မာတိကာသို့ ခုန်သွားရန်

ပရမတ္ထသရူပဘေဒနီကျမ်း-ဒုတွဲ

ဝီကီရင်းမြစ် မှ
6058ပရမတ္ထသရူပဘေဒနီကျမ်း-ဒုတွဲ — မဟာဝိသုဒ္ဓါရာမဆရာတော်

မဟာဝိသုဒ္ဓါရာမဆရာတော် ရေးသားစီရင်အပ်သော

ပရမတ္ထ သရူပဘေဒနီကျမ်း - ဒုတိယတွဲ

(ကမ္မဋ္ဌာန်းပိုင်း)
(သမထ ဝိပဿနာ ဘာဝနာ)

နိဒါန်း

“ပိဋကတ် အဆီအနှစ်တရား ၃-ပါး”

“အို အရှင်အာနန္ဒာ ... ဂေါတမရှင်တော်မြတ် ဘုရားသည် အဘယ်တရား တို့ကို ချီးကျူးလေ့ ရှိပါသနည်း၊ အဘယ်တရားတို့၌ လူအပေါင်းကို ဆောက်တည်စေတော် မူပါသနည်း။

အချင်း သုဘလုလင် … မြတ်ဗုဒ္ဓ ရှင်တော်ဘုရားသည် --

  • မြတ်သော သီလ အစုကို၎င်း,
  • မြတ်သော သမာဓိ အစုကို၎င်း,
  • မြတ်သော ပညာ အစုကို၎င်း -

ချီးကျူးတော်မူလေ့ရှိ၏။ ထို မြတ်သော တရားအစု သုံးပါးတို့၌ လူအပေါင်းကို ဆောက်တည်စေတော်မူ၏။”

အထက်ပါ အမေးနှင့် အဖြေကို ပြုလုပ်သည့်အချိန်ကား မြတ်စွာဘုရားသခင် ပရိနိဗ္ဗာန် စံဝင်တော်မူပြီးနောက် တလခန့်မျှသာ ကြာသေးသည့်အချိန် ဖြစ်ပေသည်။

မေးသူကား -- တုဒိရွာစား တောဒေယျ ပုဏ္ဏားကြီး၏သား သုဘလုလင် ဖြစ်၏။ သုဘ လုလင်သည် “ဘုရားရှင် ပရိနိဗ္ဗာန်ဝင်စံပြီးနောက် ရှင်တော်ဘုရား ဟောကြားတော် မူသည့် အဆုံးအမ ဒေသနာတော်များ တည်ရှိနေသေးသလော၊ သို့မဟုတ် ရှင်တော်ဘုရား နှင့်အတူ ပရိနိဗ္ဗာန်စံယူကာ ပျောက်ကွယ်ကုန်ပြီလောဟု စူးစမ်းလိုသောကြောင့် ဤသို့ မေးခြင်း ဖြစ်ပေ၏။

ဖြေသူကား -- ဧတဒဂ်ငါးဘွဲ့ရ တရားဘဏ္ဍာတော်စိုး အရှင်အာနန္ဒာ ဖြစ်ပါသည်။ အရှင်မြတ်ကမူ တရားဘဏ္ဍာစိုး ဖြစ်တော်မူသည့်အလျောက် မြတ်စွာဘုရား ဟောကြား တော်မူသည့် တရားအလုံးစုံ ပိဋကသုံးပုံကို သီလ သမာဓိ ပညာ တည်းဟူသော သိက္ခာ သုံးပါး၌သွင်းကာ အဆီအနှစ်ထုတ်ပြီး အကျဉ်းချုပ် ဖြေတော်မူသည်။

ယင်းသို့ ဖြေလိုက်ခြင်းဖြင့် မြတ်စွာဘုရား၏ အဆုံးအမ ဒေသနာတော်များသည် ဘုရားသခင် ပရိနိဗ္ဗာန် စံဝင်သော်လည်း မပျောက်ပျက်ချေ။ အလုံးစုံကိုပင် ငါတို့တပည့် သာဝကများ ဆောင်ရွက်ထားပေသည် ဟူသော အဓိပ္ပါယ်ကို သုဘလုလင်အား နားလည် စေပါသည်။

အရှင်အာနန္ဒာ၏ ဖြေဆိုတော်မူချက်သည် အလွန်ပင် မှန်ကန်လှပေသည်။ သက်တော် ထင်ရှားရှိစဉ် ဘုရားရှင်ကိုယ်တော်တိုင်ပင် --

အကြင်သူသည် သီလကို၎င်း သမာဓိကို၎င်း ပညာကို၎င်း ကောင်းစွာ ပွါးများ၏။ ထိုသူသည် မာရ်မင်း၏ပိုင်နက် ဝဋ်သုံးပါးကို လွန်မြောက်၍ နေမင်းကြီးသဖွယ် တင့်တယ်လှပေ၏--

ဟူ၍ သီလ သမာဓိ ပညာ တရားအစု၏ ဂုဏ်ကျေးဇူးကို ထုတ်ဖော်၍ ချီးကျူးတော် မူပါသည်။ ထိုပြင်လည်း --

သီလ၌တည်၍ ဖြစ်စေအပ်သော သမာဓိသည် များစွာအကျိုး အာနိသင် ရှိ၏။ သမာဓိ၌ တည်၍ ဖြစ်စေအပ်သော ပညာသည် များစွာ အကျိုးအာနိသင် ရှိ၏။ ပညာ၌တည်၍ ဖြစ်စေအပ်သော စိတ်သည် ကောင်းစွာသာလျှင် အာသဝေါတရားတို့မှ လွတ်၏ —

ဟူ၍လည်း သီလ သမာဓိ ပညာ သိက္ခာသုံးပါးတို့ အဆင့်ဆင့် ကျေးဇူးပြု၍ အကျိုး အာနိသင် ကြီးမားပုံကို ဟောကြားတော်မူခဲ့သည်။

ထိုသို့ သီလ သမာဓိ ပညာ တရားတို့၏ အကျိုးအာနိသင် ကြီးမားပုံကို (အခြားသူကို မညွှန်ကြားဘဲ) ကိုယ်တော်တိုင်ကိုပင် ပုံစံထားကာ --

အိုမာရ်နတ် … ငါသည် အရိယမဂ်ကို ထိုးထွင်း၍ သိခြင်းငှါ သီလကို၎င်း သမာဓိကို၎င်း ပညာကို၎င်း ပွါးစေလျက် အလွန်မြတ်သော စင်ကြယ်ခြင်းသို့ ရောက်ခဲ့လေပြီ။ ဟယ် မာရ်နတ် -- သင်ကား ရှုံးခဲ့လေပြီ--

ဟူ၍ ရဲရင့်ပြတ်သားစွာ မိန့်ကြားတော်မူခဲ့သည်။

တရားမင်းစစ် ဖြစ်တော်မူသော ရှင်တော်မြတ်ဘုရား၏ ဆုံးမဟောကြားတော် မူချက် အတိုင်း လိုက်နာကျင့်သုံး၍ ဤ သီလ သမာဓိ ပညာဟု ဆိုအပ်သော သိက္ခာ ၃-ပါး၏ အကျိုးအာနိသင်ကို လက်တွေ့ခံစားကြရသည့် တပည့် သာဝက မဟာထေရ်ကြီးများက မြတ်စွာဘုရား ရှေ့တော်မှောက်၌ပင် ဝန်ခံ လျှောက်ထားချက်များလည်း ရှိပါသည်။

မဟာသာဝက အဝင်အပါ လက်ဝဲတော်ရံဖြစ်၍ နတ်တို့၏ချစ်ခင် ကြည်ညိုခြင်းကို ခံရရာတွင် အမြတ်ဆုံး (=ဧတဒဂ်) ဘွဲ့ထူးကို ရရှိတော်မူသည့် အရှင် ပိလိန္ဒဝစ္ဆမဟာထေရ် က --

အကျွန်ုပ်သည် သီလ၎င်း သမာဓိ၎င်း ပညာ၎င်း မြတ်သော အရဟတ္တဖိုလ် ဝိမုတ္တိ၎င်း၊ ဤ တရားတို့၌ ဉာဏ်ကိုဖြစ်စေ၍ ချမ်းသာစွာ နေရပါ၏ --

ဟု လျှောက်ထားခဲ့ပါသည်။

မဟာသာဝက လက်ျာတော်ရံဖြစ်၍ အမျိုးမြတ်သူတို့တွင် အမြတ်ဆုံး (=ဧတဒဂ်) ဘွဲ့ရ အရှင်ဘဒ္ဒိယ မဟာထေရ်ကလည်း --

သီလအစု၌တည်လျက် သတိအရင်းခံသော သမာဓိကို၎င်း, ပညာကို၎င်း ပွါးစေ၍ အစဉ် သဖြင့် သံယောဇဉ်အားလုံးတို့၏ ကုန်ဆုံးခြင်းသို့ ရောက်ခဲ့ပါပြီ --

ဟူ၍ လျှောက်ထားခဲ့ပါသည်။

အထက်ဖော်ပြခဲ့သည့် အရှင်အာနန္ဒာ၏ ဖြေကြားချက် မြတ်စွာဘုရားသခင်၏ ဟောကြား တော်မူချက် မဟာသာဝကကြီး ၂-ပါး၏ မြတ်စွာဘုရားထံ လျှောက်ထားချက်တို့ကို ထောက်ရှု ဆင်ခြင်ကြည့်လျှင် သီလ သမာဓိ ပညာ ဟူသော တရား ၃-ပါးသည် ဗုဒ္ဓ ရှင်တော်မြတ်၏ သာသနာတော်၌ အလွန် အရေးပါ အရာရောက်၍ မွန်မြတ်လှသည့် အဆီအနှစ်အစု အမြုတေရတနာများ ဖြစ်ကြောင်းကို ကောင်းစွာ သိသာ ထင်ရှားလှ ပါသည်။

အဋ္ဌကထာများ၌မူ --

ရှင်တော်ဗုဒ္ဓ ဟောကြားသမျှသော ပိဋကတ်တော်များကို ခွဲဝေလျှင် သီလ သမာဓိ ပညာ ဟု အစုသုံးမျိုး ရှိသည်။ အထူးအားဖြင့် --

  • ဝိနည်းပိဋက၌ အဓိသီလသိက္ခာကို ဟောတော် မူအပ်၏။
  • သုတ္တန်ပိဋက၌ အဓိစိတ္တသိက္ခာကို ဟောတော်မူအပ်၏။
  • အဘိဓမ္မာပိဋက၌ အဓိပညာသိက္ခာကို ဟောတော်မူအပ်၏။

ဟူ၍ တရားဟူသမျှ ဤတရား ၃-ပါး၌သာ အကျုံးဝင်ကြောင်းဖြင့် ဝေဖန် ပြဆို ထားသည်ကို တွေ့ရပေသည်။

ပဋိပတ္တိကျမ်းကြီးများ

သို့စဉ်မျှလောက် အရေးကြီးလှသော သီလ သမာဓိ ပညာ တို့၏အကြောင်းကို ဗုဒ္ဓဘာသာဝင် သူတော်စင်တိုင်း တတ်သိ နားလည်ထိုက်ပေသည်။ သံသရာ ဝဋ်ဒုက္ခမှ ထွက်မြောက်လိုသူတိုင်း ဖြည့်ကျင့်ဆည်းပူးရမည် ဖြစ်ပေသည်။

ယင်းသို့ တတ်သိ နားလည်ထိုက်သည့် ဖြည့်ကျင့် ဆည်းပူးရမည့် သီလ သမာဓိ ပညာ တို့၏ အကြောင်းအရာနှင့် ဖြည့်ကျင့် ပွါးများနည်းများကို ကိုယ်တိုင် ပိဋကတ်တော်များ၌ မွှေနှောက်ရှာဖွေရန်မှာ တော်ရုံတန်ရုံ ကံ ဉာဏ် ဝီရိယ ရှိသူ သာမန်လူတို့အတွက် မလွယ်ကူလှပေသည်။

ပိဋကတ်တော်ဟူသည် မဟာသမုဒ္ဒရာကြီးနှင့် ဥပမာပုံခိုင်း နှိုင်းယှဉ် ပြရအောင် နက်နဲ ကျယ်ဝန်းလှပေသည်။

ထို့ကြောင့် သီလ သမာဓိ ပညာ တရားတို့၏ အကြောင်းအရာများနှင့် ဖြည့်ကျင့် ပွါးများ အားထုတ်နည်း အစုံအလင်ကို လေ့လာ ကျင့်ကြံလိုသူတို့ မပင်မပန်း ချမ်းသာလွယ်ကူ တတ်သိနားလည် စေရန်အတွက် ပညာဉာဏ် ရင့်သန် ကြီးမားတော်မူကြသည့် မြတ်စွာဘုရား၏ တပည့် သာဝကကြီးများက သီလ သမာဓိ ပညာ အဖွင့်ကျမ်းကြီးများကို ထုတ်ဖော် ဟောကြား ရေးသား စီရင်တော်မူကြရလေသည်။

ယင်းသို့ စီရင်ထားသည့် ကျမ်းကြီးများကို ပဋိပတ္တိကျမ်း (=ကျင့်စဉ်ကျမ်း) ဟူ၍ ခေါ်ဝေါ် သင့်ပေသည်။ သို့မဟုတ် ယခုခေတ် နားလည်လွယ်သော ဝေါဟာရဖြင့် ကမ္မဋ္ဌာန်းကျမ်း ဟူ၍၎င်း၊ ဘာဝနာကျမ်းဟူ၍၎င်း ခေါ်ဝေါ်သင့်ပေသည်။

ပဋိသမ္ဘိဒါမဂ်ကျမ်းကြီး

“ပထမဦးဆုံး ကမ္မဋ္ဌာန်းကျမ်းကြီး”

သာသနာဝင်တလျှောက်၌ ပေါ်ပေါက်ခဲ့သော ပဋိပတ္တိကျမ်းတို့တွင် ပဌမဆုံး ပေါ်ထွက် လာသည့် ပဋိပတ္တိကျမ်းကား -- တရားစစ်သူကြီး အရှင်သာရိပုတ္တရာ ဟောကြားတော် မူသည့် ပဋိသမ္ဘိဒါမဂ် ခေါ် ပဋိသမ္ဘိဒါမဂ္ဂပါဠိတော်ကျမ်းကြီး ဖြစ်ပါသည်။

ပဋိသမ္ဘိဒါမဂ် ဟူသော အမည်မှာ အတ္တ ဓမ္မ နိရုတ္တိ ပဋိဘာန ဟူသော တရား ၄-မျိုးကို သိသော ပဋိသမ္ဘိဒါဉာဏ် ရနည်းကျမ်းဟု မြန်မာအဓိပ္ပါယ် ရှိပေသည်၊

(ပဋိသမ္ဘိဒ = ဖောက်ခွဲ၍ သိတတ်သောဉာဏ်ကို + မဂ္ဂ = ရရန်နည်း)

ယင်း ပဋိသမ္ဘိဒါမဂ်ကျမ်းကြီး၌ --

  1. မဟာဝဂ်
  2. မဇ္ဈိမ၀ဂ် ခေါ် ယုဂနုဒ္ဓဝဂ်
  3. စူဠဝဂ် ခေါ် ပညာဝဂ်

ဟူ၍ ဝဂ် (=ဝဂ္ဂ=အစု)ကြီး ၃-မျိုး ပိုင်းခြားပြီးလျှင် တဝဂ် တဝဂ်၌ ကထာ ၁၀-မျိုးစီ ပါဝင် တန်းဆာဆင်လျက် သီလ သမာဓိ ပညာ တရားများကို ကျယ်ဝန်း ပြည့်စုံစွာ ဝေဖန် ဟောကြားထားပေသည်။

ဤစကား ထင်ရှားစေရန် အနည်းငယ်မျှ သာဓက (=သက်သေ) အဖြစ် ကောက်နှုတ် ပြဆိုပါအံ့ --

သီလကိုပြဆိုခြင်း

သီလအမျိုးမျိုးကို သီလမယဉာဏနိဒ္ဒေသ (ပဋိသံ-နှာ ၄၁-၄၇) ၌ အကျယ်ဝေဖန် ဟောကြားပါသည်။

သမာဓိကိုပြဆိုခြင်း

သမာဓိအမျိုးမျိုးကို သမာဓိဘာဝနာမယဉာဏ နိဒ္ဒေသ (နှာ-၄၇-၄၈) ၌ ဝေဖန် ဟောကြားပါသည်။

အထူးသဖြင့် သမာဓိနှင့် စပ်ဆိုင်သည့် -

  • ကသိုဏ်း ၁၀-ပါး (နှာ-၈၊ ၉၂),
  • အသုဘ ၁၀-ပါး (နှာ-၄၇၊ ၉၂),
  • အနုဿတိ ၁၀-ပါး (နှာ-၉၂),
  • အပ္ပမညာ ၄-ပါး(နှာ-၉)
  • ဓာတ် ၄-ပါး(နှာ-၈)
  • ကောဋ္ဌာသ ၃၂-ပါး (နှာ-၈၊ ၉၂)
  • ရူပဈာန် ၄-ပါး, အရူပဈာန် ၄-ပါး (နှာ-၉၊ ၄၇)

တို့ကို အသီးသီး ဟောထားသည်။

အာနာပါနဿတိ ကမ္မဋ္ဌာန်းနှင့် စပ်၍ သိမှတ်ဖွယ်များကို အာနာပါနဿတိ ကထာ၌ စာမျက်နှာ (၁၆၁-မှ ၁၉၈) အထိ ၃၈-မျက်နှာတိတိ ဝေဖန်ဟောကြားပါသည်။

ဈာန်၏ကောင်းခြင်း ၃-ပါးနှင့် လက္ခဏာ ၁၀-ပါးကို ဝေါဒါနုဉာဏ နိဒ္ဒေသ (နှာ-၁၆၇-၈) ၌ တွေ့နိုင်ပါသည်။

အဘိညာဉ် ၆-ပါးကို နိဒ္ဒေသ ၆-မျိုးခွဲ၍ စာမျက်နှာ ၁၀၇-မှ ၁၁၃-အထိ ဟောကြားတော် မူပါသည်။

ဣဒ္ဓိ ၁၀-ပါးကို စာမျက်နှာ ၃၈၃-မှစ၍ အကျယ်ဟောကြားထားသည်ကို တွေ့နိုင်ပါသည်။

ပညာကိုပြဆိုခြင်း

ပညာအမျိုးမျိုးကို --

  • သုတမယဉာဏ နိဒ္ဒေသ (နှာ-၅-၄၁) ၌၎င်း၊
  • ပညာဝဂ် (နှာ-၃၇၁) ၌၎င်း

အကျယ် ဝေဖန် ဟောကြားထားပါသည်။ အထူးသဖြင့် -

  • ခန္ဓာ ၅-ပါး (နှာ-၇၊ ၃ဂ),
  • အာယတန ၁၂-ပါး, ဓာတ် ၁၈-ပါး, ဣန္ဒြေ ၂၂-ပါး ပဋိစ္စသမုပ္ပါဒ်တရား (နှာ-၈-၉)

တို့ကိုလည်း အသီးသီး ဟောထားပါသည်။

  • သစ္စာ ၄-ပါး (နှာ -၆),
  • သစ္စာအနက် ၁၆-ချက် (နှာ -၂၀),
  • လက္ခဏာရေး ၃-ပါး ရှုနည်းခေါ် အနုပဿနာတရား ၃-ပါး (နှာ-၂၃၇),
  • ဝိပဿနာ ညစ်ညူးကြောင်း တရား ၁၀-ပါး (နှာ-၂၉၁-၂)

တို့ကိုလည်း အပြည့်အစုံ ဟောကြား ထားသည်။

  • မဟာဝိပသာနာ ၁၈-ပါးကို (နှာ ၂၁-၌)၎င်း
  • ဝိပဿနာ ၄၀-ကို (နှာ ၄၁၁-၌) ၎င်း တွေ့ရပါသည်။

ဝိပဿနာဉာဏ် ၁၀-ပါးနှင့် မဂ်ဉာဏ် ဖိုလ်ဉာဏ်တို့ကို နှာ-၅၁-မှ-၇၂ အတွင်း၌ အကျယ် ဟောကြား ထားသည်ကို လေ့လာနိုင်ပါသည်။

ဤသို့ သီလ သမာဓိ ပညာ တရားတို့၏ အကြောင်းအရာ ပြည့်စုံလှသောကြောင့် သံဂါယနာတင် ထေရ်အရှင်တို့က ဤ ပဋိသမ္ဘိဒါမဂ် ကျမ်းကြီး၏ နိဂုံး၌ ---

အဆုံးမရှိသော လမ်းစဉ် ရှိသောကြောင့် မဟာသမုဒ္ဒရာကြီး တမျှ နက်နဲ၏။ နက္ခတ် တာရာတို့ဖြင့် တင့်တယ်သော ကောင်းကင်ပြင်ကြီးနှင့်၎င်း သဘာဝအလျောက် ပေါ် ပေါက်နေသော ပြန့်ကျယ်သည့် ရေအိုင်ကြီးနှင့်၎င်း တူပေသည်။ တရားဟော ဓမ္မကထိက ပုဂ္ဂိုလ်တို့အား ဉာဏ်ပညာ တင့်တယ် ကြီးကျယ်ခြင်းငှါလည်း ဖြစ်၏။ သီလ သမာဓိ ပညာ တရားကို ပွါးများ အားထုတ်လိုသော ယောဂီပုဂ္ဂိုလ်တို့၏ အသိဉာဏ်ရောင် ထွန်းပြောင်ခြင်း ငှါလည်း ဖြစ်ပေ၏

ဟူ၍ ကမ္မည်းစာတမ်းမော်ကွန်း ထိုးတော်မူခဲ့ကြပေသည်။

ဝိမုတ္တိမဂ် အဋ္ဌကထာကျမ်း

ပဋိသမ္ဘိဒါမဂ်ကျမ်းကြီးနောက် ဒုတိယမြောက် ပေါ်ထွက်လာသည့် ပဋိပတ္တိ ကျမ်းကား ဝိမုတ္တိမဂ် = ဝိမုတ္တိမဂ္ဂ အဋ္ဌကထာကျမ်း ဖြစ်သည်။

ဝိမုတ္တိမဂ်-ဟူသော အမည်မှာ (ဝိမုတ္တိ = လွတ်မြောက်မှု + မဂ္ဂ = လမ်း) “လွတ်မြောက်မှု လမ်းစဉ်ကျမ်း”ဟူ၍ မြန်မာလို အဓိပ္ပါယ် ရရှိပေသည်။

ဤကျမ်းကိုပြုစုသူမှာ ဥပတိဿ အမည်ရှိ မထေရ်တပါးဖြစ်သည်။ ဤကျမ်းသည် ယခုအခါ ထင်ပေါ် ကျော်ကြားနေသည့် ဝိသုဒ္ဓိမဂ်ကျမ်းထက် စောစွာ ပေါ်ခဲ့သောကျမ်း ဟု ယူဆရသည်။ အကြောင်းမှာ -- ဤကျမ်းမှ အချို့သော စကားများကို ဝိသုဒ္ဓိမဂ်၌ ကေစိထိုး၍၎င်း ဧကစ္စေ ထိုး၍၎င်း ပယ်ထားသည်ကို တွေ့ရသောကြောင့် ဖြစ်သည်။

ဤဝိမုတ္တိမဂ်ကျမ်းကို အဋ္ဌကထာ-ဟု ဆိုခြင်းမှာ---

သီလံ သမာဓိ ပညာ စ၊ ဝိမုတ္တိ စ အနုတ္တရာ။
အနုဗုဒ္ဓါ ဣမေ ဓမ္မာ၊ ဂေါတမေန ယသဿိနာ။

သီလ၎င်း သမာဓိ၎င်း ပညာ၎င်း မြတ်သောဝိမုတ္တိ၎င်း၊ ဤတရား လေးပါးတို့ကို အခြံအရံ အကျော်အစော ရှိတော်မူသော ဂေါတမ ရှင်တော်ဘုရားသည် သိတော်မူပြီ --

ဟူသော သုတ်မဟာဝါ ပါဠိတော်ဂါထာ၌ပါသော သီလ သမာဓိ ပညာ တရားတို့ကို အကျယ်ဖွင့်ပြသော ကျမ်းဖြစ်၍ ပါဠိတော်ကို ဖွင့်သောကြောင့် “အဋ္ဌကထာ” ဟု ဆိုခြင်း ဖြစ်ပေသည်။

ဝိမုတ္တိမဂ်အဋ္ဌကထာကျမ်း၌ သီလ သမာဓိ ပညာတို့ကို ကစ္ဆခေါ် အပိုင်း ၁၃-ပိုင်းခွဲ၍ ပြဆိုသည်။ ထင်ရှားစေရန် အကျဉ်းမျှ ထုတ်ပြပါအံ့ .....

  1. ပဌမကစ္ဆ-၌ နိဒါန်းကို ရေးသားပြဆိုသည်။
  2. ဒုတိယကစ္ဆ-၌ သီလအကြောင်းကို ပြဆိုသည်။
  3. တတိယကစ္ဆ၌ ဓုတင် ၁၃-ပါးကို ပြဆိုသည်။
  4. စတုတ္ထကစ္ဆ-၌ သမာဓိအမျိုးမျိုးကို ဝေဖန်သည်။
  5. ပဉ္စမကစ္ဆ-၌ ကမ္မဋ္ဌာန်းဆရာ ရွေးနည်း ဆည်းကပ်နည်းကို ပြဆိုသည်။
  6. ဆဋ္ဌကစ္ဆ-၌ စရိုက် ၆-ပါးအကြောင်းကို ရေးသားသည်။
  7. သတ္တမကစ္ဆ၌ သမထကမ္မဋ္ဌာန်း ၃၈-ပါးကို ပြသည်။
  8. အဋ္ဌမကစ္ဆ-၌ ပထဝီကသိုဏ်းရှုနည်းကို အဆင့်ဆင့်တက်၍ ရူပဈာန် အရူပဈာန် အထိပြပြီး ကြွင်းသောကမ္မဋ္ဌာန်း အားထုတ် နည်းများကို အကျဉ်းပြဆိုသည်။
  9. နဝမကစ္ဆ-၌ အဘိညာဉ်ပွါးနည်းကို ပြသည်။
  10. ဒသမကစ္ဆ-၌ ပညာအမျိုးမျိုးကို ဝေဖန်ပြသည်။
  11. ဧကာဒသမကစ္ဆ-၌ ဥပါယ်ငါးပါး-ဟု အမည်တပ်ကာ ခန္ဓာ အာယတန ဓာတ် ပဋိစ္စသမုပ္ပါဒ် သစ္စာ တို့ကို ပြသည်။
  12. (၁၃) ဒွါဒသမကစ္ဆ တေရသမကစ္ဆတို့၌ ဝိပဿနာရှုနည်းကို လက္ခဏာရေး ၃-ပါး မှစ၍ ဝိပဿနာဉာဏ် ၁၀-ပါး, ဂေါတြဘူဉာဏ် မဂ်ဉာဏ်, ဖိုလ်ဉာဏ် တို့တိုင်အောင် ပြသည်။ ထို့နောက် မဂ်ဉာဏ် ပယ်သည့် တရားများကို ပြသည်။ ထို့နောက် ဖလသမာပတ် ဝင်စားနည်း နိရောဓသမာပတ် ဝင်စားနည်းများကိုပြ၍ ကျမ်း ပြီးဆုံးသည်။

ဝိမုတ္တိမဂ် အဋ္ဌကထာ၏
ထူးခြားချက်များ

ဤဝိမုတ္တိမဂ်ကျမ်း၌ ဝိသုဒ္ဓိမဂ်နှင့်မတူ ထူးခြားသော အချက်များကိုလည်း တွေ့ရ၏။ ပုံစံမျှ ထုတ်ပြပါအံ့ ---

(က) ဓုတင် ၁၃-ပါးကို ဝေဖန်ပြရာတွင် ရုက္ခမူဓုတင် အမ္ဘောကာသိဓုတင် သုသာနိကဓုတင်တို့ကို ၈-လမျှသာ ဆောက်တည်နိုင်သည့် ကာလပရိယန္တ (=ကာလ အပိုင်းအခြားရှိသော) ဓုတင်များ ဖြစ်သည်ဟု ဝေဖန်ပြဆိုသည်။

ယင်းပြဆိုချက်သည် --

  • ရဟန်းတို့ - လွင်တီးခေါင်၌ ဝါမဆိုအပ်။
  • ရဟန်းတို့ - ကျောင်းမဲ့ရဟန်းသည် ဝါမဆိုအပ်။

ဟူသော ဝိနည်းမဟာဝါပါဠိတော်နှင့်၎င်း ---

ဒေဝဒတ် … ငါဘုရားသည် ၈-လပတ်လုံး (ရုက္ခမူ=) သစ်ပင်ရင်း ကျောင်း၌ နေခြင်းကို ခွင့်ပြုအပ်ပြီ --

ဟူသော စူဠဝါပါဠိတော်နှင့်၎င်း ညီညွတ်လှပေသည်။

ဝိသုဒ္ဓိမဂ်ကျမ်း၌ကား - မည်သို့မှ စိစစ်ခြင်းမရှိချေ။ ဤပရမတ္ထသရူပဘေဒနီကျမ်း ဒုတိယတွဲ (နှာ-၁၂၅-၆) ၌ကား စိစစ်ညှိနှိုင်းပြထားသည်ကို တွေ့နိုင်ပါသည်။

(ခ) သတ္တမကစ္ဆ-၌ ကသိုဏ်း ၁၀-ပါး ပြဆိုရာတွင် နောက်ဆုံး ၁၀-ခုမြောက် ကသိုဏ်းကို “ဝိညာဏကသိုဏ်း”ဟု ပြဆိုသည်။

ယင်းပြဆိုချက်သည် ပါထိကဝဂ်ပါဠိတော်၌ အင်္ဂုတ္တိုရ်ပါဠိတော် ပဋိသမ္ဘိဒါမဂ် ပါဠိတော် တို့နှင့် ကိုက်ညီပေသည်။ ထိုပါဠိတော်တို့၌လည်း နောက်ဆုံး ၁၀-ခုမြောက် ကသိုဏ်းကို ဝိညာဏကသိုဏ်းဟုပင် ဟောထားသည်။

ဝိသုဒ္ဓိမဂ်နှင့် သင်္ဂြိုဟ်တို့၌ကား - “အာလောက ကသိုဏ်း”ဟု ပြဆိုထားပေသည်။ ဤသို့ စသည့် ထူးခြားချက်များ ရှိပေသည်။

ဝိမုတ္တိမဂ် အဋ္ဌကထာ
တိမ်မြုပ်ရခြင်း

ယခုအခါ၌ ဝိမုတ္တိမဂ်အဋ္ဌကထာကျမ်းမှာ ပျောက်ကွယ်လုနီးနီး တိမ်မြုပ်နေပေသည်။ အကြောင်းကိုရှာသော် --

  1. မလျော်သောအချက် အချို့ ပါဝင်နေခြင်း။
  2. ကျဉ်းလွန်း၍ မပြည့်စုံခြင်း။
  3. သာလွန်သော ကျမ်းတစောင် ပေါ်ထွက်လာခြင်း --

ဟူ၍ အကြောင်း ၃-မျိုးကို တွေ့ရပေသည်။

မလျော်သော
အချက်များ ပါဝင်ခြင်း

ရှင်းပြပါအံ့ ---

(က) ဓုတင် ၁၃-ပါးကို ပြရာတွင် ၆-ခုမြောက် ပတ္တပိဏ်ဓုတင် နေရာ၌ ဘောဇနမတ္တညုတာ ဓုတင်ဟု ပြထားသည်။ ဆောက်တည်ပုံကိုလည်း “အဇ္ဇတဂ္ဂေ လောလုပ္ပံ ပဋိက္ခိပိတွာ ဘောဇနမတ္တညုတံ သမာဒိယာမိ”ဟု ပြဆိုသည်။

ယင်းသို့ပြခြင်းသည် အင်္ဂုတ္တိုရ်ပါဠိတော် ပဉ္စကနိပါတ်၌ ပတ္တပိဏ်ဓုတင် ဆောင် ၅-မျိုးကို ခွဲ၍ ဟောကြားသည်နှင့် ကွဲလွဲနေသည်။ အင်္ဂုတ္တိရ်၌ --

ရဟန်းတို့ … ပတ္တပိဏ် ဓုတင်ဆောင် ရဟန်းတို့သည် ဤ ၅-မျိုးတို့တည်း ---

စသည်ဖြင့် ပတ္တပိဏ် ဓုတင် ဟူသော အမည်ဖြင့် အတိအလင်း ဟောကြား ထားခဲ့သည်။

ထို့ပြင် ပရိဝါပါဠိတော်၌ ဓုတင် ၁၃-မျိုးအမည်ကို ဖော်ပြ၍ ဓုတင်ဆောင် များကို ၅-မျိုးစီ ဝေဖန်ရာတွင်လည်း --

ဥပါလိ ... ပတ္တပိဏ် ဓုတင်ဆောင် ပုဂ္ဂိုလ်တို့သည် ဤငါးမျိုးတို့တည်း --

ဟူ၍ ပတ္တပိဏ် ဓုတင်အမည်ဖြင့် ဟောကြားထားခဲ့သည်။ ပါဠိတော် ၂-စောင်လုံး၌ပင် ဘောဇနမတ္တညု ဓုတင်-ဟု မလာရှိချေ။ ဘောဇနမတ္တညုတာ ဟူ၍ ဟောကြားသော အရာ ပါဠိတော်တို့၌ တွေ့ရသော်လည်း ဓုတင်အဖြစ် ဟောသည်ကား မဟုတ်ပေ။

ထို့ကြောင့် ဝိမုတ္တိမဂ်၌ ပတ္တပိဏ် ဓုတင်ကို ဖြုတ်၍ ဘောဇနမတ္တညုတာ ဓုတင်ဟု ပြခြင်းသည် ပါဠိတော်နှင့် မညီပေ။

(ခ) အဋ္ဌမကစ္ဆ--၌ ပထဝီကသိုဏ်း ရှုနည်းကို ပြဆိုရာတွင် -

မပြုပြင်သည့်မြေကြီး = အကတပထဝီ။ ပြုပြင်ထားသည့် မြေကြီး = ကတ ပထဝီဟု နှစ်မျိုးရှိရာ အကတပထဝီကို ကသိုဏ်းမရှုရ၊ ရှုလျှင် ပဋိဘာဂနိမိတ် မထင်နိုင်ဟု ပြဆိုထား၏။

ဝိသုဒ္ဓိမဂ် (နှာ-၁၂ဝ) ၌မူ အကတပထဝီကိုလည်း ကသိုဏ်းရှု၍ ဈာန်ရနိုင်ကြောင်းကို ပေါရာဏအဋ္ဌကထာ စကားကို ကိုး၍၎င်း၊ လယ်ထွန်ထားသော မြေကြီးကို ကသိုဏ်း ရှုကာ ဈာန် မဂ် ဖိုလ် ရဘူးသည့် မလ္လကထေရ် ဝတ္ထုကို သာဓကပြ၍၎င်း ရေးသား ထားပေသည်။

အဋ္ဌကထာ နှစ်ကျမ်းတို့၏ အဆိုများကို နှိုင်းယှဉ်ကြည့်သော် ဝိသုဒ္ဓိမဂ် အဆိုက အသင့် ယုတ္တိရ၍ မျှတ သင့်လျော်ကြောင်း, ဝိမုတ္တိမဂ်အဆိုမှာ တဖက်သတ် ကျ၍ မမျှတ မသင့်ကြောင်း တွေ့နိုင်ပေသည်။

ဤသို့ စသည့် မသင့်လျော်သည့် အချက်များ ပါဝင်နေခြင်းသည် ဝိမုတ္တိမဂ်ကျမ်း တိမ်မြုပ်ရခြင်း အကြောင်းတခု ဖြစ်၏။

ကျဉ်းလွန်း၍ မပြည့်စုံခြင်း

ဝိမုတ္တိမဂ်ကျမ်းသီလ သမာဓိ ပညာ အကြောင်းတို့ကို ဖွင့်ဆို ရေးသား ပြဆိုထားခြင်းမှာ ကျဉ်းလွန်း၍ မပြည့်စုံချေ။

ဝိမုတ္တိမဂ်၏ ပမာဏ

ပိဋကတ်တော်များ၌ မြတ်စွာဘုရား ဟောပြအပ်သော သီလ သမာဓိ ပညာ တို့၏ အကြောင်းကို (၅၁) မျက်နှာမျှ ရှိသည့် ကျမ်းငယ် တစောင်၌ ပြည့်ပြည့် စုံစုံ ဖော်ပြရန် မည်သည့် နည်းနှင့်မျှ မဖြစ်နိုင်ပေ။ တကယ် အပြည့်အစုံ ရေးမည်ဆိုက မာတိကာ ပင်လျှင် ဤကျမ်းထက်ကြီးမှ ပြည့်စုံနိုင်ပေမည်။

ဤအချက်ကို ထင်ရှားစေရန် ဝိသုဒ္ဓိမဂ်နှင့် နှိုင်းယှဉ်ပြပါအံ့။

ဝိမုတ္တိမဂ်ကျမ်း၌ အများဆုံး ဖွင့်ဆိုသည့် အာနာပါနဿတိ ပွါးများ နည်းသည် စာ ၂-မျက်နှာသာ ရှိသည်။ ဂဏနာနည်း အနုဗန္ဓနာနည်း စသော ၈-နည်းကိုလည်း အစုံ မပြချေ။

ဝိသုဒ္ဓိမဂ်၌ကား - အာနာပါနသတိ နိဒ္ဒေသကို အရွယ်ကြီး ၂၇-မျက်နှာတိတိ ဖွင့်ဆိုသည်။ ဂဏနာနည်း စသောနည်းများလည်း အကျယ်တဝင့် အပြည့်အစုံ ပါဝင်ပေသည်။

ဤမျှဆိုလျှင် ဝိမုတ္တိမဂ်ကျမ်း၏ ကျဉ်းလွန်း၍ မပြည့်စုံပုံကို သိသာထင်ရှားပေပြီ။

ယင်းသို့ မသင့်လျော်သည့် အချက်များ ရှိသည့်ပြင် ပြည့်စုံခြင်းလည်း မရှိသော ဝိမုတ္တိမဂ် ကျမ်းမှာ ၎င်းထက် အပြစ်အနာ ကင်းစင်၍ အဖက်ဖက်မှ ပြည့်စုံကာ သာလွန်သည့် ဝိသုဒ္ဓိမဂ်ကျမ်းကြီး ပေါ်ပေါက်လာသော အခါ၌ကား ပျောက်ကွယ်လုနီးပါး တိမ်မြုပ်၍ သွားရလေတော့သည်။

ဝိသုဒ္ဓိမဂ် အဋ္ဌကထာကျမ်း

ပဋိသမ္ဘိဒါမဂ်နှင့် ဝိမုတ္တိမဂ်ကျမ်းတို့နောက် တတိယမြောက် ပေါ်ထွက်လာသည့် ပဋိပတ္တိ ကျမ်း အဋ္ဌကထာသစ် ဆရာကြီး အရှင် မဟာဗုဒ္ဓဃောသ စီရင်သည့် ဝိသုဒ္ဓိမဂ်အဋ္ဌကထာ ကျမ်းကြီး ဖြစ်ပေသည်။

ဝိသုဒ္ဓိမဂ် = ဟူသော အမည်မှာ (ဝိသုဒ္ဓိ = စင်ကြယ်ခြင်း + မဂ္ဂ = လမ်း) “စင်ကြယ်မှု လမ်းစဉ်ကျမ်း” ဟု သဒ္ဒါနည်းအရ ဘာသာပြန်ရမည် ဖြစ်သော်လည်း ကျမ်းဆရာကမူ (ဝိသုဒ္ဓိ = နိဗ္ဗာန် + မဂ္ဂ = ရနည်း) “နိဗ္ဗာန်ရနည်းကျမ်း”ဟု ပြန်ဆိုထားပါသည်။

ဝိသုဒ္ဓိမဂ်ကျမ်းကို အဋ္ဌကထာကျမ်းဟု ခေါ် ရသည်မှာ --

သီလေ ပတိဋ္ဌာယ နရော သပညော၊
စိတ္တံ ပညဉ္ဇ ဘာဝယံ။

အာတာပီ နိပကော ဘိက္ခု၊
သော ဣမံ ဝိဇဋယေ ဇဋံ။

ပဋိသန္ဓေ ပညာရှိ၍ ပြင်းစွာ အားထုတ်မှုရှိသော ရင့်ကျက်သော ပညာရှင်ရဟန်းသည် သီလ၌တည်၍ စိတ် (တည်ကြည်မှု သမာဓိ) ကို၎င်း ပညာကို၎င်း ပွါးစေလျက် ဖွဲ့ယှက် တတ်သော ဤ တဏှာအရှုပ်ကို ဖြေရှင်းနိုင်၏ --

ဟူသော သံယုတ်ပါဠိတော်လာ ဂါထာ၌ ပါရှိသည့် သီလ သမာဓိ ပညာတို့ကို အကျယ်တဝင့် ဖွင့်ဆိုသောကြောင့် အဋ္ဌကထာဟု ခေါ်တွင်ခြင်း ဖြစ်သည်။

ဝိသုဒ္ဓိမဂ် အဋ္ဌကထာကျမ်းကြီးကား သီလ သမာဓိ ပညာတို့၏ အကြောင်းအရာနှင့် ပွါးများပုံကို ပါဠိတော်နည်း အဋ္ဌကထာနည်း ရှေးမဟာထေရ်များ နည်းတို့ကို၎င်း၊ သမာနဝါဒ ထေရဝါဒ ကေစိဝါဒ အပရေဝါဒ ဧကစ္စေဝါဒ တို့ကို၎င်း ဖော်ပြ၍ နိဒ္ဒေသပေါင်း ၂၃၊ ကထာပေါင်း-၁၇၁ တို့ဖြင့် တန်းဆာဆင်၍ စီရင်ထားသောကြောင့် ပြည့်ဝကုံလုံ စုံလင်လှပေသည်။

ဝိသုဒ္ဓိမဂ်၏ ပမာဏ

ယင်းသို့ စုံလင်အောင် ရေးရသောကြောင့်ပင် ကျမ်းပမာဏသည်လည်း ၅၈-ဘာဏဝါရ ရှိ၍ ကြီးမား ထည်ဝါလှပါပေသည်။

၁-ဘာဏဝါရဟူသည်မှာ ၁-ကြိမ်ရွတ်ဟု အဓိပ္ပါယ်ရသည်။ သံဂါယနာ တင်သောအခါ ၁-ကြိမ်ရွတ်၍ ရပ်နားသော ပမာဏ ဖြစ်၏။ တဘာဏဝါရသည် အက္ခရာ ၃၂-လုံးရှိသည့် ဂါထာပေါင်း ၂၅၀-နှင့် ညီမျှလေသည်။

ထို့ကြောင့် ဝိသုဒ္ဓိမဂ်ကျမ်း၏ ပမာဏသည် ဂါထာပေါင်း (၂၅၀ x ၅၈ = ၁၄၅၀၀) တသောင်းလေးထောင် ငါးရာရှိ၍ အက္ခရာပေါင်း (၁၄၅ဝဝ x ၃၂ = ၄၆၄၀၀၀) လေးသိန်း ခြောက်သောင်း လေးထောင် ရှိကြောင်းကို တွက်ချက် သိရှိရပေသည်။

ဝိသုဒ္ဓိမဂ်
ရေးသားသည့် ခေတ်ကာလ

သာသနာနှစ် ၉၇၀-ခန့်ကစီရင်ခဲ့သော ဤ ဝိသုဒ္ဓိမဂ် ကျမ်းကြီးသည်ကား အပြည့်စုံဆုံး အခန့်ညားဆုံး ပဋိပတ္တိကျမ်းကြီး ဖြစ်သောကြောင့် ယခု သာသနာ နှစ် ၂၅၁၃-နှစ် အထိ နှစ်ပေါင်း ၁၅၄၃-နှစ်ခန့် ကြာသည်တိုင်အောင် နောက်ထပ် ပါဠိဘာသာဖြင့် စီရင်သည့် ပဋိပတ္တိကျမ်းဟူ၍ မပေါ်နိုင်ဘဲ ဖြစ်နေပေသည်။

ဤသို့ အရှင်မဟာဗုဒ္ဓဃောသ၏ လက်စွမ်းပြ အဖြစ်ဖြင့် အစဆုံး ပြုစုလိုက်သည့် ဝိသုဒ္ဓိမဂ် အဋ္ဌကထာကျမ်းကြီးသည် နောက်ဆုံး ပဋိပတ္တိကျမ်းကြီးအဖြစ်ဖြင့် ယနေ့တိုင် တည်ရှိနေပါသတည်း။

ဝိသုဒ္ဓိမဂ် အခြံအရံကျမ်းများ

ဝိသုဒ္ဓိမဂ် အဋ္ဌကထာကျမ်းကြီး ပေါ်ထွက်လာပြီးနောက် ပါဠိဘာသာဖြင့် စီရင်သည့် ပဋိပတ္တိကျမ်းဟူ၍ နောက်ထပ် မပေါ်လာသည်ကား မှန်ပေသည်။ သို့သော် ဝိသုဒ္ဓိမဂ် ကျမ်းကြီးကို ဖွင့်ဆိုသည့် ဋီကာကျမ်း၊ ခက်ဆစ်ဖြေဆိုသည့် ဂဏ္ဌိကျမ်း၊ ပါဠိဘာသာမှ လိုရာဘာသာသို့ ပြန်ဆိုသည့် ဘာသာပြန်ကျမ်း ဟူသော နောက်လိုက် အခြံအရံကျမ်း များကား ပေါ်ထွက်လာကြပေသေးသည်။

ဘာသာပြန်ကျမ်း ဟူသည်မှာလည်း သီဟိုဠ်ဘာသာပြန်ကျမ်း အင်္ဂလိပ် ဘာသာပြန်ကျမ်း မြန်မာဘာသာပြန်ကျမ်း စသည်ဖြင့် အမျိုးမျိုးရှိသည်။

ထိုတွင် ဋီကာကျမ်း ဂဏ္ဌိကျမ်း နှင့် အခြားဘာသာပြန် ကျမ်းများအကြောင်းကို မည်သို့မျှ မရေးလိုသော်လည်း ဝိသုဒ္ဓိမဂ်မြန်မာပြန် ကျမ်းများအကြောင်းကိုမူ ဤနိဒါန်း သွယ်တန်း ရာ ပရမတ္ထသရူပဘေဒနီကျမ်း ဒုတိယတွဲနှင့် သက်ဆိုင်နေသောကြောင့် အနည်းငယ် စိစစ် ဝေဖန်၍ပြလိုပေသည်။

မြန်မာပြန်ကျမ်းများ

ဝိသုဒ္ဓိမဂ်အဋ္ဌကထာကို ပါဠိဘာသာမှ မြန်မာဘာသာသို့ ပြန်ဆိုထားသည့် ကျမ်းများကို လေ့လာကြည့်ရှုသော် --

(၁) နိဿယဘာသာပြန်ကျမ်း
(၂) တိုက်ရိုက်ဘာသာပြန်ကျမ်း
(၃) အကျဉ်းချုပ်ဘာသာပြန်ကျမ်း
(၄) အနွယ်ဘာသာပြန်ကျမ်း
(၅) သဘောပြဘာသာပြန်ကျမ်း

ဟူ၍ အမျိုးအားဖြင့် ၅-မျိုး တွေ့ရပါသည်။ ထိုတွင် --

(၁) နိဿယ ဘာသာပြန်ကျမ်း

မူရင်း ဝိသုဒ္ဓိမဂ်ပါဠိ အဋ္ဌကထာကျမ်းကို စာချ စာသင် လေ့လာလိုသူတို့ နိဿယ = အမှီရစေရန် “ပါဠိတချက် - မြန်မာတချက်”တွဲဖက်၍ ပြန်ဆိုရေးသားသော ကျမ်းမျိုးမှာ နိဿယဘာသာပြန်ကျမ်း ဖြစ်ပါသည်။ ပုံစံပြရလျှင် - ပြည်ဆရာတော်ကြီး အရှင် မေဓာလင်္ကာရ၏ ဝိသုဒ္ဓိမဂ်နိဿယ ဖြစ်ပေသည်။

(၂) တိုက်ရိုက် ဘာသာပြန်ကျမ်း

မူရင်း ပိသုဒ္ဓိမဂ်ပါဠိကျမ်းမှ ပါဠိများကို မထည့်မူ၍ ထိုပါဠိအစဉ်အတိုင်း မြန်မာဘာသာသို့ တိုက်ရိုက်ပြန်ဆို ရေးသားသော ကျမ်းမျိုးမှာ တိုက်ရိုက် ဘာသာပြန်ကျမ်း ဖြစ်ပါသည်။ ပုံစံမှာ - ကျိုက်ထိုမြို့ ဘုရားသုံးဆူဆရာတော် အရှင်နန္ဒမာလာ၏ ဝိသုဒ္ဓိမဂ်အဋ္ဌကထာ မြန်မာပြန်ကျမ်းဖြစ်သည်။

(၃) အကျဉ်းချုပ် ဘာသာပြန်ကျမ်း

မူရင်းကျမ်းမှ ပါဠိကိုတွဲဘက်ထည့်ခြင်း ပါဠိရှိတိုင်း အစဉ်လျှောက်၍ ဘာသာပြန်ခြင်း မပြုဘဲ လိုရာလိုရာ အချက်အလက်များကို ထုတ်နုတ် အကျဉ်းချုပ်၍ ကျမ်းအစအဆုံး မှတ်စုသဘော ဘာသာပြန်ဆိုသော ကျမ်းမျိုးမှာ အကျဉ်းချုပ် ဘာသာပြန်ကျမ်း ဖြစ်ပါသည်။ ပုံစံမှာ - ညောင်လေးပင်တောရ ဆရာတော် အရှင်အရိယ၏ ဝိသုဒ္ဓိမဂ် အရသာကျမ်းဖြစ်သည်။

(၄) အနွယ်ဘာသာပြန်ကျမ်း

မူရင်းကျမ်းမှ လိုရာတပိုင်းတစ ကိုသာယူ၍ မိမိရေးလိုသော အကြောင်းအရာနှင့် ရောနှောကာ ဘာသာပြန်ဆိုသော ကျမ်းမျိုးမှာ မူရင်းကျမ်းနှင့် နွယ်မိ စပ်မိရုံသာ ရှိသောကြောင့် အနွယ်ဘာသာပြန်ကျမ်း ဖြစ်ပါသည်။ ပုံစံမှာ - ပြည်မြို့ နိဗ္ဗိန္ဓချောင် ဆရာတော်ကြီးအရှင်ဦးသီရိ၏ သိက္ခာသုံးပါးပြရာကျမ်းဖြစ်သည်။

(၅) သဘောပြ ဘာသာပြန်ကျမ်း

မူရင်း ဝိသုဒ္ဓိမဂ်ကျမ်း၏ ဆိုလိုရင်း သဘော အဓိပ္ပါယ်များကို လေ့လာသူတို့ နားလည် စေရန် --

(က) ကျယ်သည်ကိုချုံး၍၎င်း
(ခ) ကျဉ်းသည်ကိုချဲ့၍၎င်း
(ဂ) လိုသည်ကိုဖြည့်၍၎င်း
(ဃ) တိမ်မြုပ်သည်ကို ဖော်ထုတ်၍၎င်း
(င) မှားသည်ကိုပြင်၍၎င်း
(စ) ကျမ်းချင်းညှိ၍၎င်း
(ဆ) အညွန့်အကွန့်များထည့်၍၎င်း -

ဘာသာပြန်သော ကျမ်းမျိုးမှာ သဘောပြဘာသာပြန်ကျမ်း ဖြစ်ပါသည်။ ပုံစံမှာ -- ယခု စာရှုသူတို့ ရှေ့မှောက်သို့ ရောက်နေသည့် ပရမတ္ထသရူပဘေဒနီကျမ်း ဒုတိယတွဲ ဖြစ်ပါသည်။

ပရမတ္ထသရူပဘေဒနီကျမ်း (ဒုတိယတွဲ)

ပရမတ္ထသရူပဘေဒနီကျမ်း ဒုတိယတွဲကို ဝိသုဒ္ဓိမဂ် အဋ္ဌကထာကျမ်းသဘောပြ ဘာသာပြန် ကျမ်းဖြစ်သည်ဟု ပြဆိုခဲ့ရာ ထိုပြဆိုချက် ထင်ရှားအောင် ရှင်းလင်းပါအံ့။

ပရမတ္ထ သရူပဘေဒနီကျမ်းသည် အဘိမမ္မတ္ထသင်္ဂဟ = သင်္ဂြိုဟ်ကျမ်း၏ ဘာသာဋီကာ အဖွင့်ကျမ်းဖြစ်သည်။ စိတ်ပိုင်းမှ ပစ္စည်းပိုင်းအထိ ရှေ့ ၈-ပိုင်းကို ပရမတ္တသရူပဘေဒနီ ကျမ်း ပဌမတွဲဖြင့် ဖွင့်ဆိုပြီး၍ ကျန်နေသည့် ကမ္မဋ္ဌာန်းပိုင်းကို ဤပရမတ္ထသရူပဘေဒနီ ကျမ်း ဒုတိယတွဲဖြင့် ဖွင့်ဆိုရေးသားထားပါသည်။

သင်္ဂြိုဟ်ကျမ်း ကမ္မဋ္ဌာန်းပိုင်း၌ သမထကမ္မဋ္ဌာန်း အမည်ဖြင့် သမာဓိ အကြောင်းကို ပြသည်။ ဝိပဿနာကမ္မဋ္ဌာန်း အမည်ဖြင့် ပညာအကြောင်းကို ပြသည်။ သမာဓိ ပညာ နှစ်ပါးလုံး၏ အခြေခံ အကြောင်းရင်းဖြစ်သော သီလကို သမာဓိ ပညာနှစ်ပါးလုံးနှင့် သက်ဆိုင်ကြောင်းသိစေရန် သမထကမ္မဋ္ဌာန်း၏ အဆုံး ဝိပဿနာ ကမ္မဋ္ဌာန်း၏အစ၌ သီလဝိသုဒ္ဓိအမည်ဖြင့်ပြသည်။ သို့ပြသောကြောင့် သင်္ဂြိုဟ်ကမ္မဋ္ဌာန်းပိုင်း၌ သီလ သမာဓိ ပညာ အကြောင်း အကျဉ်းချုပ် ပါရှိနေပေသည်။

ပရမတ္ထသရူပဘေဒနီကျမ်း ဒုတိယတွဲဖြင့် သင်္ဂြိုဟ်ကျမ်း ကမ္မဋ္ဌာန်းပိုင်းကို ဖွင့်ဆိုရာ၌ သီလ သမာဓိ ပညာ တရားတို့ကိုပင် ဖွင့်ဆိုရေးသားရမည်ဖြစ်ရာ သီလ သမာဓိ ပညာ အကြောင်းကို အပြည့်စုံဆုံး အကျယ်ဝန်းဆုံးပြဆိုသည့် ဝိသုဒ္ဓိမဂ် အဋ္ဌကထာကျမ်းကြီးကို သဘောပြ ဘာသာပြန်ဆိုနည်းဖြင့် ပြန်၍ ဖွင့်ဆိုထားခြင်း ဖြစ်ပေသည်။

ပရမတ္ထသရူပဘေဒနီ၏
ဘာဝနာပိုင်း အစီအစဉ်ထားပုံ

ယင်းသို့ ဖွင့်ဆိုရာ၌ ဖွင့်ဆိုပုံ အစီအစဉ်ကား အောက်ပါအတိုင်း ဖြစ်သည်။

သမထကမ္မဋ္ဌာန်း - ၄၀ ကို အစဉ်ထားရာ၌ သင်္ဂြိုဟ်ကျမ်းနှင့် ဝိသုဒ္ဓိမဂ်တို့ အနည်းငယ် ကွဲလွဲသည်။ ထိုသို့ကွဲရာ၌ သင်္ဂြိုဟ်ကျမ်းလာ အစီအစဉ်အတိုင်း ဤကျမ်း၌ ပြဆိုပါသည်။

ဤ သမထနည်း အစီအစဉ်မှတပါး အခြား အစီအစဉ်စကား အဆိုအမိန့် အဓိပ္ပါယ်များမှာ `သီလေ ပတိဋ္ဌာယ နရော”ချီ ကျမ်းဦး ဂါထာမှစ၍ “ဤကား စိတ္တံ ပညဉ္စ ဘာဝယံ၌ ပညာအရတည်း”ဟူသော ပဌမနိဂုံးနှင့်“ဣတိ ဝိပသာနာနယော ပန္နရသမော” ဟူသော ဒုတိယနိဂုံးတိုင်အောင် ဝိသုဒ္ဓိမဂ် အဋ္ဌကထာ အတိုင်းပင် ဖြစ်ပေသည်။

ပရမတ္ထသရူပဘေဒနီကျမ်း ဒုတိယတွဲသည် သင်္ဂြိုဟ်ကျမ်း၏ ကမ္မဋ္ဌာန်းပိုင်းကိုဖွင့်၌ ဝိသုဒ္ဓိမဂ်ကျမ်းကို သဘောပြ ဘာသာပြန်နည်းဖြင့် ဘာသာပြန်၍ ဖွင့်ဆိုထားခြင်း ဟုတ်မှန်ကြောင်း ပေါ်လွင်စေရန် ပြဆိုခဲ့သည့် သဘောပြ ဘာသာပြန်ဆိုပုံများနှင့် ညှိနှိုင်း ပြဆိုပါအံ့။

(က) ကျယ်သည်ကို အကျဉ်းချုံးခြင်း

မူရင်း ဝိသုဒ္ဓိမဂ်ကျမ်း အချို့နေရာ၌ ရှည်လျားကျယ်ဝန်း ပြဆိုထားသည်ကို အဓိပ္ပါယ် မပျက်စေဘဲ အကျဉ်းချုံး၍ ဤကျမ်း၌ ပြဆိုထားပါသည်။ ထိုသို့ အကျဉ်းချုံးရာ၌ ပါဠိဂါထာ စီကုံး၍သော်၎င်း မြန်မာလင်္ကာ စီကုံး၍သော်၎င်း ပြပါသည်။

ပါဠိဂါထာ စီကုံး၍ချုံးခြင်း

အာဇီဝပါရိသုဒ္ဓိ သီလ အကြောင်းကို ဝိသုဒ္ဓိမဂ် အဋ္ဌကထာ ပဌမတွဲ၌ စာမျက်နှာ ၂၂-မှ-၂၉-အထိ ၈-မျက်နှာမျှ ရေးသားပြဆိုပါသည်။ ဤပရမတ္ထသရူပဘေဒနီကျမ်း စာမျက်နှာ ၅၉-၌ ၁၀-ဂါထာမျှဖြင့် စီကုံး အကျဉ်းချုံထားပါသည်။ ယင်း ပါဠိဂါထာကို မြန်မာပြန် ဆိုသည်မှာမူ ၆၀-မှ ၆၃-အထိ ၄-မျက်နှာမျှသာ ရှိပေသည်။

လင်္ကာစီကုံး၍ အကျဉ်းချုံးခြင်း

အဓိဋ္ဌာနိဒ္ဓိ- စသော တန်းခိုး ၁၀-ပါး အကြောင်းကို ဝိသုဒ္ဓိမဂ် အဋ္ဌကထာ ဒုတိယတွဲ၌ စာမျက်နှာ ၆-မှ-၁၂-အထိ ၇-မျက်နှာပြဆိုထားပေ၏။ ယင်းကို ဤကျမ်း စာမျက်နှာ ၄၁၂-၃ ၌ ၂-မျက်နှာမျှဖြင့် မြန်မာလင်္ကာ တပုဒ်တည်းဖြင့် အပြီးစီကုံး၍ အကျဉ်းချုံး၍ ပြထားပေသည်။

အရေးကြီးသည့် အကြောင်းရပ်များကို နှုတ်တက်ဆောင်လိုက ဆောင်နိုင်သည်အထိ ကျေးဇူးများလှသော ဤသို့အကျယ်ကို အကျဉ်းချုံး ပြဆိုချက်များကို ဤကျမ်း၌ စာရှုသူတို့ အားရဖွယ်ရာ ဖတ်ရှုရပါလိမ့်မည်။

(ခ) အကျဉ်းကို အကျယ်ချဲ့ခြင်း

ဝိသုဒ္ဓိမဂ်ကျမ်းသည် အချို့ နေရာများ၌ သိသင့်သော အကြောင်းအရာ များကို စကား အရိပ်အမြွက် အကျဉ်းမျှသာ ပြဆိုထားပေသည်။ ထိုနေရာမျိုး၌ လေ့လာသူတို့ သိရှိ နားလည်နိုင်ရန် မလွယ်ကူလှပေ။ ထို့ကြောင့် ဤကျမ်း၌ စကားပြေရေး၍၎င်း လင်္ကာ ရေး၍၎င်း အကျယ်ချဲ့၍ ပြဆိုထားပါသည်။

စကားပြေဖြင့်အကျယ်ချဲ့ပြခြင်း

ပထဝီ ကသိုဏ်း ရှုရန် နေရာ၌ ထိုင်ပြီးနောက် ကသိုဏ်းဝန်းကို မရှုမီ အချိန် ကလေးတွင်

“ကာမတရားတို့သည် သာယာဖွယ် နည်းပါးကုန်၏၊ ဤသို့ စသည်ဖြင့် ကာမတို့၌ အပြစ်ကို ဆင်ခြင်၍”—

ဟု ကာမအပြစ် ဆင်ခြင်ရန် ဝိသုဒ္ဓိမဂ် အဋ္ဌကထာ (ပထမတွဲ နှာ-၁၂၁) ၌ အကျဉ်းမျှသာ ပြဆိုထားသည်။

ဤသို့ ကာမအပြစ် ဆင်ခြင်နည်းကို ပြုခြင်းသည် ကျဉ်းလွန်းလှသောကြောင့် လေ့လာ အားထုတ်လိုသူတို့ သိနိုင်ရန် ခက်ခဲနေပေသည်။ ယင်းအခက်အခဲကို လွယ်ကူစေရန် ထိုထိုပါဠိတော် အဋ္ဌကထာ ဋီကာကျမ်းတို့မှ ထုတ်နှုတ်၍ ဤကျမ်း စာမျက်နှာ ၁၈၃-မှ-၁၈၄-အထိ ကာမတို့၏ အပြစ်ရှုနည်းကို အကျယ် ဖွင့်ဆိုရေးသား ထားပေသည်။

လင်္ကာစီကုံး၍ အကျယ်ချဲ့ပြခြင်း

မရဏာနုဿတိ ကမ္မဋ္ဌာန်းစီးဖြန်း ပွါးများနည်းကို ပြရာတွင် ဝိသုဒ္ဓိမဂ် (ပ-နှာ-၂၂၉)၌ သတ္တဝါတို့ အသက်တိုပုံကို --

“ဥပမာ ၇-မျိုးတို့ဖြင့် တန်းဆာဆင်အပ်သော“အရက”သုတ်ဖြင့် ချဲ့အပ်၏” ဟူ၍ အကျဉ်းမျှ ပြဆိုထားသည်ကို ဤကျမ်း (နှာ-၂၉၅)၌ “ရေ၌တုတ်ရေး အစချီသော လင်္ကာဖြင့် ဥပမာ ၇-မျိုးကို အပြည့်အစုံ ဖော်ပြကာ အကျယ် ချဲ့ထားပေသည်။

ယင်းကဲ့သို့ အကျဉ်းကို အကျယ်ပြဆိုချက် များကိုလည်း ဤကျမ်း၌ လေ့လာသူတို့ တဝကြီး ဖတ်ရှုကြရမည် ဖြစ်ပါသည်။

(ဂ) လိုအပ်သည်ကို ဖြည့်စွက်ခြင်း

ဝိသုဒ္ဓိမဂ် အဋ္ဌကထာကို ဘာသာပြန်ဆို၍ သင်္ဂြိုဟ် ကမ္မဋ္ဌာန်းပိုင်းကို ဖွင့်သောအခါ အချိုသောနေရာ၌ လေ့လာသူ သုတေသီတို့ သိသင့် သိထိုက်သော အကြောင်းရပ်များ ထည့်သွင်းဖော်ပြရန် လိုအပ်နေပေသည်။ ထို လိုအပ်ချက်များကို မူရင်း ဝိသုဒ္ဓိမဂ်ကျမ်း၌ မပြဆိုချေ။ ယင်းသို့ပင် မပြသော်လည်း လိုအပ်နေသည့် အဓိပ္ပါယ်များကို၎င်း, ဆုံးဖြတ်ချက် ဝိနိစ္ဆယ များကို၎င်း ဤကျမ်း၌ ထည့်သွင်း ဖော်ပြထားပေသည်။ ယင်းသို့ ဖော်ပြထားခြင်းဖြင့် ဝိသုဒ္ဓိမဂ်ကျမ်း၏ ပြလိုရင်း သီလ သမာဓိ ပညာ အကြောင်းတို့ကို လေ့လာသူတို့ ပိုမို၍ အပြည့်အစုံ နားလည်နိုင်လေသည်။

အဓိပ္ပါယ်ဖြည့်စွက်ပြခြင်း

ဗုဒ္ဓရှင်တော်မြတ်၏ဂုဏ်တော်တို့သည် အစိန္တေယျ အပ္ပမေယျ ဖြစ်၏။ ပိုမိုသိရှိနိုင်လေ ကောင်းလေ ဖြစ်၏။ ထို့ကြောင့် ဂုဏ်တော် ၉-ပါးတို့တွင် အရဟံဂုဏ်တော်၏ အဓိပ္ပါယ်ကို ဝိသုဒ္ဓိမဂ် အဋ္ဌကထာ၌ အဓိပ္ပါယ် ၅-မျိုးဖွင့်ပြ၏။ ဤကျမ်း၌ ဝိသုဒ္ဓိမဂ်လာ အရဟံ-အဓိပ္ပါယ် ၅-မျိုးကို အပြည့်အစုံ ပြဆိုပြီးလျှင် မဟာဋီကာလာ အရဟံ အဓိပ္ပါယ် ၆-မျိုးကိုလည်း ဖြည့်စွက်ပြဆိုထားသည်ကို ဤကျမ်း(နှာ-၂၄၅-၈)၌ တွေ့နိုင်ပါသည်။

အဆုံးအဖြတ်
ဝိနိစ္ဆယ ဖြည့်စွက်ခြင်း

သီလနိဒ္ဒေသ-သီလအကြောင်းကို ပြဆိုရာတွင် ၁၀-ပါးသီလလည်း ပါဝင်ပေသည်း ထို ၁၀-ပါးသီလနှင့် စပ်လျဉ်း၍--

(၁) ဆယ်ပါးသီလ၌ ရွှေငွေခံယူခြင်း မပြုရသောကြောင့် ရွှေငွေကို အပြီးအပြတ် မစွန့်လွှတ်နိုင်သူများ စောင့်သုံးကောင်းသလော မစောင့်သုံးကောင်းသလော။
(၂) ဆယ်ပါးသီလသည် အမြဲစောင့်သုံးနိုင်မှ စောင့်သုံးရသည့် နိစ္စသီလ ဖြစ်သလော တခါတရံလည်း စောင့်သုံးကောင်းသော နိယသီလ ဖြစ်သလော၊
(၃) ဥပုသ်နေ့မဟုတ်ပဲ ဥပုသ်စောင့်သုံးကောင်းသလော မစောင့်သုံး ကောင်းသလော။
(၄) မိန်းမများ ၁၀-ပါးသီလ စောင့်သုံးထိုက်သလော, မစောင့်သုံး ထိုက်သလော ---

ဟူ၍ အငြင်းပွါးမှုများ ရှိနေပေသည်။

ယင်းအငြင်းပွါးမှု ပြဿနာများကို ရှင်းလင်းသိသာရန် သုတေသီတို့အတွက် ဆုံးဖြတ်ချက် ဝိနိစ္ဆယ လိုအပ်နေသည်ဖြစ်ရာ ထိုလိုအပ်ချက်ကို ဝိသုဒ္ဓိမဂ်၌ မပါရှိသော်လည်း ဖြည့်စွက်၍ ဤကျမ်း နှာ-၁၂-မှ-၃၃-အထိ ထည့်သွင်းပြဆို ထားပါသည်။

ဤသို့ လိုအပ်ရာ၌ လိုအပ်သလို ဖြည့်စွက် ရေးသားချက်များကို ဤကျမ်း၌ စာရှုသူတို့ မှတ်၍ မကုန်နိုင်အောင် တွေ့ရှိကြရပေမည်။

(ဃ) တိမ်မြုပ်သည်ကို ဖော်ထုတ်ခြင်း

ဝိသုဒ္ဓိမဂ်ကျမ်းလာ အချို့သော အကြောင်းအရာများမှာ လူသိနည်းပါး၍ တိမ်မြုပ် နေသည်လည်း ရှိတတ်ပါသည်။ အချို့မှာ အမှန်အတိုင်း မထင်ရှားတော့ပဲ လွဲမှား ယူဆမိအောင်ပင် တိမ်မြုပ်နေသော အဆိုအမိန့်များလည်း ရှိတတ်ပါသည်။ ယင်းသို့ တိမ်မြုပ်သော အရာများကို ထင်ရှားအောင် ဖော်ထုတ်၍ ဤကျမ်း၌ ပြဆိုပါသည်။

လူသိနည်း၍
တိမ်မြုပ်သည်ကို ဖေါ်ထုတ်ခြင်း

ကမ္မဋ္ဌာန်းလေးဆယ်တွင် ဥဒ္ဓုမာတက - အစရှိသော အသုဘကမ္မဋ္ဌာန်း ဆယ်ပါး ပါရှိ၏။ ယင်းအသုဘဆယ်ပါးကို သေပြီးနောက် နှစ်ရက်သုံးရက်မြောက်၍ ဖူးဖူးယောင်သော ကိုယ် - စသည်ဖြင့် မြန်မာပြန်ထား သောကြောင့် လူသေကောင်၌ ရှုရမည့်နည်းဟူ၍သာ ထင်ရှားနေသည်။ မသေသေးသော လူရှင်၌လည်း ရှုနိုင်ကြောင်းကား မထင်ရှားဖြစ်ကာ တိမ်မြုပ်နေ၏။ ယင်းကို ထင်ရှားအောင် အဋ္ဌကထာစကားကို ပြ၍၎င်း မဟာတိဿထေရ် ဝတ္ထုကို သာဓကပြ၍၎င်း ဤကျမ်း(နှာ-၂၃၉)၌ ဖော်ထုတ်ထားပါသည်။

အယူမှားအောင်
တိမ်မြုပ်သည်ကို ဖော်ထုတ်ခြင်း

အာနာပါနသတိကမ္မဋ္ဌာန်းကို ဂေါပါလဂဏနာ = ကျောင်းသား ရေတွက်နည်းဖြင့် စီးဖြန်း ရာတွင် ထွက်လေ ၀င်လေကို တစ် နှစ် သုံး လေး ငါး ခြောက်၊ တစ် နှစ် သုံး လေး ငါး ခြောက် ခုနစ်။ပ။ ရှစ်၊ ကိုး၊ တဆယ်၊ ဤသို့ အမြန်အမြန် ရေတွက်အပ်၏”

ဟု ဝိသုဒ္ဓိမဂ်(ပ-နှာ-၂၇၁)၌ ပြဆိုထားသည်။

ဤ ပြဆိုချက်အတိုင်းပင် လိုက်၍ အချို့ပုဂ္ဂိုလ်များက အာနာပါနသတိ ကမ္မဋ္ဌာန်း စီးဖြန်းသောအခါ ထွက်လေ ၀င်လေကို တစ်မှခြောက်အထိ တကြိမ်၊ နောက်တခါ တခု တိုး၍ တစ်မှခုနှစ်အထိ တကြိမ်၊ နောက်တခုတိုး၍ တစ်မှရှစ် အထိ တကြိမ်-စသည်ဖြင့် တဆယ်အထိ တခုစီတိုး၍ ငါးကြိမ်ရေတွက်ကြသည်။ ထိုငါးကြိမ်ပြည့်မှ တဝါရဟု မှတ်ပြီး နောက်တခါ တစ်မှခြောက်အထိ စပြန်သည်။ ဤနည်းအတိုင်း မိမိကိုယ်တိုင် အားထုတ်သူများလည်း ရှိသည်။ မိမိသာမက အခြားသူများကိုလည်း နည်းပြ၍ တဂိုဏ်း ထောင်နေသူများလည်း ရှိပေသည်။

ယင်းသို့ အားထုတ်ခြင်းသည် ဝိသုဒ္ဓိမဂ်အဋ္ဌကထာ ပြဆိုချက် တိမ်မြုပ်သလို ဖြစ်နေ၍ မယူဆတတ်သောကြောင့်ဖြစ်သည်။ လွဲမှားနေသည်။ ဤသို့ အားထုတ်ခြင်းကို မဟာဋီကာ (ပ၊ နှာ-၃၂၈) ၌ ပြဆိုထားသည့် ---

“ရေတွက်ခြင်းကိုသာ မှီသည်။ ကမ္မဋ္ဌာန်းကို မှီသည်မဟုတ် (=ဂဏန်းကို တခုစီတိုး ရေတွက်လျှင် ယင်းရေတွက်မှု၌သာ စိတ်ဝင်စားနေရသဖြင့် ထွက်လေဝင်လေ၌ အာရုံမပြုနိုင် ဖြစ်တတ်သည်-ဟု ဆိုလိုသည်။)” --

ဟူသော အပြစ်နှင့် မလွတ်နိုင်ဟု ဝေဖန်ပြီးလျှင် ပရိဝါသ်ဆောက်တည်ပုံ ပါဠိနှင့် နှိုင်းယှဉ် ပြကာ အမှန်ရေတွက် ပွါးများနည်းကို ဤကျမ်း (နှာ-၃၃၃-၄)၌ ထုတ်ဖော်ပြဆို ထားပေသည်။

ဤနည်းနှင်နှင်ပင် အခြား မပေါ်လွင် ထင်ရှား တိမ်မြုပ်သည့် အဋ္ဌကထာ စကားကို ဖော်ထုတ်ပြဆိုထားသည်ကို ဤကျမ်း၌ ဖတ်ရှု၍ မငြီးနိုင်အောင်ပင် လေ့လာသူတို့ တွေ့ကြရမည် ဖြစ်ပေသည်။

(င) မှားယွင်းသည်ကို ပြင်ဆင်ခြင်း

ဝိသုဒ္ဓိမဂ်ကျမ်း၌ အချို့သော ပါဠိများမှာ အရေးအကူး အဆက်အဆက် များမှုကြောင့် ချွတ်ချော်မှားယွင်းလျက် ရှိသည်။ အချို့သောပုဒ်တို့၏ အဓိပ္ပါယ် အယူအဆတို့မှာလည်း ဋီကာ နိဿယတို့ အဖွင့်အယူအဆ မှားလျက်ရှိ၏။ ထိုသို့သော အမှားအယွင်းများကို ဤကျမ်း၌ ပြင်ဆင်၍ အမှန်ပြဆိုထားပေသည်။

ပါဌ်မှားကို ပြင်ဆင်ခြင်း

ဝိသုဒ္ဓိမဂ် ဒိဋ္ဌိဝိသုဒ္ဓိကထာ (ဒု-နှာ-၂၂၈) ၌ ရထားဥပမာဖြင့် ခန္ဓာကိုယ်ကို နှိုင်းခိုင်းပြရာ တွင် သံယုတ်ပါဠိတော်လာ “ယထာ ပိ အင်္ဂသမ္ဘာရာ၊ ဟောတိ သဒ္ဒေါ ရထာ ဣတိ”စသော ဂါထာကို ထုဘ်ဆောင်ပြဆိုထား၏။ ယင်းသို့ ပြရာ၌ “ဟောတိ သတ္ထော ရထော ဣတိ”ဟု ပါဠိမှားလျက် ရှိသည်။

နိဿယ၌လည်း “သတ္ထော ရထော ဣတိ၊ လှည်း ရထား ဟူ၍”ဟု ပါဌ်မှား အတိုင်း အနက်ပေးထားသည်။

ဤသည်ကို “သဒ္ဒေါ ရထော ဣတိ”ဟု ရှိသင့်ကြောင်း ဤကျမ်း (နှာ-၅၀၇) ၌ အဋ္ဌကထာကို ကိုးကား၍ ပြင်ဆင်ထားပါသည်။

အဖွင့်မှားကိုပြင်ဆင်ခြင်း

ဝိသုဒ္ဓိမဂ်အဋ္ဌကထာ (ပ-နှာ-၁၈၀)၌ ဥဒ္ဓုမာတက ကမ္မဋ္ဌာန်းကို ပြဆိုရာတွင် “ဥဒရပရိယောသာနသည် အလွန်ဖူးဖူးယောင်သည် ဖြစ်၏”ဟူ၍ ပြဆို၏။

“ဥဒရပရိယောသာန”ပုဒ်ကို“ဝမ်းဗိုက်အဆုံးရှိသော အထက်ပိုင်းကိုယ်” ဟု အနက်ပြန်၍ မဟာဋီကာ (ပ၊နှာ-၂၀၇)၌ ဖွင့်၏။

လူသေကောင် ယောင်သောအခါ ဝမ်းဗိုက်၏အဆုံးက ပိုယောင်သောကြောင့် “ဥဒရပရိယောသာနံ = ဝမ်းဗိုက်အဆုံးသည်”ဟု အနက်ပြန်မှ သင့်မည် ဖြစ်ကြောင်းဖြင့် ဤကျမ်း (နှာ-၂၂ဂ)၌ ပြဆိုထားပေသည်။

ဤသို့စသည့် အမှားပြင်ဆင်ချက် များကိုလည်း လေ့လာသူတို့ အသိဉာဏ် တိုးပွါးစေရန် ဤကျမ်း၌ အများအပြား ပြဆိုထားပါသည်။

(စ) ကျမ်းညှိ၍ ပြဆိုခြင်း

ဝိသုဒ္ဓိမဂ်ကျမ်းလာ အချို့သော အဆိုအမိန့်များနှင့် စပ်ဆိုင်ရာ၌ အခြား ပါဠိတော် အဋ္ဌကထာ ဋီကာကျမ်းများ၏ အဆိုအမိန့်များသည် သဘောမတူ ဆန့်ကျင်ကွဲလွဲသကဲ့သို့ ဖြစ်နေတတ်ပေသည်။ ယင်းသို့သော အရာများကို သင့်လျော်ညီညွတ်အောင် ဤကျမ်းက ညှိနှိုင်းပြဆိုထားပေ၏။

ပါဠိတော်နှင့် အဋ္ဌကထာ ညှိပြခြင်း

အမ္ဘောကာသိကဓုတင် ဆောင်နည်းကို ဝိသုဒ္ဓိမဂ်၌ ပြဆို၏။ ကာလသတ်မှတ် မပြချေ။

ကင်္ခါဝိတရဏီအဋ္ဌကထာ (နှာ-၂၀၂)၌ —

အဗ္ဘောကာသိကဓုတင်ဆောင် ရဟန်းပုဂ္ဂိုလ်သည် မိုးရွာလျှင် သံဃိက ခုတင်စသည်ကို သင်္ကန်းတဲငယ် (ကုဋီ) ပြုလုပ်၍ စောင့်ရှောက်ရမည်” --

ဟု ဆိုထား၏။ ဤအဆိုအားဖြင့် မိုးအခါ၌ အဗ္ဘောကာသိက ဓုတင် ဆောင်နိုင်ရိပ် ထင်၏။

ဝိနည်းမဟာဝါပါဠိတော် (ဝိ၊၃၊နှာ-၂၁၂)၌မူ “ကျောင်းမဲ့ရဟန်းသည် ဝါမဆိုအပ်”ဟု သိက္ခာပုဒ် ပညတ်ထား၏။ ဤအလို မိုးတွင်း၌ အဗ္ဘောကာသိက ဓုတင် မဆောင်နိုင်ချေ။

ဤသိုပါဠိတော် အဋ္ဌကထာတို့ ဆန့်ကျင်ကွဲလွဲသကဲ့သို့ ဖြစ်နေရာ ဤပရမတ္ထသရူပဘေဒနီကျမ်း (နှာ-၁၂၆)၌ ညှိနှိုင်းပြဆိုထားပါသည်။

ထို့ကြောင့် ရှေးပညာရှိ အစဉ်အဆက်တို့က “ကျမ်းသိထက် - ကျမ်းညှိခက်သည်”ဟု ဆိုရိုးပြုခဲ့ပေသည်။ ပိဋကတ်သုံးပုံကို ထုံးလိုချေ ရေလိုနှောက်နိုင်အောင် ကျမ်းတတ် တဆူ ဖြစ်သော်လည်း ကျမ်းညှိ ဉာဏ်ရင့်သန်မှသာ တကယ့်ကျမ်းတတ်ပုဂ္ဂိုလ် ဖြစ်ကြောင်း မှတ်တမ်းတင်ခဲ့ခြင်း ဖြစ်သည်။

အဋ္ဌကထာချင်း
ကျမ်းညှိပြခြင်း

ကာယဂတာသတိ ကမ္မဋ္ဌာန်း၏ စီးဖြန်းနည်းကိုပြရာတွင် ပဌမဆုံး နှုတ်ဖြင့် ရွတ်ဆို ရသော အပိုင်း ရှိ၏။ ထိုအပိုင်း၌ ဝက္ကပဉ္စက စီးဖြန်းနည်းကို ဝိသုဒ္ဓိမဂ်အဋ္ဌကထာ (ပ၊နှာ-၂၃၄)၌ --

မံသံ၊ နှာရု၊ အဋ္ဌိ၊ အဋ္ဌိမိဉ္စံ၊ ဝက္ကံ-ဟု အနုလုံနည်းကို စီးဖြန်းရွတ်ဆိုရမည်။ ပြီးမှ ဝက္ကံ၊ အဋ္ဌိမိဉ္စံ၊ အဋ္ဌိ၊ နှာရု၊ မံသံ၊ တစော၊ ဒန္တာ၊ နခါ၊ လောမာ၊ ကေသာ-ဟု ပဋိလုံ ရွတ်ဆိုရမည်-ဟု ပြဆို၏။

သမ္မောဟဝိနောဒနီ - မည်သော ဝိဘင်းအဋ္ဌကထာ၌မှု (နှာ-၂၁၄) တွင် အထက်ပါ ဝိသုဒ္ဓိမဂ် အဋ္ဌကထာအတိုင်း ပြပြီး၍ (နှာ-၂၃၇) တွင်ကား ဝက္ကပဉ္စက ကိုပင် “အနုလုံငါးရက် ပဋိလုံငါးရက် အနုလုံ ပဋိလုံငါးရက် ရှေးတစပဉ္စကနှင့် ပေါင်း၍ အနုလုံငါးရက် ပဋိလုံငါးရက် အနုလုံ ပဋိလုံငါးရက် ရွတ်ဆိုရမည်”ဟု ပြပြန်သည်။

အရှင်ဗုဒ္ဓဃောသရေးသည့် ကျမ်းအချင်းချင်း တကျမ်းတည်း၌ ရှေ့နောက် စကား ဆန့်ကျင် ကွဲလွဲသကဲ့သို့ ဖြစ်နေ၏။ ဤသည်ကို ဤကျမ်း (နှာ-၃၀၂)၌ ညှိနှိုင်း ပြဆိုထားပေသည်။

အဋ္ဌကထာနှင့်
ဋီကာ ညှိပြခြင်း

ဓာတုဝဝတ္ထာန်ကမ္မဋ္ဌာန်းကို ပစ္စယဝိဘာဂ နည်းဖြင့် ဆင်ခြင်ပုံကိုပြရာတွင်-မဟာဘုတ် ၄-ပါးတို့သည် ကလာပ်ပြား မဟာဘုတ်တို့ကို နိဿယ အတ္ထိ အဝိဂတ-သုံး ပစ္စယ သတ္တိဖြင့် ကျေးဇူးပြုသည်ဟု ဝိသုဒ္ဓိမဂ်အဋ္ဌကထာ (ပ၊နှာ-၃၆၆)၌ ပြ၏။ မဟာဋီကာကမူ သဘောမတူ၍ မပြဘဲ နေ၏။ ဤသို့ သဘောကွဲလွဲ ဆန့်ကျင်နေသည်ကို ဤကျမ်း (နှာ-၃၉၇-၈)၌ ညှိနှိုင်း ရေးသားထားပါသည်။

ဤကဲ့သို့သော ကျမ်းညှိ ပြဆိုချက်များကိုလည်း ဤကျမ်း၌ ဗဟုသုတ လိုလားသူတို့ ဝမ်းမြောက်ဖွယ်ရာ ရေးသားထားပါသည်။

(ဆ) အကွန့်အညွန့်များ ထည့်ပြခြင်း

ဝိသုဒ္ဓိမဂ် အဋ္ဌကထာ၌ ကမ္မဋ္ဌာန်း ပွါးများရန် တခုကိုသာ ဦးတည်၍ ရေးသားပြဆို ထားသည်း၊ ဤကျမ်း၌ကား အချို့သော ကမ္မဋ္ဌာန်းနှင့် စပ်ဆိုင်သော အချက်များသည် ကမ္မဋ္ဌာန်း အားထုတ်မှုမျိုး မဟုတ်စေကာမှု အခြား ကုသိုလ်ရေးတို့၌လည်း အသုံးချ ရနိုင်မည် ဆိုပါလျှင် အသုံးချနိုင်ရန် အတွက်လည်း တမျိုးတဖုံ ကွန့်ကာ ညွန့်ကာ ပြဆိုပြန်ပါသည်။

သာဓကပြရသော် - စရိုက် ၆-ပါး အသုံးချပုံ ဖြစ်သည်။ ဝိသုဒ္ဓိမဂ်၌ စရိုက် ၆-ပါးကို ပြဆိုသည်မှာ ကမ္မဋ္ဌာန်းအားထုတ်သူတို့ မိမိစရိုက်ကိုသိပြီး လျော်ရာ ကမ္မဋ္ဌာန်းကို ရွေးချယ်နိုင်ရန် ဖြစ်သည်။ ဤကျမ်း၌မူ ကမ္မဋ္ဌာန်းရွေးချယ် နိုင်ရုံသာမက ကမ္မဋ္ဌာန်း အားမထုတ်သော နေရိုး နေစဉ် သာမညအခါတို့၌လည်း စရိုက်ကောင်းများကိုယှဉ်၍ စရိုက်ဆိုးများကို ကြည့်နိုင်စေရန် ပြညွှန် ထားပေသည်။ ကုသိုလ်ကောင်းမှုပြုတိုင်းလည်း စရိုက်ဆိုးကိုရှောင်၍ စရိုက်ကောင်းကို ဆောင်နိုင်စေကြောင်း ဆုတောင်းနည်း ဂါထာ ကိုပင် (နှာ -၁၆ဝ)၌ ပြဆိုထားပေသည်။

ထို့အတူပင် ဝိသုဒ္ဓိမဂ်၌ ဘုရားဂုဏ်တော်များကို ဗုဒ္ဓါနုဿတိ ကမ္မဋ္ဌာန်း စီးဖြန်းရန် အတွက် ပြဆိုခဲ့သည်။ ဤကျမ်း၌ကား ဗုဒ္ဓါနုဿတိ ဘာဝနာပွါးရုံ သာမက ရိုးရိုး သာမညအခါ၌ ဘုရားရှိခိုးလည်း ဖြစ်စေရန် ဘုရားဂုဏ်တော်များ၏ အဆုံး (နှာ-၂၆၁) တွင် ဘုရားရှိခိုးဂါထာပါ ထည့်သွင်း၍ တဆင့် တက်ကာ ဉာဏ်ကွန့်ပြဆိုထားပေသည်။

ဤကဲ့သို့သော အကွန့် အညွန့်ကလေးများကိုလည်း လေ့လာသူတို့ နှစ်သက် ကြည်နူး ဖွယ်ရာ ဤကျမ်း၌ တွေ့ရပေမည်။

ဤမှာ(က) မှ (ဆ) တိုင်အား ပြဆိုခဲ့သည့် အချက်အလက်များကို ထောက်ရှု၍ ဤပရမတ္ထသရူပဘေဒနီကျမ်း ဒုတိယတွဲသည် ဝိသုဒ္ဓိမဂ် အဋ္ဌကထာကျမ်း၏ သဘော အဓိပ္ပါယ်ကို ပိုမိုထင်ရှားအောင် ပြဆိုသော သဘောပြ ဘာသာပြန်ကျမ်း ဖြစ်ကြောင်း သိသာနိုင်ပေပြီ။

ဘာသာပြန် အရည်အသွေး

ဘာသာပြန်ကျမ်း ဟူရာတွင် ဘာသာတမျိုးဖြင့် ရေးထားသည့် အကြောင်းအရာ တခုခုကို အခြားဘာသာတမျိုးမျိုးသို့ ပြန်ဆိုရေးသားခြင်း ဖြစ်သည်။ ထိုသို့ ရေးသားရာ၌လည်း မူရင်းကျမ်း၏ အရသာကို စာဖတ်ပရိသတ်အား အပြည့်အဝ ပေးနိုင်မှုမှာ ဘာသာပြန်ဆို သူ၏ --

(၁) မူရင်းကျမ်း၏ ဘာသာဝေါဟာရ၌ ကျွမ်းကျင်ခြင်း
(၂) ပြန်ဆိုသည့် ဘာသာဝေါဟာရ၌ ကျွမ်းကျင်ခြင်း
(၃) ပြန်ဆိုသည့် အကြောင်းအရာ ပညာရပ်၌ ကျွမ်းကျင်ခြင်း

ဟူသော အရည်အချင်း ၃-ရပ်အပေါ်၌ တည်ရှိနေပါသည်။

ဤ၌--

(၁) မူရင်း ဝိသုဒ္ဓိမဂ်ကျမ်း၏ဘာသာမှာ ပါဠိဘာသာ ဝေါဟာရဖြစ်သည်။
(၂) ပြန်ဆိုသည့် ဘာသာမှာ မြန်မာဘာသာ ဝေါဟာရ ဖြစ်သည်။
(၃) ပြန်ဆိုမည့် အကြောင်းအရာမှာ သီလ သမာဓိ ပညာအကြောင်း ဖြစ်သည်။

ဘာသာပြန်ဆို ရေးသားတော်မူသော မဟာဝိသုဒ္ဓါရာမ ဆရာတော်ဘုရား၏ အထက်ပါ အရည်အသွေး ၃-မျိုးဖြစ်သည့် ပါဠိဘာသာဝေါဟာရ ကျွမ်းကျင်တော်မူပုံ မြန်မာဘာသာ ဝေါဟာရ ကျွမ်းကျင်တော်မူပုံ သီလ သမာဓိ ပညာ အကြောင်းအရာတို့၌ ကျွမ်းကျင်တော် မူပုံတို့ကို လေ့လာသူ စာဖတ်ပရိသတ်များ သိရှိကြမှသာလျှင် ဤကျမ်းကို စိတ်ချ ယုံကြည်စွာ လေ့လာအားထုတ်မှု ဖြစ်နိုင်ရာသောကြောင့် ဆရာတော်ကြီး၏ ကျွမ်းကျင်ခြင်း သုံးမျိုးနှင့် ပြည့်စုံပုံကို သိသာရုံရေးသား ဖော်ပြပါဦးအံ့ ---

(၁) ပါဠိဘာသာ၌ ကျွမ်းကျင်ခြင်း

ဆရာတော်ကြီးသည် ပါဠိဘာသာ၏ အခြေအမြစ်ဖြစ်သည့်“ဓာတ်”များကို ပိဋကတ် အဋ္ဌကထာ ဋီကာနှင့် လောကီ သက္ကတကျမ်းတို့မှ မွှေနှောက် ထုတ်နုတ်၍ ဓာတွတ္ထ- သင်္ဂဟကျမ်းကို ပါဠိဘာသာ ဂါထာများဖြင့် ပြုစုတော်မူခဲ့သည်။

ပါဠိ ကဗျာဖြစ်သည့် ဂါထာ စီကုံး ရေးသားနည်းကို ပြဆိုသော ဆန္ဒောမဉ္စရီကျမ်းကို ပါဠိဘာသာဖြင့် စီရင်တော်မူခဲ့သည်။

ပါဠိ သဒ္ဒါ အစီအရင် အဆုံးအဖြတ်များ ပါဝင်သည့် ပါဠိလေ့လာသူတို့ လက်သုံးပြုရသော ဝိသုဒ္ဓါရုံ ကစ္စည်းသုတ်နက်ကျမ်းကို ပြုစီရင်တော်မူခဲ့သည်။

ပါဠိဘာသာဆိုင်ရာ ထိပ်ထိပ်ကြဲ ဖြစ်သော ဤကျမ်း ၃-စောင်ဖြင့်ပင် ဆရာတော် ဘုရားကြီး၏ ပါဠိဘာသာ ဝေါဟာရ၌ ကျွမ်းကျင်ကြောင်း ထင်ရှားပြီ ဖြစ်ပါသည်။ အခြား အထောက်အထား သက်သေပြဖွယ်ပင် မလိုတော့ပါ။ သို့သော် ဤကျမ်းမှ ထုတ်နုတ်၍ သာဓကတခု ပြပါဦးအံ့ --

ဝိသုဒ္ဓိမဂ် အဋ္ဌကထာ (ဒု၊ နှာ-၂၉၂)၌ “သေတဝစ္ဆော”ဟူသော ပါဠိ ဝေါဟာရတခု ပါရှိ၏။ ယင်းကို မဟာဋီကာ (ဒု၊ နှာ-၄၅၇)၌ “သေတဝစ္ဆ -- ဟူသည် ရေခတက်ပင်တည်း။ မိနရုက္ခ ဟူ၍လည်း ဆိုကြကုန်၏”ဟု ဖွင့်ပြ၏။

“မိနရုက္ခ”ကို မဟာဋီကာနိဿယ၌ “မိန်ပင်”ဟု ပါဠိပျက် အနက်ပြန်ပြီး နောက် အောက်ခြေမှတ်ချက်တွင်---

ဤပုဒ်၏ အနက်ကို မြန်မာပြန်ထားသော ရှေး ကျမ်းဟောင်းတို့ကို မတွေ့ရသေး။ သို့ဖြစ်၍ မိနရာသီပုဒ်ကို မိန်ရာသီဟု ပြန်သကဲ့သို့ ဤ၌လည်း မိန-ပုဒ်ကို မိန်ဟု ပါဠိပျက်အားဖြင့် ပြန်ထားသည် --

ဟု ရေးသား မှာထားပါသည်။

ဤမျှ ခဲရာခက်ဆစ် ကပ်ကပ်သပ်သပ်ရှိသော ပါဠိဝေါဟာရကို ဤကျမ်း (နှာ-၅၉၂)၌ “ကြောင်မီးကူပင်”ဟု ဘာသာပြန်ထားသည်ကို တွေ့နိုင်ပါသည်။

(၂) မြန်မာဘာသာ၌ ကျွမ်းကျင်ခြင်း

ဤ ကျမ်းပြု ဆရာတော်သည် မြန်မာဘာသာဖြင့် ဆိဒ္ဒပိဓာနနီ စသော ကျမ်းများစွာကို ပြုခဲ့၏။ မြန်မာဝေါဟာရနှင့် တိုက်ရိုက် သက်ဆိုင်သည့် သတ်ပုံသံခပ်ကဗျာကျမ်း မဓုသာရတ္ထသတ်ပုံကျမ်း တို့ကိုလည်း ပြုစုတော်မူခဲ့၏။

အထက်ပါ မြန်မာဘာသာ ကျမ်းကြီးများကပင် ဤကျမ်းပြု ပုဂ္ဂိုလ်၏ မြန်မာဝေါဟာရ၌ မည်မျှကျွမ်းကျင်သည်ကို သက်သေခံနေပြီဖြစ်သောကြောင့် အထူး မဏ္ဍပ်တိုင် တက်ပြရန် လိုမည်မထင်ပါ။ သို့သော် ဆရာတော်ကြီး၏ ဂုဏ်ရည်ကို ပို၍ ကြည်ညို ရလေအောင် ဤကျမ်းမှ သာကေတခု ထုတ်နုတ်ပြပါဦးမည်။

အာပေါကသိုဏ်း စီးဖြန်းရာတွင် “လောဏီ၌၎င်း သမုဒ္ဒရာ၌၎င်း နိမိတ် ဖြစ်၏”ဟု ဝိသုဒ္ဓိမဂ် (ပ၊ နှာ-၁၆၅)၌ ရေးထား၏။

သမုဒ္ဒရာမှတက်သော ဆားငန်ရည်ဖြင့် ပြည့်သော ရေအိုင်သည် လောကီ မည်၏-ဟု မဟာဋီကာ (ပ၊ နှာ-၁၉၅)၌ “လောဏီ”ပုဒ်၏ အနက်ကို ဖွင့်ပြထား၏။

လောဏိ ယံ ဝါ၊ သမုဒ္ဒရာမှ တက်သော ဆားငန်ရည်ဖြင့်ပြည့်သော ဆားကျင်း၌၎င်း-ဟု ဝိသုဒ္ဓိမဂ် နိဿယ (ပ၊ နှာ-၄၄၉)၌ အနက်ပြန်ဆိုထား၏။

ဝိသုဒ္ဓိမဂ် မြန်မာပြန် (ပ၊ နှာ-၃၂၄) ၌လည်း “ဆားကျင်း၌”ဟုပင် မြန်မာပြန်ထား၏။

ယင်းသို့ “ဆားကျင်း”ဟုပြန်လျှင် ဆားချက်ရန် ဆားမြေများ တူးယူခြင်းကြောင့် တွင်း ကျင်းဖြစ်ကျန်နေသည့်နေရာဟု မြန်မာဝေါဟာရ အသိများကြလေသည်။ သမုဒ္ဒရာမှ တတ်လာသည့် ဆားငန်ရည်များဖြင့် ပြည့်နေသည့် အိုင်ဟု သိရန် မလွယ်ချေ။ ထို့ကြောင့် ယင်းအနက်ပြန်ချက်သည် ဋီကာဖွင့်နှင့် ညီသော်လည်း မြန်မာဝေါဟာရအသုံး မမှန်ပေ။

သမုဒ္ဒရာမှ ဆားငန်ရည်များ တက်လာသည်ကို မြန်မာတို့က ဓီ (=ဒီ) ရေတက်သည်ဟု ပြောဆိုကြ၏။ ထိုဒီရေများတက်လာပြီး ဒီရေပြန်ကျသောအခါ အချို့ နိမ့်ဝှမ်းရာ ကျင်းချိုင့်တို့၌ တင်ပြီး ကျန်နေသည့် အိုင်များကို “ဒီအိုင်”ဟု ခေါ်ဝေါ်ကြသည်။

ယင်းသို့ ခေါ်ဝေါ်သည့် မြန်မာဝေါဟာရ၌ ကျွမ်းကျင်တော်မူသော ဤ ကျမ်းပြု ဆရာတော်သည် ဤကျမ်း (နှာ-၂၁၅)၌ “ဓီအိုင်တို့၌လည်း စီးဖြန်းရ၏”ဟု ဘာသာပြန် ဆိုထားသည်မှာ ဋီကာဖွင့်နှင့်လည်း ကိုက်ညီ၍ မြန်မာ ဝေါဟာရအသုံး မှန်လည်း ကျလှပေသည်။

ပြန်ဆိုသည့်အကြောင်းရပ်၌ ကျွမ်းကျင်ခြင်း

ပြန်ဆိုသည့် အကြောင်းအရာဖြစ်သော သီလ, သမာဓိ, ပညာနှင့်သက်ဆိုင်ရာ၌ ပါဠိတော် အဋ္ဌကထာ ဋီကာတို့မှလာသော “စာတွေ့နည်း ဆရာစဉ်ဆက် အားထုတ်၍ တွေ့ရှိ ထားသည့်“ဆရာတွေ့နည်း, ကိုယ်တိုင် အားထုတ် ကျင့်ကြံခဲ့ခြင်းဖြင့် တွေ့ရှိထားသည့် “ငါတွေ့နည်း” တို့ဖြင့် ပြည့်ဝ စုံလင်သောကြောင့် ကျွမ်းကျင်မှုရှိကြောင်း သိရပါသည်။ မှန်လှပေသည်။

စာတွေ့နည်းရှိကြောင်းကို ဤကျမ်း၌ ပြဆိုထားသည့် ဝိသုဒ္ဓိမဂ်အဋ္ဌကထာလာ ခက်ဆစ် အဓိပ္ပါယ်များ ဋီကာလာ အဓိပ္ပါယ်များနှင့် အခြား ပါဠိတော် အဋ္ဌကထာ ဋီကာ အဓိပ္ပါယ် ဖြည့်စွက်ချက်များအရ နေမင်းအရောင်ပမာ ထင်ရှားသိသာပေသည်။

ဆရာတွေ့နည်းရှိကြောင်းကို အရညဝါသီ မဟာထေရ်ကြီးများဖြစ်တော်မူသည့် ရွှေကျင် ဆရာတော်ကြီး မဟာဗိုလ်ဆရာတော်ကြီးတို့၏ တပည့်ဖြစ်ခြင်းနှင့် ဤကျမ်းတွင် -

နာမရူပ၀တ္ထာန ဉာဏ်ပွါးပုံဆရာနည်းကို (နှာ-၅၁၀) ၌၎င်း, ခန္ဓာ ငါးပါး တပေါင်းတည်း ဝိပဿနာရှုပုံ ဆရာနည်းကို (နှာ-၅၂၈) ၌၎င်း ပြဆိုထားခြင်းတို့ဖြင့် သိသာထင်ရှား ပါသည်။

ငါတွေ့နည်းရှိကြောင်းကို ကိုယ်တော်တိုင် ရဟန်း ၁၂-ဝါ၌ တောထွက် အားထုတ် ဘူးခြင်းနှင့် ဤကျမ်း(နှာ-၂၀၀-၁)၌—

ဤသမထအရာသည် ဝိပဿနာမဂ်ဖိုလ်တို့ကဲ့သို့ ပါရမီကို ငဲ့သည် မဟုတ်၊ တိဟိတ်မှန်က ဝီရိယသာ ပဓာနဖြစ်သည် --

စသည်ဖြင့် တိကျလှသည့် ဥပဒေသပေးနိုင်ခြင်းတို့ကို ထောက်ရှု၍ သိနိုင်ပါသည်။

ဤမျှရေးသားပြဆိုလျှင် ဤပရမတ္ထသရူပဘေဒနီ ကျမ်းကိုပြုစုသော မဟာဝိသုဒ္ဓါရာမ ဆရာတော်ဘုရားကြီး၌ ဘာသာပြန်ဆိုနိုင်သည့် အရည်အချင်း ပြည့်တင်းလုံလောက် ပိုမောက်နေကြောင်း သိနိုင်ပါပြီ။

ယင်းသိုသိလျှင်လည်း - ဘာသာပြန်အရည်အချင်း ပြည့်တင်း စုံလင်သည့် ပုဂ္ဂိုလ်ကြီး ပြန်ဆိုသော ဤ ပရမတ္ထသရူပဘေဒနီကျမ်း ဒုတိယတွဲ၌ မူရင်း၊ ဝိသုဒ္ဓိမဂ်အဋ္ဌကထာ ကျမ်းကြီး၏ အရသာများ အပြည့်အဝ ပါဝင်တည်ရှိနေကြောင်းကို သိနိုင်ပါပြီ။

အကျယ်ဆုံး အပြည့်စုံဆုံး ကမ္မဋ္ဌာန်းကျမ်း

ယင်းသို့ သိပြန်လျှင်လည်း ဤပရမတ္ထသရူပဘေဒနီကျမ်းသည် သီလ သမာဓိ ပညာ သိက္ခာသုံးပါးအကြောင်းနှင့် သိက္ခာသုံးပါးကို ဖြည့်ကျင့် အားထုတ်နည်းများကို အပြည့်စုံဆုံး အကျယ်ဝန်းဆုံး ပြဆိုသည့် မြန်မာဘာသာ ပဋိပတ္တိကျမ်းကြီး ဖြစ်သည်ကို သိနိုင်ပါပြီ။

ယင်းသို့ သိခြင်းဖြင့်ပင်လျှင် --သီလ သမာဓိ ပညာ သိက္ခာသုံးပါး အကြောင်းကို အကျဉ်းမျှ ပြဆိုသော သင်္ဂြိုဟ်ကမ္မဋ္ဌာန်းပိုင်း၏ အစုံလင်ဆုံး အကျယ်ဝန်းဆုံး ဖွင့်ဆိုသည့် ဘာသာဋီကာကျမ်းကြီး ဖြစ်ကြောင်းကိုလည်း သိသာနိုင်ပါပြီ။

ယင်းသို့ သိရှိပြီးလျှင်လည်း မြတ်ဗုဒ္ဓရှင်တော်ဘုရား ဟောကြားတော်မူခဲ့သည့် ပိဋကတ် သုံးသွယ် နိကာယ်ငါးပါးတို့၏ အဆီအနှစ်အစု အမြုတေ ရတနာများဖြစ်သော သီလ သမာဓိ ပညာ သိက္ခာသုံးပါး အကြောင်းစုံနှင့် ကျင့်ကြံ ပွါးများပုံတို့ကို ဗုဒ္ဓဘာသာဝင် သူတော်စင်တို့သည် ဤကျမ်း၌ လေ့လာတတ်သိပြီး ကျင့်ကြံကြိုးစား ပွါးများအားထုတ် နိုင်ကြ၍ သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်နိုင်မည်ဖြစ်ပေသတည်း။

ပရမတ္ထသရူပဘေဒနီကျမ်း ရိုက်နှိပ်ခဲ့သည့် အကြိမ်များ

ဤ ကောင်းမွန်သော ဂုဏ်တို့နှင့် ပြည့်စုံသော ကျမ်းကို အကြိမ်ပေါင်း များစွာ ရိုက်နှိပ် ခဲ့ပြီး အကြိမ်ပေါင်းများစွာ ရိုက်နှိပ်ရဦးမည်မှာ သေချာလှ၏။ ထို့ကြောင့် တိတိကျကျ ရေးပြရန် မလွယ်ကူချေ။

သို့သော် လေ့လာတွေ့ရှိရသမျှ အကြိမ်များကို ဖော်ပြရမည်ဆိုလျှင် --

  • (က) ၁၂၄၅-ခုနှစ်၌ မန္တလေးမြို့တော် နန်းမြို့တွင်းရှိ ရတနာပုံ စာပုံနှိပ်တိုက်၌ ပဌမ အကြိမ် ရိုက်နှိပ်ခဲ့သည်ဟု ရွှေကျင်နိကာယ သာသနာဝင်ကျမ်း နှာ-၂၄၉-၌ ဖော်ပြ ထားသည်။
  • (ခ) ၁၂၅၃-ခုနှစ် နယုန်လအတွင်း မန္တလေးမြို့ မန္တလေး အဆွေသတင်းစာ ပုံနှိပ်တိုက်”၌ နှိပ်နှိပ်သောမူကို တွေ့ရသည်။ စာအုပ်ရေ (၃ဝဝဝ) ဟု ဖော်ပြထားသည်။ ထို့ပြင် အင်္ဂလိပ် ဘာသာဖြင့် Printed at the "Friend of Mandalay” Press, 1891 ဟု တွေ့ရသည်။
  • (ဂ) ၁၂၆၂-ခုနှစ် မန္တလေးမြို့၊ ၈၄-လမ်း၊ ကျောက်သွေးတန်း၊ ဇမ္ဗူ့မျက်မှန် ပုံနှိပ်တိုက်မှ ရိုက်နှိပ်သောမူကို တွေ့ရသည်၊ ထိုမူ၌ တတိယအကြိမ်ရိုက် စာအုပ်ရေ (၁၂၅၀) ဟု ဖော်ပြထား၏။
  • (ဃ) ၁၂၆၉-ခုနှစ်၌ (အတွင်းဖုံးတွင်) မန္တလေးမြို့၊ ဇမ္ဗူ့မျက်မှန်တိုက်မှ စတုတ္ထအကြိမ် ရိုက်ဟုရေးထားသော မူတခုလည်း တွေ့ရသည်၊ ထိုမူ၏ နိဒါန်း၌ ၁၂၆၂-ခုနှစ်က ဇမ္ဗူ့မျက်မှန်တိုက်၌ တတိယအကြိမ် ရိုက်နှိပ်ခဲ့ပြီး ယခု ၁၂၆၉-ခုနှစ်တွင် မန္တလေးမြို့၊ ကျောက်သွေးတန်း၊ တမ္ပဒီပ စာပုံနှိပ်တိုက်မှ စတုတ္ထအကြိမ်ရိုက်ကြောင်း ရေးသားထား သည်ကို တွေ့ရ၏။ အတွင်းမျက်နှာဖုံး၌ စာအုပ်ရေ (၃ဝဝဝ) ဟုဖော်ပြထား၏။
  • (င) ၁၂၆၉-ခုနှစ် ရန်ကုန်မြို့၊ သာသနဇောတိကပုံနှိပ်တိုက်မှ ပဌမနှိပ်သော မူကိုလည်း တွေ့ရသည်။ ပထမဝါဆိုလအတွင်း ပုံနှိပ်ပြီးကြောင်းနှင့် စာအုပ်ရေ ၂၅၅၀-ရိုက်ကြောင်း အတွင်းဖုံး၌ ဖော်ပြထားသည်။
  • (စ) ၁၂၉၂-ခုနှစ်၌ ရန်ကုန်မြို့၊ သာသနဇောတိကပုံနှိပ်တိုက်မှပင် ဒုတိယ အကြိမ် ရိုက်နှိပ်သည့် မူကိုလည်း တွေ့ရ၏၊ အတွင်းမျက်နှာဖုံး၌ စာအုပ်ရေ (၁၀၀၀) ရိုက်ကြောင်း ဖော်ပြထားသည်။

အထက်ပါ တွေ့ရှိရသော စာမူများအရ ဤကျမ်းကို ခြောက်ကြိမ်မျှ ရိုက်နှိပ်ပြီးခဲ့ကြောင်း သိရ၏။ ယခု ၁၃၃၀-၁-ခုနှစ် ကျွန်ုပ်တို့ ဗုဒ္ဓသာသနာအဖွဲ့မှ ရိုက်နှိပ်ခြင်းကား ခုနစ်ကြိမ် မြောက် ပုံနှိပ်ခြင်းဟု ယူဆရမည် ဖြစ်ပေသည်။

ထပ်မံရိုက်နှိပ်ရခြင်းအကြောင်း

အဘယ့်ကြောင့် ထပ်မံရိုက်နှိပ်ရသနည်း

ပထမတွဲ၌ ရေးသားခဲ့သည့်အတိုင်းပင် ဤကျမ်းသည် ---

(၁) ခေါင်းဆောင် မြန်မာဘာသာ အဘိဓမ္မာဋီကာကျမ်းဖြစ်ခြင်း
(၂) ပရမတ္ထသရုပ်ခွဲကျမ်း ဖြစ်ခြင်း
(၃) ကမ္မဋ္ဌာနစွယ်စုံကျမ်း ဖြစ်ခြင်း

စသော ထူးခြားကောင်းမြတ်သည့် ဂုဏ်တို့နှင့် ပြည့်စုံလှသည်၊ ထို့ကြောင့် ဤကျမ်းကို အဘိဓမ္မာ လေ့လာသင်ယူသူ သောတုဇနတို့နှင့် ကမ္မဋ္ဌာန်းတရား ပွါးများအားထုတ်သူ ယောဂီပုဂ္ဂိုလ်တို့ လက်စွဲတခု အားကိုးပြုကြရသည်။ အသုံးများကြသည်။

မြတ်စွာဘုရား ဟောကြားအပ်သည့် တရားဒေသနာကို သင်ယူခြင်း ဟူသော ပရိယတ္တိ သာသနာ, တရားတော်ကို လိုက်နာကျင့်ကြံ အားထုတ်ခြင်း ဟူသော ပဋိပတ္တိသာသနာ တရားတော်ကို ထိုးထွင်း သိမြင်ခြင်း ဟူသော ပဋိဝေဓ သာသနာဟု ဆိုအပ်သည့် သာသနာသုံးရပ်၏ ကြံ့ကြံ့ခိုင်ခိုင် တည်တံ့နိုင်စေခြင်းငှါ၎င်း တိုးတက်ပြန့်ပွါး စည်ကား စေခြင်းငှါ၎င်း ဤ ပရမတ္ထသရူပဘေဒနီကျမ်းက ဆောင်စွမ်းနိုင်ပေသည်။

ဤမျှ သာသနာတော်၌ အကျိုးကျေးဇူးတရား ကြီးမားလှသော ကျမ်းကြီးသည် ၁၂၉၂-ခုနှစ် ဆဋ္ဌမအကြိမ် ရိုက်နှိပ်ပြီးသည်မှ ယခု ၁၃၃၀-ခုနှစ် အထိ နှစ်ပေါင်း ၃၈ နှစ်တိုင်တိုင် ပြန်လည်ရိုက်နှိပ်ခြင်း မရှိဘဲ တိမ်မြုပ်ပျောက်ကွယ်လု နီးနီး ဖြစ်နေပေသည်။

ထို့ကြောင့် သာသနာတော်၌ ကျေးဇူးတရား များပြားလှသော ကျမ်းကြီးတဆူ ပျောက်ကွယ်၍ မသွားစေခြင်းငှါ မြန်မာနိုင်ငံ တော်လှန်ရေးအစိုးရ ဗုဒ္ဓသာသနာအဖွဲ့က ထပ်မံ၍ ရိုက်နှိပ်ခြင်း ဖြစ်ပေသည်။

ဗုဒ္ဓသာသနာအဖွဲ့မှ ပြင်ဆင်ရိုက်နှိပ်ပုံ

လောက၌လူအပေါင်းတို့၏ နှစ်သက်မြတ်နိုးဖွယ်ရာ အဖိုးတန်ရွှေရတနာကို တတ်ကျွမ်း လိမ္မာသည့် ရွှေပန်းတိမ်ဆရာသည် --

(၁) အညစ်အကြေး ကင်းစင်အောင် လှော်ချက်ခြင်း
(၂) လှပတင့်တယ် ဆန်းကြယ်သော အဆင်တန်းဆာ လုပ်ခြင်း
(၃) အဆင်းကြည်လင်အောင် အရောင်တင်ခြင်း

တို့ဖြင့် အဆင့်ဆင့် ပြုပြင်စီရင်ပြီးမှ ပွဲလယ်တွင်း ပြင်ဆင်ယင်ဝတ်စားလိုသူ လူအပေါင်း တို့၏လက်သို့ နှင်းဆက်ပေးအပ်ပါသည်။

ထိုနည်းအတူပင် နှစ်သက် မြတ်နိုးဖွယ်ရာ အဘိုးတန် ဤ ပရမတ္ထသရူပဘေဒနီကျမ်း ရတနာကို ဗုဒ္ဓသာသနာ့အဖွဲ့မှ --

  • (က) မရှုပ်ထွေးစေရန် ဆိုလိုရင်း ဝါကျများကို ပိုင်းဖြတ်ခြင်း
  • (ခ) ဆိုလိုသည့်အကြောင်းကို ခေါင်းစီးကြီး ခေါင်းစီးသေး ဘေးခေါင်းများတပ်ခြင်း
  • (ဂ) ခက်ခဲသောပါဠိ မြန်မာဝေါဟာရများကို စာမျက်နှာ အောက်ခြေ မှတ်ချက်များဖြင့် ဖြေပြခြင်း၊
  • (ဃ) နိဿယ မပါသည့် ခက်သောပါဠိများကို နိဿယ, မြန်မာပြန် ရေးသား ထည့်သွင်းခြင်း
  • (င) အကိုးအကား ကျမ်းညွှန်းများရေးခြင်း
  • (စ) ခက်ခဲသော အဓိပ္ပါယ်အယူအဆတို့ကို ရှင်းပြခြင်း
  • (ဆ) ကဗျာလင်္ကာတို့၏အဖြေနှင့် သိမှတ်ဖွယ် အချက်အလက်တို့ကို နောက်ဆက်တွဲ အဖြစ် ရေးထည့်ခြင်း
  • (ဇ) ဗဟုသုတဖြစ်ဖွယ် နိဒါန်းသွယ်၍ပြခြင်း
  • (ဈ) အသေးစိပ် မာတိကာရေးခြင်း
  • (ည) မှတ်သားဖွယ် အက္ခရာဝလိရေးခြင်း
  • (ဋ) ဂါထာသူစိ ရေးခြင်း

တို့ဖြင့် ပြုပြင်စီရင်ကာ သုတေသီများအတွက် ထုတ်ဝေဖြန့်ချိလိုက်ပါသည်။

နိဂုံးချုပ် ပုစ္ဆာ

အထက်တွင် ဥပမာအဖြစ် ပြဆိုသည့်ရွှေရတနာ အဆင်တန်းဆာကြီး အနီးမှာရှိပါလျက် မဝတ်မဆင် သဘင်အလယ် မတင့်တယ်ဘဲ မျက်နှာငယ်ငယ်ဖြစ်နေသော် ရွှေရတနာ အဆင်တန်းဆာ၏ အပြစ်မဟုတ်၊ မဆင်ယင်သူ၏ အပြစ်သာ ဖြစ်ပါသည်။

ထို့အတူပင်လျှင် ပရမတ္ထသရူပဘေဒနီကျမ်း ရတနာကြီး ထွက်ပေါ်လာပါလျက် မကြည့်ရှု မလေ့လာဘဲ အသိဉာဏ်နဲ၍ ဝဋ်ဆင်းရဲအလယ်မှာ မျက်နှာငယ်ငယ် ဖြစ်နေခဲ့သော် ဤ ကျမ်းရတနာ၏ အပြစ်တော့ မဟုတ်တန်ရာပါ၊ မည်သူ၏ အပြစ်ဖြစ်မည်ကို သုတေသီ တို့သည်ပင် ဆင်ခြင် ဖြေဆိုတော် မူကြပါကုန်

ကျေးဇူးတော် အနန္တ

နေမင်းကြီးပမာ အဘိဓမ္မာ ဒေသနာတော်ရောင် ထွန်းလင်းတောက်ပြောင် စေသည့် ဤ ပရမတ္ထသရူပဘေဒနီကျမ်းမြတ်ကြီးကို ရိုက်နှိပ်ခွင့်ပြုတော်မူကြသော မန္တလေးမြို့၊ ဝိသုဒ္ဓါရာမ ဂဏဝါစက သံဃာတော် အရှင်မြတ်တို့အား ကျေးဇူးတော် အနန္တ အတိဂါရဝ ဖြင့် ပူဇော်လိုက်ရပါသတည်း

ကြီးကြပ်ပြင်ဆင် စီစဉ်သည့် ပုဂ္ဂိုလ်များ

၁။ ဦးထွန်းလှိုင် (ဒု-စာပြင်မှူးချုပ်)၊ သကျသီဟ ပရိယတ္တိသာသနဟိတ ဓမ္မာစရိယ (ဝဋံသက)၊ အစိုးရဓမ္မာစရိယ (သိရောမဏိ)၊ စေတိယင်္ဂဏ ဓမ္မာစရိယ။
၂။ ဦးဝင်းမောင် (စာပြင်ဆရာ)။
၃။ ဦးမြင့်စိုး (လက်ထောက်စာပြင်ဆရာ)၊ အစိုးရဓမ္မာစရိယ (ဝိဘင်္ဂါဒိ ဂုဏ်ထူးနှင့် သံယုတ္တနိကာယ ပါဠိပါရဂူ)။
၄။ ဝဏ္ဏကျော်ထင် ဦးဘတင် (မာဃ)၊ (ဗုဒ္ဓသာသနာအဖွဲ့ သာသန ရောင်ခြည် အယ်ဒီတာဟောင်း)။
၅။ ဦးလှမောင်M.A.,M.S.,B.L. [ဗုဒ္ဓသာသနာအဖွဲ စုံစမ်းစစ်ဆေးရေး ကော်မီတီ အတွင်း ရေးမှူး (အုပ်ချုပ်ရေး အရာရှိချုပ်)]။

ပရမတ္ထသရူပဘေဒနီကျမ်း (ဒုတိယတွဲ)

မာတိကာ

၉-ကမ္မဋ္ဌာန်းပိုင်း

၁၄-သမထနည်း
သီလဝိနိစ္ဆယ
တရားအားထုတ်ကြရန် တိုက်တွန်းချက်
သမာဓိ မည်ပုံ
သမာဓိ၏ လက္ခဏ ရသ စသည်
သမထကမ္မဋ္ဌာန်း မည်ပုံ
“ကသိုဏ်းဆယ်ဖြာ”အစချီသော ကဗျာဆောင်ပုဒ်
နိဗ္ဗာန်ရောက်ရေး နတ်သား၏ အမေး
ဘုရားရှင်၏အဖြေ (တဏှာချည်ထွေး ဖျဉ်ရှင်းရာ၌)

သီလမည်ပုံနှင့် လက္ခဏာစသည်

သီလအနက်
သီလ၏ လက္ခဏ ရသ စသည်
သီလအပြား
၂-ပါး ၇-လီ ပြားပုံ (သီလ)
၃-ပါး ၅-လီ ပြားပုံ (သီလ)
၄-ပါး ၄-လီ ပြားပုံ (သီလ)
၅-ပါး ၂-လီ ပြားပုံ (သီလ)
စာရိတ္တနှင့် ဝါရိတ္တ မည်ပုံ
အာဘိသမာ စာရိက သီလမည်ပုံ
အာဒိဗြဟ္မစရိယက သီလမည်ပုံ
နိဿိတ သီလနှင့် အနိဿိတ သီလမည်ပုံ
ကာလပရိယန္တသီလ အဓိပ္ပါယ်
အာပါဏကောဋိက သီလမည်ပုံ
သပရိယန္တသီလမည်ပုံ
ဟီန မဇ္ဈိမ ပဏီတ သီလမည်ပုံ
ဟာနဘာဂိယ စသော သီလ ၄-ပါး
ဟာနဘာဂိယ သီလမည်ပုံ

မဟာဝိတက် ၉-ပါးနှင့် အဓိပ္ပါယ်

ဌိတိဘာဂိယ သီလမည်ပုံ
ဝိသေသဘာဂိယ သီလမည်ပုံ
နိဗ္ဗေဓဘာဂိယ သီလမည်ပုံ
ဂဟဋ္ဌသီလ ၃-မျိုးနှင့် အဓိပ္ပါယ်
ဆယ်ပါးသီလ အဆုံးအဖြတ်
ဆယ်ပါးသီလ ဆောက်တည်အပ်ပုံ
နိစ္စသီလ စသည် ၃-မျိုး
နိယမ နိစ္စ သီလ အဆုံးအဖြတ်
ဒသသီလကို နိယမဟု ဆိုခြင်းအကြောင်း
ဒသသီလကို နိစ္စဟု ဆိုခြင်းအကြောင်း
ဆယ်ပါးသီလကို မိန်းမများ စောင့်နိုင်ခြင်း

ယမ နိယမ အကျင့်

ယမသီလ (အကျင့်) မည်ပုံ
နိယမသီလ (အကျင့်) မည်ပုံ
နိယမသီလ ရှင်းတမ်း
နေ့ရက်ဟူသမျှ ဥပုသ်စောင့်ကောင်းခြင်း

ဥပုသ် ၃-မျိုး

နိဂဏ္ဌဥပုသ်
ဂေါပါလဥပုသ်
အရိယဥပုသ်
အရိယဥပုသ် ၆-ပါး
အရိယဥပုသ် ကျင့်သုံးခြင်း
အချိန်မရွေး သီလဆောက်တည်အပ်ခြင်း
ဗြဟ္မစရိယ ငါးပါးသီလ
ဧကဘတ္တိက ဆက္ကသီလ
ဇာတရူပသိက္ခာပုဒ် ဆုံးဖြတ်ချက်
သာယာသည်၌ အဓိပ္ပါယ်
လှူဒါန်းသော ရွှေငွေနှင့် စပ်လျဉ်း၍ ရဟန်းတို့ ကျင့်သုံးပုံ
ဇာတရူပ သိက္ခာပုဒ်မှာ သာမဏေတို့၏ နိစ္စသီလ ဖြစ်ပုံနှင့် လူတို့စောင့်အပ်ပုံ
ဒသသီလကို စောင့်သုံးအပ်ပုံ

သီလ ၄-မျိုး

ပကတိ သီလ
အာစာရသီလ
ဓမ္မတာ သီလ
ပုဗ္ဗဟေတုကသီလ
ပါတိမောက္ခ သံဝရ သီလမည်ပုံ
ဣန္ဒြိယ သံဝရ သီလမည်ပုံ
အာဇီဝပါရိသုဒ္ဓိသီလမည်ပုံ
ပစ္စယသန္နိဿိတသီလမည်ပုံ

ငါးပါးအစုသီလ ၂-မျိုး

ပရိယန္တ ပါရိသုဒ္ဓိသီလမည်ပုံ
အပရိယန္တ ပါရိသုဒ္ဓိသီလမည်ပုံ
မဟာတိဿထေရ်ဝတ္ထု (သီလဆိုင်ရာ)
ပရိပုဏ္ဏပါရိသုဒ္ဓိသီလမည်ပုံ
အပရာမဋ္ဌပါရိသုဒ္ဓိသီလမည်ပုံ
ပဋိပဿဒ္ဓိပါရိသုဒ္ဓိသီလမည်ပုံ
ပဟာနသီလမည်ပုံ
ဝေရမဏိသီလစသည်မည်ပုံ
ဝိရတိစေတသိက်ဖြစ်နိုင်ပုံ

သီလ၏ဂုဏ်များ

သီလတရားကိုယ်
သံဝရငါးပါး (တားဆီး စောင့်စည်းတတ်သော တရားငါးပါး)
ဉာဏသံဝရ
ခန္တိသံဝရ
ဝီရိယသံဝရ
သီလညစ်ညူးကြောင်း

မေထုန်ငယ်၇-ပါးစသည်

သီလဖြူစင်ကြောင်း
ဖြူစင်သီလအကျိုး
သီလပျက်ခြင်း၏အပြစ်ကို ဆင်ခြင်နည်း

သီလပြည့်စုံခြင်း အကျိုးငါးပါး

စတုပါရိသုဒ္ဓိသီလကို သုတ်သင်ရှင်းလင်းပုံ
ပါတိမောက္ခသံဝရသီလကိုသုတ်သင်နည်း

ကထာဝတ္ထု ၁၀-ပါး

ဣန္ဒြိယသံဝရသီလကို သုတ်သင်နည်း
အာဇီဝပါရိသုဒ္ဓိသီလသုတ်သင်နည်း
အံ့ဩအောင်ပြုမူခြင်း ကုဟနာ ၃-ပါး
အသက်မွေးဝမ်းကျောင်းမှုကိုငဲ့၍ ပြောဆိုခြင်း လပနာ ၁၃-ပါး
စောင်းမြောင်းပြောဆိုခြင်း နေမိတ္တကတာ ၄-မျိုး
ဖိနှိပ်ပြောဆိုခြင်း နိဂ္ဂဟ ၁၁-မျိုး
ပစ္စယသန္နိဿိတသီလကို သုတ်သင်နည်း
သင်္ကန်း၌ ဆင်ခြင်ပုံ
ဆွမ်း၌ ဆင်ခြင်ပုံ

ဆေးကျမ်းလာ ရောဂါ ၄-မျိုး

ယာပနာနှင့် ယာတြာအထူး
ဆွမ်း၌ အင်္ဂါရှစ်ပါး (ဆရာများအလို)
ဆွမ်း၌ အင်္ဂါရှစ်ပါး (မဟာသီဝထေရ်အလို)
ကျောင်းအိပ်ရာ နေရာ ထိုင်ရာ၌ ဆင်ခြင်ပုံ
ဆေး၌ ဆင်ခြင်ပုံ
ပစ္စယသန္နိဿိတသီလ ဝါဒကွဲများ
အပရေဝါဒ
ကေစိဝါဒ
ဧကေဝါဒ
ကျမ်းပြုဆရာတော်ကြီး ဆုံးဖြတ်ချက်

မဟာပစ္စဝေက္ခဏာ ဆင်ခြင်ပုံ လင်္ကာများ

သင်္ကန်း၌ဆင်ခြင်ပုံ (လင်္ကာ)
ဆွမ်း၌ ဆင်ခြင်ပုံ (လင်္ကာ)
ကျောင်း၌ ဆင်ခြင်ပုံ (လင်္ကာ)
ဆေး၌ ဆင်ခြင်ပုံ (လင်္ကာ)

ပဋိကူလသညာအားဖြင့် ဆင်ခြင်ပုံများ

သင်္ကန်း၌ ဆင်ခြင်ပုံ (ပဋိကူလသညာအားဖြင့်)
“သွေးပြည်အိုင်းမန်း” အစချီသော ဆောင်ပုဒ်လင်္ကာ
ဆွမ်း၌ ဆင်ခြင်ပုံ (ပဋိကူလသညာအားဖြင့်)
“ပွဲပြင်ဗွေလယ်”အစချီသော ဆောင်ပုဒ်လင်္ကာ
ကျောင်း၌ ဆင်ခြင်ပုံ (ပဋိကူလသညာအားဖြင့်)
ဆေး၌ ဆင်ခြင်ပုံ (ပဋိကူလသညာအားဖြင့်)

ဓာတုသညာအားဖြင့် ဆင်ခြင်ပုံများ

သင်္ကန်း၌ ဆင်ခြင်ပုံ (ဓာတုသညာအားဖြင့်)
“ခြူးအုံဇာပြောက်”အစချီသော ဆောင်ပုဒ်လင်္ကာ
ဆွမ်း၌ဆင်ခြင်ပုံ (ဓာတုသညာအားဖြင့်)
“မကျိုးစေလို”အစချီသော ဆောင်ပုဒ်လင်္ကာ
ကျောင်း၌ဆင်ခြင်ပုံ (ဓာတူသညာအားဖြင့်)
“စင်အိမ်ထက်ဗွေ” အစချီသော ဆောင်ပုဒ်လင်္ကာ
ဆေး၌ဆင်ခြင်ပုံ (ဓာတုသညာအားဖြင့်)
“ဆွေးမြည့်ယိမ်းယို” အစချီသော ဆောင်ပုဒ်လင်္ကာ
အလုံးစုံကို ဆင်ခြင်ပုံ
ပဋိကူလသညာအားဖြင့် တပေါင်းတည်း ဆင်ခြင်ပုံ
“ဘင်ပုပ်စွန်းက”အစချီသော ဆောင်ပုဒ်လင်္ကာ
“ဆိပ်နံ့စွန်းထိ”အစချီသော ဆောင်ပုဒ်လင်္ကာ
ဓာတုသညာအားဖြင့်ပေါင်း၍ ဆင်ခြင်ဟန်
“ဘိနပ်ဆီမီး”အစချီသော ဆောင်ပုဒ် လင်္ကာ

စတုပါရိသုဒ္ဓိသီလလေးပါး စောင့်ထိန်းပုံ

ပါတိမောက္ခသံဝရသီလကို သဒ္ဓါတရားဖြင့် ပြီးစေပုံ

ဂါရဝတရား ၆-ပါး

ဣန္ဒြိယ သံဝရသီလကို သတိတရားဖြင့် ပြည့်စုံစေပုံ
အရှင်ဝင်္ဂီသ ထုံး(ပမာ ဣန္ဒြိယသံဝရသီလကို စောင့်ထိန်းအပ်ခြင်း)
စိတ္တဂုတ်ထေရ်၏ ထုံး(ပမာ ဣန္ဒြိယသံဝရသီလကို စောင့်ထိန်းအပ်ခြင်း)
မဟာမိတ္တထေရ်၏ ထုံး(ပမာ ဣန္ဒြိယသံဝရသီလကို စောင့်ထိန်းအပ်ခြင်း)
အာဇီဝပါရိသုဒ္ဓိသီလကို ဝီရိယဖြင့် ပြည့်စုံစေပုံ
မှီဝဲထိုက်သောပစ္စည်း
မအပ်သော ပစ္စည်းရကြောင်း ၄-ပါး
နိမိတ္တရှင်းချက်အကျယ်
ဩဘာသ (ရှင်းချက်အကျယ်)
ပရိယာယ် ဝိညတ် (ရှင်းချက်အကျယ်)
အာဇီဝပါရိသုဒ္ဓိသီလနှင့် အရှင်သာရိပုတ္တရာ၏ထုံး
အာဇီဝပါရိသုဒ္ဓိသီလနှင့် မဟာတိဿထေရ်၏ထုံး
ပစ္စယသန္နိဿိတသီလကို စောင့်ထိန်းပုံ
ဆင်ခြင်ရာ၌ ကာလ ၂-ပါး

သုံးဆောင်ခြင်း ပရိဘောဂ ၄-မျိုး

ထေယျပရိဘောဂ အဓိပ္ပါယ်
ဣဏပရိဘောဂ အဓိပ္ပါယ်
ပစ္စဝေက္ခဏာ ဆင်ခြင်သင့်သောအခါများ
အပြစ် အဆုံးအဖြတ်
ဒါယဇ္ဇပရိဘောဂ အဓိပ္ပါယ်
သာမိပရိဘောဂ အဓိပ္ပါယ်
သီးခြားအာနဏျပရိဘောဂမည်ပုံ
သံဃရက္ခိတ သာမဏေ၏ထုံး

သုဒ္ဓိလေးပါး

ဒေသနာသုဒ္ဓိ
သံဝရသုဒ္ဓိ
ပရိယေဋ္ဌိသုဒ္ဓိ
ပစ္စဝေက္ခဏသုဒ္ဓိ

ဓုတင်္ဂဝိနိစ္ဆယ

သီလကိုလွန်ကဲစွာ စင်ကြယ်စေမှု

အရိယဝံသတရား ၃-ပါး ၄-ပါး

ဓုတင်မည်ပုံနှင့် လက္ခဏာ စသည်
ဓုတင်မည်ပုံ
ဓုတင်၏ ဓမ္မဝ၀တ္ထာန် ၄ ပါး

ဓုတင် ၁၃-ပါး

အဆုံးအဖြတ် ၇-မျိုး (ဓုတင်ဆိုင်ရာ)

ဓုတင် ၁၃-ပါး ဆောက်တည်ပုံ

ပံသုကူဓုတင် (ပံသုကူသင်္ကန်း) ဆောက်တည်ပုံ
တိစီဝရိက်ဓုတင် ဆောက်တည်ပုံ
ပိဏ္ဍပါတ်ဓုတင် (ပိဏ္ဍပါတ်ဆွမ်း) ဆောက်တည်ပုံ
သပဒါနစာရိကဓုတင် (အိမ်စဉ်အတိုင်းဆွမ်းခံခြင်း) ဆောက်တည်ပုံ
ဧကာသနိက်ဓုတင် ဆောက်တည်ပုံ
ပတ္တပိဏ်ဓုတင် (ပတ္တပိဏ်ဆွမ်း) ဆောက်တည်ပုံ
ခလုပစ္ဆာဘတ္တိကဓုတင် ဆောက်တည်ပုံ
တားမြစ်ပြီးမှ ဝိနည်းကံပြုပြီးနောက် တဖန်ရပြန်သော်လည်း မစားခြင်း
အာရညကင်ဓုတင် ဆောက်တည်ပုံ
ရုက္ခမူဓုတင် ဆောက်တည်ပုံ
အာဗ္ဘောကာသိကဓုတင် ဆောက်တည်ပုံ
သုသာန်ဓုတင် ဆောက်တည်ပုံ
ယထာ သန္ထတိကဓုတင် ဆောက်တည်ပုံ
နေသဇ္ဇိကဓုတင် ဆောက်တည်ပုံ

ဓုတင် ၁၃-ပါး ကျင့်ပုံ အစီအရင်

ပံသုကူဓုတင်ဆိုင်ရာ ကျင့်ပုံ အစီအရင်
ပံသုကူဓုတင်ဆိုင်ရာ ၂၃-မျိုးသောသင်္ကန်း
“သုသာန် လမ်း ဈေး” အစချီသော ဆောင်ပုဒ်လင်္ကာ
တိစီဝရိက်ဓုတင်၌ ကျင့်ပုံ အစီအရင်
ပိဏ္ဍပါတ်ဓုတင်၌ ကျင့်ပုံ အစီအရင်
ပိဏ္ဍပါတ် ဓုတင်ဆောင် ရဟန်းအား မအပ်သော ဆွမ်း ၁၄-မျိုး
သပဒါနစာရိကဓုတင်၌ ကျင့်ပုံ အစီအရင်
ဧကာသနိက်ဓုတင်၌ ကျင့်ပုံ အစီအရင်
ပတ္တပိဏ်ဓုတင်၌ ကျင့်ပုံ အစီအရင်
ခလုပစ္ဆာဘတ္တိကဓုတင်၌ ကျင့်ပုံ အစီအရင်
အာရညိကဓုတင်၌ ကျင့်ပုံ အစီအရင်
ရုက္ခမူဓုတင်၌ ကျင့်ပုံ အစီအရင်
“တိုင်း ကျပ် နတ်ကြီး”အစချီသော ဆောင်ပုဒ်လင်္ကာ
အာဗ္ဘောကာသိကဓုတင်၌ ကျင့်ပုံ အစီအရင်
သုသာန်ဓုတင်၌ ကျင့်ပုံ အစီအရင်
ယထာသန္ထတိကဓုတင်၌ ကျင့်ပုံ အစီအရင်
နိသဇ်ဓုတင်၌ ကျင့်ပုံ အစီအရင်

ဓုတင် ၁၃-ပါးကို အယုတ် အလတ် အမြတ်အားဖြင့် ပိုင်းခြားဝေဖန်ပြခြင်း

ပံသုကူဓုတင် အပြား ၃-ပါး
ဓုတင်ပျက်ခြင်း (ပံသုကူ)
တိစီဝရိက်တင် အပြား ၃-ပါး
တိစီဝရိက်ဓုတင်ပျက်ခြင်း
ပိဏ္ဍပါတ်ဓုတင် အပြား ၃-ပါး
ပိဏ္ဍပါတ်ဓုတင်ပျက်ခြင်း
သပဒါနစာရိကဓုတင် အပြား ၃-ပါး
သပဒါနစာရိကဓုတင်ပျက်ခြင်း
ဧကာသနိက်ဓုတင် အပြား ၃-ပါး
ဧကာသနိက်ဓုတင်ပျက်ခြင်း
ပတ္တပိဏ်ဓုတင်အပြား ၃-ပါး
ခလုပစ္ဆာဘတ္တိကဓုတင်အပြား ၃-ပါး
အာရညိကင် ဓုတင်အပြား ၃-ပါး
အာရညိကင် ဓုတင်ပျက်ခြင်း
ရုက္ခမူလိက ဓုတင်အပြား ၃-ပါး
ရုက္ခမူ ဓုတင်ပျက်ခြင်း
အာဗ္ဘောကာသိက ဓုတင်အပြား ၃-ပါး
အာဗ္ဘောကာသိကဓုတင်ပျက်ခြင်း
သုသာန်ဓုတင်အပြား ၃-ပါး
သုသာန်ဓုတင်ပျက်ခြင်း
ယထာသန္ထတိကဓုတင်အပြား ၃-ပါး
ယထာသန္ထတိကဓုတင်ပျက်ခြင်း
နေသဇ္ဇိကဓုတင်အပြား ၃-ပါး
နေသဇ္ဇိကဓုတင်ပျက်ခြင်း

ဓုတင် ၁၃-ပါး၏ အကျိုးများ

ပံသုကူဓုတင်အကျိုး

မှီရာနိဿယတရား ၄-ပါး

တိစီဝရိက်ဓုတင်အကျိုး
ပိဏ္ဍပါတ်ဓုတင်အကျိုး
သပဒါနစာရိကဓုတင်အကျိုး
ဧကာသနိက်ဓုတင်အကျိုး
ပတ္တပိဏ်ဓုတင်အကျိုး
ခလုပစ္ဆာဘတ္တိက ဓုတင်အကျိုး
အာရညိကင် ဓုတင်အကျိုး
အာရညိကင် ဓုတင်အားထုတ်ရန် တိုက်တွန်းချက်
ရုက္ခမူ ဓုတင်အကျိုး
ရုက္ခမူဓုတင် အားထုတ်ရန် တိုက်တွန်းချက်
အာဗ္ဘောကာသိက ဓုတင်အကျိုး
အာဗ္ဘောကာသိက ဓုတင်အားထုတ်ရန် တိုက်တွန်းချက်
သုသာန်ဓုတင်အကျိုး
ယထာသန္တတိက ဓုတင်အကျိုး
ယထာသန္ထတိက ဓုတင်အားထုတ်ရန် တိုက်တွန်းချက်
နေသဇ္ဇိက ဓုတင်အကျိုး
နေသဇ္ဇိက ဓုတင်အားထုတ်ရန် တိုက်တွန်းချက်

အထွေထွေ ဝေဖန်ရှင်းလင်းချက်များ

ဓုတ အဓိပ္ပါယ်
ဓုတဝါဒ အဓိပ္ပါယ်
ဓုတဓမ္မ အဓိပ္ပါယ်
ဓုတဓမ္မတရားကိုယ်
ဓုတင်စေတနာအား ကျေးဇူးများသော တရားငါးပါး
ဓုတင်္ဂ အဓိပ္ပါယ်
ဓုတင်္ဂသပ္ပါယ အဓိပ္ပါယ်
ဓုတင် ၁၃-ပါးကို သမာသ (အကျဉ်းချုပ်) အားဖြင့် ဝေဖန်ပုံ
ဓုတင် ၁၃-ပါးကို ဗျာသ (အကျယ်) အားဖြင့် ဝေဖန်ပုံ
ပုဂ္ဂိုလ် ၅-ယောက်နှင့် သိက္ခမာန် အဓိပ္ပါယ်

သမာဓိ နိဒ္ဒေသ

သမာဓိ အမျိုးမျိုးကို ဝေဖန်၍ပြခြင်း

သမာဓိ ၁-ပါး

သမာဓိ ၂-ပါး ၄-လီပြားပုံ
သမာဓိ ၃-ပါး ၄-လီပြားပုံ
ပဋိပဒါနှင့် အဘိညာ
ဒုက္ခပဋိပဒါဖြစ်ကြောင်း ၆-ပါး
သုခပဋိပဒါဖြစ်ကြောင်း ၆-ပါး
ဒန္ဓာဘိညာဖြစ်ကြောင်း ၆-ပါး
ခိပ္ပါဘိညာဖြစ်ကြောင်း ၆-ပါး
သမာဓိ ၄-ပါး ၆-လီပြားပုံ
ပဋိပဒါ အကျင့် ၄-ပါး
ပရိတ္တနှင့်အပ္ပမာဏ
အခြားနည်းတို့ဖြင့် သမာဓိစတုက္ကယူပုံများ
သမာဓိ ၅-ပါး ၁-လီပြားပုံ

ပလိဗောဓ ၁၀-ပါး

ပလိဗောဓမည်ပုံ

ပလိဗောဓဖြတ်ပုံများ

ကမ္မဋ္ဌာန်းပေးမည့် ကမ္မဋ္ဌာနာစရိယ ရွေးချယ်ပုံ

ဆည်းကပ်အပ်သော ကမ္မဋ္ဌာန်းဆရာ၏ အင်္ဂါ ၇-ပါး ၈-ပါး

ဆရာ၌ပြုရမည့်ဝတ်
ကိုယ်ကိုစွန့်လှူ အပ်နှင်းခြင်း
ကိုယ်ကိုအပ်နှင်းစွန့်လှူကျိုး

အဇ္ဈာသယ ၆-ပါး

အလောဘဇ္ဈာသယ
အဒေါသဇ္ဈာသယ
အမောဟဇ္ဈာသယ
နေက္ခမ္မဇ္ဈာသယ
ဝိဝေကဇ္ဈာသယ
နိဿရဏဇ္ဈာသယ
စရိုက်နှင့်လျော်သော ကမ္မဋ္ဌာန်းတောင်းခံအပ်ခြင်း

စရိုက် ၆-ပါး

ရာဂနှင့် သဒ္ဓါစရိုက်တူပုံ
ဒေါသနှင့်ပညာစရိုက်တို့တူညီပုံ
မောဟနှင့်ဝိတက်တူပုံ

စရိုက် ၆-ပါးဖြစ်ကြောင်း

ကုသိုလ်တရား ပွါးများအားထုတ်ရန် တိုက်တွန်းခြင်း
ဆုတောင်း

စရိုက်ထူပြောသည်ကို အကဲဖြတ်ပုံ ‘စရိယာဝိဘာဝန’ ၅-ပါး

ရာဂစရိုက်ပုဂ္ဂိုလ် စသည်ကို ဣရိယာပုထ် ကိစ္စ ဘောဇဉ် ဒဿနဖြင့် ဝေဖန်ပြခြင်း
ရာဂစရိုက်များသူ၏ လက္ခဏာ
ဒေါသစရိုက်များသူ၏ လက္ခဏာ
မောဟစရိုက်များသူ၏ လက္ခဏာ
ဓမ္မပ္ပဝတ္တိအားဖြင့် စရိုက် ၆-ပါးကို ဝေဖန်ပြခြင်း
ရာဂများသူ (၌ဖြစ်တတ်သောတရားများ)
ဒေါသများသူ (၌ဖြစ်တတ်သောတရားများ)
မောဟများသူ (၌ဖြစ်တတ်သောတရားများ)
သဒ္ဓါစရိုက်ထူပြောသူ (၌ဖြစ်တတ်သောတရားများ)
ဗုဒ္ဓိစရိုက်ထူပြောသူ (၌ဖြစ်တတ်သောတရားများ)
ဝိတက်စရိုက်ထူပြောသူ (၌ဖြစ်တတ်သောတရားများ)

သံဝေဇနိယ (သံဝေဂဝတ္ထု) ၈-ပါး

အဋ္ဌကထာလာတိုင်း မှတ်အပ်ခြင်း (စရိုက်လွန်ကဲပုံကို)
စရိုက်နှင့်လျောက်ပတ်သောအာရုံ
ရာဂစရိုက်နှင့် လျောက်ပတ်သောအာရုံ
ဒေါသစရိုက်နှင့် လျောက်ပတ်သောအာရုံ
မောဟစရိုက်နှင့် လျောက်ပတ်သောအာရုံ
သဒ္ဓါစရိုက်နှင့် လျောက်ပတ်သောအာရုံ
ဗုဒ္ဓိစရိုက်နှင့် လျောက်ပတ်သောအာရုံ
ဝိတက်စရိုက်နှင့် လျောက်ပတ်သောအာရုံ
စရိုက်အကျယ် ၆၃-ပါး

ကမ္မဌာန်းဆုံးဖြတ်ပုံ အခြင်းအရာ ၁၀-ပါး

သင်္ခတနိဒ္ဒေသ-ကမ္မဋ္ဌာန်း ၄၀

ကသိုဏ်း ၁၀-ပါး
အသုဘ ၁၀-ပါး
အနုဿတိ ၁၀-ပါး
အပ္ပမညာ ၄-ပါး
သညာ ၁-ပါး
ဓာတု၀၀တ္ထာန် ၁-ပါး
အာရုပ္ပ ၄-ပါး
“ကသိုဏ်းဆယ်ဝ”အစချီသော ဆောင်ပုဒ်လင်္ကာ
အာ၀ဟအားဖြင့် ကမ္မဋ္ဌာန်းကို ဝေဖန်ပြခြင်း
ပဘေဒအားဖြင့် ကမ္မဋ္ဌာန်းကို ဝေဖန်ပြခြင်း
အတိက္ကမအားဖြင့် ကမ္မဋ္ဌာန်းကို ဝေဖန်ပြခြင်း
ဝဍ္ဎနာဝဍ္ဎနအားဖြင့် ကမ္မဋ္ဌာန်းကို ဝေဖန်ပြခြင်း
အာရမ္မဏအားဖြင့် ကမ္မဋ္ဌာန်းကို ဝေဖန်ပြခြင်း

အာရုံ ၃-မျိုး

ကမ္မဋ္ဌာန်း ၂-မျိုး

ဘုံအားဖြင့် ကမ္မဋ္ဌာန်းကို ဝေဖန်ပြခြင်း
ဂဟဏအားဖြင့် ကမ္မဋ္ဌာန်းကို ဝေဖန်ပြခြင်း
“ကောဋ္ဌာ ဒိဋ္ဌ် သု”အစချီသော သင်္ဂဟသံပေါက်
အာဒိကမ္မိကပုဂ္ဂိုလ် မပွါးအပ်သော ကမ္မဋ္ဌာန်း
ပစ္စယအားဖြင့် ကမ္မဋ္ဌာန်းကို ဝေဖန်ပြခြင်း
စရိယာနုကူလအားဖြင့် ကမ္မဋ္ဌာန်းကို ဝေဖန်ပြခြင်း
ကမ္မဋ္ဌာန်းဆရာ သင်ပြရမည့် အခြင်းအရာ ၉-ပါး
ပါရိဟာရိယကမ္မဋ္ဌာန်း အဓိပ္ပါယ်

မလျောက်ပတ်သော ကျောင်း ၁၈-မျိုး

“ကြီး သစ် အို လမ်း”အစချီသော ဆောင်ပုဒ်လင်္ကာ

လျောက်ပတ်သော ကျောင်းအင်္ဂါ ၅-ပါး

“မဝေး နီးမော”အစချီသော ဆောင်ပုဒ်

ကမ္မဋ္ဌာန်းအားထုတ်သူ၏အင်္ဂါ ၅-ပါး

ပလိဗောဓငယ်

သဗ္ဗတ္ထကကမ္မဋ္ဌာန်း၃-ပါး

၁။ မေတ္တာပို့ခြင်း

မေတ္တာငါးပါးနှင့် အကျိုး ၅-ပါး

၂။ မရဏဿတိပွါးခြင်း
၃။ အသုဘပွါးခြင်း
သဗ္ဗတ္ထကမည်ပုံ

ကသိုဏ်း ၁၀-ပါး

ပထဝီကသိုဏ်း စတင်စီးဖြန်းပုံ
ကသိုဏ်းဝန်းလုပ်နည်း
ကာမဂုဏ်၏ အပြစ်များကိုရှုခြင်း
ရတနာသုံးပါး၏ဂုဏ်ကို အောက်မေ့ခြင်း
နေက္ခမ္မနှင့် ဘာဝနာ ပဋိပဒါ
ကမ္မဋ္ဌာန်းအားထုတ်ခြင်းကို ဖြစ်စေခြင်း
ကသိုဏ်းကိုကြည့်နည်းနှင့် စိတ်ထားပုံ
စီးဖြန်းပုံ (ပထဝီကသိုဏ်း)
ဋီကာစကား စဉ်းစားဘွယ် (ပထဝီကသိုဏ်း၌)

နိမိတ်ပေါ်အောင်အားထုတ်ပုံ

ဥဂ္ဂဟနိမိတ်ပေါ်အောင် အားထုတ်ပုံ
ပဋိဘာဂနိမိတ်ဖြစ်ပေါ်အောင် အားထုတ်ပုံ
ပဋိဘာဂနိမိတ်ဖြစ်ပေါ်ပုံ
ဥပစာရသမာဓိသို့ရောက်ပုံ
ရပြီးနိမိတ်တို့ကို စောင့်ခြင်း

အသပ္ပါယ ၇-ပါး

သပ္ပါယ ၇-ပါး

သပ္ပါယ အာဝါသမည်ပုံ
သပ္ပါယ ဂေါစရမည်ပုံ
အသပ္ပါယ ကထာမည်ပုံ
သပ္ပါယ ကထာဝတ္ထု ၁၀-ပါး
သပ္ပါယ ဘဿမည်ပုံ
အသပ္ပါယပုဂ္ဂိုလ်မည်ပုံ
သပ္ပါယ ပုဂ္ဂိုလ်မည်ပုံ
သပ္ပါယ ဘောဇဉ်, ဥတုမည်ပုံ
သပ္ပါယ ဣရိယာပုထ်မည်ပုံ
အပ္ပနာကောသလ္လ ၁၀-ပါး
ဗောဇ္ဈင် ၇-ပါး ပွါးကြောင်း
ဝီရိယသာ ပဓာန

ပဉ္စကနည်းအားဖြင့် ဈာန်ရပုံ

ပထမဈာန်ရပုံ

ဇောအကြိမ် မည်မျှဟု ပုံသေပိုင်းခြား သတ်မှတ်၍ မရအပ်သော ဌာန ၇-ခု

ပထမဈာန်၏ ကောင်းခြင်း ၃-ဖြာနှင့် လက္ခဏာ ၁၀-ပါး

ပထမဈာန်၏ ကောင်းခြင်း ၃-ဖြာ

ပထမဈာန်၏ အစ ပဋိပဒါဝိသုဒ္ဓိ၏ လက္ခဏာ ၃-ပါး

အလယ်ဥပေက္ခာနုဗြူဟနာ၏ လက္ခာဏာ ၃-ပါး

အဆုံးသမ္ပဟံသနာ၏ လက္ခဏာ ၄-ပါး

ဈာန်ရသောနေ့၌ အဖြစ်အပျက် အားလုံးကို မှတ်သားထားအပ်ကြောင်း

ရပြီးဈာန် တည်တံ့အောင်လုပ်ပုံ

ကသိုဏ်းနိမိတ်ကို ချဲ့၍ ပွါးများပုံ

ဈာန်ရပုဂ္ဂိုလ်သည် ဈာန်ဝင်စားမှုသာ များစေရခြင်း

ဒုတိယဈာန်သို့ တက်ပုံ

ပဉ္စကနည်းနှင့် စတုက္ကနည်းညှိပုံ

တတိယဈာန်သို့ တက်ပုံ

ဈာန်စိတ် ရေတွက်ပုံ

စတုတ္ထ ဈာန်သို့ တက်ပုံ

ဥပေက္ခာ ၁၀-ပါး၏ တရားကိုယ် ဆောင်ပုဒ်

ပဉ္စမဈာန်သို့ တက်ပုံ

စတုက္ကနည်းအားဖြင့် ဈာန်ရပုံ

အာပေါ ကသိုဏ်း

တေဇော ကသိုဏ်း

ဝါယော ကသိုဏ်း

နီလ ကသိုဏ်း

ပီတကသိုဏ်း စသော ၃-ပါး

အာလောက ကသိုဏ်း

အာကာသ ကသိုဏ်း

ပဋိဘာဂ နိမိတ်ကိုသာ ပွါးရခြင်း

ကသိုဏ်း ၁၀-ပါး ပြိုးပြွမ်းစကား သိမှတ်ဖွယ်များ

ကသိုဏ်း ၁၀-ပါး အစွမ်းသတ္တိများ

ဈာန်မဂ်ဖိုလ် မရထိုက်သော ပုဂ္ဂိုလ်နှင့် တိုက်တွန်းချက်

အသုဘ ၁၀-ပါး

အသုဘ ၁ဝ-ပါး ပွါးများစီးဖြန်းပုံ အဆုံးအဖြတ်

ဥဒ္ဓုမာတက အသုဘ ကမ္မဋ္ဌာန်း စီးဖြန်းပုံ

အဆုံးအဖြတ် ၅-ပါး (ဥဒ္ဓုမာတက ကမ္မဋ္ဌာန်း၌)

သွားနည်း အစီအရင်

“ဥဒ္ဓုမာတက”အစချီသော ဆောင်ပုဒ်လင်္ကာ

ဝန်းကျင်နိမိတ် မှတ်သားခြင်း

ထက်ဝန်းကျင်ကို ပိုင်းမှတ်သားခြင်း အကျိုး

ဥဒ္ဓုမာတက၌ ဥဂ္ဂဟနိမိတ်ယူပုံ ၁၁-မျိုး

ဧကာဒသ နိမိတ္တဂ္ဂါဟ

ဥဂ္ဂဟနိမိတ်ယူပုံ ၆-မျိုး တနည်း

တနည်း ဥဂ္ဂဟနိမိတ်ယူပုံ ၅-မျိုး

အစပ် ၁၄ပါး (အဆက်ကြီး ၁၄-ပါး)

ပွါးများစီးဖြန်းရကျိုး

ဥဂ္ဂဟနိမိတ် ထင်ပြီးသော ကမ္မဋ္ဌာန်းကိုပင် စီးဖြန်းရခြင်း

အသွားအပြန်လမ်းကို ဆင်ခြင်ခြင်း

အသွားအပြန်လမ်းကို ဆင်ခြင်ရကျိုး

ဥဂ္ဂဟနိမိတ်နှင့် ပဋိဘာဂနိမိတ် ထူးခြားပုံ

နီဝရဏငါးပါး ပျောက်ကွာခြင်း

အပ္ပနာ ဝိဓာန

ကြွင်းသော အသုဘ ကမ္မဋ္ဌာန်း ၉-ပါး ပွါးများပုံ

ဝိနီလက၌ ပွါးများပုံ

ဝိပုဗ္ဗက၌ ပွါးများပုံ

ဝိစ္ဆိဒ္ဒက၌ ပွါးများပုံ

ဝိက္ခာယိတက၌ ပွါးများပုံ

ဝိက္ခိတ္တက ဟတဝိက္ခိတ္တက၌ ပွါးများပုံ

လောဟိတက၌ ပွါးများပုံ

ပုဠုဝက၌ ပွါးများပုံ

အဋ္ဌိက၌ ပွါးများပုံ

အရိုး ၅-ပါး

ဝဏ္ဏ အဓိပ္ပါယ် (အဋ္ဌိက၌)

လိင်္ဂအဓိပ္ပါယ် (အဋ္ဌိက၌)

သဏ္ဌာန အဓိပ္ပါယ် (အဋ္ဌိက၌)

ပရိစ္ဆေဒ အဓိပ္ပါယ် (အဋ္ဌိက၌)

သန္ဓိ အဓိပ္ပါယ် (အဋ္ဌိက၌)

အသုဘ ၁ဝ-ပါး မှတ်သားဘွယ်

အသုဘ ၉-ပါး ၁၀-ပါး ပိုင်းခြားပုံ

အသုဘ ၉-ပါး ရှင်းချက်

အဋ္ဌိက အရိုး ၇-မျိုး

စရိုက်ကိုလိုက်၍ စီးဖြန်းသင့်ပုံ

သက်ရှိလူ၌လည်း အသုဘ ပွါးသင့်ပုံ

အသုဘအဖြစ် ထင်ရှားအောင် ဆင်ခြင်ပုံ

အနုဿတိ ၁၀-ပါး

အနုဿတိ မည့်ပုံ

ဗုဒ္ဓါနုဿတိ

ဓမ္မာနုသတိ

သီလာနုဿတိစသော သုံးပါး

မရဏာနုဿတိ

ကာယဂတာသတိ

အာနာပါနဿတိ

နိဗ္ဗာန်သည် အနုဿတိ ၂-ပါး၌ ဖြစ်ပုံ

ဥပသမာနုဿတိ

ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်း စီးဖြန်းပွါးများပုံ

ဂုဏ်တော် ၉-ပါး

အရဟံ (အနက်)

သမ္မာသမ္ဗုဒ္ဓ (အနက်)

ဝိဇ္ဇာစရဏသမ္ပန္န (အနက်)

သုဂတ (အနက်)

လောကဝိဒူ (အနက်)

လောက ၃-ပါးတို့၏ အထူး

အနုတ္တရော ပုရိသဒမ္မသာရထိ (အနက်)

သတ္ထာဒေဝမနုဿာနံ (အနက်)

ဗုဒ္ဓ (အနက်)

ဝိမောက္ခန္တိကဉာဏ် အရကောက်ပြပုံ

သမ္မာသမ္ဗုဒ္ဓဂုဏ်တော် ဗုဒ္ဓဂုဏ်တော် ၂-ပါး အထူး

ဘဂဝါ (အနက်)

စေတောခီလ ၅-ပါး

ဝိနိဗန္ဓ ၅-ပါး

ဝိဝါဒမူလ ၆-ပါး

တဏှာမူလက ၉-ပါး

ဒိဋ္ဌိ ၆၂-ပါး

ဘုန်းတော် ၆-ပါး

လောကီတန်းခိုး ၈-ပါး

တနည်း သမ္ပဒါ ၄-ပါးဖြင့် ဆင်ခြင်ပုံများ

ဂုဏ်တော်အကျဉ်း ၃-ပါး

ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းအကျိုး

ဓမ္မာနုဿတိကမ္မဋ္ဌာန်း စီးဖြန်းပွါးများပုံ

သွာက္ခာတ (အနက်)

သန္ဒိဋ္ဌိက (အနက်)

အကာလိက (အနက်)

ဧဟိပဿိက (အနက်)

သြပနေယျိက (အနက်)

ပစ္စတ္တံ ဝေဒိတဗ္ဗော (အနက်)

အဘိသမယ ၂-မျိုး

ဓမ္မာနုဿတိကမ္မဋ္ဌာန်း၏အကျိုး

သံဃာနုဿတိကမ္မဋ္ဌာန်း စီးဖြန်းပွါးများပုံ

သုပ္ပဋိပန္န (အနက်)

ဥဇုပ္ပဋိပန္န (အနက်)

ဉာယပ္ပဋိပန္န (အနက်)

သာမိစိပ္ပဋိပန္န (အနက်)

အာဟုနေယျ (အနက်)

အကောက် ၃-ပါး

ပါဟုနေယျ (အနက်)

ဒက္ခိဏေယျ (အနက်)

အဉ္ဇလိကရဏီယ (အနက်)

အနုတ္တရံ ပုညက္ခေတ္တံ လောကဿ (အနက်)

သံဃာနုဿတိကမ္မဌာန၏အကျိုး

သီလာနုဿတိကမ္မဋ္ဌာန်း စီးဖြန်းပွါးများပုံ

သီလာနုဿတိကမ္မဋ္ဌာန်း၏အကျိုး

စာဂါနုဿတိကမ္မဋ္ဌာန်း စီးဖြန်းပွါးများပုံ

စာဂါနုဿတိကမ္မဋ္ဌာန်းအကျိုး

ဒေဝတာနုဿတိကမ္မဋ္ဌာန်း စီးဖြန်းပွါးများပုံ

ဒေ၀တာနုဿတိ ကမ္မဋ္ဌာန်းအကျိုး

ဥပသမာနုဿတိကမ္မဋ္ဌာန်း စီးဖြန်းပွါးများပုံ

နိဗ္ဗာန်၏ဂုဏ်တို့ကို အောက်မေ့ပွါးများပုံ

နိဗ္ဗာန်ထက် ဘုရားမြတ်ခြင်း

နိဗ္ဗာန်၏ဂုဏ်များ

ဥပသမာနုဿတိကမ္မဋ္ဌာန်းအကျိုး

မရဏာနုဿတိကမ္မဋ္ဌာန်း စီးဖြန်းပွါးများပုံ

မရဏ ၄-မျိုး

ပွါးများသင့်သောမရဏ

ပွါးပုံ (မရဏာနုဿတိ)

ပွါးပုံအခြင်းအရာ ၈-မျိုး (မရဏာနုဿတိ)

၁။ သေခြင်းကို သူသတ်သမား ဟု ရှေးရှုထင်မြင် ပွါးများပုံ

၂။ ဖြစ်လျှင်ပျက်မြဲ ဟု ရှေးရှုထင်မြင်ပွါးများပုံ

၃။ သူတပါးသေခြင်းကို ဥပမာဆောင်၍ မိမိသေရမည်ဟု ဆင်ခြင်ပုံ

ကြီးကျယ်မြင့်မြတ်သူ ၇-ဦးတို့၏ သေခြင်းကို ဆင်ခြင်ပုံ

ကြီးကျယ်မြင့်မြတ်သူ ၇-မျိုး

ပုညမဟတ္တ (၏ သေခြင်းကို ဆင်ခြင်ပုံ)

ထာမ မဟတ္တ (၏ သေခြင်းကို ဆင်ခြင်ပုံ)

ယသ မဟတ္တ (၏ သေခြင်းကို ဆင်ခြင်ပုံ)

ဣဒ္ဓိ မဟတ္တ (၏သေခြင်းကို ဆင်ခြင်ပုံ)

ပညာ မဟတ္တ (၏ သေခြင်းကို ဆင်ခြင်ပုံ)

ပစ္စေကဗုဒ္ဓါ (၏ သေခြင်းကို ဆင်ခြင်ပုံ)

သမ္မာသမ္ဗုဒ္ဓ (၏ သေခြင်းကို ဆင်ခြင်ပုံ)

၄။ ဘေးအန္တရာယ်တို့နှင့် ဆက်ဆံသောကိုယ်ဟု ရှုဆင်ခြင်ပုံ

၅။ အသက်၏ မခိုင်ခံ့ခြင်းကို ဆင်ခြင်ပွါးများပုံ

၆။ မည်သည့်အချိန် မည်သည့်ရောဂါ စသည်ဖြင့် သေရမည့်အကြောင်း ပိုင်းခြား မသိနိုင်ပုံ

၇။ အသက်အပိုင်းအခြားအားဖြင့် သေရမည့်အခါကို မသိနိုင်ပုံ

မရဏာနုဿတိ လင်္ကာ

ပမာဒပုဂ္ဂိုလ် ၆-ဦးနှင့် အပ္ပမာဒ ၂-ဦး

အပ္ပမာဒပုဂ္ဂိုလ် ၂-ဦး

၈။ အသက်တမ်း အားနည်း တိုတောင်းပုံကို ဆင်ခြင်ပွါးများခြင်း

ဥပစာရဈာန်ရခြင်း

အပ္ပနာ မရောက်နိုင်ပုံ (အကြောင်း)

မရဏာနုဿတိ ကမ္မဋ္ဌာန်းအကျိုး

ကာယဂတာသတိ ကမ္မဋ္ဌာန်း စီးဖြန်းပွါးများပုံ

ကာယဂတာသတိ တရားကိုယ်

နိမိတ်ယူရာ လိမ္မာကြောင်း ဥဂ္ဂဟကောသလ္လ ၇-ပါး

နှုတ်ဖြင့်ရွတ်ဆို စီးဖြန်းခြင်း

တစပဉ္စက (ကမ္မဋ္ဌာန်း)

ဝက္ကပဉ္စက (ကမ္မဋ္ဌာန်း)

ပပ္ဖါသပဉ္စက (ကမ္မဋ္ဌာန်း)

မတ္ထလုင်္ဂပဉ္စက (ကမ္မဋ္ဌာန်း)

မေဒ ဆက္က (ကမ္မဋ္ဌာန်း)

မုတ္တ ဆက္က (ကမ္မဋ္ဌာန်း)

မြန်မာဘာသာဖြင့် ရွတ်ဆိုခြင်း

မာဂဓဘာသာကိုကြားလျှင် ၁၀-ဝီထိကျပြီးမှ အနက် ဒြဗ် သာဝတ္ထကို သိရခြင်း

မှာထားချက် (သဒ္ဒါမည်ပုံ စသည်)

စိတ်ဖြင့်ကြံစည်ဆင်ခြင် စီးဖြန်းခြင်း

အဆင်း စသည်ဖြင့် ပိုင်းခြားမှတ်သားခြင်း

ကမ္မဋ္ဌာန်း ၂-မျိုး

၃၂-ကောဋ္ဌာသ အနက်

အရိုးသုံးရာ

သည်းခြေနှစ်ပါး ပျက်ပုံအထူး

အစေး၏ အကျိုးသင်္ဂဟဂါထာ

နှလုံးသွင်းရန် လိမ္မာရေး ၁၀-ပါး

နှလုံးသွင်းခြင်း၌ လိမ္မာခြင်း အစီအရင် မနသိကာရကောသလ္လ၁၀-ပါး

အနုပုဗ္ဗ စသည် ၄-ပါးဖြင့် ၃၂-ကောဋ္ဌာသကို ပွါးများပုံ

ဂန္ဓ မည်ပုံ

အာသယ မည်ပုံ

ပဏ္ဏတ္တိ သမတိက္ကမအားဖြင့် ဆင်ခြင်ပုံ

သတ္တသညာ ဇီဝသညာ ပျောက်ခြင်း

အနုပုဗ္ဗမုဉ္စနအားဖြင့် ဆင်ခြင်ပုံ

အပ္ပနာဈာန်ရအောင် စီးဖြန်းပုံ

ပထမဈာန်သာရခြင်း

နိမိတ် ၃ ပါးထင်ပုံ

ပရိကမ္မနိမိတ် မည်ပုံ

ဥဂ္ဂဟနိမိတ် မည်ပုံ

ပဋိဘာဂနိမိတ် မည်ပုံ

အဓိစိတ္တသုတ် စသောနည်းဖြင့် စီးဖြန်းပုံ

အဓိစိတ္တသုတ် ပါဠိ

အဓိဝိတ္တသုတ် အနက်

နိမိတ် ၃-ပါး (သမာဓိနိမိတ် စသည်)

သမာဓိလွန်သော် ကောသဇ္ဇ ဖြစ်ပုံ

ဝီရိယလွန်သော် ဥဒ္ဓစ္စ ဖြစ်ပုံ

သီတိဘာဝသုတ် ပါဌ်အနက်

နိဗ္ဗာန်ရောက်ကြောင်း တရား ၆-ပါး

ပျံ့လွင့်သော စိတ်ကို ဖိနှိပ်ခြင်း “နိဂ္ဂဟ

ပျင်းရိသော စိတ်ကို လှုံ့ဆော်ချီးပင့်ခြင်း “ပဂ္ဂဟ

ဘာဝနာစိတ်ကို ရွှင်လန်းထက်မြက်စေခြင်း

ဘာဝနာသို့ သက်ဝင်သော စိတ်ကို လျစ်လျူရှုခြင်း

မဂ်ဖိုလ်၌ စိတ်ညွတ်ခြင်း

နိဗ္ဗာန်၌ မွေ့လျော်ခြင်း

ဗောဇ္ဈင်္ဂကောသလ္လသုတ်

ကာယဂတာသတိကမ္မဋ္ဌာန်းအကျိုး

ဝိပဿနာသို့ တက်ပုံ ၂-မျိုး

အာနာပါနဿတိကမ္မဋ္ဌာန်း စီးဖြန်းပွါးများပုံ

သောဠသဝတ္ထုက (အာနာပါန စီးဖြန်းနည်း ၁၆-ပါး)

အာနာပါန ပထမ စတုက္က

အာနာပါန ဒုတိယ စတုက္က

အာနာပါန တတိယ စတုက္က

အာနာပါန စတုတ္ထ စတုက္က

အခြင်းအရာ ၃၂-ပါး

အာနာပါန ကမ္မဋ္ဌာန်း၏ အဆစ်အပိုင်း ၅-ပါး

မနသိကာရဝိဓိ ၈-ပါး

ဂဏနာနည်း

အနုဗန္ဓနာနည်း

ဖုသနာနည်း

ဆွံ့အသူ ဥပမာ

တံခါးစောင့် ဥပမာ

လွှသမား ဥပမာ

ဌပနာနည်း

တိက္ခပုဂ္ဂိုလ်၌ နိမိတ်ထင်ပုံများ

နာတိ တိက္ခပုဂ္ဂိုလ်၌ နိမိတ်ထင်ပုံ

အသက် မရှူရှိုက်သူ ၇-ယောက်

နိမိတ်ထင်ပုံအမျိုးမျိုး

ဥဂ္ဂဟနိမိတ် (ထင်ပုံ)

ပဋိဘာဂနိမိတ် (ထင်ပုံ)

ဌပနာဖြင့်သာ အပ္ပနာသို့ ရောက်ခြင်း

အခြင်းအရာ ၄-ပါး

ဂဏနာ စသည် အဆုံးအဖြတ်

သလ္လက္ခဏာ စသည် ၄-ပါး

ဝိပဿနာသို့ တက်ရောက်ပွါးများပုံ

အာနာပါန ကမ္မဋ္ဌာန်းပွါးခြင်းအကျိုး

စရိမက ၃-မျိုး

ဗြဟ္မဝိဟာရပွါးများနည်း

မေတ္တာ ဗြဟ္မဝိဟာရ ပွါးများပုံ

ဒေါသ၏အပြစ်

ခန္တီ၏အာနိသင်

မေတ္တာ စတင်၍ မပွါးထိုက်သူ ၆-ယောက်

ကိုယ်ချင်းစာမှု

မိမိကိုယ်ကို စ၍ ပွါးပုံ

ပိယပုဂ္ဂိုလ်၌ မေတ္တာပွါးခြင်း

သီမသမ္ဘေဒ (တသားတည်းဖြစ်အောင်ပွါးခြင်း)

ရန်ငြိုးဖျောက်နည်း ၁၁-မျိုး

အမျက်ကြီးသူ၏အပြစ် ၇-ပါး

မေတ္တာအကျိုး ၁၁-ပါး

သီမသမ္ဘေဒ လက္ခဏာ

နာနတ္တဒဿီပုဂ္ဂိုလ်

န နိကာမလာဘီပုဂ္ဂိုလ်

သီမသမ္ဘေဒပုဂ္ဂိုလ်

အနောဓိ သြဓိ (မေတ္တာ)

သြဓိမေတ္တာ

အနောဓိမေတ္တာ

အနောဓိ ဖရဏမေတ္တာ

ဩဓိဖရဏမေတ္တာ

ဒိသာဖရဏမေတ္တာ

၅၂၈-မေတ္တာယူပုံ သံပေါက်

ခက်ဆစ်အနက်နှင့် ရှင်းလင်းချက်များ

အကျိုးရပုံ အဆုံးအဖြတ်

ကရုဏာပွါးနည်း

ကရုဏာ ခေါင်းပါးခြင်း အပြစ်

ကရုဏာ၏အကျိုး

ဆင်းရဲသူကို ရှေးဦးစွာ ပွါးခြင်း

ချမ်းသာသော လူမိုက်ကိုပွါးခြင်း

ချစ်သူ စသည်ကို ပွါးခြင်း

ကရုဏာ ၁၃၂-ပါး သံပေါက်

မုဒိတာ ပွါးနည်း

ဥပေက္ခာပွါးနည်း

မေတ္တာ ကရုဏာ မုဒိတာတို့၏ အပြစ်

ဥပေက္ခာ၏ အကျိုး

မဇ္ဈတ္တ ပုဂ္ဂိုလ်ကို ဦးစွာပွါးခြင်း

ဗြဟ္မဝိဟာရပကိဏ္ဏက ကထာ

သိမှတ်စရာ မာတိကာ ၁၆-ပါး လင်္ကာ

ဝစနတ္ထ (ဗြဟ္မဝိဟာရ ၄-ပါး၏)

လက္ခဏ (ဗြဟ္မဝိဟာရ ၄-ပါး၏)

မေတ္တာ၏ လက္ခဏာ စသော ဓမ္မ၀ဝတ္ထာန် ၄-ပါး

ကရုဏာ၏ လက္ခဏာ စသော ဓမ္မ ၀ဝတ္ထာန် ၄-ပါး

မုဒိတာ၏ လက္ခဏာစသော ဓမ္မ၀၀တ္ထာန် ၄-ပါး

ဥပေက္ခာ၏ လက္ခဏာ စသော ဓမ္မ၀၀တ္ထာန် ၄-ပါး

ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန် (ဗြဟ္မဝိဟာရ ၄-ပါး၏)

သမ္ပတ္တိ ဝိပတ္တိ (ဗြဟ္မဝိဟာရ ၄-ပါး၏)

ဗြဟ္မဝိဟာရ ၄-ပါး၏ အကျိုး “ပယောဇန

ဗြဟ္မဝိဟာရ ၄-ပါးတို့၏ သီးခြား အာဝေဏိက အကျိုး

ရန်သူ ပစ္စတ္ထိက (ဗြဟ္မဝိဟာရ ၄-ပါး၏)

အာရမ္မဏ (ဗြဟ္မဝိဟာရ ၄-ပါး၏ အာရုံ)

စ လယ် အဆုံး (ဗြဟ္မဝိဟရ ၄-ပါး၏)

တိုးပွါးမှု “ဝဍ္ဎန

အကျိုးဆက် "နိဿန္ဒ"

ဗြဟ္မဝိဟာရမည်ပုံ

ဗြဟ္မဝိဟာရ ၄-ပါးမျှသာ ပိုင်းခြားထားပုံ

အပ္ပမညာ မည်ပုံ

စဉ်ပုံ “ကမ” (ဗြဟ္မဝိဟာရ ၄-ပါး အစဉ်အတိုင်း ဟောခြင်းအကြောင်း)

ဗြဟ္မဝိဟာရ ကမ္မဋ္ဌာန်း၏ အမြင့်ဆုံး အကျိုးပေး

ဗြဟ္မဝိဟာရ ၄-ပါး အကျိုးများ

အာဟာရေပဋိကူလသညာပွားနည်း

အာဟာရ၌ ဘေး ၄-ပါး

ဆင်ခြင်ပုံခြင်းရာ ၁၀-ပါး မာတိကာ (အာဟာရ၌ ရွံရှာဘွယ်အဖြစ်)

ဆွမ်းခံသွားရခြင်း “ဂမန” အားဖြင့် ဆင်ခြင်ပုံ လင်္ကာ

ရှာမှီးရခြင်း “ပရိယေသန” အားဖြင့် ဆင်ခြင်ပုံ လင်္ကာ

သုံးဆောင်ခြင်း “ပရိဘောဂ” စသည်ဖြင့် ဆင်ခြင်ပုံလင်္ကာ

အစာမကြေ စသည် သုံးမျိုးဖြင့် ဆင်ခြင်ပုံ လင်္ကာ

ယိုစီးထွက်သော အကျိုးဆက်အားဖြင့် ဆင်ခြင်ပုံလင်္ကာ

ပေကျံခြင်းအားဖြင့် ဆင်ခြင်ပုံလင်္ကာ

ဥပစာရ သမာဓိရခြင်း (အာဟာရေပဋိကူလသညာ)

အာဟာရေပဋိကူလသညာ ကမ္မဋ္ဌာန်းအကျိုး

စတုဓာတု၀ဝတ္ထာန်ပွါးနည်း ၁၉-ပါး

တိက္ခပညပုဂ္ဂိုလ်ပွါးများနည်း ၂-ပါး-

နွားသတ်ယောက်ျား ဥပမာ

ဓာတ်ကြီး ၄-ပါး သဘောလက္ခဏာ

ဥပစာရ သမာဓိရခြင်း (စတုဓာတုဝဝတ္ထာန်)

အိမ်၏ အစိတ်အပိုင်း ဥပမာ

နာတိ တိက္ခပညပုဂ္ဂိုလ်ပွါးများနည်း ၄-ပါး

သသမ္ဘာရ သင်္ခေပနည်း ပွါးများပုံ

သသမ္ဘာရ ဝိဘတ္တိနည်းဖြင့် ပွါးများပုံ

ပထဝီဓာတ် ၂၀

အာပေါဓာတ် ၁၂-ပါး

တေဇောဓာတ် ၄-ပါး

ဝါယောဓာတ် ၆-ပါး

သ လက္ခဏ သင်္ခေပ နည်းအားဖြင့် ပွါးများပုံ

သ လက္ခဏ ဝိဘတ္တိနည်းအားဖြင့် ပွါးများပုံ

ဝစနတ္ထ စသော အာကာရအားဖြင့် ဆင်ခြင်ပုံ ၁၃-ပါး

ဝစနတ္ထအားဖြင့် ဆင်ခြင်ပုံ

ကလာပ်အားဖြင့် ဆင်ခြင်ပုံ

ကောဋ္ဌာသ ၄၂-ပါး

ပထဝီလွန်ကဲသော ကောဋ္ဌာသ ၂ဝ-ပါး

အာပေါလွန်ကဲသော ကောဋ္ဌာသ ၁၂-ပါး

တေဇောလွန်ကဲသော ကောဋ္ဌာသ ၄-ပါး

ဝါယောလွန်ကဲသော ကောဋ္ဌာသ ၆-ပါး

ဧကဇ ကောဋ္ဌာသ ၆-ပါး

ဒွိဇ ကောဋ္ဌာသ ၄-ပါး

စတုဇ ကောသ ၃၂-ပါး

ဧကဇ ကောဋ္ဌာသ၌ ရသော ရုပ်ကလာပ်များ

ဒွိဇ ကောဋ္ဌာသ၌ ရသော ရုပ်ကလာပ်များ

စတုဇ ကောဋ္ဌာသ၌ ရသော ကလာပ်များ

မံသ ကောဋ္ဌာသ၌ ရသော ကလာပ်

ကလာပ်ပေါင်း ၁၇၃

နိပ္ဖန္န ရုပ်ပေါင်း

“တရာ့ခုနစ်ဆယ်”အစချီသော ဆောင်ပုဒ်လင်္ကာ

အမှုန့် “စုဏ္ဏ” အားဖြင့် ဆင်ခြင်ပုံ

ဒေါဏ (တစိတ်) အဆုံးအဖြတ်

ပရမာဏုမြူ၏ အရွယ်ပမာဏ

ပရမာဏုမြူရွယ် တွက်ယူပုံ

မဟာဘုတ် ၄-ပါးတို့ သဘော

လက္ခဏာ စသည်ဖြင့် ဆင်ခြင်ပုံ

ဖြစ်ကြောင်း သမ္မဋ္ဌာန်အားဖြင့် ဆင်ခြင်ပုံ

ထူးခြားပုံ တူပုံအားဖြင့် ဆင်ခြင်ပုံ

မဟာဘုတ် မည်ခြင်း အကြောင်း ၅-မျိုး

မဟာဝိကာရ အဓိပ္ပါယ်

အနုပါဒိန္နဘုတ် ပျက်ပုံ

မဟာဘုတ် ၄-ပါးနှင့် မြွေကြီး ၄-ကောင် တူပုံ

ဥပါဒိန္နဘုတ် ပျက်ပုံ

ဓာတ် ၄-ပါးတို့ ကွဲပြား မကွဲပြားသောအားဖြင့် ဆင်ခြင်ပုံ

သဘောတူ မတူအားဖြင့် ဆင်ခြင်ပုံ

အဇ္ဈတ္တိက ဗာဟိရအားဖြင့် ဆင်ခြင်ပုံ

သင်္ဂဟအားဖြင့် ဆင်ခြင်ပုံ

အချင်းချင်း ကျေးဇူးပြုခြင်းကို ဆင်ခြင်ပုံ

အနာဘောဂအားဖြင့် ဆင်ခြင်ပုံ

ပစ္စယ ဝိဘာဂ အားဖြင့် ဆင်ခြင်ပုံ

ခြေတလှမ်း၌ ဆင်ခြင်ပုံ

စတုဓာတု၀၀တ္ထာန်အကျိုး

အရူပဈာန်ပွားနည်း

အာကာသာနဉ္စာယတနသို့ ရောက်ပုံ

ကသိုဏ်းခွါပုံ

အာကာသ ၃-မျိုး

ဝိညာဏဉ္စာယတနဈာန် ရပုံ

အာကိဉ္စညာယတနဈာန်ကို ရပုံ

နေ၀သညာ နာသညာယတနဈာန်ရပုံ

အရူပဈာန်တို့၌ သိမှတ်ဖွယ်ရာများ

အာရုံကို လွန်မြောက်သဖြင့် အထက်ဈာန်ရခြင်း

သမထကမ္မဋ္ဌာန်း စီးဖြန်းရသော အကျိုး ၅-ပါး

အဘိညာနိဒ္ဒေသ

အဘိညာပွားနည်း

အဘိညာဉ် အခြေခံစိတ်ကို ဆုံးမခြင်း အခြင်းအရာ ၁၄-ပါး

စိတ်ကိုဆုံးမခက်ခဲပုံ

စိတ်ကို နူးညံ့ပျော့ပျောင်းစေခြင်း

တန်းခိုးရရန် အားထုတ်နည်း

ဣဒ္ဓိ (တန်းခိုး) ၁၀-ပါး

တန်းခိုး ၁၀-ပါး အကျဉ်းဆောင်ပုဒ်

တန်းခိုး ၁၀-ပါး အကျယ်လင်္ကာ

ဣဒိ ၂-ပါး အထူး (ကမ္မဝိပါကဇိဒ္ဓိ, ပုညဝတောဣဒ္ဓိ)

ကမ္မဝိပါကဇိဒ္ဓိ မည်ပုံ

ပုညဝတောဣဒ္ဓိ မည်ပုံ

အဓိဋ္ဌာနိဒ္ဓိ အဓိပ္ပါယ်

တန်းခိုးဣဒ္ဓိ ဖြစ်ရာဖြစ်ကြောင်းများ

တန်းခိုး၏ ဖြစ်ရာဘုံ ၄-ပါး

တန်းခိုး၏ အခြေ ၄-ပါး

တန်းခိုးသို့ ရောက်ကြောင်း ၈-ပါး

ဣဒ္ဓိအကြောင်းရင်း ၁၆-ပါး

ဘူမိ ပါဒ စသည်ကို ဆိုရခြင်း အကြောင်း

ဋီကာစကား စဉ်းစားဘွယ် (ဘူမိ ပါဒ စသည်၌)

အနည်းကို အများဖြစ်အောင် ဖန်ဆင်းပုံ

အများကို အနည်းဖြစ်အောင် ဖန်ဆင်းပုံ

ထင်ရှား နီးနား ဖုံးကွယ် ဝေခြားအောင် ဖန်ဆင်းပုံ

ပြာဋိဟာ ၂-မျိုး

အကာအကွယ်မရှိ သွားနိုင်အောင် ဖန်ဆင်းပုံ

မြေလျှိုးနိုင်အောင် ဖန်ဆင်းပုံ

ရေပေါ် သွားနိုင်အောင် မိုးပျံနိုင်အောင် ဖန်ဆင်းပုံ

လ နေ တို့ကို သုံးသပ်နိုင်ပုံ

တန်းခိုး ၁၄-မျိုးဖြင့် ဗြဟ္မာပြည်တိုင်အောင် သွားနိုင်ပုံ

တန်းခိုး ပါဋိဟာရိယ အဆုံးအဖြတ်

တန်းခိုး ၁၄-ပါးနှင့် အဆုံးအဖြတ်

ဝိကုဗ္ဗနိဒ္ဓိ မနောမယိဒ္ဓိ ၂-ပါး ထူးခြားချက်

ဝိကုဗ္ဗနိဒ္ဓိမည်ပုံ

မနောမယိဒ္ဓိ မည်ပုံ

ဒိဗ္ဗသောတအဘိညာဉ်

ဒိဗ္ဗသောတဉာဏ် မြဲမြံအားရှိအောင် ပြုလုပ်ခြင်း

စေတောပရိယာယအဘိညာဉ်

ပရစိတ္တဝိဇာနန

ပရစိတ္တဝိဇာနနအဘိညာဉ် မြဲမြံအားရှိအောင် ပြုလုပ်ခြင်းနှင့် ရရှိသောအကျိုး

စိတ် ၁၆-မျိုး

စိတ် ၁၆-မျိုး ဆောင်ပုဒ် သံပေါက်

ပုဗ္ဗေနိဝါသ အဘိညာဉ်

ပုဗ္ဗေနိဝါသ (အဘိညာဉ် ရပုံ)

အစဉ်လျှောက်၍ အောက်မေ့ခြင်း

အသင်္ချေယျ ၄-ကပ်

ဝိဝဋ္ဋဋ္ဌာယီကပ် သက်တမ်း စသည်

သံဝဋ္ဋ ၃-မျိုး

မီးဖျက်ကမ္ဘာ

လောကဗျူဟာမည်ပုံနှင့် အရကောက်

နတ်တို့ကမ္ဘာပျက်မည်ကို သိခြင်းအကြောင်း

မြစ်ကြီး ၅-သွယ် အိုင်ကြီး ၇-ခု ဆောင်ပုဒ်

သံဝဋ္ဋ မည်ပုံ

သံဝဋ္ဋဋ္ဌာယီကပ် မည်ပုံ

ကမ္ဘာပြုမိုး

စကြဝဠာတပါးသို့ ရေမလျောကျပုံ

ဝိဝဋ္ဋကပ်မည်ပုံ

ဝိဝဋ္ဋဋ္ဌာယီကပ်မည်ပုံ

မဟာကပ်

ရေဖျက်ကမ္ဘာ

လေဖျက်ကမ္ဘာ

လောကပျက်စီးခြင်းအကြောင်း

ပုဗ္ဗေနိဝါသ အရကောက်

ပုဗ္ဗေနိဝါသကို အောက်မေ့နိုင်သူ ၆-ဦး

တိတ္ထိတို့၏ ပုဗ္ဗေနိဝါသဉာဏ်

ပကတိသာဝကတို့၏ ပုဗ္ဗေနိဝါသဉာဏ်

အဂ္ဂသာဝက စသည်တို့၏ ပုဗ္ဗေနိဝါသဉာဏ်

ဘုရားရှင်၏ ပုဗ္ဗေနိဝါသဉာဏ်

ဆောင်ပုဒ်လင်္ကာ (ပုဗ္ဗေနိဝါသဉာဏ်ဆိုင်ရာ)

ဒိဗ္ဗစက္ခုအဘိညာဉ်

ဒိဗ္ဗစက္ခု စုတူပပါတ အဘိညာဉ်ရပုံ

တဆက်တည်း ဓာတုသညာကို ရှုရခြင်း

ယထာကမ္မုပဂ အနာဂတံသအဘိညာဉ်

ပရိကမ် အသီးအခြားမရှိ ဆိုရာ၌ အဆုံးအဖြတ်

အဘိညာဉ် ၇-ပါး မှတ်သားဘွယ်

အာရုံ ၁၀-ပါး

အဘိညာဉ် ၇-ပါးတို့ အာရုံပြုပုံ

အဘိညာဉ် ၇-ပါး အာရုံပြုရာ၌ ခက်ဆစ် အဆုံးအဖြတ်

ပစ္စုပ္ပန် ၃-မျိုး

..........

ဝိပဿနာနည်း

၁၅-ဝိပဿနာနည်း

ဝိပဿနာ အဓိပ္ပါယ်

ပညာ၏ လက္ခဏ, ရသ စသည်

ဝိပဿနာပညာအမျိုးမျိုးကို ဝေဖန်၍ပြခြင်း

ပညာ ၁-ပါး

ပညာ ၂-ပါးစု ၅-လီ

ပညာ ၄-ပါးစု ၃-လီ

ပညာ ၄-ပါးစု ၂-လီ

ဝိပဿနာမည်ပုံ

ပညာ ၃-မျိုး

စိန္တာမယပညာ

သုတမယပညာ

ဘာဝနာမယပညာ

စတုသစ္စဉာဏ်

ပဋိသမ္ဘိဒါ ၄-ပါး အကျယ်

အတ္ထပဋိသမ္ဘိဒါဉာဏ်မည်ပုံ

အကျိုး ၅-ပါး

အကျိုး ၃-ပါး

ဓမ္မပဋိသမ္ဘိဒါဉာဏ်မည်ပုံ

အကြောင်း ၅-ပါး

အကြောင်း ၃-ပါး

နိရုတ္တိပဋိသမ္ဘိဒါဉာဏ်မည်ပုံ

ဓမ္မ အတ္ထ အဆုံးအဖြတ်

မာဂဓိကမူလဘာသာ

ပဋိဘာနပဋိသမ္ဘိဒါဉာဏ် မည်ပုံ

ပဋိသမ္ဘိဒါရနိုင်သောပုဂ္ဂိုလ်

ပဋိသမ္ဘိဒါဉာဏ်ဖြစ်ပေါ်ရန်အကြောင်း ၅-ပါး

ပဋိသမ္ဘိဒါဖြစ်ပေါ်ခြင်း အကြောင်း ၈-ပါး

ဂတပစ္စာဂတဝတ် အဓိပ္ပါယ်

ရုပ် ၂၈-ပါးတို့၏ လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်

ဝိပဿနာ၏ ဘူမိ မူလ သရီရ

မဟာဘုတ် ၄-ပါးတို့၏ လက္ခဏာစသည် ဓမ္မ၀ဝတ္ထာန် ၄-ပါး

ပသာဒရုပ် ၅-ပါးတို့၏ လက္ခဏာစသည် ဓမ္မ၀ဝတ္ထာန် ၄-ပါး

ဝိသယရုပ် ၇-ပါး, အာရုံ ၅-ပါးတို့၏ လက္ခဏာစသည်

ဘာဝရုပ် ၂-ပါးတို့၏ လက္ခဏာစသည် ဓမ္မ၀၀တ္ထာန် ၄-ပါး

ဟဒယဝတ္ထုရုပ်၏ လက္ခဏာစသည် ဓမ္မ၀၀တ္ထာန် ၄-ပါး

ဇီဝိတိန္ဒြေ၏ လက္ခဏာစသည် ဓမ္မ၀၀တ္ထာန် ၄-ပါး

အာဟာရရုပ်၏ လက္ခဏာစသည် ဓမ္မ၀၀တ္ထာန် ၄-ပါး

ဩဇအဓိပ္ပါယ်

အာကာသဓာတ်၏ လက္ခဏာစသည် ဓမ္မဝဝတ္ထာန် ၄-ပါး

အထူးမှတ်ဘွယ် (အာကာသဓာတ်၌)

ဝိညတ်ရုပ် ၂-ပါး၏ လက္ခဏာစသည် ဓမ္မ၀၀တ္ထာန် ၄-ပါး

ကာယဝိညတ် အဆုံးအဖြတ်

ဝစီဝိညတ်အဆုံးအဖြတ်

မဟာဘုတ်ပမာဏ အဆုံးအဖြတ်

လဟုတာ စသည်တို့၏ လက္ခဏာစသည်

လဟုတာ၏ လက္ခဏာစသည် ဓမ္မ၀၀တ္ထာန် ၄-ပါး

မုဒုတာ၏ လက္ခဏာစသည် ဓမ္မ၀၀တ္ထာန် ၄-ပါး

ကမ္မညတာ၏ လက္ခဏာစသည် ဓမ္မ၀၀တ္ထာန် ၄-ပါး

ဝိကာရရုပ်သုံးပါးတို့ ထူးခြားပုံ

ဓာတ်ချောက်ချားခြင်း (ဓာတုက္ခောဘ) ၂-မျိုး

ဥပစယ- စသည်တို့၏ လက္ခဏာစသည်

ဥပစယ၏ လက္ခဏာစသည် ဓမ္မ၀၀တ္ထာန် ၄-ပါး

သန္တတိ၏ လက္ခဏာစသည် ဓမ္မ၀၀တ္ထာန် ၄-ပါး

ဇာတိရုပ် မည်ပုံ

အာစယ ဥပစယ သန္တတိအဆုံးအဖြတ်

ဇရတာ၏ လက္ခဏာစသည် ဓမ္မ၀၀တ္ထာန် ၄-ပါး

အနိစ္စတာ၏ လက္ခဏာစသည် ဓမ္မဝဝတ္ထာန် ၄-ပါး

ဝိညာဏ် = စိတ်၏ လက္ခဏာစသည် ဓမ္မ၀၀တ္ထာန် ၄-ပါး

ကုသိုလ်စိတ်၏ လက္ခဏာစသည် ဓမ္မ၀၀တ္ထာန် ၄-ပါး

အကုသိုလ်စိတ်၏ လက္ခဏာစသည် ဓမ္မ၀၀တ္ထာန် ၄-ပါး၊

ဒွေပဉ္စဝိညာဉ် ၁၀-ပါး၏ လက္ခဏာစသည် ဓမ္မ၀၀တ္ထာန် ၄-ပါး

သမ္မဋိစ္ဆိုင်း၏ လက္ခဏာစသည် ဓမ္မ၀၀တ္ထာန် ၄-ပါး

သန္တီရဏ၏ လက္ခဏာစသည် ဓမ္မ၀၀တ္ထာန် ၄-ပါး

ပဉ္စဒွါရာဝဇ္ဇန်း၏ လက္ခဏာစသည် ဓမ္မ၀၀တ္ထာန် ၄-ပါး

မနောဒွါရာဝဇ္ဇန်း၏ လက္ခဏာစသည် ဓမ္မ၀၀တ္ထာန် ၄-ပါး

ဟသိတုပ္ပါဒ်၏ လက္ခဏာစသည် ဓမ္မ၀၀တ္ထာန် ၄-ပါး

စေတသိက်တို့၏ လက္ခဏာစသည်များ

သုခဝေဒနာ၏ လက္ခဏာစသည် ဓမ္မ၀၀တ္ထာန် ၄-ပါး

ဒုက္ခဝေဒနာ၏ လက္ခဏာစသည် ဓမ္မ၀၀တ္ထာန် ၄-ပါး

သောမနဿဝေဒနာ၏ လက္ခဏာစသည် ဓမ္မ၀၀တ္ထာန် ၄-ပါး

ဥပေက္ခာဝေဒနာ၏ လက္ခဏာစသည် ဓမ္မ၀၀တ္ထာန် ၄-ပါး

သညာ၏ လက္ခဏာ စသည် ဓမ္မဝဝတ္ထာန် ၄-ပါး

သင်္ခါရက္ခန္ဓာ ဖြစ်သော စေတသိက် ၅၀-တို့၏ လက္ခဏာ စသည်

ဖဿ၏ လက္ခဏာ စသည် ဓမ္မ၀၀တ္ထာန ၄-ပါး

စေတနာ၏ လက္ခဏာ စသည် ဓမ္မ၀၀တ္ထာန် ၄-ပါး

ဧကဂ္ဂတာ၏ လက္ခဏာ စသည် ဓမ္မ၀၀တ္ထာန် ၄-ပါး

မနသိကာရ၏ လက္ခဏာ စသည် ဓမ္မ၀၀တ္ထာန် ၄-ပါး

ဝိတက်၏ လက္ခဏာ စသည် ဓမ္မ၀၀တ္ထာန် ၄-ပါး

ဝိစာရ၏ လက္ခဏာ စသည် ဓမ္မ၀၀တ္ထာန် ၄-ပါး

အဓိမောက္ခ၏ လက္ခဏာ စသည် ဓမ္မ၀၀တ္ထာန် ၄-ပါး

ဝီရိယ၏ လက္ခဏာ စသည် ဓမ္မ၀၀တ္ထာန် ၄-ပါး

ဝိရိယာရမ္ဘဝတ္ထု (ဝီရိယဖြစ်ကြောင်းဝတ္ထု) ၈-ပါး

ပီတိ၏ လက္ခဏာ စသည် ဓမ္မ၀၀တ္ထာန် ၄-ပါး

ပီတိ ၅-မျိုး

ဆန္ဒ၏ လက္ခဏာ စသည် ဓမ္မ၀၀တ္ထာန် ၄-ပါး

မောဟ၏ လက္ခဏာ စသည် ဓမ္မဝဝတ္ထာန် ၄-ပါး

ဥဒ္ဓစ္စ၏ လက္ခဏာ စသည် ဓမ္မ၀၀တ္ထာန် ၄-ပါး

လောဘ၏ လက္ခဏာ စသည် ဓမ္မ၀၀တ္ထာန် ၄-ပါး

ဒိဋ္ဌိ၏ လက္ခဏာ စသည် ဓမ္မ၀၀တ္ထာန် ၄-ပါး

မာန ဒေါသ၏ လက္ခဏာ စသည် ဓမ္မ၀၀တ္ထာန် ၄-ပါး

ဒေါသ၏ လက္ခဏာ စသည် ဓမ္မ၀၀တ္ထာန် ၄-ပါး

ဣသာ၏ လက္ခဏာ စသည် ဓမ္မ၀၀တ္ထာန် ၄-ပါး

မစ္ဆေရ၏ လက္ခဏာ စသည် ဓမ္မ၀၀တ္ထာန် ၄-ပါး

ကုက္ကုစ္စ၏ လက္ခဏာ စသည် ဓမ္မ၀၀တ္ထာန် ၄-ပါး

ထိန မိဒ္ဓ၏ လက္ခဏာ စသည် ဓမ္မဝဝတ္ထာန် ၄-ပါး

မိဒ္ဓ၏ လက္ခဏာ စသည် ဓမ္မ၀၀တ္ထာန် ၄-ပါး

ဝိစိကိစ္ဆာ၏ လက္ခဏာ စသည် ဓမ္မ၀၀တ္ထာန် ၄-ပါး

သဒ္ဓါ၏ လက္ခဏာ စသည် ဓမ္မ၀၀တ္ထာန် ၄-ပါး

သတိ၏ လက္ခဏာ စသည်ဓမ္မ၀၀တ္ထာန် ၄-ပါး

သောတာပန်ဖြစ်ကြောင်း ၄-ပါး

သတိ မနသိကာရတို့၏ ပစ္စုပဋ္ဌာန်ချင်း ထူးခြားပုံ

ဟိရီ ဩတ္တပ္ပ၏ လက္ခဏာ စသည် ဓမ္မ၀၀တ္ထာန် ၄-ပါး

ဩတ္တပ္ပ၏ လက္ခဏာ စသည် ဓမ္မ၀၀တ္ထာန် ၄-ပါး

လောကပါလတရား

အလောဘ အဒေါသ၏ လက္ခဏာ စသည်

အလောဘ၏ လက္ခဏာ စသည် ဓမ္မ၀၀တ္ထာန် ၄-ပါး

အဒေါသ၏ လက္ခဏာ စသည် ဓမ္မဝဝတ္ထာန် ၄-ပါး

တတြမဇ္ဈတ္တတာ၏ လက္ခဏာ စသည် ဓမ္မ၀၀တ္ထာန် ၄-ပါး

ပဿဒ္ဓိ ၂-ပါး၏ လက္ခဏာ စသည် ဓမ္မ၀၀တ္ထာန် ၄-ပါး

လဟုတာ ၂-ပါး၏ လက္ခဏာ စသည် ဓမ္မ၀၀တ္ထာန် ၄-ပါး

မုဒုတာ ၂-ပါး၏ လက္ခဏာ စသည် ဓမ္မ၀၀တ္ထာန် ၄ပါး

ကမ္မညတာ ၂-ပါး၏ လက္ခဏာ စသည် ဓမ္မ၀၀တ္ထာန် ၄-ပါး

ပါဂုညတာ ၂-ပါး၏ လက္ခဏာ စသည် ဓမ္မဝဝတ္ထာန် ၄-ပါး

ဥဇုကတာ ၂-ပါး၏ လက္ခဏာ စသည် ဓမ္မ၀၀တ္ထာန် ၄-ပါး

ဝိရတိ ၃-ပါး၏ လက္ခဏာ စသည် ဓမ္မ၀၀တ္ထာန်၄-ပါး

ကရုဏာ၏ လက္ခဏာ စသည် ဓမ္မ၀၀တ္ထာန် ၄-ပါး

မုဒိတာ၏ လက္ခဏာ စသည် ဓမ္မ၀၀တ္ထာန် ၄-ပါး

အမောဟ၏ လက္ခဏာ စသည် ဓမ္မ၀၀တ္ထာန် ၄-ပါး

လက္ခဏာ စသည် ဓမ္မ၀၀တ္ထာန်၄-ပါးတိုကိုဝေဖန်ပိုင်းခြား ကောက်ယူနည်း

ဒိဋ္ဌိဝိသုဒ္ဓိ (အဓိပ္ပါယ်များ)

ဒိဋ္ဌိဝိသုဒ္ဓိ တရားကိုယ်

နာမရူပ ပရိစ္ဆေဒဉာဏ်ဖြစ်ပုံ

ဒိဋ္ဌိဝိသုဒ္ဓိကို ရရှိပုံ

ရုပ်မှစ၍ပွါးရခြင်း

ဓာတ် ၄-ပါးအစွမ်းဖြင့် နာမ်ရုပ်တို့ကို ပိုင်းခြားခြင်း

ဓာတ်(၁၈-ပါး) အားဖြင့် ပိုင်းခြားခြင်း

အာယတနအားဖြင့် ပိုင်းခြားခြင်း

ခန္ဓာအားဖြင့် ပိုင်းခြားခြင်း

အကျဉ်းနည်းအားဖြင့် ပိုင်းခြားခြင်း

ဣန္ဒြေ စသော အားဖြင့် နာမ်ရုပ်ကို ပိုင်းခြားခြင်း

နာမ်မထင်သေးက ရုပ်ကိုသာ သိမ်းဆည်းအပ်ခြင်း

နာမ်၏အခြေခံ ဖုသန စသော အခြင်းအရာ ၃-ပါး ထင်လာပုံ

သုတ္တန်နည်းဖြင့် နာမ်ရုပ်တို့ကို ပိုင်းခြားဆင်ခြင်ခြင်း

ယထာဘူတ ဒဿန မည်ပုံ

ဒိဋ္ဌိဝိသုဒ္ဓိ မည်ပုံ

ဆရာ့ဆရာ အလို ပွါးများနည်း (ဒိဋ္ဌိဝိသုဒ္ဓိ)

ကင်္ခါဝိတရဏ ဝိသုဒ္ဓိ (အဓိပ္ပါယ်များ)

ကင်္ခါဝိတရဏ ဝိသုဒ္ဓိမည်ပုံ

ကင်္ခါဝိတရဏ ဝိသုဒ္ဓိပွါးများပုံ

ရုပ်၏အကြောင်းကို ရှေးဦးစွာ သိမ်းဆည်းခြင်း

နာမ်၏အကြောင်းကို သိမ်းဆည်းခြင်း

အတိတ် အနာဂတ် ရုပ်နာမ်အကြောင်း မြင်ခြင်း

ယုံမှားခြင်း ၁၆-ပါး ပျောက်ခြင်း

အတိတ်၌ ယုံမှားခြင်း ၅-ပါး

အနာဂတ်၌ ယုံမှားခြင်း ၅-ပါး

ပစ္စုပ္ပန်၌ ယုံမှားခြင်း ၆-ပါး

ရုပ်နာမ်၏ အကြောင်းများ

သာဓာရဏ အကြောင်း

အသာဓာရဏ အကြောင်း

ပဋိလုံနည်းဖြင့် နာမ် ရုပ်၏ အကြောင်းကို သိမ်းဆည်းခြင်း

အနုလုံနည်းဖြင့် နာမ် ရုပ်၏ အကြောင်းကို သိမ်းဆည်းခြင်း

ဝဋ် ၂-ပါးဖြင့် ပစ္စယပရိဂ္ဂဟဉာဏ် ဖြစ်စေခြင်း

ရုပ်နာမ်များ စုတိပဋိသန္ဓေအားဖြင့် ထင်ရှားပုံ

ပရိညာ ၃-ပါးတို့၏ ဖြစ်ရာဘုံ

ဉာတပရိညာ မည်ပုံ

တီရဏပရိညာ မည်ပုံ

ပဟာန ပရိညာ မည်ပုံ

ဉာတပရိညာ ဖြစ်လာပုံ

ကင်္ခါဝိတရဏ ဝိသုဒ္ဓိမည်ပုံ

ဓမ္မဋ္ဌိတိဉာဏ်

သမ္မသနဉာဏ်သို့ရောက်ပုံ

လက္ခဏာ ၃-တန် ဆင်ခြင်ဟန်

ဝိပဿနာ အခြေခံ ဉာဏ် ၂-ပါး

ဝိပဿနာ အခြေခံ ဉာဏ် ၂-ပါး ရသူကို စူဠသောတာပန် ခေါ်ရခြင်း

မဂ္ဂါမဂ္ဂဉာဏ ဒဿန ဝိသုဒ္ဓိ

မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ တရားကိုယ်

ဝိပဿနာပွါးပုံ

ခန္ဓာ၌ ပွါးများပုံ

ဒွါရ စသည်၌ ပွါးများပုံ

ကောဋ္ဌာသပေါင်း ၂၃-ပါး

သမ္မသန ဝါရပေါင်း

တမျိုးတဖုံ (ရုပ်နာမ်ကို) နှလုံးသွင်းခြင်း

ဆရာ့ ဆရာအလို ဆင်ခြင်ပုံ (ခန္ဓာငါးပါးကို)

ရုပ်၌ ခြင်းရာ ၄၀-တို့ ဖြစ်ပွါးပုံ

အနိစ္စာ နုပဿနာ ၁၀-ပါး

ဒုက္ခာ နုပဿနာ ၂၅-ပါး

အနတ္တာ နုပဿနာ ၅-ပါး

နာမ်ခန္ဓာ ၄-ပါးတို့၌ ခြင်းရာ ၄၀-ဖြင့် ဆင်ခြင်ပုံ

သမ္မသနဉာဏ်နှစ်ရာ

သုံးသပ်ဆင်ခြင်ရကျိုး (ခန္ဓာ ၅-ပါးကို)

ဥဒယဗ္ဗယဉာဏ် ဖြစ်ပေါ်ခြင်း

ဣန္ဒြေထက်မြက်စေသော ခြင်းရာကိုးပါးဖြင့် ပွါးများပုံ

ရုပ်တို့၏ ဖြစ်ဟန်ကို ရှုပုံ

ကမ္မဇရုပ်တို့၏ ဖြစ်ဟန်ကို ရှုပုံ

စိတ္တဇ ရုပ်တို့၏ ဖြစ်ဟန်ကို ရှုပုံ

ရုပ်ကို မဖြစ်စေနိုင်သော စိတ်များ

ဥတုဇ ရုပ်တို့၏ ဖြစ်ဟန်ကို ရှုပုံ

အာဟာရဇ ရုပ်တို့၏ ဖြစ်ဟန်ကို ရှုပုံ

ဩဇရုပ်၏ အစွမ်းသတ္တိ

ဥတုဇရုပ် စတင်ဖြစ်ပေါ်ခြင်း

စိတ္တဇရုပ် စတင် ဖြစ်ပေါ်ခြင်း

အာဟာရဇရုပ် စတင် ဖြစ်ပေါ်ခြင်း

နာမ်တို့၏ ဖြစ်ဟန်ကို ရှုပုံ

ရူပသတ္တက တို့၏ အစွမ်းဖြင့် သုံးသပ်ပုံ

အာဒါန နိက္ခေပန အားဖြင့် လက္ခဏာရေး တင်ပုံ

အနိစ္စ ဖြစ်ပုံ

ဒုက္ခ ဖြစ်ပုံ

အနတ္တ အစိုးမရပုံ

ဝယောဝုဍ္ဎတ္ထင်္ဂမအားဖြင့် လက္ခဏာရေး တင်ပုံ

“သုံးပါးသက်ရွယ်”အစချီသော အကျဉ်းချုပ် လင်္ကာ

အာဟာရမယရုပ်ကို လက္ခဏာရေး တင်ပုံ

ဥတုမယရုပ်ကို လက္ခဏာရေးတင်ပုံ

ကမ္မဇရုပ်ကို လက္ခဏာရေး တင်ပုံ

စိတ္တသမုဋ္ဌာနရုပ်ကို လက္ခဏာရေးတင်ပုံ

ဓမ္မတာရုပ်ကို လက္ခဏာရေးတင်ပုံ

အရူပသတ္တက = နာမ်၌ရှုပုံ ၇-မျိုး

ကလာပ်အားဖြင့် သုံးသပ်ပုံ

အစုံအစုံအားဖြင့် သုံးသပ်ပုံ

ခဏိကအားဖြင့်ရှုပုံ

အစဉ်အားဖြင့် သုံးသပ်ပုံ

ဒိဋ္ဌိ မာန တဏှာကို ပယ်ဖြတ်သောအားဖြင့် သုံးသပ်ပုံ

မဟာဝိပဿနာ ၁၈-ပါး

မဟာဝိပဿနာ ၁၈-ပါးကို အကျဉ်းချုံးပြခြင်း

ကလာပသမ္မသနဉာဏ် မည်ခြင်းအကြောင်း

ဥဒယဗ္ဗယဉာဏ်

အကျဉ်းအားဖြင့် ဖြစ် ပျက်ရှုပုံ

ပစ္စုပ္ပန်ခန္ဓာငါးပါး၌ အဖြစ် အပျက် ရှုပုံ

ဥဒယ မည်ပုံ

ဝယ မည်ပုံ

ဖြစ် ပျက်ကို အကျယ်အားဖြင့် ရှုပုံ

ရုပ်၌ ဥဒယဗ္ဗယလက္ခဏာ ၁၀-ပါး

နာမ်ခန္ဓာ ၄-ပါး၌ ဥဒယဗ္ဗယ လက္ခဏာ ၁၀-ပါးစီ

ရုပ်၌ ဥဒယလက္ခဏာ ၅-ပါး

အာဟာရကိုသာ ယူခြင်းအကြောင်း

ရုပ်၌ ဝယလက္ခဏာ ၅-ပါး

ဥဒယဗ္ဗယဉာဏ် ရင့်သန်လျှင် ထင်ရှားလာသော တရားများ

ဝိပဿနုပက္ကိလေသ ၁၀-ပါး

ဩဘာသ (ဥပက္ကိလေသ)

ပီတိ

ပဿဒ္ဓိ

အဓိမောက္ခ

ပဂ္ဂဟ

သုခ

ဉာဏ

ဥပဋ္ဌာန

ဥပေက္ခာ

နိကန္တိ

ဥပက္ကိလေသတရား

ဂါဟ ၃-ပါး

မဂ္ဂ အမဂ္ဂကို ပိုင်းခြားသိပုံ

သစ္စာ ၃-ပါးကို ပိုင်းခြားသိခြင်း

ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ

ပဋိဒါဉာဏဒဿနဝိသုဒ္ဓိ တရားကိုယ်

လက္ခဏာရေး ၃-ပါး ထင်ရှားမှု မထင်ရှားမှု

အနိစ္စစသည် မည်ပုံ

ဘင်္ဂါနုပဿနာဉာဏ်

အပျက်ကိုသာ မြင်သောဉာဏ်

ဥပ္ပါဒစသည် အဓိပ္ပါယ်

ဘင်္ဂဉာဏ်ဖြစ်ပေါ်ခြင်း

နိစ္စသညာ စသည်ကို ပယ်စွန့်ခြင်း

ဘင်္ဂဉာဏ် ထက်သန်အားရှိခြင်း

ပဋိသင်္ခါနုပဿနာ

ဘင်္ဂါနုပဿနာ

အဓိပညာဝိပသာနာ

ဒိဋ္ဌိကြောင့် မတုန်လှုပ်ခြင်း

ဘင်္ဂဉာဏ်၏အကျိုး ၈-ပါး

ဘယတူပဋ္ဌာနဉာဏ်

ဘယဉာဏ်

ဘယဉာဏ် ရှင်းချက်

အာဒီနဝါနုပဿနာဉာဏ်

ဓာတ်ကြီး ၄-ပါး မြွေ ၄-စင်းနှင့်တူပုံစသည်

၁၂-ဝါရ (အာဒီန၀ဉာဏ်ဖြစ်ပုံအခြင်းအရာ)

အာဒီန၀ဉာဏ် ၁၅-ပါး

သန္တိပဒဉာဏ် ၁၅-ပါး

ယမကဉာဏ် ၁၅-ပါး

အာဒီန၀ဉာဏ်ဖြစ်ကြောင်း ၅-ပါး

အာမိသ ၃-ပါးနှင့် အရကောက်

နိဗ္ဗိဒါနုပဿနာဉာဏ်

ဥပမာ ၃-မျိုး

ဉာဏ် ၃-ပါးတူပုံနှင့် ထူးပုံ

မုဉ္စိတုကမျတာဉာဏ်

ဥပမာ ၁၁-မျိုး

ပဋိသင်္ခါဉာဏ်

မြွေဟောက်တွေ့သော တံငါ ဥပမာ

သင်္ခါရုပေက္ခာဉာဏ်

အဘို့ ၂-ပါးဖြင့် (သင်္ခါရတရားကို) ဆင်ခြင်ခြင်း

အဘို့ ၄-ပါးဖြင့် ဆင်ခြင်ခြင်း

အခြင်းအရာ ၆-ပါးဖြင့် ဆင်ခြင်ခြင်း

အခြင်းအရာ ၈-ပါးဖြင့် ဆင်ခြင်ခြင်း

အခြင်းအရာ ၁၀-ပါးဖြင့် ဆင်ခြင်ခြင်း

အခြင်းအရာ ၁၂-ပါးဖြင့် ဆင်ခြင်ခြင်း

အခြင်းအရာ ၄၂-ပါးဖြင့် ဆင်ခြင်ခြင်း

အခြင်းအရာ ၄၂-ပါး ရေတွက်ပုံ

သုညတ ထင်ပုံ

သင်္ခါရုပေက္ခာဉာဏ် ဖြစ်ပေါ်ခြင်း

အနုလောမဉာဏ်

နိဗ္ဗာန်သို့ ဝင်ခြင်း

ဝိမောက္ခ မုခ ၃-ပါး

အနိမိတ္တ ဝိမောက္ခ မုခ

အပ္ပဏိဟိတ ဝိမောက္ခ မုခ

သုညတ ဝိမောက္ခ မုခ

အနုပဿနာ ၃-ပါးတို့ ဝိမောက္ခ မည်ပုံ

အနိမိတ္တ ဝိမောက္ခ အမည်မရခြင်း (မဂ်၏)

ကေစိဝါဒ (အနိမိတ္တ ဝိမောက္ခ မမည်ပုံ)

ဝိမောက္ခ အမည်ရခြင်း အကြောင်း ၅-ပါး

အရိယာပုဂ္ဂိုလ် ၇-မျိုး

သဒ္ဓါနုသာရီ ပုဂ္ဂိုလ်

သဒ္ဓါဝိမုတ္တ ပုဂ္ဂိုလ်

ကာယသက္ခိ ပုဂ္ဂိုလ်

ဥဘတော ဘာဂ ဝိမုတ္တ ပုဂ္ဂိုလ်

ထေရဝါဒ (ဥဘတော ဘာဂ ဝိမုတ္တ မည်ပုံ)

ဓမ္မာနုသာရီ ပုဂ္ဂိုလ်

ဒိဋ္ဌိပ္ပတ္တ ပုဂ္ဂိုလ်

ပညာ ဝိမုတ္တ ပုဂ္ဂိုလ်

အရိယာ ပုဂ္ဂိုလ် ၇-ယောက်၌ အဆုံးအဖြတ်

သိခါပတ္တ မည်သော ဉာဏ် ၃-ပါး

ဝုဋ္ဌာနဂါမိနီလည်း မည်ခြင်း

ပုဂ္ဂိုလ် ၈-ယောက်

ပုဂ္ဂိုလ် ၁၆-ယောက်

တပြိုင်နက် ခန္ဓာ ၅-ပါးမှ ထမြောက်ပုံ

ပုဂ္ဂိုလ် ၉-ယောက်

ဘယဉာဏ်အတွက် ဥပမာ ၁၂-မျိုး

လင်းနို့ ဥပမာ

ရေ မြွေဟောက် ဥပမာ

အိမ် ဥပမာစသည် ၄-မျိုး

အစာမွတ်သူ ဥပမာ စသည် ၆-မျိုး

ဗောဇ္ဈင် စသည်တို့ အထူးပြုပုံ

ထေရာဝါဒ ပြဆိုချက်

အထူး၏ အဓိပ္ပါယ် (ဗောဇ္ဈင် မဂ္ဂင် ဈာန်၌)

ပဋိပဒါနှင့် အဘိညာ

ဒုက္ခပဋိပဒါ မည်ပုံ

သုခ ပဋိပဒါ မည်ပုံ

မဟာဋီကာအလို (ပဋိပဒါ အဆုံးအဖြတ်)

ခိပ္ပါဘိညာနှင့် ဒန္ဓာဘိညာ မည်ပုံ

မဂ်အပြား ၄-ပါး

အနုလောမဉာဏ်

အနုလောမဉာဏ် မည်ခြင်းအကြောင်း

ဝုဋ္ဌာနဂါမိနီဝိပဿနာ၏ အမည်များ

ဉာဏဒဿန ဝိသုဒ္ဓိ

ဂေါတြဘူ ကိစ္စတပ်ပုံ

ဂေါတြဘူ မည်ခြင်းအကြောင်း

ဂေါတြဘူဉာဏ် နိဗ္ဗာန်မြင်ခြင်း

သောတာပတ္တိမဂ်ဉာဏ်

သောတာပတ္တိမဂ်၏အကျိုး

သောတာပတ္တိဖိုလ်

ပစ္စဝေက္ခဏာဝီထိ ၅-ပါး

အထက်မဂ် ၃-ပါး

ဝေါဒါန် (မည်ပုံ)

အရဟတ္တဖိုလ်နောင် ပစ္စဝေက္ခဏာ ၄-ဝီထိ

ရဟန္တာ၏ ဂုဏ်ကျေးဇူး

ဉာဏဒသနဝိသုဒ္ဓိ၏ ဂုဏ်ငါးပါး

ဗောဓိပက္ခိယ

ဗောဓိပက္ခိယ၌ ဈာန်တရား မပါဝင်ခြင်းအကြောင်း

မဂ် ဖိုလ်စိတ္တုပ္ပါဒ်၌ရသော ဗောဓိပက္ခိယတရားများ

မဂ်၏ဝုဋ္ဌာနအမည်ရပုံ

ဗလ ၂-ပါး

မဂ် ၄-ပါးနှင့် ပယ်အပ်သောတရားများ

ဥပ္ပန္န ၄-ပါးနှင့် မဂ်ဖြင့်ပယ်အပ်သော ဥပ္ပန္န

ပယ်အပ် မပယ်အပ်သော ဥပ္ပန္န

ဆီမီး နေ လှေ ဥပမာနှင့် မဂ်ကိစ္စ ၄-ပါး

မဂ်ဉာဏ်က မဂ္ဂသစ္စာကို ပွါးစေပုံ

သစ္စာ ၄-ပါးကို ၁၆-ပါးသောအခြင်းအရာဖြင့်သိပုံ

မဂ်ကိစ္စ ၄-ပါး အကျယ် ဆုံးဖြတ်ချက်

သစ္စာ ၄-ပါး၏ ကိစ္စအသီးသီး

ပရိညာကိစ္စ ၃-ပါး

ဉာတပရိညာ (၏ဖြစ်ရာဘုံ)

တီရဏပရိညာ (ဖြစ်ရာဘုံ)

ပဟာနပရိညာ (၏ဖြစ်ရာဘုံ)

ပဟာန် ၃-ပါး

ဝိက္ခမ္ဘနပဟာန်

တဒင်္ဂပဟာန်

သမုစ္ဆေဒပဟာန်

သစ္ဆိကိရိယာ ၃-ပါး

ဘာဝနာ ၂-ပါး

ပညာဘာဝနာနိသံသ

ဖိုလ်ဝင်စားပုံ

ဖိုလ်ချမ်းသာ

နိရောဓသမာပတ် ဖြစ်ခြင်း ၅-ပါး

နိရောဓသမာပတ် ဝင်စားပုံ

နိရောဓသမာပတ်၏ ပုဗ္ဗကိစ္စ ၄-ပါး

နာနာဗဒ္ဓ အဝိကောပန

သံဃပ္ပဋိမာနန

သတ္ထု ပက္ကောသန

အဒ္ဓါန ပရိစ္ဆေဒ

အဒ္ဓါန ပရိစ္ဆေဒ မဆင်ခြင်ခြင်း၏ အပြစ်

ပုဗ္ဗကိစ္စ ၄-ပါး မပြုခြင်း၏ အပြစ်

သင်္ခါရ ၃-ပါး

ဗလ ၂-ပါး

ဉာဏစရိယာ ၁၆-ပါး

သမာဓိစရိယာ ၉-ပါး

ဝသီဘာဝ ၅-ပါး

နိရောဓသမာပတ်၏ တည်ပုံ ထပုံ စိတ်ညွတ်ပုံ

နိရောဓသမာပတ်သည် နိပ္ဖန္နသာ

နိရောဓသမာပတ်ကို ဒိဋ္ဌဓမ္မ နိဗ္ဗာန်ဟုဆိုရခြင်း

ကိလေသာတို့ကို အဆင့်ဆင့်ပယ်ပုံ

သတ္တက္ခတ္တု ပရမသောတာပန်

၇-ဘဝယူပုံ အဆုံးအဖြတ်

ကောလံ ကောလ သောတာပန်

ဧကဗီဇီ သောတာပန်

သောတာပန် ၃-မျိုး ဖြစ်ကြောင်း

သောတာပန် အပြား

သကဒါဂါမ် ၅-မျိုး

သကဒါဂါမ် အပြား

အနာဂါမ် ၅-ယောက်

ဥဒ္ဓံသောတ အကနိဋ္ဌဂါမိ အနာဂါမ် ၄-မျိုး

အနာဂါမ် အပြား

ရဟန္တာ ၅-ပါး

ရဟန္တာ အပြား

အရိယာပုဂ္ဂိုလ် အကျယ်ပြ သင်္ဂဟလင်္ကာ

သတိပေး ဆုံးမစကား

ဥယျောဇဉ်

နိဂုံး ဆုတောင်း

ကျမ်းအမည်

ကျမ်းပြီး သက္ကရာဇ်

နောက်ဆက်တွဲ မာတိကာ

သိမှတ်ဖွယ်ရာ ခက်ဆစ်ရှင်းချက်များ
ပိဏ္ဍပါတ်ဓုတင်၏ အကျိုးများ

ရသတဏှာကို ပယ်ခွါနိုင်ခြင်း အကျိုး
မာနကို ပယ်နိုင်ခြင်း အကျိုး
ရဟန်းတော်တို့ကို မအပ်သောနည်းဖြင့် ပင့်ဖိတ်ပုံ
ရဟန်းတော်တို့ကို အပ်သောနည်းဖြင့် ပင့်ဖိတ်ပုံ
ဂဏ ဘောဇန မည်ပုံ
ဂဏ ဘောဇန သိက္ခာပုဒ်
ပိဏ္ဍပါတ် ဓုတင်ဆောင် ပုဂ္ဂိုလ်၌ ဂဏ ဘောဇန သိက္ခာပုဒ်အတွက် အပြစ် မရှိနိုင်ခြင်း
ပရမ္ပရ ဘောဇန သိက္ခာပုဒ်
ပိဏ္ဍပါတ် ဓုတင်ဆောင် ရဟန်း၌ ပရမ္ပရ ဘောဇန သိက္ခာပုဒ် အရ အပြစ် မရှိနိုင်ခြင်း
စာရိတ္တ သိက္ခာပုဒ်
ပိဏ္ဍပါတ် ဓုတင်ဆောင် ပုဂ္ဂိုလ်၌ စာရိတ္တ သိက္ခာပုဒ်အရ အပြစ် မရှိနိုင်ခြင်း
စရိုက် ၆-ပါးကို အကျယ် ၆၃-ပါးဖြင့် ဝေဖန်ပြခြင်း

စရိုက်အပြား ၆၃-ပါး

ရာဂါဒိတိက်စရိုက် ၇-ပါး
သဒ္ဓါဒိတိက်စရိုက် ၇-ပါး

မိဿကစရိုက် ၄၉-ပါး

ဧကမူ၌ စရိုက် ၂၁-ပါး
ဒွိမူ၌စရိုက် ၂၁-ပါး
တိမူ၌စရိုက် ၇-ပါး
ပဋိဘာဂနိမိတ် ရကောင်းသော ကမ္မဋ္ဌာန်း၂၂-ပါး
ပဋိဘာဂနိမိတ် မရကောင်းသော အာရုံများ
ပရိကမ္မနိမိတ်
ဥဂ္ဂဟနိမိတ်
ပဋိဘာဂနိမိတ်
အထူးသတိပြုရန်အချက်
ကမ္မဋ္ဌာန်း၌ နိမိတ် ၃-ပါးရပုံ
ပရိကမ္မနိမိတ်နှင့် ဥဂ္ဂဟနိမိတ် ရကောင်းသော ကမ္မဋ္ဌာန်းများ
ပဋိဘာဂနိမိတ် မရခြင်းအကြောင်း
ပဋိဘာဂနိမိတ် ရခြင်း မရခြင်းအကြောင်း တနည်း
ပရမတ်နိမိတ်နှင့် ပညတ်နိမိတ် အစုံရသည့် ကမ္မဋ္ဌာန်း၌သာ ပဋိဘာဂနိမိတ် ရနိုင်ခြင်း

ကသိုဏ်းနိမိတ်ကို ချဲ့၍ပွါးများပုံ

ပဋိဘာဂနိမိတ်ကို ချဲ့ပွါးရခြင်း
ချဲ့ပွါးရမည့်အခါ ၂-ပါး (ပဋိဘာဂနိမိတ်ကို)
ဥဂ္ဂဟနိမိတ်ကို ချဲ့၍ မပွါးစကောင်း
ချဲ့ပွါးပုံ (ပဋိဘာဂနိမိတ်ကို)
မချဲ့အပ်သောနည်း
ချဲ့အပ်သောနည်း
ပတ္တ ဝဍ္ဎနနည်း
ပူဝ ဝဍ္ဎနနည်း
ဘတ္တဝဍ္ဎနနည်း
လတာ ဝဍ္ဎနနည်း
ဒုဿ ဝဍ္ဎနနည်း
ကဿက ဝဍ္ဎနနည်း
သီမာ ဗန္ဓနနည်း

ဗြဟ္မဝိဟာရ ၄-ပါး တို့၏ ကွဲပြားထူးခြားပုံများ

အာဟာရေ ပဋိကူလသညာပွါးနည်း

ပုတ္တ မံသူပမာ
နိစ္စမ္ပ ဂါဝူပမာ
အင်္ဂါရကာသူပမာ
သတ္တိသူလူပမာ
ကောဋ္ဌာသ ၄၂-ပါးကို ကလာပ်ဖွဲ့ပုံ
အာယတနပြည့်စုံသည့် ခန္ဓာကိုယ်၌ ရအပ်သော ကလာပ်စည်းနှင့် ရုပ်ပေါင်း

ဧကဇကောဋ္ဌာသ၌ရသော ကလာပ်ပေါင်း
ဒွိဇကောဋ္ဌာသ၌ရသော ကလာပ်ပေါင်း
စတုဇကောဋ္ဌာသ၌ ရသော ကလာပ်ပေါင်း
မံသကောဋ္ဌာသ၌ ရသော ရုပ်ကလာပ်
တကိုယ်လုံး၌ ရသော ကလာပ်ပေါင်း

အသင်္ချေယျကပ် ၄-ကပ်

သံဝဋ္ဋကပ်
သံဝဋ္ဋဋ္ဌာယီကပ်
ဝိဝဋ္ဋကပ်
ဝိဝဋ္ဋဋ္ဌာယီကပ်
အန္တရကပ်(မည်ပုံ)
အသင်္ချေယျကပ်(မည်ပုံ)
မဟာကပ်(မည်ပုံ)
သံဝဋ္ဋ ၃-မျိုး
ကမ္ဘာပျက်သည့်အခါ သတ္တဝါအားလုံး ဗြဟ္မာပြည်၌ ဖြစ်ရခြင်းအကြောင်း
ပုဗ္ဗေနိဝါသ သိမြင်ပုံ
ပုဗ္ဗေနိဝါသ(မည်ပုံ)

ပုဗ္ဗေနိဝါသ သိမြင်သူ ၆-ဦး

၁။ တိတ္ထိ သိမြင်ပုံ
၂။ ပကတိသာဝက သိမြင်ပုံ
စုတိပဋိသန္ဓေ ပြောင်းရွှေ့ကြည့်ပုံ
၃။ အသီတိ မဟာသာဝက သိမြင်ပုံ
၄။ အဂ္ဂသာဝက သိမြင်ပုံ
၅။ ပစ္စေကဗုဒ္ဓါ သိမြင်ပုံ
၆။ ဘုရားရှင် သိမြင်ပုံ

ဝီရိယဖြစ်ကြောင်း ဝတ္ထု ၈-ပါး

၁။ ပြုလတ္တံ့သော အမှုကိစ္စ
၂။ ပြုခဲ့ပြီးသော အမှုကိစ္စ
၃။ သွားရလတ္တံ့သော လမ်းခရီး
၄။ သွားခဲ့ပြီးသော လမ်းခရီး
၅။ အနည်းငယ်သော အနာရောဂါ (အနာရောဂါဖြစ်ခါစ)
၆။ အနာရောဂါမှ ပျောက်ကင်းကျန်းမာခါစ
၇။ ဆွမ်းဘောဇဉ် ပြည့်ပြည့်စုံစုံရခြင်း
ဂ။ ဆွမ်းဘောဇဉ် ပြည့်ပြည့်စုံစုံ မရခြင်း
ကုသီတဝတ္ထု ၈-ပါး

နာမ်ထင်ရှားသည့်တိုင်အောင် ရုပ်ကို သိမ်းဆည်းအပ်ခြင်း

ကြေးမုံကြည့်သူ ဥပမာ
ဆီပွတ်ယောက်ျား ဥပမာ
ရေကြည်စေလိုသူ ဥပမာ
ကြံညှစ်သမား ဥပမာ
နွားကြမ်းကိုဆုံးမသူ ဥပမာ
သူခိုးကို စစ်ဆေးသော မင်းဥပမာ
ဆီဥထောပတ်လိုသူ ဥပမာ
ဟင်းချက်သူ ဥပမာ

အဓွန့် ၃-ပါး၌ ယုံမှားခြင်း, ယုံမှားခြင်း ၁၆-မျိုး

အတိတ်အဓွန့်၌ ယုံမှားခြင်း ၅-ပါး
အနာဂတ်အဓွန့်၌ ယုံမှားခြင်း ၅-ပါး
ပစ္စုပ္ပန်အဓွန့်၌ ယုံမှားခြင်း ၆-ပါး
တနည်း ယုံမှားခြင်း ၈-မျိုး
ရဟန္တာဟု မိမိကိုယ်ကို ထင်မှတ်နေသည့် မဟာနာဂမထေရ်ကြီး
ပုဂ္ဂိုလ် ၈-ယောက် ၁၆-ယောက် ၉-ယောက်တို့ကို ပြခြင်း
အရိယာပုဂ္ဂိုလ် ၈-ယောက် ပြားပုံ
အရိယာပုဂ္ဂိုလ် ၁၆-ယောက်ပြားပုံ
အရိယာပုဂ္ဂိုလ် ၉-ယောက်ပြားပုံ

ဥပ္ပန္န ၄-ပါး

ဥပ္ပန္န ၄-ပါး အဓိပ္ပါယ်အကျယ်
ဝတ္တမာနုပ္ပန္န
ဘူတာပဂတုပ္ပန္န
ဩကာသကတုပ္ပန္န
ဘူမိလဒ္ဓုပ္ပန္န
မဂ်ပယ် ဥပ္ပန္န

တနည်း ဥပ္ပန္န ၄-ပါး

သမုဒါစာရုပ္ပန္န
အာရမ္မဏာဓိဂ္ဂဟိတုပ္ပန္န
အဝိက္ခမ္ဘိတုပ္ပန္န
အသမူဟတုပ္ပန္န

ပရမတ္ထသရူပဘေဒနီကျမ်း ဒုတိယတွဲ

မာတိကာ ပြီး၏။

---

ပရမတ္ထသရူပဘေဒနီကျမ်း (ဒုတိယတွဲ)

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

၉-ကမ္မဋ္ဌာန်းပိုင်း

▬▬▬▬▬▬▬

(၁၄ - သမထနည်း)

သီလဝိနိစ္ဆယ

ဣဒါနိ သမထနယော ဝုစ္စတေ။

တရားအားထုတ်ကြရန် တိုက်တွန်းချက်

▬▬▬▬▬▬▬

ဇာတိကုလပုတ္တ အာစာရကုလပုတ္တ ဓမ္မမာမက လဇ္ဇီပေသလ သိက္ခာကာမ သံသာရဘယဘီရုက ဖြစ်ကြကုန်သော အမျိုးကောင်းသားတို့သည် ဘဝများစွာ သံသရာက ခါခါဖန်များ ခံစား၍မဝ စံစား၍ အားမရနိုင်သော ခွေး ဝက် ကြက် ငှက် ပရွက် တို့မှ မလွတ်ရသည့် သဗ္ဗသန္တက ဗဟုသာဓာရဏ လောကိယစည်းစိမ် လာဘ်လာဘ ဂုဏ်သိရ်ကို ချိုးနှိမ် ခါ တွက် ကိုယ်အသက်၌ ငဲ့ကွက်ညှာတာ ထောက်စာ မရှိ ပလိဗောဓကြီး ကိုးသွယ် ပလိဗောဓငယ် - အများတို့ကို ပယ်ရှားစွန့်ခွါလျက် လွန်စွာ မဟေး ဇာတိဘေး စသည်တို့၏ ကင်းလွတ်ရာ ခေမာနဂရ အဘယပုရ အမတသာခေါင် မီးမလောင်သည့် ငွေဆောင်ကမ်းမ အနိမိတ္တ အပ္ပဏိဟိတ သုညတဓာတ် အောင်ဇေယျာ ဥက္ကဌ် ပြည်နိဗ္ဗူနန်းမြတ်သို့ ဖြောင့်မတ်စွာ ရောက်ကြောင်း ဆိပ်ကမ်းကောင်းတမျှ မင်းလမ်းမ ဥပမာ ဤဆိုလတ္တံ့သော သမထလမ်း၊ ဤဆိုလတ္တံ့သော ဆိပ်ကမ်းသို့ ကူးလှမ်း သက်ဆင်းကြ၍ ဘေးကင်းရာ ဧကန် မုချမှန်သော နိဗ္ဗာန် သောင်ရပ် မြေအောင် တပ်သို့ ချဉ်းကပ်လျင်စွာ မကြာကူးမြောက် ဤ သာသနာတော်မြတ် မျက်မှောက်၌ပင် ရောက်အောင် ကြိုးကုတ် အားထုတ်နိုင် ကြပါစေကုန်သတည်း။

[၁။ ပလိဗောဓ = (ကမ္မဋ္ဌာန်းဘာဝနာ ပွါးများအားထုတ်မှု၏) အနှောင့်အရှက်။

ပလိဗောကြီးကိုးသွယ် = အာဝါသစသော ပလိဗောဓ ၁၀-ပါးတွင် ဣဒ္ဓိပလိ ဗောဓမှတပါး ကျန်သော ပလိဗောဓ ကိုးပါးသာလျှင် သမထဘာဝနာ၏ အနှောင့်အယှက် ဖြစ်သည်။ ပလိဗောဓ ၁၀-ပါး အားလုံးပင် ဝိပဿနာ၏ အနှောင့်အရှက်ဖြစ်သည်။

ပလိဗောဓ ၁၀-ပါး

၁-အာဝါသ ပလိဗောဓ
၂-ကုလ ပလိဗောဓ
၃-လာဘ
၄-ဂဏ (အဖွဲ့-အုပ်စုဂိုဏ်း)၊
၅-ကမ္မ (အမှုသစ်ကိစ္စ)၊
၆- အဒ္ဓါန (ခရီးသွားခြင်း ခရီးသွားလိုခြင်း)၊
၇-ဉာတိ (ဆွေမျိုး)၊
၈-အာဗာဓ(အနာရောဂါ)၊
၉-ဂန္ထ (စာပေသင်ကြား ပို့ချမှု)၊
၁၀-ဣဒ္ဓိပလိဗောဓ
(ဝိသုဒ္ဓိ၊ ဋ္ဌ၊ ၁၊ နှာ-၈၆-၉၃။ ဝိသုဒ္ဓိ၊ ဋီ၊ ၁၊ နှာ-၁၁၆-၁၁၉)

သမံ သမ္မာ စ ဧကတ္ထ၊
အာဓေတိ သမ္ပယုတ္တကေ။
သမာဓိ တဿာဝိက္ခေပေါ၊
ဝိက္ခေပဿ ဝိဓံသနံ။
အဝိကမ္ပနံ သုခန္တိ၊
ဝိညေယျာ လက္ခဏာဒယော [၁]။

သမာဓိမည်ပုံ

▬▬▬▬▬

ယော ဓမ္မော၊ အကြင်တရားသည်။
သမ္မယုတ္တကေ၊ ယှဉ်ဘက်တရားတို့ကို။
သမံ စ၊ အညီအညွတ်၎င်း။
သမ္မာ စ၊ မဖောက်မပြန် ဖြောင့်မှန်စွာ၎င်း။
ဧကတ္ထ၊ ကသိုဏ်းစသော တခုတည်းသော အာရုံ၌။
အာဓေတိ၊ ထားတတ်၏။
ဣတိ၊ ထို့ကြောင့်။
သော ဓမ္မော၊ ထိုတရားသည်။
သမာဓိ၊ သမာဓိမည်၏။

သမာဓိ၏ လက္ခဏ ရသ စသည်

▬▬▬▬▬▬▬▬▬▬▬

တဿ၊ ထိုသမာဓိ၏။
အဝိက္ခေပေါ၊ မပျံ့လွင့်ခြင်း၎င်း။
ဝိက္ခေပဿ၊ ပျံ့လွင့်ခြင်း ဥဒ္ဓစ္စကို။
ဝိဓံသနံ၊ ဖျက်ဆီးခြင်း၎င်း။
အဝိကပ္ပနံ၊ မတုန်လှုပ်ခြင်း၎င်း။
သုခံ၊ ချမ်းသာခြင်း၎င်း။
ဣတိ ဣမေလက္ခဏာဒယော၊ ဤလက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်တို့ကို။
ဝိညေယျာ၊ သိအပ်ကုန်၏။

ဤသို့သော ဝစနတ္ထ လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်ရှိသော အဓိစိတ္တ သိက္ခာ [၂] မဇ္ဈေကလျာဏ [၃], ဆဠာဘိညူပနိသယ အတ္တကိလမထာနုယောဂဝဇ္ဇန ကာမဘဝါတိက္ကမနူပါယ ဝိက္ခမ္ဘနပ္ပဟာန ပရိယုဋ္ဌာနပဋိပက္ခ တဏှာသံကိလေသ ဝိသောဓန အနာဂါမိဘာဝကာရဏ, စိတ္တဝိဝေက [၄] အလောဘ ကုသလမူလ အပ္ပဏိဟိတမောက္ခမုခ [၅], အညိန္ဒြိယ ... စသော သတ္တိဂုဏ်နှင့် ပြည့်စုံသော ကုသလ စိတ္တေကဂ္ဂတာ ဘာဝနာ သမာဓိသည် --

[၁။ ဝိသုဒ္ဓိ-၁၊ ၁-၈၁။

၂။ အဓိစိတ္တသိက္ခာ = ဝိပဿနာ အခြေခံဖြစ်၍ ဈာန်လည်းရနိုင်သည့် စိတ်၏တည်ကြည်မှု သမာဓိဖြစ်သောအကျင့် (ဥပစာရသမာဓိနှင့် အပ္ပနာသမာဓိ)။

၃။ မဇ္ဈေကလျာဏ = အလယ်၏ကောင်းခြင်း (အစ၏ကောင်းခြင်း “အာဒိကလျာဏ”မှာ သီလဖြစ်သည်။ အလယ်၌ ကောင်းခြင်းမှာ “အဓိစိတ္ထ” ဖြစ်သည်။ အဆုံး၏ ကောင်းခြင်း “ပရိယောသာန” ကလျာဏမှာ အဓိပညာ ဝိပဿနာပညာ ဖြစ်သည်။ ဤသည်တို့ကို သိက္ခာ ၃-ပါးဟုခေါ်သည်)

၄။ စိတ္တဝိဝေက = စိတ်၏ (ကိလေသာမှ) ကင်းဆိတ်ခြင်း၊

၅။ အပ္ပဏိဟိတ ပိမောက္ခ = (အပ္ပဏိဟိတ = တောင့်တမှု တဏှာမရှိခြင်း + ဝိမောက္ခ = လွတ်မြောက်မှု + မုခ = အကြောင်း၊ တံခါးမုခ်) = ရုပ်နာမ်ဓမ္မသင်္ခါရတရား တခုခုကို ဒုက္ခဟု ရှု၍ ထိုရုပ်နာမ်သင်္ခါရ၌ တောင့်တမှု တဏှာတည်းဟူသော “ပဏိဟိတမှ လွတ် မြောက်ကြောင်းဖြစ်သော အဖန်ဖန်ရှုဆင်ခြင်မှု အပ္ပဏိဟိတာနုပဿနာ ဝိမောက္ခမုခ” ဘာဝနာ ရင့်သန်လာသောအခါ “ဝိမောက္ခ ဟု ခေါ်သော “မဂ်” ရသည်။]

သမထ ကမ္မဋ္ဌာန်းမည်ပုံ

▬▬▬▬▬▬▬▬

နီဝရဏ ဝိတက္က ဝိစာရ ပီတိ သုခသင်္ခါတေ ပဋိပက္ခဓမ္မေ သမေတီတိ သမထော။ ကရိယတေ ကရဏံ ဝါ ကမ္မံ၊ အာရမ္မဏေ နိစ္စလဘာဝေန တိဋ္ဌတီတိ ဌာနံ၊ ကမ္မမေဝ ဌာနံ ကမ္မဋ္ဌာနံ။ ပုရိမံ ပုရိမံ ဝါ ဘာဝနာကမ္မံ ပစ္ဆိမဿ ပစ္ဆိမဿ ဘာဝနာကမ္မဿ ဌာနန္တိ ကမ္မဋ္ဌာနံ။ သမထော စ သော ကမ္မဋ္ဌာနဉ္စာတိ သမထကမ္မဋ္ဌာနံ' ဟူသော ဝစနတ္ထကြောင့် သမထကမ္မဋ္ဌာန်း မည်၏။

နီဝရဏ ဝိတက္က ဝိစာရ ပီတိ သုခ သင်္ခါတေ၊ နီဝရဏ ၅-ပါး ဝိတက် ဝိစာရ ပီတိ သုခဟု ဆိုအပ်ကုန်သော။
ပဋိပက္ခဓမ္မေ၊ ပထမဈာန် ဒုတိယဈာန်စသည့် အသီး အသီးသော ဈာန်တို့၏ ဆန့်ကျင် ဘက်ဖြစ်ကုန်သော တရားတို့ကို၊
သမေတိ၊ ငြိမ်းအေးစေတတ်၏။
ဣတိ၊ ထို့ကြောင့်။
သမထော၊ သမထ မည်၏။

ကရိယတေ၊ ပြုအပ်၏။
ဝါ၊ တနည်းကား။
ကရဏီ၊ ပြုခြင်း။
ဣတိ၊ ထို့ကြောင့်။
ကမ္မံ၊ ကမ္မမည်၏။

အာရမ္မဏေ၊ အာရုံ၌။
နိစ္စလဘာဝေန၊ တုန်လှုပ်ခြင်း မရှိသည်၏ အဖြစ်ဖြင့်။
တိဋ္ဌတိ၊ တည်တတ်၏။
ဣတိ၊ ထို့ကြောင့်။
ဌာနံ၊ ဌာနမည်၏။

ကမ္မမေဝ၊ လုပ်ငန်းကိုပြုလုပ်မှုသည်သာလျှင်။ ဌာနံ၊ တည်ရာတည်း။ ကမ္မဋ္ဌာနံ၊ လုပ်ငန်းပြုလုပ်မှုသည်ပင်လျှင် တည်ရာဟု ဆိုလိုသည်။

ဝါ၊ တနည်းကား။
ပုရိမံ ပုရိမံ၊ ရှေးရှေးဖြစ်သော။
ဘာဝနာကမ္မံ၊ ဘာဝနာမှု ဘာဝနာလုပ်ငန်းသည်။
ပစ္ဆိမဿ ပစ္ဆိမဿ၊ နောက်နောက်ဖြစ်သော။
ဘာဝနာကမ္မဿ။ ဘာဝနာလုပ်ငန်း၏။
ဌာနံ၊ တည်ရာတည်း။
ဣတိ၊ ထို့ကြောင့်။
ကမ္မဋ္ဌာနံ၊ ကမ္မဋ္ဌာန မည်၏။
သမထော စ၊ သမထလည်း ဟုတ်၏။
သော၊ ထိုသမထ ဟူသည်။
ကမ္မဋ္ဌာနဉ္စ၊ ကမ္မဋ္ဌာန်းလည်းမည်၏။
ဣတိ၊ ထို့ကြောင့်။
သမထကမ္မဋ္ဌာနံ၊ သမထကမ္မဋ္ဌာန်း မည်၏။

ထိုကုသလစိတ္တေကဂ္ဂတာ ဘာဝနာ သမာဓိ၏ အာရုံဖြစ်သော---

ကသိုဏ်းဆယ်ဖြာ၊ ဆယ်သုဘာနှင့်၊
ဒသာနုဿတိ၊ လေးရှိပမညာ၊
သညာ ဝ ၀တ္ထာန်၊ လေးတန် အရူပ၊
သမထ၊ ဘေဒ စတ္တာလီ --

ဟူသော လေးဆယ်သော အာရုံသည်လည်း “ဘာဝနာကမ္မံ တိဋ္ဌတိ ဧတ္ထာတိ ကမ္မဋ္ဌာနံ” ဟူသော ဝစနတ္ထကြောင့် ကမ္မဋ္ဌာန်းမည်၏။

ဧတ္ထ၊ ဤကသိုဏ်းစသော အာရုံ၌။
ဘာဝနာကမ္မံ၊ ဘာဝနာမှု ဘာဝနာလုပ်ငန်းသည်။
တိဋ္ဌတိ၊ တည်တတ်၏။
ဣတိ၊ ထို့ကြောင့်။
ကမ္မဋ္ဌာနံ၊ ကမ္မဋ္ဌာန်း မည်၏။

နိဗ္ဗာန်ရောက်ရေး နတ်သား၏အမေး

▬▬▬▬▬▬

ထိုကမ္မဋ္ဌာန်းကို စီးဖြန်းပွါးများကာ သံသရာ နခမ်းသတ်၍ နိဗ္ဗူသောင်ကမ်း ခပ်လိုသော ပုဂ္ဂိုလ်ယောဂီ လဇ္ဇီပေသလ ဓမ္မဒါယာဒ ကုလပုတ္တအများ အမျိုးကောင်းသားတို့သည် —

အန္တော ဇဋာ ဗဟိ ဇဋာ၊
ဇဋာယ ဇဋိတာ ပဇာ။
တံ တံ ဂေါတမ ပုစ္ဆာမိ၊
ကော ဣမံ ဝိဇဋယေ ဇဋံ။

ဂေါတမ၊ ဂေါတမနွယ်ဘွား သျှင်ပင်ဘုရား။
ယာ တဏှာ၊ အကြင်တဏှာကို။
အန္တောဇဋာ၊ မိမိ၏ ကိုယ်ပရိက္ခရာ အဇ္ဈတ္တိကာယတနတို့၌ ခါခါအောက်ထက် အဖျဉ်ခက်အောင် မြှေးရှက်ချုပ်စပ် တပ်စွန်းခြင်းကြောင့် အတွင်းအရှုပ် ဟူ၍၎င်း။
ဗဟိဇဋာ၊ သူတပါး၏ ကိုယ် ပရိက္ခရာ ဗာဟိရာယတနတို့၌ ခါခါအောက်ထက် အဖျဉ်ခက်အောင် မြှေးရှက်ချုပ်စပ် တပ်စွန်းရကား ပြင်ပအရှုပ်ဟူ၍၎င်း။
ဝုစ္စတိ၊ ဆိုအပ်ပါ၏။
တာယ ဇဋာယ၊ ထက်အောက်ဝန်းကျင် တွင်းပြင်မလပ် ချုပ်စပ်တပ်စွာ ထိုတဏှာသည်။
ပဇာ၊ သတ္တဝါ အပေါင်းကို။
ဇဋိတာ၊ ရှက်မြှေး ချုပ်စပ် ရစ်ပတ်အပ်၏။
တံ တသ္မာ၊ ထို့ကြောင့်။
တံ၊ သျှင်ပင်ဘုရားကို။
ပုစ္ဆာမိ၊ ဖြေဖျဉ်ပိုင်းခြား သိလိုအားနှင့် လျှောက်ထားမေးမြန်းပါ၏။
ကော၊ အဘယ်မည်သူ နတ်နှင့်လူသည်။
ဣမံ ဇဋံ၊ ပွေလိမ်ရှက်မြှေး တဏှာဟူသော ဤမိစ္ဆာ ချည်ထွေးကို။
ဝိဇဋယေ၊ ဖျဉ်စွမ်းနိုင်ပါအံ့နည်းဘုရား။

ဤသို့ နတ်သားတယောက် မေးလျှောက်ရာတွင် --

သီလေ ပတိဋ္ဌာယ နရော သပညော၊
စိတ္တံ ပညဉ္စ ဘာဝယံ။
အာတာပီ နိပကော ဘိက္ခု၊
သော ဣမံ ဝိဇဋယေ ဇဋံ။

ဘုရားရှင်၏အဖြေ

▬▬▬▬▬▬▬

ဒေဝပုတ္တ၊ နတ်သား၊
သပညော၊ တိဟိတ်ပဋိသန် ကမ္မဇဉာဏ် ရှိသော။
အာတပ၊ ကိလေသာ ဘေးရန်ကို ပူပန်စေတတ်သော လုံ့လရှိသော။
နိပကော၊ ကိစ္စဟူဟူ ခပ်သိမ်းမူကို ဆောင်ယူတတ်ဘိ ပါဋိဟာရိက [၁] ပညာရှိသော။
ဘိက္ခု၊ သံသရာ၌ လွန်စွာမဟေး ဇာတိဘေး စသည်ကို ရှုတတ်သော။
ယော နရော၊ အကြင် လူနတ် ဗြဟ္မာ သတ္တဝါသည်။
သီလေ၊ စတုပါရိသုဒ္ဓိသီလ၌။
ပတိဋ္ဌာယ၊ မြဲမြံစွာတည်လျက်။
စိတ္တဉ္စ၊ လေးဆယ်သော သမာဓိကို၎င်း။
ပညဉ္စ၊ ဝိပဿနာဉာဏ် ဆယ်ပါးကို၎င်း။
ဘာဝယံ ဘာဝယန္တော၊ ပွါးစေတတ်၏။
ဘိက္ခု၊ သံသရာဘေးကိုရှုတတ်သော။
သော နရော၊ သီလ ဓိတိ ဝီရိသုံးဖြာ ပညာသုံးပါး [၂] တရားခြောက်အင် [၃] စုံလင်တတ်စွာ ထို သတ္တဝါသည်။
ဣမံ ဇဋံ၊ ပွေလိမ်ရှက်မြှေး တဏှာဟူသော ဤမိစ္ဆာ ချည်ထွေးကို။
ဝါ၊ ပွေလိမ်ရှက်တင် တဏှာဟူသော ဤ ဝါးရုံပင်ကို။
ဝိဇဋယေ၊ ဖျဉ်စွမ်းနိုင်၏။

[၁။ ပါဋိဟာရိက = (ပါဋိ =သီးခြား + ဟာရိက = ဆောင်ခြင်း) = အထူးသီးခြား ဆောင်အပ်သော ပညာ။
ပါရိဟာရိက = ကမ္မဋ္ဌာန်းကို ထက်ဝန်းကျင် ဆောင်ခြင်း၌ ယှဉ်သောပညာ = ဝိပဿနာ ပညာဖြစ်အောင် အခြေခံဖြစ်သော ကမ္မဋ္ဌာန်း သင်ယူခြင်း မေးမြန်းခြင်း အားထုတ်ရာ၌ နှလုံးသွင်းပုံ အစီအစဉ်ကိုသိခြင်း စသည်။

၂။ ပညာ ၃-ပါး =
(၁) သပညော = ပဋိသန္ဓေ ပညာ၊ ဇာတိပညာ။
(၂) ပညဉ္စ ဘာဝယံ = ဝိပဿနာပညာ။
(၃) နိပကော = ပါဋိဟာရိက ပညာ (ဝိပဿနာ အခြေခံပညာ)။

၃။ သီလေ စိတ္တံ အာတာပီ = သီလ သမာဓိ ဝီရိယ (ပညာ ၃-ပါးနှင့် ပေါင်းသော် တရား ၆-ပါးဖြစ်သည်)]

ဤသို့ ဘုရားသဗ္ဗညု သုံးလူတို့ထိပ်မှူး သံဃာတော် ရင့်ကျူးသောကြောင့် ရှေးဦးစွာ --

---

သီလမည်ပုံနှင့် လက္ခဏာစသည်

▬▬▬▬▬▬

သိရဋ္ဌ သီတလဋ္ဌေဟိ၊
သလနဿု ပနဋ္ဌတော။
သာလာယ သဒိသတ္တာ စ၊
သီလန္တိ ဝုစ္စတေ ထဝါ။

သမာဓာတိ ဓာရေတိ စ၊
တဉ္စ သီလနလက္ခဏံ။
ဒုဿီလျဓံသနကိစ္စံ၊
နာဝဇ္ဇဂုဏသမ္ပဒံ။
သောစေယျပစ္စုပဋ္ဌာနံ၊
ဟိရောတ္တပ္ပသမုဋ္ဌိတံ။

သီလအနက်

▬▬▬▬▬

သိရဋ္ဌ သီတလဋ္ဌေဟိ၊ ဦးခေါင်းနှင့်တူသောအနက် ဧမြငြိမ်းချမ်းခြင်း အနက်တို့ကြောင့်၎င်း။
သလနဿု ပနဋ္ဌတော၊ အကုသိုလ်တို့ကို မဝင်ရအောင် ပိတ်ပင်မြစ်တားခြင်းအနက် ဒုစရိုက် အကျင့်ပျက်၏ အိပ်စက်ကြောင်း အနက်တို့ကြောင့်၎င်း။
သာလာယ သဒိသတ္တာ စ၊ ကုသိုလ်တရားတို့ ဝင်နားအပ်သည်ဖြစ်၍ စရပ်နှင့် တူသည်၏ အဖြစ်ကြောင့်၎င်း။
သီလန္တိ၊ သီလဟူ၍။
ဝုစ္စတေ၊ ဆိုအပ်၏။
အထ ဝါ၊ သဒ္ဒလက္ခဏဝိဒူတို့ ခွင့်မူသောတနည်းကား။
သမာဓာတိ၊ ကာယကံစသည်တို့ကို ကောင်းစွာ ထားတတ်၏။
ဓာရေတိ ဥပဓာရေတိ စ၊ ကုသိုလ်တရားတို့ကိုလည်း လွန်မင်းစွာ ဆောင်တတ်၏။
ဣတိ၊ ထို့ကြောင့်။
သီလန္တိ၊ သီလဟူ၍။
ဥစ္စတေ၊ ဆိုအပ်၏။

သီလ၏ လက္ခဏ ရသ စသည်

▬▬▬▬▬▬▬▬▬▬▬

တဉ္စ သီလံ၊ ထိုသီလသည်လည်း။
သီလနလက္ခဏံ၊ ကိုယ်နှုတ်ဟန်ကို မဖောက်ပြန်စေရ ကုသိုလ်ဓမ္မတို့၏ တည်ရာ လက္ခဏာရှိ၏။
ဒုဿီလျဓံသန ကိစ္စံ၊ သီလမဲ့သော အဖြစ်ကို သတ်ညှစ် ဖျက်ဆီးခြင်း ကိစ္စရသ ရှိ၏။
နာဝဇ္ဇဂုဏသမ္ပဒံ၊ အပြစ် မရှိခြင်း အနဝဇ္ဇဂုဏ်နှင့် ပြည့်စုံခြင်း သမ္ပတ္တိရသ ရှိ၏၊
သောစေယျ ပစ္စုပဋ္ဌာနံ၊ ကိုယ်နှုတ်နှလုံး၏ စင်ကြယ်ခြင်းလျှင် ထင်သော အခြင်းအရာ ရှိ၏။
ဟိရောတ္တပ္ပသမုဋ္ဌိတံ၊ ဟိရီ ဩတ္တပ္ပ ဟူသော ပဒဋ္ဌာန်ကြောင့် ဖြစ်၏။

ဤသို့သော ၀စနတ္ထ လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်ရှိသော စတုပါရီသုဒ္ဓိသီလကို ရွှေစင်သိင်္ဂီ နာရနီအလား ပတ္တမြားအစစ် ခရုသင်းပွတ်သစ် ပုလဲနှစ်အသွင် ဖွေးဖွေး စင်အောင် သုတ်သင် ရှင်းလင်းရာ၏။

သီလအပြား

▬▬▬▬

၂-ပါး ၇-လီ ပြားပုံ

▬▬▬▬▬▬

ထိုသီလသည် သီလနလက္ခဏာအားဖြင့် တပါးသာတည်း။

စာရိတ္တ ဝါရိတ္တ အားဖြင့်၎င်း။
အာဘိသမာစာရိက အာဒိဗြဟ္မစရိယက အားဖြင့်၎င်း။
ဝိရတိ အဝိရတိ အားဖြင့်၎င်း။
နိဿိတာ အနိဿိတ အားဖြင့်၎င်း။
ကာလပရိယန္တ အာပါဏကောဋိက အားဖြင့်၎င်း။
သပရိယန္တာပရိယန္တ အားဖြင့်၎င်း။
လောကိယ, လောကုတ္တရ အားဖြင့်၎င်း။
နှစ်ပါး ခုနှစ်လီ။

၃-ပါး ၅-လီ ပြားပုံ

▬▬▬▬▬▬

ဟီန မဇ္ဈိမ ပဏီတ အားဖြင့်၎င်း။
အတ္တာ လောကာ ဓမ္မာဓိပတေယျ အားဖြင့်၎င်း။
ပရာမဋ္ဌာ အပရာမဋ္ဌ ပဋိပဿဒ္ဓိ အားဖြင့်၎င်း။
ဝိသုဒ္ဓါ အဝိသုဒ္ဓ ဝေမတိက အားဖြင့်၎င်း။
သေက္ခာ အသေက္ခ နေဝသေက္ခနာသေက္ခ အားဖြင့်၎င်း၊
သုံးပါး ငါးလီ။

၄-ပါး ၄-လီ ပြားပုံ

▬▬▬▬▬▬▬

ဟာန ဌိတိ ဝိသေသ နိဗ္ဗေဓ ဘာဂိယ အားဖြင့်၎င်း၊
ဘိက္ခု ဘိက္ခုနီ အနုပသမ္ပန္န, ဂဟဋ္ဌ အားဖြင့်၎င်း။
ပကတိ အာစာရ ဓမ္မတာ ပုဗ္ဗဟေတုက အားဖြင့်၎င်း။
ပါတိမောက္ခသံဝရ ဣန္ဒြိယသံဝရ အာဇီဝပါရိသုဒ္ဓိ ပစ္စယသန္နိဿိတ အားဖြင့်၎င်း။
လေးပါး လေးလီ။

၅-ပါး ၂-လီ ပြားပုံ

▬▬▬▬▬▬

ပရိယန္တာ အပရိယန္တ၊ ပရိပုဏ္ဏာ အပရာမဋ္ဌ၊ ပဋိပဿဒ္ဓိ အားဖြင့်၎င်း။

ပဟာန ဝေရမဏိ စေတနာ သံဝရ အဝီတိက္ကမ အားဖြင့်၎င်း ငါးပါးနှစ်လီ အပြားရှိ၏။

စာရိတ္တနှင့် ဝါရိတ္တမည်ပုံ

▬▬▬▬▬▬▬▬▬

ထိုတွင် သဒ္ဓါ ဝီရိယဖြင့် ပြီးစေအပ်သော ကက္ကဗ္ဗသိက္ခာပဒ ပူရဏသည် “စရန္တိ ဥပဂစ္ဆန္တိ တေန သီလပါရိပူရိံ ပဝတ္တန္တိ ဝါ ဧတ္တာတိ စရိတံ၊ တမေဝ စာရိတ္တံ” ဟူသော ဝစနတ္ထကြောင့် စာရိတ္တသီလ မည်၏။

တေန၊ ထိုသီလဖြင့်။
ဝါ၊ ထိုသီလကြောင့်။
သီလပါရိပူရိံ ၊ သီလနှင့်ပြည့်စုံသည် အဖြစ်သို့။
စရန္တိ ဥပဂစ္ဆန္တိ ၊ ရောက်ကုန်၏။
ဝါ၊ တနည်း။
ဧတ္ထ၊ ဤ (အာဘိသမာစာရိက) ကျင့်ဝတ်သီလ၌။
ပဝတ္တန္တိ၊ ဖြစ်ကုန်၏။
ဣတိ၊ ထို့ကြောင့်။
စရိတံ၊ စရိတမည်၏။
တမေ၀၊ ထိုစရိတသည်ပင်။
စာရိတ္တံ၊ စာရိတ္တမည်၏။

သဒ္ဓါ သတိဖြင့် ပြီးစေအပ်သော အကတ္တဗ္ဗ ဒုစ္စရိတ အကရဏ သည် -- “ဝါရိတံ ဝါရိတတော ဝါ တာယန္တိ ရက္ခန္တိ တေနာတိ ဝါရိတ္တံ” ဟူသော ဝစနတ္ထနှင့် ဝါရိတ္တသီလ မည်၏။

တေန၊ ထိုသီလဖြင့်။
ဝါရိတံ၊ တားမြစ်အပ်သောအမှုကို။
ဝါ- တနည်းကား။
ဝါရိတတော၊ တားမြစ်အပ်သောအမှုမှ။
တာယန္တိ-ရက္ခန္တိ၊ (မပြုကျင့် မလွန်မကျူးမူ၍) စောင့်ရှောက်တတ်ကုန်၏။
ဣတိ၊ ထို့ကြောင့်။
ဝါရိတ္တံ၊ ဝါရိတ္တမည်၏။

(အကတ္တဗ္ဗ ဒုစ္စရိတ အကရဏ= မပြုကျင့်အပ်သော မကောင်းမှု ဒုစရိုက်ကို မပြုကျင့် ခြင်း။)

အာဘိသမာစာရိက

▬▬▬▬▬▬▬

အာဇီဝဋ္ဌမကသီလ [၁]မှ တပါးသော၊ ဝါ= ခုဒ္ဒါနုခုဒ္ဒက [၂] ဟူသော ဝါ= ခန္ဓက၌ အကျုံး ဝင်သော သီလသည် “အဓိကော သမာစာရော၀ အဘိသမာစာရံ ဝါ မဂ္ဂ ဖလသီလ မုဒ္ဒိဿ ပညတ္တံ အာဘိသမာစာရိကံ” ဟူသော ဝစနတ္ထကြောင့် အဘိသမာစာရိက မည်၏။

အဓိကော၊ လွန်မြတ်သော။
သမာစာရော၀၊ အကျင့်သည်သာလျှင်။
အာဘိသမာစာရိကံ၊ အာဘိသမာစာရိက သီလမည်၏။
(အဘိသမာစာရ = မဂ်ဖိုလ်)
ဝါ- တနည်းကား။
အဘိသမာစာရံ၊ အလွန်ထူးမြတ်သော အကျင့်ဟူသော။
မဂ္ဂဖလသီလံ၊ မဂ်ဖိုလ်၌ရှိသောသီလကို။
ဥဒ္ဒိဿ၊ ရည်မှန်း၍။
ပညတ္တံ၊ ပညတ်တော်မူအပ်သော သိက္ခာပုဒ် အကျင့်သီလသည်။
အာဘိသမာစာရိကံ၊ အာဘိသမာစာရိက သီလ မည်၏။

[၁။ အာဇီဝဋ္ဌမကသီလ = အာဇီဝလျှင် ၇-ခုမြောက် ရှိသောသီလ။ (သမ္မာဝါစာ ၄-ပါး သမ္မာကမ္မန္တ ၃-ပါး သမ္မာအာဇီဝ ၁-ပါး၊ ပေါင်း ၈-ပါး)

၂။ ခုဒ္ဒါနုခုဒ္ဒက = ငယ်ကုန်သော အလွန်ငယ်ကုန်သော သိက္ခာပုဒ်များ။]

အာဒိဗြဟ္မစရိယက သီလ

▬▬▬▬▬▬▬▬▬

ထိုမှ အကြွင်းသည် “မဂ္ဂ ဗြဟ္မ စရိယဿ အာဒိဘာဝဘူတံ အာဒိမှိ ဘာဝေတဗ္ဗတံ ပတ္တန္တိ အာဒိဗြဟ္မစရိယကံ” ဟူသော ၀စနတ္ထကြောင့် အာဒိဗြဟ္မစရိယက မည်၏။

မဂ္ဂ ဗြဟ္မစရိယဿ၊ မဂ်ဟူသော မြတ်သောအကျင့်၏။
အာဒိဘာ၀ဘူတံ၊ အစဖြစ်သော သီလသည်။
အာဒိဗြဟ္မစရိယကံ၊ အာဒိဗြဟ္မစရိယက မည်၏။
အာဒိမှိ၊ (မဂ်ရအံ့သော အကျင့်၏) အစ၌။
ဘာဝေတဗ္ဗတံ၊ ပွါးများအပ်သည်၏ အဖြစ်သို့။
ပတ္တံ၊ ရောက်၏။
ဣတိ၊ ထို့ကြောင့်။
အာဒိဗြဟ္မစရိယကံ၊ အာဒိဗြဟ္မစရိယက မည်၏။

နိဿိတသီလနှင့် အနိဿိတသီလ

▬▬▬▬▬▬▬▬▬▬▬▬

တဏှာ ဒိဋ္ဌိကို မှီသော သီလသည် နိဿိတ မည်၏၊ ဝိဝဋ္ဋူပနိဿယ လောကုတ္တရသီလ တို့သည် အနိဿိတ မည်၏။

ကာလပရိယန္တသီလ၌ --

ဣမဉ္စ ရတ္တိံ ဣမဉ္စ ဒိဝသန္တိ အာဒိနာ ဝိယ ကာလဝသေန ပရိစ္ဆေဒံ ကတွာ

ဣမဉ္စ ရတ္တိံ၊ ဤညဉ့်ပတ်လုံး၎င်း။
ဣမဉ္စ ဒိဝသံ၊ ဤနေ့ပတ်လုံး၎င်း။
ဣတိအာဒိနာ ဝိယ၊ ဤသို့စသည်ဖြင့်ကဲ့သို့။
ကလဝသေန၊ ကာလ၏အစွမ်းဖြင့်
ပရိစ္ဆေဒံ၊ အပိုင်း အခြားကို။
ကတ္တားပြု၍ ... (ဆောက်တည်၏)။

ဟု ဝိယသဒ္ဒါနှင့် ဋီကာပြသောကြောင့်၎င်း အနာထပိဏ် သေဌေးကျွန် ဥပဍ္ဎပေါသထကို စောင့်သော သာဓက (ဓမ္မပဒ၊ ဋ္ဌ၊ ၁၊ နှာ-၁၃၁) ကြောင့်၎င်း ယခုကာလ အချို့ဒေသ၌ နံနက်ဥပုသ်ခံ၍ ညချမ်းအခါ အိမ်သို့ပြန်လျက် ဥပုသ်ထွက်ကြသည်ကား သဘောသက်အံ့ သကဲ့သို့ ရှိ၏။

[ကာလ ပရိယန္တသီလ = ကာလအားဖြင့် အဆုံးအပိုင်းအခြားရှိသောသီလ။]

အာပါဏကောဋိက

▬▬▬▬▬▬▬

ပါဏာတိပါတာ ဝေရမဏိ ယာဝဇီဝံသမာဒိယာမိ [၁] ဟူ၍လည်း ဆောက်တည်ပါမှ ဆောက်တည်တိုင်းလည်း အသက်ထက်ဆုံး ကျင့်ပါမှ အာပါဏကောဋိကသီလ [၂] မည်၏။

သပရိယန္တသီလ

▬▬▬▬▬▬

လာဘ ယသ ဉာတိ အင်္ဂ ဇီဝိတ တို့ကြောင့် ပျက်သော သီလသည် သပရိယန္တ [၃]မည်၏။

ဟီန မဇ္ဈိမ ပဏီတ

▬▬▬▬▬▬▬

အဓိပတိ ထူးပြားသောအားဖြင့်။ ဝါ= ယသ [၄] ပုညဖလ [၅] အရိယဘာဝ [၆] ကို မှီသဖြင့်။ ဝါ = အတ္တုက္ကံသန [၇] ပရ၀မ္ဘနာဒီဟိ [၈] ဥပက္ကိလိဋ္ဌ [၉] အနုပက္ကိလိဋ္ဌ [၁၀] လောကုတ္တရ [၁၁] အားဖြင့်။ ဝါ=ဘဝဘောဂ [၁၂] အတ္တနော ဝိမောက္ခ [၁၃] သဗ္ဗသတ္တ ဝိမောက္ခ [၁၄]အကျိုးအားဖြင့် ကျင့်သုံးသော သီလသည် ဟီန [၁၅] မဇ္ဈိမ [၁၆] ပဏီတ [၁၇] မည်၏။

[၁။ သူ့ အသက်ကိုသတ်ခြင်းမှ ရှောင်ကြဉ်ပါ၏၊ အသက်ထက်ဆုံး ဆောက်တည်ပါ၏။

၂။ အာပါဏကောဋိက သီလ ( အာ = တိုင်အောင် + ပါဏ = အသက် + ကောဋိက = အဆုံးစွန်) သက်ဆုံးတိုင်အောင် စောင့်သောသီလ။

၃။ သပရိယန္တ = ကာလအားဖြင့် အဆုံးအပိုင်းအခြားနှင့်တကွ ဖြစ်သောသီလ။

၄။ ဟီန မဇ္ဈိမ ပဏီတ ဟူ၍ သီလ ၃-မျိုး ခွဲခြားပြခြင်း။ ယသ = အခြံအရံအကျော်အစောကို လိုချင်တောင့်တ၍ ကျင့်သောသီလ (ဟီနသီလ)။

၅။ ပုညဖလ = လောကီကောင်းကျိုးကို ခံစားလို၍ ကျင့်သုံးသောသီလ (မဇ္ဈိမသီလ)။

၆။ အရိယဘာဝ = အရိယာဖြစ်လိုသဖြင့် ကျင့်သုံးသောသီလ (ပဏီတသီလ)။

၇။ အတ္တုက္ကံသန = (အတ္တ = မိမိ+ ဥက္ကံသန = ချီးမွမ်းမြှောက်ပင့်) = (ငါသာ သီလ ရှိသည် စသည်ဖြင့်) မိမိကိုယ်ကို ချီးမြှောက်၊ ဝါ= ဂုဏ်ဖော်ဝါကြွား ပလွှားလို၍ ကျင့် သုံးသော သီလ (ဟီနသီလ)။

၈။ ပရ၀မ္ဘနာဒီဟိ = (ပရ= သူတပါး+ ၀မ္ဘန = ရှုတ်ချ) = ငါမှတပါး အခြားသူများသည် ဒုဿီလဖြစ်သည် စသည်ဖြင့်) သူတပါးကို ရှုတ်ချလို၍ ကျင့်သုံးသီလ (ဟီနသီလ)။

၉။ ဥပက္ကိလိဋ္ဌ = ညစ်နွမ်းသောသီလ (ဟီနသီလ) (မိမိကိုယ်ကို ချီးမြှောက်၍ သူတပါးကို ဖိနှိပ်လိုသော ညစ်နွမ်းယုတ်ညံ့သော စိတ်ဖြင့်စောင့်သော သီလ = ကျိုးပေါက်သော သီလ)

၁၀။ အနုပက္ကိလိဋ္ဌ = မညစ်နွမ်းသောသီလ (မဇ္ဈိမသီလ) (ထိုညစ်နွမ်း ကျိုးပေါက်မှုမှ ကင်းသော သီလ)။

၁၁။ လောကုတ္တရ = လောကုတ္တရာဖြစ်သောသီလ (ပဏီတသီလ)။

၁၂။ ဘ၀ဘောဂ = ဘဝသမ္ပတ္တိ ဘောဂသမ္ပတ္တိကို လိုချင်တောင့်တသဖြင့် ကျင့်သုံးသော သီလ (ဟီနသီလ)။

၁၃။ အတ္တနော ဝိမောက္ခ = သံသရာဝဋ် ဒုက္ခအနှောင်အဖွဲ့မှ မိမိလွတ်မြောက်ရေးအတွက် ကျင့်သုံးသောသီလ (မဇ္ဈိမသီလ)။

၁၄။ သဗ္ဗသတ္တ ဝိမောက္ခ = သတ္တဝါအားလုံးတို့ကို သံသရာဘေးမှ လွှတ်မြောက်ရေး အတွက် ကျင့်သုံးသောသီလ (ပဏီတသီလ)။

၁၅။ ဟီနသီလ = ယုတ်ညံ့သောသီလ (ယဿ ဥပက္ကိလိဋ္ဌ ဘ၀ဘောဂ)။

၁၆။ မဇ္ဈိမ = အလယ်အလတ်ဖြစ်သောသီလ(ပုညဖလ အနုပက္ကိလိဋ္ဌ အတ္တနောဝိမောက္ခ)။

၁၇။ ပဏီတ= မြင့်မြတ်သောသီလ (အရိယဘာဝ လောကုတ္တရ သဗ္ဗသတ္တ ဝိမောက္ခ)။]

ဟာနဘာဂိယ စသော ၃-ပါး

ယောဓ သေဝတိ ဒုဿီလေ၊
သီလဝန္တေ န သေဝတိ။
ဝတ္ထုဝီတိက္ကမေ ဒေါသံ၊
န ပဿတိ အဝိဒ္ဒသု။

မိစ္ဆာသင်္ကပ္ပ ဗဟုလော၊
ဣန္ဒြိယာနိ န ရက္ခတိ။
ဧဝရူပဿ ဝေ သီလံ၊
ဇာယတေ ဟာနဘာဂိယံ။

တုဋ္ဌဿ သီလမတ္တေန၊
အဃဋေန္တဿ ဥတ္တရိံ။
တဿ တံ ဌိတိဘာဂိယံ၊
သီလံ ဘဝတိ ဘိက္ခုနော။

သမ္ပန္နသီလော ဃဋတိ၊
သမာဓတ္ထာယ ယော ပန။
ဝိသေသဘာဂိယံ သီလံ၊
ဟောတိ ဧတဿ ဘိက္ခုနော။

အတုဋ္ဌော သီလမတ္တေန၊
နိဗ္ဗိဒံ ယော နုယုဉ္ဇတိ။
ဟောတိ နိဗ္ဗေဓဘာဂိယံ၊
သီလမေ တဿ ဘိက္ခုနော။

(ဝိသုဒ္ဓိမဂ်၊ ဋ္ဌ၊ ပ၊ နှာ ၁၄-လာ ဂါထာများ)

ဟာနဘာဂိယ

ဣဓ၊ ဤသာသနာတော်၌။ အဝိဒ္ဒသု၊ ပညာမဲ့သော။ ယော၊ အကြင်သူသည်။ ဒုဿီလေ၊ သီလမဲ့သူတို့ကို။ သေဝတိ၊ ဆည်းကပ်ယှဉ်တွဲ မှီဝဲပေါင်းဖော်၏။ သီလဝန္တေ၊ သီလရှိသူတို့ကို။ န သေဝတိ၊ မမှီဝဲ။ ဝတ္ထုဝီတိက္ကမေ၊ အာပတ်၏ အကြောင်းဝတ္ထုကို လွန်ကျူးခြင်း၌။ ဒေါသံ၊ ခုရောနောင်ပါ လာမည်စင်စစ် ဘေးအပြစ်ကို။ န ပဿတိ၊ မမြင်။

မိစ္ဆာသင်္ကပ္ပဗဟုလော၊ ကာမသသင်္ကပ္ပ စသည်ကြံပျက် မဟာဝိတက် ကိုးပါး များသည် ဖြစ်၍ --

ကာမော ဉာတိ ဇနပ္ပဒေါ၊
အမရာ အနုဝညတ္တိ။
လာဘော သက္ကာရ ကိတ္တိ စ၊
ဂေဟဿိတော နဝိစ္စတေ။

(ဝိပရိယာဝတ္တ-ရစနာဂါထာ၊ မဟာဝိတက်ကိုးပါး သရုပ်)

ကာမော၊ ကာမဝိတက်၎င်း။ ဉာတိ၊ ဉာတိဝိတက်၎င်း။ ဇနပ္ပဒေါ၊ ဇနပဒဝိတက်၎င်း။ အမရာ၊ အမရ ဝိတက်၎င်း။ အနဝညတ္တိ၊ အနုဝညတ္တိ ဝိတက်၎င်း။ လာဘော၊ လာဘ ဝိတက်၎င်း။ သက္ကာရ ကိတ္တိ စ၊ သက္ကရ ဝိတက် ကိတ္တိ ( သိလောက) ဝိတက်၎င်း။ ဂေဟဿိတော၊ သူတပါးသနားခြင်းကိုမှီသော ပရာနုဒ္ဒယတာ ဝိတက်၎င်း။ ဣတိ၊ ဤသို့။ ဧတေ၊ ဤမဟာဝိတက်တို့သည်။ န၀၊ ကိုးပါးတို့တည်း။
(ဤသည်တို့ကား သီလညှိုးနွမ်းကြောင်းဖြစ်သော မိစ္ဆာသင်္ကပ္ပ ၉-ပါးတို့တည်း)

(၁) ကာမဝိတက် = ကာမဂုဏ်နှင့်စပ်သော မှားသော ကြံစည်မှု။

(၂) ဉာတိဝိတက် = ဆွေမျိုးနှင့်စပ်သော မှားသောကြံစည်မှု (“ငါ၏ ဆွေမျိုးတို့သည် စည်းစိမ် ချမ်းသာနှင့် ပြည့်စုံသည်ဖြစ်၍ ချမ်းသာစွာ အသက်မွေးကြရကုန်၏” ဟု ကာမဂုဏ်ကိုမှီသော ကပ်ငြိတွယ်တာမှု “ဂေဟဿိတပေမ”ဖြင့် ဆွေမျိုးတို့ကိုစွဲ၍ ဖြစ်ပေါ်သော အကြံ)

(၃) ဇနပဒဝိတက် = ဇနပုဒ်နှင့်စပ်သော မှားသောကြံစည်မှု (“ငါတို့ဇနပုဒ်သူ ဇနပုဒ်သား တို့သည် အစာရေစာ ပေါများပြည့်စုံကြပေသည်” ဟု နှစ်သက်ဝမ်းမြောက်သော သူ၏ ကပ်ငြိတွယ်တာမှု “ဂေဟဿိတပေမ”ဖြင့် ဇနပုဒ်နှင့်စပ်လျဉ်း၍ ဖြစ်ပေါ်သော အကြံ)။

(၄) အမရဝိတက် = (အမရ = မသေ၊ ဝိတက် = ကြံစည်မှု) မသေဘို့ရန်ကြံစည်မှု၊ ဆောင့်ကြောင့်ထိုင်၍ ကျင့်ခြင်း စသည်ဖြင့် နောင်အခါ အတ္တသည် ချမ်းသာ၏ မသေဟု .. ယူဆ၍ မသေဘို့ရန် ပင်ပန်းဆင်းရဲသော အကျင့်နှင့် ယှဉ်သောကြံစည်မှု။) (အမရ = ဖမ်းမမိသောငါးတမျိုး ) အမရာမည်သော ငါးကဲ့သို့ ဖမ်းမမိအောင် ရှောင်တိမ်း ပြောဆို တတ်သော အမရာဝိက္ခေပ ဝါဒနှင့်ယှဉ်သော မှားသောကြံစည်မှု။

(၅) အနဝညတ္တိဝိတက် = (န + အဝညတ္တိ = မထေမဲ့မြင် မပြုခြင်း) မထေမဲ့မြင် မပြုလုပ်ရန် တောင့်တသော ကြံစည်မှု (“ငါ့ကို သူတပါးတို့ မထေမဲ့မြင် မပြုကြလျှင် အထင် မသေးကြလျှင် ကောင်းလေစွ” ဟု တောင့်တသော ကြံစည်မှု)။

(၆) လာဘဝိတက် = လာဘ်လာဘနှင့်စပ်သော မှားသောကြံစည်မှု (ကျောင်း သင်္ကန်း စသည့် ပစ္စည်းပေါများလျှင် ကောင်းလေစွဟုကြံစည်ခြင်း)။

(၇) သက္ကာရ ဝိတက်= ပူဇော်ခြင်း ရိုသေခြင်းနှင့်စပ်သော မှားသောကြံစည်မှု (ငါ့ကို လူအားလုံးက ပူဇော်လျှင် ရိုသေလျှင် ကောင်းလေစွ ဟု ကြံစည်ခြင်း)။

(၈) ကိတ္တိ (သိလောက) ဝိတက် = ကျော်စောခြင်းနှင့်စပ်သော မှားသောကြံစည်မှု။

(၉) ပရာနုဒ္ဒယတာဝိတက် = (ပရ + အနုဒ္ဒယ + တာ = သူတပါးတို့ကို အစဉ်မပြတ် သနား ခြင်း)။ ကပ်ငြိတွယ်တာမှု “ဂေဟဿိတပေမ”ဖြင့် သူတပါးအတွက် စိုးရိမ်ပူပန် သနားခြင်း စသောကြံစည်မှု မိမိဒါယကာ ဒါယိကာမတို့နှင့် အေးအတူ ပူအမျှ ဖြစ်၍ ဝမ်းနည်းဖွယ်တွေ့လျှင် မိမိကလည်း ဝမ်းနည်း၍ ဝမ်းမြောက်ဖွယ်နှင့် ကြုံတွေ့လျှင် မိမိကလည်း ဝမ်းမြောက်ကြံစည်မှု၊

(အဘိ၊ ၂၊ နှာ၃၇ဝ-၃၇၁၊ ၃၇၇။ အဘိ၊ ဋ္ဌ၊ ၂၊ နှာ-၄၇၂-၃။ ဝိသုဒ္ဓိ၊ ဋီ၊ ၁၊ နှာ-၃၆။)

ဣန္ဒြိယာနိ၊ စက္ခုစသော ဣန္ဒြေတို့ကို။
န ရက္ခတိ၊ မစောင့်ရှောက်။
ဧ၀ရှုပဿ၊ ဤသို့သဘောရှိသူ၏။
သီလံ၊ သီလသည်။
ဝေ၊ စင်စစ်။
ဟာနဘာဂိယံ၊ ဆုတ်ယုတ်ခြင်းသို့ ရောက်သည်။
ဝါ၊ ဆုတ်ယုတ်ခြင်း အဖို့ရှိသည်။
ဇာယတေ၊ ဖြစ်၏။

ဌိတိဘာဂိယ သီလမည်ပုံ

သီလမတ္တေန၊ သီလမျှဖြင့်။
တုဋ္ဌဿ၊ နှစ်သက်ရောင့်ရဲ အင်အဲသော။
ဥတ္တရိံ၊ အထက်တရားထူးကို။
အဃဋေန္တဿ၊ အားမထုတ်သော။
တဿ ဘိက္ခုနော၊ ထိုရဟန်း၏။
တံ သီလံ၊ ထိုသီလသည်။
ဌိတိဘာဂိယံ၊ တန့်ရပ်တည်နေသောအဖို့ရှိသည်။
ဘဝတိ၊ ဖြစ်၏။

ဝိသေသဘာဂိယ

သမ္ပန္နသီလော၊ ပြည့်စုံသော သီလရှိသော။
ယော ပန ဘိက္ခု၊ အကြင်ရဟန်းသည်ကား။
သမာဓတ္ထာယ၊ လောကီဈာန်အလို့ငှါ။
ဃဋတိ၊ အားထုတ်၏။
ဧတဿ ဘိက္ခုနော၊ ထိုရဟန်း၏။
သီလံ၊ သီလသည်။
ဝိသေသဘာဂိယံ၊ ထူးသော အဖို့ရှိသည်။
ဟောတိ၊ ဖြစ်၏။

နိဗ္ဗေဓဘာဂိယ

သီလမတ္တေန၊ သီလမျှဖြင့်။
အတုဋ္ဌော၊ မရောင့်ရဲသည် ဖြစ်၍။
ယော ဘိက္ခု၊ အကြင်ရဟန်းသည်။
နိဗ္ဗိဒံ၊ ဗလဝဝိပဿနာ နိဗ္ဗိဒါဉာဏ်ကို။
အနုယုဉ္ဇတိ၊ အားထုတ်၏၊
ဧတဿ ဘိက္ခုနော၊ ထိုရဟန်း၏။
သီလံ၊ သီလသည်။
နိဗ္ဗေဓဘာဂိယံ၊ ကိလေသာအသင်း ရန်ခပင်းကို ဖောက်ထွင်းဖြိုဖျက် မဂ်သို့ ဝင်ရောက်သည်။
ဝါ၊ မဂ်သို့ဝင်ရောက်ခြင်းအဖို့ရှိသည်။
ဟောတိ၊ ဖြစ်၏။

ဂဟဋ္ဌသီလ၌---

ဥပါသက ဥပါသိကာနံ နိစ္စသီလဝသေန ပဉ္စသိက္ခာပဒါနိ သတိ ဝါ ဥဿာဟေ ဒသ ဥပေါသထင်္ဂဝသေန အဋ္ဌာတိ ဣဒံ ဂဟဋ္ဌသီလံ။

ဝိသုဒ္ဓိမဂ်၊ ဋ္ဌ၊ ပ၊နှာ-၁၅။

ဒသာတိ သာမဏေရေဟိ ရက္ခိတဗ္ဗသီလ'မာဟ ဃဋိကာရာနံ ဝိယ။

၎င်းဋီကာ၊၁၊ နှာ-၃၆။

ဥပါသက ဥပါသိကာနံ၊ ဥပါသကာ ဥပါသိကာတို့၏။
နိစ္စသီလဝသေန၊ အမြဲ ဆောက်တည်သော သီလ၏ အဖြစ်ဖြင့်။
ပဉ္စသိက္ခာပဒါနိ၊ ငါးပါးသော သိက္ခာပုဒ်တို့သည်။
ဝါ၊ နိစ္စသီလ တနည်းလည်း။
ဥဿာဟေ၊ ရွှေ ငွေ ရတနာ ဥစ္စာ စပါးတို့ကို ပယ်ရှားစိတ်သတ်၍ အာလယပြတ် စွန့်ခြင်း စသည်ဖြင့် စွမ်းနိုင်ခြင်းသည်။
သတိ၊ ရှိသော်။
ဒသ၊ ဆယ်ပါးသော သိက္ခာပုဒ်တို့သည်။
ဥပေါသထင်္ဂဝသေန၊ ဥပုသ်အင်္ဂါ၏ အဖြစ်ဖြင့် ရံခါဆောက်တည် အပ်ကုန်သော။
အဋ္ဌ၊ ၈-ပါးကုန်သော သိက္ခာပုဒ်တို့သည်။
ဣတိ ဣဒံ၊ ဤသုံးမျိုးသည်။
ဂဟဋ္ဌသီလံ၊ အိမ်၌တည်သူ လူတို့၏ သီလမည်၏။

ဒသာတိ၊ ဒသဟူသောပုဒ်ဖြင့်။
သာမဏေရေဟိ၊ သာမဏေတို့သည်။
ရက္ခိတဗ္ဗသီလံ၊ စောင့်အပ်သော သီလကို။
အာဟ၊ မိန့်၏။
ဃဋိကာရာဒီနံ၊ ကဿပ ဘုရားရှင်ဒါယကာ အနာဂါမ်တည် ဃဋိကာရ အိုးထိန်းသည် စသည်တို့၏။
သီလဝိယ၊ သီလကဲ့သို့တည်း။

ဒါနံ ဒတွာ သီလံ သမာဒိယိတွာ ဥပေါသထကမ္မံ ကတွာ တံ ပစ္စဝေက္ခတိ။

ပဋ္ဌာန်းပါဠိတော်၊ပ၊ ပဉှာဝါရ၊ နှာ-၁၃၂။

ဒါနံ ဒတွာတိ ဒေယျဓမ္မံ စဇိတွာ။ ယာယ ဝါ စေတနာယ သော ဒီယတိ၊ သာ စေတနာဒါနံ။ ဒတွာတိ တံ စေတနံ ပရိယောဒါပေတွာ ဝိသုဒ္ဓံ ကတွာ။ သီလံ သမာဒိယိတွာတိ ပဉ္စင်္ဂါဒိဝသေန နိစ္စသီလံ ဂဏှိတွာ။ ပ။ဥပေါသထကမ္မံ ကတွာတိ ပါဏံ န ဟနေ နု စာ' ဒိန္ဒ မာဒိယေတိ ဧဝံ ဝုတ္တံ ဥပေါသထဒိဝသေသု အဋ္ဌင်္ဂဥပေါသထကိရိယံ ကတွာ။

၎င်းအဋ္ဌကထာ နှာ-၄၃၅။

ဒါနံ၊ လှူဘွယ်ဝတ္ထုကို။
ဝါ၊ လှူကြောင်းစေတနာကို။
ဒတွာ၊ စွန့်ကြဲပြီး၍။
ဝါ၊ မစ္ဆေရာဒိ ကြေးညှိမတင် သုတ်သင်ပြီး၍။
သီလံ၊ ပဉ္စင်္ဂ ဒသင်္ဂစသော နိစ္စ သီလကို။
သမာဒိယိတွာ၊ ကောင်းစွာခံယူပြီး၍။
ဥပေါသထကမ္မံ၊ ဥပုသ်နေ့၌ ဆောက်တည်ရသော အဋ္ဌင်္ဂဥပုသ်အမှုကို။
ကတွာ၊ ပြုပြီး၍။
တံ၊ ထိုဒါန သီလ ဥပေါသထ စေတနာ ပြဋ္ဌာန်းသော ကုသိုလ်စိတ္တုပ္ပါဒ်ကို။
ပစ္စဝေက္ခတိ၊ ဆင်ခြင်၏။

ဒါနံ ဒတွာတိ၊ ဒါနံ ဒတွာ ဟူသည်ကား။
ဒေယျဓမ္မံ၊ ဒေယျဓမ္မဒါနကို။
ဒတွာ၊ လှူဒါန်းစွန့်ကြဲ၍။
ဝါ၊ တနည်းလည်း။
ယာယ စေတနနာယ၊ အကြင်စေတနာဖြင့်။
သော၊ ထိုဒေယျဓမ္မကို။
ဒီယတိ၊ ပေးလှူအပ်၏။
သာ စေတနာ၊ ထိုစေတနာသည်။
ဒါနံ၊ ဒါနမည်၏။
ဒတွာတိ၊ ဒတွာ ဟူသည်ကား။
တံ စေတနံ၊ ထို စေတနာဒါနကို။
ပရိယောဒါပေတွာ၊ ဖြူစင်စေ၍။
ဝိသုဒ္ဓံကတွာ၊ မစ္ဆေရာဒိ ကြေးညှိမတင် စင်ကြယ်သည်ကိုပြု၍။
သီလံ သမာဒိယိတွာတိ၊ သီလံ သမာဒိယိတွာ ဟူသည်ကား။
ပဉ္စင်္ဂါဒိဝသေန၊ အင်္ဂါငါးပါးရှိ သီလ စသည်အစွမ်းဖြင့်။
နိစ္စသီလံ၊ နေ့တိုင်းလက်စွဲ အမြဲမပြတ် ကျင့်သုံးအပ်သော သီလကို။
ဂဏှိတွာ၊ ခံယူပြီး၍။ပ။
ဥပေါသထကမ္မံ ကတွာတိ၊ ဥပေါသထကမ္မံ ကတွာ ဟူသည်ကား။
ပါဏံ၊ သတ္တဝါကို။
န ဟနေ၊ မသတ်ရာ။
အဒိန္နံ၊ အရှင်မသဒ္ဓါ သူ့ဥစ္စာကို။
န စ အာဒိယေ၊ မယူရာ။

ဣတိဧဝံ၊ ဤသို့စသည်ဖြင့်။
ဝုတ္တံ၊ ဟောတော်မူအပ်သော။
ဥပေါသထ ဒိဝသေသု၊ လေးသီတင်း ရှစ်သီတင်းဟူသော ပကတိဥပုသ်နေ့၊ လဆန်းလေး ရက် ခြောက်ရက်စသော အကြိုအပို ဟူသော ပစ္စုဂ္ဂမန အနုဂမန ဥပုသ်နေ့၊ စွမ်းနိုင်လျှင် မိုးလေးလ၊ မစွမ်းနိုင်လျှင် သီတင်းကျွတ်လပြည့်မှ စ၍ တန်ဆောင်မုန်း လပြည့် တိုင်အောင် တလဟူသော ပါဠိဟာရိယ ဥပုသ်နေ့တို့၌။
အဋ္ဌင်္ဂဥပေါသထကိရိယံ၊ အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော စောင့်သုံးခြင်း အမူအရာကို၊
ကတွာ၊ ပြုပြီး၍။

၁၀-ပါးသီလ အဆုံးအဖြတ်

ဤသို့ ပါဠိ အဋ္ဌကထာ ဋီကာလာသောကြောင့် ဆယ်ပါး သီလကို ဥပုသ်နေ့တို့၌ ခဏ ခေတ္တ လူတို့မစောင့်ရ၊ စောင့်လို ဆောက်တည်လိုလျှင် ဃဋိကာရ အိုးထိန်းသည် စသည် တို့ကဲ့သို့ ရွှေငွေရတနာ ဥစ္စာစပါးတို့ကို လက်ခံသိမ်းထား မပြုပဲ ဆန် ရေ ငါးပိ ဆီ ဆား စသော အပ်သော ကပ္ပိယ ပစ္စည်းများကိုသာ ဈေးနာဖလှယ် ရောင်းဝယ် ဘောက်ကား ၍၎င်း၊ ကပ္ပိယ သူတော်စင် သီလရှင်ရသေ့ ပရိဗိုဇ်ပြု၍သော်၎င်း စောင့်သုံးဆောက်တည် ရမည်။

ထိုထိုဇာတ်တော် နိပါတ်တော်တို့၌ အလောင်းတော်တကာတို့ ဥပုသ်စောင့်သုံးသည့် အရာ များမှာ “ဥပေါသထံ ဥပဝသန္တိ၊ အဋ္ဌင်္ဂံ သုသမာဟိတံ” စသည်ဖြင့် အဋ္ဌင်္ဂ ဥပုသ်သာ လာသည်၊ သောတာပန်တည်ပြီးသော ဝိသာခါ အနာထပိဏ်သေဌေး၊ သကဒါဂါမ် တည်ပြီးသော စူဠသုဘဒ္ဒါ၊ အနာဂါမ် တည်ပြီးသော ဝိသာခဒါယကာ အစရှိသော သူတို့ပင် ရှစ်ပါး ဥပုသ်ကိုသာ အားထုတ်သောအရာ ကျမ်းဂန်လာသည်၊ ဆယ်ပါးသီလကို ဥပေါသထသဒ္ဒါနှင့် ဥပုသ် ဟူ၍ ဆိုသော ကျမ်းဂန် မရှိ။

ဃဋိကာရအိုးထိန်းသည် ဒသသီလ စောင့်ဟန်လည်း ပါဠိ အဋ္ဌကထာ ကျမ်းဂန်တို့၌ ဤသို့လာ၏။

ဃဋိကာရော ခေါ မဟာရာဇ ကုမ္ဘကာရော ဧကဘတ္တိကော ဗြဟ္မစာရီ သီလဝါ ကလျာဏဓမ္မော နိက္ခိတ္တမဏိသုဝဏ္ဏော အပေတဇာတရူပရဇတော။ န မုသလေန ပထဝီဉ္စ ခဏတိ၊ ယံ ဟောတိ ကူလပလုဂ္ဂံ ဝါ မူသိကုက္ကရောဝါ၊ တံကာဇေန အာဟရိတွာ ဧဝမာဟ “တတ္ထ ယော ဣစ္ဆတိ၊ တဏ္ဍုလပဋိဘတ္တာနိ ဝါ မုဂ္ဂပဋိဘတ္တာနိ ဝါ ကဠာယပဋိဘတ္တာနိ ဝါ [၁] နိက္ခိပိတွာ ယံ ဣစ္ဆတိ တံ ဟရတူ”တိ။

မဇ္ဈိမပဏ္ဏာသပါဠိတော်၊ ဃဋိကာရသုတ်၊ နှာ-၂၄၁-၂။

[၁။ တဏ္ဍုလပဋိဘာနိဝါ၊ ဆန်အိတ်တို့ကို၎င်း။
မုဂ္ဂပဋိဘတ္တာနိ ဝါ၊ ပဲနောက်အိတ်တို့ကို၎င်း။
ကဠာယပဋိဘတ္တာနိ ဝါ၊ ပဲကြီး ပဲလွန်းအိတ်တို့ကို၎င်း။
(မ၊ ၂၊ ဃဋိကာရသုတ်၊ နှာ ၂၁၄-ဆဋ္ဌမူ)]

ယံ ဣစ္ဆတိ တံ ဟရတူ'တိ သော ကိရ ဘာဇနာနိ ပစိတွာ ကယဝိက္ကယံ န ကရောတိ။ ဧဝံ ပန ဝတွာ ဒါရုတ္ထာယ ဝါမတ္တိကတ္ထာယ ဝါ ပလာလတ္ထာယ ဝါ အရညံ ဂစ္ဆတိ။ မဟာဇနော "ဃဋိကာရေန ဘာဇနာနိ ပက္ကာနီ”တိ သုတွာ ပရိသုဒ္ဓ တဏ္ဍုလလောဏ ဒဓိ တေလဖာဏိတာဒီနိ ဂဟေတွာ အာဂစ္ဆတိ။ပ။ ယထာဘတံ ဃရသာမိကော ဝိယ သာဓုကံ ပဋိသာမေတွာ ဂစ္ဆတိ။

၎င်းအဋ္ဌကထာ၊ နှာ-၁၉၇။

အနက်ကား --

မဟာရာဇ၊ ကာသိသေဌ်နင်း ကိကီမင်း။
ဃဋိကာရော၊ ဃဋိကာရမည်သော။
ကုမ္ဘကာရော၊ အိုးထိန်းသည်သည်။
ဧကဘတ္တိကော၊ နေ့လွဲ ညဉ့်စာ မစား။
ဗြဟ္မစာရီ၊ မြတ်သောအကျင့်ကို ကျင့်၏။
သီလ ဝါ၊ ဆယ်ပါး သီလရှိ၏။
ကလျာဏ ဓမ္မေော၊ ကောင်းသော တရားရှိ၏။
နိက္ခိတ္တမဏိ သုဝဏ္ဏော၊ ပယ်ချအပ်သော မြရွှေရှိ၏၊
အပေတ ဇာတရူပ ရဇတော၊ မခံပယ်ရှင်း ကင်းသော ရွှေငွေရှိ၏။
မုသလေန၊ ပေါက်တူးတရွင်းဖြင့်။
ပထဝိဉ္စ၊ မြေကိုလည်း။
န ခဏတိ၊ ပိုး-ရွ - ခြ - မွှား သေမည်အားကို သနားသောထွေ မတူးဆွလေ။
ယံကူလပလုဂ္ဂံဝါ၊ အကြင်ကမ်းပါးပြိုသည်၎င်း။
ယော မူသိကုက္ကရော ဝါ၊ အကြင် ကြွက်ကျစ်မြေ သည်၎င်း။
ဟောတိ၊ ရှိ၏။
တံ၊ ထိုကမ်းပြိုဘာသာ ကြွက်ကျစ်စာကို။
ကာဇေန၊ ထမ်းပိုးဖြင့်။
အာဟရိတွာ၊ ထမ်းဆောင်ခဲ့၍၊
ဘာဇနာနိ၊ အိုး အင်တို့ကို။
ကတွာ၊ ပြုလုပ်ပြီး၍။
ပစိတွာ၊ မီးဖုတ်ပြီး၍။
ဧဝံအာဟ၊ ဤသို့ဆို၏။
တတ္ထ၊ ထိုအိုး အင်တို့တွင်။
ဝါ၊ ထိုလူအများတို့တွင်။
ယော၊ အကြင်သူသည်။
ဣစ္ဆတိ၊ ဝယ်ယူလို၏။
ဝါ၊ ဆန် ပဲနောက် စသည်တို့ကို ပေးလို၏။
သော၊ ထိုသူသည်။
တဏ္ဍုလပဋိဘတ္တာနိ ဝါ၊ ရိက္ခာဆန်တို့ကို၎င်း။
မဂ္ဂပဋိဘတ္တာနိ ဝါ၊ ရိက္ခာ ပဲနောက်တို့ကို၎င်း။
ကာဠာယပဋိဘတ္တာနိ ဝါ၊ ပဲကြီး ပဲလွန်း တို့ကို၎င်း။
နိက္ခိပိတွာ၊ ချထားခဲ့၍။
ယံ၊ အကြင် အိုး အင်ကို။
ဣစ္ဆတိ၊ အလိုရှိ၏၊
ကံ၊ ထိုလိုသော အိုး အင်ကို။
ဟရတု၊ ဆောင်ယူစေသတည်း။
ဣတိဝံ၊ ဤသို့။
အာဟ၊ ဆို၏။
(ပါဠိတော်အနက်)

ယံ ဣစ္ဆတိ တံ ဟရတူတိ၊ ဟူသည်ကား။
သော၊ ထိုအိုးထိန်းသည်သည်။
ဘာဇနာနိ၊ အိုး အင်တို့ကို။
ပစိတွာ၊ ဖုတ်ပြီး၍။
ကယ ဝိက္ကယံ၊ ဝယ်ခြင်း ရောင်းခြင်းကို။
န ကရောတိ ကိရ၊ မပြုသတတ်။
ပန၊ ပြုသည်ကား။
ဧဝံ၊ ဤ ‘ယံ ဣစ္ဆတိ’ စသောစကားကို။
ဝတွာ၊ ဆိုပြီး၍။
ဒါရုတ္ထာယ၊ ထင်းအလို့ငှါ၎င်း။
မတ္တိကတ္ထာယဝါ၊ မြေအလို့ငှါ၎င်း။
ပလာလတ္ထာယ ဝါ၊ ကောက်ရိုး အလို့ငှါ၎င်း။
အရညံ၊ တောသို့။
ဂစ္ဆတိ၊ သွားလေ၏။
မဟာဇနော၊ လူအများသည်။
ဃဋိကာရေန၊ အိုးထိန်းသည်သည်။
ဘာဇနာနိ၊ အိုး အင်တို့ကို။
ပက္ကာနိ၊ ဖုတ်အပ်ကုန်ပြီးပြီး၊
ဣတိ၊ ဤသို့။
သုတွာ၊ ကြား၍။
ပရိသုဒ္ဓ တဏ္ဍုလ လောဏ ဒဓိ တေလ ဖာဏိတာဒီနိ၊ စင်ကြယ်စွာသော ဆန် ဆား နို့မမ်း ဆီ တင်လဲ စသည်တို့ကို။
ဂဟေတွာ၊ ယူခဲ့၍။
အာဂစ္ဆတိ၊ လာ၏ ။ပ။
ယထာဘတံ၊ ဆောင်ယူခဲ့သမျှ ဆန်စသည်ကို။
ဃရသာမိကောဝိယ၊ အိမ့်ရှင်ကဲ့သို့။
သာဓုကံ၊ ကောင်းမွန်စွာ။
ပဋိသာမေတွာ၊ သိုမှီးသိမ်းဆည်း၍။
ဂစ္ဆတိ၊ ပြန်သွား၏။
(၎င်းအဋ္ဌကထာ အနက်)

ဤသို့ “ဃဋိကာရာဒီနံဝိယ” ဟု ဋီကာသက်သေ ညွှန်းပြအပ်သော ဃဋိကာရ၏ ဆယ်ပါးသီလ စောင့်ဟန် ကျမ်းဂန် အသေအချာ လာသည်ဖြစ်၍ မသေမချာ အရိပ် အမြွက်မျှလာသော အာနန္ဒမထေရ် အလောင်း သုမနမင်းသား စသည်တို့ ဖန်ရည်စွန်း သော အဝတ်ကို ဝတ်လျက် ဝါတွင်းသုံးလပတ်လုံး တောထွက်၍ ဆောက်တည် ကျင့်သုံး ကြသော ဆယ်ပါးသီလကို သာဓကမူ၍ ရွှေငွေကို မစွန့်ပဲ အပ်၏ ဟု မယူသင့်ပြီ။

ဤကား မဆောက်တည်ကောင်းဟု ယူသော ဆရာတို့၏ ဝါဒတည်း။

ဆယ်ပါးသီလ ဆောက်တည်အပ်ပုံ

ဆောက်တည်ကောင်း၏ ဟု ယူသော ဆရာတို့လည်း ဤသို့ ဆိုကြကုန်၏ -- ငါးပါး ရှစ်ပါး ဆယ်ပါးသီလတို့ကား အိမ်နေသူ လူတို့ စောင့်ရသော သီလမျိုးတို့ဟူ၍ သုတ် ဝိနည်း အဘိဓမ္မာ ပါဠိ အဋ္ဌကထာ ဋီကာကြီးတို့၌ များစွာ အရာအားဖြင့် လာကုန်သည်။

ဥပါသက ဥပါသိကာနံ နိစ္စသီလဝသေန” အစရှိသော ဝိသုဒ္ဓိမဂ် အဋ္ဌကထာ၊ ၁၊ နှာ-၁၅၊ ယင်း ဋီကာ၊ ၁၊ နှာ-၃၆။ ပဋ္ဌာန်းပါဠိတော်၊ ၁၊ နှာ-၁၃၂။ ယင်းအဋ္ဌကထာ၊ နှာ-၄၃၅။

သီလမယန္တိ နိစ္စသီလ ဥပေါသထ နိယမာဒိဝသေန ပဉ္စ,အဋ္ဌ ဒသဓာ သီလာနိ သမာဒိယန္တဿ။ ။ဣတိဝုတ်အဋ္ဌကထာ၊ နှာ-၁၉၄။

သီလမယန္တိ၊ သီလမယံ ဟူသည်ကား။
နိစ္စသီလ ဥပေါသထ နိယမာဒိဝသေန၊ နိစ္စသီလ ဥပုသ်သီလ နိယမသီလ စသည်တို့၏ အစွမ်းဖြင့်။
ပဉ္စ အဋ္ဌ ဒသဓာ၊ ငါးပါး ရှစ်ပါး ဆယ်ပါး အပြားရှိကုန်သော။
သီလာနိ၊ သီလတို့ကို။
သမာဒိယန္တဿ၊ ဆောက်တည်သောလူ၏။
သီလံ၊ သီလသည်။
သီလမယန္တိ သီလမယံ နာမ၊ သီလမယပုညကြိယာ မည်၏။

နိစ္စသီလစသည် ၃-မျိုး

နိစ္စသီလဝသေန ပဉ္စဟိ နိယမဝသေန ဒသဟိ။
ပိသဒ္ဒေန ကတိပယေဟိ ဥပေါသထ သီလဝသေန အဋ္ဌဟိပီတိ ဒဿေတိ။

သဂါထာဝဂ္ဂ၊ သက္ကသံယုတ် ဋီကာ ၁-၃၄၁။

နိစ္စသီလဝသေန၊ နိစ္စသီလ၏ အစွမ်းဖြင့်။
ပဉ္စဟိ၊ ငါးပါးသီလတို့ဖြင့်။
နိယမဝသေန၊ နိယမ၏ အစွမ်းဖြင့်။
ဒသဟိ၊ ဆယ်ပါးသီလတို့ဖြင့်။
ပိ-သဒ္ဒေန၊ သဒ္ဒါဖြင့်။
ကတိပယေဟိ၊ ၂-ကြိမ် ၃-ကြိမ် =၂-ရက် ၃-ရက် ဆောက်တည်အပ်ကုန်သော။
ဥပေါသထ သီလဝသေန၊ ဥပေါသထသီလ၏ အစွမ်းဖြင့်
အဋ္ဌဟိပိ၊ ၈-ပါးသီလတို့ဖြင့်လည်း။
ဣတိဣမံ အတ္ထံ၊ ဤအနက်ကို
ဒဿေတိ၊ ပြတော်မူ၏။

ဤ၌ နိစ္စသီလ ဟူသည် အမြဲအစွဲ စောင့်ရသော ပဉ္စသီလတည်း၊ ဥပေါသထ သီလ ဟူသည် ဥပုသ်နေ့တို့၌ သုံးသော အဋ္ဌသီလတည်း၊ နိယမသီလ ဟူသည် ပက္ခ လ နှစ် စသည်ကို မှတ်၍ စောင့်သုံးအပ်သော ဒသသီလတည်းဟု ဆိုလိုသည်။ ကြွင်းသော ဝိဘင်း ဝိနည်း သံယုတ် အင်္ဂုတ္တရဆက္ကနိပါတ် မဟာတုဏ္ဍိလဇာတ် အသီတိနိပါတ် မဟာဟံသ ဇာတ် ပဋိသမ္ဘိဒါမဂ် ဗုဒ္ဓဝင်အဋ္ဌကထာ စသည်တို့၌ လူတို့ ဆောက်တည်အပ်ကြောင်း သာမညသာ လာသော်လည်း ဝိသေသသို့ လိုက်၍ ဒသသီလကို နိစ္စသီလ နိယမသီလ ဟူ၍ မှတ်ရာ၏၊ သာမဏေတို့မှာ နိစ္စ၊ လူတို့မှာ အချို့ နိစ္စ အချို့ နိယမ မှတ်။

နိယမ နိစ္စသီလ အဆုံးအဖြတ်

ဒသသီလကို ဣတိဝုတ်အဋ္ဌကထာ သံယုတ် ဋီကာတို့၌ နိယမသီလဟူ၍ ဆိုသည်။ ပဋ္ဌာန်း အဋ္ဌကထာ ဝိသုဒ္ဓိမဂ် အဋ္ဌကထာ ဋီကာတို့၌ နိစ္စသီလဟူ၍ ဆိုသည်။ ဤသို့ နှစ်ကွဲ မိန့်ဆိုကြသော်လည်း အသင့်ချည်းသာ မှတ်ရာ၏။

ဒသသီလကို နိယမ ဟု ဆိုခြင်းအကြောင်း

အဘယ့်ကြောင့်နည်းဟူမူ ...

ဝါတွင်းသုံးလပတ်လုံး ဖန်ရည်စွန်းသော အဝတ်အထည်ကို ဝတ်ရုံ၍ ဆယ်ပါးသီလကို ဆောက်တည်ပြီးလျှင် ဝါကျွတ်၍ သီတင်းကျွတ်လပြည့် မဟာပဝါရဏာနေ့၌ ရွာသို့လာ၍ ခုနစ်ရက်ပတ်လုံး အလှူကြီးပေးသော ပဒုမုတ္တရ ဘုရားလက်ထက် အရှင်အာနန္ဒာ အလောင်း သုမနမင်းသား၊ ထို့အတူ အချင်းယောကျ်ား တထောင် အခြွေအရံနှင့်တကွ ဒသသီလကို ဆောက်တည် ကျင့်သုံးကြသော ဖုဿဘုရားရှင် လက်ထက် အရှင်ဥရုဝေလကဿပ နုဒီကဿပ၊ ဂယာကဿပတို့ အလောင်း မင်းသားသုံးပါး စသည်တို့ ကာလကို မှတ်၍ ဆောက်တည်ကြသည်နှင့် အညီ ဒသသီလကို နိယမ ဟု မိန့်ဆိုတော်မူကြကုန်သည်။

ဒသ သီလကို နိစ္စဟု ဆိုခြင်းအကြောင်း

ကဿပဘုရားရှင် လက်ထက် ဃဋိကာရအိုးထိန်း၊ အင်္ဂတိမင်း၏ သ္မီးတော် ခုနစ်ယောက်၊ ငါတို့ဘုရားလက်ထက် ဟတ္ထကဥပါသကာ ဟတ္ထာဠဝက ဥပါသကာ စသည်တို့ လူဝတ် နှင့်ပင် အသက်ထက်ဆုံး ဆောက်တည်ကြသည်နှင့် အညီ ဒသသီလကို နိစ္စသီလ ဟု မိန့်ဆိုတော်မူကြကုန်သည်။

ထိုတွင် သူမနမင်းသားကျင့်ပုံ အင်္ဂုတ္တရအဋ္ဌကထာ၊ ၁၊ နှာ-၂၂၇၊ နိဒါနဝဂ္ဂ သံယုတ် အဋ္ဌကထာ၊ နှာ-၈၅ တို့၌ လာ၏။

ကဿပညီနောင် ရှင်တထောင်တို့ ကျင့်ပုံ ဓမ္မပဒအဋ္ဌကထာ၊၁၊နှာ-၆၅ ၌ လာ၏၊ ဃဋိကာရ အိုးထိန်းသည် ကျင့်ဟန် မဇ္ဈိမပဏ္ဏာသ၊ ဃဋိကာရသုတ် ပါဠိ၊ နှာ-၂၄၁။ ဝိသုဒ္ဓိမဂ် မဟာဋီကာ၊၁၊ နှာ-၃၆-တို့၌ လာ၏။

ဟတ္ထကဥပါသကာ၏ ဘုရားကို ဖူးမြင်ခြင်း တရားတော်ကိုနာခြင်း သံသာတော်ကို လုပ်ကျွေးခြင်းတို့၌ မရောင့်ရဲခြင်း သုံးပါးနှင့် ပြည့်စုံလျက် အဓိသီလကို ဖြည့်ကျင့်ပုံ အခြင်းအရာသည် “အဓိသီလံ သိက္ခမာနော” ဟူသော တိကင်္ဂုတ္တရ ပါဠိတော်၊ ဒု၊ နှာ-၂၈၃။ “အဓိသီလ”န္တိ ဒသဝိဓံ သီလံ။ တဉှိ ပဉ္စသီလံ ဥပါဒါယ အဓိသီလန္တိ ဝုစ္စတိ” ဟူသော ၎င်းအဋ္ဌကထာ၊ ဒု၊ နှာ-၂၄၀ တို့၌ လာ၏။

ဟတ္ထာဠဝက ဥပါသကာ၏ သဒ္ဓါ သီလ သုတ စာဂ ပညာ အပ္ပိစ္ဆတာ ဟိရီ ဩတ္တပ္ပ ဟူသော အံ့ဘွယ်ရှစ်ပါးတို့နှင့် ပြည့်စုံခြင်းသည် “သီလဝါ ဘိက္ခဝေ ဟတ္ထော အာဠဝကော” စသော အဋ္ဌင်္ဂုတ္တရပါဠိတော်၊တ၊နှာ-၅၃၊ “သီလဝါတိ ပဉ္စသီလ ဒသသီလေန သီလဝါ” စသော ၎င်း အဋ္ဌကထာ -၂၂၂ တို့၌ လာ၏။

၁၀-ပါးသီလကို မိန်းမများ စောင့်နိုင်ခြင်း

အချို့သူတို့ကလည်း ဒသသီလကို မိန်းမတို့ မစောင့်ကောင်း ဟူ၍ ငြူစူပြောဆိုကြ ကုန်၏။ ကျမ်းဂန်အရာ မလိမ္မာ၍ ဆိုမိဆိုရာ ပြောဆိုသည်သာဟု မှတ်။ မာတုဂါမတို့၏ နတ်ရွာသုဂတိ လားရကြောင်း သဒ္ဓါ သီလ ဟိရီ ဩတ္တပ္ပ ပညာ ဟူသော တရားငါးပါး၊ မာတုဂါမတို့၏ ရူပဗလ ဘောဂဗလ ဉာတိဗလ ပုတ္တဗလ သီလဗလ ဟူသော အားငါးပါး တို့ကို ဟောတော်မူရာ သဠာယတနဝဂ္ဂ၊ မာတုဂါမသံယုတ် ပါဠိတော်၊ နှာ-၄၄၄။ အဖွင့် အဋ္ဌကထာ နှာ-၁၂၆၌

ပဉ္စသီလ, ဒသသီလာနိ အခဏ္ဍာနိ ကတွာ ရက္ခန္တဿ ဟိ သီလသမ္ပတ္တိယေဝ သီလဗလံ နာမ ဟောတိ”-ဟု လာသည်။

ကဿပဘုရားရှင် လက်ထက် --

ခေမာ ဥပ္ပလဝဏ္ဏာ စ၊
ပဋာစာရာ စ ကုဏ္ဍလာ။
ကိသာဂေါတမီ ဓမ္မဒိန္နာ၊
ဝိသာခါ ဟောတိ သတ္တမီ။

ဟူသော ခုနစ်ဦးသားတို့၏ အလောင်းဖြစ်သော---

သမဏီ သမဏဂုတ္တာ စ၊
ဘိက္ခုနီ ဘိက္ခုဒါယိကာ။
ဓမ္မာ စေဝ သုဓမ္မာ စ၊
သတ္တမီ သံဃဒါယိကာ။

ဟူသော မင်းသမီး ခုနစ်ယောက်တို့သည် ငယ်စဉ်ကစ၍ အနှစ်နှစ်သောင်း ကာလပတ်လုံး ဆယ်ပါးသီလ ကောမာရ ဗြဟ္မစရိယကို ဆောက်တည် ကျင့်သုံးလျက် ဘုရားအမှူး ရှိသော သံဃာတော်ကို ပစ္စည်းလေးပါးတို့ဖြင့် မပြတ် လုပ်ကျွေးကြကုန်သည် ဟု - အပဒါန်၊ ထေရီဂါထာ၊ အင်္ဂုတ္တရ အဋ္ဌကထာ စသည်တို့၌ အကျယ်လာ၏။

သီဟိုဠ်ကျွန်း ဒေဝါနံပိယတိဿမင်း ညီတော် မိဖုရား အနုဠာဒေဝီလည်း ငါးရာသော သတို့သမီး၊ ငါးရာသော အိမ်တော်သူတို့နှင့် တကွ ဒသသီလကို ဆောက်တည်လျက် ဖန်ရည်စွန်းသော အဝတ်ကို ဝတ်၍ မြို့တွင်းအရပ်တခု၌ နေသည်ဟု ပါရာဇိကဏ် အဋ္ဌကထာ (၁၊နှာ-၆၇) ၌ လာသည်။

ဥပါသက သိက္ခာတိ ဥပါသကေဟိ သိက္ခိတဗ္ဗသိက္ခာ။ သာ ပဉ္စသီလဝသေန ဝဋ္ဋတိ၊ ဥပါသိကသိက္ခာတိ ဥပါသိကာဟိ သိက္ခိတဗ္ဗသိက္ခာ။ သာပိ ပဉ္စသီလ ဒသသီလဝသေန ဝဋ္ဋတိ --

ဟု-အဘိဓမ္မာ ဝိဘင်းအဋ္ဌကထာ (နှာ-၃၂၉)၌ ဒသသီလကို လူယောက်ျား လူမိန်းမတို့ စောင့်အပ်ကြောင်းကို အထင်အရှား ခြားခြားနားနား မိန့်ဆိုသည်။

ယမ နိယမ အကျင့်

ယံ ဒေဟသာဓနာပေက္ခံ
နိစ္စံ ကမ္မ မယံ ယမော
အာဂန္တုသာဓနံ ကမ္မ
မနိစ္စံ နိယမော ဘဝေ

မောဂ္ဂလ္လာန် အဘိဓာန် ဂါထာ-၄၄၄။

ယမသီလ

ယံ ကမ္မံ၊ အကြင်ဗြဟ္မစရိယ အမှုသည်။
ဒေဟသာဓနာပေက္ခံ၊ ကိုယ်ခန္ဓာ ပြီးဆုံးသည်ကို ငဲ့၏။
နိစ္စံ၊ တနေ့မပြတ်မြဲ၏။
အယံ၊ ဤဗြဟ္မစရိယ အကျင့်သည်။
ယမော၊ ယမ အကျင့်မည်သည်။
ဘဝေ၊ ဖြစ်၏။

[ယမ သီလ = အမြဲစောင့်ထိန်းအပ်သော ငါးပါးသီလ။]

နိယမသီလ

အာဂန္တုသာဓနံ၊ အခိုက်အတန့် ပြီးစေအပ်သော။
အနိစ္စံ၊ မမြဲ, ပြတ်တောင်းသော။
ကမ္မံ၊ ဗြဟ္မစရိယ အမှုသည်။
နီယမော၊ နိယမအကျင့် မည်သည်။
ဘဝေ၊ ဖြစ်၏။

[နိယမ သီလ = ရံခါစောင့်ထိန်းအပ်သော ဥပုသ်သီလ(အဘယာရာမ အဘိဓာန် နိဿယ သစ်၊ ဂါထာနံပါတ်-၄၄၄)
= ကာလ အပိုင်းအခြားအားဖြင့် မှတ်အပ်သဖြင့် နှိယမ ဟု ခေါ်သည်။ (အဘိဓာန် ဋီကာ)]

ယံ ပါဏာတိပါတာ ဝေရမဏိအာဒိကံ ဗြဟ္မစရိယကမ္မံ နိစ္စံ၊ ယာဝဇီဝမဝသမ္ဘာဝေန၊ တံဒေဟသာဓနာပေက္ခံ သရီရေနေဝ သာဓနမပေက္ခံ၊ အယံ ယမောနာမ။ ယံ ပနာဂန္တုနာ သုက္ကပက္ခာဒိဝသေန အနိစ္စံ နိယမိတကာလ- မုပဝါသာဒိကံ ကမ္မံ၊ အယံ နိယမော။ ကာလာဒိဝသေန နိယမိတဗ္ဗောတိ နိယမော။ ၎င်းအဘိဓာန်ဋီကာ (နှာ-၃ဝ၄)

ထို ယမ, နိယမ ကျင့်သုံးပုံသည် သာသနာဝင် ကျမ်းကြီးတို့၌ တိုက်ရိုက် မလာသော်လည်း ယခင် ပြခဲ့ပြီးသော ဝတ္ထုနိဒါန်းတို့၌ ပကရဏန္တရ အဓိကာရလက္ခဏာ အရာအကြောင်း အားဖြင့် အလွန် ထင်ရှားစွ

နိယမ သီလရှင်းတမ်း

ထို ဒသသီလကို နိယမ အဖြစ်ဖြင့် နေ့ရက် ကာလ ပက္ခ လ နှစ်တို့ကို မှတ်၍ ကျင့်ကောင်းသောကြောင့် ပြည့်ရှင်မင်းတို့ ကျင့်အပ်သော ရာဇဓံ ဆယ်ပါးတို့တွင် “သီလံ” ပုဒ်ကို “ပဉ္စသီလ ဒသသီလာနိ သီလံ” ဟု အသီတိနိပါတ် မဟာဟံသဇာတ် အဋ္ဌကထာ (ဇာတက၊ ဋ္ဌ၊ ၅၊ နှာ-၄၀၃-၌) ဖွင့်ဆိုသည်။ ဤအလိုဖြင့် ရှေးမင်းတို့ နေ့ရက် ကာလကို ပိုင်းခြားမှတ်သား၍ နိယမအားဖြင့် ဆယ်ပါးသီလကိုလည်း ရံခါ ရံခါ ဆောက်တည်ကြသည်၏ အဖြစ်သည် စင်စစ် ထင်ရှား၏

ဥပုသ်သီလမှာ ပဉ္စသီလနှင့် နေသည့်အခါ ဥပုသ်နေ့တိုင် ရောက်လျှင် ရှေးမင်းတို့ စောင့်ရှောက်သည်ကို “ဥပေါသထကမ္မံ တပေါ” ဟု ၎င်းဇာတ်အဋ္ဌကထာ (နှာ-၄၀၃ ၌) ဖွင့်ဆို၏။ ယင်းသို့ နိစ္စ-နိယမ-ဒိဝသ တို့ဖြင့် ပဉ္စသီလ ဒသသီလ အဋ္ဌသီလ တို့ကို ရှေး မင်းကောင်းတို့ ကျင့်သုံးလေ့ရှိသောကြောင့် ဗာရာဏသီပြည့်ရှင် မင်းကြီးသည် ဘုရားလောင်း ဓတရဋ္ဌ ဟင်္သာမင်းအား--

ဒါနံ သီလံ ပရိစ္စာဂံ
အဇ္ဇဝံ မဒ္ဒဝံ တပံ
အက္ကောဓံ အဝိဟိံ သဉ္စ
ခန္တိဉ္စ အဝိရောဓနံ

ဣစ္ဆေတေ ကုသလေ ဓမ္မေ
ဌိတေ ပဿာမိ အတ္တနိ
တတော မေ ဇာယတေ ပီတိ
သောမနဿဉ္စ' နပ္ပကံ

ဟု ပြောဆိုကြောင်းကို အသီတိနိပါတ် မဟာဟံသဇာတ် ပါဠိတော် (ဇာတက၊ဒု၊နှာ-၉၇)၌ ဘုရားဟောတော်မူသည်။

ဒါနံ၊ ပေးလှူခြင်း။
သီလံ၊ ငါးပါး, ဆယ်ပါးသီလ။
ပရိစ္စာဂံ၊ ပေးအပ်သမျှ ဒါနတ္ထုတို့ကို စွန့်ခြင်း။
အဇ္ဇဝံ၊ ဖြောင့်မတ်ခြင်း။
မဒ္ဒဝံ၊ နူးညံ့ခြင်း။
တပံ၊ အဋ္ဌင်္ဂဥပုသ်ကို အားထုတ်ခြိုးခြံစွာကျင့်ခြင်း။
အက္ကောဓံ၊ မေတ္တာပွါးလျက် အမျက်မထွက်ခြင်း။
အဝိဟိံ သဉ္စ၊ သနားကြည်ကွဲ မညှဉ်းဆဲခြင်း။
ခန္တိဉ္စ၊ သည်းခံခြင်း။
အဝိရောဓနံ၊ ပြည်သူတို့နှင့် မဆန့်ကျင်ခြင်း။
ဣတိ ဧတေ ကုသလေ ဓမ္မေ၊ ဤမင်းကျင့်ဆယ်ပါး ကုသိုလ်တရားတို့ကို။
အတ္တနိ၊ မိမိ၌။
ဌိတေ၊ တည်သည်တို့ကို။
ပဿာမိ၊ မြင်ရ၏။
တတော၊ ထို့ကြောင့်။
မေ၊ ငါ့အား။
ပီတိ၊ နှစ်သက်ခြင်းသည်၎င်း။
အနပ္ပကံ၊ အတိုင်းမသိသော။
သောမနဿဉ္စ၊ ဝမ်းမြောက်ခြင်းသည်၎င်း။
ဇာယတေ၊ ဖြစ်၏။
(ဤကား အနက်)

ငါတို့ဘုရားရှင်လက်ထက် သာဝတ္ထိပြည် သေဌေးသားတဦးသည် ဆရာရဟန်းကို ကပ်၍ ဒုက္ခမှလွတ်အောင် အဘယ်သို့ ကျင့်ရပါအံ့နည်းဟု လျှောက်ရာ စာရေးတံဆွမ်း ပက္ခဆွမ်း ဝါဆိုသင်္ကန်း ပစ္စည်းလေးပါးအလှူ ဥစ္စာကို သုံးပုံ ပုံ၍ တပုံကို စီးပွါးပြု၊ တပုံကို သားမယားမွေး၊ တပုံကို သာသနာတော်၌ လှူစေ၍ သရဏဂုံ ပဉ္စသီတို့၌ ဆုံးမ တိုက်တွန်းတိုင်း နာခံပြီး၍ ထပ်မံလျှောက်ထားသည်နှင့် ဆယ်ပါးသီလကို ဆောက်တည် စေသဖြင့် ကုသိုလ်တရားကိုကျင့်၍ သေဌေးအဖြစ်သို့တိုင် ရောက်ကြောင်းကို ဓမ္မပဒ အဋ္ဌကထာ (၁၊ နှာ-၁၈၉) ဥက္ကဏ္ဌိတဝတ္ထုတွင် ဆိုသည်။

ယေ ဂဟဋ္ဌာ ပုညကရာ
သီလဝန္တော ဥပါသကာ
ဓမ္မေန ဒါရံ ပေါသေန္တိ
တေ နမဿာမိ မာတလိ

ဟူသော သဂါထာဝဂ္ဂ သက္က နမဿန (ဂဟဋ္ဌဝန္ဒန၁) သုတ် (သံယုတ်၊ ၁၊ နှာ-၂၃၄) ၌ မိန့်ဆို၏။

သီလဝန္တောတိ ဥပါသကတ္တေ ပတိဋ္ဌာယ ပဉ္စဟိ ဒသဟိပိ သီလေဟိ သမန္နာဂတာ-ဟု ယင်း အဋ္ဌကထာ (နှာ-၃၂၂)၌ မိန့်ဆို၏။

နိစ္စသီလ ဝသေန ပဉ္စဟိ၊ နိယမဝသေန ဒသဟိ၊ ပိ-သဒ္ဒေန ကတိ ပယေဟိ ဥပေါသထ သီလဝသေန အဋ္ဌဟိပီတိ ဒဿေတိ -- ဟု ယင်းဋီကာ (နှာ-၃၄၁) ၌ မိန့်ဆို၏။

ဤသို့ပြအပ်ပြီးသည်အတိုင်း များသောအားဖြင့် --
ပဉ္စသီလကို နိစ္စ
ဒသသီလကို နိယမ
အဋ္ဌသီလကို ဥပုသ်နေ့ - မှတ်၍ လောက၌ ကျင့်သုံးကြကုန်၏။

ဝတ်ဖြူဝတ် သီလရှင် သူတော်စင်ပြုလုပ်သူတို့ကား ဒသသီလကို နိစ္စဆောက်တည် ရမည်မှာ ဆိုဖွယ်ရာ မရှိပြီ

နေ့ရက် ဟူသမျှ ဥပုသ်စောင့်ကောင်းခြင်း

အချို့ ဆရာကြီးတို့ကား ဥပုသ်နေ့မဟုတ်ပဲ ဥပုသ် စောင့်လျှင် ဥပုသ်သီလ မမည်ဟု၎င်း, အချို့သူတို့ကလည်း အကျိုးမရဟု၎င်း ပြောဆို ရေးသားကြကုန်၏။ ထိုတွင် အကျိုးမရ ဟု ယူသော သူတို့ကား မိစ္ဆာသက်သက် သာတည်း။ ဥပုသ်မမည်ဟု ယူသူတို့ကား လောကစာရိတ္တ အထင်အရှား အများ ပြုကျင့်ကြရိုးသို့ လိုက်၍ ဟောတော်မူသော “စာတုဒ္ဒသိံ ပဉ္စဒသိံ၊ ယာ စ ပက္ခဿ အဋ္ဌမီ” စသော သုတ္တန်ပါဠိတော် (တိကင်္ဂုတ္တရ၊ နှာ-၁၄၂-စသည်) များကိုသာ တွေ့မြင်၍ ပြောဆိုရေးသားခြင်း ဖြစ်သည်။

ရဟန်းတို့မှာကဲ့သို့ ပကတိစာရိတ္တ မဟုတ်။ မဟာဇနကမင်းသား သင်္ခပုဏ္ဏား စသော ဘုရား အလောင်းတော်တို့သည် သင်္ဘောပျက်သည့်အခါ ဥပုသ်နေ့ မဟုတ်သော်လည်း တရက်မက ခုနစ်ရက်တိုင်အောင်ပင် နေ့ရက်မရွေး ဆောက်တည် ကျင့်သုံးကြ ကုန်သည်။ ပကိဏ္ဏကနိပါတ် ပဉ္စုပေါသထဇာတ် (ဋ္ဌ၊ ၄၊ နှာ-၃၂၅) ၌လည်း ဘုရား အနုရုဒ္ဓါ ကဿပ မောဂ္ဂလ္လာန် သာရိပုတြာ အရှင်ကောင်းတို့ အလောင်းတော် ဖြစ်ကြကုန်သော ဇာတိမန္တရ- ရသေ့ ခို ဝံ မြေခွေး မြွေ ဤငါးဦးသော သူမြတ်တို့သည် မာန ရာဂ အတြိစ္ဆာ လောဘ ဒေါသ ဖြစ်လာသည့်အခါ ထိုကိလေသာတို့ကို နှိပ်၍ နေ့ရက်မရွေး ဥပုသ်စောင့်ကြ ကြောင်း လာသည်။

နန္ဒိယမင်း၏ မိဖုရားကြီးလည်း ဥပုသ်ဆောက်တည်လျက် လေးမျက်နှာ အရပ်သို့ တရက် တရက်စီ အလှူခံ ရဟန္တာ အရှင်မြတ်တို့ကို ပူဇော်ပင့်ဆောင်ကြောင်း ဧကင်္ဂုတ္တရ အဋ္ဌကထာ (နှာ-၁၃၅)၊ နိဒါနဝဂ္ဂ ကဿပသံယုတ်အဋ္ဌကထာ (သံ၊ဋ္ဌ၊၂၊နှာ-၁၇၅) တို့၌ လာသည်။ ထို အလောင်းတော်မြတ်တို့လည်း မျက်မှောက်တမလွန် လောကီ လောကုတ္တရာ အကျိုးစီးပွါး ထင်ရှားစွာ ရကြသည်ဖြစ်၍ နေ့ရက်ကာလမရွေး အလို ရှိတိုင်း စောင့်သုံးအပ်ကြောင်းကို ကောင်းကောင်း ကြီးမှတ်၍ မယုံမမှား တတ်အားသမျှ စောင့်သုံးကြကုန်

ဥပုသ် ၃-မျိုး

ထိုဘို စောင့်သုံးအပ်သောဥပုသ်သည် နိဂဏ္ဌဥပုသ် ဂေါပါလဥပုသ် အရိယဥပုသ် ဟူ၍ သုံးပါးတည်း။

နိဂဏ္ဌဥပုသ်

ထိုတွင် အကျိုးမရှိ ဒိဋ္ဌိဝါဒ နိဂဏ္ဌတို့ ဆုံးမတိုင်း စောင့်သုံးသော ဥပုသ်သည် နိဂဏ္ဌဥပုသ် မည်၏။

ဂေါပါလဥပုသ်

အဘိဇ္ဇာ တဏှာ လောဘနှင့်စပ်၍ မပြတ်သော စီးပွါးရေး စသည်ကို တွေးဆ ကြံလျက် စောင့်သော အရိယဥပုသ်သည်ပင် မိစ္ဆာဝိတက်ကြောင့် ဂေါပါလဥပုသ် မည်၏။

အရိယုပေါသထော အယံ အပရိသုဒ္ဓဝိတက္ကတာယ ပန ဂေါပါလက ဥပေါသထဋ္ဌာနေ ဌိတော

တိကင်္ဂုတ္တရအဋ္ဌကထာ၊ ဝိသာခုပေါသထ သုတ်အဖွင့် (နှာ-၁၉၄)။

အရိယဥပုသ်

အရိယာသူတော်ကောင်းတို့ ကျင့်သုံးသော ဥပုသ်သည် အရိယဥပုသ် မည်၏။

အရိယဥပုသ် ၆-ပါး

ထိုအရိယဥပုသ်သည် ဗြဟ္မုပေါသထ, ဓမ္မုပေါသထ, သံဃုပေါသထ, သီလုပေါသထ, ဒေဝတုပေါသထ, အဋ္ဌင်္ဂိကုပေါသထ ဟူ၍ ခြောက်ပါး၊ ဝိသာခုပေါသထသုတ်၌ လာ၏။

ထိုတွင် ဘုရား တရား သံဃာ မိမိ၏ သီလဂုဏ် တို့ကို ဆင်ခြင်၍ စောင့်သုံးသော ဥပုသ်လေးပါးတို့သည် ဗြဟ္မုပေါသထ ဓမ္မုပေါသထ သံဃုပေါသထ သီလုပေါသထ မည်၏။

နတ်ဗြဟ္မာတို့ကို သက်သေထား၍ မိမိ၏ သဒ္ဓါ သီလ သုတ စာဂ ပညာ ဟိရီ ဩတ္တပ္ပ ဟူသော သူတော်ကောင်းတရား ကျေးဇူးဂုဏ်ကို အောက်မေ့၍ စောင့်ရှောက်အပ်သော ဥပုသ်သည် ဒေဝတုပေါသထ မည်၏။

ယခုကာလ စောင့်ကြရိုး ရှစ်ပါးသီလသည် အဋ္ဌင်္ဂိကဥပုသ် မည်၏။ ယင်း ဥပုသ်ကို အိမ်ယာတည်ထောင်သူ လူတို့သာ ကျင့်သုံးရသည်

ရှေ့ငါးပါးကိုကား ရဟန်း ရှင်လူ သူခပ်သိမ်းပင် ကျင့်သုံးရ၏

အရိယဥပုသ် ကျင့်သုံးခြင်း

ဤမျှလောက်သော နေ့ရက် ကာလပတ်လုံး ဘုရားဂုဏ် တရားဂုဏ် သံဃာဂုဏ် မိမိ၏ ပဉ္စသီလ, ဒသသီလ, စတုပါရိသုဒ္ဓိသီလ, သန္တဓနခုနစ်ပါးတို့ကို အောက်မေ့ ဆင်ခြင်၍ သီတင်းသုံးနေအံ့ဟု ဆောက်တည်၍ နေသမျှသည် အရိယဥပုသ် သုံးနေသည် မည်၏ ဟူ၍ မှတ်။

သီလာနီတိ ဂဟဋ္ဌော ဂဟဋ္ဌသီလာနိ ပဗ္ဗဇိတော ပဗ္ဗဇိတသီလာနိ

သီလုပေါသထန္တိ အတ္တနော သီလာနုဿရဏဝသေန ဥပဝုတ္ထော ဥပေါသထော “သီလုပေါသထောနာမ” –-

ဟူသော အဋ္ဌကထာဖွင့်စကား (အံ၊ ဋ္ဌ၊ ၂၊ နှာ-၁၉၆) ကို နှလုံးထားမိကြစေ။ (ဤအရာကို စာပေကျမ်းဂန် အတန်အရာ သင်ကြားကြည့်ရှုဘူးရုံမျှ သာမညနှင့် သတိရခဲစွ။ သို့ဖြစ်၍ ဟောရိုးပင် ကွယ်ပြတ်လေပြီ။ ကြပ်ကြပ် သတိထား၍ ဆင်ခြင်ကြလေကုန်)။

အဋ္ဌင်္ဂိကဥပုသ်စောင့်ရိုးနေ့ တို့ကား လဆန်း လဆုတ် အဋ္ဌမီ စာတုဒ္ဒသီ ပန္နရသီဟု ပါဠိတော်နည်း ပကတိဥပုသ်နေ့ ခြောက်ရက်။ ပဉ္စမီနေ့ကိုထည့်၍ အဋ္ဌကထာနည်း ပကတိဥပုသ်နေ့ ရှစ်ရက်။ ပါဠိတော်လာ ခြောက်ဥပုသ်နှင့် ကကွ အဝင်အထွက် ရှစ်ရက်တို့သည် ဝိမာနဝတ္ထု, ထေရဂါထာ, နေမိဇာတ် အဋ္ဌကထာတို့၌ လာသော ပါဋိဟာရိယပက္ခဥပုသ်နေ့။ ထိုအကြိုအပို့ရှစ်ရက်၌ ဝါလအပို့ သီတင်းကျွတ် လကွယ်တိုင် တဆဲ့ငါးရက်ကို ထည့်။ သဂါထာဝဂ္ဂ အဋ္ဌကထာလာ ပါဋိဟာရိယပက္ခဥပုသ်နေ့

ဝါတွင်း သုံးလ။ တနည်း-ဝါကျွတ် နောက်တလ။ တနည်း-ဝါကျွတ် ဆဲ့ငါးရက်တို့သည် အင်္ဂုတ္တရ အဋ္ဌကထာလာ ပါဋိဟာရိယပက္ခ နိဗဒ္ဓဥပုသ်နေ့။ ဝါဆို ဝါခေါင် တော်သလင်း သီတင်းကျွတ် တန်ဆောင်မုန်း ငါးလ။ တနည်း - ဝါဆို တန်ဆောင်မုန်း တပေါင်း သုံးလ သည် သုတ္တနိပါတ် အဋ္ဌကထာလာ ပါဋိဟာရိယပက္ခ နိဗဒ္ဓဥပုသ်နေ့ မည်၏။

တိကင်္ဂုတ္တရ စတုမဟာရာဇသုတ် (နှာ-၁၄၁) လာ ၎င်းအဋ္ဌကထာ (နှာ-၁၂၂)ပြ အကြို အပို့နှင့်တကွ ရှစ်သီတင်းဟူသော ပဋိဇာဂရဥပုသ်နေ့ကို ပါဋိဟာရိယပက္ခ ဥပုသ်နေ့ ဟူ၍ ပကိဏ္ဏကနိပါတ် သုရုစိ ဇာတ်အဋ္ဌကထာ (နှာ-၃၁၅) ၌ မိန့်ဆို၏။

ဤသို့ အဋ္ဌကထာကြီးတို့ အနည်းနည်း ဖွင့်ပြသည်ကို လောက၌ ပြုကျင့်လေ့ အရိုး အစဉ်သို့ လိုက်၍၎င်း ပြုကျင့် နိုင်တိုင်း ကောင်းမြတ်၏ဟု နှလုံးပြု၍၎င်း ဖွင့်ပြသည်ဟူ၍ မှတ်။ အဋ္ဌကထာချင်း ဆန့်ကျင်သည် ဟူ၍၎င်း ကြွင်းသော နေ့ရက်တို့၌ ဥပုသ်မစောင့်ရ ဟူ၍၎င်း မမှတ်နှင့်

ဥပေါသထံ ဝုစ္စတိ အဋ္ဌင်္ဂသမန္နာဂတံ သဗ္ဗဒိဝသေသု ဂဟဋ္ဌေဟိ ရက္ခိတဗ္ဗ သီလံ” ဟူသော သုတ်မဟာဝါ မဟာသုဒဿနသုတ်ဋီကာ (နှာ-၁၉၂) နှင့် အညီ နေ့ရက်ဟူသမျှ ဥပုသ်စောင့်ကောင်း၏၊ စောင့်နိုင်သမျှ ကောင်းကျိုးရ၏ဟု မုချမြဲစွာ သေသေချာချာ မှတ်ကြကုန်

အချိန်မရွေး သီလ ဆောက်တည်အပ်ခြင်း

ကတမော ကာလပရိယန္တော ဥပါသကော- ပါသိကာနံ သမာဒါနဝသေန ပရိဝေဏဂတာ ပရိဝေဏ ပရိယန္တံ သီလံ သမာဒိယန္တိ၊ ဝိဟာရဂတာ ဝိဟာရပရိယန္တံ သီလံ သမာဒိယန္တိ၊ ဧကံ ဝါ ဒွေ ဝါ တယော ဝါ ဘိယျော ဝါ ရတ္တိန္ဒိဝါနိ ပရိစ္ဆေဒံ ကတွာ သီလံ သမာဒိယန္တိ။ အယံ ကာလပရိယန္တော

ဟူသော ပဋိသမ္ဘိဒါမဂ် အဋ္ဌကထာ (၁၊ နှာ-၁၈၈) ဖြင့် အိမ်ရာ တည်ထောင်သူ လူတို့သည် တအောင့် တခဏ တည တရက် တလ တနှစ် တသက်လုံးပင်သော်လည်း သီလ ဆောက်တည်အပ်သည်ကို သိရာ၏

ဗြဟ္မစရိယ ငါးပါးသီလ

ငါးပါးသီလကို အမြဲ နိစ္စ ဆောက်တည်အပ်၏။ မေထုန်မှုကင်းမူ ကာမေသုမိစ္ဆာစာရာ ဟူရာ၌ အဗြဟ္မစရိယာကိုထည့်၍ ဗြဟ္မစရိယပဉ္စမက သီလကို ဆောက်တည်ရာ၏။ ယင်း သီလကို ငါတို့ ဘုရားရှင်လက်ထက် ပုရာဏဥပါသကာ နကုလမာတာ နကုလပိတာ ဥဂ္ဂသူကြွယ်တို့ ကျင့်ကြောင်း ဆက္က(နှာ-၃ဝ၅), အဋ္ဌ(နှာ-၄၇, ၉၅) နဝင်္ဂုတ္တရ ပါဠိတော်၌ လာ၏။ ဥဒယဘဒ္ဒမင်း-မိဖုရား, ဒုကူလ-ပါရိက စသည်တို့လည်း ကျင့်ကုန်၏။

ဧကဘတ္တိက ဆက္ကသီလ

၎င်း၌ “ဝိကာလဘောဇနာ ဝေရမဏိ” ကို ထည့်၍ ဧကဘတ္တိက ဆက္ကသီလကို ငါတို့ဘုရားရှင် လက်ထက် ဓမ္မိကဥပါသကာ နန္ဒမာတာတို့ အသက်ထက်ဆုံး ကျင့်သုံးကြ ကြောင်း သုတ္တနိပါတ် ဓမ္မိကသုတ် အဋ္ဌကထာ (ဒု၊ နှာ-၁၀၁) ၌ လာ၏။ ကဿပဘုရားရှင် လက်ထက် သီတင်းသည် ငါးရာနှင့်တကွ ဂဝေသီ ဆရာကြီးလည်း ဗြဟ္မစရိယ ပဉ္စမကသီလ ဧကဘတ္တိက- ဆက္ကသီလကို ကျင့်ကြောင်း ပဉ္စင်္ဂုတ္တရ မဇ္ဈိမပဏ္ဏာသ ပါဠိတော်တို့၌ လာ၏။

ဇာတရူပ သိက္ခာပုဒ် ဆုံးဖြတ်ချက်

ဆယ်ပါးသီလအရာ၌ ဇာတရူပသိက္ခာပုဒ် ဝိနိစ္ဆယကား နာနာဝါဒဖြစ်သဖြင့် ကျမ်းဂန် လိမ္မာ ထင်ရှားသော ဆရာသမားကြီးများပင် အသီးအသီး အဟောအမိန့် မတူ အယူမမျှ ရှိကြသောကြောင့် ဝိဝါဒကွဲပြား ငြင်းခုံမှုပွါး ငရဲများကြသည်။ ပဋိပတ်နှင့်စပ်သော အရာ ဟူသည်မှာ အနညဝိသယ သဗ္ဗညုတ ဉာဏ်တော်သခင် ဘုရားရှင်၏ ဒေသနာတော် အရှိသာ လိုရင်း။ ထိုဒေသနာကိုလည်း အဋ္ဌကထာ ဆရာမြတ်တို့သာ ဆုံးဖြတ်သိမြင်နိုင် ကုန်၏။ အဋ္ဌကထာဆရာမြတ်တို့ အဆုံးအဖြတ် သိမ်မွေ့သော လီနတ္ထ အရာကိုလည်း ဋီကာ ဂဏ္ဌိဆရာမြတ် ကျမ်းတတ်ဝိသေသ ပုဂ္ဂိုလ်တို့သာ သိနိုင်ရာသည်။ ထို့ကြောင့် ဤ ဒသသီလ ဇာတရူပအရာဝယ် ပါဠိ အဋ္ဌကထာ ဋီကာအလို ထိုထိုကျမ်းဂန်တို့ သဘောနှင့် နှီးနှောသုတ်သင် ပြလိုက်ဦးအံ့ --

(လီနတ္ထ = တိမ်မြုပ်ကွယ်ဝှက် မထင်ရှားသော အနက်အဓိပ္ပါယ်။)

သာမဏေတို့ကဲ့သို့ ရှိဟောင်းရွှေငွေတို့ကို အလုံးစုံ အာလယပြတ် စွန့်နိုင်မှ ဒသသီလကို စောင့်ကောင်းသည်ဟူ၍၎င်း၊ ဃဋိကာရအိုးထိန်း စသည်တို့ကဲ့သို့ ရွှေစိတ် ငွေစိတ် ကင်းပ အပေတဇာတရူပဖြစ်၍ ယာဝဇီဝ နိစ္စ နိယမ စောင့်ရသည် ဟူ၍၎င်း ပြောဆိုတတ်ကြ၏၊ ပြောဆိုတိုင်း မမှတ်ယူရာ

သာမဏေတို့မှာ လူတို့ကဲ့သို့ နိစ္စ အနိစ္စ ယမ နိယမ အပြား မရှိ။ လူတို့ ငါးပါးသီလကဲ့သို့ နိစ္စသီလ ယမသီလဖြစ်၍ သာမဏေဝတ်နှင့် နေသမျှ မစောင့် မနေရ အာလယပြတ်စွန့်၍ စောင့်ရသည်။ ယင်းသို့ အာလယပြတ် စွန့်သည် ဟူရာ၌ အနာဂါမ် ရဟန္တာတို့ကဲ့သို့ ရွှေစိတ် ငွေစိတ် သာယာစိတ် ကင်းနိုင်မှ မဟုတ်၊ ရှေးလူကာလက ရှိခဲ့ဘူးသော စွန့်ခဲ့ပြီး သော ရွှေငွေများကို အာရုံပြု၍ သာယာမိသော်လည်း သီလမပျက်၊ အနာဂတ်၌ ရလတ္တံ့သည်ကို သာယာသော်လည်း သီလမပျက်

သာယာသည်၌ အဓိပ္ပါယ်

ပေးလှူလာသော မျက်မှောက် မျက်ကွယ်ရှိ ရွှေငွေကို ကိုယ် နှုတ်ဖြင့် မပယ်ပဲ စိတ်ဖြင့် သည်းခံသည်ကိုသာ သာာသည် [၁] ဟု ဆိုသည်။ ထို့ကြောင့် --

ဥပနိက္ခိတ္တံ ဝါ သာဒိယေယျာ” တိ “ဣဒံ အယျဿ ဟောတူ” တိ ဧဝံ သမ္မုခါ ဝါ “အသုကသ္မိံ နာမ ဌာနေ မမ ဟိရညသုဝဏ္ဏံ၊ တံ တုယှံ ဟောတူ'တိ ဧဝံ ပရမ္မုခါ ဌိတံ ဝါ ကေဝလံ ဝါစာယ ဟတ္ထမုဒ္ဒါယ ဝါ 'တုယှ' န္တိ ဝတွာ ပရိစ္စတ္တံ ယေဝ ကာယဝါစာဟိ အပ္ပဋိက္ခိပိတွာ စိတ္တေန အဓိဝါသေယျ၊ အယံ 'သာဒိယေယျာ'တိ ဝုစ္စတိ

ဟူ၍ ကင်္ခါအဋ္ဌကထာ ရူပိယ သိက္ခာပုဒ်အဖွင့် (နှာ-၁၇၅) ၌ မိန့်သည်။

ထို့ကြောင့် လူမှာလည်း သူတပါး ပေးလာသည်ကို ကိုယ်နှုတ်ဖြင့် မပယ်ပဲ စိတ်ထဲက အလိုရှိ၍ ဆိတ်ဆိတ် ခံနေသည်ကိုသာ သာယာသည် [၂]ဟု ဆိုသည်

> [၁-၂။ လောလောဆယ် သီလ ဆောက်တည်ဆဲ ပစ္စုပ္ပန် အခိုက် အတန့် ကာလ၌ရအပ် သော ရွှေငွေကို ကိုယ်နှုတ်ဖြင့်မပယ်ပဲ လက်ခံ၍ စိတ်၌သာယာခြင်းဖြစ်လျှင် သီလ ပျက်သည်။]

သီလဆောက်တည်မီက ရှိဟောင်း ရွှေငွေကို ငါ့ရွှေ ငါ့ငွေ ရှိခဲ့၏ဟု နှစ်သက် အောက်မေ့ မိသည်ကို သာယာသည်ဟူ၍ ဆိုသည်ဟု မမှတ်နှင့်။ အကယ်၍ ထိုသို့ ဆိုခဲ့သော် ဥရုဝေလကဿပ အာနန္ဒာ ရာဟုလာ အလောင်းမင်းသား စသည်တို့ ဒသသီလကို ခံယူဆောက်တည်နိုင်စရာ မရှိပြီ၊ ကြပ်ကြပ် ဆင်ခြင်ကြလေ။ စိတ်ထဲက လိုချင်သာယာ သော်လည်း ကိုယ်နှုတ်ဖြင့် ပယ်လျှင် သီလ မပျက်သည်ကိုလည်း --

သစေ ပန စိတ္တေန သာဒိယတိ၊ ဂဏှိတုကာမော ဟောတိ၊ ကာယေန ဝါ ဝါစာယ ဝါ န ယိဒံ ကပ္ပတီ တိ ပဋိက္ခိပတိ။ပ။ ဝဋ္ဋတိ

ဟု ကင်္ခါဝိတရဏီအဋ္ဌကထာ (နှာ-၁၇၅), ပါရာဇိကဏ် အဋ္ဌကထာ (ဒု၊ ရူပိယ သိက္ခာပုဒ် အဖွင့်၊ နှာ-၂၇၀) တို့၌ မိန့်ဆိုသည်ကို ရှု။

ပေးလာသည်ကို၎င်း၊ အရှင် မရှိသည်ကို၎င်း ခံကောက်ယူမှ ယူစေမှ သီလ ပျက်သည်

ဥဂ္ဂဏှေယျ ဝါ” တိ အတ္တနော အတ္ထာယ ဒိယျမာနံ ဝါ ကတ္ထစိ ဌိတံ ဝါ နိပ္ပရိဂ္ဂဟိတံ ဒိသွာ သယံ ဂဏှေယျ၊ “ဥဂ္ဂဏှာပေယျ ဝါ” တိ တဒေဝ အညေန ဂါဟာပေယျ။

ဟူသော ကင်္ခါ (နှာ-၁၇၅) ကို ထောက်။

ငါမခံဟု ပယ်သဖြင့် “တပါးသူတို့လက်၌ ထားပါအံ့၊ အကျွန်ုပ်လက်၌ ထားပါအံ့၊ အပ်သော ပစ္စည်းကိုသာ တောင်းယူ သုံးဆောင်တော်မူပါ”ဆို၍ လှူလာသည်ကို ငါ့အား သုံးဆောင် စရာ မည်သူလက်၌ ရွှေငွေ မည်မျှ ရှိ၏ဟု သာယာ အောက်မေ့မိသော်လည်း သီလ မပျက်

သစေ ပန ဘိက္ခူဟိ “န ဝဋ္ဋတီ”တိ ပဋိက္ခိတ္တေ “ကပ္ပိယကာရကာနံ ဝါ ဟတ္ထေ ဘဝိဿတိ၊ မမ ပုရိသာနံ ဝါ မယံှ ဝါ ဟတ္ထေ ဘဝိဿတိ၊ ကေဝလံ တုမှေ ပစ္စယေ ပရိဘုဉ္ဇထာ”တိ ဝဒတိ၊ ဝဋ္ဋတိ

ဟူသော ရာဇသိက္ခာပုဒ် အဋ္ဌကထာ(ပါရာဇိကဏ်၊ ဋ္ဌ၊ ပ၊ နှာ -၂၅၇) ကိုထောက်။

ထို့ကြောင့် သီလ ခံယူပြီးနောက် အသစ် မခံမယူပဲ အိမ်တွင် ထားခဲ့သော ရွှေငွေကို အောက်မေ့မိ၍ စိတ်က သာယာရုံမျှနှင့် သီလ မပျက်။ ၎င်း ရွှေငွေကို ကိုင်ယူသော်၎င်း သား မယား စသည်တို့ ပေးလာသည်ကို ကိုယ် နှုတ်ဖြင့် မပယ်လှန်ပဲ ကိုင်ခံသာယာ သော်၎င်း သို့မှ သီလပျက်သည်ဟု မှတ်လေ

လှူဒါန်းသော ရွှေငွေနှင့် စပ်လျဉ်း၍ ရဟန်းတို့ ကျင့်သုံးပုံ

ရဟန်းတို့မှာ တယောက်သော သူလာ၍ အရာအထောင်သော ရွှေငွေကို ခြေရင်း၌ ထား၍ “အရှင်အား ဖြစ်စေ”ဟု လှူသည်ကို မအပ်ဟု ပယ်၏။ ဥပါသကာလည်း လှူပြီးဟု စွန့် သွား၏။

တပါးသူ လာ၍မေးသည့်အခါ အကြောင်းကို ပြောဆိုက“တပည့်တော် သိမ်းထား ပါမည် လုံခြုံရာအရပ်ကို ပြပါ”ဆိုအံ့၊ ဘုံခုနစ်ဆင့်ရှိသော ပြသာဒ်သို့ တက်၍သော် လည်း “ဤအရပ် လုံခြုံ၏”ဟု ပြအပ်၏။ “ဤအရပ်၌ ထားလော့ ဟူ၍ကား မဆိုအပ်

တံခါးကိုပိတ်၍ စောင့်ရှောက်နေကောင်း၏၊ တစုံတရာ ပရိက္ခရာသည် လာသည့်အခါ “ဥပါသကာ၊ ဤပရိက္ခရာကို ငါဝယ်လို၏၊ ဤသို့ ထားသော အဘိုးဝတ္ထုလည်း ရှိ၏၊ ကပ္ပိယကာရက မရှိ”ဟု ပြောအပ်၏။ “တပည့်တော်ပင် ကပ္ပိယကာရက”ဟု ဆိုအံ့၊ တံခါးကို ဖွင့်၍ပြအပ်၏။

ဤ ရွှေငွေကို ယူလော့”ဟု မဆိုအပ်။ ထိုရွှေငွေကို ယူ၍ အပ်သော ပရိက္ခရာကို ပေးလှူ ခဲ့အံ့၊ အပ်၏။ တန်ရုံမက အပို အမို ယူမူ “သင့်ပရိက္ခရာ ငါ မဝယ်လိုပြီ။ သင် ထွက်လော”ဟု ဆိုအပ်၏။

(ရဟန်းတော်တို့၌) အပြစ်မရှိသကဲ့သို့ (လူတို့၌လည်း) သူတပါး၏၎င်း သားမယား၏၎င်း ဥစ္စာကို စောင့်ရှောက်ခြင်းငှါ အပ်၏။ ထိုသူတို့ ဥစ္စာကို မဆိုထားဘိ၊ “သင့်ဘို့ ဥစ္စာ”ဟု ပေးလာသည်ကိုပင် “ငါ့အား မအပ်”ဟု ပယ်၍ မအပ်သော်လည်း “သင့်ဥစ္စာပင်”ဟု ထားခဲ့သော ရွှေငွေကို ရဟန်း၌ ဆိုခဲ့ပြီးသော နည်းဖြင့် စီရင်လျှင် သုံးဆောင်အပ်၏ ဟူ၍ သိလေ

ရှိဘူးသောရွှေငွေကို အောက်မေ့ သာယာရုံမျှဖြင့် သီလမပျက်၊ ထို့ကြောင့် ဒသသီလ ဆောက်တည်ခင်က မကိုင်မခံ မသာယာဟု ပယ်ခဲ့ပြီး၊ သီလခံပြီး နောက်လည်း ကိုယ်နှုတ်ဖြင့် မကိုင်မခံ ပေးလာသည်ကိုလည်း မသာယာ၊ ရှိဘူးသော ရွှေငွေကို ရွှေငွေ ရှိသေးသည်”ဟု စိတ်ထဲက အောက်မေ့ သာယာမိရုံနှင့် ဇာတရူပသိက္ခာပုဒ် မပျက်ရာ

ပျက်ရာ၏’ ဟုပြောဟော ယုံမှားကြသော ရဟန်းရှင် လူတို့မှာ ဝိနည်းအရာ မလိမ္မာ၍ ထင်ရာထင်တိုင်း ယူမှား ပြောဆိုကြသည်သာ ဖြစ်သည်ပမာဏ မဟုတ်ဟူ၍ သေအောင် မှတ်ကြလေ။ “ရှိရင်း ရွှေငွေကို အာလယ ပြတ်ကင်းအောင် သုတ်သင် ရမည်”ဟု ဆိုသော ရဟန်းရှင် လူတို့ စကားကို ဝိနည်းကျမ်းဂန်ထက် လွန်သည်ဟူ၍ မှတ်ရာ၏။ အာလယ ပြတ်ကင်းအောင် မသုတ်သင်နိုင်သော် ဝိနည်းတော်နှင့် ညီလျော် ရုံလည်း သင့် မြတ်ပါ၏။ သုတ်သင်နိုင်သော် ကောင်းလှ၏

ဇာတရူပသိက္ခာပုဒ်မှာ သာမဏေတို့၏
နိစ္စသီလဖြစ်ပုံနှင့် လူတို့ စောင့်အပ်ပုံ

အချို့သော ရဟန်း ရှင် လူတို့ကလည်း “ပစ္ဆိမံ ပန သာမဏေရာနမေဝ ဝိသေသဘူတံ
ပန = အထူးကို ဆိုဦးအံ့။
ပစ္ဆိမံ = နောက်ဆုံး “ဇာတရူပ” သိက္ခာပုဒ်သည်။
သာမဏေရာနမေ၀ = သာမဏေတို့၏သာလျှင်။
ဝါ- တို့အားသာလျှင်။
ဝိသေသဘူတံ၊ အထူးဖြစ်၍ ဖြစ်၏။

ဟူသော ခုဒ္ဒကပါဌ အဋ္ဌကထာ (နှာ-၁၄) ကို အဋ္ဌကထာ၏ အလိုမကျ ထင်သမျှ စွဲယူ၍ ဇာတရူပသိက္ခာပုဒ်သည် သာမဏေတို့၏သာ အထူးဖြစ်သော သိက္ခာပုဒ်တည်း၊ လူတို့နှင့် မဆက်ဆံ၊ လူတို့ စောင့်သော သိက္ခာပုဒ် မဟုတ်ဟု ဆိုကုန်၏။ မသင့် အနေတည်း။ အဘယ်ကြောင့်နည်း။ ၎င်းအဋ္ဌကထာ၏ အလိုအဓိပ္ပါယ် မဟုတ်သောကြောင့်၎င်း, တပါးသော အဋ္ဌကထာတို့နှင့် ဖြောင့်ဖြောင့်ပင် ဆန့်ကျင်သောကြောင့်၎င်းတည်း၊ ချဲ့၍ ပြဦးမည် --

၎င်းအဋ္ဌကထာ အလိုကား ဆယ်ပါးသော သိက္ခာပုဒ်တို့တွင် ပထမ ဒုတိယ စတုတ္ထ ပဉ္စမ လေးပါးတို့သည် လူ သာမဏေ နှစ်ဦးသားတို့အား နိစ္စသီလ အဖြစ်ဖြင့် ဆက်ဆံတူမျှ ကုန်၏၊ သတ္တမ အဋ္ဌမ - သိက္ခာပုဒ်နှစ်ပါးကို တအင်္ဂါတည်းပြု၍ ဇာတရူပ သိက္ခာပုဒ် မှတပါး အကြွင်း ရှစ်ပါးတို့သည် ဥပေါသထ သီလ၏ အစွမ်းဖြင့် သာမဏေတို့နှင့် ဆက်ဆံ တူမျှကုန်၏။

အဆုံး ဇာတရူပ သိက္ခာပုဒ်တပါးသည်ကား သာမဏေတို့အားသာ နိစ္စသီလအဖြစ်ဖြင့် အထူး ဖြစ်၍ ဖြစ်၏။ လူတို့အားကား ဥပေါသထ သီလ အဖြစ်ဖြင့် မဆက်ဆံ၊ ဥပုသ် စောင့်လျှင် ဇာတရူပ သိက္ခာပုဒ်လည်း ဆက်ဆံရာသေး၏ ဟု မဆိုအပ်။ သာမဏေတို့သာ မစောင့် မနေရ၊ အထူး စောင့်ရသည့် နိစ္စသီလ ဖြစ်၏။ လူတို့မှာကား မစောင့်နိုင်သော် နေရ၏၊ စောင့်နိုင်သော် စောင့်ရ၏ ဟူ၍သာ ၎င်းအဋ္ဌကထာ၌ အဓိပ္ပါယ်ကို ယူစေ လိုသည်။

တတ်စွမ်းနိုင်သည်ရှိသော် နေ့ ရက် လ နှစ်ကို ပိုင်းခြား၍ နိယမသီလ အဖြစ်ဖြင့်၎င်း အသက်ထက်ဆုံး တတ်နိုင်သည်ရှိသော် နိစ္စသီလ နိယမသီလ အဖြစ်ဖြင့်၎င်း ဒသသီလကို လူတို့လည်း စောင့်အပ်လှတော့သည်၊ မစောင့်အပ်ဟု မမှတ်ကြလင့်။ သည်မှတပါးသော သုတ္တန် ဝိနည်း အဘိဓမ္မာ အဋ္ဌကထာ ဋီကာ ကျမ်းကြီး ကျမ်းမတို့၌ လူတို့ စောင့်အပ် ကြောင်းကို အညီအညွတ် မိန့်ဆိုကုန်သည်။

ဤအဋ္ဌကထာ (ခုဒ္ဒကပါဌ၊ ဋ္ဌ၊ နှာ-၂၅) တွင်လည်း အထက် အာဒါနဝိနိစ္ဆယ နည်းကိုပြရာ၌ “အာဒါနတော စ ယထာ ပုရိမာနိ သာမဏေရေန ဝါ ဥပါသကေန ဝါ သမာဒိယန္တေန သမာဒိန္နာနိ ဟောန္တိ။ တထာ ဧတာနိပိ” ဟူ၍ မိန့်၏။ ရှေ့ငါးပါးကို ဆောက်တည် ခံယူသကဲ့သို့ နောက် ငါးပါးကိုလည်း ရှင်လူ နှစ်ဦးသားတို့ ဆောက်တည် ခံယူအပ်၏ ဟူလိုသည်။ ကျမ်းဂန်ကို ရှေ့နောက် အောက် အထက် သေသေ ချာချာ ဆင်ခြင်မှတ်သား နှလုံးထားကြကုန်။

ထို့ကြောင့် --

ဥဿာဟေ၊ သာမဏေတို့ကဲ့သို့ ရှိဟောင်း ရွှေငွေတို့ကို အာလယပြတ် စွန့်လွှတ် နိုင်သည်။ သတိ၊ ရှိသော်” ဟု အနက် ယောဇနာခြင်းသည် ကျမ်းဂန်တို့ထက် လွန်လှသည်။ “ဥဿာဟေ၊ ငါးပါးသီလထက် လွန်၍ စွမ်းနိုင်သည်။ သတိ၊ ရှိသော်။ ဒသ ဝါ၊ ဆယ်ပါးသော သီလတို့၎င်း --

ဟူ၍သာ တပါးသော ကျမ်းဂန်တို့နှင့် အညီ ယောဇနာရာ၏။

ယခင်ရှေး၌ ပြခဲ့ပြီးသော ဝိနည်းအဋ္ဌကထာ လာသည်အတိုင်း ရှေးလူဖြစ်စဉ် ကာလက ရွှေငွေနှင့် ပြည့်စုံသော သူတို့သည် သာမဏေ ပဉ္စင်း ဖြစ်ကုန်သည် ရှိသော် ထိုရွှေငွေကို “ငါ့ရွှေ ငါ့ငွေ ရှိ၏” ဟု အောက်မေ့ သာယာသော်လည်း မကိုင် မယူသေးသမျှ “ဒဏ်ထိုက်၏ အာပတ် သင့်၏”ဟု မဆိုကောင်း၊ ထို့အတူ လူတို့လည်း “အာလယပြတ် မစွန့်ပဲ “မကိုင် မခံပြီ” ဟု သီလကို ဆောက်တည်ပြီးနောက် “ငါ့ရွှေ ငါ့ငွေ” ဟု အောက်မေ့ သာယာမိသော်လည်း သီလပျက်၏ဟု မဆိုကောင်း သည်သာတည်း။ ကြပ်ကြပ် ဆင်ခြင်ကြပါလေကုန်

ဝိသာခါ အနာထပိဏ်တို့သည် ရှစ်ပါးသီလ စောင့်သူတို့ထက် “ဇာတရူပ ရဇတ ပဋိဂ္ဂဟဏာ ဝေရမဏိ” ဟူသော သီလသံဝရ ဇောစိတ္တုပ္ပါဒ် သိန်း သန်း ကုဋေ မက တိုးပွါးရာသည်ကို သိလျက် ဆယ်ပါး မစောင့်နိုင်၍ ရှစ်ပါးသာ စောင့်ကြသည် ယူရာ မှာလည်း နည်းယူလောက်သော အရာမဟုတ်။

ထိုသူတို့သည် မြတ်စွာဘုရားနှင့် တကွ သံဃာတော်ကို လုပ်ကျွေးသော ဥပါသကာ ဥပါသိကာမတို့ ဖြစ်သဖြင့် ရွှေငွေကို ကိုင်ခံသာယာ စီရင်ခြင်း မကင်းနိုင်သောကြောင့် မစောင့်ကြသည်သာ ဖြစ်ရာသည်။ ဝိသာခါ အနာထပိဏ်တို့ထက် စည်းစိမ်ဥစ္စာ ရတနာရွှေငွေ များစွာပြည့်စုံသဖြင့် တသက်လုံးပင် ရွှေငွေနှင့် မကင်းနိုင်ကောင်းသော ရှေး သံယမ မင်းကြီး စသော ပြည့်ရှင်မင်းမြတ်တို့လျက် မင်းအဖြစ်ကိုလည်း မစွန့်ပဲ နိယမသီလပြု၍ ဒသသီလ ဆောက်တည်ကြသော အရာလည်း အောက်က ပြခဲ့ပြီး သည့်အတိုင်း အလွန် ထင်ရှားစွာ၏

ဥရုဝေလ စသည် အလောင်းမင်းသား ညီနောင်သုံးပါးတို့ ဆယ်ပါးသီလ စောင့်သုံး ကြသော ဝတ္ထု၌ --

ဧကံ၊ တယောက်သော။
အမစ္စံ၊ အမတ်ကို။
ဥပဋ္ဌာက ဋ္ဌာနေ၊ အလုပ်အကျွေးအရာ၌။
ထပေတွာ၊ ထား၍။
ဧကံ၊ တယောက်သော။
အမစ္စံ၊ အမတ်ကို။
အာယ၀ ဍ္ဎနဇနကံ၊ အခွန်အတုတ် တိုးပွါးအောင် ပြုစေတတ်သည်ကို။
ကတွာ၊ ပြု၍။
ဧကံ၊ တယောက်သော။
အမစ္စံ၊ အမတ်ကို။
ဗုဒ္ဓပမုခဿ၊ ဘုရားအမှူးရှိသော။
သံဃဿ၊ သံဃာအား။
ပရိဝေသက ဋ္ဌာနေ၊ လုပ်ကျွေးတတ်သောအရာ၌။
ထပေတွာ၊ ထား၍။
အတ္တနာ၊ မိမိတို့သည်။
ဒသသီလာနိ၊ ဆယ်ပါးသီလတို့ကို။
သမာဒါယ၊ ဆောက်တည်ကုန်၍။
တေမာသံ၊ ဝါတွင်းသုံးလပတ်လုံး၊
သိက္ခာပဒါနိ၊ သိက္ခာပုဒ်တို့ကို။
ရက္ခိံသု၊ စောင့်ကုန်၏”...

ဟူ၍ အင်္ဂုတ္တရပ၊ ဧကနိပါတ် အဋ္ဌကထာ (နှာ-၂၃၁) လာရကား ရွှေငွေဥစ္စာ ရတနာမျိုး အတိုးအပွါး ပြုတတ်သူ အမတ် စသည်တို့ကို အိမ်တွင် ထားခဲ့ပြီးမှ မိမိတို့မှာ ကျောင်းတော်သို့သွား၍ ဆယ်ပါးသီလကို ဆောက်တည်၍ နေကြကြောင်း ထင်ရှားစွာ၏

အရှင်ရာဟုလာ စသော အလောင်းမင်းသား သုံးပါးတို့ ဆယ်ပါးသီလ စောင့်သုံးကြသော ဝတ္ထုမှာလည်း --

သဗ္ဗေပိ အလုံးစုံသော မင်းသားသုံးပါး တို့သည်လည်း။
ဧကစိတ္တာ၊ တူသောစိတ်ရှိကုန်သည်။
ဟုတွာ၊ ဖြစ်ကုန်၍။
ဒသသီလာနီ၊ ဆယ်ပါးသီလတို့ကို။
သမာဒါယ၊ ဆောက်တည်ကုန်၍။
နိရာမဂန္ဓာဝ၊ ကင်းသောလူနံ့ ရှိကုန်သည်သာလျှင်။
ဟုတွာ၊ ဖြစ်ကုန်၍။
သတ္ထု၊ မြတ်စွာဘုရားအား။
ဒါနဂ္ဂပရိဝေသနကေ၊ အလှူပေးရာ တင်းကုပ်၌ လုပ်ကျွေးတတ်ကုန်သော။
တယော၊ သုံးယောက် ကုန်သော။
ပုရိသေ၊ အချင်း တို့ကို။
ထပယိံသု၊ ထားကုန်၏။
တေသု၊ ထိုသုံးယောက်တို့တွင်။
ဧကော၊ တယောက်သည်။
ဓနညုပ္ပါဒကော၊ ဥစ္စာစပါးတို့ကို ဖြစ်ပွါးစေတတ်သော သူသည်။
အဟောသိ၊ ဖြစ်၏။
ဧကော၊ တယောက်သည်။
မာပကော၊ နှိုင်းချင့်တတ်သောသူသည်။
အဟောသိ၊ ဖြစ်၏။
ဧကော၊တယောက်သည်။
သံဝိဓာယကော၊ အရပ်ရပ်ကို စီရင်တတ်သောသူသည်။
အဟောသိ၊ ဖြစ်၏” -

ဟူ၍၎င်း အင်္ဂုတ္တရဧကနိပါတ် အဋ္ဌကထာ (နှာ-၂ဝ၁) လာသောကြောင့် ရွှေငွေစပါး ဥစ္စာ များကို ဖြစ်ပွါးအောင်ပြုတတ်သောသူ စသည်တို့ကို အလှူတင်းကုပ်၌ ထားခဲ့ပြီး၍ မိမိ တို့မှာ ကျောင်းတော်သို့ သွား၍ ဆယ်ပါးသီလ စောင့်ထိန်းနေကြခြင်း အလွန်ထင်ရှား၏

ထို့ကြောင့် ရှိရင်း ရွှေငွေတို့ကို အာလယပြတ် ပယ်စွန့်နိုင်မှ ဆယ်ပါးသီလကို စောင့် ထိုက်သည် ဟူ၍ မမှတ်ရာ။ ပိုင်းခြားသည့် နေ့ ရက် လ နှစ် အတွင်း၌သာ ရွှေငွေတို့ကို ခံယူ သာယာခြင်း မဖြစ်စေရသော နိယမဗြဟ္မစရိယ နည်းသည် ကောင်းကင်ပြင်ဝယ် နေဝန်း လဝန်းထက် မက ထင်ရှားစွ

ထိုသို့ ထင်ရှားလျက် ကျမ်းဂန် အကုန်ထုတ်ဖော် နှီးနှော ပြောဟော ညွှန်ပြသော ဆရာ သမား နည်းပါး၍ တစိတ်တဒေသ တွေ့သမျှအရာကို မှတ်စွဲ၍ သူတနည်း ငါတပုံ ပြော ကြသောကြောင့် ဆယ်ပါးသီလကို နိယမ ဗြဟ္မစရိယ အကျင့်ဖြစ်အောင် ကျင့်နည်း ဆောက်တည်နည်း ကွယ်ပတိမ်မြုပ် ရှိနေရသည်

တစိတ် တဒေသ ဆုံးဖြတ်ရေးသား ပြောဟောကြသည်ကို ကြည့်ဘူး ရှုဘူး ကြားနာ ရဘူးသော ရဟန်းရှင်လူတို့လည်း တွေ့ဘူး ကြားဘူးရာမျှကိုသာ မှတ်စွဲ၍ ကျန်းဂန် အပြည့်အစုံ အာဂုမ်သာဓက ယုတ္တိပြ၍ တပါးကဆရာများ ဟောပြောသော်လည်း မယုံ မကြည်နိုင်အောင်ပင် ရှိကြသည်

သို့ဖြစ်၍ သေသေ ချာချာ ကျမ်းဂန် အရပ်ရပ်လာသည်ကို တပေါင်းတည်း စု၍ ပြခဲ့သော ယမ နိယမနည်းနှင့်တကွ ရွှေကို သာယာခြင်း ဆိုသည့် အရာများကို စဉ်းစား အားထုတ် ဆင်ခြင်မှတ်ကြလေကုန်။

ဒသသီလကို စောင့်သုံးအပ်ပုံ

နိယမအရာတွင် “သက္ကပက္ခာဒိဝသေန” ဟု အဘိဓာန်ဋီကာ (နှာ-၃၀၄) ဆိုသောကြောင့် တဆယ့် ငါးရက် တပက္ခအောက် အယုတ်၊ တနေ့တရက်မျှ ဖြစ်လျှင် ဒသသီလဗြဟ္မစရိယ ကို မသုံးကောင်း၊ အယုတ်သဖြင့် တဆယ့်ငါးရက် တပက္ခ စောင့်သုံးနိုင်မှ စောင့်သုံး ကောင်းသည်ဟူ၍ မမှတ်နှင့်။ အမြဲမပြတ် စောင့်အပ်သော လူ သာမဏေတို့၏ နိစ္စသီလ ဖြစ်သော ပဉ္စသီလ ဒသသီလတို့ကိုလျက် တတ်အားသမျှ တနေ့တရက်ပင် လူ သာမဏေတို့ စောင့်သုံးရသကဲ့သို့ ဒသဗြဟ္မစရိယ တို့ကိုလည်း တနေ့တရက် စသည် တတ်အားသမျှ အိမ်ရာထောင်သူ လူတို့သည် စောင့်အပ်လှ သုံးအပ်လှသည် ဟူ၍ မှတ်။ တရက် နှစ်ရက်မျှဖြစ်မူ အနည်းငယ်မျှ ဖြစ်သောကြောင့် ဗြဟ္မစရိယ အကျင့်သည် မထင်ရှားသည်သာ ဖြစ်သည်။ မကျင့်သုံးအပ်သည် မဟုတ်ဟု မုချဆတ်ဆတ် သေအောင်မှတ်

ဒသဗြဟ္မစရိယကို မဆိုနှင့်ဦး။ စတုပါရိသုဒ္ဓိသီလ သမဏဗြဟ္မစရိယ တို့ကိုလည်း တတ်အားသမျှ စောင့်အပ်ကြသေးသည်ကို အများရှင်လူ ငယ်ငယ်ကြီးကြီး ယောက်ျား မိန်းမ သိတတ်ကြလျက် ဒသဗြဟ္မစရိယ သီလမှာမှ တတ်အားသမျှ မစောင့်ရဟု အန္ဓအစစ် အကန်းကြီးဖြစ်၍ မဆင်မခြင် ထင်ရာထင်တိုင်း မမှတ်ကြကုန်နှင့်

ဝိသေသဘာဂိယ သီလ မဖြစ်သော်လည်း ဝါသနာဘာဂိယ သီလ ဖြစ်စေရသော် ဘဝသမ္ပတ္တိ အကျိုးရှိသည်သာ ဖြစ်၏၊ အကျိုးမရ အပြစ်ကျဟု အပ္ပဿုတ မိန်းမ ယောက်ျား ရှင်လူအများ ငြူစူစကား အပြောများသော်လည်း တရားကျမ်းဂန် လာသည် အတိုင်းကိုသာ ယုံယုံကြည်ကြည် အားကိုး အားထား ကိုယ့်အလားကို မမှားရအောင် ဓမ္မဓဇ ဓမ္မကေတု ဓမ္မဂရုတရားကိုသာ အလေးပြုသဖြင့် သုဂတိ မဂ် ဖိုလ် နိဗ္ဗာန် အကြောင်း သူတော်ကောင်း အကျင့်ကို တဆင့်ထက် တဆင့် မြင့်တက်မြင့် မြတ်ထက်မြက် မွန်ထက်မွန် လွန်ထက်လွန်အောင် ပြခဲ့ပြီးသော ဂဝေသီဥပါသကာ အမှူး ရှိသော သီတင်းသည် ငါးရာတို့ ကဲ့သို့၎င်း၊ ရှင်အာနန္ဒာ ရှင်ရာဟုလာ ရှင်ဥရုဝေလကဿပ အလောင်းတော် စသော ရှေးသူတော်ကောင်းတို့ကဲ့သို့၎င်း၊ နကုလာမာတာ နကုလပိတာ ပုရာဏဥပါသကာ ဥဂ္ဂသူကြွယ်စသော ဥပါသကာ ဥပါသိကာ တို့ကဲ့သို့၎င်း၊ ဓမ္မိက- ဥပါသကာ, နန္ဒမာတာစသော ဥပါသကာ - ဥပါသိကာ တို့ကဲ့သို၎င်း ဖြည့်ကျင့်ကြိုးစား အားပါးထုတ်၍ ပကတိပဉ္စသီလ, ဗြဟ္မစရိယ ပဉ္စမကသီလ ဧကဘတ္တိကဆက္က ဗြဟ္မစရိယ အဋ္ဌင်္ဂဗြဟ္မစရိယ ဒသသီလ ဗြဟ္မစရိယတို့ကို အိမ်ရာထောင်သူ လူတို့ဘောင်၌ နေ ကုန်သော ဥပါသကာ - ဥပါသိကာတို့သည် တတ်အားသမျှ နေ့ လ နှစ်ပိုင်း လိုတိုင်း ခြားမှတ် စောင့်တတ် စောင့်နိုင်ကြစေကုန်

တတ်အားသမျှ စောင့်ပြီးမှလည်း စိတ်ကကြည်စွာ အခါအခါ သင့်တင့်ရာ၌ “ငါကား ဤမည်သော ဗြဟ္မစရိယအကျင့်ကို ချီးမြှင့် ကျင့်သုံးရပေပြီ။ ဗြဟ္မစရိယအကျင့်သည် ငါ၌ တည်ပေပြီ” ဟူ၍ အာရုံပြုကာ မပြတ် ဆင်ခြင် အောက်မေ့ရာသတည်း

ဤမျှလောက် မကျဉ်း မကျယ်သော စကားအစဉ်ဖြင့် ဒသသီလဝိနိစ္ဆယ အပြီးသတ် သတည်း

ဤကဲ့သို့ အဆုံးအဖြတ်ကို အလွန် ရခဲစွ၊ အတိဒုလ္လဘ ဝိနိစ္ဆယတည်း။ ဤကား ဆယ်ပါး သီလကို လူတို့ ခဏ ခေတ္တ စောင့်ကောင်း ဆောက်တည်ကောင်း၏ဟု ယူသော ဆရာတို့၏ ဝါဒတည်း။ “အဝိနယံ ဝိနယာတိ ဒီပေတိ”စသော (ဝိနယ၊ မဟာဝဂ္ဂ၊ နှာ-၅၀၁) ဘေဒကရ ဝတ္ထုသို့ မသက်ဝင်စေရအောင် ပညာရှင်တို့ ဆင်ခြင်ဖွယ် အချက်ဖြစ်၍ ဉာဏ်သက်ရာယူ၊ ဝိဝါဒကိုမူ မပြုရာ။ ထို့ကြောင့် --

ဝိဝါဒံ ဘယတော ဒိသွာ
အဝိဝါဒဉ္စ ခေမတော
သမဂ္ဂါ သခိလာ ဟောထ
ဧသာ ဗုဒ္ဓါနုသာသနီ

ဟူ၍ ဆုံးမတော်မူခဲ့ပြီ။

ဝိဝါဒံ၊ ခိုက်ရန်ဖြစ်ပွါး ဆန့်ကျင်သောစကားကို။
ဘယတော၊ ဘေးဘျမ်းများ၏ဟူ၍။
အဝိဝါဒဉ္စ၊ မဆန့်မကျင် ချစ်ကြင်ပေါင်းသင်း တရားကျင့်ခြင်းကိုလည်း။
ခေမတော၊ သာယာငြိမ်းချမ်း ဘေးဘျမ်းမနှောက် နိဗ္ဗာန်ရောက်အောင် ပွါးမြောက် စည်ကား အကျိုးများ၏ဟူ၍။
ဒိသွာ၊ ဆင်ခြင် မြင်သိ၍။
သမဂ္ဂါ၊ ဧကကမ္မ = ဧကုဒ္ဒေသ = သမသိက္ခာ ညီညာစေ့စပ်သော ကိုယ်ရှိကြကုန်သည်။
သခိလာ၊ ချိုသာပြေပြစ် ကျစ်လစ်သော နှုတ်ရှိကြကုန်သည်။
ဟောထ၊ ဖြစ်ကြကုန်လော။
သော၊ ဤသို့ ကိုယ်နှုတ်နှလုံး သုံးပါးလုံးကို စောင့်သုံးကုန်ကြ လုံ့လတက်ပွား ကျင့် သုံးပါးကို အားထုတ်ကြကုန်ဟု-တိုက်တွန်းခြင်းသည်။
ဗုဒ္ဓါနု သာသနီ၊ အကျိုးလိုလား ငါဘုရားတို့၏ စီးပွားရှုမြှော် အဆုံးအမတော်တည်း။

သီလ ၄-မျိုး

ပကတိသီလ

မြောက်ကျွန်းသူတို့၏ သဘာဝသိဒ္ဓ ငါးပါးသီလသည် ပကတိသီလ မည်၏

အာစာရသီလ

ကုလ ဒေသ ပါသဏ္ဏ တို့၏ ပုဗ္ဗပုရိသ တို့ ထားခဲ့တိုင်းသော အပိုင်းအခြားကို မလွန်မူ၍ သေအရက် မသောက်ခြင်း, မညှဉ်းဆဲခြင်း စသော အလေ့အကျင့်သည် အာစာရသီလ မည်၏

[ကုလ ဒေသ ပါသဏ္ဏ = အမျိုးအလိုက် အရပ်ဒေသအလိုက် တိတ္ထိအသင်းအဖွဲ့ ဂိုဏ်းဂဏ တို့၏ အယူအလိုက် စောင့်ထိန်းသော အလေ့အကျင့် (ဝိသုဒ္ဓိမဂ်၊ ဋီ၊ပ၊ နှာ-၃၇) (ဝိသုဒ္ဓိမဂ်၊ ဋ္ဌ၊ပ၊ နှာ-၁၅)
ပုဗ္ဗပုရိသ = ကူလ ဒေသ ဂိုဏ်းဂဏတို့ကို ရှေးဦးစတင် တည်ထောင်သူ (၏အလေ့အကျင့် အာစာရ)။]

ဓမ္မတာသီလ

ဘုရားလောင်း မယ်တော်၏ ကာရဏနိယမ [၁] အားဖြင့် လာသော ငါးပါးသီလသည် ဓမ္မတာသီလ မည်၏

ပုဗ္ဗဟေတုကသီလ

မဟာကဿပ ဘဒ္ဒါ ဘုရားအလောင်းတော် သီလဝရာဇာ စသော စင်ကြယ်သော သတ္တဝါ တို့၏ သမ္ပတ္တဝိရတိ [၂] ၌ သင်္ဂြိုဟ်အပ်သော သီလသည် ပုဗ္ဗဟေတုကသီလ [၃]မည်၏

[၁။ ကရဏ နိယမ = မြဲသောအကြောင်း (ဘုရားလောင်း ပဋိသန္ဓေ တည်သည်မှစ၍ ကာမ ရာဂစိတ် ဖြစ်ပေါ်လာခြင်း မရှိတော့ချေ။)
၂။ သမ္ပတ္တဝိရတိ = အတွေ့ကို ရှောင်ကြဉ်ခြင်း၊ တွေ့ကြုံ ဆိုက်ရောက်လာသော မကောင်းမှုများကို ရှောင်ကြဉ်ခြင်း
၃။ ပုဗ္ဗဟေတုကသီလ = ရှေးဘဝက အထုံ အလေ့အကျင့် အကြောင်းရင်းရှိသော သီလ။]

ပါတိမောက္ခသံဝရသီလ

ဣဓ ဘိက္ခု ပါတိမောက္ခသံဝရ သံဝုတော ဝိဟရတိ အာစာရ ဂေါစရသမ္ပန္နော အဏုမတ္တေသု ဝဇ္ဇေသု ဘယဒဿာဝီ သမာဒါယ သိက္ခတိ သိက္ခာပဒေသု

ဣဓ၊ ဤသာသနာတော်၌။
ဘိက္ခု၊ ရဟန်းသည်။
ပါတိမောက္ခသံဝရသံဝုတော၊ ပါတိမောက္ခသီလ တည်းဟူသော စောင့်စည်းခြင်းနှင့် ပြည့်စုံသည်ဖြစ်၍။
အာစာရဂေါစရသမ္ပန္နော၊ ပါတိမောက္ခ စသည်ဂုဏ်အား ကျေးဇူးများသော အာစာရ ဂေါစရ နှစ်ပါးနှင့် ပြည့်စုံသည်ဖြစ်၍။
အဏုမတ္တေသု ဝဇ္ဇေသု၊ အဏုမြူသွင် အသိဉ္စိစ္စ သေခိယစသော အပြစ်တို့၌။
ဘယဒဿာဝီ၊ မြင်းမိုရ်တရှိ ပါရာဇိမျှ ရှုလေ့ရှိသည်ဖြစ်၍။
ဝိဟရတိ၊ နေ၏။
သိက္ခာပဒေသု၊ သိက္ခာပုဒ်ပညတ် တို့၌။
သမာဒါယ၊ ပြုကျင့်သည်ကို စိတ်ဖြင့်ကြည်ဖြူ ကောင်းစွာယူ၍။
သိက္ခတိ၊ ကျင့်၏။

ဤသို့ ဟောတော်မူအပ်သော သီလသည် ပါတိမောက္ခသံဝရသီလ မည်၏

ဣန္ဒြိယသံဝရသီလ

သော စက္ခုနာ ရူပံ ဒိသွာ န နိမိတ္တဂ္ဂါဟီ ဟောတိ နာနုဗျဉ္ဇနဂ္ဂါဟိ။ ယတွာဓိကရဏ မေနံ စက္ခုန္ဒြိယံ အသံဝုတံ ဝိဟရန္တံ အဘိဇ္ဈာဒေါမနဿာ ပါပကာ အကုသလာ ဓမ္မာ အနွာဿဝေယျုံ။ တဿ သံဝရာယ ပဋိပဇ္ဇတိ။ ရက္ခတိ စက္ခုန္ဒြိယံ။ စက္ခုန္ဒြိယေ သံဝရံ အာပဇ္ဇတိ။ သောတေန သဒ္ဒံ သုတွာ။ပ။ မနုသာ ဓမ္မံ ဝိညာယ။ပ။ မနိန္ဒြိယေ သံဝရံ အာပဇ္ဇတိ

သော၊ ထိုပါတိမောက္ခသီလ၌ တည်ပြီးသော ရဟန်းသည်။
စက္ခုနာ၊ အကြောင်းစက္ခု တင်စားပြုသော စက္ခုဝိညာဏ်ဖြင့်။
ရူပံ၊ ဣဋ္ဌာ နိဋ္ဌ အဆင်းကို။
ဒိသွာ၊ မြင်၍။
နိမိတ္တဂ္ဂါဟီ၊ မိန်းမ ယောက်ျားဟု သိကြောင်း အပေါင်း သဏ္ဌာန် မူဟန် ရုပ်သွင် ဆံပင် ထုံးခြင်း ဝတ်ခြင်းစမ္ပယ် တင့်တယ်ဖွယ်ရာ ဣဋ္ဌာ နိဋ္ဌ ရာဂ ဒေါသ မောဟ အကြောင်း ကောင်း မကောင်းသော အခြင်းအရာ ဟူသော နိမိတ်ကို ယူလေ့ရှိသည်။
န ဟောတိ၊ မဖြစ်။
အနုဗျဉ္ဇနဂ္ဂါဟိ၊ ကိလေသာကို ခါခါဆင့်ပွါး ထင်ရှားအောင်ပြု အနုဗျဉ္ဇန အမည်ရလေ လက်ခြေရယ်မော ပြောဟောကြည့်ရှု “ဘူတု” ပါဒါ သန္နိဝေသာကာရ [၁] ကို ယူလေ့ရှိသည်။
န ဟောတိ၊ မဖြစ်။
ယတော အဓိကရဏံ-ယံ ကာရဏာ၊ အကြင် မစောင့်စည်း မချုပ်တည်းအပ်လေ စက္ခုန္ဒြေ ဟူသော အကြောင်းကြောင့်။
စက္ခုန္ဒြိယံ၊ စက္ခုန္ဒြေကို။
အသံဝုတံ၊ မစောင့်ချုပ်ပဲ။
ဝိဟရန္တံ၊ နေသော။
ဧနံ ဘိက္ခုံ၊ ထိုရဟန်းကို။
အဘိဇ္ဈာဒေါမနဿာ၊ လောဘ ဒေါသဟူကုန်သော။
ပါပကာ အကုသလာ ဓမ္မာ၊ ယုတ်မာ ညစ်ကျူ မကောင်းမှုတရားတို့သည်။
အနွာဿဝေယျုံ၊ အစဉ်တစိုက် လိုက်ကုန်ရာ၏။
တဿ၊ ထိုစက္ခုန္ဒြေ ဟူသော တံခါးပေါက်ကို။
သံဝရာယ၊ သတိဟူသော တံခါးရွက်ဖြင့် ပိတ်ဆို့စောင့်ရှောက်ခြင်းငှါ။
ပဋိပဇ္ဇတိ၊ ကျင့်၏။
စက္ခုန္ဒြိယံ၊ စက္ခုန္ဒြေကို။
ရက္ခတိ၊ စောင့်၏။
စက္ခုန္ဒြိယေ၊ စက္ခုန္ဒြေ၌။
သံဝရံ၊ စောင့်စည်းခြင်းသို့။
အာပဇ္ဇတိ၊ ရောက်၏။

[၁။ ဘူတုပါဒါ သန္နိဝေသာကာရ = ရုပ်တို့၏ စုဝေးသော အခြင်းအရာ။
(ဘူတ = မဟာဘုတ်လေးပါး၊
ဥပါဒါ = ဥပါဒါရုပ် ၂၄-ပါး။
သန္နိဝေသ = အစုအဝေး။
အာကာရ = အခြင်းအရာ)]

သောတေန သဒ္ဒံ သုတွာ”စသည် နည်းဘူး။

ဤသို့ ဟောတော်မူအပ်သော သီလသည် ဣန္ဒြိယသံဝရသီလ မည်၏

အနာ'ည'ညာ ပဒေသေန
ဒုဝေ အဘူတကိတ္တနာ
သဉ္စရိတ္တံ ဒွေ ပဏီတာ
သူပေါဒနန္တိ အာဇိဝါ

အာဇီဝပါရိသုဒ္ဓိသီလ

အနာညညညာ ပဒေသေန၊ သူတပါးကို မညွှန်းခြင်း ညွှန်းခြင်းဖြင့်။
ဒုဝေ အဘူတကိတ္တနာ၊ မဟုတ်မမှန်သော ဈာန် မဂ် ဖိုလ်တရားကို ပြောဆိုခြင်း ပါရာဇိက ထုလ္လစ္စဉ်း နှစ်ပါးတို့၎င်း။
သဉ္စရိတ္တံ၊ အောင်သွယ်သော သံဃာဒိသိသ်၎င်း။
ဒွေ ပဏီတာ၊ ပဏီတဘောဇနပါစိတ် ပဏီတဘောဇန ပါဋိဒေသနီ ဟူသော နှစ်ပါးတို့၎င်း။
သူပေါဒနံ၊ သူပေါဒန ဝိညတ္တိ ဒုက္ကဋ်၎င်း။
ဣတိ ဣမာနိ ဆ၊ ဤခြောက်ပါးတို့သည်။
အာဇိဝါ၊ မိစ္ဆာဇီဝဟူသော အကြောင်းကြောင့် ပညတ်အပ်သော သိက္ခာပုဒ် တို့တည်း။

အာဇီဝ ဟူသော အကြောင်းကြောင့် ပညတ်အပ်သော ခြောက်ပါးသော သိက္ခာပုဒ်။

ထိုမှတပါးလည်း “ကုဟနာ လပနာ နေမိတ္တကတာ နိပ္ပေသိကတာ လာဘေနလာဘံ နိဇီဂီသနတာ [၁] ဤသို့အစရှိသော ယုတ်မာမည်းညစ် ပါပဓမ္မ တို့၏ အစွမ်းဖြင့် ဖြစ်သော မိစ္ဆာဇီဝမှ ရှောင်ကြဉ်ခြင်းသည် အာဇီဝပါရိသုဒ္ဓိ သီလ မည်၏

[၁။ ဝိဘင်းပါဠိတော်၊ နှာ-၃၆၆ စသည်တို့၌၎င်း၊ ဝိသုဒ္ဓိမဂ်၊ဋ္ဌ၊ ပ၊ နှာ- ၂၂-၂၉ ၌ ၎င်း
အကျယ်ရှု။
ကုဟနာ = အံ့ဩစေခြင်း၊ သူတပါး၏ စိတ်၌ အံ့ဘွယ်သရဲ ဖြစ်ပေါ်လာအောင် ပြုမူခြင်း။
လပနာ = မိမိ၏ ဂုဏ်ကို ချီးမြှောက် ဝါကြွား ပြောဆိုခြင်း။
နေမိတ္တကတာ = ပစ္စည်းလှူစေရန် သွယ်ဝိုက်၍ အရိပ်နိမိတ် ပြောဆိုခြင်း။
နိပ္ပေသိကတာ = မိမိလာဘ် ပစ္စည်းရရန် ဒါယကာတို့အား စောင်းမြောင်း ဖိနှိပ်ပြီး နာလို
• ခံခက် ထေ့တေ့တေ့စကား ပြောဆိုခြင်း။
လာဘေန-လာဘံ = မိမိရပြီးသောပစ္စည်းကို အရင်းတည်၍ ထိုထက်ကောင်းသော ပစ္စည်းကို။
နိဇီဂီသနတာ = ရအောင် ရှာဖွေပြုလုပ်ခြင်း။
(အကျယ်ကို ဤကျမ်း နှာ-၆၁-စသည်၌ရှုပါ။ ဝိဘင်းနှာ-၃၆၆ ဝိသုဒ္ဓိ၊ ဋ္ဌ၊ ပ၊ နှာ-၂၂-၂၉ လည်းရှု ပါ။)]

ပစ္စယသန္နိဿိတသီလ

ပဋိသင်္ခါ ယောနိသော” အစရှိသည်ဖြင့် ပစ္စည်း လေးပါးကို ပစ္စဝေက္ခဏာ ဆင်ခြင်၍ စင်ကြယ်သော သုံးဆောင်ခြင်းသည် ပစ္စယ သန္နိဿိတသီလ မည်၏

ငါးပါး အစု သီလ ၂-မျိုး

ပရိယန္တပါရိသုဒ္ဓိ သီလ

ပုထုဇ္ဇန သေက္ခ အသေက္ခ ဖြစ်သော လူ သာမဏေတို့၏ သီလသည် အရေအတွက် အပိုင်း အခြား ရှိသောကြောင့် ပရိယန္တပါရိသုဒ္ဓိ သီလ မည်၏

အပရိယန္တပါရိသုဒ္ဓိသီလ

အန္ဓပုထုဇဉ် ရဟန်းတို့၏ သီလသည် ~

နဝကောဋိ သဟဿာနိ
အသီတိ သတ ကောဋိယော
ပညာသ သတ သဟဿာနိ
ဆတ္တိံသာ စ သုနာပရေ

ဧတေ သံဝရဝိနယာ
သမ္ဗုဒ္ဓေန ပကာသိတာ
ပေယျာလမုခေန နိဒ္ဒိဋ္ဌာ
သိက္ခာ ဝိနယသံဝရေ

နဝကောဋိ သဟဿာနိ၊ ကုဋေ ကိုးထောင်တို့၎င်း။
အသီတိ သတ ကောဋိယော၊ ကုဋေ တရာ့ရှစ်ဆယ်တို့၎င်း။
ပညာသ သတ သဟဿာနိ၊ ငါးသန်းတို့၎င်း။
ပုန၊ တဖန်။
အပရေ၊ တပါးကုန်သော။
ဆတ္တိံသ သဟဿာနိ၊ သုံးသောင်း ခြောက်ထောင်တို့၎င်း။
ပေယျာလ မုခေန၊ (နေနတ်နီးတိုင်၊ ဂနိုင် မိုးနန်၊ ဟုန်ယဉ်ဈာန်၊ မှတ်ရန် သိက္ခာဂဏန်း တည်း ဟူသော ဤအကျဉ်း) သင်္ချာပေယျာလ အမြွက်ဖြင့်။
နိဒ္ဒိဋ္ဌာ၊ ညွှန်ပြအပ်ကုန်ပြီးသော။
ဧတေ သံဝရဝိနယာ၊ ဤသံဝရ ဝိနည်းတို့သည်။
ဝိနယ သံဝရေ၊ ဝိနည်းပိဋကတ်၌။
သမ္ဗုဒ္ဓေန၊ မြတ်စွာဘုရားသည်။
ပကာသိတာ၊ ပြတော်မူအပ်ကုန်သော။
သိက္ခာ၊ အကျင့်သီလတို့တည်း။

ဤသို့ ၉၁၈၀,၅၀,၃၆၀၀၀ ဟူ၍ ဂဏန်းသင်္ချာအားဖြင့် အပိုင်းအခြား ရှိသော်လည်း အကြွင်းအကျန်မရှိ ဆောက်တည်သောကြောင့်၎င်း--

ဓနံ စဇေအင်္ဂံ ရက္ခံ
အင်္ဂံ စဇေယျ ဇီဝိတံ
သဒ္ဓမ္မံ ရက္ခမာနော တု
သဗ္ဗ စဇေယျ၊ ပဏ္ဍိတော

အင်္ဂံ၊ ခြေလက်စသော အင်္ဂါကို။
ရက္ခံ၊ စောင့်ရှောက်သောသူသည်။
ဓနံ၊ ရွှေငွေစသောဥစ္စာကို။
စဇေ၊ စွန့်ရဲရာ၏။
ဇီဝိတံ၊ အသက်ကို။
ရက္ခန္တော၊ စောင့်သူသည်။
အင်္ဂံ၊ ခြေလက်စသော ကိုယ်အင်္ဂါ အစိတ်အပိုင်းကို။
စဇေယျ၊ စွန့်ရဲရာ၏။
သဒ္ဓမ္မံ၊ သီလစသော သူတော်တရားကို။
ရက္ခမာနော၊ စောင့်ရှောက်သော။
ပဏ္ဍိတော တု၊ ပညာရှိသည်။
သဗ္ဗံ၊ အလုံးစုံ ဥစ္စာ အင်္ဂါ အသက်ကို။
စဇေယျ၊ စွန့်ရဲရာ၏။

မဟာတိဿထေရ်ဝတ္ထု

ဤသို့သော သပ္ပုရိသာနုဿတိကို မစွန့်ပဲ စားရန် သရက်သီး အနီးရှိလျက် ပဋိဂ္ဂဟဏ သိက္ခာပုဒ် [၁]ကို မဖျက် အသက်ကို အသေခံ၍ နေရာ တယောက်သော ဥပါသကာ လာယူ ဆောင်ကြဉ်းရာ ဥပါသကာ၏ ကျောက်ကုန်းထက်၌ စီးလျက် --

[၁။ ပဋိဂ္ဂဟဏ သိက္ခာပဒ = (ပဋိဂ္ဂဟဏ = ခံယူထားသော၊ ဆောက်တည်ထားသော " သိက္ခာပုဒ် = သီလ) ခံယူဆောက်တည်ထားသောသီလ။]

န ပိတာ နာပိ တေ မာတာ
န ဉာတိ နာပိ ဗန္ဓဝေါ
ကရောတေ တာဒိသံ ကိစ္စံ
သီလဝန္တဿ ကာရဏာ

တိဿ၊ တိဿ။
အယံ၊ ဤကျောပိုးပေသော ဥပါသကာကြီးသည်။
တေ၊ သင်တိဿ၏။
န ပိတာ၊ အဘလည်း မဟုတ်ပဲလျက်။
န မာတာ၊ အမိလည်း မဟုတ်ပဲလျက်။
န ဉာတိ၊ ဘမျိုးလည်း မတော်ပဲလျက်။
နာပိ ဗန္ဓဝေါ၊ မိမျိုး လည်း မစပ်ပဲလျက်။
သီလဝန္တဿ၊ သီလရှိသည်၏ အဖြစ်တည်းဟူသော။
ကာရဏာ၊ အကြောင်းကြောင့်။
သီလဝန္တဿ၊ သီလရှိသော။
တုယှံ၊ သင်၏။
ဧတာဒိသံ၊ ဤသို့သဘောရှိသော။
ကိစ္စံ၊ ကျောပိုးခြင်းကိစ္စကို။
ကရောတေ၊ ပြုပေသည်တကား။

ဤသို့ ကိုယ်ကို ကိုယ့်ရှင် သွန်သင်ဆုံးမ ထို အပရိယန္တပါရိသုဒ္ဓိသီလကိုပင် ဆင်ခြင်လျက် ကျောက်ကုန်းထက်၌ပင် အရဟတ္တမဂ် အရဟတ္တဖိုလ်သို့ ရောက်သော စိရဂုမ္ဗဝါသီ အမ္ဗခါဒက မဟာတိဿထေရ်၏ သီလကဲ့သို့ မမြင်အပ်သော အပိုင်းအခြား ရှိသော ကြောင့်၎င်း အပရိယန္တပါရိသုဒ္ဓိသီလ မည်၏

ပရိပုဏ္ဏပါရိသုဒ္ဓိသီလ

အဝါ ငါးဆယ် ခြောက်ဆယ် ပြည့်၍ သေရာ ညောင်စောင်း၌ လျောင်းစက်ခါမှ ပရိနိဗ္ဗာန်ပြုသည်ဟု ဝန်းကျင်ပတ်ချာ တဆဲ့နှစ်ယူဇနာက လာကြသော လူအများတို့ ပုထုဇဉ်၏ သေခြင်းကို ကြားသိက ဝိပ္ပဋိသာရ (=နှလုံးမသာယာခြင်း) ဖြစ်ရန် ရှိပါကြောင်းနှင့် အလုပ်အကျွေး ပဉ္စင်းငယ် တောင်းပန်ရာတွင် လျင်စွာချက်ခြင်း မဂ် လေးကွင်းကို ထုတ်ခြင်း လျှိုဖောက် အရဟတ္တဖိုလ်သို့ ရောက်သော သံဃရက္ခိတထေရ် တူဝရီးတို့၏ သီလကဲ့သို့ ပဉ္စင်းခံသည်မှ စ၍ ရွှေစင်သိင်္ဂီ အလား ပတ္တမြားအဆင်း ခရုသင်း ပွတ်သစ် ပုလဲနှစ်အသွင် စိတ္တုပ္ပါဒ် မျှဖြင့်ပင် မြူမတင်သော ကလျာဏပုထုဇဉ် တို့၏ အရဟတ္တပဒဋ္ဌာန်ဖြစ်သော သီလသည် ပရိပုဏ္ဏပါရိသုဒ္ဓိသီလ မည်၏

ယင်း သီလကို ရည်၍ ---

ဗဟုဿုတောပိ စေ ဟောတိ
သီလေသု သုသမာဟိတော
ဥဘယေန နှံ ပသံသန္တိ
သီလတော စ သုတေန စ

ဗဟုဿုတံ ဓမ္မဓရံ
သပ္ပညံ ဗုဒ္ဓသာဝကံ
နိက္ခံ ဇမ္ဗောနဒဿေဝ
ကော တံ နိန္ဒိတု' မရဟတိ
ဒေဝါပိ နံ ပသံသန္တိ
ဗြဟ္မုနာပိ ပသံသိတော

ဟူ၍ ဂျာမနာ ဂါထာ လာ၏။

ဗဟုဿုတောပိ၊ အကြားအမြင် များသည်၎င်း။
သီလေသု၊ စတုပါရိသုဒ္ဓိ သီလတို့၌။
သုသမာဟိတော၊ ကောင်းစွာတည်သည်၎င်း။
စေ ဟောတိ၊ အကယ်၍ဖြစ်အံ့။
နံ၊ ထိုပုဂ္ဂိုလ်ကို။
သီလတော စ သီလအားဖြင့်၎င်း။
သုတေ န စ၊ အကြားအမြင်အားဖြင့်၎င်း၊
ဥဘယေန၊ နှစ်ပါးစုံဖြင့်။
ပသံသန္တိ၊ ချီးမွမ်းကြကုန်၏။

ဗဟုဿုတံ၊ များသောသုတ ရှိထသော။
ဓမ္မဓရံ၊ သီလဟူသော သူတော် တရားကို ဆောင်ထသော။
သပ္ပညံ၊ ဇာတိပညာ ပါရိဟာရိယပညာ, ဝိပဿနာပညာ ရှိထသော။
တံ ဗုဒ္ဓသာဝကံ၊ ထိုသို့သဘောရှိသော ဘုရားသားတော်ကို။
ဧကာ၊ အဘယ်သူသည်။
နိန္ဒိတုံ၊ ဂုဏ်ကိုချိုးဖဲ့ ကျေးဇူးမဲ့အောင် ကဲ့ရဲ့ပြစ်တင်ခြင်းငှါ။
အရဟတိ၊ ထိုက်ပေချိမ့်နည်း။
ဇမ္ဗောနဒဿ၊ သိင်္ဂီ ရွှေစစ် ဇမ္ဗူရစ်၏။
နိက္ခံ၊ တပိဿာကို။
နိန္ဒိတုံ၊ ဇာတ် ပမာဏ နှစ်၀ဖြစ်လျှင်း ကဲ့ရဲ့ခြင်းငှါ။
န အရဟတိ ဣ၀၊ မထိုက်သကဲ့သို့တည်း။
နံ၊ ထို သီလ သုတ နှစ်ဝစုံလစ် သားတော်စစ်ကို။
ဒေဝါပိ၊ နတ်တို့သည်လည်း။
ပသံသန္တိ၊ ချီမွမ်းကုန်၏။
ဗြဟ္မုနာပိ၊ ဗြဟ္မာသည်လည်း။
ပသံသိတော၊ ချီးမွမ်းအပ်၏။

အပရာမဋ္ဌ ပါရိသုဒ္ဓိသီလ

လူထွက်၍လာချေသော် မရီးအေက အမွေခွဲရမည်ကို စိုး၍ ခိုးငါးရာတို့ကိုသတ်ချေ စေခိုင်းရာ --

ဥဘော ပါဒါနိ ဘိန္ဒိတွာ၊
သညာပေဿာမိ ဝေါ အဟံ၊
အဋ္ဋိယာမိ ဟရာယာမိ၊
သရာဂ မရဏံ အဟံ။

အဟံ၊ ငါသည်။
ဥဘောပါဒါနိ၊ ခြေနှစ်ဖက်တို့ကို။
ဘိန္ဒိတွာ၊ ခဏခိုက်တန့် ဆိုင်းငံ့စေမှု ကျောက်ဖြင့်ထု၍။
ဝေါ၊ သင်တို့ကို။
သညာပေဿာမိ၊ မပြေးနိုင်ပြီဟု ယုံကြည်စေရန် ဝန်ခံသက်သေ နှစ်သိမ့်စေအံ့။
အဟံ၊ ငါသည်။
သရာဂ မရဏံ၊ ရာဂမကင်း သေရခြင်းကို။
အဋ္ဋိယာမိ၊ စက်ဆုပ်၏။
ဟရာယာမိ၊ ရှက်၏။

ဤသို့ ခိုးသားတို့ကို ဆို၍---

ဧဝါ ဟံ စိန္တယိတွာန၊
သမ္မသိတွာန ယောနိသော။
သမ္မတ္တေ အရုဏုဂ္ဂမှိ၊
အရဟတ္ထ မပါပုဏိ။

ဧဝံ၊ ဤသို့။
စိန္တယိတွာန၊ ကြံ၍။
အဟံ၊ ငါသည်။
ယောနိသော၊ အသင့်အားဖြင့်။
သမ္မသိတွာန၊ ဆင်ခြင်သုံးသပ်၍။
အရုဏုဂ္ဂမှိ၊ အရုဏ်တက်ချိန်သည်။
သမ္မတ္တေ၊ ရောက်လတ်သော်။
အရဟတ္ထံ၊ ရဟန္တာအဖြစ်သို့ အထိ ရောက်လေပြီ။

ဟူ၍ လာသည့်အတိုင်း ထိုညဉ့်၌ လင်းစင်လတ်သော် အရဟတ္တဖိုလ်ကို ရလျက် သမသီသီ ရဟန္တာဖြစ်၍ စုတိ ကျသော ကုဋုမ္ဗိယပုတ္တတိဿထေရ်

မိမိ ကျင်ငယ် ကျင်ကြီး၌ နှစ်လျက် တွန့်လိမ်လူးလည်း နေသည်ကို မြင်၍ “အဟောဒုက္ခာ ဇီဝိတသင်္ခါရာ[၁] ဟု ပဉ္စင်းငယ် ဆိုရာတွင် ငါ စုတိက သဂ္ဂသမ္ပတ္တိကို မခဲယဉ်း၊ သို့သော်လည်း သီလကိုဖျက်၍ ရသော သဂ္ဂသမ္ပတ္တိသည် သိက္ခာကို ချ၍ ရသော လူအဖြစ်နှင့် တူ၏[၂]၊ သီလနှင့်သာလျှင် တကွ သေမည်ဟု ဆို၍ ထို မိမိကျင်ငယ် ကျင်ကြီးထက်၌ပင် လျောင်းစက်၍ ယင်းရောဂါကိုပင် ဆင်ခြင် သုံးသပ်လျက် ဝိပဿနာ အဆက်ဆက်ဖြင့် အရဟတ္တ မဂ်ဖိုလ်ကို ရပြီးလျှင် ---

[၁။ ဇီဝိတသင်္ခါရာ = ဇီဝိတိန္ဒြေနှင့် စပ်သော သင်္ခါရတို့သည်။
အဟောဒုက္ခာ = အော် - ဆင်းရဲကုန်စွတကား။

ရုပ်ဇီဝိတိန္ဒြေ နာမ်ဇီဝိတိန္ဒြေ ဟူသော အာယု တေဇော ဓာတ်ဟူသောဥသ္မာ ပဋိသန္ဓေ ဝိညာဏ်ဟူသော ဝိညာဏ၊ ဤ ၃-ပါးကို ဇီဝိတသင်္ခါရဟုခေါ်သည်။
(ပဋိသမ္ဘိဒါမဂ် အဋ္ဌကထာ၊ ဒု၊ နှာ-၁၇၂။)

[၂။ ရဟန်းသေသော် အလောင်းကောင်၌ ရဟန်း၏သိက္ခာ မတည်တော့ချေ။ ရဟန်း၏ သီလပျက်ပြီဟု ဆိုလိုသည်။ (ဝိသုဒ္ဓိ ဋ္ဌ၊ ပ၊ နှာ-၄၆)]

ဖုဋ္ဌဿ မေ အညတရေန ဗျာဓိနာ၊
ရောဂေန ဗာဠှံ ဒုခိတဿ ရုပ္ပတော။
ပရိသုဿတိ ခိပ္ပမိဒံ ကဠေဝရံ၊
ပုပ္ဖံ ယထာ ပံသုနိ အာတပေ ကတံ။

အဇညံ ဇညသင်္ခါတံ၊
အသုစိံ သုစိသမ္မတံ။
နာနာကုဏပ ပရိပူရံ၊
ဇညရူပံ အပဿတော။

ဓိရတ္ထု'မံ အာတုရံ ပူတိကာယံ၊
ဒုဂ္ဂန္ဓိယံ အဿုစိ ဗျာဓိဓမ္မံ။
ယတ္ထပ္ပမတ္တာ အဓိမုစ္ဆိတာ ပဇာ၊
ဟာပေန္တိ မဂ္ဂံ သုဂတူပပတ္တိယာ။

အညတရေန၊ တပါး ပါးသော။
ဗျာဓိနာ၊ ပြင်းစွာ နှိပ်စက်တတ်သော။
ရောဂေန၊ ရောဂါနှင့်။
ဖုဋ္ဌဿ၊ တွေ့ထသော။
ဗာဠှံ၊ ပြင်းပြစွာ။
ဒုခိတဿ၊ ဆင်းရဲသို့ ရောက်သည်ဖြစ်၍။
ရုပ္ပတော၊ ဆွေ့ဆွေ့ခုန်မျှ တုန်လှုပ် ဖောက်ပြန်တတ်သော။
မေ၊ ငါ၏။
ဣဒံ ကဠေဝရံ၊ ဤ ခန္ဓာရုပ် အကောင်ပုပ်သည်။
အာတပေ၊ ခြစ်ခြစ်ပူသော။
ပံသုနိ၊ မြေမှုန့်ထက်၌။
ကတံ၊ ပစ်ထားအပ်သော။
ပုပ္ဖံ ယထာ၊ ကုက္ကိုစသော ပန်းကဲ့သို့။
ခိပ္ပံ၊ အသော့လျင်စွာ မကြာချက်ခြင်း။
ပရိသုဿတိ၊ ဝန်းကျင်ညှိုးခွေ ခြောက်တပ်ချေ၏။

အဇညံ၊ စက်ဆုပ်ဖွယ် ဖြစ်လျက်။
ဇညသင်္ခါတံ၊ နှစ်သက်ဖွယ်ဟူ၍ သူမိုက်တို့သည် ပြောဆိုအပ်ထသော။
အသုစိံ ၊ မစင်ကြယ်ပဲလျက်။
သုစိသမ္မတံ၊၊ စင်ကြယ်သည်ဟူ၍ သူမိုက်တို့သည် သမုတ်အပ်ထသော။
နာနာကုဏပ ပရိပူရံ၊ အထူးထူးသာ အပုပ်မျိုးတို့ဖြင့် ပြည့်ထသော။
ဣဒံ ကဠေ၀ရံ၊၊ ဤခန္ဓာရုပ် အကောင်ပုပ်ကို။
ဇညရူပံ၊ ဟုတ်မှန်တိုင်းသော နှစ်ဘက်ဖွယ် သဘောကို။
အပဿတော အပဿန္တဿ၊ မမြင်နိုင်သော သူမိုက်သည်သာလျှင်။
ပသံသိတံ၊ ဇည ဟု ချီးမွမ်းအပ်၏။
(ဇနံ န အရဟန္တီတိ အဇညာ၊ ဇနံ ပဝေသေတုံ အယုတ္တာ ဇိဂုစ္ဆနီယာတိ ဝုတ္တံ ဟောတိ။ မူလဋီကာ၊ ၂၊ နှာ-၁၅၃။)

အာတုရံ၊ နာကျင်ထသော။
ဒုဂ္ဂန္ဓိယံ၊ မကောင်းသော အနံ့ ရှိထသော။
အသုစိ၊ မစင်ကြယ်ထသော။
ဗျာဓိဓမ္မံ၊ နှိပ်စက်တတ်သော သဘောရှိထသော။
ဣမံ ပူတိကာယံ၊ ဤခန္ဓာရုပ် ကိုယ်ကောင်ပုပ်၏။
ဓီ၊ ထွီဖွယ် စက်ဆုပ်ဖွယ်သည်။
အတ္ထု၊ ဖြစ်ချေ၏၊ ဖြစ်စေလော၊ ဖြစ်စေသတည်း။

ယတ္ထ၊ အကြင် အနှစ်မပါ ရွံဖွယ်ရာသော ခန္ဓာကိုယ်ရုပ် အကောင်ပုပ်၌။
ပမတ္တာ၊ မေ့လျော့ယစ်ဝကုန်သည်ဖြစ်၍။
အဓိမုစ္ဆိတာ၊ တွေဝေမိန်းမောကုန် သည်ဖြစ်၍။
ပဇာ၊ သတ္တဝါအပေါင်းတို့သည်။
သုဂတူပပတ္တိယာ၊ လူ့ဘုံနတ်ရပ် မြတ်သော သုဂတိဘဝသို့ လားရခြင်း၏။
မဂ္ဂံ ၊ အကြေင်းဖြစ်သော သီလကို။
ဟာပေန္တိ၊ အားပါးမထုတ် ဆုတ်ယုတ် လျော့ပါးစေကြကုန်၏။
(ပဂေ၀ ဈာနာဒိန္တိ အဓိပ္ပါယော) –

ဤသို့ သံဃာအား ပြောဟော၍ ပရိနိဗ္ဗာန်ဝင်သော အညတရ ဗာဠှဂိလာန မဟာထေရ် စသော ပုထုဇဉ်တို့၏ သီလသည်၎င်း သေက္ခပုဂ္ဂိုလ်တို့၏ သီလသည်၎င်း ဘ၀ရာဂဒိဋ္ဌိ တို့ဖြင့် သုံးသပ်အပ်သောကြောင့် အပရာမဋ္ဌပါရိသုဒ္ဓိသီလ မည်၏။

ပဋိပဿဒ္ဓိ ပါရိသုဒ္ဓိသီလ

ဘုရား ပစ္စေကဗုဒ္ဓါ ရဟန္တာ၏ သီလသည် ပဋိပဿဒ္ဓိ ပါရိသုဒ္ဓိသီလ မည်၏။

ပဟာနသီလ

ပါဏာတိပါတ အစ အရဟတ္တမဂ္ဂဝဇ္ဈ ကိလေသာ အဆုံးရှိ သော အကုသိုလ် ကုသိုလ် ဓမ္မတို့ကို ပယ်ကြောင်းခြင်းဖြစ်သော ဟိရောတ္တပ္ပကရုဏာ, အလောဘ စသည် ပြဓာန်းခြင်းရှိသော ကုသိုလ် ဧကဝီသ စိတ္တုပ္ပါဒ်သည် ပဟာနသီလ မည်၏။

ဝေရမဏိသီလစသည်

ဝိရတိစေတသိက် စေတနာစေတသိက် သံဝရငါးပါး အဝီတိက္ကမ စိတ္တုပ္ပါဒ်တို့သည် ဝေရမဏိသီလ စသည် မည်ကုန်၏။ ထိုတွင် --

မဟဂ္ဂတဓမ္မေသု နိပ္ပရိယာယေန နတ္ထိ သီလနဋ္ဌော၊ ကုတော ဝိရမဏဋ္ဌော။ ပရိယာယေန ပနေတံ ဝုတ္တန္တိ ဒဋ္ဌဗ္ဗံ။

မဟဂ္ဂတဓမ္မေသု၊ မဟဂ္ဂုတ်တရားတို့၌။
နိပ္ပရိယာယေန၊ မုချအားဖြင့်။
သီလနဋ္ဌော၊ သမာဓာန-ဥပဓာရဏ ဟူသော သီလန အနက်သည်။
နတ္ထိ၊ မရှိ။
ဝိရမဏဋ္ဌော၊ ဝိရတိ အနက်သည်။
ကုတော၊ အတီမှာ ရှိနိုင်ချေအံ့နည်း။
ပန၊ ယင်းသို့ မရှိသော်လည်း၊။
ပရိယာယေန၊ ပရိယာယ်အားဖြင့်။
ဧတံ၊ ထို “ပထမ ဈာနေန နီဝရဏာနံ၊ ဒုတိယဈာနေန ဝိတက္က, ဝိစာရာနံ ပဟာနံ သီလံ, ဝေရမဏိ သီလံ, စေတနာ သီလံ, သံဝရော သီလံ, အဝီတိက္ကမော သီလံ [၁] စသော စကားကို။
ဝုတ္တံ၊ ဟောတော်မူအပ်၏။

[၁။ ပဌမဈာန်ဖြင့် အပိတ်အပင် 'နီဝရဏ” တရားတို့ကို ဒုတိယဈာန်ဖြင့် ဝိတက်နှင့် ဝိစာရတို့ကို ပယ်တတ်သောကြောင့် သီလမည်၏၊ ကြဉ်ရှောင်တတ်သောကြောင့် သီလ မည်၏၊ စောင့်စည်းမှုစေတနာသည် သီလမည်၏၊ စောင့်စည်းခြင်း “သံ၀ရ” သည် သီလ မည်၏။ မလွန်ကျူးတတ်သော အနက်နှင့် သီလမည်၏။]

ဤသို့ မဟာဋီကာ (ပ၊နှာ-၇၉) လာသည့်အတိုင်း မဟဂ္ဂုတ်တရားတို့၌ သီလ ဟူသည်ကို ပရိယာယ်အားဖြင့် ဈာန်စိတ္တုပ္ပါဒ်တို့ကို မှတ်အပ်၏။ ဤသို့ မဟဂ္ဂုတ် သီလ၌သာ ပရိယာယ်ဟု ဆို၍ ရှေးဖြစ်သော --

အဘိဇ္ဈာယ ပဟာနံ သီလံ ဝေရမဏိ သီလံ။ပ။ ဗျာပါဒဿ။ပ။ မိစ္ဆာဒိဋ္ဌိယာ။ပ။ ပဉ္စန္နံ နီဝရဏာနံ။ပ။ ဉာဏေန အဝိဇ္ဇာယ။ပ။ ပါမုဇ္ဇေန အရတိယာ ပဟာနံ သီလံ ဝေရမဏိ သီလံ - စသော မနောကမ္မပထ သီလ။

ပုဗ္ဗဘာဂပဋိပဒါ ဥပါယသီလနောက် ဖြစ်သော - အနိစ္စာနုပဿနာယ နိစ္စသညာယ ပဟာနံ သီလံ ဝေရမဏိ သီလံ စသော အဋ္ဌာရသ မဟာဝိပဿနာ သီလ။

မဂ်သီလတို့၌ကား--

အဘိဇ္ဈာဒီနံ ပန အနဘိဇ္ဈာဒိဝသေန ပဟာနံ ဝေဒိတဗွံ။ ဝေရမဏိ စေတနာ တံသမ္ပယုတ္တာ၊ သံဝရာ ဝီတိက္ကမာ တပ္ပမု ခါဓမ္မာ။

တတ္ထ ပဟာနသီလာဒီနိ ဟေဋ္ဌာ ဝုတ္တနယေနေဝ ဝေဒိတဗ္ဗာနိ။ ဝိသေသ မေဝ ဝက္ခာမ။

အဘိဇ္ဈာဒီနံပန၊ အဘိဇ္ဈာ ဗျာပါဒ မိစ္ဆာဒိဋ္ဌိတို့ကိုကား။
အနဘိဇ္ဈာဒိဝသေန၊ အနဘိဇ္ဈာစသည်တို့၏ အစွမ်းအားဖြင့်။
ပဟာနံ၊ ပယ်ခြင်း ပဟာနသီလကို။
ဝေဒိတဗံ္ဗ၊ သိအပ်၏၊
ဝေရမဏိ စေတနာ၊ ဝေရမဏိသီလ စေတနာသီလတို့သည်။
တံသမ္ပယုတ္တာ၊ ထိုအနဘိဇ္ဈာစသည်နှင့် ယှဉ်ကုန်၏။
သံဝရာဝီတိက္ကမာ၊ သံဝရသီလ အဝီတိက္ကမသီလတို့သည်။
တပ္ပမုခါ၊ ထိုအနဘိဇ္ဈာစသည် ပြဓာန်းခြင်း ရှိကုန်သော။
ဓမ္မာ၊ ကုသိုလ် စိတ္တုပ္ပါဒ်တရားတို့တည်း။

တတ္ထ၊ ထိုဥပါယသီလ သမာပတ္တိသီလ, ဝိပဿနာသီလ မဂ်သီလတို့၌။
ပဟာနသီလာဒီနိ ၊ ပဟာနသီလ စသည်တို့ကို။
ဟေဋ္ဌာ၊ အောက်ကမ္မပထသီလတို့၌။
ဝုတ္တနယေနေဝ၊ ဆိုအပ်ပြီးသော နည်းဖြင့်သာလျှင်။
ဝေဒိတဗ္ဗာနိ၊ သိအပ်ကုန်၏။
ဝိသေသမေဝ၊ အထူးကိုသာလျှင်။
ဝက္ခာမ၊ ဆိုကုန်တော့အံ့။

ဝိရတိစေတသိက် ဖြစ်နိုင်ပုံ

ဤသို့ ဝိရတိစေတသိက် တိုက်ရိုက်ရကြောင်းကို ဆိုရကား ရှေး ဆိုအပ်ခဲ့ပြီးသည်အတိုင်း “ဝိသေသမေ၀ ၀က္ခာမ”အရ ဖြစ်သော အဋ္ဌသမာပတ္တိသီလကို ချန်ထား၍ ကြွင်းသော ရှောင်ကြဉ်သမျှ သီလစိတ္တုပ္ပါဒ်တို့၌ ဝိရတိစေတသိက်ကို ရ၏ဟု မှတ်ရမည်။ အာဇီဝဟေတုကိုငဲ့ မငဲ့သော ကာယကံသုံးပါး ဝစီကံလေးပါးတို့ကို ရှောင်ကြဉ်မှသာ ဝိရတိ ဖြစ်သည်။ အဘိဇ္ဈာစသော မနောကံကို ရှောင်ကြဉ်ရာတို့၌၎င်း “ဘူတဂါမ ပါတဗျတာယ ပါစိတ္တိယံ [၁] စသည်ကို ရှောင်ကြဉ်ရာတို့၌၎င်း ဝိရတိ မဖြစ်ဟူ၍ မှတ်မှား ကြသည် များစွာ၏။ ဆင်ခြင်စဉ်းစား သတိထားကုန်ရာသည်။

[၁။ ပါစိတ်အာပတ်စသည်ကို ရှောင်ကြဉ်ခြင်းအားဖြင့် ဝိရတိဖြစ်သည်။
(ပါစိတ္တိယ = ကုသိုလ်စိတ်မှ လျောကျစေတတ်သောအပြစ်)]

(ငါတို့ ကျေးဇူးရှင် မဟာဗိုလ်ဆရာတော်ဘုရားကြီးလည်း ပါတိမောက္ခ သီလတို့၌ ဝိရတိ ရကြောင်းကို မိန့်ဆိုတော်မူ၏)။ အဋ္ဌကထာ ဋီကာ ကျမ်းဂန် သက်သဖြင့် နှစ်သက်လေးမူ မှတ်ယူသင့်သော စကားပေတည်း။

သီလ၏ဂုဏ်များ

ဤသို့လျှင် တပါး နှစ်ပါး သုံးပါး လေးပါး ငါးပါး အပြားရှိသော သီလတို့တွင် ကာမာဝစရ ဖြစ်သော သီလကို ဤ၌ လိုအပ်၏။ ထိုသီလသည် အဓိသီလသိက္ခာဂုဏ်, အာဒိကလျာဏဂုဏ်, တေဝိဇ္ဇုပနိဿယဂုဏ်, ကာမသုခလ္လိကာနုယောဂ အန္တဝဇ္ဇနဂုဏ်, အပါယ သမတိက္ကမနုပါယဂုဏ်, တဒင်္ဂပ္ပဟာနဂုဏ်, ဝီတိက္ကမ ပဋိပက္ခဂုဏ်, ဒုစ္စရိတသံကိလေသာ ဝိသောဓနဂုဏ်, သောတာပန္န သကဒါဂါမိ ဘာဝကာရဏဂုဏ်, ကာယဝိဝေကဂုဏ်, အဒေါသကုသလမူလဂုဏ်, အနိမိတ္တဝိမောက္ခမုခဂုဏ်, အနညာတညဿမီတိန္ဒြိယဂုဏ် [၁] စသော ကျေးဇူးတို့ကို ပြုစွမ်းနိုင်သော သတ္တိဂုဏ်နှင့် ပြည့်စုံ၏။

[၁။ အဓိသီလသိက္ခာဂုဏ် = မဂ် ဖိုလ် နိဗ္ဗာန်သို့ ရောက်ရန် အခြေခံဖြစ်သော သီလ (သုဂတိဘဝသို့ လားရောက် စေတတ်သော သာမန် သီလထက် လွန်ကဲမြင့်မြတ် သောသီလ) အကျင့်ဟူသောဂုဏ်။

အာဒိကလျာဏဂုဏ် = ဈာန် မဂ် ဖိုလ် ရရာ ရကြောင်း အကျင့်ပဋိပတ္တိလုပ်ငန်း ပွါးများရာ၌ သီလကို ဦးစွာအစ စောင့်ထိန်း ပြုလုပ်အပ်သောကြောင့် သီလသည် အာဒိကလျာဏ အစ၏ကောင်းခြင်းနှင့် ပြည့်စုံသည်ဟု ဆိုလိုသည်။

တေဝိဇ္ဇုပနိဿယဂုဏ် = (တေဝိဇ္ဇ = ဝိဇ္ဇာသုံးပါး။ ဥပနိဿယ = အားကြီးသော အကြောင်း) ပု-ဒီ-အာ တည်းဟူသော ဝိဇ္ဇာသုံးပါး ရရန် အားကြီးသော အကြောင်းဖြစ်သောဂုဏ်။

ကာမသုခလ္လိကာနုယောဂ အန္တဝဇ္ဇနဂုဏ် = (ကာမ=ကာမဂုဏ်ငါးပါး။ သုခ = ချမ်းသာခြင်း၊ အလ္လိက=ကပ်ငြိမှု (တဏှာ) အနုယောဂ=အဖန်ဖန်ယှဉ်ခြင်း၊ အားထုတ်ခြင်း၊ အန္တ=တဖက်စွန်း၊ ဝဇ္ဇန=ရှောင်ကြဉ်ခြင်း) တဖက်အစွန်း ဖြစ်သော ကာမဂုဏ်ချမ်းသာ ခံစားမှုအတွက် ကြိုးပမ်းအားထုတ် ခြင်းမှရှောင်ကြဉ်မှု တည်းဟူသောဂုဏ်။

အပါယသမတိက္ကမနုပါယဂုဏ် = (အပါယ = ချမ်းသာကင်းမဲ့သော အပါယ်၊ သမတိက္ကမန = လွန်မြောက်ခြင်း။ ဥပါယ = ဥပါယ်၊ အကြောင်း) အပါယ် မှ လွန်မြောက်နိုင်ကြောင်းတည်း ဟူသောဂုဏ်။

တဒင်္ဂပ္ပဟာနဂုဏ် = တဒင်္ဂပဟာန်အားဖြင့် ကိလေသာကို ပယ်ခြင်းတည်း ဟူသောဂုဏ်။

ဝီတိက္ကမ ပဋိပက္ခဂုဏ် = (ကာယကံ ဝစီကံ အားဖြင့်) လွန်ကျူးခြင်း၏ ဆန့်ကျင်ဘက် ဟူသောဂုဏ်။

ဒုစ္စရိတ သံကိလေသ ဝိသောဓနဂုဏ် = မကောင်းသောအကျင့် ဒုစရိုက် ဟူသော အညစ်အကြေးကို သုတ်သင် စင်ကြယ်သောဂုဏ်။

ကာယဝိဝေကဂုဏ် = ကိုယ်၏ ဆိတ်ငြိမ်ခြင်းဟူသောဂုဏ်။ (ဆိတ်ငြိမ်ရာအရပ်သို့ ကပ်ရောက်ခြင်း)

အဒေါသ ကုသလမူလဂုဏ် = “အဒေါသ” ဟူသော ကုသိုလ်မူလ တရားကို ဖြစ်ပွါး စေတတ်ခြင်းဟူသောဂုဏ်၊

ဝိမောက္ခမုခ = (ဝိမောက္ခ = ကိလေသာဝဋ်မှ လွတ်မြောက်မှု “မဂ်” “ဖိုလ်” မုခ = အကြောင်း) = ကိလေသာဝဋ်မှလွတ်မြောက်မှု မဂ် ဖိုလ် ရကြောင်း၊ နိမိတ္တ = အကြောင်း၊ အမှတ်အသား။

အနိမိတ္တ ဝိမောက္ခမုခ = နိစ္စဟူသော အမှတ်အသား၊ မြဲ၏ဟူသော အမှတ်အသားကို ပယ်၍ အနိစ္စလက္ခဏာ၌ ရှုဆင်ခြင်မှုကြောင့် - ကိလေသာမှ လွတ်မြောက်မှု “မဂ်ကို ရကြောင်းအကျင့်။

အနညာတညဿာမိတိန္ဒြေ = (အနညာတံ = မသိအပ်သေးသော သစ္စာတရား ၄-ပါးကို။ ဉဿာမိ = သိတော့အံ့) = အစမထင် သံသရာ၌ တခါမျှ မသိဘူးသေးသော သစ္စာလေးပါး ကို သိအောင်အားထုတ်သော ပုဂ္ဂိုလ်အား ရှေးဦးစွာ သောတာပတ္တိမဂ်ဖြစ်၏၊ ထို သောတာပတ္တိမဂ်နှင့် ယှဉ်သော ပညာကို အနညာတညဿာမီတိန္ဒြေ ဟု ခေါ်၏။]

တရားကိုယ်အားဖြင့်ကား --

သီလတရားကိုယ်

ကိံ သီလန္တိ စေတနာ သီလံ စေတသိကံ သီလံ သံဝရော သီလံ အဝီတိက္ကမာ သီလံ [၁]။

ဟူ၍ ပဋိသမ္ဘိဒါမဂ် (နှာ-၄၃)၌ လာသော အလုံးစုံသော စာရိတ္တ ဝါရိတ္တသီလ ကုသိုလ် စေတနာ။ ဝါရိတ္တ ဝိရတိ အနဘိဇ္ဈာ အဗျာပါဒ သမ္မာဒိဋ္ဌိစေတသိက်။ (တနည်းလည်း) သတ္တကမ္မပထစေတနာ [၂] အနဘိဇ္ဈာဒိစေတသိက်[၃]။ ပါတိ သတိ ဉာ ခန္တိ၊ ဝီရိ သံဝရာ ဟူသော သံဝရငါးပါး[၄] သမ္ပတ္တ ဝိရတိသံဝရ[၅]နှင့် တကွ သံဝရ ခြောက်ပါး၊ ဆောက်တည်၍ မလွန်ကျူးကြောင်းဖြစ်သော အဝီ တိက္ကမစိတ္တုပ္ပါဒ်[၆]၊ ဤတရားတို့သည် သီလမည်၏။

(ပါတိ သတိ ဉာ ခန္တိ၊ ဝီရိ သံဝရာ ဟူရာ၌ ပါတိမောက္ခသံဝရနှင့် ဣန္ဒြိယသံဝရဟူသော သတိသံဝရ နှစ်ပါးသည် အောက်၌ လာပြီ၊ အထက်၌လည်း လာလတ္တံ့)

ယာနိ သောတာနိ လောကသ္မိံ၊
သတိ တေသံ နိဝါရဏံ။
သောတာနံ သံဝရံ ဗြူမိ၊
ပညာယေ ́တေ ပိမီယရေ၊

[၁။ ကိံ = အဘယ်သဘောတရားသည်။ သီလံ= သီလ မည်သနည်း။ ဣတိစေ=ဤသို့ မေးငြားအံ့။ စေတနာ=စေတနာသည်။ သီလံ = သီလမည်၏။ စေတသိကံ၊ စေတသိက်သည်။ သီလံ၊ သီလ မည်၏။ သံဝရော=ပိတ်ဆို့ စောင့်စည်းတတ်သော တရားသည်။ သီလံ=သီလ မည်၏။ အဝီတိက္ကမော=မလွန်ကျူးခြင်းသည်။ သီလံ= သီလ မည်၏။

၂။ သတ္တကမ္မပထစေတနာ = ခုနစ်ပါးကုန်သော ကုသိုလ်ကမ္မပထစေတနာ။ (ကာယကံ ကုသိုလ် ၃-ပါး ဝစီကံကုသိုလ် ၄-ပါးတို့၌ရှိသော စေတနာ)။

၃။ အနဘိဇ္ဈာဒိစေတသိက်= (သူ့စည်းစိမ်ကို ရှေးရှုတပ်မက်သောအားဖြင့် ကြံစည်သည့် လောဘဟူသော) အဘိဇ္ဈာမှကင်းသော စေတသိက်။ (ကျန်ပုဒ်၏ အနက်အဓိပ္ပါယ်များ နောက်က ပြခဲ့ပြီ)

၄။ သံဝရငါးပါး = တားဆီး စောင့်စည်းတတ်သော တရားငါးပါး။ (၁) ပါတိ = ပါတိမောက္ခသံဝရ = ဝိနည်းတော်၌ အကျုံးဝင်သည့် သိက္ခာပုဒ် သီလဟူသော သံဝရ၊ (၂) သတိ = သတိသံဝရ = စက္ခုစသော ဣန္ဒြေခြောက်ပါးတို့ကို ပိတ်ဆို့ စောင့်စည်း တတ်သည့် “သတိ” ဟူသော သံဝရ။ (၃) ဉာဏသံဝရ = ( တဏှာစသော အယဉ်ကို ပိတ်ဆို့ စောင့်စည်းတတ်သော) "မဂ်ပညာ” ဟူသော သံဝရ။ (၄) ခန္တိသံဝရ = (အအေး အပူ စသည်ကို သည်းခံသော အခြင်းအရာအားဖြင့် ဖြစ်သည့် အဒေါသ ပြဓာန်းသော) "ခန္တိ” ဟူသော သံဝရ၊ (၅) ဝီရိယသံဝရ = (ကာမဝိတက် စသည်တို့ကို ပယ်ဖျောက်ကာ ပိတ်ဆို့စောင့်စည်း တတ်သော) “ဝီရိယ” ဟူသော သံဝရ။

၅။ သမ္မတ္တ ဝိရတိ သံဝရ = တွေ့ကြုံဆိုက်ရောက် လာသည့်အခါ၌ ကြဉ်ရှောင်ခြင်း ဟူသော စောင့်စည်းမှု။

၆။ အဝီတိက္ကမ စိတ္တုပ္ပါဒ် = (ကာယကံ ဝစီကံအားဖြင့်) မလွန်ကျူးကြောင်း ကုသိုလ် စိတ္တုပ္ပါဒ်။]

ဉာဏသံဝရ

လောကသ္မိံ၊ လောက၌။
ယာနိ သောတာနိ၊ အကြင်တဏှာ အဝိဇ္ဇာ ဒိဋ္ဌိ ဒုစ္စရိတ စသည် များစွာ ကိလေသာရေယဉ် တို့သည်။
သန္တိ၊ ရှိကုန်၏။
သတိ၊ သတိသည်။
တေသံ၊ ထိုကိလေသာ ရေယဉ်တို့ကို။
နိဝါရဏံ၊ ခိုက်တန့်ဟန့်လျက် ဆီးကန့်ခွါပစ် တားမြစ်ကြောင်းသာတည်း။
သောတာနံ၊ ထိုကိလေသာ ရေယဉ်တို့ကို။
သံဝရံ၊ သမုစ္ဆေဒ ပဟာနဖြင့် တစမကြွင်း ဆို့ပိတ်ခြင်းကို။
ဗြူမိ၊ ငါဟော၏။
ဧတေ သောတာ၊ ထိုအယဉ် တို့ကို။
ပညာယ၊ မဂ်ပညာဖြင့်။
ပိဓီယရေ၊ ဝင်ပေါက်မလှပ် အလျဉ်စပ်အောင် ဆို့ပိတ်အပ်ကုန်၏။

ဤသို့လာသော ပညာသည် ဉာဏသံဝရ မည်၏။ ပစ္စယပဋိသေဝနမ္ပိ ဧတ္ထေ၀ သမောဓာနံ ဂစ္ဆတိ၊ ဝိသုဒ္ဓိမဂ် အဋ္ဌကထာ၊ (ပ၊ နှာ-၈)။

ခန္တိသံဝရ

ခမော ဟောတိ သီတဿ ဥဏှဿ စသည်ဖြင့် လာသော အဒေါသသည် ခန္တိသံဝရ မည်၏။

ဝီရိယသံဝရ

ဥပ္ပန္နံ ကာမဝိတက္ကံ နာဓိဝါသေတိ ပဇဟတိ ဝိနောဒေတိ ဗျန္တိံ ကရောတိ အနဘာဝံ ဂမေတိ စသည်ဖြင့် လာသော ဝီရိယသည် ဝီရိယသံဝရ မည်၏။ အာဇီဝပါရိသုဒ္ဓိပိ ဧတ္ထေ၀ သမောဓာနံ ဂစ္ဆတိ။ ဝိသုဒ္ဓိမဂ် အဋ္ဌကထာ (ပ၊ နှာ-၈။)

သီလညစ်ညူးကြောင်း

ယင်း ဆိုခဲ့ပြီးသော သီလ၏ ညစ်ညူးကြောင်း သံကိလေသ ကား --

လာဘတော ယသ ဉာတျင်္ဂ၊
ဇီဝိတေဟိ စ သတ္တဓာ။
မေထုနေန စ သံယောဂါ၊
ခဏ္ဍာဒိ သံကိလေသတာ၊

မေထုန်ငယ် ၇-ပါး စသည်

လာဘတော၊ လဟုဘ်ဟူသော အကြောင်းကြောင့်၎င်း။
ယသ ဉာတိ အင်္ဂ ဇီဝိတေဟိ စ၊ ခြွေရံကျော်ဟိုး ဆွေမျိုး ခြေလက် ကိုယ်အသက် တို့ကြောင့်၎င်း။
သတ္တဓာ၊ မာတုဂါမ သုံးသပ်လာသည်ကို သာယာခြင်း တကွရယ်ဟား ကစားစံပယ်ခြင်း စက္ခုနာ စက္ခု ဆိုင်၍ (=မျက်စိချင်းဆုံ၍ကြည့်ခြင်း) ကြည့်ရှုခြင်း အသံကို နားထောင်ခြင်း တကွရယ်မြူး ကစားဘူးသည်ကို ကြည်နူးစေ့စေ့ အောက်မေ့ခြင်း၊ ကာမဂုဏ် ပြည့်စုံသသူကို မြင်လျှင် ချစ်ခင်တပ်မက် နှစ်သက်သာယာခြင်း၊ နတ်ပြည်ကို တောင့်တ၍ ဗြဟ္မစရိယကို ကျင့်ခြင်းအားဖြင့် ခုနစ်ပါး အပြားရှိသော။
မေထုနေန၊ မေထုန်အားဖြင့်။
သံယောဂါ စ၊ တကွယှဉ်တဲ့ မှီဝဲပေါင်းဖော်သည်နှင့် အလားတူသော အမူအကျင့် ကြောင့်၎င်း။
ခဏ္ဍာဒိ၊ ခဏ္ဍ ဆိဒ္ဓ သဗလ ကမ္မာသ အဖြစ်သည်။
ဝါ၊ ကျိုး ပေါက် ကျား ပြောက်ခြင်းသည်။
သံကိလေသတာ၊ သီလမဖြူ ဖုံမြူရစ်ပူး ညစ်ညူးကြောင်း မည်၏။

သီလဖြူစင်ကြောင်း

ဖြူစင်ကြောင်း “ဝေါဒါန” ကိုကား ဤသို့ သိအပ်၏။

တဒဘာဝါ အခဏ္ဍာဒိ၊
ဝေါဒါနံ ဝုစ္စတေ ထပါ။
ကောဓူ ပနာဟော မက္ခော စ၊
ပဠာသိ' ဿာ စ မစ္ဆရံ။

မာယာ သာဌေယျံ, သာရမ္ဘော၊
ထမ္ဘော မာနောတိမာနိတာ။
မဒေါ ပမာဒေါတျာဒီနံ၊
ပါပါနံ အနုပ္ပတ္တိယာ။

အပ္ပိစ္ဆတာ, သန္တုဋ္ဌိတာ၊
သလ္လေခတာတိ အာဒီနံ။
ဥပ္ပတ္တိယ ပျခဏ္ဍာဒိ၊
ဝေါဒါနန္တိ ပဝုစ္စတိ။

တဒဘာဝါ၊ ထိုသံကိလေသ၏ မရှိခြင်းကြောင့်။
အခဏ္ဍာဒိ၊ ကျိုး ပေါက် ကျား ပြောက် မရှိခြင်းကို။
ဝေါဒါနံ၊ ညစ်ကြေးမတင် ဖြူစင်ကြောင်းဟူ၍။
ဝုစ္စတေ၊ ဆိုအပ်၏။
အထဝါ၊ တနည်းလည်း။
ကောဓော၊ အမျက်ထွက်ခြင်း။
ဥပနာဟော၊ ရန်ငြိုးဖွဲ့ငြိခြင်း။
မက္ခော၊ သူ့ ကျေးဇူးကို ချေပခြင်း။
ပဠာသော၊ ဖက်ပြိုင်ယှဉ်တု အဖျင်းပြုခြင်း။
ဣဿာ၊ သူ့စည်းစိမ်ကို ရန်လိုငြူစူခြင်း။
မစ္ဆရံ၊ မိမိစည်းစိမ်ကို ဝန်တို လျှို့ဝှက် ဖုံးဖွက်စေခြင်း။

မာယာ၊ ထင်ရှားရှိသော မိမိအပြစ်ကို မလှစ်မလှန် ထိမ်ချန်လှည့်ပတ်ခြင်း။
သာဌေယျံ၊ မရှိဂုဏ်ဖြင့် လူပုံဟန်ကြွား စဉ်းလဲခြင်း။
သာရမ္ဘော၊ သူ့ထက် ထူးချွန် အလွန်ပြုငြား ရမ်းကားချုတ်ချယ်ခြင်း။
ထမ္ဘော၊ ခက်ထန်ကြမ်းကြုတ်ခြင်း။
မာနော၊ မာန်မူခြင်း။
အတိမာနိတာ၊ မှန်ကင်းတမ်းခွန် ပမာ ဝှန်သို့ အလွန်မာန်မူခြင်း။
မဒေါ၊ ဆေးခြောက်ရူးကဲ့သို့ ယစ်မူးခြင်း။
ပမာဒေါ၊ စိတ်လွတ်လေပေါ့ မေ့လျော့ဖျင်းသွတ်ခြင်း။
ဣတိအာဒီနံ၊ ဤသို့ အစရှိကုန်သော။
ပါပါနံ၊ ယုတ်မာညစ်ကျု မကောင်းမှုတို့၏။
အနုပ္ပတ္တိယာ၊ မဖြစ်ခြင်းကြောင့်၎င်း။

အပ္ပိစ္ဆတာ၊ အလိုနည်းပါးခြင်း။
သန္တုဋ္ဌိတာ၊ တဆဲ့နှစ်ဝ သန္တောသ ဖြင့် စိတ်ချရောင့်ရဲခြင်း။
သလ္လေခတာ၊ ကိလေသာနစ် မြူအညစ်ကို ပါးအောင်ခြစ်ပစ်ခြင်း။
ဣတိအာဒီနံ၊ ဤသို့အစရှိသော ကျေးဇူးဂုဏ်တို့၏။
ဥပ္ပတ္တိယာပိ၊ ဖြစ်ခြင်းကြောင့်၎င်း။
အခဏ္ဍာဒိ၊ ကျိုး ပေါက် ကျား ပြောက် မရှိခြင်းကို။
ဝေါဒါနန္တိ၊ မြူကြေးမတင် ဖြူစင် သန့်ရှင်းကြောင်းဟူ၍။
ပဝုစ္စတိ၊ အပြားအားဖြင့် ဆိုအပ်၏။

ဖြူစင်သော သီလ၏အကျိုး

တယိဒံ ဘုဇိဿံ ဝိညူ၊
ပသတ္ထံ အပရာမသံ။
သမာဓိ သံဝတ္တနကံ၊
သီလံ နိဗ္ဗာနပါပကံ။

တယိဒံ သီလံ၊ ထိုညစ်မြှေးမတင် ဖြူစင်သန့်ရှင်းသော သီလသည်။
ဘုဇိဿံ၊ တဏှာ၏ ကျွန်အဖြစ်မှ တော်လှန်ခြင်းကို ပြုတတ်၏။
ဝိညူ ပသတ္ထံ၊ ပညာရှိတို့ ချီးမွမ်းအပ်၏။
အပရာမသံ၊ တဏှာဒိဋ္ဌိတို့ဖြင့် မသုံးသပ်အပ်။
သမာဓိ သံဝတ္တနကံ၊ ဥပစာနှင့် အပ္ပနာပြားရှိ သမာဓိကို ဖြစ်စေတတ်၏။
နိဗ္ဗာနပါပကံ၊ ဆင်းရဲကုန်ရာ နိဗ္ဗာန် ညာသို့ လျင်စွာ ထုတ်ချောက် ရောက်စေတတ်၏။

သီလပျက်ခြင်း၏ အပြစ်ကို ဆင်ခြင်နည်း

သီလဝိပတ္တိ၏ အပြစ် သီလသမ္ပတ္တိ၏ အကျိုးတို့ကို မြင်မှလည်း မြူကြေးမတင် ဖြူစင်အောင် စောင့်ရှောက်နိုင်မည်ဖြစ်၍ သီလပျက်ခြင်း၏ အပြစ်ကို ဤသို့ စိစစ် ဆင်ခြင်ရမည် --

ဘောဂဟာနိ ကိတ္တိသဒ္ဒေါ၊
မင်္ကု သံမုဠှမစ္စု စ။
အပါယဂေါတိမေ ပဉ္စ၊
ဒေါသာ သီလဝိပတ္တိယာ။
နေကေ ဝါ ဝိပ္ပဋိသာရာ၊
ဒယော အာဒီနဝါ ထဝါ။

အမနာပေါ နာနုသိဋ္ဌော၊
ဒုပ္ဖဿော ဒုဗ္ဗိသောဓနော။
ဆဝါလာတော စ အပ္ပဂ္ဃေါ၊
နိစ္စုဗ္ဗိဂ္ဂေါ အပူဇိတော။
ဒုက္ခိတော ဝိပ္ပဋိသာရီ၊
ဒုဗ္ဗဏ္ဏော စ ကဠေဝရော၊
အဘဗ္ဗော ဝိသေသ လာဘေ၊
သဒ္ဓမ္မေ စ နိရာသကော။

ပိဏ္ဍောပိ ဿ အယော ဂုဠော၊
အယော ပဋ္ဋော ဝ စီဝရံ။
ဝိဟာရော အယော ကုမ္ဘီဝ၊
သတ္တိဝေဓော၀ အဉ္စလီ။

ဓီ ဇီဝိတံ ဒုဿီလဿ၊
အသညတဿ ပါပိနော။
ဂူထံ မဏ္ဍနဇာတာဝ၊
ဝဇ္ဇေန္တိ နံ သုပေသလာ။

အမုတ္တော သဗ္ဗဘယေဟိ၊
မုတ္တော သဗ္ဗသုခေဟိ စ။
ပိဟိတသဂ္ဂဒွါရော သော၊
အာရုဠှော ပါယမဉ္ဇသံ။

ကရုဏာယ ဝတ္ထုဘူတော၊
နတ္ထညော ဒုက္ခလာဘတော။
ဒုဿီလေန သမောလောကေ၊
ဣတိ အာဒီနဝါ ဗဟူ။

ခုနစ်ဂါထာ

ဘောဂဟာနိ၊ စည်းစိမ်ချမ်းသာ ဆုတ်ယုတ်ခြင်း။
ကိတ္တိသဒ္ဒေါ၊ မကောင်းသတင်း ကျော်စောခြင်း။
မင်္ကု၊ ပရိသတ်လယ် မျက်နှာညှိုးငယ်ခြင်း၊
သံမုဠှမစ္စု စ၊ ကြောက်လန့်ထိတ်ပြာ တွေဝေစွာ သေရခြင်း။
အပါယဂေါ၊ သေခါအပါယ် လားရခြင်း။
ဣတိ ဣမေ ပဉ္စ၊ ဤငါးပါးတို့သည်။
သီလဝိပတ္တိယာ၊ သီလပျက်စီး ခြင်း၏။
ဒေါသာ၊ အပြစ်တို့တည်း။

ဝါ၊ တနည်းကား။
ပိပ္ပဋိသာရာဒယော၊ နှလုံးမသာယာခြင်း အစရှိကုန်သော။
သီလဝိပတ္တိယာ၊ သီလပျက်စီးခြင်း၏။
အာဒီနဝါ၊ အပြစ်တို့သည်။
အနေကေ၊ များစွာကုန်၏။
ထဝါ၊ တနည်းကား။

ဒုဿီလော၊ သီလမရှိသောသူသည်။
အမနာပေါ၊ မေတ္တာပြယ်သုံး နတ်လူ မုန်းသည်။
ဟောတိ၊ ဖြစ်၏၊
နာနုသိဋ္ဌော၊ ကျင့်ဖော်ဆွေသင်း ဆုံးမကင်း၏။
ဒုပ္ဖဿော၊ ဒိဋ္ဌာနုဂတိ လိုက်ဘိသသူ ပူပန်ဆင်းရဲကြောင်းဖြစ်၍ မကောင်းသော အတွေ့ ရှိ၏။
ဒုဗ္ဗိသောဓနော၊ ကြာရှည်စုလျှင်း မစင်တွင်းကဲ့သို့ သုတ်သင်ခြင်းငှါ လွန်စွာခဲယဉ်း၏။
ဆဝါလာတော စ၊ သူကောင်ဖုတ်ငြား ထင်းကလား ကဲ့သို့ နှစ်ပါးစုံလည်း ဆုံးရှုံး၏။
အပ္ပဂ္ဃေါ၊ ဒါနကျိုးကို မဖွံ့ဖြိုးစေတတ်သည် ဖြစ်၍ ဖျင်းသိမ်မှိန်ညှိုး အဘိုးလည်း မထိုက်။
နိစ္စုဗ္ဗိဂ္ဂေါ၊ အခါမစဲ အမြဲထိတ်လန့် ရ၏။
အပူဇိတော၊ အကြားအမြင် များလည်း သီတင်းသုံးတော်တို့၏ အပူဇော်ကို မခံရ။

ဒုက္ခိတော၊ သီလမဲ့သူကို ကဲ့ရဲ့သံကြားက ဝမ်းပါးဝမ်းနဲ ဆင်းရဲ၏။
ဝိပ္ပဋိသာရီ၊ သီလဝန်အား ချီးမွမ်းငြားလည်း ဝမ်းပါးမမြောက် နှလုံးနောက်သည်။
ဟောတိ၊ ဖြစ်၏။
ဒုဗ္ဗဏ္ဏော စ၊ ဘန်ချည် ပုဆိုးကဲ့သို့ မှိန်ညှိုးသော ကိုယ်ရောင် ဂုဏ်ရောင်လည်း ရှိ၏။
ကဠေဝရော၊ လဇ္ဇီတို့ မပေါင်းသဖြင့် သူသေအလောင်း ကဲ့သို့တည်း။
ဝိသေသ လာဘေ၊ တရားထူးကို ရခြင်း၌။
အဘဗ္ဗော၊ အလင်း မထင် မျက်မမြင်ဟန် မထိုက်တန်ခဲ့။
သဒ္ဓမ္မေ စ၊ ပဋိပတ္တိ ပဋိဝေဓ သဒ္ဓမ္မနှစ်ပါး၌လည်း။
နိရာသကော၊ ဒွန်းစဏ္ဍာစစ် မင်းအဖြစ်ကဲ့သို့ စွန့်ပစ်သော အာသာရှိသည်။
ဟောတိ၊ ဖြစ်၏။

ပိဏ္ဍောပိ၊ ဒါယကာတို့ သဒ္ဓါကြည်ဖြူ ကပ်လှူသော ဆွမ်းသည်လည်း။
အဿ၊ ထိုဒုဿီလအား။
အယော ဂုဠော၊ တေဇာရဲရဲ မီးလျှံစွဲသည့် သံတွေ ခဲနှင့် တူချေ၏။
စီဝရံ၊ သင်္ကန်းသည်။
အယော ပဋ္ဋော ဣဝ၊ တေဇာကြီးမား မီးလျှံဝါးသည့် သံပြားနှင့် တူချေ၏။
ဝိဟာရော၊ အိပ်နေရာကျောင်း ညောင်စောင်းအင်းပျဉ်သည်။
အယောကုမ္ဘီဝ၊ အလံရှိန်ခိုး ပြည့်မောက်ဖြိုးသည့် သံအိုး သံခုတင် သံအင်းပျဉ် ကဲ့သို့တည်း။
အဉ္ဇလီ၊ ဒါယကာတို့ သဒ္ဓါရွှင်ဖြိုး လက်အုပ်မိုးခြင်း ရှိခိုးခြင်းသည်။
သတ္တိဝေဓော ဣဝ၊ လှံမြမြဖြင့် ရင်ဝကိုထိုး လျှော်ကျစ်ကြိုးဖြင့် အရိုးပြတ်အောင် ဆွဲဖြတ် ပွတ်တိုက်သည်နှင့် တူ၏။

အသညတဿ၊ သတိ ပညာ သဒ္ဓါချွန်း ချိတ်ဖြင့် ကိုယ်နှုတ်စိတ်ကို ငင်ချိတ် ချုပ်တည်း စောင့်စည်းခြင်း မရှိသော။
ပါပိနော၊ ယုတ်မာ ညစ်ညမ်း သော့သွမ်းသော။
ဒုဿီလဿ၊ သီလမရှိသော သူယုတ်၏။
ဇီဝိတံ၊ အသက်ရှည်နေခြင်းသည်။
မီ၊ ထွီ ဘွယ်ရှိစွ။
မဏ္ဍနဇာတာ၊ တန်းဆာဆင်လို လုလင်ပျိုတို့သည်။
ဂူထံ၊ မစင်ဘင်ပုပ်ကို။
ဝဇ္ဇေန္တိ ဣဝ၊ ရှောင်ကွင်း ကြဉ်ဖဲကုန် သကဲ့သို့။
နံ၊ ထို ဒုဿီလရဟန်းကို။
သုပေသလာ၊ အသက်တမျှ သီလချစ်ခင် သူတော်စင်တို့သည်။
ဝဇ္ဇေန္တိ၊ ရှောင်ကြဉ်ကြကုန်၏။

သော၊ ထိုသီလကုန်ခန်း ဒုဿီလရဟန်းသည်။
သဗ္ဗဘယေဟိ၊ အတ္တာနုဝါဒ[၁] စသည် သောင်းသောင်း ဘေးအပေါင်းတို့မှ။
အမုတ္တော၊ မလွတ်ရှာလေ။
သဗ္ဗသုခေဟိ စ၊ ဥပစာရဈာန်ကိုစ၍ အဓိဂမ ချမ်းသာဟူသမျှတို့မှလည်း။
မုတ္တော၊ လက်လွတ်ချေ၏။
ပိဟိတသဂ္ဂဒွါရော၊ ပိတ်ဆို့အပ်သော နတ်ပြည်တံခါး ရှိ၏။
အပါယ အ ဉ္ဇသံ၊ အပါယ်လမ်းသို့။
အာရုဠှော၊ တက်လျက် ရှိနေ၏။

[၁။ အတ္တာနုဝါဒ၊ (အတ္တ = မိမိကိုယ်။ အနု = အန်ဖန်။ ဝါဒ = ပြောဆို့ခြင်း) မိမိကိုယ် ကိုစွပ်စွဲခြင်း။ (ဤမကောင်းမှုကို ပြုမီပြီဟု အဖန်ဖန် မြည်ဘမ်းပြောဆိုကာ စိတ်နှလုံး မသာယာခြင်း။)]

ဒုက္ခလာဘတော၊ ဧကန်မုချ ဆင်းရဲကို ရတော့မည်ကြောင့်။
ကရုဏာယ၊ သနားခြင်း၏။
ဝတ္ထုဘူတော၊ တည်ရာအာရုံ အကြောင်းဖြစ်၍ ဖြစ်သော။
ဒုဿီလေန၊ သီလမရှိသော သူယုတ်နှင့်။
သမော၊ တူသော။
အညော၊ တပါး သူသည်။
လောကေ၊ လောက၌။
နတ္ထိ၊ မရှိလေ။
ဣတိ၊ ဤသို့ စသည်ဖြင့်။
အာဒီနဝါ၊ သီလဝိပတ္တိ၏ အပြစ်ဒေါသတို့သည်။
ဗဟူ၊ များပြားလှစွာ ကုန်၏။

သီလပြည့်စုံခြင်းအကျိုး

သီလပြည့်စုံခြင်း အကျိုး အာနိသင်ကိုလည်း ဤသို့ ဆင်ခြင်ရမည် --

ဘောဂဝုဍ္ဎိ ကိတ္တိသဒ္ဒေါ
အမံကွ'မုဠှမစ္စု စ
သဂ္ဂင်္ဂမောတိ'မေ ပဉ္စ
သမ္ပတ္တိယာနိသံသကာ
ဣစ္ဆာဒီ ဝိပရိယာယာ
ဉေယျာ နိသံသကာ'ထဝါ

သာသနေ ကုလပုတ္တာနံ
ပတိဋ္ဌာ နတ္ထိ ယံ ဝိနာ
အာနိသံသ ပရိစ္ဆေဒံ
တဿ သီလဿ ကော ဝဒေ

န သက္ကောန္တိ ဝိသောဓေတုံ
နဒီ ပဉ္စပိ တံ မလံ
ဝိသောဓယတိ သတ္တာနံ
ယံ ဝေ သီလဇလံ မလံ

န တံ သဇလဇာ ဝါတာ
သမေန္တိ စန္ဒနာဒယော
ယံ သမေတိ ပရိဠာဟံ
သီလံ အစ္စန္တသီတလံ

သိလာဂန္ဓသမော ဂန္ဓော
ကုတော နာမ ဘဝိဿတိ
ယော သမံ အနုဝါတေ စ
ပဋိဝါတေ စ ဝါယတိ

သဂ္ဂါရောဟဏ သောပါနံ
အညံ သီလသမံ ကုတော
ဒွါရံ ဝါ ပန နိဗ္ဗာန-
နဂရဿ ပဝေသနေ

သောဘန္တေဝံ န ရာဇာနော
မုတ္တာ မဏိဝိဘူသိတာ
ယထာ သောဘန္တိ ယတယော
သီလဘူသနဘူသိတာ

အတ္တာနုဝါဒါဒီဘယံ
ဝိဒ္ဓံသယတိ သဗ္ဗသော
ဇနေတိ ကိတ္တိဟာသဉ္စ
သီလံ သီလဝတံ သဒါ

တဿ ပါသာဒိကံ ဟောတိ
ပတ္တ စီဝရ ဓာရဏံ
ပဗ္ဗဇ္ဇာ သဖလာ တဿ
ယဿ သီလံ သုနိမ္မလံ

သီလသမ္ပတ္တိယာ ဘိက္ခု
သောဘမာနော တပေါ ဝနေ
ပဘာ သမ္ပတ္တိယာ စ
ဂဂနေ ဝိယ သောဘတိ

ကာယဂန္ဓေပိ ပါမုဇ္ဇံ
သီလဝန္တဿ ဘိက္ခုနော
ကရောတိ အပိ ဒေဝါနံ
သီလဂန္ဓေ ကထာဝ ကာ

သဗ္ဗေသံ ဂန္ဓဇာတာနံ
သမ္ပတ္တိံ အဘိဘုယျတိ
အဝိဃာတီ ဒိသာ သဗ္ဗာ
သီလဂန္ဓေ ပဝါယတိ

အပ္ပကာပိ ကတာ ကာရာ
သီလဝန္တေ မဟပ္ဖလာ
ဟောန္တီတိ သီလဝါ ဟောတိ
ပူဇာသက္ကာရဘာဇနံ

သီလဝန္တံ န ဗာဓန္တိ
အာသဝါ ဒိဋ္ဌဓမ္မိကာ
သမ္ပရာယိက ဒုက္ခာနံ
မူလံ ခနတိ သီလဝါ

ယာ မနုဿေသု သမ္ပတ္တိ
ယာ စ ဒေဝေသု သမ္ပဒါ
န သာ သမ္ပန္နသီလဿ
ဣစ္ဆတော ဟောတိ ဒုလ္လဘာ

အစ္စန္တသန္တာ ပန ယာ
အယံ နိဗ္ဗာနသမ္ပဒါ
မနော သမ္ပန္နသီလဿ
တမေဝ အနုဓာဝတိ

ဂုဏာနံ မူလဘူတဿ
ဒေါသာနံ ဗလဃာတိနော
ဣတိ သီလဿ ဝိညေယျံ
အာနိသံသ ကထာမုခံ

တဆဲ့ခုနစ်ဂါထာ

သီလပြည့်စုံခြင်းအကျိုးငါးပါး

ဘောဂဝုဍ္ဎိ၊ လယ်ယာ မိုးမြေ ရွှေ ငွေ ရတနာ ဥစ္စာ စပါး ကျွဲ နွား ဆင် မြင်း သင်းပင်းခြွေရံ ပေါလောက်ငံ၍ ကုံထံရိပ်ငြိမ် စည်းစိမ် ကြွယ်ဖြိုး တက်တိုး စည်ကား ကြီးပွါးခြင်း။
ကိတ္တိသဒ္ဒေါ၊ ကောင်းသောရနံ့ မွှေးပျံ့သတင်း ကျော်စောခြင်း။
အမံကု၊ မကြောက်မထိတ် ပရိသတ်ထဲ ရဲတင်းခြင်း။
အမုဠှမစ္စု စ၊ ရွှင်လန်းဝမ်းမြောက် မကြောက်မဝေ သေရခြင်း။
သဂ္ဂင်္ဂမော၊ သေခါ နတ်ပြည် လားရခြင်း။
ဣတိ ဣမေ ပဉ္စ၊ ဤငါးပါးတို့သည်။
သမ္ပတ္တိယာ၊ သီလ ပြည့်စုံခြင်း၏။
အာနိသံသကာ၊ အကျိုးအာနိသင်တို့တည်း။
ဣစ္ဆာဒီ၊ ဤသို့ အစရှိကုန်သော။
ဝိပရိယာယာ၊ ဆိုခဲ့ပြီးသော အာဒီနဝမှ ပြန်ကုန်သော။
အာနိသံသကာ၊ အာနိသင်တို့ကို။
ဉေယျာ၊ သိအပ်ကုန်၏ ---

(သံဝရော အဝိပ္ပဋိသာရတ္ထာယ၊ အဝိပ္ပဋိသာရော ပါမုဇ္ဇတ္ထာယ ပါမုဇ္ဇံ ပီတတ္ထာယ၊ ပီတိ ပဿဒ္ဓတ္ထာယ၊ ပဿဒ္ဓိ သုခတ္ထာယ၊ သုခံ သမာဓတ္ထာယ၊ သမာဓိ ယထာဘူတဉာဏဒဿနတ္ထာယ၊ ယထာဘူတဉာဏဒဿနံ နိဗ္ဗိဒတ္ထာယ နိဗ္ဗိဒါ ဝိရာဂတ္ထာယ၊ ဝိရာဂေါ ဝိမုတ္တတ္ထာယ၊ ဝိမုတ္တိ ဝိမုတ္တိဉာဏဒဿနတ္ထာယ၊ ဝိမုတ္တိဉာဏဒဿနံ အနုပါဒါပရိနိဗ္ဗာနတ္ထာယ၊ ဧတဒတ္ထာ ကထာ၊ ဧတဒတ္ထာ မန္တနာ၊ ဧတဒတ္ထာ ဥပနိဿာ၊ ဧတဒတ္ထံ သောတာဝဓာနံ၊ ယဒိဒံ အနုပါဒါ စိတ္တဿ ဝိမောက္ခော

အာကင်္ခယျ စေ ဘိက္ခဝေ ဘိက္ခု သဗြဟ္မစာရီနံ ပိယော စဿံ မနာပေါ စ ဂရု စ ဘာဝနိယော စာတိ၊ သီလေသွေ ဝဿ ပရိပူရကာရီ

စသည်ဖြင့် လာသည့်အတိုင်း ပြန်၍ယူ ဟူလိုသည်)။

အထ ဝါ၊ အာနိသင်တနည်းကား --

သာသနေ၊ လေကုတ် လောကီ ဂုဏ်ပေါင်းမှီသော အင်္ဂီရသ အဆုံးအမတော်၌။
ယံ၊ အကြင် စတုပါရိသုဒ္ဓိသီလကို။
ဝိနာ၊ ကြဉ်၍။
ကုလပုတ္တာနံ၊ အာစာရကုလပုတ္တတို့၏။
ပတိဋ္ဌ၊ ထောက်တည်မှီခိုရာသည်။
နတ္ထိ၊ မရှိ။
တဿ သီလဿ၊ ထိုသီလ၏။
အာနိသံသ ပရိစ္ဆေဒံ၊ အကျိုးဆက် အပိုင်းအခြားကို။
ကော၊ အဘယ်သူသည်။
ဝဒေ၊ စွမ်းနိုင်ပချိမ့်နည်း။

သတ္တာနံ၊ သတ္တဝါတို့၏။
ယံ မလံ၊ အကြင်ကိလေသာမြှေး မြူညစ်ကြေးကို။
သီလ ဇယံ၊ သီလတည်းဟူသော ရေသည်။
ဝေ၊ စင်စစ်။
ဝိသောဓယတိ၊ သုတ်သင်၏။
တံ မလံ၊ ထိုအညစ်အကြေးကို။
ပဉ္စပိ နဒီ၊ ယမုနာနှင့် ဂင်္ဂါ, စိရဝတီ မဟီ သရဘူ ငါးဆူသော မြစ်ကြီးတို့သော်လည်း။
ဝိသောဓေတုံ၊ သုတ်သင်ခြင်းငှါ။
န သက္ကာန္တိ၊ မတတ်နိုင်ကုန်။

ယံ ပရိဠာဟံ၊ အကြင် ကိလေသာ ဟူသော အပူအအိုက်ကို။
အစ္စန္တသီတလံ၊ စင်စစ် အေးမြစွာသော။
သီလံ၊ သီလသည်။
သမေတိ၊ ငြိမ်းချမ်းစေ၏။
တံ ပရိဠာဟံ၊ ထိုအပူအအိုက်ကို။
သ ဇလဇာ၊ မိုးရေ မိုးပေါက်နှင့်တကွ ဖြစ်ကုန်သော။
ဝါတာ၊ လေတို့သည်၎င်း။
စန္ဒနာဒဃော၊ စန္ဒကူးရွှေ ပုလဲသွယ် လရောင်ညွန့် တို့သည်၎င်း။
န သမေန္တိ၊ မငြိမ်းအေးစေနိုင်ကုန်။

ယောဂန္ဓော၊ အကြင်ပန်းနံ့သည်။
အနုဝါတေ စ၊ လေစုန် လေကြေ၌၎င်း။
ပဋိဝါတေ စ၊ လေဆန် လေညာ၌၎င်း။
သမံ၊ အညီအနှံ့။
ဝါယတိ၊ လှိုင်ပျံ့၏။
သီလဂန္ဓသမော၊ သီလဂုဏ်ကြောင့်စုန်ဆန် ပျံနှံ့ ကျော်စောနံ့နှင့် တူသော။
သော ဂန္ဓော၊ ကြေညာစုန်ဆန် ပျံနှံ့နိုင်သောထိုသို့သဘောရှိသော ပန်းနံ့သည်။
ကုတော နာမ ဘဝိဿတိ၊ အတီမှာ ရှိချေအံ့နည်း။ ။

သီလသမံ၊ သီလနှင့်တူသော။
အညံ၊ တပါးသော။
သဂ္ဂါရောဟဏ သောပါနံ၊ နတ်ပြည်တက်ကြောင်း စောင်းတန်းလှေခါးသည်။
ကုတော၊ အတီမှာ ရှိချေအံ့နည်း။
နိဗ္ဗာန နဂရဿ၊ နိဗ္ဗာန်ပြည်မြို့သို့။
ပဝေသနေ၊ ဝင်ခြင်း၌။
သီလသမံ၊ သီလနှင့်တူသော။
အညံ၊ တပါးသော။
ဒွါရံ ဝါ ပန၊ တံခါးသည်လည်း။
ကုတော၊ အတီမှာ ရှိချေအံ့နည်း။

သီလ ဘူသန ဘူသိတာ၊ သီလ သိက္ခာ ဒွါဒရာဖြင့် တန်းဆာ ဆင်အပ်ကုန်သော။
ယတယော၊ ရဟန်းတို့သည်။
သောဘန္တိ ယထာ၊ သုံးဘုံလောက ရှုမဝအောင် လှပတင့်တယ်ကုန်သကဲ့သို့။
ဧဝံတထာ၊ ထို့အတူ။
မုတ္တာ မဏိဝိဘူသိတာ၊ ပုလဲ ပတ္တမြားတို့ဖြင့် ဆင်ယင်အပ်ကုန်သော။
ရာဇာနော၊ ပြည်ကြီးသနင်း မင်းတို့သော်လည်း။
န သောဘန္တိ၊ မတင့်တယ်နိုင်ကုန်။

သီလဝတံ၊ သီလရှင်တို့၏။
သီလံ၊ သီလသည်။
သဒါ၊ အခါခပ်သိမ်း။
သီလဝတံ၊ သီလရှိသူတို့၏။
အတ္တာနုဝါဒါဒိဘယံ၊ အတ္တာနုဝါဒဘေး ပရာနုဝါဒဘေး ဒဏ္ဍဘေး ဒုဂ္ဂတိဘေးကို။
သဗ္ဗသော၊ အကြွင်းမချန်။
ဝိဒ္ဓံသယတိ၊ ဖျက်ဆီးနိုင်၏။
ကိတ္တိ ဟာသဉ္စ၊ ကျော်စောပျံ့ပျူးရွှင်မြူးခြင်းကိုလည်း။
ဇနေတိ၊ ဖြစ်စေဘတ်၏။

ယဿ၊ အကြင်ရဟန်း၏။
သီလံ၊ သီလသည်။
သုနိမ္မလံ၊ လွန်စွာသန့်ရှင်း ညစ်ကြေးကင်း၏။
တဿ၊ ထိုရဟန်း၏။
ပတ္တစီဝရဓာရဏံ၊ သပိတ်သင်္ကန်းကို ဆောင်ခြင်းသည်။
ပါသာဒိကံ၊ ကြည်ညိုဘွယ်ရှိသည်။
ဟောတိ၊ ဖြစ်၏။
တဿ၊ ထိုရဟန်း၏။
ပဗ္ဗဇ္ဇာ၊ ရဟန်းအဖြစ်သည်။
သ ဖလာ၊ အကျိုးရှိသည်။
ဟောဟိ၊ ဖြစ်၏ ။

ဘိက္ခု၊ ရဟန်းသည်။
သီလသမ္ပတ္တိယာ၊ သီလနှင့်ပြည့်စုံခြင်းဖြင့်။
ဝါ၊ ကြောင့်။
တပေါဝနေ၊ အကျင့် ဝေမြိုင် တောဂနိုင်၌။
သောဘမာနော၊ တင့်တယ်၏။
ကိမိ၀၊ အဘယ်ကဲ့သို့နည်းဟူမူ။
စန္ဒော၊ လသည်။
ပဘာသမ္ပတ္တိယာ၊ အရောင်အဆင်းနှင့် ပြည့်စုံခြင်းဖြင့်။
ဝါ၊ ကြောင့်။
ဂဂနေ၊ ဆီးနှင်း မြူ တိမ် သူရိန် မီးခိုး ညစ်မျိုးမခြယ် ကောင်းကင်လယ်၌။
သောဘတိဝိယ၊ တင့်တယ်၏သို့တည်း။

သီလဝန္တဿ ဘိက္ခုနော၊ သီလရှိသောရဟန်း၏။
ကာယဂန္ဓေပိ၊ ကိုယ်အနံ့ သည်သော်လည်း။
ဒေဝါနံ အပိ၊ နတ်တို့၏သော်လည်း။
ပါမုဇ္ဇံ၊ နှစ်သက် ဝမ်းမြောက်ခြင်းကို။
ကရောတိ၊ ပြုသေး၏။
သီလဂန္ဓေ၊ သီလအနံ့၌။
ကထာဝ၊ ဆိုဘွယ်စကားသည်သာလျှင်။
ကာ၊ အတီမှာ ရှိတော့မည်နည်း။

သီလဂန္ဓော၊ သီလရနံ့ သည်။
သဗ္ဗေသံ၊ ခပ်သိမ်းကုန်သော။
ဂန္ဓဇာတာနံ၊ နံ့သာမျိုးတို့၏။
သမ္ပတ္တိံ ၊ ပြည့်စုံခြင်းကို။
အဘိဘုယျတိ၊ လွှမ်းမိုးနိုင်၏။
အဝိဃာတီ၊ ဆီးတားပိတ်ကွယ် ပျောက်ပြယ်ခြင်း မရှိသည်ဖြစ်၍။
သဗ္ဗာဒိသာ၊ ဝန်းကျင်ပတ်ချာ ဆယ်မျက်နှာတို့သို့။
ပဝါယတိ၊ သင်းကြူရနံ့ လှိုင်ပျံ့၏။

သီလဝန္တေ၊ သီလရှိသူ၌။
ကတာ၊ ပြုအပ်ကုန်သော။
ကာရာ၊ ရိုသေသမှု ကျေးဇူးပြုခြင်းတို့သည်။
အပ္ပကာပိ၊ အနည်းငယ်ပင် ဖြစ်ကုန်သော်လည်း။
မဟပ္ဖလာ၊ မြေကောင်းမှာပျိုး စိုက်သည့် မျိုးကဲ့သို့ ဖွံ့ဖြိုးသော အကျိုးရှိကုန်သည်။
ဟောန္တိ၊ ဖြစ်ကုန်၏။
ဣတိ တသ္မာ၊ ထို့ကြောင့်။
သီလဝါ၊ သီလရှိသူသည်။
ပူဇာသက္ကာရ ဘာဇနံ၊ ပူဇော်သကာ၏ တည်ရာသည်။
ဟောတိ၊ ဖြစ်၏။

ဒိဋ္ဌဓမ္မိကာ၊ မျက်မှောက်၌ဖြစ်ကုန်သော။
အာသဝါ၊ ထောင်းထုပုတ်ခတ်ခြင်း စသော ဘေးရန်တို့သည်။
သီလဝန္တ၊ သီလရှိသူကို။
န ဗာဓန္တိ၊ မညှဉ်းဆဲ မနှိပ်စက်နိုင်ကုန်။
သီလဝါ၊ သီလရှိသူသည်။
သမ္ပရာယိကဒုက္ခာနံ၊ တမလွန်၌ ဖြစ်မည့် ဆင်းရဲဒုက္ခတို့၏။
မူလံ၊ ကြောင်းရင်းအမြစ် သီလမဲ့သော အဖြစ်ကို။
ခနတိ၊ တူးဖြို ဖျက်ဆီး၏။

မနုဿသု၊ လူ့ဘုံတို့၌။
ယာသမ္ပတ္တိ၊ အကြင်သေဌေး သူကြွယ် ပဒေသရာဇ် ဧကရာဇ် စကြာ မန္ဓာတ် မင်းမြတ် တို့၏ စည်းစိမ်သည်၎င်း။
ဒေဝေသု၊ နတ်ပြည်တို့၌။
ယာစ သမ္ပဒါ၊ အကြင်သိကြား သုယာမ် သန္တုဿိတ စသည်များမြတ် နတ်တို့၏ စည်းစိမ် သည်၎င်း။
အတ္ထိ၊ ရှိ၏။
သာ၊ ထိုလူ့ရပ်နတ်ထံ ခြွေရံစည်းစိမ် ရိပ်ငြိမ်ကြွယ်ဖြ်ုး ကောင်းကျိုးပြည့်စုံခြင်းသည်။
သမ္ပန္နသီလဿ၊ ပြည့်စုံသော သီလရှိသော ရဟန်းအား။
ဣစ္ဆတော ဣစ္ဆန္တဿ၊ လိုချင်တောင့်တသည်ရှိသော်။
ဒုလ္လဘာ၊ ရခဲသည်။
န ဟောတိ၊ မဖြစ်။

အစ္စန္တသန္တာ၊ စင်စစ် ငြိမ်သက်စွာသော။
ယာ အယံ နိဗ္ဗာနသမ္ပဒါ၊ အကြင် နိဗ္ဗာန်ဟူသော ပြည့်စုံခြင်းသည်။
အတ္ထိ၊ ရှိ၏။
သမ္ပန္နသီလဿ၊ ပြည့်စုံသော သီလရှိသောရဟန်း၏။
မနော၊ စိတ်သည်။
တမေဝ၊ ထိုနိဗ္ဗာန်ဟူသောပြည့်စုံခြင်း သို့သာလျှင်။
အနုဓာဝတိ၊ အဖန်ဖန်တလဲလဲ ပြေးသွား၏။

ဣတိ ဧဝံ ဝုတ္တနယေန၊ ဤဆိုခဲ့ပြီးသောနည်းဖြင့်။
ဂုဏာနံ၊ ကျေးဇူးဟူသမျှတို့၏။
မူလဘူတဿ၊ အရင်းအမြစ် ဖြစ်၍ ဖြစ်ထသော။
ဒေါသာနံ၊ ကိလေသာ အညစ် အပြစ်ဟူသမျှတို့၏။
ဗလဃာတိနော၊ အဇ္ဈာစာရ စွမ်းဗလကို ပယ်ချ တွန်းသတ် ဖျက်ဆီးတတ်ထသော။
သီလဿ၊ သီလ၏။
အာနိသံသကထာမုခံ၊ အာနိသံသ ဖော်ပြဟောထား စကားအမြွက်ကို။
ဝိညေယျံ၊ သိအပ်၏။

စတုပါရိသုဒ္ဓိသီလကို သုတ်သင် ရှင်းလင်းပုံ

ဤသို့လျှင် ဆိုအပ်ခဲ့ပြီးသော သီလသမ္ပတ္တိ ဝိပတ္တိတို့၏ အကျိုးအပြစ်တို့ကို စိစစ်ဖွေရှာ ကောင်းစွာကျက်မှတ် ရွတ်ဖတ်ဆင်ခြင် ထင်မြင်အောင် နှလုံးသွင်း ပြီးလျှင် ကောဓ ဥပနာဟ မက္ခ ပဠာသ ဣဿာ မစ္ဆရိယ မာယာ သာဌေယျ ထမ္ဘ သာရမ္ဘ မာန အတိမာန မဒ ပမာဒ စသော အကုသိုလ်စိတ်ညစ်ကို မဖြစ်စေပဲ အပ္ပိစ္ဆတာ သန္တုဋ္ဌိတာ သလ္လေခတာ ပဝိဝေကတာ အပစယတာ ဝီရိယာရမ္ဘတာ သုဘရတာ သုပေါသတာ စသော ဂုဏ် ကျေးဇူးတရားတို့ကို များစွာ ဖြစ်စေလျက် ဘုဇိဿ ဝိညူပသတ္ထ အပရာမဋ္ဌ သမာဓိသံဝတ္တနက ဖြစ်၍ သိင်္ဂီရွှေသား ပတ္တမြားအဆင်း ခရုသင်းပွတ်သစ် ပုလဲနှစ်အသွင် ဖွေးဖွေးစင်အောင် စတုပါရိသုဒ္ဓိသီလကို သုတ်သင်ရှင်လင်းရမည်။

ပါတိမောက္ခသံဝရသီလကို သုတ်သင်နည်း

ယင်းသို့ သုတ်သင် ရှင်းလင်းရမည့် စတုပါရိသုဒ္ဓိသီလတို့တွင် ပါတိမောက္ခသံဝရသီလကို ဤသို့ သုတ်သင်ရမည်။

ကိုယ်နှုတ်ဖြစ်ထ၊ အာဇီဝလျှင်၊
အဋ္ဌမြောက်ပြီး၊ စိတ်၌မှီးကာ၊
ပွင့် သီး မှုန့် မြေ၊ ဝါး ပူ ခြေနှင့်၊
ဝဇ္ဇေ အဋ္ဌ၊ ဒူသန မှု၊
စာတုကမျ၊ မဂ္ဂသူပျာ၊
ပါရိဘဋျ၊ စသည် ထွေပြား၊
ဘုရား ရွံရှာ၊ မိစ္ဆာဇီဝ
နာစာရကို၊ ချေပဖြတ်ပိုင်း၊
မုတ် ဟိုင်း နီ ဍုက်၊ သေတင်းကုပ် ပြည်၊
ခြောက်မည်ထွေလာ၊ ရာဇာမစ္စ၊
တိတ္ထိယနှင့်၊ သံသဋ္ဌဖြစ်၊
ယုတ်ညစ်ဆိုးဝါး၊ ပါးနည်းသဒ္ဒါ၊
အိမ်သို့ သာလျှင်၊ ခါခါသွားမော၊
အဂေါစရ၊ ကြဉ်ပရှောင်သွေ၊
နိဒ္ဒေသလာ၊ တနည်းမှာလည်း၊
သင်္ဃာလယ်စ၊ ရာဌာန၌၊
ရိုင်းပျကိုယ်နှုတ်၊ နာစာဒုက်ကို၊
ပယ်ဆုတ်ဖျက်ချေ၊ ရိုသေပျပ်ဝပ်၊
တင့်အပ်၀တ်စား၊ သွားမွေ့မှိန်၊
စက္ခိန်အောက်ဆိုက်၊ ယာပိုထ်ပြည့်စုံ၊
လုံခြုံဒွါရ၊ ဘောဇ္ဇနှိုင်းယှဉ်၊
သမ္ပဇဉ် သတိ၊ ဝီရိရွက်စပ်၊
နုံးချပ် လိုနဲ၊ ရောင့်ရဲလွယ်စွာ၊
ဝတ်သိက္ခာကို၊ များစွာ ဖြည့်ထ၊
အာစာရတည်း၊ ဥပနိဿယ၊
အာရက္ခနှင့်၊ ဥပနိဗန်၊
သုံးတန် ဂေါစရ၊ ပြည့်စုံထ၍၊
ဝဇ္ဇဆိုမှု၊ မြူအဏုကို၊
မေရုတောင်မျှ၊ ဘယ ထင်ရောက်၊
ပါတိမောက္ခသံဝရ ဟု၊
သိက္ခာစုကို၊ ရှိမှု စောင့်စည်းရာသတည်း။

ဒသကထာဝတ္ထု ဂုဏသမန္နာဂတော ကလျာဏမိတ္တော။ပ။ ဥပနိဿယဂေါစရော
ဝိသုဒ္ဓိမဂ်အဋ္ဌကထာ။ပ၊ နှာ-၁၉။

သတိသင်္ခါတော စိတ္တဿ အာရက္ခဘူတော ဧဝ ဂေါစရော အာရက္ခဂေါစရော။ ကမ္မဋ္ဌာနသင်္ခါတော စိတ္တဿ ဥပနိဗန္ဓနဋ္ဌာနဘူတော ဂေါစရော ဥပနိဗန္ဓဂေါစရော
မဟာဋီကာ။ပ။နှာ-၄၄၊ (အနှက်လွယ်၏).

(ရစနာဂါထာ)
အပ္ပိစ္ဆာစေ'၀ သန္တုဋ္ဌီ
ပဝိဝေကာ အသံသဂ္ဂါ
ဝီရိယာရမ္ဘာ သီလာဒိ
ကထာ'ယံ ဒသဝတ္ထုကာ

ကထာဝတ္ထု ဆယ်ပါး

အပ္ပိစ္ဆာစေ၀၊ အလိုနည်းခြင်းနှင့် စပ်သော စကား၎င်း။
သန္တုဋ္ဌီ၊ ရောင့်ရဲလွယ်ခြင်းနှင့်ယှဉ်သော စကား၎င်း။
ပဝိဝေကာ၊ ကာယဝိဝေက စသည်နှင့် စပ်သောစကား၎င်း။
အသံသဂ္ဂါ၊ ကာမဂုဏ်နှင့် မရောမယှက် ထွက်မြောက်လွတ်ကင်း သန့်ရှင်းသော စကား၎င်း။
ဝီရိယာရမ္ဘာ၊ ဝီရိယထုတ်ခြင်း၏ ကျေးဇူးကို ဆိုသော စကား၎င်း။
သီလာဒိ၊ သီလကထာ သမာဓိကထာ ပညာကထာ ဝိမုတ္တိကထာ ဝိမုတ္တိဉာဏဒဿန ကထာ၎င်း။
အယံ၊ ဤသည်ကား။
ဒသဝတ္ထုကာ၊ ဆယ်ပါးသော ဝတ္ထုရှိသော။
ကထာ၊ စကားမည်၏။

ဧတ္ထ စ ပါတိမောက္ခသံဝရသံဝုတောတိ ဧတ္တာဝတာ ပုဂ္ဂလာဓိဋ္ဌာနာယ ဒေသနာယ ပါတိမောက္ခသံဝရသီလံ ဒဿိတံ။ အာစာရ ဂေါစရသမ္ပန္နောတိ အာဒိ ပန သဗ္ဗံ ယထာပဋိပန္နဿ တံ သီလံ သမ္ပဇ္ဇတိ။ တံ ပဋိပတ္တိံ ဒဿေတုံ ဝုတ္တန္တိ ဝေဒိတဗ္ဗံ
ဝိသုဒ္ဓိမဂ်။ ဋ္ဌ၊ ပ၊ နှာ-၁၉။

အယံ ပန အာစာရဂေါစရသမ္ပဒါ ကိံ ပါတိမောက္ခသီလေ ပရိယာပန္နာ၊ ဥဒါဟု အပရိယာပန္နာတိ။ ပရိယာပန္နာ။ ယဒိ ဧဝံ ကတ္မာ ပုန ဝုတ္တာတိ စောဒနံ သန္ဓာယာဟ ဧတ္ထ စာတိ အာဒိ
(မဟာဋီကာ၊ ပ၊ နှာ-၄၆)

အညတရညဘရေနာတိ တေသံ ဝါ ဝေဠုဒါနာဒီနံ ဝဇ္ဇကမ္မ ဘဏ္ဍာဂါရိကကမ္မ ပိဏ္ဍပဋိပိဏ္ဍကမ္မ သင်္ဃုပ္ပါဒ စေတိယုပ္ပါဒ ပဋ္ဌပနာဒီနံ ဝါ မိစ္ဆာဇီဝေန ဇီဝိတ ကပ္ပနကကမ္မာနံ ယေနကေနစိ
မဟာဋီကာ။ ပ၊ နှာ-၄၁။

အညတရညတရေနာတိ၊ ဟူသည်ကား။
ဧတေသံ ဝါ ဝေဠုဒါနာဒီနံ၊ ထို ဝါးပေးခြင်း စသည်တို့တွင်၎င်း။
ဝဇ္ဇကမ္မ။ပ။ စေတိယုပ္ပါဒပဋ္ဌပန္နာနံ၊ ဆေးကုခြင်းအမှု ဘဏ္ဍာကို ထိန်းသိမ်းခြင်းအမှု ဆွမ်းတုံ့ပေးခြင်းအမှု သံဃာဥစ္စာ စေတီဥစ္စာတို့ကို မသင့်မတင့် စီရင်ခြင်း အစရှိ ကုန်သော။

(သံဃဘောဂ စေတိယဘောဂါနံ အယောနိသော ဝိစာရဏံ သဃုပ္ပါဒစေတိယုပ္ပါဒုပဋ္ဌပနံ၊ အတ္တနော သန္တကေ ဝိယ ပဋိပဇ္ဇနန္တိ ကေစိ။ ။မူလ ဋီကာ၊ ၂၊ နှာ-၁၇၉)
မိစ္ဆာဇီဝေန၊ မှားသော အသက်မွေးခြင်းဖြင့်။
ဇီဝိတကပ္ပနက ကမ္မာနံ ဝါ၊ အသက်မွေးခြင်းကို ပြုသောအမှုတို့တွင်၎င်း။
ယေန ကေနစိ၊ အမှတ်မဲ့ တခုခုသော။
(အကြွင်းလွယ်၏)

ပါတိမောက္ခ သံဝရသီလ ပြီး၏

...

ဣန္ဒြိယသံဝရသီလကို သုတ်သင်နည်း

ယင်း သီလ၌ တည်ပြီးသော ယောဂီသည်--

တဿာ ဒန္တဋ္ဌိကံ ဒိသွာ
ပုဗ္ဗသည'မနုဿရီ
တတ္ထေ၀ သော ဌိတော ထေရော
အရဟတ္တ'မပါပုဏီ

တဿာ၊ လင်နှင့်ရန်မင် တန်းဆာဆင်၍ မိခင်ထံလာ လမ်းမှာထေရ်ကို နှစ်လိုကြိုက်ချစ် ကြော်ဟစ်ရယ်ထ ထိုမိန်းမ၏။
ဒန္တဋ္ဌိကံ၊ သွားရိုးကို။
ဒိသွာ၊ မြင်၍။
ပုဗ္ဗသညံ၊ ရှေး ပွါးများ လေ့လာရင်းရှိသော အဋ္ဌိက သညာကို။
အနုဿရီ၊ အစဉ်လျှောက်၍ အောက်မေ့ဆင်ခြင်ပြီ။
သော ထေရော၊ ထိုမဟာတိဿ မထေရ်သည်။
တတ္ထေ၀၊ ထိုမြင်ရာအရပ်၌ပင်။
ဌိတော၊ ရပ်တည်လျက်။
အရဟတ္တံ၊ ရဟန္တာအဖြစ်သို့။
အပါပုဏီ၊ ရောက်ပြီ။

ဤသို့ လာသည်အတိုင်း စေတီယတောင်မှ အနုရာဓမြို့သို့ ဆွမ်းခံလာရာ လမ်းခရီး အကြားတွင် မိန်းမ၏ သွားရိုးကို မြင်၍ ရဟန္တာ ဖြစ်ပြီးလျှင် နောက် ထပ်လိုက်လာသော လင်က မိန်းမ တယောက်ကို မြင်လိုက်ပါသလော မေးသောအခါ --

နာဘိဇာနာမိ ဣတ္ထီ ဝါ
ပုရိသော ဝါ ဣတော ဂတော
အပိစ အဋ္ဌိသင်္ဃာတော
ဂစ္ဆတေသ မဟာပထေ

ဣတော၊ဤအရပ်မှ။
ဂတော၊ နောက်သို့ သွားလေသောသူကား။
ဣတ္ထီ ဝါ၊ မိန်းမတည်းဟူ၍၎င်း။
ပုရိသော ဝါ၊ ယောကျ်ား တည်းဟူ၍၎င်း။
အဟံ၊ ငါတိဿသည်။
နာဘိဇာနာမိ၊ မသိလိုက်။
အပိစ၊ သိလိုက်သည်ကား။
မဟာပထေ၊ လမ်းမ၌။
ဂစ္ဆတိ၊ သွားလေသော။
ဧသ ဧသော၊ ထိုသူကား။
အဋ္ဌိသင်္ဃာတော၊ အရိုးစုတည်း။
ဝါအဋ္ဌိသင်္ဃာတော၊ အရိုးစုဖြစ်သော။
ဧသ ဧသော၊ ဤအရိုးစုသည်။
မဟာပလေ၊ လမ်းမ၌။
ဂစ္ဆတိ၊ သွားလေ၏။

ဤသို့ဆိုသော စေတိယပဗ္ဗတဝါဒီ မဟာတိဿမထေရ်ကဲ့သို့ မြို့နှင့်တူစွာ ကိုယ်ခန္ဓာ ငါးပါး၏ တံခါးအတု ခြောက်ခုသော ဒွါရ၌ ရူပ သဒ္ဒ စသည်အာရုံ ကာမဂုဏ်ခိုးသား တွေ့ကြုံမြင်ကြားလျှင် ယောက်ျား မိန်းမ သုဘ ဣဋ္ဌ ကန္တ မနာပ စသည်နိမိတ် အဆိပ်ပမာ ကိလေသာအား ခါခါပွါးအောင် ထင်ရှားပြလေ လက်ခြေရယ်မော ပြောဟော ကြည့်ရှု အနုဗျဉ္ဇန မယူဆပဲ ယထာဘူတ ဒိဋ္ဌမတ္တ သုတမတ္တေ တည်နေစိတ်သွား သတိထားလျက် တရား ပခြုပ် ကုသိုလ်ထုပ်ကို ထိန်းအုပ်လုံခြုံစေရာသတည်း။

ဣန္ဒြိယ သံဝရသီလ ပြီး၏

…..

အာဇီဝပါရိသုဒ္ဓိသီလ သုတ်သင်နည်း

အာဇီဝပါရိသုဒ္ဓိသီလကို ဤသို့ မှတ်ရမည်”

အာဇီဝဟေတု ပညတ္တာ
ဆဓာ ဒုဗ္ဘာသိဝဇ္ဇိတာ
လာဘသက္ကာရ သိလောက-
နိဿီတ ပါပဣစ္ဆိနော

လုခသေဝနံ သာမန္တ-
ဇပ္ပနံ ဣရိယာပထံ
ဝတ္ထူဟိ တီဟိ ဘာကူဋိ
ဝုစ္စတေ ကုဟနာဣတိ

အာလာပနာ လပနာ စ
သလ္လာပနာ စ ဥလ္လပါ။
သမုလ္လပနာ ပရေသံ
ဥန္နဟနာ သမုန္နဟာ

ဥက္ကာစနာ သမုက္ကာစာ
အနုပ္ပိယဿ ဘာဏိတာ
စာဋုကမျံ မုဂ္ဂသူပျံ
ပါရိဘဋျန္တိ လာပနာ

နိမိတ္တေဉ္စဝ သြဘာသော
သာမန္တဇပ္ပနံ တထာ
ပရိက္ကထာတိ စတ္တာရိ
နိမိတ္တကရကံ မတံ

အက္ကောသနာ ဝမ္ဘနာ စ
ဂရဟာ စ ဥခေပနာ
သမုက္ခေပနာ ခိပနာ
သံခီပနာ စ ပါပနာ

သံပါပနာ စ အဝဏ္ဏ-
ဟာရိတာ ပရပိဋ္ဌိက
မံသိကတ္တန္တိ နိပ္ပေသိ-
ကတာတိ ဝုစ္စတေ အယံ

ဣတော တတော လဒ္ဓညတြ
ဟရိတွာ မိသ ဧသနာ
ဝုစ္စတေ လာဘေန လာဘံ
နိဇိဂီသနတာ ဣတိ

အင်္ဂံ နိမိတ္တံ ဥပ္ပါတံ
သုပိနံ လက္ခဏာဒယော
တိရစ္ဆာနဘူတာ ဝိဇ္ဇာ
အာဒိသဒ္ဒေန သင်္ဂဟာ

တေသံ ဝသေန အာဇီဝေါ
မိစ္ဆာဇီဝေါတိ ဝုစ္စတိ
တမှာ သဗ္ဗသ္မာပိ ဝိရတိ
အာဇီဝပါရိသုဒ္ဓိ

ဆယ်ဂါထာ

အာဇီဝဟေတု၊ အသက်မွေးခြင်း ဟူသော အကြောင်းကြောင့်။
ပညတ္တာ၊ ပညတ်အပ်ကုန်သော။
ဒုဗ္ဘာသိဝဇ္ဇိတာ၊ ဒုဗ္ဘာသီအာပတ်သည် ကြဉ်အပ်ကုန်သော။
ဆဓာ၊ ‘အဘူတာရောစန ပါရာဇိက’ စသော အာပတ်ခြောက်ပုံကို၎င်း။
လာဘသက္ကာရ သိလောကနိဿီတ ပါပဣစ္ဆိနော၊ လာဘ်သပ်ပူဇော် အကျော်အစောကို မှီလျက် ပလီပစာ ယုတ်မာကောက်ကျစ် ဆိုးညစ်မည်းညို အလိုသော့သွမ်း ရဟန်းဆန်း၏ --

အံ့ဩအောင် ပြုမူခြင်း “ကုဟနာ” ၃-ပါး

လူခသေဝနံ၊ ပစ္စည်းရဖွယ် ခါခါပယ်၍ အံ့ဘွယ်သရဲ ခေါင်းပါးနွမ်းမွဲသော ပစ္စည်းကို မှီဝဲခြင်းဟူသော ပစ္စယပဋိသေ၀န၎င်း။
သာမန္တဇပ္ပနံ၊ ကိုယ့်ကိုဝိုးဝါး အထင်မှားအောင် ဈာန်မဂ်ဖိုလ်တရားကို ပြောဆိုခြင်း၎င်း။
ဣရိယာပထံ၊ ဈာန်မဂ်ဖိုလ်မြတ် ဓမ္မဓာတ်ကို ရလတ်သည့်နှယ် တင့်တယ်စောင့်ချုပ် ဣရိယာပုထ်ကို ပြုလုပ်ပြင်ဆင်ခြင်း၎င်း။
ဣတိ၊ ဤသို့။
တီဟိ ဝတ္ထူဟိ၊ သုံးပါးသော အကြောင်းတို့ဖြင့်။
ဘာကူဋိ၊ အမြတ်ထင်စေ ဣန္ဒြေလုပ် မျက်မှောင်ကုပ်ခြင်းကို။
ကုဟနာဣတိ၊ အံ့ဖွယ်ကို ဖြစ်စေခြင်းဟူ၍။
ဥစ္စတေ၊ ဆိုအပ်၏။

အသက်မွေးဝမ်းကျောင်းမှုကို ငဲ့၍ ပြောဆိုခြင်း “လပနာ” ၁၃-ပါး

အညသံ၊ တပါးသော ဒါယကာတို့အား။
အာလပနာ၊ တကာလာက ပင့်လာကြသလား ငါကား နောက်မှ သွားလင့်ကြဟု စ၍ ပြောဆိုခြင်း၊ ဝါ၊ ဒါယကာရဲ့ ငါတိဿ တဲ့ ဘဝသခင် ဘုရင် မတ်မှူး ရာထူးဘယ်ဗိုလ် လွန်ကြည်ညို သည်ဟု ကိုယ်ကို ဆောင်ထား မြှောက်စား ပြောဆိုခြင်း။
လပနာ၊ မေး၍ထိုထို ပြောဆိုခြင်း [၁]။
သလ္လာပနာ၊ လူနှင့် ပြိုင်ယှဉ် မဆန့်ကျင်လို လာဘ်ကိုလို၍ လူကိုခွင့်ရေး ပေးကာ ပေးကာ သာယာ ညှင်းပျောင်း ကောင်းစွာ အေးချို ပြောဆိုခြင်း။
ဥလ္လပါ၊ သေဌေးမင်း သူကြွယ်ကြီး လှေသူကြီး အလှူကြီးရှင် ကျောင်းတကာကြီး ကျောင်းအမကြီး စသည်ဖြင့် မြှောက်ပင့်ခေါ်ဆိုခြင်း။
သမုလ္လပနာ၊ ဝန်းကျင်ထပ်ဆင့် ပျံကာ လွင့်မျှ မြှောက်ပင့်ပြောဆိုခြင်း၊
ဥန္နဟနာ၊ ဤကာလမှာ ရှေးကသာလှူ ခုမလှူဟု မလှူ,လှူကြောင်း စကားတောင်း လျက် အထက်အထက်၌ ရစ်ယှက် ဖွဲ့ချည်ခြင်း။
ဝါ၊ ခဲဘွယ်စားစရာ လက်၌ပါမူ ချိုမြိန်ပါစ မေးမြန်းခြင်း စသည်ဖြင့် ရစ်ပတ်ခြင်း။
သမုန္နဟာ၊ မရှောင်သာအောင် ခါခါထပ်ထပ် ရစ်ပတ်ခြင်း။ ။

[၁။ မမေးပဲ - ငါဦးတိဿ ငါ့ကို ဘယ်ဝန်ကြီးက ကိုးကွယ်တာပဲ .. စသည်ဖြင့် ဂုဏ်ဖော် ပြောလျှင် “အာလပနာ” ဟုခေါ်သည်။ ဦးတိဿ ဘယ်ကိုယ်တော်လဲ ဟု မေးမှ ဦးတိဿ ဆိုဒါ ပါပဲ ..... ဘယ်ဝန်ကြီး ကိုးကွယ်တဲ့ ဘုန်းကြီးလေ - စသည် ပြောလျှင် .. “လပနာ”ဟုဆိုလို သည်။ (ဝိသုဒ္ဓိ၊ဋ္ဌ၊ပ၊နှာ-၂၆)]

ဥက္ကာစနာ၊ ရှေ့ထင်တူရူ လက်ညွှန်မူ၍ ဤသူငါ့ကိုသာ လွန်သဒ္ဓါသည်ဟု ပင့်ကာ မြှောက်ပြခြင်း --

(တေလကန္ဒရိကာ၏ သမီးကို ခေါ်ကာ ရှေ့ထားလျက် စကား ပြောဆိုကြသော ရဟန်း နှစ်ပါးကဲ့သို့ ဟူလို)။

သမုက္ကာစာ၊ ဝန်းကျင်ထပ်ဆင့် ပျံ့ကာလွှင့်မျှ ချီးမြှင့်မြှောက်ပြခြင်း။
အနုပ္ပိယဿ ဘာဏိတာ၊ နှိုင်းယှဉ်မှန်ကန် ငဲ့မဆန်ပဲ ဖန်ဖန်ဖယ်လှယ် ချစ်ဖွယ်ကို ပြောဆိုခြင်း။
စာဋုကမျံ၊ ကိုယ်ကိုဒါသ ပမာဏသို့ နှိမ့်ချသောဖြစ်ခြင်း။
မဂ္ဂသူပျံ၊ အစိမ်းနည်းပါး အကျက်များသော ပဲနောက်ဟင်းအလား အမှန်နည်းပါး အမှား များသော စကားဖြင့် အသက်မွေးခြင်း။
ပါရိဘဋျံ၊ ရွာသူသားငယ်ကို စမ္ပယ်ဆင်ပြင် ရင်ခွင်ပိုက်သိမ်း စောင့်ထိန်း ချီပိုးခြင်း။
ဣတိအယံ၊ ဤ တဆယ့်သုံးပါးသည်။
လပနာ၊ ဒါယကာကို မိမိကိုသော် မြှောက်ဆိုပင့်ချူ လှူအောင်ပြောဆိုခြင်း မည်၏။

စောင်းမြောင်း ပြောဆိုခြင်း

နေမိတ္တကတာ” ၄-မျိုး

နိမိတ္တဉ္စဝ၊ လက်မှာဘောဇဉ် ကိုင်လျက်မြင်သော် ဘောဇဉ်ရစ မေးမြန်းခြင်း စသည်ဖြင့် ပစ္စည်းရကြောင်းဖြစ်သော ကာယပယောဂ ၀စီပယောဂကို ပြုခြင်း၎င်း။

သြဘာသော၊ ဤခါငါအား သင်္ကန်းရှားသည် ဤဆိတ်ငယ်ကား ရက်တက်ပွါးတည်း နို့စားပါမူ ကျောင်းမှာနို့ရည် ရသင့်သည်ဟု လိုသည်ဆန္ဒ လှစ်ဖော်ပြ၍ ပစ္စယပဋိ- သံယုတ္တကာကို ဆိုခြင်း၎င်း။

တထာ၊ ထိုမှတပါး။

သာမန္တဇပ္ပနံ၊ ဆွမ်းစားလိုသော ကုလူပကရဟန်းအသွင် လိုချင်သောပစ္စည်း၏ အနီးအပါး စကားဆိုခြင်း။

ပရိကထာ၊ ပစ္စည်းရဘွယ် ပရိယာယ်ဖြင့် ဖယ်လှယ်ပြောဆိုခြင်း၎င်း။

ဣတိစတ္တာရိ၊ ဤလေး ပါးတို့ကို။

နိမိတ္တကရဏံ၊ ပစ္စည်းရကြောင်းကိုပြုလျက် အသက်မွေးခြင်း နေမိတ္တကတာဟူ၍။

မတံ၊ သိအပ်၏။

ဖိနှိပ်ပြောဆိုခြင်း

နိဂ္ဂဟ” ၁၁-မျိုး

အက္ကောသနာ၊ ကြောက်သဖြင့်မူလည်း လှူအောင် ဆဲရေးခြင်း။

ဝမ္ဘနာ၊ ထို့တူ နှိပ်စက် ငေါက်ငန်းခြင်း။

ဂရဟာ၊ သဒ္ဓါမဲ့သည်ဟု ကဲ့ရဲ့ပြစ်တင်ခြင်း။

ဥခေပနာ၊ “ငါတို့လူကို မလှူပါတကား မဆိုမှားနှင့်”ဟု စကားဖြင့် ချီးမြှောက်ခြင်း။ တနည်းလည်း - ဥခေပနာ၊ မလှူသူကိုမြင်လျှင် “သြ အလှူရှင်” ဟု ခေါ်ငင် မြှောက်ပင့်ခြင်း။
ဝါ၊ ဒါယကာဒိဘာဝမှပယ်ချစွန့်ပစ်ခြင်း (=ဒါယကာအဖြစ်မှ ပယ်ထုတ်ခြင်း)။

သမုက္ခေပနာ၊ ဝန်းကျင်ပတ်ခွေ သက်သေအကြောင်းနှင့်တကွ ချီးမြှောက်ခြင်း။
တနည်း - သမုက္ခေပနာ၊ ဩ- အလှူကြီးရှင် ဟု အလွန်လျှင် မြှောက်ပင့်ခြင်း။

ခိပနာ၊ မျိုးစေ့ဟောင်းကိုသာ ထောင်းထု၍ စားသည်ဟု နှလုံးယားအောင် စကား ပြက်ရယ် ပစ်ပယ်ခြင်း။

သံခီပနာ၊ အခါမခန်း ကတော့ဆွမ်းကို ပေးကမ်းကပ်လှူ သို့သောသူကို မလှူပလေ မဆိုပေရာဟု လွန်စွာပြက်ရယ် ပစ်ပယ်ခြင်း။

ပါပနာ၊ အလှူချို့တဲ့ ကျေးဇူးမဲ့သို့ ရောက်စေခြင်း။ ။

သံပါပနာ၊ ဝန်းကျင် ပတ်ခွေ ရောက်စေခြင်း။

အဝဏ္ဏဟာရိတာ၊ ကြောက်၍မူလည်း လှူစေကာဟု ဟိုရွာ ဟိုအိမ် ဂုဏ်သိရ်ချိုးဖဲ့ ကျေးဇူးမဲ့ကို ဆောင်ခြင်း။

ပရပိဋ္ဌိက မံသိကတ္တံ၊ နောက်ကပုန်း၍ ကျောက်ကုန်းသားကို စားသည်အသွင် ရှေ့ထင်ချို သာ ကွယ်ရာကျေးဇူးမဲ့ ကဲ့ရဲ့စကားကို ဆိုခြင်း။

ဣတိ အယံ၊ ဤတဆယ့်တပါးကို။

နိပ္ပေသိကတာတိ၊ နယ်ဆီနှစ်ကို ဝါးခြမ်းဖြင့် ခြစ်သကဲ့သို့ ကျေးဇူးနှစ်ကို ချေပစ် ပွတ်ထုတ်ခြင်းဟူ၍။
ဝါ၊ နံ့သာကို ကြိတ်ချေ၍ အနံ့ကို ရှာဖွေသကဲ့သို့ ဂုဏ်ကျေးဇူးကို ကြိတ်ချေ၍ လာဘ် သပ်ပကာကိုရှာဖွေခြင်းဟူ၍။

ဝုစ္စတေ၊ ဆိုအပ်၏။

ဣတော၊ ဤအိမ် ဤရွာမှ။

တတော၊ ထိုအိမ် ထိုရွာမှ။

လဒ္ဓံ၊ ရသောလာဘ် အနည်းငယ်ကို။

အညတြ၊ တပါးသော ထိုအိမ် ထိုရွာ ဤအိမ် ဤရွာသို့။

ဟရိတွာ၊ ယူဆောင်ပေးကမ်း၍။

အာမိသဧသနာ၊ များစွာသော အာမိသကို ရှာခြင်းကို။

လာဘေနလာဘံ နိဇိဂီသနတာ ဣတိ၊ လာဘ်အနည်းဖြင့် လာဘ်အများကို ဖြားယောင်း လှည့်ပတ်၍ ယူချင်သောအဖြစ်ဟူ၍၊

ဝုစ္စတေ၊ ဆိုအပ်၏။

အင်္ဂံ၊ လက်ခြေစသော အင်္ဂါကြီးငယ်ကို မှတ်ယူ၍ ဟောတတ်သော အတတ်။

နိမိတ္တံ၊ နိမိတ်ကျမ်းအတတ်။

ဥပ္ပါတံ၊ ဥက္ကာကျခြင်း အရပ်ပူလောင်ခြင်း မြေငလျင် တုန်လှုပ်ခြင်း စသည်ဖြစ်ခြင်းနှင့် စပ်သော အတတ်။

သုပိနံ၊ အိပ်မက်ကျမ်းအတတ်။

လက္ခဏာဒယော၊ ဣတ္ထိ ပုရိသလက္ခဏာကို သိသော လက္ခဏာကျမ်းအတတ် စသည်တို့။

ဣတိ၊ ဤသို့။

တိရစ္ဆာနဘူတာ၊ မဂ်ဖိုလ်နှင့် ဖီလာ ကန့်လန့် ဆန့်ကျင်သည် ဖြစ်၍ ဖြစ်ကုန်သော။

ဝိဇ္ဇာ၊ အတတ်မျိုးတို့ကို။
ဝါ၊ အတတ်ဖြင့် အသက်မွေးခြင်းတို့ကို။

အာဒိသဒ္ဒေန၊ သုတ်၌လာသော အာဒိသဒ္ဒါဖြင့်။

သင်္ဂဟာ၊ သိမ်းယူအပ်ကုန်၏။

ဤဂါထာဝယ် ‘လက္ခဏာဒယော’ ၌ ‘အာဒိ’ သဒ္ဒါဖြင့် ကား--

မူသိကစ္ဆိန္နကံ အဂ္ဂိ-
ဟောမဉ္စ ဒဗ္ဗိဟောမနံ။
ထုသဟောမဉ္စ တဒညေ၊
မိစ္ဆာဇီဝေ စ ဂဏှာတိ။

တေသံ၊ ထိုဆိုခဲ့ပြီးအပ် အရပ်ရပ်တို့၏။

ဝသေန၊ အစွမ်းဖြင့်။

အာဇီဝေါ၊ အသက်မွေးခြင်းကို။

မိစ္ဆာဇီဝေါတိ၊ ချွတ်ချော်တိမ်းပါး လမ်းမှားသော အသက်မွေးခြင်းဟူ၍။

ဝုစ္စတိ၊ ဆိုအပ်၏။

သဗ္ဗသ္မာပိ၊ အလုံးစုံလည်း ဖြစ်သော။

တမှာ၊ ထိုမိစ္ဆာဇီဝမှ။

ဝိရတိ၊ ရှောင်ကြဉ်ခြင်းကို။

အာဇီဝပါရိသုဒ္ဓီတိ၊ “ပရိယေသနာဝါယာမိ”ဟူသော သမ္မာအာဇီဝ၏ ဝဇ္ဇပယ်ရှင်း စင်ကြယ်ခြင်း ဟူ၍။

ဥစ္စတိ၊ ဆိုအပ်၏။

အာဇီဝ ပါရိသုဒ္ဓိ သီလ ပြီး၏။

ပစ္စယသန္နိဿိတ သီလကို သုတ်သင်နည်း

ပစ္စယသန္နိဿိတ သီလ၌ ဤသို့ ဝိနိစ္ဆယကို မှတ်ရမည် --

သင်္ကန်း၌ ဆင်ခြင်ပုံ

ပဋိသင်္ခါ ယောနိသော စီဝရံ ပဋိသေဝါမိ၊ ယာဝဒေ၀ သီတဿ ပဋိဃာတာယ ဥဏှဿ ပဋိဃာတာယ ဍံသ, မသက, ဝါတာတပ သရီသပ္ပ သမ္ဖဿာနံ ပဋိဃာတာယ ယာဝဒေ၀ ဟိရီ ကောပိနပ္ပဋိစ္ဆာဒနတ္ထံ။

ယောနိသော၊ သင့်သော အကြောင်းအားဖြင့်။

ပဋိသင်္ခါ = ပဋိသင်္ခါယ၊ အဖန်ဖန်လျှင် ဆင်ခြင်မြင်သိ၍။

စီဝရံ၊ သင်္ကန်းဟူသမျှကို။

ပဋိသေဝါမိ၊ ဝတ် ရုံထိုင် စင်း မိုး ခင်း ရံကာ မှီဝဲပါ၏။

သီတဿ၊ ကိုယ်ဘွင်းကိုယ်ရန် ဓာတ်ဖောက်ပြန်ခြင်း ဟေမန်ဆီးနှင်း ချမ်းအေးခြင်းကို။

ယာဝ ပဋိဃာတာယ ဧ၀၊ ကျင်နာ ကင်းပျောက် စိတ်မနောက်အောင် ပယ်ဖျောက်ရုံ ငါသာလျှင်။

ဥဏှဿ၊ တောမီးစသော မီးပူကို။

ယာဝ ပဋိဃာတာယ ဧ၀၊ ပယ်ဖျက်ရုံငှါသာလျှင်။

ဍံသ၊ တောနက်ထဲက ကိုက်ခဲ သွေးဆောင် ကြောင်သော ယင်ကောင်မှက်ရဲ။

မသက၊ နားနီးလည်၍ မြည်တတ်သော ခြင်ပုန်း။

ဒံသ၊ ကီဋဝိသေသ ဝနမက္ခိကာ၊ ဂေါမက္ခိကာ။

မသက၊ ကီဋဝိသေသ ဝဇိရတုဏ္ဍ၊ ရတ္တိဇာဂရဒ -ဟု လောကီအဘိဓာန် ဖွင့်၏။

ဍံသ-၌ ဍံရင်ကောက် ဒထွေး နှစ်ချက်သင့်။
မသက” ၌လည်း “သ” နှင့် “က” ကို ရှေ့နောက်ပြန်၍ “မကသ” လည်း သင့်၏-ဟု သဒ္ဒနီတိ ဆို၏။ လောကီကျမ်းတို့၌ကား ရှေ့ပါဌ်သာ ရှိသည်။

ဝါထာတပ၊ လေ နေပူ။

သရီသပ္ပ သမ္ဖဿာနံ၊ မြွေ ကင်းခြေများ ပင့်ကူ တက်တူ ကင်းမြီးကောက်စသော ရင်ဖြင့် ရှေ့တွား သွားတတ်သော ကျောက်ရှည်မျိုးတို့၏ ဖုဋ္ဌဝိသ ဒဋ္ဌဗိသ အတွေ့နှစ်ပါးတို့ကို။

ယာဝ ပဋိဃာတာယ ဧဝ၊ ပယ်ဖျောက်ရုံငှါသာလျှင်။

စီဝရံ၊ သင်္ကန်းကို။

ပဋိသေဝါမိ၊၊ မှီဝဲ၏။

[တိဝိဓာ ဟိ သပ္ပါ ဒဋ္ဌဝိသာ ဖုဋ္ဌဝိသာ ဒိဋ္ဌဝိသာတိ၊ တေသု ပုရိမကာ ဒွေ ဧဝ ဂဟိတာ။ သတပဒီအာဒီနမ္ပိ တာဒိသာနံ သင်္ဂဏှနတ္ထံ။ မဟာဋီကာ၊ နှာ-၅၇။

ဟိသစ္စံ၊ မှန်၏။

သပ္ပါ၊ မြွေမျိုးတို့သည်။

ဒဋ္ဌဝိသာ၊ ကိုက်သော် တက်သော အဆိပ်ရှိသော မြွေမျိုးတို့၎င်း။

ဖုဋ္ဌဝိသာ၊ ထိလျှင် အဆိပ်တက်သော မြွေမျိုးတို့၎င်း။

ဒိဋ္ဌဝိသာ၊ မြင်လျှင် အဆိပ်တက်သော မြွေမျိုးတို့၎င်း။

ဣတိ၊ ဤသို့။

တိဝိဓာ၊ သုံးပါးအပြား ရှိကုန်၏။

တေသု၊ ထို ၃-ပါးတို့တွင်။

တာဒိသာနံ၊ ထိုမြွေနှင့်အလားတူကုန်သော။

သတပဒီအာဒီနမ္ပိ၊ ကင်းခြေများ စသည်တို့ကိုလည်း။

သင်္ဂဏှနတ္ထံ၊ သိမ်းယူခြင်း အကျိုးငှါ။

ပုရိမကာ၊ ရှေ့ဖြစ်ကုန်သော။

ဒွေဧ၀၊ မြွေနှစ်မျိုး တို့ကိုသာလျှင်။

ဂဟိတာ၊ ယူအပ်ကုန်ပြီ။]

ယာဝ ဟိရီ ကောပိနပ္ပဋိစ္ဆာဒနတ္ထံဧဝ၊ ဟိရီဂုဏ်ကို ဖျက်ဆီးတတ်သော ကျဉ်း မြောင်းသောအရပ်ကို ဖုံးလွှမ်းရုံ အကျိုးငှါသာလျှင်။

စီဝရံ၊ သင်္ကန်းကို။

ပဋိသေဝါမိ၊ မှီဝဲသုံးဆောင်၏။

လီလာဝိဘူသာဒိအတ္ထံ၊ တင့်တယ် စမ္ပယ်ခြင်း တန်းဆင်ခြင်း စသော အကျိုးငှါ။

န ပဋိသေဝါမိ၊ ငါ မမှီဝဲ။

ဣတိ ယောနိသော၊ ဤသို့ သင့်သော အကြောင်းအားဖြင့်။

ဣတိ ပဋိသင်္ခါယ၊ ဤသို့ အဖန်ဖန်လျှင် ဆင်ခြင် မြင်သိ၍။

စီဝရံ၊ သင်္ကန်းကို။

ပဋိသေဝါမိ၊ မှီဝဲ သုံးဆောင်ပါ၏။

(နောက် “ယာဝဒေဝ” ဟူသော သဒ္ဒါလွန်၏ အနက်လွန်ကို “ယာဝဒေဝါတိ ပုန ဧတဿ ဝစနံ နိယတပ္ပယောဇနာဝဓိပရိစ္ဆေဒ ဒဿနတ္ထံ”ဟု အဋ္ဌကထာ (ဝိသုဒ္ဓိ၊၁၊နှာ-၃၀) ပြ၏။

ယာဝဒေဝါတိယာဝဒေဝ ဟူသော။

ဧတဿ၊ ထိုစကားကို။

ပုနဝစနံ၊ တဖန် ဆိုပြန်ခြင်းသည်။

နိယတပ္ပယောဇနာဝဓိပရိစ္ဆေဒ ဒဿနတ္ထံ၊ မြဲသော အကျိုး အပိုင်းအခြားကို ပိုင်းခြား ခြင်းကို ပြရခြင်း အကျိုးရှိ၏။)

(သင်္ကန်း)

ဆွမ်း၌ ဆင်ခြင်ပုံ

ပဋိသင်္ခါ ယောနိသော ပိဏ္ဍပါတံ ပဋိသေဝါမိ၊ နေဝ ဒဝါယ၊ န မဒါယ၊ န မဏ္ဍနာယ၊ န ဝိဘူသနာယ၊ ယာဝဒေ၀ ဣမဿ ကာယဿ ဌိတိယာ၊ ယာပနာယ၊ ပိဟိံ သုပရတိယာ၊ ဗြဟ္မစရိယာ နုဂ္ဂဟာယ၊ ဣတိ ပုရာဏဉ္စ ဝေဒနံ ပဋိဟင်္ခါမိ၊ နဝဉ္စ ဝေဒနံ န ဥပ္ပါဒေဿာမိ၊
ယာတြာ စ မေ ဘဝိဿတိ အနဇ္ဇတာ စ ဖာသုဝိဟာရော စ။

ယောနိသော၊ အသင့်အားဖြင့်။

ပဋိသင်္ခါ ပဋိသင်္ခါယ၊ ပညာဖြင့် ဆင်ခြင်၍။

ပိဏ္ဍပါတံ၊ ဆွမ်းခံမှုဖြင့် စုစုရရ သပိတ်၌ချအပ်သော ယံ ကိဉ္စိ အာဟာရကို။

ပဋိသေဝါမိ၊ သုံးဆောင် မှီဝဲ စားခဲလျက် သောက်ပါ၏။

ဒဝါယ၊ ရွာသူသားငယ်တို့ကဲ့သို့ ပြုံးရယ် ကစားခြင်းငှါ။

နေဝ ပဋိသေဝါမိ၊ မသုံးဆောင် မမှီဝဲ မစားမခဲ မလျက် မသောက်ပါ။

မဒါယ၊ လက်ဝှေ့ လက်ပမ်းသည် စသည်တို့ကဲ့သို့ ဗလမာန် ပုရိသမာန် ခက်ထန် ယစ်မှုးခြင်းငှါ။

န ပဋိသေဝါမိ၊ မမှီဝဲပါ။

မဏ္ဍနာယ၊ မင်းမောင်းမ ပမာ ပြည့်တန်ဆာတို့ကဲ့သို့ အင်္ဂါကြီးငယ် တင့်တယ် ပြည့်ဖြိုး ခြင်းငှါ။

နပဋိသေဝါမိ၊ မမှီဝဲပါ။

ဝိဘူသနာယ၊ ကချေသည်အလား ဂျွမ်း သမားတို့ကဲ့သို့ ရေသားသန့်စင် ကြည်လင်ခြင်းငှါ။

န ပဋိသေဝါမိ၊ မမှီဝဲပါ။

ပထမံ ဧတ္ထ မောဟဿ၊ ဒေါသဿ ဒုတိယံ ပဒံ။
သေသဒွယန္တု ရာဂဿ၊ ဝုတ္တံ နိဿယဟာနိယာ။

အတ္တပ္ပရ သံယောဇနုပ္ပတ္တိသေဓံ ဒွယံ ဒွယံ။
စတူဟိပျယုတ္တပ္ပဋိ- ပတ္တိကာမသုခဇ္ဇဟံ။

ဧတ္တ၊ ဤပဋိက္ခေပအင်္ဂါ လေးပါးတို့တွင်။

ပထမံ၊ ပထမ (နေ၀ ဒဝါယ) ပုဒ်ကို။

မောဟဿ၊ မောဟ၏။

နိဿယဟာနိယာ၊ မှီရာအကြောင်းကို ပယ်ခြင်းငှါ။

ဝုတ္တံ၊ ဟောတော်မူအပ်၏။

ဒုတိယံ ပဒံ၊ ဒုတိယ (န မဒါယ) ပုဒ်ကို။

ဒေါသဿ၊ ဒေါသ၏။

နိဿယဟာနီယာ၊ မှီရာ အကြောင်းကို ပယ်ခြင်းငှါ။

ဝုတ္တံ၊ ဟောတော်မူအပ်၏။

သေသဒွယန္တု၊ ကြွင်းနှစ်ပုဒ် (န မဏ္ဍနာယ, န ဝိဘူသနာယ) ကိုကား။

ရာဂဿ၊ ရာဂ၏။

နိဿယဟာနိယာ၊ မှီရာအကြောင်းကို ပယ်ခြင်းငှါ။

ဝုတ္တံ၊ ဟောတော်မူအပ်၏။

အပိ၊ တနည်းလည်း။

ဒွယံ ဒွယံ၊ ရှေ့နှစ်ပုဒ် နောက်နှစ်ပုဒ် အစုံအစုံသည်။

အတ္တပ္ပရ သံယောဇနုပ္ပတ္တိသေဓံ၊ မိမိ သူတပါးတို့အား ရာဂ မောဟ စသော သံယောဇဉ် တို့၏ ဖြစ်ခြင်းကို တားမြစ်တတ်၏။

အပိ၊ တနည်းလည်း။

စတူဟိ၊ လေးပုဒ်လုံးတို့ဖြင့်။

အ ယုတ္တပ္ပဋိပတ္တိကာမသုခဇ္ဇဟံ၊ မသင့်သောအကျင့် ကာမချမ်းသာ၌ တွယ်တာသော အကျင့်တို့ကို စွန့်ခြင်းကို။

ဝုတ္တံ၊ ဟောတော်မူအပ်၏။

အဋ္ဌကထာသင်္ဂဟ (ဝိသုဒ္ဓိမဂ်၊ ဋ္ဌ၊ ၁၊ နှာ-၃၁)

ဣမဿ ကာယဿ၊ မဟာဘုတ်လေးပါး၌မှီသော ဤစတုသန္တတိရုပ်အပေါင်း၏။

ယာဝဌိတိယာ ဧဝ၊ ကျားကန်ထောက်တည်း အိမ်အိုနည်းသို့ မလည်း မဖောက် ရှေ့နောက်ကလာပ် ဖွဲ့စပ်ဆက်မှီ ပဗန်ဌီဖြင့် တည်ရုံမျှသာလျှင်။

ယာဝ ယာပနာယ ဧဝ၊ လှည်းစာထိုးလျှို ရထားအိုသို့ ထိုထိုဇီဝိန် အရှိန်မသတ် မပြတ်ဖြစ်စေရုံငှါသာလျှင်။
ဝါ၊ အာယုကပ်တိုင် မျှတနိုင်ရုံငှါသာလျှင်။

ဧတေန ဌိတိ နှာမ အပတနံ၊ ယာပနာ ပဝတ္တီတိ ဒဿေတိ။
(ဝိသုဒ္ဓိမဂ် မဟာဋီကာ၊ ပ၊ နှာ-၅၈)

ဧတေန၊ ဤ “ဌိတိယာတိ ပဗန္ဓဌိတတ္ထံ၊ ယာပနာယာတိ ပဝတ္တိယာ အဝိစ္ဆေဒတ္ထံ စိရကာလဌိတတ္တံ ဝါ” အစရှိသော အဋ္ဌကထာပါဌ်ဖြင့်။

အပတနံ၊ မကျမလည်ခြင်းသည်။

ဌိတိနာမဌိတိ မည်၏။

ပဝတ္တိ၊ တိုး၍ဖြစ်ခြင်းသည်။

ယာပနာယာပနာ မည်၏။

ဣတိဣမံအတ္ထံ၊ ဤသို့သော အနက်ကို။

ဒဿေတိ၊ ပြ၏။

(တနည်းလည်း)

ဌိတိယာ၊ ရုပ်ဇီဝိတိန္ဒြေကို။

ယာဝ ယာပနာယ ဧဝ၊ ဖြစ်စေရုံငှါသာလျှင်။

ယာဝ ဝိဟိံသာဥပရတိယာဧဝ၊ အိုင်းကို ဆေးတင် ပူလျှင်အအေး အေးလျှင်အပူ ယူသည်ပမာ နှိပ်စက်ကျင်နာ ငတ်မွတ် ဆာသော ရောဂါရန်ဘေး ငြိမ်းအေးရုံ ငှါသာလျှင်။

ယာဝဗြဟ္မစရိယာနုဂ္ဂဟာယ ဧဝ၊ ပုတ္တမံသ ကန္တာရ၌ စားရသဖွယ် ပင်လယ်မြစ်ကြီး လှေဖောင်စီးရ ပမာ ပြသို့ သီလအစ ယာဝမဂ္ဂါ သာသနာ မဂ္ဂ ဗြဟ္မစရိယ နှစ်တန်ကို အဖန်ဖန်ယူရုံ ချီးမြှောက်ရုံငှါသာလျှင်။

ပိဏ္ဍပါတံ၊ ဆွမ်းတို့၏အပေါင်းကို။

ပဋိသေဝါမိ၊ မှီဝဲပါ၏။

ဣတိ ဣမိနာ ပဋိသေဝနေန၊ ဤသို့ သုံးစွဲ မှီဝဲခြင်းဖြင့်။
ဝါ၊ မှီဝဲခြင်းကြောင့်။

ပုရာဏံ၊ မစားသေးလစ် ရှေးဟောင်းဖြစ်သော။

ဝေဒနဉ္စ၊ ပရမာ-ရောဂါ ဇိဃစ္ဆာအနာကိုလည်း။

ပဋိဟင်္ခါမိ၊ ယခုစင်ကင်း ယုတ်ခြင်း ပယ်ဖျောက်အံ့။

နဝံ၊ စားပြီးဆို့တစ် အသစ်ဖြစ်သော။

ဝေဒနဉ္စ၊ အာဟရဟတ္ထက အလံသာဋက တတြဝဋ္ဋက ကာကမာသက ဘုတ္တဝမိတက ပုဏ္ဏားတို့အလား [၁] လွန်၍ စားခြင်းကြောင့် ဖြစ်သော အနာကိုလည်း။

နု ဥပ္ပါဒေဿာမိ၊ မဖြစ်စေအံ့။

(တနည်းလည်း)

ပုရာဏံ၊ မသင့်မဆ စားထမှီပေါင်း ရှေးကံဟောင်းကြောင့် အဟောင်းဟူ၍ ဆိုအပ်သော။

ဝေဒနဉ္စ၊ ဘဝဤအခါ ဖြစ်လာလိမ့်သော အနာကိုလည်း။

ပဋိဟင်္ခါမိ၊ သင့်နှိုင်း၍ စား အကြောင်းအားဖြင့် ပယ်ရှား ပျောက်လွင့်စေအံ့။

နဝံ၊ မဆင်ခြင်ပြန် ပါပကံကြောင့် တဖန်အသစ် ဖြစ်လတ္တံ့သော။

ဝေဒနဉ္စ၊ ဘဝနောင်ခါ အနာဂတ်ဝေဒနာကိုလည်း။

န ဥပ္ပါဒေဿာမိ၊ ဆင်ခြင်စားထ ဉာဏ်ဗလဖြင့် မူလကိုချွေ မဖြစ်စေအံ့၊

[၁။ အာဟရဟတ္ထက = ထမင်းစားပြီး မိမိအလိုလို မထနိုင်၍ “လက်ကိုဆွဲထူပါ” ဆိုရအောင် စားသောပုဏ္ဏား။

အလံသာဋက = ဝမ်းဗိုက်တင်းလွန်း၍ ပုဆိုးကိုပင် မဝတ်နိုင်အောင် စားသောပုဏ္ဏား။

တတြဝဋ္ဋက = ဗိုက်လေးလွန်းသဖြင့် မထနိုင်၍ ထို စားရာအရပ်၌ပင် (စပါးကြီးမြွေ ကဲ့သို့) လူးလှိမ့်နေရအောင် စားသောပုဏ္ဏား။

ကာက မာသက = အစာများ ခံတွင်း၀ ဆိုက်နေ၍ ကျီးနှိုက်၍မှီအောင်စားသော ပုဏ္ဏား။

ဘုတ္တဝမိတက = ဝမ်းဗိုက်မဆန့်သဖြင့် စားပြီးလျှင် အန်ပစ်ရအောင် စားသော ပုဏ္ဏား။]

ဝုတ္တော ဒွီဟိ စတူဟိ ဝါ၊
ယုတ္တဘောဂဿ သင်္ဂဟော။
အတ္တကိလမထဇ္ဇဟော၊
ဓမ္မိကဿုခအဇ္ဇဟော။

အဋ္ဌကထာသင်္ဂဟ။

ဒွီဟိ၊ နှစ်ပုဒ်တို့ဖြင့်။

ဝါ၊ တနည်းလည်း။

စတူဟိ၊ “ဝိဟိံ သုပရတိယာ” စသော လေးပုဒ်တို့ဖြင့်။

ယုတ္တဘောဂဿ၊ ရဟန်းတော်တို့နှင့် သင့်လျော် လျောက်ပတ် ကောင်းမြတ်သော သုံးဆောင်ခြင်းကို။

သင်္ဂဟော စ၊ သိမ်းရုံးခြင်းကို၎င်း။

အတ္တကိလမထဇ္ဇဟော၊ ကိုယ်ပင်ပန်းသော အယုတ်တရားကို စွန့်ခြင်းကို၎င်း။

ဓမ္မိကဿုခအဇ္ဇဟော၊ တရားလျော်စွာ ဈာန်ချမ်းသာ စသည်ကို မစွန့်ခြင်းကို၎င်း။

ဝုတ္တော၊ ဟောပြတော်မူအပ်၏။

အထ ဝါ ပုရာဏဝေဒနာ နာမ အဘုတ္တပစ္စယာ ဥပ္ပဇ္ဇနကဝေဒနာ၊ နဝေ၀ဒနာ နာမ အတိဘုတ္တပစ္စယာ ဥပ္ပဇ္ဇနကဝေဒနာ။ အထ ဝါ နဝဝေဒနာ နာမ ဘုတ္တပစ္စယေန အနုပ္ပဇ္ဇနက ဝေဒနာ။

ဝိဟိံသာ နိမိတ္တတာ စေတာသံ ဝိဟိံသာယ ဝိသေသော။

ဟူ၍လည်း တနည်း မဟာဋီကာ (နှာ-၆ဝ ၌) ဖွင့်သေး၏။

အထဝါ၊ တနည်းကား။

ပုရာဏဝေဒနာနာမ၊ မစားမီ ရှေး၌ဖြစ်သော ဝေဒနာဟောင်း မည်သည်ကား။

အဘုတ္တပစ္စယာ၊ မစားခြင်းကြောင့်။

ဥပ္ပဇ္ဇနကဝေဒနာ၊ ဖြစ်တုန်းဆဲဆဲ ဆင်းရဲညှိုးနွမ်း ပင်ပန်းပူပန် ဇောချွေးပြန်မျှ ကျောက်ကန် ထိုးကျင်ခြင်း စသောအနာတည်း။

နဝဝေဒနာ နာမ၊ ဝေဒနာသစ် မည်သည်ကား။

အတိဘုတ္တပစ္စယာ၊ ဒလွန်အမင်း စားခြင်းကြောင့်။

ဥပ္ပဇ္ဇနက ဝေဒနာ၊ ဖြစ်သော ဝေဒနာတည်း၊

အထဝါ၊ တနည်းကား။

န၀ဝေဒနာနာမန၀ဝေဒနာ မည်သည်ကား။

ဘုတ္တပစ္စယေန၊ စားခြင်းဟူသော အကြောင်းဖြင့်။

အနုပ္ပဇ္ဇနကဝေဒနာ၊ မဖြစ်လတ္တံ့သော အင်္ဂဒါဟ သူလ[၁] စသော ဝေဒနာတည်း။

ဝိဟိံသာ နိမိတ္တတာ စဝိဟိံသာ[၂] လျှင် အကြောင်းရှိသည့် အဖြစ်သည်လည်း။

ဧတာသံ၊ ထိုဝေဒနာနှစ်ပါးတို့၏။

ဝိဟိံသာယဝိဟိံသာမှ။

ဝိသေသော၊ အထူးတည်း၊

မေ၊ ငါ၏။

ဣမဿ ကာယဿ၊ ဆေးနှင့်မကွာ မတ်တတ်နာသည့် သူနာပမာ။

ပစ္စယာယတ္တ၊ ဤကာယ၏။

ယာကြာ စ၊ နှိုင်းယှဉ်စားထ ယာပိုက်မျှလျက် အသက်ရန်ဘေး ကင်းစင်ဝေး၍ မြင့်လေး ကာလ မျှတခြင်း ဖြစ်ခြင်းသည်လည်းကောင်း။

ယာပျရောဂီဝိယ တပ္ပစ္စယံ။ (ဝိသုဒ္ဓိမဂ်၊၁၊ နှာ-၃၂)

ယော ရောဂေါ ယာပျော အယာပျော စ န ဟောတိ [၃]၊ သော ယာပျရောဂေါ။

ပုဗ္ဗေ 'ယာပနာယာ'တိ ဇီဝိတိန္ဒြိယယာပနာ အဓိပ္ပေတာ၊ ဣဓ ပန စတုန္နမ္ပိ ဣရိယာပထာနံ အဝိစ္ဆေဒသင်္ခါတာ ယာပနာ ယာတြာတိ အယမတ္ထ ဝိသေသော။ (မဟာဋီကာ၊၁၊ နှာ-၆၁)

ယာပျရောဂီ၊ မတ်တတ်နာ[၄] ရှိသသူသည်။

တပ္ပစ္စယံ၊ ထိုအနာပျောက်ကြောင်းဆေးကို။

ပဋိသေ၀တိဝိယ၊ မပြတ်သုံးစွဲ မှီဝဲရသကဲ့သို့တည်း။

ယော ရောဂေါ၊ အကြင်ရောဂါသည်။

ယာပျော စ၊ ပျောက်ကင်း မျှတသည်၎င်း။

အယာပျော စ၊ မပျောက်တိုးပွ မမျှတသည်၎င်း။

န ဟောတိ၊ မဖြစ်။

သော ရောဂေါ၊ ထိုရောဂါသည်။

ယာပျရောဂေါ၊ မတ်တတ်နာ မည်၏။
ဝါ၊ ရပ်စောက်နာမည်၏။

နိဿေသမပ္ပတိကာရေ ဥပသမနီယေ ရောဂဘေဒေ ယာပျော။
(သဒ္ဒတ္ထော မဟာနိဓိ)

[၁။ အင်္ဂါဒါဟ = ကိုယ်အင်္ဂါတို့ ပူလောင်ခြင်း။ သူလ = ကိုယ်လက်ကိုက်ခဲ ထိုးကျင်ခြင်း။

၂။ ဝိဟိံသာ = ဆာလောင်မွတ်သိပ်ခြင်း။ ။

၃။ ဆဋ္ဌသံဂါယနာမူ၌ “ယော ရောဂေါ ယာပျော အယာပျော စအစား “
ယော ရောဂေါ သာဒ္ဓေါ အသာဒ္ဓေါ စ”ကို အတည်ပြုသည်။

၄" ဆေးကျမ်းများ၌ ရောဂါ ၄-မျိုး ပြထားသည်၊

(၁) သာဓျရောဂါ = ဆေးကုသည်ဖြစ်စေ၊ မကုသည်ဖြစ်စေ ပျောက်ကင်းနိုင်သော ရောဂါ၊

(၂) အသာဓျရောဂါ = မပျောက်ကင်းနိုင်သော ရောဂါ။]

(၃) ကိစ္ဆသာဓျရောဂါ = ဆေးကုမှ ပျောက်ကင်းသော ရောဂါ။

(၄) ယာပျရောဂါ = ဆေးကုနေလျှင် ရောဂါသက်သာရုံသာဖြစ်သည်။ ရောဂါ မပျောက် ကင်းနိုင် (မတ်တတ်နာ ခေါ်သည်)၊

ယာပနာနှင့် ယတြာအထူး

ပုဗ္ဗေ၊ ရှေး၌။

ယာပနာတိယာပနာဟူသည်ကား။

ဇီဝိတိန္ဒြိယယာပနာ၊ အသက်၏မျှတခြင်းကို။

အဓိပ္ပေတာ၊ အလိုရှိအပ်၏။

ဣဓ ပန၊ ဤနောက်၌ကား။

စတုန္နမ္ပိ ဣရိယာပထာနံ၊ ဣရိယာပုထ် လေးပါးတို့၏လည်း။

အဝိစ္ဆေဒသင်္ခါတာ၊ မပြတ်ခြင်းဟု ဆိုအပ်သော။

ယာပနာ၊ မျှခြင်းကို။

ယာကြာတိယာတြာဟူ၍။

အဓိပ္ပေတာ၊ အလိုရှိအပ်၏။

ဣတိ အယံ၊ ဤသည်ကား။

ဧတ္ထ၊ ဤ ယာပနာ ယာကြာနှစ်ပုဒ်၌။

ဝိသေသော၊ အထူးတည်း။

အနဝဇ္ဇတာ စ၊ မအပ်မရာ ဉာဏ်မပါသော ရှာ ခံ သုံးဆောင်ခြင်းကို ပယ်လျှင်း၍ အပြစ်ကင်းသော အဖြစ်သည်လည်းကောင်း။

ဖာသုဝိဟာရော စ၊ နှိုင်းယှဉ် တိုင်းထွာ သုံးဆောင်ပါ၍ ချမ်းသာစွာနေရခြင်းသည် လည်းကောင်း။

ဘဝိဿတိ၊ ဖြစ်ရလိမ့်သတည်း။

တနည်းလည်း --

အနဝဇ္ဇတာ စ၊ မသင့် တောင့်တင်း သုံးဆောင်ခြင်းဖြင့် ပျင်းရိ ငိုက်မှိန်း စက်ဖိန်း ဆန့်ကာ ဓီရာဂရဟ စသော အပြစ်၏ မရှိခြင်းသည်၎င်း။

ဖာသုဝိဟာရော စ၊ လေးလုတ် ငါးလုတ် ယုတ်၍ ပိုင်းခြား သုံးဆောင်၍ ကိုယ်အားပြည့်တင်း ချမ်းသာစွာနေရခြင်း သည်၎င်း။

တနည်းလည်း --

အနဝဇ္ဇတာ စ၊ ဝမ်းပြည့်စားထ သေယျ ပဿ မိဒ္ဓ ချမ်းသာ စွန့်ခွါပယ်ရှင်း အပြစ်ကင်းခြင်းသည်၎င်း။

ဖာသုဝိဟာရော စ၊ လေးငါးလုတ်ချန် ရေကိုနှံ၍ လေးတန်ယာပိုထ် လျောက်ထိုက်ဖြစ်စေ ချမ်းသာစွာ နေရခြင်းသည်၎င်း၊

ဘဝိဿတိ၊ ဖြစ်ရလိမ့်သတည်း။

ဣတိယောနိသော၊ ဤသို့ သင့်သော အကြောင်းအားဖြင့်။

ဣတိပဋိသင်္ခါ၊ ဤသို့အဖန်ဖန်လျှင် ဆင်ခြင်၍။

ပိဏ္ဍပါတံ၊ ဆွမ်းတို့၏အပေါင်းကို။

ပဋိသေဝါမိ၊ မှီဝဲသုံးဆောင်ပါ၏၊

သုံးဝိကပ် လုံး၌ပင် ဖာသုဝိဟာရလက္ခဏာကို --

[ဝိကပ် = ဝိကပ္ပ = အဓိပ္ပါယ် အထူးကြံဆချက်]

စတ္တာရော ပဉ္စ အာလောပေ၊
အဘုတွာ ဥဒကံ ပိဝေ။
အလံ ဖာသုဝိဟာရာယ၊
ပဟိတတ္တဿ ဘိက္ခုနော။

ဟူသော ဂါထာဖြင့် သိအပ်၏။

စတ္တာရော ပဉ္စ အာလောပေ၊ လေးလုတ် ငါးလုတ်တို့ကို။

အဘုတွာ၊ မသုံးမစား လျှော့ချန်ထား၍။

ဥဒကံ၊ ရေကို။

ပိဝေ၊ သောက်ရာ၏။

(မူလဋီကာ၌ “ဘုတွာ၀၊ စား၍သာလျှင်”ဟုအနက်ပေးစေလို၏။ အပဒါန်၌လည်း ထို အတိုင်းပင် ပါဌ်ရှိ၏)။

ဣဒံ၊ ဤသို့ လေး ငါးလုတ်ဟောက် ရေကိုသောက်ခြင်းသည်။

ပဟိတတ္တဿ၊ နိဗ္ဗာန်စေဘိ စိတ်ကောင်းရှိသော။

ဘိက္ခုနော၊ ရဟန်း၏။
ဝါ၊ ရဟန်းအား။

ဖာသုဝိဟာရာယ၊ ချမ်းသာစွာနေရခြင်း။
ဝါ၊ ငှါ။

အလံ၊ ထိုက်တန်လျောက်ပတ် သင့်မြတ်၏။

ဆောင်ပုဒ်

ယာတြာလျှင် ပယောဇဉ်၊
ဒွယင် မဇ္ဈတ်၊ ပဋိပတ်။

ဤ၌ ဘောဇနာနိသံသ ဖြစ်သော အနဝဇ္ဇတာ ဖာသုဝိဟာရ တို့ကို ချန်ထား၍ ကြွင်းအင်္ဂါ ရှစ်ပါးတို့ကို ပေါင်းအပ်ကုန်၏။

'နေဝ ဒဝါယ ́စသော ပဋိက္ခေပအင်္ဂါ လေးပါး။

'ဣမဿ ကာယဿ ဌိတိယာ ယာပနာယ' တပါး။

'ဝိဟိံသု။ပ။ နုဂ္ဂဟာယ' တပါး။

`ဣတိပုရာ။ပ။ န ဥပ္ပါဒေဿာမိ' တပါး။

'ယာတြာ စ မေ ဘဝိဿတိ ́တပါး။

ဤဂဟေတဗ္ဗအင်္ဂါ လေးပါး။ ပေါင်း --- ရှစ်ပါးဖြစ်၏။

မဟာသီဝထေရ် ပဋိက္ခေပအင်္ဂါ လေးပါးတို့ကို မယူမူ၍ ဖာသုဝိဟာရ ကိုလည်း ဘောဇနာနိသံသ ဟု ချန်ထား၍ ကြွင်းရှစ်ပုဒ်ကို အင်္ဂါရှစ်ပါး ဟူ၏။ (ဆွမ်း)

ကျောင်းအိပ်ရာ နေရာ ထိုင်ရာ၌ ဆင်ခြင်ပုံ

ပဋိသင်္ခါ ယောနိသော သေနာသနံ ပဋိသေဝါမိ၊ ယာဝဒေ၀ သီတဿ ပဋိဃာတာယ။ပ။ ယာဝဒေ၀ ဥတုပရိဿယဝိနောဒန ပဋိသလ္လာနာရာမတ္ထံ။

ယောနိသော၊ အသင့်အားဖြင့်။

ပဋိသင်္ခါ၊ အဖန်ဖန်ပညာဖြင့် ဆင်ခြင်၍။

သေနာသနံ၊ မွေ့ရာအိပ်ခင်း ထိုင်ခင်း မှီလျောင်း ညောင်စောင်း အင်းပျဉ် ဖျာ သင်ဖြူး ကျောင်း တန်ဆောင်းပြာသာဒ် တဖက်ရပ်စသော အိပ်ရာထိုင်ရာကို။

ပဋိသေဝါမိ၊ သွား ရပ် ထိုင် လျောင်း လေးပါးပေါင်းဖြင့် မညောင်းမညာ မှီဝဲပါ၏။

(“သီတဿ”စသည် ရှေးနည်းတူ)

ယာဝ ဥတု ပရိဿယ ဝိနောဒန- ပဋိသလ္လာနာရာမတ္ထံ ဧဝ၊ အမြဲမပြတ် နှိပ်စက် တတ်သော သီတုဏှဥတုဟူသော ဘေးရန်ကို ပယ်ဖျောက်ရုံ၊ ဂဏ ကိလေ နှစ်ထွေသော သင်္ဂဏိကမှဖဲ၍ တယောက် ထဲသာ ဆိတ်ငြိမ်ရာ ဧကာရမ္မဏဝင်လျက် ကြည်ရွှင်မွေ့လျော်ရုံငှါသာလျှင်။

ဝါ၊ အမြဲမပြတ် နှိပ်စက်တတ်သော သီတုဏှဥတု ခြင်္သေ့ သစ် ကျား စသော ပါကဋ [၁] ဘေးရန်၊ ရာဂဒေါသစသော အပါကဋ[၂] ဘေးရန်တို့ကို ပယ်ဖျောက်ရုံ။
ဂဏ ကိလေ နှစ်ထွေသော သင်္ဂဏိကမှ [၃] ဖဲ၍ တယောက်ထဲသာ ဆိတ်ငြိမ်ရာ ဧကာရမ္မဏသို့ဝင်လျက် ကြည်ရွှင်မွေ့လျော်ရုံငှါသာလျှင်။

သေနာသနံ၊ အိပ်ရာ ထိုင်ရာကို။

ပဋိသေဝါမိ၊ မှီဝဲ၏။

လီလာ ဝိဘူသာဒိအတ္ထံ၊ တင့်တယ်စံပယ်ခြင်း တန်းဆာဆင်ခြင်း စသောအကျိုးငှါ။

နပဋိသေဝါမိ၊ မမှီဝဲပါ။

ဣတိယောနိသော၊ ဤသို့ သင့်သော အကြောင်းအားဖြင့်။

ဣတိ ပဋိသင်္ခါ၊ ဤသို့ အဖန်ဖန်လျှင် ဆင်ခြင်၍။

သေနာသနံ၊ အိပ်ရာနေရာကို။

ပဋိသေဝါမိ၊ မှီဝဲပါ၏။

(ယာဝဒေ၀ သဒ္ဒါလွန်၊ ရှေးနည်းတူ)။ (ကျောင်း)

[၁။ ပကဋ = ထင်ရှားသော (မြင်ရုံမျှနှင့် သိနိုင်သော)။

၂။ အပကဋ = မထင်ရှားသော (သူတပါးက ပြောကြားမှသိအပ်သော)။

၃။ ဂဏသင်္ဂဏိက = အပေါင်းအဖော်ဂိုဏ်းနှင့် ရောနှောခြင်း။
ကိလေသ သင်္ဂဏိက = ကိလေသာတို့နှင့် ရောနှောခြင်း။]

ဆေး၌ ဆင်ခြင်ပုံ

ပဋိသင်္ခါ ယောနိသော ဂိလာနပစ္စယဘေသဇ္ဇ ပရိက္ခာရံ ပစ္ဆိသေဝါမိ၊ ယာဝဒေ၀ ဥပ္ပန္နာနံ ဝေယျာဗျာဓိကာနံ ဝေဒနာနံ ပဋိဃာတာယ အဗျာပဇ္ဇ ပရမတာယ။

ယောနိသော၊ အသင့်အားဖြင့်။

ပဋိသင်္ခါ၊ ပညာဖြင့် ဆင်ခြင်၍။

ဂိလာနပစ္စယဘေသဇ္ဇပရိက္ခာရံ၊ ဓာတုက္ခောဘလက္ခဏာရှိသော။
ဝါ၊ တံဟေတုက ဒုက္ခဝေဒနာ လက္ခဏာ ရှိသောရောဂါ၏ ဆန့်ကျင်ဖက်ဖြစ်၍ အသက်၏ အရံအကာ တန်းဆာအဆောက်အဦ သူနာတို့နှင့် သင့်တင့်လျောက်ပတ်သော ထောပတ် ဆီဦး စသော ဆေးကို။

ပစ္ဆိသေဝါမိ၊ သောက်မျိုအုံမံ လိမ်းကျံ မှီဝဲပါ၏။

ဥပ္ပန္နာနံ၊ အကြောင်း ထင်ရှားရှိပြီဖြစ်၍ ဖြစ်ဆဲ မည်ကုန်သော။
ဝါ၊ ဥပ္ပန္နသဒိသဖြစ်၍ ဥပ္ပန္ဒမည်ကုန်သော။
(ဥပ္ပန္ဒသဒိသာ ပနု ဥပ္ပန္ဒာတိ ဝုစ္စန္တိ။ပ။ ယထာ သာ ဧ၀ တိတ္တိရီ တာနိယေဝ ဩသဓာနီတိ၊ မဟာဋီကာ၊ ပ၊ နှာ-၆၄)

ဝေယျာဗျာဓိကာနံ၊ ထူးလည်ထွေလာ လွန်စွာထိုးဆွပ် သွေးဓာတ်စသည် လှုပ်ခတ်ချောက်ချားခြင်းကြောင့် ဖြစ်ကုန်သော။

ဝေဒနာနံ၊ အကုသလဝိပါက ကာယိက ဝေဒနာတို့ကို။

ယာဝ ပဋိဃာတာယ ဧဝ၊ ကျင်နှာကင်းပျောက် စိတ်မနောက်အောင် ပယ်ဖျက်ရုံငှါသာလျှင်။

ယာဝ အဗျာပဇ္ဇ ပရမတာယ ဧဝ၊ ဆင်းရဲ ကင်းကွာ ချမ်းသာခြင်း ရှိသောသူ၏ အဖြစ်ငှါသာလျှင်။

ဂိလာန ပစ္စယသေသဇ္ဇပရိက္ခာရံ၊ သူနာ၏ အထောက်အပံ့ အရံအတားဖြစ်သော အသုံး အဆောင်ဆေးကို။

ပဋိသေဝါမိ၊ မှီဝဲပါ၏။

ဣတိ ယောနိသော၊ ဤသို့ သင့်သော နှလုံးသွင်းဖြင့်။

ဣတိ ပဋိသင်္ခါ၊ ဤသို့ ပညာဖြင့် ဆင်ခြင်၍။

ဂိလာန ပစ္စယဘေသဇ္ဇပရိက္ခာရံ၊ သူနာ၏ အထောက်အပံ့ အရံအတားဖြစ်သော အသုံးအဆောင်ဆေးကို။

ပဋိသေဝါမိ၊ မှီဝဲပါ၏။

ဤ“ယာဝဒေဝ”ဟူသော ပရိစ္ဆေဒါဝဓာရဏနိပါတ်၏ နိဝတ္တေတဗ္ဗတ္ထကို အထူး မပြပြီ။ ရာဂ ဒေါသ မောဟစသည် သာမညကိုသာ ကန်ရတော့မည်။ (ဆေး)

ပစ္စယသန္နိဿိတသီလ ဝါဒကွဲများ

▬▬▬▬▬▬▬▬▬▬▬▬

ပဋိသင်္ခါ ယောနိသော”တိ အာဒိ ကာမံ ပစ္စယပရိဘောဂကာလေန ဝုစ္စတိ ဓာတုဝသေန ပန ပဋိကူလဝသေန ဝါ ပစ္စဝေက္ခဏာယ ပစ္စယသန္နိဿိတသီလံ သုဇ္ဈတီတိ အပရေ။ ဘိဇ္ဇတီတိ ကေစိ။ ဧကေ ပန ပထမံ ဧဝ ပရိယတ္တန္တိ ဝဒန္တိ၊ ဝီမံသိတဗ္ဗံ။ (မဟာဋီကာ။ပ။ နှာ-၅၆).

အပရေဝါဒ

▬▬▬▬

ပဋိသင်္ခါ ယောနိသောတိ အာဒိ၊ အစရှိသည်ကို။
ပစ္စယပရိဘောဂကာလေန၊ ပစ္စည်းကို သုံးဆောင်ဆဲကာလအားဖြင့်။
ကာမံ ဝုစ္စတိ၊ အကယ်၍ကား ဆိုအပ်၏။
ပန တထာပိ၊ ထိုသို့ပင် ဆိုအပ်သော်လည်း။
ဓာတုသေန ဝါ၊ ဓာတ်လေးပါး၏ အစွမ်းအားဖြင့်၎င်း။
ပဋိကူလဝသေန ဝါ၊ စက်ဆုပ်ရွံရှာ ထွီဘွယ်ရာ၏ အစွမ်းအားဖြင့်၎င်း။
ပစ္စဝေက္ခဏာယ၊ ကာလသုံးတန်၌ အဖန်ဖန် ဆင်ခြင်သဖြင့်။
ဝါ၊ အဖန်ဖန် ဆင်ခြင်သည်ရှိသော်
ပစ္စယသန္နိဿိတသီလံ၊ ပစ္စယသန္နိဿိတသီလသည်။
သုဇ္ဈတိ၊ စင်ကြယ်၏။
ဣတိ၊ ဤသို့။
အပရေ၊ တပါးသော ဆရာတို့သည်။
၀ဒန္တိ၊ ဆိုကြကုန်၏။

ကေစိဝါဒ

▬▬▬▬

(ဓာတုအားဖြင့်၎င်း, စက်ဆုပ်ဖွယ်ရာဟု၎င်း ဆင်ခြင်သော် ပစ္စယသန္နိဿိတသီလသည်)
ဘိဇ္ဈတိ၊ ပျက်၏။
ဣတိ၊ ဤသို့။
ကေစိ၊ အချို့ဆရာတို့သည်။
၀ဒန္တိ၊ ဆိုကြကုန်၏။

ဧကေဝါဒ

▬▬▬

ဧကေ ပန၊ ကေဆရာတို့သည်ကား။
ပထမံ ဧဝ၊ ရှေးဦးစွာပင်လျှင်။
ပရိယတ္တံ၊ စွမ်းနိုင်ကျိုးကြီး ပြီးစီးအောင်မြင်၏။
ဣတိ၊ ဤသို့။
၀ဒန္တိ၊ ဆိုကုန်၏။
(မဟာပစ္စဝေက္ခဏာထက်ပင် သာလွန်၍ ကောင်းသေးသည် ဟူလို)။
ဝီမံသိတဗ္ဗံ၊ စုံစမ်းဆင်ခြင်၍ ယူအပ်၏။

ကျမ်းပြုဆရာတော်ကြီး ဆုံးဖြတ်ချက်

▬▬▬▬▬▬

ဆင်ခြင်သည်ရှိသော် ဓာတုသည ပဋိကူလသညာတို့သည် ကမ္မဋ္ဌာန်း အသီးဖြစ်၍ ယင်း ကမ္မဋ္ဌာန်းကို စီးဖြန်းကာမျှဖြင့် ကိစ္စပြီးလျှင် ကသိုဏ်း အသုဘစသော တပါးကမ္မဋ္ဌာန်းကို စီးဖြန်းလျှင်လည်း ပြီးသင့်သည်။ ပြီးကား မပြီး။ ထို့ကြောင့် မဟာပစ္စဝေက္ခဏာကို ဆင်ခြင်ခြင်းသာလျှင် ကောင်းမြတ်သည် ဟူလို။

ဤသို့ ပါဌ်အနက်ဖြင့်သော်လည်း ဆင်ခြင်ရမည်။

မဟာ ပစ္စဝေက္ခဏာ ဆင်ခြင်ပုံ လင်္ကာများ

▬▬▬▬▬▬▬▬

သင်္ကန်း၌ ဆင်ခြင်ပုံ

▬▬▬▬▬▬▬

ချမ်းပူကိုဖျက်၊ ခြင် မှက် လေ, နေ၊
ကင်း, မြွေ လွဲသုန်၊ ဟိရီဂုဏ်ကို၊
ကုန်စေတတ်စွာ၊ ကိုယ်အင်္ဂါကို၊
လုံပါစေလို၊ ကိုယ်ကို စမ္ပယ်၊
ဆင်ပြင်မယ်ဟု၊ စိတ်ဝယ်မတမ်း၊
ဤသင်္ကန်းကို၊ ဖုံးလွှမ်း သုံးဆောင်ပါသတည်း။
(သင်္ကန်း)

ဆွမ်း၌ ဆင်ခြင်ပုံ

▬▬▬▬▬▬

ဤသည့်စားဘွယ်၊ အမယ်မယ်ကို၊
မြူးရယ်မာန်ကြွ၊ လှပရေဆင်း၊
ပြည့်ဖြိုးခြင်းငှါ၊ မသုံးပါဘူး၊
လေးဖြာ ဓာတ်ဆောင်၊ ဤကိုယ်ကောင်သည်၊
ရှည်အောင်တည်လျက်၊ အသက်မျှတန်း၊
မမောပန်းငြား၊ ဘုရားသာသနာ၊
ကျင့်နှစ်ဖြာကို၊ ကျင့်ပါနိုင်စေ၊
ဝေဒနာဟောင်း သစ်၊ မဖြစ်စေရ၊
ယာပိုထ်မျှလစ်၊ ခပ်သိမ်းပြစ်ကို၊
မဖြစ်လေအောင်၊ ချမ်းမြေ့အောင်ဟု၊
သုံးဆောင်မှီဝဲပါသတည်း။
(ဆွမ်း)

ကျောင်း၌ ဆင်ခြင်ပုံ

▬▬▬▬▬▬▬

ချမ်းပူကို ဖျက်၊ ခြင် မှက် လေ နေ၊
ကင်း မြွေ ဝေးမှု၊ ဥတုဘေးဘျမ်း၊
မသန်းကင်းစင်၊ စိတ်ကြည်လင်ကြောင်း၊
နေရာကျောင်းကို၊ ကိန်းအောင်း မှီခိုပါသတည်း။
( ကျောင်း)

ဆေး၌ ဆင်ခြင်ပုံ

▬▬▬▬▬▬

ကျင်နာခံခက်၊ နှိပ်စက်ဘိစီး၊
ဖြစ်ပြီး ဖြစ်လာ၊ ဝေဒနာကို၊
စွန့်ခွါပယ်လျှင်း၊ ဆင်းရဲကင်း၍၊
လူမင်း မြတ်စွာ၊ သာသနာကို၊
ကြည်သာရွှင်လန်း၊ ကျင့်ဖြည့်စွမ်းဘိ၊
ရည်မှန်း သုံးဆောင်ပါသတည်း။
(ဆေး)

ဤသို့ ကဗျာဖြင့်သော်လည်း ဆင်ခြင်ရမည်။

မဟာပစ္စဝေက္ခဏာ ဆင်ခြင်ပုံ ပြီး၏။

…..

ပဋိကူလသညာအားဖြင့် ဆင်ခြင်ပုံများ

▬▬▬▬▬▬

ယထာပက္ကံ မဟာဂဏ္ဍံ၊
ပိလောတိကေန ဆာဒယေ။
ပဂ္ဃရံ နဝဒွါရေဟိ၊
ကာယံ ဆာဒေမိ စီဝရာ။

သင်္ကန်း၌ ဆင်ခြင်ပုံ

▬▬▬▬▬▬▬

ပက္ကံ၊ ပြည်မှည့်ပေါက်ပြဲသော။
မဟာဂဏ္ဍံ၊ အိုင်းအမာကြီးကို။
ပိလောတိကေန၊ အဝတ်စုတ်ဖြင့်။
ဆာဒယေ ယထာ၊ ဖုံးအုပ်ရသကဲ့သို့။
တထာ၊ ထို့အတူ။
နဝဒွါရေဟိ၊ ကိုးပေါက်ဒွါရ အမာ၀တို့ဖြင့်။
ပဂ္ဃရံ၊ တစိစိ တစိုစို ယိုထွက်သော မစင်အညစ်အကြေးရှိသော။
ကာယံ၊ ကိုယ်ကို။
စီဝရာ စီဝရေန၊ သင်္ကန်းဖြင့်။
ဆာဒေမိ၊ မွမ်းမံ ဖုံးလွှမ်းပါသတည်း။

ဆောင်ပုဒ်လင်္ကာ

▬▬▬▬▬▬

သွေးပြည်အိုင်းမန်း၊ တင်းကျမ်းယိုစီး၊
အနာကြီးကို၊ လွှမ်းနှီးသည့်တူ၊
အဏုမြူမျှ၊ သုံးယူမရ၊
ဒွတ္တိံသပေါင်း၊ အကောင်းကျောက်မျက်၊
ဘယ်မထွက်သည့်၊ ပေါက်ပျက်စီးယို၊
ဤကိုယ်တင်လွှမ်း၊ ဤသင်္ကန်းသည်။
ရိနွမ်းညှိုးမှိန်လေအံ့သည်တကား။
(နွမ်းမှဆင်ခြင်လျှင် “ရိနွမ်းညှိုးမှိန်ခဲ့လေပြီတကား” ဟု ဆို၊)
(သင်္ကန်း)

……

မဟာရဟမိဒံ ဘောဇ္ဇံ၊
ခိတ္တံ ဝမထု ဒေါဏိယံ။
ခေဠာဒိမထိတံ ဧဝံ၊
ယာ၀ ဝစ္စံ ဂမိဿတိ။

ဆွမ်း၌ဆင်ခြင်ပုံ

▬▬▬▬▬▬

မဟာရဟံ၊ သူမြတ်တို့အားသော်လည်း လျော်ကန် ထိုက်တန်သော။
ဣဒံ ဘောဇ္ဇံ၊ ဤစားဘွယ်သည်။
ဒေါဏိယံ၊ ခွေးစားကျင်း၌။
ခိတ္တံ၊ စွန့်ပစ်အပ်သော။
ဝမထု ဝိယ၊ အံဖတ်ကဲ့သို့။
ဧဝံ တထာ၊ ထို့အတူ။
ခေဠာဒိမထိတံ၊ တံထွေးစသည်တို့နှင့် လုံးထွေးမွှေနှောက် အပ်သည်ဖြစ်၍။
ယာဝ ဝစ္စံ၊ မစင်ဖြစ်သည်တိုင်အောင်။
ဂမိဿတိ၊ သွားလတ္တံ့။

ဆောင်ပုဒ်လင်္ကာ

▬▬▬▬▬▬

ပွဲပြင်ဗွေလယ်၊ တင့်တယ်လျောက်ပတ်၊
သူမြတ်တို့သော်၊ ထိုက်တန်လျော်လည်း၊
စားသော် မကြာ၊ လျှာရည်တံထွေး၊
သွားမြှေးညစ်မည်း၊ ထိုထို ချည်းကို၊
သိမ်းဆည်းပေါင်းစု၊ ထောင်းထု ဝါးချေ၊
မျိုလေဆင်းသက်၊ ဓာတ်မီးချက်၍၊
ပရပွက်ဦး၊ ကျိုက်ကျိုက်ဆူပွ၊
အမြှုပ်ထကာ၊ ပိုးစာ လောင်မီး၊
ကျင်ကြီး ကျင်ငယ်၊ တသွယ် သွေးသား၊
ငါးပါးကွဲလျက်၊ ခွေးစာခွက်ထဲ၊
ကိုချွဲထတ်ထတ်၊ ခွေးအံဖတ်တူ၊
အူမထက်ဖျား၊ ဆန့်ထုတ်လားသို့၊
ပ-ကား သန့်ရှင်း၊ တွင်း ပိန္နဲခွံ၊
ရွံဘွယ်ဘိခြင်း၊ တံစီးတွင်းနှယ်၊
သုံးဆယ်နှစ်မျိုး၊ ပိုးတို့တည်ငြိမ်၊
စာသစ်အိမ်ဝယ်၊ စဉ်းငယ်နားလျက်၊
အူခေါင်းသက်၍၊ ချက်မြစ် ကျောက်ကုန်း၊
အူအဆုံးဟု၊ ပိတုန်းပိတ်ဝယ်၊
ရွံဘွယ်စင်စစ်၊ စာဟောင်းဖြစ်သို့၊
မနစ်ရောက်လေအံ့သည်တကား။
(ညဉ့်အခါ ဆင်ခြင်မူ “မနစ်ရောက်ခဲ့လေပြီ တကား” ဟုဆို)။
(ဆွမ်း)

…..

ယထာ ဂိလာနသာလာယံ၊
ဝသေယျ ကုဋ္ဌ ရောဂိကော။
ပဂ္ဃရံ နဝဒွါရေဟိ၊
သေနာသနေ ဝသာမဟံ။

ကျောင်း၌ ဆင်ခြင်ပုံ

▬▬▬▬▬▬▬

ကုဋ္ဌရောဂိကော၊ နူနာစွဲသသူသည်။
ဂိလာနသာလာယံ၊ သူနာတို့တည်းခိုရာ စရပ်စုတ်၌။
ဝသေယျယထာ၊ ခိုရာ ကင်းပ ကုမရပါ နေရရှာသို့။
အဟံ၊ ငါသည်။
နဝဒွါရေဟိ၊ ၉-ခုသော ဒွါရတို့ဖြင့်။
ပဂ္ဃရံ ပဂ္ဃရန္တော၊ တစိစိတစိုစို မစင်ယိုလျက်။
သေနာသနေ၊ နေရာ၌။
ဝသာမိ၊ နေရချေ၏။

ဆောင်ပုဒ်လင်္ကာ

▬▬▬▬▬▬

သွေးပြည် အိုင်းမန်း၊ တင်းကျမ်းစီးယို၊
နူနာစိုနှင့်၊ အိမ်အိုချဉ်းကပ်၊
နေအပ်သည့်တူ၊ အဏုမြူမျှ၊
သုံးယူ မရ၊ ဒတ္တိံသ ပေါင်း၊
အကောင်း ကျောက်မျက်၊ ဘယ်မထွက်သည့်၊
ပေါက် ပျက်စီးယို၊ ဤကိုယ်ထိုင်လျောင်း၊
နေရာကျောင်းသည်။
ဆွေးဟောင်း ပျက်ပြိုလေအံ့သည်တကား။
(ဝါ၊ ဆွေးဟောင်း ပျက်ပြိုခဲ့လေပြီတကား။)
(ကျောင်း)

…..

ယထာ ပက္ကံ မဟာဂဏ္ဍံ၊
ဘေသဇ္ဇေန ဝိလိမ္ပတေ။
ပက္ကဂဏ္ဍသမံ ကာယံ၊
ပတွာ မလံ ဘဝိဿတိ။

ဆေး၌ ဆင်ခြင်ပုံ

▬▬▬▬▬▬

ပက္ကံ၊ ပြည်မှည့်ပေါက်ပြဲသော။
မဟာဂဏ္ဍံ၊ အိုင်းအမာကြီးကို။
ဘေသဇ္ဇေန၊ ဆေးဝါးဖြင့်။
ဝိလိမ္ပတေ ယထာ၊ မွမ်းမံ သုတ်လိမ်းရသကဲ့သို့။
တထာ၊ ထို့အတူ။
ဝိလိမ္ပတံ၊ လိမ်းကျံသောက်မျိုအပ်သော ဆေးဝါးသည်။
ပက္ကဂဏ္ဍသမံ၊ ပြည်မှည့်သော အိုင်းအမာနှင့်တူသော။
ကာယံ၊ ကိုယ်သို့။
ပတွာ၊ ရောက်၍။
မလံ၊ အညစ်အကြေးသည်။
ဘဝိဿတိ၊ ဖြစ်လေအံ့သတည်း။

ဆောင်ပုဒ်လင်္ကာ

▬▬▬▬▬▬

သွေးပြည်အိုင်းမန်း၊ တင်းကျမ်းယိုထွက်၊
အနာပျက်ကို၊ ဆေးပက်သည့်နှယ်၊
အနည်းငယ်မျှ ၊သုံးဘွယ် မရ၊
ဒတ္တိံသပေါင်း၊ အကောင်းကျောက်မျက်၊
ဘယ်မထွက်သည်၊ ပေါက်ပျက် စီးယို၊
ဤကိုယ်ဆက်ပေး၊ ဤသည့်ဆေးသည်။
ညစ်ကြေးဖြစ်လေအံ့သည် တကား။
(ဝါ၊ ဖြစ်ခဲ့လေပြီတကား။)
(ဆေး)

ပဋိကူလသညာဆင်ခြင်ပုံ ပြီး၏။

…..

ဓာတုသညာအားဖြင့် ဆင်ခြင်ပုံများ

▬▬▬▬▬▬

အညမညံ န ဇာနန္တိ၊
ဒါရုယန္တိ အလင်္ကတေ။
ဧဝံ ဝတ္ထသရီရာနိ၊
ဥဘောပိ ဓာတုမတ္တကာ။

သင်္ကန်း၌ ဆင်ခြင်ပုံ

▬▬▬▬▬▬▬

ဒါရုယန္တေ၊ ကြိုးယန္တရားဖြင့် ငွါးငွါးလှုပ်သော သစ်သားရုပ်ကို။
အလင်္ကတေ၊ တန်းဆာ ဆင်အပ်သည် ရှိသော်။
ဥဘော၊ တန်းဆာ ရုပ်သေး နှစ်ပါးတို့သည်။
အညမညံ၊ အချင်းချင်း။
န ဇာနန္တိ ယထာ၊ မသိကြကုန်သကဲ့သို။
ဧဝံ၊ ဤအတူ။
ဝတ္ထသရီရာနိ၊ သင်္ကန်းနှင့် ကိုယ်တို့သည်။
အညမညံ၊ အချင်းချင်း။
န ဇာနန္တိ၊ မသိကြကုန်။
ဥဘောပိ၊ သင်္ကန်းနှင့်ကိုယ် နှစ်ပါးလုံး တို့သည်လည်း။
ဓာတုမတ္တကာ၊ ငါ သူတပါး ယောက်ျား မိန်းမ ဇီဝမဟုတ် မဟာဘုတ် အစုတို့ သာလျှင်တည်း။

ဆောင်ပုဒ်လင်္ကာ

▬▬▬▬▬▬

ခြူးအုံဇာပြောက်၊ လက်ကောက်ဆံကျင်၊
အလှဆင်လည်း၊ အထင်မပြု၊
ရုပ်သေးတုသို့၊ လေးခုသော ဓာတ်၊
ပေါင်းဖွဲ့လတ်၍၊ သတ္တဇီဝါ၊
ငါသူတပါး၊ လားလားမရှိ၊
မျက်စိတလှစ်၊ လက်တဖျစ်ထဲ၊
သေးဖွဲသိမ်နုပ်၊ ခါခါချုပ်သည့်၊
ဘူတရုပ်ပေါင်း၊ မသာလောင်းက၊
ကောင်းမြတ်လှစွာ၊ သင်္ကန်းဝါသည်၊
ငါ့မှာဖုံးလွှမ်း၊ မသိစွမ်းထ၊
သင်္ကန်းကဝယ်၊ ဆိုဘွယ်မရှိ၊
ဘုတ်ချင်းထိသည်။
ချင်းချင်း မသိကြလေဘူးတကား။
(သင်္ကန်း)

ဇိဏ္ဏံရထမဘေဒါယ၊
ဒါတဗ္ဗံ သေနဟောဒကံ။
စတုစက္ကမဘေဒါယ၊
ဘောဇ္ဇံ ဒတွာန ပေါသိတံ။

ဥဘောပေတေ န ဇာနန္တိ၊
အညောညံ ရထသေနဟာ။
ကာယော ဘောဇ္ဇံ န ဇာနန္တိ၊
ဥဘောပိ ဓာတုမတ္တကာ။

ဆွမ်း၌ဆင်ခြင်ပုံ

▬▬▬▬▬▬

ဇိဏ္ဏံရထံ၊ ရထားအိုကို။
ဝါ၊ ရထားအိုအား။
ဝါ၊ ရထားအို၏။
အဘေဒါယ၊မကျိုးမပဲ့စေခြင်းငှါ။
သေနဟောဒကံ၊ လှည်းစာဆီရေကို။
ဒါတဗ္ဗံ ယထာ၊ ပေးအပ်သကဲ့သို့။
တထာ၊ ထို့အတူ။
စတုစက္ကံ၊ ယာပိုထ်လေးရပ် စက်ဘီးတပ်ဆောင် ဤကိုယ်ကောင်ကို။
ဝါ၊ ဤကိုယ်ကောင်အား။
ဝါ၊ ဤကိုယ်ကောင်၏။
အဘေဒါယ၊ တိမ်းလည်းပြိုကွဲ မရှိစေခြင်းငှါ။
ဘောဇ္ဇံ၊ စားဖွယ် သောက်ရန်ကို။
ဒတွာန၊ ပေး၍။
ပေါသိတံ၊ မွေးပြုအပ်သတည်း။

ဥဘောပိ၊ နှစ်ပါးစုံလည်း ဖြစ်ကုန်သော။
ဧတေ ရထသေနဟာ၊ ထိုလှည်းနှင့် လှည်းစာရှိသည်။
အညောညံ၊ အချင်းချင်း။
န ဇာနန္တိ ယထာ၊ မသိကုန် သကဲ့သို့။
ကာယော စ၊ ကိုယ်သည်၎င်း။
ဘောဇ္ဇံ၊ စားဖွယ်သောက်ရန်သည်၎င်း။
အညောညံ၊ အချင်းချင်း။
နာနန္တိ၊ မသိကုန်။
ဥဘောပိ၊ နှစ်ပါးစုံတို့သည်လည်း။
ဓာတုမတ္တကာ၊ ဓာတ်လေးပါးအစုတို့သာလျှင်တည်း။

ဆောင်ပုဒ်လင်္ကာ

▬▬▬▬▬▬

မကျိုးစေလို၊ ရထားအိုကို၊
ထိုးလျှို လှည်းစာ၊ ကဲ့ပမာသို့။
ရိယာလေးလီ၊ အမြဲမှီသား၊
ဤအိမ်ခန္ဓာ၊ ဓာတ်လေးဖြာကို၊
မပျက်ပါစိမ့်၊ ရေစာသုံးစွဲ၊
ငါမှီဝဲ၏၊ လှည်းနှင့်လည်းစာ၊
မသိပါသို့၊ လေးဖြာသောဓာတ်၊
ပေါင်းဖွဲ့လတ်၍၊ သတ္တဇီဝါ၊
ငါသူတပါး၊ လားလားမရှိ၊
မျက်စိတလှစ်၊ လက်တဖျစ်ထဲ၊
သေးဖွဲသိမ်နုပ်၊ ခါခါချုပ်သည့်၊
ဘူတရုပ်ပေါင်း၊ မသာလောင်းက၊
ကောင်းမြတ်လှစွာ၊ ဤအစာသည်၊
ငါ့မှာဝင်နေ၊ မသိလေဘူး၊
စာရေကဝယ်၊ ဆိုဘွယ်မဲ့ကင်း၊
ဘုတ်ချင်း ဘုတ်သို့၊ ဝင်တုံမြို့သည်။
မည်သို့ မသိကြလေဘူးတကား။
(ဆွမ်း)

…..

ဃရဋ္ဌေ ဒါရုယန္တမှိ၊
န တေ ဇာနန္တိ အညောညံ။
ဧဝံ သေယျာသရီရာနိ၊
ဥဘောပိ ဓာတုမတ္တကာ။

ကျောင်း၌ ဆင်ခြင်ပုံ

▬▬▬▬▬▬▬

ဒါရုယန္တမှိ၊ သစ်ရုပ်ယန္တရားသည်။
ဃရဋ္ဌေ၊ ရုပ်သေးစင်မည် အိမ်ထက် တည်လတ်သော်။
တေ၊ ထိုစင်နှင့် ရုပ်သေးတို့သည်။
အညောညံ၊ အချင်းချင်း။
န ဇာနန္တိ ယထာ၊ မသိကုန်သကဲ့သို့။
ဧဝံတထာ၊ ထို့အတူ။
သေယျာ သရီရာနိ၊ ကျောင်းနှင့် ကိုယ်တို့သည်။
အညောညံ၊ အချင်းချင်း။
န ဇာနန္တိ၊ မသိကုန်။
ဥဘော၊ နှစ်ပါးစုံတို့သည်လည်း။
ဓာတုမတ္တကာ၊ ဓာတ်လေးပါးအစုသာလျှင်တည်း။

ဆောင်ပုဒ်လင်္ကာ

▬▬▬▬▬▬

စင်အိမ်ထက်ဗွေ၊ ရုပ်သေးနေသို့၊
ရွှေငွေဖလ်မှန်၊ ခြယ်စီဖန်သည်၊
ဝေယံဘုံဖျား၊ နေလေငြားလည်း၊
လေးပါးဘုတ်ဓာတ်၊ ပေါင်းဖွဲ့လတ်၍၊
သတ္တဇီဝါ၊ ငါသူတပါး၊
လားလား မရှိ၊ မျက်စိတလှစ်၊
လက်တဖျစ်ထဲ၊ သေးဖွဲသိမ်နုပ်၊
ခါခါချုပ်သည့်၊ ဘူတ ရုပ်ပေါင်း၊
မသာလောင်းက၊ ဤကျောင်းထက်ဗွေ၊
ငါတည်နေဟု၊ မသိ လေပါ၊
နေရာကဝယ်၊ ဆိုဘွယ်မဲ့ကင်း၊
ဘုတ်ချင်းဘုတ်တို့၊ နေတုံမြို့သည်။
မည်သို့ မသိကြလေဘူးတကား။
(ကျောင်း)

ဇိဏ္ဏံဃရမပါတာယ၊
ထူဏေန ဥပထမ္ဘိတံ။
ဧဝံ ကာယမပါတာယ၊
ဘေသဇ္ဇေနုပထမ္ဘိတံ။

ဥဘယာနိ န ဇာနန္တိ၊
အညမညံ ဃရံ ထူဏံ။
ဧဝံ ကာယော စ ဘေသဇ္ဇံ၊
ဥဘယံ ဓာတုမတ္တကံ။

ဆေး၌ ဆင်ခြင်ပုံ

▬▬▬▬▬▬

ဇိဏ္ဏံဃရံ၊ ဆွေးမြည့်ယိမ်းယို အိမ်ပျက်အိုကို။
အပါတာယ၊ မပြိုမလည်း စေခြင်းငှါ။
ထူဏေန၊ ထောက်ကျားဖြင့်။
ဥပထမ္ဘိတံ ယထာ၊ ကပ်မြှောင်ထောက်ကူအပ်သကဲ့သို့။
ဧဝံတထာ၊ ထို့အတူ။
ကာယံ၊ ကိုယ်ကို။
အပါတာယ၊ မပြိုကွဲ မတိမ်းမလဲ စေခြင်းငှါ။
ဘေသဇ္ဇေန၊ ဆေးဖြင့်။
ဥပထမ္ဘိတံ၊ ထောက်ပံ့အပ်၏။
ဃရံ၊ အိမ်သည်၎င်း။
ထူဏံ၊ ကျားသည်၎င်း။
ဥဘယာနိ၊ နှစ်ပါးစုံတို့သည်။
အညမညံ၊ အချင်းချင်း။
န ဇာနန္တိ ယထာ၊ မသိကုန်သကဲ့သို့။
ဧဝံ၊ ထို့အတူ။
ကာယော စ၊ ကိုယ်သည်၎င်း။
ဘေသဇ္ဇံ၊ ဆေးသည်၎င်း။
အညမညံ၊ အချင်းချင်း။
န ဇာနာတိ၊ မသိတတ်။
ဥဘယံ၊ နှစ်ပါးစုံသည်။
ဓာတုမတ္တကံ၊ ဓာတ်လေးပါး အစုမျှသာလျှင်တည်း။

ဆောင်ပုဒ်လင်္ကာ

▬▬▬▬▬▬

ဆွေးမြည့် ယိမ်းယို၊ အိမ်ပျက်အိုကို၊
မပြို စေသား၊ ထောက်သည့် ကျားသို့၊
လေးပါးယာပိုထ်၊ စဉ်လိုက် မကွာ၊
အိမ်ခန္ဓာကို၊ ခိုင်မာစေသား၊
မတိမ်းပါးအောင် ဆေးဝါးသင့်ရာ၊
မှီဝဲပါ၏၊
ဃရာထူဏ၊ မသိကြသို့၊
လေးဝ ရုပ်ဓာတ်၊ ပေါင်းဖွဲ့လတ်၍၊
သတ္တဇီဝါ၊ ငါသူတပါး၊
လားလား မရှိ၊ မျက်စိတလက်၊
လျှပ်တပြက်ထဲ၊ သေးဖွဲ သိမ်နုပ်၊
ခါခါချုပ်သည့်၊ ဘူတရုပ်ပေါင်း၊
မသာလောင်းက၊ အကြောင်းသင့်ရာ၊
ဩသဓာသည်၊ ငါ့မှာ ရောက်လတ်၊
မသိတတ်ပါ၊ ဆေးကမှာမူ၊
ဆိုရာမဲ့ကင်း၊ မာတ်ချင်း ဓာတ်သို့၊
ရောက်တုံမြို့သည်။
မည်သို့ မသိကြလေဘူးတကား။
(ဆေး)

ဓာတုသညာ ဆင်ခြင်ဟန် ပြီး၏။

...

အလုံးစုံကို ဆင်ခြင်ပုံ

▬▬▬▬▬▬▬

ဘိနပ် ဆီမီး ထီး ကောင်ဝှေး စသည်နှင့်တကွ အလုံးစုံကို ဆင်ခြင်ပုံကား --

ဘိနပ် ဆီမီး၊ ထီး တောင်ဝှေးစ၊
ဟူသမျှကို၊ အေးမြ ခြစ်ပူ၊
မြေငူ ဆူးငြောင့်၊ မနှောင့်ဘေးဘျမ်း၊
မသမ်းကင်းစင်၊ စိတ်ကြည်လင်၍၊
အားအင်ပြည့်မာ၊ သာသနာကို၊
ကောင်းစွာ ကျင့်ဆောင်၊ ဖြည့်နိုင်အောင်ဟု၊
သုံးဆောင် မှီဝဲပါသတည်း။

မဟာပစ္စဝေက္ခဏာ ဆင်ခြင်ဟန်။

ပဋိကူလသညာအားဖြင့် တပေါင်းတည်း ဆင်ခြင်ပုံ

▬▬▬▬▬▬▬▬▬

ယထာပိ ဂူထသမ္ဖုဋ္ဌာ၊
သဗ္ဗေ နဿန္တိ ဘောဂိကာ။
ဧဝံ သရီရသမ္ဗဒ္ဓါ၊
အဟော ဇေဂုစ္ဆိယံ ဣဒံ။

ဂူထသမ္ဖုဋ္ဌာ၊ မစင်စွန်းငြိ လူးလည်း ထိကုန်သော။
သဗ္ဗေ ဘောဂိကာ၊ အလုံးစုံသော အသုံးအဆောင်တို့သည်။
နဿန္တိ ယထာ၊ ပျက်စီးကုန်သကဲ့သို့။
ဧဝံတထာ၊ ထို့အတူ။
သရီရသမ္ဗဒ္ဓါ၊ ကိုယ်နှင့်စပ်ကုန်သော။
သဗ္ဗေ ဘောဂိကာ၊ အလုံးစုံသော အသုံးအဆောင်တို့သည်။
နဿန္တိ၊ ပျက်စီးကုန်၏။
ဣဒံ သရီရံ၊ ဤကိုယ်သည်။
အဟော ဇေဂုစ္ဆိယံ၊ ဩ စက်ဆုပ်ဘွယ် ကောင်းစွာ့တကား။

ဆောင်ပုဒ်လင်္ကာ

▬▬▬▬▬▬

ဘင်ပုပ်စွန်းက၊ သုံးမကျသို့၊
ကာယနှင့်စပ်၊ ရပ်ရပ် ခပင်း၊
အတွင်းအပ၊ သုံးသမျှပင်၊
ခဏချက်ခြင်း၊ ယိုယွင်းပြုန်းတီး၊
ပျက်စီးလေပါ၊ ဤခန္ဓာသည်။
ပမာဘင်စု အလားတည်း။

ယထာ ဝါ ဝိသဌာနမှိ၊
မိလာယန္တိ မဟီရုဟာ။
ဧဝံ သရီရသမ္ဗဒ္ဓါ၊
သဗ္ဗေ နဿန္တိ ဘောဂိကာ။

ဝါ၊ တနည်းကား။
ဝိသဌာနမှိ၊ အဆိပ်ကျရောက်ရာ အရပ်၌။
မဟီရုဟာ၊ မြက်သစ်ပင်တို့သည်။
မိလာယန္တိ ယထာ၊ ပျက်စီးညှိုးမှိန်ကြကုန်သကဲ့သို့။
ဧဝံတထာ၊ ထို့အတူ။
သရီရသမ္ဗဒ္ဓါ၊ ကိုယ်နှင့်စပ်ကုန်သော။
သဗ္ဗေ ဘောဂိကာ၊ အလုံးစုံသော အသုံးအဆောင်တို့သည်။
နသန္တိ၊ ပျက်စီးလေကုန်၏။

ဆောင်ပုဒ်လင်္ကာ

▬▬▬▬▬▬

ဆပ်နံ့စွန်းထိ၊ ပင်ရှိရှိတို့၊
နွမ်းရိသေရွပ်၊ ကိုယ်နှင့် စပ်က၊
ရပ်ရပ်ခပင်း၊ အတွင်းအပ၊
သုံးသမျှပင်၊ ခဏချက်ခြင်း၊
ယိုယွင်းပြုန်းတီး၊ ပျက်စီးလေပါ၊
ဤခန္ဓာသည်၊ ပမာ ဆိပ်တု အလားတည်း။
(ပဋိကူလသညာ ဆင်ခြင်ဟန်)

ဓာတုသညာအားဖြင့် ပေါင်း၍ ဆင်ခြင်ဟန်

▬▬▬▬▬▬▬

ဓာတုမတ္တကမေ’ဝေ'တံ၊
ယဒိဒံ သဗ္ဗဘောဂိကံ။
တံ သဗွံ ပရိဘုဉ္ဇန္တော၊
သတ္တောပိ ဓာတုမတ္တကော။

ယဒိဒံ ယံ ဣဒံ သဗ္ဗဘောဂိကံ၊ အကြင်အလုံးစုံသော အသုံးအဆောင်သည်။
အတ္ထိ၊ ရှိ၏။
ဧတံ သဗ္ဗံ၊ ထိုအလုံးစုံသည်။
ဓာတုမတ္တကံ၊ ဓာတ်လေးပါးမျှသာတည်း။
တံ သဗွံ၊ ထိုအလုံးစုံကို။
ပရိဘုဉ္ဇန္တော၊ ခံစားသုံးဆောင်သော။
သတ္တောပိ၊ သတ္တဝါသည်လည်း။
ဓာတုမတ္တကော၊ ပုဂ္ဂိုလ် သတ္တဝါ ငါ သူတပါး ယောက်ျား မိန်းမ ဇီဝမဟုတ် ဓာတ်ဘုတ် အစုမျှသာတည်း။

ဆောင်ပုဒ်လင်္ကာ

▬▬▬▬▬▬

ဘိနပ် ဆီမီး၊ ထီး တောင်ဝှေး စ၊
သုံးသမျှပင်၊ ဇီဝ ကင်းလတ်၊
သုံးဆောင်တတ်ပါ၊ သတ္တဝါလည်း၊
ငါသူတပါး၊ ယောကျ်ား မိန်းမ၊
ဇီဝမဟုတ်၊ ဘုတ်နှင့် ဘုတ်ချင်း၊
သုံးဆောင် လျှင်းသည်။
ချင်းချင်းမသိကြလေဘူးတကား၊
(ဓာတုသညာ ဆင်ခြင်ဟန်)

ပစ္စယသန္နိဿိတသီလ ပြီး၏။

စတုပါရိသုဒ္ဓိသီလ

လေးပါး စောင့်ထိန်းပုံ

▬▬▬▬▬▬▬▬

ပါတိမောက္ခသံဝရသီလ

▬▬▬▬▬▬▬▬

ဤ ဆိုအပ်ခဲ့ပြီးသော စတုပါရိသုဒ္ဓိသီလတို့တွင် ပါတိမောက္ခသံဝရသီလကို သာဝက- ဝိသယာတီတ ဖြစ်သောကြောင့် သဒ္ဓါတရားဖြင့် --

ယထာ ကိကီ စ စမရီ၊
ပုတ္တေ’ကံ နယနံပိ စ။
ဧဝံ သီလံ နုရက္ခန္ဓာ၊
ပေသလာ ဟောထ ဂါရဝါ။

ဌိတဓမ္မော မဟာရာဇ၊
သမုဒ္ဒေါ ဝိယ သာဝကာ။
ပညတ္တံ နာ’တိက္ကမန္တိ၊
သိက္ခံ ဇီဝိတဟေတုပိ။

ကိကီ၊ ယစ်မသည်။
အဏ္ဍံ၊ မိမိ အဥကို။
ရက္ခတိ ယထာ စ၊ စောင့်ရှောက်သကဲ့သို့၎င်း။
စမရီ၊ စာမရီမည်သော သားသည်။
ဝါလဓိံ၊ မိမိ အမြီးကို။
ရက္ခတိ ယထာ စ၊ စောင့်ရှောက်သကဲ့သို၎င်း။
ဧကပုတ္တကော၊ သားတယောက်၏ အဖသူကြွယ်သည်။
ဧကံ ပုတ္တံ၊ ချစ်လှစွာငြား တယောက်သားကို။
ရက္ခတိ ယထာ၊ စောင့်ရှောက်သကဲ့သို၎င်း။
ဧက နယနော၊ မျက်စိတဖက်သာ ရှိသောသူသည်။
ဧကံ နယနံ၊ ယင်း တဖက်သော မျက်လုံးကို။
ရက္ခတိ ယထာပိ စ၊ စောင့်ရှောက်သကဲ့သို့၎င်း။
ဧဝံ တထာ၊ ထို့အတူ။
သီလံ၊ ပါတိမောက္ခသီလကို။
အနုရက္ခန္ဓာ၊ အစဉ် စောင့်ရှောက်ကုန်လျက်။
ဂါရဝါ၊ ခြောက်ပါးသော ဝါရဝတရား [၁] ရှိကုန်သည်ဖြစ်၍။
ပေသလာ၊ သီလကို ချစ်ကုန်သည်။
ဟောထ၊ ဖြစ်ကြကုန်လော့။

[၁။ ဂါရဝတရား ၆-ပါး။ ။ ဂါရဝခြောက်ပါး။ အင်္ဂုတ္တိုရ်၊ ဒု၊ နှာ -၄၁၉ ၌ ဂါရဝ တရား ၇-ပါး ဟု လာရှိသည်။ ဤကျမ်း၌ သိက္ခာဂါရဝကို ယူပြီးဖြစ်သဖြင့် ကျန် ၆-ပါးကိုသာ ဖော်ပြဟန် တူသည်။ ဂါရဝတရား ၇-ပါးတို့ကား - (၁) သတ္ထုဂါရဝ၊ (၂) ဓမ္မ ( ၃) သံဃာ (၄) သိက္ခာ (၅) သမာဓိ (၆) အပ္ပမာဒ (၇) ပဋိသန္ဓာရ။]

မဟာရာဇ၊ မင်းမြတ်။
သမုဒ္ဒေါ၊ သမုဒြာရေသည်။
ဌိတဓမ္မော၊ တည်တံ့သော သဘောရှိသည်ဖြစ်၍။
နာတိက္ကမတိ ဝိယ၊ ကမ်းကို မလွန်ကျူးသကဲ့သို့။
သာဝကော၊ အရိယာသင်း တပည့်ရင်းတို့သည်။
ပညတ္တံ၊ ပညတ်အပ်သော။
သိက္ခံ၊ သိက္ခာပုဒ်တော်ကို။
ဇီဝိတဟေတုပိ၊ အသက်ဟူသောအကြောင်းကြောင့်လည်း။
နာတိက္ကမန္တိ၊ မလွန်ကျူးကြကုန်။

ဤ ပါဠိ သင်္ဂဟဂါထာ လာသည်အတိုင်း နှလုံးထား၍ မဟာဝဋ္ဋနီ ဝိဉ္ဈာဋဝီ တောအုပ်တွင် ခိုးသူတို့ နွယ်ဖြင့် ချည်တုပ်အပ်သည်ဖြစ်၍ ခုနစ်ရက်ပတ်လုံး နွယ်ကို မဖြတ်ဘဲ ဝိပဿနာ ကို ပွါးကာ အနာဂါမ်တည်လျက် ဗြဟ္မာပြည်သို့ လားသော မထေရ်၊ သီဟိုဠ်ကျွန်းဝယ် ထိုနည်းသဖွယ် နွယ်ကို မဖြတ်ဘဲ တောမီးလောင်လတ်၍ ဇီဝိတ သမသီသီ ရဟန္တာ ဖြစ်လျက် နိဗ္ဗာနဓာတ်သို့ ဝင်သော မထေရ်များတို့အနေ ပြီးစေအပ်၏။

ပါတိမောက္ခံ ဝိသောဓေန္တော၊
အပ္ပေ'၀ ဇီဝိတံ ဇဟေ။
ပညတ္တံ လောကနာထေန၊
န ဘိန္နေ သီလသံဝရံ။

(ဝိသုဒ္ဓိ၊ အဋ္ဌကထာနုသာသနီ၊ပ၊ နှာ-၃၅။)

ပါတိမောက္ခံ၊ ပါတိမောက်ကို။
ဝိသောဓေန္တော၊ စင်ကြယ်စေလိုသော ရဟန်းသည်။
ဇီဝိတံအပိ၊ အသက်ကိုသော်လည်း။
ဇဟေဧ၀၊ စွန့်ရာသာလျှင်ကတည်း။
လောကနာထေန၊ မြတ်စွာဘုရားသည်။
ပညတ္တံ၊ ပညတ်တော်မူ အပ်သော။
သီလသံဝရံ၊ စောင့်ထိန်းအပ်သော သီလကိုကား။
န ဘိန္နေ၊ မဖျက်ဆီးရာ။

ပါတိမောက္ခသံဝရ သီလ စောင့်ထိန်းပုံ ပြီး၏။

ဣန္ဒြိယသံဝရသီလကို သတိတရားဖြင့် ပြည့်စုံစေပုံ

▬▬▬▬▬▬▬▬▬▬

ဣန္ဒြိယသံဝရသီလကို သတိတရားဖြင့် --

အာဒိတ္တာယ စက္ခာဒီနံ၊
ဝရံ သမ္ပလိမဋ္ဌနံ။
န တု စက္ခာဒိဉေယျေသု၊
နိမိတ္တဂ္ဂဟဏံ ဝရံ။

အာဒိတ္တာယ၊ အစ အဆုံး အားလုံးအချိ ရဲရဲညိသော သံချောင်းဖြင့်။
စက္ခာဒီနံ၊ မျက်စိ စသည်တို့ကို။
သမ္ပလိမဋ္ဌနံ၊ ပတ်ချာဝန်းကျင် ဆွဲငင်ထိုးဖောက်ခြင်းသည်။
ဝရံ၊ မြတ်သေး၏။
စက္ခာဒိဉေယျေသု၊ ရူပါရုံ စသည်တို့၌။
နိမိတ္တဂ္ဂဟဏံ၊ သုဘနိမိတ်စသည်ကို ယူခြင်းသည်။
န တု ဝရံ၊ မမြတ်သည်သာတည်း။

ဤ ပါဠိသင်္ဂဟ ပြအပ်သည့်အတိုင်း နှလုံးထား၍ အရှင်အာနန္ဒာနှင့်အတူ ဆွမ်းခံကြွသော ရဟန်းပြုသစ်စ ဝင်္ဂီသမထေရ်၊ ရကုဏ္ဍကလိုဏ်နေ စိတ္တဂုတ္တမထေရ်၊ မဟာမိတ္တ- မထေရ်မြတ်တို့ အနေပြီးစေအပ်၏။

ပါတိမောက္ခံပျ စိရဋ္ဌံ၊
အသံဝုတန္တု ဣန္ဒြိယံ။
စောရဂေါဏေဟိ ဟညန္တိ၊
ဂါမသဿာဝ ဝေဝဋာ။
(သင်္ဂဟ)

ယထာ အဂါရံ ဒုစ္ဆန္နံ၊
ဝုဋ္ဌီ သမတိ ဝိဇ္ဈတိ။
ဧဝံ အဘာဝိတံ စိတ္တံ၊
ရာဂေါ သမတိ ဝိဇ္ဈတိ။
(ဓမ္မပဒ၊ နှာ-၁၄)

ဣန္ဒြိယံ၊ ဣဋေခြောက်ပါးကို။
အသံဝုတန္တု၊ မစောင့်ရှောက်မူကား။
ပါတိမောက္ခမ္ပိ၊ ပါတိမောက္ခသီလသည်လည်း။
အစိရဋ္ဌံ၊ ကြာရှည်မတည်။
ဝေဝဋာ၊ တံခါးဟင်းလင်း ပွင့်ကုန်သော။
ဂါမသဿာ၊ ရွာနီးကောက်ပင်တို့ကို။
စောရဂေါဏေဟိ၊ သူခိုး ဓားဆိုးတို့သည်။
ဟညန္တိ ဣဝ၊ လုယက် ဖျက်ဆီးအပ်ကုန် သကဲ့သို့တည်း။

ဒုစ္ဆန္နံ၊ အမိုးမလုံသော။
အဂါရံ၊ အိမ်ကို။
ဝုဋ္ဌီ၊ မိုးရေမိုးပေါက်သည်။
သမတိ ဝိဇ္ဈတိ ယထာ၊ ထိုးဖောက်ဝန်းကျင် စိမ့်ဝင်ယိုကျသကဲ့သို။
ဧဝံတထာ၊ ထို့အတူ။
အဘာဝိတံ၊ လောကုတ္တရာ ဘာဝနာ ကင်းသော။
ဝါ၊ သမထဝိပဿနာတို့ဖြင့် မထုံအပ်သော။
စိတ္တံ၊ စိတ်ကို။
ရာဂေါ၊ ရာဂသည်။
သမတိ ဝိဇ္ဈတိ၊ ထိုးဖောက်၏။

ဤ ဒေသနာကား ဥက္ကဌ်တည်း။

အရှင်ဝင်္ဂီသထုံး

စိတ်မည်သည် လျင်မြန်သော ဖြစ်ခြင်းရှိ၏၊ ဝင်္ဂီသမထေရ်သည် ပဉ္စင်းပျိုကာလက မာတုဂါမ တယောက်ကို မြင်၍ ရာဂ ဥပါဒ်လာသည်တွင် --

ကာမရာဂေန ဍယှာမိ၊
စိတ္တံ မေ ပရိဍယှတိ။
သာဓု နိဗ္ဗာပနံ ဗြူဟိ၊
အနုကမ္ပာယ ဂေါတမ။

ဂေါတမ၊ ဂေါတမနွယ်လာ အသျှင်အာနန္ဒာ။
ကာမရာဂေန၊ ကာမဂုဏ်မှီး ရာဂမီးသည်။
အဟံ၊ အကျွန်ုပ်ကို။
ဍယှာမိ၊ လောင်အပ်၏။
မေ၊ အကျွန်ုပ်၏။
စိတ္တံ၊ စိတ်ကို။
ပရိဍယှတိ၊ လောင်အပ်၏။
သာဓု၊ တောင်းပန်ပါ၏။
အနုကမ္ပာယ၊ အစဉ်သနားသဖြင့်။
နိဗ္ဗာပနံ၊ ရာဂလှိုက်ဆူ မီးပူငြိမ်းကြောင်းကို။
ဗြူဟိ၊ ဟောတော်မူပါလောဟု လျှောက်ရာတွင် --

သညာယ ဝိပရိယေသာ၊
စိတ္တံ တေ ပရိဍယှတိ။
နိမိတ္တံ ပရိဝဇ္ဇေဟိ၊
သုဘံ ရာဂူပသဉှိတံ။
အသုဘာယ စိတ္တံ ဘာဝေဟိ၊
ဧကဂ္ဂံ သုသမာဟိတံ။

သင်္ခါရေ ပရတော ပဿ၊
ဒုက္ခတော နော စ အတ္တတော။
နိဗ္ဗာပေဟိ မဟာရာဂံ၊
မာ ဍယှိတ္ထော ပုနပ္ပုနံ။

အာဝုသော၊ ငါ့သျှင်ဝင်္ဂီသ။
သညာယ၊ မတင့်တယ်သော အသုဘအာရုံ၌ တင့်တယ်သော သုဘဟူသော အမှတ်သညာ၏။
ဝိပရိယေသာ၊ ဖောက်ပြန်ခြင်းကြောင့်။
တေ၊ သင်၏။
စိတ္တံ့၊ စိတ်သည်။
ပရိဍယှတိ၊ ပူလောင်၏။
ရာဂူပသဉှိတံ၊ ရာဂဖြစ်ကြောင်းဖြစ်သော။
သုဘံ နိမိတ္တံ၊ သုဘနိမိတ်ကို။
ပရိဝဇ္ဇေဟိ၊ နှလုံး မသွင်း ပယ်ခွင်းရှောင်ကြဉ်လော။
အသုဘာယ၊ အသုဘ ဘာဝနာဖြင့်။
စိတ္တံ၊ စိတ်ကို။
ဧကံ၊ တခုတည်းသော အာရုံရှိအောင်။
သုသမာဟိတံ၊ ကောင်းစွာ တည်ကြည်ငြိမ်သက်အောင်။
ဘာဝေဟိ၊ ပွါးပစေလော။
သင်္ခါရေ၊ တေဘူမက သင်္ခါရတို့ကို။
ပရတော၊ လိုတိုင်းမရ သူစိမ်းပြင်ပတို့ဟူ၍။
ပဿ၊ ရှုဆင်ခြင်လော။
ဒုက္ခတော၊ အတည်မမြဲ ဖြစ်ခြင်း ပျက်ခြင်းဖြင့် ညှဉ်းဆဲရကား ဆင်းရဲကုန်၏ဟူ၍။
နော စ အတ္တတော၊ လိုတိုင်းပိုင်သ အစိုးရသော ကိုယ်မဟုတ်ချေတကား ဟူ၍။
ပဿ၊ ရှုဆင်ခြင်လော။
မဟာရာဂံ၊ သုံးဘုံဖျက်ဆီး အရာကျယ်သည့် ရာဂမီးကို။
နိဗ္ဗာပေဟိ၊ အစဉ်လျှောက်တက် အဆုံးမဂ်ဖြင့် ဖြိုဖျက်ငြိမ်းအေးစေလော။
ပုနပ္ပနံ၊ ခုလိုနောင်ဘဲ အဖန်တလဲလဲ
မာ ဍယှိတ္ထော၊ မလောင်အပ်စေလင့်။

ဤသို့ သျှင်အာနန္ဒာ ပြောသည့်အခါ ရာဂကို ပယ်ဖျောက်၍ ဆွမ်းခံ သွားမြဲ သွားလေ၏။ ထိုနည်းတူစွာ ဖြစ်ပေါ်လာသော ရာဂ စသည်ကို ကြာရှည် လက်မခံပဲ “န ပုနေဝံ ကရိဿာမိ” ဟူသော အဓိဋ္ဌာနသုဒ္ဓိ အသုဘမနသိကာရ စသည်တို့ဖြင့် ပယ်လှန်လျှင်ပင် ဣန္ဒြိယသံဝရ ပြည့်စုံတော့သည်။

---

စိတ္တဂုတ်ထေရ်၏ထုံး

ကုရဏ္ဍက မဟာလေဏဝါသီ စိတ္တဂုတ်ထေရ်လည်း ၎င်းလိုဏ်၌ ဘုရားခုနစ်ဆူတို့ တောထွက်ခန်း အဆန်းတကြယ်ကို အနှစ်ခြောက်ဆယ် တိုင်တိုင် နေ၍မှ မမြင်ဘူးခြင်း စသော ဂုဏသမ္ပတ္တိကို ကြားသည်နှင့် ရှိခိုးလို၍ သုံးကြိမ်တိုင်တိုင် မင်းက ပင့်ခေါ်ပါသော် လည်း မလာနေရှိ၍ သားငယ်နို့စို့ရှိသော အမိတို့ သားမြတ်ကို ဖွဲ့စည်းတံဆိပ် ခတ်ခါမှ မင်းနေရာ မဟာဂါမသို့ လာ၍ မင်းဟု- မိဖုရားဟု နှလုံးမထား ရှိခိုးလာတိုင်း “သုခီ ဟောတု မဟာရာဇ” ဟု မေတ္တာပို့ ဆုပေးလျက် ခုနစ်ရက် ကြာသဖြင့် ကုရဏ္ဍက မဟာလေဏသို့ ပြန်၍ ညဉ့်ယံအခါ စင်္ကြံသို့ တက်၏။ လိုဏ်ဝ ကံ့ကော်ပင်နေ ရုက္ခစိုး နတ်လည်း ဆီမီးတိုင် ကိုင်၍ ရပ်၏။ ထိုနေ့ သပ္ပါယကို ရသဖြင့် ကမ္မဋ္ဌာန်း အလွန် စင်ကြယ် ထင်ရှားရကား ဝမ်းပါးရွှင်ပျ မဇ္ဈိမယာမ်၏ အခြားမဲ့၌ မြေကြီးငလျင် တောင် အပြင်ကို ပဲ့တင်သံ ထပ်စေလျက် အရဟတ္တဖိုလ်သို့ ရောက်တော်မူလေသည်။

တသ္မာ အညောပိ အတ္ထကာမော ကုလပုတ္တော --

မက္ကဋောဝ အရညမှိ၊
ဝနေ ဘန္တော မိဂေါ ဝိယ။
ဗာလော ဝိယ စ ဥတြသ္တော၊
န ဘဝေ လောလလောစနော။

အဓော ခိပေယျ စက္ခူနိ၊
ယုဂမတ္တဒသော သိယာ။
ဝနမက္ကဋ လောလဿ၊
န စိတ္တဿ ဝသံ ဝဇေ။

ဝိသုဒ္ဓိမဂ်၊ အဋ္ဌကထာနုသာသနီ၊ပ၊ နှာ-၃၇။

တသ္မာ၊ ထို့ကြောင့်။
အတ္ထကာမော၊ အကျိုးကိုလိုသော။
အညောပိ ကုလပုတ္တော၊ တပါးသော အမျိုးကောင်းသားသည်လည်း။

အရညမှိ၊ တော၌။
မက္ကဋော ဣဝ၊ မျောက်ကဲ့သို့၎င်း။
ဝနေ၊ တော၌။
ဘန္တော၊ မတည်မရပ် လန့်ဖျပ်တုန်လှုပ်သော။
မိဂေါ ဝိယ၊ သမင်ကဲ့သို့၎င်း။
ဥတြသ္တော၊ မျိုးဆွေနှင့်ကင်း ကြောက်ခြင်းပြင်းသော။
ဗာလော ဝိယ စ၊ သူငယ်ကဲ့သို့၎င်း။
လောလလောစနော၊ လျှပ်ပေါ်လော်လည် မတည်ကြည်သော မျက်စိ ရှိသည်။
န ဘဝေ၊ မဖြစ်ရာ။

စက္ကူနိ၊ မျက်စိတို့ကို။
အဓော၊ အောက်သို့။
ခိပေယျ၊ ချရာ၏။
ယုဂမတ္တဒသော၊ လေးတောင်ပိုင်းခြား ရထားထမ်းပိုး တပြန်မျှသာ ကြည့်သည်။
သိယာ၊ ဖြစ်ရာ၏။
ဝနမက္ကဋ လောလဿ၊ တောမျောက်ပမည် လော်လည်သော။
စိတ္တဿ၊ စိတ်၏။
၀သံ၊ အလိုနိုင်ငံ သူ့အကြံသို့။
န ဝဇေ၊ မလိုက်ရာ။

---

မဟာမိတ္တထေရ်၏ထုံး

မဟာမိတ္တ မထေရ်လည်း အမိအား သားမြတ်နာ ဖြစ်ကြောင်းကို နှမ ဘိက္ခူနီမ လာရောက် လျှောက်ထားရာ “ငါ ဆေးဝါး မဖော်တတ်ချေ၊ ငါ၏ သစ္စာစကားကို ပြောဆို၍ အမိကိုယ်ကို လက်ဖြင့် သုံးသပ်လေလော”ဟု ဆို၍ --

လောဘသံယုတ္တ စိတ္တေန၊
ယတော ပဗ္ဗဇိတော အဟံ။
အနောလောကိတပုဗ္ဗောဝ၊
ထီရူပံ ဘိန္နဣန္ဒြိယော။

(ဝိသုဒ္ဓိမဂ်၊ ဋ္ဌ၊ပ၊ နှာ-၃၈)

အဟံ၊ ငါသည်။
ယတော၊ အကြင်အခါ၌။
ပဗ္ဗဇိတော၊ ရဟန်းပြု၏။
တတော၊ ထိုအခါမှစ၍။
လောဘသံယုတ္တစိတ္တေန၊ လောဘနှင့် ယှဉ်သောစိတ်ဖြင့်။
ဘိန္နဣန္ဒြိယော၊ ဣန္ဒြေကို ဖောက်လျက်။
ထီရူပံ၊ မိန်းမအဆင်းကို။
အနောလောကိတပုဗ္ဗောဝ၊ မကြည့်စဘူးသည်သာတည်း။

ဤ အဓိပ္ပါယ်ဖြင့် သစ္စာစကားကို ပေးလိုက်၏။ ထိုခဏ၌ ရေမြှုပ်ပမာ သားမြတ်နာသည် လျင်စွာ ပျောက်ကွယ်ကြေကျ ရုတ်ခြည်းထ၍ --

သစေ ဓရေယျ သမ္ဗုဒ္ဓေါ၊
ကသ္မာ ပုတ္တသမဿ မေ။
ဇာလစိတြေန ဟတ္ထေန၊
သိရသံ န ပရာမသေ။

ဟု-မြွက်ဟ ချီးမွမ်း၏။

သမ္ဗုဒ္ဓေါ၊ မြတ်ဘုရားသခင်သည်။
သစေ ဓရေယျ၊ အကယ်၍ သက်တော်ထင်ရှား ရှိငြားအံ့။
မေ၊ ငါ၏။
ပုတ္တသမဿ၊ သားနှင့်တူသော ရဟန်းမြတ်၏။
သိရသံ၊ ဦးခေါင်းကို။
ဇာလစိတြေန၊ တရာ့ရှစ်ကွက် ရွှေကွန်ရှက် သဖွယ် စက်လက္ခဏာ အသွယ်သွယ်တို့ဖြင့် ဆန်းကြယ်သော။
ဟတ္ထေန၊ ရွှေလက်တော်ဖြင့်။
ကသ္မာ၊ အဘယ့်ကြောင့်။
န ပရာမသေ၊ မသုံးသပ်ပဲ ရှိအံ့နည်း။

တသ္မာ --

ကုလပုတ္တမာနိ အညောပိ၊
ပဗ္ဗဇိတွာန သာသနေ။
မိတ္တတ္ထေရောဝ တိဋ္ဌေယျ၊
ဝရေ ဣန္ဒြိယသံဝရေ။

ဝိသုဒ္ဓိမဂ် အဋ္ဌကထာနုသာသနီ၊ပ၊နှာ-၃၈။

တသ္မာ၊ ထို့ကြောင့်။
ကုလပုတ္တမာနီ၊ “ငါ အမျိုးကောင်းသားတည်း”ဟု မှတ်ထင်သော။
အညောပိ၊ တပါးသော ပုဂ္ဂိုလ်သည်လည်း။
သာသနေ၊ သာသနာတော်၌။
ပဗ္ဗဇိတွာန၊ ရဟန်းပြုပြီး၍။
မိတ္တတ္ထေရောဝ၊ မဟာမိတ္တထေရ် ကဲ့သို့။
၀ရေ၊ မြတ်သော။
ဣန္ဒြိယသံဝရေ၊ ဣန္ဒြိယသံဝရသီလ၌။
တိဋ္ဌေယျ၊ တည်ရာ၏။

ဣန္ဒြိယသံဝရသီလ စောင့်ထိန်းပုံ ပြီး၏။

---

အာဇီဝပါရိသုဒ္ဓိသီလကို
ဝီရိယဖြင့် ပြည့်စုံစေပုံ

အာဇီဝပါရိသုဒ္ဓိသီလကို ဝီရိယဖြင့် --

အနေသနာယ စိတ္တမ္ပိ၊
အဇနေတွာ ဝိစက္ခဏော။
အာဇီဝံ ပရိသောဓေယျ
သဒ္ဓါပဗ္ဗဇိတော ယတိ။

ဝိစက္ခဏော၊ ပညာရှိသော။
သဒ္ဓါပဗ္ဗဇိတော၊ သဒ္ဓါ၍ရဟန်းပြုသော။
ယတိ၊ ရဟန်းသည်။
အနေသနာယ၊ မသင့်မအပ် မလျှောက်ပတ်သော ရှာမှီးခြင်း၌။
စိတ္တမ္ပိ၊ စိတ်ကိုမျှလည်း။
အဇနေတွာ၊ မဖြစ်စေမူ၍။
အာဇီဝံ၊ အသက်မွေးခြင်းကို။
ပရိသောဓေယျ၊ ထက်ဝန်းကျင်မှ သုတ်သင် ရှင်းလင်းရာ၏။

---

မှီဝဲထိုက်သောပစ္စည်း

ဝိသုဒ္ဓိမဂ်အဋ္ဌကထာ(ပ၊နှာ-၄၁-လာ)အနုသာသနီ စကားကို နှလုံးထား၍ ဓုတင်အား မလျှောက်ပတ် ဝိနည်းနှင့် မအပ်သည်ကို ပယ်ခွါ၊ ပရိသုဒ္ဓါသယဖြင့် ပြုအပ်သော ဓမ္မဒေသနာ ဗာဟုသစ္စ ဝတ္တပရိပူရဏ ဣရိယာပထသမ္ပတ္တိ စသည်တို့ကြောင့် ရသော ပရိသုဒ္ဓုပ္ပါဒပစ္စည်း။ ပိဏ္ဍပါတစရိယာ မိတ္တသုဟဇ္ဇ ပံသုကူလစရိယာ စသည်တို့ဖြင့် ရသော အတိပရိသုဒ္ဓုပ္ပါဒပစ္စည်း တို့ကို မှီဝဲကာ သာရိပုတြာမထေရ် အမ္ဗခါဒက မဟာတိဿ မထေရ်မြတ်တို့ပုံ ပြည့်စုံစေအပ်၏။

---

မအပ်သော
ပစ္စည်းရကြောင်း ၄ ပါး

ထိုတွင် ဆွမ်း၊ သင်္ကန်း၌ နိမိတ် ဩဘာ ပရိယာယ် ဝိညတ် လေးပါးလုံး မအပ်၊ ကျောင်း၌ကား ဝိညတ်သာ မအပ်၊

[ဝိညတ် = တိုက်ရိုက်အလှူခံ တောင်းဆိုခြင်း (နိမိတ်, ဩဘာသ ပရိယာယ်တို့မှာ စကား အရိပ် နိမိတ်ပြကာ သွယ်ဝိုက်သောနည်းဖြင့် အလှူခံခြင်းဖြစ်သည်)။]

တတ္ထ နိမိတ္တံ နာမ ဝိဟာရဘူမိသောဓနံ ကာရကော နတ္ထီတိ ဝစနဉ္စ။ ဩဘာသော နာမ ကိံ ဘိက္ခူနံ ပါသာဒေါ န ဝဋ္ဋတီဟိ ၀စနံ။ ပရိကထာ နာမ သေနာသနံ သမ္ဗာဓန္တိ ဝစနံ။

ဝိသုဒ္ဓိမဂ် ဋ္ဌ၊ပနှာ-၃၉။

---

နိမိတ္တ ရှင်းချက်အကျယ်

တတ္ထ၊ ထိုလေးပါးတို့တွင်။
နိမိတ္တံ နာမ၊ ပစ္စည်းရမှု သိကြောင်းပြုခြင်း မည်သည်ကား။
ဝိဟာရဘူမိသောဓနံ၊ ကျောင်းရာမြေ ပြင်ဆင်သုတ်သင်ခြင်း၎င်း။
ကာရကော၊ ဆောက်လုပ်မည့် ဒါယကာသည်။
နတ္ထိ၊ မရှိ။
ဣတိ ဝစနဉ္စ၊ ဤသို့ စသည်ကို ဆိုခြင်း၎င်းတည်း။

---

ဩဘာသ

သြဘာသောနာမ၊ အဖြောင့်မဆို အလိုကိုပြခြင်း မည်သည်ကား၊
ဘိက္ခူနံ၊ ရဟန်းတို့အား။
ပါသာဒေါ၊ ပြာသာဒ်သည်။
န ဝဋ္ဋတိ ကိံ၊ မအပ်လို့ မလှူပဲနေသလော။
ဣတိဝစနံ၊ ဤသို့သော စကားတည်း။

---

ပရိယာယ်

ပရိကထာနာမ၊ ပရိယာယ်ဆိုခြင်း မည်သည်ကား။
သေနာသနံ၊ အိပ်ရာ နေရာကျောင်းသည်။
သမ္ဗာဓံ၊ ကျဉ်းမြောင်း၏။
ဣတိဝစနံ၊ ဤသို့စသည်ကို ဆိုခြင်းတည်း။

ဆေး၌ကား လေးပါးလုံးပင် အပ်၏။ အနာပျောက်သည့်အခါ သုံးဆောင်လျှင် အာပတ် မသင့်၊ မိစ္ဆာဇီဝကား ဖြစ်၏။

သုတ္တန္တိကာ ပန ကိဉ္စာပိ အာပတ္တိ နတ္ထိ၊ အာဇီဝံ ပန ကောပေတိ၊ တသ္မာ န ဝဋ္ဋတိစ္စေဝ ဝဒန္တိ။

ဝိသုဒ္ဓိမဂ်အဋ္ဌကထာ၊ ပ၊ နှာ-၃၉။

န ဝဋ္ဋတီတိ သလ္လေခပ္ပဋိပတ္တိယံ ဌိတဿ န ဝဋ္ဋတိ၊ သလ္လေခံ ကောပေတီတိ အဓိပ္ပါယော၊ အာဇီဝံ ပန ကောပေတီတိ ဣမိနာဝ သေနာသနပ္ပဋိသံယုတ္တ ဓုတင်္ဂဓရဿ နိမိတ္တာဒယော န ဝဋ္ဋန္တီတိ ဝဒန္တိ။ တဒညဓုတင်္ဂ ဓရဿာပိန ဝဋ္ဋန္တိယေဝါတိ အပရေ။

ဝိသုဒ္ဓိမဂ် မဟာဋီကာ၊ နှာ-၆၉။

သုတ္တန္တိကာပန၊ သုတ္တန်ဆောင်ဆရာ တို့သည်ကား။
အာပတ္တိ၊ အာပတ်သည်။
ကိဉ္စာပိ နတ္ထိ၊ အကယ်၍ကား မရှိ။
ပန၊ ယင်းသို့ မရှိသော်လည်း။
အာဇီဝံ၊ သမ္မာအာဇီဝကို။
ကောပေတိ၊ ဖျက်ဆီး၏။
တသ္မာ၊ ထို့ကြောင့်။
နု ဝဋ္ဋတိ၊ မအပ်။
ဣတိဧ၀၊ ဤသို့သာလျှင်။
၀ဒန္တိ၊ ဆိုကြကုန်၏။

န ဝဋ္ဋတီတိ၊ ဟူသည်ကား။
သလ္လေခပ္ပဋိပတ္တိယံ၊ သလ္လခအကျင့်၌။
ဌိတဿ၊ တည်သူအား။
န ဝဋ္ဋတိ၊ မအပ်။
သလ္လေခံ၊ ကိလေသာကို ပါးစေတတ်သော သမ္မာအာဇီဝအကျင့်ကို။
ကောပေတိ၊ ပျက်စေတတ်၏။
ဣတိအယံ၊ ဤသည်ကား။
အဓိပ္ပါယော၊ သုတ္တန်ဆောင်ဆရာတို့ အလိုတည်း။

အာဇီဝံ ပန ကောပေတီတိ ဣမိနာဝ၊ ဟူသော ဆေး၌လာသော ဤစကား ဖြင့်လျှင်။
သေနာသနပ္ပဋိသံယုတ္တ ဓုတင်္ဂဓရဿ၊ ကျောင်းနှင့်စပ်သော ဓုတင်ငါးပါးကို ဆောင် သူအား။
နိမိတ္တာဒယော ၊ နိမိတ်စသည်တို့သည်။
ဝါ၊ နိမိတ် စသည်ကိုပြု၍ ရသော ကျောင်းတို့သည်။
န ဝဋ္ဋန္တိ၊ မအပ်ကုန်။
ဣတိ၊ ဤသို့။
၀ဒန္တိ၊ ဆိုကုန်၏။
တဒညဓုတင်္ဂဓရဿာ ပိ၊ ထိုမှအခြား ဓုတင်ရှစ်ပါးကို ဆောင်သော ပုဂ္ဂိုလ်အားလည်း။
န ဝဋ္ဋန္တိယေဝ၊ မအပ်ကုန်သည်သာတည်း။
ဣတိ၊ ဤသို့။
အပရေ၊ တပါးသော ဆရာတို့သည်။
၀ဒန္တိ၊ ဆိုကုန်၏။

---

အာဇီဝပါရိသုဒ္ဓိသီလနှင့်
အရှင်သာရိပုတြာ၏ ထုံး

တခုတည်းသော ရောဂါ ပျောက်စေခြင်းငှါ ပုတိဟရီဋက [၁] စတုမဓုတို့ကို ရလျှင် စတုမဓုကို သီတင်းသုံးတော်တို့အား လှူ၍ နွားကျင်စိမ်နှီး ဖန်ခါးသီးကိုသာ သုံးဆောင် လျက် ဘုရားခွင့်ပြုတော်မူအပ်သော နိမိတ် ဩဘာ စသည်ကိုသော်လည်း မပြုပဲ အပ္ပိစ္ဆတာ စသော ကျေးဇူးကိုသာ မှီလျက် အသက်ပင် သေစေကာ ဩဘာ စသည်ကို ကြဉ်ရှောင်၍သာလျှင် စင်ကြယ်ဖြစ်သော ပစ္စည်းကို မှီဝဲသော ရဟန်းကိုကား သာရိပုတြာ ထေရ်မြတ်ပမာ ဥတ္တမ အရိဝံသီက [၂] ပရမသလ္လေခဝုတ္တိ [၃] ဟု ဆိုအပ်၏။

[၁။ ပုတိဟရီဋက = နွားကျင်ငယ်ရည်ဖြင့် စိမ်ထုံအပ်သည့် ဖန်ခါးသီး။

၂။ ဥတ္တမ အရိယဝံသိက = (ဥတ္တမအရိယ၊ဝံသ၊ဣက) မြင့်မြတ်သော အရိယာအနွယ် ရှိသူ၊ မြင့်မြတ်သော အကျင့်ရှိသူ၊ မြင့်မြတ်သော အကျင့်၌ အမြဲယှဉ်သူ။

၃။ ပရမသလ္လေခဝုတ္တိ = အလွန်ခေါင်းပါးသော အကျင့်ရှိသူ။ (ပရမ = အလွန် သလ္လေခ = ခေါင်းပါးသော။ ဝုတ္တိ = အကျင့် အလေ့ အသက်မွေးခြင်း)]

သာရိပုတြာထေရ်မြတ်သည် အရဟတ္တဖလ ပဋိပဿဒ္ဓိ ဝိဝေက (=ဖလသမာပတ်) ကို ပွါးစေလျက် အသျှင်မောဂ္ဂလာန်နှင့် တကွ အရညာယတန၌ နေရာ ဝမ်းလေနာ နှိပ်စက်၍ လျောင်းလျက်နေသည်ကို ထေရ်မောဂ္ဂလာန် မေးသည်နှင့် ရှေးလူစဉ်က အမိပေး အပ်သော ထောပတ် ပျားသကာ စသည်တို့နှင့် နှော၍ ရေမရောသော ကဏှာ [၁] နို့ဆွမ်းဖြင့် ချမ်းသာဘူးသည်ဟု ပြောသော စကားကို စင်္ကြံစွန်းနေ ရုက္ခစိုးနတ် ကြား၍ ထေရုပဋ္ဌာကဇေဋ္ဌပုတ္တ [၂] ကို ပူးဝင်ကာ ကဏှာ နို့ဆွမ်းကို လှူဒါန်းအောင်ပြုသည်ကို မထေရ်မြတ် သိ၍ “အပရိဘောဂါရဟော ပိဏ္ဍပါတော[၃] ဟု မိန့်လျှင် ရှင်မောဂ္ဂလာန် သွန်မှောက် မြေသို့ရောက်ခြင်း ဝမ်းလေနာသည် လေးဆဲ့လေးဝါတိုင်အောင် နောင်တဖန် မပေါ်ပေါက် အကြွင်းမဲ့ ကွယ်ပျောက်၍ အသျှင်မောဂ္ဂလာန်ကို အကြောင်းပြန်ပြောလျက် ---

[၁။ ကဏှာ = နွားနက်မ (နွားနက်မ၏ နို့သည် အခြားနွားနို့များထက် ပို၍ ချိုဆိမ့်သည်ဟု ဆိုသည်။)

၂။ ထေရုပဋ္ဌာက ဇေဋ္ဌ ပုတ္တ = (ထေရ၊ ဥပဌာက၊ ဇေဋ္ဌပုတ္တ) အရှင်သာရိပုတ္တရာထေရ်၏ အလုပ်အကျွေးဒါယကာ၏ သားကြီး။

၃။ အပရိဘောဂါရဟ ပိဏ္ဍပါတ = (အ = မ၊ ပရိဘောဂ = သုံးဆောင်သည်။ အရဟ = ထိုက်သော။ ပိဏ္ဍပါတ = ဆွမ်းအာဟာရ) မသုံးဆောင်ထိုက်သော အာဟာရ (ပိဏ္ဍပါတ ပုဒ်၏ အဖွင့်ကို ဝိသုဒ္ဓိမဂ်၊ဋ္ဌ၊ပ၊ နှာ ၃၀-၌ ရှုပါ)။]

ဝစီဝိညတ္တိဝိပ္ဖါရာ၊
ဥပ္ပန္နံ မဓုပါယာသံ။
သစေ ဘုတ္တော ဘဝေယျာ'ဟံ၊
သာဇီဝေါ ဂရဟိတော မမ။

ယဒိပိ မေ အန္တဂုဏံ၊
နိက္ခမိတွာ ဗဟိစ္စရေ။
နေဝ ဘိန္ဒေယျ မာဇီဝံ၊
စဇမာနောပိ ဇီဝိတံ။

အာရာဓေမိ သကံ စိတ္တံ၊
ဝိဝဇ္ဇေမိ အနေသနံ။
နာ'ဟံ ဗုဒ္ဓပဋိကုဋ္ဌံ၊
ကာဟာမိ စ အနေသနံ။

(ဝိသုဒ္ဓိမဂ်၊ဋ္ဌ၊ပ၊နှာ-၄၀)

ဟူသော ဥဒါန်း သုံးဂါထာတို့ကို မြွက်ဆိုကျူးရင့်တော်မူ၏။

အဟံ၊ ငါသည်။
ဝစီဝိညတ္တိဝိပ္ဖါရာ၊ နှုတ်မြွက်ခြင်းကြောင့်။
ဥပ္ပန္နံ၊ ရသော။
မဓုပါယာသံ၊ ချိုမြိန်လှ နို့ ကဏှာကို။
ဘုတ္တော၊ စားမိသည်။
သစေ ဘဝေယျ၊ အကယ်၍ ဖြစ်အံ့။
မမ၊ ငါ၏။
အာဇီဝေါ၊ အသက်မွေးခြင်းသည်။
ဂရဟိတော၊ ကဲ့ရဲ့အပ်သည်။
အဿ၊ ဖြစ်ရာတော့မည်။

မေ၊ ငါ၏၊
အန္တဂုဏံ၊ အူခွေသည်။
နိက္ခမိတွာ၊ ထွက်၍။
ဗဟိ၊ ပြင်ပ၌။
ယဒိပိ စရေ၊ ကျက်စားရအောင် သွားလာ လှည့်ပတ်စေကာမူ။
ဇီဝိတံ၊ အသက်ကို။
စဇမာနောပိ၊ စွန့်ရသော်လည်း။
အာဇီဝံ၊ အာဇီဝပါရိသုဒ္ဓိသီလကို။
နေဝ ဘိန္ဒေယျံ၊ မဖျက်ဆီးအံ့သည်သာ။

သကံ စိတ္တံ၊ မိမိစိတ်ကို။
အာရာဓေမိ၊ အရင်းမှစ၍ အလို၌ ဖြစ်စေအံ့။
အနေသနံ၊ မသင့်သော ရှာမှီးခြင်းကို။
ဝိဝဇ္ဇေမိ၊ အထူးရှောင်ကြဉ်အံ့။
အဟံ၊ ငါသည်။
ဗုဒ္ဓပဋိကုဋ္ဌံ၊ ဘုရားစက်ဆုပ်တော်မူအပ်သော။
အနေသနံ၊ မသင့်သော ရှာမှီးခြင်းကို။
န ကာဟာမိ စ၊ မပြုအံ့သည်သာတည်း။

---

အာဇီဝပါရိသုဒ္ဓိသီလနှင့်
မဟာတိဿထေရ်၏ထုံး

အမ္မခါဒက မဟာတိဿ ထေရ်မြတ်လည်း ခရီးလမ်း၌ ဆွမ်းပြတ် ပင်ပန်းလှ၍ ဖလိတမ္မရုက္ခမူလ၌ ကျောင်းနေရာ တကာအိုကြီး တယောက် လာပြီးလျှင် သရက်သီး အဖျော်ကို ကပ်၍ ကျောက်ကုန်းပိုးလျက် နေရပ်သို့ ဆောင်ကြဉ်းရာ --

န ပိတာ နာပိ တေ မာတာ၊
န ဉာတိ နာပိ ဗန္ဓဝေါ။
ကရောတေ တာာဒိသံ ကိစ္စံ၊
သီလဝန္တဿ ကာရဏာ။

ဟု ကိုယ်တော်ကို ဆုံးမကာ ဝိပဿနာကို ပွါးလျက် အစဉ်အတိုင်း တက်၍ အရဟတ္တဖိုလ် သို့ ရောက်တော်မူလေသည်။

အာဇီဝပါရိသုဒ္ဓိသီလ စောင့်ထိန်းပုံ ပြီး၏။

…..

ပစ္စယသန္နိဿိတသီလကို
စောင့်ထိန်းပုံ

ပစ္စယသန္နိဿိတသီလကို ဘာဂိနေယျ [၁] သံဃရက္ခိတ သာမဏေ အသွင် ပညာဖြင့် ဆင်ခြင်၍ ဓမ္မေနုပ္ပန္နပစ္စယတို့ကို သုံးဆောင်လျက် ပြီးစေရမည်။

---

ကာလ ၂-ပါး

ထိုသို့ ဆင်ခြင်ခြင်းသည် ပဋိလာဘကာလ, ပရိဘောဂကာလ[၂] အားဖြင့် နှစ်ပါး ပြား၏။ ထိုတွင် --

[၁။ ဘာဂိနေယျ = နှမ၏သား (သံဃရက္ခိတထေရ်၏တူ)။

၂။ ပဋိလာဘ ကာလ = ရသောကာလ၊

ပရိဘောဂ ကာလ = သုံးဆောင်ကာလ]

ပဋိလာဘကာလ၌ ....

ပဋိလာဘကာလေပိ ဟိ ဓာတုဝသေန ဝါ ပဋိကူလဝသေန ဝါ ပစ္စဝေက္ခိတွာ ဌပိတာနိ စီဝရာဒီနိ တတော ဥတ္တရိံ ပရိဘုဉ္ဇန္တဿ အနဝဇ္ဇော၀ ပရိဘောဂေါ၊ ပရိဘောဂကာလေပိ။

ဟူသောအဋ္ဌကထာ (ပ၊နှာ-၄၁) ဝယ် ရစ ကာလ ဆင်ခြင်က နောင်ဆင်ခြင်ဘွယ် မရှိဟု အဓိပ္ပါယ် အယူ တိမ်းတတ်သည်။

'ဓာတုဝသေန ဝါ' တိ “ယထာပစ္စယံ ဝတ္တမာနံ ဓာတုမတ္တက မေဝေတံ၊ ယဒိဒံ စီဝရာဒိ တဒုပဘုဉ္ဇကော စ ပုဂ္ဂလော" တိ ဧဝံ ဓာတု မနသိကာရဝသေန ဝါ။ 'ပဋိကူလဝသေန ဝါ' တိ ပိဏ္ဍပါတော တာဝ အာဟာရေ ပဋိကူလသညာဝသေန၊ “သဗ္ဗာနိ ပန ဣမာနိ စီဝရာဒီနိ အဇိဂုစ္ဆနီယာနိ၊ ဣမံ ပူတိကာယံ ပတွာ အတိဝိယ ဇိဂုစ္ဆနီယာနိ ဇာယန္တီ”တိ ဧဝံ ပဋိကူလမနသိကာရဝသေန ဝါ။ 'တတော ဥတ္တရိ'န္တိ ပဋိလာဘကာလတော ဥပရိ။ 'အနဝဇ္ဇောဝ ပရိဘောဂေါ' အာဒိတောဝ ပညာယ ပရိသောဓိတတ္တာ အဓိဋ္ဌဟိတွာ ဌပိတပတ္တစီဝရာနံ ဝိယာတိ။ ပစ္စဝေက္ခဏာယ အာဒိသုဒ္ဓိဒဿနပရမေတံ၊ န ပရိဘောဂကာလေ ပစ္စဝေက္ခဏ ပဋိက္ခေပပရံ။ တေနာဟ ‘ပရိဘောဂကာလေပီ’ တိအာဒိံ။

ဤသို့ မဟာဋီကာ (ပ၊နှာ-၇၁၂) ဖွင့်ရကား ရစ ကာလ၌သာ ဆင်ခြင်၍ သုံးဆောင်သနေ့၌ မဆင်ခြင်မူ အာဒိသုဒ္ဓိ အစွမ်းဖြင့် အပြစ်မရှိ။ ပရိဘောဂသုဒ္ဓိ မရှိရကား ဣဏပရိဘောဂ မလွတ် မှတ်ရမည်။ အဋ္ဌကထာ နောက်စကားကိုလည်း ထောက်။ ဆေး ပစ္စည်းကိုလည်း ထောက်။

ဟိ၊ ချဲ့ဦးအံ့။
ပဋိလာဘကာလေပိ၊ ရသောကာလ၌လည်း။
ဓာတု၀သေန ဝါ၊ ဓာတ်၏ အစွမ်းဖြင့်သော်၎င်း။
ပဋိကူလဝသေန ဝါ၊ ရွံရှာစက်ဆုပ်ဖွယ် အဖြစ်ဖြင့်သော်၎င်း။
ပစ္စဝေက္ခိတွာ၊ ဆင်ခြင်၍။
ဌပိတာနိ၊ ထားအပ်ကုန်သော။
စီဝရာဒီနိ၊ သင်္ကန်း စသည်တို့ကို။
တတော ဥတ္တရိံ ၊ ထိုရသည်မှ နောက်၌။
ပရိဘုဉ္ဇန္တဿ၊ သုံးဆောင်သော ရဟန်း၏၊
ပရိဘောဂေါ၊ သုံးဆောင်ခြင်းသည်။
အနဝဇ္ဇော၀၊ ရှေ့ပြစ်အားဖြင့် အပြစ်မရှိသည်သာတည်း။
(နောက်ပြစ်လည်း မရှိအောင်ကား သုံးဆောင်သောအခါ ဆင်ခြင် ဟူလို)

ပရိဘောဂ ကာလေပိ၊ သုံးဆောင်သော ကာလ၌လည်း၊
ပစ္စဝေက္ခိတွာ၊ ဆင်ခြင်၍။
ပရိဘုဉ္ဇန္တဿ၊ သုံးဆောင်သော ရဟန်း၏။
ပရိဘောဂေါ၊ သုံးဆောင်ခြင်းသည်။
အနဝဇ္ဇော၀၊ ပရိဘောဂသုဒ္ဓိဖြစ်၍ ဣဏဂရိဘောဂမဖြစ် အပြစ်မရှိ သည်သာတည်း။ ။ |

ဓာတုဝသေန ဝါတိ၊ ဟူသည်ကား။
ယထာပစ္စယံ၊ အကြောင်းအားလျော်စွာ။
ဝတ္တမာနံ၊ ဖြစ်ပေါ်လာသော။
ယဒိဒံ ယံ ဣဒံ စီဝရာဒိ၊ အကြင် သင်္ကန်းစသော ဝတ္ထုသည်။
အတ္ထိ၊ ရှိ၏။
ဧတံ၊ ထိုသင်္ကန်းစသောဝတ္ထုသည်။
ဓာတုမတ္တကံ၊ သတ္တ ဇီဝါ ငါ သူတပါး လားလား မဟုတ် ဓာတ်ရုပ် အစုမျှသာတည်း။
တဒုပဘုဉ္ဇကော၊ ထိုသင်္ကန်းစသည်ကို သုံးဆောင်သော။
ပုဂ္ဂလော စ၊ ပုဂ္ဂိုလ်သည်လည်း။
ဓာတုမတ္တကော၊ ဓာတ်ရုပ်အစုမျှသာတည်း။
ဣတိဧဝံ၊ ဤသို့။
ဓာတုမနသိကာရဝသေန ဝါ၊ မဟာဘုတ်လေးခု ဓာတ်အစုကို နှလုံးပြုသည်၏အစွမ်း ဖြင့်သော်၎င်း။

ပဋိကူလဝသေန ဝါတိ၊ ဟူသည်ကား။
ပိဏ္ဍပါတော၊ ဆွမ်းကို။
တာဝ၊ ရှေးဦးစွာ။
အာဟာရေ၊ အာဟာရ၌။
ပဋိကူလသညာဝသေန၊ စက်ဆုပ်ဖွယ် ဟူသော အမှတ်သညာ၏ အစွမ်းအားဖြင့်။
သဗ္ဗာနိပန၊ ပစ္စည်းလေးပါးလုံး တို့ကိုကား။
ဣမာနိ စီဝရာဒီနိ၊ ဤသင်္ကန်း စသည်တို့သည်။
အဇိဂုစ္ဆနီယာနိ၊ ပကတိအားဖြင့် စက်ဆုပ်ဘွယ် မရှိကုန်။
ဝါ၊ မရှိကုန်သော။
ဣမာနိ စီဝရာဒီနိ၊ ဤ သင်္ကန်းစသည်တို့သည်။
ဣမံ ပူတိကာယံ၊ ဤခန္ဓာကိုယ်ယုတ် အကောင်ပုပ်သို့။
ပတွာ၊ ရောက်သည်ရှိသော်။
ဝါ၊ ရောက်သောကြောင့်။
အတိဝိယ ဇိဂုစ္ဆနီယာနိ၊ အလွန်လျှင် စက်ဆုပ် ရွံရှာ ထွီဘွယ်ရာ ရှိကုန်သည်။
ဇာယန္တိ၊ ဖြစ်ချေကုန်၏တကား။
ဣတိဧဝံ၊ ဤသို့။
ပဋိကူလမနသိကာရဝသေန ဝါ၊ စက်ဆုပ်ရွံရှာ ထွီဘွယ်ရာအစုကို နှလုံးပြုသည်၏ အစွမ်းဖြင့်သော်၎င်း၊

တတော ဥတ္တရိန္တိ၊ ဟူသည်ကား။
ပဋိလာဘ ကာလတော၊ ရသောကာလမှ။
ဥပရိ၊ အထက်သုံးဆောင်သည့် ကာလ၌။
အာဒိတော၀၊ ရစ ကပင်။
ပညာယ၊ ပညာဖြင့်။
ပရိသောဓိတတ္တာ၊ တဏှာမဝင်ရအောင် ထက်ဝန်းကျင် သုတ်သင်အပ် ပြီးသည်၏ အဖြစ်ကြောင့်။
အနဝဇ္ဇောဝ၊ အစပြစ်အားဖြင့် အပြစ်မရှိသည် သာလျှင် ဖြစ်သော။
ပရိဘောဂေါ၊ သုံးဆောင်ခြင်းသည်။
ဟောတိ၊ ဖြစ်၏။
အဓိဋ္ဌဟိတွာ၊ အဓိဋ္ဌာန်တင်၍။
ဌပိတပတ္တစီဝရာနံ၊ ထားအပ်သော သပိတ်သင်္ကန်းတို့ကို။
ပရိဘောဂေါ ဝိယ၊ သုံးဆောင်သကဲ့သို့တည်း။
ဣတိ၊ ဤသို့။
ဧတံ၊ ဤ “အနဝဇ္ဇောဝ ပရိဘောဂေါ” အဆုံးရှိသော စကားသည်။
ပစ္စဝေက္ခဏာယ၊ ပစ္စဝေက္ခဏာပညာ၏။
အာဒိသုဒ္ဓိဒဿနပရံ၊ အစ စင်ကြယ်ခြင်းကို ပြခြင်းသာ ပြဓာန်းသော စကားတည်း။
ပရိဘောဂကာလေ၊ သုံးဆောင်ရာကာလ၌။
ပစ္စဝေက္ခဏ ပဋိက္ခေပပရံ၊ ဆင်ခြင်ရမည်ကို ပယ်ခြင်း ပြဓာန်းသောစကားသည်။
၊ မဟုတ်။
တေန၊ ထို့ကြောင့်။
ပရိဘောဂကာလေပီတိအာဒိံ၊ ပရိဘောဂကာလေပိ- စသောစကားကို။
အာဟ၊ မိန့်ပြီ။

---

သုံးဆောင်ခြင်း ပရိဘောဂ ၄-မျိုး

ထိုပရိဘောဂအခါ ဆင်ခြင်ရာ၌ သန္နိဋ္ဌာန်ကျ ဝိနိစ္ဆယကား - ပရိဘောဂသည်---

  1. ထေယျပရိဘောဂ
  2. ဣဏပရိဘောဂ
  3. ဒါယဇ္ဇပရိဘောဂ
  4. သာမိပရိဘောဂ အားဖြင့် ပါးအပြား ရှိ၏။

---

ထေယျပရိဘောဂ

ထိုတွင် ဒုဿီလ ပုဂ္ဂိုလ်၏ သုံးဆောင်ခြင်းသည် ထေယျပရိဘောဂ မည်၏။

[ထေယျ ပရိဘောဂ = ခိုးယူသုံးဆောင်ခြင်း (သူ၏ အဖြစ်ဖြင့် သုံးဆောင်ခြင်း)
[ထေယျ = ခိုးသူအဖြစ်]။]

---

ဣဏပရိဘောဂ

သီလဝန္တ ပုဂ္ဂိုလ်၏ ပစ္စဝေက္ခဏာ မဆင်ခြင်ပဲ သုံးဆောင်ခြင်းသည် ဣဏပရိဘောဂ မည်၏။

[ဣဏပရိဘောဂ = (ဣဏ = အကြွေး၊ ကြွေးမြီ) ကြွေးမြီယူ၍ သုံးဆောင်ခြင်း။]

ထို့ကြောင့် --

စီဝရံ ပရိဘောဂေ ပရိဘောဂေ ပစ္စဝေက္ခိတဗ္ဗံ၊ ပိဏ္ဍပါတော အာလောပေ အာလောပေ၊ တထာ အသက္ကောန္တေန ပုရေဘတ္တ ပစ္ဆာဘတ္တ, ပုရိမယာမ ပစ္ဆိမယာမေသု။ သစဿ အပစ္စဝက္ခတောဝ အရုဏံ ဥဂ္ဂစ္ဆတိ၊ ဣဏပရိဘောဂဋ္ဌာနေ တိဋ္ဌတိ။ သေနာသနမ္ပိ ပရိဘောဂေ ပရိဘောဂေ ပစ္စဝေက္ခိတဗ္ဗံ။ ဘေသဇ္ဇဿ ပဋိဂ္ဂဟဏေပိ ပရိဘောဂေပိ သတိပစ္စယတာဝ ဝဋ္ဋတိ။ ဧဝံသန္တေပိ ပဋိဂ္ဂဟဏေ သတိံ ကတွာ ပရိဘောဂေ အကရောန္တဿေ၀ အာပတ္တိ၊ ပဋိဂ္ဂဟဏေ ပန သတိံ အကတွာ ပရိဘောဂေ ကရောန္တဿ အနာပတ္တိ။

ဟု ဝိသုဒ္ဓိမဂ် (ဋ္ဌ၊ပ၊နှာ-၄၁) လာတိုင်း ဆင်ခြင်ရမည်။

---

ပစ္စဝေက္ခဏာ
ဆင်ခြင်သင့်သောအခါ

စီဝရံ၊ သင်္ကန်းကို။
ပရိဘောဂေ ပရိဘောဂေ၊ ကိုယ်က လွှတ်၍ ဝတ်တိုင်း ရုံတိုင်း၌။
ပစ္စဝေက္ခိတဗ္ဗံ၊ ဆင်ခြင်အပ်၏။
(ကာယတော မောစေတွာ ပရိဘောဂေ ပရိဘောဂေ။ မဟာဋီကာ ၊ပ၊နှာ-၇၂)

(ကိုယ်ကလွှတ်၍ = သင်္ကန်းကို ကိုယ်နှင့်မထိအောင် ချီဖြန့်ကာ ဝတ်ရုံတိုင်း ဆင်ခြင်ရ မည်ဟူလို။)

ပိဏ္ဍပါတော၊ ဆွမ်းကို။
အာလောပေ အာလောပေ၊ အလုတ်တိုင်း အလုတ်တိုင်း၌။
ပစ္စဝေက္ခိတဗ္ဗော၊ ဆင်ခြင်အပ်၏။

တထာ၊ ထိုအခြင်းအရာဖြင့်။
အသက္ကောန္တေန၊ မစွမ်းနိုင်သူသည်။
ပုရေဘတ္တ။ပ။ ပစ္ဆိမယာမေသု၊ နံနက် ညချမ်း ညဉ့်ဦး မိုးသောက်အခါတို့၌။
ပစ္စဝေက္ခိတဗ္ဗော၊ ဆင်ခြင်အပ်၏။

(တထာ အသက္ကောန္တေန ယထာ ဝုတ္တကာလ ဝိသေသဝသေန ဧက ဒိဝသေ စတုက္ခတ္တုံ တိက္ခတ္တုံ ဒွိက္ခတ္တုံ သကိံ ယေဝ ဝါ ပစ္စဝေက္ခိတဗ္ဗံ။ မဟာဋီကာ၊ ပ၊နှာ-၇၂)

ဤဋီကာပါဌ်၌ အခေါက်ကို ဆိုသည်ဟု မှတ်တတ်သည်။ အခါ အကြိမ်ကိုသာ ဆိုသည်။ အခေါက်မှာ မိမိ ရည်မှတ်သည့် အကျိုးကို တတ်အားသမျှပင် ဆင်ခြင်ရမည်။ နွေကာလ စသည်၌ သီတပဋိဃာတ စသည်ကို မရနိုင်သောကြောင့် တပုဒ်လုံးကို သိမ်းရုံး၍ အကုန် ဆင်ခြင်ရမည် မဟုတ်ဟူ၍ မှတ်လေ။

အဿ၊ ထိုရဟန်း၏။
အပစ္စဝေက္ခတောဧဝ၊ မဆင်ခြင်စဉ်သာလျှင်။
အရုဏံ၊ နေအရုဏ်သည်။
သစေ ဥဂ္ဂစ္ဆတိ၊ အကယ်၍တက်လာအံ့။
ဣဏပရိဘောဂဋ္ဌာနေ၊ ကြွေးမြီယူ၍ သုံးဆောင်သည့်အရာ၌။
တိဋ္ဌတိ၊ တည်၏။

(ဣဏဝသေန ပရိဘောဂေါ ဣဏပရိဘောဂေါ။ ပဋိဂ္ဂါဟကတော ဒက္ခိဏဝိသုဒ္ဓိယာ အဘာဝတော ဣဏံ ဂဟေတွာ ပရိဘောဂေါ ဝိယာတိ အတ္ထော။ မဟာဋီကာ၊ပ၊ နှာ-၇၂)

သေနာသနမ္ပိ၊ ကျောင်းအိပ်ရာ နေရာကိုလည်း။
ပရိဘောဂေ ပရိဘောဂေ၊ ပရိဘောဂါဓိပ္ပါယဖြင့် ဝင်တိုင်း ဝင်တိုင်း။
ပစ္စဝေက္ခိတဗ္ဗံ၊ ဆင်ခြင်အပ်၏။

(ပရိဘောဂေ ပရိဘောဂေတိ ပဝေသေ ပဝေသေ။ မဟာဋီကာ၊ပ၊ နှာ-၇၂)။

ဘေသဇ္ဇဿ၊ ဆေးကို။
ပဋိဂ္ဂဟဏေပိ၊ အကပ်ခံခြင်း၌၎င်း။
ပရိဘောဂေပိ၊ သုံးဆောင်ခြင်း၌၎င်း။
သတိပစ္စယတာဝ၊ ဂေလညဟူသော ပစ္စဝေက္ခဏသတိ၏ အကြောင်းရှိခြင်းသာလျှင်။
ဝဋ္ဋတိ၊ အပ်၏။

---

အပြစ်အဆုံးအဖြတ်

ဧဝံသန္တေပိ၊ ဤသို့ ကာလနှစ်ရပ်၌ ဆင်ခြင်အပ်သော်လည်း။
ပဋိဂ္ဂဟဏေ၊ ခံယူခြင်း၌။
သတိံ၊ သတိကို။
ကတွာ၊ ပြု၍။
ပရိဘောဂေ၊ သုံးဆောင်ခြင်း၌။
အကရောန္တဿေ၀၊ မပြုသူ အားသာလျှင်။
အာပတ္တိ၊ သန္နိဓိဒုက္ကဋ် ဝိကာလဒုက္ကဋ် အာပတ်သည်။
ဟောတိ၊ ဖြစ်၏။
ပဋိဂ္ဂဟဏေ ပန၊ ခံယူရာ၌ကား။
သတိံ၊ သတိကို။
အကတွာ၊ မပြုမူ၍။
ပရိဘောဂေ၊ သုံးဆောင်ခြင်း၌။
ကရောန္တဿ၊ ပြုသူအား။
အနာပတ္တိ၊ အာပတ် မသင့်။

---

ဒါယဇ္ဇပရိဘောဂ

သေက္ခပုဂ္ဂိုလ် ခုနစ်ယောက်တို့၏ သုံးဆောင်ခြင်းသည် ဒါယဇ္ဇပရိဘောဂမည်၏။

[ဒါယဇ္ဇ = အမွေခံ။ ပရိဘောဂ = သုံးဆောင်ခြင်း (ဘုရားသားတော်အဖြစ် သာသနာကို အဓွန့်ရှည်အောင် လက်ခံသိမ်းပိုက်ထားသည့် အမွေခံအဖြစ်ဖြင့် သုံးဆောင်ခြင်း)]

---

သာမိပရိဘောဂ

ရဟန္တာပုဂ္ဂိုလ်၏ သုံးဆောင်ခြင်းသည် သာမိပရိဘောဂ မည်၏။

[သာမိ = အရှင်၊ ပရိဘောဂ = သုံးဆောင်ခြင်း (တဏှာ စသော ကိလေသာတို့ကို တော်လှန် ပယ်ဖျက်၍ ကိလေသာ၏ ကျွန်ဘဝမှ လွတ်မြောက်သဖြင့် ကိလေသာတို့၏ အရှင်သခင်အဖြစ်ဖြင့် သုံးဆောင်ခြင်း)]

ထိုလေးပါးတို့တွင် ဒါယဇ္ဇ သာမိ ပရိဘောဂနှစ်ပါးသည် ဥပစာအားဖြင့် ပုထုဇဉ်တို့ အားလည်း အပ်၏။

---

သီးခြားအာနဏျ ပရိဘောဂမည်ပုံ

သီလဝန္တ အန္ဓပုထုဇဉ် ကလျာဏပုထုဇဉ်တို့၏ ပစ္စဝေက္ခိတ ပရိဘောဂသည် အာနဏျပရိဘောဂ မည်၏။ ဝါ၊ ဒါယဇ္ဇပရိဘောဂ၌ ဝင်၏၊

(အာနဏျ = ကြွေးမြီမတင်ခြင်း)

ဣဏပရိဘောဂဿ ပစ္စနီကတ္တာ အာနဏျပရိဘောဂေါ ဝါ ဟောတိ။ ဒါယဇ္ဇပရိဘောဂေယေဝ ဝါ သင်္ဂဟံ ဂစ္ဆတိ။ ဝိသုဒ္ဓိမဂ်၊ဋ္ဌ၊ပ၊ နှာ-၄၂။

ပစ္စနီကတ္တာတိ ယထာ ဣဏာယိကော အတ္တနော ရုစိယာ ဣစ္ဆိတဒေသံ ဂန္တုံ န လဗ္ဘတိ၊ ဧဝံ ဣဏပရိဘောဂယုတ္တော လောကတော နိဿရိတုံ န လဗ္ဘတီတိ တပ္ပဋိပက္ခတ္တာ သီလဝတော ပစ္စဝေက္ခိတ ပရိဘောဂေါ အာနဏျပရိဘောဂေါတိ အာဟ အာနဏျပရိဘောဂေါ ဝါ'တိ။ ဧတေန နိပ္ပရိယာယတော စတုပရိဘောဂဝိနိမုတ္တော ဝိသုံယေဝါယံ ပရိဘောဂေါတိ ဒဿေတိ။ မဟာဋီကာ၊ပ၊ နှာ-၇၄။ (အနက်ထင်ပြီ)။

'တထာ အသက္ကောန္တေန' စသော အစီအရင်ကို ဆွမ်း၌သာ လာသော်လည်း “ပဋိသင်္ခါ ယောနိသော စီဝရံ ပဋိသေဝတိ” စသည်ဖြင့် ဝတ္တမာန်ဝိဘတ်ဖြင့် အတူတူချည်းသာ လာသောကြောင့် ပစ္စည်းလေးပါးလုံး၌ပင် ရသင့်၏။

ဆေးပစ္စည်း၌လည်း ရှေးနေ့ အကပ်ခံပြီးသော ဆေးကို သုံးဆောင်ဆဲအခါ မဆင်ခြင်မူ သန္နိဓိဒုက္ကဋ် ဝိကာလဒုက္ကဋ် အာပတ် သင့်သည်ဖြစ်၍ ပါတိမောက္ခသံဝရ သီလသာ ပျက်သေးသည်၊ ပစ္စယ သန္နိဿိတသီလ မပျက်သေး။ ယင်းသီလ လုံခြုံအောင် အရုဏ် မတက်ခင် “တထာ အသက္ကောန္တေန” စသော အစီအရင်ဖြင့် ဆင်ခြင်ရဦးမည်။

တေသွ'ဂ္ဂေါ သာမိဘောဂေါဝ၊
ဘိက္ခုနာ တံ တ'မိစ္ဆတာ။
ဘာဉ္ဇတာ ပစ္စဝေက္ခိတွာ၊
ဟောတဗ္ဗံ ကိစ္စကာရိနာ။

အဋ္ဌကထာသင်္ဂဟ။

တေသု၊ ထိုပရိဘောဂ လေးပါးတို့တွင်။
သာမိဘောဂေါဝ၊ သာမိပရိဘောဂ သည်သာလျှင်။
အဂ္ဂေါ၊ အမြတ်ဆုံးတည်း။
တံ တသ္မာ၊ ထို့ကြောင့်။
တံ၊ ထိုသာမိပရိဘောဂကို။
ဣစ္ဆတာ၊ အလိုရှိသော။
ဘိက္ခုနာ၊ ရဟန်းသည်။
ပစ္စဝေက္ခိတွာ၊ ဆင်ခြင်၍။
ဘာဉ္ဇတာ၊ သုံးဆောင်လျက်။
ကိစ္စကာရိနာ၊ ပဋိညာနုရူပ သင့်လျော်သော ကိစ္စကို ပြုလေ့ရှိသည်။
ဟောတဗ္ဗံ၊ ဖြစ်ရာ၏။

ယင်း ကိစ္စကာရီ အဖြစ်ကို --

ပိဏ္ဍံ ဝိဟာရံ သယနာသနဉ္စ၊
အာပဉ္စ သံဃာဋိ ရဇပ္ပဝါဟဏံ။
သုတွာန ဓမ္မံ သုဂတေန ဒေသိတံ၊
သင်္ခါယ သေဝေ ဝရပညသာဝကော။

ဝါရိ ပေါက္ခရပတ္တေဝ၊
ဝဏာလေပနရူဟဏံ။
အနုပလိတ္တော ဘုဉ္ဇေယျ၊
မတ္တညူ နိစ္စု’ပဋ္ဌိတော။

ကန္တာရေ ပုတ္တမံသံဝ၊
အက္ခဿဗ္ဘဉ္ဇနံ ယထာ။
ဧဝ’မာဟရေယျာ ́ဟာရံ၊
ယာပနတ္ထမမုစ္ဆိတော။

ဟူသော သုတ်ပုဒ်ဖြင့် သိအပ်၏။

ဝရပညသာဝကော၊ မြတ်စွာဘုရား တပည့်ဖြစ်သော သေက္ခ ပုထုဇန်သည်။
သုဂတေန၊ ဘုရားရှင်သည်။
ဒေသိတံ၊ ဟောတော်မူအပ်သော။
ဓမ္မံ၊ “ပဋိသင်္ခါ ယောနိသော ပိဏ္ဍပါတံ ပဋိသေ၀တိ”စသော တရားတော်ကို။
သုတွာန၊ ကြားနာရ၍။
ပိဏ္ဍံ၊ ဆွမ်းကို၎င်း။
ဝိဟာရံ သယနာသနဉ္စ၊ ကျောင်း အိပ်ယာ နေရာကို၎င်း။
သံဃာဋိ ရဇပ္ပဝါဟဏံ၊ သင်္ကန်း၌ မြူကိုဆောင်ယူ လျှော်မြှောနိုင်သော။
အာပဉ္စ၊ သောက်ရေကို အဦးတပ်၍ ပြအပ်သော ဆေးပစ္စည်းကို၎င်း။
သင်္ခါယ၊ ‘ယာဝဒေ၀ ဣမဿ ကာယဿ ဌိတိယာ’ စသည်ဖြင့် ဆင်ခြင်၍။
သေဝေ၊ မှီဝဲနိုင်စွမ်းရာ၏။

('ပိပါသာ ဂေလညဿ ဝူပသမနတော ပါနီယမ္ပိ ဂိလာနပစ္စယော'တိ အာပမုခေန ဒဿိတံ ဂိလာနပစ္စယံ။ မဟာဋီကာ ၊ပ၊နှာ ၇၄။)

ဤသို့ ကျမ်းဂန် လာသောကြောင့် ရေကိုလည်း ပစ္စဝေက္ခဏာ ဆင်ခြင်၍ သောက်ချိုး ရမည် ဟူကြ၏။

ပေါက္ခရပတ္တေ၊ ကြာဖက်၌။
ဝါရိဣဝ၊ ရေပေါက်ကဲ့သို့၎င်း။
၀ဏာလေပန ရူဟဏံဣဝ၊ အမာကို ဆေးလိမ်းကျံလျက် အသားနု တက်စေခြင်း ကဲ့သို့၎င်း။
မတ္တညူ၊ ရှာခြင်း-ခံခြင်း-သုံးဆောင်ခြင်း၌ အတိုင်းအရှည်ကို သိသည်ဖြစ်၍။
နိစ္စုပဋ္ဌိတော၊ အမြဲလျှင် ထင်မြင်သော သတိရှိသည်ဖြစ်၍။
အနူပ လိတ္တော၊ တဏှာဟန်ဖြင့် လိမ်းကျံကပ်ငြိ မရှိပဲ။
ဘုဉ္ဇေယျ၊ သုံးဆောင်ရာ၏၊

ကန္တာရေ၊ ရေစာပါးနဲ ခရီးခဲ၌။
ပုတ္တမံသံ ဣဝ၊ သား၏ အသားကို ကဲ့သို့၎င်း။
အက္ခဿ၊ ရထားဝင်ရိုးကို။
အဗ္ဘဉ္ဇနံ ယထာ၊ ဆွတ်သောဆီ ကဲ့သို့၎င်း။
ဧဝံ တထာ၊ ထို့အတူ။
ယာပနတ္ထံ၊ စတုဘူတိက ကိုယ်ကာယ၏ မျှတခြင်းအကျိုးငှါ။
အမုစ္ဆိတော၊ တဏှာမွှေ၍ တွေဝေ မက်မောခြင်းမရှိပဲ။
အာဟာရံ၊ အာဟာရကို။
အာဟရေယျ၊ သုံးဆောင်ရာ၏။

သံဃရက္ခိတ သာမဏေ၏ထုံး

ဤပစ္စယသန္နိဿိတသီလကို ဖြည့်ရာ၌--

ဥပဇ္ဈာယော မံ ဘုဉ္ဇမာနံ
သာလိကူရံ သုနိဗ္ဗုတံ
မာ ဟေဝ တွံ သာမဏေရ
ဇိဝှံ ဈာပေသိ အသညတော

ဥပဇ္ဈာယဿ ဝစော သုတွာ
သံဝေဂ'မလဘိံ တဒါ
ဧကာသနေ နိသီဒိတွာ
အရဟတ္တမပါပုဏိံ

သော'ဟံ ပရိပုဏ္ဏသင်္ကပ္ပေါ
စန္ဒော ပန္နရသော ယထာ
သဗ္ဗာသဝပရိက္ခီဏော
နတ္ထိ ဒါနိ ပုနဗ္ဘဝေါ

ဟူ၍ လာသော ဘာဂိနေယျ သံဃရက္ခိတ သာမဏေ၏ ပုံစံကို နည်းခံ၍ ဖြည့်ကျင့်ရာ၏။

သုနိဗ္ဗုတံ၊ အလွန်အေးပြီးသော။
သာလိကူရံ၊ သလေးဆွမ်းကို။
ဘုဉ္ဇမာနံ၊ စား၍နေသော။
မံ၊ ငါ့ကို။
ဥပဇ္ဈာယော၊ မဟာသံဃရက္ခိတ နာမတွင်သီး ဦးရီးဆရာသည်။
သာမဏေရ၊ သာမဏေ။
တွံ၊ သင်သည်။
အသညတော၊ မဆင်မခြင် စားလျက်။
ဇိဝှံ၊ လျှာကို။
မာဟေဝ ဈာပေသိ၊ မလောင်စေလင့်။
ဣတိ ဩ၀ဒိ၊ ဤသို့ ဆုံးမပြီ။

ဥပဇ္ဈာယဿ၊ ဥပဇ္ဈာယ်၏။
ဝစော၊ စကားကို။
သုတွာ၊ ကြားရ၍။
တဒါ၊ ထိုအခါ၌။
သံဝေဂံ၊ ထိတ်လန့်ခြင်းကို။
အလဘိံ၊ ရပြီ။
ဧကာသနေ၊ တနေရာတည်း၌။
နိသီဒိတွာ၊ ထိုင်၍။
အရဟတ္တံ၊ ရဟန္တာအဖြစ်သို့။
အပါပုဏိံ၊ ရောက်ရပေပြီ။

သော အဟံ၊ ထိုငါသည်။
ပန္နရသော၊ တဆဲ့ငါးရက် တက်၍ထွန်းသော။
စန္ဒော ယထာ၊ လပြည့်ဝန်းကဲ့သို့။
သဗ္ဗာသဝပရိက္ခီဏော၊ အာသဝေါလုံးစုံ ကြွင်းမဲ့ကုန်သည်ဖြစ်၍။
ပရိပုဏ္ဏသင်္ကပ္ပေါ၊ ပြည့်စုံသော အကြံအစည်ရှိသည်။
အမှိ၊ ဖြစ်ရပေပြီ။
ဒါနိ၊ ယခုအခါ၌။
ပုနဗ္ဘဝေါ၊ တဖန် ဘဝသစ်၌ ဖြစ်ခြင်းသည်။
နတ္ထိ၊ မရှိပေပြီ။

တသ္မာ အညောပိ ဒုက္ခဿ
ပတ္ထယန္တော ပရိက္ခယံ
ယောနိသော ပစ္စဝေက္ခိတွာ
ပဋိသေဝေထ ပစ္စယေ

ဝိသုဒ္ဓိအဋ္ဌကထာနုသာသနီ၊ပ၊ နှာ-၄၃။

တသ္မာ၊ ထိုသို့ ပစ္စည်းလေးတန်ကို ဉာဏ်ဖြင့် ဆင်ခြင်၍ သုံးဆောင်လျှင် နှောင်အိမ် ညွှတ်ကွင်း သံချိုင့်တွင်းက လွတ်ကင်းထွက်မြောက် နိဗ္ဗာန်ရောက်ခြင်း အကျိုးရှိသော ကြောင့်။
ဒုက္ခဿ၊ ဝဋ်ဆင်းရဲ၏။
ပရိက္ခယံ၊ ကုန်ခန်းခြင်းကို။
ပတ္ထယန္တော၊ တောင့်တသော။
အညောပိ၊ သံဃရက္ခိတ သာမဏေမှ တပါးသော အမျိုးကောင်းသား သည်လည်း။
ယောနိသော၊ သင့်သော အကြောင်းအားဖြင့်။
ပစ္စဝေက္ခိတွာ၊ ပညာဖြင့် ဆင်ခြင် သိမြင်၍။
ပစ္စယေ၊ ပစ္စည်းလေးပါးတို့ကို။
ပဋိသေဝေထ၊ မှီဝဲသုံးဆောင်ရာ၏။

(“ပဋိသေဝေထ၌“ထ”ကား “သမ္ဘိရေ၀ သမာသေထ၊ သမ္ဘိ ကုဗ္ဗေထ သန္ဓဝံ”ဟူသော ဓမ္မပဒ၌ကဲ့သို့ သတ္တမီ အတ္တနောပုဒ် နာမယောဂ ပထမ ပုရိသ် ဧကဝုစ် ‘ဧထ’ ဝိဘတ်တည်း၊ ဗဟုဝုစ် “ထ”ဝိဘတ် မှတ်၍ အနက်ပေး မှားကြသည် များစွာ၏)။

သုဒ္ဓိလေးပါး

ဤ ဆိုအပ်ခဲ့ပြီးသော ပါတိမောက္ခသံဝရ စသော စတုပါရိသုဒ္ဓိသီလသည်ပင်လျှင် --

ဒေသနာသံဝရ ဧဋ္ဌိ-
ပစ္စဝေက္ခဏဘေဒတော
သုဒ္ဓီ စတုဗ္ဗိဓာ ဝုတ္တာ
ဗုဒ္ဓေနာ'ဒိစ္စဗန္ဓုနာ

ဟူ၍ သုဒ္ဓိလေးပါးအဖြစ်ဖြင့် လာ၏။

ဒေသနာ သံဝရ ဧဋ္ဌိ ပစ္စဝေက္ခဏဘေဒတော၊ ဒေသနာသုဒ္ဓိ သံဝရသုဒ္ဓိ ပရိယေဋ္ဌိသုဒ္ဓိ ပစ္စဝေက္ခဏသုဒ္ဓိ အပြားအားဖြင့်။
သုဒ္ဓီ၊ စင်ကြယ်ကြောင်း သုဒ္ဓိတို့ကို။
စတုဗ္ဗိဓာ၊ လေးပါးအပြား ရှိကုန်၏ဟူ၍။
ဝါ၊ လေးပါးအပြားရှိကုန်သော။
သုဒ္ဓီ၊ စင်ကြယ်ကြောင်း တို့ကို။
အာဒိစ္စဗန္ဓုနာ၊ နေမင်း၏အဆွေဖြစ်တော်မူသော။
ဝါ၊ နေနတ်နွယ်စစ် ဖြစ်တော်မူသော။
ဗုဒ္ဓေန၊ ဘုရားရှင်သည်။
ဝုတ္တာ၊ ဟောတော်မူအပ်ကုန်ပြီ။

သုဇ္ဈတိ ဧတာယာတိ သုဒ္ဓိ၊ ယထာဓမ္မံ ဒေသနာ၀ သုဒ္ဓိ ဒေသနာသုဒ္ဓိ။
အဓိဋ္ဌာနဝိသိဋ္ဌော သံဝရော၀ သုဒ္ဓိ သံဝရသုဒ္ဓိ
ဓမ္မေန သမေန ပစ္စယာနံ ပရိယေဋ္ဌိ ဧဝ သုဒ္ဓိ ပရိယေဋ္ဌိသုဒ္ဓိ
စတူသု ပစ္စယေသု ဝုတ္တဝိဓိနာ ပစ္စဝေက္ခဏာဝ သုဒ္ဓိ ပစ္စဝေက္ခဏသုဒ္ဓိ
ဧသ တာဝ သုဒ္ဓီသု သမာသနယော။ သုဒ္ဓိမန္တေသု ပန ဒေသနာ သုဒ္ဓိ ဧတဿာတိ ဒေသနာသုဒ္ဓိ။ ဧဝံ သေသေသုပိ။

မဟာဋီကာ၊ပ၊နှာ-၇၃။

ဒေသနာသုဒ္ဓိ

ဧတာယ၊ ဤပြောဆိုခြင်းဖြင့်။
သုဇ္ဈတိ၊ အာပတ်မှ စင်ကြယ်၏။
ဣတိတသ္မာ၊ ထို့ကြောင့်။
သုဒ္ဓိ၊ သုဒ္ဓိ မည်၏။
ယထာဓမ္မံ၊ ဓမ္မ ဝိနယအားလျော်စွာ။
ဒေသနာ၀၊ လူထွက်ခြင်း ဝုဋ္ဌာနပြုခြင်း ဒေသနာပြောခြင်းသည်ပင်လျှင်။
သုဒ္ဓိ၊ စင်ကြယ်ကြောင်းတည်း။
ဒေသနာသုဒ္ဓိ၊ ဒေသနာသည်ပင်လျှင် စင်ကြယ်ခြင်း၊
(စာဂေါ ယော ဘိက္ခုဘာဝဿ၊ သာ ပါရာဇိကဒေသနာ (ခုဒ္ဒသိက္ခာ) လာသည်ကိုရှု၊ ဝုဋ္ဌာနဂါမ်ကိုလည်း ဒေသနာဂါမ်၌ သင်္ဂြိုဟ်)။

သံဝရသုဒ္ဓိ

အဓိဋ္ဌာနဝိသိဋ္ဌော၊ “န ပုနေဝံ ကရိဿာမိ' ဟု စိတ်ကို ဆောက်တည်ခြင်းဖြင့် အထူးပြု အပ်သော။
သံဝရောဝ၊ စက္ခုဒွါရစသည်ဖြင့် အကုသိုလ်စိတ်ကို ဆို့ပိတ်စောင့်စည်းခြင်း သတိသည် ပင်လျှင်။
သုဒ္ဓိ၊ စင်ကြယ်ခြင်းတည်း။
သံဝရသုဒ္ဓိ၊ သတိသည်ပင်လျှင် စင်ကြယ်ကြောင်း။

ပရိယေဋ္ဌိ သုဒ္ဓိ

ဓမ္မေန၊ တရားနှင့်။
သမေန၊ ညီညွတ်သဖြင့်။
ပစ္စယာနံ၊ ပစ္စည်းလေးပါးတို့ကို။
ပရိယေဋ္ဌိဧ၀၊ ရှာဖွေခြင်း ဝီရိယသည်ပင်လျှင်။
သုဒ္ဓိ၊ စင်ကြယ်ကြောင်းတည်း။
ပရိယေဋ္ဌိသုဒ္ဓိ၊ စင်ကြယ်ကြောင်းဖြစ်သော ရှာခြင်းလုံ့လ။

ပစ္စဝေက္ခဏသုဒ္ဓိ

စတူသု ပစ္စယေသု၊ လေးပါးသော ပစ္စည်းတို့၌။
ဝုတ္တဝိဓိနာ၊ “ပဋိသင်္ခါ ယောနိသော” စသော ဟောတော်မူတိုင်းသော အစီအရင်ဖြင့်။
ပစ္စဝေက္ခဏာ၀၊ အဖန်ဖန်သက်ဝင်၍ ဆင်ခြင်သော ပညာသည်ပင်လျှင်။
သုဒ္ဓိ၊ စင်ကြယ်ကြောင်းတည်း။
ပစ္စဝေက္ခဏသုဒ္ဓိ၊ စင်ကြယ်ကြောင်း ဖြစ်သော ဆင်ခြင်ခြင်း။

ဧသ ဧသော၊ ဤနည်းကား။
တာဝ၊ ရှေးဦးစွာသော။
သုဒ္ဓီသု၊ သုဒ္ဓိလေးပါးတို့၌။
သမာသနယော၊ သမာသ်တွဲနည်းတည်း။
သုဒ္ဓိမန္တေသု ပန၊ စတုပါရိသုဒ္ဓိ ရှိသော ပုဂ္ဂိုလ်တို့၌ကား။
ဧတဿ၊ ထိုပုဂ္ဂိုလ်အား။
သုဒ္ဓိ၊ စင်ကြယ်ကြောင်း ဖြစ်သော။
ဒေသနာ၊ ပြောဆိုခြင်းသည်၊
အတ္ထိ၊ ရှိ၏။
ဣတိ၊ ထို့ကြောင့်။
သော၊ ထိုပုဂ္ဂိုလ်သည်။
ဒေသနာသုဒ္ဓိ၊ ဒေသနာသုဒ္ဓိ မည်၏။
သေသေသုပိ၊ ကြွင်းသော သုံးပုဒ်တို့၌လည်း၊
ဧဝံ၊ ဤနည်းအတူတည်း။

"သီလေ ပတိဋ္ဌာယ နရော သပညော" စသော ဂါထာ၌ "သီလေ" ပုဒ်၏ အရ သီလဝိသုဒ္ဓိကို ပြဆိုရာ သီလအခန်း ပြီး၏။

ဓုတင်္ဂဝိနိစ္ဆယ

သီလကိုလွန်ကဲစွာ စင်ကြယ်စေမှု

ဤသို့ ပြဆိုအပ်ခဲ့သော စတုပါရိသုဒ္ဓိသီလ မတ္တ၌ တည်ပြီးသော ယောဂီပုဂ္ဂိုလ်သည် ထို စတုပါရိသုဒ္ဓိသီလ၏ ပါပိစ္ဆတာ စသော ကိလေသာ အညစ်အကြေး ကင်းသဖြင့် အထူး အချွန် အလွန် စင်ကြယ်ခြင်း ဓုတင်ကျင့်ဝတ်၏ ပြည့်စုံခြင်း အကျိုးငှါ --

အပ္ပိစ္ဆတာ စ သန္တုဋ္ဌိ
သလ္လေခေါ ပဝိဝေကတာ
ဝီရိယာရမ္ဘာ'ပစယော
သုဘရတ္တ'ပ္ပကိစ္စတာ
သလ္လဟု' စ္စာဒေါဒကေဟိ၊< ဓောတံ သီလံ သုနိမ္မလံ

အပ္ပိစ္ဆတာ စ၊ အလိုနည်းခြင်း၎င်း။
သန္တုဋ္ဌိ၊ ကောင်းစွာပြွမ်းငြိ ထင်ရှားရှိသည့် မိမိပစ္စည်းဖြင့် ရောင့်ရဲခြင်း၎င်း။
သလ္လေခေါ၊ ကိလေသာကို ကောင်းစွာ ခြစ်ဖြတ် ပါးလျှပ်အောင်ပြုခြင်း၎င်း။
ပဝိဝေကတာ၊ စိတ္တဝိဝေက၏ အကြောင်း တောကျောင်း စသော ဝိဝေကဌာန၌ နေခြင်း၎င်း။
ဝီရိယာရမ္ဘော၊ သမ္မပ္ပဓာန ဝီရိယကို နေ့ညမယုတ် အားထုတ်ခြင်း၎င်း။
အပစယော၊ ကိလေသာကို ပယ်ခွါ ဖျက်ဆီးခြင်း၎င်း။
သုဘရတ္တံ၊ ဒါယကာတို့ ချမ်းသာကိုးကွယ် လုပ်ကျွေးလွယ်ခြင်း၎င်း။
အပ္ပ ကိစ္စတာ၊ လွင်ဗာဟိရ ကိစ္စနည်းပါးခြင်း၎င်း။
သလ္လဟု၊ မခဲမယဉ်း ပေါ့ပါးသော အသက်မွေးခြင်း ဟူသော သလ္လဟုကဝုတ္တိဂုဏ်၎င်း။
ဣစ္ဆာဒိ ဥဒကေဟိ၊ ဤသို့စသည် ရေကြည်အထူး ဂုဏ်ကျေးဇူးတို့ဖြင့်။
ဓောတံ၊ ဆေးကြော လျှော်ဖွပ်အပ်သော။
သီလံ၊ စတုပါရိသုဒ္ဓိသီလသည်။
သုနိမ္မလံ၊ သရဒအခါ ယုန်စန္ဒာကဲ့သို့ လွန်စွာသန့်ရှင်း ညစ်ကြေးကင်းသည်၊။
ဟောတိ၊ ဖြစ်၏။

အရိယဝံသ တရား ၃-ပါး ၄-ပါး

ဤသို့ကျမ်းလာ အပ္ပိစ္ဆတာ စသော ကျေးဇူးဂုဏ်ကို လွန်စွာ ပြည့်စုံစေတတ်သော “စီဝရေ ပိဏ္ဍပါတေ သေနာသနေ သလ္လေခတာ [၁] ဟူသော အရိယဝံသတရား သုံးပါး၌ တည်လျက် သမထ ဝိပသာနာ၌ မွေ့လျော်ခြင်း “ဘာဝနာရာမတာ [၂] ဟူသော စတုတ္ထ အရိယဝံသတရားကို ရကြောင်း ရောက်ကြောင်းဖြစ်သော ကိုယ့်အသက်၌ ငဲ့ကွက်မညှာ လောကာမိသ [၃] ကို အလေးမပြု သုံးလူ့ညွှတ်ကွင်း နှောင်ချိုင့်တွင်းမှ ဆောလျင်စွာ လွတ်ကင်း ထွက်မြောက်ခြင်းကိုသာ လွန်မင်းစွာ လိုလား နိဗ္ဗာနာနုလောမ ပဋိပဒါ [၄] ကိုသာ လွန်စွာကြိုးစား အားထုတ်လိုကုန်သော အာစာရကုလပုတ္တ ဓမ္မဒါယာဒ ပုဂ္ဂိုလ် တို့အား ဘုရားသဗ္ဗညူ ခွင့်ပြုတော်မူအပ်သော --

[၁။ သင်္ကန်း၌၎င်း ဆွမ်း၌၎င်း ကျောင်း၌၎င်း ခေါင်းပါးသည့် အဖြစ်
၂။ ဘာဝနာ၌ မွေ့လျော်ခြင်း ရှိသူ၏ အဖြစ်။
၃။ လောကာမိသ= (လောက = လောက၌ အကျုံးဝင်သော တရား + အာမိသ = သုံးသပ် အပ်သော) = လောက၌ အကျုံးဝင်သော တဏှာဖြင့် သုံးသပ်အပ်သော လောကီ တရားများ၊
၄။ နိဗ္ဗာန်ကိုရခြင်း အားလျော်သော ဘာဝနာ အကျင့်။]

ဓုတင်မည်ပုံနှင့် လက္ခဏာစသည်

ဓုတဿ'င်္ဂါတိ ဓုတင်္ဂါ
ဓုတာနိ ကာရဏာနိ ဝါ
ဉာဏံ အင်္ဂံ ယေသန္တိ ဝါ
တေသံ အာဒါနစေတနာ

လောလုပ္ပ ဝိဒ္ဓံသနဉ္စ
ဝီတလောလုပ္ပတာပိ စ
အပ္ပိစ္ဆတာဒိဓမ္မာတိ
ဉာတဗ္ဗာ လက္ခဏာဒယော

( ဝိသုဒ္ဓိမဂ် ဋ္ဌ၊ ပ၊ နှာ-၅၉)

ဓုတင်မည်ပုံ

ဓုတဿ၊ တဏှု’ပါဒါန်စ ပါပကကို တဒင်္ဂအား ပယ်ရှား တွန်းသတ် ဖျက်ဆီးတတ်သော ရဟန်း၏။
အင်္ဂါ၊ အကြောင်းတို့တည်း။
ဣတိ၊ ထို့ကြောင့်။
ဓုတင်္ဂါ၊ ဓုတင်မည်ကုန်၏။
ဝါ၊ တနည်းကား။
ဓုတာနိ၊ သီလစသော သမ္မာပဋိပတ်၏ ဆန့်ကျင်ဘက်ကို ဖျက်ဆီးတတ်ကုန်သော။
ကရဏာနိ၊ သမ္မာပဋိပတ်၏ အကြောင်းတို့တည်း။
ဝါ၊ တနည်းကား။
ယေသံ၊ “သမာဒါနစေတနာ” ဟူသော အကြင်ဓုတင်တို့အား။
ဉာဏံ၊ ပုဗ္ဗင်္ဂမဉာဏ်ဟူသော။
အင်္ဂံ၊ အကြောင်းသည်။
အတ္ထိ၊ ရှိ၏။
ဣတိ၊ ထို့ကြောင့်။
ဓုတင်္ဂါ၊ ဓုတင်မည်ကုန်၏။

ဓုတင်၏ ဓမ္မဝဝတ္ထာန် ၄-ပါး

တေသံ၊ ထိုသမာဒါနစေတနာဟူသော ဓုတင်တို့၏။
အာဒါနစေတနာ၊ ဆောက်တည်ကြောင်း စေတနာ၎င်း။

(သမာဒါန စေတနာယ ဂဟဏံ တံမူလကတ္တာ ပရိဟရဏစေတနာပိ ဓုတင်္ဂမေဝ။ မဟာဋီကာ၊ပ၊ နှာ-၉ဝ)

သမာဒါန စေတနာ၊ ဆောက်တည်မှု စေတနာကို။
ဂဟဏံ၊ ယူခြင်းသည်။
တံမူလကတ္တာ၊ ထိုစေတနာလျှင် အကြောင်းရင်းရှိသည့် အဖြစ်ကြောင့်တည်း။
ပရိဟရဏစေတနာပိ၊ ကျင့်ဆောင်သော စေတနာသည်လည်း။
ဓုတင်္ဂမေဝ၊ ဓုတင်မည်သည်သာတည်း။

ဝီတ လောလုပ္ပ ဝိဒ္ဓံသနဉ္စ၊ တဏှာဟူသော လော်လည်ခြင်းကို ဖျက်ဆီးခြင်း၎င်း။

ဝီတ လောလုပ္ပတာပိ စ၊ ကင်းသော လျှပ်ပေါ်လော်လည်ခြင်းရှိသော အဖြစ်၎င်း၊

အပ္ပိစ္ဆတာဒိဓမ္မာ၊ အလိုနည်းခြင်းစသော အရိယဓမ္မတို့၎င်း။

ဣတိ ဣမေ လက္ခဏာဒယော၊ ဤလက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်တို့ကို။
ဉာတဗ္ဗာ၊ အစဉ်အတိုင်း သိအပ်ကုန်၏။

ဓုတင် ၁၃-ပါး

ဤသို့သော ၀စနတ္ထ လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်ရှိသော ပံ-တိ-ပိဏ်-သပ်၊ ဧ-ပတ်-ခ-အာ၊ ရှက်-အဗ်-သာ၊ ယထာ-နေ-ဆဲ့သုံး”ဟူသော ဓုတင်တဆဲ့သုံးပါး တို့ကို စွမ်းပကား ရှိသမျှ ဆောက်တည်ရာသည်။

အဆုံးအဖြတ် ၇-မျိုး

ဓုတင်တဆဲ့သုံးပါးတို့ကို --

သမာဒါနာ ဝိဓာနာ စ
ပဘေဒါ စာ'နိသံသတော
ဓုတာဒိဘာဂါ သမာသာ
ဗျာသတော စာပိ နိစ္ဆယာ

သမာဒါနာ၊ ဆောက်တည်ခြင်းအားဖြင့်၎င်း။
ဝိဓာနာ စ၊ အစီအရင်အားဖြင့်၎င်း။
ပဘေဒါ စ၊ ဓုတင်အပြား ပျက်ခြင်းအားဖြင့်၎င်း၊
(ပဘေဒေါ စ ဘေဒေါ စ ပဘေဒေါ ဟု-ဧကသိက်ပြု)
အာနိသံသတော၊ အကျိုးအားဖြင့်၎င်း။
ဓုတာဒီဘာဂါ၊ ဓုတ ဓုတဝါဒ ဓုတဓမ္မ ဓုဘင်္ဂ ဓုတင်္ဂသပ္ပါယတို့ကို ဝေဖန်သော အားဖြင့်၎င်း။
သမာသာ၊ အကျဉ်းအားဖြင့်၎င်း။
ဗျာသတော စာပိ၊ အကျယ်အားဖြင့်၎င်း။
နိစ္ဆယာ၊ ဆုံးဖြတ်အပ်ကုန်၏။

ထိုခုနစ်ပါးတို့တွင်—

ဓုတင် ၁၃-ပါး ဆောက်တည်ပုံ

သမာဒါနအားဖြင့် --

(၁) “ဂဟပတိဒါနစီဝရံ ပဋိက္ခိပါမိ၊ ပံသုကူလိကင်္ဂံ သမာဒိယာမိ”၊ ဤ နှစ်ပုဒ်တွင် တပုဒ် ပုဒ်ဖြင့်ပင် ဆောက်တည်အပ်၏၊ ဣမေသု ဒွီသု ဝစနေသု အညတရေန သမာဒိန္နံ ဟောတိ။ ဝိသုဒ္ဓိ အဋ္ဌကထာ ၊ပနှာ-၆၀၊ (ပံ)

ထို့အတူ --

(၂) စတုတ္ထကစီဝရံ ပဋိက္ခိပါမိ၊ တေစီဝရိကင်္ဂံ သမာဒိယာမိ။ (တိ)

(၃) အတိရေက လာဘံ ပဋိက္ခိပါမိ၊ ပိဏ္ဍပါတိကင်္ဂံ သမာဒိယာမိ။ (ပိဏ်)

(၄) လောလုပ္ပစာရံ ပဋိက္ခိပါမိ၊ သပဒါနစာရိကင်္ဂံ သမာဒိယာမိ၊ (သပ်)

(၅) နာနာသနဘောဇနံ ပဋိက္ခိပါမိ၊ ဧကာသနိကင်္ဂံ သမာဒိယာမိ (ဧ)

(၆) ဒုတိယကဘာဇနံ ပဋိက္ခိပ္ပါမိ၊ ပတ္တပိဏ္ဍိကင်္ဂံ သမာဒိယာမိ (ပတ်)

(၇) အတိရိတ္တဘောဇနံ ပဋိက္ခိပ္ပါမိ၊ခလုပစ္ဆာဘတ္တိကင်္ဂံ သမာဒိယာမိ။ (ခ)

(၈) ဂါမန္တသေနာသနံ ပဋိက္ခိပါမိ၊ အာရညိကင်္ဂံ သမာဒိယာမိ။ (အာ)

(၉) ဆန္နံ ပဋိက္ခိပါမိ။ ရုက္ခမူလိကင်္ဂံ သမာဒိယာမိ။ (ရုက်)

(၁၀) ဆန္နဉ္စ ရုက္ခမူလဉ္စ ပဋိက္ခိပါမိ၊ အဗ္ဘောကာသိကင်္ဂံ သမာဒိယာမိ။ (အဗ်)

(၁၁) န သုသာနံ ပဋိက္ခိပါမိ၊ သောသာနိကင်္ဂံ သမာဒိယာမိ (သာ)

(၁၂) သေနာသနလောလုပ္ပံ ပဋိက္ခိပါမိ၊ ယထာသန္ထတိကင်္ဂံ သမာဒိယာမိ။ (ယထာ)

(၁၃) သေယျံ ပဋိက္ခိပါမိ၊ နေသဇ္ဇိကင်္ဂံ သမာဒိယာမိ။ (နေ)

ဤသို့ ဆောက်တည်အပ်၏။

စေတီ ရုပ်ပွါး ဆရာသမား သတင်းသုံးဘော်များထံ ဖြစ်စေ စေတီယတောင်နေ ဒွေဘာတိက မထေရ်တို့တွင် ဇေဋ္ဌဘာတု မထေရ်ကဲ့သို့ မိမိဘာသာဖြစ်စေ ဆောက်တည် ကောင်း၏။

အနက်ကား ---

(၁) ပံသုကူသင်္ကန်း

ဂဟပတိဒါနစီဝရံ၊ လက်ရောက်ဒါယကာ လှူလာသော သင်္ကန်းကို။
ပဋိက္ခိပါမိ၊ မသုံးမခံ ပယ်လှန်ပါ၏။

(ဒါယကဘာဝေန သမဏာပိ ဥက္ကဋ္ဌဿ ဂဟပတိပက္ခံယေဝ ပဝိဋ္ဌာ။ မဟာဋီကာ၊ပ၊ နှာ-၉၁)။

ဒါယကဘာဝေန၊ ပေးလှူတတ်သည်၏ အဖြစ်ဖြင့်။
သမဏာပိ၊ ရဟန်းတို့သည်လည်း။
ဥက္ကဋ္ဌဿ၊ ဥက္ကဋ္ဌဓုတင်ဆောင်ရဟန်း၏။
ဂဟပတိပက္ခံယေ၀၊ အလှူဒါယကာ အဖြစ်သို့သာလင်။
ပဝိဋ္ဌာ၊ အကျုံး၀င်ကုန်၏၊

ပံသုကူလိကင်္ဂံ၊ မြေပုံမှာလွှား, မြေမှုန့်အလားနှယ် စက်ဆုပ်ဖွယ်သို့ ရောက်သော သင်္ကန်း ကို ဆောင်ခြင်း အလေ့ရှိသောပုဂ္ဂိုလ်၏ အကြောင်းအင်္ဂါ သမာဒါနစေတနာကို။
သမာဒိယာမိ၊ ကောင်းစွာယူပါ၏၊ ဆောက်တည်ပါ၏။

(၂) တိစီဝရိက်ဓုတင်

စတုတ္ထကစီဝရံ၊ ဝတ်လောက်ရုံလောက် လေးထည်မြောက် သင်္ကန်းကို။
ပဋိက္ခိပါမိ၊ ပစ်ပယ်ပါ၏။

[စတုတ္ထကစီဝရန္တိ နိဝါသန ပါရုပနူပဂံ စတုတ္ထကစီဝရန္တိ အဓိပ္ပါယော) အံသကာသာဝဿ အပဋိက္ခိပိတဗ္ဗတော။ (မဟာဋီကာ၊ပ၊ နှာ-၉၃၊) ဤ၌ နိဝါသန ပါရုပနူပဂံ ဟု-ဖွင့်သောကြောင့် မဝတ်ရုံလောက်မူ ဓုတင်မပျက်ဟု ထင်မှားတတ်သည်း၊ ဟိတ်ပါဌ်ကို ထောက်၍ အံသကိုဋ်မှတပါး အဓိဋ္ဌာန် ဝိကပ္ပနာလောက်လျှင် အပိုအမြဲ မထားအပ်ဟု မှတ်ရမည်]။

တေစီဝရိကင်္ဂံ၊ သင်္ကန်းသုံးထည်ကိုသာ ဆောင်ခြင်း အလေ့ရှိသော ပုဂ္ဂိုလ်၏ အကြောင်း အင်္ဂါ သမာဒါနစေတနာကို။
သမာဒိယာမိ၊ ဆောက်တည်ပါ၏။

(၃) ပိဏ္ဍပါတ်ဆွမ်း

အတိရေကဘာဘံပိဏ္ဍိယာလောပ ဘောဇဉ်မှ ပိုလွန်ကြွယ်ဌေး တဆယ့်လေးဘတ် လာဘ်ကို။
ပဋိက္ခိပါမိ၊ ပယ်ပါ၏။
ပိဏ္ဍပါတိကင်္ဂံ၊ အပေါင်း အာမိသတို့၏ သပိတ်၌ကျခြင်းကို ရှာလေ့ရှိသော ဆွမ်းအလို့ငှါ သွားခြင်း အကျင့်ရှိသော ပုဂ္ဂိုလ်၏ အကြောင်း အင်္ဂါ သမာဒါန စေတနာကို။
သမာဒိယာမိ၊ ဆောက်တည်ပါ၏။

[ပိဏ္ဍိယာလောပ = (ပိဏ္ဍိယ = သွားလာလှည့်လည်။ အာလောပ = ဆွမ်း) = ဆွမ်းခံ သွားခြင်းဖြင့် ရသောဆွမ်း။]

(၄) အိမ်စဉ်အတိုင်း ဆွမ်းခံခြင်း

လောလုပ္ပစာရံ၊ အိမ်စဉ်ကျော်၍ လျှပ်ပေါ်သော သွားခြင်းကို။
ပဋိက္ခိပါမိ၊ ပယ်ပါ၏။
သပဒါနစာရိကင်္ဂံ၊ အိမ်စဉ်မပြတ် ဆွမ်းရပ်ခြင်း အလေ့ရှိသော ပုဂ္ဂိုလ်၏ အကြောင်းအင်္ဂါ သမာဒါနစေတနာကို။
သမာဒိယာမိ၊ ဆောက်တည်ပါ၏။

(၅) ဧကာသနိက်

နာနာသနဘောဇနံ၊ ယာပိုထ်ပြောင်းကူး အထူးထူးသော နေရာ၌ စားခြင်းကို။
ပဋိက္ခိပါမိ၊ ပယ်ပါ၏။
ဧကာသနိကင်္ဂံ၊ ယာပိုထ်မလည်း တနေရာတည်း၌ စားလေ့ရှိသော ပုဂ္ဂိုလ်၏ အကြောင်း အင်္ဂါ သမာဒါနစေတနာကို။
သမာဒိယာမိ၊ ဆောက်တည်ပါ၏။

(၆) ပတ္တပိဏ်ဆွမ်း

ဒုတိယကဘာဇနံ၊ နှစ်ခုမြောက်သောခွက်ကို။
ပဋိက္ခိပါမိ၊ ပယ်ပါ၏။
ပတ္တပိဏ္ဍိကင်္ဂံ၊ တခွက်အထီးတည်း၌သာ ဆွမ်းကိုယူခြင်း အလေ့ရှိသော ပုဂ္ဂိုလ်၏ အကြောင်း အင်္ဂါသမာဒါနစေတနာကို။
သမာဒိယာမိ၊ ဆောက်တည်ပါ၏။

(၇) တားမြစ်ပြီးမှ ဝိနည်းကံပြုပြီးနောက် တဖန် ရပြန်သော်လည်း မစားခြင်း

အတိရိတ္တဘောဇနံ [၁]၊ ဂိလာန ပုဂ္ဂိုလ် ဝိနည်းဓိုရ်တို့၏ ပိုလွန် ကြွင်းကျန်သော ဘောဇဉ်ကို။
ပဋိက္ခိပ္ပါမိ၊ ပယ်ပါ၏။
ခလုပစ္ဆာဘတ္တိကင်္ဂံ၊ မြစ်ပယ်သည့်နောက်မှ ရသော ဆွမ်းကို စားခြင်းအလေ့မရှိသော။
ဝါ၊ ခလုငှက်ပမာ နောက်၌အစာရှိသော ပုဂ္ဂိုလ်၏ အကြောင်းအင်္ဂါ သမာဒါန စေတနာကို။
သမာဒိယာမိ၊ ဆောက်တည်ပါ၏။

[၁။ ပယ်မြစ်ပြီးသော ဘောဇဉ်ကို အတိရိတ်ဝိနည်းကံပြု၍လည်း မသုံးဆောင်။
(အတိရိတ္တ = ပိုနေသော, ကြွင်းကျန်နေသော။ အတိရိတ်ဝိနည်းကံပြုသည် ဆိုသည်မှာ--ဝိနည်းတော်အရမှာ မိမိမစားတော့ပြီဟု တားမြစ်ပြီးသည့်နောက်၌ မည်သည့် ဆွမ်း ဘောဇဉ်ကိုမျှ မဘုဉ်းပေး မသုံးဆောင် မစားရတော့ချေ။ အကယ်၍ တဖန်စားလိုစိတ် ရှိခဲ့လျှင် အခြား သင်္ဃာထံသို့ မိမိစားလိုသော ဘောဇဉ်တို့ကို လှူရသည်။ ထိုပုဂ္ဂိုလ် စားပြီး၍ အကြွင်းအကျန်ကိုမူ စားသုံးနိုင်သည်း၊ ဤဝိနည်းကံကို အတိရိတ် ကံဟု ခေါ်သည်။ ဝိ၊၂၊နှာ-၁၁၁။ ။ ကင်္ခါ၊ဋ္ဌ၊နှာ -၂၁၉)]

(သိက္ခာပဒဿ ဝိသယော သိက္ခာပဒေနေဝ ပဋိက္ခိတ္တော။ ယော တဿ အဝိသယော၊ သော ဧဝ သမာဒါနုဿ ဝိသယောတိ အာဟ 'သမာဒါန ဝသေန ပဋိက္ခိတ္တာတိရိတ္တ- ဘောဇနဿေ' တံ' နာမန္တိ၊ (မဟာ ဋီကာ၊ပ၊ နှာ-၉ဝ)။

သာမဏေတို့မှာ ဝိနည်းကံ မပြုရသောကြောင့် ပယ်ဘို့ရာ အတိရိတ္တ ဘောဇဉ် အဘယ်မှာ နည်းဟူမူ - “ဘုဉ္ဇန္တဿ ယံ ဥပနီတံ၊ တဿ ပဋိက္ခေပေန တံ အတိရိတ္တံ ဘောဇနန္တိ အတိရိတ္တဘောဇနံ” ဟု-မဟာဋီကာ (နှာ -၉၇ ၌) ဖြေ၏။

ဘာဉ္ဇန္တဿ၊ စားစဉ်။
ယံ၊ အကြင်ဘောဇဉ်ကို။
ဥပနီတံ၊ ဆောင်အပ်၏။
တဿ၊ ထိုဘောဇဉ်ကို။
ပဋိက္ခေပေန၊ ပယ်သဖြင့်။
တံ တာဒိသံ၊ ထိုသို့ သဘောရှိသော နောက် ဘောဇဉ်သည်။
အတိရိတ္တံ၊ ကြွင်းကျန်ပိုလွန်သော။
ဘောဇနံ၊ ဘောဇဉ်တည်း။
ဣတိ၊ ထို့ကြောင့်။
အတိရိတ္တဘောနံ၊ အတိရိတ္တဘောဇဉ် မည်၏။
(ဂီလာနာတိရိတ်သည်လည်း သာမဏေတို့အား အတိရိတ် ဖြစ်သင့်၏)။

(၈) အာရညကင်ဓုတင်

ဂါမန္တသေနာသနံ၊ ရွာနီးကျောင်းကို။
ပဋိက္ခိပ္ပါမိ၊ ပယ်ပါ၏။
အာရညိကင်္ဂံ၊ တော၌နေခြင်း အလေ့ရှိသော ပုဂ္ဂိုလ်၏ အကြောင်းအင်္ဂါ သမာဒါန စေတနာကို။
သမာဒိယာမိ၊ ဆောက်တည်ပါ၏။

(၉) ရုက္ခမူဓုတင်

ဆန္နံ၊ အုဌ် ကျောက် သစ်ရွက် မြက် အင်္ဂတေ ငါးထွေသော အမိုးကို။
ပဋိက္ခိပါမိ၊ ပယ်ပါ၏။
ရုက္ခမူလိကင်္ဂံ၊ သစ်ပင်ရင်း၌ နေခြင်းအလေ့ရှိသော ပုဂ္ဂိုလ်၏ အတွင်းအင်္ဂါ သမာဒါန စေတနာကို။
သမာဒိယာမိ၊ ဆောက်တည်ပါ၏။

(၁၀) အဗ္ဘောကာသိကဓုတင်

ဆန္နဉ္စ၊ ငါးထွေသော အမိုးကို၎င်း။
ရုက္ခမူလဉ္စ၊ သစ်ပင်ရင်းကို၎င်း။
ပဋိက္ခိပါမိ၊ ပယ်ပါ၏။
အဗ္ဘောကာသိကင်္ဂံ၊ လွင်တီးဟင်းလင်း၌ နေခြင်း အလေ့ရှိသော ပုဂ္ဂိုလ်၏ အကြောင်းအင်္ဂါ သမာဒါန စေတနာကို။
သမာဒိယာမိ၊ ဆောက်တည်ပါ၏။

(၁၁) သုသာန်ဓုတင်

န သုသာနံ၊ သင်းချိုင်း မဟုတ်သော အရပ်ကို။
ပဋိက္ခိပ္ပါမိ၊ ပယ်ပါ၏။
သောသာနိကင်္ဂံ၊ သင်းချိုင်း၌ နေလေ့ရှိသော ပုဂ္ဂိုလ်၏အကြောင်းအင်္ဂါ သမာဒါန စေတနာကို။
သမာဒိယာမိ၊ ဆောက်တည်ပါ၏။

(၁၂) ယထာသန္ထတိကဓုတင်

သေနာသနလောလုပ္ပံ္ပံ၊ ထစေတုံရှောင်း ကောင်း-မကောင်း စုံစမ်း မေးမြန်းကြည့်ရှုခြင်း ဟူသော ကျောင်း၌ လျှပ်ပေါ်လော်လည်ခြင်းကို။
ပဋိက္ခိပါမိ၊ ပယ်ပါ၏။
ယထာသန္ထတိကင်္ဂံ၊ ခင်းထားတိုင်းသော နေရာအလား ရှေ့ဖျားညွှန်းပြ ချတိုင်းသော ကျောင်း၌ နေခြင်း အလေ့ရှိသော ပုဂ္ဂိုလ်၏ အကြောင်းအင်္ဂါ သမာဒါန စေတနာကို။
သမာဒိယာမိ၊ ဆောက်တည်ပါ၏။

(၁၃) နေသဇ္ဇိကဓုတင်

သေယျံ၊ လျောင်းလည်းခြင်း ကာယပ္ပသာရဏသေယျ [၁] ကို။
ပဋိက္ခိပ္ပါမိ၊ ပယ်ပါ၏။
နေသဇ္ဇိကင်္ဂံ၊ ထိုင်၍နေခြင်း အလေ့ရှိသော ပုဂ္ဂိုလ်၏ အကြောင်းအင်္ဂါ သမာဒါန စေတနာကို။
သမာဒိယာမိ၊ ကောင်းစွာယူပါ၏။ ဆောက်တည်ပါ၏။

သမာဒါန ပြီး၏။

[၁။ ကာယပ္ပသာရဏေသေယျ = (ကာယ = ကိုယ်ခန္ဓာ။ ပသာရဏ = ဆန့်ခြင်း၊ သေယျ= အိပ်ခြင်း) =ကိုယ်ကိုဆန့်၍လျောင်းအိပ်ခြင်း၊]

ဓုတင် ၁၃-ပါး ကျင့်ပုံအစီအရင်

ဝိဓာနအားဖြင့်---

(၁) ပံသုကူဓုတင်

သောသာနံ ရထိယံ တိတ္ထံ
သင်္ကာရံ သောတ္ထိယာ'ပဏံ
ဂတပစ္စာဂတံ ဍဍ္ဎံ
နှာနံ ဂေါ'ပစိကု'န္ဒုရံ

ဒသာအန္တစ္ဆိဒ္ဓိဇံ
ထူပံ သမဏစီဝရံ
အာဘိသေကိဒ္ဓိဇံ ဝါတံ
သာမုဒ္ဒံ ဒေဝ ပန္ထိကံ
ဣတိ တေဝီသတိ ဝတ္ထံ
ဘုဉ္ဇေယျ ပံသုကူလိကော

ပံသုကူဆိုင်ရာ ၂၃-မျိုးသောသင်္ကန်း

၁။ သောသာနံ၊ သင်းချိုင်း၌ စွန့်ပစ် ကျရစ်သောအဝတ်။
၂။ ပါပဏိက၊ ဈေးတံခါး၌ စွန့်ပစ်ထားသောအဝတ်
၃။ ရထိယံ၊ ကောင်းမှုလိုလား လမ်း၌ စွန့်ထားသော အဝတ်။
၄။ တိတ္ထံ၊ ရေချိုးဆိပ်၌ စွန့်ထားသော အဝတ်နွမ်း။
၅။ သင်္ကာရံ၊ အမှိုက်ပုံ၌ စွန့်အပ်သော အဝတ်။
၆။ သောတ္ထိယံ၊ ကိုယ်ဝန်ညစ်ကြေးကို သုတ်ပစ်သော အဝတ်။
၇။ အာပဏံ၊ အိမ်ဈေးဝ၌ ကျသော အဝတ်။
၈။ ဂတပစ္စာဂတံ၊ သင်းချိုင်းပြန်လစ် ရေချိုး၍ စွန့်ပစ်သော အဝတ်။
၉။ ဍဍ္ဎံ၊ တကွက်တစောင် မီးလောင်၍ စွန့်ပစ်အပ်သော အဝတ်။
၁၀။ နှာနံ၊ ဘုတ် ဆေးသမားတို့ ရေချိုးပြီး၍ စွန့်သောအဝတ်။
၁၁။ ဂေါ၊ နွားဝါးပွတ်သော “ဂေါခါယိတ”အဝတ်။
၁၂။ ဥပစိကံ၊ ခြစားသောအဝတ်။
၁၃။ ဥန္ဒူရံ၊ ကြွက်ခဲသော အဝတ်။
၁၄။ ဒသာအန္တာစ္ဆိန္နာ၊ အဆာအပြတ် ပြတ်သော အဝတ် အစွန်အနား ပြတ်သော အဝတ်တို့။
၁၅။ ဓဇံ၊ လှေစီး စစ်တိုက် စိုက်သောအလံ။
၁၆။ ထူပံ၊ တောင်ပို့ကိုပတ် ယဇ်နတ် ပသသော အဝတ်။
၁၇။ သမဏစီဝရံ၊ ရဟန်း၏သင်္ကန်း။
၁၈။ အဘိသေကံ၊ အဘိသိက်သွန်းရာ စွန့်သော သင်္ကန်း၊
၁၉။ ဣဒ္ဓိဇံ၊ တန်းခိုးပြုသည့် “ဧဟိဘိက္ခု”သင်္ကန်း
၂၀။ ဝါတံ၊ ဝေးရပ်သီခေါင် လေပွေးဆောင်ချသော အဝတ်။
၂၁။ သာမုဒ္ဒံ၊ သမုဒ်လှိုင်းရေ တင်သော အဝတ်။
၂၂။ ဒေဝ၊ နတ်လှူဒါန်းသော“ဒေဝဒတ္တိယ”သင်္ကန်း။
၂၃။ ပန္ထိကံ၊ လမ်းကြား၌ ကျရစ်သော အဝတ်။

ဣတိ၊ ဤသို့။
တေပီသတိ ဝတ္ထံ၊ နှစ်ဆဲ့သုံးမျိုး ပုဆိုးသင်္ကန်းကို။
ပံသုကူလိကော၊ ပံသုကူဆောင်ပုဂ္ဂိုလ်သည်။
ဘုဉ္ဇေယျ၊ ကောက်ယူစပ်ဇာ သုံးဆောင် ရာ၏။
ဤသို့လျှင် --

ဆောင်ပုဒ် လင်္ကာ

သုသာန် လမ်း ဈေး၊ တမြက်ချေးနှင့်၊
ညစ်ကြေး ဂဗ္ဘ၊ တိတ္ထ နှာနံ၊
သင်းချိုင်းပြန်တည့်၊ မီးထိ နွားဝါး၊
ခြစား ကြွက်ဖြတ်၊ ဆာပြတ် နားပဲ့၊
စွန့်ခဲ့အလံ၊ ပတ်ရံဝမ္မိ၊
ဧဟိဘိက္ခူ၊ နတ်လှူ လေဆောင်၊
အောင်ဘိသိက် သွန်း၊ ရဟန်းဥစ္စာ၊
လမ်းမှာကျနေ၊ လှိုင်းရေခတ်တင်၊
သင်္ချာပေါင်းစု၊ ပံသုကူလ
ဖြစ်ရာပြသည်။
ဌာနနှစ်ဆဲ့သုံးပါးတည်း။

ဤ နှစ်ဆဲ့သုံးပါးသော သင်္ကန်းတို့တွင် ရရာ သင်္ကန်းကို ကောက်ယူ ဆုတ်ဖြတ် ဖာစပ် ဝတ်ရုံရသည်။

ယံ ပန သံဃဿ ဒေမာတိ ဒိန္နံ၊ စောဠကဘိက္ခာယ ဝါ စရမာနေဟိ လဒ္ဓံ၊ န တံ ပံသုကူလံ။ ဘိက္ခုဒတ္တိယေပိ ယံ ဝဿဂ္ဂေန ဂါဟေတွာ ဝါ ဒီယတိ၊ သေနာသနစီဝရံ ဝ၊ ဟောတိ၊ န တံ ပံသုကူလံ။ နော ဂါဟေတွာ ဒိန္နမေဝ ပံသုကူလံ။ တတြာပိ ယံ ဒါယကေဟိ ဘိက္ခုဿ ပါဒမူလေ နိက္ခိတ္တံ၊ တေန ပန ဘိက္ခုနာ ပံသုကူလိကဿ ဟတ္ထေ ဌပေတွာ ဒိန္နံ၊ တံ ဧကတောသုဒ္ဓိကံ နာမ။ ယံ ဘိက္ခုနေခါ ဟတ္တေ ဌပေတွာ ဒိန္နံ၊ တေန ပန ပါဒမူလေ ဌပိတံ၊ တမ္ပိ ဧကတောသုဒ္ဓိကံ။ ယံ ဘိက္ခုနောပိ ပါဒမှုလေ ဌပိတံ၊ တေနာပိ တထေဝ ဒိန္နံ၊ တံ ဥဘတောသုဒ္ဓိကံ။ ယံ ဟတ္ထေ ဌပေတွာ လဒ္ဓံ၊ ဟတ္ထေယေဝ ဌပိတံ၊ တံ အနုက္ကဋ္ဌစီဝရံ နာမ

ဝိသုဒ္ဓိ အဋ္ဌကထာ၊ ပ ၊နှာ-၆၁။

လဒ္ဓကာလတော ပဋ္ဌာယ "သမဏစီဝရံ သိယာ နု ခေါ နော" တိ အာသင်္ကံ နိဝတ္တေတုံ "န တံ ပံသုကူလ"န္တိ ဝုတ္တံ။ န ဟိ တံ တေဝီသတိယာ ဥပ္ပတ္တိဋ္ဌာနေသု ကတ္ထစိ ပရိယာပန္နံ။ ဣဒါနိ ဣမိနာဝ ပသင်္ဂေန ယံ ဘိက္ခုဒတ္တိယေ လက္ခဏပတ္တံ ပံသုကူလံ။ တဿ စ ဥက္ကဋ္ဌာနုက္ကဋ္ဌဝိဘာဂံ ဒဿေတုံ “ဘိက္ခုဒတ္တိယေပီ ”တိ အာဒိ ဝုတ္တံ။ “သေနာသန စီဝရ”န္တိ သေနာသနံ ကာရေတွာ “ဧတသ္မိံ သေနာသနေ ဝသန္တာ ပရိဘုဉ္ဇန္တူ”တိ ဒိန္နစီဝရံ

မဟာဋီကာ၊ပ၊ နှာ-၉၁-၂။

စောဠကဘိက္ခာယ ဝါ၊ သင်္ကန်းလျာ တောင်းခံခြင်းငှါမူလည်း။
ဘိက္ခုဒတ္တိယေပိ၊ ရဟန်းချင်းချင်း ပေးလှူသော သင်္ကန်း၌လည်း။
နော ဂါဟေတွာ၊ ဝါစဉ်ဖြင့် မယူစေမူ၍။
တတြာပိ၊ ထိုဝါစဉ်ဖြင့် မယူစေမူ၍ ပေးလှူသော ဘိက္ခုဒတ္တိယ သင်္ကန်း၌လည်း။
အနုက္ကဋ္ဌစီဝရံနာမ၊ မမြတ်သော ပံသုကူသင်္ကန်း မည်၏။
သိယာ နု ခေါ ၊ ဖြစ်အံ့လေလော။
နော သိယာ နု ခေါ၊ မဖြစ်လေသလော။
ဣတိ အာသင်္ကံ၊ ဤသို့ တွေးတောခြင်းကို။
(ဤကား ခက်ရာ၌ အနက်။) (ပံသုကူလ)

(၂) တိစီဝရိက်ဓုတင်

သင်္ကန်းလျာ ရ၍ အပ်ချည်စသည် မပြည့်စုံသေးလျှင် အမိဋ္ဌာန်ဝိကပ္ပနာ ပြု၍ ထားကောင်း၏။

[ဝိကပ္ပန = (ဝိ = အထူး၊ ကပ္ပ = ပြုလုပ်၊ စီရင်။ အန = ပစ္စည်း) အထူးစီရင်ထားခြင်း
(သင်္ကန်းသုံးထည်ထက် ပို၍ထားအပ်အောင် အထူးစီမံပြုလုပ်သောနည်း)]

နိက္ခိတ္တပစ္စယာ ဒေါသော နတ္ထိ။ (ဝိသုဒ္ဓိ၊ အဋ္ဌကထာ၊ပ၊ နှာ-၆၂)

'ဒေါသော နတ္ထီ'တိ နိစယသန္နိဓိ ဓုတင်္ဂ သံကိလေသဒေါသော နတ္ထိ
(မဟာဋီကာ၊ပ၊ နှာ-၉၃)

ရဇိတကာလတော ပန ပဋ္ဌာယ နိက္ခိပိတုံ န ဝဋ္ဋတိ၊ ဓုတင်္ဂစောရော နာမ ဟောတိ။ (ဝိသုဒ္ဓိအဋ္ဌကထာ၊ပ၊ နှာ-၆၂)

ရဇိတကာလတော ပန၊ ဆိုးပြီးသော ကာလမှကား။
ပဋ္ဌာယ၊ စ၍။
နိက္ခိပိတုံ၊ အဟောင်းကိုမပစ် အသစ်ကို အပိုထားခြင်းငှါ။
န ဝဋ္ဋတိ၊ မအပ်။
ဓုတင်္ဂစောရော နာမ၊ အပိုထားမူ ဓုတင်ခိုး မည်သည်။
ဟောတိ၊ ဖြစ်၏။
(တီစီဝရိက်)

(၃) ပိဏ္ဍပါတ်ဓုတင်

န တေန သာဒိတဗ္ဗာနိ
ပိဏ္ဍပါတိက ဘိက္ခုနာ
သံဃုဒ္ဒေသံ နိမန္တနံ
သလာကံ ပက္ခု'ပေါသထံ

ဂမိ ပါဋိပဒါ'ဂန္တု
ဂိလာနံ တ ́ဒုပဋ္ဌကံ
ဝိဟာရံ ဓရဝါရကံ
ဘတ္တာနေ'မာနိ စုဒ္ဒသ

အဋ္ဌကထာသင်္ဂဟ

ပိဏ္ဍပါတ်ဓုတင်ဆောင် ရဟန်းအား မအပ်သော ဆွမ်း ၁၄-မျိုး

တေန ပိဏ္ဍပါတိကဘိက္ခုနာ၊ ထိုပိဏ္ဍပါတ်ဓုတင် ဆောက်တည်ပြီးသော ရဟန်းသည်။
သံယံ၊ သံဃာအားလုံးအား လှူသော ထမင်း။
ဥဒ္ဒေသံ၊ နှစ်ပါး သုံးပါး ညွှန်းထား၍ လှူအပ်သောထမင်း။
နိမန္တနံ၊ ပင့်ဖိတ်၍လှူသောဘတ်။
သလာကံ၊ စာရေးတံချ၍ လှူသောဘတ်။
ပက္ခံ၊ တပက္ခ တကြိမ် လှူသော ပက္ခိကဘတ်
ဥပေါသထံ၊ ဥပုသ်နေ့၌ လှူသော ဥပေါသထိကဘတ်

ဂမိ၊ ခရီးမဆုံးသေး သသူအား လှူသော ဂမိကဘတ်
ပါဋိပဒံ၊ ဥပုသ် ထွက်နေ့ လှူသော ပါဋိပဒိကဘတ်
အာဂန္တု၊ ခရီးဆုံးမြောက် လာရောက်ဆဲ ဧည့်သည်အား လှူသော အာဂန္တုကဘတ်
ဂိလာနံ၊ သူနာအားလှူသော ဘတ်။
တဒုပဋ္ဌကံဂိလာနုပဋ္ဌာကဘတ် (သူနာပြုစုသူတို့အား လှူသောဆွမ်း)။
ဝိဟာရံ၊ ကျောင်းကိုရည်၍ လှူသောဘတ်။
ဓုရံ၊ အဦးအစ အိမ်၌ထား၍ လှူသောဘတ်။
ဝါရကံ၊ ရပ်သူရွာသားတို့ အလှည့်ကျအားဖြင့် လှူအပ်သော ဝါရဘဘ်
ဣမာနိ စုဒ္ဒသ ဘတ္တာနိ၊ ဤတဆဲ့လေးဘတ်တို့ကို။
န သာဒိတဗ္ဗာနိ၊ မသာယာအပ်ကုန်။

သစေ ပန “သံဃဘတ္တံ ဂဏှထာ”တိအာဒိနာ နုယေန အဝတွာ “အမှာကံ ဂေဟေ သံဃော ဘိက္ခံ ဂဏှတု၊ တုမှေပိ ဘိက္ခံ ဂဏှာထာ” တိ ဝတွာ ဒိန္နာနိ ဟောန္တိ၊ တာနိ သာဒိတုံ ဝဋ္ဋန္တိ။ သံဃတော နိရာမိသသလာကာပိ ဝိဟာရေ ပက္ကဘတ္တမ္ပိ ဝဋ္ဋတိယဝ
(ဝိသုဒ္ဓိအဋ္ဌကထာ၊ပ၊ နှာ-၆၃)

သာဒိတုံ ဝဋ္ဋတိ ဘိက္ခာပရိယာယေန ဝုတ္တတ္တာ။ ဘေသဇ္ဇာဒိ ပဋိသံယုတ္တာ “နိရာမိသ သလာကာ” ။ ယာဝကာလိက ဝဇ္ဇာတိ စ ဝဒန္တိ။ “ဝိဟာရေ ပက္ကဘတ္တမ္ပိ”တိ ဥပါသကာ ဣမေဝ ဘတ္တံ ပစိတွာ “သဗ္ဗေသံ အယျာနံ ဒဿာမာ”တိ ဝိဟာရေယေဝ ဘတ္တံ သမ္ပာဒေန္တိ၊ တံ ပိဏ္ဍပါတိကာနမ္ပိ ဝဋ္ဋတိ။ (မဟာဋီကာ၊ပ၊ နှာ-၉၄)

သံဃဘတ္တံ၊ သံဃာ့ထမင်းကို။
ဂဏှထ ခံတော်မူပါကုန်။
ဣတိ အာဒိနာ နယေန၊ ဤသို့စသောနည်းဖြင့်။
အဝတွာ၊ မဆိုမူ၍။
အမှာကံ၊ တပည့်တော်တို့၏။
ဂေဟေ၊ အိမ်၌။
သံဃော၊ သံဃာသည်။
ဘိက္ခံ၊ ဆွမ်းကို။
ဂဏှတု၊ ခံတော်မူလော။
တုမှေပိ၊ အရှင်ဘုရားတို့သည်လည်း။
ဘိက္ခံ၊ ဆွမ်းကို။
ဂဏှထ၊ ခံတော်မှုကုန်လော။
ဣတိ ဝတွာ၊ ဤသို့ဆို၍။
ဒိန္နာနိ၊ လှူအပ်ကုန်သည်။
သစေ ပန ဟောန္တိ၊ အကယ်၍ ဖြစ်ကုန်ငြားအံ့။
တာနိ၊ ထိုအပ်သော ဘိက္ခာဝေါဟာရဖြင့် ဖိတ်အပ်သော ဆွမ်းတို့ကို။
ဝါ၊ ဆွမ်းတို့သည်။
သာဒိတုံ၊ သာယာ ခံယူ သုံးဆောင်ခြင်းငှါ။
ဝဋ္ဋန္တိ၊ အပ်ကုန်၏။
သံဃာတော၊ သံဃာမှ၊
နရာမိသ သလာကာပိ၊ အာမိသ မဟုတ်သော စာရေးတံသည်၎င်း၊
ဝိဟာရေ၊ ကျောင်း၌။
ပက္ကဘတ္တမ္ပိ၊ ချက်အပ်သော ထမင်းသည်၎င်း။
ဝဋ္ဋတိယေဝ၊ အပ်သည်သာလျှင်တည်း။

ဘိက္ခာပရိယာယေန၊ ဆွမ်းဟူသော ကပ္ပိယဝေဝုစ်ဖြင့်။
ဝုတ္တတ္တာ၊ ဆိုအပ်သည့်အဖြစ်ကြောင့်။
သာဒိတုံ၊ သာယာခံယူခြင်းငှါ။
ဝဋ္ဋတိ၊ အပ်၏။
ဘေသဇ္ဇာဒိ ပဋိသံယုတ္တာ၊ ဆေး စသည်နှင့်စပ်သော စာရေးတံသည်။
နိရာမိသသလာကာ၊ အာမိသမဟုတ်သော စာရေးတံ မည်၏။
ယာဝကာလိကဝဇ္ဇာ၊ ဘောဇဉ် ခဲဘွယ်ဟူသော ယာဝကာလိက [၁] မှ လွတ်သော စာရေးတံသည်။
နိရာမိသ သလာကာ၊ အာမိသမဟုတ်သော စာရေးတံ မည်၏။
ဣတိ စ၊ ဤသို့လည်း။
၀ဒန္တိ၊ ဆိုကြကုန်၏။

[၁။ ယာဝကာလိက = နေမွန်းတည့်တိုင်အောင် ရဟန်းတို့ စားသုံးနိုင်သော ဘောဇဉ် ၅-ပါး၊ ခဲဘွယ် ၁၂-ပါး။ ယာမကာလိက= တနေ့လုံးသုံးဆောင်အပ်သော အစားအစာ။]

ဝိဟာရေ ပက္ကဘတ္တမ္ပီတိ၊ ဟူသည်ကား။
ဥပါသကာ၊ သီတင်းသည်တို့သည်။
ဣဓေ၀၊ ဤကျောင်း၌သာလျှင်။
ဘတ္တံ၊ ထမင်းကို။< ပစိတွာ၊ ချက်ပြုတ်ကုန်၍။
သဗ္ဗေသံ၊ အလုံးစုံကုန်သော။
အယျာနံ၊ အရှင်ကောင်းတို့အား။
ဒဿာမ၊ လှူကုန်အံ့။
ဣတိ၊ ဤသို့ကြံစည်တိုင်ပင်ကုန်၍။
ဝိဟာရေယေဝ၊ ကျောင်း၌ သာလျှင်။
ဘတ္တံ၊ ထမင်းကို။
သမ္ပာဒေန္တိ၊ ပြည့်စုံစေကုန် စီရင်ကုန်၏။
တံ၊ ထိုထမင်းသည်။
ပိဏ္ဍပါတိကာနမ္ပိ၊ ပိဏ္ဍပါတ်ဓုတင် ဆောက်တည်သော ပုဂ္ဂိုလ်တို့အားလည်း။
ဝဋ္ဋတိ၊ အပ်၏။

ဤသို့ ကျမ်းဂန်လာသောကြောင့် ယခုကာလ “ထမင်းခံပါ”ဟု မပင့်ဖိတ်၊ “ဆွမ်းခံကြွပါ' ဟု ပင့်ဖိတ်ကြသဖြင့် “ကပ္ပိယဝေါဟာရ ချည်းသာဖြစ်၍ မအပ်ဟူ၍ မရှိပြီ။ ဆွမ်းတော်ချက် များလည်း ပိဏ္ဍပါတ်မပျက်ဟု မှတ်ရမည်။ (ပိဏ္ဍပါတ်)

(၄) သပဒါနစာရိကဓုတင်

သပဒါနစာရိက ပုဂ္ဂိုလ်သည် ဘေးရန်ရှိရာ ရွာ အိမ် လမ်းမ ဆွမ်းမရသော အရပ်တို့ကို လွန်ကျော်၍ သွားကောင်း၏။ ကျောင်း၌၎င်း လမ်း၌၎င်း လာ၍ သပိတ်ကို ယူ၍ လှူဒါန်းသော ဆွမ်းလည်း အပ်၏။ ခရီးသွားသော အခါလည်း ဆွမ်းခံနေကျ အချိန်၌ ရောက်သောရွာမှ စ၍ မျှလောက်အောင် အစဉ်အတိုင်း ခံရသည်။

(သပဒါန)

(၅) ဧကာသနိက်ဓုတင်

နေရာနှင့် စားခြင်း - နှစ်ပါးသည် ဧကာသနိက ရဟန်းကို ဓုတင်ပျက်အံ့သည်မှ စောင့်ရှောက်ရကား စားမိလျှင် ထိုဣရိယာပုထ်ကို မဖျက်ရပြီ။ ထို့ကြောင့် ထိုင်၍ စားနေစဉ် ဆရာဥပဇ္ဈာယ် လာငြားအံ့၊ ဝဋ္ဋဘေဒဒုက္ကဋ် အာပတ်ကို ကြောက်သဖြင့် ထ၍ ဝတ်ပြုရမည်။ ထလျှင် နေရာပျက်လေပြီ ဖြစ်၍ ဓုတင်ပျက်မည်ကိုလည်း ကြောက်လျှင် ထမိသည့်နောက်၌ မစားရပြီ။

(ဧကာသနိက်)

(၆) ပတ္တပိဏ်ဓုတင်

တေန ပန ပတ္တပိဏ္ဍိကေန ယာဂုပါနကာလေ ဘာဇနေ ဌပေတွာ ဗျဉ္ဇနေ လဗျဉ္ဇနံ ဝါ ပဌမံ ခါဒိတဗ္ဗံ၊ ယာဂု ဝါ ပါတဗ္ဗာ။ (ဝိသုဒ္ဓိမဂ်၊ဋ္ဌ၊၂၊ နှာ-၆၇)

တေန ပန ပတ္တပိဏ္ဍိကေန၊ ထိုပတ္တပိဏ် ဓုတင်ဆောက်တည်ပြီးသော ရဟန်းသည်ကား။
ယာဂုပါနကာလေ၊ ယာဂုဆောက်ချိန်အခါ၌။
ဘာဇနေ၊ ခွက်တပါး၌။
ဌပေတွာ၊ တင်ထား၍လှူအပ်သော။
ဗျဉ္ဇနေ၊ ဟင်းလျာကို။
လဒ္ဓေါ၊ ရအပ်သည်ရှိသော်။
ဗျဉ္ဇနံ ဝါ၊ ဟင်းကိုမူလည်း။
ပဌမံ၊ ရှေးဦးစွာ။
ခါဒိတဗ္ဗံ၊ စားရမည်။
ယာဂုဝါ၊ ယာဂုကိုမူလည်း။
ပဌမံ၊ ရှေးဦးစွာ။
ပါတဗ္ဗာ၊ သောက်ရမည်။

ရောနှောလျှင် စက်ဆုပ်ဘွယ် ရှိမည် ဖြစ်၍ တခုကုန်မှ ထည့်၍စား ဟူလို။ ဤသို့ အဋ္ဌကထာ လာသောကြောင့် ခံသောအခါ ခွက်အများ အပ်၏။ စားသောအခါ၌ကား တခွက်ထီးတည်း၌သာ ထည့်၍ စားရမည်။ နေရာ ရွှေ့ပြောင်းလျက် အထပ်ထပ်ပင် စားကောင်း၏၊ ခွက်ကား မပြောင်းရ။ သစ်ရွက်မျှ မအပ်။

ဒုတိယကဘာဇနဿ ပန ပဋိက္ခိတ္တတ္တာ အညံ ရုက္ခပဏ္ဏမ္ပိ န ဝဋ္ဋတိ။ (ဝိသုဒ္ဓိမဂ်၊ဋ္ဌ၊ပ၊နှာ-၆၇)

ဒုတိယကဘာဇနဿ ပန၊ နှစ်ခုမြောက်သောခွက်ကိုကား။
ပဋိက္ခိတ္တတ္တာ၊ မြစ်ပယ်အပ်ပြီးသည်၏ အဖြစ်ကြောင့်။
အညံ၊ ခွက်တပါးဖြစ်မူ။
ရုက္ခပဏ္ဏမ္ပိ၊ သစ်ရွက်သည်လည်း။
နု ဝဋ္ဋတိ၊ မအပ်။

တမာရွက် စသည်ကို လက်တဖက်ဖြင့် ကိုင်၍ကား စားကောင်း၏

တထာ ပန အကတွာ ပတ္တေယေဝ ပက္ခိပိတဗ္ဗံ။ (ဝိသုဒ္ဓိအဋ္ဌကထာ၊ပ၊ နှာ-၆၇)

ပန၊ ယင်းသို့ ကိုင်၍ စားကောင်းသော်လည်း။
တထာ၊ ထိုသို့ လက်ဝဲဖက်ဖြင့် ကိုင်၍ စားခြင်းကို၊
အကတွာ၊ မပြုမူ၍။
ပတ္တေယေဝ၊ သပိတ်၌ သာလျှင်။
ပက္ခိပိတဗ္ဗံ၊ ထည့်အပ်၏။

(ပတ္တပိဏ်)

(၇) ခလုပစ္ဆာဘတ္တိဓုတင်

ခလုပစ္ဆာဘတ္တိက ပုဂ္ဂိုလ်သည် ဆွမ်းစားစဉ်“တန်ပြီ” ဟု ကိုယ် နှုတ် နှစ်သွယ် မြစ်ပယ် ပြီးနောက် ဣရိယာပုထ် ပြောင်းက မစားကောင်းပြီ။ ရဟန်းတို့မှာ အတိရိတ် ဝိနည်းကံ ပြုသော်လည်း မစားရပြီ။

(ခလုပစ္ဆာ)

(၈) အာရညိကင်ဓုတင်

အရညကင် ဓုတင် ဆောက်တည်ပြီးသော ပုဂ္ဂိုလ်သည် အရံရှိသော ကျောင်း ရွာ နှစ်ပါး၏ တံခါး ခုံမှ အရံမရှိမူ အရံထိုက်ရာ ပဌမ ခဲတကျမှ စ၍ --

ဣမသ္မိံ ပန သုတ္တန္တိက ပရိယာယေ “အာရညကံ နာမ သေနာသနံ ပဉ္စဓနုသတိကံ ပစ္ဆိမ"န္တိ ဣဒံ လက္ခဏံ။ တံ အာရောပိတေန အာစရိယဓနုနာ ပရိက္ခိတ္တဿ ဂါမဿ ဣန္ဒခီလတော အပရိက္ခိတ္တဿ ပထမလေဋ္ဋုပါတတော ပဋ္ဌာယ ယာဝ ဝိဟာရပရိက္ခေပါ မိနိတွာ ဝဝတ္ထာပေတဗ္ဗံ။

သစေ ပန ဝိဟာရော အပရိက္ခိတ္တော ဟောတိ၊ ဂါမဿေဝ ဥပစာရံ နီဟရိတွာ ဥဘိန္နံ လေဋ္ဋုပါတာနံ အန္တရာ မိနိတဗ္ဗံ။

ဝိသုဒ္ဓိမဂ် (ဋ္ဌ၊ပ၊နှာ-၇ဝ) လာသည်နှင့် ညီစွာ ကုလလေးတာ လေးတောင် တာဖြင့် လမ်းရိုး လျှောက်တာ၍ ငါးရာရှိသော အရပ်၌ အရုဏ် တက်စေရသည်

ဣမသ္မိံ ပန သုတ္တန္တိက ပရိယာယေ၊ ဤ သုတ္တန်ဒေသနာနည်း၌ကား။
အာရညကံ၊ တော၌ဖြစ်သော။
သေနာသနံ နာမ၊ ကျောင်းမည်သည်။
ပစ္ဆိမံ၊ အယုတ်ဆုံး။
ပဉ္စဓနုသတိကံ၊ ကုလလေးတာ ပြန်ငါးရာရှိ၏။
ဣတိ ဣဒံ၊ ဤ အာရညက သိက္ခာပုဒ်၌ လာသော စကားသည်။
လက္ခဏံ၊ မှတ်ကြောင်း စကားတည်း။
တံ၊ ထို ကုလလေးတာ ပြန်ငါးရာကို။
အာရောပိတေန၊ ညှို့တင်ပြီးသော။
အာစရိယဓနုနာ၊ အတတ်ကိုသင်သောဆရာ၏လေးဖြင့်။
ပရိက္ခိတ္တဿ၊ ရံအပ်သော။
ဂါမဿ၊ ရွာ၏။
ဣန္ဒခီလတော၊ တံခါးခုံမှ။
အပရိက္ခိတ္တဿ၊ မရံအပ်သောရွာ၏။
ပထမလေဋ္ဋုပါတတော၊ ရှေးဦးစွာ ခဲတကျမှ။
ပဋ္ဌာယ၊ စ၍။
ယာဝ ဝိဟာရပရိက္ခေပါ၊ ကျောင်း၏ အရံတိုင်အောင်။
မိနိတွာ၊ တာ၍။
ဝဝတ္ထာပေတဗ္ဗံ၊ ပိုင်းခြားအပ်၏။

ဝိဟာရော၊ ကျောင်းသည်။
အပရိက္ခိတ္တော၊ မရံအပ်သည်။
သစေ ပန ဟောတိ၊ အကယ်၍ကား ဖြစ်ပြန်ငြားအံ့။
ဂါမဿ ဣဝ၊ ရွာ၏ကဲ့သို့။
ဥပစာရံ၊ ပထမ ခဲတကျ ဟူသော ဥပစာကို။
နီဟရိတွာ၊ ထုတ်၍။
ဥဘိန္နံ လေဋ္ဋုပါတာနံ၊ ကျောင်း ရွာ နှစ်ဝ ခဲတကျစီရှိ၏။
အန္တရာ၊ အကြား၌။
မိနိတဗ္ဗံ၊ တာအပ်၏။ (ဤကား အနက်)

သစေ အာသန္နေ ဂါမော ဟောတိ၊ ဝိဟာရေ ဌိတေဟိ မာနုဿကာနံ သဒ္ဒေါ သုယျတိ၊ ပဗ္ဗတ နဒီ အာဒီဟိ ပန အန္တရိတတ္တာ န သက္ကာ ဥဇုံ ဂန္တုံ။ ယော တဿ ပကတိမဂ္ဂေါ ဟောတိ၊ သစေပိနာဝါယ သဉ္စရိတဗ္ဗော၊ တေန မဂ္ဂေန ပဉ္စဓနုသတိကံ ဂဟေတဗ္ဗံ။

(ဝိသုဒ္ဓိမဂ်၊ဋ္ဌ၊ပ၊ နှာ-၇၀)

ဝိဟာရေ၊ ကျောင်း၌။
ဌိတေဟိ၊ တည်ကုန်သော ရဟန်းတို့သည်။
မာနုဿကာနံ၊ ရွာသူလူငယ်တို့၏။
သဒ္ဒေါ၊ အသံကို။
သုယျတိ၊ ကြားအပ်လောက်အောင်ပင်။
အာသန္နေ၊ နီးသောအရပ်၌။
ဂါမော၊ ရွာသည်။
သစေပိ ဟောတိ၊ အကယ်၍ဖြစ်စေကာမူ။
ပန၊ ယင်းသို့ပင် နီးသော်လည်း။
ပဗ္ဗတ နဒီ အာဒီဟိ၊ တောင် မြစ်စသည်တို့သည်။
အန္တရိတတ္တာ၊ ခြားဆီးအပ်ခြင်းကြောင့်။
ဥဇုံ၊ ဖြေဖြောင့်ဖြောင့်။
ဂန္တုံ၊ သွားခြင်းငှါ။
န သက္ကာ၊ မတတ်နိုင်။
တဿ၊ ထိုရွာ၏။
ယော ပကတိမဂ္ဂေါ၊ အကြင် လူအများ သွားလာသော ပကတိလမ်းတို့သည်။
ဟောတိ၊ ရှိ၏။
နာဝါယ၊ လှေဖြင့်။
သပိ သဉ္စရိတဗ္ဗော၊ အကယ်၍ သွားလာ ကူးသန်း အပ်စေကာမူ။
တေန မဂ္ဂေန၊ ထိုလမ်းဖြင့်။
ပဉ္စ ဓနုသတိကံ၊ ကုလ လေးတာ ပြန် ငါးရာကို။
ဂဟေတဗ္ဗံ၊ ယူအပ်၏။

ဤအဋ္ဌကထာဖြင့် ရေလမ်း လှေလမ်းကိုလည်း လမ်းဟု ပြ၏။ တိုကြောင့် ကြည်းလမ်း ကူးတို့လှေလမ်း ကွေ့၍ သွားဘို့ရာ မရှိ [၁]၊ ရှည်ရှည် လျားလျား တောတောင် ချောက်ကမ်းပါး, မြစ်ချောင်းခြားသော တောကျောင်းများကို နီးသော်လည်း ယုံမှား မရှိသင့်။

(“သဉ္စရိတဗ္ဗော”၏ ကံကို ‘ယော ဂါမော”ဟု မထည့်သင့် “ယော ပကတိ မဂ္ဂေါ" ကို လိုက်၍ အများ ကူးသန်းကြမြဲ လှေလမ်းကူးတို့ရှိမူ ထိုလှေလမ်းဖြင့်လည်း တာသင့်၏ ဟူ၍ ယူမှ ကံပုဒ် ကြိယာပုဒ် အသွား အလာဖြောင့်သည်။)

နီးသောရွာကို တောရ တာပြည့်အောင် ထိုထိုလမ်းငယ်ကို ပိတ်ဆို့မူ “ဓုတင်္ဂစောရ” ဖြစ်၏။

မဂဓတိုင်းလာ သီဟိုဠ်အဋ္ဌကထာ ဖြစ်သောကြောင့် မဇ္ဈိမဒေသ တက္ကသိုလ် ဆရာ၏ အတတ်သင်သော လေးကို “အာစရိယဓနု” ယူ၍ ယခုလူတို့ ခြောက်တောင်တာဖြင့် တာငါးရာသည် “ပဉ္စဓနုသတိက” မည်၏ ဟု အချို့သူတို့ ယူကြကုန်၏။ သင်္ကန်းအရာ၌ မုဋ္ဌိပဉ္စက မုဋ္ဌိတ္တိက အဍ္ဎဘေယျဟတ္ထ ဟု သာမည လာသော်လည်း သုံးဆောင်သူ ပုဂ္ဂိုလ်၏ အတောင်အထွာဖြင့် ယူရသကဲ့သို့ အလယ်အလတ်ဖြစ်သော ဒေသတောင်တာ ဖြင့် ယူလျှင်ပင် ဆိပ်ငြိမ်ရာ ဝိဝေကကို ရတော့သည်။ ထို့ကြောင့် ဤမြန်မာဒေသ၌ အများ သုံးဆောင်ကြသည့် ဟင်္သာတောင် သံတောင် [၂] တို့ဖြင့် လေးတောင်တာကို ကုလလေးတာဟု ယူသင့်သည်။

(အာရညကင်)

[၁။ အခြားသွားစရာလမ်းမရှိမူ ကွေ့ကောက်သွားရသော ကုန်းလမ်း လှေလမ်းအတိုင်း ကျောင်းနှင့် ရွာ အကွာအဝေးကိုယူရသည် ဟု ဆိုလိုသည်။
၂။ ဟင်္သာတောင် = ၁၈-လက်မ၊ သံတောင် = ၂၄-လက်မ၊ ဆင်တိုင်းတောင် = ၂၈ လက်မ၊ လယ်ဖွဲ့တောင် = ၃၂-လက်မ၊]

(၉) ရုက္ခမူဓုတင်

ရုက္ခမူလိကပုဂ္ဂိုလ်သည် ဘေးရန်အန္တရာယ် မရှိသော ကျောင်းစွန် သစ်ပင်ကို ယူရသည်

ဆောင်ပုဒ်လင်္ကာ

တိုင်းကျပ် နတ်ကြီး၊ အသီး, စေးထွက်၊
ခေါင်းသက် ကျောင်းလယ်၊ လင်းနို့ တွယ်၊
ရှောင်ပယ် သတ္တ-ပါဒပ။

(တိုင်းကျပ် = တိုင်းပြည် နိုင်ငံနှစ်ခုအကြား နယ်မြေ (၌ရှိသော သစ်ပင်။)
ပါဒပ = သစ်ပင်။)

သစ်ခုနစ်ပင်တို့ကို ဘေးရန်အန္တရာယ်ရှိ၍ သမာဓိရဖွယ် မရှိသောကြောင့် ရှားပယ် ရှောင်ကြဉ်ရသည်၊ ဓုတင်ကား မပျက်။ “ဆန္နေ ဝါသံ ကပ္ပိတက္ခဏေ ဓုတင်္ဂံ ဘိဇ္ဇတိ” (ဝိသုဒ္ဓိအဋ္ဌကထာ၊ပ၊ နှာ-၇၂) ဟူသည်ကိုထောက်။

(ရုက္ခမူ)

(၁၀) အဗ္ဘောကာသိကဓုတင်

အဗ္ဗောကာသိက ပုဂ္ဂိုလ်သည် တရားနာခြင်း တရားဟောခြင်း၊ ဥပုသ်ပြုခြင်း ဝတ်ကြီး ဝတ်ငယ်ပြုခြင်း၊ ဆွမ်းဖြင့် ဘိတ်မန်ခြင်း၊ ကျမ်းဂန်တက်ခြင်း၊ ချပို့ခြင်း၊ ဒုန္နိက္ခိတ္တ မဉ္စ ပီဌ စသည်ကို သိုမှီးသိမ်းဆည်းခြင်း ကိစ္စဖြင့် အမိုးသို့ ဝင်အပ်၏။ ဝင်စဉ် မိုးရွာမူ မိုးလင်း အောင် ခိုနေကောင်း၏။ ခရီးသွားရာ၌ မထေရ်ကြီးတို့၏ ပရိက္ခရာကို ယူဆောင်လျက် သွားစဉ် မိုးရွာမူ လမ်းလယ်မတ်မတ် စရပ်မှာ လျင်စွာသွား၍ ခိုနားကောင်း၏။ မထေရ်ကြီးတို့၏ ပရိက္ခရာ မပါလျှင် ပကတိသာ သွားဝင်၍ မိုးလင်းစင်အောင် ခိုနား ကောင်း၏။ ရုက္ခမူလိကလည်း နည်းတူပင်။

ယာဝ ဝဿုပရမာ ဌတွာ ဂန္တဗ္ဗံ။ပ။ ရုက္ခမူလိကဿာပိ ဧသေဝ နယော။
(ဝိသုဒ္ဓိအဋ္ဌကထာ၊ပ၊နှာ-၇၃)

ဤ၌ “ဝေဂေန ဂန္တုံ န ဝဋ္ဋတိ အသာရုပ္ပတ္တာ”ဟု ဋီကာ ဟိတ်ခတ်သည့် အလိုမူ မထေရ်ကြီးတို့ ပရိက္ခရာ မပါသော် မိုးခိုအံ့ဟု လျင်စွာသွားခြင်းကြောင့် လမ်းလယ် စရပ်ဖြစ်၍ ဓုတင် မပျက်၊ မလျောက်ပတ် သောကြောင့်သာ မအပ်ဟု အဋ္ဌကထာ မိန့်ဆိုသည် ဟူ၍ ယူလိုရိပ် ထင်၏။

(အဗ္ဘောကာသိက)

(၁၁) သုသာန်ဓုတင်

ဈာပိတကာလတော ပန ပဋ္ဌာယ သစေပိ ဒွါဒသ ဝဿာနိ ဆဍ္ဍိတံ၊ သုသာနမေဝ။ (ဝိသုဒ္ဓိမဂ်၊ပ၊နှာ၊၇၄)
ဆဝသယနံ ဟိ သုသာနန္တိ ဝုစ္စတိ။ (မဟာဋီကာ၊ပ၊နှာ-၁၀၀)

ဈာပိတ ကာလတော ပန၊ သူကောင်ကို ဖုတ်မြှိုက်သော ကာလမှကား။
ပဋ္ဌာယ၊ စ၍။
ဒွါဒသ ဝဿာနိ၊ ၁၂-နှစ်တို့ပတ်လုံး။
သစေ ဆဍ္ဍိတံ၊ သူကောင် လစ်လပ် အကယ်၍ စွန့်ပစ်အပ်စေကာမူ။
သုသာနမေဝ၊ သင်းချိုင်း မည်သည် သာလျှင်တည်း။

ဟိသစ္စံ၊ မှန်၏။
ဆဝ သယနံ၊ သူသေကောင်အိပ်ရာ မြေရပ်ကို။
သုသာနန္တိ၊ သုသာန်ဟူ၍။
ဝုစ္စတိ၊ ဆိုအပ်၏။

ဤသို့ ကျမ်းဂန် လာသည်နှင့် အညီ ဘေးရန်ရှိသောအခါ သက်သေ ပံ့ထောက် စောင့်ရှောက်စေခြင်း အကျိုးငှါ သံသထေရ် ကိုသော်၎င်း၊ ရွာထိန်း သူကြီးကိုသော်၎င်း ပန်ထားသိစေ၍ မထင်ရှားသော တောလမ်းခရီးဖြင့် သူကောင်ချဘူးရာ သုသာန် လက္ခဏာသို့ ရောက်သော သင်းချိုင်းသို့ ညဉ့်တိုင်း သွားရသည်

ဧကဒိဝသမ္ပိ သုသာနံ အဂန္တုံ န ဝဋ္ဋတိ။ မဇ္ဈိမယာမံ သုသာနေ ခေပေတွာ ပစ္ဆိမယာမေ ပဋိက္ကမိတုံ ဝဋ္ဋတီတိ အင်္ဂုတ္တရဘာဏကာ။
(ဝိသုဒ္ဓိမဂ် အဋ္ဌကထာ ၊ပ၊နှာ-၇၄)

ဧကဒိဝသမ္ပိ၊ တနေ့တရက်မျှလည်း။
သုသာနံ၊ သုသာန်သို့။
အဂန္တုံ၊ မသွားပဲ နေခြင်းငှါ။
န ဝဋ္ဋတိ၊ မအပ်။
မဇ္ဈိမယာမံ၊ သန်းခေါင်ယံကို။
သုသာနေ၊ သုသာန်၌။
ခေပေတွာ၊ ကုန်စေ၍။
ပစ္ဆိမယာမေ၊ ပစ္ဆိမယာမ်၌။
ပဋိက္ကမိတုံ၊ ပြန်လည်ခဲ့ခြင်းငှါ။
ဝဋ္ဋတိ၊ အပ်၏။
ဣတိ၊ ဤသို့။
အင်္ဂုတ္တရဘာဏကာ၊ အင်္ဂုတ္တိုရ်ဆောင် ဆရာတို့သည်။
၀ဒန္တိ၊ ဆိုကုန်၏။

ညဉ့်အခါ မကြောက် မလန့်ရအောင် နေ့က သွား၍ တောင်ပို့ သစ်ငုတ် ချုံဖုတ် သစ်ပင် စသော အာရုံကို ပိုင်းခြား မှတ်သားရမည်။ အလွန်ကြောက်လှမူ နှစ်ပါး သုံးပါး အဖော်နှင့်ပင် သွားရ၏။ မြစ်ပယ်သော ကျမ်းဂန် မရှိ။

တစ္ဆေ မြေဘုတ်တွေ့လျှင် အုဌ်ခဲ လှံတန်ဖြင့် မပုတ်ခတ်ရ။ ထိုဘုတ်တို့ ကြိုက် နှစ်သက်သော ပဲဆွမ်း နှမ်းညက် မုံ့ ငါးချက် အမဲ တင်လဲ နို့ရည် ဆီ ထောပတ် စသည် များကို မစားမသောက်ရ။ သင်းချိုင်းမှ ပြန်လည်ခဲ့စအခါ ဒါယကာတို့၏ အိမ်တွင်းသို့ မဝင်ရ

ပေတဓူမေန ဝါသိတတ္တာ ပိသာစာနုဗန္ဓတ္တာ စ ကုလဂေဟဿ အဗ္ဘန္တရံ န ပဝိသိတဗ္ဗံ။ (မဟာဋီကာ၊ပ၊နှာ-၁ဝ၁)

ပေတဓူမေန၊ ပြိတ္တာတို့၏ အခိုးအငွေဖြင့်။ အခိုးအငွေ့သည်။
ဝါသိတတ္တာ စ၊ ထုံစွဲအပ်ခြင်းကြောင့်၎င်း။
ပိသာစာနုဗန္ဓတ္တာ စ၊ မြေဘုတ်ဘီလူး ကပ်ပူး၍ ပါတတ်ခြင်းကြောင့်၎င်း။
ကုလဂေဟဿ၊ ဒါယကာအိမ်၏။
အဗ္ဘန္တရံ၊ အတွင်းသို့။
န ပဝိသိတဗ္ဗံ၊ မဝင်အပ်၊

(သုသာန်)

(၁၂) ယထာသန္ထတိကဓုတင်

ယထာသန္ထတိကပုဂ္ဂိုလ်သည် သံဃာညွှန်းချသော အိပ်ရာ နေရာကျောင်းကိုသာ ယူရသည်။ ခဏအခိုက်အတန့်ကား သူတပါး နေရာကျောင်း၌ နေကောင်း၏။ မိမိပုဂ္ဂလိက ကျောင်းကိုမူကား သံဃာညွှန်းချဖွယ်ရာ မရှိပြီ။ ကျမ်းဂန် အထူးမလာ။

(ယထာသန္ထတိ)

သန္ထတ = ခင်းထားသော (အခင်း နေရာ ကျောင်း)

(၁၃) နိသဇ်ဓုတင်

နေသဇ္ဇိကပုဂ္ဂိုလ်သည် ဣရိယာပုထ် လေးပါးတို့တွင် လျောင်းအိပ်ခြင်း တပါးသာ မအပ် ဖြစ်၍ ညဉ့်သုံးယာမ်တွင် တယာမ်၌ ထ၍ စင်္ကြံ သွားရသည်၊ နှစ်ယာမ်၌ ထိုင်ရသည်။ ငါ နိသဇ်ဓုတင် ဆောက်တည် သသူတည်း ဟု ညဉ့်သုံးယာမ် ပတ်လုံး ထိုင်၍ချည်း မနေရ၊ ဣရိယာပုထ်ပြောင်းမှ နှလုံးသွင်းခြင်း ကိုယ်ခန္ဓာ ကျန်းမာခိုင်ခံ့သည်။

(နံသဇ်ဓုတင်)

နိသဇ္ဇ = ထိုင်ခြင်း၊

ဝိဓာန ပြီး၏။

“ဓုတင် ၁၃-ပါးကို အယုတ် အလတ် အမြတ်အားဖြင့် ပိုင်းခြားဝေဖန်ပြခြင်း”

ပဘေဒအားဖြင့် --

(၁) ပံသုကူဓုတင်

သုသာနေယေဝ ဥက္ကဋ္ဌော၊
ဘိက္ခုဒ္ဒိဿမ္ပိ မဇ္ဈိမော၊
မုဒုကော ပါဒမူလေပိ၊
ဂဏှာတိ ပံသုကူလိကော။

ဥက္ကဋ္ဌော၊ အမြတ်အမွန် အလွန်အကြူး အထူးဥက္ကဋ္ဌဖြစ်သော။
ပံသုကူ လိကော၊ ပံသုကူဓုတင်ဆောင်သော ပုဂ္ဂိုလ်သည်။
သုသာနေယေဝ၊ သင်းချိုင်း၌သာလျှင်။
ဂဏှာတိ၊ ကောက်ယူ သုံးဆောင်၏။

မဇ္ဈိမော၊ မလွန်မဆုတ် မယုတ်မမြတ် အလတ်မဇ္ဈုံဖြစ်သော။
ပံသုကူလိကော၊ ပံသုကူဓုတင်ဆောင်ပုဂ္ဂိုလ်သည်။
ဘိက္ခုဒ္ဒိဿမ္ပိ၊ ရဟန်းသာလျှင် ကောက်စေချင်၍ လမ်းတွင် ပစ်ထားသည်ကိုလည်း။
ဂဏှာတိ၊ ကောက်ယူ သုံးဆောင်၏။

မုဒုကော၊ လုံ့လသဒ္ဓါ မသန်မာ၍ တောင်ညှာမြောက်ခဲ့ တုန်ချဲ့လျော့ပျင်း ညံ့ဖျင်းသေးနု မုဒုဖြစ်သော။
ပံသုကူ လိကော၊ ပံသုကူဓုတင်ဆောင်သော ပုဂ္ဂိုလ်သည်။
ပါဒမူလေပိ၊ ခြေရင်း၌သော်လည်း။
ဒိန္နကံ၊ မိမိကိုသာ သဒ္ဓါကြည်ဖြူ ပေးလှူ စွန့်ပစ်အပ်သည်ကို။
ဂဏှာတိ၊ ကောက်ယူ သုံးဆောင်၏။

(ပါဒမူလေ ဌပေတွာ ဒိန္နကံ သမဏေနာတိ အဓိပ္ပါယော။ ။ ဟု-ကတ္တားထည့်တော်မှုသော ဋီကာရှင်ကား လက်ရောက် ကပ်လှူသည်ကို ယူလိုရိပ် ရှိ၏။ ပုဂ္ဂိုလ်သုံးပါး အသွား မဖြောင့် ဝိဓာနစကား နှင့်လည်း နှောင့်ရှက်ရကား စဉ်းစား ဆင်ခြင်သင့်သည်)

ဓုတင်ပျက်ခြင်း

လူတို့ လက်ကြပ် ကပ်လှူသည်ကို ခံယူ သာယာလျှင် ပျက်၏။ (ပံ)

(၂) တိစီဝရိက်

မုဒု ဆာဒေတိ အညေသံ၊
စီဝရံ အန္တရန္တရာ။
မဇ္ဈော ရဇန ကာသာဝံ၊
သဒါ တီဏေဝ ဥက္ကဋ္ဌော။

မုဒု၊ မုဒုဖြစ်သော ပံသုကူဆောင် ပုဂ္ဂိုလ်သည်။
အညေသံ၊ တပါးသော သဘာဂရဟန်းတို့၏။
စီဝရံ၊ သင်္ကန်းကို။
အန္တရန္တရာ၊ ကြိုးကြား ကြိုးကြား။
ဆာဒေတိ၊ ဖုံးလွှမ်း ဝတ်ရုံ၏။

မဇ္ဈော၊ မဇ္ဈိမဖြစ်သော ပံသုကူဆောင်ပုဂ္ဂိုလ်သည်။
ရဇနကာသာဝံ၊ သင်္ကန်းဆိုးခါ ဝတ်ရုံဘို့ရာ လှူထားသော အများ၏ ပုံသင်္ကန်းကို။
ဆာဒေတိ၊ ဖုံးလွှမ်း ဝတ်ရုံ၏။

ဥက္ကဋ္ဌော၊ ဥက္ကဋ္ဌဖြစ်သော ပံသုကူဆောင်ပုဂ္ဂိုလ်သည်။
သဒါ၊ အခါခပ်သိမ်း။
တီဏိဧ၀၊ သုံးထည်တို့ကိုသာလျှင်။
ဆာဒေတိ၊ ဖုံးလွှမ်း ဝတ်ရုံ၏။

သံဃာဋိံ ပန နိဝါသေတုံ န ဝဋ္ဋတိ။

တတြဋ္ဌက ပစ္စတ္တရဏမ္ပိ တဿ ဝဋ္ဋတိ။ ပရိဟရိတုံ ပန န ဝဋ္ဋတိ။

ဓုတင်္ဂတေစီဝရိကဿ ပန စတုတ္တံ ဝတ္တမာနံ အံသ ကာသဝမေ၀ ဝဋ္ဋတိ။ တဉ္စ ခေါ ဝိတ္ထာရတော ဝိဒတ္ထိ၊ ဒီဃတော တိဟတ္ထမေဝ ဝဋ္ဋတိ။
ဝိသုဒ္ဓိမဂ်၊ ဋ္ဌ၊ပ၊နှာ-၆၂။

တတြဋ္ဌက ပစ္စတ္ထရဏံ နာမ အတ္တနော ပရဿ ဝါ သန္တကံ သေနာသနေ ပစ္စတ္တရဏ ဝသေန အဓိဋ္ဌိတံ။ “အံသ ကာသာဝံပိ ပရိက္ခာရစောဠံ ဟောတိ။ ဣတိ ပစ္စတ္ထရဏံ အံသကာသာဝန္တိ ဒွေပိ အတိရေကစီဝရဋ္ဌာနေ ဌိတာနိပိ ဓုတင်္ဂဘေဒံ န ကရောန္တီ”တိ အဋ္ဌကထာယံ ဝုတ္တန္တိ ဝဒန္တိ။

ပရိဟရိတုံ ပန န ဝဋ္ဋတီတိ ရဇနကာလေ ဧဝ အနုညာတတ္တာ နိစ္စပရိဘောဂဝသေန န ဝဋ္ဋတိ တေစီဝရိကဿ။ ။မဟာဋီကာ၊ပ၊ နှာ-၉၃။

သံဃာဋိံ ပန၊ ဒုကုဋ် အဓိဋ္ဌာန်တင်သော သင်္ကန်းကိုကား။
နိဝါသေတုံ၊ ကြွင်းနှစ်ထည်ကို ဖွပ်ဆိုးသောအခါ ဝတ်ခြင်းငှါ။
န ဝဋ္ဋတိ၊ မအပ်။
(ဥက္ကဌ် ပုဂ္ဂိုလ်ကို ဆိုသည်)

တတြဋ္ဌကပစ္စတ္တရဏမ္ပိ၊ ထိုကျောင်း၌ အမြဲထားသော အိပ်ရာခင်းသင်္ကန်း သည်လည်း။
တဿ၊ ထိုမုဒုပုဂ္ဂိုလ်အား။
ဝဋ္ဋတိ၊ သင်္ကန်းဆိုးခိုက် ဝတ်ရုံအပ်၏။
ပရိဟရိတုံ ပန၊ အမြဲဝတ်ရုံ သုံးဆောင်ခြင်းငှါကား။
န ဝဋ္ဋတိ၊ မအပ်။

ပန၊ အဘို့တပါးကား။
ဓုတင်္ဂတေစီဝရိကဿ၊ တိစီဝရိက်ဓုတင်ဆောင်သော ရဟန်းအား။
စတုတ္ထံ၊ လေးထည်မြောက်။
ဝတ္တမာနံ၊ ဖြစ်လာသည်ရှိသော်။
အံသကာသဝမေ၀၊ ပခုံးတင်ချွေးခံ အံသကိုဋ်သည်သာလျှင်။
ဝဋ္ဋတိ၊ အပ်၏။
တဉ္စ ခေါ၊ ထိုအံသကိုဋ်သည်လည်း။
ဝိတ္ထာရတော၊ အနံအားဖြင့်။
ဝိဒတ္ထိ၊ မဇ္ဈိမပုရိသ တထွာသည်။
ဒီဃတော၊ အလျားအားဖြင့်။
တိဟတ္ထမေဝ၊ မဇ္ဈိမ ပုရိသ သုံးတောင်သည်သာလျှင်။
ဝဋ္ဋတိ၊ အပ်၏။

တတြဋ္ဌက ပစ္စတ္ထရဏံ နာမ၊ ထိုအရပ်၌တည်သော အိပ်ရာခင်း မည်သည်ကား။
အတ္တနော ဝါ၊ မိမိ၏သော်၎င်း။
ပရဿ ဝါ၊ သူတပါး၏သော်၎င်း။
သန္တကံ၊ ဥစ္စာဖြစ်သော။
သေနာသနေ၊ ကျောင်းအိပ်ရာ နေရာ၌။
ပစ္စတ္ထရဏဝသေန၊ အိပ်ရာခင်း၏ အဖြစ်ဖြင့်။
အဓိဋ္ဌိတံ၊ ဆောက်တည်မှတ်ထားအပ်သော သင်္ကန်းတည်း။
ဝါ၊ အဓိဋ္ဌာန်တင်ထားအပ်သော သင်္ကန်းတည်း။
အံသကာသာဝမ္ပိ၊ အံသကိုဋ်သည်လည်း။
ပရိက္ခာရစောဠံ၊ ပရိက္ခာရစောဠ မည်သည်။
ဟောတိ၊ ဖြစ်၏။
ဣတိ၊ ဤသို့။
ပစ္စတ္ထရဏံ၊ အိပ်ရာအခင်းသည်၎င်း။
အံသကာသာဝံ၊ အံသကိုဋ်သင်္ကန်းသည်၎င်း။
ဣတိ ဣမာနိ ဒွေပိ၊ ဤနှစ်ထည်လုံးတို့သည်လည်း။
အတိရေကစီဝဝရဋ္ဌာနေ၊ သုံးထည်ထက် ပိုလွန်သော သင်္ကန်းအရာ၌။
ဌိတာနိ ပိ၊ တည်ကုန်သော်လည်း။
ဓုတင်္ဂဘေဒံ၊ ဓုတင်ပျက်ခြင်းကို။
န ကရောန္တိ၊ မပြုတတ်ကုန်။
ဣတိ၊ ဤသို့။
အဋ္ဌကထာယံ၊ အဋ္ဌကထာ၌။
ဝုတ္တံ၊ ဆိုအပ်၏။
ဣတိ၊ ဤသို့။
၀ဒန္တိ၊ ဆိုကုန်၏။

ဖရိဟရိတုံ ပန န ဝဋ္ဋတီတိ၊ ဟူသည်ကား။
ရဇနကာလေ ဧဝ၊ သင်္ကန်းဆိုး သောကာလ၌သာလျှင်။
အနုညာတတ္တာ၊ ခွင့်ပြုအပ်သည်၏ အဖြစ်ကြောင့်။
နိစ္စပရိဘောဂ ဝသေန၊ အမြဲဝတ်ရုံ သုံးဆောင်သည်၏ အစွမ်းဖြင့်။
တေစီဝရိကဿ၊ တိစီဝရိက်ဓုတင်ဆောင် ရဟန်းအား။
န ဝဋ္ဋတိ၊ မအပ်။

ဓုတင်ပျက်ခြင်း

ဣမေသံ ပန တိဏ္ဏမ္ပိ စတုတ္ထကစီဝရံ သာဒိတက္ခဏေယဝ ဓုတင်္ဂံ ဘိဇ္ဇတိ။
(အဋ္ဌကထာ၊ပ၊ နှာ-၆၂) (တိ)

ပန = ထိုမှတပါး၊
ဣမေသံ တိဏ္ဏမ္ပိ = ဤသုံးမျိုးသော ပုဂ္ဂိုလ်တို့၏လည်း။
စတုတ္ထကစီဝရံ = လေးထည်မြောက် သင်္ကန်းကို။
သာဒိတက္ခဏေယဝ = သာယာသော ခဏ၌ပင်လျှင်။
ဓုတင်္ဂ = ဓုတင်သည်။
ဘိဇ္ဇတိ = ပျက်၏။

(၃) ပိဏ္ဍပတ်

မုဒု တီဟံ ဓိဝါသေတိ၊
တဒဟံယေဝ မဇ္ဈိမော။
ဥက္ကဋ္ဌော ဂဏှတာဟဋံ၊
ဒွါရေ ပတ္တံ ဒဒါတိ စ။

မုဒု၊ ပုဂ္ဂိုလ်သည်။
တီဟံ၊ ယနေ့ နက်ဖြန် သံဘက် သုံးရက်တိုင်တိုင်။
အဓိဝါသေတိ၊ ကျောင်းသို့ ဆောင်ကာ ပို့လှူပါမည် လျှောက်ထားသည်ကို သာကြည်ချေငံ ဆွမ်းခံမကြွ ကျောင်းဘုံကလျှင် ဆိုင်းတွသာယာ၏။
မဇ္ဈိမော၊ မဇ္ဈိမပုဂ္ဂိုလ်သည်။
တဒဟံယေဝ၊ ထိုတနေ့သာလျှင်။
အဓိဝါသေတိ၊ သာယာ၏။
ဥက္ကဋ္ဌော၊ ဥက္ကဋ္ဌပုဂ္ဂိုလ်သည်။
အာဟဋံ၊ ဆွမ်းခံရောက်ရာ အိမ်၏ ရှေ့ နောက်အိမ်တို့မှ သပိတ်ကို ယူဆောင်လှူ အပ်သောဆွမ်း, ဆွမ်းစားကျောင်းသို့ ဆောင်လှူအပ်သော ဆွမ်းသုံးခုကို။
ဂဏှတိ၊ ခံယူ၏။
ဒွါရေ စ၊ ရောက်ရာအိမ်၀၌လည်း။
ပတ္တံ၊ သပိတ်ကို။
ဒဒါတိ၊ ဆွမ်းလှူလို၍ တောင်းယူသူတို့အား ပေး၏။

ဤ၌ ဥက္ကဌ်ပုဂ္ဂိုလ်တယောက်သာ အရိယဝံသ ဓမ္မကထာ ကြားနာရခြင်း စသည်ဖြင့် အပရာယတ္တသေရီဝိဟာရ[၁] ကို ရနိုင်သည်။

၁။ သူတပါးနှင့်မစပ် မိမိနှင့်သာစပ်သော နေခြင်းရှိသူ(၏ အဖြစ်ဟူသော ချမ်းသာ)။

ဓုတင်ပျက်ခြင်း

ဤသုံးယောက်တို့အား သံဃဘတ်စသော အတိရေကလာဘ်ကို သာယာလျှင်-ဓုတင်ပျက်၏။ (ပိဏ်)

(၄) သပဒါနစာရိက်

ဒွါရေ ပတ္တံ သဇ္ဇေတိ၊
ဥက္ကဋ္ဌော သပဒါနိကော။
မဇ္ဈော ဂဏှတာဟဋမ္ပိ၊
တဒဟံ ပါဂမေ မုဒု။

ဥက္ကဋ္ဌော၊ ဥက္ကဋ္ဌဖြစ်သော။
သပဒါနိကော၊ သပဒါနစာရိက ဓုတင်ဆောင် ပုဂ္ဂိုလ်သည်။
ဒွါရေ၊ ရောက်ရာအိမ်ဝ၌။
ပတ္တံ၊ သပိတ်ကို။
ဝိသဇ္ဇေတိ၊ ဆွမ်းလှူလို၍ တောင်းယူသူတို့အား စွန့်လွှတ်၏။
မဇ္ဈော၊ မဇ္ဈိမပုဂ္ဂိုလ်သည်။
အာဟဋမ္ပိ၊ ရှေ့မှ နောက်မှ ပဋိက္ကမနသို့ ဆောင်ယူ လှူအပ်သော ဆွမ်း သုံးပါးကိုလည်း။
ဂဏှာတိ၊ ခံယူ၏။
မုဒု၊ မုဒုပုဂ္ဂိုလ်သည်။
တဒဟံ ပိ၊ ထိုနေ့လည်း။
အာဂမေ၊ ဆွမ်းခံမကြွ ဆိုင်းတွငံ့နေ၏။

ပဋိက္ကမန = ဆွမ်းစားကျောင်း၊ (နောက်အိမ်မှ လိုက်၍ လှူသောဆွမ်း၊ ရှေ့အိမ်မှ ကြို၍ လှူသောဆွမ်း၊ ဆွမ်းစားကျောင်းသို့ ပို့သောဆွမ်း)။

ဤ မဇ္ဈုံသည် ပိဏ္ဍပါတိကဥက္ကဌ်နှင့် တူ၏။ မုဒုသည် ၎င်းမဇ္ဈုံနှင့် တူ၏။

ဓုတင်ပျက်ခြင်း

ဣမေသံ ပန တိဏ္ဏမ္ပိ လောလုပ္ပစာရေ ဥပ္ပန္နမတ္တေ ဓုတင်္ဂံ ဘိဇ္ဇတိ [၁]။
(ဝိသုဒ္ဓိအဋ္ဌကထာ၊ပ၊ နှာ-၆၅) (သပ်)

[၁။ ဤသုံးမျိုးသော ပုဂ္ဂိုလ်တို့အား လျှပ်ပေါ်သောတဏှာဖြင့် အိမ်စဉ်ကိုကျော်လွန်၍
ဆွမ်းခံသွားခြင်း ဖြစ်ကာမျှ၌ ဓုတင်ပျက်၏။]

(၅) ဧကာသနိက်

မုဒု ယာဝ န ဝုဋ္ဌာတိ၊
မဇ္ဈော ယာဝ န ခီယတိ။
ဂဏှိတုံ လဘတေ အညံ၊
ဥက္ကဋ္ဌော တု န ကဉ္စနံ။

မုဒု၊ မုဒုပုဂ္ဂိုလ်သည်။
ယာဝ၊ အကြင်မျှလောက် ကာလပတ်လုံး။
န ဝုဋ္ဌာတိ၊ နေရာမှ မထ။
တာဝ၊ ထိုမျှလောက် ကာလပတ်လုံး။
အညံ၊ တပါးသော ဘောဇဉ်ခဲဘွယ်ကို။
ဂဏှိတုံ၊ ခံယူ သုံးဆောင်ခြင်းငှါ။
လဘတေ၊ ရ၏။
မဇ္ဈော၊ မဇ္ဈိမပုဂ္ဂိုလ်သည်။
တာဝ၊ အကြင်မျှလောက် ကာလပတ်လုံး။
န ခီယတိ၊ သပိတ်၌မကုန်သေး။
တာဝ၊ ထိုမျှလောက် ကာလပတ်လုံး။
အညံ၊ တပါးသော ခဲဘွယ်ဘောဇဉ်ကို။
ဂဏှိတုံ၊ ခံယူ သုံးဆောင်ခြင်းငှါ။
လဘတေ၊ ရ၏။
ဥက္ကဋ္ဌော၊ ဥက္ကဋ္ဌပုဂ္ဂိုလ်သည်ကား။
ကိဉ္စနံ၊ တစုံတခုကိုမျှ။
ဂဏှိတုံ၊ ခံယူသုံးဆောင်ခြင်းငှါ။
နလဘတေ၊ မရ။

သစေပိ မနုဿာ ထေရေန န ကိဉ္စိ ဘုတ္တန္တိ သပ္ပိအာဒီနိ အာဟရန္တိ၊ ဘေသဇ္ဇတ္ထမေဝ ဝဋ္ဋန္တိ၊ န အာဟာရတ္ထံ

မနုဿာ၊ လူတို့သည် လူတို့က။
ထေရေန၊ မထေရ်သည်။
ကိဉ္စိ၊ တစုံတရာကိုမျှ။
န ဘုတ္တန္တိ၊ မဘုဉ်းပေးဟူ၍။
သပ္ပိအာဒီနိ၊ ထောပတ်စသည်တို့ကို။
သစေအာဟရန္တိ၊ အကယ်၍ ဆောင်ကပ်လာကြအံ့။
ဘေသဇ္ဇတ္ထမေဝ၊ ဆေးအတွက်သာ။
ဝဋ္ဋန္တိ၊ အပ်ကုန်၏။
အာဟာရတ္ထံ၊ အာဟာရအတွက်။
နု ဝဋ္ဋန္တိ၊ မအပ်ကုန်။

ဟု- ဝိသုဒ္ဓိအဋ္ဌကထာ (ပ၊ နှာ-၆၆) လာသောကြောင့် နေရာမှထလျှင် ဂေလည ပိပါသ ကိစ္စ မရှိပဲ ဝင်စေလိုသောစိတ် ရှိ၍ သိလျက် လည်မျိုတဘက်သို့ ဝင်မူ ဆေးကွမ်းပင် မအပ်၊ ထောပတ် ဖျော်ရည်စသည်ဝယ် ဆိုဖွယ် မရှိပြီ။ ဂေလည ပိပါသ အကြောင်းကိစ္စ ရှိမူကား ယင်းကာလိကသုံးပါး အပ်၏။

ဓုတင်ပျက်ခြင်း

ဣမေသံ ပန တိဏ္ဏမ္ပိ နှာနာသနဘောဇနံ ဘုတ္တက္ခဏေ ဓုတင်္ဂံ ဘိဇ္ဇတိ [၁]။
(အဋ္ဌကထာ၊ပ၊နှာ-၆၇) (ဧ)

[၁။ ဤသုံးယောက်တို့အား ပြောင်းရွှေ့၍ အထူးထူး နေရာတို့၌ အစားအစာကို စားမူကား ဓုတင် ပျက်၏။]

(၆) ပတ္တပိဏ်

မုဒု ဘိန္ဒေ ဒန္တေဟိပိ၊
ဧကဟတ္ထေန မဇ္ဈိမော။
န ဘိန္ဒေ ဥက္ကဋ္ဌော ကိဉ္စိ၊
ဝိနာ ဥစ္ဆုံ န ဆဋ္ဋယေ။

မုဒု၊ မုဒုပုဂ္ဂိုလ်သည်။
ဒန္တေဟိပိ၊ သွားတို့ဖြင့်လည်း။
ဘိန္ဒေေ၊ မုံ့ ထမင်းခဲ ငါး အမဲစသည်ကို ကိုက်ခဲ ဖဲ့စား၏
မဇ္ဈိမော၊ မဇ္ဈိမပုဂ္ဂိုလ်သည်။
ဧကဟတ္ထေန၊ လက်တဖက်တည်းဖြင့်။
ဘိန္ဒေဖဲ့စား၏
ဥက္ကဋ္ဌော၊ ဥက္ကဋ္ဌပုဂ္ဂိုလ်သည်။
ကိဉ္စိ၊ မုန့် ထမင်းခဲ ငါးအမဲစသည် တစုံတခုကို။
န ဘိန္ဒေကိုက်ဖြတ် ဖဲ့ကာ မစားရာ
ဥစ္ဆုံ၊ ကြံဖတ်ကို။
ဝိနာ၊ ကြဉ်၍။
အညံ၊ တပါးသော ငါးရိုး အမှိုက် စသည်ကို။
န ဆဋ္ဋယေ၊ သပိတ်မှဆယ် မစွန့်ပယ်။ ခံတွင်းသို့ရောက်မှ ပါးစောင်တဖက်က ထွေးလျက် စွန့်ပစ်ရသည် ဟူလိုသည်။ (ပတ်)

(၇) ခလုပစ္ဆာဘတ်

မုဒု ယာဝ န ဝုဋ္ဌာတိ၊
မဇ္ဈော ယာဝ န ခီယတိ။
ဥက္ကဋ္ဌော ဝါရိတော သဗ္ဗံ၊
န ဘုဉ္ဇေ ခလုဘတ္တိကော။

ဝါရိတော၊ ဆွမ်းစားစဉ် တန်ပြီဟု ကိုယ်နှုတ် နှစ်သွယ် မြစ်ပယ်မိလတ်သော်။
ခလုဘတ္တိကော၊ ခလုပစ္ဆာဓုတင်ဆောင်သော။
မုဒု၊ မုဒုဖြစ်သော ပုဂ္ဂိုလ်သည်။
ယာဝ၊ အကြင်မျှလောက် ကာလပတ်လုံး။
န ဝုဋ္ဌာတိ၊ မထသေး။
တာ၀၊ ထိုမျှလောက် ကာလပတ်လုံး။
ဘုဉ္ဇေ၊ ရရသမျှကို စား၏။
မဇ္ဈိမော၊ မဇ္ဈိမ ပုဂ္ဂိုလ်သည်။
ယာဝ၊ အကြင်မျှလောက် ကာလပတ်လုံး။
န ခီယတိ၊ သပိတ်၌ မကုန်။
တာဝ၊ ထိုမျှလောက် မကုန်မခြင်း။
ဘုဉ္ဇေ၊ ထိုဆွမ်းကို စားရ၏။
ဥက္ကဋ္ဌော၊ ဥက္ကဋ္ဌ ပုဂ္ဂိုလ်သည်။
သဗ္ဗံ၊ အလုံးစုံကို။
န ဘုဉ္စမြစ်သည်နောက်မှ မစားရ။ ခံတွင်း၌ ရှိသည်ကိုသာ မျိုရတော့သည် ဟူလိုသည်၊ (ခ)

(၈) အာရညိကင်

မုဒု ဂိမှေဝ ဥတုမှိ၊
ဥဋ္ဌာပေတာရုဏံ ဝနေ။
မဇ္ဈိမော ဟေမန္တိကေပိ၊
ဥက္ကဋ္ဌော ပန သဗ္ဗဒါ။

မုဒု၊ မုဒုပုဂ္ဂိုလ်သည်။
ဂိမှေဝ ဥတုမှိ၊ နွေဥတု၌သာလျှင်။
၀နေ၊ တော၌။
အရုဏံ၊ အရုဏ်ကို။
ဥဋ္ဌာပေတိ၊ တက်စေ၏။
မဇ္ဈိမော၊ မဇ္ဈိမ ပုဂ္ဂိုလ်သည်။
ဟေမန္တိကေ၊ ဆောင်းဥတု၌လည်း။
(အပိ - သဒ္ဒါဖြင့် ဂိမှဥတုကို ပေါင်းသည်)
၀နေ၊ တော၌။
အရုဏံ၊ အရုဏ်ကို။
ဥဋ္ဌာပေတိ၊ တက်စေ၏။
ဥက္ကဋ္ဌော ပန၊ ဥက္ကဋ္ဌပုဂ္ဂိုလ်သည်။
သဗ္ဗဒါ၊ ဥတုသုံးဖြာ အခါခပ်သိမ်း။
ဝနေ၊ တော၌။
အရုဏံ၊ အရုဏ်ကို။
ဥဋ္ဌာပေတိ၊ တက်စေ၏။

ယခုကာလ မုဒုပုဂ္ဂိုလ်တို့ ဝါတွင်း မိုးလေးလ အရညကင် ဆောက်တည်ကြသည်ကား ကျမ်းပြစကားနှင့် မညီ။ ။ တောရပုဂ္ဂိုလ်တို့ ရွာနီးကျောင်းသို့ လာ၍ တရားနာစဉ် နာပြီး၍ ကျောင်းသို့ ပြန်စဉ် အရုဏ် တက်သော်လည်း ဓုတင် မပျက်

သဥဿာဟတ္တာ (မဟာဋီကာဟိတ်၊ပ၊ နှာ-၉၈)။

သဥဿာဟတ္တာ = အားထုတ်ခြင်းနှင့်တကွ ဖြစ်သောကြောင့်တည်း။

ဓုတင်ပျက်ခြင်း

ဓမ္မကထိက ထပြီးလျက်နှင့် အိပ်စက် ကြာဖင့် ငံ့လင့် ဆိုင်းတွနေစဉ် အရုဏ်တက်မူ ပျက်၏

စိတ္တဿ သိထိလဘာဝေန ဓုတင်္ဂံ ဘိဇ္ဇတီတိ ဝုတ္တံ။ (မဟာဋီကာ ၊ပ၊ နှာ-၉ဂ) (အာ)

စိတ္တဿ၊ စိတ်၏။
သိထိလဘာဝေန၊ လျော့ရဲသည့် အဖြစ်ကြောင့်။
ဓုတင်္ဂံ၊ ဓုတင်သည်။
ဘိဇ္ဇတိ၊ ပျက်၏၊
ဣတိ၊ ဤသို့။
ဝုတ္တံ၊ ဆိုအပ်၏။

(၉) ရုက္ခမူလိက

ပါဠိ

ပက္ကောသိတွာပိ သောဓေတိ၊
မုဒုကော ရုက္ခမူလိကော။
မဇ္ဈိမော သမ္ပတ္တေဟေဝ၊
ဥက္ကဋ္ဌော ပါဒဗျူဟကော။

အနက်

ရုက္ခမူလိကော၊ သစ်ပင်ရင်း၌ နေခြင်း အလေ့ရှိသော။
မုဒုကော၊ မုဒုက ပုဂ္ဂိုလ်သည်။
ပက္ကောသိတွာပိ၊ လူသာမဏေတို့ကို ခေါ်၍လည်း။
သောဓေတိ၊ သဲခင်း ရံပတ် တံခါးတပ်လျက် စေ့စပ်ညီထွေ သုတ်သင်စေ၏။
မဇ္ဈိမော၊ မဇ္ဈိမ ပုဂ္ဂိုလ်သည်။
သမ္ပတ္တေဟိ ဧဝ၊ သစ်ပင်အောက်သို့ လာရောက်သူတို့ ကိုသာလျှင်။
သောဓေတိ၊ သုတ်သင်စေ၏။
ဥက္ကဋ္ဌော၊ ဥက္ကဋ္ဌ ပုဂ္ဂိုလ်သည်။
ပါဒဗျူဟကော၊ သစ်ရွက်ခြောက်ကို ခြေကျောက် လှည်းပယ်၍ နေ၏။

ကျောင်းတက် ဘုရားသွား လူစုလူဝေး များသောနေ့တို့၌ ရုက္ခမူလိကဓုတင် ဆောင်သော အဖြစ်ကို လူမသိစေရ၊ မထင်ရှား ရအောင် သစ်ပင်ရင်း၌ မနေမူ၍ သင့်လျော် လျောက်ပတ် ဆိတ်ငြိမ်ရာ အရပ်သို့ သွား၍ နေရမည်။

ပထမသေနာသန သိက္ခာပုဒ်အဖွင့်ဖြစ်သော --

အမ္ဘောကာသိကေန ပနစီဝရကုဋိကံ ကတွာပိ ရက္ခိတဗ္ဗံ၊ (ကင်္ခါအဋ္ဌကထာ၊ နှာ-၂၀၂)
သစေ ပန စတုဂ္ဂုဏေနပိ စီဝရေန ကတာ ကုဋိ အတေမန္တံ ရက္ခိတုံ န သက္ကောတိ သတ္တာဟ ဝဒ္ဒလိကာဒီနိ ဘဝန္တိ။ ဘိက္ခုနော ကာယာနု- ဂတိကတ္တာ ဝဋ္ဋတိ။ ရုက္ခမူလိကဿာပိ ဧသေဝ နယော။ (ကင်္ခါဋီကာသစ်၊နှာ-၃၆၅)

ဟု ဋီကာတို့၌ လာရကား သင်္ကန်းမိုးသော ကုဋိသည် ရုက္ခမူလိက အဗ္ဘောကာသိက ဓုတင်ဆောင် ပုဂ္ဂိုလ်တို့အား အပ်၏ဟု မှတ်ရာသည်။

အနက်

အဗ္ဘောကာသိကေန၊ အဗ္ဘောကာသိက ဓုတင်ဆောင် ပုဂ္ဂိုလ်သည်။
စီဝရကုဋိကံ၊ သင်္ကန်းကျောင်းငယ်ကို။
ကတွာပိ၊ ပြု၍သော်လည်း။
ရက္ခိတဗ္ဗံ၊ မိုးမစွတ်စေရ မဉ္စ ပီဌစသည်ကို စောင့်ရှောက်အပ်၏။

> [အဗ္ဘောကာသိက = (အဘိ၊ ဖွင့်လှစ်ထားသော။ ဩကာသ၊ နေရာ။ ဣက၊ ရှိသူ)
လွင်တီးခေါင်အမိုးမရှိသောနေရာ (ဓုတင်ဆောင်သူ)]

စတုဂ္ဂုဏေနပိ စီဝရေန၊ လေးထပ်ရှိသော သင်္ကန်းဖြင့်သော်လည်း။
ကတာ၊ ပြုအပ်သော။
ကုဋိ၊ ကျောင်းငယ်သည်။
အတေမန္တံ၊ မိုးမစွတ်စေရန်။
ရက္ခိတုံ၊ စောင့်ရှောက်ခြင်းငှါ။
သစေ ပန န သက္ကောတိ၊ အကယ်၍ မစွမ်းနိုင်ငြားအံ့။
သတ္တာဟ ဝဒ္ဒလိကာဒီနိ၊ ခုနှစ်ရက် မိုးစွေခြင်း စသည်တို့သည်။
သစေ ပန ဘဝန္တိ၊ အကယ်၍ကား ဖြစ်ကုန်ငြားအံ့။
ဘိက္ခုနော၊ ရဟန်း၏။
ကာယာနုဂတိကတ္တာ၊ ကိုယ်သို့ အစဉ်လိုက်သောကြောင့်။
ဝဋ္ဋတိ၊ အာပတ်မသင့်။
ရုက္ခမူလိကဿာပိ၊ ရုက္ခမူ ဓုတင်ဆောင် ပုဂ္ဂိုလ်အားလည်း။
ဧသော ဧ၀ နယော၊ ဤနည်းသာလျှင်တည်း။
(အနက်)

ဝိသုဒ္ဓိမဂ်၌ ဥတု လကို ပိုင်းခြား၍ မပြသော်လည်း ဝိနည်းပါဠိတော်၌ --

အဋ္ဌမာသေ ခေါ မယာ ဒေဝဒတ္တ ရုက္ခမူလသေနာသနံ အနညာတံ။

၎င်းဝိနည်း အဋ္ဌကထာ၌လည်း --

စတ္တာရော ပန မာသေ ရုက္ခမူလ သေနာသနံ ပဋိက္ခိတ္တမေဝ။

ဟူ၍ လာသောကြောင့် မိုးလေးလ၌ ကျောင်းမရှိဘဲ ရုက္ခမူဓုတင် မဆောက်တည်အပ် မှတ်ရာသည်။

အနက်

ဒေဝဒတ္တ၊ ချစ်သားဒေဝဒတ်။
အဋ္ဌမာသေ ခေါ၊ ရှစ်လတို့ပတ်လုံးသာလျှင်။
ဝါ၊ ရှစ်လ၌သာလျှင်။
ရုက္ခမူလ သေနာသနံ၊ သစ်ပင်ရင်းကျောင်းကို။
မယာ၊ ငါသည်။
အနုညာတံ၊ ခွင့်ပြုအပ်ပြီ။

စတ္တာရော ပန မာသေ၊ မိုးလေးလတို့ ပတ်လုံးကား။
ရုက္ခမူလသေနာသနံ၊ သစ်ပင်ရင်းကျောင်းကို။
ပဋိက္ခိတ္တမေဝ၊ မြစ်ပယ်တော်မူအပ်သလျှင်ကတည်း။

န ဘိက္ခဝေ အသေနာသနိကေန ဝဿံ ဥပဂန္တဗ္ဗန္တိ ဝစနတော စတ္တာရော ပန။ပ။ ပဋိက္ခိတ္တမေဝါတိ ဝုတ္တံ။ ဣမေဝ ဝစနံ သန္ဓာယ ပါဠိယမ္ပိ အဋ္ဌမာသေ ခေါ။ပ။ အနုညာတန္တိ ဝုတ္တံ။ (သာရတ္ထဋီကာ၊ ဒု၊ နှာ-၃၅၉)

ဤဋီကာဟိတ်ပါဌ်အလိုသော် အဗ္ဘောကာသိက ဓုတင်လည်း မိုးတွင်း၌ ရရန် မရှိ၊ ယခင် သေနာသန သိက္ခာပုဒ် အဋ္ဌကထာ ဋီကာ တို့၌ကား “အဗ္ဘောကာသိကေန” စသည်ဖြင့် မိုးတွင်း၌ပင် ဓုတင်ဆောင်ဟန် အခြင်းအရာ လာခဲ့သည်။ ပါဠိ အဋ္ဌကထာ ဋီကာသုံးရပ်ကို စပ်သော်ကား သဒွါရဗန္ဓန သေနာသနရှိလျှင် ဝါဆိုကောင်းတော့သည်၊ အမိုးသို့ မဝင်လျှင် ဓုတင် ရတော့သည်။ သုတ္တန်နည်း ဖြစ်၍ မိုးတွင်းအခါ ဆောက်တည်သည်ကို အပြစ် မဆိုသာ။

(သဒွါရဗန္ဓန = တံခါးဖွဲ့ထားသော၊ တံခါးရှိသော။)

ဓုတင်ပျက်ပုံ

ဆန္နေ ဝါသံ ကပ္ပိတက္ခဏေ ဓုတင်္ဂံ ဘိဇ္ဇတိ၊ ဇာနိတွာ ဆန္နေ အရုဏံ ဥဋ္ဌာပိတ မတ္တေတိ အင်္ဂုတ္တရဘာဏကာ။
(ဝိသုဒ္ဓိ၊ အဋ္ဌကထာ၊ပ၊ နှာ-၇၂)

အနက်

ဆန္နေ၊ အမိုးအောက်၌။
ဝါသံ၊ နေခြင်းကို။
ကပ္ပိတက္ခဏေ၊ ပြုသောခဏ၌။
ဓုတင်္ဂံ၊ ဓုတင်သည်။
ဘိဇ္ဇတိ၊ ပျက်၏၊
ဇာနိတွာ၊ သိပြီးမှ။
ဆန္နေ၊ အမိုး၌။
အရုဏံ၊ အရုဏ်ကို။
ဥဋ္ဌာပိတမတ္တေေ၊ တက်စေကာမျှ၌။
ဓုတင်္ဂံ၊ ဓုတင်သည်။
ဘိဇ္ဇတိ၊ ပျက်၏။
ဣတိ၊ ဤသို့။
အင်္ဂုတ္တရဘာဏကာ၊ အင်္ဂုတ္တရနိကာယ်ဆောင်တို့က။
၀ဒန္တိ၊ ဆိုကုန်၏။

ဆန္နေ ဝါသကပ္ပနာ ဓမ္မဿဝနာဒီနမတ္ထာယပိ ဟောတိ၊ တသ္မာ 'ဇာနိတွာ အရုဏံ ဥဋ္ဌာပိတမတ္တေ'တိ ဝုတ္တံ။။
(ဋီကာ၊ပ၊ ၁-၉၉)
အနက် ထင်ပြီ။ (ရုက်)

အနက်

ဆန္နေ၊ အုတ်ကြွပ် စသည်ဖြင့် မိုးအပ်သော အမိုးအောက်၌။
ဝါသကပ္ပနာ၊ နေခြင်းကို ပြုခြင်းသည်။
ဓမ္မဿဝနာဒီနံ၊ တရားနာခြင်း စသည်တို့၏။
အတ္ထာယပိ၊ အကျိုးငှါလည်း၊
ဟောတိ၊ ဖြစ်သေး၏။
တသ္မာ၊ ထို့ကြောင့်။
'ဇာနိတွာ အရုဏံ ဥဋ္ဌာပိတမတ္တေ'တိ၊ ဟူ၍။
ဝုတ္တံ၊ ဆိုအပ်ပေ၏။

(၁၀) အဗ္ဘောကာသိက

ပါဠိ

ဥက္ကဋ္ဌော ဒုဿကုဋိံ ဝ၊
မဇ္ဈော အဝေသနိဿယံ။
မုဒု အစ္ဆန္နပစ္ဆာယံ၊
လဘေ ခေတ္တကုဋိမ္ပိ စ။
လဘတေ ပီဌပဋမ္ပိ၊
သာခါဆန္နဉ္စ မဏ္ဍပံ။

အနက်

ဥက္ကဋ္ဌော၊ ဥက္ကဌ်အအဗ္ဘောကာသိက ပုဂ္ဂိုလ်သည်။
ဒုဿကုဋိံ ဧဝ၊ သင်္ကန်းမိုးသော ကျောင်းကိုသာလျှင်။
လဘေ၊ ရ၏။
မဇ္ဈော၊ မဇ္ဈိမပုဂ္ဂိုလ်သည်။
အဝေသနိဿယံ၊ သင်္ကန်း သပိတ် ပရိက္ခရာ ထဲမှာထားသို မခိုမဝင် သစ်ပင်တောင်ခေါင်း ကျောင်းကိုမှီ၍ နေခြင်းကို။
လဘေ၊ ရ၏။
မုဒု၊ မုဒုပုဂ္ဂိုလ်သည်။
အစ္ဆန္နပစ္ဆာယံ၊ အမိုးပြင်ဘက် ထွက်သော တောင်ရိပ် ကျောင်းရိပ်ကို၎င်း။
ခေတ္တကုဋိမ္ပိ စ၊ လယ်စောင့်တဲကို၎င်း။
လဘေ၊ ရ၏။
ပီဌပဋမ္ပိ၊ ကစီရည်ဖျန်း ဖရောင်းစွန်းသော သင်္ကန်းမိုးကုဋိကို၎င်း။
သာခါဆန္နဉ္စ မဏ္ဍပံ၊ ကျဲရရဲ သစ်ခက်မိုးသော မဏ္ဍပ်ကို၎င်း။
လဘတေ၊ ရ၏။

အန္တော ပန ပဗ္ဘာရဿ ဝဿောဒကံ ပဝိသတိ စေ၊ အဗ္ဘောကာသ- သင်္ခေပမေဝါကို တတ္တ ပဝိသိတုံ ဝဋ္ဋတိ ။ (ဋီကာ၊ပ၊ နှာ-၁ဝဝ) မိုးမလုံသမျှ ရကောင်းသည်ချည်း ဟူလို။

အနက်

ပန၊ ဆက်၍ ဆိုဦးအံ့။
ပဗ္ဘာရဿ၊ တောင်ဝှမ်း၏။
အန္တော၊ အတွင်း၌။
ဝဿောဒကံ၊ မိုးရေသည်။
စေ ပဝိသတိ၊ အကယ်၍ ဝင်ငြားအံ့။
အဗ္ဘောကာသ သင်္ခေပမေ၀၊ အဗ္ဘောကာသ ဟု ရေတွက်အပ်သည် သာလျှင်တည်း။
ဣတိ၊ ထို့ကြောင့်။
တတ္ထ၊ ထိုအရပ်၌။
ပဝိသိတုံ၊ ဝင်ခြင်းငှါ။
ဝဋ္ဋတိ၊ အပ်၏။

ဓုတင်ပျက်ခြင်း

ဝါသတ္ထာယ ဆန္နဉ္စ ရုက္ခမူလဉ္စ ပဝိဋ္ဌက္ခဏေ ဓုတင်္ဂံ ဘိဇ္ဇတိ။ ဇာနိတွာ တတ္ထ အရုဏံ ဥဋ္ဌာပိတမတ္တေတိ အင်္ဂုတ္တရဘာဏကာ။ (ဝိသုဒ္ဓိမဂ်၊ဋ္ဌ၊ပ၊ နှာ-၇၃) (အဗ်)

အနက်

ဝါသတ္ထာယ၊ နေခြင်းငှါ။
ဆန္နဉ္စ၊ အမိုးတွင်းသို့၎င်း။
ရုက္ခမူလဉ္စ၊ သစ်ပင်ရင်းသို့ ၎င်း။
ပဝိဋ္ဌက္ခဏေ၊ ဝင်စဉ်ခဏ၌။
ဓုတင်္ဂံ၊ ဓုတင်သည်။
ဘိဇ္ဇတိ၊ ပျက်၏။
ဇာနိတွာ၊ သိပြီး၍။
တတ္ထ၊ ထိုအမိုးအောက် သစ်ပင်ဟူသော နေရာ၌။
အရုဏံ၊ အရုဏ်ကို။
ဥဋ္ဌာပိတမတ္တေ၊ တက်အပ်ကာမျှ၌။
(ဓုတင်္ဂံ၊ ဓုတင်သည်။
ဘိဇ္ဇတိ၊ ပျက်၏။)
ဣတိ၊ ဤသို့။
အင်္ဂုတ္တရဘာဏကာ၊ အင်္ဂုတ္တရနိကာယ်ဆောင်တို့က။
၀ဒန္တိ၊ ဆိုကုန်၏။

(၁၁) သုသာန်ဓုတင်

ပါဠိ

ဥက္ကဋ္ဌော ဍာဟကုဏပ-
ရောဒေဟိ ဓုဝယုတ္တကေ။
မဇ္ဈော ဝသေ'က ယုတ္တေပိ၊
မုဒု လက္ခဏပတ္တကေ။

အနက်

ဥက္ကဋ္ဌော၊ ဥက္ကဌ် သုသာန်ဆောင် ပုဂ္ဂိုလ်သည်။
ဍာဟ ကုဏပ ရောဒေဟိ၊ မီးရှို့ ပုပ်နံ့ ငိုသံ သုံးပါးတို့နှင့်။
ဓုဝယုတ္တကေ၊ အမြဲယှဉ်သော သင်းချိုင်း၌။
ဝသေ၊ နေရ၏။
မဇ္ဈော၊ မဇ္ဈိမ ပုဂ္ဂိုလ်သည်။
ဧကယုတ္တေပိ၊ တခုခုနှင့် ယှဉ်သော သင်းချိုင်း၌လည်း။
ဝသေ၊ နေရ၏။
မုဒု၊ မုဒုပုဂ္ဂိုလ်သည်။
လက္ခဏ၀တ္တကေ၊ တကြိမ်ချပစ် ဆဲ့နှစ်နှစ်ကြာ လက္ခဏာသို့ ရောက်ကာမျှသော သင်းချိုင်း၌။
ဝသေ၊ နေရ၏။

ဓုတင်ပျက်ခြင်း

န သုသာနမှိ ဝါသံ ကပ္ပနေမှ ဓုတင်္ဂံ ဘိဇ္ဇတိ။ သုသာနံ အဂတဒိဝသေတိ အင်္ဂုတ္တရဘာဏကာ။ ဝိသုဒ္ဓိမဂ်၊ဋ္ဌ၊ပ၊နှာ-၇၄၊ အနက်ထင်၏။ (သာ)

(၁၂) ယထာသန္ထတိ

ပါဠိ

ဒူရာသန္နသီတုဏှာဒိံ၊
မုဒု ဂန္တွာပိ ပဿတိ။
မဇ္ဈော ပုစ္ဆေ တဒါကာရံ၊
ဥက္ကဋ္ဌော နကရေ ဒွယံ။

အနက်

မုဒု၊ ယထာသန္ထတိ စသော ပုဂ္ဂိုလ်သည်။
ဒူရာသန္နသီတုဏှာဒိံ၊ သံဃာညွှန်းချ၍ ရသောကျောင်း၏ ဝေး နီး အေး ပူခြင်း စသည် တို့ကို။
ဂန္တွာပိ၊ သွားချေ၍လည်း။
ပဿတိ၊ ကြည့်ရှု၏။
မဇ္ဈော၊ မဇ္ဈိမပုဂ္ဂိုလ်သည်။
တဒါကာရံ၊ ထိုအခြင်းအရာကို။
ပုစ္ဆေ၊ မေးရ၏။
ဥက္ကဋ္ဌော၊ ဥက္ကဋ္ဌဖြစ်သော ပုဂ္ဂိုလ်သည်။
ဒွယံ၊ သွား၍ကြည့်ခြင်း မေးမြန်းခြင်းနှစ်ပါးစုံကို။
န ကရေ၊ မပြုရ။

ဓုတင်ပျက်ခြင်း

သေနာသန လောလုပ္ပေ ဥပ္ပန္နမတ္တ ဓုတင်္ဂံ ဘိဇ္ဇတိ။
(ဝိသုဒ္ဓိမဂ်၊ပ၊ နှာ-၇၅)

သေနာသန လောလုပ္ပေ၊ ရောဂါမရှိပဲလျက် တပါးနေရာကို ယူခြင်း သွား၍ကြည့်ရှုခြင်း မေးမြန်းခြင်း ဟူသော နေရာကျောင်း၌ လျှပ်ပေါ်ခြင်း သည်” ဟု- အနက်ပေး၊

မုဒုကဿ အသတိ ရောဂေ ...စသည်။ မဟာဋီကာ၊ ပ၊ နှာ-၁၀၂။ (ယထာ)

(၁၃) နေသဇ္ဇိက

ပါဠိ

ဒုဿာယောဂါ အပဿေနံ၊
ဥက္ကဋ္ဌဿ န ဝဋ္ဋတိ၊
မဇ္ဈဿ တီသု ဧကေကံ၊
သဗ္ဗံ မုဒုဿ ဝဋ္ဋတိ၊
ဗိဗ္ဗောဟနမ္ပိ ပဉ္စင်္ဂေါ၊
သတ္တင်္ဂေါပိ စ မဉ္စကော။

အနက်

ဥက္ကဋ္ဌဿ၊ အထွဋ်အမြတ် ဥက္ကဌ်နေသဇ္ဇိက ပုဂ္ဂိုလ်အား။
ဒုဿာယောဂါ၊ သင်္ကန်း အာယောဂပဋ် အာယောဂပဋ်ပြား တို့သည်၎င်း။
အပဿေနံ၊ နောက်မှီ တံကဲသည်၎င်း။
န ဝဋ္ဋတိ၊ မအပ်။
မဇ္ဈဿ၊ မဇ္ဈိမပုဂ္ဂိုလ်အား။
တီသု၊ ဒုဿပလ္လတ္ထိကာ အာယောဂပဋ္ဋ[၁] အပဿေန သုံးပါးတို့တွင်။
ဧကေကံ၊ တခုခုသည်။
ဝဋ္ဋတိ၊ အပ်၏။
မုဒုဿ၊ မုဒုပုဂ္ဂိုလ်အား။
သဗ္ဗံ၊ သုံးပါးလုံးသည်။
ဝဋ္ဋတိ၊ အပ်၏။
ဗိဗ္ဗောဟနမ္ပိ၊ ထိပ်ဝထောင့်တန်း တောင်ဆုပ် ပမာဏထက် မလွန်သော မှီအုံးသည်၎င်း။
ပဉ္စင်္ဂေါပိစ မဉ္စကော၊ ခြေလေး နောက်မှီ အင် ငါးလီရှိသော ညောင်စောင်းသည်၎င်း။
(လေးပေါင်နောက်မှီ၊ အင်္ဂါ ငါးလီ ဝါဒီ အပရေ)။
သတ္တင်္ဂေါပိ စ မဉ္စကော၊ အခြေလေးလီ နောက်မှီ လက်တင် အင်္ဂါခုနစ်ပါးရှိသော ညောင်စောင်းသည်၎င်း။
ဝဋ္ဋတိ၊ အပ်၏။

> [၁။ အာယောဂပဋ္ဋ = (အာယောဂ၊ ဖွဲ့ထားအပ်သော။ ပဋ္ဋ၊ အပြား) ခါးပတ်။]

ဓုတင်ပျက်ခြင်း

သေယျံ ကပ္ပိတ မတ္တေ ဓုတင်္ဂံ ဘိဇ္ဇတိ [၁] ဟူ၍သာ အဋ္ဌကထာ (ပ၊ နှာ-၇၆) ရှိသောကြောင့် ခရီးသွားရာ စသည်၌ပင် ဆောက်တည်သော်လည်း မအိပ်ခင် ဓုတင်ရ၏ဟု မှတ်ရမည်။ သူအချို့ကား “တေန ပန နေသဇ္ဇိကေန ရတ္တိယာ တီသု ယာမေသု ဧကံ ယာမံ ဥဋ္ဌာယ စင်္ကမိတဗ္ဗံ” [၂] ဟူသော ဝိဓာနစကားကို ကိုးကား၍ အရုဏ် တက်သည့်တိုင်အောင် တညဉ့်ပတ်လုံး ဆောက်တည်မှ ရသည်ဟုဆိုကြကုန်၏။ သဒ္ဓါပါး၍ အားလျော့အောင် ပြောသော စကားသာမှတ်ရမည်။ ဝိဓာနကား တညဉ့်လုံး ဆောက်တည်လျှင်သာ စီရင်သော စကားတည်းဟု မှတ်။ (နေ)

ပဘေဒ ပြီး၏။

> [၁။ (အိပ်ရာ၌ခေါင်းချ၍) လျောင်းခြင်းကို ပြုကာမျှ၌ ဓုတင်ပျက်၏၊
၂။ (ဝိသုဒ္ဓိမဂ်၊ ဋ္ဌ၊ ပ၊ ၁-၇၆)
ပန၊ ထိုမှတပါး။
နေသဇ္ဇိကေန၊ နိသဇ်ဓုတင်ဆောင်သော။
တေန ယောဂိနာ၊ ထိုယောဂီသည်။
ရတ္တိယာ၊ ညဉ့်၌၊
တီသု ယာမေသု၊ သုံးယာမ်တို့တွင်။
ဧကံ ယာမံ၊ တခုသောယာမ်၌ (တယာမ်ပတ်လုံး)။
ဥဋ္ဌာယ၊ ထ၍။
စင်္ကမိတဗ္ဗံ၊ စင်္ကြံ သွားအပ်၏။]

ဓုတင် ၁၃-ပါး၏ အကျိုးများ

အာနိသံသအားဖြင့် --

(၁) ပံသုကူ ဓုတင်အကျိုး

ပါဠိ

နိဿယာ' နုရူပေါရိယ-
ဝံသေ ဌာနံ အဂေါပနံ။
သာရုပ္ပံ အပရာယတ္တံ၊
တာဏှာဘာဝေါ စ နိဗ္ဘယံ။

အပ္ပံ သုလဘာ' နဝဇ္ဇံ၊
ပါသာဒ'ပ္ပိစ္ဆတာဒိဇံ။
ဒိဋ္ဌာနုဂတျာ'ပါဒနံ၊
သမ္ပဋိပတ္တိဗြူဟနံ ။

မာရသေန ဝိဃာတာယ၊
ပံသုကူလဓရော ယတိ။
သန္နဒ္ဓကဝစော ယုဒ္ဓေ၊
ခတ္တိယော ဝိယ သောဘတိ။

ကိံ ဒိသော တံ န ဓာရေယျ၊
ယံ ဗုဒ္ဓေနာပိ ဓာရိတံ။
တသ္မိံ ယောဂါနုကူလမှိ၊
ပဋိညာနုရတော သိယာ။

အနက်

နိဿယာ' နုရူပေါ၊ ပဉ္စင်းခံစ ဆရာပြသည့် ဒုတိယမှီရာ [၁] အားလျော်ခြင်းသည်၎င်း။
အရိယဝံသေ၊ “စီဝရသလ္လေခတာ”ဟူသော ပထမအရိယဝံသတရား [၂] ၌။
ဌာနံ၊ တည်ခြင်းသည်၎င်း။
အဂေါပနံ၊ အလောဘနီယ အဖြစ်ကြောင့် စောင့်ရှောက်ရခြင်း ဆင်းရဲ၏ မရှိခြင်း သည်၎င်း။
သာရုပ္ပံ၊ မဂ် ဖိုလ်လိုလတ် ရဟန်းမြတ်တို့နှင့် လျောက်ပတ်ခြင်းသည်၎င်း။
အပရာယတ္တံ၊ ဒါယကာတို့နှင့် မစပ်မယှက် အသက်မွေးရခြင်းသည်၎င်း။
တဏှာဘာဝေါ စ၊ သုံးဆောင်ရာ၌ တဏှာမဖြစ်ခြင်းသည်၎င်း။
နိဗ္ဘယံ၊ ခိုးသူဘေးဖြင့် ဘေးမရှိခြင်းသည်၎င်း။

> [၁။ ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေးတို့သည် ရဟန်းတို့၏ မှီရာ နိဿယတရား ၄-ပါး ဖြစ်သည်။ ဒုတိယမှီရာဆိုသည်မှာ သင်္ကန်းပင်တည်း။ (မဟာဋီကာ၊ ပ၊ နှာ-၉၂)
၂။ အရိယဝံသတရား ၄-ပါးကား-သင်္ကန်း၊ ဆွမ်း၊ ကျောင်း၊ ဘာဝနာ၌ မွေ့လျော်ခြင်း ဖြစ်သည်။ (နိဿယ ၄-ပါးနှင့် အရိယဝံသတရား ၄-ပါးတို့၏ အစီအစဉ်ကို သတိပြုပါ။) (ဝိသုဒ္ဓိ၊ဋ္ဌ၊ပ၊နှာ-၅၅။မဟာဋီကာ၊ပ၊နှာ-၈၈)]

အပ္ပံ၊ အဘိုးနည်းပါးခြင်းသည်၎င်း။
သုလဘံ၊ တထည်စုတ်ခါ တထည်ရှာ၍ ရလွယ်ခြင်းသည်၎င်း။
အနဝဇ္ဇံ၊ အပြစ်မရှိခြင်းသည်၎င်း။
ပါသာဒံ၊ ကြည်ညိုဘွယ်ကို ဆောင်ခြင်းသည်၎င်း။
အပ္ပိစ္ဆတာဒိဇံ၊ အပ္ပိစ္ဆတာ စသော ဂုဏ်တို့၏ အကျိုးဖြစ်လာခြင်းသည်၎င်း။
ဒိဋ္ဌာနုဂတိ အာပါဒနံ၊ နှောင်လာအများ တပည့်သားတို့ကို မြင်အပ်သော အလားသို့ ရောက်စေခြင်းသည်၎င်း (အတုယူစေခြင်းသည်၎င်း)။
သမ္ပဋိပတ္တိဗြူဟနံ၊ သမထဝိပဿနာ သမ္မာပဋိပတ်ကို ပွါးစေတတ်ခြင်းသည်၎င်း။
အာနိသံသော၊ ပံသုကူ ဓုတင်ဆောင်အကျိုးတည်း။

မာရသေနဝိဃာတာယ၊ မာရ်မင်းစစ်မက် ရန်အမျက်ကို တိုက်ဖျက်ခြင်းငှါ။
ပံသုကူလဓရော၊ စစ်ဝတ်အတူ ပံသုကူသင်္ကန်းကို ဆောင်သော။
ယတိ၊ ရဟန်းသည်။
ယုဒ္ဓေ၊ စစ်ပွဲ၌။
သန္နဒ္ဓ ကဝစော၊ ချပ်ဝတ်တန်းဆာ ဖွဲ့ဆင်သော။
ခတ္တိယော ဝိယ၊ မင်းကဲ့သို့။
သောဘတိ၊ တင့်တယ်၏။

ယံ၊ အကြင် ပံသုကူသင်္ကန်းကို။
ဗုဒ္ဓေနာပိ၊ လာဘ်သပ်ပေါများ သုံးလူ့ဖျား သည်သော်လည်း။
ဓာရိတံ၊ ဆောင်တော်မူအပ်၏။
တံ၊ ထိုပံသုကူသင်္ကန်းကို။
ကိံ ဒိသော၊ အသို့သဘောရှိသောသူသည်။
န ဓာရေယျ၊ မဆောင်နိုင်ပဲ ရှိရာအံ့နည်း။
ယောဂါနုကူလမှိ၊ ဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းအားထုတ်ခြင်းနှင့် လျောက်ပတ်သော။
တသ္မိံ၊ ထိုသံသုကူသင်္ကန်း၌။
ပဋိညာနုရတော၊ ပဉ္စင်းခံစ ရဲစွာချသည့် အာမဝန္တံ ပဋိညံနှင့် လျော်ကန်အောင် မွေ့လျော်သည်။
သိယာ၊ ဖြစ်သင့်ရာ၏။
(ပံ)

(၂) တိစီဝရိက် ဓုတင်အကျိုး

ပါဠိ

ကာယာရေန သန္တောသော၊
သလ္လဟူက' ပ္ပကိစ္စတာ။
ပက္ခိနော'ဝ သမာဒါဂေါ၊
ဝတ္ထသန္နိဓိဝဇ္ဇနံ။

အတိရေကေ အလောလုပ္ပံ၊
ကပ္ပိယေ မတ္တကာရိတာ။
အပ္ပိစ္ဆတာဒီန ဖလ-
နိပ္ဖတ္တာဒိ သမိဇ္ဈတိ။

အနက်

ကာယဟာရေန၊ ချမ်း ပူ လုံခြုံ ကိုယ်ကို ဆောင်ရုံမျှသော သင်္ကန်းဖြင့်။
သန္တောသော၊ ရောင့်ရဲခြင်းသည်၎င်း။
သလ္လဟုက အပ္ပကိစ္စတာ၊ ပေါ့ပါးသော အသက်မွေးခြင်း ကိစ္စနည်းပါးခြင်းသည်၎င်း။
ပက္ခိနော ဣဝ၊ ခြေနှင့် အတောင် ယူဆောင်ပျံသွား ငှက်၏အလားကဲ့သို့။
သမာဒါဂေါ၊ ယူဆောင်၍ သွားနိုင်ခြင်းသည်၎င်း။
ဝတ္ထသန္နိဓိဝဇ္ဇနံ၊ အဝတ်သင်္ကန်း သိုမှီးခြင်းကို ကြဉ်ခြင်းသည်၎င်း။

အတိရေကေ၊ အပိုအမို သင်္ကန်း၌။
အလောလုပ္ပံ၊ လျှပ်ပေါ်လော်လည် မရှိခြင်းသည်၎င်း။
ကပ္ပိယေ၊ နိသီဒိုင် ပရိက္ခာရစောဠ စသည်အများ ဝိနည်းအားဖြင့် အပ်သည်၌။
မတ္တကာရိတာ၊ တိစီဝရမတ္တ နှိုင်းဆ၍ ပြုလေ့ရှိသော အားဖြင့် ခေါင်းပါးစွာကျင့်ခြင်း သည်၎င်း။
အပ္ပိစ္ဆတာဒီနံ၊ အလိုနည်းသောအဖြစ် စသောတရားတို့၏။
ဖလနိပ္ဖတ္တာဒိ၊ အကျိုး၏ပြီးခြင်းစသော များစွာသော ဂုဏ်အပေါင်းသည်၎င်း။
သမိဇ္ဈတိ၊ ပြည့်စုံလာ၏။
(တိ)

(၃) ပိဏ္ဍပါတ် ဓုတင်အကျိုး

ပါဠိ

နိဿယာနုရူပေါ'ရိယ-
ဝံသေ ဌာနံ အကောသဇ္ဇံ။
သုဒ္ဓါဇီဝေါ'ပရာယတ္တံ၊
သေခီယ ပရိပူရဏံ။

အပ္ပံ သုလဘာ' နဝဇ္ဇံ၊
နာ' ညပေါသ’ မနုဂ္ဂဟော။
တဏှာမာနပ္ပဟာနဉ္စ၊
တီဟာ' နာပတ္တိတာပိ စ။
ပစ္ဆာ'နုကမ္ပာဗြူဟနံ၊
အပိစ္ဆာဒျ' နုလောမတာ။

ပိဏ္ဍိလောပသန္တုဋ္ဌော၊
ဟောတိ စာတုဒ္ဒိသော ယတိ။
ဒေဝါပိ နံ ပိဟယန္တိ၊
နော စေ သိလောကနိဿိတော။

အနက်

နိဿယာနုရူပေါ၊ ပဉ္စင်းခံစ ဆရာပြသည့် ပထမမှီရာအား လျော်ခြင်းသည်၎င်း။
အရိယဝံသေ၊ “ပိဏ္ဍပါတေ သလ္လေခဘာ”ဟူသော ဒုတိယအရိယဝံသ တရား၌။
ဌာနံ၊ တည်ခြင်း၎င်း။
အကောသဇ္ဇံ၊ သလုံးစွမ်းရှိ ဆွမ်းရှာဘိ၍ မပျင်းရိနိုင်ခြင်းသည်၎င်း။
သုဒ္ဓါဇီဝေါ၊ ပန်းရက်ယူသုံး ပျားပိတုန်းနှယ် စင်ကြယ်သော အသက်မွေးခြင်းသည်၎င်း။
အပရာယတ္တံ၊ တပါးသူနှင့် မစပ်ယှက်ပဲ အသက်မွေးရခြင်းသည်၎င်း။
သေခိယ ပရိပူရဏံ၊ သုပ္ပဋိစ္ဆန္န စသည်သိက္ခာ ပြည့်စုံလာခြင်းသည်၎င်း။

အပ္ပံ၊ အဘိုးနည်းပါးခြင်းသည်၎င်း။
သုလဘံ၊ ရလွယ်ခြင်းသည်၎င်း။
အနဝဇ္ဇံ၊ အပြစ်မရှိခြင်းသည်၎င်း။
နာညပေါသံ၊ ခံခါနှိုင်းသိ ရောပြွမ်းခြင်း မရှိရကား သူတပါး မမွေးမြူအပ်ခြင်း သည်၎င်း။
အနုဂ္ဂဟော၊ အိမ်တိုင်းစေ့င ချီးမြှင့်ရခြင်းသည်၎င်း။
တဏှာမာနပ္ပဟာနဉ္စ၊ မိဿကဘတ္တ အန္တဇီဝိက် ဖြစ်၍ တဏှာ မာနကို ပယ်ရခြင်းသည်၎င်း။
တီဟိ၊ ဂဏ ပရံပရ စာရိတ္တဟု သိက္ခာပုဒ် သုံးခုတိုဖြင့်။
အနာပတ္တိကာ စ၊ အာပတ်မသင့်ခြင်း သည်၎င်း။

ပစ္ဆာနုကမ္ပာ၊ နောင်လာအများ တပည့်သားတို့ကို သနားငဲ့ကွက်ခြင်းသည်၎င်း။
ဗြူဟနံ၊ အထက် သမထ ဝိပဿနာ သမ္မာပဋိပတ်ကို ပွါးစေတတ်ခြင်း သည်၎င်း။
အပိစ္ဆာဒိအနုလောမတာ၊ အပိစ္ဆတာ စသော တရားနှင့် လျော်ခြင်းသည်၎င်း။
အာနိသံသော၊ ပိဏ္ဍပါတ်ဓုတင်ဆောင် အကျိုးတည်း။

ပိဏ္ဍိလောပသန္တုဋ္ဌော၊ သလုံးကိုမှီး ရင်းနှီးပန်းနွမ်း ရသောဆွမ်းဖြင့် ရောင့်ရဲသော။
ယတိ၊ ရဟန်းသည်။
စာတုဒ္ဒိသော၊ အရပ်လေးမျက်နှာတွင် ပိတ်ပင်တားမရှိ သွားလာနိုင်သည်။
ဟောတိ၊ ဖြစ်၏။
သိလောက နိဿိတော၊ လာဘ်သပ် ပူဇော် အကျော် အစောကို ငဲ့မှီတောင့်တသည်။
နော စေ ဟောတိ၊ အကယ်၍ မဖြစ်အံ့။
နံ၊ ထိုလာဘ်မငဲ့ကွက် ငြိမ်သက်စွာဘိ ပညာ သတိရှိသော ပိဏ္ဍပါတိကရဟန်းကို။
ဒေဝါပိ၊ သိကြားစသော နတ်တို့သည် သော်လည်း။
ပိဟယန္တိ၊ သဒ္ဓါစုံမက် နှစ်သက်မြတ်နိုး မျှော်ကိုးတောင့်တ ရိုသေကြကုန်၏။
(ပိဏ်)

(၄) သပဒါနစာရိကဓုတင်အကျိုး

ပါဠိ

စန္ဒူပမော နိစ္စနဝေါ၊
ကုလေသု ဝီတမစ္ဆရော။
အကုလူပဂါဒီနဝေါ၊
သမာန'မနုကမ္ပကော။

နတ္ထိကော ဘတ္တာဘိဟာရံ၊
အဝှါနံ နာဘိနန္ဒတိ။
သေရီစာရီ အပိစ္ဆတာ-
ဒီနံ' နုလောမ ဝုတ္တိကော။

အနက်

သပဒါနိကော၊ သပဒါနစာရီ ဓုတင်ဆောင် ရဟန်းသည်။
စန္ဒူပမော၊ ကပ်ငြိမတင် ချမ်းကြည်လင်၍ လ-လျှင် ဥပမာရှိသည်။
ဟောတိ၊ ဖြစ်၏။
ကုလေသု ၊ ဒါယကာတို့၌။
နိစ္စနဝေါ၊ မပြတ်ကပ်ချဉ်း လေ့လာခြင်းမဖြစ် အမြဲသစ်သည်၎င်း။
ဝီတမစ္ဆရော၊ ကုလမစ္ဆေရ ကင်းသည်၎င်း။
အကုလူပဂါဒီနဝေါ၊ လူကိုချီးမြှောက် ရောယှက်ခြင်း စသော အပြစ် မရှိသည်၎င်း။
သမာနံ၊ ထပ်တူ ညီမျှ။
အနုကမ္ပကော၊ သနားချီးမြှောက် စောင့်ရှောက်သည်၎င်း။
ဟောတိ ဖြစ်၏။

ဘတ္တာဘိဟာရံ၊ ရှေ့ရှုဆောင်ခဲ့သောဆွမ်းကို။
ဝါ၊ ဆွမ်းဖြင့်။
နတ္ထိကော၊ အလိုမရှိ။
အဝှါနံ၊ ဘိတ်မန်ပင့်ခေါ်ခြင်းကို။
နာဘိနန္ဒတိ၊ မနှစ်သက် လက်မခံ။
သေရီစာရီ၊ အလိုအတိုင်း သွားလာ လှည့်ပတ်ရခြင်း ရှိသည်။
ဟောတိ၊ ဖြစ်၏။
အပ္ပိစ္ဆတာဒီနံ၊ အလိုနည်းပါးခြင်းစသော တရားတို့အား။
အနုလောမဝုတ္တိကော၊ လျော်စွာဖြစ်ခြင်းတို့သည်။
ဟောတိ၊ ဖြစ်၏။
(သပ်)

(၅) ဧကာသနိက်ဓုတင်အကျိုး

ပါဠိ

အပ္ပါဗာဓံ အပ္ပါတင်္ကံ၊
လဟုဋ္ဌာနံ ဗလံပိ စ။
ဖာသု နာပတ္တိ နိတ္တဏှံ၊
အပ္ပိစ္ဆာဒျ'နုလောမတာ။

အနက်

အပ္ပါဗာဓံ၊ နှိပ်စက်တတ်ရာ ရောဂါမရှိခြင်းသည်၎င်း။
အပ္ပါတင်္ကံ၊ သက်မွေး မခဲ ကိုယ်မဆင်းရဲခြင်းသည်၎င်း။
လဟုဋ္ဌာနံ၊ လျင်မြန်စွာ ထကြွနိုင်ခြင်းသည်၎င်း။
ဗလံပိ စ၊ ကိုယ်အားရှိခြင်းသည်၎င်း။
ဖာသု၊ ချမ်းသာအေးမြ နေရခြင်းသည်၎င်း။
အနာပတ္တိ၊ ပထမ ပဝါရဏာသိက္ခာပုဒ်ဖြင့် အာပတ်မသင့်နိုင်ခြင်း သည်၎င်း။
နိတ္တဏှံ၊ ရသတဏှာ မရှိခြင်းသည်၎င်း။
အပ္ပိစ္ဆာဒိအနုလောမတာ၊ အပ္ပိစ္ဆတာ စသော တရားနှင့် လျော်ခြင်းသည်၎င်း။
အာနိသံသော၊ ဧကာသနိက် ဓုတင်ဆောင်အကျိုးတည်း။
(ဧ)

(၆) ပတ္တပိဏ်ဓုတင်အကျိုး

ပါဠိ

အကြိစ္ဆတာယ ပဟာနံ၊
နာနာတဏှာ ဝိနောဒနံ။
ထာလကာဒိ ဟရာဘာဝေါ၊
အာဟာရေ အတ္ထဒဿိတာ။
အဝိက္ခိတ္တဘောဇိတာ စ၊
အပ္ပိစ္ဆာဒျနုလောမတာ။

နာနာဘာဇန ဝိက္ခေပံ၊
ဟိတွာ ဩက္ခိတ္တလောစနော။
ခနန္တော ဝိယ မူလာနိ၊
ရသတဏှာယ သုဗ္ဗတော။

သရူပံ ဝိယ သန္တုဋ္ဌိံ၊
ဓာရယန္တော သုမာနသော။
ပရိဘုဉ္ဇေယျ အာဟာရံ၊
ကော အညော ပတ္တပိဏ္ဍိကာ။

အနက်

အတြိစ္ဆတာယ၊ ထိုထိုခွက်တွင်း ထိုထိုဟင်း၌ တပ်မက်ခြင်းတဏှာကို။
ပဟာနံ၊ ပယ်ခြင်းသည်၎င်း။
နာနာတဏှာ ဝိနောဒနံ၊ အထူးထူးသော ရသတဏှာကို စွန့်ခွါပယ်ဖျောက် ရခြင်း သည်၎င်း။
ထာလကာဒိ ဟရာဘာဝေါ၊ ပန်းကန် ဗျပ် ခွက် စသည်ကို ဆောင်ရွက်ရခြင်း ဟူသော ဆင်းရဲ၏ မရှိခြင်းသည်၎င်း။
အာဟာရေ၊ အံ့ဖတ်ပမာ ရောနှောသောအစာ၌။
အတ္ထဒဿိတာ၊ “ကာယဋ္ဌိတိ ယာပနာ” အစရှိသော အကျိုးမျှကို မြင်ခြင်းသည်၎င်း။
အဝိက္ခိတ္တဘောဇိတာ စ၊ ထိုထိုခွက်တွင်း ထိုထိုဟင်း၌ နှလုံးသွင်း မပျံ့ခြင်းသည်၎င်း။
အပ္ပိစ္ဆာဒိအနုလောမတာ၊ အပ္ပိစ္ဆတာ စသော တရားနှင့်လျော်ခြင်းသည်၎င်း။
အာနိသံသော၊ ပတ္တပိဏ် ဓုတင်ဆောင်အကျိုးတည်း။

နာနာဘာဇန ဝိက္ခေပံ၊ ခွက်အထူးထူး၌ စိတ်မှူးပျံလွှင့်ခြင်းကို။
ဟိတွာ၊ ပယ်စွန့်၍။
ဩက္ခိတ္တလောစနော၊ သပိတ်ကိုရှု အောက်သို့ပြုသော မျက်စိရှိသည် ဖြစ်၍။
ရသတဏှာယ၊ ရသတဏှာ၏။
မူလာနိ၊ မြစ်မ မြစ်သေးတို့ကို။
ခနန္တော ဝိယ၊ တူးဖြို ဖျက်ဆီးသကဲ့သို့။
သုဗ္ဗတော၊ ကောင်းသောအကျင့်ရှိသည်ဖြစ်၍။
သန္တုဋ္ဌိံ၊ ရောင့်ရဲခြင်းအထူး သန္တုဌီကျေးဇူးကို။
သရူပံ ဝိယ၊ သရုပ်သကောင် ယူဆောင်ဆင်နွှဲ လည်ဆွဲတန်းစသည်တို့ကဲ့သို့။
ဓာရယန္တော၊ ဆောင်လျက်။
သုမာနသော၊ ကောင်းမြတ်သော စိတ်နှလုံးရှိသည်ဖြစ်၍။
ပတ္တပိဏ္ဍိကာ၊ ပတ္တပိဏ်ဓုတင်ဆောင်ပုဂ္ဂိုလ်မှ။
အညော၊ တပါးသော။
ကော၊ အဘယ်ပုဂ္ဂိုလ်သည်။
အာဟာရံ၊ အာဟာရကို။
ပရိဘုဉ္ဇေယျ၊ သုံးဆောင် စွမ်းနိုင်အံ့နည်း။
“ပတ္တပိဏ္ဍိက ယေဝ ပရိဘုဉ္ဇေယျ”ဟူလိုသည်။
(ပတ်)

(၇) ခလုပစ္ဆာဘတ္တိက ဓုတင်အကျိုး

ပါဠိ

နာပတ္တိ နောဒရိကတ္တံ၊
အပုနပ္ပရိယေသနာ။
နိရာမိသသန္နိဓိတာ၊
အပ္ပိစ္ဆာဒျနုလောမတာ။

မုနိပ္ပသဋ္ဌံ သန္တောသ-
ဂုဏာဒိ ဝုဍ္ဎိသဉ္ဇနံ။
ဒေါသေ ဝိဓုနိတုံ ကာမော၊
ဣဒံ ဘဇေယျ ပဏ္ဍိတော။

အနက်

နာပတ္တိ၊ “အနတိရိတ္တဘောဇနာပတ္တိ” မရှိ ဝေးကွာခြင်းသည်၎င်း။
နော ဒရိကတ္တံ၊ ဝမ်းကိုချင့်တွက် အပြည့်အနှက် စားခြင်း မရှိခြင်းသည်၎င်း။
(ဩဒရိကတ္တံ ဥဒရဿ မိတဘာဝေါ ဣစ္ဆိပူရကာ။ မဟာဋီကာ၊ပ၊နှာ-၉၆)
အပုနပ္ပရိယေသနာ၊ တဖန်ရှာရခြင်း ဆင်းရဲ၏ မရှိခြင်းသည်၎င်း။
နိရာမိသသန္နိဓိတာ၊ အာမိသကို သိုမှီးခြင်း၏ ကင်းခြင်းသည်၎င်း။
အပ္ပိစ္ဆာဒိအနုလောမတာ၊ အပ္ပိစ္ဆတာ စသော တရားနှင့်လျော်ခြင်းသည်၎င်း။
အာနိသံသော၊ ခလုပစ္ဆာ ဓုတင်ဆောင် အကျိုးတည်း။

တိုက်တွန်းချက်

ဒေါသေ၊ လောဘ ဒေါသ စသည်အပြစ် မြူအညစ်တို့ကို။
ဝိဓုနိတုံ ကာမော၊ ခါတွက်ဖျက်ဆီးခြင်းငှါ အလိုရှိသော။
ပဏ္ဍိတော၊ ပညာရှိသည်။
မုနိပ္ပသဋ္ဌံ၊ ဘုရားရှင် ချီးမွမ်းတော် မူအပ်သော။
သန္တောသဂုဏာဒိ ဝုဍ္ဎိသဉ္ဇနံ၊ လွန်စွာခေါင်းပါး သန္တောသ စသော ကျေးဇူး တရား၏ ကြီးပွါးခြင်းကို ဖြစ်စေတတ်သော။
ဣဒံ၊ ဤခလုပစ္ဆာဓုတင်ကို။
ဘဇေယျ၊ ဆည်းကပ်မှီဝဲရာ၏၊
(ခ)

(၈) အာရညကင် ဓုတင်အကျိုးများ

ပါဠိ

လဒ္ဓါ ဝနသညံ ဘဗ္ဗော၊
ဓိတိံ လဒ္ဓုံ စ ရက္ခိတုံ။
အာရာဓေတိ သတ္ထု စိတ္တံ၊
နာ'သပ္ပါယေဟိ ခီပိတံ။

သန္တာသော ဝိဂတော ဟောတိ၊
ဇဟဇီဝနိကန္တိကော။
ဝိဝေကသုခံ သာဒေတိ၊
သေသဓူတာနုရူပကော။

ပဝိဝိတ္တော အသံသဋ္ဌော၊
ပန္တသေနာသနေ ရတော။
အာရာဓယန္တော နာထဿ၊
ဝနဝါသေန မာနသံ။

ဧကော အရညေ နိဝသံ၊
ယံ သုခံ လဘတေ ယတိ။
ရသံ တဿ န ဝိန္ဒန္တိ၊
အပိ ဒေဝါ သဣန္ဒကာ။

ပံသုကူလ ကဝစော သော၊
အသေသ ဓုတာယုဓော။
သမတ္ထော န စိရဿေဝ၊
ဇေတုံ မာရံ သဝါဟနံ။
တသ္မာ အရညဝါသမှိ၊
ရတိံ ကယိရာထ ပဏ္ဍိတော။

အနက်

အာရညိကော၊ တောနေရဟန်းသည်။
ဝနသညံ၊ တောဟူသော အမှတ်သညာကို။
လဒ္ဓါ၊ ရ၍။
ဝါ၊ ရသောကြောင့်။
ဓိတိံ၊ မရသေးသော သမာဓိကို။
လဒ္ဓုံ စ၊ ရခြင်းငှါ၎င်း။
ဓိတိံ၊ ရပြီးသောသမာဓိကို။
ရက္ခိတုံ စ၊ စောင့်ရှောက် ခြင်းငှါ၎င်း။
ဘဗ္ဗော၊ ထိုက်၏။
သတ္ထု ၊ မြတ်စွာဘုရား၏။
စိတ္တံ၊ စိတ်တော်ကို။
အာရာဓေတိ၊ နှစ်သက်စေ၏။
(တေနာ'ဟံ နာဂိတ တဿ ဘိက္ခုနော အတ္တမနော ဟောမိ အရညဝိဟာရေန။ အင်္ဂုတ္တိုရ် ပါဠိတော်၊ ဒု၊ နှာ-၃၀၁-စသည်)

အသပ္ပါယေဟိ၊ မလျောက်ပတ်တုံ ရူပါရုံစသည်တို့သည်။
စိတ္တံ၊ မိမိစိတ်ကို။
န ခီပိတံ၊ မပစ်လွှင့်အပ်နိုင်။

သန္တာသော၊ ကြောက်ရွံ့ထိတ်လန့်ခြင်းသည်။
ဝိဂတော၊ ပျောက်ကင်းသည်။
ဟောတိ ဖြစ်၏။
ဇဟဇီဝနိကန္တိကော၊ ကိုယ်အသက်၌ တပ်မက်ခြင်းကို စွန့်သည်။
ဟောတိ၊ ဖြစ်၏။
ဝိဝေကသုခံ၊ လူမရောပြွမ်း ကျောင်းသင်္ခမ်း၌ ဆိတ်ချမ်းမြေ့စွာ အရသာကို။
သာဒေတိ၊ သုံးဆောင်ခံစားရ၏။
သေသဓူတာနုရူပကော၊ ပံသုကူစသော ကြွင်းဓုတင်တို့နှင့် လျောက်ပတ်သည်။
ဟောတိ၊ ဖြစ်၏။

တိုက်တွန်းချက်

ပဝိဝိတ္တော၊ ဆိတ်ငြိမ်ထသော။
အသံသဋ္ဌော၊ လူတို့နှင့် မရောမရှက် ထသော။
ပန္တသေနာသနေ၊ ဆိတ်ငြိမ်ရာ တောကျောင်း၌။
ရတော၊ မွေ့လျော်ထသော။
ဝနဝါသေန၊ တော၌နေခြင်းဖြင့်။
နာထဿ၊ မြတ်ဘုရား၏။
မာနသံ၊ စိတ်တော်ကို။
အာရာဓယန္တော၊ နှစ်သက်စေလျက်။

ဧကာ၊ တယောက်ထီးတည်း။
အရညေ၊ လူသူမနီး ရှိုကြီးပိတ်ပေါင်း တောရကျောင်း၌။
နိဝသံနိဝသန္တော၊ နေသော။
ယတိ၊ ရဟန်းသည်။
ယံ သုခံ၊ အကြင်ပဝိဝေကချမ်းသာကို။
လဘတေ၊ ရ၏။
တဿ၊ ထိုတောနေ ရဟန်း၏။
တံ ရသံ၊ ထို ပဝိဝေက သုခရသာကို။
သ ဣန္ဒကာ၊ သိကြားနှင့်တကွကုန်သော။
ဒေဝါ အပိ၊ နတ်တိုပင်သော်လည်း။
န ဝိန္ဒန္တိ၊ မရနိုင်ကုန်။

ပံ့သုကူလ ကဝစော၊ ပံသုကူသင်္ကန်း ချပ်ပန်း မိန်ညို ထောင်ထသော။
အဝသေသ ဓုတာယုဓော၊ ကြွင်းသောဓုတင် စစ်အင်လက်နက် ရဲမက်ဗိုလ်ထ ရှိထသော။
သော၊ ထိုတောနေရဟန်းသည်။
န စိရဿေဝ၊ မကြာမြင့်ခင်သာလျှင်။
သဝါဟနံ၊ ရဲမက်ဗိုလ်စုနှင့်တကွသော။
မာရံ၊ မာရ်နတ်မင်းကို။
ဇေတုံ၊ အောင်မြင်ခြင်းငှါ။
သမတ္ထော၊ စွမ်းနိုင်၏။
တသ္မာ၊ ထို့ကြောင့်။
ပဏ္ဍိတော၊ ပညာရှိသည်။
အရညဝါသမှိ၊ မြရိပ်စိမ်းဝေ ချောက်ကမ်းရေနှင့် သဲငွေသောင်လယ် ပျော်ဘွယ်ရာကောင်း တောရကျောင်း၌။
ရတိံ၊ မွေ့လျော်ပျော်နေခြင်းကို။
ကယိရာထ၊ ပြုရာ၏။
(အာ)

(၉) ရုက္ခမူဓုတင်အကျိုး

နိဿယာနုရူပေါ'ရိယ-
ဝံသေ ဌာနဉ္စ အပ္ပကံ။
သုလဘံ အနဝဇ္ဇဉ္စ၊
ဒေဝတာသဟဝါသိတာ၊
ကမ္မာရာမတာယာ'ဘာဝေါ၊
အပ္ပိစ္ဆာဒျ'နုလောမတာ။

အာဝါသမစ္ဆေရဟရေ၊
ဒေဝတာ ပရိပါလိတေ။
ပဝိဝိတ္တေ ဝသန္တော သော၊
ရုက္ခမူလမှိ သုဗ္ဗတော။

အဘိရတ္တာနိ နီလာနိ၊
ပဏ္ဍူနိ ပတိတာနိ စ။
ပဿန္တော တရုပဏ္ဏာနိ၊
နိစ္စသညံ ပနူဒတိ။

တသ္မာ ဟိ ဗုဒ္ဓဒါယဇ္ဇံ၊
ဘာဝနာဘိရတာ' လယံ။
ဝိဝိတ္တံ နာတိမညေယျ၊
ရုက္ခမူလံ ဝိစက္ခဏော။

နိဿယာနုရူပေါ၊ ပဉ္စင်းခံစ ဆရာပြသည့် တတိယမှီရာ အားလျော်ခြင်းသည်၎င်း။
အရိယဝံသေ၊ “သေနာသနေ သလ္လေတော” ဟူသော တတိယအရိယဝံသ တရား၌။
ဌာနဉ္စ၊ တည်ခြင်းသည်၎င်း။
အပ္ပကံ၊ အဘိုးနည်းပါးခြင်းသည်၎င်း။
သုလဘံ၊ ရလွယ်ခြင်းသည်၎င်း။
အနဝဇ္ဇဉ္စ၊ အပြစ်မရှိခြင်းသည်၎င်း။
ဒေဝတာ သဟဝါသိတာ၊ သစ်နန်းစံမျိုး ရုက္ခစိုးနတ် စောင့်ရှောက်လတ်၍ နတ်တို့နှင့် အတူနေရခြင်းသည်၎င်း။
ကမ္မာရာမတာယ၊ နဝကမ္မ၌ မွေ့လျော်သော အဖြစ်၏။
အဘာဝေါ၊ မရှိခြင်းသည်၎င်း။
အပ္ပိစ္ဆာဒိအနုလောမတာ၊ အပ္ပိစ္ဆတာ စသော တရားနှင့် လျော်ခြင်းသည်၎င်း။
အာနိသံသော၊ ရုက္ခမူဓုတင်ဆောင် အကျိုးတည်း။

တိုက်တွန်းချက်

အာဝါသ မစ္ဆေရဟရေ၊ နေရာထိုင်ခင်း၌ ဝန်တိုခြင်းကို ပယ်ခွင်းတတ်ထသော။
ဒေဝတာပရိပါလိတေ၊ နတ်များ ဝန်းပတ် စောင့်ရှောက်အပ်ထသော။
ပဝိဝိတ္တေ၊ ဆိတ်ငြိမ်ထသော။
ရုက္ခမူလမှိ၊ သစ်ပင်ရင်း၌။
ဝသန္တော၊ နေသော။
သုဗ္ဗတော၊ ကောင်းသောအကျင့်ရှိသော။
သော၊ ထိုယောဂီပုဂ္ဂိုလ်သည်။
အဘိရတ္တာနိ၊ နုသစ်နီမြန်းကုန်သော။
တရုပဏ္ဏာနိ စ၊ သစ်ရွက်တို့ကို၎င်း။
နီလာနိ၊ ရင့်မာစိမ်းညိုကုန်သော။
တရုပဏ္ဏာနိ စ၊ သစ်ရွက်တို့ကို၎င်း။
ပဏ္ဍူနိ၊ အိုမင်းမှည့်ရော်ကုန်သော။
တရုပဏ္ဏာနိ စ၊ သစ်ရွက်တို့ကို၎င်း။
ပတိတာနိ၊ ညှိုးရော်ကြွေကျကုန်သော။
တရုပဏ္ဏာနိ စ၊ သစ်ရွက်တို့ကို၎င်း။
ပဿန္တော၊ အစဉ်သဖြင့် မြင်ရသည်ဖြစ်၍။
နိစ္စသညံ၊ မြဲ၏ ဟူသော အမှတ်သညာကို။
ပနူဒတိ၊ ပယ်စွန့်နိုင်၏။

တသ္မာ ဟိ၊ ထို့ကြောင့်သာလျှင်။
ဝိစက္ခဏော၊ ပညာရှိသောအမျိုးသားသည်။
ဗုဒ္ဓဒါယဇ္ဇံ၊ တောမှာဖွားမြင် တောတွင်ပွင့်လျက် ဓမ္မစကြာ တောမှာ နိဗ္ဗူ စံတော်မူသည့် ဘုန်းလူစောနှစ် မွေတော်ဖြစ်ထသော။
ဘာဝနာဘိရတာလယံ၊ ဘာဝနာမွေ့လျော် များသူတော်တို့၏ မျှော်နေရာဖြစ်ထသော။
ဝိဝိတ္တံ၊ ဆိတ်ငြိမ်သော။
ရုက္ခမူလံ၊ သစ်ပင်ရင်းကို။
နာတိမညေယျ၊ မထီမဲ့မြင် မပြုသင့်ရာ။ (ရုက်)

(၁၀) အဗ္ဘောကာသိက ဓုတင်အကျိုး

ပလိဗောဓဿု'ပစ္ဆေဒေါ၊
နိဿင်္ဂအနိကေတတာ။
စာတုဒ္ဒိသော အပ္ပိစ္ဆတာ-
ဒီနံ နုလောမဝုတ္တိတာ။

အနာဂါရိယဘာဝဿ၊
အနုရူပေ အဒုလ္လဘေ။
တာရာမဏိဝိတာနမှိ၊
စန္ဒဒီပပ္ပဘာသိတေ။

အဗ္ဘောကာသေ ဝသံ ဘိက္ခု၊
မိဂဘူတေန စေတသာ။
ထိနမိဒ္ဓံ ဝိနောဒေတွာ၊
ဘာဝနာရာမတံ သိတော။

ပဝိဝေက ရသဿာဒံ၊
န စိရဿေဝ ဝိန္ဒတိ။
ယသ္မာ တသ္မာ ဟိ သပ္ပညော၊
အဗ္ဘောကာသေ ရတော သိယာ။

ပလိဗောဓဿ၊ အာဝါသ ပလိဗောဓကို။
ဥပစ္ဆေဒေါ၊ ဖြတ်ရခြင်းသည်၎င်း။
နိဿင်္ဂ အနိကေတတာ၊ တွယ်တာကပ်ငြိ မရှိခြင်း နေရာကုဋိ မရှိခြင်းသည်၎င်း။
စာတုဒ္ဒိသော၊ လေးရပ်ခွင်၌ ပိတ်ပင်မရှိခြင်းသည်၎င်း။
အပ္ပိစ္ဆတာဒီနံ၊ အပ္ပိစ္ဆတာ စသည်တို့အား။
အနုလောမဝုတ္တိတာ၊ လျော်စွာဖြစ်သည့် အဖြစ်သည်၎င်း။
အာနိသံသော၊ အမ္ဘောကာသိကဓုတင်ဆောင်အကျိုးတည်း။

တိုက်တွန်းချက်

အနာဂါရိယဘာဝဿ၊ အိမ်ထောင်စီးပွါး ပယ်ရှားစွန့်ပစ် ရဟန်းအဖြစ်အား။
အနုရူပေ၊ လျောက်ပတ်ထသော။
အဒုလ္လဘေ၊ လွန်စွာ ရလွယ်ထသော။
တာရာမဏိ ဝိကာနမှိ၊ ကြယ်ရောင်ထိန်လက် ပတ္တမြားမျက်နှာကြက် ရှိထသော။
စန္ဒဒီပပ္ပဘာသိတေ၊ လမင်းတန်ဆောင် ဆီမီးရောင်ဖြင့် ပြောင်ပြောင် ထွန်းလင်းထသော။
အဗ္ဘောကာသေ၊ လွင်တီးခေါင်၌။
မိဂဘူတေန၊ သိမ်းဆည်းမတွယ် သမင်သဖွယ်ဖြစ်သော။
စေတသာ၊ စိတ်ဖြင့်။
ထိနမိဒ္ဓံ၊ ထိနမိဒ္ဓကို။
ဝိနောဒေတွာ၊ ပယ်ဖျောက်၍။
ဘာဝနာရာမတံ၊ ဘာဝနာ၌မွေ့လျော်ခြင်းကို။
သိတော၊ မှီလျက်။
၀သံ ဝသန္တော၊ နေသော။
ဘိက္ခု၊ ရဟန်းသည်။
ယသ္မာ၊ အကြင့်ကြောင့်။
န စိရဿေဝ၊ မကြာမြင့်ခင်သာလျှင်။
ပဝိဝေက ရသဿာဒံ၊ ဝိဝေကချမ်းသာ ရသမြတ်ခေါင် သုံးဆောင် ခံစားရခြင်းကို။
ဝိန္ဒတိ၊ ရ၏၊
တသ္မာ ဟိ၊ ထို့ကြောင့်သာလျှင်။
သပ္ပညော၊ ပညာရှိသည်။
အဗ္ဘောကာသေ၊ လွင်တီးခေါင်၌။
ရတော၊ မွေ့လျော်သည်။
သိယာ၊ ဖြစ်ရာ၏။ (အဗ်)

(၁၁) သုသာန်ဓုတင်အကျိုး

လာဘော မရဏဿတိယာ၊
အပ္ပမာဒ ဝိဟာရိတာ။
နိမိတ္တဿ အဓိဂမော၊
ကာမရာဂ ဝိနောဒနံ။

သံဝေဂေါ ကာယသဘာဝ-
ဒဿနံ မဒစဇ္ဇနံ။
ဘူတပူဇာ ဘယသဟော၊
အပ္ပိစ္ဆာဒျ'နုလောမတာ။

မရဏဿတိယာ၊ မရဏသတိကို။
လာဘော၊ ရခြင်းသည်၎င်း။
အပ္ပမာဒ ဝိဟာရိတာ၊ မမေ့မလျော့ နေလေ့ရှိခြင်းသည်၎င်း။
နိမိတ္တဿ၊ ဥဒ္ဓုမာတက စသည် ကြောင်းဟိတ် အသုဘနိမိတ်ကို။
အဓိဂမော၊ ရခြင်းသည်၎င်း။
ကာမရာဂ ဝိနောဒနံ၊ ကာမဂုဏ်၌ တပ်မက်မှုကို ပယ်ဖျောက်နိုင်ခြင်းသည်၎င်း။
သံဝေဂေါ၊ များစွာထိတ်လန့်ခြင်းသည်၎င်း။
ကာယသဘာဝ ဒဿနံ၊ အသုစိ ဒုဂ္ဂန္ဓ ဇေဂုစ္ဆ စသော ကိုယ်သဘောကို နစ်နောကုန်စင် မပြတ်မြင်ရခြင်းသည်၎င်း။
မဒစဇ္ဇနံ၊ အာရောဂျမာန် ယောဗ္ဗနမာန် ဇီဝိတမာန်တို့ကို ပယ်လှန် စွန့်ပစ်ရခြင်းသည်၎င်း။
ဘူတပူဇာ၊ နတ်တို့လေးမြတ် ပူဇော်အပ်ခြင်းသည်၎င်း။
ဘယသဟော၊ ဘေးငယ် ဘေးကြီးကို သည်းခံနိုင်ခြင်းသည်၎င်း။
အပ္ပိစ္ဆာဒိအနုလောမတာ၊ အပ္ပိစ္ဆတာ စသော တရားနှင့်လျော်ခြင်းသည်၎င်း။
အာနိသံသော၊ သုသာန်ဓုတင်ဆောင်အကျိုးတည်း။ (ာ)

(၁၂) ယထာသန္ထတိ ဓုတင်အကျိုး

ဝုတ္တောဝါဒဿ ကရဏံ၊
သဟာယာနံ ဟိတေသိတာ။
ဝိကပ္ပဿ ပရိစ္စာဂေါ၊
အတြိစ္ဆာ ဒွါရသံဝရော။
ဟီနာနုရောဓ ဝိရောဓော၊
အပ္ပိစ္ဆာဒျ'နုလောမတာ။

ယံ လဒ္ဓံ တေန သန္တုဋ္ဌော၊
ယထာသန္ထတိကော ယတိ။
နိဗ္ဗိကပ္ပေါ သုခံ သေတိ၊
တိဏသန္ထရဏေသုပိ။

န သော ရဇ္ဇတိ သေဋ္ဌမှိ၊
ဟီနံ လဒ္ဓါ န ကုပ္ပတိ။
သဗြဟ္မစာရိနဝကေ၊
ဟိတေန အနုကမ္ပတိ။

တသ္မာ အရိယသတာစိဏ္ဏံ၊
မုနိပုင်္ဂဝ ဝဏ္ဏိတံ။
အနုယုဉ္စေထ မေဓာဝီ၊
ယထာသန္ထတရာမတံ။

ဝုတ္တောဝါဒဿ၊ “ယံ လဒ္ဓံ တေန တုဋ္ဌဗ္ဗံ” ဟူ၍ (ပါစိတ်ပါဠိတော်၊ နှာ-၃၄၀၌) ဟောတော်မူအပ်သော ဩဝါဒကို။
ကရဏံ၊ ပြုကျင့် လိုက်နာခြင်းသည်၎င်း။
သဟာယာနံ၊ သီတင်းသုံးဖော်တို့၏။
ဟိတေသိတာ၊ စီးပွါးရှာလျက် ကရုဏာ ဝိဟာရ အားလျော်ခြင်းသည်၎င်း။
ဝိကပ္ပဿ၊ ဆိုးကောင်း ယုတ်မြတ်ကို ကြံစည်ခြင်းကို။
ပရိစ္စာဂေါ၊ စွန့်ပစ်ဘိ၍ တာဒိကျေးဇူး အားလျော်ခြင်းသည်၎င်း။
အတြိစ္ဆာဒွါရသံဝရော၊ ထိုထိုဥစ္စာ လိုတတ်စွာသော အတြိစ္ဆာ တဏှာဝင်ပေါက်ကို ပိတ်ဆို့ခြင်းသည်၎င်း။
ဟီနာနုရောဓ ဝိရောဓော၊ ကောင်း မကောင်းသည်၌ ချစ်ခြင်း မုန်းခြင်းကို ပယ်ခြင်းသည်၎င်း။
အပ္ပိစ္ဆာဒိအနုလောမတာ ၊ အပ္ပိစ္ဆတာ စသော တရားနှင့် လျော်ခြင်းသည်၎င်း။
အာနိသံသော၊ ယထာသန္တတိ ဓုတင်ဆောင် အကျိုးတည်း။
(နောက်ဂါထာစု အနက် ထင်ပြီ)
ယထာသန္ထတရာမတံ၊ သံဃာညွှန်းချတိုင်း သောကျောင်း၌ မွေ့လျော်သည်၏ အဖြစ်ကို။ (အနက်ပေး) (ယထာ)

တိုက်တွန်းချက်

ယံ၊ အကြင်ပစ္စည်းကို။
လဒ္ဓံ၊ ရအပ်၏။
တေန၊ ထိုပစ္စည်းဖြင့်သာ။
သန္တုဋ္ဌော၊ နှစ်သက်သော။
ယထာ သန္ထတိကော၊ ယထာသန္ထတိ ဓုတင်ဆောင်သော။
ယတိ၊ ရဟန်းသည်။
နိဗ္ဗိကပ္ပေါ၊ (ကောင်းသည် မကောင်းဘူးဟု နှစ်မျိုး) ကြံခြင်း ကင်းသည်ဖြစ်၍။
တိဏသန္ထရဏေသုပိ၊ မြက် သစ်ရွက် အခင်းတို့၌သော်လည်း။
သုခံ၊ ချမ်းသာစွာ။
သေတိ၊ အိပ်ရ နေရပေ၏။

၁။ သော၊ ထိုရဟန်းသည်။
သေဋ္ဌမှိ၊ မြတ်သောနေရာ၌လည်း။
န ရဇ္ဇတိ၊ မတပ်မက်။
ဟီနံ၊ ယုတ်ညံ့သည်ကို။
လဒ္ဓါ၊ ရ၍ (ရသော်လည်း)။
န ကုပ္ပတိ၊ အမျက်မထွက်။
သဗြဟ္မစာရိနဝကေ၊ သီတင်းသုံးဖော်ငယ်တို့ကို။
ဟိတေန၊ အကျိုးစီးပွါးဖြင့်။
အနုကမ္ပတိ၊ အစဉ်သနား စောင့်ရှောက်သည်မည်၏။

၂။ တသ္မာ၊ ထို့ကြောင့်။
အရိယသတာစိဏ္ဏံ၊ အရိယာသူမြတ်တို့သည် အမြဲမပြတ် လေ့ကျင့်အပ်သော။
မုနိပုင်္ဂဝ ဝဏ္ဏိတံ၊ မုနိတို့ ရှေ့သွား ခေါင်းဆောင်ကြီးဖြစ်သော ဘုရားသခင်သည် ချီးမွမ်းတော်မူအပ်သော။
ယထာသန္ထတရာမတံ၊ သံဃာညွှန်းချအပ်တိုင်းသော ကျောင်း၌ မွေ့လျော်သည့်အဖြစ်ကို။
မေဓာဝီ၊ ပညာရှိသည်။
အနုယုဉ္စေထ၊ အားထုတ်ရာ၏။

၃။ ယံ၊ အကြင်ပစ္စည်းကို။
လဒ္ဓံ၊ ရအပ်၏။
တေန၊ ထိုပစ္စည်းဖြင့်။
တုဗ္ဗဋ္ဌံ၊ နှစ်သက် ရောင့်ရဲအပ်၏။

(၁၃) နေသဇ္ဇိကဓုတင် အကျိုး

ကမ္မဋ္ဌာနသပ္ပါယတာ၊
စေတော နိဗန္ဓဆေဒနံ။
ပါသာဒိကံ အနွာရမ္ဘံ၊
သမ္ပဋိပတ္တိဗြူဟနံ။

အာဘုဇိတွာန မလ္လင်္ကံ၊
ပဏိဓာယ ဥဇုံ တနုံ။
နိသီဒန္တော ဝိကမ္ပေတိ၊
မာရဿ ဟဒယံ ယတိ။

သေယျ ပဿ မိဒ္ဓသုခံ၊
ဟိတွာ အာရဒ္ဓဝီရိယော။
နိသဇ္ဇာဘိရတော ဘိက္ခု၊
သောဘယန္တော တပေါဝနံ။

နိရာမိသံ ပီတိသုခံ၊
ယသ္မာ သမဓိဂစ္ဆတိ။
တသ္မာ သမနုယုဉ္ဇေယျ၊
ဓီရော နေသဇ္ဇိကံ ဝတံ။

ကမ္မဋ္ဌာနသပ္ပါယတာ၊ ကမ္မဋ္ဌာန်း ဟူသမျှနှင့် လျောက်ပတ်သည့် အဖြစ်သည်၎င်း။
စေတော နိဗန္ဓဆေဒနံ၊ “သေယျ ပဿ မိဒ္ဓသုခ”ကို [၁] အားထုတ်ခြင်း ဟူသော “စေတောဝိနိဗန္ဓ [၂] တရားကို ဖြတ်ခြင်းသည်၎င်း။
ပါသာဒိကံ၊ ကြည်ညိုဘွယ် ရှိခြင်းသည်၎င်း။
အနွာရမ္ဘံ၊ အားထုတ်ခြင်း ဝီရိယအားလျော်ခြင်းသည်၎င်း။
သမ္ပဋိပတ္တိဗြူဟနံ၊ အထက် သမထ ဝိပသာနာ သမ္မာပဋိပတ်ကို ပွါးစေတတ်ခြင်း သည်၎င်း။
အာနိသသော၊ နိသဇ်ဓုတင်ဆောင် အကျိုးတည်း။

[၁။ သေယျသုခ = ပက်လက်အိပ်ခြင်း ချမ်းသာ။ ပဿ သုခ = တစောင်းအိပ်ခြင်း ချမ်းသာ။ မိဒ္ဓသုခ = အိပ်ငိုက်ခြင်း ချမ်းသာ။ ဒီ၊ ၃၊ ၁၉၉။ ပါထိကဝဂ်၊ မြန်၊ ၂၂၁။
၂။ စေတောဝိနိဗန္ဓ = စိတ်၏အနှောင်အဖွဲ့။]

တိုက်တွန်းချက်

မလ္လင်္ကံ၊ တင်ပျဉ်ကို။
အာဘုဇိတွာန၊ ဖွဲ့ခွေ၍။
တနုံ၊ အထက်ကိုယ်ကို။
ဥဇုံ၊ ဖြောင့်မတ်စွာ။
ပဏိဓာယ၊ ထား၍။
နိသီဒန္တော၊ ထိုင်နေသော။
ယတိ၊ ရဟန်းသည်။
မာရဿ၊ မာရ်နတ်၏။
ဟဒယံ၊ နှလုံးကို။
ဝိကမ္ပေတိ၊ တုန်လှုပ်စေ၏။

သေယျ ပဿ မိဒ္ဓသုခံ၊ အိပ်စက် ညာဘယ် ပြောင်းလှယ် ငိုက်မျဉ်းရသော ချမ်းသာကို။
ဟိတွာ၊ ပယ်၍။
အာရဒ္ဓဝီရိယော၊ အားထုတ်အပ်သော လုံ့လရှိထသော။
နိသဇ္ဇာဘိရတော၊ ထိုင်နေခြင်း၌ မွေ့လျော်ထသော။
ဘိက္ခု၊ ရဟန်းသည်။
တပေါဝနံ၊ စိမ်းစိုဝေမြိုင် ဂနိုင်သာမော အကျင့်တောကို။
သောဘယန္တော၊ တင့်တယ်စေလျက်။
ယသ္မာ၊ အကြင့်ကြောင့်။
နိရာမိသံ၊ အာမိသနှင့် မစပ်သော။
ပိတိသုခံ၊ နှစ်သက်ချမ်းသာခြင်းကို။
သမဓိဂစ္ဆတိ၊ ကောင်းစွာရ၏။
တသ္မာ၊ ထို့ကြောင့်။
ဓီရော၊ ပညာရှိသည်။
နေသဇ္ဇိကံ ဝတံ၊ နိသဇ်ဓုတင် အကျင့်ကို။
သမနုယုဉ္ဇေယျ၊ ကောင်းစွာ အားထုတ်ရာ၏။ (နိ)

အာနိသင် ပြီး၏။

အထွေထွေဝေဖန် ရှင်းလင်းချက်များ

ဓုတာဒိဝိဘာဂအားဖြင့် -

ဓုတ၊ ဓုတဝါဒ၊ ဓုတဓမ္မ၊ ဓုတင်္ဂ၊ ဓုတင်္ဂသပ္ပါယ ဤငါးပါးတို့ကို ခွဲခြား ဝေဖန်အပ်၏။

ဓုတအဓိပ္ပါယ်

ထိုတွင် ဓုတင်ဖြင့် ကိလေသာကို ခါတွက်ပြီးသော ရဟန္တာပုဂ္ဂိုလ်၊ အရိယမဂ် (အထူး အားဖြင့် အရဟတ္တမဂ်) ပရိယာယ် အားဖြင့် ဝိပဿနာဉာဏ် စသည်။ အောက်ထစ် အားဖြင့် ဓုတင်္ဂစေတနာ သမ္ပယုတ္တဉာဏ်တို့သည် “ဓုတ” မည်၏။

ဓုတဝါဒအဓိပ္ပါယ်

ဓုတင်ဖြင့် ဆုံးမပြောဟောတတ်သော ပုဂ္ဂိုလ်သည်“ဓုတဝါဒ” မည်၏။

ဤနှစ်ပုဒ်ကို စပ်လျက် --
ဓုတ နဓုတဝါဒပုဂ္ဂိုလ်၊
နဓုတ ဓုတဝါဒပုဂ္ဂိုလ်၊
နေဝဓုတ နဓုတဝါဒပုဂ္ဂိုလ်၊
ဓုတ ဓုတဝါဒပုဂ္ဂိုလ် ဟု စတုက္က ဖြစ်သင့်၏။
အစဉ်အတိုင်း ဗာကုလ ဥပနန္ဒ လာလုဒါယီ သာရိပုတြာမထေရ် တို့ကဲ့သို့သော ပုဂ္ဂိုလ် တို့ကို ယူအပ်၏။

ဓုတဓမ္မအဓိပ္ပါယ်

ဓုတင်္ဂစေတနာအား ကျေးဇူးများသော အပ္ပိစ္ဆတာ သန္တုဋ္ဌိတာ သလ္လေခတာ ပဝိဝေကတာ ဣဒမတ္ထိတာ ဟူသော ပရိဝါရက တရား ငါးပါးသည် “ဓုတဓမ္မ” မည်၏။

[၁။ ဣဒမတ္ထိတာ = (ဣဒံ၊ အတ္ထိ၊ တာ) ဤ ဓုတင်ဆောင်လျှင် အကျိုးရှိသည်ဟု သိသည်၏ အဖြစ် = ပညာ။ ။
၂။ ပရိဝါရက = ဓုတင်၏အခြံအရံ - ဓုတင်စေတနာအား ကျေးဇူးများသောတရား ၅-ပါး။]

ဓုတဓမ္မတရားကိုယ်

ထိုတွင် ရှေးနှစ်ပါးသည် အလောဘ, နောက်ဆုံးတပါးသည် အမောဟ, အလယ်နှစ်ပါးသည် အလောဘ အမောဟ။ ဤသို့ တရားကိုယ်အားဖြင့် နှစ်ပါးတည်း။ ထိုနှစ်ပါးတို့တွင် အလောဘဖြင့် ဂဟပတိစီဝရစသော ပဋိက္ခေပဝတ္ထုတို့၌ လောဘတဏှာ ကာမသုခလ္လိကာနုယောဂတို့ကို ခါတွက်သည်။ အမောဟဖြင့် ထိုပဋိက္ခေပဝတ္ထုတို့၌ အာရက္ခဒုက္ခ ပရာမီနဝုတ္တိ စောရဘယ - စသော အပြစ်ဒေါသ အာဒီနဝကို ဖုံးလွှမ်းတတ် သော မောဟ အတ္တကိလမထာနုယောဂတို့ကို ခါတွက်သည်။ ယင်းနှစ်ပါးဖြင့် မဇ္ဈိမပဋိပဒါလမ်းသို့ ဖြောင့်တန်းစွာ သွားသည်။

ဓုတင်္ဂအဓိပ္ပါယ်

သမာဒါနစေတနာ တဆယ့်သုံးပါးသည် “ဓုတင်္ဂ”မည်၏။

ဓုတင်္ဂသပ္ပါယအဓိပ္ပါယ်

ဓုတင်အကျင့်ကို ဒုက္ခပဋိပဒါဖြစ်၍ ရာဂစရိတ ပုဂ္ဂိုလ်အား လျောက်ပတ်၏။ သလ္လေခဝိဟာရ ဖြစ်၍ မောဟစရိတ ပုဂ္ဂိုလ်အား လျောက်ပတ်၏။ တနည်းလည်း - အရညကင် ရုက္ခမူဓုတင် နှစ်ပါးသည် ဒေါသစရိတပုဂ္ဂိုလ် အားလည်း လျောက်ပတ် သေး၏။

သမာသ [၁] အားဖြင့်
သင့်လျော်မကင်း မခဲယဉ်းသော ဓုတင်တပါး, နှစ်ပါး နှစ်ပါး။ ပေါင်း ငါးပါးတို့ကို သင်္ဂြိုဟ် နိုင်ခြင်းကြောင့် သပဒါန ဧကာသနိက် အမ္ဘောကာသိက [၂] သုံးပါးတို့သည် သီသင်္ဂ [၃] မည်၏။ “ပံ တိ အာ သာ နိ” ဤငါးပါးတို့သည် မရောရှက်သောကြောင့် အသမ္ဘိန္နင်္ဂ [၄] မည်၏။ ဤသို့ အကျဉ်း ရှစ်ပါးတည်း။

[၁။ သမာသ = အကျဉ်းချုပ်။ ဓုတင် ၁၃-ပါးကို အကျဉ်းချုပ်အားဖြင့် ဝေဖန်လျှင် အင်္ဂါ ၂-ပါး၊ ပဋိသံယုတ္တ ၄-ပါး၊ နိဿယ ၂-ပါး၊ သေဝိတဗ္ဗ ၂-ပါး၊ သမာဒါန စေတနာ အားဖြင့် ၁-ပါးဖြစ်သည်။
၂။ သပဒါနဓုတင်၌ ပိဏ္ဍပါတ်ဓုတင်ကို ထည့်သွင်းရေတွက်သည်။ ဧကာသနိက် ဓုတင်၌ ပတ္တပိဏ်ဓုတင်နှင့် ခလုပစ္ဆာဘတ္တိကဓုတင် ဤ ၂-ပါးကို ထည့်သွင်း ရေတွက်သည်။ အမ္ဘောကာသိကဓုတင်၌ ရုက္ခမူဓုတင်နှင့် ယထာသန္ထတိက ဓုတင်- ဤ ၂-ပါးကို ထည့်သွင်း ရေတွက်သည်။
၃။ သီသင်္ဂ = (သီသ = ဦးခေါင်း၊ အင်္ဂ = အဘို့) ခေါင်းဆောင်ဖြစ်သော အင်္ဂါ (သပဒါန ဓုတင်ဆောင် ပုဂ္ဂိုလ်သည် ပိဏ္ဍပါတ်ဓုတင်ဆောင်ရန် မခဲယဉ်းတော့ချေ။ ဤ ၂-ပါးတွင် သပဒါန ဓုတင်သည် ခေါင်းဆောင်ဖြစ်၍ “သီသင်္ဂ” ဖြစ်သည်။)
၄။ အသမ္ဘိန္နင်္ဂ = အခြားတပါးနှင့် မရောသော သီးခြား အင်္ဂါ။]

တနည်းလည်း-
“ပံ တိ” နှစ်ပါးသည် သင်္ကန်းနှင့်၊
“ပိဏ် သပ် ဧ ပတ် ခ” ငါးပါးတို့သည် ဆွမ်းနှင့်၊
“အာ ရုက် အဗ် သာ ယထာ ငါးပါးတို့သည် ကျောင်းနှင့်၊
နိသဇ်တပါးသည် ဝီရိယနှင့် စပ်၏။
ဤသို့ ပဋိသံယုတ္တအားဖြင့် လေးပါးတည်း။

တနည်းလည်း--
နိသဇ်သည် ဝီရိယ နိဿိတ၊
ကြွင်း တဆယ့်နှစ်ပါးသည် ပစ္စယ နိဿိတ၊
ဤသို့ မှီရာ နိဿယအားဖြင့် နှစ်ပါးတည်း။

ကမ္မဋ္ဌာန်းတိုးပွါးလျှင် မှီဝဲအပ်၏၊
ဆုတ်ယုတ်လျှင် မမှီဝဲအပ်၊
ဤသို့ သေဝိတဗ္ဗာ သေဝိတဗ္ဗအားဖြင့်လည်း နှစ်ပါးတည်း။

သမာဒါနစေတနာအားဖြင့်ကား တပါးသာတည်း။

ဗျာသအားဖြင့် --
ရဟန်းတို့အား -- ပံ တိ ပိဏ် သပ်၊ ဧ ပတ် ခ အာ၊
ရုက် အဗ် သာ၊ ယထာ နိ ဟု၊ ဆယ့်သုံးခု၊
ဘိက္ခုနီမှာ -- ရုက် အဗ် သာ ခ၊ အာ-ပယ်ချ ဓုတ ရှစ်ပါးရ။

အာရညိကင်္ဂံ ဂဏမှာ ဩဟီယနသိက္ခာပဒေန ပဋိက္ခိတ္တံခလုပစ္ဆာဘတ္တိကင်္ဂံ အနတိရိတ္တဘောဇနသိက္ခာပဒေနပဝါရိတာယ ဟိ ဘိက္ခုနိယာ အတိရိတ္တံ ကတွာ ဘုဉ္ဇိတုံ န လဗ္ဘတိ

အာရညိကင်္ဂံ ၊ အာရညကင် ဘင်ကို။
ဂဏမှာ ဩဟီယနသိက္ခာပဒေန၊ (ပါစိတ်ပါဠိတော်၊ နှာ-၂၉၆ လာ) ဂဏမှာ ဩဟီယန သိက္ခာပုဒ်ဖြင့်။
ပဋိက္ခိတ္တံ၊ ပယ်အပ်၏။
ခလုပစ္ဆာဘတ္တိကင်္ဂံ၊ ခလုပစ္ဆာဘတ္တိကဓုတင်ကို။
အနတိရိတ္တဘောဇန သိက္ခာပဒေန၊ (ပါစိတ်ပါဠိတော်၊ နှာ-၁၁၁ လာ) အနတိရိတ္တ ဘောဇန သိက္ခာပုဒ်ဖြင့်။
ပဋိက္ခိတ္တံ၊ ပယ်အပ်၏။ (မဟာဋီကာ၊ နှာ-၁၆၆)
ဟိ၊ မှန်၏။
ပဝါရိဘာယ၊ တန်ပြီဟု တားမြစ်ပြီးသော။
ဘိက္ခုနိယာ၊ ဘိက္ခုနီမသည်။
အတိရိတ္တံ၊ အတိရိတ် ဝိနည်းကံကို။
ကတွာ၊ ပြု၍။
ဘုဉ္ဗိတုံ၊ သုံးဆောင်ခြင်းငှါ။
ခု လဗ္ဘတိ၊ မရအပ်။

အဋ္ဌေ၀ ဟောန္တိ ဘိက္ခုနိယာ သံကစ္စိကစီဝရာဒီဟိ သဒ္ဓိံ ပဉ္စပိ တိစိဝရသင်္ခမေဝ ဂစ္ဆန္တီတိ ကတွာ။ (မဟာဋီကာ၊ နှာ-၁၀၆)
ဘိက္ခုနီသာ၊ ဘိက္ခုနီမအား။
သံကစ္စိကစီဝရာဒီဟိ၊ ရင်လွှမ်း သင်္ကန်းစသည်တို့နှင့်။
သဒ္ဓိံ ၊ တကွ။
ပဉ္စပိ၊ ငါးထည်တို့သည်လည်း။
တိစိဝရသင်္ခမေဝ ၊ တိစီဝရိုက်ဟူသော ရေတွက်ခြင်းသို့သာလျှင်။
ဂစ္ဆန္တိ၊ ရောက်ကုန်၏၊
ဣတိကတွာ၊ ဤသို့ပြု၍။
အဋ္ဌေ၀ ၊ ရှစ်ပါးတို့သာ။
ဟောန္တိ၊ ဖြစ်ကုန်၏။

၎င်းနှစ်ရပ်၌ တိစီဝရိက်ကို ပယ်၍ --
သာမဏေမှာ တဆယ့်နှစ်ပါး၊
သိက္ခမာန် သာမဏေရီ တို့မှာ ခုနစ်ပါး ရ၏။
လူတို့မှာ ဧကာသနိက် ပတ္တပိဏ် နှစ်ပါး ရ၏။
ဤသို့ ငါးရပ်ပေါင်း၍ အကျယ်အားဖြင့် လေးဆယ့်နှစ်ပါး ဖြစ်၏။

ဇာတ် အဋ္ဌကထာ၌ကား- ဘုရားလောင်း ကဏှရှင်ရသေ့ ဓုတင်တေရသ ဆောင်သည်ဟု ၏။ ဣသိပဗ္ဗဇ္ဇာ ဖြစ်၍ သာမဏေနှင့်အတူသာ ရသင့်လျက် တိစီဝရိက်ကို ထည့်၍ တေရသဟု ဆိုခြင်းသည် သုတ္တန်နည်းဖြစ်၍ စွမ်းနိုင်တိုင်း ဆောင်ကောင်းသည် သာဟု ပြရိပ်ရှိ၏။ ဝိသုဒ္ဓိမဂ်၌ ပုဂ္ဂိုလ် ငါးယောက် [၁] ဝေဖန်၍ ပြခြင်းသည် စွမ်းနိုင်လောက်ရာ သာရုပ္ပကိုသာ ပြသည်ဟု ယူရန်ရှိ၏။ သို့မှ အဋ္ဌကထာ နှစ်ရပ် စပ်ဟပ် နှီးနှောမည်။

ဤ၌ တောရသော လွင်တီးခေါင် သင်းချိုင်းဖြစ်လျှင် ဓုတင်တဆယ့်သုံးပါး လုံးကိုပင် ရဟန်းယောက်ျားတို့ တပြိုင်နက် သုံးဆောင်နိုင်ကောင်း၏။ အမိုးသို့ ဝင်မူ ရုက္ခမူ ပျက်သည် မှတ်ရမည်။

ဓုတင်အခန်း နိဋ္ဌိတံ။

[၁။ ပုဂ္ဂိုလ် ၅-ယောက်မှာ-
(၁) ဘိက္ခု = ရဟန်းယောက်ျား။
(၂) ဘိက္ခုနီ = ရဟန်း မိန်းမ။
(၃) သာမဏေရ = သာမဏေ ယောက်ျား။
(၄) သိက္ခမာန သာမဏေရီ = သိက္ခမာန်နှင့် သာမဏေ မိန်းမ။
(၅) ဂဟဋ္ဌ = ဥပါသကာ ဥပါသိကာ ဖြစ်သော လူပုဂ္ဂိုလ် (သိက္ခမာန်နှင့် သာမဏေမိန်းမ တို့ကို ဓုတင် ၇-ပါးစီ ရချင်းတူသောကြောင့် ပုဂ္ဂိုလ်တယောက်တည်းအဖြစ် ယူထားသည်)။
[သိက္ခမာန်၊ ကျင့်နေဆဲဖြစ်သော ကျင့်၍မပြီးသေးသော ရဟန်းလောင်းဖြစ်သူ] မိန်းမတို့သည်၊ ၁-ပထမ သာမဏေရီ ပြုလုပ်ရ၏။ ၂-ထို့နောက် အသက်ပြည့်သော် လည်း ရဟန်း မပြုရသေးပဲ သိက္ခမာန် ဘဝ၌ ၂-နှစ်လုံးလုံး သိက္ခာပုဒ် ၆-ပါးကို ထိန်းသိမ်းနေရ၏။ သိက္ခာပုဒ် ၆-ပါးကား --ပါဏာတိပါတ အဒိန္နာဒါန အဗြဟ္မစရိယ မုသာဝါဒ သုရာမေရယ ဝိကာလဘောဇနတို့မှ ရှောင်ကြဉ်ရမှုများတည်း။
ထိုသို့ သိက္ခမာန်ဖြစ်ဘို့ရန်လည်း (ရဟန်းခံသလို) ဘိက္ခုနီ သံဃာက ဉတ်ကမ္မဝါစာဖြင့် သိက္ခာသမ္မုတိ ပေးရလေသည်။ ရိုးရိုးသာမဏေရီများလည်း ထို ၆-ပါးမက ၁၀-ပါးလုံး ပင် ထိန်းပါ၏။ သို့သော် ရိုးရိုးထိန်းမှုကား သိက္ခာပုဒ်ပျက်လျှင် ဆိုင်ရာဒဏ်ကို ထမ်းရုံ လူဝတ်လဲ၍ သိက္ခာပုဒ်များကို နောက်ထပ် ဆောက်တည်ရုံမျှဖြင့် နိုင်၏၊ သိက္ခမာန် အဖြစ်ဖြင့် ကျင့်နေသူအား သိက္ခာပုဒ် ၆-ပါးတွင် တပါးပါးပျက်လျှင် အစမှစ၍ ပြန်ပြီး ဆောက်တည်ရ၏။ ဥပမာ ၂-နှစ်ပြည့်ခါနီးမှ သိက္ခာပုဒ် တပါးပျက်သွားလျှင် ပထမ ရက်က ပြန်၍ ထိန်းရ၏ “၂နှစ်နီးပါး ထိန်းပြီးသား ရက်တွေ အလကားဖြစ်သွားကြ လေသည်” ဟူလို၊ ဤသို့ ၂-နှစ်တိတိ သိက္ခာပုဒ် ၆-ပါးကို မပျက်စီးအောင် ထိန်းပြီးသူ ဖြစ်မှသာ တဆင့်တက်၍ ရဟန်းပြုပေးရလေသည်။ ဤသို့ သိက္ခာ ၆-ပါးကို မကျိုး ပေါက်ရအောင် ကျဉ်းနေသည့် သာမဏေမိန်းမကို သိက္ခမာန်ဟု ခေါ်သည်။]