ခြင်းသို့ မရောက်သနည်း။ အဘယ်သို့လျှင် သမာဓိဘာဝနာကို အားထုတ်သော ဝီရိယသည်လည်း ထင်သနည်း။ အဘယ်သို့လျှင် နီဝရဏကို ပယ်ခွါတတ်သောဈာန်ကိုလည်း ပြီးစေသနည်း။ အဘယ်သို့လျှင် သံယောဇဉ် ကို ပယ်တတ်သောမဂ်ကို ရသနည်း။

ဥပမာအားဖြင့် ညီညွတ်သောမြေပြင်၌ သစ်တုံးကို ထား၏။ ထိုသစ်တုံးကို ယောက်ျားသည် လွှဖြင့် ဖြတ်ရာ၏။ သစ်တုံး၌ ထိသော လွှသွားတို့၏ အစွမ်းအားဖြင့် ယောက်ျား၏ သတိသည် ထင်၏။ မိမိ အနီးသို့လာသော လွှသွားတို့ကိုလည်းကောင်း၊ တဖက်သို့သွားသော လွှသွားတို့ကိုလည်းကောင်းနှလုံး မသွင်းသော်လည်း လာသော လွှသွား၊ သွားသောလွှသွားတို့ မထင်သည် မဟုတ်ကုန်။ သစ်တုံးကိုဖြတ် သော ဝီရိယသည်လည်း ထင်၏။ သစ်တုံးဖြတ်ခြင်း လုံ့လကိုလည်း ပြီးစေ၏။

ညီညွတ်သောမြေပြင်၌ ထားအပ်သောသစ်တုံးကဲ့သို့ ဤအတူ သတိဖြင့်ဖွဲ့အပ်သော နိမိတ်ကို မှတ်အပ်၏။ (လွှသွားတို့ကဲ့သို့ ဤအတူ ထွက်သက်ဝင်သက်တို့ကို မှတ်အပ်ကုန်၏)။ လွှသွားတို့ကဲ့သို့ ဤ အတူ ဝင်သက် ထွက်သက်တို့ကို မှတ်အပ်ကုန်၏။ သစ်တုံး၌ထိသော လွှသွားတို့၏ အစွမ်းအားဖြင့် ယောက်ျား၏ သတိသည် ထင်သကဲ့သို့၊ လာသောလွှသွား သွားသောလွှသွားတို့ကိုနှလုံးမသွင်းသကဲ့သို့၊

--

လာသောလွှသွား၊ သွားသော လွှသွားတို့ မထင်သည် မဟုတ်ကုန်သကဲ့သို့၊ သစ်တုံးကို ဖြတ်သော ဝီရိယသည်လည်း ထင်သကဲ့သို့၊ သစ်တုံးဖြတ်ခြင်း လုံ့လကိုလည်း ပြီးစေသကဲ့သို့ ဤအတူသာလျှင် ရဟန်းသည်နှာသီးဖျား၌လည်းကောင်း၊နှုတ်ခမ်းဖျား၌လည်းကောင်း သတိကို ရှေးရှုထား၍ ထိုင်နေ၏။ အတွင်းသို့ ဝင်လာကုန်၊ အပသို့ ထွက်သွားကုန်သော ဝင်သက်ထွက်သက်တို့ကိုနှလုံးမသွင်း။ အတွင်း သို့ ဝင်လာကုန်၊ အပသို့ ထွက်သွားကုန်သော ဝင်သက်ထွက်သက်တို့သည် မထင်သည် မဟုတ်ကုန်၊ ထင်ကုန်သည်သာတည်း။ ဝီရိယသည်လည်း ထင်၏။ ဈာန်ကိုလည်း ပြီးစေ၏။ သံယောဇဉ်ကို ပယ်တတ် သော မဂ်ကိုလည်း ရ၏။ ပဓာနမည်သော ဝီရိယလည်း ဖြစ်၏။

ပဓာနဟူသည် အဘယ်နည်း။ အားထုတ်အပ်သော ဝီရိယရှိသောပုဂ္ဂိုလ်၏ ကိုယ်သည်လည်းကောင်း၊ စိတ်သည်လည်းကောင်း ဘာဝနာကံအားလျော်၏။ ဤကား ပဓာနမည်၏။

ပယောဂဟူသည် အဘယ်နည်း။ အားထုတ်အပ်သော ဝီရိယရှိသောပုဂ္ဂိုလ်သည် ဥပက္ကိလေသ နီဝရဏတို့ကို ပယ်စွန့်အပ်ကုန်၏။ ဝိတက်တို့သည် ငြိမ်းကုန်၏။ ဤကား ပယောဂမည်၏။

ဝိသေသဟူသည် အဘယ်နည်း။ အားထုတ်အပ်သော ဝီရိယရှိသော ပုဂ္ဂိုလ်အား သံယောဇဉ်တို့ ပျောက်ကုန်၏။ အနုသယတို့ ကင်းကုန်၏။ ဤကား ဝိသေသမည်၏။

ဤသို့ ဤတရားသုံးပါးတို့သည် တစ်ခုသောစိတ်၏ အာရုံမဟုတ်ကုန်။ ဤတရားသုံးပါးတို့သည် မထင်သည်မဟုတ်ကုန်။ စိတ်ပျံ့လွင့်ခြင်းသို့ မရောက်။ သမာဓိဘာဝနာကို အားထုတ်သော ဝီရိယသည် လည်း ထင်၏။ နီဝရဏကို ပယ်ခွါတတ်သောဈာန်ကိုလည်း ပြီးစေ၏။ သံယောဇဉ်ကို ပယ်တတ် သောမဂ်ကိုလည်း ရ၏။

၁၆၀။ မြတ်စွာဘုရားသည် ဟောတော်မူတိုင်းသော အခြင်းအရာအားဖြင့် အာနာ ပါနဿတိကို ပြည့်စုံကောင်းမွန်စွာ အစဉ်အတိုင်း ပွါးများလေ့လာပြီးသော ပုဂ္ဂိုလ် သည် တိမ်တိုက်မှ လွတ်သော လကဲ့သို့ ဤဩကာသလောကကို အရောင်ဖြင့် ထွန်းပ၏။

အာနံဟူသည် ဝင်သက်တည်း။ ထွက်သက်မဟုတ်။ အပါနံဟူသည် ထွက်သက်တည်း။ ဝင်သက် မဟုတ်။ ဝင်သက်၏ အစွမ်းအားဖြင့် သတိသည် ထင်၏။ ထွက်သက်၏ အစွမ်းအားဖြင့် သတိသည် ထင်၏။ ဝင်သက်ကို ရှုသော ပုဂ္ဂိုလ်အား သတိသည် ထင်၏။ ထွက်သက်ကို ရှုသော ပုဂ္ဂိုလ်အား သတိ သည် ထင်၏။

ပရိပုဏ္ဏာဟူသည် သိမ်းဆည်းတတ်သော သဘောကြောင့် ပရိပုဏ္ဏာမည်၏။ အခြံအရံဟူသော သဘောကြောင့် ပရိပုဏ္ဏာမည်၏။ ပြည့်စုံသော သဘောကြောင့် ပရိပုဏ္ဏာမည်၏။

သုဘာဝိတာဟူသည် လေးပါးသောပွါးများခြင်းတို့တည်း။ ထိုဝင်သက်ထွက်သက်၌ ဖြစ်ကုန်သော တရားတို့ကို မကျော်လွန်သော သဘောအားဖြင့် ပွါးများခြင်းတည်း။ ဣန္ဒြေတို့၏ တစ်ခုတည်းသော ကိစ္စ ရှိသော သဘောအားဖြင့် ပွါးများခြင်းတည်း။ ထိုဈာန်သို့ရောက်ကြောင်းဖြစ်သော ဝီရိယကို ဆောင် တတ်သော သဘောအားဖြင့် ပွါးများခြင်းတည်း။ အဖန်တလဲလဲ မှီဝဲသောသဘောအားဖြင့် ပွါးများခြင်းတည်း။ ထိုပုဂ္ဂိုလ်အား ပွါးများအပ်သော သဘောရှိသော ဤတရား လေးပါးတို့ကို က,ထားသော ယာဉ်နှင့်တူစွာ ပြုအပ်ကုန်၏။ တည်ရာဝတ္ထုနှင့်တူစွာ ပြုအပ်ကုန်၏။ ရှေးရှုထင်ကုန်၏။

ထက်ဝန်းကျင်မှ လေ့လာဆည်းပူးအပ်ကုန်၏။ ကောင်းစွာ အားထုတ်ပြုလုပ်အပ်ကုန်၏။

ယာနီကတာဟူသည် ထိုထိုဈာန် ထိုထိုဝိပဿနာတို့၌ အလိုရှိသလောက် လေ့လာသည်၏ အဖြစ်သို့ ရောက်၏။ အားအစွမ်းသို့ ရောက်၏။ ရဲရင့်သည်၏အဖြစ်သို့ ရောက်၏။ ထိုပုဂ္ဂိုလ်၏ ထိုသမထ ဝိပဿနာတရားတို့သည် ဆင်ခြင်ခြင်းနှင့် စပ်ကုန်၏။ လိုချင်မှုနှင့် စပ်ကုန်၏။ နှလုံးသွင်းမှုနှင့် စပ်ကုန်၏။ စိတ္တုပ္ပါဒ်နှင့် စပ်ကုန်၏။ ထို့ကြောင့် “ယာနီကတာ’ဟူ၍ ဆိုအပ်၏။

--

ဝတ္ထုကတာဟူသည် (တစ်ဆယ့်ခြောက်ပါးသော) ဝတ္ထုတို့၌ စိတ်တည်လေရာ သတိကောင်းစွာ ထင်၏။ သတိထင်လေရာစိတ် ကောင်းစွာတည်၏။ ထို့ကြောင့် “ဝတ္ထုကတာ”ဟု ဆိုအပ်၏။

အနုဋ္ဌိတာဟူသည် စိတ်ကို ရှေးရှုဆောင်ရာ ဘာဝနာအထူး၌ သတိသည် အစဉ်လိုက်ပါလျက် ဖြစ်၏။ ထို့ပြင် သတိအစဉ်လိုက်ပါလျက် ဖြစ်ရာ ဘာဝနာအထူး၌ စိတ်ကို ရှေးရှုဆောင်၏။ ထို့ကြောင့် “အနုဋ္ဌိတာ”ဟု ဆိုအပ်၏။

ပရိစိတာဟူသည် သိမ်းဆည်းတတ်သောသဘောကြောင့် ပရိစိတာ မည်၏။ အခြံအရံဟူသော သဘောကြောင့် ပရိစိတာ မည်၏။ ပြည့်စုံသောသဘောကြောင့် ပရိစိတာ မည်၏။ သတိဖြင့် သိမ်းဆည်းလျက် အကုသိုလ်တရားယုတ်တို့ကို အောင်တတ်သောကြောင့် ပရိစိတာ မည်၏။ ထို့ကြောင့် “ပရိစိတာ”ဟု ဆိုအပ်၏။

သုသမာရဒ္ဓါဟူသည် လေးပါးသော ကောင်းစွာ အားထုတ်ခြင်းတို့တည်း။ ထိုဝင်သက်ထွက်သက်၌့ဖြစ်သော တရားတို့ကို မကျော်လွန်သော သဘောအားဖြင့် ကောင်းစွာ အားထုတ်ခြင်းတည်း။ ဣန္ဒြေတို့၏ တစ်ခုတည်းသော ကိစ္စရှိသော သဘောအားဖြင့် ကောင်းစွာ အားထုတ်ခြင်းတည်း။ ထိုဈာန်သို့ရောက်ကြောင်း ဖြစ်သော ဝီရိယကို ဆောင်တတ်သော သဘောအားဖြင့် ကောင်းစွာ အားထုတ်ခြင်းတည်း။ ထိုဈာန်၏ ဆန့်ကျင်ဘက်ဖြစ်ကုန်သော ကိလေသာတို့ကို ကောင်းစွာ ဖျက်ဆီးတတ်သည်၏ အဖြစ်ကြောင့် ကောင်းစွာ အားထုတ်ခြင်း သုသမာရဒ္ဓမည်ကုန်၏။

၁၆၁။ သုသမဟူရာ၌ သမ၊ သုသမဟူသည် ရှိ၏။ သမဟူသည် အဘယ်နည်း။ ထိုဘာဝနာ အထူး၌ ဖြစ်၍ အပြစ်ကင်းသောသဘောရှိသော ဗောဓိပက္ခိယတရားသည် သမမည်၏။

သုသမဟူသည် အဘယ်နည်း။ ထိုထိုသို့သောတရားတို့၏ အာရုံ ချုပ်ရာဖြစ်သော နိဗ္ဗာန်သည် သုသမ မည်၏။ ဤသို့ ဤသမကိုလည်းကောင်း၊ ဤသုသမကိုလည်းကောင်း ဉာဏ်ဖြင့် သိအပ်၏။ မြင်အပ်၏။

ရအပ်၏။ မျက်မှောက်ပြုအပ်၏။ ပညာဖြင့် တွေ့အပ်၏။ ဝီရိယကို အားထုတ်အပ်၏။ တွန့်တိုခြင်းမရှိ။ သတိသည် ထင်၏။ မမေ့လျော့။ ကိုယ်သည် ငြိမ်း၏။ ပူပန်ခြင်းမရှိ။ စိတ်သည် တည်ကြည်၏။ တစ်ခုတည်းသော အာရုံရှိ၏။ ထို့ကြောင့် “သုသမာရဒ္ဓါ”ဟု ဆိုအပ်၏။

အနုပုဗ္ဗံ ပရိစိတာဟူရာ၌ ရှည်သော ဝင်သက်ကို ရှည်သော ဝင်သက်၏ အစွမ်းအားဖြင့် ရှေးရှေးသော သတိကို လေ့ကျက်အပ်၏။ နောက်နောက်သော သတိကို အဖန်တလဲလဲ လေ့ကျက်အပ်၏။ ရှည်သော ထွက်သက်ကို ရှည်သော ထွက်သက်၏ အစွမ်းအားဖြင့် ရှေးရှေးသော သတိကို လေ့ကျက်အပ်၏။

နောက်နောက်သော သတိကို အဖန်တလဲလဲ လေ့ကျက်အပ်၏။

တိုသော ဝင်သက်ကို တိုသောဝင်သက်၏အစွမ်းအားဖြင့် ရှေးရှေးသောသတိကို လေ့ကျက်အပ်၏။

နောက်နောက်သော သတိကို အဖန်တလဲလဲ လေ့ကျက်အပ်၏။ တိုသော ထွက်သက်ကို တိုသော ထွက် သက်၏ အစွမ်းအားဖြင့် ရှေးရှေးသောသတိကို လေ့ကျက်အပ်၏။ နောက်နောက်သောသတိကို အဖန် တလဲလဲ လေ့ကျက်အပ်၏။ပ။ တစ်ဖန်စွန့်မှုကို အဖန်ဖန်ရှုလျက် ဝင်သက်၏အစွမ်းအားဖြင့် ရှေးရှေးသော သတိကို လေ့ကျက်အပ်၏။ နောက်နောက်သော သတိကို အဖန်ဖန် လေ့ကျက်အပ်၏။ တစ်ဖန်စွန့်မှုကို အဖန်ဖန်ရှုလျက် ထွက်သက်၏ အစွမ်းအားဖြင့် ရှေးရှေးသောသတိကို လေ့ကျက်အပ်၏။ နောက်နောက် သော သတိကို အဖန်ဖန် လေ့ကျက်အပ်၏။

--

အလုံးစုံလည်းဖြစ်ကုန်သော တစ်ဆယ့်ခြောက်ပါးသောဝတ္ထုရှိကုန်သော အာနာပါနဿတိတို့ကို အ ချင်းချင်းလည်း လေ့လာအပ်ကုန်၏။ အဖန်ဖန်လည်း လေ့လာအပ်ကုန်၏။ ထို့ကြောင့် “အနုပုဗ္ဗပရိစိတာ”ဟု ဆိုအပ်၏။

ယထာဟူရာ၌ မှန်သောအနက်တို့သည် ဆယ်ပါးတို့တည်း။ မိမိကိုယ်ကို ဆုံးမခြင်းသဘောဖြစ်သော မှန်သောအနက်၊ မိမိကိုယ် ငြိမ်းအေးခြင်း သဘောဖြစ်သော မှန်သောအနက်၊ မိမိသည် ကိလေသာငြိမ်း အေးခြင်းသဘောဖြစ်သော မှန်သောအနက်၊ အထူးသိအပ်သော သဘောဖြစ်သော မှန်သောအနက်၊ ပိုင်း ခြား၍ သိအပ်သော သဘောဖြစ်သော မှန်သောအနက်၊ ပယ်အပ်သော သဘောဖြစ်သော မှန်သောအနက်၊ ပွါးများအပ်သော သဘောဖြစ်သော မှန်သောအနက်၊ မျက်မှောက်ပြုအပ်သော သဘောဖြစ်သော မှန်သော အနက်၊ သစ္စာလေးပါးတို့ကို ထိုးထွင်း၍သိခြင်းသဘောဖြစ်သော မှန်သောအနက်၊ နိဗ္ဗာန်၌ တည်စေ တတ်သော သဘောဖြစ်သော မှန်သောအနက် (ဤဆယ်ပါးတို့တည်း)။

ဗုဒ္ဓေါဟူရာ၌ အကြင်မြတ်စွာဘုရားသည် အလိုလိုဖြစ်တော်မူ၏။ ဆရာကင်းတော်မူ၏။ ရှေးအခါက မကြားဖူးကုန်သော တရားတို့၌ ကိုယ်တော်တိုင်သာလျှင် သစ္စာတို့ကို ထိုးထွင်း၍ သိတော်မူ၏။ ထိုသစ္စာ တို့၌လည်း အလုံးစုံ သိတော်မူသောအဖြစ်သို့ ရောက်တော်မူ၏။ အားတော်တို့၌ လေ့လာသည်၏အဖြစ်သို့ ရောက်တော်မူ၏။

၁၆၂။ ဗုဒ္ဓေါဟူရာ၌ အဘယ်အနက်သဘောကြောင့် ဗုဒ္ဓမည်သနည်း။ သစ္စာတရားတို့ကို သိတော်မူ့သောကြောင့် ‘ဗုဒ္ဓ’မည်တော်မူ၏။ သတ္တဝါအပေါင်းကို သိစေတော်မူသောကြောင့် ဗုဒ္ဓမည်တော်မူ၏။ တရား အားလုံးကို သိတော်မူသောကြောင့် ‘ဗုဒ္ဓ’မည်တော်မူ၏။ တရားအားလုံးကို (ဉာဏ်မျက်စိဖြင့်) မြင်တော်မူ သောကြောင့် ‘ဗုဒ္ဓ’မည်တော်မူ၏။ သူတစ်ပါး မသိစေအပ်ဘဲ ကိုယ်တိုင်သိတော်မူသောကြောင့် ‘ဗုဒ္ဓ’မည် တော်မူ၏။ (သဗ္ဗညုတဉာဏ်သို့ ရောက်သဖြင့်) ပွင့်သောကြောင့် ‘ဗုဒ္ဓ’မည်တော်မူ၏။ ကုန်ပြီးသော အာသဝေါတရား ရှိခြင်းကြောင့် ‘ဗုဒ္ဓ’မည်တော်မူ၏။ ကိလေသာလိမ်းကျံခြင်း မရှိခြင်းကြောင့် ‘ဗုဒ္ဓ’မည် တော်မူ၏။ စင်စစ် ကင်းပြီးသော ရာဂရှိ တော်မူသောကြောင့် ‘ဗုဒ္ဓ’မည်တော်မူ၏။ စင်စစ် ကင်းပြီးသော ဒေါသရှိတော်မူသောကြောင့် ‘ဗုဒ္ဓ’မည်တော်၏။ စင်စစ် ကင်းပြီးသော မောဟရှိတော်မူသောကြောင့် ‘ဗုဒ္ဓ’ မည်တော်မူ၏။ စင်စစ် ကိလေသာမရှိသောကြောင့် ‘ဗုဒ္ဓ’မည်တော်မူ၏။

တစ်ကြောင်းတည်းသော နိဗ္ဗာန်ခရီးသို့ ကြွတော်မူသောကြောင့် ဗုဒ္ဓမည်တော်မူ၏။ ကိုယ်တော်တိုင် သာလျှင် အတုမရှိ မြတ်သော သစ္စာလေးပါးကို ထိုးထွင်း၍ သိတော်မူသောကြောင့် ဗုဒ္ဓမည်တော်မူ၏။ မသိအပ်သော တရားအပေါင်းမှ ကင်းသည်ဖြစ်၍ သိအပ်သောဉာဏ်ကို ရခြင်းကြောင့် ဗုဒ္ဓမည်တော်မူ၏။

ဗုဒ္ဓဟူသော ဤအမည်ကို အမိသည် မမှည့်အပ်။ အဖသည် မမှည့်အပ်။ အစ်ကိုသည် မမှည့်အပ်။ အစ်မသည် မမှည့်အပ်။ အဆွေခင်ပွန်းတို့သည် မမှည့်အပ်။ ဆွေမျိုးသားချင်းတို့သည် မမှည့်အပ်။ သမဏဗြာဟ္မဏတို့သည် မမှည့်အပ်။ နတ်ဗြဟ္မာတို့သည် မမှည့်အပ်။

ဤဗုဒ္ဓဟူသော အမည်သည် ဘုန်းကြီးကုန်သော ဘုရားသျှင်တို့၏ ဗောဓိပင်ရင်း၌ သဗ္ဗညုတဉာဏ်ကို ရသည်နှင့်တစ်ပြိုင်နက် မျက်မှောက်ပြုအပ်သော အရဟတ္တဖိုလ်ကို အထွတ်တပ်၍ ဖြစ်သော နာမ ပညတ်တော်တည်း။

ဒေသိတာဟူရာ၌ မိမိကိုယ်ကို ဆုံးမခြင်းသဘောဖြစ်သော မှန်သောအနက်ကို၊ မိမိကိုယ် ငြိမ်း အေးခြင်းသဘောဖြစ်သော မှန်သောအနက်ကို၊ မိမိသည် ကိလေသာငြိမ်းအေးခြင်း သဘောဖြစ်သော မှန် သောအနက်ကို။ပ။ နိဗ္ဗာန်၌ တည်စေတတ်သော သဘောဖြစ်သော မှန်သောအနက်ကို အကြင်အခြင်း အရာအားဖြင့် မြတ်စွာဘုရားသည် ဟောတော်မူအပ်၏။

--

သောဟူရာ၌ လူဖြစ်စေ၊ ရဟန်းဖြစ်စေ။ လောကောဟူရာ၌ ခန္ဓာတည်းဟူသောလောက၊ ဓာတ်တည်းဟူသော လောက၊ အာယတနတည်းဟူသော လောက၊ အပါယ်လေးပါးဟူသော ဝိပတ္တိဘဝလောက၊ အပါယ်လေးပါးသို့ရောက်ကြောင်းကံတည်းဟူသော ဝိပတ္တိသမ္ဘဝလောက၊ သုဂတိဘဝတည်းဟူသော သမ္ပတ္တိဘဝလောက၊ သုဂတိရောက်ကြောင်းကံတည်းဟူသော သမ္ပတ္တိသမ္ဘဝလောကတို့တည်း။ သတ္တဝါ အားလုံးတို့သည် အာဟာရလျှင် တည်ရာရှိကုန်၏ဟူသော တစ်ပါးသောလောက။ပ။ ဓာတ်တစ်ဆယ့်ရှစ်ပါးတည်းဟူသော လောကတစ်ဆယ့်ရှစ်ပါးတို့တည်း။

ပဘာသေတိဟူရာ၌ မိမိကိုယ်ကို ဆုံးမခြင်းသဘောဖြစ်သော မှန်သောအနက်ကို ကောင်းစွာ ထိုး ထွင်း၍ သိတတ်သောကြောင့် ထိုပုဂ္ဂိုလ်သည် ဤလောကကို ထွန်းလင်းစေ၏၊ တောက်ပစေ၏၊ ထွန်းလင်း တောက်ပစေ၏။ မိမိကိုယ် ငြိမ်းအေးခြင်း သဘောဖြစ်သော မှန်သောအနက်ကို ကောင်းစွာထိုထွင်း၍ သိတတ်သောကြောင့် ထိုပုဂ္ဂိုလ်သည် ဤလောကကို ထွန်းလင်းစေ၏၊ တောက်ပစေ၏၊ ထွန်းလင်း တောက်ပစေ၏။

မိမိသည် ကိလေသာငြိမ်းအေးခြင်း သဘောဖြစ်သော မှန်သောအနက်ကို ကောင်းစွာ ထိုးထွင်း၍ သိတတ်သော အနက်ကြောင့် ထိုပုဂ္ဂိုလ်သည် ဤလောကကို ထွန်းလင်းစေ၏၊ တောက်ပစေ၏၊ ထွန်း လင်းတောက်ပစေ၏။ပ။

နိဗ္ဗာန်၌ တည်စေတတ်သော သဘောဖြစ်သော မှန်သောအနက်ကို ကောင်းစွာ ထိုးထွင်း၍ သိတတ် သောကြောင့် ထိုပုဂ္ဂိုလ်သည် ဤလောကကို ထွန်းလင်းစေ၏၊ တောက်ပစေ၏၊ ထွန်းလင်းတောက်ပစေ၏။

အဗ္ဘာ မုတ္တောဝ စန္ဒိမာဟူရာ၌ တိမ်တိုက်ကဲ့သို့ ကိလေသာတို့ကို မှတ်အပ်ကုန်၏။ လကဲ့သို့ အရိယာဉာဏ်ကို မှတ်အပ်၏။ လနတ်သားကဲ့သို့ ရဟန်းကို မှတ်အပ်၏။ တိမ်တိုက်မှ လွတ်သော၊ ဆီးနှင်းမှ လွတ်သော၊ အခိုးနှင့်မြူမှ လွတ်သော၊ ရာဟုဖမ်းခြင်းမှ လွတ်သော လသည် ထွန်းပသကဲ့သို့၊ တောက်ပသကဲ့သို့၊ တင့်တယ်သကဲ့သို့ ဤအတူသာလျှင် ရဟန်းသည် ကိလေသာအားလုံးတို့မှ လွတ် သည်ဖြစ်၍ ထွန်းလည်း ထွန်းပ၏။ တောက်လည်း တောက်ပ၏။ တင့်တယ်လည်း တင့်တယ်၏။ ထို့ ကြောင့် “အဗ္ဘာ မုတ္တောဝ စန္ဒိမာ”ဟု ဆိုအပ်၏။

ဖြူစင်ခြင်း၌ တစ်ဆယ့်သုံးပါးကုန်သော ဤဉာဏ်တို့သည် ဖြစ်ကုန်၏။

လေးခုမြောက် ဝေါဒါနဉာဏ် အကျယ်ပြခြင်း ပြီး၏။

ဘာဏဝါရ ပြီး၏။

--

၅-သတောကာရိဉာဏ် အကျယ်ပြခြင်း

၁၆၃။ သတိပြုလေ့ရှိသောသူ၏ ဉာဏ်သုံးဆယ့်နှစ်ပါးတို့သည် အဘယ်တို့နည်း။ ဤသာသနာ တော်၌ ရဟန်းသည် တောသို့ ကပ်၍ဖြစ်စေ၊ သစ်ပင်ရင်းသို့ ကပ်၍ဖြစ်စေ၊ ဆိတ်ငြိမ်ရာသို့ ကပ်၍ဖြစ် စေ ထက်ဝယ်ဖွဲ့ခွေ၍ ကိုယ်ကို ဖြောင့်မတ်စွာထားကာ ကမ္မဋ္ဌာန်သို့ ရှေးရှုသတိကို ဖြစ်စေ၍ ထိုင်နေ၏။

ထိုရဟန်းသည် သတိနှင့် ပြည့်စုံသည်ဖြစ်၍သာလျှင် ဝင်သက်ကို ရှူ၏။ သတိနှင့် ပြည့်စုံသည်ဖြစ်၍ သာလျှင် ထွက်သက်ကို ထုတ်၏။ ရှည်သောဝင်သက်ကိုမူလည်း ရှူသည်ရှိသော် ရှည်သောဝင်သက်ကို ရှူ၏ဟု သိ၏။ ရှည်သောထွက်သက်ကိုမူလည်း ထုတ်သည်ရှိသော် ရှည်သောထွက်သက်ကို ထုတ်၏ဟု သိ၏။ တိုသော ဝင်သက်ကိုမူလည်း ရှူသည်ရှိသော် တိုသော ဝင်သက်ကို ရှူ၏ဟု သိ၏။ တိုသော ထွက် သက်ကိုမူလည်း ထုတ်သည်ရှိသော် တိုသော ထွက်သက်ကို ထုတ်၏ဟု သိ၏။ အလုံးစုံသော ဝင်သက် ‘အဿာသကာယ'၏ အစ၊ အလယ်၊ အဆုံးကို ထင်ရှားအောင်ပြု၍ ဝင်သက်ကို ရှူအံ့ဟု အားထုတ်၏။ အလုံးစုံသော ထွက်သက် ‘ပဿာသကာယ'၏ အစ၊ အလယ်၊ အဆုံးကို ထင်ရှားအောင် ပြု၍ ထွက် သက်ကို ထုတ်အံ့ဟု အားထုတ်၏။

ရုန့်ရင်းသော အဿာသဟုဆိုအပ်သော ကာယသင်္ခါရကို ငြိမ်းစေလျက် ဝင်သက်ကို ရှူအံ့ဟု အားထုတ်၏။ ရုန့်ရင်းသော ပဿာသဟုဆိုအပ်သော ကာယသင်္ခါရကို ငြိမ်းစေလျက် ထွက်သက်ကို ထုတ်အံ့ဟု အားထုတ်၏။

ပီတိကို ထင်ရှားအောင်ပြု၍။ပ။ သုခကို ထင်ရှားအောင်ပြု၍။ စိတ္တသင်္ခါရကို ထင်ရှားအောင်ပြု၍။ ရုန့်ရင်းသော စိတ္တသင်္ခါရကို ငြိမ်းစေလျက် စိတ်ကို ထင်ရှားအောင်ပြုသည်ဖြစ်၍။ စိတ်ကို အလွန် ဝမ်း မြောက်စေသည်ဖြစ်၍။ စိတ်ကို (အာရုံ၌) ကောင်းစွာထားသည်ဖြစ်၍။ စိတ်ကို လွတ်စေသည်ဖြစ်၍။ အနိစ္စဟု အဖန်ဖန်ရှုသည်ဖြစ်၍။ တပ်ခြင်းကင်းဖွယ်ဟု အဖန်ဖန်ရှုသည်ဖြစ်၍။ ချုပ်ခြင်းကို အဖန်ဖန်ရှုသည် ဖြစ်၍။ တစ်ဖန်စွန့်ခြင်းကို အဖန်ဖန်ရှုသည်ဖြစ်၍ ဝင်သက်ကို ရှူအံ့ဟု အားထုတ်၏။ တစ်ဖန်စွန့်ခြင်းကို အဖန်ဖန်ရှုသည်ဖြစ်၍ ထွက်သက်ကို ထုတ်အံ့ဟု အားထုတ်၏။

၁၆၄။ ဣဓဟူသည် ဤအယူ၌၊ ဤအလို၌၊ ဤနှစ်သက်ခြင်း၌၊ ဤယူခြင်း၌၊ ဤသဘာဝဓမ္မ၌၊ ဤဝိနည်း၌၊ ဤဓမ္မဝိနယ၌၊ ဤဘုရားစကားတော်၌၊ ဤမြတ်သောအကျင့်၌၊ ဤဘုရားအဆုံးအမတော်၌ဟူသော အနက်တည်း။ ထို့ကြောင့် “ဣဓ”ဟု ဆိုအပ်၏။

ဘိက္ခုဟူသည် ကလျာဏပုထုဇဉ်ရဟန်းဖြစ်စေ၊ သေက္ခရဟန်းဖြစ်စေ၊ မပျက်သောသဘောရှိသော ရဟန္တာသည်မူလည်းဖြစ်စေ ဘိက္ခုမည်၏။

အရညံဟူသည် တံခါးခုံမှ ထွက်သော် အပဖြစ်သော အလုံးစုံသည် အရညမည်၏။

ရုက္ခမူလံဟူသည် အကြင်သစ်ပင်၌ ညောင်စောင်းကိုသော်လည်းကောင်း၊ အင်းပျဉ်ကိုသော်လည်း့ကောင်း၊ ဘုံလျှိုကိုသော်လည်းကောင်း၊ ဖျာကိုသော်လည်းကောင်၊ သားရေပိုင်းကိုသော်လည်းကောင်း၊ မြက်အခင်းကိုသော်လည်းကောင်း၊ သစ်ရွက်အခင်းကိုသော်လည်းကောင်း၊ ကောက်ရိုးအခင်းကိုသော်လည်း ကောင်း ရဟန်း၏နေရာကို ခင်းအပ်၏။ ထိုသစ်ပင်ရင်း၌ ရဟန်းသည် စင်္ကြံမူလည်း သွား၏။ ရပ်မူ လည်း ရပ်၏။ ထိုင်မူလည်း ထိုင်၏။ အိပ်မူလည်း အိပ်၏။ ထိုသစ်ပင်ရင်းသည် ရုက္ခမူလမည်၏။

--

သုညံဟူသည် လူတို့နှင့်လည်းကောင်း၊ ရဟန်းတို့နှင့်လည်းကောင်း တစ်စုံတစ်ယောက်နှင့်မျှ မရော နှော။

အဂါရံဟူသည်နှစ်ဖက်ရပ်မိုးကျောင်း၊ တစ်ဖက်ရပ်မိုးကျောင်း၊ ပြာသာဒ်ရှည်၊ ပြာသာဒ်ဦးပြည်း၊ လိုဏ်ခေါင်းတို့တည်း၊

နိသီဒတိ ပလ္လင်္ကံ အာဘုဇိတွာဟူသည် ထက်ဝယ်ဖွဲ့ခွေ၍ ထိုင်နေ၏။ ဥဇုံ ကာယံ ပဏိဓာယဟူသည် ဖြောင့်မတ်စွာတည်စေလျက် ကိုယ်ကို ကောင်းစွာ ထားအပ်၏။

ပရိမုခံ သတိံ ဥပဋ္ဌပေတွာ၌ ပရိဟူသည် သိမ်းဆည်းခြင်းအနက်ရှိ၏။ မုခံဟူသည် ဝဋ်မှ ထွက်မြောက်ကြောင်းအနက်ရှိ၏။ သတိဟူသည် ထင်ခြင်းအနက်ရှိ၏။ ထို့ကြောင့် “ပရိမုခံ သတိံ ဥပဋ္ဌပေတွာ”ဟု ဆိုအပ်၏။

၁၆၅။ သတောဝ အဿသတိ၊ သတောဝ ပဿသတိဟူရာ၌ သုံးဆယ့်နှစ်ပါးသော အခြင်းအရာ တို့ဖြင့် သတိကို ပြုလေ့ရှိ၏။ ရှည်စွာသော ဝင်သက်ကို ရှူသည်၏အစွမ်းအားဖြင့် စိတ်၏ တည်ကြည်ခြင်း မပျံ့လွင့်ခြင်းကို သိသော ပုဂ္ဂိုလ်အား သတိသည် ထင်၏။ တိုသတိဖြင့် ထိုဉာဏ်ဖြင့် သတိကို ပြုလေ့ ရှိ၏။ ရှည်စွာသော ထွက်သက်ကို ထုတ်သည်၏ အစွမ်းအားဖြင့် စိတ်၏ တည်ကြည်ခြင်း မပျံ့လွင့်ခြင်းကို သိသော ပုဂ္ဂိုလ်အား သတိသည် ထင်၏။ ထိုသတိဖြင့် ထိုဉာဏ်ဖြင့် သတိကို ပြုလေ့ရှိ၏။

တိုသောဝင်သက်ကို ရှူသည်၏အစွမ်းအားဖြင့် စိတ်၏ တည်ကြည်ခြင်း မပျံ့လွင့်ခြင်းကို သိသော ပုဂ္ဂိုလ်အား သတိသည် ထင်၏။ ထိုသတိဖြင့် ထိုဉာဏ်ဖြင့် သတိကို ပြုလေ့ရှိ၏။ တိုသောထွက်သက်ကို ထုတ်သည်၏ အစွမ်းအားဖြင့် စိတ်၏ တည်ကြည်ခြင်း မပျံ့လွင့်ခြင်းကို သိသောပုဂ္ဂိုလ်အား သတိသည် ထင်၏။ ထိုသတိဖြင့် ထိုဉာဏ်ဖြင့် သတိကို ပြုလေ့ရှိ၏။ပ။ တစ်ဖန်စွန့်ခြင်းကို အဖန်ဖန်ရှုသည်ဖြစ်၍ ရှူသောဝင်သက်၏ အစွမ်းအားဖြင့်။ တစ်ဖန်စွန့်ခြင်းကို အဖန်ဖန်ရှုသည်ဖြစ်၍ ထုတ်သော ထွက်သက်၏ အစွမ်းအားဖြင့် စိတ်၏ တည်ကြည်ခြင်း မပျံ့လွင့်ခြင်းကို သိသောပုဂ္ဂိုလ်အား သတိသည် ထင်၏။ ထို သတိဖြင့် ထိုဉာဏ်ဖြင့် သတိကို ပြုလေ့ရှိ၏။

--

ပဌမ စတုက္က အကျယ်ပြခြင်း

၁၆၆။ ရှည်သောဝင်သက်ကို ရှူသော် ရှည်သောဝင်သက်ကို ရှူ၏ဟု အဘယ်သို့ သိသနည်း။ ရှည်သော ထွက်သက်ကို ထုတ်သော် ရှည်သောထွက်သက်ကို ထုတ်၏ဟု အဘယ်သို့ သိသနည်း။

ရှည်သောဝင်သက်ကို အဓွန့်ရှည်သောကာလ၌ ရှူ၏။ ရှည်သောထွက်သက်ကို အဓွန့်ရှည်သော ကာလ၌ ထုတ်၏။ ရှည်သော ဝင်သက်ထွက်သက်ကို အဓွန့်ရှည်သောကာလ၌ ရှူလည်း ရှူ၏။ ထုတ် လည်း ထုတ်၏။ ရှည်သော ဝင်သက်ထွက်သက်ကို အဓွန့်ရှည်သော ကာလ၌ ရှူသောသူအားလည်း ကောင်း၊ ထုတ်သောသူအားလည်းကောင်း ဘာဝနာဆန္ဒဖြစ်၏။ ဘာဝနာဆန္ဒ၏ အစွမ်းအားဖြင့် ထို့ထက် အလွန်သိမ်မွေ့သော ရှည်သော ဝင်သက်ကို အဓွန့်ရှည်သောကာလ၌ ရှူ၏။ ဘာဝနာဆန္ဒ၏ အစွမ်းအား ဖြင့် ထို့ထက် အလွန်သိမ်မွေ့သော ရှည်သော ထွက်သက်ကို အဓွန့်ရှည်သောကာလ၌ ထုတ်၏။ ဘာဝနာ ဆန္ဒ၏ အစွမ်းအားဖြင့် ထို့ထက်အလွန် သိမ်မွေ့သော ရှည်သော ဝင်သက်ထွက်သက်ကို အဓွန့်ရှည် သောကာလ၌ ရှူလည်း ရှူ၏။ ထုတ်လည်း ထုတ်၏။

ဘာဝနာဆန္ဒ၏ အစွမ်းအားဖြင့် ထို့ထက် အလွန်သိမ်မွေ့သော ရှည်သော ဝင်သက်ထွက်သက်ကို အဓွန့်ရှည်သောကာလ၌ ရှူသောသူအားလည်းကောင်း၊ ထုတ်သောသူအားလည်းကောင်း ဝမ်းမြောက်ခြင်း့ပီတိဖြစ်၏။ ဝမ်းမြောက်ခြင်းပီတိ၏ အစွမ်းအားဖြင့် ထို့ထက် အလွန်သိမ်မွေ့သော ရှည်သော ဝင်သက်ကို အဓွန့်ရှည် သောကာလ၌ ရှူ၏။ ဝမ်းမြောက်ခြင်းပီတိ၏ အစွမ်းအားဖြင့် ထို့ထက်အလွန်သိမ်မွေ့သော ရှည်သော ထွက်သက်ကို အဓွန့်ရှည်သောကာလ၌ ထုတ်၏။ ဝမ်းမြောက်ခြင်းပီတိ၏ အစွမ်းအားဖြင့် ထို့ထက် အလွန်သိမ်မွေ့သော ရှည်သော ဝင်သက်ထွက်သက်ကို အဓွန့်ရှည်သောကာလ၌ ရှူလည်း ရှူ၏။ ထုတ်လည်း ထုတ်၏။

ဝမ်းမြောက်ခြင်းပီတိ၏ အစွမ်းအားဖြင့် ထို့ထက် အလွန်သိမ်မွေ့သော ရှည်သော ဝင်သက်ထွက် သက်ကို အဓွန့်ရှည်သောကာလ၌ ရှူသောသူအားလည်းကောင်း၊ ထုတ်သောသူအားလည်းကောင်း (ရှည် သော ဝင်သက် ထွက်သက်တို့ကိုအမှီပြု၍ ပဋိဘာဂနိမိတ်ဖြစ်သည်ရှိသော်) ပကတိသော ဝင်သက် ထွက်သက်မှ စိတ်သည် နစ်၏။ ဥပေက္ခာသည် ကောင်းစွာ တည်၏။ ဤကိုးပါးသော အခြင်းအရာတို့ဖြင့် ရှည်စွာသော ဝင်သက်ထွက်သက်တို့သည် ကာယမည်၏။ ထင်ခြင်းသည် သတိမည်၏။ အဖန်ဖန် ရှုခြင်း သည် ဉာဏ်မည်၏။

ကာယသည် ဥပဋ္ဌာနမည်၏။ သတိ မမည်။ သတိသည် ဥပဋ္ဌာနလည်း မည်၏။ သတိလည်း မည်၏။

ထိုသတိဖြင့် ထိုဉာဏ်ဖြင့် ထိုကာယကို အဖန်ဖန်ရှု၏။ ထို့ကြောင့် “ကာယေကာယာနုပဿနာ သတိပဋ္ဌာနဘာဝနာ”ဟု ဆိုအပ်၏။

၁၆၇။ အနုပဿတိဟူရာ၌ ထိုကာယကို အဘယ်သို့လျှင် အဖန်ဖန်ရှုသနည်း။ မမြဲသောအားဖြင့် အဖန်ဖန် ရှု၏၊ မြဲသောအားဖြင့် မရှု။ ဆင်းရဲသောအားဖြင့် အဖန်ဖန်ရှု၏၊ ချမ်းသာသောအားဖြင့် မရှု။ ကိုယ်စိုးကိုယ်ပိုင် မဟုတ်သောအားဖြင့် အဖန်ဖန်ရှု၏၊ ကိုယ်စိုးကိုယ်ပိုင်အားဖြင့် မရှု။ ငြီးငွေ့၏၊ မနှစ် သက်။ တပ်ခြင်းကင်း၏၊ မတပ်မက်။ ချုပ်စေ၏၊ မဖြစ်စေ။ တစ်ဖန်စွန့်၏၊ မစွဲယူ။ မမြဲသောအားဖြင့် အဖန်ဖန်ရှုသူသည် မြဲ၏ဟူသော အမှတ်အသားကို စွန့်၏။ ဆင်းရဲသောအားဖြင့် အဖန်ဖန်ရှုသူသည် ချမ်းသာ၏ဟူသော အမှတ်အသားကို စွန့်၏။ ကိုယ်စိုးကိုယ်ပိုင်မဟုတ်သောအားဖြင့် အဖန်ဖန်ရှုသူသည် ကိုယ်စိုးကိုယ်ပိုင်ဟူသော အမှတ်အသားကို စွန့်၏။ ငြီးငွေ့သူသည်နှစ်သက်ခြင်းကို စွန့်၏။ တပ်ခြင်း ကင်းသူသည် ရာဂကို စွန့်၏။ ချုပ်စေသောသူသည် ဖြစ်ခြင်းကို စွန့်၏။ တစ်ဖန် စွန့်သူသည် စွဲယူခြင်း ကို စွန့်၏။ ဤသို့ ထိုကာယကို အဖန်ဖန်ရှု၏။

--

ဘာဝနာဟူရာ၌ ပွါးများခြင်းဘာဝနာတို့သည် လေးပါးတို့တည်း။ ထိုဘာဝနာစိတ္တုပ္ပါဒ်၌ ဈာန်၌ဖြစ် သော တရားတို့ကို မကျော်လွန်သောသဘောအားဖြင့် ဘာဝနာမည်၏။ ဣန္ဒြေတို့၏ တစ်ခုသော ကိစ္စ သဘောအားဖြင့် ဘာဝနာမည်၏။ ထိုဈာန်သို့ရောက်ကြောင်းဖြစ်သော ဝီရိယကို ဆောင်တတ်သော သဘောအားဖြင့် ဘာဝနာ မည်၏။ အဖန်ဖန်မှီဝဲတတ်သော သဘောအားဖြင့် ဘာဝနာမည်၏။ ရှည်သော ဝင်သက် ထွက်သက်ကို ရှူခြင်း ထုတ်ခြင်း၏အစွမ်းအားဖြင့် စိတ်၏ တည်ကြည်ခြင်း မပျံ့လွင့်ခြင်းကို သိသောပုဂ္ဂိုလ်အား ဝေဒနာတို့သည် ထင်ရှားဖြစ်ပေါ်ကုန်၏။ ဝေဒနာတို့သည် ထင်ရှားထင်ကုန်၏။

ဝေဒနာတို့သည် ထင်ရှားပျောက်ပျက်ခြင်းသို့ ရောက်ကုန်၏။ သညာတို့သည် ထင်ရှားဖြစ်ပေါ်ကုန်၏။

သညာတို့သည် ထင်ရှားထင်ကုန်၏။ သညာတို့သည် ထင်ရှားပျောက်ပျက်ခြင်းသို့ ရောက်ကုန်၏။ ဝိတက် တို့သည် ထင်ရှားဖြစ်ပေါ်ကုန်၏။ ဝိတက်တို့သည် ထင်ရှားထင်ကုန်၏။ ဝိတက်တို့သည် ထင်ရှား ပျောက်ပျက်ခြင်းသို့ ရောက်ကုန်၏။

ဝေဒနာတို့သည် အဘယ်သို့ ထင်ရှားဖြစ်ပေါ်ကုန်သနည်း။ ဝေဒနာတို့သည် အဘယ်သို့ထင်ရှား ထင်ကုန်သနည်း။ ဝေဒနာတို့သည် အဘယ်သို့ ထင်ရှားပျောက်ပျက်ခြင်းသို့ ရောက်ကုန်သနည်း။ ဝေဒနာ၏ ဖြစ်ခြင်းပေါ်ခြင်းသည် အဘယ်သို့ ထင်ရှားသနည်း။

“အဝိဇ္ဇာဖြစ်ခြင်းကြောင့် ခံစားမှု ‘ဝေဒနာ’ ဖြစ်၏” ဤသို့ အကြောင်းထင်ရှားဖြစ်ခြင်း အနက် ကြောင့် ဝေဒနာ၏ ဖြစ်ပေါ်ခြင်းသည် ထင်ရှား၏။ “တဏှာဖြစ်ခြင်းကြောင့် ဝေဒနာဖြစ်၏"ဤသို့။ပ။ “ကံ့ဖြစ်ခြင်းကြောင့် ဝေဒနာဖြစ်၏” ဤသို့။ “ဖဿဖြစ်ခြင်းကြောင့် ဝေဒနာဖြစ်၏” ဤသို့ အကြောင်း ထင်ရှား ဖြစ်ခြင်းအနက်ကြောင့် ဝေဒနာ၏ ဖြစ်ပေါ်ခြင်းသည် ထင်ရှား၏။ ဖြစ်ခြင်းလက္ခဏာကို ရှုသော ပုဂ္ဂိုလ်အားလည်း ဝေဒနာ၏ ဖြစ်ပေါ်ခြင်းသည် ထင်ရှား၏။ ဤသို့ ဝေဒနာ၏ ဖြစ်ပေါ်ခြင်းသည် ထင်ရှား၏။

ဝေဒနာ၏ ထင်ခြင်းသည် အဘယ်သို့သော အခြင်းအရာအားဖြင့် ထင်ရှားသနည်း။ မမြဲသော အားဖြင့်နှလုံးသွင်းသောပုဂ္ဂိုလ်အား ကုန်ဆုံးသောအားဖြင့် ထင်ခြင်းသည် ထင်ရှား၏။ ဆင်းရဲသောအားဖြင့်နှလုံးသွင်းသောပုဂ္ဂိုလ်အား ဘေးအားဖြင့် ထင်ခြင်းသည် ထင်ရှား၏။ ကိုယ်စိုးကိုယ်ပိုင် မဟုတ် သောအားဖြင့်နှလုံးသွင်းသောပုဂ္ဂိုလ်အား ဆိတ်သုဉ်းသောအားဖြင့် ထင်ခြင်းသည် ထင်ရှား၏။ ဤသို့ ဝေဒနာ၏ ထင်ခြင်းသည် ထင်ရှား၏။

ဝေဒနာ၏ချုပ်ခြင်းသည် အဘယ်သို့ ထင်ရှားသနည်း။

“အဝိဇ္ဇာ ချုပ်ခြင်းကြောင့် ဝေဒနာချုပ်၏” ဤသို့အကြောင်းချုပ်ခြင်းအနက်ကြောင့် ဝေဒနာ၏ ချုပ်ခြင်းသည် ထင်ရှား၏။ “တဏှာချုပ်ခြင်းကြောင့် ဝေဒနာချုပ်၏” ဤသို့။ပ။ “ကံချုပ်ခြင်းကြောင့် ဝေဒနာချုပ်၏” ဤသို့။ပ။ “တွေ့ထိမှု ‘ဖဿ'ချုပ်ခြင်းကြောင့် ဝေဒနာချုပ်၏” ဤသို့ အကြောင်းချုပ်ခြင်း အနက်ကြောင့် ဝေဒနာချုပ်ခြင်းသည် ထင်ရှား၏။ ဖောက်ပြန်သောလက္ခဏာကို ရှုသောပုဂ္ဂိုလ်အားလည်း ဝေဒနာချုပ်ခြင်းသည် ထင်ရှား၏။ ဤသို့လျှင် ဝေဒနာချုပ်ခြင်းသည် ထင်ရှား၏။

ဤသို့လျှင် ဝေဒနာတို့သည် ထင်ရှားဖြစ်ပေါ်ကုန်၏။ ထင်ရှားထင်ကုန်၏။ ထင်ရှားပျောက်ပျက်ခြင်း သို့ ရောက်ကုန်၏။

--

သညာတို့သည် အဘယ်သို့ ထင်ရှားဖြစ်ပေါ်ကုန်သနည်း။ အဘယ်အခြင်းအရာဖြင့် ထင်ရှားထင် ကုန်သနည်း။ အဘယ်သို့ ထင်ရှားချုပ်ခြင်းသို့ ရောက်ကုန်သနည်း။ သညာ၏ ဖြစ်ခြင်းသည် အဘယ်သို့ ထင်ရှားသနည်း။

“အဝိဇ္ဇာဖြစ်ခြင်းကြောင့် သညာဖြစ်၏” ဤသို့ အကြောင်းဖြစ်ခြင်း အနက်ကြောင့် သညာ၏ ဖြစ်ခြင်းသည် ထင်ရှား၏။ “တဏှာဖြစ်ခြင်းကြောင့် သညာဖြစ်၏”။ပ။ “ကံဖြစ်ခြင်းကြောင့် သညာဖြစ်၏”။ပ။ “ဖဿ ဖြစ်ခြင်းကြောင့် သညာဖြစ်၏” ဤသို့ အကြောင်းဖြစ်ခြင်းအနက်ကြောင့် သညာ၏ ဖြစ်ခြင်းသည် ထင်ရှား၏။ ဖြစ်ခြင်းလက္ခဏာကို ရှုသောပုဂ္ဂိုလ်အားလည်း သညာ၏ ဖြစ်ပေါ်ခြင်းသည် ထင်ရှား၏။ ဤသို့ သညာ၏ ဖြစ်ခြင်းသည် ထင်ရှား၏။

သညာ၏ ထင်ခြင်းသည် အဘယ်သို့သော အခြင်းအရာအားဖြင့် ထင်ရှားသနည်း။ မမြဲသော အားဖြင့်နှလုံးသွင်းသော ပုဂ္ဂိုလ်အား ကုန်ဆုံးသောအားဖြင့် ထင်ခြင်းသည် ထင်ရှား၏။ ဆင်းရဲသော အားဖြင့်နှလုံးသွင်းသော ပုဂ္ဂိုလ်အား ဘေးအားဖြင့် ထင်ခြင်းသည် ထင်ရှား၏။ ကိုယ်စိုးကိုယ်ပိုင် မဟုတ်သောအားဖြင့်နှလုံးသွင်းသော ပုဂ္ဂိုလ်အား ဆိတ်သုဉ်းသောအားဖြင့် ထင်ခြင်းသည် ထင်ရှား၏။ ဤသို့ သညာ၏ ထင်ခြင်းသည် ထင်ရှား၏။

သညာ၏ ချုပ်ခြင်းသည် အဘယ်သို့ ထင်ရှားသနည်း။ “အဝိဇ္ဇာချုပ်ခြင်းကြောင့် သညာချုပ်၏” ဤသို့ အကြောင်းချုပ်ခြင်းအနက်ကြောင့် သညာ၏ ချုပ်ခြင်းသည် ထင်ရှား၏။ “တဏှာချုပ်ခြင်းကြောင့် သညာချုပ်၏”။ပ။ “ကံချုပ်ခြင်းကြောင့် သညာချုပ်၏”။ပ။ “ဖဿချုပ်ခြင်းကြောင့် သညာချုပ်၏” ဤသို့ အကြောင်းချုပ်ခြင်း အနက်ကြောင့် သညာ၏ ချုပ်ခြင်းသည် ထင်ရှား၏။ ဖောက်ပြန်သောလက္ခဏာကို ရှုသောပုဂ္ဂိုလ်အားလည်း သညာ၏ ချုပ်ခြင်းသည် ထင်ရှား၏။ ဤသို့ သညာ၏ ချုပ်ခြင်းသည် ထင် ရှား၏။

ဤသို့ သညာတို့သည် ထင်ရှားဖြစ်ပေါ်ကုန်၏။ ထင်ရှားထင်ကုန်၏။ ထင်ရှားပျောက်ပျက်ခြင်းသို့ရောက်ကုန်၏။

ဝိတက်တို့သည် အဘယ်သို့ ထင်ရှားဖြစ်ပေါ်ကုန်သနည်း။ အဘယ်အခြင်းအရာဖြင့် ထင်ရှားထင် ကုန်သနည်း။ အဘယ်သို့ ထင်ရှားချုပ်ခြင်းသို့ ရောက်ကုန်သနည်း။ ဝိတက်တို့၏ ဖြစ်ပေါ်ခြင်းသည် အဘယ်သို့ ထင်ရှားသနည်း။

အဝိဇ္ဇာဖြစ်ခြင်းကြောင့် ဝိတက်ဖြစ်၏။ ဤသို့ အကြောင်းဖြစ်ခြင်း အနက်ကြောင့် ဝိတက်တို့၏ ဖြစ်ခြင်းသည် ထင်ရှား၏။ တဏှာဖြစ်ခြင်းကြောင့် ဝိတက်ဖြစ်၏။ပ။ ကံဖြစ်ခြင်းကြောင့် ဝိတက်ဖြစ်၏။ပ။ သညာဖြစ်ခြင်းကြောင့် ဝိတက်ဖြစ်၏။ ဤသို့ အကြောင်းဖြစ်ခြင်းအနက်ကြောင့် ဝိတက်တို့၏ ဖြစ်ခြင်းသည် ထင်ရှား၏။ ဖြစ်ခြင်းလက္ခဏာကို ရှုသောပုဂ္ဂိုလ်အားလည်း ဝိတက်တို့၏ ဖြစ်ပေါ်ခြင်းသည် ထင်ရှား၏။ ဤသို့ ဝိတက်တို့၏ ဖြစ်ခြင်းသည် ထင်ရှား၏။

ဝိတက်တို့၏ ထင်ခြင်းသည် အဘယ်အခြင်းအရာအားဖြင့် ထင်ရှားသနည်း။ မမြဲသောအားဖြင့်နှလုံးသွင်းသော ပုဂ္ဂိုလ်အား ကုန်ဆုံးသောအားဖြင့် ထင်ခြင်းသည် ထင်ရှား၏။ ဆင်းရဲသောအားဖြင့်နှလုံးသွင်းသော ပုဂ္ဂိုလ်အား ဘေးအားဖြင့် ထင်ခြင်းသည် ထင်ရှား၏။ ကိုယ်စိုးကိုယ်ပိုင် မဟုတ်သော အားဖြင့်နှလုံးသွင်းသော ပုဂ္ဂိုလ်အား ဆိတ်သုဉ်းသောအားဖြင့် ထင်ခြင်းသည် ထင်ရှား၏။ ဤသို့ ဝိတက်တို့၏ ထင်ခြင်းသည် ထင်ရှား၏။

ဝိတက်တို့၏ ချုပ်ခြင်းသည် အဘယ်သို့ ထင်ရှားသနည်း။ အဝိဇ္ဇာချုပ်ခြင်းကြောင့် ဝိတက်ချုပ်၏။ ဤသို့ အကြောင်းချုပ်ခြင်းအနက်ကြောင့် ဝိတက်တို့၏ ချုပ်ခြင်းသည် ထင်ရှား၏။ တဏှာချုပ်ခြင်းကြောင့် ဝိတက်ချုပ်၏။ပ။ ကံချုပ်ခြင်းကြောင့် ဝိတက်ချုပ်၏။ပ။ သညာချုပ်ခြင်းကြောင့် ဝိတက်ချုပ်၏၊ ဤသို့ အကြောင်း ချုပ်ခြင်းအနက်ကြောင့် ဝိတက်တို့၏ ချုပ်ခြင်းသည် ထင်ရှား၏။ ဖောက်ပြန်သောလက္ခဏာကို ရှုသောပုဂ္ဂိုလ်အားလည်း ဝိတက်တို့၏ ချုပ်ခြင်းသည် ထင်ရှား၏။ ဤသို့လျှင် ဝိတက်တို့၏ ချုပ်ခြင်း သည် ထင်ရှား၏။

--

ဤသို့ ဝိတက်တို့သည် ထင်ရှားဖြစ်ပေါ်ကုန်၏။ ထင်ရှားထင်ကုန်၏။ ထင်ရှားပျောက်ပျက်ခြင်းသို့ ရောက်ကုန်၏။

၁၆၈။ ရှည်သော ဝင်သက်ထွက်သက်၏ အစွမ်းအားဖြင့် တည်ကြည်ခြင်း မပျံ့လွင့်ခြင်းကို သိသော ပုဂ္ဂိုလ်သည် ဣန္ဒြေတို့ကို ပေါင်း၏။ အာရုံကိုလည်း သိ၏။ ငြိမ်းအေးခြင်းသမထသဘောကိုလည်း ထိုး ထွင်း၍ သိ၏။ပ။ မဂ်ကို ပေါင်း၏။ တရားတို့ကို ပေါင်း၏။ အာရုံကိုလည်း သိ၏။ ငြိမ်းအေးခြင်း သဘောကိုလည်း ထိုးထွင်း၍ သိ၏။

ဣန္ဒြေိယာနိ သမောဓာနေတိ-ဟူရာ၌ ဣန္ဒြေတို့ကို အဘယ်သို့ ပေါင်းသနည်း။ ဆုံးဖြတ်တတ် သော အနက်အားဖြင့် သဒ္ဓိန္ဒြေကို ပေါင်း၏။ ချီးမြှောက်တတ်သော အနက်အားဖြင့် ဝီရိယိန္ဒြေကို ပေါင်း၏။ ထင်သော အနက်အားဖြင့် သတိန္ဒြေကို ပေါင်း၏။ မပျံ့လွင့်သော အနက်အားဖြင့် သမာဓိန္ဒြေကို ပေါင်း၏။ မြင်တတ်သော အနက်အားဖြင့် ပညိန္ဒြေကို ပေါင်း၏။ ဤပုဂ္ဂိုလ်သည် ဣန္ဒြေတို့ကို ဤအာရုံ၌ ပေါင်း၏။ ထို့ကြောင့် “ဣန္ဒြိယာနိ သမောဓာနေတိ”ဟု ဆိုအပ်၏။

ဂေါစရ ဉ္စ ပဇာနာတိ-ဟူရာ၌ ထိုပုဂ္ဂိုလ်၏ ထိုအာရုံသည် ထိုပုဂ္ဂိုလ်၏ ကျက်စားရာတည်း။ ထိုပုဂ္ဂိုလ်၏ ထိုကျက်စားရာသည် ထိုပုဂ္ဂိုလ်၏ အာရုံတည်း။

ပဇာနာတိ-ဟူရာ၌ သိတတ်၏ဟူသည်ကား ပုဂ္ဂိုလ်တည်း၊ သိခြင်းကား ပညာတည်း။ သမံ-ဟူရာ၌ အာရုံ၏ ထင်ခြင်းသည် သမမည်၏။ စိတ်၏ မပျံ့လွင့်ခြင်းသည် သမမည်၏။ စိတ်၏ ဆောက်တည်ခြင်း သည် သမမည်၏။ စိတ်၏ ဖြူစင်ခြင်းသည် သမမည်၏။

အတ္ထော-ဟူရာ၌ (ဝိပဿနာ၏) အပြစ်မရှိခြင်းသဘော၊ (မဂ်၏) ညစ်နွမ်းမှု ကင်းခြင်းသဘော၊ (ဖိုလ်၏) ဖြူစင်ခြင်းသဘော၊ (နိဗ္ဗာန်၏) မြတ်သောသဘောတည်း။

ပဋိဝိဇ္ဈတိ-ဟူရာ၌ အာရုံ၏ ထင်ခြင်းသဘောကို ထိုးထွင်း၍ သိ၏။ စိတ်၏ မပျံ့လွင့်ခြင်း သဘောကို ထိုးထွင်း၍သိ၏။ စိတ်၏ ဆောက်တည်ခြင်းသဘောကို ထိုးထွင်း၍သိ၏။ စိတ်၏ဖြူစင်ခြင်း သဘောကို ထိုးထွင်း၍ သိ၏။ ထို့ကြောင့် “သမတ္ထဉ္စပဋိဝိဇ္ဈတိ”ဟု ဆိုအပ်၏။

ဗလာနိ သမောဓာနေတိ-ဟူရာ၌ ဗိုလ်တို့ကို အဘယ်သို့ ပေါင်းသနည်း။ မယုံကြည်ခြင်းကြောင့် (၌) မတုန်လှုပ်တတ်သော သဘောအားဖြင့် သဒ္ဓါဗိုလ်ကို ပေါင်း၏။ ပျင်းရိခြင်းကြောင့် (၌) မတုန်လှုပ် တတ်သော သဘောအားဖြင့် ဝီရိယဗိုလ်ကို ပေါင်း၏။ မေ့လျော့ခြင်းကြောင့် (၌) မတုန်လှုပ်တတ်သော သဘောအားဖြင့် သတိဗိုလ်ကို ပေါင်း၏။ ပျံ့လွင့်ခြင်းကြောင့် (၌) မတုန်လှုပ်တတ်သော သဘောအားဖြင့် သမာဓိဗိုလ်ကို ပေါင်း၏။ အဝိဇ္ဇာကြောင့် (၌) မတုန်လှုပ်တတ်သော သဘောအားဖြင့် ပညာဗိုလ်ကို ပေါင်း၏။ ဤပုဂ္ဂိုလ်သည် ဤဗိုလ်တို့ကို ဤအာရုံ၌ ပေါင်း၏။ ထို့ကြောင့် “ဗလာနိ သမောဓာနေတိ”ဟု ဆိုအပ်၏။ ဂေါစရဉ္စပဇာနာတိဟူသည်ကား။ပ။ ထို့ကြောင့် “သမတ္ထဉ္စပဋိဝိဇ္ဈတိ”ဟု ဆိုအပ်၏။

ဗောဇ္ဈင်္ဂေ သမောဓာနေတိ-ဟူရာ၌ ဗောဇ္ဈင်တို့ကို အဘယ်သို့ပေါင်းသနည်း။ ထင်သော သဘော အားဖြင့် သတိသမ္ဗောဇ္ဈင်ကို ပေါင်း၏။ စိစစ်ဆင်ခြင်တတ်သော သဘောအားဖြင့် ဓမ္မဝိစယသမ္ဗောဇ္ဈင်ကို ပေါင်း၏။ ချီးမြှောက်တတ်သော သဘောအားဖြင့် ဝီရိယသမ္ဗောဇ္ဈင်ကို ပေါင်း၏။ ပျံ့နှံ့သော သဘော အားဖြင့် ပီတိသမ္ဗောဇ္ဈင်ကို ပေါင်း၏။ ငြိမ်းတတ်သော သဘောအားဖြင့် ပဿဒ္ဓိသမ္ဗောဇ္ဈင်ကို ပေါင်း၏။ မပျံ့လွင့်သော သဘောအားဖြင့် သမာဓိသမ္ဗောဇ္ဈင်ကို ပေါင်း၏။ ဆင်ခြင်တတ်သော သဘောအားဖြင့် ဥပေက္ခာသမ္ဗောဇ္ဈင်ကို ပေါင်း၏။ ဤပုဂ္ဂိုလ်သည် ဤဗောဇ္ဈင်တို့ကို ဤအရုံ၌ ပေါင်း၏။ ထို့ကြောင့် “ဗောဇ္ဈင်္ဂေ သမောဓာနေတိ”ဟု ဆိုအပ်၏။ ဂေါစရဉ္စပဇာနာတိဟူသည်ကား။ပ။ ထို့ကြောင့် “သမတ္ထဉ္စ ပဋိဝိဇ္ဈတိ”ဟု ဆိုအပ်၏။

--

မဂ္ဂံ သမောဓာနေတိ-ဟူရာ၌ မဂ်ကို အဘယ်သို့လျှင် ပေါင်းသနည်း။ မြင်တတ်သောသဘော အားဖြင့် သမ္မာဒိဋ္ဌိကို ပေါင်း၏။ အာရုံသို့ ရှေးရှုတင်တတ်သောသဘောအားဖြင့် သမ္မာသင်္ကပ္ပကို ပေါင်း၏။ သိမ်းဆည်းတတ်သော သဘောအားဖြင့် သမ္မာဝါစာကို ပေါင်း၏။ ဖြစ်ကြောင်း ‘သမုဋ္ဌာန်’ သဘော အားဖြင့် သမ္မာကမ္မန္တကို ပေါင်း၏။ ဖြူစင်သောသဘောအားဖြင့် သမ္မာအာဇီဝကို ပေါင်း၏။ ချီးမြှောက် တတ်သောသဘောအားဖြင့် သမ္မာဝါယာမကို ပေါင်း၏။ ထင်သောသဘောအားဖြင့် သမ္မာသတိကို ပေါင်း၏။ မပျံ့လွင့်သောသဘောအားဖြင့် သမ္မာသမာဓိကို ပေါင်း၏။ ဤပုဂ္ဂိုလ်သည် ဤမဂ်ကို ဤအရုံ၌ ပေါင်း၏။ ထို့ကြောင့် “မဂ္ဂံသမောဓာနေတိ”ဟု ဆိုအပ်၏။ ဂေါစရဉ္စပဇာနာတိဟူသည်ကား။ပ။ ထို့ကြောင့် “သမတ္ထဉ္စပဋိဝိဇ္ဈတိ”ဟု ဆိုအပ်၏။

ဓမ္မေ သမောဓာနေတိ-ဟူရာ၌ တရားတို့ကို အဘယ်သို့ ပေါင်းသနည်း။ အစိုးရသည်၏ အဖြစ်ဟူသော သဘောအားဖြင့် ဣန္ဒြေတို့ကို ပေါင်း၏။ မတုန်လှုပ်သောသဘောအားဖြင့် ဗိုလ်တို့ကို ပေါင်း၏။ ထွက်မြောက်ကြောင်းသဘောအားဖြင့် ဗောဇ္ဈင်တို့ကို ပေါင်း၏။ အကြောင်းဟိတ်သဘောအားဖြင့် မဂ်ကို ပေါင်း၏။ ထင်သော သဘောအားဖြင့် သတိပဋ္ဌာန်ကို ပေါင်း၏။ အားထုတ်တတ်သောသဘောအားဖြင့် သမ္မပ္ပဓာန်ကို ပေါင်း၏။ ပြည့်စုံတတ်သောသဘောအားဖြင့် ဣဒ္ဓိပါဒ်ကို ပေါင်း၏။ဟုတ်မှန်သောသဘော အားဖြင့် သစ္စာကို ပေါင်း၏။ မပျံ့လွင့်သောသဘောအားဖြင့် သမထကို ပေါင်း၏။ အဖန်ဖန်ရှုတတ်သော သဘောအားဖြင့် ဝိပဿနာကို ပေါင်း၏။ တစ်ခုသော ကိစ္စရှိသောသဘောအားဖြင့် သမထဝိပဿနာကို ပေါင်း၏။ မကျော်လွန်သော သဘောအားဖြင့် ယုဂနဒ္ဓကို ပေါင်း၏။ စောင့်စည်းသောသဘောအားဖြင့် သီလဝိသုဒ္ဓိကို ပေါင်း၏။ မပျံ့လွင့်သော သဘောအားဖြင့် စိတ္တဝိသုဒ္ဓိကို ပေါင်း၏။ မြင်တတ်သော သဘောအားဖြင့် ဒိဋ္ဌိဝိသုဒ္ဓိကို ပေါင်း၏။ ကိလေသာမှ လွတ်သောသဘော အားဖြင့် ဝိမောက္ခကို ပေါင်း၏။ ထိုးထွင်း၍သိသော သဘောအားဖြင့် ဝိဇ္ဇာကို ပေါင်း၏။ စွန့်တတ်သော သဘောအားဖြင့် ဝိမုတ္တိကို ပေါင်း၏။ အကြွင်းမဲ့ဖြတ်တတ်သောသဘောအားဖြင့် ခယဉာဏ်ကို ပေါင်း၏။ တစ်ဖန် ငြိမ်းစေတတ်သော သဘောအားဖြင့် အနုပ္ပါဒဉာဏ်ကို ပေါင်း၏။ အကြောင်းမူလဟူသောသဘောအားဖြင့် ဆန္ဒကို ပေါင်း၏။ အကြောင်း ‘သမုဋ္ဌာန်’ ဖြစ်သောသဘောအားဖြင့် မနသိကာရကို ပေါင်း၏။ အပေါင်းဖြစ်သောသဘော အားဖြင့် ဖဿကို ပေါင်း၏။ စုဝေးသောသဘောအားဖြင့် ဝေဒနာကို ပေါင်း၏။ အဦးဖြစ်သော သဘော အားဖြင့် သမာဓိကို ပေါင်း၏။ အစိုးရသည့်အဖြစ်ဟူသော သဘောအားဖြင့် သတိကို ပေါင်း၏။ ထိုထို သို့သောတရားထက် လွန်မြတ်သောသဘောအားဖြင့် ပညာကို ပေါင်း၏။ မြတ်သော သဘောအားဖြင့် ဝိမုတ္တိကို ပေါင်း၏။ အဆုံးဟူသော သဘောအားဖြင့် အမြိုက်နိဗ္ဗာန်ကို ပေါင်း၏။ ဤပုဂ္ဂိုလ်သည် ဤ တရားတို့ကို ဤအာရုံ၌ ပေါင်း၏။ ထို့ကြောင့် “ဓမ္မေသမောဓာနေတိ”ဟု ဆိုအပ်၏။ ။

ဂေါစရ ဉ္စ ပဇာနာတိ-ဟူရာ၌ ထိုပုဂ္ဂိုလ်၏ အာရုံသည် ထိုပုဂ္ဂိုလ်၏ ကျက်စားရာတည်း။ ထို ပုဂ္ဂိုလ်၏ ကျက်စားရာသည် ထိုပုဂ္ဂိုလ်၏ အာရုံတည်း။

ပဇာနာတိ-ဟူရာ၌ သိတတ်၏ဟူသည်ကား ပုဂ္ဂိုလ်တည်း၊ သိခြင်းကား ပညာတည်း။ သမံဟူရာ၌ အာရုံ၏ ထင်ခြင်းသည် သမမည်၏။ စိတ်၏ မပျံ့လွင့်ခြင်းသည် သမမည်၏။ စိတ်၏ ဆောက်တည်ခြင်း သည် သမမည်၏။ စိတ်၏ ဖြူစင်ခြင်းသည် သမမည်၏။

အတ္ထော-ဟူရာ၌ (ဝိပဿနာ၏) အပြစ်မရှိခြင်းသဘော၊ (မဂ်၏) ညစ်နွမ်းမှု ကင်းခြင်းသဘော၊ (ဖိုလ်၏) ဖြူစင်ခြင်းသဘော၊ (နိဗ္ဗာန်၏) မြတ်သောသဘောတည်း။

--

ပဋိဝိဇ္ဈတိ-ဟူရာ၌ အာရုံ၏ ထင်ခြင်းသဘောကို ထိုးထွင်း၍ သိ၏။ စိတ်၏ မပျံ့လွင့်ခြင်းသဘောကို ထိုးထွင်း၍ သိ၏။ စိတ်၏ ဆောက်တည်ခြင်းသဘောကို ထိုးထွင်း၍ သိ၏။ စိတ်၏ ဖြူစင်ခြင်း သဘောကို ထိုးထွင်း၍ သိ၏။ ထို့ကြောင့် “သမတ္ထဉ္စ ပဋိဝိဇ္ဈတိ”ဟု ဆိုအပ်၏။ (၁)

၁၆၉။ တိုသောဝင်သက်ကို ရှူသည်ရှိသော် တိုသောဝင်သက်ကို ရှူ၏ဟု အဘယ်သို့ သိသနည်း။ တိုသောထွက်သက်ကို ထုတ်သည်ရှိသော် တိုသောထွက်သက်ကို ထုတ်၏ဟု အဘယ်သို့ သိသနည်း။

တိုသောဝင်သက်ကို တိုသောကာလ၌ ရှူ၏။ တိုသောထွက်သက်ကို တိုသောကာလ၌ ထုတ်၏။ တိုသော ဝင်သက် ထွက်သက်ကို တိုသောကာလ၌ ရှူလည်းရှူ၏။ ထုတ်လည်းထုတ်၏။ တိုသော ဝင်သက်ထွက်သက်ကို တိုသောကာလ၌ ရှူသောပုဂ္ဂိုလ်အားလည်းကောင်း၊ ထုတ်သောပုဂ္ဂိုလ်အားလည်း ကောင်း ဘာဝနာဆန္ဒသည် ဖြစ်၏။ ဘာဝနာဆန္ဒ၏ အစွမ်းအားဖြင့် ထို့ထက် အလွန်သိမ်မွေ့သော တိုသော ဝင်သက်ကို တိုသောကာလ၌ ရှူ၏။ ဘာဝနာဆန္ဒ၏ အစွမ်းအားဖြင့် ထို့ထက် အလွန် သိမ်မွေ့သော တိုသောထွက်သက်ကို တိုသောကာလ၌ ထုတ်၏။ ဘာဝနာဆန္ဒ၏အစွမ်းအားဖြင့် ထို့ထက် အလွန်သိမ်မွေ့သော တိုသော ဝင်သက်ထွက်သက်ကို တိုသောကာလ၌ ရှူလည်း ရှူ၏။ ထုတ်လည်း ထုတ်၏။ ဘာဝနာဆန္ဒ၏ အစွမ်းအားဖြင့် ထို့ထက် အလွန်သိမ်မွေ့သော တိုသော ဝင်သက်,ထွက်သက်ကို တိုသောကာလ၌ ရှူသောပုဂ္ဂိုလ်အားလည်းကောင်း၊ ထုတ်သော ပုဂ္ဂိုလ်အားလည်းကောင်း ဝမ်းမြောက်ခြင်း ဖြစ်၏။ ဝမ်းမြောက်ခြင်း၏ အစွမ်းအားဖြင့် ထို့ထက် အလွန်သိမ်မွေ့သော တိုသော ဝင်သက်ကို တိုသောကာလ၌ ရှူ၏။ ဝမ်းမြောက်ခြင်း၏ အစွမ်းအားဖြင့် ထို့ထက် အလွန်သိမ်မွေ့သော တိုသော ထွက်သက်ကို တိုသောကာလ၌ ထုတ်၏။ ဝမ်းမြောက်ခြင်း၏ အစွမ်းအားဖြင့် ထို့ထက် အလွန်သိမ်မွေ့ သော တိုသော ဝင်သက်,ထွက်သက်ကို တိုသောကာလ၌ ရှူလည်း ရှူ၏။ ထုတ်လည်း ထုတ်၏။ ဝမ်းမြောက်ခြင်း၏ အစွမ်းအားဖြင့် ထို့ထက် အလွန်သိမ်မွေ့သော တိုသော ဝင်သက်,ထွက်သက်ကို တိုသောကာလ၌ ရှူသောပုဂ္ဂိုလ်အားလည်းကောင်း၊ ထုတ်သောပုဂ္ဂိုလ်အားလည်းကောင်း (တိုသော ဝင်သက်, ထွက်သက်ကို အမှီပြု၍ ပဋိဘာဂနိမိတ်ဖြစ်သည်ရှိသော်) ပကတိသော ဝင်သက်ထွက်သက်မှ စိတ်သည် ဆုတ်နစ်၏။ ဥပေက္ခာသည် ကောင်းစွာ တည်၏။ ဤကိုးပါးသော အခြင်းအရာတို့ဖြင့် တိုသော ဝင်သက်,့ထွက်သက်တို့သည် ကာယမည်၏။ ထင်ခြင်းသည် သတိမည်၏။ အဖန်ဖန်ရှုခြင်းသည် ဉာဏ်မည်၏။

ကာယသည် ဥပဋ္ဌာန မည်၏။ သတိ မမည်။ သတိသည် ဥပဋ္ဌာနလည်း မည်၏။ သတိလည်း မည်၏။

ထိုသတိဖြင့် ထိုဉာဏ်ဖြင့် ထိုကာယကို အဖန်ဖန်ရှု၏။ ထို့ကြောင့် “ကာယေ ကာယာနုပဿနာသတိပဋ္ဌာန ဘာဝနာ”ဟု ဆိုအပ်၏။

အနုပဿတိဟူရာ၌ ထိုကာယကို အဘယ်သို့ အဖန်ဖန်ရှုသနည်း။ပ။ ဤသို့ ထိုကာယကို အဖန် ဖန်ရှု၏။

ဘာဝနာဟူရာ၌ ပွါးများခြင်းဘာဝနာတို့သည် လေးပါးတို့တည်း။ပ။ အဖန်ဖန်မှီဝဲတတ်သော သဘောအားဖြင့် ဘာဝနာမည်၏။ တိုသော ဝင်သက်,ထွက်သက်ကို ဝင်သက်,ထွက်သက်၏အစွမ်းအားဖြင့် စိတ်၏ တည်ကြည်ခြင်း မပျံ့လွင့်ခြင်းကို သိသောပုဂ္ဂိုလ်အား ဝေဒနာတို့သည် ထင်ရှားဖြစ်ပေါ်ကုန်၏။ပ။ တိုသော ဝင်သက်,ထွက် သက်ကို ဝင်သက်,ထွက်သက်၏ အစွမ်းအားဖြင့် စိတ်၏ တည်ကြည်ခြင်း မပျံ့ လွင့်ခြင်းကို သိသောပုဂ္ဂိလ်သည် ဣန္ဒြေတို့ကို ပေါင်း၏။ပ။ ထို့ကြောင့် “သမတ္ထဉ္စ ပဋိဝိဇ္ဈတိ”ဟု ဆိုအပ်၏။ (၂)

၁၇၀။ အလုံးစုံသော အဿာသပဿာသဟုဆိုအပ်သော ကာယ၏ အစ၊ အလယ်၊ အဆုံးကို ထင်စွာပြုသည်ဖြစ်၍ အဘယ်သို့လျှင် ဝင်သက်ကို ရှူအံ့ဟု အားထုတ်သနည်း။ အလုံးစုံသော အဿာသပဿာသဟု ဆိုအပ်သော ကာယ၏ အစ၊ အလယ်၊ အဆုံးကို ထင်စွာပြုသည်ဖြစ်၍ အဘယ် သို့လျှင် ထွက်သက်ကို ထုတ်အံ့ဟု အားထုတ်သနည်း။

--

ကာယောဟူရာ၌ ကာယသည် နာမကာယ၊ ရူပကာယနှစ်ပါးတို့တည်း။ နာမကာယဟူသည် အဘယ်နည်း။ စိတ္တသင်္ခါရဟု ဆိုအပ်သော ဝေဒနာ၊ သညာ၊ စေတနာ၊ ဖဿ၊ မနသိကာရ၊ နာမ်မည် သော နာမ်တရားအပေါင်းသည် နာမကာယမည်၏။

ရူပကာယဟူသည် အဘယ်နည်း။ ကာယသင်္ခါရဟု ဆိုအပ်သော မဟာဘုတ်လေးပါး၊ မဟာဘုတ် လေးပါးကို စွဲမှီ၍ ဖြစ်သော ဥပါဒါရုပ်၊ ဝင်သက် ထွက်သက်၊ ဝင်သက်ထွက်သက်ဖြင့် ဖွဲ့အပ်သော နိမိတ်၊ ဤသင်္ခါရတရားအပေါင်းသည် ရူပကာယမည်၏။

ထိုကာယတို့သည် အဘယ်သို့လျှင် ထင်ရှားကုန်သနည်း။ ရှည်သောဝင်သက်ကို ဝင်သက်၏အစွမ်း အားဖြင့် စိတ်၏ တည်ကြည်ခြင်း မပျံ့လွင့်ခြင်းကို သိသောပုဂ္ဂိုလ်အား သတိသည် ထင်၏။ ထိုသတိဖြင့် ထိုဉာဏ်ဖြင့် ထိုကာယတို့သည် ထင်ရှားကုန်၏။ ရှည်သောထွက်သက်ကို ထွက်သက်၏ အစွမ်းအားဖြင့် စိတ်၏တည်ကြည်ခြင်း မပျံ့လွင့်ခြင်းကို သိသောပုဂ္ဂိုလ်အား သတိသည် ထင်၏။ ထိုသတိဖြင့် ထိုဉာဏ်ဖြင့် ထိုကာယတို့သည် ထင်ရှားကုန်၏။ တိုသောဝင်သက်ကို ဝင်သက်၏ အစွမ်းအားဖြင့် စိတ်၏ တည်ကြည်ခြင်း မပျံ့လွင့်ခြင်းကို သိသော ပုဂ္ဂိုလ်အား သတိသည် ထင်၏။ ထိုသတိဖြင့် ထိုဉာဏ်ဖြင့် ထိုကာယ တို့သည် ထင်ရှားကုန်၏။ တိုသော ထွက်သက်ကို ထွက်သက်၏ အစွမ်းအားဖြင့် စိတ်၏ တည်ကြည်ခြင်း မပျံ့လွင့်ခြင်းကို သိသော ပုဂ္ဂိုလ်အား သတိသည် ထင်၏။ ထိုသတိဖြင့် ထိုဉာဏ်ဖြင့် ထိုကာယတို့သည် ထင်ရှားကုန်၏။

ဆင်ခြင်သော ပုဂ္ဂိုလ်အား ထိုကာယတို့သည် ထင်ရှားကုန်၏။ အပြားအားဖြင့် သိသော ပုဂ္ဂိုလ်အား ထိုကာယတို့သည် ထင်ရှားကုန်၏။ ရှုသောပုဂ္ဂိုလ်အား ထိုကာယတို့သည် ထင်ရှားကုန်၏။

ရှုဆင်ခြင်သောပုဂ္ဂိုလ်အား ထိုကာယတို့သည် ထင်ရှားကုန်၏။ စိတ်ကို ဆောက်တည်သော ပုဂ္ဂိုလ်အား ထိုကာယတို့သည် ထင်ရှားကုန်၏။ ယုံကြည်ခြင်းဖြင့် ဆုံးဖြတ်သော ပုဂ္ဂိုလ်အား ထိုကာယတို့သည် ထင်ရှားကုန်၏။ ဝီရိယကို ချီးမြှောက်သော ပုဂ္ဂိုလ်အား ထိုကာယတို့သည် ထင်ရှားကုန်၏။ သတိကို ထင်စေသော ပုဂ္ဂိုလ်အား ထိုကာယတို့သည် ထင်ရှားကုန်၏။ စိတ်ကို ဆောက်တည်သော ပုဂ္ဂိုလ်အား ထိုကာယတို့သည် ထင်ရှားကုန်၏။ ပညာဖြင့် သိသော ပုဂ္ဂိုလ်အား ထိုကာယတို့သည် ထင်ရှားကုန်၏။ အထူးသိရမည့်တရားကို အထူးသိသော ပုဂ္ဂိုလ်အား ထိုကာယတို့သည် ထင်ရှားကုန်၏။ ပိုင်းခြား၍သိရ မည့်တရားကို ပိုင်းခြား၍သိသော ပုဂ္ဂိုလ်အား ထိုကာယတို့သည် ထင်ရှားကုန်၏။ ပယ်ရမည့်တရားကို ပယ်သော ပုဂ္ဂိုလ်အား ထိုကာယတို့သည် ထင်ရှားကုန်၏။ ပွါးများရမည့်တရားကို ပွါးများသော ပုဂ္ဂိုလ် အား ထိုကာယတို့သည် ထင်ရှားကုန်၏။ မျက်မှောက်ပြုရမည့် တရားကို မျက်မှောက်ပြုသော ပုဂ္ဂိုလ်အား ထိုကာယတို့သည် ထင်ရှားကုန်၏။ ဤသို့ ထိုကာယတို့သည် ထင်ရှားကုန်၏။

အလုံးစုံသော အဿာသပဿာသဟု ဆိုအပ်သော ကာယ၏ အစ၊ အလယ်၊ အဆုံးကို ထင်စွာပြုသည် ဖြစ်၍ ဝင်သက် ထွက်သက်တို့သည် ကာယမည်၏။ ထင်ခြင်းသည် သတိမည်၏။ အဖန်ဖန်ရှုခြင်းသည် ဉာဏ် မည်၏။ ကာယသည် ဥပဋ္ဌာန မည်၏။ သတိ မမည်။ သတိသည် ဥပဋ္ဌာနလည်း မည်၏။

သတိလည်း မည်၏။ ထိုသတိဖြင့် ထိုဉာဏ်ဖြင့် ထိုကာယကို အဖန်ဖန်ရှု၏။ ထို့ကြောင့် “ကာယေ ကာယာနုပဿနာ သတိပဋ္ဌာနဘာဝနာ”ဟု ဆိုအပ်၏။

အနုပဿတိဟူရာ၌ ထိုကာယကို အဘယ်သို့လျှင် အဖန်ဖန်ရှုသနည်း။ပ။ ဤသို့ ထိုကာယကို အဖန်ဖန်ရှု၏။

--

ဘာဝနာဟူရာ၌ ပွါးများခြင်းတို့သည် လေးပါးတို့တည်း။ပ။ အဖန်ဖန်မှီဝဲသော သဘောအားဖြင့် ဘာဝနာမည်၏။

အလုံးစုံသော အဿာသပဿာသဟု ဆိုအပ်သော ကာယ၏ အစ၊ အလယ်၊ အဆုံးကို ထင်စွာ ပြုသည် ဖြစ်၍ ဝင်သက် ထွက်သက်တို့ကို စောင့်စည်းတတ်သောသဘောအားဖြင့် သီလဝိသုဒ္ဓိမည်၏။

မပျံ့လွင့်သော သဘောအားဖြင့် စိတ္တဝိသုဒ္ဓိမည်၏။ မြင်တတ်သော သဘောအားဖြင့် ဒိဋ္ဌိဝိသုဒ္ဓိမည်၏။

ထိုဝင်သက်,ထွက်သက်၌ စောင့်စည်းခြင်းသဘောသည် အဓိသီလသိက္ခာမည်၏။ ထိုဝင်သက်,ထွက်သက်၌ မပျံ့လွင့်ခြင်း သဘောသည် အဓိစိတ္တသိက္ခာမည်၏။ ထိုဝင်သက်,ထွက်သက်၌ မြင်တတ်သော သဘောသည် အဓိပညာသိက္ခာ မည်၏။ ဤသိက္ခာသုံးပါးတို့ကို ဆင်ခြင်သည်ဖြစ်၍ အားထုတ်၏။ သိသည်ဖြစ်၍ အား ထုတ်၏။ ရှုသည်ဖြစ်၍ အားထုတ်၏။ ရှုဆင်ခြင်သည်ဖြစ်၍ အားထုတ်၏။ စိတ်ကို ဆောက်တည်သည် ဖြစ်၍ အားထုတ်၏။ ယုံကြည်ခြင်းဖြင့် ဆုံးဖြတ်သည်ဖြစ်၍ အားထုတ်၏။ ဝီရိယကို ချီးမြှောက်သည် ဖြစ်၍ အားထုတ်၏။ သတိကို ထင်စေသည်ဖြစ်၍ အားထုတ်၏။ စိတ်ကို ကောင်းစွာ ထားသည်ဖြစ်၍ အားထုတ်၏။ ပညာဖြင့် သိသည်ဖြစ်၍ အားထုတ်၏။ အထူးသိရမည့်တရားကို အထူးသိသည်ဖြစ်၍ အားထုတ်၏။ ပိုင်းခြား၍သိရမည့်တရားကို ပိုင်းခြား၍ သိသည်ဖြစ်၍ အားထုတ်၏။ ပယ်ရမည့်တရားကို ပယ်သည်ဖြစ်၍ အားထုတ်၏။ ပွါးများရမည့်တရားကို ပွါးများသည်ဖြစ်၍ အားထုတ်၏။ မျက်မှောက်ပြုရ မည့်တရားကို မျက်မှောက်ပြုသည်ဖြစ်၍ အားထုတ်၏။

အလုံးစုံသော အဿာသပဿာသဟု ဆိုအပ်သော ကာယ၏ အစ၊ အလယ်၊ အဆုံးကို ထင်စွာပြု သည် ဖြစ်၍ ဝင်သက်ထွက်သက်၏အစွမ်းဖြင့် စိတ်၏ တည်ကြည်ခြင်း မပျံ့လွင့်ခြင်းကိုသိသော ပုဂ္ဂိုလ် အား ဝေဒနာတို့သည် ထင်ရှားဖြစ်ပေါ်ကုန်၏။ပ။ အလုံးစုံသော အဿာသပဿာသဟုဆိုအပ်သော ကာယ၏ အစ၊ အလယ်၊ အဆုံးကို ထင်စွာပြုသည် ဖြစ်၍ ဝင်သက်,ထွက်သက်၏ အစွမ်းအားဖြင့် စိတ်၏ တည်ကြည်ခြင်း မပျံ့လွင့်ခြင်းကို သိသော ပုဂ္ဂိုလ်သည် ဣန္ဒြေတို့ကို ပေါင်း၏။ပ။ ထို့ကြောင့် “သမတ္ထဉ္စ ပဋိဝိဇ္ဈတိ”ဟု ဆိုအပ်၏။ (၃)

၁၇၁။ ရုန့်ရင်းသော ကာယသင်္ခါရကို ငြိမ်းစေလျက် ဝင်သက်ကို ရှူအံ့ဟု အဘယ်သို့လျှင် အားထုတ်သနည်း။ ရုန့်ရင်းသော ကာယသင်္ခါရကို ငြိမ်းစေလျက် ထွက်သက်ကို ထုတ်အံ့ဟု အဘယ်သို့ လျှင် အားထုတ်သနည်း။ ကာယသင်္ခါရဟူသည် အဘယ်နည်း။ ရှည်သောဝင်သက်တို့သည် ကိုယ်၌ ဖြစ်ကုန်၏။ ထိုတရားတို့သည် ကိုယ်နှင့်စပ်ကုန်သည်ဖြစ်၍ ကာယသင်္ခါရတို့ မည်ကုန်၏။ ထိုကာယသင်္ခါရ တို့ကို ငြိမ်းစေသည်ဖြစ်၍ ချုပ်စေသည်ဖြစ်၍ ငြိမ်းခြင်းသို့ ရောက်စေသည်ဖြစ်၍ အားထုတ်၏။ ရှည်သော ထွက်သက်တို့သည် ကိုယ်၌ ဖြစ်ကုန်၏။ ထိုတရားတို့သည် ကိုယ်နှင့်စပ်ကုန်သည်ဖြစ်၍ ကာယသင်္ခါရတို့ မည်ကုန်၏။ ထိုကာယသင်္ခါရတို့ကို ငြိမ်းစေသည်ဖြစ်၍ ချုပ်စေသည်ဖြစ်၍ ငြိမ်းခြင်းသို့ ရောက်စေသည် ဖြစ်၍ အားထုတ်၏။

တိုသော ဝင်သက်တို့သည်။ တိုသော ထွက်သက်တို့သည်။ အလုံးစုံသော ကာယ၏ အစ၊ အလယ်၊ အဆုံးကို ထင်စွာပြုသည် ဖြစ်၍ ဝင်သက်တို့သည်။ အလုံးစုံသော ကာယ၏ အစ၊ အလယ်၊ အဆုံးကို ထင်စွာပြုသည် ဖြစ်၍ ထွက်သက်တို့သည် ကိုယ်၌ ဖြစ်ကုန်၏။ ထိုတရားတို့သည် ကိုယ်နှင့်စပ် ကုန်သည်ဖြစ်၍ ကာယသင်္ခါရ မည်ကုန်၏။ ထိုကာယသင်္ခါရတို့ကို ငြိမ်းစေသည်ဖြစ်၍ ချုပ်စေသည်ဖြစ်၍ ငြိမ်းခြင်းသို့ ရောက်စေသည်ဖြစ်၍ အားထုတ်၏။

အကြင်သို့သဘောရှိကုန်သော ကာယသင်္ခါရတို့ဖြင့် ကိုယ်ကို အကြင် နောက်မှညွတ်ခြင်းသည် အကြင် နံပါးနှစ်ဖက်မှညွတ်ခြင်းသည် အကြင် ကောင်းစွာညွတ်ခြင်းသည် အကြင် ရှေ့မှညွတ်ခြင်းသည် အကြင်လှုပ်ခြင်းသည် အကြင် စဉ်းငယ်လှုပ်ခြင်းသည် အကြင်တုန်ခြင်းသည် အကြင်ပြင်းစွာတုန်ခြင်းသည် ရှိ၏။ ထိုသို့သဘောရှိသော ကာယသင်္ခါရကို ငြိမ်းစေ၍ ဝင်သက်ကို ရှူအံ့ဟု အားထုတ်၏။

--

ကာယသင်္ခါကို ငြိမ်းစေ၍ ထွက်သက်ကို ထုတ်အံ့ဟု အားထုတ်၏။ အကြင်သို့သဘောရှိကုန်သော ကာယသင်္ခါရတို့ဖြင့် ကိုယ်ကို အကြင် နောက်မှ မညွတ်ခြင်းသည် အကြင် နံပါးနှစ်ဖက်မှ မညွတ်ခြင်းသည် အကြင်ကောင်းစွာ မညွတ်ခြင်းသည် အကြင်ရှေ့မှ မညွတ်ခြင်းသည် အကြင် မလှုပ်ခြင်းသည် အကြင် စဉ်းငယ်မလှုပ်ခြင်း သည် အကြင် မတုန်လှုပ်ခြင်းသည် အကြင် ပြင်းစွာ မတုန်လှုပ်ခြင်းသည် ရှိ၏။ ထိုသို့ သဘောရှိသော ငြိမ်သက်သော သိမ်မွေ့သော ကာယသင်္ခါရကို ငြိမ်းစေသည်ဖြစ်၍ ဝင်သက်ကို ရှူအံ့ဟု အားထုတ်၏။ ကာယသင်္ခါရကို ငြိမ်းစေသည်ဖြစ်၍ ထွက်သက်ကို ထုတ်အံ့ဟု အားထုတ်၏။ ဤသို့ကာယသင်္ခါရကို ငြိမ်းစေသည်ဖြစ်၍ ဝင်သက်ကို ရှူအံ့ဟု အားထုတ်သတတ်။ ထိုကာယသင်္ခါရကို ငြိမ်းစေသည်ဖြစ်၍ ထွက်သက်ကို ထုတ်အံ့ဟု အားထုတ်သတတ်။ ဤသို့ဖြစ်သည်ရှိသော် လေကို ရခြင်းဖြင့်လည်း အပြား အားဖြင့် ပွားများခြင်းသည် မဖြစ်။ ဝင်သက် ထွက်သက်တို့ကိုလည်း အပြားအားဖြင့် ပွားများခြင်းသည် မဖြစ်။ အာနာပါနဿတိကိုလည်း အပြားအားဖြင့် ပွားများခြင်းသည် မဖြစ်။ အာနာပါနဿတိသမာဓိကို လည်း အပြားအားဖြင့် ပွားများခြင်းသည် မဖြစ်။ ထိုသမာပတ်ကို ပညာရှိတို့သည် ဝင်လည်းဝင်မစား ကုန်။ ထလည်းမထကုန်။

ဤသို့ ကာယသင်္ခါရကို ငြိမ်းစေသည်ဖြစ်၍ ဝင်သက်ကို ရှူအံ့ဟု အားထုတ်သတတ်။ ကာယသင်္ခါရ ကို ငြိမ်းစေသည်ဖြစ်၍ ထွက်သက်ကို ထုတ်အံ့ဟု အားထုတ်သတတ်။ ဤသို့ဖြစ်သည်ရှိသော် လေကို ရခြင်းဖြင့်လည်း အပြားအားဖြင့် ပွားများခြင်းသည် ဖြစ်၏။ ဝင်သက်, ထွက်သက်တို့ကိုလည်း အပြား အားဖြင့် ပွားများခြင်းသည် ဖြစ်၏။ အာနာပါနဿတိကိုလည်း အပြားအားဖြင့် ပွားများခြင်းသည် ဖြစ်၏။ အာနာပါနဿတိသမာဓိကိုလည်း အပြားအားဖြင့် ပွားများခြင်းသည် ဖြစ်၏။ ထိုသမာပတ်ကို ပညာရှိတို့သည် ဝင်လည်း ဝင်စားကုန်၏။ ထလည်း ထကုန်၏။

ဥပမာအဘယ်ကဲ့သို့နည်းဟူမူ ကြေးခွက်ကိုခေါက်သော် ရှေးဦးစွာ ကြမ်းတမ်းသော အသံတို့သည် ဖြစ်ကုန်၏။ ကြမ်းတမ်းသော အသံတို့၏ အာရုံနိမိတ်ကို ကောင်းစွာ ယူခြင်းကြောင့် ကောင်းစွာနှလုံး သွင်းခြင်းကြောင့် ကောင်းစွာ စိတ်၌ထားခြင်းကြောင့် ကြမ်းတမ်းသော အသံသည် ချုပ်သော်လည်း ထို့နောက် သိမ်မွေ့သော အသံတို့သည် ဖြစ်ကုန်၏။

သိမ်မွေ့သောအသံတို့၏ အာရုံနိမိတ်ကို ကောင်းစွာယူခြင်းကြောင့် ကောင်းစွာနှလုံးသွင်းခြင်းကြောင့် ကောင်းစွာ စိတ်၌ထားခြင်းကြောင့် သိမ်မွေ့သောအသံသည် ချုပ်သော်လည်း ထို့နောက် သိမ်မွေ့သော အသံ အာရုံနိမိတ်လျှင် အာရုံရှိသော စိတ်သည် ဖြစ်သကဲ့သို့ ဤအတူသာလျှင် ရှေးဦးစွာ ကြမ်းတမ်းသော ဝင်သက်, ထွက်သက်တို့သည် ဖြစ်ကုန်၏။ ကြမ်းတမ်းသော ဝင်သက်,ထွက်သက်တို့၏့အာရုံနိမိတ်ကို ကောင်းစွာယူခြင်းကြောင့် ကောင်းစွာနှလုံးသွင်းခြင်းကြောင့် ကောင်းစွာ စိတ်၌ထားခြင်းကြောင့် ကြမ်း တမ်းသော ဝင်သက်, ထွက်သက်သည် ချုပ်သော်လည်း ထို့နောက် သိမ်မွေ့သော ဝင်သက်,ထွက်သက်တို့ သည် ဖြစ်ကုန်၏။ သိမ်မွေ့သော ဝင်သက်,ထွက်သက်တို့၏ အာရုံနိမိတ်ကို ကောင်းစွာယူခြင်းကြောင့် ကောင်းစွာနှလုံးသွင်းခြင်းကြောင့် ကောင်းစွာ စိတ်၌ထားခြင်းကြောင့် သိမ်မွေ့သော ဝင်သက်,ထွက်သက် သည် ချုပ်သော်လည်း ထို့နောက် သိမ်မွေ့သော ဝင်သက်,ထွက်သက်အာရုံနိမိတ်လျှင် အာရုံရှိသော စိတ်သည် ပျံ့လွင့်ခြင်းသို့ မရောက်။

ဤသို့ဖြစ်သည်ရှိသော် လေကိုရခြင်းဖြင့်လည်း အပြားအားဖြင့် ပွါးခြင်းသည် ဖြစ်၏။ ဝင်သက်, ထွက်သက်တို့ကိုလည်း အပြားအားဖြင့် ပွါးခြင်းသည် ဖြစ်၏။ အာနာပါနဿတိကိုလည်း အပြားအားဖြင့် ပွါးခြင်းသည် ဖြစ်၏။ အာနာပါနဿတိသမာဓိကိုလည်း အပြားအားဖြင့် ပွါးခြင်းသည် ဖြစ်၏။ ထို သမာပတ်ကို ပညာရှိတို့သည် ဝင်လည်း ဝင်စားကုန်၏။ ထလည်း ထကုန်၏။

ကာယသင်္ခါရကို ငြိမ်းစေသည်ဖြစ်၍ ဝင်သက်,ထွက်သက်တို့သည် ကာယမည်၏။ ထင်ခြင်းသည် သတိ မည်၏။ အဖန်ဖန်ရှုခြင်းသည် ဉာဏ်မည်၏။ ကာယသည် ဥပဋ္ဌာနမည်၏။ သတိ,မမည်။ သတိသည် ဥပဋ္ဌာနလည်း မည်၏။ သတိလည်း မည်၏။ ထိုသတိဖြင့် ထိုဉာဏ်ဖြင့် ထိုကာယကို အဖန်ဖန် ရှု၏။ ထို့ကြောင့် “ကာယေကာယာနုပဿနာသတိပဋ္ဌာနဘာဝနာ”ဟု ဆိုအပ်၏။

--

အနုပဿတိဟူရာ၌ ထိုကာယကို အဘယ်သို့ အဖန်ဖန်ရှုသနည်း။ပ။ ဤသို့ ထိုကာယကို အဖန်ဖန်ရှု၏။

ဘာဝနာဟူရာ၌ ပွါးများခြင်း ဘာဝနာတို့သည် လေးပါးတို့တည်း။ပ။ အဖန်ဖန်မှီဝဲတတ်သော သဘောအားဖြင့် ဘာဝနာမည်၏။ ကာယသင်္ခါရကို ငြိမ်းစေသည်ဖြစ်၍ ဝင်သက်,ထွက်သက်တို့ကို စောင့် စည်းတတ်သော သဘောအားဖြင့် သီလဝိသုဒ္ဓိမည်၏။ မပျံ့လွင့်သော သဘောအားဖြင့် စိတ္တဝိသုဒ္ဓိမည်၏။

မြင်တတ်သော သဘောအားဖြင့် ဒိဋ္ဌိဝိသုဒ္ဓိမည်၏။

ထိုဝင်သက်,ထွက်သက်၌ စောင့်စည်းတတ်သော သဘောသည် အဓိသီလသိက္ခာ မည်၏။ ထို ဝင်သက် ထွက်သက်၌ မပျံ့လွင့်ခြင်းသဘောသည် အဓိစိတ္တသိက္ခာ မည်၏။ ထိုဝင်သက်,ထွက်သက်၌ မြင် တတ်သော သဘောသည် အဓိပညာသိက္ခာ မည်၏။

ဤသိက္ခာသုံးပါးတိုကို ဆင်ခြင်သည်ဖြစ်၍ အားထုတ်၏။ပ။ မျက်မှောက်ပြုရမည့် တရားကို မျက် မှောက်ပြုသည်ဖြစ်၍ အားထုတ်၏။ ကာယသင်္ခါရကို ငြိမ်းစေသည်ဖြစ်၍ ဝင်သက်,ထွက်သက်၏ အစွမ်း အားဖြင့် စိတ်၏ တည်ကြည်ခြင်း မပျံ့လွင့်ခြင်းကို သိသောပုဂ္ဂိုလ်အား ဝေဒနာတို့သည် ထင်ရှားဖြစ်ပေါ် ကုန်၏။ပ။ ကာယသင်္ခါရကို ငြိမ်းစေသည်ဖြစ်၍ ဝင်သက်,ထွက်သက်၏ အစွမ်းအားဖြင့် စိတ်၏တည် ကြည်ခြင်း မပျံ့လွင့်ခြင်းကို သိသော ပုဂ္ဂိုလ်သည် ဣန္ဒြေတို့ကို ပေါင်း၏။ပ။ ထို့ကြောင့် “သမတ္ထဉ္စ ပဋိဝိဇ္ဈတိ”ဟု ဆိုအပ်၏။

ကာယေ ကာယာနုပဿနာ၌ ရှစ်ပါးကုန်သော အနုပဿနာဉာဏ်၊ ရှစ်ပါးကုန်သော ဥပဋ္ဌာနာနုဿ တိ၊ လေးပါးကုန်သော သုတ္တန်၌ ဟောတော်မူအပ်သော ဝတ္ထုတို့သည် ဖြစ်ကုန်၏။

ဘာဏဝါရပြီး၏။

--

ဒုတိယ စတုက္က အကျယ်ပြခြင်း

၁၇၂။ ပီတိကို ထင်စွာ ပြုသည်ဖြစ်၍ ဝင်သက်ကို ရှူအံ့ဟု အဘယ်သို့လျှင် အားထုတ်သနည်း။ ပီတိကို ထင်စွာပြုသည်ဖြစ်၍ ထွက်သက်ကို ထုတ်အံ့ဟု အဘယ်သို့လျှင် အားထုတ်သနည်း။

ပီတိဟူသည် အဘယ်နည်း။ ရှည်သော ဝင်သက်၏အစွမ်းအားဖြင့် စိတ်၏တည်ကြည်ခြင်း မပျံ့ လွင့်ခြင်းကို သိသော ပုဂ္ဂိုလ်အားနှစ်သက်ဝမ်းမြောက်ခြင်း ဖြစ်၏။ အကြင်နှစ်သက်ဝမ်းမြောက်ခြင်းသည့်အကြင်ဝမ်းမြောက်ခြင်းသည် အကြင်အပြားအားဖြင့် ဝမ်းမြောက်ခြင်းသည် အကြင်ရွှင်ခြင်းသည် အကြင် အပြားအားဖြင့် ရွှင်ခြင်းသည် အကြင်နှစ်သက်ခြင်းသည် အကြင်တက်ကြွခြင်းသည် စိတ်၏ အကြင်နှစ်လိုခြင်းသည် ရှိ၏။

ရှည်သော ထွက်သက်၏ အစွမ်းအားဖြင့် စိတ်၏ တည်ကြည်ခြင်း မပျံ့လွင့်ခြင်းကို သိသောပုဂ္ဂိုလ် အားနှစ်သက်ဝမ်းမြောက်ခြင်းသည် ဖြစ်၏။ပ။ တိုသောဝင်သက်၏ အစွမ်းအားဖြင့်။ တိုသောထွက်သက်၏ အစွမ်းအား ဖြင့်။ အလုံးစုံသော ကာယ၏ အစ၊ အလယ်၊ အဆုံးကို ထင်စွာပြုသည်ဖြစ်၍ ဝင်သက်၏ အစွမ်းအားဖြင့်။ အလုံးစုံသော ကာယ၏ အစ၊ အလယ်၊ အဆုံးကို ထင်စွာပြုသည်ဖြစ်၍ ထွက်သက်၏ အစွမ်းအားဖြင့်။ ကာယသင်္ခါရကို ငြိမ်းစေသည်ဖြစ်၍ ဝင်သက်၏ အစွမ်းအားဖြင့်။ ကာယသင်္ခါရကို ငြိမ်း စေသည်ဖြစ်၍ ထွက်သက်၏ အစွမ်းအားဖြင့် စိတ်၏ တည်ကြည်ခြင်း မပျံ့လွင့်ခြင်းကို သိသော ပုဂ္ဂိုလ် အားနှစ်သက်ဝမ်းမြောက်ခြင်းသည် ဖြစ်၏။

အကြင်နှစ်သက်ဝမ်းမြောက်ခြင်းသည် အကြင်ဝမ်းမြောက်ခြင်းသည် အကြင်အပြားအားဖြင့် ဝမ်း မြောက်ခြင်းသည် အကြင်ရွှင်ခြင်းသည် အကြင်အပြားအားဖြင့် ရွှင်ခြင်းသည် အကြင်နှစ်သက်ခြင်းသည် အကြင်တက်ကြွသော စိတ်ရှိခြင်းသည် စိတ်၏ အကြင်နှစ်လိုခြင်းသည် ရှိ၏။ ဤသည်လျှင် ပီတိ မည်၏။

ထိုပီတိသည် အဘယ်သို့လျှင် ထင်ရှားသနည်း။ ရှည်သောဝင်သက်၏ အစွမ်းအားဖြင့် စိတ်၏ တည်ကြည်ခြင်း မပျံ့လွင့်ခြင်းကို သိသော ပုဂ္ဂိုလ်အား သတိသည် ထင်၏။ ထိုသတိဖြင့် ထိုဉာဏ်ဖြင့် ထိုပီတိသည် ထင်ရှား၏။ ရှည်သောထွက်သက်၏အစွမ်းအားဖြင့် စိတ်၏ တည်ကြည်ခြင်း မပျံ့လွင့်ခြင်းကို သိသော ပုဂ္ဂိုလ်အား သတိသည် ထင်၏။ ထိုသတိဖြင့် ထိုဉာဏ်ဖြင့် ထိုပီတိသည် ထင်ရှား၏။ တိုသော ဝင်သက်၏ အစွမ်းအားဖြင့်။ပ။ တိုသော ထွက်သက်၏အစွမ်းအားဖြင့်။ အလုံးစုံသော ကာယ၏ အစ၊ အလယ်၊ အဆုံးကို ထင်စွာပြုသည်ဖြစ်၍ ဝင်သက်၏ အစွမ်းအားဖြင့်။ အလုံးစုံသော ကာယ၏ အစ၊ အလယ်၊ အဆုံးကို ထင်စွာပြုသည်ဖြစ်၍ ထွက်သက်၏ အစွမ်းအားဖြင့်။ ကာယသင်္ခါရကို ငြိမ်းစေသည် ဖြစ်၍ ဝင်သက်၏အစွမ်းအားဖြင့်။ ကာယသင်္ခါရကို ငြိမ်းစေသည်ဖြစ်၍ ထွက်သက်၏အစွမ်းအားဖြင့် စိတ်၏ တည်ကြည်ခြင်း မပျံ့လွင့်ခြင်းကို သိသော ပုဂ္ဂိုလ်အား သတိသည် ထင်၏။ ထိုသတိဖြင့် ထိုဉာဏ်ဖြင့် ထိုပီတိသည် ထင်ရှား၏။ ဆင်ခြင်သောပုဂ္ဂိုလ်အား ထိုပီတိသည် ထင်ရှား၏။ သိသောပုဂ္ဂိုလ်အား။ ရှုသောပုဂ္ဂိုလ်အား။ ရှုဆင်ခြင်သောပုဂ္ဂိုလ်အား စိတ်ကို ဆောက်တည်သော ပုဂ္ဂိုလ်အား။ ယုံကြည်ခြင်းဖြင့် ဆုံးဖြတ်သောပုဂ္ဂိုလ်အား။ ဝီရိယကို ချီးမြှောက်သောပုဂ္ဂိုလ်အား။ သတိကို ထင်စေသောပုဂ္ဂိုလ်အား။ စိတ်ကို ကောင်းစွာ အာရုံ၌ ထားသောပုဂ္ဂိုလ်အား။ ပညာဖြင့် အပြားအားဖြင့် သိသော ပုဂ္ဂိုလ်အား။ အထူးသိရမည့်တရားကို အထူးသိသောပုဂ္ဂိုလ်အား။ ပိုင်းခြား၍သိရမည့်တရားကို ပိုင်းခြား၍သိသော ပုဂ္ဂိုလ်အား။ ပယ်ရမည့်တရားကို ပယ်သောပုဂ္ဂိုလ်အား။ ပွါးများရမည့်တရားကို ပွါးများသော ပုဂ္ဂိုလ် အား။ မျက်မှောက်ပြုရမည့်တရားကို မျက်မှောက်ပြုသော ပုဂ္ဂိုလ်အား ထိုပီတိသည် ထင်ရှား၏။ ဤသို့ ထိုပီတိသည် ထင်ရှား၏။

--

ပီတိကို ထင်စွာပြုသည်ဖြစ်၍ ဝင်သက်,ထွက်သက်၏အစွမ်းအားဖြင့် (နှလုံးသွင်းခြင်းသည်) ဝေဒနာ မည်၏။ ထင်ခြင်းသည် သတိမည်၏။ အဖန်ဖန်ရှုခြင်းသည် ဉာဏ်မည်၏။ ဝေဒနာသည် ဥပဋ္ဌာနမည်၏။

သတိ မမည်။ သတိသည် ဥပဋ္ဌာနလည်းမည်၏။ သတိလည်း မည်၏။ ထိုသတိဖြင့် ထိုဉာဏ်ဖြင့် ထို ဝေဒနာကို အဖန်ဖန်ရှု၏။ ထို့ကြောင့် “ဝေဒနာသု ဝေဒနာနုပဿနာသတိပဋ္ဌာနဘာဝနာ”ဟု ဆိုအပ်၏။

အနုပဿနာဟူရာ၌ ထိုဝေဒနာကို အဘယ်သို့လျှင် အဖန်ဖန်ရှုသနည်း။ မမြဲသောအားဖြင့် အဖန် ဖန်ရှု၏။ပ။ ဤသို့ ထိုဝေဒနာကို အဖန်ဖန်ရှု၏။

ဘာဝနာဟူရာ၌ ပွါးများခြင်း ဘာဝနာတို့သည် လေးပါးတို့တည်း။ပ။ အဖန်ဖန်မှီဝဲတတ်သော သဘောအားဖြင့် ဘာဝနာမည်၏။ ပီတိကို ထင်စွာပြုသည်ဖြစ်၍ ဝင်သက်,ထွက်သက်တို့ကို စောင့်စည်း့တတ်သော သဘောအားဖြင့် သီလဝိသုဒ္ဓိမည်၏။ပ။ ပီတိကို ထင်စွာပြုသည်ဖြစ်၍ ဝင်သက်,ထွက်သက်၏ အစွမ်းအားဖြင့် စိတ်၏ တည်ကြည်ခြင်း မပျံ့လွင့်ခြင်းကို သိသော ပုဂ္ဂိုလ်အား။ပ။ သိသောပုဂ္ဂိုလ်သည် ဣန္ဒြေတို့ကို ပေါင်း၏။ ထို့ကြောင့် “သမတ္ထဉ္စ ပဋိဝိဇ္ဈတိ”ဟု ဆိုအပ်၏။ (၁)

၁၇၃။ ချမ်းသာကို ခံစားသည်ဖြစ်၍ ဝင်သက်ကို ရှူအံဟု အဘယ်သို့လျှင် အားထုတ်သနည်း။ ချမ်းသာကို ခံစားသည်ဖြစ်၍ ထွက်သက်ကို ထုတ်အံ့ဟု အဘယ်သို့လျှင် အားထုတ်သနည်း။

သုခံဟူရာ၌ ချမ်းသာသုခတို့သည် ကိုယ်ချမ်းသာ ‘ကာယိကသုခ’၊ စိတ်ချမ်းသာ ‘စေတသိကသုခ'နှစ်ပါးတို့တည်း။

ကိုယ်ချမ်းသာ ‘ကာယိကသုခ’ဟူသည် အဘယ်နည်း။ ကိုယ်၌ဖြစ်သော သာယာအပ်သော ကိုယ်၌ ဖြစ်သော အကြင်ချမ်းသာသုခသည် ကိုယ်၏အတွေ့ကြောင့်ဖြစ်သော သာယာအပ်သော အကြင်ချမ်းသာသုခ ခံစားခြင်းသည် ကိုယ်၏အတွေ့ကြောင့်ဖြစ်သော သာယာအပ်သော အကြင်သုခဝေဒနာသည် ရှိ၏။ ဤ သည်လျှင် ကိုယ်ချမ်းသာ ‘ကာယိကသုခ’မည်၏။

စိတ်ချမ်းသာ ‘စေတသိကသုခ’ဟူသည် အဘယ်နည်း။ စိတ်၌ဖြစ်သော သာယာအပ်သော စိတ်၌ဖြစ် သော အကြင်ချမ်းသာသုခသည် စိတ်၏အတွေ့ကြောင့်ဖြစ်သော သာယာအပ်သော အကြင်ချမ်းသာသုခ ခံစားခြင်းသည် စိတ်၏အတွေ့ကြောင့်ဖြစ်သော သာယာအပ်သော အကြင်သုခဝေဒနာသည် ရှိ၏။ ဤ သည်လျှင် စိတ်ချမ်းသာ ‘စေတသိကသုခ’မည်၏။

ထိုချမ်းသာသုခတို့သည် အဘယ်သို့လျှင် ထင်ကုန်သနည်း။ ရှည်သော ဝင်သက်၏ အစွမ်းအားဖြင့် စိတ်၏ တည်ကြည်ခြင်း မပျံ့လွင့်ခြင်းကို သိသော ပုဂ္ဂိုလ်အား သတိသည် ထင်၏။ ထိုသတိဖြင့် ထို ဉာဏ်ဖြင့် ထိုချမ်းသာသုခတို့သည် ထင်ရှားကုန်၏။

ရှည်သော ထွက်သက်၏ အစွမ်းအားဖြင့် စိတ်၏ တည်ကြည်ခြင်း မပျံ့လွင့်ခြင်းကို သိသော ပုဂ္ဂိုလ်အား သတိသည် ထင်၏။ ထိုသတိဖြင့် ထိုဉာဏ်ဖြင့် ထိုချမ်းသာသုခတို့သည် ထင်ရှားကုန်၏။ပ။ မျက်မှောက်ပြုရမည့်တရားကို မျက်မှောက်ပြုသောပုဂ္ဂိုလ်အား ထိုချမ်းသာသုခတို့သည် ထင်ရှားကုန်၏။

ဤသို့ ထိုချမ်းသာတို့သည် ထင်ရှားကုန်၏။ ချမ်းသာကို ထင်စွာပြုသည်ဖြစ်၍ ဝင်သက်,ထွက်သက်၏ အစွမ်းအားဖြင့် ဝေဒနာမည်၏။ ထင်ခြင်းသည် သတိမည်၏။ အဖန်ဖန်ရှုခြင်းသည် ဉာဏ်မည်၏။

ဝေဒနာသည် ဥပဋ္ဌာနမည်၏။ သတိ,မမည်။ သတိသည် ဥပဋ္ဌာနလည်းမည်၏။ သတိလည်းမည်၏။

--

ထိုသတိဖြင့် ထိုဉာဏ်ဖြင့် ထိုဝေဒနာကို အဖန်ဖန်ရှု၏။ ထို့ကြောင့် “ဝေဒနာသု ဝေဒနာနုပဿနာ သတိပဋ္ဌာနဘာဝနာ”ဟု ဆိုအပ်၏။

အနုပဿတိဟူရာ၌ ထိုဝေဒနာကို အဘယ်သို့လျှင် အဖန်ဖန်ရှုသနည်း။ မမြဲသောအားဖြင့် အဖန် ဖန်ရှု၏။ပ။ ဤသို့ ထိုဝေဒနာကို အဖန်ဖန်ရှု၏။

ဘာဝနာဟူရာ၌ ပွါးများခြင်း ဘာဝနာတို့သည် လေးပါးတို့တည်း။ပ။ အဖန်ဖန်မှီဝဲတတ်သော သဘောအားဖြင့် ဘာဝနာမည်၏။ ချမ်းသာကို ထင်စွာပြုသည်ဖြစ်၍ ဝင်သက်,ထွက်သက်တို့ကို စောင့်စည်း တတ်သော သဘောအားဖြင့် သီလဝိသုဒ္ဓိမည်၏။ပ။ ချမ်းသာကို ထင်စွာပြုသည်ဖြစ်၍ ဝင်သက်, ထွက်သက်၏ အစွမ်းအားဖြင့် စိတ်၏ တည်ကြည်ခြင်း မပျံ့လွင့်ခြင်းကို သိသော ပုဂ္ဂိုလ်အား။ပ။ သိသော ပုဂ္ဂိုလ်သည် ဣန္ဒြေတို့ကို ပေါင်း၏။ ထို့ကြောင့် “သမတ္ထဉ္စ ပဋိဝိဇ္ဈတိ”ဟု ဆိုအပ်၏။ (၂)

၁၇၄။ စိတ္တသင်္ခါရကို ထင်စွာပြုသည် ဖြစ်၍ ဝင်သက်ကို ရှူအံ့ဟု အဘယ်သို့လျှင် အားထုတ် သနည်း။ စိတ္တသင်္ခါရကို ထင်စွာပြုသည်ဖြစ်၍ ထွက်သက်ကို ထုတ်အံ့ဟု အဘယ်သို့လျှင် အားထုတ် သနည်း။ စိတ္တသင်္ခါရဟူသည် အဘယ်နည်း။

ရှည်သောဝင်သက်၏ အစွမ်းအားဖြင့် သညာသည်လည်းကောင်း၊ ဝေဒနာသည်လည်းကောင်း စိတ်၌့ဖြစ်ကုန်၏။ ထိုတရားတို့သည် စိတ်နှင့်စပ်ကုန်သည်ဖြစ်၍ စိတ္တသင်္ခါရမည်ကုန်၏။

ရှည်သောထွက်သက်၏ အစွမ်းအားဖြင့် သညာသည်လည်းကောင်း၊ ဝေဒနာသည်လည်းကောင်း စိတ်၌ ဖြစ်ကုန်၏။ ထိုတရားတို့သည် စိတ်နှင့်စပ်ကုန်သည်ဖြစ်၍ စိတ္တသင်္ခါရမည်ကုန်၏။ပ။ ချမ်းသာကို ထင်စွာပြုသည်ဖြစ်၍ ဝင်သက်၏ အစွမ်းအားဖြင့်။ ချမ်းသာကို ထင်စွာပြုသည်ဖြစ်၍ ထွက်သက်၏ အစွမ်းအားဖြင့် သညာသည်လည်းကောင်း၊ ဝေဒနာသည်လည်းကောင်း စိတ်၌ ဖြစ်ကုန်၏။ ထိုတရား တို့သည် စိတ်နှင့်စပ်ကုန်သည် ဖြစ်၍ စိတ္တသင်္ခါရမည်ကုန်၏။ ဤသည်လျှင် စိတ္တသင်္ခါရမည်၏။

ထိုစိတ္တသင်္ခါရတို့သည် အဘယ်သို့လျှင် ထင်ရှားကုန်သနည်း။ ရှည်သော ဝင်သက်၏ အစွမ်းအားဖြင့် စိတ်၏ တည်ကြည်ခြင်း မပျံ့လွင့်ခြင်းကို သိသော ပုဂ္ဂိုလ်အား သတိသည် ထင်၏။ ထိုသတိဖြင့် ထို ဉာဏ်ဖြင့် ထိုစိတ္တသင်္ခါရတို့သည် ထင်ရှားကုန်၏။

ရှည်သော ထွက်သက်၏ အစွမ်းအားဖြင့် စိတ်၏ တည်ကြည်ခြင်း မပျံ့လွင့်ခြင်းကို သိသော ပုဂ္ဂိုလ် အား သတိသည် ထင်၏။ ထိုသတိဖြင့် ထိုဉာဏ်ဖြင့် ထိုစိတ္တသင်္ခါရတို့သည် ထင်ရှားကုန်၏။ပ။ မျက် မှောက်ပြုရမည့် တရားကို မျက်မှောက်ပြုသောပုဂ္ဂိုလ်အား ထိုစိတ္တသင်္ခါရတို့သည် ထင်ရှားကုန်၏။ ဤသို့ ထိုစိတ္တသင်္ခါရတို့သည် ထင်ရှားကုန်၏။

စိတ္တသင်္ခါရကို ထင်စွာပြုသည်ဖြစ်၍ ဝင်သက်,ထွက်သက်၏ အစွမ်းအားဖြင့် ဝေဒနာမည်၏။ ထင်ခြင်းသည် သတိမည်၏။ အဖန်ဖန်ရှုခြင်းသည် ဉာဏ်မည်၏။ ဝေဒနာသည် ဥပဋ္ဌာနမည်၏။ သတိ, မမည်။ သတိသည် ဥပဋ္ဌာနလည်းမည်၏။ သတိလည်းမည်၏။ ထိုသတိဖြင့် ထိုဉာဏ်ဖြင့် ထိုဝေဒနာကို အဖန်ဖန်ရှု၏။ ထို့ကြောင့် “ဝေဒနာသု ဝေဒနာနုပဿနာသတိပဋ္ဌာနဘာဝနာ”ဟု ဆိုအပ်၏။

အနုပဿတိဟူရာ၌ ထိုဝေဒနာကို အဘယ်သို့လျှင် အဖန်ဖန်ရှုသနည်း။ မမြဲသောအားဖြင့် အဖန်ဖန်ရှု၏။ပ။ ဤသို့ ထိုဝေဒနာကို အဖန်ဖန်ရှု၏။

ဘာဝနာဟူရာ၌ ပွါးများခြင်း ဘာဝနာတို့သည် လေးပါးတို့တည်း။ပ။ အဖန်ဖန်မှီဝဲတတ်သော သဘောအားဖြင့် ဘာဝနာမည်၏။ စိတ္တသင်္ခါရကို ထင်စွာပြုသည်ဖြစ်၍ ဝင်သက်,ထွက်သက်တို့ကို စောင့် စည်းတတ်သော သဘောအားဖြင့် သီလဝိသုဒ္ဓိမည်၏။ပ။ စိတ္တသင်္ခါရကို ထင်စွာပြုသည်ဖြစ်၍ ဝင်သက်, ထွက်သက်၏ အစွမ်းအားဖြင့် စိတ်၏ တည်ကြည်ခြင်း မပျံ့လွင့်ခြင်းကို သိသော ပုဂ္ဂိုလ်အား။ပ။ သိသော ပုဂ္ဂိုလ်သည် ဣန္ဒြေတို့ကို ပေါင်း၏။ ထို့ကြောင့် “သမတ္ထဉ္စ ပဋိဝိဇ္ဈတိ”ဟု ဆိုအပ်၏။ (၃)

--

၁၇၅။ စိတ္တသင်္ခါရကို ငြိမ်းစေသည်ဖြစ်၍ ဝင်သက်ကို ရှူအံ့ဟု အဘယ်သို့လျှင် အားထုတ်သနည်း။ စိတ္တသင်္ခါရကို ငြိမ်းစေသည်ဖြစ်၍ ထွက်သက်ကို ထုတ်အံ့ဟု အဘယ်သို့လျှင် အားထုတ်သနည်း။ စိတ္တ သင်္ခါရဟူသည် အဘယ်နည်း။

ရှည်သောဝင်သက်၏ အစွမ်းအားဖြင့် သညာသည်လည်းကောင်း၊ ဝေဒနာသည်လည်းကောင်း စိတ်၌ ဖြစ်ကုန်၏။ ထိုတရားတို့သည် စိတ်နှင့်စပ်ကုန်သည်ဖြစ်၍ စိတ္တသင်္ခါရမည်ကုန်၏။ ထိုစိတ္တသင်္ခါရတို့ကို ငြိမ်းစေသည်ဖြစ်၍၊ ချုပ်စေသည်ဖြစ်၍၊ ငြိမ်းခြင်းသို့ ရောက်စေသည်ဖြစ်၍ အားထုတ်၏။ ရှည်သော ထွက်သက်၏ အစွမ်းအားဖြင့် သညာသည်လည်းကောင်း၊ ဝေဒနာသည်လည်းကောင်း စိတ်၌ ဖြစ်ကုန်၏။

ထိုတရားတို့သည် စိတ်နှင့်စပ်ကုန်သည်ဖြစ်၍ စိတ္တသင်္ခါရမည်ကုန်၏။ ထိုစိတ္တသင်္ခါရတို့ကို ငြိမ်းစေသည် ဖြစ်၍၊ ချုပ်စေသည်ဖြစ်၍၊ ငြိမ်းခြင်းသို့ ရောက်စေသည်ဖြစ်၍ အားထုတ်၏။

စိတ္တသင်္ခါရကို ထင်စွာပြုသည်ဖြစ်၍ ဝင်သက်၏အစွမ်းအားဖြင့်။ စိတ္တသင်္ခါရကို ထင်စွာပြုသည်ဖြစ်၍ ထွက်သက်၏အစွမ်းအားဖြင့် သညာသည်လည်းကောင်း၊ ဝေဒနာသည်လည်းကောင်း စိတ်၌ ဖြစ်ကုန်၏။

ထိုတရားတို့သည် စိတ်နှင့်စပ်ကုန်သည်ဖြစ်၍ စိတ္တသင်္ခါရမည်ကုန်၏။

ထိုစိတ္တသင်္ခါရတို့ကို ငြိမ်းစေသည်ဖြစ်၍၊ ချုပ်စေသည်ဖြစ်၍၊ ကင်းငြိမ်းစေသည်ဖြစ်၍ အားထုတ်၏။ စိတ္တသင်္ခါရကို ငြိမ်းစေသည်ဖြစ်၍ ဝင်သက်,ထွက်သက်၏ အစွမ်းအားဖြင့် ဝေဒနာမည်၏။ ထင်ခြင်းသည့်သတိမည်၏။ အဖန်ဖန်ရှုခြင်းသည် ဉာဏ်မည်၏။ ဝေဒနာသည် ဥပဋ္ဌာနမည်၏။ သတိ,မမည်။ သတိသည် ဥပဋ္ဌာနလည်းမည်၏။ သတိလည်းမည်၏။ ထိုသတိဖြင့် ထိုဉာဏ်ဖြင့် ထိုဝေဒနာကို အဖန်ဖန် ရှု၏။ ထို့ကြောင့် “ဝေဒနာသု ဝေဒနာနုပဿနာသတိပဋ္ဌာနဘာဝနာ”ဟု ဆိုအပ်၏။

အနုပဿတိဟူရာ၌ ထိုဝေဒနာကို အဘယ်သို့လျှင် အဖန်ဖန်ရှုသနည်း။ပ။ ဤသို့ ထိုဝေဒနာကို အဖန်ဖန် ရှု၏။

ဘာဝနာဟူရာ၌ ပွါးများခြင်း ဘာဝနာတို့သည် လေးပါးတို့တည်း။ပ။ အဖန်ဖန်မှီဝဲတတ်သော သဘောအားဖြင့် ဘာဝနာမည်၏။ စိတ္တသင်္ခါရကို ငြိမ်းစေသည်ဖြစ်၍ ဝင်သက်,ထွက်သက်တို့ကို စောင့်စည်း တတ်သော သဘောအားဖြင့် သီလဝိသုဒ္ဓိမည်၏။ပ။ စိတ္တသင်္ခါရကို ငြိမ်းစေသည်ဖြစ်၍ ဝင်သက်, ထွက် သက်၏ အစွမ်းအားဖြင့် စိတ်၏ တည်ကြည်ခြင်း မပျံ့လွင့်ခြင်းကို သိသော ပုဂ္ဂိုလ်အား။ပ။ သိသော ပုဂ္ဂိုလ်သည် ဣန္ဒြေတို့ကို ပေါင်း၏။ ထို့ကြောင့် “သမတ္ထဉ္စ ပဋိဝိဇ္ဈတိ”ဟု ဆိုအပ်၏။ (၄)

ဝေဒနာသု ဝေဒနာနုပဿနာ၌ ရှစ်ပါးသော အနုပဿနာဉာဏ်၊ ရှစ်ပါးသော ဥပဋ္ဌာနာနုဿတိ၊ လေးပါးသော သုတ္တန်၌ ဟောတော်မူအပ်သော ဝတ္ထုတို့သည် ဖြစ်ကုန်၏။

--

တတိယ စတုက္က အကျယ်ပြခြင်း

၁၇၆။ စိတ်ကို ထင်စွာပြုသည်ဖြစ်၍ ဝင်သက်ကို ရှူအံ့ဟု အဘယ်သို့လျှင် အားထုတ်သနည်း။ စိတ်ကို ထင်စွာပြုသည်ဖြစ်၍ ထွက်သက်ကို ထုတ်အံ့ဟု အဘယ်သို့လျှင် အားထုတ်သနည်း။

ထိုစိတ်သည် အဘယ်နည်း။ ရှည်သောဝင်သက်၏ အစွမ်းအားဖြင့် ဝိညာဉ်သည် စိတ်မည်၏။

အကြင်စိတ်သည် အကြင်သိတတ်သောမနသည် အကြင်သိတတ်သောမနဟူသော မာနသသည် အကြင် စိတ်နှလုံးသည် အကြင်ဖြူစင်သောတရားသည် စိတ်ဟူသော အကြင်မနာယတနသည် အကြင်မနိန္ဒြေသည် အထူးသိတတ်သော ဝိညာဉ်ဟူသော အကြင်ဝိညာဏက္ခန္ဓာသည် ထိုဖဿစသည်တို့အား လျော်သော အကြင်မနောဝိညာဏဓာတ်သည် ရှိ၏။ ရှည်သောထွက်သက်၏အစွမ်းအားဖြင့်။ပ။ စိတ္တသင်္ခါရကို ငြိမ်းစေ သည်ဖြစ်၍ ဝင်သက်၏အစွမ်းအားဖြင့်။ စိတ္တသင်္ခါရကို ငြိမ်းစေသည်ဖြစ်၍ ထွက်သက်၏အစွမ်းအားဖြင့် ဝိညာဉ်သည် စိတ်မည်၏။

အကြင်စိတ်သည် အကြင်သိတတ်သော မနသည် အကြင်သိတတ်သော မနဟူသော မာနသသည် အကြင်စိတ်နှလုံးသည် အကြင်ဖြူစင်သောတရားသည် မနဟူသော အကြင်မနာယတနသည် အကြင်မနိန္ဒြေ သည် အထူးသိတတ်သော ဝိညာဉ်ဟူသော အကြင်ဝိညာဏက္ခန္ဓာသည် ထိုဖဿစသည်တို့အား လျော် သော အကြင်မနောဝိညာဏဓာတ်သည် ရှိ၏။ ဤသည်လျှင် စိတ်မည်၏။

ထိုစိတ်သည် အဘယ်သို့လျှင် ထင်ရှားသနည်း။ ရှည်သော ဝင်သက်၏ အစွမ်းအားဖြင့် စိတ်၏ တည်ကြည်ခြင်း မပျံ့လွင့်ခြင်းကို သိသောပုဂ္ဂိုလ်အား သတိသည် ထင်၏။ ထိုသတိဖြင့် ထိုဉာဏ်ဖြင့် ထို စိတ်သည် ထင်ရှား၏။ ရှည်သော ထွက်သက်၏ အစွမ်းအားဖြင့် စိတ်၏ တည်ကြည်ခြင်း မပျံ့လွင့်ခြင်းကို သိသော ပုဂ္ဂိုလ်အား သတိသည် ထင်၏။ ထိုသတိဖြင့် ထိုဉာဏ်ဖြင့် ထိုစိတ်သည် ထင်ရှား၏။ပ။ မျက် မှောက်ပြုရမည့် တရားကို မျက်မှောက်ပြုသော ပုဂ္ဂိုလ်အား ထိုစိတ်သည် ထင်ရှား၏။ ဤသို့ ထိုစိတ် သည် ထင်ရှား၏။

စိတ်ကို ထင်စွာပြုသည်ဖြစ်၍ ဝင်သက်,ထွက်သက်၏အစွမ်းအားဖြင့် ဝိညာဉ်သည် စိတ်မည်၏။

ထင်ခြင်းသည် သတိမည်၏။ အဖန်ဖန်ရှုခြင်းသည် ဉာဏ်မည်၏။ စိတ်သည် ဥပဋ္ဌာနမည်၏။ သတိ မမည်။ သတိသည် ဥပဋ္ဌာနလည်း မည်၏။ သတိလည်း မည်၏။ ထိုသတိဖြင့် ထိုဉာဏ်ဖြင့် ထိုစိတ်ကို အဖန်ဖန်ရှု၏။ ထို့ကြောင့် “စိတ္တေ စိတ္တာနုပဿနာ သတိပဋ္ဌာနဘာဝနာ”ဟု ဆိုအပ်၏။

အနုပဿတိဟူရာ၌ ထိုစိတ်ကို အဘယ်သို့လျှင် အဖန်ဖန်ရှုသနည်း။ပ။ ဤသို့ ထိုစိတ်ကို အဖန် ဖန်ရှု၏။

ဘာဝနာဟူရာ၌ ပွါးများခြင်း ဘာဝနာတို့သည် လေးပါးတို့တည်း။ပ။ အဖန်ဖန်မှီဝဲတတ်သော သဘောအားဖြင့် ဘာဝနာမည်၏။ စိတ်ကို ထင်စွာပြုသည်ဖြစ်၍ ဝင်သက်,ထွက်သက်တို့ကို စောင့်စည်း တတ်သော သဘောအားဖြင့် သီလဝိသုဒ္ဓိမည်၏။ပ။ စိတ်ကို ထင်စွာပြုသည်ဖြစ်၍ ဝင်သက်,ထွက်သက်၏ အစွမ်းအားဖြင့် စိတ်၏ တည်ကြည်ခြင်း မပျံ့လွင့်ခြင်းကို သိသောပုဂ္ဂိုလ်အား။ပ။ သိသောပုဂ္ဂိုလ်သည် ဣန္ဒြေတို့ကို ပေါင်း၏။ ထို့ကြောင့် “သမတ္ထဉ္စ ပဋိဝိဇ္ဈတိ”ဟု ဆိုအပ်၏။ (၁)

--

၁၇၇။ စိတ်ကို အလွန်နှစ်သက်စေသည်ဖြစ်၍ ဝင်သက်ကို ရှူအံ့ဟု အဘယ်သို့လျှင် အားထုတ် သနည်း။ စိတ်ကို အလွန်နှစ်သက်စေသည်ဖြစ်၍ ထွက်သက်ကို ထုတ်အံ့ဟု အဘယ်သို့လျှင် အားထုတ် သနည်း။ စိတ်၏ အလွန်နှစ်သက်ခြင်း၁သည် အဘယ်နည်း။

ရှည်သော ဝင်သက်၏အစွမ်းအားဖြင့် စိတ်၏ တည်ကြည်ခြင်း မပျံ့လွင့်ခြင်းကို သိသောပုဂ္ဂိုလ်အား စိတ်၏ အလွန်နှစ်သက်ခြင်း ဖြစ်၏။ စိတ်၏ အကြင် အလွန်နှစ်သက်ခြင်းသည် အကြင်အပြားအားဖြင့်နှစ် သက်ခြင်းသည် အကြင်ရွှင်ခြင်းသည် အကြင်အပြားအားဖြင့်ရွှင်ခြင်းသည် အကြင်နှစ်သက်ခြင်းသည် အကြင် တက်ကြွခြင်းသည် စိတ်၏ အကြင်နှစ်လိုခြင်းသည် ရှိ၏။ ရှည်သော ထွက်သက်၏ အစွမ်းအားဖြင့် စိတ်၏ တည်ကြည်ခြင်း မပျံ့လွင့်ခြင်းကို သိသော ပုဂ္ဂိုလ်အား စိတ်၏ အလွန်နှစ်သက်ခြင်း ဖြစ်၏။ စိတ်၏ အကြင်အလွန်နှစ်သက်ခြင်းသည် အကြင်အပြားအားဖြင့်နှစ်သက်ခြင်းသည် အကြင်ရွှင်ခြင်းသည် အကြင် အပြားအားဖြင့် ရွှင်ခြင်းသည် အကြင်နှစ်သက်ခြင်းသည် အကြင်တက်ကြွခြင်းသည် စိတ်၏ အကြင်နှစ်လိုခြင်းသည် ရှိ၏။ပ။ စိတ်ကို ထင်စွာပြုသည်ဖြစ်၍ ဝင်သက်၏အစွမ်းအားဖြင့်။ စိတ်ကို ထင်စွာပြုသည် ဖြစ်၍ ထွက်သက်၏အစွမ်းအားဖြင့် စိတ်၏ တည်ကြည်ခြင်း မပျံ့လွင့်ခြင်းကို သိသောပုဂ္ဂိုလ်အား စိတ်၏ အလွန်နှစ်သက်ခြင်း ဖြစ်၏။ စိတ်၏ အကြင်အလွန်နှစ်သက်ခြင်းသည် အကြင်အပြားအားဖြင့်နှစ်သက်ခြင်းသည် အကြင်ရွှင်ခြင်းသည် အကြင်အပြားအားဖြင့် ရွှင်ခြင်းသည် အကြင်နှစ်သက်ခြင်းသည် အကြင် တက်ကြွခြင်းသည် စိတ်၏ အကြင်နှစ်လိုခြင်းသည် ရှိ၏။ ဤသည်လျှင် စိတ်၏ အလွန်နှစ်သက်ခြင်း မည်၏။

စိတ်ကို အလွန်နှစ်သက်စေသည်ဖြစ်၍ ဝင်သက်,ထွက်သက်၏အစွမ်းအားဖြင့် ဝိညာဉ်သည် စိတ်မည်၏။ ထင်ခြင်းသည် သတိမည်၏။ အဖန်ဖန်ရှုခြင်းသည် ဉာဏ်မည်၏။ စိတ်သည် ဥပဋ္ဌာနမည်၏။

သတိ,မမည်။ သတိသည် ဥပဋ္ဌာနလည်း မည်၏။ သတိလည်းမည်၏။ ထိုသတိဖြင့် ထိုဉာဏ်ဖြင့် ထို စိတ်ကို အဖန်ဖန်ရှု၏။ ထို့ကြောင့် “စိတ္တေ စိတ္တာနုပဿနာသတိပဋ္ဌာနဘာဝနာ”ဟု ဆိုအပ်၏။

အနုပဿတိဟူရာ၌ ထိုစိတ်ကို အဘယ်သို့လျှင် အဖန်ဖန်ရှုသနည်း။ပ။ ဤသို့ ထိုစိတ်ကို အဖန်ဖန်ရှု၏။

ဘာဝနာဟူရာ၌ ပွါးများခြင်းဘာဝနာတို့သည် လေးပါးတို့တည်း။ပ။ အဖန်ဖန်မှီဝဲတတ်သော သဘောအားဖြင့် ဘာဝနာမည်၏။ စိတ်ကိုအလွန်နှစ်သက်စေသည်ဖြစ်၍ ဝင်သက်, ထွက်သက်တို့ကို စောင့် စည်းတတ်သော သဘောအားဖြင့် သီလဝိသုဒ္ဓိမည်၏။ပ။

စိတ်ကို အလွန်နှစ်သက်စေသည်ဖြစ်၍ ဝင်သက်, ထွက်သက်၏ အစွမ်းအားဖြင့် စိတ်၏ တည်ကြည်ခြင်း မပျံ့လွင့်ခြင်းကို သိသော ပုဂ္ဂိုလ်အား။ပ။ သိသောပုဂ္ဂိုလ်သည် ဣန္ဒြေတို့ကို ပေါင်း၏။ ထို့ကြောင့် “သမတ္ထဉ္စ ပဋိဝိဇ္ဈတိ”ဟု ဆိုအပ်၏။ (၂)

၁၇၈။ စိတ်ကို ကောင်းစွာ ထားသည်ဖြစ်၍ ဝင်သက်ကို ရှူအံ့ဟု အဘယ်သို့လျှင် အားထုတ် သနည်း။ စိတ်ကို ကောင်းစွာထားသည်ဖြစ်၍ ထွက်သက်ကို ထုတ်အံ့ဟု အဘယ်သို့လျှင် အားထုတ် သနည်း။ သမာဓိသည် အဘယ်နည်း။

ရှည်သော ဝင်သက်၏ အစွမ်းအားဖြင့် စိတ်၏ တည်ကြည်ခြင်း မပျံ့လွင့်ခြင်းသည် သမာဓိမည်၏။ စိတ်၏ အကြင်အာရုံ၌ တည်ခြင်းသည် အကြင်ကောင်းစွာ တည်ခြင်းသည် အကြင်သက်ဝင်၍ တည်ခြင်း သည် အကြင်မရွေ့လျားခြင်းသည် အကြင်မပျံ့လွင့်ခြင်းသည် အကြင်မရွေ့လျားသော စိတ်ရှိသည့်အဖြစ် သည် အကြင်ငြိမ်းခြင်းသည် အကြင်သမာဓိန္ဒြေသည် အကြင်သမာဓိဗိုလ်သည် အကြင်သမ္မာသမာဓိသည် ရှိ၏။ ရှည်သော ထွက်သက်၏ အစွမ်းအားဖြင့် စိတ်၏ တည်ကြည်ခြင်း မပျံ့လွင့်ခြင်းသည် သမာဓိမည်၏။ပ။ စိတ်ကို ကောင်းစွာ ထားသည် ဖြစ်၍ ဝင်သက်၏ အစွမ်းအားဖြင့်။ပ။ စိတ်ကို ကောင်းစွာထား သည်ဖြစ်၍ ထွက်သက်၏ အစွမ်းအားဖြင့် စိတ်၏ တည်ကြည်ခြင်း မပျံ့လွင့်ခြင်းသည် သမာဓိမည်၏။

--

စိတ်၏ အကြင်အာရုံ၌ တည်ခြင်းသည် အကြင်ကောင်းစွာတည်ခြင်းသည် အကြင်သက်ဝင်၍ တည်ခြင်းသည် အကြင်မရွေ့လျားခြင်းသည် အကြင်မပျံ့လွင့်ခြင်းသည် အကြင်မရွေ့လျားသော စိတ်ရှိသည့်အဖြစ်သည် အကြင်ငြိမ်းခြင်းသည် အကြင်သမာဓိန္ဒြေသည် အကြင်သမာဓိဗိုလ်သည် အကြင်သမ္မာသမာဓိသည် ရှိ၏။ ဤသည်ပင် သမာဓိမည်၏။

စိတ်ကို ကောင်းစွာထားသည်ဖြစ်၍ ဝင်သက်,ထွက်သက်၏ အစွမ်းအားဖြင့် ဝိညာဉ်သည် စိတ်မည်၏။ ထင်ခြင်းသည် သတိမည်၏။ အဖန်ဖန်ရှုခြင်းသည် ဉာဏ်မည်၏။ စိတ်သည် ဥပဋ္ဌာနမည်၏။ သတိ, မမည်။ သတိသည် ဥပဋ္ဌာနလည်း မည်၏။ သတိလည်း မည်၏။ ထိုသတိဖြင့် ထိုဉာဏ်ဖြင့် ထိုစိတ်ကို အဖန်ဖန်ရှု၏။ ထို့ကြောင့် “စိတ္တေ စိတ္တာနုပဿနာသတိပဋ္ဌာနဘာဝနာ”ဟု ဆိုအပ်၏။

အနုပဿတိဟူရာ၌ ထိုစိတ်ကို အဘယ်သို့လျှင် အဖန်ဖန်ရှုသနည်း။ပ။ ဤသို့ ထိုစိတ်ကို အဖန် ဖန်ရှု၏။

ဘာဝနာဟူရာ၌ ပွါးများခြင်းဘာဝနာတို့သည် လေးပါးတို့တည်း။ပ။ အဖန်ဖန်မှီဝဲတတ်သော သဘောအားဖြင့် ဘာဝနာမည်၏။ စိတ်ကို ကောင်းစွာထားသည်ဖြစ်၍ ဝင်သက်,ထွက်သက်တို့ကို စောင့် စည်းတတ်သော သဘောအားဖြင့် သီလဝိသုဒ္ဓိမည်၏။ပ။ စိတ်ကို ကောင်းစွာ ထားသည်ဖြစ်၍ ဝင်သက်, ထွက်သက်၏ အစွမ်းအားဖြင့် စိတ်၏ တည်ကြည်ခြင်း မပျံ့လွင့်ခြင်းကို သိသော ပုဂ္ဂိုလ်အား။ပ။ သိသော ပုဂ္ဂိုလ်သည် ဣန္ဒြေတို့ကို ပေါင်း၏။ ထို့ကြောင့် “သမတ္ထဉ္စ ပဋိဝိဇ္ဈတိ”ဟု ဆိုအပ်၏။ (၃)

၁၇၉။ စိတ်ကို (နီဝရဏစသည်မှ) လွတ်စေသည်ဖြစ်၍ ဝင်သက်ကို ရှူအံ့ဟု အဘယ်သို့လျှင် အားထုတ်သနည်း။ စိတ်ကို (နီဝရဏစသည်မှ) လွတ်စေသည်ဖြစ်၍ ထွက်သက်ကို ထုတ်အံ့ဟု အဘယ်သို့ လျှင် အားထုတ်သနည်း။

စိတ်ကို ရာဂမှ လွတ်စေသည်ဖြစ်၍ ဝင်သက်ကို ရှူအံ့ဟု အားထုတ်၏။ စိတ်ကိုရာဂမှ လွတ်စေသည် ဖြစ်၍ ထွက်သက်ကို ထုတ်အံ့ဟု အားထုတ်၏။ စိတ်ကို ဒေါသမှ လွတ်စေသည်ဖြစ်၍ ဝင်သက်ကို ရှူအံ့ဟု အားထုတ်၏။ စိတ်ကို ဒေါသမှ လွတ်စေသည်ဖြစ်၍ ထွက်သက်ကို ထုတ်အံ့ဟု အားထုတ်၏။ စိတ်ကို မောဟမှ လွတ်စေသည်ဖြစ်၍ ဝင်သက်ကို ရှူအံ့ဟု အားထုတ်၏။ပ။ စိတ်ကို မာနမှ လွတ်စေ သည်ဖြစ်၍။ စိတ်ကို ဒိဋ္ဌိမှ လွတ်စေသည်ဖြစ်၍။ စိတ်ကို ဝိစိကိစ္ဆာမှ လွတ်စေသည်ဖြစ်၍။ စိတ်ကို ထိနမှ လွတ်စေသည်ဖြစ်၍။ စိတ်ကို ဥဒ္ဓစ္စမှ လွတ်စေသည်ဖြစ်၍။ စိတ်ကို အဟိရိကမှ လွတ်စေသည်ဖြစ်၍။ စိတ်ကို အနောတ္တပ္ပမှ လွတ်စေသည် ဖြစ်၍ ဝင်သက်ကို ရှူအံ့ဟု အားထုတ်၏။ စိတ်ကို အနောတ္တပ္ပမှ လွတ်စေသည်ဖြစ်၍ ထွက်သက်ကို ထုတ်အံ့ဟု အားထုတ်၏။ စိတ်ကို လွတ်စေသည်ဖြစ်၍ ဝင်သက်, ထွက်သက်၏ အစွမ်းအားဖြင့် ဝိညာဉ်သည် စိတ်မည်၏။ ထင်ခြင်းသည် သတိမည်၏။ပ။

အနုပဿတိဟူရာ၌ ထိုစိတ်ကို အဘယ်သို့လျှင် အဖန်ဖန်ရှုသနည်း။ပ။ ဤသို့ ထိုစိတ်ကို အဖန်ဖန်ရှု၏။

ဘာဝနာဟူရာ၌ ပွါးများခြင်းဘာဝနာတို့သည် လေးပါးတို့တည်း။ပ။ အဖန်ဖန်မှီဝဲတတ်သော သဘောအားဖြင့် ဘာဝနာမည်၏။ စိတ်ကို လွတ်စေသည်ဖြစ်၍ ဝင်သက်,ထွက်သက်တို့ကို စောင့်စည်း တတ်သော သဘောအားဖြင့် သီလဝိသုဒ္ဓိမည်၏။ပ။ စိတ်ကို လွတ်စေသည်ဖြစ်၍ ဝင်သက်,ထွက်သက့်တို့၏ အစွမ်းအားဖြင့် စိတ်၏ တည်ကြည်ခြင်း မပျံ့လွင့်ခြင်းကို သိသော ပုဂ္ဂိုလ်အား။ပ။ သိသော ပုဂ္ဂိုလ်သည် ဣန္ဒြေတို့ကို ပေါင်း၏။ ထို့ကြောင့် “သမတ္ထဉ္စ ပဋိဝိဇ္ဈတိ”ဟု ဆိုအပ်၏။ (၄)

--

စိတ္တေ စိတ္တာနုပဿနာ၌ ရှစ်ပါးသော အနုပဿနာဉာဏ်၊ ရှစ်ပါးသော ဥပဋ္ဌာနာနုဿတိ၊ လေးပါး သော သုတ္တန်၌ ဟောတော်မူအပ်ကုန်သော ဝတ္ထုတို့သည် ဖြစ်ကုန်၏။

၁။ အဘိပ္ပမောဒေါတိ အဓိကာ တုဋ္ဌိဟူသော အဋ္ဌကထာနှင့်အညီ ပြန်ဆိုသည်။

စတုတ္ထ စတုက္က အကျယ်ပြခြင်း

၁၈၀။ မမြဲသောအားဖြင့် အဖန်ဖန်ရှုသည်ဖြစ်၍ ဝင်သက်ကို ရှူအံ့ဟု အဘယ်သို့လျှင် အားထုတ် သနည်း။ မမြဲသောအားဖြင့် အဖန်ဖန်ရှုသည်ဖြစ်၍ အဘယ်သို့လျှင် ထွက်သက်ကို ထုတ်အံ့ဟု အားထုတ် သနည်း။

အနိစ္စဟူရာ၌ အနိစ္စ မမြဲဟူသည် အဘယ်နည်း။ ရုပ်နာမ်အစု ‘ခန္ဓာ’ ငါးပါးတို့သည် မမြဲကုန်။ အဘယ်သဘောကြောင့် ရုပ်နာမ်အစု ‘ခန္ဓာ'ငါးပါးတို့သည် မမြဲကုန်သနည်း။ ရုပ်နာမ်အစု ‘ခန္ဓာ'ငါးပါး တို့သည် ဖြစ်တတ် ပျက်တတ်သော သဘောကြောင့် မမြဲကုန်။ ရုပ်နာမ်အစု ‘ခန္ဓာ’ ငါးပါးတို့၏ အဖြစ်ကို ရှုသောပုဂ္ဂိုလ်သည် အဘယ်မျှသော လက္ခဏာတို့ကို ရှုသနည်း။ အပျက်ကို ရှုသော ပုဂ္ဂိုလ်သည် အဘယ်မျှသော လက္ခဏာတို့ကို ရှုသနည်း။ အဖြစ်,အပျက်ကို ရှုသော ပုဂ္ဂိုလ်သည် အဘယ်မျှသော လက္ခဏာတို့ကို ရှုသနည်း။

ရုပ်နာမ်အစု'ခန္ဓာ'ငါးပါးတို့၏ အဖြစ်ကို ရှုသော ပုဂ္ဂိုလ်သည်နှစ်ဆယ့်ငါးပါးသော လက္ခဏာတို့ကို ရှု၏။ အပျက်ကို ရှုသော ပုဂ္ဂိုလ်သည်နှစ်ဆယ့်ငါးပါးသော လက္ခဏာတို့ကို ရှု၏။ ရုပ်နာမ် အစု ‘ခန္ဓာ'ငါးပါးတို့၏ အဖြစ်,အပျက်ကို ရှုသော ပုဂ္ဂိုလ်သည် ဤငါးဆယ်သော လက္ခဏာတို့ကို ရှု၏။

ရုပ်၌ မမြဲသောအားဖြင့် အဖန်ဖန်ရှုသည်ဖြစ်၍ ဝင်သက်ကို ရှူအံ့ဟု အားထုတ်၏။ ရုပ်၌ မမြဲသော အားဖြင့် အဖန်ဖန်ရှုသည်ဖြစ်၍ ထွက်သက်ကို ထုတ်အံ့ဟု အားထုတ်၏။ ဝေဒနာ၌။ပ။ သညာ၌။ သင်္ခါရတို့၌။ ဝိညာဉ်၌။ မျက်စိ၌။ပ။ အိုခြင်းသေခြင်း၌ မမြဲသောအားဖြင့် အဖန်ဖန်ရှုသည်ဖြစ်၍ ဝင်သက်ကို ရှူအံ့ဟု အားထုတ်၏။ အိုခြင်း သေခြင်း၌ မမြဲသောအားဖြင့် အဖန်ဖန်ရှုသည်ဖြစ်၍ ထွက်သက်ကို ထုတ်အံ့ဟု အားထုတ်၏။ အိုခြင်း သေခြင်း၌ မမြဲသောအားဖြင့် အဖန်ဖန်ရှုသည်ဖြစ်၍ ဝင်သက်,ထွက်သက်တို့၏ အစွမ်းအားဖြင့် ဓမ္မမည်ကုန်၏။ ထင်ခြင်းသည် သတိမည်၏။ အဖန်ဖန်ရှုခြင်း သည် ဉာဏ်မည်၏။ တရား ‘ဓမ္မ'တို့သည် ‘ဥပဋ္ဌာန’ မည်၏။ သတိ မမည်။ သတိသည် ဥပဋ္ဌာနလည်း မည်၏။ သတိလည်း မည်၏။ ထိုသတိဖြင့် ထိုဉာဏ်ဖြင့် ထိုဓမ္မတို့ကို အဖန်ဖန်ရှု၏။ ထို့ကြောင့် “ဓမ္မေသုဓမ္မာနုပဿနာသတိ ပဋ္ဌာနဘာဝနာ”ဟု ဆိုအပ်၏။

အနုပဿတိဟူရာ၌ ထိုတရား ‘ဓမ္မ'တို့ကို အဘယ်သို့လျှင် အဖန်ဖန် ရှုသနည်း။ပ။ ဤသို့ ထို တရား'ဓမ္မ'တို့ကို အဖန်ဖန်ရှု၏။

ဘာဝနာဟူရာ၌ ပွါးများခြင်းဘာဝနာတို့သည် လေးပါးတို့တည်း။ပ။ အဖန်ဖန်မှီဝဲတတ်သော သဘောအားဖြင့် ဘာဝနာမည်၏။ မမြဲသောအားဖြင့် အဖန်ဖန်ရှုသည်ဖြစ်၍ ဝင်သက်, ထွက်သက်တို့ကို စောင့်စည်းတတ်သော သဘောအားဖြင့် သီလဝိသုဒ္ဓိမည်၏။ပ။ မမြဲသောအားဖြင့် အဖန်ဖန်ရှုသည်ဖြစ်၍ ဝင်သက်,ထွက်သက်၏ အစွမ်းအားဖြင့် စိတ်၏ တည်ကြည်ခြင်း မပျံ့လွင့်ခြင်းကို သိသော ပုဂ္ဂိုလ်အား။ပ။ သိသော ပုဂ္ဂိုလ်သည် ဣန္ဒြေတို့ကို ပေါင်း၏။ ထို့ကြောင့် “သမတ္ထဉ္စ ပဋိဝိဇ္ဈတိ’ဟု ဆိုအပ်၏။ (၁)

ရာဂကင်းခြင်းကို အဖန်ဖန်ရှုလေ့ရှိသည်ဖြစ်၍ ဝင်သက်ကို ရှူအံ့ဟု အဘယ်သို့လျှင် အားထုတ့်သနည်း။ ရာဂကင်းခြင်းကို အဖန်ဖန်ရှုလေ့ရှိသည်ဖြစ်၍ ထွက်သက်ကို ထုတ်အံ့ဟု အဘယ်သို့လျှင် အား ထုတ်သနည်း။

ရုပ်၌ အပြစ်ကို မြင်၍ နိဗ္ဗာန်၌ (တစ်ဆင့်ကြား၏ အစွမ်းဖြင့်) ဓမ္မစ္ဆန္ဒဖြစ်၏။ ယုံကြည်မှုဖြင့် ဆုံး ဖြတ်၏။ ထိုပုဂ္ဂိုလ်၏ စိတ်သည်လည်း ကောင်းစွာ တည်၏။ ရုပ်၌ တပ်ခြင်းကင်းရာကို အဖန်ဖန် ရှုလေ့ ရှိသည်ဖြစ်၍ ဝင်သက်ကို ရှူအံ့ဟု အားတုတ်၏။ ရုပ်၌ တပ်ခြင်းကင်းရာကို အဖန်ဖန်ရှုလေ့ရှိသည်ဖြစ်၍ ထွက်သက်ကို ထုတ်အံ့ဟု အားထုတ်၏။

ဝေဒနာ၌။ပ။ သညာ၌။ သင်္ခါရတို့၌။ ဝိညာဉ်၌။ မျက်စိ၌။ပ။ အိုခြင်း သေခြင်း၌ အပြစ်ကို မြင်၍ အိုခြင်းသေခြင်းကင်းရာ၌ ဓမ္မစ္ဆန္ဒဖြစ်၏၊ ယုံကြည်မှုဖြင့် ဆုံးဖြတ်၏။ ထိုပုဂ္ဂိုလ်၏ စိတ်သည်လည်း ကောင်းစွာ တည်၏။ အိုခြင်း သေခြင်း၌ တပ်ခြင်းကင်းရာကို အဖန်ဖန်ရှုလေ့ ရှိသည်ဖြစ်၍ ဝင်သက်ကို ရှူအံ့ဟု အားထုတ်၏။ အိုခြင်း သေခြင်း၌ တပ်ခြင်းကင်းရာကို အဖန်ဖန်ရှုလေ့ရှိသည်ဖြစ်၍ ဝင်သက်ကို ရှူအံ့ဟု အားထုတ်၏။ တပ်ခြင်းကင်းရာကို အဖန်ဖန်ရှုလေ့ရှိသည်ဖြစ်၍ ဝင်သက်, ထွက်သက်၏ အစွမ်းအားဖြင့် တရား'ဓမ္မ’မည်ကုန်၏။ ထင်ခြင်းသည် သတိမည်၏။ အဖန်ဖန်ရှုခြင်းသည် ဉာဏ်မည်၏။

တရား ‘ဓမ္မ'တို့သည် ဥပဋ္ဌာနမည်၏။ သတိ, မမည်။ သတိသည် ဥပဋ္ဌာနလည်းမည်၏။ သတိလည်း မည်၏။ ထိုသတိဖြင့် ထိုဉာဏ်ဖြင့် ထိုတရား ‘ဓမ္မ'တို့ကို အဖန်ဖန်ရှု၏။ ထို့ကြောင့် “ဓမ္မေသုဓမ္မာနုပဿနာသတိပဋ္ဌာနဘာဝနာ”ဟူ၍ ဆိုအပ်၏။

အနုပဿတိဟူရာ၌ ထိုတရား ‘ဓမ္မ'တို့ကို အဘယ်သို့လျှင် အဖန်ဖန်ရှုသနည်း။ပ။ ဤသို့ ထို တရား'ဓမ္မ'တို့ကို အဖန်ဖန်ရှု၏။

ဘာဝနာဟူရာ၌ ပွါးများခြင်းဘာဝနာတို့သည် လေးပါးတို့တည်း။ပ။ အဖန်ဖန်မှီဝဲတတ်သော သဘောအားဖြင့် ဘာဝနာမည်၏။ တပ်ခြင်းကင်းရာကို အဖန်ဖန်ရှုလေ့ ရှိသည်ဖြစ်၍ ဝင်သက်, ထွက် သက်တို့ကို စောင့်စည်းတတ်သော သဘောအားဖြင့် သီလဝိသုဒ္ဓိမည်၏။ပ။ တပ်ခြင်းကင်းရာကို အဖန်ဖန် ရှုလေ့ရှိသည်ဖြစ်၍ ဝင်သက်, ထွက်သက်၏ အစွမ်းအားဖြင့် စိတ်၏ တည်ကြည်ခြင်း မပျံ့လွင့်ခြင်းကို သိ သော ပုဂ္ဂိုလ်အား။ပ။ သိသော ပုဂ္ဂိုလ်သည် ဣန္ဒြေတို့ကို ပေါင်း၏။ ထို့ကြောင့် “သမတ္ထဉ္စ ပဋိဝိဇ္ဈတိ”ဟု ဆိုအပ်၏။ (၂)

--

ချုပ်ခြင်းကို အဖန်ဖန်ရှုလေ့ရှိသည်ဖြစ်၍ ဝင်သက်ကို ရှူအံ့ဟု အဘယ်သို့လျှင် အားထုတ်သနည်း။ ချုပ်ခြင်းကို အဖန်ဖန်ရှုလေ့ရှိသည်ဖြစ်၍ ထွက်သက်ကို ထုတ်အံ့ဟု အဘယ်သို့လျှင် အားထုတ်သနည်း။

ရုပ်၌ အပြစ်ကို မြင်၍ နိဗ္ဗာန်၌ (တစ်ဆင့်ကြား၏ အစွမ်းဖြင့်) ဓမ္မစ္ဆန္ဒဖြစ်၏။ ယုံကြည်မှုဖြင့် ဆုံးဖြတ်၏။ ထိုပုဂ္ဂိုလ်၏ စိတ်သည်လည်း ကောင်းစွာ တည်၏။ ရုပ်၌ ချုပ်ခြင်းကို အဖန်ဖန်ရှုလေ့ရှိသည် ဖြစ်၍ ဝင်သက်ကို ရှူအံ့ဟု အားထုတ်၏။ ရုပ်၌ ချုပ်ခြင်းကို အဖန်ဖန်ရှုလေ့ရှိသည်ဖြစ်၍ ထွက်သက်ကို ထုတ်အံ့ဟု အားထုတ်၏။

ဝေဒနာ၌။ပ။ သညာ၌။ သင်္ခါရတို့၌။ ဝိညာဉ်၌။ မျက်စိ၌။ပ။ အိုခြင်း သေခြင်း၌ အပြစ်ကိုမြင်၍ အိုခြင်းသေခြင်း၏ ချုပ်ရာ၌ (တစ်ဆင့်ကြား၏ အစွမ်းဖြင့်) ဓမ္မစ္ဆန္ဒဖြစ်၏။ ယုံကြည်မှုဖြင့် ဆုံးဖြတ်၏။ ထိုပုဂ္ဂိုလ်၏ စိတ်သည်လည်း ကောင်းစွာတည်၏။ အိုခြင်း သေခြင်း၌ ချုပ်ခြင်းကို အဖန်ဖန်ရှုသည်ဖြစ်၍ ဝင်သက်ကို ရှူအံ့ဟု အားထုတ်၏။ အိုခြင်း သေခြင်း၌ ချုပ်ခြင်းကို အဖန်ဖန်ရှုသည်ဖြစ်၍ ထွက်သက်ကို ထုတ်အံ့ဟု အားထုတ်၏။

--

၁၈၁။ အဘယ်မျှသော အခြင်းအရာတို့ဖြင့် အဝိဇ္ဇာ၌ အပြစ်သည် ဖြစ်သနည်း။ အဘယ်မျှသော အခြင်းအရာတို့ဖြင့် အဝိဇ္ဇာသည် ချုပ်သနည်း။

ငါးပါးသော အခြင်းအရာတို့ဖြင့် အဝိဇ္ဇာ၌ အပြစ်သည် ဖြစ်၏။ ရှစ်ပါးသော အခြင်းအရာတို့ဖြင့် အဝိဇ္ဇာသည် ချုပ်၏။

အဘယ်ငါးပါးသော အခြင်းအရာတို့ဖြင့် အဝိဇ္ဇာ၌ အပြစ်သည် ဖြစ်သနည်း။ မမြဲသော သဘော အားဖြင့် အဝိဇ္ဇာ၌ အပြစ်သည် ဖြစ်၏။ ဆင်းရဲသော သဘောအားဖြင့် အဝိဇ္ဇာ၌ အပြစ်သည်ဖြစ်၏။ အနှစ်မရှိ အလိုသို့ မလိုက်သော သဘောအားဖြင့် အဝိဇ္ဇာ၌ အပြစ်သည် ဖြစ်၏။ ပူပန်စေတတ်သော သဘောအားဖြင့် အဝိဇ္ဇာ၌ အပြစ်သည် ဖြစ်၏။ ဖောက်ပြန်တတ်သော သဘောအားဖြင့် အဝိဇ္ဇာ၌ အပြစ်သည် ဖြစ်၏။ ဤငါးပါးသော အခြင်းအရာတို့ဖြင့် အဝိဇ္ဇာ၌ အပြစ်သည် ဖြစ်၏။

အဘယ်မျှလောက်ကုန်သော ရှစ်ပါးသောအခြင်းအရာတို့ဖြင့် အဝိဇ္ဇာသည် ချုပ်သနည်း။ (မူလ) အကြောင်း ချုပ်သဖြင့် အဝိဇ္ဇာချုပ်၏။ (နီးသော) အကြောင်းချုပ်သဖြင့် အဝိဇ္ဇာသည် ချုပ်၏။ (မူလ) အကြောင်းဖြစ်ခြင်း ‘ဇာတိ'ချုပ်သဖြင့် အဝိဇ္ဇာသည် ချုပ်၏။ (နီးသော) အကြောင်းဖြစ်ခြင်း ‘ပဘဝ’ ချုပ်သဖြင့် အဝိဇ္ဇာသည် ချုပ်၏။ ‘ဇနက’ အကြောင်းချုပ်သဖြင့် အဝိဇ္ဇာသည် ချုပ်၏။ အထောက်အပံ့ ‘ဥပထမ္ဘက’ အကြောင်းချုပ်သဖြင့် အဝိဇ္ဇာသည် ချုပ်၏။ ဝိပဿနာဉာဏ်၊ မဂ်ဉာဏ်ဖြစ်သဖြင့် အဝိဇ္ဇာ သည် ချုပ်၏။ ချုပ်ငြိမ်းရာ နိဗ္ဗာန်ထင်သဖြင့် အဝိဇ္ဇာ သည် ချုပ်၏။ ဤရှစ်ပါးသော အခြင်းအရာတို့ဖြင့် အဝိဇ္ဇာသည် ချုပ်၏။

ဤငါးပါးသော အခြင်းအရာတို့ဖြင့် အဝိဇ္ဇာ၌ အပြစ်ကိုမြင်၍ ဤရှစ်ပါးသော အခြင်းအရာတို့ဖြင့် အဝိဇ္ဇာချုပ်ရာ နိဗ္ဗာန်၌ ဓမ္မစ္ဆန္ဒဖြစ်၏။ ယုံကြည်မှုဖြင့် ဆုံးဖြတ်၏။ ထိုပုဂ္ဂိုလ်၏ စိတ်သည်လည်းကောင်းစွာ တည်၏။ အဝိဇ္ဇာချုပ်ရာ နိဗ္ဗာန်ကို အဖန်ဖန်ရှုသည်ဖြစ်၍ ဝင်သက်ကို ရှူအံ့ဟု အားထုတ်၏။ အဝိဇ္ဇာချုပ်ရာ နိဗ္ဗာန်ကို အဖန်ဖန်ရှုသည်ဖြစ်၍ ထွက်သက်ကို ထုတ်အံ့ဟု အားထုတ်၏။

အဘယ်မျှသော အခြင်းအရာတို့ဖြင့် သင်္ခါရတို့၌ အပြစ်သည် ဖြစ်သနည်း။ အဘယ်မျှသော အခြင်း အရာတို့ဖြင့် သင်္ခါရတို့သည် ချုပ်ကုန်သနည်း။ပ။ အဘယ်မျှသော အခြင်းအရာတို့ဖြင့် ဝိညာဉ်၌ အပြစ် သည် ဖြစ်သနည်း။ အဘယ်မျှသော အခြင်းအရာတို့ဖြင့် ဝိညာဉ်ချုပ်သနည်း။ အဘယ်မျှသော အခြင်း အရာတို့ဖြင့် နာမ်ရုပ်၌ အပြစ်သည် ဖြစ်သနည်း။ အဘယ်မျှသော အခြင်းအရာတို့ဖြင့် နာမ်ရုပ်ချုပ် သနည်း။ အဘယ်မျှသော အခြင်းအရာတို့ဖြင့် သဠာယတန၌ အပြစ်သည် ဖြစ်သနည်း။ အဘယ်မျှသော အခြင်းအရာတို့ဖြင့် သဠာယတနချုပ်သနည်း။ အဘယ်မျှသော အခြင်းအရာတို့ဖြင့် ဖဿ၌ အပြစ်သည် ဖြစ်သနည်း။ အဘယ်မျှသော အခြင်းအရာတို့ဖြင့် ဖဿချုပ်သနည်း။ အဘယ်မျှသော အခြင်းအရာတို့ဖြင့် ဝေဒနာ၌ အပြစ်သည် ဖြစ်သနည်း။ အဘယ်မျှသော အခြင်းအရာတို့ဖြင့် ဝေဒနာချုပ်သနည်း။ အဘယ် မျှသော အခြင်းအရာတို့ဖြင့် တဏှာ၌ အပြစ်သည် ဖြစ်သနည်း။ အဘယ်မျှသော အခြင်းအရာ တို့ဖြင့် တဏှာချုပ်သနည်း။ အဘယ်မျှသော အခြင်းအရာတို့ဖြင့် ဥပါဒါန်၌ အပြစ်သည် ဖြစ်သနည်း။ အဘယ် မျှသော အခြင်းအရာတို့ဖြင့် ဥပါဒါန်ချုပ်သနည်း။ အဘယ်မျှသော အခြင်းအရာတို့ဖြင့် ဘဝ၌ အပြစ်သည် ဖြစ်သနည်း။ အဘယ်မျှသော အခြင်းအရာတို့ဖြင့် ဘဝချုပ်သနည်း။ အဘယ်မျှသော အခြင်းအရာတို့ဖြင့် ဇာတိ၌ အပြစ်သည် ဖြစ်သနည်း။ အဘယ်မျှသော အခြင်းအရာတို့ဖြင့် ဇာတိချုပ်သနည်း။ အဘယ်မျှ သော အခြင်းအရာတို့ဖြင့် အိုခြင်း သေခြင်း၌ အပြစ်သည် ဖြစ်သနည်း။ အဘယ်မျှသော အခြင်းအရာတို့ ဖြင့် အိုခြင်း သေခြင်း ချုပ်သနည်း။

ငါးပါးသော အခြင်းအရာတို့ဖြင့် အိုခြင်းသေခြင်း၌ အပြစ်သည် ဖြစ်၏။ ရှစ်ပါးသော အခြင်းအရာ တို့ဖြင့် အိုခြင်း သေခြင်း ချုပ်၏။

--

အဘယ်ငါးပါးသော အခြင်းအရာတို့ဖြင့် အိုခြင်း သေခြင်း၌ အပြစ်သည် ဖြစ်သနည်း။

မမြဲသောသဘောအားဖြင့် အိုခြင်းသေခြင်း၌ အပြစ်သည် ဖြစ်၏။ ဆင်းရဲသော သဘောအားဖြင့်။ပ။ အနှစ်မရှိ အလိုသို့ မလိုက်သော သဘောအားဖြင့်။ပ။ ပူပန်စေတတ်သော သဘောအားဖြင့်။ပ။ ဖောက်ပြန်သော သဘောအားဖြင့် အိုခြင်းသေခြင်း၌ အပြစ်သည် ဖြစ်၏။ ဤငါးပါးသော အခြင်းအရာ့တို့ဖြင့် အိုခြင်း သေခြင်း၌ အပြစ်သည် ဖြစ်၏။

အဘယ်ရှစ်ပါးသော အခြင်းအရာတို့ဖြင့် အိုခြင်း သေခြင်းသည် ချုပ်သနည်း။ မူလအကြောင်း ချုပ်သဖြင့် အိုခြင်း သေခြင်းသည် ချုပ်၏။ နီးသောအကြောင်း ချုပ်သဖြင့်။ပ။ မူလအကြောင်းဖြစ်ခြင်း ‘ဇာတိ'ချုပ်သဖြင့်။ပ။ နီးသော အကြောင်းဖြစ်ခြင်း ‘ပဘဝ'ချုပ်သဖြင့်။ ဇနကအကြောင်းချုပ်သဖြင့်။ အထောက်အပံ့ ‘ဥပထမ္ဘက’ အကြောင်းချုပ်သဖြင့်။ ဝိပဿနာဉာဏ်၊ မဂ်ဉာဏ်ဖြစ်သဖြင့်။ပ။ ချုပ်ငြိမ်း ရာ နိဗ္ဗာန်ထင်သဖြင့် အိုခြင်း သေခြင်းသည် ချုပ်၏။ ဤရှစ်ပါးသော အခြင်းအရာတို့ဖြင့် အိုခြင်း သေခြင်းသည် ချုပ်၏။

ဤငါးပါးသော အခြင်းအရာတို့ဖြင့် အိုခြင်း သေခြင်း၌ အပြစ်ကိုမြင်၍ ဤရှစ်ပါးသော အခြင်းအရာ တို့ဖြင့် အိုခြင်း သေခြင်းချုပ်ရာ နိဗ္ဗာန်၌ (တစ်ဆင့်ကြား၏ အစွမ်းဖြင့်) ဓမ္မစ္ဆန္ဒဖြစ်၏။ ယုံကြည်မှုဖြင့် ဆုံးဖြတ်၏။ ထိုပုဂ္ဂိုလ်၏စိတ်သည်လည်း ကောင်းစွာတည်၏။ အိုခြင်း သေခြင်း၌ ချုပ်ငြိမ်းရာ နိဗ္ဗာန်ကို အဖန်ဖန်ရှုသည်ဖြစ်၍ ဝင်သက်ကို ရှူအံ့ဟု အားထုတ်၏။ အိုခြင်းသေခြင်း၌ ချုပ်ငြိမ်းရာ နိဗ္ဗာန်ကို အဖန် ဖန်ရှုသည်ဖြစ်၍ ထွက်သက်ကို ထုတ်အံ့ဟု အားထုတ်၏။ ချုပ်ခြင်းကို အဖန်ဖန်ရှုသည်ဖြစ်၍ ဝင်သက်, ထွက်သက်၏ အစွမ်းအားဖြင့် တရားဓမ္မမည်၏။ ထင်ခြင်းသည် သတိမည်၏။ အဖန်ဖန်ရှုခြင်းသည် ဉာဏ်မည်၏။ တရားဓမ္မတို့သည် ဥပဋ္ဌာန မည်၏။ သတိ,မမည်။ သတိသည် ဥပဋ္ဌာနလည်း မည်၏။

သတိလည်း မည်၏။ ထိုသတိဖြင့် ထိုဉာဏ်ဖြင့် ထိုတရားတို့ကို အဖန်ဖန်ရှု၏။ ထို့ကြောင့် “ဓမ္မေသု ဓမ္မာနုပဿနာသတိ ပဋ္ဌာနဘာဝနာ”ဟု ဆိုအပ်၏။

အနုပဿတိဟူရာ၌ ထိုတရား ‘ဓမ္မ'တို့ကို အဘယ်သို့လျှင် အဖန်ဖန်ရှုသနည်း။ပ။ ဤသို့ ထို တရား'ဓမ္မ'တို့ကို အဖန်ဖန်ရှု၏။

ဘာဝနာဟူရာ၌ ပွါးများခြင်းဘာဝနာတို့သည် လေးပါးတို့တည်း။ပ။ အဖန်ဖန်မှီဝဲတတ်သော သဘောအားဖြင့် ဘာဝနာမည်၏။ ချုပ်ခြင်းကို အဖန်ဖန်ရှုသည်ဖြစ်၍ ဝင်သက်, ထွက်သက်တို့ကို စောင့် စည်းတတ်သော သဘောအားဖြင့် သီလဝိသုဒ္ဓိမည်၏။ပ။ ချုပ်ခြင်းကို အဖန်ဖန်ရှုသည်ဖြစ်၍ ဝင်သက်, ထွက်သက်၏ အစွမ်းအားဖြင့် စိတ်၏ တည်ကြည်ခြင်း မပျံ့လွင့်ခြင်းကို သိသော ပုဂ္ဂိုလ်အား။ပ။ သိသော ပုဂ္ဂိုလ်သည် ဣန္ဒြေတို့ကို ပေါင်း၏။ ထို့ကြောင့် “သမတ္ထဉ္စ ပဋိဝိဇ္ဈတိ”ဟု ဆိုအပ်၏။ (၃)

၁၈၂။ တစ်ဖန်စွန့်ခြင်းကို အဖန်ဖန်ရှုသည်ဖြစ်၍ ဝင်သက်ကို ရှူအံ့ဟု အဘယ်သို့လျှင် အားထုတ် သနည်း။ တစ်ဖန်စွန့်ခြင်းကို အဖန်ဖန်ရှုသည်ဖြစ်၍ ထွက်သက်ကို ထုတ်အံ့ဟု အဘယ်သို့လျှင် အား ထုတ်သနည်း။

ပဋိနိဿဂ္ဂဟူရာ၌ တစ်ဖန်စွန့်ခြင်း ‘ပဋိနိဿဂ္ဂ’ တို့သည် ပရိစ္စာဂပဋိနိဿဂ္ဂ၊ ပက္ခန္ဒနပဋိနိဿဂ္ဂနှစ်ပါးတို့တည်း။ ရုပ်ကို စွန့်တတ်သောကြောင့် ပရိစ္စာဂပဋိနိဿဂ္ဂမည်၏။ ရုပ်၏ချုပ်ရာဖြစ်သော နိဗ္ဗာန်၌ စိတ်သည် ပြေးဝင်တတ်သောကြောင့် ပက္ခန္ဒနပဋိနိဿဂ္ဂမည်၏။ ရုပ်၌ တစ်ဖန်စွန့်ခြင်းကို အဖန်ဖန်ရှု သည်ဖြစ်၍ ဝင်သက်ကို ရှူအံ့ဟု အားထုတ်၏။ ရုပ်၌ တစ်ဖန်စွန့်ခြင်းကို အဖန်ဖန်ရှုသည်ဖြစ်၍ ထွက် သက်ကို ထုတ်အံ့ဟု အားထုတ်၏။

ဝေဒနာကို။ သညာကို။ သင်္ခၤါရတို့ကို။ ဝိညာဉ်ကို။ မျက်စိကို။ပ။ အိုခြင်းသေခြင်းကို စွန့်တတ် သောကြောင့် ပရိစ္စာဂပဋိနိဿဂ္ဂမည်၏၊ အိုခြင်းသေခြင်းချုပ်ရာ နိဗ္ဗာန်၌ စိတ်သည် ပြေးဝင်တတ်သော ကြောင့် ပက္ခန္ဒနပဋိနိဿဂ္ဂမည်၏။ အိုခြင်းသေခြင်း၌ တစ်ဖန်စွန့်ခြင်းကို အဖန်ဖန်ရှုသည်ဖြစ်၍ ဝင်သက်ကို ရှူအံ့ဟု အားထုတ်၏။ အိုခြင်းသေခြင်း၌ တစ်ဖန်စွန့်ခြင်းကို အဖန်ဖန်ရှုသည်ဖြစ်၍ ထွက်သက်ကို ထုတ်အံ့ဟု အားထုတ်၏။ တစ်ဖန်စွန့်ခြင်းကို အဖန်ဖန်ရှုသည်ဖြစ်၍ ဝင်သက်, ထွက်သက်၏ အစွမ်းအား ဖြင့် တရားဓမ္မမည်ကုန်၏။ ထင်ခြင်းသည် သတိမည်၏။ အဖန်ဖန်ရှုခြင်းသည် ဉာဏ်မည်၏။ တရားဓမ္မ တို့သည် ဥပဋ္ဌာနမည်၏။ သတိ မမည်။ သတိသည် ဥပဋ္ဌာနလည်း မည်၏။ သတိလည်း မည်၏။ ထိုသတိဖြင့် ထိုဉာဏ်ဖြင့် ထိုတရားတို့ကို အဖန်ဖန်ရှု၏။ ထို့ကြောင့် “ဓမ္မေသု ဓမ္မာနုပဿနာသတိပဋ္ဌာန ဘာဝနာ”ဟု ဆိုအပ်၏။

--

အနုပဿတိဟူရာ၌ ထိုတရား ‘ဓမ္မ'တို့ကို အဘယ်သို့လျှင် အဖန်ဖန်ရှုသနည်း။ မမြဲသောအားဖြင့် အဖန်ဖန်ရှု၏။ မြဲသောအားဖြင့် မရှု။ပ။ စွန့်၏၊ မစွဲယူ။ မမြဲသောအားဖြင့် ရှုသော ပုဂ္ဂိုလ်သည် မြဲ၏ဟူသော အမှတ်အသားကို စွန့်၏။ပ။ စွန့်သောပုဂ္ဂိုလ်သည် စွဲယူခြင်းကို စွန့်၏။ ဤသို့ ထိုတရား တို့ကို အဖန်ဖန်ရှု၏။

ဘာဝနာဟူရာ၌ ပွါးများခြင်း ‘ဘာဝနာ'တို့သည် လေးပါးတို့တည်း။ ထိုဈာန်၌ဖြစ်ကုန်သော တရားတို့ကို မကျော်လွန်သော သဘောအားဖြင့် ဘာဝနာမည်၏။ပ။ အဖန်ဖန်မှီဝဲသော သဘောအားဖြင့် ဘာဝနာမည်၏။ တစ်ဖန်စွန့်ခြင်းကို ရှုသည်ဖြစ်၍ ဝင်သက်, ထွက်သက်တို့ကို စောင့်စည်းတတ်သော သဘောအားဖြင့် သီလဝိသုဒ္ဓိ မည်၏။ မပျံ့လွင့်သော သဘောအားဖြင့် စိတ္တဝိသုဒ္ဓိမည်၏။ မြင်တတ်သော သဘောအားဖြင့် ဒိဋ္ဌိဝိသုဒ္ဓိမည်၏။

ထိုဝင်သက်, ထွက်သက်၌ စောင့်စည်းတတ်သော သဘောသည် အဓိသီလသိက္ခာမည်၏။ ထို ဝင်သက်, ထွက်သက်၌ မပျံ့လွင့်သော သဘောသည် အဓိစိတ္တသိက္ခာမည်၏။ ထိုဝင်သက်, ထွက်သက်၌ မြင်တတ်သော သဘောသည် အဓိပညာသိက္ခာမည်၏။ ဤသိက္ခာသုံးပါးတို့ကို ဆင်ခြင်သည်ဖြစ်၍ အား ထုတ်၏။ သိသည်ဖြစ်၍ အားထုတ်၏။ပ။ မျက်မှောက်ပြုရမည့်တရားကို မျက်မှောက်ပြုသည်ဖြစ်၍ အားထုတ်၏။

တစ်ဖန်စွန့်ခြင်းကို အဖန်ဖန်ရှုသည်ဖြစ်၍ ဝင်သက်, ထွက်သက်၏ အစွမ်းအားဖြင့် စိတ်၏ တည်ကြည်ခြင်း မပျံ့လွင့်ခြင်းကို သိသော ပုဂ္ဂိုလ်အား ဝေဒနာတို့သည် ထင်ရှားဖြစ်ပေါ်ကုန်၏။ ဝေဒနာ တို့သည် ထင်ရှားထင်ကုန်၏။ ဝေဒနာတို့သ့ည် ထင်ရှားချုပ်ခြင်းသို့ ရောက်ကုန်၏။ပ။ တစ်ဖန်စွန့်ခြင်း ကို အဖန်ဖန်ရှုသည်ဖြစ်၍ ဝင်သက်, ထွက်သက်၏ အစွမ်းအားဖြင့် စိတ်၏တည်ကြည်ခြင်း မပျံ့လွင့်ခြင်း ကိုသိသော ပုဂ္ဂိုလ်သည် ဣန္ဒြေတို့ကို ပေါင်း၏။ ကျက်စားရာ အာရုံကိုလည်း သိ၏။ ငြိမ်းအေးခြင်း သဘော ‘သမတ္ထ'ကိုလည်း ထိုးထွင်း၍ သိ၏။ ဗိုလ်တို့ကို ပေါင်း၏။ ဗောဇ္ဈင်တို့ကို ပေါင်း၏။ မဂ်ကို ပေါင်း၏။ တရားတို့ကို ပေါင်း၏။ ကျက်စားရာ အာရုံကိုလည်း သိ၏။ ငြိမ်းအေးခြင်းသဘော ‘သမတ္ထ’ ကိုလည်း ထိုးထွင်း၍ သိ၏။

ဣန္ဒြိယာနိ သမောဓာနေတိဟူရာ၌ အဘယ်သို့လျှင် ဣန္ဒြေတို့ကို ပေါင်းသနည်း။ ဆုံးဖြတ်တတ် သော အနက်အားဖြင့် သဒ္ဓိန္ဒြေကို ပေါင်း၏။ပ။ ထို့ကြောင့် “သမတ္ထဉ္စ ပဋိဝိဇ္ဈတိ”ဟု ဆိုအပ်၏။ (၄)

ဓမ္မေသု ဓမ္မာနုပဿနာ၌ ရှစ်ပါးသော အနုပဿနာဉာဏ်၊ ရှစ်ပါးသော ဥပဋ္ဌာနာနုဿတိ၊ လေးပါး သော သုတ္တန်၌ ဟောတော်မူအပ်ကုန်သော ဝတ္ထုတို့သည် ဖြစ်ကုန်၏။ ဤသုံးဆယ့်နှစ်ပါးကုန်သော သတိ ကို ပြုလေ့ရှိသော ဉာဏ်တို့သည် ဖြစ်ကုန်၏။

ငါးခုမြောက် သတောကာရိဉာဏ် အကျယ်ပြခြင်း ပြီး၏။

--

၆-ဉာဏရာသီဆက္က အကျယ်ပြခြင်း

၁၈၃။ သမာဓိ၏ အစွမ်းအားဖြင့်နှစ်ဆယ့်လေးပါးသော ဉာဏ်တို့သည် အဘယ်တို့နည်း။ ရှည် သော ဝင်သက်၏ အစွမ်းအားဖြင့် စိတ်၏ တည်ကြည်ခြင်း မပျံ့လွင့်ခြင်းသည် သမာဓိမည်၏။ ရှည်သော ထွက်သက်၏ အစွမ်းအားဖြင့် စိတ်၏ တည်ကြည်ခြင်း မပျံ့လွင့်ခြင်းသည် သမာဓိမည်၏။ပ။ စိတ်ကို ရာဂမှ လွတ်စေ၍ ဝင်သက်၏ အစွမ်းအားဖြင့် စိတ်၏တည်ကြည်ခြင်း၊ မပျံ့လွင့်ခြင်းသည် သမာဓိမည်၏။

စိတ်ကို ရာဂမှ လွတ်စေသည်ဖြစ်၍ ထွက်သက်၏ အစွမ်းအားဖြင့် စိတ်၏ တည်ကြည်ခြင်း၊ မပျံ့လွင့်ခြင်း သည် သမာဓိမည်၏။ သမာဓိ၏ အစွမ်းအားဖြင့်နှစ်ဆယ့်လေးပါးသော ဤဉာဏ်တို့ ဖြစ်ကုန်၏။ (၁)

ဝိပဿနာ၏ အစွမ်းအားဖြင့် ခုနစ်ဆယ့်နှစ်ပါးသော ဉာဏ်တို့သည် အဘယ်တို့နည်း။ ရှည်သော ဝင်သက်ကို မမြဲသောအားဖြင့် အဖန်ဖန်ရှုတတ်သော သဘောကြောင့် ဝိပဿနာမည်၏။ ဆင်းရဲသော အားဖြင့် အဖန်ဖန်ရှုတတ်သော သဘောကြောင့် ဝိပဿနာ မည်၏။ အနှစ်မရှိ အလိုသို့ မလိုက်သော သဘောအားဖြင့် အဖန်ဖန်ရှုတတ်သော သဘောကြောင့် ဝိပဿနာမည်၏။ ရှည်သော ထွက်သက်ကို မမြဲသောအားဖြင့် အဖန်ဖန်ရှုတတ်သော သဘောကြောင့် ဝိပဿနာမည်၏။ ဆင်းရဲသောအားဖြင့် အဖန် ဖန်ရှုတတ်သော သဘောကြောင့် ဝိပဿနာ မည်၏။ အနှစ်မရှိ အလိုသို့ မလိုက်သောအားဖြင့် အဖန်ဖန် ရှုတတ်သော သဘောကြောင့် ဝိပဿနာမည်၏။ပ။ စိတ်ကို ရာဂမှ လွတ်စေသည်ဖြစ်၍ ဝင်သက်ကို။ စိတ်ကို ရာဂမှ လွတ်စေသည်ဖြစ်၍ ထွက်သက်ကို မမြဲသောအားဖြင့် အဖန်ဖန်ရှုတတ်သော သဘော ကြောင့် ဝိပဿနာ မည်၏။ ဆင်းရဲသောအားဖြင့် အဖန်ဖန်ရှုတတ်သော သဘောကြောင့် ဝိပဿနာမည်၏။ အနှစ်မရှိ အလိုသို့ မလိုက်သောအားဖြင့် အဖန်ဖန်ရှုတတ်သော သဘောကြောင့် ဝိပဿနာမည်၏။

ဝိပဿနာ၏ အစွမ်းအားဖြင့် ဤခုနစ်ဆယ့်နှစ်ပါးကုန်သော ဉာဏ်တို့သည် ဖြစ်ကုန်၏။ (၂)

ရှစ်ပါးသော နိဗ္ဗိဒါဉာဏ်တို့သည် အဘယ်တို့နည်း။ မမြဲဟု အဖန်ဖန်ရှုတတ်သည်ဖြစ်၍ ဝင်သက်ကိုဟုတ်တိုင်းမှန်စွာ သိ၏၊ မြင်၏။ ထို့ကြောင့် နိဗ္ဗိဒါဉာဏ် မည်၏။ မမြဲဟု အဖန်ဖန်ရှုသည်ဖြစ်၍ ထွက် သက်ကိုဟုတ်တိုင်းမှန်စွာ သိ၏၊ မြင်၏။ ထို့ကြောင့် နိဗ္ဗိဒါဉာဏ်မည်၏။ပ။ တစ်ဖန်စွန့်ခြင်းကို အဖန် ဖန် ရှုသည်ဖြစ်၍ ဝင်သက်ကိုဟုတ်တိုင်းမှန်စွာ သိ၏၊ မြင်၏။ ထို့ကြောင့် နိဗ္ဗိဒါဉာဏ် မည်၏။

တစ်ဖန် စွန့်ခြင်းကို အဖန်ဖန်ရှုသည်ဖြစ်၍ ထွက်သက်ကိုဟုတ်တိုင်းမှန်စွာ သိ၏၊ မြင်၏။ ထို့ကြောင့် နိဗ္ဗိဒါ ဉာဏ်မည်၏။ ဤရှစ်ပါးသော နိဗ္ဗိဒါဉာဏ်တို့သည် ဖြစ်ကုန်၏။ (၃)

ရှစ်ပါးသော နိဗ္ဗိဒါနုလောမဉာဏ်တို့သည် အဘယ်တို့နည်း။ မမြဲဟု အဖန်ဖန် ရှုသည်ဖြစ်၍ ဝင်သက်ကို ဘေးအားဖြင့် ထင်ရာ၌ ဖြစ်သောပညာသည် နိဗ္ဗိဒါနုလောမဉာဏ်မည်၏။ မမြဲဟု အဖန်ဖန် ရှုသည်ဖြစ်၍ ထွက်သက်ကို ဘေးအားဖြင့် ထင်ရာ၌ ဖြစ်သောပညာသည် နိဗ္ဗိဒါနုလောမဉာဏ်မည်၏။ပ။ တစ်ဖန်စွန့်ခြင်းကို အဖန်ဖန်ရှုသည်ဖြစ်၍ ဝင်သက်ကို ဘေးအားဖြင့် ထင်ရာ၌ ဖြစ်သောပညာသည် နိဗ္ဗိဒါနုလောမဉာဏ်မည်၏။ တစ်ဖန်စွန့်ခြင်းကို အဖန်ဖန်ရှုသည်ဖြစ်၍ ထွက်သက်ကို ဘေးအားဖြင့် ထင်ရာ ၌ ဖြစ်သောပညာသည် နိဗ္ဗိဒါနုလောမဉာဏ်မည်၏။ ဤရှစ်ပါးသော နိဗ္ဗိဒါနုလောမဉာဏ်တို့သည် ဖြစ် ကုန်၏။ (၄)

--

ရှစ်ပါးသော နိဗ္ဗိဒါပဋိပဿဒ္ဓိဉာဏ်တို့သည် အဘယ်တို့နည်း။ မမြဲဟု အဖန်ဖန်ရှုသည်ဖြစ်၍ ဝင်သက်ကို ဆင်ခြင်၍ ကောင်းစွာတည်သော အခြင်းအရာအားဖြင့် ဖြစ်သောပညာသည် နိဗ္ဗိဒါပဋိပဿဒ္ဓိ ဉာဏ်မည်၏။

မမြဲဟု အဖန်ဖန်ရှုသည်ဖြစ်၍ ထွက်သက်ကို ဆင်ခြင်၍ ကောင်းစွာ တည်သော အခြင်း အရာအားဖြင့် ဖြစ်သောပညာသည် နိဗ္ဗိဒါပဋိပဿဒ္ဓိဉာဏ်မည်၏။ပ။ တစ်ဖန်စွန့်ခြင်းကို အဖန်ဖန်ရှုသည် ဖြစ်၍ ဝင်သက်ကို ဆင်ခြင်၍ ကောင်းစွာ တည်သော အခြင်းအရာအားဖြင့် ဖြစ်သောပညာသည် နိဗ္ဗိဒါပဋိပဿဒ္ဓိဉာဏ်မည်၏။ တစ်ဖန်စွန့်ခြင်းကို အဖန်ဖန်ရှုသည်ဖြစ်၍ ထွက်သက်ကို ဆင်ခြင်၍ ကောင်းစွာတည်သော အခြင်းအရာအားဖြင့် ဖြစ်သောပညာသည် နိဗ္ဗိဒါ ပဋိပဿဒ္ဓိဉာဏ်မည်၏။ ဤရှစ်ပါးသော နိဗ္ဗိဒါပဋိပဿဒ္ဓိဉာဏ်တို့သည် ဖြစ်ကုန်၏။ (၅)

နှစ်ဆယ့်တစ်ပါးသော ဝိမုတ္တိသုခဉာဏ်တို့သည် အဘယ်တို့နည်း။ သောတာပတ္တိမဂ်ဖြင့် သက္ကာယ ဒိဋ္ဌိကို ပယ်ခြင်းကြောင့်၊ အကြွင်းမဲ့ဖြတ်ခြင်းကြောင့် ဝိမုတ္တိသုခ၌ ဉာဏ်ဖြစ်၏။ ယုံမှားခြင်း ဝိစိကိစ္ဆာကို ပယ်ခြင်းကြောင့်၊ အကြွင်းမဲ့ ဖြတ်ခြင်းကြောင့် ဝိမုတ္တိသုခ၌ ဉာဏ်ဖြစ်၏။ သီလဗ္ဗတပရာမာသကို။ပ။ ဒိဋ္ဌာနုသယကို။ ဝိစိကိစ္ဆာနုသယကို ပယ်ခြင်းကြောင့်၊ အကြွင်းမဲ့ဖြတ်ခြင်းကြောင့် ဝိမုတ္တိသုခ၌ ဉာဏ် ဖြစ်၏။

သကဒါဂါမိမဂ်ဖြင့် ရုန့်ရင်းသော ကာမရာဂသံယောဇဉ်ကို။ပ။ ပဋိဃသံယောဇဉ်ကို။ ရုန့်ရင်းသော ကာမရာဂါနုသယကို။ ပဋိဃာနုသယကို ပယ်ခြင်းကြောင့်၊ အကြွင်းမဲ့ဖြတ်ခြင်းကြောင့် ဝိမုတ္တိသုခ၌ ဉာဏ် ဖြစ်၏။

အနာဂါမိမဂ်ဖြင့် သိမ်မွေ့သော ကာမရာဂသံယောဇဉ်ကို။ပ။ ပဋိဃသံယောဇဉ်ကို။ သိမ်မွေ့သော ကာမရာဂါနုသယကို။ ပဋိဃာနုသယကို ပယ်ခြင်းကြောင့်၊ အကြွင်းမဲ့ဖြတ်ခြင်းကြောင့် ဝိမုတ္တိသုခ၌ ဉာဏ် ဖြစ်၏။

အရဟတ္တမဂ်ဖြင့် ရူပရာဂကို။ပ။ အရူပရာဂကို။ မာနကို။ ဥဒ္ဓစ္စကို။ အဝိဇ္ဇာကို။ မာနာနုသယကို။ ဘဝရာဂါနုသယကို။ အဝိဇ္ဇာနုသယကို ပယ်ခြင်းကြောင့်၊ အကြွင်းမဲ့ ဖြတ်ခြင်းကြောင့် ဝိမုတ္တိသုခ၌ ဉာဏ်ဖြစ်၏။

ဤနှစ်ဆယ့်တစ်ပါးသော ဝိမုတ္တိသုခ ဉာဏ်တို့သည် ဖြစ်ကုန်၏။ တစ်ဆယ့်ခြောက်ပါးသော ဝတ္ထုရှိသော အာနာပါနဿတိသမာဓိကို ပွါးများသော ပုဂ္ဂိုလ်အား ဤဉာဏ်နှစ်ရာကျော်တို့သည် ဖြစ်ကုန်၏။ (၆)

အာနာပါနဿတိကထာ ပြီး၏။

--

၄-ဣန္ဒြိယကထာ

၁-ပဌမသုတ္တန် အကျယ်ပြခြင်း

၁၈၄။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်။

အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရာမ်ဖြစ်သော ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ၌ မြတ်စွာဘုရားသည် ရဟန်းတို့ကို “ရဟန်းတို့”ဟုခေါ်တော်မူ၏။ “အသျှင်ဘုရား”ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကုန်၏။

မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏။

ရဟန်းတို့ ဣန္ဒြေတို့သည် ဤငါးပါးတို့တည်း။ အဘယ်ငါးပါးတို့နည်းဟူမူ-

(၁) သဒ္ဓိန္ဒြေ၊

(၂) ဝီရိယိန္ဒြေ၊

(၃) သတိန္ဒြေ၊

(၄) သမာဓိန္ဒြေ၊

(၅) ပညိန္ဒြေတို့တည်း။

ရဟန်းတို့ ဣန္ဒြေတို့သည် ဤငါးပါးတို့တည်း။

၁၈၅။ ဤဣန္ဒြေငါးပါးတို့သည် အဘယ်မျှသော အခြင်းအရာတို့ဖြင့် စင်ကြယ်ကုန်သနည်း။ ဤ ဣန္ဒြေငါးပါးတို့သည် တစ်ဆယ့်ငါးပါးသော အခြင်းအရာတို့ဖြင့် စင်ကြယ်ကုန်၏။ မယုံကြည်သော ပုဂ္ဂိုလ် တို့ကို ရှောင်ကြဉ်သော ပုဂ္ဂိုလ်အားလည်းကောင်း၊ ယုံကြည်သော ပုဂ္ဂိုလ်တို့,ကို မှီဝဲဆည်းကပ် အနီး အရပ်၌ ရိုသေစွာနေသော ပုဂ္ဂိုလ်အားလည်းကောင်း၊ ကြည်ညိုဖွယ် သုတ္တန်တို့ကို ဆင်ခြင်သော ပုဂ္ဂိုလ် အားလည်းကောင်း ဤ အခြင်းအရာ သုံးပါးတို့ဖြင့် သိဒ္ဓိန္ဒြေသည် စင်ကြယ်၏။

ပျင်းရိကုန်သော ပုဂ္ဂိုလ်တို့ကို ရှောင်ကြဉ်သော ပုဂ္ဂိုလ်အားလည်းကောင်း၊ အားထုတ်အပ်သည့် ဝီရိယရှိသော ပုဂ္ဂိုလ်တို့ကို မှီဝဲဆည်းကပ် အနီးအရပ်၌ ရိုသေစွာနေသော ပုဂ္ဂိုလ်အားလည်းကောင်း၊ ဝီရိယနှင့်စပ်သော သုတ္တန်တို့ကို ဆင်ခြင်သော ပုဂ္ဂိုလ်အားလည်းကောင်း ဤအခြင်းအရာ သုံးပါးတို့ဖြင့် ဝီရိယိန္ဒြေသည် စင်ကြယ်၏။

သတိလွတ်သော ပုဂ္ဂိုလ်တို့ကို ရှောင်ကြဉ်သော ပုဂ္ဂိုလ်အားလည်းကောင်း၊ ထင်သောသတိရှိသော ပုဂ္ဂိုလ်တို့ကို မှီဝဲဆည်းကပ် အနီးအရပ်၌ ရိုသေစွာနေသော ပုဂ္ဂိုလ်အားလည်းကောင်း၊ သတိပဋ္ဌာန် သုတ္တန်တို့ကို ဆင်ခြင်သော ပုဂ္ဂိုလ်အားလည်းကောင်း ဤအခြင်းအရာသုံးပါးတို့ဖြင့် သတိန္ဒြေသည့်စင်ကြယ်၏။

မတည်ကြည်ကုန်သော ပုဂ္ဂိုလ်တို့ကို ရှောင်ကြဉ်သော ပုဂ္ဂိုလ်အားလည်းကောင်း၊ တည်ကြည်သော ပုဂ္ဂိုလ်တို့ကို မှီဝဲဆည်းကပ် အနီးအရပ်၌ ရိုသေစွာနေသော ပုဂ္ဂိုလ်အားလည်းကောင်း၊ ဈာန်ဝိမောက္ခတို့ ကို ဆင်ခြင်သော ပုဂ္ဂိုလ်အားလည်းကောင်း ဤအခြင်းအရာသုံးပါးတို့ဖြင့် သမာဓိန္ဒြေသည် စင်ကြယ်၏။

--

ပညာနည်းသော ပုဂ္ဂိုလ်တို့ကို ရှောင်ကြဉ်သော ပုဂ္ဂိုလ်အားလည်းကောင်း၊ ပညာရှိပုဂ္ဂိုလ်တို့ကို မှီဝဲဆည်းကပ် အနီးအရပ်၌ ရိုသေစွာနေသော ပုဂ္ဂိုလ်အားလည်းကောင်း၊ နက်နဲသောဉာဏ်နှင့်စပ်သော တရားကို ဆင်ခြင်သော ပုဂ္ဂိုလ်အားလည်းကောင်း ဤအခြင်းအရာသုံးပါးတို့ဖြင့် ပညိန္ဒြေသည် စင်ကြယ်၏။

ဤသို့ ဤငါးပါးသော ပုဂ္ဂိုလ်တို့ကို ရှောင်ကြဉ်သော ပုဂ္ဂိုလ်အားလည်းကောင်း၊ ငါးပါးသော ပုဂ္ဂိုလ်တို့ကို စိတ်ဖြင့် မှီဝဲဆည်းကပ် အနီးအရပ်၌ ရိုသေစွာနေသော ပုဂ္ဂိုလ်အားလည်းကောင်း၊ ငါးပါး သော သုတ္တန်အစုတို့ကို ဆင်ခြင်သော ပုဂ္ဂိုလ်အားလည်းကောင်း ဤတစ်ဆယ့်ငါးပါးသော အခြင်းအရာ တို့ဖြင့် ဤဣန္ဒြေငါးပါးတို့သည် စင်ကြယ်ကုန်၏။

အဘယ်မျှသော အခြင်းအရာတို့ဖြင့် ဣန္ဒြေငါးပါးတို့ကို ပွါးများအပ်ကုန်သနည်း။ အဘယ်မျှသော အခြင်းအရာတို့ဖြင့် ဣန္ဒြေငါးပါးတို့ကို ပွါးများခြင်းဖြစ်သနည်း။

ဆယ်ပါးသော အခြင်းအရာတို့ဖြင့် ဣန္ဒြေ ငါးပါးတို့ကို ပွါးများအပ်ကုန်၏။ ဆယ်ပါးသော အခြင်း အရာတို့ဖြင့် ဣန္ဒြငါးပါးတို့ကို ပွါးများခြင်းဖြစ်၏။

မယုံကြည်ခြင်းကို စွန့်သော ပုဂ္ဂိုလ်သည် သဒ္ဓိန္ဒြေကို ပွါးများ၏။ သဒ္ဓိန္ဒြေကို ပွါးများသော ပုဂ္ဂိုလ် သည် မယုံကြည်ခြင်းကို စွန့်၏။

ပျင်းရိခြင်းကို စွန့်သောပုဂ္ဂိုလ်သည် ဝီရိယိန္ဒြေကို ပွါးများ၏။ ဝီရိယိန္ဒြေကို ပွါးများသောပုဂ္ဂိုလ် သည် ပျင်းရိခြင်းကို စွန့်၏။

မေ့လျော့ခြင်းကို စွန့်သော ပုဂ္ဂိုလ်သည် သတိန္ဒြေကို ပွါးများ၏။ သတိန္ဒြေကို ပွါးများသော ပုဂ္ဂိုလ် သည် မေ့လျော့ခြင်းကို စွန့်၏။

ပျံ့လွင့်ခြင်းကို စွန့်သော ပုဂ္ဂိုလ်သည် သမာဓိန္ဒြေကို ပွါးများ၏။ သမာဓိန္ဒြေကို ပွါးများသော ပုဂ္ဂိုလ်သည် ပျံ့လွင့်ခြင်းကို စွန့်၏။

တွေဝေမှုအဝိဇ္ဇာကို စွန့်သော ပုဂ္ဂိုလ်သည် ပညိန္ဒြေကို ပွါးများ၏။ ပညိန္ဒြေကို ပွါးများသော ပုဂ္ဂိုလ်သည် တွေဝေမှုအဝိဇ္ဇာကို စွန့်၏။

ဤဆယ်ပါးသော အခြင်းအရာတို့ဖြင့် ဣန္ဒြေငါးပါးတို့ကို ပွါးများအပ်ကုန်၏။ ဤဆယ်ပါးသော အခြင်းအရာတို့ဖြင့် ဣန္ဒြေငါးပါးတို့ကို ပွါးများခြင်း ဖြစ်၏။

အဘယ်မျှသော အခြင်းအရာတို့ဖြင့် ဣန္ဒြေငါးပါးတို့ကို ပွါးများအပ်၊ ကောင်းစွာ ပွါးများအပ်ကုန် သနည်း။

ဆယ်ပါးသောအခြင်းအရာတို့ဖြင့် ဣဧန္ဒြငါးပါးတို့ကို ပွါးများအပ်၊ ကောင်းစွာ ပွါးများအပ်ကုန်၏။

မယုံကြည်ခြင်းကို ပယ်ခြင်းကြောင့်၊ ကောင်းစွာ ပယ်ခြင်းကြောင့် သဒ္ဓိန္ဒြေကို ပွါးများအပ်၊ ကောင်းစွာ ပွါးများအပ်၏။ သဒ္ဓိန္ဒြေကို ပွါးများအပ်၊ ကောင်းစွာပွါးများအပ်သောကြောင့် မယုံကြည်ခြင်းကို ပယ်အပ်၊ ကောင်းစွာ ပယ်အပ်၏။

ပျင်းရိခြင်းကို ပယ်ခြင်းကြောင့်၊ ကောင်းစွာ ပယ်ခြင်းကြောင့် ဝီရိယိန္ဒြေကို ပွါးများအပ်၊ ကောင်းစွာ ပွါးများအပ်၏။ ဝီရိယိန္ဒြေကို ပွါးများအပ်၊ ကောင်းစွာ ပွါးများအပ်သောကြောင့် ပျင်းရိခြင်းကို ပယ်အပ်၊ ကောင်းစွာ ပယ်အပ်၏။

မေ့လျော့ခြင်းကို ပယ်အပ်၊ ကောင်းစွာ ပယ်အပ်သောကြောင့် သတိန္ဒြေကို ပွါးများအပ်၊ ကောင်းစွာ့ပွါးများအပ်၏။ သတိန္ဒြေကို ပွါးများအပ်၊ ကောင်းစွာ ပွါးများအပ်သောကြောင့် မေ့လျော့ခြင်းကို ပယ်အပ်၊ ကောင်းစွာ ပယ်အပ်၏။

--

ပျံ့လွင့်ခြင်းကို ပယ်အပ်၊ ကောင်းစွာ ပယ်အပ်သောကြောင့် သမာဓိန္ဒြေကို ပွါးများအပ်၊ ကောင်းစွာ ပွါးများအပ်၏၊ သမာဓိန္ဒြေကို ပွါးများအပ်၊ ကောင်းစွာ ပွါးများအပ်သောကြောင့် ပျံ့လွင့်ခြင်းကို ပယ်အပ်၊ ကောင်းစွာ ပယ်အပ်၏။

အဝိဇ္ဇာကို ပယ်အပ်၊ ကောင်းစွာပယ်အပ်သောကြောင့် ပညိန္ဒြေကို ပွါးများအပ်၊ ကောင်းစွာ ပွါးများအပ်၏။ ပညိန္ဒြေကို ပွါးများအပ်၊ ကောင်းစွာ ပွါးများအပ်သောကြောင့် အဝိဇ္ဇာကို ပယ်အပ်၊ ကောင်းစွာ ပယ်အပ်၏။

ဤဆယ်ပါးသော အခြင်းအရာတို့ဖြင့် ဣန္ဒြေငါးပါးတို့ကို ပွါးများအပ်၊ ကောင်းစွာ ပွါးများအပ် ကုန်၏။

၁၈၆။ အဘယ်မျှသော အခြင်းအရာတို့ဖြင့် ဣန္ဒြေငါးပါးတို့ကို ပွါးများအပ်ကုန်သနည်း။ အဘယ် မျှသော အခြင်းအရာတို့ဖြင့် ဣန္ဒြေငါးပါးတို့ကို ပွါးများအပ်ပြီးလည်း ဖြစ်ကုန်သနည်း။ ကောင်းစွာ ပွါး များအပ်ပြီးလည်း ဖြစ်ကုန်သနည်း။ တစ်ဖန် ငြိမ်းစေအပ်ပြီးလည်း ဖြစ်ကုန်သနည်း။ ကောင်းစွာ တစ်ဖန် ငြိမ်းစေအပ်ပြီးလည်း ဖြစ်ကုန်သနည်း။

လေးပါးသော အခြင်းအရာတို့ဖြင့် ဣန္ဒြေငါးပါးတို့ကို ပွါးများအပ်ကုန်၏။ လေးပါးသော အခြင်း အရာတို့ဖြင့် ဣန္ဒြေငါးပါးတို့ကို ပွါးများအပ်ပြီးလည်း ဖြစ်ကုန်၏။ ကောင်းစွာ ပွါးများအပ်ပြီးလည်း ဖြစ် ကုန်၏။ တစ်ဖန် ငြိမ်းစေအပ်ပြီးလည်း ဖြစ်ကုန်၏။ ကောင်းစွာ တစ်ဖန် ငြိမ်းစေအပ်ပြီးလည်း ဖြစ် ကုန်၏။

သောတာပတ္တိမဂ်ခဏ၌ ဣန္ဒြေငါးပါးတို့ကို ပွါးများအပ်ကုန်၏။ သောတာပတ္တိဖိုလ်ခဏ၌ ဣန္ဒြေ ငါးပါးတို့ကို ပွါးများအပ်ပြီးလည်း ဖြစ်ကုန်၏။ ကောင်းစွာ ပွါးများအပ်ပြီးလည်း ဖြစ်ကုန်၏။ တစ်ဖန် ငြိမ်းစေအပ်ပြီးလည်း ဖြစ်ကုန်၏။ ကောင်းစွာ တစ်ဖန် ငြိမ်းစေအပ်ပြီးလည်း ဖြစ်ကုန်၏။

သကဒါဂါမိမဂ်ခဏ၌ ဣန္ဒြေငါးပါးတို့ကို ပွါးများအပ်ကုန်၏။ သကဒါဂါမိဖိုလ်ခဏ၌ ဣန္ဒြေငါးပါးတို့ ကို ပွါးများအပ်ပြီးလည်း ဖြစ်ကုန်၏။ ကောင်းစွာ ပွါးများအပ်ပြီးလည်း ဖြစ်ကုန်၏။ တစ်ဖန် ငြိမ်းစေအပ်ပြီးလည်း ဖြစ်ကုန်၏။ ကောင်းစွာ တစ်ဖန် ငြိမ်းစေအပ်ပြီးလည်း ဖြစ်ကုန်၏။

အနာဂါမိမဂ်ခဏ၌ ဣန္ဒြေငါးပါးတို့ကို ပွါးများအပ်ကုန်၏။ အနာဂါမိဖိုလ်ခဏ၌ ဣန္ဒြေငါးပါးတို့ကို ပွါးများအပ်ပြီးလည်း ဖြစ်ကုန်၏။ ကောင်းစွာ ပွါးများအပ်ပြီးလည်း ဖြစ်ကုန်၏။ တစ်ဖန် ငြိမ်းစေအပ်ပြီးလည်း ဖြစ်ကုန်၏။ ကောင်းစွာ တစ်ဖန် ငြိမ်းစေအပ်ပြီးလည်း ဖြစ်ကုန်၏။

အရဟတ္တမဂ်ခဏ၌ ဣန္ဒြေငါးပါးတို့ကို ပွါးများအပ်ကုန်၏။ အရဟတ္တဖိုလ်ခဏ၌ ဣန္ဒြေငါးပါးတို့ကို ပွါးများအပ်ပြီးလည်း ဖြစ်ကုန်၏။ ကောင်းစွာ ပွါးများအပ်ပြီးလည်း ဖြစ်ကုန်၏။ တစ်ဖန် ငြိမ်းစေအပ်ပြီး လည်း ဖြစ်ကုန်၏။ ကောင်းစွာ တစ်ဖန် ငြိမ်းစေအပ်ပြီးလည်း ဖြစ်ကုန်၏။

ဤသို့ လေးပါးသော မဂ်၏စင်ကြယ်ခြင်းတို့သည်လည်းကောင်း၊ လေးပါးသောဖိုလ်၏ စင်ကြယ်ခြင်းတို့သည်လည်းကောင်း၊ လေးပါးသော သမုစ္ဆေဒ၏စင်ကြယ်ခြင်းတို့သည်လည်းကောင်း၊ လေးပါးသော ပဋိပဿဒ္ဓိ၏ စင်ကြယ်ခြင်းတို့သည်လည်းကောင်း (ဖြစ်ကုန်၏)။ ဤလေးပါးသော အခြင်းအရာတို့ဖြင့် ဣန္ဒြေငါးပါးတို့ကို ပွါးများအပ်ကုန်၏။ ဤလေးပါးသော အခြင်းအရာတို့ဖြင့် ဣန္ဒြေငါးပါးတို့ကို ပွါးများအပ်ပြီးလည်း ဖြစ်ကုန်၏။ ကောင်းစွာ ပွါးများအပ်ပြီးလည်း ဖြစ်ကုန်၏။ တစ်ဖန် ငြိမ်းစေအပ်ပြီး လည်း ဖြစ်ကုန်၏။ ကောင်းစွာ တစ်ဖန် ငြိမ်းစေအပ်ပြီးလည်း ဖြစ်ကုန်၏။

အဘယ်မျှလောက်သော ပုဂ္ဂိုလ်တို့အား ဣန္ဒြေကို ပွါးများခြင်း ဖြစ်သနည်း။ အဘယ်မျှလောက်သော ပုဂ္ဂိုလ်တို့သည် ပွါးအပ်ပြီးသော ဣန္ဒြေရှိကုန်သနည်း။

--

ရှစ်ယောက်သော ပုဂ္ဂိုလ်တို့အား ဣန္ဒြေကို ပွါးများခြင်း ဖြစ်၏။ သုံးယောက်သော ပုဂ္ဂိုလ်တို့သည့်ပွါးများပြီးသောဣန္ဒြေ ရှိကုန်၏။

အဘယ်ရှစ်ယောက်သောပုဂ္ဂိုလ်တို့အား ဣန္ဒြေကို ပွါးများခြင်း ဖြစ်ကုန်သနည်း။

သေက္ခပုဂ္ဂိုလ်ခုနစ်ယောက်၊ ကလျာဏပုထုဇဉ်၊ ဤရှစ်ယောက်သော ပုဂ္ဂိုလ်တို့အား ဣန္ဒြေကို ပွါးများခြင်း ဖြစ်၏။

အဘယ်သုံးယောက်သော ပုဂ္ဂိုလ်တို့သည် ပွါးများအပ်ပြီးသော ဣန္ဒြေ ရှိကုန်သနည်း။ တရားနာရ သဖြင့် သစ္စာတရားကိုသိသော မြတ်စွာဘုရား၏တပည့် ရဟန္တာပုဂ္ဂိုလ်သည် ပွါးများအပ်ပြီးသောဣန္ဒြေ ရှိ၏။ အလိုလိုဖြစ်သော သဘောအားဖြင့် ပစ္စေကဗုဒ္ဓါသည် ပွါးများအပ်ပြီးသော ဣန္ဒြေရှိ၏။ မနှိုင်းယှဉ်အပ်သော သဘောအားဖြင့် ရှေးဘုရားတို့ကဲ့သို့ လာခြင်းကောင်းတော်မူသော ပူဇော်အထူးကို ခံတော်မူ ထိုက်သော မြတ်စွာဘုရားသည် ပွါးများအပ်ပြီးသောဣန္ဒြေ ရှိတော်မူ၏။ ဤပုဂ္ဂိုလ်သုံးယောက်တို့သည် ပွါးများအပ်ပြီးသော ဣန္ဒြေရှိကုန်၏။ ဤသို့ ဤပုဂ္ဂိုလ်ရှစ်ယောက်တို့အား ဣန္ဒြေကို ပွါးများခြင်း ဖြစ်၏။ ဤပုဂ္ဂိုလ်သုံးယောက်တို့သည် ပွါးများအပ်ပြီးသော ဣန္ဒြေရှိကုန်၏။

ရှေးဦးစွာသောသုတ္တန် အကျယ်ပြခြင်း ပြီး၏။

--

၂။ ဒုတိယသုတ္တန် အကျယ်ပြခြင်း

၁၈၇။ သာဝတ္ထိနိဒါန်း - ရဟန်းတို့ ဣန္ဒြေတို့သည် ငါးပါးတို့တည်း။ အဘယ်ငါးပါးတို့နည်းဟူမူ -

(၁) သဒ္ဓိန္ဒြေ၊

(၂) ဝီရိယိန္ဒြေ၊

(၃) သတိန္ဒြေ၊

(၄) သမာဓိန္ဒြေ၊

(၅) ပညိန္ဒြေတို့တည်း။

ရဟန်းတို့ အလုံးစုံသော သမဏဗြာဟ္မဏတို့သည် ဤဣန္ဒြေငါးပါးတို့၏ ဖြစ်ကြောင်းကိုလည်း ကောင်း၊ ချုပ်ခြင်းကိုလည်းကောင်း၊ သာယာဖွယ်ကိုလည်းကောင်း၊ အပြစ်ကိုလည်းကောင်း၊ ထွက်မြောက် ရာကိုလည်းကောင်းဟုတ်တိုင်းမှန်စွာ အပြားအားဖြင့် မသိကုန်။

ရဟန်းတို့ ငါဘုရား၏ သာသနာတော်၌ ထိုသမဏဗြာဟ္မဏတို့ကို သမဏတို့တွင်လည်း သမဏဟု မသမုတ်အပ်ကုန်။ ဗြာဟ္မဏတို့တွင်လည်း ဗြာဟ္မဏဟု မသမုတ်အပ်ကုန်။ ထိုအသျှင်တို့သည် သမဏကျေးဇူး၁ကိုလည်းကောင်း၊ ဗြာဟ္မဏကျေးဇူး၂ကိုလည်းကောင်း မျက်မှောက်ဘဝ၌သာလျှင် အလိုလို အထူးသိကာ မျက်မှောက်ပြုပြီးလျှင် ပြည့်စုံစေ၍ မနေကုန်။

ရဟန်းတို့ စင်စစ် အလုံးစုံသော သမဏဗြာဟ္မဏတို့သည် ဤဣန္ဒြေငါးပါးတို့၏ ဖြစ်ကြောင်းကို လည်းကောင်း၊ ချုပ်ခြင်းကိုလည်းကောင်း၊ သာယာခြင်းကိုလည်းကောင်း၊ အပြစ်ကိုလည်းကောင်း၊ ထွက် မြောက်ရာကိုလည်းကောင်းဟုတ်တိုင်းမှန်စွာ အပြားအားဖြင့် သိကုန်၏။

ရဟန်းတို့ စင်စစ် ငါဘုရား၏ သာသနာတော်၌ ထိုသမဏဗြာဟ္မဏတို့ကို သမဏတို့တွင်လည်း သမဏဟု သမုတ်အပ်ကုန်၏။ ဗြာဟ္မဏတို့တွင်လည်း ဗြာဟ္မဏဟု သမုတ်အပ်ကုန်၏။ ထိုအသျှင်တို့ သည်ကား သမဏ၏ ကျေးဇူးကိုလည်းကောင်း၊ ဗြာဟ္မဏ၏ ကျေးဇူးကိုလည်းကောင်း မျက်မှောက်ဘဝ ၌ပင်လျှင် အလိုလို အထူးသိကာ မျက်မှောက်ပြုပြီးလျှင် ပြည့်စုံစေ၍ နေကုန်၏။

၁၈၈။ အဘယ်မျှသော အခြင်းအရာတို့ဖြင့် ဣန္ဒြေငါးပါးတို့၏ ဖြစ်ကြောင်းသည် ဖြစ်ပါသနည်း။ အဘယ်မျှသော အခြင်းအရာတို့ဖြင့် ဣန္ဒြေငါးပါးတို့၏ ဖြစ်ကြောင်းကို အပြားအားဖြင့် သိပါသနည်း။ အဘယ်မျှသော အခြင်းအရာတို့ဖြင့် ဣန္ဒြေငါးပါးတို့၏ ချုပ်ခြင်းသည် ဖြစ်ပါသနည်း။ အဘယ်မျှသော အခြင်းအရာတို့ဖြင့် ဣန္ဒြေငါးပါးတို့၏ ချုပ်ခြင်းကို အပြားအားဖြင့် သိပါသနည်း။ အဘယ်မျှသော အခြင်းအရာတို့ဖြင့် ဣန္ဒြေငါးပါးတို့၏ သာယာခြင်းသည် ဖြစ်ပါသနည်း။ အဘယ်မျှသော အခြင်းအရာ တို့ဖြင့် ဣန္ဒြေငါးပါးတို့၏ သာယာခြင်းကို အပြားအားဖြင့် သိပါသနည်း။ အဘယ်မျှသော အခြင်းအရာ တို့ဖြင့် ဣန္ဒြေငါးပါးတို့၏ အပြစ်သည် ဖြစ်ပါသနည်း။ အဘယ်မျှသော အခြင်းအရာတို့ဖြင့် ဣန္ဒြေငါးပါး တို့၏ အပြစ်ကို အပြားအားဖြင့် သိပါသနည်း။ အဘယ်မျှသော အခြင်းအရာတို့ဖြင့် ဣန္ဒြေငါးပါးတို့၏ ထွက်မြောက်ရာသည် ဖြစ်ပါသနည်း။ အဘယ်မျှသော အခြင်းအရာတို့ဖြင့် ဣန္ဒြေငါးပါးတို့၏ ထွက်မြောက် ရာကို အပြားအားဖြင့် သိပါသနည်း။

--

လေးဆယ်သော အခြင်းအရာတို့ဖြင့် ဣဧန္ဒြငါးပါးတို့၏ ဖြစ်ကြောင်းသည် ဖြစ်၏။ လေးဆယ်သော အခြင်းအရာတို့ဖြင့် ဣန္ဒြေငါးပါးတို့၏ ဖြစ်ကြောင်းကို အပြားအားဖြင့် သိ၏။ လေးဆယ်သော အခြင်း အရာတို့ဖြင့် ဣန္ဒြေငါးပါးတို့၏ ချုပ်ခြင်းသည် ဖြစ်၏။ လေးဆယ်သော အခြင်းအရာတို့ဖြင့် ဣန္ဒြေငါးပါး တို့၏ ချုပ်ခြင်းကို အပြားအားဖြင့် သိ၏။

နှစ်ဆယ့်ငါးပါးသော အခြင်းအရာတို့ဖြင့် ဣဧန္ဒြငါးပါးတို့၏ သာယာခြင်းသည် ဖြစ်၏။ နှစ်ဆယ့် ငါးပါးသော အခြင်းအရာတို့ဖြင့် ဣန္ဒြေငါးပါးတို့၏ သာယာခြင်းကို အပြားအားဖြင့် သိ၏။

နှစ်ဆယ့်ငါးပါးသော အခြင်းအရာတို့ဖြင့် ဣန္ဒြေငါးပါးတို့၏ အပြစ်သည် ဖြစ်၏။ နှစ်ဆယ့်ငါးပါး သော အခြင်းအရာတို့ဖြင့် ဣန္ဒြေငါးပါးတို့၏ အပြစ်ကို အပြားအားဖြင့် သိ၏။

တစ်ရာ့ရှစ်ဆယ်သော အခြင်းအရာတို့ဖြင့် ဣန္ဒြေငါးပါးတို့၏ ထွက်မြောက်ရာသည် ဖြစ်၏။ တစ်ရာ့ ရှစ်ဆယ်သော အခြင်းအရာတို့ဖြင့် ဣန္ဒြေငါးပါးတို့၏ ထွက်မြောက်ရာကို အပြားအားဖြင့် သိ၏။

အဘယ်လေးဆယ်သော အခြင်းအရာတို့ဖြင့် ဣန္ဒြေငါးပါးတို့၏ ဖြစ်ကြောင်းသည် ဖြစ်ပါသနည်း။ အဘယ်လေးဆယ်သော အခြင်းအရာတို့ဖြင့် ဣန္ဒြေငါးပါးတို့၏ ဖြစ်ကြောင်းကို အပြားအားဖြင့် သိပါ သနည်း။

ဆုံးဖြတ်ခြင်း ‘အဓိမောက္ခ'အကျိုးငှါ မနောဒွါရာဝဇ္ဇန်းစိတ်၏ ဖြစ်ခြင်းသည် သဒ္ဓိန္ဒြေ၏ ဖြစ်ကြောင်းတည်း။ ဆန္ဒနှင့်ယှဉ်သော အဓိမောက္ခ၏ အစွမ်းဖြင့် ဓမ္မစ္ဆန္ဒ၏ ဖြစ်ခြင်းသည် သဒ္ဓိန္ဒြေ၏ ဖြစ်ကြောင်းတည်း။ ဆန္ဒနှင့်ယှဉ်သော အဓိမောက္ခ၏ အစွမ်းဖြင့်နှလုံးသွင်းခြင်း ‘မနသိကာရ'၏ ဖြစ်ခြင်းသည် သဒ္ဓိန္ဒြေ၏ ဖြစ်ကြောင်းတည်း။ သဒ္ဓိန္ဒြေ၏ အစွမ်းအားဖြင့် တစ်ခုတည်းသော အာရုံ၌ မတုန်လှုပ်သည့် အဖြစ်ဖြင့် ထင်ခြင်းသည် သဒ္ဓိန္ဒြေ၏ ဖြစ်ကြောင်းတည်း။

ချီးမြှောက်ခြင်းအကျိုးငှါ မနောဒွါရာဝဇ္ဇန်းစိတ်၏ ဖြစ်ခြင်းသည် ဝီရိယိန္ဒြေ၏ ဖြစ်ကြောင်းတည်း။ ချီးမြှောက်သည့် အစွမ်းဖြင့် ဓမ္မစ္ဆန္ဒ၏ ဖြစ်ခြင်းသည် ဝီရိယိန္ဒြေ၏ ဖြစ်ကြောင်းတည်း။ ချီးမြှောက်သည့် အစွမ်းဖြင့်နှလုံးသွင်းခြင်း ‘မနသိကာရ'၏ ဖြစ်ခြင်းသည် ဝီရိယိန္ဒြေ၏ ဖြစ်ကြောင်းတည်း။ ဝီရိယိန္ဒြေ၏ အစွမ်းအားဖြင့် တစ်ခုတည်းသော အာရုံ၌ မတုန်လှုပ်သည့်အဖြစ်ဖြင့် ထင်ခြင်းသည် ဝီရိယိန္ဒြေ၏ ဖြစ် ကြောင်းတည်း။

ထင်ခြင်းအကျိုးငှါ မနောဒွါရာဝဇ္ဇန်းစိတ်၏ ဖြစ်ခြင်းသည် သတိန္ဒြေ၏ ဖြစ်ကြောင်းတည်း။ ထင် သည်၏ အစွမ်းဖြင့် ဓမ္မစ္ဆန္ဒ၏ ဖြစ်ခြင်းသည် သတိန္ဒြေ၏ ဖြစ်ကြောင်းတည်း။ ထင်သည်၏ အစွမ်းအားဖြင့်နှလုံးသွင်းခြင်း ‘မနသိကာရ'၏ ဖြစ်ခြင်းသည် သတိန္ဒြေ၏ ဖြစ်ကြောင်းတည်း။ သတိန္ဒြေ၏ အစွမ်း အားဖြင့် တစ်ခုတည်းသော အာရုံ၌ မတုန်လှုပ်သည်၏အဖြစ်ဖြင့် ထင်ခြင်းသည် သတိန္ဒြေ၏ ဖြစ်ကြောင်းတည်း။

မပျံ့လွင့်ခြင်းအကျိုးငှါ မနောဒွါရာဝဇ္ဇန်းစိတ်၏ ဖြစ်ခြင်းသည် သမာဓိန္ဒြေ၏ ဖြစ်ကြောင်းတည်း။ မပျံ့လွင့်ခြင်း၏ အစွမ်းအားဖြင့် ဓမ္မစ္ဆန္ဒ၏ ဖြစ်ခြင်းသည် သမာဓိန္ဒြေ၏ ဖြစ်ကြောင်းတည်း။ မပျံ့လွင့်ခြင်း၏ အစွမ်းအားဖြင့်နှလုံးသွင်းခြင်း ‘မနသိကာရ'၏ ဖြစ်ခြင်းသည် သမာဓိန္ဒြေ၏ ဖြစ်ကြောင်းတည်း။ သမာဓိန္ဒြေ၏ အစွမ်းအားဖြင့် တစ်ခုတည်းသောအာရုံ၌ မတုန်လှုပ်သည့်အဖြစ်ဖြင့်ထင်ခြင်းသည် သမာဓိန္ဒြေ၏ ဖြစ်ကြောင်းတည်း။

မြင်ခြင်းအကျိုးငှါ မနောဒွါရာဝဇ္ဇန်းစိတ်၏ ဖြစ်ခြင်းသည် ပညိန္ဒြေ၏ ဖြစ်ကြောင်းတည်း။ မြင်သည့် အစွမ်းအားဖြင့် ဓမ္မစ္ဆန္ဒ၏ ဖြစ်ခြင်းသည် ပညိန္ဒြေ၏ ဖြစ်ကြောင်းတည်း။ မြင်သည့်အစွမ်းအားဖြင့်နှလုံး သွင်းခြင်း ‘မနသိကာရ'၏ ဖြစ်ခြင်းသည် ပညိန္ဒြေ၏ ဖြစ်ကြောင်းတည်း။ ပညိန္ဒြေ၏ အစွမ်းအားဖြင့် တစ်ခုတည်းသော အာရုံ၌ မတုန်လှုပ်သည့်အဖြစ်ဖြင့် ထင်ခြင်းသည် ပညိန္ဒြေ၏ ဖြစ်ကြောင်းတည်း။

--

ဆုံးဖြတ်ခြင်း ‘အဓိမောက္ခ'အကျိုးငှါ အာဝဇ္ဇန်းစိတ်၏ ဖြစ်ခြင်းသည် သဒ္ဓိန္ဒြေ၏ ဖြစ်ကြောင်းတည်း။ ချီးမြောက်ခြင်းအကျိုးငှါ အာဝဇ္ဇန်းစိတ်၏ ဖြစ်ခြင်းသည် ဝီရိယိန္ဒြေ၏ ဖြစ်ကြောင်းတည်း။ ထင်ခြင်း အကျိုးငှါ အာဝဇ္ဇန်းစိတ်၏ ဖြစ်ခြင်းသည် သတိန္ဒြေ၏ ဖြစ်ကြောင်းတည်း။ မပျံ့လွင့်ခြင်းအကျိုးငှါ အာဝဇ္ဇန်းစိတ်၏ ဖြစ်ခြင်းသည် သမာဓိန္ဒြေ၏ ဖြစ်ကြောင်းတည်း။ မြင်ခြင်းအကျိုးငှါ အာဝဇ္ဇန်းစိတ်၏ ဖြစ်ခြင်းသည် ပညိန္ဒြေ၏ ဖြစ်ကြောင်းတည်း။ ဆုံးဖြတ်ခြင်း ‘အဓိမောက္ခ'၏ အစွမ်းအားဖြင့် ဓမ္မစ္ဆန္ဒ၏ ဖြစ်ခြင်းသည် သဒ္ဓိန္ဒြေ၏ ဖြစ်ကြောင်းတည်း။ ချီးမြှောက်ခြင်း၏ အစွမ်းအားဖြင့် ဓမ္မစ္ဆန္ဒ၏ ဖြစ်ခြင်းသည် ဝီရိယိန္ဒြေ၏ ဖြစ်ကြောင်းတည်း။ ထင်သည့်အစွမ်းအားဖြင့် ဓမ္မစ္ဆန္ဒ၏ ဖြစ်ခြင်းသည် သတိန္ဒြေ၏ ဖြစ်ကြောင်းတည်း။ မပျံ့လွင့်ခြင်း၏ အစွမ်းအားဖြင့် ဓမ္မစ္ဆန္ဒ၏ ဖြစ်ခြင်းသည် သမာဓိန္ဒြေ၏ ဖြစ်ကြောင်းတည်း။ မြင်ခြင်း၏ အစွမ်းအားဖြင့် ဓမ္မစ္ဆန္ဒ၏ ဖြစ်ခြင်းသည် ပညိန္ဒြေ၏ ဖြစ်ကြောင်းတည်း။ ဆုံးဖြတ်ခြင်း ‘အဓိမောက္ခ'၏ အစွမ်းအားဖြင့်နှလုံးသွင်းခြင်း ‘မနသိကာရ'၏ ဖြစ်ခြင်းသည် သဒ္ဓိန္ဒြေ၏ ဖြစ်ကြောင်းတည်း။ ချီးမြှောက်ခြင်း၏ အစွမ်းအားဖြင့်နှလုံးသွင်းခြင်း ‘မနသိကာရ'၏ ဖြစ်ခြင်းသည် ဝီရိယိန္ဒြေ၏ ဖြစ်ကြောင်းတည်း။ ထင်ခြင်း၏ အစွမ်းအားဖြင့်နှလုံးသွင်းခြင်း ‘မနသိကာရ'၏ ဖြစ်ခြင်းသည် သတိန္ဒြေ၏ ဖြစ်ကြောင်းတည်း။ မပျံ့လွင့်ခြင်း၏ အစွမ်းအားဖြင့်နှလုံးသွင်းခြင်း ‘မနသိကာရ'၏ ဖြစ်ခြင်းသည် သမာဓိန္ဒြေ၏ ဖြစ်ကြောင်းတည်း။ မြင်ခြင်း၏ အစွမ်းအားဖြင့်နှလုံးသွင်းခြင်း ‘မနသိကာရ'၏ ဖြစ်ခြင်း သည် ပညိန္ဒြေ၏ ဖြစ်ကြောင်းတည်း။

သမာဓိန္ဒြေ၏ အစွမ်းအားဖြင့် တစ်ခုတည်းသောအာရုံ၌ မတုန်လှုပ်သည့်အဖြစ်ဖြင့် ထင်ခြင်းသည် သဒ္ဓိန္ဒြေ၏ ဖြစ်ကြောင်းတည်း။ ဝီရိယိန္ဒြေ၏ အစွမ်းအားဖြင့် တစ်ခုတည်းသော အာရုံ၌ မတုန်လှုပ်သည့် အဖြစ်ဖြင့် ထင်ခြင်းသည် ဝီရိယိန္ဒြေ၏ ဖြစ်ကြောင်းတည်း။ သတိန္ဒြေ၏ အစွမ်းအားဖြင့် တစ်ခုတည်းသော အာရုံ၌ မတုန်လှုပ်သည့် အဖြစ်ဖြင့် ထင်ခြင်းသည် သတိန္ဒြေ၏ ဖြစ်ကြောင်းတည်း။ သမာဓိန္ဒြေ၏ အစွမ်းအားဖြင့် တစ်ခုတည်းသောအာရုံ၌ မတုန်လှုပ်သည်၏ အဖြစ်ဖြင့် ထင်ခြင်းသည် သမာဓိန္ဒြေ၏ ဖြစ်ကြောင်းတည်း။ ပညိန္ဒြေ၏ အစွမ်းအားဖြင့် တစ်ခုတည်းသော အာရုံ၌ မတုန်လှုပ်သည့် အဖြစ်ဖြင့် ထင်ခြင်းသည် ပညိန္ဒြေ၏ ဖြစ်ကြောင်းတည်း။

ဤလေးဆယ်သော အခြင်းအရာတို့ဖြင့် ဣန္ဒြေငါးပါးတို့၏ ဖြစ်ကြောင်းသည် ဖြစ်၏။ ဤလေးဆယ် သော အခြင်းအရာတို့ဖြင့် ဣန္ဒြေငါးပါးတို့၏ ဖြစ်ကြောင်းကို အပြားအားဖြင့် သိ၏။

အဘယ်လေးဆယ်သော အခြင်းအရာတို့ဖြင့် ဣန္ဒြေငါးပါးတို့၏ ချုပ်ခြင်း ဖြစ်သနည်း။ အဘယ် လေးဆယ်သော အခြင်းအရာတို့ဖြင့် ဣန္ဒြေငါးပါးတို့၏ ချုပ်ခြင်းကို အပြားအားဖြင့် သိသနည်း။

ဆုံးဖြတ်ခြင်း ‘အဓိမောက္ခ'အကျိုးငှါ အာဝဇ္ဇန်းစိတ်၏ ချုပ်ခြင်းသည် သဒ္ဓိန္ဒြေ၏ ချုပ်ခြင်းတည်း။ ဆုံးဖြတ်ခြင်း ‘အဓိမောက္ခ'၏ အစွမ်းအားဖြင့် ဓမ္မစ္ဆန္ဒ၏ ချုပ်ခြင်းသည် သဒ္ဓိန္ဒြေ၏ ချုပ်ခြင်းတည်း။ ဆုံးဖြတ်ခြင်း ‘အဓိမောက္ခ'၏ အစွမ်အားဖြင့်နှလုံးသွင်းခြင်း ‘မနသိကာရ'၏ ချုပ်ခြင်းသည် သဒ္ဓိန္ဒြေ၏ ချုပ်ခြင်းတည်း။ သဒ္ဓိန္ဒြေ၏ အစွမ်းအားဖြင့် တစ်ခုတည်းသောအာရုံ၌ မတုန်လှုပ်သည့်အဖြစ်ဖြင့် မထင်ခြင်း သည် သဒ္ဓိန္ဒြေ၏ ချုပ်ခြင်းတည်း။

ချီးမြှောက်ခြင်းအကျိုးငှါ အာဝဇ္ဇန်းစိတ်၏ ချုပ်ခြင်းသည် ဝီရိယိန္ဒြေ၏ ချုပ်ခြင်းတည်း။ ချီးမြှောက်ခြင်း၏ အစွမ်းအားဖြင့် ဓမ္မစ္ဆန္ဒ၏ ချုပ်ခြင်းသည် ဝီရိယိန္ဒြေ၏ ချုပ်ခြင်းတည်း။ ချီးမြှောက်ခြင်း၏ အစွမ်း့အားဖြင့်နှလုံးသွင်းခြင်း ‘မနသိကာရ'၏ ချုပ်ခြင်းသည် ဝီရိယိန္ဒြေ၏ ချုပ်ခြင်းတည်း။ ဝီရိယိန္ဒြေ၏ အစွမ်းအားဖြင့် တစ်ခုတည်းသော အာရုံ၌ မတုန်လှုပ်သည်၏ အဖြစ်ဖြင့် မထင်ခြင်းသည် ဝီရိယိန္ဒြေ၏ ချုပ်ခြင်းတည်း။

ထင်ခြင်းအကျိုးငှါ အာဝဇ္ဇန်းစိတ်၏ ချုပ်ခြင်းသည် သတိန္ဒြေ၏ ချုပ်ခြင်းတည်း။ ထင်ခြင်း၏ အစွမ်းအားဖြင့် ဓမ္မစ္ဆန္ဒ၏ ချုပ်ခြင်းသည် သတိန္ဒြေ၏ ချုပ်ခြင်းတည်း။ ထင်ခြင်း၏ အစွမ်းအားဖြင့်နှလုံးသွင်းခြင်း ‘မနသိကာရ'၏ ချုပ်ခြင်းသည် သတိန္ဒြေ၏ ချုပ်ခြင်းတည်း။ သတိန္ဒြေ၏ အစွမ်းအားဖြင့် တစ်ခုတည်းသော အာရုံ၌ မတုန်လှုပ်သည်၏ အဖြစ်ဖြင့် မထင်ခြင်းသည် သတိန္ဒြေ၏ ချုပ်ခြင်းတည်း။

--

မပျံ့လွင့်ခြင်းအကျိုးငှါ အာဝဇ္ဇန်းစိတ်၏ ချုပ်ခြင်းသည် သမာဓိန္ဒြေ၏ ချုပ်ခြင်းတည်း။ မပျံ့လွင့်ခြင်း၏ အစွမ်းအားဖြင့် ဓမ္မစ္ဆန္ဒ၏ ချုပ်ခြင်းသည် သမာဓိန္ဒြေ၏ ချုပ်ခြင်းတည်း။ မပျံ့လွင့်ခြင်း၏ အစွမ်း အားဖြင့်နှလုံးသွင်းခြင်း ‘မနသိကာရ'၏ ချုပ်ခြင်းသည် သမာဓိန္ဒြေ၏ ချုပ်ခြင်းတည်း။ သမာဓိန္ဒြေ၏ အစွမ်းအားဖြင့် တစ်ခုတည်းသော အာရုံ၌ မတုန်လှုပ်သည်၏ အဖြစ်ဖြင့် မထင်ခြင်းသည် သမာဓိန္ဒြေ၏ ချုပ်ခြင်းတည်း။

မြင်ခြင်းအကျိုးငှါ အာဝဇ္ဇန်းစိတ်၏ ချုပ်ခြင်းသည် ပညိန္ဒြေ၏ ချုပ်ခြင်းတည်း။ မြင်ခြင်း၏ အစွမ်း အားဖြင့် ဓမ္မစ္ဆန္ဒ၏ ချုပ်ခြင်းသည် ပညိန္ဒြေ၏ ချုပ်ခြင်းတည်း။ မြင်ခြင်း၏ အစွမ်းအားဖြင့်နှလုံးသွင်းခြင်း ‘မနသိကာရ'၏ ချုပ်ခြင်းသည် ပညိန္ဒြေ၏ ချုပ်ခြင်းတည်း။ ပညိန္ဒြေ၏ အစွမ်းအားဖြင့် တစ်ခုတည်းသော အာရုံ၌ မတုန်လှုပ်သည်၏အဖြစ်ဖြင့် မထင်ခြင်းသည် ပညိန္ဒြေ၏ ချုပ်ခြင်းတည်း။

ဆုံးဖြတ်ခြင်း ‘အဓိမောက္ခ’ အကျိုးငှါ အာဝဇ္ဇန်းစိတ်၏ ချုပ်ခြင်းသည် သဒ္ဓိန္ဒြေ၏ ချုပ်ခြင်းတည်း။ ချီးမြှောက်ခြင်းအကျိုးငှါ အာဝဇ္ဇန်းစိတ်၏ ချုပ်ခြင်းသည် ဝီရိယိန္ဒြေ၏ ချုပ်ခြင်းတည်း။ ထင်ခြင်းအကျိုးငှါ အာဝဇ္ဇန်း စိတ်၏ ချုပ်ခြင်းသည် သတိန္ဒြေ၏ ချုပ်ခြင်းတည်း။ မပျံ့လွင့်ခြင်းအကျိုးငှါ အာဝဇ္ဇန်းစိတ်၏ ချုပ်ခြင်းသည် သမာဓိန္ဒြေ၏ ချုပ်ခြင်တည်း။ မြင်ခြင်းအကျိုးငှါ အာဝဇ္ဇန်းစိတ်၏ ချုပ်ခြင်းသည် ပညိန္ဒြေ၏ ချုပ်ခြင်းတည်း။

ဆုံးဖြတ်ခြင်း ‘အဓိမောက္ခ'၏ အစွမ်းအားဖြင့် ဓမ္မစ္ဆန္ဒ၏ ချုပ်ခြင်းသည် သဒ္ဓိန္ဒြေ၏ ချုပ်ခြင်းတည်း။ ချီးမြှောက်ခြင်း၏ အစွမ်းအားဖြင့် ဓမ္မစ္ဆန္ဒ၏ ချုပ်ခြင်းသည် ဝီရိယိန္ဒြေ၏ ချုပ်ခြင်းတည်း။ ထင်ခြင်း၏ အစွမ်းအားဖြင့် ဓမ္မစ္ဆန္ဒ၏ ချုပ်ခြင်းသည် သတိန္ဒြေ၏ ချုပ်ခြင်းတည်း။ မပျံ့လွင့်ခြင်း၏ အစွမ်းအားဖြင့် ဓမ္မစ္ဆန္ဒ၏ ချုပ်ခြင်းသည် သမာဓိန္ဒြေ၏ ချုပ်ခြင်းတည်း။ မြင်ခြင်း၏ အစွမ်းအားဖြင့် ဓမ္မစ္ဆန္ဒ၏ ချုပ်ခြင်း သည် ပညိန္ဒြေ၏ ချုပ်ခြင်းတည်း။

ဆုံးဖြတ်ခြင်း ‘အဓိမောက္ခ'၏ အစွမ်းအားဖြင့်နှလုံးသွင်းခြင်း ‘မနသိကာရ'၏ ချုပ်ခြင်းသည် သဒ္ဓိန္ဒြေ၏ ချုပ်ခြင်းတည်း။ ချီးမြှောက်ခြင်း၏ အစွမ်းအားဖြင့်နှလုံးသွင်းခြင်း ‘မနသိကာရ'၏ ချုပ်ခြင်း သည် ဝီရိယိန္ဒြေ၏ ချုပ်ခြင်းတည်း။ ထင်ခြင်း၏ အစွမ်းအားဖြင့်နှလုံးသွင်းခြင်း ‘မနသိကာရ'၏ ချုပ်ခြင်း သည် သတိန္ဒြေ၏ ချုပ်ခြင်းတည်း။ မပျံ့လွင့်ခြင်း၏ အစွမ်းအားဖြင့်နှလုံးသွင်းခြင်း ‘မနသိကာရ'၏ ချုပ်ခြင်းသည် သမာဓိန္ဒြေ၏ ချုပ်ခြင်းတည်း။ မြင်ခြင်း၏ အစွမ်းအားဖြင့်နှလုံးသွင်းခြင်း ‘မနသိကာရ'၏ ချုပ်ခြင်းသည် ပညိန္ဒြေ၏ ချုပ်ခြင်းတည်း။

သဒ္ဓိန္ဒြေ၏ အစွမ်းအားဖြင့် တစ်ခုတည်းသောအာရုံ၌ မတုန်လှုပ်သည့်အဖြစ်ဖြင့် မထင်ခြင်းသည် သဒ္ဓိန္ဒြေ၏ ချုပ်ခြင်းတည်း။ ဝီရိယိန္ဒြေ၏ အစွမ်းအားဖြင့် တစ်ခုတည်းသောအာရုံ၌ မတုန်လှုပ်သည့် အဖြစ် ဖြင့် မထင်ခြင်းသည် ဝီရိယိန္ဒြေ၏ ချုပ်ခြင်းတည်း။ သတိန္ဒြေ၏ အစွမ်းအားဖြင့် တစ်ခုတည်းသောအာရုံ၌ မတုန်လှုပ်သည့်အဖြစ်ဖြင့် မထင်ခြင်းသည် သတိန္ဒြေ၏ ချုပ်ခြင်းတည်း။ သမာဓိန္ဒြေ၏ အစွမ်းအားဖြင့် တစ်ခုတည်းသောအာရုံ၌ မတုန်လှုပ်သည့်အဖြစ်ဖြင့် မထင်ခြင်းသည် သမာဓိန္ဒြေ၏ ချုပ်ခြင်းတည်း။ ပညိန္ဒြေ၏ အစွမ်းအားဖြင့် တစ်ခုတည်းသော အာရုံ၌့မတုန်လှုပ်သည့်အဖြစ်ဖြင့် မထင်ခြင်းသည် ပညိန္ဒြေ၏ ချုပ်ခြင်းတည်း။

ဤအခြင်းအရာ လေးဆယ်တို့ဖြင့် ဣန္ဒြေငါးပါးတို့၏ ချုပ်ခြင်းသည် ဖြစ်၏။ ဤအခြင်းအရာ လေးဆယ်တို့ဖြင့် ဣန္ဒြေငါးပါးတို့၏ ချုပ်ခြင်းကို အပြားအားဖြင့် သိ၏။

၁။ အောက်ဖိုလ်သုံးပါးတည်းဟူသော။

၂။ အရဟတ္တဖိုလ်တည်းဟူသော။

--

က-အဿာဒ အကျယ်ပြခြင်း

၁၈၉။ အဘယ်နှစ်ဆယ့်ငါးပါးသော အခြင်းအရာတို့ဖြင့် ဣန္ဒြေငါးပါးတို့၏ သာယာခြင်း ဖြစ် သနည်း။ အဘယ်နှစ်ဆယ့်ငါးပါးသော အခြင်းအရာတို့ဖြင့် ဣန္ဒြေငါးပါးတို့၏ သာယာခြင်းကို အပြား အားဖြင့် သိသနည်း။

မယုံကြည်ခြင်း၏ မထင်ခြင်းသည် သဒ္ဓိန္ဒြေ၏ သာယာခြင်းတည်း။ မယုံကြည်ခြင်းဟူသော ပူပန်ခြင်း၏ မထင်ခြင်းသည် သဒ္ဓိန္ဒြေ၏ သာယာခြင်းတည်း။ အဓိမောက္ခဖြစ်ခြင်းငှါ ရဲရင့်သောအဖြစ်သည် သဒ္ဓိန္ဒြေ၏ သာယာခြင်းတည်း။ ငြိမ်သက်သော သမထ၊ ဝိပဿနာကို ရခြင်းသည် သဒ္ဓိန္ဒြေ၏ သာယာခြင်းတည်း။ သဒ္ဓိန္ဒြေကိုစွဲ၍ အကြင်ချမ်းသာခြင်း၊ ဝမ်းမြောက်ခြင်းသည် ဖြစ်၏။ ဤချမ်းသာခြင်း၊ ဝမ်း မြောက်ခြင်းသည် သဒ္ဓိန္ဒြေ၏ သာယာခြင်းတည်း။

ပျင်းရိခြင်း၏ မထင်ခြင်းသည် ဝီရိယိန္ဒြေ၏ သာယာခြင်းတည်း။ ပျင်းရိမှုဟူသော ပူပန်ခြင်း၏ မထင်ခြင်းသည် ဝီရိယိန္ဒြေ၏ သာယာခြင်းတည်း။ ချီးမြှောက်ခြင်းငှါ ရဲရင့်သောအဖြစ်သည် ဝီရိယိန္ဒြေ၏ သာယာခြင်းတည်း။ ငြိမ်သက်သော သမထ၊ ဝိပဿနာကို ရခြင်းသည် ဝီရိယိန္ဒြေ၏ သာယာခြင်းတည်း။ ဝီရိယိန္ဒြေကို စွဲ၍ အကြင်ချမ်းသာခြင်း၊ ဝမ်းမြောက်ခြင်းသည် ဖြစ်၏။ ဤချမ်းသာခြင်း၊ ဝမ်းမြောက်ခြင်း သည် ဝီရိယိန္ဒြေ၏ သာယာခြင်းတည်း။

မေ့လျော့ခြင်း၏ မထင်ခြင်းသည် သတိန္ဒြေ၏ သာယာခြင်းတည်း။ မေ့လျော့မှုဟူသော ပူပန်ခြင်း၏ မထင်ခြင်းသည် သတိန္ဒြေ၏ သာယာခြင်းတည်း။ ထင်မှုဖြစ်ခြင်းငှါ ရဲရင့်သောအဖြစ်သည် သတိန္ဒြေ၏ သာယာခြင်းတည်း။ ငြိမ်သက်သော သမထ၊ ဝိပဿနာကို ရခြင်းသည် သတိန္ဒြေ၏ သာယာခြင်းတည်း။ သတိန္ဒြေကို စွဲ၍ အကြင်ချမ်းသာခြင်း၊ ဝမ်းမြောက်ခြင်းသည် ဖြစ်၏။ ဤချမ်းသာခြင်း၊ ဝမ်းမြောက်ခြင်း သည် သတိန္ဒြေ၏ သာယာခြင်းတည်း။

ပျံ့လွင့်မှု၏ မထင်ခြင်းသည် သမာဓိန္ဒြေ၏ သာယာခြင်းတည်း။ ပျံ့လွင့်မှုဟူသော ပူပန်ခြင်း၏ မထင်ခြင်းသည် သမာဓိန္ဒြေ၏ သာယာခြင်းတည်း။ မပျံ့လွင့်မှုဖြစ်ခြင်းငှါ ရဲရင့်သောအဖြစ်သည် သမာဓိန္ဒြေ၏ သာယာခြင်းတည်း။ ငြိမ်သက်သော သမထ၊ ဝိပဿနာကို ရခြင်းသည် သမာဓိန္ဒြေ၏ သာယာခြင်းတည်း။ သမာဓိန္ဒြေကို စွဲ၍ အကြင်ချမ်းသာခြင်း၊ ဝမ်းမြောက်ခြင်းသည် ဖြစ်၏။ ဤချမ်းသာခြင်း၊ ဝမ်းမြောက်ခြင်းသည် သမာဓိန္ဒြေ၏ သာယာခြင်းတည်း။

အဝိဇ္ဇာ၏ မထင်ခြင်းသည် ပညိန္ဒြေ၏ သာယာခြင်းတည်း။ အဝိဇ္ဇာဟူသော ပူပန်ခြင်း၏ မထင်ခြင်း သည် ပညိန္ဒြေ၏ သာယာခြင်းတည်း။ မြင်မှုဖြစ်ခြင်းငှါ ရဲရင့်သော အဖြစ်သည် ပညိန္ဒြေ၏ သာယာခြင်းတည်း။ ငြိမ်သက်သော သမထ၊ ဝိပဿနာကို ရခြင်းသည် ပညိန္ဒြေ၏ သာယာခြင်းတည်း။ ပညိန္ဒြေကို စွဲ၍ အကြင်ချမ်းသာခြင်း၊ ဝမ်းမြောက်ခြင်းသည် ဖြစ်၏။ ဤချမ်းသာခြင်း၊ ဝမ်းမြောက်ခြင်းသည် ပညိန္ဒြေ၏ သာယာခြင်းတည်း။

ဤနှစ်ဆယ့်ငါးပါးသော အခြင်းအရာတို့ဖြင့် ဣန္ဒြေငါးပါးတို့၏ သာယာခြင်းသည် ဖြစ်၏။ ဤ့နှစ်ဆယ့်ငါးပါးသော အခြင်းအရာတို့ဖြင့် ဣန္ဒြေငါးပါးတို့၏ သာယာခြင်းကို အပြားအားဖြင့် သိ၏။

--

ခ-အာဒီနဝ အကျယ်ပြခြင်း

၁၉၀။ အဘယ်နှစ်ဆယ့်ငါးပါးသော အခြင်းအရာတို့ဖြင့် ဣန္ဒြေငါးပါးတို့၏ အပြစ်ဖြစ်သနည်း။ အဘယ်နှစ်ဆယ့်ငါးပါးသော အခြင်းအရာတို့ဖြင့် ဣန္ဒြေငါးပါးတို့၏ အပြစ်ကို အပြားအားဖြင့်သိသနည်း။

မယုံကြည်ခြင်း၏ ထင်ခြင်းသည် သဒ္ဓိန္ဒြေ၏ အပြစ်ဖြစ်၏။ မယုံကြည်ခြင်းဟူသော ပူပန်ခြင်း၏ ထင်ခြင်းသည် သဒ္ဓိန္ဒြေ၏ အပြစ်ဖြစ်၏။ မမြဲသော သဘောအားဖြင့် သဒ္ဓိန္ဒြေ၏ အပြစ်ဖြစ်၏။ ဆင်းရဲ သော သဘောအားဖြင့် သဒ္ဓိန္ဒြေ၏ အပြစ်ဖြစ်၏။ အနှစ်မရှိ အလိုသို့ မလိုက်သော သဘောအားဖြင့် သဒ္ဓိန္ဒြေ၏ အပြစ်ဖြစ်၏။

ပျင်းရိခြင်း၏ ထင်ခြင်းသည် ဝီရိယိန္ဒြေ၏ အပြစ်ဖြစ်၏။ ပျင်းရိခြင်းဟူသော ပူပန်ခြင်း၏ ထင်ခြင်း သည် ဝီရိယိန္ဒြေ၏ အပြစ်ဖြစ်၏။ မမြဲသောသဘောအားဖြင့် ဝီရိယိန္ဒြေ၏ အပြစ်ဖြစ်၏။ ဆင်းရဲသော သဘောအားဖြင့်။ပ။ အနှစ်မရှိ အလိုသို့ မလိုက်သော သဘောအားဖြင့် ဝီရိယိန္ဒြေ၏ အပြစ်ဖြစ်၏။

မေ့လျော့ခြင်း၏ ထင်ခြင်းသည် သတိန္ဒြေ၏ အပြစ်ဖြစ်၏။ မေ့လျော့ခြင်းဟူသော ပူပန်ခြင်း၏ ထင်ခြင်းသည် သတိန္ဒြေ၏ အပြစ်ဖြစ်၏။ မမြဲသောသဘောအားဖြင့် သတိန္ဒြေ၏ အပြစ်ဖြစ်၏။ ဆင်းရဲ သော သဘောအားဖြင့်။ပ။ အနှစ်မရှိ အလိုသို့မလိုက်သော သဘောအားဖြင့် သတိန္ဒြေ၏ အပြစ်ဖြစ်၏။

ပျံ့လွင့်ခြင်း၏ ထင်ခြင်းသည် သမာဓိန္ဒြေ၏ အပြစ်ဖြစ်၏။ ပျံ့လွင့်ခြင်းဟူသော ပူပန်ခြင်း၏ ထင်ခြင်းသည် သမာဓိန္ဒြေ၏ အပြစ်ဖြစ်၏။ မမြဲသော သဘောအားဖြင့် သမာဓိန္ဒြေ၏ အပြစ်ဖြစ်၏။ ဆင်းရဲသော သဘောအားဖြင့်။ပ။ အနှစ်မရှိ အလိုသို့မလိုက်သော သဘောအားဖြင့် သမာဓိန္ဒြေ၏ အပြစ် ဖြစ်၏။

အဝိဇ္ဇာ၏ ထင်ခြင်းသည် ပညိန္ဒြေ၏ အပြစ်ဖြစ်၏။ အဝိဇ္ဇာဟူသောပူပန်ခြင်း၏ ထင်ခြင်းသည် ပညိန္ဒြေ၏ အပြစ်ဖြစ်၏။ မမြဲသော သဘောအားဖြင့် ပညိန္ဒြေ၏ အပြစ်ဖြစ်၏။ ဆင်းရဲသော သဘော အားဖြင့်။ပ။ အနှစ်မရှိ အလိုသို့မလိုက်သော သဘောအားဖြင့် ပညိန္ဒြေ၏ အပြစ်ဖြစ်၏။

ဤနှစ်ဆယ့်ငါးပါးသော အခြင်းအရာတို့ဖြင့် ဣန္ဒြေငါးပါးတို့၏ အပြစ်ဖြစ်၏။ ဤနှစ်ဆယ့်ငါးပါးသော အခြင်းအရာတို့ဖြင့် ဣန္ဒြေငါးပါးတို့၏ အပြစ်ကို အပြားအားဖြင့် သိ၏။

--

ဂ-နိဿရဏ အကျယ်ပြခြင်း

၁၉၁။ အဘယ်တစ်ရာ့ရှစ်ဆယ်သော အခြင်းအရာတို့ဖြင့် ဣန္ဒြေငါးပါးတို့၏ ထွက်မြောက်ရာသည် ဖြစ်သနည်း။ အဘယ်တစ်ရာ့ရှစ်ဆယ်သော အခြင်းအရာတို့ဖြင့် ဣန္ဒြေငါးပါးတို့၏ ထွက်မြောက်ရာကို အပြားအားဖြင့် သိသနည်း။

ဆုံးဖြတ်တတ်သော သဘောအားဖြင့် သဒ္ဓိန္ဒြေသည် မယုံကြည်ခြင်းမှ ထွက်မြောက်၏။ မယုံကြည်မှုဟူသော ပူပန်ခြင်းမှ ထွက်မြောက်၏။ ထိုမယုံကြည်မှုသို့ အစဉ်လိုက်ကုန်သော ကိလေသာတို့မှလည်း ကောင်း၊ ခန္ဓာတို့မှလည်းကောင်း ထွက်မြောက်၏။ အပ၌လည်း အလုံးစုံသော နိမိတ်တို့မှ ထွက်မြောက်၏။ ထို့ထက် အလွန်မြတ်သော သဒ္ဓိန္ဒြေကို ရသည်၏အစွမ်းအားဖြင့် ရှေးဖြစ်သော သဒ္ဓိန္ဒြေမှ ထွက် မြောက်၏။

ချီးမြှောက်တတ်သော သဘောအားဖြင့် ဝီရိယိန္ဒြေသည် ပျင်းရိခြင်းမှ ထွက်မြောက်၏။ ပျင်းရိခြင်းဟူ သော ပူပန်ခြင်းမှ ထွက်မြောက်၏။ ထိုပျင်းရိခြင်းသို့ အစဉ်လိုက်ကုန်သော ကိလေသာတို့မှလည်းကောင်း၊ ခန္ဓာတို့မှလည်းကောင်း ထွက်မြောက်၏။ အပ၌လည်း အလုံးစုံသော နိမိတ်တို့မှ ထွက်မြောက်၏။ ထို့ထက် အလွန်မြတ်သော ဝီရိယိန္ဒြေကို ရသည်၏အစွမ်းအားဖြင့်ရှေးဖြစ်သော ဝီရိယိန္ဒြေမှ ထွက် မြောက်၏။

ထင်သော သဘောအားဖြင့် သတိန္ဒြေသည် မေ့လျော့ခြင်းမှ ထွက်မြောက်၏။ မေ့လျော့မှုဟူသော ပူပန်ခြင်းမှ ထွက်မြောက်၏။ ထိုမေ့လျော့ခြင်းသို့ အစဉ်လိုက်ကုန်သော ကိလေသာတို့မှလည်းကောင်း၊ ခန္ဓာတို့မှလည်းကောင်း ထွက်မြောက်၏။ အပ၌လည်း အလုံးစုံသော နိမိတ်တို့မှ ထွက်မြောက်၏။ ထို့ ထက် အလွန်မြတ်သော သတိန္ဒြေကို ရသည်၏အစွမ်းအားဖြင့် ရှေး၌ဖြစ်သော သတိန္ဒြေမှ ထွက်မြောက်၏။

မပျံ့လွင့်ခြင်းသဘောအားဖြင့် သမာဓိန္ဒြေသည် ပျံ့လွင့်ခြင်းမှ ထွက်မြောက်၏။ ပျံ့လွင့်ခြင်းဟူသော ပူပန်ခြင်းမှ ထွက်မြောက်၏။ ထိုပျံ့လွင့်ခြင်းသို့ အစဉ်လိုက်ကုန်သော ကိလေသာတို့မှလည်းကောင်း၊ ခန္ဓာတို့မှလည်းကောင်း ထွက်မြောက်၏။ အပ၌လည်း အလုံးစုံသော နိမိတ်တို့မှ ထွက်မြောက်၏။ ထို့ ထက် အလွန်မြတ်သော သမာဓိန္ဒြေကို ရသည်၏အစွမ်းအားဖြင့် ရှေး၌ဖြစ်သော သမာဓိန္ဒြေမှ ထွက်မြောက်၏။

မြင်တတ်သော သဘောအားဖြင့် ပညိန္ဒြေသည် အဝိဇ္ဇာမှ ထွက်မြောက်၏။ အဝိဇ္ဇာဟူသော ပူပန်ခြင်းမှ ထွက်မြောက်၏။ ထိုအဝိဇ္ဇာသို့ အစဉ်လိုက်ကုန်သော ကိလေသာတို့မှလည်းကောင်း၊ ခန္ဓာတို့မှ လည်းကောင်း ထွက်မြောက်၏။ အပ၌လည်း အလုံးစုံသော နိမိတ်တို့မှ ထွက်မြောက်၏။ ထို့ထက် အလွန်မြတ်သော ပညိန္ဒြေကို ရသည်၏ အစွမ်းအားဖြင့် ရှေး၌ဖြစ်သော ပညိန္ဒြေမှ ထွက်မြောက်၏။

၁၉၂။ ရှေးအဖို့ (ပဌမဈာန်၏ အနီး) ၌ ဣန္ဒြေငါးပါးတို့မှ ပဌမဈာန်၏ အစွမ်းအားဖြင့် ဣန္ဒြေ ငါးပါးတို့သည် ထွက်မြောက်ကုန်၏။ ပဌမဈာန်၌ (ဖြစ်သော) ဣန္ဒြေငါးပါးတို့မှ ဒုတိယဈာန်၏ အစွမ်း အားဖြင့် ဣန္ဒြေငါးပါးတို့သည် ထွက်မြောက်ကုန်၏။ ဒုတိယဈာန်၌ (ဖြစ်သော) ဣန္ဒြေငါးပါးတို့မှ တတိယ ဈာန်၏ အစွမ်းအားဖြင့် ဣန္ဒြေငါးပါးတို့သည် ထွက်မြောက်ကုန်၏။ တတိယဈာန်၌ (ဖြစ်သော) ဣန္ဒြေ ငါးပါးတို့မှ စတုတ္ထဈာန်၏ အစွမ်းအားဖြင့် ဣန္ဒြေငါးပါးတို့သည် ထွက်မြောက်ကုန်၏။

--

စတုတ္ထဈာန်၌ (ဖြစ်သော) ဣန္ဒြေငါးပါးတို့မှ အာကာသာနဉ္စာယတနသမာပတ်၏ အစွမ်းအားဖြင့် ဣန္ဒြေငါးပါးတို့သည် ထွက်မြောက်ကုန်၏။ အာကာသာနဉ္စာယတနသမာပတ်၌ (ဖြစ်သော) ဣန္ဒြေငါးပါးတို့မှ ဝိညာဏဉ္စာယတန သမာပတ်၏ အစွမ်းအားဖြင့် ဣန္ဒြေငါးပါးတို့သည် ထွက်မြောက်ကုန်၏။ ဝိညာဏဉ္စာယတနသမာပတ်၌ (ဖြစ်သော) ဣန္ဒြေငါးပါးတို့မှ အာကိဉ္စညာယတနသမာပတ်၏ အစွမ်းအားဖြင့် ဣန္ဒြေငါးပါးတို့သည် ထွက်မြောက်ကုန်၏။

အာကိဉ္စညာယတနသမာပတ်၌ (ဖြစ်သော) ဣန္ဒြေငါးပါးတို့မှ နေဝသညာနာသညာ ယတနသမာပတ်၏ အစွမ်းအားဖြင့် ဣန္ဒြေငါးပါးတို့သည် ထွက်မြောက်ကုန်၏။ နေဝသညာနာသညာ ယတနသမာပတ်၌ (ဖြစ်သော) ဣန္ဒြေငါးပါးတို့မှ မမြဲဟု အဖန်ဖန်ရှုခြင်း၏ အစွမ်းအားဖြင့် ဣန္ဒြေငါးပါး တို့သည် ထွက်မြောက်ကုန်၏။ (၈)

မမြဲဟု အဖန်ဖန်ရှုခြင်း၌ (ဖြစ်သော) ဣန္ဒြေငါးပါးတို့မှ ဆင်းရဲဟု အဖန်ဖန်ရှုခြင်း၏ အစွမ်းအား ဖြင့် ဣန္ဒြေငါးပါးတို့သည် ထွက်မြောက်ကုန်၏။ ဆင်းရဲဟု အဖန်ဖန်ရှုခြင်း၌ (ဖြစ်သော) ဣန္ဒြေငါးပါးတို့မှ အနှစ်မရှိ အလိုသို့ မလိုက်ဟု အဖန်ဖန်ရှုခြင်း၏ အစွမ်းအားဖြင့် ဣန္ဒြေငါးပါးတို့သည် ထွက်မြောက် ကုန်၏။

အနှစ်မရှိ အလိုသို့မလိုက်ဟု အဖန်ဖန်ရှုခြင်း၌ (ဖြစ်သော) ဣန္ဒြေငါးပါးတို့မှ ငြီးငွေ့ဖွယ်ဟု အဖန် ဖန်ရှုခြင်း၏ အစွမ်းအားဖြင့် ဣန္ဒြေငါးပါးတို့သည် ထွက်မြောက်ကုန်၏။ ငြီးငွေ့ဖွယ်ဟု အဖန်ဖန်ရှုခြင်း၌ (ဖြစ်သော) ဣန္ဒြေငါးပါးတို့မှ တပ်ခြင်းကင်းရာ နိဗ္ဗာန်ကို အဖန်ဖန်ရှုခြင်း၏ အစွမ်းအားဖြင့် ဣန္ဒြေငါးပါး တို့သည် ထွက်မြောက်ကုန်၏။ တပ်ခြင်းကင်းရာ နိဗ္ဗာန်ကို အဖန်ဖန်ရှုခြင်း၌ (ဖြစ်သော) ဣန္ဒြေငါးပါးတို့မှ ချုပ်ခြင်းကို အဖန်ဖန်ရှုခြင်း၏ အစွမ်းအားဖြင့် ဣန္ဒြေငါးပါးတို့သည် ထွက်မြောက်ကုန်၏။ ချုပ်ခြင်း ကို အဖန်ဖန်ရှုရာ၌ (ဖြစ်သော) ဣန္ဒြေငါးပါးတို့မှ တစ်ဖန်စွန့်ခြင်းကို အဖန်ဖန်ရှုခြင်း၏ အစွမ်းအားဖြင့်ဣန္ဒြေငါးပါးတို့သည် ထွက်မြောက်ကုန်၏။ တစ်ဖန်စွန့်ခြင်းကို အဖန်ဖန်ရှုရာ၌ (ဖြစ်သော) ဣန္ဒြေငါးပါးတို့မှ ကုန်ဆုံးခြင်းကို အဖန်ဖန်ရှုခြင်း၏ အစွမ်းအားဖြင့် ဣန္ဒြေငါးပါးတို့သည် ထွက်မြောက်ကုန်၏။

ကုန်ဆုံးခြင်းကို အဖန်ဖန်ရှုရာ၌ (ဖြစ်သော) ဣန္ဒြေငါးပါးတို့မှ ပျက်ပြုန်းခြင်းကို အဖန်ဖန်ရှုခြင်း၏ အစွမ်း အားဖြင့် ဣန္ဒြေငါးပါးတို့သည် ထွက်မြောက်ကုန်၏။ ပျက်ပြုန်းခြင်းကို အဖန်ဖန်ရှုရာ၌ (ဖြစ်သော) ဣန္ဒြေငါးပါးတို့မှ ဖောက်ပြန်ခြင်းကို အဖန်ဖန်ရှုခြင်း၏ အစွမ်းအားဖြင့် ဣန္ဒြေငါးပါးတို့သည် ထွက်မြောက် ကုန်၏။ ဖောက်ပြန်ခြင်းကို အဖန်ဖန်ရှုရာ၌ (ဖြစ်သော) ဣန္ဒြေငါးပါးတို့မှ အနိမိတ္တကို အဖန် ဖန်ရှုခြင်း၏ အစွမ်းအားဖြင့် ဣန္ဒြေငါးပါးတို့သည် ထွက်မြောက်ကုန်၏။ အနိမိတ္တကို အဖန်ဖန်ရှုရာ၌ (ဖြစ်သော) ဣန္ဒြေငါးပါးတို့မှ မတောင့်တအပ်သည်ကို အဖန်ဖန်ရှုခြင်း၏ အစွမ်းအားဖြင့် ဣန္ဒြေငါးပါးတို့သည် ထွက် မြောက်ကုန်၏။ မတောင့်တအပ်သည်ကို အဖန်ဖန်ရှုရာ၌ (ဖြစ်သော) ဣန္ဒြေငါးပါးတို့မှ ဆိတ်သုဉ်းခြင်းကို အဖန်ဖန်ရှုခြင်း၏ အစွမ်းအားဖြင့် ဣန္ဒြေငါးပါးတို့သည် ထွက်မြောက်ကုန်၏။ ဆိတ်သုဉ်းခြင်းကို အဖန်ဖန် ရှုရာ၌ (ဖြစ်သော) ဣန္ဒြေငါးပါးတို့မှ လွန်ကဲသောပညာဖြင့် တရားကို အထူးရှုသည်၏ အစွမ်းအားဖြင့် ဣန္ဒြေငါးပါးတို့သည် ထွက်မြောက်ကုန်၏။ လွန်ကဲသောပညာဖြင့် တရားကို အထူးရှုရာ၌ (ဖြစ်သော) ဣန္ဒြေငါးပါးတို့မှ ယထာဘူတဉာဏ် အမြင်၏ အစွမ်းအားဖြင့် ဣန္ဒြေငါးပါးတို့သည် ထွက်မြောက်ကုန်၏။

ယထာဘူတဉာဏ်အမြင်၌ (ဖြစ်သော) ဣန္ဒြေငါးပါးတို့မှ အပြစ်ဟု အဖန်ဖန်ရှုခြင်း၏ အစွမ်းအားဖြင့် ဣန္ဒြေငါးပါးတို့သည် ထွက်မြောက်ကုန်၏။ အပြစ်ဟု အဖန်ဖန်ရှုရာ၌ (ဖြစ်သော) ဣန္ဒြေငါးပါးတို့မှ ဉာဏ်ဖြင့် ဆင်ခြင်၍ အဖန်ဖန်ရှုသည်၏ အစွမ်းအားဖြင့် ဣန္ဒြေငါးပါးတို့သည် ထွက်မြောက်ကုန်၏။

ဉာဏ် ဖြင့်ဆင်ခြင်၍ အဖန်ဖန်ရှုရာ၌ (ဖြစ်သော) ဣန္ဒြေငါးပါးတို့မှ ဝဋ်မှထွက်မြောက်ခြင်းကို အဖန်ဖန်ရှုသည်၏ အစွမ်းအားဖြင့် ဣန္ဒြေငါးပါးတို့သည် ထွက်မြောက်ကုန်၏။ ဝဋ်မှထွက်မြောက်ခြင်းကို အဖန်ဖန်ရှုရာ၌ (ဖြစ်သော) ဣန္ဒြေငါးပါးတို့မှ သောတာပတ္တိမဂ်၏ အစွမ်းအားဖြင့် ဣန္ဒြေငါးပါးတို့သည် ထွက်မြောက် ကုန်၏။ (၁၈-၂၆)

--

သောတာပတ္တိမဂ်၌ (ဖြစ်သော) ဣန္ဒြေငါးပါးတို့မှ သောတာပတ္တိဖလသမာပတ်၏ အစွမ်းအားဖြင့် ဣန္ဒြေငါးပါးတို့သည် ထွက်မြောက်ကုန်၏။ သောတာပတ္တိဖလသမာပတ်၌ (ဖြစ်သော) ဣန္ဒြေငါးပါးတို့မှ သကဒါဂါမိမဂ်၏ အစွမ်းအားဖြင့် ဣန္ဒြေငါးပါးတို့သည် ထွက်မြောက်ကုန်၏။ သကဒါဂါမိမဂ်၌ (ဖြစ်သော) ဣန္ဒြေငါးပါးတို့မှ သကဒါဂါမိဖလသမာပတ်၏အစွမ်းအားဖြင့် ဣန္ဒြေငါးပါးတို့သည် ထွက်မြောက်ကုန်၏။

သကဒါဂါမိဖလသမာပတ်၌ (ဖြစ်သော) ဣန္ဒြေငါးပါးတို့မှ အနာဂါမိမဂ်၏ အစွမ်းအားဖြင့် ဣန္ဒြေ ငါးပါးတို့သည် ထွက်မြောက်ကုန်၏။ အနာဂါမိမဂ်၌ (ဖြစ်သော) ဣန္ဒြေငါးပါးတို့မှ အနာဂါမိဖလသမာပတ်၏ အစွမ်းအားဖြင့် ဣန္ဒြေငါးပါးတို့သည် ထွက်မြောက်ကုန်၏။ အနာဂါမိဖလသမာပတ်၌ (ဖြစ်သော) ဣန္ဒြေငါးပါးတို့မှ အရဟတ္တမဂ်၏ အစွမ်းအားဖြင့် ဣန္ဒြေငါးပါးတို့သည် ထွက်မြောက်ကုန်၏။ အရဟတ္တ မဂ်၌ (ဖြစ်သော) ဣန္ဒြေငါးပါးတို့မှ အရဟတ္တဖလသမာပတ်၏ အစွမ်းအားဖြင့် ဣန္ဒြေငါးပါးတို့သည် ထွက် မြောက်ကုန်၏။ (၈-၃၄)

ဈာန်၌ (ဖြစ်သော) ဣန္ဒြေငါးပါးတို့သည် ကာမစ္ဆန္ဒမှ ထွက်မြောက်ကုန်၏။ အဗျာပါဒ၌ (ဖြစ်သော) ဣန္ဒြေငါးပါးတို့သည် ဗျာပါဒမှ ထွက်မြောက်ကုန်၏။ အာလောကသညာ၌ (ဖြစ်သော) ဣန္ဒြေငါးပါးတို့ သည် ထိနမိဒ္ဓမှ ထွက်မြောက်ကုန်၏။ မပျံ့လွင့်ခြင်း၌ (ဖြစ်သော) ဣန္ဒြေငါးပါးတို့သည် ပျံ့လွင့်ခြင်းမှ ထွက်မြောက်ကုန်၏။ တရားကို ပိုင်းခြားမှတ်သားခြင်း၌ (ဖြစ်သော) ဣန္ဒြေငါးပါးတို့သည် ယုံမှားခြင်း ဝိစိကိစ္ဆာမှ ထွက်မြောက်ကုန်၏။ ဉာဏ်၌ (ဖြစ်သော) ဣန္ဒြေငါးပါးတို့သည် အဝိဇ္ဇာမှ ထွက်မြောက် ကုန်၏။ ဝမ်းမြောက်ခြင်း၌ (ဖြစ်သော) ဣန္ဒြေငါးပါးတို့သည် မမွေ့လျော်ခြင်းမှ ထွက်မြောက်ကုန်၏။

၁၉၃။ ပဌမဈာန်၌ (ဖြစ်သော) ဣန္ဒြေငါးပါးတို့သည် အပိတ်အပင် ‘နီဝရဏ'တရားတို့မှ ထွက် မြောက်ကုန်၏။ ဒုတိယဈာန်၌ (ဖြစ်သော) ဣန္ဒြေငါးပါးတို့သည် ကြံစည်ခြင်း ‘ဝိတက်’၊ စဉ်းစားခြင်း့'ဝိစာရ'တို့မှ ထွက်မြောက်ကုန်၏။ တတိယဈာန်၌ (ဖြစ်သော) ဣန္ဒြေငါးပါးတို့သည်နှစ်သက်ခြင်း ‘ပီတိ'မှ ထွက်မြောက်ကုန်၏။ စတုတ္ထဈာန်၌ (ဖြစ်သော) ဣန္ဒြေငါးပါးတို့သည် ချမ်းသာ၊ ဆင်းရဲတို့မှ ထွက်မြောက် ကုန်၏။

အာကာသာနဉ္စာယတနသမာပတ်၌ (ဖြစ်သော) ဣန္ဒြေငါးပါးတို့သည် ရူပသညာ၊ ပဋိဃသညာ၊ နာနတ္တသညာမှ ထွက်မြောက်ကုန်၏။ ဝိညာဏဉ္စာယတနသမာပတ်၌ (ဖြစ်သော) ဣန္ဒြေ ငါးပါးတို့သည် အာကာသာနဉ္စာယတနသညာမှ ထွက်မြောက်ကုန်၏။ အာကိဉ္စညာယတနသမာပတ်၌ (ဖြစ်သော) ဣန္ဒြေ ငါးပါးတို့သည် ဝိညာဏဉ္စာယတနသညာမှ ထွက်မြောက်ကုန်၏။ နေဝသညာနာသညာယတနသမာပတ်၌ (ဖြစ်သော) ဣန္ဒြေငါးပါးတို့သည် အာကိဉ္စညာယတနသညာမှ ထွက်မြောက်ကုန်၏။

မမြဲဟု အဖန်ဖန်ရှုရာ၌ (ဖြစ်သော) ဣန္ဒြေငါးပါးတို့သည် မြဲ၏ဟူသောအမှတ် ‘နိစ္စသညာ’ မှ ထွက်မြောက်ကုန်၏။ ဆင်းရဲဟု အဖန်ဖန်ရှုရာ၌ (ဖြစ်သော) ဣန္ဒြေငါးပါးတို့သည် ချမ်းသာဟူသော အမှတ် ‘သုခသညာ’ မှ ထွက်မြောက်ကုန်၏။ အနှစ်မရှိ အလိုသို့မလိုက်ဟု အဖန်ဖန်ရှုရာ၌ (ဖြစ်သော) ဣန္ဒြေငါးပါးတို့သည် ‘အတ္တသညာ'မှ ထွက်မြောက်ကုန်၏။

ငြီးငွေ့ဖွယ်ဟု အဖန်ဖန်ရှုရာ၌ (ဖြစ်သော) ဣန္ဒြေငါးပါးတို့သည်နှစ်သက်ခြင်းမှ ထွက်မြောက်ကုန်၏။ တပ်ခြင်း ‘ရာဂ’ ကင်းရာ နိဗ္ဗာန်ကို အဖန်ဖန်ရှုရာ၌ (ဖြစ်သော) ဣန္ဒြေငါးပါးတို့သည် တပ်ခြင်း ‘ရာဂ'မှ ထွက်မြောက်ကုန်၏။ ချုပ်ငြိမ်းခြင်းကို အဖန်ဖန်ရှုရာ၌ (ဖြစ်သော) ဣန္ဒြေငါးပါးတို့သည် ဖြစ်ခြင်း ‘သမုဒယ'မှ ထွက်မြောက်ကုန်၏။ တစ်ဖန်စွန့်ခြင်းကို အဖန်ဖန်ရှုရာ၌ (ဖြစ်သော) ဣန္ဒြေငါးပါးတို့သည် စွဲယူခြင်းမှ ထွက်မြောက်ကုန်၏။ ကုန်ဆုံးခြင်းကို အဖန်ဖန်ရှုရာ၌ (ဖြစ်သော) ဣန္ဒြေငါးပါးတို့သည် အစိုင် အခဲဟူသော အမှတ် ‘ဃနသညာ'မှ ထွက်မြောက်ကုန်၏။ ပျက်ပြုန်းခြင်းကို အဖန်ဖန်ရှုရာ၌ (ဖြစ်သော) ဣန္ဒြေငါးပါးတို့သည် အားထုတ်ခြင်းမှ ထွက်မြောက်ကုန်၏။ ဖောက်ပြန်ခြင်းကို အဖန်ဖန်ရှုရာ၌ (ဖြစ် သော) ဣန္ဒြေငါးပါးတို့သည် မြဲ၏ဟူသော အမှတ် ‘ဓုဝသညာ'မှ ထွက်မြောက်ကုန်၏။ အနိမိတ္တဟု အဖန် ဖန်ရှုရာ၌ (ဖြစ်သော) ဣန္ဒြေငါးပါးတို့သည် အကြောင်း'နိမိတ်'မှ ထွက်မြောက်ကုန်၏။ တောင့်တခြင်း ကင်းရာ နိဗ္ဗာန်ကို အဖန်ဖန်ရှုရာ၌ (ဖြစ်သော) ဣန္ဒြေငါးပါးတို့သည် တောင့်တခြင်းမှ ထွက်မြောက်ကုန်၏။

--

ဆိတ်သုဉ်းခြင်းကို အဖန်ဖန်ရှုရာ၌ (ဖြစ်သော) ဣန္ဒြေငါးပါးတို့သည် မှားသောနှလုံးသွင်းခြင်းမှ ထွက် မြောက်ကုန်၏။ လွန်ကဲသောပညာဖြင့် တရားကို အထူးရှုရာ၌ (ဖြစ်သော) ဣန္ဒြေငါးပါးတို့သည် အနှစ် သာရဟု စွဲယူ၍ မှားသောနှလုံးသွင်းခြင်းမှ ထွက်မြောက်ကုန်၏။ ယထာဘူတဉာဏ် အမြင်၌ (ဖြစ်သော) ဣန္ဒြေငါးပါးတို့သည် ပြင်းစွာတွေဝေခြင်းဟူသော မှားသောနှလုံးသွင်းခြင်းမှ ထွက်မြောက်ကုန်၏။

အပြစ်ဟု အဖန်ဖန်ရှုရာ၌ (ဖြစ်သော) ဣန္ဒြေငါးပါးတို့သည် ကပ်ငြိခြင်း၊ တပ်ခြင်းဟူသော မှားသောနှလုံး သွင်းခြင်းမှ ထွက်မြောက်ကုန်၏။ ဉာဏ်ဖြင့် ဆင်ခြင်ခြင်းကို အဖန်ဖန်ရှုရာ၌ (ဖြစ်သော) ဣန္ဒြေငါးပါးတို့သည် မဆင်ခြင်ခြင်းမှ ထွက်မြောက်ကုန်၏။ ဝဋ်မှ ကင်းခြင်းကို အဖန်ဖန်ရှုရာ၌ (ဖြစ် သော) ဣန္ဒြေငါးပါးတို့သည် သံယောဇဉ်ဟု မှားသောနှလုံးသွင်းခြင်းမှ ထွက်မြောက်ကုန်၏။

သောတာပတ္တိမဂ်၌ဖြစ်သော ဣန္ဒြေငါးပါးတို့သည် အယူမှားနှင့်အတူတည်ကုန်သော ကိလေသာတို့မှ ထွက်မြောက်ကုန်၏။ သကဒါဂါမိမဂ်၌ဖြစ်သော ဣန္ဒြေငါးပါးတို့သည် ရုန့်ရင်းကြမ်းတမ်းသော ကိလေသာတို့မှ ထွက်မြောက်ကုန်၏။ အနာဂါမိမဂ်၌ဖြစ်သော ဣန္ဒြေငါးပါးတို့သည် သိမ်မွေ့သော ကိလေသာတို့မှ ထွက်မြောက်ကုန်၏။ အရဟတ္တမဂ်၌ဖြစ်သော ဣန္ဒြေငါးပါးတို့သည် ကိလေသာအားလုံးတို့မှ ထွက်မြောက် ကုန်၏။

ရဟန္တာပုဂ္ဂိုလ်အားလုံးတို့၏ ထိုထိုအရာ၌ဖြစ်သော ဣန္ဒြေငါးပါးတို့သည် ထွက်မြောက်လည်း ထွက် မြောက်ကုန်၏။ ကောင်းစွာ ထွက်မြောက်လည်း ထွက်မြောက်ကုန်၏။ တစ်ဖန်လည်း ငြိမ်းကုန်၏။

ကောင်းစွာ တစ်ဖန်လည်း ငြိမ်းကုန်၏။

ဤတစ်ရာ့ရှစ်ဆယ်သော အခြင်းအရာတို့ဖြင့် ဣန္ဒြေငါးပါးတို့၏ ထွက်မြောက်ခြင်းဖြစ်၏။ ဤ တစ်ရာ့ရှစ်ဆယ်သော အခြင်းအရာတို့ဖြင့် ဣန္ဒြေငါးပါးတို့၏ ထွက်မြောက်ခြင်းကို သိ၏။

နှစ်ခုမြောက်သုတ္တန် အကျယ်ပြခြင်း ပြီး၏။

ပဌမအခန်း ပြီး၏။

--

၃-တတိယသုတ္တန် အကျယ်ပြခြင်း

၁၉၄။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ ဣန္ဒြေတို့သည် ဤငါးပါးတို့တည်း။ အဘယ်ငါးပါးတို့နည်းဟူမူ-

(၁) သဒ္ဓိန္ဒြေ၊

(၂) ဝီရိယိန္ဒြေ၊

(၃) သတိန္ဒြေ၊

(၄) သမာဓိန္ဒြေ၊

(၅) ပညိန္ဒြေတို့တည်း။

ရဟန်းတို့ အဘယ်၌ သဒ္ဓိန္ဒြေကို မှတ်အပ်သနည်း။ ဤလေးပါးသော သောတာပတ္တိအင်္ဂါတို့၌ သဒ္ဓိန္ဒြေကို မှတ်အပ်၏။ ရဟန်းတို့ အဘယ်၌ ဝီရိယိန္ဒြေကို မှတ်အပ်သနည်း။ ဤလေးပါးသော သမ္မပ္ပဓာန်တို့၌ ဝီရိယိန္ဒြေကို မှတ်အပ်၏။ ရဟန်းတို့ အဘယ်၌ သတိန္ဒြေကို မှတ်အပ်သနည်း။ ဤ လေးပါးသော သတိပဋ္ဌာန်တို့၌ သတိန္ဒြေကို မှတ်အပ်၏။ ရဟန်းတို့ အဘယ်၌ သမာဓိန္ဒြေကို မှတ်အပ် သနည်း။ ဤလေးပါးသော ဈာန်တို့၌ သမာဓိန္ဒြေကို မှတ်အပ်၏။ ရဟန်းတို့ အဘယ်၌ ပညိန္ဒြေကို မှတ်အပ်သနည်း။ ဤလေးပါးသော အရိယသစ္စာတို့၌ ပညိန္ဒြေကို မှတ်အပ်၏။

လေးပါးသော သောတာပတ္တိအင်္ဂါတို့၌ သဒ္ဓိန္ဒြေ၏အစွမ်းအားဖြင့် အဘယ်မျှသော အခြင်းအရာတို့ဖြင့် ဣန္ဒြေငါးပါးတို့ကို မှတ်အပ်ကုန်သနည်း။ လေးပါးသော သမ္မပ္ပဓာန်တို့၌ ဝီရိယိန္ဒြေ၏အစွမ်းအားဖြင့် အဘယ်မျှသော အခြင်းအရာတို့ဖြင့် ဣန္ဒြေငါးပါးတို့ကို မှတ်အပ်ကုန်သနည်း။ လေးပါးသော သတိပဋ္ဌာန် တို့၌ သတိန္ဒြေ၏ အစွမ်းအားဖြင့် အဘယ်မျှသော အခြင်းအရာတို့ဖြင့် ဣန္ဒြေငါးပါးတို့ကို မှတ်အပ်ကုန် သနည်း။ လေးပါးသော ဈာန်တို့၌ သမာဓိန္ဒြေ၏ အစွမ်းအားဖြင့် အဘယ်မျှသော အခြင်းအရာတို့ဖြင့် ဣန္ဒြေငါးပါးတို့ကို မှတ်အပ်ကုန်သနည်း။ လေးပါးသော အရိယသစ္စာတို့၌ ပညိန္ဒြေ၏အစွမ်းအားဖြင့် အဘယ်မျှသော အခြင်းအရာတို့ဖြင့် ဣန္ဒြေငါးပါးတို့ကို မှတ်အပ်ကုန်သနည်း။

လေးပါးသော သောတာပတ္တိအင်္ဂါတို့၌ သဒ္ဓိန္ဒြေ၏အစွမ်းအားဖြင့်နှစ်ဆယ်သောအခြင်းအရာတို့ဖြင့် ဣန္ဒြေငါးပါးတို့ကို မှတ်အပ်ကုန်၏။ လေးပါးသော သမ္မပ္ပဓာန်တို့၌ ဝီရိယိန္ဒြေ၏အစွမ်းအားဖြင့်နှစ်ဆယ် သော အခြင်းအရာတို့ဖြင့် ဣန္ဒြေငါးပါးတို့ကို မှတ်အပ်ကုန်၏။ လေးပါးသော သတိပဋ္ဌာန်တို့၌ သတိန္ဒြေ၏ အစွမ်းအားဖြင့်နှစ်ဆယ်သော အခြင်းအရာတို့ဖြင့် ဣန္ဒြေငါးပါးတို့ကို မှတ်အပ်ကုန်၏။

လေးပါးသော ဈာန်တို့၌ သမာဓိန္ဒြေ၏ အစွမ်းအားဖြင့်နှစ်ဆယ်သော အခြင်းအရာတို့ဖြင့် ဣန္ဒြေငါးပါးတို့ကို မှတ်အပ် ကုန်၏။ လေးပါးသော အရိယသစ္စာတို့၌ ပညိန္ဒြေ၏အစွမ်းအားဖြင့်နှစ်ဆယ်သော အခြင်းအရာတို့ဖြင့် ဣန္ဒြေငါးပါးတို့ကို မှတ်အပ်ကုန်၏။

--

က-ပဘေဒဂဏန အကျယ်ပြခြင်း

၁၉၅။ လေးပါးသော သောတာပတ္တိအင်္ဂါတို့၌ သဒ္ဓိန္ဒြေ၏အစွမ်းအားဖြင့် အဘယ်နှစ်ဆယ်သော အခြင်းအရာတို့ဖြင့် ဣန္ဒြေငါးပါးတို့ကို မှတ်အပ်ကုန်သနည်း။

သူတော်ကောင်းတို့ကို မှီဝဲခြင်းဟူသော သောတာပတ္တိအင်္ဂါ၌ ဆုံးဖြတ်ခြင်းကို အကြီးအမှူးပြုသော သဘောအားဖြင့် သဒ္ဓိန္ဒြေကို မှတ်အပ်၏။ သဒ္ဓိန္ဒြေ၏ အစွမ်းအားဖြင့် ချီးမြှောက်ခြင်း သဘောအားဖြင့်ဝီရိယိန္ဒြေကို မှတ်အပ်၏။ ရှေးရှုထင်သော သဘောအားဖြင့် သတိန္ဒြေကို မှတ်အပ်၏။ မပျံ့လွင့်သော သဘောအားဖြင့် သမာဓိန္ဒြေကို မှတ်အပ်၏။ မြင်တတ်သော သဘောအားဖြင့် ပညိန္ဒြေကို မှတ်အပ်၏။

သူတော်ကောင်းတရားကို နာကြားခြင်းဟူသော သောတာပတ္တိအင်္ဂါ၌။ သင့်သောအကြောင်းအားဖြင့်နှလုံးသွင်းခြင်းဟူသော သောတာပတ္တိအင်္ဂါ၌။ လောကုတ္တရာတရားနှင့်လျော်သော အကျင့်ကို ကျင့်ခြင်းဟူ သော သောတာပတ္တိအင်္ဂါ၌ ဆုံးဖြတ်ခြင်းကို အကြီးအမှူးပြုသော သဘောအားဖြင့် သိဒ္ဓိန္ဒြေကို မှတ်အပ်၏။ သဒ္ဓိန္ဒြေ၏ အစွမ်းအားဖြင့် ချီးမြှောက်တတ်သော သဘောအားဖြင့် ဝီရိယိန္ဒြေကို မှတ်အပ်၏။ ရှေးရှု ထင်သော သဘောအားဖြင့် သတိန္ဒြေကို မှတ်အပ်၏။ မပျံ့လွင့်သော သဘောအားဖြင့် သမာဓိန္ဒြေကို မှတ်အပ်၏။ မြင်တတ်သော သဘောအားဖြင့် ပညိန္ဒြေကို မှတ်အပ်၏။

လေးပါးကုန်သော သောတာပတ္တိအင်္ဂါတို့၌ သဒ္ဓိန္ဒြေ၏အစွမ်းအားဖြင့် ဤနှစ်ဆယ်သော အခြင်းအရာ တို့ဖြင့် ဣန္ဒြေငါးပါးတို့ကို မှတ်အပ်ကုန်၏။

လေးပါးသောသမ္မပ္ပဓာန်တို့၌ ဝီရိယိန္ဒြေ၏ အစွမ်းအားဖြင့် အဘယ်နှစ်ဆယ်သော အခြင်းအရာတို့ဖြင့် ဣန္ဒြေငါးပါးတို့ကို မှတ်အပ်ကုန်သနည်း။

မဖြစ်သေးသောအကုသိုလ်တရားယုတ်တို့ကို မဖြစ်စေခြင်းငှါ သမ္မပ္ပဓာန်၌ ချီးမြှောက်ခြင်းကို အကြီး အမှူးပြုသော သဘောအားဖြင့် ဝီရိယိန္ဒြေကို မှတ်အပ်၏။ ဝီရိယိန္ဒြေ၏ အစွမ်းအားဖြင့် ထင်သောသဘော အားဖြင့် သတိန္ဒြေကို မှတ်အပ်၏။ မပျံ့လွင့်သော သဘောအားဖြင့် သမာဓိန္ဒြေကို မှတ်အပ်၏။ မြင်တတ် သော သဘောအားဖြင့် ပညိန္ဒြေကို မှတ်အပ်၏။ ဆုံးဖြတ်တတ်သော သဘောအားဖြင့် သဒ္ဓိန္ဒြေကို မှတ်အပ်၏။

ဖြစ်ပြီးသော အကုသိုလ်တရားယုတ်တို့ကို ပယ်ခြင်းငှါ သမ္မပ္ပဓာန်၌။ပ။ မဖြစ်သေးသော ကုသိုလ် တရားတို့ကို ဖြစ်စေခြင်းငှါ သမ္မပ္ပဓာန်၌။ပ။ ဖြစ်ပြီးသောကုသိုလ်တရားတို့ကို တည်စေခြင်း မပျောက် ပျက်စေခြင်း အလွန် ဖြစ်ပွါးစေခြင်း ကျယ်ပြန့်စေခြင်း ပွါးများစေခြင်း ပြည့်စုံစေခြင်းငှါ သမ္မပ္ပဓာန်၌ ချီးမြှောက်ခြင်းကို အကြီးအမှူးပြု သောသဘောအားဖြင့် ဝီရိယိန္ဒြေကို မှတ်အပ်၏။ ဝီရိယိန္ဒြေ၏ အစွမ်း အားဖြင့် ထင်သောသဘောအားဖြင့် သတိန္ဒြေကို မှတ်အပ်၏။ မပျံ့လွင့်သောသဘောအားဖြင့် သမာဓိန္ဒြေကို မှတ်အပ်၏။ မြင်တတ်သောသဘောအားဖြင့် ပညိန္ဒြေကို မှတ်အပ်၏။

ဆုံးဖြတ်တတ်သောသဘောအားဖြင့် သဒ္ဓိန္ဒြေကို မှတ်အပ်၏။

လေးပါးသော သမ္မပ္ပဓာန်တို့၌ ဝီရိယိန္ဒြေ၏ အစွမ်းအားဖြင့် ဤနှစ်ဆယ်သော အခြင်းအရာတို့ဖြင့် ဣန္ဒြေငါးပါးတို့ကို မှတ်အပ်ကုန်၏။

လေးပါးသော သတိပဋ္ဌာန်တို့၌ သတိန္ဒြေ၏ အစွမ်းအားဖြင့် အဘယ်နှစ်ဆယ်သော အခြင်းအရာတို့ ဖြင့် ဣန္ဒြေငါးပါးတို့ကို မှတ်အပ်ကုန်သနည်း။

--

ကာယေ ကာယာနုပဿနာသတိပဋ္ဌာန်၌ ထင်ခြင်းကို အကြီးအမှူးပြုသော သဘောအားဖြင့် သတိန္ဒြေကို မှတ်အပ်၏။ သတိန္ဒြေ၏ အစွမ်းအားဖြင့် မပျံ့လွင့်သော သဘောအားဖြင့် သမာဓိန္ဒြေကို မှတ်အပ်၏။

မြင်တတ်သောသဘောအားဖြင့် ပညိန္ဒြေကို မှတ်အပ်၏။ ဆုံးဖြတ်တတ်သော သဘောအားဖြင့် သဒ္ဓိန္ဒြေကို မှတ်အပ်၏။ ချီးမြှောက်တတ်သော သဘောအားဖြင့် ဝီရိယိန္ဒြေကို မှတ်အပ်၏။

ဝေဒနာသု ဝေဒနာနုပဿနာ သတိပဋ္ဌာန်၌။ပ။ စိတ္တေ စိတ္တာနုပဿနာ သတိပဋ္ဌာန်၌။ပ။ ဓမ္မေသု ဓမ္မာနုပဿနာသတိပဋ္ဌာန်၌ ထင်ခြင်းကို အကြီးအမှူးပြုသော သဘောအားဖြင့် သတိန္ဒြေကို မှတ်အပ်၏။

သတိန္ဒြေ၏ အစွမ်းအားဖြင့် မပျံ့လွင့်သော သဘောအားဖြင့် သမာဓိန္ဒြေကို မှတ်အပ်၏။ မြင်တတ်သော သဘောအားဖြင့် ပညိန္ဒြေကို မှတ်အပ်၏။ ဆုံးဖြတ်တတ်သော သဘောအားဖြင့် သဒ္ဓိန္ဒြေကို မှတ်အပ်၏။

ချီးမြှောက်တတ်သော သဘောအားဖြင့် ဝီရိယိန္ဒြေကို မှတ်အပ်၏။

လေးပါးသောသတိပဋ္ဌာန်တို့၌ သတိန္ဒြေ၏ အစွမ်းအားဖြင့် ဤနှစ်ဆယ်သော အခြင်းအရာတို့ဖြင့်ဣန္ဒြေငါးပါးတို့ကို မှတ်အပ်ကုန်၏။

လေးပါးသော ဈာန်တို့၌ သမာဓိနြေ၏ အစွမ်းအားဖြင့် အဘယ်နှစ်ဆယ်သော အခြင်းအရာတို့ဖြင့် ဣန္ဒြေငါးပါးတို့ကို မှတ်အပ်ကုန်သနည်း။

ပဌမဈာန်၌ မပျံ့လွင့်ခြင်းကို အကြီးအမှူးပြုသော သဘောအားဖြင့် သမာဓိန္ဒြေကို မှတ်အပ်၏။

သမာဓိန္ဒြေ၏ အစွမ်းအားဖြင့် မြင်တတ်သော သဘောအားဖြင့် ပညိန္ဒြေကို မှတ်အပ်၏။ ဆုံးဖြတ် တတ်သော သဘောအားဖြင့် သဒ္ဓိန္ဒြေကို မှတ်အပ်၏။ ချီးမြှောက်တတ်သော သဘောအားဖြင့် ဝီရိယိန္ဒြေကို မှတ်အပ်၏။ ထင်သော သဘောအားဖြင့် သတိန္ဒြေကို မှတ်အပ်၏။

ဒုတိယဈာန်၌။ပ။ တတိယဈာန်၌။ စတုတ္ထဈာန်၌ မပျံ့လွင့်ခြင်းကို အကြီးအမှူးပြုသော သဘော အားဖြင့် သမာဓိန္ဒြေကို မှတ်အပ်၏။ သမာဓိန္ဒြေ၏ အစွမ်းအားဖြင့် မြင်တတ်သောသဘောအားဖြင့် ပညိန္ဒြေကို မှတ်အပ်၏။ ဆုံးဖြတ်တတ်သော သဘောအားဖြင့် သဒ္ဓိန္ဒြေကို မှတ်အပ်၏။ ချီးမြှောက်တတ် သော သဘောအားဖြင့် ဝီရိယိန္ဒြေကို မှတ်အပ်၏။ ထင်သော သဘောအားဖြင့် သတိန္ဒြေကို မှတ်အပ်၏။

လေးပါးသော ဈာန်တို့၌ သမာဓိန္ဒြေ၏ အစွမ်းအားဖြင့် ဤနှစ်ဆယ်သော အခြင်းအရာတို့ဖြင့် ဣန္ဒြေငါးပါးတို့ကို မှတ်အပ်ကုန်၏။

လေးပါးသော အရိယသစ္စာတို့၌ ပညိန္ဒြေ၏ အစွမ်းအားဖြင့် အဘယ်နှစ်ဆယ်သော အခြင်းအရာ တို့ဖြင့် ဣန္ဒြေငါးပါးတို့ကို မှတ်အပ်ကုန်သနည်း။

ဒုက္ခအရိယသစ္စာ၌ မြင်ခြင်းကို အကြီးအမှူးပြုသော သဘောအားဖြင့် ပညိန္ဒြေကို မှတ်အပ်၏။

ပညိန္ဒြေ၏ အစွမ်းအားဖြင့် ဆုံးဖြတ်တတ်သော သဘောအားဖြင့် သဒ္ဓိန္ဒြေကို မှတ်အပ်၏။ ချီးမြှောက် တတ်သော သဘောအားဖြင့် ဝီရိယိန္ဒြေကို မှတ်အပ်၏။ ထင်သောသဘောအားဖြင့် သတိန္ဒြေကို မှတ်အပ်၏။ မပျံ့လွင့်သော သဘောအားဖြင့် သမာဓိန္ဒြေကို မှတ်အပ်၏။

--

ဒုက္ခသမုဒယအရိယသစ္စာ၌။ပ။ ဒုက္ခနိရောဓအရိယသစ္စာ၌။ ဒုက္ခနိရောဓဂါမိနီပဋိပဒါအရိယသစ္စာ၌ မြင်ခြင်းကို အကြီးအမှူးပြုသောသဘောအားဖြင့် ပညိန္ဒြေကို မှတ်အပ်၏။ ပညိန္ဒြေ၏ အစွမ်းအားဖြင့် ဆုံးဖြတ်တတ်သော သဘောအားဖြင့် သဒ္ဓိန္ဒြေကို မှတ်အပ်၏။ ချီးမြှောက်တတ်သော သဘောအားဖြင့် ဝီရိယိန္ဒြေကို မှတ်အပ်၏။ ထင်သော သဘောအားဖြင့် သတိန္ဒြေကို မှတ်အပ်၏။ မပျံ့လွင့်သောသဘော အားဖြင့် သမာဓိန္ဒြေကို မှတ်အပ်၏။

လေးပါးသော အရိယသစ္စာတို့၌ ပညိန္ဒြေ၏ အစွမ်းအားဖြင့် ဤနှစ်ဆယ်သော အခြင်းအရာတို့ဖြင့် ဣန္ဒြေငါးပါးတို့ကို မှတ်အပ်ကုန်၏။

ခ-စရိယဝါရ

၁၉၆။ လေးပါးသော သောတာပတ္တိအင်္ဂါတို့၌ သဒ္ဓိန္ဒြေ၏ အစွမ်းအားဖြင့် အဘယ်မျှသော အခြင်းအ ရာတို့ဖြင့် ဣန္ဒြေငါးပါးတို့၏ ဖြစ်ခြင်းကို မှတ်အပ်သနည်း။ လေးပါးသော သမ္မပ္ပဓာန်တို့၌။ပ။ လေးပါး သော သတိပဋ္ဌာန်တို့၌။ လေးပါးသော ဈာန်တို့၌။ လေးပါးသော အရိယသစ္စာတို့၌ ပညိန္ဒြေ၏အစွမ်းအားဖြင့် အဘယ်မျှသော အခြင်းအရာတို့ဖြင့် ဣန္ဒြေငါးပါးတို့၏ ဖြစ်ခြင်းကို မှတ်အပ်ကုန်သနည်း။

လေးပါးသော သောတာပတ္တိအင်္ဂါတို့၌ သဒ္ဓိန္ဒြေ၏အစွမ်းအားဖြင့်နှစ်ဆယ်သော အခြင်းအရာတို့ဖြင့် ဣန္ဒြေငါးပါးတို့၏ ဖြစ်ခြင်းကို မှတ်အပ်၏။ လေးပါးသော သမ္မပ္ပဓာန်တို့၌။ပ။ လေးပါးသော သတိပဋ္ဌာန် တို့၌။ လေးပါးသော ဈာန်တို့၌။ လေးပါးသောအရိယသစ္စာတို့၌ ပညိန္ဒြေ၏အစွမ်းအားဖြင့်နှစ်ဆယ်သော အခြင်းအရာတို့ဖြင့် ဣန္ဒြေငါးပါးတို့၏ ဖြစ်ခြင်းကို မှတ်အပ်၏။

လေးပါးသော သောတာပတ္တိအင်္ဂါတို့၌ သဒ္ဓိန္ဒြေ၏အစွမ်းအားဖြင့် အဘယ်နှစ်ဆယ်သော အခြင်း အရာတို့ဖြင့် ဣန္ဒြေငါးပါးတို့၏ ဖြစ်ခြင်းကို မှတ်အပ်သနည်း။

သူတော်ကောင်းကို မှီဝဲခြင်းဟူသော သောတာပတ္တိအင်္ဂါ၌ ဆုံးဖြတ်ခြင်းကို အကြီးအမှူးပြုသော သဘောအားဖြင့် သဒ္ဓိန္ဒြေ၏ ဖြစ်ခြင်းကို မှတ်အပ်၏။ သဒ္ဓိန္ဒြေ၏ အစွမ်းအားဖြင့် ချီးမြှောက်တတ်သော သဘောအားဖြင့် ဝီရိယိန္ဒြေ၏ ဖြစ်ခြင်းကို မှတ်အပ်၏။ ထင်သောသဘောအားဖြင့် သတိန္ဒြေ၏ ဖြစ်ခြင်းကို မှတ်အပ်၏။ မပျံ့လွင့်သော သဘောအားဖြင့် သမာဓိန္ဒြေ၏ ဖြစ်ခြင်းကို မှတ်အပ်၏။

မြင်တတ်သော သဘောအားဖြင့် ပညိန္ဒြေ၏ ဖြစ်ခြင်းကို မှတ်အပ်၏။

သူတော်ကောင်းတရားကို နာကြားခြင်းဟူသော သောတာပတ္တိအင်္ဂါ၌။ပ။ သင့်သောအကြောင်း အားဖြင့်နှလုံးသွင်းခြင်းဟူသော သောတာပတ္တိအင်္ဂါ၌။ လောကုတ္တရာတရားအားလျော်သောအကျင့်ကို ကျင့်ခြင်းဟူသော သောတာပတ္တိအင်္ဂါ၌ ဆုံးဖြတ်ခြင်းကို အကြီးအမှူးပြုသော သဘောအားဖြင့် သဒ္ဓိန္ဒြေ၏ ဖြစ်ခြင်းကို မှတ်အပ်၏။ သဒ္ဓိန္ဒြေ၏ အစွမ်းအားဖြင့် ချီးမြှောက်တတ်သော သဘောအားဖြင့် ဝီရိယိန္ဒြေ၏ ဖြစ်ခြင်းကို မှတ်အပ်၏။ ထင်သော သဘောအားဖြင့် သတိန္ဒြေ၏ ဖြစ်ခြင်းကို မှတ်အပ်၏။ မပျံ့လွင့်သော သဘောအားဖြင့် သမာဓိန္ဒြေ၏ ဖြစ်ခြင်းကို မှတ်အပ်၏။ မြင်တတ်သော သဘောအားဖြင့် ပညိန္ဒြေ၏ ဖြစ်ခြင်းကို မှတ်အပ်၏။

လေးပါးသော သောတာပတ္တိအင်္ဂါတို့၌ သဒ္ဓိန္ဒြေ၏ အစွမ်းအားဖြင့် ဤနှစ်ဆယ်သော အခြင်းအရာ တို့ဖြင့် ဣန္ဒြေငါးပါးတို့၏ ဖြစ်ခြင်းကို မှတ်အပ်၏။

--

လေးပါးသော သမ္မပ္ပဓာန်တို့၌ ဝီရိယိန္ဒြေ၏ အစွမ်းအားဖြင့် အဘယ်နှစ်ဆယ်သော အခြင်းအရာ တို့ဖြင့် ဣန္ဒြေငါးပါးတို့၏ ဖြစ်ခြင်းကို မှတ်အပ်သနည်း။

မဖြစ်သေးသောအကုသိုလ်တရားယုတ်တို့ကို မဖြစ်စေခြင်းငှါ သမ္မပ္ပဓာန်၌ ချီးမြှောက်ခြင်းကို အကြီးအမှူး ပြုသော သဘောအားဖြင့် ဝီရိယိန္ဒြေ၏ ဖြစ်ခြင်းကို မှတ်အပ်၏။ ဝီရိယိန္ဒြေ၏ အစွမ်း အားဖြင့် ထင်သော သဘောအားဖြင့် သတိန္ဒြေ၏ ဖြစ်ခြင်းကို မှတ်အပ်၏။ မပျံ့လွင့်သော သဘောအားဖြင့် သမာဓိန္ဒြေ၏ ဖြစ်ခြင်းကို မှတ်အပ်၏။ မြင်တတ်သော သဘောအားဖြင့် ပညိန္ဒြေ၏ ဖြစ်ခြင်းကို မှတ်အပ်၏။ ဆုံးဖြတ်တတ်သော သဘောအားဖြင့် သဒ္ဓိန္ဒြေ၏ ဖြစ်ခြင်းကို မှတ်အပ်၏။

ဖြစ်ပြီးသော အကုသိုလ်တရားယုတ်တို့ကို ပယ်ခြင်းငှါ သမ္မပ္ပဓာန်၌။ပ။ မဖြစ်သေးသော ကုသိုလ် တရားတို့ကို ဖြစ်စေခြင်းငှါ သမ္မပ္ပဓာန်၌။ပ။ ဖြစ်ပြီးသောကုသိုလ်တရားတို့ကို တည်စေခြင်း၊ မတွေဝေစေခြင်း၊ အလွန် ဖြစ်ပွါးစေခြင်း၊ ကျယ်ပြန့်စေခြင်း၊ ပွါးများစေခြင်း၊ ပြည့်စုံစေခြင်းငှါ သမ္မပ္ပဓာန်၌ ချီးမြှောက်ခြင်းကို အကြီးအမှူးပြုသော သဘောအားဖြင့် ဝီရိယိန္ဒြေ၏ ဖြစ်ခြင်းကို မှတ်အပ်၏။ပ။

လေးပါးသော သမ္မပ္ပဓာန်တို့၌ ဝီရိယိန္ဒြေ၏ အစွမ်းအားဖြင့် ဤနှစ်ဆယ်သော အခြင်းအရာတို့ဖြင့် ဣန္ဒြေငါးပါးတို့၏ ဖြစ်ခြင်းကို မှတ်အပ်၏။

လေးပါးသော သတိပဋ္ဌာန်တို့၌ သတိန္ဒြေ၏အစွမ်းအားဖြင့် အဘယ်နှစ်ဆယ်သော အခြင်းအရာတို့ဖြင့် ဣန္ဒြေငါးပါးတို့၏ ဖြစ်ခြင်းကို မှတ်အပ်သနည်း။

ကာယေ ကာယာနုပဿနာသတိပဋ္ဌာန်၌ ထင်ခြင်းကို အကြီးအမှူးပြုသော သဘောအားဖြင့် သတိန္ဒြေ၏ ဖြစ်ခြင်းကို မှတ်အပ်၏။ သတိန္ဒြေ၏ အစွမ်းအားဖြင့် မပျံ့လွင့်သော သဘောအားဖြင့် သမာဓိန္ဒြေ၏ ဖြစ်ခြင်းကို မှတ်အပ်၏။ မြင်တတ်သောသဘောအားဖြင့် ပညိန္ဒြေ၏ ဖြစ်ခြင်းကို မှတ်အပ်၏။

ဆုံးဖြတ်တတ်သော သဘောအားဖြင့် သဒ္ဓိန္ဒြေ၏ ဖြစ်ခြင်းကို မှတ်အပ်၏။ ချီးမြှောက်တတ်သော သဘော အားဖြင့် ဝီရိယိန္ဒြေ၏ ဖြစ်ခြင်းကို မှတ်အပ်၏။

ဝေဒနာသု ဝေဒနာနုပဿနာသတိပဋ္ဌာန်၌။ပ။ စိတ္တေ စိတ္တာနုပဿနာသတိပဋ္ဌာန်၌။ပ။ ဓမ္မေသု ဓမ္မာနုပဿနာသတိပဋ္ဌာန်၌ ထင်ခြင်းကို အကြီးအမှူးပြုသော သဘောအားဖြင့် သတိန္ဒြေ၏ ဖြစ်ခြင်းကို မှတ်အပ်၏။ပ။ လေးပါးသော သတိပဋ္ဌာန်တို့၌ သတိန္ဒြေ၏ အစွမ်းအားဖြင့် ဤနှစ်ဆယ်သော အခြင်း အရာတို့ဖြင့် ဣန္ဒြေငါးပါးတို့၏ ဖြစ်ခြင်းကို မှတ်အပ်၏။

လေးပါးသော ဈာန်တို့၌ သမာဓိန္ဒြေ၏ အစွမ်းအားဖြင့် အဘယ်နှစ်ဆယ်သော အခြင်းအရာတို့ဖြင့် ဣန္ဒြေငါးပါးတို့၏ ဖြစ်ခြင်းကို မှတ်အပ်သနည်း။

ပဌမဈာန်၌ မပျံ့လွင့်ခြင်းကို အကြီးအမှူးပြုသော သဘောအားဖြင့် သမာဓိန္ဒြေ၏ ဖြစ်ခြင်းကို မှတ်အပ်၏။ သမာဓိန္ဒြေ၏ အစွမ်းအားဖြင့် မြင်တတ်သောသဘောအားဖြင့် ပညိန္ဒြေ၏ ဖြစ်ခြင်းကို မှတ်အပ်၏။ ဆုံးဖြတ်တတ်သော သဘောအားဖြင့် သဒ္ဓိန္ဒြေ၏ ဖြစ်ခြင်းကို မှတ်အပ်၏။ ချီးမြှောက်တတ်သော သဘောအားဖြင့် ဝီရိယိန္ဒြေ၏ ဖြစ်ခြင်းကို မှတ်အပ်၏။ ထင်သော သဘောအားဖြင့် သတိန္ဒြေ၏ ဖြစ်ခြင်း ကို မှတ်အပ်၏။

ဒုတိယဈာန်၌။ပ။ တတိယဈာန်၌။ပ။ စတုတ္ထဈာန်၌ မပျံ့လွင့်ခြင်းကို အကြီးအမှူးပြုသော သဘော အားဖြင့် သမာဓိန္ဒြေ၏ ဖြစ်ခြင်းကို မှတ်အပ်၏။ပ။ လေးပါးသော ဈာန်တို့၌ သမာဓိန္ဒြေ၏ အစွမ်းအားဖြင့် ဤနှစ်ဆယ်သော အခြင်းအရာတို့ဖြင့် ဣန္ဒြေငါးပါးတို့၏ ဖြစ်ခြင်းကို မှတ်အပ်၏။

လေးပါးသော အရိယသစ္စာတို့၌ ပညိန္ဒြေ၏အစွမ်းအားဖြင့် အဘယ်နှစ်ဆယ်သော အခြင်းအရာတို့ ဖြင့် ဣန္ဒြေငါးပါးတို့၏ ဖြစ်ခြင်းကို မှတ်အပ်သနည်း။

--

ဒုက္ခအရိယသစ္စာ၌ မြင်ခြင်းကို အကြီးအမှူးပြုသော သဘောအားဖြင့် ပညိန္ဒြေ၏ ဖြစ်ခြင်းကို မှတ်အပ်၏။ ပညိန္ဒြေ၏ အစွမ်းအားဖြင့် ဆုံးဖြတ်တတ်သော သဘောအားဖြင့် သဒ္ဓိန္ဒြေ၏ ဖြစ်ခြင်းကို မှတ်အပ်၏။ ချီးမြှောက်တတ်သော သဘောအားဖြင့် ဝီရိယိန္ဒြေ၏ ဖြစ်ခြင်းကို မှတ်အပ်၏။ ထင်သောသဘော အားဖြင့် သတိန္ဒြေ၏ ဖြစ်ခြင်းကို မှတ်အပ်၏။ မပျံ့လွင့်သောသဘောအားဖြင့် သမာဓိန္ဒြေ၏ ဖြစ်ခြင်းကို မှတ်အပ်၏။

ဒုက္ခသမုဒယအရိယသစ္စာ၌။ပ။ ဒုက္ခနိရောဓအရိယသစ္စာ၌။ ဒုက္ခနိရောဓဂါမိနီပဋိပဒါ အရိယသစ္စာ၌ မြင်ခြင်းကို အကြီးအမှူးပြုသော သဘောအားဖြင့် ပညိန္ဒြေ၏ ဖြစ်ခြင်းကို မှတ်အပ်၏။ ပညိန္ဒြေ၏ အစွမ်း အားဖြင့် ဆုံးဖြတ်တတ်သော သဘောအားဖြင့် သဒ္ဓိန္ဒြေ၏ ဖြစ်ခြင်းကို မှတ်အပ်၏။

ချီးမြှောက်တတ်သော သဘောအားဖြင့် ဝီရိယိန္ဒြေ၏ ဖြစ်ခြင်းကို မှတ်အပ်၏။ ထင်သောသဘောအားဖြင့် သတိန္ဒြေ၏ ဖြစ်ခြင်းကို မှတ်အပ်၏။ မပျံ့လွင့် သောသဘောအားဖြင့် သမာဓိန္ဒြေ၏ ဖြစ်ခြင်းကို မှတ်အပ်၏။ လေးပါးသော အရိယသစ္စာတို့၌ ပညိန္ဒြေ၏ အစွမ်းအားဖြင့် ဤနှစ်ဆယ်သော အခြင်းအရာတို့ဖြင့် ဣန္ဒြေငါးပါးတို့၏ ဖြစ်ခြင်းကို မှတ်အပ်၏။

စာရဝိဟာရ အကျယ်ပြခြင်း

၁၉၇။ အကြင်အခြင်းအရာအားဖြင့် ကျင့်သူကို၊ အကြင်အခြင်းအရာအားဖြင့် နေလေ့ရှိသူကို သိကြား လိမ္မာကုန်သော သီတင်းသုံးဖော်တို့သည် မချွတ်ဧကန် ဤအသျှင်သည် မဂ်သို့ ရောက်ပြီးသည်လည်း ဖြစ်၏။ (သို့မဟုတ်) မဂ်သို့ ရောက်လတ္တံ့မူလည်း ဖြစ်၏ဟု နက်နဲသောအရာတို့၌ ဉာဏ်ဖြင့် သက်ဝင် ကုန်ရာ၏။ ထိုသို့ သောအခြင်းအရာဖြင့် ဣန္ဒြေငါးပါးတို့နှင့်ပြည့်စုံသော ပုဂ္ဂိုလ်၏ စာရကိုလည်းကောင်း၊ ဝိဟာရကိုလည်းကောင်း သိအပ်၏။ တစ်ဖန်သိအပ်၏။

စရိယာဟူရာ၌ စရိယတို့သည် ဣရိယာပထစရိယ၊ သတိစရိယ၊ အာယတနစရိယ၊ သမာဓိစရိယ၊ ဉာဏစရိယ၊ မဂ္ဂစရိယ၊ ပတ္တိစရိယ၊ လောကတ္ထစရိယဟု ရှစ်ပါးတို့တည်း။

ဣရိယာပထစရိယဟူသည် ဣရိယာပုထ်လေးပါးတို့၌ (ဖြစ်ခြင်းတည်း)။ အာယတနစရိယဟူသည် အဇ္ဈတ္တိကာယတနခြောက်ပါး၊ ဗာဟိရာယတနခြောက်ပါးတို့၌ (ဖြစ်ခြင်းတည်း)။ သတိစရိယဟူသည် သတိပဋ္ဌာန်လေးပါးတို့၌ (ဖြစ်ခြင်းတည်း)။ သမာဓိစရိယဟူသည် ဈာန်လေးပါးတို့၌ (ဖြစ်ခြင်းတည်း)။ ဉာဏစရိယဟူသည် အရိယသစ္စာလေးပါးတို့၌ (ဖြစ်ခြင်းတည်း)။ မဂ္ဂစရိယဟူသည် အရိယမဂ်လေးပါး တို့၌ (ဖြစ်ခြင်းတည်း)။ ပတ္တိစရိယဟူသည် သာမညဖိုလ်လေးပါးတို့၌ (ဖြစ်ခြင်းတည်း)။ လောကတ္ထစရိယဟူသည် ရှေးဘုရားတို့ကဲ့သို့ ကောင်းသော လာခြင်းရှိတော်မူကုန်သော ကိလေသာဟူသော ရန်သူကို သတ်တတ်ကုန်သော ဘုရားသျှင်တို့၌ (ဖြစ်ခြင်းတည်း)။

လောကတ္ထစရိယ၏ တစ်စိတ်တစ်ဒေသ၌ ပစ္စေကဗုဒ္ဓါတို့၌ ဖြစ်ခြင်းတည်း။ လောကတ္ထစရိယ၏ တစ်စိတ်တစ်ဒေသ၌ တပည့်သာဝကတို့၌ ဖြစ်ခြင်းတည်း။ ငြိမ်သက်သော ဣရိယာပုထ်နှင့်ပြည့်စုံကုန်သော ပုဂ္ဂိုလ်တို့၏ ဣရိယာပထစရိယသည်လည်း ဖြစ်၏။ ဣန္ဒြေတို့၌ လုံခြုံသောတံခါးရှိသော ပုဂ္ဂိုလ်တို့၏ အာယတနစရိယသည်လည်း ဖြစ်၏။ သီလစသည်တို့၌ မမေ့မလျော့နေလေ့ရှိသော ပုဂ္ဂိုလ်တို့၏ သတိစရိယသည်လည်း ဖြစ်၏။ လွန်ကဲသောစိတ်ဟု ဆိုအပ်သော သမာဓိကို အားထုတ်သောပုဂ္ဂိုလ်တို့၏ သမာဓိစရိယသည်လည်း ဖြစ်၏။ ဉာဏ်ပညာနှင့် ပြည့်စုံသောပုဂ္ဂိုလ်တို့၏ ဉာဏစရိယသည်လည်း ဖြစ်၏။ မဂ်ခဏ၌ ကောင်းစွာကျင့်သောပုဂ္ဂိုလ်တို့၏ မဂ္ဂစရိယသည်လည်း ဖြစ်၏။ ဖိုလ်ခဏ၌ရသော ဖိုလ်ရှိသောပုဂ္ဂိုလ်တို့၏ ပတ္တိစရိယသည်လည်း ဖြစ်၏။ ရှေးဘုရားတို့ကဲ့သို့ လာခြင်းကောင်းသော ကိလေသာရန်သူကို သတ်ဖြတ်တတ်သော ဘုရားသျှင်တို့၏ လောကတ္ထစရိယသည်လည်း ဖြစ်၏။ တစ်စိတ် တစ်ဒေသ၌ ပစ္စေကဗုဒ္ဓါတို့၏ လောကတ္ထစရိယသည်လည်း ဖြစ်၏။ တစ်စိတ်တစ်ဒေသ၌ တပည့်သာဝက တို့၏ လောကတ္ထစရိယသည်လည်း ဖြစ်၏။ ဤရှစ်ပါးသော စရိယတို့သည် ဖြစ်ကုန်၏။

--

တစ်ပါးလည်းဖြစ်သော ရှစ်ပါးသော စရိယတို့သည် ဖြစ်ကုန်၏။ ဆုံးဖြတ်သောသူသည် ယုံကြည်ခြင်းဖြင့် ဖြစ်၏။ ချီးမြှောက်သောသူသည် လုံ့လဖြင့် ဖြစ်၏။ ထင်စေသောသူသည် အောက်မေ့ခြင်းဖြင့် ဖြစ်၏။ မပျံ့လွင့်ခြင်းကို ပြုသောသူသည် သမာဓိဖြင့် ဖြစ်၏။ အပြားအားဖြင့် သိသောသူသည် ပညာဖြင့် ဖြစ်၏။ အထူးသိသောသူသည် ဝိညာဉ်ဖြစ်ခြင်းဖြင့် ဖြစ်၏။ ဤသို့ ကျင့်သော ပုဂ္ဂိုလ်အား ကုသိုလ်တရားတို့သည် လွန်စွာ ဖြစ်ကုန်၏။ ထို့ကြောင့် အာယတနစရိယဖြင့် ဖြစ်တတ်၏။ ဤသို့ ကျင့်သောပုဂ္ဂိုလ်သည် တရားထူးကို ရ၏။ ထို့ကြောင့် ဝိသေသစရိယဖြင့် ဖြစ်၏။ ဤရှစ်ပါးသော စရိယ တို့သည် ဖြစ်ကုန်၏။

တစ်ပါးလည်းဖြစ်သော ရှစ်ပါးသော စရိယတို့သည် ဖြစ်ကုန်၏။ သမ္မာဒိဋ္ဌိ၏ ဒဿနစရိယလည်း ကောင်း၊ သမ္မာသင်္ကပ္ပ၏ အဘိနိရောပနစရိယလည်းကောင်း၊ သမ္မာဝါစာ၏ ပရိဂ္ဂဟစရိယလည်းကောင်း၊ သမ္မာကမ္မန္တ၏ သမုဋ္ဌာနစရိယလည်းကောင်း၊ သမ္မာအာဇီဝ၏ ဝေါဒါနစရိယလည်းကောင်း၊ သမ္မာဝါယာမ၏ ပဂ္ဂဟစရိယလည်းကောင်း၊ သမ္မာသတိ၏ဥပဋ္ဌာနစရိယလည်းကောင်း၊ သမ္မာသမာဓိ၏ အဝိက္ခေပစရိယ လည်းကောင်း၊ ဤရှစ်ပါးသော စရိယတို့သည် ဖြစ်ကုန်၏။

ဝိဟာရဟူရာ၌ ဆုံးဖြတ်သောသူသည် ယုံကြည်ခြင်းဖြင့် နေ၏။ ချီးမြှောက်သောသူသည် လုံ့လဖြင့် နေ၏။ ထင်စေသောသူသည် အောက်မေ့ခြင်းဖြင့် နေ၏။ မပျံ့လွင့်ခြင်းကို ပြုသောသူသည် သမာဓိဖြင့် နေ၏။ အပြားအားဖြင့် သိသောသူသည် ပညာဖြင့် နေ၏။

အနုဗုဒ္ဓေါဟူသည် သဒ္ဓိန္ဒြေ၏ ဆုံးဖြတ်ခြင်းသဘောကို လျော်စွာ သိအပ်၏။ ဝီရိယိန္ဒြေ၏ ချီးမြှောက်ခြင်းသဘောကို လျော်စွာ သိအပ်၏။ သတိန္ဒြေ၏ ထင်ခြင်းသဘောကို လျော်စွာ သိအပ်၏။

သမာဓိန္ဒြေ၏ မပျံ့လွင့်ခြင်းသဘောကို လျော်စွာ သိအပ်၏။ ပညိန္ဒြေ၏ မြင်ခြင်းသဘောကို လျော်စွာ သိအပ်၏။

ပဋိဝိဒ္ဓေါဟူသည် သဒ္ဓိန္ဒြေ၏ ဆုံးဖြတ်ခြင်းသဘောကို ထိုးထွင်း၍ သိအပ်၏။ ဝီရိယိန္ဒြေ၏ ချီးမြှောက်ခြင်းသဘောကို ထိုးထွင်း၍ သိအပ်၏။ သတိန္ဒြေ၏ ထင်ခြင်းသဘောကို ထိုးထွင်း၍ သိအပ်၏။

သမာဓိန္ဒြေ၏ မပျံ့လွင့်ခြင်းသဘောကို ထိုးထွင်း၍ သိအပ်၏။ ပညိန္ဒြေ၏ မြင်ခြင်းသဘောကို ထိုးထွင်း၍ သိအပ်၏။

ယထာစရနံ ္တဟူသည် ဤသို့ ယုံကြည်ခြင်းဖြင့် ကျင့်သောသူကို၊ ဤသို့ လုံ့လဖြင့် ကျင့်သောသူကို၊ ဤသို့ အောက်မေ့ခြင်းဖြင့် ကျင့်သောသူကို၊ ဤသို့ တည်ကြည်ခြင်းဖြင့် ကျင့်သောသူကို၊ ဤသို့ ပညာ့ဖြင့် ကျင့်သောသူကို။

ယထာဝိဟရနံ ္တဟူသည် ဤသို့ ယုံကြည်ခြင်းဖြင့် နေသောသူကို၊ ဤသို့ လုံ့လဖြင့် နေသောသူကို၊ ဤသို့ အောက်မေ့ခြင်းဖြင့် နေသောသူကို၊ ဤသို့ တည်ကြည်ခြင်းဖြင့် နေသောသူကို၊ ဤသို့ ပညာဖြင့် နေ သောသူကို။

--

ဝိညူဟူသည်ဟုတ်မှန်သောသဘောကို သိတတ်ကုန်သော၊ သိအပ်သောသဘောကို ထင်စွာပြုတတ် ကုန်သော၊ ကိလေသာတို့ကို ညှဉ်းဆဲတတ်သောပညာရှိသော၊ ဉာဏ်တည်းဟူသော ဖြစ်ခြင်းဖြင့်ဖြစ် တတ်သောပညာနှင့် ပြည့်စုံကုန်သော။

သဗြဟ္မစာရီဟူသည် တူသောကံပြုခြင်း၊ တူသောပါတိမောက်ပြခြင်း၊ တူသော အကျင့်ရှိခြင်း။

ဂမ္ဘီရေသု ဌာနေသုဟူသည် ဈာန်တို့ကိုလည်းကောင်း၊ သုံးပါး (သို့မဟုတ်) ရှစ်ပါးသော ဝိမောက္ခ တို့ကိုလည်းကောင်း၊ သဝိတက္ကသဝိစာရစသော သမာဓိတို့ကိုလည်းကောင်း၊ သုညတစသော သမာပတ် တို့ကိုလည်းကောင်း၊ မဂ်တို့ကိုလည်းကောင်း၊ ဖိုလ်တို့ကိုလည်းကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကို လည်းကောင်း၊ ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း “နက်နဲသောဌာနတို့”ဟူ၍ ဆိုအပ်ကုန်၏။

ဩကပ္ပေယျုံဟူသည် ယုံကြည်ကုန်ရာ၏။ ဆုံးဖြတ်ကုန်ရာ၏။

အဒ္ဓါဟူသောသဒ္ဒါသည် စင်စစ်ကို ဟောသော သဒ္ဒါတည်း။ သံသယကင်းခြင်းကို ဟောသောသဒ္ဒါတည်း။ ယုံမှားကင်းခြင်းကို ဟောသောသဒ္ဒါတည်း။ နှစ်ခွမဟုတ်သည်ကို ဟောသောသဒ္ဒါတည်း။ နှစ်မျိုး မဟုတ်သည်ကို ဟောသောသဒ္ဒါတည်း။ နိယမအနက်ကို ဟောသောသဒ္ဒါတည်း။ မချွတ်ဧကန်ကို ဟော သောသဒ္ဒါတည်း။ အဆုံးအဖြတ်ကို ဟောသောသဒ္ဒါတည်း။

အာယသ္မာဟူသော သဒ္ဒါသည် ချစ်ခင်ဖွယ်ကို ဆိုသောစကားတည်း။ အလေးပြုအပ်သည်ကို ဆိုသော စကားတည်း။ ရိုသေတုံ့ဝပ်ခြင်းနှင့်တကွဖြစ်သည်ကို ဆိုသောစကားတည်း။

ပတ္တောဝါဟူသည် ရပြီးမူလည်း ဖြစ်၏။ ပါပုဏိဿတိဝါဟူသည် ရလတ္တံ့မူလည်း ဖြစ်၏။

သုံးခုမြောက် သုတ္တန် အကျယ်ပြခြင်းပြီး၏။

--

၄ – စတုတ္တ သုတ္တန် အကျယ်ပြခြင်း

၁၉၈။ နိဒါန်းကား ရှေ့အတိုင်းတည်း၊ ရဟန်းတို့ ဣန္ဒြေတို့သည် ဤငါးပါးတို့တည်း၊ အဘယ်

ငါးပါးတို့နည်း ဟူမူ-

(၁) သဒ္ဓိန္ဒြေ

(၂) ဝီရိယန္ဒြေ

(၃) သတိန္ဒြေ

(၄) သမာဓိန္ဒြေ

(၅) ပညိန္ဒြေတို့တည်း။

ရဟန်းတို့ ဣန္ဒြေတို့သည် ဤငါးပါးတို့တည်း။

ဤ ဣန္ဒြေ ငါးပါးတို့ကို အဘယ်မျှသော အခြင်းအရာတို့ဖြင့် အဘယ်သဘောအားဖြင့် မှတ်အပ်ကုန် သနည်း။

အစိုးရသည်၏ အဖြစ်တည်းဟူသော သဘောအားဖြင့် ကုသိုလ်တရားတို့၏ အစဖြစ်သော သီလကိုသုတ်သင်သော သဘောအားဖြင့်၊ လွန်ကဲသော အတိုင်းအရှည်ရှိသော သဘောအားဖြင့်၊ တည်ရာဖြစ်သော သဘောအားဖြင့်၊ ကုန်ခန်းစေတတ်သော သဘောအားဖြင့်၊ တည်စေတတ်သော သဘောအားဖြင့်၊ ဣန္ဒြေငါးပါးတို့ကို ဤခြောက်ပါးသော အခြင်းအရာတို့ဖြင့် ထိုသဘောအားဖြင့် မှတ်အပ်ကုန်၏။

--

က-အာဓိပတေယျဋ္ဌ အကျယ်ပြခြင်း

၁၉၉။ အစိုးရသည်၏အဖြစ်တည်းဟူသော သဘောအားဖြင့် ဣန္ဒြေတို့ကို အဘယ်သို့လျှင် မှတ်အပ် ကုန်သနည်း။

မယုံကြည်ခြင်းကို စွန့်ပယ်သောပုဂ္ဂိုလ်အား ဆုံးဖြတ်ခြင်းကို အစိုးရသည်၏အဖြစ်တည်းဟူသော သဘော အားဖြင့် သဒ္ဓိန္ဒြေကို မှတ်အပ်၏။ သဒ္ဓိန္ဒြေ၏ အစွမ်းအားဖြင့် ချီးမြှောက်တတ်သော သဘော အားဖြင့် ဝီရိယိန္ဒြေကို မှတ်အပ်၏။ ထင်သော သဘောအားဖြင့် သတိန္ဒြေကို မှတ်အပ်၏။ မပျံ့လွင့်သော သဘောအားဖြင့် သမာဓိန္ဒြေကို မှတ်အပ်၏။ မြင်တတ်သောသဘောအားဖြင့် ပညိန္ဒြေကို မှတ်အပ်၏။

ပျင်းရိခြင်းကို စွန့်ပယ်သောပုဂ္ဂိုလ်အား ချီးမြှောက်ခြင်းကို အစိုးရသည်၏အဖြစ်တည်းဟူသော သဘောအားဖြင့် ဝီရိယိန္ဒြေကို မှတ်အပ်၏။ ဝီရိယိန္ဒြေ၏ အစွမ်းအားဖြင့် ထင်သော သဘောအားဖြင့် သတိန္ဒြေကို မှတ်အပ်၏။ မပျံ့လွင့်သော သဘောအားဖြင့် သမာဓိန္ဒြေကို မှတ်အပ်၏။ မြင်တတ်သော သဘောအားဖြင့် ပညိန္ဒြေကို မှတ်အပ်၏။ ဆုံးဖြတ်တတ်သော သဘောအားဖြင့် သဒ္ဓိန္ဒြေကို မှတ်အပ်၏။

မေ့လျော့ခြင်းကို စွန့်ပယ်သောပုဂ္ဂိုလ်အား ထင်ခြင်းကို အစိုးရသည်၏အဖြစ်တည်းဟူသော သဘော အားဖြင့် သတိန္ဒြေကို မှတ်အပ်၏။ သတိန္ဒြေ၏ အစွမ်းအားဖြင့် မပျံ့လွင့်သော သဘောအားဖြင့် သမာဓိ န္ဒြေကို မှတ်အပ်၏။ မြင်တတ်သော သဘောအားဖြင့် ပညိန္ဒြေကို မှတ်အပ်၏။ ဆုံးဖြတ်တတ်သော သဘော အားဖြင့် သဒ္ဓိန္ဒြေကို မှတ်အပ်၏။ ချီးမြှောက်တတ်သော သဘောအားဖြင့် ဝီရိယိန္ဒြေကို မှတ်အပ်၏။

ပျံ့လွင့်ခြင်းကို စွန့်ပယ်သောပုဂ္ဂိုလ်အား မပျံ့လွင့်ခြင်းကို အစိုးရသည်၏အဖြစ်တည်းဟူသော သဘောအားဖြင့် သမာဓိန္ဒြေကို မှတ်အပ်၏။ သမာဓိန္ဒြေ၏ အစွမ်းအားဖြင့် မြင်တတ်သော သဘောအား ဖြင့် ပညိန္ဒြေကို မှတ်အပ်၏။ ဆုံးဖြတ်တတ်သောသဘောအားဖြင့် သဒ္ဓိန္ဒြေကို မှတ်အပ်၏။

ချီးမြှောက်တတ် သော သဘောအားဖြင့် ဝီရိယိန္ဒြေကို မှတ်အပ်၏။ ထင်သော သဘောအားဖြင့် သတိန္ဒြေကို မှတ်အပ်၏။

တွေဝေခြင်း အဝိဇ္ဇာကို စွန့်ပယ်သောပုဂ္ဂိုလ်အား မြင်ခြင်းကို အစိုးရသည်၏အဖြစ်တည်းဟူသော သဘောအားဖြင့် ပညိန္ဒြေကို မှတ်အပ်၏။ ပညိန္ဒြေ၏ အစွမ်းအားဖြင့် ဆုံးဖြတ်တတ်သော သဘောအားဖြင့် သဒ္ဓိန္ဒြေကို မှတ်အပ်၏။ ချီးမြှောက်တတ်သော သဘောအားဖြင့် ဝီရိယိန္ဒြေကို မှတ်အပ်၏။ ထင်သော သဘောအားဖြင့် သတိန္ဒြေကို မှတ်အပ်၏။ မပျံ့လွင့်သော သဘောအားဖြင့် သမာဓိန္ဒြေကို မှတ်အပ်၏။ မြင်တတ်သော သဘောအားဖြင့် ပညိန္ဒြေကို မှတ်အပ်၏။

ကာမစ္ဆန္ဒကို စွန့်ပယ်သောပုဂ္ဂိုလ်အား ဈာန်၏ အစွမ်းအားဖြင့် ဆုံးဖြတ်ခြင်းကို အစိုးရသည်၏ အဖြစ်တည်းဟူသော သဘောအားဖြင့် သဒ္ဓိန္ဒြေကို မှတ်အပ်၏။ သဒ္ဓိန္ဒြေ၏ အစွမ်းအားဖြင့် ချီးမြှောက် တတ်သော သဘောအားဖြင့် ဝီရိယိန္ဒြေကို မှတ်အပ်၏။ ထင်သော သဘောအားဖြင့် သတိန္ဒြေကို မှတ်အပ်၏။ မပျံ့လွင့်သော သဘောအားဖြင့် သမာဓိန္ဒြေကို မှတ်အပ်၏။ မြင်တတ်သော သဘောအားဖြင့် ပညိန္ဒြေ ကို မှတ်အပ်၏။

ကာမစ္ဆန္ဒကို စွန့်ပယ်သောပုဂ္ဂိုလ်အား ဈာန်၏ အစွမ်းအားဖြင့် ချီးမြှောက်ခြင်းကို အစိုးရသည်၏ အဖြစ်တည်းဟူသော သဘောအားဖြင့် ဝီရိယိန္ဒြေကို မှတ်အပ်၏။ ဝီရိယိန္ဒြေ၏ အစွမ်းအားဖြင့် ထင်သော သဘောအားဖြင့် သတိန္ဒြေကို မှတ်အပ်၏။ မပျံ့လွင့်သော သဘောအားဖြင့် သမာဓိန္ဒြေကို မှတ်အပ်၏။

--

မြင်တတ်သော သဘောအားဖြင့် ပညိန္ဒြေကို မှတ်အပ်၏။ ဆုံးဖြတ်တတ်သော သဘောအားဖြင့် သဒ္ဓိန္ဒြေကို မှတ်အပ်၏။

ကာမစ္ဆန္ဒကို စွန့်ပယ်သောပုဂ္ဂိုလ်အား ဈာန်၏ အစွမ်းအားဖြင့် ထင်ခြင်းကို အစိုးရသည်၏အဖြစ်တည်းဟူသော သဘောအားဖြင့် သတိန္ဒြေကို မှတ်အပ်၏။ သတိန္ဒြေ၏ အစွမ်းအားဖြင့် မပျံ့လွင့်သော သဘောအားဖြင့် သမာဓိန္ဒြေကို မှတ်အပ်၏။ မြင်တတ်သော သဘောအားဖြင့် ပညိန္ဒြေကို မှတ်အပ်၏။

ဆုံးဖြတ်တတ်သော သဘောအားဖြင့် သဒ္ဓိန္ဒြေကို မှတ်အပ်၏။ ချီးမြှောက်တတ်သော သဘောအားဖြင့် ဝီရိယိန္ဒြေကို မှတ်အပ်၏။

ကာမစ္ဆန္ဒကို စွန့်ပယ်သောပုဂ္ဂိုလ်အား ဈာန်၏ အစွမ်းအားဖြင့် မပျံ့လွင့်ခြင်းကို အစိုးရသည်၏ အဖြစ်တည်းဟူသော သဘောအားဖြင့် သမာဓိန္ဒြေကို မှတ်အပ်၏။ သမာဓိန္ဒြေ၏ အစွမ်းအားဖြင့် မြင်တတ်သော သဘောအားဖြင့် ပညိန္ဒြေကို မှတ်အပ်၏။ ဆုံးဖြတ်တတ်သော သဘောအားဖြင့် သဒ္ဓိန္ဒြေကို မှတ်အပ်၏။ ချီးမြှောက်တတ်သော သဘောအားဖြင့် ဝီရိယိန္ဒြေကို မှတ်အပ်၏။ ထင်သော သဘောအားဖြင့် သတိန္ဒြေကို မှတ်အပ်၏။

ကာမစ္ဆန္ဒကို စွန့်ပယ်သောပုဂ္ဂိုလ်အား ဈာန်၏ အစွမ်းအားဖြင့် မြင်ခြင်းကို အစိုးရသည်၏ အဖြစ်တည်းဟူသော သဘောအားဖြင့် ပညိန္ဒြေကို မှတ်အပ်၏။ ပညိန္ဒြေ၏ အစွမ်းအားဖြင့် ဆုံးဖြတ် တတ်သော သဘောအားဖြင့် သဒ္ဓိန္ဒြေကို မှတ်အပ်၏။ ချီးမြှောက်တတ်သော သဘောအားဖြင့် ဝီရိယိန္ဒြေကို မှတ်အပ်၏။ ထင်သော သဘောအားဖြင့် သတိန္ဒြေကို မှတ်အပ်၏။ မပျံ့လွင့်သော သဘောအားဖြင့် သမာဓိန္ဒြေကို မှတ်အပ်၏။

ဗျာပါဒကို စွန့်ပယ်သောပုဂ္ဂိုလ်အား အဗျာပါဒ၏ အစွမ်းအားဖြင့်။ပ။ ထိနမိဒ္ဓကို စွန့်ပယ်သော ပုဂ္ဂိုလ်အား အာလောကသညာ၏ အစွမ်းအားဖြင့်။ပ။ ကိလေသာအားလုံးတို့ကို စွန့်ပယ်သောပုဂ္ဂိုလ်အား အရဟတ္တမဂ်၏ အစွမ်းအားဖြင့် ဆုံးဖြတ်ခြင်းကို အစိုးရသည်၏အဖြစ်တည်းဟူသော သဘောအားဖြင့်သဒ္ဓိန္ဒြေကို မှတ်အပ်၏။ သဒ္ဓိန္ဒြေ၏ အစွမ်းအားဖြင့် ချီးမြှောက်တတ်သော သဘောအားဖြင့် ဝီရိယိန္ဒြေကို မှတ်အပ်၏။ ထင်သော သဘောအားဖြင့် သတိန္ဒြေကို မှတ်အပ်၏။ မပျံ့လွင့်သော သဘောအားဖြင့် သမာဓိန္ဒြေကို မှတ်အပ်၏။ မြင်တတ်သောသဘောအားဖြင့် ပညိန္ဒြေကို မှတ်အပ်၏။ပ။ ကိလေသာ အားလုံးတို့ကို စွန့်ပယ်သော ပုဂ္ဂိုလ်အား အရဟတ္တမဂ်၏ အစွမ်းအားဖြင့် မြင်ခြင်းကို အစိုးရသည်၏ အဖြစ်တည်းဟူသော သဘောအားဖြင့် ပညိန္ဒြေကို မှတ်အပ်၏။ ပညိန္ဒြေ၏ အစွမ်းအားဖြင့် ဆုံးဖြတ် တတ်သော သဘောအားဖြင့် သဒ္ဓိန္ဒြေကို မှတ်အပ်၏။ ချီးမြှောက်တတ်သော သဘောအားဖြင့် ဝီရိယိန္ဒြေကို မှတ်အပ်၏။ ထင်သော သဘောအားဖြင့် သတိန္ဒြေကို မှတ်အပ်၏။ မပျံ့လွင့်သော သဘောအားဖြင့် သမာဓိန္ဒြေကို မှတ်အပ်၏။ ဤသို့ အစိုးရသည်၏အဖြစ်တည်းဟူသော သဘောအားဖြင့် ဣန္ဒြေတို့ကို မှတ်အပ်ကုန်၏။ (၁)

--

ခ-အာဒိဝိသောဓနဋ္ဌ အကျယ်ပြခြင်း

၂၀၀။ (ကုသိုလ်တရားတို့၏) အစဖြစ်သော သီလကို သုတ်သင်တတ်သော သဘောအားဖြင့် ဣန္ဒြေ တို့ကို အဘယ်သို့ မှတ်အပ်ကုန်သနည်း။ ဆုံးဖြတ်တတ်သော သဘောအားဖြင့် သဒ္ဓိန္ဒြေကို မယုံကြည်ခြင်း ကို စောင့်ရှောက်တတ်သော သဘောအားဖြင့် သီလစင်ကြယ်ခြင်းသည် သဒ္ဓိန္ဒြေ၏ အစဖြစ်သော သီလကို သုတ်သင်ခြင်းတည်း။

ချီးမြှောက်တတ်သော သဘောအားဖြင့် ဝီရိယိန္ဒြေကို ပျင်းရိခြင်းကို စောင့်ရှောက်တတ်သော သဘော အားဖြင့် သီလစင်ကြယ်ခြင်းသည် ဝီရိယိန္ဒြေ၏ အစဖြစ်သော သီလကို သုတ်သင်ခြင်းတည်း။

ထင်သော သဘောအားဖြင့် သတိန္ဒြေကို မေ့လျော့ခြင်းကို စောင့်ရှောက်တတ်သော သဘောအားဖြင့် သီလစင်ကြယ်ခြင်းသည် သတိန္ဒြေ၏ အစဖြစ်သော သီလကို သုတ်သင်ခြင်းတည်း။

မပျံ့လွင့်သော သဘောအားဖြင့် သမာဓိန္ဒြေကို ပျံ့လွင့်ခြင်းကို စောင့်ရှောက်တတ်သော သဘော အားဖြင့် သီလစင်ကြယ်ခြင်းသည် သမာဓိန္ဒြေ၏ အစဖြစ်သော သီလကို သုတ်သင်ခြင်းတည်း။

မြင်တတ်သော သဘောအားဖြင့် ပညိန္ဒြေကို အဝိဇ္ဇာကို စောင့်ရှောက်တတ်သော သဘောအားဖြင့် သီလစင်ကြယ်ခြင်းသည် ပညိန္ဒြေ၏ အစဖြစ်သော သီလကို သုတ်သင်ခြင်းတည်း။

ဈာန်၌ ဣန္ဒြေငါးပါးတို့ကို ကာမစ္ဆန္ဒကို စောင့်ရှောက်တတ်သော သဘောအားဖြင့် သီလစင်ကြယ်ခြင်းသည် ဣန္ဒြေငါးပါးတို့၏ အစဖြစ်သော သီလကို သုတ်သင်ခြင်းတည်း။

အဗျာပါဒ၌ ဣန္ဒြေငါးပါးတို့ကို ဗျာပါဒကို စောင့်ရှောက်တတ်သော သဘောအားဖြင့် သီလစင်ကြယ်ခြင်းသည် ဣန္ဒြေငါးပါးတို့၏ အစဖြစ်သော သီလကို သုတ်သင်ခြင်းတည်း။

အရဟတ္တမဂ်၌ ဣန္ဒြေငါးပါးတို့ကို ကိလေသာအားလုံးကို စောင့်ရှောက်တတ်သော သဘောအားဖြင့် သီလစင်ကြယ်ခြင်းသည် ဣန္ဒြေငါးပါးတို့၏ အစဖြစ်သော သီလကို သုတ်သင်ခြင်းတည်း။ ဤသို့ ကုသိုလ် တရားတို့၏ အစဖြစ်သော သီလကို သုတ်သင်တတ်သော သဘောအားဖြင့် ဣန္ဒြေတို့ကို မှတ်အပ်ကုန်၏။

--

ဂ- အဓိမတ္တဋ္ဌ အကျယ်ပြခြင်း

၂၀၁။ လွန်ကဲသော အတိုင်းအရှည်ရှိသော သဘောအားဖြင့် ဣန္ဒြေတို့ကို အဘယ်သို့ မှတ်အပ်ကုန် သနည်း။ သဒ္ဓိန္ဒြေကို ပွါးများခြင်းငှါ ဓမ္မ စ္ဆန္ဒဖြစ်၏။ ဓမ္မ စ္ဆန္ဒ၏ အစွမ်းအားဖြင့်၊ ယုံကြည်ခြင်း၏ အစွမ်း အားဖြင့် သဒ္ဓိန္ဒြေသည် လွန်ကဲသောအတိုင်းအရှည်ရှိ၏။

ဓမ္မ စ္ဆန္ဒ၏ အစွမ်းအားဖြင့် ဝမ်းမြောက်ခြင်း ဖြစ်၏။ ဝမ်းမြောက်ခြင်း၏ အစွမ်းအားဖြင့်၊ ယုံကြည်ခြင်း၏ အစွမ်းအားဖြင့် သဒ္ဓိန္ဒြေသည် လွန်ကဲသောအတိုင်းအရှည်ရှိ၏။

ဝမ်းမြောက်ခြင်း၏ အစွမ်းအားဖြင့်နှစ်သက်ခြင်းဖြစ်၏။ နှစ်သက်ခြင်း၏ အစွမ်းအားဖြင့်၊ ယုံကြည့်ခြင်း၏ အစွမ်းအားဖြင့် သဒ္ဓိန္ဒြေသည် လွန်ကဲသောအတိုင်းအရှည်ရှိ၏။

နှစ်သက်ခြင်း၏ အစွမ်းအားဖြင့် ကိုယ်စိတ်၏ ငြိမ်းခြင်းဖြစ်၏။ ကိုယ်စိတ်ငြိမ်းခြင်း၏ အစွမ်း အားဖြင့်၊ ယုံကြည်ခြင်း၏ အစွမ်းအားဖြင့် သဒ္ဓိန္ဒြေသည် လွန်ကဲသောအတိုင်းအရှည်ရှိ၏။

ကိုယ်စိတ်ငြိမ်းခြင်း၏အစွမ်းအားဖြင့် ချမ်းသာသုခ ဖြစ်၏။ ချမ်းသာသုခ၏အစွမ်းအားဖြင့်၊ ယုံကြည်ခြင်း၏ အစွမ်းအားဖြင့် သဒ္ဓိန္ဒြေသည် လွန်ကဲသောအတိုင်းအရှည်ရှိ၏။

ချမ်းသာသုခ၏ အစွမ်းအားဖြင့် ဉာဏ်တည်းဟူသော အရောင်အလင်းဖြစ်၏။ ဉာဏ်တည်းဟူသော အရောင်အလင်း၏ အစွမ်းအားဖြင့်၊ ယုံကြည်ခြင်း၏ အစွမ်းအားဖြင့် သဒ္ဓိန္ဒြေသည် လွန်ကဲသောအတိုင်း အရှည်ရှိ၏။

ဉာဏ်တည်းဟူသော အရောင်အလင်း၏ အစွမ်းအားဖြင့် ထိတ်လန့်ခြင်း ဖြစ်၏။ ထိတ်လန့်ခြင်း၏ အစွမ်းအားဖြင့်၊ ယုံကြည်ခြင်း၏ အစွမ်းအားဖြင့် သဒ္ဓိန္ဒြေသည် လွန်ကဲသောအတိုင်းအရှည်ရှိ၏။

ထိတ်လန့်၍ စိတ်ကို တည်ကြည်အောင်ပြု၏။ တည်ကြည်ခြင်း၏ အစွမ်းအားဖြင့်၊ ယုံကြည်ခြင်း၏ အစွမ်းအားဖြင့် သဒ္ဓိန္ဒြေသည် လွန်ကဲသောအတိုင်းအရှည်ရှိ၏။ ထိုသို့သော အခြင်းအရာအားဖြင့် တည်ကြည်သော စိတ်ကို ကောင်းစွာချီးမြှောက်၏။ ချီးမြှောက်သည့်အစွမ်းအားဖြင့်၊ ယုံကြည်ခြင်း၏ အစွမ်း အားဖြင့် သဒ္ဓိန္ဒြေသည် လွန်ကဲသောအတိုင်းအရှည်ရှိ၏။ ထိုသို့သောအခြင်းအရာအားဖြင့် ချီးမြှောက်အပ် သော စိတ်ကို ကောင်းစွာ လျစ်လျူရှု၏။ လျစ်လျူရှုသည့် အစွမ်းအားဖြင့်၊ ယုံကြည်ခြင်း၏ အစွမ်း အားဖြင့် သဒ္ဓိန္ဒြေသည် လွန်ကဲသော အတိုင်းအရှည်ရှိ၏။

လျစ်လျူရှုသည့် အစွမ်းအားဖြင့် ဝိပဿနာ၏ ဆန့်ကျင်ဘက်ဖြစ်သော အထူးထူးသော ကိလေသာတို့မှ စိတ်သည် လွတ်မြောက်၏။ လွတ်မြောက်သည့် အစွမ်းအားဖြင့်၊ ယုံကြည်သည့် အစွမ်းအားဖြင့် သဒ္ဓိန္ဒြေသည် လွန်ကဲသော အတိုင်းအရှည်ရှိ၏။

လွတ်မြောက်သောကြောင့် ထိုဆန္ဒစသော တရားတို့သည် တူသောကိစ္စရှိကုန်၏။ တူသောကိစ္စရှိ သော သဘောအားဖြင့်၊ ပွါးများသည့် အစွမ်းအားဖြင့်၊ ယုံကြည်သည့်အစွမ်းအားဖြင့် သဒ္ဓိန္ဒြေသည် လွန်ကဲသော အတိုင်းအရှည်ရှိ၏။ ပွါးများအပ်သောကြောင့် ထို့ထက်မွန်မြတ်သော နိဗ္ဗာန်အာရုံ၌ ဖြစ်ကုန်၏။

ကင်းသည့် အစွမ်းအားဖြင့်၊ ယုံကြည်သည့်အစွမ်းအားဖြင့် သဒ္ဓိန္ဒြေသည် လွန်ကဲသော အတိုင်း အရှည်ရှိ၏။

--

ထိုသို့ ကင်းသည့်အဖြစ်ကြောင့် စွန့်၏။ စွန့်သည့်အစွမ်းအားဖြင့်၊ ယုံကြည်သည့်အစွမ်းအားဖြင့် သဒ္ဓိန္ဒြေသည် လွန်ကဲသော အတိုင်းအရှည်ရှိ၏။ ထိုသို့ စွန့်သောကြောင့် ကိလေသာခန္ဓာတို့ ချုပ်ကုန်၏။

ချုပ်သည့် အစွမ်းအားဖြင့်၊ ယုံကြည်သည့်အစွမ်းအားဖြင့် သဒ္ဓိန္ဒြေသည် လွန်ကဲသော အတိုင်းအရှည်ရှိ၏။ ချုပ်သည့်အစွမ်းအားဖြင့် ပရိစ္စာဂဝေါသဂ္ဂ၊ ပက္ခန္ဒနဝေါသဂ္ဂဟူသော ဝေါသဂ္ဂနှစ်ပါးတို့သည် ဖြစ်ကုန်၏။

ကိလေသာတို့ကိုလည်းကောင်း၊ ခန္ဓာတို့ကိုလည်းကောင်း စွန့်တတ်သောကြောင့် ပရိစ္စာဂဝေါသဂ္ဂမည်၏။

နိရောဓဟူသော နိဗ္ဗာနဓာတ်သို့ စိတ်သည် ပြေးဝင်တတ်သောကြောင့် ပက္ခန္ဒနဝေါသဂ္ဂမည်၏။ ချုပ်သည့် အစွမ်းအားဖြင့် ဤဝေါသဂ္ဂနှစ်ပါးတို့ ဖြစ်ကုန်၏။

မယုံကြည်ခြင်းကို ပယ်ခြင်းငှါ ဓမ္မ စ္ဆန္ဒဖြစ်၏။ပ။ မယုံကြည်ခြင်းတည်းဟူသော ပူပန်ခြင်းကိုပယ်ခြင်းငှါ ဓမ္မ စ္ဆန္ဒဖြစ်၏။ မိစ္ဆာဒိဋ္ဌိနှင့် အတူ တည်သော ကိလေသာတို့ကို ပယ်ခြင်းငှါ ဓမ္မ စ္ဆန္ဒဖြစ်၏။ ရုန့် ရင်းသော ကိလေသာတို့ကို ပယ်ခြင်းငှါ ဓမ္မ စ္ဆန္ဒဖြစ်၏။နူးညံ့သော ကိလေသာတို့ကို ပယ်ခြင်းငှါ ဓမ္မ စ္ဆန္ဒဖြစ်၏။ ကိလေသာအားလုံးတို့ကို ပယ်ခြင်းငှါ ဓမ္မ စ္ဆန္ဒဖြစ်၏။ ဓမ္မ စ္ဆန္ဒ၏ အစွမ်းအားဖြင့်၊ ယုံကြည်သည့်အစွမ်းအားဖြင့် သဒ္ဓိန္ဒြေသည် လွန်ကဲသော အတိုင်းအရှည်ရှိ၏။ပ။

ဝီရိယိန္ဒြေကို ပွါးများခြင်းငှါ ဓမ္မ စ္ဆန္ဒဖြစ်၏။ပ။ ပျင်းရိခြင်းကို ပယ်ခြင်းငှါ ဓမ္မ စ္ဆန္ဒဖြစ်၏။ ပျင်းရိခြင်းဟူသော ပူပန်ခြင်းကို ပယ်ခြင်းငှါ ဓမ္မ စ္ဆန္ဒဖြစ်၏။ မိစ္ဆာဒိဋ္ဌိနှင့်အတူ တည်သော ကိလေသာတို့ကို ပယ်ခြင်းငှါ ဓမ္မ စ္ဆန္ဒဖြစ်၏။ပ။ ကိလေသာအားလုံးတို့ကို ပယ်ခြင်းငှါ ဓမ္မ စ္ဆန္ဒဖြစ်၏။

သတိန္ဒြေကို ပွါးများခြင်းငှါ ဓမ္မ စ္ဆန္ဒဖြစ်၏။ပ။ မေ့လျော့ခြင်းကို ပယ်ခြင်းငှါ ဓမ္မ စ္ဆန္ဒဖြစ်၏။ မေ့ လျော့ခြင်းဟူသော ပူပန်ခြင်းကို ပယ်ခြင်းငှါ ဓမ္မ စ္ဆန္ဒဖြစ်၏။ပ။ ကိလေသာအားလုံးတို့ကို ပယ်ခြင်းငှါ ဓမ္မ စ္ဆန္ဒဖြစ်၏။

သမာဓိန္ဒြေကို ပွါးများခြင်းငှါ ဓမ္မ စ္ဆန္ဒဖြစ်၏။ပ။ ပျံ့လွင့်ခြင်းကို ပယ်ခြင်းငှါ ဓမ္မ စ္ဆန္ဒဖြစ်၏။ ပျံ့လွင့်ခြင်းဟူသော ပူပန်ခြင်းကို ပယ်ခြင်းငှါ ဓမ္မ စ္ဆန္ဒဖြစ်၏။ပ။ ကိလေသာအားလုံးတို့ကို ပယ်ခြင်းငှါ ဓမ္မ စ္ဆန္ဒ ဖြစ်၏။

ပညိန္ဒြေကို ပွါးများခြင်းငှါ ဓမ္မ စ္ဆန္ဒဖြစ်၏။ပ။ အဝိဇ္ဇာကို ပယ်ခြင်းငှါ ဓမ္မ စ္ဆန္ဒဖြစ်၏။ အဝိဇ္ဇာဟူသော ပူပန်ခြင်းကို ပယ်ခြင်းငှါ ဓမ္မ စ္ဆန္ဒဖြစ်၏။ မိစ္ဆာဒိဋ္ဌိနှင့်အတူတည်သော ကိလေသာတို့ကို ပယ်ခြင်းငှါ ဓမ္မ စ္ဆန္ဒဖြစ်၏။ ရုန့်ရင်းသော ကိလေသာတို့ကို ပယ်ခြင်းငှါ ဓမ္မ စ္ဆန္ဒဖြစ်၏။ နူးညံ့သော ကိလေသာတို့ကို ပယ်ခြင်းငှါ ဓမ္မ စ္ဆန္ဒဖြစ်၏။ ကိလေသာအားလုံးတို့ကို ပယ်ခြင်းငှါ ဓမ္မ စ္ဆန္ဒဖြစ်၏။ ဓမ္မ စ္ဆန္ဒ၏ အစွမ်းအား ဖြင့်၊ ပညာ၏ အစွမ်းအားဖြင့် ပညိန္ဒြေသည် လွန်ကဲသော အတိုင်းအရှည်ရှိ၏။

ဓမ္မ စ္ဆန္ဒ၏ အစွမ်းအားဖြင့် ဝမ်းမြောက်ခြင်း ဖြစ်၏။ ဝမ်းမြောက်ခြင်း၏ အစွမ်းအားဖြင့်၊ ပညာ၏ အစွမ်းအားဖြင့် ပညိန္ဒြေသည် လွန်ကဲသောအတိုင်းအရှည်ရှိ၏။ ဝမ်းမြောက်ခြင်း၏ အစွမ်းအားဖြင့်နှစ်သက်ခြင်း ဖြစ်၏။ နှစ်သက်ခြင်း၏အစွမ်းအားဖြင့်၊ ပညာ၏အစွမ်းအားဖြင့် ပညိန္ဒြေသည် လွန်ကဲသော အတိုင်းအရှည်ရှိ၏။ နှစ်သက်ခြင်း၏အစွမ်းအားဖြင့် ကိုယ်စိတ်၏ ငြိမ်းခြင်းဖြစ်၏။ ကိုယ်စိတ်ငြိမ်းခြင်း၏ အစွမ်းအားဖြင့်၊ ပညာ၏အစွမ်းအားဖြင့် ပညိန္ဒြေသည် လွန်ကဲသော အတိုင်းအရှည်ရှိ၏။ ကိုယ်စိတ်ငြိမ်းခြင်း၏ အစွမ်းအားဖြင့် ချမ်းသာသုခ ဖြစ်၏။ ချမ်းသာသုခ၏ အစွမ်းအားဖြင့်၊ ပညာ၏အစွမ်းအားဖြင့် ပညိန္ဒြေသည် လွန်ကဲသောအတိုင်းအရှည်ရှိ၏။ ချမ်းသာ သုခ၏ အစွမ်းအားဖြင့် ဉာဏ်တည်းဟူသော အရောင်အလင်းဖြစ်၏။ ဉာဏ်တည်းဟူသော အရောင်အလင်း၏ အစွမ်းအားဖြင့် ပညာ၏အစွမ်းအားဖြင့် ပညိန္ဒြေသည် လွန်ကဲသောအတိုင်းအရှည်ရှိ၏။ ဉာဏ်တည်းဟူသော အရောင်အလင်း၏အစွမ်းအားဖြင့် ထိတ်လန့်ခြင်း ဖြစ်၏။ ထိတ်လန့်ခြင်း၏ အစွမ်းအားဖြင့်၊ ပညာ၏ အစွမ်းအားဖြင့် ပညိန္ဒြေသည် လွန်ကဲ သော အတိုင်းအရှည်ရှိ၏။

--

ထိတ်လန့်၍ စိတ်ကို တည်ကြည်အောင် ပြု၏။ တည်ကြည်ခြင်း၏ အစွမ်းအားဖြင့်၊ ပညာ၏အစွမ်း အားဖြင့် ပညိန္ဒြေသည် လွန်ကဲသောအတိုင်းအရှည်ရှိ၏။ ထိုသို့သောအခြင်းအရာအားဖြင့် တည်ကြည်သော စိတ်ကို ကောင်းစွာချီးမြှောက်၏။ ချီးမြှောက်သည့် အစွမ်းအားဖြင့်၊ ပညာ၏ အစွမ်းအားဖြင့် ပညိန္ဒြေသည် လွန်ကဲသောအတိုင်း အရှည်ရှိ၏။ ထိုသို့သောအခြင်းအရာအားဖြင့် ချီးမြှောက်အပ်သောစိတ်ကို ကောင်းစွာ လျစ်လျူရှု၏။ လျစ်လျူရှုသည့် အစွမ်းအားဖြင့်၊ ပညာ၏အစွမ်းအားဖြင့် ပညိန္ဒြေသည် လွန်ကဲသော အတိုင်းအရှည်ရှိ၏။

လျစ်လျူရှုသည့် အစွမ်းအားဖြင့် ဝိပဿနာ၏ ဆန့်ကျင်ဘက်ဖြစ်သော အထူးထူးသော ကိလေသာတို့မှ စိတ်သည် လွတ်မြောက်၏။ လွတ်မြောက်သည့် အစွမ်းအားဖြင့်၊ ပညာ၏အစွမ်းအားဖြင့် ပညိန္ဒြေ သည် လွန်ကဲသောအတိုင်းအရှည်ရှိ၏။ လွတ်မြောက်သောကြောင့် ထိုဆန္ဒစသောတရားတို့သည် တူသော ကိစ္စရှိကုန်၏။ တူသော ကိစ္စရှိသော သဘောအားဖြင့်၊ ပွါးများခြင်း၏ အစွမ်းအားဖြင့်၊ ပညာ၏အစွမ်း အားဖြင့် ပညိန္ဒြေသည် လွန်ကဲသော အတိုင်းအရှည်ရှိ၏။

ပွါးများအပ်သောကြောင့် ထို့ထက်လွန်မြတ်သောနိဗ္ဗာန်အာရုံ၌ ဖြစ်ကုန်၏။ ဂေါတြဘူခဏ၌ သင်္ခါရ အာရုံမှ ကင်းသည့်အစွမ်းအားဖြင့်၊ ပညာ၏အစွမ်းအားဖြင့် ပညိန္ဒြေသည် လွန်ကဲသောအတိုင်း အရှည် ရှိ၏။ ကင်းသောကြောင့် မဂ်ခဏ၌ ကိလေသာတို့ကိုလည်းကောင်း၊ ခန္ဓာတို့ကိုလည်းကောင်း စွန်၏။ စွန့် သည့် အစွမ်းအားဖြင့်၊ ပညာ၏ အစွမ်းအားဖြင့် ပညိန္ဒြေသည် လွန်ကဲသော အတိုင်းအရှည် ရှိ၏။ မဂ်ခဏ၌ ကိလေသာတို့ကိုလည်းကောင်း၊ ခန္ဓာတို့ကိုလည်းကောင်း စွန့်သောကြောင့် ကိလေသာတို့သည်လည်းကောင်း၊ ခန္ဓာတို့သည်လည်းကောင်း ချုပ်ကုန်၏။ ချုပ်သည့်အစွမ်းအားဖြင့်၊ ပညာ၏အစွမ်း အားဖြင့် ပညိန္ဒြေသည် လွန်ကဲသော အတိုင်းအရှည်ရှိ၏။ ချုပ်သည့်အစွမ်းအားဖြင့် ပရိစ္စာဂဝေါသဂ္ဂ၊ ပက္ခန္ဒနဝေါသဂ္ဂဟူသော ဝေါသဂ္ဂနှစ်ပါးတို့သည် ဖြစ်ကုန်၏။ ကိလေသာတို့ကိုလည်းကောင်း၊ ခန္ဓာတို့ကို လည်းကောင်း စွန့်တတ်သောကြောင့် ပရိစ္စာဂဝေါသဂ္ဂမည်၏။ နိရောဓဟူသော နိဗ္ဗာနဓာတ်သို့ စိတ်သည် ပြေးဝင်တတ်သောကြောင့် ပက္ခန္ဒနဝေါသဂ္ဂမည်၏။ ချုပ်သည့်အစွမ်းအားဖြင့် ဤဝေါသဂ္ဂနှစ်ပါးတို့ ဖြစ် ကုန်၏။ ဤသို့ လွန်ကဲသော အတိုင်းအရှည်ရှိသော သဘောအားဖြင့် ဣန္ဒြေတို့ကို မှတ်အပ်ကုန်၏။

ဒုတိယအခန်းပြီး၏။

ဃ-အဓိဋ္ဌာနဋ္ဌ အကျယ်ပြခြင်း

၂၀၂။ တည်ရာဖြစ်သောသဘောအားဖြင့် ဣန္ဒြေတို့ကို အဘယ်သို့ မှတ်အပ်ကုန်သနည်း။

သဒ္ဓိန္ဒြေကို ပွါးများခြင်းငှါ ဓမ္မ စ္ဆန္ဒဖြစ်၏။ ဓမ္မ စ္ဆန္ဒ၏အစွမ်းအားဖြင့်၊ ယုံကြည်ခြင်း၏ အစွမ်းအားဖြင့် သဒ္ဓိန္ဒြေသည် တည်ရာ၏။ ဓမ္မ စ္ဆန္ဒ၏ အစွမ်းအားဖြင့် ဝမ်းမြောက်ခြင်းဖြစ်၏။ ဝမ်းမြောက်ခြင်း၏ အစွမ်းအားဖြင့်၊ ယုံကြည်ခြင်း၏ အစွမ်းအားဖြင့် သဒ္ဓိန္ဒြေသည် တည်ရာဖြစ်၏။ပ။ ဤသို့တည်ရာဖြစ်သော သဘောအားဖြင့် ဣန္ဒြေတို့ကို မှတ်အပ်ကုန်၏။

--

င-ပရိယာဒါနဋ္ဌ အကျယ်ပြခြင်း

ကုန်ခန်းစေတတ်သော သဘောအားဖြင့် ဣန္ဒြေတို့ကို အဘယ်သို့ မှတ်အပ်ကုန်သနည်း။

ဆုံးဖြတ်တတ်သော သဘောအားဖြင့် သဒ္ဓိန္ဒြေသည် မယုံကြည်ခြင်းကို ကုန်ခန်းစေတတ်၏။ မယုံ ကြည်ခြင်းတည်းဟူသော ပူပန်ခြင်းကို ကုန်ခန်းစေတတ်၏။ ချီးမြှောက်ခြင်း သဘောအားဖြင့် ဝီရိယိန္ဒြေ သည် ပျင်းရိခြင်းကို ကုန်ခန်းစေတတ်၏။ ပျင်းရိခြင်းဟူသော ပူပန်ခြင်းကို ကုန်ခန်းစေတတ်၏။ ထင် သောသဘောအားဖြင့် သတိန္ဒြေသည် မေ့လျော့ခြင်းကို ကုန်ခန်းစေတတ်၏။ မေ့လျော့ခြင်းဟူသော ပူပန်ခြင်းကို ကုန်ခန်းစေတတ်၏။ မပျံ့လွင့်သော သဘောအားဖြင့် သမာဓိန္ဒြေသည် ပျံ့လွင့်ခြင်းကို ကုန်ခန်း စေတတ်၏။ ပျံ့လွင့်ခြင်းဟူသော ပူပန်ခြင်းကို ကုန်ခန်းစေတတ်၏။ မြင်တတ်သော သဘောအားဖြင့် ပညိန္ဒြေသည် အဝိဇ္ဇာကို ကုန်ခန်းစေတတ်၏။ အဝိဇ္ဇာတည်းဟူသော ပူပန်ခြင်းကို ကုန်ခန်းစေတတ်၏။

ဈာန်၌ ဣန္ဒြေငါးပါးတို့သည် ကာမစ္ဆန္ဒကို ကုန်ခန်းစေတတ်ကုန်၏။ အဗျာပါဒ၌ ဣန္ဒြေငါးပါးတို့သည် ဗျာပါဒကို ကုန်ခန်းစေတတ်ကုန်၏။ အာလောကသညာ၌ ဣန္ဒြေငါးပါးတို့သည် ထိုင်းမှိုင်းခြင်း ‘ထိနမိဒ္ဓ’ ကို ကုန်ခန်းစေတတ်ကုန်၏။ မပျံ့လွင့်ခြင်း၌ ဣန္ဒြေငါးပါးတို့သည် ပျံ့လွင့်ခြင်းကို ကုန်ခန်းစေ တတ်ကုန်၏။ပ။ အရဟတ္တမဂ်၌ ဣန္ဒြေငါးပါးတို့သည် ကိလေသာအားလုံးတို့ကို ကုန်ခန်းစေတတ်ကုန်၏။

ဤသို့ ကုန်ခန်းစေတတ်သော သဘောအားဖြင့် ဣန္ဒြေတို့ကို မှတ်အပ်ကုန်၏။

--

စ-ပတိဋ္ဌာပကဋ္ဌ အကျယ်ပြခြင်း

၂၀၃။ တည်စေတတ်သောသဘောအားဖြင့် ဣန္ဒြေတို့ကို အဘယ်သို့ မှတ်အပ်ကုန်သနည်း။

ယုံကြည်သူသည် သဒ္ဓိန္ဒြေကို ဆုံးဖြတ်ခြင်း၌ တည်စေ၏။ ယုံကြည်သူ၏ သဒ္ဓိန္ဒြေသည် ဆုံးဖြတ်ခြင်း၌ တည်စေ၏။ လုံ့လရှိသူသည် ဝီရိယိန္ဒြေကို ချီးမြှောက်ခြင်း၌ တည်စေ၏။ လုံ့လရှိသူ၏ ဝီရိယိန္ဒြေသည် ချီးမြှောက်ခြင်း၌ တည်စေ၏။ သတိရှိသူသည် သတိန္ဒြေကို ထင်ခြင်း၌ တည်စေ၏။ သတိရှိသူ၏ သတိန္ဒြေ သည် ထင်ခြင်း၌ တည်စေ၏။ တည်ကြည်သူသည် သမာဓိန္ဒြေကို မပျံ့လွင့်ခြင်း၌ တည်စေ၏။ တည် ကြည်သူ၏ သမာဓိန္ဒြေသည် မပျံ့လွင့်ခြင်း၌ တည်စေ၏။ ပညာရှိသူသည် ပညိန္ဒြေကို မြင်ခြင်း၌ တည်စေ၏။ ပညာရှိသူ၏ ပညိန္ဒြေသည် မြင်ခြင်း၌ တည်စေ၏။

သမထ၊ ဝိပဿနာ အားထုတ်သူသည် ဣန္ဒြေငါးပါးတို့ကို ဈာန်၌ တည်စေ၏။ သမထ၊ ဝိပဿနာ အားထုတ်သူ၏ ဣန္ဒြေငါးပါးတို့သည် ထိုပုဂ္ဂိုလ်ကိုပင်လျှင် ဈာန်၌ တည်စေကုန်၏။ သမထ၊ ဝိပဿနာ အားထုတ်သူသည် ဣန္ဒြေငါးပါးတို့ကို အဗျာပါဒ၌ တည်စေ၏။ သမထ၊ ဝိပဿနာ အားထုတ်သူ၏ ဣန္ဒြေ ငါးပါးတို့သည် ထိုပုဂ္ဂိုလ်ကိုပင်လျှင် အဗျာပါဒ၌ တည်စေကုန်၏။ သမထ၊ ဝိပဿနာ အားထုတ်သူသည် ဣန္ဒြေငါးပါးတို့ကို အာလောကသညာ၌ တည်စေ၏။ သမထ၊ ဝိပဿနာ အားထုတ်သူ၏ ဣန္ဒြေငါးပါးတို့ သည် ထိုပုဂ္ဂိုလ်ကိုပင်လျှင် အာလောကသညာ၌ တည်စေကုန်၏။ သမထ၊ ဝိပဿနာ အားထုတ်သူသည် ဣန္ဒြေငါးပါးတို့ကို မပျံ့လွင့်ခြင်း၌ တည်စေ၏။ သမထ၊ ဝိပဿနာ အားထုတ်သူ၏ ဣန္ဒြေငါးပါးတို့သည် ထိုပုဂ္ဂိုလ်ကိုပင်လျှင် မပျံ့လွင့်ခြင်း၌ တည်စေကုန်၏။ပ။ သမထ၊ ဝိပဿနာ အားထုတ်သူသည် ဣန္ဒြေ ငါးပါးတို့ကို အရဟတ္တမဂ်၌ တည်စေ၏။ သမထ၊ ဝိပဿနာ အားထုတ်သူ၏ ဣန္ဒြေငါးပါးတို့သည် ထို ပုဂ္ဂိုလ်ကိုပင်လျှင် အရဟတ္တမဂ်၌ တည်စေကုန်၏။

ဤသို့ တည်စေတတ်သော သဘောအားဖြင့် ဣန္ဒြေတို့ကို မှတ်အပ်ကုန်၏။

လေးခုမြောက်သုတ္တန် အကျယ်ပြခြင်း ပြီး၏။

--

၅-ဣန္ဒြိယသမောဓာန အကျယ်ပြခြင်း

၂၀၄။ သမာဓိကို ပွါးများသော ပုထုဇဉ်ပုဂ္ဂိုလ်သည် အဘယ်မျှသော အခြင်းအရာတို့ဖြင့် ထင်ခြင်း၌ လိမ္မာသနည်း။ သမာဓိကို ပွါးများသော သေက္ခပုဂ္ဂိုလ်သည် အဘယ်မျှသော အခြင်းအရာတို့ဖြင့် ထင်ခြင်း ၌ လိမ္မာသနည်း။ သမာဓိကို ပွါးများသော ရာဂကင်းပြီးသော ရဟန္တာပုဂ္ဂိုလ်သည် အဘယ်မျှသော အခြင်းအရာတို့ဖြင့် ထင်ခြင်း၌ လိမ္မာသနည်း။

သမာဓိကို ပွါးများသော ပုထုဇဉ်ပုဂ္ဂိုလ်သည် ခုနစ်ပါးသော အခြင်းအရာတို့ဖြင့် ထင်ခြင်း၌ လိမ္မာ၏။ သမာဓိကို ပွါးများသော သေက္ခပုဂ္ဂိုလ်သည် ရှစ်ပါးသော အခြင်းအရာတို့ဖြင့် ထင်ခြင်း၌ လိမ္မာ၏။ သမာဓိကို ပွါးများသော ရာဂကင်းပြီးသော ရဟန္တာပုဂ္ဂိုလ်သည် ဆယ်ပါးသော အခြင်းအရာတို့ဖြင့် ထင်ခြင်း၌ လိမ္မာ၏။

ပုထုဇဉ်ပုဂ္ဂိုလ်သည် သမာဓိကို ပွါးများသော် အဘယ်ခုနစ်ပါးသော အခြင်းအရာတို့ဖြင့် ထင်ခြင်း၌ လိမ္မာသနည်း။ ကသိုဏ်းစသော နိမိတ်ကို ဆင်ခြင်ခြင်းကြောင့် ကသိုဏ်းစသော နိမိတ်အာရုံထင်ခြင်း၌ လိမ္မာ၏။ သမထနိမိတ်ထင်ခြင်း၌ လိမ္မာ၏။ စိတ်ကို ချီးမြှောက်သော နိမိတ်ထင်ခြင်း၌ လိမ္မာ၏။ မပျံ့လွင့် မှု ထင်ခြင်း၌ လိမ္မာ၏။ ဉာဏ်အရောင်အလင်း ထင်ခြင်း၌ လိမ္မာ၏။ ရွှင်လန်းမှု ထင်ခြင်း၌ လိမ္မာ၏။ လျစ်လျူရှုမှု ထင်ခြင်း၌ လိမ္မာ၏။ ပုထုဇဉ်ပုဂ္ဂိုလ်သည် သမာဓိကို ပွါးများသော် ဤခုနစ်ပါးသော အခြင်း အရာတို့ဖြင့် ထင်ခြင်း၌ လိမ္မာ၏။

ကျင့်ဆဲ သေက္ခပုဂ္ဂိုလ်သည် သမာဓိကို ပွါးများသော် အဘယ်ရှစ်ပါးသော အခြင်းအရာတို့ဖြင့် ထင်ခြင်း၌ လိမ္မာသနည်း။ ကသိုဏ်းစသော နိမိတ်ကို ဆင်ခြင်ခြင်းကြောင့် ကသိုဏ်းစသော နိမိတ်အာရုံ ထင်ခြင်း၌ လိမ္မာ၏။ သမထ နိမိတ်ထင်ခြင်း၌ လိမ္မာ၏။ စိတ်ကို ချီးမြှောက်သော နိမိတ်ထင်ခြင်း၌ လိမ္မာ၏။ သမာဓိ ထင်ခြင်း၌ လိမ္မာ၏။ ဉာဏ်အရောင်အလင်း ထင်ခြင်း၌ လိမ္မာ၏။ ရွှင်လန်းမှု ထင်ခြင်း၌ လိမ္မာ၏။ လျစ်လျူရှုမှု ထင်ခြင်း၌ လိမ္မာ၏။ တစ်ခုတည်းအဖြစ် ထင်ခြင်း၌ လိမ္မာ၏။ ကျင့်ဆဲ သေက္ခ ပုဂ္ဂိုလ်သည် သမာဓိကို ပွါးများသော် ဤရှစ်ပါးသောအခြင်းအရာတို့ဖြင့် ထင်ခြင်း၌ လိမ္မာ၏။

ရာဂကင်းပြီးသော ရဟန္တာပုဂ္ဂိုလ်သည် သမာဓိကို ပွါးများသော် အဘယ်ဆယ်ပါးသော အခြင်း အရာတို့ဖြင့် ထင်ခြင်း၌ လိမ္မာသနည်း။

ကသိုဏ်းစသော နိမိတ်ကို ဆင်ခြင်ခြင်းကြောင့် ကသိုဏ်းစသော နိမိတ်အာရုံ ထင်ခြင်း၌ လိမ္မာ၏။ပ။ တစ်ခုတည်းအဖြစ် ထင်ခြင်း၌ လိမ္မာ၏။ အသမ္မောဟဉာဏ် ထင်ခြင်း၌ လိမ္မာ၏။ အရဟတ္တဖိုလ် ‘ဝိမုတ္တိ'့ထင်ခြင်း၌ လိမ္မာ၏။ ရဟန္တာပုဂ္ဂိုလ်သည် သမာဓိကို ပွါးများသော် ဤဆယ်ပါးသော အခြင်းအရာ တို့ဖြင့် ထင်ခြင်း၌ လိမ္မာ၏။

၂၀၅။ ပုထုဇဉ်ပုဂ္ဂိုလ်သည် ဝိပဿနာကို ပွါးများသော် အဘယ်မျှသော အခြင်းအရာတို့ဖြင့် ထင်ခြင်း၌ လိမ္မာသနည်း။ အဘယ်မျှသော အခြင်းအရာတို့ဖြင့် မထင်ခြင်း၌ လိမ္မာသနည်း။ ကျင့်ဆဲ သေက္ခပုဂ္ဂိုလ်သည် ဝိပဿနာကို ပွါးများသော် အဘယ်မျှသော အခြင်းအရာတို့ဖြင့် ထင်ခြင်း၌ လိမ္မာ သနည်း။ အဘယ်မျှသော အခြင်းအရာတို့ဖြင့် မထင်ခြင်း၌ လိမ္မာသနည်း။ ရာဂကင်းပြီးသော ရဟန္တာ ပုဂ္ဂိုလ်သည် ဝိပဿနာကို ပွါးများသော် အဘယ်မျှသော အခြင်းအရာတို့ဖြင့် ထင်ခြင်း၌ လိမ္မာသနည်း။ အဘယ်မျှသော အခြင်းအရာတို့ဖြင့် မထင်ခြင်း၌ လိမ္မာသနည်း။

--

ပုထုဇဉ်ပုဂ္ဂိုလ်သည် ဝိပဿနာကို ပွါးများသော် ကိုးပါးသော အခြင်းအရာတို့ဖြင့် ထင်ခြင်း၌ လိမ္မာ၏။ ကိုးပါးသော အခြင်းအရာတို့ဖြင့် မထင်ခြင်း၌ လိမ္မာ၏။

ကျင့်ဆဲ သေက္ခပုဂ္ဂိုလ်သည် ဝိပဿနာကို ပွါးများသော် ဆယ်ပါးသော အခြင်းအရာတို့ဖြင့် ထင်ခြင်း ၌ လိမ္မာ၏။ ဆယ်ပါးသော အခြင်းအရာတို့ဖြင့် မထင်ခြင်း၌ လိမ္မာ၏။

ရာဂကင်းပြီးသော ရဟန္တာပုဂ္ဂိုလ်သည် ဝိပဿနာကို ပွါးများသော် တစ်ဆယ့်နှစ်ပါးသော အခြင်း အရာတို့ဖြင့် ထင်ခြင်း၌ လိမ္မာ၏။ တစ်ဆယ့်နှစ်ပါးသော အခြင်းအရာတို့ဖြင့် မထင်ခြင်း၌ လိမ္မာ၏။

ပုထုဇဉ်ပုဂ္ဂိုလ်သည် ဝိပဿနာကို ပွါးများသော် အဘယ်ကိုးပါးသော အခြင်းအရာတို့ဖြင့် ထင်ခြင်း၌ လိမ္မာသနည်း။ အဘယ်ကိုးပါးသော အခြင်းအရာတို့ဖြင့် မထင်ခြင်း၌ လိမ္မာသနည်း။

မမြဲသောအားဖြင့် ထင်ခြင်း၌ လိမ္မာ၏။ မြဲသောအားဖြင့် မထင်ခြင်း၌ လိမ္မာ၏။ ဆင်းရဲသောအားဖြင့် ထင်ခြင်း၌ လိမ္မာ၏။ ချမ်းသာသောအားဖြင့် မထင်ခြင်း၌ လိမ္မာ၏။ အနှစ်မရှိ အလိုသို့ မလိုက်သော အားဖြင့် ထင်ခြင်း၌ လိမ္မာ၏။ အနှစ်ရှိသော အလိုသို့လိုက်သောအားဖြင့် မထင်ခြင်း၌ လိမ္မာ၏။ ကုန်ဆုံး တတ်သောအားဖြင့် ထင်ခြင်း၌ လိမ္မာ၏။ အစိုင်အခဲအားဖြင့် မထင်ခြင်း၌ လိမ္မာ၏။ ပျက်ပြုန်းတတ်သော အားဖြင့် ထင်ခြင်း၌ လိမ္မာ၏။ အားထုတ်ခြင်း၏ မထင်ခြင်း၌ လိမ္မာ၏။ ဖောက်ပြန်ခြင်း၏ ထင်ခြင်း၌ လိမ္မာ၏။ တည်တံ့သောအားဖြင့် မထင်ခြင်း၌ လိမ္မာ၏။ အနိမိတ္တ၏ ထင်ခြင်း၌ လိမ္မာ၏။ နိမိတ္တ၏ မထင်ခြင်း၌ လိမ္မာ၏။ အပ္ပဏိ ဟိတ၏ထင်ခြင်း၌ လိမ္မာ၏။ တောင့်တခြင်း၏ မထင်ခြင်း၌ လိမ္မာ၏။ ဆိတ် သုဉ်းသောအားဖြင့် ထင်ခြင်း၌ လိမ္မာ၏။ မှားသောအားဖြင့်နှလုံးသွင်းခြင်း၏ မထင်ခြင်း၌ လိမ္မာ၏။ ပုထုဇဉ်ပုဂ္ဂိုလ်သည် ဝိပဿနာကို ပွါးများသော် ဤကိုးပါးသော အခြင်းအရာတို့ဖြင့် ထင်ခြင်း၌ လိမ္မာ၏။ ဤကိုးပါးသော အခြင်းအရာတို့ဖြင့် မထင်ခြင်း၌ လိမ္မာ၏။

၂၀၆။ ကျင့်ဆဲ သေက္ခပုဂ္ဂိုလ်သည် ဝိပဿနာကို ပွါးများသော် အဘယ်ဆယ်ပါးသော အခြင်းအရာ တို့ဖြင့် ထင်ခြင်း၌ လိမ္မာသနည်း။ အဘယ်ဆယ်ပါးသော အခြင်းအရာတို့ဖြင့် မထင်ခြင်း၌ လိမ္မာသနည်း။

မမြဲသောအားဖြင့် ထင်ခြင်း၌ လိမ္မာ၏။ မြဲသောအားဖြင့် မထင်ခြင်း၌ လိမ္မာ၏။ပ။ ဆိတ်သုဉ်းသော အားဖြင့် ထင်ခြင်း၌ လိမ္မာ၏။ မှားသောအားဖြင့်နှလုံးသွင်းခြင်း၏ မထင်ခြင်း၌ လိမ္မာ၏။ ဉာဏ်၏ ထင်ခြင်း၌ လိမ္မာ၏။ အဉာဏ၏ မထင်ခြင်း၌ လိမ္မာ၏။ ကျင့်ဆဲ သေက္ခပုဂ္ဂိုလ်သည် ဝိပဿနာကို ပွါး များသော် ဤဆယ်ပါးသော အခြင်းအရာတို့ဖြင့် ထင်ခြင်း၌ လိမ္မာ၏။ ဤဆယ်ပါးသော အခြင်းအရာ တို့ဖြင့် မထင်ခြင်း၌ လိမ္မာ၏။

ရာဂကင်းပြီးသော ရဟန္တာပုဂ္ဂိုလ်သည် ဝိပဿနာကို ပွါးများသော် အဘယ်တစ်ဆယ့်နှစ်ပါးသော အခြင်းအရာတို့ဖြင့် ထင်ခြင်း၌ လိမ္မာသနည်း။ အဘယ်တစ်ဆယ့်နှစ်ပါးသော အခြင်းအရာတို့ဖြင့် မထင်ခြင်း၌ လိမ္မာသနည်း။

မမြဲသောအားဖြင့် ထင်ခြင်း၌ လိမ္မာ၏။ မြဲသောအားဖြင့် မထင်ခြင်း၌ လိမ္မာ၏။ပ။ ဉာဏ်၏ ထင်ခြင်း၌ လိမ္မာ၏။ အဉာဏ၏ မထင်ခြင်း၌ လိမ္မာ၏။ မယှဉ်ခြင်း ‘ဝိသံယောဂ'၏ ထင်ခြင်း၌ လိမ္မာ၏။ ယှဉ်ခြင်း့'သံယောဂ'၏ မထင်ခြင်း၌ လိမ္မာ၏။ နိရောဓဟု ဆိုအပ်သော နိဗ္ဗာန်၏ ထင်ခြင်း၌ လိမ္မာ၏။ သင်္ခါရတို့၏ မထင်ခြင်း၌ လိမ္မာ၏။ ရာဂကင်းပြီးသော ရဟန္တာပုဂ္ဂိုလ်သည် ဝိပဿနာကို ပွါးများသော် ဤတစ်ဆယ့်နှစ်ပါးသော အခြင်းအရာတို့ဖြင့် ထင်ခြင်း၌ လိမ္မာ၏။ ဤတစ်ဆယ့်နှစ်ပါးသော အခြင်းအရာ တို့ဖြင့် မထင်ခြင်း၌ လိမ္မာ၏။

ကသိုဏ်းစသော နိမိတ်ကို ဆင်ခြင်ခြင်းကြောင့် အာရုံထင်ခြင်း၌ လိမ္မာသည့် အစွမ်းအားဖြင့် ဣန္ဒြေ တို့ကို ပေါင်း၏။ အာရုံကိုလည်း အပြားအားဖြင့် သိ၏။ သမတ္ထကိုလည်း ထိုးထွင်း၍ သိ၏။ပ။ တရား တို့ကို ပေါင်း၏။ အာရုံကိုလည်း အပြားအားဖြင့် သိ၏။ သမတ္ထကိုလည်း ထိုးထွင်း၍ သိ၏။

--

ဣန္ဒြိယာနိ သမောဓာနေတိဟူရာ၌ အဘယ်သို့လျှင် ဣန္ဒြေတို့ကို ပေါင်းသနည်း။ ဆုံးဖြတ်တတ် သော သဘောအားဖြင့် သဒ္ဓိန္ဒြေကို ပေါင်း၏။ပ။ သမထနိမိတ်ထင်ခြင်း၌ လိမ္မာသည့်အစွမ်းအားဖြင့်။ ပဂ္ဂဟနိမိတ် ထင်ခြင်း၌ လိမ္မာသည့်အစွမ်းအားဖြင့်။ သမာဓိထင်ခြင်း၌ လိမ္မာသည့်အစွမ်းအားဖြင့်။ ဉာဏ် အရောင်အလင်း ထင်ခြင်း၌ လိမ္မာသည့်အစွမ်းအားဖြင့်။ ရွှင်လန်းမှုထင်ခြင်း၌ လိမ္မာသည့်အစွမ်းအားဖြင့်။ လျစ်လျူရှုမှု ‘ဥပေက္ခာ’ ထင်ခြင်း၌ လိမ္မာသည့်အစွမ်းအားဖြင့်။ တစ်ခုတည်းအဖြစ်ထင်ခြင်း၌ လိမ္မာသည့် အစွမ်းအားဖြင့်။ ဉာဏ်၏ ထင်ခြင်း၌ လိမ္မာသည့်အစွမ်းအားဖြင့်။ ဝိမုတ္တိထင်ခြင်း၌ လိမ္မာသည့်အစွမ်း အားဖြင့်။ မမြဲသောအားဖြင့် ထင်ခြင်း၌ လိမ္မာသည့်အစွမ်းအားဖြင့်။ မြဲသောသဘောဖြင့် မထင်ခြင်း၌ လိမ္မာသည့်အစွမ်းအားဖြင့်။ ဆင်းရဲသောအားဖြင့် ထင်ခြင်း၌ လိမ္မာသည့်အစွမ်းအားဖြင့်။ ချမ်းသာသော အားဖြင့် မထင်ခြင်း၌ လိမ္မာသည့်အစွမ်းအားဖြင့်။ အနှစ်မရှိ အလိုသို့ မလိုက်သောအားဖြင့် ထင်ခြင်း၌ လိမ္မာသည့်အစွမ်းအားဖြင့်။ အနှစ်ရှိသော အလိုသို့ လိုက်သောအားဖြင့် မထင်ခြင်း၌ လိမ္မာသည့်အစွမ်း အားဖြင့်။ ကုန်ဆုံးတတ်သောအားဖြင့် ထင်ခြင်း၌ လိမ္မာသည့်အစွမ်းအားဖြင့်။ အစိုင်အခဲအားဖြင့် မထင်ခြင်း၌ လိမ္မာသည့်အစွမ်းအားဖြင့်။ ပျက်တတ်သောအားဖြင့် ထင်ခြင်း၌ လိမ္မာသည့်အစွမ်းအားဖြင့်။ အား ထုတ်ခြင်း၏ မထင်ခြင်း၌ လိမ္မာသည့် အစွမ်းအားဖြင့်။ ဖောက်ပြန်သောအားဖြင့် ထင်ခြင်း၌ လိမ္မာသည့် အစွမ်းအားဖြင့်။ တည်တံ့သောအားဖြင့် မထင်ခြင်း၌ လိမ္မာသည့်အစွမ်းအားဖြင့်။ အနိမိတ္တ၏ ထင်ခြင်း၌ လိမ္မာသည့်အစွမ်းအားဖြင့်။ နိမိတ္တ၏ မထင်ခြင်း၌ လိမ္မာသည့်အစွမ်းအားဖြင့်။ အပ္ပဏိဟိတ၏ ထင်ခြင်း၌ လိမ္မာသည့်အစွမ်းအားဖြင့်။ တောင့်တမှု၏ မထင်ခြင်း၌ လိမ္မာသည့်အစွမ်းအားဖြင့်။ ဆိတ်သုဉ်းသော အားဖြင့် ထင်ခြင်း၌ လိမ္မာသည့်အစွမ်းအားဖြင့်။ မှားသောနှလုံးသွင်းမှု၏ မထင်ခြင်း၌ လိမ္မာသည့်အစွမ်း အားဖြင့်။ ဉာဏ်၏ထင်ခြင်း၌ လိမ္မာသည့်အစွမ်းအားဖြင့်။ အဉာဏ၏ မထင်ခြင်း၌ လိမ္မာသည့်အစွမ်း အားဖြင့်။ မယှဉ်သော ‘ဝိသံယောဂ'၏ ထင်ခြင်း၌ လိမ္မာသည့်အစွမ်းအားဖြင့်။ ယှဉ်သော ‘သံယောဂ'၏ မထင်ခြင်း၌ လိမ္မာသည့်အစွမ်းအားဖြင့်။ နိရောဓဟု ဆိုအပ်သော နိဗ္ဗာန်၏ ထင်ခြင်း၌ လိမ္မာသည့် အစွမ်းအားဖြင့်။ သင်္ခါရတို့၏ မထင်ခြင်း၌ လိမ္မာသည့် အစွမ်းအားဖြင့် ဣန္ဒြေတို့ကို ပေါင်း၏။ အာရုံ ကိုလည်း အပြားအားဖြင့်သိ၏။ သမတ္ထကိုလည်း ထိုးထွင်း၍သိ၏။

၂၀၇။ ခြောက်ဆယ့်လေးပါးသော အခြင်းအရာတို့ဖြင့် ဣန္ဒြေသုံးပါးတို့၏ လေ့လာသည်၏ အဖြစ်ဟူသောပညာသည် အာသဝေါတရားတို့၏ ကုန်ခန်းခြင်း၌ဖြစ်သော ‘အာသဝက္ခယ'ဉာဏ်မည်၏။

အဘယ် ဣန္ဒြေသုံးပါးတို့၏ လေ့လာသည်၏ အဖြစ်ဟူသောပညာသည် အာသဝက္ခယဉာဏ်မည်သနည်း။ အနညာ တညဿာမီတိန္ဒြေ၏၊ အညိန္ဒြေ၏၊ အညာတာဝိန္ဒြေ၏ လေ့လာသည်၏ အဖြစ်ဟူသောပညာသည် အာသဝက္ခယဉာဏ်မည်၏။

အနညာတညဿာမီတိန္ဒြေသည် အဘယ်မျှသောအရာတို့သို့ ရောက်သနည်း။ အညိန္ဒြေသည် အဘယ်မျှသောအရာတို့သို့ ရောက်သနည်း။ အညာတာဝိန္ဒြေသည် အဘယ်မျှသောအရာတို့သို့ ရောက် သနည်း။

အနညာတညဿာမီတိန္ဒြေသည် သောတာပတ္တိမဂ်ဟူသော တစ်ပါးသော အရာသို့ ရောက်၏။ အညိန္ဒြေသည် သောတာပတ္တိဖိုလ်၊ သကဒါဂါမိမဂ်၊ သကဒါဂါမိဖိုလ်၊ အနာဂါမိမဂ်၊ အနာဂါမိဖိုလ်၊ အရဟတ္တမဂ်ဟူသော ခြောက်ပါးသော အရာတို့သို့ ရောက်၏။ အညာတာဝိန္ဒြေသည် အရဟတ္တဖိုလ်ဟူ သော တစ်ပါးသော အရာသို့ ရောက်၏။

သောတာပတ္တိမဂ်ခဏ၌ အနညာတညဿာမီတိန္ဒြေ၏ သဒ္ဓိန္ဒြေသည် အဓိမောက္ခ ခြံရံ၏။ ဝီရိယိန္ဒြေ သည် ချီးမြှောက်မှု ခြံရံ၏။ သတိန္ဒြေသည် ထင်မှု ခြံရံ၏။ သမာဓိန္ဒြေသည် မပျံ့လွင့်မှု ခြံရံ၏။ ပညိန္ဒြေ သည် မြင်မှု ခြံရံ၏။ မနိန္ဒြေသည် သိမှု ခြံရံ၏။ သောမနဿိန္ဒြေသည် အလွန်ယိုစီးမှု ခြံရံ၏။ ဇီဝိတိန္ဒြေ သည် ဖြစ်စဉ်ကို အစိုးရသည့်အဖြစ်ဖြင့် ခြံရံ၏။

--

သောတာပတ္တိမဂ်ခဏ၌ စိတ်ကြောင့်ဖြစ်သော ရုပ်ကို ထား၍ ဖြစ်သော တရားအားလုံးတို့သည် ကုသိုလ်ဖြစ်ကုန်၏။ တရားအားလုံးတို့သည် အာသဝေါကင်းကုန်၏။ တရားအားလုံးတို့သည် ဝဋ်မှ ထွက်မြောက်ကြောင်း ဖြစ်ကုန်၏။ တရားအားလုံးတို့သည် နိဗ္ဗာန်သို့ရောက်ကြောင်း ဖြစ်ကုန်၏။ တရား အားလုံးတို့သည် လောကမှ လွတ်မြောက်ကုန်၏။ တရားအားလုံးတို့သည် နိဗ္ဗာန်လျှင် အာရုံရှိကုန်၏။

သောတာပတ္တိမဂ်ခဏ၌ အနညာတညဿာမီတိန္ဒြေ၏ ဤရှစ်ပါးသော ဣန္ဒြေတို့သည် တကွဖြစ်၍ ခြံရံကုန်၏။ အချင်းချင်းအားဖြင့် ခြံရံကုန်၏။ မှီရာအားဖြင့် ခြံရံကုန်၏။ ယှဉ်သောအားဖြင့် ခြံရံကုန်၏။

တကွအဖြစ်သို့ ရောက်ကုန်၏။ တကွဖြစ်ကုန်၏။ နှီးနှောကုန်၏။ ယှဉ်ကုန်၏။

ထိုအတူဖြစ်သော တရားတို့သည်သာလျှင် ထိုအနညာတညဿာမီတိန္ဒြေ၏ အခြင်းအရာတို့လည်း ဖြစ်ကုန်၏။ အခြံအရံလည်း ဖြစ်ကုန်၏။

သောတာပတ္တိဖိုလ်ခဏ၌။ပ။ အရဟတ္တဖိုလ် ခဏ၌ အညာတာဝိန္ဒြေ၏ သဒ္ဓိန္ဒြေသည် အဓိမောက္ခ ခြံရံ၏။ပ။ ဇီဝိတိန္ဒြေသည် ဖြစ်စဉ်ကို အစိုးရသည့်အဖြစ်ဖြင့် ခြံရံ၏။ အရဟတ္တဖိုလ်ခဏ၌ ဖြစ်သော တရားအားလုံးတို့သည် အဗျာကတဖြစ်ကုန်၏။ စိတ်ကြောင့်ဖြစ်သော ရုပ်ကို ထား၍ တရားအားလုံးတို့ သည် အာသဝေါတရား ကင်းကုန်၏။ တရားအားလုံးတို့သည် လောကကို လွန်မြောက်ကုန်၏။ တရား အားလုံးတို့သည် နိဗ္ဗာန်လျှင် အာရုံရှိကုန်၏။ အရဟတ္တဖိုလ်ခဏ၌ အညာတာဝိန္ဒြေ၏ ဤရှစ်ပါးသော ဣန္ဒြေတို့သည် တကွဖြစ်၍ ခြံရံကုန်၏။ ထိုအတူဖြစ်သော တရားတို့သည်သာလျှင် ထိုအညာတာဝိန္ဒြေ၏ အခြင်းအရာတို့လည်း ဖြစ်ကုန်၏။ အခြံအရံတို့လည်း ဖြစ်ကုန်၏။ ဤသို့ ရှစ်ပါးသော အဋ္ဌကတို့သည် ခြောက်ဆယ့်လေးပါး ဖြစ်ကုန်၏။

အာသဝဟူရာ၌ ထိုအာသဝတို့သည် အဘယ်တို့နည်း။ ကာမာသဝ၊ ဘဝါသဝ၊ ဒိဋ္ဌာသဝ၊ အဝိဇ္ဇာသဝတို့တည်း။

ထိုအာသဝတို့သည် အဘယ်၌ ကုန်ခန်းကုန်သနည်း။ သောတာပတ္တိမဂ်ဖြင့် ဒိဋ္ဌာသဝ အကြွင်းမဲ့ကုန် ခန်း၏။ အပါယ်လားကြောင်း ကာမာသဝ၊ ဘဝါသဝ၊ အဝိဇ္ဇာသဝ ကုန်ခန်း၏။ ဤသောတာပတ္တိမဂ်၌ ထိုအာသဝေါတရားတို့ ကုန်ခန်းကုန်၏။

သကဒါဂါမိမဂ်ဖြင့် ရုန့်ရင်းသောကာမာသဝ ကုန်ခန်း၏။ ထိုကာမာသဝနှင့် အတူတည်ရှိသော ဘဝါသဝ ကုန်ခန်း၏။ ထိုကာမာသဝ၊ ဘဝါသဝနှစ်ပါးနှင့် အတူတည်ရှိသော အဝိဇ္ဇာသဝ ကုန်ခန်း၏။ ဤသကဒါဂါမိမဂ်၌ ထိုအာသဝေါတရားတို့ ကုန်ခန်းကုန်၏။

အနာဂါမိမဂ်ဖြင့် ကာမာသဝ အကြွင်းမဲ့ကုန်ခန်း၏။ ထိုကာမာသဝနှင့် အတူတည်ရှိသော ဘဝါသဝ ကုန်ခန်း၏။ ထိုကာမာသဝ၊ ဘဝါသဝနှစ်ပါးနှင့် အတူတည်ရှိသော အဝိဇ္ဇာသဝ ကုန်ခန်း၏။ ဤ အနာဂါမိမဂ်၌ ထိုအာသဝေါတရားတို့ ကုန်ခန်းကုန်၏။

အရဟတ္တမဂ်ဖြင့် ဘဝါသဝ၊ အဝိဇ္ဇာသဝ အကြွင်းမဲ့ကုန်ခန်း၏။ ဤအရဟတ္တမဂ်၌ ထိုအာသဝေါ တရားတို့ ကုန်ခန်းကုန်၏။

၂၀၈။ ထိုမြတ်စွာဘုရားအား ဤလောကဓာတ်၌ မမြင်အပ်သောတရား တစ်စုံ တစ်ခုမျှ မရှိ။ ထို့ပြင့်မသိအပ် မသိနိုင်သောတရား တစ်စုံတစ်ခုမျှ မရှိ။ သိသင့် သိထိုက်သော တရားအားလုံးကို သိတော်မူပြီ။ ထို့ကြောင့် မြတ်စွာဘုရားကို ‘သမန္တစက္ခု’ဟု ဆိုအပ်၏။

သမန္တစက္ခုဟူရာ၌ အဘယ်သဘောကြောင့် သမန္တစက္ခုမည်သနည်း။ တစ်ဆယ့်လေးပါးသော ဗုဒ္ဓဉာဏ်တို့သည် သမန္တစက္ခု မည်ကုန်၏။ ဆင်းရဲဒုက္ခ၌ ဖြစ်သောဉာဏ်သည် ဗုဒ္ဓဉာဏ်မည်၏။ ဆင်းရဲ ဒုက္ခဖြစ်ကြောင်း၌ ဖြစ်သောဉာဏ်သည် ဗုဒ္ဓဉာဏ်မည်၏။ပ။ သဗ္ဗညုတဉာဏ်သည် ဗုဒ္ဓဉာဏ်မည်၏။

--

အနာဝရဏဉာဏ်သည် ဗုဒ္ဓဉာဏ်မည်၏။ ဤဉာဏ်တစ်ဆယ့်လေးပါးတို့သည် ဗုဒ္ဓဉာဏ်တို့ မည်ကုန်၏။

ဤဗုဒ္ဓဉာဏ် တစ်ဆယ့်လေးပါးတို့တွင် ဉာဏ်ရှစ်ပါးတို့သည် သာဝကတို့နှင့် ဆက်ဆံကုန်၏။

ဉာဏ်ခြောက်ပါးတို့သည် သာဝကတို့နှင့် မဆက်ဆံကုန်။

ဒုက္ခ၏ ဒုက္ခသဘော ရှိသမျှ အလုံးစုံသောတရားကို သိအပ်၏။ မသိအပ်သော ဒုက္ခသဘောဖြစ်သော တရားသည် မရှိသောကြောင့် သမန္တစက္ခုမည်၏။ အကြင်တရားသည် သမန္တစက္ခုမည်၏။ ထို တရားသည် ပညိန္ဒြေမည်၏။ ပညိန္ဒြေ၏အစွမ်းအားဖြင့် ဆုံးဖြတ်တတ်သောသဘောအားဖြင့် သဒ္ဓိန္ဒြေမည်၏။ ချီးမြှောက်တတ်သော သဘောအားဖြင့် ဝီရိယိန္ဒြေမည်၏။ ထင်သောသဘောအားဖြင့် သတိန္ဒြေမည်၏။ မပျံ့လွင့်သောသဘောအားဖြင့် သမာဓိန္ဒြေမည်၏။

ဒုက္ခ၏ ဒုက္ခသဘော ရှိသမျှ အလုံးစုံသောတရားကို မြင်အပ်၊ သိအပ်၊ မျက်မှောက်ပြုအပ်၏။ ပညာဖြင့် တွေ့ထိအပ်၏။ ပညာဖြင့် မတွေ့ထိအပ်သော ဒုက္ခသဘောမည်သည် မရှိ။ ထို့ကြောင့် သမန္တ စက္ခုမည်၏။

အကြင်တရားသည် သမန္တစက္ခုမည်၏။ ထိုတရားသည် ပညိန္ဒြေမည်၏။ ပညိန္ဒြေ၏အစွမ်းအားဖြင့် ဆုံးဖြတ်တတ်သောသဘောအားဖြင့် သဒ္ဓိန္ဒြေမည်၏။ ချီးမြှောက်တတ်သော သဘောအားဖြင့် ဝီရိယိန္ဒြေ မည်၏။ ထင်သောသဘောအားဖြင့် သတိန္ဒြေမည်၏။ မပျံ့လွင့်သောသဘောအားဖြင့် သမာဓိန္ဒြေမည်၏။

အကြင်မျှလောက် ဆင်းရဲဖြစ်ကြောင်း ‘သမုဒယ'၏ သမုဒယသဘော ရှိသမျှ အလုံးစုံသော တရားကို။ပ။ အကြင်မျှလောက် ချုပ်ငြိမ်းခြင်း ‘နိရောဓ'၏ နိရောဓသဘောကို။ အကြင်မျှလောက် မဂ်၏ မဂ်သဘောကို။ အကြင်မျှလောက် အတ္ထပဋိသမ္ဘိဒါ၏ အတ္ထပဋိသမ္ဘိဒါသဘောကို။ အကြင်မျှလောက် ဓမ္မပဋိ သမ္ဘိဒါ၏ ဓမ္မပဋိသမ္ဘိဒါသဘောကို။ အကြင်မျှလောက် နိရုတ္တိပဋိသမ္ဘိဒါ၏ နိရုတ္တိပဋိသမ္ဘိဒါသဘောကို။ အကြင်မျှလောက် ပဋိဘာနပဋိသမ္ဘိဒါ၏ ပဋိဘာနပဋိသမ္ဘိဒါသဘောကို။ အကြင်မျှလောက် သတ္တဝါတို့၏ ဣန္ဒြေအနုအရင့်ကို သိသောဉာဏ်ကို။ အကြင်မျှလောက် သတ္တဝါတို့၏ အလိုအာသယကိန်းဟန်၌ သိသော ဉာဏ်ကို။ အကြင်မျှလောက် ရေမီးအစုံ တန်ခိုးပြာဋိဟာပြရာ၌ ဖြစ်သောဉာဏ်ကို။ အကြင်မျှလောက် မဟာကရုဏာသမာပတ်၌ ဖြစ်သောဉာဏ်ကို။ နတ်နှင့်တကွသော မာရ်နတ်နှင့်တကွသော ဗြဟ္မာနှင့်တကွ သော ဩကာသလောကကိုလည်းကောင်း၊ သမဏဗြာဟ္မဏမင်းများ လူများနှင့်တကွသော သတ္တလောက ကိုလည်းကောင်း မြင်အပ်၊ ကြားအပ်၊ တွေ့အပ်၊ သိအပ်၊ ရောက်အပ်၊ ရှာမှီးအပ်၊ စိတ်ဖြင့် အဖန်ဖန် လေ့လာအပ်သော တရားရှိသမျှအလုံးစုံကို သိအပ် မြင်အပ်၏။ ထင်ရှားအောင် ပြုအပ်၏။ အလုံးစုံသော တရားကို မျက်မှောက်ပြုအပ်၏။ အလုံးစုံသောတရားကို ပညာဖြင့် တွေ့ထိအပ်၏။ ပညာဖြင့် မတွေ့ ထိအပ်သောတရားမည်သည် မရှိသောကြောင့် သမန္တစက္ခုမည်၏။

အကြင်တရားသည် သမန္တစက္ခုမည်၏။ ထိုတရားသည် ပညိန္ဒြေမည်၏။ ပညိန္ဒြေ၏အစွမ်းအားဖြင့် ဆုံးဖြတ်တတ်သောသဘောအားဖြင့် သဒ္ဓိန္ဒြေမည်၏။ ချီးမြှောက်တတ်သော သဘောအားဖြင့် ဝီရိယိန္ဒြေမည်၏။ ထင်သောသဘောအားဖြင့် သတိန္ဒြေမည်၏။ မပျံ့လွင့်သောသဘောအားဖြင့် သမာဓိန္ဒြေမည်၏။

ယုံကြည်သည်ဖြစ်၍ ချီးမြှောက်၏။ ချီးမြှောက်သည်ဖြစ်၍ ယုံကြည်၏။ ယုံကြည်သည်ဖြစ်၍ ထင်စေ၏။ ထင်စေသည်ဖြစ်၍ ယုံကြည်၏။ ယုံကြည်သည်ဖြစ်၍ ကောင်းစွာထား၏။ ကောင်းစွာထားသည်ဖြစ်၍့ယုံကြည်၏။ ယုံကြည်သည်ဖြစ်၍ အပြားအားဖြင့်သိ၏။ အပြားအားဖြင့်သိသည်ဖြစ်၍ ယုံကြည်၏။ ချီး မြှောက်သည်ဖြစ်၍ ထင်စေ၏။ ထင်စေသည်ဖြစ်၍ ချီးမြှောက်၏။ ချီးမြှောက်သည်ဖြစ်၍ ကောင်းစွာ ထား၏။ ကောင်းစွာထားသည်ဖြစ်၍ ချီးမြှောက်၏။ ချီးမြှောက်သည်ဖြစ်၍ အပြားအားဖြင့်သိ၏။ အပြား အားဖြင့်သိသည်ဖြစ်၍ ချီးမြှောက်၏။ ချီးမြှောက်သည်ဖြစ်၍ ယုံကြည်၏။ ယုံကြည်သည်ဖြစ်၍ ချီးမြှောက်၏။

--

ထင်စေသည်ဖြစ်၍ ကောင်းစွာထား၏။ ကောင်းစွာထားသည်ဖြစ်၍ ထင်စေ၏။ ထင်စေသည်ဖြစ်၍ အပြားအားဖြင့်သိ၏။ အပြားအားဖြင့်သိသည်ဖြစ်၍ ထင်စေ၏။ ထင်စေသည်ဖြစ်၍ ယုံကြည်၏။ ယုံကြည် သည်ဖြစ်၍ ထင်စေ၏။ ထင်စေသည်ဖြစ်၍ ချီးမြှောက်၏။ ချီးမြှောက်သည်ဖြစ်၍ ထင်စေ၏။ ကောင်းစွာ ထားသည်ဖြစ်၍ အပြားအားဖြင့်သိ၏။ အပြားအားဖြင့်သိသည်ဖြစ်၍ ကောင်းစွာထား၏။ ကောင်းစွာ ထားသည်ဖြစ်၍ ယုံကြည်၏။ ယုံကြည်သည်ဖြစ်၍ ကောင်းစွာထား၏။ ကောင်းစွာထားသည်ဖြစ်၍ ချီး မြှောက်၏။ ချီးမြှောက်သည်ဖြစ်၍ ကောင်းစွာထား၏။ ကောင်းစွာထားသည်ဖြစ်၍ ထင်စေ၏။ ထင်စေ သည်ဖြစ်၍ ကောင်းစွာထား၏။ အပြားအားဖြင့်သိသည်ဖြစ်၍ ယုံကြည်၏။ ယုံကြည်သည်ဖြစ်၍ အပြား အားဖြင့်သိ၏။ အပြားအားဖြင့်သိသည်ဖြစ်၍ ချီးမြှောက်၏။ ချီးမြှောက်သည်ဖြစ်၍ အပြားအားဖြင့်သိ၏။ အပြား အားဖြင့်သိသည် ဖြစ်၍ ထင်စေ၏။ ထင်စေသည်ဖြစ်၍ အပြားအားဖြင့်သိ၏။ အပြားအားဖြင့် သိသည်ဖြစ်၍ ကောင်းစွာထား၏။ ကောင်းစွာ ထားသည်ဖြစ်၍ အပြားအားဖြင့် သိ၏။

ယုံကြည်အပ်သည်၏အဖြစ်ကြောင့် ချီးမြှောက်အပ်၏။ ချီးမြှောက်အပ်သည်၏အဖြစ်ကြောင့် ယုံကြည်အပ်၏။ ယုံကြည်အပ်သည်၏အဖြစ်ကြောင့် ထင်စေအပ်၏။ ထင်စေအပ်သည်၏ အဖြစ်ကြောင့် ယုံကြည်အပ်၏။ ယုံကြည်အပ်သည်၏အဖြစ်ကြောင့် ကောင်းစွာ ထားအပ်၏။ ကောင်းစွာ ထားအပ်သည်၏အဖြစ် ကြောင့် ယုံကြည်အပ်၏။ ယုံကြည်အပ်သည်၏အဖြစ်ကြောင့် သိအပ်၏။ သိအပ်သည်၏အဖြစ်ကြောင့် ယုံကြည်အပ်၏။ ချီးမြှောက်အပ်သည်၏အဖြစ်ကြောင့် ထင်စေအပ်၏။ ထင်စေအပ်သည်၏အဖြစ်ကြောင့် ချီးမြှောက်အပ်၏။ ချီးမြှောက်အပ်သည်၏အဖြစ်ကြောင့် ကောင်းစွာထားအပ်၏။

ကောင်းစွာထားအပ်သည်၏ အဖြစ်ကြောင့် ချီးမြှောက်အပ်၏။ ချီးမြှောက်အပ်သည်၏အဖြစ်ကြောင့် သိအပ်၏။ သိအပ်သည်၏အဖြစ် ကြောင့် ချီးမြှောက်အပ်၏။ ချီးမြှောက်အပ်သည်၏အဖြစ်ကြောင့် ယုံကြည်အပ်၏။ ယုံကြည်အပ်သည်၏ အဖြစ်ကြောင့် ချီးမြှောက်အပ်၏။ ထင်စေအပ်သည်၏အဖြစ်ကြောင့် ကောင်းစွာထားအပ်၏။ ကောင်းစွာ ထားအပ်သည်၏ အဖြစ်ကြောင့် ထင်စေအပ်၏။ ထင်စေအပ်သည်၏ အဖြစ်ကြောင့် သိအပ်၏။ သိအပ် သည်၏ အဖြစ်ကြောင့် ထင်စေအပ်၏။ ထင်စေအပ်သည်၏ အဖြစ်ကြောင့် ယုံကြည်အပ်၏။ ယုံကြည်အပ်သည်၏ အဖြစ်ကြောင့် ထင်စေအပ်၏။ ထင်စေအပ်သည်၏ အဖြစ်ကြောင့် ချီးမြှောက်အပ်၏။ ချီးမြှောက်အပ်သည်၏အဖြစ်ကြောင့် ထင်စေအပ်၏။

ကောင်းစွာထားအပ်သည်၏အဖြစ်ကြောင့် သိအပ်၏။ သိအပ်သည်၏အဖြစ်ကြောင့် ကောင်းစွာထားအပ်၏။

ကောင်းစွာထားအပ်သည်၏အဖြစ်ကြောင့် ယုံကြည်အပ်၏။ ယုံကြည်အပ်သည်၏အဖြစ်ကြောင့် ကောင်းစွာထားအပ်၏။ ကောင်းစွာထားအပ်သည်၏အဖြစ် ကြောင့် ချီးမြှောက်အပ်၏။

ချီးမြှောက်အပ်သည်၏အဖြစ်ကြောင့် ကောင်းစွာထားအပ်၏။ ကောင်းစွာ ထားအပ်သည်၏အဖြစ်ကြောင့် ထင်စေအပ်၏။ ထင်စေအပ်သည်၏ အဖြစ်ကြောင့် ကောင်းစွာထားအပ်၏။ သိအပ်သည်၏ အဖြစ်ကြောင့် ယုံကြည်အပ်၏။ ယုံကြည်အပ်သည်၏အဖြစ်ကြောင့် သိအပ်၏။ သိအပ်သည်၏အဖြစ်ကြောင့် ချီးမြှောက်အပ်၏။ ချီးမြှောက်အပ်သည်၏အဖြစ်ကြောင့် သိအပ်၏။ သိခြင်းကြောင့် ထင်စေအပ်၏။

ထင်စေခြင်းကြောင့် သိအပ်၏။ သိအပ်သည်၏ အဖြစ်ကြောင့် ကောင်းစွာ ထားအပ်၏။ ကောင်းစွာထားအပ်သည်၏ အဖြစ်ကြောင့် သိအပ်၏။

အကြင်တရားသည် ဗုဒ္ဓစက္ခုမည်၏။ ထိုတရားသည် ဗုဒ္ဓဉာဏ်မည်၏။ အကြင်တရားသည် ဗုဒ္ဓဉာဏ်မည်၏။ ထိုတရားသည် ဗုဒ္ဓစက္ခုမည်၏။ အကြင်စက္ခုဖြင့် မြတ်စွာဘုရားသည် ပညာမျက်စိ၌့ကိလေသာ မြူနည်းကုန်သော, ပညာမျက်စိ၌ ကိလေသာမြူများကုန်သော၊ ဣန္ဒြေထက်ကုန်သော, ဣန္ဒြေနုံ့ ကုန်သော၊ ကောင်းသော အခြင်းအရာရှိကုန်သော, မကောင်းသောအခြင်းအရာရှိကုန်သော၊ သိစေလွယ် ကုန်သော, သိစေနိုင်ခဲကုန်သော၊ တမလွန်လောကနှင့် ရာဂစသော အပြစ်ကို ဘေးအားဖြင့် ရှုလေ့ရှိကုန် သော ချို့သတ္တဝါတို့ကိုလည်းကောင်း၊ တမလွန်လောကနှင့် ရာဂစသောအပြစ်ကို ဘေးအားဖြင့် ရှုလေ့မရှိ ကုန်သော အချို့သတ္တဝါတို့ကိုလည်းကောင်း မြင်တော်မူ၏။

--

အပ္ပရဇက္ခေ မဟာရဇက္ခေဟူရာ၌ သဒ္ဓါတရားရှိသောပုဂ္ဂိုလ်သည် ပညာမျက်စိ၌ ကိလေသာမြူ နည်းသူ မည်၏။ သဒ္ဓါတရားမရှိသောပုဂ္ဂိုလ်သည် ပညာမျက်စိ၌ ကိလေသာမြူများသူ မည်၏။

အားထုတ်အပ်သော ဝီရိယရှိသောပုဂ္ဂိုလ်သည် ပညာမျက်စိ၌ ကိလေသာမြူနည်းသူ မည်၏။ ပျင်းရိ သော ပုဂ္ဂိုလ်သည် ပညာမျက်စိ၌ ကိလေသာမြူများသူ မည်၏။

ထင်သောသတိရှိသောပုဂ္ဂိုလ်သည် ပညာမျက်စိ၌ ကိလေသာမြူနည်းသူ မည်၏။ လွတ်သောသတိရှိ သော ပုဂ္ဂိုလ်သည် ပညာမျက်စိ၌ ကိလေသာမြူများသူ မည်၏။

တည်ကြည်သောစိတ်ရှိသောပုဂ္ဂိုလ်သည် ပညာမျက်စိ၌ ကိလေသာမြူနည်းသူ မည်၏။ မတည်ကြည် သော စိတ်ရှိသော ပုဂ္ဂိုလ်သည် ပညာမျက်စိ၌ ကိလေသာမြူများသူ မည်၏။

ပညာရှိသော ပုဂ္ဂိုလ်သည် ပညာမျက်စိ၌ ကိလေသာမြူနည်းသူ မည်၏။ ပညာမရှိသော ပုဂ္ဂိုလ်သည် ပညာမျက်စိ၌ ကိလေသာမြူများသူ မည်၏။

တိက္ခိန္ဒြိယေ မုဒိန္ဒြိယေဟူရာ၌ သဒ္ဓါတရားရှိသော ပုဂ္ဂိုလ်သည် ဣန္ဒြေထက်သူ မည်၏။ သဒ္ဓါ တရားမရှိသော ပုဂ္ဂိုလ်သည် ဣန္ဒြေနုံ့သူ မည်၏။ပ။

ပညာရှိသော ပုဂ္ဂိုလ်သည် ဣန္ဒြေထက်သူ မည်၏။ ပညာမရှိသော ပုဂ္ဂိုလ်သည် ဣန္ဒြေနုံ့သူ မည်၏။

သွာကာရေ ဒွါကာရေဟူရာ၌ သဒ္ဓါတရားရှိသောပုဂ္ဂိုလ်သည် ကောင်းသောအခြင်းအရာရှိသူမည်၏။

သဒ္ဓါတရားမရှိသောပုဂ္ဂိုလ်သည် မကောင်းသောအခြင်းအရာရှိသူ မည်၏။ပ။ ပညာရှိသောပုဂ္ဂိုလ်သည် ကောင်းသော အခြင်းအရာရှိသူမည်၏။ ပညာမဲ့သောပုဂ္ဂိုလ်သည် မကောင်းသောအခြင်းအရာရှိသူ မည်၏။

သုဝိညာပယေ ဒုဝိညာပယေဟူရာ၌ ယုံကြည်သောပုဂ္ဂိုလ်သည် သိစေလွယ်သူ မည်၏။ မယုံ ကြည်သော ပုဂ္ဂိုလ်သည် သိစေနိုင်ခဲသူ မည်၏။ပ။

ပညာရှိသော ပုဂ္ဂိုလ်သည် သိစေလွယ်သူ ‘သုဝိညာပယပုဂ္ဂိုလ်’ မည်၏။ ပညာမရှိသော ပုဂ္ဂိုလ် သည် သိစေနိုင်ခဲသူ ‘ဒုဝိညာပယပုဂ္ဂိုလ်’ မည်၏။

အပ္ပေကစ္စေ ပရလောကဝဇ္ဇဘယဒဿာဝိနော အပ္ပေကစ္စေနပရလောကဝဇ္ဇဘယဒဿာဝိနောဟူရာ၌ သဒ္ဓါတရားရှိသောပုဂ္ဂိုလ်သည် တမလွန်လောကနှင့် ရာဂစသောအပြစ်ကို ဘေးအားဖြင့် ရှုလေ့ရှိသူ မည်၏။ သဒ္ဓါတရားမရှိသောပုဂ္ဂိုလ်သည် တမလွန်လောကနှင့် ရာဂစသောအပြစ်ကို ဘေးအားဖြင့် ရှုလေ့ မရှိသူ မည်၏။

အားထုတ်အပ်သော ဝီရိယရှိသော ပုဂ္ဂိုလ်သည် တမလွန်လောကနှင့် ရာဂစသောအပြစ်ကို ဘေး အားဖြင့် ရှုလေ့ရှိသူ မည်၏။ ပျင်းရိသောပုဂ္ဂိုလ်သည် တမလွန်လောကနှင့် ရာဂစသောအပြစ်ကို ဘေး အားဖြင့် ရှုလေ့မရှိသူ မည်၏။ပ။

ပညာရှိသောပုဂ္ဂိုလ်သည် တမလွန်လောကနှင့် ရာဂစသောအပြစ်ကို ဘေးအားဖြင့် ရှုလေ့ရှိသူ မည်၏။

--

ပညာမရှိသောပုဂ္ဂိုလ်သည် တမလွန်လောကနှင့် ရာဂစသောအပြစ်ကို ဘေးအားဖြင့် ရှုလေ့မရှိသူ မည်၏။

လောကောဟူသည် ခန္ဓလောက၊ ဓာတုလောက၊ အာယတနလောက၊ အပါယ်လေးဘုံတည်းဟူသော ဝိပတ္တိဘဝလောက၊ အပါယ်လေးဘုံသို့ရောက်ကြောင်းကံတည်းဟူသော ဝိပတ္တိသမ္ဘဝလောက၊ သုဂတိဘုံတည်းဟူသော သမ္ပတ္တိဘဝလောက၊ သုဂတိဘုံသို့ရောက်ကြောင်းကံတည်းဟူသော သမ္ပတ္တိသမ္ဘဝလောက တို့တည်း။

သတ္တဝါအားလုံးတို့သည် အာဟာရလျှင် တည်ရာရှိ၏ဟူသော တစ်ပါးသောလောက။

ရုပ်နာမ်နှစ်ပါးဟူသောနှစ်ပါးသောလောက။

ဝေဒနာသုံးပါးဟူသော လောကသုံးပါး။

အာဟာရလေးပါးဟူသော လောကလေးပါး

ဥပါဒါနက္ခန္ဓာငါးပါးဟူသော လောကငါးပါး။

အဇ္ဈတ္တိကာယတနခြောက်ပါးဟူသော လောကခြောက်ပါး။

ဝိညာဏဋ္ဌိတိခုနစ်ပါးတို့ဟူသော လောကခုနစ်ပါး။

လောကဓံတရားရှစ်ပါးတို့ဟူသော လောကရှစ်ပါး။

သတ္တဝါတို့နေရာကိုးပါးဟူသော လောကကိုးပါး။

အာယတနဆယ်ပါးဟူသော လောကဆယ်ပါး။

တစ်ဆယ့်နှစ်ပါးသော အာယတနဟူသော လောကတစ်ဆယ့်နှစ်ပါး။

ဓာတ်တစ်ဆယ့်ရှစ်ပါဟူသော လောကတစ်ဆယ့်ရှစ်ပါး။

ဝဇ္ဇဟူရာ၌ ကိလေသာအားလုံးတို့သည် အပြစ်တို့မည်ကုန်၏။ ဒုစရိုက်အားလုံးတို့သည် အပြစ်တို့ မည်ကုန်၏။ ပြုပြင်တတ်သောတရား ‘အဘိသင်္ခါရ'အားလုံးတို့သည် အပြစ်တို့မည်ကုန်၏။ ဘဝသို့ လားရောက်စေတတ်သော ကံအားလုံးတို့သည် အပြစ်တို့မည်ကုန်၏။

ဤသို့ ဆိုအပ်ပြီးသော လောက၌လည်းကောင်း၊ ရာဂစသော အပြစ်၌လည်းကောင်း ထက်မြက် အားကြီးသော ဘေးဟူသော အမှတ်သည် ခုတ်သတ်ခြင်းငှါ မြှောက်ကိုင်ထားသည့် သန်လျက်သွားရှိသော သူသတ် လက်မရွံ့ကဲ့သို့ ရှေးရှုထင်၏။

ဤငါးဆယ်သော အခြင်းအရာတို့ဖြင့် ဤဣန္ဒြေငါးပါးတို့ကို သိ၏၊ မြင်၏၊ အလွန်သိ၏၊ ထိုးထွင်း၍ သိ၏။ ဤသို့ မှတ်အပ်၏။

တတိယအခန်းပြီး၏။

ဣန္ဒြိယကထာပြီး၏။

--

၅-ဝိမောက္ခကထာ

အကျဉ်းပြခြင်း

၂၀၉။ နိဒါန်းကား ရှေးအတိုင်းပင်တည်း။ ရဟန်းတို့ ကိလေသာတို့မှလွတ်သော ဝိမောက္ခတို့သည် ဤသုံးပါးတို့တည်း။ အဘယ်သုံးပါးတို့နည်းဟူမူ-

သုညတဝိမောက္ခ၊ အနိမိတ္တဝိမောက္ခ၊ အပ္ပဏိဟိတဝိမောက္ခတို့တည်း။ ရဟန်းတို့ ဝိမောက္ခတို့သည် ဤသုံးပါးတို့တည်း။

တစ်နည်းအားဖြင့် ကိလေသာတို့မှ လွတ်သော ဝိမောက္ခတို့သည် ခြောက်ဆယ့်ရှစ်ပါးတို့တည်း။

သုညတဝိမောက္ခ။

အနိမိတ္တဝိမောက္ခ။

အပ္ပဏိဟိတဝိမောက္ခ။

အဇ္ဈတ္တဝုဋ္ဌာနဝိမောက္ခ။

ဗဟိဒ္ဓါဝုဋ္ဌာနဝိမောက္ခ။

ဒုဘတောဝုဋ္ဌာနဝိမောက္ခ။

အဇ္ဈတ္တသန္တာန်မှထသော လေးပါးသောဝိမောက္ခ။

ဗဟိဒ္ဓသန္တာန်မှထသော လေးပါးသောဝိမောက္ခ။

နှစ်ပါးသောအဖို့မှထသော လေးပါးသောဝိမောက္ခ။

အဇ္ဈတ္တသန္တာန်မှထသောပုဂ္ဂိုလ်တို့အားလျော်သော လေးပါးသောဝိမောက္ခ။

ဗဟိဒ္ဓသန္တာန်မှထသောပုဂ္ဂိုလ်တို့အားလျော်သော လေးပါးသောဝိမောက္ခ။

နှစ်ပါးသောအဖို့မှထသောပုဂ္ဂိုလ်တို့အားလျော်သော လေးပါးသောဝိမောက္ခ။

အဇ္ဈတ္တသန္တာန်မှထသောပုဂ္ဂိုလ်တို့၏ ငြိမ်းချမ်းသော လေးပါးသောဝိမောက္ခ။

ဗဟိဒ္ဓသန္တာန်မှထသောပုဂ္ဂိုလ်တို့၏ ငြိမ်းချမ်းသော လေးပါးသောဝိမောက္ခ။

နှစ်ပါးသောအဖို့မှထသောပုဂ္ဂိုလ်တို့၏ ငြိမ်းချမ်းသော လေးပါးသောဝိမောက္ခ။

ရုပ်ရှိသောပုဂ္ဂိုလ်သည် ရုပ်တို့ကို ရှုသောကြောင့် ဝိမောက္ခမည်၏။ အဇ္ဈတ္တသန္တာန်၌ ရုပ်ဟု အမှတ်မရှိသည်ဖြစ်၍ ဗဟိဒ္ဓသန္တာန်၌ ရုပ်တို့ကို ရှု၏၊ ထို့ကြောင့် ဝိမောက္ခမည်၏။ ‘တင့်တယ်၏’ဟူ၍ သာလျှင်နှလုံးသွင်း၏၊ ထို့ကြောင့် ဝိမောက္ခမည်၏။

အာကာသာနဉ္စာယတနသမာပတ္တိဝိမောက္ခ။

ဝိညာဏဉ္စာယတနသမာပတ္တိဝိမောက္ခ။

အာကိဉ္စညာယတနသမာပတ္တိဝိမောက္ခ။

--

နေဝသညာနာသညာယတနသမာပတ္တိဝိမောက္ခ။

သညာဝေဒယိတနိရောဓသမာပတ္တိဝိမောက္ခ။

သမယဝိမောက္ခ။

အသမယဝိမောက္ခ။

သာမယိကဝိမောက္ခ။

အသာမယိကဝိမောက္ခ။

ကုပ္ပဝိမောက္ခ။

အကုပ္ပဝိမောက္ခ။

လောကိယဝိမောက္ခ။

လောကုတ္တရဝိမောက္ခ။

သာသဝဝိမောက္ခ။

အနာသဝဝိမောက္ခ။

သာမိသဝိမောက္ခ။

နိရာမိသဝိမောက္ခ။

နိရာမိသာ နိရာမိသတရဝိမောက္ခ။

ပဏိဟိတဝိမောက္ခ။

အပ္ပဏိဟိတဝိမောက္ခ။

ပဏိဟိတပဋိပဿဒ္ဓိဝိမောက္ခ။

သညုတ္တဝိမောက္ခ။

ဝိသညုတ္တဝိမောက္ခ။

ဧကတ္တဝိမောက္ခ။

နာနတ္တဝိမောက္ခ။

သညာဝိမောက္ခ။

ဉာဏဝိမောက္ခ။

သီတိသိယာဝိမောက္ခ။

ဈာနဝိမောက္ခ။

စွဲလမ်း၍ယူခြင်းကို မပြုမူ၍ စိတ်၏ လွတ်ခြင်းဝိမောက္ခတို့တည်း။

--

အကျယ်ပြခြင်း

၂၁၀။ သုညတဝိမောက္ခသည် အဘယ်နည်း။ ဤသာသနာတော်၌ ရဟန်းသည် တောသို့ ကပ်၍လည်းကောင်း၊ သစ်ပင်ရင်းသို့ ကပ်၍လည်းကောင်း၊ ဆိတ်ငြိမ်ရာကျောင်းသို့ ကပ်၍လည်းကောင်း “ဤခန္ဓာငါးပါးသည် ငါဟူသော အတ္တမှလည်းကောင်း၊ ငါ၏ဥစ္စာဟူသော အတ္တနိယမှလည်းကောင်း ဆိတ် သုဉ်း၏”ဟု ရှုဆင်ခြင်၏။ ထိုပုဂ္ဂိုလ်သည် ထိုခန္ဓာငါးပါး၌ အတ္တဟု မှားသောနှလုံးသွင်းခြင်းကို မပြုတတ်၊ ထို့ကြောင့် သုညတဝိမောက္ခ မည်၏။ ဤသည်ကား သုညတဝိမောက္ခတည်း။

အနိမိတ္တဝိမောက္ခသည် အဘယ်နည်း။ ဤသာသနာတော်၌ ရဟန်းသည် တောသို့ ကပ်၍လည်း ကောင်း၊ သစ်ပင်ရင်းသို့ ကပ်၍လည်းကောင်း၊ ဆိတ်ငြိမ်ရာကျောင်းသို့ ကပ်၍လည်းကောင်း “ဤခန္ဓာ ငါးပါးသည် ငါဟူသော အတ္တမှလည်းကောင်း၊ ငါ၏ဥစ္စာဟူသော အတ္တနိယမှလည်းကောင်း ဆိတ်သုဉ်း၏”ဟု ရှုဆင်ခြင်၏။ ထိုပုဂ္ဂိုလ်သည် ထိုခန္ဓာငါးပါး၌ နိစ္စနိမိတ်ကို မပြုတတ်၊ ထို့ကြောင့် အနိမိတ္တ ဝိမောက္ခမည်၏။ ဤသည်ကား အနိမိတ္တဝိမောက္ခတည်း။

အပ္ပဏိဟိတဝိမောက္ခသည် အဘယ်နည်း။ ဤသာသနာတော်၌ ရဟန်းသည် တောသို့ ကပ်၍ လည်းကောင်း၊ သစ်ပင်ရင်းသို့ ကပ်၍လည်းကောင်း၊ ဆိတ်ငြိမ်ရာကျောင်းသို့ ကပ်၍လည်းကောင်း “ဤ ခန္ဓာငါးပါးသည် ငါဟူသော အတ္တမှလည်းကောင်း၊ ငါ၏ဥစ္စာဟူသော အတ္တနိယမှလည်းကောင်း ဆိတ်သုဉ်း၏”ဟု ရှုဆင်ခြင်၏။ ထိုပုဂ္ဂိုလ်သည် ထိုခန္ဓာငါးပါး၌ တောင့်တခြင်းကို မပြုတတ်၊ ထို့ကြောင့် အပ္ပဏိ ဟိတဝိမောက္ခမည်၏။ ဤသည်ကား အပ္ပဏိဟိတဝိမောက္ခတည်း။

အဇ္ဈတ္တဝုဋ္ဌာနဝိမောက္ခသည် အဘယ်နည်း။ (အဇ္ဈတ္တသန္တာန်၌ နီဝရဏစသည်မှ ထတတ်သော) လေးပါးသော ဈာန်တို့တည်း။ ဤသည်ကား အဇ္ဈတ္တဝုဋ္ဌာနဝိမောက္ခတည်း။

ဗဟိဒ္ဓါဝုဋ္ဌာနဝိမောက္ခသည် အဘယ်နည်း။ (ဗဟိဒ္ဓအာရုံတို့မှ ထတတ်သော) အရူပသမာပတ် လေးပါးတို့တည်း။ ဤသည်ကား ဗဟိဒ္ဓါဝုဋ္ဌာနဝိမောက္ခတည်း။

ဒုဘတောဝုဋ္ဌာနဝိမောက္ခသည် အဘယ်နည်း။ အရိယာမဂ် လေးပါးတို့တည်း။ ဤသည်လျှင် ဒုဘတောဝုဋ္ဌာနဝိမောက္ခတည်း။

အဇ္ဈတ္တသန္တာန်မှထသော လေးပါးသောဝိမောက္ခတို့သည် အဘယ်တို့နည်း။ ပဌမဈာန်သည် အပိတ်အပင် ‘နီဝရဏ'တရားတို့မှ ထ၏။ ဒုတိယဈာန်သည် ကြံစည်ခြင်း ‘ဝိတက်’၊ သုံးသပ်ခြင်း ‘ဝိစာရ'တို့မှ ထ၏။ တတိယဈာန်သည်နှစ်သက်ခြင်း ‘ပီတိ'မှ ထ၏။ စတုတ္ထဈာန်သည် သုခ,ဒုက္ခတို့မှ ထ၏။ ဤသည်တို့ကား အတွင်းသန္တာန်မှထသော လေးပါးသောဝိမောက္ခတို့တည်း။ (၄)

ဗဟိဒ္ဓသန္တာန်မှထသော လေးပါးသောဝိမောက္ခတို့သည် အဘယ်တို့နည်း။ အာကာသာနဉ္စာယတန သမာပတ်သည် ရူပသညာ၊ ပဋိဃသညာ၊ နာနတ္တသညာမှထ၏။ ဝိညာဏဉ္စာယတနသမာပတ်သည် အာကာသာနဉ္ဒာယတ နသမာပတ်မှ ထ၏။ အာကိဉ္စညာယတနသမာပတ်သည် ဝိညာဏဉ္စာယတန သမာပတ်မှ ထ၏။ နေဝသညာနာသညာယတနသမာပတ်သည် အာကိဉ္စညာယတနသမာပတ်မှ ထ၏။ ဤသည်တို့ကား အပသန္တာန်မှထသော လေးပါးသော ဝိမောက္ခတို့တည်း။ (၄-၈)

နှစ်ပါးသောအဖို့မှထသော လေးပါးသောဝိမောက္ခတို့သည် အဘယ်တို့နည်း။ သောတာပတ္တိမဂ်သည် သက္ကာယဒိဋ္ဌိ၊ ဝိစိကိစ္ဆာ၊ သီလဗ္ဗတပရာမာသ၊ ဒိဋ္ဌာနုသယ၊ ဝိစိကိစ္ဆာနုသယမှ ထ၏။ ထိုသက္ကာယဒိဋ္ဌိစ သည်သို့ အစဉ်လိုက်၍ဖြစ်သော ကိလေသာတို့မှလည်းကောင်း၊ ခန္ဓာတို့မှလည်းကောင်း ထ၏။ အပ၌ လည်း နိမိတ်အားလုံးတို့မှ ထ၏။

--

သကဒါဂါမိမဂ်သည် ရုန့်ရင်းသော ကာမရာဂသံယောဇဉ်၊ ပဋိဃသံယောဇဉ်၊ ရုန့်ရင်းသော ကာမရာဂါနုသယ၊ ပဋိဃာနုသယမှ ထ၏။ ထိုကာမရာဂသံယောဇဉ်စသည်တို့သို့ အစဉ်လိုက်၍ ဖြစ်သော ကိလေသာတို့မှလည်းကောင်း၊ ခန္ဓာတို့မှလည်းကောင်း ထ၏။ အပ၌လည်း အလုံးစုံသောနိမိတ်တို့မှ ထ၏။

အနာဂါမိမဂ်သည် သိမ်မွေ့သော ကာမရာဂသံယောဇဉ်၊ ပဋိဃသံယောဇဉ်၊ သိမ်မွေ့သော ကာမ ရာဂါနုသယ၊ ပဋိဃာနုသယမှ ထ၏။ ထိုကာမရာဂသံယောဇဉ်စသည်တို့သို့ အစဉ်လိုက်၍ ဖြစ်သော ကိလေသာတို့မှလည်းကောင်း၊ ခန္ဓာတို့မှလည်းကောင်း ထ၏။ အပ၌လည်း အလုံးစုံသောနိမိတ်တို့မှ ထ၏။

အရဟတ္တမဂ်သည် ရူပရာဂ၊ အရူပရာဂ၊ မာန၊ ဥဒ္ဓစ္စ၊ အဝိဇ္ဇာ၊ မာနာနုသယ၊ ဘဝရာဂါနုသယ၊ အဝိဇ္ဇာနုသယမှ ထ၏။ ထို ရူပရာဂစသည်တို့သို့ အစဉ်လိုက်၍ဖြစ်သော ကိလေသာတို့မှလည်းကောင်း၊ ခန္ဓာတို့မှလည်းကောင်း ထ၏။ အပ၌လည်း အလုံးစုံသော နိမိတ်တို့မှ ထ၏။ ဤသည်တို့ကားနှစ်ပါး သော အဖို့မှ ထသော လေးပါးသော ဝိမောက္ခတို့တည်း။ (၄-၁၂)

၂၁၁။ အဇ္ဈတ္တသန္တာန်မှထသော ပုဂ္ဂိုလ်တို့အား လျော်သော လေးပါးသောဝိမောက္ခတို့သည် အဘယ်တို့နည်း။ ပဌမဈာန်ကို ရခြင်းငှါ ကြံစည်ခြင်း ‘ဝိတက်'သည်လည်းကောင်း၊ သုံးသပ်ခြင်း ‘ဝိစာရ’ သည်လည်းကောင်း၊နှစ်သက်ခြင်း ‘ပီတိ'သည်လည်းကောင်း၊ ချမ်းသာခြင်း ‘သုခ'သည်လည်းကောင်း၊ စိတ်၏တည်ကြည်ခြင်း ‘ဧကဂ္ဂတာ'သည်လည်းကောင်း ဖြစ်၏။

ဒုတိယဈာန်ကိုရခြင်းငှါ။ပ။ တတိယဈာန်ကိုရခြင်းငှါ။ပ။ စတုတ္ထဈာန်ကို ရခြင်းငှါ ဝိတက်သည်လည်း ကောင်း၊ ဝိစာရသည်လည်းကောင်း၊ ပီတိသည်လည်းကောင်း၊ သုခသည်လည်းကောင်း၊ စိတ်၏တည်ကြည်ခြင်း ‘ဧကဂ္ဂတာ’ သည်လည်းကောင်း ဖြစ်၏။ ဤသည်တို့ကား အဇ္ဈတ္တသန္တာန်မှထသော ပုဂ္ဂိုလ်တို့အား လျော်သော လေးပါးသော ဝိမောက္ခတို့တည်း။ (၄-၁၆)

ဗဟိဒ္ဓသန္တာန်မှထသော ပုဂ္ဂိုလ်တို့အားလျော်သော လေးပါးသောဝိမောက္ခတို့သည် အဘယ်တို့နည်း။ အာကာသာနဉ္ဒာယတနသမာပတ်ကို ရခြင်းငှါ ဝိတက်သည်လည်းကောင်း၊ ဝိစာရသည်လည်းကောင်း၊ ပီတိ သည်လည်းကောင်း၊ သုခသည်လည်းကောင်း၊ စိတ်၏တည်ကြည်ခြင်း ‘ဧကဂ္ဂတာ’ သည်လည်းကောင်း ဖြစ်၏။

ဝိညာဏဉ္စာယတနသမာပတ်ကို။ပ။ အာကိဉ္စညာယတနသမာပတ်ကို။ပ။ နေဝသညာနာသညာယတန သမာပတ်ကို ရခြင်းငှါ ဝိတက်သည်လည်းကောင်း၊ ဝိစာရသည်လည်းကောင်း၊ ပီတိသည်လည်းကောင်း၊ သုခသည်လည်းကောင်း၊ စိတ်၏တည်ကြည်ခြင်း ‘ဧကဂ္ဂတာ’ သည်လည်းကောင်း ဖြစ်၏။ ဤသည်တို့ကား ဗဟိဒ္ဓသန္တာန်မှထသော ပုဂ္ဂိုလ်တို့အား လျော်သော လေးပါးသောဝိမောက္ခတို့တည်း။ (၄-၂၀)

နှစ်ပါးသော အဖို့မှထသော ပုဂ္ဂိုလ်တို့အား လျော်သော လေးပါးသောဝိမောက္ခတို့သည် အဘယ်တို့ နည်း။

သောတာပတ္တိမဂ်ကို ရခြင်းငှါ မမြဲဟု အဖန်ဖန်ရှု၏။ ဆင်းရဲဟု အဖန်ဖန်ရှု၏။ အနှစ်မရှိ အလိုသို့ မလိုက်ဟု အဖန်ဖန်ရှု၏။

--

သကဒါဂါမိမဂ်ကို ရခြင်းငှါ။ပ။ အနာဂါမိမဂ်ကို ရခြင်းငှါ။ပ။ အရဟတ္တမဂ်ကို ရခြင်းငှါ မမြဲဟု အဖန်ဖန်ရှု၏။ ဆင်းရဲဟု အဖန်ဖန်ရှု၏။ အနှစ်မရှိ အလိုသို့မလိုက်ဟု အဖန်ဖန်ရှု၏။ ဤသည်တို့ကားနှစ်ပါးသော အဖို့မှထသော ပုဂ္ဂိုလ်တို့အား လျော်သော လေးပါးသောဝိမောက္ခတို့တည်း။ (၄-၂၄)

အဇ္ဈတ္တသန္တာန်မှထသော ပုဂ္ဂိုလ်တို့အား ငြိမ်းချမ်းသော လေးပါးသောဝိမောက္ခတို့သည် အဘယ် တို့နည်း။

ပဌမဈာန်ကို ရခြင်းသည်လည်းကောင်း၊ ဝိပါက်သည်လည်းကောင်း ဖြစ်၏။ ဒုတိယဈာန်ကို။ပ။ တတိယဈာန်ကို။ပ။ စတုတ္ထဈာန်ကို ရခြင်းသည်လည်းကောင်း၊ ဝိပါက်သည်လည်းကောင်း ဖြစ်၏။ ဤသည်တို့ကား အဇ္ဈတ္တသန္တာန်မှထသော ပုဂ္ဂိုလ်တို့အား ငြိမ်းချမ်းသော လေးပါးသောဝိမောက္ခတို့တည်း။ (၄-၂၈)

ဗဟိဒ္ဓသန္တာန်မှထသော ပုဂ္ဂိုလ်တို့အား ငြိမ်းချမ်းသော လေးပါးသောဝိမောက္ခတို့သည် အဘယ် တို့နည်း။ အာကာသာနဉ္ဒာယတနသမာပတ်ကို ရခြင်းသည်လည်းကောင်း၊ ဝိပါက်သည်လည်းကောင်း ဖြစ်၏။ ဝိညာဏဉ္စာယတနသမာပတ်ကို။ပ။ အာကိဉ္စညာယတနသမာပတ်ကို။ပ။ နေဝသညာနာသညာ ယတနသမာပတ်ကို ရခြင်းသည်လည်းကောင်း၊ ဝိပါက်သည်လည်းကောင်း ဖြစ်၏။ ဤသည်တို့ကား ဗဟိဒ္ဓသန္တာန်မှ ထသော ပုဂ္ဂိုလ်တို့အား ငြိမ်းချမ်းသော လေးပါးသော ဝိမောက္ခတို့တည်း။ (၄-၃၂)

နှစ်ပါးသောအဖို့မှ ထသောပုဂ္ဂိုလ်တို့အား ငြိမ်းချမ်းသော လေးပါးသော ဝိမောက္ခတို့သည် အဘယ် တို့နည်း။

သောတာပတ္တိမဂ်၏ သောတာပတ္တိဖိုလ်၊ သကဒါဂါမိမဂ်၏ သကဒါဂါမိဖိုလ်၊ အနာဂါမိမဂ်၏ အနာဂါမိဖိုလ်၊ အရဟတ္တမဂ်၏ အရဟတ္တဖိုလ်တို့တည်း။ ဤသည်တို့ကားနှစ်ပါးသောအဖို့မှ ထသော ပုဂ္ဂိုလ်တို့၏ ငြိမ်းချမ်းသော လေးပါးသော ဝိမောက္ခတို့တည်း။ (၄-၃၆)

၂၁၂။ အဘယ်သို့လျှင် ရုပ်ရှိသော ပုဂ္ဂိုလ်သည် ရုပ်တို့ကို ရှုသောကြောင့် ဝိမောက္ခမည်သနည်း။ ဤသာသနာတော်၌ အချို့သောပုဂ္ဂိုလ်သည် အဇ္ဈတ္တသန္တာန်၌ ကိုယ်ကိုစွဲ၍ဖြစ်သော ညိုသောနီလနိမိတ်ကိုနှလုံးသွင်း၏။ နီလဟူသော သညာကို ရ၏၊ ထိုပုဂ္ဂိုလ်သည် ထိုနိမိတ်ကို ကောင်းစွာယူခြင်းကို ပြု၏။ ကောင်းစွာ ဆောင်ခြင်းကို ပြု၍ ဆောင်၏။ အပ္ပနာဘူမိ၌ ကောင်းစွာ ဆုံးဖြတ်ခြင်းကို ဆုံးဖြတ်၏။ ထို ပုဂ္ဂိုလ်သည် ထိုနိမိတ်ကို ကောင်းစွာယူခြင်းကို ပြု၍၊ ကောင်းစွာဆောင်ခြင်းကို ဆောင်၍၊ ကောင်းစွာ ဆုံးဖြတ်ခြင်းကို ဆုံးဖြတ်၍ ဗဟိဒ္ဓ သန္တာန်၌ နီလနိမိတ်၌ စိတ်ကို ရှေးရှုဆောင်၏။ နီလဟူသော သညာကို ရ၏။ ထိုပုဂ္ဂိုလ်သည် ထိုနိမိတ်ကို ကောင်းစွာ ယူခြင်းကို ပြု၏။ ကောင်းစွာ ဆောင်ခြင်းကို ပြု၍ ဆောင်၏။ ကောင်းစွာ ဆုံးဖြတ်ခြင်းကို ဆုံးဖြတ်၏။ ထိုပုဂ္ဂိုလ်သည် ထိုနိမိတ်ကို ကောင်းစွာ ယူခြင်းကို ပြု၍၊ ကောင်းစွာ ဆောင်ခြင်းကို ဆောင်၍၊ ကောင်းစွာ ဆုံးဖြတ်ခြင်းကို ဆုံးဖြတ်၍ အစမှ မှီဝဲ၏၊ ပွါးများ၏၊ ကြိမ်ဖန်များစွာ လေ့လာ၏။

ထိုပုဂ္ဂိုလ်အား ဤသို့သောစိတ်အကြံသည် ဖြစ်၏။ “အတွင်းသန္တာန်၌ (ဖြစ်သောနီလနိမိတ်) လည်း ကောင်း၊ အပသန္တာန်၌ (ဖြစ်သောနီလနိမိတ်) လည်းကောင်း ဤနှစ်ပါးစုံသည် ရုပ်ချည်းသာတည်း”ဟု ရူပ သညာအမှတ်ရှိ၏။ ဤသာသနာတော်၌ အချို့သောပုဂ္ဂိုလ်သည် အဇ္ဈတ္တသန္တာန်၌ ကိုယ်ကိုစွဲ၍ဖြစ်သော ပီတနိမိတ်ကို။ပ။ လောဟိတနိမိတ်ကို။ပ။ ဩဒါတနိမိတ်ကိုနှလုံးသွင်း၏။ ဩဒါတဟူသော သညာကို ရ၏။ ထိုပုဂ္ဂိုလ်သည် ထိုနိမိတ်ကို ကောင်းစွာ ယူခြင်းကို ပြု၏။ ကောင်းစွာ ဆောင်ခြင်းကို ပြု၍ ဆောင်၏။ ကောင်းစွာ ဆုံးဖြတ်ခြင်းကို ဆုံးဖြတ်၏။

ထိုပုဂ္ဂိုလ်သည် ထိုနိမိတ်ကို ကောင်းစွာယူခြင်းကို ပြု၍၊ ကောင်းစွာ ဆောင်ခြင်းကို ဆောင်၍၊ ကောင်းစွာ ဆုံးဖြတ်ခြင်းကို ဆုံးဖြတ်၍ ဗဟိဒ္ဓသန္တာန်၌ ဩဒါတနိမိတ်၌ စိတ်ကို ရှေးရှုဆောင်၏။ ဩဒါတဟူသော သညာကို ရ၏။ ထိုပုဂ္ဂိုလ်သည် ထိုနိမိတ်ကို ကောင်းစွာယူခြင်းကို ပြု၏။ ကောင်းစွာ ဆောင်ခြင်းကို ပြု၍ ဆောင်၏။ ကောင်းစွာ ဆုံးဖြတ်ခြင်းကို ဆုံးဖြတ်၏။ ထိုပုဂ္ဂိုလ်သည် ထိုနိမိတ်ကို ကောင်းစွာယူခြင်းကို ပြု၍၊ ကောင်းစွာ ဆောင်ခြင်းကို ဆောင်၍၊ ကောင်းစွာ ဆုံးဖြတ်ခြင်းကို ဆုံးဖြတ်၍ အစမှ မှီဝဲ၏၊ ပွါးများ၏၊ ကြိမ်ဖန်များစွာ လေ့လာ၏။

--

ထိုပုဂ္ဂိုလ်အား ဤသို့ စိတ်အကြံသည် ဖြစ်၏။ “အဇ္ဈတ္တသန္တာန်၌ (ဖြစ်သောဩဒါတနိမိတ်) လည်း ကောင်း၊ ဗဟိဒ္ဓသန္တာန်၌ (ဖြစ်သောဩဒါတနိမိတ်) လည်းကောင်း ဤနှစ်ပါးစုံသည် ရုပ်ချည်းသာတည်း”ဟု ရူပသညာအမှတ် ရှိ၏။ ဤသို့ ရုပ်ရှိသော ပုဂ္ဂိုလ်သည် ရုပ်တို့ကို ရှု၏၊ ထို့ကြောင့် ဝိမောက့္ခမည်၏။ (၃၇)

အဘယ်သို့လျှင် အဇ္ဈတ္တသန္တာန်၌ အရူပသညာရှိ၏ဟု အမှတ်ရှိသည်ဖြစ်၍ ဗဟိဒ္ဓသန္တာန်၌ ရုပ် တို့ကို ရှုသောကြောင့် ဝိမောက္ခမည်သနည်း။

ဤသာသနာတော်၌ အချို့သောပုဂ္ဂိုလ်သည် အဇ္ဈတ္တသန္တာန်၌ ကိုယ်ကိုစွဲ၍ ဖြစ်သော နီလနိမိတ်ကိုနှလုံးမသွင်း။ (ထိုနီလနိမိတ်၌) နီလဟူသော သညာကို မရ။ ဗဟိဒ္ဓသန္တာန်၌ နီလနိမိတ်၌ စိတ်ကို ရှေးရှုဆောင်၏။ (ထိုနီလနိမိတ်၌) နီလဟူသော သညာကို ရ၏။ ထိုပုဂ္ဂိုလ်သည် ထိုနိမိတ်ကို ကောင်းစွာ ယူခြင်းကို ပြု၏။ ကောင်းစွာ ဆောင်ခြင်းကို ပြု၍ ဆောင်၏။ ကောင်းစွာ ဆုံးဖြတ်ခြင်းကို ဆုံးဖြတ်၏။ ထိုပုဂ္ဂိုလ်သည် ထိုနိမိတ်ကို ကောင်းစွာ ယူခြင်းကို ပြု၍၊ ကောင်းစွာ ဆောင်ခြင်းကို ဆောင်၍၊ ကောင်းစွာ ဆုံးဖြတ်ခြင်းကို ဆုံးဖြတ်၍ အစမှ မှီဝဲ၏၊ ပွါးများ၏၊ ကြိမ်ဖန်များစွာ လေ့လာ၏။

ထိုပုဂ္ဂိုလ်အား “ဤနိမိတ်သည် အဇ္ဈတ္တသန္တာန်၌ ရူပနိမိတ်မရှိ၊ ဗဟိဒ္ဓသန္တာန်၌ ရုပ်တည်း”ဟု ရူပသညာ အမှတ်ရှိ၏။

ဤသာသနာတော်၌ အချို့သောပုဂ္ဂိုလ်သည် အဇ္ဈတ္တသန္တာန်၌ ကိုယ်ကိုစွဲ၍ဖြစ်သော ပီတ နိမိတ်ကို။ပ။ လောဟိတနိမိတ်ကို။ပ။ ဩဒါတနိမိတ်ကိုနှလုံးမသွင်း။ ဩဒါတဟူသော သညာကို မရ။ ဗဟိဒ္ဓသန္တာန်၌ ဩဒါတနိမိတ်၌ စိတ်ကို ရှေးရှုဆောင်၏။ ဩဒါတဟူသော သညာကို ရ၏။ ထိုပုဂ္ဂိုလ် သည် ထိုနိမိတ်ကို ကောင်းစွာ ယူခြင်းကိုပြု၏။ ကောင်းစွာ ဆောင်ခြင်းကိုပြု၍ ဆောင်၏။ ကောင်းစွာ ဆုံးဖြတ်ခြင်းကို ဆုံးဖြတ်၏။ ထိုပုဂ္ဂိုလ်သည် ထိုနိမိတ်ကို ကောင်းစွာယူခြင်းကိုပြု၍၊ ကောင်းစွာ ဆောင်ခြင်းကို ဆောင်၍၊ ကောင်းစွာဆုံး ဖြတ်ခြင်းကို ဆုံးဖြတ်၍ အစမှ မှီဝဲ၏။ ပွါးများ၏။ ကြိမ်ဖန်များစွာ လေ့လာ၏။

ထိုပုဂ္ဂိုလ်အား “ဤနိမိတ်သည် အဇ္ဈတ္တသန္တာန်၌ ရူပနိမိတ်မရှိ။ ဗဟိဒ္ဓသန္တာန်၌ ရုပ်တည်း"၊ ဤသို့ ရူပသညာရှိ၏ဟု အမှတ်ရှိ၏။ ဤသို့ အဇ္ဈတ္တသန္တာန်၌ အရူပသညာရှိ၏ဟု အမှတ်ရှိသည်ဖြစ်၍ ဗဟိဒ္ဓသန္တာန်၌ ရုပ်တို့ကို ရှုသောကြောင့် ဝိမောက္ခမည်၏။ (၃၈)

အဘယ်သို့ “သုဘ”ဟူ၍သာလျှင်နှလုံးသွင်းသောကြောင့် ဝိမောက္ခ မည်သနည်း။ ဤ သာသနာတော်၌ ရဟန်းသည် မေတ္တာနှင့်တကွဖြစ်သော စိတ်ဖြင့် တစ်ခုသောအရပ်ကိုနှံ့စေ၍ နေ၏။ ထို့ အတူနှစ်ခုမြောက်သော အရပ်ကို။ ထို့အတူ သုံးခုမြောက်သော အရပ်ကို။ ထို့အတူ လေးခုမြောက်သော အရပ်ကို။ ဤသို့ အထက်အရပ်ကို။ အောက်အရပ်ကို။ ဖီလာ (ပတ်ဝန်းကျင်) အရပ်ကို အလုံးစုံသော အရပ်၌ အလုံးစုံသော သတ္တဝါတို့၌ ကိုယ်တူ ပြုသဖြင့် အလုံးစုံသောသတ္တဝါပါရှိသော လောကကို မေတ္တာနှင့်တကွဖြစ်သော ပြန့်ပြောသော မြတ်သည့်အဖြစ်သို့ ရောက်သော အတိုင်းအရှည်မရှိသော ရန်မရှိသော ကြောင့်ကြမရှိသော စိတ်ဖြင့်နှံ့စေ၍နေ၏။ မေတ္တာကို ပွါးများခြင်းကြောင့် သတ္တဝါတို့သည် ရွံရှာခြင်း ကင်းကုန်၏။

ကရုဏာနှင့်တကွဖြစ်သော စိတ်ဖြင့်။ပ။ ကရုဏာကို ပွါးများခြင်းကြောင့် သတ္တဝါတို့သည် ရွံရှာခြင်း ကင်းကုန်၏။

--

မုဒိတာနှင့်တကွဖြစ်သော စိတ်ဖြင့်။ပ။ မုဒိတာကို ပွါးများခြင်းကြောင့် သတ္တဝါတို့သည် ရွံရှာခြင်း ကင်းကုန်၏။

ဥပေက္ခာနှင့်တကွဖြစ်သောစိတ်ဖြင့် တစ်ခုသော အရပ်ကိုနှံ့စေ၍ နေ၏။ပ။ ဥပေက္ခာကို ပွါးများခြင်းကြောင့် သတ္တဝါတို့သည် ရွံရှာခြင်း ကင်းကုန်၏။

ဤသို့ “သုဘ”ဟူ၍သာလျှင်နှလုံးသွင်းသောကြောင့် ဝိမောက္ခမည်၏။ (၃၉)

၂၁၃။ အာကာသာနဉ္စာယတနသမာပတ္တိဝိမောက္ခသည် အဘယ်နည်း။ ဤသာသနာတော်၌ ရဟန်း သည် အလုံးစုံသောအခြင်းအရာအားဖြင့် ရူပါဝစရဈာန်သညာတို့ကို လွန်မြောက်ခြင်းကြောင့် ပဋိဃသညာ့တို့၏ ချုပ်ခြင်းကြောင့် နာနတ္တသညာတို့ကိုနှလုံးမသွင်းခြင်းကြောင့် “ကောင်းကင်သည် အဆုံးမရှိ”ဟု အာကာသာနဉ္စာယတနဈာန်ကို ပြည့်စုံစေ၍ နေ၏။ ဤသည်လျှင် အာကာသာနဉ္စာယတနသမာပတ္တိ ဝိမောက္ခမည်၏။ (၄၀)

ဝိညာဏဉ္စာယတနသမာပတ္တိဝိမောက္ခသည် အဘယ်နည်း။ ဤသာသနာတော်၌ ရဟန်းသည် အလုံး စုံသော အခြင်းအရာအားဖြင့် အာကာသာနဉ္စာယတနဈာန်ကို လွန်မြောက်၍ “ဝိညာဉ်သည် အဆုံးမရှိ”ဟု ဝိညာဏဉ္စာယတနဈာန်ကို ပြည့်စုံစေ၍ နေ၏။ ဤသည်လျှင် ဝိညာဏဉ္စာယတနသမာပတ္တိဝိမောက္ခမည်၏။ (၄၁)

အာကိဉ္စညာယတနသမာပတ္တိဝိမောက္ခသည် အဘယ်နည်း။ ဤသာသနာတော်၌ ရဟန်းသည် အလုံး စုံသော အခြင်းအရာအားဖြင့် ဝိညာဏဉ္စာယတနဈာန်ကို လွန်မြောက်၍ “တစ်စုံတစ်ခုသည် မရှိ”ဟု အာကိဉ္စညာယတနဈာန်ကို ပြည့်စုံစေ၍ နေ၏။ ဤသည်လျှင် အာကိဉ္စညာယတနသမာပတ္တိဝိမောက္ခ မည်၏။ (၄၂)

နေဝသညာနာသညာယတနသမာပတ္တိဝိမောက္ခသည် အဘယ်နည်း။ ဤသာသနာတော်၌ ရဟန်း သည် အလုံးစုံသော အခြင်းအရာအားဖြင့် အာကိဉ္စညာယတနဈာန်ကို လွန်မြောက်၍ နေဝသညာနာသညာ ယတနဈာန်ကို ပြည့်စုံစေ၍ နေ၏။ ဤသည်လျှင် နေဝသညာနာသညာယတနသမာပတ္တိဝိမောက္ခမည်၏။ (၄၃)

သညာဝေဒယိတနိရောဓသမာပတ္တိဝိမောက္ခသည် အဘယ်နည်း။ ဤသာသနာတော်၌ ရဟန်းသည် အလုံးစုံသော အခြင်းအရာအားဖြင့် နေဝသညာနာသညာယတနဈာန်ကို လွန်မြောက်၍ သညာဖြင့်ခံစားအပ် သော ချုပ်ခြင်းကို ပြည့်စုံစေ၍ နေ၏။ ဤသည်လျှင် သညာဝေဒယိတနိရောဓသမာပတ္တိဝိမောက္ခမည်၏။ (၄၄)

သမယဝိမောက္ခသည် အဘယ်နည်း။ လေးပါးကုန်သောဈာန်တို့သည်လည်းကောင်း၊ လေးပါးကုန် သော အရူပသမာပတ်တို့သည်လည်းကောင်း။ ဤသည်လျှင် သမယဝိမောက္ခတည်း။ (၄၅)

အသမယဝိမောက္ခသည် အဘယ်နည်း။ လေးပါးကုန်သော အရိယမဂ်တို့သည်လည်းကောင်း၊ လေးပါးကုန်သော သာမညဖိုလ်တို့သည်လည်းကောင်း၊ နိဗ္ဗာန်သည်လည်းကောင်း။ ဤသည်လျှင် အသမယ ဝိမောက္ခတည်း။ (၄၆)

သာမယိကဝိမောက္ခသည် အဘယ်နည်း။ လေးပါးကုန်သောဈာန်တို့သည်လည်းကောင်း၊ လေးပါး ကုန်သော အရူပသမာပတ်တို့သည်လည်းကောင်း။ ဤသည်လျှင် သာမယိကဝိမောက္ခတည်း။ (၄၇)

အသာမယိကဝိမောက္ခသည် အဘယ်နည်း။ လေးပါးကုန်သော အရိယာမဂ်တို့သည်လည်းကောင်း၊ လေးပါးကုန်သော သာမညဖိုလ်တို့သည်လည်းကောင်း၊ နိဗ္ဗာန်သည်လည်းကောင်း။ ဤသည်လျှင် အသာမ ယိကဝိမောက္ခတည်း။ (၄၈)

--

ကုပ္ပဝိမောက္ခသည် အဘယ်နည်း။ လေးပါးကုန်သော ဈာန်တို့သည်လည်းကောင်း၊ လေးပါးကုန် သော အရူပသမာပတ်တို့သည်လည်းကောင်း။ ဤသည်လျှင် ကုပ္ပဝိမောက္ခတည်း။ (၄၉)

အကုပ္ပဝိမောက္ခသည် အဘယ်နည်း။ လေးပါးကုန်သော အရိယမဂ်တို့သည်လည်းကောင်း၊ လေးပါး ကုန်သော သာမညဖိုလ်တို့သည်လည်းကောင်း၊ နိဗ္ဗာန်သည်လည်းကောင်း။ ဤသည်လျှင် အကုပ္ပဝိမောက္ခတည်း။ (၅၀)

လောကိယဝိမောက္ခသည် အဘယ်နည်း။ လေးပါးကုန်သောဈာန်တို့သည်လည်းကောင်း၊ လေးပါး ကုန်သော အရူပသမာပတ်တို့သည်လည်းကောင်း။ ဤသည်လျှင် လောကိယဝိမောက္ခတည်း။ (၅၁)

လောကုတ္တရာဝိမောက္ခသည် အဘယ်နည်း။ လေးပါးကုန်သော အရိယမဂ်တို့သည်လည်းကောင်း၊ လေးပါးကုန်သော သာမညဖိုလ်တို့သည်လည်းကောင်း၊ နိဗ္ဗာန်သည်လည်းကောင်း။ ဤသည်လျှင့်လောကုတ္တရာဝိမောက္ခတည်း။ (၅၂)

သာသဝဝိမောက္ခသည် အဘယ်နည်း။ လေးပါးကုန်သောဈာန်တို့သည်လည်းကောင်း၊ လေးပါးကုန် သော အရူပသမာပတ်တို့သည်လည်းကောင်း။ ဤသည်လျှင် သာသဝဝိမောက္ခတည်း။ (၅၃)

အနာသဝဝိမောက္ခသည် အဘယ်နည်း။ လေးပါးကုန်သော အရိယမဂ်တို့သည်လည်းကောင်း၊ လေးပါးကုန်သော သာမညဖိုလ်တို့သည်လည်းကောင်း၊ နိဗ္ဗာန်သည်လည်းကောင်း။ ဤသည်လျှင် အနာသဝ ဝိမောက္ခတည်း။ (၅၄)

သာမိသဝိမောက္ခသည် အဘယ်နည်း။ ရူပဈာန်နှင့်စပ်သော ဝိမောက္ခသည် သာမိသဝိမောက္ခတည်း။ (၅၅)

နိရာမိသဝိမောက္ခသည် အဘယ်နည်း။ အရူပဈာန်နှင့်စပ်သော ဝိမောက္ခသည် နိရာမိသဝိမောက္ခတည်း။ (၅၆)

နိရာမိသာနိရာမိသတရဝိမောက္ခသည် အဘယ်နည်း။ လေးပါးကုန်သော အရိယမဂ်တို့သည်လည်း ကောင်း၊ လေးပါးကုန်သော သာမညဖိုလ်တို့သည်လည်းကောင်း၊ နိဗ္ဗာန်သည်လည်းကောင်း။ ဤသည် လျှင် နိရာမိသာနိရာမိသတရဝိမောက္ခတည်း။ (၅၇)

ပဏိဟိတဝိမောက္ခသည် အဘယ်နည်း။ လေးပါးကုန်သော ဈာန်တို့သည်လည်းကောင်း၊ လေးပါး ကုန်သော အရူပသမာပတ်တို့သည်လည်းကောင်း။ ဤသည်လျှင် ပဏိဟိတဝိမောက္ခတည်း။

အပ္ပဏိဟိတဝိမောက္ခသည် အဘယ်နည်း။ လေးပါးကုန်သော အရိယမဂ်တို့သည်လည်းကောင်း၊ လေးပါးကုန်သော သာမညဖိုလ်တို့သည်လည်းကောင်း၊ နိဗ္ဗာန်သည်လည်းကောင်း။ ဤသည်လျှင် အပ္ပဏိ ဟိတဝိမောက္ခတည်း။ (၅၈)

ပဏိဟိတပ္ပဋိပ္ပဿဒ္ဓိဝိမောက္ခသည် အဘယ်နည်း။ ပဌမဈာန်ကို ရခြင်းသည်လည်းကောင်း၊ ဝိပါက် သည်လည်းကောင်း။ပ။ နေဝသညာနာသညာယတနသမာပတ်ကို ရခြင်းသည်လည်းကောင်း၊ ဝိပါက်သည် လည်းကောင်း ပဏိဟိတပ္ပဋိပ္ပဿဒ္ဓိဝိမောက္ခတည်း။ (၅၉)

သညုတ္တဝိမောက္ခသည် အဘယ်နည်း။ လေးပါးကုန်သော ဈာန်တို့သည်လည်းကောင်း၊ လေးပါး ကုန်သော အရူပသမာပတ်တို့သည်လည်းကောင်း။ ဤသည်လျှင် သညုတ္တဝိမောက္ခတည်း။ (၆၀)

ဝိသညုတ္တဝိမောက္ခသည် အဘယ်နည်း။ လေးပါးကုန်သော အရိယမဂ်တို့သည်လည်းကောင်း၊ လေး ပါးကုန်သော သာမညဖိုလ်တို့သည်လည်းကောင်း၊ နိဗ္ဗာန်သည်လည်းကောင်း။ ဤသည်လျှင် ဝိသညုတ္တ ဝိမောက္ခတည်း။ (၆၁)

--

ဧကတ္တဝိမောက္ခသည် အဘယ်နည်း။ လေးပါးကုန်သော အရိယမဂ်တို့သည်လည်းကောင်း၊ လေးပါး ကုန်သော သာမညဖိုလ်တို့သည်လည်းကောင်း၊ နိဗ္ဗာန်သည်လည်းကောင်း။ ဤသည်လျှင် ဧကတ္တဝိမောက္ခတည်း။ (၆၂)

နာနတ္တဝိမောက္ခသည် အဘယ်နည်း။ လေးပါးကုန်သော ဈာန်တို့သည်လည်းကောင်း၊ လေးပါးကုန် သော အရူပသမာပတ်တို့သည်လည်းကောင်း။ ဤသည်လျှင် နာနတ္တဝိမောက္ခတည်း။ (၆၃)

၂၁၄။ သညာဝိမောက္ခသည် အဘယ်နည်း။ တစ်ခုသောသညာဝိမောက္ခသည် ဖြစ်ရာ၏။ ဆယ်ပါး သော သညာဝိမောက္ခတို့သည် ဖြစ်ကုန်၏။ နိစ္စသညာစသော ဆယ်ပါးသောဝတ္ထု၏ အစွမ်းအားဖြင့် ဆယ်ပါးသော သညာဝိမောက္ခတို့သည် ဖြစ်ကုန်၏။ ဝိမုစ္စနပရိယာယ်အားဖြင့် တစ်ပါးသော သညာ ဝိမောက္ခသည် ဖြစ်ရာ၏။

သိယာဟူသည်၌ အဘယ်သို့လျှင် ဖြစ်ရာသနည်း။ မမြဲဟု အဖန်ဖန်ရှုသောဉာဏ်သည် မြဲသော အားဖြင့် ဖြစ်သောသညာမှ လွတ်သောကြောင့် သညာဝိမောက္ခမည်၏။ ဆင်းရဲဟု အဖန်ဖန်ရှုသော ဉာဏ် သည် ချမ်းသာအားဖြင့် ဖြစ်သော သညာမှ လွတ်သောကြောင့် သညာဝိမောက္ခ မည်၏။ အနှစ်မရှိ အလိုသို့ မလိုက်ဟု အဖန်ဖန်ရှုသော ဉာဏ်သည် အတ္တအားဖြင့်ဖြစ်သော သညာမှလွတ်သောကြောင့်သညာဝိမောက္ခ မည်၏။

ငြီးငွေ့ခြင်းကို အဖန်ဖန်ရှုသော ဉာဏ်သည်နှစ်သက်ခြင်း၏ အစွမ်းအားဖြင့်ဖြစ်သော သညာမှ လွတ်သောကြောင့် သညာဝိမောက္ခ မည်၏။

ရာဂကင်းရာ နိဗ္ဗာန်ကို အဖန်ဖန်ရှုသော ဉာဏ်သည် တပ်မက်ဖွယ်အားဖြင့်ဖြစ်သော သညာမှ လွတ် သောကြောင့် သညာဝိမောက္ခ မည်၏။ ချုပ်ခြင်းကို အဖန်ဖန်ရှုသောဉာဏ်သည် ဖြစ်ကြောင်းအားဖြင့် ဖြစ်သော သညာမှ လွတ်သောကြောင့် သညာဝိမောက္ခ မည်၏။ တစ်ဖန်စွန့်ခြင်းကို အဖန်ဖန်ရှုသော ဉာဏ်သည် စွဲယူခြင်းအားဖြင့် ဖြစ်သော သညာမှလွတ်သောကြောင့် သညာဝိမောက္ခ မည်၏။ အနိမိတ္တကို အဖန်ဖန်ရှုသော ဉာဏ်သည် နိမိတ္တအားဖြင့်ဖြစ်သော သညာမှလွတ်သောကြောင့် သညာဝိမောက္ခ မည်၏။

တောင့်တမှုကင်းခြင်းကို အဖန်ဖန်ရှုသောဉာဏ်သည် တောင့်တခြင်းဖြင့်ဖြစ်သော သညာမှလွတ်သောကြောင့် သညာဝိမောက္ခ မည်၏။ ဆိတ်သုဉ်းခြင်းကို အဖန်ဖန်ရှုသော ဉာဏ်သည် မှားသောနှလုံးသွင်းခြင်းအားဖြင့် ဖြစ်သော သညာမှလွတ်သောကြောင့် သညာဝိမောက္ခ မည်၏။

ဤသို့ တစ်ခုသော သညာဝိမောက္ခသည် ဖြစ်ရာ၏။ ဆယ်ပါးသော သညာဝိမောက္ခတို့သည် ဖြစ်ကုန်၏။ နိစ္စသညာစသော ဆယ်ပါးသောဝတ္ထု၏အစွမ်းအားဖြင့် ဆယ်ပါးသောသညာဝိမောက္ခတို့သည် ဖြစ်ကုန်၏။ ဝိမုစ္စနပရိယာယ်အားဖြင့် တစ်ခုသော သညာဝိမောက္ခသည် ဖြစ်ရာ၏။

ရုပ်၌ မမြဲဟု အဖန်ဖန်ရှုသော ဉာဏ်သည် မြဲသောအားဖြင့်ဖြစ်သော သညာမှ လွတ်သောကြောင့် သညာဝိမောက္ခ မည်၏။ပ။ ရုပ်၌ ဆိတ်သုဉ်းခြင်းကို အဖန်ဖန်ရှုသောဉာဏ်သည် မှားသောနှလုံးသွင်းခြင်း အားဖြင့် ဖြစ်သော သညာမှ လွတ်သောကြောင့် သညာဝိမောက္ခ မည်၏။

ဤသို့ တစ်ခုသောသညာဝိမောက္ခသည် ဖြစ်ရာ၏။ ဆယ်ပါးသော သညာဝိမောက္ခတို့သည် ဖြစ် ကုန်၏။ နိစ္စသညာစသော ဆယ်ပါးသောဝတ္ထု၏အစွမ်းအားဖြင့် ဆယ်ပါးသောသညာဝိမောက္ခတို့သည် ဖြစ် ကုန်၏။ ဝိမုစ္စနပရိယာယ်အားဖြင့် တစ်ခုသော သညာဝိမောက္ခသည် ဖြစ်ရာ၏။

ဝေဒနာ၌။ပ။ သညာ၌။ သင်္ခါရတို့၌။ ဝိညာဉ်၌။ မျက်စိ၌။ပ။ အိုခြင်း သေခြင်း၌ မမြဲဟု အဖန် ဖန်ရှုသော ဉာဏ်သည် မြဲသောအားဖြင့်ဖြစ်သော သညာမှ လွတ်သောကြောင့် သညာဝိမောက္ခ မည်၏။ပ။ အိုခြင်း သေခြင်း၌ ဆိတ်သုဉ်းခြင်းကို အဖန်ဖန်ရှုသော ဉာဏ်သည် မှားသောနှလုံးသွင်းခြင်းအားဖြင့် ဖြစ်သော သညာမှ လွတ်မြောက်သောကြောင့် သညာဝိမောက္ခ မည်၏။

--

ဤသို့ တစ်ခုသောသညာဝိမောက္ခသည် ဖြစ်ရာ၏။ ဆယ်ပါးသော သညာဝိမောက္ခတို့သည် ဖြစ် ကုန်၏။ နိစ္စသညာစသော ဆယ်ပါးသောဝတ္ထု၏အစွမ်းအားဖြင့် ဆယ်ပါးသောသညာဝိမောက္ခတို့သည် ဖြစ် ကုန်၏။ ဝိမုစ္စနပရိယာယ်အားဖြင့် တစ်ခုသော သညာဝိမောက္ခသည် ဖြစ်ရာ၏။ ဤသည်လျှင် သညာ ဝိမောက္ခတည်း။ (၆၄)

၂၁၅။ ဉာဏဝိမောက္ခသည် အဘယ်နည်း။ တစ်ခုသော ဉာဏဝိမောက္ခသည် ဖြစ်ရာ၏။ ဆယ်ပါးသော ဉာဏဝိမောက္ခတို့သည် ဖြစ်ကုန်၏။ နိစ္စသညာစသော ဆယ်ပါးသောဝတ္ထု၏အစွမ်းအားဖြင့် ဆယ်ပါးသော ဉာဏဝိမောက္ခတို့သည် ဖြစ်ကုန်၏။ ဝိမုစ္စနပရိယာယ်အားဖြင့် တစ်ခုသော ဉာဏဝိမောက္ခ သည် ဖြစ်ရာ၏။

သိယာဟူရာ၌ အဘယ်သို့လျှင် ဖြစ်ရာသနည်း။ မမြဲဟု အဖန်ဖန်ရှုခြင်းဖြင့်ဟုတ်တိုင်းမှန်စွာ သိသောဉာဏ်သည် မြဲသောအားဖြင့် တွေဝေသည်ဖြစ်၍ ဖြစ်သော မသိခြင်းမှ လွတ်သောကြောင့် ဉာဏ ဝိမောက္ခ မည်၏။

ဆင်းရဲဟု အဖန်ဖန်ရှုခြင်းဖြင့်ဟုတ်တိုင်းမှန်စွာ သိသောဉာဏ်သည် ချမ်းသာအားဖြင့် တွေဝေသည် ဖြစ်၍ဖြစ်သော မသိခြင်းမှ လွတ်သောကြောင့် ဉာဏဝိမောက္ခ မည်၏။

အနှစ်မရှိ အလိုသို့ မလိုက်ဟု အဖန်ဖန်ရှုခြင်းဖြင့်ဟုတ်တိုင်းမှန်စွာ သိသောဉာဏ်သည် အတ္တ အားဖြင့်တွေဝေသည်ဖြစ်၍ဖြစ်သော မသိခြင်းမှလွတ်သောကြောင့် ဉာဏဝိမောက္ခ မည်၏။

ငြီးငွေ့ဖွယ်ဟု အဖန်ဖန်ရှုခြင်းဖြင့်ဟုတ်တိုင်းမှန်စွာ သိသောဉာဏ်သည် အတ္တအားဖြင့်နှစ်သက်ခြင်းဖြင့် တွေဝေသည်ဖြစ်၍ဖြစ်သော မသိခြင်းမှ လွတ်သောကြောင့် ဉာဏဝိမောက္ခ မည်၏။

ရာဂကင်းရာ နိဗ္ဗာန်ကို အဖန်ဖန်ရှုခြင်းဖြင့်ဟုတ်တိုင်းမှန်စွာ သိသောဉာဏ်သည် ရာဂအားဖြင့် တွေဝေသည်ဖြစ်၍ ဖြစ်သော မသိခြင်းမှ လွတ်သောကြောင့် ဉာဏဝိမောက္ခ မည်၏။

ချုပ်ရာ နိဗ္ဗာန်ကို အဖန်ဖန်ရှုခြင်းဖြင့်ဟုတ်တိုင်းမှန်စွာ သိသောဉာဏ်သည် ဖြစ်ကြောင်းအားဖြင့် တွေဝေသည်ဖြစ်၍ဖြစ်သော မသိခြင်းမှ လွတ်သောကြောင့် ဉာဏဝိမောက္ခ မည်၏။

တစ်ဖန်စွန့်ခြင်းကို အဖန်ဖန်ရှုခြင်းဖြင့်ဟုတ်တိုင်းမှန်စွာ သိသောဉာဏ်သည် စွဲယူခြင်းအားဖြင့် တွေဝေသည်ဖြစ်၍ဖြစ်သော မသိခြင်းမှ လွတ်သောကြောင့် ဉာဏဝိမောက္ခ မည်၏။

အနိမိတ္တကို အဖန်ဖန်ရှုခြင်းဖြင့်ဟုတ်တိုင်းမှန်စွာ သိသောဉာဏ်သည် နိမိတ္တအားဖြင့် တွေဝေသည် ဖြစ်၍ဖြစ်သော မသိခြင်းမှလွတ်သောကြောင့် ဉာဏဝိမောက္ခ မည်၏။

တောင့်တခြင်းမရှိသည်ကို အဖန်ဖန်ရှုခြင်းဖြင့်ဟုတ်တိုင်းမှန်စွာ သိသောဉာဏ်သည် တောင့်တခြင်း အားဖြင့် တွေဝေသည်ဖြစ်၍ ဖြစ်သော မသိခြင်းမှ လွတ်သောကြောင့် ဉာဏဝိမောက္ခ မည်၏။

ဆိတ်သုဉ်းခြင်းကို အဖန်ဖန်ရှုခြင်းဖြင့်ဟုတ်တိုင်းမှန်စွာ သိသော ဉာဏ်သည် မှားသောနှလုံး သွင်းခြင်းအားဖြင့် တွေဝေသည်ဖြစ်၍ဖြစ်သော မသိခြင်းမှ လွတ်သောကြောင့် ဉာဏဝိမောက္ခ မည်၏။

ဤသို့ တစ်ပါးသော ဉာဏဝိမောက္ခသည် ဖြစ်ရာ၏။ ဆယ်ပါးသော ဉာဏဝိမောက္ခတို့သည် ဖြစ် ကုန်၏။ နိစ္စသညာစသော ဆယ်ပါးသော ဝတ္ထု၏ အစွမ်းအားဖြင့် ဆယ်ပါးသော သညာဝိမောက္ခတို့သည် ဖြစ်ကုန်၏။ ဝိမုစ္စနပရိယာယ်အားဖြင့် တစ်ခုသော သညာဝိမောက္ခသည် ဖြစ်ရာ၏။

ရုပ်၌ မမြဲဟု အဖန်ဖန်ရှုခြင်းဖြင့်ဟုတ်တိုင်းမှန်စွာ သိသောဉာဏ်သည် မြဲသောအားဖြင့် တွေဝေ သည်ဖြစ်၍ဖြစ်သော မသိခြင်းမှ လွတ်သောကြောင့် ဉာဏဝိမောက္ခ မည်၏။ပ။

--

ရုပ်၌ ဆိတ်သုဉ်းခြင်းကို အဖန်ဖန်ရှုခြင်းဖြင့်ဟုတ်တိုင်းမှန်စွာ သိသောဉာဏ်သည် မှားသောနှလုံး သွင်းခြင်းအားဖြင့် တွေဝေသည်ဖြစ်၍ဖြစ်သော မသိခြင်းမှ လွတ်သောကြောင့် ဉာဏဝိမောက္ခ မည်၏။

ဤသို့ တစ်ပါးသော ဉာဏဝိမောက္ခသည် ဖြစ်ရာ၏။ ဆယ်ပါးသော ဉာဏဝိမောက္ခတို့သည် ဖြစ် ကုန်၏။ နိစ္စသညာစသော ဆယ်ပါးသော ဝတ္ထု၏ အစွမ်းအားဖြင့် ဆယ်ပါးသော ဉာဏဝိမောက္ခတို့သည် ဖြစ်ကုန်၏။ ဝိမုစ္စနပရိယာယ်အားဖြင့် တစ်ပါးသော ဉာဏဝိမောက္ခသည် ဖြစ်ရာ၏။

ဝေဒနာ၌။ပ။ သညာ၌။ သင်္ခါရတို့၌။ ဝိညာဉ်၌။ မျက်စိ၌။ပ။ အိုခြင်း သေခြင်း၌ မမြဲဟု အဖန်ဖန်ရှုခြင်းဖြင့်ဟုတ်တိုင်းမှန်စွာ သိသောဉာဏ်သည် မြဲသောအားဖြင့် တွေဝေသည်ဖြစ်၍ ဖြစ်သော မသိခြင်းမှ လွတ်သောကြောင့် ဉာဏဝိမောက္ခ မည်၏။ပ။

အိုခြင်း သေခြင်း၌ ဆိတ်သုဉ်းခြင်းကို အဖန်ဖန်ရှုခြင်းဖြင့်ဟုတ်တိုင်းမှန်စွာ သိသောဉာဏ်သည် မှားသောနှလုံးသွင်းခြင်းအားဖြင့် တွေဝေသည်ဖြစ်၍ဖြစ်သော မသိခြင်းမှ လွတ်သောကြောင့် ဉာဏ ဝိမောက္ခ မည်၏။

ဤသို့ တစ်ပါးသော ဉာဏဝိမောက္ခသည် ဖြစ်ရာ၏။ ဆယ်ပါးသော ဉာဏဝိမောက္ခတို့သည် ဖြစ် ကုန်၏။ နိစ္စသညာစသော ဆယ်ပါးသော ဝတ္ထု၏ အစွမ်းအားဖြင့် ဆယ်ပါးသော ဉာဏဝိမောက္ခတို့သည် ဖြစ်ကုန်၏။ ဝိမုစ္စနပရိယာယ်အားဖြင့် တစ်ပါးသောဉာဏဝိမောက္ခသည် ဖြစ်ရာ၏။ ဤသည်လျှင် ဉာဏ ဝိမောက္ခတည်း။ (၆၅)

၂၁၆။ သီတိသိယာဝိမောက္ခသည် အဘယ်နည်း။ တစ်ပါးသော သီတိသိယာဝိမောက္ခသည် ဖြစ်ရာ၏။ ဆယ်ပါးသော သီတိသိယာဝိမောက္ခတို့သည် ဖြစ်ကုန်၏။ နိစ္စသညာစသော ဆယ်ပါးသော ဝတ္ထု၏ အစွမ်းအားဖြင့် ဆယ်ပါးသော သီတိသိယာဝိမောက္ခတို့သည် ဖြစ်ကုန်၏။ ဝိမုစ္စနပရိယာယ်အားဖြင့်တစ်ပါးသော သီတိသိယာဝိမောက္ခသည် ဖြစ်ရာ၏။

သိယာဟူရာ၌ အဘယ်သို့လျှင် ဖြစ်ရာသနည်း။ မမြဲဟု အဖန်ဖန်ရှုခြင်းဟူသော လွန်မြတ်သော သီတိဘာဝဉာဏ်သည် မြဲသောအားဖြင့်ဖြစ်သော ပြင်းစွာပူပန်ခြင်း၊ ထက်ဝန်းကျင်ပူပန်ခြင်း၊ အလွန်ပူပန်ခြင်းမှ လွတ်တတ်သောကြောင့် သီတိသိယာဝိမောက္ခ မည်၏။ ဆင်းရဲဟု အဖန်ဖန်ရှုခြင်းဟူသော လွန်မြတ် သော သီတိဘာဝဉာဏ်သည် ချမ်းသာအားဖြင့်ဖြစ်သော ပြင်းစွာပူပန်ခြင်း၊ ထက်ဝန်းကျင်ပူပန်ခြင်း၊ အလွန်ပူပန်ခြင်းမှ လွတ်တတ်သောကြောင့် သီတိသိယာဝိမောက္ခ မည်၏။

အနှစ်မရှိ အလိုသို့မလိုလ်ဟု အဖန်ဖန်ရှုခြင်းဟူသော လွန်မြတ်သော သီတိဘာဝဉာဏ်သည် အတ္တအားဖြင့် ဖြစ်သော ပြင်းစွာပူပန်ခြင်း၊ ထက်ဝန်းကျင်ပူပန်ခြင်း၊ အလွန်ပူပန်ခြင်းမှ လွတ်တတ်သောကြောင့် သီတိသိယာဝိမောက္ခ မည်၏။

ငြီးငွေ့ဖွယ်ဟု အဖန်ဖန်ရှုခြင်းဟူသော လွန်မြတ်သော သီတိဘာဝဉာဏ်သည်နှစ်သက်ခြင်းအားဖြင့် ဖြစ်သော ပြင်းစွာပူပန်ခြင်း၊ ထက်ဝန်းကျင်ပူပန်ခြင်း၊ အလွန်ပူပန်ခြင်းမှ လွတ်တတ်သောကြောင့် သီတိ သိယာဝိမောက္ခ မည်၏။

တပ်ခြင်းကင်းရာ နိဗ္ဗာန်ဟု အဖန်ဖန်ရှုခြင်းဟူသော လွန်မြတ်သော သီတိဘာဝဉာဏ်သည် တပ်မက် သောအားဖြင့်ဖြစ်သော ပြင်းစွာပူပန်ခြင်း၊ ထက်ဝန်းကျင်ပူပန်ခြင်း၊ အလွန်ပူပန်ခြင်းမှ လွတ်တတ်သော ကြောင့် သီတိသိယာဝိမောက္ခ မည်၏။

ချုပ်ငြိမ်းရာ နိဗ္ဗာန်ဟု အဖန်ဖန်ရှုခြင်းဟူသော လွန်မြတ်သော သီတိဘာဝဉာဏ်သည် ဖြစ်ကြောင်း ‘သမုဒယ'အားဖြင့်ဖြစ်သော ပြင်းစွာပူပန်ခြင်း၊ ထက်ဝန်းကျင်ပူပန်ခြင်း၊ အလွန်ပူပန်ခြင်းမှ လွတ်တတ် သောကြောင့် သီတိသိယာဝိမောက္ခ မည်၏။

--

တစ်ဖန်စွန့်ခြင်းကို အဖန်ဖန်ရှုခြင်းဟူသော လွန်မြတ်သော သီတိဘာဝဉာဏ်သည် စွဲယူသောအား ဖြင့် ဖြစ်သော ပြင်းစွာပူပန်ခြင်း၊ ထက်ဝန်းကျင်ပူပန်ခြင်း၊ အလွန်ပူပန်ခြင်းမှ လွတ်တတ်သောကြောင့် သီတိသိယာဝိမောက္ခ မည်၏။

အနိမိတ္တကို အဖန်ဖန်ရှုခြင်းဟူသော လွန်မြတ်သော သီတိဘာဝဉာဏ်သည် နိမိတ္တအားဖြင့် ဖြစ်သော ပြင်းစွာပူပန်ခြင်း၊ ထက်ဝန်းကျင်ပူပန်ခြင်း၊ အလွန်ပူပန်ခြင်းမှ လွတ်တတ်သောကြောင့် သီတိသိယာ ဝိမောက္ခ မည်၏။

တောင့်တခြင်းမရှိသည်ကို အဖန်ဖန်ရှုခြင်းဟူသော လွန်မြတ်သော သီတိဘာဝဉာဏ်သည် တောင့်တခြင်းအားဖြင့် ဖြစ်သော ပြင်းစွာပူပန်ခြင်း၊ ထက်ဝန်းကျင်ပူပန်ခြင်း၊ အလွန်ပူပန်ခြင်းမှ လွတ်တတ်သော ကြောင့် သီတိသိယာဝိမောက္ခ မည်၏။

ဆိတ်သုဉ်းခြင်းကို အဖန်ဖန်ရှုခြင်းဟူသော လွန်မြတ်သော သီတိဘာဝဉာဏ်သည် မှားသောနှလုံးသွင်းခြင်းအားဖြင့် ဖြစ်သော ပြင်းစွာပူပန်ခြင်း၊ ထက်ဝန်းကျင်ပူပန်ခြင်း၊ အလွန်ပူပန်ခြင်းမှ လွတ် တတ်သောကြောင့် သီတိသိယာဝိမောက္ခ မည်၏။

ဤသို့ တစ်ပါးသော သီတိသိယာဝိမောက္ခသည် ဖြစ်ရာ၏။ ဆယ်ပါးသော သီတိသိယာ ဝိမောက္ခ တို့သည် ဖြစ်ကုန်၏။ နိစ္စသညာစသော ဆယ်ပါးသောဝတ္ထု၏ အစွမ်းအားဖြင့် ဆယ်ပါးသော သီတိသိယာ ဝိမောက္ခတို့သည် ဖြစ်ကုန်၏။ ဝိမုစ္စနပရိယာယ်အားဖြင့် တစ်ပါးသော သီတိသိယာဝိမောက္ခသည် ဖြစ် ရာ၏။

ရုပ်၌ မမြဲဟု အဖန်ဖန်ရှုခြင်းဟူသော လွန်မြတ်သော သီတိဘာဝဉာဏ်သည် မြဲသောအားဖြင့် ဖြစ်သော ပြင်းစွာပူပန်ခြင်း၊ ထက်ဝန်းကျင်ပူပန်ခြင်း၊ အလွန်ပူပန်ခြင်းမှ လွတ်တတ်သောကြောင့် သီတိ သိယာဝိမောက္ခ မည်၏။ပ။

ရုပ်၌ ဆိတ်သုဉ်းခြင်းကို အဖန်ဖန်ရှုခြင်းဟူသော လွန်မြတ်သော သီတိဘာဝဉာဏ်သည် မှားသောနှလုံးသွင်းခြင်းအားဖြင့် ဖြစ်သော ပြင်းစွာပူပန်ခြင်း၊ ထက်ဝန်းကျင်ပူပန်ခြင်း၊ အလွန်ပူပန်ခြင်းမှ လွတ် တတ်သောကြောင့် သီတိသိယာဝိမောက္ခ မည်၏။

ဤသို တစ်ပါးသော သီတိသိယာ ဝိမောက္ခသည် ဖြစ်ရာ၏။ ဆယ်ပါးသော သီတိသိယာ ဝိမောက္ခတို့သည် ဖြစ်ကုန်၏။ နိစ္စသညာစသော ဆယ်ပါးသောဝတ္တု၏ အစွမ်းအားဖြင့် ဆယ်ပါးသော သီတိသိယာဝိမောက္ခတို့သည် ဖြစ်ကုန်၏။ ဝိမုစ္စနပရိယာယ်အားဖြင့် တစ်ပါးသော သီတိသိယာဝိမောက္ခ သည် ဖြစ်ရာ၏။

ဝေဒနာ၌။ပ။ သညာ၌။ သင်္ခါရတို့၌။ ဝိညာဉ်၌။ မျက်စိ၌။ပ။ အိုခြင်း သေခြင်း၌ မမြဲဟု အဖန် ဖန်ရှုခြင်းဟူသော လွန်မြတ်သော သီတိဘာဝဉာဏ်သည် မြဲသောအားဖြင့် ဖြစ်သော ပြင်းစွာပူပန်ခြင်း၊ ထက်ဝန်းကျင်ပူပန်ခြင်း၊ အလွန်ပူပန်ခြင်းမှ လွတ်တတ်သောကြောင့် သီတိသိယာဝိမောက္ခ မည်၏။ပ။

အိုခြင်း သေခြင်း၌ ဆိတ်သုဉ်းခြင်းကို အဖန်ဖန်ရှုခြင်းဟူသော လွန်မြတ်သော သီတိဘာဝဉာဏ်သည် မှားသောနှလုံးသွင်းခြင်းအားဖြင့် ဖြစ်သော ပြင်းစွာပူပန်ခြင်း၊ ထက်ဝန်းကျင်ပူပန်ခြင်း၊ အလွန်ပူပန်ခြင်းမှ လွတ်တတ်သောကြောင့် သီတိသိယာဝိမောက္ခ မည်၏။

ဤသို့ တစ်ပါးသော သီတိသိယာ ဝိမောက္ခသည် ဖြစ်ရာ၏။ ဆယ်ပါးသော သီတိသိယာ ဝိမောက္ခတို့သည် ဖြစ်ကုန်၏။ နိစ္စသညာစသော ဆယ်ပါးသောဝတ္ထု၏ အစွမ်းအားဖြင့် ဆယ်ပါးသော သီတိသိယာဝိမောက္ခတို့သည် ဖြစ်ကုန်၏။ ဝိမုစ္စနပရိယာယ်အားဖြင့် တစ်ပါးသော သီတိသိယာဝိမောက္ခ သည် ဖြစ်ရာ၏။ ဤကား သီတိသိယာဝိမောက္ခတည်း။ (၆၆)

--

၂၁၇။ ဈာနဝိမောက္ခသည် အဘယ်နည်း။ ဈာန်သည် ရ တတ်သောကြောင့် ဈာန်မည်၏။ ကာမစ္ဆန္ဒ ကို လောင်စေတတ်သောကြောင့် ဈာန်မည်၏။ ရှုဆဲဖြစ်၍ လွတ်တတ်သောကြောင့် ဈာနဝိမောက္ခမည်၏။

လောင်စေတတ်သည်ဖြစ်၍ လွတ်တတ်သောကြောင့် ဈာနဝိမောက္ခမည်၏။ တရားတို့သည် ရှုတတ်ကုန်၏၊ ဤသို့သော အနက်အားဖြင့်လည်းကောင်း ကိလေသာတို့ကို လောင်စေတတ်၏၊ ဤသို့သော အနက် အားဖြင့်လည်းကောင်း ရှုတတ်သော တရားတို့ကိုလည်းကောင်း၊ ပူလောင်စေတတ်သော တရားတို့ကို လည်းကောင်း သိတတ်သောကြောင့် ဈာနဝိမောက္ခမည်၏။

အဗျာပါဒသည် ရှုတတ်သောကြောင့် ဈာန်မည်၏။ ဗျာပါဒကို လောင်စေတတ်သောကြောင့် ဈာန် မည်၏။ ရှုဆဲဖြစ်၍ လွတ်တတ်သောကြောင့် ဈာနဝိမောက္ခမည်၏။ လောင်စေတတ်သည်ဖြစ်၍ လွတ်တတ် သောကြောင့် ဈာနဝိမောက္ခမည်၏။ တရားတို့သည် ရှုတတ်ကုန်၏။ ဤသို့သော အနက်အားဖြင့် လည်းကောင်း ကိလေသာတို့ကို လောင်စေတတ်၏၊ ဤသို့သော အနက်အားဖြင့်လည်းကောင်း ရှုတတ် သော တရားတို့ကိုလည်းကောင်း၊ ပူလောင်စေတတ်သော တရားတို့ကိုလည်းကောင်း သိတတ်သောကြောင့် ဈာနဝိမောက္ခမည်၏။

အာလောကသညာသည် ရှုတတ်သောကြောင့် ဈာန်မည်၏။ ထိနမိဒ္ဓကို လောင်စေတတ်သောကြောင့် ဈာန်မည်၏။ပ။ အဝိက္ခေပသည် ရှုတတ်သောကြောင့် ဈာန်မည်၏။ ပျံ့လွင့်ခြင်းကို လောင်စေတတ်သော ကြောင့် ဈာန်မည်၏။ ဓမ္မဝဝတ္ထာန်သည် ရှုတတ်သောကြောင့် ဈာန်မည်၏။ ယုံမှားခြင်းကို လောင်စေတတ် သောကြောင့် ဈာန်မည်၏။ ဉာဏ်သည် ရှုတတ်သောကြောင့် ဈာန်မည်၏။ အဝိဇ္ဇာကို လောင်စေ တတ်သောကြောင့် ဈာန်မည်၏။ ဝမ်းမြောက်ခြင်းသည် ရှုတတ်သောကြောင့် ဈာန်မည်၏။

မမွေ့လျော်ခြင်းကို လောင်စေတတ်သောကြောင့် ဈာန်မည်၏။ ပဌမဈာန်သည် ရှုတတ်သောကြောင့် ဈာန်မည်၏။ နီဝရဏတရားတို့ကို လောင်စေတတ်သောကြောင့် ဈာန်မည်၏။ပ။ အရဟတ္တမဂ်သည် ရှုတတ်သော ကြောင့် ဈာန်မည်၏။ ကိလေသာအားလုံးတို့ကို လောင်စေတတ်သောကြောင့် ဈာန်မည်၏။

ရှုဆဲဖြစ်၍ လွတ်တတ်သောကြောင့် ဈာနဝိမောက္ခမည်၏။ လောင်စေသည်ဖြစ်၍ လွတ်တတ်သောကြောင့် ဈာနဝိမောက္ခ မည်၏။ တရားတို့သည် ရှုတတ်ကုန်၏၊ ဤသို့သော အနက်အားဖြင့်လည်းကောင်း၊ ကိလေသာတို့ကို လောင်စေတတ်၏၊ ဤသို့သော အနက်အားဖြင့်လည်းကောင်း ရှုတတ်သော တရားတို့ကိုလည်းကောင်း၊ ပူလောင်စေတတ်သော တရားတို့ကိုလည်းကောင်း သိတတ်သောကြောင့် ဈာနဝိမောက္ခမည်၏။ ဤကား ဈာနဝိမောက္ခတည်း။ (၆၇)

၂၁၈။ အနုပါဒါစိတ္တဿ ဝိမောက္ခသည် အဘယ်နည်း။ တစ်ပါးသော အနုပါဒါစိတ္တဿဝိမောက္ခသည် ဖြစ်ရာ၏။ ဆယ်ပါးသော အနုပါဒါစိတ္တဿဝိမောက္ခတို့သည် ဖြစ်ကုန်၏။ နိစ္စသညာစသော ဆယ်ပါးသော ဝတ္ထု၏ အစွမ်းအားဖြင့် ဆယ်ပါးသော အနုပါဒါစိတ္တဿဝိမောက္ခတို့သည် ဖြစ်ကုန်၏။

ဝိမုစ္စနပရိယာယ်အားဖြင့် တစ်ပါးသော အနုပါဒါစိတ္တဿဝိမောက္ခသည် ဖြစ်ရာ၏။

သိယာဟူရာ၌ အဘယ်သို့လျှင် ဖြစ်ရာသနည်း။ မမြဲဟု အဖန်ဖန်ရှုသော ဉာဏ်သည် မြဲသော အားဖြင့်ဖြစ်သော စွဲလမ်းခြင်းမှ လွတ်တတ်သောကြောင့် အနုပါဒါစိတ္တဿဝိမောက္ခမည်၏။ ဆင်းရဲဟု အဖန်ဖန်ရှုသောဉာဏ်သည် ချမ်းသာသောအားဖြင့်ဖြစ်သော စွဲလမ်းခြင်းမှ လွတ်တတ်သောကြောင့် အနုပါဒါ စိတ္တဿဝိမောက္ခမည်၏။ အနှစ်မရှိ အလိုသို့မလိုက်ဟု အဖန်ဖန်ရှုသော ဉာဏ်သည် အတ္တအားဖြင့် ဖြစ်သော စွဲလမ်းခြင်းမှ လွတ်တတ်သောကြောင့် အနုပါဒါစိတ္တဿဝိမောက္ခမည်၏။

ငြီးငွေ့ဖွယ်ဟု အဖန်ဖန်ရှုသော ဉာဏ်သည်နှစ်သက်ခြင်းအားဖြင့်ဖြစ်သော စွဲလမ်းခြင်းမှ လွတ်တတ်သောကြောင့် အနုပါဒါစိတ္တဿဝိမောက္ခမည်၏။ တပ်မက်ခြင်းကင်းရာ နိဗ္ဗာန်ကို အဖန်ဖန်ရှုသော ဉာဏ်သည် တပ်မက်ခြင်းအားဖြင့် ဖြစ်သော စွဲလမ်းခြင်းမှ လွတ်တတ်သောကြောင့် အနုပါဒါစိတ္တဿ ဝိမောက္ခမည်၏။

--

ချုပ်ရာ နိဗ္ဗာန်ကို အဖန်ဖန်ရှုသော ဉာဏ်သည် ဖြစ်ကြောင်းအားဖြင့် ဖြစ်သော စွဲလမ်းခြင်းမှ လွတ်တတ်သောကြောင့် အနုပါဒါစိတ္တဿဝိမောက္ခမည်၏။ တစ်ဖန်စွန့်လွှတ်ခြင်းကို အဖန်ဖန်ရှုသောဉာဏ် သည် စွဲယူသောအားဖြင့် ဖြစ်သော စွဲလမ်းခြင်းမှ လွတ်တတ်သောကြောင့် အနုပါဒါစိတ္တဿဝိမောက္ခမည်၏။

အနိမိတ္တကို အဖန်ဖန်ရှုသော ဉာဏ်သည် နိမိတ်အားဖြင့် ဖြစ်သော စွဲလမ်းခြင်းမှ လွတ်တတ် သောကြောင့် အနုပါဒါစိတ္တဿဝိမောက္ခမည်၏။ တောင့်တခြင်းမရှိသည်ကို အဖန်ဖန်ရှုသောဉာဏ်သည် တောင့်တခြင်းအားဖြင့်ဖြစ်သော စွဲလမ်းခြင်းမှ လွတ်တတ်သောကြောင့် အနုပါဒါစိတ္တဿဝိမောက္ခမည်၏။

ဆိတ်သုဉ်းခြင်းကို အဖန်ဖန်ရှုသော ဉာဏ်သည် မှားသောနှလုံးသွင်းခြင်းအားဖြင့် ဖြစ်သော စွဲလမ်းခြင်းမှ လွတ်တတ်သောကြောင့် အနုပါဒါစိတ္တဿဝိမောက္ခ မည်၏။

ဤသို့ တစ်ပါးသော အနုပါဒါစိတ္တဿဝိမောက္ခသည် ဖြစ်ရာ၏။ ဆယ်ပါးသော အနုပါဒါစိတ္တဿ ဝိမောက္ခတို့သည် ဖြစ်ကုန်၏။ နိစ္စသညာစသော ဆယ်ပါးသောဝတ္ထု၏ အစွမ်းအားဖြင့် ဆယ်ပါးသော အနုပါဒါစိတ္တဿဝိမောက္ခတို့သည် ဖြစ်ကုန်၏။ ဝိမုစ္စနပရိယာယ်အားဖြင့် တစ်ပါးသော အနုပါဒါစိတ္တဿ ဝိမောက္ခသည် ဖြစ်ရာ၏။

ရုပ်၌ မမြဲဟု အဖန်ဖန်ရှုသော ဉာဏ်သည် မြဲသောအားဖြင့် ဖြစ်သော စွဲလမ်းခြင်းမှ လွတ်တတ် သောကြောင့် အနုပါဒါစိတ္တဿဝိမောက္ခမည်၏။ပ။

ရုပ်၌ ဆိတ်သုဉ်းခြင်းကို အဖန်ဖန်ရှုသော ဉာဏ်သည် မှားသောနှလုံးသွင်းခြင်းအားဖြင့် ဖြစ်သော စွဲလမ်းခြင်းမှ လွတ်တတ်သောကြောင့် အနုပါဒါစိတ္တဿဝိမောက္ခမည်၏။

ဤသို့ တစ်ပါးသော အနုပါဒါစိတ္တဿဝိမောက္ခသည် ဖြစ်ရာ၏။ ဆယ်ပါးသော အနုပါဒါစိတ္တဿ ဝိမောက္ခတို့သည် ဖြစ်ကုန်၏။ နိစ္စသညာစသော ဆယ်ပါးသော ဝတ္ထု၏ အစွမ်းအားဖြင့် ဆယ်ပါးသော အနုပါဒါစိတ္တဿဝိမောက္ခတို့သည် ဖြစ်ကုန်၏။ ဝိမုစ္စနပရိယာယ်အားဖြင့် တစ်ပါးသော အနုပါဒါစိတ္တဿ ဝိမောက္ခသည် ဖြစ်ရာ၏။

ဝေဒနာ၌။ပ။ သညာ၌။ သင်္ခါရတို့၌။ ဝိညာဉ်၌။ မျက်စိ၌။ပ။ အိုခြင်း သေခြင်း၌ မမြဲဟု အဖန်ဖန်ရှုသောဉာဏ်သည် မြဲသောအားဖြင့် ဖြစ်သော စွဲလမ်းခြင်းမှ လွတ်တတ်သောကြောင့် အနုပါဒါ့စိတ္တဿဝိမောက္ခမည်၏။ပ။

အိုခြင်း သေခြင်း၌ ဆိတ်သုဉ်းခြင်းကို အဖန်ဖန်ရှုသောဉာဏ်သည် မှားသောနှလုံးသွင်းခြင်း အားဖြင့် ဖြစ်သော စွဲလမ်းခြင်းမှ လွတ်တတ်သောကြောင့် အနုပါဒါစိတ္တဿဝိမောက္ခမည်၏။

ဤသို့ တစ်ပါးသော အနုပါဒါစိတ္တဿဝိမောက္ခသည် ဖြစ်ရာ၏။ ဆယ်ပါးသော အနုပါဒါစိတ္တဿ ဝိမောက္ခတို့သည် ဖြစ်ကုန်၏။ နိစ္စသညာစသော ဆယ်ပါးသော ဝတ္ထု၏ အစွမ်းအားဖြင့် ဆယ်ပါးသော အနုပါဒါစိတ္တဿဝိမောက္ခတို့သည် ဖြစ်ကုန်၏။ ဝိမုစ္စနပရိယာယ်အားဖြင့် တစ်ပါးသော အနုပါဒါစိတ္တဿ ဝိမောက္ခသည် ဖြစ်ရာ၏။

မမြဲဟု အဖန်ဖန်ရှုသော ဉာဏ်သည် အဘယ်မျှလောက်သော ဥပါဒါန်တို့မှ လွတ်သနည်း။ ဆင်းရဲဟု အဖန်ဖန်ရှုသော ဉာဏ်သည် အဘယ်မျှလောက်သော ဥပါဒါန်တို့မှ လွတ်သနည်း။ အနှစ်မရှိ အလိုသို့ မလိုက်ဟု အဖန်ဖန်ရှုသော ဉာဏ်သည် အဘယ်မျှလောက်သော ဥပါဒါန်တို့မှ လွတ်သနည်း။

--

ငြီးငွေ့ဖွယ်ဟု အဖန်ဖန်ရှုသောဉာဏ်သည်။ပ။ တပ်မက်မှုကင်းရာ နိဗ္ဗာန်ကို အဖန်ဖန်ရှုသောဉာဏ် သည်။ ချုပ်ငြိမ်းရာ နိဗ္ဗာန်ကို အဖန်ဖန်ရှုသော ဉာဏ်သည်။ တစ်ဖန်စွန့်လွှတ်ခြင်းကို အဖန်ဖန်ရှုသော ဉာဏ်သည်။ အနိမိတ္တကို အဖန်ဖန်ရှုသော ဉာဏ်သည်။ အပ္ပဏိဟိတကို အဖန်ဖန်ရှုသော ဉာဏ်သည်။ ဆိတ်သုဉ်းခြင်းကို အဖန်ဖန်ရှုသော ဉာဏ်သည် အဘယ်မျှလောက်သော ဥပါဒါန်တို့မှ လွတ်သနည်း။

မမြဲဟု အဖန်ဖန်ရှုသောဉာဏ်သည် သုံးပါးသော ဥပါဒါန်တို့မှ လွတ်၏။ ဆင်းရဲဟု အဖန်ဖန်ရှုသော ဉာဏ်သည် တစ်ပါးသော ဥပါဒါန်မှ လွတ်၏။ အနှစ်မရှိ အလိုသို့ မလိုက်ဟု အဖန်ဖန်ရှုသောဉာဏ်သည် သုံးပါးသော ဥပါဒါန်တို့မှ လွတ်၏။ ငြီးငွေ့ဖွယ်ဟု အဖန်ဖန်ရှုသော ဉာဏ်သည် တစ်ပါးသော ဥပါဒါန်မှ လွတ်၏။ တပ်မက်မှုကင်းရာ နိဗ္ဗာန်ကို အဖန်ဖန်ရှုသော ဉာဏ်သည် တစ်ပါးသော ဥပါဒါန်မှလွတ်၏။ ချုပ်ငြိမ်းရာ နိဗ္ဗာန်ကို အဖန်ဖန်ရှုသော ဉာဏ်သည် လေးပါးသော ဥပါဒါန်တို့မှလွတ်၏။ တစ်ဖန် စွန့်လွှတ်ခြင်းကို အဖန်ဖန်ရှုသော ဉာဏ်သည် လေးပါးသော ဥပါဒါန်တို့မှ လွတ်၏။ အနိမိတ္တကို အဖန် ဖန်ရှုသောဉာဏ်သည် သုံးပါးသော ဥပါဒါန်တို့မှ လွတ်၏။ အပ္ပဏိဟိတကို အဖန်ဖန်ရှုသော ဉာဏ်သည် တစ်ပါးသော ဥပါဒါန်မှ လွတ်၏။ ဆိတ်သုဉ်းခြင်းကို အဖန်ဖန်ရှုသော ဉာဏ်သည် သုံးပါးသော ဥပါဒါန်တို့ မှ လွတ်၏။

မမြဲဟု အဖန်ဖန်ရှုသောဉာဏ်သည် အဘယ်သုံးပါးသော ဥပါဒါန်တို့မှ လွတ်သနည်း။ ဒိဋ္ဌုပါဒါန်၊ သီလဗ္ဗတုပါဒါန်၊ အတ္တဝါဒုပါဒါန်မှ လွတ်၏။ မမြဲဟု အဖန်ဖန်ရှုသော ဉာဏ်သည် ဤသုံးပါးသော ဥပါဒါန်တို့မှ လွတ်၏။

ဆင်းရဲဟု အဖန်ဖန်ရှုသောဉာဏ်သည် အဘယ်တစ်ပါးသော ဥပါဒါန်မှ လွတ်သနည်း။ ကာမုပါဒါန်မှ လွတ်၏။ ဆင်းရဲဟု အဖန်ဖန်ရှုသောဉာဏ်သည် ဤတစ်ပါးသော ဥပါဒါန်မှ လွတ်၏။

အနှစ်မရှိ အလိုသို့မလိုက်ဟု အဖန်ဖန်ရှုသောဉာဏ်သည် အဘယ်သုံးပါးသော ဥပါဒါန်တို့မှ လွတ် သနည်း။ ဒိဋ္ဌုပါဒါန်၊ သီလဗ္ဗတုပါဒါန်၊ အတ္တဝါဒုပါဒါန်မှ လွတ်၏။ အနှစ်မရှိ အလိုသို့ မလိုက်ဟု အဖန် ဖန်ရှုသော ဉာဏ်သည် ဤသုံးပါးသော ဥပါဒါန်တို့မှ လွတ်၏။

ငြီးငွေ့ဖွယ်ဟု အဖန်ဖန်ရှုသောဉာဏ်သည် အဘယ်တစ်ပါးသော ဥပါဒါန်မှ လွတ်သနည်း။ ကာမုပါဒါန်မှ လွတ်၏။ ငြီးငွေ့ဖွယ်ဟု အဖန်ဖန်ရှုသောဉာဏ်သည် ဤတစ်ပါးသော ဥပါဒါန်မှ လွတ်၏။

တပ်မက်မှုကင်းရာ နိဗ္ဗာန်ကို အဖန်ဖန်ရှုသောဉာဏ်သည် အဘယ်တစ်ပါးသော ဥပါဒါန်မှ လွတ် သနည်း။ ကာမုပါဒါန်မှ လွတ်၏။ တပ်မက်မှုကင်းရာ နိဗ္ဗာန်ကို အဖန်ဖန်ရှုသောဉာဏ်သည် ဤတစ်ပါး သော ဥပါဒါန်မှ လွတ်၏။

ချုပ်ငြိမ်းရာ နိဗ္ဗာန်ကို အဖန်ဖန်ရှုသောဉာဏ်သည် အဘယ်လေးပါးသော ဥပါဒါန်တို့မှ လွတ်သနည်း။ ကာမုပါဒါန်၊ ဒိဋ္ဌုပါဒါန်၊ သီလဗ္ဗတုပါဒါန်၊ အတ္တဝါဒုပါဒါန်မှ လွတ်၏။ ချုပ်ငြိမ်းရာ နိဗ္ဗာန်ကို အဖန်ဖန်ရှုသော ဉာဏ်သည် ဤလေးပါးသော ဥပါဒါန်တို့မှ လွတ်၏။

တစ်ဖန်စွန့်လွှတ်ခြင်းကို အဖန်ဖန်ရှုသောဉာဏ်သည် အဘယ်လေးပါးသော ဥပါဒါန်တို့မှ လွတ် သနည်း။ ကာမုပါဒါန်၊ ဒိဋ္ဌုပါဒါန်၊ သီလဗ္ဗတုပါဒါန်၊ အတ္တဝါဒုပါဒါန်မှ လွတ်၏။ တစ်ဖန်စွန့်လွှတ်ခြင်းကို အဖန်ဖန်ရှုသော ဉာဏ်သည် ဤလေးပါးသော ဥပါဒါန်တို့မှ လွတ်၏။

အနိမိတ္တကို အဖန်ဖန်ရှုသောဉာဏ်သည် အဘယ်သုံးပါးသော ဥပါဒါန်တို့မှ လွတ်သနည်း။ ဒိဋ္ဌုပါဒါန်၊ သီလဗ္ဗတုပါဒါန်၊ အတ္တဝါဒုပါဒါန်မှ လွတ်၏။ အနိမိတ္တကို အဖန်ဖန်ရှုသော ဉာဏ်သည် ဤ သုံးပါးသော ဥပါဒါန်တို့မှ လွတ်၏။

--

အပ္ပဏိဟိတကို အဖန်ဖန်ရှုသောဉာဏ်သည် အဘယ်တစ်ပါးသော ဥပါဒါန်မှ လွတ်သနည်း။ ကာမုပါဒါန်မှ လွတ်၏။ အပ္ပဏိဟိတကို အဖန်ဖန်ရှုသောဉာဏ်သည် ဤတစ်ပါးသော ဥပါဒါန်မှ လွတ်၏။

ဆိတ်သုဉ်းခြင်းကို အဖန်ဖန်ရှုသောဉာဏ်သည် အဘယ်သုံးပါးသော ဥပါဒါန်တို့မှ လွတ်သနည်း။ ဒိဋ္ဌုပါဒါန်၊ သီလဗ္ဗတုပါဒါန်၊ အတ္တဝါဒုပါဒါန်မှ လွတ်၏။ ဆိတ်သုဉ်းခြင်းကို အဖန်ဖန်ရှုသော ဉာဏ်သည် ဤသုံးပါးသော ဥပါဒါန်တို့မှ လွတ်၏။

မမြဲဟု အဖန်ဖန်ရှုသော ဉာဏ်၊ အနှစ်မရှိ အလိုသို့ မလိုက်ဟု အဖန်ဖန်ရှုသောဉာဏ်၊ အနိမိတ္တကို အဖန်ဖန် ရှုသောဉာဏ်၊ ဆိတ်သုဉ်းခြင်းကို အဖန်ဖန်ရှုသောဉာဏ်၊ ဤဉာဏ်လေးပါးတို့သည် ဒိဋ္ဌုပါဒါန်၊ သီလဗ္ဗတုပါဒါန်၊ အတ္တဝါဒုပါဒါန်ဟူသော ဥပါဒါန်သုံးပါးတို့မှ လွတ်ကုန်၏။

ဆင်းရဲဟု အဖန်ဖန်ရှုသောဉာဏ်၊ ငြီးငွေ့ဖွယ်ဟု အဖန်ဖန်ရှုသောဉာဏ်၊ တပ်မက်မှုကင်းရာ နိဗ္ဗာန် ကို အဖန်ဖန်ရှုသောဉာဏ်၊ အပ္ပဏိဟိတကို အဖန်ဖန်ရှုသောဉာဏ်၊ ဤဉာဏ်လေးပါးတို့သည် ကာမုပါဒါန်ဟူသော တစ်ပါးသော ဥပါဒါန်မှ လွတ်ကုန်၏။

ချုပ်ငြိမ်းရာ နိဗ္ဗာန်ကို အဖန်ဖန်ရှုသော ဉာဏ်၊ တစ်ဖန်စွန့်လွှတ်ခြင်းကို အဖန်ဖန်ရှုသော ဉာဏ်ဟူသော ဤဉာဏ်နှစ်ပါးတို့သည် ကာမုပါဒါန်၊ ဒိဋ္ဌုပါဒါန်၊ သီလဗ္ဗတုပါဒါန်၊ အတ္တဝါဒုပါဒါန်ဟူသော ဥပါဒါန်လေးမျိုးတို့မှ လွတ်ကုန်၏။ ဤကား အနုပါဒါစိတ္တဿဝိမောက္ခတည်း။ (၆၈)

ဝိမောက္ခကထာ ပဌမအခန်း ပြီး၏။

၂၁၉။ သုံးပါးသော ဤဝိမောက္ခမုခတို့သည် ဓာတ်သုံးပါးဟူသော လောကမှ ထွက်မြောက်ခြင်းငှါ ဖြစ်ကုန်၏။ သင်္ခါရအားလုံးတို့ကို ဖြစ်ခြင်းဟူသော အစပိုင်းခြား, ပျက်ခြင်းဟူသော အဆုံးအားဖြင့် ရှုသည်၏ အဖြစ်ဖြင့် လောကမှ ထွက်မြောက်၏။ အနိမိတ္တဟူသော နိဗ္ဗာနဓာတ်သို့ စိတ်၏ ပြေးဝင် သည်၏ အဖြစ်ဖြင့်လည်း လောကမှ ထွက်မြောက်၏။

အလုံးစုံသော သင်္ခါရတို့၌ စိတ်ထိတ်လန့်သည်၏ အဖြစ်ဖြင့် အပ္ပဏိဟိတဟူသော နိဗ္ဗာနဓာတ်သို့ စိတ်၏ ပြေးဝင်သည်၏ အဖြစ်ဖြင့်လည်း လောကမှ ထွက်မြောက်၏။

အလုံးစုံသော တရားတို့ကို အနတ္တအားဖြင့် ရှုသည်၏အဖြစ်ဖြင့် သုညတဟူသော နိဗ္ဗာနဓာတ်သို့ စိတ်၏ ပြေးဝင်သည်၏အဖြစ်ဖြင့်လည်း လောကမှ ထွက်မြောက်၏။

ဤသုံးပါးသော ဝိမောက္ခတို့သည် ဓာတ်သုံးပါးဟူသော လောကမှ ထွက်မြောက်ခြင်းငှါ ဖြစ်ကုန်၏။

မမြဲသောအားဖြင့်နှလုံးသွင်းသောပုဂ္ဂိုလ်အား အဘယ်သို့လျှင် သင်္ခါရတို့သည် ထင်ကုန်သနည်း။ ဆင်းရဲသောအားဖြင့်နှလုံးသွင်းသောပုဂ္ဂိုလ်အား အဘယ်သို့လျှင် သင်္ခါရတို့သည် ထင်ကုန်သနည်း။ အနှစ်မရှိ အလိုသို့ မလိုက်သောအားဖြင့်နှလုံးသွင်းသောပုဂ္ဂိုလ်အား အဘယ်သို့လျှင် သင်္ခါရတို့သည် ထင် ကုန်သနည်း။

မမြဲသောအားဖြင့်နှလုံးသွင်းသော ပုဂ္ဂိုလ်အား ကုန်ခန်းတတ်သောအားဖြင့် သင်္ခါရတို့သည် ထင် ကုန်၏။ ဆင်းရဲသောအားဖြင့်နှလုံးသွင်းသောပုဂ္ဂိုလ်အား ဘေးရှိသောအားဖြင့် သင်္ခါရတို့သည် ထင်ကုန့်၏။ အနှစ်မရှိ အလိုသို့ မလိုက်သောအားဖြင့်နှလုံးသွင်းသောပုဂ္ဂိုလ်အား အတ္တမှ ကင်းဆိတ်သော အားဖြင့် သင်္ခါရတို့သည် ထင်ကုန်၏။

--

မမြဲသောအားဖြင့်နှလုံးသွင်းသောပုဂ္ဂိုလ်အား အဘယ်စိတ် အဖြစ်များသနည်း။ ဆင်းရဲသောအားဖြင့်နှလုံးသွင်းသော ပုဂ္ဂိုလ်အား အဘယ်စိတ် အဖြစ်များသနည်း။ အနှစ်မရှိ အလိုသို့မလိုက်သောအားဖြင့်နှလုံးသွင်းသော ပုဂ္ဂိုလ်အား အဘယ်စိတ် အဖြစ်များသနည်း။

မမြဲသောအားဖြင့်နှလုံးသွင်းသောပုဂ္ဂိုလ်အား ဆုံးဖြတ်ခြင်း ‘အဓိမောက္ခ’ စိတ် အဖြစ်များ၏။ ဆင်းရဲသောအားဖြင့်နှလုံးသွင်းသောပုဂ္ဂိုလ်အား ငြိမ်းအေးခြင်း ‘ပဿဒ္ဓိ’ စိတ် အဖြစ်များ၏။ အနှစ်မရှိ အလိုသို့ မလိုက်သောအားဖြင့်နှလုံးသွင်းသောပုဂ္ဂိုလ်အား ဉာဏ်နှင့်ယှဉ်သောစိတ် အဖြစ်များ၏။

မမြဲသောအားဖြင့်နှလုံးသွင်းသည်ဖြစ်၍ ဆုံးဖြတ်ခြင်း ‘အဓိမောက္ခ'များသော ပုဂ္ဂိုလ်သည် အဘယ် ဣန္ဒြေကို ရသနည်း။ ဆင်းရဲသောအားဖြင့်နှလုံးသွင်းသည်ဖြစ်၍ ငြိမ်းအေးခြင်း ‘ပဿဒ္ဓိ’ များသော ပုဂ္ဂိုလ်သည် အဘယ်ဣန္ဒြေကို ရသနည်း။ အနှစ်မရှိ အလိုသို့ မလိုက်သောအားဖြင့်နှလုံးသွင်းသည်ဖြစ်၍ အသိဉာဏ်များသော ပုဂ္ဂိုလ်သည် အဘယ်ဣန္ဒြေကို ရသနည်း။

မမြဲသောအားဖြင့်နှလုံးသွင်းသည်ဖြစ်၍ ဆုံးဖြတ်ခြင်း ‘အဓိမောက္ခ'များသော ပုဂ္ဂိုလ်သည် သဒ္ဓိန္ဒြေ ကို ရ၏။ ဆင်းရဲသောအားဖြင့်နှလုံးသွင်းသည်ဖြစ်၍ ငြိမ်းချမ်းခြင်း ‘ပဿဒ္ဓိ’ များသောပုဂ္ဂိုလ်သည် သမာဓိန္ဒြေကို ရ၏။ အနှစ်မရှိ အလိုသို့ မလိုက်သောအားဖြင့်နှလုံးသွင်းသည်ဖြစ်၍ အသိဉာဏ်များသော ပုဂ္ဂိုလ်သည် ပညိန္ဒြေကို ရ၏။

မမြဲသောအားဖြင့်နှလုံးသွင်းသော ဆုံးဖြတ်ခြင်း ‘အဓိမောက္ခ'များသော ပုဂ္ဂိုလ်အား အဘယ်ဣန္ဒြေ သည် အကြီးအကဲဖြစ်သနည်း။ ဘာဝနာ၌ အဘယ်မျှသော ဣန္ဒြေတို့သည် ထိုဘာဝနာသို့ အစဉ်လိုက် ကုန်သနည်း။ သဟဇာတပစ္စည်း ဖြစ်ကုန်သနည်း။ အညမညပစ္စည်း ဖြစ်ကုန်သနည်း။ နိဿယပစ္စည်း ဖြစ်ကုန်သနည်း။ သမ္ပယုတ္တပစ္စည်း ဖြစ်ကုန်သနည်း။ တူသောကိစ္စရှိကုန်သနည်း။ အဘယ်သဘောကြောင့် ဘာဝနာမည်သနည်း။ အဘယ်သူသည် ပွါးများသနည်း။

ဆင်းရဲသောအားဖြင့်နှလုံးသွင်းသော ငြိမ်းအေးခြင်း ‘ပဿဒ္ဓိ’ များသောပုဂ္ဂိုလ်အား အဘယ်ဣန္ဒြေ သည် အကြီးအကဲဖြစ်သနည်း။ ဘာဝနာ၌ အဘယ်မျှသော ဣန္ဒြေတို့သည် ထိုဘာဝနာသို့ အစဉ်လိုက် ကုန်သနည်း။ သဟဇာတပစ္စည်း ဖြစ်ကုန်သနည်း။ အညမညပစ္စည်း ဖြစ်ကုန်သနည်း။ နိဿယပစ္စည်း ဖြစ်ကုန်သနည်း။ သမ္ပယုတ္တပစ္စည်း ဖြစ်ကုန်သနည်း။ တူသောကိစ္စရှိကုန်သနည်း။ အဘယ်သဘောကြောင့် ဘာဝနာမည်သနည်း။ အဘယ်သူသည် ပွါးများသနည်း။

အနှစ်မရှိ အလိုသို့မလိုက်သောအားဖြင့်နှလုံးသွင်းသော အသိဉာဏ်များသော ပုဂ္ဂိုလ်အား အဘယ် ဣန္ဒြေသည် အကြီးအကဲဖြစ်သနည်း။ ဘာဝနာ၌ အဘယ်မျှသော ဣန္ဒြေတို့သည် ထိုဘာဝနာသို့ အစဉ် လိုက်ကုန်သနည်း။ သဟဇာတပစ္စည်း ဖြစ်ကုန်သနည်း။ အညမညပစ္စည်းဖြစ်ကုန်သနည်း။ နိဿယ ပစ္စည်း ဖြစ်ကုန်သနည်း။ သမ္ပယုတ္တပစ္စည်း ဖြစ်ကုန်သနည်း။ တူသောကိစ္စရှိကုန်သနည်း။ အဘယ် သဘောကြောင့် ဘာဝနာမည်သနည်း။ အဘယ်သူသည် ပွါးများသနည်း။

မမြဲသောအားဖြင့်နှလုံးသွင်းသော ဆုံးဖြတ်ခြင်း ‘အဓိမောက္ခ’ များသော ပုဂ္ဂိုလ်အား သဒ္ဓိန္ဒြေသည် အကြီးအကဲဖြစ်၏။ ဘာဝနာ၌ ဣန္ဒြေလေးပါးတို့သည် ထိုဘာဝနာသို့ အစဉ်လိုက်ကုန်၏။ သဟဇာတ ပစ္စည်း ဖြစ်ကုန်၏။ အညမညပစ္စည်း ဖြစ်ကုန်၏။ နိဿယပစ္စည်း ဖြစ်ကုန်၏။ သမ္ပယုတ္တပစ္စည်း ဖြစ် ကုန်၏။ တူသော ကိစ္စရှိကုန်၏။ တူသောကိစ္စရှိသော အနက်အားဖြင့် ဘာဝနာမည်၏။ ကောင်းစွာ ကျင့်၏၊ ထိုပုဂ္ဂိုလ်သည် ပွါးများ၏။ အမှားကို ကျင့်သော ပုဂ္ဂိုလ်အား ဣန္ဒြေကို ပွါးများခြင်းမရှိ။

ဆင်းရဲသောအားဖြင့်နှလုံးသွင်းသော ငြိမ်းအေးခြင်း ‘ပဿဒ္ဓိ’ များသောပုဂ္ဂိုလ်အား သမာဓိန္ဒြေ သည် အကြီးအကဲဖြစ်၏။ ဘာဝနာ၌ ဣန္ဒြေလေးပါးတို့သည် ထိုဘာဝနာသို့ အစဉ်လိုက်ကုန်၏။ သဟဇာတပစ္စည်း ဖြစ်ကုန်၏။ အညမညပစ္စည်းဖြစ်ကုန်၏။ နိဿယပစ္စည်း ဖြစ်ကုန်၏။ သမ္ပယုတ္တ ပစ္စည်း ဖြစ်ကုန်၏။ တူသော ကိစ္စရှိကုန်၏။ တူသောကိစ္စရှိသော အနက်အားဖြင့် ဘာဝနာမည်၏။

--

ကောင်းစွာကျင့်၏၊ ထိုပုဂ္ဂိုလ်သည် ပွါးများ၏။ အမှားကို ကျင့်သော ပုဂ္ဂိုလ်အား ဣန္ဒြေကို ပွါးများခြင်း မရှိ။

အနှစ်မရှိ အလိုသို့မလိုက်သောအားဖြင့်နှလုံးသွင်းသော အသိဉာဏ်များသော ပုဂ္ဂိုလ်အား ပညိန္ဒြေ သည် အကြီးအကဲဖြစ်၏။ ဘာဝနာ၌ ဣန္ဒြေလေးပါးတို့သည် ထိုဘာဝနာသို့ အစဉ်လိုက်ကုန်၏။ သဟဇာတပစ္စည်း ဖြစ်ကုန်၏။ အညမညပစ္စည်းဖြစ်ကုန်၏။ နိဿယပစ္စည်း ဖြစ်ကုန်၏။ သမ္ပယုတ္တ ပစ္စည်း ဖြစ်ကုန်၏။ တူသောကိစ္စ ရှိကုန်၏။ တူသောကိစ္စရှိသော အနက်အားဖြင့် ဘာဝနာမည်၏။

ကောင်းစွာကျင့်၏၊ ထိုပုဂ္ဂိုလ်သည် ပွါးများ၏။ အမှားကို ကျင့်သော ပုဂ္ဂိုလ်အား ဣန္ဒြေကို ပွါးများခြင်း မရှိ။

၂၂၀။ မမြဲသောအားဖြင့်နှလုံးသွင်းသော ဆုံးဖြတ်ခြင်း ‘အဓိမောက္ခ’ များသော ပုဂ္ဂိုလ်အား အဘယ်ဣန္ဒြေသည် အကြီးအကဲဖြစ်သနည်း။ ဘာဝနာ၌ အဘယ်မျှသော ဣန္ဒြေတို့သည် ထိုဘာဝနာသို့ အစဉ်လိုက်ကုန်သနည်း။ သဟဇာတပစ္စည်း ဖြစ်ကုန်သနည်း။ အညမညပစ္စည်းဖြစ်ကုန်သနည်း။ နိဿယ ပစ္စည်း ဖြစ်ကုန်သနည်း။ သမ္ပယုတ္တပစ္စည်း ဖြစ်ကုန်သနည်း။ ထိုးထွင်း၍သိသောကာလ၌ အဘယ်ဣန္ဒြေ သည် အကြီးအကဲ ဖြစ်သနည်း။ ထိုးထွင်း၍သိခြင်း၌ အဘယ်ဣန္ဒြေတို့သည် ထိုပဋိဝေဓသို့ အစဉ် လိုက်ကုန်သနည်း။ သဟဇာတပစ္စည်း ဖြစ်ကုန်သနည်း။ အညမညပစ္စည်း ဖြစ်ကုန်သနည်း။ နိဿယ ပစ္စည်း ဖြစ်ကုန်သနည်း။ သမ္ပယုတ္တပစ္စည်း ဖြစ်ကုန်သနည်း။ တူသောကိစ္စ ရှိကုန်သနည်း။ အဘယ် သဘောကြောင့် ဘာဝနာမည်သနည်း။ အဘယ်သဘောကြောင့် ပဋိဝေဓမည်သနည်း။

ဆင်းရဲသောအားဖြင့်နှလုံးသွင်းသော ငြိမ်းအေးခြင်း ‘ပဿဒ္ဓိ’ များသော ပုဂ္ဂိုလ်အား အဘယ်ဣန္ဒြေ သည် အကြီးအကဲဖြစ်သနည်း။ ဘာဝနာ၌ အဘယ်မျှသော ဣန္ဒြေတို့သည် ထိုဘာဝနာသို့ အစဉ်လိုက် ကုန်သနည်း။ သဟဇာတပစ္စည်း ဖြစ်ကုန်သနည်း။ အညမညပစ္စည်း ဖြစ်ကုန်သနည်း။ နိဿယပစ္စည်း ဖြစ်ကုန်သနည်း။ သမ္ပယုတ္တပစ္စည်း ဖြစ်ကုန်သနည်း။ ထိုးထွင်း၍သိသောကာလ၌ အဘယ်ဣန္ဒြေသည် အကြီးအကဲ ဖြစ်သနည်း။ ထိုးထွင်း၍သိခြင်း၌ အဘယ်ဣန္ဒြေတို့သည် ထိုပဋိဝေဓသို့ အစဉ်လိုက်ကုန် သနည်း။ သဟဇာတပစ္စည်း ဖြစ်ကုန်သနည်း။ အညမညပစ္စည်း ဖြစ်ကုန်သနည်း။ နိဿယပစ္စည်း ဖြစ်ကုန်သနည်း။ သမ္ပယုတ္တပစ္စည်း ဖြစ်ကုန်သနည်း။ တူသောကိစ္စ ရှိကုန်သနည်း။ အဘယ်သဘော ကြောင့် ဘာဝနာမည်သနည်း။ အဘယ်သဘောကြောင့် ပဋိဝေဓမည်သနည်း။

အနှစ်မရှိ အလိုသို့မလိုက်သောအားဖြင့်နှလုံးသွင်းသော အသိဉာဏ်များသော ပုဂ္ဂိုလ်အား အဘယ် ဣန္ဒြေသည် အကြီးအကဲဖြစ်သနည်း။ ဘာဝနာ၌ အဘယ်မျှသော ဣန္ဒြေတို့သည် ထိုဘာဝနာသို့ အစဉ် လိုက်ကုန်သနည်း။ သဟဇာတပစ္စည်းဖြစ်ကုန်သနည်း။ အညမညပစ္စည်းဖြစ်ကုန်သနည်း။ နိဿယပစ္စည်း ဖြစ်ကုန်သနည်း။ သမ္ပယုတ္တပစ္စည်း ဖြစ်ကုန်သနည်း။ ထိုးထွင်း၍ သိသောကာလ၌ အဘယ်ဣန္ဒြေသည် အကြီးအကဲဖြစ်သနည်း။ ထိုးထွင်း၍သိခြင်း၌ အဘယ်ဣန္ဒြေတို့သည် ထိုပဋိဝေဓသို့ အစဉ်လိုက်ကုန် သနည်း။ သဟဇာတပစ္စည်း ဖြစ်ကုန်သနည်း။ အညမညပစ္စည်း ဖြစ်ကုန်သနည်း။ နိဿယပစ္စည်း ဖြစ်ကုန်သနည်း။ သမ္ပယုတ္တပစ္စည်း ဖြစ်ကုန်သနည်း။ တူသောကိစ္စ ရှိကုန်သနည်း။ အဘယ်သဘော ကြောင့် ဘာဝနာမည်သနည်း။ အဘယ်ကြောင့် ပဋိဝေဓမည်သနည်း။

မမြဲသောအားဖြင့်နှလုံးသွင်းသော ဆုံးဖြတ်ခြင်း ‘အဓိမောက္ခ’ များသော ပုဂ္ဂိုလ်အား သဒ္ဓိန္ဒြေသည် အကြီးအကဲဖြစ်၏။ ဘာဝနာ၌ ဣန္ဒြေလေးပါးတို့သည် ထိုဘာဝနာသို့ အစဉ်လိုက်ကုန်၏။ သဟဇာတ ပစ္စည်း ဖြစ်ကုန်၏။ အညမညပစ္စည်း ဖြစ်ကုန်၏။ နိဿယပစ္စည်း ဖြစ်ကုန်၏။ သမ္ပယုတ္တပစ္စည်း ဖြစ် ကုန်၏။ ထိုးထွင်း၍ သိသောကာလ၌ ပညိန္ဒြေသည် အကြီးအကဲ ဖြစ်၏။ ထိုးထွင်း၍သိခြင်း၌ ဣန္ဒြေ့လေးပါးတို့သည် ထိုပဋိဝေဓသို့ အစဉ်လိုက်ကုန်၏။ သဟဇာတပစ္စည်း ဖြစ်ကုန်၏။ အညမညပစ္စည်း ဖြစ်ကုန်၏။ နိဿယပစ္စည်း ဖြစ်ကုန်၏။ သမ္ပယုတ္တပစ္စည်း ဖြစ်ကုန်၏။ တူသောကိစ္စ ရှိကုန်၏။ တူသော ကိစ္စရှိသောသဘောကြောင့် ဘာဝနာ မည်၏။ သိမြင်တတ်သောသဘောကြောင့် ပဋိဝေဓ မည်၏။ ဤသို့ ထိုးထွင်း၍ သိသည်ဖြစ်၍လည်း ပွါးများ၏။ ပွါးများ၍လည်း ထိုးထွင်း၍ သိ၏။

--

ဆင်းရဲသောအားဖြင့်နှလုံးသွင်းသော ငြိမ်းအေးခြင်း ‘ပဿဒ္ဓိ’ များသော ပုဂ္ဂိုလ်အား သမာဓိန္ဒြေ သည် အကြီးအကဲဖြစ်၏။ ဘာဝနာ၌ ဣန္ဒြေလေးပါးတို့သည် ထိုဘာဝနာသို့ အစဉ်လိုက်ကုန်၏။

သဟဇာတပစ္စည်း ဖြစ်ကုန်၏။ အညမညပစ္စည်း ဖြစ်ကုန်၏။ နိဿယပစ္စည်း ဖြစ်ကုန်၏။ သမ္ပယုတ္တ ပစ္စည်း ဖြစ်ကုန်၏။ ထိုးထွင်း၍ သိသောကာလ၌ ပညိန္ဒြေသည် အကြီးအကဲ ဖြစ်၏။ ထိုးထွင်း၍ သိခြင်း၌ ဣန္ဒြေလေးပါးတို့သည် ထိုပဋိဝေဓသို့ အစဉ်လိုက်ကုန်၏။ သဟဇာတပစ္စည်း ဖြစ်ကုန်၏။

အညမညပစ္စည်း ဖြစ်ကုန်၏။ နိဿယပစ္စည်း ဖြစ်ကုန်၏။ သမ္ပယုတ္တပစ္စည်း ဖြစ်ကုန်၏။ တူသောကိစ္စ ရှိကုန်၏။ တူသောကိစ္စရှိသောသဘောကြာင့် ဘာဝနာ မည်၏။ သိမြင်တတ်သောသဘောကြောင့် ပဋိဝေဓ မည်၏။ ဤသို့ ထိုးထွင်း၍ သိသည်ဖြစ်၍လည်း ပွါးများ၏။ ပွါးများ ၍လည်း ထိုးထွင်း၍ သိ၏။

အနှစ်မရှိ အလိုသို့မလိုက်သောအားဖြင့်နှလုံးသွင်းသော အသိဉာဏ်များသော ပုဂ္ဂိုလ်အား ပညိန္ဒြေ သည် အကြီးအကဲဖြစ်၏။ ဘာဝနာ၌ ဣန္ဒြေလေးပါးတို့သည် ထိုဘာဝနာသို့ အစဉ်လိုက်ကုန်၏။

သဟဇာတပစ္စည်း ဖြစ်ကုန်၏။ အညမညပစ္စည်းဖြစ်ကုန်၏။ နိဿယပစ္စည်း ဖြစ်ကုန်၏။ သမ္ပယုတ္တ ပစ္စည်း ဖြစ်ကုန်၏။ ထိုးထွင်း၍ သိသောကာလ၌ ပညိန္ဒြေသည် အကြီးအကဲ ဖြစ်၏။ ထိုးထွင်း၍ သိခြင်း ၌ ဣန္ဒြေလေးပါးတို့သည် ထိုပဋိဝေဓသို့ အစဉ်လိုက်ကုန်၏။ သဟဇာတပစ္စည်း ဖြစ်ကုန်၏။ အညမည ပစ္စည်း ဖြစ်ကုန်၏။ နိဿယပစ္စည်း ဖြစ်ကုန်၏။ သမ္ပယုတ္တပစ္စည်း ဖြစ်ကုန်၏။ တူသောကိစ္စ ရှိကုန်၏။

တူသောကိစ္စသဘောကြာင့် ဘာဝနာ မည်၏။ သိမြင်တတ်သောသဘောကြောင့် ပဋိဝေဓမည်၏။ ဤသို့ ထိုးထွင်း၍ သိသည်ဖြစ်၍လည်း ပွါးများ၏။ ပွါးများ၍လည်း ထိုးထွင်း၍သိ၏။

၂၂၁။ မမြဲသောအားဖြင့်နှလုံးသွင်းသောပုဂ္ဂိုလ်အား အဘယ်ဣန္ဒြေသည် လွန်ကဲသနည်း။ အဘယ်ဣန္ဒြေ၏ လွန်ကဲခြင်းကြောင့် သဒ္ဓါဝိမုတ္တ ဖြစ်သနည်း။ ဆင်းရဲသောအားဖြင့်နှလုံးသွင်းသော ပုဂ္ဂိုလ်အား အဘယ်ဣန္ဒြေသည် လွန်ကဲသနည်း။ အဘယ်ဣန္ဒြေ၏ လွန်ကဲခြင်းကြောင့် ကာယသက္ခီ ဖြစ်သနည်း။ အနှစ်မရှိ အလိုသို့ မလိုက်သောအားဖြင့်နှလုံးသွင်းသောပုဂ္ဂိုလ်အား အဘယ်ဣန္ဒြေသည် လွန်ကဲသနည်း။ အဘယ်ဣန္ဒြေ၏ လွန်ကဲခြင်းကြောင့် ဒိဋ္ဌိပ္ပတ္တ ဖြစ်သနည်း။

မမြဲသောအားဖြင့်နှလုံးသွင်းသောပုဂ္ဂိုလ်အား သဒ္ဓိန္ဒြေသည် လွန်ကဲ၏။ သဒ္ဓိန္ဒြေ၏ လွန်ကဲခြင်း ကြောင့် သဒ္ဓါဝိမုတ္တ ဖြစ်၏။

ဆင်းရဲသောအားဖြင့်နှလုံးသွင်းသောပုဂ္ဂိုလ်အား သမာဓိန္ဒြေသည် လွန်ကဲ၏။ သမာဓိန္ဒြေ၏ လွန်ကဲခြင်းကြောင့် ကာယသက္ခီ ဖြစ်၏။

အနှစ်မရှိ အလိုသို့မလိုက်သောအားဖြင့်နှလုံးသွင်းသောပုဂ္ဂိုလ်အား ပညိန္ဒြေသည် လွန်ကဲ၏။ ပညိန္ဒြေ၏ လွန်ကဲခြင်းကြောင့် ဒိဋ္ဌိပ္ပတ္တ ဖြစ်၏။

(သောတာပတ္တိမဂ်ခဏ၌) ယုံကြည်သည်ဖြစ်၍ (လေးပါးသောဖိုလ်ခဏတို့၌လည်း) လွတ်မြောက် တတ်သောကြောင့် သဒ္ဓါဝိမုတ္တမည်၏။ (ဈာန်ဖဿကို) တွေ့ထိသည်၏အဖြစ်ကြောင့် (နိဗ္ဗာန်ကို) မျက် မှောက်ပြု၏။ ထို့ကြောင့် ကာယသက္ခီမည်၏။ နိဗ္ဗာန်ကို မြင်သည်၏အဖြစ်ကြောင့် ဒိဋ္ဌိပ္ပတ္တ မည်၏။

ယုံကြည်သည်ဖြစ်၍ လွတ်မြောက်တတ်သောကြောင့် သဒ္ဓါဝိမုတ္တ မည်၏။ ဈာန်ဖဿကို ရှေးဦးစွာ တွေ့ထိ၏။ နောက်မှ ချုပ်ငြိမ်းရာ နိဗ္ဗာန်ကို မျက်မှောက်ပြုတတ်သောကြောင့် ကာယသက္ခီ မည်၏။

--

“သင်္ခါရတို့သည် ဆင်းရဲကုန်၏။ သင်္ခါရတို့၏ ချုပ်ငြိမ်းရာ နိဗ္ဗာန်သည် ချမ်းသာ၏”ဟု သိအပ်၏၊ မြင်အပ်၏၊ ထင်ရှားစေအပ်၏၊ မျက်မှောက်ပြုအပ်၏၊ ပညာဖြင့် တွေ့ထိအပ်၏၊ ထို့ကြောင့် ဒိဋ္ဌိပ္ပတ္တ မည်၏။

အကြင်ပုဂ္ဂိုလ်သည် ယုံကြည်သည်ဖြစ်၍ လွတ်မြောက်တတ်သော သဒ္ဓါဝိမုတ္တပုဂ္ဂိုလ်သည်လည်း ဖြစ်၏။ အကြင်ပုဂ္ဂိုလ်သည် ဈာန်ဖဿကို တွေ့ထိပြီး နိဗ္ဗာန်ကို မျက်မှောက်ပြုတတ်သော ကာယသက္ခီပုဂ္ဂိုလ် သည်လည်း ဖြစ်၏။ အကြင်ပုဂ္ဂိုလ်သည် ပညိန္ဒြေဟု ဆိုအပ်သော ဒိဋ္ဌိဖြင့် နိဗ္ဗာန်သို့ရောက်သော ဒိဋ္ဌိပ္ပတ္တ ပုဂ္ဂိုလ်သည်လည်း ဖြစ်၏။ ဤသို့ ဤပုဂ္ဂိုလ်သုံးယောက်တို့သည် ဝတ္ထု၏ အစွမ်းအားဖြင့်လည်းကောင်း၊ ပရိယာယ်အားဖြင့်လည်းကောင်း သဒ္ဓါဝိမုတ္တပုဂ္ဂိုလ်၊ ကာယသက္ခီပုဂ္ဂိုလ်၊ ဒိဋ္ဌိပ္ပတ္တပုဂ္ဂိုလ်တို့ ဖြစ်ကုန်၏။

သိယာဟူရာ၌ အဘယ်သို့လျှင် ဖြစ်ကုန်သနည်း။ မမြဲသောအားဖြင့်နှလုံးသွင်းသောပုဂ္ဂိုလ်အား သဒ္ဓိန္ဒြေသည် လွန်ကဲ၏။ သဒ္ဓိန္ဒြေ၏ လွန်ကဲခြင်းကြောင့် သဒ္ဓါဝိမုတ္တ ဖြစ်၏။

ဆင်းရဲသောအားဖြင့်နှလုံးသွင်းသောပုဂ္ဂိုလ်အား သဒ္ဓိန္ဒြေသည် လွန်ကဲ၏။ သဒ္ဓိန္ဒြေ၏ လွန်ကဲခြင်းကြောင့် သဒ္ဓါဝိမုတ္တ ဖြစ်၏။

အနှစ်မရှိ အလိုသို့မလိုက်သောအားဖြင့်နှလုံးသွင်းသောပုဂ္ဂိုလ်အား သဒ္ဓိန္ဒြေသည် လွန်ကဲ၏။ သဒ္ဓိန္ဒြေ၏ လွန်ကဲခြင်းကြောင့် သဒ္ဓါဝိမုတ္တ ဖြစ်၏။ ဤသို့ ဤပုဂ္ဂိုလ်သုံးယောက်တို့သည် သဒ္ဓိန္ဒြေ၏ အစွမ်းအားဖြင့် သဒ္ဓါဝိမုတ္တ ဖြစ်ကုန်၏။

ဆင်းရဲသောအားဖြင့်နှလုံးသွင်းသောပုဂ္ဂိုလ်အား သမာဓိန္ဒြေသည် လွန်ကဲ၏။ သမာဓိန္ဒြေ၏ လွန်ကဲခြင်းကြောင့် ကာယသက္ခီ ဖြစ်၏။

အနှစ်မရှိ အလိုသို့ မလိုက်သောအားဖြင့်နှလုံးသွင်းသောပုဂ္ဂိုလ်အား သမာဓိန္ဒြေသည် လွန်ကဲ၏။ သမာဓိန္ဒြေ၏ လွန်ကဲခြင်းကြောင့် ကာယသက္ခီ ဖြစ်၏။

မမြဲသောအားဖြင့်နှလုံးသွင်းသောပုဂ္ဂိုလ်အား သမာဓိန္ဒြေသည် လွန်ကဲ၏။ သမာဓိန္ဒြေ၏ လွန်ကဲခြင်းကြောင့် ကာယသက္ခီ ဖြစ်၏။ ဤသို့ ဤပုဂ္ဂိုလ်သုံးယောက်တို့သည် သမာဓိန္ဒြေ၏ အစွမ်းအားဖြင့် ကာယသက္ခ္ခီ ဖြစ်ကုန်၏။

အနှစ်မရှိ အလိုသို့မလိုက်သောအားဖြင့်နှလုံးသွင်းသောပုဂ္ဂိုလ်အား ပညိန္ဒြေသည် လွန်ကဲ၏။ ပညိန္ဒြေ၏ လွန်ကဲခြင်းကြောင့် ဒိဋ္ဌိပ္ပတ္တ ဖြစ်၏။

မမြဲသောအားဖြင့်နှလုံးသွင်းသောပုဂ္ဂိုလ်အား ပညိန္ဒြေသည် လွန်ကဲ၏။ ပညိန္ဒြေ၏ လွန်ကဲခြင်း ကြောင့် ဒိဋ္ဌိပ္ပတ္တ ဖြစ်၏။

ဆင်းရဲသောအားဖြင့်နှလုံးသွင်းသောပုဂ္ဂိုလ်အား ပညိန္ဒြေသည် လွန်ကဲ၏။ ပညိန္ဒြေ၏ လွန်ကဲခြင်း ကြောင့် ဒိဋ္ဌိပ္ပတ္တ ဖြစ်၏။ ဤသို့ ဤပုဂ္ဂိုလ်သုံးယောက်တို့သည် ပညိန္ဒြေ၏ အစွမ်းအားဖြင့် ဒိဋ္ဌိပ္ပတ္တ ဖြစ် ကုန်၏။

အကြင်ပုဂ္ဂိုလ်သည် သဒ္ဓါဝိမုတ္တပုဂ္ဂိုလ်သည်လည်း ဖြစ်၏။ အကြင်ပုဂ္ဂိုလ်သည် ကာယသက္ခီပုဂ္ဂိုလ် သည်လည်း ဖြစ်၏။ အကြင်ပုဂ္ဂိုလ်သည် ဒိဋ္ဌိပ္ပတ္တပုဂ္ဂိုလ်သည်လည်း ဖြစ်၏။ ဤသို့ ဤပုဂ္ဂိုလ်သုံးယောက် တို့သည် ဝတ္ထု၏ အစွမ်းအားဖြင့်လည်းကောင်း၊ ပရိယာယ်အားဖြင့်လည်းကောင်း သဒ္ဓါဝိမုတ္တပုဂ္ဂိုလ်၊ ကာယသက္ခီပုဂ္ဂိုလ်၊ ဒိဋ္ဌိပ္ပတ္တပုဂ္ဂိုလ်တို့ ဖြစ်ကုန်ရာ၏။

အကြင်ပုဂ္ဂိုလ်သည် သဒ္ဓါဝိမုတ္တပုဂ္ဂိုလ်သည်လည်း ဖြစ်၏။ အကြင်ပုဂ္ဂိုလ်သည် ကာယသက္ခီပုဂ္ဂိုလ် သည်လည်း ဖြစ်၏။ အကြင်ပုဂ္ဂိုလ်သည် ဒိဋ္ဌိပ္ပတ္တပုဂ္ဂိုလ်သည်လည်း ဖြစ်၏။ ဤသို့ ဤပုဂ္ဂိုလ်သုံးယောက် တို့သည်။ပ။ သဒ္ဓါဝိမုတ္တပုဂ္ဂိုလ်သည် တစ်ပါးတစ်ခြား၊ ကာယသက္ခီပုဂ္ဂိုလ်သည် တစ်ပါးတစ်ခြား၊ ဒိဋ္ဌိပ္ပတ္တ ပုဂ္ဂိုလ်သည် တစ်ပါးတစ်ခြားတည်း။

--

သိယာဟူရာ၌ အဘယ်သို့လျှင် ဖြစ်ကုန်သနည်း။ မမြဲသောအားဖြင့်နှလုံးသွင်းသောပုဂ္ဂိုလ်အား သဒ္ဓိန္ဒြေသည် လွန်ကဲ၏။ သဒ္ဓိန္ဒြေ၏ လွန်ကဲခြင်းကြောင့် သဒ္ဓါဝိမုတ္တ ဖြစ်၏။

ဆင်းရဲသောအားဖြင့်နှလုံးသွင်းသောပုဂ္ဂိုလ်အား သမာဓိန္ဒြေသည် လွန်ကဲ၏။ သမာဓိန္ဒြေ၏ လွန်ကဲခြင်းကြောင့် ကာယသက္ခီ ဖြစ်၏။

အနှစ်မရှိ အလိုသို့မလိုက်သောအားဖြင့်နှလုံးသွင်းသောပုဂ္ဂိုလ်အား ပညိန္ဒြေသည် လွန်ကဲ၏။ ပညိန္ဒြေ၏ လွန်ကဲခြင်းကြောင့် ဒိဋ္ဌိပ္ပတ္တ ဖြစ်၏။

အကြင်ပုဂ္ဂိုလ်သည် သဒ္ဓါဝိမုတ္တပုဂ္ဂိုလ်သည်လည်း ဖြစ်၏။ အကြင်ပုဂ္ဂိုလ်သည် ကာယသက္ခီပုဂ္ဂိုလ် သည်လည်း ဖြစ်၏။ အကြင်ပုဂ္ဂိုလ်သည် ဒိဋ္ဌိပ္ပတ္တပုဂ္ဂိုလ်သည်လည်း ဖြစ်၏။ ဤသို့ ဤပုဂ္ဂိုလ်သုံးယောက် တို့သည် ဝတ္ထု၏အစွမ်းအားဖြင့်လည်းကောင်း၊ ပရိယာယ်အားဖြင့်လည်းကောင်း သဒ္ဓါဝိမုတ္တပုဂ္ဂိုလ်၊ ကာယ သက္ခီပုဂ္ဂိုလ်၊ ဒိဋ္ဌိပ္ပတ္တပုဂ္ဂိုလ်တို့ ဖြစ်ကုန်ရာ၏။

သဒ္ဓါဝိမုတ္တပုဂ္ဂိုလ်သည် တစ်ပါးတစ်ခြား၊ ကာယသက္ခီပုဂ္ဂိုလ်သည် တစ်ပါးတစ်ခြား၊ ဒိဋ္ဌိပ္ပတ္တပုဂ္ဂိုလ် သည် တစ်ပါးတစ်ခြားတည်း။

မမြဲသောအားဖြင့်နှလုံးသွင်းသောပုဂ္ဂိုလ်အား သဒ္ဓိန္ဒြေသည် လွန်ကဲ၏။ သဒ္ဓိန္ဒြေ၏ လွန်ကဲခြင်း ကြောင့် သောတာပတ္တိမဂ်ကို ရ၏။ ထို့ကြောင့် သဒ္ဓါနုသာရီဟု ဆိုအပ်၏။ ဣန္ဒြေလေးပါးတို့သည် ထိုသဒ္ဓါ သို့ အစဉ်လိုက်ကုန်၏။ သဟဇာတပစ္စည်း ဖြစ်ကုန်၏။ အညမညပစ္စည်း ဖြစ်ကုန်၏။ နိဿယပစ္စည်း ဖြစ်ကုန်၏။ သမ္ပယုတ္တပစ္စည်း ဖြစ်ကုန်၏။

သဒ္ဓိန္ဒြေ၏ အစွမ်းအားဖြင့် ဣန္ဒြေလေးပါးတို့ကို ပွါးများ၏။ အလုံးစုံသော ပုဂ္ဂိုလ်တို့သည် သဒ္ဓိန္ဒြေ၏ အစွမ်းအားဖြင့် သောတာပတ္တိမဂ်ကို ရကုန်၏။ ထိုပုဂ္ဂိုလ်အားလုံးတို့သည် သဒ္ဓါနုသာရီပုဂ္ဂိုလ် တို့ မည်ကုန်၏။

မမြဲသောအားဖြင့်နှလုံးသွင်းသောပုဂ္ဂိုလ်အား သဒ္ဓိန္ဒြေသည် လွန်ကဲ၏။ သဒ္ဓိန္ဒြေ၏ လွန်ကဲခြင်း ကြောင့် သောတာပတ္တိဖိုလ်ကို မျက်မှောက်ပြု၏။ ထို့ကြောင့် သဒ္ဓါဝိမုတ္တပုဂ္ဂိုလ်ဟု ဆိုအပ်၏။ ဣန္ဒြေ လေးပါးတို့သည် ထိုသဒ္ဓါသို့ အစဉ်လိုက်ကုန်၏။ သဟဇာတပစ္စည်း ဖြစ်ကုန်၏။ အညမညပစ္စည်း ဖြစ် ကုန်၏။ နိဿယပစ္စည်း ဖြစ်ကုန်၏။ သမ္ပယုတ္တပစ္စည်း ဖြစ်ကုန်၏။

သဒ္ဓိန္ဒြေ၏ အစွမ်းအားဖြင့် ဣန္ဒြေလေးပါးတို့ကို ပွါးများအပ်ကုန်၏။ ကောင်းစွာ ပွါးများအပ်ကုန်၏။

အလုံးစုံသော ပုဂ္ဂိုလ်တို့သည် သဒ္ဓိန္ဒြေ၏ အစွမ်းအားဖြင့် သောတာပတ္တိဖိုလ်ကို မျက်မှောက်ပြု ကုန်၏။

ထိုပုဂ္ဂိုလ်အားလုံးတို့သည် သဒ္ဓါဝိမုတ္တပုဂ္ဂိုလ်တို့ မည်ကုန်၏။

မမြဲသောအားဖြင့်နှလုံးသွင်းသောပုဂ္ဂိုလ်အား သဒ္ဓိန္ဒြေသည် လွန်ကဲ၏။ သဒ္ဓိန္ဒြေ၏ လွန်ကဲခြင်း ကြောင့် သကဒါဂါမိမဂ်ကို ရ၏။ပ။ သကဒါဂါမိဖိုလ်ကို မျက်မှောက်ပြု၏။ အနာဂါမိမဂ်ကို ရ၏။ အနာဂါမိ ဖိုလ်ကို မျက်မှောက်ပြု၏။ အရဟတ္တမဂ်ကို ရ၏။ အရဟတ္တဖိုလ်ကို မျက်မှောက်ပြု၏။ ထို့ကြောင့် သဒ္ဓါဝိမုတ္တပုဂ္ဂိုလ်ဟု ဆိုအပ်၏။ ဣန္ဒြေလေးပါးတို့သည် ထိုသဒ္ဓါသို့ အစဉ်လိုက်ကုန်၏။ပ။ သမ္ပယုတ္တ ပစ္စည်း ဖြစ်ကုန်၏။

သဒ္ဓိန္ဒြေ၏ အစွမ်းအားဖြင့် ဣန္ဒြေလေးပါးတို့ကို ပွါးများအပ်ကုန်၏။ ကောင်းစွာ ပွါးများအပ် ကုန်၏။

--

အလုံးစုံသော ပုဂ္ဂိုလ်တို့သည် သဒ္ဓိန္ဒြေ၏ အစွမ်းအားဖြင့် အရဟတ္တဖိုလ်ကို မျက်မှောက်ပြု ကုန်၏။

ထိုပုဂ္ဂိုလ်အားလုံးတို့သည် သဒ္ဓါဝိမုတ္တပုဂ္ဂိုလ်တို့ မည်ကုန်၏။

ဆင်းရဲသောအားဖြင့်နှလုံးသွင်းသော ပုဂ္ဂိုလ်အား သမာဓိန္ဒြေသည် လွန်ကဲ၏။ သမာဓိန္ဒြေ၏ လွန်ကဲခြင်းကြောင့် သောတာပတ္တိမဂ်ကို ရ၏။ ထို့ကြောင့် ကာယသက္ခီပုဂ္ဂိုလ်ဟု ဆိုအပ်၏။ ဣန္ဒြေ လေးပါးတို့သည် ထိုသမာဓိသို့ အစဉ်လိုက်ကုန်၏။ သဟဇာတပစ္စည်း ဖြစ်ကုန်၏။ အညမညပစ္စည်း ဖြစ်ကုန်၏။ နိဿယပစ္စည်း ဖြစ်ကုန်၏။ သမ္ပယုတ္တပစ္စည်း ဖြစ်ကုန်၏။

သမာဓိန္ဒြေ၏ အစွမ်းအားဖြင့် ဣန္ဒြေလေးပါးတို့ကို ပွါးများ၏။ အလုံးစုံသောပုဂ္ဂိုလ်တို့သည် သမာဓိန္ဒြေ၏ အစွမ်းအားဖြင့် သောတာပတ္တိမဂ်ကို ရကုန်၏။ ထိုပုဂ္ဂိုလ်အားလုံးတို့သည် ကာယသက္ခီ ပုဂ္ဂိုလ်တို့ မည်ကုန်၏။

ဆင်းရဲသောအားဖြင့်နှလုံးသွင်းသောပုဂ္ဂိုလ်အား သမာဓိန္ဒြေသည် လွန်ကဲ၏။ သမာဓိန္ဒြေ၏့လွန်ကဲခြင်းကြောင့် သောတာပတ္တိဖိုလ်ကို မျက်မှောက်ပြုအပ်၏။ သကဒါဂါမိမဂ်ကို ရ၏။ သကဒါဂါမိဖိုလ် ကို မျက်မှောက်ပြုအပ်၏။ အနာဂါမိမဂ်ကို ရ၏။ အနာဂါမိဖိုလ်ကို မျက်မှောက်ပြုအပ်၏။

အရဟတ္တမဂ်ကို ရ၏။ အရဟတ္တဖိုလ်ကို မျက်မှောက်ပြုအပ်၏။ ထို့ကြောင့် ကာယသက္ခီပုဂ္ဂိုလ်ဟု ဆိုအပ်၏။ ဣန္ဒြေ လေးပါးတို့သည် ထိုသမာဓိသို့ အစဉ်လိုက်ကုန်၏။ သဟဇာတပစ္စည်း ဖြစ်ကုန်၏။

အညမညပစ္စည်း ဖြစ်ကုန်၏။ နိဿယပစ္စည်း ဖြစ်ကုန်၏။ သမ္ပယုတ္တပစ္စည်း ဖြစ်ကုန်၏။

သမာဓိန္ဒြေ၏ အစွမ်းအားဖြင့် ဣန္ဒြေလေးပါးတို့ကို ပွါးများအပ်ကုန်၏။ ကောင်းစွာ ပွါးများအပ်ကုန်၏။ အလုံးစုံသော ပုဂ္ဂိုလ်တို့သည် သမာဓိန္ဒြေ၏ အစွမ်းအားဖြင့် အရဟတ္တဖိုလ်ကို မျက်မှောက် ပြုကုန်၏။ ထိုပုဂ္ဂိုလ်အားလုံးတို့သည် ကာယသက္ခီပုဂ္ဂိုလ်တို့ မည်ကုန်၏။

အနှစ်မရှိ အလိုသို့မလိုက်သောအားဖြင့်နှလုံးသွင်းသောပုဂ္ဂိုလ်အား ပညိန္ဒြေသည် လွန်ကဲ၏။ ပညိန္ဒြေ၏ လွန်ကဲခြင်းကြောင့် သောတာပတ္တိမဂ်ကို ရ၏။ ထို့ကြောင့် ဓမ္မာနုသာရီပုဂ္ဂိုလ်ဟု ဆိုအပ်၏။

ဣန္ဒြေလေးပါးတို့သည် ထိုပညာသို့ အစဉ်လိုက်ကုန်၏။ပ။ သမ္ပယုတ္တပစ္စည်း ဖြစ်ကုန်၏။

ပညိန္ဒြေ၏အစွမ်းအားဖြင့် ဣန္ဒြေလေးပါးတို့ကို ပွါးများ၏။ အလုံးစုံသော ပုဂ္ဂိုလ်တို့သည် ပညိန္ဒြေ၏ အစွမ်းအားဖြင့် သောတာပတ္တိမဂ်ကို ရကုန်၏။ ထိုပုဂ္ဂိုလ်အားလုံးတို့သည် ဓမ္မာနုသာရီပုဂ္ဂိုလ်တို့ မည်ကုန်၏။

အနှစ်မရှိ အလိုသို့မလိုက်သောအားဖြင့်နှလုံးသွင်းသောပုဂ္ဂိုလ်အား ပညိန္ဒြေသည် လွန်ကဲ၏။ ပညိန္ဒြေ၏ လွန်ကဲခြင်းကြောင့် သောတာပတ္တိဖိုလ်ကို မျက်မှောက်ပြုအပ်၏။ ထို့ကြောင့် ဒိဋ္ဌိပ္ပတ္တပုဂ္ဂိုလ်ဟု ဆိုအပ်၏။

ဣန္ဒြေလေးပါးတို့သည် ထိုပညာသို့ အစဉ်လိုက်ကုန်၏။ပ။ သမ္ပယုတ္တပစ္စည်း ဖြစ်ကုန်၏။

ပညိန္ဒြေ၏ အစွမ်းအားဖြင့် ဣန္ဒြေလေးပါးတို့ကို ပွါးများအပ်ကုန်၏။ ကောင်းစွာ ပွါးများအပ်ကုန်၏။ အလုံးစုံသော ပုဂ္ဂိုလ်တို့သည် ပညိန္ဒြေ၏အစွမ်းအားဖြင့် သောတာပတ္တိဖိုလ်ကို မျက်မှောက်ပြုကုန်၏။

ထိုပုဂ္ဂိုလ်အားလုံးတို့သည် ဒိဋ္ဌိပ္ပတ္တ မည်ကုန်၏။

အနှစ်မရှိ အလိုသို့မလိုက်သောအားဖြင့်နှလုံးသွင်းသောပုဂ္ဂိုလ်အား ပညိန္ဒြေသည် လွန်ကဲ၏။ ပညိန္ဒြေ၏ လွန်ကဲခြင်းကြောင့် သကဒါဂါမိမဂ်ကို ရ၏။ သကဒါဂါမိဖိုလ်ကို မျက်မှောက်ပြုအပ်၏။ အနာဂါမိမဂ်ကို ရ၏။ အနာဂါမိဖိုလ်ကို မျက်မှောက်ပြုအပ်၏။ အရဟတ္တမဂ်ကို ရ၏။ အရဟတ္တဖိုလ်ကို မျက်မှောက်ပြုအပ်၏။ ထို့ကြောင့် ဒိဋ္ဌိပ္ပတ္တပုဂ္ဂိုလ်ဟု ဆိုအပ်၏။ ဣန္ဒြေလေးပါးတို့သည် ထိုပညာသို့ အစဉ်လိုက်ကုန်၏။ သဟဇာတပစ္စည်း ဖြစ်ကုန်၏။ အညမညပစ္စည်း ဖြစ်ကုန်၏။ နိဿယပစ္စည်း ဖြစ်ကုန်၏။ သမ္ပယုတ္တပစ္စည်း ဖြစ်ကုန်၏။

--

ပညိန္ဒြေ၏ အစွမ်းအားဖြင့် ဣန္ဒြေလေးပါးတို့ကို ပွါးများအပ်ကုန်၏။ ကောင်းစွာ ပွါးများအပ် ကုန်၏။

အလုံးစုံသော ပုဂ္ဂိုလ်တို့သည် ပညိန္ဒြေ၏ အစွမ်းအားဖြင့် အရဟတ္တဖိုလ်ကို မျက်မှောက်ပြု ကုန်၏။

ထိုပုဂ္ဂိုလ် အားလုံးတို့သည် ဒိဋ္ဌိပ္ပတ္တပုဂ္ဂိုလ် မည်ကုန်၏။

၂၂၂။ အလုံးစုံသော ပုဂ္ဂိုလ်တို့သည် ဈာန်ကို ရှေးက ပွါးများပြီးလည်း ဖြစ်ကုန်၏။ ပွါးများဆဲ လည်း ဖြစ်ကုန်၏။ ပွါးများလတ္တံ့လည်း ဖြစ်ကုန်၏။ ရှေးက ရပြီးလည်း ဖြစ်ကုန်၏။ ရဆဲလည်း ဖြစ် ကုန်၏။

ရလတ္တံ့လည်း ဖြစ်ကုန်၏။ ရောက်ပြီးလည်း ဖြစ်ကုန်၏။ ရောက်ဆဲလည်း ဖြစ်ကုန်၏။ ရောက် လတ္တံ့လည်း ဖြစ်ကုန်၏။ သီးခြားရပြီးလည်း ဖြစ်ကုန်၏။ သီးခြားရဆဲလည်း ဖြစ်ကုန်၏။ သီးခြား ရလတ္တံ့လည်း ဖြစ်ကုန်၏။ ထိုးထွင်း၍သိပြီးလည်း ဖြစ်ကုန်၏။ ထိုးထွင်း၍သိဆဲလည်း ဖြစ်ကုန်၏။

ထိုးထွင်း၍သိလတ္တံ့လည်း ဖြစ်ကုန်၏။ မျက်မှောက်ပြုပြီးလည်း ဖြစ်ကုန်၏။ မျက်မှောက်ပြုဆဲလည်း ဖြစ် ကုန်၏။ မျက်မှောက်ပြုလတ္တံ့လည်း ဖြစ်ကုန်၏။ တွေ့ထိပြီးလည်း ဖြစ်ကုန်၏။ တွေ့ထိဆဲလည်း ဖြစ် ကုန်၏။ တွေ့ထိလတ္တံ့လည်း ဖြစ်ကုန်၏။ လေ့လာသည့် အဖြစ်သို့ ရောက်ပြီးလည်း ဖြစ်ကုန်၏။

ရောက် ဆဲလည်း ဖြစ်ကုန်၏။ ရောက်လတ္တံ့လည်း ဖြစ်ကုန်၏။ အထွတ်အထိပ်သို့ ရောက်ပြီးလည်း့ဖြစ်ကုန်၏။ ရောက်ဆဲလည်း ဖြစ်ကုန်၏။ ရောက်လတ္တံ့လည်း ဖြစ်ကုန်၏။ ရဲရင့်သည့်အဖြစ်သို့ ရောက်ပြီးလည်း ဖြစ်ကုန်၏။ ရောက်ဆဲလည်း ဖြစ်ကုန်၏။ ရောက်လတ္တံ့လည်း ဖြစ်ကုန်၏။

ထိုပုဂ္ဂိုလ်အားလုံးတို့သည် သဒ္ဓိန္ဒြေ၏ အစွမ်းအားဖြင့် သဒ္ဓါဝိမုတ္တပုဂ္ဂိုလ်တို့ ဖြစ်ကုန်၏။ သမာဓိန္ဒြေ၏ အစွမ်းအားဖြင့် ကာယသက္ခီ ပုဂ္ဂိုလ်တို့ ဖြစ်ကုန်၏။ ပညိန္ဒြေ၏ အစွမ်းအားဖြင့် ဒိဋ္ဌိပ္ပတ္တပုဂ္ဂိုလ်တို့ ဖြစ်ကုန်၏။

အလုံးစုံသောပုဂ္ဂိုလ်တို့သည် မေတ္တာကို။ပ။ အာလောကသညာကို။ မပျံ့လွင့်ခြင်းကို။ တရားကို ပိုင်းခြားမှတ်သားခြင်းကို။ ဉာဏ်ကို။ ဝမ်းမြောက်ခြင်းကို။ ပဌမဈာန်ကို။ ဒုတိယဈာန်ကို။ တတိယဈာန် ကို။ စတုတ္ထဈာန်ကို။ အာကာသနဉ္စာယတနသမာပတ်ကို။ ဝိညာဏဉ္စာယတနသမာပတ်ကို။ အာကိဉ္စညာ ယတနသမာပတ်ကို။ နေဝသညာနာသညာယတနသမာပတ်ကို။ မမြဲဟု အဖန်ဖန်ရှုခြင်းကို။ ဆင်းရဲဟု အဖန်ဖန်ရှုခြင်းကို။ အနှစ်မရှိ အလိုသို့မလိုက်ဟု အဖန်ဖန်ရှုခြင်းကို။ ငြီးငွေ့ဖွယ်ဟု အဖန်ဖန်ရှုခြင်းကို။ တပ်ခြင်းကင်းရာ နိဗ္ဗာန်ကို အဖန်ဖန်ရှုခြင်းကို။ ချုပ်ခြင်းကို အဖန်ဖန်ရှုခြင်းကို။ တစ်ဖန်စွန့်လွှတ်ခြင်းကို အဖန်ဖန်ရှုခြင်းကို။ ကုန်ခန်းတတ်သော သဘောဟု အဖန်ဖန်ရှုခြင်းကို။ ပျက်တတ်သောသဘောဟု အဖန် ဖန်ရှုခြင်းကို။ ဖောက်ပြန်တတ်၏ဟု အဖန်ဖန်ရှုခြင်းကို။ အနိမိတ္တဟု အဖန်ဖန်ရှုခြင်းကို။ အပ္ပဏိဟိတဟု အဖန်ဖန်ရှုခြင်းကို။ သုညတဟု အဖန်ဖန်ရှုခြင်းကို။ လွန်ကဲသောပညာဖြင့် တရားကို အထူးရှုခြင်းကို။ဟုတ်တိုင်းမှန်စွာသိသော ဉာဏ်အမြင်ကို။ အပြစ်ဟု အဖန်ဖန်ရှုခြင်းကို။ ပညာဖြင့် ဆင်ခြင်၍ အဖန်ဖန် ရှုခြင်းကို။ ဝဋ်မှကင်းခြင်းကို အဖန်ဖန်ရှုခြင်းကို။ သောတာပတ္တိမဂ်ကို။ သကဒါဂါမိမဂ်ကို။ အနာဂါမိမဂ် ကို။ အရဟတ္တမဂ်ကို။

အလုံးစုံသော ပုဂ္ဂိုလ်တို့သည် သတိပဋ္ဌာန်လေးပါးတို့ကို။ သမ္မပ္ပဓာန်လေးပါးတို့ကို။ ဣဒ္ဓိပါဒ် လေးပါးတို့ကို။ ဣန္ဒြေငါးပါးတို့ကို။ ဗိုလ်ငါးပါးတို့ကို။ ဗောဇ္ဈင်ခုနှစ်ပါးတို့ကို။ မြတ်သော မဂ္ဂင်ရှစ်ပါးကို။

အလုံးစုံသောပုဂ္ဂိုလ်တို့သည် ဝိမောက္ခရှစ်ပါးတို့ကို ပွါးများပြီးလည်း ဖြစ်ကုန်၏။ ပွါးများဆဲလည်း ဖြစ်ကုန်၏။ ပွါးများလတ္တံ့လည်း ဖြစ်ကုန်၏။ ရပြီးလည်း ဖြစ်ကုန်၏။ ရဆဲလည်း ဖြစ်ကုန်၏။ ရလတ္တံ့ လည်း ဖြစ်ကုန်၏။ ရောက်ပြီးလည်း ဖြစ်ကုန်၏။ ရောက်ဆဲလည်း ဖြစ်ကုန်၏။ ရောက်လတ္တံ့လည်း ဖြစ်ကုန်၏။ သီးခြားရပြီးလည်း ဖြစ်ကုန်၏။ သီးခြားရဆဲလည်း ဖြစ်ကုန်၏။ သီးခြားရလတ္တံ့လည်း ဖြစ်ကုန်၏။ ထိုးထွင်း၍ သိပြီးလည်း ဖြစ်ကုန်၏။ ထိုးထွင်း၍ သိဆဲလည်း ဖြစ်ကုန်၏။ ထိုးထွင်း၍ သိလတ္တံ့လည်း ဖြစ်ကုန်၏။ မျက်မှောက်ပြုပြီးလည်း ဖြစ်ကုန်၏။ မျက်မှောက်ပြုဆဲလည်း ဖြစ်ကုန်၏။

--

မျက်မှောက်ပြုလတ္တံ့လည်း ဖြစ်ကုန်၏။ တွေ့ထိပြီးလည်း ဖြစ်ကုန်၏။ တွေ့ထိဆဲလည်း ဖြစ်ကုန်၏။

တွေ့ထိလတ္တံ့လည်း ဖြစ်ကုန်၏။ လေ့လာသည့် အဖြစ်သို့ ရောက်ပြီးလည်း ဖြစ်ကုန်၏။ ရောက်ဆဲလည်း ဖြစ်ကုန်၏။ ရောက်လတ္တံ့လည်း ဖြစ်ကုန်၏။ အထွတ်အထိပ်သို့ ရောက်ပြီးလည်း ဖြစ်ကုန်၏။ ရောက်ဆဲ လည်း ဖြစ်ကုန်၏။ ရောက်လတ္တံ့လည်း ဖြစ်ကုန်၏။ ရဲရင့်သောအဖြစ်သို့ ရောက်ပြီးလည်း ဖြစ်ကုန်၏။

ရောက်ဆဲလည်း ဖြစ်ကုန်၏။ ရောက်လတ္တံ့လည်း ဖြစ်ကုန်၏။

ထိုပုဂ္ဂိုလ်အားလုံးတို့သည် သဒ္ဓိန္ဒြေ၏ အစွမ်းအားဖြင့် သဒ္ဓါဝိမုတ္တပုဂ္ဂိုလ်တို့ ဖြစ်ကုန်၏။ သမာဓိ န္ဒြေ၏ အစွမ်းအားဖြင့် ကာယသ္ခီိပုဂ္ဂိုလ်တို့ ဖြစ်ကုန်၏။ ပညိန္ဒြေ၏အစွမ်းအားဖြင့် ဒိဋ္ဌိပ္ပတ္တပုဂ္ဂိုလ်တို့ ဖြစ် ကုန်၏။

အလုံးစုံသော ပုဂ္ဂိုလ်တို့သည် ပဋိသမ္ဘိဒါလေးပါးတို့သို့ ရောက်ပြီးလည်း ဖြစ်ကုန်၏။ ရောက်ဆဲ လည်း ဖြစ်ကုန်၏။ ရောက်လတ္တံ့လည်း ဖြစ်ကုန်၏။ပ။ ထိုပုဂ္ဂိုလ်အားလုံးတို့သည် သဒ္ဓိန္ဒြေ၏အစွမ်း အားဖြင့် သဒ္ဓါဝိမုတ္တပုဂ္ဂိုလ်တို့ ဖြစ်ကုန်၏။ သမာဓိန္ဒြေ၏အစွမ်းအားဖြင့် ကာယသက္ခီပုဂ္ဂိုလ်တို့ ဖြစ် ကုန်၏။

ပညိန္ဒြေ၏အစွမ်းအားဖြင့် ဒိဋ္ဌိပ္ပတ္တပုဂ္ဂိုလ်တို့ ဖြစ်ကုန်၏။

အလုံးစုံသောပုဂ္ဂိုလ်တို့သည် ဝိဇ္ဇာသုံးပါးတို့ကို ထိုးထွင်း၍ သိပြီးလည်း ဖြစ်ကုန်၏။ ထိုးထွင်း၍ သိဆဲလည်း ဖြစ်ကုန်၏။ ထိုးထွင်း၍ သိလတ္တံ့လည်း ဖြစ်ကုန်၏။ပ။ ထိုပုဂ္ဂိုလ်အားလုံးတို့သည် သဒ္ဓိန္ဒြေ့၏ အစွမ်းအားဖြင့် သဒ္ဓါဝိမုတ္တပုဂ္ဂိုလ်တို့ ဖြစ်ကုန်၏။ သမာဓိန္ဒြေ၏အစွမ်းအားဖြင့် ကာယသက္ခိပုဂ္ဂိုလ်တို့ ဖြစ်ကုန်၏။ ပညိန္ဒြေ၏အစွမ်းအားဖြင့် ဒိဋ္ဌိပ္ပတ္တပုဂ္ဂိုလ်တို့ ဖြစ်ကုန်၏။

အလုံးစုံသောပုဂ္ဂိုလ်တို့သည် သိက္ခာသုံးပါးတို့ကို ကျင့်ပြီးလည်း ဖြစ်ကုန်၏။ ကျင့်ဆဲလည်း ဖြစ်ကုန်၏။

ကျင့်လတ္တံ့လည်း ဖြစ်ကုန်၏။ မျက်မှောက်ပြုပြီးလည်း ဖြစ်ကုန်၏။ မျက်မှောက်ပြုဆဲလည်း ဖြစ်ကုန်၏။

မျက်မှောက်ပြုလတ္တံ့လည်း ဖြစ်ကုန်၏။ တွေ့ထိပြီးလည်း ဖြစ်ကုန်၏။ တွေ့ထိဆဲလည်း ဖြစ်ကုန်၏။

တွေ့ထိလတ္တံ့လည်း ဖြစ်ကုန်၏။ လေ့လာသည်၏အဖြစ်သို့ ရောက်ပြီးလည်း ဖြစ်ကုန်၏။

ရောက်ဆဲလည်း ဖြစ်ကုန်၏။ ရောက်လတ္တံ့လည်း ဖြစ်ကုန်၏။ အထွတ်အထိပ်သို့ ရောက်ပြီးလည်း ဖြစ်ကုန်၏။ ရောက်ဆဲလည်း ဖြစ်ကုန်၏။ ရောက်လတ္တံ့လည်း ဖြစ်ကုန်၏။ ရဲရင့်သည့်အဖြစ်သို့ ရောက် ပြီးလည်း ဖြစ်ကုန်၏။ ရောက်ဆဲလည်း ဖြစ်ကုန်၏။ ရောက်လတ္တံ့လည်း ဖြစ်ကုန်၏။

ထိုပုဂ္ဂိုလ်အားလုံးတို့သည် သဒ္ဓိန္ဒြေ၏ အစွမ်းအားဖြင့် သဒ္ဓါဝိမုတ္တပုဂ္ဂိုလ်တို့ ဖြစ်ကုန်၏။ သမာဓိ န္ဒြေ၏ အစွမ်းအားဖြင့် ကာယသက္ခီပုဂ္ဂိုလ်တို့ ဖြစ်ကုန်၏။ ပညိန္ဒြေ၏ အစွမ်းအားဖြင့် ဒိဋ္ဌိပ္ပတ္တပုဂ္ဂိုလ်တို့ ဖြစ်ကုန်၏။

အလုံးစုံသောပုဂ္ဂိုလ်တို့သည် ဒုက္ခသစ္စာကို ပိုင်းခြား၍ သိကုန်၏။ သမုဒယသစ္စာကို ပယ်စွန့် ကုန်၏။

--

နိရောဓသစ္စာကို မျက်မှောက်ပြုကုန်၏။ မဂ္ဂသစ္စာကို ပွါးများကုန်၏။ ထိုပုဂ္ဂိုလ်အားလုံးတို့သည် သဒ္ဓိန္ဒြေ၏ အစွမ်းအားဖြင့် သဒ္ဓါဝိမုတ္တပုဂ္ဂိုလ်တို့ ဖြစ်ကုန်၏။ သမာဓိန္ဒြေ၏ အစွမ်းအားဖြင့် ကာယသက္ခီ ပုဂ္ဂိုလ်တို့ ဖြစ်ကုန်၏။ ပညိန္ဒြေ၏ အစွမ်းအားဖြင့် ဒိဋ္ဌိပ္ပတ္တပုဂ္ဂိုလ်တို့ ဖြစ်ကုန်၏။

အဘယ်မျှသော အခြင်းအရာတို့ဖြင့် သစ္စာတို့ကို ထိုးထွင်း၍သိခြင်း ဖြစ်သနည်း။ အဘယ်မျှသော အခြင်းအရာတို့ဖြင့် သစ္စာတို့ကို ထိုးထွင်း၍ သိသနည်း။

လေးပါးသော အခြင်းအရာတို့ဖြင့် သစ္စာတို့ကို ထိုးထွင်း၍သိခြင်း ဖြစ်၏။ လေးပါးသော အခြင်း အရာတို့ဖြင့် သစ္စာတို့ကို ထိုးထွင်း၍ သိ၏။

ဒုက္ခသစ္စာကို ပရိညာပဋိဝေဓဖြင့် ထိုးထွင်း၍ သိ၏။ သမုဒယသစ္စာကို ပဟာနပဋိဝေဓဖြင့် ထိုးထွင်း ၍ သိ၏။ နိရောဓသစ္စာကို သစ္ဆိကိရိယာပဋိဝေဓဖြင့် ထိုးထွင်း၍ သိ၏။ မဂ္ဂသစ္စာကို ဘာဝနာပဋိဝေဓဖြင့် ထိုးထွင်း၍ သိ၏။

ဤလေးပါးသော အခြင်းအရာတို့ဖြင့် သစ္စာတို့ကို ထိုးထွင်း၍ သိ၏။ ဤလေးပါးသော အခြင်း အရာတို့ဖြင့် သစ္စာတို့ကို ထိုးထွင်း၍ သိသောပုဂ္ဂိုလ်သည် သဒ္ဓိန္ဒြေ၏အစွမ်းအားဖြင့် သဒ္ဓါဝိမုတ္တပုဂ္ဂိုလ် ဖြစ်၏။ သမာဓိန္ဒြေ၏အစွမ်းအားဖြင့် ကာယသက္ခီပုဂ္ဂိုလ် ဖြစ်၏။ ပညိန္ဒြေ၏အစွမ်းအားဖြင့် ဒိဋ္ဌိပ္ပတ္တပုဂ္ဂိုလ် ဖြစ်၏။

အဘယ်မျှသော အခြင်းအရာတို့ဖြင့် သစ္စာတို့ကို ထိုးထွင်း၍သိခြင်း ဖြစ်သနည်း။ အဘယ်မျှသော အခြင်းအရာတို့ဖြင့် သစ္စာတို့ကို ထိုးထွင်း၍ သိသနည်း။

ကိုးပါးသော အခြင်းအရာတို့ဖြင့် သစ္စာတို့ကို ထိုးထွင်း၍သိခြင်း ဖြစ်၏။ ကိုးပါးသော အခြင်း အရာတို့ဖြင့် သစ္စာတို့ကို ထိုးထွင်း၍ သိ၏။

ဒုက္ခသစ္စာကို ပရိညာပဋိဝေဓဖြင့် ထိုးထွင်း၍ သိ၏။ သမုဒယသစ္စာကို ပဟာနပဋိဝေဓဖြင့် ထိုးထွင်း ၍ သိ၏။ နိရောဓသစ္စာကို သစ္ဆိကိရိယာပဋိဝေဓဖြင့် ထိုးထွင်း၍ သိ၏။ မဂ္ဂသစ္စာကို ဘာဝနာပဋိဝေဓဖြင့် ထိုးထွင်း၍ သိ၏။ တရားအားလုံးတို့ကို အထူးသိခြင်းဖြင့် ထိုးထွင်း၍လည်း သိ၏။ သင်္ခါရအားလုံးတို့ကို ပိုင်းခြား၍သိခြင်းဖြင့် ထိုးထွင်း၍လည်း သိ၏။ အကုသိုလ်အားလုံးတို့ကို ပယ်ခြင်းဖြင့် ထိုးထွင်း၍လည်း သိ၏။ မဂ်လေးပါးတို့ကို ပွါးများခြင်းဖြင့် ထိုးထွင်း၍လည်း သိ၏။ နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်းဖြင့် ထိုးထွင်း၍လည်း သိ၏။

ဤကိုးပါးသော အခြင်းအရာတို့ဖြင့် သစ္စာတို့ကို ထိုးထွင်း၍သိခြင်း ဖြစ်၏။ ဤကိုးပါးသော အခြင်းအရာတို့ဖြင့် သစ္စာတို့ကို ထိုးထွင်း၍ သိသော ပုဂ္ဂိုလ်သည် သဒ္ဓိန္ဒြေ၏ အစွမ်းအားဖြင့် သဒ္ဓါဝိမုတ္တ ပုဂ္ဂိုလ် ဖြစ်၏။ သမာဓိန္ဒြေ၏ အစွမ်းအားဖြင့် ကာယသက္ခီပုဂ္ဂိုလ် ဖြစ်၏။ ပညိန္ဒြေ၏ အစွမ်းအားဖြင့် ဒိဋ္ဌိပ္ပတ္တပုဂ္ဂိုလ် ဖြစ်၏။

ဒုတိယအခန်း ပြီး၏။

၂၂၃။ မမြဲသောအားဖြင့်နှလုံးသွင်းသောပုဂ္ဂိုလ်အား အဘယ်သို့လျှင် သင်္ခါရတို့သည် ထင်ကုန် သနည်း။ ဆင်းရဲသောအားဖြင့်နှလုံးသွင်းသောပုဂ္ဂိုလ်အား အဘယ်သို့လျှင် သင်္ခါရတို့သည် ထင်ကုန် သနည်း။ အနှစ်မရှိ အလိုသို့မလိုက်သောအားဖြင့်နှလုံးသွင်းသောပုဂ္ဂိုလ်အား အဘယ်သို့လျှင် သင်္ခါရတို့ သည် ထင်ကုန်သနည်း။

မမြဲသောအားဖြင့်နှလုံးသွင်းသောပုဂ္ဂိုလ်အား ကုန်ဆုံးသောအားဖြင့် သင်္ခါရတို့သည် ထင်ကုန်၏။

--

ဆင်းရဲသောအားဖြင့်နှလုံးသွင်းသောပုဂ္ဂိုလ်အား ဘေးအားဖြင့် သင်္ခါရတို့သည် ထင်ကုန်၏။ အနှစ်မရှိ အလိုသို့ မလိုက်သောအားဖြင့်နှလုံးသွင်းသောပုဂ္ဂိုလ်အား ဆိတ်သုဉ်းသောအားဖြင့် သင်္ခါရတို့သည် ထင် ကုန်၏။

မမြဲသောအားဖြင့်နှလုံးသွင်းသောပုဂ္ဂိုလ်အား အဘယ်စိတ် အဖြစ်များသနည်း။ ဆင်းရဲသော အားဖြင့်နှလုံးသွင်းသောပုဂ္ဂိုလ်အား အဘယ်စိတ် အဖြစ်များသနည်း။ အနှစ်မရှိ အလိုသို့မလိုက်သော အားဖြင့်နှလုံးသွင်းသော ပုဂ္ဂိုလ်အား အဘယ်စိတ် အဖြစ်များသနည်း။

မမြဲသောအားဖြင့်နှလုံးသွင်းသောပုဂ္ဂိုလ်အား ဆုံးဖြတ်ခြင်း ‘အဓိမောက္ခ’ စိတ် အဖြစ်များ၏။ ဆင်းရဲသောအားဖြင့်နှလုံးသွင်းသောပုဂ္ဂိုလ်အား ငြိမ်းချမ်းခြင်း ‘ပဿဒ္ဓိ’ စိတ် အဖြစ်များ၏။ အနှစ်မရှိ အလိုသို့ မလိုက်သောအားဖြင့်နှလုံးသွင်းသောပုဂ္ဂိုလ်အား ဉာဏ်နှင့်ယှဉ်သောစိတ် အဖြစ်များ၏။

မမြဲသောအားဖြင့်နှလုံးသွင်းသည်ဖြစ်၍ ဆုံးဖြတ်ခြင်း ‘အဓိမောက္ခ’ များသောပုဂ္ဂိုလ်သည် အဘယ် ဝိမောက္ခကို ရသနည်း။ ဆင်းရဲသောအားဖြင့်နှလုံးသွင်းသည်ဖြစ်၍ ငြိမ်းချမ်းခြင်း ‘ပဿဒ္ဓိ'များသော ပုဂ္ဂိုလ်သည် အဘယ် ဝိမောက္ခကို ရသနည်း။ အနှစ်မရှိ အလိုသို့ မလိုက်သောအားဖြင့်နှလုံးသွင်း သည်ဖြစ်၍ အသိဉာဏ်များသော ပုဂ္ဂိုလ်သည် အဘယ်ဝိမောက္ခကို ရသနည်း။

မမြဲသောအားဖြင့်နှလုံးသွင်းသည်ဖြစ်၍ ဆုံးဖြတ်ခြင်း ‘အဓိမောက္ခ’ များသော ပုဂ္ဂိုလ်သည် အနိမိတ္တ ဝိမောက္ခကို ရ၏။ ဆင်းရဲသောအားဖြင့်နှလုံးသွင်းသည်ဖြစ်၍ ငြိမ်းချမ်းခြင်း ‘ပဿဒ္ဓိ'များသော ပုဂ္ဂိုလ် သည် အပ္ပဏိဟိတဝိမောက္ခကို ရ၏။ အနှစ်မရှိ အလိုသို့မလိုက်သောအားဖြင့်နှလုံးသွင်းသည်ဖြစ်၍ အသိဉာဏ်များသော ပုဂ္ဂိုလ်သည် သုညတဝိမောက္ခကို ရ၏။

၂၂၄။ မမြဲသောအားဖြင့်နှလုံးသွင်းသော ဆုံးဖြတ်ခြင်း ‘အဓိမောက္ခ’ များသောပုဂ္ဂိုလ်အား အဘယ် ဝိမောက္ခသည် အကြီးအကဲဖြစ်သနည်း။ ဘာဝနာ၌ အဘယ်မျှသော ဝိမောက္ခတို့သည် ထိုဘာဝနာသို့ အစဉ်လိုက်ကုန်သနည်း။ သဟဇာတပစ္စည်းဖြစ်ကုန်သနည်း။ အညမညပစ္စည်းဖြစ်ကုန်သနည်း။ နိဿယ ပစ္စည်းဖြစ်ကုန်သနည်း။ သမ္ပယုတ္တပစ္စည်းဖြစ်ကုန်သနည်း။ တူသောကိစ္စရှိကုန်သနည်း။ အဘယ်သဘော ကြောင့် ဘာဝနာမည်သနည်း။ အဘယ်သူသည် ပွါးများသနည်း။

ဆင်းရဲသောအားဖြင့်နှလုံးသွင်းသော ငြိမ်းချမ်းခြင်း ‘ပဿဒ္ဓိ’ များသောပုဂ္ဂိုလ်အား အဘယ်ဝိမောက္ခ သည် အကြီးအကဲဖြစ်သနည်း။ ဘာဝနာ၌ အဘယ်မျှသော ဝိမောက္ခတို့သည် ထိုဘာဝနာသို့ အစဉ် လိုက်ကုန်သနည်း။ သဟဇာတပစ္စည်းဖြစ်ကုန်သနည်း။ အညမညပစ္စည်းဖြစ်ကုန်သနည်း။ နိဿယပစ္စည်း ဖြစ်ကုန်သနည်း။ သမ္ပယုတ္တပစ္စည်းဖြစ်ကုန်သနည်း။ တူသောကိစ္စရှိကုန်သနည်း။ အဘယ်သဘောကြောင့် ဘာဝနာမည်သနည်း။ အဘယ်သူသည် ပွါးများသနည်း။

အနှစ်မရှိ အလိုသို့မလိုက်သောအားဖြင့်နှလုံးသွင်းသောပညာ များသောပုဂ္ဂိုလ်အား အဘယ့်ဝိမောက္ခသည် အကြီးအကဲဖြစ်သနည်း။ ဘာဝနာ၌ အဘယ်မျှသော ဝိမောက္ခတို့သည် ထိုဘာဝနာသို့ အစဉ်လိုက်ကုန်သနည်း။ သဟဇာတပစ္စည်းဖြစ်ကုန်သနည်း။ အညမညပစ္စည်းဖြစ်ကုန်သနည်း။ နိဿယ ပစ္စည်းဖြစ်ကုန်သနည်း။ သမ္ပယုတ္တပစ္စည်းဖြစ်ကုန်သနည်း။ တူသောကိစ္စရှိကုန်သနည်း။ အဘယ် သဘောကြောင့် ဘာဝနာမည်သနည်း။ အဘယ်သူသည် ပွါးများသနည်း။

မမြဲသောအားဖြင့်နှလုံးသွင်းသော ဆုံးဖြတ်ခြင်း ‘အဓိမောက္ခ’ များသောပုဂ္ဂိုလ်အား အနိမိတ္တဝိ မောက္ခသည် အကြီးအကဲဖြစ်၏။ ဘာဝနာ၌နှစ်ပါးသော ဝိမောက္ခတို့သည် ထိုဘာဝနာသို့ အစဉ်လိုက် ကုန်၏။ သဟဇာတပစ္စည်းဖြစ်ကုန်၏။ အညမညပစ္စည်းဖြစ်ကုန်၏။ နိဿယပစ္စည်းဖြစ်ကုန်၏။ သမ္ပယုတ္တ ပစ္စည်းဖြစ်ကုန်၏။ တူသော ကိစ္စရှိကုန်၏။ တူသောကိစ္စသဘောကြောင့် ဘာဝနာမည်၏။

ကောင်းစွာကျင့် သော ပုဂ္ဂိုလ်သည် ပွါးများ၏။ အမှားကျင့်သောပုဂ္ဂိုလ်အား ဝိမောက္ခ ပွါးများခြင်း မရှိ။

--

ဆင်းရဲသောအားဖြင့်နှလုံးသွင်းသော ငြိမ်းချမ်းခြင်း ‘ပဿဒ္ဓိ’ များသောပုဂ္ဂိုလ်အား အပ္ပဏိဟိတ ဝိမောက္ခသည် အကြီးအကဲဖြစ်၏။ ဘာဝနာ၌နှစ်ပါးသော ဝိမောက္ခတို့သည် ထိုဘာဝနာသို့ အစဉ်လိုက် ကုန်၏။ သဟဇာတပစ္စည်း ဖြစ်ကုန်၏။ အညမညပစ္စည်း ဖြစ်ကုန်၏။ နိဿယပစ္စည်း ဖြစ်ကုန်၏။

သမ္ပယုတ္တပစ္စည်း ဖြစ်ကုန်၏။ တူသောကိစ္စရှိကုန်၏။ တူသောကိစ္စရှိသော အနက်သဘောကြောင့် ဘာဝနာ မည်၏။ ကောင်းစွာ ကျင့်သော ပုဂ္ဂိုလ်သည် ပွါးများ၏။ အမှားကျင့်သောပုဂ္ဂိုလ်အား ဝိမောက္ခ ပွါးများခြင်း မရှိ။

အနှစ်မရှိ အလိုသို့ မလိုက်သောအားဖြင့်နှလုံးသွင်းသော အသိဉာဏ်များသော ပုဂ္ဂိုလ်အား သုညတဝိမောက္ခသည် အကြီးအကဲဖြစ်၏။ ဘာဝနာ၌နှစ်ပါးသော ဝိမောက္ခတို့သည် ထိုဘာဝနာသို့ အစဉ်လိုက်ကုန်၏။ သဟဇာတပစ္စည်းဖြစ်ကုန်၏။ အညမညပစ္စည်းဖြစ်ကုန်၏။ နိဿယပစ္စည်းဖြစ်ကုန်၏။

သမ္ပယုတ္တပစ္စည်းဖြစ်ကုန်၏။ တူသောကိစ္စရှိကုန်၏။ တူသောကိစ္စရှိသော အနက်သဘောကြောင့် ဘာဝနာ မည်၏။ ကောင်းစွာ ကျင့်သော ပုဂ္ဂိုလ်သည် ပွါးများ၏။ အမှားကျင့်သောပုဂ္ဂိုလ်အား ဝိမောက္ခ ပွါးများခြင်း မရှိ။

မမြဲသောအားဖြင့်နှလုံးသွင်းသော ဆုံးဖြတ်ခြင်း ‘အဓိမောက္ခ’ များသောပုဂ္ဂိုလ်အား အဘယ်ဝိမောက္ခ သည် အကြီးအကဲဖြစ်သနည်း။ ဘာဝနာ၌ အဘယ်မျှသော ဝိမောက္ခတို့သည် ထိုဘာဝနာသို့ အစဉ်လိုက် ကုန်သနည်း။ သဟဇာတပစ္စည်း ဖြစ်ကုန်သနည်း။ အညမညပစ္စည်း ဖြစ်ကုန်သနည်း။ နိဿယပစ္စည်း ဖြစ်ကုန်သနည်း။ သမ္ပယုတ္တပစ္စည်း ဖြစ်ကုန်သနည်း။ တူသောကိစ္စ ရှိကုန်သနည်း။

ထိုးထွင်း၍သိသောအခါ၌ အဘယ်ဝိမောက္ခသည် အကြီးအကဲ ဖြစ်သနည်း။ ထိုးထွင်း၍သိခြင်း၌ အဘယ်မျှသော ဝိမောက္ခတို့သည် ထိုပဋိဝေဓသို့ အစဉ်လိုက်ကုန်သနည်း။ သဟဇာတပစ္စည်း ဖြစ်ကုန် သနည်း။ အညမညပစ္စည်း ဖြစ်ကုန်သနည်း။ နိဿယပစ္စည်း ဖြစ်ကုန်သနည်း။ သမ္ပယုတ္တပစ္စည်း ဖြစ် ကုန်သနည်း။ တူသောကိစ္စရှိကုန်သနည်း။ အဘယ်သဘောကြောင့် ဘာဝနာမည်သနည်း။ အဘယ် သဘောကြောင့် ပဋိဝေဓ မည်သနည်း။

ဆင်းရဲသောအားဖြင့်နှလုံးသွင်းသော ငြိမ်းချမ်းခြင်း ‘ပဿဒ္ဓိ’ များသောပုဂ္ဂိုလ်အား အဘယ်ဝိမောက္ခ သည် အကြီးအကဲဖြစ်သနည်း။ ဘာဝနာ၌ အဘယ်မျှသော ဝိမောက္ခတို့သည် ထိုဘာဝနာသို့ အစဉ်လိုက် ကုန်သနည်း။ သဟဇာတပစ္စည်း ဖြစ်ကုန်သနည်း။ အညမညပစ္စည်း ဖြစ်ကုန်သနည်း။ နိဿယပစ္စည်း ဖြစ်ကုန်သနည်း။ သမ္ပယုတ္တပစ္စည်း ဖြစ်ကုန်သနည်း။ တူသောကိစ္စ ရှိကုန်သနည်း။ ထိုးထွင်း၍သိသော အခါ၌ အဘယ်ဝိမောက္ခသည် အကြီးအကဲဖြစ်သနည်း။ ထိုးထွင်း၍သိခြင်း၌ အဘယ်မျှသော ဝိမောက္ခ တို့သည် ထိုပဋိဝေဓသို့ အစဉ်လိုက်ကုန်သနည်း။ သဟဇာတပစ္စည်း ဖြစ်ကုန်သနည်း။ အညမညပစ္စည်း ဖြစ်ကုန်သနည်း။ နိဿယပစ္စည်း ဖြစ်ကုန်သနည်း။ သမ္ပယုတ္တပစ္စည်း ဖြစ်ကုန်သနည်း။ တူသောကိစ္စ ရှိကုန်သနည်း။ အဘယ်သဘောကြောင့် ဘာဝနာမည်သနည်း။ အဘယ်သဘောကြောင့် ပဋိဝေဓ မည့်သနည်း။

အနှစ်မရှိ အလိုသို့ မလိုက်သောအားဖြင့်နှလုံးသွင်းသော အသိဉာဏ်များသော ပုဂ္ဂိုလ်အား အဘယ်ဝိမောက္ခသည် အကြီးအကဲဖြစ်သနည်း။ ဘာဝနာ၌ အဘယ်မျှသော ဝိမောက္ခတို့သည် ထိုဘာဝနာ သို့ အစဉ်လိုက်ကုန်သနည်း။ သဟဇာတပစ္စည်း ဖြစ်ကုန်သနည်း။ အညမညပစ္စည်း ဖြစ်ကုန်သနည်း။ နိဿယပစ္စည်း ဖြစ်ကုန်သနည်း။ သမ္ပယုတ္တပစ္စည်း ဖြစ်ကုန်သနည်း။ တူသောကိစ္စရှိကုန်သနည်း။ ထိုး ထွင်း၍သိသောအခါ၌ အဘယ်ဝိမောက္ခသည် အကြီးအကဲ ဖြစ်သနည်း။ ထိုးထွင်း၍သိခြင်း၌ အဘယ်မျှ သော ဝိမောက္ခတို့သည် ထိုပဋိဝေဓသို့ အစဉ်လိုက်ကုန်သနည်း။ သဟဇာတပစ္စည်း ဖြစ်ကုန်သနည်း။ အညမညပစ္စည်း ဖြစ်ကုန်သနည်း။ နိဿယပစ္စည်း ဖြစ်ကုန်သနည်း။ သမ္ပယုတ္တပစ္စည်း ဖြစ်ကုန်သနည်း။ တူသောကိစ္စရှိကုန်သနည်း။ အဘယ်သဘောကြောင့် ဘာဝနာမည်သနည်း။ အဘယ်သဘောကြောင့် ပဋိဝေဓ မည်သနည်း။

--

၂၂၅။ မမြဲသောအားဖြင့်နှလုံးသွင်းသော ဆုံးဖြတ်ခြင်း ‘အဓိမောက္ခ’ များသော ပုဂ္ဂိုလ်အား အနိမိတ္တဝိမောက္ခသည် အကြီးအကဲဖြစ်၏။ ဘာဝနာ၌နှစ်ပါးသော ဝိမောက္ခတို့သည် ထိုဘာဝနာသို့ အစဉ်လိုက်ကုန်၏။ သဟဇာတပစ္စည်း ဖြစ်ကုန်၏။ အညမညပစ္စည်း ဖြစ်ကုန်၏။ နိဿယပစ္စည်း ဖြစ် ကုန်၏။ သမ္ပယုတ္တပစ္စည်း ဖြစ်ကုန်၏။ တူသောကိစ္စရှိကုန်၏။ ထိုးထွင်း၍သိသောအခါ၌လည်း အနိမိတ္တ ဝိမောက္ခသည် အကြီးအကဲ ဖြစ်၏။ ထိုးထွင်း၍သိခြင်း၌နှစ်ပါးသော ဝိမောက္ခတို့သည် ထိုပဋိဝေဓသို့ အစဉ်လိုက်ကုန်၏။ သဟဇာတပစ္စည်း ဖြစ်ကုန်၏။ အညမညပစ္စည်း ဖြစ်ကုန်၏။ နိဿယပစ္စည်း ဖြစ် ကုန်၏။ သမ္ပယုတ္တပစ္စည်း ဖြစ်ကုန်၏။ တူသောကိစ္စရှိ ကုန်၏။ တူသောကိစ္စရှိသော အနက်သဘော ကြောင့် ဘာဝနာမည်၏။ မြင်တတ်သောသဘောကြောင့် ပဋိဝေဓ မည်၏။ ဤသို့ ထိုးထွင်း၍ သိသည် ဖြစ်၍လည်း ပွါးများ၏။ ပွါးများ၍လည်း ထိုးထွင်း၍ သိ၏။

ဆင်းရဲသောအားဖြင့်နှလုံးသွင်းသော ငြိမ်းချမ်းခြင်း ‘ပဿဒ္ဓိ’ များသော ပုဂ္ဂိုလ်အား အပ္ပဏိဟိတ ဝိမောက္ခသည် အကြီးအကဲဖြစ်၏။ ဘာဝနာ၌နှစ်ပါးသော ဝိမောက္ခတို့သည် ထိုဘာဝနာသို့ အစဉ်လိုက် ကုန်၏။ သဟဇာတပစ္စည်း ဖြစ်ကုန်၏။ အညမညပစ္စည်း ဖြစ်ကုန်၏။ နိဿယပစ္စည်း ဖြစ်ကုန်၏။

သမ္ပယုတ္တပစ္စည်း ဖြစ်ကုန်၏။ တူသောကိစ္စရှိကုန်၏။ ထိုးထွင်း၍သိသော အခါ၌လည်း အပ္ပဏိဟိတ ဝိမောက္ခသည် အကြီးအကဲ ဖြစ်၏။ ထိုးထွင်း၍သိခြင်း၌နှစ်ပါးသော ဝိမောက္ခတို့သည် ထိုပဋိဝေဓသို့ အစဉ်လိုက်ကုန်၏။ သဟဇာတပစ္စည်း ဖြစ်ကုန်၏။ အညမညပစ္စည်း ဖြစ်ကုန်၏။ နိဿယပစ္စည်း ဖြစ် ကုန်၏။ သမ္ပယုတ္တပစ္စည်း ဖြစ်ကုန်၏။ တူသော ကိစ္စရှိကုန်၏။ တူသောကိစ္စရှိသော အနက်သဘော ကြောင့် ဘာဝနာမည်၏။ မြင်တတ်သောသဘောကြောင့် ပဋိဝေဓ မည်၏။ ဤသို့ ထိုးထွင်း၍ သိသည် ဖြစ်၍လည်း ပွါးများ၏။ ပွါးများ၍လည်း ထိုးထွင်း၍ သိ၏။

အနှစ်မရှိ အလိုသို့မလိုက်သောအားဖြင့်နှလုံးသွင်းသော အသိဉာဏ်များသော ပုဂ္ဂိုလ်အား သုညတ ဝိမောက္ခသည် အကြီးအကဲဖြစ်၏။ ဘာဝနာ၌နှစ်ပါးသော ဝိမောက္ခတို့သည် ထိုဘာဝနာသို့ အစဉ်လိုက် ကုန်၏။ သဟဇာတပစ္စည်း ဖြစ်ကုန်၏။ အညမညပစ္စည်း ဖြစ်ကုန်၏။ နိဿယပစ္စည်း ဖြစ်ကုန်၏။

သမ္ပယုတ္တပစ္စည်း ဖြစ်ကုန်၏။ တူသောကိစ္စရှိကုန်၏။ ထိုးထွင်း၍သိသောအခါ၌လည်း သုညတဝိမောက္ခ သည် အကြီးအကဲ ဖြစ်၏။ ထိုးထွင်း၍ သိခြင်း၌နှစ်ပါးသော ဝိမောက္ခတို့သည် ထိုပဋိဝေဓသို့ အစဉ် လိုက်ကုန်၏။ သဟဇာတပစ္စည်း ဖြစ်ကုန်၏။ အညမညပစ္စည်း ဖြစ်ကုန်၏။ နိဿယပစ္စည်း ဖြစ်ကုန်၏။

သမ္ပယုတ္တပစ္စည်း ဖြစ်ကုန်၏။ တူသော ကိစ္စရှိကုန်၏။ တူသောကိစ္စရှိသော အနက်သဘောကြောင့် ဘာဝနာမည်၏။ မြင်တတ်သောသဘောကြောင့် ပဋိဝေဓ မည်၏။ ဤသို့ ထိုးထွင်း၍ သိသည်ဖြစ်၍လည်း ပွါးများ၏။ ပွါးများ၍လည်း ထိုးထွင်း၍ သိ၏။

၂၂၆။ မမြဲသောအားဖြင့်နှလုံးသွင်းသော ပုဂ္ဂိုလ်အား အဘယ်ဝိမောက္ခသည် လွန်ကဲသနည်း။ အဘယ်ဝိမောက္ခ၏ လွန်ကဲခြင်းကြောင့် သဒ္ဓါဝိမုတ္တဖြစ်သနည်း။

ဆင်းရဲသောအားဖြင့်နှလုံးသွင်းသော ပုဂ္ဂိုလ်အား အဘယ်ဝိမောက္ခသည် လွန်ကဲသနည်း။ အဘယ် ဝိမောက္ခ၏ လွန်ကဲခြင်းကြောင့် ကာယသက္ခီ ဖြစ်သနည်း။

အနှစ်မရှိ အလိုသို့မလိုက်သောအားဖြင့်နှလုံးသွင်းသော ပုဂ္ဂိုလ်အား အဘယ်ဝိမောက္ခသည် လွန်ကဲ သနည်း။ အဘယ်ဝိမောက္ခ၏ လွန်ကဲခြင်းကြောင့် ဒိဋ္ဌိပ္ပတ္တဖြစ်သနည်း။

--

မမြဲသောအားဖြင့်နှလုံးသွင်းသော ပုဂ္ဂိုလ်အား အနိမိတ္တဝိမောက္ခသည် လွန်ကဲ၏။ အနိမိတ္တ ဝိမောက္ခ၏ လွန်ကဲခြင်းကြောင့် သဒ္ဓါဝိမုတ္တဖြစ်၏။

ဆင်းရဲသောအားဖြင့်နှလုံးသွင်းသော ပုဂ္ဂိုလ်အား အပ္ပဏိဟိတဝိမောက္ခသည် လွန်ကဲ၏။ အပ္ပဏိ ဟိတဝိမောက္ခ၏ လွန်ကဲခြင်းကြောင့် ကာယသက္ခီဖြစ်၏။

အနှစ်မရှိ အလိုသို့မလိုက်သောအားဖြင့်နှလုံးသွင်းသော ပုဂ္ဂိုလ်အား သုညတဝိမောက္ခသည် လွန် ကဲ၏။ သုညတဝိမောက္ခ၏ လွန်ကဲခြင်းကြောင့် ဒိဋ္ဌိပ္ပတ္တဖြစ်၏။

ယုံကြည်သည်ဖြစ်၍ လွတ်မြောက်တတ်သောကြောင့် သဒ္ဓါဝိမုတ္တမည်၏။ ဈာန်ဖဿကို တွေ့ထိ သည်၏ အဖြစ်ကြောင့် နိဗ္ဗာန်ကို မျက်မှောက်ပြု၏။ ထို့ကြောင့် ကာယသက္ခီမည်၏။ နိဗ္ဗာန်ကို မြင် သည်၏ အဖြစ်ဖြင့် နိဗ္ဗာန်သို့ ရောက်သောကြောင့် ဒိဋ္ဌိပ္ပတ္တမည်၏။ ယုံကြည်သည်ဖြစ်၍ လွတ်မြောက်တတ်သောကြောင့် သဒ္ဓါဝိမုတ္တမည်၏။ ဈာန်ဖဿကို ရှေးဦးစွာ တွေ့ထိ၏၊ နောက်မှ ချုပ်ရာ နိဗ္ဗာန်ကို မျက်မှောက်ပြုတတ်သောကြောင့် ကာယသက္ခီမည်၏။

“သင်္ခါရတို့သည် ဆင်းရဲကုန်၏၊ သင်္ခါရတို့၏ ချုပ်ငြိမ်းရာ နိဗ္ဗာန်သည် ချမ်းသာ၏”ဟု သိအပ်၏။

မြင်အပ်၏။ ထင်ရှားစေအပ်၏။ မျက်မှောက်ပြုအပ်၏။ ပညာဖြင့် တွေ့ထိအပ်၏။ ထို့ကြောင့် ဒိဋ္ဌိပ္ပတ္တ မည်၏။ပ။ အလုံးစုံသော ပုဂ္ဂိုလ်တို့သည် ဈာန်ကို ပွါးများပြီးလည်း ဖြစ်ကုန်၏။ ပွါးများဆဲလည်း ဖြစ် ကုန်၏။ ပွါးများလတ္တံ့လည်း ဖြစ်ကုန်၏။ပ။ ထိုပုဂ္ဂိုလ်အားလုံးတို့သည် အနိမိတ္တဝိမောက္ခ၏ အစွမ်းအား ဖြင့် သဒ္ဓါဝိမုတ္တပုဂ္ဂိုလ်တို့ ဖြစ်ကုန်၏။ အပ္ပဏိဟိတဝိမောက္ခ၏ အစွမ်းအားဖြင့် ကာယသက္ခီပုဂ္ဂိုလ်တို့ ဖြစ်ကုန်၏။ သုညတဝိမောက္ခ၏ အစွမ်းအားဖြင့် ဒိဋ္ဌိပ္ပတ္တပုဂ္ဂိုလ်တို့ ဖြစ်ကုန်၏။

အလုံးစုံသော ပုဂ္ဂိုလ်တို့သည် မေတ္တာကို။ အာလောကသညာကို။ မပျံ့လွင့်ခြင်းကို။ပ။ အလုံးစုံ သော ပုဂ္ဂိုလ်တို့သည် ဒုက္ခသစ္စာကို ပိုင်းခြား၍ သိကုန်၏။ သမုဒယသစ္စာကို ပယ်စွန့်ကုန်၏။ နိရောဓ သစ္စာကို မျက်မှောက် ပြုကုန်၏။ မဂ္ဂသစ္စာကို ပွါးများကုန်၏။ ထိုပုဂ္ဂိုလ်အားလုံးတို့သည် အနိမိတ္တ ဝိမောက္ခ၏ အစွမ်းအားဖြင့် သဒ္ဓါဝိမုတ္တပုဂ္ဂိုလ်တို့ ဖြစ်ကုန်၏။ အပ္ပဏိဟိတဝိမောက္ခ၏ အစွမ်းအားဖြင့် ကာယသက္ခီပုဂ္ဂိုလ်တို့ ဖြစ်ကုန်၏။ သုညတဝိမောက္ခ၏ အစွမ်းအားဖြင့် ဒိဋ္ဌိပ္ပတ္တပုဂ္ဂိုလ်တို့ ဖြစ်ကုန်၏။

အဘယ်မျှသော အခြင်းအရာတို့ဖြင့် သစ္စာကို ထိုးထွင်း၍ သိခြင်း ဖြစ်သနည်း။ အဘယ်မျှသော အခြင်းအရာတို့ဖြင့် သစ္စာတို့ကို ထိုးထွင်း၍ သိသနည်း။

လေးပါးသော အခြင်းအရာတို့ဖြင့် သစ္စာကို ထိုးထွင်း၍ သိခြင်းဖြစ်၏။ လေးပါးသော အခြင်းအရာ တို့ဖြင့် သစ္စာတို့ကို ထိုးထွင်း၍ သိ၏။

ဒုက္ခသစ္စာကို ပရိညာပဋိဝေဓဖြင့် ထိုးထွင်း၍ သိ၏။ သမုဒယသစ္စာကို ပဟာနပဋိဝေဓဖြင့် ထိုးထွင်း ၍ သိ၏။ နိရောဓသစ္စာကို သစ္ဆိကိရိယာပဋိဝေဓဖြင့် ထိုးထွင်း၍ သိ၏။ မဂ္ဂသစ္စာကို ဘာဝနာပဋိဝေဓဖြင့် ထိုးထွင်း၍ သိ၏။ ဤလေးပါးသော အခြင်းအရာတို့ဖြင့် သစ္စာကို ထိုးထွင်း၍ သိခြင်း ဖြစ်၏။ ဤ လေးပါးသော အခြင်းအရာတို့ဖြင့် သစ္စာတို့ကို ထိုးထွင်း၍ သိ၏။

ဤလေးပါးသော အခြင်းအရာတို့ဖြင့် သစ္စာတို့ကို ထိုးထွင်း၍ သိသော ပုဂ္ဂိုလ်သည် အနိမိတ္တ ဝိမောက္ခ၏ အစွမ်းအားဖြင့် သဒ္ဓါဝိမုတ္တပုဂ္ဂိုလ်ဖြစ်၏။ အပ္ပဏိဟိတဝိမောက္ခ၏ အစွမ်းအားဖြင့် ကာယသက္ခီ ပုဂ္ဂိုလ်ဖြစ်၏။ သုညတဝိမောက္ခ၏ အစွမ်းအားဖြင့် ဒိဋ္ဌိပ္ပတ္တပုဂ္ဂိုလ်ဖြစ်၏။

အဘယ်မျှသော အခြင်းအရာတို့ဖြင့် သစ္စာတို့ကို ထိုးထွင်း၍ သိခြင်း ဖြစ်သနည်း။ အဘယ်မျှသော အခြင်းအရာတို့ဖြင့် သစ္စာတို့ကို ထိုးထွင်း၍ သိသနည်း။

ကိုးပါးသော အခြင်းအရာတို့ဖြင့် သစ္စာကို ထိုးထွင်း၍ သိခြင်း ဖြစ်၏။ ကိုးပါးသော အခြင်းအရာ တို့ဖြင့် သစ္စာတို့ကို ထိုးထွင်း၍ သိ၏။

--

ဒုက္ခသစ္စာကို ပရိညာပဋိဝေဓဖြင့် ထိုးထွင်း၍ သိ၏။ပ။ နိရောဓသစ္စာကို မျက်မှောက်ပြုခြင်းဖြင့် ထိုးထွင်း၍လည်း သိ၏။

ဤကိုးပါးသော အခြင်းအရာတို့ဖြင့် သစ္စာတို့ကို ထိုးထွင်း၍ သိခြင်းဖြစ်၏။ ဤကိုးပါးသော အခြင်းအရာတို့ဖြင့် သစ္စာတို့ကို ထိုးထွင်း၍သိသော ပုဂ္ဂိုလ်သည် အနိမိတ္တဝိမောက္ခ၏ အစွမ်းအားဖြင့် သဒ္ဓါဝိမုတ္တပုဂ္ဂိုလ် ဖြစ်၏။ အပ္ပဏိဟိတဝိမောက္ခ၏ အစွမ်းအားဖြင့် ကာယသက္ခီပုဂ္ဂိုလ်ဖြစ်၏။ သုညတ ဝိမောက္ခ၏ အစွမ်းအားဖြင့် ဒိဋ္ဌိပ္ပတ္တပုဂ္ဂိုလ် ဖြစ်၏။

၂၂၇။ မမြဲသောအားဖြင့်နှလုံးသွင်းသောပုဂ္ဂိုလ်သည် အဘယ်တရားတို့ကိုဟုတ်တိုင်းမှန်စွာ သိသနည်း၊ မြင်သနည်း။ အဘယ်သို့လျှင် ကောင်းသောအမြင် ဖြစ်သနည်း။ အဘယ်သို့လျှင် ထိုကောင်း သော အမြင်သို့ အစဉ်လိုက်သဖြင့် သင်္ခါရအားလုံးတို့ကို မမြဲသောအားဖြင့် ကောင်းစွာမြင်သနည်း။ အဘယ်အရာ၌ (နိစ္စလော၊ အနိစ္စလောဟူသော) ယုံမှား သင်္ကာကို ပယ်ခွါအပ်သနည်း။

ဆင်းရဲသောအားဖြင့်နှလုံးသွင်းသော ပုဂ္ဂိုလ်သည် အဘယ်တရားတို့ကိုဟုတ်တိုင်းမှန်စွာ သိ သနည်း။ မြင်သနည်း။ အဘယ်သို့လျှင် ကောင်းသောအမြင် ဖြစ်သနည်း။ အဘယ်သို့လျှင် ထိုကောင်း သောအမြင်သို့ အစဉ်လိုက်သဖြင့် သင်္ခါရအားလုံးတို့ကို ဆင်းရဲသောအားဖြင့် ကောင်းစွာမြင်သနည်း။ အဘယ်အရာ၌ (သုခလော၊ ဒုက္ခလောဟူသော) ယုံမှားသင်္ကာကို ပယ်ခွါအပ်သနည်း။

အနှစ်မရှိ အလိုသို့မလိုက်သောအားဖြင့်နှလုံးသွင်းသော ပုဂ္ဂိုလ်သည် အဘယ်တရားတို့ကိုဟုတ် တိုင်း မှန်စွာ သိသနည်း။ မြင်သနည်း။ အဘယ်သို့လျှင် ကောင်းသောအမြင် ဖြစ်သနည်း။ အဘယ် သို့လျှင် ထိုကောင်းသောအမြင်သို့ အစဉ်လိုက်သဖြင့် တရားအားလုံးတို့ကို အနှစ်မရှိအလိုသို့ မလိုက် သောအားဖြင့် ကောင်းစွာ မြင်သနည်း။ အဘယ်အရာ၌ (အတ္တလော၊ အနတ္တလောဟူသော) ယုံမှားသင်္ကာကို ပယ်ခွါအပ်သနည်း။

မမြဲသောအားဖြင့်နှလုံးသွင်းသော ပုဂ္ဂိုလ်သည် သင်္ခါရနိမိတ်ကိုဟုတ်တိုင်းမှန်စွာ သိ၏၊ မြင်၏။ ထို့ကြောင့် ကောင်းသောအမြင်ဟု ဆိုအပ်၏။ ဤသို့ ထိုကောင်းသော အမြင်သို့ အစဉ်လိုက်သဖြင့် သင်္ခါရ အားလုံးတို့ကို မမြဲသောအားဖြင့် ကောင်းစွာ မြင်ကုန်၏။ ဤအရာ၌ (နိစ္စလော၊ အနိစ္စလောဟူသော) ယုံမှား သင်္ကာကို ပယ်ခွါအပ်၏။

ဆင်းရဲသောအားဖြင့်နှလုံးသွင်းသော ပုဂ္ဂိုလ်သည် မပြတ်ဖြစ်နေသော ဝိပါက် ရုပ် နာမ်အလျဉ်ကိုဟုတ်တိုင်း မှန်စွာ သိ၏၊ မြင်၏။ ထို့ကြောင့် ကောင်းသောအမြင်ဟု ဆိုအပ်၏။ ဤသို့ ထိုကောင်း သောအမြင်သို့ အစဉ်လိုက်သဖြင့် သင်္ခါရအားလုံးတို့ကို ဆင်းရဲသောအားဖြင့် ကောင်းစွာ မြင်ကုန်၏။

ဤအရာ၌ (သုခလော၊ ဒုက္ခလောဟူသော) ယုံမှားသင်္ကာကို ပယ်ခွါအပ်၏။

အနှစ်မရှိ အလိုသို့မလိုက်သောအားဖြင့်နှလုံးသွင်းသော ပုဂ္ဂိုလ်သည် သင်္ခါရနိမိတ်ကိုလည်း ကောင်း၊ မပြတ်ဖြစ်နေသော ဝိပါက် ရုပ် နာမ်အလျဉ်ကိုလည်းကောင်းဟုတ်တိုင်းမှန်စွာ သိ၏၊ မြင်၏။ ထို့ကြောင့် ကောင်းသော အမြင်ဟု ဆိုအပ်၏။ ဤသို့ ထိုကောင်းသောအမြင်သို့ အစဉ်လိုက်သဖြင့် တရားအားလုံးတို့ကို အနှစ်မရှိ အလိုသို့ မလိုက်သောအားဖြင့် ကောင်းစွာ မြင်ကုန်၏။ ဤအရာ၌ (အတ္တလော၊ အနတ္တလောဟူသော) ယုံမှား သင်္ကာကို ပယ်ခွါအပ်၏။

အကြင်ဟုတ်တိုင်းမှန်စွာ သိသောဉာဏ်သည်လည်းကောင်း၊ အကြင် ကောင်းသော အမြင်သည် လည်းကောင်း၊ အကြင်ယုံမှားသင်္ကာကို ဖျောက်ခြင်းသည်လည်းကောင်း ရှိ၏။ ဤတရားတို့သည့်ထူးသော အနက်လည်း ရှိကုန်သလော။ ထူးသောသဒ္ဒါလည်း ရှိကုန်သလော။ သို့မဟုတ် တူသောအနက် ရှိကုန်၍၊ သဒ္ဒါသာလျှင် ထူးသလော။ ဤကား အမေးတည်း။

--

အကြင်ဟုတ်တိုင်းမှန်စွာ သိသော ဉာဏ်သည်လည်းကောင်း၊ အကြင် ကောင်းသော အမြင်သည် လည်းကောင်း၊ အကြင်ယုံမှားသင်္ကာကို ဖျောက်ခြင်းသည်လည်းကောင်း ရှိ၏။ ဤတရားတို့သည် တူသော အနက် ရှိကုန်၏။ သဒ္ဒါသာလျှင် ထူး၏။

မမြဲသောအားဖြင့်နှလုံးသွင်းသော ပုဂ္ဂိုလ်အား အဘယ်သည် ဘေးအားဖြင့် ထင်သနည်း။ ဆင်းရဲ သောအားဖြင့်နှလုံးသွင်းသော ပုဂ္ဂိုလ်အား အဘယ်သည် ဘေးအားဖြင့် ထင်သနည်း။ အနှစ်မရှိ အလို သို့မလိုက်သောအားဖြင့်နှလုံးသွင်းသောပုဂ္ဂိုလ်အား အဘယ်သည် ဘေးအားဖြင့် ထင်သနည်း။

မမြဲသောအားဖြင့်နှလုံးသွင်းသောပုဂ္ဂိုလ်အား သင်္ခါရနိမိတ်သည် ဘေးအားဖြင့် ထင်၏။ ဆင်းရဲ သောအားဖြင့်နှလုံးသွင်းသောပုဂ္ဂိုလ်အား မပြတ်ဖြစ်နေသော ဝိပါက် ရုပ် နာမ်အလျဉ်သည် ဘေးအားဖြင့် ထင်၏။ အနှစ်မရှိ အလိုသို့ မလိုက်သောအားဖြင့်နှလုံးသွင်းသောပုဂ္ဂိုလ်အား သင်္ခါရနိမိတ်သည်လည်း ကောင်း၊ မပြတ်ဖြစ်နေသော ဝိပါက် ရုပ် နာမ်အလျဉ်သည်လည်းကောင်း ဘေးအားဖြင့် ထင်၏။

ဘေးအားဖြင့် ထင်ရာ၌ဖြစ်သော အကြင်ပညာသည်လည်းကောင်း၊ အပြစ်ဟုရှုရာ၌ဖြစ်သော အကြင် ဉာဏ်သည်လည်းကောင်း၊ အကြင်ငြီးငွေ့ခြင်းသည်လည်းကောင်း ရှိ၏။ ဤတရားတို့သည် ထူးသော အနက်လည်း ရှိကုန်သလော။ ထူးသောသဒ္ဒါလည်း ရှိကုန်သလော။ သို့မဟုတ် တူသောအနက် ရှိကုန်၍၊ သဒ္ဒါသာလျှင် ထူးသလော။ ဤကား အမေးတည်း။

ဘေးအားဖြင့် ထင်ရာ၌ဖြစ်သော အကြင်ပညာသည်လည်းကောင်း၊ အပြစ်ဟု ရှု ရာ၌ဖြစ်သော အကြင်ဉာဏ်သည်လည်းကောင်း၊ အကြင်ငြီးငွေ့ခြင်းသည်လည်းကောင်း ရှိ၏။ ဤတရားတို့သည် တူသော အနက် ရှိကုန်၏။ သဒ္ဒါသာလျှင် ထူး၏။

အကြင် အနှစ်မရှိ အလိုသို့ မလိုက်သောအားဖြင့် အဖန်ဖန်ရှုခြင်းသည်လည်းကောင်း၊ အကြင် ဆိတ်သုဉ်းခြင်းကို အဖန်ဖန်ရှုခြင်းသည်လည်းကောင်း ရှိ၏။ ဤတရားတို့သည် ထူးသောအနက်လည်း ရှိကုန်သလော။ ထူးသော သဒ္ဒါလည်း ရှိကုန်သလော။ သို့မဟုတ် တူသော အနက်ရှိကုန်၍ သဒ္ဒါသာလျှင် ထူးသလော။ ဤကား အမေးတည်း။

အကြင် အနှစ်မရှိ အလိုသို့ မလိုက်သောအားဖြင့် အဖန်ဖန်ရှုခြင်းသည်လည်းကောင်း၊ အကြင် ဆိတ်သုဉ်းခြင်းကို အဖန်ဖန်ရှုခြင်းသည်လည်းကောင်း ရှိ၏။ ဤတရားတို့သည် တူသောအနက်ရှိကုန်၏။

သဒ္ဒါသာလျှင် ထူး၏။

မမြဲသောအားဖြင့်နှလုံးသွင်းသောပုဂ္ဂိုလ်အား အဘယ်သို့ ဆင်ခြင်ဉာဏ်ဖြစ်သနည်း။ ဆင်းရဲသော အားဖြင့်နှလုံးသွင်းသော ပုဂ္ဂိုလ်အား အဘယ်သို့ ဆင်ခြင်ဉာဏ် ဖြစ်သနည်း။ အနှစ်မရှိ အလိုသို့ မလိုက်သောအားဖြင့်နှလုံးသွင်းသော ပုဂ္ဂိုလ်အား အဘယ်သို့ ဆင်ခြင်ဉာဏ် ဖြစ်သနည်း။

မမြဲသောအားဖြင့်နှလုံးသွင်းသောပုဂ္ဂိုလ်အား သင်္ခါရနိမိတ်ကို (မမြဲဟု) အနိစ္စလက္ခဏာ၏ အစွမ်း အားဖြင့် သိ၍ (ဆင်ခြင်၍) ဉာဏ်ဖြစ်၏။ ဆင်းရဲသောအားဖြင့်နှလုံးသွင်းသောပုဂ္ဂိုလ်အား မပြတ်ဖြစ် နေသော ဝိပါက် ရုပ် နာမ်အလျဉ်ကို သိ၍ (ဆင်ခြင်၍) ဉာဏ်ဖြစ်၏။ အနှစ်မရှိ အလိုသို့မလိုက်သော အားဖြင့်နှလုံးသွင်းသော ပုဂ္ဂိုလ်အား သင်္ခါရနိမိတ်ကိုလည်းကောင်း၊ မပြတ်ဖြစ်နေသော ဝိပါက် ရုပ် နာမ် အလျဉ်ကိုလည်းကောင်း သိ၍ (ဆင်ခြင်၍) ဉာဏ်ဖြစ်၏။

အကြင် မုစ္စိတုကမျတာဉာဏ်သည်လည်းကောင်း၊ အကြင် ပဋိသင်္ခါနုပဿနာဉာဏ်သည်လည်းကောင်း၊ အကြင် သင်္ခါရုပေက္ခာဉာဏ်သည်လည်းကောင်း ရှိ၏။ ဤတရားတို့သည် ထူးသော အနက်လည်း ရှိကုန် သလော။ ထူးသောသဒ္ဒါလည်း ရှိကုန်သလော။ သို့မဟုတ် တူသောအနက်ရှိကုန်၍ သဒ္ဒါသာလျှင် ထူး သလော။

--

အကြင် မုစ္စိတုကမျတာဉာဏ်သည်လည်းကောင်း၊ အကြင် ပဋိသင်္ခါနုပဿနာဉာဏ်သည်လည်းကောင်း၊ အကြင် သင်္ခါရုပေက္ခာဉာဏ်သည်လည်းကောင်း ရှိ၏။ ဤတရားတို့သည် တူသောအနက်ရှိကုန်၏။ သဒ္ဒါ သာလျှင် ထူး၏။

မမြဲသောအားဖြင့်နှလုံးသွင်းသောပုဂ္ဂိုလ်အား အဘယ်တရားမှ စိတ်သည် ထသနည်း။ အဘယ် အရာ၌ စိတ်သည် ပြေးဝင်သနည်း။ ဆင်းရဲသောအားဖြင့်နှလုံးသွင်းသောပုဂ္ဂိုလ်အား အဘယ်တရားမှ စိတ်သည် ထသနည်း။ အဘယ်အရာ၌ စိတ်သည် ပြေးဝင်သနည်း။ အနှစ်မရှိ အလိုသို့မလိုက်သော အားဖြင့်နှလုံးသွင်းသော ပုဂ္ဂိုလ်အား အဘယ်တရားမှ စိတ်သည် ထသနည်း။ အဘယ်အရာ၌ စိတ်သည် ပြေးဝင်သနည်း။

မမြဲသောအားဖြင့်နှလုံးသွင်းသောပုဂ္ဂိုလ်အား သင်္ခါရနိမိတ်မှ စိတ်သည် ထ၏။ သင်္ခါရနိမိတ်၏ ဆန့်ကျင်ဘက်ဖြစ်သော အနိမိတ္တဟူသော နိဗ္ဗာန်၌ စိတ်သည် ပြေးဝင်၏။ ဆင်းရဲသောအားဖြင့်နှလုံး သွင်းသောပုဂ္ဂိုလ်အား ပဝတ္တမှ စိတ်သည် ထ၏။ အပ္ပဝတ္တ၌ စိတ်သည် ပြေးဝင်၏။ အနှစ်မရှိ အလိုသို့ မလိုက်သောအားဖြင့်နှလုံးသွင်းသောပုဂ္ဂိုလ်အား သင်္ခါရနိမိတ်မှလည်းကောင်း၊ ပဝတ္တမှလည်းကာင်း စိတ် သည် ထ၏။ အနိမိတ္တ, အပ္ပဝတ္တ, နိရောဓဖြစ်သော နိဗ္ဗာနဓာတ်၌ စိတ်သည် ပြေးဝင်၏။

အပ၌ ထခြင်းကင်းရာ၌ဖြစ်သော အကြင် ဂေါတြဘူပညာသည်လည်းကောင်း၊ အကြင် ဂေါတြဘူ တရားတို့သည်လည်းကောင်း ရှိကုန်၏။ ဤတရားတို့သည် ထူးသောအနက်လည်း ရှိကုန်သလော။ ထူးသောသဒ္ဒါလည်း ရှိကုန်သလော။ သို့မဟုတ် တူသောအနက် ရှိကုန်၍၊ သဒ္ဒါသာလျှင် ထူးသလော။ ဤကား အမေးတည်း။

အပ၌ ထခြင်းကင်းရာ၌ ဖြစ်သော အကြင် ဂေါတြဘူပညာသည်လည်းကောင်း၊ အကြင် ဂေါတြဘူ တရားတို့သည်လည်းကောင်း ရှိကုန်၏။ ဤတရားတို့သည် တူသောအနက် ရှိကုန်၏။ သဒ္ဒါသာလျှင် ထူး၏။

မမြဲသောအားဖြင့်နှလုံးသွင်းသောပုဂ္ဂိုလ်သည် အဘယ်ဝိမောက္ခဖြင့် လွတ်သနည်း။ ဆင်းရဲသော အားဖြင့်နှလုံးသွင်းသောပုဂ္ဂိုလ်သည် အဘယ်ဝိမောက္ခဖြင့် လွတ်သနည်း။ အနှစ်မရှိ အလိုသို့မလိုက် သောအားဖြင့်နှလုံးသွင်းသောပုဂ္ဂိုလ်သည် အဘယ်ဝိမောက္ခဖြင့် လွတ်သနည်း။

မမြဲသောအားဖြင့်နှလုံးသွင်းသောပုဂ္ဂိုလ်သည် အနိမိတ္တဝိမောက္ခဖြင့် လွတ်၏။ ဆင်းရဲသောအားဖြင့်နှလုံးသွင်းသော ပုဂ္ဂိုလ်သည် အပ္ပဏိဟိတဝိမောက္ခဖြင့် လွတ်၏။ အနှစ်မရှိ အလိုသို့မလိုက်သောအားဖြင့်နှလုံးသွင်းသောပုဂ္ဂိုလ်သည် သုညတဝိမောက္ခဖြင့် လွတ်၏။

နှစ်ပါးစုံသော အဖို့မှ ထခြင်းကင်းရာ၌ဖြစ်သော အကြင်မဂ်ပညာသည်လည်းကောင်း၊ အကြင်မဂ် ဉာဏ်သည်လည်းကောင်း ရှိ၏။ ဤတရားတို့သည် ထူးသောအနက်လည်း ရှိကုန်သလော။ ထူးသော သဒ္ဒါလည်း ရှိကုန်သလော။ သို့မဟုတ် တူသောအနက် ရှိကုန်၍၊ သဒ္ဒါသာလျှင် ထူးသလော။ ဤကား အမေးတည်း။

နှစ်ပါးစုံသောအဖို့မှ ထခြင်းကင်းရာ၌ဖြစ်သော အကြင်မဂ်ပညာသည်လည်းကောင်း၊ အကြင် မဂ်ဉာဏ်သည်လည်းကောင်း ရှိ၏။ ဤတရားတို့သည် တူသောအနက် ရှိကုန်၏။ သဒ္ဒါသာလျှင် ထူး၏။

၂၂၈။ အဘယ်မျှသောအခြင်းအရာတို့ဖြင့် သုံးပါးသော ဝိမောက္ခတို့သည် အထူးထူးသောခဏ၌ ဖြစ်ကုန်သနည်း။ အဘယ်မျှသော အခြင်းအရာတို့ဖြင့် သုံးပါးသော ဝိမောက္ခတို့သည် တူသောခဏ၌ ဖြစ်ကုန်သနည်း။

လေးပါးသောအခြင်းအရာတို့ဖြင့် သုံးပါးသော ဝိမောက္ခတို့သည် အထူးထူးသောခဏ၌ ဖြစ်ကုန်၏။

ခုနစ်ပါးသော အခြင်းအရာတို့ဖြင့် သုံးပါးသော ဝိမောက္ခတို့သည် တူသောခဏ၌ ဖြစ်ကုန်၏။

--

အဘယ်လေးပါးသော အခြင်းအရာတို့ဖြင့် သုံးပါးသော ဝိမောက္ခတို့သည် အထူးထူးသောခဏ၌့ဖြစ်ကုန်သနည်း။ အကြီးအကဲသဘောအားဖြင့်၊ တည်ရာသဘောအားဖြင့်၊ (ဝိပဿနာဝီထိမှ) ထုတ်ဆောင် သော သဘောအားဖြင့်၊ ထွက်မြောက်ကြောင်း သဘောအားဖြင့် အထူးထူးသောခဏ၌ ဖြစ်ကုန်၏။

အဘယ်သို့လျှင် အကြီးအကဲသဘောအားဖြင့် သုံးပါးသောဝိမောက္ခတို့သည် အထူးထူးသောခဏ၌ ဖြစ်ကုန်သနည်း။ မမြဲသောအားဖြင့်နှလုံးသွင်းသောပုဂ္ဂိုလ်အား အနိမိတ္တဝိမောက္ခသည် အကြီးအကဲဖြစ်၏။ ဆင်းရဲသောအားဖြင့်နှလုံးသွင်းသောပုဂ္ဂိုလ်အား အပ္ပဏိဟိတဝိမောက္ခသည် အကြီးအကဲဖြစ်၏။ အနှစ်မရှိ အလိုသို့ မလိုက်သောအားဖြင့်နှလုံးသွင်းသောပုဂ္ဂိုလ်အား သုညတဝိမောက္ခသည် အကြီးအကဲ ဖြစ်၏။ ဤသို့ အကြီးအကဲသဘောအားဖြင့် သုံးပါးသော ဝိမောက္ခတို့သည် အထူးထူးသောခဏ၌ ဖြစ်ကုန်၏။

အဘယ်သို့လျှင် တည်ရာသဘောအားဖြင့် သုံးပါးသော ဝိမောက္ခတို့သည် အထူးထူးသောခဏ၌ ဖြစ်ကုန်သနည်း။ မမြဲသောအားဖြင့်နှလုံးသွင်းသောပုဂ္ဂိုလ်သည် အနိမိတ္တဝိမောက္ခ၏ အစွမ်းအားဖြင့် စိတ်သည် အလွန်အကဲဖြစ်၍ တည်၏။ ဆင်းရဲသောအားဖြင့်နှလုံးသွင်းသောပုဂ္ဂိုလ်သည် အပ္ပဏိဟိတ ဝိမောက္ခ၏ အစွမ်းအားဖြင့် စိတ်သည် အလွန်အကဲဖြစ်၍ တည်၏။ အနှစ်မရှိ အလိုသို့မလိုက်သော အားဖြင့်နှလုံးသွင်းသောပုဂ္ဂိုလ်သည် သုညတဝိမောက္ခ၏ အစွမ်းအားဖြင့် စိတ်သည် အလွန်အကဲဖြစ်၍ တည်၏။ ဤသို့ တည်ရာသဘောအားဖြင့် သုံးပါသော ဝိမောက္ခတို့သည် အထူးထူးသောခဏ၌ ဖြစ် ကုန်၏။

အဘယ်သို့လျှင် (ဝိပဿနာဝီထိမှ) ထုတ်ဆောင်သောအားဖြင့် သုံးပါးသောဝိမောက္ခတို့သည် အထူး ထူးသော ခဏ၌ ဖြစ်ကုန်သနည်း။ မမြဲသောအားဖြင့်နှလုံးသွင်းသောပုဂ္ဂိုလ်သည် အနိမိတ္တဝိမောက္ခ၏ အစွမ်းအားဖြင့် စိတ်ကို ဝိပဿနာဝီတိမှ ထုတ်ဆောင်၏။ ဆင်းရဲသောအားဖြင့်နှလုံးသွင်းသော ပုဂ္ဂိုလ် သည် အပ္ပဏိဟိတဝိမောက္ခ၏ အစွမ်းအားဖြင့် စိတ်ကို ဝိပဿနာဝီထိမှ ထုတ်ဆောင်၏။ အနှစ်မရှိ အလိုသို့ မလိုက်သောအားဖြင့်နှလုံးသွင်းသော ပုဂ္ဂိုလ်သည် သုညတဝိမောက္ခ၏ အစွမ်းအားဖြင့် စိတ်ကို ဝိပဿနာဝီထိမှ ထုတ်ဆောင်၏။ ဤသို့ ဝိပဿနာဝီထိမှ ထုတ်ဆောင်သော သဘောအားဖြင့် သုံးပါသော ဝိမောက္ခတို့သည် အထူးထူးသောခဏ၌ ဖြစ်ကုန်၏။

အဘယ်သို့လျှင် ထွက်မြောက်ကြောင်းသဘောအားဖြင့် သုံးပါးသော ဝိမောက္ခတို့သည် အထူးထူး သော ခဏ၌ ဖြစ်ကုန်သနည်း။ မမြဲသောအားဖြင့်နှလုံးသွင်းသောပုဂ္ဂိုလ်သည် အနိမိတ္တဝိမောက္ခ၏ အစွမ်းအားဖြင့် ချုပ်ရာဖြစ်သော နိဗ္ဗာန်သို့ ကပ်ရောက်၏။ ဆင်းရဲသောအားဖြင့်နှလုံးသွင်းသော ပုဂ္ဂိုလ်သည် အပ္ပဏိဟိတဝိမောက္ခ၏ အစွမ်းအားဖြင့် ချုပ်ရာဖြစ်သော နိဗ္ဗာန်သို့ ကပ်ရောက်၏။ အနှစ် မရှိ အလိုသို့မလိုက်သောအားဖြင့်နှလုံးသွင်းသော ပုဂ္ဂိုလ်သည် သုညတဝိမောက္ခ၏ အစွမ်းအားဖြင့် ချုပ်ရာဖြစ်သော နိဗ္ဗာန်သို့ ကပ်ရောက်၏။ ဤသို့ ထွက်မြောက်ကြောင်း သဘောအားဖြင့် သုံးပါးသော ဝိမောက္ခတို့သည် အထူးထူးသောခဏ၌ ဖြစ်ကုန်၏။ ဤလေးပါးသော အခြင်းအရာတို့ဖြင့် သုံးပါးသော ဝိမောက္ခတို့သည် အထူးထူးသောခဏ၌ ဖြစ်ကုန်၏။

အဘယ်ခုနစ်ပါးသော အခြင်းအရာတို့ဖြင့် သုံးပါးသော ဝိမောက္ခတို့သည် တူသောခဏ၌ ဖြစ်ကုန် သနည်း။ တစ်ပေါင်းတည်း စုပေါင်းသော သဘောအားဖြင့်လည်းကောင်း၊ ရောက်ခြင်းသဘောအားဖြင့် လည်းကောင်း၊ ရခြင်းသဘောအားဖြင့်လည်းကောင်း၊ ဉာဏ်ဖြင့် ထိုးထွင်း၍ သိခြင်း သဘောအားဖြင့် လည်းကောင်း၊ မျက်မှောက်ပြုခြင်းသဘောအားဖြင့်လည်ကောင်း၊ ဉာဏ်တည်းဟူသော တွေ့ထိခြင်းဖြင့် တွေ့ထိသော သဘောအားဖြင့်လည်းကောင်း၊ ထိုးထွင်း၍ သိခြင်းသဘောအားဖြင့်လည်းကောင်း ဤ ခုနစ်ပါးသော အခြင်းအရာတို့ဖြင့် တစ်ခုတည်းသော ခဏ၌ ဖြစ်ကုန်၏။

--

အဘယ်သို့လျှင် တစ်ပေါင်းတည်း စုပေါင်းသော သဘောအားဖြင့်လည်းကောင်း၊ ရောက်ခြင်း သဘောအားဖြင့်လည်းကောင်း၊ ရခြင်းသဘောအားဖြင့်လည်းကောင်း၊ ဉာဏ်ဖြင့် ထိုးထွင်း၍ သိခြင်း့သဘောအားဖြင့်လည်းကောင်း၊ မျက်မှောက်ပြုခြင်းသဘောအားဖြင့်လည်ကောင်း၊ ဉာဏ်တည်းဟူသော တွေ့ထိခြင်းဖြင့် တွေ့ထိသော သဘောအားဖြင့်လည်းကောင်း၊ ထိုးထွင်း၍ သိခြင်းသဘောအားဖြင့်လည်း ကောင်း သုံးပါးသော ဝိမောက္ခတို့သည် တစ်ခုတည်းသော ခဏ၌ ဖြစ်ကုန်သနည်း။

မမြဲသောအားဖြင့်နှလုံးသွင်းသောပုဂ္ဂိုလ်သည် နိစ္စနိမိတ်မှ လွတ်သောကြောင့် အနိမိတ္တဝိမောက္ခ မည်၏။

အကြင်နိမိတ်မှ လွတ်၏။ ထိုနိမိတ်၌ မတောင့်တသောကြောင့် အပ္ပဏိဟိတဝိမောက္ခမည်၏။

အကြင်နိမိတ်၌ မတောင့်တ။ ထိုနိမိတ်ဖြင့် ဆိတ်သုဉ်းသောကြောင့် သုညတဝိမောက္ခမည်၏။ အကြင် နိမိတ်ဖြင့် ဆိတ်သုဉ်း၏။ ထိုနိမိတ်ဖြင့် နိမိတ်မရှိသောကြောင့် အနိမိတ္တဝိမောက္ခမည်၏။ ဤသို့ တစ်ပေါင်းတည်း စုပေါင်းသောသဘောအားဖြင့်လည်းကောင်း၊ ရောက်ခြင်းသဘောအားဖြင့်လည်းကောင်း၊ ရခြင်းသဘောအားဖြင့်လည်းကောင်း၊ ဉာဏ်ဖြင့် ထိုးထွင်း၍ သိခြင်းသဘောအားဖြင့်လည်းကောင်း၊ မျက် မှောက်ပြုခြင်းသဘောအားဖြင့်လည်းကောင်း၊ ဉာဏ်တည်းဟူသော တွေ့ထိခြင်းဖြင့် တွေ့ထိသော သဘော အားဖြင့်လည်းကောင်း၊ ထိုးထွင်း၍ သိခြင်းသဘောအားဖြင့်လည်းကောင်း သုံးပါးသောဝိမောက္ခတို့သည် တစ်ခုတည်းသော ခဏ၌ ဖြစ်ကုန်၏။

ဆင်းရဲသောအားဖြင့်နှလုံးသွင်းသော ပုဂ္ဂိုလ်သည် တောင့်တခြင်းမှ လွတ်သောကြောင့် အပ္ပဏိဟိတ ဝိမောက္ခမည်၏။ အကြင်ဒုက္ခ၌ မတောင့်တ။ ထိုဒုက္ခဖြင့် ဆိတ်သုဉ်းသောကြောင့် သုညတဝိမောက္ခမည်၏။ အကြင်ဒုက္ခနိမိတ်ဖြင့် ဆိတ်သုဉ်း၏။ ထိုဒုက္ခနိမိတ်ဖြင့် နိမိတ်မရှိသောကြောင့် အနိမိတ္တဝိမောက္ခမည်၏။ အကြင် ဒုက္ခနိမိတ်ဖြင့် နိမိတ်မရှိ။ ထိုဒုက္ခနိမိတ်၌ မတောင့်တသောကြောင့် အပ္ပဏိဟိတဝိမောက္ခမည်၏။ ဤသို့ တစ်ပေါင်းတည်း စုပေါင်းသော သဘောအားဖြင့်လည်းကောင်း၊ ရောက်ခြင်းသဘောအားဖြင့်လည်း ကောင်း၊ ရခြင်းသဘောအားဖြင့်လည်းကောင်း၊ ဉာဏ်ဖြင့် ထိုးထွင်း၍ သိခြင်းသဘောအားဖြင့်လည်း ကောင်း၊ မျက်မှောက်ပြုခြင်းသဘောအားဖြင့်လည်ကောင်း၊ ဉာဏ်တည်းဟူသော တွေ့ထိခြင်းဖြင့် တွေ့ထိ သော သဘောအားဖြင့်လည်းကောင်း၊ ထိုးထွင်း၍ သိခြင်းသဘောအားဖြင့်လည်းကောင်း သုံးပါးသော ဝိမောက္ခတို့သည် တစ်ခုတည်းသော ခဏ၌ ဖြစ်ကုန်၏။

အနှစ်မရှိ အလိုသို့ မလိုက်သောအားဖြင့်နှလုံးသွင်းသောပုဂ္ဂိုလ်သည် မှားသောနှလုံးသွင်းခြင်းမှ လွတ်သောကြောင့် သုညတဝိမောက္ခမည်၏။ အကြင်အဘိနိဝေသနိမိတ်မှ ဆိတ်သုဉ်း၏။ ထိုအဘိနိဝေသ နိမိတ်ဖြင့် နိမိတ်မရှိသောကြောင့် အနိမိတ္တဝိမောက္ခမည်၏။ အကြင်အဘိနိဝေသနိမိတ်ဖြင့် နိမိတ်မရှိ။ ထို အဘိနိဝေသနိမိတ်၌ မတောင့်တသောကြောင့် အပ္ပဏိဟိတဝိမောက္ခ မည်၏။ အကြင်အဘိနိဝေသနိမိတ်၌ မတောင့်တ။ ထိုအဘိနိဝေသနိမိတ်မှ ဆိတ်သုဉ်းသောကြောင့် သုညတဝိမောက္ခမည်၏။ ဤသို့တစ်ပေါင်းတည်း စုပေါင်းသော သဘောအားဖြင့်လည်းကောင်း၊ ရောက်ခြင်း သဘောအားဖြင့်လည်းကောင်း၊ ရခြင်း သဘောအားဖြင့်လည်းကောင်း၊ ဉာဏ်ဖြင့် ထိုးထွင်း၍ သိခြင်း သဘောအားဖြင့်လည်းကောင်း၊ မျက် မှောက်ပြုခြင်း သဘောအားဖြင့်လည်ကောင်း၊ ဉာဏ်တည်းဟူသော တွေ့ထိခြင်းဖြင့် တွေ့ထိသော သဘော အားဖြင့်လည်းကောင်း၊ ထိုးထွင်း၍ သိခြင်းသဘောအားဖြင့်လည်းကောင်း သုံးပါးသော ဝိမောက္ခတို့သည် တစ်ခုတည်းသော ခဏ၌ ဖြစ်ကုန်၏။ ဤခုနစ်ပါးသော အခြင်းအရာတို့ဖြင့် သုံးပါးသော ဝိမောက္ခတို့ သည် တစ်ခုတည်းသော ခဏ၌ ဖြစ်ကုန်၏။

--

၂၂၉။ ဝိမောက္ခသည် ရှိ၏။ မုခသည် ရှိ၏။ ဝိမောက္ခမုခသည် ရှိ၏။ ဝိမောက္ခ၏ ဆန့်ကျင်ဘက် သည် ရှိ၏။ ဝိမောက္ခအား အလျော်သည် ရှိ၏။ ဝိမောက္ခဖြင့် ဝဋ်ကင်းခြင်းသည် ရှိ၏။ ဝိမောက္ခကို ပွါးများခြင်းသည် ရှိ၏။ ဝိမောက္ခ တစ်ဖန် ငြိမ်းခြင်းသည် ရှိ၏။

ဝိမောက္ခသည် အဘယ်နည်း။ သုညတဝိမောက္ခ၊ အနိမိတ္တဝိမောက္ခ၊ အပ္ပဏိဟိတဝိမောက္ခတို့တည်း။ အဘယ်သည် သုညတဝိမောက္ခနည်း။ အနိစ္စာနုပဿနာဉာဏ်သည် နိစ္စအားဖြင့် မှားသောနှလုံး သွင်းခြင်းမှ လွတ်သောကြောင့် သုညတဝိမောက္ခတည်း။ ဒုက္ခာနုပဿနာဉာဏ်သည် သုခအားဖြင့် မှား့သောနှလုံးသွင်းခြင်းမှ လွတ်သောကြောင့် သုညတဝိမောက္ခတည်း။ အနတ္တာနုပဿနာဉာဏ်သည် အတ္တ အားဖြင့် မှားသောနှလုံးသွင်းခြင်းမှ လွတ်သောကြောင့် သုညတဝိမောက္ခတည်း။ နိဗ္ဗိဒါနုပဿနာဉာဏ် သည်နှစ်သက်ခြင်းအားဖြင့် မှားသောနှလုံးသွင်းခြင်းမှ လွတ်သောကြောင့် သုညတဝိမောက္ခတည်း။ ဝိရာဂါနုပဿနာဉာဏ်သည် တပ်စွန်းခြင်းအားဖြင့် မှားသောနှလုံးသွင်းခြင်းမှ လွတ်သောကြောင့် သုညတ ဝိမောက္ခတည်း။ နိရောဓာနုပဿနာဉာဏ်သည် ဖြစ်ကြောင်းသမုဒယအားဖြင့် မှားသောနှလုံးသွင်းခြင်းမှ လွတ်သောကြောင့် သုညတဝိမောက္ခတည်း။ ပဋိနိဿဂ္ဂါနုပဿနာဉာဏ်သည် စွဲယူခြင်းအားဖြင့် မှားသောနှလုံးသွင်းခြင်းမှ လွတ်သောကြောင့် သုညတဝိမောက္ခတည်း။ အနိမိတ္တာနုပဿနာဉာဏ်သည် နိမိတ်အား ဖြင့် မှားသောနှလုံးသွင်းခြင်းမှ လွတ်သောကြောင့် သုညတဝိမောက္ခတည်း။ အပ္ပဏိဟိတာနုပဿနာဉာဏ် သည် တောင့်တခြင်းအားဖြင့် မှားသောနှလုံးသွင်းခြင်းမှ လွတ်သောကြောင့် သုညတဝိမောက္ခတည်း။ သုညတာနုပဿနာဉာဏ်သည် မှားသောနှလုံးသွင်းခြင်းအားလုံးတို့မှ လွတ်သောကြောင့် သုညတဝိမောက္ခတည်း။

ရုပ်၌ အနိစ္စဟု အဖန်ဖန်ရှုသောဉာဏ်သည် နိစ္စအားဖြင့် မှားသောနှလုံးသွင်းခြင်းမှ လွတ်သော ကြောင့် သုညတဝိမောက္ခတည်း။ပ။ ရုပ်၌ သုညတအားဖြင့် အဖန်ဖန်ရှုသောဉာဏ်သည် မှားသောနှလုံး သွင်းခြင်း အားလုံးတို့မှ လွတ်သောကြောင့် သုညတဝိမောက္ခတည်း။ ဝေဒနာ၌။ပ။ သညာ၌။ သင်္ခါရ တို့၌။ ဝိညာဉ်၌။ စက္ခု၌။ပ။ ဇရာမရဏ၌ အနိစ္စဟု အဖန်ဖန်ရှုသောဉာဏ်သည် နိစ္စအားဖြင့် မှားသောနှလုံးသွင်းခြင်းမှ လွတ်သောကြောင့် သုညတဝိမောက္ခတည်း။ပ။ ဇရာမရဏ၌ သုညတအားဖြင့် အဖန်ဖန် ရှုသောဉာဏ်သည် မှားသောနှလုံးသွင်းခြင်းအားလုံးတို့မှ လွတ်သောကြောင့် သုညတဝိမောက္ခတည်း။ ဤကား သုညတဝိမောက္ခတည်း။

အနိမိတ္တဝိမောက္ခသည် အဘယ်နည်း။ အနိစ္စာနုပဿနာဉာဏ်သည် နိစ္စနိမိတ်မှ လွတ်သောကြောင့် အနိမိတ္တဝိမောက္ခတည်း။ ဒုက္ခာနုပဿနာဉာဏ်သည် သုခနိမိတ်မှ လွတ်သောကြောင့် အနိမိတ္တဝိမောက္ခတည်း။ အနတ္တာနုပဿနာဉာဏ်သည် အတ္တနိမိတ်မှ လွတ်သောကြောင့် အနိမိတ္တဝိမောက္ခတည်း။ နိဗ္ဗိဒါနုပဿနာဉာဏ်သည်နှစ်သက်ခြင်း ‘နန္ဒီ'နိမိတ်မှ လွတ်သောကြောင့် အနိမိတ္တဝိမောက္ခတည်း။ ဝိရာဂါနုပဿနာဉာဏ်သည် တပ်စွန်းခြင်း ‘ရာဂ'နိမိတ်မှ လွတ်သောကြောင့် အနိမိတ္တဝိမောက္ခတည်း။ နိရောဓာနုပဿနာဉာဏ်သည် ဖြစ်ကြောင်း ‘သမုဒယ'နိမိတ်မှ လွတ်သောကြောင့် အနိမိတ္တဝိမောက္ခတည်း။ ပဋိနိဿဂ္ဂါနုပဿနာဉာဏ်သည် စွဲယူခြင်း ‘အာဒါန’ နိမိတ်မှ လွတ်သောကြောင့် အနိမိတ္တဝိမောက္ခတည်း။ အနိမိတ္တာနုပဿနာဉာဏ်သည် နိမိတ်အားလုံးတို့မှ လွတ်သောကြောင့် အနိမိတ္တဝိမောက္ခတည်း။ အပ္ပဏိဟိတာနုပဿနာဉာဏ်သည် တောင့်တခြင်း ‘ပဏိဓိ'နိမိတ်မှ လွတ်သောကြောင့် အနိမိတ္တဝိမောက္ခတည်း။ သုညတာနုပဿနာဉာဏ်သည် မှားသောနှလုံးသွင်းခြင်း ‘အဘိနိဝေသ'နိမိတ်မှ လွတ်သော ကြောင့် အနိမိတ္တဝိမောက္ခတည်း။

ရုပ်၌ အနိစ္စဟု အဖန်ဖန်ရှုသောဉာဏ်သည် နိစ္စနိမိတ်မှ လွတ်သောကြောင့် အနိမိတ္တဝိမောက္ခတည်း။ပ။ ရုပ်၌ အနိမိတ္တဟု အဖန်ဖန်ရှုသောဉာဏ်သည် နိမိတ်အားလုံးတို့မှ လွတ်သောကြောင့် အနိမိတ္တ ဝိမောက္ခတည်း။ ရုပ်၌ အပ္ပဏိဟိတဟု အဖန်ဖန်ရှုသောဉာဏ်သည် တောင့်တခြင်း ‘ပဏိဓိ'နိမိတ်မှ လွတ် သောကြောင့် အနိမိတ္တဝိမောက္ခတည်း။ ရုပ်၌ သုညတဟု အဖန်ဖန်ရှုသောဉာဏ်သည် မှားသောနှလုံး သွင်းခြင်း ‘အဘိနိဝေသ’ နိမိတ်မှ လွတ်သောကြောင့် အနိမိတ္တဝိမောက္ခတည်း။ ဝေဒနာ၌။ပ။ သညာ၌။ သင်္ခါရတို့၌။ ဝိညာဉ်၌။ စက္ခု၌။ပ။ ဇရာမရဏ၌ အနိစ္စဟု အဖန်ဖန်ရှုသောဉာဏ်သည် နိစ္စနိမိတ်မှ လွတ်သောကြောင့် အနိမိတ္တဝိမောက္ခတည်း။ပ။ ဇရာမရဏ၌ အနိမိတ္တဟု အဖန်ဖန်ရှုသောဉာဏ်သည် နိမိတ်အားလုံးတို့မှ လွတ်သောကြောင့် အနိမိတ္တဝိမောက္ခတည်း။ ဇရာမရဏ၌ အပ္ပဏိဟိတဟု အဖန်ဖန် ရှုသောဉာဏ်သည် တောင့်တခြင်း ‘ပဏိဓိ'နိမိတ်မှ လွတ်သောကြောင့် အနိမိတ္တဝိမောက္ခတည်း။ ဇရာမရဏ့၌ သုညတဟု အဖန်ဖန်ရှုသောဉာဏ်သည် မှားသောနှလုံးသွင်းခြင်း ‘အဘိနိဝေသ’ နိမိတ်မှ လွတ်သော ကြောင့် အနိမိတ္တဝိမောက္ခတည်း။ ဤကား အနိမိတ္တဝိမောက္ခတည်း။

--

အပ္ပဏိဟိတဝိမောက္ခသည် အဘယ်နည်း။ အနိစ္စာနုပဿနာဉာဏ်သည် နိစ္စအားဖြင့် တောင့်တခြင်း မှ လွတ်သောကြောင့် အပ္ပဏိဟိတဝိမောက္ခတည်း။ ဒုက္ခာနုပဿနာဉာဏ်သည် သုခအားဖြင့် တောင့်တခြင်းမှ လွတ်သောကြောင့် အပ္ပဏိဟိတဝိမောက္ခတည်း။ အနတ္တာနုပဿနာဉာဏ်သည် အတ္တအားဖြင့် တောင့်တခြင်းမှ လွတ်သောကြောင့် အပ္ပဏိဟိတဝိမောက္ခတည်း။ နိဗ္ဗိဒါနုပဿနာဉာဏ်သည်နှစ်သက်ခြင်း ‘နန္ဒီ'အားဖြင့် တောင့်တခြင်းမှ လွတ်သောကြောင့် အပ္ပဏိဟိတဝိမောက္ခတည်း။ ဝိရာဂါနုပဿနာဉာဏ်သည် တပ်စွန်းခြင်း ‘ရာဂ'အားဖြင့် တောင့်တခြင်းမှ လွတ်သောကြောင့် အပ္ပဏိဟိတဝိမောက္ခတည်း။ နိရောဓာနုပဿနာဉာဏ်သည် ဖြစ်ကြောင်း ‘သမုဒယ'အားဖြင့် တောင့်တခြင်းမှ လွတ်သောကြောင့် အပ္ပဏိဟိတ ဝိမောက္ခတည်း။ ပဋိနိဿဂ္ဂါနုပဿနာဉာဏ်သည် စွဲယူခြင်းအားဖြင့် တောင့်တခြင်းမှ လွတ်သောကြောင့် အပ္ပဏိဟိတဝိမောက္ခတည်း။ အနိမိတ္တာနုပဿနာဉာဏ်သည် နိမိတ်အားဖြင့် တောင့်တခြင်းမှ လွတ်သော ကြောင့် အပ္ပဏိဟိတဝိမောက္ခတည်း။ အပ္ပဏိဟိတာနုပဿနာဉာဏ်သည် တောင့်တခြင်းအားလုံးတို့မှ လွတ်သောကြောင့် အပ္ပဏိဟိတဝိမောက္ခတည်း။ သုညတာနုပဿနာဉာဏ်သည် မှားသောနှလုံးသွင်းခြင်း အားဖြင့် တောင့်တခြင်းမှ လွတ်သောကြောင့် အပ္ပဏိဟိတဝိမောက္ခတည်း။

ရုပ်၌ အနိစ္စဟု အဖန်ဖန်ရှုသောဉာဏ်သည် နိစ္စအားဖြင့် တောင့်တခြင်းမှ လွတ်သောကြောင့် အပ္ပဏိဟိတဝိမောက္ခတည်း။ပ။ ရုပ်၌ အပ္ပဏိဟိတဟု အဖန်ဖန်ရှုသောဉာဏ်သည် တောင့်တခြင်းအားလုံးတို့မှ လွတ်သောကြောင့် အပ္ပဏိဟိတဝိမောက္ခတည်း။ ရုပ်၌ သုညတဟု အဖန်ဖန်ရှုသောဉာဏ်သည် မှားသောနှလုံးသွင်းခြင်းအားဖြင့် တောင့်တခြင်းမှ လွတ်သောကြောင့် အပ္ပဏိဟိတဝိမောက္ခတည်း။ ဝေဒနာ ၌။ပ။ သညာ၌။ သင်္ခါရတို့၌။ ဝိညာဉ်၌။ စက္ခု၌။ပ။ ဇရာမရဏ၌ အနိစ္စဟု အဖန်ဖန်ရှုသော ဉာဏ်သည် နိစ္စအားဖြင့် တောင့်တခြင်းမှ လွတ်သောကြောင့် အပ္ပဏိဟိတဝိမောက္ခတည်း။ပ။ ဇရာမရဏ၌ အပ္ပဏိဟိတဟု အဖန်ဖန်ရှုသောဉာဏ်သည် တောင့်တခြင်းအားလုံးတို့မှ လွတ်သောကြောင့် အပ္ပဏိဟိတ ဝိမောက္ခတည်း။ ဇရာမရဏ၌ သုညတဟု အဖန်ဖန်ရှုသော ဉာဏ်သည် မှားသောနှလုံးသွင်းခြင်းအားဖြင့် တောင့်တခြင်းမှ လွတ်သောကြောင့် အပ္ပဏိဟိတဝိမောက္ခတည်း။ ဤကား အပ္ပဏိဟိတဝိမောက္ခတည်း။ ဝိမောက္ခသည် ဤသည်ပင်တည်း။ (၁)

၂၃၀။ အဘယ်သည် အကြောင်း ‘မုခ'နည်း။ ထိုမဂ္ဂဝိမောက္ခ၌ဖြစ်သော အကြင် (ရာဂစသော) အပြစ်ကင်းသော ကောင်းသော ဗောဓိပက္ခိယတရားတို့သည် ရှိကုန်၏။ ဤဆိုအပ်ပြီးသော တရားသဘော သည် အကြောင်း ‘မုခ'တည်း။ (၂)

အဘယ်သည် ဝိမောက္ခမုခနည်း။ ထိုဗောဓိပက္ခိယတရားတို့၏ အာရုံဖြစ်သော ချုပ်ရာဖြစ်သော အကြင်နိဗ္ဗာန်သည် ရှိ၏။ ဤနိဗ္ဗာန်သည် ဝိမောက္ခမုခတည်း။ လွတ်မြောက်ရာလည်းဟုတ် မြတ်သည် လည်းဟုတ်သော တရားသည် ဝိမောက္ခမုခမည်၏၊ ဤကား ဝိမောက္ခမုခတည်း။ (၃)

အဘယ်သည် ဝိမောက္ခ၏ ဆန့်ကျင်ဘက်နည်း။ အကုသိုလ်မူလသုံးပါးတို့သည် ဝိမောက္ခ၏ ဆန့်ကျင်ဘက်တို့တည်း။ ဒုစရိုက်သုံးပါးတို့သည် ဝိမောက္ခ၏ ဆန့်ကျင်ဘက်တို့တည်း။ အကုသိုလ်တရား အားလုံးတို့သည်လည်း ဝိမောက္ခ၏ ဆန့်ကျင်ဘက်တို့တည်း။ ဤကား ဝိမောက္ခ၏ ဆန့်ကျင်ဘက်တည်း။ (၄)

--

အဘယ်သည် ဝိမောက္ခအား လျော်သနည်း။ ကုသိုလ်မူလသုံးပါးတို့သည် ဝိမောက္ခအား လျော်ကုန်၏။ သုစရိုက်သုံးပါးတို့သည် ဝိမောက္ခအား လျော်ကုန်၏။ ကုသိုလ်တရား အားလုံးတို့သည်လည်း ဝိမောက္ခအား လျော်ကုန်၏။ ဤကား ဝိမောက္ခအား လျော်သောတရားတည်း။ (၅)

ဝိမောက္ခဝိဝဋ္ဋသည် အဘယ်နည်း။ သညာဝိဝဋ္ဋ၊ စေတောဝိဝဋ္ဋ၊ စိတ္တဝိဝဋ္ဋ၊ ဉာဏဝိဝဋ္ဋ၊ ဝိမောက္ခ ဝိဝဋ္ဋ၊ သစ္စဝိဝဋ္ဋ တို့တည်း။ မှတ်သားသည်ဖြစ်၍ ဝဋ်မှကင်းသောကြောင့် သညာဝိဝဋ္ဋတည်း။ စေ့ဆော်လျက် ဝဋ်မှ ကင်းသောကြောင့် စေတောဝိဝဋ္ဋတည်း။ အထူးသိလျက် ဝဋ်မှကင်းသောကြောင့် စိတ္တဝိဝဋ္ဋတည်း။ ဉာဏ်ကို ပြုလျက် ဝဋ်မှကင်းသောကြောင့် ဉာဏဝိဝဋ္ဋတည်း။ စွန့်လျက် ဝဋ်မှကင်းသောကြောင့် ဝိမောက္ခဝိဝဋ္ဋတည်း။ အမှန်သဘောအားဖြင့် ဝဋ်မှကင်းသောကြောင့် သစ္စဝိဝဋ္ဋတည်း။

သညာဝိဝဋ္ဋဖြစ်သော တရား၌ စေတောဝိဝဋ္ဋ ဖြစ်၏။ စေတောဝိဝဋ္ဋဖြစ်သော တရား၌ သညာဝိဝဋ္ဋ ဖြစ်၏။ သညာဝိဝဋ္ဋ၊ စေတောဝိဝဋ္ဋဖြစ်သော တရား၌ စိတ္တဝိဝဋ္ဋဖြစ်၏။ စိတ္တဝိဝဋ္ဋဖြစ်သော တရား၌ သညာဝိဝဋ္ဋ၊ စေတောဝိဝဋ္ဋဖြစ်၏။ သညာဝိဝဋ္ဋ၊ စေတောဝိဝဋ္ဋ၊ စိတ္တဝိဝဋ္ဋဖြစ်သောတရား၌ ဉာဏဝိဝဋ္ဋဖြစ်၏။ ဉာဏဝိဝဋ္ဋဖြစ်သောတရား၌ သညာဝိဝဋ္ဋ၊ စေတောဝိဝဋ္ဋ၊ စိတ္တဝိဝဋ္ဋဖြစ်၏။ သညာဝိဝဋ္ဋ၊ စေတော ဝိဝဋ္ဋ၊ စိတ္တဝိဝဋ္ဋ၊ ဉာဏဝိဝဋ္ဋဖြစ်သော တရား၌ ဝိမောက္ခဝိဝဋ္ဋဖြစ်၏။ ဝိမောက္ခဝိဝဋ္ဋဖြစ်သော တရား၌ သညာဝိဝဋ္ဋ၊ စေတောဝိဝဋ္ဋ၊ စိတ္တဝိဝဋ္ဋ၊ ဉာဏဝိဝဋ္ဋဖြစ်၏။ သညာဝိဝဋ္ဋ၊ စေတောဝိဝဋ္ဋ၊ စိတ္တဝိဝဋ္ဋ၊ ဉာဏ ဝိဝဋ္ဋ၊ ဝိမောက္ခဝိဝဋ္ဋဖြစ်သော တရား၌ သစ္စဝိဝဋ္ဋဖြစ်၏။ သစ္စဝိဝဋ္ဋဖြစ်သောတရား၌ သညာဝိဝဋ္ဋ၊ စေတော ဝိဝဋ္ဋ၊ စိတ္တဝိဝဋ္ဋ၊ ဉာဏဝိဝဋ္ဋ၊ ဝိမောက္ခဝိဝဋ္ဋသည် ဖြစ်၏။ ဤဆိုအပ်ပြီးသော တရားအပေါင်းသည် ဝိမောက္ခဝိဝဋ္ဋတည်း။ (၆)

ဝိမောက္ခကို ပွါးခြင်းသည် အဘယ်နည်း။ ပဌမဈာန်ကို အစမှမှီဝဲခြင်း၊ ပွါးများခြင်း၊ ကြိမ်ဖန် များစွာ ပြုခြင်းတည်း။ ဒုတိယဈာန်ကို အစမှမှီဝဲခြင်း၊ ပွါးများခြင်း၊ ကြိမ်ဖန်များစွာ ပြုခြင်းတည်း။ တတိယဈာန်ကို အစမှ မှီဝဲခြင်း၊ ပွါးများခြင်း၊ ကြိမ်ဖန်များစွာ ပြုခြင်းတည်း။ စတုတ္ထဈာန်ကို အစမှ မှီဝဲခြင်း၊ ပွါးများခြင်း၊ ကြိမ်ဖန်များစွာ ပြုခြင်းတည်း။ အာကာသာနဉ္စာယတနသမာပတ်ကို အစမှမှီဝဲခြင်း၊ ပွါးများခြင်း၊ ကြိမ်ဖန်များစွာ ပြုခြင်းတည်း။ ဝိညာဏဉ္စာယတနသမာပတ်ကို။ပ။ အာကိဉ္စညာယတန သမာပတ်ကို။ နေဝသညာနာသညာယတနသမာပတ်ကို အစမှမှီဝဲခြင်း၊ ပွါးများခြင်း၊ ကြိမ်ဖန်များစွာ ပြုခြင်းတည်း။ သောတာပတ္တိမဂ်ကို အစမှမှီဝဲခြင်း၊ ပွါးများခြင်း။ ကြိမ်ဖန်များစွာ ပြုခြင်းတည်း။ သကဒါဂါမိမဂ်ကို အစမှမှီဝဲခြင်း၊ ပွါးများခြင်း၊ ကြိမ်ဖန်များစွာ ပြုခြင်းတည်း။ အနာဂါမိမဂ်ကို အစမှ မှီဝဲခြင်း၊ ပွါးများခြင်း၊ ကြိမ်ဖန်များစွာ ပြုခြင်းတည်း။ အရဟတ္တမဂ်ကို အစမှမှီဝဲခြင်း၊ ပွါးများခြင်း၊ ကြိမ်ဖန်များစွာ ပြုခြင်းတည်း။ ဤကား ဝိမောက္ခကို ပွါးများခြင်းတည်း။ (၇)

ဝိမောက္ခ၏ တစ်ဖန်ငြိမ်းခြင်းသည် အဘယ်နည်း။ ပဌမဈာန်ကို ရခြင်းသည်လည်းကောင်း၊ အကျိုး သည်လည်းကောင်း (ဝိမောက္ခ၏တစ်ဖန်ငြိမ်းခြင်းတည်း)။ ဒုတိယဈာန်ကို ရခြင်းသည်လည်းကောင်း၊ အကျိုးသည်လည်းကောင်း (ဝိမောက္ခ၏တစ်ဖန်ငြိမ်းခြင်းတည်း)။ တတိယဈာန်ကို။ပ။ စတုတ္ထဈာန်ကို။ အာကာသာနဉ္စာယတနသမာပတ်ကို။ ဝိညာဏဉ္စာယတနသမာပတ်ကို။ အာကိဉ္စညာယတနသမာပတ်ကို။ နေဝသညာနာသညာယတနသမာပတ်ကို ရခြင်းသည်လည်းကောင်း၊ အကျိုးသည်လည်းကောင်း (ဝိမောက္ခ၏ တစ်ဖန်ငြိမ်းခြင်းတည်း)။ သောတာပတ္တိမဂ်၏ သောတာပတ္တိဖိုလ်သည်၊ သကဒါဂါမိမဂ်၏ သကဒါဂါမိ ဖိုလ်သည်၊ အနာဂါမိမဂ်၏ အနာဂါမိဖိုလ်သည်၊ အရဟတ္တမဂ်၏ အရဟတ္တဖိုလ်သည် (ဝိမောက္ခ၏ တစ်ဖန်ငြိမ်းခြင်းတည်း)။ ဤကား ဝိမောက္ခ၏ တစ်ဖန်ငြိမ်းခြင်းတည်း။ (၈)

ဝိမောက္ခကထာ ပြီး၏။

သုံးခုမြောက်အခန်း ပြီး၏။

--

၆-ဂတိကထာ

၂၃၁။ သုဂတိဘဝ ဉာဏသမ္ပယုတ် ပဋိသန္ဓေခဏ၌ အဘယ်မျှသော ဟိတ်တို့၏ အကြောင်းကြောင့်ပဋိသန္ဓေနေခြင်း ဖြစ်သနည်း။ ခတ္တိယမဟာသာလ၊ ဗြာဟ္မဏမဟာသာလ၊ ဂဟပတိမဟာသာလ၊ ကာမာ ဝစရနတ်တို့အား ဉာဏသမ္ပယုတ်ပဋိသန္ဓေခဏ၌ အဘယ်မျှသော ဟိတ်တို့၏ အကြောင်းကြောင့် ပဋိသန္ဓေ နေခြင်း ဖြစ်သနည်း။ ရူပါဝစရဗြဟ္မာတို့အား အဘယ်မျှသော ဟိတ်တို့၏ အကြောင်းကြောင့် ပဋိသန္ဓေ နေခြင်း ဖြစ်သနည်း။ အရူပါဝစရဗြဟ္မာတို့အား အဘယ်မျှသော ဟိတ်တို့၏ အကြောင်းကြောင့် ပဋိသန္ဓေ နေခြင်း ဖြစ်သနည်း။

သုဂတိဘဝ ဉာဏသမ္ပယုတ် ပဋိသန္ဓေခဏ၌ ဟိတ်ရှစ်ပါးတို့၏ အကြောင်းကြောင့် ပဋိသန္ဓေနေခြင်း ဖြစ်၏။ ခတ္တိယမဟာသာလ၊ ဗြာဟ္မဏမဟာသာလ၊ ဂဟပတိမဟာသာလ၊ ကာမာဝစရ နတ်တို့အား ဉာဏသမ္ပယုတ်ပဋိသန္ဓေခဏ၌ ဟိတ်ရှစ်ပါးတို့၏ အကြောင်းကြောင့် ပဋိသန္ဓေနေခြင်း ဖြစ်၏။ ရူပါဝစရ ဗြဟ္မာတို့အား ဟိတ်ရှစ်ပါးတို့၏ အကြောင်းကြောင့် ပဋိသန္ဓေနေခြင်း ဖြစ်၏။ အရူပါဝစရဗြဟ္မာတို့အား ဟိတ်ရှစ်ပါးတို့၏ အကြောင်းကြောင့် ပဋိသန္ဓေနေခြင်း ဖြစ်၏။

၂၃၂။ သုဂတိဘဝ ဉာဏသမ္ပယုတ် ပဋိသန္ဓေခဏ၌ အဘယ်ဟိတ်ရှစ်ပါးတို့၏ အကြောင်းကြောင့် ပဋိသန္ဓေနေခြင်း ဖြစ်သနည်း။ ကုသိုလ်ကံ၏ ဇောခဏ၌ ကုသိုလ်ဟိတ်သုံးပါးတို့သည် ထိုခဏ၌ဖြစ်သော စေတနာနှင့် သဟဇာတပစ္စည်းဖြစ်ကုန်၏။ ထို့ကြောင့် ကုသိုလ်မူလအကြောင်းကြောင့်လည်း သင်္ခါရတို့ သည် (ဖြစ်ကုန်၏ဟု) ဆိုအပ်၏။ နိကန္တိ၁ခဏ၌ အကုသိုလ်ဟိတ်နှစ်ပါးတို့သည် ထိုခဏ၌ဖြစ်သော စေတနာနှင့် သဟဇာတပစ္စည်း ဖြစ်ကုန်၏၊ ထို့ကြောင့် အကုသိုလ်မူလအကြောင်းကြောင့်လည်း သင်္ခါရတို့ သည် (ဖြစ်ကုန်၏ဟု) ဆိုအပ်၏။ ပဋိသန္ဓေခဏ၌ အဗျာကတဟိတ်သုံးပါးတို့သည် ထိုခဏ၌ဖြစ်သော စေတနာနှင့် သဟဇာတပစ္စည်း ဖြစ်ကုန်၏။ ထို့ကြောင့် နာမ်ရုပ်အကြောင်းကြောင့်လည်း ဝိညာဉ်သည်၊ ဝိညာဉ်အကြောင်းကြောင့်လည်း နာမ်ရုပ်သည် (ဖြစ်ကုန်၏ဟု) ဆိုအပ်၏။ ပဋိသန္ဓေခဏ၌ ခန္ဓာငါးပါးတို့ သည် သဟဇာတပစ္စည်း ဖြစ်ကုန်၏။၂ အညမညပစ္စည်း ဖြစ်ကုန်၏။ နိဿယပစ္စည်း ဖြစ်ကုန်၏။

ဝိပ္ပယုတ္တပစ္စည်း ဖြစ်ကုန်၏။ ပဋိသန္ဓေခဏ၌ မဟာဘုတ်လေးပါးတို့သည် သဟဇာတပစ္စည်း ဖြစ်ကုန်၏။

အညမညပစ္စည်း ဖြစ်ကုန်၏။ နိဿယပစ္စည်း ဖြစ်ကုန်၏။ ပဋိသန္ဓေခဏ၌ ဇီဝိတသင်္ခါရ၃ သုံးပါးတို့သည် သဟဇာတပစ္စည်း ဖြစ်ကုန်၏။ အညမညပစ္စည်း ဖြစ်ကုန်၏။ နိဿယပစ္စည်း ဖြစ်ကုန်၏။ ဝိပ္ပယုတ္တ ပစ္စည်း ဖြစ်ကုန်၏။ ပဋိသန္ဓေခဏ၌ နာမ်သည်လည်းကောင်း၊ ရုပ်သည်လည်းကောင်း သဟဇာတပစ္စည်း ဖြစ်ကုန်၏။ အညမညပစ္စည်း ဖြစ်ကုန်၏။ နိဿယပစ္စည်း ဖြစ်ကုန်၏။ ဝိပ္ပယုတ္တပစ္စည်း ဖြစ်ကုန်၏။

ပဋိသန္ဓေခဏ၌ ခန္ဓာငါးပါး၊ မဟာဘုတ်လေးပါး၊ ဇီဝိတသင်္ခါရသုံးပါး၊ နာမ်၊ ရုပ်ဟူသော ဤတရား တစ်ဆယ့်လေးပါတို့သည် သဟဇာတပစ္စည်း ဖြစ်ကုန်၏။ အညမညပစ္စည်း ဖြစ်ကုန်၏။ နိဿယပစ္စည်း ဖြစ်ကုန်၏။ ဝိပ္ပယုတ္တပစ္စည်း ဖြစ်ကုန်၏။ ပဋိသန္ဓေခဏ၌ နာမ်ခန္ဓာလေးပါးတို့သည် သဟဇာတပစ္စည်း ဖြစ်ကုန်၏။ အညမညပစ္စည်း ဖြစ်ကုန်၏။ နိဿယပစ္စည်း ဖြစ်ကုန်၏။ သမ္ပယုတ္တပစ္စည်း ဖြစ်ကုန်၏။

ပဋိသန္ဓေခဏ၌ ဣန္ဒြေငါးပါးတို့သည် သဟဇာတပစ္စည်း ဖြစ်ကုန်၏။ အညမညပစ္စည်း ဖြစ်ကုန်၏။

--

နိဿယပစ္စည်း ဖြစ်ကုန်၏။ သမ္ပယုတ္တပစ္စည်း ဖြစ်ကုန်၏။ ပဋိသန္ဓေခဏ၌ ဟိတ်သုံးပါးတို့သည် သဟဇာတပစ္စည်း ဖြစ်ကုန်၏။ အညမညပစ္စည်း ဖြစ်ကုန်၏။ နိဿယပစ္စည်း ဖြစ်ကုန်၏။ သမ္ပယုတ္တ ပစ္စည်း ဖြစ်ကုန်၏။ ပဋိသန္ဓေခဏ၌ ဝေဒနာစသော ခန္ဓာသုံးပါးဟူသော နာမ်သည်လည်းကောင်း၊ ပဋိသန္ဓေဝိညာဉ်ဟူသော ဝိညာဉ်သည်လည်းကောင်း သဟဇာတပစ္စည်း ဖြစ်ကုန်၏။ အညမညပစ္စည်း ဖြစ် ကုန်၏။ နိဿယပစ္စည်း ဖြစ်ကုန်၏။ သမ္ပယုတ္တပစ္စည်း ဖြစ်ကုန်၏။ ပဋိသန္ဓေခဏ၌ (နာမက္ခန္ဓာလေးပါး၊ ဣန္ဒြေငါးပါး၊ ဟိတ်သုံးပါ၊ နာမ်၊ ဝိညာဉ်ဟူသော) ဤတရား တစ်ဆယ့်လေးပါးတို့သည် သဟဇာတ ပစ္စည်း ဖြစ်ကုန်၏။ အညမညပစ္စည်း ဖြစ်ကုန်၏။ နိဿယပစ္စည်း ဖြစ်ကုန်၏။ သမ္ပယုတ္တပစ္စည်း ဖြစ် ကုန်၏။ ပဋိသန္ဓေခဏ၌ ဤဆိုအပ်ပြီးသောတရားနှစ်ဆယ့်ရှစ်ပါးတို့သည် သဟဇာတပစ္စည်း ဖြစ်ကုန်၏။

အညမညပစ္စည်း ဖြစ်ကုန်၏။ နိဿယပစ္စည်း ဖြစ်ကုန်၏။ ဝိပ္ပယုတ္တပစ္စည်း ဖြစ်ကုန်၏။ သုဂတိဘဝ့ဉာဏသမ္ပယုတ် ပဋိသန္ဓေခဏ၌ ဤဟိတ်ရှစ်ပါးတို့၏ အကြောင်းကြောင့် ပဋိသန္ဓေနေခြင်း ဖြစ်၏။ (၁)

ခတ္တိယမဟာသာလ၊ ဗြာဟ္မဏမဟာသာလ၊ ဂဟပတိမဟာသာလ၊ ကာမာဝစရ နတ်တို့အား ဉာဏသမ္ပယုတ် ပဋိသန္ဓေခဏ၌ အဘယ်ဟိတ်ရှစ်ပါးတို့၏ အကြောင်းကြောင့် ပဋိသန္ဓေနေခြင်း ဖြစ် သနည်း။ ကုသိုလ်ကံ၏ ဇောခဏ၌ ကုသိုလ်ဟိတ်သုံးပါးတို့သည် ထိုခဏ၌ဖြစ်သော စေတနာနှင့် သဟဇာတပစ္စည်း ဖြစ်ကုန်၏။ ထို့ကြောင့် ကုသိုလ်မူလအကြောင်းကြောင့်လည်း သင်္ခါရတို့သည် (ဖြစ်ကုန်၏ဟု) ဆိုအပ်၏။ နိကန္တိခဏ၌ အကုသိုလ်ဟိတ်နှစ်ပါးတို့သည် ထိုခဏ၌ဖြစ်သော စေတနာနှင့် သဟဇာတပစ္စည်း ဖြစ်ကုန်၏၊ ထို့ကြောင့် အကုသိုလ်မူလ အကြောင်းကြောင့်လည်း သင်္ခါရတို့သည် (ဖြစ် ကုန်၏ဟု) ဆိုအပ်၏။ ပဋိသန္ဓေခဏ၌ အဗျာကတ ဟိတ်သုံးပါးတို့သည် ထိုခဏ၌ဖြစ်သော စေတနာနှင့် သဟဇာတပစ္စည်း ဖြစ်ကုန်၏။ ထို့ကြောင့် နာမ်ရုပ် အကြောင်းကြောင့်လည်း ဝိညာဉ်သည်၊ ဝိညာဉ် အကြောင်းကြောင့်လည်း နာမ်ရုပ်သည် (ဖြစ်ကုန်၏ဟု) ဆိုအပ်၏။ ပဋိသန္ဓေခဏ၌ ခန္ဓာငါးပါးတို့သည် သဟဇာတပစ္စည်း ဖြစ်ကုန်၏။ အညမညပစ္စည်း ဖြစ်ကုန်၏။ နိဿယပစ္စည်း ဖြစ်ကုန်၏။ ဝိပ္ပယုတ္တ ပစ္စည်း ဖြစ်ကုန်၏။ ပဋိသန္ဓေခဏ၌ မဟာဘုတ်လေးပါးတို့သည် သဟဇာတပစ္စည်း ဖြစ်ကုန်၏။ အညမည ပစ္စည်း ဖြစ်ကုန်၏။ နိဿယပစ္စည်း ဖြစ်ကုန်၏။ ပဋိသန္ဓေခဏ၌ ဇီဝိတသင်္ခါရ သုံးပါးတို့သည် သဟဇာတ ပစ္စည်း ဖြစ်ကုန်၏။ အညမညပစ္စည်း ဖြစ်ကုန်၏။ နိဿယပစ္စည်း ဖြစ်ကုန်၏။ ဝိပ္ပယုတ္တပစ္စည်း ဖြစ်ကုန်၏။ ပဋိသန္ဓေခဏ၌ နာမ်သည်လည်းကောင်း၊ ရုပ်သည်လည်းကောင်း သဟဇာတပစ္စည်း ဖြစ်ကုန်၏။

အညမညပစ္စည်း ဖြစ်ကုန်၏။ နိဿယပစ္စည်း ဖြစ်ကုန်၏။ ဝိပ္ပယုတ္တပစ္စည်း ဖြစ်ကုန်၏။ ပဋိသန္ဓေခဏ၌ ခန္ဓာငါးပါး၊ မဟာဘုတ်လေးပါး၊ ဇီဝိတသင်္ခါရသုံးပါး၊ နာမ်၊ ရုပ်ဟူသော ဤတရားတစ်ဆယ့် လေးပါတို့ သည် သဟဇာတပစ္စည်း ဖြစ်ကုန်၏။ အညမညပစ္စည်း ဖြစ်ကုန်၏။ နိဿယပစ္စည်း ဖြစ်ကုန်၏။

ဝိပ္ပယုတ္တပစ္စည်း ဖြစ်ကုန်၏။ ပဋိသန္ဓေခဏ၌ နာမ်ခန္ဓာလေးပါးတို့သည် သဟဇာတပစ္စည်း ဖြစ်ကုန်၏။

အညမညပစ္စည်း ဖြစ်ကုန်၏။ နိဿယပစ္စည်း ဖြစ်ကုန်၏။ သမ္ပယုတ္တပစ္စည်း ဖြစ်ကုန်၏။ ပဋိသန္ဓေခဏ၌ ဣန္ဒြေငါးပါးတို့သည် သဟဇာတပစ္စည်း ဖြစ်ကုန်၏။ အညမညပစ္စည်း ဖြစ်ကုန်၏။ နိဿယပစ္စည်း ဖြစ်ကုန်၏။ သမ္ပယုတ္တပစ္စည်း ဖြစ်ကုန်၏။ ပဋိသန္ဓေခဏ၌ ဟိတ်သုံးပါးတို့သည် သဟဇာတပစ္စည်း ဖြစ်ကုန်၏။ အညမညပစ္စည်း ဖြစ်ကုန်၏။ နိဿယပစ္စည်း ဖြစ်ကုန်၏။ သမ္ပယုတ္တပစ္စည်း ဖြစ်ကုန်၏။

ပဋိသန္ဓေခဏ၌ ဝေဒနာစသော ခန္ဓာသုံးပါးဟူသော နာမ်သည်လည်းကောင်း၊ ပဋိသန္ဓေဝိညာဉ်ဟူသော ဝိညာဉ်သည်လည်းကောင်း သဟဇာတပစ္စည်း ဖြစ်ကုန်၏။ အညမညပစ္စည်း ဖြစ်ကုန်၏။ နိဿယပစ္စည်း ဖြစ်ကုန်၏။ သမ္ပယုတ္တပစ္စည်း ဖြစ်ကုန်၏။ ပဋိသန္ဓေခဏ၌ (နာမ်ခန္ဓာလေးပါး၊ ဣန္ဒြေငါးပါး၊ ဟိတ် သုံးပါး၊ နာမ်၊ ဝိညာဉ်ဟူသော) ဤတရား တစ်ဆယ့်လေးပါးတို့သည် သဟဇာတပစ္စည်း ဖြစ်ကုန်၏။

--

အညမညပစ္စည်း ဖြစ်ကုန်၏။ နိဿယပစ္စည်း ဖြစ်ကုန်၏။ သမ္ပယုတ္တပစ္စည်း ဖြစ်ကုန်၏၊ ပဋိသန္ဓေခဏ၌ ဤဆိုအပ်ပြီးသောတရားနှစ်ဆယ့်ရှစ်ပါးတို့သည် သဟဇာတပစ္စည်း ဖြစ်ကုန်၏။ အညမညပစ္စည်း ဖြစ် ကုန်၏။ နိဿယပစ္စည်း ဖြစ်ကုန်၏။ ဝိပ္ပယုတ္တပစ္စည်း ဖြစ်ကုန်၏။ ခတ္တိယမဟာသာလ၊ ဗြာဟ္မဏ မဟာသာလ၊ ဂဟပတိမဟာသာလ၊ ကာမာဝစရနတ်တို့အား ဉာဏသမ္ပယုတ် ပဋိသန္ဓေခဏ၌ ဤဟိတ် ရှစ်ပါးတို့၏ အကြောင်းကြောင့် ပဋိသန္ဓေနေခြင်း ဖြစ်၏။ (၂)

ရူပါဝစရဗြဟ္မာတို့အား အဘယ်ဟိတ် ရှစ်ပါးတို့၏ အကြောင်းကြောင့် ပဋိသန္ဓေနေခြင်း ဖြစ်သနည်း။ ကုသိုလ်ကံ၏ ဇောခဏ၌ ကုသိုလ်ဟိတ်သုံးပါးတို့သည်။ပ။ ရူပါဝစရဗြဟ္မာတို့အား ဤဟိတ် ရှစ်ပါးတို့၏ အကြောင်းကြောင့် ပဋိသန္ဓေနေခြင်း ဖြစ်၏။ (၃)

အရူပါဝစရဗြဟ္မာတို့အား အဘယ်ဟိတ်ရှစ်ပါးတို့၏ အကြောင်းကြောင့် ပဋိသန္ဓေနေခြင်း ဖြစ်သနည်း။ ကုသိုလ်ကံ၏ ဇောခဏ၌ ကုသိုလ်ဟိတ်သုံးပါးတို့သည် ထိုခဏ၌ ဖြစ်သော စေတနာနှင့် သဟဇာတပစ္စည်း ဖြစ်ကုန်၏။ ထို့ကြောင့် ကုသိုလ်မူလအကြောင်းကြောင့်လည်း သင်္ခါရတို့သည့် (ဖြစ်ကုန်၏ဟု) ဆိုအပ်၏။ နိကန္တိခဏ၌ အကုသိုလ်ဟိတ်နှစ်ပါးတို့သည် ထိုခဏ၌ဖြစ်သော စေတနာနှင့် သဟဇာတပစ္စည်း ဖြစ်ကုန်၏။ ထို့ကြောင့် အကုသိုလ်မူလအကြောင်းကြောင့်လည်း သင်္ခါရတို့သည် (ဖြစ်ကုန်၏ဟု) ဆိုအပ်၏။ ပဋိသန္ဓေခဏ၌ အဗျာကတဟိတ်သုံးပါးတို့သည် ထိုခဏ၌ဖြစ်သော စေတနာနှင့် သဟဇာတ ပစ္စည်း ဖြစ်ကုန်၏။ ထို့ကြောင့် နာမ်အကြောင်းကြောင့်လည်း ဝိညာဉ်သည်၊ ဝိညာဉ်အကြောင်း ကြောင့်လည်း နာမ်သည် (ဖြစ်၏ဟု) ဆိုအပ်၏။ ပဋိသန္ဓေခဏ၌ နာမ်ခန္ဓာလေးပါးတို့သည် သဟဇာတ ပစ္စည်း ဖြစ်ကုန်၏။ အညမညပစ္စည်း ဖြစ်ကုန်၏။ နိဿယပစ္စည်း ဖြစ်ကုန်၏။ သမ္ပယုတ္တပစ္စည်း ဖြစ်ကုန်၏။ ပဋိသန္ဓေခဏ၌ ဣန္ဒြေငါးပါးတို့သည် သဟဇာတပစ္စည်း ဖြစ်ကုန်၏။ အညမညပစ္စည်း ဖြစ် ကုန်၏။ နိဿယပစ္စည်း ဖြစ်ကုန်၏။ သမ္ပယုတ္တပစ္စည်း ဖြစ်ကုန်၏။

ပဋိသန္ဓေခဏ၌ ဟိတ်သုံးပါးတို့သည် သဟဇာတပစ္စည်း ဖြစ်ကုန်၏။ အညမညပစ္စည်း ဖြစ်ကုန်၏။

နိဿယပစ္စည်း ဖြစ်ကုန်၏။ သမ္ပယုတ္တ ပစ္စည်း ဖြစ်ကုန်၏။ ပဋိသန္ဓေခဏ၌ ဝေဒနာစသော ခန္ဓာသုံးပါးဟူသော နာမ်သည်လည်းကောင်း၊ ပဋိသန္ဓေဝိညာဉ်ဟူသော ဝိညာဉ်သည်လည်းကောင်း သဟဇာတပစ္စည်း ဖြစ်ကုန်၏။ အညမညပစ္စည်း ဖြစ် ကုန်၏။ နိဿယပစ္စည်း ဖြစ်ကုန်၏။

သမ္ပယုတ္တပစ္စည်း ဖြစ်ကုန်၏။ ပဋိသန္ဓေခဏ၌ (နာမက္ခန္ဓာလေးပါး၊ ဣန္ဒြေငါးပါး၊ ဟိတ်သုံးပါး၊ နာမ်၊ ဝိညာဉ်ဟူသော) ဤတရားတစ်ဆယ့်လေးပါးတို့သည် သဟဇာတပစ္စည်း ဖြစ်ကုန်၏။ အညမညပစ္စည်း ဖြစ်ကုန်၏။ နိဿယပစ္စည်း ဖြစ်ကုန်၏။ သမ္ပယုတ္တပစ္စည်း ဖြစ်ကုန်၏။ အရူပါဝစရဗြဟ္မာတို့အား ဤဟိတ်ရှစ်ပါးတို့၏ အကြောင်းကြောင့် ပဋိသန္ဓေနေခြင်း ဖြစ်၏။ (၄)

၂၃၃။ သုဂတိဘဝ ဉာဏဝိပ္ပယုတ် ပဋိသန္ဓေခဏ၌ အဘယ်မျှသော ဟိတ်တို့၏ အကြောင်းကြောင့် ပဋိသန္ဓေနေခြင်း ဖြစ်သနည်း။ ခတ္တိယမဟာသာလ၊ ဗြာဟ္မဏမဟာသာလ၊ ဂဟပတိမဟာသာလ၊ ကာမာ ဝစရနတ်တို့အား ဉာဏ်နှင့်မယှဉ်သော ပဋိသန္ဓေခဏ၌ ဟိတ်အဘယ်မျှတို့၏ အကြောင်းကြောင့် ပဋိသန္ဓေ နေခြင်းသည် ဖြစ်သနည်း။

သုဂတိဘဝ ဉာဏဝိပ္ပယုတ် ပဋိသန္ဓေခဏ၌ ဟိတ်ခြောက်ပါးတို့၏ အကြောင်းကြောင့် ပဋိသန္ဓေနေခြင်း ဖြစ်၏။ ခတ္တိယမဟာသာလ၊ ဗြာဟ္မဏမဟာသာလ၊ ဂဟပတိမဟာသာလ၊ ကာမာဝစရနတ်တို့အား ဉာဏဝိပ္ပယုတ် ပဋိသန္ဓေခဏ၌ ဟိတ်ခြောက်ပါးတို့၏ အကြောင်းကြောင့် ပဋိသန္ဓေနေခြင်း ဖြစ်၏။

သုဂတိဘဝ ဉာဏဝိပ္ပယုတ် ပဋိသန္ဓေခဏ၌ အဘယ်ဟိတ်ခြောက်ပါးတို့၏ အကြောင်းကြောင့် ပဋိသန္ဓေနေခြင်း ဖြစ်သနည်း။ ကုသိုလ်ကံ၏ ဇောခဏ၌ ကုသိုလ်ဟိတ်နှစ်ပါးတို့သည် ထိုခဏ၌ဖြစ်သော စေတနာနှင့် သဟဇာတပစ္စည်း ဖြစ်ကုန်၏။ ထို့ကြောင့် ကုသိုလ်မူလ အကြောင်းကြောင့်လည်း သင်္ခါရတို့ သည် (ဖြစ်ကုန်၏ဟု) ဆိုအပ်၏။ နိကန္တိခဏ၌ အကုသိုလ်ဟိတ်နှစ်ပါးတို့သည် ထိုခဏ၌ ဖြစ်သော စေတနာနှင့် သဟဇာတပစ္စည်း ဖြစ်ကုန်၏။ ထို့ကြောင့် အကုသိုလ်မူလအကြောင်းကြောင့်လည်း သင်္ခါရ တို့သည် (ဖြစ်ကုန်၏ဟု) ဆိုအပ်၏။ ပဋိသန္ဓေခဏ၌ အဗျာကတဟိတ်နှစ်ပါးတို့သည် ထိုခဏ၌ဖြစ်သော စေတနာနှင့် သဟဇာတပစ္စည်း ဖြစ်ကုန်၏။ ထို့ကြောင့် နာမ်ရုပ်အကြောင်းကြောင့်လည်း ဝိညာဉ်သည်၊ ဝိညာဉ်အကြောင်းကြောင့်လည်း နာမ်ရုပ်သည် (ဖြစ်၏ဟု) ဆိုအပ်၏။

--

ပဋိသန္ဓေခဏ၌ ခန္ဓာငါးပါးတို့သည် သဟဇာတပစ္စည်း ဖြစ်ကုန်၏။ အညမညပစ္စည်း ဖြစ်ကုန်၏။

နိဿယပစ္စည်း ဖြစ်ကုန်၏။ ဝိပ္ပယုတ္တပစ္စည်း ဖြစ်ကုန်၏။ ပဋိသန္ဓေခဏ၌ မဟာဘုတ်လေးပါးတို့သည် သဟဇာတပစ္စည်း ဖြစ်ကုန်၏။ အညမညပစ္စည်း ဖြစ်ကုန်၏။ နိဿယပစ္စည်း ဖြစ်ကုန်၏။ ပဋိသန္ဓေခဏ ၌ ဇီဝိတသင်္ခါရသုံးပါးတို့သည် သဟဇာတပစ္စည်း ဖြစ်ကုန်၏။ အညမညပစ္စည်း ဖြစ်ကုန်၏။ နိဿယ ပစ္စည်း ဖြစ်ကုန်၏။ ဝိပ္ပယုတ္တပစ္စည်း ဖြစ်ကုန်၏။ ပဋိသန္ဓေခဏ၌ နာမ်သည်လည်းကောင်း၊ ရုပ်သည် လည်းကောင်း သဟဇာတပစ္စည်း ဖြစ်ကုန်၏။ အညမညပစ္စည်း ဖြစ်ကုန်၏။ နိဿယပစ္စည်း ဖြစ်ကုန်၏။

ဝိပ္ပယုတ္တပစ္စည်း ဖြစ်ကုန်၏။ ပဋိသန္ဓေခဏ၌ ဤတရားတစ်ဆယ့်လေးပါးတို့သည် သဟဇာတပစ္စည်း့ဖြစ်ကုန်၏။ အညမညပစ္စည်း ဖြစ်ကုန်၏။ နိဿယပစ္စည်း ဖြစ်ကုန်၏။ ဝိပ္ပယုတ္တပစ္စည်း ဖြစ်ကုန်၏။

ပဋိသန္ဓေခဏ၌ နာမ်ခန္ဓာလေးပါးတို့သည် သဟဇာတပစ္စည်း ဖြစ်ကုန်၏။ အညမညပစ္စည်း ဖြစ်ကုန်၏။

နိဿယပစ္စည်း ဖြစ်ကုန်၏။ သမ္ပယုတ္တပစ္စည်း ဖြစ်ကုန်၏။ ပဋိသန္ဓေခဏ၌ (ပညိန္ဒြေကြဉ် သဒ္ဓိန္ဒြေစသော) ဣန္ဒြေလေးပါးတို့သည် သဟဇာတပစ္စည်း ဖြစ်ကုန်၏။ အညမညပစ္စည်း ဖြစ်ကုန်၏။ နိဿယပစ္စည်း ဖြစ်ကုန်၏။ သမ္ပယုတ္တပစ္စည်း ဖြစ်ကုန်၏။ ပဋိသန္ဓေခဏ၌ ဟိတ်နှစ်ပါးတို့သည် သဟဇာတပစ္စည်း ဖြစ် ကုန်၏။ အညမညပစ္စည်း ဖြစ်ကုန်၏။ နိဿယပစ္စည်း ဖြစ်ကုန်၏။ သမ္ပယုတ္တပစ္စည်း ဖြစ်ကုန်၏။

ပဋိသန္ဓေခဏ၌ ဝေဒနာစသော သုံးပါးသော နာမ်သည်လည်းကောင်း၊ ပဋိသန္ဓေဝိညာဉ်ဟူသော ဝိညာဉ် သည်လည်းကောင်း သဟဇာတပစ္စည်း ဖြစ်ကုန်၏။ အညမညပစ္စည်း ဖြစ်ကုန်၏။ နိဿယပစ္စည်း ဖြစ် ကုန်၏။ သမ္ပယုတ္တပစ္စည်း ဖြစ်ကုန်၏။ ပဋိသန္ဓေခဏ၌ (ပညိန္ဒြေအမောဟဟိတ်မှတစ်ပါး) ဤတရား တစ်ဆယ့်နှစ်ပါးတို့သည် သဟဇာတပစ္စည်း ဖြစ်ကုန်၏။ အညမညပစ္စည်း ဖြစ်ကုန်၏။ နိဿယပစ္စည်း ဖြစ်ကုန်၏။ သမ္ပယုတ္တပစ္စည်း ဖြစ်ကုန်၏။ ပဋိသန္ဓေခဏ၌ ဤတရားနှစ်ဆယ့်ခြောက်ပါးတို့သည် သဟ ဇာတပစ္စည်း ဖြစ်ကုန်၏။ အညမညပစ္စည်း ဖြစ်ကုန်၏။ နိဿယပစ္စည်း ဖြစ်ကုန်၏။ ဝိပ္ပယုတ္တပစ္စည်း ဖြစ်ကုန်၏။ သုဂတိဘဝ ဉာဏဝိပ္ပယုတ်ပဋိသန္ဓေခဏ၌ ဤဟိတ်ခြောက်ပါးတို့၏ အကြောင်းကြောင့် ပဋိသန္ဓေနေခြင်း ဖြစ်၏။ (၁)

ခတ္တိယမဟာသာလ၊ ဗြာဟ္မဏမဟာသာလ၊ ဂဟပတိမဟာသာလ၊ ကာမာဝစရနတ်တို့အား ဉာဏ ဝိပ္ပယုတ် ပဋိသန္ဓေခဏ၌ အဘယ်ဟိတ် ခြောက်ပါးတို့၏ အကြောင်းကြောင့် ပဋိသန္ဓေနေခြင်း ဖြစ် သနည်း။ ကုသိုလ်ကံ၏ ဇောခဏ၌ ကုသိုလ်ဟိတ်နှစ်ပါးတို့သည် ထိုခဏ၌ဖြစ်သော စေတနာနှင့် သဟဇာတပစ္စည်း ဖြစ်ကုန်၏။ ထို့ကြောင့် ကုသိုလ်မူလအကြောင်းကြောင့်လည်း သင်္ခါရတို့သည်။ပ။ ခတ္တိယမဟာသာလ၊ ဗြာဟ္မဏမဟာသာလ၊ ဂဟပတိမဟာသာလ၊ ကာမာဝစရနတ်တို့အား ဉာဏဝိပ္ပယုတ် ပဋိသန္ဓေခဏ၌ ဤဟိတ်ခြောက်ပါးတို့၏ အကြောင်းကြောင့် ပဋိသန္ဓေနေခြင်း ဖြစ်၏။ (၂)

ဂတိကထာ ပြီး၏။

၁။ ဘဝကို တောင့်တခြင်း၊ နိကန္တီတိ နိကာမနာ ပတ္ထနာ။ (အဋ္ဌကထာ)

၂။ သဟဇာတပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏ဟူလို၊ နောက် ဤနည်းချည်း။

၃။ ရုပ်ဇီဝိတိန္ဒြေ နာမ်ဇီဝိတိန္ဒြေဟူသော အာယု, တေဇောဓာတ်ဟူသော ဥသ္မာ, ပဋိသန္ဓေဝိညာဉ် ဟူသော ဝိညာဏ ဤသုံးပါးကို ဇီဝိတသင်္ခါရခေါ်သည်။ (အဋ္ဌကထာ)

--

၇-ကမ္မကထာ

၂၃၄။ ကံသည် ဖြစ်ခဲ့ပြီ၊ ကံအကျိုးသည် ဖြစ်ခဲ့ပြီ။ ကံသည် ဖြစ်ခဲ့ပြီ၊ ကံအကျိုးသည် မဖြစ်ခဲ့ သေး။ ကံသည် ဖြစ်ခဲ့ပြီ၊ ကံအကျိုးသည် ဖြစ်ဆဲ။ ကံသည် ဖြစ်ခဲ့ပြီ၊ ကံအကျိုးသည် ဖြစ်ဆဲမဟုတ်။ ကံသည် ဖြစ်ခဲ့ပြီ၊ ကံအကျိုးသည် ဖြစ်လတ္တံ့။ ကံသည် ဖြစ်ခဲ့ပြီ၊ ကံအကျိုးသည် မဖြစ်လတ္တံ့။ (အတိတ် ကံ=၆)

ကံသည် ဖြစ်ဆဲ၊ ကံအကျိုးသည် ဖြစ်ဆဲ။ ကံသည် ဖြစ်ဆဲ၊ ကံအကျိုးသည် ဖြစ်ဆဲမဟုတ်။ ကံသည် ဖြစ်ဆဲ၊ ကံအကျိုးသည် ဖြစ်လတ္တံ့။ ကံသည် ဖြစ်ဆဲ၊ ကံအကျိုးသည် မဖြစ်လတ္တံ့။ (ပစ္စုပ္ပန် ကံ+၄=၁၀)

ကံသည် ဖြစ်လတ္တံ့၊ ကံအကျိုးသည် ဖြစ်လတ္တံ့။ ကံသည် ဖြစ်လတ္တံ့၊ ကံအကျိုးသည် မဖြစ်လတ္တံ့။ (အနာဂတ်ကံ+၂=၁၂)

၂၃၅။ ကုသိုလ်ကံသည် ဖြစ်ခဲ့ပြီ၊ ကုသိုလ်ကံ၏အကျိုးသည် ဖြစ်ခဲ့ပြီ။ ကုသိုလ်ကံသည် ဖြစ်ခဲ့ပြီ၊ ကုသိုလ်ကံ၏အကျိုးသည် မဖြစ်ခဲ့သေး။ ကုသိုလ်ကံသည် ဖြစ်ခဲ့ပြီ၊ ကုသိုလ်ကံ၏အကျိုးသည် ဖြစ်ဆဲ။ ကုသိုလ်ကံသည် ဖြစ်ခဲ့ပြီ၊ ကုသိုလ်ကံ၏အကျိုးသည် ဖြစ်ဆဲမဟုတ်။ ကုသိုလ်ကံသည် ဖြစ်ခဲ့ပြီ၊ ကုသိုလ်ကံ၏အကျိုးသည် ဖြစ်လတ္တံ့။ ကုသိုလ်ကံသည် ဖြစ်ခဲ့ပြီ၊ ကုသိုလ်ကံ၏အကျိုးသည် မဖြစ်လတ္တံ့။

ကုသိုလ်ကံသည် ဖြစ်ဆဲ၊ ကုသိုလ်ကံ၏အကျိုးသည် ဖြစ်ဆဲ။ ကုသိုလ်ကံသည် ဖြစ်ဆဲ၊ ကုသိုလ်ကံ၏ အကျိုးသည် ဖြစ်ဆဲမဟုတ်။ ကုသိုလ်ကံသည် ဖြစ်ဆဲ၊ ကုသိုလ်ကံ၏အကျိုးသည် ဖြစ်လတ္တံ့။ ကုသိုလ် ကံသည် ဖြစ်ဆဲ၊ ကုသိုလ်ကံ၏အကျိုးသည် မဖြစ်လတ္တံ့။

ကုသိုလ်ကံသည် ဖြစ်လတ္တံ့၊ ကုသိုလ်ကံ၏အကျိုးသည် ဖြစ်လတ္တံ့။ ကုသိုလ်ကံသည် ဖြစ်လတ္တံ့၊ ကုသိုလ်ကံ၏ အကျိုးသည် မဖြစ်လတ္တံ့။

အကုသိုလ်ကံသည် ဖြစ်ခဲ့ပြီ၊ အကုသိုလ်ကံ၏အကျိုးသည် ဖြစ်ခဲ့ပြီ။ အကုသိုလ်ကံသည် ဖြစ်ခဲ့ပြီ၊ အကုသိုလ်ကံ၏အကျိုးသည် မဖြစ်ခဲ့သေး။ အကုသိုလ်ကံသည် ဖြစ်ခဲ့ပြီ၊ အကုသိုလ်ကံ၏အကျိုးသည် ဖြစ်ဆဲ။ အကုသိုလ်ကံသည် ဖြစ်ခဲ့ပြီ၊ အကုသိုလ်ကံ၏အကျိုးသည် ဖြစ်ဆဲမဟုတ်။ အကုသိုလ်ကံသည် ဖြစ်ခဲ့ပြီ၊ အကုသိုလ်ကံ၏အကျိုးသည် ဖြစ်လတ္တံ့။ အကုသိုလ်ကံသည် ဖြစ်ခဲ့ပြီ၊ အကုသိုလ်ကံ၏အကျိုး သည် မဖြစ်လတ္တံ့။

အကုသိုလ်ကံသည် ဖြစ်ဆဲ၊ အကုသိုလ်ကံ၏အကျိုးသည် ဖြစ်ဆဲ။ အကုသိုလ်ကံသည် ဖြစ်ဆဲ၊ အကုသိုလ်ကံ၏အကျိုးသည် ဖြစ်ဆဲမဟုတ်။ အကုသိုလ်ကံသည် ဖြစ်ဆဲ။ ၊ အကုသိုလ်ကံ၏အကျိုးသည် ဖြစ် လတ္တံ့။ အကုသိုလ်ကံသည် ဖြစ်ဆဲ၊ အကုသိုလ်ကံ၏အကျိုးသည် မဖြစ်လတ္တံ့။

အကုသိုလ်ကံသည် ဖြစ်လတ္တံ့၊ အကုသိုလ်ကံ၏အကျိုးသည် ဖြစ်လတ္တံ့။ အကုသိုလ်ကံသည် ဖြစ်လတ္တံ့၊ အကုသိုလ်ကံ၏ အကျိုးသည် မဖြစ်လတ္တံ့။

အပြစ်ရှိသော ကံသည် ဖြစ်ခဲ့ပြီ။ပ။ အပြစ်မရှိသောကံသည် ဖြစ်ခဲ့ပြီ။ပ။ မည်းညစ်သော ကံသည် ဖြစ်ခဲ့ပြီ။ပ။ ဖြူစင်သောကံသည် ဖြစ်ခဲ့ပြီ။ပ။ ချမ်းသာခြင်း တိုးပွါးစေတတ်သောကံသည် ဖြစ်ခဲ့ပြီ။ပ။ ဆင်းရဲခြင်း တိုးပွါးစေတတ်သောကံသည် ဖြစ်ခဲ့ပြီ။ပ။ ချမ်းသာသော အကျိုးရှိသော ကံသည် ဖြစ်ခဲ့ပြီ။ပ။ ဆင်းရဲသော အကျိုးရှိသောကံသည် ဖြစ်ခဲ့ပြီ၊ ဆင်းရဲသော အကျိုးရှိသော ကံ၏အကျိုးသည် ဖြစ်ခဲ့ပြီ။ ဆင်းရဲသော အကျိုးရှိသောကံသည် ဖြစ်ခဲ့ပြီ၊ ဆင်းရဲသော အကျိုးရှိသော ကံ၏အကျိုးသည် မဖြစ်ခဲ့သေး။ ဆင်းရဲသော အကျိုးရှိသောကံသည် ဖြစ်ခဲ့ပြီ၊ ဆင်းရဲသော အကျိုးရှိသော ကံ၏အကျိုးသည် ဖြစ်ဆဲ။ ဆင်းရဲသော အကျိုးရှိသောကံသည် ဖြစ်ခဲ့ပြီ၊ ဆင်းရဲသော အကျိုးရှိသော ကံ၏အကျိုးသည် ဖြစ်ဆဲမဟုတ်။ ဆင်းရဲသော အကျိုးရှိသောကံသည် ဖြစ်ခဲ့ပြီ၊ ဆင်းရဲသော အကျိုးရှိသော ကံ၏ အကျိုးသည် ဖြစ်လတ္တံ့။ ဆင်းရဲသော အကျိုးရှိသောကံသည် ဖြစ်ခဲ့ပြီ၊ ဆင်းရဲသော အကျိုးရှိသော ကံ၏ အကျိုးသည် မဖြစ်လတ္တံ့။

--

ဆင်းရဲသော အကျိုးရှိသောကံသည် ဖြစ်ဆဲ၊ ဆင်းရဲသော အကျိုးရှိသော ကံ၏အကျိုးသည် ဖြစ်ဆဲ။ ဆင်းရဲသော အကျိုးရှိသောကံသည် ဖြစ်ဆဲ၊ ဆင်းရဲသော အကျိုးရှိသော ကံ၏အကျိုးသည် ဖြစ်ဆဲ မဟုတ်။ ဆင်းရဲသော အကျိုးရှိသော ကံသည် ဖြစ်ဆဲ၊ ဆင်းရဲသော အကျိုးရှိသောကံ၏ အကျိုးသည် ဖြစ်လတ္တံ့။ ဆင်းရဲသော အကျိုးရှိသောကံသည် ဖြစ်ဆဲ၊ ဆင်းရဲသောအကျိုးရှိသော ကံ၏အကျိုးသည် မဖြစ်လတ္တံ့။

ဆင်းရဲသော အကျိုးရှိသောကံသည် ဖြစ်လတ္တံ့၊ ဆင်းရဲသော အကျိုးရှိသော ကံ၏အကျိုးသည် ဖြစ်လတ္တံ့။ ဆင်းရဲသော အကျိုးရှိသောကံသည် ဖြစ်လတ္တံ့၊ ဆင်းရဲသော အကျိုးရှိသောကံ၏ အကျိုး သည် မဖြစ်လတ္တံ့။

ကမ္မကထာ ပြီး၏။

၈-ဝိပလ္လာသကထာ

၂၃၆။ နိဒါန်းကား ရှေးအတိုင်းပင်တည်း။ ရဟန်းတို့-သညာဖောက်ပြန်ခြင်း၊ စိတ်ဖောက်ပြန်ခြင်း၊ အယူ ‘ဒိဋ္ဌိ’ ဖောက်ပြန်ခြင်းတို့သည် လေးပါးတို့တည်း။ အဘယ်လေးပါးတို့နည်းဟူမူ-ရဟန်းတို့ အနိစ္စ၌ “နိစ္စ”ဟု (နှလုံးသွင်းမူ) သညာဖောက်ပြန်ခြင်း၊ စိတ်ဖောက်ပြန်ခြင်း၊ အယူ ‘ဒိဋ္ဌိ’ ဖောက်ပြန်ခြင်း (ဖြစ်၏)။ ရဟန်းတို့ ဒုက္ခ၌ “သုခ”ဟု (နှလုံးသွင်းမူ) သညာဖောက်ပြန်ခြင်း၊ စိတ်ဖောက်ပြန်ခြင်း၊ အယူ ‘ဒိဋ္ဌိ'ဖောက်ပြန်ခြင်း (ဖြစ်၏)။ ရဟန်းတို့ အနတ္တ၌ “အတ္တ”ဟု (နှလုံးသွင်းမူ) သညာဖောက်ပြန်ခြင်း၊ စိတ်ဖောက်ပြန်ခြင်း၊ အယူဖောက်ပြန်ခြင်း (ဖြစ်၏)။ ရဟန်းတို့ အသုဘ၌ “သုဘ”ဟု (နှလုံးသွင်းမူ) သညာဖောက်ပြန်ခြင်း၊ စိတ်ဖောက်ပြန်ခြင်း၊ အယူဖောက်ပြန်ခြင်း (ဖြစ်၏)။ ရဟန်းတို့ ဤလေးပါးတို့ သည် သညာဖောက်ပြန်ခြင်း၊ စိတ်ဖောက်ပြန်ခြင်း၊ အယူဖောက်ပြန်ခြင်းတို့တည်း။

ရဟန်းတို့ သညာမဖောက်ပြန်ခြင်း၊ စိတ်မဖောက်ပြန်ခြင်း၊ အယူမဖောက်ပြန်ခြင်းတို့သည် ဤ လေးပါးတို့တည်း။ အဘယ်လေးပါးတို့နည်းဟူမူ- ရဟန်းတို့ အနိစ္စ၌ “အနိစ္စ”ဟု (နှလုံးသွင်းမူ) သညာမဖောက်ပြန်၊ စိတ်မဖောက်ပြန်၊ အယူ ‘ဒိဋ္ဌိ’ မဖောက်ပြန်။ ရဟန်းတို့ ဒုက္ခ၌ “ဒုက္ခ”ဟု (နှလုံး သွင်းမူ) သညာမဖောက်ပြန်၊ စိတ်မဖောက်ပြန်၊ အယူ ‘ဒိဋ္ဌိ'မဖောက်ပြန်။ ရဟန်းတို့ အနတ္တ၌ “အနတ္တ”ဟု (နှလုံးသွင်းမူ) သညာမဖောက်ပြန်၊ စိတ်မဖောက်ပြန်၊ အယူ‘ဒိဋ္ဌိ'မဖောက်ပြန်။ ရဟန်းတို့ အသုဘ၌ “အသုဘ”ဟု (နှလုံးသွင်းမူ) သညာမဖောက်ပြန်၊ စိတ်မဖောက်ပြန်၊ အယူမဖောက်ပြန်။ ရဟန်းတို့ ဤလေးပါးတို့သည် သညာမဖောက်ပြန်ခြင်း၊ စိတ်မဖောက်ပြန်ခြင်း၊ အယူမဖောက်ပြန်ခြင်းတို့တည်း။

--

(အကြင်သတ္တဝါတို့သည်) အနိစ္စ၌ “နိစ္စ”ဟု အမှတ်ရှိကုန်၏။ ဒုက္ခ၌လည်း ‘သုခ’ဟု အမှတ်ရှိကုန်၏။

အနတ္တ၌လည်း ‘အတ္တ’ဟု အမှတ်ရှိကုန်၏။ အသုဘ၌ လည်း ‘သုဘ’ဟု အမှတ်ရှိကုန်၏။

မိစ္ဆာဒိဋ္ဌိဖြင့်လည်း ဖျက်ဆီးအပ်ကုန်၏။ ပျံ့လွင့် သော စိတ်ရှိကုန်၏။ သညာကင်းကုန်၏။

ထိုသတ္တဝါတို့သည် မာရ်နတ်၏ ယောဂ၌ယှဉ်ကုန်၏။ ယောဂဘေးကုန်ရာ (နိဗ္ဗာန်) သို့ မရောက်ကုန်။ သတ္တဝါတို့သည် ပဋိသန္ဓေနေခြင်း၊ သေခြင်းသို့ ရောက်ကုန်လျက် သံသရာကို ကျင်လည်ကြရကုန်၏။

အကြင်အခါ၌မူ အလင်းရောင်ကို ပြုတတ်ကုန်သော မြတ်စွာဘုရားတို့သည် ဩကာသလောက၌ ဖြစ်ပွင့်တော်မူကုန်၏။ ထိုမြတ်စွာဘုရားတို့သည် ဒုက္ခငြိမ်းရာ (နိဗ္ဗာန်) သို့ရောက်ကြောင်းဖြစ်သော ဤတရားကို ပြတော်မူကုန်၏။

ထိုပညာရှိသတ္တဝါတို့သည် ထိုမြတ်စွာဘုရားတို့၏ (တရားစကားကို) နာကြားရ ကုန်၍ ဖောက်ပြန်ခြင်း ဝိပလ္လာသမရှိသော မိမိစိတ်ကို တစ်ဖန်ရကုန်၏။ အနိစ္စကို အနိစ္စအားဖြင့် မြင်ကုန်၏။ ဒုက္ခကို ဒုက္ခအားဖြင့် မြင်ကုန်၏။

အနတ္တ၌ အနတ္တဟု၊ အသုဘကို အသုဘအားဖြင့် မြင်ကုန်၏။ ယူအပ်သော ကောင်းသောအမြင် ‘ဒိဋ္ဌိ’ ရှိကုန်လျက် အလုံးစုံသော ဆင်းရဲဒုက္ခကို ကျော်လွန် ကုန်၏။

ဤဖောက်ပြန်ခြင်း လေးပါးတို့ကို သောတာပန်ပုဂ္ဂိုလ်သည် ပယ်အပ်ကုန်သလော။ မပယ်အပ် ကုန်သလော။ အချို့တို့ကို ပယ်အပ်ကုန်၏။ အချို့တို့ကို မပယ်အပ်ကုန်။ အနိစ္စ၌ ‘နိစ္စ’ဟု (ယူသော) သညာ ဖောက်ပြန်ခြင်း၊ စိတ်ဖောက်ပြန်ခြင်း၊ အယူဖောက်ပြန်ခြင်းကို ပယ်အပ်၏။ (မောဟကို မပယ်ရ သေးသောကြောင့်) ဒုက္ခ၌ ‘သုခ’ဟု (ယူသော) သညာသည် ဖြစ်၏။ စိတ်သည် ဖြစ်၏။ အယူဖောက် ပြန်ခြင်းကို ပယ်အပ်၏။

အနတ္တ၌ ‘အတ္တ’ဟု (ယူသော) သညာဖောက်ပြန်ခြင်း၊ စိတ်ဖောက်ပြန်ခြင်း၊ အယူဖောက်ပြန်ခြင်း တို့ကို ပယ်အပ်၏။ အသုဘ၌ ‘သုဘ’ဟု (ယူသော) သညာသည် ဖြစ်၏။ စိတ်သည် ဖြစ်၏။ အယူ ‘ဒိဋ္ဌိ’ ဖောက်ပြန်ခြင်းကို ပယ်အပ်၏။ ဝတ္ထုနှစ်မျိုးတို့၌ ဖောက်ပြန်ခြင်း ခြောက်ပါးတို့ကို ပယ်အပ်ကုန်၏။ ဝတ္ထုနှစ်မျိုးတို့၌ ဖောက်ပြန်ခြင်းနှစ်ပါးတို့ကို ပယ်အပ်ကုန်၏။ ဖောက်ပြန်ခြင်း လေးပါးတို့ကို မပယ်အပ်ကုန်။ ဝတ္ထုလေးမျိုးတို့၌ ဖောက်ပြန်ခြင်း ရှစ်ပါးတို့ကို ပယ်အပ်ကုန်၏။ ဖောက်ပြန်ခြင်း လေးပါးတို့ ကို မပယ်အပ်ကုန်။

ဝိပလ္လာသကထာ ပြီး၏။

--

၉-မဂ္ဂကထာ

၂၃၇။ မဂ်ဟူသည် အဘယ်အနက်သဘောကြောင့် မဂ်မည်သနည်း။ သောတာပတ္တိမဂ်ခဏ၌ မြင်ခြင်းအနက်သဘောကြောင့် သမ္မာဒိဋ္ဌိသည် မိစ္ဆာဒိဋ္ဌိကို ပယ်ခြင်းငှါ မဂ်လည်းမည်၏၊ သမ္ပာပကဟိတ် လည်းမည်၏။ တကွဖြစ်ကုန်သောတရားတို့ကို ထောက်ပံ့ခြင်းငှါ မဂ်လည်းမည်၏၊ သမ္ပာပကဟိတ်လည်း မည်၏။ ကိလေသာတို့ကို ကုန်စေခြင်းငှါ မဂ်လည်းမည်၏၊ သမ္ပာပကဟိတ်လည်း မည်၏။ ထိုးထွင်း၍ သိခြင်း၏ အစကို စင်ကြယ်စေခြင်းငှါ မဂ်လည်းမည်၏၊ သမ္ပာပကဟိတ်လည်း မည်၏။ သမ္ပယုတ်စိတ်၏ (မိမိကိစ္စ၌) တည်ခြင်းငှါ မဂ်လည်း မည်၏၊ သမ္ပာပကဟိတ်လည်း မည်၏။ စိတ်၏ ဖြူစင်ခြင်းငှါ မဂ်လည်း မည်၏၊ သမ္ပာပက ဟိတ်လည်း မည်၏။ အထူးကို ရခြင်းငှါ မဂ်လည်း မည်၏၊ သမ္ပာပက ဟိတ်လည်း မည်၏။ အလွန်ကို ထိုးထွင်း၍ သိခြင်းငှါ မဂ်လည်း မည်၏၊ သမ္ပာပကဟိတ်လည်း မည်၏။ သစ္စာကို ထိုးထွင်း၍ သိခြင်းငှါ မဂ်လည်း မည်၏၊ သမ္ပာပကဟိတ်လည်း မည်၏။

ချုပ်ငြိမ်းရာ နိဗ္ဗာန်၌ (စိတ်ကိုလည်းကောင်း၊ ပုဂ္ဂိုလ်ကိုလည်းကောင်း) တည်စေခြင်းငှါ မဂ်လည်း မည်၏၊ သမ္ပာပကဟိတ်လည်း မည်၏။

ရှေးရှုတင်ပေးခြင်းအနက်သဘောကြောင့် သမ္မာသင်္ကပ္ပသည် မိစ္ဆာသင်္ကပ္ပကို ပယ်ခြင်းငှါ မဂ်လည်း မည်၏၊ သမ္ပာပကဟိတ်လည်း မည်၏။ တကွဖြစ်သော တရားတို့ကို ထောက်ပံ့ခြင်းငှါ မဂ်လည်းမည်၏၊ သမ္ပာပကဟိတ်လည်း မည်၏။ ကိလေသာတို့ကို ကုန်စေခြင်းငှါ မဂ်လည်း မည်၏၊ သမ္ပာပကဟိတ်လည်း မည်၏။ ထိုးထွင်း၍ သိခြင်း၏ အစကို စင်ကြယ်စေခြင်းငှါ မဂ်လည်း မည်၏၊ သမ္ပာပကဟိတ်လည်း မည်၏။ (သမ္ပယုတ်) စိတ်၏ (မိမိကိစ္စ၌) တည်ခြင်းငှါ မဂ်လည်း မည်၏၊ သမ္ပာပကဟိတ်လည်းမည်၏။

စိတ်၏ ဖြူစင်ခြင်းငှါ မဂ်လည်း မည်၏၊ သမ္ပာပကဟိတ်လည်း မည်၏။ အထူးကို ရခြင်းငှါ မဂ်လည်း မည်၏၊ သမ္ပာပကဟိတ်လည်း မည်၏။ အလွန်ကို ထိုးထွင်း၍ သိခြင်းငှါ မဂ်လည်းမည်၏၊ သမ္ပာပကဟိတ်လည်း မည်၏။ သစ္စာကို ထိုးထွင်း၍ သိခြင်းငှါ မဂ်လည်းမည်၏၊ သမ္ပာပကဟိတ်လည်း မည်၏။ ချုပ်ငြိမ်းရာ နိဗ္ဗာန်၌ (စိတ်ကိုလည်းကောင်း၊ ပုဂ္ဂိုလ်ကိုလည်းကောင်း) တည်စေခြင်းငှါ မဂ်လည်း မည်၏၊ သမ္ပာပကဟိတ်လည်း မည်၏။

သိမ်းဆည်းခြင်း အနက်သဘောကြောင့် သမ္မာဝါစာသည် မိစ္ဆာဝါစာကို ပယ်ခြင်းငှါ မဂ်လည်းမည်၏၊ သမ္ပာပကဟိတ်လည်း မည်၏။ တကွဖြစ်သော တရားတို့ကို ထောက်ပံ့ခြင်းငှါ မဂ်လည်းမည်၏၊ သမ္ပာပကဟိတ်လည်း မည်၏။ ကိလေသာတို့ကို ကုန်စေခြင်းငှါ မဂ်လည်း မည်၏၊ သမ္ပာပကဟိတ် လည်း မည်၏။ ထိုးထွင်း၍ သိခြင်း၏ အစကို စင်ကြယ်စေခြင်းငှါ မဂ်လည်းမည်၏၊ သမ္ပာပကဟိတ် လည်း မည်၏။ (သမ္ပယုတ်) စိတ်၏ (မိမိကိစ္စ၌) တည်ခြင်းငှါ မဂ်လည်း မည်၏၊ သမ္ပာပကဟိတ်လည်း မည်၏။ စိတ်၏ ဖြူစင်ခြင်းငှါ မဂ်လည်း မည်၏၊ သမ္ပာပကဟိတ်လည်း မည်၏။ အထူးကိုရခြင်းငှါ မဂ်လည်း မည်၏၊ သမ္ပာပကဟိတ်လည်း မည်၏။ အလွန်ကို ထိုးထွင်း၍ သိခြင်းငှါ မဂ်လည်းမည်၏၊ သမ္ပာပကဟိတ်လည်း မည်၏။ သစ္စာကို ထိုးထွင်း၍ သိခြင်းငှါ မဂ်လည်း မည်၏၊ သမ္ပာပကဟိတ်လည်း မည်၏။ ချုပ်ငြိမ်းရာ နိဗ္ဗာန်၌ (စိတ်ကိုလည်းကောင်း၊ ပုဂ္ဂိုလ်ကိုလည်းကောင်း) တည်စေခြင်းငှါ မဂ်လည်း မည်၏၊ သမ္ပာပကဟိတ်လည်း မည်၏။

ကောင်းစွာဖြစ်ကြောင်း အနက်သဘောကြောင့် သမ္မာကမ္မန္တသည် မိစ္ဆာကမ္မန ္တကို ပယ်ခြင်းငှါ မဂ်လည်း့မည်၏၊ သမ္ပာပကဟိတ်လည်း မည်၏။ တကွဖြစ်သော တရားတို့ကို ထောက်ပံ့ခြင်းငှါ မဂ်လည်းမည်၏၊ သမ္ပာပကဟိတ်လည်း မည်၏။ ကိလေသာတို့ကို ကုန်စေခြင်းငှါ မဂ်လည်း မည်၏၊ သမ္ပာပကဟိတ်လည်း မည်၏။ ထိုးထွင်း၍ သိခြင်း၏ အစကို စင်ကြယ်စေခြင်းငှါ မဂ်လည်းမည်၏၊ သမ္ပာပကဟိတ်လည်း မည်၏။ (သမ္ပယုတ်) စိတ်၏ (မိမိကိစ္စ၌) တည်စေခြင်းငှါ မဂ်လည်း မည်၏၊ သမ္ပာပကဟိတ်လည်း မည်၏။ စိတ်၏ ဖြူစင်ခြင်းငှါ မဂ်လည်း မည်၏၊ သမ္ပာပကဟိတ်လည်း မည်၏။ အထူးကို ရခြင်းငှါ မဂ်လည်း မည်၏၊ သမ္ပာပကဟိတ်လည်း မည်၏။ အလွန်ကို ထိုးထွင်း၍ သိခြင်းငှါ မဂ်လည်းမည်၏၊ သမ္ပာပကဟိတ်လည်း မည်၏။ သစ္စာကို ထိုးထွင်း၍ သိခြင်းငှါ မဂ်လည်းမည်၏၊ သမ္ပာပကဟိတ်လည်း မည်၏။ ချုပ်ငြိမ်းရာ နိဗ္ဗာန်၌ (စိတ်ကိုလည်းကောင်း၊ ပုဂ္ဂိုလ်ကိုလည်းကောင်း) တည်စေခြင်းငှါ မဂ်လည်း မည်၏၊ သမ္ပာပကဟိတ်လည်း မည်၏။

--

ဖြူစင်ခြင်း အနက်သဘောကြောင့် သမ္မာအာဇီဝသည် မိစ္ဆာအာဇီဝကို ပယ်ခြင်းငှါ မဂ်လည်းမည်၏၊ သမ္ပာပကဟိတ်လည်း မည်၏။ပ။ ချီးမြှောက်ခြင်း အနက်သဘောကြောင့် သမ္မာဝါယာမသည် မိစ္ဆာဝါယာမ ကို ပယ်ခြင်းငှါ မဂ်လည်းမည်၏၊ သမ္ပာပကဟိတ်လည်း မည်၏။ပ။ ထင်ခြင်းအနက်သဘောကြောင့် သမ္မာသတိသည် မိစ္ဆာသတိကို ပယ်ခြင်းငှါ မဂ်လည်းမည်၏၊ သမ္ပာပကဟိတ်လည်း မည်၏။ မပျံ့လွင့်ခြင်း အနက်သဘောကြောင့် သမ္မာသမာဓိသည် မိစ္ဆာသမာဓိကို ပယ်ခြင်းငှါ မဂ်လည်းမည်၏၊ သမ္ပာပကဟိတ် လည်း မည်၏။ တကွဖြစ်သော တရားတို့ကို ထောက်ပံ့ခြင်းငှါ မဂ်လည်းမည်၏၊ သမ္ပာပကဟိတ်လည်း မည်၏။ ကိလေသာတို့ကို ကုန်စေခြင်းငှါ မဂ်လည်းမည်၏၊ သမ္ပာပကဟိတ်လည်း မည်၏။ ထိုးထွင်း၍ သိခြင်း၏ အစကို စင်ကြယ်စေခြင်းငှါ မဂ်လည်းမည်၏၊ သမ္ပာပကဟိတ်လည်း မည်၏။ သမ္ပယုတ်စိတ်၏ မိမိကိစ္စ၌ တည်ခြင်းငှါ မဂ်လည်း မည်၏၊ သမ္ပာပကဟိတ်လည်း မည်၏။ စိတ်၏ ဖြူစင်ခြင်းငှါ မဂ်လည်း မည်၏၊ သမ္ပာပကဟိတ်လည်း မည်၏။ အထူးကို ရခြင်းငှါ မဂ်လည်းမည်၏။

သမ္ပာပကဟိတ်လည်း မည်၏။ အလွန်ကို ထိုးထွင်း၍ သိခြင်းငှါ မဂ်လည်း မည်၏၊ သမ္ပာပကဟိတ်လည်း မည်၏။ သစ္စာကို ထိုးထွင်း၍ သိခြင်းငှါ မဂ်လည်းမည်၏၊ သမ္ပာပကဟိတ်လည်း မည်၏။

ချုပ်ငြိမ်းရာ နိဗ္ဗာန်၌ တည်စေခြင်း ငှါ မဂ်လည်းမည်၏၊ သမ္ပာပကဟိတ်လည်း မည်၏။

သကဒါဂါမိမဂ်ခဏ၌ မြင်ခြင်းအနက်သဘောကြောင့် သမ္မာဒိဋ္ဌိသည်။ပ။ မပျံ့လွင့်ခြင်းအနက်သဘော ကြောင့် သမ္မာသမာဓိသည် ရုန့်ရင်းသော ကာမရာဂသံယောဇဉ်၊ ပဋိဃသံယောဇဉ်၊ ရုန့်ရင်းသော ကာမရာဂါနုသယ၊ ပဋိဃာနုသယကို ပယ်ခြင်းငှါ မဂ်လည်းမည်၏၊ သမ္ပာပကဟိတ်လည်း မည်၏။

တကွဖြစ်သော တရားတို့ကို ထောက်ပံ့ခြင်းငှါ မဂ်လည်း မည်၏၊ သမ္ပာပကဟိတ်လည်း မည်၏။

ကိလေသာတို့ကို ကုန်စေခြင်းငှါ မဂ်လည်း မည်၏၊ သမ္ပာပကဟိတ်လည်း မည်၏။ ထိုးထွင်း၍ သိခြင်း၏ အစကို စင်ကြယ်စေခြင်းငှါ မဂ်လည်းမည်၏၊ သမ္ပာပကဟိတ်လည်း မည်၏။ သမ္ပယုတ်စိတ်၏ မိမိကိစ္စ၌ တည်ခြင်းငှါ မဂ်လည်းမည်၏၊ သမ္ပာပကဟိတ်လည်း မည်၏။ စိတ်၏ ဖြူစင်ခြင်းငှါ မဂ်လည်း မည်၏၊ သမ္ပာပကဟိတ်လည်း မည်၏။ အထူးကို ရခြင်းငှါ မဂ်လည်း မည်၏၊ သမ္ပာပကဟိတ်လည်း မည်၏။

အလွန်ကို ထိုးထွင်း၍ သိခြင်းငှါ မဂ်လည်း မည်၏၊ သမ္ပာပကဟိတ်လည်း မည်၏။ သစ္စာကို ထိုးထွင်း၍ သိခြင်းငှါ မဂ်လည်း မည်၏၊ သမ္ပာပကဟိတ်လည်း မည်၏။ ချုပ်ငြိမ်းရာ နိဗ္ဗာန်၌ တည်စေခြင်းငှါ မဂ်လည်း မည်၏၊ သမ္ပာပကဟိတ်လည်း မည်၏။

အနာဂါမိမဂ်ခဏ၌ မြင်ခြင်းအနက်သဘောကြောင့် သမ္မာဒိဋ္ဌိသည်။ပ။ မပျံ့လွင့်ခြင်းအနက်သဘော ကြောင့် သမ္မာသမာဓိသည် သိမ်မွေ့သော ကာမရာဂသံယောဇဉ်၊ ပဋိဃသံယောဇဉ်၊ သိမ်မွေ့သော ကာမရာဂါနုသယ၊ ပဋိဃာနုသယကို ပယ်ခြင်းငှါ မဂ်လည်း မည်၏၊ သမ္ပာပကဟိတ်လည်း မည်၏။ တကွ ဖြစ်သော တရားတို့ကို ထောက်ပံ့ခြင်းငှါ မဂ်လည်းမည်၏၊ သမ္ပာပကဟိတ်လည်းမည်၏။

--

ကိလေသာတို့ကို ကုန်စေခြင်းငှါ မဂ်လည်း မည်၏၊ သမ္ပာပကဟိတ်လည်း မည်၏။ ထိုးထွင်း၍ သိခြင်း၏့အစကို စင်ကြယ် စေခြင်းငှါ မဂ်လည်းမည်၏၊ သမ္ပာပကဟိတ်လည်း မည်၏၊ သမ္ပယုတ်စိတ်၏ (မိမိကိစ္စ၌) တည်ခြင်းငှါ မဂ်လည်း မည်၏။ သမ္ပာပကဟိတ်လည်း မည်၏။ စိတ်၏ ဖြူစင်ခြင်းငှါ မဂ်လည်းမည်၏၊ သမ္ပာပက ဟိတ်လည်း မည်၏။ အထူးကို ရခြင်းငှါ မဂ်လည်းမည်၏၊ သမ္ပာပကဟိတ်လည်း မည်၏။ အလွန်ကို ထိုးထွင်း၍ သိခြင်းငှါ မဂ်လည်းမည်၏၊ သမ္ပာပကဟိတ်လည်း မည်၏။ သစ္စာကို ထိုးထွင်း၍ သိခြင်းငှါ မဂ်လည်း မည်၏၊ သမ္ပာပကဟိတ်လည်း မည်၏။ ချုပ်ငြိမ်းရာ နိဗ္ဗာန်၌ တည်စေခြင်းငှါ မဂ်လည်း မည်၏၊ သမ္ပာပကဟိတ်လည်း မည်၏။

အရဟတ္တမဂ်ခဏ၌ မြင်ခြင်းအနက်သဘောကြောင့် သမ္မာဒိဋ္ဌိသည်။ပ။ မပျံ့လွင့်ခြင်းအနက်သဘော ကြောင့် သမ္မာသမာဓိသည် ရူပရာဂ၊ အရူပရာဂ၊ မာန၊ ဥဒ္ဓစ္စ၊ အဝိဇ္ဇာ၊ မာနာနုသယ၊ ဘဝရာဂါနုသယ၊ အဝိဇ္ဇာနုသယကို ပယ်ခြင်းငှါ မဂ်လည်းမည်၏၊ သမ္ပာပကဟိတ်လည်း မည်၏။ တကွဖြစ်သော တရား တို့ကို ထောက်ပံ့ခြင်းငှါ မဂ်လည်းမည်၏၊ သမ္ပာပကဟိတ်လည်းမည်၏။ ကိလေသာတို့ကို ကုန်စေခြင်းငှါ မဂ်လည်းမည်၏၊ သမ္ပာပကဟိတ်လည်း မည်၏။ ထိုးထွင်း၍ သိခြင်း၏ အစကို စင်ကြယ်စေခြင်းငှါ မဂ်လည်းမည်၏၊ သမ္ပာပကဟိတ်လည်း မည်၏။ သမ္ပယုတ်စိတ်၏ (မိမိကိစ္စ၌) တည်ခြင်းငှါ မဂ်လည်း မည်၏၊ သမ္ပာပကဟိတ်လည်း မည်၏။ စိတ်၏ ဖြူစင်ခြင်းငှါ မဂ်လည်းမည်၏၊ သမ္ပာပကဟိတ်လည်း မည်၏။ အထူးကို ရခြင်းငှါ မဂ်လည်း မည်၏၊ သမ္ပာပကဟိတ်လည်း မည်၏။ အလွန်ကို ထိုးထွင်း၍ သိခြင်းငှါ မဂ်လည်း မည်၏၊ သမ္ပာပကဟိတ်လည်း မည်၏။ သစ္စာကို ထိုးထွင်း၍ သိခြင်းငှါ မဂ်လည်း မည်၏၊ သမ္ပာပကဟိတ်လည်း မည်၏။ ချုပ်ငြိမ်းရာ နိဗ္ဗာန်၌ တည်စေခြင်းငှါ မဂ်လည်းမည်၏ သမ္ပာ ပကဟိတ်လည်း မည်၏။

မြင်ခြင်းဟူသော အကြောင်းကား သမ္မာဒိဋ္ဌိတည်း။ ရှေးရှုတင်ပေးခြင်းဟူသော အကြောင်းကား သမ္မာသင်္ကပ္ပတည်း။ သိမ်းဆည်းခြင်းဟူသော အကြောင်းကား သမ္မာဝါစာတည်း။ ကောင်းစွာ ဖြစ်ခြင်းဟူ သော အကြောင်းကား သမ္မာကမ္မန္တတည်း။ ဖြူစင်ခြင်းဟူသော အကြောင်းကား သမ္မာအာဇီဝတည်း။ အားထုတ်ခြင်းဟူသော အကြောင်းကား သမ္မာဝါယာမတည်း။ ထင်ခြင်းဟူသော အကြောင်းကား သမ္မာ သတိတည်း။ မပျံ့လွင့်ခြင်းဟူသော အကြောင်းကား သမ္မာသမာဓိတည်း။ ထင်ခြင်းဟူသော အကြောင်း ကား သတိသမ္ဗောဇ္ဈင်တည်း။ စိစစ် ‘စူးစမ်း'ခြင်းဟူသော အကြောင်းကား ဓမ္မဝိစယသမ္ဗောဇ္ဈင်တည်း။ အားထုတ်ခြင်းဟူသော အကြောင်းကား ဝီရိယသမ္ဗောဇ္ဈင်တည်း။ ပျံ့နှံ့ခြင်းဟူသော အကြောင်းကား ပီတိသမ္ဗောဇ္ဈင်တည်း။ ငြိမ်းချမ်းခြင်းဟူသော အကြောင်းကား ပဿဒ္ဓိသမ္ဗောဇ္ဈင်တည်း။ မပျံ့လွင့်ခြင်းဟူ သော အကြောင်းကား သမာဓိသမ္ဗောဇ္ဈင်တည်း။ ဆင်ခြင်ခြင်းဟူသော အကြောင်းကား ဥပေက္ခာသမ္ဗော ဇ္ဈင်တည်း။

မယုံကြည်ခြင်းကြောင့် မတုန်လှုပ်စေနိုင်သော အကြောင်းကား သဒ္ဓါဗိုလ်၊ ပျင်းရိခြင်းကြောင့် မတုန် လှုပ်စေနိုင်သော အကြောင်းကား ဝီရိယဗိုလ်၊ မေ့လျော့ခြင်းကြောင့် မတုန်လှုပ်စေနိုင်သော အကြောင်းကား သတိဗိုလ်၊ ဥဒ္ဓစ္စကြောင့် မတုန်လှုပ်စေနိုင်သော အကြောင်းကား သမာဓိဗိုလ်၊ အဝိဇ္ဇာကြောင့် မတုန် လှုပ်စေနိုင်သော အကြောင်းကား ပညာဗိုလ်။ ဆုံးဖြတ်ခြင်းအကြောင်းကား သဒ္ဓိန္ဒြေ၊ အားထုတ်ခြင်း အကြောင်းကား ဝီရိယိန္ဒြေ၊ ထင်ခြင်းအကြောင်းကား သတိန္ဒြေ၊ မပျံ့လွင့်ခြင်းအကြောင်းကား သမာဓိန္ဒြေ၊ မြင်ခြင်းအကြောင်းကား ပညိန္ဒြေတည်း။

--

အစိုးရခြင်း အနက်သဘောကြောင့် ဣန္ဒြေတို့သည် မဂ်၊ မတုန်လှုပ်ခြင်း အနက်သဘောကြောင့် ဗိုလ်တို့သည် မဂ်၊ ထွက်မြောက်ကြောင်းဖြစ်သော အနက်သဘောကြောင့် ဗောဇ္ဈင်တို့သည် မဂ်၊ သမ္ပာ ပကဟိတ် အနက်သဘောကြောင့် မဂ္ဂင်တို့သည် မဂ်၊ ထင်ခြင်းအနက်သဘောကြောင့် သတိပဋ္ဌာန်တို့သည် မဂ်၊ အားထုတ်ခြင်း အနက်သဘောကြောင့် သမ္မပ္ပဓာန်တို့သည် မဂ်၊ ပြည့်စုံ ‘ပြီးမြောက်'ခြင်း အနက် သဘောကြောင့် ဣဒ္ဓိပ္ပါဒ်တို့သည် မဂ်၊ဟုတ်မှန်ခြင်း အနက်သဘောကြောင့် သစ္စာတို့သည် မဂ်၊ မပျံ့လွင့်ခြင်း အနက်သဘောကြောင့် သမထသည် မဂ်၊ အဖန်ဖန်ရှုခြင်း အနက်သဘောကြောင့် ဝိပဿနာသည် မဂ်၊ တစ်ခုတည်းသော ကိစ္စရှိသော အနက်သဘောကြောင့် သမထ, ဝိပဿနာသည် မဂ်၊ လွန်၍ မဖြစ်ခြင်း အနက်သဘောကြောင့် ယုဂနဒ္ဓ (အစုံတွဲ ယှက်သည့် သမထ ဝိပဿနာ တရား) တို့သည် မဂ်၊ စောင့်စည်းခြင်း အနက်သဘောကြောင့် သီလဝိသုဒ္ဓိသည် မဂ်၊ မပျံ့လွင့်ခြင်း အနက်သဘောကြောင့် စိတ္တ ဝိသုဒ္ဓိသည် မဂ်၊ မြင်ခြင်း အနက်သဘောကြောင့် ဒိဋ္ဌိဝိသုဒ္ဓိသည် မဂ်၊ လွတ်ခြင်း အနက်သဘောကြောင့် ဝိမောက္ခသည် မဂ်၊ ထိုးထွင်း၍ သိခြင်း အနက်သဘောကြောင့် ဝိဇ္ဇာသည် မဂ်၊ စွန့်လွှတ်ခြင်း အနက် သဘောကြောင့် ဝိမုတ္တိသည် မဂ်၊ အကြွင်းမဲ့ဖြတ်ခြင်း အနက်သဘောကြောင့် ခယဉာဏ်သည် မဂ်၊ ဆန္ဒသည် အရင်းမူလအနက် သဘောကြောင့် မဂ်၊ မနသိကာရသည် (ကောင်းစွာ) ဖြစ်ကြောင်းအနက် သဘောကြောင့် မဂ်၊ ဖဿသည် ပေါင်းခြင်းအနက်သဘောကြောင့် မဂ်၊ ဝေဒနာသည် စုဝေးခြင်း အနက် သဘောကြောင့် မဂ်၊ သမာဓိသည် အမှူးအနက်သဘောကြောင့် မဂ်၊ သတိသည် အကြီး အကဲအနက် သဘောကြောင့် မဂ်၊ ပညာသည် ထို့ထက်လွန်ခြင်း အနက်သဘောကြောင့် မဂ်၊ ဝိမုတ္တိသည် အနှစ်သာရ အနက်သဘောကြောင့် မဂ်၊ သေခြင်းမရှိရာသို့ သက်သော နိဗ္ဗာန်သည် ပြီးဆုံးခြင်း အနက်သဘော ကြောင့် မဂ်မည်၏။

မဂ္ဂကထာ ပြီး၏။

--

၁၀-မဏ္ဍပေယျကထာ

၂၃၈။ ရဟန်းတို့ မြတ်သောအကျင့်တည်းဟူသော သောက်ဖွယ်အကြည်သည် ရှိ၏။ မြတ်စွာဘုရား သည် မျက်မှောက်ဖြစ်တော်မူ၏။ အကြည်သည် မြတ်စွာဘုရား မျက်မှောက်ဖြစ်တော်မူစဉ် ဒေသနာဟူ သော အကြည်၊ ခံယူသူဟူသော အကြည်၊ မြတ်သောအကျင့်တည်းဟူသော အကြည်ဟု သုံးပါးအပြား ရှိ၏။

ဒေသနာဟူသော အကြည်သည် အဘယ်နည်း။ အရိယသစ္စာ လေးပါးတို့ကို ပြောကြားခြင်း၊ ဟောပြခြင်း၊ သိစေခြင်း၊ ဖြစ်စေခြင်း၊ ဖွင့်လှစ်ခြင်း၊ ဝေဖန်ခြင်း၊ ထင်ပေါ်အောင် ပြုခြင်းတည်း။ သတိ ပဋ္ဌာန်လေးပါးတို့ကို။ပ။ သမ္မပ္ပဓာန်လေးပါးတို့ကို။ ဣဒ္ဓိပါဒ်လေးပါးတို့ကို။ ဣန္ဒြေငါးပါးတို့ကို။ ဗိုလ် ငါးပါးတို့ကို။ သမ္ဗောဇ္ဈင်ခုနစ်ပါးတို့ကို။ အင်္ဂါရှစ်ပါးရှိသော အရိယမဂ်ကို ပြောကြားခြင်း၊ ဟောပြခြင်း၊ သိစေခြင်း၊ ဖြစ်စေခြင်း၊ ဖွင့်လှစ်ခြင်း၊ ဝေဖန်ခြင်း၊ ထင်ပေါ်အောင် ပြုခြင်းတည်း။ ဤကား ဒေသနာ အကြည်တည်း။ (၁)

ခံယူသူဟူသော အကြည်သည် အဘယ်နည်း။ ရဟန်းယောက်ျား၊ ရဟန်းမိန်းမ၊ ဥပါသကာ ယောက်ျား၊ ဥပါသိကာမိန်းမ၊ နတ်၊ လူ၊ ထိုမှတစ်ပါး အမှတ်မရှိ သိတတ်သူတို့တည်း။ ဤကား ခံယူ သူ အကြည်တည်း။ (၂)

မြတ်သော အကျင့်တည်းဟူသော အကြည်သည် အဘယ်နည်း။ အင်္ဂါရှစ်ပါးရှိသော အရိယမဂ်ပင်တည်း။ အင်္ဂါရှစ်ပါးရှိသော အရိယမဂ်ကား အဘယ်နည်း။ သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ၊ သမ္မာဝါစာ၊ သမ္မာ ကမ္မန္တ၊ သမ္မာအာဇီဝ၊ သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိတည်း။ ဤကား မြတ်သော အကျင့်တည်းဟူသော အကြည်တည်း။ (၃)

၂၃၉။ ဆုံးဖြတ်ခြင်း အကြည်သည် သဒ္ဓိန္ဒြေတည်း။ မယုံကြည်မှုသည် နောက်ကျုခြင်းတည်း။ မယုံကြည်မှုဟူသော နောက်ကျုခြင်းကို စွန့်၍ သဒ္ဓိန္ဒြေ၏ ဆုံးဖြတ်ခြင်း အကြည်ကို သောက်သောကြောင့် သောက်ဖွယ်အကြည် ‘မဏ္ဍပေယျ’ မည်၏။ အားထုတ်ခြင်း အကြည်သည် ဝီရိယိန္ဒြေတည်း။ ပျင်းရိခြင်း သည် နောက်ကျုခြင်းတည်း။ ပျင်းရိခြင်းဟူသော နောက်ကျုခြင်းကို စွန့်၍ ဝီရိယိန္ဒြေ၏ အားထုတ်ခြင်း့အကြည်ကို သောက်သောကြောင့် သောက်ဖွယ်အကြည် ‘မဏ္ဍပေယျ’ မည်၏။ ထင်ခြင်း အကြည်သည် သတိန္ဒြေတည်း။ မေ့လျော့ခြင်းသည် နောက်ကျုခြင်းတည်း။ မေ့လျော့ခြင်းတည်းဟူသော နောက်ကျုခြင်း ကို စွန့်၍ သတိန္ဒြေ၏ ထင်ခြင်းအကြည်ကို သောက်သောကြောင့် သောက်ဖွယ်အကြည် ‘မဏ္ဍပေယျ’ မည်၏။ မပျံ့လွင့်ခြင်းအကြည်သည် သမာဓိန္ဒြေတည်း။ ဥဒ္ဓစ္စသည် နောက်ကျုခြင်းတည်း။ ဥဒ္ဓစ္စတည်းဟူသော နောက်ကျုခြင်းကို စွန့်၍ သမာဓိန္ဒြေ၏ မပျံ့လွင့်ခြင်းအကြည်ကို သောက်သောကြောင့် သောက် ဖွယ်အကြည် ‘မဏ္ဍပေယျ’ မည်၏။ မြင်ခြင်းအကြည်သည် ပညိန္ဒြေတည်း။ အဝိဇ္ဇာသည် နောက်ကျုခြင်းတည်း။ အဝိဇ္ဇာတည်းဟူသော နောက်ကျုခြင်းကို စွန့်၍ ပညိန္ဒြေ၏ မြင်ခြင်းအကြည်ကို သောက်သော ကြောင့် သောက်ဖွယ်အကြည် ‘မဏ္ဍပေယျ’ မည်၏။

သဒ္ဓါမရှိခြင်းကြောင့် မတုန်လှုပ်စေနိုင်ခြင်းအကြည်သည် သဒ္ဓါဗိုလ်တည်း။ သဒ္ဓါမရှိခြင်းသည် နောက် ကျုခြင်းတည်း။ သဒ္ဓါမရှိခြင်းဟူသော နောက်ကျုခြင်းကို စွန့်၍ သဒ္ဓါဗိုလ်၏ သဒ္ဓါမရှိခြင်း၌ မတုန်လှုပ်စေနိုင်ခြင်းအကြည်ကို သောက်သောကြောင့် သောက်ဖွယ်အကြည် ‘မဏ္ဍပေယျ’ မည်၏။ ပျင်းရိခြင်းကြောင့် မတုန်လှုပ်စေနိုင်ခြင်းအကြည်သည် ဝီရိယဗိုလ်တည်း။ ပျင်းရိခြင်းသည် နောက်ကျုခြင်းတည်း။ ပျင်းရိခြင်းတည်းဟူသော နောက်ကျုခြင်းကို စွန့်၍ ဝီရိယဗိုလ်၏ ပျင်းရိခြင်း၌ မတုန်လှုပ်စေနိုင်ခြင်းအကြည်ကို သောက်သောကြောင့် သောက်ဖွယ်အကြည် ‘မဏ္ဍပေယျ’မည်၏။ မေ့လျော့ခြင်းကြောင့် မတုန်လှုပ်စေနိုင်ခြင်း အကြည်သည် သတိဗိုလ်တည်း။ မေ့လျော့ခြင်းသည် နောက်ကျုခြင်းတည်း။ မေ့လျော့ခြင်းတည်းဟူသော နောက်ကျုခြင်းကိုစွန့်၍ သတိဗိုလ်၏ မေ့လျော့ခြင်း၌ မတုန်လှုပ်စေနိုင်ခြင်းအကြည်ကို သောက်သောကြောင့် သောက်ဖွယ်အကြည် ‘မဏ္ဍပေယျ’မည်၏။

--

ဥဒ္ဓစ္စကြောင့် မတုန်လှုပ်စေနိုင်ခြင်းအကြည်သည် သမာဓိဗိုလ်တည်း။ ဥဒ္ဓစ္စသည် နောက်ကျုခြင်းတည်း။ ဥဒ္ဓစ္စတည်းဟူသော နောက်ကျုခြင်းကို စွန့်၍ သမာဓိဗိုလ်၏ ဥဒ္ဓစ္စ၌ မတုန်လှုပ်စေနိုင်ခြင်းအကြည်ကို သောက်သောကြောင့် သောက်ဖွယ်အကြည် ‘မဏ္ဍပေယျ’ မည်၏။ အဝိဇ္ဇာကြောင့် မတုန်လှုပ်စေနိုင်ခြင်း အကြည်သည် ပညာဗိုလ်တည်း။ အဝိဇ္ဇာသည် နောက်ကျုခြင်းတည်း။ အဝိဇ္ဇာဟူသော နောက်ကျုခြင်းကို စွန့်၍ ပညာဗိုလ်၏ အဝိဇ္ဇာ၌ မတုန်လှုပ်စေနိုင်ခြင်းအကြည်ကို သောက်သောကြောင့် သောက်ဖွယ်အကြည် ‘မဏ္ဍပေယျ’မည်၏။

ထင်ခြင်းအကြည်သည် သတိသမ္ဗောဇ္ဈင်တည်း။ မေ့လျော့ခြင်းသည် နောက်ကျုခြင်းတည်း။ မေ့ လျော့ခြင်းတည်းဟူသော နောက်ကျုခြင်းကို စွန့်၍ သတိသမ္ဗောဇ္ဈင်၏ ထင်ခြင်းအကြည်ကို သောက်သော ကြောင့် သောက်ဖွယ်အကြည် ‘မဏ္ဍပေယျ’ မည်၏။ စိစစ် ‘စူးစမ်း'ခြင်း အကြည်သည် ဓမ္မဝိစယ သမ္ဗောဇ္ဈင်တည်း။ အဝိဇ္ဇာသည် နောက်ကျုခြင်းတည်း။ အဝိဇ္ဇာတည်းဟူသော နောက်ကျုခြင်းကို စွန့်၍ ဓမ္မဝိစယသမ္ဗောဇ္ဈင်၏ စိစစ် ‘စူးစမ်း'ခြင်းအကြည်ကို သောက်သောကြောင့် သောက်ဖွယ်အကြည် ‘မဏ္ဍ ပေယျ’ မည်၏။ အားထုတ်ခြင်းအကြည်သည် ဝီရိယသမ္ဗောဇ္ဈင်တည်း။ ပျင်းရိခြင်းသည် နောက်ကျုခြင်းတည်း။ ပျင်းရိခြင်းတည်းဟူသော နောက်ကျုခြင်းကို စွန့်၍ ဝီရိယသမ္ဗောဇ္ဈင်၏ အားထုတ်ခြင်းအကြည်ကို သောက်သောကြောင့် သောက်ဖွယ်အကြည် ‘မဏ္ဍပေယျ’ မည်၏။

ပျံ့နှံ့ခြင်းအကြည်သည် ပီတိသမ္ဗောဇ္ဈင်တည်း။ ပူလောင်ခြင်းသည် နောက်ကျုခြင်းတည်း။ ပူလောင်ခြင်းဟူသော နောက်ကျုခြင်းကို စွန့်၍ ပီတိ သမ္ဗောဇ္ဈင်၏ ပျံ့နှံ့ခြင်းအကြည်ကို သောက်သောကြောင့် သောက်ဖွယ်အကြည် ‘မဏ္ဍပေယျ’ မည်၏။ ငြိမ်းခြင်းအကြည်သည် ပဿဒ္ဓိသမ္ဗောဇ္ဈင်တည်း။ ရုန့်ရင်းခြင်းသည် နောက်ကျုခြင်းတည်း။ ရုန့်ရင်းခြင်းတည်းဟူသော နောက်ကျုခြင်းကို စွန့်၍ ပဿဒ္ဓိသမ္ဗောဇ္ဈင်၏ ငြိမ်းခြင်းအကြည်ကို သောက်သောကြောင့် သောက်ဖွယ်အကြည် ‘မဏ္ဍပေယျ’ မည်၏။ မပျံ့လွင့်ခြင်းအကြည်သည် သမာဓိသမ္ဗောဇ္ဈင်တည်း။ ဥဒ္ဓစ္စ သည် နောက်ကျုခြင်းတည်း။ ဥဒ္ဓစ္စတည်းဟူသော နောက်ကျုခြင်းကို စွန့်၍ သမာဓိသမ္ဗောဇ္ဈင်၏ မပျံ့လွင့်ခြင်းအကြည်ကို သောက်သောကြောင့် သောက်ဖွယ်အကြည် ‘မဏ္ဍပေယျ’မည်၏။

ဆင်ခြင်ခြင်းအကြည် သည် ဥပေက္ခာသမ္ဗောဇ္ဈင်တည်း။ မဆင်ခြင်ခြင်းသည် နောက်ကျုခြင်းတည်း။ မဆင်ခြင်ခြင်းတည်းဟူသော နောက်ကျုခြင်းကို စွန့်၍ ဥပေက္ခာသမ္ဗောဇ္ဈင်၏ ဆင်ခြင်ခြင်းအကြည်ကို သောက်သောကြောင့် သောက်ဖွယ် အကြည် ‘မဏ္ဍပေယျ’ မည်၏။

မြင်ခြင်းအကြည်သည် သမ္မာဒိဋ္ဌိတည်း။ မိစ္ဆာဒိဋ္ဌိသည် နောက်ကျုခြင်းတည်း။ မိစ္ဆာဒိဋ္ဌိတည်းဟူသော နောက်ကျုခြင်းကိုစွန့်၍ သမ္မာဒိဋ္ဌိ၏ မြင်ခြင်းအကြည်ကို သောက်သောကြောင့် သောက်ဖွယ်အကြည် ‘မဏ္ဍပေယျ’မည်၏။ ရှေးရှုတင်ပေးခြင်း အကြည်သည် သမ္မာသင်္ကပ္ပတည်း။ မိစ္ဆာသင်္ကပ္ပသည် နောက်ကျုခြင်းတည်း။ မိစ္ဆာသင်္ကပ္ပတည်းဟူသော နောက်ကျုခြင်းကို စွန့်၍ သမ္မာသင်္ကပ္ပ၏ ရှေးရှုတင်ပေးခြင်း အကြည်ကို သောက်သောကြောင့် သောက်ဖွယ်အကြည် ‘မဏ္ဍပေယျ’ မည်၏။ သိမ်းဆည်းခြင်းအကြည် သည် သမ္မာဝါစာတည်း။ မိစ္ဆာဝါစာသည် နောက်ကျုခြင်းတည်း။ မိစ္ဆာဝါစာတည်းဟူသော နောက်ကျခြင်း ကိုစွန့်၍ သမ္မာဝါစာ၏ သိမ်းဆည်းခြင်းအကြည်ကို သောက်သောကြောင့် သောက်ဖွယ်အကြည် ‘မဏ္ဍပေယျ’ မည်၏။ ကောင်းစွာ ဖြစ်ကြောင်းအကြည်သည် သမ္မာကမ္မန္တတည်း။ မိစ္ဆာကမ္မန္တသည် နောက်ကျုခြင်းတည်း။ မိစ္ဆာကမ္မန္တတည်းဟူသော နောက်ကျုခြင်းကို စွန့်၍ သမ္မာကမ္မန္တ၏ ကောင်းစွာဖြစ်ကြောင်းအကြည် ကို သောက်သောကြောင့် သောက်ဖွယ်အကြည် ‘မဏ္ဍပေယျ’မည်၏။ ဖြူစင်ခြင်းအကြည်သည် သမ္မာအာဇီဝတည်း။ မိစ္ဆာအာဇီဝသည် နောက်ကျုခြင်းတည်း။ မိစ္ဆာအာဇီဝတည်းဟူသော နောက်ကျုခြင်းကို စွန့်၍ သမ္မာအာဇီဝ၏ ဖြူစင်ခြင်းအကြည်ကို သောက်သောကြောင့် သောက်ဖွယ်အကြည် ‘မဏ္ဍပေယျ’မည်၏။

--

အားထုတ်ခြင်းအကြည်သည် သမ္မာဝါယာမတည်း။ မိစ္ဆာဝါယာမသည် နောက်ကျုခြင်းတည်း။ မိစ္ဆာ ဝါယာမတည်းဟူသော နောက်ကျုခြင်းကို စွန့်၍ သမ္မာဝါယာမ၏ အားထုတ်ခြင်းအကြည်ကို သောက်သော ကြောင့် သောက်ဖွယ်အကြည် ‘မဏ္ဍပေယျ’မည်၏။ ထင်ခြင်းအကြည်သည် သမ္မာသတိတည်း။ မိစ္ဆာသတိ သည် နောက်ကျုခြင်းတည်း။ မိစ္ဆာသတိတည်းဟူသော နောက်ကျုခြင်းကိုစွန့်၍ သမ္မာသတိ၏ ထင်ခြင်း အကြည်ကို သောက်သောကြောင့် သောက်ဖွယ်အကြည် ‘မဏ္ဍပေယျ’မည်၏။ မပျံ့လွင့်ခြင်းအကြည်သည် သမ္မာသမာဓိတည်း။ မိစ္ဆာသမာဓိသည် နောက်ကျုခြင်းတည်း။ မိစ္ဆာသမာဓိတည်းဟူသော နောက်ကျုခြင်း ကို စွန့်၍ သမ္မာသမာဓိ၏ မပျံ့လွင့်ခြင်းအကြည်ကို သောက်သောကြောင့် သောက်ဖွယ်အကြည် ‘မဏ္ဍ ပေယျ’မည်၏။

၂၄၀။ အကြည်သည် ရှိ၏။ သောက်ဖွယ်သည် ရှိ၏။ ကြည်လင်ခြင်းမှ ကင်းသော နောက်ကျုခြင်းသည် ရှိ၏။ ဆုံးဖြတ်ခြင်းအကြည်သည် သဒ္ဓိန္ဒြေတည်း။ သဒ္ဓါမရှိခြင်းသည် ကြည်လင်ခြင်းမှ ကင်းသော နောက်ကျုခြင်းတည်း။ ထိုသဒ္ဓိန္ဒြေ၌ရှိသော အနက်အရသာ၊ တရားအရသာ၊ လွတ်မြောက်ခြင်း အရသာ သည် သောက်ဖွယ်တည်း။ အားထုတ်ခြင်းအကြည်သည် ဝီရိယိန္ဒြေတည်း။ ပျင်းရိခြင်းသည် နောက်ကျုခြင်းတည်း။ ထိုဝီရိယိန္ဒြေ၌ ရှိသော အနက်အရသာ၊ တရားအရသာ၊ လွတ်မြောက်ခြင်းအရသာသည် သောက်ဖွယ်တည်း။ ထင်ခြင်းအကြည်သည် သတိန္ဒြေတည်း။ မေ့လျော့ခြင်းသည် နောက်ကျုခြင်းတည်း။ ထိုသတိန္ဒြေ၌ရှိသော အနက်အရသာ၊ တရားအရသာ၊ လွတ်မြောက်ခြင်းအရသာသည် သောက်ဖွယ်တည်း။ မပျံ့လွင့်ခြင်းအကြည်သည် သမာဓိန္ဒြေတည်း။ ဥဒ္စစ္စသည် နောက်ကျုခြင်းတည်း။ ထိုသမာဓိန္ဒြေ၌ရှိသော အနက်အရသာ၊ တရားအရသာ၊ လွတ်မြောက်ခြင်းအရသာသည် သောက်ဖွယ်တည်း။ မြင်ခြင်းအကြည် သည် ပညိန္ဒြေတည်း။ အဝိဇ္ဇာသည် နောက်ကျုခြင်းတည်း။ ထိုပညိန္ဒြေ၌ရှိသော အနက်အရသာ၊ တရား အရသာ၊ လွတ်မြောက်ခြင်းအရသာသည် သောက်ဖွယ်တည်း။

သဒ္ဓါမရှိခြင်းကြောင့် မတုန်လှုပ်စေနိုင်ခြင်းအကြည်သည် သဒ္ဓါဗိုလ်တည်း။ သဒ္ဓါမရှိခြင်းသည် နောက့်ကျုခြင်းတည်း။ ထိုသဒ္ဓါဗိုလ်၌ရှိသော အနက်အရသာ၊ တရားအရသာ၊ လွတ်မြောက်ခြင်းအရသာသည် သောက်ဖွယ်တည်း။ ပျင်းရိခြင်းကြောင့် မတုန်လှုပ်စေနိုင်ခြင်းအကြည်သည် ဝီရိယဗိုလ်တည်း။ ပျင်းရိခြင်း သည် နောက်ကျုခြင်းတည်း။ ထိုဝီရိယဗိုလ်၌ရှိသော အနက်အရသာ၊ တရားအရသာ၊ လွတ်မြောက်ခြင်း အရသာသည် သောက်ဖွယ်တည်း။ မေ့လျော့ခြင်းကြောင့် မတုန်လှုပ်စေနိုင်ခြင်း အကြည်သည် သတိဗိုလ်တည်း။ မေ့လျော့ခြင်းသည် နောက်ကျုခြင်းတည်း။ ထိုသတိဗိုလ်၌ရှိသော အနက်အရသာ၊ တရား အရသာ၊ လွတ်မြောက်ခြင်းအရသာသည် သောက်ဖွယ်တည်း။ ဥဒ္ဓစ္စကြောင့် မတုန်လှုပ်စေနိုင်ခြင်းအကြည် သည် သမာဓိဗိုလ်တည်း။ ဥဒ္ဓစ္စသည် နောက်ကျုခြင်းတည်း။ ထိုသမာဓိဗိုလ်၌ရှိသောအနက်အရသာ၊ တရားအရသာ၊ လွတ်မြောက်ခြင်းအရသာသည် သောက်ဖွယ်တည်း။ အဝိဇ္ဇာကြောင့် မတုန်လှုပ်စေနိုင်ခြင်း အကြည်သည် ပညာဗိုလ်တည်း။ အဝိဇ္ဇာသည် နောက်ကျုခြင်းတည်း။ ထိုပညာဗိုလ်၌ရှိသော အနက် အရသာ၊ တရားအရသာ၊ လွတ်မြောက်ခြင်းအရသာသည် သောက်ဖွယ်တည်း။

ထင်ခြင်းအကြည်သည် သတိသမ္ဗောဇ္ဈင်တည်း။ မေ့လျော့ခြင်းသည် နောက်ကျုခြင်းတည်း။ ထိုသတိ သမ္ဗောဇ္ဈင်၌ရှိသော အနက်အရသာ၊ တရားအရသာ၊ လွတ်မြောက်ခြင်း အရသာသည် သောက်ဖွယ်တည်း။ စိစစ်စူးစမ်းခြင်း အကြည်သည် ဓမ္မဝိစယသမ္ဗောဇ္ဈင်တည်း။ အဝိဇ္ဇာသည် နောက်ကျုခြင်းတည်း။ ထိုဓမ္မ ဝိစယသမ္ဗောဇ္ဈင်၌ရှိသော အနက်အရသာ၊ တရားအရသာ၊ လွတ်မြောက်ခြင်း အရသာသည် သောက်ဖွယ်တည်း။ အားထုတ်ခြင်းအကြည်သည် ဝီရိယသမ္ဗောဇ္ဈင်တည်း။ ပျင်းရိခြင်းသည် နောက်ကျုခြင်းတည်း။ ထိုဝီရိယသမ္ဗောဇ္ဈင်၌ရှိသော အနက်အရသာ၊ တရားအရသာ၊ လွတ်မြောက်ခြင်းအရသာသည် သောက်ဖွယ်တည်း။ ပျံ့နှံ့ခြင်းအကြည်သည် ပီတိသမ္ဗောဇ္ဈင်တည်း။ ပူလောင်ခြင်းသည် နောက်ကျုခြင်းတည်း။ ထို ပီတိသမ္ဗောဇ္ဈင်၌ရှိသော အနက်အရသာ၊ တရားအရသာ၊ လွတ်မြောက်ခြင်းအရသာသည် သောက်ဖွယ်တည်း။ ငြိမ်းချမ်းခြင်းအကြည်သည် ပဿဒ္ဓိသမ္ဗောဇ္ဈင်တည်း။ ရုန့်ရင်းခြင်းသည် နောက်ကျုခြင်းတည်း။ ထိုပဿဒ္ဓိသမ္ဗောဇ္ဈင်၌ရှိသော အနက်အရသာ၊ တရားအရသာ၊ လွတ်မြောက်ခြင်း အရသာသည် သောက် ဖွယ်တည်း။ မပျံ့လွင့်ခြင်းအကြည်သည် သမာဓိသမ္ဗောဇ္ဈင်တည်း။ ဥဒ္ဓစ္စသည် နောက်ကျုခြင်းတည်း။ ထိုသမာဓိသမ္ဗောဇ္ဈင်၌ရှိသော အနက်အရသာ၊ တရားအရသာ၊ လွတ်မြောက်ခြင်းအရသာသည် သောက်ဖွယ်တည်း။ ဆင်ခြင်ခြင်းအကြည်သည် ဥပေက္ခာသမ္ဗောဇ္ဈင်တည်း။ မဆင်ခြင်ခြင်းသည် နောက်ကျုခြင်းတည်း။ ထိုဥပေက္ခာသမ္ဗောဇ္ဈင်၌ရှိသော အနက်အရသာ၊ တရားအရသာ၊ လွတ်မြောက်ခြင်းအရသာသည် သောက် ဖွယ်တည်း။

--

မြင်ခြင်းအကြည်သည် သမ္မာဒိဋ္ဌိတည်း။ မိစ္ဆာဒိဋ္ဌိသည် နောက်ကျုခြင်းတည်း။ ထိုသမ္မာဒိဋ္ဌိ၌ရှိသော အနက်အရသာ၊ တရားအရသာ၊ လွတ်မြောက်ခြင်းအရသာသည် သောက်ဖွယ်တည်း။ ရှေးရှုတင်ပေးခြင်း အကြည်သည် သမ္မာသင်္ကပ္ပတည်း။ မိစ္ဆာသင်္ကပ္ပသည် နောက်ကျုခြင်းတည်း။ ထိုသမ္မာသင်္ကပ္ပ၌ရှိသော အနက်အရသာ၊ တရားအရသာ၊ လွတ်မြောက်ခြင်းအရသာသည် သောက်ဖွယ်တည်း။ သိမ်းဆည်းခြင်း အကြည်သည် သမ္မာဝါစာတည်း။ မိစ္ဆာဝါစာသည် နောက်ကျုခြင်းတည်း။ ထိုသမ္မာဝါစာ၌ရှိသော အနက် အရသာ၊ တရားအရသာ၊ လွတ်မြောက်ခြင်းအရသာသည် သောက်ဖွယ်တည်း။ ကောင်းစွာဖြစ်ကြောင်း အကြည်သည် သမ္မာကမ္မန္တတည်း။ မိစ္ဆာကမ္မန္တသည် နောက်ကျုခြင်းတည်း။ ထိုသမ္မာကမ္မန္တ၌ရှိသော အနက်အရသာ၊ တရားအရသာ၊ လွတ်မြောက်ခြင်းအရသာသည် သောက်ဖွယ်တည်း။ ဖြူစင်ခြင်းအကြည် သည် သမ္မာအာဇီဝတည်း။ မိစ္ဆာအာဇီဝသည် နောက်ကျုခြင်းတည်း။ ထိုသမ္မာအာဇီဝ၌ရှိသော အနက် အရသာ၊ တရားအရသာ၊ လွတ်မြောက်ခြင်းအရသာသည် သောက်ဖွယ်တည်း။ အားထုတ်ခြင်း အကြည် သည် သမ္မာဝါယာမတည်း။ မိစ္ဆာဝါယာမသည် နောက်ကျုခြင်းတည်း။ ထိုသမ္မာဝါယာမ၌ရှိသော အနက် အရသာ၊ တရားအရသာ၊ လွတ်မြောက်ခြင်းအရသာသည် သောက်ဖွယ်တည်း။ ထင်ခြင်းအကြည်သည့်သမ္မာသတိတည်း။ မိစ္ဆာသတိသည် နောက်ကျုခြင်းတည်း။ ထိုသမ္မာသတိ၌ရှိသော အနက်အရသာ၊ တရားအရသာ၊ လွတ်မြောက်ခြင်းအရသာသည် သောက်ဖွယ်တည်း။ မပျံ့လွင့်ခြင်းအကြည်သည် သမ္မာ သမာဓိတည်း။ မိစ္ဆာသမာဓိသည် နောက်ကျုခြင်းတည်း။ ထိုသမ္မာသမာဓိ၌ရှိသော အနက်အရသာ၊ တရားအရသာ၊ လွတ်မြောက်ခြင်းအရသာသည် သောက်ဖွယ်တည်း။

မြင်ခြင်းအကြည်သည် သမ္မာဒိဋ္ဌိတည်း။ ရှေးရှုတင်ပေးခြင်းအကြည်သည် သမ္မာသင်္ကပ္ပတည်း။ သိမ်း ဆည်းခြင်းအကြည်သည် သမ္မာဝါစာတည်း။ ကောင်းစွာဖြစ်ကြောင်းအကြည်သည် သမ္မာကမ္မန္တတည်း။ ဖြူစင်ခြင်းအကြည်သည် သမ္မာအာဇီဝတည်း။ အားထုတ်ခြင်းအကြည်သည် သမ္မာဝါယာမတည်း။ ထင်ခြင်း အကြည်သည် သမ္မာသတိတည်း။ မပျံ့လွင့်ခြင်းအကြည်သည် သမ္မာသမာဓိတည်း။

ထင်ခြင်းအကြည်သည် သတိသမ္ဗောဇ္ဈင်တည်း။ စိစစ်စူးစမ်းခြင်းအကြည်သည် ဓမ္မဝိစယသမ္ဗောဇ္ဈင်တည်း။ အားထုတ်ခြင်းအကြည်သည် ဝီရိယသမ္ဗောဇ္ဈင်တည်း၊ ပျံ့နှံ့ခြင်းအကြည်သည် ပီတိသမ္ဗောဇ္ဈင်တည်း။ ငြိမ်းအေးခြင်းအကြည်သည် ပဿဒ္ဓိသမ္ဗောဇ္ဈင်တည်း။ မပျံ့လွင့်ခြင်းအကြည်သည် သမာဓိ သမ္ဗောဇ္ဈင်တည်း။ ဆင်ခြင်ခြင်းအကြည်သည် ဥပေက္ခာသမ္ဗောဇ္ဈင်တည်း။

သဒ္ဓါမရှိခြင်းကြောင့် မတုန်လှုပ်စေနိုင်ခြင်းအကြည်သည် သဒ္ဓါဗိုလ်တည်း။ ပျင်းရိခြင်းကြောင့် မတုန် လှုပ်စေနိုင်ခြင်းအကြည်သည် ဝီရိယဗိုလ်တည်း။ မေ့လျော့ခြင်းကြောင့် မတုန်လှုပ်စေနိုင်ခြင်း အကြည်သည် သတိဗိုလ်တည်း။ ဥဒ္ဓစ္စကြောင့် မတုန်လှုပ်စေနိုင်ခြင်းအကြည်သည် သမာဓိဗိုလ်တည်း။ အဝိဇ္ဇာကြောင့် မတုန်လှုပ်စေနိုင်ခြင်းအကြည်သည် ပညာဗိုလ်တည်း။

--

ဆုံးဖြတ်ခြင်းအကြည်သည် သဒ္ဓိန္ဒြေတည်း။ အားထုတ်ခြင်းအကြည်သည် ဝီရိယိန္ဒြေတည်း။ ထင်ခြင်းအကြည်သည် သတိန္ဒြေတည်း။ မပျံ့လွင့်ခြင်းအကြည်သည် သမာဓိန္ဒြေတည်း။ မြင်ခြင်းအကြည် သည် ပညိန္ဒြေတည်း။

အစိုးရခြင်းအနက်သဘောကြောင့် ဣန္ဒြေတို့သည် အကြည်မည်၏။ မတုန်လှုပ်စေနိုင်ခြင်းအနက် သဘောကြောင့် ဗိုလ်တို့သည် အကြည်မည်၏။ လွတ်မြောက်ခြင်းအနက်သဘောကြောင့် ဗောဇ္ဈင်တို့သည် အကြည်မည်၏။ (သမ္ပာပက) ဟိတ်အနက်သဘောကြောင့် မဂ်သည် အကြည်မည်၏။ ထင်ခြင်းအနက် သဘောကြောင့် သတိပဋ္ဌာန်တို့သည် အကြည်မည်၏။ အားထုတ်ခြင်းအနက်သဘောကြောင့် သမ္မပ္ပဓာန်တို့ သည် အကြည်မည်၏။ ပြည့်စုံခြင်းအနက်သဘောကြောင့် ဣဒ္ဓိပါဒ်တို့သည် အကြည်မည်၏။ဟုတ် မှန်ခြင်းအနက်သဘောကြောင့် သစ္စာဉာဏ်တို့သည် အကြည်မည်၏။

မပျံ့လွင့်ခြင်းအနက်သဘောကြောင့် သမထသည် အကြည်မည်၏။ အဖန်ဖန်ရှုခြင်း အနက်သဘောကြောင့် ဝိပဿနာသည် အကြည်မည်၏။ တစ်ခုတည်းသော ကိစ္စရှိသော အနက်သဘောကြောင့် သမထ, ဝိပဿနာတို့သည် အကြည်မည်၏။ လွန်၍ မဖြစ်ခြင်းအနက်သဘောကြောင့် ယုဂနဒ္ဓ'အစုံတွဲယှက်'သည့် သမထ, ဝိပဿနာတို့သည် အကြည်မည်၏။ စောင့်စည်းခြင်း အနက်သဘောကြောင့် သီလဝိသုဒ္ဓိသည် အကြည်မည်၏။ မပျံ့လွင့်ခြင်း အနက်သဘောကြောင့် စိတ္တဝိသုဒ္ဓိသည် အကြည်မည်၏။ မြင်ခြင်း အနက်သဘောကြောင့် ဒိဋ္ဌိဝိသုဒ္ဓိသည် အကြည်မည်၏။ လွတ်မြောက်ခြင်းအနက်သဘောကြောင့် ဝိမောက္ခသည် အကြည်မည်၏။ ထိုးထွင်း၍ သိခြင်းအနက်သဘောကြောင့် ဝိဇ္ဇာသည် အကြည်မည်၏။

စွန့်လွှတ်ခြင်း အနက်သဘောကြောင့် ဝိမုတ္တိ သည် အကြည်မည်၏။ အကြွင်းမဲ့ ဖြတ်ခြင်းအနက်သဘောကြောင့် ခယဉာဏ်သည် အကြည်မည်၏။ တစ်ဖန်ငြိမ်းခြင်း အနက်သဘောကြောင့် အနုပ္ပါဒဉာဏ်သည် အကြည်မည်၏။

ဆန္ဒသည် အရင်းမူလ အနက်သဘောကြောင့် အကြည်မည်၏။ မနသိကာရသည် ကောင်းစွာ ဖြစ်ခြင်း အနက်သဘောကြောင့် အကြည်မည်၏။ ဖဿသည် ပေါင်းဆုံခြင်း အနက်သဘောကြောင့် အကြည် မည်၏။ ဝေဒနာသည် စုဝေးခြင်း အနက်သဘောကြောင့် အကြည် မည်၏။ သမာဓိသည် အဦးပဓာန့ဖြစ်သော အနက်သဘောကြောင့် အကြည်မည်၏။ သတိသည် အကြီးအမှူး အနက်သဘောကြောင့် အကြည်မည်၏။ ပညာသည် ထို့ထက်လွန်ခြင်း မြတ်ခြင်း အနက်သဘောကြောင့် အကြည်မည်၏။

ဝိမုတ္တိသည် အနှစ်သာရရှိသော အနက်သဘောကြောင့် အကြည်မည်၏။ သေခြင်း မရှိရာသို့ သက်ဝင်သော နိဗ္ဗာန်သည် ပြီးဆုံးခြင်း အနက်သဘောကြောင့် အကြည်မည်၏။

မဏ္ဍပေယျကထာ ပြီး၏။

စတုတ္ထအခန်း ပြီး၏။

ရှေးဦးစွာသော မဟာဝဂ် ပြီး၏။

ထိုဝဂ်၏ အကျဉ်းချုပ်ကား-

ဉာဏကထာ၊ ဒိဋ္ဌိကထာ၊ အာနာပါနဿတိကထာ၊ ဣန္ဒြိယကထာ၊ ငါးခုမြောက် ဝိမောက္ခကထာ၊ ဂတိကထာ၊ ကမ္မကထာ၊ ဝိပလ္လာသကထာ၊ မဂ္ဂကထာ၊ မဏ္ဍပေယျကထာဟု ထိုကထာတို့သည် ဆယ်ပါးတို့တည်း။

ဤကား နိကာယ်ဆောင်ပုဂ္ဂိုလ်တို့ ထားအပ်သည့် အတူမရှိ ရှေးဦးစွာသော မြတ်သော ဝဂ်တည်း။

--

၂-ယုဂနဒ္ဓဝဂ်

၁-ယုဂနဒ္ဓကထာ

။ အကျွန်ုပ်တို့သည် ဤသို့ ကြားနာခဲ့ရပါသည်။ အခါတစ်ပါး၌ အသျှင်အာနန္ဒာသည် ကောသမ္ဗီ ပြည် ဃောသိတာရုံကျောင်း၌ နေ၏။ ထိုအခါ အသျှင်အာနန္ဒာသည် ရဟန်းတို့ကို “ငါ့သျှင်ရဟန်းတို့”ဟုခေါ်၏။ “ငါ့သျှင်”ဟု ထိုရဟန်းတို့သည် အသျှင်အာနန္ဒာအား ပြန်ကြားကြကုန်၏။ အသျှင်အာနန္ဒာသည် ဤစကားကို မိန့်ဆို၏။

ငါ့သျှင်တို့ အမှတ်မရှိသော ရဟန်းယောက်ျားသည်လည်းကောင်း၊ ရဟန်းမိန်းမသည်လည်းကောင်း ငါ၏ အနီး၌ အလုံးစုံသော မဂ်လေးပါးတို့ဖြင့်လည်းကောင်း၊ ဤမဂ်လေးပါးတို့တွင် တစ်ပါးပါးဖြင့်လည်း ကောင်း မိမိ၏ အရဟတ္တဖိုလ်ရောက်ခြင်းကို ကြား၏။ အဘယ်လေးပါးတို့နည်းဟူမူ-

ငါ့သျှင်တို့ ဤသာသနာတော်၌ ရဟန်းသည် သမထကို ရှေ့သွားပြု၍ ဝိပဿနာကို ပွါး၏။ သမထ ကို ရှေ့သွားပြု၍ ဝိပဿနာကို ပွါးသော ထိုရဟန်းအား မဂ်သည် ဖြစ်၏။ ထိုရဟန်းသည် ထိုမဂ်ကို မှီဝဲ၏၊ ပွါး၏၊ များစွာပြု၏။ ထိုမဂ်ကို မှီဝဲအပ်သော၊ ပွါးသော၊ များစွာပြုသော ထိုရဟန်းသည် သံယောဇဉ်တို့ကို ပယ်အပ်ကုန်၏။ အနုသယတို့သည် ကင်းကုန်၏။

ငါ့သျှင်တို့ တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် ဝိပဿနာကို ရှေ့သွားပြု၍ သမထကို ပွါး၏။ ဝိပဿနာကို ရှေ့သွားပြု၍ သမထကို ပွါးသော ထိုရဟန်းအား မဂ်သည် ဖြစ်၏။ ထိုရဟန်းသည် ထို မဂ်ကို မှီဝဲ၏၊ ပွါး၏၊ များစွာပြု၏။ ထိုမဂ်ကို မှီဝဲသော၊ ပွါးသော၊ များစွာပြုသော ထိုရဟန်းသည် သံယောဇဉ်တို့ကို ပယ်အပ်ကုန်၏။ အနုသယတို့သည် ကင်းကုန်၏။

ငါ့သျှင်တို့ တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် သမထ, ဝိပဿနာကို အစုံတွဲယှက်သည်ကို ပြု၍ ပွါး၏။ သမထ, ဝိပဿနာကို အစုံတွဲယှက်၍ ပွါးသော ထိုရဟန်းအား မဂ်သည် ဖြစ်၏။ ထိုရဟန်းသည် ထိုမဂ်ကို မှီဝဲ၏၊ ပွါး၏၊ များစွာပြု၏။ ထိုမဂ်ကို မှီဝဲသော၊ ပွါးသော၊ များစွာပြုသော ထိုရဟန်းသည် သံယောဇဉ်တို့ကို ပယ်အပ်ကုန်၏။ အနုသယတို့သည် ကင်းကုန်၏။

ငါ့သျှင်တို့ တစ်ဖန် ထို့ပြင်လည်း ရဟန်းအား တရားတို့၌ ဥဒ္ဓစ္စသည် ဖောက်ပြန်စွာယူအပ်သော စိတ်သည် ဖြစ်၏။ ငါ့သျှင်တို့ အကြင်အခါ ထို (ဝိပဿနာဝီထိ) သို့ သက်၍ ဖြစ်သော စိတ်သည် ရှိ၏။ ထိုအခါ စိတ်သည် အဇ္ဈတ္တ (အာရုံ) ၌သာလျှင် တည်၏။ ကောင်းစွာ နေ၏။ သမာဓိ ဖြစ်၏။ ကောင်းစွာ တည်၏။ ထိုရဟန်းအား မဂ်သည် ဖြစ်၏။ ထိုရဟန်းသည် ထိုမဂ်ကို မှီဝဲ၏၊ ပွါး၏၊ များစွာ ပြု၏။ ထိုမဂ်ကို မှီဝဲသော၊ ပွါးသော၊ များစွာပြုသော ထိုရဟန်းသည် သံယောဇဉ်တို့ကို ပယ်အပ်ကုန်၏။

အနုသယတို့သည် ကင်းကုန်၏။

ငါ့သျှင်တို့ အမှတ်မရှိသော ရဟန်းယောက်ျားသည်လည်းကောင်း၊ ရဟန်းမိန်းမသည်လည်းကောင်း ငါ၏ အနီး၌ အလုံးစုံသော ဤမဂ်လေးပါးတို့ဖြင့်လည်းကောင်း၊ ဤမဂ်လေးပါးတို့တွင် တစ်ပါးပါးဖြင့် လည်းကောင်း (မိမိ၏) အရဟတ္တဖိုလ်ရောက်ခြင်းကို ကြား၏ဟု (ဤစကားကို မိန့်ဆို၏)။

--

၁-သုတ္တန် အကျယ်ပြခြင်း

။ သမထကို ရှေ့သွားပြု၍ အဘယ်သို့လျှင် ဝိပဿနာကို ပွါးသနည်း။ ထွက်မြောက်ခြင်း နေက္ခမ္မ၏ အစွမ်းဖြင့် စိတ်၏ အာရုံတစ်ခုတည်း ရှိသည့်အဖြစ်ဖြင့် မပျံ့လွင့်ခြင်းသည် သမာဓိမည်၏။ ထို သမာဓိ၌ဖြစ်သော တရားတို့ကို အနိစ္စအားဖြင့် အဖန်ဖန် ရှုခြင်းသဘောသည် ဝိပဿနာမည်၏။

ဒုက္ခအား ဖြင့် အဖန်ဖန်ရှုခြင်းသဘောသည် ဝိပဿနာမည်၏။ အနတ္တအားဖြင့် အဖန်ဖန်ရှုခြင်းသဘောသည် ဝိပဿနာမည်၏။ ဤသို့ ရှေးဦး သမထ၊ နောက် ဝိပဿနာမည်၏။

ထို့ကြောင့် “သမထ ကို ရှေ့ သွားပြု၍ ဝိပဿနာကို ပွါး၏”ဟု ဆိုအပ်၏။ ပွါး၏ဟူသည်ကား ဘာဝနာတို့သည် လေးပါးတို့တည်း။ ထိုအာရုံ၌ ဖြစ်ကုန်သော တရားတို့၏ လွန်၍မဖြစ်ခြင်းသဘောသည် ဘာဝနာမည်၏။ ဣန္ဒြေတို့၏ တစ်ခုတည်းသော ကိစ္စ ရသသဘောသည် ဘာဝနာမည်၏။

ထိုသို့ကပ်လျက် ဝီရိယကို ရွက်ဆောင်ခြင်း သဘောသည် ဘာဝနာမည်၏။ မှီဝဲခြင်းသဘောသည် ဘာဝနာမည်၏။

မဂ်သည် ဖြစ်၏ဟူရာ၌ မဂ်သည် အဘယ်သို့ဖြစ်သနည်း။ မြင်ခြင်းအနက်သဘောရှိသော သမ္မာဒိဋ္ဌိမည်သော မဂ်သည် ဖြစ်၏။ ရှေ့ရှုတင်ပေးခြင်း အနက်သဘောရှိသော သမ္မာသင်္ကပ္ပမည်သော မဂ်သည်ဖြစ်၏။ သိမ်းဆည်းခြင်း အနက်သဘောရှိသော သမ္မာဝါစာမည်သော မဂ်သည်ဖြစ်၏။ ကောင်းစွာဖြစ်ကြောင်း အနက်သဘောရှိသော သမ္မာကမ္မန္တမည်သော မဂ်သည် ဖြစ်၏။ ဖြူစင်ခြင်း အနက်သဘောရှိသော သမ္မာအာဇီဝမည်သော မဂ်သည်ဖြစ်၏။ အားထုတ်ခြင်း အနက်သဘော ရှိသော သမ္မာဝါယာမမည်သော မဂ်သည်ဖြစ်၏။ ထင်ခြင်း အနက် သဘောရှိသော သမ္မာသတိမည်သော မဂ်သည် ဖြစ်၏။ မပျံ့လွင့်ခြင်း အနက်သဘောရှိသော သမ္မာသမာဓိမည်သော မဂ်သည် ဖြစ်၏။ ဤသို့ မဂ်သည် ဖြစ်၏။

ထိုရဟန်းသည် ထိုမဂ်ကို မှီဝဲ၏၊ ပွါး၏၊ များစွာပြု၏ဟူရာ၌ မှီဝဲ၏ဟူသည် အဘယ်ကဲ့ သို့ မှီဝဲသနည်း။ ဆင်ခြင်လျက် မှီဝဲ၏။ သိလျက် မှီဝဲ၏။ ရှုမြင်လျက် မှီဝဲ၏။ ပြန်လည်ရှုလျက် မှီဝဲ၏။ စိတ်ကို အဓိဋ္ဌာန်လျက် မှီဝဲ၏။ သဒ္ဓါဖြင့် ဆုံးဖြတ်လျက် မှီဝဲ၏။ ဝီရိယကို အားထုတ်လျက် မှီဝဲ၏။ သတိကို ထင်စေလျက် မှီဝဲ၏။ စိတ်ကို ကောင်းစွာထားလျက် မှီဝဲ၏။ ပညာဖြင့် ခွဲခြားသိလျက် မှီဝဲ၏။ သိအပ်သည်ကို ထိုးထွင်း၍ သိလျက် မှီဝဲ၏။ ပိုင်းခြားသိအပ်သည်ကို ပိုင်းခြားသိလျက် မှီဝဲ၏။ ပယ်အပ် သည်ကို ပယ်လျက် မှီဝဲ၏။ ပွါးအပ်သည်ကို ပွါးလျက် မှီဝဲ၏။ မျက်မှောက်ပြုအပ်သည်ကို မျက်မှောက် ပြုလျက် မှီဝဲ၏။ ဤသို့လျှင် မှီဝဲ၏။

ပွါး၏ဟူသည် အဘယ်သို့ပွါးသနည်း။ ဆင်ခြင်လျက် ပွါး၏။ သိလျက် ပွါး၏။ ရှုမြင်လျက် ပွါး၏။ ပြန်လည်ရှုလျက် ပွါး၏။ စိတ်ကို အဓိဋ္ဌာန်လျက် ပွါး၏။ သဒ္ဓါဖြင့် ဆုံးဖြတ်လျက် ပွါး၏။ ဝီရိယ ကို အားထုတ်လျက် ပွါး၏။ သတိကို ထင်စေလျက် ပွါး၏။ စိတ်ကို ကောင်းစွာထားလျက် ပွါး၏။ ပညာ ဖြင့် ခွဲခြားသိလျက် ပွါး၏။ ထိုးထွင်း၍ သိအပ်သည်ကို ထိုးထွင်းသိလျက် ပွါး၏။ ပိုင်းခြားသိအပ်သည်ကို ပိုင်းခြားသိလျက် ပွါး၏။ ပယ်အပ်သည်ကို ပယ်လျက် ပွါး၏။ ပွါးများအပ်သည်ကို ပွါးများလျက် ပွါး၏။ မျက်မှောက်ပြုအပ်သည်ကို မျက်မှောက်ပြုလျက် ပွါး၏။ ဤသို့လျှင် ပွါး၏။

များစွာပြု၏ဟူသည် အဘယ်သို့ များစွာပြုသနည်း။ ဆင်ခြင်လျက် များစွာပြု၏။ သိလျက် များစွာ ပြု၏။ ရှုမြင်လျက် များစွာပြု၏။ ပြန်လည်ရှုလျက် များစွာပြု၏။ စိတ်ကို အဓိဋ္ဌာန်လျက် များစွာ ပြု၏။ သဒ္ဓါဖြင့် ဆုံးဖြတ်လျက် များစွာပြု၏။ ဝီရိယကို အားထုတ်လျက် များစွာပြု၏။ သတိကို ထင်စေလျက် များစွာပြု၏။ စိတ်ကို ကောင်းစွာထားလျက် များစွာပြု၏။ ပညာဖြင့် ခွဲခြားသိလျက် များစွာပြု၏။ ထိုးထွင်း၍ သိအပ်သည်ကို ထိုင်းထွင်းသိလျက် များစွာပြု၏။ ပိုင်းခြား၍ သိအပ်သည်ကို ပိုင်းခြား သိလျက် များစွာပြု၏။ ပယ်အပ်သည်ကို ပယ်လျက် များစွာပြု၏။ ပွါးများအပ်သည်ကို ပွါးများလျက် များစွာပြု၏။ မျက်မှောက်ပြုအပ်သည်ကို မျက်မှောက်ပြုလျက် များစွာပြု၏။ ဤသို့လျှင် များစွာပြု၏။

--

ထိုမဂ်ကို မှီဝဲသော ပွါးများသော များစွာပြုသော ထိုရဟန်းသည် သံယောဇဉ်တို့ကို ပယ်အပ်ကုန်၏။

အနုသယတို့သည် ကင်းကုန်၏ဟူရာ၌ သံယောဇဉ်တို့ကို အဘယ်သို့ ပယ်အပ် ကုန်သနည်း။ အနုသယတို့သည် အဘယ်သို့ ကင်းကုန်သနည်း။ သောတာပတ္တိမဂ်သည် သက္ကာယဒိဋ္ဌိ၊ ဝိစိကိစ္ဆာ၊ သီလဗ္ဗတပရာမာသ ဤသံယောဇဉ်သုံးပါးတို့ကို ပယ်အပ်ကုန်၏။ ဒိဋ္ဌာနုသယ၊ ဝိစိကိစ္ဆာနုသယ ဤ အနုသယနှစ်ပါးတို့သည် ကင်းကုန်၏။ သကဒါဂါမိမဂ်သည် ရုန့်ရင်းသော ကာမရာဂသံယောဇဉ်၊ ပဋိဃ သံယောဇဉ် ဤသံယောဇဉ်နှစ်ပါးတို့ကို ပယ်အပ်ကုန်၏။ ရုန့်ရင်းသော ကာမရာဂါနုသယ၊ ပဋိဃာနုသယ ဤအနုသယနှစ်ပါးတို့သည် ကင်းကုန်၏။ အနာဂါမိမဂ်သည် သိမ်မွေ့သော ကာမရာဂ သံယောဇဉ်၊ ပဋိဃသံယောဇဉ် ဤသံယောဇဉ်နှစ်ပါးတို့ကို ပယ်အပ်ကုန်၏။ သိမ်မွေ့သော ကာမရာဂါနုသယ၊ ပဋိဃာနုသယ ဤအနုသယနှစ်ပါးတို့သည် ကင်းကုန်၏။ အရဟတ္တမဂ်သည် ရူပရာဂ၊ အရူပ ရာဂ၊ မာန၊ ဥဒ္ဓစ္စ၊ အဝိဇ္ဇာ ဤသံယောဇဉ် ငါးပါးတို့ကို ပယ်အပ်ကုန်၏။ မာနာနုသယ၊ ဘဝရာဂါနုသယ၊ အဝိဇ္ဇာနုသယ ဤအနုသယ သုံးပါးတို့သည် ကင်းကုန်၏။ ဤသို့ သံယောဇဉ်တို့ကို ပယ်အပ် ကုန်၏။ အနုသယတို့သည် ကင်းကုန်၏။

။ မေတ္တာအစွမ်းအားဖြင့်စိတ်၏ အာရုံတစ်ခုတည်းရှိခြင်းသည်၊ မပျံ့လွင့်ခြင်းသည် သမာဓိမည်၏။ပ။ အာလောကသညာ အစွမ်းဖြင့် စိတ်၏ အာရုံတစ်ခုတည်းရှိခြင်းသည်၊ မပျံ့လွင့်ခြင်းသည် သမာဓိမည်၏။ပ။ ပဋိနိဿဂ္ဂါနုပဿနာရှိသူသည် ဝင်သက်၏ အစွမ်းဖြင့်၊ ပဋိနိဿဂ္ဂါနုပဿနာရှိသူသည် ထွက်သက်၏ အစွမ်းဖြင့် စိတ်၏ အာရုံတစ်ခုတည်းရှိခြင်းသည်၊ မပျံ့လွင့်ခြင်းသည် သမာဓိမည်၏။ ထို သမာဓိ၌ဖြစ်သော တရားတို့ကို အနိစ္စအားဖြင့် အဖန်ဖန်ရှုခြင်းသဘောသည် ဝိပဿနာမည်၏။

ဒုက္ခအားဖြင့် အဖန်ဖန်ရှုခြင်း သဘောသည် ဝိပဿနာမည်၏။ အနတ္တအားဖြင့် အဖန်ဖန်ရှုခြင်းသဘောသည် ဝိပဿနာမည်၏။ ဤသို့ ရှေးဦး သမထ၊ နောက် ဝိပဿနာမည်၏။

ထို့ကြောင့် “သမထ ရှေ့သွားပြု၍ ဝိပဿနာကို ပွါး၏”ဟု ဆိုအပ်၏။ ပွါး၏ဟူသည်ကား ဘာဝနာတို့သည် လေးပါးတို့တည်း။ ထိုအာရုံ၌ ဖြစ်သော တရားတို့၏ လွန်၍မဖြစ်ခြင်းသဘောသည် ဘာဝနာမည်၏။ ဣန္ဒြေတို့၏ တစ်ခုတည်းသော ကိစ္စရသသဘောသည် ဘာဝနာမည်၏။ ထိုသို့ ကပ်လျက် ဝီရိယကို ရွက်ဆောင်ခြင်းသဘောသည် ဘာဝနာမည်၏။ မှီဝဲခြင်းသဘောသည် ဘာဝနာမည်၏။

မဂ်သည် ဖြစ်၏ဟူရာ၌ မဂ်သည် အဘယ်သို့ ဖြစ်သနည်း။ မြင်ခြင်းအနက်သဘောရှိသော သမ္မာဒိဋ္ဌိမည်သော မဂ်သည်ဖြစ်၏။ ရှေ့ရှုတင်ပေးခြင်း အနက်သဘော ရှိသော သမ္မာသင်္ကပ္ပမည်သော မဂ်သည် ဖြစ်၏။ပ။ မပျံ့လွင့်ခြင်း အနက်သဘောရှိသော သမ္မာသမာဓိ မည်သော မဂ်သည် ဖြစ်၏။ ဤသို့လျှင် မဂ်သည် ဖြစ်၏။

ထိုရဟန်းသည် မဂ်ကို မှီဝဲ၏၊ ပွါး၏၊ များစွာပြု၏။ မှီဝဲ၏ဟူရာ၌ အဘယ်သို့ မှီဝဲ သနည်း။ ဆင်ခြင်လျက် မှီဝဲ၏။ပ။ မျက်မှောက်ပြုအပ်သည်ကို မျက်မှောက်ပြုလျက် မှီဝဲ၏။ ဤသို မှီဝဲ၏။ ပွါး၏ဟူရာ၌ အဘယ်သို့ ပွါးသနည်း။ ဆင်ခြင်လျက် ပွါး၏။ သိလျက် ပွါး၏။ပ။ မျက်မှောက်ပြုအပ်သည်ကို မျက်မှောက် ပြုလျက် ပွါး၏။ ဤသို့ ပွါး၏။ များစွာပြု၏ဟူသည် အဘယ်သို့ များစွာပြုသနည်း။ ဆင်ခြင်လျက် များစွာပြု၏။ သိလျက် များစွာပြု၏။ပ။ မျက်မှောက် ပြုအပ်သည်ကို မျက်မှောက်ပြုလျက် များစွာပြု၏။ ဤသို့ များစွာပြု၏။

--

ထိုမဂ်ကို မှီဝဲသော၊ ပွါးသော၊ များစွာပြုသော ထိုရဟန်းသည် သံယောဇဉ်တို့ကို ပယ်အပ်ကုန်၏။

အနုသယတို့သည် ကင်းကုန်၏ဟူရာ၌ သံယောဇဉ်တို့ကို အဘယ်သို့ ပယ်အပ် ကုန်သနည်း။ အနုသယတို့ သည် အဘယ်သို့ ကင်းကုန်သနည်း။ သောတာပတ္တိမဂ်သည် သက္ကာယဒိဋ္ဌိ၊ ဝိစိကိစ္ဆာ၊ သီလဗ္ဗတ ပရာမာသ ဤသံယောဇဉ်သုံးပါးတို့ကို ပယ်အပ်ကုန်၏။ ဒိဋ္ဌာနုသယ၊ ဝိစိကိစ္ဆာနု သယ ဤအနုသယနှစ်ပါးတို့သည် ကင်းကုန်၏။ သကဒါဂါမိမဂ်သည် ရုန့်ရင်းသော ကာမရာဂ သံယောဇဉ်၊ ပဋိဃသံယောဇဉ် ဤသံယောဇဉ်နှစ်ပါးတို့ကို ပယ်အပ်ကုန်၏။ ရုန့်ရင်းသော ကာမရာဂါနု သယ၊ ပဋိဃာနုသယ ဤ အနုသယနှစ်ပါးတို့သည် ကင်းကုန်၏။ အနာဂါမိမဂ်သည် သိမ်မွေ့သော ကာမရာဂသံယောဇဉ်၊ ပဋိဃ သံယောဇဉ် ဤသံယောဇဉ်နှစ်ပါးတို့ကို ပယ်အပ်ကုန်၏။ သိမ်မွေ့သော ကာမရာဂါနုသယ၊ ပဋိဃာနုသယ ဤအနုသယနှစ်ပါးတို့သည် ကင်းကုန်၏။ အရဟတ္တမဂ်သည် ရူပရာဂ၊ အရူပရာဂ၊ မာန၊ ဥဒ္ဓစ္စ၊ အဝိဇ္ဇာ ဤသံယောဇဉ်ငါးပါးတို့ကို ပယ်အပ်ကုန်၏။ မာနာနုသယ၊ ဘဝရာဂါနုသယ၊ အဝိဇ္ဇာနုသယ ဤအနုသယသုံးပါးတို့သည် ကင်းကုန်၏။ ဤသို့ သံယောဇဉ်တို့ကို ပယ်အပ်ကုန်၏။ အနုသယ တို့သည် ကင်းကုန်၏။ ဤသို့ သမထရှေ့သွားပြု၍ ဝိပဿနာကို ပွါး၏။

။ ဝိပဿနာရှေ့သွားပြု၍ အဘယ်သို့ သမထကို ပွါးသနည်း။ အနိစ္စအားဖြင့် အဖန်ဖန်ရှုခြင်း အနက်သဘောသည် ဝိပဿနာမည်၏။ ဒုက္ခအားဖြင့် အဖန်ဖန်ရှုခြင်း အနက်သဘောသည် ဝိပဿနာ မည်၏။ အနတ္တအားဖြင့် အဖန်ဖန်ရှုခြင်းအနက်သဘောသည် ဝိပဿနာမည်၏။ ထိုဝိပဿနာ၌ ဖြစ်သော တရားတို့၏ စွန့်လွှတ်ခြင်း နိဗ္ဗာန်အာရုံရှိသည့်အဖြစ်ဖြင့် စိတ်၏ အာရုံတစ်ခုတည်းရှိခြင်း, မပျံ့လွင့်ခြင်း သည် သမာဓိမည်၏။ ဤသို့ ရှေးဦး ဝိပဿနာ၊ နောက် သမထမည်၏။ ထို့ကြောင့် “ဝိပဿနာ ရှေ့ သွားပြု၍ သမထကို ပွါး၏”ဟု ဆိုအပ်၏။ ပွါး၏ဟူရာ၌ ဘာဝနာတို့သည် လေးပါးတို့တည်း။ မှီဝဲခြင်းအနက်သဘောသည် ဘာဝနာ။ပ။ မဂ်သည်ဖြစ်၏ဟူရာ၌ မဂ်သည် အဘယ်သို့ ဖြစ်သနည်း။ပ။ ဤ သို့ မဂ်သည် ဖြစ်၏။ ဤသို့လျှင် သံယောဇဉ်တို့ကို ပယ်အပ်ကုန်၏။ အနုသယတို့သည် ကင်းကုန်၏။

ရုပ်ကို အနိစ္စအားဖြင့် အဖန်ဖန်ရှုခြင်း အနက်သဘောသည် ဝိပဿနာမည်၏။ ရုပ်ကို ဒုက္ခအား ဖြင့် အဖန်ဖန်ရှုခြင်း အနက်သဘောသည် ဝိပဿနာမည်၏။ ရုပ်ကို အနတ္တအားဖြင့် အဖန်ဖန်ရှုခြင်း အနက်သဘောသည် ဝိပဿနာမည်၏။ ထိုဝိပဿနာ၌ဖြစ်သော တရားတို့၏ စွန့်လွှတ်ခြင်း နိဗ္ဗာန်အာရုံ ရှိသည့်အဖြစ်ဖြင့် စိတ်၏ အာရုံတစ်ခုတည်းရှိခြင်း, မပျံ့လွင့်ခြင်းသည် သမာဓိမည်၏။ ဤသို့ ရှေးဦး ဝိပဿနာ၊ နောက် သမထမည်၏။ ထို့ကြောင့် “ဝိပဿနာ ရှေ့သွားပြု၍ သမထကို ပွါး၏”ဟု ဆိုအပ်၏။ ပွါး၏ဟူရာ၌ ဘာဝနာတို့သည် လေးပါးတို့တည်း။ မှီဝဲခြင်းအနက်သဘောသည် ဘာဝနာမည်၏။ပ။ မဂ်သည် ဖြစ်၏ဟူရာ၌ အဘယ်သို့ မဂ်သည် ဖြစ်ပါသနည်း။ပ။ ဤသို့လျှင် မဂ်သည် ဖြစ်၏။ ဤသို့ သံယောဇဉ်တို့ကို ပယ်အပ်ကုန်၏။ အနုသယတို့သည် ကင်းကုန်၏။

ဝေဒနာကို။ပ။ သညာကို။ သင်္ခါရတို့ကို။ ဝိညာဉ်ကို။ စက္ခုကို။ပ။ ဇရာမရဏကို အနိစ္စ အားဖြင့် အဖန်ဖန်ရှုခြင်းအနက်သဘောသည် ဝိပဿနာမည်၏။ ဇရာမရဏကို ဒုက္ခအားဖြင့်။ပ။ အနတ္တ အားဖြင့် အဖန်ဖန်ရှုခြင်းအနက်သဘောသည် ဝိပဿနာမည်၏။ ထိုဝိပဿနာ၌ ဖြစ်သော တရားတို့၏ စွန့်လွှတ်ခြင်း နိဗ္ဗာန်အာရုံရှိသည့်အဖြစ်ဖြင့် စိတ်၏ အာရုံတစ်ခုတည်းရှိခြင်း, မပျံ့လွင့်ခြင်းသည် သမာဓိ မည်၏။ ဤသို့ ရှေးဦး ဝိပဿနာ၊ နောက် သမထမည်၏။ ထို့ကြောင့် “ဝိပဿနာ ရှေ့သွားပြု၍ သမထကို ပွါး၏”ဟု ဆိုအပ်၏။ ပွါး၏ဟူရာ၌ ဘာဝနာတို့သည် လေးပါးတို့တည်း။ မှီဝဲခြင်းအနက် သဘောသည် ဘာဝနာမည်၏။ပ။ မဂ်သည် ဖြစ်၏ဟူရာ၌ အဘယ်သို့ မဂ်သည် ဖြစ်သနည်း။ပ။ ဤသို့ မဂ်သည် ဖြစ်၏။ ဤသို့ သံယောဇဉ်တို့ကို ပယ်အပ်ကုန်၏။ အနုသယတို့သည် ကင်းကုန်၏။ ဤသို့လျှင် ဝိပဿနာရှေ့သွားပြု၍ သမထကို ပွါး၏။

--

။ သမထ+ဝိပဿနာ ယုဂနဒ္ဓ'အစုံတွဲယှက်သည်'ကို ပြု၍ အဘယ်သို့ ပွားသနည်း။ အာရုံ အနက်သဘော၊ ကျက်စားရာအနက်သဘော၊ ပယ်ခြင်းအနက်သဘော၊ စွန့်လွှတ်ခြင်းအနက်သဘော၊ ထခြင်းအနက်သဘော၊ တစ်ဖန်ပြန်မလည်ခြင်း ကင်းခြင်းအနက်သဘော၊ ငြိမ်းခြင်းအနက်သဘော၊ မွန်မြတ်ခြင်းအနက်သဘော၊ လွတ်မြောက်ခြင်းအနက်သဘော၊ အာသဝေါမရှိခြင်းအနက်သဘော၊ လွန်မြောက်ခြင်း အနက်သဘော၊ သင်္ခါရနိမိတ်ကင်းခြင်းအနက်သဘော၊ တောင့်တမှုကင်းခြင်း အနက်သဘော၊ ဆိတ်သုဉ်းခြင်းအနက်သဘော၊ တစ်ခုတည်းသောကိစ္စ ရသရှိခြင်း အနက်သဘော၊ လွန်၍ မဖြစ်ခြင်းအနက်သဘော၊ အစုံတွဲခြင်းအနက်သဘောဟူသော တစ်ဆယ့်ခြောက်ပါးသော အခြင်းအရာ တို့ဖြင့် သမထ+ဝိပဿနာအစုံ တွဲယှက်သည်ကို ပြု၍ပွါး၏။

အာရုံအနက်သဘောအားဖြင့်သမထ+ဝိပဿနာ အစုံတွဲယှက်သည် ကိုပြု၍ အဘယ်သို့ပွါးသနည်း။ ဥဒ္ဓစ္စကို ပယ်စွန့်သူအား စိတ်၏ အာရုံတစ်ခုတည်းရှိခြင်း မပျံ့လွင့်ခြင်း သမာဓိသည် နိဗ္ဗာန်လျှင်အာရုံရှိ၏။ အဝိဇ္ဇာကိုပယ်စွန့်သူအား အဖန်ဖန်ရှုခြင်းသဘောအားဖြင့် ဝိပဿနာ သည် နိဗ္ဗာန်လျှင်အာရုံရှိ၏။ ဤသို့ အာရုံ အနက်သဘောအားဖြင့် သမထ+ဝိပဿနာတို့သည် တစ်ခုတည်းသော ကိစ္စရသရှိကုန်၏။ အစုံတွဲ၍ ဖြစ်ကုန်၏။ တစ်ပါးသည် တစ်ပါးကို လွန်၍ မဖြစ်ကုန်။ ထို့ကြောင့် “အာရုံ အနက်သဘောအားဖြင့် သမထ+ဝိပဿနာ အစုံ တွဲယှက်သည်ကို ပြု၍ ပွါး၏”ဟု ဆိုအပ်၏။ ပွါး၏ဟူရာ၌ ဘာဝနာတို့သည် လေးပါးတို့တည်း။ မှီဝဲခြင်းအနက်သဘောသည် ဘာဝနာမည်၏။ပ။ မဂ် သည် ဖြစ်၏ဟူရာ၌ အဘယ်သို့ မဂ်သည် ဖြစ်သနည်း။ပ။ ဤသို့ မဂ်သည် ဖြစ်၏။ ဤသို့ သံယော ဇဉ်တို့ကို ပယ်အပ် ကုန်၏။ အနုသယတို့သည် ကင်းကုန်၏။ ဤသို့ အာရုံ အနက်သဘောအားဖြင့် သမထ+ဝိပဿနာ အစုံတွဲယှက်သည်ကို ပြု၍ ပွါး၏။ (၁)

ကျက်စားရာ အနက်သဘောအားဖြင့် သမထ+ဝိပဿနာ အစုံတွဲ၍ အဘယ်သို့ ပွါးသနည်း။ ဥဒ္ဓစ္စကို ပယ်စွန့်သူအား စိတ်၏ အာရုံတစ်ခုတည်းရှိခြင်း, မပျံ့လွင့်ခြင်းသမာဓိသည် နိဗ္ဗာန်လျှင် ကျက်စားရာ အာရုံရှိ၏။ အဝိဇ္ဇာကို ပယ်စွန့်သူအား အဖန်ဖန်ရှုခြင်း အနက်သဘောအားဖြင့် ဝိပဿနာ သည် နိဗ္ဗာန်လျှင် ကျက်စားရာ အာရုံရှိ၏။ ဤသို့ ကျက်စားရာ အနက်သဘောအားဖြင့် သမထ ဝိပဿနာတို့သည် တစ်ခုတည်းသော ကိစ္စရသ ရှိကုန်၏။ အစုံတွဲ၍ ဖြစ်ကုန်၏။ တစ်ပါးသည် တစ်ပါးကို လွန်၍ မဖြစ်ကုန်။ ထို့ကြောင့် “ကျက်စားရာ အနက်သဘောအားဖြင့် သမထ+ဝိပဿနာ အစုံတွဲ၍ ပွါး၏”ဟု ဆိုအပ်၏။ (၂)

ပယ်ခြင်း အနက်သဘောအားဖြင့် သမထ+ဝိပဿနာ အစုံတွဲ၍ အဘယ်သို့ ပွါးသနည်း။ ဥဒ္ဓစ္စနှင့် တကွသော ကိလေသာတို့ကိုလည်းကောင်း၊ ခန္ဓာတို့ကိုလည်းကောင်း ပယ်စွန့်သူအား စိတ်၏ အာရုံတစ်ခုတည်းရှိခြင်း, မပျံ့လွင့်ခြင်း သမာဓိသည် နိဗ္ဗာန်လျှင် ကျက်စားရာ အာရုံရှိ၏။ အဝိဇ္ဇာနှင့် တကွဖြစ်သော ကိလေသာတို့ကိုလည်းကောင်း၊ ခန္ဓာတို့ကိုလည်းကောင်း ပယ်စွန့်သူအား အဖန်ဖန် ရှုခြင်းသဘော အားဖြင့် ဝိပဿနာသည် နိဗ္ဗာန်လျှင် ကျက်စားရာ အာရုံရှိ၏။ ဤသို့ပယ်ခြင်း အနက်သဘောအားဖြင့် သမထ+ဝိပဿနာ တို့သည် တစ်ခုတည်းသော ကိစ္စရသရှိကုန်၏။ အစုံတွဲ၍ ဖြစ်ကုန်၏။

တစ်ပါးသည်တစ်ပါးကို လွန်၍မဖြစ်ကုန်။ ထို့ကြောင့် “ပယ်ခြင်းအနက်သဘော အားဖြင့် သမထ+ ဝိပဿနာ အစုံတွဲ၍ ပွါး၏”ဟု ဆိုအပ်၏။ (၃)

စွန့်လွှတ်ခြင်း အနက်သဘောအားဖြင့် သမထ+ဝိပဿနာ အစုံတွဲ၍ အဘယ်သို့ ပွါးသနည်း။ ဥဒ္ဓစ္စနှင့် တကွဖြစ်သော ကိလေသာတို့ကိုလည်းကောင်း၊ ခန္ဓာတို့ကိုလည်းကောင်း စွန့်လွှတ်သူအား စိတ်၏ အာရုံတစ်ခုတည်းရှိခြင်း, မပျံ့လွင့်ခြင်း သမာဓိသည် နိဗ္ဗာန်လျှင် ကျက်စားရာ အာရုံရှိ၏။ အဝိဇ္ဇာနှင့် တကွဖြစ်သော ကိလေသာတို့ကိုလည်းကောင်း၊ ခန္ဓာတို့ကိုလည်းကောင်း စွန့်လွှတ်သူအား အဖန်ဖန့်ရှုခြင်းသဘောအားဖြင့် ဝိပဿနာသည် နိဗ္ဗာန်လျှင် ကျက်စားရာ အာရုံရှိ၏။ ဤသို့ စွန့်လွှတ်ခြင်း အနက်သဘောအားဖြင့် သမထ+ ဝိပဿနာတို့သည် တစ်ခုတည်းသော ကိစ္စရသ ရှိကုန်၏။ အစုံတွဲ၍ ဖြစ်ကုန်၏။ တစ်ပါးသည် တစ်ပါးကို လွန်၍ မဖြစ်ကုန်။ ထို့ကြောင့် “စွန့်လွှတ်ခြင်းအနက် သဘောအားဖြင့် သမထ+ဝိပဿနာ အစုံတွဲ၍ ပွါး၏”ဟု ဆိုအပ်၏။ (၄)

--

ထခြင်း အနက်သဘောအားဖြင့် သမထ+ဝိပဿနာ အစုံတွဲ၍ အဘယ်သို့ ပွါးသနည်း။ ဥဒ္ဓစ္စနှင့် တကွဖြစ်သော ကိလေသာတို့မှလည်းကောင်း၊ ခန္ဓာတို့မှလည်းကောင်း ထသူအား စိတ်၏ အာရုံတစ်ခုတည်းရှိခြင်း, မပျံ့လွင့်ခြင်း သမာဓိသည် နိဗ္ဗာန်လျှင် ကျက်စားရာ အာရုံရှိ၏။ အဝိဇ္ဇာနှင့် တကွဖြစ်သော ကိလေသာတို့မှလည်းကောင်း၊ ခန္ဓာတို့မှလည်းကောင်း ထသူအား အဖန်ဖန် ရှုခြင်းအနက်သဘောအားဖြင့် ဝိပဿနာသည် နိဗ္ဗာန်လျှင် ကျက်စားရာ အာရုံရှိ၏။ ဤသို့ ထခြင်း အနက်သဘောအားဖြင့် သမထ+ ဝိပဿနာတို့သည် တစ်ခုတည်းသော ကိစ္စရသ ရှိကုန်၏။ အစုံတွဲ၍ ဖြစ်ကုန်၏။ တစ်ပါးသည် တစ်းပါကို လွန်၍ မဖြစ်ကုန်။ ထို့ကြောင့် “ထခြင်း အနက်သဘောအားဖြင့် သမထ+ဝိပဿနာ အစုံတွဲ၍ ပွါး၏”ဟု ဆိုအပ်၏။ (၅)

တစ်ဖန် ပြန်မလည်ခြင်းအနက်, ကင်းခြင်းအနက် သဘောအားဖြင့် သမထ +ဝိပဿနာ အစုံတွဲ၍ အဘယ်သို့ ပွါးသနည်း။ ဥဒ္ဓစ္စနှင့် တကွဖြစ်သော ကိလေသာတို့မှလည်းကောင်း၊ ခန္ဓာတို့မှလည်းကောင်း ကင်းသောသူအား စိတ်၏ အာရုံတစ်ခုတည်းရှိခြင်း မပျံ့လွင့်ခြင်း သမာဓိသည် နိဗ္ဗာန်လျှင် ကျက်စားရာ အာရုံရှိ၏။ အဝိဇ္ဇာနှင့် တကွဖြစ်သော ကိလေသာတို့မှလည်းကောင်း၊ ခန္ဓာတို့မှလည်းကောင်း ကင်းသောသူအား အဖန်ဖန် ရှုခြင်းအနက်သဘော အားဖြင့် ဝိပဿနာသည် နိဗ္ဗာန်လျှင် ကျက်စားရာ အာရုံရှိ၏။ ဤသို့ တစ်ဖန် ပြန်မလည်ခြင်း ကင်းခြင်း အနက်သဘောအားဖြင့် သမထ+ဝိပဿနာတို့သည် တစ်ခုတည်းသော ကိစ္စရသ ရှိကုန်၏။ အစုံတွဲ၍ ဖြစ်ကုန်၏။ တစ်ပါးသည် တစ်ပါးကို လွန်၍ မဖြစ်ကုန်။ ထို့ကြောင့် “တစ်ဖန် ပြန်မလည်ခြင်း, ကင်းခြင်း အနက်သဘောအားဖြင့် သမထ+ဝိပဿနာ အစုံတွဲ၍ ပွါး၏”ဟု ဆိုအပ်၏။ (၆)

ငြိမ်းခြင်း အနက်သဘောအားဖြင့် သမထ+ဝိပဿနာ အစုံတွဲ၍ အဘယ်သို့ ပွါးသနည်း။ ဥဒ္ဓစ္စကို ပယ်စွန့်သူအား စိတ်၏ အာရုံတစ်ခုတည်းရှိခြင်း, မပျံ့လွင့်ခြင်း သမာဓိသည် ငြိမ်း၏။ နိဗ္ဗာန်လျှင် ကျက် စားရာအာရုံရှိ၏။ အဝိဇ္ဇာကို ပယ်စွန့်သူအား အဖန်ဖန်ရှုခြင်း အနက်သဘောအားဖြင့် ဝိပဿနာသည် ငြိမ်း၏။ နိဗ္ဗာန်လျှင် ကျက်စားရာ အာရုံရှိ၏။ ဤသို့ ငြိမ်းခြင်း အနက်သဘောအားဖြင့် သမထ+ ဝိပဿနာတို့သည် တစ်ခုတည်းသော ကိစ္စရသ ရှိကုန်၏။ အစုံတွဲ၍ ဖြစ်ကုန်၏။ တစ်ပါးသည် တစ်ပါး ကို လွန်၍ မဖြစ်ကုန်။ ထို့ကြောင့် “ငြိမ်းခြင်း အနက်သဘောအားဖြင့် သမထ+ဝိပဿနာ အစုံတွဲ၍ ပွါး၏”ဟု ဆိုအပ်၏။ (၇)

မွန်မြတ်ခြင်း အနက်သဘောအားဖြင့် သမထ+ဝိပဿနာ အစုံတွဲ၍ အဘယ်သို့ ပွါးသနည်း။ ဥဒ္ဓစ္စကို ပယ်စွန့်သူအား စိတ်၏ အာရုံတစ်ခုတည်းရှိခြင်း, မပျံ့လွင့်ခြင်း သမာဓိသည် မွန်မြတ်၏။ နိဗ္ဗာန်လျှင် ကျက်စားရာ အာရုံရှိ၏။ အဝိဇ္ဇာကို ပယ်စွန့်သူအား အဖန်ဖန်ရှုခြင်း အနက်သဘောအားဖြင့် ဝိပဿနာသည် မွန်မြတ်၏။ နိဗ္ဗာန်လျှင် ကျက်စားရာ အာရုံရှိ၏။ ဤသို့လျှင် မွန်မြတ်ခြင်း အနက်သဘောအားဖြင့် သမထ+ ဝိပဿနာတို့သည် တစ်ခုတည်းသော ကိစ္စရသ ရှိကုန်၏။ အစုံတွဲ၍ ဖြစ်ကုန်၏။ တစ်ပါးသည် တစ်ပါးကို လွန်၍ မဖြစ်ကုန်။ ထို့ကြောင့် “မွန်မြတ်ခြင်း အနက်သဘောအားဖြင့် သမထ+ဝိပဿနာ အစုံတွဲ၍ ပွါး၏”ဟု ဆိုအပ်၏။ (၈)

လွတ်မြောက်ခြင်း အနက်သဘောအားဖြင့် သမထ ဝိပဿနာ အစုံတွဲ၍ အဘယ်သို့ ပွါးသနည်း။ ဥဒ္ဓစ္စကို ပယ်စွန့်သူအား စိတ်၏ အာရုံတစ်ခုတည်းရှိခြင်း, မပျံ့လွင့်ခြင်း သမာဓိသည် ကာမာသဝမှ လွတ် မြောက်၏။ နိဗ္ဗာန်လျှင် ကျက်စားရာ အာရုံရှိ၏။ အဝိဇ္ဇာကို ပယ်စွန့်သူအား အဖန်ဖန်ရှုခြင်း အနက့်သဘောအားဖြင့် ဝိပဿနာသည် အဝိဇ္ဇာသဝမှ လွတ်မြောက်၏။ နိဗ္ဗာန်လျှင် ကျက်စားရာ အာရုံရှိ၏။ ဤသို့ ရာဂကို တပ်စွန်းခြင်း ကင်းသော စေတောဝိမုတ္တိ၊ အဝိဇ္ဇာကို တပ်စွန်းခြင်းကင်းသောပညာဝိမုတ္တိ သဘောအားဖြင့် သမထ+ဝိပဿနာ တို့သည် တစ်ခုတည်းသော ကိစ္စရသရှိကုန်၏။ အစုံတွဲ၍ ဖြစ်ကုန်၏။ တစ်ပါးသည် တစ်ပါးကိုလွန်၍ မဖြစ်ကုန်။ ထို့ကြောင့် “လွတ်မြောက်ခြင်း အနက်သဘောအားဖြင့် သမထ+ဝိပဿနာ အစုံတွဲ၍ ပွါး၏”ဟု ဆိုအပ်၏။ (၉)

--

အာသဝေါမရှိခြင်း အနက်သဘောအားဖြင့် သမထ+ဝိပဿနာ အစုံတွဲ၍ အဘယ်သို့ ပွါးသနည်း။ ဥဒ္ဓစ္စကို ပယ်စွန့်သူအား စိတ်၏ အာရုံတစ်ခုတည်းရှိခြင်း, မပျံ့လွင့်ခြင်း သမာဓိသည် ကာမာသဝအားဖြင့် အာသဝေါ မရှိ။ နိဗ္ဗာန်လျှင် ကျက်စားရာ အာရုံရှိ၏။ အဝိဇ္ဇာကို ပယ်စွန့်သူအား အဖန်ဖန်ရှုခြင်း အနက် သဘောအားဖြင့် ဝိပဿနာသည် အဝိဇ္ဇာသဝအားဖြင့် အာသဝေါ မရှိ။ နိဗ္ဗာန်လျှင် ကျက်စားရာ အာရုံရှိ၏။ ဤသို့ အာသဝေါမရှိခြင်း အနက်သဘောအားဖြင့် သမထ+ဝိပဿနာတို့သည် တစ်ခုတည်းသော ကိစ္စရသရှိကုန်၏။ အစုံတွဲ၍ ဖြစ်ကုန်၏။ တစ်ပါးသည် တစ်ပါးကို လွန်၍ မဖြစ်ကုန်။ ထို့ကြောင့် “အာသဝေါမရှိခြင်း အနက်သဘောအားဖြင့် သမထ+ ဝိပဿနာ အစုံတွဲ၍ ပွါး၏”ဟု ဆိုအပ်၏။ (၁၀)

လွန်မြောက်ခြင်း အနက်သဘောအားဖြင့် သမထ+ဝိပဿနာ အစုံတွဲ၍ အဘယ်သို့ ပွါးသနည်း။ ဥဒ္ဓစ္စနှင့် တကွဖြစ်သော ကိလေသာတို့ကိုလည်းကောင်း၊ ခန္ဓာတို့ကိုလည်းကောင်း၊ လွန်မြောက်သူအား စိတ်၏ အာရုံတစ်ခုတည်းရှိခြင်း, မပျံ့လွင့်ခြင်း သမာဓိသည် နိဗ္ဗာန်လျှင် ကျက်စားရာအာရုံ ရှိ၏။ အဝိဇ္ဇာနှင့် တကွဖြစ်သော ကိလေသာတို့ကိုလည်းကောင်း၊ ခန္ဓာတို့ကိုလည်းကောင်း လွန်မြောက်သူအား အဖန်ဖန် ရှုခြင်းအနက်သဘောအားဖြင့် ဝိပဿနာသည် နိဗ္ဗာန်လျှင် ကျက်စားရာ အာရုံရှိ၏။ ဤသို့လျှင် လွန်မြောက်ခြင်းအနက်သဘောအားဖြင့် သမထ+ဝိပဿနာတို့သည် တစ်ခုတည်းသော ကိစ္စရသရှိကုန်၏။

အစုံတွဲ၍ ဖြစ်ကုန်၏။ တစ်ပါးသည် တစ်ပါးကို လွန်၍ မဖြစ်ကုန်။ ထို့ကြောင့် “လွန်မြောက်ခြင်း အနက်သဘောအားဖြင့် သမထ+ဝိပဿနာ အစုံတွဲ၍ ပွါး၏”ဟု ဆိုအပ်၏။ (၁၁)

သင်္ခါရနိမိတ်ကင်းသောအနက်သဘောအားဖြင့် သမထ+ဝိပဿနာ အစုံတွဲ၍ အဘယ်သို့ ပွါး သနည်း။ ဥဒ္ဓစ္စကို ပယ်စွန့်သူအား စိတ်၏ အာရုံတစ်ခုတည်းရှိခြင်း, မပျံ့လွင့်ခြင်း သမာဓိသည် အလုံး စုံသော သင်္ခါရနိမိတ်တို့ဖြင့် နိမိတ်ကင်း၏။ နိဗ္ဗာန်လျှင် ကျက်စားရာ အာရုံရှိ၏။ အဝိဇ္ဇာကို ပယ်စွန့် သူအား အဖန်ဖန်ရှုခြင်း အနက်သဘောအားဖြင့် ဝိပဿနာသည် အလုံးစုံသောသင်္ခါရနိမိတ်တို့ဖြင့် နိမိတ် ကင်း၏။ နိဗ္ဗာန်လျှင် ကျက်စားရာ အာရုံရှိ၏။ ဤသို့ သင်္ခါရနိမိတ်ကင်းသော အနက်သဘောအားဖြင့် သမထ+ဝိပဿနာတို့သည် တစ်ခုတည်းသော ကိစ္စရသရှိကုန်၏။ အစုံတွဲ၍ ဖြစ်ကုန်၏။ တစ်ပါးသည် တစ်ပါးကို လွန်၍ မဖြစ်ကုန်။ ထို့ကြောင့် “သင်္ခါရ နိမိတ်ကင်းသော အနက်သဘောအားဖြင့် သမထ+ ဝိပဿနာတို့သည် အစုံတွဲ၍ ပွါး၏”ဟု ဆိုအပ်၏။ (၁၂)

တောင့်တမှုကင်းခြင်း အနက်သဘောအားဖြင့် သမထ+ဝိပဿနာ အစုံတွဲ၍ အဘယ်သို့ ပွါး သနည်း။ ဥစ္ဓစ္စကို ပယ်စွန့်သူအား စိတ်၏ အာရုံတစ်ခုတည်းရှိခြင်း, မပျံ့လွင့်ခြင်း သမာဓိသည် အလုံးစုံ တောင့်တခြင်းတို့ဖြင့် တောင့်တမှုမရှိ။ နိဗ္ဗာန်လျှင် ကျက်စားရာ အာရုံရှိ၏။ အဝိဇ္ဇာကို ပယ်စွန့်သူအား အဖန်ဖန်ရှုခြင်း အနက်သဘောအားဖြင့် ဝိပဿနာသည် အလုံးစုံတောင့်တခြင်းတို့ဖြင့် တောင့်တမှု မရှိ။ နိဗ္ဗာန်လျှင် ကျက်စားရာ အာရုံရှိ၏။ ဤသို့ တောင့်တမှုကင်းခြင်း အနက်သဘောအားဖြင့် သမထ+ ဝိပဿနာတို့သည် တစ်ခုတည်းသော ကိစ္စရသရှိကုန်၏။ အစုံတွဲ၍ ဖြစ်ကုန်၏။ တစ်ပါးသည် တစ်ပါးကို လွန်၍ မဖြစ်ကုန်။ ထို့ကြောင့် “တောင့်တမှုကင်းခြင်း အနက်သဘောအားဖြင့် သမထ+ဝိပဿနာ အစုံ တွဲ၍ ပွါး၏”ဟု ဆိုအပ်၏။ (၁၃)

--

ဆိတ်သုဉ်းခြင်း အနက်သဘောအားဖြင့် သမထ+ဝိပဿနာ အစုံတွဲ၍ အဘယ်သို့ ပွါးသနည်း။ ဥဒ္ဓစ္စကို ပယ်စွန့်သူအား စိတ်၏ အာရုံတစ်ခုတည်းရှိခြင်း, မပျံ့လွင့်ခြင်း သမာဓိသည် အလုံးစုံ မှားသောနှလုံးသွင်းခြင်းတို့မှ ဆိတ်သုဉ်း၏။ နိဗ္ဗာန်လျှင် ကျက်စားရာ အာရုံရှိ၏။ အဝိဇ္ဇာကို ပယ်စွန့်သူအား အဖန်ဖန်ရှုခြင်း အနက်သဘောအားဖြင့် ဝိပဿနာသည် အလုံးစုံ မှားသောနှလုံးသွင်းခြင်းတို့မှ ဆိတ် သုဉ်း၏။ နိဗ္ဗာန်လျှင် ကျက်စားရာ အာရုံရှိ၏။ ဤသို့ ဆိတ်သုဉ်းခြင်း အနက်သဘောအားဖြင့် သမထ+ ဝိပဿနာတို့သည် တစ်ခုတည်းသော ကိစ္စရသရှိကုန်၏။ အစုံတွဲ၍ ဖြစ်ကုန်၏။ တစ်ပါးသည် တစ်ပါးကို လွန်၍ မဖြစ်ကုန်။ ထို့ကြောင့် “ဆိတ်သုဉ်းခြင်း အနက်သဘောအားဖြင့် သမထ+ဝိပဿနာ အစုံတွဲ၍ ပွါး၏”ဟု ဆိုအပ်၏။ ပွါး၏ဟူရာ၌ ဘာဝနာတို့သည် လေးပါးတို့တည်း။ မှီဝဲခြင်းအနက်သဘောသည် ဘာဝနာမည်၏။ပ။ မဂ်သည် ဖြစ်၏ဟူရာ၌ မဂ်သည် အဘယ်သို့ ဖြစ်သနည်း။ပ။ ဤသို့ မဂ်သည် ဖြစ်၏။ ဤသို့ သံယောဇဉ်တို့ကို ပယ်အပ်ကုန်၏။ အနုသယတို့သည် ကင်းကုန်၏။ ဤသို့လျှင် ဆိတ် သုဉ်းခြင်းအနက်သဘောအားဖြင့် သမထ+ဝိပဿနာ အစုံတွဲ၍ ပွါး၏။ ဤအခြင်းအရာ တစ်ဆယ့်ခြောက် ပါးတို့ဖြင့် သမထ+ဝိပဿနာ အစုံတွဲ၍ ပွါး၏။ ဤသို သမထ+ ဝိပဿနာကို အစုံတွဲ၍ ပွါး၏။ (၁၄)

သုတ္တန် အကျယ်ပြခြင်း ပြီး၏။

--

၂-ဓမ္မုဒ္ဓစ္စဝါရ အကျယ်ပြခြင်း

။ အဘယ်သို့လျှင် တရားတို့၌ ဥဒ္ဓစ္စသည် ဖောက်ပြန်စွာ ယူအပ်သော စိတ်ဖြစ်သနည်း။ အနိစ္စ အားဖြင့်နှလုံးသွင်းသူအား အလင်းရောင်သည် ဖြစ်၏။ အလင်းရောင်သည် (မဂ်ဖိုလ်) တရားတည်းဟု အလင်းရောင်ကို ဆင်ခြင်၏။ ထို့ကြောင့် ပျံ့လွင့်ခြင်းသည် ဥဒ္ဓစ္စမည်၏။ ထိုဥဒ္ဓစ္စဖြင့် ဖောက်ပြန်စွာ ယူအပ်သော စိတ်ရှိသူသည် အနိစ္စအားဖြင့် ထင်ခြင်း (သတိ) ကို အမှန်အတိုင်း ခွဲခြား၍မသိ။ ဒုက္ခအားဖြင့် ထင်ခြင်း (သတိ) ကို အမှန်အတိုင်း ခွဲခြား၍ မသိ။ အနတ္တအားဖြင့် ထင်ခြင်း (သတိ) ကို အမှန်အတိုင်း ခွဲခြား၍ မသိ။ ထို့ကြောင့် တရားတို့၌ ဥဒ္ဓစ္စဖြင့် ဖောက်ပြန်စွာ ယူအပ်သော စိတ်ရှိသူ ဖြစ်၏ဟု ဆိုအပ်၏။ အကြင် ဝိပဿနာစိတ်သည် ရှိ၏။ ထိုဝိပဿနာ စိတ်သည် အဇ္ဈတ္တအာရုံ၌သာလျှင် တည်၏။ ကောင်းစွာ နေ၏။ သမာဓိ ဖြစ်၏။ ကောင်းစွာ တည်၏။ ထိုရဟန်းအား မဂ်သည် ဖြစ်၏ဟူရာ၌ အဘယ်သို့ မဂ်သည် ဖြစ်သနည်း။ပ။ ဤသို့ မဂ်သည် ဖြစ်၏။ ဤသို့ သံယောဇဉ်တို့ကို ပယ်အပ် ကုန်၏။ အနုသယတို့သည် ကင်းကုန်၏။

အနိစ္စအားဖြင့်နှလုံးသွင်းသူအား ဝိပဿနာနှင့်ယှဉ်သော ဉာဏ်၊ ပီတိ၊ ကိုယ်,စိတ်တို့၏ ငြိမ်းခြင်း ပဿဒ္ဓိသည် ဖြစ်၏။ သုခ၊ အဓိမောက္ခ၊ ဝီရိယ၊ သတိ၊ ဥပေက္ခာ၊ နိကန္တိသည် ဖြစ်၏။ “နိကန္တိသည် (မဂ်ဖိုလ်) တရားတည်း”ဟု နိကန္တိကို ဆင်ခြင်၏။ ထို (နိကန္တိကို မဂ်ဖိုလ်တရားတည်းဟု ဆင်ခြင်ခြင်း) ကြောင့် ပျံ့လွင့်ခြင်းသည် ဥဒ္ဓစ္စမည်၏။ ထိုဥဒ္ဓစ္စဖြင့် ဖောက်ပြန်စွာ ယူအပ်သော စိတ်ရှိသူသည် အနိစ္စ အားဖြင့် ထင်ခြင်း (သတိ) ကို အမှန်အတိုင်း ခွဲခြား၍မသိ။ ဒုက္ခအားဖြင့် ထင်ခြင်း (သတိ) ကို အမှန် အတိုင်း ခွဲခြား၍ မသိ။ အနတ္တအားဖြင့် ထင်ခြင်း (သတိ) ကို အမှန်အတိုင်း ခွဲခြား၍ မသိ။ ထို့ကြောင့် တရားတို့၌ ဥဒ္ဓစ္စဖြင့် ဖောက်ပြန်စွာ ယူအပ်သော စိတ်ရှိသူ ဖြစ်၏ဟု ဆိုအပ်၏။ အကြင် ဝိပဿနာ စိတ်သည် ရှိ၏။ ထိုဝိပဿနာစိတ်သည် အဇ္ဈတ္တ (အာရုံ) ၌သာလျှင် တည်၏။ ကောင်းစွာ နေ၏။ သမာဓိ ဖြစ်၏။ ကောင်းစွာ တည်၏။ ထိုရဟန်းအား မဂ်သည် ဖြစ်၏ဟူရာ၌ အဘယ်သို့ မဂ်သည် ဖြစ်သနည်း။ပ။ ဤသို့ မဂ်သည် ဖြစ်၏။ ဤသို့ သံယောဇဉ်တို့ကို ပယ်အပ်ကုန်၏။ အနုသယတို့သည် ကင်း ကုန်၏။

ဒုက္ခအားဖြင့်နှလုံးသွင်းသူအား။ပ။ အနတ္တအားဖြင့်နှလုံးသွင်းသူအား အလင်းရောင်သည် ဖြစ်၏။ပ။ ဝိပဿနာနှင့် ယှဉ်သောဉာဏ်၊ ပီတိ၊ ကိုယ်စိတ်တို့၏ ငြိမ်းခြင်းပဿဒ္ဓိ၊ သုခ၊ အဓိမောက္ခ၊ ဝီရိယ၊ သတိ၊ ဥပေက္ခာ၊ နိကန္တိသည် ဖြစ်၏။ “နိကန္တိသည် (မဂ်ဖိုလ်) တရားတည်း”ဟု နိကန္တိကို ဆင်ခြင်၏။ ထို့ကြောင့် ပျံ့လွင့်ခြင်းသည် ဥဒ္ဓစ္စမည်၏။ ထိုဥဒ္ဓစ္စဖြင့် ဖောက်ပြန်စွာ ယူအပ်သော စိတ်ရှိသူသည့်အနတ္တအားဖြင့် ထင်ခြင်း (သတိ) ကို၊ အနိစ္စအားဖြင့် ထင်ခြင်း (သတိ) ကို၊ ဒုက္ခအားဖြင့် ထင်ခြင်း (သတိ) ကို အမှန်အတိုင်း ခွဲခြား၍ မသိ။ ထို့ကြောင့် တရားတို့၌ ဥဒ္ဓစ္စဖြင့် ဖောက်ပြန်စွာ ယူအပ်သော စိတ်ရှိသူ ဖြစ်၏ဟု ဆိုအပ်၏။ပ။ ဤသို့ သံယောဇဉ်တို့ကို ပယ်အပ်ကုန်၏။ အနုသယတို့သည် ကင်း ကုန်၏။

ရုပ်ကို အနိစ္စအားဖြင့်နှလုံးသွင်းသူအား။ပ။ ရုပ်ကို ဒုက္ခအားဖြင့်နှလုံးသွင်းသူအား။ ရုပ်ကို အနတ္တအားဖြင့်နှလုံးသွင်းသူအား။ ဝေဒနာကို။ပ။ သညာကို။ သင်္ခါရတို့ကို။ ဝိညာဉ်ကို။ စက္ခုကို။ပ။ ဇရာမရဏကို အနိစ္စအားဖြင့်နှလုံးသွင်းသူအား။ပ။ ဇရာမရဏကို ဒုက္ခအားဖြင့်နှလုံးသွင်းသူအား။ ဇရာမရဏကို အနတ္တအားဖြင့်နှလုံးသွင်းသူအား အလင်းရောင်သည် ဖြစ်၏။ပ။ ဝိပဿနာနှင့်ယှဉ်သော ဉာဏ်၊ ပီတိ၊ ကိုယ် စိတ်တို့၏ ငြိမ်းခြင်း ပဿဒ္ဓိ၊ သုခ၊ အဓိမောက္ခ၊ ဝီရိယ၊ သတိ၊ ဥပေက္ခာ၊ နိကန္တိသည် ဖြစ်၏။

--

“နိကန္တိသည် (မဂ်ဖိုလ်) တရားတည်း”ဟု နိကန္တိကို ဆင်ခြင်၏။ ထို့ကြောင့် ပျံ့လွင့်ခြင်းသည် ဥဒ္ဓစ္စမည်၏။ ထိုဥဒ္ဓစ္စဖြင့် ဖောက်ပြန်စွာ ယူအပ်သော စိတ်ရှိသူသည် ဇရာမရဏကို အနတ္တအားဖြင့် ထင်ခြင်း (သတိ) ကို အမှန်အတိုင်း ခွဲခြား၍ မသိ။ ဇရာမရဏကို အနိစ္စအားဖြင့် ထင်ခြင်း (သတိ) ကို အမှန်အတိုင်း ခွဲခြား၍ မသိ။ ဇရာမရဏကို ဒုက္ခအားဖြင့် ထင်ခြင်း (သတိ) ကို အမှန်အတိုင်း ခွဲခြား၍ မသိ။ ထို့ကြောင့် တရားတို့၌ ဥဒ္ဓစ္စဖြင့် ဖောက်ပြန်စွာ ယူအပ်သော စိတ်ရှိသူ ဖြစ်၏ဟု ဆိုအပ်၏။ အကြင် ဝိပဿနာစိတ်သည် ရှိ၏။ ထိုဝိပဿနာ စိတ်သည် အဇ္ဈတ္တ (အာရုံ) ၌သာ လျှင် တည်၏။ ကောင်းစွာ နေ၏။ သမာဓိဖြစ်၏။ ကောင်းစွာ တည်၏။ ထိုရဟန်းအား မဂ်သည် ဖြစ်၏ဟူရာ၌ အဘယ်သို့ မဂ်သည် ဖြစ်သနည်း။ပ။ ဤသို့ မဂ်သည် ဖြစ်၏။ ဤသို့ သံယောဇဉ်တို့ကို ပယ်အပ်ကုန်၏။ အနုသယတို့သည် ကင်းကုန်၏။ ဤသို့ တရားတို့၌ ဥဒ္ဓစ္စဖြင့် ဖောက်ပြန်စွာ ယူအပ် သော စိတ်သည် ဖြစ်၏။

။ အလင်းရောင်၌လည်းကောင်း၊ ဝိပဿနာဉာဏ်၌လည်းကောင်း၊ ဝိပဿနာနှင့်ယှဉ်သော ပီတိ၌လည်းကောင်း အမျိုးမျိုး တုန်လှုပ်၏။ ကိုယ်စိတ်တို့၏ ငြိမ်းခြင်း၌လည်းကောင်း၊ ဝိပဿနာနှင့်ယှဉ်သော သုခ၌လည်းကောင်း ယင်း ကိုယ်စိတ် တို့၏ ငြိမ်းခြင်း၊ ဝိပဿနာနှင့်ယှဉ်သော သုခတို့ကြောင့် စိတ်သည် အပြားအားဖြင့် တုန်လှုပ်၏။

အဓိမောက္ခဟူသော ဝိပဿနာနှင့်ယှဉ်သော သဒ္ဓါ၌လည်းကောင်း၊ ဝိပဿနာနှင့်ယှဉ်သော ဝီရိယ၌လည်းကောင်း၊ ဝိပဿနာနှင့်ယှဉ်သော သတိ၌လည်းကောင်း၊ အာဝဇ္ဇနုပေက္ခာ၌လည်းကောင်း၊ ဥပေက္ခာ၌လည်းကောင်း၊ နိကန္တိ၌လည်းကောင်း တုန်လှုပ်၏။

ဤအရာ ဆယ်ပါးတို့ကို ပညာဖြင့် ထုံအပ် ဆည်းပူးအပ်သော သူသည် တရားတို့၌ ဥဒ္ဓစ္စသဘောကို ကျွမ်းကျင်လိမ္မာသူ ဖြစ်၏။ တွေဝေခြင်းသို့လည်းမရောက်။

(နုံ့သောပညာရှိသူသည်) ပျံ့လည်း ပျံ့လွင့်၏။ ညစ်လည်း ညစ်နွမ်း၏။ ဘာဝနာမှ စိတ်သည် ရွေ့လျော၏။ (အလတ်စားပညာရှိသူသည်) ပျံ့လွင့်၏။ မညစ်နွမ်း။ ဘာဝနာမှ ယုတ်လျော့၏။

(ထက်သောပညာရှိသူသည်) ပျံ့လွင့်၏။ မညစ်နွမ်း။ ဘာဝနာမှ မယုတ် လျော့။ (အလွန်ထက်သောပညာရှိသူအား) စိတ်သည် မပျံ့လွင့်။ မညစ်နွမ်း။ ဘာဝနာမှ စိတ်သည် မရွေ့လျော။

(မြတ်သောပညာရှိသူသည်) ဤအကြောင်း လေးပါးတို့ကြောင့် အရာဆယ်ပါး၌ စိတ်၏တွန့် ဆုတ်ခြင်း၊ ပျံ့လွင့်ခြင်းဖြင့် ဖောက်ပြန်စွာ ယူခြင်းကို ကောင်းစွာအပြားအားဖြင့် ခွဲခြား၍ သိ၏။

ယုဂနဒ္ဓကထာ ပြီး၏။

--

၂-သစ္စကထာ

။ နိဒါန်းကား ရှေးအတိုင်းပင်တည်း။

ရဟန်းတို့ ဤလေးပါးတို့သည် အမှန်တို့တည်း။ အမှားတို့မဟုတ်ကုန်။ တစ်ပါးသောသဘောတို့ မဟုတ်ကုန်။ လေးပါတို့သည် အဘယ်နည်း။ ရဟန်းတို့ “ဤကား ဒုက္ခတည်း”ဟူသော ဤစကားသည် အမှန်တည်း။ ဤစကားသည် မမှား။ ဤစကားသည် တစ်ပါးသော သဘောမဟုတ်။ “ဤကား ဒုက္ခဖြစ် ကြောင်းတည်း”ဟူသော ဤစကားသည် အမှန်တည်း။ ဤစကားသည် မမှား။ ဤစကားသည် တစ်ပါး သောသဘောမဟုတ်။ “ဤကား ဒုက္ခ၏ချုပ်ရာ (နိဗ္ဗာန်)တည်း”ဟူသော ဤစကားသည် အမှန်တည်း။ ဤစကားသည် အမှားဟုတ်။ ဤစကားသည် တစ်ပါးသောသဘောမဟုတ်။ “ဤကား ဒုက္ခ၏ချုပ်ရာ (နိဗ္ဗာန်) သို့ရောက်ကြောင်းအကျင့်တည်း”ဟူသော ဤစကားသည် အမှန်တို့တည်း။ ဤစကားသည် မမှား။ ဤစကားသည် တစ်ပါးသော သဘောမဟုတ်။ ရဟန်းတို့ ဤလေးပါးတို့သည် အမှန်တည်း။ အမှား မဟုတ်ကုန်။ တစ်ပါးသောသဘော မဟုတ်ကုန်။

၁-ပဌမသုတ္တန် အကျယ်ပြခြင်း

ဒုက္ခသည် အမှန်သဘောအားဖြင့် အဘယ်သို့ သစ္စာမည်သနည်း။ ဒုက္ခ၏ ဒုက္ခအနက်သဘော လေးပါးတို့သည် အမှန်တို့တည်း။ အမှားမဟုတ်ကုန်။ တစ်ပါးသောသဘော မဟုတ်ကုန်။ ဒုက္ခ၏နှိပ် စက်ခြင်းသဘော၊ ပြုပြင်ခြင်းသဘော၊ ပူပန်ခြင်းသဘော၊ ဖောက်ပြန်ခြင်း သဘောဟူသော ဒုက္ခ၏ ဤ ဒုက္ခအနက်သဘော လေးပါးတို့သည် အမှန်တို့တည်း။ အမှားမဟုတ်ကုန်။ တစ်ပါးသောသဘော မဟုတ် ကုန်။ ဤသို့လျှင် ဒုက္ခသည် အမှန်သဘောအားဖြင့် သစ္စာမည်၏။

သမုဒယသည် အမှန်သဘောအားဖြင့် အဘယ်သို့ သစ္စာမည်သနည်း။ သမုဒယ၏ သမုဒယအနက် သဘော လေးပါးတို့သည် အမှန်တို့တည်း။ အမှားမဟုတ်ကုန်။ တစ်ပါးသောသဘော မဟုတ်ကုန်။ သမုဒယ၏ အားထုတ်ခြင်းသဘော၊ ဒုက္ခ၏ အကြောင်းရင်းသဘော၊ ပေါင်းစပ်ခြင်းသဘော၊ ကြောင့်ကြခြင်းသဘောဟူသော သမုဒယ၏ ဤသမုဒယအနက်သဘော လေးပါးတို့သည် အမှန်တို့တည်း။ အမှား မဟုတ်ကုန်။ တစ်ပါးသောသဘော မဟုတ်ကုန်။ ဤသို့လျှင် သမုဒယသည် အမှန်သဘောအားဖြင့် သစ္စာ မည်၏။

နိရောဓသည် အမှန်သဘောအားဖြင့် အဘယ်သို့ သစ္စာမည်သနည်း။ နိရောဓ၏ နိရောဓအနက် သဘော လေးပါးတို့သည် အမှန်တို့တည်း။ အမှားမဟုတ်ကုန်။ တစ်ပါးသောသဘော မဟုတ်ကုန်။ နိရောဓ၏ လွတ်မြောက်ခြင်းသဘော၊ ကင်းဆိတ်ခြင်းသဘော၊ မပြုပြင်ရခြင်းသဘော၊ မသေခြင်းသဘောဟူသော နိရောဓ၏ ဤနိရောဓအနက်သဘော လေးပါးတို့သည် အမှန်တို့တည်း။ အမှားမဟုတ်ကုန်။ တစ်ပါးသောသဘော မဟုတ်ကုန်။ ဤသို့လျှင် နိရောဓသည် အမှန်သဘောအားဖြင့် သစ္စာမည်၏။

--

မဂ္ဂသည် အမှန်သဘောအားဖြင့် အဘယ်သို့ သစ္စာမည်သနည်း။ မဂ္ဂ၏ မဂ္ဂအနက်သဘော လေးပါးတို့သည် အမှန်တို့တည်း။ အမှား မဟုတ်ကုန်။ တစ်ပါးသောသဘော မဟုတ်ကုန်။ မဂ္ဂ၏ ထွက်မြောက်ခြင်းသဘော၊ နိရောဓ၏ အကြောင်းဖြစ်သောသဘော၊ နိဗ္ဗာန်ကို မြင်ခြင်းသဘော၊ အကြီး အမှူးသဘောဟူသော မဂ္ဂ၏ ဤမဂ္ဂအနက်သဘော လေးပါးတို့သည် အမှန်တို့တည်း။ အမှား မဟုတ် ကုန်။ တစ်ပါးသောသဘော မဟုတ်ကုန်။ ဤသို့လျှင် မဂ္ဂသည် အမှန်သဘောအားဖြင့် သစ္စာမည်၏။

။ အဘယ်မျှသော အခြင်းအရာတို့ဖြင့် သစ္စာလေးပါးတို့သည် တစ်ခုသော ထိုးထွင်း၍ သိခြင်း ရှိကုန်သနည်း။ အမှန်သဘော၊ အတ္တမဟုတ်သောကြောင့် အနတ္တသဘော၊ သစ္စာသဘော၊ ထိုးထွင်း၍ သိခြင်းသဘောဟူသော အခြင်းအရာလေးပါးတို့ဖြင့် သစ္စာလေးပါးတို့သည် တစ်ခုသော ထိုးထွင်း၍ သိခြင်း ရှိကုန်၏။ ဤအခြင်းအရာလေးပါးတို့ဖြင့် သစ္စာလေးပါးတို့ကို တစ်ခုတည်း ရေတွက်အပ်ကုန်၏။

အကြင် သဘောကို တစ်ခုတည်း ရေတွက်အပ်၏။ ထိုတစ်ခုတည်း ရေတွက်အပ် သောသဘောသည် ဧကတ္တ မည်၏။ ဧကတ္တကို တစ်ခုသော ဉာဏ်ဖြင့် ထိုးထွင်း၍ သိ၏။ ထို့ကြောင့် သစ္စာလေးပါးတို့သည့်တစ်ခု သော ထိုးထွင်း၍ သိခြင်း ရှိကုန်၏။

အဘယ်သို့ အမှန်သဘောအားဖြင့် သစ္စာလေးပါးတို့သည် တစ်ခုသော ထိုးထွင်း၍သိခြင်း ရှိကုန် သနည်း။ အခြင်းအရာလေးပါးတို့ဖြင့် အမှန်သဘောအားဖြင့် သစ္စာလေးပါးတို့သည် တစ်ပါးသော ထိုး ထွင်း၍ သိခြင်းရှိကုန်၏။ ဒုက္ခ၏ ဒုက္ခသဘောသည် အမှန်သဘောတည်း။ သမုဒယ၏ သမုဒယ သဘောသည် အမှန်သဘောတည်း။ နိရောဓ၏ နိရောဓသဘောသည် အမှန်သဘောတည်း။ မဂ္ဂ၏ မဂ္ဂသဘောသည် အမှန်သဘောတည်း။ ဤအခြင်းအရာလေးပါးတို့ဖြင့် အမှန်သဘောအားဖြင့် သစ္စာ လေးပါးတို့ကို တစ်ခုတည်း ရေတွက်အပ်ကုန်၏။ အကြင်သဘောကို တစ်ခုတည်းရေတွက်အပ်၏။ ထို တစ်ခုတည်း ရေတွက်အပ်သော သဘောသည် ဧကတ္တမည်၏။ ဧကတ္တကို တစ်ခုသောဉာဏ်ဖြင့် ထိုးထွင်း ၍သိ၏။ ထို့ကြောင့် သစ္စာလေးပါးတို့သည် တစ်ခုသော ထိုးထွင်း၍သိခြင်း ရှိကုန်၏။

အတ္တမဟုတ်သောကြောင့် အနတ္တသဘောအားဖြင့် သစ္စာလေးပါးတို့သည် အဘယ်သို့ တစ်ခုသော ထိုးထွင်း၍ သိခြင်းရှိကုန်သနည်း။ အခြင်းအရာလေးပါးတို့ဖြင့် အနတ္တသဘောအားဖြင့် သစ္စာလေးပါး တို့သည် တစ်ခုသော ထိုးထွင်း၍ သိခြင်းရှိကုန်၏။ ဒုက္ခ၏ ဒုက္ခသဘောသည် အနတ္တသဘောတည်း။ သမုဒယ၏ သမုဒယသဘောသည် အနတ္တသဘောတည်း။ နိရောဓ၏ နိရောဓသဘောသည် အနတ္တသဘောတည်း။ မဂ္ဂ၏ မဂ္ဂသဘောသည် အနတ္တသဘောတည်း။ ဤအခြင်းအရာလေးပါးတို့ဖြင့် အနတ္တသဘော အားဖြင့် သစ္စာလေးပါးတို့ကို တစ်ခုတည်း ရေတွက်အပ်ကုန်၏။ အကြင်သဘောကို တစ်ခုတည်း ရေတွက်အပ်၏။ ထိုတစ်ခုတည်း ရေတွက်အပ်သော သဘောသည် ဧကတ္တမည်၏။

ဧကတ္တကို တစ်ခုသော ဉာဏ် ဖြင့် ထိုးထွင်း၍ သိ၏။ ထို့ကြောင့် သစ္စာလေးပါးတို့သည် တစ်ခုသော ထိုးထွင်း၍ သိခြင်းရှိကုန်၏။

အဘယ်သို့ သစ္စာသဘောအားဖြင့် သစ္စာလေးပါးတို့သည် တစ်ခုသော ထိုးထွင်း၍ သိခြင်းရှိကုန် သနည်း။ အခြင်းအရာလေးပါးတို့ဖြင့် သစ္စာသဘောအားဖြင့် သစ္စာလေးပါးတို့သည် တစ်ခုသော ထိုးထွင်း ၍ သိခြင်းရှိကုန်၏။ ဒုက္ခ၏ ဒုက္ခသဘောသည် သစ္စာသဘောတည်း။ သမုဒယ၏ သမုဒယ သဘောသည် သစ္စာသဘောတည်း။ နိရောဓ၏ နိရောဓသဘောသည် သစ္စာသဘောတည်း။ မဂ္ဂ၏ မဂ္ဂသဘောသည် သစ္စာသဘောတည်း။ ဤအခြင်းအရာလေးပါတို့ဖြင့် သစ္စာသဘောအားဖြင့် သစ္စာလေးပါးတို့ကို တစ်ခုတည်း ရေတွက်အပ်ကုန်၏။ အကြင်သဘောကို တစ်ခုတည်း ရေတွက်အပ်၏။ ထိုတစ်ခုတည်း ရေတွက်အပ်သော သဘောသည် ဧကတ္တမည်၏။ ဧကတ္တကို တစ်ခုသော ဉာဏ်ဖြင့် ထိုးထွင်း၍သိ၏။ ထို့ကြောင့် သစ္စာလေးပါးတို့သည် တစ်ခုသောထိုးထွင်း၍ သိခြင်း ရှိကုန်၏။

--

ထိုးထွင်း၍ သိခြင်းသဘောအားဖြင့် သစ္စာလေးပါးတို့သည် အဘယ်သို့ တစ်ခုသော ထိုးထွင်း၍ သိခြင်းရှိကုန်သနည်း။ အခြင်းအရာလေးပါးတို့ဖြင့် ထိုးထွင်း၍ သိခြင်းသဘောအားဖြင့် သစ္စာလေးပါးတို့ သည် တစ်ခုသော ထိုးထွင်း၍သိခြင်း ရှိကုန်၏။ ဒုက္ခ၏ ဒုက္ခသဘောသည် ထိုးထွင်း၍ သိခြင်းသဘောတည်း။ သမုဒယ၏ သမုဒယသဘောသည် ထိုးထွင်း၍ သိခြင်းသဘောတည်း။ နိရောဓ၏ နိရောဓသဘော သည် ထိုးထွင်း၍ သိခြင်းသဘောတည်း။ မဂ္ဂ၏ မဂ္ဂသဘောသည် ထိုးထွင်း၍ သိခြင်းသဘောတည်း။ ဤ အခြင်းအရာ လေးပါးတို့ဖြင့် ထိုးထွင်း၍ သိခြင်းသဘောအားဖြင့် သစ္စာလေးပါးတို့ကို တစ်ခုတည်း ရေတွက်အပ်ကုန်၏။ အကြင် သဘောကို တစ်ခုတည်း ရေတွက်အပ်၏။ ထိုတစ်ခုတည်း ရေတွက်အပ်သော သဘောသည် ဧကတ္တမည်၏။ ဧကတ္တကို တစ်ခုသောဉာဏ်ဖြင့် ထိုးထွင်း၍သိ၏။ ထို့ကြောင့် သစ္စာလေးပါး တို့သည် တစ်ခုသော ထိုးထွင်း၍ သိခြင်းရှိကုန်၏။

၁၀။ အဘယ်မျှသောအခြင်းအရာတို့ဖြင့် သစ္စာလေးပါးတို့သည် တစ်ခုသော ထိုးထွင်း၍ သိခြင်းရှိ ကုန်သနည်း။ အနိစ္စသဘောသည် ဒုက္ခ။ ဒုက္ခသဘောသည် အနိစ္စ။ အနိစ္စ, ဒုက္ခသဘောသည် အနတ္တ့တည်း။ အနိစ္စ, ဒုက္ခ, အနတ္တသဘောသည် အမှန်သဘောတည်း။ အနိစ္စ, ဒုက္ခ, အနတ္တ, အမှန်သဘော သည် သစ္စာ မည်၏။ အနိစ္စ, ဒုက္ခ, အနတ္တ, အမှန်သဘော, သစ္စာသဘောကို တစ်ခုတည်း ရေတွက်အပ်၏။ အကြင်သဘောကို တစ်ခုတည်း ရေတွက်အပ်၏။ ထိုတစ်ခုတည်း ရေတွက်အပ်သော သဘော သည် ဧကတ္တမည်၏။ ဧကတ္တကို တစ်ခုသောဉာဏ်ဖြင့် ထိုးထွင်း၍ သိ၏။ ထို့ကြောင့် သစ္စာလေးပါး တို့သည် တစ်ခုသော ထိုးထွင်း၍ သိခြင်းရှိကုန်၏။

အဘယ်မျှသောအခြင်းအရာတို့ဖြင့် သစ္စာလေးပါးတို့သည် တစ်ခုသော ထိုးထွင်း၍ သိခြင်းရှိကုန် သနည်း။ အခြင်းအရာကိုးပါးတို့ဖြင့် သစ္စာလေးပါးတို့သည် တစ်ခုသော ထိုးထွင်း၍သိခြင်းရှိကုန်၏။

အမှန်သဘော၊ အနတ္တသဘော၊ သစ္စာသဘော၊ ထိုးထွင်း၍သိခြင်းသဘော၊ အဘိညာသဘော၊ ပရိညာ သဘော၊ ပဟာန်သဘော၊ ဘာဝနာသဘော၊ မျက်မှောက်ပြုခြင်းသဘော။ ဤအခြင်းအရာကိုးပါးတို့ဖြင့် သစ္စာလေးပါးတို့ကို တစ်ခုတည်း ရေတွက်အပ်ကုန်၏။ အကြင်သဘောကို တစ်ခုတည်း ရေတွက်အပ်၏။

ထိုတစ်ခုတည်း ရေတွက်အပ်သော သဘောသည် ဧကတ္တမည်၏။ ဧကတ္တကို တစ်ခုသောဉာဏ်ဖြင့် ထိုး ထွင်း၍သိ၏။ ထို့ကြောင့် သစ္စာလေးပါးတို့သည် တစ်ခုသော ထိုးထွင်း၍သိခြင်းရှိကုန်၏။

အမှန်သဘောအားဖြင့် သစ္စာလေးပါးတို့သည် အဘယ်သို့ တစ်ခုသော ထိုးထွင်း၍ သိခြင်းရှိကုန် သနည်း။ အခြင်းအရာကိုးပါးတို့ဖြင့် အမှန်သဘောအားဖြင့် သစ္စာလေးပါးတို့သည် တစ်ခုသော ထိုးထွင်း ၍ သိခြင်းရှိကုန်၏။ ဒုက္ခ၏ ဒုက္ခသဘောသည် အမှန်သဘောတည်း။ သမုဒယ၏ သမုဒယသဘောသည် အမှန်သဘောတည်း။ နိရောဓ၏ နိရောဓသဘောသည် အမှန်သဘောတည်း။ မဂ္ဂ၏ မဂ္ဂသဘောသည် အမှန်သဘောတည်း။ အဘိညာ၏ အဘိညာသဘောသည် အမှန်သဘောတည်း။ ပရိညာ၏ ပရိညာ သဘောသည် အမှန်သဘောတည်း။ ပဟာန်၏ ပဟာန်သဘောသည် အမှန်သဘောတည်း။ ဘာဝနာ၏ ဘာဝနာသဘောသည် အမှန်သဘောတည်း။ မျက်မှောက်ပြုခြင်း၏ မျက်မှောက်ပြုခြင်းသဘောသည် အမှန် သဘောတည်း။ ဤအခြင်းအရာကိုးပါးတို့ဖြင့် အမှန်သဘောအားဖြင့် သစ္စာလေးပါးတို့ကို တစ်ခုတည်း ရေတွက်အပ်ကုန်၏။ အကြင်သဘောကို တစ်ခုတည်း ရေတွက်အပ်၏။ ထိုတစ်ခုတည်း ရေတွက်အပ်သော သဘောသည် ဧကတ္တမည်၏။ ဧကတ္တကို တစ်ခုသောဉာဏ်ဖြင့် ထိုးထွင်း၍သိ၏။ ထို့ကြောင့် သစ္စာလေးပါး တို့သည် တစ်ခုသော ထိုးထွင်း၍ သိခြင်းရှိကုန်၏။

အနတ္တသဘော၊ သစ္စာသဘော၊ ထိုးထွင်း၍ သိခြင်းသဘောအားဖြင့် သစ္စာလေးပါးတို့သည် အဘယ်သို့ တစ်ခုသော ထိုးထွင်း၍ သိခြင်းရှိကုန်သနည်း။ အခြင်းအရာကိုးပါးတို့ဖြင့် ထိုးထွင်း၍ သိခြင်း သဘောအားဖြင့် သစ္စာလေးပါးတို့သည် တစ်ခုသော ထိုးထွင်း၍ သိခြင်းရှိကုန်၏။ ဒုက္ခ၏ ဒုက္ခသဘော သည် ထိုးထွင်း၍သိခြင်းသဘောတည်း။ သမုဒယ၏ သမုဒယသဘောသည် ထိုးထွင်း၍ သိခြင်းသဘောတည်း။ နိရောဓ၏ နိရောဓသဘောသည် ထိုးထွင်း၍သိခြင်းသဘောတည်း။ မဂ္ဂ၏ မဂ္ဂသဘောသည် ထိုး ထွင်း၍သိခြင်းသဘောတည်း။ အဘိညာ၏ အဘိညာသဘောသည် ထိုးထွင်း၍သိခြင်းသဘောတည်း။ ပရိညာ၏ ပရိညာသဘောသည် ထိုးထွင်း၍သိခြင်း သဘောတည်း။ ပဟာန်၏ ပဟာန်သဘောသည် ထိုးထွင်း၍သိခြင်းသဘောတည်း။ ဘာဝနာ၏ ဘာဝနာသဘောသည် ထိုးထွင်း၍သိခြင်းသဘောတည်း။ မျက်မှောက်ပြုခြင်း၏ မျက်မှောက်ပြုခြင်းသဘောသည် ထိုးထွင်း၍သိခြင်း သဘောတည်း။ ဤအခြင်းအရာ ကိုးပါးတို့ဖြင့် ထိုးထွင်း၍သိခြင်းသဘောအားဖြင့် သစ္စာလေးပါးတို့ကို တစ်ခုတည်း ရေတွက်အပ်ကုန်၏။

--

အကြင်သဘောကို တစ်ခုတည်း ရေတွက်အပ်၏။ ထိုတစ်ခုတည်း ရေတွက်အပ်သော သဘောသည် ဧကတ္တ မည်၏။ ဧကတ္တကို တစ်ခုသောဉာဏ်ဖြင့် ထိုးထွင်း၍သိ၏။ ထို့ကြောင့် သစ္စာလေးပါးတို့သည် တစ်ခုသော ထိုးထွင်း၍သိခြင်းရှိကုန်၏။

၁၁။ အဘယ်မျှသောအခြင်းအရာတို့ဖြင့် သစ္စာလေးပါးတို့သည် တစ်ခုသော ထိုးထွင်း၍ သိခြင်း ရှိကုန်သနည်း။ အခြင်းအရာ တစ်ဆယ့်နှစ်ပါးတို့ဖြင့် သစ္စာလေးပါးတို့သည် တစ်ခုသော ထိုးထွင်း၍့သိခြင်းရှိကုန်၏။ အမှန်သဘော၊ အနတ္တသဘော၊ သစ္စာသဘော၊ ထိုးထွင်း၍သိခြင်းသဘော၊ ထူးခြားစွာ သိခြင်းသဘော၊ ပိုင်းခြား၍သိခြင်းသဘော၊ ဆောင်ခြင်းသဘော၊ မှန်သောသဘော၊ သိအပ်သောသဘော၊ မျက်မှောက်ပြုခြင်း သဘော၊ တွေ့ထိခြင်းသဘော၊ အထူးသိခြင်းသဘောဟူသော ဤအခြင်းအရာ တစ်ဆယ့်နှစ်ပါးတို့ဖြင့် သစ္စာလေးပါးတို့ကို တစ်ခုတည်းရေတွက်အပ်ကုန်၏။ အကြင်သဘောကို တစ်ခုတည်း ရေတွက်အပ်၏။ ထိုတစ်ခုတည်း ရေတွက်အပ်သောသဘောသည် ဧကတ္တမည်၏။ ဧကတ္တကို တစ်ခု သောဉာဏ်ဖြင့် ထိုးထွင်း၍သိ၏။ ထို့ကြောင့် သစ္စာလေးပါးတို့သည် တစ်ခုသော ထိုးထွင်း၍ သိခြင်းရှိ ကုန်၏။

အဘယ်သို့ အမှန်သဘောအားဖြင့် သစ္စာလေးပါးတို့သည် တစ်ခုသော ထိုးထွင်း၍သိခြင်းရှိကုန် သနည်း။ အခြင်းအရာတစ်ဆယ့်ခြောက်ပါးတို့ဖြင့် အမှန်သဘောအားဖြင့် သစ္စာလေးပါးတို့သည် တစ်ခု သော ထိုးထွင်း၍ သိခြင်းရှိကုန်၏။ ဒုက္ခ၏နှိပ်စက်ခြင်းသဘော၊ ပြုပြင်ခြင်းသဘော၊ ပူပန်ခြင်းသဘော၊ ဖောက်ပြန်ခြင်းသဘောသည် အမှန်သဘောတည်း။ သမုဒယ၏ အားထုတ်ခြင်းသဘော၊ ဒုက္ခ၏ အကြောင်း ရင်းသဘော၊ ပေါင်းစပ်ခြင်းသဘော၊ ကြောင့်ကြခြင်းသဘောသည် အမှန်သဘောတည်း။ နိရောဓ၏ လွတ် မြောက်ခြင်းသဘော၊ ကင်းဆိတ်ခြင်းသဘော၊ မပြုပြင်အပ်ခြင်းသဘော၊ မသေရာသဘောသည် အမှန် သဘောတည်း။ မဂ္ဂ၏ ထွက်မြောက်ကြောင်းသဘော၊ (သမ္ပာပက) ဟိတ်သဘော၊ မြင်ခြင်းသဘော၊ အကြီးအမှူးသဘောသည် အမှန်သဘောတည်း။ ဤအခြင်းအရာတစ်ဆယ့်ခြောက်ပါးတို့ဖြင့် အမှန်သဘော အားဖြင့် သစ္စာလေးပါးတို့ကို တစ်ခုတည်းဖြင့် ရေတွက်အပ်ကုန်၏။ အကြင်သဘောကို တစ်ခုတည်း ရေ တွက်အပ်၏။ ထိုတစ်ခုတည်း ရေတွက်အပ်သောသဘောသည် ဧကတ္တမည်၏။ ဧကတ္တကို တစ်ခုသော ဉာဏ်ဖြင့် ထိုးထွင်း၍သိ၏။ ထို့ကြောင့် သစ္စာလေးပါးတို့သည် တစ်ခုသော ထိုးထွင်း၍သိခြင်းရှိကုန်၏။

အဘယ်သို့ အနတ္တသဘောအားဖြင့်။ပ။ သစ္စာသဘော။ ထိုးထွင်း၍သိခြင်းသဘော။ ထူးခြားစွာသိခြင်းသဘော။ ပိုင်းခြား၍သိခြင်းသဘော။ ဆောင်ခြင်းသဘော။ မှန်သောသဘော။ သိအပ်သောသဘော။ မျက်မှောက်ပြုခြင်းသဘော။ တွေ့ထိခြင်းသဘော။ အထူးသိခြင်းသဘောအားဖြင့် သစ္စာလေးပါးတို့သည် တစ်ခုသော ထိုးထွင်း၍ သိခြင်းရှိကုန်သနည်း။ အခြင်းအရာတစ်ဆယ့်ခြောက်ပါးတို့ဖြင့် အထူးသိခြင်း ‘အဘိသမယ’ သဘောအားဖြင့် သစ္စာလေးပါးတို့သည် တစ်ခုသော ထိုးထွင်း၍ သိခြင်းရှိကုန်၏။ ဒုက္ခ၏နှိပ်စက်ခြင်းသဘော၊ ပြုပြင်ခြင်းသဘော၊ ပူပန်ခြင်းသဘော၊ ဖောက်ပြန်ခြင်းသဘောသည် ထိုးထွင်း၍ သိခြင်းသဘောတည်း။ သမုဒယ၏ အားထုတ်ခြင်းသဘော၊ ဒုက္ခ၏ အကြောင်းရင်းသဘော၊ ပေါင်းစပ်ခြင်း သဘော၊ ကြောင့်ကြခြင်းသဘောသည် ထိုးထွင်း၍သိခြင်းသဘောတည်း။ နိရောဓ၏ လွတ်မြောက်ခြင်း သဘော၊ ကင်းဆိတ်ခြင်းသဘော၊ မပြုပြင်ရခြင်းသဘော၊ မသေခြင်းသဘောသည် ထိုးထွင်း၍သိခြင်း သဘောတည်း။ မဂ္ဂ၏ ထွက်မြောက်ကြောင်းသဘော၊ နိရောဓ၏ အကြောင်းဖြစ်သောသဘော၊ နိဗ္ဗာန်ကို ရှုမြင်ခြင်းသဘော၊ အကြီးအမှူးသဘောသည် ထိုးထွင်း၍ သိခြင်းသဘောတည်း။ ဤအခြင်းအရာ တစ်ဆယ့်ခြောက်ပါးတို့ဖြင့် ထိုးထွင်း၍သိခြင်းသဘောအားဖြင့် သစ္စာလေးပါးတို့ကို တစ်ခုတည်း ရေတွက်အပ်ကုန်၏။ အကြင်သဘောကို တစ်ခုတည်း ရေတွက်အပ်၏။ ထိုတစ်ခုတည်း ရေတွက်အပ်သောသဘော သည် ဧကတ္တမည်၏။ ဧကတ္တကို တစ်ခုသောဉာဏ်ဖြင့် ထိုးထွင်း၍ သိ၏။ ထို့ကြောင့် သစ္စာလေးပါး တို့သည် တစ်ခုသော ထိုးထွင်း၍သိခြင်းရှိကုန်၏။

--

၁၂။ သစ္စာတို့၏ လက္ခဏာတို့သည် အဘယ်မျှတို့နည်း။ သစ္စာတို့၏ လက္ခဏာတို့သည်နှစ်ပါး တို့တည်း။ သင်္ခတလက္ခဏာလည်းကောင်း၊ အသင်္ခတလက္ခဏာလည်းကောင်း။ သစ္စာတို့၏ လက္ခဏာတို့ သည် ဤနှစ်ပါးတို့တည်း။

သစ္စာတို့၏ လက္ခဏာတို့သည် အဘယ်မျှတို့နည်း။ သစ္စာတို့၏ လက္ခဏာတို့သည် ခြောက်ပါးတို့တည်း။ သင်္ခတသစ္စာ၁တို့၏ ဖြစ်ခြင်း ‘ဥပါဒ်’ သည် ထင်ရှား၏။ ပျက်ခြင်း ‘ဘင်’ သည် ထင်ရှား၏။ တည်ခြင်း ‘ဌီ'၏ တစ်မျိုးဖြစ်ပုံသည် ထင်ရှား၏။ အသင်္ခတသစ္စာ၏ ဖြစ်ခြင်း ‘ဥပါဒ်'သည် မထင်ရှား။ ပျက်ခြင်း ‘ဘင်'သည် မထင်ရှား။ တည်ခြင်း ‘ဌီ'၏ တစ်မျိုးဖြစ်ပုံသည် မထင်ရှား။ သစ္စာတို့၏ လက္ခဏာ တို့သည် ဤခြောက်ပါးတို့တည်း။

သစ္စာတို့၏ လက္ခဏာတို့သည် အဘယ်မျှတို့နည်း။ သစ္စာတို့၏ လက္ခဏာတို့သည် တစ်ဆယ့်နှစ် ပါးတို့တည်း။ ဒုက္ခသစ္စာ၏ ဖြစ်ခြင်း ‘ဥပါဒ်’ သည် ထင်ရှား၏။ ပျက်ခြင်း ‘ဘင်’ သည် ထင်ရှား၏။ တည်ခြင်း ‘ဌီ'၏ တစ်မျိုးဖြစ်ပုံသည် ထင်ရှား၏။ သမုဒယသစ္စာ၏ ဖြစ်ခြင်း ‘ဥပါဒ်’ သည် ထင်ရှား၏။ ပျက်ခြင်း ‘ဘင်’ သည် ထင်ရှား၏။ တည်ခြင်း ‘ဌီ'၏ တစ်မျိုးဖြစ်ပုံသည် ထင်ရှား၏။ မဂ္ဂသစ္စာ၏ ဖြစ်ခြင်း ‘ဥပါဒ်’ သည် ထင်ရှား၏။ ပျက်ခြင်း ‘ဘင်’ သည် ထင်ရှား၏။ တည်ခြင်း ‘ဌီ'၏ တစ်မျိုးဖြစ်ပုံ သည် ထင်ရှား၏။ နိရောဓသစ္စာ၏ ဖြစ်ခြင်း ‘ဥပါဒ်’ သည် မထင်ရှား။ ပျက်ခြင်း ‘ဘင်’ သည် မထင် ရှား။ တည်ခြင်း ‘ဌီ'၏ တစ်မျိုးဖြစ်ပုံသည် မထင်ရှား။ သစ္စာတို့၏ လက္ခဏာတို့သည် ဤတစ်ဆယ့်နှစ် ပါးတို့တည်း။

သစ္စာလေးပါးတို့တွင် အဘယ်တို့သည် ကုသိုလ်တို့နည်း။ အဘယ်တို့သည် အကုသိုလ်တို့နည်း။ အဘယ်တို့သည် အဗျာကတတို့နည်း။ သမုဒယသစ္စာသည် အကုသိုလ်တည်း။ မဂ္ဂသစ္စာသည် ကုသိုလ်တည်း။ နိရောဓသစ္စာသည် အဗျာကတတည်း။ ဒုက္ခသစ္စာသည် ကုသိုလ်လည်း ဖြစ်ရာ၏။ အကုသိုလ် လည်း ဖြစ်ရာ၏။ အဗျာကတလည်း ဖြစ်ရာ၏။

သစ္စာသုံးပါးတို့ကို သစ္စာတစ်ပါးဖြင့် ရေတွက်အပ်ကုန်၏။ သစ္စာတစ်ပါးကို သစ္စာသုံးပါးတို့ဖြင့် ရေတွက်အပ်၏။ ဤသို့လျှင် ဝတ္ထုအစွမ်းအားဖြင့် ပရိယာယ်အားဖြင့် ဖြစ်ရာ၏။

ဖြစ်ရာ၏ဟူသည် အဘယ်သို့ ဖြစ်ရာသနည်း။ အကြင်ဒုက္ခသစ္စာသည် အကုသိုလ်တည်း။ သမုဒယ သစ္စာသည် အကုသိုလ်တည်း။ ဤသို့ အကုသိုလ်သဘောအားဖြင့် သစ္စာနှစ်ပါးတို့ကို သစ္စာတစ်ပါးဖြင့် ရေတွက်အပ်ကုန်၏။ သစ္စာတစ်ပါးကို သစ္စာနှစ်ပါးတို့ဖြင့် ရေတွက်အပ်၏။ အကြင်ဒုက္ခသစ္စာသည် ကုသိုလ်တည်း။ မဂ္ဂသစ္စာသည် ကုသိုလ်တည်း။ ဤသို့ ကုသိုလ်သဘောအားဖြင့် သစ္စာနှစ်ပါးတို့ကို သစ္စာတစ်ပါးဖြင့် ရေတွက်အပ်ကုန်၏။ သစ္စာတစ်ပါးကို သစ္စာနှစ်ပါးတို့ဖြင့် ရေတွက်အပ်၏။ အကြင်ဒုက္ခ သစ္စာသည် အဗျာကတတည်း။ နိရောဓသစ္စာသည် အဗျာကတတည်း။ ဤသို့ အဗျာကတသဘောအားဖြင့် သစ္စာနှစ်ပါးတို့ကို သစ္စာတစ်ပါးဖြင့် ရေတွက်အပ်ကုန်၏။ သစ္စာတစ်ပါးကို သစ္စာနှစ်ပါးတို့ဖြင့် ရေတွက်အပ်၏။ ဤသို့ သစ္စာသုံးပါးတို့ကို သစ္စာတစ်ပါးဖြင့် ရေတွက်အပ်ကုန်၏။

သစ္စာတစ်ပါးကို သစ္စာသုံးပါး တို့ဖြင့် ရေတွက်အပ်၏။ ဤသို့လျှင် ဝတ္ထုအစွမ်းအားဖြင့် ပရိယာယ်အားဖြင့် ဖြစ်ရာ၏။

၁။ ဒုက္ခ, သမုဒယ, မဂ္ဂသစ္စာသုံးမျိုးကို သင်္ခတသစ္စာ၊ နိရောဓသစ္စာကို အသင်္ခတသစ္စာဟု ဆိုသည် (အဋ္ဌကထာ)

--

၂-ဒုတိယသုတ္တန်ပါဠိ

၁၃။ ရဟန်းတို့ ငါသည် သဗ္ဗညုတဉာဏ်ကို ရသည်မှ ရှေး၌ တရားအားလုံးကို ထိုးထွင်း၍ မသိသေးသည့် ဘုရားအလောင်းမျှသာ ဖြစ်စဉ် ဤသို့သော အကြံသည် ဖြစ်ခဲ့၏။ “အဘယ်သည် ရုပ်၏ သာယာဖွယ်နည်း။ အဘယ်သည် အပြစ်နည်း။ အဘယ်သည် ထွက်မြောက်ခြင်းနည်း။ အဘယ်သည့်ဝေဒနာ၏ သာယာဖွယ်နည်း။ အဘယ်သည် အပြစ်နည်း။ အဘယ်သည် ထွက်မြောက်ခြင်းနည်း။ အဘယ်သည် သညာ၏ သာယာဖွယ်နည်း။ အဘယ်သည် အပြစ်နည်း။ အဘယ်သည် ထွက်မြောက်ခြင်း နည်း။ အဘယ်သည် သင်္ခါတို့၏ သာယာဖွယ်နည်း။ အဘယ်သည် အပြစ်နည်း။ အဘယ်သည် ထွက် မြောက်ခြင်းနည်း။ အဘယ်သည် ဝိညာဉ်၏ သာယာဖွယ်နည်း။ အဘယ်သည် အပြစ်နည်း။ အဘယ် သည် ထွက်မြောက်ခြင်းနည်း”ဟု (ဤအကြံသည် ဖြစ်ခဲ့၏)။ ရဟန်းတို့ ထိုငါ့အား ဤသို့သော အကြံ သည် ဖြစ်ခဲ့ပြန်၏။ ရုပ်ကို အကြောင်းပြု၍ ဖြစ်သော သုခသောမနဿသည် ရုပ်၏ သာယာဖွယ်တည်း။ အကြင်ရုပ်သည် အနိစ္စတည်း။ ထိုရုပ်သည် ဒုက္ခတည်း။ ဖေါက်ပြန်ပြောင်းလဲခြင်းသဘော ရှိ၏။ ဤကား ရုပ်၏ အပြစ်တည်း။ ရုပ်၌ အကြင်ဆန္ဒရာဂကို ဖျောက်ခြင်း၊ ဆန္ဒရာဂကို ပယ်စွန့်ခြင်းသည် ရှိ၏။ ဤကား ရုပ်၏ ထွက်မြောက်ခြင်းတည်း။ ဝေဒနာကို အကြောင်းပြု၍။ပ။ သညာကို အကြောင်းပြု၍။ သင်္ခါရတို့ကို အကြောင်းပြု၍။ ဝိညာဉ်ကို အကြောင်းပြု၍ အကြင် သုခသောမနဿသည် ဖြစ်၏။ ဤ သုခသောမနဿသည် ဝိညာဉ်၏ သာယာဖွယ်တည်း။ အကြင်ဝိညာဉ်သည် အနိစ္စတည်း။ ထိုဝိညာဉ်သည် ဒုက္ခတည်း။ ဖေါက်ပြန်ပြောင်းလဲခြင်းသဘောရှိ၏။ ဤကား ဝိညာဉ်၏ အပြစ်တည်း။ ဝိညာဉ်၌ အကြင် ဆန္ဒရာဂကို ဖျောက်ခြင်း၊ ဆန္ဒရာဂကို ပယ်စွန့်ခြင်းသည် ရှိ၏။ ဤကား ဝိညာဉ်၏ထွက်မြောက်ခြင်းတည်း။ ရဟန်းတို့ ငါသည် ဤဥပါဒါနက္ခန္ဓာငါးပါးတို့၏ ဤသို့ သာယာဖွယ်ကိုလည်း သာယာဖွယ်အား ဖြင့်၊ အပြစ်ကိုလည်း အပြစ်အားဖြင့်၊ ထွက်မြောက်ခြင်းကိုလည်း ထွက်မြောက်ခြင်းအားဖြင့် အမှန်အတိုင်း ထိုးထွင်း၍ မသိသမျှကာလပတ်လုံး ငါသည် အောက်နတ်ဘုံနှင့်တကွ မာရ်နတ်ဘုံနှင့်တကွ ဗြဟ္မာ့ဘုံနှင့် တကွသော ဩကာသလောက၌၊ သမဏ, ဗြာဟ္မဏ, မင်းများ, လူများနှင့်တကွသော သတ္တလောက၌ “မိမိ ထက် လွန်မြတ်သော တရားမရှိသော ‘အတုမရှိသော’ သမ္မာသမ္ဗောဓိဉာဏ်ကို အလိုလို ထိုးထွင်း၍သိ၏”ဟု ဝန်မခံ။ ရဟန်းတို့ အကြင်အခါ၌မူ ငါသည် ဤဥပါဒါနက္ခန္ဓာ ငါးပါးတို့၏ ဤသို့ သာယာဖွယ်ကို လည်း သာယာဖွယ်အားဖြင့်၊ အပြစ်ကိုလည်း အပြစ်အားဖြင့်၊ ထွက်မြောက်ခြင်းကိုလည်း ထွက်မြောက်ခြင်းအားဖြင့် အမှန်အတိုင်း ထိုးထွင်း၍ သိ၏။ ရဟန်းတို့ ထိုအခါမှ ငါသည် အောက်နတ်ဘုံနှင့်တကွ မာရ်နတ်ဘုံနှင့်တကွ ဗြဟ္မာ့ဘုံနှင့်တကွသော ဩကာသလောက၌၊ သမဏ, ဗြာဟ္မဏ, မင်းများ, လူများနှင့် တကွသော သတ္တလောက၌ “မိမိထက် လွန်မြတ်သော တရားမရှိသော ‘အတုမရှိသော’ သမ္မာသမ္ဗောဓိ ဉာဏ်ကို အလိုလို ထိုးထွင်း၍ သိ၏”ဟု ဝန်ခံ၏။ မြင်ခြင်းကိစ္စကို ပြုတတ်သဖြင့် ဒဿနဟု ဆိုအပ်သော ပစ္စဝေက္ခဏာဉာဏ်သည်လည်း ငါ့အား ဖြစ်၏။ ငါ၏ (အရဟတ္တဖိုလ်) ဝိမုတ္တိသည် မပျက်စီးနိုင်။ ဤကား နောက်ဆုံးဖြစ်သော (ပဋိသန္ဓေအားဖြင့်) ဖြစ်ခြင်းတည်း။ ယခုအခါ တစ်ဖန် (ဘဝအသစ်) ဖြစ်ခြင်းသည် မရှိတော့ပြီဟု (ဤသို့သော အကြံ ဖြစ်ခဲ့ပြန်၏)။

--

၃-ဒုတိယသုတ္တန် အကျယ်ပြခြင်း

၁၄။ “ရုပ်ကို အကြောင်းပြု၍ ဖြစ်သော သုခ,သောမနဿသည် ရုပ်၏ သာယာဖွယ်တည်း”ဟု သိ၍ (မဂ်ခဏ၌) သမုဒယကို ပယ်ခြင်းဟု ဆိုအပ်သော ထိုးထွင်း၍ သိခြင်းသည် သမုဒယသစ္စာပဋိဝေဓ ဉာဏ်တည်း။ အကြင်ရုပ်သည် အနိစ္စတည်း။ ထိုရုပ်သည် ဒုက္ခတည်း။ ဖေါက်ပြန်ပြောင်းလဲခြင်းသဘော ရှိ၏။ “ဤကား ရုပ်၏ အပြစ်တည်း”ဟု သိ၍ မဂ်ခဏ၌ ဒုက္ခကို ပိုင်းခြား၍ သိခြင်းဟု ဆိုအပ်သော ထိုးထွင်း၍ သိခြင်းသည် ဒုက္ခသစ္စာပဋိဝေဓဉာဏ်တည်း။ ရုပ်၌ အကြင်ဆန္ဒရာဂကို ဖျောက်ခြင်း၊ ဆန္ဒရာဂ ကို ပယ်စွန့်ခြင်းသည် ရှိ၏။ “ဤကား ရုပ်၏ ထွက်မြောက်ခြင်းတည်း”ဟု သိ၍ (မဂ်ခဏ၌) နိရောဓကို မျက်မှောက်ပြုခြင်းဟု ဆိုအပ်သော ထိုးထွင်း၍ သိခြင်းသည် နိရောဓသစ္စာပဋိဝေဓဉာဏ်တည်း။ ဤအရာ ဌာနသုံးပါးတို့၌ (ထိုးထွင်း၍ သိခြင်း၏ အစွမ်းအားဖြင့် ဖြစ်သော) အကြင်သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ၊ သမ္မာ ဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ၊ သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိ (ဤမဂ္ဂင်ရှစ်ပါး) ကို ပွါး များခြင်းဟု ဆိုအပ်သော ထိုးထွင်း၍ သိခြင်းသည် မဂ္ဂသစ္စာပဋိဝေဓဉာဏ်တည်း။

ဝေဒနာကို အကြောင်းပြု၍။ပ။ သညာကို အကြောင်းပြု၍။ သင်္ခါရတို့ကို အကြောင်းပြု၍ “ဝိညာဉ် ကို အကြောင်းပြု၍ ဖြစ်သော သုခ,သောမနဿသည် ဝိညာဉ်၏ သာယာဖွယ်တည်း”ဟု သိ၍ (မဂ်ခဏ ၌) သမုဒယကို ပယ်ခြင်းဟု ဆိုအပ်သော ထိုးထွင်း၍ သိခြင်းသည် သမုဒယသစ္စာပဋိဝေဓဉာဏ်တည်း။ အကြင် ဝိညာဉ်သည် အနိစ္စတည်း။ ထိုဝိညာဉ်သည် ဒုက္ခတည်း။ ဖေါက်ပြန်ပြောင်းလဲခြင်းသဘောရှိ၏။ “ဤကား ဝိညာဉ်၏ အပြစ်တည်း”ဟု သိ၍ (မဂ်ခဏ၌) ဒုက္ခကို ပိုင်းခြား၍ သိခြင်းဟု ဆိုအပ်သော ထိုးထွင်း၍ သိခြင်းသည် ဒုက္ခသစ္စာပဋိဝေဓဉာဏ်တည်း။ ဝိညာဉ်၌ အကြင်ဆန္ဒရာဂကို ဖျောက်ခြင်း၊ ဆန္ဒ ရာဂကို ပယ်စွန့်ခြင်းသည် ရှိ၏။ “ဤကား ဝိညာဉ်၏ ထွက်မြောက်ခြင်းတည်း”ဟု သိ၍ (မဂ်ခဏ၌) နိရောဓကို မျက်မှောက်ပြုခြင်းဟု ဆိုအပ်သော ထိုးထွင်း၍ သိခြင်းသည် နိရောဓသစ္စာပဋိဝေဓဉာဏ်တည်း။ ဤအရာဌာန သုံးပါးတို့၌ (ထိုးထွင်း၍ သိခြင်း၏ အစွမ်းအားဖြင့် ဖြစ်သော) အကြင်သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ၊ သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ၊ သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိ (ဤ မဂ္ဂင်ရှစ်ပါး) ကို ပွါးများခြင်းဟု ဆိုအပ်သော ထိုးထွင်း၍ သိခြင်းသည် မဂ္ဂသစ္စာပဋိဝေဓဉာဏ်တည်း။

၁၅။ သစ္စာဟူသည် အခြင်းအရာ အဘယ်မျှတို့ဖြင့် သစ္စာမည်သနည်း။ ရှာခြင်းသဘော၊ သိမ်း ဆည်းခြင်းသဘော၊ ထိုးထွင်း၍သိခြင်းသဘောအားဖြင့် (သစ္စာမည်၏)။ အဘယ်သို့ ရှာခြင်းသဘောအား ဖြင့် သစ္စာမည်သနည်း။ ဇရာမရဏသည် အဘယ်အကြောင်းရင်းရှိသနည်း။ အဘယ်ပွါးကြောင်းရှိ သနည်း။ အဘယ်ဖြစ်ကြောင်း ရှိသနည်း။ အဘယ်အမွန်ရှိသနည်းဟု ဤသို့ ရှာခြင်းသဘောအားဖြင့် သစ္စာမည်၏။ ဇရာမရဏသည် ဇာတိလျှင် အကြောင်းရင်းရှိ၏။ ဇာတိလျှင် ပွါးကြောင်းရှိ၏။ ဇာတိလျှင် ဖြစ်ကြောင်းရှိ၏။ ဇာတိလျှင် အမွန်ရှိ၏ဟု ဤသို့ သိမ်းဆည်းခြင်းသဘောအားဖြင့် သစ္စာမည်၏။ ဇရာ မရဏကိုလည်း ခွဲခြား၍ သိ၏။ ဇရာမရဏ ပွါးကြောင်းကိုလည်း ခွဲခြား၍ သိ၏။ ဇရာမရဏ ချုပ်ရာ ကိုလည်း ခွဲခြား၍ သိ၏။ ဇရာမရဏချုပ်ရာသို့ရောက်ကြောင်းအကျင့်ကိုလည်း ခွဲခြား၍ သိ၏။ ဤသို့ ထိုးထွင်း၍သိခြင်းသဘောအားဖြင့် သစ္စာမည်၏။

ဇာတိသည် အဘယ်အကြောင်းရင်းရှိသနည်း။ အဘယ်ပွါးကြောင်းရှိသနည်း။ အဘယ်ဖြစ်ကြောင်း ရှိသနည်း။ အဘယ်အမွန်ရှိသနည်းဟု ဤသို့ ရှာခြင်းသဘောအားဖြင့် သစ္စာမည်၏။ ဇာတိသည်ဘဝ လျှင် အကြောင်းရင်းရှိ၏။ ဘဝလျှင် ပွါးကြောင်းရှိ၏။ ဘဝလျှင် ဖြစ်ကြောင်းရှိ၏။ ဘဝလျှင် အမွန်ရှိ၏ဟု ဤသို့ သိမ်းဆည်းခြင်းသဘောအားဖြင့် သစ္စာမည်၏။ ဇာတိကိုလည်း ခွဲခြား၍ သိ၏။ ဇာတိပွါးကြောင်း ကိုလည်း ခွဲခြား၍ သိ၏။ ဇာတိချုပ်ရာကိုလည်း ခွဲခြား၍ သိ၏။ ဇာတိချုပ်ရာသို့ရောက်ကြောင်းအကျင့်ကိုလည်း ခွဲခြား၍ သိ၏။ ဤသို့ ထိုးထွင်း၍သိခြင်းသဘောအားဖြင့် သစ္စာမည်၏။

--

ဘဝသည် အဘယ်အကြောင်းရင်းရှိသနည်း။ အဘယ်ပွါးကြောင်းရှိသနည်း။ အဘယ်ဖြစ်ကြောင်းရှိ သနည်း။ အဘယ်အမွန်ရှိသနည်းဟု ဤသို့ ရှာခြင်းသဘောအားဖြင့် သစ္စာမည်၏။ ဘဝသည် ဥပါဒါန် လျှင် အကြောင်းရင်းရှိ၏။ ဥပါဒါန်လျှင် ပွါးကြောင်းရှိ၏။ ဥပါဒါန်လျှင် ဖြစ်ကြောင်းရှိ၏။ ဥပါဒါန်လျှင် အမွန်ရှိ၏ဟု ဤသို့ သိမ်းဆည်းခြင်းသဘောအားဖြင့် သစ္စာမည်၏။ ဘဝကိုလည်း ခွဲခြား၍ သိ၏။ ဘဝ ပွါးကြောင်းကိုလည်း ခွဲခြား၍ သိ၏။ ဘဝချုပ်ရာကိုလည်း ခွဲခြား၍ သိ၏။ ဘဝချုပ်ရာသို့ရောက်ကြောင်းအကျင့်ကိုလည်း ခွဲခြား၍ သိ၏။ ဤသို့ ထိုးထွင်း၍သိခြင်းသဘောအားဖြင့် သစ္စာမည်၏။

ဥပါဒါန်သည် အဘယ်အကြောင်းရင်းရှိသနည်း။ အဘယ်ပွါးကြောင်းရှိသနည်း။ အဘယ်ဖြစ်ကြောင်း ရှိသနည်း။ အဘယ်အမွန်ရှိသနည်းဟု ဤသို့ ရှာခြင်းသဘောအားဖြင့် သစ္စာမည်၏။ ဥပါဒါန်သည် တဏှာလျှင် အကြောင်းရင်းရှိ၏။ တဏှာလျှင် ပွါးကြောင်းရှိ၏။ တဏှာလျှင် ဖြစ်ကြောင်းရှိ၏။ တဏှာ လျှင် အမွန်ရှိ၏ဟု ဤသို့ သိမ်းဆည်းခြင်းသဘောအားဖြင့် သစ္စာမည်၏။ ဥပါဒါန်ကိုလည်း ခွဲခြား၍့သိ၏။ ဥပါဒါန်ပွါးကြောင်းကိုလည်း ခွဲခြား၍ သိ၏။ ဥပါဒါန်ချုပ်ရာကိုလည်း ခွဲခြား၍ သိ၏။ ဥပါဒါန် ချုပ်ရာသို့ရောက်ကြောင်းအကျင့်ကိုလည်း ခွဲခြား၍ သိ၏။ ဤသို့ ထိုးထွင်း၍သိခြင်းသဘောအားဖြင့် သစ္စာမည်၏။

တဏှာသည် အဘယ်လျှင် အကြောင်းရင်းရှိသနည်း။ အဘယ်လျှင် ပွါးကြောင်းရှိသနည်း။ အဘယ် လျှင် ဖြစ်ကြောင်းရှိသနည်း။ အဘယ်လျှင် အမွန်ရှိသနည်းဟု ဤသို့ ရှာခြင်းသဘောအားဖြင့် သစ္စာမည်၏။ တဏှာသည် ဝေဒနာလျှင် အကြောင်းရင်းရှိ၏။ ဝေဒနာလျှင် ပွါးကြောင်းရှိ၏။ ဝေဒနာလျှင် ဖြစ် ကြောင်းရှိ၏။ ဝေဒနာလျှင် အမွန်ရှိ၏ဟု ဤသို့ သိမ်းဆည်းခြင်းသဘောအားဖြင့် သစ္စာမည်၏။ တဏှာ ကိုလည်း ခွဲခြား၍ သိ၏။ တဏှာပွါးကြောင်းကိုလည်း ခွဲခြား၍ သိ၏။ တဏှာချုပ်ရာကိုလည်း ခွဲခြား၍ သိ၏။ တဏှာချုပ်ရာသို့ရောက်ကြောင်းအကျင့်ကိုလည်း ခွဲခြား၍ သိ၏။ ဤသို့ ထိုးထွင်း၍ သိခြင်း သဘောအားဖြင့် သစ္စာမည်၏။

ဝေဒနာသည် အဘယ်အကြောင်းရင်းရှိသနည်း။ အဘယ်ပွါးကြောင်းရှိသနည်း။ အဘယ်ဖြစ်ကြောင်း ရှိသနည်း။ အဘယ်အမွန်ရှိသနည်းဟု ဤသို့ ရှာခြင်းသဘောအားဖြင့် သစ္စာမည်၏။ ဝေဒနာသည် ဖဿ လျှင် အကြောင်းရင်းရှိ၏။ ဖဿလျှင် ပွါးကြောင်းရှိ၏။ ဖဿလျှင် ဖြစ်ကြောင်းရှိ၏။ ဖဿလျှင် အမွန် ရှိ၏ဟု ဤသို့ သိမ်းဆည်းခြင်းသဘောအားဖြင့် သစ္စာမည်၏။ ဝေဒနာကိုလည်း ခွဲခြား၍ သိ၏။ ဝေဒနာ ပွါးကြောင်းကိုလည်း ခွဲခြား၍ သိ၏။ ဝေဒနာချုပ်ရာကိုလည်း ခွဲခြား၍ သိ၏။ ဝေဒနာချုပ်ရာသို့ ရောက် ကြောင်း အကျင့်ကိုလည်း ခွဲခြား၍ သိ၏။ ဤသို့ ထိုးထွင်း၍သိခြင်းသဘောအားဖြင့် သစ္စာမည်၏။

ဖဿသည် အဘယ်လျှင် အကြောင်းရင်းရှိသနည်း။ အဘယ်လျှင် ပွါးကြောင်းရှိသနည်း။ အဘယ် လျှင် ဖြစ်ကြောင်းရှိသနည်း။ အဘယ်လျှင် အမွန်ရှိသနည်းဟု ဤသို့ ရှာခြင်းသဘောအားဖြင့် သစ္စာ မည်၏။

ဖဿသည် သဠာယတနလျှင် အကြောင်းရင်းရှိ၏။ သဠာယတနလျှင် ပွါးကြောင်းရှိ၏။ သဠာ ယတနလျှင် ဖြစ်ကြောင်း ရှိ၏။ သဠာယတနလျှင် အမွန်ရှိ၏ဟု ဤသို့ သိမ်းဆည်းခြင်းသဘောအားဖြင့် သစ္စာမည်၏။ ဖဿကိုလည်း ခွဲခြား၍ သိ၏။ ဖဿပွါးကြောင်းကိုလည်း ခွဲခြား၍ သိ၏။ ဖဿချုပ်ရာကို လည်း ခွဲခြား၍ သိ၏။ ဖဿချုပ်ရာ သို့ရောက်ကြောင်းအကျင့်ကိုလည်း ခွဲခြား၍ သိ၏။ ဤသို့ ထိုး ထွင်း၍သိခြင်းသဘောအားဖြင့် သစ္စာမည်၏။

--

သဠာယတနသည် အဘယ်လျှင် အကြောင်းရင်းရှိသနည်း။ အဘယ်လျှင် ပွါးကြောင်းရှိသနည်း။ အဘယ်လျှင် ဖြစ်ကြောင်းရှိသနည်း။ အဘယ်လျှင် အမွန်ရှိသနည်းဟု ဤသို့ ရှာခြင်းသဘောအားဖြင့် သစ္စာမည်၏။ သဠာယတနသည် နာမ်ရုပ်လျှင် အကြောင်းရင်းရှိ၏။ နာမ်ရုပ်လျှင် ပွါးကြောင်းရှိ၏။ နာမ် ရုပ်လျှင် ဖြစ်ကြောင်းရှိ၏။ နာမ်ရုပ်လျှင် အမွန်ရှိ၏ဟု ဤသို့ သိမ်းဆည်းခြင်းသဘောအားဖြင့် သစ္စာ မည်၏။ သဠာယတနကိုလည်း ခွဲခြား၍ သိ၏။ သဠာယတနပွါးကြောင်းကိုလည်း ခွဲခြား၍ သိ၏။ သဠာ ယတနချုပ်ရာကိုလည်း ခွဲခြား၍ သိ၏။ သဠာယတနချုပ်ရာသို့ရောက်ကြောင်းအကျင့်ကိုလည်း ခွဲခြား၍ သိ၏။ ဤသို့ ထိုးထွင်း၍ သိခြင်းသဘောအားဖြင့် သစ္စာမည်၏။

နာမ်ရုပ်သည် အဘယ်လျှင် အကြောင်းရင်းရှိသနည်း။ အဘယ်လျှင် ပွါးကြောင်းရှိသနည်း။ အဘယ်လျှင် ဖြစ်ကြောင်းရှိသနည်း။ အဘယ်လျှင် အမွန်ရှိသနည်းဟု ဤသို့ ရှာခြင်းသဘောအားဖြင့် သစ္စာမည်၏။ နာမ်ရုပ်သည် ဝိညာဉ်လျှင် အကြောင်းရင်းရှိ၏။ ဝိညာဉ်လျှင် ပွါးကြောင်းရှိ၏။ ဝိညာဉ်လျှင် ဖြစ်ကြောင်းရှိ၏။ ဝိညာဉ်လျှင် အမွန်ရှိ၏ဟု ဤသို့ သိမ်းဆည်းခြင်းသဘောအားဖြင့် သစ္စာမည်၏။ နာမ် ရုပ်ကိုလည်း ခွဲခြား၍ သိ၏။ နာမ်ရုပ်ပွါးကြောင်းကိုလည်း ခွဲခြား၍ သိ၏။ နာမ်ရုပ်ချုပ်ရာကိုလည်း ခွဲခြား ၍ သိ၏။ နာမ်ရုပ်ချုပ်ရာသို့ရောက်ကြောင်းအကျင့်ကိုလည်း ခွဲခြား၍ သိ၏။ ဤသို့ ထိုးထွင်း၍ သိခြင်းသဘောအားဖြင့် သစ္စာမည်၏။

ဝိညာဉ်သည် အဘယ်လျှင် အကြောင်းရင်းရှိသနည်း။ အဘယ်လျှင် ပွါးကြောင်းရှိသနည်း။ အဘယ့်လျှင် ဖြစ်ကြောင်းရှိသနည်း။ အဘယ်လျှင် အမွန်ရှိသနည်းဟု ဤသို့ ရှာခြင်းသဘောအားဖြင့် သစ္စာ မည်၏။ ဝိညာဉ်သည် သင်္ခါရလျှင် အကြောင်းရင်းရှိ၏။ သင်္ခါရလျှင် ပွါးကြောင်းရှိ၏။ သင်္ခါရလျှင် ဖြစ် ကြောင်းရှိ၏။ သင်္ခါရလျှင် အမွန်ရှိ၏ဟု ဤသို့ သိမ်းဆည်းခြင်းသဘောအားဖြင့် သစ္စာမည်၏။ ဝိညာဉ် ကိုလည်း ခွဲခြား၍ သိ၏။ ဝိညာဉ်ပွါးကြောင်းကိုလည်း ခွဲခြား၍ သိ၏။ ဝိညာဉ်ချုပ်ရာကိုလည်း ခွဲခြား၍ သိ၏။ ဝိညာဉ်ချုပ်ရာသို့ရောက်ကြောင်းအကျင့်ကိုလည်း ခွဲခြား၍ သိ၏။ ဤသို့ ထိုးထွင်း၍ သိခြင်း သဘောအားဖြင့် သစ္စာမည်၏။

သင်္ခါရတို့သည် အဘယ်လျှင် အကြောင်းရင်းရှိကုန်သနည်း။ အဘယ်လျှင် ပွါးကြောင်းရှိကုန်သနည်း။ အဘယ်လျှင် ဖြစ်ကြောင်းရှိကုန်သနည်း။ အဘယ်လျှင် အမွန်ရှိကုန်သနည်းဟု ဤသို့ ရှာခြင်း သဘောအားဖြင့် သစ္စာမည်၏။ သင်္ခါရတို့သည် အဝိဇ္ဇာလျှင် အကြောင်းရင်းရှိကုန်၏။ အဝိဇ္ဇာလျှင် ပွါး ကြောင်းရှိကုန်၏။ အဝိဇ္ဇာလျှင် ဖြစ်ကြောင်းရှိကုန်၏။ အဝိဇ္ဇာလျှင် အမွန်ရှိကုန်၏ဟု ဤသို့ သိမ်းဆည်းခြင်းသဘောအားဖြင့် သစ္စာမည်၏။ သင်္ခါရတို့ကိုလည်း ခွဲခြား၍ သိ၏။ သင်္ခါရတို့၏ ပွါးကြောင်းကိုလည်း ခွဲခြား၍ သိ၏။ သင်္ခါရတို့၏ ချုပ်ရာကိုလည်း ခွဲခြား၍ သိ၏။ သင်္ခါရတို့၏ ချုပ်ရာသို့ရောက်ကြောင်းအကျင့်ကိုလည်း ခွဲခြား၍ သိ၏။ ဤသို့ ထိုးထွင်း၍သိခြင်း သဘောအားဖြင့် သစ္စာမည်၏။

--

၁၆။ ဇရာမရဏသည် ဒုက္ခသစ္စာတည်း။ ဇာတိသည် သမုဒယသစ္စာတည်း။ နှစ်ပါးလုံးတို့၏ ထွက် မြောက်ရာသည် နိရောဓသစ္စာတည်း။ နိရောဓကို ခွဲခြား၍သိခြင်းသည် မဂ္ဂသစ္စာတည်း။ ဇာတိသည် ဒုက္ခ သစ္စာတည်း။ ဘဝသည် သမုဒယသစ္စာတည်း။ နှစ်ပါးလုံးတို့၏ ထွက်မြောက်ရာသည် နိရောဓသစ္စာတည်း။ နိရောဓကို ခွဲခြား၍သိခြင်းသည် မဂ္ဂသစ္စာတည်း။ ဘဝသည် ဒုက္ခသစ္စာတည်း။ ဥပါဒါန်သည် သမုဒယသစ္စာတည်း။ နှစ်ပါးလုံးတို့၏ ထွက်မြောက်ရာသည် နိရောဓသစ္စာတည်း။ နိရောဓကို ခွဲခြား၍ သိခြင်းသည် မဂ္ဂသစ္စာတည်း။ ဥပါဒါန်သည် ဒုက္ခသစ္စာတည်း။ တဏှာသည် သမုဒယသစ္စာတည်း။ နှစ်ပါးလုံးတို့၏ ထွက်မြောက်ရာသည် နိရောဓသစ္စာတည်း။ နိရောဓကို ခွဲခြား၍သိခြင်းသည် မဂ္ဂသစ္စာတည်း။ တဏှာသည် ဒုက္ခသစ္စာတည်း။ ဝေဒနာသည် သမုဒယသစ္စာတည်း။ နှစ်ပါးလုံးတို့၏ ထွက် မြောက်ရာသည် နိရောဓသစ္စာတည်း။ နိရောဓကို ခွဲခြား၍သိခြင်းသည် မဂ္ဂသစ္စာတည်း။ ဝေဒနာသည် ဒုက္ခသစ္စာတည်း။ ဖဿသည် သမုဒယသစ္စာတည်း။ နှစ်ပါးလုံးတို့၏ ထွက်မြောက်ရာသည် နိရောဓသစ္စာတည်း။ နိရောဓကို ခွဲခြား၍သိခြင်းသည် မဂ္ဂသစ္စာတည်း။ ဖဿသည် ဒုက္ခသစ္စာတည်း။ သဠာယတန သည် သမုဒယသစ္စာတည်း။ နှစ်ပါးလုံးတို့၏ ထွက်မြောက်ရာသည် နိရောဓသစ္စာတည်း။ နိရောဓကို ခွဲခြား၍သိခြင်းသည် မဂ္ဂသစ္စာတည်း။ သဠာယတနသည် ဒုက္ခသစ္စာတည်း။ နာမ်ရုပ်သည် သမုဒယသစ္စာတည်း။ နှစ်ပါးလုံးတို့၏ ထွက်မြောက်ရာသည် နိရောဓသစ္စာတည်း။ နိရောဓကို ခွဲခြား၍သိခြင်းသည် မဂ္ဂသစ္စာတည်း။ နာမ်ရုပ်သည် ဒုက္ခသစ္စာတည်း။ ဝိညာဉ်သည် သမုဒယသစ္စာတည်း။ နှစ်ပါးလုံးတို့၏ ထွက်မြောက်ရာသည် နိရောဓသစ္စာတည်း။ နိရောဓကို ခွဲခြား၍သိခြင်းသည် မဂ္ဂသစ္စာတည်း။ ဝိညာဉ် သည် ဒုက္ခသစ္စာတည်း။ သင်္ခါရတို့သည် သမုဒယသစ္စာတည်း။ နှစ်ပါးလုံးတို့၏ ထွက်မြောက်ရာသည် နိရောဓသစ္စာတည်း။ နိရောဓကို ခွဲခြား၍သိခြင်းသည် မဂ္ဂသစ္စာတည်း။ သင်္ခါရတို့သည် ဒုက္ခသစ္စာတည်း။ အဝိဇ္ဇာသည် သမုဒယသစ္စာတည်း။ နှစ်ပါးလုံးတို့၏ ထွက်မြောက်ရာသည် နိရောဓသစ္စာတည်း။ နိရောဓ ကို ခွဲခြား၍သိခြင်းသည် မဂ္ဂသစ္စာတည်း။

ဇရာမရဏသည် ရံခါ ဒုက္ခသစ္စာ၊ ရံခါ သမုဒယသစ္စာ ဖြစ်ရာ၏။ နှစ်ပါးလုံးတို့၏လည်း ထွက်မြောက်ရာသည် နိရောဓသစ္စာတည်း။ နိရောဓကို ခွဲခြား၍သိခြင်းသည် မဂ္ဂသစ္စာတည်း။ ဇာတိသည် ရံခါ ဒုက္ခသစ္စာ၊ ရံခါ သမုဒယသစ္စာ ဖြစ်ရာ၏။ပ။ ဘဝသည် ရံခါ ဒုက္ခသစ္စာ၊ ရံခါ သမုဒယသစ္စာ ဖြစ်ရာ၏။ နှစ်ပါးလုံးတို့၏ ထွက်မြောက်ရာသည် နိရောဓသစ္စာတည်း။ နိရောဓကို ခွဲခြား၍သိခြင်းသည် မဂ္ဂသစ္စာတည်း။

သစ္စကထာ အကျယ်ပြခြင်း ပြီး၏။

--

၃-ဗောဇ္ဈင်္ဂကထာ

၁၇။ သာဝတ္ထိနိဒါန်းတည်း။ ရဟန်းတို့ ဗောဇ္ဈင်တို့သည် ဤခုနစ်ပါးတို့တည်း။ အဘယ်ခုနစ်ပါး တို့နည်းဟူမူ- သတိသမ္ဗောဇ္ဈင်၊ ဓမ္မဝိစယသမ္ဗောဇ္ဈင်၊ ဝီရိယသမ္ဗောဇ္ဈင်၊ ပီတိသမ္ဗောဇ္ဈင်၊ ပဿဒ္ဓိသမ္ဗောဇ္ဈင်၊ သမာဓိ သမ္ဗောဇ္ဈင်၊ ဥပေက္ခာသမ္ဗောဇ္ဈင်တို့တည်း။ ရဟန်းတို့ ဗောဇ္ဈင်တို့သည် ဤခုနစ်ပါးတို့တည်း။

ဗောဇ္ဈင်ဟူရာ၌ အဘယ်သဘောကြောင့် ဗောဇ္ဈင်မည်သနည်း။ သိခြင်းငှါ ဖြစ်တတ်ကုန်၏။ ထို့ ကြောင့် ဗောဇ္ဈင်မည်ကုန်၏။ သိတတ်ကုန်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ လျော်စွာသိတတ်ကုန် သော ကြောင့် ဗောဇ္ဈင်မည်ကုန်၏။ တစ်ဖန်သိတတ်ကုန်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ ကောင်းစွာသိတတ် ကုန်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ (၁)

သိခြင်း အနက်သဘောကြောင့် ဗောဇ္ဈင် မည်ကုန်၏။ လျော်စွာသိခြင်း အနက်သဘောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ တစ်ဖန်သိခြင်းအနက်သဘောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ ကောင်းစွာသိခြင်းအနက် သဘောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ (၂)

သိစေတတ်ကုန်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ လျော်စွာ သိစေတတ်ကုန်သောကြောင့် ဗောဇ္ဈင် မည်ကုန်၏။ တစ်ဖန် သိစေတတ်ကုန်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ ကောင်းစွာ သိစေတတ်ကုန်သော ကြောင့် ဗောဇ္ဈင်မည်ကုန်၏။ (၃)

သိစေခြင်း အနက်သဘောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ လျော်စွာသိစေခြင်း အနက်သဘောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ တစ်ဖန်သိစေခြင်းအနက်သဘောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ ကောင်းစွာသိစေခြင်း အနက် သဘောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ (၄)

သိတတ်သောကြောင့် ဗောဓိဟု အမည်ရသော ယောဂီပုဂ္ဂိုလ်၏ အဖို့၌ ဖြစ်ခြင်းအနက်သဘောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ အနုဗောဓိဟု အမည်ရသော ယောဂီပုဂ္ဂိုလ်၏ အဖို့၌ ဖြစ်ခြင်းအနက်သဘောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ ပဋိဗောဓိဟု အမည်ရသော ယောဂီပုဂ္ဂိုလ်၏ အဖို့၌ ဖြစ်ခြင်းအနက်သဘောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ သမ္ဗောဓိဟု အမည်ရသော ယောဂီပုဂ္ဂိုလ်၏ အဖို့၌ ဖြစ်ခြင်းအနက်သဘောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ (၅) (ပဉ္စမစတုက္က)။

အသိဉာဏ်ရခြင်း အနက်သဘောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ အသိဉာဏ်တစ်ဖန်ရခြင်း အနက် သဘောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ အသိဉာဏ်သည် (သတ္တဝါတို့ကို) တည်စေခြင်း အနက်သဘော ကြောင့် ဗောဇ္ဈင်မည်ကုန်၏။ အသိဉာဏ်သည် (သတ္တဝါတို့ကို) ရှေးရှုတည်စေခြင်း အနက်သဘောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ အသိဉာဏ်သည် ပြီးစေခြင်းအနက်သဘောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ အသိဉာဏ် သည် ကောင်းစွာပြီးစေခြင်း အနက်သဘောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ (ဆက္က္က)။

--

မူလမူလကာဒိ ဒသက

၁၈။ မူလအနက်သဘောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ မူလဖြစ်၍ဖြစ်ခြင်း အနက်သဘောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ မူလသိမ်းဆည်းခြင်း အနက်သဘောကြောင့် ဗောဇ္ဈင်မည်ကုန်၏။

မူလအခြံအရံအနက် သဘောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ မူလပြည့်စုံခြင်း အနက်သဘောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ မူလ ရင့်ကျက်ခြင်း အနက်သဘောကြောင့် ဗောဇ္ဈင်မည်ကုန်၏။

မူလပဋိသမ္ဘိဒါအနက်သဘောကြောင့် ဗောဇ္ဈင် မည်ကုန်၏။ မူလပဋိသမ္ဘိဒါသို့ ရောက်စေခြင်း့အနက်သဘောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ မူလပဋိသမ္ဘိဒါ၌ ဝသီဘော်အနက်သဘောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ မူလပဋိသမ္ဘိဒါ၌ ဝသီဘော်သို့ ရောက်ကုန်သောသူတို့၏လည်း ဗောဇ္ဈင်မည်ကုန်၏။

(၁)

ဖြစ်စေတတ်သော ဟိတ်အနက်သဘောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ ဟိတ်ဖြစ်၍ဖြစ်ခြင်း အနက် သဘောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ ဟိတ်သိမ်းဆည်းခြင်း အနက်သဘောကြောင့် ဗောဇ္ဈင်မည်ကုန်၏။

ဟိတ်အခြံအရံ အနက်သဘောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ ဟိတ်ပြည့်စုံခြင်း အနက်သဘောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ ဟိတ် ရင့်ကျက်ခြင်း အနက်သဘောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ ဟေတုပဋိသမ္ဘိဒါ အနက်သဘောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ ဟေတုပဋိသမ္ဘိဒါသို့ ရောက်စေခြင်း အနက်သဘောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ ဟေတုပဋိသမ္ဘိဒါ၌ ဝသီဘော် အနက်သဘောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ ဟေတု ပဋိသမ္ဘိဒါ၌ ဝသီဘော်သို့ ရောက်ကုန်သောသူတို့၏လည်း ဗောဇ္ဈင်မည်ကုန်၏။ (၂)

ထောက်ပံ့တတ်သောပစ္စည်း အနက်သဘောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ ပစ္စည်းဖြစ်၍ဖြစ်ခြင်း အနက်သဘောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ ပစ္စည်းသိမ်းဆည်းခြင်း အနက်သဘောကြောင့် ဗောဇ္ဈင်မည် ကုန်၏။ ပစ္စည်း အခြံအရံ အနက်သဘောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ ပစ္စည်းပြည့်စုံခြင်း အနက်သဘော ကြောင့် ဗောဇ္ဈင်မည်ကုန်၏။ ပစ္စည်းရင့်ကျက်ခြင်း အနက်သဘောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ ပစ္စယ ပဋိသမ္ဘိဒါ အနက်သဘောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ ပစ္စယပဋိသမ္ဘိဒါသို့ ရောက်စေခြင်း အနက်သဘော ကြောင့် ဗောဇ္ဈင်မည်ကုန်၏။ ပစ္စယပဋိသမ္ဘိဒါ၌ ဝသီဘော် အနက်သဘောကြောင့် ဗောဇ္ဈင်မည်ကုန်၏။

ပစ္စယပဋိသမ္ဘိဒါ၌ ဝသီဘော်သို့ ရောက်သော သူတို့၏လည်း ဗောဇ္ဈင်မည်ကုန်၏။ (၃)

စင်ကြယ်သော ဝိသုဒ္ဓိအနက်သဘောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ ဝိသုဒ္ဓိဖြစ်၍ ဖြစ်ခြင်း အနက် သဘောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ ဝိသုဒ္ဓိသိမ်းဆည်းခြင်း အနက်သဘောကြောင့် ဗောဇ္ဈင်မည်ကုန်၏။

ဝိသုဒ္ဓိအခြံအရံ အနက်သဘောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ ဝိသုဒ္ဓိပြည့်စုံခြင်း အနက်သဘောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ ဝိသုဒ္ဓိရင့်ကျက်ခြင်း အနက်သဘောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ ဝိသုဒ္ဓိပဋိသမ္ဘိဒါ အနက်သဘောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ ဝိသုဒ္ဓိပဋိသမ္ဘိဒါသို့ ရောက်စေခြင်း အနက်သဘောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ ဝိသုဒ္ဓိပဋိသမ္ဘိဒါ၌ ဝသီဘော် အနက်သဘောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ ဝိသုဒ္ဓိပဋိ သမ္ဘိဒါ၌ ဝသီဘော်သို့ ရောက်ကုန်သောသူတို့၏လည်း ဗောဇ္ဈင်မည်ကုန်၏။ (၄)

--

အပြစ်ကင်းသောအနဝဇ္ဇ အနက်သဘောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ အနဝဇ္ဇဖြစ်၍ဖြစ်ခြင်း အနက် သဘောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ အနဝဇ္ဇသိမ်းဆည်းခြင်း အနက်သဘောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ အနဝဇ္ဇအခြံအရံ အနက်သဘောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ အနဝဇ္ဇပြည့်စုံခြင်း အနက်သဘောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ အနဝဇ္ဇရင့်ကျက်ခြင်း အနက်သဘောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ အနဝဇ္ဇပဋိသမ္ဘိဒါ အနက်သဘောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ အနဝဇ္ဇပဋိသမ္ဘိဒါသို့ ရောက်စေခြင်း အနက်သဘောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ အနဝဇ္ဇပဋိသမ္ဘိဒါ၌ ဝသီဘော်အနက်သဘောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ အနဝဇ္ဇ ပဋိသမ္ဘိဒါ၌ ဝသီဘော်သို့ ရောက်ကုန်သော သူတို့၏လည်း ဗောဇ္ဈင်မည်ကုန်၏။ (၅)

ကုသိုလ်တရားဟူသော နေက္ခမ္မအနက်သဘောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ နေက္ခမ္မဖြစ်၍ဖြစ်ခြင်း အနက်သဘောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ နေက္ခမ္မသိမ်းဆည်းခြင်း အနက်သဘောကြောင့် ဗောဇ္ဈင်မည် ကုန်၏။ နေက္ခမ္မ အခြံအရံ အနက်သဘောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ နေက္ခမ္မပြည့်စုံခြင်း အနက်သဘော ကြောင့် ဗောဇ္ဈင်မည်ကုန်၏။ နေက္ခမ္မရင့်ကျက်ခြင်း အနက်သဘောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ နေက္ခမ္မ ပဋိသမ္ဘိဒါ အနက်သဘောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ နေက္ခမ္မပဋိသမ္ဘိဒါသို့ ရောက်စေခြင်း အနက် သဘောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ နေက္ခမ္မပဋိသမ္ဘိဒါ၌့ဝသီဘော်အနက်သဘောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ နေက္ခမ္မပဋိသမ္ဘိဒါ၌ ဝသီဘော်သို့ ရောက်ကုန်သော သူတို့၏လည်း ဗောဇ္ဈင်မည်ကုန်၏။ (၆)

လွတ်မြောက်ခြင်း ‘ဝိမုတ္တိ’ အနက်သဘောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ ဝိမုတ္တိဖြစ်၍ဖြစ်ခြင်း အနက် သဘောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ ဝိမုတ္တိသိမ်းဆည်းခြင်း အနက်သဘောကြောင့် ဗောဇ္ဈင်မည်ကုန်၏။

ဝိမုတ္တိအခြံအရံ အနက်သဘောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ ဝိမုတ္တိပြည့်စုံခြင်း အနက်သဘောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ ဝိမုတ္တိ ရင့်ကျက်ခြင်း အနက်သဘောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ ဝိမုတ္တိပဋိသမ္ဘိဒါ အနက်သဘောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ ဝိမုတ္တိပဋိသမ္ဘိဒါသို့ ရောက်စေခြင်း အနက်သဘောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ ဝိမုတ္တိပဋိသမ္ဘိဒါ၌ ဝသီဘော်အနက်သဘောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ ဝိမုတ္တိ ပဋိသမ္ဘိဒါ၌ ဝသီဘော်သို့ ရောက်ကုန်သောသူတို့၏လည်း ဗောဇ္ဈင်မည်ကုန်၏။ (၇)

အာသဝေါမရှိခြင်း ‘အနာသဝ’ အနက်သဘောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ အနာသဝဖြစ်၍ဖြစ်ခြင်း အနက်သဘောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ အနာသဝသိမ်းဆည်းခြင်း အနက်သဘောကြောင့် ဗောဇ္ဈင် မည်ကုန်၏။ အနာသဝအခြံအရံ အနက်သဘောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ အနာသဝပြည့်စုံခြင်း အနက် သဘောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ အနာသဝရင့်ကျက်ခြင်း အနက်သဘောကြောင့် ဗောဇ္ဈင်မည်ကုန်၏။

အနာသဝပဋိသမ္ဘိဒါ အနက်သဘောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ အနာသဝပဋိသမ္ဘိဒါသို့ ရောက်စေခြင်း အနက်သဘောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ အနာသဝပဋိသမ္ဘိဒါ၌ ဝသီဘော်အနက်သဘောကြောင့် ဗောဇ္ဈင် မည်ကုန်၏။ အနာသဝပဋိသမ္ဘိဒါ၌ ဝသီဘော်သို့ ရောက်ကုန်သောသူတို့၏လည်း ဗောဇ္ဈင်မည်ကုန်၏။ (၈)

ကင်းဆိတ်ခြင်း ‘ဝိဝေက’ အနက်သဘောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ ဝိဝေကဖြစ်၍ဖြစ်ခြင်း အနက် သဘောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ ဝိဝေကသိမ်းဆည်းခြင်း အနက်သဘောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ ဝိဝေကအခြံအရံ အနက်သဘောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ ဝိဝေကပြည့်စုံခြင်း အနက်သဘောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ ဝိဝေကရင့်ကျက်ခြင်း အနက်သဘောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ ဝိဝေကပဋိသမ္ဘိဒါ အနက်သဘောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ ဝိဝေကပဋိသမ္ဘိဒါသို့ ရောက်စေခြင်း အနက်သဘောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ ဝိဝေကပဋိသမ္ဘိဒါ၌ ဝသီဘော်အနက်သဘောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ ဝိဝေက ပဋိသမ္ဘိဒါ၌ ဝသီဘော်သို့ ရောက်ကုန်သော သူတို့၏လည်း ဗောဇ္ဈင်မည်ကုန်၏။ (၉)

--

စွန့်လွှတ်ခြင်း ‘ဝေါဿဂ္ဂ’ အနက်သဘောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ ဝေါဿဂ္ဂဖြစ်၍ဖြစ်ခြင်း အနက် သဘောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ ဝေါဿဂ္ဂသိမ်းဆည်းခြင်း အနက်သဘောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ ဝေါဿဂ္ဂအခြံအရံ အနက်သဘောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ ဝေါဿဂ္ဂပြည့်စုံခြင်း အနက်သဘောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ ဝေါဿဂ္ဂရင့်ကျက်ခြင်း အနက်သဘောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ ဝေါဿဂ္ဂ ပဋိသမ္ဘိဒါ အနက်သဘောကြောင့် ဗောဇ္ဈင်မည်ကုန်၏။

ဝေါဿဂ္ဂပဋိသမ္ဘိဒါသို့ ရောက်စေခြင်း အနက် သဘောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ ဝေါဿဂ္ဂပဋိသမ္ဘိဒါ၌ ဝသီဘော်အနက်သဘောကြောင့် ဗောဇ္ဈင်မည် ကုန်၏။ ဝေါဿဂ္ဂပဋိသမ္ဘိဒါ၌ ဝသီဘော်သို့ ရောက်သောသူတို့၏လည်း ဗောဇ္ဈင်မည်ကုန်၏။ (၁၀)

၁၉။ မူလသဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ ဟိတ်သဘောကို သိတတ်သော ကြောင့် ဗောဇ္ဈင်မည်ကုန်၏။ ပစ္စည်းသဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။

ဝိသုဒ္ဓိသဘော ကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ အနဝဇ္ဇသဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည် ကုန်၏။ နေက္ခမ္မသဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။

ဝိမုတ္တိအနက်သဘောကို သိတတ် သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ အနာသဝအနက်သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ ဝိဝေကအနက်သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ ဝေါဿဂ္ဂအနက်သဘောကို သိတတ် သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။

မူလဖြစ်၍ ဖြစ်ခြင်း အနက်သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ ဟိတ်ဖြစ်၍ ဖြစ်ခြင်းအနက်သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ ပစ္စည်းဖြစ်၍ ဖြစ်ခြင်း အနက် သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ ဝိသုဒ္ဓိဖြစ်၍ ဖြစ်ခြင်း အနက်သဘောကို သိတတ် သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ အနဝဇ္ဇဖြစ်၍ ဖြစ်ခြင်း အနက်သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင် မည်ကုန်၏။ နေက္ခမ္မဖြစ်၍ ဖြစ်ခြင်း အနက်သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ ဝိမုတ္တိ ဖြစ်၍ ဖြစ်ခြင်း အနက်သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ အနာသဝဖြစ်၍ ဖြစ်ခြင်း အနက်သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ ဝိဝေကဖြစ်၍ ဖြစ်ခြင်း အနက်သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။

ဝေါဿဂ္ဂဖြစ်၍ ဖြစ်ခြင်း အနက်သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။

မူလသိမ်းဆည်းခြင်း အနက်သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ပ။ ဝေါဿဂ္ဂသိမ်း ဆည်းခြင်း အနက်သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ မူလအခြံအရံ အနက်သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ပ။ ဝေါဿဂ္ဂအခြံအရံ အနက်သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ မူလပြည့်စုံခြင်း အနက်သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ပ။ ဝေါဿဂ္ဂပြည့်စုံခြင်း အနက်သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ မူလရင့်ကျက်ခြင်း အနက်သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ပ။ ဝေါဿဂ္ဂရင့်ကျက်ခြင်း အနက်သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ မူလပဋိသမ္ဘိဒါ အနက်သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင် မည်ကုန်၏။ပ။ ဝေါဿဂ္ဂပဋိသမ္ဘိဒါ အနက်သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။

မူလ ပဋိသမ္ဘိဒါသို့ ရောက်စေခြင်း အနက်သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ပ။ ဝေါဿဂ္ဂ ပဋိသမ္ဘိဒါသို့ ရောက်စေခြင်း အနက်သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။

--

မူလပဋိသမ္ဘိဒါ၌ ဝသီဘော် အနက်သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ပ။ ဝေါဿဂ္ဂပဋိသမ္ဘိဒါ၌ ဝသီဘော် အနက်သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ပ။

သိမ်းဆည်းခြင်း အနက်သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ အခြံအရံ အနက် သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ ပြည့်စုံခြင်း အနက်သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ အာရုံတစ်ခုတည်းရှိခြင်း အနက်သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ မပျံ့လွင့်ခြင်း အနက်သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ အားထုတ်ခြင်း အနက် သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။

မပြန့်ကြဲခြင်း အနက်သဘောကို သိတတ်သော ကြောင့် ဗောဇ္ဈင်မည်ကုန်၏။ မနောက်ကျုခြင်း အနက်သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည် ကုန်၏။ မတုန်လှုပ်ခြင်း အနက်သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ အာရုံတစ်ခုတည်း ထင်ခြင်းအစွမ်းဖြင့် စိတ်၏ တည်ခြင်းအနက်သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ အာရုံ အနက်သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ ကျက်စားရာ အနက်သဘောကို သိတတ် သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ ပယ်ခြင်း အနက်သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။

စွန့်လွှတ်ခြင်း အနက်သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ ထခြင်းအနက်သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ ဝဋ်ကင်းခြင်း အနက်သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင် မည်ကုန်၏။ ငြိမ်းခြင်းအနက်သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။

မွန်မြတ်ခြင်း အနက် သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ လွတ်မြောက်ခြင်း့အနက်သဘောကို သိတတ်သော ကြောင့် ဗောဇ္ဈင်မည်ကုန်၏။ အာသဝေါမရှိခြင်း အနက်သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင် မည်ကုန်၏။ ကူးမြောက်ခြင်း အနက်သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ နိမိတ်မရှိခြင်း အနက် သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။

တောင့်တမှုမရှိခြင်း အနက်သဘောကို သိတတ်သော ကြောင့် ဗောဇ္ဈင်မည်ကုန်၏။ ဆိတ်သုဉ်းခြင်း အနက်သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ တစ်ခုတည်းသော ကိစ္စရှိခြင်း အနက်သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ လွန်၍မဖြစ်ခြင်း အနက်သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ အစုံတွဲခြင်း အနက်သဘောကို သိတတ် သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ ထွက်မြောက်ခြင်း အနက်သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည် ကုန်၏။

ဟိတ်အနက်သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ မြင်ခြင်း အနက်သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ အကြီးအမှူးအဖြစ်ဟူသော အနက်သဘောကို သိတတ်သော ကြောင့် ဗောဇ္ဈင်မည်ကုန်၏။

သမထ၏ မပျံ့လွင့်ခြင်း အနက်သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ ဝိပဿနာ၏ အဖန်ဖန်ရှုခြင်း အနက်သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ သမထဝိပဿနာတို့၏ တစ်ခုတည်းသော ကိစ္စရှိခြင်း အနက်သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ အစုံတွဲခြင်း၏ လွန်၍ မဖြစ်ခြင်း အနက်သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ သိက္ခာ၏ ဆောက် တည်ခြင်း အနက်သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ အာရုံ၏ ကျက်စားရာ အနက် သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ တွန့်ဆုတ်သော စိတ်၏ အားထုတ်ခြင်း အနက် သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ ပျံ့လွင့်သော စိတ်၏နှိပ်ခြင်း အနက်သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ နှစ်ပါးစုံမှ စင်ကြယ်သော စိတ်တို့၏ လျစ်လျူရှုခြင်း အနက် သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ တရားထူးရခြင်း အနက်သဘောကို သိတတ်သော ကြောင့် ဗောဇ္ဈင်မည်ကုန်၏။ အလွန်ကို ထိုးထွင်း၍ သိခြင်း အနက်သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ သစ္စာကို ထိုးထွင်း၍ သိခြင်း အနက်သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည် ကုန်၏။ နိဗ္ဗာန်၌ တည်စေခြင်း အနက်သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။

--

သဒ္ဓိန္ဒြေ၏ ဆုံးဖြတ်ခြင်း အနက်သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ပ။ ပညိန္ဒြေ၏ မြင်ခြင်း အနက်သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ သဒ္ဓါဗိုလ်၏ မယုံကြည်ခြင်း၌ မတုန်လှုပ်ခြင်း အနက်သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ပ။ ပညာဗိုလ်၏ အဝိဇ္ဇာ၌ မတုန်လှုပ်ခြင်း အနက်သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ သတိသမ္ဗောဇ္ဈင်၏ ထင်ခြင်း အနက်သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ပ။ ဥပေက္ခာသမ္ဗောဇ္ဈင်၏ ဆင်ခြင်ခြင်း အနက် သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ သမ္မာဒိဋ္ဌိ၏ မြင်ခြင်းအနက်သဘောကို သိတတ်သော ကြောင့် ဗောဇ္ဈင်မည်ကုန်၏။ပ။ သမ္မာသမာဓိ၏ မပျံ့လွင့်ခြင်း အနက်သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။

ဣန္ဒြေတို့၏ အစိုးရခြင်းအနက်သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ ဗိုလ်တို့၏ မတုန်လှုပ်ခြင်းအနက်သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ ထွက်မြောက်ခြင်းအနက် သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ မဂ်၏ ဟိတ်အနက်သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ သတိပဋ္ဌာန်တို့၏ ထင်ခြင်းအနက်သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ သမ္မပ္ပဓာန်တို့၏ အားထုတ်ခြင်း အနက်သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ ဣဒ္ဓိပါဒ်တို့၏ ပြည့်စုံပြီးစီးခြင်း အနက်သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ သစ္စာတို့၏ မှန်သောအနက်သဘောကို သိတတ်သောကြောင့်ဗောဇ္ဈင်မည်ကုန်၏။ မဂ်တို့၏ တစ်ဖန်ငြိမ်းခြင်း အနက် သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ ဖိုလ်တို့၏ မျက်မှောက်ပြုခြင်း အနက်သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။

ဝိတက်၏ ရှေ့ရှုတင်ခြင်း အနက်သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ ဝိစာရ၏ သုံးသပ်ခြင်း အနက်သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ ပီတိ၏ ပျံ့နှံ့ခြင်း အနက် သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ သုခ၏ စိမ့်စိုခြင်း အနက်သဘောကို သိတတ်သော ကြောင့် ဗောဇ္ဈင်မည်ကုန်၏။ စိတ်၏ အာရုံတစ်ခုတည်းရှိခြင်း အနက်သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ ဆင်ခြင်ခြင်းအနက်သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ အထူး သိခြင်း အနက်သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ ခွဲခြား၍ သိခြင်း အနက်သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ ကောင်းစွာမှတ်ခြင်း အနက်သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ ဧကောဒိမည်သော သမာဓိအနက်သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည် ကုန်၏။

အဘိညာ၏ သိခြင်းအနက်သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ ပရိညာ၏ကူး မြောက်ခြင်း အနက်သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ ပဟာန်၏ စွန့်လွှတ်ခြင်း အနက်သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ ဘာဝနာ၏ တစ်ခုတည်းသောကိစ္စရှိခြင်း အနက်သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ မျက်မှောက်ပြုခြင်း၏ တွေ့ထိရခြင်း အနက် သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ ခန္ဓာတို့၏ ခန္ဓာအနက်သဘောကို သိတတ်သော ကြောင့် ဗောဇ္ဈင်မည်ကုန်၏။ ဓာတ်တို့၏ ဓာတ်အနက်သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ အာယတနတို့၏ အာယတနအနက်သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ သင်္ခတ တရားတို့၏ ပြုပြင်ခြင်း အနက်သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။

အသင်္ခတတရားတို့၏ မပြုပြင်ခြင်း အနက်သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။

--

စိတ်အနက်သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ စိတ်၏ အခြားမရှိခြင်းအနက် သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ စိတ်၏ ထခြင်း အနက်သဘောကို သိတတ်သော ကြောင့် ဗောဇ္ဈင်မည်ကုန်၏။ စိတ်၏ ဝဋ်ကင်းခြင်း အနက်သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည် ကုန်၏။ စိတ်၏ ဇနကဟိတ် အနက်သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ စိတ်၏ ဥပထမ္ဘကပစ္စည်း အနက်သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ စိတ်၏ ဝတ္ထုအနက် သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ စိတ်၏ ဖြစ်ရာဘုံ အနက်သဘောကို သိတတ်သော ကြောင့် ဗောဇ္ဈင်မည်ကုန်၏။ စိတ်၏ အာရုံအနက်သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ စိတ်၏ ကျက်စားရာ အနက်သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။

စိတ်၏ဖြစ်ခြင်း အနက်သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ စိတ်၏ သွားခြင်း အနက်သဘောကို သိတတ် သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ စိတ်၏ ရှေးရှုဆောင်ခြင်း အနက်သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ စိတ်၏ ထွက်မြောက်ခြင်း အနက်သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည် ကုန်၏။ စိတ်၏ လွတ်မြောက်ခြင်း အနက်သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။

အာရုံတစ်ခုတည်း၌ ဆင်ခြင်ခြင်းအနက်သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ အာရုံ တစ်ခုတည်း၌ အထူးသိခြင်းအနက်သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။

အာရုံတစ်ခုတည်း ၌ ခွဲခြား၍ သိခြင်းအနက်သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။

အာရုံတစ်ခုတည်း၌ ကောင်းစွာမှတ်ခြင်း အနက်သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ အာရုံတစ်ခုတည်း၌ ဧကောဒိမည်သော သမာဓိ အနက်သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ အာရုံတစ်ခုတည်း၌ ဖွဲ့ခြင်းအနက်သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ အာရုံတစ်ခုတည်း၌ ပြေး ဝင်ခြင်းအနက်သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ အာရုံတစ်ခုတည်း၌ တည်ခြင်းအနက် သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ အာရုံတစ်ခုတည်း၌ ကောင်းစွာတည်ခြင်းအနက် သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ အာရုံတစ်ခုတည်း၌ လွတ်မြောက်ခြင်းအနက်သဘော ကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ အာရုံတစ်ခုတည်း၌ “ဤကား ငြိမ်းချမ်းခြင်းတည်း”ဟု မြင်ခြင်းအနက်သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ အာရုံတစ်ခုတည်း၌ ယာဉ်ကဲ့သို့ ပြုခြင်းအနက်သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ အာရုံတစ်ခုတည်း၌ တည်ရာကဲ့သို့ ပြုခြင်းအနက်သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ အာရုံတစ်ခုတည်း၌ လျော်စွာတည်ခြင်း အနက်သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ အာရုံတစ်ခုတည်း၌ လေ့ကျက်ခြင်း အနက်သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ အာရုံတစ်ခုတည်း၌ ကောင်းစွာ အားထုတ်ခြင်းအနက်သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ အာရုံတစ်ခုတည်း၌ သိမ်းဆည်းခြင်း အနက် သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ အာရုံတစ်ခုတည်း၌ အခြံအရံအနက်သဘော ကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ အာရုံတစ်ခုတည်း၌ ပြည့်စုံခြင်းအနက်သဘောကို သိတတ် သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ အာရုံတစ်ခုတည်း၌ ပေါင်းခြင်းအနက်သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ အာရုံတစ်ခုတည်း၌ လွှမ်းမိုး၍ တည်ခြင်းအနက်သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ အာရုံတစ်ခုတည်း၌ ပြင်းစွာမှီဝဲခြင်းအနက်သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင် မည်ကုန်၏။ အာရုံတစ်ခုတည်း၌ ပွါးများခြင်းအနက်သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည် ကုန်၏။ အာရုံတစ်ခုတည်း၌ အကြိမ်များစွာပြုခြင်းအနက် သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည် ကုန်၏။ အာရုံတစ်ခုတည်း၌ ကောင်းစွာတည်ခြင်းအနက်သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည် ကုန်၏။ အာရုံတစ်ခုတည်း၌ ကောင်းစွာလွတ်ခြင်းအနက်သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။

--

အာရုံတစ်ခုတည်း၌ သိခြင်းအနက်သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ အာရုံတစ်ခုတည်း၌ လျော်စွာသိခြင်းအနက်သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ အာရုံတစ်ခုတည်း၌ တစ်ဖန်သိခြင်းအနက်သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ အာရုံတစ်ခုတည်း၌ ကောင်းစွာ သိခြင်းအနက်သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ အာရုံတစ်ခုတည်း၌ သိစေခြင်း အနက် သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ အာရုံတစ်ခုတည်း၌ လျော်စွာသိစေခြင်းအနက် သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ အာရုံတစ်ခုတည်း၌ တစ်ဖန်သိစေခြင်းအနက်သဘော ကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ အာရုံတစ်ခုတည်း၌ ကောင်းစွာသိစေခြင်းအနက်သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ အာရုံတစ်ခုတည်း၌ ဗောဓိဟု အမည်ရသော ယောဂီပုဂ္ဂိုလ်၏ အဖို့၌ ဖြစ်ခြင်း အနက်သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ အာရုံတစ်ခုတည်း၌ လျော်စွာသိတတ်သောကြောင့် အနုဗောဓိဟု အမည်ရသော ယောဂီပုဂ္ဂိုလ်၏အဖို့၌ ဖြစ်ခြင်းအနက်သဘော ကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။

အာရုံတစ်ခုတည်း၌ ပဋိဗောဓိဟု အမည်ရသော ယောဂီ ပုဂ္ဂိုလ်၏အဖို့၌ ဖြစ်ခြင်းအနက်သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ အာရုံတစ်ခုတည်း၌ သမ္ဗောဓိဟု အမည်ရသော ယောဂီပုဂ္ဂိုလ်၏အဖို့၌ ဖြစ်ခြင်းအနက်သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင် မည်ကုန်၏။

အာရုံတစ်ခုတည်း၌ ထွန်းလင်းခြင်းအနက်သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင် မည် ကုန်၏။ အာရုံတစ်ခုတည်း၌ အလွန်ထွန်းလင်းခြင်းအနက်သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည် ကုန်၏။

အာရုံတစ်ခုတည်း၌ လျော်စွာထွန်းလင်းခြင်းအနက်သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည် ကုန်၏။

အာရုံတစ်ခုတည်း၌ တစ်ဖန်ထွန်းလင်းခြင်းအနက်သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည် ကုန်၏။

အာရုံတစ်ခုတည်း၌ ကောင်းစွာထွန်းလင်းခြင်းအနက်သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည် ကုန်၏။

ပူပန်စေခြင်းအနက်သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ တင့်တယ်ခြင်းအနက် သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ ကိလေသာတို့ကို ပူပန်စေခြင်းအနက်သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ အညစ်အကြေးမရှိခြင်း အနက်သဘောကို သိတတ်သော ကြောင့် ဗောဇ္ဈင်မည်ကုန်၏။ အညစ်အကြေးကင်းခြင်း အနက်သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ အညစ်အကြေးမရှိခြင်း အနက်သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ ညီမျှခြင်းအနက် သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။

သိခြင်းအနက်သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ ကင်းဆိတ်ခြင်း အနက်သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ ဝိဝေက ဖြစ်၍ဖြစ်ခြင်း အနက်သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ ရာဂကင်းခြင်း အနက်သဘော ကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ ဝိရာဂဖြစ်၍ဖြစ်ခြင်း အနက်သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။

ချုပ်ခြင်းအနက်သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ နိရောဓဖြစ်၍ ဖြစ်ခြင်း အနက်သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ ဝေါဿဂ္ဂအနက်သဘောကို သိတတ် သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ ဝေါဿဂ္ဂဖြစ်၍ဖြစ်ခြင်း အနက်သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင် မည်ကုန်၏။ ဝိမုတ္တိအနက်သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။

ဝိမုတ္တိဖြစ်၍ဖြစ်ခြင်း အနက်သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။

--

ဆန္ဒအနက်သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ ဆန္ဒ၏ မူလအနက်သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ ဆန္ဒ၏ အခြေခံအနက်သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင် မည်ကုန်၏။ ဆန္ဒ၏ ပြဋ္ဌာန်းခြင်းအနက်သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။

ဆန္ဒ၏ ပြည့်စုံခြင်းအနက် သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ ဆန္ဒ၏ ဆုံးဖြတ်ခြင်းအနက် သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ ဆန္ဒ၏ အားထုတ်ခြင်းအနက်သဘောကို သိတတ် သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ ဆန္ဒ၏ ထင်ခြင်းအနက်သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည် ကုန်၏။ ဆန္ဒ၏ မပျံ့လွင့်ခြင်းအနက်သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ ဆန္ဒ၏ မြင်ခြင်းအနက်သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။

ဝီရိယအနက်သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ပ။ စိတ်၏ အနက်သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ပ။ စူးစမ်းဆင်ခြင်ခြင်းအနက်သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ ဝီမံသ၏ မူလအနက်သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ ဝီမံသ၏ အခြေခံဖြစ်သော အနက်သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ ဝီမံသ၏ ပြဋ္ဌာန်ခြင်းအနက် သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ ဝိမံသ၏ ပြည့်စုံခြင်းအနက်သဘောကို သိတတ်သော ကြောင့် ဗောဇ္ဈင်မည်ကုန်၏။ ဝီမံသ၏ ဆုံဖြတ်ခြင်းအနက်သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည် ကုန်၏။ ဝီမံသ၏ အားထုတ်ခြင်း အနက်သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ ဝီမံသ၏ ထင်ခြင်းအနက်သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ ဝီမံသ၏ မပျံ့လွင့်ခြင်းအနက် သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ ဝီမံသ၏ မြင်ခြင်းအနက်သဘောကို သိတတ်သော ကြောင့်ဗောဇ္ဈင်မည်ကုန်၏။

ဒုက္ခသဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ ဒုက္ခ၏နှိပ်စက်ခြင်းသဘောကို သိတတ် သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ ဒုက္ခ၏ ပြုပြင်ရခြင်းသဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ ဒုက္ခ၏ ပူပန်ခြင်းသဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ ဒုက္ခ၏ ပြောင်းလဲခြင်း သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ သမုဒယသဘောကို သိတတ်သောကြောင့် ဗောဇ္ဈင် မည်ကုန်၏။ သမုဒယ၏ အားထုတ်ခြင်းသဘောကို၊ အကြောင်းရင်းသဘောကို၊ ပေါင်းစပ်ခြင်းသဘောကို၊ ကြောင့်ကြခြင်းသဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ နိရောဓသဘောကို သိတတ်သော ကြောင့် ဗောဇ္ဈင်မည်ကုန်၏။ နိရောဓ၏ ထွက်မြောက်ခြင်းသဘောကို၊ ကင်းဆိတ်ခြင်းသဘောကို၊ မပြုပြင်အပ်ခြင်းသဘောကို၊ မသေရာသဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ မဂ္ဂသဘောကို သိတတ် သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ မဂ်၏ ထွက်မြောက်ကြောင်းသဘော၊ ဟိတ်သဘော၊ ဒဿနသဘော၊ အကြီးအမှူးသဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။

မှန်ခြင်းသဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ အနတ္တသဘောကို သိတတ်သော ကြောင့် ဗောဇ္ဈင်မည်ကုန်၏။ သစ္စာသဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ ထိုးထွင်း၍ သိခြင်းသဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ ထူးခြားစွာသိခြင်းသဘောကို သိတတ်သော ကြောင့် ဗောဇ္ဈင်မည်ကုန်၏။ ပိုင်းခြား၍သိခြင်းသဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။

ဓမ္မ သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ ဓာတ်သဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည် ကုန်၏။ ဉာတသဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။

--

မျက်မှောက်ပြုခြင်းသဘောကို သိ တတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ တွေ့ထိခြင်းသဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ ထိုးထွင်း၍သိခြင်းသဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။

နေက္ခမ္မကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ အဗျာပါဒကို သိတတ်သောကြောင့် ဗောဇ္ဈင် မည်ကုန်၏။ အာလောကသညာကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ မပျံ့လွင့်ခြင်းကို သိတတ် သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ ဓမ္မဝဝတ္ထာန်ကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ ဉာဏ်ကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ ဝမ်းမြောက်ခြင်းကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။

ပဌမဈာန်ကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ပ။ အရဟတ္တမဂ်ကို သိတတ်သောကြောင့် ဗောဇ္ဈင် မည်ကုန်၏။ အရဟတ္တဖိုလ်သမာပတ်ကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။

ဆုံးဖြတ်ခြင်းသဘောအားဖြင့် သဒ္ဓိန္ဒြေကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ပ။ မြင်ခြင်း သဘောအားဖြင့် ပညိန္ဒြေကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ မယုံကြည်ခြင်းကြောင့် မတုန်လှုပ်ခြင်းသဘောအားဖြင့် သဒ္ဓါဗိုလ်ကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ပ။ အဝိဇ္ဇာ၌ မတုန်လှုပ်ခြင်း သဘောအားဖြင့် ပညာဗိုလ်ကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။

ထင်ခြင်းသဘောအားဖြင့် သတိ သမ္ဗောဇ္ဈင်ကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ပ။ ဆင်ခြင်ခြင်းသဘောအားဖြင့် ဥပေက္ခာ သမ္ဗောဇ္ဈင်ကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။

မြင်ခြင်းသဘောအားဖြင့် သမ္မာဒိဋ္ဌိကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ပ။ မပျံ့လွင့်ခြင်း သဘောအားဖြင့် သမ္မာသမာဓိကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ အစိုးရခြင်းသဘောအားဖြင့် ဣန္ဒြေကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ မတုန်လှုပ်ခြင်းသဘောအားဖြင့် ဗိုလ်ကို သိတတ်သော ကြောင့် ဗောဇ္ဈင်မည်ကုန်၏။ ထွက်မြောက်ခြင်းသဘောကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ ဟိတ်သဘောအားဖြင့် မဂ်ကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။

ထင်ခြင်းသဘောအားဖြင့် သတိ ပဋ္ဌာန်ကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ အားထုတ်ခြင်းသဘောအားဖြင့် သမ္မပ္ပဓာန်ကို သိတတ် သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။

ပြည့်စုံပြီးစီးခြင်းသဘောအားဖြင့် ဣဒ္ဓိပါဒ်ကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။

ဟုတ်မှန်ခြင်းသဘောအားဖြင့် သစ္စာကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။

မပျံ့လွင့်ခြင်းသဘောအားဖြင့် သမထကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။

အဖန်ဖန်ရှုခြင်းသဘော အားဖြင့် ဝိပဿနာကို။ပ။ တစ်ခုတည်းသော ကိစ္စရသသဘောအားဖြင့် သမထ,ဝိပဿနာကို သိတတ် သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ လွန်၍မဖြစ်ခြင်းသဘောအားဖြင့် အစုံတွဲခြင်း ‘ယုဂနဒ္ဓ'ကို သိတတ်သော ကြောင့် ဗောဇ္ဈင်မည်ကုန်၏။ စောင့်စည်းခြင်းသဘောအားဖြင့် သီလဝိသုဒ္ဓိကို သိတတ်သောကြောင့် ဗောဇ္ဈင် မည်ကုန်၏။ မပျံ့လွင့်ခြင်းသဘောအားဖြင့် စိတ္တဝိသုဒ္ဓိကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ မြင်ခြင်းသဘောအားဖြင့် ဒိဋ္ဌိဝိသုဒ္ဓိကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ လွတ်ခြင်းသဘောအားဖြင့် ဝိမောက္ခကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။

ထိုးထွင်း၍သိခြင်းသဘောအားဖြင့် ဝိဇ္ဇာကို သိတတ် သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။

စွန့်လွှတ်ခြင်းသဘောအားဖြင့် ဝိမုတ္တိကို သိတတ်သောကြောင့် ဗောဇ္ဈင် မည်ကုန်၏။ အကြွင်းမဲ့ ဖြတ်ခြင်းသဘောအားဖြင့် ခယဉာဏ်ကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။

တစ်ဖန်ငြိမ်းခြင်းသဘောအားဖြင့် အနုပ္ပါဒဉာဏ်ကို သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။

--

ဆန္ဒကို မူလသဘောအားဖြင့် သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ မနသိကာရကို ဖြစ်စေခြင်း သဘောအားဖြင့် သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ ဖဿကို ပေါင်းဆုံခြင်းသဘောအားဖြင့် သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ ဝေဒနာကို စုဝေးခြင်းသဘောအားဖြင့် သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ သမာဓိကို အမှူးသဘောအားဖြင့် သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။

သတိကို အစိုးရခြင်း သဘောအားဖြင့် သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ ပညာကို ထို့ထက်လွန်မြတ်ခြင်း သဘောအားဖြင့် သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။ ဝိမုတ္တိကို အနှစ်သာရသဘောအားဖြင့် သိတတ်သောကြောင့် ဗောဇ္ဈင် မည်ကုန်၏။ သေခြင်းမရှိရာသို့ သက်ဝင်ရာ နိဗ္ဗာန်ကို ပြီးဆုံးခြင်းသဘော အားဖြင့် သိတတ်သောကြောင့် ဗောဇ္ဈင်မည်ကုန်၏။

၂၀။ သာဝတ္ထိနိဒါန်းတည်း။ ထိုအခါ အသျှင်သာရိပုတြာသည် ရဟန်းတို့ကို “ငါ့သျှင်ရဟန်းတို့”ဟုခေါ်၏။ “ငါ့သျှင်”ဟု ထိုရဟန်းတို့သည် အသျှင်သာရိပုတြာအား ပြန်ကြားလျှောက်ထားကုန်၏။ အသျှင် သာရိပုတြာသည် ဤစကားကို မိန့်ဆို၏။

ငါ့သျှင်တို့ ဗောဇ္ဈင်တို့သည် ဤခုနစ်ပါးတို့တည်း။ အဘယ်ခုနစ်ပါးတို့နည်းဟူမူ-သတိသမ္ဗောဇ္ဈင်၊ ဓမ္မဝိစယသမ္ဗောဇ္ဈင်။ပ။ ဥပေက္ခာသမ္ဗောဇ္ဈင်တို့တည်း။ ငါ့သျှင်တို့ ဗောဇ္ဈင်တို့သည် ဤခုနစ်ပါးတို့တည်း။ ငါ့သျှင်တို့ ငါသည် ဤဗောဇ္ဈင်ခုနစ်ပါးတို့တွင် အကြင်အကြင်ဗောဇ္ဈင်ဖြင့် နံနက်အချိန်ပတ်လုံး နေလိုအံ့၊ ထိုထိုဗောဇ္ဈင်ဖြင့် နံနက်အချိန်ပတ်လုံး နေ၏။ အကြင်အကြင်ဗောဇ္ဈင်ဖြင့် နေ့လယ်အချိန်ပတ်လုံး နေလို အံ့။ပ။ ညချမ်းအချိန်ပတ်လုံး နေလိုအံ့၊ ထိုထိုဗောဇ္ဈင်ဖြင့် ညချမ်းအချိန်ပတ်လုံး နေ၏။ ငါ့သျှင်တို့ အကယ်၍ သတိသမ္ဗောဇ္ဈင်တည်းဟု ဤသို့ ငါ၏စိတ်အား ဖြစ်အံ့။ “အတိုင်းအရှည် (ပြုခြင်း) မရှိ”ဟု ဤသို့ ငါ၏စိတ်အား ဖြစ်၏။ “ကောင်းစွာ အားထုတ်အပ်၏”ဟု ဤသို့ ငါ၏စိတ်အား ဖြစ်၏။ “နိဗ္ဗာန် အာရုံ၌ ဖြစ်သည်၏အစွမ်းဖြင့် တည်သည်လည်းဖြစ်သော ထိုတရားကို တည်၏”ဟု ခွဲခြား၍ သိ၏။ အကယ်၍လည်း ငါ့အား (နိဗ္ဗာန်အာရုံမှ) ရွေ့လျောအံ့။ “ဤအကြောင်းကြောင့် ငါ့အား ရွေ့လျော၏”ဟု ခွဲခြား၍ သိ၏။ အကယ်၍ ဓမ္မဝိစယသမ္ဗောဇ္ဈင်။ပ။ ဥပေက္ခာ သမ္ဗောဇ္ဈင်တည်းဟု ဤသို့ ငါ၏စိတ်အား ဖြစ်အံ့။ “အတိုင်းအရှည်မရှိ”ဟု ဤသို့ ငါ၏စိတ်အား ဖြစ်၏။ “ကောင်းစွာ အားထုတ်အပ်၏”ဟု ဤ သို့ ငါ၏စိတ်အား ဖြစ်၏။ “နိဗ္ဗာန်အာရုံ၌ ဖြစ်သည်၏အစွမ်းဖြင့် တည်သည်လည်း ဖြစ်သော ထိုတရားကို တည်၏”ဟု ခွဲခြား၍ သိ၏။ အကယ်၍လည်း ငါ့အား (နိဗ္ဗာန်အာရုံမှ) ရွေ့လျောအံ့။ “ဤအကြောင်း ကြောင့် ငါ့အား ရွေ့လျော၏”ဟု ခွဲခြား၍သိ၏။

ငါ့သျှင်တို့ ဥပမာအားဖြင့် မင်း၏လည်းကောင်း၊ မင်းအမတ်ကြီး၏လည်းကောင်း အဝတ်သေတ္တာသည် အထူးထူးဆိုးအပ်သော အဝတ်တို့ဖြင့် ပြည့်သည် ဖြစ်ရာ၏။ ထိုမင်း၊ မင်း၏ အမတ်ကြီးသည် အကြင်အကြင် ဝတ်စုံကိုသာလျှင် နံနက်အချိန်ပတ်လုံး ဝတ်လိုအံ့။ ထိုထိုဝတ်စုံကိုသာလျှင် နံနက်အချိန်ပတ် လုံး ဝတ်ရုံရာ၏။ အကြင်အကြင် ဝတ်စုံကိုသာလျှင် နေ့လယ်အချိန်။ပ။ ညချမ်းအချိန်ပတ်လုံး ဝတ်ရုံလို အံ့။ ထိုထိုဝတ်စုံကိုသာလျှင် ညချမ်းအချိန်ပတ်လုံး ဝတ်ရုံရာ၏။ ငါ့သျှင်တို့ ဤအတူပင် ငါသည် ဤ ဗောဇ္ဈင်ခုနစ်ပါးတို့တွင် အကြင်အကြင် ဗောဇ္ဈင်ဖြင့် နံနက်အချိန်ပတ်လုံး နေလိုအံ့။ ထိုထိုဗောဇ္ဈင်ဖြင့် နံနက်အချိန်ပတ်လုံး နေ၏။ အကြင်အကြင် ဗောဇ္ဈင်ဖြင့် နေ့လယ်အချိန်ပတ်လုံး နေလိုအံ့။ပ။ ညချမ်း အချိန်ပတ်လုံး နေလိုအံ့။ ထိုထိုဗောဇ္ဈင်ဖြင့် ညချမ်း အချိန်ပတ်လုံး နေ၏။ ငါ့သျှင်တို့ သတိသမ္ဗောဇ္ဈင်ဟု ဤသို့ အကယ်၍ ငါ့အား ဖြစ်၏။ “အတိုင်းအရှည်မရှိ”ဟု ဤသို့ ငါ့အား ဖြစ်၏။ “ကောင်းစွာ အားထုတ်အပ်၏”ဟု ဤသို့ ငါ့အား ဖြစ်၏။ “နိဗ္ဗာန်အာရုံ၌ ဖြစ်သည်၏ အစွမ်းဖြင့် တည်သည်လည်း ဖြစ်သော ထိုတရားကို တည်၏”ဟု ခွဲခြား၍ သိ၏။ အကယ်၍လည်း ငါ့အား (နိဗ္ဗာန်အာရုံမှ) ရွေ့ လျောအံ့၊ “ဤအကြောင်းကြောင့် ငါ့အား ရွေ့လျော၏”ဟု ခွဲခြား၍သိ၏။ပ။ ဥပေက္ခာ သမ္ဗောဇ္ဈင်ဟု ဤသို့ အကယ်၍ ငါ့အား ဖြစ်အံ့။ “အတိုင်းအရှည်မရှိ”ဟု ဤသို့ ငါ့အား ဖြစ်၏။ “ကောင်းစွာ အား ထုတ်အပ်၏”ဟု ဤသို့ ငါ့အား ဖြစ်၏။ “နိဗ္ဗာန်အာရုံ၌ ဖြစ်သည်၏ အစွမ်းဖြင့် တည်သည်လည်း ဖြစ်သော ထိုတရားကို တည်၏”ဟု ခွဲခြား၍ သိ၏။ အကယ်၍လည်း ငါ့အား (နိဗ္ဗာန်အာရုံမှ) ရွေ့လျော အံ့။ “ဤအကြောင်းကြောင့် ငါ့အား ရွေ့လျော၏”ဟု ခွဲခြား၍သိ၏။

--

သုတ္တန် အကျယ်ပြခြင်း

၂၁။ ငါ့အား ဗောဇ္ဈင်ဖြစ်သည်ရှိသော် သတိသမ္ဗောဇ္ဈင် အဘယ်သို့ ဖြစ်သနည်း။ ငါ့အား ဗောဇ္ဈင် ဖြစ်သည်ရှိသော် နိဗ္ဗာန်အာရုံ ထင်သမျှကာလပတ်လုံး သတိသမ္ဗောဇ္ဈင်ဖြစ်၏။ ဥပမာအားဖြင့် တောက်ပ သော ဆီမီးလျှံဖြစ်သမျှ အဆင်းဖြစ်၏။ အဆင်းဖြစ်သမျှ မီးလျှံဖြစ်သကဲ့သို့ ဤအတူ ငါ့အား ဗောဇ္ဈင်ဖြစ် သည်ရှိသော် နိဗ္ဗာန်အာရုံ ထင်သမျှကာလပတ်လုံး သတိသမ္ဗောဇ္ဈင်ဖြစ်၏။

ငါ့အား ဗောဇ္ဈင်ဖြစ်သည်ရှိသော် အပ္ပမာဏသည် အဘယ်သို့ ဖြစ်သနည်း။ ထကြွသောင်းကျန်းသော အလုံးစုံသော ကိလေသာတို့သည်လည်းကောင်း၊ ဘဝသစ်ကို ဖြစ်စေတတ်ကုန်သော အလုံးစုံသော သင်္ခါရတို့သည်လည်းကောင်း အတိုင်းအရှည်ပြုခြင်း၌ ဖွဲ့စပ်ကုန်၏။ နိဗ္ဗာန်သည် မတုန်လှုပ်ခြင်းသဘော အားဖြင့်လည်းကောင်း၊ မပြုပြင်ရခြင်း သဘောအားဖြင့်လည်းကောင်း အတိုင်းအရှည် (ပြုခြင်း) မရှိ။ ငါ့အား ဗောဇ္ဈင်ဖြစ်သည်ရှိသော် နိဗ္ဗာန်အာရုံ ထင်သမျှကာလပတ်လုံး အပ္ပမာဏဖြစ်၏။

ငါ့အား ဗောဇ္ဈင်ဖြစ်သည်ရှိသော် သုသမာရဒ္ဓသည် အဘယ်သို့ ဖြစ်သနည်း။ ထကြွသောင်းကျန်း သော အလုံးစုံသော ကိလေသာတို့သည်လည်းကောင်း၊ ဘဝသစ်ကို ဖြစ်စေတတ်ကုန်သော အလုံးစုံသော သင်္ခါရတို့သည်လည်းကောင်း ငြိမ်းခြင်းမရှိကုန်။ နိဗ္ဗာန်သည် ငြိမ်သက်သောသဘောအားဖြင့်လည်း ကောင်း၊ မွန်မြတ်ခြင်း သဘောအားဖြင့်လည်းကောင်း ငြိမ်းခြင်းသဘောရှိ၏။ ငါ့အား ဗောဇ္ဈင်ဖြစ်သည် ရှိသော် နိဗ္ဗာန်အာရုံ ထင်သမျှ ကာလပတ်လုံး သုသမာရဒ္ဓသည် ဖြစ်၏။

နိဗ္ဗာန်အာရုံ၌ ဖြစ်သည်၏အစွမ်းဖြင့် တည်သည်လည်း ဖြစ်သော ထိုတရားကို တည်၏ဟု အဘယ်ကဲ့သို့ ခွဲခြား၍ သိသနည်း။ အကယ်၍လည်း (နိဗ္ဗာန်အာရုံမှ) ရွေ့လျောအံ့။ ဤအကြောင်းကြောင့် ရွေ့လျော၏ဟု အဘယ်ကဲ့သို့ ခွဲခြား၍ သိသနည်း။ အခြင်းအရာ အဘယ်မျှတို့ဖြင့် သတိ သမ္ဗောဇ္ဈင်သည် တည်သနည်း။ အခြင်းအရာ အဘယ်မျှတို့ဖြင့် သတိသမ္ဗောဇ္ဈင်သည် ရွေ့လျောသနည်း။ အခြင်းအရာ ရှစ်ပါးတို့ဖြင့် သတိသမ္ဗောဇ္ဈင်သည် တည်၏။ အခြင်းအရာ ရှစ်ပါးတို့ဖြင့် သတိသမ္ဗောဇ္ဈင်သည် ရွေ့ လျော၏။

အဘယ် အခြင်းအရာ ရှစ်ပါးတို့ဖြင့် သတိသမ္ဗောဇ္ဈင်သည် တည်သနည်း။ မဖြစ်ခြင်းကို ဆင်ခြင် သည့် အဖြစ်ကြောင့် သတိသမ္ဗောဇ္ဈင်သည် တည်၏။ ဖြစ်ခြင်းကို မဆင်ခြင်သည့် အဖြစ်ကြောင့် သတိ သမ္ဗောဇ္ဈင်သည် တည်၏။ ဆက်၍မဖြစ်ခြင်းကို ဆင်ခြင်သည့် အဖြစ်ကြောင့် သတိသမ္ဗောဇ္ဈင်သည်တည်၏။ ဆက်၍ဖြစ်ခြင်းကို မဆင်ခြင်သည့် အဖြစ်ကြောင့် သတိသမ္ဗောဇ္ဈင်သည် တည်၏။ နိမိတ်မရှိခြင်းကို ဆင်ခြင် သည့် အဖြစ်ကြောင့် သတိသမ္ဗောဇ္ဈင်သည် တည်၏။ နိမိတ်ကို မဆင်ခြင်သည့် အဖြစ်ကြောင့် သတိ သမ္ဗောဇ္ဈင်သည် တည်၏။ ချုပ်ခြင်းကို ဆင်ခြင်သည့် အဖြစ်ကြောင့် သတိသမ္ဗောဇ္ဈင်သည် တည်၏။ သင်္ခါရတို့ကို မဆင်ခြင်သည့် အဖြစ်ကြောင့် သတိသမ္ဗောဇ္ဈင်သည် တည်၏။ ဤအခြင်းအရာရှစ်ပါးတို့ဖြင့် သတိသမ္ဗောဇ္ဈင်သည် တည်၏။

--

အဘယ် အခြင်းအရာ ရှစ်ပါးတို့ဖြင့် သတိသမ္ဗောဇ္ဈင်သည် ရွေ့လျောသနည်း။ ဖြစ်ခြင်းကို ဆင်ခြင် သည့် အဖြစ်ကြောင့် သတိသမ္ဗောဇ္ဈင်သည် ရွေ့လျော၏။ မဖြစ်ခြင်းကို မဆင်ခြင်သည့် အဖြစ်ကြောင့် သတိသမ္ဗောဇ္ဈင်သည် ရွေ့လျော၏။ ဆက်၍ ဖြစ်ခြင်းကို ဆင်ခြင်သည့် အဖြစ်ကြောင့် သတိသမ္ဗောဇ္ဈင်သည် ရွေ့လျော၏။ ဆက်၍မဖြစ်ခြင်းကို မဆင်ခြင်သည့် အဖြစ်ကြောင့် သတိသမ္ဗောဇ္ဈင်သည် ရွေ့လျော၏။ နိမိတ်ကို ဆင်ခြင်သည့်အဖြစ်ကြောင့် သတိသမ္ဗောဇ္ဈင်သည် ရွေ့လျော၏။ နိမိတ်မရှိခြင်းကို မဆင်ခြင်သည့် အဖြစ်ကြောင့် သတိသမ္ဗောဇ္ဈင်သည် ရွေ့လျော၏။ သင်္ခါရတို့ကို ဆင်ခြင်သည့် အဖြစ်ကြောင့် သတိ သမ္ဗောဇ္ဈင်သည် ရွေ့လျော၏။ ချုပ်ခြင်းကို မဆင်ခြင်သည့် အဖြစ်ကြောင့် သတိသမ္ဗောဇ္ဈင်သည် ရွေ့လျော၏။ ဤအခြင်းအရာရှစ်ပါးတို့ဖြင့် သတိသမ္ဗောဇ္ဈင်သည် ရွေ့လျော၏။ ဤသို့ နိဗ္ဗာန်အာရုံ၌ ဖြစ်သည်၏ အစွမ်းဖြင့် တည်သည်လည်းဖြစ်သော ထိုတရားကို တည်၏ဟု ခွဲခြား၍ သိ၏။ အကယ်၍လည်း (နိဗ္ဗာန် အာရုံမှ) ရွေ့လျောအံ့။ ဤအကြောင်းကြောင့် ရွေ့လျော၏ဟု ခွဲခြား၍ သိ၏။ပ။

ငါ့အား ဗောဇ္ဈင်ဖြစ်သည်ရှိသော် ဥပေက္ခာသမ္ဗောဇ္ဈင် အဘယ်သို့ ဖြစ်သနည်း။ ငါ့အား ဗောဇ္ဈင်ဖြစ် သည်ရှိသော် နိဗ္ဗာန်အာရုံ ထင်သမျှကာလပတ်လုံး ဥပေက္ခာသမ္ဗောဇ္ဈင်ဖြစ်၏။ ဥပမာအားဖြင့် တောက်ပ သော ဆီမီးလျှံဖြစ်သမျှ အဆင်းဖြစ်၏။ အဆင်းဖြစ်သမျှ မီးလျှံဖြစ်သကဲ့သို့ ဤအတူ ငါ့အား ဗောဇ္ဈင်ဖြစ် သည်ရှိသော် နိဗ္ဗာန်အာရုံ ထင်သမျှကာလပတ်လုံး ဥပေက္ခာသမ္ဗောဇ္ဈင်ဖြစ်၏။

ငါ့အား ဗောဇ္ဈင်ဖြစ်သည်ရှိသော် အပ္ပမာဏသည် အဘယ်သို့ ဖြစ်သနည်း။ ထကြွသောင်းကျန်း သော အလုံးစုံသော ကိလေသာတို့သည်လည်းကောင်း၊ ဘဝသစ်ကို ဖြစ်စေတတ်ကုန်သော အလုံးစုံသော သင်္ခါရတို့သည်လည်းကောင်း အတိုင်းအရှည် ပြုခြင်း၌ ဖွဲ့စပ်ကုန်၏။ နိဗ္ဗာန်သည် မတုန်လှုပ်ခြင်းသဘော အားဖြင့်လည်းကောင်း၊ မပြုပြင်ရခြင်း သဘောအားဖြင့်လည်းကောင်း အတိုင်းအရှည် (ပြုခြင်း) မရှိ။ ငါ့အား ဗောဇ္ဈင်ဖြစ်သည်ရှိသော် နိဗ္ဗာန်အာရုံ ထင်သမျှကာလပတ်လုံး အပ္ပမာဏသည် ဖြစ်၏။

ငါ့အား ဗောဇ္ဈင်ဖြစ်သည်ရှိသော် သုသမာရဒ္ဓသည် အဘယ်သို့ ဖြစ်သနည်း။ ထကြွသောင်းကျန်း သော အလုံးစုံသော ကိလေသာတို့သည်လည်းကောင်း၊ ဘဝသစ်ကို ဖြစ်စေတတ်ကုန်သော အလုံးစုံသော သင်္ခါရတို့သည်လည်းကောင်း ငြိမ်းခြင်းမရှိကုန်။ နိဗ္ဗာန်သည် ငြိမ်သက်သော သဘောအားဖြင့်လည်း ကောင်း၊ မွန်မြတ်ခြင်း သဘောအားဖြင့်လည်းကောင်း ငြိမ်းခြင်းသဘောရှိ၏။ ငါ့အား ဗောဇ္ဈင်ဖြစ်သည်ရှိ သော် နိဗ္ဗာန်အာရုံ ထင်သမျှကာလပတ်လုံး သုသမာရဒ္ဓသည် ဖြစ်၏။

အဘယ်သို့ နိဗ္ဗာန်အာရုံ၌ ဖြစ်သည်၏အစွမ်းဖြင့် တည်သည်လည်းဖြစ်သော ထိုတရားကို တည်၏ဟု အဘယ်ကဲ့သို့ ခွဲခြား၍ သိသနည်း။ အကယ်၍လည်း နိဗ္ဗာန်အာရုံမှ ရွေ့လျောအံ့။ ဤအကြောင်းကြောင့် ရွေ့လျော၏ဟု အဘယ်ကဲ့သို့ ခွဲခြား၍ သိသနည်း။ အခြင်းအရာ အဘယ်မျှတို့ဖြင့် ဥပေက္ခာသမ္ဗောဇ္ဈင့်သည် တည်သနည်း။ အခြင်းအရာ အဘယ်မျှတို့ဖြင့် ဥပေက္ခာသမ္ဗောဇ္ဈင်သည် ရွေ့လျောသနည်း။ အခြင်း အရာ ရှစ်ပါးတို့ဖြင့် ဥပေက္ခာသမ္ဗောဇ္ဈင်သည် တည်၏။ အခြင်းအရာရှစ်ပါးတို့ဖြင့် ဥပေက္ခာသမ္ဗောဇ္ဈင် သည် ရွေ့လျော၏။

အဘယ် အခြင်းအရာ ရှစ်ပါးတို့ဖြင့် ဥပေက္ခာသမ္ဗောဇ္ဈင်သည် တည်သနည်း။ မဖြစ်ခြင်းကို ဆင်ခြင်သည့်အဖြစ်ကြောင့် ဥပေက္ခာသမ္ဗောဇ္ဈင်သည် တည်၏။ ဖြစ်ခြင်းကို မဆင်ခြင်သည့် အဖြစ်ကြောင့် ဥပေက္ခာသမ္ဗောဇ္ဈင်သည် တည်၏။ ဆက်၍မဖြစ်ခြင်းကို ဆင်ခြင်သည့် အဖြစ်ကြောင့် ဥပေက္ခာသမ္ဗောဇ္ဈင် သည် တည်၏။ ဆက်၍ဖြစ်ခြင်းကို မဆင်ခြင်သည့် အဖြစ်ကြောင့် ဥပေက္ခာသမ္ဗောဇ္ဈင်သည် တည်၏။ နိမိတ်မရှိခြင်းကို ဆင်ခြင်သည့်အဖြစ်ကြောင့် ဥပေက္ခာသမ္ဗောဇ္ဈင်သည် တည်၏။ နိမိတ်ကို မဆင်ခြင်သည့် အဖြစ်ကြောင့် ဥပေက္ခာသမ္ဗောဇ္ဈင်သည် တည်၏။ ချုပ်ခြင်းကို ဆင်ခြင်သည့် အဖြစ်ကြောင့် ဥပေက္ခာ သမ္ဗောဇ္ဈင်သည် တည်၏။ သင်္ခါရတို့ကို မဆင်ခြင်သည့် အဖြစ်ကြောင့် ဥပေက္ခာသမ္ဗောဇ္ဈင်သည် တည်၏။ ဤအခြင်းအရာရှစ်ပါးတို့ဖြင့် ဥပေက္ခာသမ္ဗောဇ္ဈင်သည် တည်၏။

--

အဘယ် အခြင်းအရာ ရှစ်ပါးတို့ဖြင့် ဥပေက္ခာသမ္ဗောဇ္ဈင်သည် ရွေ့လျောသနည်း။ ဖြစ်ခြင်းကို ဆင်ခြင်သည့်အဖြစ်ကြောင့် ဥပေက္ခာသမ္ဗောဇ္ဈင်သည် ရွေ့လျော၏။ မဖြစ်ခြင်းကို မဆင်ခြင်သည့် အဖြစ် ကြောင့် ဥပေက္ခာသမ္ဗောဇ္ဈင်သည် ရွေ့လျော၏။ ဆက်၍ ဖြစ်ခြင်းကို ဆင်ခြင်သည့် အဖြစ်ကြောင့် ဥပေက္ခာသမ္ဗောဇ္ဈင်သည် ရွေ့လျော၏။ ဆက်၍မဖြစ်ခြင်းကို မဆင်ခြင်သည့် အဖြစ်ကြောင့် ဥပေက္ခာ သမ္ဗောဇ္ဈင်သည် ရွေ့လျော၏။ နိမိတ်ကို ဆင်ခြင်သည့် အဖြစ်ကြောင့် ဥပေက္ခာသမ္ဗောဇ္ဈင်သည် ရွေ့လျော၏။ နိမိတ်မရှိခြင်းကို မဆင်ခြင်သည့် အဖြစ်ကြောင့် ဥပေက္ခာသမ္ဗောဇ္ဈင်သည် ရွေ့လျော၏။ သင်္ခါရတို့ကို ဆင်ခြင်သည့်အဖြစ်ကြောင့် ဥပေက္ခာသမ္ဗောဇ္ဈင် သည် ရွေ့လျော၏။ ချုပ်ခြင်းကို မဆင်ခြင်သည့်အဖြစ် ကြောင့် ဥပေက္ခာသမ္ဗောဇ္ဈင်သည် ရွေ့လျော၏။ ဤအခြင်းအရာရှစ်ပါးတို့ဖြင့် ဥပေက္ခာသမ္ဗောဇ္ဈင်သည် ရွေ့လျော၏။ ဤသို့ နိဗ္ဗာန်အာရုံ၌ ဖြစ်သည်၏အစွမ်းဖြင့် တည်သည်လည်းဖြစ်သော ထိုတရားကို တည်၏ဟု ခွဲခြား၍ သိ၏။ အကယ်၍လည်း (နိဗ္ဗာန်အာရုံမှ) ရွေ့လျောအံ့။ ဤအကြောင်းကြောင့် ရွေ့ လျော၏ဟု ခွဲခြား၍ သိ၏။

ဗောဇ္ဈင်္ဂကထာ ပြီး၏။

၄-မေတ္တာကထာ

၂၂။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ မေတ္တာစေတောဝိမုတ္တိကို မှီဝဲအပ်၊ ပွါးအပ်၊ ကြိမ်ဖန်များစွာပြုအပ်၊ ယာဉ်ကဲ့သို့ပြုအပ်၊ တည်ရာဝတ္ထုကဲ့သို့ ပြုအပ်၊ ရှေးရှုထင်စေအပ်၊ ထက်ဝန်းကျင်ဆည်းပူးအပ်၊ ကောင်းစွာ အားထုတ်အပ်သည်ရှိသော် အာနိသင်တစ်ဆယ့်တစ်ပါးတို့ကို အလိုရှိအပ်ကုန်၏။ အဘယ် တစ်ဆယ့်တစ်ပါးတို့နည်းဟူမူ-

--

မေတ္တာအကျိုး တစ်ဆယ့်တစ်ပါး

(၁) ချမ်းသာစွာအိပ်ပျော်၏၊ (၂) ချမ်းသာစွာနိုး၏၊ (၃) ယုတ်ညံ့သော အိပ်မက်ကို မမြင်မက်၊ (၄) လူတို့ချစ်ခင်အပ်သူ ဖြစ်၏၊ (၅) ဘီလူးတို့ချစ်ခင်အပ်သူဖြစ်၏၊ (၆) နတ်တို့သည် စောင့်ရှောက် ကုန်၏၊ (၇) ထိုသူအား မီးသည်လည်းကောင်း၊ အဆိပ်သည်လည်းကောင်း၊ ဓားလက်နက်သည်လည်းကောင်း မဝင် (မပျက်စီးစေနိုင်)၊ (၈) စိတ်သည် လျင်မြန်စွာတည်ကြည်၏၊ (၉) မျက်နှာအဆင်းသည် အထူးကြည်၏၊ (၁၀) မတွေဝေဘဲ သေရ၏၊ (၁၁) လွန်မြတ်သော တရားထူးကို ထိုးထွင်း၍ မသိ (နိုင်) မူ (သေလွန်သော်) ဗြဟ္မာ့လောကသို့ ကပ်ရောက်၏။ ရဟန်းတို့ မေတ္တာစေတောဝိမုတ္တိကို မှီဝဲအပ်၊ ပွါးအပ်၊ ကြိမ်ဖန်များစွာပြုအပ်၊ ယာဉ်ကဲ့သို့ပြုအပ်၊ တည်ရာဝတ္ထုကဲ့သို့ ပြုအပ်၊ ရှေးရှုထင်စေအပ်၊ ထက်ဝန်း ကျင်ဆည်း ပူးအပ်၊ ကောင်းစွာ အားထုတ်အပ်သည်ရှိသော် ဤအာနိသင်တစ်ဆယ့်တစ်ပါးတို့ကို အလိုရှိအပ် ကုန်၏။

အပိုင်းအခြားမဲ့ ပျံ့နှံ့သော မေတ္တာစေတောဝိမုတ္တိသည် ရှိ၏။ အပိုင်းအခြားအားဖြင့် ပျံ့နှံ့သော မေတ္တာစေတောဝိမုတ္တိသည် ရှိ၏။ အရပ်မျက်နှာတို့၌ ပျံ့နှံ့သော မေတ္တာစေတောဝိမုတ္တိသည် ရှိ၏။ အခြင်း အရာအဘယ်မျှတို့ဖြင့် အပိုင်းအခြားမဲ့ ပျံ့နှံ့သော မေတ္တာစေတောဝိမုတ္တိသည် ဖြစ်သနည်း။ အခြင်းအရာ အဘယ်မျှတို့ဖြင့် အပိုင်းအခြားအားဖြင့် ပျံ့နှံ့သော မေတ္တာစေတောဝိမုတ္တိသည် ဖြစ်သနည်း။ အခြင်းအရာ အဘယ်မျှတို့ဖြင့် အရပ်မျက်နှာတို့၌ ပျံ့နှံ့သော မေတ္တာစေတောဝိမုတ္တိသည် ဖြစ်သနည်း။ အခြင်းအရာ ငါးပါးတို့ဖြင့် အပိုင်းအခြားမဲ့ ပျံ့နှံ့သော မေတ္တာစေတောဝိမုတ္တိသည် ဖြစ်၏။ အခြင်းအရာ ခုနစ်ပါးတို့ဖြင့် အပိုင်းအခြားအားဖြင့် ပျံ့နှံ့သော မေတ္တာစေတောဝိမုတ္တိသည် ဖြစ်၏။ အခြင်းအရာဆယ်ပါးတို့ဖြင့် အရပ် မျက်နှာတို့၌ ပျံ့နှံ့သော မေတ္တာစေတော ဝိမုတ္တိသည် ဖြစ်၏။

အဘယ်အခြင်းအရာ ငါးပါးတို့ဖြင့် အပိုင်းအခြားမဲ့ ပျံ့နှံ့သော မေတ္တာစေတောဝိမုတ္တိသည် (ဖြစ် သနည်း)။

သတ္တဝါအားလုံးတို့သည် ရန်ကင်းကုန်သည်ဖြစ်၍၊ ကြောင့်ကြဗျာပါဒ ကင်းကုန်သည်ဖြစ်၍၊ ဆင်းရဲ မရှိကုန်သည်ဖြစ်၍၊ ချမ်းသာခြင်းရှိကြကာ မိမိကိုယ်ကို ရွက်ဆောင်နိုင်ကြပါစေကုန်။

ထွက်သက်ဝင်သက်ရှိသော သတ္တဝါအားလုံးတို့သည်။ပ။

ကိုယ်ထင်ရှားရှိသော သတ္တဝါအားလုံးတို့သည်။ပ။

ပုဂ္ဂိုလ်အားလုံးတို့သည်။ပ။

--

အတ္တဘော၌ အကျုံးဝင်သော သတ္တဝါအားလုံးတို့သည် ရန်ကင်းကုန်သည်ဖြစ်၍၊ ကြောင့်ကြဗျာပါဒ ကင်းကုန်သည်ဖြစ်၍၊ ဆင်းရဲမရှိကုန်သည်ဖြစ်၍ ချမ်းသာခြင်းရှိကြကာ မိမိကိုယ်ကို ရွက်ဆောင်နိုင်ကြပါစေ ကုန်ဟု ဤအခြင်းအရာ ငါးပါးတို့ဖြင့် အပိုင်းအခြားမဲ့ ပျံ့နှံ့သော မေတ္တာစေတောဝိမုတ္တိသည် (ဖြစ်၏)။

အဘယ်အခြင်းအရာ ခုနစ်ပါးတို့ဖြင့် အပိုင်းအခြားအားဖြင့် ပျံ့နှံ့သော မေတ္တာစေတောဝိမုတ္တိသည် (ဖြစ်သနည်း)။

မိန်းမအားလုံးတို့သည် ရန်ကင်းကုန်သည်ဖြစ်၍၊ ကြောင့်ကြဗျာပါဒ ကင်းကုန်သည်ဖြစ်၍၊ ဆင်းရဲ မရှိကုန်သည်ဖြစ်၍၊ ချမ်းသာခြင်းရှိကြကာ မိမိကိုယ်ကို ရွက်ဆောင်နိုင်ကြပါစေကုန်။

ယောက်ျားအားလုံးတို့သည်။ပ။

အရိယာအားလုံးတို့သည်။ပ။

ပုထုဇဉ်အားလုံးတို့သည်။ပ။

နတ်ဗြဟ္မာအားလုံးတို့သည်။ပ။

လူအားလုံးတို့သည်။ပ။

ဝိနိပါတိကအသုရာအားလုံးတို့သည် ရန်ကင်းကုန်သည် ဖြစ်၍၊ ကြောင့်ကြဗျာပါဒ ကင်းကုန်သည် ဖြစ်၍ ဆင်းရဲမရှိကုန်သည်ဖြစ်၍၊ ချမ်းသာခြင်းရှိကြကာ မိမိကိုယ်ကို ရွက်ဆောင်နိုင်ကြပါစေကုန်ဟု ဤ အခြင်းအရာ ခုနစ်ပါးတို့ဖြင့် အပိုင်းအခြားအားဖြင့် ပျံ့နှံ့သော မေတ္တာစေတောဝိမုတ္တိသည် (ဖြစ်၏)။

အဘယ်အခြင်းအရာ ဆယ်ပါးတို့ဖြင့် အရပ်မျက်နှာတို့၌ ပျံ့နှံ့သော မေတ္တာစေတောဝိမုတ္တိသည် (ဖြစ်သနည်း)။

အရှေ့အရပ်မျက်နှာ၌ သတ္တဝါအားလုံးတို့သည် ရန်ကင်းကုန်သည်ဖြစ်၍၊ ကြောင့်ကြဗျာပါဒ ကင်း ကုန်သည်ဖြစ်၍၊ ဆင်းရဲမရှိကုန်သည်ဖြစ်၍၊ ချမ်းသာခြင်းရှိကြကာ မိမိကိုယ်ကို ရွက်ဆောင်နိုင်ကြပါစေကုန်။

အနောက်အရပ်မျက်နှာ၌ သတ္တဝါအားလုံးတို့သည်။ပ။

မြောက်အရပ်မျက်နှာ၌ သတ္တဝါအားလုံးတို့သည်။ပ။

တောင်အရပ်မျက်နှာ၌ သတ္တဝါအားလုံးတို့သည်။ပ။

အရှေ့မြောက်ထောင့်အရပ်မျက်နှာ၌ သတ္တဝါအားလုံးတို့သည်။ပ။

အနောက်တောင်ထောင့်အရပ်မျက်နှာ၌ သတ္တဝါအားလုံးတို့သည်။ပ။

အနောက်မြောက်ထောင့် အရပ်မျက်နှာ၌ သတ္တဝါအားလုံးတို့သည်။ပ။

အရှေ့တောင်ထောင့်အရပ်မျက်နှာ၌ သတ္တဝါအားလုံးတို့သည်။ပ။

အောက်အရပ်မျက်နှာ၌ သတ္တဝါအားလုံးတို့သည်။ပ။

အထက်အရပ်မျက်နှာ၌ သတ္တဝါအားလုံးတို့သည် ရန်ကင်းကုန်သည်ဖြစ်၍၊ ကြောင့်ကြဗျာပါဒ ကင်း ကုန်သည်ဖြစ်၍၊ ဆင်းရဲမရှိကုန်သည်ဖြစ်၍၊ ချမ်းသာခြင်းရှိကြကာ မိမိကိုယ်ကို ရွက်ဆောင်နိုင်ကြပါစေကုန်။

--

အရှေ့အရပ်မျက်နှာ၌ ထွက်သက်ဝင်သက်ရှိသော သတ္တဝါအားလုံးတို့သည်။ပ။ ကိုယ်ထင်ရှားရှိသော သတ္တဝါအားလုံးတို့သည်။ ပုဂ္ဂိုလ်အားလုံးတို့သည်။ အတ္တဘော၌ အကျုံးဝင်သော သတ္တဝါအားလုံးတို့ သည်။ မိန်းမအားလုံးတို့သည်။ ယောက်ျားအားလုံးတို့သည်။ အရိယာအားလုံးတို့သည်။ ပုထုဇဉ်အား လုံးတို့သည်။ နတ်ဗြဟ္မာအားလုံးတို့သည်။ လူအားလုံးတို့သည်။ ဝိနိပါတိကအသုရာအားလုံးတို့သည် ရန်ကင်းကုန်သည်ဖြစ်၍၊ ကြောင့်ကြဗျာပါဒ ကင်းကုန်သည်ဖြစ်၍၊ ဆင်းရဲမရှိကုန်သည်ဖြစ်၍၊ ချမ်းသာခြင်းရှိကြကာ မိမိကိုယ်ကို ရွက်ဆောင်နိုင်ကြပါစေကုန်။

အနောက်အရပ်မျက်နှာ၌ (ထွက်သက်ဝင်သက်ရှိသော သတ္တဝါအားလုံးတို့သည်။ပ။) ဝိနိပါတိက အသုရာအားလုံးတို့သည်။ပ။

မြောက်အရပ်မျက်နှာ၌ (ထွက်သက်ဝင်သက်ရှိသော သတ္တဝါအားလုံးတို့သည်။ပ။) ဝိနိပါတိကအသုရာ အားလုံးတို့သည်။

တောင်အရပ်မျက်နှာ၌ (ထွက်သက်ဝင်သက်ရှိသော သတ္တဝါအားလုံးတို့သည်။ပ။) ဝိနိပါတိကအသုရာ အားလုံးတို့သည်။

အရှေ့မြောက်ထောင့် အရပ်မျက်နှာ၌ (ထွက်သက်ဝင်သက်ရှိသော သတ္တဝါအားလုံးတို့သည်။ပ။) ဝိနိပါတိကအသုရာအားလုံးတို့သည်။

အနောက်တောင်ထောင့် အရပ်မျက်နှာ၌ (ထွက်သက်ဝင်သက်ရှိသော သတ္တဝါအားလုံးတို့သည်။ပ။) ဝိနိပါတိကအသုရာအားလုံးတို့သည်။

အနောက်မြောက်ထောင့် အရပ်မျက်နှာ၌ (ထွက်သက်ဝင်သက်ရှိသော သတ္တဝါအားလုံးတို့သည်။ပ။) ဝိနိပါတိကအသုရာအားလုံးတို့သည်။

အရှေ့တောင်ထောင့် အရပ်မျက်နှာ၌ (ထွက်သက်ဝင်သက်ရှိသော သတ္တဝါအားလုံးတို့သည်။ပ။) ဝိနိပါတိက အသုရာအားလုံးတို့သည်။

အောက်အရပ်မျက်နှာ၌ (ထွက်သက်ဝင်သက်ရှိသော သတ္တဝါအားလုံးတို့သည်။ပ။) ဝိနိပါတိက အသုရာ အားလုံးတို့သည်။

အထက်အရပ်မျက်နှာ၌ (ထွက်သက်ဝင်သက်ရှိသော သတ္တဝါအားလုံးတို့သည်။ပ။) ဝိနိပါတိက အသုရာ အားလုံးတို့သည် ရန်ကင်းကုန်သည်ဖြစ်၍၊ ကြောင့်ကြဗျာပါဒ ကင်းကုန်သည်ဖြစ်၍၊ ဆင်းရဲမရှိကုန်သည် ဖြစ်၍၊ ချမ်းသာခြင်းရှိကြကာ မိမိကိုယ်ကို ရွက်ဆောင်နိုင်ကြပါစေကုန်ဟု ဤအခြင်းအရာဆယ်ပါး တို့ဖြင့် အရပ်မျက်နှာတို့၌ ပျံ့နှံ့သော မေတ္တာစေတောဝိမုတ္တိသည် (ဖြစ်၏)။

--

၁-ဣန္ဒြိယဝါရ

၂၃။ သတ္တဝါအားလုံးတို့အား (အတွင်းမှကိုယ်ကို)နှိပ်စက်ခြင်းကို ကြဉ်၍ မနှိပ်စက်ခြင်းဖြင့်၊ (အပမှ ကိုယ်ကို) ကပ်၍ဖြတ်ခြင်းကို ကြဉ်၍ ကပ်၍မဖြတ်ခြင်းဖြင့်၊ စိတ်ပူပန်ခြင်းကို ကြဉ်၍ မပူပန်ခြင်းဖြင့်၊ (အသက်စသည်) ကုန်ခြင်းကို ကြဉ်၍ မကုန်ခြင်းဖြင့်၊ ညှဉ်းဆဲခြင်းကို ကြဉ်၍ မညှဉ်းဆဲခြင်းဖြင့် သတ္တဝါအားလုံးတို့သည် ရန်မရှိသူတို့ဖြစ်ကြပါစေကုန်၊ ရန်ရှိသူတို့ မဖြစ်ကြပါစေကုန်လင့်။ ချမ်းသာခြင်း ရှိသူတို့ ဖြစ်ကြပါစေကုန်၊ ဆင်းရဲခြင်းရှိသူတို့ မဖြစ်ကြပါစေကုန်လင့်။ ချမ်းသာသောကိုယ်စိတ်ရှိသူတို့ ဖြစ်ကြပါစေကုန်၊ ဆင်းရဲသော ကိုယ်စိတ် ရှိသူတို့ မဖြစ်ကြပါစေကုန်လင့်ဟု ဤအခြင်းအရာ ရှစ်ပါးတို့ဖြင့် သတ္တဝါအားလုံးတို့ကို ချစ်တတ်သောကြောင့် မေတ္တာမည်၏။ ထိုသဘောတရားကို စေ့ဆော်တတ်သော ကြောင့် စေတောမည်၏။ ဗျာပါဒထကြွခြင်းအားလုံးတို့မှ လွတ်မြောက်တတ်သောကြောင့် ဝိမုတ္တိမည်၏။ မေတ္တာလည်းဟုတ်၏၊ စေတောလည်းဟုတ်၏၊ ဝိမုတ္တိလည်းဟုတ်၏။ ထို့ကြောင့် “မေတ္တာစေတော ဝိမုတ္တိ"မည်၏။

“သတ္တဝါအားလုံးတို့သည် ရန်မရှိသူတို့ ဖြစ်ကြပါစေကုန်၊ ဘေးမရှိသူတို့ ဖြစ်ကြပါစေကုန်၊ ချမ်း သာခြင်းရှိသူတို့ ဖြစ်ကြပါစေကုန်”ဟု ယုံကြည်ခြင်းသဒ္ဓါဖြင့် ဆုံးဖြတ်၏။ သဒ္ဓိန္ဒြေထုံအပ်သော မေတ္တာ စေတောဝိမုတ္တိ မည်၏။

“သတ္တဝါအားလုံးတို့သည် ရန်မရှိသူတို့ ဖြစ်ကြပါစေကုန်၊ ဘေးမရှိသူတို့ ဖြစ်ကြပါစေကုန်၊ ချမ်း သာခြင်းရှိသူတို့ ဖြစ်ကြပါစေကုန်”ဟု ဝီရိယကို အားထုတ်၏။ ဝီရိယိန္ဒြေထုံအပ်သော မေတ္တာစေတော ဝိမုတ္တိမည်၏။

“သတ္တဝါအားလုံးတို့သည် ရန်မရှိသူတို့ ဖြစ်ကြပါစေကုန်၊ ဘေးမရှိသူတို့ ဖြစ်ကြပါစေကုန်၊ ချမ်း သာခြင်းရှိသူတို့ ဖြစ်ကြပါစေကုန်”ဟု သတိကို ထင်စေ၏။ သတိန္ဒြေထုံအပ်သော မေတ္တာစေတောဝိမုတ္တိ မည်၏။

“သတ္တဝါအားလုံးတို့သည် ရန်မရှိသူတို့ ဖြစ်ကြပါစေကုန်၊ ဘေးမရှိသူတို့ ဖြစ်ကြပါစေကုန်၊ ချမ်းသာခြင်းရှိသူတို့ ဖြစ်ကြပါစေကုန်”ဟု စိတ်ကို ကောင်းစွာထား၏။ သမာဓိန္ဒြေထုံအပ်သော မေတ္တာ စေတောဝိမုတ္တိမည်၏။

“သတ္တဝါအားလုံးတို့သည် ရန်မရှိသူတို့ ဖြစ်ကြပါစေကုန်၊ ဘေးမရှိသူတို့ ဖြစ်ကြပါစေကုန်၊ ချမ်းသာခြင်းရှိသူတို့ ဖြစ်ကြပါစေကုန်”ဟု ပညာဖြင့် ခွဲခြား၍သိ၏။ ပညိန္ဒြေထုံအပ်သော မေတ္တာစေတော ဝိမုတ္တိမည်၏။

ဤဣန္ဒြေငါးပါးတို့သည် မေတ္တာစေတောဝိမုတ္တိကို မှီဝဲကြောင်းတို့ ဖြစ်ကုန်၏။ ဤဣန္ဒြေငါးပါး တို့ဖြင့် မေတ္တာစေတောဝိမုတ္တိကို မှီဝဲအပ်၏။ ဤဣန္ဒြေငါးပါးတို့သည် မေတ္တာစေတောဝိမုတ္တိကို ပွါးကြောင်းတို့ ဖြစ်ကုန်၏။ ဤဣန္ဒြေငါးပါးတို့ဖြင့် မေတ္တာစေတောဝိမုတ္တိကို ပွါးအပ်၏။ ဤဣန္ဒြေငါးပါးတို့သည် မေတ္တာစေတောဝိမုတ္တိကို ကြိမ်ဖန်များစွာပြုကြောင်းတို့ ဖြစ်ကုန်၏။ ဤဣန္ဒြေငါးပါးတို့ဖြင့် မေတ္တာစေတော ဝိမုတ္တိကို ကြိမ်ဖန်များစွာပြုအပ်၏။ ဤဣန္ဒြေငါးပါးတို့သည် မေတ္တာစေတောဝိမုတ္တိ၏ အဆင်တန်ဆာတို့ ဖြစ်ကုန်၏။ ဤဣန္ဒြေငါးပါးတို့ဖြင့် မေတ္တာစေတောဝိမုတ္တိကို ကောင်းစွာ တန်ဆာဆင်အပ်၏။ ဤ ဣန္ဒြေငါးပါးတို့သည် မေတ္တာစေတောဝိမုတ္တိ၏ အဆောက်အဦတို့ဖြစ်ကုန်၏။

--

ဤဣန္ဒြေငါးပါးတို့ဖြင့် မေတ္တာစေတောဝိမုတ္တိကို ကောင်းစွာ ဆည်းပူးအပ်၏။ ဤဣန္ဒြေငါးပါးတို့သည် မေတ္တာစေတောဝိမုတ္တိ၏ အခြံအရံတို့ ဖြစ်ကုန်၏။ ဤဣန္ဒြေငါးပါးတို့ဖြင့် မေတ္တာစေတောဝိမုတ္တိကို ကောင်းစွာခြံရံအပ်၏။ ဤ ဣန္ဒြေငါးပါးတို့သည် မေတ္တာစေတောဝိမုတ္တိကို မှီဝဲကြောင်းတို့ ဖြစ်ကုန်၏။

ပွါးကြောင်းတို့ ဖြစ်ကုန်၏။ ကြိမ်ဖန်များစွာပြုကြောင်းတို့ ဖြစ်ကုန်၏။ အဆင်တန်ဆာတို့ ဖြစ်ကုန်၏။

အဆောက်အဦတို့ ဖြစ်ကုန်၏။ အခြံအရံတို့ဖြစ်ကုန်၏။ ပြည့်စုံကြောင်းတို့ ဖြစ်ကုန်၏။ မေတ္တာနှင့်တကွ ဖြစ်ကုန်၏။ မေတ္တာနှင့်အတူ ဖြစ်ကုန်၏။ မေတ္တာနှင့်ရောနှောကုန်၏။ မေတ္တာနှင့်ယှဉ်ကုန်၏။

ပြေးဝင်ကြောင်းတို့ ဖြစ်ကုန်၏။ ကြည် လင်ကြောင်းတို့ ဖြစ်ကုန်၏။ ကောင်းစွာတည်ကြောင်းတို့ ဖြစ်ကုန်၏။ လွတ်ကြောင်းတို့ ဖြစ်ကုန်၏။ “ဤကား ငြိမ်း၏”ဟု တွေ့ထိကြောင်းတို့ ဖြစ်ကုန်၏။ ယာဉ်ကဲ့သို့ပြုကြောင်းတို့ ဖြစ်ကုန်၏။ ဝတ္ထုကဲ့သို့ ပြုကြောင်းတို့ ဖြစ်ကုန်၏။ ရှေးရှုထင်ကြောင်းတို့ ဖြစ်ကုန်၏။ ထက်ဝန်းကျင်ဆည်းပူးကြောင်းတို့ ဖြစ် ကုန်၏။ ကောင်းစွာအားထုတ်ကြောင်းတို့ ဖြစ်ကုန်၏။ ကောင်းစွာပွါးကြောင်းတို့ ဖြစ်ကုန်၏။ ကောင်းစွာ တည်ကြောင်းတို့ ဖြစ်ကုန်၏။

ကောင်းစွာတက်ကြွကြောင်းတို့ ဖြစ်ကုန်၏။ ကောင်းစွာလွတ်မြောက်ကြောင်း တို့ ဖြစ်ကုန်၏။ မေတ္တာကို ဖြစ်စေတတ်ကုန်၏။ ထွန်းလင်းစေတတ်ကုန်၏။ တင့်တယ်စေတတ်ကုန်၏။

၂-ဗလဝါရ

၂၄။ “သတ္တဝါ အားလုံးတို့သည် ရန်မရှိသူတို့ ဖြစ်ကြပါစေကုန်၊ ဘေးမရှိသူတို့ ဖြစ်ကြပါစေကုန်၊ ချမ်းသာခြင်းရှိသူတို့ ဖြစ်ကြပါစေကုန်”ဟု သဒ္ဓါမရှိခြင်းကြောင့် မတုန်လှုပ်။ သဒ္ဓါဗိုလ်ထုံအပ်သော မေတ္တာ စေတောဝိမုတ္တိမည်၏။

“သတ္တဝါအားလုံးတို့သည် ရန်မရှိသူတို့ ဖြစ်ကြပါစေကုန်၊ ဘေးမရှိသူတို့ ဖြစ်ကြပါစေကုန်၊ ချမ်းသာခြင်းရှိသူတို့ ဖြစ်ကြပါစေကုန်”ဟု ပျင်းရိခြင်းကြောင့် မတုန်လှုပ်။ ဝီရိယဗိုလ်ထုံအပ်သော မေတ္တာ စေတောဝိမုတ္တိ မည်၏။

“သတ္တဝါအားလုံးတို့သည် ရန်မရှိသူတို့ ဖြစ်ကြပါစေကုန်၊ ဘေးမရှိသူတို့ ဖြစ်ကြပါစေကုန်၊ ချမ်းသာခြင်းရှိသူတို့ ဖြစ်ကြပါစေကုန်”ဟု မေ့လျော့ခြင်းကြောင့် မတုန်လှုပ်။ သတိဗိုလ်ထုံအပ်သော မေတ္တာစေတောဝိမုတ္တိ မည်၏။

“သတ္တဝါအားလုံးတို့သည် ရန်မရှိသူတို့ ဖြစ်ကြပါစေကုန်၊ ဘေးမရှိသူတို့ ဖြစ်ကြပါစေကုန်၊ ချမ်းသာခြင်းရှိသူတို့ ဖြစ်ကြပါစေကုန်”ဟု ဥဒ္ဓစ္စကြောင့် မတုန်လှုပ်။ သမာဓိဗိုလ်ထုံအပ်သော မေတ္တာ စေတောဝိမုတ္တိမည်၏။

--

“သတ္တဝါအားလုံးတို့သည် ရန်မရှိသူတို့ ဖြစ်ကြပါစေကုန်၊ ဘေးမရှိသူတို့ ဖြစ်ကြပါစေကုန်၊ ချမ်းသာခြင်းရှိသူတို့ ဖြစ်ကြပါစေကုန်”ဟု အဝိဇ္ဇာကြောင့် မတုန်လှုပ်။ ပညာဗိုလ်ထုံအပ်သော မေတ္တာ စေတောဝိမုတ္တိမည်၏။

ဤဗိုလ်ငါးပါးတို့သည် မေတ္တာစေတောဝိမုတ္တိကို မှီဝဲကြောင်းတို့ ဖြစ်ကုန်၏။ ဤဗိုလ်ငါးပါးတို့ဖြင့် မေတ္တာစေတောဝိမုတ္တိကို မှီဝဲအပ်၏။ ဤဗိုလ်ငါးပါးတို့သည် မေတ္တာစေတောဝိမုတ္တိကို ပွါးကြောင်းတို့ဖြစ် ကုန်၏။ ဤဗိုလ်ငါးပါးတို့ဖြင့် မေတ္တာစေတောဝိမုတ္တိကို ပွါးအပ်၏။ ဤဗိုလ်ငါးပါးတို့သည် မေတ္တာစေတော ဝိမုတ္တိကို ကြိမ်ဖန်များစွာ ပြုကြောင်းတို့ ဖြစ်ကုန်၏။ ဤဗိုလ်ငါးပါးတို့သည် မေတ္တာစေတောဝိမုတ္တိကို ကြိမ်ဖန်များစွာပြုအပ်၏။ ဤဗိုလ်ငါးပါးတို့သည် မေတ္တာစေတောဝိမုတ္တိ၏ အဆင်တန်ဆာတို့ ဖြစ်ကုန်၏။ ဤဗိုလ်ငါးပါးတို့ဖြင့် မေတ္တာစေတောဝိမုတ္တိကို ကောင်းစွာတန်ဆာဆင်အပ်၏။ ဤဗိုလ်ငါးပါးတို့သည် မေတ္တာစေတောဝိမုတ္တိ၏ အဆောက်အဦတို့ ဖြစ်ကုန်၏။ ဤဗိုလ်ငါးပါးတို့ဖြင့် မေတ္တာစေတောဝိမုတ္တိကို ကောင်းစွာဆည်းပူးအပ်၏။

ဤဗိုလ်ငါးပါးတို့သည် မေတ္တာစေတောဝိမုတ္တိ၏ အခြံအရံတို့ ဖြစ်ကုန်၏။ ဤဗိုလ်ငါးပါးတို့ဖြင့် မေတ္တာစေတောဝိမုတ္တိကို ကောင်းစွာခြံရံအပ်၏။ ဤဗိုလ်ငါးပါးတို့သည် မေတ္တာ စေတောဝိမုတ္တိကို မှီဝဲကြောင်းတို့ ဖြစ်ကုန်၏။ ပွါးကြောင်းတို့ ဖြစ်ကုန်၏။ ကြိမ်ဖန်များစွာပြုကြောင်းတို့ ဖြစ်ကုန်၏။

အဆင်တန်ဆာတို့ ဖြစ်ကုန်၏။ အဆောက်အဦတို့ ဖြစ်ကုန်၏။ အခြံအရံတို့ ဖြစ်ကုန်၏။

ပြည့်စုံကြောင်းတို့ ဖြစ်ကုန်၏။ မေတ္တာနှင့်တကွ ဖြစ်ကုန်၏။ မေတ္တာနှင့် အတူ ဖြစ်ကုန်၏။ မေတ္တာနှင့် ရောနှောကုန်၏။ မေတ္တာနှင့်ယှဉ်ကုန်၏။ ပြေးဝင်ကြောင်းတို့ ဖြစ်ကုန်၏။ ကြည်လင်ကြောင်းတို့ ဖြစ်ကုန်၏။ ကောင်းစွာတည်ကြောင်းတို့ ဖြစ်ကုန်၏။ လွတ်ကြောင်းတို့ဖြစ်ကုန်၏။ “ဤကား ငြိမ်း၏”ဟု တွေ့ ထိကြောင်းတို့ ဖြစ်ကုန်၏။ ယာဉ်ကဲ့သို့ပြုကြောင်းတို့ ဖြစ်ကုန်၏။ ဝတ္ထုကဲ့သို့ ပြုကြောင်းတို့ ဖြစ်ကုန့်၏။ ရှေးရှုထင်ကြောင်းတို့ ဖြစ်ကုန်၏။ ထက်ဝန်းကျင်ဆည်းပူးကြောင်းတို့ ဖြစ်ကုန်၏။ ကောင်းစွာ အားထုတ်ကြောင်းတို့ ဖြစ်ကုန်၏။ ကောင်းစွာပွါးကြောင်းတို့ ဖြစ်ကုန်၏။ ကောင်းစွာတည်ကြောင်းတို့ ဖြစ်ကုန်၏။ ကောင်းစွာတက်ကြွကြောင်းတို့ ဖြစ်ကုန်၏။ ကောင်းစွာလွတ်မြောက်ကြောင်းတို့ ဖြစ်ကုန်၏။

မေတ္တာကို ဖြစ်စေတတ်ကုန်၏။ ထွန်းလင်းစေတတ်ကုန်၏။ တင့်တယ်စေတတ်ကုန်၏။

--

၃-ဗောဇ္ဈင်္ဂဝါရ

၂၅။ “သတ္တဝါ အားလုံးတို့သည် ရန်မရှိသူတို့ ဖြစ်ကြပါစေကုန်၊ ဘေးမရှိသူတို့ ဖြစ်ကြပါစေကုန်၊ ချမ်းသာခြင်းရှိသူတို့ ဖြစ်ကြပါစေကုန်”ဟု သတိကို ထင်စေ၏။ သတိသမ္ဗောဇ္ဈင်ထုံအပ်သော မေတ္တာ စေတောဝိမုတ္တိ ဖြစ်၏။

“သတ္တဝါအားလုံးတို့သည် ရန်မရှိသူတို့ ဖြစ်ကြပါစေကုန်၊ ဘေးမရှိသူတို့ ဖြစ်ကြပါစေကုန်၊ ချမ်းသာခြင်းရှိသူတို့ ဖြစ်ကြပါစေကုန်”ဟု ပညာဖြင့် ထက်ဝန်းကျင် စိစစ်'စူးစမ်း'၏။ ဓမ္မဝိစယသမ္ဗောဇ္ဈင် ထုံအပ်သော မေတ္တာစေတောဝိမုတ္တိ ဖြစ်၏။

“သတ္တဝါအားလုံးတို့သည် ရန်မရှိသူတို့ ဖြစ်ကြပါစေကုန်၊ ဘေးမရှိသူတို့ ဖြစ်ကြပါစေကုန်၊ ချမ်းသာခြင်းရှိသူတို့ ဖြစ်ကြပါစေကုန်”ဟု ဝီရိယကို အားထုတ်၏။ ဝီရိယသမ္ဗောဇ္ဈင်ထုံအပ်သော မေတ္တာ စေတောဝိမုတ္တိ ဖြစ်၏။

“သတ္တဝါအားလုံးတို့သည် ရန်မရှိသူတို့ ဖြစ်ကြပါစေကုန်၊ ဘေးမရှိသူတို့ ဖြစ်ကြပါစေကုန်၊ ချမ်းသာခြင်းရှိသူတို့ ဖြစ်ကြပါစေကုန်”ဟု ပူလောင်ခြင်းကို တစ်ဖန်ငြိမ်းစေ၏။ ပီတိသမ္ဗောဇ္ဈင်ထုံအပ်သော မေတ္တာစေတောဝိမုတ္တိ ဖြစ်၏။

“သတ္တဝါအားလုံးတို့သည် ရန်မရှိသူတို့ ဖြစ်ကြပါစေကုန်၊ ဘေးမရှိသူတို့ ဖြစ်ကြပါစေကုန်၊ ချမ်းသာခြင်းရှိသူတို့ ဖြစ်ကြပါစေကုန်”ဟု ရုန့်ရင်းသည်ကို တစ်ဖန်ငြိမ်းစေ၏။ ပဿဒ္ဓိသမ္ဗောဇ္ဈင်ထုံအပ် သော မေတ္တာစေတောဝိမုတ္တိ ဖြစ်၏။

“သတ္တဝါအားလုံးတို့သည် ရန်မရှိသူတို့ ဖြစ်ကြပါစေကုန်၊ ဘေးမရှိသူတို့ ဖြစ်ကြပါစေကုန်၊ ချမ်းသာခြင်းရှိသူတို့ ဖြစ်ကြပါစေကုန်”ဟု စိတ်ကို ကောင်းစွာထား၏။ သမာဓိသမ္ဗောဇ္ဈင်ထုံအပ်သော မေတ္တာစေတောဝိမုတ္တိ ဖြစ်၏။

“သတ္တဝါအားလုံးတို့သည် ရန်မရှိသူတို့ ဖြစ်ကြပါစေကုန်၊ ဘေးမရှိသူတို့ ဖြစ်ကြပါစေကုန်၊ ချမ်းသာခြင်းရှိသူတို့ ဖြစ်ကြပါစေကုန်”ဟု ဉာဏ်ဖြင့် ကိလေသာတို့ကို ဆင်ခြင်၏။ ဥပေက္ခာသမ္ဗောဇ္ဈင်ထုံအပ်သော မေတ္တာစေတောဝိမုတ္တိ ဖြစ်၏။

ဤဗောဇ္ဈင်ခုနစ်ပါးတို့သည် မေတ္တာစေတောဝိမုတ္တိကို မှီဝဲကြောင်းတို့ ဖြစ်ကုန်၏။ ဤဗောဇ္ဈင် ခုနစ်ပါးတို့ဖြင့် မေတ္တာစေတောဝိမုတ္တိကို မှီဝဲအပ်၏။ ဤဗောဇ္ဈင် ခုနစ်ပါးတို့သည် မေတ္တာစေတောဝိမုတ္တိကို ပွါးကြောင်းတို့ဖြစ်ကုန်၏။ ဤဗောဇ္ဈင်ခုနစ်ပါးတို့ဖြင့် မေတ္တာစေတောဝိမုတ္တိကို ပွါးအပ်၏။ ဤဗောဇ္ဈင် ခုနစ်ပါးတို့သည် မေတ္တာစေတောဝိမုတ္တိကို ကြိမ်ဖန်များစွာပြုကြောင်းတို့ ဖြစ်ကုန်၏။ ဤဗောဇ္ဈင်ခုနစ်ပါး တို့ဖြင့် မေတ္တာစေတောဝိမုတ္တိကို ကြိမ်ဖန်များစွာ ပြုအပ်၏။

ဤဗောဇ္ဈင်ခုနစ်ပါးတို့သည် မေတ္တာစေတော ဝိမုတ္တိ၏ အဆင်တန်ဆာတို့ ဖြစ်ကုန်၏။

ဤဗောဇ္ဈင်ခုနစ်ပါးတို့ဖြင့် မေတ္တာစေတောဝိမုတ္တိကို ကောင်းစွာ တန်ဆာဆင်အပ်၏။

ဤဗောဇ္ဈင်ခုနစ်ပါးတို့သည် မေတ္တာစေတောဝိမုတ္တိ၏ အဆောက်အဦတို့ ဖြစ်ကုန်၏။

ဤဗောဇ္ဈင်ခုနစ်ပါးတို့ဖြင့် မေတ္တာစေတောဝိမုတ္တိကို ကောင်းစွာဆည်းပူးအပ်၏။

--

ဤဗောဇ္ဈင်ခုနစ်ပါးတို့သည် မေတ္တာစေတောဝိမုတ္တိ၏ အခြံအရံတို့ ဖြစ်ကုန်၏။ ဤဗောဇ္ဈင်ခုနစ်ပါးတို့ဖြင့် မေတ္တာစေတောဝိမုတ္တိကို ကောင်းစွာခြံရံအပ်၏။ ဤဗောဇ္ဈင်ခုနစ်ပါးတို့သည် မေတ္တာ စေတောဝိမုတ္တိကို မှီဝဲကြောင်းတို့ ဖြစ်ကုန်၏။ ပွါးကြောင်းတို့ ဖြစ်ကုန်၏။ ကြိမ်ဖန်များစွာ ပြုကြောင်းတို့ ဖြစ်ကုန်၏။

အဆင်တန်ဆာတို့ ဖြစ်ကုန်၏။ အဆောက်အဦတို့ ဖြစ်ကုန်၏။ အခြံအရံတို့ ဖြစ်ကုန်၏။

ပြည့်စုံကြောင်းတို့ ဖြစ်ကုန်၏။ မေတ္တာနှင့်တကွ ဖြစ်ကုန်၏။ မေတ္တာနှင့်အတူ ဖြစ်ကုန်၏။ မေတ္တာနှင့် ရောနှောကုန်၏။ မေတ္တာနှင့် ယှဉ်ကုန်၏။ ပြေးဝင် ကြောင်းတို့ ဖြစ်ကုန်၏။ ကြည်လင်ကြောင်းတို့ ဖြစ်ကုန်၏။ ကောင်းစွာတည်ကြောင်းတို့ ဖြစ်ကုန်၏။ လွတ်ကြောင်းတို့ ဖြစ်ကုန်၏။ “ဤကား ငြိမ်း၏”ဟု တွေ့ထိကြောင်းတို့ ဖြစ်ကုန်၏။ ယာဉ်ကဲ့သို့ ပြုကြောင်းတို့ ဖြစ်ကုန်၏။ ဝတ္ထုကဲ့သို့ ပြုကြောင်းတို့ ဖြစ်ကုန်၏။ ရှေးရှုထင်ကြောင်းတို့ ဖြစ်ကုန်၏။ ထက်ဝန်းကျင် ဆည်းပူးကြောင်းတို့ ဖြစ်ကုန်၏။ ကောင်းစွာအားထုတ်ကြောင်းတို့ ဖြစ်ကုန်၏။ ကောင်းစွာ ပွါးကြောင်းတို့ ဖြစ်ကုန်၏။

ကောင်းစွာ တည်ကြောင်းတို့ ဖြစ်ကုန်၏။ ကောင်းစွာ တက်ကြွကြောင်း တို့ ဖြစ်ကုန်၏။ ကောင်းစွာ လွတ်မြောက်ကြောင်းတို့ ဖြစ်ကုန်၏။ မေတ္တာကို ဖြစ်စေတတ်ကုန်၏။ ထွန်း လင်းစေတတ်ကုန်၏။ တင့်တယ်စေတတ်ကုန်၏။

၄-မဂ္ဂင်္ဂဝါရ

၂၆။ “သတ္တဝါ အားလုံးတို့သည် ရန်မရှိသူတို့ ဖြစ်ကြပါစေကုန်၊ ဘေးမရှိသူတို့ ဖြစ်ကြပါစေကုန်၊ ချမ်းသာခြင်းရှိသူတို့ ဖြစ်ကြပါစေကုန်”ဟု ကောင်းစွာ ရှုမြင်၏။ သမ္မာဒိဋ္ဌိထုံအပ်သော မေတ္တာစေတော ဝိမုတ္တိ ဖြစ်၏။

“သတ္တဝါအားလုံးတို့သည် ရန်မရှိသူတို့ ဖြစ်ကြပါစေကုန်၊ ဘေးမရှိသူတို့ ဖြစ်ကြပါစေကုန်၊ ချမ်းသာခြင်းရှိသူတို့ ဖြစ်ကြပါစေကုန်”ဟု ကောင်းစွာ ရှေးရှုတင်၏။ သမ္မာသင်္ကပ္ပထုံအပ်သော မေတ္တာ စေတောဝိမုတ္တိ ဖြစ်၏။

“သတ္တဝါအားလုံးတို့သည် ရန်မရှိသူတို့ ဖြစ်ကြပါစေကုန်၊ ဘေးမရှိသူတို့ ဖြစ်ကြပါစေကုန်၊ ချမ်းသာခြင်းရှိသူတို့ ဖြစ်ကြပါစေကုန်”ဟု ကောင်းစွာ သိမ်းဆည်း၏။ သမ္မာဝါစာထုံအပ်သော မေတ္တာ စေတောဝိမုတ္တိ ဖြစ်၏။

“သတ္တဝါအားလုံးတို့သည် ရန်မရှိသူတို့ ဖြစ်ကြပါစေကုန်၊ ဘေးမရှိသူတို့ ဖြစ်ကြပါစေကုန်၊ ချမ်းသာခြင်းရှိသူတို့ ဖြစ်ကြပါစေကုန်”ဟု ကောင်းစွာ ဖြစ်စေ၏။ သမ္မာကမ္မန္တထုံအပ်သော မေတ္တာ စေတောဝိမုတ္တိ ဖြစ်၏။

“သတ္တဝါအားလုံးတို့သည် ရန်မရှိသူတို့ ဖြစ်ကြပါစေကုန်၊ ဘေးမရှိသူတို့ ဖြစ်ကြပါစေကုန်၊ ချမ်းသာခြင်းရှိသူတို့ ဖြစ်ကြပါစေကုန်”ဟု ကောင်းစွာ ဖြူစင်စေ၏။ သမ္မာအာဇီဝထုံအပ်သော မေတ္တာ စေတောဝိမုတ္တိ ဖြစ်၏။

--

“သတ္တဝါအားလုံးတို့သည် ရန်မရှိသူတို့ ဖြစ်ကြပါစေကုန်၊ ဘေးမရှိသူတို့ ဖြစ်ကြပါစေကုန်၊ ချမ်းသာခြင်းရှိသူတို့ ဖြစ်ကြပါစေကုန်”ဟု ကောင်းစွာ အားထုတ်၏။ သမ္မာဝါယာမထုံအပ်သော မေတ္တာ စေတောဝိမုတ္တိ ဖြစ်၏။

“သတ္တဝါအားလုံးတို့သည် ရန်မရှိသူတို့ ဖြစ်ကြပါစေကုန်၊ ဘေးမရှိသူတို့ ဖြစ်ကြပါစေကုန်၊ ချမ်းသာခြင်းရှိသူတို့ ဖြစ်ကြပါစေကုန်”ဟု ကောင်းစွာ ထင်စေ၏။ သမ္မာသတိထုံအပ်သော မေတ္တာ စေတောဝိမုတ္တိ ဖြစ်၏။

“သတ္တဝါအားလုံးတို့သည် ရန်မရှိသူတို့ ဖြစ်ကြပါစေကုန်၊ ဘေးမရှိသူတို့ ဖြစ်ကြပါစေကုန်၊ ချမ်းသာခြင်းရှိသူတို့ ဖြစ်ကြပါစေကုန်”ဟု ကောင်းစွာ (အညီအမျှ) ထား၏။ သမ္မာသမာဓိထုံအပ်သော မေတ္တာစေတောဝိမုတ္တိ ဖြစ်၏။

ဤမဂ္ဂင်ရှစ်ပါးတို့သည် မေတ္တာစေတောဝိမုတ္တိကို မှီဝဲကြောင်းတို့ဖြစ်ကုန်၏။ ဤမဂ္ဂင်ရှစ်ပါးတို့ဖြင့်မေတ္တာစေတောဝိမုတ္တိကို မှီဝဲအပ်၏။ ဤမဂ္ဂင်ရှစ်ပါးတို့သည် မေတ္တာစေတောဝိမုတ္တိကို ပွါးကြောင်းတို့ ဖြစ်ကုန်၏။ ဤမဂ္ဂင်ရှစ်ပါးတို့ဖြင့် မေတ္တာစေတောဝိမုတ္တိကို ပွါးအပ်၏။ ဤမဂ္ဂင်ရှစ်ပါးတို့သည် မေတ္တာ စေတောဝိမုတ္တိကို ကြိမ်ဖန်များစွာ ပြုကြောင်းတို့ ဖြစ်ကုန်၏။ ဤမဂ္ဂင်ရှစ်ပါးတို့ဖြင့် မေတ္တာစေတော ဝိမုတ္တိကို ကြိမ်ဖန်များစွာ ပြုအပ်၏။ ဤမဂ္ဂင်ရှစ်ပါးတို့သည် မေတ္တာစေတောဝိမုတ္တိ၏ အဆင်တန်ဆာတို့ ဖြစ်ကုန်၏။ ဤမဂ္ဂင်ရှစ်ပါးတို့ဖြင့် မေတ္တာစေတောဝိမုတ္တိကို ကောင်းစွာ တန်ဆာဆင်အပ်၏။ ဤမဂ္ဂင် ရှစ်ပါးတို့သည် မေတ္တာစေတောဝိမုတ္တိ၏ အဆောက်အဦတို့ ဖြစ်ကုန်၏။ ဤမဂ္ဂင်ရှစ်ပါးတို့ဖြင့် မေတ္တာ စေတောဝိမုတ္တိကို ကောင်းစွာ ဆည်းပူးအပ်၏။ ဤမဂ္ဂင်ရှစ်ပါးတို့သည် မေတ္တာစေတောဝိမုတ္တိ၏ အခြံအရံ တို့ ဖြစ်ကုန်၏။ ဤမဂ္ဂင်ရှစ်ပါးတို့ဖြင့် မေတ္တာစေတော ဝိမုတ္တိကို ကောင်းစွာ ခြံရံအပ်၏။ ဤမဂ္ဂင်ရှစ်ပါး တို့သည် မေတ္တာစေတောဝိမုတ္တိကို မှီဝဲကြောင်းတို့ ဖြစ်ကုန်၏။ ပွါးကြောင်းတို့ ဖြစ်ကုန်၏။ ကြိမ်ဖန်များစွာ ပြုကြောင်းတို့ ဖြစ်ကုန်၏။ အဆင်တန်ဆာတို့ ဖြစ်ကုန်၏။ အဆောက်အဦတို့ ဖြစ်ကုန်၏။

အခြံအရံ တို့ ဖြစ်ကုန်၏။ ပြည့်စုံကြောင်းတို့ ဖြစ်ကုန်၏။ မေတ္တာနှင့်တကွ ဖြစ်ကုန်၏။ မေတ္တာနှင့်အတူ ဖြစ်ကုန်၏။ မေတ္တာနှင့် ရောနှောကုန်၏။ မေတ္တာနှင့် ယှဉ်ကုန်၏။ ပြေးဝင်ကြောင်းတို့ ဖြစ်ကုန်၏။

ကြည်လင် ကြောင်းတို့ ဖြစ်ကုန်၏။ ကောင်းစွာ တည်ကြောင်းတို့ ဖြစ်ကုန်၏။ လွတ်မြောက်ကြောင်းတို့ ဖြစ်ကုန်၏။ “ဤကား ငြိမ်း၏”ဟု တွေ့ထိကြောင်းတို့ ဖြစ်ကုန်၏။ ယာဉ်ကဲ့သို့ ပြုကြောင်းတို့ ဖြစ်ကုန်၏။ ဝတ္ထု ကဲ့သို့ ပြုကြောင်းတို့ ဖြစ်ကုန်၏။ ရှေးရှုထင်ကြောင်းတို့ ဖြစ်ကုန်၏။

ထက်ဝန်းကျင်ဆည်းပူးကြောင်း တို့ ဖြစ်ကုန်၏။ ကောင်းစွာအားထုတ်ကြောင်းတို့ ဖြစ်ကုန်၏။

ကောင်းစွာပွါးကြောင်းတို့ ဖြစ်ကုန်၏။ ကောင်းစွာ တည်ကြောင်းတို့ ဖြစ်ကုန်၏။ ကောင်းစွာ တက်ကြွကြောင်းတို့ ဖြစ်ကုန်၏။ ကောင်းစွာ လွတ် မြောက်ကြောင်းတို့ ဖြစ်ကုန်၏။ မေတ္တာကို ဖြစ်စေတတ်ကုန်၏။ ထွန်းလင်းစေတတ်ကုန်၏။ တင့်တယ်စေ တတ်ကုန်၏။

၂၇။ ထွက်သက်ဝင်သက်ရှိသော သတ္တဝါအားလုံးတို့အား။ပ။ ကိုယ်ထင်ရှားရှိသော သတ္တဝါအားလုံး တို့အား။ ပုဂ္ဂိုလ်အားလုံးတို့အား။ အတ္တဘော၌ အကျုံးဝင်သော သတ္တဝါအားလုံးတို့အား။ မိန်းမအား လုံးတို့အား။ ယောက်ျားအားလုံးတို့အား။ အရိယာအားလုံးတို့အား။ ပုထုဇဉ်အားလုံးတို့အား။ နတ်ဗြဟ္မာ အားလုံးတို့အား။ပ။ လူအားလုံးတို့အား။ ဝိနိပါတိကအသုရာအားလုံးတို့အား (အတွင်းမှ ကိုယ်ကို)နှိပ်စက်ခြင်းကို ကြဉ်၍ မနှိပ်စက်ခြင်းဖြင့်၊ (အပမှ ကိုယ်ကို) ကပ်၍ ဖြတ်ခြင်းကို ကြဉ်၍ ကပ်၍ မဖြတ်ခြင်းဖြင့်၊ စိတ်ပူပန်ခြင်းကို ကြဉ်၍ မပူပန်ခြင်းဖြင့်၊ (အသက်စသည်) ကုန်ခြင်းကို ကြဉ်၍ မကုန်ခြင်းဖြင့်၊ ညှဉ်းဆဲခြင်းကို ကြဉ်၍ မညှဉ်းဆဲခြင်းဖြင့် ဝိနိပါတိကအသုရာအားလုံးတို့သည် ရန်မရှိသူတို့ ဖြစ်ကြပါစေကုန်၊ ရန်ရှိသူတို့ မဖြစ်ကြပါစေကုန်လင့်။ ချမ်းသာခြင်းရှိသူတို့ ဖြစ်ကြပါစေကုန်၊ ဆင်းရဲခြင်းရှိသူတို့ မဖြစ်ကြ ပါစေကုန်လင့်။ ချမ်းသာသော ကိုယ်စိတ်ရှိသူတို့ ဖြစ်ကြပါစေကုန်၊ ဆင်းရဲသော ကိုယ်စိတ်ရှိသူတို့ မဖြစ်ကြပါစေကုန်လင့်ဟု ဤအခြင်းအရာ ရှစ်ပါးတို့ဖြင့် ဝိနိပါတိကအသုရာအားလုံးတို့ကို ချစ်တတ်သော ကြောင့် မေတ္တာမည်၏။ ထိုသဘောတရားကို စေ့ဆော်တတ်သောကြောင့် စေတောမည်၏။ ဗျာပါဒထကြွခြင်း အားလုံးတို့မှ လွတ်မြောက်တတ်သောကြောင့် ဝိမုတ္တိမည်၏။ မေတ္တာလည်းဟုတ်၏၊ စေတောလည်းဟုတ်၏၊ ဝိမုတ္တိလည်းဟုတ်၏။ ထို့ကြောင့် မေတ္တာစေတောဝိမုတ္တိမည်၏။

--

“ဝိနိပါတိကအသုရာအားလုံးတို့သည် ရန်မရှိသူတို့ ဖြစ်ကြပါစေကုန်၊ ဘေးမရှိသူတို့ ဖြစ်ကြပါစေ ကုန်၊ ချမ်းသာခြင်းရှိသူတို့ ဖြစ်ကြပါစေကုန်”ဟု သဒ္ဓါဖြင့် ဆုံးဖြတ်၏။ သဒ္ဓိန္ဒြေထုံအပ်သော မေတ္တာ စေတောဝိမုတ္တိ ဖြစ်၏။ပ။ မေတ္တာကို ဖြစ်စေတတ်ကုန်၏။ ထွန်းလင်းစေတတ်ကုန်၏။ တင့်တယ်စေတတ် ကုန်၏။

အရှေ့အရပ်မျက်နှာ၌ သတ္တဝါအားလုံးတို့အား။ပ။ အနောက်အရပ်မျက်နှာ၌ သတ္တဝါအားလုံးတို့ အား။ မြောက်အရပ်မျက်နှာ၌ သတ္တဝါအားလုံးတို့အား။ တောင်အရပ်မျက်နှာ၌ သတ္တဝါအားလုံးတို့အား။ အရှေ့မြောက်ထောင့်အရပ်မျက်နှာ၌ သတ္တဝါအားလုံးတို့အား။ အနောက်တောင်ထောင့် အရပ်မျက်နှာ၌ သတ္တဝါအားလုံးတို့အား။ အနောက်မြောက်ထောင့်အရပ်မျက်နှာ၌ သတ္တဝါအားလုံးတို့အား။ အရှေ့တောင် ထောင့်အရပ်မျက်နှာ၌ သတ္တဝါအားလုံးတို့အား။ အောက်အရပ်မျက်နှာ၌ သတ္တဝါအားလုံးတို့အား။ အထက် အရပ်မျက်နှာ၌ သတ္တဝါအားလုံးတို့အား (အတွင်းမှ ကိုယ်ကို)နှိပ်စက်ခြင်းကို ကြဉ်၍ မနှိပ်စက်ခြင်းဖြင့်၊ (အပမှ ကိုယ်ကို) ကပ်၍ ဖြတ်ခြင်းကို ကြဉ်၍ ကပ်၍ မဖြတ်ခြင်းဖြင့်၊ စိတ်ပူပန်ခြင်းကို ကြဉ်၍ မပူပန်ခြင်းဖြင့်၊ (အသက်စသည်) ကုန်ခြင်းကို ကြဉ်၍ မကုန်ခြင်းဖြင့်၊ ညှဉ်းဆဲခြင်းကို ကြဉ်၍ မညှဉ်းဆဲခြင်းဖြင့် အထက်အရပ်မျက်နှာ၌ သတ္တဝါအားလုံးတို့သည် ရန်မရှိသူတို့ ဖြစ်ကြပါစေကုန်၊ ရန်ရှိသူတို့ မဖြစ်ကြပါစေ ကုန်လင့်။ ချမ်းသာခြင်းရှိသူတို့ ဖြစ်ကြပါစေကုန်၊ ဆင်းရဲခြင်းရှိသူတို့ မဖြစ်ကြပါစေကုန်လင့်။ ချမ်းသာ သော ကိုယ်စိတ်ရှိသူတို့ ဖြစ်ကြပါစေကုန်၊ ဆင်းရဲသော ကိုယ်စိတ်ရှိသူတို့ မဖြစ်ကြပါစေကုန်လင့်ဟု ဤအခြင်းအရာရှစ်ပါးတို့ဖြင့် အထက်အရပ်မျက်နှာ၌ သတ္တဝါအားလုံးတို့ကို ချစ်တတ်သောကြောင့် မေတ္တာ မည်၏။

ထိုသဘောတရားကို စေ့ဆော်တတ်သောကြောင့် စေတောမည်၏။ ဗျာပါဒထကြွခြင်း အားလုံးတို့မှ လွတ်မြောက်တတ်သောကြောင့် ဝိမုတ္တိမည်၏။ မေတ္တာလည်းဟုတ်၏။ စေတောလည်းဟုတ်၏။ ဝိမုတ္တိ လည်းဟုတ်၏။ ထို့ကြောင့် မေတ္တာစေတောဝိမုတ္တိ မည်၏။

“အထက်အရပ်မျက်နှာ၌ သတ္တဝါအားလုံးတို့သည် ရန်မရှိသူတို့ ဖြစ်ကြပါစေကုန်၊ ဘေးမရှိသူတို့ ဖြစ်ကြပါစေကုန်၊ ချမ်းသာခြင်းရှိသူတို့ ဖြစ်ကြပါစေကုန်”ဟု သဒ္ဓါဖြင့် ဆုံးဖြတ်၏။ သဒ္ဓိန္ဒြေထုံအပ်သော မေတ္တာစေတောဝိမုတ္တိ ဖြစ်၏။ပ။ မေတ္တာကို ဖြစ်စေတတ်ကုန်၏။ ထွန်းလင်းစေတတ်ကုန်၏။

တင့်တယ်စေ တတ်ကုန်၏။

အရှေ့အရပ်မျက်နှာ၌ ထွက်သက်ဝင်သက်ရှိသော သတ္တဝါအားလုံးတို့အား။ ကိုယ်ထင်ရှားရှိသော သတ္တဝါအားလုံးတို့အား။ ပုဂ္ဂိုလ်အားလုံးတို့အား။ အတ္တဘော၌ အကျုံးဝင်သော သတ္တဝါအားလုံးတို့ အား။ မိန်းမအားလုံးတို့အား။ ယောက်ျားအားလုံးတို့အား။ အရိယာအားလုံးတို့အား။ ပုထုဇဉ်အားလုံး တို့အား။ နတ်ဗြဟ္မာအားလုံးတို့အား။ လူအားလုံးတို့အား။ ဝိနိပါတိကအသုရာအားလုံးတို့အား။ အနောက်အရပ်မျက်နှာ၌ ဝိနိပါတိကအသုရာ အားလုံးတို့အား။ မြောက်အရပ်မျက်နှာ၌ ဝိနိပါတိကအသုရာ အားလုံးတို့အား။ တောင်အရပ်မျက်နှာ၌ ဝိနိပါတိကအသုရာအားလုံးတို့အား။ အရှေ့မြောက်ထောင့် အရပ်မျက်နှာ၌ ဝိနိပါတိကအသုရာအားလုံးတို့အား။ အနောက်တောင်ထောင့်အရပ်မျက်နှာ၌ ဝိနိပါတိက အသုရာအားလုံးတို့အား။ အနောက်မြောက်ထောင့်အရပ်မျက်နှာ၌ ဝိနိပါတိကအသုရာအားလုံးတို့အား။ အရှေ့တောင်ထောင့်အရပ်မျက်နှာ၌ ဝိနိပါတိကအသုရာအားလုံးတို့အား။ အောက်အရပ်မျက်နှာ၌ ဝိနိပါတိက အသုရာအားလုံးတို့အား။ အထက်အရပ်မျက်နှာ၌ ဝိနိပါတိကအသုရာအားလုံးတို့အား (အတွင်းမှ ကိုယ် ကို)နှိပ်စက်ခြင်းကို ကြဉ်၍ မနှိပ်စက်ခြင်းဖြင့်၊ (အပမှ ကိုယ်ကို) ကပ်၍ ဖြတ်ခြင်းကို ကြဉ်၍ ကပ်၍ မဖြတ်ခြင်းဖြင့်၊ စိတ်ပူပန်ခြင်းကို ကြဉ်၍ မပူပန်ခြင်းဖြင့်၊ (အသက်စသည်) ကုန်ခြင်းကို ကြဉ်၍ မကုန်ခြင်းဖြင့်၊ ညှဉ်းဆဲခြင်းကို ကြဉ်၍ မညှဉ်းဆဲခြင်းဖြင့် အထက်အရပ်မျက်နှာ၌ ဝိနိပါတိကအသုရာအားလုံး တို့သည် ရန်မရှိသူတို့ ဖြစ်ကြပါစေကုန်၊ ရန်ရှိသူတို့ မဖြစ်ကြပါစေကုန်လင့်။ ချမ်းသာခြင်းရှိသူတို့ ဖြစ်ကြပါစေကုန်၊ ဆင်းရဲခြင်းရှိသူတို့ မဖြစ်ကြပါစေကုန်လင့်။ ချမ်းသာသော ကိုယ်စိတ်ရှိသူတို့ ဖြစ်ကြပါ စေကုန်၊ ဆင်းရဲသော ကိုယ်စိတ်ရှိသူတို့ မဖြစ်ကြပါစေကုန်လင့်ဟု ဤအခြင်းအရာရှစ်ပါးတို့ဖြင့် အထက် အရပ်မျက်နှာ၌ ဝိနိပါတိက အသုရာအားလုံးတို့ကို ချစ်တတ်သောကြောင့် မေတ္တာမည်၏။ ထိုသဘော တရားကို စေ့ဆော်တတ်သောကြောင့် စေတောမည်၏။ ဗျာပါဒထကြွခြင်း အားလုံးတို့မှ လွတ်မြောက်တတ် သောကြောင့် ဝိမုတ္တိမည်၏။

--

မေတ္တာလည်းဟုတ်၏၊ စေတောလည်းဟုတ်၏၊ ဝိမုတ္တိလည်းဟုတ်၏။ ထို့ကြောင့်မေတ္တာစေတောဝိမုတ္တိမည်၏။

“အထက်အရပ်မျက်နှာ၌ ဝိနိပါတိကအသုရာအားလုံးတို့သည် ရန်မရှိသူတို့ ဖြစ်ကြပါစေကုန်၊ ဘေးမရှိသူတို့ ဖြစ်ကြပါစေကုန်၊ ချမ်းသာခြင်းရှိသူတို့ ဖြစ်ကြပါစေကုန်”ဟု သဒ္ဓါဖြင့် ဆုံးဖြတ်၏။ သဒ္ဓိန္ဒြေထုံအပ်သော မေတ္တာစေတောဝိမုတ္တိ ဖြစ်၏။

“အထက်အရပ်မျက်နှာ၌ ဝိနိပါတိကအသုရာအားလုံးတို့သည် ရန်မရှိသူတို့ ဖြစ်ကြပါစေကုန်၊ ဘေး မရှိသူတို့ ဖြစ်ကြပါစေကုန်၊ ချမ်းသာခြင်းရှိသူတို့ ဖြစ်ကြပါစေကုန်”ဟု ဝီရိယကို အားထုတ်၏။ ဝီရိယိန္ဒြေ ထုံအပ်သော မေတ္တာစေတောဝိမုတ္တိ ဖြစ်၏။

သတိကို ထင်စေ၏။ သတိန္ဒြေထုံအပ်သော မေတ္တာစေတောဝိမုတ္တိ ဖြစ်၏။ စိတ်ကို ကောင်းစွာ ထား၏။ သမာဓိန္ဒြေထုံအပ်သော မေတ္တာစေတောဝိမုတ္တိ ဖြစ်၏။ ပညာဖြင့် ခွဲခြား၍ သိ၏။ ပညိန္ဒြေထုံအပ်သော မေတ္တာစေတောဝိမုတ္တိ ဖြစ်၏။

ဤဣန္ဒြေငါးပါးတို့သည် မေတ္တာစေတောဝိမုတ္တိကို မှီဝဲကြောင်းတို့ ဖြစ်ကုန်၏။ ဤဣန္ဒြေငါးပါးတို့ ဖြင့် မေတ္တာစေတောဝိမုတ္တိကို မှီဝဲအပ်၏။ပ။ မေတ္တာကို ဖြစ်စေတတ်ကုန်၏။ ထွန်းလင်းစေတတ်ကုန်၏။

တင့်တယ်စေတတ်ကုန်၏။

“အထက်အရပ်မျက်နှာ၌ ဝိနိပါတိကအသုရာအားလုံးတို့သည် ရန်မရှိသူတို့ ဖြစ်ကြပါစေကုန်၊ ဘေး မရှိသူတို့ ဖြစ်ကြပါစေကုန်၊ ချမ်းသာခြင်းရှိသူတို့ ဖြစ်ကြပါစေကုန်”ဟု သဒ္ဓါမရှိခြင်းကြောင့် မတုန်လှုပ်။ သဒ္ဓါဗိုလ်ထုံအပ်သော မေတ္တာစေတောဝိမုတ္တိ ဖြစ်၏။ ပျင်းရိခြင်းကြောင့် မတုန်လှုပ်။ ဝီရိယဗိုလ်ထုံအပ် သော မေတ္တာစေတောဝိမုတ္တိ ဖြစ်၏။ မေ့လျော့ခြင်းကြောင့် မတုန်လှုပ်။ သတိဗိုလ်ထုံအပ်သော မေတ္တာ စေတောဝိမုတ္တိ ဖြစ်၏။ ဥဒ္ဓစ္စကြောင့် မတုန်လှုပ်။ သမာဓိဗိုလ်ထုံအပ်သော မေတ္တာစေတောဝိမုတ္တိ ဖြစ်၏။ အဝိဇ္ဇာကြောင့် မတုန်လှုပ်။ ပညာဗိုလ် ထုံအပ်သော မေတ္တာစေတောဝိမုတ္တိ ဖြစ်၏။

ဤဗိုလ်ငါးပါးတို့သည် မေတ္တာစေတောဝိမုတ္တိကို မှီဝဲကြောင်းတို့ ဖြစ်ကုန်၏။ ဤဗိုလ်ငါးပါးတို့ဖြင့် မေတ္တာစေတောဝိမုတ္တိကို မှီဝဲအပ်၏။ပ။ မေတ္တာကို ဖြစ်စေတတ်ကုန်၏။ ထွန်းလင်းစေတတ်ကုန်၏။ တင့်တယ်စေတတ်ကုန်၏။

“အထက်အရပ်မျက်နှာ၌ ဝိနိပါတိကအသုရာအားလုံးတို့သည် ရန်မရှိသူတို့ ဖြစ်ကြပါစေကုန်၊ ဘေး မရှိသူတို့ ဖြစ်ကြပါစေကုန်၊ ချမ်းသာခြင်းရှိသူတို့ ဖြစ်ကြပါစေကုန်”ဟု သတိကို ထင်စေ၏။ သတိ သမ္ဗောဇ္ဈင်ထုံအပ်သော မေတ္တာစေတောဝိမုတ္တိ ဖြစ်၏။

--

ပညာဖြင့် ‘စူးစမ်း'၏။ ဓမ္မဝိစယသမ္ဗောဇ္ဈင်ထုံအပ်သော မေတ္တာစေတောဝိမုတ္တိ ဖြစ်၏။ ဝီရိယကို အားထုတ်၏။ ဝီရိယထုံအပ်သောမေတ္တာစေတောဝိမုတ္တိဖြစ်၏။ ပူလောင်ခြင်းကို တစ်ဖန်ငြိမ်းစေ၏။ ပီတိ သမ္ဗောဇ္ဈင်ထုံအပ်သော မေတ္တာစေတောဝိမုတ္တိ ဖြစ်၏။ ရုန့်ရင်းသည်ကို တစ်ဖန်ငြိမ်းစေ၏။ ပဿဒ္ဓိ သမ္ဗောဇ္ဈင် ထုံအပ်သော မေတ္တာစေတောဝိမုတ္တိ ဖြစ်၏။ စိတ်ကို ကောင်းစွာ ထား၏။ သမာဓိသမ္ဗောဇ္ဈင် ထုံအပ်သော မေတ္တာစေတော ဝိမုတ္တိ ဖြစ်၏။ ဉာဏ်ဖြင့် ကိလေသာတို့ကို ဆင်ခြင်၏။ ဥပေက္ခာသမ္ဗောဇ္ဈင် ထုံအပ်သော မေတ္တာစေတောဝိမုတ္တိ ဖြစ်၏။

ဤဗောဇ္ဈင်ခုနစ်ပါးတို့သည် မေတ္တာစေတောဝိမုတ္တိကို မှီဝဲကြောင်းတို့ ဖြစ်ကုန်၏။ ဤဗောဇ္ဈင် ခုနစ်ပါးတို့ဖြင့် မေတ္တာစေတောဝိမုတ္တိကို မှီဝဲအပ်၏။ပ။ မေတ္တာကို ဖြစ်စေတတ်ကုန်၏။ ထွန်းလင်းစေ တတ်ကုန်၏။ တင့်တယ်စေတတ်ကုန်၏။

“အထက်အရပ်မျက်နှာ၌ ဝိနိပါတိကအသုရာအားလုံးတို့သည် ရန်မရှိသူတို့ ဖြစ်ကြပါစေကုန်၊ ဘေး မရှိသူတို့ ဖြစ်ကြပါစေကုန်၊ ချမ်းသာခြင်းရှိသူတို့ ဖြစ်ကြပါစေကုန်”ဟု ကောင်းစွာရှုမြင်၏။ သမ္မာဒိဋ္ဌိထုံအပ်သော မေတ္တာစေတောဝိမုတ္တိ ဖြစ်၏။ ကောင်းစွာရှေးရှုတင်၏။ သမ္မာသင်္ကပ္ပထုံအပ်သော မေတ္တာ စေတောဝိမုတ္တိ ဖြစ်၏။ ကောင်းစွာသိမ်းဆည်း၏။ သမ္မာဝါစာထုံအပ်သော မေတ္တာစေတောဝိမုတ္တိ ဖြစ်၏။ ကောင်းစွာဖြစ်စေ၏။ သမ္မာကမ္မန္တထုံအပ်သော မေတ္တာစေတောဝိမုတ္တိ ဖြစ်၏။ ကောင်းစွာဖြူစင်စေ၏။ သမ္မာအာဇီဝထုံအပ်သော မေတ္တာစေတောဝိမုတ္တိ ဖြစ်၏။ ကောင်းစွာအားထုတ်၏။ သမ္မာဝါယာမထုံအပ် သော မေတ္တာစေတောဝိမုတ္တိ ဖြစ်၏။ ကောင်းစွာထင်၏။ သမ္မာသတိထုံအပ်သော မေတ္တာစေတောဝိမုတ္တိ ဖြစ်၏။ ကောင်းစွာအညီအမျှထား၏။ သမ္မာသမာဓိထုံအပ်သော မေတ္တာစေတောဝိမုတ္တိ ဖြစ်၏။

ဤမဂ္ဂင်ရှစ်ပါးတို့သည် မေတ္တာစေတောဝိမုတ္တိကို မှီဝဲကြောင်းတို့ဖြစ်ကုန်၏။ ဤမဂ္ဂင်ရှစ်ပါးတို့ဖြင့် မေတ္တာစေတောဝိမုတ္တိကို မှီဝဲအပ်၏။ပ။ ဤမဂ္ဂင်ရှစ်ပါးတို့သည် မေတ္တာစေတောဝိမုတ္တိ၏ အခြံအရံတို့ ဖြစ် ကုန်၏။ ဤမဂ္ဂင်ရှစ်ပါးတို့သည် မေတ္တာစေတောဝိမုတ္တိကို ကောင်းစွာ ခြံရံအပ်၏။ ဤမဂ္ဂင်ရှစ်ပါးတို့သည် မေတ္တာ စေတောဝိမုတ္တိကို မှီဝဲကြောင်းဖြစ်ကုန်၏။ ပွားများကြောင်းဖြစ်ကုန်၏။ ကြိမ်ဖန်များစွာပြုကြောင်း ဖြစ်ကုန်၏။ အဆင်တန်ဆာတို့ဖြစ်ကုန်၏။ အဆောက်အဦတို့ဖြစ်ကုန်၏။ အခြံအရံတို့ဖြစ်ကုန်၏။ ပြည့်စုံ ကြောင်းတို့ဖြစ်ကုန်၏။ မေတ္တာနှင့် တကွဖြစ်ကုန်၏။ မေတ္တာနှင့် အတူဖြစ်ကုန်၏။ မေတ္တာနှင့်ရောနှော ကုန်၏။ မေတ္တာနှင့်ယှဉ်ကုန်၏။ ပြေးဝင်ကြောင်းဖြစ်ကုန်၏။ ကြည်လင်ကြောင်းဖြစ်ကုန်၏။ ကောင်းစွာ တည်ကြောင်းဖြစ်ကုန်၏။ လွတ်ကြောင်း ဖြစ်ကုန်၏။ “ဤကား ငြိမ်း၏”ဟု တွေ့ထိကြောင်းတို့ဖြစ် ကုန်၏။ ယာဉ်ကဲ့သို့ ပြုကြောင်းတို့ဖြစ်ကုန်၏။ ဝတ္ထုကဲ့သို့ ပြုကြောင်းတို့ဖြစ်ကုန်၏။

ရှေးရှုထင်ကြောင်း တို့ဖြစ်ကုန်၏။ ထက်ဝန်းကျင်ဆည်းပူးကြောင်းတို့ဖြစ်ကုန်၏။ ကောင်းစွာ အားထုတ်ကြောင်းတို့ဖြစ်ကုန်၏။ ကောင်းစွာ ပွားကြောင်းတို့ဖြစ်ကုန်၏။ ကောင်းစွာ တည်ကြောင်းတို့ ဖြစ်ကုန်၏။ ကောင်းစွာ တက်ကြွကြောင်းတို့ဖြစ်ကုန်၏။ ကောင်းစွာ လွတ်ကြောင်းတို့ဖြစ်ကုန်၏။

မေတ္တာကို ဖြစ်စေတတ်ကုန်၏။ ထွန်းလင်းစေတတ်ကုန်၏။ တင့်တယ်စေတတ်ကုန်၏။

မေတ္တာကထာ ပြီး၏။

--

၅-ဝိရာဂကထာ

၂၈။ ဝိရာဂသည် မဂ်မည်၏။ ဝိမုတ္တိသည် ဖိုလ်မည်၏။ ဝိရာဂသည် အဘယ်သို့ မဂ်မည်သနည်း။ သောတာပတ္တိမဂ်ခဏ၌ ရှုမြင်ခြင်းသဘောအားဖြင့် သမ္မာဒိဋ္ဌိသည် မိစ္ဆာဒိဋ္ဌိမှ တပ်ခြင်းကင်း၏။ ထိုသို့ လိုက်၍ ဖြစ်ကုန်သော ကိလေသာတို့မှလည်းကောင်း၊ ခန္ဓာတို့မှလည်းကောင်း တပ်ခြင်းကင်း၏။ အပ၌ လည်း နိမိတ်အားလုံးတို့မှ တပ်ခြင်းကင်း၏။ ဝိရာဂမည်သော သမ္မာဒိဋ္ဌိသည် ဝိရာဂဟူသော နိဗ္ဗာန်လျှင် အာရုံရှိ၏။ ဝိရာဂဟူသော နိဗ္ဗာန်လျှင် ကျက်စားရာရှိ၏။ နိဗ္ဗာန်၌ ကောင်းစွာဖြစ်၏။ (ဖြစ်သည်၏ အစွမ်းဖြင့်) နိဗ္ဗာန်၌ တည်၏။ (မဆုတ်နစ်သည်၏အစွမ်းဖြင့်) နိဗ္ဗာန်၌ တည်၏။

ဝိရာဂဟူရာ၌ ဝိရာဂတို့သည်နှစ်ပါးတို့တည်း။ နိဗ္ဗာန်သည်လည်း ဝိရာဂမည်၏။ နိဗ္ဗာန်အာရုံရှိ သည့်အဖြစ် ဖြင့်ဖြစ်သော တရားအားလုံးတို့သည်လည်း တပ်ခြင်းကင်းသောကြောင့် ဝိရာဂတို့မည်ကုန်၏။

(သမ္မာဒိဋ္ဌိနှင့်) တကွဖြစ်သော (မဂ္ဂင်) ခုနစ်ပါးတို့သည် ဝိရာဂဟူသော နိဗ္ဗာန်သို့ သွားရောက်တတ်သော ကြောင့် ဝိရာဂမည်၏။ မဂ်တည်း။ ဤမဂ်ဖြင့် မြတ်စွာဘုရားတို့သည်လည်းကောင်း၊ တပည့်သာဝက တို့သည်လည်းကောင်း မရောက်ဖူးသော နိဗ္ဗာန်အရပ်သို့ သွားတတ်ကုန်သောကြောင့် အင်္ဂါရှစ်ပါးရှိသော တရားအပေါင်းသည် မဂ်မည်၏။ အကြင်မျှလောက် တစ်ပါးသော အယူဝါဒရှိကုန်သော သမဏဗြာဟ္မဏ အသီးသီးတို့၏ မဂ်တို့သည် (ရှိကုန်၏။ ထိုမျှလောက်သော မဂ်တို့ထက်) ဤအင်္ဂါရှစ်ပါးရှိသော အရိယ မဂ်သည်သာလျှင် ထူးလည်း ထူး၏။ ချီးမွမ်းလည်း ချီးမွမ်းထိုက်၏။ အကြီးအမှူးလည်း ဖြစ်၏။ အထူး သာလွန်လည်း သာလွန်၏။ အပြားအားဖြင့်လည်း မှီဝဲဆည်း ကပ်အပ်၏။ ထို့ကြောင့် မဂ်တို့တွင် အင်္ဂါ ရှစ်ပါးရှိသော မဂ်သည် မြတ်၏။

ရှေ့ရှုတင်ခြင်းသဘောအားဖြင့် သမ္မာသင်္ကပ္ပသည် မိစ္ဆာသင်္ကပ္ပမှ တပ်ခြင်းကင်း၏။ သိမ်းဆည်းခြင်း သဘောအားဖြင့် သမ္မာဝါစာသည် မိစ္ဆာဝါစာမှ တပ်ခြင်းကင်း၏။ ကောင်းစွာဖြစ်စေခြင်းသဘောအားဖြင့်သမ္မာကမ္မန္တသည် မိစ္ဆာကမ္မန္တမှ တပ်ခြင်းကင်း၏။ ဖြူစင်စေခြင်းသဘောအားဖြင့် သမ္မာအာဇီဝသည် မိစ္ဆာ အာဇီဝမှ တပ်ခြင်းကင်း၏။ အားထုတ်ခြင်းသဘောအားဖြင့် သမ္မာဝါယာမသည် မိစ္ဆာဝါယာမမှ တပ်ခြင်း ကင်း၏။ ထင်ခြင်းသဘောအားဖြင့် သမ္မာသတိသည် မိစ္ဆာသတိမှ တပ်ခြင်းကင်း၏။ မပျံ့လွင့်ခြင်းသဘော အားဖြင့် သမ္မာသမာဓိသည် မိစ္ဆာသမာဓိမှ တပ်ခြင်းကင်း၏။ ထိုသို့လိုက်၍ ဖြစ်ကုန်သော ကိလေသာတို့မှ လည်းကောင်း၊ ခန္ဓာတို့မှလည်းကောင်း တပ်ခြင်းကင်း၏။ အပ၌လည်း နိမိတ်အားလုံးတို့မှ တပ်ခြင်းကင်း၏။ ဝိရာဂမည်သော သမ္မာသမာဓိသည် ဝိရာဂဟူသော နိဗ္ဗာန်လျှင် အာရုံရှိ၏။ ဝိရာဂဟူသော နိဗ္ဗာန် လျှင် ကျက်စားရာရှိ၏။ နိဗ္ဗာန်၌ ကောင်းစွာဖြစ်၏။ (ဖြစ်သည်၏ အစွမ်းဖြင့်) နိဗ္ဗာန်၌ တည်၏။ (မဆုတ်နစ်သည်၏အစွမ်းဖြင့်) နိဗ္ဗာန်၌ တည်၏။

ဝိရာဂဟူရာ၌ ဝိရာဂတို့သည်နှစ်ပါးတို့တည်း။ နိဗ္ဗာန်သည်လည်း ဝိရာဂမည်၏။ နိဗ္ဗာန်အာရုံရှိ သည့်အဖြစ်ဖြင့် ဖြစ်သော တရားအားလုံးတို့သည်လည်း တပ်ခြင်းကင်းသောကြောင့် ဝိရာဂတို့ မည်ကုန်၏။ သမ္မာဒိဋ္ဌိနှင့် တကွဖြစ်သော မဂ္ဂင်ခုနစ်ပါးတို့သည် ဝိရာဂဟူသော နိဗ္ဗာန်သို့ သွားရောက်တတ်သော ကြောင့် ဝိရာဂမည်၏။ မဂ်တည်း။ ဤမဂ်ဖြင့် မြတ်စွာဘုရားတို့သည်လည်းကောင်း၊ တပည့်သာဝကတို့ သည်လည်းကောင်း မရောက်ဖူးသော နိဗ္ဗာန်အရပ်သို့ သွားတတ်သောကြောင့် အင်္ဂါရှစ်ပါးရှိသော တရား အပေါင်းသည် မဂ်မည်၏။ အကြင်မျှလောက် တစ်ပါးသော အယူဝါဒရှိကုန်သော သမဏဗြာဟ္မဏ အသီး သီးတို့၏ မဂ်တို့သည် (ရှိကုန်၏။ ထိုမျှလောက်သော မဂ်တို့ထက်) ဤအင်္ဂါရှစ်ပါးရှိသော အရိယမဂ်သည် သာလျှင် ထူးလည်း ထူး၏။ ချီးမွမ်းလည်း ချီးမွမ်းထိုက်၏။ အကြီးအမှူးလည်း ဖြစ်၏။ အထူးသာလွန် လည်း သာလွန်၏။ အပြားအားဖြင့်လည်း မှီဝဲဆည်းကပ်အပ်၏။ ထို့ကြောင့် မဂ်တို့တွင် အင်္ဂါရှစ်ပါးရှိ သော မဂ်သည် မြတ်၏။

--

သကဒါဂါမိမဂ်ခဏ၌ ရှုမြင်ခြင်းသဘောအားဖြင့် သမ္မာဒိဋ္ဌိသည်။ပ။ မပျံ့လွင့်ခြင်းသဘောအားဖြင့် သမ္မာသမာဓိသည် ရုန့်ရင်းသော ကာမရာဂသံယောဇဉ်၊ ပဋိဃသံယောဇဉ်၊ ရုန့်ရင်းသော ကာမရာဂါနုသယ၊ ပဋိဃာနုသယမှ တပ်ခြင်းကင်း၏။ ထိုသို့လိုက်၍ ဖြစ်ကုန်သော ကိလေသာတို့မှလည်းကောင်း၊ ခန္ဓာတို့မှလည်းကောင်း တပ်ခြင်းကင်း၏။ အပ၌လည်း နိမိတ်အားလုံးတို့မှ တပ်ခြင်းကင်း၏။ ဝိရာဂမည် သော သမ္မာသမာဓိသည် ဝိရာဂဟူသော နိဗ္ဗာန်လျှင် အာရုံရှိ၏။ ဝိရာဂဟူသော နိဗ္ဗာန်လျှင် ကျက်စားရာ ရှိ၏။ နိဗ္ဗာန်၌ ကောင်းစွာ ဖြစ်၏။ (ဖြစ်သည်၏ အစွမ်းဖြင့်) နိဗ္ဗာန်၌ တည်၏။ (မဆုတ်နစ်သည်၏ အစွမ်းဖြင့်) နိဗ္ဗာန်၌ တည်၏။

ဝိရာဂဟူရာ၌ ဝိရာဂတို့သည်နှစ်ပါးတို့တည်း။ နိဗ္ဗာန်သည်လည်း ဝိရာဂမည်၏။ နိဗ္ဗာန်အာရုံရှိ သည်၏ အဖြစ်ဖြင့်ဖြစ်သော တရားအားလုံးတို့သည် တပ်ခြင်းကင်းသောကြောင့် ဝိရာဂမည်ကုန်၏။

သမ္မာဒိဋ္ဌိနှင့်တကွ ဖြစ်သော မဂ္ဂင်ခုနစ်ပါးတို့သည် ဝိရာဂဟူသော နိဗ္ဗာန်သို့ သွားရောက်တတ်သောကြောင့် ဝိရာဂမည်၏။ မဂ်တည်း။ ဤသကဒါဂါမိမဂ်ဖြင့် မြတ်စွာဘုရားတို့သည်လည်းကောင်း၊ တပည့်သာဝကတို့ သည်လည်းကောင်း မရောက်ဖူးသော နိဗ္ဗာန်အရပ်သို့ သွားတတ်သောကြောင့် အင်္ဂါရှစ်ပါးရှိသော တရား အပေါင်းသည် မဂ်မည်၏။ အကြင်မျှလောက် တစ်ပါးသော အယူဝါဒရှိသော သမဏဗြာဟ္မဏ အသီးသီး တို့၏ မဂ်တို့သည် (ရှိကုန်၏။ ထိုမျှလောက်သော မဂ်တို့ထက်) ဤအင်္ဂါရှစ်ပါးရှိသော အရိယမဂ်သည် သာလျှင် ထူးလည်းထူး၏။ ချီးမွမ်းလည်း ချီးမွမ်းထိုက်၏။ အကြီးအမှူးလည်း ဖြစ်၏။ အထူးသာလွန် လည်း သာလွန်၏။ အပြားအားဖြင့်လည်း မှီဝဲဆည်းကပ်အပ်၏။ ထို့ကြောင့် မဂ်တို့တွင် အင်္ဂါရှစ်ပါး ရှိသောမဂ်သည် မြတ်၏။

အနာဂါမိမဂ်ခဏ၌ ရှုမြင်ခြင်းသဘောအားဖြင့် သမ္မာဒိဋ္ဌိသည်။ပ။ မပျံ့လွင့်ခြင်းသဘောအားဖြင့် သမ္မာသမာဓိသည် သိမ်မွေ့သောကာမရာဂသံယောဇဉ်၊ ပဋိဃသံယောဇဉ်၊ သိမ်မွေ့သော ကာမရာဂါနုသယ၊ ပဋိဃာနုသယမှ တပ်ခြင်းကင်း၏။ ထိုသို့လိုက်၍ဖြစ်သော ကိလေသာတို့မှလည်းကောင်း၊ ခန္ဓာ့တို့မှလည်းကောင်း တပ်ခြင်းကင်း၏။ အပ၌လည်း နိမိတ်အားလုံးတို့မှ တပ်ခြင်းကင်း၏။ ဝိရာဂမည် သော သမ္မာသမာဓိသည် ဝိရာဂဟူသော နိဗ္ဗာန်လျှင် အာရုံရှိ၏။ ဝိရာဂဟူသော နိဗ္ဗာန်လျှင် ကျက်စား ရာရှိ၏။ပ။ ထို့ကြောင့် မဂ်တို့တွင် အင်္ဂါရှစ်ပါးရှိသော မဂ်သည် မြတ်၏။

အရဟတ္တမဂ်ခဏ၌ ရှုမြင်ခြင်းသဘောအားဖြင့် သမ္မာဒိဋ္ဌိသည်။ပ။ မပျံ့လွင့်ခြင်းသဘောအားဖြင့် သမ္မာသမာဓိသည် ရူပရာဂ၊ အရူပရာဂ၊ မာန၊ ဥဒ္ဓစ္စ၊ အဝိဇ္ဇာ၊ မာနာနုသယ၊ ဘဝရာဂါနုသယ၊ အဝိဇ္ဇာနုသယမှ တပ်ခြင်းကင်း၏။ ထိုသို့လိုက်၍ဖြစ်သော ကိလေသာတို့မှလည်းကောင်း၊ ခန္ဓာတို့မှလည်း ကောင်း တပ်ခြင်းကင်း၏။ အပ၌လည်း နိမိတ်အားလုံးတို့မှ တပ်ခြင်းကင်း၏။ ဝိရာဂမည်သော သမ္မာ သမာဓိသည် ဝိရာဂဟူသော နိဗ္ဗာန်လျှင် အာရုံရှိ၏။ ဝိရာဂဟူသော နိဗ္ဗာန်လျှင် ကျက်စားရာရှိ၏။ နိဗ္ဗာန် ၌ ကောင်းစွာဖြစ်၏။ (ဖြစ်သည်၏ အစွမ်းဖြင့်) နိဗ္ဗာန်၌ တည်၏။ (မဆုတ်နစ်သည်၏ အစွမ်းဖြင့်) နိဗ္ဗာန်၌ တည်၏။

ဝိရာဂဟူရာ၌ ဝိရာဂတို့သည်နှစ်ပါးတို့တည်း။ နိဗ္ဗာန်သည်လည်း ဝိရာဂမည်၏။ နိဗ္ဗာန်အာရုံရှိ သည်၏ အဖြစ်ဖြင့်ဖြစ်သော တရားအားလုံးတို့သည်လည်း တပ်ခြင်းကင်းသောကြောင့် ဝိရာဂမည်ကုန်၏။

သမ္မာဒိဋ္ဌိနှင့် တကွဖြစ်သော မဂ္ဂင်ခုနစ်ပါးတို့သည် ဝိရာဂဟူသော နိဗ္ဗာန်သို့ သွားရောက်တတ်သောကြောင့် ဝိရာဂမည်၏။ မဂ်တည်း။ ဤမဂ်ဖြင့် မြတ်စွာဘုရားတို့သည်လည်းကောင်း၊ တပည့်သာဝကတို့သည် လည်းကောင်း မရောက်ဖူးသော နိဗ္ဗာန်အရပ်သို့ သွားတတ်သောကြောင့် အင်္ဂါရှစ်ပါးရှိသော တရား အပေါင်းသည် မဂ်မည်၏။ အကြင်မျှလောက် တစ်ပါးသော အယူဝါဒရှိသော သမဏဗြာဟ္မဏ အသီးသီး တို့၏ မဂ်တို့သည် (ရှိကုန်၏။ ထိုမျှလောက်သော မဂ်တို့ထက်) ဤအင်္ဂါရှစ်ပါးရှိသော အရိယမဂ်သည် သာလျှင် ထူးလည်း ထူး၏။ ချီးမွမ်းလည်း ချီးမွမ်းထိုက်၏။ အကြီးအမှူးလည်း ဖြစ်၏။ အထူးသာလွန် လည်း သာလွန်၏။ အပြားအားဖြင့်လည်း မှီဝဲဆည်းကပ်အပ်၏။ ထို့ကြောင့် မဂ်တို့တွင် အင်္ဂါရှစ်ပါးရှိ သော မဂ်သည် မြတ်၏။

--

မြင်ခြင်းဝိရာဂသည် သမ္မာဒိဋ္ဌိတည်း။ ရှေ့ရှုတင်ခြင်းဝိရာဂသည် သမ္မာသင်္ကပ္ပတည်း။ သိမ်းဆည်းခြင်းဝိရာဂသည် သမ္မာဝါစာတည်း။ ကောင်းစွာဖြစ်စေခြင်းဝိရာဂသည် သမ္မာကမ္မန္တတည်း။ ဖြူစင်စေခြင်း ဝိရာဂသည် သမ္မာအာဇီဝတည်း။ အားထုတ်ခြင်းဝိရာဂသည် သမ္မာဝါယာမတည်း။ ထင်ခြင်းဝိရာဂသည် သမ္မာသတိတည်း။ မပျံ့လွင့်ခြင်းဝိရာဂသည် သမ္မာသမာဓိတည်း။

ထင်ခြင်းဝိရာဂသည် သတိသမ္ဗောဇ္ဈင်တည်း။ စိစစ် ‘စူးစမ်း'ခြင်းဝိရာဂသည် ဓမ္မဝိစယသမ္ဗောဇ္ဈင်တည်း။ အားထုတ်ခြင်းဝိရာဂသည် ဝီရိယသမ္ဗောဇ္ဈင်တည်း။ ပျံ့နှံ့ခြင်းဝိရာဂသည် ပီတိသမ္ဗောဇ္ဈင်တည်း။ ငြိမ်းခြင်း ဝိရာဂသည် ပဿဒ္ဓိသမ္ဗောဇ္ဈင်တည်း။ မပျံ့လွင့်ခြင်းဝိရာဂသည် သမာဓိသမ္ဗောဇ္ဈင်တည်း။ ဆင်ခြင်ခြင်းဝိရာဂသည် ဥပေက္ခာသမ္ဗောဇ္ဈင်တည်း။

သဒ္ဓါမရှိခြင်းကြောင့် မတုန်လှုပ်စေနိုင်ခြင်းဝိရာဂသည် သဒ္ဓါဗိုလ်၊ ပျင်းရိခြင်းကြောင့် မတုန်လှုပ်စေနိုင်ခြင်း ဝိရာဂသည် ဝီရိယဗိုလ်၊ မေ့လျော့ခြင်းကြောင့် မတုန်လှုပ်စေနိုင်ခြင်းဝိရာဂသည် သတိဗိုလ်၊ ဥဒ္ဓစ္စ ကြောင့် မတုန်လှုပ်စေနိုင်ခြင်းဝိရာဂသည် သမာဓိဗိုလ်၊ အဝိဇ္ဇာကြောင့် မတုန်လှုပ်စေနိုင်ခြင်းဝိရာဂသည် ပညာဗိုလ်တည်း။

ဆုံးဖြတ်ခြင်းဝိရာဂသည် သဒ္ဓိန္ဒြေ၊ အားထုတ်ခြင်းဝိရာဂသည် ဝီရိယိန္ဒြေ၊ ထင်ခြင်းဝိရာဂသည် သတိန္ဒြေ၊ မပျံ့လွင့်ခြင်းဝိရာဂသည် သမာဓိန္ဒြေ၊ မြင်ခြင်းဝိရာဂသည် ပညိန္ဒြေတည်း။

အစိုးရခြင်းသဘောအားဖြင့် ဣန္ဒြေတို့သည် ဝိရာဂ၊ မတုန်လှုပ်စေနိုင်ခြင်းသဘောအားဖြင့် ဗိုလ်တို့ သည် ဝိရာဂ၊ ထွက်မြောက်ခြင်းသဘောအားဖြင့် ဗောဇ္ဈင်တို့သည် ဝိရာဂ၊ (သမ္ပာပက) ဟိတ်သဘော အားဖြင့် မဂ်သည် ဝိရာဂ၊ ထင်ခြင်းသဘောအားဖြင့် သတိပဋ္ဌာန်တို့သည် ဝိရာဂ၊ အားထုတ်ခြင်း သဘောအားဖြင့် သမ္မပ္ပဓာန်တို့သည် ဝိရာဂ၊ ပြည့်စုံ (ပြီးစီး)ခြင်းသဘောအားဖြင့် ဣဒ္ဓိပါဒ်တို့သည့်ဝိရာဂ၊ဟုတ်မှန်ခြင်းသဘောအားဖြင့် သစ္စာဉာဏ်တို့သည် ဝိရာဂ၊ မပျံ့လွင့်ခြင်းသဘောအားဖြင့် သမထ သည် ဝိရာဂ၊ အဖန်ဖန်ရှုခြင်းသဘောအားဖြင့် ဝိပဿနာသည် ဝိရာဂ၊ တစ်ခုတည်းသော ကိစ္စရသ သဘောအားဖြင့် သမထဝိပဿနာတို့သည် ဝိရာဂ၊ လွန်၍မဖြစ်ခြင်းသဘောအားဖြင့် အစုံတွဲခြင်း ‘ယုဂနဒ္ဓ’ သည် ဝိရာဂ၊ စောင့်စည်းခြင်းသဘောအားဖြင့် သီလဝိသုဒ္ဓိသည် ဝိရာဂ၊ မပျံ့လွင့်ခြင်းသဘောအားဖြင့် စိတ္တဝိသုဒ္ဓိသည် ဝိရာဂ၊ မြင်ခြင်းသဘောအားဖြင့် ဒိဋ္ဌိဝိသုဒ္ဓိသည် ဝိရာဂ၊ လွတ်မြောက်ခြင်းသဘောအားဖြင့် ဝိမောက္ခသည် ဝိရာဂ၊ ထိုးထွင်း၍သိခြင်းသဘောအားဖြင့် ဝိဇ္ဇာသည် ဝိရာဂ၊ စွန့်လွှတ်ခြင်းသဘော အားဖြင့် ဝိမုတ္တိသည် ဝိရာဂ၊ အကြွင်းမဲ့ဖြတ်ခြင်းသဘောအားဖြင့် ခယဉာဏ်သည် ဝိရာဂ၊ ဆန္ဒသည် အရင်းအမြစ်သဘောအားဖြင့် ဝိရာဂ၊ မနသိကာရသည် ကောင်းစွာဖြစ်စေခြင်းသဘော အားဖြင့် ဝိရာဂ၊ ဖဿသည် ပေါင်းဆုံခြင်းသဘောအားဖြင့် ဝိရာဂ၊ ဝေဒနာသည် စုဝေးခြင်းသဘောအားဖြင့် ဝိရာဂ၊ သမာဓိသည် အမှူးသဘောအားဖြင့် ဝိရာဂ၊ သတိသည် အစိုးရခြင်းသဘောအားဖြင့် ဝိရာဂ၊ ပညာသည် ထို့ထက်လွန်မြတ်ခြင်းသဘောအားဖြင့် ဝိရာဂ၊ ဝိမုတ္တိသည် အနှစ်သာရသဘောအားဖြင့် ဝိရာဂ၊ သေခြင်းမရှိရာသို့ သက်ဝင်ရာ နိဗ္ဗာန်သည် ပြီးဆုံးခြင်းသဘောအားဖြင့် မဂ်တည်း။

မြင်ခြင်းမဂ်သည် သမ္မာဒိဋ္ဌိ၊ ရှေ့ရှုတင်ခြင်းမဂ်သည် သမ္မာသင်္ကပ္ပ။ပ။ သေခြင်းမရှိရာသို့ သက်ဝင် ရာ နိဗ္ဗာန်သည် ပြီးဆုံးခြင်းသဘောအားဖြင့် မဂ်တည်း။ ဤသို့ ဝိရာဂသည် မဂ်မည်၏။

--

၂၉။ ဝိမုတ္တိသည် အဘယ်သို့ ဖိုလ်မည်သနည်း။ သောတာပတ္တိဖိုလ်ခဏ၌ မြင်ခြင်းသဘောအားဖြင့် သမ္မာဒိဋ္ဌိသည် မိစ္ဆာဒိဋ္ဌိမှ လွတ်မြောက်ပြီးဖြစ်၏။ ထိုသို့လိုက်၍ဖြစ်ကုန်သော ကိလေသာတို့မှလည်း ကောင်း၊ ခန္ဓာတို့မှလည်းကောင်း လွတ်မြောက်ပြီးဖြစ်၏။ အပ၌လည်း နိမိတ်အားလုံးတို့မှ လွတ်မြောက် ပြီးဖြစ်၏။ (သမ္မာဒိဋ္ဌိ) ဝိမုတ္တိသည် (နိဗ္ဗာန်) ဝိမုတ္တိလျှင် အာရုံရှိ၏။ နိဗ္ဗာန်ဝိမုတ္တိလျှင် ကျက်စားရာရှိ၏။ နိဗ္ဗာန်ဝိမုတ္တိ၌ ကောင်းစွာဖြစ်၏။ (ဖြစ်သည်၏ အစွမ်းဖြင့်) နိဗ္ဗာန်ဝိမုတ္တိ၌ တည်၏။ (မဆုတ်နစ်သည်၏ အစွမ်းဖြင့်) နိဗ္ဗာန်ဝိမုတ္တိ၌ တည်၏။

ဝိမုတ္တိဟူရာ၌ ဝိမုတ္တိတို့သည်နှစ်ပါးတို့တည်း။ နိဗ္ဗာန်သည်လည်း ဝိမုတ္တိမည်၏။ နိဗ္ဗာန်အာရုံရှိ သည်အဖြစ်ဖြင့်ဖြစ်သော တရားအားလုံးတို့သည်လည်း လွတ်မြောက်ပြီးဖြစ်သောကြောင့် ဝိမုတ္တိမည်၏၊ ဖိုလ်တည်း။

ရှေ့ရှုတင်ခြင်း သဘောအားဖြင့် သမ္မာသင်္ကပ္ပသည် မိစ္ဆာသင်္ကပ္ပမှ လွတ်မြောက်ပြီးဖြစ်၏။ ထိုသို့ လိုက်၍ဖြစ်ကုန်သော ကိလေသာတို့မှလည်းကောင်း၊ ခန္ဓာတို့မှလည်းကောင်း လွတ်မြောက်ပြီးဖြစ်၏။ အပ ၌လည်း နိမိတ်အားလုံးတို့မှ လွတ်မြောက်ပြီးဖြစ်၏။ (သမ္မာသင်္ကပ္ပ) ဝိမုတ္တိသည် (နိဗ္ဗာန်) ဝိမုတ္တိလျှင် အာရုံရှိ၏။ နိဗ္ဗာန်ဝိမုတ္တိလျှင် ကျက်စားရာရှိ၏။ (နိဗ္ဗာန်) ဝိမုတ္တိ၌ ကောင်းစွာ ဖြစ်၏။ (ဖြစ်သည်၏ အစွမ်းဖြင့်) နိဗ္ဗာန်ဝိမုတ္တိ၌ တည်၏။ (မဆုတ်နစ်သည်၏အစွမ်းဖြင့်) နိဗ္ဗာန်ဝိမုတ္တိ၌ တည်၏။

ဝိမုတ္တိဟူရာ၌ ဝိမုတ္တိတို့သည်နှစ်ပါးတို့တည်း။ နိဗ္ဗာန်သည်လည်း ဝိမုတ္တိမည်၏။ နိဗ္ဗာန်အာရုံရှိ သည်၏အဖြစ်ဖြင့် ဖြစ်ကုန်သော တရားအားလုံးတို့သည်လည်း လွတ်မြောက်ပြီးဖြစ်ကုန်သောကြောင့် ဝိမုတ္တိမည်၏၊ ဖိုလ်တည်း။

သိမ်းဆည်းခြင်းသဘောအားဖြင့် သမ္မာဝါစာသည် မိစ္ဆာဝါစာမှ လွတ်မြောက်ပြီးဖြစ်၏။ ကောင်းစွာ ဖြစ်စေခြင်းသဘောအားဖြင့် သမ္မာကမ္မန္တသည် မိစ္ဆာကမ္မန္တမှ လွတ်မြောက်ပြီးဖြစ်၏။ ဖြူစင်ခြင်းသဘော အားဖြင့် သမ္မာအာဇီဝသည် မိစ္ဆာအာဇီဝမှ လွတ်မြောက်ပြီးဖြစ်၏။ အားထုတ်ခြင်းသဘောအားဖြင့် သမ္မာ ဝါယာမသည် မိစ္ဆာဝါယာမမှ လွတ်မြောက်ပြီးဖြစ်၏။ ထင်ခြင်းသဘောအားဖြင့် သမ္မာသတိသည် မိစ္ဆာ သတိမှ လွတ်မြောက်ပြီးဖြစ်၏။ မပျံ့လွင့်ခြင်းသဘောအားဖြင့် သမ္မာသမာဓိသည် မိစ္ဆာသမာဓိမှ လွတ် မြောက်ပြီးဖြစ်၏။ ထိုသို့လိုက်၍ဖြစ်ကုန်သော ကိလေသာတို့မှလည်းကောင်း၊ ခန္ဓာတို့မှလည်းကောင်း့လွတ်မြောက်ပြီးဖြစ်၏။ အပ၌လည်း နိမိတ်အားလုံးတို့မှ လွတ်မြောက်ပြီးဖြစ်၏။ (သမ္မာသမာဓိ) ဝိမုတ္တိ သည် (နိဗ္ဗာန်) ဝိမုတ္တိလျှင် အာရုံရှိ၏။ (နိဗ္ဗာန်) ဝိမုတ္တိလျှင် ကျက်စားရာ ရှိ၏။ (နိဗ္ဗာန်) ဝိမုတ္တိ၌ ကောင်းစွာဖြစ်၏။ (ဖြစ်သည်၏အစွမ်းဖြင့်) နိဗ္ဗာန်ဝိမုတ္တိ၌ တည်၏။ (မဆုတ်နစ်သည်၏ အစွမ်းဖြင့်) နိဗ္ဗာန် ဝိမုတ္တိ၌ တည်၏။

ဝိမုတ္တိဟူရာ၌ ဝိမုတ္တိတို့သည်နှစ်ပါးတို့တည်း။ နိဗ္ဗာန်သည်လည်း ဝိမုတ္တိမည်၏။ နိဗ္ဗာန်အာရုံရှိ သည်၏ အဖြစ်ဖြင့် ဖြစ်ကုန်သောတရားအားလုံးတို့သည် လွတ်မြောက်ပြီးဖြစ်ကုန်သောကြောင့် ဝိမုတ္တိမည်၏၊ ဖိုလ်တည်း။

သကဒါဂါမိဖိုလ်ခဏ၌ မြင်ခြင်းသဘောအားဖြင့် သမ္မာဒိဋ္ဌိသည်။ပ။ မပျံ့လွင့်ခြင်းသဘောအားဖြင့် သမ္မာသမာဓိသည် ရုန့်ရင်းသော ကာမရာဂသံယောဇဉ်၊ ပဋိဃသံယောဇဉ်၊ ရုန့်ရင်းသော ကာမရာဂါနုသယ၊ ပဋိဃာနုသယမှ လွတ်မြောက်ပြီးဖြစ်၏။ ထိုသို့လိုက်၍ဖြစ်ကုန်သော ကိလေသာတို့မှလည်းကောင်း၊ ခန္ဓာတို့မှလည်းကောင်း လွတ်မြောက်ပြီးဖြစ်၏။ အပ၌လည်း နိမိတ်အားလုံးတို့မှ လွတ်မြောက်ပြီးဖြစ်၏။ (သမ္မာသမာဓိ) ဝိမုတ္တိသည် (နိဗ္ဗာန်) ဝိမုတ္တိလျှင် အာရုံရှိ၏။ နိဗ္ဗာန်ဝိမုတ္တိလျှင် ကျက်စားရာရှိ၏။ (နိဗ္ဗာန်) ဝိမုတ္တိ၌ ကောင်းစွာ ဖြစ်၏။ (ဖြစ်သည်၏ အစွမ်းဖြင့်) နိဗ္ဗာန်ဝိမုတ္တိ၌ တည်၏။ (မဆုတ်နစ်သည်၏ အစွမ်းဖြင့်) နိဗ္ဗာန်ဝိမုတ္တိ၌ တည်၏။

--

ဝိမုတ္တိဟူရာ၌ ဝိမုတ္တိတို့သည်နှစ်ပါးတို့တည်း။ နိဗ္ဗာန်သည်လည်း ဝိမုတ္တိမည်၏။ နိဗ္ဗာန်အာရုံရှိ သည်၏အဖြစ်ဖြင့် ဖြစ်ကုန်သော တရားအားလုံးတို့သည်လည်း လွတ်မြောက်ပြီး ဖြစ်ကုန်သောကြောင့် ဝိမုတ္တိမည်၏၊ ဖိုလ်တည်း။

အနာဂါမိဖိုလ်ခဏ၌ မြင်ခြင်းသဘောအားဖြင့် သမ္မာဒိဋ္ဌိသည်။ပ။ မပျံ့လွင့်ခြင်းသဘောအားဖြင့် သမ္မာသမာဓိသည် သိမ်မွေ့သော ကာမရာဂသံယောဇဉ်၊ ပဋိဃသံယောဇဉ်၊ သိမ်မွေ့သော ကာမရာဂါနုသယ၊ ပဋိဃာနုသယမှ လွတ်မြောက်ပြီးဖြစ်၏။ ထိုသို့လိုက်၍ ဖြစ်ကုန်သော ကိလေသာတို့မှလည်း ကောင်း၊ ခန္ဓာတို့မှလည်းကောင်း လွတ်မြောက်ပြီးဖြစ်၏။ အပ၌လည်း နိမိတ်အားလုံးတို့မှ လွတ် မြောက်ပြီးဖြစ်၏။ (သမ္မာသမာဓိ) ဝိမုတ္တိသည် (နိဗ္ဗာန်) ဝိမုတ္တိလျှင် အာရုံရှိ၏။ (နိဗ္ဗာန်) ဝိမုတ္တိလျှင် ကျက်စားရာရှိ၏။ (နိဗ္ဗာန်) ဝိမုတ္တိ၌ ကောင်းစွာဖြစ်၏။ (ဖြစ်သည်၏အစွမ်းဖြင့်) နိဗ္ဗာန်ဝိမုတ္တိ၌ တည်၏။ (မဆုတ်နစ်သည်၏အစွမ်းဖြင့်) နိဗ္ဗာန်ဝိမုတ္တိ၌ တည်၏။ပ။

အရဟတ္တဖိုလ်ခဏ၌ မြင်ခြင်းသဘောအားဖြင့် သမ္မာဒိဋ္ဌိသည်။ပ။ မပျံ့လွင့်ခြင်းသဘောအားဖြင့် သမ္မာသမာဓိသည် ရူပရာဂ၊ အရူပရာဂ၊ မာန၊ ဥဒ္ဓစ္စ၊ အဝိဇ္ဇာ၊ မာနာနုသယ၊ ဘဝရာဂါနုသယ၊ အဝိဇ္ဇာနုသယမှ လွတ်မြောက်ပြီးဖြစ်၏။ ထိုသို့လိုက်၍ဖြစ်ကုန်သော ကိလေသာတို့မှလည်းကောင်း၊ ခန္ဓာတို့မှ လည်းကောင်း လွတ်မြောက်ပြီးဖြစ်၏။ အပ၌လည်း နိမိတ်အားလုံးတို့မှ လွတ်မြောက်ပြီးဖြစ်၏။ (သမ္မာ သမာဓိ) ဝိမုတ္တိသည် (နိဗ္ဗာန်) ဝိမုတ္တိလျှင် အာရုံရှိ၏။ (နိဗ္ဗာန်) ဝိမုတ္တိလျှင် ကျက်စားရာရှိ၏။ (နိဗ္ဗာန်) ဝိမုတ္တိ၌ ကောင်းစွာ ဖြစ်၏။ (ဖြစ်သည်၏ အစွမ်းဖြင့်) နိဗ္ဗာန်ဝိမုတ္တိ၌ တည်၏။ (မဆုတ်နစ်သည်၏ အစွမ်းဖြင့်) နိဗ္ဗာန်ဝိမုတ္တိ၌ တည်၏။

ဝိမုတ္တိဟူရာ၌ ဝိမုတ္တိတို့သည်နှစ်ပါးတို့တည်း။ နိဗ္ဗာန်သည်လည်း ဝိမုတ္တိမည်၏။ နိဗ္ဗာန်အာရုံရှိ သည်၏ အဖြစ်ဖြင့် ဖြစ်ကုန်သော တရားအားလုံးတို့သည်လည်း လွတ်မြောက်ပြီး ဖြစ်ကုန်သောကြောင့် ဝိမုတ္တိဖိုလ်မည်၏၊ ဖိုလ်တည်း။

မြင်ခြင်းဝိမုတ္တိသည် သမ္မာဒိဋ္ဌိတည်း။ပ။ မပျံ့လွင့်ခြင်းဝိမုတ္တိသည် သမ္မာသမာဓိတည်း။ ထင်ခြင်း ဝိမုတ္တိသည် သတိသမ္ဗောဇ္ဈင်တည်း။ပ။ ဆင်ခြင်ခြင်းဝိမုတ္တိသည် ဥပေက္ခာသမ္ဗောဇ္ဈင်တည်း။ သဒ္ဓါမရှိခြင်း ကြောင့် မတုန်လှုပ်စေနိုင်ခြင်းဝိမုတ္တိသည် သဒ္ဓါဗိုလ်။ပ။ အဝိဇ္ဇာကြောင့် မတုန်လှုပ်စေနိုင်ခြင်းဝိမုတ္တိသည် ပညာဗိုလ်။ ဆုံးဖြတ်ခြင်း ဝိမုတ္တိသည် သဒ္ဓိန္ဒြေ။ပ။ မြင်ခြင်းဝိမုတ္တိသည် ပညိန္ဒြေတည်း။

အစိုးရသည်၏အဖြစ်တည်းဟူသော သဘောအားဖြင့် ဣန္ဒြေတို့သည် ဝိမုတ္တိ၊ မတုန်လှုပ်စေနိုင်ခြင်း သဘောအားဖြင့် ဗိုလ်တို့သည် ဝိမုတ္တိ၊ ထွက်မြောက်ခြင်းသဘောအားဖြင့် ဗောဇ္ဈင်တို့သည် ဝိမုတ္တိ၊ (သမ္ပာပက) ဟိတ်သဘောအားဖြင့် မဂ်သည် ဝိမုတ္တိ၊ ထင်ခြင်းသဘောအားဖြင့် သတိပဋ္ဌာန်တို့သည် ဝိမုတ္တိ၊ အားထုတ်ခြင်းသဘောအားဖြင့် သမ္မပ္ပဓာန်တို့သည် ဝိမုတ္တိ၊ ပြည့်စုံ (ပြီးစီး)ခြင်းသဘောအားဖြင့် ဣဒ္ဓိပါဒ် တို့သည် ဝိမုတ္တိ၊ဟုတ်မှန်ခြင်း သဘောအားဖြင့် သစ္စာဉာဏ်တို့သည် ဝိမုတ္တိ၊ မပျံ့လွင့်ခြင်းသဘော အားဖြင့် သမထသည် ဝိမုတ္တိ၊ အဖန်ဖန်ရှုမြင်ခြင်းသဘောအားဖြင့် ဝိပဿနာသည် ဝိမုတ္တိ၊ တစ်ခုတည်း သော ကိစ္စရသသဘောအားဖြင့် သမထဝိပဿနာတို့သည် ဝိမုတ္တိ၊ လွန်၍မဖြစ်ခြင်းသဘောအားဖြင့် အစုံ တွဲခြင်း ‘ယုဂနဒ္ဓ’ သည် ဝိမုတ္တိ၊ စောင့်စည်းခြင်းသဘောအားဖြင့် သီလဝိသုဒ္ဓိသည် ဝိမုတ္တိ၊ မပျံ့လွင့်ခြင်း သဘောအားဖြင့် စိတ္တဝိသုဒ္ဓိသည် ဝိမုတ္တိ၊ မြင်ခြင်းသဘောအားဖြင့် ဒိဋ္ဌိဝိသုဒ္ဓိသည် ဝိမုတ္တိ၊ လွတ်မြောက်ခြင်းသဘောအားဖြင့် ဝိမောက္ခသည် ဝိမုတ္တိ၊ ထိုးထွင်း၍ သိခြင်းသဘောအားဖြင့် ဝိဇ္ဇာသည် ဝိမုတ္တိ၊ စွန့်လွှတ်ခြင်းသဘောအားဖြင့် ဝိမုတ္တိသည် ဝိမုတ္တိ၊ တစ်ဖန်ငြိမ်းခြင်းသဘောအားဖြင့် အနုပ္ပါဒဉာဏ်သည် ဝိမုတ္တိ၊ ဆန္ဒသည် အရင်းအမြစ်သဘောအားဖြင့် ဝိမုတ္တိ၊ မနသိကာရသည် ကောင်းစွာဖြစ်စေခြင်းသဘော အားဖြင့် ဝိမုတ္တိ၊ ဖဿသည် ပေါင်းဆုံခြင်းသဘောအားဖြင့် ဝိမုတ္တိ၊ ဝေဒနာသည် စုဝေးခြင်းသဘော အားဖြင့် ဝိမုတ္တိ၊ သမာဓိသည် အမှူးသဘောအားဖြင့် ဝိမုတ္တိ၊ သတိသည် အစိုးရခြင်းသဘောအားဖြင့် ဝိမုတ္တိ၊ ပညာသည် ထို့ထက် လွန်မြတ်ခြင်းသဘောအားဖြင့် ဝိမုတ္တိ၊ ဝိမုတ္တိသည် အနှစ်သာရသဘော အားဖြင့် ဝိမုတ္တိ၊ သေခြင်းမရှိရာသို့ သက်ဝင်ရာ နိဗ္ဗာန်သည် ပြီးဆုံးခြင်းသဘောအားဖြင့် ဝိမုတ္တိတည်း။ ဤသို့ ဝိမုတ္တိသည် ဖိုလ်တည်း။ ဤသို့ ဝိရာဂသည် မဂ်မည်၏။ ဝိမုတ္တိသည် ဖိုလ်မည်၏ဟု (ဟော တော်မူ၏)။

ဝိရာဂကထာ ပြီး၏။

--

၆-ပဋိသမ္ဘိဒါကထာ

၁-ဓမ္မစက္ကပဝတ္တနဝါရ

၃၀။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဗာရာဏသီ ပြည် ဣသိပတန မိဂဒါဝုန်တော၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ပဉ္စဝဂ္ဂီရဟန်း တို့ကို သိစေတော်မူ၏။

ရဟန်းတို့ ရဟန်းဖြစ်သူသည် ဤအစွန်းနှစ်ပါး ‘အဖို့နှစ်ပါး’ တို့ကို မမှီဝဲအပ်ကုန်။ အဘယ်နှစ်ပါး တို့နည်းဟူမူ- ယုတ်ညံ့၍ ရွာသူတို့၏ အကျင့်ဖြစ်သော (အန္ဓဗာလ) ပုထုဇဉ်တို့၏ အလေ့အကျင့်သာဖြစ်၍ အရိယာတို့၏ အကျင့်မဟုတ်သော အကျိုးစီးပွားနှင့် မစပ်ယှဉ်သော ကာမဂုဏ်တို့၌ ကာမဂုဏ်ချမ်းသာကို ကပ်ငြိသောအားဖြင့် အဖန်တလဲလဲ လိုက်စားအားထုတ်ခြင်းလည်းကောင်း၊ ကိုယ်စိတ်၏ ဆင်းရဲခြင်းကို ဖြစ်စေတတ်သော အရိယာတို့၏ အကျင့်မဟုတ်သော အကျိုးစီးပွားနှင့် မစပ်ယှဉ်သော ကိုယ်ပင်ပန်းမှုကို အားထုတ်ခြင်းလည်းကောင်း ဤနှစ်ပါးတို့တည်း။

ရဟန်းတို့ ဤအစွန်း ‘အဖို့'နှစ်ပါးတို့သို့ မကပ်ရောက်မူ၍ ငါဘုရားသည် အထူးသဖြင့် သိတော်မူအပ်သော၊ ပညာမျက်စိကို ပြုတတ်သော၊ ဉာဏ်အမြင်ကို ပြုတတ်သော၊ အလယ်အလတ်ဖြစ်သော အကျင့်သည် ကိလေသာငြိမ်းရန် အလို့ငှါ ဖြစ်၏။ ထူးသောဉာဏ်ဖြင့် သိရန်အလို့ငှါ ဖြစ်၏။ (သစ္စာ လေးပါးကို) သိရန် အလို့ငှါ ဖြစ်၏။ နိဗ္ဗာန်ကို မျက်မှောက်ပြုရန် အလို့ငှါ ဖြစ်၏။

ရဟန်းတို့ ငါဘုရားသည် အထူးသဖြင့် သိတော်မူအပ်သော၊ ပညာမျက်စိကို ပြုတတ်သော၊ ဉာဏ် အမြင်ကို ပြုတတ်သော၊ ကိလေသာငြိမ်းခြင်း, ထူးသောဉာဏ်ဖြင့် သိခြင်း, သစ္စာလေးပါးကို သိခြင်း,့နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်းငှါ ဖြစ်သော၊ ထိုအလယ်အလတ်ဖြစ်သော အကျင့်သည် အဘယ်နည်း။

အင်္ဂါရှစ်ပါးရှိသော အရိယမဂ်ပင်တည်း။

အင်္ဂါရှစ်ပါးရှိသော အရိယမဂ်ဟူသည် အဘယ်နည်း။

မှန်စွာသိမြင်ခြင်း ‘သမ္မာဒိဋ္ဌိ’။ပ။ မှန်စွာတည်ကြည်ခြင်း ‘သမ္မာသမာဓိ’၊ ဤသည်တို့တည်း။

ရဟန်းတို့ ငါဘုရားသည် အထူးသဖြင့်သိတော်မူအပ်သော၊ ပညာမျက်စိကို ပြုတတ်သော၊ ဉာဏ် အမြင်ကို ပြုတတ်သော၊ ကိလေသာငြိမ်းရန်အလို့ငှါ ဖြစ်သော၊ ထူးသောဉာဏ်ဖြင့် သိရန်အလို့ငှါ ဖြစ်သော၊ (သစ္စာလေးပါးကို) သိရန်အလို့ငှါ ဖြစ်သော၊ နိဗ္ဗာန်ကို မျက်မှောက်ပြုရန်အလို့ငှါ ဖြစ်သော၊ ထိုအလယ်အလတ်ဖြစ်သော မြတ်သော အကျင့်ဟူသည် ဤမဂ်အကျင့်ပင်တည်း။

--

ရဟန်းတို့ ဤသည်ကား ဆင်းရဲဖြစ်သော အရိယာတို့၏ အမှန်တရား ‘ဒုက္ခအရိယသစ္စာ’ ပေတည်း။ ပဋိသန္ဓေတည်နေရခြင်းသည်လည်း ဆင်းရဲ၏။ အိုရခြင်းသည်လည်း ဆင်းရဲ၏။ နာရခြင်းသည်လည်း ဆင်းရဲ၏။ သေရခြင်းသည်လည်း ဆင်းရဲ၏။ မချစ်သောသူတို့နှင့် အတူနေရခြင်းသည်လည်း ဆင်းရဲ၏။ ချစ်သောသူတို့နှင့် ကွေကွင်းရခြင်းသည်လည်း ဆင်းရဲ၏။ လိုချင်ရာကို မရခြင်းသည်လည်း ဆင်းရဲ၏။ အကျဉ်းအားဖြင့် စွဲလမ်းရာ အာရုံဖြစ်သော ခန္ဓာငါးပါးတို့သည် ဆင်းရဲကုန်၏။

ရဟန်းတို့ ဤသည်ကား ဆင်းရဲ၏ အကြောင်းဖြစ်သော အရိယာတို့၏ အမှန်တရား ‘သမုဒယ အရိယသစ္စာ’ ပေတည်း။ အကြင်တဏှာသည် ဘဝသစ်၌ ဖြစ်စေတတ်၏။ နှစ်သက်ခြင်း၊ တပ်မက်ခြင်းနှင့် တကွဖြစ်၏။ ထိုထိုအာရုံ၌ လွန်စွာနှစ်သက်တတ်၏။ ဤတပ်မက်မှု တဏှာဟူသည် အဘယ်နည်း။ ကာမဘုံတို့၌ တပ်မက်မှုတဏှာ ‘ကာမတဏှာ’၊ တည်မြဲ၏ဟု ယူသော သဿတဒိဋ္ဌိနှင့် တကွဖြစ်သော တပ်မက်မှုတဏှာ ‘ဘဝတဏှာ’၊ သေလျှင်ပြတ်စဲ၏ဟု ယူသော ဥစ္ဆေဒဒိဋ္ဌိနှင့် တကွဖြစ်သော တပ်မက်မှု တဏှာ ‘ဝိဘဝတဏှာ’ တို့တည်း။

ရဟန်းတို့ ဤသည်ကား ဆင်းရဲ၏ ချုပ်ရာဖြစ်သော အရိယာတို့၏ အမှန်တရား ‘နိရောဓအရိယ သစ္စာ’ ပေတည်း။ ထိုတပ်မက်မှုတဏှာ၏သာလျှင် အကြွင်းမဲ့ စွဲမက်မှု ကင်းပျောက် ချုပ်ငြိမ်းရာ၊ စွန့်လွှတ်ရာ၊ တစ်ဖန် စွန့်ပယ်ရာ၊ လွတ်မြောက်ရာ၊ မကပ်ငြိရာပင် ဖြစ်၏။

ရဟန်းတို့ ဤသည်ကား ဆင်းရဲ၏ချုပ်ရာ နိဗ္ဗာန်သို့ရောက်ကြောင်းအကျင့်ဖြစ်သော အရိယာတို့၏ အမှန်တရား ‘မဂ္ဂအရိယသစ္စာ’ ပေတည်း။ ဤအရိယမဂ်သည် အင်္ဂါရှစ်ပါးရှိ၏။ အင်္ဂါရှစ်ပါးဟူသော်ကား-

မှန်စွာသိမြင်ခြင်း ‘သမ္မာဒိဋ္ဌိ’။ပ။ မှန်စွာတည်ကြည်ခြင်း ‘သမ္မာသမာဓိ’ တို့တည်း။

--

ဒုက္ခသစ္စာ၌ ဉာဏ်သုံးပါး

ရဟန်းတို့ “ဤတရားသည် ဆင်းရဲဖြစ်သော အရိယာတို့၏ အမှန်တရား ‘ဒုက္ခအရိယသစ္စာ’ မည်၏”ဟု (ဘုရားမဖြစ်မီ) ရှေးအဖို့က မကြားဖူးကုန်သော (ဒုက္ခသစ္စာ) တရားတို့၌ ငါဘုရား၏ (ပညာ) မျက်စိသည် ထင်ရှား ဖြစ်၏။ အသိဉာဏ်သည် ထင်ရှားဖြစ်၏။ အပြားအားဖြင့် သိတတ်သော ဉာဏ် ‘ပညာ’ သည် ထင်ရှားဖြစ်၏။ ထိုးထွင်း၍ သိတတ်သောဉာဏ် ‘ဝိဇ္ဇာ’ သည် ထင်ရှားဖြစ်၏။ ဉာဏ်အလင်း ရောင်သည် ထင်ရှားဖြစ်၏။

ရဟန်းတို့ ငါဘုရားသည် “ထိုဆင်းရဲဖြစ်သော အရိယာတို့၏ အမှန်တရား ‘ဒုက္ခအရိယသစ္စာ’ ကို စင်စစ် ပိုင်းခြား၍ သိထိုက်၏”ဟု။ပ။

ရဟန်းတို့ ငါဘုရားသည် “ထိုဆင်းရဲဖြစ်သော ဤအရိယာတို့၏ အမှန်တရား ‘ဒုက္ခအရိယသစ္စာ’ ကို ပိုင်းခြား၍ သိခဲ့ပြီ”ဟု (ဘုရားမဖြစ်မီ) ရှေးအဖို့က မကြားဖူးကုန်သော ဒုက္ခသစ္စာတရားတို့၌ (ပညာ) မျက်စိသည် ထင်ရှားဖြစ်၏။ အသိဉာဏ်သည် ထင်ရှားဖြစ်၏။ အပြားအားဖြင့် သိတတ်သော ဉာဏ် ‘ပညာ’ သည် ထင်ရှားဖြစ်၏။ ထိုးထွင်း၍ သိတတ်သောဉာဏ် ‘ဝိဇ္ဇာ’ သည် ထင်ရှားဖြစ်၏။ ဉာဏ်အလင်းရောင် သည် ထင်ရှားဖြစ်၏။

သမုဒယသစ္စာ၌ ဉာဏ်သုံးပါး

ရဟန်းတို့ “ဤတရားသည် ဆင်းရဲခြင်း၏ အကြောင်းဖြစ်သော အရိယာတို့၏ အမှန်တရား ‘သမုဒယအရိယသစ္စာ’ မည်၏”ဟု (ဘုရားမဖြစ်မီ) ရှေးအဖို့က မကြားဖူးကုန်သော (သမုဒယသစ္စာ) တရားတို့၌ ငါဘုရား၏ (ပညာ) မျက်စိသည် ထင်ရှားဖြစ်၏။ အသိဉာဏ်သည် ထင်ရှားဖြစ်၏။ အပြား အားဖြင့် သိတတ်သော ဉာဏ် ‘ပညာ’ သည် ထင်ရှားဖြစ်၏။ ထိုးထွင်း၍ သိတတ်သောဉာဏ် ‘ဝိဇ္ဇာ’ သည် ထင်ရှားဖြစ်၏။ ဉာဏ်အလင်းရောင်သည် ထင်ရှားဖြစ်၏။

ရဟန်းတို့ ငါဘုရားသည် “ထိုဆင်းရဲခြင်း၏ အကြောင်းဖြစ်သော ဤအရိယာတို့၏ အမှန်တရား ‘သမုဒယ အရိယသစ္စာ’ ကို ပယ်အပ်၏”ဟု။ပ။

ရဟန်းတို့ ငါဘုရားသည် “ထိုဆင်းရဲခြင်း၏ အကြောင်းဖြစ်သော ဤအရိယာတို့၏ အမှန်တရား ‘သမုဒယအရိယသစ္စာ’ ကို ပယ်ပြီးပြီ”ဟု (ဘုရားမဖြစ်မီ) ရှေးအဖို့က မကြားဖူးကုန်သော သမုဒယသစ္စာ တရားတို့၌ ငါဘုရား၏ (ပညာ) မျက်စိသည် ထင်ရှားဖြစ်၏။ အသိဉာဏ်သည် ထင်ရှားဖြစ်၏။ အပြား အားဖြင့် သိတတ်သော ဉာဏ် ‘ပညာ’ သည် ထင်ရှားဖြစ်၏။ ထိုးထွင်း၍ သိတတ်သောဉာဏ် ‘ဝိဇ္ဇာ’ သည် ထင်ရှားဖြစ်၏။ ဉာဏ်အလင်းရောင်သည် ထင်ရှားဖြစ်၏။

--

နိရောဓသစ္စာ၌ ဉာဏ်သုံးပါး

ရဟန်းတို့ “ဤနိဗ္ဗာန်သည် ဆင်းရဲခြင်း၏ ချုပ်ရာဖြစ်သော အရိယာတို့၏ အမှန်တရား ‘နိရောဓ အရိယသစ္စာ’ မည်၏”ဟု (ဘုရားမဖြစ်မီ) ရှေးအဖို့က မကြားဖူးကုန်သော နိရောဓသစ္စာတရားတို့၌ ငါ ဘုရား၏ (ပညာ) မျက်စိသည် ထင်ရှားဖြစ်၏။ အသိဉာဏ်သည် ထင်ရှားဖြစ်၏။ အပြားအားဖြင့် သိတတ် သော ဉာဏ် ‘ပညာ’ သည် ထင်ရှားဖြစ်၏။ ထိုးထွင်း၍ သိတတ်သောဉာဏ် ‘ဝိဇ္ဇာ’ သည် ထင်ရှားဖြစ်၏။ ဉာဏ်အလင်းရောင်သည် ထင်ရှားဖြစ်၏။

ရဟန်းတို့ ငါဘုရားသည် “ထိုဆင်းရဲခြင်း၏ ချုပ်ရာဖြစ်သော ဤအရိယာတို့၏ အမှန်တရား ‘နိရောဓအရိယသစ္စာ’ ကို မျက်မှောက်ပြုအပ်၏”ဟု။ပ။

ရဟန်းတို့ ငါဘုရားသည် “ထိုဆင်းရဲခြင်း၏ချုပ်ရာဖြစ်သော ဤအရိယာတို့၏ အမှန်တရား ‘နိရောဓ အရိယသစ္စာ’ ကို မျက်မှောက်ပြုခဲ့ပြီးပြီ”ဟု (ဘုရားမဖြစ်မီ) ရှေးအဖို့က မကြားဖူးကုန်သော နိရောဓ သစ္စာတရားတို့၌ ငါဘုရား၏ (ပညာ) မျက်စိသည် ထင်ရှားဖြစ်၏။ အသိဉာဏ်သည် ထင်ရှားဖြစ်၏။ အပြားအားဖြင့် သိတတ်သော ဉာဏ် ‘ပညာ’ သည် ထင်ရှားဖြစ်၏။ ထိုးထွင်း၍ သိတတ်သောဉာဏ် ‘ဝိဇ္ဇာ’ သည် ထင်ရှားဖြစ်၏။ ဉာဏ်အလင်းရောင်သည် ထင်ရှားဖြစ်၏။

မဂ္ဂသစ္စာ၌ ဉာဏ်သုံးပါး

ရဟန်းတို့ “ဤတရားသည် ဆင်းရဲခြင်း၏ ချုပ်ရာ နိဗ္ဗာန်သို့ရောက်ကြောင်းအကျင့်ဖြစ်သော အရိယာတို့၏ အမှန်တရား ‘မဂ္ဂအရိယသစ္စာ’ မည်၏”ဟု (ဘုရားမဖြစ်မီ) ရှေးအဖို့က မကြားဖူးကုန်သော မဂ္ဂသစ္စာတရားတို့၌ ငါဘုရား၏ (ပညာ) မျက်စိသည် ထင်ရှားဖြစ်၏။ အသိဉာဏ်သည် ထင်ရှားဖြစ်၏။ အပြားအားဖြင့် သိတတ်သော ဉာဏ် ‘ပညာ’ သည် ထင်ရှားဖြစ်၏။ ထိုးထွင်း၍ သိတတ်သောဉာဏ် ‘ဝိဇ္ဇာ’ သည် ထင်ရှားဖြစ်၏။ ဉာဏ်အလင်းရောင်သည် ထင်ရှားဖြစ်၏။

ရဟန်းတို့ ငါဘုရားသည် “ထိုဆင်းရဲခြင်း၏ ချုပ်ရာ နိဗ္ဗာန်သို့ရောက်ကြောင်းအကျင့်ဖြစ်သော ဤ အရိယာတို့၏ အမှန်တရား ‘မဂ္ဂအရိယသစ္စာ’ ကို ပွားများအပ်၏”ဟု။ပ။

ရဟန်းတို့ ငါဘုရားသည် “ဆင်းရဲခြင်း၏ ချုပ်ရာ နိဗ္ဗာန်သို့ရောက်ကြောင်းအကျင့်ဖြစ်သော ဤ အရိယာတို့၏ အမှန်တရား ‘မဂ္ဂသစ္စာ’ ကို ပွားများပြီးပြီ”ဟု (ဘုရားမဖြစ်မီ) ရှေးအဖို့က မကြားဖူးကုန် သော မဂ္ဂသစ္စာတရားတို့၌ ငါဘုရား၏ (ပညာ) မျက်စိသည် ထင်ရှားဖြစ်၏။ အသိဉာဏ်သည် ထင်ရှား ဖြစ်၏။ အပြားအားဖြင့် သိတတ်သော ဉာဏ် ‘ပညာ’ သည် ထင်ရှားဖြစ်၏။ ထိုးထွင်း၍ သိတတ်သော ဉာဏ် ‘ဝိဇ္ဇာ’ သည် ထင်ရှားဖြစ်၏။ ဉာဏ်အလင်းရောင်သည် ထင်ရှားဖြစ်၏။

--

သစ္စာလေးပါး မသိသေးသမျှ ဘုရားဟု ဝန်မခံ

ရဟန်းတို့ ဤအရိယာတို့၏ အမှန်တရားလေးပါးတို့၌ ဤသုံးပါးသောအပြန်၁ တစ်ဆယ့်နှစ်ပါးသော အခြင်းအရာ၂ ရှိသော မှန်ကုန်သော ငါဘုရား၏ ဉာဏ်အမြင် မစင်ကြယ်သေးသမျှ ကာလပတ်လုံး ငါဘုရား သည် နတ်, မာရ်နတ်, ဗြဟ္မာတို့နှင့် တကွသော နတ်လောကနှင့် သမဏ, ဗြာဟ္မဏ, မင်းများ, လူများနှင့်တကွသော လူလောက၌ “အတုမရှိသော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိသော အရဟတ္တမဂ်ဉာဏ်ကို သိပြီ”ဟူ၍ ဝန်မခံခဲ့ချေ။

၁။ သစ္စဉာဏ်၊ ကိစ္စဉာဏ်၊ ကတဉာဏ်၊ ဤဉာဏ်သုံးပါးတည်း။

၂။ ယင်းဉာဏ်သုံးပါးကို သစ္စာလေးပါးဖြင့် မြှောက်၊ ၃*၄= ၁၂။

ဘုရားဟု ဝန်ခံချိန်

ရဟန်းတို့ ဤအရိယာတို့၏ အမှန်တရားလေးပါးတို့၌ ဤသို့ သုံးပါးသော အပြန်, တစ်ဆယ့်နှစ်ပါးသော အခြင်းအရာရှိသော မှန်ကန်သော ငါဘုရား၏ ဉာဏ်အမြင် စင်ကြယ်လာသော အခါ၌သာလျှင် ငါဘုရားသည် နတ်, မာရ်နတ်, ဗြဟ္မာတို့နှင့်တကွသော နတ်လောကနှင့် သမဏ, ဗြာဟ္မဏ, မင်းများ, လူများနှင့်တကွသော ဤလူလောက၌ “အတုမရှိသော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိသော အရဟတ္တမဂ်ဉာဏ်ကို သိပြီ”ဟူ၍ ဝန်ခံခဲ့၏။ ငါ၏ ကိလေသာတို့မှ လွတ်မြောက်မှုသည် မပျက် စီးနိုင်ပြီ။ ဤကား အဆုံးစွန်သော ဘဝတည်း။ ယခုအခါ တစ်ဖန် ဘဝအသစ်၌ ဖြစ်မရှိတော့ပြီဟု ငါ့အား ဉာဏ်အမြင် ‘ပစ္စဝေက္ခဏာဉာဏ်’ သည်လည်း ထင်ရှားဖြစ်ပေါ်လာပြီဟု (မိန့်တော်မူ၏)။

မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏။ ပဉ္စဝဂ္ဂီရဟန်းတို့သည်နှစ်လိုကုန်သည်ဖြစ်၍ မြတ်စွာဘုရား၏ စကားတော်ကို ဝမ်းမြောက်စွာ ခံယူကြလေကုန်သတည်း။

ဤစကားပြေဒေသနာတော်ကို ဟောကြားတော်မူလတ်သော် အသျှင်ကောဏ္ဍညအား “ဖြစ်ခြင်း သဘောရှိသော တရားအလုံးစုံသည် ချုပ်ခြင်းသဘောရှိ၏”ဟု (ကိလေသာ) မြူ အညစ်အကြေးကင်းသော တရားမျက်စိ ‘သောတာပတ္တိမဂ်ဉာဏ်’ သည် ဖြစ်ပေါ်လာ၏။

--

နတ်ဗြဟ္မာတို့ ကြွေးကြော်ကြခြင်း

မြတ်စွာဘုရားသည် ဓမ္မစကြာတရားကို ဟောတော်မူလတ်သော် “ဗာရာဏသီပြည် ဣသိပတန မိဂဒါဝုန်တောဝယ် လောက၌ ရဟန်း၊ ပုဏ္ဏား၊ နတ်၊ မာရ်၊ ဗြဟ္မာ၊ တစ်စုံတစ်ယောက်မျှ မဟောနိုင် သော အတုမရှိသော ဤဓမ္မစကြာတရားတော်ကို မြတ်စွာဘုရားဟောတော်မူအပ်ပြီ”ဟု ဘုမ္မစိုးနတ်တို့ သည် ကောင်းချီးပေးသံကို အဆင့်ဆင့်ကြွေးကြော်ကြကုန်၏။

ဘုမ္မစိုးနတ်တို့၏ ကောင်းချီးပေးသံကို ကြား၍ စာတုမဟာရာဇ်နတ်တို့သည် ကောင်းချီးပေးသံကို အဆင့်ဆင့်ကြွေးကြော်ကြကုန်၏။

စာတုမဟာရာဇ်နတ်တို့၏ ကောင်းချီးပေးသံကို ကြား၍ တာဝတိံသာနတ်။ပ။ ယာမာနတ်။ပ။ တုသိတာနတ်။ပ။ နိမ္မာနရတိနတ်။ပ။ ပရနိမ္မိတဝသဝတ္တီနတ်။ပ။ ဗြဟ္မာ့ပြည်၌ဖြစ်သော ဗြဟ္မာတို့သည် “ဗာရာဏသီပြည် ဣသိပတနမိဂဒါဝုန်တောဝယ် လောက၌ ရဟန်း၊ ပုဏ္ဏား၊ နတ်၊ မာရ်၊ ဗြဟ္မာ၊ တစ်စုံတစ်ယောက်မျှ မဟောနိုင်သော အတုမရှိသော ဤဓမ္မစကြာတရားတော်ကို မြတ်စွာဘုရားဟောတော်မူအပ်ပြီ”ဟု ကောင်းချီးပေးသံကို အဆင့်ဆင့် ကြွေးကြော်ကြကုန်၏။

ဤသို့လျှင် ထိုအချိန် ထိုအခါကာလတွင် (အကနိဋ္ဌ) ဗြဟ္မာ့ပြည်တိုင်အောင် ကျော်စောသံသည် ပျံ့နှံ့၍ တက်၏။

ဤတစ်သောင်းသော လောကဓာတ်သည်လည်း တုန်လှုပ်၏။ ပြင်းစွာတုန်လှုပ်၏။ ထက်ဝန်းကျင် တုန်လှုပ်၏။ အတိုင်းအရှည်မရှိ ကြီးမားသော အရောင်အလင်းသည်လည်း လောက၌ နတ်တို့၏ အာနု ဘော်ကို ကျော်လွန်၍ ထင်ရှားဖြစ်ပေါ်၏။

ထိုအခါ မြတ်စွာဘုရားသည် “ရဟန်းတို့ ကောဏ္ဍညသည် သစ္စာလေးပါးတရားကို သိလေပြီတ ကား၊ ရဟန်းတို့ ကောဏ္ဍညသည် သစ္စာလေးပါးတရားကို သိလေပြီတကား”ဟု ဤဥဒါန်းကို ကျူးရင့် တော်မူ၏။

ဤသို့ ဥဒါန်းကျူးရင့်တော်မူသောကြောင့် အသျှင်ကောဏ္ဍညအား “အညာသိကောဏ္ဍည”ဟူ၍သာ လျှင် အမည်တွင်၏။

(က) “ဤကား ဒုက္ခအရိယသစ္စာတည်း”ဟု (ဘုရားမဖြစ်မီ) ရှေးအဖို့က မကြားဖူးကုန်သော တရားတို့၌ ပညာမျက်စိသည် ထင်ရှားဖြစ်၏။ အသိဉာဏ်သည် ထင်ရှားဖြစ်၏။ အပြားအားဖြင့် သိတတ် သော ဉာဏ် ‘ပညာ'သည် ထင်ရှားဖြစ်၏။ ထိုးထွင်း၍ သိတတ်သောဉာဏ် ‘ဝိဇ္ဇာ’ သည် ထင်ရှားဖြစ်၏။ အလင်းရောင်သည် ထင်ရှား ဖြစ်၏။

ပညာမျက်စိသည် ထင်ရှားဖြစ်၏ဟူသည် အဘယ်သဘောအားဖြင့် ဖြစ်သနည်း။ အသိဉာဏ်သည် ထင်ရှားဖြစ်၏ဟူသည် အဘယ်သဘောအားဖြင့် ဖြစ်သနည်း။ အပြားအားဖြင့် သိတတ်သော ဉာဏ် ‘ပညာ’ သည် ထင်ရှားဖြစ်၏ဟူသည် အဘယ်သဘောအားဖြင့် ဖြစ်သနည်း။ ထိုးထွင်း၍ သိတတ်သော ဉာဏ်'ဝိဇ္ဇာ’ သည် ထင်ရှားဖြစ်၏ဟူသည် အဘယ်သဘောအားဖြင့် ဖြစ်သနည်း။ အလင်းရောင်သည် ထင်ရှားဖြစ်၏ဟူသည် အဘယ်သဘောအားဖြင့် ဖြစ်သနည်း။

ပညာမျက်စိသည် ထင်ရှားဖြစ်၏ဟူသည် မြင်ခြင်းသဘောအားဖြင့်၊ အသိဉာဏ်သည် ထင်ရှားဖြစ်၏ဟူသည် သိခြင်းသဘောအားဖြင့်၊ အပြားအားဖြင့် သိတတ်သောဉာဏ် ‘ပညာ’ သည် ထင်ရှားဖြစ်၏ဟူသည် ခွဲခြား၍ သိခြင်းသဘောအားဖြင့်၊ ထိုးထွင်း၍ သိတတ်သောဉာဏ် ‘ဝိဇ္ဇာ’ သည် ထင်ရှားဖြစ်၏ဟူသည် ထိုးထွင်း၍ သိခြင်းသဘောအားဖြင့်၊ အလင်းရောင်သည် ထင်ရှားဖြစ်၏ဟူသည် အလင်းရောင်သဘော အားဖြင့် ဖြစ်၏။

--

ပညာမျက်စိသည် ဓမ္မတည်း။ အသိဉာဏ်သည် ဓမ္မတည်း။ အပြားအားဖြင့် သိတတ်သောဉာဏ် ‘ပညာ'သည် ဓမ္မတည်း။ ထိုးထွင်း၍ သိတတ်သောဉာဏ် ‘ဝိဇ္ဇာ’ သည် ဓမ္မတည်း။ အလင်းရောင်သည် ဓမ္မတည်း။ ဤဓမ္မငါးပါးတို့သည် ဓမ္မပဋိသမ္ဘိဒါ၏ အာရုံတို့လည်း ဖြစ်ကုန်၏။ ကျက်စားရာတို့လည်း ဖြစ်ကုန်၏။ ထိုဓမ္မပဋိသမ္ဘိဒါ၏ အာရုံတို့သည် ထိုဓမ္မပဋိသမ္ဘိဒါ၏ ကျက်စားရာတို့တည်း။ ထိုဓမ္မပဋိသမ္ဘိဒါ၏ ကျက်စားရာတို့သည် ထိုဓမ္မပဋိသမ္ဘိဒါ၏ အာရုံတို့တည်း။ ထို့ကြောင့် ဓမ္မတို့၌ သိသောဉာဏ်ကို ဓမ္မ ပဋိသမ္ဘိဒါဟု ဆိုအပ်၏။

မြင်ခြင်းသဘောသည် အတ္ထတည်း။ သိခြင်းသဘောသည် အတ္ထတည်း။ ခွဲခြား၍ သိခြင်းသဘော သည် အတ္ထတည်း။ ထိုးထွင်း၍ သိခြင်းသဘောသည် အတ္ထတည်း။ အလင်းရောင်သဘောသည် အတ္ထတည်း။ ဤအတ္ထငါးပါးတို့သည် အတ္ထပဋိသမ္ဘိဒါ၏ အာရုံတို့လည်း ဖြစ်ကုန်၏။ ကျက်စားရာတို့လည်း ဖြစ်ကုန်၏။ ထိုအတ္ထပဋိသမ္ဘိဒါ၏ အာရုံတို့သည် ထိုအတ္ထပဋိသမ္ဘိဒါ၏ ကျက်စားရာတို့တည်း။ ထိုအတ္ထ ပဋိသမ္ဘိဒါ၏ ကျက်စားရာတို့သည် ထိုအတ္ထပဋိသမ္ဘိဒါ၏ အာရုံတို့တည်း။ ထို့ကြောင့် အတ္ထတို့၌ သိသော ဉာဏ်ကို အတ္ထပဋိသမ္ဘိဒါဟု ဆိုအပ်၏။

ဓမ္မငါးပါးတို့ကို ကောင်းစွာပြရန် သဒ္ဒါကို ထုတ်ဆောင်ပြောဆိုခြင်းတို့သည်လည်းကောင်း၊ အတ္ထ ငါးပါးတို့ကို ကောင်းစွာပြရန် သဒ္ဒါကို ထုတ်ဆောင်ပြောဆိုခြင်းတို့သည်လည်းကောင်း ရှိကုန်၏။ ဤ ဆယ်ပါးသော နိရုတ္တိတို့သည် နိရုတ္တိပဋိသမ္ဘိဒါ၏ အာရုံတို့လည်း ဖြစ်ကုန်၏။ ကျက်စားရာတို့လည်း ဖြစ် ကုန်၏။ ထိုနိရုတ္တိ ပဋိသမ္ဘိဒါ၏ အာရုံတို့သည် ထိုနိရုတ္တိပဋိသမ္ဘိဒါ၏ ကျက်စားရာတို့တည်း။ ထိုနိရုတ္တိ ပဋိသမ္ဘိဒါ၏ ကျက်စားရာတို့သည် ထိုနိရုတ္တိပဋိသမ္ဘိဒါ၏ အာရုံတို့တည်း။ ထို့ကြောင့် နိရုတ္တိတို့၌ သိသော ဉာဏ်ကို နိရုတ္တိပဋိသမ္ဘိဒါဟု ဆိုအပ်၏။

ဓမ္မငါးပါးတို့၌ သိသောဉာဏ်၊ အတ္ထငါးပါးတို့၌ သိသောဉာဏ်၊ နိရုတ္တိဆယ်ပါးတို့၌ သိသောဉာဏ် ဤဉာဏ်နှစ်ဆယ်တို့သည် ပဋိဘာနပဋိသမ္ဘိဒါ၏ အာရုံတို့လည်း ဖြစ်ကုန်၏။ ကျက်စားရာတို့လည်း ဖြစ် ကုန်၏။ ထိုပဋိဘာနပဋိသမ္ဘိဒါ၏ အာရုံတို့သည် ထိုပဋိဘာနပဋိသမ္ဘိဒါ၏ ကျက်စားရာတို့တည်း။ ထို ပဋိဘာနပဋိသမ္ဘိဒါ၏ ကျက်စားရာတို့သည် ထိုပဋိဘာနပဋိသမ္ဘိဒါ၏ အာရုံတို့တည်း။ ထို့ကြောင့် ပဋိဘာန တို့၌ သိသောဉာဏ်ကို ပဋိဘာနပဋိသမ္ဘိဒါဟု ဆိုအပ်၏။

“ထိုဒုက္ခအရိယသစ္စာကို ပိုင်းခြား၍ သိအပ်၏”ဟု။ပ။ “ပိုင်းခြား၍ သိပြီးပြီ”ဟု (ဘုရားမဖြစ်မီ) ရှေးအဖို့က မကြားဖူးကုန်သော တရားတို့၌ ပညာမျက်စိသည် ထင်ရှားဖြစ်၏။ အသိဉာဏ်သည် ထင်ရှား ဖြစ်၏။ အပြားအားဖြင့် သိတတ်သောဉာဏ် ‘ပညာ'သည် ထင်ရှားဖြစ်၏။ ထိုးထွင်း၍ သိတတ်သော ဉာဏ် ‘ဝိဇ္ဇာ’ သည် ထင်ရှားဖြစ်၏။ အလင်းရောင်သည် ထင်ရှားဖြစ်၏။

ပညာမျက်စိသည် ထင်ရှားဖြစ်၏ဟူသည် အဘယ်သဘောအားဖြင့် ဖြစ်သနည်း။ အသိဉာဏ်သည် ထင်ရှားဖြစ်၏ဟူသည် အဘယ်သဘောအားဖြင့် ဖြစ်သနည်း။ အပြားအားဖြင့် သိတတ်သော ဉာဏ် ‘ပညာ’ သည် ထင်ရှား ဖြစ်၏ဟူသည် အဘယ်သဘောအားဖြင့် ဖြစ်သနည်း။ ထိုးထွင်း၍ သိတတ်သောဉာဏ် ‘ဝိဇ္ဇာ’ သည် ထင်ရှားဖြစ်၏ဟူသည် အဘယ်သဘောအားဖြင့် ဖြစ်သနည်း။ အလင်းရောင်သည် ထင်ရှား ဖြစ်၏ဟူသည် အဘယ်သဘောအားဖြင့် ဖြစ်သနည်း။

ပညာမျက်စိသည် ထင်ရှားဖြစ်၏ဟူသည် မြင်ခြင်းသဘောအားဖြင့်၊ အသိဉာဏ်သည် ထင်ရှားဖြစ်၏ဟူသည် သိခြင်းသဘောအားဖြင့်၊ အပြားအားဖြင့် သိတတ်သောဉာဏ် ‘ပညာ’ သည် ထင်ရှားဖြစ်၏ဟူသည် ခွဲခြား၍ သိခြင်းသဘောအားဖြင့်၊ ထိုးထွင်း၍ သိတတ်သောဉာဏ် ‘ဝိဇ္ဇာ’ သည် ထင်ရှားဖြစ်၏ဟူသည် ထိုးထွင်း၍ သိခြင်း သဘောအားဖြင့်၊ အလင်းရောင်သည် ထင်ရှားဖြစ်၏ဟူသည် အလင်းရောင်သဘော အားဖြင့် ဖြစ်၏။

--

ပညာမျက်စိသည် ဓမ္မတည်း။ အသိဉာဏ်သည် ဓမ္မတည်း။ အပြားအားဖြင့် သိတတ်သောဉာဏ် ‘ပညာ'သည် ဓမ္မတည်း။ ထိုးထွင်း၍ သိတတ်သောဉာဏ် ‘ဝိဇ္ဇာ’ သည် ဓမ္မတည်း။ အလင်းရောင်သည် ဓမ္မတည်း။ ဤဓမ္မငါးပါးတို့သည် ဓမ္မပဋိသမ္ဘိဒါ၏ အာရုံလည်း ဖြစ်ကုန်၏။ ကျက်စားရာလည်း ဖြစ်ကုန်၏။ ထိုဓမ္မပဋိသမ္ဘိဒါ၏ အာရုံတို့သည် ထိုဓမ္မပဋိသမ္ဘိဒါ၏ ကျက်စားရာတို့တည်း။ ထိုဓမ္မပဋိသမ္ဘိဒါ၏ ကျက်စားရာတို့သည် ထိုဓမ္မပဋိသမ္ဘိဒါ၏ အာရုံတို့တည်း။ ထို့ကြောင့် ဓမ္မတို့၌ သိသော ဉာဏ်ကို ဓမ္မ ပဋိသမ္ဘိဒါဟု ဆိုအပ်၏။

မြင်ခြင်းသဘောသည် အတ္ထတည်း။ သိခြင်းသဘောသည် အတ္ထတည်း။ ခွဲခြား၍ သိခြင်းသဘော သည် အတ္ထတည်း။ ထိုးထွင်း၍ သိခြင်းသဘောသည် အတ္ထတည်း။ အလင်းရောင်သဘောသည် အတ္ထတည်း။ ဤအတ္ထ ငါးပါးတို့သည် အတ္ထပဋိသမ္ဘိဒါ၏ အာရုံလည်း ဖြစ်ကုန်၏။ ကျက်စားရာလည်း ဖြစ်ကုန်၏။ ထိုအတ္ထပဋိသမ္ဘိဒါ၏ အာရုံတို့သည် ထိုအတ္ထပဋိသမ္ဘိဒါ၏ ကျက်စားရာတို့တည်း။ ထိုအတ္ထပဋိသမ္ဘိဒါ၏့ကျက်စားရာတို့သည် ထိုအတ္ထ ပဋိသမ္ဘိဒါ၏ အာရုံတို့တည်း။ ထို့ကြောင့် အတ္ထတို့၌ သိသောဉာဏ်ကို အတ္ထပဋိသမ္ဘိဒါဟု ဆိုအပ်၏။

ဓမ္မငါးပါးတို့ကို ကောင်းစွာပြရန် သဒ္ဒါကို ထုတ်ဆောင်ပြောဆိုခြင်းတို့သည်လည်းကောင်း၊ အတ ္ထငါးပါးတို့ကို ကောင်းစွာပြရန် သဒ္ဒါကို ထုတ်ဆောင်ပြောဆိုခြင်းတို့သည်လည်းကောင်း ရှိကုန်၏။ ဤ ဆယ်ပါးသော နိရုတ္တိတို့သည် နိရုတ္တိပဋိသမ္ဘိဒါ၏ အာရုံလည်း ဖြစ်ကုန်၏။ ကျက်စားရာလည်း ဖြစ်ကုန်၏။ ထိုနိရုတ္တိပဋိသမ္ဘိဒါ၏ အာရုံတို့သည် ထိုနိရုတ္တိပဋိသမ္ဘိဒါ၏ ကျက်စားရာတို့တည်း။ ထိုနိရုတ္တိပဋိသမ္ဘိဒါ၏ ကျက်စားရာတို့သည် ထိုနိရုတ္တိ ပဋိသမ္ဘိဒါ၏ အာရုံတို့တည်း။ ထို့ကြောင့် နိရုတ္တိတို့၌ သိသောဉာဏ်ကို နိရုတ္တိပဋိသမ္ဘိဒါဟု ဆိုအပ်၏။

ဓမ္မငါးပါးတို့၌ သိသောဉာဏ်၊ အတ္ထငါးပါးတို့၌ သိသောဉာဏ်၊ နိရုတ္တိဆယ်ပါးတို့၌ သိသောဉာဏ် ဤဉာဏ်နှစ်ဆယ်တို့သည် ပဋိဘာနပဋိသမ္ဘိဒါ၏ အာရုံလည်း ဖြစ်ကုန်၏။ ကျက်စားရာလည်း ဖြစ်ကုန်၏။

ထိုပဋိဘာနပဋိသမ္ဘိဒါ၏ အာရုံတို့သည် ထိုပဋိဘာနပဋိသမ္ဘိဒါ၏ ကျက်စားရာတို့တည်း။ ထိုပဋိဘာန ပဋိသမ္ဘိဒါ၏ ကျက်စားရာတို့သည် ထိုပဋိဘာနပဋိသမ္ဘိဒါ၏ အာရုံတို့တည်း။ ထို့ကြောင့် ပဋိဘာနတို့၌ သိသောဉာဏ်ကို ပဋိဘာနပဋိသမ္ဘိဒါဟု ဆိုအပ်၏။ ဒုက္ခအရိယသစ္စာ၌ ဓမ္မတစ်ဆယ့်ငါးပါး၁၊ အတ္ထ တစ်ဆယ့်ငါးပါး၂၊ နိရုတ္တိသုံးဆယ်၊ ဉာဏ်ခြောက်ဆယ်၃ တို့တည်း။

(ခ) “ဤကား ဒုက္ခသမုဒယအရိယသစ္စာတည်း”ဟု (ဘုရားမဖြစ်မီ) ရှေးအဖို့က မကြားဖူးကုန် သော သမုဒယသစ္စာတရားတို့၌ ပညာမျက်စိသည် ထင်ရှားဖြစ်၏။ပ။ အလင်းရောင်သည် ထင်ရှားဖြစ်၏။ “ထိုဒုက္ခသမုဒယအရိယသစ္စာကို ပယ်အပ်၏”ဟု။ပ။ “ပယ်ပြီးပြီ”ဟု (ဘုရားမဖြစ်မီ) ရှေးအဖို့က မကြားဖူးကုန်သော သမုဒယသစ္စာတရားတို့၌ ပညာမျက်စိသည် ထင်ရှားဖြစ်၏။ပ။ အလင်းရောင်သည် ထင်ရှားဖြစ်၏။ပ။

ဒုက္ခသမုဒယအရိယသစ္စာ၌ ဓမ္မတစ်ဆယ့်ငါးပါး၊ အတ္ထတစ်ဆယ့်ငါးပါး၊ နိရုတ္တိသုံးဆယ်၊ ဉာဏ် ခြောက်ဆယ်တို့တည်း။

(ဂ) “ဤကား ဒုက္ခနိရောဓအရိယသစ္စာတည်း”ဟု (ဘုရားမဖြစ်မီ) ရှေးအဖို့က မကြားဖူးကုန် သော နိရောဓသစ္စာတရားတို့၌ ပညာမျက်စိသည် ထင်ရှားဖြစ်၏။ပ။ အလင်းရောင်သည် ထင်ရှားဖြစ်၏။ “ထိုဒုက္ခနိရောဓအရိယသစ္စာကို မျက်မှောက်ပြုအပ်၏”ဟု။ပ။ “မျက်မှောက်ပြုပြီးပြီ”ဟု (ဘုရားမဖြစ်မီ) ရှေးအဖို့က မကြားဖူးကုန်သော နိရောဓသစ္စာတရားတို့၌ ပညာမျက်စိသည် ထင်ရှားဖြစ်၏။ပ။ အလင်း ရောင်သည် ထင်ရှားဖြစ်၏။ပ။

--

ဒုက္ခနိရောဓအရိယသစ္စာ၌ ဓမ္မတစ်ဆယ့်ငါးပါး၊ အတ္ထတစ်ဆယ့်ငါးပါး၊ နိရုတ္တိသုံးဆယ်၊ ဉာဏ် ခြောက်ဆယ်တို့တည်း။

(ဃ) “ဤကား ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ရောက်ကြောင်းအကျင့်ဖြစ်သော အရိယာတို့၏ အမှန် တရား ‘မဂ္ဂအရိယသစ္စာ'တည်း”ဟု (ဘုရားမဖြစ်မီ) ရှေးအဖို့က မကြားဖူးကုန်သော မဂ္ဂသစ္စာတရား တို့၌ ပညာမျက်စိသည် ထင်ရှားဖြစ်၏။ပ။ အလင်းရောင်သည် ထင်ရှားဖြစ်၏။ “ထိုဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ရောက်ကြောင်းအကျင့်ဖြစ်သော အရိယာတို့၏ အမှန်တရား ‘မဂ္ဂအရိယသစ္စာ'ကို ပွါးအပ်၏”ဟု။ပ။ “ပွါး ပြီးပြီ”ဟု (ဘုရားမဖြစ်မီ) ရှေးအဖို့က မကြားဖူးကုန်သော မဂ္ဂသစ္စာတရားတို့၌ ပညာမျက်စိသည် ထင်ရှားဖြစ်၏။ပ။ အလင်းရောင်သည် ထင်ရှားဖြစ်၏။ပ။

ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ရောက်ကြောင်း မဂ္ဂအရိယသစ္စာ၌ ဓမ္မတစ်ဆယ့်ငါးပါး၊ အတ္ထတစ်ဆယ့်ငါးပါး၊ နိရုတ္တိသုံးဆယ်၊ ဉာဏ်ခြောက်ဆယ်တို့တည်း။

အရိယသစ္စာလေးပါးတို့၌ ဓမ္မခြောက်ဆယ်၊ အတ္ထခြောက်ဆယ်၊ နိရုတ္တိတစ်ရာ့နှစ်ဆယ်၊ ဉာဏ်နှစ်ရာ့လေးဆယ်တို့တည်း။

၁။ စက္ခု၊ ဉာဏ၊ ပညာ၊ ဝိဇ္ဇာ၊ အာလောကဟူသော ဓမ္မငါးပါးကို မူတည်၍ သစ္စ၊ ကိစ္စ၊ ကတဉာဏ်သုံးပါးနှင့်မြှောက်၊ ဓမ္မဉာဏ် တစ်ဆယ့်ငါးပါး ဖြစ်၏။

၂။ ဒဿနတ္ထ၊ ဉာတတ္ထ၊ ပဇာနနတ္ထ၊ ပဋိဝေဓတ္ထ၊ ဩဘာသတ္ထ ဤအတ္ထငါးပါးကို မူတည်၍ သစ္စ၊ ကိစ္စ၊ ကတဉာဏ်သုံးပါးနှင့် မြှောက်၊ အတ္ထဉာဏ် တစ်ဆယ့်ငါးပါး ဖြစ်၏။

၃။ ဓမ္မဉာဏ် ၁၅၊ အတ္ထဉာဏ် ၁၅၊ ပေါင်း ဉာဏ်သုံးဆယ်တို့၌ တစ်ခုစီရှိသော နိရုတ္တိဉာဏ် သုံးရပ်ပေါင်း ဉာဏ်ခြောက်ဆယ်တည်း။

--

၂-သတိပဋ္ဌာနဝါရ

၃၁။ ရဟန်းတို့ “ဤကား ကာယေကာယာနုပဿနာတည်း”ဟု ငါ့အား (ဘုရားမဖြစ်မီ) ရှေး အဖို့က မကြားဖူးကုန်သော သတိပဋ္ဌာန်တရားတို့၌ ပညာမျက်စိသည် ထင်ရှားဖြစ်၏။ပ။ အလင်းရောင် သည် ထင်ရှားဖြစ်၏။ ရဟန်းတို့ “ထိုကာယေ ကာယာနုပဿနာကို ပွါးအပ်၏”ဟု။ပ။ “ပွါးပြီးပြီ”ဟု ငါ့အား (ဘုရားမဖြစ်မီ) ရှေးအဖို့က မကြားဖူးကုန်သော သတိပဋ္ဌာန်တရားတို့၌ ပညာမျက်စိသည် ထင်ရှားဖြစ်၏။ပ။ အလင်းရောင်သည် ထင်ရှားဖြစ်၏။

ရဟန်းတို့ “ဤကား ဝေဒနာတို့၌။ပ။ ဤကား စိတ်၌။ပ။ ရဟန်းတို့ “ဤကား တရားတို့၌ ဓမ္မာနုပဿနာတည်း”ဟု ငါ့အား (ဘုရားမဖြစ်မီ) ရှေးအဖို့က မကြားဖူးကုန်သော သတိပဋ္ဌာန်တရားတို့ ၌ ပညာမျက်စိသည် ထင်ရှားဖြစ်၏။ပ။ အလင်းရောင်သည် ထင်ရှားဖြစ်၏။ “တရားတို့၌ ထိုဓမ္မာနုပဿနာကို ပွါးအပ်၏”ဟု။ပ။ ရဟန်းတို့ “ပွါးပြီးပြီ”ဟု ငါ့အား (ဘုရားမဖြစ်မီ) ရှေးအဖို့က မကြား ဖူးကုန်သော သတိပဋ္ဌာန်တရားတို့၌ ပညာမျက်စိသည် ထင်ရှားဖြစ်၏။ပ။ အလင်းရောင်သည် ထင်ရှား ဖြစ်၏။

(က) “ဤကား ကိုယ်၌ ကာယာနုပဿနာတည်း”ဟု (ဘုရားမဖြစ်မီ) ရှေးအဖို့က မကြားဖူးကုန် သော သတိပဋ္ဌာန်တရားတို့၌ ပညာမျက်စိသည် ထင်ရှားဖြစ်၏။ပ။ အလင်းရောင်သည် ထင်ရှားဖြစ်၏။ “ကိုယ်၌ ထိုကာယာနုပဿနာကို ပွါးအပ်၏”ဟု။ပ။ “ပွါးပြီးပြီ”ဟု (ဘုရားမဖြစ်မီ) ရှေးအဖို့က မကြားဖူးကုန်သော သတိပဋ္ဌာန်တရားတို့၌ ပညာမျက်စိသည် ထင်ရှားဖြစ်၏။ အသိဉာဏ်သည် ထင်ရှား ဖြစ်၏။ အပြားအားဖြင့် သိတတ်သောဉာဏ် ‘ပညာ’ သည် ထင်ရှားဖြစ်၏။ ထိုးထွင်း၍ သိတတ်သော ဉာဏ် ‘ဝိဇ္ဇာ’ သည် ထင်ရှားဖြစ်၏။ အလင်းရောင်သည် ထင်ရှားဖြစ်၏။

ပညာမျက်စိသည် ထင်ရှားဖြစ်၏ဟူသည် အဘယ်သဘောအားဖြင့် ဖြစ်သနည်း။ အသိဉာဏ်သည် ထင်ရှားဖြစ်၏ဟူသည် အဘယ်သဘောအားဖြင့် ဖြစ်သနည်း။ အပြားအားဖြင့် သိတတ်သော ဉာဏ် ‘ပညာ’ သည် ထင်ရှားဖြစ်၏ဟူသည် အဘယ်သဘောအားဖြင့် ဖြစ်သနည်း။ ထိုးထွင်း၍ သိတတ်သော ဉာဏ် ‘ဝိဇ္ဇာ’ သည် ထင်ရှားဖြစ်၏ဟူသည် အဘယ်သဘောအားဖြင့် ဖြစ်သနည်း။ အလင်းရောင်သည် ထင်ရှားဖြစ်၏ဟူသည် အဘယ်သဘောအားဖြင့် ဖြစ်သနည်း။

ပညာမျက်စိသည် ထင်ရှားဖြစ်၏ဟူသည် မြင်ခြင်းသဘောအားဖြင့်၊ အသိဉာဏ်သည် ထင်ရှားဖြစ်၏ဟူသည် သိခြင်းသဘောအားဖြင့်၊ အပြားအားဖြင့် သိတတ်သောဉာဏ် ‘ပညာ’ သည် ထင်ရှားဖြစ်၏ဟူသည် ခွဲခြား၍ သိခြင်းသဘောအားဖြင့်၊ ထိုးထွင်း၍ သိတတ်သောဉာဏ် ‘ဝိဇ္ဇာ’ သည် ထင်ရှားဖြစ်၏ဟူသည် ထိုးထွင်း၍ သိခြင်းသဘောအားဖြင့်၊ အလင်းရောင်သည် ထင်ရှားဖြစ်၏ဟူသည် အလင်းရောင်သဘော အားဖြင့် ဖြစ်၏။

ပညာမျက်စိသည် ဓမ္မတည်း။ အသိဉာဏ်သည် ဓမ္မတည်း။ အပြားအားဖြင့် သိတတ်သော ဉာဏ် ‘ပညာ'သည် ဓမ္မတည်း။ ထိုးထွင်း၍ သိတတ်သောဉာဏ် ‘ဝိဇ္ဇာ’ သည် ဓမ္မတည်း။ အလင်းရောင် သည် ဓမ္မတည်း။ ဤဓမ္မငါးပါးတို့သည် ဓမ္မပဋိသမ္ဘိဒါ၏ အာရုံလည်း ဖြစ်ကုန်၏။ ကျက်စားရာလည်း ဖြစ်ကုန်၏။ ထိုဓမ္မပဋိသမ္ဘိဒါ၏ အာရုံတို့သည် ထိုဓမ္မပဋိသမ္ဘိဒါ၏ ကျက်စားရာတို့တည်း။ ထိုဓမ္မပဋိသမ္ဘိဒါ၏ ကျက်စားရာတို့သည် ထိုဓမ္မပဋိသမ္ဘိဒါ၏ အာရုံတို့တည်း။ ထို့ကြောင့် ဓမ္မတို့၌ သိသော ဉာဏ်ကို ဓမ္မပဋိသမ္ဘိဒါဟု ဆိုအပ်၏။

--

မြင်ခြင်းသဘောသည် အတ္ထတည်း။ သိခြင်းသဘောသည် အတ္ထတည်း။ အပြားအားဖြင့် သိခြင်း သဘောသည် အတ္ထတည်း။ ထိုးထွင်း၍ သိခြင်းသဘောသည် အတ္ထတည်း။ အလင်းရောင်သဘောသည် အတ္ထတည်း။ ဤအတ္ထငါးပါးတို့သည် အတ္ထပဋိသမ္ဘိဒါ၏ အာရုံလည်း ဖြစ်ကုန်၏။ ကျက်စားရာလည်း ဖြစ်ကုန်၏။ ထိုအတ္ထပဋိသမ္ဘိဒါ၏ အာရုံတို့သည် ထိုအတ္ထပဋိသမ္ဘိဒါ၏ ကျက်စားရာတို့တည်း။ ထိုအတ္ထ ပဋိသမ္ဘိဒါ၏ ကျက်စားရာတို့သည် ထိုအတ္ထပဋိသမ္ဘိဒါ၏ အာရုံတို့တည်း။ ထို့ကြောင့် အတ္ထတို့၌ သိသော ဉာဏ်ကို အတ္ထပဋိသမ္ဘိဒါဟု ဆိုအပ်၏။

ဓမ္မငါးပါးတို့ကို ကောင်းစွာပြရန် သဒ္ဒါကိုထုတ်ဆောင်ပြောဆိုခြင်းတို့သည်လည်းကောင်း၊ အတ္ထငါးပါး တို့ကို ကောင်းစွာ ပြရန် သဒ္ဒါကို ထုတ်ဆောင်ပြောဆိုခြင်းတို့သည်လည်းကောင်း ရှိကုန်၏။ ဤနိရုတ္တိ ဆယ်ပါးတို့သည် နိရုတ္တိပဋိသမ္ဘိဒါ၏ အာရုံလည်း ဖြစ်ကုန်၏။ ကျက်စားရာလည်း ဖြစ်ကုန်၏။ ထို နိရုတ္တိပဋိသမ္ဘိဒါ၏ အာရုံတို့သည် ထိုနိရုတ္တိပဋိသမ္ဘိဒါ၏ ကျက်စားရာတို့တည်း။ ထိုနိရုတ္တိပဋိသမ္ဘိဒါ၏ ကျက်စားရာတို့သည် ထိုနိရုတ္တိပဋိသမ္ဘိဒါ၏ အာရုံတို့တည်း။ ထို့ကြောင့် နိရုတ္တိတို့၌ သိသောဉာဏ်ကို နိရုတ္တိပဋိသမ္ဘိဒါဟု ဆိုအပ်၏။

ဓမ္မငါးပါးတို့၌ သိသောဉာဏ်၊ အတ္ထငါးပါးတို့၌ သိသောဉာဏ်၊ နိရုတ္တိဆယ်ပါးတို့၌ သိသောဉာဏ်၊ ဤနှစ်ဆယ်သောဉာဏ်တို့သည် ပဋိဘာနပဋိသမ္ဘိဒါ၏ အာရုံလည်း ဖြစ်ကုန်၏။ ကျက်စားရာလည်း ဖြစ် ကုန်၏။ ထိုပဋိဘာနပဋိသမ္ဘိဒါ၏ အာရုံတို့သည် ထိုပဋိဘာနပဋိသမ္ဘိဒါ၏ ကျက်စားရာတို့တည်း။ ထို ပဋိဘာနပဋိသမ္ဘိဒါ၏ ကျက်စားရာတို့သည် ထိုပဋိဘာနပဋိသမ္ဘိဒါ၏ အာရုံတို့တည်း။ ထို့ကြောင့် ပဋိဘာန တို့၌ သိသောဉာဏ်ကို ပဋိဘာနပဋိသမ္ဘိဒါဟု ဆိုအပ်၏။

ကိုယ် ‘ကာယာနုပဿနာသတိပဋ္ဌာန်’ ၌ ဓမ္မတစ်ဆယ့်ငါးပါး၊ အတ္ထတစ်ဆယ့်ငါးပါး၊ နိရုတ္တိသုံးဆယ်၊ ဉာဏ်ခြောက်ဆယ်တို့တည်း။

(ခ-ဃ) ဤကား ဝေဒနာတို့၌။ပ။ ဤကား စိတ်၌။ပ။ “ဤကား တရားတို့၌ ဓမ္မာနုပဿနာတည်း”ဟု (ဘုရားမဖြစ်မီ) ရှေးအဖို့က မကြားဖူးကုန်သော သတိပဋ္ဌာန်တရားတို့၌ ပညာမျက်စိသည် ထင်ရှားဖြစ်၏။ပ။ အလင်းရောင်သည် ထင်ရှားဖြစ်၏။ “တရားတို့၌ ဓမ္မာနုပဿနာကို ပွါးအပ်၏”ဟု။ပ။ “ပွါးပြီးပြီ”ဟု (ဘုရားမဖြစ်မီ) ရှေးအဖို့က မကြားဖူးကုန်သော သတိပဋ္ဌာန်တရားတို့၌ ပညာမျက်စိသည် ထင်ရှားဖြစ်၏။ပ။ အလင်းရောင်သည် ထင်ရှားဖြစ်၏။ပ။

တရား ‘ဓမ္မာနုပဿနာသတိပဋ္ဌာန်’ ၌ ဓမ္မတစ်ဆယ့်ငါးပါး၊ အတ္ထတစ်ဆယ့်ငါးပါး၊ နိရုတ္တိသုံးဆယ်၊ ဉာဏ်ခြောက်ဆယ်တို့တည်း။

သတိပဋ္ဌာန်လေးပါးတို့၌ ဓမ္မခြောက်ဆယ်၊ အတ္ထခြောက်ဆယ်၊ နိရုတ္တိတစ်ရာ့နှစ်ဆယ်၊ ဉာဏ်နှစ်ရာ့လေးဆယ်တို့တည်း။

--

၃-ဣဒ္ဓိပါဒဝါရ

၃၂။ ရဟန်းတို့ “ဤကား ဆန္ဒ (လွန်ကဲ) ကြီးမှူးသော သမာဓိ၊ အားထုတ်ခြင်းသင်္ခါရတို့နှင့် ပြည့်စုံ သော ဣဒ္ဓိပါဒ်”ဟု ငါ့အား (ဘုရားမဖြစ်မီ) ရှေးအဖို့က မကြားဖူးကုန်သော ဣဒ္ဓိပါဒ်တရားတို့၌ ပညာ မျက်စိသည် ထင်ရှားဖြစ်၏။ပ။ အလင်းရောင်သည် ထင်ရှားဖြစ်၏။ ရဟန်းတို့ “ထိုဆန္ဒ (လွန်ကဲ) ကြီးမှူး့သော သမာဓိ၊ အားထုတ်ခြင်းသင်္ခါရတို့နှင့် ပြည့်စုံသော ဣဒ္ဓိပါဒကို ပွါးအပ်၏”ဟု။ပ။ ရဟန်းတို့ “ပွါးပြီးပြီ”ဟု ငါ့အား (ဘုရားမဖြစ်မီ) ရှေးအဖို့က မကြားဖူးကုန်သော ဣဒ္ဓိပါဒ်တရားတို့၌ ပညာမျက်စိ သည် ထင်ရှားဖြစ်၏။ပ။ အလင်းရောင်သည် ထင်ရှားဖြစ်၏။

ဤကား ဝီရိယ (လွန်ကဲ) ကြီးမှူးသော သမာဓိ။ပ။ ဤကား စိတ် (လွန်ကဲ) ကြီးမှူးသော သမာဓိ။ပ။

ရဟန်းတို့ “ဤကား ဝီမံသ ‘ပညာ’ (လွန်ကဲ) ကြီးမှူးသော သမာဓိ၊ အားထုတ်ခြင်းသင်္ခါရတို့နှင့် ပြည့်စုံသော ဣဒ္ဓိပါဒ်”ဟု ငါ့အား (ဘုရားမဖြစ်မီ) ရှေးအဖို့က မကြားဖူးကုန်သော ဣဒ္ဓိပါဒ်တရားတို့၌ ပညာမျက်စိသည် ထင်ရှားဖြစ်၏။ပ။ အလင်းရောင်သည် ထင်ရှားဖြစ်၏။ ရဟန်းတို့ “ဝီမံသ ‘ပညာ’ (လွန်ကဲ) ကြီးမှူးသော သမာဓိ၊ အားထုတ်ခြင်းသင်္ခါရတို့နှင့် ပြည့်စုံသော ထိုဣဒ္ဓိပါဒ်ကို ပွါးအပ်၏”ဟု ငါ့အား (ဘုရားမဖြစ်မီ) ရှေးအဖို့က မကြားဖူးကုန်သော ဣဒ္ဓိပါဒ်တရားတို့၌ ပညာမျက်စိသည် ထင်ရှား ဖြစ်၏။ပ။ အလင်းရောင်သည် ထင်ရှား ဖြစ်၏။

(က) “ဤကား ဆန္ဒ (လွန်ကဲ) ကြီးမှူးသော သမာဓိ၊ အားထုတ်ခြင်းသင်္ခါရတို့နှင့် ပြည့်စုံသော ဣဒ္ဓိပါဒ်တည်း”ဟု ငါ့အား (ဘုရားမဖြစ်မီ) ရှေးအဖို့က မကြားဖူးကုန်သော ဣဒ္ဓိပါဒ်တရားတို့၌ ပညာ မျက်စိသည် ထင်ရှားဖြစ်၏။ပ။ အလင်းရောင်သည် ထင်ရှားဖြစ်၏။ “ထိုဆန္ဒ (လွန်ကဲ) ကြီးမှူးသော သမာဓိ၊ အားထုတ်ခြင်းသင်္ခါရတို့နှင့် ပြည့်စုံသော ဣဒ္ဓိပါဒ်ကို ပွါးအပ်၏”ဟု။ပ။ “ပွါးပြီးပြီ”ဟု ငါ့အား (ဘုရားမဖြစ်မီ) ရှေးအဖို့က မကြားဖူးကုန်သော ဣဒ္ဓိပါဒ်တရားတို့၌ ပညာမျက်စိသည် ထင်ရှားဖြစ်၏။ အသိဉာဏ်သည် ထင်ရှားဖြစ်၏။ အပြားအားဖြင့် သိတတ်သောဉာဏ် ‘ပညာ’ သည် ထင်ရှားဖြစ်၏။ ထိုး ထွင်း၍ သိတတ်သောဉာဏ် ‘ဝိဇ္ဇာ’ သည် ထင်ရှား ဖြစ်၏။ အလင်းရာင်သည် ထင်ရှားဖြစ်၏။

ပညာမျက်စိသည် ထင်ရှားဖြစ်၏ဟူသည် အဘယ်သဘောအားဖြင့် ဖြစ်သနည်း။ အသိဉာဏ်သည် ထင်ရှားဖြစ်၏ဟူသည် အဘယ်သဘောအားဖြင့် ဖြစ်သနည်း။ အပြားအားဖြင့် သိတတ်သော ဉာဏ် ‘ပညာ’ သည် ထင်ရှား ဖြစ်၏ဟူသည် အဘယ်သဘောအားဖြင့် ဖြစ်သနည်း။ ထိုးထွင်း၍ သိတတ်သောဉာဏ် ‘ဝိဇ္ဇာ'သည် ထင်ရှား ဖြစ်၏ဟူသည် အဘယ်သဘောအားဖြင့် ဖြစ်သနည်း။ အလင်းရောင်သည် ထင်ရှား ဖြစ်၏ဟူသည် အဘယ်သဘောအားဖြင့် ဖြစ်သနည်း။

ပညာမျက်စိသည် ထင်ရှားဖြစ်၏ဟူသည် မြင်ခြင်းသဘောအားဖြင့်၊ အသိဉာဏ်သည် ထင်ရှားဖြစ်၏ဟူသည် သိခြင်းသဘောအားဖြင့်၊ အပြားအားဖြင့် သိတတ်သော ဉာဏ် ‘ပညာ’ သည် ထင်ရှားဖြစ်၏ဟူ သည် အပြားအားဖြင့် သိခြင်းသဘောအားဖြင့်၊ ထိုးထွင်း၍ သိတတ်သော ဉာဏ် ‘ဝိဇ္ဇာ’ သည် ထင်ရှား ဖြစ်၏ဟူသည် ထိုးထွင်း၍ သိခြင်းသဘောအားဖြင့်၊ အလင်းရောင်သည် ထင်ရှားဖြစ်၏ဟူသည် အလင်း ရောင်သဘောအားဖြင့် ဖြစ်၏။

ပညာမျက်စိသည် ဓမ္မတည်း။ အသိဉာဏ်သည် ဓမ္မတည်း။ အပြားအားဖြင့် သိတတ်သော ဉာဏ်'ပညာ'သည် ဓမ္မတည်း။ ထိုးထွင်း၍ သိတတ်သော ဉာဏ်'ဝိဇ္ဇာ’ သည် ဓမ္မတည်း။ အလင်းရောင် သည် ဓမ္မတည်း။ ဤဓမ္မငါးပါးတို့သည် ဓမ္မပဋိသမ္ဘိဒါ၏အာရုံလည်း ဖြစ်ကုန်၏၊ ကျက်စားရာလည်း ဖြစ်ကုန်၏။ ထိုဓမ္မပဋိသမ္ဘိဒါ၏ အာရုံတို့သည် ထိုဓမ္မပဋိသမ္ဘိဒါ၏ ကျက်စားရာတို့တည်း။ ထိုဓမ္မပဋိသမ္ဘိဒါ၏ ကျက်စားရာတို့သည် ထိုဓမ္မပဋိသမ္ဘိဒါ၏ အာရုံတို့တည်း။ ထို့ကြောင့် ဓမ္မတို့၌ သိသော ဉာဏ်ကို ဓမ္မပဋိသမ္ဘိဒါဟု ဆိုအပ်၏။

--

မြင်ခြင်းသဘောသည် အတ္ထတည်း။ သိခြင်းသဘောသည် အတ္ထတည်း။ အပြားအားဖြင့် သိခြင်း သဘောသည် အတ္ထတည်း။ ထိုးထွင်း၍ သိခြင်းသဘောသည် အတ္ထတည်း။ အလင်းရောင်သဘောသည် အတ္ထတည်း။ ဤအတ္ထငါးပါးတို့သည် အတ္ထပဋိသမ္ဘိဒါ၏ အာရုံလည်းဖြစ်ကုန်၏။ ကျက်စားရာလည်း ဖြစ်ကုန်၏။ ထိုအတ္ထပဋိသမ္ဘိဒါ၏ အာရုံတို့သည် ထိုအတ္ထပဋိသမ္ဘိဒါ၏ ကျက်စားရာတို့တည်း။ ထိုအတ္ထ ပဋိသမ္ဘိဒါ၏ ကျက်စားရာတို့သည် ထိုအတ္ထပဋိသမ္ဘိဒါ၏ အာရုံတို့တည်း။ ထို့ကြောင့် အတ္ထတို့၌ သိသောဉာဏ်ကို အတ္ထပဋိသမ္ဘိဒါဟု ဆိုအပ်၏။

ဓမ္မငါးပါးတို့ကို ကောင်းစွာပြရန် သဒ္ဒါကို ထုတ်ဆောင် ပြောဆိုခြင်းတို့သည်လည်းကောင်း၊ အတ္ထ ငါးပါးတို့ကို ကောင်းစွာပြရန် သဒ္ဒါကို ထုတ်ဆောင် ပြောဆိုခြင်းတို့သည်လည်းကောင်း ရှိကုန်၏။ ဤ နိရုတ္တိဆယ်ပါးတို့သည် နိရုတ္တိပဋိသမ္ဘိဒါ၏ အာရုံလည်း ဖြစ်ကုန်၏။ ကျက်စားရာလည်း ဖြစ်ကုန်၏။ ထို နိရုတ္တိပဋိသမ္ဘိဒါ၏ အာရုံတို့သည် ထိုနိရုတ္တိပဋိသမ္ဘိဒါ၏ ကျက်စားရာတို့တည်း။ ထိုနိရုတ္တိပဋိသမ္ဘိဒါ၏ ကျက်စားရာတို့သည် ထိုနိရုတ္တိ ပဋိသမ္ဘိဒါ၏ အာရုံတို့တည်း။ ထို့ကြောင့် နိရုတ္တိတို့၌ သိသော ဉာဏ်ကို နိရုတ္တိပဋိသမ္ဘိဒါဟု ဆိုအပ်၏။

ဓမ္မငါးပါးတို့၌ သိသောဉာဏ်၊ အတ္ထငါးပါးတို့၌ သိသောဉာဏ်၊ နိရုတ္တိဆယ်ပါးတို့၌ သိသောဉာဏ်၊ ဤနှစ်ဆယ်သော ဉာဏ်တို့သည် ပဋိဘာနပဋိသမ္ဘိဒါ၏ အာရုံလည်းဖြစ်ကုန်၏။ ကျက်စားရာလည်း ဖြစ် ကုန်၏။ ထိုပဋိဘာနပဋိသမ္ဘိဒါ၏ အာရုံတို့သည် ထိုပဋိဘာနပဋိသမ္ဘိဒါ၏ ကျက်စားရာတို့တည်း။ ထို ပဋိဘာနပဋိသမ္ဘိဒါ၏ ကျက်စားရာတို့သည် ထိုပဋိဘာနပဋိသမ္ဘိဒါ၏ အာရုံတို့တည်း။ ထို့ကြောင့် ပဋိဘာန တို့၌ သိသောဉာဏ်ကို ပဋိဘာနပဋိသမ္ဘိဒါဟု ဆိုအပ်၏။

ဆန္ဒ (လွန်ကဲ) ကြီးမှူးသောသမာဓိ၊ အားထုတ်ခြင်း သင်္ခါရတို့နှင့် ပြည့်စုံသော ဣဒ္ဓိပါဒ်၌ ဓမ္မ တစ်ဆယ့်ငါးပါး၊ အတ္ထတစ်ဆယ့်ငါးပါး၊ နိရုတ္တိသုံးဆယ်၊ ဉာဏ်ခြောက်ဆယ်တို့တည်း။

(ခ-ဃ) ဤကား ဝီရိယ (လွန်ကဲ) ကြီးမှူးသော သမာဓိ။ပ။ ဤကား စိတ် (လွန်ကဲ) ကြီးမှူးသော သမာဓိ။ပ။ ဤကား “ထိုဝီမံသ ‘ပညာ’ (လွန်ကဲ) ကြီးမှူးသော သမာဓိ၊ အားထုတ်ခြင်း သင်္ခါရတို့နှင့် ပြည့်စုံသော ဣဒ္ဓိပါဒ်တည်း”ဟု (ဘုရားမဖြစ်မီ) ရှေးအဖို့က မကြားဖူးကုန်သော ဣဒ္ဓိပါဒ် တရားတို့၌ ပညာမျက်စိသည် ထင်ရှား ဖြစ်၏။ပ။ အလင်းရောင်သည် ထင်ရှားဖြစ်၏။ပ။ “ထိုဝီမံသ ‘ပညာ’ (လွန်ကဲ) ကြီးမှူးသော သမာဓိ၊ အားထုတ်ခြင်းသင်္ခါရတို့နှင့် ပြည့်စုံသော ဣဒ္ဓိပါဒ်ကို ပွါးအပ်၏”ဟု။ပ။ “ပွါးပြီးပြီ”ဟု (ဘုရားမဖြစ်မီ) ရှေးအဖို့က မကြားဖူးကုန်သော ဣဒ္ဓိပါဒ် တရားတို့၌ ပညာမျက်စိသည် ထင်ရှား ဖြစ်၏။ပ။ အလင်းရောင်သည် ထင်ရှား ဖြစ်၏။ပ။

ဝီမံသ ‘ပညာ’ (လွန်ကဲ) ကြီးမှူးသော သမာဓိ၊ အားထုတ်ခြင်း သင်္ခါရတို့နှင့် ပြည့်စုံသော ဣဒ္ဓိပါဒ်၌ ဓမ္မတစ်ဆယ့်ငါးပါး၊ အတ္ထတစ်ဆယ့်ငါးပါး၊ နိရုတ္တိ သုံးဆယ်၊ ဉာဏ်ခြောက်ဆယ်တို့တည်း။

ဣဒ္ဓိပါဒ်လေးပါးတို့၌ ဓမ္မခြောက်ဆယ်၊ အတ္ထခြောက်ဆယ်၊ နိရုတ္တိ တစ်ရာ့နှစ်ဆယ်၊ ဉာဏ်နှစ်ရာ့ လေးဆယ်တို့တည်း။

--

၄-သတ္တဗောဓိသတ္တဝါရ

၃၃။ ရဟန်းတို့ “သမုဒယ သမုဒယ”ဟု ဝိပဿီဘုရားလောင်းအား ရှေးအဖို့က မကြားဖူးကုန်သော သစ္စာတရားတို့၌ ပညာမျက်စိသည် ထင်ရှားဖြစ်၏။ပ။ အလင်းရောင်သည် ထင်ရှားဖြစ်၏။ ရဟန်းတို့ “နိရောဓ နိရောဓ”ဟု ဝိပဿီဘုရားလောင်းအား ရှေးအဖို့က မကြားဖူးကုန်သော သစ္စာတရားတို့၌ ပညာမျက်စိသည် ထင်ရှားဖြစ်၏။ပ။ အလင်းရောင်သည် ထင်ရှားဖြစ်၏။

ဝိပဿီဘုရားလောင်း၏ ဗျာကရိုဏ်း (သုတ္တန်) ၌ ဓမ္မဆယ်ပါး၊ အတ္ထဆယ်ပါး၊ နိရုတ္တိနှစ်ဆယ်၊ ဉာဏ်လေးဆယ်တို့တည်း။

ရဟန်းတို့ “သမုဒယ သမုဒယ”ဟု သိခီဘုရားလောင်းအား။ပ။ ဝေဿဘူဘုရားလောင်းအား။ပ။ ကကုသန်ဘုရားလောင်းအား။ပ။ ကောဏာဂုံဘုရားလောင်းအား။ပ။ ကဿပဘုရားလောင်းအား ရှေးအဖို့ က မကြားဖူးကုန်သော သစ္စာတရားတို့၌ ပညာမျက်စိသည် ထင်ရှားဖြစ်၏။ပ။ အလင်းရောင်သည် ထင်ရှားဖြစ်၏။ ရဟန်းတို့ “နိရောဓ နိရောဓ”ဟု ကဿပဘုရားလောင်းအား ရှေးအဖို့က မကြားဖူး ကုန်သော သစ္စာတရားတို့၌ ပညာမျက်စိသည် ထင်ရှားဖြစ်၏။ပ။ အလင်းရောင်သည် ထင်ရှားဖြစ်၏။

ကဿပဘုရားလောင်း၏ ဗျာကရိုဏ်း (သုတ္တန်) ၌ ဓမ္မဆယ်ပါး၊ အတ္ထဆယ်ပါး၊ နိရုတ္တိနှစ်ဆယ်၊ ဉာဏ်လေးဆယ်တို့တည်း။

ရဟန်းတို့ “သမုဒယ သမုဒယ”ဟု ဂေါတမဘုရားလောင်းအား ရှေးအဖို့က မကြားဖူးကုန်သော သစ္စာတရားတို့၌ ပညာမျက်စိသည် ထင်ရှားဖြစ်၏။ပ။ အလင်းရောင်သည် ထင်ရှားဖြစ်၏။ ရဟန်းတို့ “နိရောဓ နိရောဓ”ဟု ဂေါတမဘုရားလောင်းအား ရှေးအဖို့က မကြားဖူးကုန်သော သစ္စာတရားတို့၌ ပညာမျက်စိသည် ထင်ရှားဖြစ်၏။ပ။ အလင်းရောင်သည် ထင်ရှားဖြစ်၏။

ဂေါတမဘုရားလောင်း၏ ဗျာကရိုဏ်း (သုတ္တန်) ၌ ဓမ္မဆယ်ပါး၊ အတ္ထဆယ်ပါး၊ နိရုတ္တိနှစ်ဆယ်၊ ဉာဏ်လေးဆယ်တို့တည်း။

ဘုရားလောင်း ခုနစ်ဦးတို့၏ ခုနစ်ပါးသော ဗျာကရိုဏ်း (သုတ္တန်) ၌ ဓမ္မခုနစ်ဆယ်၊ အတ္ထ ခုနစ်ဆယ်၊ နိရုတ္တိတစ်ရာ့လေးဆယ်၊ ဉာဏ်နှစ်ရာ့ရှစ်ဆယ်တို့တည်း။

--

၅ - အဘိညာဒိဝါရ

၃၄။ အကြင်မျှလောက် အဘိညာ၏ အဘိညာသဘောကို သိအပ်၏။ မြင်အပ်၏။ ထင်ရှားပြုအပ်၏။

မျက်မှောက်ပြုအပ်၏။ ပညာဖြင့် တွေ့ထိအပ်၏။ ပညာဖြင့် မတွေ့ထိအပ်သော အဘိညာသဘော သည် မရှိဟု ပညာမျက်စိသည် ထင်ရှားဖြစ်၏။ အသိဉာဏ်သည် ထင်ရှားဖြစ်၏။ အပြားအားဖြင့် သိတတ်သောဉာဏ် ‘ပညာ’ သည် ထင်ရှားဖြစ်၏။ ထိုးထွင်း၍ သိတတ်သော ဉာဏ် ‘ဝိဇ္ဇာ’ သည် ထင်ရှား ဖြစ်၏။ အလင်းရောင်သည် ထင်ရှားဖြစ်၏။ အဘိညာ၏ အဘိညာသဘော၌ ဓမ္မ-နှစ်ဆယ့်ငါးပါး၊ အတ္ထ-နှစ်ဆယ့်ငါးပါး၊ နိရုတ္တိ-ငါးဆယ်၊ ဉာဏ်-တစ်ရာတို့တည်း။

အကြင်မျှလောက် ပရိညာ၏ ပရိညာသဘောကို။ပ။ အကြင်မျှလောက် ပဟာန်၏ ပဟာန်သဘော ကို။ပ။ အကြင်မျှလောက် ဘာဝနာ၏ ဘာဝနာသဘောကို။ပ။ အကြင်မျှလောက် မျက်မှောက်ပြုခြင်း၏ မျက်မှောက်ပြုခြင်း သဘောကို သိအပ်၏။ မြင်အပ်၏။ ထင်ရှားပြုအပ်၏။ မျက်မှောက်ပြုအပ်၏။ ပညာ ဖြင့် တွေ့ထိအပ်၏။ ပညာဖြင့် မတွေ့ထိအပ်သော မျက်မှောက်ပြုအပ်သော သဘောသည်မရှိဟု ပညာ မျက်စိသည် ထင်ရှားဖြစ်၏။ အသိဉာဏ်သည် ထင်ရှားဖြစ်၏။ အပြားအားဖြင့် သိတတ်သော ဉာဏ် ‘ပညာ’ သည် ထင်ရှားဖြစ်၏။ ထိုးထွင်း၍ သိတတ်သော ဉာဏ် ‘ဝိဇ္ဇာ’ သည် ထင်ရှားဖြစ်၏။ အလင်း ရောင်သည် ထင်ရှားဖြစ်၏။ မျက်မှောက်ပြုခြင်း၏ မျက်မှောက်ပြုခြင်းသဘော၌ ဓမ္မ-နှစ်ဆယ့်ငါးပါး၊ အတ္ထ-နှစ်ဆယ့်ငါးပါး၊ နိရုတ္တိ-ငါးဆယ်၊ ဉာဏ်-တစ်ရာတို့တည်း။

အဘိညာ၏ အဘိညာသဘော၌။ ပရိညာ၏ ပရိညာသဘော၌။ ပဟာန်၏ ပဟာန်သဘော၌။ ဘာဝနာ၏ ဘာဝနာသဘော၌။ မျက်မှောက်ပြုခြင်း၏ မျက်မှောက်ပြုခြင်းသဘော၌ ဓမ္မ-တစ်ရာနှစ်ဆယ့် ငါးပါး၊ အတ္ထ-တစ်ရာနှစ်ဆယ့်ငါးပါး၊ နိရုတ္တိ-နှစ်ရာ့ငါးဆယ်၊ ဉာဏ်-ငါးရာတို့တည်း။

--

၆ - ခန္ဓာဒိဝါရ

၃၅။ အကြင်မျှလောက် ခန္ဓာတို့၏ ခန္ဓာသဘောကို သိအပ်၏။ မြင်အပ်၏၊ ထင်ရှားပြုအပ်၏။

မျက်မှောက်ပြုအပ်၏။ ပညာဖြင့် တွေ့ထိအပ်၏။ ပညာဖြင့် မတွေ့ထိအပ်သော ခန္ဓာသဘောသည် မရှိဟု ပညာမျက်စိသည် ထင်ရှားဖြစ်၏။ အသိဉာဏ်သည် ထင်ရှားဖြစ်၏။ အပြားအားဖြင့် သိတတ်သော ဉာဏ် ‘ပညာ’ သည် ထင်ရှားဖြစ်၏။ ထိုးထွင်း၍ သိတတ်သော ဉာဏ် ‘ဝိဇ္ဇာ’ သည် ထင်ရှားဖြစ်၏။ အလင်းရောင်သည် ထင်ရှားဖြစ်၏။ ခန္ဓာတို့၏ ခန္ဓာသဘော၌ ဓမ္မ-နှစ်ဆယ့်ငါးပါး၊ အတ္ထ-နှစ်ဆယ့် ငါးပါး၊ နိရုတ္တိ-ငါးဆယ်၊ ဉာဏ်-တစ်ရာတို့တည်း။

အကြင်မျှလောက် ဓာတ်တို့၏ ဓာတ်သဘောကို။ပ။ အကြင်မျှလောက် အာယတနတို့၏ အာယတန့သဘောကို။ပ။ အကြင်မျှလောက် သင်္ခတတို့၏ သင်္ခတသဘောကို သိအပ်၏။ပ။ အကြင်မျှလောက် အသင်္ခတ၏ အသင်္ခတသဘောကို သိအပ်၏။ မြင်အပ်၏။ ထင်ရှားပြုအပ်၏။ မျက်မှောက်ပြုအပ်၏။

ပညာဖြင့် တွေ့ထိအပ်၏။ ပညာဖြင့် မတွေ့ထိအပ်သော အသင်္ခတသဘောသည် မရှိဟု ပညာမျက်စိသည် ထင်ရှားဖြစ်၏။ပ။ အလင်းရောင်သည် ထင်ရှားဖြစ်၏။ အသင်္ခတ၏ အသင်္ခတသဘော၌ ဓမ္မ -နှစ်ဆယ့်ငါးပါး၊ အတ္ထ -နှစ်ဆယ့်ငါးပါး၊ နိရုတ္တိ- ငါးဆယ်၊ ဉာဏ်-တစ်ရာတို့တည်း။

ခန္ဓာတို့၏ ခန္ဓာသဘော၌။ ဓာတ်တို့၏ ဓာတ်သဘော၌။ အာယတနတို့၏ အာယတနသဘော၌။ သင်္ခတတို့၏ သင်္ခတသဘော၌။ အသင်္ခတတို့၏ အသင်္ခတသဘော၌ ဓမ္မ-တစ်ရာနှစ်ဆယ့်ငါးပါး၊ အတ္ထ-တှစ်ရာနှစ်ဆယ့်ငါးပါး၊ နိရုတ္တိ -နှစ်ရာ့ငါးဆယ်၊ ဉာဏ်-ငါးရာတို့တည်း။

၇ - သစ္စဝါရ

၃၆။ အကြင်မျှလောက် ဒုက္ခ၏ ဒုက္ခသဘောကို သိအပ်၏။ မြင်အပ်၏။ ထင်ရှားပြုအပ်၏။

မျက်မှောက်ပြုအပ်၏။ ပညာဖြင့် တွေ့ထိအပ်၏။ ပညာဖြင့် မတွေ့ထိအပ်သော ဒုက္ခသဘောသည် မရှိဟု ပညာမျက်စိသည် ထင်ရှားဖြစ်၏။ အသိဉာဏ်သည် ထင်ရှားဖြစ်၏။ အပြားအားဖြင့် သိတတ်သော ဉာဏ် ‘ပညာ’ သည် ထင်ရှားဖြစ်၏။ ထိုးထွင်း၍ သိတတ်သော ဉာဏ် ‘ဝိဇ္ဇာ’ သည် ထင်ရှားဖြစ်၏။ အလင်းရောင်သည် ထင်ရှားဖြစ်၏။ ဒုက္ခ၏ ဒုက္ခသဘော၌ ဓမ္မနှစ်ဆယ့်ငါးပါး၊ အတ္ထနှစ်ဆယ့်ငါးပါး၊ နိရုတ္တိ ငါးဆယ်၊ ဉာဏ်တစ်ရာတို့တည်း။

အကြင်မျှလောက် သမုဒယ၏ သမုဒယသဘောကို။ပ။ အကြင်မျှလောက် နိရောဓ၏ နိရောဓသဘော ကို။ပ။ အကြင်မျှလောက် မဂ္ဂ၏မဂ္ဂသဘောကို သိအပ်၏။ မြင်အပ်၏။ ထင်ရှားပြုအပ်၏။ မျက်မှောက် ပြုအပ်၏။ ပညာဖြင့် တွေ့ထိအပ်၏။ ပညာဖြင့် မတွေ့ထိအပ်သော မဂ္ဂသဘောသည် မရှိဟု ပညာမျက်စိ သည် ထင်ရှားဖြစ်၏။ပ။ အလင်းရောင်သည် ထင်ရှားဖြစ်၏။ မဂ္ဂ၏ မဂ္ဂသဘော၌ ဓမ္မ-နှစ်ဆယ့်ငါးပါး၊ အတ္ထ-နှစ်ဆယ့် ငါးပါး၊ နိရုတ္တိ-ငါးဆယ်၊ ဉာဏ်-တစ်ရာတို့တည်း။

အရိယသစ္စာလေးပါးတို့၌ ဓမ္မ-တစ်ရာ၊ အတ္ထ-တစ်ရာ၊ နိရုတ္တိ -နှစ်ရာ၊ ဉာဏ်-လေးရာတို့တည်း။

--

၈ - ပဋိသမ္ဘိဒါဝါရ

၃၇။ အကြင်မျှလောက် အတ္ထပဋိသမ္ဘိဒါ၏ အတ္ထပဋိသမ္ဘိဒါသဘောကို သိအပ်၏။ မြင်အပ်၏။

ထင်ရှားပြုအပ်၏။ မျက်မှောက်ပြုအပ်၏။ ပညာဖြင့် တွေ့ထိအပ်၏။ ပညာဖြင့် မတွေ့ထိအပ်သော အတ္ထ ပဋိသမ္ဘိဒါ သဘောသည် မရှိဟု ပညာမျက်စိသည် ထင်ရှားဖြစ်၏။ပ။ အလင်းရောင်သည် ထင်ရှားဖြစ်၏။ အတ္ထပဋိသမ္ဘိဒါ၏ အတ္ထပဋိသမ္ဘိဒါသဘော၌ ဓမ္မနှစ်ဆယ့်ငါးပါး၊ အတ္ထနှစ်ဆယ့်ငါးပါး၊ နိရုတ္တိ ငါးဆယ်၊ ဉာဏ် တစ်ရာတို့တည်း။

အကြင်မျှလောက် ဓမ္မပဋိသမ္ဘိဒါ၏ ဓမ္မပဋိသမ္ဘိဒါသဘောကို။ပ။ အကြင်မျှလောက် နိရုတ္တိပဋိသမ္ဘိဒါ၏ နိရုတ္တိပဋိသမ္ဘိဒါသဘောကို။ပ။ အကြင်မျှလောက် ပဋိဘာနပဋိသမ္ဘိဒါ၏ ပဋိဘာနပဋိသမ္ဘိဒါသဘောကို သိအပ်၏။ မြင်အပ်၏။ ထင်ရှားပြုအပ်၏။ မျက်မှောက် ပြုအပ်၏။ ပညာဖြင့် တွေ့ထိအပ်၏။

ပညာဖြင့် မတွေ့ ထိအပ်သော ပဋိဘာနပဋိသမ္ဘိဒါသဘောသည် မရှိဟု ပညာမျက်စိသည် ထင်ရှားဖြစ်၏။ပ။ အလင်းရောင် သည် ထင်ရှားဖြစ်၏။ ပဋိဘာနပဋိသမ္ဘိဒါသဘော၌ ဓမ္မ-နှစ်ဆယ့်ငါးပါး၊ အတ္ထ-နှစ်ဆယ့်ငါးပါး၊ နိရုတ္တိ -ငါးဆယ်၊ ဉာဏ်-တစ်ရာတို့တည်း။

ပဋိသမ္ဘိဒါလေးပါးတို့၌ ဓမ္မ -တစ်ရာ၊ အတ္ထ -တစ်ရာ၊ နိရုတ္တိ -နှစ်ရာ၊ ဉာဏ် -လေးရာတို့တည်း။

--

၉ - ဆ ဗုဒ္ဓဓမ္မဝါရ

၃၈။ အကြင်မျှလောက် ဣန္ဒြိယပရောပရိယတ္တဉာဏ်ကို သိအပ်၏။ မြင်အပ်၏။ ထင်ရှားပြုအပ်၏။

မျက်မှောက်ပြုအပ်၏။ ပညာဖြင့် တွေ့ထိအပ်၏။ ပညာဖြင့် မတွေ့ထိအပ်သော ဣန္ဒြိယပရောပရိယတ္တ ဉာဏ်သည် မရှိဟု ပညာမျက်စိသည် ထင်ရှားဖြစ်၏။ပ။ အလင်းရောင်သည် ထင်ရှားဖြစ်၏။ ဣန္ဒြိယ ပရောပရိယတ္တဉာဏ်၌ ဓမ္မနှစ်ဆယ့်ငါးပါး၊ အတ္ထနှစ်ဆယ့်ငါးပါး၊ နိရုတ္တိငါးဆယ်၊ ဉာဏ်တစ်ရာတို့တည်း။

အကြင်မျှလောက် အာသယာနုသယဉာဏ်ကို။ပ။ အကြင်မျှလောက် ယမကပါဋိဟာရိယဉာဏ်ကို။ပ။ အကြင်မျှလောက် မဟာကရုဏာသမာပတ္တိဉာဏ်ကို။ပ။ အကြင်မျှလောက် သဗ္ဗညုတဉာဏ်ကို။ပ။ အကြင်မျှ လောက် အနာဝရဏဉာဏ်ကို သိအပ်၏။ မြင်အပ်၏။ ထင်ရှားပြုအပ်၏။

မျက်မှောက်ပြုအပ်၏။ ပညာ ဖြင့် တွေ့ထိအပ်၏။ ပညာဖြင့် မတွေ့ထိအပ်သော အနာဝရဏဉာဏ်သည် မရှိဟု ပညာမျက်စိသည် ထင် ရှားဖြစ်၏။ အသိဉာဏ်သည် ထင်ရှားဖြစ်၏။ အပြားအားဖြင့် သိတတ်သောဉာဏ် ‘ပညာ’ သည် ထင်ရှား ဖြစ်၏။ ထိုးထွင်း၍ သိတတ်သော ဉာဏ် ‘ဝိဇ္ဇာ’ သည် ထင်ရှားဖြစ်၏။ အလင်းရောင်သည် ထင်ရှား ဖြစ်၏။ အနာဝရဏဉာဏ်၌ ဓမ္မနှစ်ဆယ့်ငါးပါး၊ အတ္ထနှစ်ဆယ့်ငါးပါး၊ နိရုတ္တိငါးဆယ်၊ ဉာဏ်တစ်ရာတို့တည်း။

ဗုဒ္ဓဉာဏ်ခြောက်ပါးတို့၌ ဓမ္မ-တစ်ရာ့ငါးဆယ်၊ အတ္ထ -တစ်ရာ့ငါးဆယ်၊ နိရုတ္တိ-သုံးရာ၊ ဉာဏ်-ခြောက်ရာတို့တည်း။

ပဋိသမ္ဘိဒါအရာ၌ ဓမ္မ-ရှစ်ရာ့ငါးဆယ်၊ အတ္ထ-ရှစ်ရာ့ငါးဆယ်၊ နိရုတ္တိ-တစ်ထောင့်ခုနစ်ရာ၊ ဉာဏ်-သုံးထောင့်လေးရာတို့တည်း။

ပဋိသမ္ဘိဒါကထာ ပြီး၏။

--

ရ -ဓမ္မစက္ကကထာ

၁- သစ္စဝါရ

၃၉။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဗာရာဏသီပြည်၌ သီတင်းသုံးနေတော်မူ၏။ပ။ ဤသို့ ဥဒါန်းကျူးရင့်တော်မူသောကြောင့် အသျှင်ကောဏ္ဍညအား “အညာသိကောဏ္ဍည”ဟူ၍သာလျှင် အမည် သည် ဖြစ်၏။

(က) “ဤကား ဒုက္ခအရိယသစ္စာတည်း”ဟု ရှေးအဖို့က မကြားဖူးကုန်သော သစ္စာတရားတို့၌ ပညာမျက်စိသည် ထင်ရှားဖြစ်၏။ အသိဉာဏ်သည် ထင်ရှားဖြစ်၏။ အပြားအားဖြင့် သိတတ်သော ဉာဏ် ‘ပညာ'သည် ထင်ရှားဖြစ်၏။ ထိုးထွင်း၍ သိတတ်သောဉာဏ်'ဝိဇ္ဇာ’ သည် ထင်ရှားဖြစ်၏။ အလင်းရောင် သည် ထင်ရှားဖြစ်၏။

ပညာမျက်စိသည် ထင်ရှားဖြစ်၏ဟူသည် အဘယ်သဘောအားဖြင့် ဖြစ်သနည်း။ အသိဉာဏ်သည် ထင်ရှားဖြစ်၏ဟူသည် အဘယ်သဘောအားဖြင့် ဖြစ်သနည်း။ အပြားအားဖြင့် သိတတ်သောဉာဏ် ‘ပညာ’ သည် ထင်ရှား ဖြစ်၏ဟူသည် အဘယ်သဘောအားဖြင့် ဖြစ်သနည်း။ ထိုးထွင်း၍ သိတတ်သော ဉာဏ် ‘ဝိဇ္ဇာ’ သည် ထင်ရှားဖြစ်၏ဟူသည် အဘယ်သဘောအားဖြင့် ဖြစ်သနည်း။ အလင်းရောင်သည် ထင်ရှား ဖြစ်၏ဟူသည် အဘယ်သဘောအားဖြင့် ဖြစ်သနည်း။ ပညာမျက်စိသည် ထင်ရှားဖြစ်၏ဟူသည် မြင်ခြင်း သဘောအားဖြင့်၊ အသိဉာဏ်သည် ထင်ရှားဖြစ်၏ဟူသည် သိခြင်းသဘောအားဖြင့်၊ အပြားအားဖြင့် သိတတ်သောဉာဏ် ‘ပညာ’ သည် ထင်ရှားဖြစ်၏ဟူသည် အပြားအားဖြင့် သိခြင်းသဘောအားဖြင့်၊ ထိုးထွင်း၍ သိတတ်သောဉာဏ် ‘ဝိဇ္ဇာ’ သည် ထင်ရှားဖြစ်၏ဟူသည် ထိုးထွင်း၍ သိခြင်းသဘောအားဖြင့်၊ အလင်းရောင်သည် ထင်ရှားဖြစ်၏ဟူသည် အလင်းရောင်သဘောအားဖြင့် ဖြစ်၏။

မျက်စိသည် ဓမ္မတည်း။ မြင်ခြင်းသဘောသည် အတ္ထတည်း။ ဉာဏ်သည် ဓမ္မတည်း။ သိခြင်း သဘောသည် အတ္ထတည်း။ ပညာသည် ဓမ္မတည်း။ ခွဲခြား၍ အပြားအားဖြင့် သိခြင်းသဘောသည် အတ္ထ့တည်း။ ဝိဇ္ဇာသည် ဓမ္မတည်း၊ ထိုးထွင်း၍ သိခြင်းသဘောသည် အတ္ထတည်း။ အာလောကသည် ဓမ္မတည်း။ အလင်းရောင်သဘောသည် အတ္ထတည်း။

ဤဓမ္မငါးပါး၊ အတ္ထငါးပါးတို့သည် ဒုက္ခဝတ္ထု ရှိကုန်၏။ သစ္စာဝတ္ထု ရှိကုန်၏။ သစ္စာ အာရုံရှိကုန်၏။ သစ္စာ ကျက်စားရာရှိကုန်၏။ သစ္စာဖြင့် ရေတွက်အပ်ကုန်၏။ သစ္စာ၌ အကျုံးဝင်ကုန်၏။ သစ္စာ၌ ကောင်းစွာ ဖြစ်ကုန်၏။ သစ္စာ၌ တည်ကုန်၏။ သစ္စာ၌ မတုန်မလှုပ် တည်ကုန်၏။

၄၀။ ဓမ္မစကြာဟူသည် အဘယ်သဘောအားဖြင့် ဓမ္မစကြာမည်သနည်း။ ဓမ္မကိုလည်းကောင်း၊ စကြာကိုလည်းကောင်း ဖြစ်စေသောကြောင့် ဓမ္မစကြာ မည်၏။ စကြာကိုလည်းကောင်း၊ ဓမ္မကိုလည်း ကောင်း ဖြစ်စေသောကြောင့် ဓမ္မစကြာ မည်၏။ တရားဖြင့် ဖြစ်စေသောကြောင့် ဓမ္မစကြာ မည်၏။

တရားကျင့်ခြင်းငှါ ဖြစ်စေသောကြောင့် ဓမ္မစကြာ မည်၏။ ဓမ္မ၌ တည်လျက် ဖြစ်စေသောကြောင့် ဓမ္မစကြာ မည်၏။ ဓမ္မ၌ မတုန်မလှုပ် တည်လျက် ဖြစ်စေသောကြောင့် ဓမ္မစကြာ မည်၏။ ဓမ္မ၌ မတုန်မလှုပ် တည်စေလျက် ဖြစ်စေသောကြောင့် ဓမ္မစကြာ မည်၏။ ဓမ္မ၌ အစိုးရသည်၏ အဖြစ်သို့ ရောက်လျက် ဖြစ်စေသောကြောင့် ဓမ္မစကြာ မည်၏။ ဓမ္မ၌ အစိုးရသည်၏ အဖြစ်သို့ ရောက်စေလျက် ဖြစ်စေသော ကြောင့် ဓမ္မစကြာ မည်၏။ ဓမ္မ၌ အထွတ်အထိပ်သို့ ရောက်လျက် ဖြစ်စေသောကြောင့် ဓမ္မစကြာ မည်၏။ ဓမ္မ၌ အထွတ်အထိပ်သို့ ရောက်စေလျက် ဖြစ်စေသောကြောင့် ဓမ္မစကြာ မည်၏။

--

ဓမ္မ၌ ရဲရင့် သည့်အဖြစ်သို့ ရောက်လျက် ဖြစ်စေသောကြောင့် ဓမ္မစကြာ မည်၏။ ဓမ္မ၌ ရဲရင့်သည့်အဖြစ်သို့ ရောက် စေလျက် ဖြစ်စေသောကြောင့် ဓမ္မစကြာ မည်၏။ ဓမ္မကို ကောင်းစွာပြုလျက် ဖြစ်စေသောကြောင့် ဓမ္မစကြာ မည်၏။ ဓမ္မကို အလေးပြုလျက် ဖြစ်စေသောကြောင့် ဓမ္မစကြာ မည်၏။

ဓမ္မကို မြတ်နိုးလျက် ဖြစ်စေသောကြောင့် ဓမ္မစကြာ မည်၏။ ဓမ္မကို ပူဇော်လျက် ဖြစ်စေသောကြောင့် ဓမ္မစကြာ မည်၏။ ဓမ္မကို ရိုသေတုပ်ဝပ်လျက် ဖြစ်စေသောကြောင့် ဓမ္မစကြာ မည်၏။ ဓမ္မကို တံခွန်ကဲ့သို့ ဖြစ်စေသော ကြောင့် ဓမ္မစကြာ မည်၏။ ဓမ္မကို မှန်ကင်းကဲ့သို့ ဖြစ်စေသောကြောင့် ဓမ္မစကြာ မည်၏။ ဓမ္မအဓိပတိ ဖြစ်၍ ဖြစ်စေသောကြောင့် ဓမ္မစကြာ မည်၏။ ထိုဓမ္မစကြာကို လောက၌ သမဏသည်လည်းကောင်း၊ ဗြာဟ္မဏသည်လည်းကောင်း၊ နတ်သည်လည်းကောင်း၊ မာရ်နတ်သည်လည်းကောင်၊ ဗြဟ္မာသည်လည်း ကောင်း၊ တစ်စုံတစ်ဦးသည်လည်းကောင်း နစ်စေခြင်းငှါ မဖြစ်စေနိုင်။ ထို့ကြောင့် ဓမ္မစကြာ မည်၏။

သဒ္ဓိန္ဒြေသည် ဓမ္မတည်း။ ထိုဓမ္မကို ဖြစ်စေသောကြောင့် ဓမ္မစကြာမည်၏။ ဝီရိယိန္ဒြေသည် ဓမ္မတည်း။ ထိုဓမ္မကို ဖြစ်စေသောကြောင့် ဓမ္မစကြာမည်၏။ သတိန္ဒြေသည် ဓမ္မတည်း။ ထိုဓမ္မကို ဖြစ်စေ သောကြောင့် ဓမ္မစကြာမည်၏။ သမာဓိန္ဒြေသည် ဓမ္မတည်း။ ထိုဓမ္မကို ဖြစ်စေသောကြောင့် ဓမ္မစကြာ မည်၏။ ပညိန္ဒြေသည် ဓမ္မတည်း။ ထိုဓမ္မကို ဖြစ်စေသောကြောင့် ဓမ္မစကြာမည်၏။ သဒ္ဓါဗိုလ်သည် ဓမ္မတည်း။ ထိုဓမ္မကို ဖြစ်စေသောကြောင့် ဓမ္မစကြာမည်၏။ ဝီရိယဗိုလ်သည် ဓမ္မတည်း။ ထိုဓမ္မကို ဖြစ်စေသောကြောင့် ဓမ္မစကြာမည်၏။ သတိဗိုလ်သည် ဓမ္မတည်း။ ထိုဓမ္မကို ဖြစ်စေသောကြောင့် ဓမ္မစကြာမည်၏။ သမာဓိဗိုလ်သည် ဓမ္မတည်း။ ထိုဓမ္မကို ဖြစ်စေသောကြောင့် ဓမ္မစကြာမည်၏။ ပညာ ဗိုလ်သည် ဓမ္မတည်း။ ထိုဓမ္မကို ဖြစ်စေသောကြောင့် ဓမ္မစကြာ မည်၏။ သတိသမ္ဗောဇ္ဈင်သည် ဓမ္မတည်း။ ထိုဓမ္မကို ဖြစ်စေသောကြောင့် ဓမ္မစကြာမည်၏။ ဓမ္မဝိစယသမ္ဗောဇ္ဈင်သည် ဓမ္မတည်း။ ထိုဓမ္မကို ဖြစ်စေသောကြောင့် ဓမ္မစကြာမည်၏။ ဝီရိယသမ္ဗောဇ္ဈင်သည် ဓမ္မတည်း။ ထိုဓမ္မကို ဖြစ်စေသောကြောင့် ဓမ္မစကြာမည်၏။ ပီတိသမ္ဗောဇ္ဈင်သည် ဓမ္မတည်း။ ထိုဓမ္မကို ဖြစ်စေသောကြောင့် ဓမ္မစကြာ မည်၏။

ပဿဒ္ဓိသမ္ဗောဇ္ဈင်သည် ဓမ္မတည်း။ ထိုဓမ္မကို ဖြစ်စေသောကြောင့် ဓမ္မစကြာမည်၏။ သမာဓိသမ္ဗောဇ္ဈင် သည် ဓမ္မတည်း။ ထိုဓမ္မကို ဖြစ်စေသောကြောင့် ဓမ္မစကြာမည်၏။ ဥပေက္ခာသမ္ဗောဇ္ဈင်သည် ဓမ္မတည်း။ ထိုဓမ္မကို ဖြစ်စေသောကြောင့် ဓမ္မစကြာမည်၏။ သမ္မာဒိဋ္ဌိသည် ဓမ္မတည်း။ ထိုဓမ္မကို ဖြစ်စေသောကြောင့်ဓမ္မစကြာမည်၏။ သမ္မာသင်္ကပ္ပသည် ဓမ္မတည်း။ ထိုဓမ္မကို ဖြစ်စေသောကြောင့် ဓမ္မစကြာမည်၏။

သမ္မာဝါစာသည် ဓမ္မတည်း။ ထိုဓမ္မကို ဖြစ်စေသောကြောင့် ဓမ္မစကြာမည်၏။ သမ္မာကမ္မန္တသည် ဓမ္မတည်း။ ထိုဓမ္မကို ဖြစ်စေသောကြောင့် ဓမ္မစကြာမည်၏။ သမ္မာအာဇီဝသည် ဓမ္မတည်း။ ထိုဓမ္မကို ဖြစ်စေ သောကြောင့် ဓမ္မစကြာ မည်၏။ သမ္မာဝါယာမသည် ဓမ္မတည်း။ ထိုဓမ္မကို ဖြစ်စေသောကြောင့် ဓမ္မစကြာ မည်၏။ သမ္မာသတိသည် ဓမ္မတည်း။ ထိုဓမ္မကို ဖြစ်စေသောကြောင့် ဓမ္မစကြာမည်၏။

သမ္မာသမာဓိသည် ဓမ္မတည်း။ ထိုဓမ္မကို ဖြစ်စေသောကြောင့် ဓမ္မစကြာမည်၏။

အစိုးရခြင်းသဘောအားဖြင့် ဣန္ဒြေသည် ဓမ္မတည်း။ ထိုဓမ္မကို ဖြစ်စေသောကြောင့် ဓမ္မစကြာ မည်၏။

--

မတုန်လှုပ်စေနိုင်ခြင်း သဘောအားဖြင့် ဗိုလ်သည် ဓမ္မတည်း။ ထိုဓမ္မကို ဖြစ်စေသောကြောင့် ဓမ္မစကြာမည်၏။ ထွက်မြောက်ခြင်း သဘောအားဖြင့် ဗောဇ္ဈင်သည် ဓမ္မတည်း။ ထိုဓမ္မကို ဖြစ်စေသော ကြောင့် ဓမ္မစကြာမည်၏။ (သမ္ပာပက) ဟိတ်သဘောအားဖြင့် မဂ်သည် ဓမ္မတည်း။ ထိုဓမ္မကို ဖြစ်စေသော ကြောင့် ဓမ္မစကြာမည်၏။ ထင်ခြင်းသဘောအားဖြင့် သတိပဋ္ဌာန်တို့သည် ဓမ္မတည်း။ ထိုဓမ္မကို ဖြစ်စေ သောကြောင့် ဓမ္မစကြာမည်၏။ အားထုတ်ခြင်း သဘောအားဖြင့် သမ္မပ္ပဓာန်တို့သည် ဓမ္မတည်း။ ထိုဓမ္မကို ဖြစ်စေသောကြောင့် ဓမ္မစကြာမည်၏။ ပြည့်စုံ (ပြီးစီး)ခြင်း သဘောအားဖြင့် ဣဒ္ဓိပါဒ်တို့သည် ဓမ္မတည်း။ ထိုဓမ္မကို ဖြစ်စေသောကြောင့် ဓမ္မစကြာ မည်၏။ဟုတ်မှန်ခြင်း သဘောအားဖြင့် သစ္စာတို့သည် ဓမ္မတည်း။ ထိုဓမ္မကို ဖြစ်စေသောကြောင့် ဓမ္မစကြာ မည်၏။

မပျံ့လွင့်ခြင်း သဘောအားဖြင့် သမထသည် ဓမ္မတည်း။ ထိုဓမ္မကို ဖြစ်စေသောကြောင့် ဓမ္မစကြာမည်၏။

အဖန်ဖန်ရှုခြင်း သဘောအားဖြင့် ဝိပဿနာ သည် ဓမ္မတည်း။ ထိုဓမ္မကို ဖြစ်စေသောကြောင့် ဓမ္မစကြာ မည်၏။ တစ်ခုတည်းသော ကိစ္စရသသဘော အားဖြင့် သမထ, ဝိပဿနာတို့သည် ဓမ္မတည်း။ ထိုဓမ္မကို ဖြစ်စေသောကြောင့် ဓမ္မစကြာမည်၏။ လွန်၍ မဖြစ်ခြင်း သဘောအားဖြင့် အစုံတွဲခြင်း ‘ယုဂနဒ္ဓ'သည် ဓမ္မတည်း။ ထိုဓမ္မကို ဖြစ်စေသောကြောင့် ဓမ္မစကြာမည်၏။ စောင့်စည်းခြင်း သဘောအားဖြင့် သီလဝိသုဒ္ဓိသည် ဓမ္မတည်း။ ထိုဓမ္မကို ဖြစ်စေသော ကြောင့် ဓမ္မစကြာမည်၏။ မပျံ့လွင့်ခြင်း သဘောအားဖြင့် စိတ္တဝိသုဒ္ဓိသည် ဓမ္မတည်း။ ထိုဓမ္မကို ဖြစ်စေ သောကြောင့် ဓမ္မစကြာမည်၏။

မြင်ခြင်းသဘောအားဖြင့် ဒိဋ္ဌိဝိသုဒ္ဓိသည် ဓမ္မတည်း။ ထိုဓမ္မကို ဖြစ်စေ သောကြောင့် ဓမ္မစကြာမည်၏။

လွတ်ခြင်းသဘောအားဖြင့် ဝိမောက္ခသည် ဓမ္မတည်း။ ထိုဓမ္မကို ဖြစ်စေ သောကြောင့် ဓမ္မစကြာမည်၏။

ထိုးထွင်း၍သိခြင်း သဘောအားဖြင့် ဝိဇ္ဇာသည် ဓမ္မတည်း။ ထိုဓမ္မကို ဖြစ်စေသောကြောင့် ဓမ္မစကြာမည်၏။ စွန့်လွှတ်ခြင်း သဘောအားဖြင့် ဝိမုတ္တိသည် ဓမ္မတည်း။ ထိုဓမ္မကို ဖြစ်စေသောကြောင့် ဓမ္မစကြာမည်၏။ အကြွင်းမဲ့ဖြတ်ခြင်း သဘောအားဖြင့် ခယဉာဏ်သည် ဓမ္မတည်း။ ထိုဓမ္မကို ဖြစ်စေသောကြောင့် ဓမ္မစကြာမည်၏။ တစ်ဖန်ငြိမ်းခြင်း သဘောအားဖြင့် အနုပ္ပါဒ အရဟတ္တဖိုလ် ဉာဏ်သည် ဓမ္မတည်း။ ထိုဓမ္မကို ဖြစ်စေသောကြောင့် ဓမ္မစကြာမည်၏။ ဆန္ဒသည် အရင်းအမြစ်သဘော အားဖြင့် ဓမ္မတည်း။ ထိုဓမ္မကို ဖြစ်စေသောကြောင့် ဓမ္မစကြာမည်၏။ မနသိကာရသည် ကောင်းစွာဖြစ် စေခြင်း သဘောအားဖြင့် ဓမ္မတည်း။ ထိုဓမ္မကို ဖြစ်စေသောကြောင့် ဓမ္မစကြာမည်၏။ ဖဿသည် ပေါင်း ဆုံခြင်းသဘောအားဖြင့် ဓမ္မတည်း။ ထိုဓမ္မကို ဖြစ်စေသောကြောင့် ဓမ္မစကြာမည်၏။ ဝေဒနာသည် စုဝေးခြင်းသဘောအားဖြင့် ဓမ္မတည်း။ ထိုဓမ္မကို ဖြစ်စေသောကြောင့် ဓမ္မစကြာမည်၏။ သမာဓိသည် အမှူးသဘောအားဖြင့် ဓမ္မတည်း။ ထိုဓမ္မကို ဖြစ်စေသောကြောင့် ဓမ္မစကြာမည်၏။ သတိသည် အစိုးရ သည်၏ အဖြစ်တည်းဟူသော သဘောအားဖြင့် ဓမ္မတည်း။ ထိုဓမ္မကို ဖြစ်စေသောကြောင့် ဓမ္မစကြာ မည်၏။ ပညာသည် ထို့ထက် လွန်မြတ်ခြင်းသဘောအားဖြင့် ဓမ္မတည်း။ ထိုဓမ္မကို ဖြစ်စေသောကြောင့် ဓမ္မစကြာမည်၏။ ဝိမုတ္တိသည် အနှစ်သာရသဘောအားဖြင့် ဓမ္မတည်း။ ထိုဓမ္မကို ဖြစ်စေသောကြောင့် ဓမ္မစကြာမည်၏။ သေခြင်းမရှိရာသို့ သက်ဝင်ရာ နိဗ္ဗာန်သည် ပြီးဆုံးခြင်းသဘောအားဖြင့် ဓမ္မတည်း။ ထိုဓမ္မကို ဖြစ်စေသောကြောင့် ဓမ္မစကြာမည်၏။

“ထိုဒုက္ခအရိယသစ္စာကို ပိုင်းခြား၍ သိအပ်၏”ဟု။ပ။ “ပိုင်းခြား၍ သိပြီးပြီ”ဟု ရှေးအဖို့က မကြားဖူးကုန်သော သစ္စာတရားတို့၌ ပညာမျက်စိသည် ထင်ရှားဖြစ်၏။ပ။ အလင်းရောင်သည် ထင်ရှား ဖြစ်၏။

ပညာမျက်စိသည် ထင်ရှားဖြစ်၏ဟူသည် အဘယ်သဘောအားဖြင့် ဖြစ်သနည်း။ပ။ အလင်းရောင် သည် ထင်ရှားဖြစ်၏ဟူသည် အဘယ်သဘောအားဖြင့် ဖြစ်သနည်း။ ပညာမျက်စိသည် ထင်ရှားဖြစ်၏ဟူသည် မြင်ခြင်း သဘောအားဖြင့်။ပ။ အလင်းရောင်သည် ထင်ရှားဖြစ်၏ဟူသည် အလင်းရောင် သဘောအားဖြင့် ဖြစ်၏။

--

မျက်စိသည် ဓမ္မတည်း။ မြင်ခြင်းသဘောသည် အတ္ထတည်း။ပ။ အလင်းရောင်သည် ဓမ္မတည်း။ အလင်းရောင်သဘောသည် အတ္ထတည်း။

ဤဓမ္မငါးပါး၊ အတ္ထငါးပါးတို့သည် ဒုက္ခဝတ္ထုရှိကုန်၏။ သစ္စာဝတ္ထု ရှိကုန်၏။ သစ္စာအာရုံ ရှိကုန်၏။ သစ္စာကျက်စားရာ ရှိကုန်၏။ သစ္စာဖြင့် ရေတွက်အပ်ကုန်၏။ သစ္စာ၌ အကျုံးဝင်ကုန်၏။ သစ္စာ၌ ကောင်းစွာ ဖြစ်ကုန်၏။ သစ္စာ၌ တည်ကုန်၏။ သစ္စာ၌ မတုန်မလှုပ် တည်ကုန်၏။

ဓမ္မစကြာဟူသည် အဘယ်သဘောအားဖြင့် ဓမ္မစကြာမည်သနည်း။ ဓမ္မကိုလည်းကောင်း၊ စကြာကို လည်းကောင်း ဖြစ်စေသောကြောင့် ဓမ္မစကြာမည်၏။ စကြာကိုလည်းကောင်း၊ ဓမ္မကိုလည်းကောင်း ဖြစ် စေသောကြောင့် ဓမ္မစကြာမည်၏။ တရားဖြင့် ဖြစ်စေသောကြောင့် ဓမ္မစကြာမည်၏။ တရားကျင့်ခြင်းငှါ ဖြစ်စေသော ကြောင့် ဓမ္မစကြာမည်၏။ ဓမ္မ၌ တည်လျက် ဖြစ်စေသောကြောင့် ဓမ္မစကြာမည်၏။ ဓမ္မ၌ မတုန်မလှုပ် တည်လျက် ဖြစ်စေသောကြောင့် ဓမ္မစကြာမည်၏။ပ။ သေခြင်းမရှိရာသို့ သက်ဝင်ရာ နိဗ္ဗာန် သည် ပြီးဆုံးခြင်းသဘောအားဖြင့် ဓမ္မတည်း။ ထိုဓမ္မကို ဖြစ်စေသောကြောင့် ဓမ္မစကြာမည်၏။

(ခ-ဃ) “ဤကား ဒုက္ခသမုဒယအရိယသစ္စာတည်း”ဟု ရှေးအဖို့က မကြားဖူးကုန်သော သစ္စာ တရားတို့၌ ပညာမျက်စိသည် ထင်ရှားဖြစ်၏။ပ။ အလင်းရောင်သည် ထင်ရှားဖြစ်၏။ပ။ “ထိုဒုက္ခသမုဒယ အရိယသစ္စာကို ပယ်အပ်၏”ဟု။ပ။ “ပယ်ပြီးပြီ”ဟု ရှေးအဖို့က မကြားဖူးကုန်သော သစ္စာတရားတို့၌ ပညာမျက်စိသည် ထင်ရှားဖြစ်၏။ပ။ အလင်းရောင်သည် ထင်ရှားဖြစ်၏။

ပညာမျက်စိသည် ထင်ရှားဖြစ်၏ဟူသည် အဘယ်သဘောအားဖြင့် ဖြစ်သနည်း။ပ။ အလင်းရောင် သည် ထင်ရှားဖြစ်၏ဟူသည် အဘယ်သဘောအားဖြင့် ဖြစ်သနည်း။ ပညာမျက်စိသည် ထင်ရှားဖြစ်၏ဟူသည် မြင်ခြင်းသဘောအားဖြင့်။ပ။ အလင်းရောင်သည် ထင်ရှားဖြစ်၏ဟူသည် အလင်းရောင်သဘော အားဖြင့် ဖြစ်၏။

ပညာမျက်စိသည် ဓမ္မတည်း။ မြင်ခြင်းသဘောသည် အတ္ထတည်း။ပ။ အလင်းရောင်သည် ဓမ္မတည်း။ အလင်းရောင်သဘောသည် အတ္ထတည်း။

ဤဓမ္မငါးပါး၊ အတ္ထငါးပါးတို့သည် သမုဒယဝတ္ထု ရှိကုန်၏။ သစ္စာဝတ္ထု ရှိကုန်၏။ပ။ နိရောဓဝတ္ထု ရှိကုန်၏။ သစ္စာဝတ္ထု ရှိကုန်၏။ပ။ မဂ္ဂဝတ္ထု ရှိကုန်၏။ သစ္စာဝတ္ထု ရှိကုန်၏။ သစ္စာအာရုံ ရှိကုန်၏။

သစ္စာ ကျက်စားရာရှိကုန်၏။ သစ္စာဖြင့် ရေတွက်အပ်ကုန်၏။ သစ္စာ၌ အကျုံးဝင်ကုန်၏။ သစ္စာ၌ ကောင်းစွာ ဖြစ်ကုန်၏။ သစ္စာ၌ တည်ကုန်၏။ သစ္စာ၌ မတုန်မလှုပ် တည်ကုန်၏။

ဓမ္မစကြာဟူသည် အဘယ်သဘောအားဖြင့် ဓမ္မစကြာမည်သနည်း။ ဓမ္မကိုလည်းကောင်း၊ စကြာ ကိုလည်းကောင်း ဖြစ်စေသောကြောင့် ဓမ္မစကြာမည်၏။ စကြာကိုလည်းကောင်း၊ ဓမ္မကိုလည်းကောင်း ဖြစ်စေသောကြောင့် ဓမ္မစကြာမည်၏။ ဓမ္မဖြင့် ဖြစ်စေသောကြောင့် ဓမ္မစကြာမည်၏။ တရားကျင့်ခြင်းငှါ ဖြစ်စေသောကြောင့် ဓမ္မစကြာမည်၏။ ဓမ္မ၌ တည်လျက် ဖြစ်စေသောကြောင့် ဓမ္မစကြာမည်၏။ ဓမ္မ၌ မတုန်မလှုပ် တည်လျက်ဖြစ် စေသောကြောင့် ဓမ္မစကြာမည်၏။ပ။ သေခြင်းမရှိရာသို့ သက်ဝင်ရာ နိဗ္ဗာန့်သည် ပြီးဆုံးခြင်းသဘောအားဖြင့် ဓမ္မတည်း။ ထိုဓမ္မကို ဖြစ်စေသောကြောင့် ဓမ္မစကြာမည်၏။

--

၂ - သတိပဋ္ဌာနဝါရ

၄၁။ ရဟန်းတို့ “ဤကား ကိုယ်၌ ကာယာနုပဿနာတည်း”ဟု ငါ့အား ရှေးအဖို့က မကြားဖူး ကုန်သော သတိပဋ္ဌာန်တရားတို့၌ ပညာမျက်စိသည် ထင်ရှားဖြစ်၏။ပ။ အလင်းရောင်သည် ထင်ရှားဖြစ်၏။ ရဟန်းတို့ “ကိုယ်၌ ထိုကာယာနုပဿနာကို ပွါးအပ်၏”ဟု ငါ့အား။ပ။ ရဟန်းတို့ “ပွါးပြီးပြီ”ဟု ငါ့အား ရှေးအဖို့က မကြားဖူးကုန်သော သတိပဋ္ဌာန်တရားတို့၌ ပညာမျက်စိသည် ထင်ရှားဖြစ်၏။ပ။ အလင်းရောင်သည် ထင်ရှားဖြစ်၏။

ဤကား ဝေဒနာတို့၌။ပ။ ဤကား စိတ်၌။ပ။ ရဟန်းတို့ “ဤကား တရားတို့၌ ဓမ္မာနုပဿနာတည်း”ဟု ငါ့အား ရှေးအဖို့က မကြားဖူးကုန်သော သတိပဋ္ဌာန်တရားတို့၌ ပညာမျက်စိသည် ထင်ရှား ဖြစ်၏။ပ။ အလင်း ရောင်သည် ထင်ရှားဖြစ်၏။ ရဟန်းတို့ “တရားတို့၌ ထိုဓမ္မာနုပဿနာကို ပွါးအပ်၏”ဟု ငါ့အား။ပ။ ရဟန်းတို့ “ပွါးပြီးပြီ”ဟု ငါ့အား ရှေးအဖို့က မကြားဖူးကုန်သော သတိပဋ္ဌာန်တရား တို့၌ ပညာမျက်စိသည် ထင်ရှားဖြစ်၏။ပ။ ဉာဏ်အလင်းရောင်သည် ထင်ရှားဖြစ်၏။

“ဤကား ကိုယ်၌ ကာယာနုပဿနာတည်း”ဟု ရှေးအဖို့က မကြားဖူးကုန်သော သတိပဋ္ဌာန်တရား တို့၌ ပညာမျက်စိသည် ထင်ရှားဖြစ်၏။ပ။ အလင်းရောင်သည် ထင်ရှားဖြစ်၏။ “ကိုယ်၌ ထိုကာယာနုပဿနာကို ပွါးအပ်၏”ဟု။ပ။ “ပွါးပြီးပြီ”ဟု ရှေးအဖို့က မကြားဖူးကုန်သော သတိပဋ္ဌာန်တရားတို့၌ ပညာမျက်စိသည် ထင်ရှားဖြစ်၏။ပ။ အလင်းရောင်သည် ထင်ရှားဖြစ်၏။

ပညာမျက်စိသည် ထင်ရှားဖြစ်၏ဟူသည် အဘယ်သဘောအားဖြင့် ဖြစ်သနည်း။ပ။ အလင်းရောင် သည် ထင်ရှားဖြစ်၏ဟူသည် အဘယ်သဘောအားဖြင့် ဖြစ်သနည်း။ ပညာမျက်စိသည် ထင်ရှားဖြစ်၏ဟူသည် မြင်ခြင်း သဘောအားဖြင့်။ပ။ အလင်းရောင်သည် ထင်ရှားဖြစ်၏ဟူသည် အလင်းရောင်သဘော အားဖြင့် ဖြစ်၏။

ပညာမျက်စိသည် ဓမ္မတည်း။ မြင်ခြင်းသဘောသည် အတ္ထတည်း။ပ။ အာလောကသည် ဓမ္မတည်း။ အလင်းရောင်သဘောသည် အတ္ထတည်း။

ဤဓမ္မငါးပါး၊ အတ္ထငါးပါးတို့သည် ကာယဝတ္ထု ရှိကုန်၏။ သတိပဋ္ဌာန်ဝတ္ထု ရှိကုန်၏။ပ။ ဝေဒနာ ဝတ္ထု ရှိကုန်၏။ သတိပဋ္ဌာန်ဝတ္ထု ရှိကုန်၏။ စိတ်ဝတ္ထု ရှိကုန်၏။ သတိပဋ္ဌာန်ဝတ္ထု ရှိကုန်၏။ တရား ဝတ္ထု ရှိကုန်၏။ သတိပဋ္ဌာန်ဝတ္ထု ရှိကုန်၏။ သတိပဋ္ဌာန်အာရုံ ရှိကုန်၏။ သတိပဋ္ဌာန်ကျက်စားရာ ရှိကုန်၏။ သတိပဋ္ဌာန်ဖြင့် ရေတွက်အပ်ကုန်၏။ သတိပဋ္ဌာန်၌ အကျုံးဝင်ကုန်၏။ သတိပဋ္ဌာန်၌ ကောင်းစွာ ဖြစ်ကုန်၏။ သတိပဋ္ဌာန်၌ တည်ကုန်၏။ သတိပဋ္ဌာန်၌ မတုန်မလှုပ် တည်ကုန်၏။

ဓမ္မစကြာဟူသည် အဘယ်သဘောအားဖြင့် ဓမ္မစကြာမည်သနည်း။ ဓမ္မကိုလည်းကောင်း၊ စကြာကို လည်းကောင်း ဖြစ်စေသောကြောင့် ဓမ္မစကြာမည်၏။ စကြာကိုလည်းကောင်း၊ ဓမ္မကိုလည်းကောင်း ဖြစ်စေသောကြောင့် ဓမ္မစကြာမည်၏။ ဓမ္မဖြင့် ဖြစ်စေသောကြောင့် ဓမ္မစကြာမည်၏။ တရားကျင့်ခြင်းငှါ ဖြစ်စေသောကြောင့် ဓမ္မစကြာမည်၏။ တရား၌ တည်လျက် ဖြစ်စေသောကြောင့် ဓမ္မစကြာမည်၏။

တရား၌ မတုန်မလှုပ် တည်လျက် ဖြစ်စေသောကြောင့် ဓမ္မစကြာမည်၏။ပ။ သေခြင်းမရှိရာသို့ သက်ဝင်ရာ နိဗ္ဗာန်သည် ပြီးဆုံးခြင်းသဘောအားဖြင့် ဓမ္မတည်း။ ထိုဓမ္မကို ဖြစ်စေသောကြောင့် ဓမ္မစကြာမည်၏။

--

၃ - ဣဒ္ဓိပါဒဝါရ

၄၂။ ရဟန်းတို့ “ဤကား ဆန္ဒ (လွန်ကဲ) ကြီးမှူးသော သမာဓိ၊ အားထုတ်ခြင်း သင်္ခါရတို့နှင့်ပြည့်စုံသော ဣဒ္ဓိပါဒ်တည်း”ဟု ရှေးအဖို့က ငါ့အား မကြားဖူးကုန်သော ဣဒ္ဓိပါဒ်တရားတို့ ၌ ပညာ မျက်စိသည် ထင်ရှားဖြစ်၏။ပ။ အလင်းရောင်သည် ထင်ရှားဖြစ်၏။ ရဟန်းတို့ “ဆန္ဒ (လွန်ကဲ) ကြီးမှူး သောသမာဓိ၊ အားထုတ်ခြင်း သင်္ခါရတို့နှင့်ပြည့်စုံသော ထိုဣဒ္ဓိပါဒ်ကို ပွါးအပ်၏”ဟု ငါ့အား။ပ။ ရဟန်း တို့ “ပွါးပြီးပြီ”ဟု ငါ့အား ရှေးအဖို့က မကြားဖူးကုန်သော ဣဒ္ဓိပါဒ်တရားတို့၌ ပညာမျက်စိသည် ထင်ရှားဖြစ်၏။ပ။ အလင်းရောင်သည် ထင်ရှားဖြစ်၏။

ဤကား ဝီရိယ (လွန်ကဲ) ကြီးမှူးသော သမာဓိ။ပ။ ဤကား စိတ် (လွန်ကဲ) ကြီးမှူးသော သမာဓိ။ပ။ ရဟန်းတို့ “ဤကား ဝီမံသ ‘ပညာ’ (လွန်ကဲ) ကြီးမှူးသော သမာဓိ၊ အားထုတ်ခြင်း သင်္ခါရတို့နှင့် ပြည့်စုံသော ဣဒ္ဓိပါဒ်တည်း”ဟု ငါ့အား ရှေးအဖို့က မကြားဖူးကုန်သော ဣဒ္ဓိပါဒ်တရားတို့၌ ပညာ မျက်စိသည် ထင်ရှားဖြစ်၏။ပ။ အလင်းရောင်သည် ထင်ရှားဖြစ်၏။ ရဟန်းတို့ “ဝီမံသ ‘ပညာ’ (လွန်ကဲ) ကြီးမှူးသော သမာဓိ၊ အားထုတ်ခြင်း သင်္ခါရတို့နှင့်ပြည့်စုံသော ဣဒ္ဓိပါဒ်ကို ပွါးအပ်၏”ဟု ငါ့အား။ပ။ ရဟန်းတို့ “ပွါးပြီးပြီ”ဟု ငါ့အား ရှေးအဖို့က မကြားဖူးကုန်သော ဣဒ္ဓိပါဒ်တရားတို့၌ ပညာမျက်စိသည် ထင်ရှားဖြစ်၏။ပ။ အလင်းရောင်သည် ထင်ရှားဖြစ်၏။

“ဤကား ဆန္ဒ (လွန်ကဲ) ကြီးမှူးသော သမာဓိ၊ အားထုတ်ခြင်း သင်္ခါရတို့နှင့် ပြည့်စုံသော ဣဒ္ဓိပါဒ်တည်း”ဟု ရှေးအဖို့က မကြားဖူးကုန်သော ဣဒ္ဓိပါဒ်တရားတို့၌ ပညာမျက်စိသည် ထင်ရှားဖြစ်၏။ပ။ အလင်းရောင်သည် ထင်ရှားဖြစ်၏။ပ။ “ဆန္ဒ (လွန်ကဲ) ကြီးမှူးသော သမာဓိ၊ အားထုတ်ခြင်း သင်္ခါရတို့နှင့် ပြည့်စုံသော ထိုဣဒ္ဓိပါဒ်ကို ပွါးအပ်၏”ဟု။ပ။ “ပွါးပြီးပြီ”ဟု ရှေးအဖို့က မကြားဖူးကုန်သော ဣဒ္ဓိပါဒ်တရားတို့၌ ပညာမျက်စိသည် ထင်ရှားဖြစ်၏။ ဉာဏ်သည် ထင်ရှားဖြစ်၏။ အပြားအားဖြင့် သိတတ်သော ဉာဏ် ‘ပညာ’ သည် ထင်ရှားဖြစ်၏။ ထိုးထွင်း၍ သိတတ်သော ဉာဏ်'ဝိဇ္ဇာ’ သည် ထင်ရှား ဖြစ်၏။ အလင်းရောင်သည် ထင်ရှားဖြစ်၏။ ပညာမျက်စိသည် ထင်ရှားဖြစ်၏ဟူသည် အဘယ်သဘော အားဖြင့် ဖြစ်သနည်း။ ဉာဏ်သည် ထင်ရှားဖြစ်၏ဟူသည် အဘယ်သဘောအားဖြင့် ဖြစ်သနည်း။ အပြားအားဖြင့် သိတတ်သော ဉာဏ် ‘ပညာ’ သည် ထင်ရှားဖြစ်၏ဟူသည် အဘယ်သဘောအားဖြင့် ဖြစ် သနည်း။ ထိုးထွင်း၍ သိတတ်သော ဉာဏ်'ဝိဇ္ဇာ’ သည် ထင်ရှားဖြစ်၏ဟူသည် အဘယ်သဘောအားဖြင့် ဖြစ်သနည်း။ အလင်းရောင်သည် ထင်ရှားဖြစ်၏ဟူသည် အဘယ်သဘောအားဖြင့် ဖြစ်သနည်း။

ပညာမျက်စိသည် ထင်ရှားဖြစ်၏ဟူသည် မြင်ခြင်းသဘောအားဖြင့်။ အသိဉာဏ်သည် ထင်ရှား ဖြစ်၏ဟူသည် သိခြင်းသဘောအားဖြင့်။ အပြားအားဖြင့် သိတတ်သော ဉာဏ် ‘ပညာ’ သည် ထင်ရှားဖြစ်၏ဟူသည် အပြားအားဖြင့် သိခြင်းသဘောအားဖြင့်။ ထိုးထွင်း၍သိတတ်သော ဉာဏ်'ဝိဇ္ဇာ’ သည် ထင်ရှား ဖြစ်၏ဟူသည် ထိုးထွင်း၍ သိခြင်းသဘောအားဖြင့်။ အလင်းရောင်သည် ထင်ရှားဖြစ်၏ဟူသည် အလင်း ရောင်သဘောအားဖြင့် ဖြစ်၏။

ပညာမျက်စိသည် ဓမ္မတည်း။ မြင်ခြင်းသဘောသည် အတ္ထတည်း။ သိခြင်းသည် ဓမ္မတည်း။ သိခြင်းသဘောသည် အတ္ထတည်း။ ပညာသည် ဓမ္မတည်း။ အပြားအားဖြင့် သိခြင်းသဘောသည် အတ္ထတည်း။ ဝိဇ္ဇာသည် ဓမ္မတည်း။ ထိုးထွင်း၍ သိခြင်းသဘောသည် အတ္ထတည်း။ အလင်းရောင်သည် ဓမ္မတည်း။ အလင်းရောင်သဘောသည် အတ္ထတည်း။

--

ဤဓမ္မငါးပါး၊ အတ္ထငါးပါးတို့သည် ဆန္ဒဝတ္ထု ရှိကုန်၏။ ဣဒ္ဓိပါဒ်ဝတ္ထု ရှိကုန်၏။ ဣဒ္ဓိပါဒ်အာရုံ ရှိကုန်၏။ ဣဒ္ဓိပါဒ်ကျက်စားရာ ရှိကုန်၏။ ဣဒ္ဓိပါဒ်ဖြင့် ရေတွက်အပ်ကုန်၏။ ဣဒ္ဓိပါဒ်၌ အကျုံးဝင်ကုန်၏။ ဣဒ္ဓိပါဒ်၌ ကောင်းစွာ ဖြစ်ကုန်၏။ ဣဒ္ဓိပါဒ်၌ တည်ကုန်၏။ ဣဒ္ဓိပါဒ်၌ မတုန်မလှုပ် တည်ကုန်၏။

ဓမ္မစကြာဟူသည် အဘယ်သဘောအားဖြင့် ဓမ္မစကြာမည်သနည်း။ ဓမ္မကိုလည်းကောင်း၊ စကြာကို လည်းကောင်း ဖြစ်စေသောကြောင့် ဓမ္မစကြာမည်၏။ စကြာကိုလည်းကောင်း၊ ဓမ္မကိုလည်းကောင်း ဖြစ့်စေသောကြောင့် ဓမ္မစကြာမည်၏။ ဓမ္မဖြင့် ဖြစ်စေသောကြောင့် ဓမ္မစကြာမည်၏။ ဓမ္မကျင့်ခြင်းငှါ ဖြစ်စေ သောကြောင့် ဓမ္မစကြာမည်၏။ ဓမ္မ၌ တည်လျက် ဖြစ်စေသောကြောင့် ဓမ္မစကြာမည်၏။ ဓမ္မ၌ မတုန် မလှုပ်တည်လျက် ဖြစ်စေသောကြောင့် ဓမ္မစကြာမည်၏။ ဓမ္မ၌ တည်စေသည်ဖြစ်၍ ဖြစ်စေသောကြောင့် ဓမ္မစကြာမည်၏။ ဓမ္မ၌ အစိုးရသည်၏ အဖြစ်သို့ ရောက်လျက် ဖြစ်စေသောကြောင့် ဓမ္မစကြာမည်၏။

ဓမ္မ၌ အစိုးရသည်၏ အဖြစ်သို့ ရောက်စေလျက် ဖြစ်စေသောကြောင့် ဓမ္မစကြာမည်၏။ ဓမ္မ၌ အထွတ် အထိပ်သို့ ရောက်လျက် ဖြစ်စေသောကြောင့် ဓမ္မစကြာမည်၏။ ဓမ္မ၌ အထွတ်အထိပ်သို့ ရောက်စေလျက် ဖြစ်စေသောကြောင့် ဓမ္မစကြာမည်၏။ပ။ ဓမ္မကို ရိုသေတုပ်ဝပ်လျက် ဖြစ်စေသောကြောင့် ဓမ္မစကြာမည်၏။ ဓမ္မကို တံခွန်ကဲ့သို့ ဖြစ်စေသောကြောင့် ဓမ္မစကြာ မည်၏။ ဓမ္မကို မှန်ကင်းကဲ့သို့ ဖြစ်စေသောကြောင့် ဓမ္မစကြာမည်၏။ ဓမ္မအဓိပတိဖြစ်၍ ဖြစ်စေသောကြောင့် ဓမ္မစကြာမည်၏။

ထိုဓမ္မစကြာကို လောက၌ သမဏ၊ ဗြာဟ္မဏ၊ နတ်၊ မာရ်နတ်၊ ဗြဟ္မာ၊ တစ်စုံတစ်ဦးသော သူသည် နစ်စေခြင်းငှါ မဖြစ်စေနိုင်။ ထို့ကြောင့် ဓမ္မစကြာမည်၏။

သဒ္ဓိန္ဒြေသည် ဓမ္မတည်း။ ထိုဓမ္မကို ဖြစ်စေသောကြောင့် ဓမ္မစကြာမည်၏။ပ။ သေခြင်းမရှိရာသို့ သက်ဝင်ရာ နိဗ္ဗာန်သည် ပြီးဆုံးခြင်းသဘောအားဖြင့် ဓမ္မတည်း။ ထိုဓမ္မကို ဖြစ်စေ၏။ ထို့ကြောင့် ဓမ္မစကြာမည်၏။

“ဤကား ဝီရိယ (လွန်ကဲ) ကြီးမှူးသော သမာဓိ၊ အားထုတ်ခြင်း သင်္ခါရတို့နှင့် ပြည့်စုံသော ဣဒ္ဓိပါဒ်တည်း”ဟု ရှေးအဖို့က မကြားဖူးကုန်သော ဣဒ္ဓိပါဒ်တရားတို့၌ ပညာမျက်စိသည် ထင်ရှားဖြစ်၏။ပ။ အလင်းရောင်သည် ထင်ရှားဖြစ်၏။ပ။ “ဝီရိယ (လွန်ကဲ) ကြီးမှူးသော သမာဓိ၊ အားထုတ်ခြင်း သင်္ခါရတို့နှင့်ပြည့်စုံသော ထိုဣဒ္ဓိပါဒ်ကို ပွါးအပ်၏”ဟု။ပ။ “ပွါးပြီးပြီ”ဟု ရှေးအဖို့က မကြားဖူးကုန်သော ဣဒ္ဓိပါဒ်တရားတို့၌ ပညာမျက်စိသည် ထင်ရှားဖြစ်၏။ပ။ အလင်းရောင်သည် ထင်ရှားဖြစ်၏။

ပညာမျက်စိသည် ထင်ရှားဖြစ်၏ဟူသည် အဘယ်သဘောအားဖြင့်။ပ။ ဉာဏ်အလင်းရောင်သည် ထင်ရှားဖြစ်၏ဟူသည် အဘယ်သဘောအားဖြင့် ဖြစ်သနည်း။ ပညာမျက်စိသည် ထင်ရှားဖြစ်၏ဟူသည် မြင်ခြင်းသဘောအားဖြင့်။ပ။ အလင်းရောင်သည် ထင်ရှားဖြစ်၏ဟူသည် အလင်းရောင်သဘောအားဖြင့် ဖြစ်၏။

ပညာမျက်စိသည် ဓမ္မတည်း။ မြင်ခြင်းသဘောသည် အတ္ထတည်း။ပ။ အလင်းရောင်သည် ဓမ္မတည်း။ပ။ အလင်းရောင်သဘောသည် အတ္ထတည်း။

ဤဓမ္မငါးပါး၊ အတ္ထငါးပါးတို့သည် ဝီရိယဝတ္ထု ရှိကုန်၏။ ဣဒ္ဓိပါဒ်ဝတ္ထု ရှိကုန်၏။ပ။ စိတ်ဝတ္ထု ရှိကုန်၏။ ဣဒ္ဓိပါဒ်ဝတ္ထု ရှိကုန်၏။ ဝီမံသဝတ္ထု ရှိကုန်၏။ ဣဒ္ဓိပါဒ်ဝတ္ထု ရှိကုန်၏။ ဣဒ္ဓိပါဒ်အာရုံ ရှိကုန်၏။ ဣဒ္ဓိပါဒ် ကျက်စားရာ ရှိကုန်၏။ ဣဒ္ဓိပါဒ်ဖြင့် ရေတွက်အပ်ကုန်၏။ ဣဒ္ဓိပါဒ်၌ အကျုံးဝင်ကုန်၏။

ဣဒ္ဓိပါဒ်၌ ကောင်းစွာ ဖြစ်ကုန်၏။ ဣဒ္ဓိပါဒ်၌ တည်ကုန်၏။ ဣဒ္ဓိပါဒ်၌ မတုန်မလှုပ် တည်ကုန်၏။

--

ဓမ္မစကြာဟူသည် အဘယ်သဘောအားဖြင့် ဓမ္မစကြာမည်သနည်း။ ဓမ္မကိုလည်းကောင်း၊ စကြာကို လည်းကောင်း ဖြစ်စေသောကြောင့် ဓမ္မစကြာမည်၏။ စကြာကိုလည်းကောင်း၊ ဓမ္မကိုလည်းကောင်း ဖြစ် စေသောကြောင့် ဓမ္မစကြာမည်၏။ ဓမ္မဖြင့် ဖြစ်စေသောကြောင့် ဓမ္မစကြာမည်၏။ တရားကျင့်ခြင်းငှါ ဖြစ် စေသောကြောင့် ဓမ္မစကြာမည်၏။ ဓမ္မ၌ တည်လျက် ဖြစ်စေသောကြောင့် ဓမ္မစကြာမည်၏။ ဓမ္မ၌ မတုန် မလှုပ် တည်လျက် ဖြစ်စေသောကြောင့် ဓမ္မစကြာမည်၏။ပ။ သေခြင်းမရှိရာသို့ သက်ဝင်ရာ နိဗ္ဗာန်သည် ပြီးဆုံးခြင်းသဘောအားဖြင့် ဓမ္မတည်း။ ထိုဓမ္မကို ဖြစ်စေသောကြောင့် ဓမ္မစကြာမည်၏။

ဓမ္မစက္ကကထာ ပြီး၏။

၈ - လောကုတ္တရကထာ

၄၃။ အဘယ်တရားတို့သည် လောကုတ္တရာမည်ကုန်သနည်း။ သတိပဋ္ဌာန်လေးပါး၊ သမ္မပ္ပဓာန် လေးပါး၊ ဣဒ္ဓိပါဒ်လေးပါး၊ ဣန္ဒြေငါးပါး၊ ဗိုလ်ငါးပါး၊ ဗောဇ္ဈင်ခုနစ်ပါး၊ အင်္ဂါရှစ်ပါးရှိသော အရိယမဂ်၊ အရိယမဂ်လေးပါး၊ သာမညဖိုလ်လေးပါး၊ နိဗ္ဗာန် ဤတရားတို့သည် လောကုတ္တရာ မည်ကုန်၏။

လောကုတ္တရာတို့မည်သည် အဘယ်သဘောအားဖြင့် လောကုတ္တရာတို့ မည်ကုန်သနည်း။

လောကကို လွန်ကုန်သောကြောင့် လောကုတ္တရာ မည်ကုန်၏။ လောကမှ လွန်တတ်ကုန်သော ကြောင့် လောကုတ္တရာ။ လောကမှ လွန်မြောက်ကုန်သောကြောင့် လောကုတ္တရာ။ လောကမှ လွန်မြောက် တတ်ကုန်သောကြောင့် လောကုတ္တရာ။ လောကကို လွန်သွားကုန်သောကြောင့် လောကုတ္တရာ။ လောကကို ကောင်းစွာ လွန်သွားကုန်သောကြောင့် လောကုတ္တရာ။ လောကကို ကောင်းစွာ လွန်သွားကုန်ပြီးသော ကြောင့် လောကုတ္တရာ။ လောကထက် လွန်ကဲကုန်သောကြောင့် လောကုတ္တရာ။ လောကအဆုံးကို လွန် မြောက်ကုန်သောကြောင့် လောကုတ္တရာ။

လောကမှ ထွက်မြောက်ကုန်သောကြောင့် လောကုတ္တရာ။ လောကမှ ထွက်သွားကုန်သောကြောင့် လောကုတ္တရာ။ လောက (ထဲ) မှ ထွက်သွားကုန်သောကြောင့် လောကုတ္တရာ။ လောကမှ ထွက်မြောက်ကုန် ပြီးသောကြောင့် လောကုတ္တရာ။ လောကမှ ထွက်သွားကုန်ပြီးသောကြောင့် လောကုတ္တရာ။ လောက (ထဲ) မှ ထွက်သွားကုန်ပြီးသောကြောင့် လောကုတ္တရာ။

လောက၌ မတည်ကုန်သောကြောင့် လောကုတ္တရာ။ လောကမှာ မတည်ကုန်သောကြောင့် လောကုတ္တရာ။ လောက၌ မလိမ်းကျံကုန်သောကြောင့် လောကုတ္တရာ။ လောကအားဖြင့် မလိမ်းကျံကုန် သောကြောင့် လောကုတ္တရာ။ လောက၌ ကောင်းစွာ မငြိကပ်ကုန်သောကြောင့် လောကုတ္တရာ။ လောက အားဖြင့် ကောင်းစွာ မငြိကပ်ကုန်သောကြောင့် လောကုတ္တရာ။ လောက၌ မစွန်းမငြိကုန်သောကြောင့် လောကုတ္တရာ။ လောကအားဖြင့် မစွန်း မငြိကုန်သောကြောင့် လောကုတ္တရာ။

လောက၌ ကင်းလွတ်ကုန်သောကြောင့် လောကုတ္တရာ။ လောကအားဖြင့် ကင်းလွတ်ကုန်သောကြောင့် လောကုတ္တရာ။ လောကမှ ကင်းလွတ်ကုန်သောကြောင့် လောကုတ္တရာ။ လောက (ထဲ) မှ ကင်းလွတ်ကုန် သောကြောင့် လောကုတ္တရာ။ လောကတွင် ကင်းလွတ်ကုန်သောကြောင့် လောကုတ္တရာ။

--

လောက၌ ယှဉ်ခြင်းကင်းကုန်သောကြောင့် လောကုတ္တရာ။ လောကအားဖြင့် ယှဉ်ခြင်းကင်းကုန်သော ကြောင့် လောကုတ္တရာ။ လောကမှ ယှဉ်ခြင်းကင်းကုန်သောကြောင့် လောကုတ္တရာ။ လောကဝယ် ယှဉ်ခြင်း ကင်းကုန်သောကြောင့် လောကုတ္တရာ။ လောကနှင့် ယှဉ်ခြင်းကင်းကုန်သောကြောင့် လောကုတ္တရာ။ လောကတွင် ယှဉ်ခြင်းကင်းကုန်သောကြောင့် လောကုတ္တရာ။

လောကမှ စင်ကြယ်ကုန်သောကြောင့် လောကုတ္တရာ။ လောကအားဖြင့် စင်ကြယ်ကုန်သောကြောင့် လောကုတ္တရာ။ လောကတွင် စင်ကြယ်ကုန်သောကြောင့် လောကုတ္တရာ။ လောကမှ အထူးစင်ကြယ်ကုန် သောကြောင့် လောကုတ္တရာ။ လောကအားဖြင့် အထူးစင်ကြယ်ကုန်သောကြောင့် လောကုတ္တရာ။ လောက တွင် အထူးစင်ကြယ်ကုန်သောကြောင့် လောကုတ္တရာ။

လောကမှ ထကုန်သောကြောင့် လောကုတ္တရာ။ လောကထဲမှ ထကုန်သောကြောင့် လောကုတ္တရာ။ လောကတွင်းမှ ထကုန်သောကြောင့် လောကုတ္တရာ။

လောကမှ ကင်းကုန်သောကြောင့် လောကုတ္တရာ။ လောကထဲမှ ကင်းကုန်သောကြောင့် လောကုတ္တရာ။ လောကတွင်းမှ ကင်းကုန်သောကြောင့် လောကုတ္တရာ။

လောက၌ မကပ်ငြိကုန်သောကြောင့် လောကုတ္တရာ။ လောက၌ မယူအပ်ကုန်သောကြောင့် လောကုတ္တရာ။ လောက၌ မနှောင်ဖွဲ့အပ်ကုန်သောကြောင့် လောကုတ္တရာ။

လောကကို ကောင်းစွာ ဖြတ်ကုန်သောကြောင့် လောကုတ္တရာ။ လောကကို ကောင်းစွာ ဖြတ်ကုန်ပြီး့သောကြောင့် လောကုတ္တရာ။

လောကကို တစ်ဖန်ငြိမ်းစေကုန်သောကြောင့် လောကုတ္တရာ။ လောကကို တစ်ဖန်ငြိမ်းစေကုန်ပြီး သောကြောင့် လောကုတ္တရာ။ လောက၏ လမ်းမဟုတ်သောကြောင့် လောကုတ္တရာ။ လောက၏ တည်ရာ မဟုတ်ကုန်သောကြောင့် လောကုတ္တရာ။ လောက၏ အရာမဟုတ်ကုန်သောကြောင့် လောကုတ္တရာ။ လောကနှင့် မဆက်ဆံကုန်သောကြောင့် လောကုတ္တရာ။ လောကကို ပျို့အန်ကုန်သောကြောင့် လောကုတ္တရာ။ လောကကို တစ်ဖန် မပျို့အန်ကုန်သောကြောင့် လောကုတ္တရာ။ လောကကို ပယ်စွန့်ကုန်သောကြောင့် လောကုတ္တရာ။ လောကကို မစွဲယူသောကြောင့် လောကုတ္တရာ။ လောက၌ မဖွဲ့စေကုန်သောကြောင့် လောကုတ္တရာ။ လောကကို လွန်စွာ မဖွဲ့တတ်ကုန်သောကြောင့် လောကုတ္တရာ။ လောကကို ငြိမ်းစေကုန် သောကြောင့် လောကုတ္တရာ။ လောကကို မထွန်းလင်းစေကုန်သောကြောင့် လောကုတ္တရာ။ လောကကို ကောင်းစွာလွန်၍ လွှမ်းမိုး၍ တည်ကုန်သောကြောင့် လောကုတ္တရာတို့ မည်ကုန်၏။

လောကုတ္တရကထာ ပြီး၏။

--

၉ - ဗလကထာ

၄၄။ သာဝတ္ထိ နိဒါန်းတည်း။ ရဟန်းတို့ ဗလတို့သည် ဤငါးပါးတို့တည်း။ အဘယ်ငါးပါးတို့ နည်းဟူမူ- သဒ္ဓါဗလ၊ ဝီရိယဗလ၊ သတိဗလ၊ သမာဓိဗလ၊ ပညာဗလတို့တည်း။ ရဟန်းတို့ ဗလတို့ သည် ဤငါးပါးတို့တည်း။

တစ်နည်းကား ဗလတို့သည် ခြောက်ဆယ့်ရှစ်ပါးတို့တည်း။ သဒ္ဓါဗလ၊ ဝီရိယဗလ၊ သတိဗလ၊ သမာဓိ ဗလ၊ ပညာဗလ၊ ဟိရိဗလ၊ ဩတ္တပ္ပဗလ၊ ဆင်ခြင်ခြင်း ‘ပဋိသင်္ခါန’ ဗလ၊ ဘာဝနာဗလ၊ အပြစ်မဲ့ခြင်း ‘အနဝဇ္ဇ’ ဗလ၊ ချီးမြှင့်ခြင်း ‘သင်္ဂဟ'ဗလ၊နှစ်သက်ခြင်း ‘ခနီ ္တ'ဗလ၊နှစ်သက်စေခြင်း ‘ပညတ္တိ'ဗလ၊ ကြံစည်စေခြင်း ‘နိဇ္ဈတ္တိ'ဗလ၊ အစိုးရခြင်း ‘ဣဿ ရိယ'ဗလ၊ အဓိဋ္ဌာနဗလ၊ သမထဗလ၊ ဝိပဿနာဗလ၊ သေက္ခဗလဆယ်ပါး၊ အသေက္ခဗလဆယ်ပါး၊ ရဟန္တာ'ခီဏာသဝ'ဗလ ဆယ်ပါး၊ (ပြည့်စုံပြီးစီးခြင်း) ဣဒ္ဓိဗလ ဆယ်ပါး၊ မြတ်စွာဘုရား၏ ဗလ ဆယ်ပါးတို့တည်း။

အဘယ်သည် သဒ္ဓါဗလမည်သနည်း။ သဒ္ဓါမရှိခြင်း၌ မတုန်လှုပ်စေနိုင်သောကြောင့် သဒ္ဓါဗလမည်၏။

တကွဖြစ်ကုန်သော တရားတို့ကို ထောက်ပံ့ခြင်းသဘောအားဖြင့် သဒ္ဓါဗလ။ ကိလေသာတို့ကို ကုန်စေခြင်း သဘောအားဖြင့် သဒ္ဓါဗလ။ ထိုးထွင်း၍ သိခြင်းစသည်ကို အထူးသုတ်သင်ခြင်းသဘောအားဖြင့် သဒ္ဓါဗလ။ စိတ်၏ တည်ရာသဘောအားဖြင့် သဒ္ဓါဗလ။ စိတ်၏ ဖြူစင်စေခြင်းသဘောအားဖြင့် သဒ္ဓါဗလ။ အထူးကို ရခြင်း သဘောအားဖြင့် သဒ္ဓါဗလ။ အလွန်ကို ထိုးထွင်း၍ သိခြင်းသဘောအားဖြင့် သဒ္ဓါဗလ။ သစ္စာကို ထိုးထွင်း၍ သိခြင်းသဘောအားဖြင့် သဒ္ဓါဗလ။ နိဗ္ဗာန်၌ တည်စေတတ်သော သဘောအားဖြင့် သဒ္ဓါဗလ မည်၏။ ဤကား သဒ္ဓါဗလတည်း။ (၁)

အဘယ်သည် ဝီရိယဗလမည်သနည်း။ ပျင်းရိခြင်း၌ မတုန်လှုပ်စေနိုင်သောကြောင့် ဝီရိယဗလမည်၏။

တကွဖြစ်ကုန်သော တရားတို့ကို ထောက်ပံ့ခြင်းသဘောအားဖြင့် ဝီရိယဗလ။ ကိလေသာတို့ကို ကုန် စေခြင်း သဘောအားဖြင့် ဝီရိယဗလ။ ထိုးထွင်း၍ သိခြင်းစသည်ကို အထူးသုတ်သင်ခြင်းသဘောအားဖြင့် ဝီရိယဗလ။ စိတ်၏တည်ရာ သဘောအားဖြင့် ဝီရိယဗလ။ စိတ်၏ ဖြူစင်စေခြင်းသဘောအားဖြင့် ဝီရိယ ဗလ။ တရားအထူးကို ရခြင်းသဘောအားဖြင့် ဝီရိယဗလ။ အလွန်ကို ထိုးထွင်း၍ သိတတ်သော သဘော အားဖြင့် ဝီရိယဗလ။ သစ္စာလေးပါးကို ထိုးထွင်း၍ သိခြင်းသဘောအားဖြင့် ဝီရိယဗလ။ နိဗ္ဗာန်၌ တည် စေတတ်သော သဘောအားဖြင့် ဝီရိယဗလမည်၏။ ဤကား ဝီရိယဗလတည်း။ (၂)

အဘယ်သည် သတိဗလမည်သနည်း။ မေ့လျော့ခြင်း၌ မတုန်လှုပ်စေနိုင်သောကြောင့် သတိဗလ မည်၏။ တကွဖြစ်ကုန်သော တရားတို့ကို ထောက်ပံ့ခြင်းသဘောအားဖြင့် သတိဗလ။ပ။ နိဗ္ဗာန်၌ တည် စေတတ်သော သဘောအားဖြင့် သတိဗလ မည်၏။ ဤကား သတိဗလတည်း။ (၃)

အဘယ်သည် သမာဓိဗလမည်သနည်း။ ဥဒ္ဓစ္စ၌ မတုန်လှုပ်စေနိုင်သောကြောင့် သမာဓိဗလမည်၏။

တကွဖြစ်ကုန်သော တရားတို့ကို ထောက်ပံ့ခြင်းသဘောအားဖြင့် သမာဓိဗလ။ပ။ နိဗ္ဗာန်၌ တည်စေတတ် သော သဘောအားဖြင့် သမာဓိဗလ မည်၏။ ဤကား သမာဓိဗလတည်း။ (၄)

--

အဘယ်သည် ပညာဗလ မည်သနည်း။ အဝိဇ္ဇာ၌ မတုန်လှုပ်စေနိုင်သောကြောင့် ပညာဗလမည်၏။

တကွဖြစ်ကုန်သော တရားတို့ကို ထောက်ပံ့ခြင်းသဘောအားဖြင့် ပညာဗလ။ပ။ နိဗ္ဗာန်၌ တည်စေတတ် သောသဘောအားဖြင့် ပညာဗလ မည်၏။ ဤကား ပညာဗလတည်း။ (၅)

အဘယ်သည် ဟိရိဗလ မည်သနည်း။ ဈာန်ဖြင့် ကာမစ္ဆန္ဒမှ ရှက်သောကြောင့် ဟိရိဗလမည်၏။

အဗျာပါဒဖြင့် ဗျာပါဒမှ ရှက်သောကြောင့် ဟိရိဗလ။ အာလောကသညာဖြင့် ထိနမိဒ္ဓမှ ရှက်သောကြောင့် ဟိရိဗလ။ မပျံ့လွင့်ခြင်းဖြင့် ဥဒ္ဓစ္စမှ ရှက်သောကြောင့် ဟိရိဗလ။ ဓမ္မဝဝတ္ထာန်ဖြင့် ဝိစိကိစ္ဆာမှ ရှက်သော ကြောင့် ဟိရိဗလ။ ဉာဏ်ဖြင့် အဝိဇ္ဇာမှ ရှက်သောကြောင့် ဟိရိဗလ။ ဝမ်းမြောက်ခြင်းဖြင့် မမွေ့လျော်ခြင်း မှ ရှက်သောကြောင့် ဟိရိဗလ။ ပဌမဈာန်ဖြင့် နီဝရဏတို့မှ ရှက်သောကြောင့် ဟိရိဗလ။ပ။ အရဟတ္တ မဂ်ဖြင့် ကိလေသာအားလုံးတို့မှ ရှက်သောကြောင့် ဟိရိဗလ မည်၏။ ဤကား ဟိရိဗလတည်း။ (၆)

အဘယ်သည် ဩတ္တပ္ပဗလ မည်သနည်း။ ဈာန်ဖြင့် ကာမစ္ဆန္ဒမှ ကြောက်လန့်သောကြောင့် ဩတ္တပ္ပ ဗလ မည်၏။ အဗျာပါဒဖြင့် ဗျာပါဒမှ ကြောက်လန့်သောကြောင့် ဩတ္တပ္ပဗလ။ အာလောကသညာဖြင့် ထိနမိဒ္ဓမှ ကြောက်လန့်သောကြောင့် ဩတ္တပ္ပဗလ။ မပျံ့လွင့်ခြင်းဖြင့် ဥဒ္ဓစ္စမှ ကြောက်လန့်သောကြောင့် ဩတ္တပ္ပဗလ။ ဓမ္မဝဝတ္ထာန်ဖြင့် ဝိစိကိစ္ဆာမှ ကြောက်လန့်သောကြောင့် ဩတ္တပ္ပဗလ။ ဉာဏ်ဖြင့် အဝိဇ္ဇာမှ ကြောက်လန့်သောကြောင့် ဩတ္တပ္ပဗလ။ ဝမ်းမြောက်ခြင်းဖြင့် မမွေ့လျော်ခြင်းမှ ကြောက်လန့်သောကြောင့် ဩတ္တပ္ပဗလ။ ပဌမဈာန်ဖြင့် နီဝရဏတို့မှ ကြောက်လန့်သောကြောင့် ဩတ္တပ္ပဗလ။ပ။ အရဟတ္တမဂ်ဖြင့် ကိလေသာအားလုံးတို့မှ ကြောက်လန့်သောကြောင့် ဩတ္တပ္ပဗလ မည်၏။ ဤကား ဩတ္တပ္ပဗလတည်း။ (၇)

အဘယ်သည် စူးစမ်းဆင်ခြင်ခြင်း ‘ပဋိသင်္ခါန'ဗလ မည်သနည်း။ ဈာန်ဖြင့် ကာမစ္ဆန္ဒကို စူးစမ်း ဆင်ခြင်သောကြောင့် စူးစမ်းဆင်ခြင်ခြင်းဗလ မည်၏။ မေတ္တာဖြင့် ဗျာပါဒကို စူးစမ်းဆင်ခြင်သောကြောင့် စူးစမ်းဆင်ခြင်ခြင်းဗလ။ အာလောကသညာဖြင့် ထိနမိဒ္ဓကို စူးစမ်းဆင်ခြင်သောကြောင့် စူးစမ်းဆင်ခြင်ခြင်း ဗလ။ သမာဓိဖြင့် ဥဒ္ဓ္စ္စစ္စကို စူးစမ်းဆင်ခြင်သောကြောင့် စူးစမ်းဆင်ခြင်ခြင်းဗလ။ ဓမ္မဝဝတ္ထာန်ဖြင့် ဝိစိ ကိစ္ဆာကို စူးစမ်းဆင်ခြင်သောကြောင့် စူးစမ်းဆင်ခြင်ခြင်းဗလ။ ဉာဏ်ဖြင့် အဝိဇ္ဇာကို စူးစမ်းဆင်ခြင်သော ကြောင့် စူးစမ်းဆင်ခြင်ခြင်းဗလ။ ဝမ်းမြောက်ခြင်းဖြင့် မမွေ့လျော်ခြင်းကို စူးစမ်းဆင်ခြင်သောကြောင့် စူးစမ်းဆင်ခြင်ခြင်းဗလ။ ပဌမဈာန်ဖြင့် နီဝရဏတို့ကို စူးစမ်းဆင်ခြင်သောကြောင့် စူးစမ်းဆင်ခြင်ခြင်း ဗလ။ပ။ အရဟတ္တမဂ်ဖြင့် ကိလေသာအားလုံးတို့ကို စူးစမ်းဆင်ခြင်သောကြောင့် စူးစမ်းဆင်ခြင်ခြင်း ဗလ မည်၏။ ဤကား စူးစမ်းဆင်ခြင်ခြင်း ‘ပဋိသင်္ခါန'ဗလတည်း။ (၈)

အဘယ်သည် ဘာဝနာဗလ မည်သနည်း။ ကာမစ္ဆန္ဒကို ပယ်စွန့်လျက် ဈာန်ကို ပွါးသောကြောင့် ဘာဝနာဗလ မည်၏။ ဗျာပါဒကို ပယ်စွန့်လျက် မေတ္တာကို ပွါးသောကြောင့် ဘာဝနာဗလ။ ထိနမိဒ္ဓကို ပယ်စွန့်လျက် အာလောကသညာကို ပွါးသောကြောင့် ဘာဝနာဗလ။ ဥဒ္ဓ္စ္စစ္စကို ပယ်စွန့်လျက် သမာဓိကို ပွါးသောကြောင့် ဘာဝနာဗလ။ ဝိစိကိစ္ဆာကို ပယ်စွန့်လျက် ဓမ္မဝဝတ္ထာန်ကို ပွါးသောကြောင့် ဘာဝနာ ဗလ။ အဝိဇ္ဇာကို ပယ်စွန့်လျက် ဉာဏ်ကို ပွါးသောကြောင့် ဘာဝနာဗလ။ မမွေ့လျော်ခြင်းကို ပယ်စွန့်လျက် ဝမ်းမြောက်ခြင်းကို ပွါးသောကြောင့် ဘာဝနာဗလ။ နီဝရဏတို့ကို ပယ်စွန့်လျက် ပဌမဈာန်ကို ပွါးသောကြောင့် ဘာဝနာဗလ။ပ။ ကိလေသာအားလုံးတို့ကို ပယ်စွန့်လျက် အရဟတ္တမဂ်ကို ပွါးသော ကြောင့် ဘာဝနာဗလ မည်၏။ ဤကား ဘာဝနာဗလတည်း။ (၉)

အဘယ်သည် အပြစ်မဲ့ ‘အနဝဇ္ဇ'ဗလမည်သနည်း။ ကာမစ္ဆန္ဒကို ပယ်ပြီးသည်ဖြစ်၍ ဈာန်၌ တစ်စုံ တစ်ရာ အပြစ်သည် မရှိသောကြောင့် အပြစ်မဲ့ခြင်း ဗလမည်၏။ ဗျာပါဒကို ပယ်ပြီးသည်ဖြစ်၍ အဗျာပါဒ၌ တစ်စုံတစ်ရာ အပြစ်သည် မရှိသောကြောင့် အပြစ်မဲ့ခြင်း ဗလ။ ထိနမိဒ္ဓကို ပယ်ပြီးသည်ဖြစ်၍ အာလောက သညာ၌ တစ်စုံတစ်ရာ အပြစ်သည် မရှိသောကြောင့် အပြစ်မဲ့ခြင်း ဗလ။ ဥဒ္ဓစ္စကို ပယ်ပြီးသည်ဖြစ်၍ သမာဓိ၌ တစ်စုံတစ်ရာ အပြစ်သည် မရှိသောကြောင့် အပြစ်မဲ့ခြင်း ဗလ။ ဝိစိကိစ္ဆာကို ပယ်ပြီးသည်ဖြစ်၍ ဓမ္မဝဝတ္ထာန်၌ တစ်စုံတစ်ရာ အပြစ်သည် မရှိသောကြောင့် အပြစ်မဲ့ခြင်း ဗလ။ အဝိဇ္ဇာကို ပယ်ပြီးသည် ဖြစ်၍ ဉာဏ်၌ တစ်စုံတစ်ရာ အပြစ်သည် မရှိသောကြောင့် အပြစ်မဲ့ခြင်း ဗလ။ မမွေ့လျော်ခြင်းကို ပယ်ပြီးသည်ဖြစ်၍ ဝမ်းမြောက်ခြင်း၌ တစ်စုံတစ်ရာ အပြစ်သည် မရှိသောကြောင့် အပြစ်မဲ့ခြင်း ဗလ။ နီဝရဏတို့ကို ပယ်ပြီးသည်ဖြစ်၍ ပဌမဈာန်၌ တစ်စုံတစ်ရာ အပြစ်သည် မရှိသောကြောင့် အပြစ်မဲ့ခြင်း ဗလ။ပ။ ကိလေသာအားလုံးတို့ကို ပယ်ပြီးသည်ဖြစ်၍ အရဟတ္တမဂ်၌ တစ်စုံတစ်ရာ အပြစ်သည် မရှိ သောကြောင့် အပြစ်မဲ့ခြင်း ဗလမည်၏။ ဤကား အပြစ်မဲ့ခြင်း ဗလတည်း။ (၁၀)

--

အဘယ်သည် ချီးမြှင့်ခြင်း ‘သင်္ဂဟ’ ဗလမည်သနည်း။ ကာမစ္ဆန္ဒကို ပယ်စွန့်လျက် ဈာန်၏အစွမ်းဖြင့် စိတ်ကို ချီးမြှင့်သောကြောင့် ချီးမြှင့်ခြင်းဗလ မည်၏။ ဗျာပါဒကို ပယ်စွန့်လျက် မေတ္တာ၏အစွမ်းဖြင့် စိတ်ကို ချီးမြှင့်သောကြောင့် ချီးမြှင့်ခြင်းဗလ။ ထိနမိဒ္ဓကို ပယ်စွန့်လျက် အာလောကသညာ၏ အစွမ်းဖြင့် စိတ်ကို ချီးမြှင့်သောကြောင့် ချီးမြှင့်ခြင်းဗလ။ပ။ ကိလေသာအားလုံးတို့ကို ပယ်စွန့်လျက် အရဟတ္တမဂ်၏ အစွမ်း ဖြင့် စိတ်ကို ချီးမြှင့်သောကြောင့် ချီးမြှင့်ခြင်းဗလ မည်၏။ ဤကား ချီးမြှင့်ခြင်း ‘သင်္ဂဟ’ ဗလတည်း။ (၁၁)

အဘယ်သည်နှစ်သက်ခြင်း ‘ခန္တီ'ဗလမည်သနည်း။ ကာမစ္ဆန္ဒကို ပယ်ပြီးသည်ဖြစ်၍ နေက္ခမ္မကိုနှစ်သက်သောကြောင့်နှစ်သက်ခြင်းဗလမည်၏။ ဗျာပါဒကို ပယ်ပြီးသည်ဖြစ်၍ အဗျာပါဒကိုနှစ်သက်သော ကြောင့်နှစ်သက်ခြင်းဗလ။ ထိနမိဒ္ဓကို ပယ်ပြီးသည်ဖြစ်၍ အာလောကသညာကိုနှစ်သက်သောကြောင့်နှစ်သက်ခြင်း ဗလ။ ဥဒ္ဓစ္စကို ပယ်ပြီးသည်ဖြစ်၍ မပျံ့လွင့်ခြင်းကိုနှစ်သက်သောကြောင့်နှစ်သက်ခြင်း ဗလ။ ဝိစိကိစ္ဆာကို ပယ်ပြီးသည်ဖြစ်၍ ဓမ္မဝဝတ္ထာန်ကိုနှစ်သက်သောကြောင့်နှစ်သက်ခြင်းဗလ။ အဝိဇ္ဇာ ကို ပယ်ပြီးသည်ဖြစ်၍ ဉာဏ်ကိုနှစ်သက်သောကြောင့်နှစ်သက်ခြင်းဗလ။ မမွေ့လျော်ခြင်းကို ပယ်ပြီး သည်ပြစ်၍ ဝမ်းမြောက်ခြင်းကိုနှစ်သက်သောကြောင့်နှစ်သက်ခြင်းဗလ။ နီဝရဏကို ပယ်ပြီးသည်ဖြစ်၍ ပဌမဈာန်ကိုနှစ်သက်သောကြောင့်နှစ်သက်ခြင်း ဗလ။ပ။ ကိလေသာအားလုံးတို့ကို ပယ်ပြီးသည်ဖြစ်၍ အရဟတ္တမဂ်ကိုနှစ်သက်သောကြောင့်နှစ်သက်ခြင်း ဗလမည်၏။ ဤကားနှစ်သက်ခြင်း ‘ခန္တိ'ဗလတည်း။ (၁၂)

အဘယ်သည်နှစ်သက်စေခြင်း ပညတ္တိဗလမည်သနည်း။ ကာမစ္ဆန္ဒကို ပယ်စွန့်လျက် ဈာန်၏ အစွမ်းဖြင့် စိတ်ကိုနှစ်သက်စေသောကြောင့်နှစ်သက်စေခြင်း ပညတ္တိဗလမည်၏။ ဗျာပါဒကို ပယ်စွန့်လျက် မေတ္တာ၏ အစွမ်းဖြင့် စိတ်ကိုနှစ်သက်စေသောကြောင့်နှစ်သက်စေခြင်း ပညတ္တိဗလ။ ထိနမိဒ္ဓကို ပယ်စွန့်လျက် အာလောကသညာ၏ အစွမ်းဖြင့် စိတ်ကိုနှစ်သက်စေသောကြောင့်နှစ်သက်စေခြင်း ပညတ္တိ ဗလ။ပ။ ကိလေသာအားလုံးတို့ကို ပယ်စွန့်လျက် အရဟတ္တမဂ်၏ အစွမ်းဖြင့် စိတ်ကိုနှစ်သက်စေ သောကြောင့်နှစ်သက်စေခြင်း ပညတ္တိဗလ မည်၏။ ဤကားနှစ်သက်စေခြင်း ပညတ္တိဗလတည်း။ (၁၃)

အဘယ်သည် ကြံစည်စေခြင်း ‘နိဇ္ဈတ္တိ’ ဗလမည်သနည်း။ ကာမစ္ဆန္ဒကို ပယ်စွန့်လျက် နေက္ခမ္မ၏ အစွမ်းဖြင့် စိတ်ကို ကြံစည်စေသောကြောင့် ကြံစည်စေခြင်း ‘နိဇ္ဈတ္တိ’ ဗလမည်၏။ ဗျာပါဒကို ပယ်စွန့်လျက် မေတ္တာ၏အစွမ်းဖြင့် စိတ်ကို ကြံစည်စေသောကြောင့် ကြံစည်စေခြင်း ‘နိဇ္ဈတ္တိ'ဗလ။ ထိနမိဒ္ဓကို ပယ်စွန့်လျက် အာလောကသညာ၏ အစွမ်းဖြင့် စိတ်ကို ကြံစည်စေသောကြောင့် ကြံစည်စေခြင်း ‘နိဇ္ဈတ္တိ’ ဗလ။ပ။ ကိလေသာအားလုံးတို့ကို ပယ်စွန့်လျက် အရဟတ္တမဂ်၏ အစွမ်းဖြင့် စိတ်ကို ကြံစည်စေသော ကြောင့် ကြံစည်စေခြင်း ‘နိဇ္ဈတ္တိ’ ဗလမည်၏။ ဤကား ကြံစည်စေခြင်း နိဇ္ဈတ္တိဗလတည်း။ (၁၄)

အဘယ်သည် အစိုးရခြင်း ‘ဣဿရိယ’ ဗလမည်သနည်း။ ကာမစ္ဆန္ဒကို ပယ်စွန့်လျက် ဈာန်၏ အစွမ်းဖြင့် စိတ်ကို မိမိအလိုအတိုင်း ဖြစ်စေသောကြောင့် အစိုးရခြင်း ‘ဣဿရိယ’ ဗလမည်၏။

--

ဗျာပါဒကို ပယ်စွန့်လျက် မေတ္တာ၏အစွမ်းဖြင့် စိတ်ကို မိမိအလိုအတိုင်းဖြစ်စေသောကြောင့် အစိုးရခြင်း ‘ဣဿရိယ’ ဗလ။ ထိနမိဒ္ဓကို ပယ်စွန့်လျက် အာလောကသညာ၏အစွမ်းဖြင့် စိတ်ကို မိမိအလိုအတိုင်း ဖြစ်စေသော ကြောင့် အစိုးရခြင်း ‘ဣဿရိယ’ ဗလ။ပ။ ကိလေသာအားလုံးတို့ကို ပယ်စွန့်လျက် အရဟတ္တမဂ်အစွမ်း ဖြင့် စိတ်ကို မိမိအလိုအတိုင်း ဖြစ်စေသောကြောင့် အစိုးရခြင်း ‘ဣဿရိယ’ ဗလမည်၏။ ဤကား အစိုး ရခြင်း ‘ဣဿရိယ’ ဗလတည်း။ (၁၅)

အဘယ်သည် အဓိဋ္ဌာနဗလမည်သနည်း။ ကာမစ္ဆန္ဒကိုပယ်စွန့်လျက် နေက္ခမ္မ၏အစွမ်းဖြင့် စိတ်ကို အဓိဋ္ဌာန်သောကြောင့် အဓိဋ္ဌာနဗလမည်၏။ ဗျာပါဒကိုပယ်စွန့်လျက် အဗျာပါဒ၏အစွမ်းဖြင့် စိတ်ကို အဓိဋ္ဌာန်သောကြောင့် အဓိဋ္ဌာနဗလ။ ထိနမိဒ္ဓကို ပယ်စွန့်လျက် အာလောကသညာ၏ အစွမ်းဖြင့် စိတ်ကို အဓိဋ္ဌာန်သောကြောင့် အဓိဋ္ဌာနဗလ။ပ။ ကိလေသာအားလုံးတို့ကို ပယ်စွန့်လျက် အရဟတ္တမဂ်၏အစွမ်းဖြင့် စိတ်ကို အဓိဋ္ဌာန်သောကြောင့် အဓိဋ္ဌာနဗလမည်၏။ ဤကား အဓိဋ္ဌာနဗလတည်း။ (၁၆)

အဘယ်သည် သမထဗလမည်သနည်း။ ဈာန်၏ အစွမ်းဖြင့် စိတ်၏ အာရုံတစ်ခုတည်းရှိသည့်အဖြစ် မပျံ့လွင့်ခြင်းသည် သမထဗလ။ အဗျာပါဒ၏အစွမ်းဖြင့် စိတ်၏ အာရုံတစ်ခုတည်းရှိသည့်အဖြစ် မပျံ့လွင့်ခြင်းသည် သမထဗလ။ အာလောကသညာ၏ အစွမ်းဖြင့် စိတ်၏ အာရုံတစ်ခုတည်းရှိသည့်အဖြစ် မပျံ့လွင့်ခြင်းသည် သမထဗလ။ပ။ ပဋိနိဿဂ္ဂါနုပဿနာရှိသည်ဖြစ်၍ ဝင်သက်၏အစွမ်းဖြင့် စိတ်၏ အာရုံတစ်ခုတည်းရှိသည့်အဖြစ် မပျံ့လွင့်ခြင်းသည် သမထဗလ။ ပဋိနိဿဂ္ဂါနုပဿနာရှိသည်ဖြစ်၍ ထွက်သက်၏ အစွမ်းဖြင့် စိတ်၏ အာရုံတစ်ခုတည်းရှိသည့်အဖြစ် မပျံ့လွင့်ခြင်းသည် သမထဗလမည်၏။

သမထဗလဟူသည် အဘယ်သဘောအားဖြင့် သမထဗလမည်သနည်း။ ပဌမဈာန်ဖြင့် နီဝရဏ၌ မတုန်လှုပ်သောကြောင့် သမထဗလ။ ဒုတိယဈာန်ဖြင့် ဝိတက်၊ ဝိစာရ၌ မတုန်လှုပ်သောကြောင့် သမထ ဗလ။ တတိယဈာန်ဖြင့် ပီတိ၌ မတုန်လှုပ်သောကြောင့် သမထဗလ။ စတုတ္ထဈာန်ဖြင့် သုခ၊ ဒုက္ခ၌ မတုန်လှုပ်သောကြောင့် သမထဗလ။ အာကာသာနဉ္စာယတနသမာပတ်ဖြင့် ရူပသညာ၊ ပဋိဃသညာ၊ နာနတ္တသညာ၌ မတုန်လှုပ်သောကြောင့် သမထဗလ။ ဝိညာဏဉ္စာယတနသမာပတ်ဖြင့် အာကာသာနဉ္စာ ယတနသညာ၌ မတုန်လှုပ်သောကြောင့် သမထဗလ။ အာကိဉ္စညာယတနသမာပတ်ဖြင့် ဝိညာဏဉ္စာ ယတနသညာ၌ မတုန်လှုပ်သောကြောင့် သမထဗလ။ နေဝသညာနာသညာယတနသမာပတ်ဖြင့် အာကိဉ္စညာ ယတနသညာ၌ မတုန်လှုပ်သောကြောင့် သမထဗလ။ ဥဒ္ဓစ္စ၌လည်းကောင်း၊ ဥဒ္ဓစ္စနှင့်တကွဖြစ်သော ကိလေသာ၌လည်းကောင်း၊ ခန္ဓာ၌လည်းကောင်း မတုန်မလှုပ် မရွေ့သောကြောင့် သမထဗလမည်၏။ ဤ ကား သမထဗလတည်း။ (၁၇)

အဘယ်သည် ဝိပဿနာဗလမည်သနည်း။ အနိစ္စာနုပဿနာသည် ဝိပဿနာဗလ။ ဒုက္ခာနုပဿနာ သည် ဝိပဿနာဗလ။ပ။ ပဋိနိဿဂ္ဂါနုပဿနာသည် ဝိပဿနာဗလ။ ရုပ်၌ အနိစ္စာနုပဿနာသည် ဝိပဿနာဗလ။ ရုပ်၌ ဒုက္ခာနုပဿနာသည် ဝိပဿနာဗလ။ပ။ ရုပ်၌ ပဋိနိဿဂ္ဂါနုပဿနာသည့်ဝိပဿနာဗလ။ ဝေဒနာ၌။ပ။ သညာ၌။ သင်္ခါရတို့၌။ ဝိညာဉ်၌။ စက္ခု၌။ပ။ ဇရာမရဏ၌ အနိစ္စာနုပဿနာသည် ဝိပဿနာဗလ။ ဇရာမရဏ၌ ဒုက္ခာနုပဿနာသည် ဝိပဿနာဗလ။ပ။ ဇရာမရဏ၌ ပဋိနိဿဂ္ဂါနုပဿနာသည် ဝိပဿနာဗလမည်၏။

ဝိပဿနာဗလဟူသည် အဘယ်သဘောအားဖြင့် ဝိပဿနာဗလမည်သနည်း။ အနိစ္စာနုပဿနာဖြင့် နိစ္စသညာ၌ မတုန်လှုပ်သောကြောင့် ဝိပဿနာဗလ။ ဒုက္ခာနုပဿနာဖြင့် သုခသညာ၌ မတုန်လှုပ်သော ကြောင့် ဝိပဿနာဗလ။ အနတ္တာနုပဿနာဖြင့် အတ္တသညာ၌ မတုန်လှုပ်သောကြောင့် ဝိပဿနာဗလ။ နိဗ္ဗိဒါနုပဿနာဖြင့်နှစ်သက်ခြင်း၌ မတုန်လှုပ်သောကြောင့် ဝိပဿနာဗလ။ ဝိရာဂါနုပဿနာဖြင့် ရာဂ၌ မတုန်လှုပ်သောကြောင့် ဝိပဿနာဗလ။ နိရောဓာနုပဿနာဖြင့် ဖြစ်ပွားခြင်း ‘သမုဒယ’ ၌ မတုန်လှုပ် သောကြောင့် ဝိပဿနာဗလ။ ပဋိနိဿဂ္ဂါနုပဿနာဖြင့် စွဲယူခြင်း၌ မတုန်လှုပ်သောကြောင့် ဝိပဿနာဗလ။ အဝိဇ္ဇာ၌လည်းကောင်း၊ အဝိဇ္ဇာနှင့် တကွဖြစ်သော ကိလေသာ၌လည်းကောင်း၊ ခန္ဓာ၌လည်းကောင်း မတုန် မလှုပ် မရွေ့သောကြောင့် ဝိပဿနာဗလ မည်၏။ ဤကား ဝိပဿနာဗလတည်း။ (၁၈)

--

အဘယ်တို့သည် သေက္ခဗလဆယ်ပါး၊ အသေက္ခဗလဆယ်ပါးတို့ မည်ကုန်သနည်း။ သမ္မာဒိဋ္ဌိကို ကျင့်ဆဲဖြစ်သောကြောင့် သေက္ခဗလ။ ထို (သမ္မာဒိဋ္ဌိ) ၌ ကျင့်ပြီးသည့်အဖြစ်ကြောင့် အသေက္ခဗလ။ သမ္မာ သင်္ကပ္ပကို ကျင့်ဆဲဖြစ်သောကြောင့် သေက္ခဗလ။ ထိုသမ္မာသင်္ကပ္ပ၌ ကျင့်ပြီးသည့်အဖြစ်ကြောင့် အသေက္ခ ဗလ။ သမ္မာဝါစာကို။ပ။ သမ္မာကမ္မန္တကို။ သမ္မာအာဇီဝကို။ သမ္မာဝါယာမကို။ သမ္မာသတိကို။ သမ္မာ သမာဓိကို။ သမ္မာဉာဏ်ကို။ပ။ သမ္မာဝိမုတ္တိကို ကျင့်ဆဲဖြစ်သောကြောင့် သေက္ခဗလ။ ထိုသမ္မာဝိမုတ္တိ၌ ကျင့်ပြီးသည့်အဖြစ်ကြောင့် အသေက္ခဗလမည်၏။ ဤသည်တို့သည် သေက္ခဗလဆယ်ပါး၊ အသေက္ခဗလ ဆယ်ပါးတို့ မည်ကုန်၏။ (၂၀-၃၈)

အဘယ်တို့သည် ခီဏာသဝဗလဆယ်ပါးတို့ မည်ကုန်သနည်း။ ဤသာသနာတော်၌ အာသဝေါ ကုန်ပြီးသော ခီဏာသဝရဟန်းအား အနိစ္စအားဖြင့် သင်္ခါရအားလုံးတို့ကို သဘောမှန်အတိုင်း ကောင်းသောပညာဖြင့် ကောင်းစွာ မြင်အပ်ပြီးဖြစ်ကုန်၏။ အကြင့်ကြောင့် ခီဏာသဝရဟန်းအား အနိစ္စအားဖြင့် သင်္ခါရ အားလုံးတို့ကို သဘောမှန်အတိုင်း ကောင်းသောပညာဖြင့် ကောင်းစွာ မြင်အပ်ပြီးဖြစ်ကုန်၏။ ဤသို့ မြင်ခြင်းသည်လည်း ခီဏာသဝရဟန်း၏ ဗလဖြစ်၏။ ယင်းအားကို စွဲ၍ ခီဏာသဝရဟန်းသည် “ငါ့အား အာသဝေါတရားတို့ ကုန်ပြီ”ဟု အာသဝေါတရားတို့၏ ကုန်ခြင်းကို ဝန်ခံ၏။ (၁)

တစ်ဖန်တစ်ပါးတုံ ခီဏာသဝရဟန်းအား မီးကျီးစု (တွင်း) ဥပမာရှိကုန်သော ကာမတို့ကို သဘော မှန်အတိုင်း ကောင်းသောပညာဖြင့် ကောင်းစွာ မြင်အပ်ပြီးဖြစ်ကုန်၏။ အကြင့်ကြောင့် ခီဏာသဝရဟန်း သည် မီးကျီးစု (တွင်း) ဥပမာရှိကုန်သော ကာမတို့ကို သဘောမှန်အတိုင်း ကောင်းသောပညာဖြင့် ကောင်းစွာ မြင်အပ်ပြီး ဖြစ်ကုန်၏။ ဤသို့ မြင်ခြင်းသည်လည်း ခီဏာသဝရဟန်း၏ ဗလဖြစ်၏။ ယင်း ဗလကို စွဲ၍ ခီဏာသဝရဟန်းသည် “ငါ့အား အာသဝေါတရားတို့ကုန်ပြီ”ဟု အာသဝေါတရားတို့၏ ကုန်ခြင်းကို ဝန်ခံ၏။ (၂)

တစ်ဖန်တစ်ပါးတုံ ခီဏာသဝရဟန်းအား ဝိဝေက၌ညွတ်၊ ဝိဝေက၌ကိုင်း၊ ဝိဝေက၌ရှိုင်းလျက် ဝိဝေက၌ တည်ကာ နေက္ခမ္မ၌ အထူးမွေ့လျော်၍ အလုံးစုံသော အခြင်းအရာအားဖြင့် အာသဝေါတရား တို့၏ အကြောင်း ဖြစ်ကုန်သော တရားတို့မှ ကင်းသောစိတ် ဖြစ်၏။ အကြင့်ကြောင့် ခီဏာသဝရဟန်း အား ဝိဝေက၌ ညွတ်၊ ဝိဝေက၌ကိုင်း၊ ဝိဝေက၌ရှိုင်းလျက် ဝိဝေက၌ တည်ကာ နေက္ခမ္မ၌ အထူးမွေ့ လျော်၍ အလုံးစုံသော အခြင်းအရာအားဖြင့် အာသဝေါတရားတို့၏ အကြောင်းဖြစ်ကုန်သော တရားတို့မှ ကင်းသောစိတ် ဖြစ်၏။ ဤသို့ဖြစ်ခြင်း သည်လည်း ခီဏာသဝရဟန်း၏ ဗလဖြစ်၏။ ယင်းဗလကို စွဲ၍့ခီဏာသဝရဟန်းသည် “ငါ့အား အာသဝေါ တရားတို့ကုန်ပြီ”ဟု အာသဝေါတရားတို့၏ ကုန်ခြင်းကို ဝန်ခံ၏။ (၃)

တစ်ဖန်တစ်ပါးတုံ ခီဏာသဝရဟန်းအား သတိပဋ္ဌာန်လေးပါးတို့ကို ပွားပြီး၊ ကောင်းစွာပွားပြီး ဖြစ်ကုန်၏။ အကြင့်ကြောင့် ခီဏာသဝရဟန်းအား သတိပဋ္ဌာန်လေးပါးတို့ကို ပွားပြီး၊ ကောင်းစွာပွားပြီး ဖြစ်ကုန်၏။ ဤသို့ ဖြစ်ခြင်းသည်လည်း ခီဏာသဝရဟန်း၏ ဗလဖြစ်၏။ ယင်းဗလကိုစွဲ၍ ခီဏာသဝ ရဟန်းသည် “ငါ့အား အာသဝေါတရားတို့ကုန်ပြီ”ဟု အာသဝေါတရားတို့၏ ကုန်ခြင်းကို ဝန်ခံ၏။ (၄)

တစ်ဖန်တစ်ပါးတုံ ခီဏာသဝရဟန်းအား သမ္မပ္ပဓာန်လေးပါးတို့ကို ပွားပြီး၊ ကောင်းစွာ ပွားပြီးဖြစ် ကုန်၏။ပ။ ဣဒ္ဓိပါဒ်လေးပါးတို့ကို ပွားပြီး၊ ကောင်းစွာ ပွားပြီးဖြစ်ကုန်၏။ ဣန္ဒြေငါးပါးတို့ကို ပွားပြီး၊ ကောင်းစွာ ပွားပြီးဖြစ်ကုန်၏။ ဗိုလ်ငါးပါးတို့ကို ပွားပြီး၊ ကောင်းစွာ ပွားပြီးဖြစ်ကုန်၏။

ဗောဇ္ဈင်ခုနစ်ပါး တို့ကို ပွားပြီး၊ ကောင်းစွာ ပွားပြီးဖြစ်ကုန်၏။ပ။ အင်္ဂါရှစ်ပါးရှိသော အရိယမဂ်ကို ပွားပြီး၊ ကောင်းစွာ ပွားပြီးဖြစ်၏။ အကြင့်ကြောင့် ခီဏာသဝရဟန်းအား အင်္ဂါရှစ်ပါးရှိသော မဂ်ကို ပွားများပြီး၊ ကောင်းစွာ ပွားများပြီး ဖြစ်၏။ ဤသို့ ဖြစ်ခြင်းသည်လည်း ခီဏာသဝရဟန်းအား ဗလဖြစ်၏။ ယင်းဗလကို စွဲ၍ ခီဏာသဝ ရဟန်းသည် “ငါ့အား အာသဝေါတရားတို့ကုန်ပြီ”ဟု အာသဝေါတရားတို့၏ ကုန်ခြင်းကို ဝန်ခံ၏။ ဤသည်တို့ကား ခီဏာသဝဗလဆယ်ပါးတို့ မည်ကုန်၏။ (၅-၁၀၊ ၄၈)

--

အဘယ်တို့သည် ပြည့်စုံပြီးစီးခြင်း ‘ဣဒ္ဓိ’ ဗလဆယ်ပါးတို့ မည်ကုန်သနည်း။ အဓိဋ္ဌာန်တန်ခိုး၊ ဖန်ဆင်းခြင်းတန်ခိုး၊ စိတ်ဖြင့် ပြီးစီးသောတန်ခိုး၊ ဉာဏ်ပျံ့နှံ့သောတန်ခိုး၊ သမာဓိပျံ့နှံ့သောတန်ခိုး၊ အရိယာတို့တန်ခိုး၊ ကံအကျိုးကြောင့်ဖြစ်သော တန်ခိုး၊ ဘုန်းရှိသူ၏ တန်ခိုး၊ ဝိဇ္ဇာအတတ်ဖြင့် ပြီးသော တန်ခိုး၊ ထိုထိုအရာ၌ ကောင်းစွာ အားထုတ်ခြင်းအကြောင်းကြောင့် ပြည့်စုံပြီးစီးခြင်းသဘောအားဖြင့် တန်ခိုး'ဣဒ္ဓိ’ မည်၏။ ဤသည်တို့ကား ဣဒ္ဓိဗလဆယ်ပါးတို့ မည်ကုန်၏။ (၁၀၊ ၅၈)

အဘယ်တို့သည် မြတ်စွာဘုရား၏ ဗလဆယ်ပါးတို့ မည်ကုန်သနည်း။ ဤသာသနာတော်၌ မြတ်စွာ ဘုရားသည် အကြောင်းကိုလည်း အကြောင်းအားဖြင့်၊ အကြောင်းမဟုတ်သည်ကိုလည်း အကြောင်း မဟုတ်သောအားဖြင့် သဘောမှန်အတိုင်း ခွဲခြား၍ သိတော်မူ၏။ အကြင့်ကြောင့် မြတ်စွာဘုရားသည် အကြောင်းကိုလည်း အကြောင်းအားဖြင့်၊ အကြောင်းမဟုတ်သည်ကိုလည်း အကြောင်းမဟုတ်သောအားဖြင့် သဘောမှန်အတိုင်း ခွဲခြား၍ သိတော်မူ၏။ ဤသို့ သိခြင်းသည်လည်း မြတ်စွာဘုရား၏ ဗလဖြစ်၏။ ယင်းဗလကို စွဲ၍ မြတ်စွာဘုရားသည် မြတ်သော အရာကို ဝန်ခံတော်မူ၏။ ပရိသတ်တို့ ၌ မြတ်သော အသံကို မိန့်မြွက်တော်မူ၏။ မြတ်သော ဓမ္မစကြာကို ဖြစ်စေတော်မူ၏။ (၁)

တစ်ဖန်တစ်ပါးတုံ မြတ်စွာဘုရားသည် အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန် ဆောက်တည်၍ ပြုအပ်သော ကံတို့၏ အကျိုးကို အထောက်အပံ့အားဖြင့်၊ အကြောင်းအားဖြင့် သဘောမှန်အတိုင်း ခွဲခြား၍ သိတော်မူ၏။ အကြင့်ကြောင့် မြတ်စွာဘုရားသည် အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန် ဆောက်တည်၍ ပြုအပ်သော ကံတို့၏ အကျိုးကို အထောက်အပံ့အားဖြင့်၊ အကြောင်းအားဖြင့် သဘောမှန်အတိုင်း ခွဲခြား၍ သိတော်မူ၏။ ဤသို့ သိခြင်းသည်လည်း မြတ်စွာဘုရား၏ ဗလဖြစ်၏။ ယင်းဗလကို စွဲ၍ မြတ်စွာဘုရားသည် မြတ်သော အရာကို ဝန်ခံတော်မူ၏။ ပရိသတ်တို့ ၌ မြတ်သော အသံကို မိန့်မြွက်တော်မူ၏။ မြတ်သော ဓမ္မစကြာကို ဖြစ်စေတော်မူ၏။ (၂)

တစ်ဖန်တစ်ပါးတုံ မြတ်စွာဘုရားသည် အလုံးစုံသို့ရောက်ကြောင်းအကျင့်ကို သဘောမှန်အတိုင်း ခွဲခြား၍ သိတော်မူ၏။ အကြင့်ကြောင့် မြတ်စွာဘုရားသည် အလုံးစုံသို့ရောက်ကြောင်းအကျင့်ကို သဘော မှန်အတိုင်း ခွဲခြား၍ သိတော်မူ၏။ ဤသို့ သိတော်မူခြင်းသည်လည်း မြတ်စွာဘုရား၏ ဗလဖြစ်၏။ ယင်း ဗလကို စွဲ၍ မြတ်စွာဘုရားသည် မြတ်သောအရာကို ဝန်ခံတော်မူ၏။ ပရိသတ်တို့ ၌့မြတ်သော အသံကို မိန့်မြွက်တော်မူ၏။ မြတ်သောဓမ္မစကြာကို ဖြစ်စေတော်မူ၏။ (၃)

တစ်ဖန်တစ်ပါးတုံ မြတ်စွာဘုရားသည် များစွာသောဓာတ်၊ အထူးထူးသောဓာတ် လောကကို သဘောမှန်အတိုင်း ခွဲခြား၍ သိတော်မူ၏။ အကြင့်ကြောင့် မြတ်စွာဘုရားသည် များစွာသော ဓာတ်၊ အထူးထူးသော ဓာတ်လောကကို သဘောမှန်အတိုင်း ခွဲခြား၍ သိတော်မူ၏။ ဤသို့ သိတော်မူခြင်းသည် လည်း မြတ်စွာဘုရား၏။ပ။ (၄)

တစ်ဖန်တစ်ပါးတုံ မြတ်စွာဘုရားသည် သတ္တဝါတို့၏ အထူးထူးသောနှလုံးသွင်း ‘အဓိမုတ္တိ’ ရှိသည့် အဖြစ်ကို သဘောမှန်အတိုင်း ခွဲခြား၍ သိတော်မူ၏။ အကြင့်ကြောင့် မြတ်စွာဘုရားသည် သတ္တဝါတို့၏ အထူးထူးသောနှလုံးသွင်း ‘အဓိမုတ္တိ’ ရှိသည်၏အဖြစ်ကို သဘောမှန်အတိုင်း ခွဲခြား၍ သိတော်မူ၏။ ဤ သို့ သိခြင်းသည်လည်း မြတ်စွာဘုရား၏။ပ။ (၅)

တစ်ဖန်တစ်ပါးတုံ မြတ်စွာဘုရားသည် တစ်ပါးသော သတ္တဝါ၊ တစ်ပါးသော ပုဂ္ဂိုလ်တို့၏ ဣန္ဒြေ ရင့်ကျက်ခြင်း, မရင့်ကျက်ခြင်းကို သဘောမှန်အတိုင်း ခွဲခြား၍ သိတော်မူ၏။ အကြင့်ကြောင့် မြတ်စွာဘုရား သည် တစ်ပါးသော သတ္တဝါ၊ တစ်ပါးသော ပုဂ္ဂိုလ်တို့၏ ဣန္ဒြေရင့်ကျက်ခြင်း, မရင့်ကျက်ခြင်းကို သဘော မှန်အတိုင်း ခွဲခြား၍ သိတော်မူ၏။ ဤသို့ သိခြင်းသည်လည်း မြတ်စွာဘုရား၏။ပ။ (၆)

--

တစ်ဖန်တစ်ပါးတုံ မြတ်စွာဘုရားသည် ဈာန်၊ ဝိမောက္ခ၊ သမာဓိ၊ သမာပတ်တို့၏ ညစ်နွမ်းခြင်း၊ ဖြူစင်ခြင်း၊ ထခြင်းအကြောင်းကို သဘောမှန်အတိုင်း ခွဲခြား၍ သိတော်မူ၏။ အကြင့်ကြောင့် မြတ်စွာ ဘုရားသည် ဈာန်၊ ဝိမောက္ခ၊ သမာဓိ၊ သမာပတ်တို့၏ ညစ်နွမ်းခြင်း၊ ဖြူစင်ခြင်း၊ ထခြင်း အကြောင်း ကို သဘောမှန်အတိုင်း ခွဲခြား၍ သိတော်မူ၏။ ဤသို့ သိခြင်းသည်လည်း မြတ်စွာဘုရား၏။ပ။ (၇)

တစ်ဖန်တစ်ပါးတုံ မြတ်စွာဘုရားသည် များပြားစွာသော ရှေးရှေးဘဝ၌ နေဖူးသော ခန္ဓာအစဉ်ကို အစဉ်လျှောက်၍ အောက်မေ့တော်မူနိုင်၏။ ဤခန္ဓာအစဉ်ဟူသည် အဘယ်နည်း။ တစ်ဘဝကိုလည်း ကောင်း၊နှစ်ဘဝတို့ကိုလည်းကောင်း။ပ။ ဤသို့ အခြင်းအရာနှင့်တကွ၊ (အမည်အနွယ်ကို) ညွှန်ပြခြင်းနှင့် တကွ များပြားစွာသော ရှေးရှေးဘဝ၌ နေဖူးသော ခန္ဓာအစဉ်ကို အစဉ်လျှောက်၍ အောက်မေ့တော်မူနိုင်၏။ အကြင့်ကြောင့် မြတ်စွာဘုရားသည် များပြားစွာသော ရှေးရှေးဘဝ၌ နေဖူးသော ခန္ဓာအစဉ်ကို အစဉ်လျှောက်၍ အောက်မေ့တော်မူနိုင်၏။ ဤရှေးရှေးဘဝ၌ နေဖူးသော ခန္ဓာအစဉ်သည် အဘယ်နည်း။ တစ်ဘဝကိုလည်းကောင်း၊နှစ်ဘဝတို့ကိုလည်းကောင်း။ပ။ ဤသို့ အောက်မေ့နိုင်ခြင်းသည်လည်း မြတ်စွာ ဘုရား၏။ပ။ (၈)

တစ်ဖန်တစ်ပါးတုံ မြတ်စွာဘုရားသည် အထူးသဖြင့် စင်ကြယ်သော၊ လူတို့၏ မျက်စိထက် သာလွန် သော ဒိဗ္ဗစက္ခုအဘိညာဉ်ဖြင့် စုတေဆဲ၊ ပဋိသန္ဓေနေဆဲ သတ္တဝါတို့ကို မြင်တော်မူနိုင်၏။ပ။ အကြင့်ကြောင့် မြတ်စွာဘုရားသည် အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိထက်သာလွန်သော ဒိဗ္ဗစက္ခုအဘိညာဉ် ဖြင့် စုတေဆဲ၊ ပဋိသန္ဓေနေဆဲ သတ္တဝါတို့ကို မြင်တော်မူနိုင်၏။ပ။ ဤသို့ မြင်ခြင်းသည်လည်း မြတ်စွာ ဘုရား၏။ပ။ (၉)

တစ်ဖန်တစ်ပါးတုံ မြတ်စွာဘုရားသည် (အရဟတ္တမဂ်ဖြင့်) အာသဝေါတရားတို့၏ ကုန်ခြင်းကြောင့် အာသဝေါတရားကင်းသော စေတောဝိမုတ္တိ, ပညာဝိမုတ္တိကို မျက်မှောက်ဘဝ၌ပင် ကိုယ်တိုင်ထူးသော ဉာဏ်ဖြင့် မျက်မှောက်ပြုကာ ဝင်စားနေတော်မူ၏။ အကြင့်ကြောင့် မြတ်စွာဘုရားသည် (အရဟတ္တမဂ်ဖြင့်) အာသဝေါတရားတို့၏ ကုန်ခြင်းကြောင့် အာသဝေါတရားကင်းသော စေတောဝိမုတ္တိ, ပညာဝိမုတ္တိကို မျက်မှောက်ဘဝ၌ပင် ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုကာ ဝင်စားနေတော်မူ၏။ ဤသို့ နေခြင်းသည်လည်း မြတ်စွာဘုရား၏ ဗလ ဖြစ်၏။ ယင်းဗလကို စွဲ၍ မြတ်စွာဘုရားသည် မြတ်သော အရာကို ဝန်ခံတော်မူ၏။ ပရိသတ်တို့၌ မြတ်သော အသံကို့မိန့်မြွက်တော်မူ၏။ မြတ်သော ဓမ္မစကြာကို ဖြစ်စေတော်မူ၏။ ဤသည်တို့ကား မြတ်စွာဘုရား၏ ဗလဆယ်ပါးတို့ မည်ကုန်၏။ (၁၀၊ ၆၈)

၄၅။ အဘယ်သဘောအားဖြင့် သဒ္ဓါဗလမည်သနည်း။ အဘယ်သဘောအားဖြင့် ဝီရိယဗလ၊ အဘယ်သဘောအားဖြင့် သတိဗလ၊ အဘယ်သဘောအားဖြင့် သမာဓိဗလ၊ အဘယ်သဘောအားဖြင့် ပညာ ဗလ၊ အဘယ်သဘောအားဖြင့် ဟိရိဗလ၊ အဘယ်သဘောအားဖြင့် ဩတ္တပ္ပဗလ၊ အဘယ်သဘောအားဖြင့် စူးစမ်း ဆင်ခြင်ခြင်း ‘ပဋိသင်္ခါန’ ဗလ။ပ။ အဘယ်သဘောအားဖြင့် မြတ်စွာဘုရား၏ ဗလမည်သနည်း။

--

သဒ္ဓါမရှိခြင်း၌ မတုန်လှုပ်စေနိုင်ခြင်းသဘောအားဖြင့် သဒ္ဓါဗလမည်၏။ ပျင်းရိခြင်း၌ မတုန်လှုပ်စေနိုင်ခြင်းသဘောအားဖြင့် ဝီရိယဗလ။ မေ့လျော့ခြင်း၌ မတုန်လှုပ်စေနိုင်ခြင်းသဘောအားဖြင့် သတိဗလ။ ဥဒ္ဓစ္စ၌ မတုန်လှုပ်စေနိုင်ခြင်းသဘောအားဖြင့် သမာဓိဗလ။ အဝိဇ္ဇာ၌ မတုန်လှုပ်စေနိုင်ခြင်းသဘောအားဖြင့် ပညာဗလ။ ယုတ်မာသော အကုသိုလ်တရားတို့မှ ရှက်သောကြောင့် ဟိရိဗလ။ ယုတ်မာသော အကုသိုလ် တရားတို့မှ ကြောက်လန့်သောကြောင့် ဩတ္တပ္ပဗလ။ ဉာဏ်ဖြင့် ကိလေသာတို့ကို စူးစမ်းဆင်ခြင်သော ကြောင့် ပဋိသင်္ခါနဗလ။ ထို၌ ဖြစ်ကုန်သော တရားတို့သည် တစ်ခုတည်းကိစ္စ ရသရှိကုန်သောကြောင့် ဘာဝနာဗလ။ ထို၌ တစ်စုံတစ်ရာအပြစ်သည် မရှိသောကြောင့် အပြစ်မဲ့ ‘အနဝဇ္ဇ’ ဗလ။ ထိုဖြင့် စိတ်ကို ချီးမြှင့်သောကြောင့် သင်္ဂဟဗလ။ ထိုကိုနှစ်သက်သောကြောင့် ခန္တိဗလ။ ထိုဖြင့် စိတ်ကိုနှစ်သက်စေ သောကြောင့် ပညတ္တိဗလ။ ထိုဖြင့် စိတ်ကို ကြံစည်စေသောကြောင့် နိဇ္ဈတ္တိဗလ။ ထိုဖြင့် စိတ်ကို မိမိအလိုအတိုင်းဖြစ်စေသောကြောင့် အစိုးရခြင်း ‘ဣဿရိယ’ ဗလ။ ထိုဖြင့် စိတ်ကို အဓိဋ္ဌာန်သောကြောင့် အဓိဋ္ဌာနဗလ။ ထိုဖြင့် စိတ်သည် အာရုံတစ်ခုတည်းရှိသောကြောင့် သမထဗလ။ ထို၌ဖြစ်သောတရားတို့ကို အဖန်ဖန်ရှုသောကြောင့် ဝိပဿနာဗလ။ ထို၌ ကျင့်ဆဲဖြစ်သောကြောင့် သေက္ခဗလ။ ထို၌ ကျင့်ပြီးသည့် အဖြစ်ကြောင့် အသေက္ခဗလ။ ထိုဖြင့် အာသဝေါတရားတို့သည် ကုန်ပြီးသောကြောင့် ခီဏာသဝဗလ။ ထို သူအား ပြည့်စုံပြီးစီးသောကြောင့် ဣဒ္ဓိဗလ။ မနှိုင်းယှဉ်အပ်သောသဘောအားဖြင့် တထာဂတဗလ မည်၏။

ဗလကထာ ပြီး၏။

--

၁၀-သုညကထာ

၄၆။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ အသျှင်အာနန္ဒာ သည် မြတ်စွာဘုရားရှိရာ အရပ်သို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို ရိုသေစွာ ရှိခိုး၍ သင့်လျော်ရာ အရပ်၌ ထိုင်နေ၏။ သင့်လျော်ရာ အရပ်၌ ထိုင်လျက် အသျှင်အာနန္ဒာသည် မြတ်စွာဘုရားအား-

အသျှင်ဘုရား “လောကသည် ဆိတ်သုဉ်း၏၊ လောကသည် ဆိတ်သုဉ်း၏” ဆိုအပ်၏။ အသျှင် ဘုရားအဘယ်မျှဖြင့် “လောကသည် ဆိတ်သုဉ်း၏”ဟု ဆိုအပ်ပါသနည်းဟု လျှောက်ဆို၏။

အာနန္ဒာ အကြင့်ကြောင့် ငါဟူသော အတ္တမှလည်းကောင်း၊ ငါ၏ ဥစ္စာဟူသော အတ္တနိယမှလည်း ကောင်း ဆိတ်သုဉ်း၏။ ထို့ကြောင့် “လောကသည် ဆိတ်သုဉ်း၏”ဟု ဆိုအပ်၏။ အာနန္ဒာ အဘယ်သည် ငါဟူသော အတ္တမှလည်းကောင်း၊ ငါ၏ ဥစ္စာဟူသော အတ္တနိယမှလည်းကောင်း ဆိတ်သုဉ်းသနည်း။ အာနန္ဒာ မျက်စိသည် ငါဟူသော အတ္တမှလည်းကောင်း၊ ငါ၏ ဥစ္စာဟူသော အတ္တနိယမှလည်းကောင်း ဆိတ်သုဉ်း၏။ အဆင်းတို့သည် အတ္တမှလည်းကောင်း၊ အတ္တနိယမှလည်းကောင်း ဆိတ်သုဉ်းကုန်၏။ စက္ခုဝိညာဉ်သည် အတ္တမှလည်းကောင်း၊ အတ္တနိယမှလည်းကောင်း ဆိတ်သုဉ်း၏။ စက္ခုသမ္ဖဿသည် အတ္တမှလည်းကောင်း၊ အတ္တနိယမှလည်းကောင်း ဆိတ်သုဉ်း၏။ စက္ခုသမ္ဖဿကြောင့်ဖြစ်သော ခံစားအပ်သည့် သုခ၊ ဒုက္ခ၊ အဒုက္ခမသုခသည်လည်း အတ္တမှလည်းကောင်း၊ အတ္တနိယမှလည်းကောင်း ဆိတ် သုဉ်း၏။

နားသည် ဆိတ်သုဉ်း၏။ အသံတို့သည် ဆိတ်သုဉ်းကုန်၏။ နှာခေါင်းသည် ဆိတ်သုဉ်း၏။ အနံ့တို့သည် ဆိတ်သုဉ်းကုန်၏။ လျှာသည် ဆိတ်သုဉ်း၏။ အရသာတို့သည် ဆိတ်သုဉ်းကုန်၏။

ကိုယ်သည် ဆိတ်သုဉ်း၏။ အတွေ့အထိတို့သည် ဆိတ်သုဉ်းကုန်၏။ စိတ်သည် အတ္တမှလည်းကောင်း၊ အတ္တနိယမှလည်းကောင်း ဆိတ်သုဉ်း၏။ တရားဓမ္မတို့သည် အတ္တမှလည်းကောင်း၊ အတ္တနိယမှလည်း ကောင်း ဆိတ်သုဉ်းကုန်၏။ မနောဝိညာဉ်သည် အတ္တမှလည်းကောင်း၊ အတ္တနိယမှလည်းကောင်း ဆိတ် သုဉ်း၏။ မနောသမ္ဖဿသည် အတ္တမှလည်းကောင်း၊ အတ္တနိယမှလည်းကောင်း ဆိတ်သုဉ်း၏။ မနော သမ္ဖဿအကြောင်းကြောင့်ဖြစ်သော ခံစားအပ်သည့် သုခ၊ ဒုက္ခ၊ ဥပေက္ခာသည်လည်း အတ္တမှလည်း ကောင်း၊ အတ္တနိယမှလည်းကောင်း ဆိတ်သုဉ်း၏။ အာနန္ဒာ အတ္တမှလည်းကောင်း၊ အတ္တနိယမှလည်း ကောင်း ဆိတ်သုဉ်းသောကြောင့် “လောကသည် ဆိတ်သုဉ်း၏”ဟု ဆိုအပ်၏ဟု (မိန့်တော်မူ၏)။

--

၁-မာတိကာ

၄၇။ ဆိတ်သုဉ်းသော ဆိတ်သုဉ်းခြင်း၊ သင်္ခါရတို့မှ ဆိတ်သုဉ်းခြင်း၊ ဖောက်ပြန်သောအားဖြင့် ဆိတ်သုဉ်းခြင်း၊ မြတ်သော ဆိတ်သုဉ်းခြင်း၊ လက္ခဏာတို့မှ ဆိတ်သုဉ်းခြင်း၊ ခွါသောအားဖြင့် ဆိတ် သုဉ်းခြင်း၊ တဒင်္ဂအားဖြင့် ဆိတ်သုဉ်းခြင်း၊ ကောင်းစွာ ဖြတ်သောအားဖြင့် ဆိတ်သုဉ်းခြင်း၊ တစ်ဖန်ငြိမ်း သောအားဖြင့် ဆိတ်သုဉ်းခြင်း၊ ထွက်မြောက်သောအားဖြင့် ဆိတ်သုဉ်းခြင်း၊ အတွင်း ‘အဇ္ဈတ္တ’ ဆိတ်သုဉ်းခြင်း၊ အပ ‘ဗဟိဒ္ဓ’ ဆိတ်သုဉ်းခြင်း၊နှစ်မျိုးလုံး ဆိတ်သုဉ်းခြင်း၊ သဘောတူ ‘သဘာဂ’ ဆိတ်သုဉ်းခြင်း၊ သဘောမတူ ‘ဝိသဘာဂ’ ဆိတ်သုဉ်းခြင်း၊ ရှာမှီးသော ဆိတ်သုဉ်းခြင်း၊ သိမ်းဆည်းသော ဆိတ်သုဉ်းခြင်း၊ ရသောအားဖြင့် ဆိတ်သုဉ်းခြင်း၊ ထိုးထွင်း၍ သိသော ဆိတ်သုဉ်းခြင်း၊ တစ်ခုတည်း အဖြစ်ဟူသော ဆိတ်သုဉ်းခြင်း၊ အထူးထူးအဖြစ်ဟူသော ဆိတ်သုဉ်းခြင်း၊နှစ်သက်သော ဆိတ်သုဉ်းခြင်း၊ အဓိဋ္ဌာန် အားဖြင့် ဆိတ်သုဉ်းခြင်း၊ သက်ဝင်သောအားဖြင့် ဆိတ်သုဉ်းခြင်း၊ သမ္ပဇဉ်နှင့် ပြည့်စုံသော ရဟန္တာ၏ မစွဲလမ်းမူ၍ ပရိနိဗ္ဗာန်ပြုခြင်းသည် ဆိတ်သုဉ်းခြင်းအားလုံးတို့ထက် မြတ်သောသဘောဖြစ်သော ဆိတ် သုဉ်းခြင်း။ (၂၅)

--

၂-နိဒ္ဒေသ

၄၈။ အဘယ်သည် ဆိတ်သုဉ်းသော ဆိတ်သုဉ်းခြင်းနည်း။ မျက်စိသည် အတ္တမှလည်းကောင်း၊ အတ္တ၏ ဥစ္စာမှလည်းကောင်း၊ မြဲခြင်းမှလည်းကောင်း၊ ခိုင်မြဲခြင်းမှလည်းကောင်း၊ တည်မြဲခြင်းမှလည်း ကောင်း၊ မဖောက်ပြန်ခြင်းသဘောမှလည်းကောင်း ဆိတ်သုဉ်း၏။ နားသည် ဆိတ်သုဉ်း၏။ပ။ နှာခေါင်း သည် ဆိတ်သုဉ်း၏။ လျှာသည် ဆိတ်သုဉ်း၏။ ကိုယ်သည် ဆိတ်သုဉ်း၏။ စိတ်သည် အတ္တမှလည်း ကောင်း၊ အတ္တ၏ ဥစ္စာမှလည်းကောင်း၊ မြဲခြင်းမှလည်းကောင်း၊ ခိုင်မြဲခြင်းမှလည်းကောင်း၊ တည်မြဲခြင်းမှ လည်းကောင်း၊ မဖောက်ပြန်ခြင်းသဘောမှလည်းကောင်း ဆိတ်သုဉ်း၏။ ဤကား ဆိတ်သုဉ်းသော ဆိတ် သုဉ်းခြင်းတည်း။ (၁)

အဘယ်သည် သင်္ခါရတို့မှ ဆိတ်သုဉ်းခြင်းနည်း။ သင်္ခါရတို့သည် ပုညာဘိသင်္ခါရ၊ အပုညာဘိ သင်္ခါရ၊ အာနေဉ္ဇာဘိသင်္ခါရ သုံးပါးတို့တည်း။ ပုညာဘိသင်္ခါရသည် အပုညာဘိသင်္ခါရမှလည်းကောင်း၊ အာနေဉ္ဇာဘိသင်္ခါရမှလည်းကောင်း ဆိတ်သုဉ်း၏။ အပုညာဘိသင်္ခါရသည် ပုညာဘိသင်္ခါရမှလည်းကောင်း၊ အာနေဉ္ဇာဘိသင်္ခါရမှလည်းကောင်း ဆိတ်သုဉ်း၏။ အာနေဉ္ဇာဘိသင်္ခါရသည် ပုညာဘိသင်္ခါရမှလည်းကောင်း၊ အပုညာဘိသင်္ခါရမှလည်းကောင်း ဆိတ်သုဉ်း၏။ ဤသည်တို့ကား သင်္ခါရသုံးပါးတို့တည်း။

တစ်ပါးကုန်သော သင်္ခါရတို့သည်လည်း ကာယသင်္ခါရ၊ ဝစီသင်္ခါရ၊ စိတ္တသင်္ခါရ သုံးပါးတို့တည်း။ ကာယသင်္ခါရသည် ဝစီသင်္ခါရမှလည်းကောင်း၊ စိတ္တသင်္ခါရမှလည်းကောင်း ဆိတ်သုဉ်း၏။ ဝစီသင်္ခါရသည် ကာယသင်္ခါရမှလည်းကောင်း စိတ္တသင်္ခါရမှလည်းကောင်း ဆိတ်သုဉ်း၏။ စိတ္တသင်္ခါရသည် ကာယသင်္ခါရမှ လည်းကောင်း၊ ဝစီသင်္ခါရမှလည်းကောင်း ဆိတ်သုဉ်း၏။ ဤသည်တို့ကား သင်္ခါရသုံးပါးတို့တည်း။

တစ်ပါးကုန်သော သင်္ခါရတို့သည်လည်း အတိတ်သင်္ခါရ၊ အနာဂတ်သင်္ခါရ၊ ပစ္စုပ္ပန်သင်္ခါရ သုံးပါးတို့တည်း။ အတိတ်သင်္ခါရတို့သည် အနာဂတ်သင်္ခါရ၊ ပစ္စုပ္ပန်သင်္ခါရတို့မှ ဆိတ်သုဉ်းကုန်၏။ အနာဂတ် သင်္ခါရတို့သည် အတိတ်သင်္ခါရ၊ ပစ္စုပ္ပန်သင်္ခါရတို့မှ ဆိတ်သုဉ်းကုန်၏။ ပစ္စုပ္ပန်သင်္ခါရတို့သည် အတိတ် သင်္ခါရ၊ အနာဂတ်သင်္ခါရတို့မှ ဆိတ်သုဉ်းကုန်၏။ ဤသည်တို့ကား သင်္ခါရသုံးပါးတို့တည်း။ ဤကား သင်္ခါရတို့မှ ဆိတ်သုဉ်းခြင်းတည်း။ (၂)

အဘယ်သည် ဖောက်ပြန်သောအားဖြင့် ဆိတ်သုဉ်းခြင်းနည်း။ ဖြစ်ဆဲပစ္စုပ္ပန်ရုပ်သည် သဘာဝမှ ဆိတ်သုဉ်း၏။ ကင်း (ချုပ်) သော ရုပ်သည် ဖောက်ပြန်လည်း ဖောက်ပြန်၏။ ဆိတ်သုဉ်းလည်း ဆိတ် သုဉ်း၏။ ဖြစ်ဆဲပစ္စုပ္ပန် ဝေဒနာသည် သဘာဝမှ ဆိတ်သုဉ်း၏။ ကင်း (ချုပ်) သော ဝေဒနာသည် ဖောက် ပြန်လည်း ဖောက်ပြန်၏။ ဆိတ်သုဉ်းလည်း ဆိတ်သုဉ်း၏။ပ။ ဖြစ်ဆဲပစ္စုပ္ပန်သညာသည်။ ဖြစ်ဆဲ ပစ္စုပ္ပန် သင်္ခါရတို့သည်။ ဖြစ်ဆဲပစ္စုပ္ပန်ဝိညာဉ်သည်။ ဖြစ်ဆဲပစ္စုပ္ပန်မျက်စိသည်။ပ။ ဖြစ်ဆဲပစ္စုပ္ပန်ဘဝသည် သဘာဝမှ ဆိတ်သုဉ်း၏။ ကင်း (ချုပ်) သော ဘဝသည် ဖောက်ပြန်လည်း ဖောက်ပြန်၏။ ဆိတ်သုဉ်းလည်း ဆိတ်သုဉ်း၏။ ဤကား ဖောက်ပြန်ပြောင်းလဲသောအားဖြင့် ဆိတ်သုဉ်းခြင်းတည်း။ (၃)

အဘယ်သည် မြတ်သော ဆိတ်သုဉ်းခြင်းနည်း။ သင်္ခါရအားလုံးငြိမ်းရာ၊ ဥပဓိအားလုံးစွန့်လွှတ်ရာ၊ တဏှာကုန်ရာ၊ ရာဂကင်းရာ၊ ချုပ်ရာ ဤနိဗ္ဗာန်သည် မြတ်၏။ ဤနိဗ္ဗာန်သည် ချီးမွမ်းထိုက်၏။ ဤ နိဗ္ဗာန်သည် ထူးကဲ၏။ ဤကား မြတ်သော ဆိတ်သုဉ်းခြင်းတည်း။ (၄)

--

အဘယ်သည် လက္ခဏာတို့မှ ဆိတ်သုဉ်းခြင်းနည်း။ လက္ခဏာတို့သည် သူမိုက်လက္ခဏာ၊ ပညာရှိ လက္ခဏာနှစ်ပါးတို့တည်း။ သူမိုက်လက္ခဏာသည် ပညာရှိလက္ခဏာမှ ဆိတ်သုဉ်း၏။ ပညာရှိလက္ခဏာ သည် သူမိုက်လက္ခဏာမှ ဆိတ်သုဉ်း၏။ လက္ခဏာတို့သည် ဖြစ်ခြင်း ‘ဥပါဒ်'လက္ခဏာ၊ ပျက်ခြင်း ‘ဘင်’ လက္ခဏာ၊ ဥပါဒ်အခိုက်အတန့်၏ တမျိုးတစ်ဖုံဖြစ်တည်ခြင်း ‘ဌီ’ လက္ခဏာ သုံးပါးတို့တည်း။ ဖြစ်ခြင်း ‘ဥပါဒ်'လက္ခဏာသည် ပျက်ခြင်း ‘ဘင်'လက္ခဏာမှလည်းကောင်း၊ ဥပါဒ်အခိုက်အတန့်၏ တစ်မျိုးတစ်ဖုံဖြစ် တည်ခြင်း ‘ဌီ'လက္ခဏာမှလည်းကောင်း ဆိတ်သုဉ်း၏။ ပျက်ခြင်း ‘ဘင်'လက္ခဏာသည် ဖြစ်ခြင်း ‘ဥပါဒ်’ လက္ခဏာမှလည်းကောင်း၊ ဥပါဒ်အခိုက်အတန့်၏ တစ်မျိုးတစ်ဖုံဖြစ်တည်ခြင်း ‘ဌီ'လက္ခဏာမှလည်းကောင်း ဆိတ်သုဉ်း၏။ ဥပါဒ်အခိုက်အတန့်၏ တစ်မျိုးတစ်ဖုံဖြစ်တည်ခြင်း ‘ဌီ'လက္ခဏာသည် ဖြစ်ခြင်း ‘ဥပါဒ်'လက္ခဏာမှလည်းကောင်း၊ ပျက်ခြင်း ‘ဘင်'လက္ခဏာမှလည်းကောင်း ဆိတ်သုဉ်း၏။

ရုပ်၏ ဖြစ်ခြင်း ‘ဥပါဒ်'လက္ခဏာသည် ပျက်ခြင်း ‘ဘင်'လက္ခဏာမှလည်းကောင်း၊ တမျိုးတစ်ဖုံဖြစ် တည်ခြင်း ‘ဌီ'လက္ခဏာမှလည်းကောင်း ဆိတ်သုဉ်း၏။ ရုပ်၏ ပျက်ခြင်း ‘ဘင်'လက္ခဏာသည် ဖြစ်ခြင်း ‘ဥပါဒ်'လက္ခဏာမှလည်းကောင်း၊ တမျိုးတစ်ဖုံဖြစ်တည်ခြင်း (ဌီ) လက္ခဏာမှလည်းကောင်း ဆိတ်သုဉ်း၏။ ရုပ်၏ တမျိုးတစ်ဖုံဖြစ် တည်ခြင်း ‘ဌီ’ လက္ခဏာသည် ဖြစ်ခြင်း ‘ဥပါဒ်'လက္ခဏာမှလည်းကောင်း၊ ပျက်ခြင်း ‘ဘင်'လက္ခဏာမှလည်းကောင်း ဆိတ်သုဉ်း၏။ ဝေဒနာ၏။ပ။ သညာ၏။ သင်္ခါရတို့၏။ ဝိညာဉ်၏။ စက္ခု၏။ပ။ ဇရာမရဏ၏ ဖြစ်ခြင်း ‘ဥပါဒ်’ လက္ခဏာသည် ပျက်ခြင်း ‘ဘင်'လက္ခဏာမှလည်းကောင်း၊ တမျိုး တစ်ဖုံဖြစ်တည်ခြင်း ‘ဌီ’ လက္ခဏာမှလည်းကောင်း ဆိတ်သုဉ်း၏။ ဇရာမရဏ၏ပျက်ခြင်း ‘ဘင်'လက္ခဏာသည် ဖြစ်ခြင်း ‘ဥပါဒ်'လက္ခဏာမှလည်းကောင်း၊ တမျိုးတစ်ဖုံ ဖြစ်တည်ခြင်း ‘ဌီ'လက္ခဏာမှလည်းကောင်း ဆိတ် သုဉ်း၏။ ဇရာမရဏ၏့တမျိုးတစ်ဖုံ ဖြစ်တည်ခြင်း ‘ဌီ’ လက္ခဏာသည် ဖြစ်ခြင်း ‘ဥပါဒ်’ လက္ခဏာမှလည်း ကောင်း၊ ပျက်ခြင်း ‘ဘင်'လက္ခဏာမှလည်းကောင်း ဆိတ်သုဉ်း၏။ ဤကား လက္ခဏာတို့မှ ဆိတ်သုဉ်းခြင်းတည်း။ (၅)

အဘယ်သည် ခွါသောအားဖြင့် ဆိတ်သုဉ်းခြင်းနည်း။ နေက္ခမ္မဖြင့် ကာမစ္ဆန္ဒသည် ခွါလည်း ခွါအပ်၏။

ဆိတ်သုဉ်းလည်း ဆိတ်သုဉ်း၏။ အဗျာပါဒဖြင့် ဗျာပါဒသည် ခွါလည်း ခွါအပ်၏။ ဆိတ်သုဉ်းလည်း ဆိတ်သုဉ်း၏။ အာလောကသညာဖြင့် ထိနမိဒ္ဓသည် ခွါလည်း ခွါအပ်၏။ ဆိတ်သုဉ်းလည်း ဆိတ် သုဉ်း၏။ မပျံ့လွင့်ခြင်းဖြင့် ဥဒ္ဓစ္စသည် ခွါလည်း ခွါအပ်၏။ ဆိတ်သုဉ်းလည်း ဆိတ်သုဉ်း၏။ ဓမ္မဝဝတ္ထာန် ဖြင့် ဝိစိကိစ္ဆာသည် ခွါလည်း ခွါအပ်၏။ ဆိတ်သုဉ်းလည်း ဆိတ်သုဉ်း၏။ ဉာဏ်ဖြင့် အဝိဇ္ဇာသည် ခွါလည်း ခွါအပ်၏။ ဆိတ်သုဉ်းလည်း ဆိတ်သုဉ်း၏။ ဝမ်းမြောက်ခြင်းဖြင့် မမွေ့လျော်ခြင်းသည် ခွါလည်း ခွါအပ်၏။ ဆိတ်သုဉ်းလည်း ဆိတ်သုဉ်း၏။ ပဌမဈာန်ဖြင့် နီဝရဏတို့သည် ခွါလည်း ခွါအပ်ကုန်၏။ ဆိတ်သုဉ်းလည်း ဆိတ်သုဉ်းကုန်၏။ပ။ အရဟတ္တမဂ်ဖြင့် ကိလေသာအားလုံးတို့သည် ခွါလည်း ခွါအပ် ကုန်၏။ ဆိတ်သုဉ်းလည်း ဆိတ်သုဉ်းကုန်၏။ ဤကား ခွါသောအားဖြင့် ဆိတ်သုဉ်းခြင်းတည်း။ (၆)

အဘယ်သည် တဒင်္ဂအားဖြင့် ဆိတ်သုဉ်းခြင်းနည်း။ နေက္ခမ္မဖြင့် ကာမစ္ဆန္ဒသည် တဒင်္ဂဆိတ်သုဉ်း၏။ အဗျာပါဒဖြင့် ဗျာပါဒသည် တဒင်္ဂဆိတ်သုဉ်း၏။ အာလောကသညာဖြင့် ထိနမိဒ္ဓသည် တဒင်္ဂဆိတ်သုဉ်း၏။ မပျံ့လွင့်ခြင်းဖြင့် ဥဒ္ဓစ္စသည် တဒင်္ဂဆိတ်သုဉ်း၏။ ဓမ္မဝဝတ္ထာန်ဖြင့် ဝိစိကိစ္ဆာသည် တဒင်္ဂဆိတ်သုဉ်း၏။ ဉာဏ်ဖြင့် အဝိဇ္ဇာသည် တဒင်္ဂဆိတ်သုဉ်း၏။ ဝမ်းမြောက်ခြင်းဖြင့် မမွေ့လျော်ခြင်းသည် တဒင်္ဂ ဆိတ်သုဉ်း၏။ ပဌမဈာန်ဖြင့် နီဝရဏတို့သည် တဒင်္ဂဆိတ်သုဉ်းကုန်၏။ပ။ ဝိဝဋ္ဋနာနုပဿနာဖြင့် ယှဉ်ခြင်း ၌ မှားသောနှလုံးသွင်းခြင်းသည် တဒင်္ဂဆိတ်သုဉ်း၏။ ဤကား တဒင်္ဂအားဖြင့် ဆိတ်သုဉ်းခြင်းတည်း။ (၇)

--

အဘယ်သည် ကောင်းစွာ ဖြတ်သောအားဖြင့် ဆိတ်သုဉ်းခြင်းနည်း။ နေက္ခမ္မဖြင့် ကာမစ္ဆန္ဒသည် ကောင်းစွာ ဖြတ်လည်း ဖြတ်အပ်၏။ ဆိတ်သုဉ်းလည်း ဆိတ်သုဉ်း၏။ အဗျာပါဒဖြင့် ဗျာပါဒသည် ကောင်းစွာ ဖြတ်လည်း ဖြတ်အပ်၏။ ဆိတ်သုဉ်းလည်း ဆိတ်သုဉ်း၏။ အာလောကသညာဖြင့် ထိနမိဒ္ဓ သည် ကောင်းစွာ ဖြတ်လည်း ဖြတ်အပ်၏။ ဆိတ်သုဉ်းလည်း ဆိတ်သုဉ်း၏။ မပျံ့လွင့်ခြင်းဖြင့် ဥဒ္ဓစ္စသည် ကောင်းစွာ ဖြတ်လည်း ဖြတ်အပ်၏။ ဆိတ်သုဉ်းလည်း ဆိတ်သုဉ်း၏။ ဓမ္မဝဝတ္ထာန်ဖြင့် ဝိစိကိစ္ဆာသည် ကောင်းစွာ ဖြတ်လည်း ဖြတ်အပ်၏။ ဆိတ်သုဉ်းလည်း ဆိတ်သုဉ်း၏။ ဉာဏ်ဖြင့် အဝိဇ္ဇာသည် ကောင်းစွာ ဖြတ်လည်း ဖြတ်အပ်၏။ ဆိတ်သုဉ်းလည်း ဆိတ်သုဉ်း၏။ ဝမ်းမြောက်ခြင်းဖြင့် မမွေ့လျော်ခြင်းသည် ကောင်းစွာ ဖြတ်လည်း ဖြတ်အပ်၏။ ဆိတ်သုဉ်းလည်း ဆိတ်သုဉ်း၏။ ပဌမဈာန်ဖြင့် နီဝရဏတို့သည် ကောင်းစွာ ဖြတ်လည်း ဖြတ်အပ်ကုန်၏။

ဆိတ်သုဉ်းလည်း ဆိတ်သုဉ်းကုန်၏။ပ။ အရဟတ္တမဂ်ဖြင့် ကိလေသာအားလုံးတို့သည် ကောင်းစွာ ဖြတ်လည်း ဖြတ်အပ်ကုန်၏။ ဆိတ်သုဉ်းလည်း ဆိတ်သုဉ်း၏။ ဤကား ကောင်းစွာ ဖြတ်သောအားဖြင့် ဆိတ်သုဉ်းခြင်းတည်း။ (၈)

အဘယ်သည် တစ်ဖန်ငြိမ်းသောအားဖြင့် ဆိတ်သုဉ်းခြင်းနည်း။ နေက္ခမ္မဖြင့် ကာမစ္ဆန္ဒသည် တစ်ဖန်ငြိမ်းလည်း ငြိမ်း၏။ ဆိတ်သုဉ်းလည်း ဆိတ်သုဉ်း၏။ အဗျာပါဒဖြင့် ဗျာပါဒသည် တစ်ဖန်ငြိမ်း လည်း ငြိမ်း၏။ ဆိတ်သုဉ်းလည်း ဆိတ်သုဉ်း၏။ အာလောကသညာဖြင့် ထိနမိဒ္ဓသည် တစ်ဖန်ငြိမ်းလည်း ငြိမ်း၏။ ဆိတ်သုဉ်းလည်း ဆိတ်သုဉ်း၏။ မပျံ့လွင့်ခြင်းဖြင့် ဥဒ္ဓစ္စသည် တစ်ဖန်ငြိမ်းလည်း ငြိမ်း၏။ ဆိတ်သုဉ်းလည်း ဆိတ်သုဉ်း၏။ ဓမ္မဝဝတ္ထာန်ဖြင့် ဝိစိကိစ္ဆာသည် တစ်ဖန်ငြိမ်းလည်း ငြိမ်း၏။ ဆိတ်သုဉ်း လည်း ဆိတ်သုဉ်း၏။ ဉာဏ်ဖြင့် အဝိဇ္ဇာသည် တစ်ဖန်ငြိမ်းလည်း ငြိမ်း၏။ ဆိတ်သုဉ်းလည်း ဆိတ်သုဉ်း့၏။ ဝမ်းမြောက်ခြင်းဖြင့် မမွေ့လျော်ခြင်းသည် တစ်ဖန်ငြိမ်းလည်း ငြိမ်း၏။ ဆိတ်သုဉ်းလည်း ဆိတ်သုဉ်း၏။ ပဌမဈာန်ဖြင့် နီဝရဏတို့သည် တစ်ဖန်ငြိမ်းလည်း ငြိမ်းကုန်၏။ ဆိတ်သုဉ်းလည်း ဆိတ်သုဉ်းကုန်၏။ပ။ အရဟတ္တမဂ်ဖြင့် ကိလေသာအားလုံးတို့သည် တစ်ဖန်ငြိမ်းလည်း ငြိမ်းကုန်၏။ ဆိတ်သုဉ်းလည်း ဆိတ်သုဉ်းကုန်၏။ ဤကား တစ်ဖန်ငြိမ်းသောအားဖြင့် ဆိတ်သုဉ်းခြင်းတည်း။ (၉)

အဘယ်သည် ထွက်မြောက်သောအားဖြင့် ဆိတ်သုဉ်းခြင်းနည်း။ နေက္ခမ္မဖြင့် ကာမစ္ဆန္ဒသည် ထွက် လည်း ထွက်မြောက်၏။ ဆိတ်သုဉ်းလည်း ဆိတ်သုဉ်း၏။ အဗျာပါဒဖြင့် ဗျာပါဒသည် ထွက်လည်း ထွက်မြောက်၏။ ဆိတ်သုဉ်းလည်း ဆိတ်သုဉ်း၏။ အာလောကသညာဖြင့် ထိနမိဒ္ဓသည် ထွက်လည်း ထွက်မြောက်၏။ ဆိတ်သုဉ်းလည်း ဆိတ်သုဉ်း၏။ မပျံ့လွင့်ခြင်းဖြင့် ဥဒ္ဓစ္စသည် ထွက်လည်းထွက်မြောက်၏။ ဆိတ်သုဉ်းလည်း ဆိတ်သုဉ်း၏။ ဓမ္မဝဝတ္ထာန်ဖြင့် ဝိစိကိစ္ဆာသည် ထွက်လည်းထွက်မြောက်၏။ ဆိတ်သုဉ်းလည်း ဆိတ်သုဉ်း၏။ ဉာဏ်ဖြင့် အဝိဇ္ဇာသည် ထွက်လည်းထွက်မြောက်၏။ ဆိတ်သုဉ်းလည်း ဆိတ်သုဉ်း၏။ ဝမ်းမြောက်ခြင်းဖြင့် မမွေ့လျော်ခြင်းကို ထွက်လည်းထွက်မြောက်၏။ ဆိတ်သုဉ်းလည်း ဆိတ်သုဉ်း၏။ ပဌမဈာန်ဖြင့် နီဝရဏတို့ကို ထွက်လည်း ထွက်မြောက်ကုန်၏။ ဆိတ်သုဉ်းလည်း ဆိတ် သုဉ်းကုန်၏။ပ။ အရဟတ္တမဂ်ဖြင့် ကိလေသာအားလုံးတို့သည် ထွက်လည်း ထွက်မြောက်ကုန်၏။ ဆိတ် သုဉ်းလည်း ဆိတ်သုဉ်းကုန်၏။ ဤကား ထွက်မြောက်သောအားဖြင့် ဆိတ်သုဉ်းခြင်းတည်း။ (၁၀)

အဘယ်သည် အတွင်း ‘အဇ္ဈတ္တ’ ဆိတ်သုဉ်းခြင်းနည်း။ အတွင်းမျက်စိသည် အတ္တမှလည်းကောင်း၊ အတ္တ၏ ဥစ္စာမှလည်းကောင်း၊ မြဲခြင်းမှလည်းကောင်း၊ ခိုင်မြဲခြင်းမှလည်းကောင်း၊ တည်မြဲခြင်းမှလည်း ကောင်း၊ မဖောက်ပြန်ခြင်းသဘောမှလည်းကောင်း ဆိတ်သုဉ်း၏။ အတွင်းနားသည် ဆိတ်သုဉ်း၏။ အတွင်းနှာခေါင်းသည် ဆိတ်သုဉ်း၏။ အတွင်းလျှာသည် ဆိတ်သုဉ်း၏။ အတွင်းကိုယ်သည် ဆိတ်သုဉ်း၏။ အတွင်းစိတ်သည် အတ္တမှလည်းကောင်း၊ အတ္တ၏ ဥစ္စာမှလည်းကောင်း၊ မြဲခြင်းမှလည်းကောင်း၊ ခိုင်မြဲခြင်း မှလည်းကောင်း၊ တည်မြဲခြင်းမှလည်းကောင်း၊ မဖောက်ပြန်ခြင်းသဘောမှလည်းကောင်း ဆိတ်သုဉ်း၏။ ဤကား အတွင်းဆိတ်သုဉ်းခြင်းတည်း။ (၁၁)

--

အဘယ်သည် အပ ‘ဗဟိဒ္ဓ’ ဆိတ်သုဉ်းခြင်းနည်း။ အပအဆင်းတို့သည် ဆိတ်သုဉ်းကုန်၏။ပ။ အပတရားဓမ္မတို့သည် အတ္တမှလည်းကောင်း၊ အတ္တ၏ ဥစ္စာမှလည်းကောင်း၊ မြဲခြင်းမှလည်းကောင်း၊ ခိုင်မြဲခြင်းမှလည်းကောင်း၊ တည်မြဲခြင်းမှလည်းကောင်း၊ မဖောက်ပြန်ခြင်းသဘောမှလည်းကောင်း ဆိတ် သုဉ်းကုန်၏။ ဤကား အပဆိတ်သုဉ်းခြင်းတည်း။ (၁၂)

အဘယ်သည်နှစ်မျိုးလုံး ဆိတ်သုဉ်းခြင်းနည်း။ အကြင်အတွင်းမျက်စိသည်လည်းကောင်း၊ အကြင် အပ အဆင်းတို့သည်လည်းကောင်း ရှိကုန်၏။ ဤနှစ်မျိုးလုံးသည် အတ္တမှလည်းကောင်း၊ အတ္တ၏ ဥစ္စာမှ လည်းကောင်း၊ မြဲခြင်းမှလည်းကောင်း၊ ခိုင်မြဲခြင်းမှလည်းကောင်း၊ တည်မြဲခြင်းမှလည်းကောင်း၊ မဖောက် ပြန်ခြင်း သဘောမှလည်းကောင်း ဆိတ်သုဉ်း၏။ အကြင်အတွင်းနားသည်လည်းကောင်း၊ အကြင်အပအသံ တို့သည်လည်းကောင်း ရှိကုန်၏။ပ။ အကြင်အတွင်းနှာခေါင်းသည်လည်းကောင်း၊ အကြင်အပအနံ့တို့သည် လည်းကောင်း ရှိကုန်၏။ အကြင်အတွင်းလျှာသည်လည်းကောင်း၊ အကြင်အပအရသာတို့သည်လည်း ကောင်း ရှိကုန်၏။ အကြင် အတွင်းကိုယ်သည်လည်းကောင်း၊ အကြင်အပ အတွေ့အထိတို့သည်လည်း ကောင်း ရှိကုန်၏။ အကြင်အတွင်း စိတ်သည်လည်းကောင်း၊ အကြင်အပတရားတို့သည်လည်းကောင်း ရှိကုန်၏။ ဤနှစ်မျိုးလုံးသည် အတ္တမှလည်းကောင်း၊ အတ္တ၏ ဥစ္စာမှလည်းကောင်း၊ မြဲခြင်းမှလည်း ကောင်း၊ ခိုင်မြဲခြင်းမှလည်းကောင်း၊ တည်မြဲခြင်းမှလည်းကောင်း၊ မဖောက်ပြန်ခြင်းသဘောမှလည်းကောင်း ဆိတ်သုဉ်း၏။ ဤကားနှစ်မျိုးလုံး ဆိတ်သုဉ်းခြင်းတည်း။ (၁၃)

အဘယ်သည် သဘောတူ ‘သဘာဂ’ ဆိတ်သုဉ်းခြင်းနည်း။ အတွင်း၌ဖြစ်ကုန်သော အာယတန ခြောက်ပါးတို့သည် သဘောလည်း တူကုန်၏။ ဆိတ်သုဉ်းလည်း ဆိတ်သုဉ်းကုန်၏။ အပ၌ဖြစ်ကုန်သော အာယတနခြောက်ပါးတို့သည် သဘောလည်း တူကုန်၏။ ဆိတ်သုဉ်းလည်း ဆိတ်သုဉ်းကုန်၏။ ဝိညာဏ ကာယခြောက်ပါးတို့သည် သဘောလည်း တူကုန်၏။ ဆိတ်သုဉ်းလည်း ဆိတ်သုဉ်းကုန်၏။ ဖဿကာယ ခြောက်ပါးတို့သည် သဘောလည်း တူကုန်၏။ ဆိတ်သုဉ်းလည်း ဆိတ်သုဉ်းကုန်၏။ ဝေဒနာကာယ ခြောက်ပါးတို့သည် သဘောလည်း တူကုန်၏။ ဆိတ်သုဉ်းလည်း ဆိတ်သုဉ်းကုန်၏။ သညာကာယ ခြောက်ပါးတို့သည် သဘောလည်းတူကုန်၏။ ဆိတ်သုဉ်းလည်း ဆိတ်သုဉ်းကုန်၏။ စေတနာကာယ ခြောက်ပါးတို့သည် သဘောလည်း တူကုန်၏။ ဆိတ်သုဉ်းလည်း ဆိတ်သုဉ်းကုန်၏။ ဤကား သဘောတူ ဆိတ်သုဉ်းခြင်းတည်း။ (၁၄)

အဘယ်သည် သဘောမတူ ‘ဝိသဘာဂ’ ဆိတ်သုဉ်းခြင်းနည်း။ အတွင်း၌ဖြစ်ကုန်သော အာယတန ခြောက်ပါးတို့သည် အပ၌ဖြစ်ကုန်သော အာယတနခြောက်ပါးတို့နှင့် သဘောလည်း မတူကုန်။ ဆိတ် သုဉ်းလည်း ဆိတ်သုဉ်းကုန်၏။ အပ၌ဖြစ်ကုန်သော အာယတနခြောက်ပါးတို့သည် ဝိညာဏကာယ ခြောက်ပါးတို့နှင့် သဘောလည်းမတူကုန်။ ဆိတ်သုဉ်းလည်း ဆိတ်သုဉ်းကုန်၏။

ဝိညာဏကာယခြောက်ပါး တို့သည် ဖဿကာယခြောက်ပါးတို့နှင့် သဘောလည်း မတူကုန်။ ဆိတ်သုဉ်းလည်း ဆိတ်သုဉ်းကုန်၏။ ဖဿကာယခြောက်ပါးတို့သည် ဝေဒနာကာယခြောက်ပါးတို့နှင့် သဘောလည်း မတူကုန်။ ဆိတ်သုဉ်း လည်း ဆိတ်သုဉ်းကုန်၏။ ဝေဒနာကာယခြောက်ပါးတို့သည် သညာကာယခြောက်ပါးတို့နှင့် သဘောလည်း မတူကုန်။ ဆိတ်သုဉ်းလည်း ဆိတ်သုဉ်းကုန်၏။

သညာကာယခြောက်ပါးတို့သည် စေတနာကာယ ခြောက်ပါးတို့နှင့် သဘောလည်း မတူကုန်။ ဆိတ်သုဉ်းလည်း ဆိတ်သုဉ်းကုန်၏။ ဤကား သဘောမတူ ဆိတ်သုဉ်းခြင်းတည်း။ (၁၅)

အဘယ်သည် ရှာမှီးသောအားဖြင့် ဆိတ်သုဉ်းခြင်းနည်း။ နေက္ခမ္မကို ရှာမှီးခြင်းသည် ကာမစ္ဆန္ဒမှ ဆိတ်သုဉ်း၏။ အဗျာပါဒကို ရှာမှီးခြင်းသည် ဗျာပါဒမှ ဆိတ်သုဉ်း၏။ အာလောကသညာကို ရှာမှီးခြင်း သည် ထိနမိဒ္ဓမှ ဆိတ်သုဉ်း၏။ မပျံ့လွင့်ခြင်းကို ရှာမှီးခြင်းသည် ဥဒ္ဓစ္စမှ ဆိတ်သုဉ်း၏။ ဓမ္မဝဝတ္ထာန်ကို ရှာမှီးခြင်းသည် ဝိစိကိစ္ဆာမှ ဆိတ်သုဉ်း၏။ ဉာဏ်ကို ရှာမှီးခြင်းသည် အဝိဇ္ဇာမှ ဆိတ်သုဉ်း၏။ ဝမ်း မြောက်ခြင်းကို ရှာမှီးခြင်းသည် မမွေ့လျော်ခြင်းမှ ဆိတ်သုဉ်း၏။ ပဌမဈာန်ကို ရှာမှီးခြင်းသည် နီဝရဏတို့မှ ဆိတ်သုဉ်း၏။ပ။ အရဟတ္တမဂ်ကို ရှာမှီးခြင်းသည် ကိလေသာအားလုံးတို့မှ ဆိတ်သုဉ်း၏။ ဤကား ရှာမှီးသောအားဖြင့် ဆိတ်သုဉ်းခြင်းတည်း။ (၁၆)

--

အဘယ်သည် သိမ်းဆည်းသောအားဖြင့် ဆိတ်သုဉ်းခြင်းနည်း။ နေက္ခမ္မကို သိမ်းဆည်းခြင်းသည် ကာမစ္ဆန္ဒမှ ဆိတ်သုဉ်း၏။ အဗျာပါဒကို သိမ်းဆည်းခြင်းသည် ဗျာပါဒမှ ဆိတ်သုဉ်း၏။ အာလောက သညာကို သိမ်းဆည်းခြင်းသည် ထိနမိဒ္ဓမှ ဆိတ်သုဉ်း၏။ မပျံ့လွင့်ခြင်းကို သိမ်းဆည်းခြင်းသည် ဥဒ္ဓစ္စမှ ဆိတ်သုဉ်း၏။ ဓမ္မဝဝတ္ထာန်ကို သိမ်းဆည်းခြင်းသည် ဝိစိကိစ္ဆာမှ ဆိတ်သုဉ်း၏။ ဉာဏ်ကို သိမ်းဆည်းခြင်းသည် အဝိဇ္ဇာမှ ဆိတ်သုဉ်း၏။ ဝမ်းမြောက်ခြင်းကို သိမ်းဆည်းခြင်းသည် မမွေ့လျော်ခြင်းမှ ဆိတ် သုဉ်း၏။ ပဌမဈာန်ကို သိမ်းဆည်းခြင်းသည် နီဝရဏတို့မှ ဆိတ်သုဉ်း၏။ပ။ အရဟတ္တမဂ်ကို သိမ်း ဆည်းခြင်းသည် ကိလေသာအားလုံးတို့မှ ဆိတ်သုဉ်း၏။ ဤကား သိမ်းဆည်းသောအားဖြင့် ဆိတ်သုဉ်းခြင်းတည်း။ (၁၇)

အဘယ်သည် ရသောအားဖြင့် ဆိတ်သုဉ်းခြင်းနည်း။ နေက္ခမ္မကို ရခြင်းသည် ကာမစ္ဆန္ဒမှ ဆိတ်သုဉ်း၏။ အဗျာပါဒကို ရခြင်းသည် ဗျာပါဒမှ ဆိတ်သုဉ်း၏။ အာလောကသညာကို ရခြင်းသည် ထိနမိဒ္ဓမှ ဆိတ်သုဉ်း၏။ မပျံ့လွင့်ခြင်းကို ရခြင်းသည် ဥဒ္ဓစ္စမှ ဆိတ်သုဉ်း၏။ ဓမ္မဝဝတ္ထာန်ကို ရခြင်းသည် ဝိစိကိစ္ဆာမှ ဆိတ်သုဉ်း၏။ ဉာဏ်ကို ရခြင်းသည် အဝိဇ္ဇာမှ ဆိတ်သုဉ်း၏။ ဝမ်းမြောက်ခြင်းကို ရခြင်းသည် မမွေ့လျော်ခြင်းမှ ဆိတ်သုဉ်း၏။ ပဌမဈာန်ကို ရခြင်းသည် နီဝရဏတို့မှ ဆိတ်သုဉ်း၏။ပ။ အရဟတ္တမဂ် ကို ရခြင်းသည် ကိလေသာအားလုံးတို့မှ ဆိတ်သုဉ်း၏။ ဤကား ရသောအားဖြင့်ဆိတ်သုဉ်းခြင်းတည်း။ (၁၈)

အဘယ်သည် ထိုးထွင်း၍ သိသောအားဖြင့် ဆိတ်သုဉ်းခြင်းနည်း။ နေက္ခမ္မကို ထိုးထွင်း၍ သိခြင်းသည် ကာမစ္ဆန္ဒမှ ဆိတ်သုဉ်း၏။ အဗျာပါဒကို ထိုးထွင်း၍ သိခြင်းသည် ဗျာပါဒမှ ဆိတ်သုဉ်း၏။ အာလောကသညာကို ထိုးထွင်း၍ သိခြင်းသည် ထိနမိဒ္ဓမှ ဆိတ်သုဉ်း၏။ မပျံ့လွင့်ခြင်းကို ထိုးထွင်း၍ သိခြင်းသည် ဥဒ္ဓစ္စမှ ဆိတ်သုဉ်း၏။ ဓမ္မဝဝတ္ထာန်ကို ထိုးထွင်း၍ သိခြင်းသည် ဝိစိကိစ္ဆာမှ ဆိတ်သုဉ်း၏။ ဉာဏ်ကို ထိုးထွင်း၍ သိခြင်းသည် အဝိဇ္ဇာမှ ဆိတ်သုဉ်း၏။ ဝမ်းမြောက်ခြင်းကို ထိုးထွင်း၍ သိခြင်းသည် မမွေ့လျော်ခြင်းမှ ဆိတ်သုဉ်း၏။ ပဌမဈာန်ကို ထိုးထွင်း၍ သိခြင်းသည် နီဝရဏတို့မှ ဆိတ်သုဉ်း၏။ပ။ အရဟတ္တမဂ်ကို ထိုးထွင်း၍ သိခြင်းသည် ကိလေသာအားလုံးတို့မှ ဆိတ်သုဉ်း၏။ ဤကား ထိုးထွင်း၍ သိသောအားဖြင့် ဆိတ်သုဉ်းခြင်းတည်း။ (၁၉)

အဘယ်သည် တစ်ခုတည်းအဖြစ်ဟူသော ဆိတ်သုဉ်းခြင်း၊ အထူးထူးအဖြစ်ဟူသော ဆိတ်သုဉ်းခြင်းနည်း။ ကာမစ္ဆန္ဒသည် အထူးထူးအဖြစ်တည်း။ နေက္ခမ္မသည် တစ်ခုတည်းအဖြစ်တည်း။ နေက္ခမ္မ တစ်ခုတည်းအဖြစ်ကို စေ့ဆော်သူအား ကာမစ္ဆန္ဒမှ ဆိတ်သုဉ်း၏။ ဗျာပါဒသည် အထူးထူးအဖြစ်တည်း။ အဗျာပါဒသည် တစ်ခုတည်းအဖြစ်တည်း။ အဗျာပါဒ တစ်ခုတည်းအဖြစ်ကို စေ့ဆော်သူအား ဗျာပါဒမှ ဆိတ်သုဉ်း၏။ ထိနမိဒ္ဓသည် အထူးထူးအဖြစ်တည်း။ အာလောကသညာသည် တစ်ခုတည်း အဖြစ်တည်း။ အာလောကသညာ တစ်ခုတည်းအဖြစ်ကို စေ့ဆော်သူအား ထိနမိဒ္ဓမှ ဆိတ်သုဉ်း၏။ ဥဒ္ဓစ္စသည် အထူးထူး အဖြစ်တည်း။ မပျံ့လွင့်ခြင်းသည် တစ်ခုတည်းအဖြစ်တည်း။ မပျံ့လွင့်ခြင်း တစ်ခုတည်းအဖြစ်ကို စေ့ဆော်သူအား ဥဒ္ဓစ္စမှ ဆိတ်သုဉ်း၏။ ဝိစိကိစ္ဆာသည် အထူးထူးအဖြစ်တည်း။ ဓမ္မဝဝတ္ထာန်သည် တစ်ခုတည်းအဖြစ်တည်း။ ဓမ္မဝဝတ္ထာန် တစ်ခုတည်းအဖြစ်ကို စေ့ဆော်သူအား ဝိစိကိစ္ဆာမှ ဆိတ်သုဉ်း၏။ အဝိဇ္ဇာသည် အထူးထူးအဖြစ်တည်း။ ဉာဏ်သည် တစ်ခုတည်းအဖြစ်တည်း။ ဉာဏ်တစ်ခုတည်း အဖြစ်ကို စေ့ဆော်သူအား အဝိဇ္ဇာမှ ဆိတ်သုဉ်း၏။ မမွေ့လျော်ခြင်းသည် အထူးထူးအဖြစ်တည်း။ ဝမ်းမြောက်ခြင်း သည် တစ်ခုတည်းအဖြစ်တည်း။ ဝမ်းမြောက်ခြင်း တစ်ခုတည်းအဖြစ်ကို စေ့ဆော်သူအား မမွေ့လျော်ခြင်းမှ ဆိတ်သုဉ်း၏။ နီဝရဏတို့သည် အထူးထူးအဖြစ်တည်း။ ပဌမဈာန်သည် တစ်ခုတည်း အဖြစ်တည်း။ ပဌမဈာန်တစ်ခုတည်းအဖြစ်ကို စေ့ဆော်သူအား နီဝရဏတို့မှ ဆိတ်သုဉ်း၏။ပ။ ကိလေသာအားလုံး တို့သည် အထူးထူးအဖြစ်တည်း။ အရဟတ္တမဂ်သည် တစ်ခုတည်းအဖြစ်တည်း။ အရဟတ္တမဂ်တစ်ခုတည်း အဖြစ်ကို စေ့ဆော်သူအား ကိလေသာအားလုံးတို့မှ ဆိတ်သုဉ်း၏။ ဤကား တစ်ခုတည်းအဖြစ် ဆိတ် သုဉ်းခြင်း၊ အထူးထူးအဖြစ် ဆိတ်သုဉ်းခြင်းတည်း။ (၂၀)

--

အဘယ်သည်နှစ်သက်သောအားဖြင့် ဆိတ်သုဉ်းခြင်းနည်း။ နေက္ခမ္မကိုနှစ်သက်ခြင်းသည် ကာမစ္ဆန္ဒမှ ဆိတ်သုဉ်း၏။ အဗျာပါဒကိုနှစ်သက်ခြင်းသည် ဗျာပါဒမှ ဆိတ်သုဉ်း၏။ အာလောကသညာကိုနှစ်သက်ခြင်းသည် ထိနမိဒ္ဓမှ ဆိတ်သုဉ်း၏။ မပျံ့လွင့်ခြင်းကိုနှစ်သက်ခြင်းသည် ဥဒ္ဓစ္စမှ ဆိတ်သုဉ်း၏။ ဓမ္မဝဝတ္ထာန်ကိုနှစ်သက်ခြင်းသည် ဝိစိကိစ္ဆာမှ ဆိတ်သုဉ်း၏။ ဉာဏ်ကိုနှစ်သက်ခြင်းသည် အဝိဇ္ဇာမှ ဆိတ်သုဉ်း၏။ ဝမ်းမြောက်ခြင်းကိုနှစ်သက်ခြင်းသည် မမွေ့လျော်ခြင်းမှ ဆိတ်သုဉ်း၏။ ပဌမဈာန်ကိုနှစ် သက်ခြင်းသည် နီဝရဏတို့မှ ဆိတ်သုဉ်း၏။ပ။ အရဟတ္တမဂ်ကိုနှစ်သက်ခြင်းသည် ကိလေသာအားလုံးတို့မှ ဆိတ်သုဉ်း၏။ ဤကားနှစ်သက်သောအားဖြင့် ဆိတ်သုဉ်းခြင်းတည်း။ (၂၂)

အဘယ်သည် အဓိဋ္ဌာန်အားဖြင့် ဆိတ်သုဉ်းခြင်းနည်း။ နေက္ခမ္မကို အဓိဋ္ဌာန်ခြင်းသည် ကာမစ္ဆန္ဒမှ ဆိတ်သုဉ်း၏။ အဗျာပါဒကို အဓိဋ္ဌာန်ခြင်းသည် ဗျာပါဒမှ ဆိတ်သုဉ်း၏။ အာလောကသညာကို အဓိဋ္ဌာန်ခြင်းသည် ထိနမိဒ္ဓမှ ဆိတ်သုဉ်း၏။ မပျံ့လွင့်ခြင်းကို အဓိဋ္ဌာန်ခြင်းသည် ဥဒ္ဓစ္စမှ ဆိတ်သုဉ်း၏။ ဓမ္မ ဝဝတ္ထာန်ကို အဓိဋ္ဌာန်ခြင်းသည် ဝိစိကိစ္ဆာမှ ဆိတ်သုဉ်း၏။ ဉာဏ်ကို အဓိဋ္ဌာန်ခြင်းသည် အဝိဇ္ဇာမှ ဆိတ့်သုဉ်း၏။ ဝမ်းမြောက်ခြင်းကို အဓိဋ္ဌာန်ခြင်းသည် မမွေ့လျော်ခြင်းမှ ဆိတ်သုဉ်း၏။ ပဌမဈာန်ကို အဓိဋ္ဌာန်ခြင်းသည် နီဝရဏတို့မှ ဆိတ်သုဉ်း၏။ပ။ အရဟတ္တမဂ်ကို အဓိဋ္ဌာန်ခြင်းသည် ကိလေသာအားလုံးတို့မှ ဆိတ်သုဉ်း၏။ ဤကား အဓိဋ္ဌာန်သောအားဖြင့် ဆိတ်သုဉ်းခြင်းတည်း။ (၂၃)

အဘယ်သည် သက်ဝင်သောအားဖြင့် ဆိတ်သုဉ်းခြင်းနည်း။ နေက္ခမ္မ၌ သက်ဝင်ခြင်းသည် ကာမစ္ဆန္ဒမှ ဆိတ်သုဉ်း၏။ အဗျာပါဒ၌ သက်ဝင်ခြင်းသည် ဗျာပါဒမှ ဆိတ်သုဉ်း၏။ အာလောကသညာ၌ သက်ဝင်ခြင်းသည် ထိနမိဒ္ဓမှ ဆိတ်သုဉ်း၏။ မပျံ့လွင့်ခြင်း၌ သက်ဝင်ခြင်းသည် ဥဒ္ဓစ္စမှ ဆိတ်သုဉ်း၏။ ဓမ္မ ဝဝတ္ထာန်၌ သက်ဝင်ခြင်းသည် ဝိစိကိစ္ဆာမှ ဆိတ်သုဉ်း၏။ ဉာဏ်၌ သက်ဝင်ခြင်းသည် အဝိဇ္ဇာမှ ဆိတ်သုဉ်း၏။ ဝမ်းမြောက်ခြင်း၌ သက်ဝင်ခြင်းသည် မမွေ့လျော်ခြင်းမှ ဆိတ်သုဉ်း၏။ ပဌမဈာန်၌ သက်ဝင်ခြင်း သည် နီဝရဏတို့မှ ဆိတ်သုဉ်း၏။ပ။ အရဟတ္တမဂ်၌ သက်ဝင်ခြင်းသည် ကိလေသာအားလုံးတို့မှ ဆိတ် သုဉ်း၏။ ဤကား သက်ဝင်သောအားဖြင့် ဆိတ်သုဉ်းခြင်းတည်း။ (၂၄)

အဘယ်သည် သမ္ပဇဉ်နှင့် ပြည့်စုံသော ရဟန္တာ၏ မပြတ်ဖြစ်ခြင်းကို ကုန်စေခြင်းဟူသော၊ ဆိတ် သုဉ်းခြင်းအားလုံးတို့ထက် မြတ်သောသဘောဖြစ်သော ဆိတ်သုဉ်းခြင်းနည်း။ ဤသာသနာတော်၌ သမ္ပဇဉ်နှင့် ပြည့်စုံသူသည် နေက္ခမ္မဖြင့် ကာမစ္ဆန္ဒ၏ ဖြစ်ခြင်းကို ကုန်စေ၏။ အဗျာပါဒဖြင့် ဗျာပါဒ၏ ဖြစ်ခြင်းကို ကုန်စေ၏။ အာလောကသညာဖြင့် ထိနမိဒ္ဓ၏ ဖြစ်ခြင်းကို ကုန်စေ၏။ မပျံ့လွင့်ခြင်းဖြင့် ဥဒ္ဓစ္စ၏ ဖြစ်ခြင်းကို ကုန်စေ၏။ ဓမ္မဝဝတ္ထာန်ဖြင့် ဝိစိကိစ္ဆာ၏ ဖြစ်ခြင်းကို ကုန်စေ၏။ ဉာဏ်ဖြင့် အဝိဇ္ဇာ၏ ဖြစ်ခြင်းကို ကုန်စေ၏။ ဝမ်းမြောက်ခြင်းဖြင့် မမွေ့လျော်ခြင်း၏ ဖြစ်ခြင်းကို ကုန်စေ၏။ ပဌမဈာန်ဖြင့် နီဝရဏတို့၏ ဖြစ်ခြင်းကို ကုန်စေ၏။ပ။ အရဟတ္တမဂ်ဖြင့် ကိလေသာအားလုံးတို့၏ ဖြစ်ခြင်းကို ကုန်စေ၏။ တစ်နည်း ကား သမ္ပဇဉ်နှင့် ပြည့်စုံလျက် အနုပါဒိသေသ နိဗ္ဗာနဓာတ်ဖြင့် ပရိနိဗ္ဗာန်ပြုသူအား ဤမျက်စိဖြစ်ခြင်းကို ကုန်စေ၏။ တစ်ပါးသော မျက်စိဖြစ်ခြင်းသည်လည်း မဖြစ်။ ဤနားဖြစ်ခြင်းကို။ပ။ နှာခေါင်းဖြစ်ခြင်းကို။ လျှာဖြစ်ခြင်းကို။ ကိုယ်ဖြစ်ခြင်းကို။ စိတ်ဖြစ်ခြင်းကို ကုန်စေ၏။ တစ်ပါးသော စိတ်ဖြစ်ခြင်းသည်လည်း မဖြစ်။ ဤကား သမ္ပဇဉ်နှင့် ပြည့်စုံသော ရဟန္တာ၏ မပြတ်ဖြစ်ခြင်းကို ကုန်စေခြင်းဟူသော၊ ဆိတ်သုဉ်းခြင်း အားလုံးတို့ထက် မြတ်သောသဘောဖြစ်သော ဆိတ်သုဉ်းခြင်းတည်း။ (၂၅)

သုညကထာ ပြီး၏။

နှစ်ခုမြောက် ယုဂနဒ္ဓဝဂ် ပြီး၏။

--

ထိုဝဂ်၏ ဥဒါန်း (အကျဉ်းချုပ်) သည် ဖြစ်၏-

ယုဂနဒ္ဓ၊ သစ္စာ၊ ဗောဇ္ဈင်၊ မေတ္တာ၊ ငါးခုမြောက် ဝိရာဂ၊ ပဋိသမ္ဘိဒါ၊ ဓမ္မစကြာ၊ လောကုတ္တရာ၊ ဗလ၊ သုညကထာတို့တည်း။

ဤကား နိကာယ်ဆောင်တို့ ထားအပ်သည့် အတူမရှိနှစ်ခုမြောက် ဝဂ်တို့ထက် မြတ်သော ဝဂ်တည်း။

--

၃-ပညာဝဂ်

၁-မဟာပညာကထာ

။ အနိစ္စာနုပဿနာကို ပွားများလေ့လာအပ်သည်ရှိသော် အဘယ်ပညာကို ပြည့်စေသနည်း။ ဒုက္ခာနုပဿနာကို ပွားများလေ့လာအပ်သည်ရှိသော် အဘယ်ပညာကို ပြည့်စေသနည်း။ အနတ္တာနုပဿနာ ကို ပွားများလေ့လာအပ်သည်ရှိသော် အဘယ်ပညာကို ပြည့်စေသနည်း။ပ။ ပဋိနိဿဂ္ဂါနုပဿနာကို ပွား များလေ့လာအပ်သည်ရှိသော် အဘယ်ပညာကို ပြည့်စေသနည်း။

အနိစ္စာနုပဿနာကို ပွားများလေ့လာအပ်သည်ရှိသော် ဇဝနပညာကို ပြည့်စေ၏။ ဒုက္ခာနုပဿနာကို ပွားများလေ့လာအပ်သည်ရှိသော် နိဗ္ဗေဓိကပညာကို ပြည့်စေ၏။ အနတ္တာနုပဿနာကို ပွားများလေ့လာအပ် သည်ရှိသော် မဟာပညာကို ပြည့်စေ၏။ နိဗ္ဗိဒါနုပဿနာကို ပွားများလေ့လာအပ်သည်ရှိသော် တိက္ခ ပညာကို ပြည့်စေ၏။ ဝိရာဂါနုပဿနာကို ပွားများလေ့လာအပ်သည်ရှိသော် ဝိပုလပညာကို ပြည့်စေ၏။ နိရောဓာနုပဿနာကို ပွားများလေ့လာအပ်သည်ရှိသော် ဂမ္ဘီ ရပညာကို ပြည့်စေ၏။ ပဋိနိဿဂ္ဂါနုပဿနာ ကို ပွားများလေ့လာအပ်သည်ရှိသော် အသာမန္တပညာကို ပြည့်စေ၏။

ဤပညာ ခုနစ်ပါးတို့ကို ပွားများလေ့လာအပ်သည်ရှိသော် ပညာရှိသည့်အဖြစ်ကို ပြည့်စေကုန်၏။

ဤပညာရှစ်ပါးတို့ကို ပွားများလေ့လာအပ်သည်ရှိသော် ပုထုပညာကို ပြည့်စေကုန်၏။ ဤပညာကိုးပါးတို့ ကို ပွားများလေ့လာအပ်သည်ရှိသော် ဟာသပညာကို ပြည့်စေကုန်၏။

ဟာသပညာသည် ပဋိဘာနပဋိသမ္ဘိ ဒါတည်း။ ထိုပဋိဘာနပဋိသမ္ဘိ ဒါ၏ အတ္ထကို ပိုင်းခြားသော အားဖြင့် အတ္ထပဋိသမ္ဘိ ဒါကို ရခြင်း၊ မျက်မှောက်ပြုခြင်း၊ ပညာဖြင့် တွေ့ထိခြင်းသည် ဖြစ်၏။ ဓမ္မကို ပိုင်း ခြားသောအားဖြင့် ဓမ္မပဋိသမ္ဘိ ဒါကို ရခြင်း၊ မျက်မှောက်ပြုခြင်း၊ ပညာဖြင့် တွေ့ထိခြင်းသည် ဖြစ်၏။ နိရုတ္တိကို ပိုင်းခြားသောအားဖြင့် နိရုတ္တိပဋိသမ္ဘိ ဒါကို ရခြင်း၊ မျက်မှောက်ပြုခြင်း၊ ပညာဖြင့် တွေ့ထိခြင်း သည် ဖြစ်၏။ ပဋိဘာန်ကို ပိုင်းခြားသောအားဖြင့် ပဋိဘာနပဋိသမ္ဘိ ဒါကို ရခြင်း၊ မျက်မှောက်ပြုခြင်း၊ ပညာဖြင့် တွေ့ထိခြင်းသည် ဖြစ်၏။ ထိုအရိယာအား ဤပဋိသမ္ဘိ ဒါ လေးပါးတို့ကို ရခြင်း၊ မျက်မှောက် ပြုခြင်း၊ ပညာဖြင့် တွေ့ထိခြင်းတို့သည် ဖြစ်ကုန်၏။

--

ရုပ်၌ အနိစ္စာနုပဿနာကို ပွားများလေ့လာအပ်သည်ရှိသော် အဘယ်ပညာ ပြည့်စေသနည်း။ပ။ ရုပ်၌ ပဋိနိဿဂ္ဂါနုပဿနာကို ပွားများလေ့လာအပ်သည်ရှိသော် အဘယ်ပညာကို ပြည့်စေသနည်း။

ရုပ်၌ အနိစ္စာနုပဿနာကို ပွားများလေ့လာအပ်သည်ရှိသော် ဇဝနပညာကို ပြည့်စေ၏။ပ။ ရုပ်၌ ပဋိနိဿဂ္ဂါနုပဿနာကို ပွားများလေ့လာအပ်သည်ရှိသော် အသာမန္တပညာကို ပြည့်စေ၏။ ဤပညာ ခုနစ်ပါးတို့ကို ပွားများလေ့လာအပ်သည်ရှိသော် ပညာရှိသည့်အဖြစ်ကို ပြည့်စေကုန်၏။ ဤ ပညာရှစ်ပါး တို့ကို ပွားများလေ့လာအပ်သည်ရှိသော် ပုထုပညာကို ပြည့်စေကုန်၏။ ဤပညာကိုးပါးတို့ကို ပွားများ လေ့လာအပ်သည်ရှိသော် ဟာသပညာကို ပြည့်စေကုန်၏။

ဟာသပညာသည် ပဋိဘာနပဋိသမ္ဘိ ဒါတည်း။ ထိုပဋိဘာနပဋိသမ္ဘိ ဒါ၏ အတ္ထကို ပိုင်းခြားသောအား ဖြင့် အတ္ထပဋိသမ္ဘိ ဒါကို ရခြင်း၊ မျက်မှောက်ပြုခြင်း၊ ပညာဖြင့် တွေ့ထိခြင်းသည် ဖြစ်၏။ ဓမ္မကို ပိုင်းခြားသောအားဖြင့် ဓမ္မပဋိသမ္ဘိ ဒါကို ရခြင်း၊ မျက်မှောက်ပြုခြင်း၊ ပညာဖြင့် တွေ့ထိခြင်းသည် ဖြစ်၏။ နိရုတ္တိကို ပိုင်းခြားသောအားဖြင့် နိရုတ္တိပဋိသမ္ဘိ ဒါကို ရခြင်း၊ မျက်မှောက်ပြုခြင်း၊ ပညာဖြင့် တွေ့ထိခြင်း သည် ဖြစ်၏။ ပဋိဘာန်ကို ပိုင်းခြားသောအားဖြင့် ပဋိဘာနပဋိသမ္ဘိ ဒါကို ရခြင်း၊ မျက်မှောက်ပြုခြင်း၊ ပညာဖြင့် တွေ့ထိခြင်းသည် ဖြစ်၏။ ထိုအရိယာအား ဤပဋိသမ္ဘိ ဒါလေးပါးတို့ကို ရခြင်း၊ မျက်မှောက် ပြုခြင်း၊ ပညာဖြင့် တွေ့ထိခြင်းတို့သည် ဖြစ်ကုန်၏။

ဝေဒနာ၌။ပ။ သညာ၌။ သင်္ခါရတို့၌။ ဝိညာဉ်၌။ စက္ခု၌။ပ။ ဇရာမရဏ၌ အနိစ္စာနုပဿနာကို ပွားများလေ့လာအပ်သည်ရှိသော် အဘယ်ပညာကို ပြည့်စေသနည်း။ပ။ ဇရာမရဏ၌ ပဋိနိဿဂ္ဂါနုပဿနာ ကို ပွားများလေ့လာအပ်သည်ရှိသော် အဘယ်ပညာကို ပြည့်စေသနည်း။

ဇရာမရဏ၌ အနိစ္စာနုပဿနာကို ပွားများလေ့လာအပ်သည်ရှိသော် ဇဝနပညာကို ပြည့်စေ၏။ပ။ ဇရာမရဏ၌ ပဋိနိဿဂ္ဂါနုပဿနာကို ပွားများလေ့လာအပ်သည်ရှိသော် အသာမန္တပညာကို ပြည့်စေ၏။ ဤပညာ ခုနစ်ပါးတို့ကို ပွားများလေ့လာအပ်သည်ရှိသော် ပညာရှိသည့်အဖြစ်ကို ပြည့်စေကုန်၏။ ဤပညာ ရှစ်ပါးတို့ကို ပွားများလေ့လာအပ်သည်ရှိသော် ပုထုပညာကို ပြည့်စေကုန်၏။ ဤပညာကိုးပါးတို့ကို ပွားများလေ့လာအပ်သည်ရှိသော် ဟာသပညာကို ပြည့်စေကုန်၏။

ဟာသပညာသည် ပဋိဘာနပဋိသမ္ဘိ ဒါတည်း။ ထိုပဋိဘာနပဋိသမ္ဘိဒါ၏ အတ္ထကို ပိုင်းခြားသောအား ဖြင့် အတ္ထပဋိသမ္ဘိဒါကို ရခြင်း၊ မျက်မှောက်ပြုခြင်း၊ ပညာဖြင့် တွေ့ထိခြင်းသည် ဖြစ်၏။ ဓမ္မကို ပိုင်းခြား သောအားဖြင့် ဓမ္မပဋိသမ္ဘိဒါကို ရခြင်း၊ မျက်မှောက်ပြုခြင်း၊ ပညာဖြင့် တွေ့ထိခြင်းသည် ဖြစ်၏။ နိရုတ္တိ ကို ပိုင်းခြားသောအားဖြင့် နိရုတ္တိပဋိသမ္ဘိ ဒါကို ရခြင်း၊ မျက်မှောက်ပြုခြင်း၊ ပညာဖြင့် တွေ့ထိခြင်းသည် ဖြစ်၏။ ပဋိဘာန်ကို ပိုင်းခြားသောအားဖြင့် ပဋိဘာနပဋိသမ္ဘိဒါကို ရခြင်း၊ မျက်မှောက်ပြုခြင်း၊ ပညာဖြင့် တွေ့ထိခြင်းသည် ဖြစ်၏။ ထိုအရိယာအား ဤပဋိသမ္ဘိဒါလေးပါးတို့ကို ရခြင်း၊ မျက်မှောက်ပြုခြင်း၊ ပညာဖြင့် တွေ့ထိခြင်းတို့သည် ဖြစ်ကုန်၏။

။ ရုပ်၌ အနိစ္စာနုပဿနာကို ပွားများလေ့လာအပ်သည်ရှိသော် အဘယ်ပညာကို ပြည့်စေသနည်း။ အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်ဖြစ်သော ရုပ်၌ အနိစ္စာနုပဿနာကို ပွားများလေ့လာအပ်သည် ရှိသော် အဘယ်ပညာကို ပြည့်စေသနည်း။ ရုပ်၌ ဒုက္ခာနုပဿနာကို ပွားများလေ့လာအပ်သည်ရှိသော် အဘယ်ပညာကို ပြည့်စေသနည်း။ အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်ဖြစ်သောရုပ်၌ ဒုက္ခာနုပဿနာကို ပွား များလေ့လာအပ်သည်ရှိသော် အဘယ်ပညာကို ပြည့်စေသနည်း။ ရုပ်၌ အနတ္တာနုပဿနာကို ပွားများ လေ့လာအပ်သည်ရှိသော် အဘယ်ပညာကို ပြည့်စေသနည်း။ အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်ဖြစ်သော ရုပ်၌ အနတ္တာနုပဿနာကို ပွားများလေ့လာအပ်သည်ရှိသော် အဘယ်ပညာကို ပြည့်စေသနည်း။ ရုပ်၌ နိဗ္ဗိဒါနုပဿနာကို ပွားများလေ့လာအပ်သည်ရှိသော် အဘယ်ပညာကို ပြည့်စေသနည်း။ အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်ဖြစ်သော ရုပ်၌ နိဗ္ဗိဒါနုပဿနာကို ပွားများလေ့လာအပ်သည်ရှိသော် အဘယ်ပညာကို ပြည့်စေ သနည်း။ ရုပ်၌ ဝိရာဂါနုပဿနာကို ပွားများလေ့လာအပ်သည်ရှိသော် အဘယ်ပညာကို ပြည့်စေသနည်း။ အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်ဖြစ်သော ရုပ်၌ ဝိရာဂါနုပဿနာကို ပွားများလေ့လာအပ်သည်ရှိသော် အဘယ်ပညာကို ပြည့်စေသနည်း။ ရုပ်၌ နိရောဓာနုပဿနာကို ပွားများလေ့လာအပ်သည်ရှိသော် အဘယ် ပညာကို ပြည့်စေသနည်း။ အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်ဖြစ်သော ရုပ်၌ နိရောဓာနုပဿနာကို ပွားများ လေ့လာအပ်သည်ရှိသော် အဘယ်ပညာကို ပြည့်စေသနည်း။ ရုပ်၌ ပဋိနိဿဂ္ဂါနုပဿနာကို ပွားများ လေ့လာအပ်သည်ရှိသော် အဘယ်ပညာကို ပြည့်စေသနည်း။ အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်ဖြစ်သော ရုပ်၌ ပဋိနိဿဂ္ဂါနုပဿနာကို ပွားများလေ့လာအပ်သည်ရှိသော် အဘယ်ပညာကို ပြည့်စေသနည်း။

ရုပ်၌ အနိစ္စာနုပဿနာကို ပွါးများလေ့လာအပ်သည် ရှိသော် ဇဝနပညာကို ပြည့်စေ၏။ အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်ဖြစ်သောရုပ်၌ အနိစ္စာနုပဿနာကို ပွါးများလေ့လာအပ်သည်ရှိသော် ဇဝနပညာကို ပြည့် စေ၏။ ရုပ်၌ ဒုက္ခာနုပဿနာကို ပွါးများလေ့လာအပ်သည်ရှိသော် နိဗ္ဗေဓိကပညာကို ပြည့်စေ၏။ အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်ဖြစ်သော ရုပ်၌ ဒုက္ခာနုပဿနာကို ပွါးများလေ့လာအပ်သည်ရှိသော် ဇဝနပညာကို ပြည့်စေ၏။ ရုပ်၌ အနတ္တာနုပဿနာကို ပွါးများလေ့လာအပ်သည်ရှိသော် မဟာပညာကို ပြည့်စေ၏။

--

အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်ဖြစ်သော ရုပ်၌ အနတ္တာနုပဿနာကို ပွါးများလေ့လာအပ်သည်ရှိသော် ဇဝန ပညာကို ပြည့်စေ၏။ ရုပ်၌ နိဗ္ဗိဒါနုပဿနာကို ပွါးများလေ့လာအပ်သည်ရှိသော် တိက္ခပညာကို ပြည့်စေ၏။ အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်ဖြစ်သော ရုပ်၌ နိဗ္ဗိဒါနုပဿနာကို ပွါးများလေ့လာအပ်သည်ရှိသော် ဇဝန ပညာကို ပြည့်စေ၏။ ရုပ်၌ ဝိရာဂါနုပဿနာကို ပွါးများလေ့လာအပ်သည်ရှိသော် ဝိပုလပညာကို ပြည့် စေ၏။ အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်ဖြစ်သော ရုပ်၌ ဝိရာဂါနုပဿနာကို ပွါးများလေ့လာအပ်သည်ရှိသော် ဇဝနပညာကို ပြည့်စေ၏။ ရုပ်၌ နိရောဓာနုပဿနာကို ပွါးများလေ့လာအပ်သည်ရှိသော် ဂမ္ဘီရပညာကို ပြည့်စေ၏။ အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်ဖြစ်သော ရုပ်၌ နိရောဓာနုပဿနာကို ပွါးများလေ့လာအပ် သည်ရှိသော် ဇဝနပညာကို ပြည့်စေ၏။ ရုပ်၌ ပဋိနိဿဂ္ဂါနုပဿနာကို ပွါးများလေ့လာအပ်သည်ရှိသော် အသာမန္တပညာကို ပြည့်စေ၏။ အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်ဖြစ်သော ရုပ်၌ ပဋိနိဿဂ္ဂါနုပဿနာကို ပွါးများလေ့လာအပ်သည်ရှိသော် ဇဝနပညာကို့ပြည့်စေ၏။ ဤပညာ ခုနစ်ပါးတို့ကို ပွါးများလေ့လာအပ် သည်ရှိသော် ပညာရှိသည့်အဖြစ်ကို ပြည့်စေကုန်၏။ ဤပညာရှစ်ပါးတို့ကို ပွါးများလေ့လာအပ်သည်ရှိသော် ပုထုပညာကို ပြည့်စေကုန်၏။

ဤပညာကိုးပါးတို့ကို ပွါးများလေ့လာအပ်သည်ရှိသော် ဟာသပညာကို ပြည့်စေကုန်၏။

ဟာသပညာသည် ပဋိဘာနပဋိသမ္ဘိဒါတည်း။ ထိုပဋိဘာနပဋိသမ္ဘိဒါ၏ အတ္ထကို ပိုင်းခြားသောအားဖြင့် အတ္ထပဋိသမ္ဘိဒါကို ရခြင်း၊ မျက်မှောက်ပြုခြင်း၊ ပညာဖြင့် တွေ့ထိခြင်းသည် ဖြစ်၏။ ဓမ္မကို ပိုင်းခြား သောအားဖြင့် ဓမ္မပဋိသမ္ဘိဒါကို ရခြင်း၊ မျက်မှောက်ပြုခြင်း၊ ပညာဖြင့်တွေ့ထိခြင်းသည် ဖြစ်၏။ နိရုတ္တိကို ပိုင်းခြားသောအားဖြင့် နိရုတ္တိပဋိသမ္ဘိဒါကို ရခြင်း၊ မျက်မှောက်ပြုခြင်း၊ ပညာဖြင့် တွေ့ထိခြင်းသည် ဖြစ်၏။ ပဋိဘာန်ကို ပိုင်းခြားသောအားဖြင့် ပဋိဘာနပဋိသမ္ဘိဒါကို ရခြင်း၊ မျက်မှောက်ပြုခြင်း၊ ပညာဖြင့် တွေ့ထိခြင်းသည် ဖြစ်၏။ ထိုအရိယာအား ဤပဋိသမ္ဘိဒါလေးပါးတို့ကို ရခြင်း၊ မျက်မှောက်ပြုခြင်း၊ ပညာဖြင့် တွေ့ထိခြင်းတို့သည် ဖြစ်ကုန်၏။

ဝေဒနာ၌။ပ။ သညာ၌။ သင်္ခါရတို့၌။ ဝိညာဉ်၌။ စက္ခု၌။ပ။ ဇရာမရဏ၌ အနိစ္စာနုပဿနာကို ပွါးများလေ့လာအပ်သည်ရှိသော် အဘယ်ပညာပြည့်သနည်း။ အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်ဖြစ်သော ဇရာ မရဏ၌ အနိစ္စာနုပဿနာကို ပွါးများလေ့လာအပ်သည်ရှိသော် အဘယ်ပညာ ပြည့်သနည်း။ပ။ ဇရာ မရဏ၌ ပဋိနိဿဂ္ဂါနုပဿနာကို ပွါးများလေ့လာအပ်သည်ရှိသော် အဘယ်ပညာ ပြည့်သနည်း။ အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်ဖြစ်သော ဇရာမရဏ၌ ပဋိနိဿဂ္ဂါနုပဿနာကို ပွါးများလေ့လာအပ်သည်ရှိသော် အဘယ်ပညာ ပြည့်သနည်း။

ဇရာမရဏ၌ အနိစ္စာနုပဿနာကို ပွါးများလေ့လာအပ်သည်ရှိသော် ဇဝနပညာကို ပြည့်စေ၏။ အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်ဖြစ်သော ဇရာမရဏ၌ အနိစ္စာနုပဿနာကို ပွါးများလေ့လာအပ်သည်ရှိသော် ဇဝနပညာကို ပြည့်စေ၏။ပ။ ထိုအရိယာအား ဤပဋိသမ္ဘိဒါလေးပါးတို့ကို ရခြင်း၊ မျက်မှောက်ပြုခြင်း၊ ပညာဖြင့် တွေ့ထိခြင်းတို့သည် ဖြစ်ကုန်၏။

။ ရဟန်းတို့ ဤတရားလေးပါးတို့ကို ပွါးများလေ့လာအပ်သည်ရှိသော် သောတာပတ္တိဖိုလ်ကို မျက်မှောက်ပြုခြင်းငှါ ဖြစ်ကုန်၏။ လေးပါးတို့ဟူသည် အဘယ်နည်း။ သူတော်ကောင်းတို့ကို (မှီဝဲ) ဆည်း ကပ်ခြင်း၊ သူတော်ကောင်းတရားကို နာကြားခြင်း၊ အသင့်အားဖြင့်နှလုံးသွင်းခြင်း၊ လောကုတ္တရာ တရားအားလျော်သော သီလစသော အကျင့်တရားကို ကျင့်ခြင်းတည်း။ ရဟန်းတို့ ဤတရားလေးပါးတို့ ကို ပွါးများလေ့လာအပ်သည်ရှိသော် သောတာပတ္တိဖိုလ်ကို မျက်မှောက်ပြုခြင်းငှါ ဖြစ်ကုန်၏။

ရဟန်းတို့ ဤတရားလေးပါးတို့ကို ပွါးများလေ့လာအပ်သည်ရှိသော် သကဒါဂါမိဖိုလ်ကို မျက်မှောက် ပြုခြင်းငှါ ဖြစ်ကုန်၏။ပ။ အနာဂါမိဖိုလ်ကို မျက်မှောက်ပြုခြင်းငှါ ဖြစ်ကုန်၏။ပ။ အရဟတ္တဖိုလ်ကို မျက် မှောက်ပြုခြင်းငှါ ဖြစ်ကုန်၏။ လေးပါးတို့ဟူသည် အဘယ်နည်း။ သူတော်ကောင်းတို့ကို (မှီဝဲ) ဆည်း ကပ်ခြင်း၊ သူတော်ကောင်းတရားကို နာကြားခြင်း၊ အသင့်အားဖြင့်နှလုံးသွင်းခြင်း၊ လောကုတ္တရာတရား အားလျော်သော သီလစသော အကျင့်တရားကို ကျင့်ခြင်းတည်း။ ရဟန်းတို့ ဤတရားလေးပါးတို့ကို ပွါးများလေ့လာအပ်သည်ရှိသော် အရဟတ္တဖိုလ်ကို မျက်မှောက်ပြုခြင်းငှါ ဖြစ်ကုန်၏။

--

ရဟန်းတို့ ဤတရားလေးပါးတို့ကို ပွါးများလေ့လာအပ်သည်ရှိသော် ပညာရခြင်းငှါ ဖြစ်ကုန်၏။ပ။ ပညာပွါးခြင်းငှါ ဖြစ်ကုန်၏။ ပညာပြန့်ပြောခြင်းငှါ ဖြစ်ကုန်၏။ မြတ်သောပညာရှိဖြစ်ခြင်းငှါ ဖြစ်ကုန်၏။

အသီးအသီး သိသောပညာရှိဖြစ်ခြင်းငှါ ဖြစ်ကုန်၏။ ပြန့်ပြောသောပညာရှိဖြစ်ခြင်းငှါ ဖြစ်ကုန်၏။

နက်နဲသောပညာရှိဖြစ်ခြင်းငှါ ဖြစ်ကုန်၏။ (အောက်ပညာတို့နှင့်) မနီးသောပညာရှိဖြစ်ခြင်းငှါ ဖြစ်ကုန်၏။ (မြေကြီးကဲ့သို့) ကျယ်ပြန့်သောပညာရှိဖြစ်ခြင်းငှါ ဖြစ်ကုန်၏။ ပညာများသူဖြစ်ခြင်းငှါ ဖြစ်ကုန်၏။

မြတ်သောပညာရှိဖြစ်ခြင်းငှါ ဖြစ်ကုန်၏။ ပေါ့ပါးသောပညာရှိဖြစ်ခြင်းငှါ ဖြစ်ကုန်၏။ ရွှင်သောပညာရှိ ဖြစ်ခြင်းငှါ ဖြစ်ကုန်၏။ လျင်သောပညာရှိဖြစ်ခြင်းငှါ ဖြစ်ကုန်၏။ ထက်သောပညာရှိဖြစ်ခြင်းငှါ ဖြစ်ကုန့်၏။ ဖောက်ခွဲနိုင်သောပညာရှိဖြစ်ခြင်းငှါ ဖြစ်ကုန်၏။ အဘယ်လေးပါးတို့နည်း။ သူတော်ကောင်းတို့ကို (မှီဝဲ) ဆည်းကပ်ခြင်း၊ သူတော်ကောင်းတရားကို နာကြားခြင်း၊ အသင့်အားဖြင့်နှလုံးသွင်းခြင်း၊ လောကုတ္တရာ တရားအားလျော်သော သီလစသော အကျင့်တရားကို ကျင့်ခြင်းတည်း။ ရဟန်းတို့ ဤတရားလေးပါး တို့ကို ပွါးများလေ့လာအပ်သည်ရှိသော် ပညာရခြင်းငှါ ဖြစ်ကုန်၏။

ပညာပွားခြင်းငှါ ဖြစ်ကုန်၏။ပ။ ဖောက်ခွဲနိုင်သောပညာရှိဖြစ်ခြင်းငှါ ဖြစ်ကုန်၏။

--

၁-သောဠသပညာ အကျယ်ပြခြင်း

။ ပညာရခြင်းငှါ ဖြစ်ကုန်၏ဟူရာ၌ အဘယ်သည် ပညာရခြင်းနည်း။ မဂ်ဉာဏ်လေးပါး၊ ဖိုလ် ဉာဏ်လေးပါး၊ ပဋိသမ္ဘိဒါဉာဏ်လေးပါး၊ အဘိညာဉာဏ်ခြောက်ပါး၊ ဉာဏ်ခုနစ်ဆယ့်သုံးပါး၊ ဉာဏ် ခုနစ်ဆယ့်ခုနစ်ပါးတို့ကို ရခြင်း၊ တစ်ဖန်ရခြင်း၊ ရောက်ခြင်း၊ ကောင်းစွာရောက်ခြင်း၊ တွေ့ထိခြင်း၊ မျက် မှောက်ပြုခြင်း၊ ပြည့်စုံ (ပြီးစီး)ခြင်းတည်း။ ပညာရခြင်းငှါ ဖြစ်ကုန်၏ဟူရာ၌ ဤကား ပညာရခြင်းတည်း။ (၁)

ပညာပွါးခြင်းငှါ ဖြစ်ကုန်၏ဟူရာ၌ အဘယ်သည် ပညာပွါးခြင်းနည်း။ သေက္ခခုနစ်ဦးတို့အား လည်းကောင်း၊ ကလျာဏပုထုဇဉ်အားလည်းကောင်း ပညာသည် ပွါး၏။ ရဟန္တာအား ပညာသည် ပွါး၏။ ပွါးအပ်သည်ကို ပွါးခြင်းတည်း။ ပညာပွါးခြင်းငှါ ဖြစ်ကုန်၏ဟူရာ၌ ဤကား ပညာပွါးခြင်းတည်း။ (၂)

ပညာပြန့်ပြောခြင်းငှါ ဖြစ်ကုန်၏ဟူရာ၌ အဘယ်သည် ပညာပြန့်ပြောခြင်းနည်း။ သေက္ခခုနစ်ဦး တို့ အားလည်းကောင်း၊ ကလျာဏပုထုဇဉ်အားလည်းကောင်း ပညာသည် ပြန့်ပြောခြင်းသို့ ရောက်၏။ ရဟန္တာအား ပညာသည် ပြန့်ပြောခြင်းသို့ ရောက်၏။ ပညာပြန့်ပြောခြင်းငှါ ဖြန်ကုန်၏ဟူရာ၌ ဤကား ပညာပြန့်ပြောခြင်းတည်း။ (၃)

မြတ်သောပညာရှိဖြစ်ခြင်းငှါ ဖြစ်ကုန်၏ဟူရာ၌ အဘယ်သည် မြတ်သောပညာနည်း။ မြတ် သော အတ္ထတို့ကို သိမ်းဆည်းသောကြောင့် မြတ်သောပညာတည်း။ မြတ်သော ဓမ္မတို့ကို သိမ်းဆည်းသောကြောင့် မြတ်သောပညာတည်း။ မြတ်သော နိရုတ္တိတို့ကို သိမ်းဆည်းသောကြောင့် မြတ်သောပညာ။ မြတ်သော ပဋိဘာန်တို့ကို သိမ်းဆည်းသောကြောင့် မဟာပညာ။ မြတ်သော သီလအစုတို့ကို သိမ်းဆည်းသောကြောင့် မဟာပညာ။ မြတ်သော သမာဓိအစုတို့ကို သိမ်းဆည်းသော ကြောင့် မဟာပညာ။ မြတ်သောပညာအစုတို့ကို သိမ်းဆည်းသောကြောင့် မဟာပညာ။ မြတ်သော ဝိမုတ္တိအစုတို့ကို သိမ်းဆည်းသောကြောင့် မဟာပညာ။ မြတ်သော ဝိမုတ္တိဉာဏ် အမြင်အစုတို့ကို သိမ်းဆည်းသောကြောင့် မဟာပညာ။ မြတ်သော အကြောင်းဟုတ်သည် မဟုတ်သည်တို့ကို သိမ်းဆည်း သောကြောင့် မဟာပညာ။ မြတ်သော ဝိဟာရသမာပတ်တို့ကို သိမ်းဆည်းသောကြောင့် မဟာပညာ။ မြတ်သော အရိယသစ္စာတို့ကို သိမ်းဆည်း သောကြောင့် မဟာပညာ။ မြတ်သော သတိပဋ္ဌာန်တို့ကို သိမ်းဆည်းသောကြောင့် မဟာပညာ။ မြတ်သော သမ္မပ္ပဓာန်တို့ကို သိမ်းဆည်းသောကြောင့် မဟာပညာ။ မြတ်သော ဣဒ္ဓိပါဒ်တို့ကို သိမ်းဆည်းသောကြောင့် မဟာပညာ။ မြတ်သော ဣန္ဒြေတို့ကို သိမ်းဆည်း သောကြောင့် မဟာပညာ။ မြတ်သော ဗိုလ်တို့ကို သိမ်းဆည်းသောကြောင့် မဟာပညာ။ မြတ်သော ဗောဇ္ဈင်တို့ကို သိမ်းဆည်းသော ကြောင့် မဟာပညာ။ မြတ်သော အရိယမဂ်ကို သိမ်းဆည်းသောကြောင့် မဟာပညာ။ မြတ်သော သာမညဖိုလ်တို့ကို သိမ်းဆည်းသောကြောင့် မဟာပညာ။ မြတ်သော အဘိညာတို့ကို သိမ်းဆည်းသောကြောင့် မဟာပညာ။ မြတ် သော ပရမတ္ထနိဗ္ဗာန်ကို သိမ်းဆည်း သောကြောင့် မဟာပညာ။ မြတ်သောပညာရှိဖြစ်ခြင်းငှါ ဖြစ်ကုန်၏ဟူရာ၌ ဤကား မြတ်သောပညာတည်း။ (၄)

အသီးအသီးသိသောပညာရှိဖြစ်ခြင်းငှါ ဖြစ်ကုန်၏ဟူရာ၌ အဘယ်သည် အသီးအသီးသိသောပညာနည်း။ အသီးအသီးသော ခန္ဓာတို့၌ ဉာဏ်သည် ဖြစ်သောကြောင့် အသီးအသီးသိသောပညာတည်း။ အသီးအသီးသော ဓာတ်တို့၌ ဉာဏ်သည် ဖြစ်သောကြောင့် အသီးအသီးသိသောပညာ။ အသီးအသီးသော အာယတနတို့၌ ဉာဏ်သည် ဖြစ်သောကြောင့် အသီးအသီးသိသောပညာ။

--

အသီးအသီး သော ပဋိစ္စ သမုပ္ပါဒ်တို့၌ ဉာဏ်သည် ဖြစ်သောကြောင့် အသီးအသီးသိသောပညာ။ အတ္ထစသည်ဖြင့် မရေတွက်အပ်သော အသီးအသီးသော သုညတတရားတို့၌ ဉာဏ်သည် ဖြစ်သောကြောင့် အသီးအသီး သိသောပညာ။ အသီးအသီးသော အတ္ထတို့၌ ဉာဏ်သည် ဖြစ်သောကြောင့် အသီးအသီးသိသောပညာ။ အသီးအသီး သော ဓမ္မတို့၌ ဉာဏ်သည် ဖြစ်သောကြောင့် အသီးအသီးသောပညာ။ အသီးအသီးသော နိရုတ္တိတို့၌ ဉာဏ်သည် ဖြစ်သောကြောင့် အသီးအသီးသိသောပညာ။ အသီးအသီးသော ပဋိဘာန်တို့၌ ဉာဏ်သည် ဖြစ်သောကြောင့် အသီးအသီးသိသောပညာ။ အသီးအသီးသော သီလအစုတို့၌ ဉာဏ်သည် ဖြစ်သောကြောင့် အသီးအသီးသိသောပညာ။ အသီးအသီးသော သမာဓိအစုတို့၌ ဉာဏ်သည် ဖြစ်သော ကြောင့် အသီးအသီးသိသောပညာ။ အသီးအသီးသောပညာအစုတို့၌ ဉာဏ်သည် ဖြစ်သောကြောင့် အသီးအသီး သိသောပညာ။ အသီးအသီးသော ဝိမုတ္တိအစုတို့၌ ဉာဏ်သည် ဖြစ်သောကြောင့် အသီး အသီးသိသောပညာ။ အသီးအသီးသော ဝိမုတ္တိဉာဏ်အမြင်အစုတို့၌ ဉာဏ်သည် ဖြစ်သောကြောင့် အသီးအသီးသိသောပညာ။ အသီးအသီးသော အကြောင်းဟုတ်သည် အကြောင်းမဟုတ်သည်တို့၌ ဉာဏ် သည် ဖြစ်သော ကြောင့် အသီးအသီးသိသောပညာ။ အသီးအသီးသော ဝိဟာရသမာပတ်တို့၌ ဉာဏ် သည် ဖြစ်သော ကြောင့် အသီးအသီးသိသောပညာ။ အသီးအသီးသော အရိယသစ္စာတို့၌ ဉာဏ်သည် ဖြစ်သောကြောင့် အသီးအသီးသိသောပညာ။ အသီးအသီးသော သတိပဋ္ဌာန်တို့၌ ဉာဏ်သည် ဖြစ်သော ကြောင့် အသီး အသီးသိသောပညာ။ အသီးအသီးသော သမ္ပပ္ပဓာန်တို့၌ ဉာဏ်သည် ဖြစ်သောကြောင့် အသီးအသီးသိသောပညာ။ အသီးအသီးသော ဣဒ္ဓိပါဒ်တို့၌ ဉာဏ်သည် ဖြစ်သောကြောင့် အသီးအသီး သိသောပညာ။ အသီးအသီးသော ဣန္ဒြေတို့၌ ဉာဏ်သည် ဖြစ်သောကြောင့် အသီးအသီးသိသောပညာ။ အသီးအသီးသော ဗိုလ်တို့၌ ဉာဏ်သည် ဖြစ်သောကြောင့် အသီးအသီးသိသောပညာ။ အသီးအသီးသော ဗောဇ္ဈင်တို့၌ ဉာဏ်သည် ဖြစ်သောကြောင့် အသီးအသီးသိသောပညာ။ အသီးအသီးသော အရိယမဂ်၌ ဉာဏ်သည် ဖြစ်သောကြောင့် အသီးအသီးသိသောပညာ။ အသီးအသီးသော သာမညဖိုလ်တို့၌ ဉာဏ် သည် ဖြစ်သောကြောင့် အသီးအသီးသိသောပညာ။ အသီးအသီးသော အဘိညာတို့၌ ဉာဏ်သည် ဖြစ်သောကြောင့် အသီးအသီးသိသောပညာ။ ပုထုဇဉ်တို့နှင့် ဆက်ဆံသော တရားတို့ကို လွန်၍ ပရမတ္ထနိဗ္ဗာန်၌ ဉာဏ်သည် ဖြစ်သောကြောင့် အသီးအသီးသိသောပညာတည်း။ အသီးအသီးသိသောပညာရှိဖြစ်ခြင်းငှါ ဖြစ်ကုန်၏ဟူရာ၌ ဤကား အသီးအသီးသိသောပညာတည်း။ (၅)

ပြန့်ပြောသောပညာရှိဖြစ်ခြင်းငှါ ဖြစ်ကုန်၏ဟူရာ၌ အဘယ်သည် ပြန့်ပြောသောပညာ နည်း။ ပြန့်ပြောကုန်သော အတ္ထတို့ကို သိမ်းဆည်းသောကြောင့် ပြန့်ပြောသောပညာ။ ပြန့်ပြောကုန် သော ဓမ္မ တို့ကို သိမ်းဆည်းသောကြောင့် ပြန့်ပြောသောပညာ။ ပြန့်ပြောကုန်သော နိရုတ္တိတို့ကို သိမ်းဆည်းသောကြောင့် ပြန့်ပြောသောပညာ။ ပြန့်ပြောကုန်သော ပဋိဘာန်တို့ကို သိမ်းဆည်းသော ကြောင့်ပြန့်ပြောသောပညာ။ ပြန့်ပြောကုန်သော သီလအစုတို့ကို သိမ်းဆည်းသောကြောင့် ပြန့်ပြောသောပညာ။ ပြန့်ပြောကုန်သော သမာဓိအစုတို့ကို သိမ်းဆည်းသောကြောင့် ပြန့်ပြောသောပညာ။ ပြန့်ပြော ကုန်သောပညာအစုတို့ကို သိမ်းဆည်းသောကြောင့် ပြန့်ပြောသောပညာ။ ပြန့်ပြောကုန်သော ဝိမုတ္တိအစု တို့ကို သိမ်းဆည်းသောကြောင့် ပြန့်ပြောသောပညာ။ ပြန့်ပြောကုန်သော ဝိမုတ္တိဉာဏ် အမြင်အစုတို့ကို သိမ်း ဆည်းသောကြောင့် ပြန့်ပြောသောပညာ။ ပြန့်ပြောကုန်သော အကြောင်းဟုတ်သည် အကြောင်း မဟုတ် သည်တို့ကို သိမ်းဆည်းသောကြောင့် ပြန့်ပြောသောပညာ။ ပြန့်ပြောကုန်သော ဝိဟာရသမာပတ် တို့ကို သိမ်းဆည်းသောကြောင့် ပြန့်ပြောသောပညာ။ ပြန့်ပြောကုန်သော အရိယသစ္စာတို့ကို သိမ်းဆည်းသောကြောင့် ပြန့်ပြောသောပညာ။ ပြန့်ပြောကုန်သော သတိပဋ္ဌာန်တို့ကို သိမ်းဆည်းသော ကြောင့် ပြန့်ပြော သောပညာ။ ပြန့်ပြောကုန်သော သမ္မပ္ပဓာန်တို့ကို သိမ်းဆည်းသောကြောင့် ပြန့်ပြော သောပညာ။ ပြန့်ပြောကုန်သော ဣဒ္ဓိပါဒ်တို့ကို သိမ်းဆည်းသောကြောင့် ပြန့်ပြောသောပညာ။ ပြန့်ပြော ကုန်သော ဣန္ဒြေတို့ကို သိမ်းဆည်းသောကြောင့် ပြန့်ပြောသောပညာ။ ပြန့်ပြောကုန်သော ဗိုလ်တို့ကို သိမ်းဆည်း သောကြောင့် ပြန့်ပြောသောပညာ။ ပြန့်ပြောကုန်သော ဗောဇ္ဈင်တို့ကို သိမ်းဆည်းသော ကြောင့် ပြန့်ပြောသောပညာ။ ပြန့်ပြောသော အရိယမဂ်ကို သိမ်းဆည်းသောကြောင့် ပြန့်ပြောသောပညာ။ ပြန့်ပြောကုန်သော သာမညဖိုလ်တို့ကို သိမ်းဆည်းသောကြောင့် ပြန့်ပြောသောပညာ။ ပြန့်ပြော ကုန်သော အဘိညာဉ်တို့ကို သိမ်းဆည်းသောကြောင့် ပြန့်ပြောသောပညာ။ ပြန့်ပြောသော ပရမတ္ထ နိဗ္ဗာန်ကို သိမ်းဆည်းသောကြောင့် ပြန့်ပြောသောပညာ။ ပြန့်ပြောသောပညာရှိဖြစ်ခြင်းငှါ ဖြစ်ကုန်၏ဟူရာ၌ ဤကား ပြန့်ပြောသောပညာတည်း။ (၆)

--

နက်နဲသောပညာရှိဖြစ်ခြင်းငှါ ဖြစ်ကုန်၏ဟူရာ၌ အဘယ်သည် နက်နဲသောပညာနည်း။ နက်နဲ ကုန်သော ခန္ဓာတို့၌ ဉာဏ်သည် ဖြစ်သောကြောင့် နက်နဲသောပညာတည်း။ နက်နဲကုန်သော ဓာတ်တို့၌ ဉာဏ်သည် ဖြစ်သောကြောင့် နက်နဲသောပညာ။ နက်နဲကုန်သော အာယတနတို့၌ ဉာဏ်သည် ဖြစ်သော ကြောင့် နက်နဲသောပညာ။ နက်နဲကုန်သော ပဋိစ္စသမုပ္ပါဒ်တို့၌ ဉာဏ်သည် ဖြစ်သောကြောင့် နက်နဲသောပညာ။ နက်နဲကုန်သော အတ္ထစသည်ဖြင့် မရအပ်ကုန်သော သုညတတရားတို့၌ ဉာဏ်သည် ဖြစ်သော ကြောင့် နက်နဲသောပညာ။ နက်နဲကုန်သော အတ္ထတို့၌ ဉာဏ်သည် ဖြစ်သောကြောင့် နက်နဲသောပညာ။ နက်နဲကုန်သော ဓမ္မတို့၌ ဉာဏ်သည် ဖြစ်သောကြောင့် နက်နဲသောပညာ။ နက်နဲကုန်သော နိရုတ္တိတို့၌ ဉာဏ်သည် ဖြစ်သောကြောင့် နက်နဲသောပညာ။ နက်နဲကုန်သော ပဋိဘာန်တို့၌ ဉာဏ်သည် ဖြစ်သောကြောင့် နက်နဲသောပညာ။ နက်နဲကုန်သော သီလအစုတို့၌ ဉာဏ်သည် ဖြစ်သောကြောင့် နက်နဲသောပညာ။ နက်နဲကုန်သော သမာဓိအစုတို့၌ ဉာဏ်သည် ဖြစ်သောကြောင့် နက်နဲသောပညာ။ နက်နဲကုန် သောပညာအစုတို့၌ ဉာဏ်သည် ဖြစ်သောကြောင့် နက်နဲသောပညာ။ နက်နဲကုန်သော ဝိမုတ္တိအစုတို့၌ ဉာဏ်သည် ဖြစ်သောကြောင့် နက်နဲသောပညာ။ နက်နဲကုန်သော ဝိမုတ္တိဉာဏ်အမြင်အစုတို့၌ ဉာဏ်သည် ဖြစ်သောကြောင့် နက်နဲသောပညာ။ နက်နဲကုန်သော အကြောင်းဟုတ်သည် အကြောင်းမဟုတ်သည်တို့၌ ဉာဏ်သည် ဖြစ်သောကြောင့် နက်နဲသောပညာ။ နက်နဲကုန်သော ဝိဟာရသမာပတ်တို့၌ ဉာဏ်သည် ဖြစ်သောကြောင့် နက်နဲသောပညာ။ နက်နဲကုန်သော အရိယသစ္စာတို့၌ ဉာဏ်သည် ဖြစ်သောကြောင့် နက်နဲသောပညာ။ နက်နဲကုန်သော သတိပဋ္ဌာန်တို့၌ ဉာဏ်သည် ဖြစ်သောကြောင့် နက်နဲသောပညာ။ နက်နဲကုန်သော သမ္မပ္ပဓာန်တို့၌ ဉာဏ်သည် ဖြစ်သောကြောင့် နက်နဲသောပညာ။ နက်နဲကုန်သော ဣဒ္ဓိပါဒ်တို့၌ ဉာဏ်သည် ဖြစ်သောကြောင့် နက်နဲသောပညာ။ နက်နဲကုန်သော ဣန္ဒြေတို့၌ ဉာဏ်သည် ဖြစ်သောကြောင့် နက်နဲသောပညာ။ နက်နဲကုန်သော ဗိုလ်တို့၌ ဉာဏ်သည် ဖြစ်သောကြောင့် နက်နဲသောပညာ။ နက်နဲကုန်သော ဗောဇ္ဈင်တို့၌ ဉာဏ်သည် ဖြစ်သောကြောင့် နက်နဲသောပညာ။ နက်နဲ သော အရိယမဂ်၌ ဉာဏ်သည် ဖြစ်သောကြောင့် နက်နဲသောပညာ။ နက်နဲကုန်သော သာမညဖိုလ်တို့၌ ဉာဏ် သည် ဖြစ်သောကြောင့် နက်နဲသောပညာ။ နက်နဲကုန်သော အဘိညာတို့၌ ဉာဏ်သည် ဖြစ်သောကြောင့် နက်နဲသောပညာ။ နက်နဲသော ပရမတ္ထနိဗ္ဗာန်၌ ဉာဏ်သည့်ဖြစ်သောကြောင့် နက်နဲသောပညာတည်း။ နက်နဲသောပညာရှိဖြစ်ခြင်းငှါ ဖြစ်ကုန်၏ဟူရာ၌ ဤကား နက်နဲသောပညာတည်း။ (၇)

(ဧအာက် ပညာတို့နှင့်) မနီးသောပညာရှိ ဖြစ်ခြင်းငှါ ဖြစ်ကုန်၏ဟူရာ၌ အဘယ်သည် (အောက် ပညာတို့နှင့်) မနီးသောပညာနည်း။ အကြင်အရိယာပုဂ္ဂိုလ်အား အတ္ထကိုပိုင်းခြားသောအားဖြင့် အတ္ထ ပဋိသမ္ဘိဒါကို ရခြင်း၊ မျက်မှောက်ပြုခြင်း၊ ပညာဖြင့် တွေ့ထိခြင်းသည် ဖြစ်၏။ ဓမ္မကို ပိုင်းခြားသော အားဖြင့် ဓမ္မပဋိသမ္ဘိဒါကို ရခြင်း၊ မျက်မှောက်ပြုခြင်း၊ ပညာဖြင့် တွေ့ထိခြင်းသည် ဖြစ်၏။ နိရုတ္တိကို ပိုင်းခြားသောအားဖြင့် နိရုတ္တိပဋိသမ္ဘိဒါကို ရခြင်း၊ မျက်မှောက်ပြုခြင်း၊ ပညာဖြင့် တွေ့ထိခြင်းသည် ဖြစ်၏။ ပဋိဘာန်ကို ပိုင်းခြားသော အားဖြင့် ပဋိဘာနပဋိသမ္ဘိဒါကို ရခြင်း၊ မျက်မှောက်ပြုခြင်း၊ ပညာဖြင့် တွေ့ထိခြင်းသည် ဖြစ်၏။ ထိုအရိယာ ပုဂ္ဂိုလ်၏ အတ္ထ၌လည်းကောင်း၊ ဓမ္မ၌လည်းကောင်း၊ နိရုတ္တိ၌လည်း ကောင်း၊ ပဋိဘာန်၌လည်းကောင်း တစ်ပါးသော ပုထုဇဉ်ပုဂ္ဂိုလ်သည် မှီခြင်းငှါ မစွမ်းနိုင်။ ထိုအရိယာ ပုဂ္ဂိုလ်ကို တစ်ပါးသော ပုထုဇဉ်ပုဂ္ဂိုလ်တို့သည် မမှီနိုင်။ ထို့ကြောင့် (အောက်ပညာတို့နှင့်) မနီးသောပညာရှိ၏။

--

ကလျာဏပုထုဇဉ်၏ ပညာသည် အရဟတ္တဖလဋ္ဌာန်မှ ပြန်၍ရေသော် ရှစ်ဦးမြောက် သောတာ ပတ္တိမဂ်ပုဂ္ဂိုလ်၏ ပညာမှ ဝေး၏။ အထူးဝေး၏။ အလွန်ဝေး၏။ မနီး။ နီးသောအဖို့၌ မဖြစ်။ ကလျာဏပုထုဇဉ်ကိုစွဲ၍ (အရဟတ္တဖလဋ္ဌာန်မှ ပြန်၍ရေသော်) ရှစ်ဦးမြောက် သောတာပတ္တိမဂ်ပုဂ္ဂိုလ်သည် မနီးသောပညာရှိ၏။ ရှစ်ဦးမြောက် သောတာပတ္တိမဂ်ပုဂ္ဂိုလ်၏ ပညာသည် သောတာပန်၏ ပညာမှ ဝေး၏။ အထူးဝေး၏။ အလွန်ဝေး၏။ မနီး။ နီးသော အဖို့၌ မဖြစ်။ ရှစ်ဦးမြောက် သောတာပတ္တိမဂ် ပုဂ္ဂိုလ်ကိုစွဲ၍ သောတာပန်ပုဂ္ဂိုလ်သည် မနီးသောပညာရှိ၏။ သောတာပန်၏ ပညာသည် သကဒါဂါမ်၏ ပညာမှ ဝေး၏။ အထူးဝေး၏။ အလွန်ဝေး၏။ မနီး။ နီးသောအဖို့၌ မဖြစ်။ သောတာပန်ကိုစွဲ၍ သကဒါဂါမ်သည် မနီးသောပညာရှိ၏။ သကဒါဂါမ်၏ ပညာသည် အနာဂါမ်၏ ပညာမှ ဝေး၏။ အထူး ဝေး၏။ အလွန်ဝေး၏။ မနီး။ နီးသောအဖို့၌ မဖြစ်။ သကဒါဂါမ်ကိုစွဲ၍ အနာဂါမ်သည် မနီးသောပညာရှိ၏။ အနာဂါမ်၏ ပညာသည် ရဟန္တာ၏ ပညာမှ ဝေး၏။ အထူးဝေး၏။ အလွန်ဝေး၏။ မနီး။ နီးသောအဖို့၌ မဖြစ်။ အနာဂါမ်ကိုစွဲ၍ ရဟန္တာသည် မနီးသောပညာရှိ၏။ ရဟန္တာ၏ ပညာသည် ပစ္စေကဗုဒ္ဓါ၏ ပညာမှ ဝေး၏။ အထူးဝေး၏။ အလွန်ဝေး၏။ မနီး။ နီးသောအဖို့၌ မဖြစ်။ ရဟန္တာ ကိုစွဲ၍ ပစ္စေကဗုဒ္ဓါသည် မနီးသောပညာရှိ၏။ ပစ္စေကဗုဒ္ဓါကိုလည်းကောင်း၊ နတ်နှင့်တကွသော လောက ကိုလည်းကောင်း စွဲ၍ (ကိလေသာ) ရန်သူကို ပယ်သတ်တော်မူတတ်သော၊ မဖောက်မပြန် (တရားအားလုံး ကို) အလိုလို ကိုယ်တိုင် သိတော်မူသော မြတ်စွာဘုရားသည် အမြတ်ဆုံးသော မနီးသောပညာရှိ၏။

။ ပညာအပြား၌ လိမ္မာ၏။ ပညာအပြားသို့ ရောက်ပြီးသော ဉာဏ်ရှိ၏။ ရပြီးသော ပဋိသမ္ဘိဒါ (ဉာဏ်) ရှိ၏။ ဝေသာရဇ္ဇ (ဉာဏ်) လေးပါးသို့ ရောက်၏။ အားဆယ်ပါးကို ဆောင်၏။ ယောက်ျားမြတ် ဖြစ်တော်မူ၏။ ခြင်္သေ့ကဲ့သို့သော ယောက်ျားတည်း။ ဆင်ပြောင်ကြီးကဲ့သို့သော ယောက်ျားတည်း။ ယောက်ျားအာဇာနည်တည်း။ ဝန်ဆောင်နိုင်သော ယောက်ျားတည်း။ အဆုံးမရှိသော ဉာဏ်ရှိ၏။ အဆုံး မရှိသော တန်ခိုးရှိ၏။ အဆုံးမရှိသော ကျော်စောသံရှိ၏။ (ပညာဥစ္စာ) ပြည့်စုံ (ကြွယ်ဝ)၏။ များ သော (ပညာ) ဥစ္စာရှိ၏၊ ။ (ပညာဟူသော) ဥစ္စာဓနရှိ၏။ ဘေးကင်းရာသို့ ဆောင်တတ်၏။ ဝေနေယျတို့ ကို ဆုံးမတတ်၏။ (ယုံမှားခြင်းကို ဖြတ်) ပယ်တတ်၏။ အနက်အဓိပ္ပါယ်ကို ခွဲခြားသိစေတတ်၏။ ကြံစည် (ဆုံးဖြတ်) စေတတ်၏။ ရှုစေတတ်၏။ ကြည်လင်စေတတ်၏။ အကြောင်းမူ- ထိုမြတ်စွာဘုရားသည် (မိမိသန္တာန်၌) မဖြစ်ဖူးသေးသော မဂ်ကို ဖြစ်စေတတ်၏။ (ဝေနေယျသန္တာန်၌) မဖြစ်ဖူးသေးသော မဂ်ကို ဖြစ်စေတတ်၏။ မဟောကြားဖူးသေးသော မဂ်ကို ဟောကြားတတ်၏။ ဆင်ခြင်သည်၏ အစွမ်းဖြင့် အရိယမဂ်ကို သိတတ်၏။ ဝေနေယျသန္တာန်၌ အရိယမဂ်ကို သိ၏။ မဂ်၌ လိမ္မာ၏။ ယခုအခါ ထို့မြတ်စွာဘုရား၏ မဂ်သို့ အစဉ်လိုက်ကုန်၍ တပည့်သာဝကတို့သည် နောက်၌ သီလစသော ဂုဏ်နှင့် ပြည့်စုံလျက် နေကုန်၏။

ထိုမြတ်စွာဘုရားသည် သိသင့်သည်ကို သိ၏။ ရှုမြင်သင့်သည်ကို ရှုမြင်၏။ မျက်စိသဖွယ် ဖြစ်၏။ ဉာဏ်သဖွယ် ဖြစ်၏။ တရားသဖွယ် ဖြစ်၏။ ဗြဟ္မာသဖွယ် ဖြစ်၏။ တရားကို မိန့်ဆိုတတ်၏။ အထူးထူးအပြားပြား မိန့်ဆိုတတ်၏။ အနက်ကို ထုတ်ဆောင်တတ်၏။ အမြိုက်နိဗ္ဗာန်ကို ပေးတတ်၏။ တရားအရှင်ဖြစ်တော်မူ၏။ ရှေးဘုရားတို့ကဲ့သို့ လာတော်မူတတ်၏။ ထိုမြတ်စွာဘုရားအား မသိအပ်၊ မမြင်အပ်၊ မရောက်အပ်၊ မျက်မှောက်မပြုအပ်၊ ပညာဖြင့် မတွေ့ထိအပ်သော အရာသည်မရှိ။ အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်ကို ယူ၍ (အတွင်းပြု၍) အလုံးစုံသော တရားတို့သည် အလုံးစုံသော အခြင်းအရာအားဖြင့် ဘုန်းရှိသော မြတ်စွာဘုရား၏ ဉာဏ်ဝ၌ ရှေ့ရှုထင်ခြင်းသို့ ရောက်ကုန်၏။ အလုံးစုံသော နေယျ မည်သည် ရှိ၏။ ထိုအလုံးစုံသော တရားကို သိအပ်၏။ မိမိအကျိုး၊ သူတစ်ပါးအကျိုး၊နှစ်ဦးလုံး အကျိုး၊ မျက်မှောက်အကျိုး၊ တမလွန်အကျိုး၊ ပေါ်လွင်သောအကျိုး၊ နက်နဲသောအကျိုး၊ လျှို့ဝှက်သော အကျိုး၊ ဖုံးလွှမ်းသောအကျိုး၊ ဆောင်၍သိအပ်သောအကျိုး၊ တိုက်ရိုက်သိအပ်သောအကျိုး၊ အပြစ်မရှိ သောအကျိုး၊ ကိလေသာမရှိသောအကျိုး၊ ဖြူစင်သောအကျိုး၊ ပရမတ္ထအကျိုးသည် ရှိ၏။ ထိုအားလုံး သည် မြတ်စွာဘုရားဉာဏ်အတွင်း၌နှံ့၍ ဖြစ်၏။

--

ကာယကံအားလုံးသည် ဘုန်းတော်ကြီးသော မြတ်စွာဘုရား၏ ဉာဏ်သို့အစဉ်လိုက်၍ဖြစ်၏။ ဝစီကံ အားလုံးသည် ဘုန်းတော်ကြီးသော မြတ်စွာဘုရား၏ ဉာဏ်သို့အစဉ်လိုက်၍ဖြစ်၏။ မနောကံအားလုံး သည် ဘုန်းတော်ကြီးသော မြတ်စွာဘုရား၏ ဉာဏ်သို့ အစဉ်လိုက်၍ဖြစ်၏။ အတိတ်၌ ဘုန်းတော်ကြီး သော မြတ်စွာဘုရား၏ ဉာဏ်သည် အပိတ်အပင်မရှိ။ အနာဂတ်၌ ဘုန်းတော်ကြီးသော မြတ်စွာဘုရား၏ဉာဏ်သည် အပိတ်အပင်မရှိ။ ပစ္စုပ္ပန်၌ ဘုန်းတော်ကြီးသော မြတ်စွာဘုရား၏ဉာဏ်သည် အပိတ်အပင် မရှိ။ သိအပ်သော တရားရှိသလောက် ဉာဏ် (ဖြစ်၏)။ ဉာဏ်ဖြစ်သလောက် သိအပ်သော တရား (ရှိ၏)။ ဉာဏ်သည် သိအပ်သော တရားလျှင် အဆုံးရှိ၏။ သိအပ်သော တရားသည် ဉာဏ်လျှင် အဆုံး ရှိ၏။ သိအပ်သော တရားကို လွန်၍ ဉာဏ်မဖြစ်။ ဉာဏ်ကို လွန်၍ သိအ်သော တရားနယ်ပယ် မရှိ။ ထိုတရားတို့သည် အချင်းချင်း (တစ်ပါးသည် တစ်ပါး၏) အဆုံး၌ တည်လေ့ ရှိကုန်၏။ ကောင်းစွာ ထိသော ပန်းအုပ်ပြင်နှစ်ခုတို့၏ အောက်ဖြစ်သော ပန်းအုပ်ပြင်သည် အထက်ဖြစ်သော ပန်းအုပ်ပြင်ကို လွန်၍မဖြစ်။ အထက်ဖြစ်သော ပန်းအုပ်ပြင်သည် အောက်ဖြစ်သော ပန်းအုပ်ပြင်ကိုလွန်၍ မဖြစ်။ အချင်း ချင်း (တစ်ခုသည် တစ်ခု၏) အဆုံး၌ တည်လေ့ရှိကုန်၏။ ဤအတူပင် ဘုန်းရှိသော မြတ်စွာဘုရား၏ သိအပ်သောတရားသည်လည်းကောင်း၊ ဉာဏ်သည်လည်းကောင်း အချင်းချင်း (တစ်ပါးသည် တစ်ပါး၏) အဆုံး၌ တည်လေ့ရှိကုန်၏။ သိအပ်သောတရားရှိသလောက် ဉာဏ်ဖြစ်၏။ ဉာဏ်ဖြစ်သလောက် သိအပ် သောတရား ရှိ၏။ ဉာဏ်သည် သိအပ်သောတရားလျှင် အဆုံးရှိ၏။ သိအပ်သောတရားသည် ဉာဏ်လျှင် အဆုံးရှိ၏။ သိအပ်သော တရားကို လွန်၍ ဉာဏ်သည် မဖြစ်။ ဉာဏ်ကို လွန်၍ သိအပ်သော တရား နယ်ပယ် မရှိ။ ထိုတရားတို့သည် အချင်းချင်း (တစ်ပါးသည် တစ်ပါး၏) အဆုံး၌ တည်လေ့ရှိကုန်၏။

တရားအားလုံးတို့၌ ဘုန်းရှိသော မြတ်စွာဘုရား၏ ဉာဏ်သည် ဖြစ်၏။

တရားအားလုံးတို့သည် ဘုန်းရှိသော မြတ်စွာဘုရား၏ ဆင်ခြင်ခြင်းနှင့် စပ်ကုန်၏။ အလိုနှင့်စပ် ကုန်၏။ နှလုံးသွင်းခြင်းနှင့် စပ်ကုန်၏။ စိတ်ဖြစ်ခြင်းနှင့် စပ်ကုန်၏။ သတ္တဝါအားလုံးတို့၌ ဘုန်းရှိသော မြတ်စွာဘုရား၏ ဉာဏ်သည် ဖြစ်၏။ မြတ်စွာဘုရားသည် သတ္တဝါအားလုံးတို့၏ အာသယကို သိ၏။ အနုသယကို သိ၏။ စရိုက်ကို သိ၏။ နှလုံးသွင်းခြင်းကို သိ၏။ (ပညာ) မျက်စိ၌ (ကိလေသာ) မြူနည်းသူ၊ (ပညာ) မျက်စိ၌ (ကိလေသာ) မြူများသူ၊ ဣန္ဒြေထက်သူ၊ ဣန္ဒြေနုံ့သူ၊ အခြင်းအရာကောင်းသူ၊ အခြင်း အရာမကောင်းသူ၊ သိစေရန်လွယ်သူ၊ သိစေရန်ခက်သူ၊ ကျွတ်ထိုက်သူ၊ မကျွတ်ထိုက်သူ သတ္တဝါတို့ကို့ခွဲခြား၍ သိ၏။ (အောက်) နတ်ဘုံနှင့်တကွ၊ မာရ်နတ်ဘုံနှင့်တကွ၊ ဗြဟ္မာနှင့်တကွသော (ဩကာသ) လောကသည် သမဏ, ဗြာဟ္မဏ, မင်းများ, လူများနှင့်တကွသော သတ္တလောကသည် မြတ်စွာဘုရားဉာဏ် အတွင်း၌ ပျံ့နှံ့၍ ဖြစ်၏။ အထက်အဆုံးအပိုင်းအခြားအားဖြင့် တိမိ တိမိင်္ဂလငါးကြီးကို အတွင်းပြု၍ အလုံးစုံသော ငါးလိပ်တို့သည် မဟာသမုဒ္ဒရာအတွင်း၌ ပျံ့နှံ့၍ ဖြစ်ကုန်သကဲ့သို့ ဤအတူပင် (အောက်) နတ်ဘုံနှင့်တကွ၊ မာရ်နတ်နှင့်တကွ၊ ဗြဟ္မာနှင့်တကွသော ဩကာသလောကသည်၊ သမဏ, ဗြာဟ္မဏ, မင်းများ, လူများနှင့်တကွသော သတ္တလောကသည် မြတ်စွာဘုရားဉာဏ်အတွင်း၌ ပျံ့နှံ့၍ဖြစ်၏။ (အထက်) အဆုံး အပိုင်းအခြားအားဖြင့် ဝေနတေယျနွယ်ဂဠုန်ကို အတွင်းပြု၍ အလုံးစုံသော ငှက်တို့သည် ကောင်းကင်တစ်ဝိုက်၌ ပျံ့နှံ့၍ ဖြစ်ကုန်သကဲ့သို့ ဤအတူပင် ပညာအားဖြင့် အကြင်သာရိပုတ္တရာနှင့် တူသူတို့ (ရှိကုန်၏)။ ထိုသူတို့သည်လည်း မြတ်စွာဘုရားဉာဏ်၏ တစ်စိတ်တစ်ဒေသ၌ ပျံ့နှံ့၍ဖြစ် ကုန်၏။ မြတ်စွာဘုရား ဉာဏ်သည် နတ်လူတို့၏ ပညာကို ပျံ့နှံ့၍ ကျော်လွန်လွှမ်းမိုးကာ တည်၏။ အကြင်မင်းပညာရှိ၊ ပုဏ္ဏားပညာရှိ၊ သူကြွယ်ပညာရှိ၊ ရဟန်းပညာရှိတို့သည် သိမ်မွေ့သောပညာရှိကုန်၏။

--

တစ်ပါးသူတို့နှင့် ပြုပြီးသောဝါဒရှိကုန်၏။ ဝါလဝေဓိ (လေးသမား)နှင့် တူကုန်၏။ ထိုပုဂ္ဂိုလ်တို့သည် ပညာဖြင့် သူတစ်ပါးအယူတို့ကို ဖျက်ဆီးလျက် လှည့်လည်ကုန်ယောင်တကား။ ထိုပုဂ္ဂိုလ်တို့သည် ပြဿနာကို ပြုစီရင်ကုန်၍ ပြုစီရင်ကုန်၍ မြတ်စွာဘုရားသို့ ချဉ်းကပ်ကာ လျှို့ဝှက်ရာတို့ကိုလည်းကောင်း၊ ဖုံးကွယ်ရာတို့ကိုလည်းကောင်း မေးကုန်၏။ ထိုပြဿနာတို့သည် မြတ်စွာဘုရား မိန့်ဆိုအပ်၊ ဖြေကြားအပ်၊ အကြောင်းကို ညွှန်ပြအပ်ပြီးသည်တို့သာလျှင် ဖြစ်ကုန်၏။

ထိုပုဂ္ဂိုလ်တို့သည် မြတ်စွာဘုရား၏ ခြေတော်ရင်း၌ ဝပ်စင်းလျက် တပည့်သာဝကအဖြစ်သို့ ရောက်ကုန်၏။ ထိုအခါ မြတ်စွာဘုရားသည် ထို နေရာ၌ ယင်းပညာဖြင့် အလွန် (ထွန်းလင်း) တင့်တယ်တော်မူ၏။ ထို့ကြောင့် မြတ်သော မနီးသောပညာ ရှိ၏။ (အောက်ပညာတို့နှင့်) မနီးသောပညာရှိဖြစ်ခြင်းငှါ ဖြစ်ကုန်၏ဟူရာ၌ ဤကား မနီးသောပညာတည်း။ (၈)

။ မြေကြီးကဲ့သို့ ကျယ်ပြန့်သော ‘ဘူရိ’ ပညာရှိဖြစ်ခြင်းငှါ ဖြစ်ကုန်၏ဟူရာ၌ အဘယ် သည် ဘူရိပညာနည်း။ ရာဂကိုနှိမ်နင်းသောကြောင့် ဘူရိပညာတည်း။ နှိမ်နင်းပြီးသောကြောင့် ဘူရိ ပညာ။ ဒေါသကိုနှိမ်နင်းသောကြောင့် ဘူရိပညာ။ နှိမ်နင်းပြီးသောကြောင့် ဘူရိပညာ။ မောဟကိုနှိမ်နှင်းသော ကြောင့် ဘူရိပညာ။ နှိမ်နင်းပြီးသောကြောင့် ဘူရိပညာ။ အမျက်ထွက်ခြင်းကို။ပ။ ရန်ငြိုးဖွဲ့ခြင်းကို။ သူ့ဂုဏ်ချေဖျက်ခြင်းကို။ ဂုဏ်ပြိုင်ခြင်းကို။ ငြူစူခြင်းကို။ ဝန်တိုခြင်းကို။ မိမိအပြစ်ကို ဖုံးဖိခြင်း ‘မာယာ’ ကို။ (မရှိသောဂုဏ်ဖြင့်) ပလွှားခြင်း ‘သာဌေယျ’ ကို။ မောက်မာခြင်းကို။ ခြုတ်ခြယ်ခြင်းကို။ ထောင်လွှားခြင်းကို။ အလွန်ထောင်လွှားခြင်းကို။ ယစ်ခြင်းကို။ မေ့လျော့ခြင်းကို။ ကိလေသာအားလုံးတို့ကို။ ဒုစရိုက် အားလုံးတို့ကို။ အဘိသင်္ခါရအားလုံးတို့ကို။ပ။ ဘဝသို့ရောက်ကြောင်းကံ အားလုံးတို့ကိုနှိမ်နင်းသော ကြောင့် ဘူရိပညာ။ နှိမ်နင်းပြီးသောကြောင့် ဘူရိပညာ။ ရာဂဟူသော ရန်သူကိုနှိမ်နင်းသောပညာတည်း။ ထို့ကြောင့် ဘူရိပညာ။ ဒေါသဟူသော ရန်သူကိုနှိမ်နင်းသောပညာတည်း။ ထို့ကြောင့် ဘူရိပညာ။ မောဟဟူသော ရန်သူကိုနှိမ်နင်းသောပညာတည်း။ ထို့ကြောင့် ဘူရိပညာ။ အမျက် ထွက်ခြင်း။ပ။ ရန်ငြိုးဖွဲ့ခြင်း။ သူ့ဂုဏ်ကို ချေဖျက်ခြင်း။ ဂုဏ်ပြိုင်ခြင်း။ ငြူစူခြင်း။ ဝန်တိုခြင်း။ မိမိအပြစ်ကို ဖုံးဖိခြင်း။ မရှိသောဂုဏ်ဖြင့် ပလွှားခြင်း။ မောက်မာခြင်း။ ခြုတ်ခြယ်ခြင်း။ ထောင်လွှားခြင်း။ အလွန်ထောင်လွှားခြင်း။ ယစ်ခြင်း။ မေ့လျော့ခြင်း။ ကိလေသာအားလုံး၊ ဒုစရိုက်အားလုံး၊ အဘိ သင်္ခါရအားလုံး။ပ။ ဘဝသို့ရောက်ကြောင်းကံအားလုံးဟူသော ရန်သူကိုနှိမ်နင်းသောပညာဖြစ်သောကြောင့် ဘူရိပညာ။ ဘူရိဟု ဆိုအပ်သော မြေကြီးနှင့်တူသော ကျယ်ပြန့် ပြန့်ပြောသောပညာနှင့် ပြည့်စုံသော ကြောင့်ဘူရိပညာ။ တစ်နည်းကား ဤဘူရိ, မေဓာ, ပရိဏာယိကာဟူသော အမည်သည် ပညာ၏ အမည်တည်း။ မှန်သောအနက်၌ မွေ့လျော်တတ်သောကြောင့် ဘူရိပညာတည်း။၁ ဘူရိပညာရှိဖြစ်ခြင်းငှါ ဖြစ်ကုန်၏ဟူရာ၌ ဤကား ဘူရိပညာတည်း။ (၉)

ပညာများသူဖြစ်ခြင်းငှါ ဖြစ်ကုန်၏ဟူရာ၌ အဘယ်သည် ပညာများသူ ဖြစ်သနည်း။ ဤလောက ၌ အချို့သည် ပညာလေးစား (ခြင်းရှိ) သူ၊ ပညာစရိုက်ရှိသူ၊ ပညာအလိုအထုံရှိသူ၊ ပညာနှလုံးသွင်း (ခြင်း ရှိ) သူ၊ ပညာ တံခွန်ရှိသူ၊ ပညာမှန်ကင်းရှိသူ၊ ပညာအကြီးအမှူးဖြစ်၍ လာသူ၊ ဓမ္မသဘာဝကို စိစစ်ခြင်း များသူ၊ ဓမ္မသဘာဝကို အထူးထူးအပြားပြားစိစစ်ခြင်းများသူ၊ သက်ဝင်၍ ထင်ရှားပြုခြင်းများ သူ၊ သက်ဝင်၍ ကောင်းစွာ ထင်ရှားပြုခြင်း များသူ၊ ကောင်းစွာရှုခြင်း၌ ဖြစ်ခြင်းသဘောရှိသူ၊ ထင်ရှား နေလေ့ရှိသူ၊ ထို (ပညာ) စရိုက်ရှိသူ၊ ထို (ပညာ) လေး စားခြင်းရှိသူ၊ ထိုပညာများသူ၊ ထို (ပညာ) ၌ ညွတ်သူ၊ ထို (ပညာ) ၌ကိုင်းသူ၊ ထို (ပညာ) ၌ရှိုင်းသူ၊ ထို (ပညာ) ၌နှလုံးသွင်းသူ၊ ထိုပညာအကြီးအမှူး အားဖြင့် လာသူဖြစ်၏။ ဂိုဏ်းများသူကို ဂိုဏ်းလေးစား (ခြင်းရှိ) သူဟု ဆိုအပ်သကဲ့သို့၊ သင်္ကန်းများသူကို သင်္ကန်း လေးစား (ခြင်းရှိ) သူဟု ဆိုအပ်သကဲ့သို့၊ သပိတ်များသူကို သပိတ်လေးစား (ခြင်းရှိ) သူဟု ဆိုအပ် သကဲ့သို့၊ ကျောင်းအိပ်ရာနေရာများသူကို ကျောင်းအိပ်ရာနေရာ လေးစားသူဟု ဆိုအပ်သကဲ့သို့ ဤ အတူပင် ဤလောက၌ အချို့သည် ပညာလေးစား (ခြင်းရှိ) သူ၊ ပညာစရိုက်ရှိသူ၊ ပညာအလိုအထုံ ရှိသူ၊ ပညာနှလုံးသွင်းခြင်းရှိသူ၊ ပညာတံခွန်ရှိသူ၊ ပညာမှန်ကင်းရှိသူ၊ ပညာအကြီးအမှူးအားဖြင့် လာသူ၊ ဓမ္မ သဘာဝကို စိစစ်ခြင်းများသူ၊ ဓမ္မသဘာဝကို အထူးထူးအပြားပြား စီစစ်ခြင်းများသူ၊ သက်ဝင်၍ ထင်ရှားပြုခြင်း များသူ၊ သက်ဝင်၍ ကောင်းစွာ ထင်ရှားပြုခြင်းများသူ၊ ကောင်းစွာရှုခြင်း၌ ဖြစ်ခြင်း သဘောရှိသူ၊ ထင်ရှားနေလေ့ရှိသူ၊ ထိုပညာစရိုက်ရှိသူ၊ ထိုပညာလေးစားခြင်းရှိသူ၊ ထိုပညာများသူ၊ ထိုပညာ၌ ညွတ်သူ၊ ထိုပညာ၌ ကိုင်းသူ၊ ထိုပညာ၌ရှိုင်းသူ၊ ထိုပညာ၌နှလုံးသွင်းသူ၊ ထိုပညာ၌ အကြီးအမှူးအားဖြင့် လာသူ ဖြစ်၏။ ပညာ များသူဖြစ်ခြင်းငှါ ဖြစ်ကုန်၏ဟူရာ၌ ဤကား ပညာများသူ အဖြစ်တည်း။ (၁၀)

--

မြန်သောပညာရှိဖြစ်ခြင်းငှါ ဖြစ်ကုန်၏ဟူရာ၌ အဘယ်သည် မြန်သောပညာနည်း။ လျင်လျင် မြန်မြန် သီလတို့ကို ပြည့်စေသောကြောင့် မြန်သောပညာတည်း။ လျင်လျင်မြန်မြန် ဣဧန္ဒြစောင့်စည်းခြင်း ကို ပြည့်စေသော ကြောင့် မြန်သောပညာ။ လျင်လျင်မြန်မြန် ဘောဇဉ်၌ အတိုင်းအရှည်သိသည့် အဖြစ်ကို ပြည့်စေသောကြောင့် မြန်သောပညာ။ လျင်လျင်မြန်မြန်နိုးကြားမှု၌ အားထုတ်ခြင်းကို ပြည့်စေသော ကြောင့် မြန်သောပညာ။ လျင်လျင်မြန်မြန် သီလအစုကို ပြည့်စေသောကြောင့် မြန်သောပညာ။ လျင်လျင် မြန်မြန် သမာဓိအစုကို ပြည့်စေသောကြောင့် မြန်သောပညာ။ လျင်လျင်မြန်မြန် ပညာအစုကို ပြည့်စေ သောကြောင့် မြန်သောပညာ။ လျင်လျင်မြန်မြန် ဝိမုတ္တိအစုကို ပြည့်စေသောကြောင့် မြန်သောပညာ။ လျင်လျင်မြန်မြန် ဝိမုတ္တိဉာဏ်အမြင်အစုကို ပြည့်စေသောကြောင့် မြန်သောပညာ။ လျင်လျင်မြန်မြန် အကြောင်းဟုတ်သည် အကြောင်းမဟုတ်သည်တို့ကို ထိုးထွင်း၍ သိသောကြောင့် မြန်သောပညာ။ လျင် လျင်မြန်မြန် ဝိဟာရသမာပတ်တို့ကို ပြည့်စေသောကြောင့် မြန်သောပညာ။ လျင်လျင်မြန်မြန် အရိယ သစ္စာတို့ကို ထိုးထွင်း၍သိသောကြောင့် မြန်သောပညာ။ လျင်လျင်မြန်မြန် သတိပဋ္ဌာန်တို့ကို ပွါးစေတတ် သောကြောင့် မြန်သောပညာ။ လျင်လျင်မြန်မြန် သမ္မပ္ပဓာန်တို့ကို ပွါးစေတတ်သောကြောင့် မြန်သောပညာ။ လျင်လျင်မြန်မြန် ဣဒ္ဓိပါဒ်တို့ကို ပွါးစေတတ်သောကြောင့် မြန်သောပညာ။ လျင်လျင်မြန်မြန် ဣန္ဒြေတို့ကို ပွါးစေတတ်သောကြောင့် မြန်သောပညာ။ လျင်လျင်မြန်မြန် ဗိုလ်တို့ကို ပွါးစေတတ်သော ကြောင့် မြန်သောပညာ။ လျင်လျင်မြန်မြန် ဗောဇ္ဈင်တို့ကို ပွါးစေတတ်သောကြောင့် မြန်သောပညာ။ လျင် လျင်မြန်မြန် အရိယမဂ်ကို ပွါးစေတတ်သောကြောင့် မြန်သောပညာ။ လျင်လျင်မြန်မြန် သာမညဖိုလ်တို့ကို မျက်မှောက်ပြုတတ်သောကြောင့် မြန်သောပညာ။ လျင်လျင်မြန်မြန် အဘိညာတို့ကို့ထိုးထွင်း၍ သိသော ကြောင့် မြန်သောပညာ။ လျင်လျင်မြန်မြန် ပရမတ္ထနိဗ္ဗာန်ကို မျက်မှောက်ပြုသောကြောင့် မြန်သောပညာတည်း။ မြန်သောပညာရှိဖြစ်ခြင်းငှါ ဖြစ်ကုန်၏ဟူရာ၌ ဤကား မြန်သောပညာတည်း။ (၁၁)

ပေါ့ပါးသောပညာရှိဖြစ်ခြင်းငှါ ဖြစ်ကုန်၏ဟူရာ၌ အဘယ်သည် ပေါ့ပါးသောပညာနည်း။ ပေါ့ပေါ့ ပါးပါး သီလတို့ကို ပြည့်စေသောကြောင့် ပေါ့ပါးသောပညာတည်း။ ပေါ့ပေါ့ပါးပါး ဣန္ဒြေ စောင့်စည်းခြင်းကို ပြည့်စေသောကြောင့် ပေါ့ပါးသောပညာ။ ပေါ့ပေါ့ပါးပါး ဘောဇဉ်၌ အတိုင်းအရှည် သိသည့် အဖြစ်ကို ပြည့်စေသောကြောင့် ပေါ့ပါးသောပညာ။ ပေါ့ပေါ့ပါးပါးနိုးကြားမှု၌ အားထုတ်ခြင်းကို ပြည့်စေသောကြောင့် ပေါ့ပါးသောပညာ။ ပေါ့ပေါ့ပါးပါး သီလအစုကို ပြည့်စေသောကြောင့် ပေါ့ပါးသောပညာ။ ပေါ့ပေါ့ပါးပါး သမာဓိအစုကို ပြည့်စေသောကြောင့် ပေါ့ပါးသောပညာ။ ပေါ့ပေါ့ပါးပါး ပညာအစုကို ပြည့်စေသောကြောင့် ပေါ့ပါးသောပညာ။ ပေါ့ပေါ့ပါးပါး ဝိမုတ္တိအစုကို ပြည့်စေသောကြောင့် ပေါ့ပါးသောပညာ။ ပေါ့ပေါ့ပါးပါး ဝိမုတ္တိဉာဏ်အမြင်အစုကို ပြည့်စေသောကြောင့် ပေါ့ပါးသောပညာ။ ပေါ့ပေါ့ပါးပါး အကြောင်းဟုတ်သည် အကြောင်းမဟုတ်သည်တို့ကို ထိုးထွင်း၍ သိသောကြောင့် ပေါ့ပါးသောပညာ။ ပေါ့ပေါ့ပါးပါး ဝိဟာရ သမာပတ်တို့ကို ပြည့်စေသောကြောင့် ပေါ့ပါးသောပညာ။ ပေါ့ပေါ့ပါးပါး အရိယသစ္စာတို့ကို ထိုးထွင်း၍ သိသောကြောင့် ပေါ့ပါးသောပညာ။ ပေါ့ပေါ့ပါးပါး သတိပဋ္ဌာန်တို့ကို ပွါးစေတတ်သောကြောင့် ပေါ့ပါးသောပညာ။ ပေါ့ပေါ့ပါးပါး သမ္မပ္ပဓာန်တို့ကို ပွါးစေတတ်သော ကြောင့် ပေါ့ပါးသောပညာ။ ပေါ့ပေါ့ပါးပါး ဣဒ္ဓိပါဒ်တို့ကို ပွါးစေတတ်သောကြောင့် ပေါ့ပါးသောပညာ။ ပေါ့ပေါ့ပါးပါး ဣန္ဒြေတို့ကို ပွါးစေတတ်သော ကြောင့် ပေါ့ပါးသောပညာ။ ပေါ့ပေါ့ပါးပါး ဗိုလ်တို့ကို ပွါးစေတတ်သော ကြောင့် ပေါ့ပါးသောပညာ။ ပေါ့ပေါ့ပါးပါး ဗောဇ္ဈင်တို့ကို ပွါးစေတတ်သောကြောင့် ပေါ့ပါးသောပညာ။ ပေါ့ပေါ့ ပါးပါး အရိယမဂ်ကို ပွါးစေတတ်သောကြောင့် ပေါ့ပါးသောပညာ။ ပေါ့ပေါ့ပါးပါး သာမညဖိုလ်တို့ကို မျက်မှောက်ပြုတတ် သောကြောင့် ပေါ့ပါးသောပညာ။ ပေါ့ပေါ့ပါးပါး အဘိညာတို့ကို ထိုးထွင်း၍ သိသောကြောင့် ပေါ့ပါးသောပညာ။ ပေါ့ပေါ့ပါးပါး ပရမတ္ထနိဗ္ဗာန်ကို မျက်မှောက်ပြုသောကြောင့် ပေါ့ပါးသောပညာတည်း။ ပေါ့ပါးသောပညာ ရှိ ဖြစ်ခြင်းငှါ ဖြစ်ကုန်၏ဟူရာ၌ ဤကား ပေါ့ပါးသောပညာတည်း။ (၁၂)

--

ရွှင်သောပညာရှိဖြစ်ခြင်းငှါ ဖြစ်ကုန်၏ဟူရာ၌ အဘယ်သည် ရွှင်သောပညာနည်း။ ဤလောက၌ အချို့သည် ရွှင်ခြင်းများလျက်၊နှစ်ခြိုက် (ခံစား)ခြင်းများလျက်၊နှစ်သက်ခြင်းများလျက်၊ ဝမ်းမြောက်ခြင်း များလျက် သီလတို့ကို ပြည့်စေသောကြောင့် ရွှင်သောပညာ။ ရွှင်ခြင်းများလျက်၊နှစ်ခြိုက် (ခံစား)ခြင်းများလျက်၊နှစ်သက်ခြင်းများလျက်၊ ဝမ်းမြောက်ခြင်းများလျက် ဣနြေစောင့်စည်းခြင်းကို ပြည့်စေသော ကြောင့် ရွှင်သောပညာ။ ရွှင်ခြင်းများလျက်၊နှစ်ခြိုက် (ခံစား)ခြင်းများလျက်၊နှစ်သက်ခြင်းများလျက်၊ ဝမ်းမြောက်ခြင်းများလျက် ဘောဇဉ်၌ အတိုင်းအရှည်ကို သိသည့် အဖြစ်ကို ပြည့်စေသောကြောင့် ရွှင်သောပညာ။ ရွှင်ခြင်းများလျက်၊နှစ်ခြိုက် (ခံစား)ခြင်းများလျက်၊နှစ်သက်ခြင်းများလျက်၊ ဝမ်းမြောက်ခြင်း များလျက်နိုးကြားမှု၌ အားထုတ်ခြင်းကို ပြည့်စေသောကြောင့် ရွှင်သောပညာ။ ရွှင်ခြင်းများလျက်၊နှစ်ခြိုက် (ခံစား)ခြင်းများလျက်၊နှစ်သက်ခြင်းများလျက်၊ ဝမ်းမြောက်ခြင်းများလျက် သီလအစုကို။ပ။ သမာဓိအစုကို။ ပညာအစုကို။ ဝိမုတ္တိအစုကို။ ဝိမုတ္တိဉာဏ်အမြင်အစုကို ပြည့်စေသောကြောင့်။ပ။ အကြောင်းဟုတ်သည် အကြောင်းမဟုတ်သည်တို့ကို ထိုးထွင်း၍သိသောကြောင့်။ ဝိဟာရသမာပတ်တို့ကို ပြည့်စေသောကြောင့်။ အရိယသစ္စာတို့ကို ထိုးထွင်း၍သိသောကြောင့်။ သတိပဋ္ဌာန်တို့ကို ပွါးစေသော ကြောင့်။ သမ္မပ္ပဓာန်တို့ကို ပွါးစေသောကြောင့်။ ဣဒ္ဓိပါဒ်တို့ကို ပွါးစေသောကြောင့်။ ဣန္ဒြေတို့ကို ပွါးစေ သောကြောင့်။ ဗိုလ်တို့ကို ပွါးစေသောကြောင့်။ ဗောဇ္ဈင်တို့ကို ပွါးစေသောကြောင့်။ အရိယမဂ်ကို ပွါးစေ သောကြောင့်။ပ။ သာမညဖိုလ်တို့ကို မျက်မှောက်ပြုသောကြောင့် ရွှင်သောပညာ။ ရွှင်ခြင်းများလျက်၊နှစ်ခြိုက် (ခံစား)ခြင်းများလျက်၊နှစ်သက်ခြင်းများလျက်၊ ဝမ်းမြောက်ခြင်းများလျက် အဘိညာတို့ကို ထိုး ထွင်း၍ သိသောကြောင့် ရွှင်သောပညာ။ ရွှင်ခြင်းများလျက်၊နှစ်ခြိုက် (ခံစား)ခြင်းများလျက်၊နှစ်သက်ခြင်းများလျက်၊ ဝမ်းမြောက်ခြင်းများလျက် ပရမတ္ထနိဗ္ဗာန်ကို မျက်မှောက်ပြုသောကြောင့် ရွှင်သောပညာတည်း။ ရွှင်သောပညာရှိ ဖြစ်ခြင်းငှါ ဖြစ်ကုန်၏ဟူရာ၌ ဤကား ရွှင်သောပညာတည်း။ (၁၃)

။ လျင်သောပညာရှိ ဖြစ်ခြင်းငှါ ဖြစ်ကုန်၏ဟူရာ၌ အဘယ်သည် လျင်သောပညာနည်း။ အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန် ဖြစ်သော၊ အတွင်းဖြစ်သော၊ အပဖြစ်သော၊ ရုန့်ရင်းသော၊ သိမ်မွေ့သော၊ ယုတ်သော၊ မြတ်သော၊ အဝေးဖြစ်သော၊ အနီးဖြစ်သော၊ အလုံးစုံသော ရုပ်သည် (ရှိ၏)။ အလုံးစုံသော ရုပ်ကို အနိစ္စအားဖြင့် လျင်စွာသိသောကြောင့် လျင်သောပညာတည်း။ ဒုက္ခအားဖြင့် လျင်စွာသိသောကြောင့် လျင်သောပညာ။ အနတ္တအားဖြင့် လျင်စွာသိသောကြောင့် လျင်သောပညာ။ အလုံးစုံသော ဝေဒနာ သည်။ပ။ အလုံးစုံသော သညာသည်။ အလုံးစုံသော သင်္ခါရတို့သည်။ အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်ဖြစ် သော၊ အတွင်းဖြစ်သော၊ အပဖြစ်သော၊ ရုန့်ရင်းသော၊ သိမ်မွေ့သော၊ ယုတ်သော၊ မြတ်သော၊ အဝေး ဖြစ်သော၊ အနီးဖြစ်သော၊ အလုံးစုံသော ဝိညာဉ် သည် (ရှိ၏)။ အလုံးစုံသောဝိညာဉ်ကို အနိစ္စအားဖြင့် လျင်စွာသိသောကြောင့် လျင်သောပညာ။ ဒုက္ခအားဖြင့် လျင်စွာသိသောကြောင့် လျင်သောပညာ။ အနတ္တ အားဖြင့် လျင်စွာသိသောကြောင့် လျင်သောပညာ။ စက္ခုသည်။ပ။ အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်ဖြစ်သော ဇရာမရဏကို အနိစ္စအားဖြင့် လျင်စွာသိသောကြောင့် လျင်သောပညာ။ ဒုက္ခအားဖြင့် လျင်စွာ သိသောကြောင့် လျင်သောပညာ။ အနတ္တအားဖြင့် လျင်စွာ သိသောကြောင့် လျင်သောပညာတည်း။

--

အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်ဖြစ်သောရုပ်သည် ကုန်ခြင်းသဘောအားဖြင့် အနိစ္စတည်း။ ကြောက် မက်ဖွယ်သဘောအားဖြင့် ဒုက္ခတည်း။ အနှစ်မရှိခြင်းသဘောအားဖြင့် အနတ္တတည်းဟုနှိုင်းချိန်၍၊ စူးစမ်း ၍၊ ထင်ရှားစေ၍၊ ထင်အောင်ပြု၍ ရုပ်ချုပ်ရာ နိဗ္ဗာန်၌ လျင်စွာ သိသောကြောင့် လျင်သောပညာတည်း။ ဝေဒနာသည်။ပ။ သညာသည်။ သင်္ခါရတို့သည်။ ဝိညာဉ်သည်။ စက္ခုသည်။ပ။ အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်ဖြစ်သော ဇရာမရဏသည် ကုန်ခြင်းသဘောအားဖြင့် အနိစ္စတည်း။ ကြောက်မက်ဖွယ်သဘော အားဖြင့် ဒုက္ခတည်း။ အနှစ်မရှိခြင်း သဘောအားဖြင့် အနတ္တတည်းဟုနှိုင်းချိန်၍၊ စူးစမ်း၍၊ ထင်ရှား စေ၍၊ ထင်အောင်ပြု၍ ဇရာမရဏ ချုပ်ရာ နိဗ္ဗာန်၌ လျင်စွာ သိသောကြောင့် လျင်သောပညာတည်း။

အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်ဖြစ်သော ရုပ်သည် အနိစ္စတည်း။ သင်္ခတတည်း။ အကြောင်းကိုစွဲ၍ ဖြစ်၏။ ကုန်ခြင်းသဘောရှိ၏။ ပျက်ခြင်းသဘောရှိ၏။ ရာဂကင်းခြင်းသဘောရှိ၏။ ချုပ်ခြင်းသဘောရှိ၏ဟုနှိုင်းချိန်၍ စူးစမ်း၍၊ ထင်ရှားစေ၍၊ ထင်အောင်ပြု၍ ရုပ်ချုပ်ရာ နိဗ္ဗာန်၌ လျင်စွာ သိသောကြောင့် လျင် သောပညာ။ ဝေဒနာသည်။ပ။ သညာသည်။ သင်္ခါရတို့သည်။ ဝိညာဉ်သည်။ စက္ခုသည်။ပ။ အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်ဖြစ်သော ဇရာမရဏသည် အနိစ္စတည်း။ သင်္ခတတည်း။ အကြောင်းကိုစွဲ၍ ဖြစ်၏။ ကုန်ခြင်းသဘောရှိ၏။ ပျက်ခြင်း သဘောရှိ၏။ ရာဂကင်းခြင်းသဘောရှိ၏။ ချုပ်ခြင်းသဘော ရှိ၏ဟုနှိုင်းချိန်၍၊ စူးစမ်း၍၊ ထင်ရှားစေ၍၊ ထင်အောင်ပြု၍ ဇရာမရဏချုပ်ရာ နိဗ္ဗာန်၌ လျင်စွာ သိသောကြောင့် လျင်သောပညာတည်း။ လျင်သောပညာရှိ ဖြစ်ခြင်းငှါ ဖြစ်ကုန်၏ဟူရာ၌ ဤကား လျင်သောပညာတည်း။ (၁၄)

ထက်သောပညာရှိဖြစ်ခြင်းငှါ ဖြစ်ကုန်၏ဟူရာ၌ အဘယ်သည် ထက်သောပညာနည်း။ လျင်စွာ ကိလေသာတို့ကို ဖြတ်တတ်သောကြောင့် ထက်သောပညာတည်း။ ဖြစ်ပေါ်လာသော ကာမဝိတက်ကို လက် မခံ။ စွန့်ပစ်၏။ ပယ်ဖျောက်၏။ ကင်းအောင်ပြု၏။ တစ်ဖန် မဖြစ်ခြင်းသို့ ရောက်စေ၏။ ထို့ကြောင့် ထက်သောပညာ။ ဖြစ်ပေါ်လာသော ဗျာပါဒဝိတက်ကို လက်မခံ။ စွန့်ပစ်၏။ ပယ်ဖျောက်၏။ ကင်းအောင် ပြု၏။ တစ်ဖန် မဖြစ်ခြင်းသို့ ရောက်စေ၏။ ထို့ကြောင့် ထက်သောပညာ။ ဖြစ်ပေါ်လာသော ဝိဟိံသာ ဝိတက်ကို လက်မခံ။ပ။ ဖြစ်ပေါ်လာကုန် ဖြစ်ပေါ်လာကုန်သည့် ယုတ်မာကုန်သော အကုသိုလ်တရားတို့ ကို လက်မခံ။ စွန့်ပစ်၏။ ပယ်ဖျောက်၏။ ကင်းအောင်ပြု၏။ တစ်ဖန် မဖြစ်ခြင်းသို့ ရောက်စေ၏။ ထို့ ကြောင့် ထက်သောပညာ။ ဖြစ်ပေါ်လာသော ရာဂကို လက်မခံ။ စွန့်ပစ်၏။ ပယ်ဖျောက်၏။ ကင်းအောင် ပြု၏။ တစ်ဖန် မဖြစ်ခြင်းသို့ ရောက်စေ၏။ ထို့ကြောင့် ထက်သောပညာ။ ဖြစ်ပေါ်လာသော ဒေါသ ကို။ပ။ ဖြစ်ပေါ်လာသော မောဟကို။ ဖြစ်ပေါ်လာသော အမျက်ထွက်ခြင်းကို။ ဖြစ်ပေါ်လာသော ရန်ငြိုး ဖွဲ့ခြင်းကို။ သူ့ဂုဏ်ချေဖျက်ခြင်းကို။ ဂုဏ်ပြိုင်ခြင်းကို။ ငြူစူခြင်းကို။ ဝန်တိုခြင်းကို။ မိမိအပြစ်ဖုံးဖိခြင်းကို။ မရှိသောဂုဏ်ဖြင့် ပလွှားခြင်းကို။ မောက်မာခြင်းကို။ ခြုတ်ခြယ်ခြင်းကို။ ထောင်လွှားခြင်းကို။ အလွန်ထောင်လွှားခြင်းကို။ ယစ်ခြင်းကို။ မေ့လျော့ခြင်းကို။ ကိလေသာ အားလုံးတို့ကို။ ဒုစရိုက်အားလုံး တို့ကို။ အဘိသင်္ခါရအားလုံးတို့ကို။ပ။ ဘဝသို့ရောက်ကြောင်း ကံအားလုံးတို့ကို လက်မခံ။ စွန့်ပစ်၏။ ပယ်ဖျောက်၏။ ကင်းအောင်ပြု၏။ တစ်ဖန် မဖြစ်ခြင်းသို့ ရောက်စေ၏။ ထို့ကြောင့် ထက်သောပညာ။ တစ်ခုသော နေရာ၌ အရိယမဂ်လေးပါးတို့ကိုလည်းကောင်း၊ သာမညဖိုလ်လေးပါးတို့ကိုလည်းကောင်း၊ ပဋိသမ္ဘိဒါလေးပါးတို့ကိုလည်းကောင်း၊ အဘိညာဉ်ခြောက်ပါးတို့ကိုလည်းကောင်း ရခြင်း၊ မျက်မှောက် ပြုခြင်း၊ ပညာဖြင့် တွေ့ထိခြင်းတို့ ဖြစ်ကုန်၏။ ထို့ကြောင့် ထက်သောပညာတည်း။ ထက်သောပညာ ရှိဖြစ်ခြင်းငှါ ဖြစ်ကုန်၏ဟူရာ၌ ဤကား ထက်သောပညာတည်း။ (၁၅)

--

ဖောက်ခွဲနိုင်သောပညာရှိဖြစ်ခြင်းငှါ ဖြစ်ကုန်၏ဟူရာ၌ အဘယ်သည် ဖောက်ခွဲနိုင်သောပညာနည်း။ ဤလောက၌ အချို့သောသူသည် သင်္ခါရအားလုံးတို့၌ ထိတ်လန့်ခြင်းများသူ၊ ကြောက်ရွံ့ခြင်းများသူ၊ ငြီးငွေ့ခြင်း များသူ၊ မမွေ့လျော်ခြင်းများသူ၊ အလွန်မမွေ့လျော်ခြင်းများသူ ဖြစ်၏။ သင်္ခါရမှ အပ (နိဗ္ဗာန်) သို့ ရှေးရှုလျက် သင်္ခါရအားလုံးတို့၌ မမွေ့လျော်။ မဖောက်ထွင်းဖူး၊ မခွဲဖျက်ဖူးသော လောဘ အစုကို ဖောက်ထွင်း၏။ ခွဲဖျက်၏။ ထို့ကြောင့် ဖောက်ခွဲသောပညာတည်း။ မဖောက်ထွင်းဖူး၊ မခွဲဖျက်ဖူး သော ဒေါသအစုကို ဖောက်ထွင်း၏။ ခွဲဖျက်၏။ ထို့ကြောင့် ဖောက်ခွဲသောပညာ။ မဖောက်ထွင်းဖူး၊ မခွဲဖျက်ဖူးသော မောဟအစုကို ဖောက်ထွင်း၏။ ခွဲဖျက်၏။ ထို့ကြောင့် ဖောက်ခွဲသောပညာ။ မဖောက် ထွင်းဖူး၊ မခွဲဖျက်ဖူးသော အမျက်ထွက်ခြင်းကို။ပ။ ရန်ငြိုးဖွဲ့ခြင်းကို။ သူ့ဂုဏ်ချေဖျက်ခြင်းကို။ ဂုဏ်ပြိုင်ခြင်းကို။ ငြူစူခြင်းကို။ ဝန်တိုခြင်းကို။ မိမိအပြစ်ဖုံးဖိခြင်း ကို။ မရှိသော ဂုဏ်ဖြင့် ပလွှားခြင်းကို။ မောက် မာခြင်းကို။ ခြုတ်ခြယ်ခြင်းကို။ ထောင်လွှားခြင်းကို။ အလွန်ထောင်လွှားခြင်းကို။ ယစ်ခြင်းကို။ မေ့လျော့ခြင်းကို ကိလေသာအားလုံး တို့ကို။ ဒုစရိုက်အားလုံး တို့ကို။ အဘိသင်္ခါရအားလုံးတို့ကို။ပ။ ဘဝသို့ရောက်ကြောင်း ကံအားလုံးတို့ကို ဖောက်ထွင်း၏။ ခွဲဖျက်၏။ ထို့ကြောင့် ဖောက်ခွဲသောပညာတည်း။ ဖောက်ခွဲနိုင်သောပညာရှိဖြစ်ခြင်းငှါ ဖြစ်ကုန်၏ဟူရာ၌ ဤကား ဖောက်ခွဲနိုင်သောပညာတည်း။ (၁၆)

ဤသည်တို့ကား ပညာတစ်ဆယ့်ခြောက်ပါးတို့တည်း။ ဤပညာတစ်ဆယ့်ခြောက်ပါးတို့နှင့် ပြည့်စုံ သော ပုဂ္ဂိုလ်သည် ပဋိသမ္ဘိဒါသို့ရောက်၏။

၁။ ဘူရိ၌ ဘူ+ရိ ခွဲ၍၊ ဘူ= အမှန်၊ ရိ= မွေ့လျော်ခြင်း။ ဘူရီတိ ဘူတေ အတ္ထေ ရမတီတိ ဘူရိ (အဋ္ဌကထာ)။

--

၂-ပုဂ္ဂလဝိသေသ အကျယ်ပြခြင်း

။ ပဋိသမ္ဘိဒါသို့ ရောက်သောပုဂ္ဂိုလ်တို့သည်နှစ်ဦးတို့တည်း။ တစ်ဦးသည် ရှေးအားထုတ်ခြင်းနှင့် ပြည့်စုံ၏။ တစ်ဦးသည် ရှေးအားထုတ်ခြင်းနှင့် မပြည့်စုံ။ ရှေးအားထုတ်ခြင်းနှင့်ပြည့်စုံသောသူသည် ထိုအကြောင်းကြောင့် လွန်ကဲသူဖြစ်၏။ လွန်မြတ်သူဖြစ်၏။ ထူးသူဖြစ်၏။ ထိုသူသည် ပဋိသမ္ဘိဒါဉာဏ် အပြားသို့ ရောက်၏။

ပဋိသမ္ဘိဒါသို့ ရောက်သောပုဂ္ဂိုလ်တို့သည်နှစ်ဦးတို့တည်း။ နှစ်ဦးလုံးပင် ရှေးအားထုတ်ခြင်းနှင့် ပြည့်စုံကုန်၏။ တစ်ဦးသည် အကြားအမြင်များ၏။ တစ်ဦးသည် အကြားအမြင်မများ။ အကြားအမြင်များ သောသူသည် ထိုအကြောင်းကြောင့် လွန်ကဲသူဖြစ်၏။ လွန်မြတ်သူဖြစ်၏။ ထူးသူဖြစ်၏။ ထိုသူသည် ပဋိသမ္ဘိဒါဉာဏ်အပြားသို့ ရောက်၏။

ပဋိသမ္ဘိဒါသို့ ရောက်သောပုဂ္ဂိုလ်တို့သည်နှစ်ဦးတို့တည်း။ နှစ်ဦးလုံးပင် ရှေးအားထုတ်ခြင်းနှင့် ပြည့်စုံကုန်၏။ နှစ်ဦးလုံးပင် အကြားအမြင်များကုန်၏။ တစ်ဦးသည် တရားဟောခြင်း များ၏။ တစ်ဦး သည် တရားဟောခြင်း မများ။ တရားဟောခြင်းများသောသူသည် ထိုအကြောင်းကြောင့် လွန်ကဲသူဖြစ်၏။ လွန်မြတ်သူဖြစ်၏။ ထူးသူဖြစ်၏။ ထိုသူသည် ပဋိသမ္ဘိဒါဉာဏ် အပြားသို့ ရောက်၏။

ပဋိသမ္ဘိဒါသို့ ရောက်သောပုဂ္ဂိုလ်တို့သည်နှစ်ဦးတို့တည်း။ နှစ်ဦးလုံးပင် ရှေးအားထုတ်ခြင်းနှင့် ပြည့်စုံကုန်၏။ နှစ်ဦးလုံးပင် အကြားအမြင်များကုန်၏။ နှစ်ဦးလုံးပင် တရားဟောခြင်း များကုန်၏။

တစ်ဦးသည် ဆရာကို မှီခို၏။ တစ်ဦးသည် ဆရာကို မမှီခို။ ဆရာကို မှီခိုသောသူသည် ထိုအကြောင်း ကြောင့် လွန်ကဲသူဖြစ်၏။ လွန်မြတ်သူဖြစ်၏။ ထူးသူဖြစ်၏။ ထိုသူသည် ပဋိသမ္ဘိဒါဉာဏ် အပြားသို့ ရောက်၏။

ပဋိသမ္ဘိဒါသို့ ရောက်ကုန်သောပုဂ္ဂိုလ်တို့သည်နှစ်ဦးတို့တည်း။ နှစ်ဦးလုံးပင် ရှေးအားထုတ်ခြင်းနှင့် ပြည့်စုံကုန်၏။ နှစ်ဦးလုံးပင် အကြားအမြင်များကုန်၏။ နှစ်ဦးလုံးပင် တရားဟောခြင်းများကုန်၏။ နှစ်ဦး လုံးပင် ဆရာကို မှီခိုကုန်၏။ တစ်ဦးသည် (ဝိပဿနာဖြင့်) နေခြင်းများ၏။ တစ်ဦးသည် (ဝိပဿနာ ဖြင့်) နေခြင်းမများ။ (ဝိပဿနာဖြင့်) နေခြင်းများသောသူသည် ထိုအကြောင်းကြောင့် လွန်ကဲသူဖြစ်၏။ လွန်မြတ်သူဖြစ်၏။ ထူးသူ ဖြစ်၏။ ထိုသူသည် ပဋိသမ္ဘိဒါဉာဏ် အပြားသို့ ရောက်၏။

ပဋိသမ္ဘိဒါသို့ ရောက်သောပုဂ္ဂိုလ်တို့သည်နှစ်ဦးတို့တည်း။ နှစ်ဦးလုံးပင် ရှေးအားထုတ်ခြင်းနှင့် ပြည့်စုံကုန်၏။ နှစ်ဦးလုံးပင် အကြားအမြင်များကုန်၏။ နှစ်ဦးလုံးပင် တရားဟောခြင်းများကုန်၏။ နှစ်ဦး လုံးပင် ဆရာကို မှီခိုကုန်၏။ နှစ်ဦးလုံးပင် (ဝိပဿနာဖြင့်) နေခြင်းများကုန်၏။ တစ်ဦးသည် ဆင်ခြင်ခြင်းများ၏။ တစ်ဦးသည် ဆင်ခြင်ခြင်း မများ။ ဆင်ခြင်ခြင်းများသောသူသည် ထိုအကြောင်းကြောင့် လွန်ကဲသူဖြစ်၏။ လွန်မြတ်သူ ဖြစ်၏။ ထူးသူဖြစ်၏။ ထိုသူသည် ပဋိသမ္ဘိဒါဉာဏ် အပြားသို့ ရောက်၏။

ပဋိသမ္ဘိဒါသို့ ရောက်သောပုဂ္ဂိုလ်တို့သည်နှစ်ဦးတို့တည်း။ နှစ်ဦးလုံးပင် ရှေးအားထုတ်ခြင်းနှင့် ပြည့်စုံကုန်၏။ နှစ်ဦးလုံးပင် အကြားအမြင်များကုန်၏။ နှစ်ဦးလုံးပင် တရားဟောခြင်းများကုန်၏။ နှစ်ဦး လုံးပင် ဆရာကို မှီခိုကုန်၏။ နှစ်ဦးလုံးပင် (ဝိပဿနာဖြင့်) နေခြင်းများကုန်၏။ နှစ်ဦးလုံးပင် ဆင်ခြင်ခြင်းများကုန်၏။ တစ်ဦးသည် သေက္ခပဋိသမ္ဘိဒါသို့ ရောက်၏။ တစ်ဦးသည် အသေက္ခပဋိသမ္ဘိဒါသို့ ရောက်၏။ အသေက္ခပဋိသမ္ဘိဒါသို့ ရောက်သောသူသည် ထိုအကြောင်းကြောင့် လွန်ကဲသူဖြစ်၏။ လွန်မြတ် သူဖြစ်၏။ ထူးသူဖြစ်၏။ ထိုသူသည် ပဋိသမ္ဘိဒါဉာဏ် အပြားသို့ ရောက်၏။

--

ပဋိသမ္ဘိဒါသို့ ရောက်ကုန်သော ပုဂ္ဂိုလ်တို့သည်နှစ်ဦးတို့တည်း။ နှစ်ဦးလုံးပင် ရှေးအားထုတ်ခြင်းနှင့် ပြည့်စုံကုန်၏။ နှစ်ဦးလုံးပင် အကြားအမြင်များကုန်၏။ နှစ်ဦးလုံးပင် တရားဟောခြင်းများကုန်၏။

နှစ်ဦးလုံးပင် ဆရာကို မှီခိုကုန်၏။ နှစ်ဦးလုံးပင် (ဝိပဿနာဖြင့်) နေခြင်းများကုန်၏။ နှစ်ဦးလုံးပင် ဆင်ခြင်ခြင်းများကုန်၏။ နှစ်ဦးလုံးပင် အသေက္ခပဋိသမ္ဘိဒါသို့ ရောက်ကုန်၏။ တစ်ဦးသည် သာဝကပါရမီ သို့ ရောက်၏။ တစ်ဦးသည် သာဝကပါရမီသို့ မရောက်။ သာဝကပါရမီသို့ ရောက်သောသူသည် ထို့အကြောင်းကြောင့် လွန်ကဲသူဖြစ်၏။ လွန်မြတ်သူဖြစ်၏။ ထူးသူဖြစ်၏။ ထိုသူသည် ပဋိသမ္ဘိဒါဉာဏ် အပြားသို့ ရောက်၏။

ပဋိသမ္ဘိဒါသို့ ရောက်သောပုဂ္ဂိုလ်တို့သည်နှစ်ဦးတို့တည်း။ နှစ်ဦးလုံးပင် ရှေးအားထုတ်ခြင်းနှင့် ပြည့်စုံကုန်၏။ နှစ်ဦးလုံးပင် အကြားအမြင် များကုန်၏။ နှစ်ဦးလုံးပင် တရားဟောခြင်းများကုန်၏။

နှစ်ဦးလုံးပင် ဆရာကို မှီခိုကုန်၏။ နှစ်ဦးလုံးပင် (ဝိပဿနာဖြင့်) နေခြင်းများကုန်၏။ နှစ်ဦးလုံးပင် ဆင်ခြင်ခြင်း များကုန်၏။ နှစ်ဦးလုံးပင် အသေက္ခပဋိသမ္ဘိဒါသို့ ရောက်ကုန်၏။ တစ်ဦးသည် သာဝကပါရမီ သို့ ရောက်၏။ တစ်ဦးသည် ပစ္စေကဗုဒ္ဓါတည်း။ ပစ္စေကဗုဒ္ဓါ ဖြစ်သောသူသည် ထိုအကြောင်းကြောင့် လွန်ကဲသူဖြစ်၏။ လွန်မြတ်သူဖြစ်၏။ ထူးသူဖြစ်၏။ ထိုသူသည် ပဋိသမ္ဘိဒါဉာဏ် အပြားသို့ ရောက်၏

ပစ္စေကဗုဒ္ဓါတို့ကိုလည်းကောင်း၊ နတ်နှင့်တကွသော လောကကိုလည်းကောင်း စွဲ၍ (ကိလေသာ) ရန်သူကို သတ်တတ်သော မဖောက်မပြန် (တရားအားလုံးကို) အလိုလို ကိုယ်တိုင် သိတော်မူသော မြတ်စွာဘုရားသည် အမြတ်ဆုံးသော ပဋိသမ္ဘိဒါသို့ ရောက်သော ပုဂ္ဂိုလ်ဖြစ်တော်မူ၏။ ပညာအပြား၌ လိမ္မာတော်မူ၏။ ရောက်ပြီးသော ပဋိသမ္ဘိဒါဉာဏ်ရှိတော်မူ၏။ ရပြီးသော ပဋိသမ္ဘိဒါဉာဏ်ရှိတော်မူ၏။ ဝေသာရဇ္ဇဉာဏ် လေးပါးသို့ ရောက်တော်မူ၏။ ဆယ်ပါးသော အားကို ဆောင်တော်မူ၏။ မြတ်သော ယောက်ျားဖြစ်တော်မူ၏။ ခြသေ့ၤ့မင်းနှင့်တူသော ယောက်ျားဖြစ်တော်မူ၏။ပ။ အကြင် မင်းပညာရှိ၊ ပုဏ္ဏားပညာရှိ၊ သူကြွယ်ပညာရှိ၊ ရဟန်းပညာရှိတို့သည် သိမ်မွေ့သောပညာရှိကုန်၏။ တစ်ပါးသောသူ တို့နှင့် ပြုအပ်ပြီးသော ဝါဒရှိကုန်၏။ ဝါလဝေဓိ လေးသမားနှင့် တူကုန်၏။ ထိုပုဂ္ဂိုလ်တို့သည် ပညာဖြင့် သူတစ်ပါးအယူကို ဖျက်ဆီးကုန်လျက် လှည့်လည်ကြ ကုန်ယောင်တကား။ ထိုပုဂ္ဂိုလ်တို့သည် ပြဿနာကို ပြုစီရင်ကုန်၍ ပြုစီရင်ကုန်၍ မြတ်စွာဘုရားသို့ ချဉ်းကပ်ကာ လျှို့ဝှက်ရာတို့ကိုလည်းကောင်း၊ ဖုံးကွယ်ရာ တို့ကိုလည်းကောင်း မေးကုန်၏။ ထိုပြဿနာတို့သည် မြတ်စွာဘုရား မိန့်ဆိုအပ်၊ ဖြေကြားအပ်၊ အကြောင်းကို ညွှန်ပြအပ်ပြီးသည်တို့သာလျှင် ဖြစ်ကုန်၏။ ထိုပုဂ္ဂိုလ်တို့သည် မြတ်စွာဘုရား၏ ခြေတော် ရင်း၌ ဝပ်စင်းလျက် တပည့်သာဝက အဖြစ်သို့ ရောက်ကုန်၏။ ထိုအခါ မြတ်စွာဘုရားသည် ထိုနေရာ၌ ယင်းပညာဖြင့် အလွန် (ထွန်းလင်း) တင့်တယ်တော်မူ၏။ ထို့ကြောင့် အမြတ်ဆုံးသော ပဋိသမ္ဘိဒါသို့ ရောက်သော ပုဂ္ဂိုလ်ဖြစ်တော်မူ၏။

မဟာပညာကထာ ပြီး၏။

--

၂-ဣဒ္ဓိကထာ

။ အဘယ်သည် (ပြည့်စုံပြီးစီးခြင်း) တန်ခိုးနည်း။ တန်ခိုးတို့သည် အဘယ်မျှတို့နည်း။ တန်ခိုး၏ အဆောက်အဦဘုံတို့သည် အဘယ်မျှတို့နည်း။ (တည်ရာ) ပါဒတို့သည် အဘယ်မျှတို့နည်း။ (နီးသော အကြောင်း) ပဒတို့သည် အဘယ်မျှတို့နည်း။ မူလ (အစအကြောင်း) တို့သည် အဘယ်မျှတို့နည်း။ အဘယ်သည် တန်ခိုးနည်းဟူရာ၌ ပြည့်စုံခြင်းသဘောအားဖြင့် တန်ခိုးတည်း။ တန်ခိုးတို့သည် အဘယ်မျှ တို့နည်းဟူရာ၌ တန်ခိုးတို့သည် ဆယ်ပါးတို့တည်း။ တန်ခိုး၏အဆောက်အဦဘုံတို့ သည် အဘယ်မျှတို့နည်းဟူရာ၌ တန်ခိုး၏ အဆောက်အဦဘုံ တို့သည် လေးပါးတို့တည်း။ (တည်ရာ) ပါဒတို့သည် လေးပါးတို့တည်း။ (နီးသောအကြောင်း) ပဒတို့သည် ရှစ်ပါးတို့တည်း။ မူလ (အစ အကြောင်း) တို့သည် တစ်ဆယ့် ခြောက်ပါးတို့တည်း။

၁၀။ တန်ခိုးဆယ်ပါးတို့သည် အဘယ်တို့နည်း။ အဓိဋ္ဌာန်တန်ခိုး၊ ဖန်ဆင်းခြင်းတန်ခိုး၊ စိတ်ဖြင့် ပြီးသောတန်ခိုး၊ ဉာဏ်ပျံ့နှံ့သောတန်ခိုး၊ သမာဓိပျံ့နှံ့သောတန်ခိုး၊ အရိယာတို့တန်ခိုး၊ ကံအကျိုးကြောင့် ဖြစ်သောတန်ခိုး၊ ဘုန်းတန်ခိုးရှိသူ၏ တန်ခိုး၊ ဝိဇ္ဇာအတတ်ဖြင့်ပြီးသော တန်ခိုး၊ ထိုထိုအရာ၌ ကောင်းစွာ့အားထုတ်ခြင်းဟူသော အကြောင်းကြောင့် ပြည့်စုံ (ပြီးစီး)ခြင်းသဘောအားဖြင့်ဖြစ်သော တန်ခိုးတို့တည်း။

တန်ခိုး၏ (အဆောက်အဦ) ဘုံ လေးပါးတို့သည် အဘယ်တို့နည်း။ ပဌမဈာန်သည် ဝိဝေက၌ဖြစ် သော အဆောက်အဦဘုံတည်း။ ဒုတိယဈာန်သည် ပီတိ၊ သုခနှင့်ယှဉ်သောအဆောက်အဦဘုံတည်း။ တတိယဈာန်သည် တတြမဇ္ဈတ္တုပေက္ခာ၌ ဖြစ်သော ဥပေက္ခာ၊ သုခနှင့် ယှဉ်သော အဆောက်အဦဘုံတည်း။ စတုတ္ထဈာန်သည် ဥပေက္ခာဝေဒနာနှင့် ယှဉ်သော အဆောက်အဦဘုံတည်း။ တန်ခိုး၏ ဤ (အဆောက်အဦ) ဘုံလေးပါးတို့သည် တန်ခိုးရခြင်းငှါ၊ တန်ခိုးကိုတစ်ဖန်ရခြင်းငှါ၊ တန်ခိုးကို ဖန်ဆင်းခြင်း အကျိုးငှါ၊ တန်ခိုးအထူးထူး ဖြစ်ခြင်းငှါ၊ တန်ခိုး၌ အစိုးရခြင်းအကျိုးငှါ၊ တန်ခိုး၌ ရဲရင့်ခြင်းအကျိုးငှါ ဖြစ်ကုန်၏။

တန်ခိုး၏တည်ရာ ပါဒလေးပါးတို့သည် အဘယ်တို့နည်း။ ဤသာသနာတော်၌ ရဟန်းသည် ဆန္ဒ (လွန်ကဲ) ကြီးမှူးသောသမာဓိ၊ အားထုတ်ခြင်း သင်္ခါရတို့နှင့်ပြည့်စုံသော ဣဒ္ဓိပါဒ်ကို ပွါးစေ၏။ စိတ် (လွန်ကဲ) ကြီးမှူးသော သမာဓိ၊ အားထုတ်ခြင်းသင်္ခါရတို့နှင့် ပြည့်စုံသော ဣဒ္ဓိပါဒ်ကို ပွါးစေ၏။ လုံ့လ ဝီရိယ ‘လွန်ကဲ’ ကြီးမှူးသော သမာဓိ၊ အားထုတ်ခြင်းသင်္ခါရတို့နှင့်ပြည့်စုံသော ဣဒ္ဓိပါဒ်ကို ပွါးစေ၏။ ဝီမံ သပညာ'လွန်ကဲ’ ကြီးမှူးသောသမာဓိ၊ အားထုတ်ခြင်းသင်္ခါရတို့နှင့်ပြည့်စုံသော ဣဒ္ဓိပါဒ်ကို ပွါးစေ၏။ တန်ခိုး၏ ဤ (တည်ရာ) ပါဒလေးပါးတို့သည် တန်ခိုးရခြင်းငှါ၊ တန်ခိုးကို တစ်ဖန်ရခြင်းငှါ၊ တန်ခိုးကို ဖန်ဆင်းခြင်းအကျိုးငှါ၊ တန်ခိုးအထူးထူးဖြစ်ခြင်းငှါ၊ တန်ခိုး၌ အစိုးရခြင်းအကျိုးငှါ၊ တန်ခိုး၌ ရဲရင့်ခြင်း အကျိုးငှါ ဖြစ်ကုန်၏။

တန်ခိုး၏ (နီးသောအကြောင်း) ပဒရှစ်ပါးတို့သည် အဘယ်တို့နည်း။ ရဟန်းသည် ဆန္ဒကိုမှီ၍ သမာဓိကို အကယ်၍ ရအံ့။ စိတ်၏ အာရုံတစ်ခုတည်းရှိသည့် အဖြစ်ကို ရ၏။ ဆန္ဒသည် သမာဓိမဟုတ်။ သမာဓိသည် ဆန္ဒမဟုတ်။ ဆန္ဒသည် တစ်ပါးတစ်ခြားတည်း။ သမာဓိသည် တစ်ပါးတစ်ခြားတည်း။ ရဟန်းသည် ဝီရိယကို မှီ၍ သမာဓိကို အကယ်၍ ရအံ့။ စိတ်သည် အာရုံတစ်ခုတည်းရှိသည့်အဖြစ်ကို ရ၏။ ဝီရိယသည် သမာဓိ မဟုတ်။ သမာဓိသည် ဝီရိယ မဟုတ်။ ဝီရိယသည် တစ်ပါးတစ်ခြားတည်း။ သမာဓိသည် တစ်ပါးတစ်ခြားတည်း။ ရဟန်းသည် စိတ်ကို မှီ၍ သမာဓိကို အကယ်၍ ရအံ့။ စိတ်၏ အာရုံတစ်ခုတည်းရှိသည့်အဖြစ်ကို ရ၏။ စိတ်သည် သမာဓိမဟုတ်။ သမာဓိသည် စိတ်မဟုတ်။ စိတ်သည် တစ်ပါးတစ်ခြားတည်း။ သမာဓိသည် တစ်ပါးတစ်ခြားတည်း။ ရဟန်းသည် ဝီမံသ'ပညာ'ကိုမှီ၍ သမာဓိ ကို အကယ်၍ ရအံ့။ စိတ်၏ အာရုံတစ်ခုတည်းရှိသည့်အဖြစ်ကို ရ၏။ ဝီမံသ'ပညာ'သည် သမာဓိ မဟုတ်။ သမာဓိသည် ဝီမံသ'ပညာ'မဟုတ်။ ဝီမံသ ‘ပညာ'သည် တစ်ပါးတစ်ခြားတည်း။ သမာဓိသည် တစ်ပါးတစ်ခြားတည်း။ တန်ခိုး၏ ဤ (နီးသောအကြောင်း) ပဒရှစ်ပါးတို့သည် တန်ခိုးရခြင်းငှါ၊ တန်ခိုးကို တစ်ဖန်ရခြင်းငှါ၊ တန်ခိုးကို ဖန်ဆင်းခြင်းအကျိုးငှါ၊ တန်ခိုးအထူးထူး ဖြစ်ခြင်းငှါ၊ တန်ခိုး၌ အစိုးရခြင်း အကျိုးငှါ၊ တန်ခိုး၌ ရဲရင့်ခြင်းအကျိုးငှါ ဖြစ်ကုန်၏။

--

တန်ခိုး၏ မူလ (အစ အကြောင်း) တစ်ဆယ့်ခြောက်ပါးတို့သည် အဘယ်တို့နည်း။ မတွန့်ဆုတ်သော စိတ်သည် ပျင်းရိခြင်းကြောင့် မတုန်လှုပ်။ ထို့ကြောင့် အာနေဉ္ဇတည်း။ မပျံ့လွင့်သော စိတ်သည် ဥဒ္ဓစ္စ ကြောင့် မတုန်လှုပ်။ ထို့ကြောင့် အာနေဉ္ဇတည်း။ မကပ်ငြိသောစိတ်သည် ရာဂကြောင့် မတုန်လှုပ်။ ထို့ကြောင့် အာနေဉ္ဇတည်း။ မထိပါးသော စိတ်သည် ဗျာပါဒကြောင့် မတုန်လှုပ်။ ထို့ကြောင့် အာနေဉ္ဇတည်း။ မမှီသောစိတ်သည် ဒိဋ္ဌိကြောင့် မတုန်လှုပ်။ ထို့ကြောင့် အာနေဉ္ဇတည်း။ တစ်ဖန်မစပ်သော စိတ်သည် ဆန္ဒရာဂကြောင့် မတုန်လှုပ်။ ထို့ကြောင့် အာနေဉ္ဇတည်း။ ကင်းလွတ်သောစိတ်သည် ကာမ ရာဂကြောင့် မတုန်လှုပ်။ ထို့ကြောင့် အာနေဉ္ဇတည်း။ မယှဉ်သော စိတ်သည် ကိလေသာကြောင့် မတုန် လှုပ်။ ထို့ကြောင့် အာနေဉ္ဇတည်း။ ကင်းသော (ကိလေသာ) အပိုင်းအခြားကို ပြုအပ်သောစိတ်သည် ကိလေသာအပိုင်းအခြားကြောင့် မတုန်လှုပ်။ ထို့ကြောင့် အာနေဉ္ဇတည်း။ တစ်ခုတည်းသော အာရုံ၌ဖြစ့်သော စိတ်သည် အထူးထူးသောအာရုံ၌ဖြစ်သော ကိလေသာတို့ကြောင့် မတုန်လှုပ်။ ထို့ကြောင့် အာနေဉ္ဇတည်း။ သဒ္ဓါဖြင့် သိမ်းဆည်းအပ်သော စိတ်သည် သဒ္ဓါမရှိခြင်းကြောင့် မတုန်လှုပ်။ ထို့ကြောင့် အာနေဉ္ဇတည်း။ ဝီရိယဖြင့်သိမ်းဆည်းအပ်သော စိတ်သည် ပျင်းရိခြင်းကြောင့် မတုန်လှုပ်။ ထို့ကြောင့် အာနေဉ္ဇတည်း။ သတိဖြင့်သိမ်းဆည်းအပ်သောစိတ်သည် မေ့လျော့ခြင်းကြောင့် မတုန်လှုပ်။ ထို့ကြောင့် အာနေဉ္ဇတည်း။ သမာဓိဖြင့် သိမ်းဆည်းအပ်သော စိတ်သည် ဥဒ္ဓစ္စကြောင့် မတုန်လှုပ်။ ထို့ကြောင့် အာနေဉ္ဇတည်း။ ပညာဖြင့် သိမ်းဆည်းအပ်သော စိတ်သည် အဝိဇ္ဇာကြောင့် မတုန်လှုပ်။ ထို့ကြောင့် အာနေဉ္ဇတည်း။ ပညာအလင်းရောက်သော စိတ်သည် အဝိဇ္ဇာအမိုက်မှောင်ကြောင့် မတုန်လှုပ်။ ထို့ကြောင့် အာနေဉ္ဇတည်း။ တန်ခိုး၏ ဤမူလ (အစ အကြောင်း) တစ်ဆယ့်ခြောက်ပါးတို့သည် တန်ခိုးရခြင်းငှါ၊ တန်ခိုးကို တစ်ဖန်ရခြင်းငှါ၊ တန်ခိုးကို ဖန်ဆင်းခြင်း အကျိုးငှါ၊ တန်ခိုးအထူးထူး ဖြစ်ခြင်းငှါ၊ တန်ခိုး၌ အစိုးရခြင်း အကျိုးငှါ၊ တန်ခိုး၌ ရဲရင့်ခြင်းအကျိုးငှါ ဖြစ်ကုန်၏။

--

တန်ခိုး ‘ဣဒ္ဓိ’ ဆယ်ပါး အကျယ်ပြခြင်း

၁၀။ အဘယ်သည် အဓိဋ္ဌာန်တန်ခိုးနည်း။ ဤသာသနာတော်၌ ရဟန်းသည် များသောအပြား ရှိသော တန်ခိုးအစုကို ပြီးစေ၏။ တစ်ဦးတည်းဖြစ်လျက်လည်း အများအပြားဖြစ်၏။ အများအပြားဖြစ် လျက်လည်း တစ်ဦးတည်းဖြစ်၏။ ကိုယ်ထင်ရှားဖြစ်စေ၏။ ကိုယ်ပျောက်စေ၏။ နံရံတစ်ဖက်၊ တံတိုင်း တစ်ဖက်၊ တောင်တစ်ဖက်သို့ မထိမငြိဘဲ ကောင်းကင်၌ကဲ့သို့ သွား၏။ မြေ၌လည်း ငုပ်ခြင်း၊ ပေါ်ခြင်းကို ရေ၌ကဲ့သို့ ပြု၏။ ရေ၌လည်း မကွဲစေဘဲ မြေ၌ကဲ့သို့ သွား၏။ ကောင်းကင်၌လည်း ထက်ဝယ်ဖွဲ့ခွေလျက် အတောင်ရှိသော ငှက်ကဲ့သို့ သွား၏။ ဤသို့တန်ခိုးကြီးကုန်သော၊ ဤသို့အာနုဘော်ကြီးကုန်သော ဤ လနေတို့ကို လက်ဖြင့် သုံးသပ်၏။ ဆုပ်ကိုင်၏။ ဗြဟ္မာ့ပြည်တိုင်အောင်လည်း ကိုယ်ဖြင့် (မိမိ) အလို အတိုင်းဖြစ်စေ၏။

ဤ၌ဟူသည် ဤဒိဋ္ဌိ၌၊ ဤနှစ်သက်ခြင်း၌၊ ဤအလို၌၊ ဤယူစွဲခြင်း၌၊ ဤတရား၌၊ ဤဝိနည်း၌။ ဤတရားဝိနည်း၌၊ ဤစကားတော်၌၊ ဤမြတ်သော အကျင့်၌၊ ဤမြတ်စွာဘုရားသာသနာ၌။ ထို့ကြောင့် “ဤ၌”ဟု ဆိုအပ်၏။ ရဟန်းဟူသည် ကလျာဏပုထုဇဉ် ရဟန်းသည်လည်းကောင်း၊ သေက္ခရဟန်းသည် လည်းကောင်း၊ မပျက်သောသဘောရှိသော ရဟန္တာသည်လည်းကောင်း ဖြစ်၏။ များသော အပြားရှိ သော တန်ခိုးအစုကို ပြီးစေ၏ဟူသည် အထူးထူးအပြားပြားရှိသော တန်ခိုးအစုကို ပြီးစေ၏။ တစ်ဦးတည်း ဖြစ်လျက်လည်း အများအပြား ဖြစ်၏ဟူသည် ပြကတေ့အားဖြင့် တစ်ဦးတည်းသည် အများကို ဆင်ခြင်၏။ အရာကိုလည်းကောင်း၊ အထောင်ကိုလည်းကောင်း၊ အသိန်းကိုလည်းကောင်း ဆင်ခြင်၏။ ဆင်ခြင်ပြီး ဉာဏ်ဖြင့် “အများဖြစ်စေ”ဟု အဓိဋ္ဌာန်၏။ အများဖြစ်၏။ အသျှင်စူဠပန္ထကသည် တစ်ဦးတည်း ဖြစ် လျက်လည်း အများအပြားဖြစ်သကဲ့သို့ ဤအတူပင် စိတ်အစိုးရခြင်းသို့ ရောက်သော ထိုတန်ခိုးရှင်သည် တစ်ဦးတည်း ဖြစ်လျက်လည်း အများအပြား ဖြစ်၏။ အများအပြား ဖြစ်လျက် လည်း တစ်ဦးတည်း ဖြစ်၏ဟူသည် ပြကတေ့အားဖြင့် အများသည် တစ်ဦးတည်းကို ဆင်ခြင်၏။ ဆင်ခြင်ပြီး၍ ဉာဏ်ဖြင့် “တစ်ဦးတည်းဖြစ်စေ”ဟု အဓိဋ္ဌာန်၏။ တစ်ဦးတည်းဖြစ်၏။ အသျှင်စူဠပန္ထက သည် အများအပြား ဖြစ်လျက်လည်း တစ်ဦးတည်းဖြစ်သကဲ့သို့ ဤအတူပင် စိတ်အစိုးရခြင်းသို့ ရောက် သော ထိုတန်ခိုးရှင် သည် အများအပြားဖြစ်လျက်လည်း တစ်ဦးတည်း ဖြစ်၏။

၁၁။ ကိုယ်ထင်ရှား ဖြစ်စေ၏ဟူသည် တစ်စုံတစ်ခုဖြင့် မပိတ်ဆီးမဖုံးလွှမ်းဘဲ ဖွင့်လှစ်ထင်ရှားခြင်း ဖြစ်၏။ ကိုယ်ပျောက်စေ၏ဟူသည် တစ်စုံတစ်ခုဖြင့် ပိတ်ဆီးဖုံးလွှမ်းလျက် ပိတ်ဆို့မှောက်ထားခြင်း ဖြစ်၏။ နံရံတစ်ဖက်၊ တံတိုင်းတစ်ဖက်၊ တောင်တစ်ဖက်သို့ မထိမငြိဘဲ ကောင်းကင်၌ ကဲ့သို့ သွား၏့ဟူသည် ပြကတေ့အားဖြင့် အာကာသကသိုဏ်း၌ သမာပတ်ကို ရရှိသူ ဖြစ်၏။ နံရံတစ်ဖက်၊ တံတိုင်း တစ်ဖက်၊ တောင်တစ်ဖက်ကို ဆင်ခြင်၏။ ဆင်ခြင်ပြီး ဉာဏ်ဖြင့် “ကောင်းကင် ဖြစ်စေ”ဟု အဓိဋ္ဌာန်၏။ ကောင်းကင်ဖြစ်၏။ နံရံတစ်ဖက်၊ တံတိုင်းတစ်ဖက်၊ တောင်တစ်ဖက်သို့ မထိမငြိဘဲ သွား၏။ ဥပမာအားဖြင့်, ပြကတေ့အားဖြင့် တန်ခိုးမရှိကုန်သော လူတို့သည် တစ်စုံတစ်ခုဖြင့် မပိတ်ဆီး မကာရံရာ၌ မထိမငြိဘဲ သွားကုန်သကဲ့သို့ ဤအတူပင် စိတ်အစိုးရခြင်းသို့ ရောက်သော ထိုတန်ခိုးရှင်သည် နံရံ တစ်ဖက်၊ တံတိုင်းတစ်ဖက်၊ တောင်တစ်ဖက်သို့ မထိမငြိဘဲ ကောင်းကင်၌ကဲ့သို့ သွား၏။

မြေ၌လည်း ငုပ်ခြင်း၊ ပေါ်ခြင်းကို ရေ၌ကဲ့သို့ပြု ၍ဟူသည် ပြကတေ့အားဖြင့် (ရေ) အာပေါ ကသိုဏ်း၌ သမာပတ်ကို ရရှိသူဖြစ်၏။ မြေကိုဆင်ခြင်၏။ ဆင်ခြင်ပြီး၍ ဉာဏ်ဖြင့် “ရေဖြစ်စေ”ဟု အဓိဋ္ဌာန်၏၊ ရေဖြစ်၏။ ထိုသူသည် မြေ၌ ငုပ်ခြင်း၊ ပေါ်ခြင်းကို ပြု၏။ ဥပမာအားဖြင့်, ပြကတေ့အာ၊ ဖြင့် တန်ခိုးမရှိကုန်သော လူတို့သည် ရေ၌ ငုပ်ခြင်း၊ ပေါ်ခြင်းကို ပြုကုန်သကဲ့သို့ ဤအတူပင် စိတ်အစိုးရခြင်းသို့ ရောက်သော ထိုတန်ခိုးရှင်သည် မြေ၌ ငုပ်ခြင်း ပေါ်ခြင်းကို ရေ၌ကဲ့သို့ ပြု၏။

--

ရေ၌လည်း မကွဲစေဘဲ မြေ၌ကဲ့သို့သွား၏ဟူသည် ပြကတေ့အားဖြင့် (မြေ) ပထဝီကသိုဏ်း၌ သမာပတ်ကို ရရှိသူဖြစ်၏။ ရေကို ဆင်ခြင်၏၊ ဆင်ခြင်ပြီး ဉာဏ်ဖြင့် “မြေဖြစ်စေ”ဟု အဓိဋ္ဌာန်၏။ မြေ ဖြစ်၏။ ထိုသူသည် မကွဲစေဘဲ ရေ၌သွား၏။ ဥပမာအားဖြင့်, ပြကတေ့အားဖြင့် တန်ခိုးမရှိကုန်သော လူ တို့သည် မကွဲစေဘဲ မြေ၌ သွားကုန်သကဲ့သို့ ဤအတူပင် စိတ်အစိုးရခြင်းသို့ ရောက်သော ထိုတန်ခိုးရှင် သည် ရေ၌ မကွဲစေဘဲ မြေ၌ ကဲ့သို့သွား၏။

ကောင်းကင်၌လည်းထက်ဝယ်ဖွဲ့ခွေလျက် အတောင်ရှိသောငှက်ကဲ့သို့ စင်္ကြံသွား၏ဟူသည် ပြကတေ့အားဖြင့် (မြေ) ပထဝီကသိုဏ်း၌ သမာပတ်ကို ရရှိသူဖြစ်၏။ ကောင်းကင်ကို ဆင်ခြင်၏။ ဆင်ခြင်ပြီး ဉာဏ်ဖြင့် “မြေဖြစ်စေ”ဟု အဓိဋ္ဌာန်၏။ မြေဖြစ်၏။ ထိုသူသည် ရေးခြစ်မထင်သော (အာကာသ) ကောင်းကင်၌ စင်္ကြံလည်း သွား၏။ ရပ်လည်း ရပ်၏။ ထိုင်လည်း ထိုင်၏။ အိပ်ခြင်းကို လည်း ပြု၏။ ဥပမာအားဖြင့်, ပြကတေ့အားဖြင့် တန်ခိုးမရှိကုန်သော လူတို့သည် မြေ၌ စင်္ကြံလည်း သွားကုန်သကဲ့သို့၊ ရပ်လည်း ရပ်ကုန်သကဲ့သို့၊ ထိုင်လည်း ထိုင်ကုန်သကဲ့သို့၊ အိပ်ခြင်းကိုလည်း ပြုကုန်သကဲ့သို့ ဤအတူပင် စိတ်အစိုးရခြင်းသို့ ရောက်သော ထိုတန်ခိုးရှင်သည် ရေးခြစ်မထင်သော (အာကာသ) ကောင်းကင်၌ အတောင်ရှိသော ငှက်ကဲ့သို့ စင်္ကြံလည်း သွား၏၊ ရပ်လည်း ရပ်၏။ ထိုင် လည်း ထိုင်၏။ အိပ်ခြင်းကိုလည်း ပြု၏။

၁၂။ ဤသို့ တန်ခိုးကြီးကုန်သော၊ ဤသို့ အာနုဘော်ကြီးကုန်သော ဤလနေ တို့ကို လည်း လက်ဖြင့် သုံးသပ်၏။ ဆုပ်ကိုင်၏ဟူသည် ဤသာသနာတော်၌ စိတ် အစိုးရခြင်း သို့ ရောက်သော ထိုတန်ခိုးရှင်သည် ထိုင်လျက်လည်းကောင်း၊ အိပ်လျက်လည်းကောင်း လနေတို့ကို ဆင်ခြင်၏။ ဆင်ခြင်၍ ဉာဏ်ဖြင့် (လက်လှမ်းမီ) “ဟတ္ထပါသ်၌ ဖြစ်စေ”ဟု အဓိဋ္ဌာန်၏။ ဟတ္ထပါသ်၌ ဖြစ်၏။ ထိုသူသည် ထိုင်လျက်လည်းကောင်း၊ အိပ်လျက် လည်းကောင်း လနေတို့ကို လက်ဖြင့် သုံးသပ်၏။ ဆုပ်ကိုင်၏။ ထက်ဝန်းကျင် ပွတ်သပ်၏။ ဥပမာအားဖြင့် ပြကတေ့အားဖြင့် တန်ခိုးမရှိကုန်သော လူတို့သည် ဟတ္ထပါသ် ၌ တစ်စုံတစ်ခုသောရုပ်ကိုပင် သုံးသပ်ကုန်သကဲ့သို့၊ ဆုပ်ကိုင်ကုန်သကဲ့သို့၊ ထက်ဝန်းကျင် ပွတ်သပ် ကုန်သကဲ့သို့ ဤအတူပင် စိတ်အစိုးရခြင်းသို့ ရောက်သော ထိုတန်ခိုးရှင်သည် ထိုင်လျက်လည်းကောင်း၊ အိပ်လျက်လည်းကောင်း လနေတို့ကို လက်ဖြင့် သုံးသပ်၏။ ဆုပ်ကိုင်၏။ ထက်ဝန်းကျင် ပွတ်သပ်၏။

ဗြဟ္မပြည်တိုင်အောင်လည်း ကိုယ်ဖြင့် (မိမိ) အလိုအတိုင်းဖြစ်စေ၏ဟူသည် အကယ်၍ စိတ်အစိုးရခြင်းသို့ ရောက်သော ထိုတန်ခိုးရှင်သည် ဗြဟ္မလောကသို့ သွားရန် အလိုရှိသည် ဖြစ်အံ့။ အဝေးသည်လည်း “အနီးဖြစ်စေ”ဟု အနီး၌ အဓိဋ္ဌာန်၏။ အနီးဖြစ်၏။ အနီးသည်လည်း့"အဝေးဖြစ်စေ”ဟု အဝေး ၌ အဓိဋ္ဌာန်၏။ အဝေးဖြစ်၏။ အများသည်လည်း “အနည်းဖြစ်စေ”ဟု အနည်းကို အဓိဋ္ဌာန်၏။ အနည်း ဖြစ်၏။ အနည်းသည်လည်း “အများဖြစ်စေ”ဟု အများကို အဓိဋ္ဌာန်၏။ အများဖြစ်၏။ ဒိဗ္ဗစက္ခုဖြင့် ထိုဗြဟ္မာ၏ ရုပ်အဆင်းကို မြင်၏။ ဒိဗ္ဗသောတဓာတ်ဖြင့် ထိုဗြဟ္မာ၏ အသံကို ကြား၏။ စေတောပရိယ ဉာဏ်ဖြင့် ထိုဗြဟ္မာ၏ စိတ်ကို ခွဲခြား၍ သိ၏။ အကယ်၍ စိတ်အစိုးရခြင်းသို့ ရောက်သော ထိုတန်ခိုးရှင် သည် ထင်မြင်သောကိုယ်ဖြင့် ဗြဟ္မလောကသို့သွားရန် အလိုရှိသည်ဖြစ်အံ့။ ကိုယ်အစွမ်းဖြင့် စိတ်ကို ညွတ်စေ၏။ ကိုယ်အစွမ်းဖြင့် စိတ်ကို အဓိဋ္ဌာန်၏။ ကိုယ်အစွမ်းဖြင့် စိတ်ကို ညွတ်စေ၍ ကိုယ်အစွမ်းဖြင့် စိတ်ကို အဓိဋ္ဌာန်ပြီး၍ သုခသညာသို့လည်းကောင်း၊ လဟုကသညာ သို့လည်းကောင်း သက်ကာ ကိုယ် ထင်ရှားရှိသည်ဖြစ်၍ ဗြဟ္မပြည်သို့ သွား၏။ အကယ်၍ စိတ်အစိုးရခြင်းသို့ရောက်သော ထိုတန်ခိုးရှင် သည် ကိုယ်မထင်ရှားဘဲ ဗြဟ္မပြည်သို့ သွားရန် အလိုရှိသည်ဖြစ်အံ့။ စိတ်အစွမ်းအားဖြင့် ကိုယ်ကို ညွတ် စေ၏။ စိတ်အစွမ်းအားဖြင့် ကိုယ်ကို အဓိဋ္ဌာန်၏။

--

စိတ်အစွမ်းအားဖြင့် ကိုယ်ကို ညွတ်စေ၍ စိတ်အစွမ်း အားဖြင့် ကိုယ်ကို အဓိဋ္ဌာန်ပြီး၍ သုခသညာသို့လည်းကောင်း၊ လဟုကသညာသို့လည်းကောင်း သက်ကာ ကိုယ်မထင်ရှားဘဲ ဗြဟ္မာ့ပြည်သို့ သွား၏။ ထိုသူသည် ထိုဗြဟ္မာ့၏ ရှေ့၌ စိတ်ဖြင့်ပြီးသော အလုံးစုံသော အင်္ဂါကြီးငယ်ရှိသော ဣန္ဒြေမယုတ်လျော့သော ရုပ်ကို ဖန်ဆင်း၏။ အကယ်၍ ထိုတန်ခိုးရှင်သည် စင်္ကြံသွား အံ့၊ နိမ္မိတရုပ်သည်လည်း ထို၌ စင်္ကြံသွား၏။ အကယ်၍ ထိုတန်ခိုးရှင်သည် ရပ်အံ့။ နိမ္မိတသည်လည်း ထို၌ ရပ်၏။ အကယ်၍ ထိုတန်ခိုးရှင်သည် ထိုင်အံ့။ နိမ္မိတသည်လည်း ထို၌ ထိုင်၏။ အကယ်၍ ထို တန်ခိုးရှင်သည် အိပ်ခြင်းကို ပြုအံ့။ နိမ္မိတသည်လည်း ထို၌ အိပ်ခြင်းကို ပြု၏။ အကယ်၍ ထိုတန်ခိုးရှင် သည် အခိုးလွှတ်အံ့။ နိမ္မိတသည်လည်း ထို၌ အခိုးလွှတ်၏။ အကယ်၍ ထိုတန်ခိုးရှင်သည် အလျှံ လွှတ်အံ့။ နိမ္မိတသည်လည်း ထို၌ အလျှံလွှတ်၏။ အကယ်၍ ထိုတန်ခိုးရှင်သည် တရားကို ပြောဟောအံ့။ နိမ္မိတသည်လည်း ထို၌ တရားကို ပြောဟော၏။ အကယ်၍ ထိုတန်ခိုးရှင်သည် ပြဿနာကို မေးအံ့။ နိမ္မိတသည်လည်း ထို၌ ပြဿနာကို မေး၏။ အကယ်၍ ထိုတန်ခိုးရှင်သည် ပြဿနာကိုမေးသော် ဖြေအံ့။ နိမ္မိတသည်လည်း ထို၌ ပြဿနာကို မေးသော် ဖြေ၏။ အကယ်၍ ထိုတန်ခိုးရှင်သည် ထိုဗြဟ္မာနှင့် အတူ ရပ်အံ့။ ပြောအံ့။ ဆွေးနွေးခြင်းသို့ ရောက်အံ့။ နိမ္မိတသည်လည်း ထို၌ ထိုဗြဟ္မာနှင့်အတူ ရပ်၏။ ပြော၏။ ဆွေးနွေးခြင်းသို့ ရောက်၏။ အကြင်အကြင် အမှုကိုလျှင် ထိုတန်ခိုးရှင်သည် ပြု၏။ ထိုထိုအမှု ကိုပင် ထိုနိမ္မိတသည် ပြု၏။ ဤကား အဓိဋ္ဌာန်တန်ခိုးတည်း။ (၁)

၁၃။ အဘယ်သည် ဖန်ဆင်းခြင်း တန်ခိုးနည်း။ (ကိလေသာ) ရန်သူကို သတ်တတ်သော မဖောက် မပြန် (တရားအားလုံးကို) အလိုလို ကိုယ်တိုင် သိတော်မူသော သိခီမြတ်စွာဘုရား၏ အဘိဘူမည်သော တပည့် သာဝကသည် ဗြဟ္မလောက၌ တည်လျက် လောကဓာတ်တစ်သောင်းကို အသံဖြင့် သိစေ၏။ ထို သာဝကသည် ကိုယ်ထင်ရှားရှိလျက် တရားဟော၏။ ကိုယ်မထင်ရှားဘဲလည်း တရားဟော၏။ အောက် ထက်ဝက် ကိုယ်ထင်ရှားလျက် အထက်ထက်ဝက် ကိုယ်မထင်ရှားဘဲ တရားဟော၏။ အထက်ထက်ဝက် ကိုယ်ထင်ရှားလျက် အောက်ထက်ဝက် ကိုယ်မထင်ရှားဘဲ တရားဟော၏။ ထိုသာဝကသည် ပြကတေ့ အသွင်ကို ပယ်စွန့်၍ လုလင်ငယ် အသွင်ကိုလည်း ပြ၏။ နဂါးအသွင်ကိုလည်း ပြ၏။ ဂဠုန်အသွင်ကို လည်း ပြ၏။ ဘီလူးအသွင်ကိုလည်း ပြ၏။ သိကြားအသွင်ကိုလည်း ပြ၏။ နတ်အသွင်ကိုလည်း ပြ၏။ ဗြဟ္မာအသွင်ကိုလည်း ပြ၏။ သမုဒ္ဒရာအသွင်ကိုလည်း ပြ၏။ တောင်အသွင်ကိုလည်း ပြ၏။ တောအသွင် ကိုလည်း ပြ၏။ ခြင်္သေ့အသွင်ကိုလည်း ပြ၏။ ကျားအသွင်ကိုလည်း ပြ၏။ သစ်အသွင်ကိုလည်း ပြ၏။ ဆင်ကိုလည်း ပြ၏။ မြင်းကိုလည်း ပြ၏။ ရထားကိုလည်း ပြ၏။ ခြေသည်ကိုလည်း ပြ၏။ အမျိုးမျိုး သော စစ်သည်အပေါင်းကိုလည်း ပြ၏။ ဤကား ဖန်ဆင်းခြင်းတန်ခိုးတည်း။ (၂)

၁၄။ အဘယ်သည် စိတ်ဖြင့်ပြီးသော တန်ခိုးနည်း။ ဤသာသနာတော်၌ ရဟန်းသည် ဤကိုယ်မှ့တစ်ပါးသော စိတ်ဖြင့်ပြီးသော အလုံးစုံအင်္ဂါကြီးငယ်ရှိသော ဣန္ဒြေမယုတ်လျော့သော ရုပ်ကို ဖန်ဆင်း၏။ ဥပမာအားဖြင့် ယောက်ျားသည် ဖြူဆံမြက်မှ ဖြူဆံညှောက်ကိုနုတ်ရာ၏။ ထိုသူအား “ဤကား ဖြူဆံ မြက်တည်း။ ဤကား ဖြူဆံညှောက်တည်း။ ဖြူဆံမြက်သည် တစ်ပါးတခြားတည်း။ ဖြူဆံညှောက်သည် တစ်ပါးတခြားတည်း။ ဖြူဆံမြက်မှသာလျှင် ဖြူဆံညှောက်ကိုနုတ်၏”ဟု ဤသို့ အကြံဖြစ်ရာ၏။ ဥပမာ တစ်နည်းအားဖြင့် ယောက်ျားသည် သန်လျက်ကို အအိမ်မှနုတ်ရာ၏။ ထိုသူအား “ဤကား သန်လျက်တည်း။ ဤကား အအိမ်တည်း။ သန်လျက်သည် တစ်ပါးတခြားတည်း။ အအိမ်သည် တစ်ပါးတခြားတည်း။ အအိမ်မှသာလျှင် သန်လျက်ကိုနုတ်၏”ဟု ဤသို့ အကြံဖြစ်ရာ၏။ ဥပမာ တစ်နည်းအားဖြင့် ယောက်ျားသည် မြွေကို အရေဟောင်းအိမ်မှ ထုတ်ရာ၏။ ထိုသူအား “ဤကား မြွေတည်း။ ဤကား အရေဟောင်းတည်း။ မြွေသည် တစ်ပါးတခြားတည်း။ အရေဟောင်းသည် တစ်ပါးတခြားတည်း။ အရေ ဟောင်းမှသာလျှင် မြွေကို ထုတ်၏”ဟု ဤသို့ အကြံဖြစ်ရာ၏။ ဤအတူပင် ရဟန်းသည် ဤကိုယ်မှ တစ်ပါးသော စိတ်ဖြင့် ပြီးသော အလုံးစုံအင်္ဂါကြီးငယ်ရှိသော ဣန္ဒြေမယုတ်လျော့သော ရုပ်ကို ဖန်ဆင်း၏။ ဤကား စိတ်ဖြင့်ပြီးသော တန်ခိုးတည်း။ (၃)

--

၁၅။ အဘယ်သည် ဉာဏ်ပျံ့နှံ့သော တန်ခိုးနည်း။ အနိစ္စာနုပဿနာဖြင့် နိစ္စသညာကို ပယ်ခြင်း သဘောသည် ပြည့်စုံသောကြောင့် ဉာဏ်ပျံ့နှံ့သော တန်ခိုးတည်း။ ဒုက္ခာနုပဿနာဖြင့် သုခသညာကို။ အနတ္တာနုပဿနာဖြင့် အတ္တသညာကို။ နိဗ္ဗိဒါနုပဿနာဖြင့်နှစ်သက်ခြင်းကို။ ဝိရာဂါနုပဿနာဖြင့် ရာဂ ကို။ နိရောဓာနုပဿနာဖြင့် ဖြစ်ပွါးကြောင်း ‘သမုဒယ'ကို။ ပဋိနိဿဂ္ဂါနုပဿနာဖြင့် စွဲယူခြင်းကို ပယ်ခြင်း သဘောသည် ပြည့်စုံသောကြောင့် ဉာဏ်ပျံ့နှံ့သော တန်ခိုးတည်း။ အသျှင်ဗာကုလအား ဉာဏ်ပျံ့နှံ့သော တန်ခိုးရှိ၏။ အသျှင်သံကိစ္စအား ဉာဏ်ပျံ့နှံ့သော တန်ခိုးရှိ၏။ အသျှင်ဘူတပါလအား ဉာဏ်ပျံ့နှံ့သော တန်ခိုးရှိ၏။ ဤကား ဉာဏ်ပျံ့နှံသော တန်ခိုးတည်း။ (၄)

၁၆။ အဘယ်သည် သမာဓိပျံ့နှံ့သော တန်ခိုးနည်း။ ပဌမဈာန်ဖြင့် နီဝရဏတို့ကို ပယ်ခြင်း သဘောသည် ပြည့်စုံသောကြောင့် သမာဓိပျံ့နှံ့သော တန်ခိုးတည်း။ ဒုတိယဈာန်ဖြင့် ဝိတက်ဝိစာရတို့ကို ပယ်ခြင်းသဘောသည် ပြည့်စုံသောကြောင့် သမာဓိပျံ့နှံ့သော တန်ခိုးတည်း။ တတိယဈာန်ဖြင့် ပီတိကို ပယ်ခြင်းသဘောသည် ပြည့်စုံသောကြောင့်။ပ။ စတုတ္ထဈာန်ဖြင့် သုခ၊ ဒုက္ခတို့ကို ပယ်ခြင်းသဘောသည် ပြည့်စုံသောကြောင့်။ပ။ အာကာသာနဉ္စာယတနသမာပတ်ဖြင့် ရူပသညာ၊ ပဋိဃသညာ၊ နာနတ္တသညာကို ပယ်ခြင်းသဘောသည် ပြည့်စုံသောကြောင့်။ပ။ ဝိညာဏဉ္စာယတနသမာပတ်ဖြင့် အာကာသာနဉ္စာယတန သညာကို ပယ်ခြင်းသဘောသည် ပြည့်စုံသောကြောင့်။ပ။ အာကိဉ္စညာယတနသမာပတ်ဖြင့် ဝိညာဏဉ္စာ ယတနသညာကို ပယ်ခြင်းသဘောသည် ပြည့်စုံသောကြောင့်။ပ။ နေဝသညာနာသညာယတနသမာပတ်ဖြင့် အာကိဉ္စညာယတနသညာကို ပယ်ခြင်းသဘောသည် ပြည့်စုံသောကြောင့် သမာဓိပျံ့နှံ့သော တန်ခိုးတည်း။ အသျှင်သာရိပုတြာအား သမာဓိပျံ့နှံ့သော တန်ခိုးရှိ၏။ အသျှင်သဉ္ဇီဝအား သမာဓိပျံ့နှံ့သော တန်ခိုးရှိ၏။ အသျှင်ခါဏုကောဏ္ဍညအား သမာဓိပျံ့နှံ့သော တန်ခိုးရှိ၏။ ဥတ္တရာဥပါသိကာမအား သမာဓိပျံ့နှံ့သော တန်ခိုးရှိ၏။ သာမာဝတီဥပါသိကာမအား သမာဓိပျံ့နှံ့သော တန်ခိုးရှိ၏။ ဤကား သမာဓိပျံ့နှံ့သော တန်ခိုးတည်း။ (၅)

၁၇။ အဘယ်သည် အရိယာတို့ တန်ခိုးနည်း။ ဤသာသနာတော်၌ ရဟန်းသည် အကယ်၍ “စက်ဆုပ်ဖွယ်၌ စက်ဆုပ်ဖွယ် မဟုတ်ဟု အမှတ်ရှိလျက် နေလိုငြားအံ့”။ ထို၌ စက်ဆုပ်ဖွယ် မဟုတ်ဟု အမှတ်ရှိလျက် နေ၏။ အကယ်၍ “စက်ဆုပ်ဖွယ်မဟုတ်ရာ၌ စက်ဆုပ်ဖွယ်ဟု အမှတ် ရှိလျက် နေလိုငြား အံ့”။ ထို၌ စက်ဆုပ်ဖွယ်ဟု အမှတ်ရှိလျက် နေ၏။ အကယ်၍ “စက်ဆုပ် ဖွယ်၌လည်းကောင်း၊ စက်ဆုပ် ဖွယ် မဟုတ်ရာ၌လည်းကောင်း စက်ဆုပ်ဖွယ် မဟုတ်ဟု အမှတ်ရှိလျက် နေလိုငြားအံ့”။ ထို၌ စက်ဆုပ် ဖွယ် မဟုတ်ဟု အမှတ်ရှိလျက် နေ၏။ အကယ်၍ “စက်ဆုပ်ဖွယ် မဟုတ်ရာ၌ လည်းကောင်း၊ စက်ဆုပ့်ဖွယ်၌လည်းကောင်း စက်ဆုပ်ဖွယ်ဟု အမှတ်ရှိလျက် နေလိုငြားအံ့”။ ထို၌ စက်ဆုပ်ဖွယ်ဟု အမှတ်ရှိလျက် နေ၏။ အကယ်၍ “စက်ဆုပ်ဖွယ်၌လည်းကောင်း၊ စက်ဆုပ်ဖွယ်မဟုတ်ရာ၌လည်းကောင်း ထိုနှစ်မျိုးလုံး ကို ကြဉ်ရှောင်၍ သတိရှိလျက် ကောင်းစွာ ခွဲခြားသိကာ လျစ်လျူရှုလျက် နေလိုငြားအံ့”။ ထို၌ သတိရှိလျက် ကောင်းစွာ ခွဲခြားသိကာ လျစ်လျူရှု၍ နေ၏။

အဘယ်သို့ စက်ဆုပ်ဖွယ်၌ စက်ဆုပ်ဖွယ် မဟုတ်ဟု အမှတ်ရှိလျက် နေသနည်း။ အလိုမရှိအပ် သော ဝတ္ထု၌ မေတ္တာဖြင့်လည်း ဖြန့်၏။ ဓာတ်အားဖြင့်လည်း ဆောင်၏။ ဤသို့စက်ဆုပ်ဖွယ်၌ စက်ဆုပ် ဖွယ်မဟုတ်ဟု အမှတ်ရှိလျက် နေ၏။ အဘယ်သို့ စက်ဆုပ်ဖွယ် မဟုတ်ရာ၌ စက်ဆုပ်ဖွယ်ဟု အမှတ်ရှိလျက် နေသနည်း။ အလိုရှိအပ်သော ဝတ္ထု၌ အသုဘဖြင့်လည်း ဖြန့်၏။ အနိစ္စအားဖြင့်လည်း ဆောင်၏။ ဤသို့ စက်ဆုပ်ဖွယ် မဟုတ်ရာ၌ စက်ဆုပ်ဖွယ်ဟု အမှတ်ရှိလျက် နေ၏။

အဘယ်သို့ စက်ဆုပ်ဖွယ်၌လည်းကောင်း၊ စက်ဆုပ်ဖွယ် မဟုတ်ရာ၌လည်းကောင်း စက်ဆုပ်ဖွယ် မဟုတ်ဟု အမှတ်ရှိလျက် နေသနည်း။ အလိုမရှိအပ်သည်လည်း ဖြစ်သော၊ အလိုရှိအပ်သည်လည်း ဖြစ် သော ဝတ္ထု၌ မေတ္တာဖြင့်လည်း ဖြန့်၏။ ဓာတ်အားဖြင့်လည်း ဆောင်၏။ ဤသို့ စက်ဆုပ်ဖွယ်၌လည်း ကောင်း၊ စက်ဆုပ်ဖွယ် မဟုတ်ရာ၌လည်းကောင်း စက်ဆုပ်ဖွယ် မဟုတ်ဟု အမှတ်ရှိလျက် နေ၏။

--

အဘယ်သို့ စက်ဆုပ်ဖွယ် မဟုတ်ရာ၌လည်းကောင်း၊ စက်ဆုပ်ဖွယ်၌လည်းကောင်း စက်ဆုပ်ဖွယ်ဟု အမှတ်ရှိလျက် နေသနည်း။ အလိုရှိအပ်သည်လည်း ဖြစ်သော၊ အလိုမရှိအပ်သည်လည်း ဖြစ်သော ဝတ္ထု၌ အသုဘဖြင့်လည်း ဖြန့်၏။ အနိစ္စအားဖြင့်လည်း ဆောင်၏။ ဤသို့ စက်ဆုပ်ဖွယ် မဟုတ်ရာ၌လည်း ကောင်း၊ စက်ဆုပ်ဖွယ်၌လည်းကောင်း စက်ဆုပ်ဖွယ်ဟု အမှတ်ရှိလျက် နေ၏။

အဘယ်သို့ စက်ဆုပ်ဖွယ်၌ လည်းကောင်း၊ စက်ဆုပ်ဖွယ်မဟုတ်ရာ၌ လည်းကောင်း ထိုနှစ်မျိုး လုံးကို ကြဉ်ရှောင်၍ သတိရှိလျက် ကောင်းစွာ ခွဲခြားသိကာ လျစ်လျူရှုလျက် နေသနည်း။ ဤသာသနာ တော်၌ ရဟန်းသည် မျက်စိဖြင့် အဆင်းကိုမြင်၍ ဝမ်းမြောက်ခြင်း မဖြစ်။ ဝမ်းနည်းခြင်း မဖြစ်။ သတိရှိလျက် ကောင်းစွာ ခွဲခြားသိကာ လျစ်လျူရှုလျက် နေ၏။ နားဖြင့် အသံကို ကြား၍။ပ။ နှာခေါင်းဖြင့် အနံ့ကို နံ၍။ လျှာဖြင့် အရသာကို လျက်၍။ ကိုယ်ဖြင့် အတွေ့အထိကို တွေ့ထိ၍။ စိတ်ဖြင့် တရား အထူးကို သိ၍ ဝမ်းမြောက်ခြင်းမဖြစ်။ ဝမ်းနည်းခြင်းမဖြစ်။ သတိရှိလျက် ကောင်းစွာ ခွဲခြားသိကာ လျစ်လျူရှုလျက် နေ၏။ ဤသို့ စက်ဆုပ်ဖွယ်၌လည်းကောင်း၊ စက်ဆုပ်ဖွယ်မဟုတ်ရာ၌လည်းကောင်း ထိုနှစ်မျိုးလုံးကို ကြဉ်ရှောင်၍ သတိရှိလျက် ကောင်းစွာ ခွဲခြားသိကာ လျစ်လျူရှုလျက် နေ၏။ ဤကား အရိယာတို့ တန်ခိုးတည်း။ (၆)

၁၈။ အဘယ်သည် ကံအကျိုးကြောင့်ဖြစ်သော တန်ခိုးနည်း။ အလုံးစုံသောငှက်၊ အလုံးစုံသော နတ်၊ အချို့သော လူ၊ အချို့သော ဝိနိပါတိကအသုရာတို့၏ ကောင်းကင်၌ သွားနိုင်ခြင်းစသည်တည်း။ ဤကား ကံအကျိုးကြောင့်ဖြစ်သော တန်ခိုးတည်း။ (၇)

အဘယ်သည် ဘုန်းရှိသူ၏ တန်ခိုးနည်း။ စကြဝတေးမင်းသည် အင်္ဂါလေးပါးရှိသော စစ်တပ်နှင့် အတူတကွ အောက်ဆုံးအားဖြင့် မြင်းထိန်းနွားထိန်းတို့ကို အစပြု၍ ကောင်းကင်ဖြင့် (အရပ်တစ်ပါးသို့) သွား၏။ ဇောတိကသူကြွယ်အား ဘုန်းရှိသူ၏ တန်ခိုးရှိ၏။ ဇဋိလသူကြွယ်အား ဘုန်းရှိသူ၏ တန်ခိုးရှိ၏။ မေဏ္ဍက သူကြွယ်အား ဘုန်းရှိသူ၏ တန်ခိုးရှိ၏။ ဃောသိတသူကြွယ်အား ဘုန်းရှိသူ၏ တန်ခိုးရှိ၏။ ကြီးသောဘုန်းရှိသူ (မေဏ္ဍကသူဌေး, သူဌေ၊ ကတော်, သား, ချွေးမနှင့် ပုဏ္ဏကျွန်ဟူသော) ငါးဦးတို့အား ဘုန်းရှိသူ၏ တန်ခိုးရှိ၏။ ဤကား ဘုန်းရှိသူ၏ တန်ခိုးတည်း။ (၈)

အဘယ်သည် ဝိဇ္ဇာအတတ်ဖြင့် ပြီးသော တန်ခိုးနည်း။ ဝိဇ္ဇာဓိုရ်တို့သည် မန္တန်ကိုစုတ်၍ ကောင်း ကင်သို့ သွားကုန်၏။ ရေးခြစ်မထင်သော ကောင်းကင်၌ ဆင်ကိုလည်း ပြကုန်၏။ မြင်းကိုလည်း ပြကုန်၏။ ရထားကိုလည်း ပြကုန်၏။ ခြေသည်ကိုလည်း ပြကုန်၏။ အမျိုးမျိုးသော စစ်သည်အပေါင်းကိုလည်း့ပြကုန်၏။ ဤကား ဝိဇ္ဇာအတတ်ဖြင့်ပြီးသော တန်ခိုးတည်း။ (၉)

အဘယ်သို့ ထိုထိုအရာ၌ ကောင်းစွာ အားထုတ်ခြင်း အကြောင်းကြောင့် ပြည့်စုံ (ပြီးစီး)ခြင်းသဘော အားဖြင့် ဖြစ်သော တန်ခိုးနည်း။ ဈာန်ဖြင့် ကာမစ္ဆန္ဒကို ပယ်ခြင်းသဘောသည် ပြည့်စုံသောကြောင့် ထိုထို အရာ၌ ကောင်းစွာ အားထုတ်ခြင်း အကြောင်းကြောင့် ပြည့်စုံ (ပြီးစီး)ခြင်း သဘောအားဖြင့် ဖြစ်သော တန်ခိုးတည်း။ မေတ္တာဖြင့် ဗျာပါဒကို ပယ်ခြင်းသဘောသည် ပြည့်စုံသောကြောင့် ထိုထိုအရာ၌ ကောင်းစွာ အားထုတ်ခြင်းအကြောင်းကြောင့် ပြည့်စုံ (ပြီးစီး)ခြင်းသဘောအားဖြင့် ဖြစ်သော တန်ခိုးတည်း။ပ။ အရဟတ္တမဂ်ဖြင့် ကိလေသာအားလုံးတို့ကို ပယ်ခြင်းသဘောသည် ပြည့်စုံသောကြောင့် ထိုထိုအရာ၌ ကောင်းစွာ အားထုတ်ခြင်းအကြောင်းကြောင့် ပြည့်စုံ (ပြီးစီး)ခြင်းသဘောအားဖြင့် ဖြစ်သော တန်ခိုးတည်း။ ဤသို့ ထိုထိုအရာ၌ ကောင်းစွာ အားထုတ်ခြင်းအကြောင်းကြောင့် ပြည့်စုံ (ပြီးစီး)ခြင်း သဘော အားဖြင့် ဖြစ်သော တန်ခိုးတည်း။ ဤသည်တို့ကား တန်ခိုးဆယ်ပါးတို့တည်း။ (၁၀)

ဣဒ္ဓိကထာ ပြီး၏။

--

၃-အဘိသမယကထာ

၁၉။ ထိုးထွင်း၍ သိ၏ဟူသည် အဘယ်ဖြင့် ထိုးထွင်း၍ သိသနည်း။ စိတ်ဖြင့် ထိုးထွင်း၍သိ၏။ အကယ်၍ စိတ်ဖြင့် ထိုးထွင်း၍ သိအံ့။ ထိုသို့ဖြစ်လျှင် ဉာဏ်မရှိဘဲ ထိုးထွင်း၍ သိသလော။ ဉာဏ်မရှိဘဲ ထိုးထွင်း၍ မသိ။ ဉာဏ်ဖြင့် ထိုးထွင်း၍ သိ၏။

အကယ်၍ ဉာဏ်ဖြင့် ထိုးထွင်း၍ သိအံ့။ ထိုသို့ဖြစ်လျှင် စိတ်မရှိသောဉာဏ်ဖြင့် စိတ်မရှိဘဲ ထိုး ထွင်း၍ သိသလော။ စိတ်မရှိဘဲ ထိုးထွင်း၍ မသိ။ စိတ်ဖြင့်လည်းကောင်း၊ ဉာဏ်ဖြင့်လည်းကောင်း ထိုး ထွင်း၍ သိ၏။ အကယ်၍ စိတ်ဖြင့်လည်းကောင်း၊ ဉာဏ်ဖြင့်လည်းကောင်း ထိုးထွင်း၍သိအံ့။ ထိုသို့ဖြစ် လျှင် ကာမာဝစရ စိတ်ဖြင့်လည်းကောင်း၊ ဉာဏ်ဖြင့်လည်းကောင်း ထိုးထွင်း၍ သိသလော။ ကာမာဝစရ စိတ်ဖြင့်လည်းကောင်း၊ ဉာဏ်ဖြင့်လည်းကောင်း ထိုးထွင်း၍ မသိ။

ထိုသို့ဖြစ်လျှင် ရူပါဝစရစိတ်ဖြင့်လည်းကောင်း၊ ဉာဏ်ဖြင့်လည်းကောင်း ထိုးထွင်း၍ သိသလော။ ရူပါဝစရစိတ်ဖြင့်လည်းကောင်း၊ ဉာဏ်ဖြင့်လည်းကောင်း ထိုးထွင်း၍ မသိ။

ထိုသို့ဖြစ်လျှင် အရူပါဝစရစိတ်ဖြင့်လည်းကောင်း၊ ဉာဏ်ဖြင့်လည်းကောင်း ထိုးထွင်း၍ သိသလော။ အရူပါဝစရစိတ်ဖြင့်လည်းကောင်း၊ ဉာဏ်ဖြင့်လည်းကောင်း ထိုးထွင်း၍ မသိ။

ထိုသို့ဖြစ်လျှင် ကမ္မဿကတစိတ် ‘ကံလျှင် မိမိဥစ္စာရှိသည်ဟု ဖြစ်သောစိတ်’ ဖြင့်လည်းကောင်း၊ ဉာဏ်ဖြင့်လည်းကောင်း ထိုးထွင်း၍သိသလော။ ကမ္မဿကတစိတ်ဖြင့်လည်းကောင်း၊ ဉာဏ်ဖြင့်လည်း ကောင်း ထိုးထွင်း၍ မသိ။

ထိုသို့ဖြစ်လျှင် သစ္စာနုလောမိကစိတ် ‘သစ္စာအား လျော်သော ဝိပဿနာစိတ်'ဖြင့်လည်းကောင်း၊ ဉာဏ်ဖြင့်လည်းကောင်း ထိုးထွင်း၍ သိသလော။ သစ္စာနုလောမိကစိတ်ဖြင့်လည်းကောင်း၊ ဉာဏ်ဖြင့် လည်းကောင်း ထိုးထွင်း၍ မသိ။

ထိုသို့ဖြင်လျှင် အတိတ်စိတ်ဖြင့်လည်းကောင်း၊ ဉာဏ်ဖြင့်လည်းကောင်း ထိုးထွင်း၍ သိသလော။ အတိတ်စိတ်ဖြင့်လည်းကောင်း။ ဉာဏ်ဖြင့်လည်းကောင်း ထိုးထွင်း၍ မသိ။

ထိုသို့ဖြစ်လျှင် အနာဂတ်စိတ်ဖြင့်လည်းကောင်း၊ ဉာဏ်ဖြင့်လည်းကောင်း ထိုးထွင်း၍ သိသလော။ အနာဂတ်စိတ်ဖြင့်လည်းကောင်း ဉာဏ်ဖြင့်လည်းကောင်း ထိုးထွင်း၍ မသိ။

ထိုသို့ဖြစ်လျှင် ပစ္စုပ္ပန်လောကီစိတ်ဖြင့်လည်းကောင်း၊ ဉာဏ်ဖြင့်လည်းကောင်း ထိုးထွင်း၍ သိ သလော။ ပစ္စုပ္ပန်လောကီစိတ်ဖြင့်လည်းကောင်း၊ ဉာဏ်ဖြင့်လည်းကောင်း ထိုးထွင်း၍ မသိ။ လောကုတ္တရာ မဂ်ခဏ၌ ပစ္စုပ္ပန်စိတ်ဖြင့်လည်းကောင်း၊ ဉာဏ်ဖြင့်လည်းကောင်း ထိုးထွင်း၍ သိ၏။

လောကုတ္တရာမဂ်ခဏ၌ ပစ္စုပ္ပန်စိတ်ဖြင့်လည်းကောင်း၊ ဉာဏ်ဖြင့်လည်းကောင်း အဘယ်သို့ ထိုး ထွင်း၍ သိသနည်း။ လောကုတ္တရာမဂ်ခဏ၌ (မဂ်ဉာဏ်) ဖြစ်ရာ၌ အဓိပတိဖြစ်သော စိတ်သည် မဂ်ဉာဏ်၏ ဇနကအကြောင်းလည်း ဖြစ်၏၊ ဥပထမ္ဘကအကြောင်းလည်း ဖြစ်၏၊ ထိုမဂ်ဉာဏ်နှင့်ယှဉ်သော စိတ် သည် နိဗ္ဗာန်လျှင် အာရုံရှိ၏။ (နိဗ္ဗာန်) မြင်ရာ၌ အဓိပတိဖြစ်သော ဉာဏ်သည် မဂ်စိတ်၏ ဇနက အကြောင်းလည်း ဖြစ်၏၊ ဥပထမ္ဘကအကြောင်းလည်း ဖြစ်၏။ ၊ ထိုမဂ်စိတ်နှင့်ယှဉ်သော ဉာဏ်သည် နိဗ္ဗာန်လျှင် အာရုံရှိ၏။ ဤသို့ လောကုတ္တရာ မဂ်ခဏ၌ ပစ္စုပ္ပန်စိတ်ဖြင့်လည်းကောင်း၊ ဉာဏ်ဖြင့်လည်း ကောင်း ထိုးထွင်း၍ သိ၏။

--

၂၀။ အသို့နည်း။ ထိုးထွင်း၍သိခြင်းသည် ဤမျှသာလော။ မဟုတ်သေး။ လောကုတ္တရာမဂ်ခဏ၌ မြင်လျက် ထိုးထွင်း၍ သိခြင်းသည် သမ္မာဒိဋ္ဌိတည်း။ ရှေ့ရှုတင်လျက် ထိုးထွင်း၍ သိခြင်းသည် သမ္မာ သင်္ကပ္ပတည်း။ သိမ်းဆည်းလျက် ထိုးထွင်း၍ သိခြင်းသည် သမ္မာဝါစာတည်း။ ကောင်းစွာ ဖြစ်စေလျက် ထိုးထွင်း၍ သိခြင်းသည် သမ္မာကမ္မန္တတည်း။ ဖြူစင်လျက် ထိုးထွင်း၍ သိခြင်းသည် သမ္မာအာဇီဝတည်း။ အားထုတ်လျက် ထိုးထွင်း၍ သိခြင်းသည် သမ္မာဝါယာမတည်း။ ထင်လျက် ထိုးထွင်း၍ သိခြင်းသည် သမ္မာသတိတည်း။ မပျံ့လွင့်ဘဲ ထိုးထွင်း၍ သိခြင်းသည် သမ္မာသမာဓိတည်း။

ထင်လျက် ထိုးထွင်း၍ သိခြင်းသည် သတိသမ္ဗောဇ္ဈင်။ စိစစ်လျက် ထိုးထွင်း၍ သိခြင်းသည် ဓမ္မဝိစယသမ္ဗောဇ္ဈင်။ အားထုတ်လျက် ထိုးထွင်း၍ သိခြင်းသည် ဝီရိယသမ္ဗောဇ္ဈင်။ ပျံ့နှံ့လျက် ထိုးထွင်း ၍ သိခြင်းသည် ပီတိသမ္ဗောဇ္ဈင်။ ငြိမ်းလျက် ထိုးထွင်း၍ သိခြင်းသည် ပဿဒ္ဓိသမ္ဗောဇ္ဈင်။ မပျံ့လွင့်ဘဲ ထိုးထွင်း၍ သိခြင်းသည် သမာဓိသမ္ဗောဇ္ဈင်။ ဆင်ခြင်လျက် ထိုးထွင်း၍ သိခြင်းသည် ဥပေက္ခာသမ္ဗောဇ္ဈင်တည်း။

သဒ္ဓါမရှိခြင်းကြောင့် မတုန်မလှုပ် ထိုးထွင်း၍ သိခြင်းသည် သဒ္ဓါဗိုလ်၊ ပျင်းရိခြင်းကြောင့် မတုန် မလှုပ် ထိုးထွင်း၍ သိခြင်းသည် ဝီရိယဗိုလ်။ မေ့လျော့ခြင်းကြောင့် မတုန်မလှုပ် ထိုးထွင်း၍ သိခြင်းသည် သတိဗိုလ်။ ဥဒ္ဓစ္စကြောင့် မတုန်မလှုပ် ထိုးထွင်း၍ သိခြင်းသည် သမာဓိဗိုလ်။ အဝိဇ္ဇာကြောင့် မတုန်မလှုပ် ထိုးထွင်း၍ သိခြင်းသည် ပညာဗိုလ်တည်း။

ဆုံးဖြတ်လျက် ထိုးထွင်း၍ သိခြင်းသည် သဒ္ဓိန္ဒြေ။ အားထုတ်လျက် ထိုးထွင်း၍ သိခြင်းသည် ဝီရိယန္ဒြေ။ ထင်လျက် ထိုးထွင်း၍ သိခြင်းသည် သတိန္ဒြေ။ မပျံ့လွင့်ဘဲ ထိုးထွင်း၍ သိခြင်းသည် သမာဓိန္ဒြေ။ မြင်လျက် ထိုးထွင်း၍ သိခြင်းသည် ပညိန္ဒြေတည်း။

အစိုးရခြင်းသဘောအားဖြင့် ဣန္ဒြေကို ထိုးထွင်း၍ သိခြင်း။ မတုန်လှုပ်ခြင်းသဘောအားဖြင့် ဗိုလ်ကို ထိုးထွင်း၍ သိခြင်း။ ထွက်မြောက်ခြင်းသဘောအားဖြင့် ဗောဇ္ဈင်ကို ထိုးထွင်း၍ သိခြင်း။ (သမ္ပာပက) ဟိတ်သဘောအားဖြင့် မဂ်ကို ထိုးထွင်း၍ သိခြင်း။ ထင်ခြင်းသဘောအားဖြင့် သတိပဋ္ဌာန်ကို ထိုးထွင်း၍ သိခြင်း။ အားထုတ်ခြင်းသဘောအားဖြင့် သမ္မပ္ပဓာန်ကို ထိုးထွင်း၍ သိခြင်း။ ပြည့်စုံခြင်းသဘောအားဖြင့် ဣဒ္ဓိပါဒ်ကို ထိုးထွင်း၍ သိခြင်း။ဟုတ်မှန်ခြင်းသဘောအားဖြင့် သစ္စာကို ထိုးထွင်း၍ သိခြင်း။ မပျံ့လွင့်ခြင်းသဘောအားဖြင့် သမထကို ထိုးထွင်း၍ သိခြင်း။ အဖန်ဖန်ရှုခြင်းသဘောအားဖြင့် ဝိပဿနာကို ထိုးထွင်း၍ သိခြင်း။ တစ်ခုတည်းကိစ္စ ရသသဘောအားဖြင့် သမထ,ဝိပဿနာကို ထိုးထွင်း၍ သိခြင်း။ လွန်၍မဖြစ်ခြင်းသဘောအားဖြင့် ယုဂနဒ္ဓကို ထိုးထွင်း၍ သိခြင်း။ စောင့်စည်းခြင်းသဘောအားဖြင့် သီလ ဝိသုဒ္ဓိကို ထိုးထွင်း၍ သိခြင်း။ မပျံ့လွင့်ခြင်း သဘောအားဖြင့် (စိတ္တ) ဝိသုဒ္ဓိကို ထိုးထွင်း၍ သိခြင်း။ မြင်ခြင်းသဘောအားဖြင့် ဒိဋ္ဌိဝိသုဒ္ဓိကို ထိုးထွင်း၍ သိခြင်း။ လွန်မြောက်ခြင်းသဘောအားဖြင့် ဝိမောက္ခကို ထိုးထွင်း၍ သိခြင်း။ ထိုးထွင်း၍သိခြင်း သဘောအားဖြင့် ဝိဇ္ဇာကို ထိုးထွင်း၍သိခြင်း။ စွန့်လွှတ်ခြင်း သဘောအားဖြင့် ဝိမုတ္တိကို ထိုးထွင်း၍ သိခြင်း။ ကောင်းစွာဖြတ်ခြင်းသဘောအားဖြင့် ခယဉာဏ်ကို ထိုး ထွင်း၍ သိခြင်းတည်း။

ဆန္ဒသည် အရင်းအမြစ်'မူလ'သဘောအားဖြင့် ထိုးထွင်း၍ သိခြင်း။ မနသိကာရသည် ကောင်းစွာ ဖြစ်စေခြင်းသဘောအားဖြင့် ထိုးထွင်း၍ သိခြင်း။ ဖဿသည် ပေါင်းဆုံခြင်းသဘောအားဖြင့် ထိုးထွင်း၍ သိခြင်း။ ဝေဒနာသည် စုဝေးခြင်းသဘောအားဖြင့် ထိုးထွင်း၍ သိခြင်း။ သမာဓိသည် အကြီးအမှူး သဘောအားဖြင့် ထိုးထွင်း၍ သိခြင်း။ သတိသည် အဓိပတိအဖြစ် သဘောအားဖြင့် ထိုးထွင်း၍ သိခြင်း။ ပညာသည် ထို့ထက် လွန်မြတ်ခြင်းသဘောအားဖြင့် ထိုးထွင်း၍ သိခြင်း။ ဝိမုတ္တိသည် အနှစ်သာရ သဘောအားဖြင့် ထိုးထွင်း၍ သိခြင်း။ သေခြင်းမရှိရာသို့ သက်ဝင်ရာ နိဗ္ဗာန်သည် ပြီးဆုံးခြင်းသဘော အားဖြင့် ထိုးထွင်း၍ သိခြင်းတည်း။

--

၂၁။ အသို့နည်း။ ထိုးထွင်း၍ သိခြင်းသည် ဤမျှသာလော။ မဟုတ်သေး။ သောတာပတ္တိမဂ် ခဏ၌ မြင်လျက် ထိုးထွင်း၍သိခြင်းသည် သမ္မာဒိဋ္ဌိတည်း။ပ။ သေခြင်းမရှိရာသို့ သက်ဝင်ရာ နိဗ္ဗာန်သည် ပြီးဆုံးခြင်း သဘောအားဖြင့် ထိုးထွင်း၍ သိခြင်းတည်း။

အသို့နည်း။ ထိုးထွင်း၍သိခြင်းသည် ဤမျှသာလော။ မဟုတ်သေး။ သောတာပတ္တိဖိုလ်ခဏ၌ မြင်လျက် ထိုးထွင်း၍သိခြင်းသည် သမ္မာဒိဋ္ဌိတည်း။ပ။ တစ်ဖန်ငြိမ်းခြင်းသဘောအားဖြင့် အနုပ္ပါဒဉာဏ်ကို ထိုးထွင်း၍ သိခြင်းတည်း။ ဆန္ဒသည် အရင်း (အမြစ်) သဘောအားဖြင့် ထိုးထွင်း၍ သိခြင်းတည်း။ပ။ သေခြင်းမရှိရာသို့ သက်ဝင်ရာ နိဗ္ဗာန်သည် ပြီးဆုံးခြင်းသဘောအားဖြင့် ထိုးထွင်း၍ သိခြင်းတည်း။

အသို့နည်း။ ထိုးထွင်း၍သိခြင်းသည် ဤမျှသာလော။ မဟုတ်သေး။ သကဒါဂါမိမဂ်ခဏ၌။ပ။ သကဒါဂါမိဖိုလ်ခဏ၌။ အနာဂါမိမဂ်ခဏ၌။ အနာဂါမိဖိုလ်ခဏ၌။ အရဟတ္တမဂ်ခဏ၌။ပ။ အရဟတ္တဖိုလ် ခဏ၌ မြင်လျက် ထိုးထွင်း၍သိခြင်းသည် သမ္မာဒိဋ္ဌိတည်း။ ရှေးရှုတင်လျက် ထိုးထွင်း၍ သိခြင်းသည် သမ္မာသင်္ကပ္ပတည်း။ပ။ တစ်ဖန်ငြိမ်းစေခြင်းသဘောအားဖြင့် အနုပ္ပါဒဉာဏ်ကို ထိုးထွင်း၍ သိခြင်းတည်း။ ဆန္ဒသည် မူလသဘောအားဖြင့် ထိုးထွင်း၍ သိခြင်းတည်း။ပ။ သေခြင်းမရှိရာသို့ သက်ဝင်ရာ နိဗ္ဗာန်သည် ပြီးဆုံးခြင်း သဘောအားဖြင့် ထိုးထွင်း၍ သိခြင်းတည်း။

အကြင် အရိယာပုဂ္ဂိုလ်သည် ကိလေသာတို့ကို ပယ်စွန့်၏။ ထိုအရိယာပုဂ္ဂိုလ်သည် အတိတ်ကိလေ သာတို့ကို ပယ်စွန့်သလော။ အနာဂတ်ကိလေသာတို့ကို ပယ်စွန့်သလော။ ပစ္စုပ္ပန်ကိလေသာတို့ကို ပယ်စွန့်သလော။ အတိတ်ကိလေသာတို့ကို ပယ်စွန့်၏ ဆိုရာ၌ အကယ်၍ အတိတ်ကိလေသာတို့ကို ပယ်စွန့်အံ့။ ထိုသို့ဖြစ်လျှင် ဘင်၏အစွမ်းဖြင့် ကုန်ပြီးသည်ကို ကုန်စေ၏။ အဖန်ဖန်မဖြစ်ခြင်းဖြင့် ချုပ်ပြီး သည်ကို ချုပ်စေ၏။ ဝတ္တမာန်ခဏမှ ကင်းပြီးသည်ကို ကင်းစေ၏။ မဖြစ်ခြင်းသို့ ရောက်ပြီးသည်ကို မဖြစ်ခြင်းသို့ ရောက်စေ၏။ အကြင် အတိတ် (တရား) သည် မရှိ။ ထိုမရှိသော တရားကို ပယ်စွန့်၏။ ထို့ကြောင့် အတိတ်ကိလေသာတို့ကို မပယ်စွန့်။

အနာဂတ်ကိလေသာတို့ကို ပယ်စွန့်၏ဟု ဆိုရာ၌ အကယ်၍ အနာဂတ်ကိလေသာတို့ကို ပယ်စွန့် အံ့။ ထိုသို့ ဖြစ်လျှင် ဖြစ်ခြင်းသို့ မရောက်သေးသည်ကို ပယ်စွန့်၏။ သဘာဝသို့ မရောက်သေးသည်ကို ပယ်စွန့်၏။ မဖြစ်ပေါ်သေးသည်ကို ပယ်စွန့်၏။ ပစ္စုပ္ပန်အဖြစ်ဖြင့် စိတ်၏ ထင်ရှားမဖြစ်သေးသည်ကို ပယ်စွန့်၏။ အကြင်အနာဂတ် (တရား) သည် မရှိ။ ထိုမရှိသော တရားကို ပယ်စွန့်၏။ ထို့ကြောင့် အနာဂတ်ကိလေသာတို့ကို မပယ်စွန့်။

ပစ္စုပ္ပန်ကိလေသာတို့ကို ပယ်စွန့်၏ဟု ဆိုရာ၌ အကယ်၍ ပစ္စုပ္ပန်ကိလေသာတို့ကို ပယ်စွန့်အံ့။ ထိုသို့ ဖြစ်လျှင် ပစ္စုပ္ပန်ရာဂဖြင့် တပ်စွန်းသူသည် ပစ္စုပ္ပန်ရာဂကို ပယ်စွန့်၏။ ပစ္စုပ္ပန်ဒေါသဖြင့် ပြစ်မှား သူသည် ပစ္စုပ္ပန်ဒေါသကို ပယ်စွန့်၏။ ပစ္စုပ္ပန်မောဟဖြင့် တွေဝေသူသည် ပစ္စုပ္ပန်မောဟကို ပယ်စွန့်၏။ မပြတ်နှောင်ဖွဲ့ သူသည် မာနကို ပယ်စွန့်၏။ အမှားသုံးသပ်သူသည် ဒိဋ္ဌိကို ပယ်စွန့်၏။ ပျံ့လွင့်ခြင်းသို့ ရောက်သူသည် ဥဒ္ဓစ္စကို ပယ်စွန့်၏။ ဆုံးဖြတ်ခြင်းသို့ မရောက်သူသည် ဝိစိကိစ္ဆာကို ပယ်စွန့်၏။ မြဲမြံ သောသဘောသို့ ရောက်သူသည် အနုသယကို ပယ်စွန့်၏။ အကုသိုလ်၊ ကုသိုလ်တရားတို့သည် အစုံတွဲ့လျက် အညီအမျှသာလျှင် ဖြစ်ကုန်၏။ ကိလေသာနှင့်ယှဉ်သော မဂ္ဂဘာဝနာ ဖြစ်၏။

မှန်၏။ အတိတ်ကိလေသာတို့ကို မပယ်စွန့်။ အနာဂတ်ကိလေသာတို့ကို မပယ်စွန့်။ ပစ္စုပ္ပန် ကိလေသာတို့ကို မပယ်စွန့်။ အကယ်၍ အတိတ်ကိလေသာတို့ကို မပယ်စွန့်အံ့။ အနာဂတ်။ပ။ ပစ္စုပ္ပန် ကိလေသာတို့ကို မပယ်စွန့်အံ့။ ထိုသို့ဖြစ်လျှင် မဂ္ဂဘာဝနာသည် မရှိရာ။ ဖိုလ်ကို မျက်မှောက်ပြုခြင်း သည် မရှိရာ။ ကိလေသာတို့ကို ပယ်ခြင်းသည် မရှိရာ။ တရားကို ထိုးထွင်း၍သိခြင်းသည် မရှိရာ။ ဤ ကား စောဒနာတည်း။

--

(မရှိသည်ကား မဟုတ်)။ မဂ္ဂဘာဝနာသည် ရှိ၏။ ဖိုလ်ကို မျက်မှောက်ပြုခြင်းသည် ရှိ၏။ ကိလေသာတို့ကို ပယ်ခြင်းသည် ရှိ၏။ တရားကို ထိုးထွင်း၍ သိခြင်းသည် ရှိ၏။ အဘယ်ကဲ့သို့ ရှိ သနည်း။ ဥပမာအားဖြင့် ငယ်သောသစ်ပင်သည် အသီးမသီးသေး။ ထိုသစ်ပင်ကို ယောက်ျားသည် အမြစ် (အရင်း) ကို ဖြတ်ရာ၏။ ထိုသစ်ပင်အား မဖြစ်သေးသော အသီးတို့သည် မဖြစ်သေးကုန်ဘဲပင် မဖြစ် တော့ကုန်။ ဖြစ်ခြင်းမရှိကုန်သေးဘဲပင် မဖြစ်တော့ကုန်။ မဖြစ်ပေါ်သေးကုန်ဘဲပင် မဖြစ်ပေါ်တော့ကုန်။ ထင်ရှားမဖြစ်ကုန်သေးဘဲပင် ထင်ရှားမဖြစ်တော့ကုန်။ ဤအတူပင် ကိလေသာတို့ ဖြစ်ခြင်းငှါ ဥပ္ပါဒသည် ဟိတ်၊ ဥပ္ပါဒသည် ပစ္စည်းတည်းဟု ဖြစ်ခြင်းဥပ္ပါဒ၌ အပြစ်ကို မြင်၍ မဖြစ်ခြင်းအနုပ္ပါဒ၌ မဂ်နှင့်ယှဉ်သော စိတ်သည် ပြေးဝင်၏။ မဖြစ်ခြင်းအနုပ္ပါဒ၌ မဂ်နှင့်ယှဉ်သောစိတ်၏ ပြေးဝင်သည့်အဖြစ်ကြောင့် အကြင် ကိလေသာတို့သည် ဥပါဒ်အကြောင်းကြောင့် ဖြစ်ကုန်ရာ၏။ ထိုကိလေသာတို့သည် မဖြစ်သေးဘဲပင် မဖြစ် တော့ကုန်။ ဖြစ်ခြင်းမရှိသေးဘဲပင် မဖြစ်တော့ကုန်။ မဖြစ်ပေါ်သေးဘဲပင် မဖြစ်ပေါ်တော့ကုန်။ ထင်ရှား မဖြစ်သေးဘဲပင် ထင်ရှားမဖြစ်ပေါ်တော့ကုန်။ ဤသို့ “ဟိတ်အကြောင်း ချုပ်ခြင်းကြောင့် ဒုက္ခချုပ်၏။ ဖြစ်ခြင်းသည် ဟိတ်။ နိမိတ်သည် ဟိတ်။ အားထုတ်ခြင်းသည် ဟိတ်။ ကိလေသာတို့၏ ဖြစ်ခြင်းငှါ အားထုတ်ခြင်းသည် ပစ္စည်းတည်း”ဟု အားထုတ်ခြင်း၌ အပြစ်ကို မြင်၍ အားမထုတ်ခြင်း၌ စိတ်သည် ပြေးဝင်၏။ အားမထုတ်ခြင်း၌ စိတ်၏ ပြေးဝင်သည့်အဖြစ်ကြောင့် အကြင် ကိလေသာတို့သည် အား ထုတ်ခြင်းအကြောင်းကြောင့် ဖြစ်ကုန်ရာ၏။ ထိုကိလေသာတို့သည် မဖြစ်သေးကုန်ဘဲပင် မဖြစ်တော့ကုန်။ ဖြစ်ခြင်းမရှိကုန်သေးဘဲပင် မဖြစ်တော့ကုန်။ မဖြစ်ပေါ်ကုန်သေးဘဲပင် မဖြစ်တော့ကုန်။ ထင်ရှားမဖြစ်ကုန် သေးဘဲပင် ထင်ရှားမဖြစ်တော့ကုန်။ ဤသို့ ဟိတ်အကြောင်းချုပ်ခြင်းကြောင့် ဒုက္ခချုပ်၏။ ဤသို့ မဂ္ဂဘာဝနာသည် ရှိ၏။ ဖိုလ်ကို မျက်မှောက်ပြုခြင်းသည် ရှိ၏။ ကိလေသာတို့ကို ပယ်ခြင်းသည် ရှိ၏။ တရားကို ထိုးထွင်း၍ သိခြင်းသည် ရှိ၏။

အဘိသမယကထာ ပြီး၏။

--

၄-ဝိဝေကကထာ

၂၂။ သာဝတ္တိနိဒါန်းတည်း။ ရဟန်းတို့ အလုံးစုံ ခွန်အားဖြင့် ပြုအပ်ကုန်သော အမှုတို့သည် (ရှိကုန်၏)။ ထိုခွန်အားဖြင့် ပြုအပ်သော အမှုအားလုံးတို့ကို မြေကိုမှီ၍ မြေ၌တည်ကာ ပြုအပ်ကုန်၏။

ဤသို့ ထိုခွန်အားဖြင့် ပြုအပ်ကုန်သော အမှုတို့ကို ပြုအပ်ကုန်သကဲ့သို့ ရဟန်းတို့ ဤအတူပင် ရဟန်း သည် သီလကိုမှီ၍ သီလ၌ တည်ကာ အင်္ဂါရှစ်ပါးရှိသော အရိယမဂ်ကို ပွါး၏။ အင်္ဂါရှစ်ပါးရှိသော အရိယမဂ်ကို ကြိမ်ဖန်များစွာ လေ့လာ၏။

ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် သီလကိုမှီ၍ သီလ၌တည်ကာ အင်္ဂါရှစ်ပါးရှိသော အရိယမဂ်ကို ပွါးသနည်း။ အင်္ဂါရှစ်ပါးရှိသော အရိယမဂ်ကို ကြိမ်ဖန်များစွာလေ့လာသနည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ကင်းဆိတ်ခြင်း ‘ဝိဝေက'ကို မှီသော တပ်စွန်းမှုကင်းခြင်း ‘ဝိရာဂ'ကို မှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ညွတ်သော သမ္မာဒိဋ္ဌိကို ပွါး၏။ သမ္မာသင်္ကပ္ပကို။ပ။ သမ္မာဝါစာ ကို။ သမ္မာကမ္မန္တကို။ သမ္မာအာဇီဝကို။ သမ္မာဝါယာမကို။ သမ္မာသတိကို။ ကင်းဆိတ်ခြင်း ‘ဝိဝေက'ကို မှီသော တပ်စွန်းမှုကင်းခြင်း ‘ဝိရာဂ'ကို မှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ညွတ်သော သမ္မာသမာဓိကို ပွါး၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် သီလကိုမှီ၍ သီလ၌တည်ကာ အင်္ဂါရှစ်ပါးရှိသော အရိယမဂ် ကို ပွါး၏။ အင်္ဂါရှစ်ပါးရှိသော အရိယမဂ်ကို ကြိမ်ဖန်များစွာ လေ့လာ၏။

၂၃။ ရဟန်းတို့ အလုံးစုံသော မျိုးစေ့အပေါင်း၊ အပင်အပေါင်းတို့သည် (ရှိကုန်၏)။ ထိုအားလုံး တို့သည် မြေကိုမှီ၍ မြေ၌တည်ကာ ကြီးပွါးခြင်း၊ စည်ပင်ခြင်း၊ ပြန့်ပြောခြင်းသို့ ရောက်ကုန်၏။ ဤသို့ ထိုမျိုးစေ့အပေါင်း၊ အပင်အပေါင်းတို့သည် ကြီးပွါးခြင်း၊ စည်ပင်ခြင်း၊ ပြန့်ပြောခြင်းသို့ ရောက်ကုန် သကဲ့သို့ ရဟန်းတို့ ဤအတူသာလျှင် ရဟန်းသည် သီလကိုမှီ၍ သီလ၌တည်ကာ အင်္ဂါရှစ်ပါးရှိသော အရိယမဂ်ကို ပွါးလျက် အင်္ဂါရှစ်ပါးရှိသော အရိယမဂ်ကို လေ့လာလျက် တရားတို့၌ ကြီးပွါးခြင်း၊ စည်ပင်ခြင်း၊ ပြန့်ပြောခြင်းသို့ ရောက်၏။

ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် သီလကိုမှီ၍ သီလ၌တည်ကာ အင်္ဂါရှစ်ပါးရှိသော အရိယ မဂ်ကို ပွါးလျက် အင်္ဂါရှစ်ပါးရှိသော အရိယမဂ်ကို လေ့လာလျက် တရားတို့၌ ကြီးပွါခြင်း၊ စည်ပင်ခြင်း၊ ပြန့်ပြောခြင်းသို့ ရောက်သနည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ကင်းဆိတ်ခြင်း ‘ဝိဝေက'ကို မှီသော တပ်စွန်းမှုကင်ခြင်း ‘ဝိရာဂ'ကို မှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သော သမ္မာဒိဋ္ဌိကို ပွါး၏။ သမ္မာသင်္ကပ္ပကို ပွါး၏။ပ။ သမ္မာဝါစာကို ပွါး၏။ သမ္မာကမ္မန္တကို ပွါး၏။ သမ္မာ အာဇီဝကို ပွါး၏။ သမ္မာဝါယာမကို ပွါး၏။ သမ္မာသတိကို ပွါး၏။ ကင်းဆိတ်ခြင်း ‘ဝိဝေက'ကို မှီသော တပ်စွန်းမှုကင်းခြင်း ‘ဝိရာဂ'ကို မှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သော သမ္မာသမာဓိကို ပွါး၏။

ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် သီလကို မှီ၍ သီလ၌တည်ကာ အင်္ဂါရှစ်ပါးရှိသော အရိယမဂ်ကို ပွါးလျက် အင်္ဂါရှစ်ပါးရှိသော အရိယမဂ်ကို လေ့လာလျက် တရားတို့၌ ကြီးပွါးခြင်း၊ စည်ပင်ခြင်း၊ ပြန့်ပြောခြင်းသို့ ရောက်၏။

--

၁-မဂ္ဂင် အကျယ်ပြခြင်း

၂၄။ သမ္မာဒိဋ္ဌိ၏ ကင်းဆိတ်ခြင်း ငါးပါး၊ တပ်စွန်းမှုကင်းခြင်း ငါးပါး၊ ချုပ်ခြင်းငါးပါး၊ စွန့်လွှတ်ခြင်း ငါးပါး၊ မှီရာ တစ်ဆယ့်နှစ်ပါးတို့သည် (ရှိကုန်၏)။ သမ္မာသင်္ကပ္ပ၏။ပ။ သမ္မာဝါစာ၏။ သမ္မာကမ္မန္တ၏။ သမ္မာအာဇီဝ၏။ သမ္မာဝါယာမ၏။ သမ္မာသတိ၏။ သမ္မာသမာဓိ၏ ကင်းဆိတ်ခြင်း ငါးပါး၊ တပ်စွန်းမှုကင်းခြင်း ငါးပါး၊ ချုပ်ခြင်း ငါးပါး၊ စွန့်လွှတ်ခြင်း ငါးပါး၊ မှီရာ တစ်ဆယ့်နှစ်ပါးတို့သည် (ရှိကုန်၏)။

သမ္မာဒိဋ္ဌိ၏ ကင်းဆိတ်ခြင်း ငါးပါးတို့သည် အဘယ်တို့နည်း။ ခွါသည့်အစွမ်းအားဖြင့် ကင်းဆိတ်ခြင်း၊ တဒင်္ဂအားဖြင့် ကင်းဆိတ်ခြင်း၊ ကောင်းစွာဖြတ်သောအားဖြင့် ကင်းဆိတ်ခြင်း၊ တစ်ဖန် ငြိမ်းသော အားဖြင့် ကင်းဆိတ်ခြင်း၊ ထွက်မြောက်သည့်အစွမ်းအားဖြင့် ကင်းဆိတ်ခြင်းတည်း။ ပဌမဈာန်ကို ပွါးသော သူအား နီဝရဏတို့ကို ခွါသည်၏ အစွမ်းအားဖြင့် ကင်းဆိတ်ခြင်းလည်းကောင်း၊ ဒိဋ္ဌိတို့ကို ဖောက်ခွဲခြင်း အဖို့ရှိသော သမာဓိကို ပွါးသောသူအား တဒင်္ဂအားဖြင့် ကင်းဆိတ်ခြင်းလည်းကောင်း၊ ကုန်ခြင်းသို့ရောက်ကြောင်း လောကုတ္တရာမဂ်ကို ပွါးသောသူအား ကောင်းစွာဖြတ်သောအားဖြင့် ကင်းဆိတ်ခြင်းလည်း ကောင်း၊ ဖိုလ်ခဏ၌ တစ်ဖန်ငြိမ်းသောအားဖြင့် ကင်းဆိတ်ခြင်းလည်းကောင်း၊ ချုပ်ရာ နိဗ္ဗာန်ဟူသော ထွက် မြောက်သည့် အစွမ်းအားဖြင့် ကင်းဆိတ်ခြင်းလည်းကောင်း၊ ဤသည်တို့သည် သမ္မာဒိဋ္ဌိ၏ ကင်းဆိတ်ခြင်း ငါးပါးတို့တည်း။ ဤကင်းဆိတ်ခြင်း ငါးပါးတို့၌ ဖြစ်သော အလိုဆန္ဒသည် ရှိ၏။ သဒ္ဓါဖြင့် ဆုံးဖြတ်၏။ ထိုသူ၏ စိတ်သည်လည်း ကောင်းစွာ တည်၏။

သမ္မာဒိဋ္ဌိ၏ တပ်စွန်းမှုကင်းခြင်း ငါးပါးတို့သည် အဘယ်တို့နည်း။ ခွါသည်၏ အစွမ်းအားဖြင့် တပ်စွန်းမှု ကင်းခြင်း၊ တဒင်္ဂအားဖြင့် တပ်စွန်းမှုကင်းခြင်း၊ ကောင်းစွာဖြတ်သောအားဖြင့် တပ်စွန်းမှု့ကင်းခြင်း၊ တစ်ဖန်ငြိမ်းသောအားဖြင့် တပ်စွန်းမှုကင်းခြင်း၊ ထွက်မြောက်သည့် အစွမ်းအားဖြင့် တပ်စွန်းမှု ကင်းခြင်းတည်း။ ပဌမဈာန်ကို ပွါးသောသူအား နီဝရဏတို့ကို ခွါသည်၏အစွမ်းအားဖြင့် တပ်စွန်းမှု ကင်းခြင်းလည်းကောင်း၊ ဒိဋ္ဌိတို့ကို ဖောက်ခွဲခြင်းအဖို့ရှိသော သမာဓိကိုပွါးသောသူအား တဒင်္ဂအားဖြင့် တပ်စွန်းမှုကင်းခြင်းလည်းကောင်း၊ ကုန်ခြင်းသို့ရောက်ကြောင်း လောကုတ္တရာမဂ်ကို ပွါးသော သူအား ကောင်းစွာ ဖြတ်သောအားဖြင့် တပ်စွန်းမှုကင်ခြင်းလည်းကောင်း၊ ဖိုလ်ခဏ၌ တစ်ဖန် ငြိမ်းသောအားဖြင့် တပ်စွန်းမှုကင်းခြင်းလည်းကောင်း၊ ချုပ်ရာ နိဗ္ဗာန်ဟူသော ထွက်မြောက်သောအားဖြင့် တပ်စွန်းမှုကင်းခြင်း လည်းကောင်း။ ဤသည်တို့သည် သမ္မာဒိဋ္ဌိ၏ တပ်စွန်းမှုကင်းခြင်း ငါးပါးတို့တည်း။ ဤတပ်စွန်းမှု ကင်းခြင်း ငါးပါးတို့၌ ဖြစ်သော အလိုဆန္ဒသည် ရှိ၏။ သဒ္ဓါဖြင့် ဆုံးဖြတ်၏။ ထိုသူ၏ စိတ်သည် ကောင်းစွာတည်၏။

သမ္မာဒိဋ္ဌိ၏ ချုပ်ခြင်းငါးပါးတို့သည် အဘယ်တို့နည်း။ ခွါသည်၏အစွမ်းအားဖြင့် ချုပ်ခြင်း၊ တဒင်္ဂအားဖြင့် ချုပ်ခြင်း၊ ကောင်းစွာဖြတ်သောအားဖြင့် ချုပ်ခြင်း၊ တစ်ဖန် ငြိမ်းသောအားဖြင့် ချုပ်ခြင်း၊ ထွက်မြောက်သည်၏ အစွမ်းအားဖြင့် ချုပ်ခြင်းတည်း။ ပဌမဈာန်ကို ပွါးသောသူအား နီဝရဏတို့ကို ခွါသည်၏ အစွမ်းအားဖြင့် ချုပ်ခြင်းလည်းကောင်း၊ ဒိဋ္ဌိတို့ကို ဖောက်ခွဲခြင်းအဖို့ရှိသော သမာဓိကို ပွါးသော သူအား တဒင်္ဂအားဖြင့် ချုပ်ခြင်းလည်းကောင်း၊ ကုန်ခြင်းသို့ရောက်ကြောင်း လောကုတ္တရာမဂ်ကို ပွါးသော သူအား ကောင်းစွာ ဖြတ်သောအားဖြင့် ချုပ်ခြင်းလည်းကောင်း၊ ဖိုလ်ခဏ၌ တစ်ဖန်ငြိမ်းသောအားဖြင့် ချုပ်ခြင်းလည်းကောင်း၊ အမတဓာတ်ဟူသော ထွက်မြောက်သည်၏ အစွမ်းအားဖြင့် ချုပ်ခြင်းလည်း ကောင်း။ ဤသည်တို့သည် သမ္မာဒိဋ္ဌိ၏ ချုပ်ခြင်း ငါးပါးတို့တည်း။ ဤချုပ်ခြင်း ငါးပါးတို့၌ ဖြစ်သော အလိုဆန္ဒသည် ရှိ၏။ သဒ္ဓါဖြင့် ဆုံးဖြတ်၏။ ထိုသူ၏ စိတ်သည် ကောင်းစွာ တည်၏။

--

သမ္မာဒိဋ္ဌိ၏ စွန့်လွှတ်ခြင်းငါးပါးတို့သည် အဘယ်တို့နည်း။ ခွါသည်၏အစွမ်းအားဖြင့် စွန့်လွှတ်ခြင်း၊ တဒင်္ဂအားဖြင့် စွန့်လွှတ်ခြင်း၊ ကောင်းစွာဖြတ်သောအားဖြင့် စွန့်လွှတ်ခြင်း၊ တစ်ဖန် ငြိမ်းသောအားဖြင့် စွန့်လွှတ်ခြင်း၊ ထွက်မြောက်သည်၏ အစွမ်းအားဖြင့် စွန့်လွှတ်ခြင်းတည်း။ ပဌမဈာန်ကို ပွါးသောသူအား နီဝရဏတို့ကို ခွါသည်၏ အစွမ်းအားဖြင့် စွန့်လွှတ်ခြင်းလည်းကောင်း၊ ဒိဋ္ဌိတို့ကို ဖောက်ခွဲခြင်း အဖို့ရှိ သော သမာဓိကို ပွါးသောသူအား တဒင်္ဂအားဖြင့် စွန့်လွှတ်ခြင်းလည်းကောင်း၊ ကုန်ခြင်းသို့ ရောက် ကြောင်း လောကုတ္တရာမဂ်ကို ပွါးသောသူအား ကောင်းစွာ ဖြတ်သောအားဖြင့် စွန့်လွှတ်ခြင်းလည်းကောင်း၊ ဖိုလ်ခဏ၌ တစ်ဖန်ငြိမ်းသောအားဖြင့် စွန့်လွှတ်ခြင်းလည်းကောင်း၊ ချုပ်ရာ နိဗ္ဗာန်ဟူသော ထွက်မြောက် သည်၏ အစွမ်းအားဖြင့် စွန့်လွှတ်ခြင်းလည်းကောင်း။ ဤသည်တို့သည် သမ္မာဒိဋ္ဌိ၏ စွန့်လွှတ်ခြင်း ငါးပါး တို့တည်း။ ဤစွန့်လွှတ်ခြင်း ငါးပါးတို့၌ ဖြစ်သော အလိုဆန္ဒသည် ရှိ၏။ သဒ္ဓါဖြင့် ဆုံးဖြတ်၏။ ထိုသူ၏ စိတ်သည် ကောင်းစွာတည်၏။ ဤသည်တို့သည် သမ္မာဒိဋ္ဌိ၏ ကင်းဆိတ်ခြင်းငါးပါး၊ တပ်စွန်းမှုကင်းခြင်း ငါးပါး၊ ချုပ်ခြင်းငါးပါး၊ စွန့်လွှတ်ခြင်း ငါးပါး၊ မှီရာတစ်ဆယ့်နှစ်ပါးတို့တည်း။

၂၅။ သမ္မာသင်္ကပ္ပ၏။ပ။ သမ္မာဝါစာ၏။ သမ္မာကမ္မန္တ၏။ သမ္မာအာဇီဝ၏။ သမ္မာဝါယာမ၏။ သမ္မာသတိ၏။ သမ္မာသမာဓိ၏ ကင်းဆိတ်ခြင်း ငါးပါးတို့သည် အဘယ်တို့နည်း။ ခွါသည်၏ အစွမ်း အားဖြင့် ကင်းဆိတ်ခြင်း၊ တဒင်္ဂအားဖြင့် ကင်းဆိတ်ခြင်း၊ ကောင်းစွာဖြတ်သောအားဖြင့် ကင်းဆိတ်ခြင်း၊ တစ်ဖန် ငြိမ်းသောအားဖြင့် ကင်းဆိတ်ခြင်း၊ ထွက်မြောက်သည်၏ အစွမ်းအားဖြင့် ကင်းဆိတ်ခြင်းတည်း။ ပဌမဈာန်ကို ပွါးသောသူအား နီဝရဏတို့ကို ခွါသည်၏ အစွမ်းအားဖြင့် ကင်းဆိတ်ခြင်းလည်းကောင်း၊ ဒိဋ္ဌိတို့ကို ဖောက်ခွဲခြင်း အဖို့ရှိသော သမာဓိကို ပွါးသောသူအား တဒင်္ဂအားဖြင့် ကင်းဆိတ်ခြင်းလည်း ကောင်း၊ ကုန်ခြင်းသို့ရောက်ကြောင်း လောကုတ္တရာမဂ်ကို ပွါးသောသူအား ကောင်းစွာဖြတ်သောအားဖြင့် ကင်းဆိတ်ခြင်း လည်ကောင်း၊ ဖိုလ်ခဏ၌ တစ်ဖန် ငြိမ်းသောအားဖြင့် ကင်းဆိတ်ခြင်း လည်ကောင်း၊ ချုပ်ရာ နိဗ္ဗာန်ဟူသော ထွက်မြောက်သည်၏ အစွမ်းအားဖြင့် ကင်းဆိတ်ခြင်းလည်းကောင်း။ ဤသည်တို့ သည် သမ္မာသမာဓိ၏ ကင်းဆိတ်ခြင်း ငါးပါးတို့တည်း။ ဤကင်းဆိတ်ခြင်း ငါးပါးတို့၌ ဖြစ်သော အလို ဆန္ဒသည် ရှိ၏။ သဒ္ဓါဖြင့် ဆုံးဖြတ်၏။ ထိုသူ၏စိတ်သည် ကောင်းစွာတည်၏။

သမ္မာသမာဓိ၏ တပ်စွန်းမှုကင်းခြင်းငါးပါးတို့သည် အဘယ်တို့နည်း။ ခွါသည်၏ အစွမ်းအားဖြင့် တပ်စွန်းမှု ကင်းခြင်း၊ တဒင်္ဂအားဖြင့် တပ်စွန်းမှုကင်းခြင်း၊ ကောင်းစွာ ဖြတ်သောအားဖြင့် တပ်စွန်းမှု ကင်းခြင်း၊ တစ်ဖန် ငြိမ်းသောအားဖြင့် တပ်စွန်းမှုကင်းခြင်း၊ ထွက်မြောက်သည်၏ အစွမ်းအားဖြင့် တပ်စွန်းမှုကင်းခြင်းတည်း။ ပဌမဈာန်ကို ပွါးသောသူအား နီဝရဏတို့ကို ခွါသည်၏ အစွမ်းအားဖြင့် တပ်စွန်းမှု ကင်းခြင်း လည်းကောင်း၊ ဒိဋ္ဌိတို့ကို ဖောက်ခွဲခြင်းအဖို့ရှိသော သမာဓိကို ပွါးသောသူအား တဒင်္ဂအားဖြင့် တပ်စွန်းမှုကင်းခြင်းလည်းကောင်း၊ ကုန်ခြင်းသို့ရောက်ကြောင်း လောကုတ္တရာမဂ်ကို ပွါး သောသူအား ကောင်းစွာ ဖြတ်သောအားဖြင့် တပ်စွန်းမှု ကင်းခြင်းလည်းကောင်း၊ ဖိုလ်ခဏ၌ တစ်ဖန်ငြိမ်း သောအားဖြင့် တပ်စွန်းမှုကင်းခြင်းလည်းကောင်း၊ ချုပ်ရာ နိဗ္ဗာန်ဟူသော ထွက်မြောက်သည်၏ အစွမ်း အားဖြင့် တပ်စွန်းမှုကင်းခြင်းလည်းကောင်း၊ ဤသည်တို့သည် သမ္မာသမာဓိ၏ တပ်စွန်းမှုကင်းခြင်း ငါးပါး တို့တည်း။ ဤတပ်စွန်းမှုကင်းခြင်း ငါးပါးတို့၌ ဖြစ်သော အလိုဆန္ဒသည် ရှိ၏။ သဒ္ဓါဖြင့် ဆုံးဖြတ်၏။ ထိုသူ၏ စိတ်သည် ကောင်းစွာတည်၏။

သမ္မာသမာဓိ၏ ချုပ်ခြင်းငါးပါးတို့သည် အဘယ်တို့နည်း။ ခွါသည်၏အစွမ်းအားဖြင့် ချုပ်ခြင်း၊ တဒင်္ဂအားဖြင့် ချုပ်ခြင်း၊ ကောင်းစွာဖြတ်သောအားဖြင့် ချုပ်ခြင်း၊ တစ်ဖန် ငြိမ်းသောအားဖြင့် ချုပ်ခြင်း၊ ထွက်မြောက်သည်၏ အစွမ်းအားဖြင့် ချုပ်ခြင်းတည်း။ ပဌမဈာန်ကို ပွါးသောသူအား နီဝရဏတို့ကို ခွါ သည်၏ အစွမ်းအားဖြင့် ချုပ်ခြင်းလည်းကောင်း၊ ဒိဋ္ဌိတို့ကိုဖောက်ခွဲခြင်း အဖို့ရှိသော သမာဓိကို ပွါးသော သူအား တဒင်္ဂအားဖြင့် ချုပ်ခြင်းလည်းကောင်း၊ ကုန်ခြင်းသို့ရောက်ကြောင်း လောကုတ္တရာမဂ်ကို ပွါးသော သူအား ကောင်းစွာဖြတ်သောအားဖြင့် ချုပ်ခြင်းလည်းကောင်း၊ ဖိုလ်ခဏ၌ တစ်ဖန်ငြိမ်းသောအားဖြင့် ချုပ်ခြင်းလည်းကောင်း၊ အမတဓာတ်ဟူသော ထွက်မြောက်သည်၏ အစွမ်းအားဖြင့် ချုပ်ခြင်းလည်း ကောင်း။ ဤသည်တို့သည် သမ္မာသမာဓိ၏ ချုပ်ခြင်း ငါးပါးတို့တည်း။ ဤချုပ်ခြင်း ငါးပါးတို့၌ ဖြစ်သော အလိုဆန္ဒသည် ရှိ၏။ သဒ္ဓါဖြင့် ဆုံးဖြတ်၏။ ထိုသူ၏ စိတ်သည် ကောင်းစွာ တည်၏။

--

သမ္မာသမာဓိ၏ စွန့်လွှတ်ခြင်း ငါးပါးတို့သည် အဘယ်တို့နည်း။ ခွါသည်၏အစွမ်းအားဖြင့် စွန့် လွှတ်ခြင်း၊ တဒင်္ဂအားဖြင့် စွန့်လွှတ်ခြင်း၊ ကောင်းစွာ ဖြတ်သောအားဖြင့် စွန့်လွှတ်ခြင်း၊ တစ်ဖန် ငြိမ်း သောအားဖြင့် စွန့်လွှတ်ခြင်း၊ ထွက်မြောက်သည်၏ အစွမ်းအားဖြင့် စွန့်လွှတ်ခြင်းတည်း။ ပဌမဈာန်ကို ပွါးသောသူအား နီဝရဏတို့ကို ခွါသည်၏အစွမ်းဖြင့် စွန့်လွှတ်ခြင်းလည်းကောင်း၊ ဒိဋ္ဌိတို့ကို ဖောက်ခွဲခြင်း အဖို့ရှိသော သမာဓိကို ပွါးသောသူအား တဒင်္ဂအားဖြင့် စွန့်လွှတ်ခြင်းလည်းကောင်း၊ ကုန်ခြင်းသို့ ရောက် ကြောင်း လောကုတ္တရာမဂ်ကို ပွါးသောသူအား ကောင်းစွာဖြတ်သောအားဖြင့် စွန့်လွှတ်ခြင်းလည်းကောင်း၊ ဖိုလ်ခဏ၌ တစ်ဖန်ငြိမ်းသောအားဖြင့် စွန့်လွှတ်ခြင်းလည်းကောင်း၊ ချုပ်ရာ နိဗ္ဗာန်ဟူသော ထွက်မြောက် သည်၏အစွမ်းဖြင့် စွန့်လွှတ်ခြင်းလည်းကောင်း။ ဤသည်တို့သည် သမ္မာသမာဓိ၏ စွန့်လွှတ်ခြင်း ငါးပါး တို့တည်း။ ဤစွန့်လွှတ်ခြင်း ငါးပါးတို့ ၌ဖြစ်သော အလိုဆန္ဒသည် ရှိ၏။ သဒ္ဓါဖြင့် ဆုံးဖြတ်၏။ ထိုသူ၏ စိတ်သည် ကောင်းစွာတည်၏။ ဤသည်တို့သည် သမ္မာသမာဓိ၏ ကင်းဆိတ်ခြင်းငါးပါ၊ တပ်စွန်းမှု ကင်းခြင်းငါးပါး၊ ချုပ်ခြင်းငါးပါး၊ စွန့်လွှတ်ခြင်းငါးပါး၊ မှီရာတစ်ဆယ့်နှစ်ပါးတို့တည်း။

၂၆။ ရဟန်းတို့ အလုံးစုံ ခွန်အားဖြင့် ပြုသင့်ကုန်သော အမှုတို့သည် (ရှိကုန်၏)။ ထိုအားလုံး တို့ကို မြေကိုမှီ၍ မြေ၌တည်ကာ ပြုအပ်ကုန်၏။ ဤသို့ ထိုခွန်အားဖြင့် ပြုသင့်ကုန်သော အမှုတို့ကို ပြုအပ်ကုန်သကဲ့သို့ ရဟန်းတို့ ဤအတူပင် ရဟန်းသည် သီလကိုမှီ၍ သီလ၌တည်ကာ ဗောဇ္ဈင်ခုနုစ်ပါး တို့ကို ပွါး၏။ ဗောဇ္ဈင်ခုနုစ်ပါးတို့ကို လေ့လာ၏။ပ။ ဗောဇ္ဈင်ခုနုစ်ပါးတို့ကို ပွါးလျက် ဗောဇ္ဈင် ခုနုစ်ပါး တို့ကို လေ့လာလျက် တရားတို့၌ ကြီးပွားခြင်း၊ စည်ပင်ခြင်း၊ ပြန့်ပြောခြင်းသို့ ရောက်၏။ပ။ ဗိုလ် ငါးပါးတို့ကို ပွါး၏။ ဗိုလ်ငါးပါးတို့ကို လေ့လာ၏။ပ။ ဗိုလ်ငါးပါးတို့ကို ပွါးလျက် ဗိုလ်ငါးပါးတို့ကို လေ့လာလျက် တရားတို့၌ ကြီးပွါးခြင်း၊ စည်ပင်ခြင်း၊ ပြန့်ပြောခြင်းသို့ ရောက်၏။ပ။ ဣန္ဒြေငါးပါးတို့ ကို ပွါး၏။ ဣန္ဒြေငါးပါးတို့ကို လေ့လာ၏။ပ။

ရဟန်းတို့ အလုံးစုံသော မျိုးစေ့အပေါင်း၊ အပင်အပေါင်းတို့သည် (ရှိကုန်၏)။ ထိုအားလုံးတို့ သည် မြေကိုမှီ၍ မြေ၌တည်ကာ ကြီးပွါးခြင်း၊ စည်ပင်ခြင်း၊ ပြန့်ပြောခြင်းသို့ ရောက်ကုန်၏။ ဤသို့ ထို မျိုး စေ့အပေါင်း အပင်အပေါင်းတို့သည် ကြီးပွါးခြင်း၊ စည်ပင်ခြင်း၊ ပြန့်ပြောခြင်းသို့ ရောက်ကုန်သကဲ့ သို့ ရဟန်းတို့ ဤအတူသာလျှင် ရဟန်းသည် သီလကိုမှီ၍ သီလ၌တည်ကာ ဣန္ဒြေ ငါးပါးတို့ကိုပွါးလျက် ဣန္ဒြေငါးပါတို့ကို လေ့လာလျက် တရားတို့၌ ကြီးပွါးခြင်း၊ စည်ပင်ခြင်း၊ ပြန့်ပြောခြင်းသို့ ရောက်၏။

ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် သီလကိုမှီ၍ သီလ၌ တည်ကာ ဣန္ဒြေငါးပါးတို့ကို ပွါးလျက် ဣန္ဒြေငါးပါးတို့ကို လေ့လာလျက် တရားတို့၌ ကြီးပွါးခြင်း၊ စည်ပင်ခြင်း၊ ပြန့်ပြောခြင်းသို့ ရောက်သနည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ကင်းဆိတ်ခြင်းကို မှီသော တပ်စွန်းမှု ကင်းခြင်းကို မှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ညွတ်သော သဒ္ဓိန္ဒြေကို ပွါး၏။ ဝီရိယိန္ဒြေကို ပွါး၏။ပ။ သတိန္ဒြေကို ပွါး၏။ပ။ သမာဓိန္ဒြေကို ပွါး၏။ပ။ ကင်းဆိတ်ခြင်းကို မှီသော တပ်စွန်းမှုကင်းခြင်းကို မှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သော ပညိန္ဒြေကို ပွါး၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် သီလကိုမှီ၍။ပ။ တရားတို့၌ (ကြီးပွါး၊ စည်ပင်၊ ပြန့်ပြောခြင်းသို့) ရောက်၏။

မဂ္ဂင် အကျယ်ပြခြင်း ပြီး၏။

--

၂-ဣန္ဒြိယ အကျယ်ပြခြင်း

၂၇။ သဒ္ဓိန္ဒြေ၏ ကင်းဆိတ်ခြင်း ငါးပါး၊ တပ်စွန်းမှုကင်းခြင်း ငါးပါး၊ ချုပ်ခြင်း ငါးပါး၊ စွန့် လွှတ်ခြင်း ငါးပါး၊ မှီရာ တစ်ဆယ့်နှစ်ပါးတို့သည် ရှိကုန်၏။ ဝီရိယိန္ဒြေ၏။ပ။ သတိန္ဒြေ၏။ပ။ သမာဓိန္ဒြေ၏။ပ။ ပညိန္ဒြေ၏ ကင်းဆိတ်ခြင်း ငါးပါး၊ တပ်စွန်းမှုကင်းခြင်း ငါးပါး၊ ချုပ်ခြင်း ငါးပါး၊ စွန့်လွှတ်ခြင်း ငါးပါး၊ မှီရာတစ်ဆယ့်နှစ်ပါးတို့သည် ရှိကုန်၏။

သဒ္ဓိန္ဒြေ၏ ကင်းဆိတ်ခြင်းငါးပါးတို့သည် အဘယ်တို့နည်း။ ခွါသည်၏ အစွမ်းအားဖြင့် ကင်းဆိတ်ခြင်း၊ တဒင်္ဂအားဖြင့် ကင်းဆိတ်ခြင်း၊ ကောင်းစွာဖြတ်သောအားဖြင့် ကင်းဆိတ်ခြင်း၊ တစ်ဖန်ငြိမ်းသော အားဖြင့် ကင်းဆိတ်ခြင်း၊ ထွက်မြောက်သည်၏ အစွမ်းအားဖြင့် ကင်းဆိတ်ခြင်းတည်း။ ပဌမဈာန်ကို ပွါးသောသူအား နီဝရဏတို့ကို ခွါသည်၏ အစွမ်းအားဖြင့် ကင်းဆိတ်ခြင်းလည်းကောင်း၊ ဒိဋ္ဌိတို့ကို ဖောက်ခွဲခြင်းအဖို့ရှိသော သမာဓိကို ပွါးသောသူအား တဒင်္ဂအားဖြင့် ကင်းဆိတ်ခြင်းလည်းကောင်း၊ ကုန်ခြင်းသို့ရောက်ကြောင်း လောကုတ္တရာမဂ်ကို ပွါးသောသူအား ကောင်းစွာ ဖြတ်သောအားဖြင့် ကင်းဆိတ်ခြင်းလည်းကောင်း၊ ဖိုလ်ခဏ၌ တစ်ဖန်ငြိမ်းသောအားဖြင့် ကင်းဆိတ်ခြင်းလည်းကောင်း၊ ချုပ်ရာ နိဗ္ဗာန်ဟူ သော ထွက်မြောက်သောအားဖြင့် ကင်းဆိတ်ခြင်းလည်းကောင်း။ ဤသည်တို့သည် သဒ္ဓိန္ဒြေ၏ ကင်းဆိတ်ခြင်းငါးပါးတို့တည်း။ ဤကင်းဆိတ်ခြင်း ငါးပါးတို့၌ ဖြစ်သော အလိုဆန္ဒသည် ရှိ၏။ သဒ္ဓါဖြင့် ဆုံးဖြတ်၏။ ထိုသူ၏ စိတ်သည် ကောင်းစွာ တည်၏။ပ။ ဤသည်တို့သည် သဒ္ဓိန္ဒြေ၏ ကင်းဆိတ်ခြင်း ငါးပါး၊ တပ်စွန်းမှုကင်းခြင်း ငါးပါး၊ ချုပ်ခြင်း ငါးပါး၊ စွန့်လွှတ်ခြင်း ငါးပါး၊ မှီရာ တစ်ဆယ့်နှစ်ပါးတို့တည်း။ ဝီရိယိန္ဒြေ၏။ပ။ သတိန္ဒြေ၏။ပ။ သမာဓိန္ဒြေ၏။ပ။ ပညိန္ဒြေ၏ ကင်းဆိတ်ခြင်း ငါးပါးတို့သည် အဘယ် တို့နည်း။ ခွါသည်၏ အစွမ်းအားဖြင့် ကင်းဆိတ်ခြင်း၊ တဒင်္ဂအားဖြင့် ကင်းဆိတ်ခြင်း၊ ကောင်းစွာဖြတ့်သောအားဖြင့် ကင်းဆိတ်ခြင်း၊ တစ်ဖန် ငြိမ်းသောအားဖြင့် ကင်းဆိတ်ခြင်း၊ ထွက်မြောက်သည်၏ အစွမ်း အားဖြင့် ကင်းဆိတ်ခြင်းတည်း။ပ။ ဤသည်တို့သည် ပညိန္ဒြေ၏ ကင်းဆိတ်ခြင်းငါးပါး၊ တပ်စွန်းမှု ကင်းခြင်းငါးပါး၊ ချုပ်ခြင်းငါးပါး၊ စွန့်လွှတ်ခြင်းငါးပါး၊ မှီရာ တစ်ဆယ့်နှစ်ပါးတို့တည်း။

ဝိဝေကကထာ အကျယ်ပြခြင်း ပြီး၏။

--

၅-စရိယာကထာ

၂၈။ ဖြစ်ခြင်း ‘စရိယာ’ဟူရာ၌ ဣရိယာပုထ်ဖြစ်ခြင်း၊ အာယတနဖြစ်ခြင်း၊ သတိဖြစ်ခြင်း၊ သမာဓိ ဖြစ်ခြင်း၊ ဉာဏ်ဖြစ်ခြင်း၊ မဂ်ဖြစ်ခြင်း၊ ဖိုလ်ဖြစ်ခြင်း၊ လောကအကျိုးဖြစ်ခြင်းဟူ၍ ဖြစ်ခြင်း ‘စရိယာ'တို့ သည် ရှစ်ပါးတို့တည်း။

ဣရိယာပုထ်ဖြစ်ခြင်းဟူသည် ဣရိယာပုထ်လေးပါးတို့၌ (ဖြစ်ခြင်းတည်း)။ အာယတနဖြစ်ခြင်းဟူသည် အတွင်းအပ အာယတနခြောက်ပါးတို့၌ ဖြစ်ခြင်းတည်း။ သတိဖြစ်ခြင်းဟူသည် သတိပဋ္ဌာန် လေးပါးတို့၌ ဖြစ်ခြင်းတည်း။ သမာဓိဖြစ်ခြင်းဟူသည် ဈာန်လေးပါးတို့၌ ဖြစ်ခြင်းတည်း။ ဉာဏ် ဖြစ်ခြင်းဟူသည် အရိယသစ္စာလေးပါးတို့၌ ဖြစ်ခြင်းတည်း။ မဂ်ဖြစ်ခြင်းဟူသည် အရိယမဂ်လေးပါး တို့၌ ဖြစ်ခြင်းတည်း။ ဖိုလ်ဖြစ်ခြင်းဟူသည် သာမညဖိုလ်လေးပါးတို့၌ ဖြစ်ခြင်းတည်း။ လောက အကျိုးဖြစ်ခြင်းဟူသည် (ကိလေသာ) ရန်သူကို သတ်တော်မူလျက် (တရားအားလုံးကို) မဖောက်မပြန် အလိုလို ကိုယ်တိုင် သိတော်မူသော မြတ်စွာဘုရားတို့၌ ဖြစ်ခြင်းတည်း။ တစ်စိတ်တစ်ဒေသ ပစ္စေကဗုဒ္ဓါ တို့၌ ဖြစ်ခြင်း၊ တစ်စိတ်တစ်ဒေသ တပည့်သာဝကတို့၌ (ဖြစ်ခြင်းတည်း)။

ဣရိယာပုထ်ဖြစ်ခြင်းသည်လည်း ဆုတောင်းခြင်းနှင့် ပြည့်စုံသူတို့အား ဖြစ်၏။ အာယတနဖြစ်ခြင်း သည်လည်း ဣန္ဒြေတို့၌ လုံခြုံသော တံခါးရှိသူတို့အား ဖြစ်၏။ သတိဖြစ်ခြင်းသည်လည်း မေ့လျော့ခြင်း မရှိဘဲ နေလေ့ရှိသူတို့အား ဖြစ်၏။ သမာဓိဖြစ်ခြင်းသည်လည်း လွန်သောစိတ်ကို အားထုတ်သူတို့အား ဖြစ်၏။ ဉာဏ်ဖြစ်ခြင်းသည်လည်း အသိဉာဏ်နှင့် ပြည့်စုံသူတို့အား ဖြစ်၏။ မဂ်ဖြစ်ခြင်းသည်လည်း ကောင်းစွာကျင့်သူတို့အား ဖြစ်၏။ ဖိုလ်ဖြစ်ခြင်းသည်လည်း ဖိုလ်ရပြီးသူတို့အား ဖြစ်၏။ လောက အကျိုးဖြစ်ခြင်းသည် (ကိလေသာ) ရန်သူကို သတ်လျက် (တရားအားလုံးကို) မဖောက်မပြန် အလိုလို ကိုယ်တိုင် သိတော်မူသော မြတ်စွာဘုရားတို့အား ဖြစ်၏။ တစ်စိတ်တစ်ဒေသ ပစ္စေကဗုဒ္ဓါတို့အား ဖြစ်၏။ တစ်စိတ်တစ်ဒေသ တပည့်သာဝကတို့အား ဖြစ်၏။ ဤသည်တို့ကား ဖြစ်ခြင်း ‘စရိယာ’ ရှစ်ပါးတို့တည်း။

၂၉။ တစ်ပါးသော ဖြစ်ခြင်း ‘စရိယာ’ ရှစ်ပါးတို့သည် ရှိကုန်၏။ ဆုံးဖြတ်သူသည် သဒ္ဓါဖြင့် ဖြစ်၏။ အားထုတ်သူသည် ဝီရိယဖြင့် ဖြစ်၏။ ထင်သော သူသည် သတိဖြင့် ဖြစ်၏။ မပျံ့လွင့်ခြင်းကို ပြုသူသည် သမာဓိဖြင့် ဖြစ်၏။ ခွဲခြား၍သိသူသည် ပညာဖြင့် ဖြစ်၏။ အထူးသိသူသည် ဝိညာဉ်ဖြစ်ခြင်း ဖြင့် ဖြစ်၏။ ဤသို့ ကျင့်သူအား ကုသိုလ်တရားတို့သည် လွန်စွာ ပွါးကုန်၏။ ထို့ကြောင့် အာယတန ဖြစ်ခြင်းဖြင့် ဖြစ်၏။ ဤသို့ ကျင့်သူသည် အထူးကို ရ၏။ ထို့ကြောင့် အထူးဖြစ်ခြင်းဖြင့် ဖြစ်၏။ ဤ သည်တို့ကား ဖြစ်ခြင်း ‘စရိယာ'ရှစ်ပါးတို့တည်း။

တစ်ပါးသော ဖြစ်ခြင်း ‘စရိယာ'ရှစ်ပါးတို့သည် ရှိကုန်၏။ သမ္မာဒိဋ္ဌိ၏ နိဗ္ဗာန်ကို မြင်သောအားဖြင့် ဖြစ်ခြင်းလည်းကောင်း၊ သမ္မသင်္ကပ္ပ၏ ရှေးရှုတင်သောအားဖြင့် ဖြစ်ခြင်းလည်းကောင်း၊ သမ္မာဝါစာ၏ သိမ်းဆည်းသောအားဖြင့် ဖြစ်ခြင်းလည်းကောင်း၊ သမ္မာကမ္မန္တ၏ ကောင်းစွာ ဖြစ်စေသောအားဖြင့် ဖြစ်ခြင်းလည်းကောင်း၊ သမ္မာအာဇီဝ၏ ဖြူစင်သောအားဖြင့် ဖြစ်ခြင်းလည်းကောင်း၊ သမ္မာဝါယာမ၏ အားထုတ်သောအားဖြင့် ဖြစ်ခြင်းလည်းကောင်း၊ သမ္မာသတိ၏ ထင်သောအားဖြင့် ဖြစ်ခြင်းလည်းကောင်း၊ သမ္မာသမာဓိ၏ မပျံ့လွင့်သောအားဖြင့် ဖြစ်ခြင်းလည်းကောင်း။ ဤသည်တို့ကား ဖြစ်ခြင်း ရှစ်ပါးတို့တည်း။

စရိယာကထာ ပြီး၏။

--

၆-ပါဋိဟာရိယကထာ

၃၀။ ရဟန်းတို့ ဤသုံးပါးတို့သည် ပါဋိဟာရိယတို့တည်း။ အဘယ်သုံးပါးတို့နည်း။ ဣဒ္ဓိ ပါဋိဟာရိယ၊ အာဒေသနာပါဋိဟာရိယ၊ အနုသာသနီပါဋိဟာရိယတို့တည်း။

ရဟန်းတို့ ဣဒ္ဓိပါဋိဟာရိယသည် အဘယ်နည်း။ ရဟန်းတို့ ဤလောက၌ အချို့သူသည် တစ်ပါးမက များသောအပြားရှိသော တန်ခိုးအစုကို ဖြစ်စေ၏။ တစ်ဦးတည်းဖြစ်လျက်လည်း အများ အပြား ဖြစ်သွား၏။ အများအပြားဖြစ်လျက်လည်း တစ်ဦးတည်း ဖြစ်လာ၏။ ကိုယ်ထင်ရှားဖြစ်စေ၏။ ကိုယ်ပျောက်စေ၏။ပ။ ဗြဟ္မာ့ပြည်တိုင်အောင်လည်း ကိုယ်ကို (မိမိ) အလိုအတိုင်း ဖြစ်စေ၏။ ရဟန်းတို့ ဤသည်ကို “ဣဒ္ဓိပါဋိဟာရိယ’ဟူ၍ခေါ်ဆိုအပ်၏။ (၁)

ရဟန်းတို့ အာဒေသနာပါဋိဟာရိယသည် အဘယ်နည်း။ ရဟန်းတို့ ဤလောက၌ အချို့သူသည် “သင့်စိတ်သည် ဤသို့လည်း ဖြစ်၏၊ သင့်စိတ်သည် ဤအခြင်းအရာအားဖြင့်လည်း ဖြစ်၏၊ သင့်စိတ်သည် ဤသို့လည်း ဖြစ်၏”ဟု နိမိတ်အားဖြင့် ညွှန်းဆို၏။ ထိုသူသည် အများအပြားကို အကယ်၍ ညွှန်း ဆိုစေကာမူ၊ ထိုညွှန်းဆိုခြင်းသည် ထိုအတိုင်းပင် ဖြစ်၏။ တစ်ပါးသော အခြင်းအရာအားဖြင့် မဖြစ်။

ရဟန်းတို့ ဤလောက၌ အချို့သူသည် နိမိတ်အားဖြင့် မညွှန်းဆို။ စင်စစ်သော်ကား လူတို့၏ လည်းကောင်း၊ ဘီလူးတို့၏လည်းကောင်း၊ နတ်တို့၏လည်းကောင်း အသံကို ကြား၍ “သင့်စိတ်သည် ဤသို့လည်း ဖြစ်၏၊ သင့်စိတ်သည် ဤအခြင်းအရာအားဖြင့်လည်း ဖြစ်၏။ သင့်စိတ်သည် ဤသို့လည်း ဖြစ်၏”ဟု ညွှန်းဆို၏။ ထိုသူသည် အများအပြားကို အကယ်၍ ညွှန်းဆိုစေကာမူ၊ ထိုညွှန်းဆိုခြင်းသည် ထိုအတိုင်းပင် ဖြစ်၏။ တစ်ပါးသော အခြင်းအရာအားဖြင့် မဖြစ်။

ရဟန်းတို့ ဤလောက၌ အချို့သူသည် နိမိတ်အားဖြင့်လည်း မညွှန်းဆို။ လူတို့၏လည်းကောင်း၊ ဘီလူးတို့၏လည်းကောင်း၊ နတ်တို့၏လည်းကောင်း အသံကို ကြား၍လည်း မညွန်းဆို။ စင်စစ်သော်ကား ကြံစည်သူ စဉ်းစားသူ၏ ကြံစည်ခြင်းဖြင့် ပျံ့နှံ့သော အသံကို ကြား၍ “သင့်စိတ်သည် ဤသို့လည်း ဖြစ်၏။ သင့်စိတ်သည် ဤအခြင်းအရာအားဖြင့်လည်း ဖြစ်၏။ သင့်စိတ်သည် ဤသို့လည်း ဖြစ်၏”ဟု ညွှန်းဆို၏။ ထိုသူသည် အများအပြားကို အကယ်၍ ညွှန်းဆိုစေကာမူ၊ ထိုညွှန်းဆိုခြင်းသည် ထိုအတိုင်း ပင်ဖြစ်၏။ တစ်ပါးသော အခြင်းအရာအားဖြင့် မဖြစ်။

ရဟန်းတို့ ဤလောက၌ အချို့သူသည် နိမိတ်အားဖြင့်လည်း မညွှန်းဆို။ လူတို့၏လည်းကောင်း၊ ဘီလူးတို့၏လည်းကောင်း၊ နတ်တို့၏လည်းကောင်း အသံကို ကြား၍လည်း မညွှန်းဆို။ ကြံစည်သူ စဉ်းစားသူ၏ ကြံစည်ခြင်းဖြင့် ပျံ့နှံ့သောအသံကို ကြား၍လည်း မညွန်းဆို။ စင်စစ်သော်ကား ကြံစည်ခြင်း ‘ဝိတက်'လည်း မရှိ, စဉ်းစားခြင်း ‘ဝိစာရ'လည်း မရှိသော သမာဓိကို ဝင်စားသူ၏ (သူတစ်ပါး) စိတ်ကို မိမိစိတ်ဖြင့် ပိုင်းခြား၍ “အကြင် အခြင်အရာအားဖြင့် ဤအသျှင်သည် စိတ်ဟူသောသင်္ခါရတို့ကို ဆောက် တည်ထားအပ်ကုန်၏၊ ထိုအခြင်းအရာအားဖြင့် ဤစိတ်၏ အခြားမဲ့၌ ဤမည်သော အကြံအစည်ကို ကြံစည်လတ္တံ့”ဟု သိ၏။ ထိုသူသည် အများအပြားကို အကယ်၍ ညွှန်းဆိုစေကာမူ၊ ထိုညွှန်းဆိုခြင်းသည် ထိုအတိုင်းပင် ဖြစ်၏။ တစ်ပါးသော အခြင်းအရာအားဖြင့် မဖြစ်။ ရဟန်းတို့ ဤသည်ကို “အာဒေသနာ ပါဋိဟာရိယ”ဟူ၍ခေါ်ဆိုအပ်၏။ (၂)

--

ရဟန်းတို့ အနုသာသနီပါဋိဟာရိယသည် အဘယ်နည်း။ ရဟန်းတို့ ဤလောက၌ အချို့သူသည် “ဤသို့ ကြံစည်ကြကုန်လော့၊ ဤသို့ မကြံစည်ကြကုန်လင့်၊ ဤသို့နှလုံးသွင်းကြကုန်လော့၊ ဤသို့နှလုံးမသွင်းကြကုန်လင့်၊ ဤရာဂစသည်ကို ပယ်စွန့်ကြကုန်လော့၊ ဤလောကုတ္တရာတရားကို ပြည့်စုံစေ၍့နေကြကုန်လော့”ဟု ဤသို့ ဆုံးမ၏။ ရဟန်းတို့ ဤသည်ကို “အနုသာသနီပါဋိဟာရိယ”ဟူ၍ခေါ်ဆိုအပ်၏။ ရဟန်းတို့ ဤသည်တို့ကား ပါဋိဟာရိယသုံးပါးတို့တည်း။ (၃)

၃၁။ နေက္ခမ္မသည် ပြည့်စုံသောကြောင့် ဣဒ္ဓိတည်း။ ကာမစ္ဆန္ဒကို ပယ်ရှားတတ်သောကြောင့် ပါဋိဟာရိယတည်း။ အကြင်သူတို့သည် ထိုနေက္ခမ္မနှင့် ပြည့်စုံကုန်၏။ ထိုသူအားလုံးတို့သည် အထူး စင်ကြယ်သော စိတ်ရှိကုန်၏။ မနောက်ကျုသော အကြံအစည် ရှိကုန်၏။ ဤသို့ ညွှန်းဆိုခြင်းသည် အာဒေသနာပါဋိဟာရိယတည်း။ “ထိုနေက္ခမ္မကိုပင် ဤသို့ အစ၌ မှီဝဲအပ်၏၊ ဤသို့ ပွါးအပ်၏၊ ဤသို့ လေ့လာအပ်၏၊ ဤသို့ နေက္ခမ္မအားလျော်သော သတိကို ထင်စေအပ်၏”။ ဤသို့ (ဆုံးမခြင်းသည်) အနုသာသနီပါဋိဟာရိယတည်း။ (၁)

အဗျာပါဒသည် ပြည့်စုံသောကြောင့် ဣဒ္ဓိတည်း။ ဗျာပါဒကို ပယ်ရှားတတ်သောကြောင့် ပါဋိဟာရိယတည်း။ အကြင်သူတို့သည် ထိုအဗျာပါဒနှင့် ပြည့်စုံကုန်၏။ ထိုသူအားလုံးတို့သည် အထူးစင်ကြယ် သောစိတ်ရှိကုန်၏။ မနောက်ကျုသော အကြံအစည်ရှိကုန်၏။ ဤသို့ (ညွှန်းဆိုခြင်းသည်) အာဒေသနာ ပါဋိဟာရိယတည်း။ “ထိုအဗျာပါဒကိုပင် ဤသို့ အစ၌ မှီဝဲအပ်၏၊ ဤသို့ ပွါးအပ်၏၊ ဤသို့ လေ့လာအပ်၏၊ ဤသို့ အဗျာပါဒအားလျော်သော သတိကို ထင်စေအပ်၏”။ ဤသို့ (ဆုံးမခြင်းသည်) အနု သာသနီပါဋိဟာရိယတည်း။ (၂)

အာလောကသညာသည် ပြည့်စုံသောကြောင့် ဣဒ္ဓိတည်း။ ထိန မိဒ္ဓကို ပယ်ရှားတတ်သောကြောင့် ပါဋိဟာရိယတည်း။ အကြင်သူတို့သည် ထိုအာလောကသညာနှင့် ပြည့်စုံကုန်၏။ ထိုသူအားလုံးတို့သည် အထူး စင်ကြယ်သော စိတ်ရှိကုန်၏။ မနောက်ကျုသော အကြံအစည်ရှိကုန်၏။ ဤသို့ (ညွှန်းဆိုခြင်း သည်) အာဒေသနာပါဋိဟာရိယတည်း။ “ထိုအာလောကသညာကိုပင် ဤသို့ အစ၌ မှီဝဲအပ်၏၊ ဤသို့ ပွါးအပ်၏၊ ဤသို့ ကြိမ်ဖန်များစွာ ပြုအပ်၏၊ ဤသို့ ထိုအာလောကသညာအားလျော်သော သတိကို ထင်စေအပ်၏”။ ဤသို့ (ဆုံးမခြင်းသည်) အနုသာသနီပါဋိဟာရိယတည်း။ (၃)

မပျံ့လွင့်ခြင်းသည် ပြည့်စုံသောကြောင့် ဣဒ္ဓိတည်း။ ဥဒ္ဓစ္စကို ပယ်ရှားတတ်သောကြောင့် ပါဋိဟာရိယတည်း။ အကြင်သူတို့သည် ထိုမပျံ့လွင့်ခြင်းနှင့် ပြည့်စုံကုန်၏။ ထိုသူအားလုံးတို့သည် အထူး စင်ကြယ်သော စိတ်ရှိကုန်၏။ မနောက်ကျုသော အကြံအစည်ရှိကုန်၏။ ဤသို့ (ညွှန်းဆိုခြင်းသည်) အာဒေသနာပါဋိဟာရိယတည်း။ “ထိုမပျံ့လွင့်ခြင်းကိုပင် ဤသို့ အစ၌ မှီဝဲအပ်၏၊ ဤသို့ ပွါးအပ်၏၊ ဤသို့ ကြိမ်ဖန်များစွာ ပြုအပ်၏၊ ဤသို့ ထိုမပျံ့လွင့်ခြင်းအားလျော်သောသတိကို ထင်စေအပ်၏”။ ဤသို့ (ဆုံးမခြင်းသည်) အနုသာသနီပါဋိဟာရိယတည်း။ (၄)

တရားကို ပိုင်းခြားမှတ်သားခြင်းသည် ပြည့်စုံသောကြောင့် ဣဒ္ဓိတည်း။ ဝိစိကိစ္ဆာကို ပယ်ရှားတတ် သောကြောင့် ပါဋိဟာရိယတည်း။ အကြင်သူတို့သည် တရားကို ပိုင်းခြားမှတ်သားခြင်းနှင့် ပြည့်စုံကုန်၏။

ထိုသူအားလုံးတို့သည် စင်ကြယ်သော စိတ်ရှိကုန်၏။ မနောက်ကျုသော အကြံအစည်ရှိကုန်၏။ ဤသို့ (ညွှန်းဆိုခြင်းသည်) အာဒေသနာပါဋိဟာရိယတည်း။ “ထိုတရားကို ပိုင်းခြားမှတ်သားခြင်းကို ဤသို့ အစ၌ မှီဝဲအပ်၏၊ ဤသို့ ပွါးအပ်၏၊ ဤသို့ ကြိမ်ဖန်များစွာ ပြုအပ်၏၊ ဤသို့ ထိုတရားကို ပိုင်းခြားမှတ် သားခြင်းအားလျော်သော သတိကို ထင်စေအပ်၏” ဤသို့ (ဆုံးမခြင်းသည်) အနုသာသနီပါဋိဟာရိယတည်း။ (၅)

ဉာဏ်သည် ပြည့်စုံသောကြောင့် ဣဒ္ဓိတည်း။ အဝိဇ္ဇာကို ပယ်ရှားတတ်သောကြောင့် ပါဋိဟာရိယတည်း။ အကြင်သူတို့သည် ထိုဉာဏ်နှင့် ပြည့်စုံကုန်၏။ ထိုသူအားလုံးတို့သည် စင်ကြယ်သော စိတ်ရှိကုန်၏။ မနောက်ကျုသော အကြံအစည် ရှိကုန်၏။ ဤသို့ (ညွှန်းဆိုခြင်းသည်) အာဒေသနာ ပါဋိဟာရိယတည်း။ “ထိုဉာဏ်ကို ဤသို့ အစ၌ မှီဝဲအပ်၏၊ ဤသို့ ပွါးအပ်၏၊ ဤသို့ ကြိမ်ဖန်များစွာ ပြုအပ်၏၊ ဤသို့ ထိုဉာဏ်အားလျော်သော သတိကို ထင်စေအပ်၏” ဤသို့ (ဆုံးမခြင်းသည်) အနုသာသနီပါဋိဟာရိယတည်း။ (၆)

--

ဝမ်းမြောက်ခြင်းသည် ပြည့်စုံသောကြောင့် ဣဒ္ဓိတည်း။ မမွေ့လျော်ခြင်းကို ပယ်ရှားတတ်သော ကြောင့် ပါဋိဟာရိယတည်း။ အကြင်သူတို့သည် ထိုဝမ်းမြောက်ခြင်းနှင့် ပြည့်စုံကုန်၏။ ထိုသူအားလုံး တို့သည် စင်ကြယ်သော စိတ်ရှိကုန်၏။ မနောက်ကျုသော အကြံအစည် ရှိကုန်၏။ ဤသို့ (ညွှန်းဆိုခြင်း သည်) အာဒေသနာ ပါဋိဟာရိယတည်း။ “ထိုဝမ်းမြောက်ခြင်းကို ဤသို့ အစ၌ မှီဝဲအပ်၏၊ ဤသို့ ပွါးအပ်၏၊ ဤသို့ လေ့လာအပ်၏၊ ဤသို့ ထိုဝမ်းမြောက်ခြင်းအားလျော်သောသတိကို ထင်စေအပ်၏”။ ဤ သို့ (ဆုံးမခြင်းသည်) အနုသာသနီပါဋိဟာရိယတည်း။ပ။ (၇)

ပဌမဈာန်သည် ပြည့်စုံသောကြောင့် ဣဒ္ဓိတည်း။ နီဝရဏတို့ကို ပယ်ရှားတတ်သောကြောင့် ပါဋိဟာရိယတည်း။ အကြင်သူတို့သည် ထိုပဌမဈာန်နှင့် ပြည့်စုံကုန်၏။ ထိုသူအားလုံးတို့သည် စင်ကြယ် သော စိတ်ရှိကုန်၏။ မနောက်ကျုသော အကြံအစည် ရှိကုန်၏။ ဤသို့ (ညွှန်းဆိုခြင်းသည်) အာဒေသနာ ပါဋိဟာရိယတည်း။ “ထိုပဌမဈာန်ကို ဤသို့ အစ၌ မှီဝဲအပ်၏၊ ဤသို့ ပွါးအပ်၏၊ ဤသို့ လေ့လာအပ်၏၊ ဤသို့ ထိုပဌမဈာန်အားလျော်သော သတိကို ထင်စေအပ်၏”။ ဤသို့ (ဆုံးမခြင်းသည်) အနု သာသနီပါဋိဟာရိယတည်း။ပ။ (၂၆-၃၃)

အရဟတ္တမဂ်သည် ပြည့်စုံသောကြောင့် ဣဒ္ဓိတည်း။ ကိလေသာအားလုံးတို့ကို ပယ်ရှားတတ်သော ကြောင့် ပါဋိဟာရိယတည်း။ အကြင်သူတို့သည် ထိုအရဟတ္တမဂ်နှင့် ပြည့်စုံကုန်၏။

ထိုသူအားလုံးတို့သည် အထူးစင်ကြယ်သော စိတ်ရှိကုန်၏။ မနောက်ကျုသော အကြံအစည်ရှိကုန်၏။

ဤသို့ (ညွှန်းဆိုခြင်း သည်) အာဒေသနာပါဋိဟာရိယတည်း။ “ထိုအရဟတ္တမဂ်ကိုပင် ဤသို့ အစ၌ မှီဝဲအပ်၏၊ ဤသို့ ပွါးအပ်၏၊ ဤသို့ လေ့လာအပ်၏၊ ဤသို့ ထိုအရဟတ္တမဂ်အားလျော်သော သတိကို ထင်စေအပ်၏”။ ဤသို့ (ဆုံးမခြင်းသည်) အနုသာသနီပါဋိဟာရိယတည်း။ (၄၊ ၃၇)

၃၂။ နေက္ခမ္မသည် ပြည့်စုံသောကြောင့် ဣဒ္ဓိတည်း။ ကာမစ္ဆန္ဒကို ပယ်ရှားတတ်သောကြောင့် ပါဋိဟာရိယတည်း။ အကြင်ဣဒ္ဓိသည်လည်းကောင်း၊ အကြင် ပါဋိဟာရိယသည်လည်းကောင်းရှိ၏။ ဤ သည်ကို “ဣဒ္ဓိပါဋိဟာရိယ”ဟုခေါ်ဆိုအပ်၏။ အဗျာပါဒသည် ပြည့်စုံသောကြောင့် ဣဒ္ဓိတည်း။ ဗျာပါဒကို ပယ်စွန့်သောကြောင့် ပါဋိဟာရိယတည်း။ အကြင် ဣဒ္ဓိသည်လည်းကောင်း၊ အကြင် ပါဋိဟာရိယသည် လည်းကောင်း ရှိ၏။ ဤသည်ကို “ဣဒ္ဓိပါဋိဟာရိယ”ဟုခေါ်ဆိုအပ်၏။

အာလောကသညာသည် ပြည့်စုံ သောကြောင့် ဣဒ္ဓိတည်း။ ထိနမိဒ္ဓကို ပယ်စွန့်သောကြောင့် ပါဋိဟာရိယတည်း။ပ။ အရဟတ္တမဂ်သည် ပြည့်စုံသောကြောင့် ဣဒ္ဓိတည်း။ ကိလေသာအားလုံးတို့ကို ပယ်ရှားတတ်သောကြောင့် ပါဋိဟာရိယတည်း။ အကြင် ဣဒ္ဓိသည်လည်းကောင်း၊ အကြင် ပါဋိဟာရိယသည်လည်းကောင်း ရှိ၏။ ဤသည်ကို “ဣဒ္ဓိပါဋိ ဟာရိယ”ဟုခေါ်ဆိုအပ်၏။

ပါဋိဟာရိယကထာပြီး၏။

--

၇-သမသီသကထာ

၃၃။ တရားအားလုံးတို့ကို ကောင်းစွာဖြတ်ခြင်း၌လည်းကောင်း၊ ချုပ်စေခြင်း၌လည်းကောင်း၊ မထင်ခြင်း၌လည်းကောင်း ဖြစ်သောပညာသည် သမသီသဋ္ဌဉာဏ်တည်း။

တရားအားလုံးတို့ကိုဟူသည် ခန္ဓာငါးပါး၊ အာယတန တစ်ဆယ့်နှစ်ပါး၊ ဓာတ်တစ်ဆယ့်ရှစ်ပါး၊ ကုသိုလ်တရား၊ အကုသိုလ်တရား၊ အဗျာကတတရား၊ ကာမာဝစရတရား၊ ရူပါဝစရတရား၊ အရူပါဝစရ တရား၊ ဝဋ်၌ အကျူံးမဝင်သော (လောကုတ္တရာ) တရားတို့တည်း။ ကောင်းစွာဖြတ်ခြင်း၌ဟူသည် နေက္ခမ္မဖြင့် ကာမစ္ဆန္ဒကို ကောင်းစွာဖြတ်၏။ အဗျာပါဒဖြင့် ဗျာပါဒကို ကောင်းစွာဖြတ်၏။ အာလောက သညာဖြင့် ထိနမိဒ္ဓကို ကောင်းစွာ ဖြတ်၏။ မပျံ့လွင့်ခြင်းဖြင့် ဥဒ္ဓစ္စကို ကောင်းစွာဖြတ်၏။ ဓမ္မဝဝတ္ထာန့်ဖြင့် ဝိစိကိစ္ဆာကို ကောင်းစွာဖြတ်၏။ ဉာဏ်ဖြင့် အဝိဇ္ဇာကို ကောင်းစွာဖြတ်၏။ ဝမ်းမြောက်ခြင်းဖြင့် မမွေ့ လျော်ခြင်းကို ကောင်းစွာဖြတ်၏။ ပဌမဈာန်ဖြင့် နီဝရဏတို့ကို ကောင်းစွာဖြတ်၏။ပ။ အရဟတ္တမဂ်ဖြင့် ကိလေသာအားလုံးတို့ကို ကောင်းစွာဖြတ်၏။

ချုပ်စေခြင်း၌ဟူသည် နေက္ခမ္မဖြင့် ကာမစ္ဆန္ဒကို ချုပ်စေ၏။ အဗျာပါဒဖြင့် ဗျာပါဒကိုချုပ်စေ၏။ အာလောကသညာဖြင့် ထိနမိဒ္ဓကို ချုပ်စေ၏။ မပျံ့လွင့်ခြင်းဖြင့် ဥဒ္ဓစ္စကို ချုပ်စေ၏။ ဓမ္မဝဝတ္ထာန်ဖြင့် ဝိစိကိစ္ဆာကို ချုပ်စေ၏။ ဉာဏ်ဖြင့် အဝိဇ္ဇာကို ချုပ်စေ၏။ ဝမ်းမြောက်ခြင်းဖြင့် မမွေ့လျော်ခြင်းကို ချုပ်စေ၏။ ပဌမဈာန်ဖြင့် နီဝရဏတို့ကို ချုပ်စေ၏။ပ။ အရဟတ္တမဂ်ဖြင့် ကိလေသာအားလုံးတို့ကို ချုပ်စေ၏။

မထင်ခြင်၌ဟူသည် နေက္ခမ္မကို ရသူအား ကာမစ္ဆန္ဒသည် မထင်။ အဗျာပါဒကို ရသူအား ဗျာပါဒ သည် မထင်။ အာလောကသညာကို ရသူအား ထိနမိဒ္ဓသည် မထင်။ မပျံ့လွင့်ခြင်းကို ရသူအား ဥဒ္ဓစ္စ သည် မထင်။ ဓမ္မဝဝတ္ထာန်ကို ရသူအား ဝိစိကိစ္ဆာသည် မထင်။ ဉာဏ်ကို ရသူအား အဝိဇ္ဇာသည်မထင်။ ဝမ်းမြောက်ခြင်းကို ရသူအား မမွေ့လျော်ခြင်းသည် မထင်။ ပဌမဈာန်ကို ရသူအား နီဝရဏတို့သည် မထင်ကုန်။ပ။ အရဟတ္တမဂ်ကို ရသူအား ကိလေသာအားလုံးတို့သည် မထင်ကုန်။

သမဟူသည် ကာမစ္ဆန္ဒကို ပယ်သည့်အဖြစ်ကြောင့် နေက္ခမ္မသည် (ငြိမ်းခြင်း) သမတည်း။ ဗျာပါဒ ကို ပယ်သည့်အဖြစ်ကြောင့် အဗျာပါဒသည် (ငြိမ်းခြင်း) သမတည်း။ ထိနမိဒ္ဓကို ပယ်သည့်အဖြစ်ကြောင့် အာလောကသညာသည် (ငြိမ်းခြင်း) သမတည်း။ ဥဒ္ဓစ္စကို ပယ်သည့်အဖြစ်ကြောင့် မပျံ့လွင့်ခြင်းသည် (ငြိမ်းခြင်း) သမတည်း။ ဝိစိကိစ္ဆာကို ပယ်သည့်အဖြစ်ကြောင့် ဓမ္မဝဝတ္ထာန်သည် (ငြိမ်းခြင်း) သမတည်း။ အဝိဇ္ဇာကို ပယ်သည့်အဖြစ်ကြောင့် ဉာဏ်သည် (ငြိမ်းခြင်း) သမတည်း။ မမွေ့လျော်ခြင်းကို ပယ်သည့် အဖြစ်ကြောင့် ဝမ်းမြောက်ခြင်းသည် (ငြိမ်းခြင်း) သမတည်း။ နီဝရဏတို့ကို ပယ်သည့်အဖြစ်ကြောင့် ပဌမဈာန်သည် (ငြိမ်းခြင်း) သမတည်း။ပ။ ကိလေသာအားလုံးတို့ကို ပယ်သည့်အဖြစ်ကြောင့် အရဟတ္တမဂ် သည် (ငြိမ်းခြင်း) သမတည်း။

သီသဟူရာ၌ သီသတို့သည် တစ်ဆယ့်သုံးပါးတို့တည်း။ ကြောင့်ကြခြင်း သီသကား တဏှာတည်း။ နှောင်ဖွဲ့ခြင်း သီသကား မာနတည်း။ အမှားသုံးသပ်ခြင်း သီသကား ဒိဋ္ဌိတည်း။ ပျံ့လွင့်ခြင်း သီသကား ဥဒ္ဓစ္စတည်း။ သံကိလေသသီသကား အဝိဇ္ဇာတည်း။ ဆုံးဖြတ်ခြင်း သီသကား သဒ္ဓါတည်း။ အားထုတ်ခြင်း သီသကား ဝီရိယတည်း။ ထင်ခြင်း သီသကား သတိတည်း။ မပျံ့လွင့်ခြင်း သီသကား သမာဓိတည်း။ မြင်ခြင်း သီသကား ပညာတည်း။ ဖြစ်ခြင်း သီသကား ဇီဝိတိန္ဒြေတည်း။ ကျက်စားရာ သီသကား ဝိမောက္ခတည်း။ သင်္ခါရသီသကား (ချုပ်ရာ) နိဗ္ဗာန်တည်း။

သမသီသကထာ ပြီး၏။

--

၈-သတိပဋ္ဌာနကထာ

၃၄။ သာဝတ္ထိနိဒါန်းတည်း။ ရဟန်းတို့ သတိပဋ္ဌာန်တို့သည် ဤလေးပါးတို့တည်း။ အဘယ် လေးပါးတို့နည်းဟူမူ-ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် အားထုတ်သောလုံ့လ ဆင်ခြင်ဉာဏ်နှင့် ပြည့်စုံသည် ဖြစ်၍ သတိရှိကာ၁ လောက၌၂ အဘိဇ္ဈာ၃၊ ဒေါမနဿ၄ ကို ပယ်ဖျောက်၍ ရုပ်အပေါင်း၌ ရုပ်အပေါင်းဟု အဖန်ဖန်ရှုလျက် နေ၏။ ဝေဒနာတို့၌။ စိတ်၌။ အားထုတ်သောလုံ့လ ဆင်ခြင်ဉာဏ်နှင့် ပြည့်စုံသည်ဖြစ်၍ သတိရှိကာ လောက၌ အဘိဇ္ဈာ၊ ဒေါမနဿကို ပယ်ဖျောက်၍ သဘောတရားတို့၌ သဘောတရားဟု အဖန်ဖန်ရှုလျက် နေ၏။ ရဟန်းတို့ သတိပဋ္ဌာန်တို့သည် ဤလေးပါးတို့ပင်တည်းဟု (ဟောတော်မူ၏)။

၃၅။ (က) ရုပ်အပေါင်း၌ ရုပ်အပေါင်းဟု အဘယ်သို့ရှု၍ နေသနည်း။ ဤသာသနာတော်၌ အချို့သောသူသည် မြေဓာတ်အပေါင်း ‘ပထဝီကာယ’ ကို မမြဲဟု အဖန်ဖန်ရှု၏။ မြဲ၏ဟုမရှူ။ ဆင်းရဲ၏ဟု အဖန်ဖန်ရှု၏။ ချမ်းသာ၏ဟု မရှု။ အတ္တမဟုတ် ‘အနတ္တ’ဟု အဖန်ဖန်ရှု၏။ အတ္တဟုမရှု။ ငြီးငွေ့၏။ မနှစ်သက်။ တပ်မက်ခြင်းကင်း၏။ မတပ်မက်။ ချုပ်စေ၏။ မဖြစ်ပွါးစေ။ စွန့်လွှတ်၏။ မစွဲလမ်း။

မမြဲဟု အဖန်ဖန်ရှုသည်ရှိသော် မြဲ၏ဟူသောအမှတ် ‘နိစ္စသညာ’ ကို ပယ်စွန့်၏။ ဆင်းရဲ၏ဟု အဖန်ဖန်ရှုသည်ရှိသော် ချမ်းသာ၏ဟူသောအမှတ် ‘သုခသညာ’ ကို ပယ်စွန့်၏။ အတ္တမဟုတ် ‘အနတ္တ’ဟု အဖန်ဖန်ရှုသည်ရှိသော် အတ္တဟူသောအမှတ်ကို ပယ်စွန့်၏။ ငြီးငွေ့သည်ရှိသော်နှစ်သက်ခြင်းကို ပယ်စွန့်၏။ တပ်မက်ခြင်းကင်းသည်ရှိသော် တပ်မက်မှု ‘ရာဂ’ ကို ပယ်စွန့်၏။ ချုပ်စေသည်ရှိသော် ဖြစ်ပွါးခြင်းကို ပယ်စွန့်၏။ စွန့်လွှတ်သည်ရှိသော် စွဲလမ်းခြင်းကို ပယ်စွန့်၏။ ဤခုနစ်ပါးသော အခြင်းအရာတို့ဖြင့် ရုပ်အပေါင်းကို အဖန်ဖန်ရှု၏။ ရုပ်အပေါင်းသည် ထင်ရာတည်း။ အောက်မေ့မှု ‘သတိ’ မဟုတ်။ သတိ သည်ကား ထင်ရာလည်း ဖြစ်၏။ အောက်မေ့မှု ‘သတိ’ လည်း ဖြစ်၏။ ထိုသတိ၊ ထိုဉာဏ်ဖြင့် ထိုရုပ် အပေါင်းကို အဖန်ဖန်ရှု၏။ ထို့ကြောင့် ရုပ်အပေါင်း၌ ရုပ်အပေါင်းဟု အဖန်ဖန်ရှုမှု သတိပဋ္ဌာန် ‘ကာယေကာယာနုပဿနာသတိပဋ္ဌာန်’ဟု ဆိုအပ်၏။

ဘာဝနာဟူရာ၌ ဘာဝနာတို့သည် လေးပါးတို့တည်း။ ထိုဘာဝနာစိတ်၌ ဖြစ်ဆဲဖြစ်သော တရား တို့၏ လွန်၍ဖြစ်ခြင်း သဘောမရှိခြင်းကြောင့် ဘာဝနာမည်၏။ ဣန္ဒြေတို့၏ ကိစ္စတစ်ခုတည်းရှိသော သဘောကြောင့် ဘာဝနာမည်၏။ ထိုသို့ရောက်စေခြင်းငှါ အားထုတ်ခြင်း၊ ဆောင်ခြင်းသဘောကြောင့် ဘာဝနာမည်၏။ ပွါးထုံသောသဘောကြောင့် ဘာဝနာမည်၏။

ဤသာသနာတော်၌ အချို့သောသူသည် ရေဓာတ်အပေါင်း ‘အာပေါကာယ’ ကို။ပ။ မီးဓာတ်အပေါင်း ‘တေဇောကာယ’ ကို။ လေဓာတ်အပေါင်း ‘ဝါယောကာယ’ ကို။ ဆံပင်အပေါင်းကို။ မွေးညင်းအပေါင်းကို။ အရေထူအပေါင်းကို။ အရေပါးအပေါင်းကို။ အသားအပေါင်းကို။ သွေးအပေါင်းကို။ အကြောအပေါင်းကို။ အရိုအပေါင်းကို။ ရိုးတွင်းခြင်ဆီအပေါင်းကို မမြဲဟု အဖန်ဖန်ရှု၏။ မြဲ၏ဟု မရှု။ ဆင်းရဲ၏ဟု အဖန်ဖန် ရှု၏။ ချမ်းသာ၏ဟု မရှု။ အတ္တမဟုတ် ‘အနတ္တ’ဟု အဖန်ဖန်ရှု၏။ အတ္တဟု မရှု။ ငြီးငွေ့၏။ မနှစ် သက်။ တပ်မက်ခြင်းကင်း၏။ မတပ်မက်။ ချုပ်စေ၏။ မဖြစ်ပွါးစေ။ စွန့်လွှတ်၏။ မစွဲလမ်း။

မမြဲဟု အဖန်ဖန်ရှုသည်ရှိသော် မြဲ၏ဟူသောအမှတ် ‘နိစ္စသညာ’ ကို ပယ်စွန့်၏။ ဆင်းရဲ၏ဟု အဖန်ဖန်ရှုသည်ရှိသော် ချမ်းသာ၏ဟူသောအမှတ် ‘သုခသညာ’ ကို ပယ်စွန့်၏။ အတ္တမဟုတ် ‘အနတ္တ’ဟု အဖန်ဖန်ရှုသည်ရှိသော် အတ္တဟူသော အမှတ်ကို ပယ်စွန့်၏။ ငြီးငွေ့သည်ရှိသော်နှစ်သက်ခြင်းကို ပယ်စွန့်၏။ တပ်မက်ခြင်း ကင်းသည်ရှိသော် တပ်မက်မှု ‘ရာဂ’ ကို ပယ်စွန့်၏။ ချုပ်စေသည်ရှိသော် ဖြစ်ပွါးခြင်းကို ပယ်စွန့်၏။ စွန့်လွှတ်သည်ရှိသော် စွဲလမ်းခြင်းကို ပယ်စွန့်၏။ ဤခုနစ်ပါးသော အခြင်း အရာတို့ဖြင့် ရုပ်အပေါင်းကို အဖန်ဖန်ရှု၏။ ရုပ်အပေါင်းသည် ထင်ရာတည်း။ အောက်မေ့မှု ‘သတိ’ မဟုတ်။ သတိသည်ကား ထင်ရာလည်း ဖြစ်၏။ အောက်မေ့မှု ‘သတိ’ လည်း ဖြစ်၏။ ထိုသတိ၊ ထို ဉာဏ်ဖြင့် ထိုကိုယ်ကို အဖန်ဖန်ရှု၏။ ထို့ကြောင့် ရုပ်အပေါင်း၌ ရုပ်အပေါင်းဟု အဖန်ဖန်ရှုမှု သတိပဋ္ဌာန်ဟု ဆိုအပ်၏။

--

ဘာဝနာဟူရာ၌ ဘာဝနာတို့သည် လေးပါးတို့တည်း။ ထိုဘာဝနာစိတ်၌ ဖြစ်ဆဲဖြစ်သောတရား တို့၏ လွန်၍ဖြစ်ခြင်းသဘော မရှိခြင်းကြောင့် ဘာဝနာမည်၏။ ဣန္ဒြေတို့၏ ကိစ္စတစ်ခုတည်းရှိသော သဘောကြောင့် ဘာဝနာမည်၏။ ထိုသို့ရောက်စေခြင်းငှါ အားထုတ်ခြင်း၊ ဆောင်ခြင်းသဘောကြောင့် ဘာဝနာမည်၏။ ပွါးထုံသောသဘောကြောင့် ဘာဝနာမည်၏။ ဤသို့ ရုပ်အပေါင်း၌ ရုပ်အပေါင်းဟု အဖန်ဖန်ရှု၍ နေ၏။ (၁)

(ခ) အဘယ်သို့ ဝေဒနာတို့၌ ဝေဒနာဟု အဖန်ဖန်ရှု၍နေသနည်း။ ဤသာသနာတော်၌ အချို့သော သူသည် သုခဝေဒနာ ‘ချမ်းသာခံစားခြင်း’ ကို မမြဲဟု အဖန်ဖန်ရှု၏။ မြဲ၏ဟု မရှု။ပ။ စွန့်လွှတ်၏။ မစွဲလမ်း။

မမြဲဟု အဖန်ဖန်ရှုသည်ရှိသော် မြဲ၏ဟူသောအမှတ် ‘နိစ္စသညာ’ ကို ပယ်စွန့်၏။ပ။ စွန့်လွှတ်သည် ရှိသော် စွဲလမ်းခြင်းကို ပယ်စွန့်၏။ ဤခုနစ်ပါးသော အခြင်းအရာတို့ဖြင့် ဝေဒနာကို အဖန်ဖန်ရှု၏။ ဝေဒနာသည် ထင်ရာတည်း။ အောက်မေ့မှု ‘သတိ’ မဟုတ်။ သတိသည်ကား ထင်ရာလည်း ဖြစ်၏။ အောက်မေ့မှု ‘သတိ'လည်း ဖြစ်၏။ ထိုသတိ၊ ထိုဉာဏ်ဖြင့် ထိုဝေဒနာကို အဖန်ဖန်ရှု၏။ ထို့ကြောင့် ဝေဒနာတို့၌ ဝေဒနာဟု အဖန်ဖန်ရှုမှု သတိပဋ္ဌာန်ဟု ဆိုအပ်၏။

ဘာဝနာဟူရာ၌ ဘာဝနာတို့သည် လေးပါးတို့တည်း။ပ။ ပွါးထုံသောသဘောကြောင့် ဘာဝနာမည်၏။ပ။ ဤသာသနာတော်၌ အချို့သောသူသည် ဒုက္ခဝေဒနာ'ဆင်းရဲခံစားခြင်း’ ကို။ပ။ အဒုက္ခမသုခဝေဒနာ ကို။ အာမိသရှိသော ဂေဟသိတသုခဝေဒနာကို။ အာမိသမရှိသော နေက္ခမ္မသိတသုခဝေဒနာကို။ အာမိသ ရှိသော ဂေဟသိတ ဒုက္ခဝေဒနာကို။ အာမိသမရှိသော နေက္ခမ္မသိတဒုက္ခဝေဒနာကို။ အာမိသရှိသော ဂေဟသိတအဒုက္ခမသုခဝေဒနာကို။ အာမိသမရှိသော နေက္ခမ္မသိတအဒုက္ခမသုခဝေဒနာကို။ မျက်စိ၌ ပေါင်း ဆုံတွေ့ထိမှု ‘စက္ခုသမ္ဖဿ'ကြောင့် ဖြစ်သောဝေဒနာကို။ နား၌ ပေါင်းဆုံတွေ့ထိမှု ‘သောတသမ္ဖဿ'ကြောင့် ဖြစ်သောဝေဒနာကို။ နှာခေါင်း၌ ပေါင်းဆုံတွေ့ထိမှု ‘ဃာနသမ္ဖဿ’ ကြောင့် ဖြစ်သောဝေဒနာကို။ လျှာ၌ ပေါင်းဆုံတွေ့ထိမှု ‘ဇိဝှါသမ္ဖဿ’ ကြောင့်ဖြစ်သော ဝေဒနာကို။ ကိုယ်၌ ပေါင်းဆုံတွေ့ထိမှု ‘ကာယသမ္ဖဿ’ ကြောင့် ဖြစ်သောဝေဒနာကို။ စိတ်၌ ပေါင်းဆုံတွေ့ထိမှု ‘မနောသမ္ဖဿ’ ကြောင့် ဖြစ်သောဝေဒနာကို မမြဲဟု အဖန်ဖန်ရှု၏။ မြဲ၏ဟု မရှု။ပ။ စွန့်လွှတ်၏၊ မစွဲလမ်း။

မမြဲဟု အဖန်ဖန်ရှုသည်ရှိသော် မြဲ၏ဟူသောအမှတ် ‘နိစ္စသညာ’ ကို ပယ်စွန့်၏။ပ။ စွန့်လွှတ်သည် ရှိသော် စွဲလမ်းခြင်းကို ပယ်စွန့်၏။ ဤခုနစ်ပါးသော အခြင်းအရာတို့ဖြင့် ဝေဒနာကို အဖန်ဖန်ရှု၏။ ဝေဒနာသည် ထင်ရာတည်း။ အောက်မေ့မှု ‘သတိ’ မဟုတ်။ သတိသည်ကား ထင်ရာလည်း ဖြစ်၏။ အောက်မေ့မှု ‘သတိ'လည်း ဖြစ်၏။ ထိုသတိ၊ ထိုဉာဏ်ဖြင့် ထိုဝေဒနာကို အဖန်ဖန်ရှု၏။ ထို့ကြောင့် ဝေဒနာတို့၌ ဝေဒနာဟု အဖန်ဖန်ရှုမှု သတိပဋ္ဌာန်ဟု ဆိုအပ်၏။

ဘာဝနာဟူရာ၌ ဘာဝနာတို့သည် လေးပါးတို့တည်း။ပ။ ဤသို့ဝေဒနာတို့၌ ဝေဒနာဟု အဖန် ဖန်ရှု၍ နေ၏။ (၂)

--

(ဂ) စိတ်၌ စိတ်ဟု အဘယ်သို့ အဖန်ဖန်ရှု၍ နေသနည်း။ ဤသာသနာတော်၌ အချို့သောသူသည် တပ်မက်မှုနှင့် တကွဖြစ်သော ‘သရာဂ’ စိတ်ကို မမြဲဟု အဖန်ဖန်ရှု၏။ မြဲ၏ဟု မရှု။ပ။ စွန့်လွှတ်၏။ မစွဲလမ်း။

မမြဲဟု အဖန်ဖန်ရှုသည်ရှိသော် မြဲ၏ဟူသောအမှတ် ‘နိစ္စသညာ’ ကို ပယ်စွန့်၏။ပ။ စွန့်လွှတ်သည် ရှိသော် စွဲလမ်းခြင်းကို ပယ်စွန့်၏။ ဤခုနစ်ပါးသောအခြင်းအရာတို့ဖြင့် စိတ်ကို အဖန်ဖန်ရှု၏။ စိတ်သည် ထင်ရာတည်း။ အောက်မေ့မှု ‘သတိ’ မဟုတ်။ သတိသည်ကား ထင်ရာလည်း ဖြစ်၏။ အောက်မေ့မှု ‘သတိ'လည်း ဖြစ်၏။ ထိုသတိ၊ ထိုဉာဏ်ဖြင့် ထိုစိတ်ကို အဖန်ဖန်ရှု၏။ ထို့ကြောင့် စိတ်၌ စိတ်ဟု အဖန်ဖန်ရှုမှု သတိပဋ္ဌာန်ဟု ဆိုအပ်၏။

ဘာဝနာဟူရာ၌ ဘာဝနာတို့သည် လေးပါးတို့တည်း။ပ။ ပွါးထုံသောသဘောကြောင့် ဘာဝနာ မည်၏။ပ။ ဤသာသနာတော်၌ အချို့သောသူသည် ရာဂကင်းသောစိတ်ကို။ပ။ ဒေါသနှင့်တကွဖြစ် သော ‘သဒေါသ’ စိတ်ကို။ ဒေါသကင်းသောစိတ်ကို။ မောဟနှင့်တကွဖြစ်သော ‘သမောဟ’ စိတ်ကို။ မောဟ ကင်းသောစိတ်ကို။ ကြုံ့သော စိတ်ကို။ ပျံ့လွင့်သောစိတ်ကို။ မဟဂ္ဂုတ်စိတ်ကို။ မဟဂ္ဂုတ်မဟုတ်သော စိတ်ကို။ (မိမိထက်) အမြတ်ရှိသောစိတ်ကို။ (မိမိထက်) အမြတ်မရှိသောစိတ်ကို။ တည်ကြည်သောစိတ်ကို။ မတည်ကြည်သောစိတ်ကို။ လွတ်မြောက်သော စိတ်ကို။ မလွတ်မြောက်သောစိတ်ကို။ စက္ခုဝိညာဉ်ကို။ သောတဝိညာဉ်ကို။ ဃာနဝိညာဉ်ကို။ ဇိဝှါဝိညာဉ်ကို။ ကာယဝိညာဉ်ကို။ မနောဝိညာဉ်ကို မမြဲဟု အဖန် ဖန်ရှု၏။ မြဲ၏ဟု မရှု။ပ။ စွန့်လွှတ်၏။ မစွဲလမ်း။

မမြဲဟု အဖန်ဖန်ရှုသည်ရှိသော် မြဲ၏ဟူသောအမှတ် ‘နိစ္စသညာ’ ကို ပယ်စွန့်၏။ပ။ စွန့်လွှတ်သည် ရှိသော် စွဲလမ်းခြင်းကို ပယ်စွန့်၏။ ဤခုနစ်ပါးသော အခြင်းအရာတို့ဖြင့် စိတ်ကို အဖန်ဖန်ရှု၏။ စိတ်သည် ထင်ရာတည်း။ အောက်မေ့မှု ‘သတိ’ မဟုတ်။ သတိသည်ကား ထင်ရာလည်း ဖြစ်၏။ အောက်မေ့မှု ‘သတိ'လည်း ဖြစ်၏။ ထိုသတိ၊ ထိုဉာဏ်ဖြင့် ထိုစိတ်ကို အဖန်ဖန်ရှု၏။ ထို့ကြောင့် စိတ်၌ စိတ်ဟု အဖန်ဖန် ရှုမှု သတိပဋ္ဌာန်ဟု ဆိုအပ်၏။

ဘာဝနာဟူရာ၌ ဘာဝနာတို့သည် လေးပါးတို့တည်း။ပ။ ပွါးထုံသောသဘောကြောင့် ဘာဝနာ မည်၏။

ဤသို့ စိတ်၌ စိတ်ဟု အဖန်ဖန်ရှု၍ နေ၏။ (၃)

(ဃ) သဘောတရားတို့၌ သဘောတရားဟု အဘယ်သို့ အဖန်ဖန်ရှု၍ နေသနည်း။ ဤ သာသနာတော်၌ အချို့သူသည် ရုပ်အပေါင်းကို ချန်ထား၍ ဝေဒနာကို ချန်ထား၍ စိတ်ကို ချန်ထား၍ ကြွင်းသော သဘောတရားတို့ကို မမြဲဟု အဖန်ဖန်ရှု၏။ မြဲ၏ဟု မရှု။ ဆင်းရဲ၏ဟု အဖန်ဖန်ရှု၏။ ချမ်း သာ၏ဟု မရှု။ အတ္တမဟုတ် ‘အနတ္တ’ဟု အဖန်ဖန်ရှု၏။ အတ္တဟု မရှု။ ငြီးငွေ့၏။ မနှစ်သက်။ တပ်မက်ခြင်းကင်း၏။ မတပ်မက်။ ချုပ်စေ၏။ မဖြစ်ပွါးစေ။ စွန့်လွှတ်၏။ မစွဲလမ်း။

မမြဲဟု အဖန်ဖန်ရှုသည်ရှိသော် မြဲ၏ဟူသောအမှတ် ‘နိစ္စသညာ’ ကို ပယ်စွန့်၏။ ဆင်းရဲ၏ဟု အဖန်ဖန်ရှုသည်ရှိသော် ချမ်းသာ၏ဟူသောအမှတ် ‘သုခသညာ’ ကို ပယ်စွန့်၏။ အတ္တမဟုတ် ‘အနတ္တ’ဟု အဖန်ဖန်ရှုသည်ရှိသော် အတ္တဟူသောအမှတ် ‘အတ္တသညာ'ကို ပယ်စွန့်၏။ ငြီးငွေ့သည်ရှိသော်နှစ်သက်ခြင်းကို ပယ်စွန့်၏။ တပ်မက်ခြင်းကင်းသည်ရှိသော် ရာဂကို ပယ်စွန့်၏။ ချုပ်စေသည်ရှိသော် ဖြစ်ပွါးခြင်း ‘သမုဒယ'ကို ပယ်စွန့်၏။ စွန့်လွှတ်သည်ရှိသော် စွဲလမ်းခြင်းကို ပယ်စွန့်၏။ ဤခုနစ်ပါးသော အခြင်းအရာတို့ဖြင့် ထိုတရားတို့ကို အဖန်ဖန်ရှု၏။ တရားတို့သည် ထင်ရာတည်း။ အောက်မေ့မှု ‘သတိ’ မဟုတ်။ သတိသည်ကား ထင်ရာလည်း ဖြစ်၏။ အောက်မေ့မှု ‘သတိ’ လည်း ဖြစ်၏။ ထိုသတိ၊ ထိုဉာဏ်ဖြင့် ထိုတရားတို့ကို အဖန်ဖန်ရှု၏။ ထို့ကြောင့် သဘောတရားတို့၌ သဘောတရားဟု အဖန် ဖန်ရှုမှု သတိပဋ္ဌာန်ဟု ဆိုအပ်၏။

--

ဘာဝနာဟူရာ၌ ဘာဝနာတို့သည် လေးပါးတို့တည်း။ ထိုဘာဝနာစိတ်၌ ဖြစ်ဆဲဖြစ်သောတရား တို့၏ လွန်၍ဖြစ်ခြင်းသဘော မရှိခြင်းကြောင့် ဘာဝနာမည်၏။ ဣန္ဒြေတို့၏ ကိစ္စတစ်ခုတည်းရှိသော သဘောကြောင့် ဘာဝနာမည်၏။ ထိုသို့ရောက်စေခြင်းငှါ အားထုတ်ခြင်း၊ ဆောင်ခြင်းသဘောကြောင့် ဘာဝနာမည်၏။ ပွါးထုံသောသဘောကြောင့် ဘာဝနာမည်၏။ ဤသို့ သဘောတရားတို့၌ သဘောတရားဟု အဖန်ဖန်ရှု၍ နေ၏။ (၄)

သတိပဋ္ဌာနကထာ ပြီး၏။

၁။ အောက်မေ့ခြင်းရှိလျက်၊

၂။ ဥပါဒါနက္ခန္ဓာလောက၊

၃။ လိုချင်တပ်မက်ခြင်း၊

၄။ နှလုံးမသာယာခြင်း၊

--

၉-ဝိပဿနာကထာ

၃၆။ အကျွန်ုပ်သည် ဤသို့ကြားနာခဲ့ရပါသည်။

အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏အရံဖြစ်သော ဇေတဝန် ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုစဉ်အခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို “ရဟန်းတို့”ဟုခေါ်တော်မူ၏။ ထိုရဟန်းတို့သည် “အသျှင်ဘုရား”ဟု မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကုန်၏။

မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏။

ရဟန်းတို့ စင်စစ် ထိုရဟန်းသည် အနည်းငယ်သောသင်္ခါရကို မြဲ၏ဟု ရှုသည်ရှိသော် မဂ်နှင့် လျော်သော အလို ‘အနုလောမဉာဏ်'နှင့် ပြည့်စုံခြင်းဖြစ်မည့်အကြောင်းသည် မရှိ။ မဂ်နှင့်လျော်သော အလို ‘အနုလောမဉာဏ်'နှင့် မပြည့်စုံသည်ရှိသော် (မိမိအခြားမဲ့၌) အကျိုးပေးမြဲခြင်းသို့ သက်ဝင်မည့်အကြောင်း သည် မရှိ။ (မိမိအခြားမဲ့၌) အကျိုးပေးမြဲခြင်းသို့ မသက်ဝင်သည်ရှိသော် သောတာပတ္တိဖိုလ်ကိုသော် လည်းကောင်း၊ သကဒါဂါမိဖိုလ်ကိုသော်လည်းကောင်း၊ အနာဂါမိဖိုလ်ကိုသော်လည်းကောင်း၊ အရဟတ္တဖိုလ် ကိုသော်လည်းကောင်း မျက်မှောက်ပြုမည့် အကြောင်းသည် မရှိ။ (၁)

ရဟန်းတို့ စင်စစ် ထိုရဟန်းသည် အလုံးစုံသောသင်္ခါရတို့ကို အနိစ္စဟုရှုသည်ရှိသော် မဂ်နှင့် လျော် သောအလို ‘အနုလောမဉာဏ်'နှင့် ပြည့်စုံခြင်းဖြစ်မည့်အကြောင်းသည် ရှိ၏။ မဂ်နှင့်လျော်သော အလို ‘အနုလောမဉာဏ်'နှင့် ပြည့်စုံသည်ရှိသော် (မိမိအခြားမဲ့၌) အကျိုးပေးမြဲခြင်းသို့ သက်ဝင်မည့်အကြောင်း သည် ရှိ၏။ (မိမိအခြားမဲ့၌) အကျိုးပေးမြဲခြင်းသို့ သက်ဝင်သည်ရှိသော် သောတာပတ္တိဖိုလ်ကိုသော် လည်းကောင်း၊ သကဒါဂါမိဖိုလ်ကိုသော်လည်းကောင်း၊ အနာဂါမိဖိုလ်ကိုသော်လည်းကောင်း၊ အရဟတ္တဖိုလ် ကိုသော်လည်းကောင်း မျက်မှောက်ပြုမည့် အကြောင်းသည် ရှိ၏။ (၂)

ရဟန်းတို့ စင်စစ် ထိုရဟန်းသည် အနည်းငယ်သောသင်္ခါရကို ချမ်းသာ၏ဟု ရှုသည်ရှိသော် မဂ်နှင့် လျော်သော အလို ‘အနုလောမဉာဏ်'နှင့် ပြည့်စုံခြင်းဖြစ်မည့်အကြောင်းသည် မရှိ။ မဂ်နှင့် လျော်သော အလို ‘အနုလောမဉာဏ်'နှင့် မပြည့်စုံသည်ရှိသော် (မိမိအခြားမဲ့၌) အကျိုးပေးမြဲခြင်းသို့ သက်ဝင်မည့် အကြောင်းသည် မရှိ။ (မိမိအခြားမဲ့၌) အကျိုးပေးမြဲခြင်းသို့ မသက်ဝင်သည်ရှိသော် သောတာပတ္တိဖိုလ်ကို သော်လည်းကောင်း၊ သကဒါဂါမိဖိုလ်ကိုသော်လည်းကောင်း၊ အနာဂါမိဖိုလ်ကိုသော်လည်းကောင်း၊ အရဟတ္တ ဖိုလ်ကိုသော်လည်းကောင်း မျက်မှောက်ပြုမည့်အကြောင်းသည် မရှိ။ (၃)

ရဟန်းတို့ စင်စစ် ထိုရဟန်းသည် အလုံးစုံသောသင်္ခါရတို့ကို ဆင်းရဲ၏ဟု ရှုသည်ရှိသော် မဂ်နှင့် လျော်သော အလို ‘အနုလောမဉာဏ်'နှင့် ပြည့်စုံခြင်းဖြစ်မည့်အကြောင်းသည် ရှိ၏။ မဂ်နှင့်လျော်သောအလို ‘အနုလောမဉာဏ်'နှင့် ပြည့်စုံသည်ရှိသော် (မိမိအခြားမဲ့၌) အကျိုးပေးမြဲခြင်းသို့ သက်ဝင်မည့်အကြောင်း သည် ရှိ၏။ (မိမိအခြားမဲ့၌) အကျိုးပေးမြဲခြင်းသို့ သက်ဝင်သည်ရှိသော် သောတာပတ္တိဖိုလ်ကိုသော် လည်းကောင်း၊ သကဒါဂါမိဖိုလ်ကိုသော်လည်းကောင်း၊ အနာဂါမိဖိုလ်ကိုသော်လည်းကောင်း၊ အရဟတ္တဖိုလ် ကိုသော်လည်းကောင်း မျက်မှောက်ပြုမည့် အကြောင်းသည် ရှိ၏။ (၄)

ရဟန်းတို့ စင်စစ် ထိုရဟန်းသည် အနည်းငယ်သောတရားကို အတ္တဟု ရှုသည်ရှိသော် မဂ်နှင့် လျော်သော အလို ‘အနုလောမဉာဏ်'နှင့် ပြည့်စုံခြင်းဖြစ်မည့် အကြောင်းသည် မရှိ။ မဂ်နှင့်လျော်သော အလို ‘အနုလောမဉာဏ်'နှင့် မပြည့်စုံသည်ရှိသော် (မိမိအခြားမဲ့၌) အကျိုးပေးမြဲခြင်းသို့ သက်ဝင်မည့် အကြောင်းသည် မရှိ။ (မိမိအခြားမဲ့၌) အကျိုးပေးမြဲခြင်းသို့ မသက်ဝင်သည်ရှိသော် သောတာပတ္တိဖိုလ် ကိုသော်လည်းကောင်း၊ သကဒါဂါမိ ဖိုလ်ကိုသော်လည်းကောင်း၊ အနာဂါမိဖိုလ်ကိုသော်လည်းကောင်း၊ အရဟတ္တဖိုလ်ကိုသော်လည်းကောင်း မျက်မှောက်ပြုမည့် အကြောင်းသည် မရှိ။ (၅)

--

ရဟန်းတို့ စင်စစ် ထိုရဟန်းသည် အလုံးစုံသောတရားတို့ကို အတ္တမဟုတ် ‘အနတ္တ’ဟု ရှုသည်ရှိ သော် မဂ်နှင့်လျော်သောအလို ‘အနုလောမဉာဏ်'နှင့် ပြည့်စုံခြင်းဖြစ်မည့်အကြောင်းသည် ရှိ၏။ မဂ်နှင့်လျော်သော အလို ‘အနုလောမဉာဏ်'နှင့် ပြည့်စုံသည်ရှိသော် (မိမိအခြားမဲ့၌) အကျိုးပေးမြဲခြင်းသို့ သက် ဝင်မည့်အကြောင်းသည် ရှိ၏။ (မိမိအခြားမဲ့၌) အကျိုးပေးမြဲခြင်းသို့ သက်ဝင်သည်ရှိသော် သောတာပတ္တိ ဖိုလ်ကိုသော်လည်းကောင်း၊ သကဒါဂါမိဖိုလ်ကိုသော်လည်းကောင်း၊ အနာဂါမိဖိုလ်ကိုသော်လည်းကောင်း၊ အရဟတ္တဖိုလ်ကိုသော်လည်းကောင်း မျက်မှောက်ပြုမည့်အကြောင်းသည် ရှိ၏။ (၆)

ရဟန်းတို့ စင်စစ် ထိုရဟန်းသည် နိဗ္ဗာန်ကို ဆင်းရဲ၏ဟု ရှုသည်ရှိသော် မဂ်နှင့်လျော်သော အလို ‘အနုလောမဉာဏ်'နှင့် ပြည့်စုံခြင်းဖြစ်မည့် အကြောင်းသည် မရှိ။ မဂ်နှင့်လျော်သော အလို ‘အနုလောမဉာဏ်'နှင့် မပြည့်စုံသည်ရှိသော် (မိမိအခြားမဲ့၌) အကျိုးပေးမြဲခြင်းသို့ သက်ဝင်မည့်အကြောင်းသည် မရှိ။ (မိမိ အခြားမဲ့၌) အကျိုးပေးမြဲခြင်းသို့ မသက်ဝင်သည်ရှိသော် သောတာပတ္တိဖိုလ်ကိုသော်လည်းကောင်း၊ သကဒါ ဂါမိဖိုလ်ကိုသော်လည်းကောင်း၊ အနာဂါမိဖိုလ်ကိုသော်လည်းကောင်း၊ အရဟတ္တဖိုလ်ကိုသော်လည်းကောင်း မျက်မှောက်ပြုမည့် အကြောင်းသည် မရှိ။ (၇)

ရဟန်းတို့ စင်စစ် ထိုရဟန်းသည် နိဗ္ဗာန်ကို ချမ်းသာ၏ဟု ရှုသည်ရှိသော် မဂ်နှင့်လျော်သောအလို ‘အနုလောမဉာဏ်'နှင့် ပြည့်စုံခြင်းဖြစ်မည့် အကြောင်းသည် ရှိ၏။ မဂ်နှင့်လျော်သော အလို ‘အနုလောမ ဉာဏ်'နှင့် ပြည့်စုံသည်ရှိသော် (မိမိအခြားမဲ့၌) အကျိုးပေးမြဲခြင်းသို့ သက်ဝင်မည့်အကြောင်းသည် ရှိ၏။ (မိမိအခြားမဲ့၌) အကျိုးပေးမြဲခြင်းသို့ သက်ဝင်သည်ရှိသော် သောတာပတ္တိဖိုလ်ကိုသော်လည်းကောင်း၊ သကဒါဂါမိဖိုလ်ကိုသော်လည်းကောင်း၊ အနာဂါမိဖိုလ်ကိုသော်လည်းကောင်း၊ အရဟတ္တဖိုလ်ကိုသော်လည်း ကောင်း မျက်မှောက်ပြုမည့်အကြောင်းသည် ရှိ၏။ (၈)

၃၇။ အဘယ်မျှသော အခြင်းအရာတို့ဖြင့် မဂ်နှင့်လျော်သော အလို ‘အနုလောမဉာဏ်’ ကို ရသနည်း။ အဘယ်မျှသော အခြင်းအရာတို့ဖြင့် (မိမိအခြားမဲ့၌) အကျိုးပေးမြဲခြင်းသို့ သက်ဝင်သနည်း။

လေးဆယ်သော အခြင်းအရာတို့ဖြင့် မဂ်နှင့်လျော်သော အလို ‘အနုလောမဉာဏ်’ ကို ရ၏။ လေးဆယ်သော အခြင်းအရာတို့ဖြင့် (မိမိအခြားမဲ့၌) အကျိုးပေးမြဲခြင်းသို့ သက်ဝင်၏။

အဘယ်လေးဆယ်သော အခြင်းအရာတို့ဖြင့် မဂ်နှင့်လျော်သော အလို ‘အနုလောမဉာဏ်'ကို ရသနည်း။ အဘယ်လေးဆယ်သော အခြင်းအရာတို့ဖြင့် (မိမိအခြားမဲ့၌) အကျိုးပေးမြဲခြင်းသို့ သက်ဝင် သနည်း။

ခန္ဓာငါးပါးတို့ကို မမြဲဟု၊ ဆင်းရဲ၏ဟု၊ ရောဂါဟု၊ အိုင်းအမာဟု၊ ဆူးငြောင့်ဟု၊ ညှဉ်းဆဲ တတ်၏ဟု၊ အနာဟု၊ သူစိမ်းပြင်ပဟု၊ ပျက်စီးတတ်၏ဟု၊ ဘေးရန်ဟု၊ ဥပဒ်ဟု၊ ဘေးဟု၊နှိပ်စက်တတ်၏ဟု၊ တုန်လှုပ်တတ်၏ဟု၊ ကျိုးပျက်တတ်၏ဟု၊ ခိုင်ခံ့ခြင်းမရှိဟု၊ မှီခိုရာမဟုတ်ဟု၊ ပုန်းအောင်းရာ မဟုတ်ဟု၊ ကိုးကွယ်ရာမဟုတ်ဟု၊ ကင်းဆိတ်၏ဟု၊ အချည်းနှီးဟု၊ ဆိတ်သုဉ်း၏ဟု၊ အတ္တမဟုတ် ‘အနတ္တ’ဟု၊ အပြစ်ဟု၊ ဖောက်ပြန်တတ်သောသဘောဟု၊ အနှစ်မဲ့ဟု၊ ညှဉ်းဆဲခြင်း၏အရင်းခံဟု၊ သတ် တတ်၏ဟု၊ အထူးထူးဖြစ် တတ်၏ဟု၊ အာသဝေါတရားတို့၏ အာရုံဟု၊ ပြုစီရင်အပ်၏ဟု၊ မာရ်နှင့်စပ်၏ဟု၊ ဖြစ်ခြင်းသဘောရှိ၏ဟု၊ အိုခြင်းသဘောရှိ၏ဟု၊ နာခြင်းသဘောရှိ၏ဟု၊ သေခြင်းသဘောရှိ၏ဟု၊ စိုး ရိမ်ခြင်းသဘောရှိ၏ဟု၊ ငိုကြွေးခြင်းသဘောရှိ၏ဟု၊ ပြင်းစွာပူပန်ခြင်းသဘောရှိ၏ဟု၊ ညစ်နွမ်းခြင်း သဘောရှိ၏ဟု (ရှု၏)။

--

၃၈။ ခန္ဓာငါးပါးတို့ကို မမြဲဟု ရှုသည်ရှိသော် မဂ်နှင့်လျော်သော အလို ‘အနုလောမဉာဏ်’ ကို ရ၏။ “ခန္ဓာငါးပါးတို့၏ ချုပ်ခြင်း နိဗ္ဗာန်သည် မြဲ၏”ဟု ရှုသည်ရှိသော် (မိမိအခြားမဲ့၌) အကျိုးပေးမြဲခြင်းသို့ ဝင်၏။

ခန္ဓာငါးပါးတို့ကို ဆင်းရဲ၏ဟု ရှုသည်ရှိသော် မဂ်နှင့်လျော်သောအလို ‘အနုလောမဉာဏ်’ ကို ရ၏။ “ခန္ဓာငါးပါးတို့၏ ချုပ်ခြင်း နိဗ္ဗာန်သည် ချမ်းသာ၏”ဟု ရှုသည်ရှိသော် (မိမိအခြားမဲ့၌) အကျိုးပေးမြဲခြင်းသို့ ဝင်၏။

ခန္ဓာငါးပါးတို့ကို ရောဂါဟု ရှုသည်ရှိသော် မဂ်နှင့်လျော်သော အလို ‘အနုလောမဉာဏ်’ ကို ရ၏။ “ခန္ဓာငါးပါးတို့၏ ချုပ်ခြင်း နိဗ္ဗာန်သည် အနာ (ရောဂါ) ကင်း၏”ဟု ရှုသည်ရှိသော် (မိမိအခြားမဲ့၌) အကျိုးပေး မြဲခြင်းသို့ ဝင်၏။

ခန္ဓာငါးပါးတို့ကို အိုင်းအမာဟု ရှုသည်ရှိသော် မဂ်နှင့်လျော်သော အလို ‘အနုလောမဉာဏ်’ ကို ရ၏။ “ခန္ဓာငါးပါးတို့၏ ချုပ်ခြင်း နိဗ္ဗာန်သည် အိုင်းအမာကင်း၏”ဟု ရှုသည်ရှိသော် (မိမိအခြားမဲ့၌) အကျိုးပေး မြဲခြင်းသို့ ဝင်၏။

ခန္ဓာငါးပါးတို့ကို ဆူးငြောင့်ဟု ရှုသည်ရှိသော် မဂ်နှင့်လျော်သောအလို ‘အနုလောမဉာဏ်’ ကို ရ၏။ “ခန္ဓာငါးပါးတို့၏ ချုပ်ခြင်း နိဗ္ဗာန်သည် ဆူးငြောင့်ကင်း၏”ဟု ရှုသည်ရှိသော် (မိမိအခြားမဲ့၌) အကျိုး ပေးမြဲခြင်းသို့ ဝင်၏။ (၅)

ခန္ဓာငါးပါးတို့ကို ညှဉ်းဆဲတတ်၏ဟု ရှုသည်ရှိသော် မဂ်နှင့်လျော်သောအလို ‘အနုလောမဉာဏ်’ ကို ရ၏။ “ခန္ဓာငါးပါးတို့၏ ချုပ်ခြင်း နိဗ္ဗာန်သည် ညှဉ်းဆဲခြင်းကင်း၏”ဟု ရှုသည်ရှိသော် (မိမိအခြားမဲ့၌) အကျိုးပေး မြဲခြင်းသို့ ဝင်၏။

ခန္ဓာငါးပါးတို့ကို အနာဟု ရှုသည်ရှိသော် မဂ်နှင့်လျော်သောအလို ‘အနုလောမဉာဏ်’ ကို ရ၏။ “ခန္ဓာငါးပါးတို့၏ ချုပ်ခြင်း နိဗ္ဗာန်သည် အနာကင်း၏”ဟု ရှုသည်ရှိသော် (မိမိအခြားမဲ့၌) အကျိုးပေးမြဲခြင်းသို့ ဝင်၏။

ခန္ဓာငါးပါးတို့ကို တစ်ပါးတစ်ခြားဟု ရှုသည်ရှိသော် မဂ်နှင့်လျော်သောအလို ‘အနုလောမဉာဏ်’ ကို ရ၏။ “ခန္ဓာငါးပါးတို့၏ ချုပ်ခြင်းနိဗ္ဗာန်သည် အကြောင်းတစ်ပါးကင်း၏”ဟု ရှုသည်ရှိသော် (မိမိအခြား မဲ့၌) အကျိုးပေးမြဲခြင်းသို့ ဝင်၏။

ခန္ဓာငါးပါးတို့ကို ပျက်စီးတတ်၏ဟု ရှုသည်ရှိသော် မဂ်နှင့်လျော်သောအလို ‘အနုလောမဉာဏ်’ ကို ရ၏။ “ခန္ဓာငါးပါးတို့၏ချုပ်ခြင်း နိဗ္ဗာန်သည် မပျက်စီးသောသဘောရှိ၏”ဟု ရှုသည်ရှိသော် (မိမိအခြား မဲ့၌) အကျိုးပေးမြဲခြင်းသို့ ဝင်၏။

ခန္ဓာငါးပါးတို့ကို ဘေးရန်ဟု ရှုသည်ရှိသော် မဂ်နှင့်လျော်သောအလို ‘အနုလောမဉာဏ်’ ကိုရ၏။ “ခန္ဓာငါးပါးတို့၏ ချုပ်ခြင်း နိဗ္ဗာန်သည် ဘေးရန်မရှိ”ဟု ရှုသည်ရှိသော် (မိမိအခြားမဲ့၌) အကျိုးပေး မြဲခြင်းသို့ ဝင်၏။ (၁၀)

ခန္ဓာငါးပါးတို့ကို ဥပဒ်ဟု ရှုသည်ရှိသော် မဂ်နှင့်လျော်သောအလို ‘အနုလောမဉာဏ်’ ကိုရ၏။ “ခန္ဓာငါးပါးတို့၏ ချုပ်ခြင်း နိဗ္ဗာန်သည် ဥပဒ်မရှိ”ဟု ရှုသည်ရှိသော် (မိမိအခြားမဲ့၌) အကျိုးပေးမြဲခြင်း သို့ ဝင်၏။

ခန္ဓာငါးပါးတို့ကို ဘေးဟု ရှုသည်ရှိသော် မဂ်နှင့်လျော်သောအလို ‘အနုလောမဉာဏ်’ ကိုရ၏။ “ခန္ဓာငါးပါးတို့၏ ချုပ်ခြင်း နိဗ္ဗာန်သည် ဘေးမရှိ”ဟု ရှုသည်ရှိသော် (မိမိအခြားမဲ့၌) အကျိုးပေးမြဲခြင်း သို့ ဝင်၏။

--

ခန္ဓာငါးပါးတို့ကိုနှိပ်စက်တတ်၏ဟု ရှုသည်ရှိသော် မဂ်နှင့်လျော်သောအလို ‘အနုလောမဉာဏ်’ ကို ရ၏။ “ခန္ဓာငါးပါးတို့၏ ချုပ်ခြင်း နိဗ္ဗာန်သည် မနှိပ်စက်တတ်”ဟု ရှုသည်ရှိသော် (မိမိအခြားမဲ့၌) အကျိုးပေးမြဲခြင်းသို့ ဝင်၏။

ခန္ဓာငါးပါးတို့ကို တုန်လှုပ်၏ဟု ရှုသည်ရှိသော် မဂ်နှင့်လျော်သောအလို ‘အနုလောမဉာဏ်’ ကိုရ၏။ “ခန္ဓာငါးပါးတို့၏ ချုပ်ခြင်း နိဗ္ဗာန်သည် မတုန်လှုပ်”ဟု ရှုသည်ရှိသော် (မိမိအခြားမဲ့၌) အကျိုးပေးမြဲခြင်း သို့ ဝင်၏။

ခန္ဓာငါးပါးတို့ကို ကျိုးပျက်တတ်၏ဟု ရှုသည်ရှိသော် မဂ်နှင့်လျော်သောအလို ‘အနုလောမဉာဏ်’ ကို ရ၏။ “ခန္ဓာငါးပါးတို့၏ ချုပ်ခြင်း နိဗ္ဗာန်သည် ကျိုးပျက်ခြင်းမရှိ”ဟု ရှုသည်ရှိသော် (မိမိအခြားမဲ့၌)့အကျိုးပေးမြဲခြင်းသို့ ဝင်၏။ (၁၅)

ခန္ဓာငါးပါးတို့ကို ခိုင်ခံ့ခြင်းမရှိဟု ရှုသည်ရှိသော် မဂ်နှင့်လျော်သောအလို ‘အနုလောမဉာဏ်’ ကိုရ၏။ “ခန္ဓာငါးပါးတို့၏ ချုပ်ခြင်း နိဗ္ဗာန်သည် ခိုင်ခံ့ခြင်းရှိ၏”ဟု ရှုသည်ရှိသော် (မိမိအခြားမဲ့၌) အကျိုး ပေးမြဲခြင်းသို့ ဝင်၏။

ခန္ဓာငါးပါးတို့ကို မှီခိုရာမဟုတ်ဟု ရှုသည်ရှိသော် မဂ်နှင့်လျော်သောအလို ‘အနုလောမဉာဏ်'ကိုရ၏။ “ခန္ဓာငါးပါးတို့၏ ချုပ်ခြင်း နိဗ္ဗာန်သည် မှီခိုရာ”ဟု ရှုသည်ရှိသော် (မိမိအခြားမဲ့၌) အကျိုးပေးမြဲခြင်းသို့ ဝင်၏။

ခန္ဓာငါးပါးတို့ကို ပုန်းအောင်းရာမဟုတ်ဟု ရှုသည်ရှိသော် မဂ်နှင့်လျော်သောအလို ‘အနုလောမဉာဏ်’ ကို ရ၏။ “ခန္ဓာငါးပါးတို့၏ ချုပ်ခြင်း နိဗ္ဗာန်သည် ပုန်းအောင်းရာ”ဟု ရှုသည်ရှိသော် (မိမိအခြားမဲ့၌) အကျိုးပေးမြဲခြင်းသို့ ဝင်၏။

ခန္ဓာငါးပါးတို့ကို ကိုးကွယ်ရာမဟုတ်ဟု ရှုသည်ရှိသော် မဂ်နှင့်လျော်သောအလို ‘အနုလောမဉာဏ်’ ကို ရ၏။ “ခန္ဓာငါးပါးတို့၏ ချုပ်ခြင်း နိဗ္ဗာန်သည် ကိုးကွယ်ရာ”ဟု ရှုသည်ရှိသော် (မိမိအခြားမဲ့၌) အကျိုးပေးမြဲခြင်းသို့ ဝင်၏။

ခန္ဓာငါးပါးတို့ကို ချမ်းသာခြင်းမှ ကင်းဆိတ်၏ဟု ရှုသည်ရှိသော် မဂ်နှင့်လျော်သောအလို ‘အနု လောမဉာဏ်'ကို ရ၏။ “ခန္ဓာငါးပါးတို့၏ ချုပ်ခြင်း နိဗ္ဗာန်သည် ချမ်းသာသည်မှ မဆိတ်”ဟု ရှုသည်ရှိ သော် (မိမိအခြားမဲ့၌) အကျိုးပေးမြဲခြင်းသို့ ဝင်၏။ (၂၀)

ခန္ဓာငါးပါးတို့ကို အချည်းအနှီးဟု ရှုသည်ရှိသော် မဂ်နှင့်လျော်သောအလို ‘အနုလောမဉာဏ်’ ကိုရ၏။ “ခန္ဓာငါးပါးတို့၏ ချုပ်ခြင်း နိဗ္ဗာန်သည် အချည်းအနှီးမဟုတ်”ဟု ရှုသည်ရှိသော် (မိမိအခြားမဲ့၌) အကျိုးပေးမြဲခြင်းသို့ ဝင်၏။

ခန္ဓာငါးပါးတို့ကို ပုဂ္ဂိုလ်စသည်မှ ဆိတ်သုဉ်း၏ဟု ရှုသည်ရှိသော် မဂ်နှင့်လျော်သောအလို ‘အနု လောမဉာဏ်’ ကို ရ၏။ “ခန္ဓာငါးပါးတို့၏ ချုပ်ခြင်း နိဗ္ဗာန်သည် သင်္ခါရအားလုံးမှ ဆိတ်သုဉ်း၏”ဟု ရှုသည်ရှိသော် (မိမိအခြားမဲ့၌) အကျိုးပေး မြဲခြင်းသို့ ဝင်၏။

ခန္ဓာငါးပါးတို့ကို အတ္တမဟုတ် ‘အနတ္တ’ဟု ရှုသည်ရှိသော် မဂ်နှင့်လျော်သောအလို ‘အနုလောမဉာဏ်’ ကို ရ၏။ “ခန္ဓာငါးပါးတို့၏ ချုပ်ခြင်း နိဗ္ဗာန်သည် မြတ်သောသဘော ‘ပရမတ္ထ"’ဟု ရှုသည်ရှိသော် (မိမိအခြားမဲ့၌) အကျိုးပေးမြဲခြင်းသို့ ဝင်၏။

ခန္ဓာငါးပါးတို့ကို အပြစ်ဟု ရှုသည်ရှိသော် မဂ်နှင့်လျော်သောအလို ‘အနုလောမဉာဏ်’ ကိုရ၏။ “ခန္ဓာငါးပါးတို့၏ ချုပ်ခြင်း နိဗ္ဗာန်သည် အပြစ်မရှိ”ဟု ရှုသည်ရှိသော် (မိမိအခြားမဲ့၌) အကျိုးပေး မြဲခြင်းသို့ ဝင်၏။

--

ခန္ဓာငါးပါးတို့ကို ဖောက်ပြန်တတ်သောသဘောရှိ၏ဟု ရှုသည်ရှိသော် မဂ်နှင့်လျော်သောအလို ‘အနုလောမဉာဏ်’ ကို ရ၏။ “ခန္ဓာငါးပါးတို့၏ ချုပ်ခြင်း နိဗ္ဗာန်သည် ဖောက်ပြန်သောသဘောမရှိ”ဟု ရှုသည်ရှိသော် (မိမိအခြားမဲ့၌) အကျိုးပေးမြဲခြင်းသို့ ဝင်၏။ (၂၅)

ခန္ဓာငါးပါးတို့ကို အနှစ်မဲ့ဟု ရှုသည်ရှိသော် မဂ်နှင့်လျော်သောအလို ‘အနုလောမဉာဏ်’ ကိုရ၏။ “ခန္ဓာငါးပါးတို့၏ ချုပ်ခြင်း နိဗ္ဗာန်သည် အနှစ်သာရ”ဟု ရှုသည်ရှိသော် (မိမိအခြားမဲ့၌) အကျိုးပေးမြဲခြင်းသို့ ဝင်၏။

ခန္ဓာငါးပါးတို့ကို ညှဉ်းဆဲခြင်း၏အရင်းခံဟု ရှုသည်ရှိသော် မဂ်နှင့်လျော်သောအလို ‘အနုလောမ ဉာဏ်’ ကို ရ၏။ ခန္ဓာငါးပါးတို့၏ ချုပ်ခြင်း “နိဗ္ဗာန်သည် ညှဉ်းဆဲခြင်းအရင်းခံမဟုတ်”ဟု ရှုသည်ရှိသော် (မိမိအခြားမဲ့၌) အကျိုးပေးမြဲခြင်းသို့ ဝင်၏။

ခန္ဓာငါးပါးတို့ကို သတ်တတ်၏ဟု ရှုသည်ရှိသော် မဂ်နှင့်လျော်သောအလို ‘အနုလောမဉာဏ်’ ကိုရ၏။ “ခန္ဓာငါးပါးတို့၏ ချုပ်ခြင်း နိဗ္ဗာန်သည် မသတ်တတ်”ဟု ရှုသည်ရှိသော် (မိမိအခြားမဲ့၌) အကျိုး ပေးမြဲခြင်းသို့ ဝင်၏။

ခန္ဓာငါးပါးတို့ကို အထူးထူးဖြစ်တတ်၏ဟု ရှုသည်ရှိသော် မဂ်နှင့်လျော်သောအလို ‘အနုလောမဉာဏ်’ ကို ရ၏။ “ခန္ဓာငါးပါးတို့၏ ချုပ်ခြင်း နိဗ္ဗာန်သည် အထူးထူးမဖြစ်တတ်”ဟု ရှုသည်ရှိသော် (မိမိ အခြားမဲ့၌) အကျိုးပေး မြဲခြင်းသို့ ဝင်၏။

ခန္ဓာငါးပါးတို့ကို အာသဝေါတရားတို့၏ အာရုံဟု ရှုသည်ရှိသော် မဂ်နှင့်လျော်သောအလို ‘အနု လောမဉာဏ်’ ကို ရ၏။ “ခန္ဓာငါးပါးတို့၏ ချုပ်ခြင်း နိဗ္ဗာန်သည် အာသဝေါတရားတို့၏ အာရုံမဟုတ်”ဟု ရှုသည်ရှိသော် (မိမိအခြားမဲ့၌) အကျိုးပေး မြဲခြင်းသို့ ဝင်၏။ (၃၀)

ခန္ဓာငါးပါးတို့ကို ပြုစီရင်အပ်၏ဟု ရှုသည်ရှိသော် မဂ်နှင့်လျော်သောအလို ‘အနုလောမဉာဏ်’ ကိုရ၏။ “ခန္ဓာငါးပါးတို့၏ ချုပ်ခြင်း နိဗ္ဗာန်သည် မပြုပြင်အပ်”ဟု ရှုသည်ရှိသော် (မိမိအခြားမဲ့၌) အကျိုး ပေးမြဲခြင်းသို့ ဝင်၏။

ခန္ဓာငါးပါးတို့ကို မာရ်နှင့်စပ်၏ဟု ရှုသည်ရှိသော် မဂ်နှင့်လျော်သောအလို ‘အနုလောမဉာဏ်’ ကို ရ၏။ ခန္ဓာငါးပါးတို့၏ ချုပ်ခြင်း “နိဗ္ဗာန်သည် မာရ်နှင့်မစပ်”ဟု ရှုသည်ရှိသော် (မိမိအခြားမဲ့၌) အကျိုး ပေး မြဲခြင်းသို့ ဝင်၏။

ခန္ဓာငါးပါးတို့ကို ဖြစ်ခြင်းသဘောရှိ၏ဟု ရှုသည်ရှိသော် မဂ်နှင့်လျော်သောအလို ‘အနုလောမဉာဏ်’ ကို ရ၏။ ခန္ဓာငါးပါးတို့၏ ချုပ်ခြင်း “နိဗ္ဗာန်သည် ဖြစ်ခြင်းသဘောမရှိ”ဟု ရှုသည်ရှိသော် (မိမိအခြား မဲ့၌) အကျိုးပေးမြဲခြင်းသို့ ဝင်၏။

ခန္ဓာငါးပါးတို့ကို အိုခြင်းသဘောရှိ၏ဟု ရှုသည်ရှိသော် မဂ်နှင့်လျော်သောအလို ‘အနုလောမဉာဏ်’ ကို ရ၏။ “ခန္ဓာငါးပါးတို့၏ ချုပ်ခြင်း နိဗ္ဗာန်သည် အိုခြင်းသဘောမရှိ”ဟု ရှုသည်ရှိသော် (မိမိအခြားမဲ့၌) အကျိုးပေး မြဲခြင်းသို့ ဝင်၏။

ခန္ဓာငါးပါးတို့ကို နာခြင်းသဘောရှိ၏ဟု ရှုသည်ရှိသော် မဂ်နှင့်လျော်သောအလို ‘အနုလောမဉာဏ်'ကို ရ၏။ “ခန္ဓာငါးပါးတို့၏ ချုပ်ခြင်း နိဗ္ဗာန်သည် နာခြင်းသဘောမရှိ”ဟု ရှုသည်ရှိသော် (မိမိအခြားမဲ့၌) အကျိုးပေးမြဲခြင်းသို့ ဝင်၏။ (၃၅)

ခန္ဓာငါးပါးတို့ကို သေခြင်းသဘောရှိ၏ဟု ရှုသည်ရှိသော် မဂ်နှင့်လျော်သောအလို ‘အနုလောမဉာဏ်’ ကို ရ၏။ “ခန္ဓာငါးပါးတို့၏ ချုပ်ခြင်း နိဗ္ဗာန်သည် သေခြင်းသဘောမရှိ”ဟု ရှုသည်ရှိသော် (မိမိအခြား မဲ့၌) အကျိုးပေးမြဲခြင်းသို့ ဝင်၏။

--

ခန္ဓာငါးပါးတို့ကို စိုးရိမ်ခြင်းသဘောရှိ၏ဟု ရှုသည်ရှိသော် မဂ်နှင့်လျော်သောအလို ‘အနုလောမ ဉာဏ်'ကို ရ၏။ “ခန္ဓာငါးပါးတို့၏ ချုပ်ခြင်း နိဗ္ဗာန်သည် စိုးရိမ်ခြင်းသဘောမရှိ”ဟု ရှုသည်ရှိသော် (မိမိအခြားမဲ့၌) အကျိုးပေးမြဲခြင်းသို့ ဝင်၏။

ခန္ဓာငါးပါးတို့ကို ငိုကြွေးခြင်းသဘောရှိ၏ဟု ရှုသည်ရှိသော် မဂ်နှင့်လျော်သောအလို ‘အနုလောမ ဉာဏ်'ကို ရ၏။ “ခန္ဓာငါးပါးတို့၏ ချုပ်ခြင်း နိဗ္ဗာန်သည် ငိုကြွေးခြင်းသဘော မရှိ”ဟု ရှုသည်ရှိသော် (မိမိအခြားမဲ့၌) အကျိုးပေးမြဲခြင်းသို့ ဝင်၏။

ခန္ဓာငါးပါးတို့ကို ပြင်းစွာ ပူပန်ခြင်းသဘောရှိ၏ဟု ရှုသည်ရှိသော် မဂ်နှင့်လျော်သော အလို ‘အနုလောမဉာဏ်'ကို ရ၏။ “ခန္ဓာငါးပါးတို့၏ ချုပ်ခြင်း နိဗ္ဗာန်သည် ပြင်းစွာပူပန်ခြင်းသဘော မရှိ”ဟု ရှုသည်ရှိသော် (မိမိအခြားမဲ့၌) အကျိုးပေး မြဲခြင်းသို့ ဝင်၏။

ခန္ဓာငါးပါးတို့ကို ညစ်နွမ်းခြင်းသဘောရှိ၏ဟု ရှုသည်ရှိသော် မဂ်နှင့်လျော်သောအလို ‘အနုလောမ ဉာဏ်'ကို ရ၏။ “ခန္ဓာငါးပါးတို့၏ ချုပ်ခြင်း နိဗ္ဗာန်သည် ညစ်နွမ်းခြင်းသဘောမရှိ”ဟု ရှုသည်ရှိသော် (မိမိအခြားမဲ့၌) အကျိုးပေးမြဲခြင်းသို့ ဝင်၏။ (၄၀)

၃၉။ မမြဲဟု (ရှုခြင်းသည်) အနိစ္စာနုပဿနာတည်း။ ဆင်းရဲ၏ဟု (ရှုခြင်းသည်) ဒုက္ခာနုပဿနာတည်း။ ရောဂါဟု ရှုခြင်းသည် ဒုက္ခာနုပဿနာတည်း။ အိုင်းအမာဟု ရှုခြင်းသည် ဒုက္ခာနုပဿနာတည်း။ ဆူးငြောင့်ဟု ရှုခြင်းသည် ဒုက္ခာနုပဿနာတည်း။ ညှဉ်းဆဲတတ်၏ဟု ရှုခြင်းသည် ဒုက္ခာနုပဿနာတည်း။ အနာဟု ရှုခြင်းသည် ဒုက္ခာနုပဿနာတည်း။ သူစိမ်းပြင်ပဟု ရှုခြင်းသည် အနတ္တာနုပဿနာတည်း။ ပျက်စီးတတ်၏ဟု ရှုခြင်းသည် အနိစ္စာနုပဿနာတည်း။ ဘေးရန်ဟု ရှုခြင်းသည် ဒုက္ခာနုပဿနာတည်း။ (၁၀)

ဥပဒ်ဟု ရှုခြင်းသည် ဒုက္ခာနုပဿနာတည်း။ ဘေးဟု ရှုခြင်းသည် ဒုက္ခာနုပဿနာတည်း။ နှိပ် စက်တတ်၏ဟု ရှုခြင်းသည် ဒုက္ခာနုပဿနာတည်း။ တုန်လှုပ်တတ်၏ဟု ရှုခြင်းသည် အနိစ္စာနုပဿနာတည်း။ ကျိုးပျက်တတ်၏ဟု ရှုခြင်းသည် အနိစ္စာနုပဿနာတည်း။ ခိုင်ခံ့ခြင်းမရှိဟု ရှုခြင်းသည် အနိစ္စာနုပဿနာတည်း။ မှီခိုရာ မဟုတ်ဟု ရှုခြင်းသည် ဒုက္ခာနုပဿနာတည်း။ ပုန်းအောင်းရာမဟုတ်ဟု ရှုခြင်း သည် ဒုက္ခာနုပဿနာတည်း။ ကိုးကွယ်ရာမဟုတ်ဟု ရှုခြင်းသည် ဒုက္ခာနုပဿနာတည်း။ ကင်းဆိတ်ရာဟု ရှုခြင်းသည် အနတ္တာနုပဿနာတည်း။ (+၁၀=၂၀)

အချည်းနှီးဟု ရှုခြင်းသည် အနတ္တာနုပဿနာတည်း။ ဆိတ်သုဉ်း၏ဟု ရှုခြင်းသည် အနတ္တာနုပဿ နာတည်း။ အတ္တမဟုတ်ဟု ရှုခြင်းသည် အနတ္တာနုပဿနာတည်း။ အပြစ်ဟု ရှုခြင်းသည် ဒုက္ခာနုပဿနာတည်း။ ဖောက်ပြန်တတ်သောသဘောဟု ရှုခြင်းသည် အနိစ္စာနုပဿနာတည်း။ အနှစ်မဲ့ဟု ရှုခြင်းသည် အနတ္တာနုပဿနာတည်း။ ညှဉ်းဆဲခြင်း၏အရင်းခံဟု ရှုခြင်းသည် ဒုက္ခာနုပဿနာတည်း။ သတ်တတ်၏ဟု ရှုခြင်းသည် ဒုက္ခာနုပဿနာတည်း။ အထူးထူးဖြစ်၏ဟု ရှုခြင်းသည် အနိစ္စာနုပဿနာတည်း။ အာသဝေါတရားတို့၏ အာရုံဟု ရှုခြင်းသည် ဒုက္ခာနုပဿနာတည်း။ (+၁၀=၃၀)

ပြုစီရင်အပ်၏ဟု ရှုခြင်းသည် အနိစ္စာနုပဿနာတည်း။ မရ်နှင့်စပ်၏ဟု ရှုခြင်းသည် ဒုက္ခာနုပဿနာတည်း။ ဖြစ်ခြင်းသဘောရှိ၏ဟု ရှုခြင်းသည် ဒုက္ခာနုပဿနာတည်း။ အိုခြင်းသဘောရှိ၏ဟု ရှုခြင်းသည် ဒုက္ခာနုပဿနာတည်း။ နာခြင်းသဘောရှိ၏ဟု ရှုခြင်းသည် ဒုက္ခာနုပဿနာတည်း။ သေခြင်း သဘောရှိ၏ဟု ရှုခြင်းသည် အနိစ္စာနုပဿနာတည်း။ စိုးရိမ်ခြင်းသဘောရှိ၏ဟု ရှုခြင်းသည် ဒုက္ခာနုပဿနာတည်း။ ငိုကြွေးခြင်း သဘောရှိ၏ဟု ရှုခြင်းသည် ဒုက္ခာနုပဿနာတည်း။ ပြင်းစွာပူပန်ခြင်း သဘောရှိ၏ဟု ရှုခြင်းသည် ဒုက္ခာနုပဿနာတည်း။ ညစ်နွမ်းခြင်း သဘောရှိ၏ဟု ရှုခြင်းသည် ဒုက္ခာနုပဿနာတည်း။ (+၁၀=၄၀)

--

ဤလေးဆယ်သော အခြင်းအရာတို့ဖြင့် မဂ်နှင့်လျော်သောအလို ‘အနုလောမဉာဏ်’ ကိုရ၏။ ဤ လေးဆယ်သော အခြင်းအရာတို့ဖြင့် (မိမိအခြားမဲ့၌) အကျိုးပေး မြဲခြင်းသို့ ဝင်၏။

ဤလေးဆယ်သော အခြင်းအရာတို့ဖြင့် မဂ်နှင့်လျော်သောအလို ‘အနုလောမဉာဏ်’ ကိုရသော၊ ဤလေးဆယ်သော အခြင်းအရာတို့ဖြင့် (မိမိအခြားမဲ့၌) အကျိုးပေးမြဲခြင်းသို့ ဝင်သောသူအား အနိစ္စာနုပဿနာ အဘယ်မျှလောက် ရှိသနည်း။ ဒုက္ခာနုပဿနာ အဘယ်မျှလောက် ရှိသနည်း။ အနတ္တာနုပဿနာ အဘယ်မျှလောက် ရှိသနည်း။

အနတ္တာနုပဿနာနှစ်ဆယ့်ငါးပါး။

အနိစ္စာနုပဿနာ ငါးဆယ်။

ဒုက္ခာနုပဿနာ တစ်ရာ့နှစ်ဆယ့်ငါးပါး ရှိ၏ဟု ဆိုအပ်၏။

ဝိပဿနာကထာ ပြီး၏။

--

၁၀-မာတိကာကထာ

၄၀။ ဆာလောင်မှု (ကိလေသာ) မရှိခြင်း၊ လွတ်မြောက်ခြင်း ‘ဝိမောက္ခ’၊ ရတတ် လွတ်မြောက်တတ် သော ‘ဝိဇ္ဇာဝိမုတ္တိ’၊ လွန်မြတ်သောသီလဟူသော ‘အဓိသီလ’၊ လွန်မြတ်သော သမာဓိဟူသော ‘အဓိစိတ္တ’၊ လွန် မြတ်သောပညာဟူသော ‘အဓိပညာ’၊ ကိုယ်စိတ်တို့၏ ငြိမ်းခြင်း ‘ပဿဒ္ဓိ’၊ သိခြင်း ‘ဉာဏ်’၊ မြင်ခြင်း ‘ဒဿန’၊ စင်ကြယ်ခြင်း ‘ဝိသုဒ္ဓိ’၊ ထွက်မြောက်ခြင်း ‘နေက္ခမ္မ’၊ ကျွတ်လွတ်ခြင်း ‘နိဿရဏ’၊ ကင်းဆိတ်ခြင်း ‘ပဝိဝေက’၊ စွန့်လွှတ်ခြင်း ‘ဝေါဿဂ္ဂ’၊ ကျင့်ခြင်း ‘စရိယာ’၊ ဈာန်ဝိမောက္ခ၊ ဘာဝနာ၊ အဓိဋ္ဌာန်၊ အသက်မွေးခြင်းတို့တည်း။ (၁၉)

၄၁။ (ထိုပုဒ်တို့တွင်) ဆာလောင်မှု (ကိလေသာ) မရှိခြင်းဟူသည်ကား (ကာမမှ) ထွက်မြောက်ခြင်းကြောင့် ကာမစ္ဆန္ဒအားဖြင့် ဆာလောင်မှုမရှိခြင်း၊ မေတ္တာကြောင့် ဗျာပါဒအားဖြင့် ဆာလောင်မှု မရှိခြင်း။ပ။ ပဌမဈာန်ဖြင့် နီဝရဏတို့မှ (ကင်းခြင်းကြောင့်) ဆာလောင်မှုမရှိခြင်း။ပ။ အရဟတ္တမဂ်ဖြင့် အလုံးစုံသော ကိလေသာတို့မှ (ကင်းခြင်းကြောင့်) ဆာလောင်မှု မရှိခြင်းတို့တည်း။ (၁)

လွတ်မြောက်ခြင်း ‘ဝိမောက္ခ’ဟူသည်ကား (ကာမမှ) ထွက်မြောက်ခြင်းဖြင့် ကာမစ္ဆန္ဒမှ လွတ်မြောက်သောကြောင့် မောက္ခဝိမောက္ခ၊ မေတ္တာဖြင့် ဗျာပါဒမှ လွတ်မြောက်သောကြောင့် မောက္ခဝိမောက္ခ။ပ။ ပဌမ ဈာန်ဖြင့် နီဝရဏတို့မှ လွတ်မြောက်သောကြောင့် မောက္ခဝိမောက္ခ။ပ။ အရဟတ္တမဂ်ဖြင့် အလုံးစုံသော ကိလေသာတို့မှ လွတ်မြောက်သောကြောင့် မောက္ခဝိမောက္ခတို့တည်း။ (၂)

ဝိဇ္ဇာဝိမုတ္တိဟူသည်ကား ထွက်မြောက်ခြင်းကို ရသောကြောင့် ဝိဇ္ဇာ။ ကာမစ္ဆန္ဒမှ လွတ်မြောက်သော ကြောင့် ဝိမုတ္တိ။ ရှိသည်ဖြစ်၍ လွတ်မြောက်၏။ လွတ်မြောက်သည်ဖြစ်၍ ရှိ၏။ ထို့ကြောင့် ဝိဇ္ဇာဝိမုတ္တိ မည်၏။

အဗျာပါဒသည် ရှိခြင်းကြောင့် ဝိဇ္ဇာ။ ဗျာပါဒမှ လွတ်မြောက်ခြင်းကြောင့် ဝိမုတ္တိ။ ရှိသည်ဖြစ်၍ လွတ်မြောက်၏။ လွတ်မြောက်သည်ဖြစ်၍ ရှိ၏။ပ။

အရဟတ္တမဂ်သည် ရှိခြင်းကြောင့် ဝိဇ္ဇာ။ အလုံးစုံသောကိလေသာတို့မှ လွတ်မြောက်ခြင်းကြောင့် ဝိမုတ္တိ။ ရှိသည်ဖြစ်၍ လွတ်မြောက်၏။ လွတ်မြောက်သည်ဖြစ်၍ ရှိ၏။ ထို့ကြောင့် ဝိဇ္ဇာဝိမုတ္တိ မည်၏။ (၃)

အဓိသီလ၊ အဓိစိတ္တ၊ အဓိပညာဟူသည်ကား (ကာမမှ) ထွက်မြောက်ခြင်းဖြင့် ကာမစ္ဆန္ဒကို စောင့်စည်းခြင်းသဘောကြောင့် သီလဝိသုဒ္ဓိ။ မပျံ့လွင့်ခြင်းသဘောကြောင့် စိတ္တဝိသုဒ္ဓိ။ မြင်ခြင်းသဘော ကြောင့် ဒိဋ္ဌိဝိသုဒ္ဓိ မည်၏။ ထိုတွင် စောင့်စည်းခြင်းသဘောသည် အဓိသီလသိက္ခာ။ မပျံ့လွင့်ခြင်းသဘောသည် အဓိစိတ္တသိက္ခာ။ မြင်ခြင်းသဘောသည် အဓိပညာသိက္ခာမည်၏။

အဗျာပါဒဖြင့် ဗျာပါဒကို စောင့်စည်းခြင်းသဘောကြောင့် သီလဝိသုဒ္ဓိ။ပ။ အရဟတ္တမဂ်ဖြင့် အလုံးစုံသော ကိလေသာတို့ကို စောင့်စည်းခြင်းသဘောကြောင့် သီလဝိသုဒ္ဓိ။ မပျံ့လွင့်ခြင်းသဘောကြောင့် စိတ္တ ဝိသုဒ္ဓိ။ မြင်ခြင်းသဘောကြောင့် ဒိဋ္ဌိဝိသုဒ္ဓိ မည်၏။ ထိုတွင် အကြင်စောင့်စည်းခြင်း သဘောသည်ရှိ၏။ ဤစောင့်စည်းခြင်းသဘောသည် အဓိသီလသိက္ခာ။ ထိုတွင် မပျံ့လွင့်ခြင်းသဘောသည် အဓိစိတ္တသိက္ခာ။ မြင်ခြင်းသဘောသည် အဓိပညာသိက္ခာမည်၏။ (၃-၆)

--

ပဿဒ္ဓိဟူသည်ကား (ကာမမှ) ထွက်မြောက်ခြင်းဖြင့် ကာမစ္ဆန္ဒကို ငြိမ်းစေ၏။ အဗျာပါဒဖြင့် ဗျာပါဒကို ငြိမ်းစေ၏။ပ။ အရဟတ္တမဂ်ဖြင့် အလုံးစုံသော ကိလေသာတို့ကို ငြိမ်းစေ၏။

ဉာဏ်ဟူသည်ကား ကာမစ္ဆန္ဒကို ပယ်ခြင်းကြောင့် (ကာမမှ) ထွက်မြောက်ခြင်း ‘နေက္ခမ္မ'သည် သိတတ်သော သဘောအားဖြင့် ဉာဏ်မည်၏။ ဗျာပါဒကို ပယ်ခြင်းကြောင့် အဗျာပါဒသည် သိတတ်သော သဘောအားဖြင့် ဉာဏ်မည်၏။ပ။ အလုံးစုံသော ကိလေသာတို့ကို ပယ်ခြင်းကြောင့် အရဟတ္တမဂ်သည် သိတတ် သောသဘောအားဖြင့် ဉာဏ်မည်၏။ (၈)

မြင်ခြင်း ‘ဒဿန’ဟူသည်ကား ကာမစ္ဆန္ဒကို ပယ်ခြင်းကြောင့် (ကာမမှ) ထွက်မြောက်ခြင်း ‘နေက္ခမ္မ’ သည် မြင်တတ်သောကြောင့် ဒဿနမည်၏။ ဗျာပါဒကို ပယ်ခြင်းကြောင့် အဗျာပါဒသည် မြင်တတ်သောကြောင့် ဒဿနမည်၏။ပ။ အလုံးစုံသော ကိလေသာတို့ကို ပယ်ခြင်းကြောင့် အရဟတ္တမဂ်သည် မြင်တတ်သောကြောင့် ဒဿနမည်၏။ (၉)

စင်ကြယ်ခြင်း ‘ဝိသုဒ္ဓိ’ဟူသည်ကား ကာမစ္ဆန္ဒကို ပယ်သည်ရှိသော် (ကာမမှ) ထွက်မြောက်ခြင်းဖြင့် စင်ကြယ်၏။ ဗျာပါဒကို ပယ်သည်ရှိသော် အဗျာပါဒဖြင့် စင်ကြယ်၏။ပ။ အလုံးစုံသော ကိလေသာတို့ကို ပယ်သည်ရှိသော် အရဟတ္တမဂ်ဖြင့် စင်ကြယ်၏။ (၁၀)

ထွက်မြောက်ခြင်း နေက္ခမ္မဟူရာ၌ အကြင်ထွက်မြောက်ခြင်းသည် ရှိ၏။ ဤထွက်မြောက်ခြင်းသည် ကာမတို့မှ ကျွတ်လွတ်ခြင်းတည်း။ အကြင်အာရုပ္ပသည် ရှိ၏။ ဤအာရုပ္ပသည် ရုပ်တို့မှ ကျွတ်လွတ်ခြင်းတည်း။

အလုံးစုံသော တရားသည် ဖြစ်တတ်၏။ ပြုပြင်အပ်၏။ (အကြောင်းကို) စွဲ၍ ဖြစ်၏။ နိဗ္ဗာန်သည် ထိုတရားမှ ထွက်မြောက်၏။ အဗျာပါဒသည် ဗျာပါဒမှ ထွက်မြောက်၏။ အာလောကသညာသည် ထိနမိဒ္ဓမှ ထွက်မြောက်၏။ပ။ အရဟတ္တမဂ်သည် ကိလေသာအားလုံးတို့မှ ထွက်မြောက်၏။ (၁၁)

ကျွတ်လွတ်ခြင်းဟူသည်ကား အကြင်ထွက်မြောက်ခြင်းသည် ရှိ၏။ ဤထွက်မြောက်ခြင်းသည် ကာမတို့မှ ကျွတ်လွတ်ခြင်းတည်း။ အကြင်အာရုပ္ပသည် ရှိ၏။ ဤအာရုပ္ပသည် ရုပ်တို့မှ ကျွတ်လွတ်ခြင်းတည်း။ အလုံးစုံသော တရားသည် ဖြစ်တတ်၏။ ပြုပြင်အပ်၏။ (အကြောင်းကို) စွဲ၍ ဖြစ်၏။ နိဗ္ဗာန် သည် ထိုတရားမှ ကျွတ်လွတ်၏။ ထွက်မြောက်ခြင်းသည် ကာမစ္ဆန္ဒမှ ကျွတ်လွတ်၏။ အဗျာပါဒသည် ဗျာပါဒမှ ကျွတ်လွတ်၏။ပ။ အရဟတ္တမဂ်သည် အလုံးစုံသော ကိလေသာတို့မှ ကျွတ်လွတ်၏။ (၁၂)

ကင်းဆိတ်ခြင်း ‘ပဝိဝေက’ ဟူသည်ကား (ကာမမှ) ထွက်မြောက်ခြင်း ‘နေက္ခမ္မ'သည် ကာမစ္ဆန္ဒမှ ကင်းဆိတ်၏။ပ။ အရဟတ္တမဂ်သည် အလုံးစုံသော ကိလေသာတို့မှ ကင်းဆိတ်၏။ (၁၃)

စွန့်လွှတ်ခြင်း ‘ဝေါဿဂ္ဂ’ဟူသည်ကား (ကာမမှ) ထွက်မြောက်ခြင်း ‘နေက္ခမ္မ'ဖြင့် ကာမစ္ဆန္ဒကို စွန့်လွှတ်သောကြောင့် ဝေါဿဂ္ဂမည်၏။ အဗျာပါဒဖြင့် ဗျာပါဒကို စွန့်လွှတ်သောကြောင့် ဝေါဿဂ္ဂမည်၏။ပ။ အရဟတ္တမဂ်ဖြင့် အလုံးစုံသော ကိလေသာတို့ကို စွန့်လွှတ်သောကြောင့် ဝေါဿဂ္ဂမည်၏။ (၁၄)

ကျင့်ခြင်း ‘စရိယာ’ဟူသည်ကား ကာမစ္ဆန္ဒကို ပယ်သူသည် (ကာမမှ) ထွက်မြောက်ခြင်း ‘နေက္ခမ္မ’ ဖြင့် ကျင့်၏။ ဗျာပါဒကို ပယ်သူသည် အဗျာပါဒဖြင့် ကျင့်၏။ပ။ အလုံးစုံသော ကိလေသာတို့ကို ပယ်သူသည် အရဟတ္တမဂ်ဖြင့် ကျင့်၏။ (၁၅)

ဈာန်ဝိမောက္ခဟူသည်ကား ထွက်မြောက်ခြင်း ‘နေက္ခမ္မ'သည် ရှုတတ်သောကြောင့် ဈာန်မည်၏။

ကာမစ္ဆန္ဒကို လောင်စေသောကြောင့် ဈာန်မည်၏။ ရှုဆဲဖြစ်၍ လွတ်သောကြောင့် ဈာနဝိမောက္ခမည်၏။

လောင်စေသည်ဖြစ်၍ လွတ်သောကြောင့် ဈာနဝိမောက္ခမည်၏။

--

ရှုကုန်၏ဟူသည် တရားတို့သည် ရှုကုန်၏။ လောင်စေကုန်၏ဟူသည် ကိလေသာတို့ကို လောင်စေ ကုန်၏။ ရှုတတ်သော တရားတို့ကိုလည်းကောင်း၊ လောင်စေအပ်သော ကိလေသာတို့ကိုလည်းကောင်း သိတတ်သောကြောင့် ဈာနဈာယီမည်၏။

အဗျာပါဒ'မေတ္တာ'သည် ရှုတတ်သောကြောင့် ဈာန်မည်၏။ ဗျာပါဒကို လောင်စေတတ်သောကြောင့် ဈာန်မည်၏။ပ။ အာလောကသညာ ‘အလင်းဟူသောအမှတ်'သည် ရှုတတ်သောကြောင့် ဈာန်မည်၏။

ထိနမိဒ္ဓကို လောင်စေတတ်သောကြောင့် ဈာန်မည်၏။ပ။ အရဟတ္တမဂ်သည် ရှုတတ်သောကြောင့် ဈာန် မည်၏။ အလုံးစုံသော ကိလေသာတို့ကို လောင်စေတတ်သောကြောင့် ဈာန်မည်၏။ ရှုဆဲဖြစ်၍ လွတ်သော ကြောင့် ဈာနဝိမောက္ခ မည်၏။ လောင်စေသည်ဖြစ်၍ လွတ်သောကြောင့် ဈာနဝိမောက္ခမည်၏။

ရှုကုန်၏ဟူသည် တရားတို့ကို ရှုကုန်၏။ လောင်စေကုန်၏ဟူသည် ကိလေသာတို့ကို လောင်စေ ကုန်၏။ ရှုတတ်သော တရားတို့ကိုလည်းကောင်း၊ လောင်စေအပ်သော ကိလေသာတို့ကိုလည်းကောင်း့သိတတ်သောကြောင့် ဈာနဈာယီမည်၏။ (၁၆)

၄၂။ ဘာဝနာ၊ အဓိဋ္ဌာန်၊ အသက်မွေးခြင်းဟူသည် ကာမစ္ဆန္ဒကို ပယ်သည်ရှိသော် (ကာမမှ) ထွက်မြောက်ခြင်းကို ဖြစ်စေသောကြောင့် ဘာဝနာနှင့် ပြည့်စုံ၏။ (ကာမမှ) ထွက်မြောက်ခြင်း၏ အစွမ်းဖြင့် စိတ်ကို ဆောက်တည်သောကြောင့် ဆောက်တည်မှု ‘အဓိဋ္ဌာန်'နှင့် ပြည့်စုံ၏။ ထိုသူသည် ဤသို့ ဘာဝနာနှင့် ပြည့်စုံသည်ဖြစ်၍ အဓိဋ္ဌာန်နှင့် ပြည့်စုံသည်ဖြစ်၍ အညီအညွတ် အသက်မွေး၏။ မညီမညွတ် အသက် မမွေး။ မှန်သောအားဖြင့် အသက်မွေး၏။ မှားသောအားဖြင့် အသက်မမွေး။ စင်ကြယ်စွာ အသက်မွေး၏။ ညစ်နွမ်းစွာ အသက်မမွေး။ ဤသို့သော အသက်မွေးမှုနှင့် ပြည့်စုံ၏။

ထိုသူသည် ဤသို့ ဘာဝနာနှင့် ပြည့်စုံသည်ဖြစ်၍ အဓိဋ္ဌာန်နှင့် ပြည့်စုံသည်ဖြစ်၍ အသက်မွေးမှုနှင့် ပြည့်စုံသည်ဖြစ်၍ မင်းပရိသတ်သို့ ဖြစ်စေ၊ ပုဏ္ဏားပရိသတ်သို့ ဖြစ်စေ၊ သူကြွယ်ပရိသတ်သို့ ဖြစ်စေ၊ ရဟန်းပရိသတ်သို့ ဖြစ်စေ ချဉ်းကပ်မိသော ပရိသတ်သို့ ရဲရဲရင့်ရင့် ရွှင်ရွှင်လန်းလန်း ချဉ်းကပ်ရ၏။ ထိုသို့ ဖြစ်ခြင်းသည် အဘယ်ကြောင့်နည်း။ ထိုသူသည် ဘာဝနာ၊ အဓိဋ္ဌာန်၊ အသက်မွေးမှုနှင့် ပြည့်စုံသောကြောင့်တည်း။

ဗျာပါဒကို ပယ်စွန့်သည်ရှိသော် အဗျာပါဒကို ဖြစ်စေသောကြောင့် ဘာဝနာနှင့် ပြည့်စုံ၏။ပ။ ထိနမိဒ္ဓကို ပယ်စွန့်သည်ရှိသော် အာလောကသညာကို ဖြစ်စေသောကြောင့် ဘာဝနာနှင့် ပြည့်စုံ၏။ပ။ ဥဒ္ဓစ္စကို ပယ်စွန့်သည်ရှိသော် မပျံ့လွင့်ခြင်းကို ဖြစ်စေသောကြောင့် ဘာဝနာနှင့် ပြည့်စုံ၏။ပ။ ဝိစိကိစ္ဆာကို ပယ်စွန့်သည်ရှိသော် ဓမ္မဝဝတ္ထာန်ကို ဖြစ်စေသောကြောင့် ဘာဝနာနှင့် ပြည့်စုံ၏။ပ။ အဝိဇ္ဇာကို ပယ်စွန့် သည်ရှိသော် သိမှု ‘ဝိဇ္ဇာ'ကို ဖြစ်စေသောကြောင့် ဘာဝနာနှင့် ပြည့်စုံ၏။ပ။ မပျော်မွေ့မှုကို ပယ်စွန့်သည်ရှိသော် ဝမ်းမြောက်မှုကို ဖြစ်စေသောကြောင့် ဘာဝနာနှင့် ပြည့်စုံ၏။ပ။ နီဝရဏတို့ကို ပယ်စွန့် သည်ရှိသော် ပဌမဈာန်ကို ဖြစ်စေသောကြောင့် ဘာဝနာနှင့် ပြည့်စုံ၏။ပ။ အလုံးစုံသော ကိလေသာတို့ကို ပယ်စွန့်သည်ရှိသော် အရဟတ္တမဂ်ကို ဖြစ်စေသောကြောင့် ဘာဝနာနှင့် ပြည့်စုံ၏။ အရဟတ္တမဂ်၏ အစွမ်း ဖြင့် စိတ်ကို ဆောက်တည်သောကြောင့် အဓိဋ္ဌာန်နှင့် ပြည့်စုံ၏။

ထိုသူသည် ဤသို့ ဘာဝနာနှင့် ပြည့်စုံသည်ဖြစ်၍ အဓိဋ္ဌာန်နှင့် ပြည့်စုံသည်ဖြစ်၍ အညီအညွတ် အသက်မွေး၏။ မညီမညွတ် အသက်မမွေး။ မှန်သောအားဖြင့် အသက်မွေး၏။ မမှန်သောအားဖြင့် အသက်မမွေး။ စင်ကြယ်စွာ အသက်မွေး၏။ ညစ်နွမ်းစွာ အသက်မမွေး။ ဤသို့သော အသက်မွေးမှုနှင့် ပြည့်စုံ၏။

--

ထိုသူသည် ဤသို့သော ဘာဝနာနှင့် ပြည့်စုံသည်ဖြစ်၍ အဓိဋ္ဌာန်နှင့် ပြည့်စုံသည်ဖြစ်၍ အသက်မွေးမှုနှင့် ပြည့်စုံသည်ဖြစ်၍ မင်းပရိသတ်သို့ ဖြစ်စေ၊ ပုဏ္ဏားပရိသတ်သို့ ဖြစ်စေ၊ သူကြွယ်ပရိသတ်သို့ ဖြစ်စေ၊ ရဟန်းပရိသတ်သို့ ဖြစ်စေ ချဉ်းကပ်မိသော ပရိသတ်သို့ ရဲရဲရင့်ရင့် ရွှင်ရွှင်လန်းလန်း ချဉ်းကပ်ရ၏။ ထိုသို့ ဖြစ်ခြင်းသည် အဘယ်ကြောင့်နည်း။ ထိုသူသည် ဘာဝနာနှင့် ပြည့်စုံ၊ အဓိဋ္ဌာန်နှင့် ပြည့်စုံ၊ အသက်မွေးမှုနှင့် ပြည့်စုံသောကြောင့်တည်း။ (၃၊ ၁၉)

မာတိကာကထာ ပြီး၏။

သုံးခုမြောက်ပညာဝဂ် ပြီး၏။

ထို၌ အကျဉ်းချုပ် ဥဒ္ဒါန်းကား-

ပညာကထာ၊ ဣဒ္ဓိကထာ၊ အဘိသမယကထာ၊ ဝိဝေကကထာ၊ ငါးခုမြောက် စရိယကထာ၊ ပါဋိဟာရိယကထာ၊ သမသီသကထာ၊ သတိပဋ္ဌာနကထာ၊ ဝိပဿနာ ကထာ၊ သုံးခုမြောက်ပညာဝဂ်လာ မာတိကာကထာနှင့် တကွ ဆယ်ပါးတို့တည်း။

ဤပဋိသမ္ဘိဒါကျမ်း၌ အမည်အားဖြင့် မဟာဝဂ်၊ ယုဂနဒ္ဓဝဂ်၊ ပညာဝဂ်ဟု ဝဂ် သုံးပါးတို့ ရှိကုန်၏။

အပိုင်းအခြားမရှိ များစွာသော နည်းရှိသော မဂ်တို့၌ ဤကျမ်းသည် နက်နဲ၏။ သမုဒ္ဒရာလျှင် ဥပမာရှိ၏။ ကြယ်တာရာတို့ဖြင့် ပြွမ်းသော ကောင်းကင်နှင့်လည်း တူ၏။ ဇာတဿရအိုင်ကြီးနှင့်လည်း တူ၏။ ပို့ချသူ ‘ကထိက’ တို့၏ ဉာဏ်ပြန့် ပြောခြင်းငှါ ဖြစ်၏။ အားထုတ်သူ ‘ယောဂီ'တို့၏ ဉာဏ်ကို ထွန်းပြောင်စေတတ်၏။

ပဋိသမ္ဘိဒါမဂ် ပါဠိတော်မြန်မာပြန် ပြီးပြီ။