ပရမတ္ထသရူပဘေဒနီကျမ်း-ဒုတွဲ-ဒု
သမာဓိ နိဒ္ဒေသ
သမာဓိမျိုးမျိုးကိုဝေဖန်၍ ပြခြင်း
ဤသို့ ဓုတင်ဆောင်ကာ အပ္ပိစ္ဆတာ စသော ဂုဏ်တို့ဖြင့် ထုံမွမ်းခြယ်ဆင် အပ်သည်ဖြစ်၍ အလွန်စင်ကြယ်သော စတုပါရိသုဒ္ဓိသီလ၌ တည်ပြီးသော ယောဂီ အာစာရကုလပုတ္တ အမျိုးကောင်းသားသည် “စိတ္တံ ပညဉ္စ ဘာဝယံ” ၌ “စိတ္တံ” ၏အရ အရင်းစက ဝစနတ္ထ လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်တို့ဖြင့် ဝေဖန်၍ ပြခဲ့သော ကုသလစိတ္တေကဂ္ဂတာ လောကိဘာဝနာသမာဓိ [၁] ကမ္မဋ္ဌာန်း ကို စီးဖြန်း ပွါးများရာသည်။
သမာဓိ ၁-ပါး
ထို သမာဓိသည် အဝိက္ခေပလက္ခဏာ [၂] သာမညအားဖြင့် တပါးသာတည်း။
သမာဓိ ၂-ပါး ၄-လီ ပြားပုံ
ဝိသေသ လက္ခဏာကိုစွဲ၍ ခွဲသည်ရှိသော်ကား ဥပစာ [၃], အပ္ပနာ [၄] အားဖြင့်၎င်း၊ လောကီ လောကုတ္တရာ၊ သပ္ပီတိက နိပ္ပီတိက၊ သုခသဟဂုတ် ဥပေက္ခာသဟဂုတ်အားဖြင့် ၎င်း နှစ်ပါး ပြား၏။
၃-ပါး ၄-လီ ပြားပုံ
ပဋိလဒ္ဓမတ္တ [၅] နာတိသုဘာဝိတ [၆] သုဘာဝိတ ဝသိပ္ပတ္တ [၇] ဖြစ်၍၊ ဝါ-ဥဠာရပုညဖလ [၈] လောကိယာဘိညာသမ္ပဒါ [၉] ဝိဝေက [၁၀] တို့ကို အလိုရှိ၍ ဖြစ်စေအပ်ရကား၊ ဝါ-ဘဝသမ္ပတ္တိ [၁၁] အလောဘဇ္ဈာသယ [၁၂], ပရဟိတ [၁၃] အလို့ငှါ ဖြစ်စေအပ်သောကြောင့်၊ ဝါ- ဝဋ္ဋဇ္ဈာသယ [၁၄] , ဝိဝေကဇ္ဈာသယ [၁၅] ဝိဝဋ္ဋဇ္ဈာသယ [၁၆] ဖြင့် ဖြစ်စေအပ်ရကား အစဉ်အတိုင်း ဟီန မဇ္ဈိမ ပဏီတအားဖြင့်၎င်း၊ သဝိတက္ကသဝိစာရ, အဝိတက္ကဝိစာရမတ္ထ, အဝိတက္ကအဝိစာရအားဖြင့်၎င်း၊ ပီတိ၊ သုခ ဥပေက္ခာသဟဂုတ် အားဖြင့်၎င်း၊ ပရိတ္တ မဟဂ္ဂတ အပ္ပမာဏ [၁၇] အားဖြင့်၎င်း သုံးပါးပြား၏။
[၁။ ဘေဒနီ ဒု-တွဲ၊ နှာ-၂၊ သမာဓိအဖွင့် ကြည့်ပါ။
၂။ အဝိက္ခေပ လက္ခဏာ = မပြန့်လွင့်ခြင်း၊ သမ္ပယုတ်တရားတို့ကို မပြန့်လွင့်စေခြင်း
၃။ ဥပစာ = ဥပစာရသမာဓိ = အပ္ပနာဈာန်၏ အနီး၌ဖြစ်သော သမာဓိ။
၄။ အပ္ပနာ = အပ္ပနာသမာဓိ = ခိုင်မြဲသော သမာဓိ၊ ဂေါတြဘူ၏ အခြားမဲ့၌ ဖြစ်သော ဧကဂ္ဂတာသည် အပ္ပနာ သမာဓိမည်၏၊ မဟဂ္ဂုတ်စိတ် လောကုတ္တရာစိတ်၌ ရှိသော သမာဓိ။
၅။ ပဋိလဒ္ဓမတ္တ = ရကာမျှ ရကာစဖြစ်သော သမာဓိ (အညံ့စားသမာဓိ)။
၆။ နာတိသုဘာဝိတ = လွန်စွာ မပွါး ရသေးသော အလယ်အလတ်ဖြစ်သော သမာဓိ
၇။ သုဘာဝိတ ဝသိပ္ပတ္တ = လွန်စွာပွါး အပ်ပြီး၍ သီဘော်သို့ ရောက်သော သမာဓိ။
၈။ ဥဠာရပုညဖလ = ကြီးကျယ်များပြား ပြန့်ပြောသောကောင်းမှု၏အကျိုး(ကို အလိုရှိ သည်၏ အစွမ်းဖြင့် ဖြစ်စေအပ်သော သမာဓိ ဟု ဆိုလိုသည်)၊
၉။ လောကိယာ ဘိညာ သမ္ပဒါ = လောကီအဘိညာဉ်တို့ကို ပြည့်စုံစေခြင်းငှါ (ဖြစ်စေအပ်သော သမာဓိ)။
၁၀။ ဝိဝေက = ကိလေသာမှ ကင်းဆိတ်ခြင်း (ကို အလိုရှိသည့်အဖြစ်ဖြင့် ဖြစ်စေအပ်သော သမာဓိ)၊
၁၁။ ဘဝသမ္ပတ္တိ = လူဘဝ နတ်ဘဝ စသော သုဂတိဘဝနှင့် ပြည့်စုံခြင်း အကျိုးငှါ ဖြစ်စေ အပ်သော သမာဓိ
၁၂။ အလောဘဇ္ဈာသယ = လောဘ ကင်းသော အလိုဖြင့် ဖြစ်စေအပ်သော သမာဓိ။
၁၃။ ပရဟိတ = သူတပါး၏ အကျိုးငှါ ဖြစ်စေအပ်သော သမာဓိ။
၁၄။ ဝဋ္ဋဇ္ဈာသယ = ဝဋ်ချမ်းသာကို လိုလားသဖြင့် ဖြစ်စေအပ်သော သမာဓိ။
၁၅။ ဝိဝေကဇ္ဈာသယ = ကိလေသာ ကင်းဆိတ်လိုသဖြင့် ဖြစ်စေအပ်သော သမာဓိ။
၁၆။ ဝိဝဋ္ဋဇ္ဈာသယ = ဝဋ်ကင်းရာကို အလိုရှိသဖြင့် ဖြစ်စေအပ်သော သမာဓိ။
(ဤတွင် ပဋိလဒ္ဓမတ္တ ဥဠာရပုညဖလ ဘဝသမ္ပတ္တိ ဝဋ္ဋဇ္ဈာသယတို့သည် ဟီန။
နာတိ သုဘာဝိတ လောကိယာဘိညာသမ္ပဒါ အလောဘဇ္ဈာသယ ဝိဝေကဇ္ဈာသယ တို့သည် မဇ္ဈိမ၊
သုဘာဝိတ ဝသိပ္ပတ္တ ဝိဝေက ပရဟိတ ဝိဝဋ္ဋဇ္ဈာသယတို့သည် ပဏီတ ဖြစ်ကုန်၏။)
၁၇၊ ပရိတ္တ = အားနည်းသော။ ကာမာဝစရတရားကို ပရိတ္တဟု ခေါ်သည်၊ ကာမာဝစရ စိတ်၌ ယှဉ်သော သမာဓိကို ပရိတ္တသမာဓိဟု ခေါ်သည်။ (မဟဂ္ဂတ သမာဓိ = ရူပဈာန်စိတ် အရူပ ဈာန်စိတ်တို့၌ ယှဉ်သော သမာဓိ။ အပ္ပမာဏ သမာဓိ = လောကုတ္တရာစိတ်၌ ယှဉ်သော သမာဓိ၊]
ပဋိပဒါနှင့် အဘိညာ
ပထဝီ ပထဝီစသည်ဖြင့် စီးဖြန်းအားထုတ်သည်မှ စ၍ နီဝရဏ ဝိတက် ဝိစာရစသော ပစ္စနီကတရား [၁] ၌ တပ်ခြင်း “နိကန္တိ” [၂] ငြိမ်းသည် တိုင်အောင်သော သမာဓိ ဘာဝနာသည် “ပဋိပဒါ [၃] မည်၏။ ထို နိကန္တိ ငြိမ်းသည်မှ စ၍ အပ္ပနာတိုင်အောင်သော ပညာသည် “အဘိညာ” မည်၏။
[၁။ ပစ္စနိကတရား = ဆန့်ကျင်ဘက်တရား။
၂။ နိကန္တိ= နှစ်သက်ကပ်ငြိမှု။
၃။ ပဋိပဒါ = အကျင့် (ဈာန်သို့ ရောက်ကြောင်းအကျင့်) (အပ္ပနာ အဘိညာတို့၏ အဓိပ္ပါယ်ကို နောက်၌အကျယ်ပြလတံ့။)]
'ယာဝ အပ္ပနာ'တိ ဣမိနာ ပုဗ္ဗဘာဂပညာယ ဧ၀ အဘိညာဘာဝေါ ဝုတ္တော ဝိယ ဒိဿတီတိ ဝဒန္တိ။ အပ္ပနာပညာပိ ပန အဘိညာဝ။ ယဒဂ္ဂေန ဟိ ပုဗ္ဗဘာဂပညာယ ဒန္ဓသီဃတာ၊ တဒဂ္ဂေန အပ္ပနာ ပညာယပီတိ။ ဝိသုဒ္ဓိမဂ်ဋီကာ (ပ၊နှာ-၁၁၁-၁၁၂)။ အနက်ထင်ရှားပြီ။ [၁]
[၁။ မဟာဋီကာ-နိဿယ၊ ပ၊ နှာ-၂၅၆-ကြည့်။]
ဒုက္ခပဋိပဒါဖြစ်ကြောင်း ၆-ပါး
ထိုပဋိပဒါသည် အသပ္ပါယ ခုနစ်ပါး [၂] ကို မှီဝဲခြင်း, ပလိဗောဓ ဆယ်ပါး [၃] ကို မဖြတ်ခြင်း, ရာဂစရိုက် ထူပြောခြင်း, ရှေးဘဝက သမထ၌ မလေ့မလာဘူးခြင်း, ကာမစ္ဆန္ဒ စသော ကိလေသာ အားကြီးခြင်း, သဒ္ဓါစသော ဣန္ဒြေ နုနယ် ပျော့ညံ့ခြင်းတို့ကြောင့် ဒုက္ခပဋိပဒါ ဖြစ်တတ်သည်။
[၂။ အသပ္ပါယ ခုနစ်ပါး = မသင့်လျော် မလျောက်ပတ်သော အရာ ၇-ပါး (နောက်တွင် ပြလတံ့။)]
[၃။ ပလိဗောဓ ၁၀-ပါး = အနှောင့်အယှက် ၁၀-ပါး(ဤကျမ်း၊ နှာ-၁၅ဝ ကြည့်။)]
သုခပဋိပဒါဖြစ်ကြောင်း ၆-ပါး
ထိုမှ ပြန်သောအားဖြင့် သုခပဋိပဒါ ဖြစ်တတ်သည်။
ဒန္ဓာဘိညာဖြစ်ကြောင်း ၆-ပါး
ထို့အတူ အဘိညာသည်လည်း အသပ္ပါယ ခုနစ်ပါးကို မှီဝဲခြင်း, အပ္ပနာကောသလ္လ ဆယ်ပါး [၄] တို့ကို မပြည့်စုံစေခြင်း၊ မောဟစရိုက် ထူပြောခြင်း၊ ရှေးဘဝအခါ ဝိပဿနာ၌ မလေ့မလာဘူးခြင်း, ကာမစ္ဆန္ဒစသော ကိလေသာ အားကြီးခြင်း သဒ္ဓါစသော ဣန္ဒြေ ညံ့ခြင်းတို့ကြောင့် ဒန္ဓာဘိညာ ဖြစ်တတ်သည်။
[၄။ အပ္ပနာ ကောသလ္လ ဆယ်ပါး = အပ္ပနာ၌ ကျွမ်းကျင်လိမ္မာခြင်း(နောက်တွင်ပြလတံ့။)]
ခိပ္ပါဘိညာဖြစ်ကြောင်း ၆-ပါး
ထိုမှ ပြန်သောအားဖြင့် ခိပ္ပါဘိညာ ဖြစ်တတ်သည်။
သမာဓိ ၄-ပါး ၆-လီပြားပုံ
ထို ပဋိပဒါ [၅] အဘိညာတို့ဖြင့် ရောက်အပ်သော သမာဓိသည် .. ဒုက္ခပဋိပဒါ ဒန္ဓာဘိည [၆] ၊ ဒုက္ခပဋိပဒါ ခိပ္ပါဘိည [၇] ၊ သုခပဋိပဒါ ဒန္ဓာဘိည [၈] ၊ သုခပဋိပဒါ ခိပ္ပါဘိည [၉] အားဖြင့် လေးပါးပြား၏။
[၅။ ပဋိပဒါ၊ အကျင့် ၄-ပါး။ ။
၆ ဒုက္ခပဋိပဒါ ဒန္ဓာဘိည= ဆင်းရဲငြိုငြင်စွာ ကျင့်ရ၍ အသိ နုံ့နှေးခြင်း။
၇။ ဒုက္ခပဋိပဒါ ခိပ္ပါဘိည = ဆင်းရဲငြိုငြင်စွာ ကျင့်ရ၍ အသိလျင်မြန်ခြင်း။
၈။ သုခပဋိပဒါ ဒန္ဓာဘိည = လွယ်ကူချမ်းသာစွာ ကျင့်ရ၍ အသိနုံ့နှေးခြင်း။
၉။ သုခပဋိပဒါ ခိပ္ပါဘိည = လွယ်ကူချမ်းသာစွာ ကျင့်ရ၍ အသိလျင်မြန်ခြင်း။ (ဒန္ဓ = နုံ့နှေး။ ခိပ္ပ = လျင်မြန်။ အဘိည = အထူးထိုးထွင်းသိမှု)]
ပရိတ္တနှင့် အပ္ပမာဏ
မလေ့မလာ ဝသိတာမရ အထက်ဈာန်၏ အခြေပါဒ ပစ္စယ မဖြစ်သော သမာဓိသည် “ပရိတ္တ” မည်၏၊ ဖြစ်သော သမာဓိသည် “အပ္ပမာဏ” မည်၏၊ လက်တသစ် နှစ်သစ်မျှ မပွါးအပ်သော အာရုံ၌ဖြစ်သော သမာဓိသည် “ပရိတ္တာရမ္မဏ” မည်၏။
(ဧကင်္ဂုလမတ္တမ္ပိ ဟိ ဝဍ္ဎိတံ အပ္ပမာဏမေဝါတိ ဝဒန္တိ၊ ဋီကာ)။
ပွါးအပ်သော အာရုံ၌ဖြစ်သည်ကား “အပ္ပမာဏာရမ္မဏ” မည်၏။
ဟိ = မှန်ပါပေ၏၊
ဧကင်္ဂုလမတ္တမ္ပိ = လက်တသစ်ခန့်မျှသော်လည်း၊
ဝဍ္ဎိတံ = ပွါးစေအပ်ပြီးသော အာရုံသည်။
အပ္ပမာဏမေဝ၊ အပ္ပမာဏ မည်သည်သာလျှင်တည်း။
ဣတိ၊ ဤသို့။
၀ဒန္တိ၊ ဆိုကုန်၏။
(မဟာဋီကာ၊ ပ၊ နှာ-၁၁၃)
ထို့ကြောင့် --
- ပရိတ္တ ပရိတ္တာရမ္မဏ၊
- ပရိတ္တ အပ္ပမာဏာရမ္မဏ၊
- အပ္ပမာဏ ပရိတ္တာရမ္မဏ၊
- အပ္ပမာဏ အပ္ပမာဏာရမ္မဏ
ဟူ၍လည်း လေးပါးပြား၏။
(၁) ပရိတ္တ ပရိတ္တာရမ္မဏ = နည်းသော အာနုဘော်ရှိပြီးလျှင် မကြီးပွါးစေအပ်သော (ကျဉ်းသော) အာရုံရှိသော သမာဓိ၊
(၂) ပရိတ္တ အပ္ပမာဏာရမ္မဏ = နည်းသော အာနုဘော်ရှိပြီးလျှင် ကြီးပွါးစေအပ်သော (ကျယ်သော) အာရုံရှိသော သမာဓိ၊
(၃) အပ္ပမာဏ ပရိတ္တာရမ္မဏ = ကြီးမားသော အာနုဘော်ရှိပြီးလျှင် နည်းသော (ကျဉ်းသော) အာရုံရှိသော သမာဓိ၊
(၄) အပ္ပမာဏ အပ္ပမာဏာရမ္မဏ == ကြီးသော အာနုဘော်ရှိပြီးလျှင် ကြီးအာရုံရှိသော သမာဓိ။
အခြားနည်းတို့ဖြင့် သမာဓိစတုက္က ယူပုံများ
စတုက္ကဈာန်နည်းအားဖြင့်၎င်း၊
ဟာန ဌိတိ ဝိသေသ နိဗ္ဗေဓဘာဂိယအားဖြင့်၎င်း၊
(ဟာန ဘာဂိယ = ဆုတ်ယုတ်ခြင်း အဖို့ရှိသော သမာဓိ။
ဌိတိဘာဂိယ = တည်တံ့ခြင်း အဖို့ရှိသော သမာဓိ။
ဝိသေသဘာဂိယ = အထက်ဈာန်ဟူသော တရားအထူး အဖို့ရှိသော သမာဓိ။
နိဗ္ဗေဓဘာဂိယ = သစ္စာလေးတန် တရားမှန်ကို ဖောက်ထွင်းသိမြင်နိုင်သည့် အဖို့ရှိသော သမာဓိ။)
ကာမာဝစရ ရူပါဝစရ အရူပါဝစရ လောကုတ္တရအားဖြင့်၎င်း။
ဆန္ဒ ဝီရိယ စိတ္တ ဝီမံသာဓိပတိ အားဖြင့်၎င်း လေးပါး အပြားရှိ၏၊
သမာဓိ ၅-ပါး ၁-လီပြားပုံ
ပဉ္စကဈာန်နည်းအားဖြင့် ငါးပါး အပြားရှိ၏။
ပလိဗောဓ ၁၀-ပါး
ဤသို့လျှင် တပါး နှစ်ပါး, သုံးပါး, လေးပါး, ငါးပါး ပြားသော သမာဓိတို့တွင် လောကီဖြစ်သော ကုသလ စိတ္တေေကဂ္ဂတာ ဘာဝနာသမာဓိ ကမ္မဋ္ဌာန်းကို စီးဖြန်း ပွါးများ ရာသည်။ ပွါးများဟန်ကား --
အာဝါသော စ ကုလံ လာဘော၊
ဂဏော ကမ္မဉ္စ ပဉ္စမံ။
အဒ္ဓါနံ ဉာတိ အာဗာဓော၊
ဂန္ထော ဣဒ္ဓိတိ တေ ဒသ။
အာဝါသော စ၊ ခန်းတိုက် ပရိဝှဏ် အလုံးစုံသော အရာမ်၎င်း။
ကုလံ၊ အလုပ်အကျွေး အဆွေအမျိုး ဟူသော အိမ်နေလူ၎င်း။
လာဘော၊ ပစ္စည်းလေးရပ် လာဒ်သပ်ပကာ၎င်း။
ဂဏော၊ သုတ္တန္တိက စသော အန္တဝါသိက အပေါင်း၎င်း။
ပဉ္စမံ၊ ငါးခုမြောက်သော။
ကမ္မဉ္စ၊ နဝကမ္မ၎င်း။
အဒ္ဓါနံ၊ ခရီးသွားခြင်း၎င်း။
ဉာတိ၊ သာသနာမျိုးဆွေ အိမ်မျိုးဆွေ၎င်း။
အာဗာဓော၊ ကျင်နာခံခက် နှိပ်စက်သောအနာ၎င်း။
ဂန္ထော၊ ဆောင်ရွက် သင်ကြားအပ်သော ကျမ်းဂန်၎င်း။
ဣဒ္ဓိ၊ ဝိပဿနာကို နှောင့်ရှက်တတ်သော ကောက်နု သူငယ်ကဲ့သို့ ပျက်လွယ်သော ပုထုဇဉ် တန်းခိုး၎င်း။
ဣတိ၊ ဤသို့။
တေ၊ ထိုပလိဗောဓတို့သည်။
ဒသ၊ ဆယ်ပါးတို့တည်း။
ပလိဗောဓ မည်ပုံ
ကမ္မဋ္ဌာနဘာဝနံ ပရိဗုန္ဓေတိ ဥပရောဓေတိ ပဝတ္တိတုံ န ဒေတီတိ ပလိဗောဓော၊ ရ-ကရဿ လ-ကာရံ ကတွာ၊ ပရိဗန္ဓောတိ အတ္ထော။
ကမ္မဋ္ဌာန ဘာဝနံ၊ ကမ္မဋ္ဌာန်း ဘာဝနာကို။
ပရိဗုန္ဓေတိ၊ ထက်ဝန်းကျင် နှိပ်စက်တတ်၏။ ဝါ၊ ထက်ဝန်းကျင် နှောင်ဖွဲ့တတ်၏။
ဥပရောဓေတိ၊ ကပ်၍ နှောင့်ရှက်တတ်၏။
ပဝတ္တိတုံ၊ ဖြစ်ခြင်းငှါ။
န ဒေတိ၊ အခွင့်မပေး။
ဣတိ၊ ထို့ကြောင့်။
ရကာရဿ၊ ရ အက္ခရာ၏။ ဝါ၊ ရ အက္ခရာကို။
လ ကာရံ၊ လ အက္ခရာကို။
ကတွာ၊ ပြု၍။
ပလိဗောဓော၊ ပလိဗောဓ မည်၏။
ပရိဗန္ဓော၊ ကမ္မဋ္ဌာန်း၏ နှောင့်ယှက် ဘေးရန်တည်း။
ဣတိ၊ ဤကား။
အတ္ထော၊ ပလိဗောဓ သဒ္ဓါ၏အနက်တည်း၊
ဤသို့ ဋီကာ (ပ၊နှာ-၁၁၆) လာသည့်အတိုင်း ကမ္မဋ္ဌာနဘာဝနာကို ကွယ်ကာ တားဆီးတတ်သော ပလိဗောဓကြီး ဆယ်ပါးတို့တွင် --
ပလိဗောဓ ဖြတ်ပုံများ
(၁) အာဝါသ ပလိဗောဓကို အနုရာဓမြို့သား ထေရ်နှစ်ပါးတွင် ထူပါရုံ ကျောင်းတိုက်၌ နေရစ်သော ဂါမဝါသီ မထေရ်ကဲ့သို့ ဖြတ်ရမည်။
(၂) ကုလ ပလိဗောဓကို ကောရဏ္ဍကဝိဟာရဝါသီ မထေရ်၏ တူဖြစ်သော ကောရဏ္ဍက ရွာမှ ရောဟဏတိုင်းသို့ စာသင်သွားသော ပဉ္စင်းငယ်ကဲ့သို့ ဖြတ်ရမည်။
(၃) လာဘ ပလိဗောဓကို မသိမကျွမ်းရာအရပ်သို့ သွား၍ ဖြတ်ရမည်။
(၄) ဂဏ ပလိဗောဓကို စာပေကျမ်းဂန် အနည်းငယ်ကျန်လျှင် ဆုံးအောင် ပို့ချ၍ ဖြတ်ရမည်။ အများကျန်ကြွင်းမူ တယူဇနာအတွင်းရှိ တပါးဂိုဏ်းဆရာထံ အပ်နှံ၍ ဖြတ်ရမည်၊ ဂိုဏ်းဆရာမရှိမူ ဂိုဏ်းကို စွန့်ပစ်ခဲ့၍ ဖြတ်ရမည်။
(၅) နဝကမ္မ ပလိဗောဓ ကိုလည်း အများကြွင်းသေးလျှင် သင့်ရာအပ်နှင်းခဲ့၍ ဖြတ်ရမည်။
(၆) အဒ္ဓါန ပလိဗောဓကို မသွားပဲနေ၍ သည်းခံနိုင်လျှင် မသွားမူ၍ ဖြတ်ရမည်။
(၇) ဥပဇ္ဈာယ် သဒ္ဓိဝိဟာရိက အမိအဘ စသော ဉာတိ ပလိဗောဓကို နာဖျားမကျန်းရှိခါ အနာမှထမြောက်အောင် ဝိနည်းနှင့်ညီစွာ ကုသ လုပ်ကျွေး၍ ဖြတ်ရမည်။
(၈) မိမိ၏အနာဟူသော အာဗာ၀ ပလိဗောဓ ကို နှစ်ရက် သုံးရက် ကုသ၍ မထမမြောက် မပျောက်ခဲ့လျှင်---
နာဟံ ဒါသော ဘဋော တုယှံ၊
နာဟံ ပေါသေမိ ဒါနိ တံ။
တွမေဝ ပေါသေန္တော ဒုက္ခံ၊
ပတ္တာ ဝဋ္ဋေ အနပ္ပကံ။
အဟံ၊ ငါသည်။
တုယှံ၊ သင်၏။
န ဒါသော၊ ကျေးကျွန်လည်း မဟုတ်။
န ဘဋော၊ သူခစား စာရင်းငှါးလည်း မဟုတ်။
ဒါနိ၊ ယထာဘူတ သင်၏ သဘာဝကို ဟုတ်မှန်တိုင်း သိရသော ယခုအခါ၌။
အဟံ၊ ငါသည်။
တံ၊ သင့်ကို။
န ပေါသေမိ၊ မလုပ်ကျွေး မမွေးမြူတော့အံ့။
တွံဧဝ၊ သင်ခန္ဓာနုပ် သူကောင်ပုပ်ကိုသာလျှင်။
ပေါသေန္တော၊ လုပ်ကျွေးမွေးပြုရသည်ဖြစ်၍။
ဝဋ္ဋေ၊ သံသရာ ဝဋ်ဆင်းရဲ၌။
အနပ္ပကံ၊ မနည်းသော။ ဝါ၊ ဤရွေ့ ဤမျှ ဂဏန်းချ၍ မရခြားပိုင်း အတိုင်းမသိသော။
ဒုက္ခံ၊ ဆင်းရဲခြင်းသို့။
ပတ္တော၊ ရောက်ရဘူးလှပြီ။
ဤသို့ အတ္တဘောကို ကဲ့ရဲ့ မငဲ့မကွက်မူ၍ ဖြတ်ရမည်။
(၉) ဂန္ထ ပလိဗောဓကို မလယဝါသီ ရေဝမထေရ်ထံ သွား၍ ကမ္မဋ္ဌာန်း တောင်းယူစီးဖြန်း အနှစ် နှစ်ဆယ်ရှိမှ ရဟန္တာဖြစ်သော မဇ္ဈိမဘာဏက ရေဝမထေရ်၊ တဆဲ့ရှစ်နှစ် ကြာအောင် လွှတ်ထားပြီးမှ တပည့်ရဟန်းတို့အား ပဉှာတခုမျှ မတိမ်းပါးစေရ ဓာတုကထာကို ပို့ချသော ကုရူဠိယ ဂိရိဝါသီ နာဂမထေရ်၊ မဟာဝိဟာရ၌ အဋ္ဌကထာကို မနာမယူပဲ ပိဋကတ်သုံးပုံကို ဖွင့်မည်ဟု ရွှေစည်ကို တီးသော တိပိဋကစူဠာဘယ မထေရ်၏ ဓမ္မာစရိယ ဂင်္ဂါတဘက် ရောဟဏတိုင်း တူလာဓာရ တောင်ကျောင်း၌ နေသော ဒီဃ မဇ္ဈိမမှ ကြွင်းသော နိကာယ်သုံးကျမ်းကို အနှစ်သုံးဆယ် တိုင်တိုင် လွှတ်ထားပြီးမှ ယင်း တိပိဋကစူဠာဘယ မထေရ်အား ပြောပြီး၍ ယင်း သောတာပန် အဘယ မထေရ်ထံ ကမ္မဋ္ဌာန်းတောင်းယူ စီးဖြန်း ရဟန္တာစင် နိဗ္ဗာန်ဝင်သော အရှင်မဟာ ဓမ္မရက္ခိတ မထေရ်တို့ကဲ့သို့ လက်လွှတ်စွန့်ထား၍ ဖြတ်ရမည်။
(၁၀) ကောက်နု သူငယ်ကဲ့သို့ ဆောင်ခက် ပျက်လွယ်သော ပုထုဇ္ဇနဣဒ္ဓိ သည်သာ သမထယာနိက ဝိပဿနာကိုသာ နှောင့်ရှက်တတ်ရကား ဤ သမထအရာ၌ ဣဒ္ဓိ ပလိဗောဓ ကို ဖြတ်ဖွယ် မရှိသေးပြီ။
ကမ္မဋ္ဌာန်းပေးမည့် ကမ္မဋ္ဌာနာစရိယ ရွေးချယ်ပုံ
ဤသို့ ကိုးပါးသော ပလိဗောဓကြီးကို ဖြတ်တောက်ပြီးခါ ကမ္မဌာန ဒါယက ဘုရား ဟူသော ကလျာဏမိတ္တအထံ၌၊ ဘုရားမရှိလျှင် အသီတိ မဟာသာဝကတို့တွင် တပါးပါးအထံ၌ ...၊ ယင်း မဟာသာဝက မရှိလျှင်---
ပိယော ဂရု ဘာဝနီယော၊
ဝတ္တာ စ ဝစနက္ခမော။
ဂမ္ဘီရဉ္စ ကထံ ကတ္တာ၊
နော စာဌာနေ နိယောဇယေ။
ဆည်းကပ်အပ်သော ကမ္မဋ္ဌာန်းဆရာ၏ အင်္ဂါ ၇-ပါး
ပိယော၊ သီလရှိသည်ဖြစ်၍ ချစ်အပ်သည်၎င်း။
ဂရု၊ ကျောက်ထီးအတူ အလေးမူအပ်သည်၎င်း။
ဘာဝနီယော၊ ချီးမွမ်းထိုက်သည်၎င်း။
၀တ္တာ စ၊ ကဲ့ရဲ့ပြစ်တင် ဆိုဆုံးမချင်တတ်သည်၎င်း။
ဝစနက္ခမော၊ ပြစ်တင်ကဲ့ရဲ့ သူဆုံးမခဲ့သော်လည်း မရွဲ့မစောင်း ကောင်းကောင်း သည်းခံ နိုင်သည်၎င်း။
ဂမ္ဘီရဉ္စ ကထံ၊ သုတပြည့်စုံသဖြင့် သစ္စာ ပဋိစ္စသမုပ္ပါဒ် စသည်နှင့်စပ်သော နက်နဲသော တရားစကားကို။
ကတ္တာ၊ ပြောဟောတတ်သည်၎င်း။
ဟောတိ၊ ဖြစ်၏။
အဌာနေ၊ စီးပွါးမရှိသည်၌။
နော စ နိယောဇယေ၊ သဒ္ဓါ စာဂ ဝိရိယ ဓိတိ သတိ ပညာတို့နှင့် ပြည့်စုံသည်ဖြစ်၍ မယှဉ် စေတတ်။
ဤဝိသုဒ္ဓိအဋ္ဌကထာ (ပ၊ နှာ-၉၄) လာ အင်္ဂါခုနှစ်ပါးနှင့်၎င်း --
သဒ္ဓါ သီလံ သုတံ စာဂေါ၊
သတိ ပညာ သမာဓိ စ။
ဝီရိယန္တိ အဋ္ဌဓမ္မာ၊
ပိယဘာဝါဒိကာရကာ။
တနည်း အင်္ဂါ ၈-ပါး
သဒ္ဓါ၊ တထာဂတဗောဓိ ကမ္မဖလတို့ကို ယုံကြည်ခြင်း သဒ္ဓါတရား၎င်း။
သီလံ၊ ပိယော ဂရု ဘာဝနီယော ဝတ္တာ ဝစနက္ခမော ငါးပါးသော ဂုဏ်တို့၏အကြောင်း စတုပါရိသုဒ္ဓိသီလ၎င်း။
သုတံ၊ များသောအကြားအမြင်၎င်း။
စာဂေါ၊ ဝေငှပေးကမ်း လှူဒါန်းရက်ငြား ကိုယ်အသက်ကို စွန့်စားခြင်း၎င်း။
သတိ၊ ကုသိုလ် အကုသိုလ်တရားတို့၏ အလားအနေကို ရှာဖွေအောက်မေ့ခြင်း သတိ၎င်း။
ပညာ၊ မဖောက်မပြန် အမှန်ကိုသိသော ပညာ၎င်း။
သမာဓိ စ၊ တည်ကြည်ခြင်း၎င်း။
ဝီရိယံ၊ မိမိ သူတပါး နှစ်ဦးသားတို့၏ စီးပွါးကြောင်း၌ အားထုတ်ခြင်းလုံ့လ၎င်း။
ဣတိ ဣမေ အဋ္ဌ ဓမ္မာ၊ ဤရှစ်ပါးကုန်သော တရားတို့သည်။
ပိယဘာဝါဒိကာရကာ၊ ပိယဘော ဂုဏ်စသော ကလျာဏမိတ္တအင်္ဂါကို ပြုတတ်ကုန်၏။
ဤ ဋီကာ(ပ၊နှာ-၁၁၉) ဖော်ကြား တရား ရှစ်ပါးနှင့်၎င်း ပြည့်စုံသော မိမိ သင်လိုသော ကမ္မဋ္ဌာန်းဖြင့် ရဟန္တာဖြစ်သော ဆရာအထံ၌၊ ယင်းဆရာမရှိလျှင် အနာဂါမ်၊ သကဒါဂါမ်၊ သောတာပန်၊ ဈာန်ရပုထုဇ္ဇာဉ်၊ တိပိဋကဓရ၊ ဒွိပိဋကဓရ၊ ဧက ပိဋကဓရ၊ အဋ္ဌကထာ နှင့်တကွ ဧကသင်္ဂီတိဓရ ဗဟုဿုတ, လဇ္ဇီ, ကုက္ကုစ္စက, သိက္ခာကာမ, ကလျာဏမိတ္တ အထံ၌ ဝတ်ကြီးဝတ်ငယ်ပြု၍ ကမ္မဌာန်းကို သင်ယူအပ်၏။
(ဧကသင်္ဂီတိဓရ = တခုသောနိကာယ်ကို ဆောင်သူ။)
ဆရာ၌ပြုရမည့်ဝတ်
တကျောင်းတည်း၌ ယင်းသို့သော ဆရာကို မရလျှင် ရရာအရပ်သို့ သလ္လဟုကပရိက္ခာရ[၁] ပရမသလ္လေခ ဝုတ္တိ[၂] ရှိသည်ဖြစ်၍ တယောက်ထီးချည်း သပိတ်သင်္ကန်းကို ထမ်းယူ လမ်းကပင် ဒန်ပူ ဖြာလျက် တပါးပရိဝုဏ်သို့ မဝင်မကပ် ဆရာနေရာ အရပ်သို့ ဖြောင့်တန်းစွာ ချဉ်းကပ်သွားလေ၍ ခြေဆေးခြင်း၊ နယ်ဆီလိမ်းကျံခြင်း စသည်တို့၌ ရိုသေ လျောက်ပတ် သင့်မြတ်အောင်ပြုကျင့်၊ အခွင့်ရလျှင် ပါး လတ် အထူ ဒန်ပူ သုံးချောင်းကပ်ခြင်း ရေပူ ရေချမ်း ကမ်းလှမ်းခြင်း စသော ခန္ဓက၌လာသော သမ္မာဝတ် တို့ကို မချွတ်အောင် ပြုကျင့်လျက် ...
[၁။ သလ္လဟုက ပရိက္ခာရ = ပေါ့ပါးသော ပရိက္ခရာ ရှိခြင်း။
၂။ ပရမသလ္လေခ ဝုတ္တိ = အလွန်ခေါင်းပါးသော အသက်မွေးမှု ရှိခြင်း။]
ကိုယ်ကိုစွန့်လှူ အပ်နှင်းခြင်း
“အရှင်ဘုရားအား စီးပွါးရှိလိမ့်မည်ဆိုမူ အသူတရာနက်သော ချောက်တွင်းသို့ ခုန်ဆင်းဝံ့ ပါ၏။ ခြေဖနှောင့်မှစ၍ တကိုယ်လုံးကုန်အောင် ကျောက်ဖျာ၌ အပွတ်အသွေး ခံပါ၏။ ထွက်သက် ဝင်သက်ကို ပိတ်ချုပ်၍ သေဝံ့ပါ၏”ဟု လျှောက်ကြသော စူဠပိဏ္ဍပါတိကတိဿ မထေရ်၏ တပည့်သုံးယောက် တို့ကဲ့သို့ မြတ်စွာဘုရားအား သော်၎င်း ဆရားအားသော်၎င်း --
ဣမာဟံ ဘဂဝါ။ ဣမာဟံ ဘန္တေ အတ္တဘာဝံ တုမှာကံ ပရိစ္စဇာမိ။
ဟု-မိမိကိုယ်ကို အပ်နှင်းစွန့်လှူအပ်၏။
ဘဂဝါ၊ ဘုန်းတော်ခြောက်ပါးသခင်- ရှင်ပင်မြတ်ဘုရား။
အဟံ၊ တပည့်တော်သည်။
ဣမံ-အတ္တဘာဝံ၊ ဤအတ္တဘောကို။
တုမှာကံ၊ ရှင်ပင်ဘုရားတို့အား။
ပရိစ္စဇာမိ၊ စွန့်လှူပါ၏။
ဤကား - ဘုရားရှင်ထံ စွန့်လှူပုံ။
ဘန္တ၊ အရှင်ဘုရား။
အဟံ၊ တပည့်တော်သည်။ပ။
ပရိစ္စဇာမိ၊ စွန့်လှူပါ၏။
ဤကား ဆရာထံ စွန့်လှူပုံ။
ပိသုဒ္ဓိ၊ အဋ္ဌကထာ၊ ပ၊ နှာ-၁၁၁ ၁၁၂-တို့၌ လာသည်။
အပ်နှင်းစွန့်လှူကျိုးကား --
ယထာပိ ကာသိကံ ဝတ္ထံ၊
သစေ ဒဒေယျ ဘိက္ခုနော။
သောမနဿံဝ ဇာယေယျ၊
ဒိသွာပိ ခဏ္ဍခဏ္ဍိကံ။
ဧဝံ နိယျာတိတတ္တဿ၊
အာပါတေ ဘယဘေရဝေ။
ဘယံ တဿ နုပ္ပဇ္ဇတိ၊
နနု နိယျာတိတော ဣတိ။
အဋ္ဌကထာ သင်္ဂဟ
ယထာပိ၊ ဥပမာကား။
ကာသိကံ ဝတ္ထံ၊ အမြတ်အထဲ၌ ကာသိတိုင်းဖြစ် အဝတ်ကို။
ဘိက္ခုနော၊ သင်္ကန်းမရှိသော ရဟန်းအား။
သစေ ဒဒေယျ၊ အာသာမတွယ် အကယ်ပေးလှူငြားအံ့။
ခဏ္ဍခဏ္ဍိကံ၊ သင်္ကန်းစပ်အတိုင်း အပိုင်းပိုင်း အပြတ်ပြတ် ပြုသည်ကို။
ဒိသွာပိ၊ မြင်သော်လည်း။
သောမနဿံ ဧဝ၊ နှမြောမဲ့ကင်း ဝမ်းမြောက်ခြင်းသည်သာလျှင်။
ဇာယေယျ၊ ဖြစ်ရာ၏။
ဧဝံ၊ ဤနည်းအတူ။
နိယျာတိတတ္တဿ၊ ဆရာသမား မြတ်ဘုရားအား စွန့်ထားအပ်နှင်းပြီးသော ကိုယ်ရှိသော။
တဿ၊ ထိုယောဂီ ပုဂ္ဂိုလ်အား။
ဘယဘေရဝေ၊ ကြောက်မက်ဖွယ် ဘေးငယ် ဘေးကြီးသည်။
အာပါတေ၊ ထင်ရောက်လာလတ်သော်။
နိယျာတိတော နနု၊ ဆရာသမား မြတ်ဘုရား၌ စွန့်လှူ အပ်နှင်းပြီး မဟုတ်လော။
ဣတိ၊ ဤသို့ နှလုံးပြု၍။
ဘယံ၊ ကြောက်လန့် ခြင်းသည်။
နုပ္ပဇ္ဇတိ၊ မဖြစ်။
ဤသို့ မိမိကိုယ်ကို အပ်နှင်းပြီး၍ --
ဆ အဇ္ဈာသယာ ဗောဓိသတ္တာနံ ဗောဓိပရိပါကာယ သံဝတ္တန္တိ၊ အလောဘဇ္ဈာသယာ စ ဗောဓိသတ္တာ ဧလာဘေ ဒေါသဒဿာဝိနော။ အဒေါသဇ္ဈာသယာ စ ဗောဓိသတ္တာ ဒေါသေ ဒေါသဒဿာဝိနော။ အမောဟဇ္ဈာသယာ စ ဗောဓိသတ္တာ မောဟေ ဒေါသဒဿဝိနော။ နေက္ခမဇ္ဈာသယာ စ ဗောဓိသတ္တာ ဃရာဝါသေ ဒေါသဒဿာဝိနော။ ပဝိဝေကဇ္ဈာသယာ စ ဗောဓိသတ္တာ သင်္ဂဏိကာယ ဒေါသဒဿာဝိနော။ နိဿရဏဇ္ဈာသယာ စ ဗောဓိသတ္တာ သဗ္ဗဘဝ ဂတီသု ဒေါသဒဿာဝိနော။ ယေ ဟိ ကေဟိစိ အတီတာနာဂတပစ္စုပ္ပန္နာ သောတာပန္န သကဒါဂါမိ အနာဂါမိ ခီဏာသဝ ပစ္စေကဗုဒ္ဓ သမ္မာသမ္ဗုဒ္ဓါ။ တေ သဗ္ဗေ ဣမေဟေ၀ ဆဟာကာရေဟိ အတ္တနာ အတ္တနာ ပတ္တဗ္ဗံ ဝိသေသံ ပတ္တာ။ တသ္မာ ဣမေဟိ ဆဟာကာရေဟိ သမ္ပန္နဇ္ဈာသယေန ဘဝိတဗ္ဗန္တိ။
အဇ္ဈာသယ ၆-ပါး
ဆ အဇ္ဈာသယာ၊ ခြောက်ပါးသော အလိုဆန္ဒတို့သည်။
ဗောဓိသတ္တာနံ၊ အလောင်းတော်မြတ်တို့အား။
ဗောဓိပရိပါကာယ၊ အရဟတ္တမဂ်ဉာဏ်, သဗ္ဗညုတဉာဏ် ရင့်သန်စေခြင်း အကျိုးငှါ။
သံဝတ္တန္တိ၊ ဖြစ်ကုန်၏။
အလောဘဇ္ဈာသယ
ဗောဓိသတ္တာ၊ အလောင်းတော်မြတ်တို့သည်။
လောဘေ၊ နှစ်သက်ခင်တွယ်တတ်သော လောဘတရား၌။
ဒေါသ ဒဿာဝိနော၊ အပါယ်လားကြောင်း မကောင်းသော တရားဟု အပြစ်ကို မြင်လေ့ ရှိကုန်သည်ဖြစ်၍။
အလောဘဇ္ဈာသယာ စ၊ လောဘ ပျောက်ကင်း လွှတ်မြောက်ခြင်းကို အလိုရှိကြကုန် သည်လည်း။
ဟောန္တိ၊ ဖြစ်ကုန်၏။
အဒေါသဇ္ဈာသယ
ဗောဓိသတ္တာ၊ အလောင်းတော်တို့သည်။
ဒေါသေ၊ ခက်ထန်ကြမ်းကြုတ်သော ဒေါသတရား၌။
ဒေါသဒဿာဝိနော၊ အပါယ်လားကြောင်း မကောင်းသော တရားဟု ထင်ရှားသော အပြစ်ကို မြင်လေ့ ရှိကုန်သည်ဖြစ်၍။
အဒေါသဇ္ဈာသယာ စ၊ ဒေါသပျောက်ကင်း လွတ်မြောက်ခြင်းကို အလိုရှိကြကုန်သည် လည်း။
ဟောန္တိ၊ ဖြစ်ကုန်၏။
အမောဟဇ္ဈာသယ
ဗောဓိသတ္တာ၊ အလောင်းတော်တို့သည်။
မောဟေ၊ မိုက်မဲတွေဝေတတ်သော မောဟတရား၌။
ဒေါသဒဿာဝိနော၊ အပါယ်လားကြောင်း မကောင်းသော တရားဟု ထင်ရှားသော အပြစ်ကို မြင်လေ့ ရှိကုန်သည်ဖြစ်၍။
အမောဟဇ္ဈာသယာ စ၊ မောဟပျောက်ကင်း လွတ်မြောက်ခြင်းကို အလိုရှိကုန်သည် လည်း။
ဟောန္တိ၊ ဖြစ်ကုန်၏။
နေက္ခမဇ္ဈာသယ
ဗောဓိသတ္တာ၊ အလောင်းတော်တို့သည်။
ဃရာဝါသေ၊ အိမ်ရာတည်ထောင် လူတို့ဘောင်၌။
ဒေါသဒဿာဝိနော၊ အပါယ်လားကြောင်း မကောင်းသော နေခြင်းပါတကားဟု ထင်ရှား သော အပြစ်ကို မြင်လေ့ရှိကုန်သည်ဖြစ်၍။
နေက္ခမဇ္ဈာသယာ စ၊ သံယောဇဉ်မဖက် တောထွက်ခြင်းကို အလိုရှိကုန်သည်လည်း။
ဟောန္တိ၊ ဖြစ်ကုန်၏။
ဝိဝေကဇ္ဈာသယ
ဗောဓိသတ္တာ၊ အလောင်းတော်တို့သည်။
သင်္ဂဏိကာယ၊ အပေါင်းအဖော်နှင့် မွေ့လျော်ခြင်း၌။
ဒေါသဒဿာဝိနော၊ အပါယ်လားကြောင်း မကောင်းသော နေခြင်းပါတကားဟု ထင်ရှား သော အပြစ်ကို မြင်လေ့ရှိကုန်သည်ဖြစ်၍။
ပဝိဝေကဇ္ဈာသယာ စ၊ အဖော်ကင်းကွာ ဆိတ်ငြိမ်ရာသို့သာ ချဉ်းကပ်ကုန်သည်လည်း။
ဟောန္တိ၊ ဖြစ်ကုန်၏။
နိဿရဏဇ္ဈာသယ
ဗောဓိသတ္တာ၊ အလောင်းတော်တို့သည်။
သဗ္ဗဘဝ ဂတီသု၊ အလုံးစုံသော ဘဝဂတိတို့၌။
ဒေါသဒဿာဝိနော၊ မီးပုံအသွင် တံကျင်မခြား နှောင်အိမ်အလားကဲ့သို့ ထင်ရှားသော အပြစ်ကို မြင်လေ့ရှိကုန်သည်ဖြစ်၍။
နိဿရဏဇ္ဈာသယာ စ၊ ဘုံသုံးပါးမှ ထွက်သွားလိုသောစိတ် ရှိကုန်သည်လည်း။
ဟောန္တိ ဖြစ်ကုန်၏။
ဣတိ၊ ဤသို့။
ယေဟိ ကေဟိစိ၊ ဂဏန်းတွက်ကျုံး ရေမဆုံးနိုင်ကုန်သော။
အတီတာနာဂတပစ္စုပ္ပန္နာ၊ ဖြစ်ပြီး ဖြစ်လတ္တံ့ ဖြစ်ဆဲ ဖြစ်ကုန်သော။
သောတာပန္န သကဒါဂါမိ အနာဂါမိ ခီဏာသဝ ပစ္စေကဗုဒ္ဓ သမ္မာသမ္ဗုဒ္ဓါ၊ သောတာပန် သကဒါဂါမ် အနာဂါမ် ရဟန္တာ ပစ္စေကဗုဒ္ဓါဘုရား သမ္မာသမ္ဗုဒ္ဓဘုရားတို့သည်။
အတ္ထိ သန္တိ၊ ရှိကုန်၏။
တေ သဗ္ဗေ၊ ထိုအလုံးစုံသော အရိယာ အပေါင်း သူတော်ကောင်းတို့သည်။
ဣမေဟေ၀ ဆဟာကာရေဟိ၊ ဤ ခြောက်ပါးသော အခြင်းအရာတို့ဖြင့်သာလျှင်။
အတ္တနာ-အတ္တနာ၊ မိမိ မိမိ သည်။
ပတ္တဗ္ဗံ၊ ဆုယူပံ့ထောက် ကြံတိုင်းမြောက်သော။
ဝိသေသံ၊ ဈာန်မဂ်ဖိုလ် အထူးသို့။
ပတ္တာ၊ ရောက်တော်မူကြလေကုန်၏။
တသ္မာ၊ ထို့ကြောင့်။
ဣမေဟိ ဆဟာကာရေဟိ၊ ဤသို့ အဇ္ဈာသယခြောက်ပါး တည်းဟူသော အခြင်းအရာ တို့နှင့်သာလျှင်။
သမ္ပန္နဇ္ဈာသယေန၊ ကောင်းမြတ်သော နှလုံးသွင်းခြင်းနှင့် ပြည့်စုံသည်။
ဘဝိတဗ္ဗံ၊ ဖြစ်ရာ၏။
ဣတိ၊ ဤကား ပါဠိတော်မြတ် အပြီးသတ်တည်း။
စရိုက်နှင့်လျော်သော ကမ္မဌာန်းတောင်းခံအပ်ခြင်း
ဤသို့လာသော အရိယာ ပုဂ္ဂိုလ်အပေါင်း သုံးပါးသော ဗောဓိလောင်းတို့၏ သွားရာ လမ်းကြောင်း ကောင်းမြတ်သော အဇ္ဈာသယ ခြောက်ပါးနှင့် ပြည့်စုံစွာ သမာဓိသို့ ညွတ်ကိုင်း နိဗ္ဗာန်သို့ရှိုင်းသော စိတ်ရှိသည်ဖြစ်လျက် ဆယ်ရက် ဆဲ့ငါးရက် ကြာ၍မှ ဆရာက လာခဲ့ကြောင်းကို မမေးမမြန်းလျှင် မေးမြန်းအောင် ပြုကျင့် ခွင့်တောင်း လာခဲ့ကြောင်းကို လျှောက်ထား၍ စရိုက် အားလျော်သော လေးဆယ်သော ကမ္မဋ္ဌာန်း တို့တွင် တပါးပါးသော ကမ္မဋ္ဌာန်းကို တောင်းရမ်းသင်ယူရာ၏။ ထိုစရိုက်သည် --
စရိုက် ၆-ပါး
ရာဂစရိတာ ဒေါသစရိတာ မောဟစရိတာ သဒ္ဓါစရိတာ ဗုဒ္ဓစရိတာ ဝိတက္ကစရိတာ စေတိ ဆဗ္ဗိဓေန စရိဏသင်္ဂဟော။
(သင်္ဂြိုဟ်)
ရောဂါဝ စရိတာ စရိယာ ပကတီတိ ရာဂစရိတာ။ ဧဝံ ဒေါသစရိတာဒယောပိ။ စရိတ သင်္ဂဟောတိ မူလစရိတဝသေန ပုဂ္ဂလသင်္ဂဟော။
ဋီကာကျော် (နှာ-၂၅၆)
ရာဂေါ၀ = ရာဂသည်ပင်။
စရိတာ = စရိယာ = ပကတိ၊ (မိမိသန္တာန်၌ မပြတ်လတ် ဖြစ်သော) ပင်ကိုယ်ပြကတေ့ သဘောတရားပေတည်း။
ဣတိ၊ ထို့ကြောင့်။
ရာဂစရိတာ၊ ရာဂစရိုက် မည်၏။
ဒေါသစရိဿာဒယောပိ၊ ဒေါသစရိုက် စသည်တို့ကိုလည်း။
ဧဝံ၊ ဤအတူ။
ဝေဒိတဗ္ဗာ၊ သိအပ်ကုန်၏။
စရိယာ ပကတိ ဥဿန္နတာတိ အတ္ထတော ဧကံ။
ပိသုဒ္ဓိမဂ်(ဋ္ဌ၊ပ၊နှာ-၉၈)
စရိယာ၊ စရိယာသဒ္ဒါ၎င်း။
ပကတိ၊ ပကတိသဒ္ဒါ၎င်း။
ဥဿန္နတာ၊ ဥဿန္နတာသဒ္ဒါ၎င်း။
ဣတိ=ဣမေ၊ ဤသဒ္ဒါတို့သည်။
အတ္ထတော၊ အနက်သဘောအားဖြင့်။
ဧကံ = ဧကာ၊ တူကုန်၏။
သန္တာနေ ရာဂဿ ဥဿန္နဘာဝေန စရဏံ ပဝတ္တိ ရာဂစရိယာ။ သာ သဿတာ သယာဒယော ဝိယ ဒဋ္ဌဗ္ဗာ။ တထာ ဒေါသစရိယာဒယော။
မဟာဋီကာ (ပ၊နှာ-၁၂၁)
သန္တာနေ၊ သန္တာန်အစဉ်၌။
ရာဂဿ၊ ရာဂ၏။
ဥဿန္နဘာဝေန၊ များသည်၏ အဖြစ်ဖြင့်။
စရဏံ = ပဝတ္တိ၊ ဖြစ်ခြင်းသည်။
ရာဂစရိယာ၊ ရာဂစရိုက်မည်၏။
သာ၊ ထို ရာဂစရိုက်ကို။
သဿတာ သယာဒယော၊ သဿတ အယူ ဟူသော စိတ်၌ ကိန်းရာ အာသယ စသည်တို့ကဲ့သို့။
ဒဋ္ဌဗ္ဗာ၊ မှတ်အပ်ကုန်၏။
ဒေါသစရိယာဒယော၊ ဒေါသစရိုက် စသည်တို့သည်။
တထာ၊ ထိုရာဂစရိုက် နည်းတူတည်း။
ဤသို့ ကျမ်းဂန်လာသည်နှင့်အညီ အကျဉ်းအားဖြင့် မူလစရိုက် ခြောက်ပါးတည်း။
ရာဂနှင့် သဒ္ဓါ စရိုက်တူပုံ
ထိုတွင် ရာဂနှင့် သဒ္ဓါသည် အကုသိုလ်အဘို့ ကုသိုလ်အဘို့တို့၌ နူးညံ့ခြင်း၊ ဝတ္ထု ကာမဂုဏ် သီလာဒိဂုဏ်တို့ကို ရှာဖွေခြင်း၊ အဟိတ ဟိတတို့ကို မစွန့်မလွှတ်ခြင်းဟူသော သိနေဟ ပရိယေသန အပရိစ္စဇန အားဖြင့် သဘောတူ၏။
အပရိစ္စဇန = (အ+ပရိစ္စဇန) မစွန့်ပစ်ခြင်း။
ဒေါသနှင့် ပညာ စရိုက်တို့ တူညီပုံ
ဒေါသနှင့် ပညာလည်း အာရုံကို မကပ်မငြိခြင်း၊ အဘူတဒေါသ ဘူတဂုဏ[၁] တို့ကို ရှာခြင်း၊ သတ္တဝါသင်္ခါရတို့ကို ရှောင်ကြဉ်ခြင်း ဟူသော အနလ္လိယန ပရိယေသန ပရိဝဇ္ဇန [၂] အားဖြင့် သဘောတူ၏။
[၁။ အဘူတဒေါသ = မဟုတ်မမှန်သောအပြစ်။ ဘူတဂုဏ = ဟုတ်မှန်သောဂုဏ်။
၂။ အနလ္လိယန = (န + အလ္လိယန) မကပ်ငြိခြင်း။ ပရိဝဇ္ဇန = ရှောင်ကြဉ်ခြင်း။]
မောဟနှင့်ဝိတက်တူပုံ
မောဟနှင့်ဝိတက်လည်း မရပ်မတည်ခြင်း တုန်လှုပ်ခြင်း ဟူသော အနဝဋ္ဌာန စဉ္စလ လက္ခဏာအားဖြင့် သဘောတူ၏။
ထို့ကြောင့် ရာဂစရိတပုဂ္ဂိုလ်အား ကုသိုလ်ဖြစ်သော အရာ၌ သဒ္ဓါ ထက်သန်တတ်သည်။ သဒ္ဓါစရိတ ပုဂ္ဂိုလ်အားလည်း အကုသိုလ်ဖြစ်သော အရာ၌ တဏှာရာဂ အားကြီးတတ်သည်။ အကြွင်းနည်းတူ။
စရိုက် ၆-ပါးဖြစ်ကြောင်း
ထိုစရိုက်တို့၏ ဖြစ်ကြောင်း နိဒါန်းကား - လောဘာဒီသု အညတရညတရပရိဝါရံ ပဋိသန္ဓိဇနကံ ကမ္မံ စရိယာနံ နိဒါနန္တိ ဝေဒိတဗ္ဗံ” ဟု ဝိသုဒ္ဓိမဂ်(ဋ္ဌ၊ ပ၊ နှာ-၁၀၁) လာတိုင်း ရှေး ဘဝ၌ ရာဂစသည် ခြံရံအပ်သော ဇနကကံသည် နိဒါန်းတည်း။
၃။ လောဘာဒီသု၊ လောဘစသည်တို့တွင်။
အညတရညတရ ပရိဝါရံ၊ တပါးပါးလျှင် အခြံအရံရှိသော။
ပဋိသန္ဓိဇနကံ၊ ပဋိသန္ဓေအကျိုးကို ဖြစ်စေတတ်သော။
ကမ္မံ၊ ကံကို။
စရိယာနံ၊ စရိုက်တို့၏။
နိဒါနန္တိ၊ နိဒါန်း (အကြောင်းရင်း) ဟူ၍။
ဝေဒိတဗ္ဗံ၊ သိအပ်၏။
ကုသိုလ်တရား ပွါးများ အားထုတ်ရန် တိုက်တွန်းခြင်း
ထို့ကြောင့် ရှေးအကြောင်း အားလျော်စွာ ဤ ဘဝ၌ ထူပြောအားကြီး ဖြစ်ပြီးသော ရာဂ ဒေါသ မောဟ ဝိတက်တို့ကိုကား ဖျောက်ဖျက် ပြင်ဆင်၍ ကုန်စင်အောင် မရနိုင် မတတ်နိုင်ပြီ။ သံဝေရှိရှိ သတိရရ နောက်နောက် ဘဝတို့၌ ထူပြော အားကြီးစွာ မဖြစ်စေရအောင် ဤ ယခုဘဝ ဒါန သီလ စသော ကောင်းမှုတို့ကို ပြုကြသောအခါ သဒ္ဓါ ပညာပြဓာန်းသော စိတ်ဖြင့် နိဗ္ဗာန်လမ်း ဖြောင့်မတ်အောင် လူ့နတ်တို့၏ စည်းစိမ်ကို မတောင့်တ ကျော်စောခြင်း “ကိတ္တိသဒ္ဒပကာသန" ကို ဆံခြမ်းမျှ မလိုပဲ ဘုံသုံးပါးကို နှောင် အိမ်ပုံ၊ သုံးဘုံသူတို့ကို ရာဇဝတ်ကောင် ထောင်သား၊ ကာမဂုဏ် ငါးပါးတို့ကို အဆိပ်အသွင် စိတ်မှာထင်၍ မရွှင်မှိုင်တွေး ထိုင်ကာ ပူဆွေးငြီးငွေ့သော သံဝေဂဖြင့် ဒါနေ့ သီလ သမထ ဝိပဿနာ ဟုဆိုအပ်သော ကုသိုလ်တရားတို့ကို ပွါးများ အားထုတ်ကုန်ရာသည်။
ဆုတောင်း
ဣမိနာ မေ ရာဂါဒယော၊
တနူ ဟောန္တု ဘဝါဘဝေ။
ဟောမိ'ဟံ သီလဝါ သဒ္ဓေါ၊
ပညဝါ သုသမာဟိတော။
မေ၊ ငါ၏။
ဣမိနာ၊ ဤကောင်းမှုကြောင့်။
မေ၊ ငါ့အား။
ဘဝါဘဝေ၊ ကြီးငယ်ဘဝ ဖြစ်သမျှ၌။
ရာဂါဒယော၊ ဒိဋ္ဌိ မာန စသည်ဝန်းရွေ ရံခြွေနှင့် တကွ ဖြစ်ကုန်သော ရာဂ ဒေါသ မောဟ ဝိတက် တရားပျက်တို့သည်။
တနူ၊ ယင်တောင် ပုစဉ်းတောင်အလား ခေါင်းပါးကုန်သည်။
ဟောန္တု၊ ဖြစ်စေကုန်သတည်း။
အဟံ၊ ငါသည်။
ဣမိနာ၊ ဤကောင်းမှုကြောင့်။
သီလဝါ၊ ပကတူပ အထုံရ၍ သီလနှင့်ပြည့်စုံသည်။
ဟောမိ၊ ဖြစ်ရလို၏။
သဒ္ဓေါ၊ ရတနာ သုံးတန် ကံ ကံ၏အကျိုးကို ယုံကြည်ခြင်း သဒ္ဓါရှိသည်။
ဟောမိ၊ ဖြစ်ရလို၏။
ပညဝါ၊ ဆုတ်ဆိုင်းမရှိ ဟုတ်တိုင်းသိသော ပညာနှင့် ပြည့်စုံသည်။
ဟောမိ၊ ဖြစ်ရလို၏။
သုသမာဟိတော၊ လွန်စွာကြံ့ခိုင် ယိမ်းယိုင်မရှိ တည်ကြည်ခြင်း သမာဓိနှင့် ပြည့်စုံသည်။
ဟောမိ၊ ဖြစ်ရလို၏။
ဤသို့လည်း ဆုတောင်းပတ္တနာ ပြုကုန်ရာသည်။
စရိုက်ထူပြောသည်ကို အကဲဖြတ်ပုံ 'စရိယာဝိဘာဝန” ၅-ပါး
စရိုက်ယုတ်မာ စရိုက်ကြမ်း စရိုက်ဆိုးကြီးကို ရမိက ခွေးမြီးကောက်ကို ကျည်တောက် စွပ်၍ ဖြောင့်မတ်အောင် ဆုံးမရမည်ထက် ခက်သေးသည်။ စရိုက်၏ သဘောကား မပြတ်မပြတ်လည်း ဖြစ်တတ်သည်၊ လျောက်ပတ်သော အာရုံကို ရ၍ ဖြစ်မိလျှင်လည်း မိုးမမြင် လေမမြင် အဆင်အခြင် မရှိ ဖိစီးလွှမ်းမိုး စုတ်ထိုးမရ “နွားငတ်ရေကျ” ဖြစ်တတ်သည်။ ထိုစရိုက်ထူပြောသော ပုဂ္ဂိုလ်ကိုကား---
ဣရိယာပထတော ကိစ္စာ၊
ဘောဇနာ ဒဿနာဒိတော။
ဓမ္မပ္ပဝတ္တိတော စေဝ၊
စရိယာယော ဝိဘာဝယေ။
ဟူသော(ဝိသုဒ္ဓိမဂ်) အဋ္ဌကထာ (ပ၊နှာ-၁၀၁) လာ အခြင်းအရာ ငါးပါးတို့ဖြင့် ဆ၍ သိအပ်၏။
ဣရိယာပထတော၊ ဣရိယာပုထ်အားဖြင့်၎င်း။
ကိစ္စာ၊ ပြုမူခြင်းအားဖြင့်၎င်း။
ဘောဇနာ၊ ကြိုက်သော အစာအားဖြင့်၎င်း။
ဒဿနာဒိတော၊ ကြည့်ရှုခြင်း စသော အားဖြင့်၎င်း။
ဓမ္မပ္ပဝတ္တိတော စေဝ၊ မာယာ သာဌေယျ စသော တရားတို့၏ များဖြစ်သောအားဖြင့်၎င်း။
စရိယာယော၊ စရိုက်တို့ကို။
ဝိဘာဝယေ၊ ထင်စွာပြရာ၏။
“ရာဂစရိုက်ပုဂ္ဂိုလ် စသည်ကို ဣရိယာပုထ် ကိစ္စ ဘောဇဉ် ဒဿနဖြင့် ဝေဖန်ပြခြင်း”
ရာဂစရိုက်များသူ၏ လက္ခဏာ
ထိုငါးပါးတို့တွင် ရာဂစရိတပုဂ္ဂိုလ်သည် ဆေးခြောက်မူးသော သူရူးကဲ့သို့ သိမ်မွေ့ ယဉ်ကျေး ဖြေးညှင်းတင့်တယ် စမ္ပယ်လျောက်ပတ် သင့်မြတ်သေကွေ ရိုသေ ပျပ်ဝပ် တင့်အပ်သော ဣရိယာပုထ် ရှိ၏။ ထိုကဲ့သို့သော တံမြက်လှည်းခြင်း သင်္ကန်းဖွပ်ဆိုးခြင်း၊ ဝတ်ရုံခြင်းစသော ကိစ္စရှိ၏။ ဆိမ့် ချို မွှေး နူးညံ့သော ဘောဇဉ်ခဲဘွယ်ကို ကြိုက်တတ်၏၊ အတန်ငယ် ဣဋ္ဌဖြစ်သော ရူပ သဒ္ဒ စသည် အာရုံ တွေ့ကြုံရလျှင် လွန်မင်ခင်မက် မခွါရက်အောင် ဖြစ်တတ်သည်။
ဒေါသစရိုက်များသူ၏ လက္ခဏာ
ဒေါသစရိတပုဂ္ဂိုလ်သည် နွားရူး စူးထိုး နဖားကြိုး တင်းသည့်ပုံဟန် လျင်မြန် ရှူးရှား ခြေဖျားဖြင့်နင်း ရုန့်ရင်းကြမ်းတမ်း သန်စွမ်းရိုင်းပျ မလှမဖွယ် မတင့်တယ်သော ဣရိယာပုထ် ရှိ၏။ မတင့်တယ်သောကိစ္စ ရှိ၏၊ ချဉ် ငန် ခါး စပ် ကြိုက်တတ်၏။ စဉ်းငယ် အနိဋ္ဌဖြစ်သော ရူပ သဒ္ဒ စသည်အာရုံ ပေါင်းဆုံ ကြုံတွေ့လျှင် စေ့စေ့ငုငု မရှုမကြည့် ပြန်လှည့်မငဲ့ ကဲ့ရဲ့ပြစ်တင် ခွါကြဉ်ဖဲသွားတတ်၏။
မောဟစရိုက်များသူ၏လက္ခဏာ
မောဟစရိတပုဂ္ဂိုလ်သည် ပဒိုင်းသီး ကျွေးအပ်သော ဖွတ် ပဒတ် ပုတ်သင်တို့ကဲ့သို့ ရွံ့ဘို့ရွံ့တင် မယဉ်ကျေး မှိုင်ငေးပေါ့ပျက် နှောင့်ရှက်ဗျာဝဲ မမြဲလျော့လျည်း မသိမ်းဆည်း သော ဣရိယာပုထ်ရှိ၏၊ မသိမ်းဆည်းသော ကိစ္စရှိ၏၊ ကြိုက်သော ဘောဇဉ်ဟု အမြဲမရှိ၊ သူတပါးတို့၏ အရိပ်အခြည်ကို ကြည့်ရှု၍ သူတပါးအတု ချီးမွမ်းခြင်း ကဲ့ရဲ့ခြင်းကို ပြုတတ်၏။ မိမိကား အဆန်း အရိုး အဆိုး အကောင်း မသိတတ်၊
ရတ္တဿု'က္ကုဋိကံ ဟောတိ၊
ဒုဋ္ဌဿ အနုကဍ္ဎိတံ။
မူဠှဿ ပန သဟသာ-
နုပီဠိတံ ဘဝေ ပဒံ။
ပါဠိသင်္ဂဟ
ရတ္တဿု၊ ရာဂပြောထူ တပ်သသူ၏။
ပဒံ၊ ခြေရာသည်။
ဥက္ကုဋိကံ၊ ဆွံ့သည့် အသွင် အလယ်မထင်သည်။
ဟောတိ၊ ဖြစ်၏။
ဒုဋ္ဌဿ၊ ဒေါသပြောထူ ပြစ်မှားသူ၏။
ပဒံ၊ ခြေရာသည်။
အနုကဍ္ဎိတံ၊ ပေါက်၍ချသဖြင့် နောက်ကဆွဲငင် အရာထင်သည်။
ဟောတိ၊ ဖြစ်၏။
မူဠှဿ ပန၊ မောဟပြောထူ မိုက်သသူ၏ကား။
ပဒံ၊ ခြေရာသည်။
သဟသာနုပီဠိတံ၊ ခြေနှောင့်ခြေဖျား မြဲထားမရှိ လျင်စွာနင်းဘိသည်။
ဘဝေ၊ ဖြစ်၏။
သဒ္ဓါစရိတ စသည်တို့လည်း သဘာဂဖြစ်၍ နည်းတူပင်။
ဓမ္မပ္ပဝတ္တိအားဖြင့် စရိုက် ၆-ပါးကို ဝေဖန်ပြခြင်း
ဓမ္မပ္ပဝတ္တိအားဖြင့်ကား --
ရတ္တဿ မာယာ သာဌေယျံ၊
မာနော ပါပမဟိစ္ဆတာ။
အတုဋ္ဌိ သိင်္ဂံ စာပလျံ၊
နောတ္တပ္ပါ' ဟိရိကံ မဒေါ။
ပမာဒေါစ္စာဒယော ဓမ္မာ၊
ဗဟုလံ သမ္ပဝတ္တရေ။
ဒုဋ္ဌဿ ကောဓု'ပနာဟော၊
မစ္ဆေရံ ဒေါဝစဿတာ။
မက္ခော ပဠာသိ'ဿာ ပါပ-
မိတ္တတိ'စ္စေဝ'မာဒယော။
ထိန မိဒ္ဓဉ္စ ဥဒ္ဓစ္စံ၊
ကုက္ကုစံ ဝိစိကိစ္ဆိတာ။
အာဓာနဂါဟော ဒုပ္ပဋိ-
နိဿဂ္ဂေါ မုဋ္ဌသစ္စတာ။
အသမ္ပဇညံ မုဠှဿ၊
ဓမ္မာ ဣစ္စေဝ'မာဒယော။
သဒ္ဓဿ တု မုတ္တစာဂေါ၊
အရိယာနံ ဒဋ္ဌုကာမတာ။
ပါမောဇ္ဇဗဟုလတာ စ၊
သဒ္ဓမ္မံ သောတုကာမတာ။
အသဋ္ဌတ္တာ မာယာဝိတာ၊
ပသာဒေါ'စ္စေဝ'မာဒယော။
သောဝစဿတာ ဗုဒ္ဓိနော၊
မတ္တညုတာ စ ဘောဇနေ။
ကလျာဏမိတ္တတာ သတိ၊
သပ္ပဇညဉ္စ ဇာဂရော၊
ဌာနေ သံဝေဂေါ ယောနိသော၊
ပဓာနတာ'တိအာဒယော။
တက္ကိနော ဘဿ ဗဟုလံ၊
အနဝဋ္ဌိတ ကိစ္စတာ။
ဂဏာရာမော ပုညာရတိ၊
ရတ္တိံ ဓူမာယနာ ဒိဝါ။
ပဇ္ဇလနာ ဟုရာဟုရံ၊
ဓာဝနိ'စ္စေဝ'မာဒယော။
အဋ္ဌကထာ ဋီကာသင်္ဂဟ
ရာဂများသူ
ရတ္တဿ၊ ရာဂပြောသသူအား။
မာယာ၊ အပြစ်ရှိကို ဖုံးဖိ လှည့်ပတ်ခြင်း။
သာဌေယျံ၊ ဂုဏ်မရှိပဲ ဂုဏ်ရှိဟန်ပ ဖော်ပြ စဉ်းလဲခြင်း။
မာနော၊ တလူလူ ထောင်လွှားခြင်း။
ပါပိစ္ဆတာ၊ အသန္တဂုဏ် သမ္ဘာဝုန်မုခ ပဋိဂ္ဂဟ [၁] ၌ နှိုင်းဆမသိ အလိုဆိုးရှိခြင်း။
မဟိစ္ဆတာ၊ ထင်ရှားရှိဂုဏ် သမ္ဘာဝုန်မုခ ပဋိဂ္ဂဟ ၌ နှိုင်းဆမမှီး အလိုကြီးခြင်း။
အတုဋ္ဌိ၊ မိမိလာဘ်ဖြင့် မရောင့်ရဲခြင်း။
သိင်္ဂံ၊ ဦးချိုအသွင် စူးဝင်တတ်သော ပြည်ကြီးသဖွယ် စမ္ပယ်ယဉ်ကျူးခြင်း။
စာပလျံ၊ မိမိကိုယ် မိမိပရိက္ခရာတို့ကို တန်းဆာဆင်ကာ လော်မာတုန်လှုပ်ခြင်း။
အနောတ္တပ္ပံ၊ ပိုးဖလံမိုက်ကဲ့သို့ ဒုစရိုက်ကို မကြောက်ခြင်း။
အဟိရိကံ၊ ရွာသူတို့ ဝက်ကဲ့သို့ ဒုစရိုက်မှ မရှက်ခြင်း။
မဒေါ၊ အမုန်ယစ်သောက် တောဆင်ပေါက် ပမာ ကိလေသာယစ်ခြင်း။
ပမာဒေါ၊ ရေတွေ့သော ဖား ငါး ကဲ့သို့ ကစားပျော်မွေ့ ကုသိုလ်မှု၌မေ့ခြင်း။
ဣစ္စာဒယော၊ ဤသို့ အစ ရှိကုန်သော။
ဓမ္မာ၊ အကုသိုလ်တရားတို့သည်။
ဗဟုလံ၊ ကြိမ်ဖန်များစွာ။
သမ္ပဝတ္တရေ၊ ဖြစ်ကုန်၏။
[၁။ အသန္တ၊ ထင်ရှား မရှိသော။ သမ္ဘာဝနု၊ ချီးမွမ်းခြင်း။ မုခ၊ အကြောင်း။ ပဋိဂ္ဂဟ၊ ခံယူခြင်း။ (ထင်ရှား မရှိသော ဂုဏ်ကို ချီးမွမ်းခြင်းကို အကြောင်းရင်း ပြု၍ ခံယူခြင်း)။]
ဒေါသများသူ
ဒုဋ္ဌဿ၊ ဒေါသထူသသူအား။
ကောဓော၊ အမျက်ထွက်ခြင်း။
ဥပနာဟော၊ ရန်ငြိုးဖွဲ့ခြင်း။
မစ္ဆေရံ၊ ကိုယ့်စည်းစိမ်ကို ဝန်တိုလျှိုဝှက်ခြင်း။
ဒေါဝစဿတာ၊ ဆိုဆုံးမခက်ခြင်း။
မက္ခော၊ သူ့ကျေးဇူးကို ချေဖျက်ခြင်း။
ပဠာသော၊ ဖက်ပြိုင်ခြင်း။
ဣဿာ၊ သူ့ စည်းစိမ်ကို မနာလိုဟူ ငြူစူခြင်း။
ပါပမိတ္တတာ၊ အဆွေခင်ပွန်းယုတ် ရှိခြင်း။
ဣစ္စေဝမာဒယာ၊ ဤသို့ အစရှိကုန်သော။
ဓမ္မာ၊ အကုသိုလ်တရားတို့သည်။
ဗဟုလံ၊ များစွာ။
သမ္ပဝတ္တရေ၊ ဖြစ်ကုန်၏။
မောဟများသူ
မုဠှဿ၊ မောဟများသသူအား။
ထိနံ၊ စိတ်၏ညှိုးနွမ်းခြင်း၊
မိဒ္ဓဉ္စ၊ စေတသိက်တို့၏ ပင်ပန်းခြင်း။
ဥဒ္ဓစ္စံ၊ စိတ်မငြိမ်သက် ပျံ့တက်လွင့်ပါးခြင်း။
ကုက္ကုစံ၊ နောင်တ တဖန်ပူပန်ခြင်း။
ဝိစိကိစ္ဆိတာ၊ ယုံမှား ရှိခြင်း။
အာဓာနဂါဟော၊ မသင့်ပဲနှင့် မြဲစွာယူခြင်း။
ဒုပ္ပဋိနိဿဂ္ဂေါ၊ မိစ္ဆာဂါဟ ယူမိကမူ ပယ်ချ ဖြေဖြည်ချက်ခြင်း။
မုဋ္ဌသစ္စတာ၊ သတိလွတ်ကင်းခြင်း။
အသမ္ပဇညံ၊ ပညာအဆင်အခြင် မရှိခြင်း။
ဣစ္စေဝမာဒယော ဓမ္မာ၊ ဤသို့ အစရှိကုန်သော အကုသိုလ်တရားတို့သည်။
ဗဟုလံ၊ များစွာ။
သမ္ပဝတ္တရေ၊ ဖြစ်ကုန်၏။
သဒ္ဓါစရိုက် ထူပြောသူ
သဒ္ဓဿ တု၊ သဒ္ဓါပြောထူ များသသူအားကား။
မုတ္တစာဂေါ၊ လွတ်လွတ်စွန့်ခြင်း။
အရိယာနံ၊ သူတော်ကောင်းတို့ကို။
ဒဋ္ဌုကာမတာ၊ တွေ့မြင်လိုခြင်း၊
(ယထာ မာယာဒယော တထာပဝတ္တာ အကုသလက္ခန္ဓာ၊ တထာ အရိယာနံ ဒဿနကာမတာဒယော တထာပဝတ္တာ ကုသလက္ခန္ဓာ ဝေဒိတဗ္ဗာ [၁] ။ မဟာဋီကာ၊ ပ၊ နှာ-၁၂၈)
ပါမောဇ္ဇဗဟုလတာ စ၊ ဝမ်းမြောက်ခြင်း များသောအဖြစ်။
သဒ္ဓမ္မံ၊ သူတော်ကောင်း တရားကို။
သောတုကာမတာ၊ နာလိုခြင်း။
အသဌတ္တံ၊ မစဉ်းလဲခြင်း။
အမာယာဝိတာ၊ မလှည့်ပတ်ခြင်း။
ပသာဒေါ၊ ကြည်ညိုသင့်သောအရာ ရတနာ သုံးပါး၌ ကြည်ညိုခြင်း။
ဣစ္စေဝမာဒယော ဓမ္မော၊ ဤသို့ အစရှိကုန်သော ကုသိုလ် တရားတို့သည်။
ဗဟုလံ၊ များစွာ။
သမ္ပဝတ္တရေ၊ ဖြစ်ကုန်၏။
[၁။ မာယာဒယော၊ မာယာ စသည်တို့ကို။ တထာ ပဝတ္တာ၊ ထိုသို့သော အခြင်းအရာအားဖြင့် ဖြစ်ကုန်သော။ အကုသလက္ခန္ဓာ၊ အကုသိုလ်အစုတို့ဟူ၍။ ဝေဒိတဗ္ဗာ ယထာ၊ သိအပ်ကုန်သကဲ့သို့၊ တထာ၊ ထို့အတူ။ အရိယာနံ၊ အရိယာတို့ကို။ ဒဿနကာမတာဒယော၊ ဖူးမြင်ရန် အလိုရှိသည့်အဖြစ် စသည်တို့ကို။ တထာ ပဝတ္တာ၊ ထိုသို့သော အခြင်းအရာအားဖြင့် ဖြစ်ကုန်သော။ ကုသလက္ခန္ဓာ၊ ကုသိုလ်အစုဟူ၍။ ဝေဒိတဗ္ဗာ၊ သိအပ်ကုန်၏။ (နိဿယ၊ ပ၊ နှာ-၂၀၉)]
ဗုဒ္ဓိစရိုက် ထူပြောသူ
ဗုဒ္ဓိနော၊ ပညာပြောထူ များသသူအား။
သောဝစဿတာ၊ ဆိုဆုံးမလွယ်သော စကားရှိခြင်း။
ဘောဇနေ၊ ဘောဇဉ်၌။
မတ္တညုတာ စ၊ အတိုင်းအရှည်ကို သိခြင်း။
ကလျာဏ မိတ္တတာ၊ မိတ်ဆွေခင်ပွန်းကောင်း ရှိခြင်း။
သတိ၊ ကုသိုလ်ပျော်မွေ့ အောက်မေ့ခြင်း။
သမ္ပဇညဉ္စ၊ ဆင်ခြင်ခြင်း။
ဇာဂရော၊ နိုးကြားခြင်း။
ဌာနေ၊ ဇာတိ ဧရာ ရုဇာ ကာလ ပါယ နောက် ရှေ့ တွေ့သည့်ဒုက္ခ အာဟာရဟု သံဝေဇနိယဌာန ရှစ်ပါး [၂] ၌။
သံဝေဂေါ၊ ထိတ်လန့် ကြောက်ရွံ့ခြင်း။
ယောနိသော၊ သင့်သော အားဖြင့်။
ပဓာနတာ၊ အားထုတ်ခြင်း။
ဣတိအာဒယော ဓမ္မာ၊ ဤသို့ အစရှိကုန်သော ကုသိုလ်တရားတို့သည်။
ဗဟုလံ၊ များစွာ။
သမ္ပဝတ္တရေ၊ ဖြစ်ကုန်၏။
[၂။ သံဝေဇနိယဌာန (သံဝေဂဝတ္ထု) ၈-ပါး -
(၁) ဇာတိ = ပဋိသန္ဓေနေခြင်း၊
(၂) ဧရာ = အိုမင်းရခြင်း။
(၃) ဗျာဓိ (=ရုဇာ) = နာဖျားရခြင်း။
(၄) မရဏ (=ကာလ) = သေကျေ ပျက်စီးရခြင်း။
(၅) အပါယဒုက္ခ = အပါယ်ဆင်းရဲ။
(၆) အတီတဝဋ္ဋ မူလကဒုက္ခ = အတိတ်၌ ဝဋ်လျှင် အကြောင်းရင်းရှိသော ဆင်းရဲ။
(၇) အနာဂတဝဋ္ဋ မူလကဒုက္ခ = အနာဂတ်၌ ဝဋ်လျှင် အကြောင်းရင်းရှိသော ဆင်းရဲ။
(၈) ပစ္စုပ္ပန္န အာဟာရ ပရိယေသန မူလကဒုက္ခ = ပစ္စုပ္ပန်၌ အာဟာရကို ရှာမှီးခြင်းလျှင် အကြောင်းရင်းရှိသော ဆင်းရဲ။
ဝိသုဒ္ဓိမဂ်၊ဋ္ဌ၊ပ၊ နှာ-၁၃၁။ သံ၊ဋ္ဌ၊ ၃၊ နှာ-၂၀၀]
ဝိတက်စရိုက် ထူပြောသူ
တက္ကိနော၊ ဝိတက်ပြောထူ ရှိသသူအား။
ဘဿဗဟုလံ၊ စကားများခြင်း။
အနဝဋ္ဌိတ ကိစ္စတာ၊ မရပ်မတည်သော ကိစ္စရှိခြင်း။
ဂဏာရာမော၊ အပေါင်းအဖော်၌ မွေ့လျော်ခြင်း။
ပုညအရတိ၊ ကောင်းမှု၌ မပျော် မမွေ့ခြင်း။
ရတ္တိံ ဓူမာယနာ၊ ဤမှု ဤမှု နက်ဖြန်ပြုမည်ဟု ရှေးရှုစိတ်စိုက် ညဉ့်၌ အခိုးထွက်ခြင်း။
ဒီဝါပဇ္ဇလနာ၊ ကြံကြံသမျှ ထကြွပြုကာ နေ့ခါ အလျှံထခြင်း။
ဟုရာဟုရံ ဓာဝနာ၊ ထိုထိုအာရုံ စိတ်ဟုန်မသတ် ခြောက်ကပ် ပြေးသွားခြင်း။
ဣစ္စေဝမာဒယော၊ ဤသို့အစရှိကုန်သော။
ဓမ္မာ၊ အကုသိုလ်တရားတို့သည်။
ဗဟုလံ၊ များစွာ။
သမ္ပဝတ္တရေ၊ ဖြစ်ကုန်၏။
'ဟုရာဟုရံ ဓာဝနာ'တိ ဣတော စိတော စ တတ္ထ တတ္ထ အာရမ္မဏေ စိတ္တ ဝေါသဂ္ဂေါ။ တေနေဝါဟ -- “ဣဒံ ပုရေ စိတ္တမစာရိ စာရိကံ၊ ယေနိစ္ဆကံ ယတ္ထကာမံ ယထာသုခ”န္တိ၊ “စိတ္တမဿ ဝိဓာဝတီ”တိ စ။
မဟာဋီကာ၊ (ပ၊ နှာ-၁၂၈)
ရာဟုရံ ဓာဝနာတိ၊ ဟုရာဟုရံ ဓာ၀နာ ဟူသည်ကား။
ဣတော စိတော စ၊ ဤမှ ထိုမှ၎င်း။
တတ္ထ တတ္ထ အာရမ္မဏေ၊ ထိုထိုအာရုံ၌။
စိတ္တ ဝေါသဂ္ဂေါ၊ စိတ်ကို စွန့်လွှတ်ခြင်းတည်း။
တေနေဝ၊ ထို့ကြောင့်သာလျှင်။
“ဣဒံ စိတ္တံ၊ ဤစိတ်သည်။
ပုရေ၊ ရှေး၌။
ယေနိစ္ဆကံ၊ အလိုရှိရာ အရပ်ဖြင့်။
ယတ္ထ ကာမံ၊ အလိုရှိရာ အရပ်သို့။
ယထာ သုခံ၊ ချမ်းသာသည့်အလျောက်။
ဝါ၊ စိတ်ချမ်းသာသလို။
စာရိကံ၊ လှည့်လည်ခြင်းကို။
အစာရိ၊ လှည့်လည်ခဲ့လေပြီ။”
ဣတိစ၊ ဤသို့၎င်း။
“အဿ၊ ထို ပုဂ္ဂိုလ်၏။
စိတ္တံ၊ စိတ်သည်။
ဝိဓာဝတိ၊ ပြေးသွား၏။”
ဣတိ၊ ဤသို့၎င်း။
အာဟ၊ မိန့်တော်မူပေသည်။
“မှတ်ချက်”
ဝိဘာဝနဝိဓာနေဒံ၊
သဗ္ဗာကာရေန နာဂတံ။
စေရမတိယာ ဝုတ္တံ၊
န ပစ္စေတဗ္ဗံဝ သာရတော။
အဋ္ဌကထာသင်္ဂဟ
၃။ ဣဒံ ဝိဘာဝန ဝိဓာနံ၊ ဤစရိုက်ကို ထင်ရှားစွာပြသော အစီအရင်သည်။
သဗ္ဗာကာရေန၊ အလုံးစုံသော အခြင်းအရာအားဖြင့်။
နာဂတံ = န အာဂတံ = ပါဠိတော် အဋ္ဌကထာတို့၌ လာခြင်းမဟုတ်။
အာစေရ မတိယာ၊ ဆရာစဉ်ဆက် အယူမျိုးလောက်ဖြင့်။
ဝုတ္တံ၊ ပြဆိုအပ်ပေ၏။
သာရတော၊ အနှစ်သာရအားဖြင့်။
န ပစ္စေတဗ္ဗံဝ၊ မယုံကြည်အပ်သည်သာတည်း။
(ဝိသုဒ္ဓိ အဋ္ဌကထာ၊ ပ၊ နှာ-၁ဝ၄ လာ စကားပြေကို ခြုံ့ ထားသည်)
ဤ “စရိယာဝိဘာဝန” အစီအရင်သည် သဗ္ဗာကာရ အားဖြင့်သာလျှင် ပါဠိအဋ္ဌကထာတို့၌ မလာ။ အာစရိယမတာနုသာရ အားဖြင့်ဆိုအပ်၏။ အပ္ပမာဒ ဝိဟာရီ ပုဂ္ဂိုလ်တို့လည်း ဣရိယာပုထ် စသည်တို့ကို ပြင်ဆင်၍ပြုလျှင် မသိသာ နိုင်ရာ၊ သံသဋ္ဌစရိတပုဂ္ဂိုလ်အားလည်း ပြားသော လက္ခဏာရှိသော ဣရိယာပုထ် စသည် မသင့်နိုင်။ ထို့ကြောင့် “သာရ” အားဖြင့် မမှတ်အပ်။
အဋ္ဌကထာလာတိုင်း မှတ်အပ်ခြင်း (စရိုက်လွန်ကဲပုံကို)
စင်စစ်သော်ကား -- “စေတောပရိယာယဉာဏဿ လာဘီ အာစရိယော စရိယံ ဉတွာ ကမ္မဋ္ဌာနံ ကထေဿတိ၊ ဣတရေန အန္တေဝါသိကော ပုစ္ဆိတဗ္ဗော” ဟူ၍ ဝိသုဒ္ဓိမဂ် အဋ္ဌကထာ(ပ၊နှာ-၁၀၄) လာသည့်အတိုင်းမှသာ အမှန်ကို သိရသည် ဟူလို။
စေတောပရိယဉာဏဿ၊ စေတောပရိယ အဘိညာဏ်ကို။
လာဘီ၊ ရသော။
အာစရိယော၊ ဆရာသည်။
စရိယံ၊ လွန်ကဲသော စရိုက်ကို။
ဉတွာ၊ သိ၍။
ကမ္မဋ္ဌာနံ၊ ကမ္မဋ္ဌာန်းကို။
ကထေဿတိ၊ ဟောလိမ့်မည်။
ဣတရေန (စေတောပရိယ အဘိဉာဏ်ကို ရသော ဆရာမှ) တပါးသော ဆရာသည်။
အန္တေဝါသိကော၊ (မိမိကမ္မဋ္ဌာန်းပေးမည့်) တပည့်ကို။
ပုစ္ဆိတဗ္ဗော၊ မေးသင့်၏။
စရိုက်နှင့် လျောက်ပတ်သော အာရုံ
ထိုစရိုက်တို့တွင် အကုသိုလ်စရိုက်တို့ကို နှိပ်နင်း ဖျက်ဆီးကြောင်း ကုသိုလ် စရိုက်တို့၏ ပွါးများ တိုးတက်ကြောင်း သပ္ပါယကိုကား ဤသို့ သိအပ်၏။
ရာဂစရိုက်
ရာဂစရိတပုဂ္ဂိုလ်အား နံစော်ညှိဟောက် သိုးအောက်ညစ်ပတ် ကျိုးပြတ်ပျက်ပြား ဆိုးရွား ရုံရွဲ့ စုတ်ပဲ့အိုချာ မြင်လျှင်ပင် အံချင်ဖွယ်ရာ ရွံစရာကောင်းသော ကျောင်း အိပ်ရာ နေရာ သပိတ် သင်္ကန်း ဆွမ်း ဆွမ်းခံလမ်း ဆွမ်းခံရွာ ဒါယကာ ဒါယိကာမ၊ ထခြင်း သွားခြင်း ဣရိယာပုထ်၊ အပရိသုဒ္ဓဝဏ္ဏကသိုဏ်းဟူသောအာရုံ လျောက်ပတ်၏။
ဒေါသစရိုက်
ဒေါသစရိတပုဂ္ဂိုလ်အား ယဉ်ကျေးတင့်တယ် ရှုဖွယ်ဘနန်း ထူးဆန်းလှိုင်ပျံ့ ရနံ့ထုံသင်း ရောင်ဆင်းသစ်သစ် ပြေပြစ် မွေးညက်မြင်လျှင်ပင် နှစ်သက်ဖွယ်ကောင်းသော ကျောင်း အိပ်ရာ နေရာ သပိတ် သင်္ကန်း ဆွမ်း ဆွမ်းခံလမ်း ဆွမ်းခံရွာ ဒါယကာ ဒါယိကာမ၊ အိပ်ခြင်း ထိုင်ခြင်း ဣရိယာပုထ်၊ သုပရိသုဒ္ဓဝဏ္ဏကသိုဏ်း ဟူသော အာရုံ လျောက်ပတ်၏။
မောဟစရိုက်
မောဟစရိတပုဂ္ဂိုလ်အား ဒိသာပွင့်လင်း ကျယ်ဝင်းသော ကျောင်း အိပ်ရာ နေရာ၊ သွားခြင်းဣရိယာပုထ်၊ ကြီးပြန့်သောအာရုံ လျောက်ပတ်၏၊ အကြွင်းမှာ ဒေါသစရိတနှင့် နည်းတူပင်။
သဒ္ဓါစရိုက်
သဒ္ဓါစရိတပုဂ္ဂိုလ်အားလည်း အလုံးစုံ ဒေါသစရိတနှင့် နည်းတူပင်တည်း။ အနုဿတိဋ္ဌာန လည်း သင့်သေး၏။
ဗုဒ္ဓိစရိုက်
ဗုဒ္ဓစရိတပုဂ္ဂိုလ်အားကား မလျောက်ပတ်သော မည်သည် မရှိ။ လျောက်ပတ်သည်ချည်း တည်း။
ဝိတက်စရိုက်
ဝိတက္ကစရိတပုဂ္ဂိုလ်အား ချောက် လျှို ဂူလိုဏ် ဂနိုင် ပိတ်ပေါင်း ကျဉ်းမြောင်းဖုံးအုပ် တောရှုပ် တောင်ကွယ် ငယ်စွာသော ကျောင်း အိပ်ရာ နေရာ ငယ်စွာသော အာရုံ လျောက်ပတ်၏။ အကြွင်းမှာ ရာဂစရိတနှင့် နည်းတူ၏။
ဤကား အကျဉ်းမူလစရိုက်ခြောက်ပါး၌ မှတ်ဖွယ်တည်း
စရိုက်အကျယ် ၆၃
အကျယ်အားဖြင့်ကား --
သံသဂ္ဂဝသေန ပန တေသဋ္ဌိစရိတာ ဟောန္တိ၊ ဝုတ္တံ ဟိ ---
ရာဂါဒိကေ တိကေ သတ္တ၊
သတ္တ သဒ္ဓါဒိကေ တိကေ။
ဧကဒွိတ္တိကမူလမှိ၊
မိဿတော သတ္တသတ္တကန္တိ။
ဟု-ဋီကာ၌ (နှာ-၂၅၆-၌) ဖွင့်ပြအပ်သည်နှင့်အညီ ခြောက်ဆဲ့သုံးပါး တည်း၊
သံသဂ္ဂဝသေန ပန၊ ရောယှက် ဖက်တွဲသည်၏ အစွမ်းဖြင့်ကား။
တေသဋ္ဌိစရိတာ၊ ခြောက်ဆဲ့သုံးပါးသော စရိုက်တို့သည်။
ဟောန္တိ၊ ဖြစ်ကုန်၏။
ဟိ၊ သာဓက ကား။
ရာဂါဒိကေ။ပ။ သတ္တကန္တိ ၊ ဟူ၍၊
ဝုတ္တံ၊ ဆရာဓမ္မပါလ မြွက်ဟအပ်ပြီ။
ရာဂါဒိကေ တိကေ၊ ရာဂစသော သုံးပါး၌။
သတ္တ၊ ဧကက-သုံး, ဒုက-သုံး, တိက-တစ် အားဖြင့် ခုနစ်ပါးတို့၎င်း။
သဒ္ဓါဒိကေ တိကေ၊ သဒ္ဓါစသော သုံးပါး၌။
သတ္တ၊ ခုနစ်ပါးကို၎င်း။
မိဿတော၊ ရွှေသတ္တက နောက်သတ္တက နှစ်ရပ်ကို ရောစပ်သောအားဖြင့်။
ဧကဒွိတ္တိကမူလမှိ၊ ဧကမူ ဒွိမူ တိမူ၌။
သတ္တသတ္တကံ၊ လေးဆဲ့ကိုးပါး၎င်း။
ဣတိ၊ ဤသို့။
တေသဋ္ဌိ၊ ခြောက်ဆဲ့သုံးပါးတို့တည်း။
ကမ္မဋ္ဌာန်း ဆုံးဖြတ်ပုံ အခြင်းအရာ ၁၀-ပါး
ဤဆိုအပ်ခဲ့ပြီးသော မူလစရိုက် ခြောက်ပါး အားလျော်စွာ သင်ကြားရာသော သမထ ကမ္မဋ္ဌာန်း လေးဆယ်တို့၌ --
သင်္ခတ နိဒ္ဒေသတော စာ-
ဝဟာ ဘေဒါ အတိက္ကမာ။
ဝဍ္ဎနာ ဝဍ္ဎနတော စ၊
အာလမ္ဗနာ စ ဘူမိတော။
ဂဟဏာ ပစ္စယတော စ၊
စရိယာနံ ဒုကူလတော။
ဧဝံ ဒသဟိ ဝိညေယျော၊
ကမ္မဋ္ဌာနဝိနိစ္ဆယော။
ဤဆယ်ပါးသော အဆုံးအဖြတ်ကို မှတ်အပ်၏။
သင်္ခတ နိဒ္ဒေသ [၁] တော စ၊ လေးဆယ်ဟု အကျဉ်းသင်္ချာ ပြပြီးသော ကမ္မဋ္ဌာန်းတို့၏ အကျယ်သရုပ်ကို ဖော်ထုတ်ညွှန်းပြသော အားဖြင့်၎င်း။
အာဝဟာ [၂]၊ ဥပစာရာဝဟ အပ္ပနာဝဟ အားဖြင့်၎င်း။
ဘေဒါ၊ ဧကနိဇ္ဈာနိက တိကနိဇ္ဈာနိက စတုက္ကနိဇ္ဈာနိက သကလနိဇ္ဈာနိက ဟူသော ဈာန်အပြား အားဖြင့်၎င်း။
အတိက္ကမာ၊ အင်္ဂသမတိက္ကမ အာရမ္မဏသမတိက္ကမအားဖြင့်၎င်း။
ဝဍ္ဎနာ ဝဍ္ဎနတော စ၊ ပွါးကောင်း မပွါးကောင်း အားဖြင့်၎င်း။
အာလမ္ဗနာ စ၊ သဘာဝဓမ္မ နိမိတ္တ စလိတာ စလိတ အစွမ်းအားဖြင့် အာရုံကို ဝေဖန်သောအားဖြင့်၎င်း။
ဘူမိတော၊ ကာမာဝစရ စသော ဘုံကို ဝေဖန်သောအားဖြင့်၎င်း။
[၁။ သင်္ခါတ၊ အကျဉ်းချုံး၍ ရေတွက်ခြင်း။ နိဒ္ဒေသ၊ အကျယ်ညွှန်ပြခြင်း၊ (အကျဉ်း အရေအတွက်ကို အကျယ်ညွှန်ပြခြင်း) ၊
၂။ အာဝဟ = ရွက်ဆောင်ခြင်း။]
ဂဟဏာ၊ ဒိဋ္ဌစသည်ဖြင့် ဥဂ္ဂဟနိမိတ်အာရုံ ယူခြင်းကို ဝေဖန်သောအားဖြင့်၎င်း။
ပစ္စယတော စ၊ အာရုပ္ပစသည်တို့၏ အကြောင်းအားဖြင့်၎င်း။
စရိယာနံ၊ ရာဂစရိုက် စသည်တို့အား။
အနုကူလတော၊ လျော်သောအားဖြင့်၎င်း။
ဧဝံ၊ ဤသို့။
ဒသဟိ၊ ဆယ်ပါးသော အခြင်းအရာတို့ဖြင့်။
ကမ္မဋ္ဌာန ဝိနိစ္ဆယော၊ ကမ္မဋ္ဌာန်း အဆုံးအဖြတ်ကို။
ဝိညေယျော၊ သိအပ်၏။
သင်္ခတနိဒ္ဒေသ ကမ္မဋ္ဌာန်း-၄၀
ကသိုဏ်း ၁၀-ပါး
ထို ဆယ်ပါးတို့တွင် သင်္ခတနိဒ္ဒေသအားဖြင့် -- ပထဝီကသိဏံ၊ အာပေါကသိဏံ တေဇောကသိဏံ ဝါယောကသိဏံ နီလကသိဏံ ပီတကသိဏံ လောဟိတကသိဏံ သြဒါတကသိဏံ အာကာသသိဏံ အာလောကကသိဏဉ္ဇေတိ ဣမာနိ ဒသ ကသိဏာနိ နာမ။
အသုဘ ၁ဝ-ပါး
ဥဒ္ဓုမာတကံ ဝိနီလကံ ဝိပုဗ္ဗကံ ဝိစ္ဆိဒ္ဒကံ ဝိက္ခာယိတတံ ဝိက္ခိတ္တကံ ဟတဝိက္ခိတ္တကံ လောဟိတကံ ပုဠုဝကံ အဋ္ဌိကေဉ္စတိ ဣမေ ဒသ အသုဘာ နာမ။
အနုဿတိ ၁၀-ပါး
ဗုဒ္ဓါနုဿတိ ဓမ္မာနုဿတိ သံဃာနုဿတိ သီလာနုဿတိ စာဂါနုဿတိ ဒေဝတာနုဿတိ ဥပသမာနုဿတိ မရဏာနုဿတိ ကာယဂတာသတိ အာနာပါနဿတိ စေတိ ဣမာ ဒသ အနုဿတိယော နာမ။
အပ္ပမညာ ၄-ပါး
မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာ စေတိ ဣမာ စတဿော အပ္ပမညာယော နာမ ဗြဟ္မဝိဟာရောတိ စ ပဝုစ္စတိ။
သညာ ၁-ပါး
အာဟာရေ ပဋိကူလသညာ ဧကာ သညာ နာမ။
ဓာတုဝဝတ္ထာန် ၁-ပါး
စတုဓာတု ဝဝတ္ထာနံ ဧကံ ဝဝတ္ထာနံ နာမ။
အာရုပ္ပ ၄-ပါး
အာကာသာနဉ္စာယတနာဒယော စတ္တာရော အာရုပ္ပါ နာမာတိ သဗ္ဗထာပိ သမထကမ္မဋ္ဌာနနိဒ္ဒေသေ စတ္တာလီသ ကမ္မဋ္ဌာနာနိ ဘဝန္တိ။
ဟု သင်္ဂြိုဟ်ကျမ်း၌ ပြညွှန်း အပ်သည့်အတိုင်း --
ဆောင်ပုဒ်
ကသိုဏ်း ဆယ်ဝ၊ ဒသ အသုဘာ၊
ဒသာနုဿတိ၊ လေးရှိဗြဟ္မ၊
ဧကသညာ၊ ဧကာ ဝဝတ္ထာန်၊
လေးတန် အရုပ္ပ၊ သင်္ချာရကို
ရောက လေးဆယ် ပြည့်သတည်း။
ဟူ၍ သမထကမ္မဋ္ဌာန်းသည် လေးဆယ် အပြားရှိ၏။
အာဝဟအားဖြင့် --
ဗုဒ္ဓါနုဿတိအာဒီသု အဋ္ဌသု သညာ ဝဝတ္ထာနေသု စာတိ ဒသသု ကမ္မဋ္ဌာနေသု ဥပစာရဘာဝနာ၀ သမ္ပဇ္ဇတိ၊ နတ္ထိ အပ္ပနာ။
သေသေသု ပန သမတိံသ ကမ္မဋ္ဌာနေသု အပ္ပနာဘာဝနာပိ သမ္ပဇ္ဇတိ။
ဟု သင်္ဂြိုဟ် လာသည့်အတိုင်း ဥပစာရာဝဟ ကမ္မဋ္ဌာန်းဆယ်ပါး၊ အပ္ပနာဝဟ ကမ္မဋ္ဌာန်း သုံးဆယ်တည်း။
ပဘေဒအားဖြင့် --
ဒသ ကသိဏာနိ အာနာပါနဉ္စ ပဉ္စကဇ္ဈာနိကာ။
ဒသ အသုဘာ ကာယဂတာသတိ စ ပဌမဇ္ဈာနိကာ။
မေတ္တာဒယော တယော စတုက္ကဇ္ဈာနိကာ။
ဥပေက္ခာ ပဉ္စမဇ္ဈာနိကာတိ ဆဗ္ဗိသတိ ရူပါဝစရဇ္ဈာနိက ကမ္မဋ္ဌာနာနိ။
စတ္တာရော ပန အာရုပ္ပါ အာရုပ္ပဇ္ဈာနိကာ။
သင်္ဂြိုဟ်လာတိုင်း “ဧက စတုက္က ပဉ္စက သောဠ၊ တိ ဧက် ဒသ်”ဟူ၍ --
ဧကဇ္ဈာနိက တဆဲ့ခြောက်၊
စတုက္ကဇ္ဈာနိက သုံး၊
ပဉ္စကဇ္ဈာနိက တဆဲ့တစ်
အားဖြင့် သုံးဆယ်သော အပ္ပနာဝဟကမ္မဋ္ဌာန်း အပြားကို မှတ်အပ်၏။
အတိက္ကမအားဖြင့် --
ကသိုဏ်း အာနာပါန အပ္ပမညာ၊ ဤတဆဲ့ငါးပါးတို့၌ အင်္ဂါတိက္ကမ ဖြစ်၏။ ဝိတက်စသည်ကို လွန်ခြင်းကြောင့်တည်း။
အာရုပ္ပကမ္မဋ္ဌာန်း လေးပါးတို့၌ အာရမ္မဏာတိက္ကမ ဖြစ်၏။ ကသိုဏ်းကိုးပါး စသည်ကို လွန်ခြင်းကြောင့်တည်း။ ကြွင်း နှစ်ဆဲ့တပါးသော ကမ္မဋ္ဌာန်းတို့၌ သမတိက္ကမ မရှိ။
ဝဍ္ဎနာ ဝဍ္ဎနအားဖြင့် --
ဒိဗ္ဗစက္ခု ဒိဗ္ဗသောတ စေတောပရိယာယ အဘိညာအား ကျေးဇူး များသောကြောင့် ကသိုဏ်းဆယ်ပါးကိုသာ ပွါးစေကောင်း၏။
ကြွင်းကမ္မဋ္ဌာန်းသုံးဆယ်တို့တွင် --
အသုဘ ကာယဂတာ အာနာပါနသတိ၊ ဤ တဆဲ့နှစ်ပါးတို့ကို ဩကာသပရိစ္ဆိန္န အာနိသံသာဘာဝကြောင့် မပွါးစေကောင်း [၁] ၊
ဗြဟ္မဝိဟာရလေးပါးတို့ကို အာနိသံမရှိ ပဋိဘာဂနိမိတ်လည်း မရှိသောကြောင့် မပွါးစေကောင်း၊
အာရုပ္ပ လေးပါးတို့တွင် အာကာသကို ကသိဏုဂ္ဃါဋိမ၏ အဖြစ်ကြောင့် မပွါးစေကောင်း၊
နတ္ထိဘောပညတ်ကို အဘာဝမတ္တကြောင့် မပွါးစေကောင်း၊
ကြွင်း ဒုတိယ စတုတ္ထကို ပရမတ္ထသဘာဝဓမ္မ ဖြစ်သောကြောင့် မပွါးစေကောင်း၊
ကြွင်း ဆယ်ပါးတို့ကို ပဋိဘာဂနိမိတ် မဟုတ်သောကြောင့် မပွါးစေကောင်း။
[၁။ ဝိသုဒ္ဓိ၊ ဋ္ဌ၊ ပ၊ နှာ-၁၀၈-၁၀၉။
မပွါးစေကောင်း ဟူရာ၌ ချဲ့ထွင် ကျယ်ပြန့်အောင် မလုပ်ဟု ဆိုလိုသည်။ (ဥပမာဆိုသော် - အာလောက ကသိုဏ်းကိုမူ အနန္တစကြာဝဠာအထိ ချဲ့နိုင်သည်။ အလင်းရောင်သည် “ဒိဗ္ဗစက္ခု အိညာဉ်"၏ မြင်မှု၌ အကျိုးများသောကြောင့်တည်း။ သို့ရာတွင် အာနာပါနု စသည်တို့၌ ထွက်သက် ဝင်သက်လေဖြင့်ထိပြီး သိနေရမည့် နှာသီးဖျားကို ပိုင်းခြားသတ်မှတ်မှု ဩကာသပရိစ္ဆိန္န ရှိသဖြင့် ထိုသတ်မှတ် ပိုင်းခြားထားသည်ထက် ကျယ်ပြန့်အောင် လုပ်လျှင်လည်း အကျိုးမရှိဟု ဆိုလိုသည်)]
အာရမ္မဏအားဖြင့် --
ပရိကမ္မနိမိတ္တံ ဥဂ္ဂဟနိမိတ္တဉ္စ သဗ္ဗတ္ထာပိ ယထာရဟံ ပရိယာယေန လဗ္ဘန္တေဝ။ ပဋိဘာဂနိမိတ္တံ ပန ကသိဏာသုဘ ကောဋ္ဌာသ, အာနာပါနေသွေဝ လဗ္ဘတိ။ (သင်္ဂြိုဟ်)
ကဿစိ အာရမ္မဏဿ အပရိဗျတ္တတာယ “ပရိယာယေနာ”တိ ဝုတ္တံ။ ကသိဏာသုဘ ကောဋ္ဌာသာနာပါနဿတီသွေဝ ဟိ ပရိဗျတ္တသမ္ဘဝေါတိ။ (ဋီကာကျော် ၊ နှာ-၂၆၂)
ကဿစိ အာရမ္မဏဿ၊ အချို့ အာရုံ၏။
အပရိဗျတ္တတာယ၊ မထင်မရှားသည်၏ အဖြစ်ကြောင့်။
ပရိယာယေနာတိ၊ ပရိယာယေန ဟူ၍။
ဝုတ္တံ၊ မိန့်တော်မူအပ်၏။
ဟိသစ္စံ၊ မှန်၏။
ကသိဏာသုဘ ကောဋ္ဌာသာနာပါနဿတီသုဧ၀၊ ကသိုဏ်း ဆယ်ဖြာ အသုဘာနှင့် ကာယာ အာန ဗာဝီသတို့၌သာလျှင်။
ပရိဗျတ္တသမ္ဘဝေါ၊ ထင်ရှား ဖြစ်ခြင်းသည်။
ဟောတိ၊ ဖြစ်၏။
ဣတိ၊ ဤသို့ မှတ်အပ်၏။
ဝါ၊ တနည်းကား။
ဟိယသ္မာ၊ အကြင့်ကြောင့်။
ကသိဏာသုဘ ကောဋ္ဌာသာနာပါနဿတီသုဧဝ၊ ကသိုဏ်း ဆယ်ဖြာ အသုဘာနှင့် ကာယာ အာန ဗာဝီသတို့၌ သာလျှင်။
ပရိဗျတ္တသမ္ဘဝေါ၊ ထင်ရှားဖြစ်ခြင်းသည်။
ဟောတိ၊ ဖြစ်၏။
တသ္မာ၊ ထို့ကြောင့်။
ကဿစိ အာရမ္မဏဿ၊ အချို့သောအာရုံ၏။
အပရိဗျတ္တတာ၊ မထင်ရှားသည်၏ အဖြစ်သည်။
ဟောတိ၊ ဖြစ်၏။
ဤသို့ ကျမ်းဂန်လာသည့်အတိုင်း နှစ်ဆဲ့နှစ်ပါးသာ ပဋိဘာဂနိမိတ် ဖြစ်၏။ ကြွင်း တဆဲ့ရှစ်ပါးကား မဖြစ်။
အာရုံ ၃-မျိုး
ဥပစာရာဝဟဆယ်ပါး [၁] ဝိညာ နေဝါ နှစ် - ဤတဆဲ့နှစ်ပါးတို့သည် သဘာဝဓမ္မာရမ္မဏ တည်း။
ယခင် နှစ်ဆဲ့နှစ်ပါးသည် ပဋိဘာဂနိမိတ္တာရမ္မဏတည်း။
အပ္ပမညာ အာကာ အာကိဉ် - ခြောက်ပါးသည် သဘာဝ ပဋိဘာဂ ဟူ၍ မဆိုရသော နဝတ္တဗ္ဗာရမ္မဏတည်း။
[၁။ အာနာပါနဿတိ ကာယဂတာသတိ ကြဉ် အနုဿတိ ၈-ပါး အာဟာရေ ပဋိကူလ- သညာ စတုဓာတု၀၀တ္ထာန်၊ ပေါင်း ၁ဝ-ပါး၊]
ကမ္မဋ္ဌာန်း ၂-မျိုး
ဝိပုဗ္ဗံ လောဟိတံ ပုဋု။
အာနာပါနန္တိ အဋ္ဌေ'တေ၊
စလိတာ'ရမ္မဏာ မတာ။
ဤ ရှစ်ပါးတို့သည် ပရိကမ္မ ဥဂ္ဂဟနိမိတ် အခိုက်၌ စလနာကာရအားဖြင့် ထင်သော ကြောင့် စလိတကမ္မဋ္ဌာန်း မည်ကုန်၏။
(အဋ္ဌကထာ၊ ပ၊ နှာ-၁၀၉)
သန္နိသိန္နမေဝ၊ မတုန်မလှုပ် ငြိမ်သက်သည်သာလျှင်တည်း။
ကြွင်း သုံးဆဲ့သုံးပါးတို့သည် အစလိတတည်း။
သူရိယာဒီနံ၊ နေစသည်တို့၏။
ယဉ္စ သြဘာသ မဏ္ဍလာရမ္မဏံ၊ အကြင် (ပြူတင်းပေါက် စသည်တို့မှ ဝင်လာသော) အလင်းရောင်ဝန်းလျှင် အာရုံရှိသည်။
ဟောတိ၊ ဖြစ်၏။
ဟု အဋ္ဌကထာ (၊ပ၊နှာ-၁၀၉) မိန့်သောကြောင့် အာလောက ကသိုဏ်းကို စလိတာ စလိတ နှစ်ပါး ယူသင့်သည်။ ထို့ကြောင့် ကြွင်း သုံးသုံးပါးဟု ဆိုလိုက်သည်။
ဘုံအားဖြင့်
“အသုဘ နှင့်၊ ကာယဂတာ၊
သညာ ဒွါဒသ်၊ နတ်၌ မရ၊
ဗြဟ္မပြည်မှာ၊ အာနာပါန၊
လည်း မရတည်း။
အရူပဝယ်၊ လေးသွယ်သာ ရ၊
ဘုံကာမ မှာ၊ မရမရှိ-ရချည်းတည်း”။
ဂဟဏအားဖြင့်
ဝါယောကသိုဏ်းကို ဒိဋ္ဌ ဖုဋ္ဌဝတ္ထုဖြင့် ဥဂ္ဂဟနိမိတ်ယူရသည်။ ကြွင်း ကသိုဏ်း, အသုဘ တစပဉ္စကတို့ကို ဒိဋ္ဌဝတ္ထုဖြင့် ဥဂ္ဂဟနိမိတ် ယူရသည်။ အာနာပါနကို ဖုဋ္ဌဝတ္ထုဖြင့် ဥဂ္ဂဟနိမိတ် ယူရသည်။ ကြွင်း တဆဲ့ကိုးပါးတို့ကို သုတဝတ္ထုဖြင့် ဥဂ္ဂဟနိမိတ်ယူရသည်။
(အဋ္ဌကထာ၊ ပ၊နှာ-၁၁၀)
ဂဟေတဗ္ဗာနိ၊ မှတ်ယူအပ်ကုန်၏။
ပုဗ္ဗဘာဂေ၊ ဥဂ္ဂဟနိမိတ် မထင်မီ ရှေ့အဖို့၌။
စက္ခုနာ၊ မျက်စိဖြင့်။
ဩလောကေတွာ ဩလောကေတွာ၊ အဖန်ဖန် ကြည့်၍ကြည့်၍။
နေသံ၊ ထို ၁၉-ပါးသော ကမ္မဋ္ဌာန်းတို့၏။
နိမိတ္တံ၊ ဥဂ္ဂဟနိမိတ်ကို။
ဂဟေတဗ္ဗံ၊ (မြင်သည့်အတိုင်း ထင်အောင် မနောဒွါရဖြင့်) မှတ်ယူအပ်၏။
ဣတိ အတ္ထော၊ ဤကား အနက်တည်း။
(မဟာဋီကာ၊ ပ၊ နှာ-၁၃၂)
ဥဂ္ဂဟေတဗ္ဗာနိ၊ ဥဂ္ဂဟနိမိတ်အဖြစ် ယူအပ်ကုန်၏။
ဥပ္ပါဒေတဗ္ဗ ဥဂ္ဂဟနိမိတ္တာနိ၊ ဖြစ်စေအပ်သော ဥဂ္ဂဟနိမိတ် ရှိကုန်၏။
ဣတိ အတ္ထော၊ ဤကား အနက်။
တေန၊ ထို့ကြောင့်။
ပုဗ္ဗဘာဂေတိ အာဒိ၊ ပုဗ္ဗဘာဂေ ဤသို့ အစရှိသော စကားကို။
အာဟ၊ မိန့်ဆို၏။
သင်္ဂဟ သံပေါက်
ကောဋ္ဌာ ဒိဌ် သု၊ ဝါယု ဒိဌ် ဖုဌ်၊ ဖုဋ္ဌ အာနာ။
ဒိဋ္ဌာ နောဒသ်၊ သု ဋ္ဌာရသ်၊ ယူမှတ် နိမိတ္တာ။
အာဒိကမ္မိကပုဂ္ဂိုလ် မပွါးအပ်သော ကမ္မဋ္ဌာန်း
အရူ ပေက္ခံ၊ အာဒိကံ၊ ငါးတန် မပွါးရာ။
သုံးဆဲ့ငါးထွေ၊ ကြွင်း သေသေ၊ ပွါးလေ အာဒိကာ။
ပစ္စယအားဖြင့်
ကသိုဏ်းဆယ်ပါးတို့သည် အဘိညာတို့၏ အကြောင်းတည်း။
အာကာသကြဉ်သော ကြွင်း ကိုးပါးတို့သည် အာရုပ္ပတို့၏ အကြောင်းတည်း။
ရှေ့ အပ္ပမညာသုံးပါးတို့သည် ဥပေက္ခာ ဗြဟ္မဝိဟာရ၏ အကြောင်းတည်း။
အောက်အောက် အာရုပ္ပသည် အထက်အထက် အာရုပ္ပ၏ အကြောင်းတည်း။
နေဝသညာသည် နိရောဓ သမာပတ်၏ အကြောင်းတည်း။
အလုံးစုံသော ကမ္မဋ္ဌာန်း လေးဆယ်တို့သည် ဒိဋ္ဌဓမ္မသုခဝိဟာရ ဝိပဿနာ ဘဝသမ္ပတ္တိတို့၏ အကြောင်းတည်း။
စရိယာနုကူလအားဖြင့်
စတဿော အပ္ပမညာယော နီလာဒီနိ စ စတ္တာရိ ကသိဏာနိ ဒေါသစရိတဿ။
အာနာပါနံ မောဟစရိတဿ ဝိတက္ကစရိတဿ စ။
ဗုဒ္ဓါနုဿတိအာဒယော ဆ သဒ္ဓါစရိတဿ။
မရဏ ဥပသမ သညာ ဝဝတ္ထာနာနိ ဗုဒ္ဓိစရိတဿ။
သေသာနိ ပန သဗ္ဗာနိပိ ကမ္မဋ္ဌာနာနိ သဗ္ဗသမ္ပိ သပ္ပါယာနိ။
တတ္ထာပိ ကသိဏေသု ပုထုလံ မောဟစရိတဿ၊ ခုဒ္ဒကံ ဝိတက္ကစရိတဿေဝ။
ဟူ၍ သင်္ဂြိုဟ်လာတိုင်း စရိယာနုကူလကမ္မဋ္ဌာန်းကို မှတ်ရာ၏။
[စရိယာနုကူလကမ္မဋ္ဌာန်း = (စရိယ + အနုကူလ + ကမ္မဋ္ဌာန်း) စရိုက်အားလျော်သော ကမ္မဋ္ဌာန်း။]
(ဋီကာကျော်၊ နှာ-၂၆၀) (အနက် ထင်ရှား၏)
ကမ္မဋ္ဌာန်းဆရာ သင်ပြရမည့် အခြင်းအရာ ၉-ပါး
ဤဆိုခဲ့အပ် အခြင်းအရာ ဆယ်ရပ်တို့ဖြင့် ဆုံးဖြတ်အပ်သော စရိယာနုကူလဖြစ်သော --
ပရိဟရိတဗ္ဗတ္တာ၊ ဆောင်ထားအပ် အားထုတ်အပ်သည်၏ အဖြစ်ကြောင့်၎င်း။
ဥပရိမဿ ဥပရိမဿ၊ အထက်အထက်၌ဖြစ်သော။
ဘာဝနာကမ္မဿ၊ ဘာဝနာအမှု၏။
ပဒဋ္ဌာနတ္တာ စ၊ နီးသောအကြောင်း၏ အဖြစ်ကြောင့်၎င်း။
ပါရိဟာရိယ ကမ္မဋ္ဌာနန္တိ၊ ပါရိ ဟာရိယ ကမ္မဋ္ဌာန်းဟူ၍။
ဝုစ္စတိ၊ ဆိုအပ်၏။
သဗ္ဗတ္ထက ကမ္မဋ္ဌာနံ ဝိယ၊ သဗ္ဗတ္ထက ကမ္မဋ္ဌာန်းကဲ့သို့။
ဧကဒါ၀၊ တရံတခါ၌သာလျှင်။
အနနုယုဉ္ဇိတွာ၊ အားမထုတ်မူ၍။
သဗ္ဗကာလံ၊ အခါခပ်သိမ်း။
ပရိဟရဏီယတ္တာ၊ ဆောင်အပ်သည် အဖြစ်ကြောင့်။
အနုယုဉ္ဇိတဗ္ဗတ္တာ၊ အားထုတ်အပ်သည်၏ အဖြစ်ကြောင့်။
ဟူသော ဋီကာ(ပ၊ နှာ-၁၁၉) တို့နှင့်အညီ ပါရိဟာရိယကမ္မဋ္ဌာန်း မည်သော သမထ ကမ္မဋ္ဌာန်း လေးဆယ်တို့တွင် ရှေးဦးစွာသော ပထဝီကသိုဏ်း၌ --
ကရဏံ ဘာဝနာနယော။
သတ္တ သပ္ပါယာ' သပ္ပါယာ၊
ဒွေ နိမိတ္တာ သမာဓယော။
ဒသ အပ္ပနာကောသလ္လံ၊
ဝီရိယသမတာပိ စ။
အပ္ပနာဝိဓာနန္တိ ́မေ၊
နာဝါ'ကာရာ ကထေတဗ္ဗာ။
ဤ အခြင်းအရာ ကိုးပါးတို့ကို ပဒ, ပဒတ္ထ အဓိပ္ပါယ် ဥပမာ စသည်တို့ဖြင့် သေချာပိုင်းဖြတ် ကမ်းခပ်ဆောင် ခဲရာခက်ဆစ်မရှိ သိအောင် ဆရာက ဟောပြ သင်ကြားအပ်ကုန်၏။
ကရဏံ၊ သံဟာရိမ အသံဟာရိမကသိုဏ်း ပြုလုပ်ခြင်း၎င်း။
ဘာဝနာနယော၊ ပြုလုပ်ပြီးသော ကသိုဏ်းကို စီးဖြန်း ပွါးများနည်း၎င်း။
သတ္တ သပ္ပါယာ ́ သပ္ပါယာ၊ သပ္ပါယခုနှစ်ပါး အသပ္ပါယခုနစ်ပါး တို့၎င်း။
ဒွေ နိမိတ္တာ၊ ဥဂ္ဂဟ ပဋိဘာဂနိမိတ် နှစ်ပါးတို့၎င်း။
ဒွေ သမာဓယော၊ ဥပစာရ အပ္ပနာ သမာဓိ နှစ်ပါးတို့၎င်း။
ဒသ အပ္ပနာကောသလ္လံ၊ အပ္ပနာ၌ လိမ္မာကြောင်း ဆယ်ပါး၎င်း။
ဝီရိယသမတာ ပိစ၊ သမာဓိနှင့်ဝီရိယ ညီမျှခြင်း၎င်း။
အပ္ပနာဝိဓာနံ၊ အပ္ပနာ အစီအရင်၎င်း။
ဣတိ ဣမေ နဝ အာကာရာ၊ ဤ အခြင်းအရာ ကိုးပါးတို့ကို။
ကထေတဗ္ဗာ၊ သင်ပြော ဟောပြအပ်ကုန်၏။
ကြွင်းသော ကမ္မဋ္ဌာန်းတို့၌လည်း လိုက်သည်အားလျော်စွာ ဤ အခြင်းအရာ ကိုးပါးကို့ကို သင်ပြော ဟောပြအပ်ကုန်၏။ ဤအလုံးစုံသည် အထက် ဘာဝနာဝိဓာန၌ ထင်ရှားလတ္တံ့။
မလျောက်ပတ်သော ကျောင်း ၁၈-မျိုး
ဤသို့လျှင် စရိယာနုကူလ တခုခုသော ပါရိဟာရိယ ကမ္မဋ္ဌာန်းကို သင်ကြားပြီး၍ ဆရာ နေရာကျောင်း၌ သပ္ပါယ်ကို မရလျှင် ဂါဝုတ် ယူဇနာ အတွင်း သင့်လျော်ရာ အရပ်သို့ သွား၍ ထို၌ပင် သပ္ပါယကို မရပြန်သေးလျှင် ဝေးသောအရပ်သို့ သွား၍ ---
ဧရာဝါသဉ္စ ပန္ထနိံ။
သောဏ္ဍိံ ပဏ္ဏဉ္စ ပုပ္ဖဉ္စ၊
ဖလံ ပတ္ထိတမေဝ စ။
နဂရံ ဒါရုနာ ခေတ္တံ၊
ဝိသဘာဂေန ပဋ္ဋနံ။
ပစ္စန္တသီမာသပ္ပါယံ၊
ယတ္ထ မိတ္တော န လဗ္ဘတိ၊
အဋ္ဌာရသေ'တာနိ ဌာနာနိ၊
ဣတိ ဝိညာယ ပဏ္ဍိတော။
အာရကာ ပရိဝဇ္ဇေယျ၊
မဂ္ဂံ သပ္ပဋိဘယံ ယထာ။
နဝါဝါသံ၊ များနဝကံ မပြုပြန်ခဲ့ ကဲ့ရဲ့ရှုပ်ပစ် ကျောင်းတိုက်သစ်ကို၎င်း။
ဧရာဝါသဉ္စ၊ ပြင်ဖွယ်များတောင်း ကျောင်းတိုက်ဟောင်းကို၎င်း။
ပန္ထနိံ၊ ဧည့်သည်ခိုမှီး လမ်းကြီးနီးရပ် ဆောက်လုပ်အပ်သော ကျောင်းကို၎င်း။
သောဏ္ဍိံ၊ ရှင်လူရဟန်း ရောပြွမ်းစုဆိုင် ကျောက်ရေအိုင်နီးသော ကျောင်းကို၎င်း။
ပဏ္ဏဉ္စ၊ သီချင်းဆူကြွက် ရွာသူသက်သည့် ဟင်းရွက်တောနီးသော ကျောင်းကို၎င်း။
ပုပ္ဖဉ္စ၊ ပန်းတော ကျောင်းကို၎င်း။
ဖလံ၊ သစ်သီးရှိသော ကျောင်းကို၎င်း။
ပတ္ထိတမေဝ စ၊ တောင့်တချီးမွမ်း လူစုံပြွမ်းသည့် သင်္ခမ်းကျောင်းသာကို၎င်း။
နဂရံ၊ မာတုဂါမ စသည်ဆူလှောင်း မြို့နီးကျောင်းကို၎င်း။
ဒါရုနာ၊ သစ်ဝါး ထင်းတော မှီသော ကျောင်းနှင့်တကွ။
ခေတ္တံ၊ လယ်တိုက်နီးဘိ ကျောင်းလယ်ရှိသော ကျောင်းကို၎င်း။
ဝိသဘာဂေန၊ ရဟန်းရန်သူ ချင်းချင်းတို့ နေရာကျောင်းနှင့်တကွ။
ပဋ္ဋနံ၊ ကုန်သည်လာအိပ် ရေဆိပ် ကုန်းဆိပ် နီးသောကျောင်းကို၎င်း။
ပစ္စန္တသီမာသပ္ပါယံ၊ သဒ္ဓါနည်းပါး တိုင်းစွန်ပြည်နား ရွာကို မှီသောကျောင်း, မင်းဘေးနီးစပ် တိုင်းကျပ်ရွာကို မှီသောကျောင်း, မာတုဂါမ ယက္ခဘေးဘျမ်း ရောပြွမ်းနေလတ် မလျောက်ပတ်သော ကျောင်းသုံးပါးကို၎င်း။
ယတ္ထ၊ အကြင်ကျောင်း၌။
မိတ္တော၊ ကလျာရွေပေါင်း မိတ်ဆွေကောင်းကို။
န လဗ္ဘတိ၊ မရအပ်။
တမ္ပိ၊ ထိုမိတ်ကောင်းမနီး အပြစ်ကြီးတောင်း နေရာကျောင်းကို၎င်း။
ဧတာနိ အဋ္ဌာရသဋ္ဌာနာနိ၊ ဤတဆဲ့ရှစ်ရပ်တို့ကို။
ဣတိဝိညာယ၊ ဘာဝနာနှင့် မသင့်လျော်ဘိ ဤသို့သိ၍။
ပဏ္ဍိတော၊ ပညာရှိသည်။
သပ္ပဋိဘယံ၊ သားရဲ ဘီလူး ခိုးမှူးပြွမ်းဘိ ဘေးဘျမ်းရှိသော။
မဂ္ဂံ ယထာ၊ ခရီးလမ်းကိုကဲ့သို့။
အာရကာ၊ အဝေးက။
ပရိဝဇ္ဇေယျ၊ ရှောင်ကွင်းရာ၏။
ဤသို့ အဋ္ဌကထာ လာသည်နှင့်အညီ--
ဆောင်ပုဒ်
ကြီး သစ် အို လမ်း၊ ချီးမွမ်း ထုံး ပွင့်၊
သီးနှင့် လယ် ဟင်း၊ မြို့ ထင်း ဆိပ် ရန်၊
ကျပ် စွန် ဘေး ကင်း၊ ဆဲ့ရှစ်ခင်း၊
ရှောင်ကွင်း ဝေးဝေးခွါ။
ဟူသော တဆဲ့ရှစ်ပါးတို့တွင် တပါးပါးသော အပြစ် ရှိ၍ သမာဓိဘာဝနာအား မလျောက်ပတ်သော ကျောင်းကို ရှောင်ကြဉ်၍---
လျောက်ပတ်သော ကျောင်းအင်္ဂါ ၅-ပါး
တသ္မိံ ခေါ ပန သေနာသနေ ဝိဟရန္တဿ အပ္ပကသိရေနေ၀ ဥပ္ပဇ္ဇန္တိ စီဝရပိဏ္ဍပါတ သေနာသန ဂိလာနပစ္စယ ဘေသဇ္ဇ ပရိက္ခာရာ။
တသ္မိံ ခေါ ပန သေနာသနေ ထေရာ ဘိက္ခူ ဝိဟရန္တိ ဗဟုဿုတာ အာဂတာဂမာ ဓမ္မဓရာ ဝိနယဓရာ မာတိကာဓရာ၊ တေ ကာလေနကာလံ ဥပသင်္ကမိတွာ ပရိပုစ္ဆတိ ပရိပဉှတိ 'ဣဒံ ဘန္တေ ကထံ၊ ဣမဿ ကော အတ္ထော'တိ၊ တဿ တေ အာယသ္မန္တော အဝိဝဋေဉ္စေဝ ဝိဝရန္တိ၊ အနုတ္တာနီကတဉ္စ ဥတ္တာနီ ကရောန္တိ၊ အနေကဝိဟိတေသု စ ကင်္ခါဌာနိယေသု ဓမ္မေသု ကင်္ခံ ပဋိဝိနောဒေန္တိ။ ဧဝံ ခေါ ဘိက္ခဝေ သေနာသနံ ပဉ္စင်္ဂသမန္နာဂတံ ဟောတိ။
အင်္ဂုတ္တိုရ် ပါဠိတော်၊တာ-၂၆၈။
ကထဉ္စ၊ အဘယ်သို့လျှင်။
သေနာသနံ၊ ကျောင်းနေရာသည်။
ပဉ္စင်္ဂသမန္နာဂတံ၊ အင်္ဂါငါးပါးနှင့် ပြည့်စုံသည်။
ဟောတိ၊ ဖြစ်သနည်း။
၁။ ဘိက္ခဝေ၊ ရဟန်းတို့။
ဣဓ၊ ဤသာသနာတော်၌။
သေနာသနံ၊ ကျောင်းသည်။
နာတိဒူရံ၊ မဝေးလွန်းသည်။
ဟောတိ၊ ဖြစ်၏။
နစ္စာသန္နံ၊ မနီးလွန်းသည်။
ဂမနာဂမနသမ္ပန္နံ၊ သွားရန် လာရန် လျောက်ပတ်သည်။
ဟောတိ၊ ဖြစ်၏။
၂။ ဒိဝါ၊ နေ့အခါ၌။
အပ္ပါကိဏ္ဏံ၊ လူတို့နှင့် မပြွမ်းသည်။
ရတ္တိံ ၊ ညဉ့်အခါ၌။
အပ္ပသဒ္ဒံ၊ လူသံ တိတ်ဆိတ်သည်။
အပ္ပနိဂ္ဃေါသံ၊ ကြွေးကြော်သံ တိတ်ဆိတ်သည်။
ဟောတိ၊ ဖြစ်၏။
၃။ အပ္ပဍံသ မသက ဝါတာတပ သရီသပသမ္ဖဿံ၊ မှက် ခြင် လေ နေပူ မြွေ ကင်း သန်း တို့၏ (ကိုက်ခြင်း - ထိပါးခြင်း ဟူသော) အတွေ့ကင်းသည်။
ဟောတိ၊ ဖြစ်၏။
၄။ ခေါ ပန၊ စင်စစ်။
တသ္မိံ သေနာသနေ၊ ထိုကျောင်း၌။
ဝိဟရန္တဿ၊ နေသူအား။
အပ္ပကသိရေနေဝ၊ ဆင်းရဲခြင်း ကသီကရီ ကင်းသဖြင့်သာလျှင်။
စီဝရ ပိဏ္ဍပါတ သေနာ သနုဂိလာန ပစ္စယ ဘေသဇ္ဇ ပရိက္ခာရာ၊ သင်္ကန်း ဆွမ်း ကျောင်း သူနာတို့၏ အထောက်အပံ့ အသက်၏ အရံအတား ဖြစ်သော ဆေးပစ္စည်းတို့သည်။
ဥပ္ပဇ္ဇန္တိ၊ ဖြစ်ကုန်၏။
၅။ ပန၊ ထိုမှတပါး။
ခေါ၊ စင်စစ်။
တသ္မိံ သေနာသနေ၊ ထိုကျောင်း၌။
ဗဟုဿုတာ၊ အကြားအမြင် များစွာ ရှိကုန်သော။
အာဂတာဂမာ၊ ပရိယတ္တိဓမ္မကို နှုတ်တက်ရွရွ အာဂုံ ဆောင်နိုင်ကြကုန်သော။
ဓမ္မဓရာ၊ သုတ်အဘိဓမ္မာကို ဆောင်ကုန်ထ။
ဝိနယဓရာ၊ ဝိနည်းကိုဆောင်ကုန်ထသော။
မာတိကာဓရာ၊ (ပိဋက ၃-ပုံ၏) မာတိကာကို ဆောင်ကုန်ထသော။
ထေရာ၊ မထေရ်ကြီး ဖြစ်ကုန်ထသော (မြဲမြံသော သီလစသော ဂုဏ်ထူး ရှိကုန်ထသော)။
ဘိက္ခူ၊ ရဟန်းတို့သည်။
ဝိဟရန္တိ၊ နေကုန်၏။
တေ၊ ထိုမထေရ်ရဟန်းတို့ကို။
ကာလေနကာလံ၊ အခါအားလျော်စွာ။
ဥပသင်္ကမိတွာ၊ ချဉ်းကပ်၍။
“ဘန္တေ၊ အရှင်ဘုရား။
ဣဒံ၊ ဤပုဒ်ကို။
ကထံ၊ ဘယ်ပုံ။
ဒဋ္ဌဗ္ဗံ၊ မှတ်ယူသင့်ပါသနည်း၊
ဣမဿ၊ ဤပုဒ်၏။
ကော၊ အဘယ်သို့သော။
အတ္ထော၊ အနက်ကို။
ဒဋ္ဌဗ္ဗော၊ မှတ်ယူထိုက်ပါသနည်း။
ဣတိ၊ ဤသို့။
ပရိပုစ္ဆတိ၊ ပါဠိကို စိစစ်မေးမြန်း၏။
ပရိပဉှတိ၊ အနက်ကို စိစစ်မေးမြန်း၏။
တေ အာယသ္မန္တော၊ ထိုအရှင်မြတ်တို့သည်။
တဿ၊ ထိုအမေးပြုသော ယောဂီအား။
အဝိဝဋေဉ္စေဝ၊ မပွင့်လင်းသော ပါဠိ၏ အနက်ကိုလည်း။
ဝိဝရန္တိ၊ ဖွင့်ပြကုန်၏။
အနုတ္တာနီကတဉ္စ၊ ပေါ်လွင်အောင် မပြုရသေး သည်ကိုလည်း။
ဥတ္တာနီကရောန္တိ၊ ပေါ်လွင်အောင်ပြုကုန်၏။
အနေက ဝိဟိတေသု၊ တပါးမက များသော အပြားရှိကုန်သော။
ကင်္ခါဌာနိယေသု ဓမ္မေသု၊ သံသယ ဖြစ်ခြင်း၏ အကြောင်းဖြစ်ကုန်သော ပါဠိရပ်တို့၌။
ကင်္ခံ စ၊ ယုံမှားချက်ကိုလည်း။
ပဋိဝိနောဒေန္တိ၊ ဖျောက်ကုန်၏။
ဘိက္ခဝေ၊ ရဟန်းတို့။
ဧဝံ ခေါ၊ ဤသို့လျှင်။
သေနာသနံ၊ ကျောင်း (အိပ်ရာနေရာ) သည်။
ပဉ္စင်္ဂ သမန္နာဂတံ၊ အင်္ဂါငါးပါးနှင့် ပြည့်စုံသည်။
ဟောတိ၊ ဖြစ်၏။
'နစ္စာသန္န'န္တိ ပစ္ဆိမေန ပမာဏေန ဂေါစရဋ္ဌာနတော ပဉ္စဓနုသတိကတာယ န အတိအာသန္နံ။
ဒိဝသဘာဂေ မဟာဇန သံကိဏ္ဏတာဘာဝေန 'ဒိဝါ အပ္ပါကိဏ္ဏံ'။ အဘာဝတ္ထော ဟိ အယံ အပ္ပ-သဒ္ဒေါ 'အပိစ္ဆော'တိအာဒီသုဝိယ။
ရတ္တိယံ ဇနာ လာပသဒ္ဒါဘာဝေန 'ရတ္တိံ အပ္ပသဒ္ဒံ'။
သဗ္ဗဒါပိ ဇနသန္နိပါတနိဂ္ဃေါသာ ဘာဝေန 'အပ္ပနိဂ္ဃေါသံ'။
သုတ္တဂေယျာဒိ ဗဟုံ သုတံ ဧတေသန္တိ 'ဗဟုသုတာ'။
ဝါစုဂ္ဂတ ကရဏေန သမ္မဒေဝ ဂရူနံ သန္တိကေ အာဂမိတဘာဝေန အာဂတော ပရိယတ္တိ ဓမ္မသင်္ခါတော အာဂမော ဧတေသန္တိ 'အာဂတာဂမာ'။
တေသံ ယေဝ ဓမ္မ ဝိနယာနံ မာတိကာယ ဓာရဏေန ‘မာတိကာဓရာ’။
တတ္ထ တတ္ထ ဓမ္မပရိပုစ္ဆာယ ‘ပရိပုစ္ဆတိ’။
အတ္တပရိပုစ္ဆာယ “ပရိပဉှတိ” ဝီမံသတိ ဝိစာရေတိ။
နာတိဒူရန္တိ၊ “မဝေးလွန်း” ဟူသည်ကား။
ဂေါစရဋ္ဌာနတော၊ ဆွမ်းခံရွာ အရပ်မှ။
အဍ္ဎဂါဝုတတော၊ တဂါဝုတ်၏ ထက်ဝက်မှ။
ဩရဘာဂတာယ၊ အတွင်းပိုင်း ကျသည်၏ အဖြစ်ကြောင့်။
န အတိဒူရံ၊ မဝေးလွန်းသည်။
ဟောတိ၊ ဖြစ်၏။
နစ္စာသန္နန္တိ၊ မနီးလွန်း ဟူသည်ကား။
ပစ္ဆိမေန၊ အနည်းဆုံးဖြစ်သော။
ပမာဏေန၊ အတိုင်းအရှည်ဖြင့်။
ဂေါစရဋ္ဌာနတော၊ ဆွမ်းခံရွာမှ။
ပဉ္စဓနုသတိကတာယ၊ ကုလလေးတာ အပြန်ငါးရာ ရှိသည် ဖြစ်ကြောင့်။
န အတိအာသန္နံ၊ မနီးလွန်းသည်။
ဟောတိ၊ ဖြစ်၏။
ဒိဝသဘာဂေ၊ နေ့အဖို့၌။
မဟာဇန သံကိဏ္ဏတာ ဘာဝေန၊ များစွာသော လူအပေါင်းနှင့် ရောယှက်မှု မရှိသည်၏ အဖြစ်ကြောင့်။
ဒိဝါ၊ နေ့၌။
အပ္ပါကိဏ္ဏံ၊ ကင်းသော ရောယှက် ပြိုးပြွမ်းခြင်းရှိ၏။
ဟိ၊ မှန်၏။
အယံ အပ္ပသဒ္ဒေါ၊ ဤ အပ္ပသဒ္ဒါသည်။
အပိစ္ဆောတိ အာဒီသုဝိယ၊ အပိစ္ဆော စသော ပုဒ်တို့မှာကဲ့သို့။
အဘာဝတ္ထော၊ အဘာဝ အနက်ရှိ၏။
ရတ္တိယံ၊ ညဉ့်၌။
နာ လာပသဒ္ဒါဘာဝေန၊ လူတို့၏ ပြောဆိုသံ မရှိခြင်းကြောင့်။
ရတ္တိံ၊ ညဉ့်၌။
အပ္ပသဒ္ဒံ၊ နည်းသော အသံရှိ၏။
ဝါ၊ ကင်းသော အသံရှိ၏။
သဗ္ဗဒါပိ၊ အခါခပ်သိမ်းလည်း။
ဇနသန္နိပါတနိဂ္ဃေါသာ ဘာဝေန၊ လူစုလူဝေး၏ ကြွေးကြော်သံ မရှိခြင်းကြောင့်။
အပ္ပနိဂ္ဃေါသံ၊ နည်းသော (ဝါ-ကင်းသော) ကြွေးကြော်သံ ရှိ၏။
ဧတေသံ၊ ဤ ရဟန်းတို့အား။
သုတ္တဂေယျာဒိ၊ သုတ္တေယျ စသေ၊ ဗဟို၊ များစွာသော။
သုတံ၊ အကြားအမြင် ပညာသည်။
(အတ္ထိ၊ ရှိ၏။)
ဣတိ၊ ထို့ကြောင့်။
ဗဟုသုတာ၊ ဗဟုသုတမည်ကုန်၏။
ဧတေသံ၊ ဤ ရဟန်းတို့အား။
ဝါစုဂ္ဂတ ကရဏေန၊ နှုတ်တက်သည်ကို ပြုခြင်းဖြင့်၎င်း။
သမ္မဒေဝ၊ ကောင်းစွာသာလျှင်။
ဂရူနံ၊ ဆရာတို့၏။
သန္တိကေ၊ အထံ၌။
အာဂမိတဘာဝေန၊ လာစေအပ်သည်၏ အဖြစ်ကြောင့်၎င်း။
အာဂတော၊ နှုတ်တက်လာသော။
ဝါ၊ လာစေ အပ်သော။
ပရိယတ္တိဓမ္မသင်္ခါတော၊ ပရိယတ် ပါဠိဟုဆိုအပ်သော
အာဂမော၊ အာဂုံသည်။
အတ္ထိ၊ ရှိ၏။
ဣတိ၊ ထို့ကြောင့်။
အာဂတာဂမာ၊ အာဂတာဂမ မည်ကုန်၏။
၁။ တေသံယေဝ ဓမ္မဝိနယာနံ၊ ထိုဓမ္မဝိနယ တို့၏သာလျှင်။
မာတိကာယ၊ မာတိကာကို။
ဓာရဏေန၊ ဆောင်ခြင်းကြောင့်။
မာတိကာဓရာ၊ မာတိကာဓရ မည်ကုန်၏။
တတ္ထ တတ္ထ၊ ထိုထိုအရာ၌။
ဓမ္မပရိပုစ္ဆာယ၊ ပါဠိကို မေးမြန်းခြင်းဖြင့်။
ပရိပုစ္ဆတိ။ မေးမြန်း၏။
အတ္ထပရိပုစ္ဆာယ၊ အနက်ကို မေးမြန်းခြင်းဖြင့်။
ပရိပဉှတိ၊ စုံစမ်း၏။
ဝီမံသတိ၊ စိစစ်၏။
ဝိရေတိ၊ သုံးသပ်၏။
ဆောင်ပုဒ်
မဝေး နီးမော၊ မရော လူ ရှင်၊
မှက်ခြင် ပါးနည်း၊ ပစ္စည်း မိတ်ဆွေ၊
ရလွယ်လေ၊ ငါးထွေ ကျောင်းအင်္ဂါ။
ဟူသော အင်္ဂါငါးပါးနှင့် ပြည့်စုံ၍ သမာဓိဘာဝနာအား လျောက်ပတ် သင့်လျော်သော ကျောင်း၌ နေလျက် --
သဒ္ဓါစေဝ အရောဂိတာ။
အသာဌေယျဉ္စ အာရမ္ဘော၊
ပညာ စ ဥဒယတ္ထဂါ။
(အံ၊ ၂၊ နှာ-၅၇)
ကမ္မဋ္ဌာန်းအားထုတ်သူ၏ အင်္ဂါ ၅-ပါး
အရောဂိတာ စ၊ ခန္ဓာကိုယ်ကျန်းမာ အနာကင်းခြင်းသည်၎င်း။
အသာဌေယျဉ္စ၊ မကောက်ကျစ် မစဉ်းလဲခြင်း၎င်း။
အာရမ္ဘော စ၊ လုံ့လကြိုးကုတ် အားထုတ်ခြင်း၎င်း။
ဥဒယတ္ထဂါ၊ ရုပ်နာမ်နှစ်ပါးတို့၏ ဖြစ်ပွါးပျက်မှုကို အမှီလိုက်စွမ်းနိုင်သော။
ပညာ စ၊ ပညာသည်၎င်း။
ဣတိ၊ ဤသို့။
ပဓာနိယင်္ဂါနိ၊ ကမ္မဋ္ဌာန်းစီးဖြန်းသော ပုဂ္ဂိုလ်၏ အင်္ဂါတို့သည်ကား။
ပဉ္စ၊ ငါးပါးတို့တည်း။
ဤသို့ လာသော ပဓာနိယင်္ဂငါးပါးတို့နှင့် မိမိက ပြည့်စုံစေ၍ --
ပလိဗောဓငယ်
စီဝရေ ရဇနာဒိ စ။
ပတ္တပါကော စ မဉ္စာဒိ-
သောဓနံ ခုဒ္ဒကာ ဣမေ။
အဋ္ဌကထာသင်္ဂဟ ( ဝိသုဒ္ဓိမဂ်၊ ဋ္ဌ၊ ပ၊ နှာ-၁၁၉)
ခုဒ္ဒကပလိဗောဓများ
စီဝရေ၊ သင်္ကန်း၌။
ဝါ၊ သင်္ကန်းတို့ကို။
ရဇနာဒိ စ၊ ဆိုးဖွပ် ချုပ်ခြင်း၎င်း။
ပတ္တပါကော စ၊ ချေးတက်သော သပိတ်ကို ဖုတ်ခြင်း၎င်း။
မဉ္စာဒိသောဓနံ၊ ညောင်စောင်း စသည်တို့ကို သုတ်သင်ခြင်း၎င်း။
ဣမေ၊ ဤသည်တို့သည်။
ခုဒ္ဒကာ၊ ငယ်သော ပလိဗောဓတို့တည်း။
ဝါ၊ ပလိဗောဓကို ဖြတ်ခြင်းတို့တည်း။
သဗ္ဗတ္ထက ကမ္မဋ္ဌာန်း ၃-ပါး
ဤသို့ လာသော ပလိဗောဓငယ်တို့ကို ငြိတွယ် မနှောက် ဖြတ်တောက် ပယ်ရှားပြီး၍ ဆွမ်းစားပြီးသည်ရှိသော် ဆွမ်းကြောင့်ဖြစ်သော ဆို့တစ် အင့်အယ် နှင့်ကယ်ညှိုးနွမ်း ပင်ပန်း မူးဝေခြင်းဟူသော ဆွမ်းဆိပ် ယစ်ခြင်းကို စင်္ကြံသွားခြင်း ရေချိုးခြင်း အတန်ငယ် ဆိုင်းငံ့ခြင်း စသည်ဖြင့် ပယ်ဖျောက် ငြိမ်းအေးစေ၍ ဆိတ်ငြိမ်ရာ အရပ်၌ “သုခနိသိန္နေနာတိ ပလ္လင်္ကံ အာဘုဇိတွာ ဥဇုံ ကာယံ ပဏိဓာယ နိသဇ္ဇာယ သုခနိသိန္နေန”ဟု ဋီကာ (ပ၊ နှာ-၁၄၂) ဖွင့်သည့်အတိုင်း တင်ပျဉ်ခွေ ထိုင်နေလျက် ...”
၁။ မေတ္တာပို့ခြင်း
သီမဋ္ဌက ဒေဝတာ သုခိတာ ဟောန္တု အဗျာပဇ္ဇာ။
ဂေါစရဂါမေ ဣဿရဇနော သုခိတော ဟောတု အဗျာပဇ္ဇော။
ဂေါစရဂါမေ မနုဿာ သုခိတာ ဟောန္တု အဗျာပဇ္ဇာ။
သဗ္ဗဒိသာသု သဗ္ဗေ သတ္တာ သုခိတာ ဟောန္တု၊ အဗျာပဇ္ဇာ။
သဗ္ဗေ၊ ခပ်သိမ်းကုန်သော။
သဗြဟ္မစာရီနာ၊ သီတင်းသုံးဖော် သံဃာတော်တို့သည်။
သုခိတာ၊ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာခြင်းသို့ ရောက်ကုန်သည်။
အဗျာပဇ္ဇာ၊ ကြောင့်ကြဗျာပါရ မရှိကုန်သည်။
ဝါ၊ အမျက်ဒေါသ ဗျာပါဒ ကင်းကုန်သည်။
ဟောန္တု၊ ဖြစ်ကြပါစေကုန်သတည်း။
သီမဋ္ဌက ဒေဝတာ၊ ကျောင်းတိုက် အပိုင်းအခြားအတွင်း၌ တည်ကုန်သော နတ်တို့သည်။
သုခိတာ၊ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာခြင်းသို့ ရောက်ကုန်သည်။
အဗျာပဇ္ဇာ၊ ကြောင့်ကြခြင်း မရှိကုန်သည်။
ဝါ၊ အမျက်ဒေါသ ဗျာပါဒ ကင်းကုန်သည်။
ဟောန္တု၊ ဖြစ်ကြပါစေကုန်သတည်း။
ဂေါစရဂါမေ၊ ဆွမ်းခံရွာ၌။
ဣဿရဇနော၊ စိုးရပိုင်ချုပ် မင်းလုပ်သသူသည်။
သုခိတာ၊ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာသည်။
အဗျာပဇ္ဇော၊ ကြောင့်ကြမရှိသည်။
ဝါ၊ အမျက်ဒေါသ ဗျာပါဒ ကင်းသည်။
ဟောတု ဖြစ်ပါစေသတည်း။
ဂေါစရဂါမေ၊ ဆွမ်းခံရွာ၌။
မနုဿာ၊ လူတို့သည်။
သုခိတာ၊ ကိုယ်စိတ် နှစ်ဖြာ ချမ်းသာခြင်းသို့ ရောက်ကုန်သည်။
အဗျာပဇ္ဇာ၊ ကြောင့်ကြခြင်း မရှိကုန်သည်။
ဝါ၊ အမျက်ဒေါသ ဗျာပါဒ ကင်းကုန်သည်။
ဟောန္တု၊ ဖြစ်ကြပါ စေကုန်သတည်း။
သဗ္ဗဒိသာသု၊ ဝန်းကျင်ပတ်ချာ ဆယ်မျက်နှာတို့၌။
သဗ္ဗေ သတ္တာ၊ ကြီးငယ် ပုရွ သတ္တဝါဟူသမျှတို့သည်။
သုခိတာ၊ ကိုယ်စိတ် နှစ်ဖြာ ချမ်းသာခြင်းသို့ ရောက်ကုန်သည်။
အဗျာပဇ္ဇာ၊ ကြောင့်ကြခြင်း မရှိကုန်သည်။
ဝါ၊ အမျက် ဒေါသ ဗျာပါဒ ကင်းကုန်သည်။
ဟောန္တု၊ ဖြစ်ကြပါစေကုန်သတည်း။
ဤသို့ သုခသံဝါသ သုသံဝိဟိတာရက္ခ သုရက္ခိတပရိက္ခာရ အပရိဘူတ သဗ္ဗတ္ထအပ္ပဋိဟတစာရ [၁] အကျိုးရှိသော မေတ္တာငါးပါးကို၎င်း--
[၁။ သုခ သံဝါသ = ကျောင်းတွင်း သံဃာကို မေတ္တာပို့လျှင် သီတင်းသုံးဖော်တို့နှင့် ချမ်းသာစွာ ပေါင်းဖော်ရခြင်း။
သုသံဝိဟိတာရက္ခ = (သု + သံဝိဟိတ + အာရက္ခ) ကျောင်း (အိမ်) တွင်း နတ်များကို မေတ္တာပို့လျှင် နတ်တို့ကောင်းစွာ စီရင်အပ်သော အစောင့်အရှောက်ရှိခြင်း (နတ်တို့၏ ကောင်းစွာ စောင့်ရှောက်မှုကိုရခြင်း)။
သုရက္ခိတ ပရိက္ခာရ = မိမိနေထိုင်ရာ မြို့ရွာနယ်ပယ်ရှိ အစိုးရသည့် မင်းများကို မေတ္တာ ပိုလျှင် အစိုးရမင်းကို ကောင်းစွာ စောင့်ရှောက်ထားအပ်သော အသုံးအဆောင် ပစ္စည်း ပရိက္ခရာရှိခြင်း(ပစ္စည်းပရိက္ခရာတို့ကို အစိုးရမင်းတို့က ကောင်းစွာ စောင့်ရှောက်ပေးခြင်း)၊
အပရိဘူတ = (ပရိဘူတ =ညှဉ်းဆဲခြင်း) မိမိနေထိုင်ရာမြို့ရွာနယ်ပယ်ရှိ လူများကို မေတ္တာ ပို့လျှင် မေတ္တာပို့သူကို ထိုလူများ မနှိပ်စက် မညှဉ်းဆဲခြင်း၊
သဗ္ဗတ္ထ အပ္ပဋိဟတစာရ = သတ္တဝါအားလုံးအား မေတ္တာပို့လျှင် အရပ်ဆယ်မျက်နှာ၌ အပိတ် အပင် အထိအခိုက် နှောင့်ရှက်မှုမရှိခြင်း၊ ယင်း အကျိုးတရားများကို ရသည်။]
၂။ မရဏဿတိပွါခြင်း
ဇီဝိတိန္ဒြိယံ ဥပစ္ဆိဇ္ဇိဿတိ၊
အဝဿံ မယာ မရိတဗ္ဗံ။
ဝါ၊ ငါ့အား။
မရဏံ၊ ခန္ဓာပျက်ကြွေ သေရခြင်းသည်။
ဘဝိဿတိ၊ ဖြစ်ချေလတ္တံ့။
မေ၊ ငါ၏။
ဇီဝိတိန္ဒြိယံ၊ အသက်သမုတ် ဇီဝရုပ်သည်။
ဥပစ္ဆိဇ္ဇိဿတိ၊ ချုပ်ပြတ်ချေလတ္တံ့။
အဝဿံ၊ မချွတ်ဧကန် အမှန်မုချ။
မယာ၊ ငါသည်။
မရိတဗ္ဗံ၊ သေရချေမည်။
ဤသို့ အနေသနကို ပယ်ရှား အဆင့်ဆင့် သံဝေဂတိုးပွါး ဝီရိယ တက်ကြွားကာ သမ္မာပဋိပတ် ကောင်းမြတ်သော အကျင့်၌ မတွန့်တို မဆုတ်နစ်ခြင်း အကျိုးရှိသော မရဏဿတိကို၎င်း ---
၃။ အသုဘပွါခြင်း
ဧကေဝါဒ အားဖြင့် နတ်၌ဖြစ်သော အာရုံနှင့်ပင် တွေ့ကြုံလေ ငြားသော်လည်း လောဘ အစွမ်းအားဖြင့် မတုန်လှုပ်ခြင်း အကျိုးရှိသော အသုဘ သညာကို၎င်း ---
သဗ္ဗတ္ထကမည်ပုံ
ဝါ၊ ကမ္မဋ္ဌာနာနုယောဂ၌။
အတ္ထယိတဗ္ဗံ ဣစ္ဆိတဗ္ဗံ၊ ပုဗ္ဗသေ၀န အစွမ်းဖြင့် အလိုရှိအပ်၏။
ဣတိ စ၊ ထို့ကြောင့်၎င်း။
အဓိပ္ပေတဿ၊ လိုအပ်သော။
ယောဂါနုယောဂကမ္မဿ၊ ဘာဝနာကို အခါခါ အားထုတ်ခြင်းအမှု၏။
ဌာနံ၊ ပြီးကြောင်းတည်း။
ဣတိ စ၊ ထို့ကြောင့်၎င်း။
ဣတိ ဣမိနာ ဝစနတ္တေန၊ ဤနှစ်ပါးသော ဝစနတ္ထကြောင့်။
သဗ္ဗတ္ထက ကမ္မဋ္ဌာနံ၊ သဗ္ဗတ္ထက ကမ္မဋ္ဌာန်းမည်၏။
ဤသို့ အဋ္ဌကထာ (ပ၊ နှာ-၉၄) လာသည်နှင့်အညီ သဗ္ဗတ္ထက မည်သော ဤကမ္မဋ္ဌာန်း သုံးပါးတို့ကို သံဝေဂများ ဝီရိယ တက်ကြွား လောက်အောင် အတန်ငယ် ပွါးရမည်။ စရင်း ပကတိ ရံခါရံခါ စီးဖြန်းရင်းရှိ၍ ဝီရိယတက်ကြွား သံဝေဂများသောသူ ဖြစ်မူ ယခုပ္ပါးဘွယ် မရှိပြီ။
ကသိုဏ်း ၁၀-ပါး
ပထဝီကသိုဏ်း စတင်စီးဖြန်းပုံ
ဤသို့ သဗ္ဗတ္ထက ကမ္မဋ္ဌာန်း သုံးပါးတို့ကိုပွါးစေ၍ သံဝေဂများ ဝီရိယတက်ကြွားသည် ရှိသော် အနီးဖြစ်သော ရှေးဘဝ၌ ပထဝီကသိဏဈာန်ကို ရဘူးသသူဖြစ်လျှင် မလ္လက မထေရ်အသွင် မပြုပြင်အပ်သော ကောက်နယ်တလင်း လယ်ကျင်းခွက်မြေ၌ပင် ပထဝီ ပထဝီ စသည် ဖြင့် စီးဖြန်းလျှင် ဥဂ္ဂဟနိမိတ် ထင်၏။
ကသိုဏ်းဝန်းလုပ်နည်း
အနီးဖြစ်သော ရှေးဘဝ၌ မလေ့လာခဲ့ဘူးသသူဖြစ်မူ ဖြူ- နီ- ညို- ရွှေ လေးထွေသော ပထဝီကသိုဏ်း၏ အပြစ်ဒေါသ မထင်ရအောင် သီဟိုဠ်ကျွန်း ရောဝနဂင်္ဂါမြစ်ကမ်းပါး မြေကဲ့သို့ အရုဏ်ရောင် အဆင်းရှိသော မဝင်း-မ ဝါလွန်းသော နုန်းမြေစေးကို ညက်ညက် ဆင့်လျက် ရေကျင်းဖျော်ကာ “ဝိဒတ္တိစတုရင်္ဂုလဝိတ္ထာရံ ၀ဋ္ဋံ ကာတဗ္ဗံ”
၀ဋ္ဋံ = အဝန်းပုံကို။
ကာတဗ္ဗံ = ပြုအပ်၏။
ဟူသော အဋ္ဌကထာ (ပ၊နှာ-၁၂၁) နှင့် ညီစွာ တထွာနှင့် လက်လေးသစ်ခန့်မျှ ပျဉ်ချပ် သားရေ အဝတ်စသည်တို့၌ ဝန်းဝန်းပိုင်းဝိုင်း သုတ်လိမ်းကာ “ဧဝံ ဝုတ္တပ္ပမာဏံ ဝါ ကသိဏမဏ္ဍလံ ဝိသဘာဂဝဏ္ဏန ပရိစ္ဆေဒံ ကတွာ” [၁] ဟူသော ဋီကာ(ပ၊ နှာ-၁၄၄) နှင့် ညီစွာ အနားရေးဝန်းကျင်ပတ်ချာ မဲနည် ဆေးဒါန်း မြင်းသီလာ စသော အဆင်းဖြင့် ပိုင်းခြား မင်သတ်လျက် စည်မျက်နှာမသွေ ပြေပြစ်ချောမွေ့စွာ ရွှေပြောင်း၍ ရ မရ သံဟာရိမ တတြဋ္ဌက [၂] ကသိုဏ်း နှစ်ပါးတို့တွင် တပါးပါးသော ကသိုဏ်းကို ကျောင်းစွန် ကျောင်းမြိတ် လူရှင် ဆိတ်ငြိမ်ရာ တောင်ခေါင်း သစ်ရွက်ကျောင်း တို့၌ ပြုလုပ်လျက် တံမြက်လှည်းခတ် ကသိုဏ်း၏ နှစ်တောင်ထွာ ဟတ္ထပါသ်အတွင်း တထွာ လက်လေးသစ် အခြေ ရှိသော အင်းပျဉ်ကိုခင်း၍ အင်းပျဉ်ထက်တွင် တင်ပျဉ်ဖွဲ့ခွေ ထိုင်နေကာ --
[၁။ ဝါ=တနည်းကား။
ဧဝံ၊ ဤသို့။
ဝုတ္တပ္ပမာဏံ၊ ဆိုအပ်ပြီးသော ပမာဏရှိသော။
ကသိဏမဏ္ဍလံ၊ ကသိုဏ်းဝန်းကို။
ဝိသဘာဂဝဏ္ဏန၊ သဘောမတူသော အဆင်းဖြင့်။
ပရိစ္ဆေဒံ၊ အပိုင်းအခြားကို။
ကတွာ၊ ပြု၍။
၂။ သံဟာရိမ = ပြောင်းရွှေ (ယူဆောင်) ၍ သွားစ ကောင်းသော ကသိုဏ်း။
တတြဋ္ဌက = ထိုအရပ်၌သာအမြဲတည်သောကသိုဏ်း၊ ပြောင်းရွှေ့မရသော ကသိုဏ်း။]
ကာမဂုဏ်၏ အပြစ်များကို ရှုခြင်း
အပ္ပဿာဒါ ကာမာ ဗဟုဒုက္ခာ ဗဟုပါယာသာ၊
အာဒီနဝေါ ဧတ္ထ ဘိယျော။
အဋ္ဌိကင်္ကလူပမာ ကာမာ အပ္ပဿာဒဋ္ဌေန။
မံသပေသူပမာ ကာမာ ဗဟုသာဓာရဏဋ္ဌေန။
တိဏက္ကူပမာ ကာမာ အနုဒဟနဋ္ဌေန။
အင်္ဂါရကာသူပမာ ကာမာ မဟာဘိတာပနဋ္ဌေန။
သုပိနကူပမာ ကာမာ ဣတ္တရပစ္စုပဋ္ဌာနဋ္ဌေန။
ယာစိတကူပမာ ကာမာ တာဝကာလိကဋ္ဌေန။
ရုက္ခဖလူပမာ ကာမာ သဗ္ဗင်္ဂပစ္စင်္ဂပလိဘဉ္ဇနဋ္ဌေန။
အသိသူနူပမာ ကာမာ အဓိကုဋ္ဋနဋ္ဌေန။
သတ္တိသူလူပမာ ကာမာ ဝိနိဝိဇ္ဈနဋ္ဌေန။
သပ္ပသိရူပမာ ကာမာ သာသင်္က သပ္ပဋိဘယဋ္ဌေန ဗဟုဒုက္ခာ ဗဟုပါယာသာ၊ အာဒီနဝေါ ဧတ္ထ ဘိယျော။
ကာမသုခ နာမေ'တံ ဗဟုပရိဿယံ သာသင်္ကံ သဘယံ သံကိလိဋ္ဌံ မိဠှပရိဘောဂသဒိသံ ဟီနံ ဂမ္မံ ပေါထုဇ္ဇနိကံ အနရိယံ အနတ္ထသံဟိတံ။
ကာမာ၊ ဝတ္ထု ကိလေ နှစ်ထွေသော ကာမတို့သည်။
အပ္ပဿာဒါ၊ အနည်းငယ်မျှသာလျှင် သာယာအပ်သော သဘောရှိကုန်၏။
ဗဟုဒုက္ခာ၊ ဆင်းရဲခြင်းကား များစွာရှိကုန်၏။
ဗဟုပါယာသာ၊ များစွာ ပင်ပန်းခြင်း ရှိကုန်၏။
ဧတ္ထ၊ ဤဝတ္ထု ကိလေ နှစ်ထွေသော ကာမတို့၌။
အာဒီနဝေါ၊ အပြစ်ဒေါသသည်။
ဘိယျော၊ လွန်စွာများပြား၏။
ကာမာ၊ ကာမတို့သည်။
အပ္ပဿာဒဋ္ဌေန၊ အနည်းငယ်မျှ သာယာအပ်သော အနက်သဘောကြောင့်။
အဋ္ဌိကင်္ကလ ဥပမာ၊ အသားမစပ် ညှီစော်ကပ်၍ ခွေးငတ် မလွှတ်ရက်သော အရိုးနှင့် တူကုန်၏။
[ဝိဂတမံသာယ ဟိ အဋ္ဌိသင်္ခလိကာယ ဧကဋ္ဌိမှိ ဝါ ကင်္ကလသဒ္ဒေါ နိရူဠှော။ တေရသကဏ်ဋီကာ (=သာရတ္ထဋီ၊တ၊နှာ-၇)]။
ကာမာ၊ ကာမတို့သည်။
ဗဟုသာဓာရဏဋ္ဌေန၊ အများနှင့်ဆက်ဆံခြင်းကြောင့်။
မံသပေသိ ဥပမာ၊ ကျီးများဘောင်တွင် တကောင်ရလစ် ဝိုင်းအော်ဟစ်သည့် သားတစ်နှင့် ပမာ တူကုန်၏။
ကာမာ၊ ကာမတို့သည်။
အနုဒဟနဋ္ဌေန၊ မလျော်ကျင့်မြောက် ငရဲ ရောက်အောင် လျှောက်၍ လောင်တတ်သော သဘောကြောင့်။
တိဏက္ကူပမာ၊ လေတင်လှည့်ဆောင် လက်ထိလောင်သည့် တန်ဆောင်မြက်မီးရှူးနှင့် တူကုန်၏။
ကာမာ၊ ကာမတို့သည်။
မဟာဘိတာပနဋ္ဌေန၊ မရပ်မတည်နိုင်အောင် ပူလောင်ပြင်းပြ ကြီးမားလှသည်၏ အဖြစ် ကြောင့်။
အင်္ဂါရကာသု ဥပမာ၊ မီးကျီးပုံမီးကျီးတွင်းနှင့် ပမာတူကုန်၏။
ကာမာ၊ ကာမတို့သည်။
ဣတ္တရပစ္စုပဋ္ဌာနဋ္ဌေန၊ တမုဟုတ် ပြုကျင့်ခံစား ရသည်၏ အဖြစ်ကြောင့်။
သုပိနက ဥပမာ၊ စားရယောင်ယောင် သောက်ရ ယောင်ယောင် နတ်လှည့်ဆောင်သည့် သန်းခေါင်အိပ်မက်နှင့် တူကုန်၏။
ကာမာ၊ ကာမတို့သည်။
တာဝကာလိကဋ္ဌေန၊ သူကနိုင်ခါ သူ့လက်ပါ၍ ကိုယ့်ဟာမမှတ်ရ အခိုက်အတန့်မျှ သုံးဆောင်ရသောသောကြောင့်။
ယာစိတက ဥပမာ၊ ငှါးရမ်းယူငင် ပွဲသဘင်၌ ဝတ်ဆင်ခဏ သုံးဆောင်ရသော ဥစ္စာနှင့် တူကုန်၏။
ကာမာ၊ ကာမတို့သည်။
သဗ္ဗင်္ဂ ပစ္စင်္ဂ ပလိဘဉ္ဇနဋ္ဌေန၊ သူပုန်လူဆိုး အလုံးစုံသော အင်္ဂါကြီးငယ်ကို ရိုက်ချိုး လုယူအပ်သော အနက်သဘောကြောင့်။
ရုက္ခဖလ ဥပမာ၊ အခက်အရွက် ထွားထွား ညက်အောင် ချိုးဖျက်ဆွတ်ယူအပ်သော သရက်သီး စသည်နှင့် တူကုန်၏။
ကာမာ၊ ကာမတို့သည်။
အဓိကုဋ္ဋနဋ္ဌေန၊ မနာလိုသူ လူတို့လာညှဉ်း နုပ်နုပ်စဉ်းရာ သဘောကြောင့်။
အသိသူန ဥပမာ၊ အမဲသားညှင်း တင်၍ မွှင်းသည့် စဉ်းတီတုံးနှင့် တူကုန်၏။
ကာမာ၊ ကာမတို့သည်။
ဝိနိဝိဇ္ဈနဋ္ဌေန၊ ပြည့်ဝမထင် အတွင်းဝင်လျက် ကိုယ်တွင်လောဘ အကျိ အခဲ ရောက်အောင် ထိုးဖောက်စူးဝင်တတ်သည်၏ အဖြစ်ကြောင့်။
သတ္တိ သူလ ဥပမာ၊ လှံမ တံကျင်တို့နှင့် တူကုန်၏။
ကာမာ၊ ကာမတို့သည်။
သာသင်္က သပ္ပဋိ ဘယဋ္ဌေန၊ ဒိဋ္ဌ သမ္ပရာ နှစ်ဖြာသော အနတ္ထ၏ အကြောင်းဖြစ်၍ တွေးတောဖွယ်နှင့်တကွ ကြောက်ရွံ့ဖွယ်နှင့်တကွ ဖြစ်သော အနက်ကြောင့်။
သပ္ပသိရ ဥပမာ၊ အဆိပ်ထန်သော မြွေ၏ဦးခေါင်းနှင့် တူကုန်၏။
ဗဟုဒုက္ခာ၊ များသော ဆင်းရဲခြင်း ရှိကုန်၏။
ဗဟုပါယာသာ၊ များသော ပင်ပန်းခြင်း ရှိကုန်၏။
ဧတ္ထ၊ ဤ ဝတ္ထု ကိလေ နှစ်ထွေသော ကာမတို့၌။
အာဒီနဝေါ၊ အပြစ်ဒေါသသည်။
ဘိယျော၊ လွန်စွာများပြား၏။
ဧတံ ကာမသုခဉ္စ နာမ၊ ဤ ကာမ ချမ်းသာ မည်သည်လည်း။
ဗဟုပရိဿယံ၊ များသောရန်ရှိ၏။
သာသင်္ကံ၊ ခိုးသားရန်သူနှင့် အတူနေရသည့်နှယ် တွေးတောဖွယ်နှင့် တကွ ဖြစ်၏။
သဘယံ၊ ကြောက်မက်ဖွယ် ဘေးနှင့်တကွ ဖြစ်၏။
သံကိလိဋ္ဌံ၊ ညစ်ညူးစုတ်ပဲ့၏။
မိဠှပရိဘောဂ သဒိသံ၊ မစင်ကို သုံးဆောင်ရသည်နှင့် တူ၏။
ဟီနံ၊ ယုတ်ညံ့ရွာ၏။
ဂမ္မံ၊ ရွာနေသူတို့ အကျင့်တည်း။
ပေါထုဇ္ဇနိကံ၊ ကိလေသာထူ နတ်လူတို့ အကျင့်တည်း။
အနရိယံ၊ ဆင်းရဲရာ၌ ဖြစ်တတ်သော လူညစ် လူနူ လူမသူတို့၏ အကျင့်တည်း။
အနတ္ထသံဟိတံ၊ အကျိုးမဲ့နှင့်စပ်၏။
ရတနာသုံးပါး၏ ဂုဏ်ကိုအောက်မေ့ခြင်း
ဤသို့ စသည်ဖြင့် ကာမဂုဏ်တို့၌ အပြစ်ဒေါသ ကာမေသု အာဒီန၀ကို ဆင်ခြင်စဉ်းစား နှလုံးထား၍ မဂ္ဂဖလ၏ အခြေပါဒကဖြစ်၍ သဗ္ဗဒုက္ခသမတိက္ကမ၏ အကြောင်း ဥပါယ ဖြစ်သော ကာမနိဿရဏ နေက္ခမ္မ ဘွဲ့မည်ခံသော ပထမဈာန်၌ ပြင်းထန်စွာသော အာသာဆန္ဒဖြင့် အဝိပရီတ ဒေသနာရှိရကား မြတ်စွာဘုရားသည် “သမ္မာသမ္ဗုဒ္ဓစင်စစ် ဖြစ်တော်မူပေသည်။ ဧကန္တနိယျာနိက ဖြစ်ရကား တရားတော်လည်း “သွာချာတ” စင်စစ် မှန်ပေသည်။ ယထာနုသိဋ္ဌ ဆုံးမတော်မူသမျှကို ကျင့်သောကြောင့် အရိယ သံဃာတော်လည်း “သုပ္ပဋိပန္နစင်စစ် ဖြစ်ပေသည်။
သမ္မာသမ္ဗုဒ္ဓေါ ၀တ သော ဘဂဝါ အဝိပရီတ ဓမ္မဒေသနတ္တာ။ သွာချာတော ၀တ ဓမ္မာ ဧကန္တနိယျာနိကတ္တာ။ သုပ္ပဋိပန္နော ၀တ သံဃော ယထာနုသိဋ္ဌံ ပဋိပဇ္ဇနတော ---
ဟုအောက်မေ့ဆင်ခြင်ကာ ရတနာသုံးပါးဂုဏ်လျှင် အာရုံရှိသော ပီတိ ပါမောဇ္ဇ အစွမ်းဖြင့် စိတ်ကိုထုံမွှန်း ဆီထိသည့်ဂွမ်းကဲ့သို့ ရွှင်လန်း ပွင့်လင်းစေလျက်“ဤယခု ငါကျင့်မည့် အကျင့်သည် ခပ်သိမ်းကုန်သော ဘုရား ပစ္စေကဗုဒ္ဓါ အရိယာသာဝက အပေါင်း သူတော်ကောင်းတို့၏ သွားရာ လမ်းကြောင်းပေတည်း”။
နေက္ခမ္မနှင့် ဘာဝနာ ပဋိပဒါ
ပဗ္ဗဇ္ဇာ ပဌမံ ဈာနံ၊
နိဗ္ဗာနဉ္စ ဝိပဿနာ။
သဗ္ဗေပိ ကုသလာ ဓမ္မာ၊
နေက္ခမန္တိ ပဝုစ္စရေ။
နေက္ခမ္မ
ပဗ္ဗဇ္ဇာ၊ ရဟန်း အဖြစ်ကို၎င်း။
ပဌမံ ဈာနံ၊ ပဌမဈာန်ကို၎င်း၊
နိဗ္ဗာနံ စ၊ နိဗ္ဗာန်ကို၎င်း။
ဝိပဿနာ စ၊ ဝိပဿနာကို၎င်း။
သဗ္ဗေပိ၊ အလုံးစုံလည်း ဖြစ်ကုန်သော။
ကုသလာ ဓမ္မာ၊ ကုသိုလ်တရား တို့ကို၎င်း။
နေက္ခမ္မန္တိ၊ နေက္ခမ္မဟူ၍။
ပဝုစ္စရေ၊ ဆိုအပ်ကုန်၏။
“ဤသို့သော နေက္ခမ္မကို ရကြောင်း ရောက်ကြောင်း အကျင့် ပဋိပဒါ ပေတည်း”ဟု ယင်း ပထဝီ ကသိဏ ဘာဝနာ ပဋိပဒါ၌ လွန်စွာ ရိုသေလေးမြတ် ရွှေ ငွေ ပုလဲ မျက်ရွဲ နီလာ ရတနာလောက်မက ထင်မှတ်၍ --
အားထုတ်ခြင်း
အဒ္ဓါ ဣမာယ ပဋိပဒါယ ပဝိဝေကသုခရသဿ ဘာဂီ ဘဝိဿာမိ၊
အဒ္ဓါ ဣမာယ ပဋိပဒါယ ဇရာမရဏမှာ ပရိမုစ္စိဿာမိ။
အဒ္ဓါ၊ စင်စစ်။
ဣမာယ ပဋိပဒါယ၊ ဤကသိဏဘာဝနာပဋိပဒါ အကျင့်ဖြင့်။
ဝါ၊ အကျင့်ကြောင့်။
ပဝိဝေက သုခရသဿ၊ စိတ္တဝိဝေက စသည်၌ (ဝါ၊ စသည်ကြောင့်) ဖြစ်သော ချမ်းသာ အရသာ၏။
ဘာဂီ၊ အဖို့ ရှိသည်။
ဘဝိဿာမိ၊ ဖြစ်ပေလတ္တံ့။
အဒ္ဓါ၊ စင်စစ်ဧကန် အမှန်မချွတ်။
ဣမာယ ပဋိပဒါယ၊ ဤ ကသိဏ ဘာဝနာပဋိပဒါ အကျင့်ကြောင့်။
ဇရာ မရဏမှာ၊ အိုခြင်း သေခြင်း ဟူသော ဆင်းရဲမှ။
ပရိမုစ္စိဿာမိ၊ လွတ်ရပေတော့အံ့။
ဤသို့ အားထုတ်ခြင်း ဥသာဟကို ဖြစ်စေလျက် --
ကသိုဏ်းကိုကြည့်နည်းနှင့် စိတ်ထားပုံ
အာဒါသ မည်တွင် ကြေးမုံ ပြင်မှာ မျက်နှာရိပ်ကို ကြည့်ရှုဆင်ခြင်သည့်ပမာ ညီညွတ်စွာ မဖွင့်လွန်း မမှိတ်လွန်းပဲ ကြည့်ရှု၍ --
န ဝဏ္ဏော ပစ္စဝေက္ခိတဗ္ဗော၊ န လက္ခဏံ မနသိကာတဗ္ဗံ။ အပိစ ဝ ဝဏ္ဏံ အမုဉ္စိတွာ နိဿယသဝဏ္ဏံ ကတွာ ဥဿဒဝသေန ပဏ္ဏတ္တိဓမ္မေ စိတ္တံ ဌပေတွာ မနသိ ကာတဗ္ဗံ။
ဝဏ္ဏော၊ အဆင်းကို။
န ပစ္စဝေက္ခိတဗ္ဗော၊ မဆင်ခြင်အပ်။
လက္ခဏံ၊ လက္ခဏာကို။
န မနသိကာတဗ္ဗံ၊ နှလုံးမသွင်းအပ်။
အပိစ၊ စင်စစ်မူကား။
ဝဏ္ဏံ၊ အဆင်းကို။
အမုဉ္စိတွာ၊ မလွတ်မူ၍။
နိဿယသဝဏ္ဏံ၊ မှီရာဒြပ်နှင့် တူမျှသော အခြင်းအရာ တူမျှသော အလားရှိသည်ကို။
ကတွာ၊ ပြု၍။
ဥဿဒဝသေန၊ များသောအစွမ်းအားဖြင့်။
ပဏ္ဏတ္တိဓမ္မေ၊ မြေဟူသော သသမ္ဘာရ အတ္ထပညတ် ကသိုဏ်းဒြဗ်၌။
စိတ္တံ၊ ဘာဝနာစိတ်ကို။
ဌပေတွာ၊ ထား၍။
မနသိကာတဗ္ဗံ၊ နှလုံးပြုအပ်၏။
ဤသို့ အဋ္ဌကထာ (ပ၊ နှာ-၁၂၁) လာသည့်အတိုင်း အရုဏ်ရောင် အဆင်းကိုလည်း မဆင်ခြင်ပဲ ပထဝီဓာတ်၏ ခက်ထန်ခြင်း ထဒ္ဓလက္ခဏာကိုလည်း နှလုံး မသွင်းပဲ အဆင်း ကိုမှီရာ မြေဒြဗ်နှင့် တစပ်တည်း ထင်စေ၍ မြေဟူသော သသမ္ဘာရအတ္ထပညတ် ပထဝီ ကသိုဏ်းဒြဗ်၌ စိတ်ကို ထား၍ --
စီးဖြန်းပုံ
၀သုန္ဓရာ ဆမာ ဘူမိ၊ ပထဝီ မေဒနီ မဟီ။
ဥဗ္ဗီ ဝသုမတီ ဂေါ ကု၊ ဝသုဓာ ဓရဏီ ဓရာ။
စသော မြေ၏ အမည်များတို့တွင် နှုတ်တက်လေ့လာ စိတ်မှာထင်မြင်ရာ သညာနုကူလ အမည်ကို ယူ၍ --
ပထဝီနာမေသု ယမိစ္ဆတိ၊ ယဒဿ သညာနုကူလံ ဟောတိ၊ တံ ဝတ္တဗ္ဗံ။ အပိစ ပထဝီတိ ဧတဒေဝ နာမံ ပါကဋံ၊ တသ္မာ ပါကဋဝသေနေဝ ပထဝီ ပထဝီတိ ဘာဝေတဗ္ဗံ။ အဋ္ဌကထာ (ပ၊နှာ-၁၂၂)
ပထဝီနာမေသု၊ ပထဝီ၏ အမည်တို့တွင်။
ယံ၊ အကြင်အမည်ကို။
ဝတ္တုံ၊ ဆိုခြင်းငှါ။
ဣစ္ဆတိ၊ အလိုရှိ၏။
ယံ နာမံ၊ အကြင်အမည်သည်။
အဿ၊ ထိုယောဂီအား။
သညာနုကူလံ၊ မှတ်ခဲ့ဘူးသော အမှတ်သညာ အားလျော်သည်။
ဟောတိ၊ ဖြစ်၏။
တံနာမံ၊ ထိုအမည်ကိုသာ။
ဝတ္တဗ္ဗံ၊ ဆိုအပ်၏။
အပိစ၊ စင်စစ်သော်ကား။
ပထဝီတိ ဧတဒေဝ နာမံ၊ ပထဝီဟူသော ဤ အမည်သည်သာ။
ပါကဋံ၊ ထင်ရှားပေ၏။
တသ္မာ၊ ထို့ကြောင့်။
ပါကဋဝသေနေဝ၊ ထင်ရှားသောအမည်၏ အစွမ်းဖြင့်သာလျှင်။
ပထဝီ ပထဝီတိ၊ ပထဝီ ပထဝီဟူ၍။
ဘာဝေတဗ္ဗံ၊ ပွါးများအပ်၏။
ဋီကာစကား စဉ်းစားဘွယ်
ဝတ္တဗ္ဗန္တိ စ ပဌမ သမန္နာဟာရေ ကဿစိ ဝစီဘေဒေါပိ ဟောတီတိ ကတွာ ဝုတ္တံ။ အာစရိယေန ဝါ ဝတ္တဗ္ဗတံ သန္ဓာယ။ ကိံ ဝါ ဗဟုနာ၊ ပါကဋဘာဝေါယေဝေတ္ထ ပမာဏန္တိ ဒဿေတုံ 'အပိစာ'တိအာဒိ ဝုတ္တံ။ ဋီကာ (ပ၊နှာ-၁၄၆)
ဝတ္တဗ္ဗန္တိ၊ ဝတ္တဗ္ဗံ ဟူသောပုဒ်ကို။
ပဌမသမန္နာဟာရေ၊ ရှေးဦးစွာ နှလုံးသွင်းသော အခါ၌။
ကဿစိ၊ အချို့သော ယောဂီအား။
ဝစီဘေဒေါ၊ နှုတ်မြွက်ခြင်း သည်လည်း။
ဟောတိ၊ ဖြစ်သေး၏။
ဣတိကတွာ၊ ဤသို့ နှလုံးသွင်း၍။
ဝုတ္တံ၊ မိန့်တော်မူအပ်၏။
ဝါ၊ တနည်းကား။
အာစရိယေန၊ ဆရာသည်။
ဝတ္တဗ္ဗတံ၊ ပြောကြားအပ်သည့် အဖြစ်ကို။
သန္ဓာယ၊ ရည်၍။
ဝုတ္တံ၊ မိန့်တော်မူအပ်၏။
ဝါ၊ တနည်းအား။
ဗဟုနာ၊ များစွာဆိုသဖြင့်။
ကိံ၊ ဘယ်အကျိုး ရှိမည်နည်း။
ပါကဋဘာဝေါယေဝ၊ ထင်ရှားသည့် အဖြစ်ကသာလျှင်။
ဧတ္ထ၊ ဤအရာ၌။
ပမာဏံ၊ ပမာဏပေတည်း။
ဣတိ၊ ဤသို့။
ဒဿေတုံ၊ ပြခြင်းငှါ။
အပိစာတိအာဒိ၊ အပိစ စသောစကားကို။
ဝုတ္တံ၊ မိန့်တော်မူအပ်၏။
ဟု လာသည့်အတိုင်း အာဒိကမ္မိကဖြစ်ရကား ပထဝီ ပထဝီဟု နှုတ်ဖြင့် ရွတ်၍သော်၎င်း၊ နှုတ်ဖြင့် မရွတ်ပဲ စိတ်ဖြင့် ကြံဆင်ခြင်၍သော်၎င်း အဖန်ဖန် ပွါးများ အားထုတ်ရာ၏။
ဋီကာစကား စဉ်းစားဘွယ်
ဤ၌ 'ဥဿဒဝသေန ပဏ္ဏတ္တိဓမ္မေ'တိ ပထဝီဓာတုယာ ဥဿန္နဘာဝေန သတ္တိတော အဓိကဘာဝေန သသမ္ဘာရပထဝိယံ 'ပထဝီ'တိ ယော လောကဝေါဟာရော၊ တသ္မိံ ပဏ္ဏတ္တိဓမ္မေ စိတ္တံ ဌပေတွာ 'ပထဝီပထဝီ'တိ မနသိကာတဗ္ဗံ။ ဟု ဋီကာရှင် (ပ၊နှာ-၁၄၆) ဖွင့်တော်မူ၏။
ဥဿဒဝသေန ပဏ္ဏတ္တိဓမ္မေတိ၊ ... ဓမ္မေ ဟူသည်ကား။
ပထဝီ ဓာတုယာ၊ ပထဝီဓာတ်၏။
ဥဿန္နဘာဝေန၊ များသည်၏ အဖြစ်ဖြင့်။
သတ္တိတော၊ အစွမ်းသတ္တိ အားဖြင့်။
အဓိကဘာဝေန၊ လွန်ကဲသည့် အဖြစ်ကြောင့်။
သသမ္ဘာရပထဝိယံ၊ သသမ္ဘာရ ပထဝီ၌။
ယာ လောက ဝေါဟာရော၊ အကြင်လောက ဝေါဟာရသည်။
ဟောတိ၊ ဖြစ်၏။
တသ္မိံ ပဏ္ဏတ္တိဓမ္မေ၊ ထိုလောက ဝေါဟာရဟူသော ပညတ်တရား၌။
စိတ္တံ၊ စိတ်ကို။
ဌပေတွာ၊ ထား၍။
ပထဝီ ပထဝီတိ၊ မြေကြီး မြေကြီး ဟူ၍။
မနသိကာတဗ္ဗံ၊ နှလုံးသွင်းအပ်၏။
နာမပညတ်ကို စီးဖြန်းရသော ကမ္မဋ္ဌာန်းဟူသည် မရှိ၊ နာမပညတ်၌ စိတ်ကို ထားလျှင်လည်း ဘူတဝိပရိဏာမာကာရ ကိုစွဲ၍ သမုတ်အပ်သော အတ္ထပညတ် မြေဒြဗ်၏ အတုဖြစ်သော ဥဂ္ဂဟနိမိတ်ပင် မထင်နိုင်ရာသောကြောင့် ဋီကာရှင် ဖွင့်တော်မူသော ယင်း စကားကို စဉ်းစားဆင်ခြင်သင့်သည်။
ဥဂ္ဂဟနိမိတ် ပေါ်အောင် အားထုတ်ပုံ
ရံခါ မျက်စိကို ဖွင့်၍ ကသိုဏ်းဝန်းကို ကြည့်၊ ရံခါ မှိတ်၍ ဆင်ခြင်၊ မြင်သောအတိုင်း နှလုံးသွင်းရမည်။ ဥဂ္ဂဟနိမိတ် မထင်သမျှ ကာလပတ်လုံး နေရာ နွေးအောင်ထိုင်ခြင်း အရာ, အထောင် အသောင်း အသိန်း အသန်းပင် ကြာသော်လည်း ဤနည်းချည်းသာ ပွါးများအပ်၏။ အကြင်အခါဖွင့်၍ ကြည့်သော ကာလ၌ကဲ့သို့ မှိတ်၍ ဆင်ခြင်သောအခါ မနောဒွါရိကဇောစိတ်မှာ ကသိုဏ်းဝန်း ထင်ရှားလာ၏။ ထိုအခါ ဥဂ္ဂဟနိမိတ် ဖြစ်သည် မည်၏။
ပဋိဘာဂနိမိတ် ဖြစ်ပေါ်အောင် အားထုတ်ပုံ
ထိုဥဂ္ဂဟနိမိတ် ထင်သောအခါ ပဋိဘာဂနိမိတ် ထင်လာခြင်း အကျိုးငှါ ထိုကသိုဏ်းဝန်း ရှိရာအရပ်၌ မနေမူ၍ တောင်ဝှေးကိုင်ကာ လွှာ ဘိနပ်ဖြင့် နေရပ်တိုက်ခန်း သို့သွား၍ ပထဝီ ပထဝီစသည်ဖြင့် ပွါးမြဲတိုင်းပင် ပွါးအပ်၏။
နိဿဒ္ဒဘာဝါယ ဧကပဋလိကူပါဟနဂ္ဂဟဏံ၊ ပရိဿယဝိနောဒနတ္ထံ ကတ္တရဒဏ္ဍဂ္ဂဟဏံ။ ဋီကာ (ပ၊နှာ-၁၄၆)
နိဿဒ္ဒဘာဝါယ၊ အသံကင်းသည်၏ အဖြစ် အလို့ငှါ။ (အသံမမြည်ခြင်း အကျိုးငှါ)။
ဧကပဋလိကူပါဟနဂ္ဂဟဏံ၊ လွှာချင်းဘိနပ်ကို ယူခြင်း (ကို ဆိုခြင်း) သည်။
ဟောတိ၊ ဖြစ်၏။
ပရိဿယ ဝိနောဒနတ္ထံ၊ ဘေးရန်ကို ပယ်ဖျောက်ခြင်း အကျိုးငှါ။
ကတ္တရဒဏ္ဍဂ္ဂဟဏံ၊ တောင်ဝှေးကို ယူခြင်း(ကို ဆိုခြင်း) သည်။
ဟောတိ၊ ဖြစ်၏။
ဆိုလတ္တံ့သော အသပ္ပါယတို့တွင် တစုံတရာ အသပ္ပါယကြောင့် နုလှသော တရုဏသမာဓိ၊ ရသစ်စ ဖြစ်သော ဥဂ္ဂဟနိမိတ် ပျောက်ကွယ် ခဲ့သည်ရှိသော် တောင်ဝှေးကိုင်ကာ လွှာဘိနပ်နှင့် ကသိုဏ်းဝန်းရှိရာ အရပ်သို့ သွား၍ ဥဂ္ဂဟ နိမိတ်ကို ယူကာပြန်လာခဲ့၍ ချမ်းမြေ့စွာ ထိုင်နေကာ အဖန်ဖန် အခါခါ ပွါးများအပ်၏။
ပဋိဘာဂနိမိတ်ဖြစ်ပေါ်ပုံ
ဤသို့ အဖန်ဖန် ပွါးများအပ်သည်ရှိသော် အကြင်အခါ ကိလေသာမြူ အနည်ကျ၍ နီဝရဏငြိမ်းစဲသဖြင့် ပုလဲစစ်အနှစ်, ခရုသင်းပွတ်သစ်, အအိမ်မှထုတ်သစ်စ ကြေးမုံ, တိမ်ပုံမှ ထွက်သစ်စသော လ, မိုးတိမ်ညိုဝ၌ ပျံလေသော ဗျိုင်းဖြူပမာ လက်ရာအရေး အကြောင်း စသော ကသိဏဒေါသနှင့်တကွ ရှေးထင်လေပြီးသော ဥဂ္ဂဟနိမိတ်ကို ခွဲ၍ ထွက်လာသကဲ့သို့ ဥဂ္ဂဟနိမိတ်ထက် အဆထောင်ရာ အလွန်စင်ကြယ်စွာ ထင်လာ၏။ ထိုအခါ ပဋိဘာဂနိမိတ်ဖြစ်၏။
ဥပစာရသမာဓိ
ပရိကမ္မဘာဝနာ ပရိကမ္မ သမာဓိကို လွန်မြောက်၍ ဥပစာရဘာဝနာ, ဥပစာရသမာဓိသို့ ရောက်၏မှတ်။
တဉ္စ ခေါ ပဋိဘာဂနိမိတ္တံ နေဝ ဝဏ္ဏဝန္တံ န သဏ္ဌာနဝန္တံ အပရမတ္ထသဘာဝတ္တာ။ ဋီကာ (ပ၊နှာ-၁၄၇)
၂။ တဉ္စ ခေါ ပဋိဘာဂနိမိတ္တံ၊ ထိုပဋိဘာဂနိမိတ်သည်လည်း။
အပရမတ္ထသဘာဝတ္တာ၊ ပရမတ္ထသဘော မဟုတ်သည်၏ဖြစ်ကြောင့်။
ဝဏ္ဏဝန္တံ၊ အဆင်းတို့သည်။
နေဝ (ဟော)၊ မဖြစ်။
သဏ္ဌာနဝန္တံ၊ ပုံပန်းတို့သည်။
န (ဟောတိ)၊ မဖြစ်။
ကေဝလဉှိ သမာဓိလာဘိနော ဥပဋ္ဌာနာကာရမတ္တံ သညဇမေတံ ။ အဋ္ဌကထာ (ပ၊ နှာ-၁၂၂)
ဟိ၊ အကြင့်ကြောင့်။
ကေဝလံ၊ သက်သက်။
ဧတံ၊ ဤပဋိဘာဂနိမိတ်သည်။
သမာဓိ လာဘိနော၊ ဥပစာရသမာဓိကိုရသော ယောဂီအား။
ဥပဋ္ဌာနာကာရမတ္တံ၊ ထင်သော အခြင်းအရာ မျှဖြစ်၍။
သညဇံ၊ ဘာဝနာသညာသည့် ဖြစ်စေအပ်၏။
'သညဇ'န္တိ ဘာဝနာသညာယ ဇနိတံ ဘာဝနာသညာယ သဉ္ဇာတမတ္တံ။ န ဟိ အသဘာဝဿ ကုတောစိ သမုဋ္ဌာနံ အတ္ထိ။ တေနာ'ဟ -- ဥပဋ္ဌာနာ ကာရမတ္တ'န္တိ။ (ဋီကာ၊ပ၊-၁၄၇)
သညဇန္တိ၊ သညဇံဟူသည်ကား။
ဘာဝနာသညာဇနိတံ၊ ဘာဝနာသညာက ဖြစ်စေအပ်သော အာရုံပေတည်း။
ဘာဝနာသညာယ၊ ဘာဝနာသညာကြောင့်။
သဉ္ဇာတမတ္တံ၊ ဖြစ်သောအာရုံမျှသာတည်း။
ဟိ၊ မှန်၏။
အသဘာဝဿ၊ ပရမတ္ထသဘော မဟုတ်သော တရား၏။
ကုတောစိ၊ တစုံတခုသော။
သမုဋ္ဌာနံ၊ သမုဋ္ဌာန်သည် (ဖြစ်ကြောင်းသည်)။
န အတ္ထိ၊ မရှိ။
တေန၊ ထို့ကြောင့်။
ဥပဋ္ဌာနာကာရမတ္တန္တိ၊ ဥပဋ္ဌာနာကာရမတ္တံ ဟူ၍။
အာဟ၊ မိန့်တော်မူ၏။
ဥပ္ပန္နကာလတော စ ပနဿ ပဋ္ဌာယ နီဝရဏာနိ ဝိက္ခမ္ဘိတာနေဝ ဟောန္တိ၊ ကိလေသာ သန္နိသိန္နာဝ၊ ဥပစာရသမာဓိနာ စိတ္တံ သမာဟိတ မေဝ။ အဋ္ဌကထာ(ပ၊ နှာ-၁၂၂)
ပန၊ အကျိုးကို ဆိုပါဦးအံ့။
အဿ၊ထိုပဋိဘာဂနိမိတ်၏။
ဥပ္ပန္နကာလတော စ၊ ဖြစ်ရာ ကာလမှသာလျှင်။
ပဋ္ဌာယ၊ စ၍။
နီဝရဏာနိ၊ နီဝရဏတို့သည်။
ဝိက္ခမ္ဘိတာနေဝ၊ ခွါအပ်ကုန်သည်သာလျှင်။
ဟောန္တိ၊ ဖြစ်ကုန်၏။
ကိလေသာ၊ ကိလေသာတို့သည်၊
သန္နိသိန္နာဝ၊ ငြိမ်ဝပ်စွာ နေကုန်သည်သာလျှင်။
ဟောန္တိ၊ ဖြစ်ကုန်၏။
ဥပစာရသမာဓိနာ၊ ဥပစာရသမာဓိသည်။
စိတ္တံ၊ စိတ်ကို။
သမာဟိတမေ၀၊ ကောင်းစွာထားအပ်သည်သာလျှင်။
ဟောတိ၊ ဖြစ်၏၊
ဝိက္ခမ္ဘိတာနေဝ သန္နိသိန္နာဝ၊ န ပန တဒတ္ထံ ဥဿာဟော ကာတဗ္ဗောတိ အဓိပ္ပါယော။ ဋီကာ (ပ၊နှာ-၁၄၇) အနက်ထင်ရှားပြီ။
ဝိက္ခမ္ဘိတာနေဝ၊ ကွာကုန်သည်သာလျှင်။
သန္နိသိန္နာဝ၊ ကောင်းစွာငြိမ်သက်ကုန် သည်သာလျှင်။
ဟောန္တိ၊ ဖြစ်ကုန်၏။
တဒတ္ထံ ပန၊ ထိုနီဝရဏ ကွာခြင်း အကျိုးငှါကား။
ဥဿာဟော၊ အားထုတ်ခြင်းကို။
န ကာတဗ္ဗော၊ မပြုအပ်။
ဣတိ အဓိပ္ပါယော၊ ဤကား လိုအပ်သော အဓိပ္ပါယ်တည်း။
(ဥပစာရသမာဓိ ရခဲ့လျှင် နီဝရဏ တရား ကွာစေခြင်းငှါ ထပ်၍ အားထုတ်ဖွယ် မရှိပြီဟု ဆိုလိုသည်။)
ရပြီးနိမိတ်တို့ကိုစောင့်ခြင်း
ယင်း ဥပစာရသမာဓိနှင့်တကွ ယင်းပဋိဘာဂနိမိတ်ကို ဖြစ်စေခြင်းသည် လွန်စွာခဲယဉ်း ရကား ယင်းပဋိဘာဂနိမိတ်ကို ရလျှင်ရခြင်း ထိုနေရာ၌ပင် နိမိတ်ကို တိုးပွါးစေလျက် အပ္ပနာဈာန်သို့ တက်အောင် ဆောင်ရွက် အားထုတ်ရာသည်။ ထိုသို့ မစွမ်းနိုင်မူ --
နိမိတ္တံ ရက္ခတော လဒ္ဓ-
ပရိဟာနိ န ဝိဇ္ဇတိ။
အာရက္ခမှိ အသန္တမှိ၊
လဒ္ဓံ လဒ္ဓံ ဝိနဿတိ။
အဋ္ဌကထာ၊ ပ၊ နှာ-၁၂၃။
နိမိတ္တံ၊ ရပြီးသော ပဋိဘာဂနိမိတ်ကို။
ရက္ခတော၊ စကြဝတေးလောင်း ကိုယ်ဝန်ကဲ့သို့ ကောင်းမွန်စွာ စောင့်ရှောက်သော ယောဂီအား။
လဒ္ဓပရိဟာနိ၊ ရပြီးသော ဥပစာရဈာန်၏ ဆုတ်ယုတ်ပျက်စီးခြင်းသည်။
န ဝိဇ္ဇတိ၊ မရှိ။
အာရက္ခမှိ၊ အာရုံနိမိတ်ကို စောင့်ရှောက်ခြင်းသည်။
အသန္တမှိ၊ မရှိခဲ့လတ်သော်။
လဒ္ဓံ လဒ္ဓံ၊ ရတိုင်းတိုင်းသော တဒါယတ္တဝုတ္တိ အာရမ္မဏိကဖြစ်သော ဥပစာရဈာန်သည်။
ဝိနဿတိ၊ ပျောက်ကွယ် တိမ်ကော လျှောကျလေ၏။
ဤသို့ စောင့်ရှောက်လျှင် အကျိုး၊ မစောင့်ရှောက်လျှင် အပြစ် ရှိသောကြောင့် --
သပ္ပါယ ၇-ပါး
အသပ္ပါယ ၇-ပါး
အာဝါသော ဂေါစရော ဘဿံ၊
ပုဂ္ဂလော ဘောဇနံ ဥတု။
ဣရိယာပထောတိ သတ္တေ'တေ၊
အသပ္ပါယေ ဝိဝဇ္ဇယေ။
သပ္ပါယေ သတ္တ သေဝေထ၊
ဧဝဉှိ ပဋိပဇ္ဇတော။
န စိရေနေ၀ ကာလေန၊
ဟောတိ ကဿစိ အပ္ပနာ။
အသပ္ပါယ ၇-ပါး
အာဝါသော၊ ကျောင်းအိပ်ရာနေရာ၎င်း။
ဂေါစရော၊ ဆွမ်းခံရွာ၎င်း။
ဘဿံ၊ ပြောဟောအပ်သောစကား၎င်း။
ပုဂ္ဂလော၊ ပုဂ္ဂိုလ်၎င်း။
ဘောဇနံ၊ ချို ချဉ် စပ် ဖန်စသော အစား၎င်း။
ဥတု၊ အဧ အပူ ဟူသော ဥတု၎င်း။
ဣရိယာပထော၊ သွား ရပ် ထိုင် လျောင်းခြင်း ဟူသော ဣရိယာပုထ်၎င်း။
ဣတိ၊ ဤသို့။
အသပ္ပါယေ၊ သမာဓိ ဘာဝနာအား မလျောက်ပတ်ကုန်သော။
ဧတေ သတ္တ၊ ဤခုနစ်ပါးတို့ကို။
ဝိဝဇ္ဇယေ၊ ဝေးစွာရှောင်ကွင်းရာ၏။
သပ္ပါယ ၇-ပါး
သပ္ပါယေ၊ သမာဓိဘာဝနာအား လျောက်ပတ်ကုန်သော။
သတ္တ၊ အာဝါသစသော ခုနစ်ပါးတို့ကို။
သေဝေထ၊ မှီဝဲရာ၏။
ဟိ၊ အကျိုးကား။
ဧဝံ၊ ဤသို့ မသင့်သည်ကို ကြဉ်ဖဲ သင့်သည်ကို မှီဝဲလျက်။
ပဋိပဇ္ဇတော၊ ကျင့်ကြံအားထုတ်သော။
ကဿစိ၊ အချို့သော နာတိတိက္ခယောဂီအား။
န စိရေနေ၀ ကာလေန၊ မကြာမမြင့် ကာလဖြင့်သာလျှင်။
အပ္ပနာ၊ အပ္ပနာဈာန်သည်။
ဟောတိ၊ ဖြစ်ပေါ်လာ၏။
ဤသို့ လာသည့်အတိုင်း အသပ္ပါယ ခုနှစ်ပါးတို့ကို ပယ်ရှဲ၊ သပ္ပါယ ခုနှစ်ပါး တို့ကို မှီဝဲလျက် စကြဝတေးလောင်း ကိုယ်ဝန်ကိုကဲ့သို့ ကောင်းမွန်စွာ ပဋိဘာဂ နိမိတ်ကို စောင့်ရှောက်အပ်၏။
အာဝါသ
ထိုတွင် သတိ ပညာ သမာဓိ ဝီရိယတို့ကို ပွါးစေတတ်သော ကျောင်းသည် သပ္ပါယ (အာဝါသ) မည်၏။ မသိနိုင်မူ --
“ယသ္မိံ ဝိဟာရေ ဗဟူ အာဝါသာ ဟောန္တိ။ တတ္ထ ဧကမေကသ္မိံ တီဏိ တီဏိ ဒိဝသာနိ ဝသိတွာ ယတ္ထဿ စိတ္တံ ဧကဂ္ဂံ ဟောတိ၊ တတ္ထ ဝသိတဗ္ဗံ။ အဋ္ဌကထာ (ပ၊ နှာ-၁၂၄) လာသည့်အတိုင်း သုံးရက် သုံးရက် စမ်းအပ်၏။
ဂေါစရ
သဟဿဓနုပ္ပမာဏံ ဒိယဍ္ဎကောသံ။
သဟဿဓနဉ္စမာဏံ၊ ကုလလေးတာ တထောင်ပမာဏသည်။
ဒိယဍ္ဎကောသံ၊ အခွဲနှင့်တကွ နှစ်ကောသမည်၏။
ဝါ၊ တကောသခွဲမည်၏။
ဤသို့ ဋီကာ (ပ၊ နှာ-၁၄၈) လာတိုင်း တကောသခွဲ အတွင်း၌ ရှိသော အသွား အပြန် မျက်နှာကို နေလျှံ မထိအောင် တောင်မြောက်စူးစူး အထူး ပြည့်စုံသော ဆွမ်းခံရွာသည် သပ္ပါယဂေါစရ မည်၏။ ထိုမှ ပြန်သော ဆွမ်းခံရွာသည် အသပ္ပါယဂေါစရ မည်၏။
ဘဿ ကထာ
ပါဠိယံ သရူပတော အနာဂတာပိ အရည ပဗ္ဗတ နဒီ ဒီပကထာ ဣတိသဒ္ဒေ သင်္ဂဟေတွာ သဂ္ဂမောက္ခာနံ တိရစ္ဆာနဘာဝတော 'ဒွတ္တိံသတိရစ္ဆာနကထာ'တိ ဝုတ္တာ။
မဟာဋီကာ (ပ၊ နှာ-၁၄၈) လာသည်အတိုင်း အရည ပဗ္ဗတ နဒီ ဒီပ ကထာနှင့်တကွ ရာဇကထာ, စောရကထာ စသော သုံးဆဲ့နှစ်ပါးသည် နိမိတ်ကို ကွယ်ပျောက်စေ တတ်သောကြောင့် အသပ္ပါယကထာ မည်၏။
အပ္ပိစ္ဆတာ စ သန္တုဋ္ဌိ၊
ပဝိဝေကာ အသံသဂ္ဂါ။
ဝီရိယာရမ္ဘာသီလာဒိ၊
ကထာယံ ဒသဝတ္ထုကာ။
သပ္ပါယ ကထာဝတ္ထု ၁၀-ပါး
အပ္ပိစ္ဆတာ စ၊ အလိုနည်းခြင်းနှင့် စပ်သော စကား၎င်း။
သန္တုဋ္ဌိ၊ ရောင့်ရဲလွယ်ခြင်းနှင့် စပ်သော စကား၎င်း။
ပဝိဝေကာ၊ ကာယဝိဝေကစသော ဆိတ်ငြိမ်ခြင်းနှင့် စပ်သော စကား၎င်း။
အသံသဂ္ဂါ၊ ကာမဂုဏ်နှင့် မရောမယှက် ဒဿနသံသဂ္ဂ စသည် ကင်းသောစကား၎င်း။
ဝီရိယာရမ္ဘာ၊ လုံ့လအားထုတ်ခြင်းနှင့်စပ်သော စကား၎င်း။
သီလာဒိ၊ သီလကထာ သမာဓိကထာ ပညာကထာ ဝိမုတ္တိကထာ ဝိမုတ္တိဉာဏ ဒဿနကထာ ငါးပါး၎င်း။
အယံ၊ ဤဆယ်ပါးသော စကားသည်။
ဒသဝတ္ထု၊ ဆယ်ပါးသော ကထာဝတ္ထု၌မှီသော။
ကထာ၊ စကားကောင်း မည်၏၊
ဤ ကထာဆယ်ပါးသည် သပ္ပါယဘဿ မည်၏။
တမ္ပိ မတ္တာယ ဘာသိတဗ္ဗံ။ အဋ္ဌကထာ (ပ၊ နှာ-၁၂၄)
တမ္ပိ၊ ထိုသပ္ပါယကထာ ၁၀-ပါး ကိုသော်လည်း။
မတ္တာယ၊ အတိုင်းအရှည်ဖြင့်။
ဘာသိတဗ္ဗံ၊ ဆိုအပ်၏။
(ဤ ၁၀-ပါးကိုချည်း အချိန်ရှိသမျှ ပြောဟောနေလျှင် ပဋိပတ္တိ အလုပ်စခန်း ပျက်တတ် သည်ဟု ဆိုလိုသည်။)
ပုဂ္ဂလ
ကိုယ်တသသ ကာယဒဠှီဗဟုလ တိရစ္ဆာန ကထိက ပုဂ္ဂိုလ်သည် အသပ္ပါယပုဂ္ဂိုလ် မည်၏။ မရသေးသော သမာဓိကို ရအောင် ရပြီးသော သမာဓိကို ခိုင်ခံ့စွာ ထာဝရ တည်အောင် ပြောဟောတတ်သော အတိရစ္ဆာနကထိက သီလာဒိဂုဏသမ္ပန္န သမာဓိကမ္မဋ္ဌာနိက သမာဓိကမ္မဋ္ဌာန ပါရပ္ပတ္တ ပုဂ္ဂိုလ်သည် သပ္ပါယပုဂ္ဂိုလ် မည်၏။
ဘောဇဉ် ဥတု
သမာဓိဖြစ်ပွါးကြောင်း ဘောဇဉ်, ဥတုသည် သပ္ပါယဘောဇဉ် ဥတု မည်၏။
ဣရိယာပထ
သမာဓိဖြစ်ပွါးရာ သွားခြင်း ရပ်ခြင်း စသော ဣရိယာပုထ်သည် သပ္ပါယဣရိယာပုထ် မည်၏။ မသိသာမူ အာဝါသကဲ့သို့ သုံးရက် သုံးရက် စုံစမ်းရမည်။
အပ္ပနာကောသလ္လ ၁၀-ပါး
ဤသို့ အသပ္ပါယ ခုနစ်ပါးကို ပယ်ရှဲ၊ သပ္ပါယ ခုနစ်ပါးကို မှီဝဲ၍ အဖန်တလဲလဲ ပွါးများ စီးဖြန်းသည်ရှိသော် အချို့သော နာတိတိက္ခပုဂ္ဂိုလ်အား “အပ္ပနာဈာန်” ဖြစ်ပေါ်လာ၏။ သို့မှ “အပ္ပနာဈာန်” မဖြစ်ပေါ်လာသေးမူ --
ဝတ္ထုဝီသဒေါ ဣန္ဒြိယ-
သမတ္တပ္ပဋိပါဒနံ။
နိမိတ္တကောသလ္လံ စိတ္တ-
ပဂ္ဂဟော စိတ္တနိဂ္ဂဟော။
သမ္ပဟံသော အဇ္ဈုပေက္ခာ၊
အသမာဟိတဝဇ္ဇနာ။
သမာဟိတပုဂ္ဂလဿ၊
သေဝေါ တဒဓိမုတ္တတာ။
၁။ ဝတ္ထုဝိသဒေါ၊ သရီရ, သရီရ ပဋိဗဒ္ဓစီဝရ စသော အဇ္ဈတ္တ ဗဟိဒ္ဓဝတ္ထုကို သန့်ရှင်း စင်ကြယ်အောင် ပြုခြင်း၎င်း။
နနု စာ,ယံ နယော ခုဒ္ဒက ပလိဗောဓုပစ္ဆေဒေန သင်္ဂဟိတော၊ ပုန ကသ္မာ ဝုတ္တောတိ၊ သစ္စံ သင်္ဂဟိတော၊ သော စ ခေါ ဘာဝနာယ အာရမ္ဘကာလေ။ ဣဓ ပန အာရဒ္ဓ ကမ္မဋ္ဌာနဿ ဥပစာရဇ္ဈာနေ ဌတွာ အပ္ပနာပရိဝါသံ ဝသန္တဿ ကာလန္တရေ ဇာတေ တထာပဋိပတ္တိ အပ္ပနာ- ကောသလ္လာယ ပုတ္တာ။ (ဋီကာ၊ပ၊ နှာ-၁၅၀)
၂။ ဣန္ဒြိယသမတ္တပ္ပဋိပါဒနံ၊ သဒ္ဓါစသော ဣန္ဒြေ ငါးပါးတို့ကို ညီမျှအောင် ပြုခြင်း၎င်း၊
ဝိသေသတော ပနေ'တ္ထ သဒ္ဓါ ပညာနံ သမာဓိ ဝီရိယာနဉ္စ သမတံ ပသံသန္တိ။ ဗလဝသဒ္ဓေါ ဟိ မန္ဒပ္ပညော မုဒ္ဓပ္ပသန္နော ဟောတိ၊ အဝတ္ထုသ္မိံ ပသီဒတိ၊ ဗလဝပ္ပညော မန္ဒသဒ္ဓေါ ကေရာဋိကပက္ခံ ဘဇတိ။ ဘေသဇ္ဇ-သမုဋ္ဌိတော ဝိယ ရောဂေါ အတေကိစ္ဆော ဟောတိ၊ ... ဗလဝသမာဓိံ ပန မန္ဒဝီရိယံ သမာဓိဿ ကောသဇ္ဇပက္ခတ္တာ ကောသဇ္ဇံ အဘိဘဝတိ။ ဗလဝဝီရိယံ မန္ဒသမာဓိံ ဝီရိယဿ ဥဒ္ဓစ္စပက္ခတ္တာ ဥဒ္ဓစ္စ'မဘိဘဝတိ။
ပန၊ ထူးခြားသည့် အချက်ကို ဆိုဦးအံ့။
ဝိသေသတော၊ အထူးအားဖြင့်။
ဧတ္ထ၊ ဤဣန္ဒြေ ၅-ပါးတို့တွင်။
သဒ္ဓါပညာနဉ္စ၊ သဒ္ဓါနှင့် ပညာတို့၏၎င်း။
သမာဓိ ဝီရိယာနဉ္စ၊ သမာဓိနှင့် ဝီရိယတို့၏၎င်း။
သမတံ၊ မလွန်မယုတ် ညီမျှသည့်အဖြစ်ကို။
ပသံသန္တိ၊ ဘုရား စသော သူတော်ကောင်းတို့ ချီးမွမ်းကုန်၏။
ဟိ၊ ချဲ့ဦးအံ့။
ယော၊ အကြင်သူသည်။
ဗလဝသဒ္ဓေါ၊ အားကြီးလွန်ကဲသော သဒ္ဓါရှိ၏။
မန္ဒပ္ပညော၊ နုံံ့သော မထက်သော ပညာရှိ၏။
သော၊ ထိုသူသည်။
မုဒ္ဓပ္ပသန္နော၊ မိုက်မိုက် ကန်းကန်း မဆင်မခြင် ကြည်ညိုတတ်သည်။
ဟောတိ၊ ဖြစ်၏။
(အဝေစ္စ ပသန္နော၊ ဉာဏ်ဖြင့် သက်ဝင် စဉ်းစား၍ ကြည်ညိုသည်။
န ဟောတိ၊ မဟုတ်။)
အဝတ္ထုသ္မိံ၊ ကြည်ညိုဖွယ် မဟုတ်သော အစေလက တက္ကတွန်း စသည်၌။
ပသီဒတိ၊ တိတ္တိယ သာဝကတို့လို ကြည်ညို မြတ်နိုးတတ်၏။
ဗလဝပ္ပညော၊ လွန်ကဲအားကြီးသော ပညာနှင့် ပြည့်စုံသော။
မန္ဒသဒ္ဓေါ၊ မထက်သန်သော သဒ္ဓါတရား ရှိသူသည်။
ကေရာဋိကပက္ခံ၊ စဉ်းလဲသောအဘို့ ကောက်ကျစ်သည့်အပိုင်းသို့။
ဘဇတိ၊ ရောက်တတ်၏။
ဘေသဇ္ဖသမုဋ္ဌိတော၊ ဆေးကြောင့်ဖြစ်သော။
ရောဂေါဝိယ၊ ရောဂါကဲ့သို့။
အတေကိစ္ဆော၊အကုစားခက်သည်။
ဟောတိ၊ ဖြစ်၏။
(ဥဘိန္နံ၊ သဒ္ဓါနှင့် ပညာ ၂-ပါးတို့၏။
သမတာယ၊ ထမ်းပိုးထမ်း ညီနေသည့် အဖြစ်ကြောင့်။
ဝတ္ထုသ္မိံ ယေဝ၊ ကြည်ညိုသင့်သော အရာဝတ္ထု၌သာလျှင်။
ပသီဒတိ၊ ကြည်ညို၏။)
ပန၊ ထိုမှတပါး။
ဗလဝသမာဓိံ၊ အားကြီးလွန်ကဲသော သမာဓိ ရှိသော။
မန္ဒဝီရိယံ၊ နုံ့သော မထက်သန်သော လုံ့လရှိသောသူကို။
သမာဓိဿ၊ သမာဓိ၏။
ကောသဇ္ဇပက္ခတ္တာ၊ ပျင်းရိခြင်းအဖို့ရှိသည့် အဖြစ်ကြောင့် ပျင်းပိုင်းသို့ ရောက်နေသည့် အဖြစ်ကြောင့်။
ကောသဇ္ဇံ၊ ပျင်းရိမှုသည်။
အဘိဘဝတိ၊ လွှမ်းမိုးနှိပ်စက်၏။
ဗလဝ ဝီရိယံ၊ အားကြီးလွန်ကဲသော လုံ့လဝီရိယရှိသော။
မန္ဒသမာဓိံ၊ နုံ့သော သမာဓိ ရှိသူကို။
ဝီရိယဿ၊ ဝီရိယ၏။
ဥဒ္ဓစ္စပက္ခတ္တာ၊ ဥဒ္ဓစ္စအဖို့ရှိသည့် အဖြစ်ကြောင့် ဥဒ္ဓစ္စဘက်သို့ ရောက်နေသည့် အဖြစ်ကြောင့်။
ဥဒ္ဓစ္စံ၊ ဥဒ္ဓစ္စသည်။
အဘိဘဝတိ၊ လွှမ်းမိုးနှိပ်စက်၏။
(သဒ္ဓါလွန်သော်-ကွန့်၊
ပညာလွန်သော်-ဆွံ့၊
သမာဓိလွန်သော်-တွန့်၊
ဝီရိယလွန်သော်-ပျံ့၊)
အပိစ သမာဓိ ကမ္မိကဿ ဗလဝတီပိ သဒ္ဓါ ဝဋ္ဋတိ၊
... သမာဓိပညာသု ပန သမာဓိကမ္မိကဿ ဧကဂ္ဂတာ ဗလဝတီ ဝဋ္ဋတိ။
... ဝိပဿနာကမ္မိကဿ ပညာ ဗလဝတီ ဝဋ္ဋတိ။
... သတိ ပန သဗ္ဗတ္ထ ဗလဝတီ ဝဋ္ဋတိ။
… သာ လောဏဓူပနံ ဝိယ သဗ္ဗဗျဉ္ဇနေသု သဗ္ဗကမ္မိက အမစ္စော ဝိယ သဗ္ဗရာဇကိစ္စေသု သဗ္ဗတ္ထ ဣစ္ဆိတဗ္ဗာ။ တေနာ'ဟ -- “သတိ စ ပန သဗ္ဗတ္ထိကာ ဝုတ္တာ ဘဂဝတာ။ ကိံ ကာရဏာ၊ စိတ္တဉှိ သတိပဋိသရဏံ၊ အာရက္ခပစ္စုပဋ္ဌာနာစ သတိ၊ န ဝိနာ သတိယာ စိတ္တဿ ပဂ္ဂဟနိဂ္ဂဟော ဟောတီ” တိ။
အဋ္ဌကထာ (ပ၊ နှာ-၁၂၆)
အပိစ၊ တနည်းကား။
သမာဓိကမ္မိက ဿ၊ သမထ ကမ္မဋ္ဌာန်း ရှိသူအား။
သဒ္ဓါ၊ သဒ္ဓါတရားသည်။
ဗလဝတီပိ၊ အားရှိခြင်းသည်လည်း။
ဝဋ္ဋတိ၊ သင့်၏။
သမာဓိ ပညာသု ပန၊ သမာဓိ ပညာရှိတွင်ကား။
သမာမိ ကမ္မိကဿ၊ သမထ ကမ္မဋ္ဌာန်း ရှိသူအား။
ဧကဂ္ဂတာ၊ ဧကဂ္ဂတာသည်။
ဗလဝတီ၊ အားရှိပါမူ။
ဝဋ္ဋတိ၊ သင့်၏။
ဝိပဿနာ ကမ္မိကဿ၊ ဝိပဿနာ ကမ္မဋ္ဌာန်းရှိသော ယောဂီအား။
ပညာ၊ ပညာသည်။
ဗလဝတီ၊ အားရှိပါမူ။
ဝဋ္ဋတိ၊ သင့်၏။
သတိ ပန၊ သတိတရားသည်ကား။
သဗ္ဗတ္ထ၊ အလုံးစုံသော သမထ ဝိပဿနာ ကမ္မဋ္ဌာန်းတို့၌။
ဝါ၊ အလုံးစုံသော လီန ဥဒ္ဓစ္စ အဘို့တို့၌။
ဗလဝတီ၊ အားရှိ အားကောင်းပါမူ၊
ဝဋ္ဋတိ၊ သင့်၏။
သာ၊ ထိုသတိတရားကို။
သဗ္ဗဗျဉ္ဇနေသု၊ ဟင်းလျာအားလုံးတို့၌။
လောဏဓူပနံ၊ ဆားခပ်ခြင်းကို။
ဣစ္ဆိတဗ္ဗံဝိယ၊ အလိုရှိအပ်သကဲ့သို့၎င်း။
သဗ္ဗရာဇကိစ္စေသု၊ အားလုံးသော မင်းမှုကိစ္စတို့၌။
သဗ္ဗကမ္မိကအမစ္စော၊ မင်းမှုကိစ္စအားလုံးတို့၌ သင့်လျော်သော အမတ်ကြီးမျိုးကို။
ဣစ္ဆိတဗ္ဗောဝိယ၊ အလိုရှိအပ်သကဲ့သို့၎င်း။
သဗ္ဗတ္ထ၊ အလုံးစုံသော သမထ ဝိပသာနာကမ္မဋ္ဌာန်းတို့၌။
ဣစ္ဆိတဗ္ဗာ၊ အလိုရှိအပ်၏။
တေန၊ ထို့ကြောင့်။
သတိစ၊ သတိကိုသာလျှင်။
သဗ္ဗတ္ထိကာ၊ အလုံးစုံ၌ ယှဉ်၏ဟူ၍။
ဘဂဝတာ၊ မြတ်စွာဘုရားသည်။
ဝုတ္တာ၊ ဟောတော်မူအပ်၏။
ကိံ ကာရဏာ၊ အဘယ် အကြောင်းကြောင့်။
ဝုတ္တာ၊ ဟောတော်မူအပ်ပါသနည်း။
ဟိ၊ အကြင့်ကြောင့်။
စိတ္တံ၊ ကုသိုလ်စိတ်သည်။
သတိ ပဋိသရဏံ၊ သတိလျှင် ကိုးကွယ် လည်းလျောင်းရာရှိ၏။
သတိ စ၊ သတိသည်ကား။
အာရက္ခပစ္စုပဋ္ဌာနာ၊ စောင့်ရှောက်တတ်သည်၏ အဖြစ်ဖြင့် ရှေးရှုထင်တတ်၏။
သတိယာ၊ သတိနှင့်။
ဝိနာ၊ ကင်း၍။
စိတ္တဿ၊ စိတ်အား။
ဝါ၊ စိတ်ကို။
ပဂ္ဂဟ နိဂ္ဂဟော၊ ချီးမြှင့်ခြင်း နှိပ်ချခြင်းသည်။
န ဟောတိ၊ မဖြစ်။
တသ္မာ၊ ထို့ကြောင့်။
သတိ စ၊ သတိသည်သာလျှင်။
သဗ္ဗတ္ထိကာ၊ အလုံးစုံသော သမထ ဝိပသာနာ ကမ္မဋ္ဌာန်းတို့၌ ယှဉ်၏ ဟူ၍။
ဝုတ္တာ၊ ဟောတော်မူအပ်၏။
ဣတိ၊ ဤသို့။
အာဟ၊ မိန့်တော်မူ၏။
ဣဓ ဒုဝိဓေန သဒ္ဓိန္ဒြိယဿ ဗလဝဘာဝေါ၊ အတ္တနော ဝါ ပစ္စယဝိသေသတော ကိစ္စုတ္တရိယေန ဝီရိယာဒီနံ ဝါ မန္ဒကိစ္စတာယ။
ဋီကာ (ပ၊နှာ-၁၅၁)
မုဒ္ဓပ္ပသန္နော၊ ဂုဏ်သို့မစူး ဉာဏ်မပူးပဲ မိုက်မိုက်ရူးရူး ကြည်ညိုတတ်သည်။
ဟောတိ၊ ဖြစ်၏။
အဝတ္ထုသ္မိံ၊ ကြည်ညိုဘွယ်မဟုတ်သော အစေလက တက္ကတွန်း စသည်၌။
ပသီဒတိ၊ တိတ္တိယသာဝကတို့လို ကြည်ညိုမြတ်နိုးတတ်၏၊
ကေရာဋိကပက္ခံ = သောဌေယျပက္ခံ၊ စဉ်းလဲသောအဘို့သို့။
ဘဇတိ၊ ရောက်၏။
သာ၊ ထိုသတိကို။
သဗ္ဗဗျဉ္ဇနေသု၊ ခပ်သိမ်းသော ဟင်းလျာ တို့၌။
လောဏဓူပနံ၊ ဆားထုံခြင်း ခပ်ခြင်းကို။
ဣစ္ဆိတဗ္ဗံ ဝိယ၊ အလိုရှိအပ်သကဲ့သို့။
သဗ္ဗတ္ထ၊ ခပ်သိမ်းသောလီနုဒ္ဓစ္စ အဖို့တို့၌။
ဣစ္ဆိတဗ္ဗာ၊ အလိုရှိအပ်၏။
ဤသို့ အနက်ပေးလေ။
၃။ နိမိတ္တကောသလ္လံ၊ ကသိုဏ်းနိမိတ်၌ လိမ္မာခြင်း။
ဝါ၊ စိတ္တေကဂ္ဂတာ ဟူသောနိမိတ်၌ လိမ္မာခြင်း၎င်း။
(ကရဏကောသလ္လ ဘာဝနာကောသလ္လ ရက္ခဏကောသလ္လ သုံးပါးတို့တွင် ရှေ့နှစ်ပါး ရှေး၌ ပြီးပြီးရကား ရက္ခဏကောသလ္လကို ဤ၌ နိမိတ္တကုသလတာ ဆိုသည်)။
၄။ စိတ္တပဂ္ဂဟော၊ အတိသိထိလဝီရိယ အပမောဒန အသံဝေဒန တို့ကြောင့် တွန့်တို ဆုတ်နစ်သောစိတ်ကို ဓမ္မဝိစယ ဝီရိယ ပီတိ သမ္ဗောဇ္ဈင် သုံးပါး တို့ကို ပွါးစေလျက် ချီးမြှင့် တက်ကြွားစေခြင်း၎င်း။
၅။ စိတ္တနိဂ္ဂဟော၊ အစ္စာရဝီရိယ သံဝေဒန ပမောဒန တို့ကြောင့် ပျံ့လွင့် သော စိတ်ကို ပဿဒ္ဓိ သမာဓိ ဥပေက္ခာသမ္ဗောဇ္ဈင် သုံးပါး တို့ကို ပွါးစေလျက် နှိပ်စက်ခြင်း၎င်း။
၆။ သမ္ပဟံသော၊ ပညာ ပယောဂ ညံ့သောကြောင့်၎င်း - ပုဗ္ဗေနာ'ပရ ဝိသေသာ'ဝဟ မဖြစ်သဖြင့် ဥပသမသုခကို မရသောကြောင့်၎င်း -- အနဘိသင်္ခတာဟာရ ကဲ့သို့ မမြိန်မရှက် မသက်မသာသော စိတ်ကို ဇာတိ ဇရာ ဗျာဓိ မရဏ အပါယဒုက္ခ အတီတေ ဝဋ္ဋမူလကဒုက္ခ, အနာဂတေ ဝဋ္ဋမူလကဒုက္ခ အာဟာရပရိယေဋ္ဌိမူလကဒုက္ခ ဟူသော သံဝေဂဝတ္ထု ရှစ်ပါးတို့ကို ဆင်ခြင်သဖြင့် ထိတ်လန့်စေခြင်း၊ ရတနာသုံးပါးဂုဏ်ကို အောက်မေ့သဖြင့် ကြည်လင်ရွှင်လန်း စေခြင်း၎င်း။
ဇာတိ ဇရာ ဗျာဓိ မရဏာနိ ယထာရဟံ သုဂတိယံ ဒုတိယဉ္စ ဟောန္တီတိ တဒညမေဝ ပဉ္စဝိဗန္ဓနာဒိ ခုပ္ပိပါသာဒိ အညမညဝိဗာ- ဓနာဒိဟေတုကံ အပါယဒုက္ခံ ဒဋ္ဌဗွံ။ တယိဒံ သဗ္ဗံ တေသံ တေသံ သတ္တာနံ ပစ္စုပ္ပန္နဘဝနိဿိတံ ဂဟိတန္တိ အတီတေ အနာဂတေ စ ကာလ ဝဋ္ဋမူလကဒုက္ခာနိ ဝိသုံ ဂဟိတာနိ။ မဟာဋီကာ (ပ၊နှာ-၁၅၉) အနက်ထင်၏။
၇။ အဇ္ဈုပေက္ခာ၊ မဆုတ်မတက် မြိန်ရှက်သက်သာ ရွှင်လန်းစွာသော စိတ်ကို လျစ်လျူ ရှုခြင်း၎င်း။
၈။ အသမာဟိတဝဇ္ဇနာ၊ မူလေ ပွေနောက် စိတ်ရောက် ကိုယ်ပါ နေက္ခမ္မ ပဋိပဒါသို့ မတက်ဘူးသော ပုဂ္ဂိုလ်ကို ဝေးစွာရှောင်ကြဉ်ခြင်း၎င်း။
၉။ သမာဟိတပုဂ္ဂလဿ၊ ငြိမ်သက်တည်ကြည် သမာဓိလာဘီပုဂ္ဂိုလ်ကို။
သေဝေါ၊ ရှေးရှုမပြတ် ဆည်းကပ်မှီဝဲခြင်း၎င်း။
၁၀။ တဒဓိမုတ္တတာ၊ ထို သမာဓိသို့ ညွှတ်- ကိုင်း- ရှိုင်း- ဝှမ်းခြင်း၎င်း။
ဣဒံ၊ ဤသည်ကား။
သဒဝိဓံ၊ ဆယ်ပါးအပြားရှိသော။
အပ္ပနာကောသလ္လံ၊ အပ္ပနာ၌ လိမ္မာကြောင်းတည်း၊
ဤ “ဝတ္ထုဝိသဓကြိယာ”စသော အပ္ပနာကောသလ္လ ဆယ်ပါးတို့ကို ပြည့်စုံစေရာ၏။
ဗောဇ္ဈင် ၇-ပါး ပွါးကြောင်း
သတိသမ္ဗောဇ္ဈင်နှင့်တကွ ယခင် (ဘေဒနီ၊ပ၊ ၂၆၈-နှာ)၌ ဆိုခဲ့ပြီးသော ဗောဇ္ဈင် ခုနစ်ပါး ပွါးကြောင်းကား --
(၁) သတိ
သတိသမ္ပဇဉ်၊ အမြဲယှဉ်၍၊
ကြဉ်လေမုဋ္ဌ၊ မှီရသတိမာ၊
ဓိမုတ္တဟု၊ လေးဖြာသတိ ပွါးကြောင်းတည်း။
(၂) ဓမ္မဝိစယ
ဖန်ဖန်မေးမှု၊ ဝတ္ထုစင်စေ၊
ဣန္ဒြေညီမျှ၊ ဒုပ္ပညကြဉ်၊
ဉာဏ်ရှိယှဉ်တည်း၊ ဆင်ခြင်နက်လှ၊
ဓိမုတ္တဟု၊ ဉာဏ ပွါးကြောင်း ခုနစ်တည်း။
(၃) ဝီရိယ
ဘေးကိုဆင်ခြင်၊ သိမြင်အကျိုး၊
လမ်းရိုးလိုက်ရာ၊ ပိဏ္ဍာပစယ၊
ဒါယဇ္ဇဟု၊ သတ္ထုမဟတ္တ၊
သမ္မပ္ပဓာန်၊ ပယ်လှန် ငိုက်ခြင်း၊
ပျင်းသူကိုကြဉ်၊ ယှဉ်အာရဒ္ဓ၊
ဓိမုတ္တဟု၊ လုံ့လပွါးကြောင်း ဆဲ့တစ်တည်း၊
(၄) ပီတိ
အနုဿတိ၊ အာဒိသတ္တ၊
လူခကို ကြဉ်၊ ယှဉ်သိနိဒ္ဓ၊
ပသာဒသုတ်၊ အဓိမုတ်ဟု၊
မယုတ်ပီတိ ပွါးကြောင်း ဆဲ့တစ်တည်း။
(လူခ = ကြမ်းတမ်းခြောက်သွေ့ခြင်း၊ ရတနာသုံးပါး၌ ကြည်ညိုစိတ် ကင်းခြောက်သူ)
(၅) ပဿဒ္ဓိ
ဥတု ဘောဇန၊ ယာပထ ကောင်းမြတ်၊
မဇ္ဈတ် ပယောဂ၊ သာရဒ္ဓ ကြဉ်၊
ယှဉ်အသာရဒ်၊ ဓိမှတ်မှတ်၊
ပသာဒ်ပွါးကြောင်း ခုနစ်တည်း။
(သာရဒ္ဓ = ပူပန်ခြင်း၊ ကိုယ်စိတ်ပူပန်ခြင်းရှိသူ။)
(၆) သမာဓိ
အပ္ပနာကောသလ်၊ ပြားဆယ်တန်တွင်၊
ဈာန်ဝိမောက္ခ၊ ဆင်ခြင်ထ၊
ရောက သမာဓိပ္ပါးကြောင်း ဆဲ့တစ်တည်း။
(၇) ဥပေက္ခာ
ကမ္မသက၊ နိသတ္တဖြင့်၊
သတ္တမဇ္ဈာ၊ အဿာမိက၊
အနတ္တဖြင့်၊ သင်္ခါရမဇ္ဈာ၊
သင်္ခါရ သတ်၊ ချစ်တတ်သူကြဉ်၊
ယှဉ်မဇ္ဈတ္တာ၊ ဓိမုတ္တာဟု၊
ပေက္ခာပွါးကြောင်း ငါးပါးတည်း။
ဤကား ဗောဇ္ဈင်ခုနှစ်ပါး ပွါးကြောင်းတည်း။
ဝီရိယသာ ပဓာန
ဤသို့ အပ္ပနာကောသလ္လ ဆယ်ပါးကို ပြည့်စုံစေလျက် သက်တစွန့် ကြိုးစား၍ ပွါးများ အားထုတ်ပါလျက်နှင့် အပ္ပနာဈာန်ကို မရခဲ့သော်လည်း --
ဧဝမ္ပိ ပဋိပန္နဿ၊
သစေ သာ နပ္ပဝတ္တတိ။
တထာပိ န ဇဟေ ယောဂံ၊
ဝါယမေထေဝ ပဏ္ဍိတော။
ဟိတွာ ဟိ သမ္မာဝါယာမံ၊
ဝိသေသံ နာမ မာဏဝေါ။
အဓိဂစ္ဆေ ပရိတ္တမ္ပိ၊
ဌာန'မေတံ န ဝိဇ္ဇတိ။
စိတ္တပ္ပဝတ္တိအာကာရံ၊
တသ္မာ သလ္လက္ခယံ ဗုဓော။
သမတံ ဝီရိယဿေဝ၊
ယောဇယေထ ပုနပ္ပုနံ။
ဤသကမ္ပိ လယံ ယန္တံ၊
ပဂ္ဂဏှေထ'၀ မာနသံ။
အစ္စာရဒ္ဓံ နိသေဓေတွာ၊
သမ'မေဝ ပဝတ္တယေ။
ရေဏုမှိ ဥပ္ပလဒလေ၊
သုတ္တေ နာဝါယ နာဠိယာ။
ယထာ မဓုကရာဒီနံ၊
ပဝတ္တိ သမ္မဝဏ္ဏိတာ။
လီန ဥဒ္ဓတဘာဝေဟိ၊
မောစယိတွာန သဗ္ဗသော။
ဧဝံ နိမိတ္တာ'ဘိမုခံ၊
မာနသံ ပဋိပါဒယေ။
ဧဝံ၊ ဤဆိုခဲ့ပြီးတိုင်း။ ပဋိပန္နဿပိ၊ ကျင့်ပါသော်လည်း။ သာ၊ ထိုအပ္ပနာသည်။
သစေ နပ္ပဝတ္တတိ၊ အကယ်၍ မဖြစ်လာအံ့။ တထာပိ၊ ထိုသို့ပင် မဖြစ်လာငြားသော်လည်း။
ပဏ္ဍိတော၊ ပညာရှိသည်။ ယောဂံ၊ လုံ့လကို။
န ဇဟေ၊ မစွန့်မလွှတ်ရာ။ ဝါယမေထ ဧဝ၊ အားထုတ်ရာသလျှင်ကတည်း။
ဟိ၊ တိုက်တွန်းသင့်စွ။ ဝါ၊ ဟိ ယသ္မာ၊ အကြင်အကြောင်းကြောင့်။ မာဏဝေါ၊ သတ္တဝါသည်။
သမ္မာဝါယာမံ၊ သင့်သော လုံ့လကို။ ဟိတွာ၊ ပစ်စွန့်၍။
ပရိတ္တမ္ပိ၊ အနည်းငယ်မျှလည်းဖြစ်သော။ ဝိသေသံ နာမ၊ တရားထူး မည်သည်ကို။
ယေန၊ အကြင် အကြောင်းကြောင့်။ ဝါ၊ အကြင် အကြောင်းဖြင့်။
အဓိဂစ္ဆေ၊ ရရာ၏။ ဧတံ ဌာနံ၊ ဤအကြောင်းသည်။
န ဝိဇ္ဇတိ၊ မရှိ။
တသ္မာ၊ ထို့ကြောင့်။ ဗုဓော၊ ပညာရှိသည်။ စိတ္တပ္ပဝတ္တိအာကာရံ၊ လိနုဒ္ဓတ စသည်သနစ် စိတ်ဖြစ်ဟန်ကို။
သလ္လက္ခယံ၊ ကောင်းစွာ မှတ်ယူ စုံစမ်းလျက်။ ဝီရိယဿ၊ ဝီရိယ၏။
သမတံ ဧဝ၊ သမာဓိနှင့် တူမျှသော ကိစ္စရှိသည်၏ အဖြစ်ကို သာလျှင်။
ပုနပ္ပုနံ၊ အဖန်တလဲလဲ။ ယောဇယေထ၊ ယှဉ်စေရာ၏။
(“ဝီရိယဿေဝံ”ဟု ပါဌ် အချို့ ရှိ၏။ “ဧဝံ၊ ဤဆိုလတ္တံ့သောနည်းဖြင့်”ဟု-ပေး)။
ကထံ၊ အသို့ ယှဉ်စေရာသနည်း (ထည့်)။ ဤသကမ္ပိ၊ စဉ်းငယ်မျှလည်း။
လယံ၊ တွန့်တိုခြင်းသို။ ယန္တံ၊ ရောက်သော။ မာနသံ၊ စိတ်ကို။
ပဂ္ဂဏှာထေဝ၊ ချီးမြှောက်ရာသလျှင်ကတည်း။ အစ္စာရဒ္ဓံ၊ အလွန် တင်းလွန်းသော စိတ်ကို။
နိသေဓေတွာ၊ တားမြစ်၍။ သမမေဝ၊ အညီအမျှသာလျှင်။
ပဝတ္တယေ၊ ဖြစ်စေရာ၏။
ကထံ၊ အသို့ဖြစ်စေရာသနည်း (ထည့်)။ ရေဏုမှိ၊ ပန်းဝတ်ရက်၌၎င်း။
ဥပ္ပလဒလေ၊ ကြာရွက်၌၎င်း။ သုတ္တေ၊ ပင့်ကူချည်မျှင်၌၎င်း။
နာဝါယ၊ လှေ၌၎င်း။ နာဠိယာ၊ ဆီကျည်တောက်၌၎င်း။
မဓုကရာဒီနံ၊ ပျားကောင် စသည်တို့၏။ ပဝတ္တိ၊ ဖြစ်ခြင်းကို။
သမ္မဝဏ္ဏိတာ ယထာ၊ ဥပမာအဖြစ်ဖြင့် အဋ္ဌကထာဟောင်းတို့၌ ကောင်းစွာ ဖွင့်ပြအပ် သကဲ့သို့။
ဧဝံတထာ၊ ထို့အတူ။ လီန ဥဒ္ဓတ ဘာဝေဟိ၊ တွန့်တိုခြင်း ပျံလွင့်ခြင်းတို့မှ။
သဗ္ဗသော၊ အချင်းခပ်သိမ်း။ မောစယိတွာန၊ ကင်းလွတ်စေ၍။
နိမိတ္တာဘိမုခံ၊ ပဋိဘာဂ နိမိတ်သို့ရှေးရှု။ မာနသံ၊ ဘာဝနာစိတ်ကို၊
ပဋိပါဒယေ၊ ပြီးစေ-ပြည့်စုံစေရာ၏။
ဤသို့ အဋ္ဌကထာဆရာမြတ် ဆုံးမတော် မူအပ်သည့်အတိုင်း ပန်းဝတ်ရက် ယူအံ့ဟု ပျံသွားလေသော ပျား၊ ရေအပြင် ကြာရွက်၌ သွေးကြောဖြတ်သင်သော ဆေးသမား၊ အသပြာ လေးထောင်ကို လို၍ ပင့်ကူချည်မျှင် လေးလံ ရအောင် တုတ်ဖြင့် ရစ်ယူသော ယောက်ျား၊ လေကြမ်းလျှင် ခါးလယ်ကိုစည်း၍ လေညံ့လျှင် ရွက်ကုန်ဖြန့်၍ ရွက်တိုက်သော လှေသမား၊ အပေါက်ကျဉ်းလှသော ဆီကျည်တောက်၌ မဖိတ်စေရအောင် ဆီသွတ်သော ယောက်ျား တို့ကဲ့သို့ မဆုတ် မနစ် မတက်မကြွားစေရ၊ စိတ်သွားကို စဉ်းစားဆင်ခြင်၍ ယခင် အပ္ပနာ ကောသလ္လ ဆယ်ပါးတို့ကိုပင် ပြည့်စုံစေလျက် မြင်းမိုရ်တောင်ကို တူးဖြိုအံ့သော ယောက်ျား၏ လုံ့လကဲ့သို့၎င်း၊ ပပဋကောဇာ မြေဆီလွှာကို လှန်ခွါတူးယူ အံ့သော ယောက်ျား၏ လုံ့လကဲ့သို့၎င်း၊ မဟာသမုဒြာ၏ ထိုမှာ ဘက်ကမ်းသို့ ကူးသန်းအံ့သော ယောက်ျား၏ လုံ့လကဲ့သို့၎င်း၊ စကြာမင်း စည်းစိမ်ကို ယူအံ့သော ယောက်ျား၏ အာသာဆန္ဒ ကဲ့သို့၎င်း သက်တစွန့်ကြိုးစား၍ ပွါးများ အားထုတ်ရာသည်။
ဤ သမထ အရာသည် ဝိပဿနာ မဂ်ဖိုလ်တို့ကဲ့သို့ ပါရမီကို ငဲ့သည်မဟုတ် တိဟိတ် မှန်က ဝီရိယသာ ပဓာနဖြစ်သည်။
ရှေးသောအခါ ယောက်ျားနှစ်ဦးသားတို့ တောစခန်း ခရီးလမ်းကြား၌ ရှားနှစ်ကို တွေ့၍ “ဤရှားနှစ်ကို မီးပွတ်သော် မီးရမည်လော” တယောက်က ဆိုလျှင် မစင်ပါအောင် ပွတ်သော်လည်း မီးမရ” ဟု တယောက်က ဆိုသော စကားကို မခံချင်လှ၍ “ငါ မစင် ပါအောင် ပွတ်မည်”ဟု အားကြိုး၍ အခိုးထ လေလေ နှိပ်လေလေ ပွတ်သဖြင့် မစင်လည်း ဖျစ်ကနဲ ပါ, မီးလည်း ရလာသည်ဟု စဉ်လာဥဒါန်း စကားအတိုင်း မီးပွတ်သော ယောက်ျား၏ အာသာ ဆန္ဒ လုံ့လ ပယောဂ လောက်မျှ မရှိ၊ အပ္ပနာဈာန်သို့ ရောက်မည်ကို သင်္ကန်း သပိတ် ပရိက္ခရာ ရမည်လောက်မျှ ဝမ်းမမြောက်၊ ဆွမ်းတအုပ် လောက်မျှ မခင်မင်ကြသော ပုထုဇဉ်ပေတုံး ပိတ်ဖျင်ကိုသာ ဖြုန်းကြသော ခေါင်းတုံးတို့ တတွေမှာ မြေ ကောင်းကင်အလား မွန်မြတ်သည့် ဤတရားနှင့် ဝေးခြားနိုင်မျှ။
ပဉ္စကနည်းအားဖြင့် ဈာန်ရပုံ
ပဌမဈာန်
ဤသို့ သက်တစွန့် ကြိုးစား၍ ပွါးများ အားထုတ်လတ်သော် ခပေါင်း ရေကြည်စေ့ ခပ်အပ်သော ရေသည် ခဏချက်ခြင်း စိမ်းမြဖြူစင် ကြည်လင် တောက်ပသည့်အတူ၊ တခုတည်းသော ပထဝီကသိုဏ်း ပဋိဘာဂနိမိတ် တည်းဟူသော အာရုံကိုသာ ယူသော သမာဓိနှင့် ယှဉ်ရသဖြင့် ယောဂီပုဂ္ဂိုလ်၏ စိတ်အစဉ်သည် လွန်စွာကြည်လင်တောက်ပ သည်ဖြစ်၍ ဝီထိသင်္ဂဟ (ဤကျမ်း၊ ပ-တွဲ၊နှာ-၈၈)၌ ပြခဲ့သည့်အတိုင်း ရူပါဝစရ ပဌမဈာန အာဒိကမ္မိကဝီထိဖြစ်၏။
သော ဝိဝိစ္စေဝ ကာမေဟိ ဝိဝိစ္စ အကုသလေဟိ ဓမ္မေဟိ သဝိတက္ကံ သဝိစာရံ ဝိဝေကဇံ ပီတိသုခံ ပထမံ ဈာနံ ဥပသမ္ပဇ္ဇ ဝိဟရတိ။
ဧဝမနေန ပဉ္စင်္ဂဝိပ္ပဟီနံ ပဉ္စင်္ဂသမန္နာဂတံ တိဝိဓကလျာဏံ ဒသလက္ခဏသမ္ပန္နံ ပထမံ ဈာနမဓိဂတံ ဟောတိ ပထဝီကသိဏံ။
ဟူ၍ ဝိသုဒ္ဓိ(ဋ္ဌ၊ပ၊နှာ-၁၃၅)၌ လာသော ပကတိ ကာမာဝစရစိတ် တို့ထက် ဘာဝနာဗလဖြင့် ပဋုတရ ဘာဝပ္ပတ္တိ [၁] ကြောင့် --
အားရှိလွန်မြတ်သော ပရိကံ၊
ထို့ထက် အားရှိသော ဥပစာ၊
ထို့ထက် အားရှိသော အနုလုံ၊
ထို့ထက် အားရှိသော ဂေါတြဘူ၊
ထို့ထက် အဆဆ အားရှိသော ဝိတက် ဝိစာရ ပီတိ သုခ ဧကဂ္ဂတာ ဟူသော သမန္နာဂတအင်္ဂါငါးပါး၊ နီဝရဏဟူသော ဝိပ္ပဟီနုအင်္ဂါ ငါးပါးရှိသော တိဝိဓကလျာဏ ဒသလက္ခဏသမ္ပန္န ရူပါဝစရ ပဌမဈာန်ကို ရ၏။
[၁။ (ပဋုတရ + ဘာဝ + ပတ္တိ = သာလွန်မြတ်သော + သဘောသို့ + ရောက်ခြင်း။)]
သော၊ ထိုယောဂါဝစရပုဂ္ဂိုလ်သည်။
ကာမေဟိ၊ ဝတ္ထုကာမတို့မှ။
ဝိဝိစ္စဧဝ၊ ကာယဝိဝေကဖြင့် အသီးဖြစ်၍ သာလျှင်။
ကာမေဟိ၊ ကိလေသ ကာမတို့မှ။
ဝိဝိစ္စ = ဝိသုံ ဟုတွာ ဧဝ၊ စိတ္တဝိဝေက ဝိက္ခမ္ဘနဝိဝေကဖြင့် အသီး ဖြစ်၍သာလျှင်။
အကုသလေဟိ ဓမ္မေဟိ၊ ကိလေသ ကာမတို့မှ။ ဝါ၊ အလုံး စုံသော အကုသိုလ်တရားတို့မှ။
ဝိဝိစ္စဧဝ၊ ကင်းဆိတ်၍သာလျှင် အသီးဖြစ်၍ သာလျှင်။ (ဤဖြင့် ပဟာနင်္ဂါကို ပြသည်။)
သဝိတက္ကံ၊ ဝိတက်နှင့်တကွ ဖြစ်သော။
သဝိစာရံ၊ ဝိစာရနှင့်တကွဖြစ်သော။
ဝိဝေကဇံ၊ နီဝရဏ ကင်းဆိတ် ခြင်းကြောင့်။ ဝါ၊ နီဝရဏကင်းဆိတ်သော ဈာနသမ္ပယုတ္တ ဓမ္မအစု၌ဖြစ်သော။
ပီတိသုခံ၊ ဖရဏာပီတိ စေတသိကသုခ ရှိသော။
ဝါ- ဝိဝေကဇံ ပီတိသုခံ၊ ဝိဝေကကြောင့် ဖြစ်သော ဝိဝေက၌ဖြစ်သော ပီတိသုခ ရှိသော။
ပဌမံ၊ ဂဏနာနုပုဗ္ဗ, ပထမုပ္ပန္နကြောင့် ပဌမမည်သော။
ဈာနံ၊ အာရမ္မဏူပနိဇ္ဈာန ပစ္စနီကဈာပနဈာန်သို့။ ဝါ၊ ဈာန်ကို။
ဥပသမ္မဇ္ဇ၊ ရောက်၍။ ဝါ၊ ပြီးစေ၍။
ဝိဟရတိ = ဝိစ္ဆိန္ဒိတွာ ဟရတိ၊ ဧကိရိယာပထ ဗာဓနကို ဣရိယာပထန္တရဖြင့် ဖြတ်၍ အတ္တဘောကို ဆောင်၏၊ ဖြစ်စေ၏။
ဥပသမ္မဇ္ဇာတိ ဥပ-သံ သဒ္ဒါ ဥပလဗ္ဘတိ သံဘုဉ္ဇတီတိအာဒီသုဝိယ နိရတ္ထကာတိ ဒဿေတုံ ဥပဂဂန္တွာတိအာဒိံ ဝတွာ ပုန တေသံ သတ္ထကဘာဝံ ဒဿေတုံ ဥပသမ္ပာဒယိတွာတိအာဒိ ဝုတ္တံ။ ဋီကာ (ပ၊နှာ-၁၆၉)၊ အနက် ထင်၏။
ဧဝံဝိဟရတာ၊ ဤသို့ ဣရိယာပထ ဝိဟာရဖြင့် နေသော။
အနေန၊ ဤ ယောဂီပုဂ္ဂိုလ်သည်။
ပဉ္စင်္ဂဝိပ္ပဟီနံ၊ ပယ်အပ်သော အင်္ဂါငါးပါး ရှိသော။
ပဉ္စင်္ဂသမန္နာဂတံ၊ ပြည့်စုံသော အင်္ဂါငါးပါး ရှိသော။
တိဝိဓကလျာဏံ၊ သုံးပါးပြားသော ကောင်းခြင်း ရှိသော။
ဒသလက္ခဏသမ္ပန္နံ၊ ဆယ်ပါးသော လက္ခဏာနှင့် ပြည့်စုံသော။
ပထဝီကသိဏံ၊ ပထဝီကသိုဏ်းဝန်း၏ အတုဖြစ်သော ပဋိဘာဂ နိမိတ်လျှင် အာရုံရှိသောကြောင့် ပထဝီကသိဏ မည်သော။
ပဋ္ဌမံ ဈာနံ၊ ပဌမဈာန်ကို။
အဓိဂတံ၊ ရအပ်သည်။
ဟောတိ၊ ဖြစ်၏။
ယင်း ပဌမဈာန်အပ္ပနာသည် အာဒိကမ္မိကဖြစ်၍ တကြိမ်သာ ဖြစ်၏။
“ဇောအကြိမ်စသည် မည်မျှဟု ပုံသေ ပိုင်းခြား သတ်မှတ်၍မရအပ်သော ဌာန ၇-ခု”
သာ စ ပန ဧကစိတ္တက္ခဏိကာယေဝ။ သတ္တသု ဟိ ဌာနေသု အဒ္ဓါနပရိစ္ဆေဒေါ နာမ နတ္ထိ ပထမပ္ပနာယံ လောကိယာဘိညာသု စတူသု မဂ္ဂေသု မဂ္ဂါနန္တရေဖလေ ရူပါရူပဘဝေသု ဘဝင်္ဂဇ္ဈာနေ နိရောဓဿပစ္စယေ နေဝသညာ နာသညာယတနေ နိရောဓာ ဝုဋ္ဌဟန္တဿ ဖလသမာပတ္တိယန္တိ။ ဧတ္ထ မဂ္ဂါနန္တရဖလံ တိဏ္ဏံ ဥပရိ န ဟောတိ။ နိရောဓပစ္စယံ နေဝသညာ- နာသညာယတနံ ဒွိန္နမုပရိ န ဟောတိ။ ရူပါရူပဘဝေသု ဘဝင်္ဂဿ ပရိမာဏံ နတ္ထိ၊ သေသဋ္ဌာနေသု ဧကမေဝ စိတ္တန္တိ။ [၁]
အဋ္ဌကထာ (၊ပ၊နှာ-၁၃၅)
[၁။ (၁) ပဌမဆုံးဖြစ်သော အာဒိကမ္မိက ဈာန်ဇောစိတ်သည် ၁-ကြိမ်သာဖြစ်၏။
(၂) အဘိညာဉ် ဇောစိတ်သည် ၁-ကြိမ်သာ ဖြစ်၏။
(၃) မဂ်ဇောစိတ်သည် ၁-ကြိမ်သာ ဖြစ်၏။
(၄) မဂ်နောင် ဖိုလ်စိတ်သည် တိက္ခပုဂ္ဂိုလ်၌ ၃-ကြိမ်၊ မန္ဒ ပုဂ္ဂိုလ်၌ ၂-ကြိမ် ဖြစ်၏။
(၅) ရူပ အရူပဘုံသားတို့၌ ဘဝင်စိတ် အကြိမ်များစွာ ဖြစ်၏။
(၆) နိရောဓသမာပတ် အခြေခံ နေဝသညာ နာသညာယတန စိတ်သည် ၂-ကြိမ်သာ ဖြစ်၏။
(၇) နိရောဓသမာပတ်မှ ထသောအခါ အနာဂါမိဖိုလ်စိတ်နှင့် အရဟတ္တဖိုလ် စိတ်သည် ၁-ကြိမ်သာ ဖြစ်၏။
ဤသို့ အဋ္ဌကထာလာတိုင်း ၇-ဌာနဖြစ်၏။ (ဤ၌ ...ကာမစိတ်များနှင့် သမာပတ္တိအခါ မဟဂ္ဂုတ်ဇော ဖိုလ်ဇောများကို ယူလိုရိပ် မထင်။အကြောင်းကို ရှာကြံလေဦး။)]
အဒ္ဓါနပရိစ္ဆေဒေါတိ ကာလပရိစ္ဆေဒေါ။ သော ပနေတ္ထ သတ္တသု ဌာနေသု ကတ္ထစိ အပရိမာဏစိတ္တက္ခဏတာယ ကတ္ထစိ အတိဣတ္တရခဏတာယ နတ္တီတိ ဝုတ္တော။ န ဟေတ္ထ သမ္ပုဏ္ဏဇဝနဝီထိ အဒ္ဓါ လဗ္ဘတိ၊ ဋီကာ (ပ၊ နှာ-၁၆၃) အနက်ထင်၏။
ဟိဝိဓကလျာဏ ဒသလက္ခဏဟူသည်ကား ---
ပထမဈာန်၏ ကောင်းခြင်း ၃-ဖြာနှင့်
လက္ခဏာ ၁၀-ပါး
ပဌမဿ ဈာနဿ ပဋိပဒါဝိသုဒ္ဓိ အာဒိ၊ ဥပေက္ခာနုဗြူဟနာ မဇ္ဈေ၊ သမ္ပဟံသနာ ပရိယောသာနံ။
အာဒိဿ တီဏိ လက္ခဏာနိ။ ယော တဿ ပရိဗန္ဓော၊ တတော စိတ္တံ ဝိသုဇ္ဈတိ၊ ဝိသုဒ္ဓတ္တာ စိတ္တံ မဇ္ဈိမံ သမထနိမိတ္တံ ပဋိပဇ္ဇတိ၊ ပဋိပန္နတ္တာ တတ္ထ စိတ္တံ ပက္ခန္ဒတိ။
မဇ္ဈဿ တီဏိ လက္ခဏာနိ။ ဝိသုဒ္ဓံ စိတ္တံ အဇ္ဈုပက္ခတိ၊ သမထပ္ပဋိပန္နံ အဇ္ဈုပက္ခတိ၊ဧကတ္တုပဌာန' မဇ္ဈုပက္ခတိ။
ပရိယောသာနဿ စတ္တာရိ လက္ခဏာနိ။ တတ္ထ ဇာတာနံ ဓမ္မာနံ အနတိဝတ္တနဋ္ဌေန သမ္ပဟံသနာ၊ ဣန္ဒြိယာနံ ဧကရသဋ္ဌေန သမ္ပဟံသနာ၊ တဒုပဂဝီရိယဝါဟနဋ္ဌေန သမ္ပဟံသနာ၊ အာသေဝနဋ္ဌေန သမ္ပဟံသနာ။ … တေန ဝုစ္စတိ ပဌမံ ဈာနံ တိဝိဓကလျာဏဉ္စေဝ ဟောတိ ဒသလက္ခဏ- သမ္ပန္နဉ္စ။ (ပဋိသံ နှာ-၁၆၇၊ ဝိသုဒ္ဓိ-ဋ္ဌ၊ပ၊ နှာ-၁၄၃)
ပထမဈာန်၏ ကောင်းခြင်း ၃-ဖြာ
ပဌမဿ ဈာနဿ၊ ပဌမဈာန်၏။
ပဋိပဒါဝိသုဒ္ဓိ၊ ဂေါတြဘူ အဆုံးရှိသော သသမ္ဘာရ ပုဗ္ဗဘာဂိယ ဘာဝနာပဋိပဒါ၏ နီဝရဏ ဘေးရန်မှ စင်ကြယ်ခြင်းသည်။
အာဒိ၊ အစတည်း။ ဝါ၊ ဥပါဒ်၏ဂုဏ်တည်း။
သာ ပနာယံ ယသ္မာ ဈာနဿ ဥပ္ပါဒက္ခဏေ လဗ္ဘတိ၊ တသ္မာ ဝုတ္တံ 'ပဋိပဒါဝိသုဒ္ဓိအာဒီ'တိ၊ ဋီကာ (ပ၊နှာ-၁၇၁)
ဥပေက္ခာနုဗြူဟနာ၊ သုတ်သင်ဘွယ်ရာ မရှိ၍ ဗျာပါရကင်း ဈာနပရိယာပန္န တတြမဇ္ဈတ္တုပေက္ခာ၏ ကိစ္စနိပ္ဖတ္တိအားဖြင့် ပွါးခြင်း သံမ္ပယုတ်တရားတို့ကို ပွါးစေ ခြင်းသည်။
မဇ္ဈေ၊ (အလယ်တည်း။ ဝါ) ဌီ၏ဂုဏ်တည်း။
သာ ပနာယံ ဝိသေသတော ဈာနဿ ဌိတိက္ခဏေ လဗ္ဘတိ။ တေန ဝုတ္တံ `ဥပေက္ခာနုဗြူဟနာ မဇ္ဈေတိ။ ဋီကာ (ပ၊ နှာ-၁၇၁)
သမ္ပဟံသနာ၊ သမ္ပယုတ်တရားတို့၏ တပါးသည် တပါးကို မလွန်ခြင်း စသည်ကို ပြီးစေ တတ်သော ပရိယောဒါပကဉာဏ်၏ ကိစ္စနိပ္ဖတ္တိအစွမ်းဖြင့် ရွှင်လန်းခြင်းသည်။
ပရိယောသာနံ၊ အဆုံးတည်း။ ဝါ၊ ဘင်၏ဂုဏ်တည်း။
သာ ပန ယသ္မာ ဈာနဿ သြသာနက္ခဏေ ပါကဋာ ဟောတိ။ တသ္မာ ဝုတ္တံ “သမ္ပဟံသနာ ပရိယောသာနန္တိ၊ ဋီကာ (ပ၊နှာ-၁၇၁)
ပထမဈာန်၏အစ
ပဋိပဒါ ဝိသုဒ္ဓိ၏ လက္ခဏာ ၃-ပါး
အာဒိဿ၊ အစဖြစ်သော ပဋိပဒါဝိသုဒ္ဓိ၏။
လက္ခဏာနိ၊ အပ္ပနာပတ္တိ လက္ခဏာတို့သည်။
တီဏိ၊ သုံးပါးတို့တည်း။
တဿ၊ ထိုပထမဈာန်၏။
ယော ပရိဗန္ဓော၊ အကြင် တားမြစ် ဖီဆန်တတ်သော ဘေးရန်သည်။
အတ္ထိ၊ ရှိ၏။
တတော၊ ထိုတားမြစ် ဖီဆန် နီဝရဏဘေးရန်မှ။
စိတ္တံ၊ ဈာန်စိတ်သည်။
ဝိသုဇ္ဈတိ၊ စင်ကြယ်၏။
ဝိသုဒ္ဓတ္တာ၊ စင်ကြယ်ခြင်းကြောင့်။
စိတ္တံ၊ ဈာန်စိတ်သည်။
မဇ္ဈိမံ၊ မဆုတ် မတက် မနိမ့်မမြင့် အသင့်အလတ်ဖြစ်သော။
သမထနိမိတ္တံ၊ သပိသေသ ပစ္စနီကဓမ္မတို့ကို ငြိမ်းစေတတ်သော ယောဂီ၏ သုခဝိသေသ၏ အကြောင်း ဖြစ်သော သမပ္ပဝတ္တ အပ္ပနာသမာဓိသို့။
ပဋိပဇ္ဇတိ၊ ရောက်၏။ ဝါ၊ ယှဉ်၏။
တဒနန္တရံ ပန ပုရိမစိတ္တမေကသန္တတိ ပရိဏာမ နယေန တထတ္တမုပဂစ္ဆမာနံ မဇ္ဈိမံ သမထနိမိတ္တံ ပဋိပဇ္ဇတိနာမ။ အဋ္ဌကထာ (ပ၊ နှာ-၁၄၄)
“တဒနန္တရံ ပုရိမစိတ္တန္တိ တဿ အပ္ပနာစိတ္တဿ အန္တရပစ္စယဘူတံ ပုရိမံ စိတ္တံ၊ 'ဂေါတြဘုစိတ္တ'န္တိ အတ္ထော။ ... တထတ္တန္တိ တထဘာဝံ အပ္ပနာသမာဓိဝသေန သမာဟိတဘာဝံ။ ဋီကာ (ပ၊ နှာ-၁၇၃)
ပဋိပန္နတ္တာ၊ ရောက်သည် ယှဉ်သည်၏ အဖြစ်ကြောင်း။
တတ္ထ၊ ထို မဆုတ် မတက် မနိမ့်မမြင့် သင့်သော အပ္ပနာသမာဓိ နိမိတ်၌။
ပက္ခန္ဒတိ၊ ဝင်ဆန့်၏၊
ဣတိ၊ ဤသည်လျှင် အစဖြစ်သော ပဋိပဒါဝိသုဒ္ဓိ၏ အပ္ပနာပတ္တိလက္ခဏာ သုံးပါး တို့တည်း။
ဧဝံ တာဝ ပုရိမစိတ္တေ ဝိဇ္ဇမာနာကာရနိပ္ဖါဒိကာ ပထမဿ ဈာနဿ ဥပ္ပါဒက္ခဏေယေဝ အာဂမနဝသေန ပဋိပဒါဝိသုဒ္ဓိ ဝေဒိတဗ္ဗာ။ အဋ္ဌကထာ (ပ၊နှာ-၁၄၄)
'ပုရိမစိတ္တေ'တိ အပ္ပနာစိတ္တဿ ပုရိမသ္မိံ စိတ္တေ ဂေါတြဘုစိတ္တေ။ 'ဝိဇ္ဇမာနာကာရ နိပ္ဖါဒိကာ'တိ ဝိဇ္ဇမာနာနံ ပရိပန္ထဝိသုဒ္ဓါဒိအာကာရာနံ နိပ္ဖါဒိကာ၊ တေနာကာရေန နိပ္ဖဇ္ဇမာနာတိ အတ္ထော။ တေယေဝ ဟိ အာကာရာ ပစ္စယဝိသေသတော ဈာနက္ခဏေ နိပ္ဖဇ္ဇမာနာ 'ပဋိပဒါဝိသုဒ္ဓီ'တိ လဒ္ဓသမညာ ဈာနဿ တံ ဝိသေသံ နိပ္ဖါဒေန္တာ ဝိယ ဝုတ္တာ။ ဋီကာ (ပ၊ နှာ-၁၇၃)
အလယ်ဥပေက္ခာဗြူဟနာ၏
လက္ခဏာ သုံးပါး
မဇ္ဈဿ ၊ အလယ် ဖြစ်သော ဥပေက္ခာနုဗျူဟနာ၏။
လက္ခဏာနိ၊ အပ္ပနာပတ္တိလက္ခဏာတို့သည်။
တီဏိ၊ သုံးပါးတို့တည်း။
ဝိသုဒ္ဓံ၊ စင်ကြယ်ပြီးသော။
စိတ္တံ၊ ဈာန်စိတ်ကို။
အဇ္ဈုပက္ခတိ၊ ဝိသောဓန၌ ဗျာပါရမပြု လျစ်လျူရှု၏။
သမထပ္ပဋိပနံ္န၊ အပ္ပနာသမာဓိသို့ရောက်သော။
စိတ္တံ၊ စိတ်ကို။
အဇ္ဈုပက္ခတိ၊ သမာဓာန၌ ဗျာပါရမပြု လျစ်လျူရှု၏။
ဧကတ္တုပဋ္ဌာနံ၊ ကိလေသ သံသဂ္ဂကင်းစင် တခုတည်းအဖြစ်ဖြင့် ထင်သော။
စိတ္တံ၊ စိတ်ကို။
အဇ္ဈုပက္ခတိ၊ ဧကတ္တုပဋ္ဌာန၌ ဗျာပါရမပြု လျစ်လျူရှု၏။
ဣတိ၊ ဤသည်လျှင် အလယ်ဖြစ်သော ဥပေက္ခာနုဗြူဟနာ၏ အပ္ပနာပတ္တိ လက္ခဏာ သုံးပါးတို့တည်း။
ဧဝံ တတြမဇ္ဈတ္တုပေက္ခာယ ကိစ္စဝသေန ဥပေက္ခာနုဗြူဟနာ ဝေဒိတဗ္ဗာ။ အဋ္ဌကထာ (ပ၊နှာ-၁၄၄)
အဆုံးသမ္ပဟံသနာ၏
လက္ခဏာ ၄-ပါး
ပရိယေသာနဿ၊ အဆုံးဖြစ်သော သမ္ပဟံသနာ၏။
လက္ခဏာနိ၊ အပ္ပနာပတ္တိလက္ခဏာတို့သည်။
စရိ၊ လေးပါးတို့တည်း။
တတ္ထ၊ ထို ပဌမဈာန်၌။
ဇာတာနံ၊ ဖြစ်ကုန်သော။
ဓမ္မာနံ၊ သမာဓိ ပညာဟူသော ယုဂနန္ဓတရားတို့၏။
အနတိဝတ္တနဋ္ဌေန၊ တပါးသည် တပါးကို မလွန်ခြင်း သဘောဖြင့်။
သမ္ပဟံသနာ၊ သုတ်သင်ခြင်း ဖြူစင်စေခြင်း ရွှင်လန်းခြင်း၎င်း။
ဝိသောဓနံ ဟေတ္ထ သမ္ပဟံသနံ၊ ဋီကာ (ပ၊ နှာ-၁၇၄)
ဣန္ဒြိယာနံ၊ သဒ္ဓါစသော ဣန္ဒြေတို့၏။
ဧကရသဋ္ဌေန၊ အထူးထူးသော ကိလေသာတို့မှ လွတ်ခြင်းဟူသော ဝိမုတ္တိရသဖြင့် တူသော ကိစ္စ တူသော ပြည့်စုံခြင်း ရှိခြင်းသဘောအားဖြင့်။
သမ္ပဟံသနာ၊ သုတ်သင်ခြင်း ဖြူစင်စေခြင်း ရွှင်လန်းခြင်း၎င်း။
တဒုပဂဝီရိယဝါဟနဋ္ဌေန၊ ထို အညမည နာတိဝတ္တန ဧကရသ တို့နှင့် သင့်လျော်သော ဝီရိယကို ဖြစ်စေခြင်း သဘောအားဖြင့်။
သမ္ပဟံသနာ၊ သုတ်သင်ခြင်း ဖြူစင်စေခြင်း ရွှင်လန်းခြင်း၎င်း။
အာသေဝနဋ္ဌေန၊ အဖန် တလဲလဲ မှီဝဲထုံခြင်း သဘောအားဖြင့်။
သမ္ပဟံသနာ၊ သုတ်သင်ခြင်း ဖြူစင်စေခြင်း, ရွှင်လန်းခြင်း၎င်း။
ဥပ္ပါဒက္ခဏေ အတီတေ ဟိ ဋ္ဌိတိက္ခဏတော ပဋ္ဌာယ အာသေဝနာ ပဝတ္တတိ နာမ။ ဋီကာ (ပ၊ နှာ-၁၇၄)
ဣတိ၊ ဤသည်လျှင် အဆုံးဖြစ်သော သမ္ပဟံသနာ၏ အပ္ပနာပတ္တိလက္ခဏာ လေးပါး တို့တည်း၊
တတ္ထ ဥပေက္ခာဝသေန ဉာဏံ ပါကဋံ ဟောတိ။ ... တသ္မာ ဉာဏကိစ္စဘူတာ သမ္ပဟံသနာ ပရိယောသာနန္တိ ဝုတ္တာ။ အဋ္ဌကထာ (ပ၊နှာ-၁၄၅)
တေန၊ ထို့ကြောင့်။
ပဌမံ ဈာနံ၊ ပဌမဈာန်သည်။
တိဝိဓ ကလျာဏဉ္စေဝ၊ သုံးပါးပြားသော ကောင်းခြင်း ရှိသည်လည်း။
ဟောတိ၊ ဖြစ်၏ဟူ၍။
ဒသလက္ခဏသမ္ပန္နဉ္စ၊ ဆယ်ပါးသော အပ္ပနာပတ္တိလက္ခဏာနှင့် ပြည့်စုံသည်လည်း။
ဟောတိ၊ ဖြစ်၏ ဟူ၍။
ဝုစ္စတိ၊ ဆိုအပ်၏။
ဧဝံ တိဝိဓာယ ပဋိပဒါဝိသုဒ္ဓိယာ လဒ္ဓဝိသေသာယ တိဝိဓာယ ဥပေက္ခာ- နုဗြူဟနာယ သာတိသယံ ပညိန္ဒြိယဿ အဓိမတ္တဘာဝေန စတုဗ္ဗိဓာပိ သမ္ပဟံသနာ သိဇ္ဈတီတိ အာဂမနုပေက္ခာ ဉာဏကိစ္စဝသေန ဒသပိ အာကာရာ ဈာနေ ဧဝ ဝေဒိတဗ္ဗာ။
ဋီကာ (ပ၊နှာ-၁၇၅) အနက် ထင်ရှားသည်ချည်း။
ဈာန်ရသောနေ့၌
အဖြစ်အပျက်အားလုံးကို
မှတ်သားထားအပ်ကြောင်း
ဤသို့ ပဉ္စပဟာနင်္ဂါ, ပဉ္စသမန္နာဂတင်္ဂါ တိဝိဓကလျာ ဒသလက္ခဏာ တို့နှင့် ပြည့်စုံ သော ပထမဈာန်ကို ရပြီးသော ဈာနလာဘီ ယောဂီပုဂ္ဂိုလ်သည် ဝါလဝေဓိ မည်သော လေးသမား, လိမ္မာလှစွာသော စားတော်ကဲတို့ အလားကဲ့သို့ ဈာန်ရသောနေ့၌ စားသော ဘောဇဉ် မှီဝဲသော ပုဂ္ဂိုလ် နေရာ ကျောင်း ဣရိယာပုထ် ဥတု ဘာဝနာနိမိတ် စသော အခြင်းအရာတို့ကို ကောင်းစွာ မှတ်သား ပိုင်းခြားအပ်ကုန်၏။ သို့မှ ဈာန်လျော ကျသော်၎င်း ဈာန်မလေ့ လာသော်၎င်း ထိုအခြင်းအရာတို့ကို ပြည့်စုံစေ၍ လျှောကျသော ဈာန်ကိုလည်း ဖြစ်စေနိုင်သည်။ မလေ့လာသေးသော ဈာန်ကိုလည်း ဝသီဘော် ငါးပါးတို့ဖြင့် ဝင်စားလေ့လာနိုင်သည်။
ရပြီးဈာန် တည်တံ့အောင်လုပ်ပုံ
ယင်း ရပြီးသော အပ္ပနာကို မြင့်ရှည်စွာ တည်စေခြင်းငှါ ကာမာဒီန၀ ပစ္စဝေက္ခဏာ အသုဘမနသိကာရ စသည်တို့ဖြင့်၎င်း၊ ကာမပဋိပက္ခ နေက္ခမ္မာနိသံသကို ဆင်ခြင် ခြင်း စသည်တို့ဖြင့်၎င်း ကာမစ္ဆန္ဒစသော နီဝရဏ, မဒမာန် အစရှိကုန်သော သမာဓိ၏ ဘေးရန် ပရိဗန္ဓတရားတို့ကို ဥပစာကထက် လွန်စွာ သန့်ရှင်းအောင် ပယ်ခြင်း သုတ်သင် အပ်ကုန်၏၊ သို့မဟုတ်က - မသုတ်မသင် ရန်မစင်သော ဥယျာဉ်သို့ ဝင်သောမင်း ဝါးလုံးခေါင်းတွင်းသို့ ဝင်သော ပိတုန်း တို့ကဲ့သို့ မကြာမတင် အလျင်အမြန် ဈာန်မှ ထရသည်။
ပေါရာဏသင်္ဂဟ
ဝိနောဒေ ကာမစ္ဆန္ဒာဒိံ၊
ပါမုဇ္ဇကရစေတသာ။
သုဒ္ဓန္တဂတရာဇာဝ၊
ဒိနမ္ပိ သ တဟိံ ရမေ။
ပါမုဇ္ဇကရစေတသာ၊ ဝိဝေကပါမုဇ္ဇကို ပြုတတ်သောစိတ်ဖြင့်။
ကာမစ္ဆန္ဒာဒိံ၊ ကာမစ္ဆန္ဒနီဝရဏ စသည်ကို။
ဝိနောဒေ၊ အထူး ပယ်ဖျောက်ရာ၏။
သ=သော၊ ထိုယောဂီသည်။
သုဒ္ဓန္တဂတရာဇာဝ၊ စွန်ကွေ့မလပ် သုတ်သင်အပ်ပြီး ဥယျာဉ်ကြီး သို့ဝင် ပြည့်ရှင်မင်းကဲ့သို့။
ဒိနမ္ပိ၊ တနေ့ပတ်လုံးလည်း။
တဟိံ၊ ထိုဈာန်၌။
ရမေ၊ မွေ့လျော်၏။
ကသိုဏ်းနိမိတ်ကို
ချဲ့၍ပွါးများပုံ
ယထာလဒ္ဓ ပဋိဘာဂနိမိတ်ကို ဥပစာက မပွါးခဲ့ရသေးမူ ပတ္တဝဍ္ဎန ပူဝဝဍ္ဎန ဘတ္တဝဍ္ဎန လတာဝဍ္ဎန, ဒုဿဝဍ္ဎနနည်း တို့ဖြင့် မပိုင်းမခြားပဲ မပွါးမူ၍ ကဿကဝဍ္ဎနနည်း သီမာဗန္ဓနနည်း တို့ဖြင့် မပိုင်းမခြားပဲ မပွါးမူ၍ လေးသစ်ခန့်မျှ အစဉ်အတိုင်း ပိုင်းခြား၍ ပွါးစေအပ်၏။ ထို့နောင် တထွာ တတောင် ခန်းဦး ပရိဝုဏ် ဥပစာရသိမ်ရွာ နိဂုမ်း တိုင်းပြည် သမုဒြာ စကြဝဠာ အနားရစ် တိုင်အောင်၎င်း၊ ထိုထက် အလွန်ပင်သော်၎င်း ပိုင်းခြား၍ ပိုင်းခြား၍ ပွါးစေအပ်၏။ နေ လ အဟုန်ကို မှီအောင် ပျံတက်လိုက်သွား နိုင်သော ဇဝနဟင်္သာငှက်ငယ်တို့ အလားကဲ့သို့ လေ့လာဖန်များသဖြင့် စကြဝဠာ အနားရစ် တိုင်အောင်၎င်း ထိုထက် အလွန်သော်၎င်း ပွါးစေနိုင်၏။ ထိုပွါးစေအပ်ပြီးသော နိမိတ်သည် ဝဍ္ဎိတဝဍ္ဎိတဋ္ဌာန၌ ဥက္ကူလ ဝိကူလ နဒီဝိဒုဂ္ဂ ပဗ္ဗတဝိသမ [၁] အရပ်တို့၌ တံသင်းအရာ တို့ဖြင့် နှက်၍ ကြက်အပ်သော နွားရေကဲ့သို့ ဖြစ်၏။
[၁။ ဥက္ကူလ = မြင့်ရာဌာန၊
ဝိကူလ = နိမ့်ဝှမ်းရာဌာန။
နဒီဝိဒုဂ္ဂ = မြစ်ရေအယဉ်တိုက်ဖျက်စားသော မညီမညွှတ် အသွားခက်သည့် ချောက်ကြီး၊
ပဗ္ဗတဝိသမ = မညီမညွှတ် နိမ့်မြင့်ဖြစ်သော တောင်တန်းများ]
၂၊ အံ ၃၊ နှာ-၂၁၆။ ဝိသုဒ္ဓိ၊ဋ္ဌ၊ပ၊နှာ-၁၄၈။
စိတ္တဘာဝနာဝေပုလ္လတ္ထဉ္စ ယထာလဒ္ဓံ ပဋိဘာဂနိမိတ္တံ ဝဍ္ဎေတဗ္ဗံ။ တဿ ဒွေ ဝဍ္ဎနဘူမိယော ဥပစာရံ ဝါ အပ္ပနာ ဝါ။ ဥပစာရံ ပတွာပိ ဟိ တံ ဝဍ္ဎေတုံ ဝဋ္ဋတိ အပ္ပနံ ပတ္တာပိ။ ဧကသ္မိံ ပန ဌာနေ အဝဿံ ဝဍ္ဎေတဗ္ဗံ။ တေန ဝုတ္တံ 'ယထာလဒ္ဓံ ပဋိဘာဂနိမိတ္တံ ဝဍ္ဎေတဗ္ဗ' န္တိ ။
ဝိသုဒ္ဓိမဂ် (ဋ္ဌ၊ပ၊ နှာ-၁၄၇) အနက် ထင်၏။
ဈာန်ရပုဂ္ဂိုလ်သည်
ဈာန်ဝင်စားမှုသာ များစေရခြင်း
ထိုနိမိတ်၌ ပထမဈာန်ကို ရပြီးသော အာဒိကမ္မိကပုဂ္ဂိုလ်သည် ထိုဈာန်ကို ဝင်စားခြင်း များစေရာ၏။ ဆင်ခြင်ခြင်း မများစေရာ။ ပထမဈာန် မလေ့လာခင် ဆင်ခြင်ခြင်း များချေလျှင် ဈာန်အင်္ဂါ ရုန့်ရင်း အားနည်းသည်ထင် အပြစ်မြင်၍ အထက် ဒုတိယဈာန်၏ အကြောင်းလည်း မဖြစ်၊ ယင်းပထမဈာန်မှလည်း ဆုတ်ယုတ် လျှောကျရကား တောင်ထိပ်၌ ကျက်စား မလိမ္မာသော နွားမမိုက်ပုံ နှစ်ပါးစုံ လျှောကျ၍ ဥဘတောဘဋ္ဌ ဥဘတောပရိဟီန ဖြစ်တတ်သည်။
ဒုတိယဈာန်သို့ တက်ပုံ
ထို့ကြောင့် “ဝသနံ ဝသီ။ ယထာရုစိပဝတ္တိယောတိ အတ္ထော”ဟူသော အာဝဇ္ဇန သမာပဇ္ဇန အဓိဋ္ဌာန ဝုဋ္ဌာန ပစ္စဝေက္ခဏဝသီ ငါးလီသော အခြင်းအရာ တို့ဖြင့် ထို ပထမဈာန်ကို လွန်စွာ လေ့လာအပ်၏။ ယင်း ဝသီငါးပါးတို့၌ လေ့လာကျေပွန်သောအခါ ယင်း ပထမဈာန်မှ ထ၍ --
“ငါရသော ဤဈာန်သည် နီဝရဏ ဟူသော ဘေးရန် နီး၏၊ ရုန့်ရင်း လှစွာ အကာသဖွယ် ဖျက်ဆီးလွယ်သော ဝိတက် ပါခြင်းကြောင့် ဈာန်အင်္ဂါငါးပါးလုံး အားနည်း၏” --
ဟု ပထမဈာန်၌ အပြစ်ဒေါသကို ရှုမြင်၍ အင်္ဂါလေးတန် ဒုတိယဈာန် တရားကို ငြိမ်သက်သော အားဖြင့် နှလုံးသွင်း၍ ပထမဈာန်၌ တပ်ခြင်းကို ကုန်စေ၍ ရုန့်ရင်းသော ဈာန်အင်္ဂါကို ပယ်ခြင်းငှါ သိမ်မွေ့သော ဈာန်အင်္ဂါကို ရခြင်းငှါ ထိုပဋိဘာဂနိမိတ်ကိုပင် အာရုံပြု၍ “ပထဝီ ပထဝီ" ဟု အဖန်တလဲလဲ မှီဝဲပွါးများ နှလုံးထားပြန်သည်ရှိသော် --
“အဝိတက္ကံ ဝိစာရမတ္တံ သမာဓိဇံ ပီတိသုခံ ဒုတိယံ ဈာနံ ဥပသမ္ပဇ္ဇ ဝိဟရတိ ပထဝီကသိဏံ” - ဟူ၍ လာသော ဧကင်္ဂဝိပ္ပဟီန စတုရင်္ဂသမန္နာဂတ တိဝိဓကလျာဏ ဒသလက္ခဏသမ္ပန္န ဒုတိယဈာန်ကို ရ၏။
အဝိတက္ကံ၊ ဝိတက်မရှိသော။
ဝိစာရမတ္တံ၊ ဝိစာရမျှသာ ရှိသော။
သမာဓိဇံ၊ ပထမဈာန် သမာဓိကြောင့် ဖြစ်သော။ ဝါ၊ ဝိတက် မပုတ် မတုန်လှုပ်သော သမ္ပယုတ်သမာဓိဖြင့် ဖြစ်သော။
ပီတိသုခံ၊ ဖရဏာပီတိစေတသိက သုခရှိသော။
ပထဝီကသိဏံ၊ ပထဝီကသိုဏ်းဝန်း၏ အတုဖြစ်သော ပဋိဘာဂနိမိတ်လျှင် အာရုံ ရှိသော ကြောင့် ပထဝီကသိဏ မည်သော။
ဒုတိယံ ဈာနံ၊ ဂဏနာနုပုဗ္ဗ ဒုတိယုပ္ပန္ဒကြောင့် ဒုတိယမည်သော အာရမ္မဏူပနိဇ္ဈာန ပစ္စနိကဈာပန ဈာန်သို့။ ဝါ၊ ဈာန်ကို။
ဥပသမ္ပဇ္ဇ၊ ရောက်၍ ပြည့်စုံစေ၍။
ဝိဟရတိ = ဝိစ္ဆိန္ဒိတွာ ဟရတိ၊ ဧကိရိယာပထဗာဓနကို ဣရိယာပထန္တရဖြင့် ဖြတ်၍ အတ္တဘောကို ဆောင်၏၊ ဖြစ်စေ၏။
ဧဝမနေန ဧကင်္ဂဝိပ္ပဟီနံ စတုရင်္ဂသမန္နာဂတံ တိဝိဓကလျာဏံ ဒသလက္ခဏသမ္ပန္နံ ဒုတိယံ ဈာနမဓိဂတံ ဟောတိ ပထဝီ ကသိဏံ --
ဟူရာ၌ ဧကင်္ဂ ဝိပ္ပဟီန စသည်ကား ရှေး (ဤကျမ်း ဒုတွဲ၊ နှာ-၂၀၁၌) ဆိုခဲ့ပြီးသော နည်းအားဖြင့် ထင်ရှားသိသာလှပြီ။
ပဉ္စကနည်းနှင့် စတုက္ကနည်းညှိပုံ
ဧတ္ထ စ ပဉ္စကနယေ ဒုတိယဇ္ဈာနံ စတုက္ကနယေ ဒုတိယဈာနပက္ခိကံ ကတွာ ဝိဘတ္တံ“ယသ္မိံ သမယေ ရူပူပပတ္တိယာ မဂ္ဂံ ဘာဝေတိ အဝိတက္ကံ ဝိစာရမတ္တံ သမာဓိဇံ ပီတိသုခံ ဒုတိယံ ဈာနံ ဥပသမ္မဇ္ဇ ဝိဟရတီ”တိ။ ကသ္မာ၊ ဧကတ္တကာယ နာနာတ္တသညီ သတ္တာဝါသဖလတာယ ဒုတိယဇ္ဈာနေန သမာနဖလတ္တာ ပထမဇ္ဈာနသမာဓိတော ဇာတတ္တာ စ။
စ၊ ဆက်ဦးအံ့။
ဧတ္ထ ပဉ္စကနယေ၊ ဤပဉ္စကနည်း၌။
ဒုတိယဇ္ဈာနံ၊ ဒုတိယဈာန်ကို။
စတုက္ကနယေ၊ စတုက္ကနည်း၌။
ဒုတိယဈာနပက္ခိကံ၊ ဒုတိယဈာန်၏ အဘို့၌ ဖြစ်သည်ကို။
ကတွာ၊ ပြု၍။
ယသ္မိံ သမယေ။ပ။ ဝိဟရတီတိ၊ ...ဟူ၍။
ဝိဘတ္တံ၊ ဝေဘန်တော်မူအပ်၏။
ယသ္မိံ သမယေ၊ အကြင်အခါ၌။ အကြင် အပေါင်း၌။ အကြင်အကြောင်းသည်။ အကြင် အခွင့်သည်။ အကြင်အကြောင်း ညီညွတ်ခြင်းသည်။
သတိ၊ ရှိသော်။
ရူပူပပတ္တိယာ၊ ရူပဘုံ၌ ဖြစ်ခြင်းငှါ။ ဝါ၊ ဖြစ်ခြင်း၏။
မဂ္ဂံ၊ အကြောင်းဖြစ်သော ဈာန်ကို။
ဘာဝေတိ၊ ပွါးစေ၏။
တသ္မိံ သမယေ၊ ထိုအခါ၌။ ထို အကြောင်းသည်။
သတိ၊ ရှိသော် (ထည့်)။
အဝိတက္ကံ၊ ဝိတက်မရှိသော။ပ။
ဝိဟရတိ = ဝိစ္ဆိန္ဒိတွာ ဟရတိ၊ အတ္တဘောကို ဆောင်၏ - ဖြစ်စေ၏။
ကသ္မာ၊ အဘဲ့ကြောင့် စတုက္ကနယ ဒုတိယဈာန် အတူ ဝေဘန်တော် မူအပ်သနည်း။
ဧကတ္တာယ နာနာတ္တသညီ သတ္တာဝါသဖလ- တာယ၊ ကိုယ်သဏ္ဌာန်တူ၍ ပဋိသန္ဓေဝိညာဉ် မူပြားသော ဒုတိယဈာန်ဘုံ၌ အကျိုးပေးသည်၏ အဖြစ်ဖြင့်။
ဒုတိယဇ္ဈာနေန၊ စတုက္ကနည်း၌ ဒုတိယဈာန် နှင့်။
သမာနဖလတ္တာ စ၊ တူသော အကျိုး ရှိသည်၏ အဖြစ်ကြောင့်၎င်း။
ပထမဇ္ဈာန သမာဓိတော၊ ပထမဈာန် သမာဓိကြောင့်။
ဇာတတ္တာ စ၊ ဖြစ်သည်၏ အဖြစ်ကြောင့် ၎င်းတည်း။
ဤသို့ ဋီကာ (ပ၊နှာ-၁၉၃) လာသည့် အတိုင်း ဤပဉ္စကနယ၌ ဒုတိယဇ္ဈာန ပါဠိကို စတုက္ကနယ ဒုတိယဈာန် ပါဠိအတိုင်း မှတ်အပ်၏။
တတိယဈာန်သို့တက်ပုံ
ဤသို့ ဒုတိယဈာန်ကို ရပြီး၍ ရှေးနည်းတူ ဝသီ ငါးဖြာတို့၌ လေ့လာ ကျေပွန်သော အခါ ယင်း ဒုတိယဈာန်မှ ထ၍ --
“ငါရသော ဤသမာပတ်သည် ဝိတက် ဟူသော နီးသော ဘေးရန် ရှိ၏၊ ရုန့်ရင်းလှစွာ အကာသဖွယ် ဖျက်ဆီးလွယ်သော ဝိစာရ ပါခြင်းကြောင့် ဈာန်အင်္ဂါ လေးပါးလုံး အားနည်း၏”--
ဟု ဒုတိယဈာန်၌ အပြစ်ဒေါသကို ရှုမြင်၍ အင်္ဂါသုံးတန် တတိယ ဈာန်တရားကို ငြိမ်သက်သောအားဖြင့် နှလုံးသွင်း၍ ဒုတိယဈာန်၌ တပ်ခြင်း ငဲ့ကွက်ခြင်းကို စွန့်ခွါ၍ ရုန့်ရင်းသော ဈာန်အင်္ဂါကို ပယ်ခြင်းငှါ သိမ်မွေ့သော ဈာန်အင်္ဂါကို ရခြင်းငှါ ထိုပဋိဘာဂ နိမိတ်ကိုပင် အာရုံပြု၍ “ပထဝီ ပထဝီ”ဟု အဖန်တလဲလဲ မှီဝဲပွါးများ နှလုံးထား ပြန်သည်ရှိသော်--
ဝိတက္ကဝိစာရာနံ ဝူပသမာ အဇ္ဈတ္တံ သမ္ပသာဒနံ စေတသော ဧကောဒီဘာဝံ အဝိတက္ကမဝိစာရံ သမာဓိဇံ ပီတိသုခံ တတိယံ ဈာနမုပသမ္ပဇ္ဇ ဝိဟရတိ ---
ဟူ၍ လာသော ဧကင်္ဂဝိပ္ပဟီန တိဝင်္ဂသမန္နာဂတ တိဝိဓကလျာဏ ဒသလက္ခဏသမ္ပန္န တတိယဈာန်ကို ရ၏။ အနက်ထင်ပြီ။
ဧဝမနေန ဧကင်္ဂဝိပ္ပဟီနံ တိဝင်္ဂသမန္နာဂတံ တိဝိဓကလျာဏီ ဒသလက္ခဏသမ္ပန္နံ တတိယဈာနမဓိဂတံ ဟောတိ ပထဝီကသိဏံ ဟူရာ၌ “ဝိတက္ကဝိစာရာနံ ဝူပသမာ” ဟု တွဲဖက်၍ လာခဲ့သော်လည်း ဝိစာရကိုသာ ပဟာနင်္ဂါဟု မှတ်အပ်၏။ “တဿ ဝိစာရမတ္တမေဝ ပဟာနင်္ဂ” ဝိသုဒ္ဓိမဂ် (၊ဋ္ဌ၊ပ၊နှာ-၁၆၄)။
ပဉ္စကနယနိဒ္ဒေသေ ဒုတိယေ ဝူပသန္တော ဝိတက္ကော သဟာယဘူတဝိစာရာဝူပသမေန န သမ္မာ ဝူပသန္တောတိ ဝိတက္က ဝိစာရဒွယ ရဟိတေ ဝိယ ဝိစာရဒူပသမေနေဝ တဒုပသမံ သေသဓမ္မသမာနတဉ္စ ဒဿေန္တေန “ဝိတက္ကဝိစာရာနံ ဝူပသမာ အဇ္ဈတ္တံ သမ္ပသာဒနံ စေတသော ဧကောဒိဘာဝံ အဝိတက္ကံ အဝိစာရံ သမာဓိဇံ ပီတိသုခံ တတိယံ ဈာနံ ဥပသမ္ပဇ္ဇ ဝိဟရတီ”တိ တတိယံ စတုက္ကနယေ ဒုတိယေန နိဗ္ဗိသေသံ ဝိဘတ္တံ။ ဋီကာ (ပ၊နှာ-၁၉၄)
ယံ စတုက္ကနယေ ဒုတိယံ၊ တံ ဒွိဓာ ဘိန္ဒိတွာ ပဉ္စကနယေ ဒုတိယဉ္စေဝ တတိယဉ္စ ဟောတိ။ ဝိသုဒ္ဓိမဂ် (ဋ္ဌ၊ ပ၊ နှာ-၁၆၄)
ပဉ္စကနယေ ဒုတိယ တတိယ ဈာနာနိ ဒုတိယဇ္ဈာနမေ၀ ဘဇန္တိ ဝိတက္ကဝူပသမာ ဝိစာရဝူပသမာ အဝိတက္ကတ္တာ အဝိစာရတ္တာ စ။ ၎င်း ဋီကာ (ပ၊ နှာ-၁၉၃)
တဿ၊ ထိုယောဂီ၏ တတိယဈာန်၏။
ဝိစာရမတ္တမေဝ၊ ဝိစာရမျှသည် သာလျှင်။
ပဟာနင်္ဂံ၊ ပယ်အပ်သော အင်္ဂါတည်း။
ပဉ္စကနည်းနှင့် စတုက္ကနည်းညှိပုံ
ပဉ္စကနယနိဒ္ဒေသေ၊ ပဉ္စကနယနိဒ္ဒေသ၌။ ဒုတိယေ၊ ဒုတိယဈာန်၌။ ဝူပသန္တောပိ၊ ငြိမ်းလေပြီးသော်လည်း။ ဝိတက္ကော၊ ဝိတက်သည်။ သဟာယဘူတဝိစာရာ- ဝူပသမေန၊ အဖော်ဝိစာရ မငြိမ်းရသေးသဖြင့်။ ဝါ၊ မငြိမ်းရသေးသောကြောင့်။ န သမ္မာ ဝူပသန္တော၊ ကောင်းကောင်းကြီး မငြိမ်းသေး။ ဣတိ တသ္မာ၊ ထို့ကြောင့်။ ဝိတက္က ဝိစာရ ဒွယရဟိတေ ဝိယ၊ ဝိတက် ဝိစာ နှစ်ဖြာ ကင်းပ စတုက္ကနယ ဒုတိယဈာန်၌ ကဲ့သို့။ ဝိစာရဝူပသမေနေဝ၊ ဝိစာရငြိမ်းခြင်း ဖြင့်သာလျှင်။ တဒုပသမံ၊ ထိုအဖော် ဝိတက်၏ ချုပ်ခြင်းကို၎င်း။ သေသဓမ္မသမာနတဉ္စ၊ ကြွင်းသော သဒ္ဓါ သမာဓိ အစရှိသော တရား မထူးခြားသော အဖြစ်ကို၎င်း။ ဒဿေန္တေန၊ ပြလျက်။ ပြလိုသော ဘုရားမြတ်သည်။ ဝိတက္က ဝိစာရာနံ ဝူပသမာ။ပ။ ဝိဟရတီတိ၊... ဝိဟရတိဟူ၍။ တတိယ၊ တတိယ ဈာန်ကို စတုက္ကဝေ၊ စတုက္ကနယ၌။ ဒုတိယေန၊ ဒုတိယနယနှင့်။ နိဗ္ဗိသေသံ၊ အထူးအခြား မရှိ။ ဝိဘတ္တံ၊ ဝေဘန်တော်မူအပ်၏။
ဈာန်စိတ်ရေတွက်ပုံ
သို့ ပါဠိ အဋ္ဌကထာ ဋီကာ လာသောကြောင့် စတုက္ကနည်း၌ ပဉ္စကနည်းကို ပေါင်း၍ ရေတွက်လိုလျှင် ပထမဈာန် တဆယ်၊ ဒုတိယဈာန်ဇော နှစ်ဆယ် စသည်ဖြင့် ရေတွက် သင့်သည်။ နည်းနှစ်ပါးကို မရောပဲသော်လည်း စတုက္ကနည်းအားဖြင့် ပထမဈာန်ဇော တဆယ်၊ ဒုတိယ၊ တတိယ ဈာန်ဇော တဆယ်၊ စတုတ္ထဈာန်ဇော တဆဲ့ရှစ်ခု။ ပဉ္စကနည်းအားဖြင့် ပထမဈာန်ဇော တဆယ်၊ ဒုတိယ တတိယ စတုတ္ထဈာန်ဇော တဆယ်၊ ပဉ္စမဈာန်ဇော တဆဲ့ရှစ်ခု။ ဤသို့ ရေတွက်သင့်သည်။
သင်္ခါရ ယမိုက်ကောက် ဆရာကား -- ပထမဈာန်ဇော နှစ်ဆယ်၊ ဒုတိယ ဈာန်ဇော တဆယ် စသည်ဖြင့် ကောက်ပြီးလျှင် “ဤ၌ ပထမဈာန်ဇော နှစ်ဆယ် ဟူသော်ကား -စတုက္ကနည်းအားဖြင့် ပဉ္စကနည်း၌ ပထမဈာန် ဒုတိယဈာန် နှစ်ပါးကို တပေါင်းတည်း ယူ၍ နှစ်ဆယ်ဖြစ်သတည်း။ ဤသို့ ဆရာမြတ်တို့ ယူတော်မူကုန်၏”ဟု မှာတော်မူ၏။
“တပါးသော ဆရာမြတ်တို့ကား - ခိပ္ပါဘိညပုဂ္ဂိုလ်အား ပထမဈာန်၌ ဝိတက် ဝိစာရ၊ ဤအင်္ဂါနှစ်ပါးကို လွန်၍ ပီတိ သုခ ဧကဂ္ဂတာဟူသော ဈာန်အင်္ဂါ သုံးပါးနှင့်တကွ ပထမဈာန် နောင် ရသော ဒုတိယဈာန်၊ ပဉ္စကနည်း၌ရသော ဒုတိယဈာန် တတိယဈာန် တို့ကို ဒုတိယဈာန်ဟု ယူ၍ ပထမဈာန်ဇော တဆယ်သာ ဖြစ်၏ဟု မိန့်တော်မူကုန်၏။ ဤနည်း နှစ်ပါးကို စုံစမ်းဆင်ခြင်၍ ကြိုက် နှစ်သက်ရာ ကောက်ကြလေ”။ ဤသို့လည်း မှာထားတော်မူ၏။
တိဝိဓကလျာဏ ဒသလက္ခဏတို့ကား ရှေးနည်းတူ။ (ဤကျမ်း ဒုတွဲ၊နှာ-၂၁၁)
စတုတ္ထဈာန်သို့တက်ပုံ
ဤသို့ တတိယဈာန်ကို ရပြီး၍ ရှေးနည်းတူစွာ ဝသီငါးဖြာတို့၌ လေ့လာကျေပွန်သောအခါ ယင်း တတိယဈာန်မှ ထ၍ --
“ငါရသော ဤသမာပတ်သည် ဝိစာရဟူသော နိးသော ဘေးရန် ရှိ၏၊ ရုန့်ရင်းလှစွာ အကာသဖွယ် ဖျက်ဆီးလွယ်သော ပီတိ ပါခြင်းကြောင့် ဈာန်အင်္ဂါ သုံးပါးလုံး အားနည်း၏” ---
ဟု တတိယဈာန်၌ အပြစ်ဒေါသကို ရှုမြင်၍ အင်္ဂါနှစ်တန် စတုတ္ထဈာန်ကို ငြိမ်သက်၏ဟု နှလုံးပြု၍ တတိယဈာန်ဝယ် တွယ်တပ်ငဲ့ကွက်ခြင်းကို စွန့်ခွါ၍ ရုန့်ရင်းသော ဈာန် အင်္ဂါကို ပယ်ခြင်း သိမ်မွေ့သော ဈာန်အင်္ဂါကို ရခြင်းငှါ ထိုပဋိဘာဂနိမိတ်ကိုပင် အာရုံပြု၍ ပထဝီ ပထဝီဟု အဖန်တလဲလဲ မှီဝဲပွါးများ နှလုံးထားပြန်သည်ရှိသော် ---
ပီတိယာ စ ဝိရာဂါ ဥပေက္ခကော စ ဝိဟရတိ၊ သတော စ သမ္မဇာနော သုခဉ္စ ကာယေန ပဋိသံဝေဒေတိ၊ ယံ တံ အရိယာ အာစိက္ခန္တိ ဥပေက္ခကော သတိမာ သုခဝိဟာရီတိ၊ စတုတ္ထံ ဈာန'မုပသမ္ပဇ္ဇ ဝိဟရတိ ပထဝီကသိဏံ။
ဟူ၍ လာသော ဧကင်္ဂဝိပ္ပဟီန ဒုဝင်္ဂသမန္နာဂတ တိဝိဓကလျာဏ ဒသလက္ခဏသမ္ပန္န စတုတ္ထဈာန်ကို ရ၏။
ပီတိယာ၊ ပီတိကို။ ဝိရာဂါ စ၊ စက်ဆုပ်ခြင်းကြောင့်၎င်း။
ဝါ၊ လွန်မြောက် ခြင်းကြောင့်၎င်း။ ဝူပသမာ စ၊ ငြိမ်းခြင်းကြောင့်၎င်း။
ဝါ- ပီတိယာ စ၊ ပီတိကို ၎င်း။ ဝိတက္ကဝိစာရာနဉ္စ၊ ဝိတက် ဝိစာရတို့ကို၎င်း။ ဝိရာဂါ၊ ချုပ်ငြိမ်းလွန်မြောက် ခြင်းကြောင့်။ ဥပေက္ခကော စ၊ ဗြဟ္မ ဆဠင်၊ ဗောဇ္ဈင် ဤဟာ၊ သင်္ခါ ဝေဒတ်၊ ဝိပသ် တတြ၊ ဈာန ပါရိ၊ ပြားဘိဆယ်ဖြာ ဥပေက္ခာတွင် ဈာနုပေက္ခာဖြင့် လျစ်လျူရှုလျက်လည်း။ ဝိဟရတိ၊ နေ၏။
ဥပေက္ခာ ၁၀-ပါး၏ တရားကိုယ်
ဆယ် ဥပေက္ခာ၊ ပြားရာ သရူပ၊
ဝေဒ ဤဟာ၊ အသီးသာတည်း၊
သင်္ခါ ဝိပသ်၊ နှစ်ရပ် ဉာဏ်သာ၊
သေသာ ဆကား၊ တတြမဇ္ဈတ်၊
စွဲမှတ်ယူဆို၊ တရားကိုယ်၊
ပြားထို စတုဓာ။
သတော စ၊ သုခ မခင် ထင်မြင်သော သတိရှိသည်ဖြစ်၍လည်း။ သမ္ပဇာနော၊ သုခမမက် ထင်ပြက်သော ပညာရှိသည်ဖြစ်၍လည်း။ သုခဉ္စ၊ ဈာန်ချမ်းသာကိုလည်း။
ဝါ၊ ကာယိကသုခကိုလည်း။ ကာယေန၊ နာမကာယဖြင့်။
ဝါ၊ ရူပကာယဖြင့်။ ပဋိသံဝေဒေတိ၊ ခံစား၏။ ယံ = ယသ္မာ ဈာနဟေတု၊ အကြင် စတုတ္ထဈာန်ဟူသော အကြောင်းကြောင့်။ တံ = ဈာနသမင်္ဂိ၊ ထိုစတုတ္ထဈာန်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်ကို။ အရိယာ၊ ဘုရားစသော သူတော်ကောင်း တို့သည်။ အာစိက္ခန္တိ၊ ဟောပြောပြညွှန်း ချီးမွမ်းကုန်၏။ ကိန္တိ၊ အသို့ ချီးမွမ်းကုန်သနည်း။ ဥပေက္ခကော၊ ချမ်းသာမယစ် လျစ်လျူ ရှုနိုင်ပေ၏။ သတိမာ၊ မဖြစ်ပီတိ သတိရှိပေ၏။ သုခဝိဟာရီ၊ အရိယကန္တ သုခမှီဘိ နေလေ့ ရှိပေ၏။ ဣတိ၊ ဤသို့။ အာစိက္ခန္တိ၊ ဟောပြောပြညွှန်း ချီးမွမ်းကုန်၏။ တာဒိသံ၊ ထိုသို့ သဘော ရှိသော (ထည့်)။ ပထဝီကသိဏံ၊ ပထဝီကသိဏ မည်သော။ စတုတ္ထံ၊ လေးဆင့်မြောက်ဖြစ်သော။ ဈာနံ၊ ဈာန်သို့။
ဝါ၊ ဈာန်ကို။ ဥပသမ္ပဇ္ဇ၊ ပြည့်စုံစေ၍။ ဝိဟရတိ၊ နေ၏။
ပဉ္စမဈာန်သို့တက်ပုံ
ထိုနည်းအတူ ပီတိကို ရန်သူ၊ သုခကို ရုန့်ရင်း ကြမ်းတမ်းသည် ထင်၍ ပွါးများပြန်သည် ရှိသော်--
သုခဿ စ ပဟာနာ ဒုက္ခဿ စ ပပာာနာ ပုဗ္ဗေဝ သောမနဿ- ဒေါမနဿာနံ အတ္ထင်္ဂမာ အဒုက္ခမသုခံ ဥပေက္ခာသတိပါရိသုဒ္ဓိံ ပဉ္စမံ ဈာနမုပသမ္ပဇ္ဇ ဝိဟရတိ ပထဝီကသိဏံ --
ဟူ၍ လာသော ဧကင်္ဂဝိပ္ပဟီန ဒုဝင်္ဂသမန္နာဂတ တိဝိဓကလျာဏ ဒသလက္ခဏသမ္ပန္ဒ ပဉ္စမဈာန်ကို ရ၏။
ပုဗ္ဗေ ဧဝ၊ ရှေးဖြစ်သော တတိယဈာန်, ပထမဈာန်တို့၏ နာနာဝဇ္ဇန ဥပစာ၌သာလျှင်။ သုခဿ စ၊ ကာယိကသုခကိုလည်း။ ပဟာနာ၊ ပယ်ခြင်းကြောင့်။ ဒုက္ခဿ စ၊ ကာယိကဒုက္ခကိုလည်း။ ပဟာနာ၊ ပယ်ခြင်းကြောင့်။ ပုဗ္ဗေဧဝ၊ ရှေးဖြစ်သော စတုတ္ထဈာန် ဒုတိယဈာန်တို့၏ နာနာဝဇ္ဇန ဥပစာ ၌သာလျှင်။
(စတုက္ကနည်း၌ ပေါင်း၍ယူ)
သောမနဿ ဒေါမနဿာနံ၊ သောမနဿ ဒေါ မနဿတို့၏။ အတ္ထင်္ဂမာ၊ ချုပ်ပျောက်ခြင်းကြောင့်။ အဒုက္ခမသုခံ၊ ဒုက္ခ သုခတို့၏ ဆန့်ကျင်ဖက် ဖြစ်သော။ ဥပေက္ခာသတိပါရိသုဒ္ဓ္ဓိံိ၊ ဆန့်ကျင်ဖက်ပ အဖော်ရသော တတြမဇ္ဈတ္တုပေက္ခာသည် ဖြစ်စေအပ်သော သတိ၏ စင်ကြယ်ခြင်းရှိသော။
ဝါ၊ သတိသီသ သမ္ပယုတ္တဓမ္မတို့၏ စင်ကြယ်ခြင်းရှိသော။ ပထဝီကသိဏံ၊ ပထဝီကသိဏ မည်သော။ ပဉ္စမံ၊ ငါးခုမြောက်ဖြစ်သော။ ဈာနံ၊ ဈာန်သို့။
ဝါ၊ ဈာန်ကို။ ဥပသမ္ပဇ္ဇ၊ ပြည့်စုံစေ၍။ ဝိဟရတိ၊ နေ၏။
ဤကား ပဉ္စကနည်းအားဖြင့် ရူပဈာန် ငါးပါးတည်း။
စတုက္ကနည်းအားဖြင့် ဈာန်ရပုံ
စတုက္ကနည်းအားဖြင့်ကား ခိပ္ပါဘိည ပုဂ္ဂိုလ်သည် လေ့လာပြီးသော ပထမ ဈာန်မှ ထ၍ --
“ငါရသော ဤသမာပတ် ဈာန်သည် နီဝရဏဟူသော ဘေးရန် နီး၏၊ ရုန့်ရင်းလှစွာ အကာသဖွယ် ဖျက်ဆီးလွယ်သော ဝိတက် ဝိစာရ နှစ်ပါး ရှိခြင်းကြောင့် ဈာန်အင်္ဂါ ငါးပါးလုံး အားနည်း၏” --
ဟု ပထမဈာန်၌ အပြစ်ဒေါသကို ရှုမြင်၍ အင်္ဂါသုံးတန် ဒုတိယဈာန် တရားကို ငြိမ်သက်သောအားဖြင့် နှလုံးသွင်း၍ ပထမဈာန်၌ တပ်ခြင်းကို စွန့်၍ ရုန့်ရင်းသော ဈာန်အင်္ဂါကို ပယ်ခြင်းငှါ သိမ်မွေ့သော ဈာန်အင်္ဂါကို ရခြင်းငှါ ထို ပဋိဘာဂနိမိတ်ကိုပင် အာရုံပြု၍ ပထဝီ ပထဝီ-ဟု အဖန်တလဲလဲ မှီဝဲပွါးများ နှလုံးထားပြန်သည်ရှိသော် --
ဝိတက္ကဝိစာရာနံ ဝူပသမာ အဇ္ဈတ္တံ သမ္မာသာဒနံ စေတသော ဧကော ဒိဘာဝံ အဝိတက္ကံ အဝိစာရံ သမာဓိဇံ ပီတိသုခံ ဒုတိယံ ဈာနမုပသမ္ပဇ္ဇ ဝိဟရတိ ပထဝီကသိဏံ ---
စသည်ဖြင့် လာသော ဒွိင်္ဂဝိပ္ပဟီန တိဝင်္ဂသမန္နာဂတ တိဝိဓကလျာဏ ဒသလက္ခဏသမ္ပန္န ဒုတိယဈာန်ကို ရ၏။ ဤသို့ စသည်ဖြင့် ရှေးနည်းတူ ပွါးများ၍ ရူပါဝစရဈာန်လေးပါးကို ရ၏။ ဤကား စတုက္ကနည်းအားဖြင့် ရူပဈာန်လေးပါးတည်း။
ပထဝီကသိုဏ်း ပြီး၏။
အာပေါကသိုဏ်း
အာပေါကသိုဏ်းကို ပွါးလိုသော ပုဂ္ဂိုလ်သည်လည်း ရှေးဘဝက ကတာဓိကာရ [၁] ရှိလျှင် လာဘသက္ကာရကို စွန့်ခွါ၍ ဇမ္ဗူဒိပ်သို့ ကူးလာစဉ် သမုဒြာရေကို မြင်၍ နိမိတ်ထင်သော သီဟိုဠ်-စူဠသီဝထေရ် အရှင်ကဲ့သို့ [၂] မပြုမပြင်သော ရေကန် သမုဒြာ ဓီအိုင် [၃] တို့မှာပင် စီးဖြန်းရ၏။
အကတာဓိကာရ ပုဂ္ဂိုလ်ကား ကသိဏဒေါသ လေးပါး [၄] မထင် ကြည်လင် စင်ကြယ်သော ရေကို အဝ တထွာနှင့် လက်လေးသစ် အောက်ထစ်ကျယ်လျက် အစောက် နက်သော အိုးခွက်သပိတ် စသည်၌ ထည့်၍ ဆိတ်ငြိမ်ရာအရပ် လေ မခတ်ရာ၌ ထား၍ --
[၁။ ကတာဓိကာရ = ကတ + အဓိကာရ = (ကတ၊ ပြုလုပ်အပ်ဘူးသော။ အဓိကာရ၊
အလေ့အကျင့်။) အားထုတ်လေ့ကျင့်ခဲ့ဘူးခြင်း။
၂။ ဝိသုဒ္ဓိ၊ဋ္ဌ၊ပ၊ နှာ-၁၆၅။
၃။ ဓီအိုင်-ရှေးအခေါ် = ဒီအိုင် ယခုအခေါ်။ သမုဒ္ဒရာမှ ဒီရေ တက်လာပြီး ကျသွားသော အခါ အိုင်ဖြစ်၍ ကျန်နေသည်ကို ဒီအိုင်ဟုဆိုသည်။
၄၊ ကသိုဏ်းအပြစ် ၄-ပါး = ညို ရွှေ နီ ဖြူ အရောင် အဆင်း (ရှိသောရေ)။
ဝိသုဒ္ဓိမဂ်၊ ဋ္ဌ၊ ပ၊ နှာ-၁၆၅။]
အာပေါ ပယော ဇလံ ဝါရိ၊
ကံ ဒကံ ဥဒကံ ဝနံ၊
အဏ္ဏော တောယံ ဝါလံ အမ္ဗု၊
ပါနီယံ သလိလံ နိရံ။
စသော ရေ၏ အမည်အများတို့တွင် နှုတ်တက် လေ့လာ စိတ်မှာ ထင်မြင်ရာ သညာနုကူလ [၅] အမည်ကို ယူ၍ “အာပေါ, အာပေါ” ဟု အဖန်ဖန်ပွါးများ နှလုံးထား၍ အားထုတ်အပ်၏။
[၅။ သညာကူလ = အမှတ်သညာ အားလျော်စွာ၊]
မငြိမ်လှုပ်လှုပ် ရေမြှုပ်စသော ကသိဏဒေါသနှင့်တကွ ဥဂ္ဂဟနိမိတ် ထင်၏။ ပဋိဘာဂ နိမိတ်ကား မလှုပ်မရှား ကောင်းကင်၌ ထားသော ပတ္တမြားယပ်ဝန်း ကဲ့သို့ ထင်၏။
တေဇော ကသိုဏ်း
တေဇော ကသိုဏ်းကို ပွါးလိုသော ပုဂ္ဂိုလ်သည်လည်း ကတာဓိကာရဖြစ်မှု တရားနာ သောနေ့၌ ဥပုသ်အိမ်သို့ဝင်ရာ ဆီမီးလျှံကို ရှုမြင်၍ နိမိတ်ထင်သော စိတ္တဂုတ္တထေရ် အရှင်ကဲ့သို့ မပြုမပြင်သော ဆီမီး ချက်ပြုတ်သောမီး တောမီး စသည်၌ပင် စီးဖြန်းရ၏။
အကတာဓိကာရ ပုဂ္ဂိုလ်ကား -- အနှစ်ပြည့်မာသော ထင်းကို ဖြတ်ပိုင်း ခွဲစိတ် သပိတ် ဖုတ်သည့်အသွင် စုပုံမီးတင်၍ တထွာနှင့် လက်လေးသစ်ခန့် ဖောက်ထားသော သားရေ ဖျာ ရိုင် အဝတ်တို့ကို ရှေ့ထား၍ --
ဇာတဝေဒေါ သိခီ ဇောတိ၊
ပါဝကော ဒဟနော'နလော။
ဟုတာဝဟော' စွိမာ ဓူမ-
ကေတွ'ဂ္ဂိ ဂိနိ ဘာဏုမာ။
တေဇော ဓူမသိခေါ ဝါယု-
သခေါ စ ကဏှဝတ္တနီ။
ဝေဿာနရော ဟုတာသောတိ၊
အဂ္ဂိနာမာနိ နေကဓာ။
စသော မီး၏အမည် အများတို့တွင် နှုတ်တက်လေ့လာ စိတ်မှာထင်မြင်ရာ သညာနုကူလ အမည်ကို ယူ၍ “တေဇော တေဇော”ဟု အဖန်တလဲလဲ မှီဝဲပွါးများ အားထုတ်အပ်၏။
မီးလျှံ ပြတ်၍ ပြတ်၍ ကျသကဲ့သို့ မီးစ မီးကျီး မီးခိုး စသော ကသိဏ ဒေါသနှင့်တကွ ဥဂ္ဂဟနိမိတ် ထင်၏။ ပဋိဘာဂ နိမိတ်ကား မလှုပ်ငြိမ်စွာ ကမ္ဗလာနီပြတ် ရွှေယပ်ဝန်း ရွှေသည်တိုင်ကဲ့သို့ ထင်၏။
ဝါယော ကသိုဏ်း
ဝါယောကသိုဏ်းကို ပွါးလိုသော ပုဂ္ဂိုလ်သည်လည်း လေတဖျတ်ဖျတ် ခတ်၍ လှုပ်ရှား အရွက်များသော ဃနပတ္တသမသီသဋ္ဌိတ [၁] ကြံပင်ဖျား ဝါးရုံပင်ဖျား သစ်ပင်ဖျား လက်လေးသစ်ခံ့မျှ ဆံပင်ရှိသော ဦးခေါင်းများကို ကြည့်ရှု၍သော်၎င်း မိမိကိုယ်မှာ လေထိခတ်ရာ အရပ်၌ နှလုံးထား၍သော်၎င်း —
[ဃနပတ္တသမသီသဋ္ဌိတ = (ဃန + ပတ္တ = ထူပိတ်သော + အရွက်ရှိသော။ သမသီသ + ဌိတ = အမြင့်ဦးခေါင်းနှင့်အမျှ + တည်ရှိနေသော) အရွက်ထူပိတ် များပြား၍ အမြင့် ဦးခေါင်းလောက် တည်ရှိသော (အပင်) ။]
မာလုတော ပဝနော ဝါယု၊
ဝါတော’နိလ သမီရဏော။
ဂန္ဓဝါဟော တထာ ဝါယော၊
သမီရော စ သဒါဂတိ။
စသော လေ၏ အမည်အများတို့တွင် နှုတ်တက်လေ့လာ စိတ်မှာထင်မြင်ရာ သညာနုကူလ အမည်ကို ယူ၍ “ဝါယော, ဝါယော”ဟု အဖန်တလဲလဲ မှီဝဲပွါးများ အားထုတ်အပ်၏။
မီးဖိုခွင်မှ ချခါစ ကဏှထမင်းမှ အလိပ် အလိပ် ထသော အငွေ့အသွင် လှုပ်ရှားစွာ ဥဂ္ဂဟနိမိတ် ထင်၏။ မလှုပ်မယှက် ငြိမ်သက်စွာ ပဋိဘာဂနိမိတ် ထင်၏။
ပဋိဘာဂနိမိတ္တံ သန္နိသိန္နံ ဟောတိ နိစ္စလံ။ ဝိသုဒ္ဓိမဂ် (ပ၊ ဋ္ဌ၊ နှာ -၁၆၇)
ပဋိဘာဂနိမိတ္တံ၊ ပဋိဘာဂ နိမိတ်သည်။ သန္နိသိန္နံ၊ ငြိမ်သက်သော အနေအထား ရှိသည်။ နိစ္စလံ၊ မတုန်လှုပ်သည်။ ဟောတိ၊ ဖြစ်၏။
‘နိစ္စလ’န္တိ ဣမိနာ နိစ္စလ ဘာဝေါယေဝ ဥဂ္ဂဟနိမိတ္တတော ဣမဿ ဝိသေသောတိ ပဋိဘာဂနိမိတ္တဿာပိ ဥသုမဝဋ္ဋိသဒိသဟာဝ ဝိဘာဝိတာ ဟောတိ။ ဋီကာ (ပ၊ နှာ-၁၉၆) အနက်ထင်၏။
နိစ္စလန္တိဣမိနာ၊ နိစ္စလံ ဟူသော ဤပါဠိဖြင့်။ နိစ္စလ ဘာဝေါယေဝ၊ လှုပ်ရှားခြင်း မရှိသည့်အဖြစ်သည်သာလျှင်။ ဥဂ္ဂဟနိမိတ္တော၊ ဥဂ္ဂဟနိမိတ်မှ။ ဣမဿ၊ ဤ ပဋိဘာဂနိမိတ်၏။ ဝိသေသော၊ အထူးသည်။ ဟောတိ၊ ဖြစ်၏။ ပဋိဘာဂနိမိတ္တဿာပိ၊ ပဋိဘာဂနိမိတ်၏လည်း။ ဥသုမဝဋ္ဋိ သဒိသဟာဝ၊ အခိုး အငွေ့လုံးနှင့် တူသည့်အဖြစ်ကိုသာလျှင်။ ဝိဘာဝိတာ၊ ပြအပ်သည်။ ဟောတိ၊ ဖြစ်၏။
နီလ ကသိုဏ်း
နီလကသိုဏ်းကို စီးဖြန်းလိုသော ပုဂ္ဂိုလ်သည်လည်း ကတာဓိကာရ ဖြစ်အံ့၊ ညိုသော ပန်းခြုံ ပန်းမွေ့ရာအခင်း ပုဆိုးညို ပတ္တမြားညို စသည်၌ပင် နိမိတ် ထင်၏။
အကတာဓိကာရဖြစ်မူ - ကြာညိုပန်း, အောက်မည်းညိုပန်း စသည်ကို ရိုးတံ ဝတ်ဆံ မထင်စေရ၊ ဝန်းဝိုင်းသော ပန်းတောင်းကြုတ်ဖုံးတို့၌ အပြည့် ထည့်၍ ပုဆိုးညိုဖြင့် သော်လည်း တောင်း၀ သပိတ်ဖုံး စသည်ကို ဖွဲ့စည်း၍ ပုဆိုး ပျဉ်ချပ် နံရံ စသည်၌မူလည်း ကြေးညှိ သစ်ရွက်ရည် မျက်စဉ်းညို မဲနည် စသည် ရေး၍ ဝိသဘာဂအဆင်းဖြင့် ပိုင်းခြား ရှေ့တူရူ၌ထားပြီးလျှင် “နီလံ နီလံ”အညို အညိုဟု အဖန်တလဲလဲ မှီဝဲပွါးများ နှလုံးထား အပ်၏။
ဥဂ္ဂဟနိမိတ်၌ ဝတ်ဆံရိုးတံ ပွင့်ချပ်ကြား စသော ကသိဏဒေါသ ထင်၏။ ပဋိဘာဂ နိမိတ်ကား ကသိုဏ်းဝန်းမှ လွှတ်၍ ကောင်းကင်၌ ငြိမ်သက်စွာ ထားသော ပတ္တမြားညို ယပ်ဝန်းကဲ့သို့ ထင်၏။
ပီတ ကသိုဏ်း စသော ၃-ပါး
ပီတ လောဟိတ ဩဒါတကသိုဏ်း တို့ကိုလည်း နီလကသိုဏ်းနှင့် နည်းတူ ဝါ နီ ဖြူသော ပန်းခြုံ ပန်းမွေ့ရာ အခင်းစသည်၌သော်၎င်း၊ ဝါ နီ ဖြူသော ပန်းပွင့် စသည်ဖြင့် တထွာ့လက်လေးသစ်ခန့် ဝန်းဝန်းဝိုင်းဝိုင်း ကသိုဏ်းပြုလုပ်၍သော်၎င်း “ပီတကံ ပီတကံ”၊ “လောဟိတကံ လောဟိတကံ၊ "သြဒါတံ သြဒါတံ" အဝါ အဝါ၊ အနီ အနီ၊ အဖြူ အဖြူ ဟု-ပွါးအပ်၏။
အာလောက ကသိုဏ်း
အာလောက ကသိုဏ်းကိုလည်း နံရံပေါက် သံကောက်ပေါက် သစ်ခက်ကြား မဏ္ဍပ်အမိုးပေါက်များက ဝင်၍ မြေကြီး နံရံစသည်၌ ထင်သော နေရောင် လရောင် အလင်းကို၎င်း၊ အိုးပေါက်အတွင်း၌ ဆီမီးထွန်းပြီးလျှင် အိုးပေါက်မှ ထွက်၍ နံရံတွင် ထင်သော မီးရောင်အလင်းကို၎င်း ကြည့်၍ “သြဘာသော ဩဘာသော” “အာလောကော အာလောကော၊ အရောင် အရောင်၊ အလင်း အလင်း ဟု-ပွါးအပ် စီးဖြန်းအပ်၏။
မြေနံရံတို့၌ထင်သော ပကတိအရောင်ဝန်း အတိုင်းသာ ဥဂ္ဂဟနိမိတ် ထင်၏။ ပဋိဘာဂ နိမိတ်ကား တွေခဲ၍တည် ကြည်လင်သောအရောင်ပုံ အလင်းစုကဲ့သို့ ထင်၏။
အာကာသ ကသိုဏ်း
ပရိစ္ဆန္နာကာသ ကသိုဏ်းကိုလည်း ကတာဓိကာရ ပုဂ္ဂိုလ်ဖြစ်အံ့ -- နံရံပေါက် သံကောက် ပေါက် ပြူတင်းပေါက် စသည့်ကိုကြည့်၍ “အာကာသော အာကာသော” ကောင်းကင်-ကောင်းကင် ဟု စီးဖြန်းအပ်၏။
အကတာဓိကာရဖြစ်အံ့ -- သင်ဖြူး သားရေစသည်တို့၏ တထွာ့ လက်လေးသစ် ခန့်ရှိသော အပေါက်ကို၎င်း ယခင် နံရံပေါက် စသည်ကို၎င်း ကြည့်၍ “အာကာသော အာကာသော” ကောင်းကင် ကောင်းကင် ဟု-စီးဖြန်းအပ်၏။
နံရံစွန်းစသည်နှင့် တကွ အပေါက်နှင့်တူစွာ ဥဂ္ဂဟနိမိတ် ထင်၏။ ပဋိဘာဂ နိမိတ်ကား နံရံစွန်းစသော ကသိဏဒေါသ မထင် ကောင်းကင်ဝန်းသာ ထင်၏။
ပဋိဘာဂနိမိတ်ကိုသာ ပွါးရခြင်း
ဤဆိုအပ်ခဲ့ပြီးသော ကသိုဏ်းဆယ်ပါးတို့ကို ကျယ်ပြန့်အောင် ပွါးရာသော ဘုံကား ဥပစာ, အပ္ပနာအားဖြင့် နှစ်ပါးတည်း။ ဥဂ္ဂဟနိမိတ်ကိုကား ဘာဝနာအားနည်းသေး သောကြောင့် ပွါး၍မဖြစ်၊ ပဋိဘာဂနိမိတ်ကိုသာ ပွါးရသည်။
သဗ္ဗမ္ပိ ဟိ ဥဂ္ဂဟနိမိတ္တံ ဝဍ္ဎိယမာနံ န ဝဍ္ဎတိယေဝ။ သတိပိ စ ဝဍ္ဎေတုကာမတာယံ ဝဍ္ဎနာ န သမ္ဘဝတိ ဘာဝနာယ ပရိဒုဗ္ဗလတ္တာ။ ဘာဝနာဝသေန ဟိ နိမိတ္တဝဍ္ဎနာ။ ပဋိဘာဂနိမိတ္တံ ပန တသ္မိံ ဥပ္ပန္နေ ဘာဝနာ ထိရာတိ ကတွာ ဝဍ္ဎိယမာနံ ဝဍ္ဎတီတိ ဝုတ္တံ။
မဟာဋီကာ (ပ၊နှာ-၁၉၇)
ဟိ ယုတ္တံ၊ ထိုစကား သင့်စွ။ သဗ္ဗမ္ပိ၊ အလုံးစုံလည်းဖြစ်သော။ ဥဂ္ဂဟနိမိတ္တံ၊ ဥဂ္ဂဟနိမိတ်သည်။ ဝဍ္ဎိယမာနံ၊ ပွါးစေအပ်သည်ရှိသော်။ န ဝဍ္ဎတိယေဝ၊ မကျယ်မစန့် မပြန့်ပွါးသည်သာတည်း။ ဝဍ္ဎေတုကာမတာယံ၊ ပွါးစေလိုသည်၏ အဖြစ်သည်။။ သတိပိစ၊ ရှိသော်လည်း။ ဘာဝနာယ၊ ဘာဝနာ၏။ ပရိဒုဗ္ဗလတ္တာ၊ ထက်ဝန်းကျင် အားနည်းသေးသည်၏ အဖြစ်ကြောင့်။ ဝဍ္ဎနာ၊ ပြန့်ပွါးခြင်းသည်။ န သမ္ဘဝတိ၊ မဖြစ်သင့်။ ဟိ သစ္စံ၊ ထိုစကားမှန်၏။ ဘာဝနာ ဝသေန၊ အာရမ္မဏိကဘာ၀နာ၏အစွမ်းဖြင့်။ နိမိတ္တဝဍ္ဎနာ၊ အာရုံနိမိတ် ပွါးခြင်းသည်။ ဟောတိ၊ ဖြစ်၏။ ပဋိဘာဂနိမိတ္တံ ပန၊ ပဋိဘာဂနိမိတ်သည်ကား။ တသ္မိံ၊ ထိုပဋိဘာဂနိမိတ်သည်။ ဥပ္ပန္နေ၊ ဖြစ်လာသည်ရှိသော်။ ဘာဝနာ၊ အာရမ္မဏိက ဘာဝနာစိတ်သည်။ ထိရာ၊ ခိုင်ခံ့၏။ ဣတိကတွာ၊ ဤအကြောင်းကြောင့်။
ဝါ၊ ဤသို့ နှလုံးပြု၍။ ဝဍ္ဎိယမာနံ၊ ပွါးစေအပ်သည် ရှိသော်။ ဝဍ္ဎတိ၊ ကျယ်ပြန့် တိုးပွါး၏။ ဣတိ၊ ဤသို့သော စကားကို။ ဝုတ္တံ၊ အဋ္ဌကထာ ဆရာမြတ် မိန့်အပ်၏။
“ကသိုဏ်း ၁၀-ပါး ပြိုးပြွမ်းစကား သိမှတ်ဖွယ်များ”
ဤကသိုဏ်းဆယ်ပါးတို့၌ ပကိဏ္ဏကစကားကို ဤသို့ သိမှတ်အပ်၏။
ကသိုဏ်း ၁၀-ပါး အစွမ်းသတ္တိများ
ပထဝီကသိဏ၊ စွမ်းဗလကြောင့်၊
ဧက ဗဟု၊ ဗဟု ဧက၊
စသည်ဖြစ်ချင်၊ ကောင်းကင် ရေတွင်း၊
မြေ ဖန်ဆင်း၍၊ သွားခြင်း ထိုင်လျောင်း၊
ရကောင်း အဘိဘာ[၁]၊
စစွာ သဘော၊ ပြီးကြောင်း ဟော၏။
(၁။ အဘိဘာယတန = နိုင်နိုင်နင်းနင်း ပွါး၍ ရသော ဈာန်။)
အပေါစွမ်းအင်၊ မြေတွင် ပေါ်လျှိုး၊
မိုး သမုဒ်မြစ်၊ ဖြစ်စေ ဖောင်ဖောင်၊
မြေ တောင် ပြာသာဒ်၊ လှုပ်ခတ် စေမော၊
ရေလျှံ ပြော၏။
တေဇောလျှံခိုး၊ မီးကျီးမိုးတည့်၊
သူ့တန်းခိုးကို၊ နှိမ်ချိုးနိုင်လေ၊
ဝတ္ထု တွေတွင်၊ လောင်စေချင်ရာ၊
ဒိဗ္ဗာစက္ခု၊ အလင်းပြုလတ်၊
တေဇောဓာတ်လောင်၊ မိုက်မှောင် ပယ်လျှော။
ဝါယောစွမ်းမှာ၊ လျင်စွာ လေမျှ၊
မုန်တိုင်း ထစေ၊ ရောက်လေလိုရာ။
နီလာကသိုဏ်း၊ ညိုမှိုင်း အဆင်း၊
မိုက်စေခြင်းတိ အဘိဘာယတန၊
သုဘဝိမောက္ခာ၊ ရလေရာ၏။
ပီတာရွှေဆင်း၊ ရွှေဖန်ဆင်း၏၊
ရလျှင်း အဘိဘာ၊ သုဘာဝိမောက္ခ။
လောဟိတစွမ်းအင်၊ နီလွင် ဖန်ဆင်း၊
ရခြင်း အဘိဘာ၊ သုဘာဝိမောက္ခ။
ဩဒါတမူ၊ ဖြူရောင်ဖန်ဆင်း၊
ကင်းဝေး မျည်းငိုက်၊ မှောင်မိုက်ဖျောက်ထ၊
ဒိဗ္ဗစက္ခု၊ ရှုဘို့အလင်း၊ ပြုခြင်းစွမ်းထ။
အာလောကလည်း၊ တောက်ပရောင်ဆင်း၊
ကင်းဝေး မျည်းငိုက်၊ မှောင်မိုက်ဖျောက်ထ၊
ဒိဗ္ဗစက္ခု၊ ရှုဘို့အလင်း၊ ပြုခြင်းစွမ်းထ။
အာကာသဝယ်၊ ပိတ်ကွယ်ခွါဟင်း၊
ရေမြေတွင်း၌၊ ဖန်ဆင်းကောင်းကင်၊
ပြုပြင်ယာပိုက်၊ မခိုက်မငြိ၊
တိရောကုဋ္ဋ၊ စသည်ကွယ်ခြား၊
သွားနိုင်ငြားသည်၊ ဆယ်ပါးကသိုဏ်း သတ္တိတည်း၊
[တိရောကုဋ္ဋ = (တိရော = တဖက်။ ကုဋ္ဋ = နံရံ) နံရံခြားထားသောတဖက်။]
ဤကား အသာဓာရဏ တည်း။
[အသာဓာရဏ = မဆက်ဆံသော (ဤဖော်ပြချက်တို့ကား ကသိုဏ်း အသီးသီးတို့၏ သီးခြားမူပိုင် သတ္တိများဖြစ်သည် ဟုဆိုလိုသည်)။]
သာဓာရဏအားဖြင့်ကား---
သဗ္ဗာနေဝ ဥဒ္ဓံ အဓော တိရိယံ အဒွယံ အပ္ပမာဏန္တိ ဣမံ ပဘေဒံ လဘန္တိ။
ဝိသုဒ္ဓိမဂ် (ဋ္ဌ၊ ပ၊ နှာ-၁၇၁)
သဗ္ဗာနိ ဧဝ၊ အလုံးစုံသော ကသိုဏ်းပဋိဘာဂ နိမိတ်ဆယ်ပါး တို့သည်ပင်လျှင်။ ဥဒ္ဓံ၊ အထက် ကောင်းကင်သို့ ရှေးရှုပွါးခြင်း။ အဓော၊ အောက်မြေ အပြင်သို့ ရှေးရှုပွါးခြင်း။ တိရိယံ၊ လယ်ကျင်းကွက်သွင် ဝန်းကျင်ပတ်ချာ ဖီလာကန့်လန့် လိုရာဆန့်၍ ပွါးခြင်း။ အဒွယံ၊ ရေငုပ်သူလျှင် ရေသာထင်သို့ ဝန်းကျင်ပတ်ချာ နှစ်ဖြာရောဆိုင် အပြိုင်ကသိုဏ်း မရှိခြင်း။ အပ္ပမာဏံ၊ ဘာဝနာစိတ်ဖြင့် တစိတ်တဒေသ၌ မသက်ပဲ တပြိုင်နက် နှံ့သဖြင့် အခန့် ပမာဏ အစ အလယ် အဆုံး မရှိခြင်း။ ဣတိ ဣမံ ပဘေဒံ၊ ဤအလုံးစုံသော အပြားကို။ လဘန္တိ၊ ရကြကုန်သည်ချည်းတည်း။
“ဈာန်မဂ်ဖိုလ် မရထိုက်သောပုဂ္ဂိုလ်နှင့် တိုက်တွန်းချက်”
ကမ္မက္လေသဝိပါကေဟိ၊
ပုဏ္ဏာ အာဝရဏေဟိ ယေ။
အသဒ္ဓါစ္ဆန္ဒာ ဒုပ္ပညာ၊
အဘဗ္ဗာ ဩက္ကမေတဝေ။
သဗ္ဗကမ္မဋ္ဌာနေသွေ သံ၊
န ဣဇ္ဈတေဝ ဘာဝနာ။
တသ္မာ ဝဇ္ဇိယ ဝဇ္ဇေယျ၊
သဒ္ဓမ္မဿဝနာဒိဟိ။
သဒ္ဓါဒိကေ ဝဍ္ဎေတွာန၊
ကမ္မဋ္ဌာနံ နုယုဉ္ဇတု။
အဋ္ဌကထာသင်္ဂဟ
ယေ၊ အကြင်သူတို့သည်။ အာဝရဏေဟိ၊ ဈာန်မဂ်ဖိုလ်ကို မလိုဟန့်ဖြတ် ပိတ်ဆီးတတ်ကုန်သော။ ကမ္မက္လေသဝိပါကေဟိ၊ အနန္တရိယကံဟူသောကမ္မန္တရာယ်၊ နိယတမိစ္ဆာဒိဋ္ဌိ ဥဘတောဗျည်း ပဏ္ဍုက်အဖြစ်ဟူသော ကိလေသန္တရာယ် အဟိတ် ဒွိဟိတ် ပဋိသန္ဓေဟူသော ဝိပါကန္တရာယ်တို့နှင့်။ ပုဏ္ဏာ၊ ပြည့်စုံကုန်၏။ အသဒ္ဓါ၊ ဘုရားစသည်၌ ယုံကြည်ခြင်း သဒ္ဓါတရား မရှိကုန်။ အစ္ဆန္ဒာ၊ ဈာန် မဂ်ဖိုလ်ရကြောင်း ကောင်းသောအမှုကို ပြုလိုသော ဆန္ဒမရှိကုန်။ ဒုပ္ပညာ၊ လောကီ လောကုတ္တရာ ပညာကင်းကုန်၏။ ဩက္ကမေတဝေ၊ သမ္မတ္တနိယာမ ဟူသော အရိယာမဂ်သို့ သက်ရောက်ခြင်းငှါ။ အဘဗ္ဗာ၊ မထိုက်ကုန်။ ဧသံ၊ ထိုသူတို့အား။ သဗ္ဗကမ္မဋ္ဌာနေသု၊ အလုံးစုံသော ကမ္မဋ္ဌာန်းတို့၌။ ဘာဝနာ၊ အပ္ပနာတိုင်အောင်သော ဘာဝနာသည်။ န ဣဇ္ဈတိ ဧ၀၊ မပြည့်စုံနိုင်သည် သာလျှင်တည်။
ဤ၌ မြောက်ကျွန်းသူတို့သည် အစ္ဆန္ဒိကအရာသို့ ဝင်ကုန်၏။
ဥတ္တရကုရုကာပိ မနုဿာ မာရာဒယော ဝိယ အစ္ဆန္ဒိကာနံ ပဝိဋ္ဌာ နိဗ္ဗုတိဆန္ဒရဟိတတ္တာ။
ဋီကာ (မဟာ၊ ပ၊ နှာ-၂၀၀)
အန္တရာယ်သုံးပါးကိုသာ ယူခြင်းသည်လည်း ကြွင်းသော ပညတ္တိ ဝီတိက္ကမန္တရာယ် အရိယူပဝါဒန္တရာယ် နှစ်ပါးမှာ သပ္ပဋိကရ ကုစား၍ ရကောင်းသောကြောင့်တည်း။ ဝါ၊ ကမ္မန္တရာယ်၌ ဝင်သောကြောင့်တည်း။
တိဏ္ဏမေဝ စေ’တ္ထ အန္တရာယာနံ ဂဟဏံ ဣတရဿ သပ္ပဋိကာရတ္တာ ကမ္မန္တရာယ ပက္ခိကတ္တာ ဝါတိ ဒဋ္ဌဗ္ဗံ။
ဋီကာ (မဟာ၊ပ၊နှာ-၂၀၀)
တသ္မာ၊ ထိုသို့ ကမ္မန္တရာယ်စသည်တို့၏ ဆုံးရှုံးခြင်းကို ပြုတတ်သည်၏ အဖြစ်ကြောင့်။ ဝဇ္ဇေယျ၊ ကြဉ်နိုင်ကောင်းစွာ ကံ ကိလေသာဝရဏတို့ကို။ ဝဇ္ဇိယ၊ ဝေးစွာ ရှောင်ကြဉ်၍။ သဒ္ဓမ္မဿဝနာဒီဟိ၊ သူတော်ကောင်းတရား စကားကို ကြားနာခြင်း စသည်တို့ဖြင့်။ သဒ္ဓါဒိကေ၊ သဒ္ဓါ ဆန္ဒ ပညာတို့ကို။ ဝဍ္ဎေတွာန၊ တိုးပွါးစေ၍။ ကမ္မဋ္ဌာနံ၊ သမထ ဝိပဿနာ ဘာဝနာ ကမ္မဋ္ဌာန်းကို။ အနုယုဉ္ဇတု၊ နေ့ရောညဉ့်ပါ အခါမစဲ အဖန်တလဲလဲ အားထုတ်စေသတည်း။
ကသိုဏ်းဆယ်ပါး ပြီး၏။
အသုဘ ၁၀-ပါး
အသုဘဆယ်ပါး ပွါးများစီးဖြန်းပုံ အဆုံးအဖြတ်ကား —
- ဥဒ္ဓုမာတကံ၊ သေသည်မှ နှစ်ရက် သုံးရက်ကြူး၍ ဖူးဖူးရောင်ပုပ် စက်ဆုပ်ဖွယ်သော သူကောင်၎င်း။
- ဝိနီလကံ၊ အသားများရာ၌-နီ၊ ပြည်စုရာ၌-ဖြူ၊ ယေဘုယျအားဖြင့် ညိုမည်းဟောင်ပုပ် စက်ဆုပ်ဖွယ်သော သူကောင်၎င်း။
- ဝိပုဗ္ဗကံ၊ ပေါက်ပြတ်ကွဲအက် ယိုထွက်ပြည်ပုပ် စက်ဆုပ်ဖွယ်သော သူကောင်၎င်း။
- ဝိစ္ဆိဒ္ဒကံ၊ နှစ်ပိုင်းဖြတ်ခုတ် စက်ဆုပ်ဖွယ်သော သူကောင်၎င်း။
- ဝိက္ခာယိတကံ၊ ခွေး ကျီး လင်းတ သစ် ကျားစသည် ထိုမှဤလဲ ကိုက်ခဲဆိတ်ကုတ် စက်ဆုပ်ဖွယ်သော သူကောင်၎င်း။
- ဝိက္ခိတ္တကံ၊ ခြေ လက် ခေါင်း ကိုယ် ဖရိုဖရဲ တကွဲတပြား တခြားစီ ပစ်ပယ် စက်ဆုပ်ဖွယ်သော သူကောင်၎င်း။
- ဟတဝိက္ခိတ္တကံ၊ ကျီးခြေမယွင်း ဓားဖြင့်မြွင်းလျက် ခြေလက် ခေါင်း ကိုယ် ဖရိုဖရဲ တကွဲတပြား တခြားစီပစ်ပယ် စက်ဆုပ်ဖွယ်သော သူကောင်၎င်း၊
- လောဟိတကံ၊ ထိုထိုဤဤ နီနီတွေးတွေး သွေးယို လိမ်းကျံသော သူကောင်၎င်း။
- ပုဠုဝကံ၊ ပိုးလောက်ဝင်ထွက် ကျိကျိတက်ပြွမ်းသော သူကောင်၎င်း။
- အဋ္ဌိကဉ္စ၊ တချောင်းလည်းကောင်း ပေါင်းလည်းစပ်တွယ် စက်ဆုပ်ဖွယ်သေ၁ အရိုး၎င်း။
ဣတိဣမေ၊ ဤဆယ်ပါးတို့သည်။
ဒသ အသုဘာနာမ၊ အသက်ကုန်ပျောက် ခန္ဓာဖောက်က ရောက်မြဲအသင့် မတင့်မတယ် ရွံဖွယ်ဆယ်ပါးတို့မည်ကုန်၏။
ဤအနက်ကို နှုတ်တက် ရွက်ဆောင်ရမည်။ ဤဆယ်ပါးတို့ကို ပွါးများ စီးဖြန်း၍ရသော ဥဂ္ဂဟနိမိတ် ပဋိဘာဂနိမိတ် တို့သည်၎င်း၊ ပဋိဘာဂနိမိတ် တို့၌ ရအပ်သော ဈာန်တို့ သည်၎င်း၊ ဥဒ္ဓုမာတက စသည် မည်ကုန်သည် ချည်းတည်း။
ဥဒ္ဓုမာတက အသုဘကမ္မဋ္ဌာန်း စီးဖြန်းပုံ
ထိုဆယ်ပါးတို့တွင် ဥဒ္ဓုမာတကသူကောင်၌ ဥဒ္ဓုမာတက နိမိတ်ကို ဖြစ်စေ၍ ဥဒ္ဓုမာတက ဈာန်ကို ပွါးများစီးဖြန်းလိုသော ယောဂီပုဂ္ဂိုလ်သည် --
အဆုံးအဖြတ် ငါးပါး
ဂမနဗ္ဗိဓိ သမန္တာ၊
နိမိတ္တဿု' ပလက္ခဏံ။
ဧကာဒသဟိ နိမိတ္တ-
ဂ္ဂါဟော မဂ္ဂပ္ပဋိက္ခဏာ။
အပ္ပနာဝိဓာနဉ္စေတိ၊
ဥဂ္ဂဏှေ ပဉ္စ သာဓုကံ။
ဂမနဗ္ဗိဓိ၊ အသုဘကောင်ရှိရာအရပ်သို့ သွားအပ်သော အစီအရင်၎င်း။
သမန္တာ၊ သူကောင်ဝန်းကျင် နီးချဉ်းတင်၌။ နိမိတဿ၊ သစ်ပင်ချုံဖုတ် သစ်ငုတ် စသောအာရုံကို။ ဥပလက္ခဏံ၊ ပူးယှဉ်မှတ်သား ပိုင်းခြားခြင်း၎င်း၊
ဧကာဒသဟိ၊ ဝဏ္ဏ လိင်္ဂ စသည်အပြား ဆဲ့တပါးတို့ဖြင့်။ နိမိတ္တဂ္ဂါဟော၊ ဥဂ္ဂဟနိမိတ် ယူခြင်း၎င်း။
မဂ္ဂပ္ပဋိပက္ခာ၊ ဂတာဂတံ အသွားအပြန်လမ်းကို တဖန်ဆင်ခြင်ခြင်း၎င်း။
အပ္ပနာဝိဓာနဉ္စ၊ ဥဂ္ဂဟနိမိတ် ထင်သည့်နောက် အပ္ပနာရောက်အောင်သော အစီအရင်၎င်း။
ဣတိ ဣမေ ပဉ္စ၊ ဤငါးပါးသော အဆုံးအဖြတ်တို့ကို။ သာဓုကံ၊ ကောင်းမွန် သေချာ ထင်မြင်စွာသိအောင်။ ဥဂ္ဂဏှေ၊ ဆရာ့ထံပါး သင်ကြားနာယူရာ၏။
ဤ သင်္ဂဟဂါထာနှင့်အညီ ဤငါးပါးတို့ကို အောက် (ဤကျမ်း ဒု၊ နှာ-၁၅၃) ၌ပြခဲ့သော ကလျာဏမိတ္တထံပါး၌ ပိုင်းခြားထင်ထင် သိအောင် သင်အပ်၏။
သွားနည်း အစီအရင်
ထိုငါးပါးတို့တွင် ဂမနဝိဓိ ဟူသည်ကား —
ဆောင်ပုဒ်လင်္ကာ
ဥဒ္ဓုမာတက၊ ဘယ်မှာ ရအံ့၊
သုတ စကား၊ နားတစွင့်စွင့်၊
ငံ့လင့်ရှာပါ၊ ကြားသောခါလည်း၊
ဘယာ ဘယ၊ သဘာဂကို၊
ထောက်ဆစုံစမ်း၊ ဘေးဘျမ်း ရောဂါ၊
ကြုံသောခါ၌၊ကူငြာ ပံ့ထောက်၊
စောင့်ရှောက်စေလို၊ ထေရ်ကို ပန်ကြား၊
ဝမ်းပါး ရွှင်ပျ၊ ရွှေအိုး ရမည့်နှယ်၊
မူလကမ္မဋ္ဌာန်း၊ စီးဖြန်းသိမ်းဆည်း၊
တယောက်ထီးသာ၊ တုတ်ကိုင်ကာလျှင်၊
ထွက်ရာတံခါး၊ သွားလေ လမ်းရှောက်၊
ကွေ့ကောက် လိမ်တင်၊ သစ်ပင် ချုံဖုတ်၊
သစ်ငုတ်စသား၊ မှတ်ခဲ့ထား၍၊
သွားရလေညာ၊ နေရာတကျ၊
အသုဘကို၊ လှလှမြင်လောက်၊
လေ့အောက် လေညာ၊ စွန့်ခွါထိုင်ရေး၊
မဝေး မချဉ်း၊ ခြေရင်း မကျ၊
ခေါင်း မကျပဲ၊ ချက်မလယ်ဗွေ၊
ငြိမ်သက်နေသည်။
သွားလေ မူလကျင့်ခန်းတည်း။
‘မူလကမ္မဋ္ဌာန’န္တိ ပကတိယာ အတ္တနာ ကာလေန ကာလံ ပရိဟရိယမာနံ ဗုဒ္ဓါနုဿတိအာဒိ သဗ္ဗတ္ထကကမ္မဋ္ဌာနံ။
ဝိသုဒ္ဓိမဂ်ဋီကာ (ပ၊ နှာ-၂၀၃)
မူလကမ္မဋ္ဌာနန္တိ၊ မူလကမ္မဋ္ဌာနံ ဟူသည်ကား။ ပကတိယာ၊ ပကတိအားဖြင့်။ အတ္တနာ၊ မိမိသည်။ ကာလေနကာလံ၊ ရံခါရံခါ၌ (အခါအားလျော်စွာ)။ ပရိဟရိယမာနံ၊ ဆောင်အပ်သော။ ဗုဒ္ဓါနုဿတိအာဒိ သဗ္ဗတ္ထက ကမ္မဋ္ဌာနံ၊ ဗုဒ္ဓါနုဿတိ စသော သဗ္ဗတ္ထက ကမ္မဋ္ဌာန်းကို။
ဝန်းကျင်နိမိတ် မှတ်သားခြင်း
သမန္တာ နိမိတ္တဿုပလက္ခဏံ ဟူသည်ကား---
သမန္တာ၊ ထက်ဝန်းကျင်မှ။ နိမိတ္တဿ၊ နိမိတ်ကို။ ဥပလက္ခဏံ၊ မှတ်သားခြင်း။
နေကာ ငြိမ်သက်၊ တက်ကြွကိုယ်စိတ်၊
နိမိတ် ရှုတွင်း၊ မျက်မြင် ကွင်းမှာ၊
ကပ်ချဉ်း နီးတွယ်၊ သစ်နွယ် ချုံဖုတ်၊
ကျောက် သစ်ငုတ်ဟု၊ တခုခုကို၊
စေ့ငု ပုံဟန်၊ သဏ္ဌာန်နာမ၊
ပမာဏဖြင့်၊ ဤမှသစ်ပင်၊
ဤတွင် အသုဘ၊ ဤက အသုဘာ၊
ဤမှာ သစ်ပင်၊ ပူးကာ ယှဉ်၍။
ဆင်ခြင် ပိုင်းခြားရာသတည်း၊
ထက်ဝန်းကျင်ကို ပိုင်းခြားမှတ်သားခြင်းအကျိုး
သမန္တာ နိမိတ္တု'ပလက္ခဏာ အသမ္မောဟတ္ထာ အသမ္မော ဟာ'နိသံသာ။
အဋ္ဌကထာ (ပ၊ နှာ-၁၇၆)
သမန္တာ၊ နီးပါးချဉ်းတင် ထက်ဝန်းကျင်၌။ နိမိတ္တုပလက္ခဏာ၊ သစ်နွယ်ချုံဖုတ် ကျောက်သစ်ငုတ် စသော အာရုံကို စေ့စုံစွာမှတ်သား ပိုင်းခြားခြင်းသည်။ အသမ္မောဟတ္ထာ၊ မတွေမဝေခြင်း အကျိုး ရှိ၏။ အသမ္မောဟာနိသံသာ၊ ကြောက်လန့် ပျောက်ကင်း မတွေဝေခြင်း အာနိသင် ရှိ၏။
ပါဠိတော်၌ ပြအပ်သော အာရုံ သုံးဆဲ့ရှစ်ပါးတို့တွင် ဤ အသုဘအာရုံထက် ကြောက်မက် ဖွယ်သောကမ္မဋ္ဌာန်း မရှိ။ ထို့ကြောင့် အချိန်မဟုတ် မိုးချုပ်ဆည်းဆာ တယောက်ထီးသာ သွား၍ ပွါးများစီးဖြန်းရာ ဥဂ္ဂဟနိမိတ် ထင်သောအခါ ထိုသူသေကောင် ထ၍ ဖိစီး လွှမ်းမိုး၍ အစဉ်လိုက်၍ လာသကဲ့သို့ ထင်တတ်သည်။ ထိုအခါ တုန်လှုပ်ခြောက်လန့် စိတ်ပျံ့ရူးသွပ် မဖြစ်စေပဲ --
ယထာယံ ရုက္ခော နာ'ဂစ္ဆတိ၊
သရီရမ္ပိ တထေဝိ'ဒံ။
အယံ ပန တုယှံ ဥပ-
ဋ္ဌာနာကာရော'၀ သညဇော။
မာ ဘာယိ ဘိက္ခု တေ အဇ္ဇ၊
ကမ္မဋ္ဌာနံ ဥပဋ္ဌိတံ။
အယံ ရုက္ခော၊ အနီးချဉ်းတင် ဤသစ်ပင်သည်။ န အာဂစ္ဆတိ ယထာ၊ မလာတတ်သကဲ့သို့။ တထာဧဝ၊ ထို့အတူသာလျှင်။ ဣဒံ သရီရမ္ပိ၊ ဤဖူးဖူး ပုပ်ရောင် သူသေကောင်သည်လည်း။ နာဂစ္ဆတိ၊ ထ၍မလိုက်လာတတ်။
မတသရီရံ ဥဋ္ဌဟိတွာ အနုဗန္ဓနကံ နာမ နတ္ထိ အသတိ တာဒိသေ မန္တပ္ပယောဂေ။ သောပိ ဥဒ္ဓုမာတကာဒိဘာဝမပ္ပတ္တေ အဝိနဋ္ဌရူပေဧဝ ဣဇ္ဈတိ။ တထာ ဒေဝတာဓိဂ္ဂဟော။ န ဧဝရူပေတိ အဓိပ္ပါရော။ ဋီကာ (မဟာ၊ပ၊နှာ-၂ဝ၈)
အယံ ပန၊ ဤထ၍လိုက်လာသကဲ့သို့ ဖြစ်ခြင်းသည်ကား။ တုယှံ၊ သင်၏။ သညဇော၊ ဘာဝနာပရိကမ္မသညာကြောင့် ဖြစ်သော။ ဥပဋ္ဌာနာကာရော၀၊ မဟုက်ပဲနှင့် စိတ်ထဲတွင်သာ ထင်သော အခြင်းအရာသာလျှင်တည်း။ ဘိက္ခု၊ ရဟန်း။ မာ ဘာယိ၊ မကြောက်လင့်။ တေ၊ သင်အား။
ဝါ၊ သင်၏။ ကမ္မဋ္ဌာနံ၊ သုခဝိသေသ ကာရဏ ယောဂ ကမ္မသည်။
ဝါ၊ ယောဂကမ္မ၏ အကြောင်း တည်ရာအာရုံ အသုဘဥဒ္ဓုမာတကနိမိတ်သည်။ အဇ္ဇ၊ ယခုနေ့၌။ ဥပဋ္ဌိတံ၊ ထင်ရှား၏။
ဝါး စိတ်မှာကပ်၍ တည်၏။
ဤသို့ ဆုံးမနှိပ်နင်း ကြောက်ခြင်းကို ပယ်ဖျောက်၍ ဝမ်းမြောက်ရွှင်ပျ ထိုဥဂ္ဂဟနိမိတ်၌ ဘာဝနာစိတ်ကို ဖြစ်စေသည်ရှိသော် တရားထူးကို ရ၍ အသမ္မောဟ အကျိုးအာနိသင် ရှိသည် ဟူလို။
ဥဒ္ဓုမာတက၌ ဥဂ္ဂဟနိမိတ်ယူပုံ ၁၁-မျိုး
▬▬▬▬▬▬▬▬▬
ဧကာဒသနိမိတ္တဂ္ဂါဟ
“ဧကာဒသဟိ နိမိတ္တဂ္ဂါဟော”ဟူသည်ကား --
ဥဂ္ဂဟနိမိတ်ယူပုံ ၆-မျိုး တနည်း
▬▬▬▬▬
ပိုင်းခြား ဆင်ခြင်၊ ပြီးလျှင် စူးစူး၊
ဖူးဖူး ရောင်ပွ၊ အသုဘကို၊
ရှင်က ရေ ဆင်း၊ ယင်းရွယ် လိင်္ဂ၊
ခေါင်း လည်စသည်၊ ရောင်ထ သဏ္ဌာန်၊
ချက်ဌာန် ထက် အောက်၊ ဝါ- ရှေ့နောက်နှင့်၊
တောင် မြောက်ဒိသာ၊ ဤမှာ လက် ခြေ၊
မဇ္ဈေကိုယ် ခေါင်း၊ တကြောင်း မှတ်ပိုက်၊
ဤရပ်၌ငါ၊ ဤမှာ အသုဘ၊
ဩကာသတည်း၊ ပါဒ ကေသာ၊
ဖီလာ အရေ၊ အဗ္ဘန္တေမှာ၊
ပြည့်လေ ကုဏပ၊ ဒွတ္တိံသဟု၊
မှတ်ထ ပိုင်းခြား၊ နည်းတပါးမှု၊
ဤကား ဟတ္ထ၊ ပါဒ, သီသေ၊
မဇ္ဈေ ကာယ၊ ပိုင်းခြား ရ၏၊
ဝါ- တနည်းမှာ၊
လိုရာ ဌာန၊ တစိတ်မျှကို၊
ရောင်ပွရှုလေ၊ ပရိစ္ဆေဒ၊
ဤခြောက်ဝဖြင့်။
ဥဂ္ဂဟနိမိတ် ယူလေတည်း။
(ကုဏပ = သူသေကောင်ပုပ်)
အဓိပ္ပါယ်ကား -- ရှေးရှေး ရှင်တော်ဘုရားတို့ ထံပါး၌ …
ပွါးများလေ့လာခဲ့ ဘူးသော အသုဘကမ္မဋ္ဌာန်း၊
ကြိုးပမ်း ဆောင်ရွက်ခဲ့ဘူးသော ဓုတင်၊
ဆင်ခြင် နှိပ်နည်ခဲ့ဘူးသော မဟာဘုတ်၊
အားထုတ်သိမ်းဆည်းခဲ့ဘူးသော သင်္ခါရ တရား၊
ပိုင်းခြားခဲ့ဘူးသော ရုပ်နှာမ်၊
ခွါလှန်ဖွင့်လှစ်ခဲ့ဘူးသော သတ္တဇီ၀ သညာ၊
ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိတိုင်အောင် ကျင့်ဆောင် အားထုတ်ခဲ့ဘူးသော ရဟန်းတရား၊
ပွါးများပြည့်စုံ ထုံခဲ့ဘူးသော ကုသိုလ်ဝါသနာ -
ရှိသော ဝိဝဋ္ဋပနိဿယ ကုသိုလ်မျိုးစေ့ မာသန် ဉာဏ်လွန်ကဲစွာ ကိလေသာ နည်းပါးသော အမျိုးကောင်းသမီး သားတို့မှာ အာရုံ ကာလ, ပဒေသဝိသေသကို မငဲ့မဆိုင်း မချင့်နှိုင်းပဲ ကြည့်လေတိုင်း အလုံးစုံ ရှုလေတိုင်း အသုဘအာရုံတို့ ၌ပင်လျှင် ပဋိဘာဂနိမိတ် ထင်လာသည်။
ထိုကဲ့သို့ မထင်လာသော ပါရမီဘုန်းကံ ဉာဏ်သမ္ဘာသိမ်သေး ပညာနုန့်နှေးသော ပုဂ္ဂိုလ်တို့သည်ကား ဝဏ္ဏ လိင်္ဂ သဏ္ဌာန ဒိသာ ဩကာသ ပရိစ္ဆေဒ၊ ဤခြောက်ပါးသော အပြားဖြင့် ဥဂ္ဂဟနိမိတ် ယူအပ်၏။ ဥဂ္ဂဟနိမိတ် ထင်၏ ဟူလိုသည်။
(ဝဏ္ဏ၊ အရေအဆင်း။
လိင်္ဂ၊ ပဌမရွယ်၌ တည်သူ၏ကိုယ် စသောအသွင်။
သဏ္ဌာန၊ ရှည် တိုစသော ပုံသဏ္ဌာန်။
ဒိသာ၊ အရပ်ဒေသ။
ဩကာသ၊ တည်ရာ။
ပရိစ္ဆေဒ၊ အပိုင်းအခြား။
- ဝိသုဒ္ဓိ အဋ္ဌကထာ ၊ပ၊နှာ-၁၇၈-၌ အကျယ် ရှု၊ လင်္ကာ၌လည်း ဖော်ပြထားသည်)
တနည်း ဥဂ္ဂဟနိမိတ်ယူပုံ ၅-မျိုး
▬▬▬▬▬▬▬▬▬▬▬
သို့မှ နုန့်နှေး၊ မထင်သေးမူ၊
လက်ရေး ခြေစပ်၊ လည် ခါးစပ်ဟု၊
စုဒ္ဒသ် သန္ဓိ၊ ဝိဝရဟူပေ၊
လက်ခြေ ဝမ်း နား၊ နှာပေါက်ကြားဟု၊
ပေါက်ကြားစသည်၊ နိန္နမျက်ကွင်း၊
ခံတွင်း လည်မျို၊ ထိုထိုနိမ့်ရာ၊
ငါနိမ့်ရာက၊ ထလ နဖူး၊
ရင် ဒူးမောက်ရာ၊ ငါမောက်ရာက၊
ပတ်ချာ သရီရ၊ သမန္တအား၊
ဤငါးပါးဖြင့်၊ ပိုင်းခြား နိမိတ် ယူလေတည်း။
ယခင် ခြောက်ပါးသော အပြားဖြင့် ပွါးများပါသော်လည်း နိမိတ်မထင် လာသေးလျှင် သန္ဓိ ဝိဝရ နိန္န ထလ သမန္တ [၁]၊ ဤငါးပါးသော အားဖြင့် ပွါးများနိမိတ် ယူအပ်၏ ဟူလိုသည်။ ပေါင်း ဆဲ့တပါးဖြစ်၏။
[၁။ သန္ဓိ = အစပ်အဆက် (အဆက်ကြီး ၁၄- ရှိသည်)။
ဝိဝရ = အကြား အပေါက် (လက်ချောင်းများအကြား စသည်)။
နိန္န = နိမ့်ရာဌာန။
ထလ=မြင့်(မောက်)ရာဌာန။
သမန္တ = ထက်ဝန်းကျင်။
(ဝိသုဒ္ဓိ၊ဋ္ဌ၊ပ၊ နှာ-၁၈၀-၌ အကျယ်ရှု)
အစပ် ၁၄-ပါး
▬▬▬▬▬
လက်ျာလက်၌ (၁) ပခုံး၊ (၂) တတောင်ဆစ်။ (၃) လက်ကောက်ဝတ် အားဖြင့်အစပ် ၃-ပါး။
ထို့အတူ လက်ဝဲလက်၌ အစပ် ၃-ပါး။
လက်ျာခြေ၌ - (၁) ခါး။ (၂) ပေါင်ဆစ်၊ ဒူးဆစ်။ (၃) ခြေဖမျက် (ခြေချင်းဝတ်အဆစ်) အားဖြင့် အစပ် ၃-ပါး။
ထိုအတူ လက်ဝဲခြေ၌ အစပ် ၃-ပါး။
လည်ပင်း၌ အစပ် ၁-ပါး။
ခါးနှင့်ကျောရိုး အစပ် ၁-ပါး အားဖြင့် အစပ်ပေါင်း ၁၄-ပါး ဖြစ်သည်။]
“သမန္တတော”တိ သဗ္ဗံ သရီရံ သမန္တတော ဝဝတ္ထပေတဗ္ဗံ။ သကလသရီရေ ဉာဏံ စာရေတွာ ယံ ဌာနံ ဝိဘူတံ ဟုတွာ ဥပဋ္ဌာတိ၊ တတ္ထ 'ဥဒ္ဓုမာတကံ ဥဒ္ဓုမာတုက'န္တိ စိတ္တံ ဌပေတဗ္ဗံ၊ သစေ ဧဝမ္မိ န ဥပဋ္ဌာတိ ဥဒရပရိယောသာနံ အတိရေကမုဒ္ဓု' မာတကံ ဟောတိ၊ တတ္ထ ဥဒ္ဓုမာတကံ ဥဒ္ဓုမာတုကန္တိ စိတ္တံ ဌပေတဗ္ဗံ။ ဝိသုဒ္ဓိမဂ် (ဋ္ဌ၊ပ၊ နှာ-၁၈၀)
“သမန္တတော”တိ ဧဝံ သန္ဓိအာဒိတော ဥဒ္ဓုမာတကံ ဝဝတ္ထပေန္တဿ စေ နိမိတ္တံ ဥပတိဋ္ဌတိ။ ဣစ္စေတံ ကုသလံ။ နော စေ။ သမန္တတော ၀၀တ္တပေတဗ္ဗန္တိ ဝဝတ္ထာပနဝိဓိံ ဒဿေတုံ သကလသရီရေတိအာဒိ ဝုတ္တံ။ ... ဥဒရပရိယောသာနံ ဥပရိမသရီရံ။ ၎င်းဋီကာ (မဟာ၊ ပ၊ နှာ-၂၀၇)
သမန္တတောတိ၊ သမန္တတော ဟူသည်ကား။
သဗ္ဗံ သရီရံ၊ တကိုယ်လုံးကို။
သမန္တတော၊ ထက်ဝန်းကျင်မှ။
ဝဝတ္ထပေတဗ္ဗံ၊ ပိုင်းခြားအပ်၏။
သကလသရီရေ၊ တကိုယ်လုံး၌။
ဉာဏံ၊ ဘာဝနာဉာဏ်ကို။
စာရေတွာ၊ ဖြစ်စေ၍။
ယံ ဌာနံ၊ အကြင်အရပ်သည်။
ဝိဘူတံ၊ ထင်ရှားသည်။
ဟုတွာ၊ ဖြစ်၍။
ဥပဋ္ဌာတိ၊ ထင်၏။
တတ္ထ၊ ထိုအရပ်၌။
ဥဒ္ဓုမာတကံ ဥဒ္ဓုမာတကန္တိ၊ ဖူးဖူး ရောင်သော သူကောင် ဖူးဖူးရောင်သော သူကောင်ဟူ၍။
စိတ္တံ၊ ဘာဝနာစိတ်ကို။
ဌပေတဗ္ဗံ၊ ထားအပ်၏။
ဧဝမ္ပိ၊ ဤသို့ စိတ်ကိုထားပါသော်လည်း။
သစေ န ဥပဋ္ဌာတိ၊ အကယ်၍ မထင်သည်ဖြစ်အံ့။
ဥဒရ ပရိယောသာနံ၊ ဝမ်းဗိုက်အဆုံးသည်။ (ဋီကာ အလိုအားဖြင့်) ဝမ်းဗိုက်အဆုံးရှိသော အထက်ကိုယ်သည်။
အတိရေကံ၊ အလွန်အကဲ။
ဥဒ္ဓုမာတကံ၊ ဖူးဖူးရောင်သည်။
ဟောတိ၊ ဖြစ်၏။
ဝါ- အတိရေကံ ဥဒ္ဓုမာတကံ၊ အလွန်ရောင်သည်ကား။
ဥဒရပရိယောသာနံ၊ ဝမ်းဗိုက်လျှင် အဆုံးစွန်သည်။
ဟောတိ၊ ဖြစ်၏။
တတ္ထ၊ ထိုဝမ်းဗိုက်၌။
ဝါ၊ ဝမ်းဗိုက်အဆုံးရှိသော အထက်ကိုယ်၌။
ဥဒ္ဓုမာတကံ ဥဒ္ဓုမာတကန္တိ၊ ဖူးဖူးရောင်ကိုယ် ဖူးဖူးရောင်သောကိုယ် ဟူ၍။
စိတ္တံ၊ စိတ်ကို။
ဌပေတဗ္ဗံ၊ ထားအပ်၏။
အဋ္ဌကထာနက်။
သမန္တတောတိ၊ သမန္တတော ဟူသည်ကား။
ဧဝံ၊ ဤဆိုခဲ့ပြီးသည့်အတိုင်း။
သန္ဓိအာဒိတော၊ သန္ဓိ ဝိဝရ နိန္န ထလ ဟူသော လေးပါးသော အပြားဖြင့်။
ဥဒ္ဓုမာတကံ၊ ဖူးဖူးရောင်သာ အာရုံကို။
ဝဝတ္တပေန္တဿ၊ ပိုင်းခြားသော ယောဂီအား။
နိမိတ္တံ၊ ဥဂ္ဂဟနိမိတ်သည်။
စေ ဥပတိဋ္ဌတိ၊ အကယ်၍ ထင်သည် ဖြစ်အံ့။
ဣစ္စေတံ၊ ဤသို့ ထင်ခြင်းသည်။
ကုသလံ၊ ကောင်းလှပြီ။
နော စေ ဥပတိဋ္ဌတိ၊ အကယ်၍ မထင်သည်ဖြစ်အံ့။
သမန္တတော၊ ထက်ဝန်းကျင်မှ။
၀၀တ္တပေတဗ္ဗံ၊ ပိုင်းခြား မှတ်သားအပ်၏။
ဣတိ၊ ဤသို့။
ဝဝတ္ထာပနဝိဓိံ၊ ပိုင်းခြားပုံ အစီအရင်ကို။
ဒဿေတုံ၊ ပြခြင်းငှါ။
သကလသရီရေတိအာဒိ၊ သကလသရီရေ စသောစကားကို။
ဝုတ္တံ၊ မိန့်တော်မူအပ်၏။
... ဥဒရပရိယောသာနံ၊ ဥဒရပရိယောသာန ဟူသည်ကား။
ဥပရိမ သရီရံ၊ အထက်ကိုယ်တည်း။
ဋီကာနက်။
ဤ၌ “ဥဒရပရိယောသာနံ” ပုဒ်ကို “ဥပရိမသရီရံ” ဟု ဋီကာရှင် ဗဟုဗ္ဗီဟိသမာသ် ဖွင့်တော်မူ၏။ ယခင် အနက်သမ္ဗန်ခဲ့သည့်အတိုင်း တပ္ပုရိသမာသ် ကမ္မဓာရယ်သမာသ် သာလွန်၍ သင့်အံ့ထင်သည်။
ကိုယ်အင်္ဂါဟူသမျှတွင် ဝမ်းဗိုက်သာ လွန်၍ အရောင်ဆုံး ဖြစ်ရကား ဝမ်းဗိုက်ကိုရှု ဆိုလိုသည်။
ပွါးများစီးဖြန်းရကျိုး
▬▬▬▬▬▬▬
ဤတဆဲ့တပါးသော အပြားအားဖြင့် ပွါးများစီးဖြန်းရကျိုးကား --
ဧကာဒသဝိဓေန နိမိတ္တဂ္ဂါဟော ဥပနိဗန္ဓနတ္ထော ဥပနိဗန္ဓနာနိသံသော။
အဋ္ဌကထာ (ဝိသုဒ္ဓိမဂ်၊ ပ၊ နှာ-၁၇၆။)
ဧကာဒသဝိဓေန၊ ၁၁-ပါး အပြားဖြင့်။
နိမိတ္တဂ္ဂါဟော၊ ဥဂ္ဂဟနိမိတ်ကို ယူခြင်းသည်။
ဥပနိဗန္ဓနတ္ထော၊ အသုဘအာရုံ၌ စိတ်ကို ဖွဲ့စပ်၍ အရဟတ္တဖိုလ် တိုင်အောင်သော အကျိုး ရှိ၏။
ဥပနိဗန္ဓနာနိသံသော၊ အသုဘအာရုံ၌ စိတ်ကို ဖွဲ့စပ် အစဉ်အတိုင်း တက်ကပ်၍ အရဟတ္တဖိုလ် တိုင်အောင်သော အာနိသင်ရှိ၏၊
ဥဒ္ဓုမာတကအာရုံကို မျက်စိဖြင့် ကြည့်၍ ဥဂ္ဂဟနိမိတ် ထင်သည်၊
ထို့၌ စိတ်ကို ဖြစ်စေ၍ ပဋိဘာဂနိမိတ် ထင်သည်။
ထို၌ စိတ်ကို ဖြစ်စေ၍ အပ္ပနာဈာန်ကို ရသည်။
ထို၌ တည်၍ ဝိပသာနာကို ပွါးစေလျက် အရဟတ္တမဂ်ဖိုလ်ကို မျက်မှောက်ပြုရသည် ဟူလိုသည်။
ဥဂ္ဂဟနိမိတ်ထင်ပြီးသော ကမ္မဋ္ဌာန်းကိုပင် စီးဖြန်းရခြင်း
▬▬▬▬▬▬▬▬▬▬▬
ဤသို့လျှင် မျက်စိဖွင့်၍ ကြည့်သောအခါကဲ့သို့ မျက်စိမှိတ်၍ ဆင်ခြင်သောအခါ မထူး မခြား ထင်သဖြင့် ကောင်းစွာ ဥဂ္ဂဟနိမိတ်ကို ယူပြီးသည်ရှိသော် ထိုသူကောင်ရှိရာ အရပ်၌ အရဟတ္တဖိုလ် ပြီးဆုံးသည် တိုင်အောင် မစွမ်းဆောင်နိုင်သေးလျှင် ကျောင်းမှ သုသာန်သို့ လာစဉ်အခါက ကဲ့သို့ သေချာချာ လမ်းကို မှတ်သားဝေခြမ်းလျက် ဥဂ္ဂဟနိမိတ် ထင်ပြီးသော ထိုကမ္မဋ္ဌာန်းကိုပင် စီးဖြန်းသိမ်းပိုက် စိုက်စိုက် ကျောင်းသို့ ပြန်လည်လာရောက်၍ စင်္ကြံ သွားရာ ထိုင်နေရာတို့၌ ထိုအသုဘကောင် ရှိသော အရပ် မျက်နှာ ထိုအသုဘ အခြင်းအရာကိုသာ ကောင်းစွာ စိတ်တမ်း၍ ကြိုးပမ်းပွါးများ အားထုတ် ဆင်ခြင်အပ်၏။
အသွားအပြန်လမ်းကို ဆင်ခြင်ခြင်း
▬▬▬▬▬▬▬▬▬▬▬▬
မဂ္ဂပ္ပဋိက္ခဏာ [၁] ဟူသည်ကား ဂတာဂတမဂ္ဂပစ္စဝေက္ခဏာကို ဆိုလိုသည်။ သူကောင် ရှိရာက ရခဲ့သော တရုဏနိမိတ်သည် နေ့ ပုစ္ဆာ ပြဿနာမေးသည်ကို ဖြေရခြင်း၊ ပဋိသန္ဓာရ စေတိယင်္ဂဏဝတ် စသည်ကို ပြုရခြင်းတို့ကြောင့် ပျောက်ကွယ် မေ့လျော့ ခဲ့သည်ရှိသော် ဘီလူး သားရဲ ရှိတတ်သောကြောင့်၎င်း၊ တရက် နှစ်ရက်ရှိက ဥဒ္ဓုမာတက ကွယ်ပျောက် ဝိနီလကစသည် အဖြစ်သို့ ရောက်နှင့်သောကြောင့်၎င်း၊ ကသိုဏ်းကဲ့သို့ ပြန်၍ယူဘို့ရာ ခဲယဉ်း ပျောက်လွင့် မရှိနှင့်ရကား သုသာန်သို့ သွားသည်မှစ၍ နိမိတ်ယူ၍ ပြန်ခဲ့သဖြင့် ဤယခု ထိုင်နေရာ တိုင်အောင် အလုံးစုံ အကုန်အစင် ဂတာဂတမဂ္ဂကို ဆင်ခြင်အပ်၏ ဟူလိုသည်။
[၁။ မဂ္ဂပ္ပဋိက္ခာ၊ အသွားအပြန်လမ်းကို ဆင်ခြင်ခြင်း။
(မဂ္ဂ = လမ်း။
ပဋိ = တဖန်။
ဣက္ခဏာ = ရှုဆင်ခြင်ခြင်း)။]
ထိုအခါ ကာမဝိတက် အားကြီးလှ၍ ဦးရီးမထေရ်ကို ယပ်တောင်ဖြင့် ခုတ်မိသော ဘာဂိနေယ သံဃရက္ခိတ ပဉ္စင်းငယ်အားကဲ့သို့ ဝိတက်၏အစွမ်း အားဖြင့်ပင် ရှေ့တွင် သူကောင်ချထားသကဲ့သို့ ထင်ရှားလာ၏။ ရှေးအတိုင်း ကမ္မဋ္ဌာန်းဖြောင့်တန်း လမ်းမှန်၏။ ထို့ကြောင့် --
“ဂတာဂတမဂ္ဂပစ္စဝေက္ခဏာ ဝီထိသမ္ပဋိပါဒနတ္ထာ ဝီထိသမ္ပဋိပါဒနာနိသံသာ” --
ဟု အဋ္ဌကထာ မိန့်သည်။
အသွားအပြန်လမ်းကို ဆင်ခြင်ရကျိုး
▬▬▬▬▬▬▬▬▬▬▬▬
ဂတာဂတမဂ္ဂပစ္စဝေက္ခဏာ၊ အသွားအပြန်လမ်းကို တမ်းမှန်းကုန်စင် အဖန်ဖန် သက်ဝင်၍ ဆင်ခြင်ခြင်းသည်။
ဝီထိသမ္ပဋိပါဒနတ္ထာ ဝီထိသမ္ပဋိပါဒနာနိသံသာ၊ ကမ္မဋ္ဌာန်းလမ်းကို ဖြောင့်တန်းစွာ ပြီးစေခြင်း အကျိုးအာနိသင် ရှိ၏။
ဤသို့ ပွါးများဆင်ခြင်၍ ထင်လာသော ဥဂ္ဂဟနိမိတ်ကို စတုဓာတု အာနာပါန ကသိဏ စသော အခြားကမ္မဋ္ဌာန်းနှင့် မတူပဲ အလွန်ရခဲသော ကမ္မဋ္ဌာန်း ဖြစ်၍ ဒုဂ္ဂတပုရိသသည် မဟဂ္ဃမဏိရတနာကို ရသကဲ့သို့ ရတနာလောက် ထင်မှတ် လေးမြတ် စုံမက် နှစ်သက်စွာ စောင့်ရှောက်၍ နေ့နေ့ ညည “ဥဒ္ဓုမာတက ပဋိကူလံ ဥဒ္ဓုမာတကပဋိကူလံ”ဟု စီးဖြန်းဆင်ခြင် စိတ်တွင်ဖွဲ့ထား ပွါးများကြံစည် အဖန်ဖန် ပြုသည်ရှိသော် ပဋိဘာဂနိမိတ် ဖြစ်လာ၏။
ဥဂ္ဂဟနိမိတ်နှင့် ပဋိဘာဂနိမိတ် ထူးခြားပုံ
▬▬▬▬▬▬▬▬▬
နိမိတ်နှစ်ပါး အထူးကား --
တတြိဒံ နိမိတ္တဒွယဿ နာနာကရဏံ၊ ဥဂ္ဂဟနိမိတ္တံ ဝိရူပံ ဝိဂစ္ဆံ ဘေရဝဒဿနံ ဟုတွာ ဥပဋ္ဌာတိ။ ပဋိဘာဂနိမိတ္တံ ပန ယာဝဒတ္ထံ ဘုဉ္ဇိတွာ နိပ္ပန္နော ထူလင်္ဂပစ္စင်္ဂပုရိသောဝိယ။
ဝိသုဒ္ဓိမဂ်(၊ဋ္ဌ၊ပ၊နှာ-၁၈၃)
တတြ၀စနေ၊ ထိုစကားရပ်၌။
ဣဒံ၊ ဤဆိုလိမ့်သည်ကား။
နိမိတ္တဒွယဿ၊ နိမိတ်နှစ်ပါး၏။
နာနာကရဏံ၊ ကွဲပြားသည်ကို ပြုကြောင်းအထူးတည်း။
ဥဂ္ဂဟနိမိတ္တံ၊ ဥဂ္ဂဟနိမိတ်သည်။
ဝိရူပံ၊ ဖောက်ပြန်မှိန်ညှိုး အဆင်းဆိုးသည်။
ဝိဂစ္ဆံ၊ မသပ်မပယ် မတင့်တယ်သည်။
ဘေရဝ ဒဿနံ၊ ကြောက်မက်ဖွယ်သော အမြင် ရှိသည်။
ဟုတွာ၊ ဖြစ်၍။
ဥပဋ္ဌာတိ၊ ထင်၏။
မနသိကာရဿ အနုဠာရတာယ အနုပသန္တတာယ စ အာရမ္မဏဿ။
မဟာဋီကာ(ပ၊နှာ-၂၁၀)
ပဋိဘာဂနိမိတ္တံပန၊ ပဋိဘာဂနိမိတ်သည်ကား။
ယာဝဒတ္ထံ၊ အလိုရှိတိုင်း။
ဘုဉ္ဇိတွာ၊ စား၍။
နိပ္ပန္နော၊ လျောင်းစက်အိပ်နေသော။
ထူလင်္ဂပစ္စင်္ဂပုရိသောဝိယ၊ ဆူဖြိုးဝလင် ကိုယ်အင်္ဂါကြီးငယ်ရှိသော ယောက်ျားကဲ့သို့။
ဥပဋ္ဌာတိ၊ ထင်၏။
နိဝရဏငါးပါး ပျောက်ကွာခြင်း
▬▬▬▬▬▬▬▬▬▬▬
ယင်း ပဋိဘာဂနိမိတ်ကို အတိဣဋ္ဌာရုံဟု ဆိုသင့်သည်။ ထို့ကြောင့် ပရိကံ ဥပစာ အနုလုံ ဂေါတြဘူ ကိစ္စတပ်သော မဟာကြိယာဉာဏသမ္ပယုတ် သောမနဿသဟဂုတ် အာရုံပြုနိုင်သည်။ ယင်း ပဋိဘာဂနိမိတ် ထင်သည်နှင့် တပြိုင်နက် ဝိက္ခမ္ဘနပဟာန် အားဖြင့် နီဝရဏငါးပါး ပျောက်၍ ဈာန်အင်္ဂါငါးပါး ထင်ရှား ဖြစ်လာ၏။ ပထမဈာန်၏ အဆင်အတု ဥပစာရဈာန်ကိုရ၏။
တဿ ပဋိဘာဂနိမိတ္တပဋိလာဘသမာလမေဝ ဗဟိဒ္ဓါ ကာမာနံ အမနသိကာရာ ဝိက္ခမ္ဘနဝသေန ကာမစ္ဆန္နော ပဟီယတိ။ပ။ ဝိစိကိစ္ဆာ ပဟီယတီတိ ပဉ္စ နီဝရဏာနိ ပဟီယန္တိ။ တသ္မိံ ယေဝ စ နိမိတ္တေ စေတသော အဘိနိရောပနလက္ခဏော ဝိတက္ကောပ။ ဧကဂ္ဂတာ စာတိ ဈာနင်္ဂါနိ ပါတုဘဝန္တိ။ ဧဝမဿ ပထမဈာနပဋိဗိမ္ဗဘူတ' မုပစာရဈာနမ္ပိ တင်္ခဏညေ၀ နိဗ္ဗတ္တတိ။ ဝိသုဒ္ဓိ(ဋ္ဌ၊ပ၊နှာ-၁၈၄)
ပဋိဘာဂနိမိတ္တာရမ္မဏတာယ ဟိ အသုဘသညာယ သဒ္ဓိံ ဗလပ္ပတ္တော သမာဓိ ဥပ္ပဇ္ဇမာနောဝ ကာမစ္ဆန္ဒံ ဝိက္ခမ္ဘေတိ။ ၎င်းဋီကာ(ပ၊နှာ-၂၁၁) အနက်ထင်ပြီ။
အပ္ပနာဝိဓာန
▬▬▬▬▬
အပ္ပနာဝိဓာန ဟူသည်ကား - ယင်းပဋိဘာဂနိမိတ် ထင်သည်မှ စ၍ အပ္ပနာဈာန်ကို ရသည်တိုင်အောင် ပွါးများ အားထုတ်ခြင်းသည် ပထဝီကသိုဏ်းနှင့်တူပြီ။ (ဤကျမ်း၊ ဒု၊ နှာ-၁၈၉ ကြည့်ပါ)
ဥဒ္ဓုမာတက ပြီး၏။
“ကြွင်းသော အသုဘကမ္မဋ္ဌာန်း ၉-ပါး ပွါးများပုံ”
ဝိနီလကစသော နောက် ကိုးပါးတို့ကိုလည်း ဥဒ္ဓုမာတကနှင့် တူစွာ ပွါးအပ်ကုန်၏။ အထူးကား --
ဝိနီလက၌ “ဝိနီလက ပဋိကူလံ, ဝိနီလက ပဋိကူလံ”ဟု စီးဖြန်းသည် ရှိသော် ပြောက်မြောက် ကျားကျား ထင်၏။ ပဋိဘာဂနိမိတ်ကား နီ ဖြူ ညို- သုံးပါးတွင် များရာ ထင်၏။
ဝိပုဗ္ဗက၌ “ဝိပုဗ္ဗက ပဋိကူလံ, ဝိပုဗ္ဗက ပဋိကူလံ”ဟု စီးဖြန်းသည်ရှိသော် ယိုစီး၍ ကျသကဲ့သို့ ဥဂ္ဂဟနိမိတ်ထင်၏။ ပဋိဘာဂနိမိတ်ကား မလှုပ်ငြိမ်သက် စုဝေးလျက်ထင်၏။
ဝိစ္ဆိဒ္ဒက၌ နှစ်ပိုင်းခြား၍ တသားတည်း တခါတကြိမ်တည်း တအာဝဇ္ဇန်းတည်း မထင်လာနိုင်မူ သုဘရာဇာအသွင် အကျွမ်း ဝင်တတ်သည် ဖြစ်၍ မိမိကိုယ်တိုင် လက်ဖြင့် မကိုင်ပဲ သူတပါးကို စေခိုင်း၍သော်၎င်း တုတ် လှံဒဏ် တောင်ဝှေးဖြင့် ကော်ယူ၍သော်၎င်း လက်တသစ်ခန့် အောင် ပူးယှဉ် စပ်ဆက်၍ ထားပြီးလျှင် “ဝိစ္ဆိဒ္ဒက ပဋိကူလံ ဝိစ္ဆိဒ္ဒက ပဋိကူလံ”ဟု စီးဖြန်း ဆင်ခြင်သည် ရှိသော် အလယ်၌ ပြတ်သကဲ့သို့ အကြားအပြတ်နှင့်တကွ ဥဂ္ဂဟ နိမိတ်ထင်၏။ ပဋိဘာဂနိမိတ်ကား အကြားအမြတ်မရှိ ပြည့်ဖြိုးသည် ဖြစ်၍ ထင်၏။
ဝိက္ခာယိတက၌ “ဝိက္ခာယိတက ပဋိကူလံ, ဝိက္ခာယိတက ပဋိကူလံ” ဟု စီးဖြန်း ဆင်ခြင်လတ်သော် ကိုက်ခဲ ဆိတ်ကုတ်ရာနှင့်တကွ ဥဂ္ဂဟနိမိတ် ထင်၏။ ပဋိဘာဂ နိမိတ်ကား အနာအဆာမရှိ ပြည့်ပြည့် ဖြိုးဖြိုး ထင်၏။
ဝိက္ခိတ္တက ဟတဝိက္ခိတ္တက တို့ကား ဝိစ္ဆိဒ္ဒကနှင့် နည်းတူကုန်၏။ “ဝိက္ခိတ္တက ပဋိကူလံ ဟတဝိက္ခိတ္တက ပဋိကူလံ”ဟု စီးဖြန်းပုံသာ ထူးပြားကုန်သည်။
လောဟိတက၌ “လောဟိတက ပဋိကူလံ လောဟိတက ပဋိကူလံ”ဟု စီးဖြန်း ဆင်ခြင် သည်ရှိသော် လေတဖျတ်ဖျတ် ခတ်၍ တုန်လှုပ်သော ကုပ်ကားနီအလား လှုပ်ရှားသော အခြင်းအရာဖြင့် ထင်၏။ ပဋိဘာဂနိမိတ်ကား ငြိမ်ငြိမ်သက်သက် ထင်၏။
ပုဠုဝက၌ ပုပ်သည်မှနောက် နှစ်ရက် သုံးရက်မြောက်၍ ဒွါရကိုးပေါက်မှ ပိုးလောက်ကျိကျိ တက်သော လူသေကောင်၌ ဖြစ်စေ၊ ဒီဃဝါပီ ရေကန်တွင် ဆင်သေကောင်၌ နိမိတ်ထင်သော စူဠပိဏ္ဍပါတိက တိဿမထေရ် ကဲ့သို့ တိရစ္ဆာန်သော်၌ ဖြစ်စေ အိမ်သာ သို့ဝင်ရာ ပိုးလောက်ဝန်းအုံ မစင်ပုံကိုမြင်၍ ဈာန်ရသော ရာဇဂြိုဟ်မြို့အဝင် ကျုံးအပြင်တွင် ဘုရားမြင်တော်မူသော ဝက်ငယ်မအလောင်း မိဖုရားကဲ့သို့ မစင်ပုံ စသည်၌ဖြစ်စေ ပိုးလောက်အစုကို အာရုံပြု၍ “ပုဠုဝက ပဋိကူလံ ပုဠုဝက ပဋိကူလံ” ဟု စီးဖြန်းသည် ရှိသော် လှုပ်ရှား သကဲ့သို့ ဥဂ္ဂဟနိမိတ် ထင်၏။ ပဋိဘာဂနိမိတ်ကား သလေး ထမင်းခဲ ကဲ့သို့ ငြိမ်သက်စွာ ထင်၏။
အဋ္ဌိက၌ သတိပဋ္ဌာန်တွင် ဝေဖန်ဟောပြတော်မူအပ်သော အရိုးငါးပါး တွင် တပါးပါးကို ရှုအပ်၏။
[အသားအသွေး ရှိ၍ အကြောနှင့်စပ်သော အရိုး စသည် ၅-မျိုး။]
ဝဏ္ဏ
ဧကာဒသဟိ နိမိတ္တဂ္ဂါဟော ဟူရာ၌ အရိုး၏ဖြူသောအဆင်းသည် သြဒါတကသိုဏ်း ရောနှောစပ်ရှက်ခြင်းကြောင့် စက်ဆုပ်ဖွယ်သော ပဋိကူလအဆင်းကိုသာ ဝဏ္ဏဟု မှတ်အပ်၏။
လိင်္ဂ
အဆက်ပြုတ်ပြီးသော အရိုး၌ အရွယ်မထင်ရှားခြင်းကြောင့် လက်ရိုး ခြေရိုးစသော အမည်ကို လိင်္ဂဟုမှတ်အပ်၏။ အဆက်မပြုတ်သေး မူကား အရွယ်ကို သိနိုင်ကောင်း၏။ မနှံ့သောကြောင့် မယူသည်ဟု ဋီကာ မိန့်၏။
သဏ္ဌာန
ကြီး ငယ် တို ရှည် လုံးပြား သည်ကို သဏ္ဌာန် ဟု-မှတ်အပ်၏။
ပရိစ္ဆေဒ
ထိုထိုအရိုး၏ အဆုံးကို ပရိစ္ဆေဒဟု-မှတ်အပ်၏။
သန္ဓိ
သန္ဓိကိုကား အရိုးဆက်၌သာ ရ၏။ အရိုးတချောင်းတည်း၌ မရအပ်။
အဋ္ဌိကသင်္ခလိကာယံ သန္ဓိတော ဝဝတ္ထာပနံ လဗ္ဘတိ။ အဋ္ဌိကေ ပန န လဗ္ဘတိ။ ဋီကာ။
အကြွင်း ယထာရဟ ဥဒ္ဓုမာတကနှင့် နည်းတူ၏။ ရှေး ပုဠုဝက စသည် တို့၌လည်း ရသင့်သမျှကို ယူအပ်၏။
ယထာ စေတ္ထ၊ ဧဝမိမံ ဧကာဒသဝိဓေန နိမိတ္တဂ္ဂဟဏံ ဣတော ပုရိမေသု ပုဠုဝကာဒီသုပိ ယုဇ္ဇမာနဝသေန သလ္လက္ခေတဗ္ဗံ။ ဝိသုဒ္ဓိမဂ် (ဋ္ဌ၊ပ၊နှာ-၁၈၆)
ဤသို့လျှင် အရိုးတချောင်းတည်း၌ပင် ဖြစ်သော်လည်း တဆဲ့တပါးသော အပြားဖြင့် “အဋ္ဌိက ပဋိကူလံ, အဋ္ဌိက ပဋိကူလံ” ဟု စီးဖြန်းသည်ရှိသော် အဋ္ဌိသင်္ခလိက၌ အဆက် အစပ် အကြားအပေါက် နှင့်တကွ ဥဂ္ဂဟနိမိတ် ထင်၏။ ပဋိဘာဂ နိမိတ်ကား ပြည့်ပြည့် ဖြိုးဖြိုး ထင်၏။ အရိုးတချောင်းတည်း၌ကား မတင့်မတယ် ကြောက်မက်ဖွယ် ဥဂ္ဂဟ နိမိတ် ထင်၏။ ပဋိဘာဂနိမိတ်ကား ချောမွေ့ပြေပြစ် ပီတိသောမနဿ ဖြစ်ဖွယ် ထင်၏။
အသုဘ ၁၀-ပါး မှတ်သားဖွယ်
▬▬▬▬▬▬▬▬▬▬▬
ကိုးပါး-ဆယ်ပါး ပိုင်းခြားပုံ
ဤ အသုဘဆယ်ပါးတို့၌ ပကိဏ္ဏကစကားကို ဤသို့ မှတ်အပ်၏။ ထိုဆယ်ပါးတို့တွင် တပါးပါး၌ပင် ဈာန်ကိုရသော ယောဂီသည် ရဟန္တာကဲ့သို့ ရာဂကွာကင်း လျှပ်ပေါ် လော်လည်ခြင်း မရှိရကား တပါးပါးကို ဟောလျှင်ပင် အကျိုးပြီးတော့သည်။ သို့သော် လည်း ခန္ဓာကိုယ် သွေးဖောက်လျှင် ရောက်မြဲ သဘောအားဖြင့်၎င်း ရာဂစရိုက် အများ အားဖြင့်၎င်း တွေ့ရှိ ရမိရာရာ သင့်လျော် လျောက်ပတ်ရာရာ စီးဖြန်းပါစေခြင်းငှါ ဆယ်ပါးလုံးကိုပင် ဟောတော်မူသည်။ မဟာသတိပဋ္ဌာနသုတ် စသည်တို့၌ကား အလိုလို ဖောက်ပြန်သည်ကိုယူ၍ အသုဘကိုးပါးသာ ဟောတော်မူသည်။
[အသုဘကိုးပါး ရှင်းချက် - ကယာနုပဿနာ၌ ပါဝင်သော နဝ သိ၀ထိက ဟူသော သုသာန်၌ စွန့်ပစ်ထားသော သူသေကောင် ၉-မျိုးကို ဆိုလိုသည်။ ဤကျမ်း၌ပြထားသော အသုဘများကို ဆိုလိုသည်မဟုတ်။ ဥဒ္ဓုမာတကစသော အသုဘ ၁၀-ပါးတွင် ဥဒ္ဓုမာတက ဝိနီလက ဝိပုဗ္ဗက ဝိက္ခာယိတက ပုဠုဝက အဋ္ဌိက ဟူသော အသုဘ ၆-ပါး တို့ကိုသာ န၀ သိဝထိက ၉-ပါး၌ ရသည်။
၉-ပါးသရုပ်မှာ = ဥဒ္ဓုမာတက ဝိနီလက ဝိပုဗ္ဗက ၃-ပါးကို ၁-မျိုးယူ၊ ဝိက္ခာယိတက ပုဠုဝက ၂-ပါးကို ၁-မျိုးယူ၊ အဋ္ဌိက ၇-မျိုး ပေါင်း အသုဘ ၉-မျိုး ဖြစ်သည်။]
ယဒိ သရီရသဘာဝပ္ပတ္တိဝသေန အယံ အသုဘပ္ပဘေဒေါ ဝုတ္တော။ မဟာသတိပဋ္ဌာနာဒီသု ကထံ နဝပ္ပဘေဒေါတိ သော သရသတော ဧ၀ သဘာဝပ္ပတ္တိဝသေန ဝုတ္တော။ အယံ ပနေ'သ ပရူပက္ကမေနာပိ။ တတ္ထ စ ဣဓာဂတေသု ဒသသု အသုဘေသု ဧကစ္စာနေဝ ဂဟိတာနိ။ အဋ္ဌိကဉ္စ ပဉ္စဓာ ဝိဘတ္တံ။ တာနိ စ ဝိပဿနာဝသေန။ ဣမာနိ သမထဝသေနာတိ ပါကဋောယံ ဘေဒေါတိ၊ မဟာဋီကာ (ပ၊ နှာ-၂၁၅)
သရီရ သဘာဝပ္ပတ္တိဝသေန၊ ကိုယ်၏မိမိသဘောသို့ ရောက်မြဲ၏ အစွမ်းဖြင့်။
အယံ အသုဘပ္ပဘေဒေါ၊ ဤအသုဘအပြားကို။
ယဒိ ဝုတ္တော၊ အကယ်၍မိန့်ဆိုငြားအံ့။
ဧဝံသတိ၊ ဤသို့ မိန့်ဆိုခဲ့သည်ရှိသော်။
မဟာသတိပဋ္ဌာနာဒီသု၊ မဟာသတိပဋ္ဌာန်သုတ် စသည်တို့၌။
ကထံ၊ အဘယ်အခြင်းအရာကြောင့်။
နဝပ္ပဘေဒေါ၊ ၉-ပါးသော အပြားကို။
ဝုတ္တော၊ ဟောတော်မူအပ်ပါသနည်း။
ဣတိ၊ ဤကား စောဒနာတည်း။
သော၊ ထို ကိုးပါးအပြားကို။
သရသတော ဧ၀၊ မိမိအလိုလိုအားဖြင့်သာလျှင်။
သဘာဝပ္ပတ္တိဝသေန၊ မိမိသဘောသို့ ရောက်သည်၏ အစွမ်းဖြင့်။
ဝုတ္တော၊ ဟောတော်မူအပ်၏။
(ဤ၌ မဟာသတိပဋ္ဌာန်မှာ `ကာကေဟိ ဝါ ခဇ္ဇမာနံ’ စသည် ပါသောကြောင့် သရသတောဧ၀ ကို ဆင်ခြင်ရန် ရှိ၏။)
အယံ ပန ဧသ ဧသော၊ ဤဆယ်ပါး အပြားကိုကား။
ပရူပက္ကမေနာပိ၊ သူတပါး လုံ့လဖြင့်လည်း။
သဘာဝပ္ပတ္တိဝသေန၊ သဘာဝသို့ရောက်မြဲ၏အစွမ်းဖြင့်။
ဝုတ္တော၊ ဟောတော်မူအပ်၏။
စ၊ ဆက်ဦးအံ့။
တတ္ထ၊ ထိုမဟာသတိပဋ္ဌာနသုတ် စသည်တို့၌။
ဣဓာဂတေသု၊ ဤ၌ လာကုန်သော။
ဒသသု အသုဘေသု၊ ၁၀-ပါးသော အသုဘတို့တွင်။
ဧကစ္စာနိဧ၀၊ ဥဒ္ဓုမာတက ဝိနီလက ပိပုဗ္ဗက ဝိက္ခာယိတက ပုဠုဝက အဋ္ဌိက-ဆိုအပ်သော အချို့တို့ကိုသာလျှင်။
ဂဟိတာနိ၊ ယူအပ်ကုန်၏။
အဋ္ဌိကဉ္စ၊ အဋ္ဌိကကိုလည်း။
ပဉ္စာ၊ ငါးပါးအပြားဖြင့်။
ဝိဘတ္တံ၊ ဝေဘန်အပ်၏။
အဋ္ဌိက ၇-မျိုး
(၁) သမံသ လောဟိတနှာရုသမ္ဗန္ဓ။
(၂) နိမိသ လောဟိတမက္ခိတနှာရုသမ္ဗန္ဓ။
(၃) အပဂတမံသလောဟိတနှာရုသမ္ဗန္ဓ။
(၄) အပဂတနှာရုသမ္ဗန္ဓဒိသာဝိဒိသာဝိက္ခိတ္တ၊
(၅) သေတသင်္ခ ဝဏ္ဏပဋိဘာဂ။ ဤငါးပါးကိုယူ။
ဤ ဋီကာ-၌ (၁) ပုဉ္စကတ တေရောဝဿိက။ (၂) စုဏ္ဏက ဇာတအဋ္ဌိ။ ဤနှစ်ပါး ကျန်သည်ကို ဆင်ခြင်ရန် ရှိ၏။
[အဋ္ဌိကအရိုး ၇-မျိုး။
(၁) အသားအသွေးရှိ၍ အကြောနှင့်စပ်သောအရိုး။
(၂) အသားမရှိမူ၍ သွေးရှိပြီး အကြောနှင့်စပ်သောအရိုး။
(၃) အသားအသွေးမရှိ၍ အကြောနှင့်စပ်သောအရိုး။
(၄) အသားအသွေးမရှိ၍ အကြောနှင့်မစပ်သောအရိုး။
(၅) ခရုသင်းအဆင်းနှင့်တူသော ဖြူဖွေးသော အရိုးစု။
(၆) ပဉ္စကိတ တေရော၀ဿိက = နှစ်လွန်၍ စုပုံနေသောအရိုးဟောင်း။
(၇) ပူတိနိ စုဏ္ဏကဇာတအဋ္ဌိ = ဆွေးမြေ့ပြီး ကြေမွ၍ အမှုန့်ဖြစ်နေသော ဖရိုဖရဲ ဖြစ်နေသည့် အရိုး။]
အဋ္ဌကထာ၌ကား --
အဋ္ဌိကံ သော ပဿေယျ သရီရံ သိဝထိကာယ ဆဋ္ဋိတံ အဋ္ဌိသင်္ခလိကံ သမံသလောဟိတံ နဟာရုသမ္ဗန္ဓန္တိ အာဒိနာ နယေန နာနပ္ပကာရတော ဝုတ္တံ ဟု --
သာမညလာရကား ခုနစ်ပါးလုံးပင် ဝင်နိုင်၏။ ယင်း ခုနစ်ပါးတွင် အစနှစ်ပါးမှာ သမံသလောဟိတ၎င်း လောဟိတမက္ခိတ၎င်း ဖြစ်၍ အရိုးအဆင်း မထင်ရှားရကား ယင်းနှစ်ပါးကို ပယ်ကြဉ်ထား၍ နောက် ငါးပါးကို ရည်၍ “အဋ္ဌိကဉ္စ ပဉ္စဓာ ဝိဘတ္တံ” ဆိုသည် ဟူ၍သော်လည်း ကြံသင့်၏၊ အဋ္ဌကထာနှင့်ကား မညီ။
စ၊ အထူးသည်သာ မကသေး။
တာနိ၊ ထို သတိပဋ္ဌာန်၌ လာသော ဥဒ္ဓုမာတက စသည်တို့ကို။
ဝိပဿနာဝသေန၊ ဝိပဿနာ၏ အစွမ်းဖြင့်။
ဝုတ္တာနိ၊ ဟောတော်မူအပ်ကုန်၏။
ဣမာနိ၊ ဤဆယ်ပါးတို့ကို။
သမထဝသေန၊ သမထ အစွမ်းဖြင့်။
ဝုတ္တာနိ၊ ဟောတော်မူအပ်ကုန်၏။
ဣတိ၊ ဤသို့သော နည်းဖြင့်။
အယံ ဘေဒေါ၊ ဤအထူးသည်။
ပါကဋော၊ ထင်ရှား၏။
ဣတိ၊ ဤကား ဝိသဇ္ဇနာတည်း။
ဋီကာအနက်။
စရိုက်ကိုလိုက်၍ စီးဖြန်းသင့်ပုံ
▬▬▬▬▬▬▬▬▬▬▬
ဤ အသုဘဆယ်ပါးတို့သည် အစဉ်အတိုင်း ကိုယ်သဏ္ဌာန်[၁], ကိုယ်အဆင်း [၂] ကိုယ်အနံ့, တခဲနက်သော အဖြစ်, သားမြတ်စသော အသားပုံ, အင်္ဂါကြီးငယ်တို့၏ တင့်တယ်စမ္ပယ်ခြင်း, အင်္ဂါကြီးငယ် အပေါင်းအဖွဲ့၏ ပြည့်စုံခြင်း, တန်းဆာ ပလာ ကြောင့်ဖြစ်သော တင့်တယ်ခြင်း, “ငါ၏ကိုယ်”ဟု မြတ်နိုးတနာပြုခြင်း, သွား၏ ပြည့်စုံခြင်းတို့၌ တပ်မက်မောသော ရာဂရှိကုန်သော သဏ္ဌာနရာဂီပုဂ္ဂိုလ် သရီရဝဏ္ဏရာဂီ မာလာဂန္ဓာဒိသမုဋ္ဌာပိတ သရီရဂန္ဓရာဂီ သရီရဃနဘာဝရာဂီ ထနာဒီမံသုပစယရာဂီ အင်္ဂပစ္စင်္ဂလီလာရာဂီ, သရီရသင်္ဃာတသမ္ပတ္တိရာဂီ, အလင်္ကာရ ဇနိတ သောဘာရာဂီ, ကာယေ မမတ္တရာဂီ, ဒန္တသမ္ပတ္တိရာဂီ ပုဂ္ဂိုလ် တို့အား အထူးအားဖြင့် လျောက်ပတ်ကုန်၏။ တို့ကြောင့် မိမိစရိုက်ကို ထောက်ချင့်၍ သင့်လျော်သော အသုဘကို စီးဖြန်းအပ်၏။
[၁-၂။ သဏ္ဌာနရာဂီ = ပုဂ္ဂိုလ်ကိုယ်သဏ္ဌာန်၌ တပ်မက်မောသော ရာဂရှိသောပုဂ္ဂိုလ်။
သရီရဝဏ္ဏရာဂီ = ကိုယ်အဆင်း၌ တပ်မက်မောသော ရာဂရှိသောပုဂ္ဂိုလ်ဟု ဂဏန်း အစဉ် အတိုင်း စသည်ဟပ်၍ ယူပါလေ။]
သက်ရှိလူ၌လည်း အသုဘ ပွါးသင့်ပုံ
▬▬▬▬▬▬
ယင်းအသုဘ ဆယ်ပါးတို့ကို လူသေကောင်၌သာ ရအပ်သည် မဟုတ်။ အသက်ရှင်သော လူ၌လည်း ရအပ်ကြောင်းကို --
တဒေတံ ဣမိနာ လက္ခဏေန န ကေဝလံ မတသရီရေ။ ဒန္တဋ္ဌိကဒဿာ, ဝိနော ပန စေတိယ ပဗ္ဗတဝါသိနော မဟာတိဿတ္တေရဿ ဝိယဟတ္ထိက္ခဂတံ ရာဇာနံ ဥလ္လောကေန္တဿ သံဃရက္ခိတတ္ထေရူပဋ္ဌာကသာ- မဏေရဿ ဝိယ စ ဇီဝမာနကသရီရေပိ ဥပဋ္ဌာတိ --
ဟု-ဝိသုဒ္ဓိမဂ်(ဋ္ဌ၊နှာ-၁၈၈)၌ လာ၏။
တဒေတံ၊ ထိုအသုဘနိမိတ် ဆယ်ပါးသည်။
ဣမိနာ လက္ခဏေန၊ ဤအသုစိ ဒုဂ္ဂန္ဓ ဇေဂုစ္ဆ ပဋိကူလ အဖြစ်ဟူသေ၁ လက္ခဏာဖြင့်။
ကေဝလံ မတသရီရေ၊ သူသေ့ကိုယ် သက်သက် ၌သာလျှင်။
န ဥပဋ္ဌာတိ၊ ထင်သည် မဟုတ်သေး။
ပန၊ စင်စစ်သော်ကား။
ဒန္တဋ္ဌိကဒဿာဝိနော၊ သွားရိုးကို ရှုသော။
စေတိယပဗ္ဗတဝါသိနော၊ စေတိယ တောင်၌နေသော။
မဟာတိဿတ္တေရဿ ဝိယ စ၊ မဟာ တိဿထေရ်အား ကဲ့သို့၎င်း။
ဟတ္ထိက္ခန္ဓဂတံ၊ ဆင်ကျောက်ကုံန်း၌ တည်သော။
ရာဇာနံ၊ မင်းကို။
ဥလ္လောကေန္တဿ၊ မော်၍ကြည့်သော။
သံဃရက္ခိတတ္ထေရူပဋ္ဌာကသာမဏေရဿဝိယစ၊ သံဃရက္ခိတမထေရ်၏ အလုပ်အကျွေး သာမဏေ အားကဲ့သို့၎င်း။
ဇီဝမာနက သရီရေပိ၊ အသက်ရှင်သော ကိုယ်၌လည်း။
ဥပဋ္ဌာတိ၊ ထင်၏။
ဤ၌“ဇီဝမာနက သရီရေပိ ဥပဋ္ဌာတိ”ဟု လာရှိသောကြောင့် နောင်သောအခါ ဖြစ်လတ္တံ့သည်ကို အသက်ရှင်စဉ်၌ တင်စား နှလုံးထား၍ ပွါးများတမ်းမှန်း စီးဖြန်း ရမည်ဟု ထင်မှားတတ်သည်။ မထင်မှားသင့်။ အသုဘဆယ်ပါး၏ ဒိဋ္ဌကမ္မဋ္ဌာန်းချည်း ဖြစ်သောကြောင့်၎င်း, ဒန္တဋ္ဌိကဒဿာဝီ မဟာတိဿထေရ် ဝတ္ထုကို ပုံပြု၍ ပြသော ကြောင့်၎င်း --
တသ္မာ ဒဗ္ဗဇာတိကေန ဘိက္ခုနာ ဇီဝမာနသရီရံ ဝါ ဟောတု မတသရီရံ ဝါ။ ယတ္ထ ယတ္ထ အသုဘာကာရော ပညာယတိ။ တတ္ထ တတ္တေဝ နိမိတ္တံ ဂဟေတွာ ကမ္မဋ္ဌာနံ အပ္ပနံ ပါပေတဗ္ဗံ။
တသ္မာ၊ ထိုသို့ အသက်ရှင်သော ကိုယ်သည်လည်း အသက်သေသော ကိုယ်ကဲ့သို့ အသုဘ ဖြစ်ခြင်းကြောင့်။
ဒဗ္ဗဇာတိကေန၊ တရားအမြိုက် ရထိုက်သော ပညာရှိသော။
ဘိက္ခုနာ၊ ရဟန်းသည်။
ဇီဝမာနသရီရံ ဝါ၊ အသက်ရှင်သော ကိုယ်သည်မူလည်း။
ဟောတု၊ ဖြစ်စေ။
မတသရီရံ ဝါ၊ သေသောကိုယ်သည် မူလည်း။
ဟောတု၊ ဖြစ်စေ၊
ယတ္ထ ယတ္ထ၊ အကြင် အကြင်ကိုယ်၌။
ဝါ၊ ကိုယ်၏ အစိတ်အဘို့၌။
အသုဘာကာရော၊ ဥဒ္ဓုမာတက စသော အသုဘ အခြင်းအရာသည်။
ပညာယတိ၊ ထင်၏။
တတ္ထ တတ္တေဝ၊ ထိုထင်သော အခြင်းအရာ ၌သာလျှင်။
နိမိတ္တံ၊ ဥဂ္ဂဟနိမိတ်ကို။
ဂဟေတွာ၊ ယူ၍။
ကမ္မဋ္ဌာနံ၊ သုခဝိသေသ၏ တည်ရာ အသုဘဘာဝနာကံကို။
အပ္ပနံ၊ ပထမဈာန်သို့။
ပါပေတဗ္ဗံ၊ ရောက်စေအပ်၏။
ဤသို့ နောက်၌ အဋ္ဌကထာ လာသောကြောင့်၎င်း အသက်ရှင်သော သူမှာ လေဖြန်း၍ ဖောရောင်သောအခါ အိုင်းအနာမှ ပြည်ယိုသောအခါ သွေးထွက်သောအခါ သွားရိုး ပေါ်သောအခါ စသည်တို့၌သာ ရထိုက်သည်ဟု မှတ်အပ်၏။ သူသေကောင်၌ပင် ဝိနီလက စသည်အဖြစ်သို့ ရောက်သောအခါ ဥဒ္ဓုမာတက စသည်ကို မစီးဖြန်းရပြီဟု လာသော အဋ္ဌကထာစကားကိုလည်း ထောက်အပ်၏၊ ထောက်လေ။
အဘယ့်ကြောင့် သူရှင်၌ အသုဘနိမိတ် ထင်သနည်းဟူမူ - သူသေကဲ့သို့ပင် သူရှင်လည်း အသုဘ ဖြစ်သောကြောင့်တည်း။
အသုဘအဖြစ် ထင်ရှားအောင် ဆင်ခြင်ပုံ
အသုဘအဖြစ် ထင်ရှားအောင် ဤသို့ စဉ်းစား ဆင်ခြင်အပ်၏။
ယထေဝ မတသရီရံ၊
ဇီဝမ္ပိ အသုဘံ တထာ။
အာဂန္တုကာလင်္ကာရေန၊
ဆန္နတ္တာ တံ န ပါကဋံ။
ပကတျာ တု သရီရီဒံ၊
မံသနှာရုဋ္ဌိသဉ္စယံ။
အလ္လစမ္မေန ဩနဒ္ဓံ၊
ဆဝိယာ ပဋိဆာဒိတံ။
ဆိဒ္ဒါဝဆိဒ္ဒံ မေဒက-
ထာလိကာ ဝိယ ပဂ္ဃရံ။
ကိမီဂါရံ ရောဂါကရံ၊
ဒုက္ခဝတ္ထု ဝဏာယကံ။
နဝဟေ ́တဿ သောတေဟိ၊
အသုစီ သဝတေ သဒါ။
အက္ခိမှာ အက္ခိဂူထကော၊
ကဏ္ဏမှာ ကဏ္ဏဂူထကော။
သိင်္ဃာဏိကာ စ နာသာတော၊
မုခေန ဝမတေ'ကဒါ။
ပိတ္တံ သေမှံ စ ဝမန္တိ၊
အာဟာရရုဓိရာနိ စ။
အဓော ဥစ္စာရပဿာဝါ၊
ကာယမှာ သေဒဇလ္လိကာ။
တေနေတံ ပရိဝါရေန္တိ၊
နီလမက္ခိကအာဒယော။
ဒန္တကဋ္ဌာဒိနာ ဟေတံ၊
သစေ အပ္ပဋိဇဂ္ဂိတံ၊
ယထာ ဇာတံ ဝိစာရေယျ၊
န ဝိသေသေယျ ကောစိပိ။
ရာဇာ စေဝ စဏ္ဍာလော စ၊
ပေါသော ဣတ္ထီ စ ကေဝလာ။
နိဗ္ဗိသေသာ ပဋိကူလာ၊
ကာယေ ́သံ နတ္ထိ ဝေသမံ။
ဝိသုဒ္ဓိမဂ္ဂသင်္ဂဟ။
ယထာပိ ပုပ္ဖိတံ ဒိသွာ၊
သိင်္ဂါလော ကိံ သုကံ ဝနေ။
မံသရုက္ခော မယာ လဒ္ဓေါ၊
ဣတိ ဂန္တွာန ဝေဂသာ။
ပတိတံ ပတိတံ ပုပ္ဖံ၊
ဍံသိတွာ အတိလောလုပေါ။
နယိဒံ မံသံ အဒုံ မံသံ၊
ယံ ရုက္ခသ္မိန္တိ ဂဏှတိ။
ကောဋ္ဌာသံ ပတိတံယေဝ၊
အသုဘန္တိ တထာ ဗုဓော။
အဂ္ဂဟေတွာန ဂဏှေယျ၊
သရီရဋ္ဌမ္ပိ နံ တထာ။
ဣမံ ဟိ သုဘတော ကာယံ၊
ဂဟေတွာ တတ္ထ မုစ္ဆိတာ။
ဗာလာ ကရောန္တာ ပါပါနိ၊
ဒုက္ခာ န ပရိမုစ္စရေ။
တသ္မာ ပုဿေယျ မေဓာဝီ၊
ဇီဝတော ဝါ မတဿ ဝါ။
သဘာဝံ ပူတိကာယဿ၊
သုဘဘာဝေန ဝဇ္ဇိတံ။
ဒုဂ္ဂန္ဓော အသုစိ ကာယော၊
ကုဏပေါ ဥက္ကရူပမော။
နိန္ဒိတော စက္ခုဘူတေဟိ၊
ကာယော ဗာလာဘိနန္ဒိတော။
အလ္လစမ္မပဋိစ္ဆန္နော၊
နဝဒွါရော မဟာဝဏော။
သမန္တတော ပဂ္ဃရတိ၊
အသုစီ ပူတိဂန္ဓိယော။
သစေ ဣမဿ ကာယဿ၊
အန္တော ဗာဟိရကော သိယာ။
ဒဏ္ဍံ နုန ဂဟေတွာန၊
ကာကေ သောနေ နိဝါရယေ။
ဝိသုဒ္ဓိမဂ် (ဋ္ဌ၊ပနှာ-၁၉ဝ)
မတသရီရံ၊ သူသေကောင်သည်။
အသုတံ ယထေဝ၊ မတင့်တယ်သကဲ့သို့ သာလျှင်။
တထာ၊ ထို့အတူ။
ဇီဝမ္ပိ၊ အသက်ရှင်သော ကိုယ်သည်လည်း။
အသုဘံ၊ မတင့်တယ်။
အာဂန္တုကာလင်္ကာရေန၊ ရှင်းလင်း သုတ်သင် အငှါးဆင်သော တန်းဆာဖြင့်။
ဆန္နတ္တာ၊ ဖုံးလွှမ်းအပ်သည်၏ အဖြစ်ကြောင့်။
တံ၊ အသုဘ အဖြစ်သည်။
န ပါကဋံ၊ မထင်ရှားခဲ့။
ပကာ တု၊ ပင်ကိုယ်ရင်းရှိ ပကတိသဘောအားဖြင့်ကား။
ဣဒံ သရီရံ၊ ဤကိုယ်သည်။
အလ္လစမ္မေန၊ စိုစွတ်သောအရေထူသည်။
ဩနဒ္ဓံ၊ မြှေးယှက်အပ်သော။
ဆဝိယာ၊ အရေပါးသည်။
ပဋိဆာဒိတံ၊ ဖုံးလွှမ်းအပ်သော။
မံသနှာရုဋ္ဌိသဉ္စယံ၊ အသား အကြော အရိုးတို့၏အပေါင်းအစု သာလျှင်တည်း။
ဆိဒ္ဒါဝဆိဒ္ဒံ၊ ငယ်ငယ် ကြီးကြီးသော အပေါက်ရှိ၏။
မေဒကထာလိကာ ဝိယ၊ သားဆီထည့်လှောင်သော မြေအိုးကဲ့သို့။
ပဂ္ဃရံ၊ မပြတ်အောက်ထက် ဘရပွက် ယိုစီး၏။
ကိမိအဂါရံ၊ ပိုးမျိုးရှစ်ဆယ်တို့၏ နေရာအိမ်တည်း။
ရောဂအာကရံ၊ အနာရောဂါ ဟူသမျှတို့၏ တည်ရာတည်း။
ဒုက္ခဝတ္ထု၊ ဆင်းရဲဟူသမျှတို့၏ ခိုမှီရာတည်း။
ဝဏာယကံ၊ ပြည်မှည့်ပြီးသည့် အိုင်းကြီးပမာ ကိုးဖြာဒွါရ အမာဝတို့ဖြင့် နေ့ညတစိုစို ယိုချ၏။
(ဝဏော ဝိယ အာစရတီတိ ဝဏာယကံ ပြု။)
ဧတဿ၊ ထိုကိုယ်၏။
နဝဟိ သောတေဟိ၊ မစင်ဓီးဓီး စီးထွက်ရာ ဒွါရကိုးပေါက်တို့မှ။
သဒါ၊ အခါခပ်သိမ်း။
အသုစိ၊ မစင်မကြယ် စက်ဆုပ်ဖွယ်သည်။
သဝတေ၊ ယိုထွက်စီးကျ၏။
အက္ခိမှာ၊ မျက်စိနှစ်ဘက်မှ။
အက္ခိဂူထကော၊ မျက်ဝတ် မျက်ချေးသည်။
သဝတေ၊ ယိုထွက်စီးကျ၏။
ကဏ္ဏမှာ၊ နားတွင်းနှစ်ဖက်မှ။
ကဏ္ဏဂူထကော၊ နဖာချေးသည်။
သဝတေ၊ ယိုထွက်စီးကျ၏။
နာသာတော၊ နှာခေါင်းမှ။
သိင်္ဃာဏိကာ၊ နှပ်သည်။
သဝတေ၊ ယိုထွက် စီးကျ၏။
ဧကဒါ၊ တရံတခါ။
မုခေန၊ ခံတွင်းပေါက်ဖြင့်။
ဝမတိ၊ အန်ထွက်၏။
ပိတ္တံ၊ သည်းခြေသည်၎င်း။
သေမှံ စ၊ သလိပ်သည်၎င်း။
အာဟာရရုဓိရာနိ စ၊ အစာ သွေးတို့သည်၎င်း။
မုခေန၊ ခံတွင်းဖြင့်။
ဝမန္တိ၊ အန်ထွက်ကုန်၏။
အဓော၊ အောက်ဒွါရ နှစ်ပေါက်တို့ဖြင့်။
ဥစ္စာရပဿာဝါ၊ ကျင်ကြီးကျင်ငယ်တို့သည်။
သ၀န္တိ၊ ယိုစီးကုန်၏။
ကာယမှာ၊ တကိုယ်လုံးမှ။
သေဒဇလ္လိကာ၊ ချွေး ဆား အရေလွှာ မြူ အညစ်အကြေးသည်။
သဝတိ၊ ယိုထွက်၏။
တေန၊ ထို့ကြောင့်။
ဧတံ၊ ထိုကိုယ်ကို။
နီလမက္ခိက အာဒယော၊ ယင်မမဲရိုင်း စသည်တို့သည်။
ပရိဝါရေန္တိ၊ ဝိုင်းအုံ ဝန်းရံကုန်၏ ။
ဟိ သစ္စာ၊ ထိုစကားမှန်၏။
ဧတံ၊ ထိုကိုယ်ကို။
ဒန္တကဋ္ဌာဒိနာ၊ ဒန်ပူ အစရှိသည်ဖြင့်။
အပ္ပဋိဇဂ္ဂိတံ၊ မသုတ်သင် မပြုပြင်ပဲ။
ယထာဇာတံ၊ ဖြစ်မြဲအတိုင်း။
သစေ ဝိစာရေယျ၊ အကယ်၍ သွားလာ လှည့်လည်သည်ဖြစ်အံ့။
ကောစိပိ၊ တစုံ တယောက်သော သူသည်မျှလည်း။
နဝိသေသေယျ၊ အသည် ဆင်းရဲသား မင်း ပုန်ဏားဟု မထူးမခြားခဲ့ရာ။
ရာဇာ စေဝ၊ ရေမြေသနင်း မင်းသည်၎င်း။
စဏ္ဍာလော စ၊ အိမ်စဉ်ပတ်လယ် အိတ်လွယ်တောင်းစား ဒွန်ဒစဏ္ဍားသည်၎င်း။
ပေါသော ဣတ္တီစ၊ ယောက်ျား မိန်းမ သမုတ်ရသည့် ဘာဝနှစ်ပါး ကွဲပြားသသူသည်၎င်း။
ကေဝလာ၊ ခပ်သိမ်း ဥဿုံ အလုံးစုံသောသူတို့သည်။
နိဗ္ဗိသေသာ၊ ကွဲလွဲထူးခြား အပြားမရှိကုန်ရာ။
ပဋိကူလာ၊ စက်ဆုပ်ရွံရှာ ထွီဘွယ်ရာသာ ရှိကုန်၏။
ဧသံ၊ ထိုမင်း ဒွန်းစဏ္ဍား ယောက်ျား မိန်းမတို့၏။
ကာယေ၊ ကိုယ်၌။
ဝေသမံ၊ မတူ ထူးခြား ကွဲပြားသော အဖြစ်သည်။
နတ္ထိ၊ မရှိ။
သိင်္ဂါလော၊ မြေခွေးအိုသည်။
၀နေ၊ တောအုပ်၌။
ပုပ္ဖိတံ၊ ပွင့်သော။
ကိံ သုကံ၊ ကသစ်ပင်ကို။
ဝါ၊ ပေါက်ပင် လက်ပံပင်ကို။
(ကိံ သုကန္တိ ပါလိဘဒ္ဒကံ။ ပလာသောတိ ကေစိ။ သိပ္ပလီတိ အပရေ။ ဋီကာ၊ပ၊ နှာ-၂၁၇။)
ဒိသွာ၊ မြင်၍။
မယာ၊ ငါသည်။
မံသရုက္ခော၊ အမဲပင်ကို။
လဒ္ဓေါ၊ ရအပ်ပြီ။
ဣတိ၊ ဤသို့ ဝမ်းမြောက် ဝမ်းသာ။
ပေဂသာ၊ လျင်စွာသော အဟုန်ဖြင့်။
ဂန္တွာန၊ ပြေးသွား၍။
ပတိတံ ပတိတံ ပုပ္ဖံ၊ ကြွေကျတိုင်း ကြွေကျတိုင်းသော အပွင့်ကို။
အတိလောလုပေါ၊ အလွန်လှပ်ပေါ်လော်လည် မတည်ကြည်စွာ ကဗျာကရာ။
ဍံသိတွာ၊ ကိုက်ခဲစမ်းသပ်၍။
ဣဒံ၊ ဤကျလာသော နီနီသည်။
န မံသံ၊ အမဲမဟုက်သေး။
ရုက္ခသ္မိံ ၊ သစ်ပင်ထက်၌။
ယံ၊ အကြင် နီနီရဲရဲသည်။
အတ္ထိ၊ ရှိရစ်သေး၏။
အဒုံ၊ ထိုသစ်ပင်ထက်ယံ ရှိကျန်တဲ့ နီနီရဲရဲ သည်သာလျှင်။
မံသံ၊ ရသာရွဲရွဲ စားကိုက်ခဲရန်ဘို့ အမဲစင်စစ်တည်း။
ဣတိ၊ ဤသို့။
ဂဏှတိ ယထာ၊ မခွါနိုင်ပဲ ယူစွဲထင်ရောက် သစ်ပင်အောက်၌ သေပျောက် ပျက်ပြား ဆုံးပါးရှာလေသကဲ့သို့။
တထာ၊ ပမာနှိုင်းဆို တောခွေးအိုသို့။
ပတိတံ၊ ကိုယ်မှလွတ်ကျသော။
ကောဋ္ဌာသံယေဝ၊ မစင် တံထွေး ဆံချည်ထွေးဟု နှပ်စေး ကျင်ငယ်စသော ကောဋ္ဌာသ ကိုသာလျှင်။
အသုဘန္တိ၊ မတင့်မတယ် ရွံ့စဘွယ်ဟု။
အဂ္ဂဟေတွာန၊ မယူမူ၍။
သရီရဋ္ဌံ၊ မကျသေးသည် ကိုယ်၌ တည်သော။
နမ္ပိ၊ ထိုမစင်တံတွေး နှပ်စေး ဆံပင် ကျင်ငယ်စသော ကောဋ္ဌာသကိုလည်း။
တထာ၊ ထိုကိုယ်မှ လွတ်ကျ ကောဋ္ဌာသအတူ။
အသုဘန္တိ၊ မတင့်မတယ် ရွံစဘွယ်ဟူ၍။
ဗုဓော၊ ပညာရှိသည်။
ဂဏှေယျ၊ ဉာဏ်ဖြင့်စဉ်းစား သတိထား၍ မှတ်သားစွဲယူရာ၏။
ဟိ၊ မယူချေက ရသောအပြစ်ဒေါသကား။
ဣမံ ကာယံ၊ ရွံဘွယ်စက်ဆုပ် ဤကိုယ်ပုပ်ကို။
သုဘတော၊ လှပတင့်တယ် နှစ်သက်ဘွယ်ဟု။
ဂဟေတွာ၊ စွဲယူ ထင်မှတ်ကုန်၍။
တတ္ထ၊ ထိုမစင်ပြည့်လှောင် အပုပ်ကောင်၌။
မုစ္ဆိတာ၊ သာယာ စုံမက် နှစ်သက်မိန်းမောကုန်လျက်။
ဗာလာ၊ မလိမ္မာသူ လူမိုက်တို့သည်။
ပါပါနိ၊ မိစ္ဆာစာရ စသည်ညစ်ကျူး မကောင်းမှုတို့ကို။
ကရော၊ ပြုကုန်သည် ဖြစ်၍။
ဒုက္ခာ၊ ပဋိသန္ဓေနေခြင်း အိုခြင်း နာခြင်း သေခြင်း မစဲ သံသရာဝဋ် ဆင်းရဲမှ။
န ပရိပုစ္စရေ၊ မလွတ်နိုင်ကြကုန်။
တသ္မာ၊ ထို့ကြောင့်။
မေဓာဝီ၊ ပညာရှိသော အမျိုးသားသည်။
ဇီဝတော ဝါ၊ အသက်ရှင်သည်လည်း ဖြစ်သော။
မတဿ ဝါး သေသည်လည်း ဖြစ်သွား။
ပူတိကာယသ၊ ရွံဘွယ်စက်ဆုပ် ကိုယ်ကောင်ပုပ်၏။
သုဘဘာဝေန၊ တင့်တယ်သောအဖြစ်မှ။
ဝဇ္ဇိတံ၊ ကင်းသော။
ငါ၊ (သုဘဘာဝေန၊ တင့်တယ်သော) အဖြစ်သည်။
ဝဇ္ဇိတံ၊ ကြဉ်အပ်သော။
သဘာဝံ၊ မတင့်မတယ် စက်ဆုပ်ဘွယ်သော အသုဘသဘောကို။
ပဿေယျ၊ ရှုရာ၏။
ကာယော၊ ကိုယ်သည်။
ဒုဂ္ဂန္ဓော၊ နံစော် လှီလှောင်း မကောင်းသော အနံ့ရှိ၏။
အသုစိ၊ မစင်ကြယ်။
ကုဏပေါ၊ အပုပ်အတိပြီး၏။
ဥက္ကရူပမော၊ ကျင် ကြီး ကျင်ငယ် စွန့်ရာအရပ်နှင့်တူ၏။
ဝါ၊ ကျင်ကြီးတွင်းနှင့် တူ၏။
ကာယော၊ အနံ့မဖွယ် မစင်ကြယ်၍ ပြည့်ကြွယ်ပုပ်ခြင်း မစင်တွင်းနှင့် တူသောကိုယ်ကို။
စက္ခုဘူတေဟိ၊ ပညာမျက်စိသို့ ရောက်ကုန်သော။
ဝါ၊ လူအများ၏ မျက်စိ အလားဖြစ်ကုန်သော ပညာရှိတို့သည်။
နိန္ဒိတော၊ ကဲ့ရဲအပ်၏။
ဗာလာဘိနန္ဒိတော၊ သူမိုက်တို့သာ လွန်စွာ နှစ်သက်အပ်၏။
အလ္လစမ္မပဋိစ္ဆန္နော၊ အရေစိုသည်ဖုံးလွှမ်းအပ်သော။
နဝဒွါရော၊ ကိုးပေါက် ဒွါရ အမာ၀ရှိသော။
မဟာဝဏော၊ ပြည်မှည့်ပြီးသည့် အိုင်းကြီးပမာ ကိုယ်ခန္ဓာသည်။
ပူတိဂန္ဓိယော၊ ပုပ်နံ ညှီလှောင်း မကောင်းသော အနံ့ရှိကုန်သော။
အသုစီ၊ မစင်မကြယ် စက်ဆုပ်ဖွယ်တို့ကို။
သမန္တတော၊ ထက်ဝန်းကျင်မှ။
ပဂ္ဃရတိ၊ ယိုချတတ်၏။
ဣမဿ ကာယသ၊ ဤကိုယ်၏။
အန္တော၊ အတွင်းသားသည်။
ဗာဟိရကော၊ အပလှန်ထားသည်။
သစေ သိယာ၊ အကယ်၍ ဖြစ်အံ့။
ဒဏ္ဍံ၊ တုတ်ကို။
ဂဟေတွာန၊ ကိုင်စွဲ၍။
ကာကေ စ၊ ကျီးတို့ကို၎င်း။
သောနေ စ၊ ခွေးတို့ကို၎င်း။
နိဝါရယေ နုန၊ ခြိမ်းမောင်းတားမြစ် အော်ဟစ် ချောက်ခြမ်း ရရာ၏။
ဤကား အနက်။
အသုဘဆယ်ပါး ပြီး၏။
အနုဿတိ ၁၀-ပါး
အနုဿတိ မည်ပုံ
“သရဏံ သတိ၊ အနု အနု သတိ အနုဿတိ၊ ပဝတ္တိတဗ္ဗဋ္ဌာနမှိယေဝ ဝါ ပဝတ္တတ္တာ သဒ္ဓါပဗ္ဗဇိတဿ ကုလပုတ္တဿ အနုရူပါ သတိ အနုဿတိ”ဟူသော ဝစနတ္ထကြောင့် အနုဿတိ မည်သော ကမ္မဋ္ဌာန်းဆယ်ပါးတို့တွင် ဗုဒ္ဓါနုဿတိ ဟူသည်ကား--
သရဏံ၊ အောက်မေ့ခြင်း။
သတိ၊ အောက်မေ့ခြင်း။
အနု အနု၊ အဖန်တလဲလဲ။
သတိ၊ အောက်မေ့ခြင်း။
အနုဿတိ၊ အဖန်တလဲလဲ အောက်မေ့ခြင်း။
ဝါ၊ တနည်းကား။
ပဝတ္တိတဗ္ဗဋ္ဌာနမှိယေဝ၊ ကမ္မဋ္ဌာန်း ဖြစ်စေခြင်းငှါ သင့်လျော်သော အရာ၌သာလျှင်။
ပဝတ္တတ္တာ၊ ဖြစ်သည်၏ အဖြစ်ကြောင့်။
သဒ္ဓါပဗ္ဗဇိတဿ၊ သာသနာတော်ကို နိယျာနိကဟု ယုံကြည်၍ ရဟန်းပြုသော။
ကုလပုတ္တဿ၊ အမျိုးကောင်းသားအား။
အနုရူပါ၊ သင့်လျော် လျောက်ပတ်သော။
သတိ၊ အောက်မေ့ခြင်းသည်။
အနုဿတိ၊ အနုဿတိ မည်၏။
ဗုဒ္ဓါနုဿတိ
ဗုဒ္ဓံ အာရဗ္ဘ ဥပ္ပန္နာ အနုဿတိ ဗုဒ္ဓါနုဿတိ။
ဗုဒံ္ဓ၊ ဘုရားဂုဏ်တော်ကို။
အာရဗ္ဘ၊ အာရုံပြု၍။
ဥပ္ပန္နာ၊ ဖြစ်သော။
အနုဿတိ၊ အဖန်ဖန်အောက်မေ့ခြင်းတည်း။
ဗုဒ္ဓါနုဿတိ၊ ဘုရားဂုဏ်ကို အာရုံပြု၍ဖြစ်သော အနုဿတိ-ဟူသော ဝစနတ္ထနှင့် အညီ ဘုရားဂုဏ်ကို အာရုံပြု၍ဖြစ်သော အဖန်တလဲလဲ အောက်မေ့ခြင်း, သဒ္ဓါပဗ္ဗဇိတ အားလျော်သော အောက်မေ့ခြင်း သတိစေတသိက်သည် ဗုဒ္ဓါနုဿတိ မည်၏။
‘ဗုဒ္ဓ’န္တိ ယေ ဂုဏေ ဥပါဒါယ ဘဂဝတိ ‘ဗုဒ္ဓေါ’တိ ပညတ္တိ၊ တေ ဂုဏေ ဧကဇ္ဈံ ဂဟေတွာ ဝုတ္တံ၊ မဟာဋီကာ(ပ၊ နှာ-၂၁၈)
ဓမ္မာနုဿတိစသည်လည်း နည်းတူ။
ဓမ္မာနုဿတိ
ထိုတွင် “ဓမ္မ” အရကို --
'ဓမ္မ'န္တိ ပရိယတ္တိဓမ္မေန သဒ္ဓိံ နဝဝိဓမ္ပိ လောကုတ္တရဓမ္မံ။ နနု စ နိဗ္ဗာနံ ဝိသုံ ကမ္မဋ္ဌာနဘာဝေန ဝက္ခတီတိ၊ ကိဉ္စာပိ ဝက္ခတိ၊ ဓမ္မဘာဝသာမညေန ပန မဂ္ဂဖလေဟိ သဒ္ဓိံ ဣဓ ပါဠိယာ သင်္ဂဟိတတ္တာ တဿာပိ ဓမ္မာနုဿတိ- ကမ္မဋ္ဌာနေ ဂဟဏံ ဒဋ္ဌဗ္ဗံ၊ အသင်္ခတာ' မတာဒိဘာဝေန ပန မဂ္ဂဖလေဟိ ဝိသိဋ္ဌတာယ တဿ ဝိသုံ ကမ္မဋ္ဌာနဘာဝေန ဂဟဏံ ကတံ [၁]
[၁။ နိဗ္ဗာန်သည် အနုဿတိ ၂-မျိုး၌ဖြစ်ပုံ။ နိဗ္ဗာန်ကို ဥပသမာနုဿတိ ကမ္မဋ္ဌာန်း အဖြစ်ဖြင့် သီးခြား ဆိုထားသော်လည်း နိဗ္ဗာန်၏ ဓမ္မအဖြစ်ဖြင့် တူသောကြောင့် နိဗ္ဗာန် သည်ပင် သာမညအားဖြင့် ဓမ္မ ဖြစ်သောကြောင့် ဓမ္မာနုဿတိ၌ ဓမ္မအရ နိဗ္ဗာန်ကိုပါ ထည့်သွင်း ယူနိုင်သည်၊ (နိဗ္ဗာန်ကို ဓမ္မာနုသာတိ ကမ္မဋ္ဌာန်းအဖြစ်ဖြင့် ဆိုထားသည်။
နိဗ္ဗာန်သည် အသင်္ခတ အမတ အစရှိသည့် အဖြစ်ဖြင့် မဂ်ဖိုလ်တို့မှ ထူးကဲသည်၏ အဖြစ် ကြောင့် နိဗ္ဗာန်ကို ဥပသမာနုဿတိ ကမ္မဋ္ဌာန်း အဖြစ်ဖြင့်လည်း သီးခြားဆိုထား ပြန်သည်။]
ဟူသော မဟာဋီကာ (ပ၊နှာ-၂၁၈) နှင့်အညီ နိဗ္ဗာန် ပရိယတ်နှင့်တကွ ဓမ္မ ဆယ်ပါးလုံးကို ယူအပ်၏။
သီလာနုဿတိ စသော သုံးပါး
သီလာနုဿတိစသော သုံးပါးကိုကား --
ယောဂါဝစရဿ အတ္တနော ဧဝ သီလဿ, စာဂဿ သဒ္ဓါဒီနဉ္စ အနုဿတိဋ္ဌာနဘာဝေန ဂဟေတဗ္ဗတ္တာ။
ဋီကာဟိတ် (ပ၊ နှာ-၂၁၈) အတိုင်း အသီးအခြား ယူအပ်၏။
ဒေဝတာ၊ သဒ္ဓါစသည့်ဂုဏ်နှင့် ပြည့်စုံ၍ နတ်၏အဖြစ်သို့ ရောက်ကုန်သော နတ်တို့ကို။
အာရဗ္ဘ၊ ရှေးဦးစွာ အာရုံပြုပြီး၍။
ဥပ္ပန္နာ၊ ဆင့်၍ဖြစ်သော။
အနုဿတိ၊ နတ်တို့ဂုဏ်ပမာ မိမိသဒ္ဓါ စသောဂုဏ်ကို အဖန်တလဲလဲ အောက်မေ့ခြင်း သည်။
ဒေဝတာနုဿတိ၊ ဒေဝတာနုဿတိ မည်၏။
မရဏာနုဿတိ
မရဏံ၊ ဇီဝိတိန္ဒြိယပစ္ဆေဒ မရဏဟူသော သေခြင်းကို။
အာရဋ္ဌ၊ အာရုံပြု၍။
ဤသို့ အနက်ပေး။
ကာယဂတာသတိ
ကာယဂတာသတိဟူသည်ကား --
ကေသာဒိဘေဒံ ရူပကာယံ ဂတာ၊ ကာယေ ဝါ ဂတာတိ ကာယဂတာ၊ ကာယဂတာ စ သာ သတိ စာတိ ကာယဂတသတီတိ ဝတ္တဗ္ဗေ ရဿံ အကတွာ ကာယဂတာသတီတိ ဝုတ္တာ --
ဝိသုဒ္ဓိမဂ် (ဋ္ဌ၊ ပ၊ နှာ-၁၉၁) လာသည်နှင့်ညီစွာ ဆံပင်စသော ကောဋ္ဌာသ နိမိတ်ကို အာရုံပြု၍။
ဝါ၊ ကောဋ္ဌာသနိမိတ်၌ ဖြစ်သော သတိစေတသိက်သည် ကာယဂတာသတိ မည်၏၊
အာနာပါနဿတိ
ထွက်သက် ဝင်သက် လေ ဟူသော အဿာသ ပဿာသ နိမိတ်တို့ကို အာရုံပြု၍ ဖြစ်သော သတိသည် အာနာပါနဿတိ မည်၏။
ဥပသမာနုဿတိ
သင်္ခါရခပ်သိမ်း ကုန်ငြိမ်းရာ နိဗ္ဗာန်ကို အာရုံပြု၍ ဖြစ်သော အဖန်တလဲလဲ အောက်မေ့ခြင်း သတိသည် ဥပသမာနုဿတိ မည်၏။
ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်း စီးဖြန်းပွါးများပုံ
ဤဆယ်ပါးသော အနုဿတိတို့တွင် ဗုဒ္ဓါနုဿတိ ကမ္မဋ္ဌာန်းကို စီးဖြန်း ပွါးများဟန်ကား -
အဝေစ္စ ဗုဒ္ဓဂုဏေ ယာထာဝတော ဉတွာ ဥပ္ပန္နော ပသာဒေါ အဝေစ္စပ္ပသာဒေါ၊ အရိယမဂ္ဂေန အာဂတပ္ပသာဒေါ၊ တံ သဒိသောပိ ဝါ၊ ယော ဒိဋ္ဌိဂတဝါတေဟိ အစလော အသမ္ပကမ္ပိယော ---
ဟူသော မဟာဋီကာ (ပ၊ နှာ-၂၁၉) နှင့်ညီစွာ အစလသဒ္ဓါနှင့် ပြည့်စုံသော ယောဂီ ပုဂ္ဂိုလ်သည် ပထဝီကသိုဏ်း (ဤကျမ်း၊ ဒု၊ တွဲ၊ နှာ-၁၇၅)၌ ဆိုအပ်ခဲ့ ပြီးသည် အတိုင်း ဆိတ်ငြိမ်ရာ အရပ်သို့ ချဉ်းကပ်၍----
ဂုဏ်တော် ၉-ပါး
“သော ဘဂဝါ ဣတိပိ အရဟံ၊ ဣတိပိ သမ္မာသမ္ဗုဒ္ဓေါ။ပ။ ဣတိပိ ဘဂဝါ”။
ဤသို့ ဘုရားရှင် ဂုဏ်တော်တို့ကို ဆင်ခြင် အောက်မေ့အပ်ကုန်၏။
အရဟံ
အနက်ကား --
အပရိမေယျေသု၊ ဤ၍ဤမျှ ဂဏန်းချ၍ နှိုင်းဆခြင်းငှါ မတတ်ရာကုန်သော။
ဝါ၊ နှိုင်းဆချင့်ပေါင်း မတတ် ကောင်းကုန်သော။
ဝါ၊ နှိုင်းဆပိုင်ပိုင် မတတ်နိုင်ကုန်သော။
ဝါ၊ နှိုင်းဆ ပိုင်းခြား မတတ်အားကုန်သော။
အတ္တဘာဝေသု၊ ကိုယ်တော်မြတ်အဖြစ်တို့၌။
သမတ္တိံသပါရမိယော၊ အမျှသုံးဆယ် များကျယ်အညီ ပါရမီတော်တို့ကို။
ပူရေတွာ၊ မဆုတ်မနစ် သစ်သစ်ပွါးဆင့် ဖြည့်ကျင့်တော်မူပြီး၍။
သဗ္ဗကိလေသေ၊ ပဉ်သတ္တရိ နာမ် လက် နိ-ကို သန် ကိ မြှောက်ပွါး ငါးရာ့တထောင် များမြောင်ပြောဟုံ အလုံးစုံသော ကိလေသာ တို့ကို။
ဘဉ္ဇိတွာ၊ လေးတန် ဉာဏ်မဂ် စိန်သန်လျက်ဖြင့် ချိုးဖျက် ခုတ်ဖြတ်တော်မူပြီး၍။
ဒသသဟဿိ လောကဓာတုံ၊ ဝန်းကျင် တိုက်ပေါင်း တသောင်းပညတ် လောကဓာတ်ကို။
ကမ္ပေန္တော၊ သံဟည်းရိုက်နှက် သိမ့်သိမ့်တက်အောင် အောက်ထက်ဝှန်ဝေ တုန်လှုပ် စေလျက်။
အနုတ္တရံ၊ မည်သည့်တရား မနှုန်းအား၍ မြတ်ဖျားခေါင်ထိ တုမရှိသော။
သမ္မာသမ္ဗောဓိံ၊ မဖောက်မပြန် အမှန်ကိုယ်တိုင် သိစွမ်းနိုင်သော မဏ္ဍိုင်ဥက္ကဌ် မဂ်ဉာဏ်မြတ်ကို။
အဘိသမ္ဗုဒ္ဓေါ၊ ပစ္စဝေက္ခဏာ ဇောခြားကာဖြင့် မကြာခဏ ရတော်မူပြီ။
ဒေဝါနံ၊ သန္တုသိတ စသည်ထင်ရှား နတ်အများ တို့ထက်။
အတိဒေဝေါ၊ ဒိဗ္ဗဝိဟာရ စသည်ရောင်မြူး ဂုဏ်ကျေးဇူးဖြင့် ချီးကျူးလွန်ကဲသော နတ်မြတ် ဖြစ်တော်မူထသော၊
သက္ကာနံ၊ ဆုံးစမရှိ များဘိလောကဓာတ် ဗိမာန်မြတ်ဝယ် ပျော်လတ်စံစား နတ် သိကြားတို့ထက်။
အတိသက္ကော၊ အောင်တမ်းခွန်ဖြင့် ကျော်ဝှန်ခြိမ့်သဲ လွန်ကဲထူးမြတ်သော သိကြားမင်း ဖြစ်တော်မူထသော။
ဗြဟ္မာနံ၊ ဈာန်ဟုန်ရောင်ဖြင့် တောက်လောင် ဘနန်း ချီးမွမ်းကျော်သောင်း ဗြဟ္မာအပေါင်း တို့ထက်။
အတိဗြဟ္မာ၊ ရူပ နာမ ဂုဏ်နှစ်ဝဖြင့် ဆဆလွန်ကျူး ထူးမြတ်သော ဗြဟ္မာမင်း ဖြစ်တော် မူထသော။
လောကနာထော၊ လူနတ် ဗြဟ္မာ သတ္တဝါတို့၏ ပူဇာညွတ်လျှိုး ခိုကိုးရာ ဖြစ်တော်မူ ထသော။
သဒေဝကေ၊ နတ်နှင့်တကွသော ။
လောကေ၊ ကာမရူပ အရူပ-ဟု လောက သုံးတည် ဘုံသုံးမည်၌။
ပတ္ထဋကိတ္တိသဒ္ဒါ၊ ဘာဂျဝန္တ စသည်ချီးအံ့ နယ်မဆန့်အောင် ပျံ့နှံ့ကျော်စောသော အသံ ရှိတော်မူထသော။
ယော ဘဂဝါ၊ အကြင် သဗ္ဗညုမြတ်စွာဘုရားသည်။
အတ္ထိ ဝိဇ္ဇတိ၊ ထင်ရှား ရှိတော်မူ၏။
သော ဘဂဝါ၊ ထို သဗ္ဗညု မြတ်စွာဘုရားသည်။
ဣတိပိ ဣမိနာ စ ကရဏေန၊ လောဘ ဒေါသ မောဟ ကင်္ခါ မိစ္ဆာဒိဋ္ဌိ အဟိရိက နောတ္တပ္ပနှင့် ထိန မာန ဥဒ္ဓစ္စ-ဟု ဒသကိလေ ရန်ညစ်တေကို လေးထွေမဂ်ပေါင်း လက်နက်ကောင်းဖြင့် ထောင်းထောင်း ဖျက်ဖြုန်း သတ်ဖြတ်မှုန်း၍ ပတ်ကုံးရန်သူ မပြုဝံ့ရှောင်း ဤအကြောင်းကြောင့်လည်း။
အရဟံ၊ အရဟ မည်တော်မူ၏။
ဤကား--
ယသ္မာ ရာဂါသင်္ခါတာ၊
သဗ္ဗေပိ အရယော ဟတာ။
ပညာသတ္ထေန နာထေန၊
တသ္မာပိ အရဟံ မတော။
ဖွင့်အပ်သောအတိုင်း အနက်တည်း။
၎င်းနှင့်တကွ အရဟံပုဒ်၏ ရသင့်တိုင်း အနက်ကား --
အာရကတ္တာ ဟတတ္တာ စ၊
ကိလေသာရီန သော မုနိ။
ဟတသံသာရစက္ကာရော၊
ပစ္စယာဒီန စာရဟော။။
န ရဟော ကရောတိ ပါပါနိ၊
အရဟံ တေန ပုစ္စတိ။
ဝိသုဒ္ဓိမဂ်၊(ဋ္ဌ၊ပ၊နှာ-၁၉၅)
အာရကတ္တာ စ၊ သဝါသနာ ကိလေသာမှ လေးဖြာမြိုက်မဂ် စိန်သန်လျက်ဖြင့် ချိုးဖျက် မလူ ဝေးတော်မူသည်၏ အဖြစ်ကြောင့်၎င်း --
သော တတော အာရကာ နာမ၊
ယဿ ယေနာသမင်္ဂိတာ။
အသမင်္ဂီ စ ဒေါသေဟိ၊
နာထော တေနာ ́ရဟံ မတော။
ဟူသော ဂါထာအတိုင်း အနက်။
ကိလေသာရီနံ၊ လောဘ ဒေါသ မောဟ ကင်္ခါ မိစ္ဆာဒိဋ္ဌိ အဟိရိက နောတ္တပ္ပနှင့် ထိန မာန ဥဒ္ဓစ္စ-ဟု ဒသကိလေ ရန်ညစ်တေတို့ကို။
ဟတတ္တာ စ၊ လေးထွေသော မဂ်ဉာဏ် လက်နက်ဖြင့် တက်တက် ပျက်ပြုန်း သတ်ဖျက်ဖြုန်း၍ ပတ်ကုံးရန်သူ မပြူဝံ့ရှောင်း ဤအကြောင်းကြောင့်၎င်း။
သော မုနိ၊ ထိုမြတ်စွာဘုရားကို။
အရဟံ၊ အရဟ မည်၏ဟူ၍။
ဝုစ္စတိ၊ ဆိုအပ်၏။
ယောမုနိ၊ အကြင် မြတ်စွာဘုရားသည်။
ဟတသံသာရစက္ကာရော၊ အဝိဇ္ဇာနှင့် တဏှာ ပုံတောင်း အပေါင်းသုံးတန့် အကန့်သင်္ခါရာ ဇရာမရဏ အကွပ်ပြသား အာသဝဝင်ရိုး လျှို့ထိုးယှဉ်စပ် ဘဝသုံးပါး ဝဋ်ရထား၌ ရှည်လျားတပ်သည့် ရဟတ်သံသာ ဝဋ်စကြာ၏ ပုညာဒိက သင်္ခါရကို ဝီရိယခြေ သီလမြေထက် သဒ္ဓါလက်ဖြင့် ကမ္မက္ခယိန် ဉာဏ်ပုဆိန်ကို ရွယ်ချိန်မိုးလျက် ချိုးဖျက်တော်မူပြီ။
ခန္ဓာနဉ္စ ပဋိပါဋိ၊
ဓာတုအာယတနာန စ။
အဗ္ဗောစ္ဆိန္နံ ဝတ္တမာနာ၊
သံသာရောတိ ပဝုစ္စတီတိ --
ဧဝံ ဝုတ္တသံသာရောဝ သံသာရစက္ကံ။ ဋီကာ (ပ၊နှာ-၂၂၁)
တနည်းကား --- ဟတ သံသာရစက္ကာရော၊ ပုံတောင်းအဝိဇ္ဇာ ဇရာမရဏံ အကွပ်ရံ၍ ဆယ်တန်မဇ္ဈ အကန့်ပြသား အလွှားလေးလွှာ ဓွန့်သုံးဖြာနှင့် ခြင်းရာနှစ်ဆယ် သုံးသွယ်အစပ် သမုပ္ပါဒ်-ဟု ရဟတ်စက်ကန့် လယ်ဆယ်တန့် ကို ချိုးဟန့်ဖျက်ဆီး တော်မူပြီ။
အရာ သံသာရစက္ကဿ၊
ဟတာ ဉာဏာသိနာ ယတော။
လောကနာထေန တေနေ'သ၊
အရဟန္တိ ပဝုစ္စတိ။
ဟူသည်နှင့် အညီတည်း။
ပစ္စယာဒီနဉ္စ၊ ပစ္စည်းလေးထွေ မဟေသက္ခ လူနတ်သသည့် ပူဇာဝိသေသ တို့ကိုလည်း။
အရဟော၊ အလှူခံမြတ်ဖြစ်၍ စင်စစ်ခံတော်မူထိုက်၏။
ရဟော၊ ပညာရှိယောင် လူမိုက်ခေါင်ကို လူဘောင်မလှ အရှက်ရမည်ကြောင့် ကွယ်ပ ညစ်ကျု မကောင်းမှုကို ပြုကြပမာ ဆိတ်ကွယ်ရာ၌။
ပါပါနိ၊ ယုတ်မာ ညစ်ကျု မကောင်းမှုတို့ကို။
န ကရောတိ၊ ဗောဓိရင်းကပင် ပယ်ရှင်းဟေတု ဘယ်တခုကိုမျှ ကျင့်ပြုတော်မမူ။
ယသ္မာ နတ္ထိ ရဟော နာမ၊
ပါပကမ္မေသု တာဒိနော။
ရဟာဘာဝေန တေနေ' သ၊
အရဟံ ဣတိ ဝိဿုတော။
ဝိသုဒ္ဓိမဂ် (ဋ္ဌ၊ပ၊နှာ-၁၉၅) ဟူသည်နှင့် အညီတည်း။
တေန ကာရဏေန၊ စက်ကန့်ဖဲ့ချိုး လှူမျိုးခံထိုက် ကွယ်၌ညစ်ကျု မပြုတုံ ရှောင်း ထိုအကြောင်းကြောင့်လည်း။
သောမုနိ၊ ထိုမြတ်စွာဘုရားကို။
အရဟံ၊ အရဟမည်၏ ဟူ၍။
ဝုစ္စတိ၊ ဆိုအပ်၏။
ဤသို့ ပါဌ်အနက်ကို ရွတ်လျက် မူလည်း ဆင်ခြင်အပ်၏။
တနည်းလည်း---
အာရကာ မန္ဒဗုဒ္ဓီနံ၊
အာရကာ စ ဝိဇာနတံ။
ရဟာနံ သုပ္ပဟီနတ္တာ၊
ဝိဒူန' မရဟေယျတော။
ဘဝေသု စ ရဟာဘာဝါ၊
ပါသံသာ အရဟံ ဇိနော။
ဋီကာ (ပ၊နှာ-၂၂၈)
မန္ဒဗုဒ္ဓီနံ၊ ကိလေပြောထူ ဉာဏ်နုန့်သူတို့မှ။
အာရကာ၊ သင်္ကန်းစွန်း၌ ကိုင်၍ လိုက်သော်လည်း သောင်းတိုက်စက္ကဝါ ပမာမပြား ဝေးခြားတော်မူသည်၏ အဖြစ်ကြောင့်၎င်း။
သမ္မာ န ပဋိပဇ္ဇန္တိ၊
ယေ နိဟီနာသယာ နရာ။
အာရကာ တေဟိ ဘဂဝါ၊
ဒူရေ တေနာ' ရဟံ မတော။
(မဟာဋီကာ၊ပ၊နှာ-၂၂၅) ဟူသည်နှင့် အညီတည်း၊
ဝိဇာနတံ = ဝိဇာနန္တာနံ၊ ဟုတ်မှန်သဖြင့် အကြံသင့်၍ အကျင့်ပြောထူ ဉာဏ်ရှိသူတို့နှင့်။
အာရကာ စ၊ အဓွန့်တရာ ယူဇနာဝယ် ကွယ်ကာဝေးရပ် နီးမစပ်သော်လည်း ချဉ်းကပ်နီးနား တော်မူသည်၏ အဖြစ်ကြောင့်၎င်း။
ယေ သမ္မာ ပဋိပဇ္ဇန္တိ၊
သုပ္ပဏီတာဓိမုတ္တိကာ။
အာရကာ တေဟိ အာသန္နေ၊
တေနာပိ အရဟံ ဇိနော။ .
(မဟာဋီကာ၊ပ၊နှာ-၂၂၆) ဟူသည်နှင့် အညီတည်း။
ရဟာနံ၊ စီးပွါးနှစ်ဆူ ဖြည့်ကျင့်သူတို့ မယူဝေးရပ် စွန့်ပစ်အပ်ကုန်သော မကောင်းမှုတို့ကို။
သုပ္ပဟီနတ္တာ၊ ဗောဓိညောင်ရွှေ ဗုဒ္ဓဟေပင်မင်း အောင်မြေကွင်း၌ အကြွင်းမချန် မဂ်လေးတန်ဖြင့် ပယ်လှန်တွန်းသတ် ဖြတ်တော်မူပြီး သည်၏ အဖြစ်ကြောင့်၎င်း။
ပါပဓမ္မာ ရဟာ နာမ၊
သာဓူဟိ ရဟိတဗ္ဗတော။
တေသံ သုဋ္ဌု ပဟီနုတ္တာ၊
ဘဂဝါ အရဟံ မတော။
(မဟာဋီကာ၊ပ၊နှာ-၂၂၆)ဟူသည်နှင့် အညီတည်း။
ဝိဒူနံ၊ သေက္ခာသေက္ခ ကလျာဏပုထုဇန် သူမွန်ဇာတိ ပညာရှိတို့သည်။
အရဟေယျတော၊ ကိုယ်စိတ်ညွတ်လျော သဒ္ဓါစော၍ နေ့ရောညဉ့်ပါ အခါမလပ် မစွန့်အပ်သည်၏အဖြစ်ကြောင့်၎င်း။
ယေ သစ္ဆိကတသဒ္ဓမ္မာ၊
အရိယာ သုဒ္ဓဂေါစရာ။
န တေဟိ ရဟိတော ဟောတိ၊
နာထော တေနာ ́ရဟံ မတော။
(မဟာဋီကာ၊ပ၊နှာ-၂၂၇) ဟူသည်နှင့် အညီတည်း။
ဘဝေသု၊ ဘဝသံသရာ နာနာဂတိတို့၌။
ရဟာဘာဝါ စ၊ မြရိပ်ဝေဝေ အောင် မြေသာချက် ပလ္လင်ထက်က ကမ္မက္ခယန် မဂ်လေးတန်ဖြင့် သသမ္ဘာရတ် ကမ္မဝဋ်ကို ပယ်ဖြတ်ဖျက်ဆီး အောင်ပြီးရကား သွားလာ ဖြစ်ပြန်ခြင်း မရှိသည်၏ အဖြစ်ကြောင့်၎င်း။
ရဟော ဝါ ဂမနံ ယဿ၊
သံသာရေ နတ္ထိ သဗ္ဗသော။
ပဟီန ဇာတိ မရဏော၊
အရဟံ သုဂတော မတော။
(မဟာဋီကာ၊ပ၊နှာ-၂၂၈)ဟူသည်နှင့် အညီတည်း။
ပါသံသာ၊ သူတပါးထက် ထူးခြားကဲလွန် ဟုတ်မှန်ထင်ပေါ် ကျေးဇူးတော်ဖြင့် ကော်ရော် ကြွေးရိုက် ချီးမွမ်းထိုက်သည်၏ အဖြစ်ကြောင့်၎င်း။
ဂုဏေဟိ သဒိသော နတ္ထိ၊
ယသ္မာ လောကေ သဒေဝကေ။
တသ္မာ ပသံသိယတ္တာပိ၊
အရဟံ ဒွိပဒုတ္တမော။
ဟူသော ဋီကာ (ပ၊နှာ-၂၂၈) နှင့် အညီတည်း။
ဇိနော၊ ဒေဝပုတ္တ စသည်များဖြင့် မာရ်ငါးအင်ကို အောင်မြင်တော်မူပြီးသော ဘုရားမြတ် သည်။
အရဟံ၊ အရဟ မည်တော်မူ၏။
သမ္မာသမ္ဗုဒ္ဓ
ဣတိပိ ဣမိနာ စ ကာရဏေန၊ အဘိညာ ပရိညာနှင့် ပဟာတဗ္ဗ သစ္ဆိကဟု မဂ္ဂဘာဝနာ လေးသစ္စာကို ဆရာမဆို အလိုလိုလျှင် ဟိတ်ဖိုလ်နှိုင်းထောက် မဖောက်မပြန် မှန်စွာ သိရှောင်း ဤ အကြောင်းကြောင့်လည်း။
သမ္မာသမ္ဗုဒ္ဓေါ၊ သမ္မာသမ္ဗုဒ္ဓ မည်တော်မူ၏။
တသ္မာ ဗုဒ္ဓေါသ္မီတိ ယသ္မာ စတ္တာရိ သစ္စာနိ မယာ ဗုဒ္ဓါနိ၊ သစ္စဝိနိမုတ္တံ စ ကိဉ္စိ ဉေယျံ နတ္ထိ၊ တသ္မာ သဗ္ဗမ္ပိ ဉေယျံ ဗုဒ္ဓေါသ္မိ၊ အဗ္ဘညာသိန္တိ အတ္ထော --
ဟူသော ဋီကာ(ပ၊နှာ-၂၂၉)နှင့် အညီတည်း၊
တနည်းလည်း --
ကိပိ ဣမိနာ စ ကာရဏေန၊ ဆအဇ္ဈတ္တာ၊ ဆဗာယတနံ၊ ဝိညာဏ် ဖဿာ၊ ဝေဒနာတည်း၊ သညာ စေတနာ၊ တဏှာ ဝိတက္က၊ ဝိစာရနှင့်၊ ခန္ဓ ကသိ၊ နုဿတိ အသုဘ၊ ကောဋ္ဌာသ အာ၊ ဓာတ် ဘဝါကို၊ လေးမျိုး ဈာနာ၊ ပမညာ အရူပ၊ ပဋိစ္စဟု၊ ဧကေကပုဒ်၊ ထုတ်၍ ဝေဘန်၊ လေးသစ္စံကို၊မကျန် ကိုယ်တိုင်၊ သိနိုင်ပေတတ်၊ ဤသကတ်ကြောင့်လည်း။
သမ္မာသမ္ဗုဒ္ဓေါ၊ သမ္မာသမ္ဗုဒ္ဓ မည်တော်မူ၏။
ဝိဇ္ဇာစရဏသမ္ပန္န
ဣတိပိ ဣမိနာ စ ကာရဏေန၊ သုံးပါးဝိဇ္ဇာ၊ ပု-ဒိ-အာနှင့်၊ ဝိဇ္ဇာအဋ္ဌ၊ ဝိ-မ-စေ-ဒိ၊ ပု-ဒီ-ဣဒ်-အာ၊ ရောင်ဝါ တေဇိန်၊ သီ-ဣန်-ဘော-ဇာ၊ သဒ္ဓမ္မာ ခွန်၊ ရူပဈာန်ဟု၊ ငါးတန်စွန်းကယ်၊ ဆယ်စရဏ၊ မြတ်ဓမ္မနှင့်၊ တကွဥဿုံ၊ ပြည့်စုံတတ်ရှောင်း၊ ဤအကြောင်းကြောင့် လည်း။
ဝိဇ္ဇာစရဏသမ္ပန္နော၊ ဝိဇ္ဇာစရဏသမ္ပန္န မည်တော်မူ၏။
သတ္တ သဒ္ဓမ္မာ နာမ သဒ္ဓါ ဟိရီ ဩတ္တပ္ပံ ဗာဟုသစ္ဒံ ဝီရိယံ သတိ ပညာ စ။
ဋီကာ (ပ၊နှာ-၂၃၃)
တတ္ထ ဝိဇ္ဇာသမ္ပဒါ ဘဂဝတော သဗ္ဗညုတံ ပူရေတွာ ဌိတာ။ စရဏသမ္ပဒါ မဟာကာရုဏိကတံ။ အဋ္ဌကထာ (ဝိသုဒ္ဓိမဂ်၊ပ၊ နှာ-၁၉၇)
သုဂတ
ဣတိပိ ဣမိနာ စ ကာရဏေန၊ ဒီပင်္ကရာ ထွဋ်ချာ သေဌ်နင်း ခြေတော်ရင်းမှ မှန်ကင်း သိရီ ဗောဓိမဏ္ဍိုင် ခန်းဝါပိုင်အောင် ဆယ်ခိုင်ပါရမီ စုံဖြည့်ညီလျက် သုံးလီဘဝ များသတ္တ၏ သုခစီးပွါး ကျင့်သောအား ဖြင့် မိုက်မှားအယုတ် သဿတုစ္ဆေဒ ကာမသုခတ္တ ကိလမထဟူ မိစ္ဆာယူကို ဆံမြူတစိ မကပ်ငြိပဲ သတိသမ္ပဇဉ် မပြတ်ယှဉ်လျက် သဗ္ဗဉ်ဉာဏ်တော် ရကြောင်း ရော်၍ လာတော်မူရှောင်း ဤအကြောင်းကြောင့်လည်း။
သုဂတော၊ သုဂတ မည်တော်မူ၏။
တနည်းလည်း --
သောဘနံ ဂမနတ္တာ စ၊
ဂတတ္တာ သုန္ဒရံ ပဒံ။
သမ္မာ ဂတတ္တာ ဂဒတ္တာ၊
သုဂတောတိ ပဝုစ္စတိ ----
ဟူ၍လည်း အောက်မေ့အပ်၏။
သောဘနံ ဂမနတ္တာ စ၊ ဧမြငြိမ်းချမ်း ဘေးဘျမ်းမစပ် နိဗ္ဗာန်ရပ်သို့ ငြိကပ် မတွယ် တင့်တယ်သာညှင်း အရိယမဂ်ဟူသော သွားခြင်း ရှိသည်၏အဖြစ်ကြောင့်၎င်း။
သုန္ဒရံပဒံ၊ မကောင်းဒုက္ခ သင်္ခါရကင်း ကောင်းခြင်းအစွန်[၁] မုချမှန်သော နိဗ္ဗာန်ဌာနသို့။
ဂတတ္တာ စ၊ မသွေမဖောက် ကွန်းမထောက်ပဲ ကြွရောက်တော် မူသည်၏ အဖြစ်၎င်း။
သမ္မာ၊ ထိုထိုမဂ်ဖြင့် ပယ်ဖျက်တွန်းလှန် ကိလေရန်ကို မပြန်စေပဲ မြဲမြံကောင်းမွန်စွာ။
ဂတတ္တာ စ၊ ကြွသွားတော်မူတတ်သည်၏ အဖြစ်ကြောင့်၎င်း။
ဝါ၊ သမ္မာ ဂတတ္တာ စ၊ ဒီပင်္ကရာ ထွဋ်ချာသေဌ်နင်း ခြေတော်ရင်းမှ မှန်ကင်းသိရီ ဗောဓိမဏ္ဍိုင် ခန်းဝါပိုင်အောင် ဆယ်ခိုင်ပါရမီ စုံဖြည့်ညီလျက် သုံးလီဘဝ များသတ္တ၏ သုခစီးပွါး ကျင့်သောအားဖြင့် မိုက်မှားအယုတ် သဿတုစ္ဆေဒ ကာမသုခတ္တ ကိလမထဟူ မိစ္ဆာယူကို ဆံမြူတစိ မကပ်ငြိပဲ သတိသမ္ပဇဉ် မပြတ်ယှဉ်လျက် သဗ္ဗဉ်ဉာဏ်တော် ရကြောင်းရော်၍ လာတော်မူတတ်သည်၏ အဖြစ်ကြောင့်၎င်း။
[၁။ အစွန် = အစ္စန္တ = သေခြင်း တည်းဟူသော အစွန်းကို လွန်မြောက်ခြင်း, စုတိကို လွန်မြောက်ခြင်း၊ နိဗ္ဗာန်။]
ဣဒဉ္စ သိခါပ္ပတ္တံ သမ္မာဂမနံ၊ ယာယ အာဂမနီယ ပဋိပဒါယ သိဒ္ဓံ၊ သာပိ သမ္မာဂမနမေဝါတိ ဧဝမ္ပိ ဘဂဝါ သုဂတောတိ ဒဿေတုံ 'သမ္မာ ဝါ ဂတော' တိအာဒိ ဝုတ္တံ ---
ဟူသော ဋီကာ (ပ၊နှာ-၂၃၄-၅) နှင့် အညီ ပထမအနက်အတိုင်းပင်။
'သဿတံ ဥစ္ဆေဒန္တိ ဣမေ အန္တေ အနုပဂစ္ဆန္တော' ဖြင့် ပဋိစ္စသမုပ္ပါဒဂတိကို ပြ၏။ 'ကာမသုခံ အတ္တကိလမထန္တိ ဣမေ အနုပဂစ္ဆန္တော' ဖြင့် အရိယမဂ္ဂဂတိကို ပြ၏-မှတ်။
သမ္မာဂဒတ္တာ စ၊ ကျိုးရှိ ဟုတ်မှန် သူနာခံလို မနာလို အားဖြင့် နှစ်ခွန်းသော စကားကိုသာ ဆိုတော်မူတတ်သည်၏ အဖြစ်ကြောင့်၎င်း။
သုဂတောတိ၊ သုဂတဟူ၍။
ပဝုစ္စတိ၊ ဆိုအပ်၏။
ယင်း သုဂတဂုဏ်တော် လေးပါးတို့တွင် သမ္မာဂဒဂုဏ်တော်၌ --
ပရပ္ပိယံ အပ္ပိယံ ဝါ၊
ဘူတံဝ အတ္ထသဉှိတံ၊
နာထော ဘာသတိ ဒွေ ဝါစံ၊
န ပနညံ စတုဗ္ဗိဓံ --
ဟူသော သင်္ဂဟဂါထာကိုလည်း ရွတ်ဖတ်ဆင်ခြင်ရာ၏။ “ဒွေဝါစံ” ကား “ဒွေမာတိကံ ပဂုဏံ ကတွာ ́ စသည်ကဲ့သို့ သမာသ်။
လောကဝိဒူ
ဣတိပိ ဣမိနာ စ ကာရဏေန၊ သတ္တော’ ကာသ သင်္ခါရဟု လောကသုံးဘုံ အလုံးစုံကို အာရုံထင်စွာ ပိုင်းခြားကာလျှင် အာသယာနုသယ စရိတ ဓိမုတ် မြတ်-ယုတ်နှစ်ခု မုဒု-တိက္ခ စသည်ထွေထွေ လေ-ရေ မြေထု မေရု စက္ကဝါသီဒါပတ်ခြံ တောင်ရံခုနစ် လှည့်ရစ်နေ လ ဒီပလေးတန် ခြောက်တန်နတ်ရွာ ဗြဟ္မာနှစ်ဆယ် သွယ်သွယ်များလှ ဝေဖန်ပြလျက် လက္ခဏ ရသ ကိစ္စစေ့ငု ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်နှင့် ရုပ်နာမ်ဝေခြား ခပ်သိမ်း အားဖြင့် ထွေပြားကုန်စင် သိမြင်တတ်ရှောင်း ဤအကြောင်းကြောင့်လည်း။
လောကဝိဒူ၊ လောကဝိဒူ မည်တော်မူ၏။
သဘာဝတော သမုဒယာ၊
နိရောဓာ တ ́ဒုပါယတော။
သဗ္ဗထာ လောက မဝေဒီ၊
လောကဝိဒူတိ တေန သော .....
ဟူ၍လည်း ဆင်ခြင်အပ်၏။
သဘာဝတော၊ ပစ္စုပါဒါနက္ခန္ဓဒုက္ခသဘောအားဖြင့်၎င်း။
သမုဒယာ၊ တဏှာ စသည် မူလဖြစ်ကြောင်းအားဖြင့်၎င်း။
နိရောဓော၊ ဒုက္ခ သမု နှစ်ခုချုပ်ရာ ဝိသင်္ခါရအားဖြင့်၎င်း။
တဒုပါယတော၊ ထိုနိဗ္ဗာန်သို့ ဧကန်မစောင်း ရောက်ကြောင်း အစီအရင် အင်္ဂါရှစ်ပါး အရိယ မဂ်အားဖြင့်၎င်း။
သဗ္ဗထာ၊ ခပ်သိမ်း ဥဿုံ အကုန် လေးပါး အခြင်းအရာအားဖြင့်။
လောကံ၊ ခန္ဓာစသော သင်္ခါရ လောကကို။
အဝေဒီ၊ ပိုင်းခြား တိတိ သိတော်မူပြီ။
တေန၊ ထိုကြောင့်။
သော ဘဂဝါ၊ ထိုမြတ်စွာဘုရားသည်။
လောကဝိဒူတိ လောကဝိဒူနာမ၊ လောကဝိဒူ မည်တော်မူ၏။
သတ္တော ကာသ သင်္ခါရ လောကသုံးပါးတို့၏ အထူးကား --
တတ္ထ ဣန္ဒြိယဗဒ္ဓါနံ ခန္ဓာနံ သမူဟော သန္တာနော စ သတ္တလောကော ...။ အနိန္ဒြိယဗဒ္ဓါနံ ရူပါဒီနံ သမူဟော သန္တာနော စ ဩကာသလောကော ...။ ဥဘယေပိ ခန္ဓာ သင်္ခါရလောကော။ မဟာဋီကာ (ပ၊ နှာ-၂၃၇) အနက်လွယ်၏။
ဤလောကဝိဒူ ဂုဏ်တော်ဖွင့်ကား အထူး ကြည်ညို အံ့သြဘွယ် အလွန် ကျယ်ဝန်းလှ၏။ ထိုထို အဋ္ဌအထာ ဋီကာတို့ကို ရှုလေဦး။
အနုတ္တရော
ဣတိပိ ဣမိနာ စ ကာရဏေန၊ သညာဧကတ် နာနတ် ထွေလာ အဖြာဖြာလျှင် သတ္တာဝါသ ဘုံကိုးဝ၌ သီလခေါင်ထိ သမာဓိနှင့် ဘူရိမေဓာ ပညာဝိမုတ် ဝိမုတ်ဒဿန ကြီးစွများဟုံ ကျေးဇူး ဂုဏ်ကြောင့် စံပုံနှိုင်းထောက် တယောက်မမျှ အသမဟု မြတ်လှထွဋ်ဖျား ဤကြောင်းလျားကြောင့်လည်း။
အနုတ္တရော၊ အနုတ္တရ မည်တော်မူ၏။
ပုရိသဒမ္မသာရထိ
ဣတိပိ ဣမိနာ စ ကာရဏေန၊ ဆုံးမခြင်းငှါ လျောက်ပတ်စွာသည် အပလာလ ဓူမသိခေါ စူဠောဒရ မဟောဒရ-တည့် အဂ္ဂိသိခ အရဝါဠ သစ္စက က အမ္ဗဋ္ဌတွင် လုလင်မာဏဝ ပေါက္ခရနှင့် သောဏဒဏ္ဍ, ကုဋဒဏ္ဍာ, အာဠဝက, ခရလောမိ သုစိလောမာ , ဗြဟ္မာ သက္က ဤသို့စသည် ရိုင်းပျခက်မာ သတ္တဝါကို သုံးဖြာသရဏဂုမ် ငါးစုံသီလာ တည်စေကာလျှင် ဖြူစွာတရား တည်သူအားလည်း ထက်ဖျားဈာန်မဂ် ဖိုလ်သို့ တက်အောင် အချက်ကျကျ နည်းစုံပြလျက် ဆုံးမတတ်စွာ ဤကြောင်းခြာကြောင့်လည်း။
ပုရိသဒမ္မသာရထိ၊ ပုရိသဒမ္မသာရထိ မည်တော်မူ၏။
ဤသို့ အနုတ္တရနှင့် ပုရိသဒမ္မသာရထိကို ခွဲ၍ ယူသော် ဂုဏ်တော်ဆယ်ပါး ဖြစ်၏။ ပေါင်းသော် ကိုးပါး ဖြစ်ဟန်ကား --
ဣတိပိ ဣမိနာ စ ကာရဏေန၊ တထက်ဝယ်ဖြင့် ရှစ်သွယ်အရပ် သမာပတ်သို့ ငြိကပ်မရှိ ပြေးစွမ်းဘိအောင် ကြဉ်းဆောင်နည်းပြ ဆုံးမတော်မူ အတူ မဲ့ကင်း ဤကြောင်းခြင်း ကြောင့်လည်း။
အနုတ္တရော ပုရိသဒမ္မသာရထိ၊ အနုတ္တရော ပုရိသဒမ္မသာရထိ မည်တော်မူ၏။ ။
သတ္ထာဒေဝမနုဿာနံ
ဣတိပိ ဣမိနာ စ ကာရဏေန၊ သတ္တဝါဟော် ယာဉ်မှူးကျော်လျှင် ဖော်လှော်ငယ်သား နောက်ပါများကို ရေရှားဘေးခ ကန္တာရမှ ခေမမြေငူ ထုတ်ကယ်ယူသို့ ထို့တူတစိ ခဲယဉ်းဘိသည် ဇာတိဇရာ မရဏာဟု ကန္တာရကြမ်း ခရီးလမ်းမှ ရွှေနန်းမြေငူ ပြည်နိဗ္ဗူသို့ နတ်လူဗြဟ္မာ သတ္တဝါကို ဆောင်ကာယူတတ် ဤသကတ်ကြောင့် လည်း။
ဒေဝမနုသာနံ၊ ဦးမည်းဦးဖြူ နတ်နှင့်လူတို့၏။ သတ္ထာ၊ ဆရာ ဖြစ်တော်မူ၏။
ဝါ-သတ္ထာ ဒေဝ မနုသာနံ၊ သတ္ထာ ဒေဝ မနုသာနံ မည်တော်မူ၏။
ဒိဋ္ဌဓမ္မိကသမ္ပရာ-
ယိကေဟိ ပရမတ္ထေန။
ယထာရဟံ နုသာသတိ၊
တေနာပိ ဝုစ္စတေ သတ္ထာ။
ဟူ၍လည်း ရှုအပ်၏။
ဒိဋ္ဌဓမ္မိက သမ္ပရာယိကေဟိ၊ မျက်မှောက်အမြင် ဤကိုယ်တွင်ဝယ် ယှဉ်သော ပစ္စုပ္ပန်ကျိုး ကံ ကိလေသာ အစွမ်းဖြင့် ကူးသန်းသွားထိုက် နောင်ဘဝ၌ယှဉ်သော တမလွန်ကျိုး တို့ဖြင့်၎င်း။
ပရမတ္ထေန၊ အမြတ်ထူးချွန် သာကဲလွန်သည့် နိဗ္ဗာန်ဟူသော အကျိုးဖြင့်၎င်း။
ယထာရဟံ၊ ထိုထို အကျိုးတို့၌ ထိုက်သောသတ္တဝါ အားလျော်စွာ။
အနုသာသတိ၊ ဆုံးမပဲ့ပြင် သွန်သင်ဆောင်ယူ တည်စေတော်မူတတ်၏။
တေနာပိ၊ ထိုအကြောင်းကြောင့်လည်း။
သတ္ထာ၊ သတ္ထာဟူ၍။
ဝုစ္စတေ၊ ဆိုအပ်၏။
ဗုဒ္ဓ
ဣတိပိ ဣမိနာ စ ကာရဏေန၊ ဝိမောက္ခန္တိက ဉာဏ်တေဇဖြင့် ဉေယျငါးဖြာ မဟာသမုဒ္ဒ ကြွင်းရမထင် ထဲလင်းစင်အောင် သိမြင် တတ်ရှောင်း ဤအကြောင်းကြောင့်လည်း။
ဗုဒ္ဓေါ၊ ဗုဒ္ဓ မည်တော်မူ၏။
ဝိမောက္ခန္တိကဉာဏ် အရကောက်ပြပုံ
သဗ္ဗသော ပဋိပက္ခေဟိ ဝိမုစ္စတီတိ ဝိမောက္ခော၊ အဂ္ဂမဂ္ဂေါ။ တဿ အန္တော အဂ္ဂဖလံ၊ တတ္ထ ဘဝံ တသ္မိံ လဒ္ဓေ လဒ္ဓဗ္ဗတောတိ ဝိမောက္ခန္တိကဉာဏံ၊ သဗ္ဗညုတဉာဏေန သဒ္ဓိံ သဗ္ဗမ္ပိ ဗုဒ္ဓဉာဏံ။
ဋီကာ(ပ၊ နှာ-၂၄၉) အနက် ထင်ရှား၏။
[ဝိမောက္ခ = ဆန့်ကျင်ဖက် ကိလေသာ အားလုံးမှ လွတ်သော အရဟတ္တမဂ်။
ဝိမောက္ခန္တ = (ဝိမောက္ခ + အန္တ = အရဟတ္တမဂ်၏ + အဆုံး ဖြစ်သော) အရဟတ္တမဂ် နောင်ဖြစ်သောအရဟတ္တဖိုလ်။
ဝိမောက္ခန္တိက = (ဝိမောက္ခန္တ + ဣက = အရဟတ္တဖိုလ်၌ + ဖြစ်သော) အရဟတ္တဖိုလ် ရပြီးမှ ရအပ်သော သဗ္ဗညုတဉာဏ်နှင့် အလုံးစုံသော ဗုဒ္ဓဉာဏ်။]
နာထော စတ္တာရိ သစ္စာနိ၊
အတ္တနာပိ စ ဗုဇ္ဈတိ။
အညေပိ သတ္တေ ဗောဓေတိ၊
ဗုဒ္ဓေါတိ တေန ဝုစ္စတိ။
ဟူ၍လည်း ဆင်ခြင်အပ်၏။ အနက် ထင်၏။
သမ္မာသမ္ဗုဒ္ဓဂုဏ်တော် ဗုဒ္ဓဂုဏ်တော်နှစ်ပါး အထူးကား---
သမ္မာသမ္ဗုဒ္ဓေါတိ ဣမိနာ သင်္ခပတော ဝိတ္ထာရတော စ သတ္ထု စတုသစ္စာဘိသမ္ဗောဓော ဝုတ္တော။
ဗုဒ္ဓေါတိ ပန ဣမိနာ တဒညဿာပိ ဉေယျဿာဝဗောဓော။
ပုရိမေန ဝါ သတ္ထု ပဋိဝေဓဉာဏာနုဘာဝေါ၊ ပစ္ဆိမေန ဒေသနာ- ညဏာနုဘာဝေါပိ။
ဋီကာ (ပ၊ နှာ-၂၄၉) အနက် ထင်၏။
[သမ္မာသမ္ဗုဒ္ဓေါတိ ဣမိနာ၊ သမ္မာသမ္ဗုဒ္ဓေါ ဟူသော ဤပါဌ်ဖြင့်။
သင်္ခပတော စ၊ အကျဉ်းအားဖြင့်၎င်း။
ဝိတ္ထာရတော စ၊ အကျယ်အားဖြင့်၎င်း။
စတုသစ္စာဘိ သမ္ဗောဓော၊ သစ္စာ၎ပါးကို သိခြင်းကို။
ဝုတ္တော၊ ဆိုအပ်၏။
ဗုဒ္ဓေါတိ ပန ဣမိနာ၊ ဗုဒ္ဓေါ ဟူသော ဤပုဒ်ဖြင့် မူကား။
တဒညဿာပိ၊ ထိုသစ္စာ ၄-ပါးမှ တပါးလည်းဖြစ်သော။
ဉေယျဿ၊ သိအပ်သော တရားကို။
အဝဗောဓော၊ ထိုးထွင်း၍ သိခြင်းကို။
ဝုတ္တော၊ ဆိုအပ်၏။
ဝါ၊ တနည်း။
ပုရိမေန၊ သမ္မာသမ္ဗုဒ္ဓေါ ဟူသော ရှေးပုဒ်ဖြင့်။
သတ္ထု၊ မြတ်စွာဘုရား၏။
ပဋိဝေဓဉာဏာနုဘာဝေါ၊ မဋိဝေဓဉာဏ်၏ အာနုဘော်ကို။
ဝုတ္တော၊ ဆိုအပ်၏။
ပစ္ဆိမေန၊ ဗုဒ္ဓေါဟူသော နောက်ပုဒ်ဖြင့်။
ဒေသနာဉာဏာနုဘာဝေါပိ၊ ဒေသနာဉာဏ်၏ အာနုဘော်ကိုလည်း။
ဝါ၊ ဟောကြားထုတ်ဖော် ပြဿနာ အမျိုးမျိုးကို ရှင်းလင်း ဖြေဆိုတော်မူနိုင်စွမ်း ရှိသော အာနုဘော်ကိုလည်း။
ဝုတ္တော၊ ဆိုအပ်၏။]
ဘဂဝါ
ဣတိပိ ဣမိနာ စ ကာရဏေန၊ လောဘ ဒေါသ မောဟ ဝိပရီ အဟိရီက နောတ္တပ္ပနှင့် ကောဓ ဥပနာ မက္ခာ ပဠာသ ဣဿာ စသည် ရေဆတွက်ကိန်း အသိန်းမက များလှတုံစွာ ကိလေသာကို လေးဖြာ မြိုက်မဂ် စိန်သန်လျက်ဖြင့် ချိုးဖျက်ခုတ်ဖြတ် ဤသကတ် ကြောင့်လည်း။
ဘဂဝါ၊ ဘဂဝါ မည်တော်မူ၏။
တနည်းလည်း
ဘဂီ ဘဇီ ဘာဂိ ဝိဘတ္တဝါ ဣတိ၊
အကာသိ ဘဂ္ဂန္တိ ဂရူတိ ဘာဂျဝါ။
ဗဟူဟိ ဉာယေဟိ သုဘာဝိတတ္တနော။
ဘဝန္တေဂေါ သော ဘဂဝါတိ ဝုစ္စတိ။
မဟာနိဒ္ဒေသပါဠိတော် (နှာ-၁၆၂-စသည်။)
ယော ဘဂဝါ၊ အကြင်မြတ်စွာဘုရားသည်။
ဘဂီ၊ ဣဿရိယ စသည်အပြား ဘုန်းခြောက်ပါး ရှိတော်မူ၏။
ဘဇီ၊ မဂ်ဖိုလ်စသည့် ဓမ္မရတနာ အရိယာကို ထင်စွာပိုင်းခြား အဘို့အားဖြင့် ဟောထား ဝေဖန်တော်မူပေတတ်၏။
ဝါ၊ ရွက်ဟောင်းကျကြွေ ရွက်သစ်ဝေသည် အောင်မြေရဂုမ် တောင်ရိပ်မြုံကို နိတုံအမြဲ မှီဝဲ ဆည်းကပ်တော်မူပေတတ်၏။
ဘာဂီ၊ မရေတွက်နိုင် ဖြိုင်ဖြိုင် ဓီးဓီး မြစ်ရေစီးသို့ ကြီးများသော ပစ္စည်းလေးရပ် လာဘ်သပ်ပကာအဖို့ ရှိတော်မူ၏။
ဝါ၊ အတ္ထရသ ဓမ္မရသ စသည် သောင်းသောင်း တရားပေါင်းသို့ ကောင်းစွာ ဆည်းကပ်လေ့ ရှိတော်မူ၏။
ဝိဘတ္တဝါ၊ အတ္ထရသ ဓမ္မရသ စသည် သောင်းသောင်း တရားပေါင်းကို ကောင်းစွာ ပိုင်းခြား ခွဲပြားမချန် ဝေဘန်တော်မူတတ်၏။
ဣတိပိ ဣမိနာ စ ကာရဏေန၊ ဤသို့သော အကြောင်းကြောင့်၎င်း။
ဘဂ္ဂံ၊ ရာဂ ဒေါသ မောဟ ဒိဋ္ဌိ အစရှိကို သိသိညက်ညက် ချိုးဖျက်ခြင်းကို။
အကာသိ၊ ပြုတော်မူပြီ။
ဣတိပိ ဣမိနာ စ ကာရဏေန၊ ဤသို့သော အကြောင်းကြောင့်၎င်း။
ဂရု၊ ကျောက်ထီးအတူ အလေးမူအပ်၏။
ဣတိပိ ဣမိနာ စ ကာရဏေန၊ ဤသို့သော အကြောင်းကြောင့်၎င်း။
ဘာဂျဝါ၊ လောကီ လောကုတ် ပစ္စုပ် သံသရာ ချမ်းသာပြီးကြောင်း ကောင်းမှုပါရမီ ရှိတော်မူ၏။
ဗဟူဟိ ဉာယေဟိ၊ ကာယသီလ စိတ္တပညာ ဘာဝနာ-ဟု များစွာသော ဘာဝနာအစဉ် တို့ဖြင့်။
သုဘာဝိတတ္တနော = သုဘာဝိတတ္တာ၊ ကောင်းစွာ ပွါးအပ်ပြီးသော သဘောရှိတော်မူ၏။
ဘဝန္တေဂေါ၊ ဘဝသုံး၏ ကုန်ဆုံးရိပ်မြုံ နိဗ္ဗာန်ဘုံသို့ အာရုံပြီးမြောက် ရောက်တော်မူ၏။
ဣတိပိ ဣမိနာ စ ကာရဏေန၊ ဤသို့သော အကြောင်းကြောင့်၎င်း။
သော ဘဂဝါ၊ ထိုမြတ်စွာဘုရားကို။
ဘဂဝါတိ၊ ဘဂဝါဟူ၍။
ဝုစ္စတိ၊ ဆိုအပ်၏။
တနည်းလည်း--
ဘာဂျဝါ ဘဂ္ဂဝါ ယုတ္တော၊
ဘဂေဟိ စ ဝိဘတ္တဝါ။
ဘတ္တဝါ ၀န္တဂမနော၊
ဘဝေသု ဘဂဝါ တတော။
ဝိသုဒ္ဓိမဂ်အဋ္ဌကထာ (ပ၊နှာ-၂၀၄)
ယော နာထော၊ အကြင်မြတ်စွာဘုရားသည်။
ယတော = ယသ္မာ ကာရဏာ၊ အကြင် အကြောင်းကြောင့်။
ဘာဂျဝါ၊ လောကီ လောကုတ် ပစ္စုပ် သံသရာ ချမ်းသာပြီးကြောင်း ကောင်းမှုပါရမီ ရှိတော်မူ၏။
ဒါနသီလာဒိသင်္ခါတံ၊
ယသ္မာ ဘာဂျံ အသေသတော။
ယဿ ဝိဇ္ဇတိ သော တေန၊
ဘဂဝါ ဣတိ ဝုစ္စတိ။
ဟူသည်နှင့် အညီတည်း။
ဘဂ္ဂဝါ၊ လောဘ, ဒေါသ, မောဟ, ဝိပရီတ မနသိကာရ၊ အဟိရီက အနောတ္တပ္ပ, ကောဓုပနာဟ, မက္ခ ပဠာသ, ဣဿာ မစ္ဆေရ, မာယာ သာဌေယျ, ထမ္ဘ , သာရမ္ဘ , မာနာ'တိမာန, မဒ ပမာဒ, တဏှာ အဝိဇ္ဇာ၊ တိဝိဓာ' ကုသလမူလ, ဒုစ္စရိတ, သံကိလေသ, မလ ဝိသမ, သညာ, ဝိတက္က, ပပဉ္စ၊ စတုဗ္ဗိဓ ဝိပရီယေသာ - သဝ, ဂန္ထော' ဃ, ယောဂါ ဂတိ, တဏှုပ္ပါဒ၊ ပဉ္စစေတောခီလ, ဝိနိဗန္ဓ နီဝရဏာဘိနန္ဒန၊ ဆ ဝိဝါဒမူလ, တဏှာကာယ၊ သတ္တာနုသယ၊ အဋ္ဌ မိစ္ဆတ္တ၊ နဝ တဏှာမူလက၊ ဒသာကုသလကမ္မပထ၊ ဒွါသဋ္ဌိဒိဋ္ဌိဂတ၊ အဋ္ဌသတတဏှာဝိစရိတ၊ သိန်းမကသည် ကိလေသအပူ။
အကျဉ်းမူကား -- မာရ်ငါးပါးတို့ကို လေးပါးမြိုက်မဂ် စိန်သန်လျက်ဖြင့် ချိုးဖျက်ခုတ်ဖြတ် တော်မူပြီး
ယသ္မာ နေကသဟဿေ စ၊
ကိလေသေ ပဉ္စမာရကေ။
အဘဉ္ဇိ သုဂတော တေန၊
ဘဂဝါ ဣတိ ဝိဿုတော ---
ဟူသည်နှင့် အညီတည်း။ ထို့ကြောင့်--
ဘဂ္ဂရာဂေ ဘဂ္ဂဒေါသော၊
ဘဂ္ဂမောဟော အနာသဝေါ။
ဘဂ္ဂါဿ ပါပကာ ဓမ္မာ၊
ဘဂဝါ တေန ဝုစ္စတိ --
ဟု(အဋ္ဌကထာ ၊ပ၊ နှာ-၂၀၄)၌ မိန့်အပ်၏။
စေတောခီလ ၅-ပါး
ဤ၌ “ပဉ္စစေတောခီလ”ဟူသည်ကား--
ဗုဒ္ဓ ဓမ္မ စ သံဃေ စ၊
သိက္ခာယမ္ပိ စ ကင်္ခနာ။
ကောဓော သဗြဟ္မစာရီသု၊
ပဉ္စ စေတောခိလာ ဣမေ --
ဟူသည်တည်း။
ဝိနိဗဒ္ဓ ၅-ပါး
“ပဉ္စဝိနိဗန္ဓ”ဟူသည်ကား—
ကာမေ အဝီတရာဂေါ။ ကာယေ။ ရူပေ။ ယာဝဒတ္ထံ ဥဒရာဝဒေဟကံ ဘုဉ္ဇိတွာ သေယျပဿမိဒ္ဓသုခံ အနုယုတ္တော ဝိဟရတိ။ အညတရံ ဒေဝနိကာယံ ပဏီဓာယ ဗြဟ္မစရိယံ စရတိ--တည်း။
သင်္ဂဟဂါထာ
ကာမေ ကာယေ ရူပေ ရာဂေါ၊
သေယျာဒိ သုခယုဉ္ဇနံ။
ဒေဝတ္တပဏိဓာနဉ္စ၊
ပဉ္စိမေ ဝိနိဗန္ဓကာ။
ဝိဝါဒမူလ ၆-ပါး
ဆဝိဝါဒမူလ ဟူသည်ကား --
ကောဓော မက္ခော စ ဣဿာ စ၊
သာဌေယျံ ပါပဣစ္ဆတာ။
သံဒိဋ္ဌိပရာမာသောတိ၊
ဆမေ ဝိဝါဒမူလကာ။
ဟူသည်တည်း။
တဏှာမူလက ၉-ပါး
“နဝ တဏှာမူလက” ဟူသည်ကား--
တဏှံ ပဋိစ္စ ပရိယေသနာ။ လာဘော။ ဝိနိစ္ဆယော။ ဆန္ဒရာဂေါ။ အဇ္ဈောသာနံ။ ပရိဂ္ဂဟော။ မစ္ဆရိယံ။ မစ္ဆရိယံ ပဋိစ္စ အာရက္ခာ။ အာရက္ခာဓိကရဏံ ဒဏ္ဍာဒါနာဒယောတည်း။
ဒိဋ္ဌိ ၆၂-ပါး
“ဒွါသဋ္ဌိ ဒိဋ္ဌိဂတ” ဟူသည်ကား --
စတ္တာရော သဿတဝါဒါ၊ တထာ ဧကစ္စသဿတဝါဒါ၊ အန္တာနန္တိကာ၊ အမရာဝိက္ခေပိကာ၊ ဒွေအဓိစ္စသမုပ္ပန္နိကာ၊ သောဠသ သညီဝါဒါ၊ အဋ္ဌ အသညီဝါဒါ၊ တထာ နေဝသညီနာသညီ- ဝါဒါ၊ သတ္တ ဥစ္ဆေဒဝါဒါ၊ ပဉ္စပရမဒိဋ္ဌဓမ္မနိဗ္ဗာနဝါဒါတည်း။
ဘဂေဟိ စ၊ ဣဿရိယ ဓမ္မ ယသ သိရီ ကာမ ပယတ္တအား ဘုန်းခြောက်ပါး တို့နှင့်လည်း။
ယုတ္တော၊ ယှဉ်တော်မူ၏။
[(၁) ဣဿရိယ = မိမိစိတ်ကို လွန်စွာအစိုးရခြင်းနှင့် လောကီတန်းခိုး ၈-ပါး။
(၂) ဓမ္မ = လောကုတ္တရာတရား ၉-ပါး။
(၃) ယသ = လောက ၃-ပါးလုံး ပျံ့နှံ့သော အလွန်စင်ကြယ်သော ကျော်စောသံ။
(၄) သိရီ = လက္ခဏာကြီးငယ် အသွယ်သွယ်နှင့် ပြည့်စုံခြင်း တင့်တယ်ခြင်း အသရေ။
(၅) ကာမ = အလိုရှိအပ် တောင့်တအပ်သော မိမိအကျိုး, သူတပါးအကျိုးကို အလိုရှိတိုင်း တောင့်တတိုင်း ပြီးစေခြင်း။
(၆) ပယတ္တ = အားလုံးသော သတ္တလောက၏ ဆရာဖြစ်ကြောင်း ဖြစ်သော ဝီရိယပါရမီ သမ္မာဝါယာမ မဂ္ဂင်။
(ဝိသုဒ္ဓိမဂ်၊ဋ္ဌ၊၂၊နှာ-၂၀၅)]
ထိုတွင် ပရမသကစိတ္တိဿရိယသည်၎င်း။
အဏိမာ လင်္ဃိမာ ပတ္တိ၊
ပါကမ္မံ မဟိမာ တထာ။
ဤသိတာ စ ဝသိတာ စ၊
ယတ္ထကာမာဝသာယိတာ။
ဟူသော လောကီ တန်းခိုး ရှစ်ပါးသည်၎င်း ဣသရိယ ဘုန်းမည်၏။
လောကီတန်းခိုး ၈-ပါး။
(၁) အဏိမာ = ကိုယ်တော်ကို အဏုမြူအနေ သေးငယ်အောင်ပြုခြင်း၊
(၂) လင်္ဃိမာ = ကောင်းကင်၌ ခြေဖြင့် သွားနိုင်ရန် ပေါ့ပါးအောင်ပြုခြင်း။
(၃) ပတ္တိ = လိုရာဒေသသို့ ရောက်နိုင်ခြင်း၊
(၄) ပါကမ္မ = အဓိဋ္ဌာန်စွမ်းဖြင့် လိုအပ်သော အမှုပြီးအောင် ပြုနိုင်ခြင်း။
(၅) မဟိမာ = စကြဝဠာကို ကိုယ်ဖြင့် ဖုံးနိုင်အောင် ကြီးမားသည့် အဖြစ်ပြုခြင်း။
(၆) ဤသိတာ = မိမိအလိုသို့ လိုက်စေနိုင်သော အစိုးရခြင်း။
(၇) ၀သိတာ = ရေမီးအစုံဖန်ဆင်းရာ၌ လိုတိုင်း ရသော လျင်မြန်သော ဝသီဘော်။
(၈) ယတ္ထကာမာ ဝသာယိတာ = အရာရာ ပြုလိုတိုင်း၌ အလိုစွမ်းဖြင့် ပြီးစေနိုင်ခြင်း။
ဝိဘတ္တဝါ၊ တရားဥဿုံ အလုံးစုံကို ကုသိုလ်စသား တိက်ဒုတ်များဖြင့် တရား ကုသိုလ် စသည်ကိုလည်း ထိုထိုခန္ဓာ ဒိဘေဒါဖြင့် သစ္စာလေးချက် ဆဲ့ခြောက် နက်ဖြင့် ပြက်ပြက်ထင်ရှား ဟောထားဝေဘန်တော်မူပြီ။
ဘတ္တဝါ၊ ဒိဗ္ဗ ဗြဟ္မ အရိယ ဟု ဝိဟာရသုံးထွေ သုံးဝိဝေက ဝိမောက္ခတြိ ဥတ္တရိ မနုဿ ဓမ္မ ဟူအပ် တရားမြတ်ကို ဆည်းကပ်မှီဝဲ တလဲလဲပြုတော်မူပြီ။
ဒိဗ္ဗဗြဟ္မဝိဟာရာဒိ၊
ဝိမောက္ခေ သုညတာဒိကေ။
ဝိဝေကေ စ ယတော နာထော၊
ဘဇိတော ဘဂဝါ တတော။
ဟူသည်နှင့် အညီတည်း။
ဘဝေသု၊ ကာမ ရူပ အရူပအား ဘုံသုံးပါး တို့၌။
ဝန္တဂမနော၊ မဂ်ခံတွင်းဖြင့် အကြွင်းမချန် ထွေးအန်စွန့်လျှင်း တဏှာဟူသော သွားခြင်း ရှိတော်မူ၏။
တတော တသ္မာ ကာရဏာ၊ ထိုအကြောင်းကြောင့်။
ဘဂဝါ၊ ဘဂဝါ မည်တော် မူ၏။
တနည်းလည်း
ဘာဂဝါ ဘတဝါ ဘာဂေ၊
ဘဂေ စ ဝနိ ဘတ္တဝါ။
ဘဂေ ဝမိ တထာ ဘာဂေ၊
ဝမီတိ ဘဂဝါ ဇိနော။
မဟာဋီကာ (၊ပ၊နှာ-၂၅၈)
ဘာဂဝါ၊ သူတပါးနှင့်ခြား မဆက်ဆန် မတူတန်သော ကဲလွန်သီလ ဉာဏ သမာဓိ ဝိမုတ္တိ နှင့် ဝိမုတ္တိဒသ် ဟိရောတ္တပ္ပါ သဒ္ဓါ ဝီရိယ သတိ စသည် ရေဆ ချင့်နှိုင်း အတိုင်းမသိ ဆုံးမရှိသည့် နိရတိသယ ဂုဏဘာဂါ ကြေညာထင်ပေါ် ကျေးဇူးတော်အဘို့ အစု ရှိတော်မူ၏။
[ဘဂဝါ= (ဘာဂ = အဘို့၊ အစု + ဝါ= ဝန္တု = ရှိခြင်း) ဂုဏ်ကျေးဇူး အစုရှိခြင်း။]
ယသ္မာ သီလာဒယော သဗ္ဗေ၊
ဂုဏဘာဂါ အသေသတော။
ဝိဇ္ဇန္တိ သုဂတေ တသ္မာ၊
ဘဂဝါတိ ပဝုစ္စတိ --
ဟူသော မဟာဋီကာ (၊ပ၊ နှာ-၂၅၉) နှင့်အညီတည်း။
ဘတဝါ၊ နိယတဗျာ ခံယူခါမှ စ၍အထူး ဆည်းပူးစုအပ် ဆယ်ရပ်ပါရမီ ငါးလီစာဂ သင်္ဂဟဝတ္ထု လေးခုအဓိဋ္ဌာ သုံးဖြာစရိယ စသည်အား ဘုရားဖြစ်ကြောင်း တရားပေါင်း ရှိတော်မူ၏။
[ဘတဝါ= (ဘတ = ဆည်းပူးခြင်း + ဝါ=ဝန္တ) ဆည်းပူးအပ်သည့် တရားရှိတော်မူခြင်း။]
သမ္မာသမ္ဗောဓိယာ သဗ္ဗေ၊
ဒါနပါရမိအာဒိကေ။
သမ္ဘာရေ ဘတဝါ နာထော၊
တသ္မာပိ ဘဂဝါ မတော ...
ဟူသော ဋီကာ(၊ပ၊နှာ-၂၆၀) နှင့် အညီတည်း။
ဘဂေ၊ မပြတ်နေ့ရေ ဝင်စားပေသော ကုဋေဂဏန်း နှစ်သန်းလေးသိန်း တွက်ကိန်း များမြတ် သမာပတ် အဘို့တို့ကို။
ဝါ၊ စက္ခုစစွာ ဇရာမရဏ အဆုံး ကျလေ ပရိညေယျာ ပဟာတဗ္ဗ သစ္ဆိကနှင့် မဂ္ဂဘာဝနာ လေးဖြာသော အဘို့ရှိသော တရားတို့ကို။
ဝနိ ဘဇိ သေဝိ၊ မပြတ်အမြဲ မှီဝဲတော်မူပြီ။
ဝါ၊ ဂေါစရ ဘာဝနာ သေဝနာဖြင့် ထိုက်စွာ မှီဝဲတော်မူပြီ။
[ဘာဂဝါ = (ဘာဂ = သမာပတ် အစု + ဝါ= ဝန = မှီဝဲခြင်း) သမာပတ် အစုကို မပြတ် မှီဝဲခြင်း။]
တနည်းကား --
ဘာဂေ ၊ ဆက်ဆံသာဝက သီလစသည် ဓမ္မအစုတို့ကို။
ဝနိ အဘိပတ္ထယိ၊ ဘယ်သို့ပြုက ဝေနေယျဝယ် တည်ပါမည်နည်း သနားသည်း၍ အားကြည်း တောင့်တတော်မူပြီ။
[ဘဂဝါ= (ဘာဂ = သီလစသည် အစု + ဝါ= ဝန = တောင့်တခြင်း) သီလစသည့် အစုကို သတ္တဝါတို့တည်စေကြောင်း တောင့်တ လိုလားတော်မူခြင်း။]
ယသ္မာ ဉေယျသမာပတ္တိ၊
ဂုဏဘာဂေ တထာဂတော။
ဘဇိ ပတ္ထယိ သတ္တာနံ၊
ဟိတာယ ဘဂဝါ တတော --
ဟူသော ဋီကာ (၊ပ၊ နှာ-၂၆၀) နှင့် အညီတည်း။
ဘဂေ၊ လောကီလောကုတ် ပရမုက္ကဋ္ဌ် အလွန်မြတ်သော သမ္ပတ္တိတို့ကို။
ဝနိ အဇိ သေဝိ၊ မပြတ်အမြဲ မှီဝဲတော်မူပြီ။
ယာ တာ သမ္ပတ္တိယော လောကေ၊
ယာ စ လောကုတ္တရာ ပုထု။
သဗ္ဗာ တာ ဘဇိ သမ္ဗုဒ္ဓေါ၊
တသ္မာပိ ဘဂဝါ မတော --
ဟူသော ဋီကာ (၊ပ၊ နှာ-၂၆၁) နှင့် အညီတည်း။
ဘတ္တဝါ၊ မြဲမြံလေးမြတ် ဆည်းကပ်တတ်သော လူနတ် ဗြဟ္မာ သတ္တဝါ ဝေနေယျ သာဝက ရှိတော်မူ၏။
ဂုဏာတိသယယုတ္တဿ၊
ယသ္မာ လောက ဟိတေသိနော။
သမ္ဘတ္တာ ဗဟဝေါ သတ္ထု၊
ဘဂဝါ တေန ဝုစ္စတိ --
ဟူသောဋီကာ(ပ၊ နှာ-၂၆၂)နှင့် အညီတည်း။
ဘဂေ၊ ထိုထိုသောဇာတ် ဗောဓိသတ်ကပင် လွန်မြတ်စုံစီ သိရီ ဣသရ ယသ သုံးပါး ဘဂတရားတို့ကို။
ဝါ၊ နက္ခတ်နှင့်တကွ မြင်းမိုရ်စသည် ဘာဇနမှီတင်း တင့်တယ်ခြင်းတို့ကို။
ဝမိ၊ နှံစော်ညှိဟောက် တံထွေးပေါက်ဟန် ထွေးအန်တော်မူပြီ။
ဝါ၊ လွန်မြောက်ပယ်လစ် စွန့်ပစ်တော်မူပြီ။
စက္ကဝတ္တိသိရိံ ယသ္မာ၊
ယသံ ဣဿရိယံ သုခံ။
ပဟာသိ လာကစိတ္တဉ္စ၊
သုဂတော ဘဂဝါ တတော ---
ဟူသော ဋီကာ (၊ပ၊ နှာ-၂၆၂)နှင့်အညီတည်း။
တထာ၊ ထို့အတူ။
ဘာဂေ၊ ခန္ဓာ အာယတန စသည်တို့ပြု တရားစုတို့ကို။
ဝါ၊ ကုသလာကုသလ သာဝဇ္ဇာနဝဇ္ဇ စသည်အပြား တရားအဘို့တို့ကို။
ဝမိ၊ ထွေးအန်စွန့်ပစ်တော်မူပြီ။
တသ္မာ၊ ထို့ကြောင့်။
ဇိနော၊ မြတ်စွာဘုရားသည်။
ဘဂဝါ၊ ဘဂဝါမည်တော်မူ၏။
ခန္ဓာယတနဓာတာဒိ၊
ဓမ္မဘေဒါ မဟေသိနာ။
ကဏှာ သုက္ကာ ယတော ဝန္တာ၊
တတောပိ ဘဂဝါ မတော --
ဟူသော ဋီကာ(၊ပ၊ နှာ-၂၆၃)နှင့် အညီတည်း။
တနည်း သမ္ပဒါလေးပါးဖြင့် ဆင်ခြင်ပုံများ
သမ္မဒါလေးပါး ...
(၁) ပဟာနသမ္ပဒါ
(၂) ဉာဏသမ္ပဒါ
(၃) ပယောဂသမ္ပဒါ
(၄) အာသယသမ္ပဒါ
(=သတ္တဝါအားလုံး၏ အကျိုးကို အလိုရှိတော်မူခြင်း။)
ဤအရာ၌ အကျဉ်းအားဖြင့် အတ္တဟိတသမ္ပတ္တိ ပရဟိတပ္ပဋိပတ္တိဟု ဘုရားဂုဏ်တော် နှစ်ပါးတည်း။ ထိုတွင် အတ္တဟိတသမ္ပတ္တိသည် ပဟာနသမ္ပဒါ ဉာဏသမ္ပဒါ နှစ်ပါးတည်း။ ပရဟိတပ္ပဋိပတ္တိလည်း ပယောဂါ'သယ နှစ်ပါးတည်း။
ထိုတွင် အရဟံပုဒ်ဖြင့် ပဟာနသမ္ပဒါကို ပြ၏။
သမ္မာသမ္ဗုဒ္ဓ လောကဝိဒူ နှစ်ပုဒ်တို့ဖြင့် ဉာဏသမ္ပဒါကို ပြ၏။
'သမ္မာသမ္ဗုဒ္ဓေါ'တိဣမိနာ သဗ္ဗညုတဉာဏာနုဘာဝေါ ဝိဘာဝိတော။ 'လောကဝိဒူ'တိ ပန ဣမိနာ အာသယာနုသယဉာဏဒီနမ္ပိ။
ဋီကာ (၊ပ၊ နှာ-၂၆၄)
ဝိဇ္ဇာစရဏသမ္ပန္နပုဒ်ဖြင့် အတ္တဟိတ သမ္ပတ္တိ နှစ်ပါးလုံးကို ပြ၏။
သုဂတ ဖြင့် အလုံးစုံကို ပြ၏။
အနုတ္တရ ပုရိသဒမ္မသာရထိ သတ္ထာ ဒေဝမနုဿာနံ - ပုဒ်တို့ဖြင့် ပရဟိတပ္ပဋိ- ပတ္တိကို ပြ၏။
ဗုဒ္ဓ-ဖြင့် အလုံးစုံကို ပြ၏။
ဧဝဉ္စ ကတွာ သမ္မာသမ္ဗုဒ္ဓေါတိ ဝတွာ ဗုဒ္ဓေါတိ ဝစနံ သမတ္ထိတံ ဟောတိ။ ဋီကာ (၊ပ၊နှာ-၂၆၄ )
ဘဂဝါ- ပုဒ်ဖြင့်လည်း အလုံးစုံကို ပြ၏။
ဂုဏ်တော်အကျဉ်း ၃-ပါး
တနည်းလည်း -- ဟေတု ဖလ သတ္တုပကာရ အားဖြင့် ဘုရားဂုဏ်တော် အကျဉ်းသုံးပါး တည်း။
[သတ္တုပကာ = (သတ္တ = သတ္တဝါ၊ ဥပကာရ = ကျေးဇူးပြုခြင်း) သတ္တဝါတို့ကို ကျေးဇူးပြု တော်မူခြင်း။]
ထိုတွင် အရဟံ သမ္မာသမ္ဗုဒ္ဓ ဝိဇ္ဇာစရဏသမ္ပန္န လောကဝိဒူ - လေးပုဒ်တို့ဖြင့် ဖလဂုဏ်ကို၊ အနုတ္တရ ပုရိသဒမ္မသာရထိ သတ္ထာ ဒေဝမနုဿာနံ - ပုဒ်တို့ဖြင့် သတ္တုပကာရ ဂုဏ်ကို၊ ဗုဒ္ဓပုဒ်ဖြင့် ဖလ သတ္တုပကာရ ဂုဏ်နှစ်ပါးကို။ သုဂတ ဘဂဝါ-နှစ်ပုဒ်တို့ဖြင့် ဂုဏ်တော်သုံးပါးလုံးတို့ကို ပြ၏၊ ဤသို့လည်း အောက်မေ့ ဆင်ခြင်အပ်၏။
ဘုရားရှိခိုးသော အရာဖြစ်မူကား --
ဧဝံ နဝဟိ ဂုဏေဟိ၊
လောကမှိ ကိတ္တိဗျာပိတံ။
အတုလံ ဓမ္မရာဇာနံ၊
ဝန္ဒာမိ တီဟိ အာဒရံ။
ဤဂါထာကိုဆက်။ အနက်ကား --
ဧဝံ နဝဟိ ဂုဏေဟိ၊ ဤအရဟတာ အစလာသည့် ကိုးဖြာသော ဂုဏ်တော်ပေါင်းတို့ဖြင့်။
လောကမှိ၊ ဘဝဂ်ဆုံးအောင် ဘုံသုံးဆောင်၌။
ကိတ္တိဗျာပိတံ၊ သိမ့်သိမ့်တုန်ခတ် ပဲ့တင်ထပ်မျှ နှံ့စပ်ကျော်စောခြင်း ရှိတော်မူသော။
အတုလံ၊ အသာဓာရဏ သီလစသည် အနန္တဟူ သတင်းကြူ၍ ပြိုင်တူသူ ရှိတော် မမူသော။
ဓမ္မရာဇာနံ၊ တရားသဖြင့် ထွဋ်ဖျားစင်စစ် မင်းဆုံး ဖြစ်တော် မူသော မြတ်စွာဘုရားကို။
တီဟိ၊ ကာယညွှတ်ချီ ၀စီ မန သုံးဒွါရတို့ဖြင့်။
အာဒရံ၊ ရိုသေစွာ။
ဝန္ဒာမိ၊ ဘယ လာဘ ကုလကြဉ်ဝေး သံသာဘေးမှ လွတ်ရေးရည်မြော် ကျေးဇူးတော်ကို ချီငေါ် မြတ်နိုး လက်စုံမိုး၍ ရှိခိုးပါ၏ ဘုရား၊
ဤဆိုအပ်ပြီးသည်အတိုင်း အောက်မေ့ဆင်ခြင်သော ယောဂီပုဂ္ဂိုလ်အား ဘုရားဂုဏ်တော် သို့ ညွတ်ကိုင်းရှိုင်းဝှမ်းသော ဝိတက် ဝိစာရ ပီတိ သုခ ဧကဂ္ဂတာ ဈာန်အင်္ဂါငါးပါးနှင့် ပြည့်စုံသော ဥပစာရဈာန် ဖြစ်လာ၏။ ဂုဏ်တော်တို့၏ ပရမတ္ထ ဓမ္မဂမ္ဘီရအဖြစ် နာနပ္ပကာရဂုဏာ နုဿရဏာဓိမုတ္တ အဖြစ်ကြောင့် အပ္ပနာသို့မရောက်နိုင်မူ၍ ဥပစာရ ဈာန်တွင်၍ ပြည့်စုံသည်။
ဗုဒ္ဓါနုဿတိ ကမ္မဋ္ဌာန်းအကျိုး
ဤဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းအကျိုးကား --
န ကိလေသ ပရိယုဋ္ဌံ၊
စိတ္တံ ဥဇုကမေဝ စ။
ဗုဒ္ဓေ သဂါရဝေါ ဟောတိ၊
သဒ္ဓါဒိဝိပုလော ဘဝေ။
ပီတိ ပါမောဇ္ဇ ဗဟုလော၊
ဒုက္ခံ သဟတိ ဘေရဝံ။
စေတီယဃရ သဒိသော၊
သဟ ဝါသော၀ သတ္ထုနာ။
ဟိရောတ္တပ္ပ'မုပဋ္ဌာတိ၊
နမော ဗုဒ္ဓဘူမိယံ။
ဥဒ္ဓ'မပ္ပဋိဝိဇ္ဈန္တော၊
သော သုဂ္ဂတိပရာယဏော။
တသ္မာ ဟဝေ အပ္ပမာဒံ၊
ကယိရာထ သုမေဓသော။
ဧဝံ မဟာနုဘာဝါယ၊
ဗုဒ္ဓါနုသာတိယာ သဒါ။
ဝိသုဒ္ဓိမဂ္ဂသင်္ဂဟ။
ကိလေသ ပရိယုဋ္ဌံ၊ ကိလေသာဟူ ခိုးသူရပ်ခွင် ဝန်းကျင်ထလျက် နှိပ်စက် ဆိတ်ဆွပ် ထိုးကျင့်အပ်သော။
စိတ္တံ၊ စိတ်သည်။
န ဟောတိ၊ မဖြစ်။
ဥဇုကံဧဝ၊ ကာယဝင်္က မာယာစသည် ကင်းပတုံလတ် ဖြောင့်မတ်လမ်းမှန် သည်သာလျှင် ဖြစ်သော။
စိတ္တံ၊ စိတ်သည်။
ဟောတိ၊ ဖြစ်၏။
ဗုဒ္ဓေ၊ ဘုရားရှင်၌။
သဂါရဝေါ၊ ရိုသေကျိုးနွံခြင်းရှိသည်။
ဟောတိ၊ ဖြစ်၏။
သဒ္ဓါဒိဝိပုလော၊ သဒ္ဓါ သတိ ပညာ ပုည ပြန့်ပြောလှသည်။
ဘဝေ၊ ဖြစ်၏။
ပီတိ ပါမောဇ္ဇ ဗဟုလော၊ နှစ်သက် ဝမ်းမြောက်ခြင်းများသည်။
ဟောတိ၊ ဖြစ်၏။
ဒုက္ခံ၊ ဆင်းရဲခြင်းကို၎င်း။
ဘေရဝံ၊ ကြောက်မက်ဘွယ်သော ဘေးကို၎င်း။
သဟတိ၊ သည်းခံနိုင်၏။
စေတီယဃရ သဒိသော၊ စေတီအိမ်အတူ အပူဇော်ခံထိုက်၏။
သတ္ထုနာ၊ ဘုရားရှင်နှင့်။
သဟဝါသော ဣဝ၊ အတူမကွေ နေရသည့်သွင် မှတ်ထင်၏။
ဟိရောတ္တပ္ပံ၊ မြတ်စွာဘုရား ရှေ့တော်ပါး၌သို့ တရားညစ်ကျူ မကောင်းမှုကိုပြုရမည်မှ ရှက်ကြောက်ခြင်း ဟိရီဩတ္တပ္ပတရားသည်။
ဥပဋ္ဌာတိ၊ အမြဲ ထက်ကြပ် ကပ်၍တည်၏။
ဗုဒ္ဓဘူမိယံ၊ ဘုရားအရာ၌။
နမတေ၊ စိတ်ညွတ်၏။
သော၊ ထို ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်း စီးဖြန်းပွါးများသော ယောဂီသည်။
ဥဒ္ဓံ၊ သစ္စာလေးချက် အထက်တရားတို့ကို။
အပ္ပဋိဝိဇ္ဈန္တော၊ စုတိအတွင်း မထွင်း မဖောက် မရောက်သေးသည်ရှိသော်။
သုဂတိပရာယဏော၊ လူ့ဘုံနတ်ရပ် မြတ်သော သုဂတိဘဝသို့ လားရသည်။
ဟောတိ၊ ဖြစ်၏။
တသ္မာ၊ ထို့ကြောင့်။
သုမေဓသော၊ ပညာရှိသော အမျိုးကောင်းသားသည်။
ဧဝံ၊ ဤသို့။
မဟာနုဘာဝါယ၊ ကြီးသေ၁ အာနုဘော်ရှိသော။
ဗုဒ္ဓါနုသာတိယာ၊ ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်း၌။
သဒါ၊ အခါခပ်သိမ်း။
အပ္ပမာဒံ၊ မမေ့မလျော့ စီးဖြန်းအားထုတ်ခြင်းကို။
ဟဝေ၊ စင်စစ်။
ကယိရာထ၊ ပြုရာ၏။
ဗုဒ္ဓါနုဿတိ ပြီး၏။
ဓမ္မာနုဿတိကမ္မဋ္ဌာန်း စီးဖြန်း ပွါးများပုံ
ဓမ္မာနုဿတိကို ပွါးလိုသော ယောဂီသည် ဆိတ်ငြိမ်ရာသို့ ကပ်လျက်---
သွာက္ခာတော ဘဂတာ ဓမ္မော သန္ဒိဋ္ဌိကော အကာလိကော ဧဟိပဿိကော သြပနေယျိကော ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ --
ဤသို့ တရားတော်၏ ဂုဏ်တော်တို့ကို ဆင်ခြင်အောက်မေ့အပ်ကုန်၏။
သွာက္ခာတ
အနက်ကား ---
ဘဂဝတာ၊ ဣဿရိယ စသည်ခြောက်ဖော် ရွှေဘုန်းတော်သခင် ဘုရားရှင်သည်။
ဓမ္မော၊ ပရိယတ်နှင့်တကွ ဆယ်ပါးသော တရားတော်မြတ်ကို။
သွာက္ခာတော၊ စ, လယ် ဆုံးအား သုံးပါးကင်းလုံ ပြည့်စုံပုဒ် နက် လောင်းစွက် ပယ်ဖွယ် ဓိပ္ပါယ်နက်ကင်း သန့်ရှင်းပြည့်ဖြိုး (ပရိယတ်ကိုယူ)။ ကြောင်း ကျိုး ဖြောင့်မှန် နိဗ္ဗာန်ပဋိပဒ် စပ်ဟပ်သင့်ရှောင်း တည့်မစောင်းပေ (မဂ် နိဗ္ဗာန်ကိုယူ)။ မဇ္ဈေပဋိပဒ် ပဿဒ် ကိလေသာ သဿတာမတ ဟုတ်မှန်လှ၍ (မဂ် ဖိုလ် နိဗ္ဗာန်ကိုယူ)။ ရွေးမျှ သွေလှန် မဖောက်ပြန်ပဲ ကောင်းမွန်စွာ ဟောတော်မူအပ်၏။
[မဇ္ဈေပဋိပဒ် = အရိယမဂ်သည် အစွန်း ၂-ဘက်သို့ မရောက်စေပဲ၊ အလယ် အလတ် ကျင့်အပ်သော တရားဖြစ်သည်။
ပဿဒ် + ကိလေသာ = ပဿ + ကိလေသ = ဖိုလ်သည် ငြိမ်းပြီးသော + ကိလေသာ ရှိသော တရားဖြစ်သည်။ ။
သဿတာမတ = သဿတ + အမတ = နိဗ္ဗာန်သည် အမြဲလည်သောသဘော သေခြင်း ကင်းသော သဘောတရား ဖြစ်သည်။]
သန္ဒိဋ္ဌိက
ဓမ္မော၊ လောကုတ္တရာတရား ကိုးပါးသည်။
သန္ဒိဋ္ဌိကော၊ ရာဂါဒိကာ ကိလေသာကို ပယ်ခွါတွန်းလှန် မဂ္ဂဋ္ဌံနှင့် ရှစ်တန်အရိယာ ကိုယ်တိုင်သာလျှင် သဒ္ဓါယုံမှတ် ရှုမြင်အပ်၏။
သယံ ဒဋ္ဌဗ္ဗောတိ သန္ဒိဋ္ဌိ။ သန္ဒိဋ္ဌိ ဧ၀ သန္ဒိဋ္ဌိကော-ပြု။
ရှေ့ရပ်သံပုဒ် ပသတ်ထုတ်၍ သမ္ပယုတ္တ ကာရဏနှင့် ဝိသယဝါ ဉာဏ်ပညာဖြင့် ကိလေသာမာရ် ကိုယ်တွင်းရန်ကို တွန်းလှန်နှိမ်နင်း ပယ်ခွင်း အောင်မြင်။
[သမ္မယုတ္တ = မဂ်နှင့်ယှဉ်သော။ ကာရဏ = ဖိုလ်၏ အကြောင်း ဖြစ်သော (မဂ်နှင့် ယှဉ်သော) ,
ဝိသယ + ဝါ = (ဝိသယ + ဝန္တု = နိဗ္ဗာန်ဟူသော အာရုံ + ရှိသော) နိဗ္ဗာန်ကို အရုံပြုသော နိဗ္ဗာန်၏ အာရမ္မဏိကဖြစ်သော (မဂ်နှင့်ယှဉ်သော)၊]
ပသတ္ထာယ ဒိဋ္ဌိယာ ဇယတီတိ သန္ဒိဋ္ဌိကော-ပြု။
ရှုမြင်မှသာ ဝဋ်နစ်ရာ၍ ဘာဝနာ သစ္ဆိက ဘိသမယ [၁] ဟု ဉာဏ်နှစ်ခုဖြင့် ရှုခြင်းကို ထိုက်ပေ၏။
ဒဿနံ အရဟတီတိ သန္ဒိဋ္ဌိကော-ပြု။
[၁။ အဘိသမယ = ထိုးထွင်း၍သိခြင်း၊ အဘိသမယ ၂-မျိုးရှိသည်။
(၁) ဘာဝနာ အဘိသမယ = ပွါးများ၍ထိုးထွင်းသိခြင်း (မဂ် ဖိုလ်)။
(၂) သစ္ဆိကအဘိသမယ = မျက်မှောက်ပြု၍ထိုးထွင်းသိခြင်း (နိဗ္ဗာန်)။]
အကာလိက
ဓမ္မော၊ မဂ်လေးပါးတရားသည်။
အကာလိကော၊ ငါးရက် ခုနစ်ရက် စသည်တက်၍ ငံ့လျက်ရှည်ဝေး ကျိုးပေးမငဲ့ အခြားမဲ့လျှင်း ယှဉ်စပ်ချဉ်း၍ အကျိုးပေးခြင်း ကာလရှိ၏။
ဧဟိပဿိက
ဓမ္မော၊ လောကုတ္တရာ တရားကိုးပါးသည်။
ဧဟိပဿိကော၊ ဝေဟာတက်ထွန်း ယုဂန်စွန်း၌ လဝန်းအလား ပတ္တမြား သဖွယ်ဖြစ်၍ စင်ကြယ်ထင်ရှား ဤတရားကို လာလားရှုလိုက် စီရင်ခြင်းကို ထိုက်ပေ၏။
သြပနေယျိက
ဓမ္မော၊ လောကုတ္တရာ တရားကိုးပါးသည်။
သြပနေယျိကော၊ ပုဆိုးဥသျှောင် မီးလောင်ရဲရဲ မသတ်ပဲလည်း စိတ်ထဲဆောင်လင့် ဖြစ်စေ သင့်၏ (သင်္ခတကိုယူ)။ စိတ်ဖြင့်ဆောင်ထိုက် (အသင်္ခတကိုယူ)။ သိမ်းပိုက်ထိုက်သူ များဗိုလ်လူကို နိဗ္ဗူဆောင်တတ် (မဂ်ကိုယူ)။ သစ္ဆိကတ်သို့ ဆောင်အပ် ဆောင်သင့်ပေ၏ (ဖိုလ် နိဗ္ဗာန်ကိုယူ)။
ပစ္စတ္တံ ဝေဒိတဗ္ဗော
ဓမ္မော၊ ကိုးပါးသော လောကုတ္တရာ တရားကို။
ဝါ၊ တရားသည်။
ဝိညူဟိ၊ ဥဂ္ဃါဋိတဉ် ဝိပဉ် နေယျ လေးသစ္စကို ကျနမြင်သိ ပညာရှိတို့သည်။
ပစ္စတ္တံ၊ အသီးအသီး မိမိစိတ်၌။
ဝေဒိတဗ္ဗော၊ သိအပ် လှူအပ် ခံစားအပ်၏။
ဝါ၊ ခံစားအပ်သော တရားပေတည်း။
တနည်းလည်း --
သွာက္ခာတတာဒယော ဟောန္တိ၊
သန္ဒိဋ္ဌိကာဒိဟေတုတော။
ဧဟိပဿိကော ယော စာပိ၊
သော နာမ သြပနေယျိကော။
သန္ဒိဋ္ဌိကာဒိ ဟေတုတော၊ သန္ဒိဋ္ဌိက အကာလိက ဧဟိပဿိက ဟူသော နောက်နောက်သော အကြောင်းကြောင့်။
သွာက္ခာတတာဒယော၊ သွာက္ခာတ သန္ဒိဋ္ဌိက အကာလိက ဟူသော ရှေးရှေးသော ဂုဏ်တော်တို့သည်။
ဝါ၊ ဂုဏ်တော်နှင့် ပြည့်စုံကုန်သည်။
ဟောန္တိ၊ ဖြစ်ကုန်၏။
ယော စာပိ၊ အကြင် တရားသည်လည်း။
ဧဟိပဿိကော၊ ဝေဟာတက်ထွန်း ယုဂန်စွန်း၌ လဝန်း အလား ပတ္တမြားသဖွယ်ဖြစ်၍ စင်ကြယ်ထင်ရှား ဤတရားကို လာလာရှုလိုက် စီရင်ခြင်းကို ထိုက်၏။
သော နာမ ဓမ္မော၊ ထို ဧဟိပဿိက မည်သော တရားသည်။
သြပနေယျိကော၊ ပုဆိုးဥသျှောင် မီးလောင်ရဲရဲ မသတ်ပဲလည်း စိတ်ထဲ ဆောင်လင့် ဖြစ်စေသင့်၏၊ စိတ်ဖြင့် ဆောင်ထိုက် သိမ်းပိုက်ထိုက်သူ များဗိုလ်လူကို နိဗ္ဗူဆောင်တတ် သစ္ဆိကတ်သို့ ဆောင်အပ် စင်စစ်ပေတည်း။
ဤသို့လည်း အောက်မေ့အပ်၏။
တရားတော်ကို ရှိခိုးသောအခါဖြစ်မူ ---
ဣစ္စေဝံ ဆဟိ ဂုဏေဟိ၊
ပါကဋံ ဇိနပူဇိတံ။
သမ္ပတ္တိဒါယကံ ဓမ္မံ၊
နမာမိ တီဟိ အာဒရံ။
ဤဂါထာကိုဆက်။ အနက်ကား ---
ဣစ္စေဝံ၊ ဤသို့။
ဆဟိ ဂုဏေဟိ၊ သွာက္ခာတတာ အစလာသည် ခြောက်ဖြာသော ဂုဏ်တော်ပေါင်းတို့ဖြင့်၊
ပါကဋံ၊ နေ လ အလား လူသုံးပါး၌ ထင်ရှား ပေါ် လွင်ထသော။
ဇိနပူဇိတံ၊ ပဉ္စမာရဇိန် ငါးမာရ်နှိမ်သည့် မုနိန်သကျာ စောမြတ်စွာသည် သေဝနာမြဲ နည်းနှစ်ကွဲဖြင့် မှီဝဲ ပူဇော်အပ်ထသော။
သမ္ပတ္တိဒါယကံ၊ လူ နတ် နိဗ္ဗာန် သုံးတန်ကြီးမား စည်းစိမ်များကို မြှောက်စား လက်ရ ပေးတတ်သော။
ဓမ္မံ၊ မဂ်ဖိုလ် နိဗ္ဗာန် ဓမ္မက္ခန်အား ဆယ်တရားကို။
တီဟိ၊ ကာယညွတ်ချီ ဝစီ မန သုံးဒွါရတို့ဖြင့်။
အာဒရံ၊ ရိုသေစွာ။
နမာမိ၊ ဘယ လာဘ ကုလကြဉ်ဝေး သံသာဘေးမှ လွတ်ရေးရည်မြော် ကျေးဇူးတော်ကို ချီငေါ် မြတ်နိုး လက်စုံမိုး၍ ရှိခိုးပါ၏ဘုရား။
ဤသို့ အောက်မေ့ဆင်ခြင်သော ယောဂီသည် ရှေးအတိုင်း (ဗုဒ္ဓါနုဿတိ ကမ္မဋ္ဌာန်း အတိုင်း) ဥပစာရဈာန်ကို ရ၏။
ဓမ္မာနုဿတိကမ္မဋ္ဌာန်း၏အကျိုး
အကျိုးအာနိသင်ကား --
န ကိလေသပရိယုဋ္ဌံ၊
စိတ္တံ ဥဇုကမေ၀ စ၊
ဗုဒ္ဓေ ဓမ္မ သဂါရဝေါ၊
သဒ္ဓါဒိဝိပုလော ဘဝေ။
ပီတိ ပါမောဇ္ဇ ဗဟုလော၊
ဒုက္ခံ သဟတိ ဘေရဝံ။
စေတီယ ဃရ သဒိသော၊
ဓမ္မေန သဟဝါသိဝါ။
ဟိရောတ္တပ္ပမုပဋ္ဌာတိ၊
နမတေ သိဝလာဘယာ။
ဥဒ္ဓမပ္ပဋိဝိဇ္ဈန္တော၊
သော သုဂ္ဂတိပရာယဏော။
တသ္မာ ဟဝေ အပ္ပမာဒံ၊
ကယိရာထ သုမေဓသော။
ဧဝံ မဟာနုဘာဝါယ၊
ဓမ္မာနုဿတိယာ သဒါ။
'သဟဝါသိဝါ'ကို 'သဟဝါသော + ဣဝ' ဟု၊ 'သိဝလာဘယာ'ကို 'သိဝ လာဘာယ'ဟု ပုဒ်ဖြတ်။
ကိလေသ ပရိယုဋ္ဌံ၊ ကိလေသာဟူ ခိုးသူရပ်ခွင် ထက်ဝန်းကျင် ထလျက် နှိပ်စက်ဆိတ်ဆွပ် ထိုးကျင်အပ်သော။
စိတ္တံ၊ စိတ်သည်။
န ဟောတိ၊ မဖြစ်။
ဥဇုကံ ဧဝ၊ ကာယဝင်္က မာယာစသည် ကင်းပတုံလတ် ဖြောင့်မတ်လမ်းမှန်သည် သာလျှင်ဖြစ်သော။
စိတ္တံ၊ စိတ်သည်။
ဟောတိ၊ ဖြစ်၏။
ဗုဒ္ဓေ၊ ဘုရား၌၎င်း။
ဓမ္မေ၊ တရား၌၎င်း။
သဂါရဝေါ၊ ရိုသေကျိုးနွံခြင်းရှိသည်။
ဟောတိ၊ ဖြစ်၏။
သဒ္ဓါဒိ ဝိပုလော၊ သဒ္ဓါ သတိ ပညာ ပုည ပြန့်ပြောလှသည်။
ဘဝေ၊ ဖြစ်၏။
ပီတိ ပါမောဇ္ဇ ဗဟုလော၊ နှစ်သက်ဝမ်းမြောက်ခြင်းများသည်။
ဟောတိ၊ ဖြစ်၏။
ဒုက္ခံ၊ ဆင်းရဲခြင်းကို၎င်း။
ဘေရဝံ၊ ကြောက်မက်ဖွယ်သော ဘေးကို၎င်း။
သဟတိ၊ သည်းခံနိုင်၏။
စေတိယ ဃရ သဒိသော၊ စေတီအိမ်အတူ အပူဇော် ခံထိုက်၏။
ဓမ္မေန၊ တရားနှင့်။
သဟဝါသိ = သဟဝါသော ဣဝ၊ အတူမတွေ နေရသည်သင် မှတ်ထင်၏။
ဟိရောတ္တပ္ပံ၊ မြတ်စွာဘုရား ရှေ့တော်ပါး၌သို့ တရားညစ်ကျူ မကောင်းမှုကို ပြုရမည်မှ ရှက်တက်ခြင်း ဟိရီ ဩတ္တပ္ပတရားသည်။
ဥပဋ္ဌာတိ၊ အမြဲ ထက်ကြပ် ကပ်၍တည်၏။
သိဝလာဘယာ = သိဝ လာဘာယ၊ နိဗ္ဗာန်ကို ရခြင်း၌။
နမတေ၊ စိတ်ညွတ်၏။
သော၊ ထိုဓမ္မာနုဿတိကမ္မဋ္ဌာန်းကို စီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည်။
ဥဒ္ဓံ၊ သစ္စာလေးချက် အထက်တရားတို့ကို။
အပ္ပဋိဝိဇ္ဈန္တော၊ စုတိ အတွင်း မထွင်းမဖောက် မရောက်သေးသည် ရှိသော်။
သုဂ္ဂတိပရာယဏော၊ လူ့ဘုံ နတ်ရပ် မြတ်သောသုဂတိဘဝသို့ လားရသည်။
ဟောတိ၊ ဖြစ်၏။
တသ္မာ၊ ထို့ကြောင့်။
သုမေဓသော၊ ပညာရှိသော အမျိုးကောင်းသားသည်။
ဧဝံ၊ ဤသို့။
မဟာနုဘာဝါယ၊ ကြီးသောအာနုဘော်ရှိသော။
ဓမ္မာနုဿတိယာ၊ ဓမ္မာနုဿတိကမ္မဋ္ဌာန်း၌။
သဒါ၊ အခါခပ်သိမ်း။
အပ္ပမာဒံ၊ မမေ့မလျော့ စီးဖြန်းအားထုတ်ခြင်းကို။
ဟဝေ၊ စင်စစ်။
ကယိရာထ၊ ပြုရာ၏။
(ဓမ္မာနုဿတိ ပြီး၏။)
သံဃာနုဿတိကမ္မဋ္ဌာန်း စီးဖြန်း ပွါးများပုံ
သံဃာနုဿတိကို ပွါးလိုသော ယောဂီသည်လည်း ဆိတ်ငြိမ်ရာအရပ်သို့ ချဉ်းကပ်လျက် --
သုပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော, ဥဇုပ္ပဋိပန္နော။ပ။ ဉာယပ္ပဋိပန္နော, သာမိစိပ္ပဋိပန္နော ဘဂ၀တော သာဝကသံဃော, ယဒိဒံ စတ္တာရိ ပုရိသယုဂါနိ အဋ္ဌ ပုရိသပုဂ္ဂလာ၊ ဧသ ဘဂ၀တော သာဝက သံဃော အာဟုနေယျော, ပါဟုနေယျော, ဒက္ခိဏေယျော, အဉ္စလီ ကရဏီယျော အနုတ္တရံ ပုညက္ခေတ္တံ လောကဿ။
ဤသို့ သင်္ဃာတော်၏ ဂုဏ်တော်တို့ကို အောက်မေ့ ဆင်ခြင်အပ်၏။
အနက်ကား ...
ဘဂဝတော၊ ဣဿရိယ စသည် ခြောက်ဘော် ရွှေဘုန်းတော်သခင် ဘုရားရှင်၏။
သာဝကသံဃော၊ ဆုံးမသံကို ကျိုးနွံတုပ်ဝပ် နာခံတတ်စွာ အရိယာ ရှစ်ယောက်တို့၏ အပေါင်းသည်။
တေန အရိယာ ဧ၀ နိပ္ပရိယာယတော သတ္ထု သာ၀ကာ နာမာတိ သောတိ။
ဋီကာ(၊ပ၊နှာ-၂၇၈)
သုပ္ပဋိပန္နော၊ မဖောက်မပြန် ဆုတ်လှန်မနစ် လျော်စွာဖြစ်သော စင်စစ် လျောက်ပတ် ဗျူပ္ပတ်အလာ သကတ္ထာကြောင့် သမ္မာသုဋ္ဌု ဥဇု ဉာယ သာမိစ ဖြစ်သင့် မဂ်အကျင့်ကို ကောင်းစွာကျင့်တော်မူပေတတ်၏။
မဂ္ဂဋ္ဌံ-သာလျှင် သုပ္ပဋိပန္န မုချ၊ ဖလဋ္ဌံ-သည်ကား ဘူတပုဗ္ဗဂတိက။
ဝတ္တမာနတ္ထာ ဟိ အယံ ပဋိပန္န-သဒ္ဒေါ။ ယထာ 'သောတာပတ္တိဖလ- သစ္ဆိကိရိယာယ ပဋိပန္နော'တိ။ ဋီကာ (ပ၊နှာ-၂၇၉)
ဥဇုပ္ပဋိပန္နော၊ မာယာ သာဌေယျ စသည်အကောက် ပယ်ဖြတ်တောက်၍ မကောက် ဖြောင့်မတ် ကျင့်တော်မူတတ်ပေ၏။
ဉာယပ္ပဋိပန္နော၊ မဆန့်သင့်တန် မြိုက်နိဗ္ဗာန်နှင့် လျော်ကန်စွာ ကျင့်တော် မူတတ်ပေ၏။
သာမိစိပ္ပဋိပန္နော၊ လျောက်ပတ်စွာ ကျင့်တော်မူတတ်ပေ၏။
ဤသုံးပုဒ်ကား သုပ္ပဋိပန္နပုဒ်၏ အဖွင့်။
ဧတေန ပထမပဒဿ ပပဉ္စနိဒ္ဒေသော၊
ဣတရာနိ တီဏိ ပဒါနီတိ ဒဿေတိ။ ဋီကာ (ပ၊နှာ-၂၇၈)
တနည်း - မရောယှက် အသီးအသီး အနက်ကား --
သုပ္ပဋိပန္နော၊ ဆုံးမတိုင်းသာ ကောင်းစွာမချွတ် ကျင့်တော်မူပေတတ်၏၊
ဥဇုပ္ပဋိပန္နော၊ အန္တဒွယ ပါပကသို့ မကျမကပ် သောက်သုံးရပ်[၁] နှင့် မစပ် မတွယ် အလယ် အလတ် ဖြောင့်မတ်စွာ ကျင့်တော် မူပေတတ်၏။
ဉာယပ္ပဋိပန္နော၊ ပုဆိုး ဥသျှောင် မီးလောင်ရဲရဲ မသတ်ပဲလည်း ခံထိုက်ဧကန် ငြိမ်းရာမှန်သော နိဗ္ဗာန်အလို့ငှါ ကျင့်တော်မူတတ်ပေ၏။
ဉာယော[၂] နာမ ယုတ္တပတ္တပ္ပဋိပတ္တိ။ပ။ နိဗ္ဗာယနကြိယာသုခေန စေတ္ထ နိဗ္ဗာနံ ပုတ္တန္တိ ဒဋ္ဌဗ္ဗံ။ မဂ္ဂဉာဏာဒီဟိ ဝါ ဉာယတိ ပဋိဝိဇ္ဈီယတိ သစ္ဆိကရီယတိ စာတီ ဉာယာ နိဗ္ဗာနံ။ ဋီကာ(၊ပ၊ နှာ-၂၇၉-၂၈၀)
သာမိစိပ္ပဋိပန္နော၊ ချီးမွမ်းသမှု သူတို့ပြုသည့် ပစ္စုဋ္ဌာန[၃] စသည်ပြားဘိ သာမိစိကံ လျော်ထိုက်တန်အောင် ကျင့်ဆောင်တော် မူတတ်ပေ၏။
[၁။ (၁) ကာယကံဟူသော နွားကျင်ကောက်။
(၂) ဝစီကံဟူသော လ-ရေးကောက်။
(၃) မနောကံဟူသော ထွန်ကိုင်းကောက်။
၂။ သင်္ခတ တရားကို၏ ငြိမ်းရာဖြစ်ခြင်းကြောင့် နိဗ္ဗာန်ကို ဉာယဟု ခေါ်သည်။ မဂ်ဉာဏ် စသည်တို့ဖြင့် မျက်မှောက်ပြုအပ် ထိုးထွင်း သိအပ်သောကြောင့်လည်း နိဗ္ဗာန်ကို ဉာယ ဟု ခေါ်သည်။
၃။ ပစ္စုဋ္ဌာန = (ပဋိ + ဥဋ္ဌာန = ကြိုတင် + ထကြွပြုခြင်း) ခရီးဦးကြိုဆိုခြင်း။]
စတ္တာရိ၊ လေးပါးကုန်သော။
ယဒိဒံ ယာနိ ဣမာနိ ပုရိသယုဂါနိ၊ အကြင် ပုဂ္ဂိုလ်အစုံတို့သည်။
အဋ္ဌ၊ ရှစ်ယောက်ကုန်သော။
ယဒိဒံ ယေ ဣမေ ပုရိသပုဂ္ဂလာ၊ အကြင် အသီးအသီးသော ပုဂ္ဂိုလ်တို့သည်။
သန္တိ၊ ရှိကုန်၏။
ဘဂဝတော၊ ဣဿရိယ စသည်ခြောက်ဖော် ရွှေဘုန်းတော်သခင် ဘုရားရှင်၏။
ဧသ ဧသော သာဝကသံဃော၊ ဤအစုံအားဖြင့် လေးပါး အသီးအားဖြင့် ရှစ်ပါးသော တပည့်သား သင်္ဃာတော်မြတ်သည်။
အာဟုနေယျော၊ အဝေးမှ ယူဆောင်၍မူလည်း ကြည်ဖြူလေးမြတ် ပူဇော်အပ်သော ပစ္စည်း လေးရပ်ကို ခံထိုက်ပေ၏။
ဒူရတောပိ စ အာဂန္တွာ၊
သဗ္ဗ'တ္ထေ ဟုနီယတေ။
သက္ကာဒီနံ' ပျာ'ဟဝနံ၊
အရဟော အာဟုနေယျကော။
ဟူ၍လည်း အောက်မေ့အပ်၏။ (ဝိသုဒ္ဓိ၊ဋ္ဌ၊ပ၊နှာ-၂၁၃)
ဒူရတောပိစ၊ တနယ်တကျေး တရပ်ဝေးက သော်လည်း။
အာဂန္တွာ၊ လာလတ်၍။
သဗ္ဗံ၊ ကြွင်းမဲ့ဥဿုံ အလုံးစုံရေစစ် ဥစ္စာနှစ်ကို။ ဧတ္ထ၊ ဤများစွာဖွံ့ဖြိုး အကျိုးပေးတတ် သင်္ဃာမြတ်၌။
ဟုနီယတေ၊ ကြည်ဖြူလေးမြတ် ပူဇော်အပ်၏။
သက္ကာဒီနမ္ပိ၊ နတ်များသေဌ်နင်း သိကြားမင်း စသည်တို့သော်လည်း။
အာဟဝနံ၊ ရိုသေကော်ရော် ပူဇော်ခြင်းကို။
အရဟော၊ ခံတော်မူထိုက်၏။
တသ္မာ၊ ထို့ကြောင့်။
အာဟုနေယျကော၊ အာဟုနေယျ မည်တော်မူ၏။
ပါဟုနေယျော၊ ဝေးရပ်ဒိသာ ဆိုက်ရောက်လာသည့် ဉာတကာဗန္ဓု အာဂန္တု အား ရည်၍ထားသော ထူးခြားကောင်းမြတ် ဒါနဝတ်ကို ပယ်လတ်ထိုသူ ပေးလှူသင့်ပေ ခံသင့်ပေ၏။
သဗ္ဗပ္ပထမ'မာနေတွာ၊
အဂ္ဂ'မေတ္ထ ဟုနီယတေ။
ပကာရေန အာဟဝနံ၊
အရဟော ပါဟုနေယျကော။
ဟူ၍လည်း ဆင်ခြင်အပ်၏။
သဗ္ဗပ္ပထမံ၊ သူခပ်သိမ်းတို့၏ ရှေးဦးစွာ။
အာနေတွာ၊ ဆောင်ယူ၍။
အဂ္ဂံ၊ အဦးအဖျားကို။
ဧတ္ထ၊ ဤများစွာဖွံ့ဖြိုး အကျိုးပေးတတ် သင်္ဃာမြတ်၌။
ဟုနီယတေ၊ ကြည်ဖြူလေးမြတ် ပူဇော်အပ်၏။
ပကာရေန၊ ရိုသေသမှု ကောင်းစွာ ပြုခြင်း စသော အပြားအားဖြင့်။
အာဟဝနံ၊ ပူဇော်ခြင်းကို။
အရဟော၊ ခံတော်မူထိုက်ပေ၏။
တသ္မာ၊ ထို့ကြောင့်။
ပါဟုနေယျကော၊ ပါဟုနေယျ မည်တော်မူ၏။
ဒက္ခိဏေယျော၊ သတ္တဝါတို့ ချမ်းသာ ပွါးကြောင်း ကောင်းစွာကြည်ဖြူ ကပ်သော အလှူကို ခံတော်မူထိုက်ပေ၏။
အဉ္စလိကရဏီယော၊ ကောင်းကျိုးလိုလျက် လက်နှစ်ဖက်ကို ထိပ်ထက်ချီမိုး ရှိခိုးခြင်း၏ တည်ရာပေတည်း။
လောကဿ၊ ဗြဟ္မာနတ်လူ သုံးဘုံသူ၏။
အနုတ္တရံ၊ အတုမရှိ မြတ်ခေါင်ထိသော။
ပုညက္ခေတ္တံ၊ ကောင်းမှုမျိုး၏ စိုက်ပျိုးပေါက်ပွါး ဖွံ့ထွားစည်ပင်ရာ လယ်တာမြေကောင်း အတူ ဖြစ်တော်မူ၏။
ရှိခိုးသောအရာဖြစ်မူ --
ဧဝံ နဝဟိ ဂုဏေဟိ၊
လောကမှိ ဝိဿုတံ ဂဏံ။
အနေကဂုဏသမ္ပန္နံ၊
ဝန္ဒာမိ တီဟိ အာဒရံ။
ဤဂါထာကိုဆက်။ အနက်ကား --
ဧဝံ၊ ဤသို့။
နဝဟိ ဂုဏေဟိ၊ သုပ္ပဋိပန္န စသည် အပြား ဂုဏ်ကိုးပါးတို့ဖြင့်။
လောကမှိ၊ လောက၌။
ဝိဿုတံ၊ ကြေညာထင်ရှားထသော။
အနေကဂုဏသမ္ပန္န၊ လေးရပ်သမ္ဘီ ခြောက်လီအဘိညာ ရှစ်ဖြာသမာပတ် စသော များသော ကျေးဇူးနှင့် ပြည့်စုံထသော။
ဂဏံ၊ ရှစ်ပါး အရိယာ သင်္ဃာတော်မြတ် အပေါင်းကို။
တီဟိ၊ သုံးဒွါရတို့ဖြင့်။
အာဒရံ၊ ရိုသေစွာ။
ဝန္ဒာမိ၊ ရှိခိုးပါ၏ ဘုရား။
ဤသို့ ဆင်ခြင်ဖန်များသော ယောဂီအား ရှေးအတိုင်း ဥပစာရဈာန်ဖြစ်လာ၏။
သံဃာနုဿတိကမ္မဋ္ဌာန်း၏အကျိုး
အာနိသင်ကား -
န ကိလေသ ပရိယုဋ္ဌံ၊
စိတ္တံ ဥဇုကမေဝ စ။
သံဃေ သဂါရဝေါ ဟောတိ၊
သဒ္ဓါဒိဝိပုလော ဘဝေ။
ပီတိ ပါမောဇ္ဇ ဗဟုလော၊
ဒုက္ခံ သဟတိ ဘေရဝံ။
စေတီယဃရသဒိသော၊
သံဃေန သဟဝါဝါ။
ဟိရောတ္တပ္ပမုပဋ္ဌာတိ၊
နမောတေ တံဂုဏတ္ထယာ။
ဥဒ္ဓမပ္ပဋိဝိဇ္ဈန္တော၊
သော သုဂ္ဂတိပရာယဏော။
တသ္မာ ဟဝေ အပ္ပမာဒံ၊
ကယိရာထ သုမေဓသော။
ဧဝံ မဟာနုဘာဝါယ၊
သံဃာနုဿတိယာ သဒါ ။
“တံဂုဏတ္ထယာ”ကို “တံ ဂုဏတ္ထာယ” ဟု-ပုဒ်ဖြတ်။
ကိလေသ ပရိယုဋ္ဌံ၊ ကိလေသာဟူ ခိုးသူရပ်ခွင် ထက်ဝန်းကျင်ထလျက် နှိပ်စက်ဆိတ်စွပ် ထိုးကျင့်အပ်သော။
စိတ္တံ၊ စိတ်သည်။
န ဟောတိ၊ မဖြစ်။
ဥဇုကံ ဧဝ၊ ကာယဝင်္က မာယာစသည် ကင်းပတုံလတ် ဖြောင့်မတ်လမ်းမှန် သည်သာ လျှင်ဖြစ်သော။
စိတ္တံ၊ စိတ်သည်။
ဟောတိ ဖြစ်၏။
သံဃေ၊ သင်္ဃာတော်မြတ်၌။
သဂါရဝေါ၊ ရိုသေကျိုးနွံခြင်းရှိသည်။
ဟောတိ၊ ဖြစ်၏။
သဒ္ဓါဒိဝိပုလော၊ သဒ္ဓါ သတိ ပညာ ပုည ပျံ့ပြောလှသည်။
ဘဝေ၊ ဖြစ်၏။
ပီတိ ပါမောဇ္ဇ ဗဟုလော၊ နှစ်သက်ဝမ်းမြောက်ခြင်းများသည်။
ဟောတိ၊ ဖြစ်၏။
ဒုက္ခံ၊ ဆင်းရဲခြင်းကို၎င်း။
ဘေရဝံ၊ ကြောက်မက်ဘွယ်ဘေးကို၎င်း။
သဟတိ၊ သည်းခံနိုင်၏။
စေတိယ ဃရ သဒိသော၊ စေတီအိမ်အတူ အပူဇော်ခံထိုက်၏။
သံဃေန၊ သံဃာတော်မြတ်နှင့်။
သဟဝါသိဝါ-သဟဝါသော ဣဝ၊ အတူမကွေ နေရသည်သွင် မှတ်ထင်၏။
ဟိရောတ္တပ္ပံ၊ မြတ်စွာဘုရား ရှေ့တော်ပါး၌သို့ တဆုံးညစ်ကျူ မကောင်းမှုကို ပြုရမည်မှ ရှက်ကြောက်ခြင်း ဟိရီဩတ္တပ္ပတရားသည်။
ဥပဋ္ဌာတိ၊ အမြဲ ထက်ကြပ် ကပ်၍တည်၏။
တံဂုဏတ္ထယာ- တံဂုဏတ္ထာယ၊ ထိုသင်္ဃာတော်၏ ဂုဏ်ကို ရခြင်းအကျိုးငှါ။
နမတေ၊ စိတ်ညွတ်၏။
သော၊ ထိုသံဃာနုဿတိ ကမ္မဋ္ဌာန်းကို စီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည်။
ဥဒ္ဓံ၊ သစ္စာလေးချက် အထက် တရားတို့ကို။
အပ္ပဋိဝိဇ္ဈန္တော၊ စုတိအတွင်း မထွင်းမဖောက် မရောက်သေးသည် ရှိသော်။
သုဂတိ ပရာယဏော၊ လူ့ဘုံ နတ်ရပ် မြတ်သော သုဂတိဘဝသို့ လားရသည်။
ဟောတိ၊ ဖြစ်၏။
တသ္မာ၊ ထို့ကြောင့်။
သုမေဓသော၊ ပညာရှိသော အမျိုးကောင်းသားသည်။
ဧဝံ၊ ဤသို့။
မဟာနုဘာဝါယ၊ ကြီးသောအာနုဘော်ရှိသော။
သံဃာနုဿတိယာ၊ သံဃာနုဿတိကမ္မဋ္ဌာန်း၌။
သဒါ၊ အခါခပ်သိမ်း။
အပ္ပမာဒံ၊ မမေ့ မလျော့ စီးဖြန်း အားထုတ်ခြင်းကို။
ဟဝေ၊ စင်စစ်။
ကယိရာထ၊ ပြုရာ၏။
(သံဃာနုဿတိ ပြီး၏။)
သီလာနုဿတိကမ္မဋ္ဌာန်း စီးဖြန်း ပွါးများပုံ
သီလာနုဿတိကို ပွါးလိုသော ယောဂီသူမြတ်သည်လည်း ဆိတ်ငြိမ်ရာသို့ ကပ်လျက် --
အဟော ဝတ မေ သီလာနိ အခဏ္ဍာနိ အစ္ဆိဒ္ဒါနိ အသဗလာနိ အကမ္မာသာနိ ဘုဇိဿာနိ ဝိညူပသဋ္ဌာနိ အပရာမဋ္ဌာနိ သမာဓိသံဝတ္တနကာနိ။
ဟူ၍ မိမိ၏ ငါးပါးသီလစသော ဂဟဋ္ဌ ပဗ္ဗဇိတသီလ စေတနာကို ဆင်ခြင်အပ်၏။ သူတပါး၏ သီလကား မေတ္တာ၏ အကြောင်းသာတည်း။
မေ၊ ငါ၏။
သီလာနိ၊ သီလတို့သည်။
အဟော အခဏ္ဍာနိ ၀တ၊ စွန်နားမြိတ်စ မကျိုးမပြတ် ပေကုန်စွတကား။
အဟော အစ္ဆိဒ္ဒါနိ ဝတ၊ လယ်ချာဗွေကွင်း အပျက်ကင်း၍ မဖောက်မထွင်း ပေကုန်စွ တကား။
အဟော အသဗလာနိ ဝတ၊ နွားမကျားကဲ့သို့ နှစ်ပါး သုံးပါး မပျက်ပြား၍ မကျားမကွက် ပေကုန်စွတကား။
အဟော အကမ္မာသာနိ ၀တ၊ နွားမပြောက်ကဲ့သို့ ကြိုးကြား ပြီုးပြောက် မပျက်ပေါက်၍ မပြောက်မကျား ပေကုန်စွတကား။
တနည်းလည်း ...
မေ၊ ငါ၏။
သီလာနိ၊ သတ္တဝိဓ မေထုနနှင့် ကောဓု ပနာဟ စသည်ညစ်ကျူ မကောင်းမှုတို့ တခုမတွယ် စင်ကြယ်သော သီလတို့သည်။
အဟော ဝတ၊ ဩ ကောင်းလှပေစွတကား။
အခဏ္ဍာနိ၊ မကျိုးမပဲ့ပေကုန်။
အစ္ဆိဒ္ဒါနိ၊ မပေါက်မပြတ်ပေကုန်။
အသဗလာနိ၊ မကျားမကွက်ပေကုန်။
အကမ္မာသာနိ၊ မပြောက်ပေကုန်။ ဤသို့ သမ္ဗန်။
မေ၊ ငါ၏။
သီလာနိ၊ ကျိုးပေါက် ကျားပြောက် မရှိကုန်သော သီလတို့သည်။
အဟော ဘုဇိဿာနိ ဝတ၊ ဝိဝဋ္ဋူပနိဿယ ဘာဝါပါဒနာကြောင့် တဏှာ၏ကျွန် ဖြစ်ကို လွန်၍ တော်လှန်စေတတ် ပေကုန်စွတကား။
အဟော ဝိညူပသဋ္ဌာနိ ဝတ၊ ဘုရားစသော ပညာရှိတို့ ချီးမွမ်းထိုက်ပေကုန်စွတကား။
အဟော အပရာမဋ္ဌာနိ ဝတ၊ ဤသီလကြောင့် ဒေဝ ဒေဝညတရ ဖြစ်ရချင်လို ထို၌မြဲရာ စင်ကြယ်ရာ၏ဟု တဏှာဒိဋ္ဌိ စွန်းမငြိပေ လေးထွေဝိပတ် သူချဉ်းကပ်၍ မစွဲစွပ် မသုံးသပ်ထိုက်ပေကုန်စွတကား။
အဟော သမာဓိ သံဝတ္တနကာနိ ဝတ၊ ဥပစာ နှင့် အပ္ပနာသမာဓိ မဂ်ဖိုလ်ထိအောင် သမာဓိကို ဖြစ်စေတတ်ပေကုန်စွတကား။
ဤသို့ အခဏ္ဍတာ စသော ဂုဏ်အားဖြင့် မိမိသီလကို ဆင်ခြင်ဖန်များ ယောဂီ ပုဂ္ဂိုလ်အား ရှေးနည်းတူစွာ ဥပစာရဈာန် ဖြစ်လာ၏။
သီလာနုဿတိကမ္မဋ္ဌာန်း၏အကျိုး
အာနိသင်ကား --
န ကိလေသ ပရိယုဋ္ဌံ၊
စိတ္တံ ဥဇုကမေဝ စ။
သိက္ခာယ စ သဂါရဝေါ၊
သဒ္ဓါဒိဝိပုလော ဘဝေ။
ပီတိ ပါမောဇ္ဇ ဗဟုလော၊
သဘာဂေါ ဘယဒဿိတာ။
နတ္တာနုဝါဒါဒိဘယံ၊
သန္ဓာရေ အပ္ပမတ္တကော။
ဥဒ္ဓမပ္ပဋိဝိဇ္ဈန္တော၊
သော သုဂ္ဂတိပရာယဏော။
တသ္မာ ဟဝေ အပ္ပမာဒံ၊
ကယိရာထ သုမေဓသော။
ဧဝံ မဟာနုဘာဝါယ၊
သီလာနုဿတိယာ သဒါ။
ကိလေသ ပရိယုဋ္ဌံ၊ ကိလေသာဟူ ခိုးသူရပ်ခွင် ထက်ဝန်းကျင်ထလျက် နှိပ်စက် ဆိတ်ဆွပ် ထိုးကျင့်အပ်သော။
စိတ္တံ၊ စိတ်သည်။
န ဟောတိ၊ မဖြစ်။
ဥဇုကမေဝ၊ ကာယဝင်္က မာယာစသည် ကင်းပတုံလတ် ဖြောင့်မတ်လမ်းမှန်သည် သာလျှင်ဖြစ်သော။
စိတ္တံ၊ စိတ်သည်။
ဟောတိ၊ ဖြစ်၏။
သိက္ခာယ စ၊ သိက္ခာ၌လည်း။
သဂါရဝေါ၊ ရိုသေကျိုးနွံခြင်း ရှိသည်။
ဘဝေ၊ ဖြစ်၏။
သဒ္ဓါဒိပုလော၊ သဒ္ဓါ သတိ ပညာ ပုည ပြန့်ပြောလှသည်။
ဘဝေ၊ ဖြစ်၏။
ပီတိ ပါမောဇ္ဇ ဗဟုလော၊ နှစ်သက် ဝမ်းမြောက်ခြင်းများသည်။
ဘဝေ၊ ဖြစ်၏။
သဘာဂေါ၊ အခြားသူမွန် သီလဝန်တို့နှင့် ဆက်ဆံတူမျှသော ဖြစ်ခြင်းရှိ၏။
ဝါ၊ ထိုသီလနှင့် တူမျှသော သဘောရှိ၏။
ဘယဒဿိတာ၊ ပရမာဏု အပြစ်စုကို မေရုတရှိ ဘေးဟု-ရှုလေ့ရှိ၏။
အနုဝါဒါဒိဘယံ၊ အတ္တာနုဝါဒ, ပရာနုဝါဒ ဒဏ္ဍ ဒုဂ္ဂတိ [၁] အစရှိသော ဘေးသည်။
နတ္ထိ၊ မရောက်မထိ မရှိနိုင်လေ။
သန္ဓာရေ၊ သူတပါးနှင့် ပေါက်ကြားတစိ မရှိစေရာ ထေးဖာစေ့စပ် ပြုခြင်းဟူသော အာမိသ ဓမ္မ ပဋိသန္ဓာရ အမှု၌။
အပ္ပမတ္တကော၊ သိက္ခာ ဂါရ၀ ဖြစ်၍ မမေ့မလျော့။
ဥဒ္ဓံ၊ သစ္စာလေးချက် အထက်တရားကို။
အပ္ပဋိဝိဇ္ဈန္တော၊ စုတိအတွင်း မထွင်းမဖောက် မရောက်သေးသည်ရှိသော်။
သော၊ ထို သီလာနုဿတိ ကမ္မဋ္ဌာန်းကို စီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည်။
သုဂ္ဂတိပရာယဏော၊ လူ့ဘုံနတ်ရပ် မြတ်သော သုဂတိဘဝသို့ လားရသည်။
ဟောတိ၊ ဖြစ်၏။
တသ္မာ၊ ထို့ကြောင့်။
သုမေဓသော၊ ပညာရှိသော အမျိုးကောင်းသားသည်။
ဧဝံ၊ ဤသို့။
မဟာနုဘာဝါယ၊ ကြီးသော အာနုဘော်ရှိသော။
သီလာနုဿတိယာ၊ သီလာနုဿတိ ကမ္မဋ္ဌာန်း၌။
သဒါ၊ အခါခပ်သိမ်း။
အပ္ပမာဒံ၊ မမေ့မလျော့ စီးဖြန်းအားထုတ်ခြင်းကို။
ဟဝေ၊ စင်စစ်။
ကယိရာထ၊ ပြုရာ၏။
(သီလာနုဿတိ ပြီး၏။)
[၁။ မိမိပြုသောအပြစ်၌ ဖြစ်သော ဘေး ၄-ပါး ...
(၁) အတ္တာနုဝါဒ = (အတ္တ + အနု + ဝါဒ) မိမိကိုယ်ကို စွပ်စွဲခြင်း (အပြစ်တင်မိနေခြင်း)။
(၂) ပရာနုဝါဒ = သူတပါးတို့က စွပ်စွဲပြစ်တင်ခြင်း၊
(၃) ဒဏ္ဍ = ပြစ်ဒဏ်ပေးခြင်း၊
(၄) ဒုဂ္ဂတိ = အပါယ်လားခြင်း။]
စာဂါနုဿတိကမ္မဋ္ဌာန်း စီးဖြန်း ပွါးများပုံ
စာဂါနုဿတိကို ပွါးလိုသော ပုဂ္ဂိုလ်သည်ကား --- ပြကတေ့ကပင် ဝေဖန် ခွဲခြမ်း ပေးကမ်း လှူဒါန်းလေ့ရှိသည် ဖြစ်၍သော်၎င်း၊ ယခုနေ့မှစ၍ အလှူခံ ပုဂ္ဂိုလ်က နည်းစွ အယုတ် ဆွမ်းတလုတ်စာမျှကိုလည်း မလှူဒါန်း မပေးကမ်းပဲ မသုံးစွဲအံ့ဟု ဆောက်တည် ၍သော်၎င်း၊ ကမ္မဋ္ဌာန်းစ၍ စီးဖြန်းအံ့သောနေ့၌ စွမ်းနိုင်သမျှ ဂုဏဝိသိဋ္ဌပုဂ္ဂိုလ်တို့၌ နှစ်ခြိုက်ကြည်ဖြူ ပေးလှူ ဝေဖန်ပြီး၍ ပရိစ္စာဂ စေတနာ၏ ဖြစ်ဟန် အခြင်းအရာ အမူ နိမိတ်ကို ယူ၍ ဆိတ်ငြိမ်ရာသို့ ကပ်လျက် .....
လာဘာ ဝတ မေ သုလဒ္ဓံ ဝတ မေ၊ ယောဟံ မစ္ဆေရမလပရိယုဋ္ဌိတာယ ပဇာယ ဝိဂတမလမစ္ဆေရေန စေတသာ ဝိဟရာမိ မုတ္တစာဂေါ ပယတပါဏိ ဝေါသဂ္ဂရတော ယာစယောဂ္ဂေါ ဒါနသံဝိဘာဂရတော —
ဟု မိမိ၏ ပရိစ္စာဂ စေတနာကို ဆင်ခြင်အပ်၏။
ယော အဟံ၊ အကြင် ငါသည်။
မစ္ဆေရမလ ပရိယုဋ္ဌိတာယ၊ မပေးလှူလို ဝန်တိုမစ္ဆေး ညစ်ကြေးရပ်ခွင် ဝန်းကျင်ထလျက် နှိပ်စက်ဆိတ်ဆွပ် ထိုးကျင် အပ်သော။
ပဇာယ၊ သတ္တဝါအပေါင်းတွင်။
ဝိဂတမလ မစ္ဆေရေန၊ ကင်းသောဝန်တို မလှူလိုမစ္ဆေး ရာဂစသော အညစ်အကြေးရှိသော။
စေတသာ၊ စိတ်ဖြင့်။
မုတ္တစာဂေါ၊ လွတ်လွတ်စွန့်ကြဲခြင်း ရှိသည်ဖြစ်၍။
ပယတပါဏိ၊ ရိုသေလက်ကိုင် ကိုယ်တိုင်သဒ္ဓါ လှူအံ့ငှါ-ဟု အခါမပြတ် ဆေးကြော အပ်လျက် စင်ကြယ်သော လက်ရှိသည်ဖြစ်၍။
ဝေါသဂ္ဂရတော၊ စွန့်ကြဲခြင်း၌ မပြတ် အားထုတ်သဖြင့် မွေ့လျော်သည်ဖြစ်၍။
ယာစယောဂ္ဂေါ၊ တောင်းတိုင်း ပေးစွန့် မတိုတွန့်သဖြင့် မရွံ့ရဲတင်း တောင်းခြင်းငှါ ခံ့သည်ဖြစ်၍။
ဒါနသံ ဝိဘာဂရတော၊ စွန့်နိုင်သမျှ လှူချစွန့်ကြဲ စားဘို့ထဲက ပုံခွဲခြမ်း ပေးကမ်းခြင်း၌ မွေ့လျော်သည်ဖြစ်၍။
ဝိဟရာမိ၊ နေရပေ၏။
တသ္မာ၊ ထို့ကြောင့်။
တဿ မေ၊ ထိုငါသည်။
လာဘာ ဝတ၊ အာယု ဝဏ္ဏ သုခ ဗလံ ပဋိဘာန်နှင့် ပီယံအစ ဂုဏ်လာဘတို့ကို ရထိုက်ကုန်စွတကား။
တဿ မေ၊ ထိုငါသည်။
သုလဒ္ဓံ ဝတ၊ သာသနာနှစ် လူအဖြစ်နှင့် ထင်လစ်ဣန္ဒြေ သိထွေကမ္မဿက ပညာစသည်ကို ရအပ်ပေစွတကား။
ယခုဘဝလည်း အံ့ဘွယ်ရှစ်ဖြာ သာသနာကို၎င်း၊ အမျိုးကောင်းစစ် လူအဖြစ်ကို၎င်း၊ သဒ္ဓါ စသော ဣန္ဒြေ ထက်သန် ကမ္မဿကတာဉာဏ်ကို၎င်း ငါရသည်၊ ရတော်ပေစွ။ နောက်နောက် ဘဝတို့၌လည်း “အာယုံ ခေါ ပန ဒတွာ အာယုဿ ဘာဂီ ဟောတိ ဒိဗ္ဗဿ ဝါ မာနုသဿ ဝါ” ဟူ၍၎င်း၊ “ဒဒံ ပိယော ဟောတိ ဘဇန္တိ နံ ဗဟူ” ဟူ၍၎င်း၊ “ဒဒမာနာ ပိယော ဟောတိ၊ သတံ ဓမ္မမနုက္ကမံ”ဟူ၍၎င်း ဟောတော်မူအပ် ချီးမွမ်းအပ်သော အာယု ဝဏ္ဏ သုခ ဗလ ပဋိဘာန ပိယ မနာပတ္တ စသည်များဖြင့် အာနိသင်ကို အလူရှင် ရရာတော့မည်ဟု ကြံစည်စဉ်းစား ပွါးများ စီးဖြန်းရာသည် ဟူလိုသည်။
ဤသို့လျှင် ဝိဂတမလမစ္ဆေရတာ စသော ဂုဏ်အားဖြင့် မိမိ၏ စာဂစေတနာကို ဆင်ခြင်ဖန် များသောသူအား ရှေးနည်းတူ ဥပစာရဈာန် ဖြစ်လာ၏။
၃-သူတပါးသေခြင်းကို ဥပမာဆောင်၍ မိမိသေရမည်ဟု ဆင်ခြင်ပုံ
ဥပသံဟရဏအားဖြင့် ဆင်ခြင်ဟန်ကား ---
ပုည ထာမ ယသိဒ္ဓီနံ၊
ပညာယ စ မဟတ္တတော။
ပစ္စေက သဗ္ဗညုတောတိ၊
သတ္တဓာ ဥပသံဟရေ။
မဟာပုညာတိ လောကသ္မိံ၊
ဝိဿုတာ ဇောတိကာဒယော။
သဗ္ဗေ မရဏမာပန္နာ၊
မာဒိသေသု ကထာဝ ကာ။
ဝါသုဒေဝါဇယော ထာမ-
ဗလူပေတာတိ ဝိသုတာ။
ဧတေပိ မရဏံ ယာတာ၊
မာဒိသု ကထာ၀ ကာ။
မဟာယသာ ရာဇဝရာ၊
မဟာသမ္မတအာဒယော။
တေပိ မစ္စုဝသံ ပတ္တာ၊
မာဒိသေသု ကထာ၀ ကာ။
ပါဒင်္ဂုဋ္ဌက မတ္တေန၊
ဝေဇယန္တ'မကမ္ပယီ။
ယော နာမိဒ္ဓိမတံ သေဋ္ဌော၊
ဒုတီယော အဂ္ဂသာဝကော။
သောပိ မစ္စုမုခံ ဃောရံ၊
မိဂေါ သီဟမုခံ ယထာ။
ပဝိဋ္ဌော သဟ ဣဒ္ဓီဟိ၊
မာဒိသေသု ကထာဝ ကာ။
လောကနာထံ ဌပေတွာန၊
ယေ အညေ သန္တိ ပါဏိနော။
ပညာယ သာရိပုတ္တဿ၊
ကလံ နာဂ္ဃတိ သောဠသိ။
ဧဝံ နာမ မဟာပညော၊
ပဌမော အဂ္ဂသာဝကော။
မရဏဿ ဝသံ ပတ္တော၊
မာဒိသေသု ကထာဝ ကာ။
တံ တံ နိမိတ္တ'မာဂမ္မ၊
ဝီမံသန္တာ မဟေသယော။
သယမ္ဘူဉာဏတေဇေန၊
ယေ ပတ္တာ အာသဝက္ခယံ။
ဧကစ္စယနိဝါသေန၊
ခဂ္ဂသိင်္ဂသမူပမာ။
တေပိ နာဂတာ မစ္စုံ၊
မာဒိသေသု ကထာဝ ကာ။
ပရိပုဏ္ဏ ရူပ ဓမ္မော၊
မဟာပုညာဒိပါရဂေါ။
ဇိနော မစ္စု နိပါတေန၊
အဂ္ဂိက္ခန္ဓောဝ သမ္မသိ။
ဧဝံ မဟာနုဘာဝဿ၊
ယံ နာမေ'တံ မဟေသိနော။
န ဘယေန န လဇ္ဇာယ၊
မရဏံဝ သမာဂတံ။
နိလ္လဇ္ဇံ ဝီတသာရဇ္ဇံ၊
သဗ္ဗသတ္တာဘိမဒ္ဒနံ။
တယိဒံ မာဒိသံ သတ္တံ၊
ကထံ နာဘိဘဝိဿတိ။
ဤသို့ ဆင်ခြင်အပ်၏။
“ကြီးကျယ်မြင့်မြတ်သူ ၇-ဦးတို့၏ သေခြင်းကို ဆင်ခြင်ပုံ”
ကြီးကျယ်မြင့်မြတ်သူ ၇-မျိုး
ပုည ထာမ ယသိဒ္ဓီနံ၊ ဘုန်းတန်း, အားအန် ခြွေရံ တန်ခိုးတို့၏။
မဟတ္တတောစ၊ ကြီးကျယ်သည်၏ အဖြစ်ဖြင့်၎င်း။
ပညာယ၊ ဉာဏ်ပညာ၏။
မဟတ္တတော စ၊ ကြီးကျယ်ခြင်းအားဖြင့်၎င်း။
ပစ္စေကာ စ၊ ပစ္စေကဗုဒ္ဓါ အားဖြင့်၎င်း။
သဗ္ဗညုတော စ၊ သဗ္ဗညုဘုရားအားဖြင့်၎င်း။
ဣတိ၊ ဤသို့။
သတ္တဓာ၊ ခုနစ်ပါး အပြားအားဖြင့်။
ဥပသံဟရေ၊ အနီးသို့ ဆောင်ရာ၏။
ပုညမဟတ္တ
မဟာပုညာတိ၊ ဘုန်းကံကြီးမားကုန်၏ဟူ၍။
လောကသ္မိံ၊ လူ့ရွာ၌။
ဝိဿုတာ၊ ကြေညာထင်ရှားကုန်သော။
ဇောတိကာဒယော၊ ဇောတိက ဇဋိလ မေဏ္ဍက ပုဏ္ဏ ဥဂ္ဂ အစရှိကုန်သော။
သဗ္ဗေ၊ အလုံးစုံကုန်သော သူတို့သည်။
မရဏံ၊ သေပျောက်ခြင်းသို့။
အာပန္နာ၊ ရောက်ရလေကုန်ပြီ။
မာဒိသေသု၊ ဘုန်းကံချာချု ငါသို့သောသူတို့၌။
ကထာဝ၊ ဆိုဖွယ် စကားသည်ပင်လျှင်။
ကာ၊ အတီမှာ ရှိပချိမ့်နည်း။
ထာမ မဟတ္တ
ထာမဗလူပေတာတိ၊ လုံ့လ စွမ်းပကား ခွန်အားဗလနှင့် ပြည့်စုံကုန်၏ ဟူ၍။
လောကသ္မိံ၊ လောက၌။
ဝိဿုတာ၊ ကြေညာထင်ရှားကုန်သော။
ဝါသုဒေဝါဒယော၊ ဝါသုဒေဝ ဗလဒေဝ ဘီမသေန ယုဓိဋ္ဌိလ စာနုရောယ အစရှိကုန်သော။
ဧတေပိ၊ ထိုမာန်စွယ်ငေါင်းငေါင်း သူရဲကောင်း တို့သည်လည်း။
မရဏံ၊ သေကျေပျက်စီးခြင်းသို့။
ယာတာ၊ ရောက်ရကုန်သေး၏။
မာဒိသေသု၊ အားစွမ်းချာချူ ငါသို့သောသူတို့၌။
ကထာဝ၊ ဆိုဖွယ်ရာစကားသည်ပင်လျှင်။
ကာ၊ အဘယ်မှာ ရှိချေအံ့နည်း။
ယသ မဟတ္တ
မဟာယသာ၊ ခြွေရံစည်းစိမ် များကုန်သော။
မဟာသမ္မတအာဒယော၊ မဟာသမ္မတမင်း အစရှိကုန်သော။
ယေ ရာဇဝရာ၊ အကြင် မင်းမြတ်တို့သည်။
သန္တိ၊ ရှိကုန်၏။
တေပိ၊ ထိုမင်းတို့သည်လည်း။
မစ္စုဝသံ၊ သေမင်းနိုင်ငံသို့။
ပတ္တာ၊ ရောက်ရကုန်သေး၏။
မာဒိသေသု၊ ခြွေရံစည်းစိမ် ဖျင်းသိမ်ချာချူ ငါသို့သောသူတို့၌။
ကထာဝ၊ ဆိုဖွယ်ရာစကား သည်ပင်လျှင်။
ကာ၊ အဘယ်မှာ ရှိခဲ့နည်း။
ဣဒ္ဓိ မဟတ္တ
ဣဒ္ဓိမတံ၊ တန်းခိုးရှိကုန်သောသူတို့တွင်၊ သူတို့ထက်။
သေဋ္ဌော၊ မြတ်တော်မူသော။
ဒုတိယော၊ နှစ်ဆူမြောက်ဌာန် ရာထူးခံ၍ လက်ဝဲရံဖြစ်တော်မူသော။
ယော နာမ အဂ္ဂသာဝကော၊ အကြင်မောဂ္ဂလာန်-ဟု ကျော်ဝှန်သည်းလတ် တပည့်မြတ် သည်။
ပါဒင်္ဂုဋ္ဌကမတ္တေန၊ ခြေမတော်ဖြင့်။
ဝေဇယန္တံ၊ ယူဇနာထောင် မြင့်ခေါင်ကြီးမား သိကြားဝေဇယန် နန်းဗိမာန်ကို။
အကမ္ပယီ၊ တုန်လှုပ်စေပြီ။
သောပိ၊ ထိုမဟာမောဂ္ဂလာန် ထေရ်မြတ်သည်လည်း။
မိဂေါ၊ သားသမင်သည်။
သီဟမုခံ၊ ခြင်္သေ့ခံတွင်းသို့။
ပဝိသတိ ယထာ၊ ဝင်ရသကဲ့သို့။
ဣဒ္ဓီဟိ၊ တန်းခိုးတို့နှင့်။
သဟ၊ တကွ။
ဃောရံ၊ ပြင်းထန် ကြမ်းတမ်းလှစွာသော။
မစ္စုမုခံ၊ သေမင်းခံတွင်းသို့။
ပဝိဋ္ဌော၊ ဝင်တော်မူရချေသေး၏။
မာဒိသေသု၊ တန်းခိုးမဲ့၍ နော်နဲ့ချာချူ ငါသို့သော သူတို့၌။
ကထာဝ၊ ဆိုဖွယ်ရာ စကားသည်ပင်လျှင်။
ကာ၊ အဘယ်မှာရှိအံ့နည်း၊
ပညာ မဟတ္တ
လောကနာထံ၊ မြတ်စွာဘုရားကို။
ဌပေတွာန၊ ချန်ထား၍။
အညေ၊ ဘုရားမှတပါးကုန်သော။
ယေ ပါဏိနော၊ အကြင် သတ္တဝါတို့သည်။
သန္တိ၊ ရှိကုန်၏။
တေသံ၊ ထိုရှိမဲ့ဥဿုံ အလုံးစုံသော သတ္တဝါတို့၏။
ပညာ၊ ရှိသမျှပညာသည်။
သာရိပုတ္တဿ၊ သာရိပုတြာ ကြေညာထင်ပေါ် မထေရ်ကျော်၏။
ပညာယ၊ ပညာ၏။
သောဠသိံ၊ တဆဲ့ခြောက်ခုမြောက်သော အဘို့တို့ကို တဆဲ့ခြောက်ဘို့ စိတ်ပြန်အပ်သော။
ကလံ၊ တစိတ်သော အဘို့တို့ကို။
န အဂ္ဃတိ၊ မမှီမထိုက်။
(နှစ်ရာ့ငါးဆဲ့ကြောက်စိတ် စိတ်၍ တစိတ်ကိုမျှ မမှီနိုင် ဟူလိုသည်)။
ဧဝံ နာမ မဟာပညော၊ ဤသို့စင် ပညာတော်ကြီးလှသော။
ပဌမော၊ ရှေးဦးရပ်ဌာန် ရာထူးခံ၍ လကျ်ာရံဖြစ်တော်မူသော။
အဂ္ဂသာဝကော၊ သာရိပုတြာ ကြေညာထင်ပေါ် ပညာကျော်လတ် တပည့်မြတ် သော်လည်း။
မရဏသ၊ သေမင်း၏။
၀သံ၊ အလိုနိုင်ငံသို့။
ပတ္တော၊ ရောက်တော်မူသေး၏။
မာဒိသေသု၊ ဉာဏ်နုန့် မြှေးထူ ငါသို့သောသူတို့၌။
ကထာဝ၊ ဆိုဖွယ်ရာ စကားသည်ပင်လျှင်။
ကာ၊ အဘယ်မှာ ရှိအံ့နည်း။
ပစ္စေကဗုဒ္ဓါ
မဟေသယော၊ သီလက္ခန္ဓ စသည်များလွေ့ ဂုဏ်အပွေ့ကို ရှာလေ့ ရှိတော်မူပြီးကုန်သော။
ယေ ပစ္စေကဗုဒ္ဓါ၊ အကြင် အသီးအခြား ဘုရား ပစ္စေကဗုဒ္ဓါတို့သည်။
တံ တံ နိမိတ္တံ၊ ထိုထိုလက်ကောက် နှစ်ဆင့် ထိခိုက်ခြင်း ဝါးမျစ်၏ မထစ်မငြိပေါက်ခြင်း စသော အကြောင်းကို။
အဂမ္မ၊ စွဲ၍။
ဝီမံသန္တာ၊ ဖြစ် နစ် ပဝတ္တိ နိဝတ္တိတို့ကို နှိုင်းညှိ စုံစမ်းကုန်လျက်။
သယမ္ဘူဉာဏတေဇေန၊ ပရတောဃောသ မကူ သယမ္ဘူ ဉာဏ်စွမ်းဖြင့်။
အာသဝက္ခယံ၊ အာသဝေါကင်း ကုန်ခန်းခြင်းသို့။
ပတ္တာ၊ ရောက်တော်မူကြ လေကုန်ပြီ။
ဧကစ္စယနိဝါသေန၊ တယောက်အထီးတည်း နေခြင်းဖြင့်။
ခဂ္ဂသိင်္ဂသမူပမာ၊ ကြံ့ချိုတမူ တူသော ဥပမာ ရှိကုန်၏။
တေပိ၊ ထိုပစ္စေကဗုဒ္ဓါတို့သည်လည်း။
မစ္စုံ၊ သေခြင်းကို။
နာတိဂတာ၊ လွန်တော် မမူနိုင်ကြကုန်။
မာဒိသေသု၊ ပစ္စေကသံ ဗောဓိဉာဏ်နှင့် ဝေးလံချာချူ ငါသို့သောသူတို့၌။
ကထာ၊ ဆိုဖွယ်ရာ စကားသည်ပင်လျှင်။
ကာ၊ အဘယ်မှာ ရှိအံ့နည်း။
သမ္မာသမ္ဗုဒ္ဓ
ပရိပုဏ္ဏ ရူပ ဓမ္မော၊ တမ္ဗနခ သုပ္ပတိဋ္ဌိတပါဒ စသည် သွယ်သွယ် လက္ခဏာတော် ကြီးငယ်တို့ဖြင့် ဆန်းကြယ်သော ရူပကာယ သီလက္ခန္ဓ စသည်များစွာ ဂုဏ်ရတနာတို့နှင့် ပြည့်စုံသော ဓမ္မကာယ ရှိသည်ဖြစ်၍ ဝန်းကျင်ပတ်ခြုံ ပြည့်စုံသော ရူပကာယ ဓမ္မကာယ ရှိတော်မူထသော။
မဟာပုညာဒိ ပါရဂေါ၊ ပုညမဟတ္တ စသည်တို့၏ ကမ်းတဖက်သို့ ရောက်တော်မူထသော။
ဇိနော၊ ငါးမာရ်လွှင့်ခြွေ အစိန္တေယျ သုံးလူ့မော်သည်။
မစ္စုနိပါတေန၊ သေခြင်းဟူထ မိုးရေပေါက် ကျသဖြင့်။
အဂ္ဂိက္ခန္ဓော ဣဝ၊ မီးပုံကြီးသို့။
သမ္မသိ = ဝူပသမိ၊ နိဗ္ဗူယူသိမ်း ငြိမ်းတော်မူရလေပြီ။
ယံ နာမ မရဏံ၊ အကြင်သေခြင်း တရားမည်သည်။
ဧဝံ မဟာနုဘာဝဿ၊ သို့စင်ကြီးမော် အာနုဘော်ရှိတော်မူသော။
မဟေသိနော၊ ဘုရားရှင်၏။
၀သံ၊ အလိုနိုင်ငံသို့။
ဘယေန၊ ကြောက်သဖြင့်မူလည်း။
န အာဂတံ၊ မလိုက်ပလေ။
လဇ္ဇာယ၊ ရှက်သဖြင့်မူလည်း။
န အာဂတံ၊ မလိုက်ပလေ။
နိလ္လဇ္ဇံ၊ ရှက်ရွံ့ခြင်းမရှိသော။
ဝီတသာရဇ္ဇံ၊ ကြောက်လန့်ခြင်း ကင်းသော။
သဗ္ဗသတ္တာဘိမဒ္ဒနံ၊ လူနတ်ဗြဟ္မာ သတ္တဝါခပင်းကို နှိမ်နှင်းတတ်သော။
တယိဒံ = တံမရဏံ၊ ထိုသေမင်းသည် (ဣဒံ အနက် မရှိ)။
မာဒိသံ သတ္တံ၊ ငါသို့ချူချာ သတ္တဝါကို။
ကထံ နာဘိဘဝိဿတိ၊ ဘယ်ကြောင်း ဘယ်ဟာ ဘယ်ခြင်းရာဖြင့် ရှောင်ခွါသွေလွှဲ မနှိပ်စက်ပဲ နေလိမ့်မည်နည်း။
အဘိဘဝိဿတိ ဧ၀၊ နှိပ်စက်လွှမ်းမိုးလတ္တံ့ သည်သာလျှင်တည်း။
ဤကား အနက်။
ဤသို့ ဥပသံဟရဏအားဖြင့် ဆင်ခြင်လျှင်လည်း ဥပစာရဈာန်ကို ရ၏။
၄-ဘေးအန္တရာယ်တို့နှင့် ဆက်ဆံသောကိုယ်ဟု ရှုဆင်ခြင်ပုံ
ကာယဗဟုသာဓာရဏအားဖြင့် ဆင်ခြင်ဟန်ကား --
အသီတိ ကိမိကုလာနံ၊
ရောဂါနန္တရဗာဟိရံ။
သာဓာရဏော ဝသာ တေသံ၊
ကာယော မစ္စုံ နိဂစ္ဆတိ။
ယထာ ဟိ သရာဒယော လက္ခေ၊
ကာယေပိ သဗ္ဗုပဒ္ဒဝါ။
သွာ'ယံ တေသမ္ပိ ပါတေန၊
ကာယော မစ္စုံ နိဂစ္ဆတိ။
ဟူ၍ ဆင်ခြင်အပ်၏။
ကာယော၊ ကိုယ်သည်။
အသီတိ ကိမိကုလာနံ၊ အရေထူ ပါး အသား ကြောရိုး ရိုးတွင်းခြင်ဆီ ကပ်မှီ စားသောက် သေပျောက် မွေးဖွား နာဖျား ကြီးငယ် ကျင်စွန့်ပယ်သည့် ရှစ်ဆယ်များတောင်း ပိုးမျိုး ပေါင်းတို့နှင့်လည်း။
သာဓာရဏော၊ ဆက်ဆံချေ၏။
တေသံ၊ ထိုပိုးမျိုး ရှစ်ဆယ်တို့၏။
ဝသာ၊ ပျက်ခြင်းဟူသော အစွမ်းဖြင့်လည်း။
ကာယော၊ ကိုယ်သည်။
မစ္စုံ၊ သေခြင်းသို့။
နိဂစ္ဆတိ၊ ရောက်တတ်ချေ၏။
အန္တရဗာဟိရံ = အန္တရဗာဟိရာနံ၊ ကိုယ်တွင်း ကိုယ်ပ၌ ဖြစ်ကုန်သော။
ရောဂါနံ = ရောဂဘယာနံ၊ စက္ခုရောဂါ စသော အရာ မကသောအနာ၊ မြွေ ကင်း သန်း စသော အရာမကသော ဘေးတို့နှင့်လည်း။
သာဓာရဏော၊ ဆက်ဆံချေ၏။
တေသံ၊ ထိုရောဂါဘေးတို့၏။
၀သာ၊ အစ္စမ်းဖြင့်လည်း။
ကာယော၊ ကိုယ်သည်။
မစ္စုံ၊ သေခြင်းသို့။
နိဂစ္ဆတိ၊ ရောက်တတ်ချေ၏။
ဟိ၊ ဥပမာဖြင့် ထင်စွာချဲ့ပြဦးအံ့။
လက္ခေ၊ လမ်းလေးဆုံချက် မှတ်တိုင်စက်၌။
သရာဒယော၊ မြှား လှံ ခက်ရင်း စသော လက်နက်တို့သည်။
ပတန္တိယထာ၊ ကျကုန်သကဲ့သို့။
ကာယေပိ၊ ကိုယ်၌လည်း။
သဗ္ဗုပဒ္ဒဝါ၊ အလုံးစုံသော ဘေးဒဏ်ဥပါဒ်တို့သည်။
ပတန္တိ၊ ကျရောက်ကုန်၏။
သွာယံ ကာယော၊ ထိုကိုယ်သည်။
တေသမ္ပိ၊ ထို ဘေးဒဏ် ဥပါဒ်တို့၏လည်း။
ပါတေန၊ ကျရောက်ခြင်းကြောင့်။
မစ္စုံ၊ သေခြင်းသို့။
နိဂစ္ဆတိ၊ ရောက်တတ်ချေ၏။
၅-အသက်၏ မခိုင်ခံ့ခြင်းကို ဆင်ခြင်ပွါးများပုံ
အာယုဒုဗ္ဗလအားဖြင့် ဆင်ခြင်ဟန်ကား --
သီတုဏှ ဘူတ အာဟာရ-
အာနာပါနိရိယာပထ။
နိဗန္ဓံ ဇီဝိတံ တေန၊
တေသံ ဝသေန ဒုဗ္ဗလံ။
ဟု ဆင်ခြင်အပ်၏။
ဇီဝိတံ၊ အသက်မည်သည်။
သီတုဏှ ဘူတ အာဟာရ အာနာပါနိရိယာပထနိဗန္ဓံ၊ ညီမျှသောအဧ အပူ ညီမျှသော မဟာဘုတ် လေးပါး သင့်လျှော်သော အစာအာဟာရ အလှည့်စီ အညီအမျှ ဖြစ်သော ထွက်သက် ဝင်သက်လေ အညီအမျှ ဖြစ်သော ဣရိယာပုထ် လေးပါးတို့နှင့် စပ်၏။
တေန၊ ထို့ကြောင့်။
တေသံ၊ ထိုအချမ်းအပူ မဟာဘူတ အာဟာရနှင့် အာနာပါန ဣရိယာပုထ်တို့၏။
ဝသေန၊ အစွမ်းဖြင့်။
ဒုဗ္ဗလံ၊ ကမ်းနားသစ်ပင် ပမာသွင်သို့ အလွန်လျှင် အားနည်းလှချေ၏။
“၆- မည်သည့်အချိန် မည်သည့်ရောဂါ စသည်ဖြင့် သေရမည့် အကြောင်း ပိုင်းခြား မသိနိုင်ပုံ”
အနိမိတ္တအားဖြင့် ဆင်ခြင်ဟန်ကား ---
ဇီဝိတံ ဗျာဓိ ကာလော စ၊
ဒေဟနိက္ခေပနံ ဂတိ။
ပဉ္စတေ ဇီဝလောကသ္မိံ၊
အနိမိတ္တာ န နာယရေ။
ဇီဝိတံ စ၊ အသက်ကိုလည်း။
အနိမိတ္တံ၊ ကလလရေကြည် စသည်ခြားပိုင်း အတိုင်းအစေ့ ဤရွေ့ ချင့်ပေါင်း ရှည်စကောင်း၏ဟု သိကြောင်းအမှတ် မရှိသည် ဖြစ်၍။
န နာယတေ၊ မသိအပ်နိုင်ချေ။
ဗျာဓိ စ၊ အနာရောဂါကိုလည်း။
အနိမိတ္တော၊ စက္ခုရောဂ စသည်ထွေလည် မည်သည်ဖြင့်သာ သေကောင်းရာဟု သိဖွယ်ရာ အကြောင်းအမှတ် မရှိသည်ဖြစ်၍။
န နာယတေ၊ မသိအပ်နိုင်ချေ။
ကာလော စ၊ နံနက် နေ့ ည စသော သေရာကာလကိုလည်း။
အနိမိတ္တော၊ သိကြောင်း အမှတ်မရှိသည်ဖြစ်၍။
နနာယတေ၊ မသိအပ်နိုင်ချေ။
ဒေဟနိက္ခေပနံ စ၊ တော ရွာ ကြည်း ရေ သေရာအရပ်ကိုလည်း။
အနိမိတ္တံ၊ သိကြောင်းသိရာ သညာ မှတ်သား အပိုင်းအခြား မရှိသည်ဖြစ်၍။
န နာယတေ၊ မသိအပ်နိုင်ချေ။
ဂတိ စ၊ ဒေဝ မနုဿ နိရယနှင့် ပေတ တိရစ္ဆာန် ငါးတန်သော ဂတိကိုလည်း။
အနိမိတ္တာ၊ ဘယ်ကစုတိ ဘယ်ဂတိသာ လားကောင်းရာဟု သညာမှတ်သား အပိုင်းအခြား မရှိသည်ဖြစ်၍။
န နာယတေ၊ မသိအပ်နိုင်ချေ။
ဇီဝလောကသ္မိံ၊ သတ္တလောက၌။
ဧတေ ပဉ္စ၊ ဤငါးပါးတို့ကို။
အနိမိတ္တာ၊ သိကြောင်းခြင်းရာ သညာ အမှတ်အသား အပိုင်းအခြား မရှိကုန်သည်ဖြစ်၍။
န နာယရေ၊ ဘယ်ရွယ် ဘယ်နာ ဘယ်အခါ ဘူမိ ဘယ်ဂတိဟု မသိအပ်နိုင်ချေကုန်။
“၇-အသက် အပိုင်းအခြားအားဖြင့် သေမည့်အခါကို မသိနိုင်ပုံ”
အဒ္ဓါန ပရိစ္ဆေဒအားဖြင့် ဆင်ခြင်ဟန်ကား --
အပ္ပမိဒံ မနုဿာနံ အာယု၊ ဂမနီယော သမ္ပရာယော၊ ကတ္တဗ္ဗံ ကုသလံ၊ စရိတဗ္ဗံ ဗြဟ္မစရိယံ၊ နတ္ထိ ဇာတဿ အမရဏံ။ ယော စိရံ ဇီဝတိ၊ သော ဝဿသတံ အပ္ပံ ဝါ ဘိယျော။
အပ္ပမာယု မနုဿာနံ၊
ဟီဠေယျ နံ သုပေါရိသော။
စရေယျာဒိတ္တသီသောဝ၊
နတ္ထိ မစ္စုဿ နာဂမော။
မနုဿာနံ၊ လူတို့၏။
ဣဒံ အာယု၊ ဤအသက်တမ်းသည်။
အပ္ပံ၊ နည်းပါးလှစွာ၏။
သမ္ပရာယော၊ တမလွန်ဘဝသို့။
ဂမနီယော၊ သန္ဓေအားဖြင့် သွားထိုက် ချေ၏။
ကုသလံ၊ ကုသိုလ်ကို။
ကတ္တဗ္ဗံ၊ မသေခင်ခါပြုသင့်စွာ၏။
ဗြဟ္မစရိယံ၊ မြတ်သော အကျင့်ကို။
စရိတဗ္ဗံ၊ ဆောတလျင်သာ ကျင့်ထိုက်၏။
ဇာတဿ၊ သတ္တဝါတစ် ပေါ် ဖြစ်လာသော သူအား။
ဝါ၊ သူ၏။
အမရဏံ၊ မသေမပျောက်ပဲ အမြဲနေရခြင်း မည်သည်။
နတ္ထိ၊ မရှိနိုင်ချေ။
ယော၊ အကြင် သူသည်။
စိရံ၊ ကြာရှည်စွာ။
ဇီဝတိ၊ အသက်ရှည်၏။
သော၊ ထိုသူသည်။
ဝဿသတံ၊ အနှစ် တရာသော်၎င်း။
အပ္ပံ ဝါ ဘိယျော၊ တရာထက် အနည်းငယ်မျှ အလွန်သော်၎င်း။
ဇီဝတိ၊ အသက်ရှင်၍ နေရ၏။
မနုဿာနံ၊ ယခုလိုလူ ဆုတ်ကပ်သူတို့၏။
အာယု၊ အသက်တမ်းသည်။
အပ္ပံ၊ နည်းလှချေ၏။
သုပေါရိသော၊ သိမြင်ကျိုးကြောင်း သူတော်ကောင်းသည်။
နံ၊ ထိုအသက်ကို။
ဟီဠေယျ၊ ရှုတ်ချကဲ့ရဲ့ရာ၏။
အာဒိတ္တ သီသော ဣဝ၊ ဦးခေါင်း ဥသျှောင် မီးလောင်သော သူကဲ့သို့။
စရေယျ၊ သုစရိုက်ကို တန့်ခိုက်မနား အားထုတ် ကျင့်သုံးရာ၏။
မစ္စုဿ၊ သေမင်း၏။
န အာဂမော၊ မရောက်မလာရာ သတ္တဝါ မည်သည်။
နတ္ထိ၊ မရှိချေခဲ့။
မရဏာနုဿတိ လင်္ကာ
ရေ၌ တုတ်ရေး၊ တူသွေး ရေပွက်၊
တောင်ထက် မြစ်တူ၊ အားရှိသူထွေး၊
တံထွေး သားတစ်၊ သံအိုး ချစ်၌၊
ချပစ်အလား၊ သတ်မည့် နွားနှင့်၊
မြက်ဖျားမှာ နှင်း၊ ပုံမယွင်းခဲ့၊
နည်းမင်း အာယု၊ ကောင်းသည့်မှုကို၊
ပြုသင့်လက်ငင်း၊ ခုချက်ခြင်း။
ပမာဒပုဂ္ဂိုလ် ၆-ဦးနှင့် အပ္ပမာဒ ၂-ဦး
ညဉ့်နေ့ တနေ့၊ ထက်ဝက်နေ့တည်း၊
တကြိမ် ရွေ့စား၊ ထက်ဝက်စားနှင့်၊
လေးငါးလုတ်တွင်း၊ မသေလျှင်းဟူ၊
ခြောက်ယောက်လူကို၊ မေ့သူဟောထား၊
တလုတ်စားတွင်း၊ ရှူရှိုက်တွင်းမှာ၊
မသေပါမူ၊ မြတ်စွာဘုရား၊
ဟောတရားကို၊ အားထုတ်အံ့ဟူ၊
နှစ်ယောက်သူသာ။
အပူထက်စွာ ပွါးသတည်း။
အဟော ဝတာဟံ ဇီဝေယျံ၊
ဧကာ လောပဿ ဘောဇနံ။
အဿာသန ပဿသနံ၊
ကရေယျံ သတ္ထုသာသနံ။
အပ္ပမာဒပုဂ္ဂိုလ် ၂-ဦး
အဟံ၊ ငါသည်။
ဧကာလောပဿ၊ တမင်းတလုတ်ကို။
ဘောဇနံ၊ ကောင်းစွာဝါး၍ စားသောက်ရှိပြီးသည် တိုင်အောင်။
ဇီဝေယျံ၊ အသက်ရှင်ရမူကား။
အဟော ဝတ၊ ကောင်းလေစွ။
သတ္ထုသာသနံ၊ ထက်ဖိုလ်ဆုံးတိုင် ရွက်ဆောင်နိုင်ထ ဘုရား အဆုံးအမတော်ကို။
ကရေယျံ၊ လိုက်နာကျင့်သုံး နှလုံးပြုအံ့။
အဟံ၊ ငါသည်။
အဿာသန ပဿသနံ၊ ရှူသည်ကကို ရှိုက်သည်တိုင်အောင် ရှိုက်သည်ကကိုမူလည်း ရှူသည်တိုင်အောင်။
ဇီဝေ၊ အသက်မသေ နေရမူကား။
အဟော ၀တ၊ ရဟန်းတရား ကိုယ့်စီးပွါးကို များစွာလုံ့လ အားထုက်ရသဖြင့် ကောင်းမြတ်လေစွ။
သတ္ထု သာသနံ၊ ဘုရားရှင်၏ အဆုံးအမတော်ကို။
ကရေယျံ၊ ပြုရပေအံ့။
ဤသို့ အဒ္ဓါနပရိစ္ဆေဒအားဖြင့် ပွါးများဆင်ခြင်လျှင်လည်း ဥပစာရဈာန်ကို ရ၏။
၈-အသက်တမ်းအားနည်း တိုတောင်းပုံကို ဆင်ခြင်ပွါးများခြင်း
ခဏပရိတ္တအားဖြင့် ဆင်ခြင်ဟန်ကား --
ပရမတ္ထတော သတ္တာနံ၊
ပရိတ္တော ဇီဝိတက္ခဏော။
ဧကနေမိပ္ပဒေသေန၊
ရထစက္ကံ'၀ ဝတ္တတိ။
ဇီဝိတံ အတ္တဘာဝေါစ၊
သုခဒုက္ခာ စ ကေဝလာ။
ဧကစိတ္တသမာယုတ္တာ၊
လဟုသော ဝတ္တတေ ခဏော။
ယေ နိရုဒ္ဓါ မရန္တဿ၊
တိဋ္ဌမာနဿ ဝါ ဣဓ။
သဗ္ဗေပိ သဒိသာ ခန္ဓာ၊
ဂတာ အပ္ပဋိသန္ဓိယာ။
အနိဗ္ဗတ္တေန ဇာတော၊
ပစ္စုပ္ပေန္နန ဇီဝတိ။
စိတ္တဘင်္ဂါ မတော လောကော၊
ပညတ္တိ ပရမတ္ထိယာ။
သတ္တာနံ၊ သတ္တဝါတို့၏။
ဇီဝိတက္ခဏော၊ အသက်ဝိညာဉ် ရှင်သောကာလသည်။
ပရမတ္ထတော၊ အစဉ်ပဗန် တည်ဟန်မချပ် ဆတ်ဆတ်သော ပရမတ္ထအားဖြင့်။
ပရိတ္တော၊ စိတ္တက္ခဏ တချက်သာ ဖြစ်၍ စင်စစ် နည်းငယ်လှစွာ၏။
ရထစက္ကံ၊ ရထားလှည်းဘီးစက်သည်။
ဧကနေမိပ္ပဒေသေန၊ လေးသစ်တဝါး အနားအကွပ် တစိတ်ဖြင့်။
ဝတ္တတိ ဣဝ၊ မြေ၌နင်းကာ သွားလာရပ်တည် ဖြစ်သည် ပမာကဲ့သို့တည်း။
ဇီဝိတံ၊ ဇီဝိတိန္ဒြေသည်၎င်း။
အတ္တဘာဝေါ စ၊ ဝေဒနာ ဇီဝိတ စိတ်မှ ကြွင်းသော အတ္တဘောသည်၎င်း။
သုခဒုက္ခာ စ၊ ဆင်းရဲချမ်းသာ ဝေဒနာတို့သည်၎င်း။
ကေဝလာ၊ မြဲသောဟူသည် ကိုယ်ဟူသည်နှင့် ဆံခြည်ခြမ်းမျှ မရောမယှက် သက်သက် ဖြစ်ကုန်သော ဝေဒနာ ဇီဝေါ အတ္တဘောတို့သည်။
ဧကစိတ္တသမာယုတ္တာ၊ တချက်တချက်သော စိတ္တက္ခဏနှင့်တကွ ယှဉ်စပ်ကုန်၏။
ခဏော၊ စိတ်တချက်နှင့်သာ ယှဉ်လျက်ဖြစ်သော ဝေဒနာ ဇီဝေါ အတ္တဘော တို့၏ ခဏသည်။
လဟုသော၊ တိုဆော လျင်မြန်သည်ဖြစ်၍။
ဝတ္တတေ၊ ဖြစ်၏။
မရန္တဿ၊ သေသောသူ၏။
နိရုဒ္ဓါ၊ စုတိရောက်၍ ချုပ်ပျောက်လေကုန်သော။
ယေ ခန္ဓာ ဝါ၊ အကြင် ခန္ဓာငါးပါးတို့သည်၎င်း။
ဣဓ၊ ဤပဝတ္တိအခါ၌။
တိဋ္ဌမာနဿ၊ ထင်ရှားတည်ရှိသော သူ၏။
နိရုဒ္ဓါ၊ ဘင်သို့ရောက်၍ ချုပ်ပျောက်လေကုန်သော။
ယေ ခန္ဓာ ဝါ၊ အကြင် ခန္ဓာတို့သည်၎င်း။
သန္တိ၊ ရှိကုန်၏။
သဗ္ဗေပိ၊ အလုံးစုံလည်း ဖြစ်ကုန်သော။
တေ ခန္ဓာ၊ ထိုချုပ်ပျောက် လေကုန်သော သေသူ ရှင်သူ နှစ်ပါးတို့၏ ခန္ဓာတို့သည်။
သဒိသာ၊ စင်စစ် တူမျှကုန်၏။
အပ္ပဋိသန္ဓိယာ၊ တဖန်ပြန်နစ် ပေါ်ဖြစ် စေ့စပ်ခြင်း မရှိကုန်ပဲ။
ဂတာ၊ ကင်းပျောက်ကွယ်ရှား ချုပ်သွားကုန်၏။
အနိဗ္ဗတ္တေန၊ ဖြစ်ဆဲမဟုတ်သော အတိတ်အနာဂတ်စိတ်ဖြင့်။
န ဇာတော၊ သတ္တဝါဖြစ်သည် မဟုတ်။
ပစ္စုပ္ပန္နေန၊ ဖြစ်ဆဲစိတ်ဖြင့်သာလျှင်။
ဇီ၀တိ၊ အသက်ရှင်သည် မည်၏။
စိတ္တဘင်္ဂါ၊ ဘင်သို့ရောက်၍ စိတ်တိုင်း ချုပ်ပျောက်ခြင်းကြောင့်။
လောကော၊ သတ္တလောကသည်။
မတော၊ ခါခါ ထပ်ထပ် ဆတ်ဆတ် သေသည် မည်၏၊
ဧဝံ သန္တေပိ၊ သို့ပင် ပုံသေ သေ၍ နေသော်လည်း။
ပညတ္တိ၊ တည်ဆဲတည်ဆဲ စိတ်ကိုစွဲလျက် အသက်ရှင်၏ ဟူသောစကား ဖြစ်ခြင်း၏ အရာ သန္တာန ပညတ်သည်။
ပရမတ္ထိယာ = ပရမတ္ထဘူတာ၊ “နာမ ဂေါတ္တံ န ဇီရတိ” ဆိုဘိသည့်နဲ အမြဲနိယတ် ပရမတ်ကဲ့သို့ ဖြစ်၍နေ၏။
ဤသို့ ခဏပရိတ္တအားဖြင့် သေခြင်း တရားကို အောက်မေ့ ဆင်ခြင်အပ်၏။
ဥပစာရဈာန်ရခြင်း
ဤလျှင် ၀ဓက ပစ္စုပဋ္ဌာနစသော ရှစ်ပါးသော အခြင်းအရာတို့တွင် တပါးပါးဖြင့် သေခြင်း တရားကို အဖန်ဖန် ကြံစည်စဉ်းစား ပွါးများသော ယောဂီအား ဘာဝနာစိတ် အထုံ ရသဖြင့် တခုတည်းသော မရဏတရား၌ စိတ်တည်လျက် နီဝရဏငါးပါး ကင်းကွာ ဈာန်အင်္ဂါငါးပါး ဖြစ်ပေါ်လာ၍ ဥပစာရဈာန်ကို ရ၏။
အပ္ပနာမရောက်နိုင်ပုံ
အာရုံ၏ သဘာဝဓမ္မဘေဒဖြစ်၍ သဘာဝဓမ္မ ဂတိက ဖြစ်ရကား သဘာဝဓမ္မ ဖြစ်သောကြောင့်၎င်း၊ ဘုတ်လေးပါးတို့၏ မဟာဝိကာရ အဖြစ်ကဲ့သို့ သံဝေဇနိယ ဖြစ်သောကြောင့်၎င်း အပ္ပနာသို့ မရောက်နိုင်။
ဒုတိယ စတုတ္ထာရုပ္ပဈာန် လောကုတ္တရာဈာန် တို့သည်ကား အာရမ္မဏာ- တိက္ကမဘာဝနာ ဝိသုဒ္ဓိဘာဝနာနုက္ကမ ဟူသော ဘာဝနာ ဝိသေသကြောင့် အပ္ပနာသို့ ရောက်နိုင်ကုန်၏။
မရဏာနုဿတိ ကမ္မဋ္ဌာန်းအကျိုး
ဤမရဏဿတိ၏ အာနိသံကား --
သင်္ဂဟဂါထာ
အပ္ပမတ္တော သဒါ ဟောတိ၊
လဘတေ အနဘိရတိံ။
ဇီဝေ နိကန္တိံ ဇဟတိ၊
ပါပံ သော ဂရဟီ ဘဝေ။
အသန္နိဓိ ဗဟုလော စ၊
ပရိက္ခာရေသွ'မစ္ဆရော။
အနိစ္စသညာ ပရိစယဂါ၊
သေသာ စဿူပတိဋ္ဌတိ။
အဘယော အသံမူဠှောဝ၊
သန္တော ကာလံ ကရောတိ သော။
အမတံ စေ နာဓိဂတော၊
သော သုဂ္ဂတိ ပရာယဏော။
တသ္မာ ဟဝေ အပ္ပမာဒံ၊
ကယိရာထ သုမေဓသော၊
ဧဝံ မဟာနုဘာဝါယ၊
မရဏာနုဿတိယာ သဒါ။
သော၊ ထိုမရဏာနုဿတိ ကမ္မဋ္ဌာန်း စီးဖြန်းသော ယောဂီသည်။
သဒါ၊ အခါခပ်သိမ်း။
အပ္ပမတ္တော၊ ထိတ်လန့်သံဝေ စိတ်နေငြီးငွေ့ မမေ့မလျော့သည်။
ဟောတိ၊ ဖြစ်၏။
အနဘိရတိံ၊ ဘုံသုံးပါးဝယ် မမွေ့လျော်ဘွယ် ဟူသော အနဘိရတိ သညာကို။
လဘတေ၊ ရ၏။
ဇီဝေ၊ အသက်၌။
နိကန္တိံ ၊ တွယ်တာ နှစ်သက်ခြင်းကို။
ဇဟတိ၊ စွန့်ပစ်၏။
ပါပံ၊ မကောင်းမှုကိုသာ။
ဂရဟီ၊ ကဲ့ရဲလေ့ရှိသည်။
ဘဝေ၊ ဖြစ်၏။
အသန္နိဓိ ဗဟုသော စ၊ ဥစ္စာသိုမှီး သိမ်းဆည်းခြင်းလည်း နည်းပါး၏။
ပရိက္ခာရေသု၊ ပစ္စည်းပရိက္ခရာတို့၌။
အမစ္ဆရော၊ ဝန်တိုမက်မော နှမြောခြင်း မရှိ။
အဿ၊ ထိုမရဏာနုဿတိ ကမ္မဋ္ဌာန်း စီးဖြန်းသော ယောဂီအား။
အနိစ္စသညာ၊ မမြဲဟူသော အမှတ်သည်။
ပရိစယဂါ၊ အလိုလိုသာ လေ့လာခြင်းသို့ ရောက်၏။
သေသာ စ၊ ကြွင်းသော ဒုက္ခာ ́နတ္တသညာသည်လည်း။
ဥပတိဋ္ဌတိ၊ အစဉ်လျှောက်၍ ကပ်ရောက် ထင်မြင်လာ၏။
သော၊ ထိုမရဏာနုဿတိကမ္မဋ္ဌာန်း စီးဖြန်းသော ယောဂီသည်။
အဘာဝ၊ မကြောက်မရွံ့ ရဲဝံ့စွာသာလျှင်။
အသံမူဠှောဝ၊ မတွေမဝေသာလျှင်။
သန္တော၊ တည်ကြည် ငြိမ်သက်သည်ဖြစ်၍။
ကာလံ၊ သေခြင်းကို။
ကရောတိ၊ ပြုရ၏။
သော၊ ထိုယောဂီသည်။
အမတံ၊ အမြိုက်နိဗ္ဗာန်ကို။
စေ န အဓိဂတော၊ ယခု ဘဝ အကယ်၍ မရသေးသည်ဖြစ်အံ့။
သုဂတိပရာယဏော၊ သုဂတိသို့လားရာ ရှိသည်။
ဟောတိ၊ ဖြစ်၏။
တသ္မာ၊ ထို့ကြောင့်။
သုမေဓသော၊ ပညာရှိသော အမျိုးကောင်းသားသည်။
ဧဝံ၊ ဤသို့။
မဟာနုဘာဝါယ၊ ကြီးသော အာနုဘော်ရှိသော။
မရဏာနုဿတိယာ၊ မရဏာနုဿတိကမ္မဋ္ဌာန်း၌။
သဒါ၊ အခါခပ်သိမ်း။
အပ္ပမာဒီ၊ မမေ့မလျော့ စီးဖြန်းအားထုတ်ခြင်းကို။
ဟဝေ၊ စင်စစ်။
ကယိရာထ၊ ပြုရာ၏။
မရဏာနုဿတိ ပြီး၏။
ကာယဂတာသတိကမ္မဋ္ဌာန်း စီးဖြန်း ပွါးများပုံ
သုံးလူ့သင်းကျစ် ဘုရားဖြစ်မှ စင်စစ်ပေါ်ရှိ တိတ္ထိတို့နှင့် မထိုက်မရာ သံဝေဂါယ အတ္ထာယနှင့် ယောဂခေမိ သတိသမ္ပဇဉ် ဉာဏ်အမြင်ရောက် မျက်မှောက်ချမ်းသာ ဝိဇ္ဇာ, ဝိမုတ္တိ သစ္ဆိကိရိယ အမတအကျိုးငှါ ဖြစ်ပေါ် လာသော အာနာပါနပဗ္ဗ, ဣရိယာပထပဗ္ဗ, သမ္ပဇညပဗ္ဗ, ပဋိကူလမနသိကာရပဗ္ဗ, ဓာတုမနသိကာရပဗ္ဗ, ဟူ၍ ငါးပါး။ မတ, ပါဏက ခဇ္ဇ, သမံသဋ္ဌိ, သလောဟိတဋ္ဌိ, သနှာရုဋ္ဌိ, ဝိက္ခိတ္တဋ္ဌိ, သေတဋ္ဌိ, ပုဉ္ဇကိတဋ္ဌိ, စုဏ္ဏကဇာတဋ္ဌိ ဟူ၍ သိဝထိကပဗ္ဗ ကိုးပါးအားဖြင့် တဆဲ့လေးပါး ပိုင်းခြားညွှန်ပြအပ်သော ကာယဂတာသတိ ကမ္မဋ္ဌာန်းတို့တွင် ဣ သမ် ဓာတု ဤသုံးခုမှာ ဝိပဿနာတည်း၊ နုဝသိဝထိကပဗ္ဗလည်း ငါးခုမြောက်သော အာဒီနဝါနုပဿနာတည်း။ (ဉာဏ်စဉ် ၁၀-ပါးတွင် ၅-မြောက်သော အာဒီနဝဉာဏ်ကို ဆိုလိုသည်။) သမာဓိဘာဝနာ ပြည့်စုံရာသော ဥဒ္ဓုမာတကစသော အချို့ သိဝထိကလည်း အသုဘ၌ ဝင်လေပြီ။ အာနာပါနလည်း ကမ္မဋ္ဌာန်းအသီးတည်း။
ကာယဂတာသတိ၏ တရားကိုယ်
ထို့ကြောင့် --
ပုန စပရံ ဘိက္ခဝေ ဘိက္ခု ဣမမေဝ ကာယံ ဥဒ္ဓံ ပါဒတလာ အဓော ကေသမတ္ထကာ တစပရိယန္တံ ပူရံ နာနပ္ပကာရဿ အသုစိနော ပစ္စဝေက္ခတိ။ အတ္ထိ ဣမသ္မိံ ကာယေ ကေသာ လောမာ။ပ။ မုတ္တန္တိ။
ဟူ၍ ပဋိကူလမနသိကာရအားဖြင့် ဟောထားတော်မူအပ်သော ဒွတ္တိံသာကာရကမ္မဋ္ဌာန်း ကို ဤအရာ၌ ကာယဂတာသတိကမ္မဋ္ဌာန်းဟူ၍ ဆိုအပ်၏။
ဘိက္ခဝေ၊ ဘေးကိုရှု၍ ဘိက္ခုမည်ကောင်း သူအပေါင်းတို့။
ပုန စ၊ တဖန်လည်း။
အပရံ၊ တပါးတုံ။
ဘိက္ခု၊ ဘေးကိုရှုတတ် ယောဂီမြတ်သည်။
ပါဒတလာ၊ ခြေဘဝါးအပြင်မှ။
ဥဒ္ဓံ၊ အထက်ဆံဖျားတိုင်အောင်။
ကေသမတ္ထကာ၊ ဆံဖျားမှ။
အဓော၊ အောက် ခြေဘဝါးတိုင်အောင်။
တစ ပရိယန္တံ၊ ဖီလာ ဝန်းကျင် အရေလျှင် အပိုင်းအခြားရှိသော။
နာနပ္ပကာရဿ၊ အထူးထူး အပြားပြားသော။
အသုစိနော၊ ကေသာ, လောမ စသည်များဖြင် မစင် အပေါင်းဖြင့်။
ပူရံ၊ ပြည့်လျှံ ဖြိုးဝေသော။
ဣမမေဝ ကာယံ၊ လေးပါးဘုတ်မှီ ပုပ်နံ ညှီသည့် ဤကိုယ်အစုကိုသာလျှင်။
အတ္ထိ ဣမသ္မိံ ကာယေ ကေသာ လောမာ။ပ။ မုတ္တန္တိ၊ …. မုတ္တံ့ဟူ၍။
ပစ္စဝေက္ခတိ၊ အဖန်ဖန် ဉာဏ်ဖြင့် သက်ဝင်၍ ဆင်ခြင်ကြည့်ရှု၏။
ဤကား အနက်။
ဤ ကာယဂတာသတိ ကမ္မဋ္ဌာန်းကို စီးဖြန်းလိုသော ပုဂ္ဂိုလ်ယောဂီ အာဒိကမ္မိက ကုလပုတ္တသည် (ဤကျမ်း၊ဒု၊နှာ)-၁၅၃ ၌ ဆိုခဲ့ပြီးသော ဆွေခင်ပွန်းကောင်း ဆရာသမား ထံ ယင်းကိုယ်ကို အပ်နှင်းပြီးလျှင် ဥဂ္ဂဟ ကောသလ္လ ခုနစ်ပါး, မနသိကာရ ကောသလ္လ ဆယ်ပါးတို့ကို ပိုင်းခြားတိတိ ထင်းထင်း သိအောင် သင်အပ်၏။
နိမိတ်ယူရာ လိမ္မာကြောင်း
ဥဂ္ဂဟကောသလ္လ ၇-ပါး
ထိုတွင် ဥဂ္ဂဟကောသလ္လ ခုနစ်ပါး ဟူသည်ကား --
ဝါစာ စေဝ မနော ဝဏ္ဏော၊
သဏ္ဌာနဉ္စ ဒိသော' ကာသော။
ပရိစ္ဆေဒေါတိ သတ္တေ'တေ၊
ဉေယျာ ဥဂ္ဂဟကောသလ္လာ။
ဝါစာ စေဝ၊ နှုတ်ဖြင့် ရွတ်ခြင်း၎င်း။
မနော၊ စိတ်ဖြင့် ကြံစည်ခြင်း၎င်း။
ဝဏ္ဏော၊ ကောဋ္ဌာသတို့၏ အဆင်း၎င်း။
သဏ္ဌာနဉ္စ၊ ပုံဟန်သဏ္ဌာန်၎င်း။
ဒိသော၊ ချက်မှ အထက်, အောက် အရပ်၎င်း။
ဩကာသော၊ တည်ရာဌာန၎င်း။
ပရိစ္ဆေဒေါ၊ သဘာဂ ဝိသဘာဂ အပိုင်းအခြား၎င်း။
ဣတိ၊ ဤသို့။
တေ သတ္တ၊ ဤခုနှစ်ပါးတို့ကို။
ဥဂ္ဂဟကောသလ္လာ၊ နိမိတ်ယူရာ လိမ္မာကြောင်း အစီအရင် လိမ္မာကြောင်းဉာဏ်တို့ဟူ၍။
ဉေယျာ၊ သိအပ်ကုန်၏။
နှုတ်ဖြင့် ရွတ်ဆို စီးဖြန်းခြင်း
ထိုတွင် “ဝါစာ” ဟူသည်ကား--
တစ ပဉ္စက
ကေသာ လောမာ နခါဒန္တာ တစော၊ တစော ဒန္တာ နခါ လောမာ ကေသာ၊
ဝက္က ပဉ္စက
မံသံ နှာရု အဋ္ဌိ အဋ္ဌိမိဉ္ဇံ ဝက္ကံ၊ ဝက္ကံ အဋ္ဌိမဉ္ဇံ အဋ္ဌိ နှာရု မံသံ တစော ဒန္တာ နခါ လောမာ ကေသာ။
ပပ္ဖါသ ပဉ္စက
ဟဒယံ ယကနံ ကိလောမကံ ပိဟကံ ပပ္ဖါသံ၊ ပပ္ဖါသံ ပိဟကံ။ပ။ ကေသာ။
မတ္တလုင်္ဂ ပဉ္စက
အန္တံ အန္တဂုဏံ ဥဒရိယံ ကရီသံ မတ္တလုင်္ဂံ၊ မတ္တလုင်္ဂံ ကရီသံ။ပ။ ကေသာ။
မေဒ ဆက္က
ပိတ္တံ သေမှံ ပုဗ္ဗော လောဟိတံ သေဒေါ မေဒေါ၊ မေဒေါ သေဒေါ။ပ။ ကေသာ။
မုတ္တ ဆက္က
အဿု ဝသာ ခေဠော သိင်္ဃာဏိကာ လသိကာ မုတ္တံ၊ မုတ္တံ လသိကာ သိင်္ဃာဏိကာ ခေဠော ဝသာ အဿု၊ မေဒေါ သေဒေါ လောဟိတံ ပုဗ္ဗော သေမှံ ပိတ္တံ၊ မတ္တလုင်္ဂံ ကရီသံ ဥဒရိယံ အန္တဂုဏံ အန္တံ၊ ပပ္ဖါသံ ပိဟကံ ကိလောမကံ ယကနံ ဟဒယံ၊ ဝက္ကံ အဋ္ဌိမိဉ္ဇံ အဋ္ဌိ နှာရု မံသံ၊ တစော ဒန္တာ နခါ လောမာ ကေသာ။
ဤသို့ နှုတ်တက်အောင် သင်ခြင်း၊ နောင် စီးဖြန်းသောအခါ မလယဝါသီ မဟာရေဝ- မထေရ်အထံ ကမ္မဋ္ဌာန်းယူ၍ လေးလပတ်လုံး ဤ ဒွတ္တိံသာကာရ ပါဠိကို သရဇ္ဈာယ် လျက်ပင် သောတာပန် တည်သော ဒွေ တယောနိကာယ်ဆောင် မထေရ်နှစ်ပါး တို့ကဲ့သို့ ဉာဏ်အားလျော်စွာ သုံးလ လေးလ စသည် နှုတ်ဖြင့် ရွတ်ခြင်း နေရာ နွေးအောင် ထိုင်သောကာလ အရာအထောင် အသောင်း အသိန်း ကြာအောင်ပင် နှုတ်ဖြင့် ရွတ်ခြင်းသည် ဝါစာမည်၏။
ဝက္ကပဉ္စက စသည်တို့၌ ပဋိလောမကို ကေသာတိုင်အောင် ပြန်၍ပြန်၍ ချသော ဤ သရဇ္ဈာယ်နည်းသည် သမ္မောဟဝိနောဒနီ အဋ္ဌကထာ နှာ-၂၂၇ ၌ --
- တစပဉ္စက၌ အနုလုံ ငါးရက်၊ ပဋိလုံ ငါးရက်၊ အနုလုံပဋိလုံ ငါးရက်၊ ပေါင်း တဆဲ့ငါးရက်။
- ထို့အတူ ဝက္ကပဉ္စက၌ တဆဲ့ငါးရက်။
- ရှေ့ပဉ္စကနှင့် ရော၍ နှစ်ပဉ္စက၌ တဆဲ့ငါးရက်။
- ပပ္ဖါသ ပဉ္စ၌ တဆဲ့ငါးရက်။
- ရှေးနှင့်ရော၍ သုံးပဉ္စက၌ ဆဲ့ငါးရက်။
- မတ္တလုင်္ဂ ပဉ္စက၌ ဆဲ့ငါးရက်။
- ရှေးနှင့်ရော၍ လေးပဉ္စက၌ ဆဲ့ငါးရက်။
- မေဒ ဆက္က၌ ဆဲ့ငါးရက်။
- ရှေးနှင့်ရော၍ ဆဲ့ငါးရက်။
- မုတ္တ ဆက္က၌ ဆဲ့ငါးရက်။
- ရှေးနှင့်ရော၍ ဆဲ့ငါးရက်။
ဤသို့ ငါးလခွဲရွတ်မှ ဒွတ္တိံသာကာရ ပြည့်စုံသည်ဟု ပြသော ရွတ်နည်းတို့ တွင် အစနှင့်အဆုံး နှစ်နည်း နှစ်နည်းကိုသာ ယူ၍ မိဂပဒဝဠဉ္ဇန နည်းအားဖြင့် ပြသော ရွတ်နည်းတည်း။
တနည်းလည်း ရွတ်ပုံ အသီးအခြား နည်းတပါး ဟူ၍ မှတ်အပ်၏ဟု-ဋီကာမိန့်၏။
မြန်မာဘာသာဖြင့် ရွတ်ဆိုခြင်း
မြန်မာလူမျိုးတို့မှာ ပါဠိမူလ မာဂဓဘာသာကို ရွတ်သည်ထက် --
ဆံပင် အမွေး ခြေသည်း လက်သည်း သွား အရေ၊ အသား အကြော အရိုး ခြင်ဆီ အညှို့ (ကျောက်ကပ်)၊ နှလုံး အသည်း အမြှေး အပြင် (အဖျဉ်း) အဆုတ် အူမ အူသိမ် အစာသစ် အစာဟောင်း ဦးနှောက်၊ သည်းခြေ သလိပ် ပြည် သွေး ချွေး အဆီခဲ၊ မျက်ရည် ဆီကြည် တံထွေး နှပ် အစေး ကျင်ငယ်။ အနုလုံ။
ကျင်ငယ် အစေး နှပ် တံထွေး ဆီကြည် မျက်ရေ၊ အဆီခဲ ချွေး သွေး ပြည် သလိပ် သည်းခြေ၊ ဦးနှောက် အစာဟောင်း အစာသစ် အူသိမ် အူမ၊ အဆုတ်၊ အပြင်(အဖျဉ်း) အမြှေး အသည်း နှလုံး၊ အညှို့ (ကျောက်ကပ်) ခြင်ဆီ အရိုး အကြော အသား၊ အရေ သွား လက်သည်း ခြေသည်း အမွှေး ဆံပင်၊ ပဋိလုံ။
ဤသို့ မြန်မာဘာသာဖြင့် ယခင်ပါဠိအတိုင်း ဆစ်ပိုင်း ပြန်လှန့်၍ ရွတ်အံ စီးဖြန်းရလျှင် အလေ့အလာများသော ဘာသာဖြစ်ရကား သာလွန်၍ ထင်လွယ်အံ့သည်။
“မာဂဓဘာသာကိုကြားလျှင် ၁ဝ-ဝီထိကျပြီးမှ အနက် ဒြပ် ဝတ္ထုကို သိရခြင်း”
မာဂဓဘာသာကိုမြန်မာလူမျိုးတို့ကြားလျှင် ---
သဒ္ဒံ ပထမစိတ္တေနာ-
တီတံ ဒုတိယစေတသာ။
နာမံ တတိယစိတ္တေန၊
အတ္ထံ စတုတ္ထစေတသာ။
ဟု ဂါထာလာသည်အတိုင်း “ကေသာ” ဟူသော ပုဒ်၌ “ကေ” ဟူသော ပစ္စုပ္ပန် သဒ္ဒကို၎င်း အတိတ်သဒ္ဒကို၎င်း၊ “သာ”ဟူသော ပစ္စုပ္ပန်သဒ္ဒကို၎င်း အတိတ် သဒ္ဒကို၎င်း ထိုနှစ်ခု၏ပေါင်းစုသော အခြင်းအရာ သမူဟာကာရပညတ်ကို၎င်း၊ ထိုကေသာ ဟူသော သဒ္ဒပညတ်ကို၎င်း အာရုံပြု၍ သောတဒွါရဝီထိ နှစ်၊ တဒနုဝတ္တကမနောဒွါရဝီထိ နှစ်၊ သုဒ္ဓမနောဒွါရဝီထိ နှစ်၊ ဤသို့ ခြောက်ဝီထိ ကျပြီး၍ “ဆံ " ကို၎င်း၊ “ပင်” ကို၎င်း၊ သမူဟာကာရပညတ်ကို၎င်း၊ “ဆံပင် ဟူသော သဒ္ဒပညတ်ကို၎င်း အာရုံပြု၍ မနောဒွါရ လေးဝီထိကျပြီးမှ ဆံပင် ဒြပ်ဟူသော ဘာဝတ္ထကို သိရသည်ဖြစ်၍ စိတ်သွား ရှုပ်ထွေး အသိဉာဏ် လေးသည်။
မှာထားချက်
မာဂဓဘာသာသည် “သဒ္ဒါ” မည်၏၊ မြန်မာဘာသာသည် “ဝေါဟာရတ္ထ” မည်၏၊ ပိဏ္ဍဒြပ်သည် “ဘာဝတ္ထ" မည်၏ ဟု မှတ်။
ရှမ်း ယိုးဒယား ကုလား ကချင် ကရင် ချင်း စသော လူမျိုးတို့ ကြားရာ၌လည်း နည်းတူပင်။ ရှမ်းဘာသာ စသည်ကို ဝေါဟာရတ္ထယူ၍ ဝီထိချလေ။
ဤသို့ သာလွန်၍ ထင်လွယ်ငြားသော်လည်း စကားသွားသန့်ရှင်း စာသား ကျဉ်းအောင် အရင်းမူလမာဂဓဘာသာ အက္ခရာဖြင့် သာလျှင် စီရင်လတ္တံ့။
စိတ်ဖြင့်ကြံစည်
ဆင်ခြင် စီးဖြန်းခြင်း
“မနော”ဟုသည်ကား ဝစသာသဇ္ဈာယဖြင့် နှုတ်တက်လတ်သော် စိတ်မပျံ့လွင့်လတ်သော် ကောဋ္ဌာသတို့ သည် ရွဲလုံးတန်း စောင်ရမ်းခြေအစဉ် လက်ကောက် အစဉ်ကဲ့သို့ ထင်ရှားလတ်သော် နှုတ်ရွတ်ကို ရပ်ဆိုင်း၍ ထင်တိုင်းသော အစဉ်ကို လျှောက်လျက် စိတ်ဖြင့် အောက်မေ့ ဆင်ခြင်အပ်၏။ သို့မှ ကောဋ္ဌာသတို့၏ လက္ခဏာကို ထိုးထွင်း၍ သိနိုင်သည်။
ဝစသာ သဇ္ဈာယော ဟိ မနသာ သဇ္ဈာယဿ ပစ္စယော ဟောတိ။ မနသာ သဇ္ဈာယော လက္ခဏပ္ပဋိဝေဓဿ ပစ္စယော ဟောတိ။ ဝိသုဒ္ဓိမဂ် (ဋ္ဌ၊ပ၊နှာ-၂၃၅)
ဟိ သစ္စံ၊ မှန်၏။
၀စသာသဇ္ဈာယော၊ နှုတ်ဖြင့်ရွတ်ခြင်းသည်။
မနသာသဇ္ဈာယဿ၊ စိတ်ဖြင့် ကောင်းစွာကြံခြင်း၏။
ပစ္စယော၊ အကြောင်း အခြေသည်။
ဟောတိ၊ ဖြစ်၏။
မနသာသဇ္ဈာယော၊ စိတ်ဖြင့် ကောင်းစွာ ကြံခြင်းသည်။
လက္ခဏပ္ပဋိဝေဓဿ၊ အသုဘ ပဋိကူလလက္ခဏာကို ထိုးထွင်း၍ သိမှတ်ခြင်း၏။
ပစ္စယော၊ အကြောင်းအခြေသည်။
ဟောတိ၊ ဖြစ်၏။
ကြာရှည်စွာ ရွတ်လျက် နှုတ်တက်ပြီးသော ကောဋ္ဌာသအစဉ်ကို စိတ်ဖြင့် ဆင်ခြင် လတ်သော် အစမှ အဆုံးတိုင်အောင် မထစ်မငြိ အခြားမရှိ ထင်မြင်၍ အစဉ် လျှောက်လျက် အနက်လက္ခဏာ သဘောတရား ထင်ရှားလာ၏ ဟူလိုသည်။
အဆင်း စသည်ဖြင့်
ပိုင်းခြားမှတ်သားခြင်း
“ဝဏ္ဏ သဏ္ဌာန ဒိသာ သြကာသ ပရိစ္ဆေဒ” ဟူရာ၌ ဆံပင်သည် အဆင်း မည်းနက်၏၊ အိုသောသူအား ဖြူ၏၊ ချိန်ခွင်ရိုးသဏ္ဌာန် ပုံဟန် ရှည်ရှည် လုံးလုံးရှိ၏။ ချက်မှ အထက်အရပ်၌ ဖြစ်၏၊ စိုစွတ်သောဦးခေါင်းရေ၌တည်၏။ သဘာဂပရိစ္ဆေဒအားဖြင့် ဝဲ ယာ ရှေ့ နောက် အထက် အောက်ဟူသော မိမိ အဘို့ဖြင့် ပိုင်းခြားအပ်၏။ ဝိသဘာဂပရိစ္ဆေဒအားဖြင့် ဆံပင်သည် အမွေး မဟုတ်၊ အမွှေးသည် ဆံပင် မဟုတ်။ပ။ ဆံပင်သည် ကျင်ငယ် မဟုတ်၊ ကျင်ငယ်သည် ဆံပင်မဟုတ်။ ဤသို့ ကောဋ္ဌာသ တပါးနှင့် ပိုင်းခြားအပ်၏။
အသဘာဂေါ ဟိ ဣဓ ဝိသဘာဂေါတိ အဓိပ္ပေတော။ န ဝိရုဒ္ဓသဘာဂေါ။ ဋီကာ (ပ၊ နှာ-၃ဝဝ)
ကမ္မဋ္ဌာန်း ၂-မျိုး
ဤနည်းတူ “တစပဉ္စက”ကို မျက်စိဖြင့် ကြည့်၍ မှတ်သား ပိုင်းခြားအပ်၏။ ကြွင်းသော ကောဋ္ဌာသတို့ကို ဆရာသမား သူတပါးတို့ ပြောကြားသည်အတိုင်း မှတ်သားပိုင်းခြား အပ်၏။ ထို့ကြောင့် “တစပဉ္စက”သည် ဒိဋ္ဌကမ္မဋ္ဌာန်း မည်၏။ ကြွင်းသော ပဉ္စက ဆက္ကသည် သုတကမ္မဋ္ဌာန်း မည်၏ဟု - မှတ်အပ်၏။
၃၂-ကောဋ္ဌာသအနက်
ဤ ဝဏ္ဏ သဏ္ဌာန ဒိသော’ ကာသ ပရိစ္ဆေဒ - ငါးပါးတို့ကို ပိုင်းပိုင်းခြားခြားကွဲပြား စေခြင်းငှါ အသာလွယ်ကူ ဆောင်ယူဘို့ရာ မထင်ရာ၌ မြန်မာအနက် အကျဉ်းအားဖြင့် မြွက်ဆိုအံ့သတည်း။
အတ္ထိ ဣမသ္မိံ ကာယေ ကေသာ လောမာ နခါ ဒန္တာ တစော၊ မံသံ နှာရူ အဋ္ဌိ အဋ္ဌိမိဉ္ဇံ ဝက္ကံ၊ ဟဒယံ ယကနံ ကိလောမကံ ပိဟကံ ပပ္ဖါသံ။ အန္တံ အန္တဂုဏံ ဥဒရိယံ ကရီသံ မတ္တလုင်္ဂံ၊ ပိတ္တံ သေမှံ ပုဗ္ဗော လောဟိတံ သေဒေါ မေဒေါ၊ အဿု ဝသာ ခေဠော သိင်္ဃာဏိကာ လသိကာ မုတ္တံ။ (ပါဠိ။)
ဣမသ္မိံ ကာယေ၊ တွင်း ပ ဝန်းကျင် မစင်ပြည့်မွမ်း အရေလွှမ်းထ ဤ ကာယ၌ --
ကေသာ၊ အဆင်းမည်းဖြူ ချိန်တူ သဏ္ဌာန် ချက်ဌာန် ဥပရိ ဦးမှာရှိသား ဒွိပရိစ္ဆေ နှစ်ကုဋေငါးသန်း ဂဏန်းများဖြင် ဆံပင်အစုတို့သည်။
အတ္ထိ သံဝိဇ္ဇန္တိ၊ ရှိချေကုန်၏။
လောမာ၊ စဉ်းငယ်မည်းနက် ထန်းမြစ်သက်သို့ အောက်ထက် ကိုယ်ရေ အနှံ့နေသော တွက်ရေ ကိုးသောင်း ကိုးထောင်ပေါင်းဟု အမွေးအစုသည်။
အတ္ထိ သံဝိဇ္ဇန္တိ၊ ရှိချေကုန်၏။
နခါ၊ ဖြူရောင်အဆင်း ငါးကြင်းကြေးနှယ် နှစ်ဆယ်သော လက်သည်း ခြေသည်း တို့သည်။
အတ္ထိ သံဝိဇ္ဇန္တိ၊ ရှိချေကုန်၏။
ဒန္တာ၊ အလယ်လေးစုံ ဗူးစေ့ပုံသို့ ပန်းငုံထိုပြင် ထိုပြင်ယာဉ်တက်ခွ ဒွေတြ ဖျား မြစ် လေးမြစ်လေးဖျား နှစ်ပါးစီပေါင်း နှစ်ချောင်း စွန်းကယ် သုံးဆယ်သော သွားအစုတို့သည်။
အတ္ထိ သံဝိဇ္ဇန္တိ၊ ရှိချေကုန်၏။
တစော၊ ကိုယ်လုံးပတ်ခြုံ ကိုယ့်ပုံဟန်တူ အဆင်းပြုသော အရေထူအစုသည်။
အတ္ထိ သံဝိဇ္ဇတိ၊ ရှိချေ၏။
အပေါ်ယံ အရေပါးကား စမ္မမည်၏။ အမည်း, အညို အဝါစသော အားဖြင့် အဆင်းများ၏၊ တကိုယ်လုံးမှ ခွါ၍ လုံးသည်ရှိသော် ဗဒရဋ္ဌိ = ဆီးစေ့ခန့်မျှ ပမာဏ ရှိ၏။ ဤ၌ အကျယ်အားဖြင့် ခြေချောင်းရေတို့သည် ပိုးကောင်၏ အိမ်သဏ္ဌာန်ရှိကုန်၏၊ ခြေဖမိုးရေသည် ဖမိုးဖုံးတပ်သော ဘိနပ်သဏ္ဌာန် တူ၏။ မြင်းခေါင်းရေသည် ထမင်းထုပ်သော ထန်းရွက် ဖောင်းကားနှင့် တူ၏၊ ပေါင်ရေသည် ဆန်ပြည့်သော ဆန်စလွယ်သဏ္ဌာန်။ တင်သားရေသည် ရေပြည့်သော ပုဝါရေစစ်သဏ္ဌာန်။ ကျောက်ကုန်းရေသည် ပျဉ်ချပ်ကိုကြက်သော သားရေသဏ္ဌာန်။ ဝမ်းဗိုက်ရေသည် စောင်း ခွက်ကို ကြက်သော သားရေ သဏ္ဌာန်။ ရင်ဘတ်ရေသည် ယေဘုယျအား ဖြင့် လေးထောင့်သဏ္ဌာန်။ မောင်းရင်းမောင်းဖျားရေသည် မြားတောင့်ကို ရစ်ပတ်သော သားရေသဏ္ဌာန်၊ လက်ဖမိုးရေသည် သင်တုန်းအိမ် သဏ္ဌာန် ရှိ၏။ ဖြီး [၁] အိမ်သဏ္ဌာန်လည်း ဟူ၏။ လက်ချောင်းရေသည် သံကောက်အိမ်နှင့် တူ၏။ လည်ပင်းရေသည် အင်္ကျီလည်ခွံနှင့် တူ၏၊ မျက်နှာရေသည် အပေါက်ပေါက် အထွင်းထွင်း ရှိ၏၊ ပိုးကောင်အသိုက် အိမ်နှင့် တူ၏။ ဦးခေါင်းရေသည် သပိတ်အိတ် သဏ္ဌာန် ရှိ၏။
[၁။ ဝိသုဒ္ဓိ၊ဋ္ဌ၊ ပ၊ နှာ-၂၄၄ (ဆံပင်ပြီးသည့်ဘီးကို ဆရာတော်ကြီးတို့ခေတ်က ဖြီးဟုလည်း ခေါ်ဟန်ရှိသည်။)]
သိမ်းဆည်းသည့်အခါ သပိတ်အိတ်ကြားသို့ လက်ကိုလျှို၍ ချွတ်သကဲ့သို့ အထက် နှုတ်ခမ်းကစ၍ ဉာဏ်ကို စေလွှတ်ပိုင်းခြား ထင်ရှား ရုန်းရင်းသော အရေကို သိမ်းဆည်းကာ သိမ်မွေ့သော အရေလည်း ထင်ရှားလာ၏။ ဤသို့ အစိတ်စိတ်ကိုလည်း ဆင်ခြင်မှ အပေါင်းသဏ္ဌာန် ထင်ရှားမည်။
မံသံ၊ အဆင်းနီရင့် ကသစ်ပွင့်ဟန် သဏ္ဌာန် ထွေလာ ကိုးရာသော သားတစ်သည်။
အတ္ထိ သံဝိဇ္ဇတိ၊ ရှိချေ၏။
သလုံးသားသည် ထန်းရွက်ဖောင်းကားဖြင့် ထုပ်သော ထမင်းသဏ္ဌာန် ရှိ၏၊ ပေါင်သားသည် ဆေးကြိတ် ကျောက်သား သဏ္ဌာန်။ တင်သားသည် ခုံလှောက်စွန်း သဏ္ဌာန်။ ကျောက်သားသည် ထန်းသီးမုံ့ အပျဉ်အပြားသဏ္ဌာန်။ နံနှစ်ချပ်သားသည် ကဲလားနံရံ၌ ပါးပါးလိမ်းသော မြေညက်သဏ္ဌာန်။ သားမြတ်သားသည် လုံး၍ပစ်ချအပ်သော မြေညက် သဏ္ဌာန်။ မောင်းနှစ်ခုသားသည် နှစ်ခေါက်ချိုးခွေ အရေမရှိသော ကြွက်သေကြီးသဏ္ဌာန် ရှိ၏ ဟူလို။ ဤသို့ ရုန်းရင်းသော အသားကို သိမ်း ဆည်းလျှင် သိမ်မွေ့သော အသားလည်း ထင်တော့သည်။
နှာရု၊ အဆင်းဖြူစွာ လည်ဂီဝါမှ ဝဲယာ ရှေ့နောက် ရှေ့နောက်ခြေလက် ငါးစီသက်၍ တွယ်ခက်ရစ်ရုံ ခတ္တာငုံလို ကိုယ်ကိုဆောင်တွယ် ခြောက်ဆယ် ကြောမ စသည်များစွာ ကွန်ရက်ဖြာသို့ ကိုးရာသော အကြောသည်။
အတ္ထိ သံဝိဇ္ဇတိ၊ ရှိချေ၏။
“စသည်များစွာ” ဟူရာ၌ “ကဏ္ဍရ” မည်သော ကြောမ ခြောက်ဆယ်မှ တပါး ထိုထို အရပ်ကို လွှမ်းမိုး၍ တည်ကုန်သော အကြောငယ်တို့သည် ချည်ကြိုးသဏ္ဌာန်။ ထို အောက်ငယ်သော အကြောတို့သည် ဆင်သမနွယ် သဏ္ဌာန်။ ထိုအောက် စောင်းညှို့ကြီး သဏ္ဌာန်။ ထိုအောက် ငယ်ကုန်သော ကြောသေးတို့သည် ချည်မျှင်သဏ္ဌာန် ရှိကုန်၏။ လက်ဖမိုး ခြေဖမိုးတို့၌ အကြောတို့သည် ငှက်ခြေသဏ္ဌာန်။ ဦးခေါင်း၌ အကြောတို့သည် သူငယ်တို့၏ ဥက္ချာသဏ္ဌာန် [၁]၊ ကျောက်ကုန်း၌ အကြောတို့သည် နေပူ၌ ဖြန့်လှန်းသော ကွန်ရက်စိုသဏ္ဌာန် ရှိကုန်၏။ ထိုသို့ အင်္ဂါကြီးငယ်သို့ အစဉ်လျှောက်သော ကြွင်းသော အကြောတို့သည် ကိုယ်၌ စွပ်သော ကွန်ရက်သင်တိုင်း သဏ္ဌာန် ရှိကုန်၏ ဟူလိုသည်။
[၁။ သီသဇာလ = ဦးခေါင်း၌ စွပ်အပ်သောကွန်ရက်။]
အဋ္ဌိ၊ အဆင်းဖြူစွာ နှာ နှလုံး ဦး နဖူးတပါး မျက် နား မေးရိုး ညှပ်ရိုး ပခုံး လက်ရုံး ပေါင် ခါး ဒူးအား ခြေနောက် ရောက်သည်နှစ်ချက် ဖမျက် မြင်းခေါင်း မောင်းဖျားလေးမည် လည်ခုနစ်ရိုး ခေါင်းခွံကိုးတည့် ရင်ရိုးစုဒ္ဒသ် ဋ္ဌာရသ်ကျောက်မှန် နံနှစ်ဆဲ့လေး ခြောက်ဆဲ့လေးတွေ လက် ခြေ ရိုးနု သုံးရာသော အရိုးစုသည်။
အတ္ထိ သံဝိဇ္ဇတိ၊ ရှိချေ၏။
အရိုးသုံးရာ
နာသံ ဟဒယမုဒ္ဓါနိ၊
နလာဋေ'ကံဝ အက္ခိ တု။
ကဏ္ဏံ ဟန္န'က္ခကံ ကောဋ္ဋံ၊
ဗာဟူ' ရု ကဋိ ဇဏ္ဏုကံ။
ပဏှိ ဒွေ ဂေါပ္ဖကံ ဇင်္ဂံ၊
ဗာဟ'ဂ္ဂံ စတု သတ္တဓာ။
ဂီၤဝံ နဝ သိသဋ္ဌီနိ၊
စုဒ္ဒသူ'ရာနိ ပိဋ္ဌိကာ။
အဋ္ဌာရသ စတုဗ္ဗီသ၊
ပါသုကာ စတုသဋ္ဌိ တု။
ဟတ္ထပါဒ မံသ'ဋ္ဌာနိ၊
ဣစ္ဆဋ္ဌိ တိသတံ ဘဝေ။
(အရိုးသုံးရာ သင်္ဂဟဂါထာပါဌ်။)
နာသံ၊ နှာခေါင်းတွင်းရိုးသည်၎င်း။
ဟဒယမုဒ္ဓါနိ၊ နှလုံးရိုး, ဦးထိပ်ရိုး တို့သည်၎င်း။
နလာဋံ၊ နဖူးရိုးသည်၎င်း။
ဧကံဝ၊ တချောင်းစီသာတည်း။
တု၊ ထိုမှတပါး။
အက္ခိ၊ မျက်ကွင်းရိုးသည်၎င်း။
ကဏ္ဏံ၊ နားရိုးသည်၎င်း။
ဟနု၊ အထက်အောက် မေးရိုးသည်၎င်း။
အက္ခကံ၊ ညှပ်ရိုးသည်၎င်း။
ကောဋ္ဋံ၊ ကျောက်ကပ်ရိုး။
ဝါ၊ လက်ပြင်ရိုး။
ဝါ၊ ပခုံးစွန်းရိုးသည်၎င်း။
ဗာဟံ၊ မောင်းရင်းရိုးသည်၎င်း။
ဦရု၊ ပေါင်ရိုးသည်၎င်း။
ကဋိ၊ ခါးရိုးသည်၎င်း။
ဇဏ္ဏုကံ၊ ဒူးဆစ်ရိုးသည်၎င်း။
ပဏှိ၊ ခြေဖနှောင့်ရိုးသည်၎င်း။
ဒွေ၊ နှစ်ချောင်းစီတို့တည်း။
ဂေါပ္ဖကံ၊ ခြေမျက်စိရိုးသည်၎င်း။
ဇင်္ဂံ၊ မြင်းခေါင်းရိုးသည်၎င်း။
ဗာဟဂ္ဂံ၊ မောင်းဖျားရိုးသည်၎င်း။
စတု၊ လေးချောင်းစီတို့ကည်း၊
ဂီဝံ၊ လည်ရိုးသည်။
သတ္တဓာ၊ ခုနစ်ချောင်း အပြားရှိ၏။
သိသဋ္ဌီနိ၊ ဦးခွံရိုးတို့သည်။
နဝ၊ ကိုးခုတို့တည်း။
ဥရာနိ၊ ရင်ရိုးတို့သည်။
စုဒ္ဒသ၊ တဆဲ့လေးချောင်းတို့တည်း။
ပိဋ္ဌိကာ၊ ကျောက်ကုန်းရိုးတို့သည်။
အဋ္ဌာရသ၊ တဆဲ့ရှစ်ချောင်းတို့တည်း။
ပါသုကာ၊ နံရိုးတို့သည်။
စတုဗ္ဗီသ၊ နှစ်ဆဲ့လေးချောင်းတို့တည်း။
တု၊ ထိုမှတပါး။
ဟတ္ထပါဒ မံသ'ဋ္ဌာနိ၊ လက်ချောင်းရိုး ခြေချောင်းရိုး အသား၌တည်သော အရိုးနုတို့သည်။
စတုသဋ္ဌိ၊ ခြောက်ဆဲ့လေးချောင်းစီ တို့တည်း။
ဣတိ၊ ဤသို့သော အပြားဖြင့်။
အဋ္ဌိ၊ အရိုးသည်။
တံသတံ၊ သုံးရာရှိသည်။
ဘဝေ၊ ဖြစ်၏။
သွားရိုးကား ကောဋ္ဌာသ အသီးအခြားဖြစ်၍ မထည့်ပဲ ရေတွက်သည်။ တင်ပါးရိုး စသည်လည်း ကြွင်းကျန်သေး၏။
ဧဝံ တိမတ္တာနိ အဋ္ဌိသတာနိ။ အဋ္ဌကထာ (ပ၊နှာ-၂၄၆)
'ဧဝံ တိမတ္တာနီ'တိ ဧဝံ မတ္တသဒ္ဒေဟိ အာနိသဒဋ္ဌိ အာဒီနိ ဣဓ အဝုတ္တာနိပိ ဒဿေတီတိ ဝေဒိတဗ္ဗံ။ ဧဝဉ္စ ကတွာ 'အတိရေကတိသတအဋ္ဌိက သမုဿယ'န္တိ ဣဒဉ္စ ဝစနံ သမတ္ထိတံ ဟောတိ။ (ဋီကာ၊ ပ၊ နှာ-၃၀၆)
ထိုအရိုးသုံးရာတို့တွင် နှာခေါင်းတွင်းရိုးသည် အဆန်ထွင်ပြီး ထန်းသီးစေ့နု နှင့် တူ၏။
နှလုံးရိုးသည် ယောင်းမရွက်နှင့် တူ၏။
ဦးထိပ်ရိုးသည် မျက်နှာလှီး ဖောက်အုန်းသီးစေ့ကောက်နှင့်တူ၏။
နဖူးရိုးသည် မှောက်၍ထားသော ခရုသင်း ခွက်ကွဲနှင့် တူ၏။
မျက်ကွင်းရိုးတို့သည် ယခင် ထန်းသီးစေ့နုနှင့်။
နားပန်းရိုးတို့သည် ဆေတ္တာသည်တို့ သင်တုန်းအိမ်နှင့်။
အောက်မေးရိုးသည် ကိုက်နှင့်။ ဝါ၊ ပန်းပဲတို့၏ သံတူ၌ ဖွဲ့သော ကြိုးလွန်နှင့်။
အထက်မေးရိုးသည် ကြံခွံသင်သော ဓားငယ် နှင့်။ ဝါ - ရွေဘော်သွားနှင့်။
ညှပ်ရိုးတို့သည် ကော့ညွတ်သော ပဲခွပ်ငယ်ရိုးနှင့်။
ပခုံးစွန်းရိုးတို့သည် တစောင်တခြမ်းတိုသော သီဟိုဠ်ပေါက်တူးနှင့်။
မောင်းရင်း ရိုးတို့သည် ကြေးမုံတံနှင့်။
ပေါင်ရိုးတို့သည် တစောင်းလိမ်ရွှေ အရွှေမညီသော ပုဆိန်ရိုးနှင့်။
ခါးရိုးနှစ်ခုစပ်သည် အိုးထိန်းသည်တို့၏ ခုံလောက်နှင့်။
တခုစီခွဲမူကား ပန်းပဲတို့၏ တူ၌ ဖွဲ့သော ကြိုးလွန်နှင့်။
ဒူးဆစ်ရိုးတို့သည် တဖက်တခြမ်း သေးသော ရေမြှုပ်ခဲနှင့်။
ခြေဖနှောင့်ရိုးတို့သည် ထန်းသီးစေ့ကောက်နှင့် သဏ္ဌာန်တူကုန်၏။
ဖမျက်ရိုးတို့သည် ကြိုးဖောက်သီတပ် ချင်းချင်းခတ်၍ ကစားသော ဂျင်လုံးနှင့်။
မြင်းခေါင်းရိုးတို့သည် အငယ်ကား လေးကိုင်းနှင့်။
အကြီးကား ပိန်ချုံးသော မြွေ၏ ကျောက်ကုန်းနှင့်။
မောင်းဖျားရိုးတို့သည် ထန်းပင်ငယ်ဥ နှစ်ခုအစုံနှင့် သဏ္ဌာန် တူကုန်၏။
လည် ခုနစ်ရိုးတို့သည် တစို့၌ စီထိုး၍ ထားသော ဝါးညှောက်မျစ်ကွင်းနှင့်။
ခေါင်းခွံကိုးရိုးတို့သည် ချုပ်တွဲအပ်သော ဗူးကွဲနှင့်။
ရင်ရိုး တဆဲ့လေးတို့သည် ဆွေးမြေ့ဟောင်းမြင်းသော သန်လျင်း အိမ်ချိုင့်နှင့်။
ကျောက်ကုန်းရိုး တဆဲ့ရှစ် တို့သည် အတွင်း၌ ဖောက်သီဆင့်ထား ခဲပြားနှင့်။
အပကား ဝင်ရိုး၌ ထိုးသီထားသော ဗူးထားအစဉ်နှင့်။
နံရိုး နှစ်ဆဲ့လေးတို့သည် အစိတ်ကား တံစဉ်ကြီးငယ်နှင့်။
အပေါင်းကား ဖြန့်သော ကြက်ဖြူတောင်နှင့်။
ခြေ၌ အဖျားဆစ်တို့သည် ခပေါင်းရေကြည်စေ့နှင့်။
အလယ်ဆစ်တို့သည် ပိန္နဲစေ့နှင့်။
အရင်းဆစ်တို့သည် ထက်စည်နှင့်။
ဖမိုးရိုးတို့သည် တောက်တောက် စဉ်းဖြတ်သော ခတ္တာငုံ ပတိုင်းငုံစုနှင့် သဏ္ဌာန်တူကုန်၏။
လက်ရိုးတို့သည် ခြေရိုးတို့ထက် စဉ်းငယ် သေးသွယ် ရှည်လျားကုန်၏။
လက်ကောက်ဝတ်ရိုးတို့ကား တဖက်တွယ်ကပ်၍ထားသော သလွဲပြားလိပ်ခွေနှင့် တူကုန်၏။
မံသနိဿိတ အရိုးနုကားထွေပြားသော သဏ္ဌာန်ရှိရာ၏။
အစွန်း အဖျား၌တည်သော တင်ရိုးသည် အောက်သို့ ရှေးရှု ကိုင်ထားသော မြွေ ပါးပျဉ်းနှင့် တူ၏။
ခုနစ်ခု ရှစ်ခုသော အရပ်တို့၌ အပေါက်ပေါက် အတွင်းထွင်း ရှိ၏။
ဤသို့ အစိတ်သဏ္ဌာန်ကို အသေအချာမှတ်၍ အပေါင်းသဏ္ဌာန်ကို ဆင်ခြင်အပ်၏။
အဋ္ဌိမိဉ္စံ၊ ဖြူရောင်အဆင်း ဝါးဆစ်တွင်း၌ မီးသင်းပျောင်းညံ့ ကြိမ်ညွန့်တူပြီ ခြင်ဆီအစုသည်။
အတ္ထိ သံဝိဇ္ဇတိ၊ ရှိချေ၏။
ဝက္ကံ၊ ကသစ်စေ့နှယ် စဉ်းငယ်နီမှု တန္တုတညှာ နှစ်မြွှာသရက် လည်မှသက်သည့် အချက်နှစ်ခု ကြောဖွဲ့ပြုလျက် ဝတ္ထု ပတ်လည် ရံ၍တည်သော အညှို့ (ကျောက်ကပ်) နှစ်ခုသည်။
အတ္ထိ၊ ရှိ၏။
ဟဒယံ၊ ဆင်းရွက်ပဒုံ ကျောပြင်ပုံတည်း ကြာငုံအောက်ရှု ဉာဏ်ရှိသူဝယ် စဉ်းငယ်ပွင့်တုံ စုငုံမန္ဒ အပသန့်ရှင်း တွင်းသပွတ်ဦ နှစ်ဆူဓာတ်မှီ [၁] နီသည်-ရာဂ, ဒေါသ-မည်ငြား သားဆေးရည်-မောဟ တက္က-ပဲရည် ဝါသည်-သဒ္ဓါ ပညာ ပြိုးပြက် ဇောတမျက်သွင် ဖြူစင်လွန်ကဲ လက်ဆွံခွဲမျှ၊ လောဟိတသည် ပုန္နာဂဋ္ဌိ [၂] တွင်းမှာရှိလတ် သားမြတ်လယ်ဗွေ ရင်မှာနေသော နှလုံးသားသည်။
အတ္ထိ၊ ရှိ၏။
[၁။ နှစ်ဆူဓာတ်မှီ =နှလုံးသား ဟဒယဝတ္ထု၌ မနောဓာတ်နှင့် မနောဝိညာဏဓာတ်၊ ဤ ၂-ပါးတို့မှီသည်။
၂။ ပုန္နာဂဋ္ဌိ (ပုန္နာဂ = ပုန်းညက်ပင် + အဋ္ဌိ = အစေ့) ပုန်းညက်စေ့။]
ယကနံ၊ ကုမုဒြာ ကြာချပ်ကျောက်နှယ် စဉ်းငယ်နီလျက် ကသစ်ရွက်သဏ္ဌာန် ဉာဏ်မဲ့ကြီးကြီး တခုတည်းသာ ပညာရှိဝယ် နှစ်သုံးငယ်လတ် ထနဗ္ဘန္တရေ ညာမှာ နေသော အသည်းသည်။
အတ္ထိ၊ ရှိ၏။
ထနဗ္ဘန္တရ = သားမြတ်နှစ်ခုအကြား (နေရာ)။
ကိလောမကံ၊ ဆင်းဘွဲ့ဖြူသို့ နှလုံးညှို့ကို ဖုံးဆို့ကန့်နေ, အရေအသား အကြားမှာတည် နှစ်မည်သော ပဋိစ္ဆန္နာ ပဋိစ္ဆန္န အမြှေးသည်။
အတ္ထိ၊ ရှိ၏။
ပိဟကံ၊ ကြောင်ပန်းပွင့်သွင် ညိုရောင်ထင်သော သတ္တင်္ဂုလာ နွားလျှာပုံတု ဝတ္ထုဝဲဘက် သရက်ရွက် ဝမ်းလျှာ ဘေသညာတွင် အပြင် (အဖျဉ်း) အစုသည်။
အတ္ထိ၊ ရှိ၏။
လက်နက်ထိခတ်၍ ယင်းအပြင် အပသို့ထွက်လတ်သော် သေ၏။
သတ္တင်္ဂုလ = ခုနစ်လက်သစ် (ရှည်သော။)
ပပ္ဖါသံ၊ ရွမ်းမှည့်သဖန်း နီမြန်းဆင်းဟန် သဏ္ဌာန်စုတ်ပဲ့ မုံ့ရှက်ကဲ့နှုန်း သည်းနှလုံးကို အုပ်ဖုံးတွဲရရွဲ အစာနဲက ထန်သဲတေဇာ ပူလောင်လာ၍ ဩဇာမကပ် နွားဝါးဖတ်နှယ် သုံးဆယ်နှင့်နှစ် အသားတစ်ဟူသော အဆုတ် အစုသည်။
အတ္ထိ၊ ရှိ၏။
အန္တံ၊ ယောက်ျားဒွတ္တိံ မိန်းမဋ္ဌဝီ အတောင်ရှည်သား ဖြူသည်အဆင်း ကတေအင်းသို့ သွေးကျင်းမှာခွေ ခေါင်းပြတ်မြွေလို လည်မျို ဝစ္စ ပဒေသဝယ် နှစ်ဆယ့်တတွန့် လိမ်တွန့်ရစ်နေသော အူမခွေအစုသည်။
အတ္ထိ၊ ရှိ၏။
အန္တဂုဏံ၊ ကြာသိမ်မြစ်ဟန် ဆင်းသဏ္ဌာန်နေ အူမခွေကို နေရာတကျ မလျှောရအောင် ဖွဲ့နှောင်လျှိုထိုး ခြေသုတ်ကြိုးဝယ် ကြိုးငယ်အလား အူကြားမှာတည်သော အူသိမ် အူနုသည်။
အတ္ထိ၊ ရှိ၏။
ဥဒရိယံ၊ စားသည်အစာ သွင်လျာရူပ အူမထက်ဖျား ဆန်ထုပ်လားသို့ ပကား သန့်ရှင်း တွင်း ပိန္နဲခွံ ရွံဘွယ်ဘိခြင်း တံစီးတွင်းနှယ် သုံးဆယ်နှစ်မျိုး ပိုးတို့နေရာ အူထုံးမှာဝယ် လျှာရည်တံထွေး သွားမြှေးအာစေး ထိုထိုကြေးကို သိမ်းထွေးပေါင်းစု ထောင်းထု ဝါးချေ မျိုလေဆင်းသက် ဓာတ်မီးချက်၍ ပရပွက်ဦကျိုက်ကျိုက်ဆူပွ အမြှုပ်ထကာ ပိုးစာ လောင်မီး ကျင်ကြီးကျင်ငယ် တသွယ်သွေးသား ငါးပါးကွဲလျက် ခွေးစာခွက်ဝယ် ထွေးဟက်စွန့်လတ် ခွေးအန်ဖတ်အတု အစာသစ်အစုသည်။
အတ္ထိ၊ ရှိ၏။
ကရိသံ၊ ယေဘုယျအား အစာလားတည်း အလျားရှစ်သစ် ဝါးကျည်ဆစ်သို့ ချက်မြစ်ကျောက်ကုန်း အူအဆုံး၌ သုံးစားသမျှ မွမွကြေညက် အူခေါင်းသက်၍ လျှောလျက်စုနေ ဖြော့တော့သော မြေညက်အတု အစာဟောင်း အစုသည်။
အတ္ထိ၊ ရှိ၏။
မတ္တလင်္ဂံ၊ ဦးခွံထဲချောင် မှိုခဲလှောင်သို့ ဆင်းရောင်ဖြူစွာ ဦးချာလေးဆက် လေးပုံဝက်တည့် မုံ့ညက်စိုင်အတု ဦးနှောက်အစုသည်။
အတ္ထိ၊ ရှိ၏။
ပိတ္တံ၊ ဆုတ်နှလုံးကြား အသည်းနား၌ ထွားထွားကြီးကြီး သပွတ်သီးနှယ် အအိမ်ဝယ်တည် မည်စည်ဆီကဲ့ အိမ်ဖွဲ့သည်းခြေ စိုလေရာရာ ရေမှာဆီဆမ်း ပမာ လွှမ်းသား ညှိုးနွမ်း ပျဉ်းပွင့် ကပွင့်တောင်ကြာ ပန်းဆင်းဝါသို့ အိမ်မှာမနေ နှစ်ပါးသော ဗဒ္ဓါ' ဗဒ္ဓသည်းခြေ သည်။
အတ္ထိ၊ ရှိ၏။
သည်းခြေနှစ်ပါး ပျက်ပုံအထူးကား ---
အတေကိစ္ဆောဝ ဥမ္မာဒေါ၊
ကုပိတေ ဗဒ္ဓပိတ္တကေ။
အဗဒ္ဓေ တု ပီတက္ခာဒိ၊
ကဏ္ဍုယံ ဂတ္တကမ္ပနံ။
သင်္ဂဟဂါထာ
ဗဒ္ဓပိတ္တကေ၊ ဗဒ္ဓသည်းခြေသည်။
ကုပိတေ၊ ပျက်သည်ရှိသော်။
အတေကိစ္ဆောဝ၊ ဆေးကုသ၍ မရအောင်သာလျှင်။
ဥမ္မာဒေါ၊ ရှက်ကြောက် လွတ်ကင်း ရူးသွပ်ခြင်းသည်။
ဟောတိ၊ ဖြစ်၏။
အဗဒ္ဓေ တု၊ အဗဒ္ဓ သည်းခြေသည်ကား။
ကုပိတေ၊ပျက်သည်ရှိသော်။
ပီတက္ခာဒိ၊ မျက်စိဝါခြင်း (မူး) လည်ခြင်းသည်၎င်း။
ကဏ္ဍုယံ၊ ယားယံခြင်းသည်၎င်း။
ဂတ္တကမ္ပနံ၊ ကိုယ်တုန်လှုပ်ခြင်းသည်၎င်း။
ဟောတိ၊ ဖြစ်၏။
သေမှံ၊ ဝက်ချေးဘနဲ ပြစ်ချွဲရွက်ရည် ပုံပမည်သို့ ဖြူသည်အဆင်း တခွက်ခင်းမျှ အူတွင်း စာထက် စာနံ့သက်ကို ဆို့လျက်ဖုံးပိတ်သော သလိပ်အစုသည်။
အတ္ထိ၊ ရှိ၏။
ပုဗ္ဗော၊ ဆူးငြောင့်ခလုတ် အိုင်းမန်းဟုတ်၍ သွေးပုပ်စုပျော် ရွက်ရော်အဆင်း သူသေ တွင်းမူ ထမင်းချိုးရောင် ပုပ်ဟောင် နံညှီသော ပြည်အစုသည်။
အတ္ထိ၊ ရှိ၏။
လောဟိတံ၊ ချိပ်ရည်ပြစ်ဆင်း တခွက်ခင်းမျှ ရင်တွင်းဆုပ်ညှို့ နှလုံးတို့ထက် တစက်စက်ကျ ယကနအောက်နေ ဤလေးထွေကို စိုစေလျက် စုဝေးသော သွေး ကျဲသောချိပ်ရည် ပမည်ပိုက်ကျုံး ကိုယ်လုံးနှံ့ ရောက် အကြောလျှောက်သော သွေးအားဖြင့် နှစ်ပါးသော သန္နိစိတ သံသရဏသွေးသည်။
အတ္ထိ၊ ရှိ၏။
သေဒေါ၊ ဓာတ်ဝိပရီ ပူမညီ၍ နှမ်းဆီအဆင်း ဆံမွေးတွင်းမှ သက်ဆင်း ယိုကျသော ချွေးသည်။
အတ္ထိ၊ ရှိ၏။
နိမိတ်ယူသောအခါ ဆံမွေးတွင်းတို့ကို ပြည့်စေ၍ တည်သောချွေးကို နှလုံး သွင်းအပ်၏။
မေဒေါ၊ ထက်ခြမ်းခွဲသည့် နနွင်းခဲအတူ ဆူသောသူအား ရေသားကြား၌ ကြုံသူအားမှာ ဆူရာရာမှီသော အဆီခဲအစုသည်။
အတ္ထိ၊ ရှိ၏။
အဿု၊ မီးခိုးမြူဝင် ရယ်ရွှင်ငိုကြွေး စပ်ပူရေးကြောင့် ချွေးသို့အဆင်း မျက်စိ တွင်းမှ သက်ဆင်းယိုကျသော မျက်ရည်သည်။
အတ္ထိ၊ ရှိ၏။
နိမိတ်ယူသောအခါ မျက်ကွင်းတို့ကို ပြည့်စေလျက် တည်သော မျက်ရည်ကို ဆင်ခြင်အပ်၏။
ဝသာ၊ သဘောမတူ ရှိန်ပူဆာလျှင်း နှိပ်စက်ခြင်းကြောင့် အဆင်းအုန်းဆီ ရေပေါ်ဆီသဏ္ဌာန် ပြန့်ဟန်မသွေ လက်ခြေနှာစွန်း ပခုံးစွန်းမှီ ခြင်ဆီအစုသည်။
အတ္ထိ၊ ရှိ၏။
ခေဠော၊ ချဉ် ငန် စပ် ခါး မြင်စားကြံမိ စိုးစိစက်ဆုပ် နှလုံးလှုပ်၍ ရေမြှုပ် မယွင်း ပါးမှဆင်းလျက် လျှာရင်းပြစ်ချွဲ လျှာဖျားကျဲသည် လျှာ၌တည်သော တံထွေးသည်။
အတ္ထိ၊ ရှိ၏။
သိင်္ဃာဏိကာ၊ ငိုယိုသောက်စား ဓာတ်ချောက်ချား၍ ဖောက်ထားသိမ်းအုပ် ကြာရွက်ထုပ်မှ နို့ဓမ်းကျသို့ နုလှထန်းဆန် ဆင်းဟန်မယုတ် သလိပ်ပုပ် အဖြစ် စင်စစ်ဖြစ်မြောက် ဦးနှောက်ရည်လျှင်း ဦးခေါင်းတွင်းမှ သက်ဆင်းအာစောက် အထက်ပေါက်ဖြင့် လျှောလျှောက်နှာပု တည်ယိုစုသော နှပ်အစုသည်။
အတ္ထိ၊ ရှိ၏။
နိမိတ်ယူသောအခါ နှာခေါင်းပုတို့ကို ပြည့်စေ၍တည်သော နှပ်အားဖြင့် နှလုံးပြုအပ်၏။
လသိကာ၊ မဟာလှေကား စေးလားသဖွယ် ရာ့ရှစ်ဆယ်ဆက် အရိုးဆက်၌ ဆွတ်လျက်တည်နှဲ ချွဲပြစ်သော အစေးပုပ်သည်။
အတ္ထိ၊ ရှိ၏။
အစေး၏အကျိုး သင်္ဂဟဂါထာ
ဝါယာ ကုပ္ပတိ ဒုက္ခန္တိ၊
လသိကာ ယဿ အပ္ပကာ။
ယဿ သာ ဗဟုကာ တဿ၊
န ကဋာယန္တိ အဋ္ဌိနိ။
ယသော၊ အကြင်သူအား။
လသိကာ၊ အစေးသည်။
အပ္ပကာ၊ နည်းပါး၏။
တဿ၊ ထိုသူ၏။
ဝါယော၊ ဝါယောဓာတ်သည်။
ကုပ္ပတိ၊ တယူဇနာ နှစ်ယူဇနာ သွားခါလှုပ်လှက် ပျက်၏။
ဂတ္တာနိ၊ ကိုယ်တို့သည်။
ဒုက္ခန္တိ၊ ဆင်းရဲကုန်၏။
ယဿ၊ အကြင်သူအား။
သာ၊ ထိုအစေးသည်။
ဗဟုကာ၊ များ၏။
တဿ၊ ထိုသူ၏။
အဋ္ဌိနိ၊ အရိုးစပ်တို့သည်။
န ကဋာယန္တိ၊ တဖျစ်ဖျစ် တဆတ်ဆတ် မမည်ကုန်။
(ရှေ့နောက်လိုက်၍ ပြည့်စုံအောင်ယူ။)
မုတ္တံ၊ ပဲအရည်ဆင်း ဆီးစတွင်း၌ သက်ဆင်းကိုယ်မှ မရဝင်ပေါက် ထွက်ပေါက်သာထင် စိမ့်၍ဝင်သော ကျင်ငယ်အစုသည်။
အတ္ထိ၊ ရှိချေ၏။
ဤဆိုခဲ့ပြီးသော ဒွတ္တိံသာကာရ အနက်ကို နှုတ်တက် အာဂုံ ဆောင်အပ်၏။ သဘော ကျအောင်လည်း ကြံစည်ဆင်ခြင်အပ်၏။ သို့မှ အဆင်း သဏ္ဌာန် အရပ် တည်ရာ အပိုင်းအခြား ဟူသော ဝဏ္ဏ သဏ္ဌာန ဒိသ သြကာသ ပရိစ္ဆေဒ ငါးပါးတို့ဖြင့် ကောဋ္ဌာသ ကွဲပြားအောင် ထင်နိုင် မြင်နိုင်မည်။
---
နှလုံးသွင်းရန် လိမ္မာရေး ၁၀-ပါး
ဤသို့ နိမိတ်ယူရာ၌ လိမ္မာကြောင်း ဖြစ်သော ဥဂ္ဂဟကောသလ္လ ခုနစ်ပါးတို့ကို ပိုင်းခြား တိတိ သိမြင်အောင် သင်ကြားပြီးသော ယောဂီ အာစာရ ကုလပုတ္တ အမျိုးကောင်းသား သည် ရှေးဦးစွာ လေးလ တန်သည် ငါးလတန်သည် ကြာအောင် ဝဏ္ဏ သဏ္ဌာန ဒိသော ကာသ ပရိစ္ဆေဒ ငါးပါးတို့ကို စဉ်းစားစုံစမ်း ရှေးရှုစိတ်တမ်းလျက် မမောမပန်းရအောင် တိုးတိုးသက်သာ ဖြည်းညှင်းစွာ နှုတ်ဖြင့် ရွတ်၍ စီးဖြန်းအပ်၏။ ထိုသို့ စီးဖြန်းရာ၌ ---
“နှလုံးသွင်းခြင်း၌ လိမ္မာကြောင်း အစီအရင် မနသိကာရကောသလ္လဆယ်ပါး”
အနုပုဗ္ဗံ နာတိသီဃံ၊
သဏိကံ ခေပဗာဟနံ။
ပဏ္ဏတ္တိတိက္ကမံ မုဉ္စံ၊
အပ္ပနာ စ တိသုတ္တကံ။
သင်္ဂဟဂါထာ
အနုပုဗ္ဗံ၊ အနုလုံ ပဋိလုံ အစဉ်အတိုင်း ပွါးများခြင်း။
နာတိ သီဃံ၊ မလျင် မမြန်လွန်းစေရခြင်း။
နာတိ သဏိကံ၊ မနှေး မလေးလွန်းစေရခြင်း။
ခေပဗာဟနံ၊ ပျံ့လွင့်သည်ကို ပယ်ရှားတားမြစ်ခြင်း။
ပဏ္ဏတ္တိတိက္ကမံ၊ အလွန်ထင်မြင်သောအခါ ကေသာ စသော ဆံပင် စသော နာမ ပညတ်ကို လွန်မြောက်ခြင်း။
မုဉ္စံ၊ ဉာဏ်၌မထင်ရှားသော ကောဋ္ဌာသကို ပယ်ချ လွှတ်ထားခြင်း။
အပ္ပနာ၊ အထင်အရှားဆုံး ကောဋ္ဌာသတခု၌ အပ္ပနာဈာန်ကိုရအောင် စီးဖြန်းခြင်း။
တိသုတ္တကံ၊ အမိစိတ္တသုတ် သီတိဘာဝသုတ် ဗောဇ္ဈင်္ဂကောသလ္လသုတ် အားဖြင့် သုံးပါးသော သုတ်ကို လေ့လာဆင်ခြင်ခြင်း။
ဣဒံ၊ ဤဆယ်ပါးသည်။
မနသိကာရကောသလ္လ၊ နှလုံးသွင်းခြင်း၌ လိမ္မာကြောင်း အစီအရင် လိမ္မာကြောင်း ဉာဏ်မည်၏။
---
“အနုပုဗ္ဗစသည် ၄-ပါးဖြင့် ၃၂-ကောဋ္ဌာသကို ပွါးများပုံ”
ဤသို့ လာသော အပ္ပနာဈာန်ကို ရအောင် ကမ္မဋ္ဌာန်းကို နှလုံးသွင်းခြင်း၌ လိမ္မာကြောင်း ဖြစ်သော မနသိကာရ ကောသလ္လ ဆယ်ပါးကတို့တွင်--
ဧကန္တရိက ဒွန္တရိက တခုကျော် - နှစ်ခုကျော် - ခုန်ကျော် - ခုန်ကျော် မရှိစေရပဲ ဆိုခဲ့ပြီးသော အနုလုံ ပဋိလုံ အစဉ်အတိုင်း ဆစ်ပိုင်းပြန်လှန်၍ ပွါးများစေခြင်း ဟူသော အနုပုဗ္ဗ အားဖြင့်၎င်း ----
မလျင်မြန်လွန်းစေရခြင်းဟူသော နာတိသီဃ အားဖြင့်၎င်း --
မနှေးလွန်းစေရခြင်းဟူသော နာတိသဏိက အားဖြင့်၎င်း --
ဘဝအဆက်ဆက် အနမတဂ် ကပင် လောက်လက်မွှေတတ် လေခတ်သည့် ဖွဲပြာလို ထိုထိုအာရုံ၌ လွင့်ပါးရောက်ပေါက် တတ်သော ဥဒ္ဓစ္စပေါင်းဖက် ထိုထို ဝိတက်ကို ချိုးဖျက်ပယ်ရှားခြင်းဟူသော ဝိက္ခေပ ပဋိဗာဟန အားဖြင့်၎င်း --
နှုတ်မတက်ခင် ပဉ္စက ဆက္က တခုတခု၌ အသွား အပြန် အဖန်ဖန်ရှုတ်လျက် အစဉ်အတိုင်း တက်၍ ပွါးများအပ်၏။ တလခန့် နှစ်လခန့် ကြာ၍ နှုတ်တက် သော ကာလ၌ အစမှသည် အဆုံးတိုင်အောင် အဆုံးမှသည် အစတိုင်အောင်သာ ရွတ်ရတော့သည်။ မဆစ်မပိုင်းရပြီ။ လေးလ ငါးလကြာ၍ လွန်စွာနှုတ် တက်လတ်သော် စိတ်ပျံ့လွင့်ခြင်း ကင်းလတ်သော် နှုတ်ဖြင့် ရွတ်သော အယဉ် အတိုင်း အစမှ အဆုံးတိုင်အောင် အဆုံးမှ အစတိုင်အောင် စိတ်ဖြင့်သာလျှင် ဆင်ခြင်အောက်မေ့အပ်၏။
ဝဏ္ဏ သဏ္ဌာန, ဂန္ဓ အာသယ ဩကာသ-ဟူသော အဆင်း သဏ္ဌာန် အနံ့ ဖြစ်ကြောင်း တည်ရာ ငါးပါးတို့ဖြင့် ဂုစ္ဆပဋိကူလအဖြစ် စင်စစ်ရှုံးဖွယ် စက်ဆုပ် ဖွယ်ကိုလည်း ဉာဏ်ဝယ်စဉ်းစား သတိထား၍ ပွါးများဆင်ခြင်အပ်၏။
ဂန္ဓ
ထိုငါးပါးတို့တွင် ဆံပင်စသည်တို့၏ ပကတိအားဖြင့် စိမ်းစို ညှီဟောက် သိုးအောက် နံစော် သောအနံ့၊ မီး၌ထည့်သော် ခြစ်ညှော် တူးခါးသော အနံ့သည် ဂန္ဓမည်၏။
အာသယ
သလိပ် သည်းခြေ သွေး ပြည် ကျင်ငယ် ကျင်ကြီး အစရှိသော စွတ်စွတ် စိုစို ထိုထို ဖြစ်ကြောင်း ပွါးစည်ကြောင်းသည် အာသယ မည်၏။
ဝဏ္ဏ သဏ္ဌာန ဩကာသ သုံးပါးတို့ကို ရှေးအနက်၌ ပြအပ်ပြီ။
---
ပဏ္ဏတ္တိ သမတိက္ကမ အားဖြင့် ဆင်ခြင်ပုံ
ဤသို့ စက်ဆုပ်ဘွယ်ကို ဉာဏ်ဝယ် စဉ်းစား သတိထား၍ အနုလုံ ပဋိလုံ အားဖြင့် အပြန်ပြန် အလှန်လှန် အဖန်ဖန် ကြံစည်ပွါးများသော ယောဂီပုဂ္ဂိုလ်အား ရွဲလုံးတန်း စောင်းရန်းခြေအစဉ် လက်ကောက် အစဉ်ကဲ့သို့ ကောဋ္ဌာသ အစဉ်အားဖြင့် ထင်ရှားလတ်သည်ရှိသော် စည်းဝေးသော သင်္ဃာကို ရေတွက်ရာ၌ မည်သူမည်ဝါဟု အမည်သညာကို မမှတ်ပဲ ဒြဗ်လူကောင်ကိုသာ ရေတွက် သကဲ့သို၎င်း၊ တောမကျွမ်းကျင် သစ်ပင်အမည်သညာကို မသိသောယောက်ျား သည် တောအရပ်သို့ ရောက်ပေါက်သွား လာသည် ရှိသော် ဤကား မည်သည့် သစ်ပင်ဟု အမည်သညာ သုံးပင် လေးပင် စသော သညာတို့ကို မမှတ်ပဲ သစ်ပင်၏ အခြင်းအရာ ပုံဟန်သဏ္ဌာန် ဒြဗ်ကိုသာ မှတ်၍ သွားသကဲ့သို့၎င်း၊ ကေသာ စသော ဆံပင် စသော နာမပညတ်ကို မသုံးသပ် မမှတ်သားပဲ “ဤကား စက်ဆုပ်ဖွယ်၊ ဤကား စက်ဆုပ်ဖွယ်” ဟု-ပဏ္ဏတ္တိ သမတိက္ကမအားဖြင့် အနုလုံ ပဋိလုံ အစုန် အဆန် အသွားအပြန် ဉာဏ်ဖြင့် စဉ်းစားဆင်ခြင် အစဉ်အတိုင်း ရှုအပ်၏။ ရေရှားပါးသောအရပ်၌ ရေအိုင်ရေထွက် တွေ့မြင်လျှင် မထင်ရှားခင်သာ ပန်းတုံးတိုင် ထိုးစိုက်မှတ်ထားရသည်။ သွားလာဖန်များ၍ လမ်း ထင်ရှားသည့်အခါ ပန်းတုံးတိုင် အသုံးမကျသကဲ့သို့ ကောဋ္ဌာသဒြဗ် ထင်ရှားသည့်အခါ နာမပညတ် အသုံးမကျပြီဖြစ်၍ လွန်မြောက် စွန့်လွှတ်ရသည် ဟူလိုသည်။
---
သတ္တသညာ ဇီဝသညာပျောက်ခြင်း
ဤသို့ ပဏ္ဏတ္တိသမတိက္ကမအားဖြင့် ဆင်ခြင်၍ မိမိသန္တာန်၌ ပုဂ္ဂိုလ်သတ္တဝါ ဟူသော အမှတ်သညာ ကင်းစင်သဖြင့် ကောဋ္ဌာသ အစုသာ ထင်သည်ရှိသော် ကသိုဏ်း ပဋိဘာဂ နိမိတ်ကို ပွါးစေသကဲ့သို့ သူတပါးသန္တာန်၌ ရှုဆင်ခြင်လျှင် လှည့်လည် သွားလာကုန်သော လူ ဆင် မြင်း ကျွဲ နွား ခွေး ဝက် စသော သတ္တဝါများတို့သည် ကောဋ္ဌာသအစုသာ ထင်ကုန်၏၊ ထို သတ္တဝါတို့ စားသောက်အပ်သမျှကိုလည်း သစ်ခေါင်း ဝါးလုံးခေါင်းသို့ ထည့်သွတ်အပ်သော အမှိုက်သလဲကဲ့သို့ ထင်၏။ သတ္တသညာ ဇီဝသညာ ပျောက်၏။
---
အနုပုဗ္ဗ မုဉ္စနအားဖြင့် ဆင်ခြင်ပုံ
ဤသို့ ရှုဆင်ခြင်ဖန်များသဖြင့် ကွက်ကြား ကွက်ကြား အထူးအားဖြင့် ခြားနား၍ ထင်လာ၏။ ထိုအခါ မထင်ရာ မထင်ရာ ကောဋ္ဌာသကို ချ၍ ချ၍ လွှတ်၍ လွှတ်၍ ဉာဏ်တွင် ထင်ရှားသော ကောဋ္ဌာသ၌သာ နှလုံးထား၍ ကောဋ္ဌာသ တပါးတည်း ကျန်သည့် တိုင်အောင် ထန်းသုံးဆဲ့နှစ်ပင်ရှိသော ထန်းတော၌ မူဆိုး လိုက်၍ ပစ်ခတ်အပ်သော တောမျောက်၏ အလားကဲ့သို့ အနုပုဗ္ဗမုဉ္စန အားဖြင့် “ပဋိကူလာ ပဋိကူလာ”ဟု အဖန်တလဲလဲ ပွါးများ ဆင်ခြင်အပ်၏။
[ထန်း ၃၂-ပင် = ၃၂-ကောဋ္ဌာသ။
မျောက် = စိတ်။
မူဆိုး = ယောဂီပုဂ္ဂိုလ်]
---
အပ္ပနာဈာန်ရအောင် စီးဖြန်းပုံ
ဤသို့ ဆင်ခြင်ပွါးများ၍ အထူးအားဖြင့် ထင်လာသော ထိုတခုတည်းသော ကောဋ္ဌာသကို ဘိ၍ နာနာ အခါခါ အဖန်ဖန် ပွါးများပြန်သည် ရှိသော် ခပေါင်း ရေကြည်စေ့ ခပ်အပ်သော ရေသည် ခဏချက်ခြင်း စိမ်းမြဖြူစင် ကြည်လင် တောက်ပသည်အတူ တခု တည်းသော အာရုံကို ယူရသော သမာဓိနှင့် ယှဉ်သဖြင့် ယောဂီပုဂ္ဂိုလ်၏ စိတ်အစဉ်သည် လွန်စွာဖြူစင် ကြည်လင် တောက်ပသည် ဖြစ်၍ ဝိတက် ဝိစာရ ပီတိ သုခ ဧကဂ္ဂတာ ဟူသော ဈာန်အင်္ဂါငါးပါးတို့နှင့် ပြည့်စုံသော အပ္ပနာဈာန်ကို ရ၏။
---
ပထမဈာန်သာ ရခြင်း
အသုဘတို့၌ကဲ့သို့ ပထမဈာန်ကိုသာ ရ၏။ ထို ကောဋ္ဌာသတခု၌ ပထမဈာန်ကိုရလျှင် ကြွင်းသော ကောဋ္ဌာသ သုံးဆဲ့တပါး တို့၌လည်း မခဲယဉ်းသောအားဖြင့် မလ္လက မထေရ် အလားကဲ့သို့ အပ္ပနာဈာန်ကို ၀င်စားနိုင်တော့သည်။
---
နိမိတ်သုံးပါး ထင်ပုံ
ပရိကမ္မနိမိတ်
ဤ၌ ပရိကမ္မဘာဝနာ၏ အာရုံဖြစ်သော ပကတိသော ဆံပင် အမွေး စသောဒြဗ် အတ္ထပညတ်သည် ပရိကမ္မနိမိတ် မည်၏။
ဥဂ္ဂဟနိမိတ်
အိပ်မက်၌ အိပ်မပျော်တပျော်တွင် မြင်မက်သော တစ္ဆေ မြေဘုတ် ဘီလူးရုပ်အသွင် ဝဏ္ဏ သဏ္ဌာနစသည်ဖြင့် မနောဒွါရတွင် ထင်သော ထိုအတ္ထပညတ်သည် ဥဂ္ဂဟနိမိတ် မည်၏။
ပဋိဘာဂနိမိတ်
ဥပစာရဘာဝနာ အပ္ပနာဘာဝနာ နှစ်ပါး၏ အာရုံဖြစ်သော ဝဏ္ဏ သဏ္ဌာနစသော ငါးပါးသော အခြင်းအရာဖြင့် လွန်စွာ စက်ဆုပ်ဖွယ်ထင်သော ထိုအတ္ထပညတ်သည် ပဋိဘာဂနိမိတ် မည်၏။
သဗ္ဗာကာရတော ပဋိကူလဝသေန ဥပဋ္ဌာနံ ပဋိဘာဂနိမိတ္တံ။
အဋ္ဌကထာ (ပ၊နှာ-၂၅၇)
သဗ္ဗာကာရတောတိ ဝဏ္ဏာဒိဝသေန ပဉ္စဓာပိ။
ဋီကာ (မဟာ၊ပ၊နှာ-၃၁၀ )
ဤ၌ ရာဂ၏ ဥဇုပဋိပက္ခဖြစ်သောကြောင့် သာလျှင် “သဗ္ဗာကာရတော ပဋိကူလဝသေန” ဟု ဆိုသည်ဖြစ်မည်။ စင်စစ်မူကား - အသုဘ ဆယ်ပါး၌ ဆိုခဲ့ပြီးသော နည်းအားဖြင့် ပဋိဘာဂနိမိတ်သည် အတိဣဋ္ဌာရုံ ဖြစ်သင့်မည်။
---
အဓိစိတ္တသုတ် စသော နည်းဖြင့် စီးဖြန်းပုံ
ဤဆိုခဲ့ပြီးသော ဘာဝနာ အစီအရင်မျှဖြင့် ဈာန်ကို မရသေးလျှင် ထိုထင်လာပြီးသော ဥဂ္ဂဟနိမိတ် ပဋိဘာဂနိမိတ် တို့ကို ပထဝီကသိုဏ်း (ဤကျမ်း ဒု-နှာ-၁၉၁) ၌ ဆိုခဲ့ပြီးသော နည်း၏ အစွမ်းဖြင့် အသပ္ပါယ ခုနစ်ပါးကို ပယ်ရှဲ၊ သပ္ပါယခုနစ်ပါးကို မှီဝဲလျက် စကြဝတေးလောင်း ကိုယ်ဝန်ကိုကဲ့သို့ ကောင်းမွန်စွာ စောင့်ရှောက်လျက် အဓိစိတ္တသုတ်, သီတိဘာဝသုတ် ဗောဇ္ဈင်္ဂကောသလ္လသုတ် ဤသုံးသုတ်တို့၌ ဟောတော် မူအပ်သော နည်းဖြင့် ဝီရိယနှင့် သမာဓိကို ညီမျှစေလျက် ပွါးများစီးဖြန်းအပ်၏။
---
အဓိစိတ္တသုတ်
ထိုသုံးသုတ်တို့တွင် အဓိစိတ္တသုတ်ဟူသည်ကား --
အဓိစိတ္တသုတ်ပါဠိ
အဓိစိတ္တမနုယုတ္တေန ဘိက္ခဝေ ဘိက္ခုနာ တီဏိ နိမိတ္တာနိ ကာလေန ကာလံ မနသိ ကာတဗ္ဗာနိ။ ကာလေန ကာလံ သမာဓိနိမိတ္တံ မနသိ ကာတဗ္ဗံ၊ ကာလေန ကာလံ ပဂ္ဂဟနိမိတ္တံ မနသိ ကာတဗ္ဗံ၊ ကာလေန ကာလံ ဥပေက္ခာနိမိတ္တံ မနသိ ကာတဗ္ဗံ။
သစေ ဘိက္ခဝေ အဓိစိတ္တမနုယုတ္တော ဘိက္ခု ဧကန္တံ သမာဓိနိမိတ္တညေဝ မနသိကရေယျ၊ ဌာနံ တံ စိတ္တံ ကောသဇ္ဇာယ သံဝတ္တေယျ။ သစေ ဘိက္ခဝေ အဓိစိတ္တမနုယုတ္တော ဘိက္ခု ဧကန္တံ ပဂ္ဂဟနိမိတ္တညေဝ မနသိကရေယျ၊ ဌာနံ တံ စိတ္တံ ဥဒ္ဓစ္စာယ သံဝတ္တေယျ။ သစေ ဘိက္ခဝေ အဓိစိတ္တမနုယုတ္တော ဘိက္ခု ဧကန္တံ ဥပေက္ခာနိမိတ္တညေဝ မနသိကရေယျ၊ ဌာနံ တံ စိတ္တံ န သမ္မာ သမာဓိယေယျ အာသဝါနံ ခယာယ။
ယတော စ ခေါ ဘိက္ခဝေ အဓိစိတ္တမနုယုတ္တော ဘိက္ခု ကာလေန ကာလံ သမာဓိနိမိတ္တံ ပဂ္ဂဟနိမိတ္တံ ဥပေက္ခာနိမိတ္တံ မနသိကရောတိ။ တံ ဟောတိ စိတ္တံ မုဒုဉ္စ ကမ္မနိယဉ္စ ပဘဿရဉ္စ၊ န စ ပဘင်္ဂု၊ သမ္မာ သမာဓိယတိ အာသဝါနံ ခယာယ။
သေယျထာပိ ဘိက္ခဝေ သုဝဏ္ဏကာရော ဝါ သုဝဏ္ဏကာရန္တေဝါသီ ဝါ ဥက္ကံ ဗန္ဓတိ၊ ဥက္ကံ ဗန္ဓိတွာ ဥက္ကာမုခံ အာလိမ္ပတိ၊ ဥက္ကာမုခံ အာလိမ္ပိတွာ သဏ္ဍာသေန ဇာတရူပံ ဂဟေတွာ ဥက္ကာမုခေ ပက္ခိပိတွာ ကာလေန ကာလံ အဘိဓမတိ၊ ကာလေန ကာလံ ဥဒကေန ပရိပ္ဖေါသေတိ၊ ကာလေန ကာလံ အဇ္ဈုပေက္ခတိ။
သစေ ဘိက္ခဝေ သုဝဏ္ဏကာရော ဝါ သုဝဏ္ဏကာရန္တေဝါသီ ဝါ တံ ဇာတရူပံ ဧကန္တံ အဘိဓမေယျ။ ဌာနံ တံ ဇာတရူပံ ဍဟေယျ။ သစေ ဘိက္ခဝေ သုဝဏ္ဏကာရော ဝါ သုဝဏ္ဏကာရန္တေဝါသီ ဝါ တံ ဇာတရူပံ ဧကန္တံ ဥဒကေန ပရိပ္ဖေါသေယျ၊ ဌာနံ တံ ဇာတရူပံ နိဗ္ဗာယေယျ။ သစေ ဘိက္ခဝေ သုဝဏ္ဏကာရော ဝါ သုဝဏ္ဏကာရန္တေဝါသီ ဝါ တံ ဇာတရူပံ ဧကန္တံ အဇ္ဈုပေက္ခေယျ၊ ဌာနံ တံ ဇာတရူပံ န သမ္မာ ပရိပါကံ ဂစ္ဆေယျ။
ယတော စ ခေါ ဘိက္ခဝေ သုဝဏ္ဏကာရော ဝါ သုဝဏ္ဏကာရန္တေဝါသီ ဝါ တံ ဇာတရူပံ ကာလေန ကာလံ အဘိဓမတိ၊ ဥဒကေန ပရိပ္ဖေါသေတိ၊ အဇ္ဈုပေက္ခတိ၊ တံ ဟောတိ ဇာတရူပံ မုဒုဉ္စ ကမ္မညဉ္စ ပဘဿရဉ္စ၊ န စ ပဘင်္ဂု၊ သမ္မာ ဥပေတိ ကမ္မာယ။ ယဿာ ယဿာ စ ပိဠန္ဓနဝိကတိယာ အာကင်္ခတိ ယဒိ ပဋ္ဋိကာယ ယဒိ ကုဏ္ဍလာယ ယဒိ ဂီဝေယျကေ ယဒိ သုဝဏ္ဏမာလာယ၊ တဉ္စဿ အတ္ထံ အနုဘောတိ။
ဧဝမေဝ ခေါ ဘိက္ခဝေ အဓိစိတ္တမနုယုတ္တေန။ပ။ သမ္မာ သမာဓိယတိ အာသဝါနံ ခယာယ။ ယဿ ယဿ စ အဘိညာ သစ္ဆိကရဏီယဿ ဓမ္မဿ စိတ္တံ အဘိနိန္နာမေတိ အဘိညာ သစ္ဆိကိရိယာယ၊ တတြတတြေဝ သက္ခိဘဗ္ဗတံ ပါပုဏာတိ သတိ သတိ အာယတနေ။
အစိတ္တသုတ်အနက်
နိမိတ် ၃-ပါး
ဘိက္ခဝေ၊ ရဟန်းတို့။
အဓိစိတ္တံ၊ သမထ ဝိပဿနာစိတ်ကို။
အနုယုတ္တေန၊ အဖန်တလဲလဲ အားထုတ်သော။
ဘိက္ခုနာ၊ ရဟန်းသည်။
တီဏိ၊ သုံးပါးကုန်သော။
နိမိတ္တာနိ၊ မှတ်အပ်သော အခြင်းအရာ ဟူသော သမာဓိစသည်တို့ကို။
ဝါ၊ သမာဓိစသည်တို့၏ အကြောင်းဖြစ်သော အာရုံတို့ကို။
ကာလေန ကာလံ၊ သင့်လျော်သော အခါအခါ၌။
မနသိကာတဗ္ဗာနိ၊ စိတ်၌ပြုအပ် ဖြစ်စေအပ်ကုန်၏။
ဝါ၊ ဆင်ခြင်အပ်ကုန်၏။
ကာလေန ကာလံ၊ သင့်လျော်သော အခါအခါ၌။
သမာဓိနိမိတ္တံ၊ မှတ်အပ်သော အခြင်းအရာ ဟူသော သမာဓိကို။
ဝါ၊ သမာဓိ၏အကြောင်းဖြစ်သော အာရုံကို။
မနသိကာတဗ္ဗံ၊ စိတ်၌ ပြုအပ် ဖြစ်စေအပ်၏။
ဝါ၊ ဆင်ခြင်အပ်၏။
ကာလေန ကာလံ၊ သင့်လျော်သောအခါအခါ၌။
ပဂ္ဂဟနိမိတ္တံ၊ ဝီရိယကို။
ဝါ၊ ဝီရိယ၏အကြောင်း ဖြစ်သောအာရုံကို။
မနသိကာ တဗ္ဗံ၊ စိတ်၌ ပြုအပ် ဖြစ်စေအပ်၏။
ဝါ၊ ဆင်ခြင်အပ်၏။
ကာလေန ကာလံ၊ သင့်လျော်သော အခါအခါ၌။
ဥပေက္ခာနိမိတ္တံ၊ ဥပေက္ခာကို။
ဝါ၊ ဥပေက္ခာ၏ အကြောင်းဖြစ်သော အာရုံကို။
မနသိကာတဗ္ဗံ၊ စိတ်၌ ပြုအပ် ဖြစ်စေအပ်၏။
ဝါ၊ ဆင်ခြင်အပ်၏၊
သမာဓိလွန်သော် ကောသဇ္ဇ
ဘိက္ခဝေ၊ ရဟန်းတို့။
အဓိစိတ္တံ၊ သမထ ဝိပဿနာစိတ်ကို။
အနုယုတ္တော၊ အဖန်တလဲလဲ အားထုတ်သော။
ဘိက္ခု၊ ရဟန်းသည်။
ဧကန္တံ ၊ စင်စစ်။
သမာဓိနိမိတ္တံ ဧ၀၊ မှတ်အပ်သော အခြင်းအရာဟူသော သမာဓိကိုသာလျှင်။
သစေ မနသိကရေယျ၊ အကယ်၍ စိတ်၌ ပြုအပ် ဖြစ်စေအပ်ငြားအံ့။
တံ စိတ္တံ၊ ထိုစိတ်သည်။
ကောသဇ္ဇာယ၊ ဆုတ်နစ်ပျင်းရိခြင်းငှါ။
သံဝတ္တေယျ၊ ဖြစ်ရာ၏။
တေအဿ၊ ထိုဖြစ်ခြင်း၏။
ဌာနံ၊ အကြောင်းသည်။
အတ္ထိ၊ ရှိ၏။
ဝီရိယလွန်သော် ဥဒ္ဓစ္စ
ဘိက္ခဝေ၊ ရဟန်းတို့။
အဓိစိတ္တံ၊ သမထဝိပဿနာစိတ်ကို။
အနုယုတ္တော၊ အဖန်တလဲလဲ အားထုတ်သော။
ဘိက္ခု၊ ရဟန်းသည်။
ဧကန္တံ၊ စင်စစ်။
ပဂ္ဂဟနိမိတ္တံ ဧဝ၊ ဝီရိယ၏ အကြောင်းဖြစ်သော အာရုံကိုသာလျှင်။
သစေ မနသိကရေယျ၊ စိတ်၌ ပြုအပ် ဖြစ်စေအပ်ငြားအံ့။
တံ စိတ္တံ၊ ထိုစိတ်သည်။
ဥဒ္ဓစ္စာယ၊ ပျံ့လွင့်ခြင်းငှါ။
သံဝတ္တေယျ ၊ ဖြစ်ရာ၏။
ဧတဿ၊ ထိုဖြစ်ခြင်း၏။
ဌာနံ၊ အကြောင်းသည်။
အတ္ထိ၊ ရှိ၏။
ဘိက္ခဝေ၊ ရဟန်းတို့။
အဓိစိတ္တံ၊ သမထဝိပဿနာစိတ်ကို။
အနုယုတ္တော၊ အဖန်တလဲလဲအားထုတ်သော။
ဘိက္ခု၊ ရဟန်းသည်။
ဧကန္တံ၊ စင်စစ်။
ဥပေက္ခာနိမိတ္တံ ဧဝ၊ ဥပေက္ခာနိမိတ်ကိုသာလျှင်။
သစေ မနသိကရေယျ၊ စိတ်၌ ပြုအပ် ဖြစ်စေအပ်ငြားအံ့။
တံ စိတ္တံ၊ ထိုစိတ်သည်။
အာသဝါနံ၊ အာသဝေါ တရားတို့၏။
ခယာယ၊ ကုန်ခြင်းငှါ။
သမ္မာ၊ ကောင်းစွာ။
န သမာဓိယေယျ၊ မတည်ကြည်ရာ။
ဧတဿ၊ ထိုမတည်ကြည်ခြင်း၏။
ဌာနံ၊ အကြောင်းသည်။
အတ္ထိ၊ ရှိ၏။
ဘိက္ခဝေ၊ ရဟန်းတို့။
ယတော စ ခေါ၊ အကြင် အကြောင်းကြောင့်လျှင်။
အဓိစိတ္တံ၊ သမထ ဝိပဿနာစိတ်ကို။
အနုယုတ္တော၊ အဖန်ဖန်အားထုတ်သော။
ဘိက္ခု၊ ရဟန်းသည်။
ကာလေန ကာလံ၊ သင့်လျော်သော အခါအခါ၌။
သမာဓိနိမိတ္တံ၊ မှတ်အပ်သော အခြင်းအရာဟူသော သမာဓိကို။
ဝါ၊ သမာဓိ၏ အကြောင်းဖြစ်သော အာရုံကို။
ပဂ္ဂဟနိမိတ္တံ၊ … ဝီရိယကို။
ဥပေက္ခာ နိမိတ္တံ၊ … ဥပေက္ခာကို။
မနသိ ကရောတိ၊ နှလုံးသွင်း၏။
တတော၊ ထို့ကြောင့်။
တံ စိတ္တံ၊ ထိုသမထ ဝိပဿနာစိတ်သည်။
မုဒု စ၊ နူးညံ့လေ့လာသည်၎င်း။
ကမ္မညဉ္စ၊ အမှု၌ကောင်းသည်၎င်း။
ပဘဿရဉ္စ၊ စင်ကြယ်တောက်ပသည်၎င်း။
ဟောတိ၊ ဖြစ်၏။
န စ ပဘင်္ဂု၊ ပျက်စီးခြင်းသဘောလည်း မရှိ။
အာသဝါနံ၊ အာသဝေါတရားတို့၏။
ခယာယ၊ ကုန်ခြင်းငှါ။
သမ္မာ၊ ကောင်းစွာ။
သမာဓိယတိ၊ တည်ကြည်၏၊
ဘိက္ခဝေ၊ ရဟန်းတို့။
သေယျထာပိ၊ ဥပမာမည်သည်ကား။
သုဝဏ္ဏကာရော ဝါ၊ ရွှေပန်းထိမ်သည်သည်၎င်း။
သုဝဏ္ဏကာရန္တေဝါသီ ဝါ၊ ရွှေပန်းထိမ်သည်၏ တပည့်သည်၎င်း။
ဥက္ကံ၊ မိုက်ခွက်ကို။
ဗန္ဓတိ၊ ဖွဲ့လုပ်စီရင်၏။
ဥက္ကံ၊ မိုက်ခွက်ကို။
ဗန္တိတွာ၊ ဖွဲ့လုပ်စီရင်၍။
ဥက္ကာမုခံ၊ မိုက်ခွက်မျက်နှာဝကို။
အာလိမ္ပိတွာ၊ မီးဖြင့် လိမ်းကျံ အလျှံတောက်ပ ထစေ၏။
ဥက္ကာမုခံ၊ မိုက်ခွက် မျက်နှာဝကို။
အာလိမ္ပိတွာ၊ မီးဖြင့် လိမ်းကျံ အလျှံတောက်ပစေ၍။
သဏ္ဍာသေန၊ ညှပ်ဖြင့်။
ဇာတရူပံ၊ ရွှေကို။
ဂဟေတွာ၊ ကိုင်ညှပ်၍။
ဥက္ကာမုခေ၊ မိုက်ခွက်မျက်နှာ၌။
ပက္ခိပိတွာ၊ ထည့်၍။
ကာလေန ကာလံ၊ သင့်လျော်သော အခါအခါ၌။
အဘိဓမတိ၊ လေမှုတ်၏။
ကာလေန ကာလံ၊ သင့်လျော်သော အခါအခါ၌။
ဥဒကေန၊ ရေဖြင့်။
ပရိပ္ဖေါသေတိ၊ ဖျန်းဆွတ်၏။
ကာလေန ကာလံ၊ သင့်လျော်သော အခါအခါ၌။
အဇ္ဈုပေက္ခတိ၊ လျစ်လျူရှုကာ အသာနေ၏။
ဘိက္ခဝေ၊ ရဟန်းတို့။
သုဝဏ္ဏကာရော ဝါ၊ ရွှေပန်းထိမ်သည်သည်၎င်း။
သုဝဏ္ဏကာရန္တေဝါသီ ဝါ၊ ရွှေပန်းထိမ်သည်၏ တပည့်သည်၎င်း။
တံ ဇာတရူပံ၊ ထိုရွှေကို။
ဧကန္တ၊ စင်စစ်။
သစေ အဘိဓမေယျ၊ အကယ်၍ လေမှုတ်အံ့။
တံ ဇာတရူပံ၊ ထိုရွှေသည်။
ဍဟေယျ၊ မီးလောင်ကျွမ်းရာ၏။
ဧတဿ၊ ထိုလောင်ကျွမ်းခြင်း၏။
ဌာနံ၊ အကြောင်းသည်။
အတ္ထိ၊ ရှိ၏။
ဘိက္ခဝေ၊ ရဟန်းတို့။
သုဝဏ္ဏကာရော ဝါ၊ ရွှေပန်းထိမ်သည်သည်၎င်း။
သုဝဏ္ဏကာရန္တေဝါသီ ဝါ၊ ရွှေပန်းထိမ်သည်၏ တပည့်သည်၎င်း။
တံ ဇာတရူပံ၊ ထိုရွှေကို။
ဧကန္တ၊ စင်စစ်။
ဥဒကေန၊ ရေဖြင့်။
သစေ ပရိပ္ဖေါသေယျ၊ အကယ်၍ ဖျန်းဆွတ်အံ့။
တံ ဇာတရူပံ၊ ထိုရွှေသည်။
နိဗ္ဗာယေယျ၊ ဧးမာရာ၏။
ဧတဿ၊ ထို ဧးမာခြင်း၏။
ဌာနံ၊ အကြောင်းသည်။
အတ္ထိ၊ ရှိ၏။
ဘိက္ခဝေ၊ ရဟန်းတို့။
သုဝဏ္ဏကာရော ဝါ၊ ရွှေပန်းထိမ်သည်သည်၎င်း။
သုဝဏ္ဏကာရန္တေဝါသီ ဝါ၊ ရွှေပန်းထိမ်သည်၏ တပည့်သည်၎င်း။
တံ ဇာတရူပံ၊ ထိုရွှေကို။
ဧကန္တ၊ စင်စစ်။
သစေ အ အဇ္ဈုပေက္ခေယျ၊ အကယ်၍ လျစ်လျူရှုကာ အသာနေငြားအံ့။
တံ ဇာတရူပံ၊ ထိုရွှေသည်။
သမ္မာပရိပါကံ၊ ကောင်းစွာ ကျက်ကြည်ခြင်းသို့။
န ဂစ္ဆေယျ။ မရောက်ရာ။
ဧတဿ၊ ထိုမကျက်မကြည်ခြင်း။
ဌာနံ၊ အကြောင်းသည်။
အတ္ထိ၊ ရှိ၏။
ဘိက္ခဝေ၊ ရဟန်းတို့။
ယတော စ ခေါ ၊ အကြင်အခါ၌လျှင်။
သုဝဏ္ဏကာရော ဝါ၊ ရွှေပန်းထိမ်သည်သည်၎င်း။
သုဝဏ္ဏကာရန္တေဝါသီ ဝါ၊ ရွှေပန်းထိမ်သည်၏ တပည့်သည်၎င်း။
တံ ဇာတရူပံ၊ ထိုရွှေကို။
ကာလေနကာလံ၊ သင့်လျော်သော အခါအခါ၌။
အဘိဓမတိ၊ မှုတ်၏။
ဥဒကေန၊ ရေဖြင့်။
ပရိပ္ဖေါသေတိ၊ ဖျန်းဆွတ်၏။
အဇ္ဈုပေက္ခတိ၊ လျစ်လျူရှုကာ အသာနေ၏။
တဒါ၊ ထိုအခါ၌။
တံ ဇာတရူပံ၊ ထိုရွှေသည်။
မုဒု စ၊ နူးညံ့သည်၎င်း။
ကမ္မညဉ္စ၊ လက်ကောက် စသည် လုပ်ခြင်းအမှု၌ ခံ့သည်၎င်း။
ပဘဿရဉ္စ၊ ပြိုးပြိုးပြက် အရောင်ထွက်သည်၎င်း။
ဟောတိ၊ ဖြစ်၏။
န စ ပဘင်္ဂု၊ ပျက်စီးခြင်း သဘောလည်း မရှိ။
ကမ္မာယ၊ အထူးထူးသော အမှုအလို့ငှါ။
သမ္မာ၊ ကောင်းစွာ။
ဥပေတိ၊ ကပ်ရောက်၏။
ယဿာ ယဿာ စ ပိဠန္ဓနဝိကတိယာ၊ အကြင် အကြင် တန်းသာထူး အလို့ငှါ။
အာကင်္ခတိ၊ ပြုလို၏။
ပဋ္ဋိကာယ၊ သင်းကျစ်ပြား အလို့ငှါ။
ယဒိ အာကင်္ခတိ၊ အကယ်၍ ပြုလိုအံ့။
ကုဏ္ဍလာယ၊ နားဍောင်း အလို့ငှါ။
ယဒိ အာကင်္ခတိ၊ အကယ်၍ပြုလိုအံ့။
ဂီဝေယျကေ၊ လည်ဆွဲ တန်းဆာ အလို့ငှါ။
ယဒိ အာကင်္ခတိ၊ အကယ်၍ပြုလိုအံ့။
သုဝဏ္ဏမာလာယ၊ ရွှေပန်းအလို့ငှါ။
ယဒိ အာကင်္ခတိ၊ အကယ်၍ပြုလိုအံ့။
တဿာ တဿာ ကမ္မာယ၊ ထိုထို အမှုအလို့ငှါ။
သမ္မာ၊ ကောင်းစွာ။
ဥပေတိ၊ ကပ်ရောက်၏။
အဿ၊ ထို ရွှေပန်းထိမ်သည်၏။
တဉ္စ အတ္ထံ၊ ထိုပုတီး လက်ကောက် ဖြစ်ခြင်း စသော အကျိုးကိုလည်း။
အနုဘောတိ၊ ရွှေသည် ပြီးစေ၏။
ဝါ၊ အဿ၊ ထိုရွှေ၏။
တဉ္စ အတ္ထံ၊ ထိုတန်းဆာထူး ဟူသော အကျိုးကိုလည်း။
အနုဘောတိ၊ သုံးဆောင် ခံစားရ၏။
ဘိက္ခဝေ၊ ရဟန်းတို့။
ဧ၀မေ၀ ခေါ၊ ဤ အတူသာလျှင်။
အဓိစိတ္တံ၊ သမထ ဝိပဿနာစိတ်ကို။
အနုယုတ္တေန၊ အဖန်တလဲလဲ အားထုတ်သော။
ဘိက္ခုနာ၊ ရဟန်းသည်။ပ။
အာသဝါနံ၊ အာသဝေါတရားတို့၏။
ခယာယ၊ ကုန်ခြင်းငှါ။
သမ္မာ၊ ကောင်းစွာ။
သမာဓိယတိ၊ တည်ကြည်၏။
အဘိညာသစ္ဆိကရဏီယဿ၊ ဣဒ္ဓိဝိဓ စသော ဉာဏ်ဖြင့် မျက်မှောက်ပြုအပ်သော။
ယဿ ယဿ စ ဓမ္မဿ၊ အကြင် အကြင် တန်းခိုး ဖန်ဆင်းခြင်း သဘောကိုလည်း။
အဘိညာ သစ္ဆိကိရိယာယ၊ ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုခြင်းငှါ။
စိတ္တံ၊ သမထ ဝိပဿနာစိတ်ကို။
အဘိနိန္နာမေတိ၊ ညွတ်စေ၏။
သတိ၊ ထင်ရှားရှိသော။
အာယတနေ၊ အဘိညာကို ရကြောင်း ကောင်းမှု ပုဗ္ဗဟေတု စသည်သည်။
သတိ၊ ရှိလတ်သော်။
တတြတတြေဝ၊ ထိုထို တန်းခိုး ဖန်ဆင်းခြင်း သဘော၌ပင်လျှင်။
သက္ခိဘဗ္ဗတံ၊ သက်သေထိုက်သည်၏ အဖြစ်သို့။
ဝါ၊ မျက်မှောက်ပြုခြင်းရှိသောသူ၏ ဖြစ်ခြင်းသို့။
ဝါ၊ ထိုက်၍ မျက်မှောက်ပြုခြင်းရှိသည်၏ အဖြစ်သို့။
ပါပုဏာတိ၊ ရောက်၏။
ဤကား အနက်။
---
သီတိဘာဝသုတ် ပါဌ် အနက်
သီတိဘာဝသုတ် ဟူသည်ကား --
[သီတိဘာဝ (သီတ = ငြိမ်းအေးခြင်း + ဘာ၀ = အဖြစ်)]
ဆဟိ ဘိက္ခဝေ ဓမ္မေဟိ သမန္နာဂတော ဘိက္ခု ဘဗ္ဗော အနုတ္တရံ သီတိဘာဝံ သစ္ဆိကာတုံ၊ ကတမေဟိ ဆဟိ -- ဣဓ ဘိက္ခဝေ ဘိက္ခု ယသ္မိံ သမယေ စိတ္တံ နိဂ္ဂဟေတဗ္ဗံ၊ တသ္မိံ သမယေ စိတ္တံ နိဂ္ဂဏှာတိ။
ယသ္မိံ သမယေ စိတ္တံ ပဂ္ဂဟေတဗ္ဗံ၊ တသ္မိံ သမယေ စိတ္တံ ပဂ္ဂဏှာတိ။
ယသ္မိံ သမယေ စိတ္တံ သမ္ပဟံသေတဗ္ဗံ၊ တသ္မိံ သမယေ စိတ္တံ သမ္ပဟံသတိ။
ယသ္မိံ သမယေ စိတ္တံ အဇ္ဈုပေက္ခိတဗ္ဗံ၊ တသ္မိံ သမယေ စိတ္တံ အဇ္ဈုပေက္ခတိ။
ပဏီတာဓိမုတ္တိကော စ ဟောတိ။
နိဗ္ဗာနာဘိရတော။
ဣမေဟိ ခေါ ဘိက္ခဝေ ဆဟိ ဓမ္မေဟိ သမန္နာဂတော ဘိက္ခု ဘဗ္ဗော အနုတ္တရံ သီတိဘာဝံ သစ္ဆိကာတုံ။
နိဗ္ဗာန်ရောက်ကြောင်း တရား ၆-ပါး
ဘိက္ခဝေ၊ ရဟန်းတို့။
ဆဟိ ဓမ္မေဟိ၊ ခြောက်ပါးကုန်သော တရားတို့နှင့်။
သမန္နာဂတော၊ ပြည့်စုံသော။
ဘိက္ခု၊ ရဟန်းသည်။
အနုတ္တရံ၊ အတူမရှိသော။
သီတိဘာဝံ၊ ချမ်းသည် ဖြစ်သော နိဗ္ဗာန်ကို။
ဝါ၊ ကိလေသာဟူသော အပူ ငြိမ်းချမ်းခြင်းကို။
သစ္ဆိကာတုံ၊ မျက်မှောက်ပြုခြင်းငှါ။
ဘဗ္ဗော၊ ထိုက်၏။
ကတမေဟိ ဆဟိ၊ အဘယ် ခြောက်ပါးတို့နှင့်နည်း ဟူမူ ---
၁။ ပျံလွင့်သောစိတ်ကို ဖိနှိပ်ခြင်း နိဂ္ဂဟ
ဘိက္ခဝေ၊ ရဟန်းတို့။
ဣဓ၊ ဤသာသနာတော်၌။
ဘိက္ခု၊ ရဟန်းသည်။
ယသ္မိံ သမယေ၊ အကြင်အခါ၌။
စိတ္တံ၊ ပျံလွင့်သောစိတ်ကို။
နိဂ္ဂဟေတဗ္ဗံ၊ နှိပ်သင့်၏။
တသ္မိံ သမယေ၊ ထိုအခါ၌။
စိတ္တံ၊ စိတ်ကို။
နိဂ္ဂဏှာတိ၊ ဥဒ္ဓစ္စသို့ ကျမည်မှ စောင့်သဖြင့် နှိပ်၏။
၂။ ပျင်းရိသောစိတ်ကို လှုံ့ဆော်ချီးပင့်ခြင်း ပဂ္ဂဟ
ယသ္မိံ သမယေ၊ အကြင် အခါ၌။
စိတ္တံ၊ တွန့်တိုသောစိတ်ကို။
ပဂ္ဂဟေတဗ္ဗံ၊ ချီးပင့်သင့်၏။
တသ္မိံ သမယေ၊ ထိုအခါ၌။
စိတ္တံ၊ ပျင်းရိတွန့်တိုသောစိတ်ကို။
ပဂ္ဂဏှာတိ၊ ကောသဇ္ဇသို့ ကျမည်မှ စောင့်သဖြင့် ချီးပင့်၏။
၃။ ဘာဝနာစိတ်ကို ရွှင်လန်း ထက်မြက်စေခြင်း
ယသ္မိံ သမယေ၊ အကြင် အခါ၌။
စိတ္တံ၊ သမပ္ပဝတ္တစိတ်[၁] ကို။
သမ္ပဟံသေတဗ္ဗံ၊ ရွှင်လန်းနှစ်သက် ထက်စေသင့်၏။
တသ္မိံ သမယေ၊ ထိုအခါ၌။
စိတ္တံ၊ (အညီအညွတ်ဖြစ်သော) သမပ္ပဝတ္တစိတ်ကို။
သမ္ပဟံသေတိ၊ ထိုသို့ အမျှဖြစ်ခြင်းကြောင့် ပညာဖြင့် ရွှင်လန်းနှစ်သက် ထက်စေ၏။
ဝါ စိတ္တံ၊ ဘာဝနာဘို မဝင် မတက် မသက်မသာသော စိတ်ကို။
သမ္ပဟံသေတိ၊ သံဝေဂဝတ္ထုတို့ကို ဆင်ခြင်လျက် ထက်မြက်စေ၏။
[၁။ သမပ္ပဝတ္တစိတ် = ပျံ့လွင့် တွန့်တို ပျင်းရိခြင်း မရှိသောစိတ်၊ အညီအညွတ် ဖြစ်သောစိတ်။]
၄။ ဘာဝနာသို့ သက်ဝင်သော စိတ်ကို လျစ်လျူရှုခြင်း
ယသ္မိံ သမယေ၊ အကြင် အခါ၌။
စိတ္တံ၊ အလီနာနုဒ္ဓတ[၂] ဖြစ်၍ ဘာဝနာလမ်းသို့ ဖြောင့်တန်းသက်သော စိတ်ကို။
အဇ္ဈုပေက္ခိတဗ္ဗံ၊ ပဂ္ဂဟ စသည်၌ လုံ့လမပြု လျစ်လျူရှုသင့်၏။
တသ္မိံ သမယေ၊ ထိုအခါ၌။
စိတ္တံ၊ စိတ်ကို။
အဇ္ဈုပေက္ခတိ၊ လုံ့လမပြု လျစ်လျူရှု၏။
[၂။ အလီန = မတွန့်တို မဆုတ်နှစ်။
အနုဒ္ဓတ = မပျံလွင့်။]
၅။ မဂ်ဖိုလ်၌ စိတ်ညွတ်ခြင်း
ပဏီတာဓိမုတ္တိကော စ၊ မြတ်သောမဂ်ဖိုလ်၌ ညွတ်ကိုင်းသည်လည်း။
ဟောတိ၊ ဖြစ်၏။
၆။ နိဗ္ဗာန်၌ မွေ့လျော်ခြင်း
နိဗ္ဗာနာဘိရတော၊ နိဗ္ဗာန်၌ မွေ့လျော်သည်လည်း။
ဟောတိ၊ ဖြစ်၏။
ဘိက္ခဝေ၊ ရဟန်းတို့၊
ခေါ၊ စင်စစ်။
ဣမေဟိ ဆဟိ ဓမ္မေဟိ၊ ဤတရားခြောက်ပါးတို့နှင့်။
သမန္နာဂတော၊ ပြည့်စုံသော။
ဘိက္ခု၊ ရဟန်းသည်။
အနုတ္တရံ၊ အတု မရှိသော။
သီတိဘာဝံ၊ ချမ်းသည်ဖြစ်သောနိဗ္ဗာန်ကို။
ဝါ၊ ကိလေသာဟူသော အပူငြိမ်းခြင်းကို။
သစ္ဆိကာတုံ၊ မျက်မှောက်ပြုခြင်းငှါ၊
ဘဗ္ဗော၊ ထိုက်၏။
ဤကား အနက်။
---
ဗောဇ္ဈင်္ဂကောသလ္လသုတ်
ဗောဇ္ဈင်္ဂ ကောသလ္လသုတ် ကိုကား ဤသို့သော သင်္ဂဟဂါထာဖြင့် မှတ်အပ်၏ --
ပရိတ္တဂ္ဂိ'မုဇ္ဇာလေတုံ၊
သုက္ခာနိ တတ္ထ ပက္ခိပေ။
မုခဝါတဉ္စ ဒဒေယျ၊
ဧဝံ သော ဇလတေ ဂိနိ။
ဧဝံ ယဒါ လီနံ စိတ္တံ၊
ဝိစယံ ပီတိ ဝီရိယံ။
တယော ဗောဇ္ဈင်္ဂေ ဘာဝေယျ၊
တေဟိ သု'ဋ္ဌာပယံ ဟိ တံ၊
မဟန္တဂ္ဂိံ နိဗ္ဗာပေတုံ၊
အလ္လာနိ တတ္ထ ပက္ခိပေ။
ပံသုကေန စော'ကိရေယျ၊
ဧဝံ နိဗ္ဗာယတေ ဟိ သော။
ဧဝံ ယ'ဒုဒ္ဓတံ စိတ္တံ၊
ပဿဒ္ဓိဉ္စ သမာဓိကံ။
ဥပေက္ခံ စ တဒါ ဘာဝေ၊
သုနိဗ္ဗာပယ' မေဟိ တံ။
ပါဠိသင်္ဂဟ
ပရိတ္တဂ္ဂိံ၊ အနည်းငယ်သောမီးကို။
ဥဇ္ဇာလေတုံ၊ တောက်စေခြင်းငှါ။
တတ္ထ၊ ထိုမီး၌။
သုက္ကာနိ၊ ခြောက်ကုန်သော မြက် သစ်ရွက် နွားချေး ထင်းတို့ကို။
ပက္ခိပေ၊ ထည့်ရာ၏။
မုခ ဝါတဉ္စ၊ ခံတွင်းလေကိုလည်း။
ဒဒေယျ၊ ပေးရာ၏။
ဧဝံ၊ ဤသို့ပြုသဖြင့်။
သော ဂိနိ၊ ထိုမီးသည်။
ဇလတေ၊ တောက်ပ၏။
ဧဝံတထာ၊ ထို့အတူ။
ယဒါ၊ အကြင်အခါ၌။
စိတ္တံ၊ စိတ်သည်။
လီနံ၊ တွန့်တို၏။
တဒါ၊ ထိုအခါ၌။
ဝိစယံ၊ ဓမ္မဝိစယ သမ္ဗောဇ္ဈင်ကို၎င်း။
ပီတိ ဝီရိယံ၊ ပီတိ သမ္ဗောဇ္ဈင်, ဝီရိယ သမ္ဗောဇ္ဈင်ကို၎င်း။
တယော ဗောဇ္ဈင်္ဂေ၊ ဤသုံးပါးသော ဗောဇ္ဈင်တို့ကို။
ဘာဝေယျ၊ ပွါးစေရာ၏။
ဟိသစ္စံ၊ မှန်၏။
တံ၊ ထိုတွန့်တိုသော စိတ်ကို။
တေဟိ၊ ထိုဗောဇ္ဈင် သုံးပါးတို့ဖြင့်။
သုဥဋ္ဌာပယံ၊ ဖြစ်စေလွယ်၏။
မဟန္တဂ္ဂိံ၊ မီးပုံကြီးကို။
နိဗ္ဗာပေတုံ၊ ငြိမ်းစေခြင်းငှါ။
တတ္ထ၊ ထိုမီးပုံကြီး၌။
အလ္လာနိ၊ စိုကုန်သော မြက် သစ်ရွက် နွားချေး ထင်းတို့ကို။
ပက္ခိပေ၊ ထည့်ရာ၏။
ပံသုကေနစ၊ မြေမှုန့်ဖြင့်လည်း။
သြကိရေယျ၊ ဖြူးကြဲရာ၏။
ဟိသစ္စံ၊ မှန်၏။
ဧဝံ၊ ဤသို့ပြုသဖြင့်။
သော၊ ထိုမီးသည်။
နိဗ္ဗာယတေ၊ ငြိမ်းဧး၏။
ဧဝံတထာ၊ ထို့အတူ။
ယဒါ၊ အကြင်အခါ၌။
စိတ္တံ၊ စိတ်သည်။
ဥဒ္ဓတံ၊ ပျံ့လွင့်၏။
တဒါ၊ ထိုအခါ၌။
ပဿဒ္ဓိဉ္စ၊ ပဿဒ္ဓိသမ္ဗောဇ္ဈင်ကို၎င်း။
သမာဓိကံ၊ သမာဓိသမ္ဗောဇ္ဈင်ကို၎င်း။
ဥပေက္ခံ စ၊ ဥပေက္ခာသမ္ဗောဇ္ဈင်ကို၎င်း။
ဘာဝေ၊ ပွါးစေရာ၏။
တံ၊ ထိုပျံလွင့်သောစိတ်ကို။
ဧဟိ၊ ဤဗောဇ္ဈင် သုံးပါးတို့ဖြင့်။
သုနိဗ္ဗာပယံ၊ ငြိမ်းစေလွယ်၏။
ဤသုံးသုတ်လုံးဝယ် အဓိပ္ပါယ်အကျဉ်းကား -- ကောင်းမြတ်သော အကြံဖြင့် နိဗ္ဗာန်ကို လွန်စွာ လိုလား သင်္ခါရတရားတို့၌ ငြီးငွေ့လျက် စိတ်၏ ဖြစ်ဟန်အခြင်း အရာကို အခါမပြတ် ရှုမှတ်ဆင်ခြင်၍ ရွှေပန်းထိမ်သည် အလား မီးမွှေးသော ယောက်ျားတို့ကဲ့သို့ တွန့်တိုလျှင် မြှောက်၊ ပျံ့လွင့်လျှင်နှိပ်၊ ကမ္မဋ္ဌာန်းသို့ ဖြောင့်တန်းထင်မြင်စွာ မသက်မဝင် တည့်လျှင် ဇာတိစသော သံဝေဂဝတ္ထု ရှစ်ပါးတို့ဖြင့် တက်ကြွား ရွှင်လန်းစေလျက် မနိမ့်မမြင့် အသင့်ဖြစ်မူ လျစ်လျူရှုလျက် သဒ္ဓါနှင့် ပညာ ဝီရိယနှင့် သမာဓိကို စောင်းကြိုး ညှိသည့်ပမာ လွန်စွာညီမျှစေလျက် သတိန္ဒြေကိုမူကား “သတိဉ္စ ခွါဟံ ဘိက္ခဝေ သဗ္ဗတ္ထိကံ ဝဒါမိ" [၁] လာရှိသည်နှင့် ညီစွာ အခါခပ်သိမ်း လွန်စွာ ထက်မြက်စေလျက် ပွါးများအားထုတ်ရမည် ဟူလိုသည်။
[၁။ ဘိက္ခဝေ၊ ရဟန်းတို့။
ခေါ။ စင်စစ်။
သတိဉ္စ၊ သတိတရားကိုသာလျှင်။
သဗ္ဗတ္ထိကံ၊ အလုံးစုံသော အရာဟူသမျှ၌ အသုံးကျ၏ ဟူ၍။
အဟံ၊ ငါဘုရားသည်။
၀ဒါမိ၊ ဟောတော်မူ၏။
(သံ၊ ၃၊နှာ-၁၀၀)]
ကာယဂတာသတိ ကမ္မဋ္ဌာန်းအကျိုး
ဤကာယဂတာသတိ ကမ္မဋ္ဌာန်းကို စီးဖြန်း ပွါးများရခြင်း၏ အကျိုး အာနိသင်ကား --
ရတာရတိံ ဘယံ သီတံ၊
သဟတေ ဥဏှအာဒိကံ။
လာဘီ စတုန္နံ ဈာနာနံ၊
ဆာ'ဘိညာ ပဋိဝိဇ္ဈတိ။
တသ္မာ ဟဝေ အပ္ပမတ္တော၊
အနုယုဉ္ဇေထ ပဏ္ဍိတော။
ဧဝံ အနေကာနိသံသံ၊
ဣမံ ကာယဂတာသတိ။
ရတိ အရတိံ၊ ကာမဂုဏ်၌ မွေ့လျော်ခြင်း သမထ ဝိပဿနာ ဆိတ်ငြိမ်ရာ တို့၌ မမွေ့လျော်ခြင်းကို၎င်း။
ဘယံ၊ သစ် ကျား ခြင်္သေ့ စသော ဘေးကို၎င်း။
သီတံ၊ အချမ်းအဧးကို၎င်း။
ဥဏှအာဒိကံ၊ မီးပူ မှက် ယင် ဖြုတ် ခြင် လေ နေ စာရေ ဆာလောင် သေအောင်ကျင်နာ ရောဂါဆင်းရဲကို၎င်း။
သဟတေ၊ သည်းခံနိုင်၏။
စတုန္နံ ဈာနာနံ၊ ဆံပင်စသည်တို့၏ အဆင်းပြားသဖြင့် လေးပါးသော ဝဏ္ဏ ကသိဏဈာန် တို့ကို။
လာဘီ၊ ရ၏။
ဆ အဘိညာ၊ ခြောက်ပါးသော အဘိညာတို့ကို။
ပဋိဝိဇ္ဈတိ၊ ဖောက်ထွင်းနိုင်၏။
တသ္မာ၊ ထို့ကြောင့်။
ပဏ္ဍိတော၊ ပညာရှိသော အမျိုးကောင်းသားသည်။
ဧဝံ၊ ဤသို့။
အနေကာနိသံသံ၊ တပါးမက များသော အာနိသင်ရှိသော။
ဣမံ ကာယဂတာသတိံ၊ ဤကာယဂတာသတိကို။
ဟဝေ၊ စင်စစ်။
အပ္ပမတ္တော၊ ပမေ့မလျော့။
အနုယုဉ္ဇေထ၊ အားထုတ်ရာ၏။
ဤကား အနက်။
ဤ ဆိုခဲ့ပြီးသည်အတိုင်း ပွါးများစီးဖြန်း၍ ရပြီးသောဈာန်ကို ဟာနဘာဂိယ တိဌိဘာဂိယ ဝိသေသဘာဂိယ ဝဋ္ဋနိဿိတ [၁] ၌ မကျစေရ၊ နိဗ္ဗေဓဘာဂိယ ဝိဝဋ္ဋနိဿိက ဖြစ်စေခြင်းငှါ ဝိပသာနာသို့ တက်၍ မဂ်ဖိုလ်သို့ရောက်အောင် လှမ်းရာ၏။
[၁။ ဈာန်ကို ယုတ်လျော့အောင်‘ဟာနဘာဂိယ၊ တည်တံ့နေအောင် ဌိတိဘာဂိယ၊ အထက်သို့ တက်အောင် ဝိသေသဘာဂိယ မျှသာ ပြုလုပ်နေက ဝဋ္ဋနိဿိတ မျှသာ ဖြစ်သည်။ ဈာန်ကိုအခြေပြု၍ လောကုတ္တရာ တရားရအောင် အားထုတ်ရမည်ဟု ဆိုလိုသည်။]
ဝိပသာနာသို့ တက်ပုံ ၂-မျိုး
၎င်းဝိပဿနာသို့ ဈာန်မရမီ ဥပစာကလည်း တက်ရ၏။ ပထမဈာန်စသည်မှလည်း တက်ရ၏။ သမထ သည် စက္ကူကား အခံနှင့် တူ၏။ ဝိပဿနာသည် ဆေးမင်နှင့် တူ၏။ စက္ကူကား အခံမရှိလျှင် ဆေးမင် မတည်နိုင်သကဲ့သို့ ယုတ်စွာ့အဆုံး ခဏိက သမာဓိကိုမျှ မရလျှင် ဝိပဿနာ မထင်မြင်နိုင်။ ထို့ကြောင့် ထမင်းကို စားလို၍ လယ်ကို ထွန်ကြဲ စိုက်ပျိုးရသကဲ့သို့ ဝိပဿနာမဂ်ဖိုလ်တို့၏ အခြေမူလ ပကတူပ ဖြစ်၍သာ သမထကို ရှေးဦးစွာ အားထုတ်ရသည်။ သမထ လိုရင်း မဟုတ်၊ သမထတွင်ရွေ့ တင်းတိမ်အားရ၍ မနေသင့် မနေရာ မနေကောင်း မှတ်လေ။
ကာယဂတာသတိ ပြီး၏။
....
အာနာပါနဿတိ
ကမ္မဋ္ဌာန်း စီးဖြန်းပွါးများပုံ
သောဠသ ဝတ္ထုက
(အာနာပါန စီးဖြန်းနည်း ၁၆-ပါး)
အာနာပါနဿတိ ကမ္မဋ္ဌာန်းကို စီးဖြန်းပွါးများလိုသော ပုဂ္ဂိုလ်သည် ---
ဣဓ ဘိက္ခဝေ ဘိက္ခု အရညဂတော ဝါ ရုက္ခမူလဂတော ဝါ သုညာဂါရဂတော ဝါ နိသီဒတိ ပလ္လင်္ကံ အာဘုဇိတွာ ဥဇုံ ကာယံ ပဏိဓာယ ပရိမုခံ သတိံ ဥပဋ္ဌပေတွာ။ သော သတောဝ အဿသတိ၊ သတောဝ ပဿသတိ --
ဒီဃံ ဝါ အဿသန္တော ဒီဃံ အဿသာမီတိ ပဇာနာတိ၊ ဒီဃံ ဝါ ပဿသန္တော ဒီဃံ ပဿသာမီတိ ပဇာနာတိ၊
ရဿံ ဝါ အဿသန္တော ရဿံ အဿသာမီတိ ပဇာနာတိ၊ ရဿံ ဝါ ပဿသန္တော ရဿံ ပဿသာမီတိ ပဇာနာတိ၊
သဗ္ဗကာယ ပဋိသံဝေဒီ အဿသိဿာမီတိ သိက္ခတိ၊ သဗ္ဗကာယ ပဋိသံဝေဒီ ပဿသိဿာမီတိ သိက္ခတိ၊
ပဿမ္ဘယံ ကာယသင်္ခါရံ။ပ။
ပီတိပ္ပဋိသံဝေဒီ။
သုခပ္ပဋိသံဝေဒီ။
စိတ္တသင်္ခါရပ္ပဋိသံဝေဒီ။
ပဿမ္ဘယံ စိတ္တသင်္ခါရံ။
စိတ္တပ္ပဋိသံဝေဒီ။
အဘိပ္ပမောဒယံ စိတ္တံ။
သမာဒဟံ စိတ္တံ။
ဝိမောစယံ စိတ္တံ။
အနိစ္စာနုပဿီ။
ဝိရာဂါနုပဿီ။
နိရောဓာနုပဿီ။
ပဋိနိဿဂ္ဂါနုပဿီ အဿသိဿာမီတိ သိက္ခတိ၊ ပဋိနိဿဂ္ဂါနုပဿီ ပဿသိဿာမီတိ သိက္ခတိ။
ဟူ၍ ညွှန်းပြတော်မူအပ်သော သောဠသဝတ္ထုက ဒေသနာကို အစဉ်မှီး၍ ပွါးများအပ်၏။
ဘိက္ခဝေ၊ ရဟန်းတို့။
ဣဓ၊ ဤ ငါဘုရားသာသနာတော်၌။
ဘိက္ခု၊ ရဟန်းသည်။
အရညဂတော ဝါ၊ တောရပ်သို့ ကပ်သည်ဖြစ်၍၎င်း။
ရုက္ခမူလဂတော ဝါ၊ သစ်ပင်ရင်းသို့ ချဉ်းကပ်သည်ဖြစ်၍၎င်း။
သုညာဂါရဂတော ဝါ၊ ဆိတ်ငြိမ်ရာ ကျောင်း၌ ကိန်းအောင်းသည်ဖြစ်၍၎င်း။
ပလ္လင်္ကံ၊ ထက်ဝယ်တင်ပျဉ်။
အာဘုဇိတွာ၊ ဖွဲ့ခွေ၍။
ကာယံ၊ အထက်ကိုယ်ကို။
ဥဇုံ၊ ဖြောင့်စွာ။
ပဏိဓာယ၊ ထား၍။
ပရီမုခံ၊ ကမ္မဋ္ဌာန်းသို့ ရှေးရှု။
သတိ၊ သတိကို။
ဝါ- ပရိမုခံ သတိံ၊ သိမ်းဆည်းအပ်သော ဆန့်ကျင်ဖက်မှ ထွက်သော သတိကို။
ဥပဋ္ဌပေတွာ၊ ထား၍။
ဝါ၊ ပြု၍။
နိသီဒတိ၊ ထိုင်၏။
သော၊ ထို ထိုင်ပြီးသော ရဟန်းသည်။
သတော ဧဝ၊ သတိရှိသည် ဖြစ်၍သာလျှင်။
အဿသတိ၊ ထွက်သက်ရှု၏။
သတော ဧဝ၊ သတိရှိသည်ဖြစ်၍ သာလျှင်။
ပဿသတိ၊ ဝင်သက်ရှိုက်၏။
(သုတ္တန် အဋ္ဌကထာတို့၌ကား ဝင်သက်ကို အဿာသ၊ ထွက်သက်ကို ပဿာသ ဟူ၏။)
အာနာပါန ပထမ စတုက္က
ဒီဃံ ဝါ၊ ရှည်ရှည်မူလည်း။
အဿသန္တော၊ ရှူသည်ရှိသော်။
ဒီဃံ၊ ရှည်စွာ။
အဿသာမိ၊ ရှူ၏။
ဣတိ၊ ဤသို့။
ပဇာနာတိ၊ သိ၏။
ဒီဃ ဝါ၊ ရှည်ရှည်မူလည်း။
ပဿသန္တော၊ ရှိုက်သည်ရှိသော်။
ဒီဃံ၊ ရှည်စွာ။
ပဿသာမိ၊ ရှိုက်၏။
ဣတိ၊ ဤသို့။
ပဇာနာတိ၊ သိ၏။
ရဿံ ဝါ၊ တိုတိုမူလည်း။
အဿသန္တော ပဿသန္တော၊ ရှူ-ရှိုက်သော်။
ရဿံ၊ တိုစွာ။
အဿသာမိ ပဿသာမိ ဣတိ ပဇာနာတိ၊ ရှူ-ရှိုက်၏ဟူ၍ သိ၏။
သဗ္ဗကာယ ပဋိသံဝေဒီ၊ ထွက်သက်-ဝင်သက် လေ၏ အစ အလယ် အဆုံး အလုံးစုံကို ထင်စွာပြုလျက်။
အဿသိဿာမိ၊ ရှူလအံ့။
ပဿသိဿာမိ၊ ရှိုက်လအံ့။
ဣတိ၊ ဤသို့။
သိက္ခတိ၊ စေ့ဆော်ကြိုးကုတ် အားထုတ်၏။
ဝါ၊ ထိုအာရုံ၌ ထိုခဏရအပ်သော သိက္ခာသုံးပါးကို ပွါးများကျင့်ကြံ ကြိမ်ဖန် လေ့လာ ပြု၏။
ကာယ သင်္ခါရံ၊ ထွက်သက်လေ ဝင်သက်လေ အပေါင်းကို။
ပဿမ္ဘယံ၊ ပဿမ္ဘယန္တော၊ သိမ်မွေ့ ချုပ်ငြိမ်းစေလျက်။
အဿသိဿာမိ ပဿသိဿာမိ ဣတိ သိက္ခတိ၊ ရှူ-ရှိုက်အံ့ဟူ၍ ကျင့်၏။
ပထမစတုက္ကတည်း။ ကာယပဿနာစတုက္က သမထစတုက္က အာဒိကမ္မိကစတုက္ကလည်း ဟူသင့်၏။
ကြွင်းသော ဒုတိယ တတိယ စတုတ္ထစတုက္ကတို့ကား ဈာန်ရပြီးသော ပုဂ္ဂိုလ်၏ ဝေဒနာ စိတ္တ ဓမ္မတို့ကို ရှုသော ဝိပဿနာ စတုက္ကတို့တည်း။
အာနာပါန ဒုတိယစတုက္က
ပီတိပ္ပဋိသံဝေဒီ၊ သပ္ပီတိကဈာန်သုံးပါး ၌ရှိသော ပီတိကို သမာပေဇ္ဇနအခါ အာရုံအားဖြင့်, ဝိပဿနာအခါ အသမ္မောဟ အားဖြင့် ထင်ရှားအောင်ပြုလျက်။
သုခပ္ပဋိသံဝေဒီ၊ ဈာန်လေးပါး၌ရှိသော သုခကို ထို့အတူ ထင်စွာပြုလျက်။
စိတ္တသင်္ခါရပ္ပဋိသံဝေဒီ၊ ဈာန်ငါးပါး၌ရှိသော ဝေဒနာ သညာဟူသော စိတ္တသင်္ခါရကို ထို့အတူ ထင်စွာပြုလျက်။
စိတ္တသင်္ခါရံ၊ စိတ္တသင်္ခါရကို။
ပဿမ္ဘယံ ပဿမ္ဘယန္တော၊ သိမ်မွေ့ ချုပ်ငြိမ်းစေလျက်။
အဿသိဿာမိ ပဿသိဿာမိ ဣတိ သိက္ခတိ၊ ရှူ-ရှိုက်အံ့ဟူ၍ ကျင့်၏။
ပီတိပဒေ ပီတိသီသေန ဝေဒနာ ဝုတ္တာ။ သုခပဒေ သရူပေနေဝ ဝေဒနာ။ ဒွီသု စိတ္တသင်္ခါရပဒေသု သညာသမ္ပယုတ္တာ ဝေဒနာတိ ဧဝံ ဝေဒနာနုပဿနာနယေန ဣဒံ စတုက္ကံ ဘာသိတန္တိ ဝေဒိတဗ္ဗံ။ ။ ဝိသုဒ္ဓိမဂ်၊ (ဋ္ဌ၊ပ၊နှာ-၂၈၀) ဒုတိယစတုက္က။
[ဒုတိယစတုက္ကသည် ဝေဒနာနုပဿနာစတုတ္ထတည်း။]
အာနာပါန တတိယစတုက္က
စိတ္တပ္ပဋိသံဝေဒီ၊ ငါးပါးသော ဈာန်စိတ်ကို ထို့အတူ ထင်စွာပြုလျက်။
စိတ္တံ၊ သပ္ပီတိက ဈာန်စိတ် ဝိပဿနာစိတ်ကို။
အဘိပ္ပမောဒယံ = အဘိပ္ပမောဒယန္တော၊ သမာဓိ ဝိပဿနာ အစွမ်းဖြင့် ရွှင်လန်း ဝမ်းမြောက်စေလျက်။
စိတ္တံ၊ ဈာန်စိတ် ဝိပဿနာစိတ်ကို။
သမာဒဟံ = သမာဒဟန္တော၊ ညီညွတ်စွာ အာရုံ၌ ထားလျက်။
စိတ္တံ၊ စိတ်ကို။
ဝိမောစယံ = ဝိမောစယန္တော၊ နီဝရဏ ဝိတက် ဝိစာရ နိစ္စသညာ သုခသညာ စသည်မှ လွတ်စေလျက် --
အဿသိဿာမိ ပဿသိဿာမိ ဣတိ သိက္ခတိ၊ ရှူအံ့ ရှိုက်အံ့ဟူ၍ အားထုတ်၏-ကျင့်၏။ (တတိယစတုက္က)
[တတိယစတုတ္တသည် စိတ္တာနုပဿနာစတုက္က ဖြစ်သည်။]
အာနာပါန စတုတ္ထစတုက္က
အနိစ္စာနုပဿီ၊ ခန္ဓာငါးပါးကို အနိစ္စဟု ရှုလျက်။
ဝါ၊ မမြဲသောခန္ဓာငါးပါးကို ရှုလျက်။
ဝိရာဂါနုပဿီ၊ သင်္ခါရတို့၏ ခဏဘင်ဟူသော ခယဝိရာဂ နိဗ္ဗာန်ဟူသော အစ္စန္တဝိရာဂကို ရှုသော ဝိပဿနာမဂ်တို့နှင့် ပြည့်စုံသည်ဖြစ်၍။
နိရောဓာနုပဿီ၊ သင်္ခါရတို့၏ ခဏ ဘင်ဟူသော ခယနိရောဓ နိဗ္ဗာန် ဟူသော အစ္စန္တနိရောဓကို ရှုသော ဝိပဿနာမဂ်တို့နှင့် ပြည့်စုံသည်ဖြစ်၍။
ပဋိနိဿဂ္ဂါနုပဿီ၊ ခန္ဓာဘိသင်္ခါရနှင့် တကွ ကိလေသမာရ်ကို တဒင်္ဂ သမုစ္ဆေဒ ပဟာန် အားဖြင့် ပယ်စွန့်သောကြောင့် “ပဋိစ္စာဂပဋိနိဿဂ္ဂ” ၊ နိဗ္ဗာန်သို့ လွတ်လွတ် ပြေးဝင်သောကြောင့် “ပက္ခန္ဒန ပဋိနိဿဂ္ဂ"၊ ရှေးရှေးဉာဏ်တို့၏ နောက်နောက်၌ ရှုမြင်သောကြောင့်“အနုပဿနာ" အမည်ရသော ဝိပသာနာမဂ်တို့နှင့် ပြည့်စုံသည် ဖြစ်၍။
အဿသိဿာမိ၊ ရှူပေအံ့။
ပဿသိဿာမိ၊ ရှိုက်ပေအံ့။
ဣတိ၊ ဤသို့။
သိက္ခတိ၊ အားထုတ်၏-ကျင့်၏။
စတုတ္ထ စတုက္က
ဣဒံ စတုတ္ထ စတုက္ကံ သုဒ္ဓဝိပဿနာဝသေနေ၀ ဝုတ္တံ။ ပုရိမာနိ တီဏိ သမထဝိပဿနာဝသေန။ ဝိသုဒ္ဓိမဂ် (ဋ္ဌ၊ပ၊နှာ-၃၈၂)
[စတုတ္ထစတုက္ကသည် ဓမ္မာနုပဿနာ စတုက္က ဖြစ်သည်။]
အခြင်းအရာ ၃၂-ပါး
ဤ စတုက္က လေးပါးကို ပေါင်းသည် ရှိသော် သောဠသဝတ္ထုက = တဆဲ့ခြောက်ပါးသော ဌာန ရှိ၏။ တပါးတပါး၌ အဿာသ ပဿာသ နှစ်ပါးစီ ရသောကြောင့် သုံးဆယ့်နှစ် ပါးသော အခြင်းအရာ ဖြစ်၏။
ထို့ကြောင့် ပဋိသမ္ဘိဒါမဂ်ပါဠိတော် (နှာ-၁၇၄)၌
ဗာတ္တိံသာယ အာကာရေဟိ သတောကာရီ ဟောတိ။ ဒီဃံ အဿာသဝသေန စိတ္တဿ ဧကဂ္ဂတံ အဝိက္ခေပံ ပဇာနတော သတိ ဥပဋ္ဌိတာ ဟောတိ။ တာယ သတိယာ တေန ဉာဏေန သတော ကာရီ ဟောတိ။ ဒီဃံ ပဿာသ ဝသေန။ပ။ ပဋိနိဿဂ္ဂါနုပဿီ အဿာသ ဝသေန။ ပဋိနိဿဂ္ဂါနုပသီ ပဿာသ ဝသေန စိတ္တဿ ဧကဂ္ဂတံ အဝိက္ခေပံ ပဇာနတော သတိ ဥပဋ္ဌိတာ ဟောတိ။ တာယ သတိယာ တေန ဉာဏေန သတော ကာရီ ဟောတိ။
ဟူ၍ ဟောတော်မူသည်။
အာနာပါနကမ္မဋ္ဌာန်း၏
အဆစ်အပိုင်း ၅-ပါး
ဤ သောဠသဝတ္ထုက ဒေသနာကို အစဉ်မှီး၍ အဘယ်သို့ ပွါးများ စီးဖြန်းအပ်သနည်း ဟူမူကား— ဤ အာနာပါနဿတိ ကမ္မဋ္ဌာန်းကို စီးဖြန်း ပွါးများ၍ အာနာပါန စတုက္ကဈာန်လျှင် အခြေရှိသော ဝိပဿနာဖြင့် ပဋိသမ္ဘိဒါလေးပါးနှင့်တကွ အရဟတ္တဖိုလ်သို့ ရောက် လိုသော အာဒိကမ္မိက အာစာရကုလပုတ္တသည် ပထဝီကသိုဏ်း (ဤကျမ်း ဒုတွဲ၊ နှာ-၁၅၃) ၌ ဆိုခဲ့ပြီးသော နည်းဖြင့် သီလကို သုတ်သင်ခြင်းစသော ကိစ္စအလုံးစုံကို ကုန်စင်အောင်ပြု ပြီး၍ ဆိုခဲ့ပြီးသော အင်္ဂါနှင့် ပြည့်စုံသော ဆရာသမားအထံ၌ --
ဥဂ္ဂဟော ပရိပုစ္ဆာစ၊
ဥပဋ္ဌာနဉ္စ အပ္ပနာ။
လက္ခဏန္တိ ကမ္မဋ္ဌာနံ၊
ဥဂ္ဂဏှေ ပဉ္စသန္ဓိကံ။
ဟူသော သင်္ဂဟဂါထာအတိုင်း ငါးပါးသော အစပ်အဆက် အဆစ်အပိုင်း ရှိသော ကမ္မဋ္ဌာန်းကို သင်အပ်၏။
ဥဂ္ဂဟော၊ ကမ္မဋ္ဌာန်းပါဋ္ဌ်ကို အနက်ကို သင်ခြင်း။
ပရိပုစ္ဆာ၊ အနက်ကို သံသယကို မေးမြန်းခြင်း။
ဥပဋ္ဌာနံ၊ နိမိတ်ထင်ဟန်ကို စုံစမ်းခြင်း
အပ္ပနာ၊ ဈာန်ဝင်စားဟန်ကို စုံစမ်းခြင်း၊
လက္ခဏံ၊ အစမှသည် အဆုံးတိုင်အောင် ကမ္မဋ္ဌာန်း၏ သဘောကိုမှတ်ခြင်း။
ဣတိ ဤသို့။
ပဉ္စသန္ဓိကံ၊ ငါးပါးသော အစပ်အဆက် အဆစ်အပိုင်း ရှိသော။
ကမ္မဋ္ဌာနံ၊ အာနာပါနကမ္မဋ္ဌာန်းကို။
ဥဂ္ဂဏှေ၊ သင်ရာ၏။
ထိုငါးပါးတို့တွင် --
တတ္ထ ဥဂ္ဂဟော နာမ ကမ္မဋ္ဌာနဿ ဥဂ္ဂဏှနံ။ ပရိပုစ္ဆာ နာမ ကမ္မဋ္ဌာနဿ ပရိပုစ္ဆနာ။ ဥပဋ္ဌာနံ နာမ ကမ္မဋ္ဌာနဿ ဥပဋ္ဌာနံ။ အပ္ပနာ နာမ ကမ္မဋ္ဌာနဿ အပ္ပနာ။ လက္ခဏံ နာမ ကမ္မဋ္ဌာနဿ လက္ခဏံ။ 'ဧဝံ လက္ခဏမိဒံ ကမ္မဌာန' န္တိ ကမ္မဋ္ဌာနသဘာဝုပဓာရဏန္တိ ဝုတ္တံ ဟောတိ။
ဟူသော ဝိသုဒ္ဓိမဂ် (ဋ္ဌ၊ပ၊နှာ-၂၇ဝ)
ကမ္မဋ္ဌာနဿ ဥဂ္ဂဏှန္တိ ကမ္မဋ္ဌာနဂန္ထဿ ဥဂ္ဂဏှနံ။ တဒတ္ထ ပရိပုစ္ဆာ ကမ္မဋ္ဌာန ပရိပုစ္ဆနာ။ အထ ဝါ ဂန္ထတော စ အတ္ထတော စ ကမ္မဋ္ဌာနဿ ဥဂ္ဂဏှနံ ဥဂ္ဂဟော။ တတ္ထ သံသယပရိပုစ္ဆနာ ပရိပုစ္ဆာ။ ကမ္မဋ္ဌာနဿ ဥပဋ္ဌာနန္တိ နိမိတ္တုပဋ္ဌာနံ။ ဧတံ ဘာဝနမနုယုဉ္ဇန္တဿ “ဧဝမိဓ နိမိတ္တံ ဥပဋ္ဌာတီ”တိ ဥပဓာရဏံ။ တထာ ကမ္မဋ္ဌာနပ္ပနာ “ဧဝံ ဈာနမပ္ပေတီ”တိ။ ကမ္မဋ္ဌာနဿ လက္ခဏန္တိ ဂဏနာနုဗန္ဓနာ ဖုသနာနံ ဝသေန ဘာဝနံ ဥဿုက္ကာပေတွာ ဌပနာ သမ္ပတ္တိ။ တတော ပရမ္ပိ ဝါ သလ္လက္ခဏာဒိဝသေန မတ္ထကပ္ပတ္တီတိ ကမ္မဋ္ဌာနသဘာဝဿ သလ္လက္ခဏံ။
ဟူသော ဋီကာ (၊ပ၊နှာ-၃၂၇) တို့နှင့်အညီ --
ဥဂ္ဂဟ
ယခင် ပြခဲ့ပြီးသော ပါဠိအစဉ်ကို။ ဝါ၊ ပါဌ်အနက်ကို သင်ယူခြင်းသည် ဥဂ္ဂဟ မည်၏။
ပရိပုစ္ဆာ
ပါဠိ၏အနက်ကို။ ဝါ၊ ထို၌ဖြစ်သော ယုံမှားသံသယကို မေးမြန်းခြင်းသည် ပရိပုစ္ဆာ မည်၏၊
ဥပဋ္ဌာန
ဤသို့ အားထုတ်လျှင် ဤသို့ နိမိတ်ထင်၏ဟု မှတ်သားခြင်းသည် ဥပဋ္ဌာနမည်၏။
အပ္ပနာ
ဤသို့ ဈာန်ကိုဝင်စားရသည်ဟုမှတ်သားခြင်းသည် အပ္ပနာမည်၏။
လက္ခဏာ
ဂဏနာ အနုဗန္ဓနာ ဖုသနာတို့၏ အစွမ်းဖြင့် အားထုတ်လျှင် ဈာန်ကို ရ၏။ ထိုမှ အထက် ဝိပဿနာ စသည်တို့၏ အစွမ်းဖြင့် တက်သည် ရှိသော် အထက်မဂ်ဖိုလ် အပြီးအဆုံးသို့ ရောက်၏ ဟု ကမ္မဋ္ဌာန်းသဘောကို အစမှအဆုံး တိုင်အောင်သေချာ ပိုင်းခြား မှတ်သားခြင်းသည်လက္ခဏ မည်၏။
အနုသာသနီ သင်္ဂဟဂါထာ
ကမ္မဋ္ဌာန' မုဂ္ဂဏှန္တော၊
ဧဝံ တံ ပဉ္စသန္ဓိကံ။
သယမ္ပိ န ကိလမတိ၊
ဂုရုမ္ပိ န ဝိဟေသတိ။
တသ္မာ ထောက'မုဒ္ဒေသေတွာ၊
သဇ္ဈာယေယျ စိရံ ဗုဓော။
ဧဝံ ပဉ္စသန္ဓိကံ၊ ဤသို့ ငါးပါးသော အစပ်အဆက် အဆစ်အပိုင်း ရှိသော။
တံ ကမ္မဋ္ဌာနံ၊ ထို အာနာပါနကမ္မဋ္ဌာန်းကို။
ဥဂ္ဂဏှန္တော၊ သင်ယူသော တပည့်သည်။
သယမ္ပိ၊ မိမိသည်လည်း။
န ကိလမတိ၊ မပင်ပန်း။
ဂုရုမ္ပိ၊ ဆရာကိုလည်း။
န ဝိဟေသတိ၊ မညှဉ်းဆဲ။
တသ္မာ၊ ထို့ကြောင့်။
ထောကံ၊ အနည်းငယ်မျှ။
ဥဒ္ဒေသေတွာ၊ တက်ယူ သင်ကြား၍။
စိရံ၊ အမြင့်။
ဗုဓော၊ ပညာရှိသော ယောဂီသည်။
သဇ္ဈာယေယျ၊ ရွတ်အံသရဇ္ဈာယ်ရာ၏။
မနသိကာရ ဝိဓိ ၈-ပါး
ဤသို့ အစပ်အဘို့ ငါးပါးရှိသော အာနာပါန ကမ္မဋ္ဌာန်းကို သင်ကြားမှတ်သားပြီး၍ (ဤကျမ်း ဒု-တွဲ၊ နှာ-၁၇၅ ၌) ဆိုအပ်ခဲ့ပြီးသော အပြစ်ဒေါသရှိသော ကျောင်းကို ရှောင်ကြဉ်၊ အင်္ဂါငါးပါးရှိသော ကျောင်းဝယ်၊ ငယ်သော ပလိဗောဓ ဘတ္တသမ္မဒတို့ကို ပယ်ဖြတ်၊ ရတနတ္တယဂုဏ်ကို အောက်မေ့ဆင်ခြင်သဖြင့် စိတ်ကို ရွှင်လန်းစေကာ ဆရာထံပါးမှ သင်ကြားခဲ့သည်ကို တဘို့တစုမျှ မမေ့မလျော့စေမူ၍ ---
ဂဏနာ စာ’ နုဗန္ဓနာ၊
ဖုသနာ ဌပနာပိ စ။
သလ္လက္ခဏာ ဝိဝဋ္ဋနာ၊
ပါရိသုဒ္ဓိ စ ပဿနာ။
ဟူသော မနသိကာရ ဝိဓိ ရှစ်ပါးတို့တွင် --
ဂဏနာစ၊ ထွက်သက်ဝင်သက်လေကို ၁-၂-၃ စသည်ဖြင့် ရေတွက်ခြင်း၎င်း။
အနုဗန္ဓနာ၊ အစဉ်လိုက်၍မှတ်ခြင်း၎င်း။
ဝါ၊ ထွက်သက်ဝင်သက်လေကို အစဉ်လိုက်၍မှတ်ခြင်း၎င်း။
ဖုသနာ၊ နှာသီးဖျား စသောဌာနကို ထွက်သက် ဝင်သက်လေတို့ ထိပါးခြင်း၎င်း။
ဌပနာပိစ၊ စိတ်ကိုအာရုံ၌ ကောင်းစွာ ထားခြင်း၎င်း။
သလ္လက္ခဏာ၊ မမြဲခြင်း စသည်ကို ကောင်းစွာမှတ်ခြင်း ဝိပဿနာ၎င်း။
ဝိဝဋ္ဋနာ၊ ဝဋ်မှကင်းစေသော မဂ်၎င်း။
ပါရိသုဒ္ဓိ စ၊ ကိလေသာ ငြိမ်းအေးသဖြင့် ထက်ဝန်းကျင် စင်ကြယ်ခြင်း ဖိုလ်၎င်း၊
ပဿနာ၊ မဂ် ဖိုလ် တို့ကို ရှုခြင်း ပစ္စဝေက္ခဏာ၎င်းတည်း။
(ဝိဓိ = အစီအရင်။ စီရင်ပုံ)
ဂဏနာနည်း
ရှေးဦးစွာ နှေးသော ဓညာမာပကဂဏနာနည်းဖြင့် ထင်ရှားစွာ ထွက်ဝင်သော လေကိုသာ ရှု၍ တစ်-နှစ်-သုံး-လေး-ငါး တစ်-နှစ်-သုံး-လေး-ငါး ဟူ၍သော်၎င်း၊ ဆယ်ခုတိုင်အောင်သော်၎င်း၊ ငါးခု ဆယ်ခုတို့၏ အတွင်း၌ နှစ်သက်ရာ ဂဏန်းသင်္ချာ ကို ယူ၍ ဖြည်းညှင်း သက်သာစွာ ရေတွက်အပ်၏။
[ဓည=စပါး။ မာပက=ခြင်သည်။ စပါးခြင်သကဲ့သို့ နှေးနှေးမှန်မှန် ရေတွက်နည်း။]
ထိုသို့ ရေတွက်သဖြင့် ထွက်တိုင်း ဝင်တိုင်းသော လေတို့သည် ထင်ရှားလတ် ကုန်သည်ရှိသော် နှေးသော ဓညမာပက ဂဏနာနည်းကို လွှတ်၍ လျင်မြန်သော ဂေါပါလက ဂဏနာနည်းဖြင့် တစ်-နှစ်-သုံး-လေး-ငါး တစ်--နှစ်-သုံး-လေး-ငါး စသည်ဖြင့် လျင်လျားစွာ ရေတွက်အပ်၏။ အတွင်းသို့ ဝင်သောလေ အပသို့ ထွက်သွားသော လေတို့ကို လိုက်၍ မသိမ်းဆည်း မဆင်ခြင်ပဲ နှာခေါင်း, ရှည်သော သူမှာ နှာခေါင်းဖျား၊ နှာခေါင်းတိုသောသူမှာ အထက်နှုတ်ခမ်း ဟူသော လေထိခတ်ရာ ဖုဋ္ဌောကာသ၌သာ သတိထားလျက် လျင်စွာ ရေတွက်အပ်၏။
[ဂေါပါလက ဂဏနာနည်း = နွားတွေစုပြီးဝင်လာရာ၌ နွားကျောင်းသားသည်အမြန် ရေတွက်ရသကဲ့သို့ ရေတွက်နည်း။]
ဤဂဏနာနည်း၌—
ဧကော ဒွေ တီဏိ စတ္တာရိ ပဉ္စ၊ ဧကော ဒွေ တီဏိ စတ္တာရိ ပဉ္စ ဆ၊ ဧကော ဒွေ တီဏိ စတ္တာရိ ပဉ္စ ဆ သတ္တ။ပ။ အဋ္ဌ န၀ ဒသာတိ သီဃံ သီဃံ ဂဏေတဗ္ဗမေဝ။
ဟူသောအဋ္ဌကထာ (ပ၊နှာ-၂၇၁) စကား၌ တခုတခု တိုး၍ တိုး၍ ရေတွက်ရမည်ဟု အထင်အမှတ် မှားတတ်၏။ ထိုသို့ တိုး၍ တိုး၍ မရေတွက်အပ်၊ ပဋိစ္ဆန္နပရိဝါသ်အရာ၌ ဧကာဟပ္ပဋိစ္ဆန္နာယော, ဒွီဟပ္ပဋိစ္ဆန္နာယော။ပ။ သဋ္ဌိသံဝစ္ဆရပ္ပဋိစ္ဆန္နာယော” ဟူသော စကားကဲ့သို့ လိုသောသင်္ချာကို နုတ်ယူပွါးများစေခြင်းငှါ တခုစီ တခုစီ အသီးအခြား ပြည့်စုံအောင် ပြသောစကားဟု မှတ်အပ်၏။
သို့မဟုတ်က --
ဂဏနာနိဿိတောဝ စိတ္တုပ္ပါဒေါ ဟောတိ။ န ကမ္မဋ္ဌာနနိဿိတော ဟု-အဋ္ဌကထာ (ပ၊နှာ-၂၇ဝ)၊ ဋီကာ(မဟာ၊ပ၊နှာ-၃၂၈) ပြသော ဒေါသ မလွတ်နိုင်ပြီ။
ဂဏနာနည်း ပြီး၏။
အနုဗန္ဓနာနည်း
ရေတွက်ခြင်း ဂဏန်းသင်္ချာနှင့် ကင်းလျက် အခြား အာရုံသို့ စိတ်မထွက်ပဲ ပြင်ပသို့ ပျံ့လွင့်သော ဝိတက် မရှိ၊ ထွက်သက် ဝင်သက် အာရုံ၌ သတိ တည်နိုင်သောအခါ ဂဏနာနည်းကို လွှတ်၍ ဖုဋ္ဌောကာသ ၌ပင် သတိထားလျက် “ဤကား ထွက်သက်လေ ဤကား ဝင်သက်လေ”ဟု ထွက်တိုင်း ဝင်တိုင်းလေသို့ အစဉ်လိုက်၍ “အနုဗန္ဓနာနည်း”ဖြင့် သိမ်းဆည်း ဆင်ခြင်အပ်၏။ ချက် နှလုံး၏ အထက်အဘို့ နှာခေါင်းတို့သည် တွက်သက်လေ၏ အစ အလယ် အဆုံး မည်ကုန်၏။ နှာခေါင်းဖျား၊ နှလုံး၏ အထက် ချက်တို့သည် ဝင်သက်လေ၏ အစ အလယ် အဆုံး မည်ကုန်၏။ ထို အာဒိ မဇ္ဈ ပရိယောသာနသို့ အစဉ် မလိုက်အပ်၊ ထွက်တိုင်း ဝင်တိုင်း မလွတ် စေမူ၍ ဖုဋ္ဌဋ္ဌာန က နေလျက် အာရုံပြုသည်ကို အနုဗန္ဓနာဆိုသည်။
အနုဗန္ဓနာနည်း ပြီး၏။
ဖုသနာနည်း
ဖုသနာနည်းကား အသီး မရှိ၊ ရှေးနည်းနှစ်ပါး၌ ဝင်လေပြီ။ လေထိခတ်ရာ ဖုဋ္ဌ ဖုဋ္ဌဋ္ဌာန၌ သတိထားလျက် ရေတွက်ခြင်း အစဉ်လိုက်ခြင်းကိုပင် ဖုသနာ ဆိုသည်။ ဖုသနာနည်းနှင့် ကင်းသော ဂဏနာ အနုဗန္ဓနာဟူ၍ မရှိ။ ဤအနက်ကို ဧယာဉ်ပခက် လွှဲသောသူဆွံ့ ဟူသော ပင်္ဂုဠောပမာ ဒေါဝါရိကောပမာ ကကစူပမာ တို့ဖြင့် သိအပ်၏။
ဆွံ့အသူ ဥပမာ
ထိုတွင် ပင်္ဂုဠောပမာ ဟူသည်ကား - ဧယာဉ်၌ ကစားသော မိသားနှစ်ယောက်တို့၏ ဧယာဉ်ကို တိုင်ရင်း၌ ထိုင်၍ လွှဲသော သူဆွံ့ယောက်ျားသည် အားမထုတ်ပဲ ထိုင်ရာ ကပင် ဧယာဉ် ပခက်၏ အစွန်းနှစ်ဖက် အလယ်ချက်တို့ကို အလိုလို မြင်ရသကဲ့သို့ ဖုဋ္ဌ ဖုဋ္ဌဋ္ဌာန၌ပင် သတိဖြင့် နေလျက် ထွက်သက် ဝင်သက်၏ အာဒိ မဇ္ဈ ပရိယောသာနကို အလိုလို မြင်သည်။
တံခါးစောင့် ဥပမာ
ဒေါဝါရီကောပမာ ဟူသည်ကား - တံခါးစောင့် ယောက်ျားသည် မြို့တွင်း မြို့ပတို့၌ မစုံထောက် မူ၍ တံခါးပေါက်သို့ ရောက်လာ ရောက်လာသသူ ကိုသာ စုံစမ်းသကဲ့သို့ ဖုဋ္ဌ ဖုဋ္ဌဋ္ဌာနသို့ ရောက်သောလေကိုသာ အာရုံပြုသည်။
(ဒေါဝါရိက = တံခါးစောင့်။)
လွှသမား ဥပမာ
ကကစူပမာ ဟူသည်ကား ---
နိမိတ္တံ အဿာသ ပဿာသာ၊
အနာရမ္မဏ' မေကစိတ္တဿ။
အဇာနတော စ တယော ဓမ္မေ၊
ဘာဝနာ နု'ပလဗ္ဘတိ။
မိတ္တံ အဿာသ ပဿာသာ၊
အနာရမ္မဏ' မေကစိတ္တဿ။
ဇာနတောဝ တယော ဓမ္မေ၊
ဘာဝနာ ဥပလဗ္ဘတိ။
နိမိတ္တံ၊ ဖုဋ္ဌဋ္ဌာနသည်၎င်း။
အဿာသ ပဿာသာ၊ ထွက်သက် ဝင်သက်လေ တို့သည်၎င်း။
ဧကစိတ္တဿ၊ တခုတည်းသောစိတ်၏။
အနာရမ္မဏံ၊ အာရုံ မဖြစ်နိုင်။
စ၊ ယင်းသို့ မဖြစ်နိုင်သည်ရှိသော်။
တယော ဓမ္မေ၊ သုံးပါးကုန်သော ထို တရားတို့ကို။
အဇာနတော၊ မသိသောသူသည်။
ဝါ၊ မသိသော သူအား။
ဘာဝနာ၊ အာနာပါနဿတိ သမာဓိဘာဝနာကို။
ဝါ၊ သမာဓိ ဘာဝနာသည်။
န ဥပလဗ္ဘတိ၊ မရအပ်သည် မဟုတ်လော။
ဝါ၊ မပြီးသည် မဟုတ်လော။
နိမိတ္တံ၊ ဖုဋ္ဌဋ္ဌာနသည်၎င်း။
အဿာသ ပဿာသာ၊ ထွက်သက် ဝင်သက်လေ တို့သည်၎င်း။
ဧကစိတ္တဿ၊ တခုတည်းသောစိတ်၏။
အနာရမ္မဏံ၊ အာရုံ မဖြစ်နိုင်။
တယော ဓမ္မေ၊ သုံးပါးကုန်သော တရားတို့ကို။
ဇာနတောဝ၊ သိသူသည် သာလျှင်။
ဝါ၊ သိသောသူအားသာလျှင်။
ဘာဝနာ၊ အာနာပါနဿတိ သမာဓိ ဘာဝနာကို။
ဝါ၊ သမာဓိဘာဝနာသည်။
ဥပလဗ္ဘတိ၊ ရအပ်၏။
ဝါ၊ ပြီး၏။
ဤဂါထာနှင့် အညီ သစ်တုံးကို လွှဖြင့် ဖြတ်ခွဲသော ယောက်ျားသည် သစ်တုံး၌ ထိခိုက်သော လွှသွားတွင်ရွေ့သာ အာရုံပြု၏။ သို့သော်လည်း လာတိုင်း သွားတိုင်းသာ လွှသွား ထင်ရှား၏။ သစ်ကို ဖြတ်သည့် ဝီရိယ ဟူသော ပဓာနလည်း ထင်၏။ ဖြတ်ခြင်း ကြိယာ ဟူသော ပယောဂကိုလည်း ပြီးစေ၏။ အစိတ်အစိတ် ကွဲပြတ်ခြင်း ထိုဖြင့် စရပ် တန်ဆောင်း အိမ် ကျောင်း ဆောက်ရခြင်း အကျိုးထူး ဝိသေသကိုလည်း ရ၏။ ထို့အတူ နာသိကဂ္ဂမုခနိမိတ္တ ဟူသော ဥပနိဗန္ဓနာနိမိတ် သစ်တုံး၌ ထိခိုက်သော အဿာသ ပဿာသ လွှသွားကိုသာ အာရုံပြုသော်လည်း လာတိုင်း သွားတိုင်းသော လေ ထင်ရှား၏။ ဘာဝနာကမ္မက္ခမ၏ အကြောင်း ဝီရိယဟူသော ပဓာနလည်း ထင်၏။ ဈာနာဓိဂမဟေတု ကမ္မဋ္ဌာနာနုယောဂ ဟူသော ပယောဂကိုလည်း ပြီးစေ၏။ သံယောဇဉ်ပျောက်ပ အနုသယ ကုန်ခန်းခြင်း ဝိသေသကိုလည်း ရ၏။
အာနာပါနဿတီ ယဿ၊
ပရိပုဏ္ဏာ သုဘာဝိတာ။
အနုပုဗ္ဗံ ပရိစိတာ၊
ယထာ ဗုဒ္ဓေန ဒေသိတာ။
သော ဣမံ လောကံ ပဘာသေတိ၊
အဗ္ဘာ မုတ္တော ́ဝ စန္ဒိမာ။
ယဿ၊ အကြင်ပုဂ္ဂိုလ်သည်။
အာနာပါနဿတိ၊ အာနာပါနဿတိကို။
ယထာ၊ အကြင် အခြင်းအရာဖြင့်။
ဗုဒ္ဓေန၊ မြတ်စွာဘုရားသည်။
ဒေသိတာ၊ ဟောတော်မူအပ်၏။
တထာ၊ ထို ဟောတော်မူတိုင်း။
ပရိပုဏ္ဏာ၊ တဆဲ့ခြောက်ခု ဝတ္ထုပြည့်စုံစွာ။
သုဘာဝိတာ၊ ကောင်းစွာ ပွါးအပ်၏။
အနုပုဗ္ဗံ၊ ဒီဃ ရဿ စသော အစီအရင်ဖြင့် အစဉ်အတိုင်း။
ပရိစိတာ၊ လေ့လာအပ်၏။
သော၊ ထိုပုဂ္ဂိုလ်သည်။
ဣမံ လောကံ၊ ဤမိမိ၏ခန္ဓာစသော လောကကို။
အဗ္ဘာ၊ တိမ်တိုက်မှ။
မုတ္တော၊ လွတ်သော။
စန္ဒိမာ ဣဝ၊ လကဲ့သို့။
ပဘာသေတိ၊ ပညာရောင်ဖြင့် တောက်လောင် ထွန်းလင်းစေနိုင်၏။
ဌပနာနည်း
ဌပနာနည်းလည်း အသီးအခြား မရှိ၊ ပဋိဘာဂနိမိတ် ထင်ပြီးသည့်နောက် အပ္ပနာ ဖြစ်ပေါ်လာအောင် စိတ်ကို ထားခြင်း တည်ကြည်စေခြင်းကိုပင် ဌပနာ ဆိုသည်။
တိက္ခပုဂ္ဂိုလ်၌
နိမိတ်ထင်ပုံများ
ဤ ဆိုအပ်ခဲ့ပြီးသည်အတိုင်း စီးဖြန်း ပွါးများသည်ရှိသော် အချို့သော တိက္ခပညာ ပုဂ္ဂိုလ်အား မကြာမတင် နိမိတ်ထင်၏။ ဝိစာရစသော ဈာန်အင်္ဂါ တို့ဖြင့် တန်းဆာဆင် အပ်သော ဝိတက် ဧကဂ္ဂတာ ဟူသော အပ္ပနာဈာန် ဖြစ်ပေါ် လာ၏။
နာတိတိက္ခပုဂ္ဂိုလ်၌
နိမိတ်ထင်ပုံ
အချို့သော နာတိတိက္ခပုဂ္ဂိုလ်အားကား ခေါင်းလောင်း, ကြေးခွက်ကို တီးနှက် သောအခါ ကြာလေ ကြာလေ အသံသိမ်မွေ့ ကွယ်ပျောက်သကဲ့သို့ ဤ အာနာပါနကမ္မဋ္ဌာန်း သည် တပါးသော ကမ္မဋ္ဌာန်းနှင့် မတူ၊ ဘုရား ပစ္စေကဗုဒ္ဓါ အရိယာ သူမြတ် ဥဒါတ္ထပုဂ္ဂိုလ် [၁] တို့၏အရာ လွန်စွာဝန်လေး ခဲယဉ်းသော ကမ္မဋ္ဌာန်းဖြစ်ရကား ဂဏနာနည်းမှစ၍ စီးဖြန်းတိုင်း စီးဖြန်းတိုင်း ကိုယ်စိတ် ပေါ့ပါး ခုန်လွှား ပျံတက်အံ့မည်လို။ ထိုထို ရုန်းရင်းသော အဿာသ ပဿာသ ချုပ်ပျောက်လေ၍ အစဉ်အတိုင်း သိမ်မွေ့၍ လာသဖြင့် မထင်နိုင် ရှိတတ်သည်၊ ထိုအခါ နေရာမှ ထ၍ မသွားပဲ ---
[၁။ ဥဒါတ္ထ = (ဥ = ဖြစ်ခြင်း၊ အတ္ထ = ပျက်ခြင်း) ခန္ဓာ ၅-ပါးတို့၏ ဖြစ်ခြင်းပျက်ခြင်းကို ပိုင်းခြားသိမြင်သူ = (ဥဒ = ပြန့်ပြောခြင်း၊ အတ္ထ = ပညာ) မြတ်သော ပညာရှိသူ။]
အသက်မရှူရှိုက်သူ ၇-ယောက်
အမိဝမ်းဖြစ်၊ ရေနစ်ငုပ်ပါ၊
ဗြဟ္မာဟူသမျှ၊ နိရောဓဝင်၊
ပဉ္စမဈာန်နေ၊ တွေဝေသောသူ၊
သေသောသူ-ဟု၊ ခုနစ်ခုတွင်၊
သင်မဝင်ခဲ့၊ သတိပညာ၊
နည်းသည်တာကြောင့်၊ သင့်မှာ မထင် ရှိခဲ့သည်။
သင်သို့သူကိုပင် ရည်မှတ်၍--
နာဟံ ဘိက္ခဝေ မုဋ္ဌဿတိဿ အသမ္ပဇာနဿ အာနာပါနဿတိ ဘာဝနံ ဝဒါမိ --
ဟူသောစကားကို ဘုရားဟောတော်မူအပ်သည် မဟုတ်လော -
ဟု-ကိုယ်ကို ကိုယ်ရှင် အပြစ်တင်လျက် ထွက်ပြေးပျောက်ရှလေသော နွားကို ရေချဆိပ်မှ စောင့်နေ၍ ဖမ်းဆီးချည်နှောင် လယ်ထွန်သော လယ်ထွန်သမား လိမ္မာသော ယောက်ျားကဲ့သို့ ရှေးစီးဖြန်းနေကျ နာသိကဂ္ဂ မုခနိမိတ္ထဟူသော ပကတိ ဖုဋ္ဌောကာသ၌သာ စိတ်ကို ထားလျက် ဒေသအားဖြင့် ဆောင်အပ်၏။ မကြာခင် ထင်လာ၏။
ထိုသို့ ထင်လာသောအခါ အာဿာသ ပဿာသ ဟူသော နွားကို ဖုဋ္ဌောကာသ ဟူသော ထမ်းပိုး၌ သတိဟူသော ကြိုးလွန်ဖြင့် ချည်ကကာ ပညာဟူသော နှင်တံ တံပြာဖြင့် ရိုက်ခတ်ထိုး၍ ဟိုးဟိုးချင်းစပ်အောင် မောင်း၍ ထွန်ရမည်။ မကြာခင် နိမိတ် ထင်လာ၏။
နိမိတ်ထင်ပုံ အမျိုးမျိုး
ဥဂ္ဂဟနိမိတ်
ထိုထင်လာသော ဥဂ္ဂဟနိမိတ်သည် လဲဂွမ်း ဝါဂွမ်း လေအယဉ် ကြယ်ရောင် ပတ္တမြားလုံး ပုလဲလုံး ဝါစေ့ သစ်သားနှစ် တံကျင် ရှည်သောဆောက်လုံးကြိုး ပန်းကုံး မီးခိုးညွန့် ပြန့်သောပင့်ကူချည် တိမ်တိုက် ကြာပွင့် လှည်းဘီးစက် လဝန်း နေဝန်း တို့ကဲ့သို့ လှုပ်ရှားသော အခြင်းအရာဖြင့် သညာအားလျော်စွာ ထင်၏။
ပဋိဘာဂနိမိတ်
ပဋိဘာဂနိမိတ်ကား ကြယ်ရောင် ပတ္တမြားလုံး စသည်ကဲ့သို့ ငြိမ်သက်စွာ ထင်၏။
တထာ ဟိ တူလပိစုအာဒိ ဥပမတ္တယံ ဥဂ္ဂဟေ ယုဇ္ဇတိ။ သေသံ ဥဘယတ္ထ။
ဋီကာ(ပ၊ နှာ-၃၃၅)
သင်္ဂဟဂါထာ
တူလ ကပ္ပါသ ပိစူဝ၊
ဝါတဓာရာဝ ခါယတိ။
မုတ္တာ မဏိ ဂုဠိကာဝ၊
နိမိတ္တ' မုပတိဋ္ဌတိ။
ကပ္ပါသဋ္ဌိ သာရသုစိ၊
ပါမင်္ဂံ ပုပ္ဖဒါမကံ။
ဓူမသီခါ မက္ကဋကံ၊
သုတ္တဗ္ဘပဋလံ ဝိယ။
ပဒုမံ ရထစက္ကံဝ၊
စန္ဒ သူရိယမဏ္ဍလံ။
တခုတည်းသော သုတ်သည်ပင် သညာအားလျော်စွာ ရေတံခွန် မြစ်၊ တော အရေး, ချမ်းဧလှစွာ သာခါပတ္တ ပုပ္ဖလနှင့် ပြည့်စုံသော သစ်ပင်ကြီးတို့အသွင် ထင်သကဲ့သို့ နိမိတ်တခုတည်းပင် သညဇဖြစ်၍ သညာအားလျော်စွာ ထင်လေသည်။
ဤသို့ ပဋိဘာဂနိမိတ် ထင်၍ ဥပစာရဈာန်ကို ရပြီးသည်ရှိသော် --
နိမိတ္တေ ဌပယံ စိတ္တံ၊
နာနာကာရံ ဝိဘာဝယံ။
ဓီရော အဿာသပဿာသေ၊
သကံ စိတ္တံ နိဗန္ဓတိ။
ဓီရော၊ ပညာ သမာဓိရှိသော ယောဂီသည်။
အဿာသပဿာသေ၊ ထွက်သက် ဝင်သက်နှစ်ပါး၌။
နာနာကာရံ၊ ဒီဃ ရဿအားဖြင့် နှစ်ပါးစီဖြစ်သော အခြင်းအရာ လေးပါးကို။
ဝိဘာဝယံ၊ စွန့်လွှတ် ပယ်ဖျောက်လျက်။
နိမိတ္တေ၊ ခြင်းရာ လေးပါး ထင်ရှားမရ ပဋိဘာဂနိမိတ်၌။
စိတ္တံ၊ စိတ်ကို။
ဌပယံ၊ ထားလျက်။
သကံ စိတ္တံ၊ မိမိစိတ်ကို။
နိဗန္ဓတိ၊ အပ္ပနာဖြင့် ဖွဲ့၏။ ဝါ၊ ဈာန်စိတ်ဖြစ်စေ ဝင်စားစေ၏။
ဌပနာဖြင့်သာ အပ္ပနာသို့ရောက်ခြင်း
ဤ ပေါရာဏိကဂါထာနှင့်ညီစွာ ထို ပဋိဘာဂနိမိတ်၌ စိတ်ကို ထား၍ အပ္ပနာ ဖြစ်ပေါ်လာအောင် ဌပနာနည်း တခုတည်းဖြင့်သာ ပွါးအပ်၏။
အခြင်းအရာ ၄-ပါး
အခြင်းအရာလေးပါးကို—
ဒီဃော ရဿော စ အဿာသော၊
ပဿာသောပိ စ တာဒိသော။
စတ္တာရော ဝဏ္ဏာ ဝတ္တန္တိ၊
နာသိကဂ္ဂေ ဝ ဘိက္ခုနော[၁]။
ဟူသော အဋ္ဌကထာ(နှာ-၂၆၅)ဖြင့် သိအပ်၏။
[၁။ ရှည် တို-ထွက်သက်၊ ရှည် တို-ဝင်သက်၊ ပေါင်း ၄-ပါး။ ဝိ၊ဋ္ဌ၊ ၂၊ နှာ-၁၆။]
စတ္တာရော ဝဏ္ဏာ၊ လေးပါးကုန်သော အခြင်းအရာတို့သည်။
ဘိက္ခုနော၊ ရဟန်း၏။
နာသိကဂ္ဂေ၀ = နာသိကဂ္ဂေ ဝါ၊ နှာသီးဖျား၌သော်၎င်း။ ပေး။
(အာ-ကို ရဿ ပြုသည်၊ ထို ဝါ-ဖြင့် ဥတ္တရောဋ္ဌေ ဝါဟု-ဆည်းသည်)။
ဤ၌ --
ဂဏနာနုဗန္ဓနာဝသေန ဝိယ ဟိ ဖုသနာဌပနာဝသေန ဝိသုံ မနသိကာရော နတ္ထိ။ ဖုဋ္ဌဋ္ဌာနေယေဝ ပန ဂဏေန္တော ဂဏနာယ စ ဖုသနာယ စ မနသိ ကရောတိ။ တတ္ထေ၀ ဂဏနံ ပဋိသံဟရိတွာ တေ သတိယာ အနုဗန္ဓန္တော အပ္ပနာဝသေန စ စိတ္တံ ဌပေန္တော အနုဗန္ဓနာယ စ ဖုသနာယ စ ဌပနာယ စ မနသိ ကရောတီတိ ဝုစ္စတိ။
အဋ္ဌကထာ (ပ၊ နှာ-၂၇၂)
ဣတော ပဘူတိ ဌပနာဝသေန ဘာဝနာ ဟောတိ။
အဋ္ဌကထာ (ပ၊နှာ-၂၇၈)
ဣတော ပဘူတီ'တိ ဣတော ပဋိဘာဂနိမိတ္တုပ္ပတ္တိတော ပဋ္ဌာယ။ ပုဗ္ဗေ ယံ ဝုတ္တံ 'အနုဗန္ဓနာယ စ ဖုသနာယ စ ဌပနာယ စ မနသိကရောတီ'တိ၊ တတ္ထ အနုဗန္ဓနံ ဖုသနဉ္စ ဝိဿဇ္ဇေတွာ ဌပနာဝသေနု ဘာဝနာ ဟောတီတိ ဌပနာဝသေန ဘာဝေတဗ္ဗန္တိ အတ္ထော။
ဋီကာ (ပ၊ နှာ-၃၃၆)
ဤ အဋ္ဌကထာ ဋီကာ ရှေ့နောက်စကားရပ်တို့ကို စပ်၍ ဤသို့သော အဆုံး အဖြတ်ကို မှတ်အပ်၏။
ဂဏနာစသည် အဆုံးအဖြတ်
ပဋိဘာဂနိမိတ် မထင်မီ ဂဏနာ အခိုက်၌ ဂဏနာ ဖုသနာ နှစ်ပါးရ၏။ ဂဏန်းသင်္ချာကို လွှတ်၍ အစဉ်လိုက်သောအခါ အနုဗန္ဓနာ, ဖုသနာ နှစ်ပါးရ၏။
ပဋိဘာဂနိမိတ် ထင်သည်မှ စ၍ အာနာပါနနှစ်ပါး တသားတည်းကဲ့သို့ မတုန်မလှုပ် ထင်သောကြောင့် အစဉ်လိုက်ဖွယ် ထိရာ ဖုဋ္ဌောကာသ၌ သတိထားဖွယ် မရှိ၊ ထိုနိမိတ်၌ စိတ်ကို တည်ကြည်စွာ ထားလျှင်ပင် အပ္ပနာ ဖြစ်ပေါ်လာရကား ဌပနာနည်း တပါးသာ ရ၏ မှတ်လေ။
ဤ ပဋိဘာဂနိမိတ် ထင်သောအခါ ထိုနေရာ၌ အပ္ပနာဈာန်သို့ မရောက်သေးမူ ပထဝီ ကသိုဏ်း (ဤကျမ်း ဒု၊ တွဲ၊ နှာ-၁၉၁) ၌ ဆိုခဲ့ပြီးသည်အတိုင်း ထိုနိမိတ်ကို ကြဝတေးလောင်း ကိုယ်ဝန်ကိုကဲ့သို့ လွန်စွာ စောင့်ရှောက်လျက် စတုက္က ပဉ္စကဈာန် သို့ ရောက်အောင် ပွါးများစီးဖြန်းအပ်၏။
သလ္လက္ခဏာစသည် ၄-ပါး
သလ္လက္ခဏာ။ ။ ဝိပဿနာသည် သလ္လက္ခဏာမည်၏။
ဝိဝဋ္ဋနာ။ ။ မဂ်သည် ဝိဝဋ္ဋနာ မည်၏။
ပါရိသုဒ္ဓိ။ ။ ဖိုလ်သည် ပါရိသုဒ္ဓိ မည်၏။
ပဋိပဿနာ။ ။ ပစ္စဝေက္ခဏာသည် ပဋိပဿနာ မည်၏[၁]။
[၁။ သလ္လက္ခဏာ = အနိစ္စလက္ခဏာစသည်ကို မှတ်၍ ကောင်းစွာရှုခြင်း။
ဝိဝဋ္ဋနာ = ဝဋ်မှကင်းလွတ်စေခြင်း၊
ပါရိသုဒ္ဓိ = ကိလေသာအလုံးစုံမှ စင်ကြယ်ခြင်း။
ပဋိပဿနာ = တဖန်ထပ်၍ ရှုဆင်ခြင်ခြင်း။ (ပဋိ+ ပဿနာ)]
ဝိပဿနာသို့ တက်ရောက် ပွါးများပုံ
ထိုလေးပါးကို ရလိုသော ပုဂ္ဂိုလ်သည် ရပြီးသော အာနာပါနဈာန်ကို ဝသီဘော် ငါးတန်တို့ဖြင့် အဖန်ဖန်လေ့လာ၍ သမာပတ်မှ ထပြီးလျှင် ပန်းပဲဖို၌ ရွတ်တီး[၂] ကို၎င်း၊ ထိုးခြင်းလုံ့လကို၎င်း စွဲ၍ လေဖြစ်သကဲ့သို့ ကရဇ ကာယကို၎င်း စိတ်ကို၎င်း စွဲ၍ ထွက်သက် ဝင်သက်လေ ဖြစ်၏။ ထို ထွက်သက် ဝင်သက်လေ ကရဇ ကာယတို့သည် ရုပ်တည်း၊ သမ္ပယုတ်တရားနှင့် တကွသော စိတ်သည် နာမ်တည်း။
ဤသို့စသည်ဖြင့် နာမ်ရုပ်ကို ပိုင်းခြားပြီး၍ နာမ်ရုပ်၏ အကြောင်းကို ဖွေရှာသိမြင် [၃] ကင်္ခါစင်၍ သမ္မသနဉာဏ်ဖြင့် တိလက္ခဏသို့ တင်၍ ဥဒယဗ္ဗယ ဉာဏ် အစ၌ဖြစ်သော ဝိပဿနုပက္ကိလေသတို့ကို ပယ်၍ ဥပက္ကိလေသမှ လွတ်သော ပဋိပဒါဉာဏ်သည် လမ်းမှန်တည်းဟု - ပိုင်းခြား၍ အဖြစ်ကို လွှတ်လျက် အပျက်ကိုသာ ရှု၍ (ဘင်္ဂဉာဏ်ဖြင့်) အပျက်ချည်းသာဟု ထင်ကုန်သော သင်္ခါရ တရားတို့၌ ဘယဉာဏ် အာဒီနဝဉာဏ် ရှေ့သွားရှိသော နိဗ္ဗိန္ဒဉာဏ်ဖြင့် ငြီးငွေ့လျက် မုဉ္စိတုကမျတာ ပဋိသင်္ခါ သင်္ခါရုပေက္ခာ အနုလောမဉာဏ် တို့၏ အဆုံး ဂေါတြဘူဉာဏ် ၏ အခြားမဲ့၌ဖြစ်သော မဂ်ဉာဏ်ဖြင့် တပ်ခြင်း ကင်းလွတ် ကွာမြောက် မဂ်လေးပါးသို့ရောက်လျက် အရဟတ္တဖိုလ်ဟူသော ထီးဖြူအောက်၌ တည်၍ ဧကူနဝီသတိဘေဒံ ပစ္စဝေက္ခဏာဉာဏ် [၄] အဆုံးသို့ ရောက်တော်မူ၍ နတ်လူတို့၏ ပူဇော်သကာကို ခံရသော အဂ္ဂဒက္ခိဏေယျ ပုဂ္ဂိုလ်အဖြစ်သို့ ရောက်လေသည်။
ဤကား အာဒိကမ္မိကပုဂ္ဂိုလ်အား ရကောင်းသော ပထမ စတုက္က၌ ပွါးပုံ ကာယာနုပဿနာ သတိပဋ္ဌာန ဘာဝနာတည်း။
ကြွင်းသော စတုက္ကသုံးပါးတို့ကား ပွါးပုံ အသီး ကမ္မဋ္ဌာန်းနည်း မရှိပြီ။
[၂။ ရွတ်တီး = လေမှုတ်ထုတ်သော ဖားဖို။
၃။ ဝိပဿနာအခြေခံ ဉာဏ် ၂-ပါး။
(၁) နာမရူပပရိစ္ဆေဒဉာဏ် = ရုပ်နာမ်တို့ကို ပိုင်းခြား သိသောဉာဏ်။
(၂) ပစ္စယပရိဂ္ဂဟဉာဏ် = နာမ်ရုပ်တို့၏အကြောင်းကို သိမြင်သောဉာဏ်။
၄။ မဂ် ဖိုလ် နိဗ္ဗာန် ပယ်ပြီးကိလေသာ မပယ်ရသေးသော (ကြွင်းသော) ကိလေသာ တို့ကို ဆင်ခြင်သောအားဖြင့် ပစ္စဝေက္ခဏာဉာဏ် တခုယုတ်နှစ်ဆယ် (၁၉-ခု)ရှိသည်။]
အာနာပါနကမ္မဋ္ဌာန်း ပွါးခြင်းအကျိုး
ဤ အာနာပါနသတိ၏ အကျိုးအာနိသင်ကား --
သင်္ဂဟဂါထာ
သောဠသဗ္ဗတ္ထုကာ ဧသာ၊
သန္တာ စ ပဏိတာပိ စ။
အသေစနကာ သုခါ စ၊
ဌာနသော ပါပဟာယိကာ။
ဝိတက္ကစ္ဆေဒသမတ္ထာ၊
ဝိဇ္ဇာ ဝိမုတ္တိမူလကာ။
စရီမကာ စ အဿာသ-
ပဿာသာ အဿ ပါကဋာ။
တသ္မာ ဟဝေ အပ္ပမတ္တော၊
အနုယုဉ္စေထ ပဏ္ဍိတော။
ဧဝံ အနေကာနိသံသံ၊
အာနာပါနသတိံ သဒါ။
သောဠသဝတ္ထုကာ၊ တဆဲ့ခြောက်ပါးသော ဌာနရှိသော။
ဧသာ၊ ဤ အာနာပါနဿတိဘာဝနာသည်။
သန္တောစ၊ ငြိမ်လည်း ငြိမ်သက်ငြိမ်းချမ်း၏။
ပဏီတာပိ စ၊ မရောင့်ရဲစေတတ် မြတ်လည်း မြတ်၏။
အသေစနကာ စ၊ ပရိကမ္မာ ဥပစာဖြင့် ထေးဖာ လောင်းစွက် ရောယှက် မရှိ ပကတိရင်း ငြိမ်သက်ခြင်းလည်း ရှိ၏။
သုခါစ၊ ဝင်စားတိုင်း ကိုယ်စိတ်နှစ်ဖြာကို ချမ်းသာစေတတ်၏။
ဌာနသော၊ ခဏချက်ခြင်း။
ပါပဟာယိကာ၊ မကောင်းမှုကို ခွဲထုခါတွက် ပယ်ဖျက်တတ်၏။
ဝိတက္ကစ္ဆေဒသမတ္ထာ၊ မိစ္ဆာဝိတက်ကို ပယ်ဖျက် ဖြတ်စွမ်းနိုင်၏၊
ဝိဇ္ဇာဝိမုတ္တိမူလကာ၊ မဂ်ဖိုလ်တို့၏ အကြောင်းရင်းမူလ အခြေပါဒကဖြစ်၏။
စရိမကာ၊ စုတိ စရိမက ဖြစ်၍ အဆုံးစွန်ဖြစ်ကုန်သော။
အဿာသ ပဿာသာ စ၊ ထွက်သက် ဝင်သက် တို့သည်လည်း။
အဿ၊ ထို ယောဂီအား။
ပါကဋာ၊ ထင်ရှားကုန်၏။
တသ္မာ၊ ထို့ကြောင့်။
ပဏ္ဍိတော၊ ပညာရှိသော အမျိုးကောင်းသားသည်။
ဧဝံ၊ ဤသို့။
အနေကာနိသံသံ၊ များသော အာနိသင်ရှိသော။
အာနာပါနသတိံ၊ အာနာပါနသတိကို။
သဒါ၊ အခါခပ်သိမ်း။
အပ္ပမတ္တော၊ မမေ့မလျော့။
ဟဝေ၊ စင်စစ်။
ကယိရာထ၊ ပြုရာ၏။
စရိမက [၁] ၃-မျိုး
နိရောဓ ဝသေန တယော စရိကာ ဘဝစရိမကာ ဈာနစရိမကာ စုတိစရိမကာတိ။ ဘဝေသု ဟိ ကာမဘဝေ အဿာသ ပဿာသာ ပဝတ္တန္တိ၊ ရူပါရူပဘဝေသု နပ္ပဝတ္တန္တိ၊ တသ္မာ တေ ဘဝစရိမကာ။ ဈာနေသု ပုရိမေ ဂျာနတ္တယေ ပဝတ္တန္တိ၊ စတုတ္ထေ နပ္ပဝတ္တန္တိ၊ တသ္မာ တေ ဈာနစရိမကာ။ ယေ ပန စုတိစိတ္တဿ ပုရတော သောဠသမေန စိတ္တေန သဒ္ဓိံ ဥပ္ပဇ္ဇိတွာ စုတိစိတ္တေန သဟ နိရုဇ္ဈန္တိ၊ ဣမေ စုတိစရီမကာ နာမ။ ဣမေ ဣဓ စရိမကာတိ အဓိပ္ပေတာ။
ဝိသုဒ္ဓိမဂ် (ဋ္ဌ၊ ပ၊ နှာ-၂၈၃။)
[၁။ စရိမက = (စရိမ = အညံ့ဆုံး၊ နောက်ပိတ်ဆုံး။ က = ဖြစ်) အညံ့ဆုံး ဖြစ်သော နောက်ဆုံး ဖြစ်သော ထွက်သက် ဝင်သက်။
ဘဝစရိမက = ယုတ်ညံ့သော ကာမဘုံ၌ ဖြစ်သော ထွက်သက် ဝင်သက် (စရိမ = ယုတ်ညံ့ အောက်ကျ - နောက်ဆုံး ဖြစ်သော)
ဈာန စရိမက = အောက်ဈာန် ၃-ပါး၌ဖြစ်သော ထွက်သက် ဝင်သက်။
စုတိ စရိမက = နောက်ဆုံး စုတိစိတ်နှင့် အတူချုပ် ထွက်သက် ဝင်သက်။]
နိရောဓ ဝသေနာတိ နိရုဇ္ဈနဝသေန။ ဘဝစရိမကာတိ ဘဝ ဝသေန စရိမကာ ဟီနဘဝေ ပဝတ္တိနော။ တထာ ဈာနစရိမကာ ဝေဒိတဗ္ဗော။ စုတိစရိမကာတိ စုတိယာ စရိမကာ စုတိက္ခဏပ္ပဝတ္တိနော သဗ္ဗပရိယောသာနကာ။ တသ္မာတိ တီသု ဘဝေသု နိဟီနေ ကာမဘဝေ ပဝတ္တနတော။
ဋီကာ (ပ၊နှာ-၃၄၆။) အနက် ထင်ရှားပြီ။
စုတိစိတ်မှ ပြန်၍ရေသည်ရှိသော် တေတ္တိံ သမ စိတ်၏ အနန္တရ၌ အဿာသ ပဿာသ ဆုံးသည်ဟု ယမိုက်အကောက် (နှာ-၃၂၃)၌ ဆိုသည်ကား ဤ အဋ္ဌကထာနှင့် မညီလေ။
စင်္ကြံသွားရင်း အရေးသို့ရောက်လျှင် ရောက်ခြင်း ပရိနိဗ္ဗာန်ပြုသော စိတ္တလ ပဗ္ဗတဝိဟာရဝါသီ ဒွေဘာတိကမထေရ် စသည်တို့ကဲ့သို့ အာယုသင်္ခါရ အဆုံးကို သိ၍ အလုံးစုံသော သရီရပဋိဇဂ္ဂနနိဝါသနပါရုပန စသော ကိစ္စတို့ကို မိမိဓမ္မတာ အားဖြင့် သာလျှင် ပြု၍ ပရိနိဗ္ဗူစံယူရသည် ဟူလို။
ဣတော အညံ ကမ္မဋ္ဌာနံ ဘာဝေတွာ အရဟတ္တံ ပတ္တဿ ဘိက္ခုနော ဟိ အာယုအန္တရံ ပရိစ္ဆိန္နံ ဝါ ဟောတိ အပရိစ္ဆိန္နံ ဝါ။ ဣမံ ပန သောဠသဝတ္ထုကံ အာနာပါနဿတိံ ဘာဝေတွာ အရဟတ္တံ ပတ္တဿ အာယုအန္တရံ ပရိစ္ဆန္နမေဝ ဟောတိ။
အဋ္ဌကထာ (ပ၊ နှာ-၂၈၃)
အာယုအန္တရံ နာမ ဇီဝိတန္တရံ ဇီဝနက္ခဏာဝဓိ။
ဋီကာ (ပ၊ နှာ-၃၄၆) အနက် ထင်ပြီ။
(အာနာပါနသတိ ပြီး၏။)
အနုဿတိ ဆယ်ပါး ပြီး၏။
...
ဗြဟ္မဝိဟာရ ပွါးများနည်း
မေတ္တာ ဗြဟ္မဝိဟာရ ပွါးများပုံ
ဗြဟ္မဝိဟာရတရား လေးပါးတို့တွင် မေတ္တာ ဗြဟ္မဝိဟာရ တရားကို ပွါးများလိုသော ပုဂ္ဂိုလ်ယောဂီသည် ရှေးနည်းတူ ဆိတ်ငြိမ်ရာ အရပ်သို့ ကပ်၍ ရှေးဦးစွာ ဒေါသ၏ အပြစ် ခန္တီ၏ အာနိသင်တို့ကို ဆင်ခြင်အပ်၏။ ဆင်ခြင်ဟန်ကား --
ဒုဋ္ဌော အတ္ထံ န ဇာနာတိ၊
ဒုဋ္ဌော ဓမ္မံ န ပဿတိ။
ဒုဋ္ဌော ဒေါသေနာဘိဘူတော၊
ကရော ပါဏဝဓာဒိကံ။
ခန္တီ ပရမံ တပေါ တိတိက္ခာ၊
ခန္တီဗလံ ဗလာဏိကံ။
ဗြဝီတိ ဗြာဟ္မဏံ နာထော၊
ခန္တျာဘိယျော န ဝိဇ္ဇတိ။
ဒေါသ၏အပြစ်
ဒုဋ္ဌော၊ အမျက်ထွက်သသူသည်။
အတ္ထံ၊ အကျိုးကို။
န ဇာနာတိ၊ မသိတတ်။
ဒုဋ္ဌော၊ အမျက်ထွက်သသူသည်။
ဓမ္မံ၊ အကြောင်းကို။
န ပဿတိ၊ မမြင်တတ်။
ဒုဋ္ဌော၊ အမျက်ထွက်သသူသည်။
ဒေါသေနာဘိဘူတော၊ အမျက်နှိပ်စက်အပ်သည်ဖြစ်၍။
ပါဏ ဝဓာဒိကံ၊ သူ့အသက်ကို သတ်ခြင်းစသော မကောင်းမှုကို။
ကရော၊ ပြုဖြစ်နိုင်၏။
ခန္တီ၏ အာနိသင်
တိတိက္ခာ၊ သူတပါး၏ ပြစ်မှားပြုကြံ ပါပကံကို သည်းခံခြင်း လက္ခဏာရှိသော။
ခန္တီ၊ သည်းခံခြင်းသည်။
ပရမံ တပေါ၊ ပြုသင့်သည်ကို ပြုခြင်း မပြုသင့်သည်ကို ပယ်ခြင်း လက္ခဏာရှိသော သမ္မာပဋိပတ်၏ အကြောင်းရင်း မူလဖြစ်၍ မြတ်သော အကျင့်မည်၏။
ခန္တိဗလံ၊ မင်္ဂလာမြတ်ဖျား သည်းခံခြင်း ခွန်အားရှိသော။
ဗလာဏိကံ၊ ဒေါသစသော ဆန့်ကျင်ဖက်ကို ပယ်ဖျက် ကာဆီးနိုင်သော ခန္တီဗလနှင့် ပြည့်စုံသသူကို။
ဗြာဟ္မဏံ၊ မကောင်းမှုကို မျှောပြီးသော ရဟန္တာဟူ၍။
နာထော၊ ဘုရားရှင်သည်။
ဗြဝီတိ၊ ဟောတော်မူ၏။
ခန္တျာ၊ သည်းခံခြင်း တရားထက်။
ဘိယျော၊ လွန်ကဲသော ကိုးစားဘို့ရာ အတ္ထာဝဟ အနတ္ထပဋိဗာဟန [၁] တရားသည်။
န ဝိဇ္ဇတိ၊ မရှိ။
[၁။ အတ္ထာဝဟ = အကျိုးဆောင်ခြင်း၊
အနုတ္ထပဋိဗာဟ = အကျိုးမဲ့ကိုတားမြစ်ခြင်း။]
မေတ္တာစတင်၍ မပွါးထိုက်သူ ၆-ယောက်
ဤသို့ဆင်ခြင်ပြီး၍ ရှေးဦးစွာမပွါးထိုက်သော --
(၁) အတ္ထာကာရက အပ္ပိယ၊ [၂]
(၂) အတိပ္ပိယ၊
(၃) မဇ္ဈတ္တ၊
(၄) အနတ္ထကာရကဝေရီ [၃] လေးလီသော ပုဂ္ဂိုလ်၊
(၅) မိမိမယားကို မေတ္တာပွါး၍ တညဉ့်လုံး နံရံကို ထိုးသတ် ဖောက်ဖျက်သော အမတ်သားကဲ့သို့ တဏှာရာဂ ဖြစ်ပွါး တတ်သောကြောင့် အသီးအခြား မပွါးသင့်သော လိင်္ဂဝိသဘာဂပုဂ္ဂိုလ်၊
(၆) (သေလွန်သော) ဆရာကို အာရုံပြု၍ပွါးသော ပဉ္စင်းငယ်အလား ဈာန်မဝင်စား နိုင်ရာ မေတ္တာ၏ အာရုံမဟုတ်သောကြောင့် အချင်း ခပ်သိမ်း မပွါးထိုက်သော သူသေ။
[၂။ အတ္ထာကာရက အပ္ပိယ = (အတ္ထ + အကာရက + အ + ပိယ) အကျိုးမပြုသည့် မချစ်အပ်သောသူ။
၃။ အနတ္ထကာရက ဝေရီ = အကျိုးမဲ့ကို ပြုသော ရန်သူ]
ဤခြောက်ထွေသော ပုဂ္ဂလဒေါသကို သိပြီး၍ မိမိကိုယ်၌ ပွါးရာ အပ္ပနာဈာန် မဖြစ်သော်လည်း ---
ယထေဝါဟံ သုခကာမော၊
ဒုက္ခဉ္စ ပဋိကူလကော။
ဇီဝိစ္ဆော အမစ္စုကာမော၊
ဧဝ'မညေပိ သဗ္ဗကာ။
ကိုယ်ချင်းစာမှု
အဟံ၊ ငါသည်။
သုခကာမော၊ ချမ်းသာကို အလိုရှိသည်။
ဒုက္ခဉ္စ၊ ဆင်းရဲကိုလည်း။
ပဋိကူလကော၊ စက်ဆုပ်သည်။
ဇီဝိစ္ဆော၊ အသက်ရှည်လိုသည်။
အမစ္စုကာမော၊ မသေလိုသည်။
ဟောမိ ယထေဝ၊ ဖြစ်သကဲ့သို့သာလျှင်။
ဧဝံ တထာ၊ ထို့အတူ။
သဗ္ဗကာ၊ အလုံးစုံကုန်သော။
အညေပိ၊ ငါမှတပါး သတ္တဝါ အများတို့သည်လည်း။
သုခကာမာ၊ ချမ်းသာကို အလိုရှိကြကုန်သည်။
ဒုက္ခဉ္စ၊ ဆင်းရဲကိုလည်း။
ပဋိကူလကာ၊ စက်ဆုပ်ကြကုန်သည်။
ဇီဝိစ္ဆာ၊ အသက်ရှည်လိုကြကုန်သည်။
အမစ္စုကာမာ၊ မသေလိုကြကုန်သည်။
ဟောန္တိ၊ ဖြစ်ကုန်၏။
မိမိကိုယ်ကို စ၍ပွါးပုံ
ဤသို့ သက်သေပြုခြင်းငှါ ရှေးဦးစွာ --
“အဟံ သုခိတော ဟောမိ”ဟူ၍သော်၎င်း --
“နိဒ္ဒုက္ခော ဟောမိ” ဟူ၍သော်၎င်း --
“အဝေရော ဟောမိ, အဗျာပဇ္ဇော ဟောမိ, အနီဃော ဟောမိ, သုခီ အတ္တာနံ ပရိဟရာမိ” ဟူ၍သော်၎င်း အဖန်ဖန်ပွါးအပ်၏။
အဟံ၊ ငါသည်။
သုခိတော၊ ချမ်းသာသည်။
ဟောမိ၊ ဖြစ်လို၏၊ ဖြစ်ချင်၏၊ ဖြစ်စေသတည်း။
နိဒ္ဒုက္ခော၊ စိတ်ဒုက္ခ မရှိသည်။
အဝေရော၊ ပါဏာတိပ စသည်အဇ္ဈ ပြင်ပရန်သူ မပြုကင်းဝေးသည်။
အဗျာပဇ္ဇော၊ ဒေါမနဿကင်းသည်။
အနီဃော၊ ဆင်းရဲငြိုငြင် ပင်ပန်းခြင်းမရှိသည်။
ဟောမိ၊ ဖြစ်လို၏၊ ဖြစ်စေသတည်း။
သုခီ၊ ကိုယ်ချမ်းသာခြင်း ရှိသည်ဖြစ်၍။
အတ္တာနံ၊ အတ္တဘောကို။
ပရိဟရာမိ၊ ရွက်ဆောင်ဖြစ်စေ မျှတစေနိုင်လို၏၊ မျှတစေနိုင်ချင်၏၊ မျှတနိုင်စေ သတည်း။
ဤကား အနက်။
ပိယပုဂ္ဂိုလ်၌ မေတ္တာပွါးခြင်း
ဤသို့ မိမိကိုယ်၌ အဖန်ဖန်ပွါးပြီးလျှင် မေတ္တာ ဖြစ်လွယ်စေခြင်းငှါ ပိယ မနာပ ဂရု ဘာ၀နီယ ဖြစ်၍ ချစ်အပ် နှလုံးကို ပွါးစေတတ် အလေးပြုအပ် ချီးမွမ်းအပ်သော အာစရိယ အာစရိယမတ္တ၊ ဥပဇ္ဈာယ ဥပဇ္ဈာယမတ္တ ပုဂ္ဂိုလ်၌ ထို ပိယဝစန အတ္ထစရိယာ သီလ သုတ ပညာစသော ဂုဏ်ကျေးဇူးတို့ကို အောက်မေ့၍ --
ဧသော သပ္ပုရိသော သုခိတော ဟောတု၊ နိဒ္ဒုက္ခော ဟောတု၊ အဝေရော ဟောတု၊ အဗျာပဇ္ဇော ဟောတု၊ အနီဃော ဟောတု၊ သုခီ အတ္တာနံ ပရိဟရတု --
ဟူ၍ အဖန်ဖန် ပွါးအပ်၏။
သီမသမ္ဘေဒ
ဤ ပုဂ္ဂိုလ်တပါးတည်း၌ပင် အပ္ပနာဈာန်ကို ရ၏။ သို့ရသော်လည်း ဤမျှဖြင့် မရောင့်ရဲမူ၍ သီမသံဘေဒ [၁] မရိယာဒါပနယန အတ္တ ပိယ မဇ္ဈတ္တ ဝေရီတိ ဝိဘာဂါကရဏ ဟူသော ပုဂ္ဂိုလ် အထူး အခြားမရှိ တသားတည်း ရောစပ်ခြင်းကို ပြုလိုသေးမူ အတိပ္ပိယသဟာယ ပုဂ္ဂိုလ်၌ မုဒုကမ္မနိယစိတ်ဖြစ်အောင် ဆောင်အပ်၏။ ထို့နောင် မဇ္ဈတ္တပုဂ္ဂိုလ်၌ ထို့အတူ ဆောင်အပ်၏။ ထို့နောင် ဝေရီရှိမူ ဝေရီပုဂ္ဂိုလ်၌ ရှေးနည်းတူ ဆောင်အပ်၏။
[၁။ သီမ = အပိုင်းအခြား၊ သံဘေဒ = ပျက်စီးခြင်း၊ ပယ်ရှားခြင်း၊ ဖျက်ဆီးခြင်း၊]
ရန်ငြိုးဖျောက်နည်း ၁၁-မျိုး
ဝေရီပုဂ္ဂိုလ်၌ ဆောင်ပါသော်လည်း အာဃာတ အားကြီးသဖြင့် မေတ္တာရေမစီး ပဋိဃ ဖိစီး၍ ရပြီးသောဈာန်မှ လျောကျခဲ့သည်ရှိသော် ထို ဝေရီပုဂ္ဂိုလ်ကို အာရုံမပြုမူ၍ ရှေ့ သုံးယောက်တွင် တယောက်ယောက်၌ မေတ္တာဈာန်ကို ဝင်စားပြီး ထပြီး၍ အဖန်ဖန် ထို ဝေရီကို မေတ္တာပြုလျက် အမျက်ဒေါသ ပဋိဃကို ဖျောက်အပ်၏။
[၁။ ရန်ငြိုးဖျောက်နည်း ၁၁-မျိုး -
(၁) မေတ္တာဈာန်ဝင်စား၍ ရန်ငြိုးဖောက်ခြင်း။
(၂) ဒေါသ၏အပြစ်ကို ဆင်ခြင်၍ ရန်ငြိုးဖျောက်ခြင်း။
(၃) ရန်သူ၏အကျင့်ကောင်းတို့ကို အောက်မေ့၍ ရန်ငြိုးဖျောက်ခြင်း။
(၄) ကရုဏာဖြင့် ရန်ငြိုးဖျောက်ခြင်း။
(၅) ဘုရား၏ ဩဝါဒ အမျိုးမျိုးကို ဆင်ခြင်ပြီးလျှင် မိမိကိုယ်ကိုဆုံးမ၍ ရန်ငြိုး ဖျောက်ခြင်း။
(၆) ကမ္မဿကတာဉာဏ်ဖြင့် ရန်ငြိုးဖျောက်ခြင်း။
(၇) သည်းခံပုံ ဇာတ်တော်လာ နည်းများဖြင့် ရန်ငြိုးဖျောက်ခြင်း။
(၈) သံသရာတလျှောက်၌ ဆွေမျိုးမတော်ခဲ့ဘူးသူ မရှိဟု ဆင်ခြင်သောနည်းဖြင့် ရန်ငြိုး ဖျောက်ခြင်း၊
(၉) မေတ္တာအကျိုးကိုဆင်ခြင်၍ ရန်ငြိုးဖျောက်ခြင်း။
(၁၀) ဓာတ်ခွဲ၍ ရန်ငြိုးဖျောက်ခြင်း။
(၁၁) ဥစ္စာ ပေးယူသောအားဖြင့် ရန်ငြိုးဖျောက်ခြင်း။]
သို့မှ မပျောက်မငြိမ်းလျှင် --
ဥဘတောဒဏ္ဍကေန စေပိ ဘိက္ခဝေ ကကစေန စောရာ ဩစရကာ အင်္ဂမင်္ဂါနိ ဩကန္တေယျုံ။ တတြာပိ ယော မနောပဒေါသေယျ။ န မေ သော တေန သာသနံ ကရောတိ။
တဿေဝ တေန ပါပိယျော၊
ယော ကုဒ္ဓံ ပဋိကုဇ္ဈတိ။
ကုဒ္ဓ'မပ္ပဋိကုဇ္ဈန္တော၊
သင်္ဂါမံ ဇေတိ ဒုဇ္ဇယံ။
ဥဘိန္နမတ္ထံ စရတိ၊
အတ္တနော စ ပရဿ စ။
ပရံ သံကုပိတံ ဉတွာ၊
ယော သတော ဥပသမ္မတိ။
သတ္တိမေ ဘိက္ခဝေ ဓမ္မာ သပတ္တကန္တာ သပတ္တကရဏာ ကောဓနံ အာဂစ္ဆန္တိ ဣတ္ထိံ ဝါ ပုရိသံ ဝါ။ ကတမေ သတ္တ --
ကောဓနော ကောဓာဘိဘူတော၊
ဒုဗ္ဗဏ္ဏော ဒုက္ခပဿနော။
ဟီနဒ္ဓနဘောဂယသော၊
အမိတ္တော ဒုဂ္ဂတိံ ဂတော။
သတ္တိမေ နံ အာဂစ္ဆန္တိ၊
ကောဓနံ ဝေရိပတ္ထိတာ။
ဥဘတော ပဒိတ္တံ ဆဝါ-
လာတံ မဇ္ဈေ စ ဂူထဂံ။
ဂါမေ ဝနေ န ကဋ္ဌတ္ထံ၊
တထူပမော'၀ ကောဓနော။
န တွံ သာသနိကော ကုဇ္ဈံ၊
ဒုဇ္ဇယံ စ န ဇေဿသိ။
အတ္တာ ကာဟိသိ ဝေရိစ္ဆံ၊
ဆဝါလာတောဝ ဟေဿသိ။
ဟု-ကိုယ့်ရှင်ကိုယ် ဆုံးမ၍ ဖျောက်အပ်၏။
ဘိက္ခဝေ၊ ရဟန်းတို့။
ဩစရကာ၊ ယုတ်မာမှုကို ပြုကျင့်တတ်ကုန်သော။
စောရာ၊ ခိုးသူတို့သည်။
ဥဘတောဒဏ္ဍကေန၊ နှစ်ဖက်အရိုးတပ်သော။
ကကစေန၊ လွှကြီးဖြင့်။
အင်္ဂမင်္ဂါနိ၊ အင်္ဂါကြီးငယ်တို့ကို။
စေပိ ဩကန္တေယျုံ၊ အကယ်၍ တိုက်ဖြတ်ကုန်စေကာမူ။
တကြာပိ၊ ထိုတိုက်ဖြတ်သူတို့၌လည်း။
ယော၊ အကြင် သူသည်။
မနော၊ စိတ်ကို။
ပဒေါသေယျ၊ ဖျက်ဆီးခြားအံ့။
မနောပဒေါသေယျ၊ စိတ်ဖြင့် ပြစ်မှားအံ့။
သော၊ ထိုသူသည်။
တေန၊ ထိုအမျက်ထွက်ခြင်းဖြင့်။
မေ၊ ငါ၏။
သာသနံ၊ အဆုံးအမကို။
န ကရောတိ၊ လိုက်နာသည် မမည်။
သဗ္ဗပါပဿ အကရဏံ ဟိ သာသနံ။
ဋီကာ (ပ၊ နှာ-၃၅၅)
ဟိ၊ မှန်၏။
သဗ္ဗပါပဿ၊ အလုံးစုံသော မကောင်းမှုကို။
အကရဏံ၊ မပြုခြင်းသည်။
သာသနံ၊ မြတ်စွာဘုရား၏ အဆုံးအမတည်း။
ယော၊ အကြင်သူသည်။
ကုဒ္ဓံ၊ မျက်မာန်လှိုက်ဆူ ရန်မူလာသော သူတပါးကို။
ပဋိကုဇ္ဈတိ၊ ရန်တုံ့မူလျက် မျက်ပြန်ထွက်၏။
သော၊ ထိုသူသည်။
တေန၊ ထိုမျက်ပြန် ထွက်ခြင်းကြောင့်။
တဿေ၀၊ ထိုသူထက်ပင်လည်း။
ပါပိယျော၊ ယုတ်မာလွန်သည်။
ဟောတိ၊ ဖြစ်၏။
သာရမ္ဘာဒိကဿ ကိလေသာနုဗန္ဓဿ ဝတ္ထုဘာဝတော ကောဓဿ သာဝဇ္ဇတံ ဉတွာပိ ကုဇ္ဈနတော။
ဋီကာ (ပ၊ နှာ-၃၅၅)
ကုဒ္ဓံ၊ အမျက်ထွက်လာသူကို။
အပ္ပဋိကုဇ္ဈန္တော၊ ရန်တုံ့မဖက် မျက်ပြန်မထွက်သော သူသည်ကား။
ဒုဇ္ဇယံ၊ အောင်နိုင်ခဲသော။
သင်္ဂါမံ၊ စစ်ပွဲကို။
ဇေတိ၊ အောင်သည် မည်၏။
ယော၊ အကြင်သူသည်။
ပရံ၊ သူတပါးကို။
သံကုပိတံ၊ ခြောင်းခြောင်းအမျက် ထွက်သည်ကို။
ဉတွာ၊ သိ၍။
သတော၊ သတိဖြင့်တည်း စောင့်စည်း ထိန်းသိမ်းလျက်။
ဥပသမ္မတိ၊ ငြိမ်သက်စွာနေ၏။
သော၊ ထိုသူသည်။
အတ္တနော စ၊ မိမိ၏၎င်း။
ပရဿ စ၊ သူတပါး၏၎င်း။
ဥဘိန္နံ၊ နှစ်ဦးသားတို့၏၊
အတ္ထံ၊ ပစ္စုပ် တမလွန် နှစ်တန်သော အကျိုးကို။
စရတိ၊ ကျင့်ရာကျ၏။
အမျက်ကြီးသူ၏ အပြစ် ၇-ပါး
ဘိက္ခဝေ၊ ရဟန်းတို့။
သပတ္တကန္တာ၊ ရန်သူတို့သည် နှစ်လိုအပ်ကုန်သော။
သပတ္တကရဏာ၊ ရန်သူတို့သည် ပြုထိုက်ကုန်သော။
ဣမေ သတ္တဓမ္မာ၊ ဤတရား ခုနစ်ပါးတို့သည်။
ကောဓနံ၊ အမျက်ကြီးသော။
ဣတ္ထိံ ဝါ၊ မိန်းမသို့၎င်း။
ပုရိသံ ဝါ၊ ယောက်ျားသို့၎င်း။
အာဂစ္ဆန္တိ၊ ရောက်လာကုန်၏။
ကတမေ သတ္တ၊ အဘယ်ခုနစ်ပါးတို့နည်း ဟူမူကား ---
ကောဓနော၊ အမျက်ကြီးသောသူသည်။
ကောဓာဘိဘူတော၊ အမျက်ဖိစီး အပ်ရကား။
ဒုဗ္ဗဏ္ဏော၊ ခုရော နောင်ပါ ရုပ်ဝါမလှသည်။
ဟောတိ၊ ဖြစ်၏။
ဒုက္ခပဿနော၊ ခုရော နောင်လဲ ဆင်းရဲ တွေ့မြင်ရသည်။
ဟောတိ၊ ဖြစ်၏။
ဟီနဒ္ဓနဘောဂယသော၊ ဥစ္စာ အသုံးအဆောင် အကျော်အစော ရွှေ့လျော ယုတ်သည်။
ဟောတိ၊ ဖြစ်၏။
အမိတ္တော၊ မိတ်ဆွေဖော်လှော် မရှိသည်။
ဟောတိ၊ ဖြစ်၏။
ဒုဂ္ဂတိံ ဂတော၊ အပါယ်လားရသည်။
ဟောတိ၊ ဖြစ်၏။
ဝေရိပတ္ထိတာ၊ ရန်သူတို့သည် တောင့်တအပ်ကုန်သော။
ဣမေ သတ္တ ဓမ္မာ၊ ဤခုနစ်ပါးကုန်သော သဘောအပြစ်တို့သည်။
နံ ကောဓနံ၊ ထိုအမျက်ကြီးသောသူသို့။
အာဂစ္ဆန္တိ၊ ဆိုက်ရောက်လာကုန်၏။
ဥဘတောပဒိတ္တံ၊ နှစ်ဖက်အစွန်း မီးလောင်ကျွမ်းသော။
မဇ္ဈေ စ ဂူထဂံ၊ အလယ်၌လည်း မစင်လူးသော။
ဆဝါလာတံ၊ သူကောင်ဖုတ်သော ထင်းစသည်။
ဂါမေ၊ ရွာ၌၎င်း။
ဝနေ၊ တော၌၎င်း။
ကဋ္ဌတ္ထံ၊ ထင်းကိစ္စကို။
န ဖရတိ၊ မပြီးစေတတ်။
ကောဓနော၊ အမျက်ကြီးသူသည်။
တထူပမော ဧဝ၊ ထိုထင်းကုလားနှင့် အလားတူသည်သာလျှင်တည်း။
တွံ၊ သင်သည်။
ကုဇ္ဈံ = ကုဇ္ဈန္တော၊ အမျက်ထွက်သည်ရှိသော်။
သာသနိကော၊ ကကစူပမ စသော သြဝါဒကို မလိုက်နာကျလတ္တံ့။
ဒုဇ္ဇယံ စ၊ အောင်နိုင်ခဲသော စစ်မက်ကိုလည်း။
န ဇေဿသိ၊ မအောင်လတ္တံ့။
ဝေရိစ္ဆံ၊ ရန်သူလိုဆု အပြစ်စုကို။
အတ္တာ၊ ကိုယ့်ရှင် ကိုယ်သည်ပင်။
ကာဟိသိ၊ ပြုရလျက်ရှိလတ္တံ့။
ဆဝါလာတော ဣဝ၊ တော မသုံး ထင်းကုလားတုံးကဲ့သို့။
ဟေဿသိ၊ ဖြစ်ရလတ္တံ့။
ဤကား အနက်။
သို့ အောက်မေ့ဆုံးမ၍မှလည်း ဒေါသ မပြေငြိမ်းသေးလျှင် ထိုပုဂ္ဂိုလ်၏ မကြည်ညိုဖွယ်ကို မကြံမစည်မူ၍ ကြည်ညိုဖွယ်သော ကာယ ၀စီ မနော သမာစာရကိုသာ အောက်မေ့၍ ဖျောက်အပ်၏။
ကြည်ညိုဘို့ရာ တစုံတခုမျှ မရှိလျှင် --
ကိဉ္စာပိ ဒါနိ မနုဿော၊
ကတိပါဟစ္စယေန သော။
အဋ္ဌ သောဠသ နိရယေ၊
ပရိပူရော ဘဝိဿတိ။
ဧသော၊ ဤပုဂ္ဂိုလ်သည်။
ဒါနိ၊ ယခုဘဝ၌။
ကိဉ္စာပိ မနုဿော၊ လူတို့ ဘောင်ဝယ် တောင်လယ် မြောက်သွား အကယ်၍ လူဖြစ်လင့်ကစား။
ကတိပါဟစ္စယေန၊ အသက်ကုန်ပျောက် ဘေးရောက်သည့်ခါ အတန်ကြာသဖြင့်။
အဋ္ဌသောဠသနိရယေ၊ ငရဲကြီးရှစ်သွယ် ငရဲငယ် တဆဲ့ခြောက်လုံးတို့ကို။
ပရိပူရော၊ ပြည့်စေသည်။
ဘဝိဿတိ၊ ဖြစ်ရှာလိမ့်တကား။
သဉ္ဇီဝါဒ အဋ္ဌ မဟာနိရာ၊ အဝီစိမဟာနိရယဿ စတုဒွါရေ စတ္တာရော စတ္တာရော ကတွာ ကုက္ကုဠာဒယော သောဠသ ဥဿဒနိရယာ။
ဋီကာ (၊ပ၊နှာ-၃၅၇)
ဤသို့ ကရုဏာကို ဖြစ်စေ၍ ဖျောက်အပ်၏။
သို့မှ မပျောက်သေးမူ --
အတ္တနော ဝိသယေ ဒုက္ခံ၊
ကတံ တေ ယဒိ ဝေရိနာ။
ကိံ တဿာ ဝိသယေ ဒုက္ခံ၊
သစိတ္တေ ကတ္တု'မိစ္ဆသိ။
ဗဟူပကာရံ ဟိတွာန၊
ဉာတိဝဂ္ဂံ ရုဒံ မုခံ။
မဟာနတ္ထကရံ ကောဓံ၊
သပတ္တံ န ဇဟာသိ ကိံ။
ယာနိ ရက္ခသိ သီလာနိ၊
တေသံ မူလနိကန္တနံ။
ကောဓံ နာမုပလာလေသိ၊
ကော တယာ သဒိသော ဇဠော။
ကတံ အနရိယံ ကမ္မံ၊
ပရေန ဣတိ ကုဇ္ဈသိ။
ကိန္နု တွံ တာဒိသံယေဝ၊
ယော သယံ ကတ္တုမိစ္ဆသိ။
ဒေါသေတုကာမော ယဒိ တံ၊
အမနာပံ ပရော ကရိ။
ဒေါသုပ္ပါဒေန တဿေဝ၊
ကိံ ပူရေသိ မနောရထံ။
ဒုက္ခံ တဿ စ နာမ တွံ၊
ကုဒ္ဓေါ ကာဟသိ ဝါ န ဝါ။
အတ္တာနံ ပနိ'ဒါနေဝ၊
ကောဓဒုက္ခေန ဗာဓသိ။
ကောဓံ ဝါ အဟိတံ မဂ္ဂံ၊
အာရူဠှာ ယဒိ ဝေရိနော။
ကသ္မာ တုဝမ္ပိ ကုဇ္ဈန္တော၊
တေသံယေဝါ' နုသိက္ခသိ။
ယံ ဒေါသံ တဝ နိဿာယ၊
သတ္တုနာ အပ္ပိယံ ကတံ။
တမေ'၀ ဒေါသံ ဆိန္ဒဿု၊
ကိ'မဋ္ဌာနေ ဝိဟညသိ။
ခဏိကတ္တာ စ ဓမ္မာနံ၊
ယေဟိ ခန္ဓေဟိ တေ ကတံ၊
အမနာပံ နိရုဒ္ဓါ တေ၊
ကဿ ဒါနိ'ဓ ကုဇ္ဈတိ။
ဒုက္ခံ ကရောတိ ယော ယဿ၊
တံ ဝိနာ ကဿ သော ကရေ။
သယမ္ပိ ဒုက္ခဟေတု တွံ၊
ဣတိ ကိံ တဿ ကုဇ္ဈတိ။
ဟု-မိမိကိုယ်ကို ဆုံးမ၍ ဖျောက်အပ်၏။ ဆယ်ဂါထာ။
ဝေရိနာ၊ ရန်သူသည်။
အတ္တနော ဝိသယေ၊ မိမိစွမ်းနိုင်ရာ ရူပကာယ၌။
တေ၊ သင်အား။
ဒုက္ခံ၊ ကာယိကဒုက္ခကို။
ကတံ၊ အကယ်၍ ပြုစေကာ။
တဿ၊ ထိုရန်သူ၏။
အဝိသယေ၊ မစွမ်းနိုင်ရာဖြစ်သော။
သစိတ္တေ၊ မိမိစိတ်၌။
ဒုက္ခံ၊ စေတသိက ဒုက္ခကို။
ကတ္တု၊ ပြုခြင်းငှါ။
ကိံ ဣစ္ဆသိ၊ အဘယ့်ကြောင့် အလိုရှိသနည်း။
ဗဟူပကာရံ၊ များသော ကျေးဇူးရှိသော။
ရုဒံ မုခံ၊ မျက်ရည်စက်လက် မျက်နှာရှိသော။
ဉာတိဝဂ္ဂံ၊ ဆွေပုံမျိုးပေါင်းကို။
ဟိတွာန၊ စွန့်ပစ်နိုင်ထပြီးလျက်။
မဟာနတ္ထကရံ၊ မျက်မှောက်တမလွန် နိဗ္ဗာန်ကျိုးကြီး ပျက်စီးအောင်ပြုတတ်သော။
သပတ္တံ၊ ရက္ခိုက်ဘီလူးကဲ့သို့ ပူးဝင်ကျရောက်တတ်သော။
ကောဓံ၊ အမျက်ဒေါသကို။
ကိံ နဇဟာသိ၊ ဘယ့်ကြောင့် မစွန့်နိုင်ရှိဘိသနည်း။
တွံ၊ သင်သည်။
ယာနိ သီလာနိ၊ အကြင်သီလတို့ကို။
ရက္ခသိ၊ စောင့်ထိန်း၏။
တေသံ၊ ထိုသီလတို့၏။
မူလနိကန္တနံ၊ ဟိရော'တ္တပ္ပ ခန္တီ မေတ္တာ'နုဒယာ ဟူ သော အရင်းအမြစ်ကို ရစ်ဖြတ်တတ်သော။
ကောဓံ နာမ၊ အမျက်မည်သည်ကို။
ဥပလာလေသိ၊ မိမိကိုယ်ဝယ် စမ္ပယ်စေဘိ၏။
တယာ၊ သင်နှင့်။
သဒိသော၊ တူသော။
ဇဠော၊ ငမိုက်ကာဏ်းသည်။
ကော၊ ဘယ်သူရှိသေးသနည်း။
ပရေန၊ ရန်သူသည်။
အနရိယံ ကမ္မံ၊ ယုတ်မာသောအမှုကို။
ကတံ၊ ငါ့အား ပြုလာ၏။
ဣတိ၊ ဤသို့။
တွံ၊ အကြင်သင်သည်။
ကုဇ္ဈသိ၊ အမျက် ထွက်၏။
သော တွံ၊ ထိုသင်သည်။
တာဒိသံယေဝ၊ ထိုကဲ့သို့သော အမှုကိုပင်လျှင်။
သယံ ကတ္တုံ၊ ကိုယ်ကပြုခြင်းငှါ။
ဣစ္ဆသိ ကိန္ဒု၊ အလိုရှိပြန်သလော။
ပရော၊ ရန်သူသည်။
တံ၊ သင့်ကို။
ဒေါသေတုကာမော၊ စိတ်ဆိုးစေလို၍။
အမနာပံ၊ နှလုံးမပွါးစေမှု မနှစ်လိုမှုကို။
ယဒိ ကရိ၊ အကယ်၍ပြုအံ့။
ဒေါသုပ္ပါဒေန၊ အမျက်ကိုဖြစ်စေသဖြင့်။
တဿေဝ၊ ထိုရန်သူ၏သာလျှင်။
မနောရထံ၊ စိတ်အလိုကို။
ပူရေသိ ကိံ၊ ပြည့်စေရာ မရောက်လော။
ဝါ- ကိံ ပူရေသိ၊ ဘယ်ကြောင့် ပြည့်စေဘိသနည်း။
ကုဒ္ဓေါ၊ အမျက်ထွက်လိုသည့်။
တွံ နာမ၊ သင်မည်သည်။
တဿ၊ ထိုရန် သူ၏။
ဒုက္ခံ၊ ဆင်းရဲကို။
ကာဟသိ ဝါ၊ ပြုနိုင်သည်လည်း ရှိလတ္တံ့။
န ဝါ၊ မပြုနိုင်သည်လည်း ရှိလတ္တံ့။
အတ္တာနံ ပန၊ မိမိကိုယ်ကိုကား။
ဣဒါနေ၀၊ ယခုကပင်။
ကောဓ ဒုက္ခေန၊ စေတသိကဒုက္ခဖြင့်။
ဗာဓသိ၊ နှိပ်စက်နှင့်ပြီ။
ဝေရိနော၊ ရန်သူတို့သည်။
အဟိတံ၊ စီးပွါးမဲ့ကိုဆောင်တတ်သော။
ကောဓံ မဂ္ဂံ၊ အမျက်ဟူသော ဒုဂ္ဂတိလမ်းသို့။
ယဒိ အာရူဠှာ၊ အကယ်၍ တက်ကုန်သည် ဖြစ်အံ့။
ကသ္မာ၊ အဘယ့်ကြောင့်။
တုဝမ္ပိ၊ သင်သည်လည်း။
ကုဇ္ဈန္တော၊ အမျက်ထွက်သည်ဖြစ်၍။
တေသံယေဝ၊ ထိုအပါယ်လမ်းလိုက် ရန်သူမိုက်တို့သို့သာလျှင်။
အနုသိက္ခသိ၊ အတုလိုက်၍ ကျင့်ဘိသနည်း။
တဝ၊ သင်၏။
ယံ ဒေါသံ၊ အကြင်အပြစ်ကို။
နိဿာယ၊ မှီ၍။
သတ္ထုနာ၊ ရန်သူသည်။
တဝ၊ သင်၏။
အပ္ပိယံ၊ မချစ်မနှစ်သက်ဖွယ်ကို။
ကတံ၊ ပြုအပ်၏။
တမေဝ ဒေါသံ၊ မူလရင်းမြစ် ထိုအပြစ်ကိုသာလျှင်။
ဆိန္ဒဿု၊ ဖြတ်တောက်လော။
အဋ္ဌာနေ၊ စေခိုင်းသည့်ကျွန် တိုက်ထွန်သည့်နွား လက်ဖျားရန်သူ အရာမဟုတ်သူ၌။
ဝိဟညသိ၊ အဘယ့်ကြောင့် အပန်းရှာဘိသနည်း။
စ၊ တနည်းလည်း။
ဓမ္မာနံ၊ ရုပ်နာမ်တရားတို့၏။
ခဏိကတ္တာ၊ ခဏချက်ဖြုတ် တမဟုတ်မျှ တည်ခြင်းကြောင့်။
ယေဟိ ခန္ဓေဟိ၊ အကြင်ခန္ဓာတို့သည်။
တေ၊ သင်၏။
အမနာပံ၊ မနှစ်လိုဖွယ်ကို။
ကတံ၊ ပြုအပ်၏။
တေ ခန္ဓာ၊ ထိုခန္ဓာတို့သည်။
နိရုဒ္ဓါ၊ ချုပ်ပျောက်လွန်ဘိ မရှိလေကုန်ပြီ။
ဒါနိ၊ ယခု။
ဣဓ၊ ဤရန်သူ၌။
ကဿ၊ အဘယ်ခန္ဓာအား။
ကုဇ္ဈတိ၊ အမျက်ထွက်၍ နေဘိသေးသနည်း။
“ခုတ်ရာတပါး ရှရာတခြား” ဟူလိုသည်။
ယော၊ အကြင်သူသည်။
ယဿ၊ အကြင်သူအား။
ဒုက္ခံ၊ ဆင်းရဲကို။
ကရောတိ၊ ပြု၏။
သော၊ ထိုပြုတတ်သူသည်။
တံ၊ ထိုပြုအပ်သူကို။
ဝိနာ၊ ကြဉ်၍။
ကဿ၊ ဘယ်သူအား။
ကရေ၊ ပြုနိုင်ရာအံ့နည်း။
ဣတိ၊ ဤသို့။
သယမ္ပိ၊ ကိုယ်တိုင်သည်လည်း။
ဒုက္ခဟေတု၊ ဆင်းရဲ၏ အကြောင်းဖြစ်ပါလျက်။
တွံ၊ သင်သည်။
တဿ၊ ထိုသူတယောက်အားသာလျှင်။
ကုဇ္ဈတိ၊ ဘယ့်ကြောင့် စိတ်ထွက်ပေဘိသနည်း။
မီးခတ်နှင့် ကျောက် နှစ်ခုကြောင့် မီးဖြစ်၍ လောင်ခါ မီးခတ်ကိုသာ အပြစ်မဆိုသင့် ဟူလိုသည်။
ဤကား အနက်။
သို့မှ ပဋိဃ မငြိမ်းနိုင်မူ --
သဗ္ဗေ ကမ္မဿကာ သတ္တာ၊
ကမ္မံ သတ္တေ ဝိဘဇ္ဇတိ၊
ဟီနပ္ပဏီတ ဘာဝါယ၊
န စိန္တာယ သမိဒ္ဓိနော။
သဗ္ဗေ၊ ခပ်သိမ်းကုန်သော။
သတ္တာ၊ သတ္တဝါတို့သည်။
ကမ္မဿကာ၊ ကံသာလျှင် ဥစ္စာရှိကုန်၏။
ဟီနပ္ပဏီတ ဘာဝါယ၊ ယုတ်သော မြတ်သော ဖြစ်ခြင်းငှါ။
သတ္တေ၊ သတ္တဝါတို့ကို။
ကမ္မံ၊ ကံသည်။
ဝိဘဇ္ဇတိ၊ ဝေဖန်၏။
စိန္တာယ၊ လိုတိုင်းသော အကြံဖြင့်။
န သမိဒ္ဓိနော၊ မပြည့်စုံနိုင်ကုန်။
ဤသို့ စသည်ဖြင့် ကမ္မဿကတာကို ဆင်ခြင်၍ ဖျောက်အပ်၏။
သို့မှ မငြိမ်းနိုင်မူ - မိဖုရားကို ပြစ်မှားသော အမတ်ယုတ် ဆောင်ကြဉ်းခဲ့သော ရန်သူမင်းသည် ယူဇနာ သုံးရာရှိသော တိုင်းပြည်ကြီးကို ယူပြီးလျှင် အမတ် သူရဲ တထောင်နှင့်တကွ အာမကသုသာန်၌ လည်ပင်းထိ မြေမြှုပ်ခံရသော်လည်း စိတ္တပ္ပဒေါသ ကိုမျှ မပြုမူ၍ တောခွေး ဘီလူးတို့ကို မှီလျက် အသက်စည်းစိမ်ကို ရ၍ --
အာသီသေထေဝ ပုရိသော၊
န နိဗ္ဗိန္ဒေယျ ပဏ္ဍိတော။
ပဿာမိ ဝေါဟံ အတ္တာနံ၊
ယထာ ဣစ္ဆိံ တထာ အဟု။
ပုရိသော၊ ယောက်ျားသည်။
အာသီသေထေဝ၊ အာသာရှိရာသလျှင်ကတည်း။
ပဏ္ဍိတော၊ ပညာရှိသည်။
န နိဗ္ဗိန္ဒေယျ၊ အာသာရှိခြင်း၌ မငြီးငွေ့ရာ။
ယထာ၊ အကြင်အခြင်းဖြင့်။
ဣစ္ဆိံ၊ အလိုရှိ၏။
တထာ၊ ထိုအခြင်းဖြင့်။
အဟု၊ ဖြစ်ပြီ။
ဣတိ၊ ဤသို့။
အဟံ၊ ငါသည်။
အတ္ထံ၊ အကျိုးစီးပွါးသို့။
ပတ္တံ၊ ရောက်သော။
အတ္တာနံ၊ မိမိကိုယ်ကို။
ပဿာမိ၊ မြင်၏။
ဤသို့ ရွတ်ဆိုဟောထားသော ဘုရားအလောင်းတော် သီလဝမင်းဇာတ်။
ထိုမှတပါးလည်း ခန္တီဝါဒီဇာတ် စူဠဓမ္မပါလဇာတ် ဆဒ္ဒန္တဇာတ် မဟာကပိဇာတ် ဘူရိဒတ်ဇာတ် စမ္ပေယျဇာတ် သင်္ခပါလဇာတ် မာတုပေါသကဇာတ် စသော များစွာသော ဇာတ်တော်တို့၌ ကျင့်ကြံ သည်းခံတော် မူခဲ့ဘူးသော ဘုရားလောင်း၏ ပုဗ္ဗစရိယ ကျေးဇူးတော်တို့ကို အောက်မေ့ ဆင်ခြင်၍ --
ကံ တံ ဇာတျံ ခမိတွာန၊
ဒါနိ သဗ္ဗညုတံ ဂတံ။
အပဒိဿတော သတ္ထာရံ၊
အယုတ္တံ ကောပ ကာတဝေ။
တံ တံ ဗာတျံ၊ ထိုထိုအဖြစ်၌။
ခမိတွာန၊ သူတပါး၏ ပြစ်မှားလတ်ပြု ညှဉ်းဆဲမှုကို စိတ်ခုမကြံ သည်းခံတော်မူခဲ့၍။ ဒါနိ၊ ယခု။
သဗ္ဗညုတံ၊ သဗ္ဗညု ဘုရားအဖြစ်သို့။
ဂတံ၊ ရောက်သော။
သတ္ထာရံ၊ ဆရာဘုရားကို။
အပဒိဿတော၊ ရည်ညွှန်းရှေးရှု ရဟန်းပြုသော သင်အား။
ဝါ၊ သင်သည်။
ကောပံ၊ အမျက်ကို။
ကာတဝေ၊ ပြုခြင်းငှါ။
အယုတ္တံ၊ မသင့်လွန်း တကား။
ဤသို့ ကိုယ်ကို ဆုံးမ၍ ဖျောက်အပ်၏။
သို့မှလည်း မငြိမ်းနိုင်သေးလျှင်--
န သော ဘိက္ခဝေ သတ္တော သုလဘရူပေါ။ ယော န မာတာဘူတပုဗ္ဗော။ ယော န ပိတာဘူတပုဗ္ဗော။ ယော န ဘာတာဘူတပုဗ္ဗော။ ယော န ဘဂိနီဘူတပုဗ္ဗော။ ယော န ပုတ္တော ဘူတပုဗ္ဗော။ ယော န ဓီတာ ဘူတပုဗ္ဗော။
အစရှိသော အနမတဂ္ဂိယသုတ် ဒေသနာ လာသည့်အတိုင်း သက်စွန့်ရှစူး ပြုခဲ့ဘူးသော ကျေးဇူးဥပကာရတို့ကို ဆင်ခြင်၍ လျှောက်အပ်၏။
သို့မှ မငြိမ်းစေနိုင်လျှင်--
သင်္ဂဟ ဂါထာ
သုဘာဝိတာယ မေတ္တာယ၊
သုခံ သုပတိ ဗုဇ္ဈတိ။
န ပဿေ ပါပသုပိနံ၊< br> ပိဟယန္တိ နရာ မရူ။
ဒေဝါ ရက္ခန္တိ နဂျာဒိ၊
ကမေ ခိပ္ပံ သမာဓိယေ။
ပသီဒတိ မုခဝဏ္ဏော၊
ကာလင်္ကရော အမူဠှကော။
ဥဒ္ဓ'မပ္ပဋိဝိဇ္ဈန္တော၊
ဗြဟ္မလောကူပဂေါ ဣတိ။
ဧကာဒသ အာနိသံသာ၊
ပါဋိကင်္ခါ အသံသယာ။
မေတ္တာ အကျိုး ၁၁-ပါး
မေတ္တာယ၊ မေတ္တာစေတောဝိမုတ္တိဈာန်ကို။
သုဘာဝိတာယ၊ ကောင်းစွာ ပွါးစေအပ်သည်ရှိသော်။
သုခံ၊ ချမ်းသာစွာ။
သုပတိ၊ အိပ်ရ၏။
သုခံ၊ ချမ်းသာစွာ။
ဗုဇ္ဈတိ၊ နိုးရ၏။
ပါပသုပိနံ၊ မကောင်းသော အိပ်မက်ကို။
န ပဿေ၊ မမြင်မက်။
နရာ၊ လူတို့သည်။
ပိဟယန္တိ၊ ချစ်ကုန်၏။
မရူ၊ နတ်တို့သည်။
ပိဟယန္တိ၊ ချစ်ကုန်၏။
ဒေဝါ၊ နတ်တို့သည်။
ရက္ခန္တိ၊ စောင့်ကုန်၏။
အဂျာဒိ၊ မီး အဆိပ် လက်နက်တို့သည်။
န ကမေ၊ မလောင် မတက် မဝင်။
ခိပ္ပံ၊ လျင်စွာ။
သမာဓိယေ၊ တည်ကြည်၏။
မုခဝဏ္ဏော၊ မျက်နှာအဆင်းသည်။
ပသီဒတိ၊ ကြည်လင်၏။
အမူဠှကော၊ မတွေမဝေ။
ကာလင်္ကရော၊ စုတေရ၏။
ဥဒ္ဓံ၊ အထက်မဂ် ဖိုလ်ကို။
အပ္ပဋိဝိဇ္ဈန္တော၊ ထိုးထွင်း၍ မသိရသေးသည်ရှိသော်။
ဗြဟ္မလောကူပဂေါ၊ ဗြဟ္မပြည်သို့ လားရ၏။
ဣတိ၊ ဤသို့။
ဧကာဒသအာနိသံသာ၊ တဆဲ့တပါးသော အကျိုး အာနိသင်တို့ကို။
ပါဋိကင်္ခါ၊ လိုအပ်ကုန်၏။
အသံသယာ၊ ယုံမှား မရှိရကုန်။
ဤမေတ္တာနိသံသ တဆဲ့တပါးတို့ကို စဉ်းစားဆင်ခြင်၍ ---
နိဗ္ဗာပေဿသိ နော စေ တွံ၊
ပဒုဋ္ဌံ ဒုမ္မနံ ဣဒံ။
ဧကာဒသာနိသံသေဟိ၊
ဗာဟိရော သော ဘဝိဿသိ။
သော တွံ၊ ထိုသင်သည်။
ပဒုဋ္ဌံ၊ ပြစ်မှားသော။
ဣဒံ ဒုမ္မနံ၊ ဤစိတ်ပျက်ကို။
နော စေ နိဗ္ဗာပေဿသိ အကယ်၍ မငြိမ်းစဲစေအံ့။
ဧကာဒသာနိသံသေဟိ၊ တဆဲ့တပါးသောအကျိုး အာနိသင်တို့။
ဗာဟိရော၊ လွင့်စင်သည်။
ဘဝိဿသိ၊ ဖြစ်ရပေလတ္တံ့။
ဤသို့ ဆုံးမ၍ ဖျောက်အပ်၏။
သို့မှ မတတ်နိုင်လျှင် --
ဧတံ ဘော ကုဇ္ဈမာနော တွံ၊
ကံသု ဧတဿ ကုဇ္ဈသိ။
ကေသာဒိံ ပထဗျာဒိံ ဝါ၊
ရူပက္ခန္ဓာဒိကမ္ပိ ဝါ။
ဘော၊ အို - ရဟန်း။
တေ၊ ထိုရန်သူကို။
ကုဇ္ဈမာနော၊ အမျက်ထွက်နေသော။
တွံ၊ သင်သည်။
ဧတဿ၊ ထိုရန်သူ၏။
ကံသု၊ အဘယ်တရားကိုလျှင်။
ကုဇ္ဈသိ၊ အမျက်ထွက်နေဘိသနည်း။
ကေသာဒိံ ဝါ၊ ဆံစသည်ကိုတည်း။
ကုဇ္ဈသိ၊ အမျက်ထွက်နေသလော။
ပထဗျာဒိံ ဝါ၊ ပထဝီဓာတ် စသည်ကိုတည်း။
ကုဇ္ဈသိ၊ အမျက်ထွက်နေသလော။
ရူပက္ခန္ဓာဒိကမ္မိ ဝါ၊ ရုပ်တရားအစု စသည်ကိုသော်တည်း။
ကုဇ္ဈသိ၊ အမျက်ထွက်နေသလော။
ဤသို့ ဓာတုဝိနိဗ္ဘောဂကို ပြု၍ ဖျောက်လျှင် အာရဂ္ဂေ သာသပ အာကာသေ စိတ္တကမ္မ [၁] ကဲ့သို့ အမျက်တည်ရာမရ ပျောက်၏။
[၁။ အာရဂ္ဂေ သာသပ = (အာရဂ္ဂ = ဆောက်ဖျား + သာသပ = မုန်ညင်းစေ့) ဆောက်ဖျား၌ မုန်ညင်းစေ့ကဲ့သို့ မတည်နိုင်။ အာကာသေ စိတ္တကမ္မ = ကောင်းကင်၌ ပန်းချီ ဆေးရေး (သကဲ့သို့ ပျောက်ပျက်သည်)။]
ဓာတုဝိနိဗ္ဘောဂကို မပြုတတ်လျှင် ဒါနသံဝိဘာဂကို ပြုအပ်၏။ မိမိဥစ္စာကို ပေးလှူ၊ ထိုသူဥစ္စာကို ယူရမည်။
သစေ ပန ပရော ဘိန္နာဇီဝေါ ဟောတိ အပရိဘောဂါရဟပရိက္ခာရော၊ အတ္တနော သန္တကမေ၀ ဒါတဗ္ဗံ။ တဿေဝံ ကရောတော ဧကန္တေနေဝ တသ္မိံ ပုဂ္ဂလေ အာဃာတော ဝူပသမ္မတိ။
အဋ္ဌကထာ (ဝိသုဒ္ဓိ၊ပ၊နှာ-၂၉၉) နှင့်ညီစွာ ထိုသူမှာ စင်ကြယ်သော ပစ္စည်းမရှိလျှင် မိမိကသာ ပေးလှူအပ်၏။အလဇ္ဇီပင်ဖြစ်သော်လည်း စင်ကြယ်သော ပစ္စည်းက အဂတိဂမန စိတ်မပါ မေတ္တာဘာဝနာ ပြည့်စုံစေခြင်းငှါ ဓမ္မာနုဂ္ဂဟအားဖြင့် ခံယူ သုံးဆောင်အပ်၏။ “ဘိန္နာဇီဝေါ အပရိဘောဂါရဟ ပရိက္ခာရော” ကိုထောက်၊ ဝိနည်းဋီကာတို့ကိုလည်း ရှု။
ဤ ဒါနသံဝိဘာဂကို ပြုက ဘဝအဆက်ဆက်က ပါသော အာဃာတပင် သော်လည်း နှစ်ဦးနှစ်ဝ ပျောက်ကြ၏။ စိတ္တလတောင်ပေါ် ကျောင်း၌ ပိဏ္ဍပါတိက မထေရ်၏ ရှစ်ကျပ်တန် သပိတ်ကို ရသော မထေရ်ကြီးအားကဲ့သို့တည်း။
ထို့ကြောင့် --
အာဒန္တဒမနံ ဒါနံ၊
ဒါနံ သဗ္ဗတ္ထသာဓကံ။
ဒါနေန ပိယဝါစာယ၊
ဥန္နမန္တိ နမန္တိ စ။
ဟု-ဟောတော်မူသည်။
ဒါနံ၊ ပေးလှူခြင်းသည်။
အာဒန္တဒမနံ၊ မယဉ်ကျေးသသူကို ဆုံးမကြောင်းတည်း။
ဒါနံ၊ ပေးလှူခြင်းသည်။
သဗ္ဗတ္ထသာဓကံ၊ အတ္တ ပရ ဒိဋ္ဌ သမ္ပရာ စစွာသောင်းသောင်း အကျိုးပေါင်းကို ပြီးစေ နိုင်၏။
ဒါနေန၊ ပေးလှူခြင်းကြောင့်၎င်း။
ပိယဝါစာယ၊ ချစ်ဖွယ်စကားကြောင့်၎င်း။
ဥန္နမန္တိ၊ ပစ္စည်းဝန်ပုပ် သိုမမြှုပ်ပဲ လက်ဆုပ်ဖြေဆန့် ချီးဖြန့်ကြည်လင် ပစ္စည်းရှင်တို့ မျက်ရွှင် လန်းပွင့် ကြီးမြင့်ကုန်၏။
နမန္တိ စ၊ လှူခံပုဂ္ဂိုလ် များထိုထိုလည်း မြက်ချို စားချင် တောသမင်သို့ ထံခွင်ညွှတ်ကိုင်း လာရကုန်၏။
ပဋိဃပျောက်အောင် ကိုယ့်ကို ဆုံးမသော ဩဝါဒနည်းအစဉ် မာတိကာကား----
သမာပတ္တိ ကကစာဒိ၊
ပါသာဒိကဿ စိန္တနံ။
ကရုဏာ စ နာနာဝါဒေါ၊
ကမ္မဿကတ္တ ဇာတကံ။
နာမတဂ္ဂိယာနိသံသာ၊
ဝိနိဗ္ဘောဂေါ စ ဓာတုနံ။
ဒါနုန္တိ ဧကာဒသဓာ၊
အတ္တော'ဝဒနမာတိကာ။
[(၁) သမာပတ္တိ၊ မေတ္တာဈာန် ဝင်စား၍ အမျက် ဖျောက်ခြင်း၎င်း။
(၂) ကကစာဒိ၊ မိမိ၏ အင်္ဂါကြီးငယ်ကို လွှဖြင့် တိုက်ဖြတ်သူကို အမျက်မထွက်ပဲ သည်းခံသည့် ထုံးပုံ စသည်တို့ကို ဆင်ခြင်၍ သည်းခံခြင်းဖြင့် အမျက်ဖျောက်ခြင်း၎င်း။
(၃) ပါသာဒိကဿ စိန္တနံ၊ ရန်သူ၏ ကြည်ညိုနှစ်သက်ဖွယ်သော အကျင့်ကောင်းကို ကြံစည် အောက်မေ့၍ အမျက်ဖျောက်ခြင်း၎င်း။
(၄) ကရုဏာ စ၊ ငရဲခံရမည့် ရန်သူကို သနားခြင်းဖြင့် အမျက်ဖျောက်ခြင်း၎င်း။
(၅) နာနာဝါဒေါ၊ ဘုရားရှင်၏ ဩဝါဒ အမျိုးမျိုးဖြင့် မိမိကိုယ်ကို ဆုံးမ၍ အမျက် ဖျောက်ခြင်း၎င်း။
(၆-၇) ကမ္မဿကတ္တ ဇာတကံ၊ သတ္တဝါတို့သည် ကံသာလျှင် ဥစ္စာရှိကြကုန်၏ ဟု ဆင်ခြင်၍ အမျက်ဖျောက်ခြင်း, ဇာတ်တော်လာနည်းဖြင့် အမျက်ဖျောက်ခြင်း၎င်း။
(၈-၉) နာမတဂ္ဂိယာနိသံသာ၊ အနမတဂ္ဂသံယုတ် - မာတုသုတ် စသည်တို့၌ ဟောကြား ထားသည့်အတိုင်း ဘဝသံသရာ၌ မိမိနှင့် မိဘဆွေမျိုးသားချင်း မတော်စပ်ခဲ့ဘူးသသူ မရှိဟု ဆင်ခြင်၍ အမျက်ဖျောက်ခြင်း, မေတ္တာအကျိုး ၁၁-မျိုးကို ဆင်ခြင်၍ အမျက် ဖျောက်ခြင်းကို၎င်း။
(၁ဝ) ဓာတူနံ ဝိနိဗ္ဗောဂေါ စ၊ ပထဝီဓာတ် စသည်ကို အမျက် ထွက်သော စသည်ဖြင့် ပထဝီဓာတ် စသည်ကို အသီးသီး ခွဲထုတ်၍ အမျက်ဖျောက်ခြင်း၎င်း။
(၁၁) ဒါနံ = ဒါန အာဒါနံ၊ ဥစ္စာပေး ယူသော အားဖြင့် အမျက်ဖျောက်ခြင်း၎င်း။
ဣတိ၊ ဤသို့။
အတ္တော ဝဒန မာတိကာ၊ မိမိကိုယ်ကို ဆုံးမခြင်း မာတိကာတို့သည်။
ဧကာဒသဓာ၊ ၁၁-ပါး အပြားရှိကုန်၏။]
သီမသမ္ဘေဒ လက္ခဏာ
ဤသို့လျှင် ဝေရီပုဂ္ဂိုလ်၌ ငြိမ်းပြီးသော ပဋိဃရှိသော ယောဂီသည် ထိုဝေရီ၌ အဖန်ဖန် မေတ္တာပွါးပြီးလျှင် အတ္တ ပိယ မဇ္ဈ ဝေရီ လေးလီသောပုဂ္ဂိုလ်တို့၌ ညီမျှသောစိတ်ကို ဖြစ်စေလျက် သီမသမ္ဘေဒ ကို ပြုအပ်၏။
[သီမသမ္ဘေဒ = (သီမ = အပိုင်းအခြား။ သမ္ဘေဒ = သံ + ဘေဒ = ဖျက်ဆီး) အပိုင်း အခြားကို ဖျက်ဆီးခြင်း (=တသားတည်းဖြစ်စေခြင်း)။]
ယင်း သီမသမ္ဘေဒ၏ လက္ခဏာကား -- လေးယောက် အတူနေကြရာ ခိုးသူ လာ၍ လည်ချောင်းသွေးဖြင့် ယဇ်နတ်ပူဇော်ရန် ရဟန်းတပါးကို ပေးပါလော - ဟု တောင်းလာ သောအခါ “ငါ့ကို ယူစေတော့”ဟူ၍ စိတ်ဖြစ်လျှင်ပင် မေတ္တာမမျှ သီမသမ္ဘေဒ မဖြစ်၊ လေးယောက်သားတွင် တယောက်ကိုမျှပင် ပေးဘို့ရာ မမြင်မှ အတ္တ ပိယ မဇ္ဈ ဝေရီ လေးလီပိုင်းခြား ကွဲပြားမရှိ သီမသမ္ဘေဒ ဖြစ်၏။ ထို့ကြောင့် --
အတ္တနိ ဟိတမဇ္ဈတ္တေ၊
အဟိတေ စ စတုဗ္ဗိဓေ။
ယဒါ ပဿတိ နာနတ္တံ၊
ဟိတစိတ္တော၀ ပါဏိနံ။
န နိကာမလာဘီ မေတ္တာယ၊
ကုသလီတိ ပဝုစ္စတိ။
ယဒါ စတဿော သီမာယော၊
သမ္ဘိန္နာ ဟောန္တိ ဘိက္ခုနော။
သမံ ဖရတိ မေတ္တာယ၊< br> သဗ္ဗလောကံ သဒေဝကံ၊
မဟာဝိသေသော ပုရိမေန၊
ယဿ သီမာ န နာယတိ။
ဟု-ပေါရာဏဆရာတို့ မိန့်သည်။
နာနတ္တဒဿီပုဂ္ဂိုလ်
အတ္တနိ၊ မိမိ၌၎င်း။
ဟိတမဇ္ဈတ္တေ၊ ပိယပုဂ္ဂိုလ် မဇ္ဈတ္တပုဂ္ဂိုလ်၌၎င်း။
အဟိတေ စ၊ ဝေရီပုဂ္ဂိုလ်၌၎င်း။
စတုဗ္ဗိဓေ၊ လေးပါးပြားသော ပုဂ္ဂိုလ်၌။
နာနတ္တံ၊ အထူးကို။
ယဒါ၊ အကြင် အခါ၌။
ပဿတိ၊ ရှုမြင်နေသေး၏။
တဒါ၊ ထိုအခါ၌။
သော၊ ထိုယောဂီကို။
ပါဏိနံ၊ သတ္တဝါတို့၏။
ဟိတစိတ္တော ဧ၀၊ အစီးအပွါးကို လိုလားသောစိတ် ရှိသသူဟူ၍သာလျှင်။
ဝုစ္စတိ၊ ဆိုအပ်၏။
[နာနတ္တဒဿီပုဂ္ဂိုလ် = န နိကာမလာဘီပုဂ္ဂိုလ်၊]
န နိကာမလာဘီပုဂ္ဂိုလ်
မေတ္တာယ၊ မေတ္တာ၌။
နိကာမ လာဘီတိ၊ လိုတိုင်း ရသသူဟူ၍၎င်း။
ကုသလီတိ၊ အလွန်လိမ္မာခြင်း ရှိသသူဟူ၍၎င်း။
န ပဝုစ္စတိ၊ မဆိုထိုက်ချေ။
[နိကာမ လာဘီပုဂ္ဂိုလ် = ကုသလီပုဂ္ဂိုလ် = သီမသမ္ဘေဒပုဂ္ဂိုလ်။]
တနည်းလည်း --
ယဒါ ယတော၊ အကြင်ကြောင့်။
နာနတ္တံ၊ (ချစ်သူ ရန်သူဟူ၍) ထူးခြားချက်ကို။
ပဿတိ၊ ရှုမြင်နေသေး၏။
တတော၊ ထို့ကြောင့်။
မေတ္တာယ၊ မေတ္တာ၌။
နိကာမ လာဘီတိ၊ လိုတိုင်း ရသသူဟူ၍။
န ပဝုစ္စတိ၊ မဆိုအပ်။
ယဒါ ယတော၊ အကြင်ကြောင့်။
ပါဏိနံ၊ သတ္တဝါတို့၏။
ဟိတစိတ္တော ဧဝ၊ အကျိုးစီးပွါးကို လိုလားစိတ် ရှိပေသလျှင်ကတည်း။
တတော၊ ထို့ကြောင့်။
ကုသလီတိ၊ ကုသိုလ် ရှိသသူဟူ၍။
ပဝုစ္စတိ၊ ဆိုအပ်၏။
သီမသမ္ဘေဒပုဂ္ဂိုလ်
ယဒါ၊ အကြင်အခါ၌။
ဘိက္ခုနော၊ ရဟန်း၏။
စတဿော သီမာယော၊ သိမ်လေးလုံး [၁] တို့သည်။
သမ္ဘိန္နာ၊ ပျက်ကုန် ရောစပ်ကုန်သည်။
ဟောန္တိ၊ ဖြစ်ကုန်၏၊
သဒေ၀ကံ၊ နတ်နှင့်တကွသော။
သဗ္ဗလောကံ၊ တလောကလုံးကို။
သမံ၊ အညီအမျှ။
မေတ္တာယ၊ မေတ္တာရေချမ်းဖြင့်။
ဖရတိ၊ အနှံ့မလွတ် ဖျန်းဆွတ်၏။
ယဿ ဘိက္ခုနော၊ အကြင်ရဟန်းအား။
သီမာ၊ အပိုင်းအခြားကို။
န နာယတိ၊ မသိအပ်။
တဒါ၊ ထိုအခါ၌။
သော ဘိက္ခု၊ ထိုရဟန်းသည်။
ပုရိမေန၊ ရှေး နာနတ္တဒဿီ မှ နိကာမလာဘီ ပုဂ္ဂိုလ်ထက်။
မဟာဝိသေသော၊ ကြီးကျယ် လွန်ကျူး ထူးသောပုဂ္ဂိုလ်ဖြစ်၏။
ဤသို့ သီမသမ္ဘေဒ ဖြစ်သည်နှင့် တပြိုင်နက် ကသိုဏ်းနိမိတ် စသည်နှင့် အလားတူသော သမထနိမိတ်ကိုလည်း ရ၏။ ဥပစာရဈာန်သို့လည်း ရောက်၏။ ထိုနိမိတ်ကို အဖန် တလဲလဲ မှီဝဲပွါးများလျှင် မငြိုမငြင်သာ အပ္ပနာသို့ ရောက်၏။ စတုတ္ထဈာန်တိုင်အောင် ရနိုင်၏။
[၁။ သိမ်လေးလုံး = (သီမ = အပိုင်းအခြား) = ရန်သူ၊ ချစ်သူ၊ မချစ် မမုန်းသူ၊ မိမိကိုယ် ဤ ၄-ယောက်တို့ကို ဆိုလိုသည်။]
အနောဓိ ဩဓိ
ဤသို့ အပ္ပနာသို့ ရောက်ပြီးသော ယောဂီအားသာလျှင် မြင်းခင်း၌ မြင်းကို စိုင်းနှင် သကဲ့သို့ --
မေတ္တာသဟဂတေန စေတသာ ဧကံ ဒိသံ ဖရိတွာ ဝိဟရတိ။ တထာ ဒုတိယံ။ တထာ တတိယံ၊ တထာ စတုတ္ထံ။ ဣတိ ဥဒ္ဓ’မဓော တိရိယံ။
ဟူသည်အတိုင်း ဩဓိအားဖြင့်၎င်း --
[ဩဒိ = အ၀ဓိ = (အရှေ့အနောက် စသည်ဖြင့်) ပိုင်းခြားခြင်း။]
သဗ္ဗဓိ သဗ္ဗတ္တတာယ သဗ္ဗာဝန္တံ လောကံ မေတ္တာသဟဂတေန စေတသာ ဝိပုလေန မဟဂ္ဂတေန အပ္ပမာဏေန အဝေရေန အဗျာပဇ္ဇေန ဖရိတွာ ဝိဟရတိ။
ဟူသည်အတိုင်း အနောဓိ [၁] အားဖြင့်၎င်း စမ္ပယ်ကွန့်မြူး အထူးထူး အပြားပြား ပြုခြင်း ဝိကုဗ္ဗနာ [၂] ပြည့်စုံသည်။
[၁။ အနောဓိ = န အ၀ဓိ = (အရပ်ကို) မပိုင်းခြားသော၊ အပိုင်း အခြားမရှိသော။
၂။ ဝိကုဗ္ဗန = (ဝိ+ကရ+ယု) အထူးထူးပြုခြင်း၊ ဈာန်၏ ကွန့်မြူးစံပယ်ခြင်း။]
ဩဓိမေတ္တာ
မေတ္တာသဟဂတေန၊ မေတ္တာနှင့်တကွ ဖြစ်သော။
စေတသာ၊ စိတ်ဖြင့်။
ဧကံ ဒိသံ၊ ရှေးဦးပွါးအပ် တခုသော အရပ်မျက်နှာ သတ္တဝါကို။
ဖရိတွာ၊ ပြန့်နှံ့၍။
ဝိဟရတိ၊ နေ၏။
တထာ၊ ထို့အတူ။
ဒုတိယံ၊ ဒုတိယ အရပ်မျက်နှာ သတ္တဝါကို။
တတိယံ၊ တတိယ အရပ်မျက်နှာ သတ္တဝါကို။
စတုတ္ထံ၊ စတုတ္ထ အရပ်မျက်နှာ သတ္တဝါကို။
ဣတိ၊ ဤသို့သော နည်းဖြင့်။
ဥဒ္ဓံ၊ အထက်အရပ်မျက်နှာ သတ္တဝါကို။
အဓော၊ အောက်အရပ်သတ္တဝါကို။
တိရိယံ၊ အထောင့်အရပ် သတ္တဝါကို။
ဖရိတွာ၊ ပြန့်နှံ့ ၍။
ဝိဟရတိ၊ နေ၏။
အနာဓိမေတ္တာ
သဗ္ဗဓိ၊ ဆယ်ရပ်မျက်နှာ၌။
သဗ္ဗာဝန္တံ၊ အလုံးစုံသော သတ္တဝါအစိတ်ရှိသော။
လောကံ၊ သတ္တလောကကို။
သဗ္ဗတ္တတာယ၊ သတ္တဝါအလုံးစုံတို့၌ မိမိကိုယ်လို အဖြစ်ဖြင့်။
ဝါ၊ အလုံးစုံသော စိတ်အဘို့ဖြင့်။
ဝိပုလေန၊ ပြန့်ပြောသော။
မဟဂ္ဂတေန၊ မဟဂ္ဂုတ်ဖြစ်သော။
အပ္ပမာဏေန၊ အတိုင်းအရှည် မရှိသော။
အဝေရေန၊ ဗျာပါဒရန် မရှိသော။
အဗျာပဇ္ဇေန၊ ဒေါမနဿ ကင်းသော။
မေတ္တာသဟဂတေန စေတသာ၊ မေတ္တာနှင့်တကွ ဖြစ်သော စိတ်ဖြင့်။
ဖရိတွာ၊ ပြန့်နှံ့၍။
ဝိဟရတိ၊ နေ၏။
ဤကား အနက်။
အနောဓိဖရဏမေတ္တာ
ထို့အတူ --
သဗ္ဗေ သတ္တာ အဝေရာ ဟောန္တု အဗျာပဇ္ဇာ ဟောန္တု, အနီဃာ ဟောန္တု၊ သုခီ အတ္တာနံ ပရိဟရန္တု၊ သဗ္ဗေ ပါဏာ။ သဗ္ဗေ ဘူတာ။ သဗ္ဗေ ပုဂ္ဂလာ။ သဗ္ဗေ အတ္တဘာဝပရိယာပန္နာ အဝေရာ။ပ။ ပရိဟရန္တု။
အနောဓိဖရဏ မေတ္တာ နှစ်ဆယ်။
ဩဓိဖရဏမေတ္တာ
သဗ္ဗာ ဣတ္ထိယော အဝေရာ။ပ။ ပရိဟရန္တု။ သဗ္ဗေ ပုရိသာ။ သဗ္ဗေ အရိယာ။ သဗ္ဗေ အနရိယာ။ သဗ္ဗေ ဒေဝါ။ သဗ္ဗေ မနုဿာ။ သဗ္ဗေ ဝိနိပါတိကာ အဝေရာ။ပ။ ပရိဟရန္တု။
ဩဓိဖရဏမေတ္တာ နှစ်ဆဲ့ရှစ်။
ဒိသာဖရဏမေတ္တာ
သဗ္ဗေ ပုရတ္ထိမာယ ဒိသာယ သတ္တာ အဝေရာ။ပ။ ပရိဟရန္တု။ သဗ္ဗေ ပစ္ဆိမာယ။ ဥတ္တရာယ။ ဒက္ခိဏာယ။
ပုရတ္ထိမာယ အနုဒိသာယ။ ပစ္ဆိမာယ။ ဥတ္တရာယ။ ဒက္ခိဏာယ အနုဒိသာယ။ ဟေဋ္ဌိမာယ။ ဥပရိမာယ ဒိသာယ သတ္တာ အဝေရာ။ပ။ ပရိဟရန္တု။
သဗ္ဗေ ပုရတ္ထိမာယ ပစ္ဆိမာယ။ပ။ ဥပရိမာယ ဒိသာယ ပါဏာ။ ဘူတာ။ ပုဂ္ဂလာ။ အတ္တဘာဝ ပရိယာပန္နာ။ ဣတ္ထိယော။ ပုရိသာ။ အရိယာ။ အနရိယာ။ ဒေဝါ။ မနုဿာ။ ဝိနိပါတိက အဝေရာ။ပ။ ပရိဟရန္တု။
ဒိသာဖရဏမေတ္တာ လေးရာ့ရှစ်ဆယ်။
ဤသို့ ပဋိသမ္ဘိဒါမဂ်၌ လာသော --
၅၂၈-မေတ္တာယူပုံ သံပေါက်
နောဓိ ပဉ္စ၊ ဩ သတ္တ၊ ဒွါဒ ပုဂ္ဂလာ။
အပ္ပနာ ဟု၊ န္တု လေးခု၊ မြှောက်မှု ဋ္ဌစတ္တာ။
လေးရာ့ရှစ်ဆယ်၊ ဂဏန်းချယ်၊ မြှောက်ဆယ် ရပ်မျက်နှာ။
ငါးရာ့နှစ်ဆယ်၊ ရှစ်ခုကယ်၊ များကျယ် ပေါင်းမေတ္တာ။
ဟူသော ငါးရာ့နှစ်ဆယ် ရှစ်သွယ်သော အခြင်းအရာတို့တွင် တပါးပါး သည်လည်း အပ္ပနာပတ္တစိတ်ရှိသော ဈာနလာဘီ ပုဂ္ဂိုလ်အားသာ ပြည့်စုံနိုင်သည်။
အပ္ပနာပတ္တစိတ္တဿေဝ သမ္ပဇ္ဇတီတိ ဝေဒိတဗ္ဗံ။
အဋ္ဌကထာ (ဝိသုဒ္ဓိ၊ပ၊နှာ-၃၀၂)
ခက်ဆစ်အနက်နှင့် ရှင်းလင်းချက်များ
သဗ္ဗေ၊ ခပ်သိမ်းကုန်သော။
သတ္တာ၊ ခန္ဓာငါးရပ်၌ ငြိကပ်သသူတို့သည်။
စူဠှီသဒ္ဒေန ပန ဝီတရာဂေသုပိ အယံ ဝေါဟာရော ဝတ္တတိယေဝ။
အဋ္ဌကထာ (ဝိသုဒ္ဓိ၊ပ၊နှာ-၃၀၃)
ပါဏာ၊ ရှူတတ် ရှိုက်တတ်သသူတို့သည်။
ဘူတာ၊ ကံ ကိလေသာတို့ကြောင့် ဖြစ်တတ် သသူတို့သည်။
ပုဂ္ဂလာ၊ ငရဲ၌ ဖြစ်တတ်သသူတို့သည်။
ဝါ၊ ထိုထို သတ္တနိကာယကို ပြည့်စေတတ် သဗ္ဗာဝတ္ထ [၁] မှ လျောကျတတ် သသူတို့သည်။
အတ္တဘာဝပရိယာပန္နာ၊ ခန္ဓာငါးရပ် အတ္တဘော၌ ပိုင်းခြားအပ်သည့် အတွင်း ဝင်သသူတို့သည်။
[၁။ သဗ္ဗာဝတ္ထ = (သဗ္ဗ၊ အလုံးစုံ။ အဝတ္ထ၊ အခိုက်အတန့်။) ကလလရေကြည် အခိုက် အတန့် စသော အလုံးစုံသော အခိုက်အတန့် (ပျက်စီးရွေ့လျောတတ်သော သဘောရှိသူ)]
ယထာ စ သလ္လာတိ ဝစနံ၊ ဧဝံ သေသာနိပိ ရူဠှီဝသေန အာရောပေတွာ သဗ္ဗာနေတာနိ သဗ္ဗသတ္တဝေဝစနာနီတိ ဝေဒိတဗ္ဗာနိ။
အဋ္ဌကထာ (ဝိသုဒ္ဓိ၊ပ၊နှာ-၃၀၄)
ဣတ္ထိယော၊ မိန်းမတို့သည်။
ပုရိသော၊ ယောက်ျားတို့သည်။
အရိယာ၊ အရိယာတို့သည်။
အနရိယာ၊ ပုထုဇဉ်တို့သည်။
ဒေဝါ၊ နတ်တို့သည်။
မနုဿာ၊ လူတို့သည်။
ဝိနိပါတိကာ၊ ဖရိုဖရဲ ကြဲ၍ကျကုန်သော အပါယ်ဘုံသားတို့သည်။
အဝေရာ၊ ပါဏာတိပ စသည် အဇ္ဈ ပြင်ပရန်သူ မပြုကင်းကုန်သည်။
အဗျာပဇ္ဇာ၊ ဒေါမနဿ မရှိကုန်သည်။ အနီဃာ၊ ဆင်းရဲမရှိကုန်သည်။
ဟောန္တု၊ ဖြစ်စေကုန်သတည်း။
သုခံ၊ ကိုယ်ချမ်းသာခြင်း ရှိကုန်သည်ဖြစ်၍။
အတ္တာနံ၊ အတ္တဘောကို။
ပရိဟရန္တု၊ ရွက်ဆောင် သည်ပိုးနိုင်စေကုန် သတည်း။
ဤကား အနက်။
အကျိုးရပုံ အဆုံးအဖြတ်
ဤသိုလျှင် ငါးရာ့နှစ်ဆယ်ရှစ်သွယ်သော အခြင်းအရာတို့တွင် တပါးပါးသော အခြင်းအရာ ဖြင့် မေတ္တာဈာန်ကို ပွါးများသော ယောဂီသည် ဆိုခဲ့ပြီးသော အာနိသင် ဆဲ့တပါး တို့ကို အကြွင်းမဲ့ ရ၏။
ဣမေ အာနိသံသာ ဗြဟ္မဝိဟာရလာဘိနော အနဝသေသာ လဗ္ဘန္တိ။
ဋီကာ (မဟာ၊ပ၊နှာ-၃၇၀)
သားငယ်ကို နို့တိုက်စဉ် မူဆိုးလှံနှင့် ထိုးလေသော် ထန်းရွက်မသွေ လှံသွား ခွေရသော ဓေနုဝတ္ထု၌--
သာ တဿာ သရီရံ အာဟစ္စ တာလပဏ္ဏံ ဝိယ ပဝဋ္ဋမာနာ ဂတာ၊ နေ၀ ဥပစာရဗလေန၊ န အပ္ပနာဗလေန၊ ကေဝလံ ဝစ္ဆကေ ဗလဝပ္ပိယ- စိတ္တတာယ။
ဟု - အဋ္ဌကထာ (ပ၊နှာ-၃၀၇) မိန့်သေးရကား ဥပစာ အပ္ပနာသို့ မရောက်သော်လည်း မေတ္တာဘာဝနာကို လေ့လာပွါးများလျှင် ဤအာနိသင်များကို ထိုက်သည် အားလျော်စွာ ရသင့်၏ဟု မှတ်ရာသည်။
သုခံ သုပန္တိ မုနုယော၊
အဇ္ဈတ္တံ သုသမာဟိတာ။
သုပ္ပဗုဒ္ဓံ ပဗုဇ္ဈန္တိ၊
သဒါ ဂေါတမဘဝကာ။
ယေသံ ဒိဝါ စ ရတ္တော စ၊
နိစ္စံ ဗုဒ္ဓဂတာသတိ။
စသည်ဖြင့် ဟောတော်မူသောကြောင့် တပါးသော ကမ္မဋ္ဌာန်းဖြင့် ဈာန်ရသော ပုဂ္ဂိုလ်တို့အားလည်း “သုခ သုပန” စသော ဤအာနိသင်တို့ကို ယထာရဟ ရကောင်းသေး၏ မှတ်လေ။
ကိဉ္စာပိ ဣတော အညကမ္မဋ္ဌာနဝသေန အဓိဂတဈာနာနမ္ပိ သုခသုပနာဒယော အာနိသံသာ လဗ္ဘန္တိ။ ... တထာပိမေ အာနိသံသာ ဗြဟ္မဝိဟာရလာဘိနော အနဝသေသာ လဗ္ဘန္တိ ဗျာပါဒါဒီနံ ဥဇုဝိပစ္စနီကဘာဝတော ဗြဟ္မဝိဟာရာနံ။
ဋီကာ (မဟာ၊ပ၊နှာ-၃၇၀)
မေတ္တာ ပြီး၏။
...
ကရုဏာပွါးနည်း
ကရုဏာကို ပွါးလိုသောပုဂ္ဂိုလ်သည် --
ဣဓေ'ကစ္စော ဝိဟေသေန္တော၊
အလာဘော လဒ္ဓဇာနိယော။
ကိတ္တိမာ မင်္ကု သံမူဠှော၊
ကာလင်္ကတော အပါယဂေါ။
ဒုဇ္ဇစ္စော သုဂတိယမ္ပိ၊
ဗာဟွာဗာဓော ဒုဒဿိကော။
ဒုဂ္ဂတော အပ္ပါယုကောတိ၊
နေကာနတ္ထာနုဗန္ဓိတော။
တဒညော တု ကာရုဏိကော၊
အနေကတ္တာနုဗန္ဓိတော။
ကရုဏာ ခေါင်းပါးခြင်း အပြစ်
ဣဓ၊ ဤလောက၌။
ဧကစ္စော၊ အချို့သူသည်။
ဝါ၊ အချို့သူကို။
ဝိဟေသေန္တော၊ ကရုဏာနဲ ညှဉ်းဆဲတတ်သည် ဖြစ်၍။
အလာဘော၊ လာဘ်ရှားပါး၏။
လဒ္ဓဇာနိယော၊ လာဘ်ရပြီးလည်း ပျက်စီးဆုံးရှုံး၏။
ကိတ္တိမာ၊ မကောင်း သတင်း ကျော်စောခြင်း ရှိ၏။
မင်္ကု၊ ပရိသတ်ထဲ မရဲထိတ်လန့်၏။
သံမူဠှော ကာလင်္ကတော၊ တွေတွေဝေဝေ သေရ၏။
အပါယဂေါ၊ သေခါ အပါယ် လားရ၏။
သုဂတိယမ္ပိ၊ လူ့ပြည်၌လည်း။
ဒုဇ္ဇစ္စော၊ အမျိုးယုတ်ဖြစ်ရ၏။
ဗာဟွာဗာဓော၊ အနာများ၏။
ဒုဒဿိကော၊ အဆင်းဆိုး၏။
ဒုဂ္ဂတော၊ ဆင်းရဲနွမ်းပါး အစာ ရှား၏။
အပ္ပါယုကော၊ အသက်တို၏။
ဣတိ၊ ဤသို့။
နေကာနတ္ထာနုဗန္ဓိတော၊ များသော အကျိုးမဲ့တို့သည် အစဉ်ဖွဲ့အပ်၏။
ကရုဏာ၏ အကျိုး
တဒညော တု ကာရုဏိကော၊
အနေကတ္တာနုဗန္ဓိတော။
တဒညော၊ ထိုမှ တပါးသော။
ကာရုဏိကော တု၊ ကရုဏာရှိသူကိုကား။
အနေကတ္ထာနုဗန္ဓိတော၊ ထိုမှ ပြန်သား အကျိုးစီးပွါးတို့ သွားလေတိုင်း၌ အစဉ် လိုက်အပ်၏။
ဆင်းရဲသူကို ရှေးဦးစွာပွါးခြင်း
ဤသို့ ဝိဟေသာ၏ အပြစ် ကရုဏာ၏ အကျိုးတို့ကို ဆင်ခြင်၍ ရှေးဦးစွာ အလွန် ဆင်းရဲ ကျင်နာလှသော ဒုက္ခိတ သတ္တဝါကို ကြည့်ရှု၍ --
ကိစ္ဆံ ဝတာယံ သတ္တော အာပန္နော၊
အပ္ပေဝ နာမ ဣမမှာ ဒုက္ခာ မုစ္စေယျ။
အယံ သတ္တော၊ ဤသတ္တဝါသည်။
ကိစ္ဆံ၊ ငြိုငြင်ပင်ပန်းခြင်းသို့။
အာပန္နော ဝတ၊ ရောက်ရှာပါသည်တကား။
ဣမမှာ ဒုက္ခာ၊ ဤဆင်းရဲမှ။
မုစ္စေယျ ၊ လွတ်ပါလေမူကား။
အပွေဝ နာမ သာဓု၊ ကောင်းလေစွ ဟု အဖန်ဖန် ပွါးအပ်၏။
ချမ်းသာသောလူမိုက်ကို ပွါးခြင်း
ထိုကဲ့သို့သော ဒုက္ခိတကို မရမတွေ့လျှင် ပါပကာရီ သုခိတကိုပင် ရာဇဝတ်မင်း ဒဏ်သင့်၍ သတ်အံ့ဟု သင်းချိုင်းသို့ ထုတ်ဆောင်အပ်သော ခိုးသူနှင့်ပုံပြု၍ --
ဘောဂေ ဘုဉ္ဇတိ ကိဉ္စာပိ၊
ဝရာကော'ယံ သုသဇ္ဇိတော။
ကတတ္တာ ပန ပါပါနံ၊
ဒုက္ခံ ဧဿတိ န'ပ္ပကံ။
ကိဉ္စာပိ ဒါနိ မနုဿော၊
ကတိပါဟစ္စယေန သော။
အဋ္ဌ သောဠသနိရယေ၊
ပရိပူရော ဘဝိဿတိ။
အယံ ဝရာကော၊ ဤသူယုတ်သည်။
သုသဇ္ဇိတော၊ ချမ်းသာကို ခံစားခြင်း၌ ဖွဲ့ငြိသည်ဖြစ်၍။
ဝါ၊ ချမ်းသာဖြင့် တန်းဆာဆင်အပ်သည်ဖြစ်၍။
ဘောဂေ၊ စည်းစိမ်ချမ်းသာတို့ကို။
ကိဉ္စာပီ ဘုဉ္ဇတိ၊ အကယ်၍ ယခုဘဝ သုံးဆောင်ရ၏။
ပန တထာပိ၊ ယင်းသို့ သုံးဆောင်ရသော်လည်း။
ပါပါနံ၊ မကောင်းမှုတို့ကို။
ကတတ္တာ၊ ပြုသည်၏အဖြစ်ကြောင့်။
အနုပ္ပကံ၊ ဤ၍ဤမျှ ဂဏန်းချ၍ မရခြားပိုင်း အတိုင်းမသိသော။
ဒုက္ခံ၊ ဆင်းရဲသို့။
ဧဿတိ၊ ရောက်ရှာရချေလတ္တံ့။
“ဝရာက” ပုဒ်၏အနက် ဂဏ္ဍိ နိဿယတို့၌ နေရာလှလှ မကျ၊ သဒ္ဓတ္ထမုတ္တာဝလိ ထောပနီဓိ အဘိဓာန်တို့၌ လာတိုင်း သူယုတ်သည် စိုးရိမ်ထိုက်သော သူသည် ဟူသော နှစ်နက် သင့်အံ့သည်။
ဧသော၊ ဤပုဂ္ဂိုလ်သည်။
ဒါနိ၊ ယခုဘဝ၌။
ကိဉ္စာပိ မနုဿော၊ လူတို့ဘောင်ဝယ် တောင်လယ် မြောက်သွား အကယ်၍ လူဖြစ် လင့်ကစား။
ကတိပါဟစ္စယေန၊ အသက်ကုန်ပျောက် ဘေးရောက်သည့်အခါ အတန်ကြာသဖြင့်။
အဋ္ဌသောဠသနိရယေ၊ ငရဲကြီးရှစ်သွယ် ငရဲငယ် တဆဲ့ခြောက်လုံးတို့ကို။
ပရိပူရော၊ ပြည့်စေသည်။
ဘဝိဿတိ၊ ဖြစ်ရှာလိမ့်သတည်း၊
ဤသို့ သနားအပ်၏။
ချစ်သူစသည်ကိုပွါးခြင်း
ထို့နောင် ပိယ မျဇ္ဈ ဝေရီ ပုဂ္ဂိုလ်တို့ကို အစဉ်အတိုင်း ပွါးအပ်၏။ ဝေရီ၌ ရန်ငြိုး မပျောက်လျှင် မေတ္တာ၌ ဆိုခဲ့ပြီးသောနည်းဖြင့် ဖျောက်အပ်၏။ ထိုသူတို့တွင် ကုသိုလ်များသော သူကိုလည်း မြင်အပ် ကြားအပ်သော ဉာတိဗျသန ရောဂဗျသန ဘောဂဗျသန စသည်တို့ကို၎င်း၊ မလွန်နိုင်သော ဝဋ္ဋဒုက္ခကို၎င်း အောက်မေ့ ပွါးများပြီး၍ အတ္တ ပိယ မဇ္ဈ ဝေရီ လေးလီသော ပုဂ္ဂိုလ်တို့၌ သီမသမ္ဘေဒကို ပြု၍ စတုတ္ထဈာန် တိုင်အောင် ပွါးအပ်၏။
ကရုဏာ ၁၃၂-ပါး သံပေါက်
နောဓိ ပဉ္စ၊ ဩ သတ္တ၊ ဒွါဒ ပုဂ္ဂလာ။
ဒိသာ ဒသ၊ မြှောက်ပွါးက၊ တရာ့နှစ်ဆယ်သာ။
တရာ့သုံးဆယ်၊ နှစ်ခုကယ်၊ များကျယ် ကရုဏာ။
ဆိုခဲ့ပြီးသည်မှ ကြွင်းသမျှကား မေတ္တာနှင့် တူပြီ။
(ကရုဏာ ပြီး၏။)
...
မုဒိတာ ပွါးနည်း
မုဒိတာကို ပွါးများ အားထုတ်လိုသော ယောဂီသည် -- သုခသမပ္ပိတ [၁] နိစ္စသမ္ပဟံသိတမုခ [၂], မိဟိတပုဗ္ဗင်္ဂမ [၃] ပုဗ္ဗဘာသိတ [၄], သုခသံဘာသ [၅] သခိလ [၆] သမ္ဗောဒက [၇] ဖြစ်သော အတိပ္ပိယ သောဏ္ဍသဟာယ [၈] ကိုသော်၎င်း -- သုခိတ [၉] သုသဇ္ဇိတ [၁၀] , မောဒမာန [၁၁]ဖြစ်သော ပိယပုဂ္ဂိုလ်ကိုသော်၎င်း - မြင်၍သော်၎င်း ကြား၍သော်၎င်း ---
၁။ သုခ သမပ္ပိတ = (သုခ+သံ+အပ္ပိတ) ချမ်းသာခြင်းသို့ ကောင်းစွာ ရောက်သော (ချမ်းသာနှင့် ပြည့်စုံသော)။
၂။ နိစ္စ သမ္ပဟံသိတမုခ = (နိစ္စ + သမ္ပဟံသိတ + မုခ) အမြဲပြုံးရွှင်သော မျက်နှာရှိသော။
၃။ မိဟိတ ပုဗ္ဗင်္ဂမ (မိဟိတ + ပုဗ္ဗင်္ဂမ) ပြုံးခြင်း - ရှေ့သွားရှိသော၊ (အရင်ပြုံးသော)။
၄။ ပုဗ္ဗ ဘာသိတ = (ပုဗ္ဗ + ဘာသိတ) ရှေးဦးစွာ နှုတ်ဆက် ပြောဆိုတတ်သော။
၅။ သုခ သမ္ဘာသ = (သုခ+ သံဘာသ) ချမ်းသာသော နားဝင်ချိုသော - ကောင်းသော စကားကို ဆိုတတ်သော။
၆။ သခိလ = ပြေပြစ် ချောမောသော စကားရှိသော။
၇။ သမ္မောဒက = ဝမ်းမြောက်စေသော။
၈။ သောဏ္ဍသဟာယ = အပျော်အပါး လိုက်စားဖက် အဖော် အပေါင်းအသင်း။
၉။ သုခိတ = (သုခ+ ဣတ) ချမ်းသာခြင်းသို့ ရောက်သော။
၁၀။ သုသဇ္ဇိတ = (သု = ကောင်းစွာ။ သဇ္ဇိတ = ငြိကပ် ဖွဲ့အပ်သော) ချမ်းသာကို ခံစားခြင်း၌ ကောင်းစွာ ငြိကပ်ဖွဲ့အပ်သော။
၁၁။ မောဒမာန = ဝမ်းမြောက် ဝမ်းသာစေသော။]
မောဒတိ ဝတာ’ယံ သတ္တော အဟော သာဓု အဟော သုဋ္ဌု။
အယံ သတ္တော၊ ဤသတ္တဝါသည်။
မောဒတိ ဝတ၊ ချမ်းသာရိပ်ငြိမ် စည်းစိမ် ခံလျက် နှစ်သက် ဝမ်းမြောက်ရပေစွ တကား။
အဟော သာဓု၊ ကောင်းပေစွ။
အဟော သုဋ္ဌု၊ မွန်မြတ်ပေစွ ဟု အဖန်ဖန် ပွါးအပ်၏။
ယခု ဆင်းရဲမှု ယခုဘ၀ ရှေ့နောက် ကာလတို့၌ ရဘူး ရလတ္တံ့သော သုခကိုသာ အာရုံပြု၍ ပွါးအပ်၏။ ထို့နောင် မဇ္ဈတ္တ ဝေရီတို့၌ ပွါး၍ သီမသမ္ဘေဒကို ပြုလျက် စတုတ္ထဈာန်သို့ တက်အပ်၏။ အကြွင်း ရှေးနည်းတူ။
(မုဒိတာ ပြီး၏။)
...
ဥပေက္ခာ ပွါးနည်း
ဥပေက္ခာဘာဝနာကို ပွါးလိုသော ယောဂီသည်ကား -- မေတ္တာ ကရုဏာ မုဒိတာ သုံးပါး တို့တွင် တပါးပါး၌ စတုတ္ထဈာန်ကို အဖန်ဖန် လေ့လာဝင်စား ပွါးများပြီးမှ --
မေတ္တာဒယော သြဠာရိကာ၊
သတ္တကေလာယနေန စ။
ယုတ္တာ သမီပစာရိကာ၊
ပဋိဃာနုနယာန စ။
ဥပေက္ခာ တု သန္တဘာဝါ၊
သုခုမာ ပဏိတာပိ စ။
ကိလေသေဟိ စ ဝိဒူရာ၊
သုဝေပုလ္လဖလာ တထာ။
မေတ္တာ ကရုဏာ မုဒိတာ တို့၏အပြစ်
မေတ္တာဒယော၊ မေတ္တာ ကရုဏာ မုဒိတာ သုံးပါးတို့သည် ။
သြဠာရိကာ၊ သောမနဿနှင့် ယှဉ်သည်ဖြစ်၍ လျှပ်ပေါ်လော်လည်ခြင်းကြောင့် ရုန့်ရင်း ကြမ်းတမ်းကုန်၏။
သတ္တကေလာယနေန စ၊ သတ္တဝါတို့၌ မြတ်နိုးတနာပြုခြင်းနှင့်လည်း။
ယုတ္တာ၊ ယှဉ်ကုန်၏။
ပဋိဃာနုနယာနံ စ၊ ဒေါမနဿ ဟူသော မုန်းခြင်း ရာဂ သောမနဿ ဟူသော ချစ်ခြင်းတို့၏လည်း။
ဝါ၊ "အဝေရာ ဟောန္တု ဒုက္ခာ မုစ္စန္တု မောဒန္တု”ဟု တောင့်တခြင်း အနုနယ ထိုမှ ပြန်သော ပဋိဃတို့၏လည်း။
သမီပစာရိကာ၊ အနီးအပါး၌ ကျင်လည်ကုန်၏။
ဥပေက္ခာ၏ အကျိုး
ဥပေက္ခာ တု၊ ဥပေက္ခာသည်ကား။
သန္တဘာဝါ၊ ငြိမ်သက်သော ဖြစ်ခြင်း သဘော ရှိ၏။
သုခုမာ၊ သိမ်မွေ့၏။
ပဏီတာပိ စ၊ မြတ်လည်း မွန်မြတ်၏၊
ကိလေသေဟိ စ၊ ကိလေသာ တို့မှလည်း။
ဝိဒူရာ၊ အလွန်ဝေး၏။
တထာ၊ ထိုမှတပါး။
သုဝေပုလ္လဖလာ၊ အလွန် ပြန့်ပြောသော အကျိုးလည်း ရှိ၏။
မဇ္ဈတ္တပုဂ္ဂိုလ်ကို ဦးစွာပွါးခြင်း
ဤသို့ ရှေ့သုံးပါး၌ အပြစ်၊ ဥပေက္ခာ၌ အကျိုးတို့ကိုဆင်ခြင်၍ ရှေးဦးစွာ ပကတိ- မဇ္ဈတ္တပုဂ္ဂိုလ်ကို အာရုံပြုလျက် --
အတ္တနာ ကတကမ္မေန၊
အာဂတော'ယံ စ ဂစ္ဆတိ။
အတ္တနာ ကတကမ္မေန၊
အာဂတော တွံ စ ဂစ္ဆသိ။
န တဿ တဝ ယောဂေန၊
လဗ္ဘာ ကိဉ္စိ သုခံ ဒုခံ။
ဥပနေတုံ အပနေတုံ၊
ကမ္မဿကော ဟိ'ယံ ဇနော။
အတ္တနာ၊ မိမိသည်။
ကတ ကမ္မေန၊ ပြုခဲ့သည့်ကံဖြင့်။
အယံ၊ ဤသူသည်။
အာဂတော စ၊ ရှေးဘဝမှလည်း လာခဲ့ရ၏။
ဂစ္ဆတိ စ၊ နောက်ဘဝသို့လည်း လားရ၏။
တွံ စ၊ သင်သည်လည်း။
အတ္တနာ ကတကမ္မေန၊ မိမိပြုခဲ့သည့်ကံဖြင့်။
အာဂတော၊ ရှေးဘဝမှလည်း လာခဲ့ရ၏။
ဂစ္ဆသိ၊ နောက်ဘဝသို့လည်း လားရ၏။
တဝ၊ သင်၏။
ယောဂေန၊ အဝေရာ ဟောန္တု၊ လုံ့လပြုသဖြင့်။
တဿ၊ ထိုသူ၏။
ကိဉ္စိ၊ တစုံတခုသော။
သုခံ ဝါ၊ ချမ်းသာကိုလည်း။
ဥပနေတုံ၊ ဆောင်ခြင်းငှါ။
ဒုက္ခံ ဝါ၊ ဆင်းရဲကိုလည်း။
အပနေတုံ၊ ပယ်ခြင်းငှါ။
န လဗ္ဘာ၊ မရနိုင်ကောင်းချေ။
ဟိ သစ္စံ၊ မှန်၏။
အယံ ဇနော၊ ဤသူသည်။
ကမ္မဿကော၊ ကံသည်သာလျှင် မိမိဥစ္စာ ရှိချေ၏။
ဟု အဖန်ဖန် ပွါးများအပ်၏။ ထို့နောင် ပိယပုဂ္ဂိုလ် သောဏ္ဍသဟာယ (=အတိပ္ပိယ) ဝေရီပုဂ္ဂိုလ်တို့၌ အစဉ်အတိုင်း ပွါး၍ အတ္တ ပိယ မဇ္ဈ ဝေရီ လေးလီသော ပုဂ္ဂိုလ်တို့၌ သီမသမ္ဘေဒကို ပြုလျက် ပဉ္စမဈာန်သို့ တက်အပ်၏။ အကြွင်း ရှေးနည်းတူပြီ။
(ဥပေက္ခာ ပြီး၏။)
...
ဗြဟ္မဝိဟာရ ပကိဏ္ဏကကထာ
ဤဗြဟ္မဝိဟာရ လေးပါးတို့၌ ပကိဏ္ဏက ကထာကား --
သိမှတ်ရာ မာတိကာ ၁၆-ပါးလင်္ကာ
ဝစနတ္ထာ၊ လက္ခဏာဒိ၊
သမ္ပတ္တိနှင့်၊ ဝိပတ္တိတော၊
ပယောဇနတ်၊ ပစ္စတ္ထိကာ၊
အာရမ္မဏ၊ အစ လယ် ဆုံး၊
ထုံး ဝဍ္ဎန၊ နိဿန္ဒဟု၊
ဗြဟ္မဝိဟာ၊ တာဝတွာနှင့်၊
ပမညာ ကမ၊ ပရမတည်း၊
ဒါန စထွေ၊ ကလျာဏေကို၊
ပြည့်စေတတ်ငြား၊ ဆဲ့ခြောက်ပါးကို၊
ပိုင်းခြား သိမှတ်ရာသတည်း။
၀စနတ္ထ
'မိဇ္ဇတိ၊ မိတ္တေ ဝါ ဘဝါ၊ မိတ္တဿ ဝါ ဧသာ မေတ္တာ' စသည်ဖြင့် ဝစနတ္ထပြု၊
လက္ခဏ
ဟိတကာရပ္ပဝတ္တိ [၁]၊ ဒုက္ခာပနယနာကာရပ္ပဝတ္တိ [၂], သတ္တေသု ပမောဒ [၃]၊ သတ္တေသု မဇ္ဈတ္တာကာရပ္ပဝတ္တိ[၄] လက္ခဏာ ရှိကုန်၏။
ရသ
ဟိတူပသံဟာရ[၁]၊ ပရဒုက္ခာသဟန[၂]၊ အနိဿယန[၃]၊ သမဘာဝဒဿန[၄] ကိစ္စ ရှိကုန်၏။
ပစ္စုပဋ္ဌာန်
အာဃာတ ဝိနယန[၁] အဝိဟိံသာ[၂], အရတိ ဝိဃာတ[၃] ပဋိဃာနုနယ ဝူပသမ[၄] ပစ္စုပဋ္ဌာန် ရှိကုန်၏။
ပဒဋ္ဌာန်
မနာပ ဘာဝဒဿန [၁]၊ အနာထ ဘာဝဒဿန[၂] သမ္ပတ္တိဒဿန[၃]၊ ကမ္မဿကတာဒဿန[၄] ပဒဋ္ဌာန် ရှိကုန်၏။
[၁။ မေတ္တာ၏ လက္ခဏာ စသော ဓမ္မ၀၀တ္ထန် ၄-ပါး
(၁) ဟိတာကာရပ္ပဝတ္တိလက္ခဏာ = (ဟိတ = အကျိုး၊ အာကာရ = အခြင်းအရာ၊ ပဝတ္တိ = ဖြစ်ခြင်း) သတ္တဝါတို့၏ အကျိုးစီးပွါးကို ကျင့်သောအခြင်းအရာအားဖြင့် ဖြစ်ခြင်း လက္ခဏာ ရှိ၏။
(၂) ဟိတူပသံဟာရရသာ = (ဟိတ = အကျိုး၊ဥပသံဟာရ = ကပ်၍ဆောင်ခြင်း) သတ္တဝါ တို့၏ အကျိုးစီးပွါးကို ဆောင်ရွက်ခြင်းကိစ္စ ရှိ၏။
(၃) အာဃာတ ဝိနယ ပစ္စုပဋ္ဌာနာ =(အာဃာတ = အမျက်ဒေါသ ရန်ငြိုး။ ဝိ-ကင်း + နယ = ဆောင်။ ဝိနယ = ပယ်ဖျောက်ခြင်း) ရန်ငြိုးကိုဖျောက်ခြင်း ပစ္စုပဋ္ဌာန် ရှိ၏။
(၄) မနာပဘာဝဒဿနပဒဋ္ဌာနာ = (မနာပ = နှလုံးပွါးစေခြင်း နှစ်လိုခြင်း။ ဘာဝ ဒသာန = အဖြစ်ကိုရှုမြင်ခြင်း) နှလုံးပွါးစေသည်၏ အဖြစ်ကို ရှုမြင်ရခြင်းလျှင် ပဒဋ္ဌာန် ရှိ၏။]
၂။ ကရုဏာ၏ လက္ခဏာ စသော ဓမ္မ၀၀တ္ထာန် ၄-ပါး
(၁) ဒုက္ခာပနယနာကာရပ္ပဝတ္တိလက္ခဏာ = သူတပါးတို့၏ ဆင်းရဲဒုက္ခကို ပယ်ရှားလိုသော အခြင်းအရာအားဖြင့် ဖြစ်ခြင်းလက္ခဏာ ရှိ၏။ (အပ နယန = အပ= အပြင်။ နယန = ဆောင်ခြင်း၊ အပြင်သို့ဆောင်ခြင်း ပယ်ရှားခြင်း)
(၂) ပရဒုက္ခာသဟနရသာ (ပရ = သူတပါး။ ဒုက္ခ = ဆင်းရဲ။ အ=မ။ သဟန = သည်းခံခြင်း) သူတပါးတို့၏ ဆင်းရဲဒုက္ခကို သည်းမခံနိုင်ခြင်း မကြည့်ရက်နိုင်ခြင်းကိစ္စ ရှိ၏။
(၃) အဝိဟိံသာပစ္စုပဋ္ဌာနာ = သတ္တဝါတို့ကို မညှဉ်းဆဲခြင်း ပစ္စုပဋ္ဌာန် ရှိ၏။
(၄) အနာထဘာဝ ဒဿန ပဒဋ္ဌာနာ = ကိုးကွယ်ရာမရှိသည့် အဖြစ်ကို ရှုခြင်း ပဒဋ္ဌာန် ရှိ၏။
၃။ မုဒိတာ၏ လက္ခဏာ စသော ဓမ္မ၀၀တ္ထာန် ၄-ပါး
(၁) သတ္တေသု ပမောဒနလက္ခဏာ =(မောဒန = ဝမ်းမြောက်ခြင်း။ ပမောဒန = အလွန် ဝမ်းမြောက်ခြင်း။) သတ္တဝါတို့၏ စည်းစိမ်ချမ်းသာကို ဝမ်းမြောက် နှစ်သက်ခြင်း လက္ခဏာရှိ၏။
(၂) အနိဿာယနရသာ = (န + ဣသာယန) မငြူစူ မစောင်းမြောင်းခြင်းကိစ္စ ရှိ၏။
(၃) အရတိ ဝိဃာတ ပစ္စုပဋ္ဌာနာ = သူတပါး တို့၏ စည်းစိမ်၌ မမွေ့လျော်ခြင်းကို ဖျက်ဆီးခြင်း ပစ္စုပဋ္ဌာန် ရှိ၏။
(၄) သမ္ပတ္တိဒဿန ပဒဋ္ဌာနာ = သူတပါးတို့၏ စည်းစိမ်ချမ်းသာကို ရှုမြင်ခြင်း ပဒဋ္ဌာန် ရှိ၏။
၄။ ဥပေက္ခာ၏ လက္ခဏာ စသော ဓမ္မ၀၀တ္ထာန် ၄-ပါး
(၁) သတ္တေသု မဇ္ဈတ္တာကာရပ္ပဝတ္တိလက္ခဏာ = သတ္တဝါတို့၌ အလယ်အလတ် သဘော ရှိသော အခြင်းအရာအားဖြင့် ဖြစ်ခြင်း လက္ခဏာ ရှိ၏။
(၂) သမဘာဝ ဒဿနရသာ = ညီမျှသည် အဖြစ်ကိုသာ ပြုခြင်းကိစ္စ ရှိ၏။
(၃) ပဋိဃာနုနယဝူပသမ ပစ္စုပဋ္ဌာနာ = (ပဋိဃ = အမျက်ထွက်ခြင်း။ အနုနယ = တပ်မက်ခြင်း။ ဝူပသမ=ငြိမ်းခြင်း) သတ္တဝါတို့၌ မုန်းခြင်း ချစ်ခြင်းကို ငြိမ်းစေခြင်း ပစ္စုပဋ္ဌာန်ရှိ၏။
(၄) ကမ္မဿကတာ ဒဿန ပဒုဋ္ဌာနာ= (ကမ္မ+သက+တာ) ကံသာလျှင် မိမိဥစ္စာ ရှိသည့်အဖြစ်ကို ရှုခြင်း ပဒဋ္ဌာန် ရှိ၏။]
သမ္ပတ္တိ
ဗျာပါဒ ဝိဟိံသာ အရတိ ပဋိဃာနုနယ တို့၏ ငြိမ်းခြင်းသည် သမ္ပတ္တိ မည်၏။
[ဗျာပါဒ = အမျက်ထွက်ခြင်း စိတ်ဆိုးခြင်း၊
ဝိဟိံသာ = ညှဉ်းဆဲခြင်း၊
အရတိ = မမွေ့မလျော် မနှစ်သက်ခြင်း၊
ပဋိဃ အနုနယ = မုန်းခြင်း ချစ်ခြင်း။]
ဝိပတ္တိ
သိနေဟ သောက ပဟာသ အညာဏုပေက္ခာ တို့၏ ဖြစ်လာခြင်းသည် ဝိပတ္တိ မည်၏။
[သိနေဟ = ချစ်ခြင်း။
သောက = စိုးရိမ်ခြင်း၊
ပဟာသ = ရွှင်လန်းခြင်း။
အညာဏုပေက္ခာ = ဉာဏ်ကင်းသော လျစ်လျူရှုခြင်း။]
ဗြဟ္မဝိဟာရ ၄-ပါး၏ အကျိုး “ပယောဇန”
ဝိပဿနာသုခ ဘဝသမ္ပတ္တိ ဒိဋ္ဌဓမ္မသုခဝိဟာရ ဧကာဒသာနိသံသ တို့သည် သာဓာရဏ အကျိုးတည်း။
ဗြဟ္မဝိဟာရ ၄-ပါးတို့၏ သီးခြား အာဝေနိက အကျိုး
ဗျာပါဒ ဝိဟိံသာ အရတိ ရာဂတို့၏ ပျောက်ခြင်းသည် အာဝေနိက အကျိုးတည်း။
ရန်သူ “ပစ္စတ္ထိက”
ရာဂ သောက ပဟာသ အညာဏုပေက္ခာတို့သည် နီးသော ရန်သူတည်း။ ဗျာပါဒ ဝိဟိံသာ အရတိ ပဋိဃာနုနယ တို့သည် ဝေးသော ရန်သူတည်း။
အာရမ္မဏ
ဧက အနေကသတ္တဝါပညတ်သည် အာရုံ မည်၏။
စ လယ် အဆုံး
ကတ္တုကမျတာဆန္ဒသည် အာဒိ နီဝရဏာဒိဝိက္ခမ္ဘနသည် မဇ္ဈ, အပ္ပနာသည် ပရိယောသာန မည်၏။
တိုးပွါးမှု “ဝဍ္ဎန”
သီမသမ္ဘေဒ ပြီးကောင်းရာ ဥပစာ အပ္ပနာ နှစ်ပါးသည် အာရမ္မဏဝဍ္ဎနဘုံတည်း၊ ပွါးပုံ ဝဍ္ဎက္ကမကား -- ဧကာဝါသ - ဒွိ - တိ - စတု - ပဉ္စ -ဆ - သတ္တ - အဋ္ဌ - န၀ - ဒသဝါသ - ဧကရစ္ဆာ - ဥပဍ္ဎဂါမ - ဂါမ - ဇနပဒ - ရဇ္ဇ - ဧကဒိသာ - ဧကစက္ကဝါဠ - အနေကစက္ကဝါဠတို့ကို ဉာဏ်ဖြင့် ပိုင်းခြား၍ တခုတခု သတ္တဝါအစု၌ မုဒုကမ္မနိယစိတ်ကို ပြုလျက် ကသိုဏ်းအား ပွါးရသည်။
အကျိုးဆက် “နိဿန္ဒ”
အရူပသည် ကသိုဏ်း၏ နိဿန္ဒအကျိုးဆက်။ နေဝသညာနာသညာယတနသည် သမာဓိတို့၏အကျိုးဆက်။ ဖလ သမာပတ်သည် ဝိပဿနာ၏ အကျိုးဆက်။ နိရောဓ သမာပတ်သည် သမထ ဝိပဿနာ နှစ်ပါး၏ အကျိုးဆက် ဖြစ်သကဲ့သို့ ဥပေက္ခာ ဗြဟ္မဝိဟာရသည် ရှေ့ ဗြဟ္မဝိဟာရသုံးပါး၏ နိဿန္ဒ အကျိုးဆက်တည်း။
ဗြဟ္မဝိဟာရ မည်ပုံ
သေဋ္ဌဋ္ဌ နိဒ္ဒေါသဘာဝကြောင့် ဗြဟ္မဝိဟာရဟု ဆိုအပ်၏။
[သေဋ္ဌဋ္ဌ = မြတ်သောသဘော။
နိဒ္ဒေါသ ဘာဝ = အပြစ်ကင်းသော သဘော။]
ဗြဟ္မဝိဟာရ ၄-ပါး ပိုင်းခြားထားပုံ
ဗျာပါဒ ဝိဟေသာ အရတိ ရာဂ များသောသူ လေးဦးတို့၏ စင်ကြယ်ကြောင်းဖြစ်၍၎င်း၊ ဟိတူပသံဟာရ, အဟိတာပ နယန, သမ္ပတ္တိမောဒန, အနာဘောဂ [၁] အားဖြင့် လေးပါးသာ သတ္တဝါတို့၌ မနသိကာရ ရှိသောကြောင့်၎င်း၊ အမိသည် ဒဟရ ဂိလာန ယောဗ္ဗနပ္ပတ္တ သကိစ္စပ္ပသုတ [၂] သား လေးယောက်တို့၌ ဖြစ်ခြင်းကဲ့သို့ သတ္တဝါတို့၌ မေတ္တာ စသည်တို့၏ အစွမ်းဖြင့် ဖြစ်သင့် သောကြောင့်၎င်း လေးပါးသာ ဖြစ်၏။
[၁။ ဟိတူပ သံဟာရ = (ဟိတ = အကျိုး၊ ဥပ = ကပ်၍။ သံဟာရ = ကောင်းစွာ ဆောင်ခြင်း) သတ္တဝါ၏ အကျိုးကို ကောင်းစွာဆောင်ခြင်း။
အဟိတာပနယန = (အဟိတ = အကျိုးမဲ့။ အပ နယန = ပယ်ခြင်း) သူတပါး၏ အကျိုးမဲ့ကို ပယ်ခြင်း။
သမ္ပတ္တိမောဒန = သူတပါးတို့ စည်းစိမ်ချမ်းသာ ပြည့်စုံခြင်း၌ ဝမ်းမြောက်ခြင်း။
အနာဘောဂ = (န + အာဘောဂ) နှလုံးမသွင်းခြင်း လျစ်လျူရှုခြင်း။
၂။ ဒဟရ = ငယ်ရွယ်သူ ဂိလာန = မကျန်းမာသူ။
ယောဗ္ဗနပတ္တ = အရွယ်ရောက်သူ။
သကိစ္စပ္ပသုတ = မိမိအလုပ်၌ ကျွမ်းကျင်သူ။]
အပ္ပမညာ မည်ပုံ
သတ္တဝါ တယောက်တည်း၌ သော်လည်း ဥဒ္ဓုမာတက စသည်၌ကဲ့သို့ တစိတ်ကို မယူမူ၍ အလုံးစုံ နှံ့သောအားဖြင့် အာရုံပြုသောကြောင့် “အပ္ပမာဏေ ဂေါစရေ ဘဝါ အပ္ပမညာ” မည်၏။
စဉ်ပုံ ကမ
ယေဘုယျအားဖြင့် ဟိတကာရ စသည် အစဉ်အတိုင်း ဖြစ်၏။
အယံ ဣမာသံ အပ္ပမညာနံ ယေဘုယျေန ပဝတ္တိက္ကမော။ ...မေတ္တာဒီနံ ဟိ တိဿန္နံ ဘာဝနာနံ ကမနိယမော နတ္ထိ။ ယံ ဝါ တံ ဝါ ပဌမံ ဘာဝေတုံ လဗ္ဘာ။ ဒေသနာက္ကမဝသေန ဝါ ဧဝံ ဝုတ္တံ [၃]။ ဋီကာ (မဟာ၊ပ၊ နှာ-၃၈၅။)
[၃။ မေတ္တာစသော ဗြဟ္မဝိဟာရ ကမ္မဋ္ဌာန်း ၄-ပါးတို့တွင် အလိုရှိရာ ကြိုက်နှစ်သက်ရာ ကမ္မဋ္ဌာန်းကို စ၍ ပွါးနိုင်သည်။ မေတ္တာမှစ၍ ဟောထားခြင်းမှာ ဒေသနာက္ကမသာ ဖြစ်သည်။]
သုဘ အာကာသ ဝိညာဏ-
အာကိဉ္စာနုပနိဿယာ။
တတောပရံ န ဟောန္တီတိ၊
သုဘာဒိပရမာ ဣမာ။
ဗြဟ္မဝိဟာရ ကမ္မဋ္ဌာန်း၏ အမြင့်ဆုံး အကျိုးပေး
ဣမာ၊ ဤ အပ္ပမညာ လေးပါးတို့သည်။
သုဘ အာကာသ ဝိညာဏ အာကိဉ္စာနံ၊ သုဘဝိမောက္ခ အောက် အရူပ သုံးပါး တွဲ၏။
ဥပနိဿယာ၊ မှီရာအကြောင်းတို့တည်း။
တတောပရံ၊ ထို့ထက် အလွန်။
န ဟောန္တိ၊ မဖြစ်နိုင်ကုန်။
ဣတိ၊ ထို့ကြောင့်။
သုဘာဒိပရမာ၊ သုဘဝိမောက္ခ စသည်လျှင် အလွန်အကဲ အမြတ်အထွတ် အညွှန့် ရှိကုန်၏။
ဧတာသံ အာနုဘာဝေန၊
ဒါနံ သီလဉ္စ နိက္ခမံ။
ပညာ ဝီရိယ ခန္တိ စ၊
သစ္စာဓိဋ္ဌာနမေတ္တိယော။
ဥပေက္ခမ္ပိ စ ပူရေတွာ၊
လဘန္တိ သဗ္ဗသောဘနေ။
ဗြဟ္မဝိဟာရ ၄-ပါးအကျိုးများ
▬▬▬▬▬▬▬▬▬▬
မဟာသတ္တာ၊ အလောင်းတော်မြတ် ဗောဓိသတ်တို့သည်။
ဧတာသံ၊ ထိုအပ္ပမညာ လေးပါးတို့၏။
အာနုဘာဝေန၊ တန်းခိုးရှိန်စော် အာနုဘော်ကြောင့်။
ဒါနဉ္စ၊ ဒါနပါရမီကို၎င်း။
သီလဉ္စ၊ သီလပါရမီကို၎င်း။
နိက္ခမဉ္စ၊ နိက္ခမပါရမီကို၎င်း။
ပညာ ဝီရိယ ခန္တီစ၊ ပညာပါရမီ ဝီရိယပါရမီ ခန္တီပါရမီ တို့ကို၎င်း။
သစ္စာဓိဋ္ဌာနမေတ္တိယော၊ သစ္စာပါရမီ အဓိဋ္ဌာန်ပါရမီ မေတ္တာပါရမီ တို့ကို၎င်း။
ဥပေက္ခမ္ပိ စ၊ ဥပေက္ခာပါရမီကို၎င်း၊
ပူရေတွာ၊ ဖြည့်ကုန်၍။
သဗ္ဗသောဘနေ၊ ဒသဗလ စသည်လုံးစုံ တင့်တယ်သော ဂုဏ်တို့ကို။
လဘန္တိ၊ ရတော်မူကြကုန်၏၊
ဗြဟ္မဝိဟာရလေးပါး ပြီး၏။
…..
အာဟာရေပဋိကူလသညာပွါးနည်း
▬▬▬▬▬▬▬▬▬▬
အာဟာရ၌ ဘေး ၄-ပါး
▬▬▬▬▬▬▬▬
“အာဟာရေ ပဋိကူလသညာ” ဟူရာ၌ အစဉ်အတိုင်း အစာ၌ တပ်သော နိကန္တိတဏှာဘေး၊ အာရုံသို့ ကပ်ခြင်း ဥပဂမနဘေး၊ ထိုထိုဘဝ၌ ဖြစ်ကြောင်း ဖြစ်ခြင်း ပစ်ချခြင်း ဥပပတ္တိဘေး၊ ဘဝန္တရ စသည်နှင့် စပ်ခြင်း ပဋိသန္ဓိဘေး - ဤသို့ ဘေး လေးပါးရှိသော ကြောင့် ပုတ္တမံသူပမာ, နိစ္စမ္မဂါဝူပမာ, အင်္ဂါရကာသူပမာ, သတ္တိသူလူပမာ ဟူသော ဩဝါဒ လေးပါးဖြင့် ပြအပ်သော ဩဇဋ္ဌမကရုပ် ဝေဒနာသုံးပါး ပဋိသန္ဓေ နာမ်ရုပ်တို့ကို ဆောင်တတ်သော ကဗဠိကာရာဟာရ ဖဿဟာရ မနောသေဉ္စတနာဟာရ ဝိညာဏဟာရ ဟူသော အာဟာရ လေးပါးတို့တွင် အသိတ ပီတ ခါယိတ သာယိတ အပြားရှိသော ကဗဠီကာရာဟာရ ကိုသာ ယူအပ်၏။
[အာဟာရ လေးပါးတွင် ကမ္မဋ္ဌာန်းအတွက် စားဘွယ် သောက်ဘွယ် ခဲဘွယ် လျက်ဘွယ်ဖြစ်သော ကဗဠီကာရ အာဟာရကိုသာ ယူရမည် ဟူလိုသည်။]
ဆင်ခြင်ပုံခြင်းရာ ၁၀-ပါး မာတိကာ
▬▬▬▬▬▬▬
ထိုအာဟာရ၌ ပဋိကူလာကာရအားဖြင့် ဖြစ်သော သမထ သမထပရိကမ် ဟူသော သညာကို ပွါးလိုသော ယောဂီသည် ဆိတ်ငြိမ်ရာ အရပ်သို့ ကပ်လျက် --
သင်္ဂဟဂါထာ
▬▬▬▬▬
ဂမနာ ဧသနာ ဘောဂါ၊
အာသယာ စ နီဓာနတော။
အပက္ကာ စ ပက္ကာ ဖလာ၊
နိဿန္ဒသော စ မက္ခနာ။
ဧဝံ ဒသဟာကာရေဟိ၊
ဣက္ခေယျာ ပဋိကူလတာ။
ဂမနာ၊ ဆွမ်းခံသွားရခြင်းဖြင့်၎င်း။
ဧသနာ၊ ရှာရခြင်းဖြင့်၎င်း။
ဘောဂါ၊ သုံးဆောင်ခြင်းဖြင့်၎င်း။
အာသယာ စ၊ အခြားစီ ဖြစ်တတ်သော သလိပ် သည်းခြေ သွေး ပြည် အားဖြင့်၎င်း။
နီဓာနတော၊ စု၍ တည်နေရာ အစာသစ် အိမ် အားဖြင့်၎င်း။
အပက္ကာ စ၊ မကျက်မကြေသေးသော အားဖြင့်၎င်း။
ပက္ကာ၊ ကြေကျက်ပြီး အားဖြင့်၎င်း။
ဖလာ၊ အကျိုးရင်း အားဖြင့်၎င်း။
နိဿန္ဒသော စ၊ ထိုမှဤမှ ယိုစီးစိမ့်ထွက်သော အကျိုးဆက် အားဖြင့်၎င်း။
မက္ခနာ၊ လူးလည်းခြင်းဖြင့်၎င်း။
ဧဝံ၊ ဤသို့။
ဒသဟာကာရေဟိ၊ ဆယ်ပါး သော အခြင်းအရာတို့ဖြင့်။
ပဋိကူလတာ၊ စက်ဆုပ် ရွံရှာ ထွီဘွယ်ရာအဖြစ်ကို။
ဣက္ခေယျာ၊ ရှုဆင်ခြင်အပ်၏။
(၁) ဆွမ်းခံသွားရခြင်း “ဂမန”အားဖြင့် ဆင်ခြင်ပုံလင်္ကာ
ဤဆယ်ပါးသော အခြင်းအရာတို့တွင် ဂမန အားဖြင့် ဆင်ခြင်ဟန်ကား ....
မဟာနုဘော်၊ ရဟန်းတော်တို့၊
ရွှင်ပျော်ညဉ့်လုံး၊ ကျင့်သုံး ဓမ္မ၊
စောစောထ၍၊ စေတီယင်္ဂဏ၊
စသည်ဝတ်ဝတ်၊ မချွတ်ပြုကာ၊
ချိန်ခါလင့်ထ၊ အာသန၌၊
ဝီသတိံသာ၊ ဝါရာ ပတ်လုံး၊
ပိုက်ကျုံးစီးဖြန်း၊ သင်္ကန်း သပိတ်၊
ပရိက္ခရာ၊ ယူဆောင်ကာလျှင်၊
သာယာပျံ့ပျူး၊ ဆန်းထူးစိမ့်စုံ၊
ရဂုံမြိုင်ဝ၊ ဝိဝေကကို၊
အာဟာရတွက်၊ မငဲ့ကွက်ပဲ၊
စားမက်ရှာရေး၊ သုသာန် ပြေးသည့်၊
တောခွေး အလား၊ ရွာသို့သွားသော်၊
စဉ်အား ရောက်အောင်၊ ကွင်း မရှောင်ရ၊
အိမ်မြှောင်ကြွက်ချေး၊ လင်းနို့ချေးနှင့်၊
ခိုချေး ရှင်ချေး၊ လူချေး ရွံ့ပွက်၊
ချောက်နက် သစ်ငုတ်၊ အကောင်ပုပ်ပြွမ်း၊
ဆွမ်းခံလမ်းသို့၊ ကြိုးပမ်း ချီရ၊
တံခါးဝက၊ များလှဘေးဘျမ်း၊
ခွေးကြမ်း နွားဆိုး၊ ဆင်မြင်းဆိုးကြောင့်။
ငုံ့လျှိုးမျက်လွှာ၊ မနေသာခဲ့၊
မျှော်ကာကြည့်ရ၊ ပြန်ကာလလည်း၊
ဧသနယော၊ အာဟာရောသည်။
အဟော စက်ဆုပ်ဖွယ်တကား။
အာသန မာရုယှ ဝီသ တိံ သဝါရေ ကမ္မဋ္ဌာနံ မနသိကရိတွာ။
ဝိသုဒ္ဓိမဂ် အဋ္ဌကထာ (ပ၊နှာ-၃၃၇။)
ဝီသ တိံသဝါရေတိ ဧတ္ထ သန္တတိပစ္စုပ္ပန္နဝသေန ဝါရပရိစ္ဆေဒေါတိ ကေစိ။ အပရေ ပန ဥဏှာသနေနာတိ ဝဒန္တိ။ ...ဝီသ တိံသဂ္ဂဟဏံ ပန ယထာသလ္လက္ခိတ ဘိက္ခာစာရ ဝေလာဝသေန။ အထဝါဂမနတော ယာဝ သမ္မက္ခနာ မနသိကာရော ဧကော ဝါရော၊ ဧဝံ ဝီသ,တိံ သဝါရေ ကမ္မဋ္ဌာနံ မနသိကရိတွာ။
မဟာဋီကာ (ပ၊နှာ-၄၁၈။)
(၂) ရှာမှီးရခြင်း ပရိယေသနအားဖြင့် ဆင်ခြင်ပုံလင်္ကာ
ပရိယေသနအားဖြင့် ဆင်ခြင်ဟန်ကား --
အိုးတိုလက်စွဲ၊ ဘုန်းစားနဲသို့၊
ရှင်မွဲရောင်ခြောက်၊ အိမ်စဉ်လျှောက်၍၊
ညှိုးအောက်မျက်နှာ၊ ခွါရာရွံ့ပွက်၊
တင်ရောက်တက်သား၊ တဖက်ဖြင့်ကြွ၊
တဖက်မတည်း၊ ကာလနွေမူ၊
လေဆောင်ယူသည့်၊ ဖုံမြူမြက်မှိုက်၊
ကိုယ်၌ ရစ်ဝိုင်း၊ အိမ်ဝတိုင်း၌၊
ယင်ရိုင်းသဲသဲ၊ ငါးမဲ ပုပ်စပ်၊
ချွဲ နှပ် တံထွေး၊ လူ့ သး ခွေးဘင်၊
နွားမစင်က၊ စသည် များစွာ၊
ရွံဖွယ်ရာကို၊ မှိတ်ကာ ချဉ်းကပ်၊
မှိုင်ကာရပ်လည်း၊ ပုပ် စပ် ကျန်ကြွင်း၊
ထမင်း မုံ့ဟောင်း၊ ကောင်း မကောင်းကို၊
မလောင်း တချို့၊ လောင်း တချို့နှင့်၊
တချို့ က ဆဲ၊ ဦးပြဲရဟန်း၊
ဖိုချောင်ခန်းမှာ၊ ကျီးကန်းသဘော၊
ရှာရမောသည်။
အဟော စက်ဆုပ်ဖွယ်တကား။
(၃,၄,၅) သုံးဆောင်ခြင်း “ပရိဘောဂ”စသည်ဖြင့် ဆင်ခြင်ပုံလင်္ကာ
ပရိဘောဂ အာသယ နိဓာန သုံးပါးတို့ဖြင့် ဆင်ခြင်ဟန်ကား --
စားမည်စိတ်ရှိ၊ လက်နှိုက်မိမူ၊
မြတ်ဘိသူ့ကို၊ ဖိတ်လှူမတင့်၊
ပူရှိန်သင့်၍၊ ချွေးနှင့်စိုရွှဲ၊
လက်ဆုပ်ထဲမှ၊ ချေခွဲတတန်၊
အာသို့ နှံသော်၊ ညှီနံ တံထွေး၊
ကြေးညစ်မြှေးကို၊ လုံးထွေး ပေါင်းစု၊
ထောင်းထု ဝါးလျှင်း၊ ခွေးစာကျင်းမှာ၊
ထည့်ခွေးစာသို့၊ ရှုရာမလှ၊
မမြင်ရလို့၊ မြိန်ကြနိုင်ပါ - မျိုသောခါလည်း၊
ဝင်ကာ ဆင်းလျှောက်၊ စာအိမ်ပေါက်သို့၊
မရောက်ခင်သေး၊ ပြည် သွေး သည်းခြေ၊
သလိပ်တွေဟု၊ လေးထွေ အာသယ၊
ရောထဆင်ကွဲ -- မွေးကတဲက၊
အနဲငယ်မျှ၊ မဆေးရဘူး၊
လဲလူး ရွံ့ဘွယ်၊ အိမ်ဝယ် တည်မော၊
အာဟာရောသည်။
အဟော စက်ဆုပ်ဖွယ်တကား။
ဗုဒ္ဓ ပစ္စေကဗုဒ္ဓါနမ္ပိ ရညောပိ စက္ကဝတ္တိဿ ပိတ္တ သေမှ ပုဗ ္ဗလောဟိတာသယေသု စတူသု အညတရော အာသယော ဟောတိယေဝ။ မန္ဒပ္ပညာနံ ပန စတ္တာရောပိ အာသယာ ဟောန္တိ။
အဋ္ဌကထာ (၊ပ၊ နှာ-၃၃၉။)
နိဓာနမနုပဂတော အာမာသယံ အပ္ပတ္တောယေဝ အာဟာရော ပိတ္တာဒီဟိ မိဿိတော ဟောတိ။
ဋီကာ (၊ပ၊နှာ-၄၂၀)
(၆,၇,၈) အစာမကြေစသည့် သုံးမျိုးဖြင့် ဆင်ခြင်ပုံလင်္ကာ
အပရိပက္က ပရိပက္က ဖလ သုံးပါးဖြင့် ဆင်ခြင်ဟန်ကား --
ရွာဒွန်းစဏ္ဍား၊ တံခါးအထွက်၊
တံစိပွက်သို့၊ စက်ဆုပ်ဖွယ်ရာ၊
မိုက်မဲစွာသား၊ အစာအိမ်ထဲ၊
ဟိုလဲဤနေ့၊ စားသရွေ့ကို၊
ပေါင်းပွေ့စုလျက်၊ ဓာတ်မီးချက်၍၊
ပရပွက်အူ၊ ကျိုက်ကျိုက် ဆူပွ၊
အမြှုပ်ထလျက် -- အူခေါင်း သက်၍၊
ချက်မြစ် ကျောက်ကုန်း၊ အူအဆုံးဟု၊
ပတုန်းပိတ်ဝယ်၊ ကျင်ငယ် ကျင်ကြီး၊
ဖြစ်ထပြီးလေ -- ကောင်းစွာကြေက၊
ကေသာ လောမ၊ စသည် ရောယု၊
အပုပ်စုကို၊ ပြီးမှုစေပါ၊
မကြေခါမူ၊ နူနာစိုရွှဲ၊
ပွေးဝဲအစ၊ ရာမကသည့်၊
ဖလရောဂေါ၊ ဖြစ်စေသောကြောင့်။
အဟော စက်ဆုပ်ဖွယ်တကား။
(၉) ယိုစီးထွက်သောအကျိုးဆက်အားဖြင့် ဆင်ခြင်ပုံလင်္ကာ
နိဿန္ဒအားဖြင့် ဆင်ခြင်ဟန်ကား ---
ဝမ်းမြောက်ရွှင်ပြယ်၊ လူပုံလယ်မှာ၊
တင့်တယ်ဘိခြင်း၊ တခံတွင်းက၊
သွင်းသည့်အစာ၊ တညဉ့်ကြာလျှင်၊
မျက်နှာညှိုးမှိတ်၊ နှာခေါင်းပိတ်လျက်၊
လူဆိတ်ကွယ်ရာ၊ စွန့်ရရှာသည်၊
ကြည့်ကာ တောင်မြောက်၊ ကိုးပေါက်ဒွါရ၊
အမာဝမှ၊ ယိုကျဖျင်းဖျင်း၊
ဆံမွေးတွင်းက၊ သက်ဆင်း ကျလျော၊
အာဟာရောသည်။
အဟော စက်ဆုပ်ဖွယ်တကား။
အန္နံ ပါနံ ခါဒနီယံ၊
ဘောဇနဉ္စ မဟာရဟံ။
ဧကဒွါရေန ပဝိသိတွာ၊
နဝဟိ ဒွါရေဟိ သန္ဒတိ။
အန္နံ ပါနံ ခါဒနီယံ၊
ဘောဇနဉ္စ မဟာရဟံ။
ဘုဉ္ဇတေ သပရိဝါရော၊
နိက္ခာမေန္တော နိလီယတိ။
အန္နံ ပါနံ ခါဒနီယံ၊
ဘောဇနဉ္စ မဟာရဟံ။
ဘုဉ္ဇတေ အဘိနန္ဒန္တော၊
နိက္ခာမေန္တော ဇိဂုစ္ဆတိ။
အန္နံ ပါနံ ခါဒနီယံ၊
ဘောဇနဉ္စ မဟာရဟံ။
ဧကရတ္တိပရိဝါသာ၊
သဗ္ဗံ ဘဝတိ ပူတိကံ။
ပေါရာဏဂါထာ
မဟာရဟံ၊ သူမြတ်တို့နှင့် ထိုက်တန်သော။
အန္နဉ္စ၊ ထမင်းသည်၎င်း။
ပါနဉ္စ၊ အဖျော်သည်၎င်း။
ခါဒနီယဉ္စ၊ ခဲဘွယ်သည်၎င်း။
ဘောဇနဉ္စ၊ ဘောဇဉ်သည်၎င်း။
ဧကဒွါရေန၊ တပေါက်သော ဒွါရဖြင့်။
ပဝိသိတွာ၊ ဝင်၍။
နဝဟိ ဒွါရေဟိ၊ ကိုးခုသော ဒွါရတို့ဖြင့်။
သန္ဒတိ၊ ယိုစီး၏။
မဟာရဟံ၊ သူမြတ်တို့နှင့် ထိုက်တန်သော။
အန္နဉ္စ၊ ထမင်းကို၎င်း။
ပါနဉ္စ၊ အဖျော်ကို၎င်း။
ခါဒနီယဉ္စ၊ ခဲဘွယ်ကို၎င်း။
ဘောဇဉ္စ၊ စားဘွယ်ကို၎င်း။
သ ပရိဝါရော၊ အခြံအရံနှင့်တကွ။
ဘုဉ္ဇတိ၊ စားသုံး၏။
နိက္ခာမေန္တော၊ စွန့်ထုတ် ထွက်စေသည်ရှိသော်။
နိလီယတိ၊ ပုန်းကွယ် လျှို့ဝှက်ရ၏။
မဟာရဟံ၊ သူမြတ်တို့နှင့် ထိုက်တန်သော။
အန္နဉ္စ၊ ထမင်းကို၎င်း။
ပါနဉ္စ၊ အဖျော်ကို၎င်း။
ခါဒနီယဉ္စ၊ ခဲဘွယ်ကို၎င်း။
ဘောဇဉ္စ၊ စားဘွယ်ကို၎င်း။
အဘိနန္ဒန္တော၊ အလွန် နှစ်သက်သည်ဖြစ်၍။
ဘုဉ္ဇတေ၊ စား၏။
နိက္ခာမေန္တော၊ ထွက်သည်ရှိသော်။
ဇိဂုစ္ဆတိ၊ စက်ဆုပ်၏။
မဟာရဟံ၊ သူမြတ်တို့နှင့် ထိုက်တန်သော။
အန္နဉ္စ၊ ထမင်းကို၎င်း။
ပါနဉ္စ၊ အဖျော်ကို၎င်း။
ခါဒနီယဉ္စ၊ ခဲဘွယ်ကို၎င်း။
ဘောဇဉ္စ၊ စားဘွယ်ကို၎င်း။
သဗ္ဗံ၊ အလုံးစုံသော အစာသည်။
ဧကရတ္တိပရိဝါသာ၊ ဝမ်းတွင်း အစာအိမ်၌ တညဉ့်မှ သိပ်သဖြင့်။
ပူတိကံ၊ ပုပ်သိုးသည်။
ဘဝတိ၊ ဖြစ်၏။
(၁၀) ပေကျံခြင်းအားဖြင့် ဆင်ခြင်ပုံလင်္ကာ
သမ္မက္ခနအားဖြင့် ဆင်ခြင်ဟန်ကား --
စားသောအခါ၊ ခံတွင်းမှာတည်း၊
ရွံရာမသိ၊ ထွက်ပြန်ဘိလည်း၊
တံစိ ပွက်တွင်း၊ ချက်ထမင်းမှ၊
အမြှုပ်ထ၍၊ ဝါဋ (=တွင်း) နှုတ်ခမ်း၊
အိုးနှုတ်ခမ်းမှာ၊ လူးလည်းပါသို့၊
ကိုးဒွါရပေါက်၊ ဆံမွေးပေါက်မှ၊
စီးလျှောက်ယိုကျ၊ ခေဠ (=တံထွေး)၊
မျက်ချေး၊ နှပ်စေး နဖာ၊
သွားမှာ သွားမြှေး၊ ညစ်ကြေးမစင်၊
ကျင်ငယ် ဘင်တို့၊ ဝန်းကျင်လိမ်းကပ်၊
ရေသုံးသပ်လည်း၊ ကြပ်ကြပ်မပြယ်၊
ထွီဘွယ် သဘော၊ အဟာရောသည်။
အဟော စက်ဆုပ်ဘွယ်တကား။
ဥပစာရသမာဓိရခြင်း
▬▬▬▬▬▬▬
ဤသို့လျှင် ဆယ်ပါးသော အခြင်းအရာတို့တွင် တပါးပါးဖြင့် အဖန်များစွာ ဆင်ခြင်သော ယောဂီအား စက်ဆုပ်ဖွယ်သော အခြင်းအရာဖြင့် အာဟာရနိမိတ် ထင်၏။ ထိုနိမိတ်ကို အဖန်တလဲလဲ မှီဝဲပွါးများသော ယောဂီသည် နီဝရဏ ကင်းကွာသဖြင့် ဥပစာရဈာန် သမာဓိကို ရ၏။
ကဗဠီကာရာဟာရဿ သဘာဝဓမ္မတာယ ဂမ္ဘီရတ္တာ အပ္ပနံ အပ္ပတ္တေန ဥပစာရသမာဓိနာ စိတ္တံ သမာဓိယတိ။ အဋ္ဌကထာ (၊ပ၊ နှာ-၃၄၂။)
နိမိတ္တန္တိ ... ပဋိကူလာကာရဝသေန ဥပဋ္ဌိတံ ကဗဠီကာရာဟာရသညိတံ ဘာဝနာယ နိမိတ္တံ အာရမ္မဏံ၊ န ဥဂ္ဂဟ ပဋိဘာဂနိမိတ္တံ၊ ယဒိ ဟိ တတ္ထ ဥဂ္ဂဟနိမိတ္တံ ဥပ္ပဇေယျ၊ ပဋိဘာဂနိမိတ္တေနာပိ ဘဝိတဗ္ဗံ။ တထာ စ သတိ အပ္ပနာပတ္တေန ဈာနေန ဘဝိတဗ္ဗံ၊ န စ ဘဝတိ။ ဋီကာ၊ (ပ၊ နှာ-၄၂၃။)
အာဟာရေပဋိကူလသညာ ကမ္မဋ္ဌာန်းအကျိုး
▬▬▬▬▬▬▬
အကျိုးအာနိသင်ကား ---
အာဟာရေ စဇတေ တဏှံ၊
ပုတ္တမံသံဝ ဘုဉ္ဇတိ။
တံမုခါ ကာမဂုဏိက-
ရာဂေါပိ ပရိဇာနိယော။
ပရိဇာနေ ရူပက္ခန္ဓံ၊
ကာယေ သတိ စ ပူရတိ။
အသုဘသညာနုလောမံ၊
ပဋိပဒမ္ပိ ပဇ္ဇတိ။
အမတံ ဣဓ အပ္ပတ္တော၊
သော သုဂ္ဂတိပရာယဏာ။
သင်္ဂဟ ဂါထာ
သော၊ ထို အာဟာရေ ပဋိကူလသညာ ကမ္မဋ္ဌာန်း စီးဖြန်းသော ယောဂီသည်။
အာဟာရေ၊ ချို ချဉ် စပ် ငန် အဖန် အခါး ရသာပြားသော အစာ၌။
တဏှံ၊ ရသတဏှာကို။
စဇတေ၊ စွန့်ခွါ၏။
ပုတ္တမံသံ ဣဝ၊ ကန္တာရကြား သား၏ အသားကိုကဲ့သို့။
ဘုဉ္ဇတိ၊ တဏှာမဖက် ဝဋ်မှထွက်အောင် သုံးဆောင် စားသောက်၏။
တံမုခါ၊ ထိုအာဟာရကို သိခြင်းကို အရင်းပြုသဖြင့်။
ကာမဂုဏိက ရာဂေါပိ၊ ရူပ သဒ္ဒ စသည်အာရုံ ကာမဂုဏ်၌ မှီသော ရာဂကိုလည်း။
ပရိဇာနိယော၊ သိမြင်ပိုင်းဖြတ် လွန်မြောက်အပ်၏။
တံမုခါ၊ ထိုကာမဂုဏ် ငါးပါးကို ပိုင်းခြားခြင်းကို အရင်းပြုသဖြင့် (လိုက်)။
ရူပက္ခန္ဓံ၊ ရုပ်အစုကို။
ပရိဇာနေ၊ ပိုင်းခြား၍ သိ၏။
ကာယေ သတိ စ၊ ကာယဂတာသတိသည်လည်း။
ပူရတိ၊ အလိုလိုပါ ပြည့်စုံလာ၏။
အသုဘသညာနုလောမံ၊ အဝိညာဏက အသုဘသညာ အားလျော်သော။
ပဋိပဒမ္ပိ၊ အကျင့်ကိုလည်း။
ပဇ္ဇတိ = ပဋိပဇ္ဇတိ၊ ကျင့်၏။
ဣဓ၊ ဤဘဝ၌။
အမတံ၊ အမြိုက် နိဗ္ဗာန်သို့။
အပ္ပတ္တော၊ မရောက်ရနိုင်သေးမူကား။
သုဂတိပရာယဏော၊ သုဂတိလျှင် လားရာရှိသည်။
ဟောတိ၊ ဖြစ်၏။
ဧကာသညာ ပြီး၏။
စတုဓာတုဝဝတ္ထာန်ပွါးနည်း ၁၉-ပါး
▬▬▬▬▬▬▬▬▬▬▬▬▬
စတုဓာတုဝဝတ္ထာန် ကမ္မဋ္ဌာန်းကို စီးဖြန်းလိုသော ယောဂီသည် --
တိက္ခပည ပုဂ္ဂိုလ်ဖြစ်အံ့ ... အကျဉ်းအားဖြင့် ပွါးအပ်၏။
နာတိတိက္ခပည ပုဂ္ဂိုလ်ဖြစ်အံ့ -- အကျယ်အားဖြင့် ပွါးအပ်၏။
[စတုဓာတုဝဝတ္ထာန်ပွါးနည်း ၁၉-ပါး
(၁) နွားသတ်ယောကျ်ားပမာ ဆင်ခြင်ပွါးများခြင်း၊
(၂) အိမ်၏ အစိတ်အပိုင်းအသွင် ဆင်ခြင် ပွါးများခြင်း။ (ယင်း ၂-ပါးမှာ တိက္ခပည ပုဂ္ဂိုလ်၏ ပွါးနည်း ဖြစ်သည်) ၊
(၃) လွန်ကဲ များပြား ထင်ရှားသော ဓာတ်ဖြင့် ၄၂-ကောဋ္ဌာသကို အကျဉ်း (သသမ္ဘာရသင်္ခေပ) နည်းဖြင့် ဆင်ခြင်ပွါးများခြင်း၊
(၄) လွန်ကဲများပြား ထင်ရှားသောဓာတ်ဖြင့် ၄၂-ကောဋ္ဌာသကို အကျယ်ခွဲဝေသော (သသမ္ဘာရဝိဘတ္တိ) နည်းဖြင့် ဆင်ခြင်ပွါးများခြင်း၊
(၅) ဓာတ် ၄-ပါးလုံးဖြင့် ၄၂-ကောဋ္ဌာသကို အကျဉ်း (သလက္ခဏသင်္ခေပ) နည်းဖြင့် ဆင်ခြင် ပွါးများခြင်း၊
(၆) ဓာတ် ၄-ပါးလုံးဖြင့် ၄၂-ကောဋ္ဌာသကို အကျယ်ခွဲဝေသော (သလက္ခဏဝိဘတ္တိ) နည်းဖြင့် ဆင်ခြင် ပွါးများခြင်း။ (ယင်း ၄-ပါးမှာ နာတိတိက္ခပည ပုဂ္ဂိုလ်၏ ပွါးနည်း ဖြစ်သည်)
(၇-၁၉) ဝစနတ္ထစသော အခြင်းအရာ ၁၃-ပါးဖြင့် ဆင်ခြင် ပွါးများခြင်း။]
တိက္ခပညပုဂ္ဂိုလ် ပွါးများနည်း ၂-ပါး
▬▬▬▬▬▬▬▬▬▬▬▬▬
နွားသတ်ယောက်ျား ဥပမာ
ပွါးဟန်ကား -- တိက္ခပည ပုဂ္ဂိုလ်သည် ဆိတ်ငြိမ်ရာ အရပ်သို့ ကပ်လျက် “သေယျထာပိ ဘိက္ခဝေ ဒက္ခော ဂေါဃာတကော ဝါ ဂေါဃာတကန္တေဝါသီ ဝါ” စသည်ဖြင့် မဟာသတိပဋ္ဌာနသုတ်၌ ဟောတော်မူသည့် အတိုင်း မိမိရူပကာယအလုံးကို ဆင်ခြင်၍ --
ဓာတ်ကြီး ၄-ပါး သဘောလက္ခဏာ
▬▬▬▬▬▬▬▬▬▬▬▬▬
ယော ဣမသ္မိံ ကာယေ ထဒ္ဓဘာဝေါ ဝါ ခရဘာဝေါ ဝါ၊ အယံ ပထဝီဓာတု။ ယော အာဗန္ဓနဘာဝေါ ဝါ ဒြဝဘာဝေါ ဝါ၊ အယံ အာပေါဓာတု။ ယော ပရိပါစနဘာဝေါ ဝါ ဥဏှဘဝေါ ဝါ၊ အယံ တေဇောဓာတု။ ယော ဝိတ္ထမ္ဘနဘာဝေါ ဝါ သမုဒီရဏဘာဝေါ ဝါ၊ အယံ ဝါယောဓာတု။
ပထဝီဓာတ်သဘော
▬▬▬▬▬▬▬
ဣမသ္မိံ ကာယေ၊ဤကိုယ်၌။
ယော ထဒ္ဓဘာဝေါ ဝါ၊ အကြင် ခိုင်မာခြင်း သဘောလက္ခဏာသည်၎င်း။
ယာ ခရဘာဝေါ ဝါ၊ အကြင် ကြမ်းတမ်းသော အခြင်းအရာ ကိစ္စသည်၎င်း။
အတ္ထိ၊ ရှိ၏။
အယံ၊ ဤခိုင်မာ ကြမ်းတမ်းခြင်း သဘောသည်။
ပထဝီဓာတု၊ ပထဝီဓာတ်တည်း။
အာပေါဓာတ်သဘော
▬▬▬▬▬▬▬
ဟေ အာဗန္ဓနဘာဝေါ ဝါ၊ အကြင်စေးဖွဲ့သော အခြင်းအရာ ကိစ္စသည်၎င်း။
ယာ ဒြဝဘာဝေါ ဝါ၊ အကြင် ယိုတွဲ ရိချွဲ ပြောင်းအိသော သဘော လက္ခဏာသည်၎င်း။
အတ္ထိ၊ ရှိ၏။
အယံ၊ ဤ စေးဖွဲ့ ယိုတွဲ ရိချွဲ ပြောင်းအိခြင်း သဘောသည်။
အာပေါဓာတု၊ အာပေါဓာတ်တည်း
တေဇောဓာတ်သဘော
▬▬▬▬▬▬▬▬
ယော ပရိပါစနဘာဝေါ ဝါ၊ အကြင်လှပတင့်တယ် အရွယ်အိုမင်း အရေ တွန့်လိပ်ခြင်း စသည်ဖြင့် ရင့်ကျက်စေခြင်း ကိစ္စသည်၎င်း။
ယော ဥဏှဘာဝေါ ဝါ၊ အကြင် ခိုးရှိန် ပူ ဧခြင်း သဘော လက္ခဏာသည်၎င်း။
အတ္ထိ၊ ရှိ၏၊
အယံ၊ ဤလှပတင့်တယ် အရွယ် အိုမင်း အရေတွန့်လိပ်ခြင်း စသည်ဖြင့် ရင့်ကျက်စေ တတ်သော ခိုးရှိန် ပူ ဧသော သဘောသည်။
တေဇောဓာတု၊ တေဇောဓာတ်တည်း။
ဝါယောဓာတ်သဘော
▬▬▬▬▬▬▬▬
ယော ဝိတ္ထမ္ဘနဘာဝေါ ဝါ၊ အကြင် သွား ရပ် ထိုင် လျောင်းခြင်း စသည်၌ တောင့်တင်း ခိုင်ခံ့ ထောက်ပံ့ခြင်းသဘော လက္ခဏာသည်၎င်း။
သမုဒီရဏဘာဝေါ ဝါ၊ အကြင် ရှေ့တွား လှုပ်ရှားခြင်း ကိစ္စသည်၎င်း။
အတ္ထိ ရှိ၏။
အယံ၊ ဤ တောင့်တင်း ခိုင်ခံ့ ထောက်ပံ့ ရှေ့တွား လှုပ်ရှားခြင်း သဘောသည်။
ဝါယောဓာတု၊ ဝါယောဓာတ်တည်း။
ဤသို့အစိတ်ကို အဖန်ဖန် သိမ်းဆည်းပြီး၍ --
ဣတိ အယံ ကာယော အစေတနော အဗျာကတော သုညော နိဿတ္တော နိဇ္ဇီဝေါ ဓာတုသမူဟောယေဝ။
ဣတိ၊ ဤသို့။
အယံ ကာယော၊ ဤ ကရဇရူပကာယသည်။
အစေတနော၊ စိတ်မရှိ။
အဗျာကတော၊ ပုဂ္ဂိုလ်သတ္တဝါဟုမဆိုအပ်သော အဗျာကတတရားတည်း။
သုညော၊ ပုဂ္ဂိုလ်သတ္တဝါ ဟူသည်မှ ဆိတ်၏။
နိဿတ္တော သတ္တဝါ မဟုတ်။
နိဇ္ဇီဝေါ ၊ အသက်ဝိညာဉ် အရှင်မဟုတ်။
ဓာတုသမူဟောယေဝ၊ ခိုင်မာ ကြမ်းတမ်းသော မြေဓာတ်သဘော, စေးဖွဲ့ ယိုတွဲ ရိချွဲ ပြောင်းအိသော ရေဓာတ် သဘော, လှပတင့်တယ် အရွယ်အိုမင်း အရေတွန့်လိပ်ခြင်း စသည်ဖြင့် ရင့်ကျက် စေတတ်သော ခိုးရှိန် ပူ ဧသော မီးဓာတ်သဘော, သွားရပ် ထိုင်လျောင်းခြင်း စသည်၌ တောင့်တင်းခိုင်ခံ့ သောက်ပံ့ရှေ့တွား လှုပ်ရှားသော လေဓာတ်သဘော အားဖြင့် ဓာတ်လေးပါး အစုသာလျှင်တည်း။
ဤသို့ အဖန်ဖန်ဆင်ခြင်ပွါးများ နှလုံးထားအပ်၏။
ဥပစာရသမာဓိရခြင်း
▬▬▬▬▬▬▬▬
ထိုအခါ နွားကိုသတ်လျက် လမ်းလေးခွ အဆုံအချက်၌ လေးဖက်ခုတ်လှီး ချပြီးသောအခါ ဂေါဃာတက ယောကျ်ားအား နွားဟူသော ဂါဝီသညာ ပျောက်၍ အမဲဟူသော မံသသညာ ရောက်လာသကဲ့သို့ ဣရိယာပုထ် လေးရပ်တို့၌ သတ္တ ဇီဝသညာကို ပယ်ခွါခွဲထု၍ ဓာတ်အစုသာ ထင်၏။ ဥပစာရသမာဓိကို ရ၏။
အိမ်၏အစိတ်အပိုင်းဥပမာ
▬▬▬▬▬▬▬▬▬
တနည်းလည်း --
ကဋ္ဌံ ဝလ္လိဉ္စ တိဏဉ္စ၊
မတ္တိကံ စတုဂံ ပတိ။
ပရိဝါရိတော အာကာသော၊
သင်္ချံ ဂေဟန္တိ ဂစ္ဆတိ။
အဋ္ဌိံ နှာရုံ စ မံသဉ္စ၊
စမ္မဉ္စ စတုကံ ပတိ။
ပရိဝါရိတော အာကာသော၊
သင်္ချံ ရူပန္တိ ဂစ္ဆတိ။
ကဋ္ဌဉ္စ၊ သစ်သားကို၎င်း။
ဝလ္လိဉ္စ၊ ကြိမ်နွယ်ကို၎င်း။
တိဏဉ္စ၊ မြက်သက်ကယ်ကို၎င်း။
မတ္တိကဉ္စ၊ မြေသရွတ်ကို၎င်း။
စတုကံ၊ လေးပါး အပေါင်းကို။
ပတိ၊ စွဲ၍။
ပရိဝါရိတော၊ ခြံရံအပ်သော။
အာကာသော၊ ကောင်းကင်သည် (အပိုင်းအခြားသည်)။
ဂေဟန္တိ၊ အိမ်ဟူ၍။
သင်္ချံ၊ ခေါ်ဝေါ်ရေတွက်ခြင်းသို့။
ဂစ္ဆတိ၊ ရောက်၏။
အဌိဉ္စ၊ အရိုးကို၎င်း။
နှာရုံစ၊ အကြောကို၎င်း။
မံသဉ္စ၊ အသားကို၎င်း။
စမ္မဉ္စ၊ အရေကို၎င်း။
စတုကံ၊ လေးပါး အပေါင်းကို။
ပတိ၊ စွဲ၍။
ပရိဝါရိတော၊ ခြံရံအပ်သော။
အာကာသော၊ ကောင်းကင်သည်(အပိုင်းအခြားသည်)။
ရူပန္တိ၊ ရုပ် ဟူ၍။
သင်္ချံ ၊ ခေါ်ဝေါ် ရေတွက်ခြင်းသို့။
ဂစ္ဆတိ၊ ရောက်၏။
ဟူသော သင်္ဂဟ ဂါထာနှင့်အညီ အိမ်ဟူ၍ ထင်ရှား မရှိပဲလျက် သစ်သား ကြိမ်နွယ် သက်ကယ် မြေကျံ သရွတ်တို့ကို စွဲ၍ အတွင်းအပ ထက်ဝန်းကျင် ခြံရံ၍ တည်သော ကောင်းကင်ကိုပင် အိမ်ဟူ၍ ဆိုအပ် ခေါ်ဝေါ်အပ် သကဲ့သို့ ဤကိုယ်၌ အလွန်ထင်ရှား အများဆုံး မှုလအထည်ကိုယ်ဖြစ်သော ကောဋ္ဌာသ လေးခုကို စွဲ၍ အတွင်းအပ ထက်ဝန်းကျင် ခြံရံ၍ တည်သော ကောင်းကင်ကို ကိုယ်ဟူ၍ ခေါ်ဝေါ် အပ်၏။
ပုဂ္ဂိုလ်သတ္တဝါ မဟုတ်။ အရိုး အကြော အသား အရေ -- အရေ အသား အကြော အရိုး လေးမျိုးသော ကောဋ္ဌာသ အစုသာတည်းဟု -ကောဋ္ဌာသ လေးခုကို အပေါင်း အစု မရှိစေပဲ အဖန်တလဲလဲ စိတ်ခွဲဝေဘန် ဉာဏ်ဖြင့် ခွဲထု အာရုံပြုပြီးလျှင် ---
ယော ဧတေသု စတူသု ကောဋ္ဌာသေသု ထဒ္ဓဘာဝေါ ဝါ ခရဘာဝေါ ဝါ၊ အယံ ပထဝီဓာတု။
စသည်ဖြင့် ရှေးနည်းတူ ပွါးများ သိမ်းဆည်းအပ်၏။ ဤကား တိက္ခပညပုဂ္ဂိုလ်တို့ ပွါးရာသော နည်းတည်း။
နာတိတိက္ခပညပုဂ္ဂိုလ် ပွါးများနည်း ၄-ပါး
▬▬▬▬▬▬▬
နာတိတိက္ခပုဂ္ဂိုလ်တို့ပွါးရာသောနည်း --
သသမ္ဘာရ လက္ခဏာနံ၊
သင်္ခေပန ဝိဘတ္တိတော။
ဘာဝေ ဓာတုကမ္မဋ္ဌာနံ၊
စတုဓာ နာတိတိက္ခိကော။
နာတိတိက္ခိကော၊ မထက်လွန်း မညံ့လွန်းသော ပုဂ္ဂိုလ်သည်။
သသမ္ဘာရ လက္ခဏာနံ၊ ဗုဒ္ဓိဝေါဟာရတို့ကို ဆောင်တတ်သော ယေဘုယျ ပါကဋ ဓာတ် ဟူသောသမ္ဘာရ၊ ဗုဒ္ဓိဝေါဟာရတို့ကို မှတ်ကြောင်းဖြစ်သော ယေဘုယျအပ္ပက ပါကဋာပါကဋဓာတ်ဟူသော လက္ခဏာတို့နှင့် တကွ ဖြစ်ကုန်သော ကေသ လောမစသော လေးဆဲ့နှစ်ပါးသော ကောဋ္ဌာသတို့၏။
ဝါ၊ ကောဋ္ဌာသတို့ကို။
သင်္ခေပန၊ အကျဉ်းအားဖြင့်၎င်း။
ဝါ၊ ချုံ့ချဉ်းသောအားဖြင့်၎င်း။
ဝိဘတ္တိတော၊ အကျယ်အားဖြင့်၎င်း။
ဝါ၊ ဝေဖန်သောအားဖြင့်၎င်း။
စတုဓာ၊ လေးပါးအပြားဖြင့်။
ဓာတုကမ္မဋ္ဌာနံ၊ ဓာတ်ကမ္မဋ္ဌာန်းကို။
ဘာဝေ၊ ပွါးများရာ၏။
သသမ္ဘာရသင်္ခေပနည်း ပွါးများပုံ
▬▬▬▬▬▬▬▬▬▬▬
ဤသင်္ဂဟဂါထာနှင့်အညီ --
ဣမသ္မိံ ကာယေ ကေသာ ပထဝီဓာတု။ပ။ မတ္တလုင်္ဂံ ပထဝီဓာတု။
ပိတ္တံ အာပေါဓာတု။ပ။ မုတ္တံ အာပေါဓာတု။
သန္တပ္ပနာ တေဇောဓာတု။ ဇီရဏာ, ပရိဒဟနာ ပရိပါစိကာ တေဇော ဓာတု။
ဥဒ္ဓင်္ဂမာ ဝါတာ ဝါယောဓာတု၊ အဓောဂမာ ဝါတာ, ကုစ္ဆိသယာ ဝါတာ, ကောဋ္ဌာသယာ ဝါတာ, အင်္ဂမင်္ဂါနုသာရိနော ဝါတာ, အဿာသပဿာသာ ဝါတာ, ဝါယောဓာတု။
ဟု-ပထဝီကောဌာသ နှစ်ဆယ်။
အာပေါကသ တဆဲ့နှစ်ပါး။
တေဇော ကောဋ္ဌာသ လေးပါး။
ဝါယော ကောဋ္ဌာသ ခြောက်ပါး --
အားဖြင့် လေးဆဲ့နှစ်ပါးသော ကောဋ္ဌာသတို့၌ တခုတခုစီသော ဓာတ်လွန်လေးပါးတို့ကို ပိုင်းခြား အပ်၏။ ဓာတ်လေးပါး ထင်ရှားလိမ့်မည်။ ထိုကို အဖန်တလဲလဲ နှလုံးပြုလျှင် ဥပစာရဈာန်ကို ရ၏။ ဤကား သသမ္ဘာရသင်္ခေပနည်းတည်း။
သသမ္ဘာရဝိဘတ္တိနည်းဖြင့်ပွါးများပုံ
▬▬▬▬▬▬▬▬▬▬▬
သို့မှ မထင်သေးမူ သသမ္ဘာရဝိဘတ္တိ နည်းအားဖြင့် ပွါးအပ်၏။ ပွါးဟန်ကား “ဝါစာ စေဝ မနော ၀ဏ္ဏ” စသည်ဖြင့် အောက် ကာယဂတာသတိ (ဤကျမ်း၊ ဒု၊ နှာ-၃ဝ၀) တွင် စီရင်ခဲ့သည်အတိုင်း ဆစ်ပိုင်းပြန်လှန်၍ အဖန်ဖန် ပွါးများ သရဇ္ဈာယ်သည်၏ အဆုံး အဆုံး၌ --
ပထဝီဓာတ် ၂၀
▬▬▬▬▬
ကေသာ နာမ ဣမသ္မိံ သရီရေ ပါဋိယေက္ကော ကောဋ္ဌာသော အစေတနော အဗျာကတော သုညော နိဿတ္တော နိဇ္ဇီဝေါ ထဒ္ဓေါ ပထဝီဓာတု။ပ။
အာပေါဓာတ် ၁၂-ပါး
▬▬▬▬▬▬▬
ပိတ္တံ နာမ ဣမသ္မိံ သရီရေ ပါဋိယေက္ကာ ကောဋ္ဌာသော အစေတနော အဗျာကတော သုညော နိဿတ္တော နိဇ္ဇီဝေါ ယူသဘူတော အာဗန္ဓနာကရော အာပေါဓာတု။ပ။
တေဇောဓာတ် ၄-ပါး
▬▬▬▬▬▬▬
ယေန သန္တပ္ပတိ၊ အယံ ဣမသ္မိံ သရီရေ ပါဋိယေက္ကော ကောဋ္ဌာသော အစေတနော အဗျာကတော သုညော နိဿတ္တော နိဇ္ဇီဝေါ ပရိပါစနာကာရော တေဇောဓာတု။ယေန ဇီရတိ။ ယေန ပရိဍယှတိ။ ယေန အသိတပီတခါယိတသာယိတံ သမ္မာ ပရိဏာမံ ဂစ္ဆတိ၊ အယံ ဣမသ္မိံ သရီရေ ပါဋိယေက္ကော ကောဋ္ဌာသော အစေတနာ အဗျာတကော သုညော နိဿတ္တော နိဇ္ဇီဝေါ ပရိပါစနာ ကာရော တေဇောဓာတု။
ဝါယောဓာတ် ၆-ပါး
▬▬▬▬▬▬▬
ဥဒ္ဓင်္ဂမာ ဝါတာ နာမ ကုမသ္မိံ သရီရေ ပါဋိယေက္ကော ကောဋ္ဌာသော အစေတနာ အဗျာကတော သုညော နိဿတ္တော နိဇ္ဇီဝေါ ဝိတ္ထမ္ဘနာကာရော ဝါယောဓာတု။ အဓောဂမာ ဝါတာ နာမ။ ကုစ္ဆိသယာ ဝါတာ နာမ။ ကောဋ္ဌာသယာ ဝါတာ နာမ။ အင်္ဂမင်္ဂါနုသာရိနော ဝါတာ နာမ။ အဿာသပဿာသာ ဝါတာ နာမ ဣမသ္မိံ သရီရေ ပါဋိယေက္ကော ကောဋ္ဌာသော အစေတနော အဗျာကတော သုညော နိဿတ္တော နိဇ္ဇီဝေါ ဝိတ္ထမ္ဘနာကာရော ဝါယောဓာတု။
ဤသို့ ပွါးအပ်၏။
ပထဝီဓာတု
▬▬▬▬
ကေသာနာမ၊ ဆံပင်တို့မည်သည်။
ဣမသ္မိံ သရီရေ၊ ဤကိုယ်၌။
ပါဋိယေက္ကော၊ အသီးအခြားဖြစ်သော။
ကောဋ္ဌာသော၊ အပုံ အစုတည်း။
အစေတနာ၊ စိတ်မရှိ။
အဗျာကတော၊ အဗျာကတ တရားတည်း။
သုညော၊ ကိုယ်ဟူသည်မှ ဆိတ်၏။
နိဿတ္တော၊ သတ္တဝါမဟုတ်။
နိဇ္ဇီဝေါ၊ အသက်ဝိညာဉ် အရှင်မဟုတ်။
ထဒ္ဓေါ၊ ခိုင်မာကြမ်းတမ်းခြင်း သဘောသာတည်း၊
ပထဝီဓာတု၊ မြေဓာတ် သဘောသာတည်း။ပ။
အာပေါဓာတု
▬▬▬▬
ပိတ္တံ နာမ၊ သည်းခြေမည်သည်။
ဣမသ္မိံ သရီရေ၊ ဤကိုယ်၌။
ပါဋိယေက္ကာ၊ အသီးအခြား ဖြစ်သော။
ကောဋ္ဌာသော၊ အပုံအစုတည်း။
အစေတနော၊ စိတ်မရှိ။
အဗျာကတော၊ အဗျာကတ တရားတည်း။
သုညော၊ ကိုယ်ဟူသည်မှ ဆိတ်၏။
နိဿတ္တော၊ သတ္တဝါမဟုတ်။
နိဇ္ဇီဝေါ၊ အသက်ဝိညာဉ် အရှင်မဟုတ်။
ယူသဘူတော၊ အရည်ဖြစ်၍ ဖြစ်သော။
အာဗန္ဓနာကရော၊ စေးဖွဲ့ယိုတွဲ ရိချွဲပြောင်းအိသော သဘာသာတည်း။
အာပေါဓာတု၊ ရေဓာတ်သဘောသာတည်း။ပ။
တေဇောဓာတု
▬▬▬▬▬
ယေန၊ အကြင်ပျက်၍ထသောသန္တပ္ပနမီးဖြင့်။
ကာယော၊ ကိုယ်သည်။
သန္တပ္ပတိ၊ တရက်ချန် ဖျားခြင်း စသည်ဖြင့် နွေးနွေးပူ၏။
အယံ၊ ဤ တရက်ချန် ဖျားခြင်း စသည်ဖြင့် နွေးနွေးပူခြင်းသည်။
ဣမသ္မိံ သရီရေ၊ ဤကိုယ်၌။
ပါဋိယေက္ကာ၊ အသီးအခြား ဖြစ်သော။
ကောဋ္ဌာသော၊ အပုံအစုတည်း။
အစေတနော၊ စိတ်မရှိ။
အဗျာကတော၊ အဗျာကတ တရားတည်း။
သုညော၊ ကိုယ်ဟူသည်မှ ဆိတ်၏။
နိဿတ္တော၊ သတ္တဝါမဟုတ်။
နိဇ္ဇီဝေါ၊ အသက်ဝိညာဉ် အရှင်မဟုတ်။
ပရိပါစနာကာရော၊ ရင့်ကျက်စေတတ်သော အခြင်းအရာသာတည်း။
တေဇောဓာတု၊ မီးဓာတ်သဘော သာတည်း။
ယေန၊ အကြင်ပကတိသော ကိုယ်ငွေ့ဖြင့်။
ကာယော၊ ကိုယ်သည်။
ဇီရတိ၊ ရင့်ရော်ယိုယွင်း အိုမင်း၏။
ယေန၊ အကြင်ပျက်၍ ပြင်းစွာထသော ပရိဒယှနမီးဖြင့်။
ကာယော၊ ကိုယ်သည်။
ပရိဒယှတိ၊ ပြင်းပြစွာ ပူလောင်၏။
ယေန၊ အကြင်ပါစက ကမ္မဇတေဇောဖြင့်။
အသိတ ပီတ ခါယိတ သာယိတံ၊ စားအပ် သောက်အပ် ခဲအပ် လျက်အပ်သော အစာသည်။
သမ္မာ၊ ကောင်းမွန် ညီညွတ်စွာ။
ပရိဏာမံ၊ နပ်နော ကြေညက်ခြင်းသို့။
ဂစ္ဆတိ၊ ရောက်၏။
အယံ၊ ဤပရိပါစက မီးသည်။
ဣမသ္မိံ သရီရေ၊ ဤကိုယ်၌။
ပါဋိယေက္ကာ၊ အသီးအခြား ဖြစ်သော။
ကောဋ္ဌာသော၊ အပုံအစုတည်း။
အစေတနော၊ စိတ်မရှိ။
အဗျာကတော၊ အဗျာကတ တရားတည်း။
သုညော၊ ကိုယ်ဟူသည်မှ ဆိတ်၏။
နိဿတ္တော၊ သတ္တဝါမဟုတ်။
နိဇ္ဇီဝေါ၊ အသေသာတည်း။
ပရိပါစနာကာရော၊ ရင့်ကျက်စေတတ်သော အခြင်းအရာသာတည်း။
တေဇောဓာတု၊ မီးဓာတ် သဘောသာတည်း
ဝါယောဓာတ်
▬▬▬▬▬
ဥဒ္ဓင်္ဂမာ ဝါတာ နာမ၊ အထက်သို့ ကြို့အန် တက်ဆန်သော လေတို့မည်သည်။
ဣမသ္မိံ သရီရေ၊ ဤကိုယ်၌။
ပါဋိယေက္ကာ၊ အသီးသော။
ကောဋ္ဌာသော၊ အပုံအစုတည်း။
အစေတနော၊ စိတ်မရှိ။
အဗျာကတော၊ အဗျာကတ တရားတည်း။
သုညော၊ ကိုယ်ဟူသည်မှ ဆိတ်၏။
နိဿတ္တော၊ သတ္တဝါမဟုတ်။
နိဇ္ဇီဝေါ၊ အသက်ဝိညာဉ် အရှင်မဟုတ်။
ဝိတ္ထမ္ဘနာကာရော၊ တောင့်တင်းခိုင်ခံ့ ထောက်ပံ့ ရှေ့တွား လှုပ်ရှားသော အခြင်းအရာ သာတည်း။
ဝါယော ဓာတု၊ လေဓာတ်သဘောသာတည်း။
အဓောဂမာ ဝါတာနာမ၊ ကျင်ကြီး ကျင်ငယ် အောက်သို့ လယ်အောင် တွန်းဖယ်နှင်ကုန် စုန်သောလေတို့ မည်သည် …။
ကုစ္ဆိသယာ ဝါတာနာမ၊ ဝမ်းတွင်းအူပြင်ပ၌ နေကုန်သော လေတို့မည်သည်...။
ကောဋ္ဌာသယာ ဝါတာနာမ၊ အူတွင်း၌ တည်ကုန်သော လေတို့မည်သည်။
အင်္ဂမင်္ဂါနုသာရိနော ဝါတာနာမ၊ အင်္ဂါကြီးငယ်သို့ လျှောက်သော လေတို့မည်သည် …။
အဿာသပဿာသာ ဝါတာနာမ၊ ထွက်သက် ဝင်သက်လေတို့ မည်သည်။
ဣမသ္မိံ သရီရေ၊ ဤကိုယ်၌။
ပါဋိယေက္ကာ၊ အသီးအခြား ဖြစ်သော။
ကောဋ္ဌာသော၊ အပုံအစုတည်း။
အစေတနော၊ စိတ်မရှိ။
အဗျာကတော၊ အဗျာကတ တရားတည်း။
သုညော၊ ကိုယ်ဟူသည်မှ ဆိတ်၏။
နိဿတ္တော၊ သတ္တဝါမဟုတ်။
နိဇ္ဇီဝေါ၊ အသေသာတည်း။
ဝိတ္ထမ္ဘနာကာရော၊ တောင့်တင်း ခိုင်ခံ့ ထောက်ပံ့ ရှေ့တွား လှုပ်ရှားသော အခြင်းအရာ သာတည်း။
ဝါယောဓာတု၊ လေဓာတ်သဘောသာတည်း။
ဤကား အနက်။
ဤသို့ အဖန်ဖန် ပွါးများသည်ရှိသော် သတ္တ ဇီဝသညာ ကင်းပြတ်၍ ဓာတ်လေးပါး အစုသာ ထင်၏။ ဥပစာရဈာန်ကို ရ၏။
သလက္ခဏ သင်္ခေပ နည်းအားဖြင့် ပွါးများပုံ
▬▬▬▬▬▬▬▬
သို့မှလည်း ကမ္မဋ္ဌာန်း မပြည့်စုံသေးလျှင် သလက္ခဏ သင်္ခေပ အားဖြင့် ပွါးအပ်၏။ ပွါးဟန်ကား - ရှေး သသမ္ဘာရ သင်္ခေပနှင့် နည်းတူပင်။
ဣမသ္မိံ ကာယေ ကေသာ ပထဝီဓာတု အာပေါဓာတု တေဇောဓာတု ဝါယောဓာတု။ပ။ အဿာသ ပဿာသာဝါတာ ပထဝီဓာတု အာပေါဓာတု တေဇောဓာတု ဝါယောဓာတု။
ဟု-တခု-တခုသော ကောဋ္ဌာသ၌ ယေဘုယျ အပ္ပက ပါကဋ အပါကဋ ရှိသမျှ ဓာတ်လေးပါးတို့ကို ပိုင်းခြားရသည်သာ ထူးခြား၏။
သလက္ခဏဝိဘတ္တိနည်းအားဖြင့် ပွါးများပုံ
သို့ပွါး၍မှ ကမ္မဋ္ဌာန်း မပြည့်စုံသေးလျှင် သလက္ခဏာ ဝိဘတ္တိအားဖြင့် ပွါးအပ်၏။ ပွါးဟန်ကား -- ရှေး သသမ္ဘာရ ဝိဘတ္တိနှင့် နည်းတူပင်။
ကေသာ နာမ ဣမသ္မိံ သရီရေ ပါဋိယေက္ကော ကောဋ္ဌာသော အ စေတနာ အဗျာကတော သုညော နိဿတ္တော နိဇ္ဇီဝေါ ထဒ္ဓေါ ပထဝီဓာတု။
ယူသဘူတော အာဗန္ဓနာကာရော အာပေါဓာတု။
ပရိပါစနာကာရော တေဇောဓာတု။
ဝိတ္ထမ္ဘနာကာရော ဝါယောဓာတု။ပ။
အာဿာပဿာသာ ဝါတာ နာမ ဣမသ္မိံ သရီရေ ပါဋိယေက္ကော ကောဋ္ဌာသော အ စေတနာ အဗျာကတော သုညော နိဿတ္တော နိဇ္ဇီဝေါ ထဒ္ဓေါ ပထဝီဓာတု။
ယူသဘူတော အာဗန္ဓနာကာရော အာပေါဓာတု။
ပရိပါစနာကာရော တေဇောဓာတု။
ဝိတ္ထမ္ဘနာကာရော ဝါယောဓာတု။
ဟု-တခုတခုသော ကောဋ္ဌာသ၌ ယေဘုယျ အပ္ပက ပါကဋာ ပါကဋ ရှိသမျှ ဓာတ်လေးပါးတို့ကို ပိုင်းခြားရခြင်းသာ ထူးပြားသည်။ ဤ သလက္ခဏာဝိဘတ္တိတို့၌ ကောသ လေးဆဲ့နှစ်ကို ဓာတ်လေးပါးနှင့် မြှောက်၍ ဓာတ်ပေါင်း တရာ့ ခြောက်ဆဲ့ရှစ်ပါးကို သိမ်းဆည်း၏။
“၀စနတ္ထစသော အကာရအားဖြင့် ဆင်ခြင်ပုံ ၁၃-ပါး”
တနည်းလည်း --
ဝစနတ္ထ ကလာပေဟိ၊
စုဏ္ဏတော လက္ခဏာဒိတော။
သမုဋ္ဌာနာ စ နာနတ္တေ-
ကတ္တတော ဝိနိဘောဂတော။
သဘာဂ ဝိသဘာဂါ စ၊
အဇ္ဈတ္တ ဗာဟျဘေဒတော။
သင်္ဂဟာ ပစ္စယာ နာဘောဂါ၊
ပစ္စယာနံ ဝိဘာဂတော။
ဣတိ တေရသာကာရေဟိ၊
မနေ ကရေယျ ဓာတုယော။
ဝစနတ္ထကလာပေဟိ၊ ဝိဂြိုဟ် ကလာပ်စည်းတို့ဖြင့်၎င်း။
စုဏ္ဏတော၊ အမှုန့်အားဖြင့်၎င်း။
လက္ခဏာဒိတော၊ လက္ခဏ ရသ ပစ္စုပဋ္ဌာန် အားဖြင့်၎င်း။
သမုဋ္ဌာနာ စ၊ ဖြစ်ကြောင်းအားဖြင့်၎င်း။
နာနတ္တေကတ္တတော၊ ထူးပြားသည့် အဖြစ်, တူသည့် အဖြစ်အားဖြင့်၎င်း။
ဝိနိဘောဂတော၊ ကွဲပြား မကွဲပြားခြင်းဟူသော ဝိနိဗ္ဘောဂါ ဝိနိဗ္ဘောဂ အားဖြင့်၎င်း။
သဘာဂ ဝိသဘာဂါ စ၊ သဘောတူ မတူအားဖြင့်၎င်း။
အဇ္ဈတ္တ ဗာဟျဘေဒတော၊ သဝိညာဏက အဝိညာဏက ဓာတ်တို့၏ အထူးအားဖြင့်၎င်း။
သင်္ဂဟာ၊ သမုဋ္ဌာန်တူခြင်း သင်္ဂြိုဟ်ပေါင်းစုသော အားဖြင့်၎င်း။
ပစ္စယာ၊ အချင်းချင်း ကျေးဇူးပြုသော အားဖြင့်၎င်း။
အနာဘောဂါ၊ နှလုံးမသွင်းတတ်သော အားဖြင့်၎င်း။
ပစ္စယာနံ၊ ပစ္စည်းတို့ကို။
ဝိဘာဂတော၊ ဝေဘန်သော အားဖြင့်၎င်း။
ဣတိ၊ ဤသို့။
တေရသာကာရေဟိ၊ ၁၃-ပါးသော အခြင်းအရာတို့ဖြင့်။
ဓာတုယော၊ ဓာတ်တို့ကို။
မနေ၊ စိတ်၌။
ကရေယျ ၊ သွတ်သွင်း ပြုထားရာ၏။
ဤ သင်္ဂဟဂါထာနှင့် ညီစွာ တဆဲ့သုံးပါးသော အခြင်းအရာတို့ဖြင့် နှလုံးသွင်းအပ်၏။
ဝစနတ္ထအားဖြင့် ဆင်ခြင်ပုံ
ထိုတွင် ၀စနတ္ထအားဖြင့် ဆင်ခြင်ဟန်ကား ...
ပုထုတ္တာ ပတ္ထနဋ္ဌေန ဝါ ပထဝီ။
အပ္ပေါတိ အပ္ပီယတိ အပ္ပါယတီတိ ဝါ အာပေါ။
တေဇတီတိ တေဇော။
ဝါယတီတိ ဝါယော။
ပုထုတ္တာ၊ ကြီးပြန့်ခြင်းကြောင့်။
ဝါ၊ တနည်းကား။
ပတ္ထနဋ္ဌေန၊ တည်ရာ ဖြစ်ခြင်းကြောင့်။
ပထဝီ၊ ပထဝီမည်၏။
အပ္ပေါတိ၊ ယိုစီးသွားရောက်တတ်၏။
ဝါ၊ တနည်းကား။
အပ္ပီယတိ၊ သွေ့ခြောက်စေအပ် သောက်အပ်၏။
ဝါ၊ တနည်းကား။
အပ္ပါယတိ၊ ပွါးစေတတ်၏။
ဣတိ၊ ထို့ကြောင့်။
အာပေါ၊ အာပေါမည်၏။
တေဇတိ၊ သွေးတတ် ထက်စေတတ်၏။
ဣတိ၊ ထို့ကြောင့်။
တေဇော၊ တေဇောမည်၏။
ဝါယတိ၊ လှုပ်ရှားတတ် ရွေ့စေတတ်၏။
ဣတိ၊ ထို့ကြောင့်။
ဝါယော၊ ဝါယောမည်၏။
ဓာတုသဒ္ဓါ၏ ၀စနတ္ထကို သမုစ္စည်းပိုင်း (ဤကျမ်း ပ-တွဲ၊နှာ-၂၈၃) က ပြခဲ့ပြီ။
ကလာပ်အားဖြင့် ဆင်ခြင်ပုံ
ကလာပ်အားဖြင့် ဆင်ခြင်ဟန်ကား --
ဝဏ္ဏော ဂန္ဓော ရသော ဩဇာ၊
စတဿော စာပိ ဓာတုယော။
အဋ္ဌဓမ္မသမာဓာနာ၊
ဟောတိ ကေသာဒိသမ္မုတိ။
တေသံယေဝ ဝိနိဗ္ဘောဂါ၊
နတ္ထိ ကေသာဒိသမ္မုတိ။
ဝဏ္ဏော၊ ရူပါရုံ၎င်း။
ဂန္ဓော၊ ဂန္ဓာရုံ၎င်း။
ရသော၊ ရသာရုံ၎င်း။
ဩဇာ၊ အာဟာရရုပ်၎င်း။
စတဿော စာပိ ဓာတုယော၊ ဓာတ်လေးပါးတို့၎င်း။
အဋ္ဌဓမ္မသမာဓာနာ၊ ရှစ်ပါးသော သဘောတရားတို့၏ ပေါင်းဆုံမိခြင်းကြောင့်။
ကေသာဒိသမ္မုတိ၊ ဆံပင်စသော အမည်ပညတ်သည်။
ဟောတိ၊ ဖြစ်၏။
တေသံယေ၀၊ ထိုရှစ်ပါးကုန်သော သဘောတရား တို့ကိုသာလျှင်။
ဝိနိဗ္ဘောဂါ၊ အသီးအသီး ခွဲခြမ်းစိတ်ဖြာ ဝေဘန်ခြင်းကြောင့်။
ကေသာဒိသမ္မုတိ၊ ဆံပင် စသော အမည်ပညတ်သည်။
နတ္ထိ၊ မရှိ။
ကမ္မဇရုပ် ရကောင်းရာတို့၌ ဇီဝိတိန္ဒြိယနဝက ဘာ၀ဒသက ကလာပ် များလည်း ရသေး၏။
ဤ ဓာတ်လေးပါး အစွမ်းဖြင့် ကွဲပြားသော ကောဋ္ဌာသ လေးဆဲ့နှစ်ပါးတို့၌ ရသင့် တိုင်းသော စတုဇကလာပ်ရုပ်တို့ကို သိမ်းအုပ်ဝေဘန်မူကား --
စတုန္နမ္ပိ စ ဓာတူနံ၊
အဓိကံ'သ ဝသေနိ'ဓ။ .
ရူပဘေဒေါ'သ ဝိညေယျော၊
ကမ္မစိတ္တာ'နလ'န္နဇော။
ကေသာဒိမတ္တလုင်္ဂန္တာ၊
ပထဝံသာ ဟိ ဝီသတိ။
ပိတ္တာဒိ မုတ္တကန္တာ တေ၊
ဇလံသာ ဒွါဒသီ'ရိတာ။
ယေန သန္တပ္ပနံ ယေန၊
ဇီရဏံ ဒဟနံ တထာ။
ယေနာ'သိတာဒိပါကော စ၊
စတုရံ'သာ'နလာဓိကာ။
ဥဒ္ဓါ'ဓောဂမ ကုစ္ဆိဋ္ဌာ၊
ကောဋ္ဌာသယ'င်္ဂသာရိ စ။
အဿာသောတိ စ ဝိညေယျာ၊
ဆဠံသာ ဝါယု နိဿိတာ။
ပုဗ္ဗော မုတ္တံ ကရီသဉ္စု–
ဒရိယံ စတုရော'တုဇာ။
ကမ္မာ ပါစ'ဂ္ဂိ စိတ္တမှာ-'
ဿာသောတိ ဆပိ ဧကဇာ။
သေဒသိင်္ဃာဏိက'ဿူ စ၊
ခေဠော စိတ္တော'တု သမ္ဘဝါ။
ဒွိဇာ ဒွတ္တိံသကောဋ္ဌာသာ၊
သေသာ ဧ၀ စတုဗ္ဘဝါ။
ဧကဇေသွာ'ဒိစတူသု၊
ဥတုဇာ စတုရဋ္ဌကာ။
ဇီဝိတနဝကော ပါစေ-
ဿာသေ စိတ္တဘဝဋ္ဌကော။
ဒွိဇေသု မနတေဇေဟိ၊
ဒွေ ဒွေ ဟောန္တိ ပန'ဋ္ဌကာ။
သေသတေဇာနိလံသေသု၊
ဧကေကမှီ တယော တယော။
အဋ္ဌကော'ဇမနဂ္ဂီဟိ၊
ဟောန္တိ အဋ္ဌသု ကမ္မတော။
အဋ္ဌာ'ယု နဝကာ ဧဝံ၊
ဣမေ အဋ္ဌ စတုဗ္ဘဝါ။
စတုဝီသေသု သေသေသု၊
စတုဇေ သွ'ဋ္ဌကာ တယော။
ဧကေကမှိ စ ဝိညေယျာ၊
ပိဏ္ဍာ စိတ္တာ' နလန္နဇာ။
ကမ္မဇာ ကာယဘာဝဝှါ၊
ဒသကာပိ သိယုံ တဟိံ။
စတုဝီသေသု အံသေသု၊
ဧကေကမှိ ဒုဝေ ဒုဝေ။
ပဉ္စာပိ စက္ခုသောတာဒိ၊
ပဒေသဒသကာ ပုန။
နဝကာ သဒ္ဒသင်္ခါတာ၊
ဒွေတိ စေ'ဝံ ကလာပတော။
တေပညာသ ဒသေ'ကဉ္စ၊
နဝုတ္တရသတာနိ စ။
ဒသကာ နဝကာ စေဝ၊
အဋ္ဌကာ စ သိယုံ ကမာ။
သေ ́ကပဉ္စသတံ ကာယေ၊
သဟဿံ တံ ပဝတ္တတိ။
ပရိပုဏ္ဏိန္ဒြိယေ ရူပံ၊
နိပ္ဖန္နံ ဓာတုဘေဒတော။
သစ္စသံခိပ် တဆဲ့လေးဂါထာ
ကောဋ္ဌာသ ၄၂-ပါး
စတုန္နမ္ပိ စ ဓာတူနံ၊ လေးပါးကုန်သော ဓာတ်တို့၏လည်း။
အဓိက အံသ ဝသေန၊ အသီးအသီး လွန်သော လေးဆဲ့နှစ် ကောဋ္ဌာသတို့၏ အစွမ်းဖြင့်။
ဣဓ၊ ဤအရာ၌။
ကမ္မစိတ္တအနလအန္နဇော၊ ကံ စိတ် ဥတူ အာဟာရကြောင့်ဖြစ်သော။
ဧသ ဧသော ရူပဘေဒေါ၊ ဤဆိုလိမ့်သော ရုပ်အပြားကို။
ဝိညေယျော၊ သိအပ်၏။
ပထဝီလွန်ကဲသော ကောဋ္ဌာသ ၂၀-ပါး
ဟိ ကထံ ဝိညေယျော၊ အဘယ်ပုံ သိအပ်သနည်း ဟူမူကား။
ကေသာဒိမတ္တလုင်္ဂန္တာ၊ ဆံအစ ဦးနှောက် အဆုံးရှိကုန်သော။
ဝီသတိ၊ နှစ်ဆယ်သည်။
ပထဝံသာ၊ ပထဝီဓာတ်လွန်သော ကောဋ္ဌာသ မည်ကုန်၏။
အာပေါလွန်ကဲသော ကောဋ္ဌာသ ၁၂-ပါး
ပိတ္တာဒိ မုတ္တကန္တာ၊ သည်းခြေအစ ကျင်ငယ်အဆုံးရှိကုန်သော။
တေ ဒွါဒသ၊ ထိုတဆဲ့နှစ်ပါးတို့ကို။
ဇလံသာ၊ အာပေါကောဋ္ဌာသတို့ဟူ၍။
ဤရိတာ၊ ဆိုအပ်ကုန်၏။
တေဇောလွန်ကဲသော ကောဋ္ဌာသ ၄-ပါး
ယေန၊ အကြင်မီးဖြင့်။
သန္တပ္ပနံ၊ နွေးနွေး ပူခြင်းသည်။
ယောန၊ အကြင်မီးဖြင့်။
ဇီရဏံ၊ ရင့်ကျက်ခြင်းသည်။
တထာ၊ ထိုမှတပါး။
ဒဟနံ၊ ပူလောင်ခြင်းသည်။
ယေန၊ အကြင်မီးဖြင့်။
အသိတာဒိပါကော၊ စားအပ်သော အစာ စသည်၏ ကြေခြင်းသည်။
ဟောတိ၊ ဖြစ်၏။
စတုရော၊ လေးပါးကုန်သော။
ဣမေ အံသာ၊ ဤကောဋ္ဌာသတို့သည်။
အနလာဓိကာ၊ တေဇောဓာတ်လွန်သော ကောဋ္ဌာသတ္တိတည်း။
ဝါယောလွန်ကဲသော ကောဋ္ဌာသ ၆-ပါး
ဥဒ္ဓါဓောဂမကုစ္ဆိဋ္ဌာ၊ ဥဒ္ဓင်္ဂမလေ အဓောဂမလေ ကုစ္ဆိဋ္ဌလေ တို့၎င်း။
ကောဋ္ဌာသယော၊ ကောဋ္ဌာသယလေ၎င်း။
အင်္ဂသာရိစ၊ အင်္ဂမင်္ဂါနုသာရီ လေ၎င်း။
အဿာသော စ၊ ထွက်သက်ဝင်သက်လေ၎င်း။
ဣတိ ဣမေ ဆ အံသာ၊ ဤ ၆-ပါးသော ကောဋ္ဌာသတို့ကို။
ဝါယုနိဿိတာ၊ လေဓာတ်ကို မှီကုန်၏ ဟူ၍။
ဝိညေယျာ၊ သိအပ်ကုန်၏။
ဧကဇ ကောဋ္ဌာသ ၆-ပါး
ပုဗ္ဗော စ၊ ပြည်သည်၎င်း။
မုတ္တံ စ၊ ကျင်ငယ်သည်၎င်း။
ကရီသဉ္စ၊ ကျင်ကြီးသည်၎င်း။
ဥဒရိယဉ္စ၊ အစာသစ်သည်၎င်း။
စတုရော၊ လေးပါးတို့သည်။
ဥတု၊ ဥတုကြောင့် ဖြစ်ကုန်၏။
ပါစဂ္ဂိ၊ ဝမ်းမီးသည်။
ကမ္မာ၊ ကံကြောင့်။
ဇာယတိ၊ ဖြစ်၏။
အဿာသော၊ ထွက်သက် ဝင်သက်သည်။
စိတ္တမှာ၊ စိတ်ကြောင့်။
ဇာယတိ၊ ဖြစ်၏။
ဣတိ ဣမေ ဆပိ၊ ဤခြောက်ပါးတို့သည်လည်း။
ဧကဇာ၊ ဧကဇကောဋ္ဌာသ မည်ကုန်၏။
ဒွိဇ ကောဋ္ဌာသ ၄-ပါး
သေဒ သိင်္ဃာဏိကဿူ စ၊ ချွေး နှပ်စေး မျက်ရည် တို့သည်၎င်း။
ခေဠော၊ တံတွေးသည်၎င်း။
ဣမေ စတုရော၊ ဤလေး ကောဋ္ဌာသတို့သည်။
စိတ္တောတုသမ္ဘဝါ၊ စိတ် ဥတုကြောင့် ဖြစ်ကုန်၍။
ဒွိဇာ၊ ဒွိဇမည်ကုန်၏။
စတုဇ ကောဋ္ဌာသ ၃၂-ပါး
သေသာ၊ ဤဆယ်ခုမှကြွင်းကုန်သော။
ဒွတ္တိံသ ကောဋ္ဌာသ၊ ၃၂-ပါးသော ကောဋ္ဌာသတို့သည်။
စတုဗ္ဘဝါ ဧ၀၊ ကံ စိတ် ဥတု အာဟာရ အကြောင်း လေးကြောင့် ဖြစ်ကုန်သလျှင်ကတည်း။
ဧကဇ ကောဋ္ဌာသ ၌ ရသောရုပ်ကလာပ်များ
ဧကဇေသု၊ ဧကဇကောဋ္ဌာသတို့တွင်။
အာဒိစတူသု၊ အစလေးကောဋ္ဌာသတို့၌။
ဥတု၊ ဥတုကြောင့်ဖြစ်ကုန်သော။
စတုရော အဋ္ဌကာ၊ လေးခုသော အဋ္ဌကလာပ်တို့သည်။
ဟောန္တိ၊ ဖြစ်ကုန်၏။
ပါစေ၊ ဝမ်းမီး၌။
ဇီဝိတ နဝကော၊ ဇီဝိတ န၀က ကလာပ်သည်။
ဟောတိ၊ ဖြစ်၏။
အဿာသေ၊ ထွက်သက် ဝင်သက်လေ၌။
စိတ္တဘဝဋ္ဌကော၊ စိတ္တဇအဋ္ဌက ကလာပ်တစည်းသည်။
ဟောတိ၊ ဖြစ်၏။
ဒွိဇ ကောဋ္ဌာသ ၌ ရသောရုပ်ကလာပ်များ
ဒွိဇေသု ပန၊ ဒွိဇကောဋ္ဌာသ လေးပါးတို့၌ကား။
မနတေဇေဟိ၊ စိတ် ဥတုတို့ကြောင့်။
ဒွေ ဒွေ အဋ္ဌကာ၊ နှစ်ခုနှစ်ခုစီသော အဋ္ဌက ကလာပ် တို့သည်။
ဟောန္တိ၊ ဖြစ်ကုန်၏။
စတုဇ ကောဋ္ဌာသ ၌ ရသောရုပ်ကလာပ်များ
အဋ္ဌသု သေသ တေဇာနိလံသေသု၊ ကြွင်းသော တေဇောကောဋ္ဌာသ သုံးခု ဝါယော ကောဋ္ဌာသ ငါးခုအားဖြင့် ရှစ်ပါးသော ကောဋ္ဌာသတို့၌။
ဧကေကမှိ၊ တခုတခု၌။
ဩဇမနဂ္ဂီဟိ၊ အာဟာရ စိတ် ဥတုတို့ကြောင့်။
တယော တယော အဋ္ဌကထာ၊ သုံးစည်း သုံးစည်းစီသော အဋ္ဌက ကလာပ် တို့သည်၎င်း။
ကမ္မတော၊ ကံကြောင့်။
အဋ္ဌ အာယုနဝကာ စ၊ ဇီဝိတနဝကကလာပ် ရှစ်စည်း တို့သည်၎င်း။
ဟောန္တိ၊ ဖြစ်ကုန်၏။
ဧဝံ၊ ဤသို့။
ဣမေ အဋ္ဌ၊ ဤရှစ်ကောဋ္ဌာသတို့သည်။
စတုဗ္ဘဝါ၊ အကြောင်းလေးပါးတို့ကြောင့် ဖြစ်ကုန်၏။
သေသေသု၊ ဤရှစ်ပါးမှ ကြွင်းကုန်သော။
စတုဝီသေသု၊ ၂၄-ပါးကုန်သော။
စတုဇေသု၊ စတုဇကောဋ္ဌာသတို့၌။
ဧကေကမှီ၊ တခုတခုသော ကောဋ္ဌာသ၌။
စိတ္တာနလန္နဇာ၊ စိတ် ဥတု အာဟာရတို့ကြောင့် ဖြစ်ကုန်သော။
တယော၊ သုံးခု သုံးခုကုန်သော။
အဋ္ဌကာ ပိဏ္ဍာ၊ အဋ္ဌက ကလာပ်တို့ကို။
ဝိညေယျာ၊ သိအပ်ကုန်၏။
တဟိံ စတုဝီသေသု အံသေသု၊ ထို ၂၄-ပါးသော ကောဋ္ဌာသတို့၌။
ဧကေကမှိ၊ တခုတခုသော ကောဋ္ဌာသ၌။
ဒွေ ဒွေ၊ နှစ်ပါး နှစ်ပါးကုန်သော။
ကမ္မဇ၊ ကံကြောင့်ဖြစ်ကုန်သော။
ကာယ ဘာဝဝှါ၊ ကာယဒသက ဘာဝဒသက အမည်ရှိကုန်သော။
ဒသကာပိ၊ ဒသက ကလာပ် တို့သည်လည်း။
သိယုံ၊ ရှိကုန်၏။
မံသ ကောဋ္ဌာသ၌ ရသော ကလာပ်
ပဉ္စပိ၊ ငါးပါးလည်းဖြစ်ကုန်သော။
စက္ခု သောတာဒိပဒေသ ဒသကာ၊ တစိတ်၌ဖြစ်သော စက္ခု သောတ ဃာန ဇိဝှါ ဝတ္ထုဒသက ကလာပ်တို့သည်၎င်း။
ပုန၊ တဖန်။
ဒွေ၊ နှစ်ပါးကုန်သော။
သဒ္ဒသင်္ခါတာ နဝကာ၊ စိတ္တဇ ဥတုဇ သဒ္ဒနဝက ကလာပ်တို့သည်၎င်း။
ဣတိ ဣမေ စ၊ ဤပဒေသ ဝုတ္တိက ကလပ် ခုနှစ်စည်းတို့သည်လည်း။
ဟောန္တိ၊ သင့်ရာဒေသ မံသကောဋ္ဌာသ၌ ဖြစ်ကုန်၏။
စက္ခာဒိသညိတေသု မံသကောဋ္ဌာသေသု။
ဝိသုဒ္ဓိမဂ်ဋီကာ (၊ပ၊နှာ-၄၄၆)
ကလာပ်ပေါင်း ၁၇၃
ဧဝံ၊ ဤသို့။
ကလာပတော၊ ကလာပ်တို့အားဖြင့်။
ဒသကာ စ၊ ဒသက ကလာပ်တို့သည်၎င်း။
နဝကာ စ၊ နဝက ကလာပ်တို့သည်၎င်း။
အဋ္ဌကာ စ၊ အဋ္ဌက ကလာပ် တို့သည်၎င်း။
ကမာ၊ အစဉ်အတိုင်း။
တေပညာသ၊ ငါးဆဲ့သုံးစည်း တို့သည်၎င်း။
ဒသဧကဉ္စ၊ တဆဲ့တစည်းတို့သည်၎င်း။
နဝုတ္တရသတာနိ စ၊ တရာ့ကိုးစည်းတို့သည်၎င်း။
သိယုံ၊ ဖြစ်ကုန်၏။
နိပ္ဖန္နရုပ်ပေါင်း
တံ နိပ္ဖန္နံ ရူပံ၊ ထို ဆိုခဲ့ပြီးသောနိပ္ဖန္နရုပ်သည်။
ပရိပုဏ္ဏိန္ဒြိယေ၊ ပြည့်စုံသော ဣန္ဒြေရှိသော။
ကာယေ၊ ကိုယ်၌။
ဓာတုဘေဒတော၊ ဓာတ်အပြားအားဖြင့်။
သေကပဉ္ဇသတံ၊ ငါးရာ့တခုနှင့် တကွသော။
သဟဿံ၊ တထောင်သည်။
ပဝတ္တတိ ဖြစ်၏။
ဤကား အနက်။
ဆောင်ပုဒ်
တရာ့ခုနစ်ဆယ်၊ သုံးခုကယ်၊ ကိုယ်ဝယ် ကလာပ်ပေါင်း။
တထောင့်ငါးရာ၊ တခုသာ၊ ရုပ်မှာ ရစကောင်း။
သစ္စသံခိပ်၊ ဝေဘန်စိတ်၊ ကျိပ်လိပ် သေချာတောင်း။
ဤမျှလောက်သော အရေအတွက်သည်လည်း “နိပ္ဖန္နံ ဓာတုဘေဒတော” ဟူရကား ဝိညတ်စသော အနိပ္ဖန္နရုပ်တို့ကို မယူခြင်းကြောင့် ဖြစ်၏။ ယူမူကား ကလာပ်ပေါင်း ရုပ်ပေါင်း အလွန်များပြား၏။
အမှုန့်'စုဏ္ဏ’ အားဖြင့် ဆင်ခြင်ပုံ
စုဏ္ဏ အားဖြင့် ဆင်ခြင်ဟန်ကား —
လုံးရပ် မကြီးမငယ် အလယ်အလတ်ဖြစ်သော လူ၏ကိုယ်၌ ဒိဗ္ဗစက္ခုဖြင့်သာ မြင်ကောင်းရာသော ပရမာဏုမြူ တခု၌ပင် ရှေ့နောက် အစဉ်မပြတ် ထပ်၍ ထပ်၍ ဖြစ်ပွါးသော ရုပ်ကလာပ်ပေါင်း ငါးဆယ်ခန့်မျှလောက် စုမိရကား သေးသိမ် နုပ်ဖွဲလှစွာ ပရမာဏုမြူမျှလောက်မှ မရှိ၊ မြူမှုန်စုဖြစ်သော ပထဝီဓာတ်သည် တစိတ်မျှလောက် ရှိ၏။ အာပေါဓာတ်သည် ထက်ဝက်မျှ ပမာဏရှိ၏။ တေဇော, ဝါယော နှစ်ပါးမှာ ပမာဏ မရကောင်းဟု ---
ယာဒိသော ပန ဃနဘာဝေါ ပထဝီ အာပေါဓာတူသု လဗ္ဘတိ။
န တာဒိသော တေဇော ဝါယု ဓာတူသု လဗ္ဘတီတိ မေယျဘာဝါဘာဝတော တတ္ထ စုဏ္ဏဘေဒေါ န ဥဒ္ဓတော။
တထာ ဟိ သသမ္ဘာရ တေဇော ဝါယူသုပိ မေယျဘာဝေါ န လမ္ဘတေဝ။
ဟု မဟာဋီကာ (၊ပ၊ နှာ-၄၄၇) မိန့်သည်။
ဒေါဏ (တစိတ်) အဆုံး အဖြတ်
ဣမသ္မိဉှိ သရီရေ မဇ္ဈိမေန ပမာဏေန ပရိဂ္ဂယှမာနာ ပရမာဏုဘေဒ သဉ္ဇုဏ္ဏာ သုခုမရဇဘူတာ ပထဝီဓာတု ဒေါဏမတ္တာ သိယာ။
သာ တတော ဥပဍ္ဎပ္ပမာဏာယ အာပေါဓာတုယာ သင်္ဂဟိတာ တေဇောဓာတုယာ အနုပါလိတာ ဝါယောဓာတုယာ ဝတ္ထမ္ဘိတာ န ဝိကိရိယတိ န ဝိဒ္ဓံသိယတိ။
ဟူသော ဝိသုဒ္ဓိမဂ် (ပ၊ နှာ-၃၆၁) ၌ “ဒေါဏ” ဟူသည်ကို --
ဒေါဏမတ္တာ သိယာတိ သောဠသနာဠိမတ္တာ။
ဣဓာပိမဇ္ဈိမေန ပမာဏေနာတိ အာနေတွာ သမ္ဗန္ဓိတဗ္ဗံ။
တေန ပကတိယာ စတုမုဋ္ဌိကံ ကုဋဝံ။
စတုကုဋဝံ နာဠိ။
တာယ နာဠိယာ သောဠသနာဠိယော ဒေါဏံ။
တံ ပန မဂဓနာဠိယာ ဒွါဒသနာဠိယော ဟောန္တီတိ ဝဒန္တိ။
ဟု-ဋီကာ(ပ၊နှာ-၄၄၇) လာတိုင်း လေးဆုပ်ကို တလက်ဖက်၊ လေးလက်ဖက်ကို တစလယ်၊ တဆဲ့ခြောက်စလယ်ကို တစိတ်ဟု-မှတ်အပ်၏။
ပရမာဏုမြူ၏ အရွယ်ပမာဏ
ပရမာဏု ဟူသည်ကိုလည်း --
ဆတ္တိံသ ပရမာဏူန-
မေကောဏု စ ဆတိံသ တေ။
တဇ္ဇာရီတာ စ ဆတိံသ၊
ရထရေဏု ဆတိံသ တေ။
လိက္ခာ တာ သတ္တ ဦကာ တာ၊
ဓညမာသောပိ သတ္တ တေ။
သတ္တင်္ဂုလမမုဒွိစ္ဆ၊
ဝိဒတ္ထိ တာ ဒုဝေ သိယုံ။
ရတနံ တာနိ သတ္တေဝ၊
ယဋ္ဌိ တာ ဝီသတူ သဘံ။
ဂါဝုတ'မုသဘာသီတိ၊
ယောဇနံ စတုဂါဝုတံ။
အဘိဓာန်။ (ဂါထာနံပါတ် ၁၉၄-၆)
အင်္ဂုလဿ အဋ္ဌမော ဘာဂေါ ယဝေါ၊ ယဝဿ။ပ။ ဦကာ၊ ...လိက္ခာ၊ ... ရထရေဏု ...၊ တဇ္ဇာရီ...၊ အဏု... ၊ ဧဝံ အဏုနော အဋ္ဌမော ဘာဂေါ ပရမာဏု နာမာတိ ကေစိ။
အဋ္ဌကထာယံ ပန သတ္တ ဓညမာသပ္ပမာဏံ ဧကံ အင်္ဂုလံ။ပ။ ဆတ္တိံသ ရထရေဏုပ္ပမာဏာ ဧကာ လိက္ခာ။ပ။ ဆတ္တိံသ ပရမာဏုပ္ပမာဏော ဧကော အဏူတိ ဝုတ္တံ။
တသ္မာ အဏုနော ဆတ္တိံ သတိမဘာဂမတ္တော ပရမာဏု နာမ အာကာသကောဋ္ဌာသိကော မံသစက္ခုဿ အဂေါစရော ဒိဗ္ဗစက္ခုဿေဝ ဂေါစရဘူတော။
တံ သန္ဓာယာဟ -- ပရမာဏု- ဘေဒသဉ္စုဏ္ဏာ တိ။
ဝိသုဒ္ဓိမဂ် ဋီကာ (ပ၊ နှာ-၄၄၆-၇) တို့ လာသည့်အတိုင်း။
ပရမာဏုမြူအရွယ်တွက်ယူပုံ
လက်တသစ်ကို ငါးဆဲ့ခုနစ်ကုဋေ လေးသန်း တသိန်းရှစ်ထောင် နှစ်ရာ့ ရှစ်ဆဲ့ရှစ်စိတ် စိတ်၍ တစိတ်ပမာဏကို ပရမာဏုမြူဟု မှတ်အပ်၏။
ယင်းသို့ သိမ်မွေ့လှစွာသော ပရမာဏုမြူသည် မိုးပေါ် မြေပြင် ကောင်းကင် အရပ်ရပ် ရုပ်ကလာပ်ကြားတို့၌ပင် သွားလာ တည်နေ၏။ ထိုထိုအရပ်တို့၌ ရုပ်လပ်သော အကွက် မရှိ။ ရုန့်ရင်းသည် သိမ်မွေ့သည်သာ ထူး၏။ ထိုအနက်ကို သိလိုလျှင် အဝကျဉ်းသော ရေဗူးကို ရေကန် မြစ်ချောင်းတို့၌ ဗူးပေါက် မြုပ်အောင် နှစ်၍ ရေသွတ်သည်ကို ရှုအပ်၏။ အာပါဓိက ရုပ်ဖြစ်၍ လေးလံ ကြမ်းတမ်းသော ရေတခွက်ခန့်မျှလောက် ဝင်လျှင် ဝါတာဓိကရုပ်ဖြစ်၍ ပေါ့ပါးသိမ်မွေ့လှသော ပရမာဏုဘေဒ သဉ္ဇုဏ္ဏ လေသည် ထိုမျှလောက်ပင် ထွက်သည်။ လေအကုန်ထွက်မှပင် ရေအပြည့် ဝင်နိုင်သည်။ အထက်ပေါက်ကို ပိတ်၍ နှစ်သော ကြေးရေစပ်မှာ လေဓာတ် မထွက်နိုင်သောကြောင့် ရေဓာတ် မဝင်နိုင်။ အထက်ပေါက်ကိုဖွင့်၍ လေရုပ်ထွက်မှ ရေရုပ် ဝင်နိုင်လေသည် မှတ်လေ။
မဟာဘုတ် ၄-ပါးတို့သဘော
ထို ဓာတ်လေးပါးတို့တွင် ပထဝီဓာတ်သည် ကြွင်းဓာတ်သုံးပါး၏ တည်ရာဖြစ်၍ ဣတ္ထီပုရိသ စသော လိင်္ဂဝိဘာဂ အဏု ထူလ ဒီဃ ရဿ ထိရ ကထိနစသော အဖြစ်ကို ပြတတ်၏။ အာပေါဓာတ်သည် ကြွင်းဓာတ်သုံးခုကို ပေါင်းစုရုံးစည်းလျက် မယိုကျပဲ ပြည့်ဖြိုးပွါးစီးသောအဖြစ်ကို ပြတတ်၏။ တေဇောဓာတ်သည် ကြွင်းဓာတ်သုံးပါးကို မပုပ်မပျက်ရအောင် စောင့်ရှောက် ရင့်ကျက်စေလျက် အရွယ်၏ ပြည့်စုံလှပခြင်း အိုမင်း ရွတ်တွခြင်း စသည်ကို ပြတတ်၏။ ဝါယောဓာတ်သည် ကြွင်းသုံးဓာတ်တို့ကို ဖြောင့်မတ် တောင့်တင်းစွာ တည်စေလျက် သွားခြင်း လာခြင်း ကွေးခြင်း ဆန့်ခြင်းကို ပြတတ်၏။
သင်္ဂဟဂါထာ
ဧဝံ စုဏ္ဏကဇာတမ္ပိ၊
ဓာတုယန္တံ မဟာဇနံ။
မာယာရူပံ၀ ဝဉ္စေတိ၊
ဣတ္တာ'ယံ ပုရိသောတိ ဝါ။
ဧဝံ၊ ဤသို့ ဆိုခဲ့ပြီးသည့်အတိုင်း။
စုဏ္ဏက ဇာတမ္ပိ၊ မှုန့်မှုန့်ညက်ညက်ဖြစ်၍ နေငြားသော်လည်း။
ဓာတုယန္တံ၊ အသေမယုတ် စင်စစ်ဟုတ်သော ဓာတ်ရုပ် ယန္တရားသည်။
မာယာရူပံ ဣဝ၊ မျက်လှည့်ရုပ်ကဲ့သို့။
အယံ၊ ဤသူကား။
ဣတ္ထိ၊ မိန်းမတည်း။
ဣတိ ဝါ၊ ဤသို့၎င်း။
အယံ၊ ဤသူကား။
ပုရိသော၊ ယောက်ျားတည်း။
ဣတိ ဝါ၊ ဤသို့၎င်း။
မဟာဇနံ၊ လူအပေါင်းကို။
ဝဉ္စေတိ၊ လှည့်ပတ်တတ်၏။
လက္ခဏာစသည်ဖြင့် ဆင်ခြင်ပုံ
လက္ခဏာဒိကား အထက် နာမရူပပရိစ္ဆေဒ၌ ထင်ရှားလတ္တံ့။
ဖြစ်ကြောင်းသမုဋ္ဌာန် အားဖြင့် ဆင်ခြင်ပုံ
သမ္မဋ္ဌာန်အားဖြင့် ဒွါစတ္တာလီသ ကောဋ္ဌာသတို့၏ ဧကဇ ဒွိဇ တိဇ စတုဇအဖြစ်ကို ကလာပ် (ဤကျမ်း ဒု၊ တွဲ၊ နှာ-၃၈၈-၉)၌ ပြခဲ့ပြီ။
ထူးခြားပုံ တူပုံအားဖြင့်ဆင်ခြင်ပုံ
နာနတ္တကတ္တ အားဖြင့် ဆင်ခြင်ဟန်ကား -- ဓာတ်လေးပါးတို့သည် လက္ခဏာ စသည် မုဒု သဏှ ဖရုသဘာဝ စသည် ကမ္မသမုဋ္ဌာန် စသည်တို့၏ အစွမ်းဖြင့် ထူးပြားကုန်သော်လည်း ရူပ မဟာဘူတ ဓာတု ဓမ္မ အနိစ္စ စသော အားဖြင့် တူကုန်၏။
[နာနတ္တကတ္တ = (နာနတ္တ = ထူးသောအဖြစ်, ကွဲပြားခြင်း + ဧကတ္တ = တူသောအဖြစ်) ကွဲပြားပုံ တူပုံ၊]
မဟာဘုတ်မည်ခြင်း အကြောင်း ၅-မျိုး
ထိုတွင် မဟာဘူတဟူရာ၌ ---
မဟန္တပါတုဘာဝတ္တာ၊
မဟာဘူတသမာနတော။
မဟာပရိဟာရတာ စ၊
မဟာဝိကာရတောပိ စ။
မဟန္တတ္တာ စ ဘူတတ္တာ၊
မဟာဘူတာတိ ဝုစ္စရေ။
ဟူသောအနက်ကို မှတ်အပ်၏။
မဟန္တပါတုဘာဝတ္တာ၊ မြေကြီးမြင်းမိုရ် ထိုထို လိပ် ငါး စသောအားဖြင့် ကြီးမားသည်ဖြစ်၍ ထင်ရှားဖြစ်ခြင်းကြောင့်၎င်း။
မဟာဘူတသမာနတော၊ အနီလာဒိ ဖြစ်တုံဘိလျက် နီလာဒိကာ ဥပါဒါကို ထင်စွာဖော်ပြ တွင်းပ မရှိ မှီကြဘိသား မိမိလက္ခဏာ ကွယ်ကာဖုံးဘိ ဖြားယောင်းဘိ၍ သတ္တိသုံးဖြာ ကြောင်းခြင်းရာကြောင့် ကြီးကျယ်လှစွာ သတ္တဝါတတန် မမှန်များကျယ် အံ့ဘွယ်ရှိနှစ်မည် မျက်လှည့်သည်နှင့် ပူးသည်တကြောင်း ဖြားယောင်းတဝ ဘုတ်ဖိုမတို့နှင့် တူမျှခြင်းကြောင့်၎င်း။
မဟာပရိဟာရတော စ၊ နေ့ရေမချွတ် အဝတ်အစား များပြားပစ္စည်း ဖွဲ့တည်းဆောင်အပ် ဖြစ်တတ် သောကြောင့်၎င်း။
မဟာဝိကာရတောပိ စ၊ အကြီးတကျယ် ကြောက်မက်ဖွယ် ဖောက်ပြန်တတ် ခြင်းကြောင့်၎င်း။
မဟန္တတ္တာ ဘူတာ စ၊ မသိမ်းဆည်းလွယ် ကြီးကျယ် သည်၏အဖြစ် ထင်ရှားရှိသည်၏ အဖြစ်ကြောင့်၎င်း။
မဟာဘူတာတိ၊ မဟာဘုတ်တို့ဟူ၍။
ဝုစ္စရေ၊ ဆိုအပ်ကုန်၏။
မဟာဝိကာရ အဓိပ္ပါယ်
ထိုငါးပါးသော အနက်တို့တွင် မဟာဝိကာရဟူရာ၌ --
ဘူမိတော ဝုဋ္ဌိတာ ယာဝ၊
ဗြဟ္မလောကာ ဝိဓာဝတိ။
အစ္စိ အစ္စိမတော လောကေ၊
ဒယှမာနမှိ တေဇသာ။
တေဇသာ၊ မီးသည်။
လောကေ၊ ဩကာသလောကကို။
ဒယှမာနမှိ၊ လောင်အပ်သည် ရှိသော်။
အစ္စိမတော၊ မီး၏။
အစ္စိ၊ အလျှံသည်။
ဘူမိတော၊ မြေမှ။
ဝုဋ္ဌိတာ၊ ထလတ်၍။
ယာဝ ဗြဟ္မလောကာ၊ ပထမဈာန်ဘုံဖြစ်သော မဟာဗြဟ္မာ့ဘုံတိုင်အောင်။
ဝိဓာ၀တိ၊ တက်ပြေး၏။
ကောဋီသတသဟဿေ'ကံ၊
စက္ကဝါဠံ ဝိလီယတိ။
ကုပိတေန ယဒါ လောကော၊
သလိလေန ဝိနဿတိ။
ယဒါ၊ အကြင်အခါ၌။
ကုပိတေန၊ ချောက်ချား ဖျက်ဆီးတတ်သော။
သလိလေန၊ ရေဖြင့်။
လောကော၊ လောကသည်။
ဝိနဿတိ၊ ပျက်၏။
တဒါ၊ ထိုအခါ၌။
ကောဋီသတသဟဿံ၊ ကုဋေတသိန်းသော။
ဧကံ စက္ကဝါဠံ၊ တခုသော အာဏာခေတ်ဖြစ်သော စကြ၀ဠာသည်။
ဝီလီယတိ၊ ဆားခဲကဲ့သို့ မြည့်မြည့်ကြေ၏။ (ဒုတိယဈာန်ဘုံအထိ ရေဖျက်သည်။)
ကောဋီသတသဟဿေ'ကံ၊
စက္ကဝါဠံ ဝိကီရတိ။
ဝါယောဓာတုပ္ပကောပေန၊
ယဒါ လောကော ဝိနဿတိ။
ယဒါ၊ အကြင်အခါ၌။
လောကေ၊ လောကသည်။
ဝါယောဓာတုပ္ပကောပေန၊ ဝါယောဓာတ် ပျက်ခြင်းကြောင့်။
ဝိနဿတိ၊ ပျက်၏။
တဒါ၊ ထိုအခါ၌။
ကောဋီသတသဟဿံ၊ ကုဋေတသိန်းသော။
ဧကံ စက္ကဝါဠံ၊ တခုသော အာဏာခေတ်ဖြစ်သော စကြဝဠာသည်။
ဝိကီရတိ၊ ကြေပျက် လွင့်ပျောက်၏ (တတိယဈာန် ဗြဟ္မာ့ဘုံအထိ လေဖျက်သည်။)
သတ္တသတ္တဂ္ဂိနာ ဝါရာ၊
အဋ္ဌမေ အဋ္ဌမေ ဒကာ။
စတုသဋ္ဌိ ယဒါ ပုဏ္ဏာ၊
ဧကော ဝါယု ဝရော သိယာ။
သတ္တ သတ္တ ဝါရာ၊ ခုနစ်ကြိမ် ခုနစ်ကြိမ်တို့တိုင်တိုင်။
အဂ္ဂိနာ၊ မီးဖြင့်။
ဝိနဿတိ၊ ကျေပျက်၏။
အဋ္ဌမေ အဋ္ဌမေ၊ ရှစ်ခုမြောက် ရှစ်ခုမြောက် တကြိမ်၌။
ဒကာ ဒကေန၊ ရေငန်ဖြင့်။
ဝိနဿတိ၊ ကျေပျက်၏။
ယဒါ၊ အကြင်အခါ၌။
စတုသဋ္ဌိ၊ ခြောက်ဆဲ့လေးကြိမ်သည်။
ပုဏ္ဏာ၊ ပြည့်၏။
တဒါ၊ ထိုအခါ၌။
ဧကော၊ တကြိမ်သော။
ဝါယုဝါရော၊ လေဖျက်သော အကြိမ်သည်။
သိယာ၊ ဖြစ်ရာ၏။
အဂ္ဂိနာ’ဘဿရာ ဟေဋ္ဌာ၊
အာပေန သုဘကိဏှတော။
ဝေဟပ္ဖလတော ဝတေန၊
ဧဝံ လောကော ဝိနဿတိ။
အာဘဿရာ၊ အာဘဿရဘုံမှ။
ဟေဋ္ဌာ၊ အောက်တလျှောက်သည်။
အဂ္ဂိနာ၊ မီးဖြင့်။
ဝိနဿတိ၊ ကျေပျက်၏။
သုဘကိဏှတော၊ သုဘကိဏ်ဘုံမှ။
ဟေဋ္ဌာ၊ အောက်တလျှောက်သည်။
အာပေန၊ ရေဖြင့်၊
ဝိနဿတိ၊ ကျေပျက်၏။
ဝေဟပ္ဖလတော၊ ဝေဟပ္ဖိုလ်ဘုံမှ။
ဟေဋ္ဌာ၊ အောက်တလျှောက်သည်။
ဝါတေန၊ လေဖြင့်။
ဝိနဿတိ၊ ကျေပျက်၏။
ဧဝံ၊ ဤသို့သော သင်္ချာကရိုဏ်း အပိုင်း အခြားအားဖြင့်။
လောကော၊ ဩကာသလောကသည်။
ဝိနဿတိ၊ ကြေမွ ပြုန်းတီး ပျက်စီး၏။
ဤကား အနုပါဒိန္နဘုတ်ပျက်ပံ့တည်း။
[အနုပါဒိန္နဘုတ် = ကမ္မဇရုပ် မဟုတ်သော မဟာဘုတ်ရုပ်။
(ဥပါဒိန္နံ = ကံကြောင့် ဖြစ်သော ကမ္မဇရုပ်။)]
မဟာဘုတ်လေးပါးနှင့် မြွေကြီး ၄-ကောင် တူပုံ
▬▬▬▬▬▬▬▬
ပတ္ထဒ္ဓေါ ဘဝတီ ကာယော၊
ဍဋ္ဌော ကဋ္ဌမုခေန ဝါ။
ပထဝီဓာတုပ္ပကောပေန၊
ဟောတိ ကဋ္ဌမုခေ၀ သော။
ပူတိကော ဘဝတီ ကာယော၊
ဍဋ္ဌော ပူတိမုခေန ဝါ။
အာပေါဓာတုပ္ပကောပေန၊
ဟောတိ ပူတိမုခေ၀ သော။
သန္တတ္တော ဘဝတီ ကာယော၊
ဍဋ္ဌော အဂ္ဂိမုခေန ဝါ။
တေဇောဓာတုပ္ပကောပေန၊
ဟောတိ အဂ္ဂိမုခေဝ သော။
သဉ္ဆိန္နော ဘဝတီ ကာယော၊
ဍဋ္ဌော သတ္ထမုခေန ဝါ။
ဝါယောဓာတုပ္ပကောပေန၊
ဟောတိ သတ္ထမုခေဝ သော။
ကဋ္ဌမုခေန၊ ကဋ္ဌမုခမြွေသည်။
ဍဋ္ဌော၊ ကိုက်အပ်သော။
ကာယော၊ ကိုယ်သည်။
ပတ္ထဒ္ဓေါ၊ ခက်မာတင်းကျပ်သည်။
ဘဝတိ ဝါ၊ ဖြစ်သကဲ့သို့။
(ဝါ-သဒ္ဒါ ဥပမတ္ထ)
ပထဝီဓာတုပ္ပကောပေန၊ ပထဝီဓာတ် ပျက်ခြင်းကြောင့်။
သော ကာယော၊ ထို ကိုယ်သည်။
ကဋ္ဌမုခေ ဣဝ၊ ကဋ္ဌမုခမြွေ၏ ခံတွင်း၌ ကျ၏သို့။
ပတ္ထဒ္ဓေါ၊ ခက်မာတင်းကျပ်သည်။
ဟောတိ၊ ဖြစ်၏။
(တနည်းလည်း)
ဘဝတိ ဝါ၊ ဖြစ်သည်လည်း ရှိ၏ မဖြစ်သည်လည်းရှိ၏။
(ဝါ-သဒ္ဒါ အနိယမတ္ထ)
ပထဝီဓာတုပ္ပကောပေန ပန ပထဝီဓာတ် ပျက်ခြင်းကြောင့်ကား။
သော ကာယော၊ ထိုကိုယ်သည်။
ကဋ္ဌမုခေ ဣဝ၊ ကဋ္ဌမုခမြွေ၏ခံတွင်း၌ ကျသကဲ့သို့။
ပတ္ထဒ္ဓေါ၊ ခက်မာတင်းကျပ်သည်။
ဟောတိ ဧဝ၊ ဖြစ်သည်သာလျှင်တည်း။
(တနည်းလည်း)
ကဋ္ဌမုခေန၊ ကဋ္ဌမုခမြွေသည်။
ဍဋ္ဌော၊ ကိုက်အပ်သော။
ကာယောပိ၊ ကိုယ်သည်လည်း။
ပထဝီဓာတုပ္ပကောပေန ဝါ၊ ပထဝီဓာတ် ပျက်ခြင်းကြောင့် သာလျှင်။
(ဝါ-သဒ္ဒါ အဝဓာရဏ)
ပတ္ထဒ္ဓေါ၊ ခက်မာ တင်းကျပ်သည်။
ဘဝတိ၊ ဖြစ်၏။
တသ္မာ၊ ထို့ကြောင့်။
သော ကာယာ၊ ပထဝီဓာတ်နှင့် မကင်းနိုင်သော ထိုကိုယ်သည်။
သဒါ၊ အခါခပ်သိမ်း။
ကဋ္ဌမုခေ ဣဝ၊ ကဋ္ဌမုခမြွေ၏ ခံတွင်း၌ နေရသကဲ့သို့။
ဟောတိ၊ ဖြစ်၏။
ပူတိမုခေန၊ ပူတိမုခမြွေသည်။
ဍဋ္ဌော၊ ကိုက်အပ်သော။
ကာယောပိ၊ ကိုယ်သည်။
ပူတိကော၊ ပုပ်ရိ ညှီနံသော ကိုယ်ရှိသည်။
ဘဝတိ ဝါ၊ ဖြစ်သကဲ့သို့။
အာပေါဓာတုပ္ပကောပေန၊ အာပေါဓာတ် ပျက်ခြင်းကြောင့်။
သော ကာယော၊ ထိုကိုယ်သည်။
ပူတိမုခေ ဣဝ၊ ပူတိမုခမြွေ၏ခံတွင်း၌ ကျ၏သို့။
ပူတိကော၊ ပုပ်ရိ ညှီနံ့သည်။
ဟောတိ၊ ဖြစ်၏။
အဂ္ဂိမုခေန၊ အဂ္ဂိမုခမြွေသည်။
ဍဋ္ဌော၊ ကိုက်အပ်သော။
ကာယော၊ ကိုယ်သည်။
သန္တတ္တော၊ ပူလောင်သည်။
ဘဝတိ ဝါ၊ ဖြစ်သကဲ့သို့။
တေဇောဓာတုပ္ပကောပေန၊ တေဇောဓာတ် ပျက်ခြင်းကြောင့်။
သော၊ ထိုကိုယ်သည်။
အဂ္ဂိမုခေ ဣဝ၊ အဂ္ဂိမုခမြွေ၏ ခံတွင်း၌ ကျ၏သို့။
သန္တတ္တော၊ ပူလောင်သည်။
ဟောတိ၊ ဖြစ်၏။
သတ္တမုမေန၊ သတ္ထမုခမြွေသည်။
ဍဋ္ဌော၊ ကိုက်အပ်သော။
ကာယော၊ ကိုယ်သည်။
သဉ္ဆိန္နော၊ ပြတ်သည်။
ဘဝတိ ဝါ၊ ဖြစ်သကဲ့သို့။
ဝါယောဓာတုပ္ပကောပေန၊ ဝါယောဓာတ် ပျက်ခြင်းကြောင့်။
သော ကာယော၊ ထိုကိုယ်သည်။
သတ္ထမုခေ ဣ၀၊ မြွေ၏ခံတွင်း၌ ကျ၏သို့။
သဉ္ဆိန္နော၊ ပြတ်သည်။
ဟောတိ၊ ဖြစ်၏။
ဤကား ဥပါဓိန္နဘုတ် ပျက်ပုံတည်း။
---
“ဓာတ် ၄-ပါးတို့ ကွဲပြား မကွဲပြားသောအားဖြင့် ဆင်ခြင်ပုံ”
ဝိနိဗ္ဘောဂါဝိနိဗ္ဘောဂ အားဖြင့်“ဝိသုံ ဝိသုံ အနိဒ္ဓိသိတဗ္ဗဋ္ဌာနတာယ”။ ဋီကာ(၊ပ၊နှာ-၄၅၃) လာသည်အတိုင်း တခုတခုသော ကလာပ်၌ ဓာတ်လေးပါးတို့သည် အသီးအခြား မကွဲပြား ကြောင်းသော်လည်း ကက္ခဠ စသော လက္ခဏာ အားဖြင့် ကွဲပြား၏။
သဘောတူ မတူအားဖြင့် ဆင်ခြင်ပုံ
သဘာဂ ဝိသဘာဂအားဖြင့် ရှေ့ နှစ်ပါး ဂရုက၊ နောက်နှစ်ပါး လဟုကတည်း။
အဇ္ဈတ္တိက ဗာဟိရအားဖြင့် ဆင်ခြင်ပုံ
အဇ္ဈတ္တိက ဗာဟိရဓာတ် အထူးကား ထင်ရှား၏။
သင်္ဂဟအားဖြင့် ဆင်ခြင်ပုံ
သင်္ဂဟအားဖြင့် သမုဋ္ဌာန်တူချင်း သင်္ဂြိုဟ်ပေါင်းစုအပ်၏။
အချင်းချင်း ကျေးဇူးပြုခြင်းကို ဆင်ခြင်ပုံ
ပစ္စယအားဖြင့် ဓာတ်လေးပါးတို့သည် အသီးအသီး ကြွင်းသော ဓာတ်သုံးပါးတို့မှ အထောက်အပံ့ကို ရ၍ ယင်း သုံးပါး သုံးပါး တို့အား အသီးအသီး တည်ရာ ဖွဲ့စည်းတတ် ရင့်ကျက်စေတတ် ခိုင်ခံ့ရွေ့ရှားစေတတ်သည် ဖြစ်၍ ကျေးဇူးပြုကြကုန်၏။
အနာဘောဂအားဖြင့် ဆင်ခြင်ပုံ
အနာဘောဂအားဖြင့် ယင်းသို့ ကျေးဇူးပြုတတ် ပြုအပ်သည်ကို မသိကြဟု ဆင်ခြင် အပ်၏။
ပစ္စယဝိဘာဂအားဖြင့် ဆင်ခြင်ပုံ
ပစ္စယဝိဘာဂအားဖြင့် ကံ စိတ် ဥတု အာဟာရ လေးပါးတို့သည် အသီးအသီး မိမိ တို့ကြောင့် ဖြစ်ကုန်သော ဓာတ်တို့၏ ဇနကပစ္စည်းတည်း၊ ကြွင်းသော ဓာတ်တို့၏ ယထာရဟ ဥပနိဿယ ပစ္ဆာဇာတ အာဟာရ အတ္ထိ အဝိဂတ ပစ္စည်းတည်း။ ကမ္မဇစသော ကဏ္ဍပ်တူ ဓာတ်လေးပါးတို့တွင် တပါးတပါးသည် သုံးပါး-သုံးပါးအား၊ သုံးပါး-သုံးပါးသည် တပါး-တပါးအား၊ နှစ်ပါး-နှစ်ပါးသည် နှစ်ပါး-နှစ်ပါးအား သဟဇာတ အညမည နိဿယ အတ္တိ အဝိဂတ သတ္တိငါးပါးတို့ဖြင့် ကျေးဇူးပြု၏။ ကြွင်းသော ကလာပ်ပြား တိသန္တတိမဟာဘုတ် တို့အား နိဿယ အတ္ထိ အဝိဂတ သတ္တိသုံးပါးဖြင့် ကျေးဇူးပြု၏။
ဣတရေသံ တိသန္တတိမဟာဘူတာနံ နိဿယ အတ္ထိ အဝိဂတဝသေန ပစ္စယော ဟောတိ။ ဝိသုဒ္ဓိမဂ် (ဋ္ဌ၊ နှာ-၃၆၆) ဤသတ္တိသုံးပါးကို ဋီကာမဖွင့်။
ပဋ္ဌာနေ အရူပါနံယေဝ ဥပနိဿယပစ္စယဿ အာဂတတ္တာ နိပ္ပရိယာယေန ရူပဓမ္မာနံ ဥပနိဿယပစ္စယော နတ္ထိ။ သုတ္တေ ပန ပုဂ္ဂလံ ဥပနိဿာယ ဝနသဏ္ဍံ ဥပနိဿာယာတိ ဝစနတော သုတ္တန္တိကပရိယာယေန ဝိနာ အဘာဝေါ ဥပနိဿယပစ္စယော ဝေဒိတဗ္ဗော။
ဟု - ဋီကာ (မဟာ၊ ပ၊ နှာ-၄၅၆) အောက်က ပြခဲ့သောနည်းဖြင့် သုတ္တန်နည်း ယူသော် သင့်လျော်ရာ၏။
ခြေတလှမ်း၌ ဆင်ခြင်ပုံ
▬▬▬▬▬▬▬▬▬
ဥဒ္ဓရဏ အတိဟရဏ ဝီဟိဟရဏ အဝက္ခိပန ပတိဌာပန ဥပ္ပီဠနဟု - ခြေတလှမ်းကို ခြောက်ခြမ်း ခွဲ၍ တေဇောဓာတ်သည် ခြေကြွခြင်း ဥဒ္ဓရဏ၏ အကြောင်းတည်း။ ဝါယောဓာတ်သည် ရှေ့သို့ ဆောင်ခြင်း အတိဟရဏ လွှဲ၍ဆောင်ခြင်း ဝီတိဟရဏတို့၏ အကြောင်းတည်း။ အာပေါဓာတ်သည် အောက်သို့ချခြင်း အဝက္ခိပန၏ အကြောင်းတည်း။ ပထဝီဓာတ်သည် ခြေကိုထားခြင်း ပတိဋ္ဌာပန ဖိ၍နှိပ်ခြင်း ဥပ္ပီဠန တို့၏ အကြောင်းတည်း ဟု နှလုံးပြုအပ်၏။
ဤသို့လျှင် “ဝစနတ္ထကလာပေဟိ" စသော တဆဲ့သုံးပါးသော အခြင်းအရာ တို့တွင် တပါးပါးသော အခြင်းအရာဖြင့် ရှုဆင်ခြင်သော နာတိတိက္ခ ပုဂ္ဂိုလ်အား မြင်မြင်သမျှ သဝိညာဏက အဝိညာဏက ဝတ္ထုသည် ဓာတ်လေးပါးအစု သာတည်းဟု ထင်၏။ ဥပစာရဈာန်ကို ရ၏။
စတုတုဝဝတ္ထာန်အကျိုး
အကျိုးအာနိသင်ကား --
ဝဝတ္ထာန'မနုယုတ္တော၊
သုညတံ အဝဂါဟတိ။
ဥဂ္ဃါဋေတိ သတ္တသညံ၊
သဟတေ ဘယဘေရဝံ။
ဣဋ္ဌာနိဋ္ဌေသု ဥဂ္ဃါတံ၊
နိဂ္ဃါတဉ္စ န ပါပုဏေ။
ရတာရတိဉ္စ သဟတိ၊
ပညာ သုခီ'ဓ ဝါ ပရေ။
ဧဝံ မဟာနုဘာဝံ၊
ယောဂီ ဝရသတသဟဿ ဝိက္ကိဠိတံ။
စတုဓာတုဝဝတ္ထာနံ၊
နိစ္စံ သေဝေထ မေဓာဝီ။
ဝဝတ္ထာနံ၊ စတုဓာတုဝဝတ္ထာန် ကမ္မဋ္ဌာန်းကို။
အနုယုတ္တော၊ အားထုတ်သော ယောဂီသည်။
သုညတံ၊ ကိုယ်ဟူသည်မှ ဆိတ်သောအဖြစ်သို့။
အဝဂါဟတိ၊ သက်ဝင်၏။
သတ္တသညံ၊ ပုဂ္ဂိုလ်သတ္တဝါဟူသော အမှတ်ကို။
ဥဂ္ဃါဋေတိ၊ နုတ်ခွါပယ်ဖြတ် ဖွင့်လှပ်၏။
ဘယဘေရဝံ၊ ဘေးငယ် ဘေးကြီးကို။
သဟတေ၊ သည်းခံနိုင်၏။
ဣဋ္ဌာနိဋ္ဌေသု၊ ဣဋ္ဌာရုံ အနိဋ္ဌာရုံတို့၌။
ဥဂ္ဃါတံ၊ ဝမ်းသာပြုံးရွှင် ပေါ်လွင်ခြင်းသို့၎င်း။
နိဂ္ဃါတဉ္စ၊ မကြည်မသာ မျက်နှာရှိုးငုံ့ တွန့်ရှုံ့ခြင်းသို့၎င်း။
န ပါပုဏေ၊ မရောက်။
ရတိ အရတိဉ္စိ၊ ကာမဂုဏ်၌ မွေ့လျော်ခြင်း, သမထ ဝိပဿနာ ဆိတ်ငြိမ်ရာတို့၌ မမွေ့လျော် နိုင်ခြင်းကိုလည်း။
သဟတိ၊ နှိပ်နင်းနိုင်၏။
ပညာ၊ ကြီးကျယ်သော ပညာရှိသည်။
ဟောတိ၊ ဖြစ်၏။
ဣဓ ဝါ၊ ဤပစ္စုပ္ပန် ဘဝ၌မူလည်း။
သုခီ၊ နိဗ္ဗာန်ချမ်းသာကို ရသည်။
ဟောတိ၊ ဖြစ်၏။
ဝါ၊ ယခုဘဝ မရမူ။
ပရေ၊ တမလွန်ဘဝ၌။
သုခံ၊ သုဂတိသို့လားရ၍ ချမ်းသာသည်။
ဟောတိ၊ ဖြစ်၏။
ဧဝံမဟာနုဘာဝံ၊ သို့စင်ကြီးဘိ အာနုဘော်ရှိသော။
ယောဂီ ဝရသတသဟဿ ဝိက္ကိဠိတံ၊ အသိန်းမကသော ယောဂီ လူထူးတို့၏ ကွန့်မြူး မွေ့လျော်ရာ ဖြစ်သော။
စတုဓာတုဝဝတ္ထာနံ၊ တခုယုတ်ပယ် နှစ်ဆယ် ဘာဝနာနည်း တို့ဖြင့် တန်းဆာဆင် အပ်သော စတုတု၀၀တ္ထာန် ကမ္မဋ္ဌာန်းကို။
မေဓာဝီ၊ ပညာရှိသည်။
နိစ္စံ၊ အမြဲ။
သေဝေထ၊ မှီဝဲရာ၏။
ဧက၀၀တ္ထာန် ပြီး၏။
---
အရူပဈာန်ပွါးနည်း
▬▬▬▬▬▬▬
အာကာသာနဉ္စာယတနသို့ရောက်ပုံ
▬▬▬▬▬▬▬▬▬▬▬▬
"စတ္တာရော အာရုပ္ပါ” ဟူရာ၌ အာကာသာနဉ္စာယတန ဈာန်ကို ရလိုသော ပုဂ္ဂိုလ်သည် -- အာကာသ ကြဉ်သော ကသိုဏ်းကိုးပါးတို့တွင် တပါးပါး၌ ရူပပဉ္စမဈာန်ကို ဝသီဘော်ငါးတန်တို့ဖြင့် အဖန်ဖန် လေ့လာပြီး၍ ဤကရဇရုပ် ရှိခြင်းကြောင့်သာလျှင် ဒဏ္ဍာဒါန သတ္ထာဒါန ကလဟ ဝိဂ္ဂဟ ဝိဝါဒ စက္ခုရောဂါ စသော အထောင်မကသော အာဗာဓ တို့သည် ဖြစ်ကုန်၏။ ရုပ်မရှိသော် မဖြစ်ကုန်ဟု ကရဇရုပ်၌ အပြစ်ဒေါသကိုမြင်၍ ဘီလူး တစ္ဆေ မြွေရန်သူ အနှိပ်အစက်ကို ခံရဘူးသော ကြောက်တတ်သောသူသည် အတူအဆင်ကို တွေ့မြင် လျှင်ပင် သေချင်မတတ် လန့်ဖျပ်ကြောက်ရွံ့ တုန်လှုပ် သကဲ့သို့ ထိုကရဇရုပ်နှင့် တူသော ကသိုဏ်း ပဋိဘာဂနိမိတ်ကို ငြီးငွေ့၍ကြောက်သဖြင့် လွန်မြောက်ခြင်း အကျိုးငှါ --
“ဤငါရပြီးသော ပဉ္စမဈာန်သည် ငါငြီးငွေ့သော ကသိုဏ်းရုပ်ကို အာရုံပြု၏။ သောမနဿ ဟူသော နီးသော ဘေးရန် ရှိ၏။ အထက်သမာပတ် အောက် ရုန်းရင်း၏" --
ဟု ပဉ္စမဈာန်၌ အပြစ်ကို ရှု၍ တပ်ခြင်းကို ကုန်စေ၍ အာကာသာနဉ္စာယတနဈာန်ကို ငြိမ်သက်၏ဟု နှလုံးပြု၍ ရှေးအလိုရှိတိုင်း ပွါးစေအပ်ပြီးသော ကသိုဏ်းပဋိဘာဂနိမိတ်ကို အာရုံမပြုမူ၍ နိမိတ်၏ တွေ့ထိပြန့်နှံရာ ကောင်းကင် အရပ်ကိုသာ အာရုံပြု၍ --
“အာကာသော အာကာသော” ဟူ၍သော်၎င်း၊ “အနန္တော အာကာသော အနန္တော အာကာသော” ဟူ၍သော်၎င်း ---
အဖန်တလဲလဲ စီးဖြန်းလျက် ယင်းကသိုဏ်း ပဋိဘာဂနိမိတ်ကို ခွါအပ်၏။
ကသိဏံ ဉဂ္ဃါဋေန္တော သော၊
န ကိလိဉ္စံဝ ပူပံဝ။
ကေဝလံ တ'မနာဝဇ္ဇံ၊
အာကာသောဣတိ ဣက္ခတိ။
သင်္ဂဟဂါထာ
▬▬▬▬▬
ကသိုဏ်းခွါပုံ
သော၊ ထိုယောဂီသည်။
ကသိကံ၊ ကသိုဏ်းကို။
ဉဂ္ဃါဋေန္တော၊ ခွါသည် ရှိသော်။
ကိလိဉ္စံ ဣဝ စ၊ ဖျာကဲ့သို့၎င်း။
ပူပံ ဣဝစ၊ မုံ့ရှက်ကို ကဲ့သို့၎င်း။
န ဉဂ္ဃါဋေတိ၊ ခေါက်လိပ်ထုတ်ဆယ်၍ ခွါသည် မဟုတ်။
ကေဝလံ၊ သက်သက်။
ကံ၊ ထို ကသိုဏ်းနိမိတ်ကို။
အနာဝဇ္ဇံ၊ မဆင်ခြင်ပဲ။
အာကာသော ဣတိ၊ အာကာသ ဟူ၍။
ဣက္ခတိ၊ ရှု၏ ဆင်ခြင်၏။
ထိုသို့ ရှုဆင်ခြင်၍ ကသိုဏ်းနိမိတ် ကွာသောအခါ အိုးဝကို ပုဝါပိတ်၍ ကြည့်ရှုနေစဉ် လေခတ်သဖြင့် ရုတ်ခြည်း ပွင့်လပ်သည့် အခါကဲ့သို့ အာကာသ အပြင် ကောင်းကင် ကွက်သာ ထင်၏။ ထို အာကာသနိမိတ်ကို “အာကာသော အာကာသော” ဟု အဖန် တလဲလဲ မှီဝဲစီးဖြန်းသော ယောဂီသည် --
သဗ္ဗသော ရူပသညာနံ သမတိက္ကမာ ပဋိဃသညာနံ အတ္ထင်္ဂမာ နာနတ္တသညာနံ အမနသိကာရာ အနန္တော အာကာသောတိ အာကာသာနဉ္စာယတနံ ဥပသမ္ပဇ္ဇ ဝိဟရတိ --
ဟူ၍ လာသော ပထမာရုပ္ပဈာန်ကို ရ၏။
သဗ္ဗသော၊ ခပ်သိမ်းသောအခြင်းအရာအားဖြင့်။
ဝါ- သဗ္ဗသော သဗ္ဗာသံ၊ ခပ်သိမ်းကုန်သော။
ရူပသညာနံ၊ ရူပဈာန် ကသိုဏ်းရုပ်တို့ကို။
ဝါ၊ ရူပဈာန် ကသိုဏ်းရုပ်တို့၏။
သမတိက္ကမာ၊ စက်ဆုပ်ခြင်း လွန်မြောက်ခြင်းကြောင့်။
ပဋိဃ သညာနံ၊ ပဉ္စဝိညာဏ် သညာတို့၏။
အတ္ထင်္ဂမာ၊ ချုပ်ခြင်းကြောင့်။
နာနတ္တသညာနံ၊ အထူးထူးသော မနောဓာတ် မနောဝိညာဏဓာတ် သညာ လေးဆဲ့ လေးပါးတို့ကို (ဒွေပဉ္စဝိညာဉ်ကြဉ်သော ကာမစိတ် ၄၄-ပါးကို ဆိုလိုသည်။)။
အမနသိကာရာ၊ နှလုံးမသွင်းခြင်းကြောင့်။
အနန္တော အာကာသောတိ၊ အဆုံးခြားပြတ် ဥပါဒ်နှင့်ဘင် အပိုင်းအခြား မထင်သော ကောင်းကင်ဟု စီးဖြန်း၍။
အာကာသာနဉ္စာယတနံ၊ အဆုံးမရှိသော ကသိဏုဂ္ဃါဋိမ ကောင်းကင်ပညတ်လျှင် တည်ရာ အာရုံရှိသော သသမ္ပယုတ္တ ပထမာရုပ္ပဈာန်ကို။
ဥပသမ္ပဇ္ဇ၊ ရောက်၍ ဖြစ်စေ၍။
ဝိဟရတိ၊ နေ၏။
အာကာသ ၃-မျိုး
▬▬▬▬▬▬
“အာကာသော”ဟူရာ၌ အဇဋာကာသ ပရိစ္ဆိန္နာကာသ ကသိဏုဂ္ဃါဋိမာကာသ သုံးပါး တို့တွင် ကသိဏုဂ္ဃါဋိမာကာသ [၁] ကို ယူအပ်၏။
[၁။ ကသိဏ = ကသိုဏ်း။
ဥဂ္ဃါဋ = ခွါခြင်း (နှလုံးမသွင်း)။
ဣမ = ရအပ်သော ရှိသော။
အာကာသ = ကောင်းကင်။
ကသိဏုဂ္ဃါဋိမာကာသ = ကသိုဏ်းကို ခွါ၍ ရအပ်သော ကောင်းကင်နိမိတ်။]
အိုးတွင်း ပြုတင်းပေါက် စသည်သည် ပရိစ္ဆိန္နာကာသ မည်၏။ ထိုမှ ပြင်ပကောင်းကင် သည် အဇဋာကာသ မည်၏။
မဟာဗောဓိ စတုတ္ထသတ္တာဟတွင် ရောင်ခြည်တော်ပျံသည်ကို ဆိုရာ အဋ္ဌကထာ (အဋ္ဌသာလိနီ၊နှာ-၁၅) ၌ ဥဒကသန္ဓာရက-လေ နေဝသညာနာသညာ- ယတနဘုံတို့မှ ပြင်ပကိုသာ "ဥပရိ အဇဋာကာသံ ပက္ခန္ဒိံ သု"ဟု ဆိုသောကြောင့် ထိုလေ ထိုဘုံတို့၏ အတွင်းသည် ပရိစ္ဆိန္ဒာကာသ၊ ပြင်ပ အောက် အထက်သည် အဇဋာကာသ ဟူ၍လည်း ဆိုကြကုန်၏၊
ဝိညာဏဉ္စာယတနဈာန်ရပုံ
▬▬▬▬▬▬▬▬▬▬
ဝိညာဏဉ္စာယတနဈာန်ကို ရလိုသော ယောဂီသည် ပထမာရုပ္ပဈာန်ကို ဝသီဘော်ငါးတန် တို့ဖြင့် အဖန်ဖန် လေ့လာပြီးမှ --
“ဤ ငါရသော အာကာသာနဉ္စာယတန သမာပတ် သည် ရူပါဝစရဈာန် ဟူသော ရန်သူ နီး၏၊ အထက်ဈာန်အောက် ရုန်းရင်း၏”--
ဟု-ပထမာရုပ္ပဈာန်၌ အပြစ်ကို ရှု၍ တပ်ခြင်းကို စွန့်၍ ဒုတိယာရုပ္ပဈာန်ကို ငြိမ်သက်၏-ဟု နှလုံးပြုလျက် အာကာသဖုဋ ပထမာရုပ္ပ ကုသိုလ် ကြိယာ ဝိညာဏ်ကို "ဝိညာဏံ ဝိညာဏံ” ဟူ၍သော်၎င်း၊ “အနန္တံ ဝိညာဏံ, အနန္တံ ဝိညာဏံ” ဟူ၍သော်၎င်း၊ အဖန်တလဲလဲ မှီဝဲစီးဖြန်းသည်ရှိသော် --
သဗ္ဗသော အာကာသာနဉ္စာယတနံ သမတိက္ကမ္မ အနန္တံ ဝိညာဏန္တိ ဝိညာဏဉ္စာယတနံ ဥပသမ္ပဇ္ဇ ဝိဟရတိ --
ဟူ၍ လာသော ဒုတိယာရုပ္ပဈာန်ကို ရ၏။
သဗ္ဗသော၊ ခပ်သိမ်းသော အခြင်းအရာအားဖြင့်။
ဝါ- သဗ္ဗသော သဗ္ဗံ၊ ခပ်သိမ်းသော။
အာကာသာနဉ္စာယတနံ၊ အာကာသာနဉ္စာယတနဈာန် အာရုံ ဤနှစ်ပါးကို။
သမတိက္ကမ္မ၊ လွန်မြောက်၍။
အနန္တံ ဝိညာဏန္တိ၊ အပိုင်းအခြား မရှိသော ဝိညာဏ်ဟု စီးဖြန်း၍။
ဝိညာဏဉ္စာယတနံ၊ အဆုံးမရှိသော ပထမာရုပ္ပဝိညာဏ်လျှင် တည်ရာအာရုံရှိသော သသမ္ပယုတ္တ ဒုတိယာရုပ္ပဈာန်ကို။
ဥပသမ္ပဇ္ဇ၊ ရောက်၍။
ဝိဟရတိ၊ နေ၏။
အာကိဉ္စညာယတနဈာန်ကိုရပုံ
▬▬▬▬▬▬▬▬▬▬▬
အာကိဉ္စညာယတနဈာန်ကို ရလိုသော ယောဂီသည် ဒုတိယာရုပ္ပဈာန်ကို လေ့လာပြီး အပြစ်ရှုပြီး၍ ယင်း ဒုတိယာရုပ္ပဈာန်၏ အာရုံဖြစ်သော အာကာသဖုဋ ပထမာရုပ္ပဝိညာဏ်၏ မရှိခြင်း “နတ္ထိဘောပညတ်” ဟု ဆိုအပ်သော သဘာဝ မတ္တကိုသာ အာရုံပြု၍ “နတ္ထိ နတ္ထိ၊ သုညံ သုညံ။ ဝိဝိတ္တံ ဝိဝိတ္တံ” ဟူ၍သော်၎င်း အဖန်တလဲလဲ မှီဝဲ စီးဖြန်းသည်ရှိသော် --
သဗ္ဗသော ဝိညာဏဉ္စာယတနံ သမတိက္ကမ္မ နတ္ထိ ကိဉ္စီတိ အာကိဉ္စညာယတနံ ဥပသမ္ပဇ္ဇ ဝိဟရတိ ---
ဟူ၍ လာသော တတိယာရုပ္ပဈာန်ကို ရ၏။
သဗ္ဗသော၊ ခပ်သိမ်းသော အခြင်းအရာအားဖြင့်။
သဗ္ဗသော သဗ္ဗံ၊ ခပ်သိမ်းသော။
ဝိညာဏဉ္စာယတန၊ ဝိညာဏဉ္စာယတနဈာန် အာရုံ - ဤနှစ်ပါးကို။
သမတိက္ကမ္မ၊ လွန်မြောက်၍။
နတ္ထိ ကိဉ္စီတိ၊ နည်းငယ်စိုးစဉ်း ဘင်မျှအကြွင်းမရှိဟု စီးဖြန်း၍။
အာကိဉ္စညာယတနံ၊ စိုးစဉ်းမျှ အကြွင်းမရှိသော ပထမာရုပ္ပဝိညာဏ်၏ အဖြစ်တည်း ဟူသော နတ္ထိဘောပညတ်လျှင် တည်ရာအာရုံရှိသော သသမ္ပယုတ္တ တတိယာရူပ္ပဈာန်ကို။
ဥပသမ္ပဇ္ဇ၊ ရောက်၍။
ဝိဟရတိ၊ နေ၏။
သင်္ဃာအစည်းအဝေးကို မြင်ပြီး၍ တပိုတပါး ခဏသွားစဉ် အစည်းအဝေး ကွဲပြား ထသွားကြ နောက်မှ ရောက်လာ၍ မရှိသည်ကိုသာ မြင်ရသကဲ့သို့ ပထမာရုပ္ပဝိညာဏ်၏ မရှိခြင်း “အဘာဝ”ကိုသာ အာရုံပြု၍ အာကိဉ္စညာယတနဈာန် ဖြစ်၏ ဟူလိုသည်။
နေဝသညာနာသညာယတနဈာန်ရပုံ
▬▬▬▬▬▬▬▬▬▬▬▬
နေဝသညာနာသညာယတနဈာန်ကို ရလိုသော ယောဂီသည် တတိယာရုပ္ပဈာန်ကို လေ့လာပြီး၍ ရှေးနည်းသော်၎င်း၊ “သညာ ရောဂေါ သညာ ဂဏ္ဍော သညာ သလ္လံ၊ ဧတံ သန္တံ ဧတံ ပဏီတံ ယဒိဒံ နေဝသညာနာသညာ တူ၍သော်၎င်း အပြစ်ရှု၍ တပ်ခြင်းကို စွန့်၍ စတုတ္ထာရုပ္ပဈာန်ကို ငြိမ်သက်ဟု နှလုံးပြုလျက် အဘာဝါရမ္မဏ တတိယာရုပ္ပ သမာပတ်ကို “သန္တာ သန္တာ “ငြိမ်သက်စွ ငြိမ်သက်စွ” ဟု အဖန်တလဲလဲ မှီဝဲဆင်ခြင်သည်ရှိသော် --
သဗ္ဗသော အာကိဉ္စညာယတနံ သမတိက္ကမ္မ နေဝသညာနာသညာယတန ဥပသမ္ပဇ္ဇ ဝိဟရတိ --
ဟူ၍လာသော စတုတ္ထာရုပ္ပဈာန်ကို ရ၏။
သဗ္ဗသော၊ ခပ်သိမ်းသော အခြင်းအရာအားဖြင့်။
သဗ္ဗသော သဗ္ဗံ၊ ခပ်သိမ်းသော။
အာကိဉ္စညာယတနံ၊ အာကိဉ္စညာယတနဈာန် အာရုံ - ဤနှစ်ပါးကို [၁]။
သမတိက္ကမ္မ၊ လွန်၍။
နေဝသညာနာသညာယတနံ၊ ရုန့်ရင်းသော သညာလည်း မရှိ, သိမ်မွေ့သော သညာ မရှိ သည်လည်း မဟုတ်သော မနာယတန ဓမ္မာယတန၌ အကျုံးဝင်သော သသမ္ပယုတ္တ စတုတ္ထာရုပ္ပဈာန်ကို။
ဝါ၊ ရုန့်ရင်းသော သညာလည်း မဟုတ် သိမ်မွေ့သော သညာ မဟုတ်သည်လည်း မဟုတ်သော သမ္မယုတ်တရားတို့၏ တည်ရာ စတုတ္ထာရုပ္ပသညာကို။
ဥပသမ္ပဇ္ဇ၊ ရောက်၍။
ဝိဟရတိ၊ နေ၏။
(၁။ အာကိဉ္စညာယတနဈာန်နှင့် ယင်း ဈာန်ယူသော အာရုံတို့ကို လွန်မြောက်ခြင်း ဖြစ်သည်။)
---
အရူပဈာန်တို့၌ သိမှတ်ဖွယ်ရာများ
▬▬▬▬▬▬
“အာရုံကိုလွန်မြောက်သဖြင့် အထက်ဈာန်ရခြင်း”
ဤ အရူပကမ္မဋ္ဌာန်း လေးပါးတို့၌ ပကိဏ္ဏက အဆုံးအဖြတ်ကား ---
အာလမ္ဗနာတိက္ကမတော၊
စတဿောပိ ဘဝန္တိမာ။
အင်္ဂါတိက္ကမ' မေတာသံ၊
န ဣစ္ဆန္တိ ဝိဘာဝိနော။
ဣမာ စတဿောပိ၊ ဤလေးပါးကုန်သော သမာပတ်တို့သည်လည်း။
အာလမ္ဗနာတိက္ကမတော၊ ကသိုဏ်း အာကာသ ဝိညာဏ် နတ္ထိဘော ဟူသော အာရုံ လေးပါးကို လွန်သောအားဖြင့်။
ဘဝန္တိ၊ ဖြစ်ကုန်၏
ဧတာသံ၊ ယင်း အရူပစိတ်လေးပါးတို့၏။
အင်္ဂါတိက္ကမံ၊ ဈာန်အင်္ဂါကိုလွန်ခြင်းကို။
ဝိဘာဝိနော၊ ပညာရှိတို့သည်။
န ဣစ္ဆန္တိ၊ အလိုမရှိကုန်။
ဧဝံသန္တေပိ --
သုပ္ပဏီတတရာ ဟောန္တိ၊
ပစ္ဆိမာ ပစ္ဆိမာ ဣဓ။
ဥပမာ တတ္ထ ဝိညေယျာ၊
ပါသာဒတလသာဋိကာ။
ဧဝံသန္တေပိ၊ ဤသို့ပင် အင်္ဂါတူမျှသော်လည်း။
ဣဓ၊ ဤလေးပါးတို့တွင်။
ပစ္ဆိမာ ပစ္ဆိမာ၊ နောက်နောက် သမာပတ်တို့သည်။
သုပ္ပဏီတတရာ၊ အလွန်အကြူး ထူး၍ ထူး၍ မြတ်ကုန်သည်။
ဟောန္တိ၊ ဖြစ်ကုန်၏။
တတ္ထ၊ ထို ထူး၍ထူး၍ မွန်မြတ်သည်၌။
ပါသာဒတလသာဋိကာ၊ ကာမဂုဏ်နိမ့်မြင့် လေးဆင့်သော ပြာသာဒ် အပြင်၊ လေး ပေါ့ ကြမ်း ချော ထူးပြားသော ပုဆိုးလေးထည်ဟု ဆိုအပ်ကုန်သော။
ဥပမာ၊ ဥပမာတို့ကို။
ဝိညေယျာ၊ သိအပ်ကုန်၏။
ဧဝံ အနုပုဗ္ဗေန ပဏီတ ပဏီတာ စေ'တာ --
အသုစိမှိ မဏ္ဍပေ လဂ္ဂေါ၊
ဧကော တန္နိဿိတော ပရော။
အညော ဗဟိ အနိဿာယ၊
တံ တံ နိဿာယ စာ'ပရော။
ဌိတော စတူဟိ ဧတေဟိ၊
ပုရိသေဟိ ယထာက္ကမံ။
သမာနတာယ ဉာတဗ္ဗာ၊၊
စတဿေပိ ဝိဘာဝိနာ။
ဧဝံ၊ ဤသို့။
အနုပုဗ္ဗေန၊ အစဉ်သဖြင့်။
ပဏီတ ပဏီတာ စ၊ မြတ်သည်ထက် မြတ်သည်လည်း ဖြစ်ကုန်သော။
ဧတာ စတဿေပိ၊ ယင်း အရူပစိတ် လေးပါး တို့ကိုလည်း။
အသုစိမှိ၊ မစင်ပေါရာ၌ ဆောက်ထားသော။
မဏ္ဍပေ၊ ပွဲရုံ မဏ္ဍပ်၌။
ဧကော၊ တယောက်သူသည်။
လဂ္ဂေါ၊ တွဲရရွဲဆွဲ၍တည်၏။
အပရော၊ တပါးသူသည်။
တံ၊ ထိုဆွဲသသူကို။
နိဿိတော၊ မှီ၍တည်၏။
အညော၊ အခြား တဦးသည်။
တံ၊ ထိုဆွဲသသူကို။
အနိဿာယ၊ မမှီမူ၍။
ဗဟိ၊ အပ၌။
ဌိတော၊ တည်၏။
အပရော စ၊ အခြားတဦးသည်လည်း။
တံ၊ ထိုအပ၌ တည်သသူကို။
နိဿယ၊ မှီ၍။
ဌိတော၊ တည်၏။
ဧတေဟိ စတူဟိ ပုရိသေဟိ၊ ယင်းလေးဦး ကုန်သောသူတို့နှင့်။
ယထာက္ကမံ၊ အစဉ်အတိုင်း။
သမာနတာယ၊ တူသည့် အဖြစ်ဖြင့်။
ဝိဘာဝိနာ၊ ပညာရှိသည်။
ဉာတဗ္ဗာ၊ သိအပ်ကုန်၏။
ဧဝံ ပဝတ္တမာနဉ္စ --
အာလမ္ဗနံ ကရောတေဝ၊
အညာဘာဝေန တံ ဣဒံ။
ဒိဋ္ဌဒေါသမ္ပိ ရာဇာနံ၊
ဝုတ္တိဟေတု ဇနော ယထာ။
ဧဝံ ပဝတ္တမာနဉ္စ၊ ဤသို့ အာကိဉ္စညာယတနကို အာရုံပြု၍ ဖြစ်သည်လည်း ဖြစ်သော။
ဣဒံ၊ ဤနေဝသညာနာသညာယတနဈာန်သည်။
အညာ ဘာဝေန၊ အာရုံတပါး မရှိခြင်းကြောင့်။
တံ၊ ထို အာကိဉ္စညာယတနဈာန်ကို။
အာလမ္ဗနံ ကရောတေဝ၊ အာရုံပြုရသလျှင်ကတည်း။
ရာဇာနံ၊ သဗ္ဗဒိသမ္ပတိ [၁] မင်းကြမ်းကို။
ဒိဋ္ဌဒေါသမ္ပိ၊ မြင်အပ်သော အပြစ်ရှိသော်လည်း။
ဇနော၊ တိုင်းသူပြည်သား မင်းခစားသည်။
ဝုတ္တိဟေတု၊ အသက်မွေးခြင်းဟူသော အကြောင်းကြောင့်။
နိဿာယ၊ အမှီပြု၍။
ဝတ္တတိ ယထာ၊ ဖြစ်ရသကဲ့သို့တည်း။
(၁။ သဗ္ဗ + ဒိသ + ပတိ= အလုံးစုံသော အရပ်မျက်နှာတို့၏ အရှင်။)
ဧဝံ ကုရုမာနဉ္စ ---
အာရူဠှော ဒီဃနိဿေဏိံ၊
ယထာ နိဿေဏိ ဗာဟုကံ။
ပဗ္ဗတဂ္ဂဉ္စ အာရုဠှော၊
ယထာ ပဗ္ဗတမတ္ထကံ ။
ယထာ ဝါ ဂိရိ'မာရုဠှော၊
အတ္တနောယေဝ ဇဏ္ဏုကံ။
ဩလုဗ္ဘတိ တထေဝေ'တံ၊
ဈာန' မောလုဗ္ဘ ဝတ္တတိ။
ဧဝံ ကုရုမာနဉ္စ၊ ဤသို့ အာရုံပြုသည်လည်း ဖြစ်သော။
ဧတံ၊ ဤနေဝသညာ- နာသညာယတန ဈာန်သည်။
ဒီဃနိဿေဏိံ၊ ရှည်လျားသော ထန်းတက် လှေခါးသို့။
အာရူဠှော၊ တက်သောသူသည်။
နိဿေဏိ ဗာဟုကံ၊ လှေခါးပေါင်ကို။
ဩလုဗ္ဘတိ ယထာ၊ ထောက်မှီ ကိုင်တွယ်ရသကဲ့သို့၎င်း။
ပဗ္ဗတဂ္ဂံ၊ မြေတောင် မိဿကတောင်ဖျားသို့။
အာရုဠှော၊ တက်သူသည်။
ပဗ္ဗတ မတ္ထကံ၊ ခင်ထွတ်တောင်ဖျားကိုသာလျှင်။
ဩလုဗ္ဘတိ ယထာ ဝါ၊ ထောက်မှီကိုင်တွယ် ရသကဲ့သို့၎င်း။
ဂိရိံ၊ ကျောက်တောင်သို့။
အာရူဠှော၊ တက်သသူသည်။
အတ္တနော ဇဏ္ဏုကံယေဝ၊ မိမိဒူးဆစ်ကိုသာလျှင်။
ဩလုဗ္ဘတိ ယထာ ဝါ၊ ထောက်မှီ ကိုင်တွယ်ရသကဲ့သို့၎င်း။
တထေဝ၊ ထို့အတူသာလျှင်။
ဈာနံ၊ အာကိဉ္စညာယတနဈာန်ကို။
ဩလုဗ္ဘ၊ ထောက်မှီသမှု အာရုံပြု၍။
ဝတ္တတိ၊ ဖြစ်ရ၏။
ဝိသုဒ္ဓိမဂ်ချည်းတည်း
အရူပ ကမ္မဋ္ဌာန်းလေးပါး ပြီး၏။
---
သမထကမ္မဋ္ဌာန်း စီးဖြန်းရသော အကျိုး ၅-ပါး
▬▬▬▬▬▬▬▬▬▬
ဆိုခဲ့ပြီးတုံ လုံးစုံများကျယ် လေးဆယ်သော သမထကမ္မဋ္ဌာန်းကို စီးဖြန်း ကြိုးကုတ် အားထုတ်ရခြင်း၏ အကျိုးအာနိသင်ကား ---
ပစ္စက္ခသုခါ'သေက္ခာနံ၊
သေသာနန္တု ဝိပဿနာ။
ဝိသေသ ဘဝေါ အဘိညာ၊
နိရောဓ သမပတ္တိ စ။
ဣတိ ပဉ္စဓာ သမာဓိ၊
ဘာဝနာ'ယာနိသံသကာ။
တသ္မာ နေကာနိသံသမှိ၊
ကိလေသမလ သောဓနေ။
သမာဓိဘာဝနာ ယောဂေ၊
နပ္ပမဇ္ဇေယျ ပဏ္ဍိတော။
သင်္ဂဟဂါထာ
▬▬▬▬▬
အသေက္ခာနံ၊ ရဟန္တာတို့၏ အပ္ပနာသမာဓိ၏။
ပစ္စက္ခသုခေဉ္စဝ၊ မျက်မှောက်၌ ချမ်းသာခြင်း “ဒိဋ္ဌဓမ္မသုခဝိဟာရ ကျိုး၎င်း။
တု၊ ထိုမှတပါး။
သေသာနံ၊ ကြွင်း ပုထုဇန် သေက္ခတို့၏ ဥပစာသမဓိ အပ္ပနာသမာဓိ၏။
ဝိပဿနာ၊ ဝိပဿနာကျိုး၎င်း။
ဝိသေသ ဘဝေါ၊ ဥပစာ၏ ကာမသုဂတိ ဘဝကျိုး အပ္ပနာ၏ဗြဟ္မဘဝကျိုး၎င်း။
အဘိညာ၊ “ဧကောပိ ဟုတွာ ဗဟုဓာ ဟောတိ” စသော အဘိညာကျိုးတို့၎င်း၊
နိရောဓသမာပတ္တိ စ၊ နိရောဓ သမာပတ်ကျိုး၎င်း။
ဣတိ၊ ဤသို့။
သမာဓိဘာဝနာယ၊ သမာဓိဘာဝနာ၏။
အာနိသံသကာ၊ အကျိုးတို့သည်။
ပဉ္စဓာ၊ ငါးပါးအပြား ရှိကုန်၏။
တသ္မာ၊ ထို့ကြောင့်။
အနေကာနိသံသမှိ၊ များသောအကျိုးရှိသော။
ကိလေသ မလ သောဓနေ၊ ကိလေသာ အညစ်အကြေးကို ဆေးကြော သုတ်သင်တတ် သုတ်သင်ကြောင်း ဖြစ်သော။
သမာဓိဘာဝနာဂေ ၊ သမာဓိ ဘာဝနာကို အားထုတ်ခြင်း၌။
ဝါ၊ အားထုတ်အပ်သော သမာဓိဘာဝနာ၌။
ပဏ္ဍိတော၊ ပညာရှိသည်။
နပ္ပမဇ္ဇေယျ၊ မမေ့သင့်ရာ။
---
အဘိညာ နိဒ္ဒေသ
▬▬▬▬▬▬▬
အဘိညာဉ် ပွါးနည်း
ထိုငါးပါးတို့တွင် အဘိညာဟူရာ၌ ပဉ္စမဈာန်ကို ရပြီးသော ပုဂ္ဂိုလ်သည် ထိုသမာပတ်ဈာန် မြဲမြံခိုင်ခံ့ခြင်း, အာနိသင်ကိုရခြင်း ပွါးအပ်လတ္တံ့သော ဝိပဿနာပညာ ဘာဝနာ၏ လွယ်ကာ တကူ ပြည့်စုံခြင်း အကျိုးငှါ --
ဣဒ္ဓိဝိဓံ ဒိဗ္ဗသောတံ၊
ပရစိတ္တဝိဇာနနံ။
ပုဗ္ဗေနိဝါသာနုဿတိ၊
ဒိဗ္ဗစက္ခူတိ ပဉ္စဓာ။
ဟူသော လောကီအဘိညာ ငါးပါးကို အားထုတ်အပ်၏။
ဣဒ္ဓိဝိဓ အဘိညာဉ်ရပုံ
▬▬▬▬▬▬▬▬
ထိုတွင် ဣဒ္ဓိဝိဓ အဘိညာကို ရလိုသော အာဒိကမ္မိက ပုဂ္ဂိုလ်သည် ရှေ့ ကသိုဏ်းရှစ်ပါး တို့၌ သမာပတ် ရှစ်ပါးတို့ကို ဖြစ်စေပြီး၍ --
“အဘိညာဉ် အခြေခံ စိတ်ကို ဆုံးမကြောင်း အခြင်းအရာ ၁၀-ပါး”
ကသိဏာနံ အနုလောမာ၊
ပဋိလောမာ တ ́ဒူဘယာ။
တိဓာ တထေဝ ဈာနာနံ၊
ဈာနဿုက္ကန္တိကာပိ စ။
ကသိဏဿု ဘယာနဉ္စ၊
အင်္ဂသင်္ကန္တိတောပိ စ။
အာလမ္ဗဿု ဘယာနဉ္စ၊
အင်္ဂဿ ၀၀တ္ထာပနာ။
တထာ အာရမ္မဏဿာတိ၊
ကာတုံ ဣဒ္ဓိဝိကုဗ္ဗနံ။
စတုဒ္ဒသဟာကာရေဟိ၊
စိတ္တံ ဒမေယျ ပဏ္ဍိတော။
သင်္ဂဟဂါထာ
▬▬▬▬▬
ကသိဏာနံ၊ ကသိုဏ်းရှစ်ပါးတို့၏။
အနုလောမာ၊ အစဉ်အတိုင်း အကြိမ် အရာ အထောင် ဝင်စားခြင်းအားဖြင့်၎င်း။
ပဋိလောမာ၊ အပြန်ထိုလား ဝင်စားခြင်းအားဖြင့်၎င်း။
တဒူဘယာ၊ အနုလုံ ပဋိလုံအား ထိုနှစ်ပါးဖြင့်၎င်း။
တထေဝ၊ ထိုကသိုဏ်း အတူသာလျှင်။
ဈာနာနံ၊ ဈာန်တို့၏။
ဟိဓာ၊ အနုလုံ, ပဋိလုံ, အနုလုံ ပဋိလုံ - သုံးပါး အပြားဖြင့်၎င်း။
ဈာနဿုက္ကန္တိကာပိ စ၊ ကသိုဏ်း တခုတခု၌ ဈာန်ရှစ်ပါးကို တခုခြား ကျော်၍ ဝင်စားခြင်း အားဖြင့်၎င်း။
ကသိဏဿုက္ကန္တိကာပိ စ၊ တခုတခုသော ဈာန်ကို ကသိုဏ်း တခုကျော် ဝင်စားခြင်း ဖြင့်၎င်း။
ဥဘယာနံ ဥက္ကန္တိကာပိ စ၊ ဈာန်ကသိုဏ်း နှစ်ပါးစုံတို့ကို တခုကျော် ဝင်စားခြင်းဖြင့်၎င်း။
ပထဝီကသိဏေ ပထမံ ဈာနံ သမာပဇ္ဇိတွာ တတော တေဇောကသိဏေ တတိယံ၊ နီလကသိဏံ ဥဂ္ဃါဋေတွာ အာကာသာနဉ္စာယတနံ။ လောဟိတ ကသိဏတော အာကိဉ္စညာယတနန္တိ ဣမိနာ နယေန ဈာနဿ စေဝ ကသိဏဿ စ ဥက္ကမနံ ဈာနကသိဏုက္ကန္တိကံ နာမ။
ဝိသုဒ္ဓိမဂ် (ဋ္ဌ၊ဒု၊နှာ-၃။)
လောဟိတကသိဏတော အာကိဉ္စညာယတနန္တိ လောဟိတကသိဏံ အာဝဇ္ဇန္တော အဘိမုခံ ကတွာ တဿ ဥဂ္ဃါဋနေန ဥပဋ္ဌိတေ ကသိဏုဂ္ဃါဋိ- မာကာသေ အမနသိကာရေန အာကာသာနဉ္စာယတနံ သမာပဇ္ဇိတွာ တတ္ထ ပုဗ္ဗေ ပဝတ္တဝိညာဏဿ အပဂမံ အာရမ္မဏံ ကတွာ အာကိဉ္စညာယတနံ သမာပဇ္ဇတိ။
ဋီကာ (မဟာ၊ဒု၊နှာ-၃။)
အင်္ဂသင်္ကန္တိတောပိ စ၊ တခုတခုသော ကသိုဏ်း၌ ပထမဈာန် စသော ရူပဈာန်ကို ၀င်စား အင်္ဂါ ပြောင်းရွှေ့သောအားဖြင့်၎င်း။
အာလမ္ဗဿ သင်္ကန္တိတော၊ တခုတခုသောဈာန်ကို အာရုံပြောင်းရွှေ့၍ ဝင်စားခြင်းဖြင့်၎င်း။
ဥဘယာနံသင်္ကန္တိတော၊ အင်္ဂါ အာရုံ နှစ်ပါးစုံတို့ကို ပြောင်းရွှေ့သောအားဖြင့်၎င်း။
အရူပဈာနာနံ ဝသေန အင်္ဂါရမ္မဏသင်္ကန္တိ ပရိယာယေန ဝုတ္တာတိ ဝေဒိတဗ္ဗော။
ဋီကာ (မဟာ၊ဒု၊နှာ-၄)
အင်္ဂဿ ဝဝတ္ထာပနာ၊ ဈာန်အင်္ဂါကို ပိုင်းခြားခြင်းဖြင့်၎င်း။
တထာ၊ ထို့အတူ။
အာရမ္မဏဿ ဝဝတ္ထာပနာ၊ ကသိုဏ်းကို ပိုင်းခြားခြင်း ဖြင့်၎င်း။
ဣတိ၊ ဤသို့။
ပဏ္ဍိတော၊ ပညာရှိသည်။
ဣဒ္ဓိဝိကုဗ္ဗနံ၊ တန်းခိုး ဖန်ဆင်းခြင်းကို။
ကာတုံ၊ ပြုခြင်းငှါ။
စတုဒ္ဒသဟိ၊ ၁၄-ပါးကုန်သော။
အာကာရေဟိ၊ အခြင်းအရာတို့ဖြင့်။
စိတ္တံ၊ စိတ်ကို။
ဒမေယျ၊ ဆုံးမရာ၏ ။
စိတ်ကို ဆုံးမ ခက်ခဲပုံ
ဤသို့ စုဒ္ဒသာကာရတို့ဖြင့် စိတ်ကို ဆုံးမရခြင်း၏ ခဲယဉ်းသည့် အဖြစ်ကို အရင်းမှစ၍ အဋ္ဌကထာ လာတိုင်း သိအပ်၏။ သိဟန်ကား ---
အာဒိကမ္မိကဿ ဟိ၊ အစပြုအားထုတ်သော ယောဂီပုဂ္ဂိုလ်၏။ ကသိဏပရိကမ္မမ္ပိ ဘာရော၊ ကသိုဏ်းပရိကံ ပြုလုပ်ခြင်းသည်လည်း ဝန်လေး၏။ သတေသု သဟဿေသု ဝါ၊ အားထုတ်သူ တရာ၊ တထောင်တို့တွင်။ ဧကောဝ သက္ကောတိ၊ တယောက်တည်းသာ စွမ်းနိုင်၏။
ကတ ကသိဏပရိကမ္မဿ၊ ကသိုဏ်းပရိကံ ပြုပြီးသောသူ၏။ နိမိတ္တုပ္ပါဒနံ ဘာရော၊ နိမိတ်ထင်ပေါ်အောင် ပြုခြင်းသည် ဝန်လေး၏။ သတေသု။ပ။ သက္ကောတိ၊ ရာ ထောင်တွင် တယောက်တည်းသာ စွမ်းနိုင်၏။
ဥပ္ပန္နေ နိမိတ္တေ၊ နိမိတ်ထင်ပေါ်လာသော်လည်း။ တံ ဝဍ္ဎေတွာ အပ္ပနာဓိဂမော ဘာရော၊ ထိုနိမိတ်ကို တိုးပွါးစေ၍ အပ္ပနာဈာန် ရခြင်းသည် ဝန်လေး၏။ သတေသု။ပ။ သက္ကောတိ၊ ရာ ထောင်တွင် တယောက်တည်းသာ စွမ်းနိုင်၏။
အဓိဂတပ္ပနဿ၊ အပ္ပနာဈာန် ရပြီးသောသူ၏။ စုဒ္ဒသဟာကာရေဟိ စိတ္တပရိဒမနံ ဘာရော၊ ၁၄-ပါးသော အခြင်းအရာတို့ဖြင့် စိတ်ကို ဆုံးမခြင်းသည် ဝန်လေး၏။ သတေသု။ပ။ သက္ကောတိ၊ ရာ ထောင်တွင် တယောက်တည်းသာ စွမ်းနိုင်၏။
စုဒ္ဒသဟာကာရေဟိ ပရိဒမိတစိတ္တဿာပိ၊ ၁၄-ပါးသော အခြင်းအရာတို့ဖြင့် ဆုံးမအပ်သောစိတ် ရှိသောသူ၏လည်း။ ဣဒ္ဓိဝိကုဗ္ဗနာ နာမ ဘာရော၊ တန်ခိုးဖန်ဆင်းခြင်းမည်သည် ဝန်လေး၏။ သတေသု။ပ။ သက္ကောတိ၊ ရာ ထောင်တွင် တယောက်တည်းသာ စွမ်းနိုင်၏။
ဝိကုဗ္ဗနပ္ပတ္တဿပိ၊ တန်ခိုးဖန်ဆင်းခြင်းသို့ ရောက်သောသူ၏လည်း။ ခိပ္ပနိသန္တိဘာဝေါ နာမ ဘာရော၊ လျင်မြန်စွာ ဈာန်ဝင်စားနိုင်ခြင်း မည်သည် ဝန်လေး၏။ သတေသု။ပ။ ခိပ္ပနိသန္တိ ဟောတိ၊ ရာ ထောင်တွင် တယောက်တည်းသာ လျင်မြန်စွာ ဈာန်ဝင်စားနိုင်သူ ဖြစ်၏။ ထေရဗ္ဗတ္ထလေ မဟာရောဟဏဂုတ္တတ္တေရဿ ဂိလာနုပဋ္ဌာနံ အာဂတေသု တိံသမတ္တေသု ဣဒ္ဓိမန္တသဟဿေသု ဥပသမ္ပဒါယ အဋ္ဌဝဿိကော ရက္ခိတတ္တေရော ဝိယ၊ သရက်ကုန်း၌ မဟာရောဟဏဂုတ္တမထေရ်၏ သူနာပြုအဖြစ်ဖြင့် ရောက်လာကုန်သော အရှင် ၃၀-လောက်ရှိသော တန်ခိုးရှင် ရဟန်းတထောင်တို့တွင် ဥပသမ္ပဒါ ရပြီး ၈-ဝါရ အရှင်ဗုဒ္ဓရက္ခိတထေရ်ကဲ့သို့ (တယောက်တည်းသာ စွမ်းနိုင်၏)။
ခိပ္ပနိသန္တိယာပိ စ သတိ၊ လျင်မြန်စွာ ဈာန်ဝင်စားနိုင်ခြင်း ရှိလင့်ကစားလည်း။ ပရဿ ပတိဋ္ဌာဘာဝေါ ဘာရော၊ တပါးသူတို့၏ အားကိုးရာ ဖြစ်ခြင်းသည် ဝန်လေး၏။ သတေသု သဟဿေသု ဝါ ဧကော၀ ဟောတိ၊ ရာ ထောင်တွင် တယောက်တည်းသာ ဖြစ်၏။ ဂိရိဘဏ္ဍဝါဟနပူဇာယ မာရေန အင်္ဂါရံဝဿေ ပဝတ္တိတေ အာကာသေ ပထဝိံ မာပေတွာ အင်္ဂါရဝဿံ ပရိတ္တာရကော ထေရော ဝိယ၊ ဂိရိဘဏ္ဍဝါဟနပူဇာတွင် မာရ်နတ်သည် မီးကျီးမိုယ်း ရွာစေသည်ရှိသော် ကောင်းကင်၌ မြေကြီးဖန်ဆင်း၍ မီးကျီးမိုယ်းကို ကာကွယ်သော မထေရ်ကဲ့သို့ (တယောက်တည်းသာ ဖြစ်၏)။
အဋ္ဌကထာ (ဒု၊နှာ-၄။)
ခိပ္ပံ နိသန္တိ နိသာမနံ ဈာနစက္ခုနာ ပထဝီကသိဏာဒိဈာနာရမ္မဏဿ ဒဿနံ ဧတဿာတိ ခိပ္ပနိသန္တိ၊ ဈာန်မျက်စိဖြင့် မြေကသိုဏ်း စသော ဈာန်အာရုံကို လျင်မြန်စွာ ရှုခြင်း၊ မြင်ခြင်း ရှိသောကြောင့် ခိပ္ပနိသန္တိ မည်၏။ သီဃတရံ ဈာန် သမာပဇ္ဇိတာ၊ လျင်မြန်စွာ ဈာန်ဝင်စားသူ။ တဿ ဘာဝေါ ခိပ္ပနိသန္တိဘာဝေါ၊ ထိုသို့ ဖြစ်ခြင်းသည် ခိပ္ပနိသန္တိဘာဝေါ မည်၏။ အမ္ဗတရုနိစိတံ မဟာမဟိန္ဒတ္ထေရာဒီဟိ သြတိဏ္ဏဋ္ဌာနံ ထေရဗ္ဗတ္ထလံ၊ သရက်ပင်တို့ဖြင့် ပြည့်နှက်သော မဟာမဟိန္ဒမထေရ် အစရှိသူတို့ ဆင်းသက်ရာ အရပ်သည် ထေရဗ္ဗတ္ထလံ မည်၏။ ဂိရိဘဏ္ဍဝါဟနပူဇာ နာမ စေတိယဂိရိမာဒိံ ကတွာ သကလဒီပေ သမုဒ္ဒေ စ ယာဝယောဇနာ မဟတီ ဒီပပူဇာ၊ ဂိရိဘဏ္ဍဝါဟနပူဇာ မည်သည်ကား စေတီယတောင်ကို အစပြု၍ သီဟိုဠ်ကျွန်းလုံးနှင့် သမုဒ္ဒရာ၌ တယူဇနာတိုင်အောင် ကြီးမားသော ကျွန်းပူဇာပွဲ ဖြစ်၏။
ဋီကာ (ဒု၊နှာ-၅။)
မြန်မာပြန်ဆိုချက်
စ၍အားထုတ်သူ ယောဂီ အာဒိကမ္မိက ပုဂ္ဂိုလ်သည် အစစွာ ကသိုဏ်းဝန်း ပရိကံ ပြုရန် ဝန်လေး၏၊ ခဲယဉ်း၏။ တရာမှာ - တယောက်၊ တထောင်မှာ - တယောက်သာ အားထုတ် ဖြစ်အောင် စွမ်းနိုင်၏။ ကသိုဏ်းဝန်း ပရိကံ ပြုပြီးသော်လည်း ပဋိဘာဂနိမိတ်ထင်ရန် ဝန်လေး၏၊ ခဲယဉ်း၏။ ရာ ထောင်တွင် တယောက်တလေသာ စွမ်းနိုင်၏။
ပဋိဘာဂနိမိတ် ထင်ပြီးသော်လည်း ဘာဝနာနိမိတ်ကို ခိုင်မြဲစေ၍ အပ္ပနာဈာန်ရရန် ဝန်လေး၏၊ ခဲယဉ်း၏။ ရာ ထောင်တွင် တယောက်တလေသာ စွမ်းနိုင်၏။ အပ္ပနာဈာန် ရပြီးသော်လည်း ၁၄-ပါးသော အခြင်းအရာတို့ဖြင့် စိတ်ကို ဆုံးမရန် ဝန်လေး၏၊ ခဲယဉ်း၏။ ရာ ထောင်တွင် တယောက်တလေသာ စွမ်းနိုင်၏။
စိတ်ကို ဆုံးမပြီးသော်လည်း တန်းခိုးဖန်ဆင်းနိုင်ရန် ဝန်လေး၏၊ ခဲယဉ်း၏။ ရာ ထောင်တွင် တယောက်တလေသာ စွမ်းနိုင်၏။ တန်းခိုး ဖန်ဆင်းနိုင်သော်လည်း ဈာန်မျက်စိ “ဈာနစက္ခု” ဖြင့် ကသိုဏ်းစသောအာရုံကို လျင်မြန်စွာ ရှုနိုင်ရန် လျင်မြန်စွာ ဈာန်ဝင်စားနိုင်ရန် ဝန်လေး၏။ ခဲယဉ်း၏။ အရှင်ဗုဒ္ဓရက္ခိတထေရ် ကဲ့သို့ လျင်မြန်စွာ ဈာန် ဝင်နိုင်ရန် ရာ ထောင်တွင် တယောက်တလေသာ စွမ်းနိုင်၏။
(သရက်ကုန်း၌ သီတင်းသုံးသော မဟာရောဟဏဂုတ္တမထေရ မကျန်းမာ၍ ပြုစုနေသော နဂါးမင်းကို ချီသုတ်ဖမ်းယူရန် ကောင်းကင်မှ ပျံလာသော ဂဠုန်ကို တန်းခိုးရှင် ရဟန်း သုံးသောင်းအလယ်၌ ၈-ဝါရ အရှင်ဗုဒ္ဓရက္ခိတထေရ်သည် တောင်ကြီးတကောင် လျင်မြန်စွာ ဖန်ဆင်း၍ ကာကွယ်လိုက်၏၊ မဟာထေရ်က -- ငါ့ရှင်တို့ - ဗုဒ္ဓရက္ခိတသာ မရှိလျှင် ငါတို့အားလုံး ကဲ့ရဲခံကြရကုန် လတ္တံ့၊ ရဟန်းလက်ကိုင် ဈာန်အဘိညာ လက်နက် သံချေး မတက်ကြစေနှင့် ဟု မိန့်ဆို၏၊ ထို မိန့်ဆိုချက်နှင့် ရဟန်း သုံးသောင်း အားလုံးပင် လျင်မြန်စွာ ဈာန်ဝင်စားနိုင်သူ “ခိပ္ပနိသန္တိ” ချည်း ဖြစ်ကုန်၏။)
လျင်မြန်စွာ အာရုံကို ရှုနိုင် လျင်မြန်စွာ ဈာန်ဝင်စားနိုင်သော်လည်း တပါးသူ အများတို့၏ အားကိုးဖြစ်ရန် ဝန်လေး၏။ ခဲယဉ်း၏။ ရာ ထောင်တွင် တယောက်တလေမျှသာ စွမ်းနိုင်၏။
(စေတိယတောင်ကို အစပြု၍ သီဟိုဠ်တကျွန်းလုံး ဆီမီးထွန်းပွဲကြီး ပြုသောအခါ မာရ်နတ်သည် မီးကျီးမိုယ်း ရွာချလိုက်၏။ မထေရ်တပါးသည် ကောင်းကင်၌ မြေကြီးဖန်ဆင်း၍ မီးကျီးမိုယ်းကို ကာကွယ်လိုက်သဖြင့် အများ၏ အားကိုးရာ ဖြစ်သွား၏။)
စိတ်ကို နူးညံ့ပျော့ပျောင်းစေခြင်း
သို့စင် ခဲစွာ စုဒ္ဒသာကာရ တို့ဖြင့် ဘာဇနဝိကတိ [၁] ပိလန္ဓနဝိကတိ [၂] တို့ကို ပြုလို၍ မြေ ရွှေတို့ကို နူးညံ့အောင်ပြုသော အိုးထိန်းသည် ရွှေပန်းထိမ်သည် တို့ပမာ လွန်စွာ စိတ်ကို ဆုံးမလျှက် "ဆန္ဒဝတော စေ အဘိညာ သမိဇ္ဈတိ။ ကထံ မယှံ န သမိဇ္ဈိဿတိ” စသည်ဖြင့် ဆန္ဒ ဝီရိယ စိတ္တ ဝီမံသာ တို့ကို ရှေ့ထား၍၎င်း ဝသီဘော်ငါးပါးတို့ဖြင့် လေ့လာ၍၎င်း စိတ်ကို နူးညံ့ပျော့ပျောင်း အမှု၌ ကောင်းအောင်ပြု၍ -
[၁။ ဘာဇန = အိုး၊ ဝိကတိ = အထူးပြုလုပ်ခြင်း။
၂။ ပိလန္ဓန = တန်းဆာ။]
တန်းခိုးရရန် အားထုတ်နည်း
သော ဧဝံ သမာဟိတေ စိတ္တေ ပရိသုဒ္ဓေ ပရိယောဒါတေ အနင်္ဂဏေ ဝိဂတူပက္ကိလေသေ မုဒုဘူတေ ကမ္မနိယေ ဌိတေ အာနေဉ္စပ္ပတ္တေ ဣဒ္ဓိဝိဓာယ စိတ္တံ အဘိနိဟရတိ အဘိနိန္နာမေတိ။ သော အနေကသိဟိတံ ဣဒ္ဓိဝိဓံ ပစ္စနုဘောတိ။ ဧကောပိ ဟုတွာ ဗဟုဓာ ဟောတိ။
စသည်ဖြင့် ဟောတော်မူသည့်အတိုင်း ဣဒ္ဓိဝိဓအလို့ငှါ အားထုတ်အပ်၏။
ပုဗ္ဗဟေတု သမ္ပန္နေန ကသိဏေသု စတုတ္ထဈာန မတ္တေ စိဏ္ဏဝသိနာပိ ကာတုံ ဝဋ္ဋတိ၊ ရှေးကုသိုလ်ဟိတ်နှင့် ပြည့်စုံသောပုဂ္ဂိုလ်အား ကသိုဏ်းတို့၌ စတုတ္ထဈာန်မျှတွင် ဝသီဘော်လေ့ကျက်သူ ဖြစ်လင့်ကစားလည်း တန်ခိုးရနိုင်၏။
အဋ္ဌကထာ (ဒု၊နှာ-၅)
ပုဗ္ဗဟေတု သမ္ပန္နဿ ဟိ ယံ ဈာနံ ပါဒကံ ကတွာ အဘိညာ နိဗ္ဗတ္တေတဗ္ဗာ။ တက္ကေဝ သာတိသယံ စိဏ္ဏဝသိသာပိ ဣစ္ဆိတဗ္ဗာ။ န သဗ္ဗတ္ထေဝါတိ အဓိပ္ပါယော။ “စတုတ္ထဈာနမတ္တေ စိဏ္ဏဝသိနာ”တိ ဝစနတော အရူပ- သမာပတ္တိယော ဝိနာပိ အဘိညာ ဣဇ္ဈန္တီတိ ဝဒန္တိ။ တမ္ပိ ယဒိ ပုဗ္ဗဟေတု သမ္ပန္နဿ ဝသေနေ၀ ဝုတ္တံ၊ ယုတ္တမေဝ။ အထောတရဿ၊ တေသံ မတိမတ္တံ။
ဋီကာ (ဒု၊နှာ-၆)
လာသည် အတိုင်း ပုဗ္ဗဟေတုသမ္ပန္န [၁] အတိတိက္ခပုဂ္ဂိုလ် တို့မှာ သမာပတ် ရှစ်ပါးကုန် မရသော်လည်း အာဠာရ ရသေ့စသည်တို့ကဲ့သို့ အဘိညာကို ရကောင်း၏ဟု မှတ်အပ်၏။ ဗလဝပုဗ္ဗယောဂ[၂] ရှိကုန်သော ဘုရား ပစ္စေကဗုဒ္ဓါ အဂ္ဂသာဝကစသည်တို့မှာကား စုဒ္ဒသာကာရ တို့ဖြင့် စိတ်ကို ဆုံးမဘွယ် မရှိပြီ။ အရဟတ္တမဂ်၏ အစွမ်းဖြင့်ပင် အလုံးစုံသော ကျေးဇူးဂုဏ်တို့သည် ပြည့်စုံလာကုန်၏။
[၁။ ရှေးက ဆုတောင်းခဲ့သည့် အကြောင်းနှင့် ပြည့်စုံသောဂ္ဂိုလ်။
၂။ ရှေးက အလွန်အကဲ အားထုတ်ခဲ့ဘူးသောပုဂ္ဂိုလ်။]
ပါဠိအဖွင့်
သော၊ ထိုစတုတ္ထဈာနလာဘီ ယောဂီ ပုဂ္ဂိုလ်သည်။
ဧဝံ၊ ဤပထဈာန် စသော အစဉ်ဖြင့်။
စိတ္တေ၊ ရူပါဝစရစိတ်သည်။
သမာဟိတေ၊ စတုတ္ထဈာန် သမာဓိဖြင့် တည်ကြည်လတ်သော်။
ပရိသုဒ္ဓေ၊ ဥပေက္ခာသတိ ပါရိသုဒ္ဓိအဖြစ်ဖြင့် စင်ကြယ်လတ်သော်။
ပရိယောဒါတေ၊ စင်ကြယ်သောကြောင့် ပြိုးပြိုးပြက် လတ်သော်။
အနင်္ဂဏေ၊ သုခါဒိပစ္စယဃာတ [၃] ကြောင့် ရာဂစသော ကိလေသာ မရှိလတ်သော်။
ဝိဂတူပက္ကိလေသေ၊ အနင်္ဂဏ [၄] ကြောင့် ဥပက္ကိလေသ ကင်းလတ်သော်။
မုဒုဘူတေ၊ သုဘာဝီကြောင့် ဝသီပွါးပျံ့ နူးညံ့လတ်သော်။
ကမ္မနိယေ၊ ယင်း မုဒုကြောင့် အမှု၌ ခံ့လတ်သော်။
ဌိတေ၊ ပရိသုဒ္ဓ ဘာဝစသား ဂုဏ်ခြောက်ပါး၌ တည်လတ်သော်။
အာနေဉ္ဇပ္ပတ္တေ၊ တည်သောကြောင့် မတုန်လှုပ်ခြင်းသို့ ရောက်လတ်သော်။
[၃။ သုခ စသော အကြောင်းကို ပယ်သတ်ခြင်း။
၄။ အနင်္ဂဏ = (န + အင်္ဂဏ = ကိလေသာ) ကိလေသာ မရှိခြင်းကြောင့် (အညစ်အကြေး မရှိ။)]
တနည်းလည်း —
ဌိတေ၊ မုဒု ကမ္မညကြောင့် အတ္တနောဝသ၌ တည်လတ် သော်။
အာနေဉ္ဇပ္ပတ္တေ၊ သဒ္ဓါ ဝီရိ သတိ သမာ၊ ပညာ သြဘာသ ခြောက်၀ ထိန်းအုပ်သဖြင့် မတုန်လှုပ်ခြင်းသို့ ရောက်လတ်သော်။
ဤသို့ သမ္ဗန်လျှင် သမာဟိတေကို ပယ်၍ အင်္ဂါရှစ်ပါးတည်း။
တနည်းလည်း --
သော ၊ ထို ယောဂီသည်။
ဧဝံ၊ ဤသို့။
စိတ္တေ၊ ရူပါဝစရ စိတ်သည်။
သမာဟိတေ၊ တည်ကြည်လတ်သော်။
ပရိသုဒ္ဓေ၊ နီဝရဏ ဝေးကွယ် စင်ကြယ်လတ်သော်။
ပရိယောဒါတေ၊ ဝိတက်စသည်ကို လွန်သဖြင့် ပြိုးပြိုးပြက် လတ်သော်။
အနင်္ဂဏေ၊ ဈာန်ရခြင်းကြောင့် သက်ဆင်းဝင်လာသော ဣစ္ဆာစာရ မရှိလတ်သော်။
ဝိဂတူပက္ကိလေသေ၊ အဘိဇ္ဈာစသော ညစ်ညူးခြင်း ကင်းလတ်သော်။
မုဒုဘူတေ၊ ဝသိပ္ပတ္တိ [၅] ကြောင့် နူးညံ့လတ်သော်။
ကမ္မနိယေ၊ ဣဒ္ဓိပါဒဘောသို့ ရောက်သဖြင့် အမှု၌ ခံ့လတ်သော်။
အာနေဉ္ဇပ္ပတ္တေ၊ မတုန် လှုပ်ခြင်းသို့ ရောက်သည် ဖြစ်၍။
ဝါ၊ ရောက်အောင်။
ဌိတေ၊ ဘာဝနာပြည့်ဝ၍ ပဏီတဘောသို့ ရောက်သဖြင့် တင်းကြံ့မြဲမြံ တည်လတ်သော်။
ဤသို့ သမ္ဗန်လျှင် သမာဟိတေ နှင့်တကွ အင်္ဂါရှစ်ပါးတည်း။
[၅။ ဝသိပ္ပတ္တိ = ဝသီဘော်သို့ရောက်ခြင်း။]
ဧဝမ္ပိ အဋ္ဌင်္ဂသမန္နာဂတံ စိတ္တံ အဘိနိဟာရက္ခမံ ဟောတိ၊ ဤသို့လျှင်လည်း အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော စိတ်သည် တန်ခိုးရခြင်းငှါ ထမ်းဆောင်နိုင်၏။
အဋ္ဌကထာ (ဒု၊ နှာ-၆)
ဣဒ္ဓိဝိဓာယ၊ ဣဒ္ဓိဝိဓ အဘိညာ အလို့ငှါ။
စိတ္တံ၊ ဘာဝနာစိတ်ကို။
အဘိနိဟရတိ ရှေးရှုဆောင်၏။
အဘိနိန္နာမေတိ၊ ရှေးရှုညွှတ်စေ၏။
သော၊ ထို ယောဂီသည်။
အနေကဝိဟိတံ၊ များသော အပြားရှိသော။
ဣဒ္ဓိဝိဓံ၊ ဣဒ္ဓိဝိဓ အဘိညာဉ်ကို။
ပစ္စနုဘောတိ၊ ခံစား၏။
ဧကောပိ၊ တယောက်တည်းသည်လည်း။
ဟုတွာ၊ ဖြစ်လျက်နှင့်။
ဗဟုဓာ၊ အရာအထောင်များသည်။
ဟောတိ၊ ဖြစ်၏။
ဤကား အနက်။
ဣဒ္ဓိ ၁၀-ပါး
ဤ ဣဒ္ဓိဝိဓာယ ပုဒ်၌ --
ဣဇ္ဈတိ နိပ္ပဇ္ဇတိ ပဋိလဗ္ဘထိ စာတိ ဣဒ္ဓိ။ ဥပါယဘာဝေန ဝါ ဣဇ္ဈတိ သမ္ပဇ္ဇတီတိ ဣဒ္ဓိ။ ဣဇ္ဈန္တိ ဝါ သတ္တာ ဣဒ္ဓါ ဝုဒ္ဓါ ဥက္ကံသဂတာ ဟောန္တိ ဧတာယာတိ ဣဒ္ဓိ -
ဣဇ္ဈတိ၊ ပြည့်စုံ၏။
နိပ္ပဇ္ဇတိ၊ ပြီး၏။
ပဋိလဗ္ဘထိ စ၊ ရလည်းရ၏။
ဣတိ၊ ထို့ကြောင့်။
ဣဒ္ဓိ၊ တန်းခိုးမည်၏။
ဝါ၊ တနည်းကား --
ဥပါယဘာဝေန၊ အကြောင်း၏ အဖြစ်ဖြင့်။
ဣဇ္ဈတိ သမ္ပဇ္ဇတိ၊၊ ပြည့်စုံ၏။
ဣတိ၊ ထို့ကြောင့်။
ဣဒ္ဓိ၊ တန်းခိုးမည်၏။
ဝါ၊ တနည်းကား...
ဧကာယ၊ ဤသဘောဖြင့်။
သတ္တာ၊ သတ္တဝါတို့သည်။
ဣဇ္ဈန္တိ ဣဒ္ဓါ ဝုဍ္ဎာ ဥက္ကံသဂတာ ဟောန္တိ၊ ကြီးပွါး တိုးတက် အလွန်အကဲသို့ ရောက်ကုန် ဖြစ်ကုန်၏။
ဣတိ၊ ထို့ကြောင့်။
ဣဒ္ဓိ၊ တန်းခိုးမည်၏။
ဟူသော ဝစနတ္ထကြောင့် ဣဒ္ဓိမည်သော တန်းခိုးသည် အဓိဋ္ဌာနိဒ္ဓိ ဝိကုဗ္ဗနိဒ္ဓိ မနောမယိဒ္ဓိ ဉာဏဝိပ္ဖါရိဒ္ဓိ သမာဓိဝိပ္ဖါရိဒ္ဓိ အရိယိဒ္ဓိ ကမ္မဝိပါကဇိဒ္ဓိ ပုညဝတောဣဒ္ဓိ ဝိဇ္ဇာမယိဒ္ဓိ တတ္ထ တတ္ထ သမ္မာပယောဂ ပစ္စယိဒ္ဓိ အားဖြင့် ဆယ်ပါး ပြား၏။
ထိုတွင် အစသုံးပါးကို ဣဒ္ဓိဝိဓ အဘိညာ ဟု လိုအပ်၏။
အကျဉ်းဆောင်ပုဒ်
အ- ဝိ- မ- ဉာဏ်၊ သ- အ- ကမ်၊ ပုညံ- ဝိဇ္ဇာ-တတ်။
ဣဒ္ဓိဝိဓာ-ဘိညာမှာ၊ စစွာ သုံးပါးမှတ်။
သင်္ဂဟ
တန်းခိုး ၁၀-ပါး အကျယ်လင်္ကာ
(၁) ထိုတွင်ကား တစ်၊ အများဖြစ်ဟု၊
စလစ်အမှန်၊ အဓိဋ္ဌာန်ပင်။
(၂) ကိုယ့်အသွင်ကို၊ စွန့်လျှင် ဝိကုဗ်၊
အဟုတ်ခေါ်ဆို။
(၃) ဤကိုယ်အတွင်း၊ ဖန်ဆင်း ကာယော၊
မနောမယ၊ ဤသုံးဝ၊
ဝိဓဣဒ္ဓိချည်း။
(၄) အရဟတ္တာ၊ ဖြစ်သည့်ခါမှ၊
ပုဗ္ဗာပရ၊ တင်္ခဏ၌၊
ဉာဏစွမ်းမြတ်၊ ထူးပြီးလတ်သား၊
ဝိပဿနာ၊ မဂ်လေးဖြာဖြင့်၊
ကိလေသာပယ်၊ ငါးဝမ်းဝယ်နေ၊
မသေနိုင်ထ၊ ဗာကုလ တည်း၊
သံကိစ္စမှာ၊ ဂဗ္ဘတည်နေ၊
အမိ သေလည်း၊ မသေနိုင်လို၊
ရာဇဂြိုဟ်မြို့ပ၊ ယက္ခဝန်းရံ၊
ညဉ့်သုံးယာမ်လည်း၊ တယောက်တည်းသာ၊
ထင်းလှည်းအောက်နေ၊ မသေနိုင်သူ၊
ဘူတပါလ၊ ဒါရကတို့၊
ဉာဏဝိပ္ဖါ။
(၅) ရှစ်သမာပတ်၊ ခါသုံးမှတ်၌ [၁]၊
ပစ္စတ်ပယ်ခွါ [၂] ကပေါတာချောက်၊
ဘီလူးခေါက်လည်း၊ သေပျောက်ကျင်နာ၊
ဆိတ်စာမရှိ၊ ထေရ် သာရိတည်း၊
တစိထိုမှ၊ သိဉ္ဇီဝကို၊
နိရောဓဝင်၊ အသေထင်၍
မီးတင်ဝိုင်းစု၊ ထိုအတုပင် ၊
ခါဏုကောဏ္ဍည၊ စောရငါးရာ၊
ဘဏ္ဍာထုပ်ဘိ၊ မသေရှိ၏၊
သေဋ္ဌိဓီတာ၊ ဥတ္တရာကို၊
ဝန်တိုလှစွာ၊ သိရီမာဟု၊
ပြည့်တန်းဆာမ၊ ဆီပူချလျှင်၊
ဝင်ထ မေတ္တာ၊ သာမာဝတီ၊
မာဂဏ္ဍီကြောင့်၊ ဥတီနခင်၊
လေးကိုတင်၍၊ မနှင်မချ၊
နိုင်ရလေဘိ၊ ဘေးမထိသား၊
သမာဓိဝိပ္ဖါ။
[၁။ ခါသုံးမှတ် = အခါသုံးပါး၊ ဈာန်သမာဓိ၏ ရှေးဖြစ်သော ဥပစာရသမာဓိ အခါ၊ သမာပတ် လေ့ကျက်ပြီးသောအခါ၊ သမာပတ် ဝင်စားစဉ်အခါ၊
၂။ ပစ္စတ်ပယ်ခွါ = (ပစ္စတ် = ပစ္စတ္တ = အသီးအသီး) အသီးအသီးပယ်ခွါခြင်း။ (ပထမ ဈာန်ဖြင့် နီဝရဏကို ပယ်ခွါခြင်း။ပ။ နေဝသညာ နာသညာယတန သမာပတ်ဖြင့် အာကိဉ္စညာယတနသညာကို ပယ်ခွါခြင်းသည် သမာဓိ ပျံ့နှံသော သမာဓိ အဟုန်ကြောင့် ဖြစ်သော သမာဓိ ဝိပ္ဖါရ တန်းခိုး မည်၏။)]
(၆) အနိဋ္ဌာကို၊ မေတ္တာဓာတု၊
နှလုံးပြု၍၊ ရှုနိုင်ဣဋ္ဌ၊
ယင်းဣဋ္ဌကို၊ အသုဘနှင့်၊
အနိစ္စပြု၊ နိဋ္ဌရှု၏၊
စက္ခုရူပ၊ တွေ့ရာစလည်း၊
နေ၀ သုမနော၊ နော စ ဒုဋ္ဌု၊
ဆဠဂုၤပေက္ခာ ရဟန္တ၏၊
အရိယာဣဒ္ဓိ --
(၇) ပက္ခီ ဒေဝ၊ ကပ်စ မနု၊
ပိယင်္ဂုမာတာ၊ မာတာဥတ္တရ၊
ဖုဿမိတ္တာ၊ ဝိနိပါတို့၊
ဝေဟာပျံကြ၊ ကမ္မဇတည်း။
(၈) စက္ကဝတ္တိ၊ မိုးပျံဘိ၏၊
ဇောတိ သေဋ္ဌေး၊ ခြောက်ဆဲ့လေးထွေ၊
ပဒေသာများ၊ ပတ္တမြားပြာသာဒ်၊
ပေါက်လတ်မြေမှ၊ ဇဋိလဝယ်၊
ရှစ်ဆယ်အတောင်၊ ရွှေတောင်ပေါက်ရ၊
ဃောသကကို၊ သတ္တဌာနေ၊
သေကြောင်းဖွေလည်း၊ မသေနိုင်ထ၊
မေဏ္ဍက အား၊ ဧကသီတာ၊
ထွန်ကြောင်းရာ၌၊ ရတနာခုနစ်၊
ဆိတ်ရုပ်ဖြစ်ရ၊ မေဏ္ဍကနှင့်၊
စန္ဒပဒုမာ၊ ဓနာစယ၊
ချွေးမ သုမနာ၊ ကျွန်မှာ ပုဏ္ဏ၊
ငါး ဝဘုန်းရှိ၊ ပုညိဒ္ဓိကို၊
ကျမ်းညှိထုတ်ဆို --
(၉) ဝိဇ္ဇာဓိုရ်တို့၊ ထိုထိုမန္တန်၊
ဆေးစွမ်းအန်ဖြင့်၊ မိုးပျံနိုင်လျှင်း၊
ဆင် မြင်း ရုပ်ပုံ၊ စစ်တက်ပုံပြ၊
ဝိဇ္ဇာမျတည်း --
(၁၀) နေက္ခမက၊ အရဟတ္တတိုင်၊
ပယ်နိုင်သမျှ၊ ထိုမှတပါး၊
များပြားစွာလှ၊ ဗျူဟာစသည်၊
သိပ္ပ ဝိဇ္ဇာ၊ ဝေဒါ ပိဋက၊
ထွန်ထကြဲစိုက်၊ လူ၌ပြုက၊
ပြီးသမျှပင်၊ တတ္ထတတ္ထာ၊
သမ္မာပယောဂ၊ ပစ္စယဣဒ္ဓိ၊
အမည် ရှိသည်၊ မှတ်သိ ဆောင်ရွက်ရာသတည်း။
ဣဒ္ဓိ ၂-ပါး အထူး
ကမ္မဝိပါကဇိဒ္ဓိ ပုညဝတောဣဒ္ဓိ နှစ်ပါး အထူးကား --
ယတော ကုတောစိ ကမ္မဝိပါကတော ဇာတာ ဣဒ္ဓိ ကမ္မဝိပါကဇာ။ သာတိသယ ပုညနိဗ္ဗတ္တာ ဣဒ္ဓိ ပုညဝတောဣဒ္ဓိ။ ကမ္မဝိပါကဇာ ဣဒ္ဓိ ဇာတိတော ပဋ္ဌာယ ဟောတိ။ ဣတရာ ယဒါ ပုညဿ ဝိပစ္စနကာလေတိ ဧဝံ ဝါ ဣမာသံ ဝိသေသော ဝေဒိတဗ္ဗာ။ ဋီကာ (ဒု၊နှာ-၁၀)
ယတော ကုတောစိ၊ အမှတ်မထား တပါးပါးသော။
ကမ္မဝိပါကတော၊ ကောင်းမှုကံ မကောင်းမှုကံ၏ အကျိုးမှ။
ဝါ၊ ကြောင့်။
ဇာတာ၊ ဖြစ်သော။
ဣဒ္ဓိ၊ တန်းခိုးသည်။
ကမ္မဝိပါကဇာ၊ ကံ၏ အကျိုးကြောင့် ဖြစ်သော တန်းခိုးမည်၏။
သာတိသယ ပုညနိဗ္ဗတ္တာ၊ ထူးမြတ်လွန်ကဲသော ကောင်းမှုကြောင့်ဖြစ်သော။
ဣဒ္ဓိ၊ တန်းခိုးသည်။
ပုညဝတောဣဒ္ဓိ၊ ဘုန်းရှိသောပုဂ္ဂိုလ်၏ တန်းခိုး မည်၏။
ကမ္မဝိပါကာ၊ ကံ၏ အကျိုးကြောင့် ဖြစ်သော။
ဣဒ္ဓိ၊ တန်းခိုးသည်။
ဇာတိတော၊ ပဋိသန္ဓေမှ။
ပဋ္ဌာယ၊ စ၍။
ဟောတိ၊ ဖြစ်၏။
ဣတရာ၊ ဤမှတပါးသော ဘုန်းရှိသောပုဂ္ဂိုလ်၏ တန်းခိုးဟူသော ပုညဝတောဣဒ္ဓိသည်။
ယဒါတဒါ၊ အမှတ်မရှိ တပါးပါးသောအခါ၌။
ပုညဿ၊ ကောင်းမှုကံ၏။
ဝိပစ္စနကာလေ၊ အကျိုးပေးသောအခါ၌။
ဟောတိ၊ ဖြစ်၏။
ဣတိ ဧဝံ ဝါ၊ ဤသို့မူလည်း။
ဣမာသံ၊ ဤ ၂-ပါးသော ဣဒ္ဓိတို့၏။
ဝိသေသော၊ အထူးကို။
ဝေဒိတဗ္ဗော၊ သိအပ်၏။
ကမ္မဝိပါကဇိဒ္ဓိ၊ ကုသိုလ်ကံ အကုသိုလ်ကံတို့၏ အကျိုးကြောင့် ဖြစ်သော ပဋိသန္ဓေက ပါလာသော တန်းခိုးအစွမ်းသည် ကမ္မဝိပါကဇိဒ္ဓိ မည်၏။
ငှက်, နတ်, အချို့ကမ္ဘာဦးသူ, ပိယင်္ကရမာတာ ဘီလူးမ, ဥတ္တရမာတာ ဘီလူးမ, ဖုဿမိတ္တာ ဘီလူးမ, ဓမ္မဂုတ္တာ စသော အပါယ်ဘုံသားတို့၏ ကောင်းကင်သို့ ပျံသွားနိုင်ခြင်းမှာ ကမ္မဝိပါကဇိဒ္ဓိကြောင့် ဖြစ်သည်။
ပုညဝတောဣဒ္ဓိ = လွန်ကဲမြင့်မြတ်သော ကောင်းမှုကြောင့် ဖြစ်၍ ပဝတ္တိအခါ အကျိုးပေးချိန် တန်မှ ထူးကဲစွာဖြစ်ပေါ်လာသော တန်းခိုးအစွမ်းသည် ပုညဝတောဣဒ္ဓိ မည်၏။
ဇောတိကအား ပတ္တမြားပြာသာဒ်နှင့် ပဒေသာပင်-၆၄-ပင် အလိုလိုဖြစ်ပွါး ပေါ်ပေါက် လာခြင်းသည် ပုညဝတောဣဒ္ဓိကြောင့်ပင် ဖြစ်သည်။
အဓိဋ္ဌာနိဒ္ဓိအဓိပ္ပါယ်
ထိုဣဒ္ဓိဆယ်ပါးတို့တွင် ဣဒ္ဓိဝိဓ သုံးပါးဝယ် အဘယ်သို့လျှင် “ဧကောပိ ဟုတွာ ဗဟုဓာ ဟောတိ” စသည် ဖြစ်နိုင်သနည်း ဟူမူ --
တန်းခိုးဣဒ္ဓိ ဖြစ်ရာဖြစ်ကြောင်းများ
စတဿော ဘူမိယော ပါဒေ၊
စတ္တာရောဋ္ဌပဒါနိ စ။
ဒွဋ္ဌမူလာနိ ဟောတေ'ဝံ၊
သမ္ပာဒေတွာ အဓိဋ္ဌဟံ။
သင်္ဂဟဂါထာ
ဣဒ္ဓိယာ၊ တန်းခိုး၏။
စတဿော၊ လေးပါးကုန်သော။
ဘူမိ၊ ဖြစ်ရာအကြောင်း ဘုံတို့ကို၎င်း။
စတ္တာရော၊ လေးပါးကုန်သော။
ပါဒေ၊ ဣဒ္ဓိပါဒ် လေးထွေ အခြေတို့ကို၎င်း။
အဋ္ဌ၊ ရှစ်ပါးကုန်သော။
ပဒါနိ ́ စ၊ အကြောင်းတို့ကို၎င်း။
ဒွဋ္ဌမူလာနိ စ၊ တဆဲ့ခြောက်ပါးသော အမြစ်အရင်းတို့ကို၎င်း။
သမ္ပာဒေတွာ၊ ပြည့်စုံစေ၍။
အဓိဋ္ဌဟံ = အဓိဋ္ဌဟန္တော၊ ဉာဏ်ဖြင့် ဆောက်တည်လျက်။
ဧဝံဟောတိ၊ ဤသို့ အရာ အထောင် စသည်ဖြစ်၏။
တန်းခိုး၏ဖြစ်ရာ ဘုံ ၄-ပါး
ထိုတွင် “စတဿော ဘူမိယော”ဟူရာ၌ စတုက္က နည်းအားဖြင့် ရှေ့ဈာန် သုံးပါးတို့သည် သမ္ဘာရဘုံ၊ စတုတ္ထဈာန်သည် ပကတိဘုံ [၁] မည်၏။
[၁။ စတုတ္ထဈာန်သည့် အဘိညာဉ်ရရန် အနီးဆုံး အရင်းခံ အကြောင်းဖြစ်၍ ပကတိဘုံ မည်၏။ ရှေ့ဈာန် ၃-ပါးတို့မှာ စတုတ္ထဈာန် ရကြောင်း အခြံအရံ အဆောက်အဦ ဖြစ်၍ သမ္ဘာရဘုံဟု ခေါ်သည်။]
တန်းခိုး၏အခြေ ၄-ပါး
“စတ္တာရော ပါဒေ” ဟူသည်ကား --
ဣဓ ဘိက္ခု ဆန္ဒသမာဓိပဓာနသင်္ခါရ သမန္နာဂတံ ဣဒ္ဓိပါဒံ ဘာဝေတိ။ ဝီရိယ။ စိတ္တ။ ဝီမံသာ သမာဓိပဓာနသင်္ခါရ သမန္နာဂတံ ဣဒ္ဓိပါဒံ ဘာဝေတိ။ ဣဒ္ဓိယာ ဣမေ စတ္တာရော ပါဒါ ဣဒ္ဓိလာဘာယ ဣဒ္ဓိပဋိလာဘာယ ဣဒ္ဓိဝိကုဗ္ဗနတာယ ဣဒ္ဓိဝိသဝိတာယ ဣဒ္ဓိဝသီဘာဝတာယ ဣဒ္ဓိဝေသာရဇ္ဇာယ သံဝတ္တန္တိ။
ဟူ၍ လာသော ဣဒ္ဓိပါဒ် လေးပါးတည်း။
ဣဓ၊ ဤသာသနာတော်၌။
ဘိက္ခု၊ ရဟန်းသည်။
ဆန္ဒသမာဓိပဓာနသင်္ခါရ- သမန္နာဂတံ၊ ရှေးဆန္ဒလျှင် အကြောင်းရှိသော သမ္ပယုတ်ဆန္ဒ အဓိပတိရှိသော သမာဓိ ကိစ္စလေးရပ်တို့ဖြင့်မြတ်သော သမ္မပ္ပဓာန ဝီရိယဟူသော သင်္ခါရ-ဤနှစ်ပါး တို့နှင့် ပြည့်စုံသော။
ဝါ၊ သမာဓိ သင်္ခါရ နှစ်ပါးသည်ပင်လျှင် အဘေဒဘေဒူပစာ အားဖြင့် သမန္နာဂတ ဟူ၍ ဆိုအပ်သော။
ဣဒ္ဓိပါဒံ၊ သတ သဟဿ စသည်တို့ဖြင့် ပြီးကြောင်း ၎င်းသမာဓိ သင်္ခါရ ဟူသော ဣဒ္ဓိသို့ ရောက်ကြောင်း ဖြစ်သော ကြွင်း အဘိညာ စိတ္တုပ္ပါဒ်ကို။
ဝါ၊ ဣဒ္ဓိဟု - ဆိုအပ်သော ရောက်ကြောင်းလည်း ဖြစ်သော သမာဓိ ဝီရိယ နှစ်ပါးကို။
ဘာဝေတိ၊ ပွါးစေ၏။
(အကြွင်းသုံးပါး နည်းတူ။)
ဣဒ္ဓိယာ၊ ဣဒ္ဓိ၏။
စတ္တာရော၊ လေးပါးကုန်သော။
ဣမေ ပါဒါ၊ ဤ အခြေတို့သည်။
ဣဒ္ဓိလာဘာယ၊တန်းခိုးကိုရခြင်းငှါ။
ဣဒ္ဓိပဋိလာတာယ၊ တန်းခိုးကို အဖန်တလဲလဲ ရခြင်းငှါ။
ဣဒ္ဓိဝိကုဗ္ဗနတာယ၊ တန်းခိုးဖြင့် အထူးထူးသော နိမ္မိတရုပ်ကို ပြုလုပ်ဖန်ဆင်းခြင်းငှါ။
ဣဒ္ဓိဝိသဝိတာယ၊ တန်းခိုးဖြင့် အထူးထူးသော အာနိသင်ကို ပွါးစေခြင်းငှါ။
ဣဒ္ဓိဝသီဘာဝတာယ၊ တန်းခိုး၏ ခိပ္ပနိသန္တိ စသော အဖြစ်ကို ဆောင်ခြင်းဟူသော ဝသီဘော်အလို့ငှါ။
ဣဒ္ဓိဝေသာရဇ္ဇာယ၊ တန်းခိုး၏ ဆန့်ကျင်ဖက် ကင်း၍ ရဲတင်းခြင်းအကျိုးငှါ။
သံဝတ္တန္တိ၊ ဖြစ်ကုန်၏။
ဤ သင်္ဂြိုဟ် ကျမ်း၌ကား “စတ္တာရော ဣဒ္ဓိပါဒါ ဆမ္ဘိဒ္ဓိပါဒေါ် စသည်ဖြင့် နိသယဖြစ်သော ဥပါယိဒ္ဓိပါဒ်ကိုသာ ပြသည်။ သိုမှလည်း လေးပါးအပြား ဖြစ်နိုင်သည်။
တန်းခိုးသို့ ရောက်ကြောင်း ၈-ပါး
“အဋ္ဌပဒါနိ”ဟူသည်ကား -- ဣဒ္ဓိသို့ ရောက်ကြခြင်းဖြစ်သော ၎င်းဆန္ဒ သမာဓိ၊ ဝီရိယ သမာဓိ၊ စိတ္တ သမာဓိ၊ ဝီမံသာ သမာဓိ ရှစ်ပါးပင်တည်း။
ဧတ္ထ ဟိ ဣဒ္ဓိံ ဥပ္ပါဒေတုကာမတာ ဆန္ဒော သမာဓိနာ ဧကတော နိယုတ္တော၀ ဣဒ္ဓိလာဘာယ သံဝတ္တတိ။ တထာ ပီရိယာဒယော။ တသ္မာ ဣမာနိ အဋ္ဌပဒါနိ ဝုတ္တာနီတိ ဝေဒိတဗ္ဗာနိ။
ဝိသုဒ္ဓိမဂ် (ဋ္ဌ၊ဒု-နှာ-၁၄)
ဣဒ္ဓိအကြောင်းရင်း ၁၆-ပါး
“သောဠသမူလ” ဟူသည်ကား --
ဣဒ္ဓိယာ ကတီ မူလာနိ။ သောဠသမူလာနိ --
အနောနတံ စိတ္တံ ကောသဇ္ဇေ န ဣဉ္ဇတီတိ အနေဉ္ဇံ။
အနုန္နတံ စိတ္တံ ဥဒ္ဓစ္ဆေ န ဣဉ္ဇတီတိ အနေဉ္ဇံ။
အနဘိနတံ စိတ္တံ ရာဂေ န ဣဉ္ဇတီတိ အနေဉ္ဇံ။
အနပနတံ စိတ္တံ ဗျာပါဒေ န ဣဉ္ဇတီတိ အနေဉ္ဇံ။
အနိဿိတံ စိတ္တံ ဒိဋ္ဌိယာ န ဣဉ္ဇတီတိ အနေဉ္ဇံ။
အပဋိဗန္ဓံ စိတ္တံ ဆန္ဒရာဂေ န ဣဉ္ဇတီတိ အနေဉ္ဇံ။
ဝိပ္ပမုတ္တံ စိတ္တံ ကာမရာဂေ န ဣဉ္ဇတီတိ အနေဉ္ဇံ။
ဝိသံယုတ္တံ စိတ္တံ ကိလေသေ န ဣဉ္ဇတီတိ အနေဉ္ဇံ။
ဝိမရိယာဒီကတံ စိတ္တံ ကိလေသမရိဒေ န ဣဉ္ဇတီတိ အနေဉ္ဇံ။
ဧကက္ကဂတံ စိတ္တံ နာနတ္တကိလေသေ န ဣဉ္ဇတီတိ အနေဉ္ဇံ။
သဒ္ဓါယ ပရိဂ္ဂဟိတံ စိတ္တံ အသဒ္ဓိယေ န ဣဉ္ဇတီတိ အနေဉ္ဇံ။
ဝီရိယေန ပရိဂ္ဂဟိတံ စိတ္တံ ကောသဇ္ဇေ န ဣဉ္ဇတီတိ အနေဉ္ဇံ။
သတိယာ ပရိဂ္ဂဟိတံ စိတ္တံ ပမာဒေန ဣဉ္ဇတီတိ အနေဉ္ဇံ။
သမာဓိနာ ပရိဂ္ဂဟိတံ စိတ္တံ ဥဒ္ဓစ္စေ န ဣဉ္ဇတီတိ အနေဉ္ဇံ။
ပညာယ ပရိဂ္ဂဟိတံ စိတ္တံ အဝိဇ္ဇာယ န ဣဉ္ဇတီတိ အနေဉ္ဇံ။
သြဘာသ ဂတံ စိတ္တံ အဝိဇ္ဇန္ဓကာရေ န ဣဉ္ဇတီတိ အနေဉ္ဇံ။
ဣဒ္ဓိယာ ဣမာနိ သောဠသမူလာနိ ဣဒ္ဓိလာဘာယ။ပ။ ဣဒ္ဓိဝေသာရဇ္ဇာယ သံဝတ္တန္တိ- ဟူ၍ ပါဠိတော်၌ လာသော တဆဲ့ခြောက်ပါးတို့တည်း။
ဣဒ္ဓိယာ၊ ဣဒ္ဓိ၏။
မူလာနိ၊ မူလတို့သည်။
ကတီ၊ အဘယ်မျှတို့နည်း
မူလာနိ၊ မူလတို့သည်။
သောဠသ၊ ၁၆-ပါးတို့တည်း။
အနောနတံ၊ လုံလဖွဲ့ဆိုင်း မကုပ်ကိုင်းသော။
စိတ္တံ၊ စိတ်သည်။
ကောသဇ္ဇေ၊ ပျင်းရိခြင်းကြောင့်။
န ဣဉ္ဇတိ၊ မတုန်လှုပ်။
ဣတိ၊ ထို့ကြောင့်။
အနေဉ္ဇံ၊ အနေဉ္ဇ မည်၏။
အနုန္နတံ၊ မပျံ့လွင့်သော။
အနဘိနတံ၊ မညွတ်မတပ် မငြိကပ်သော။
အနပနတံ၊ အမျက်အားဖြင့် ပြစ်မှားကြဉ်ဖဲခြင်း မရှိသော။
အနိဿိတံ၊ အဟံ မမံ ဟု-မမှီသော။
အပဋိဗန္ဓံ၊ ဆန္ဒရာဂသည် မဖွဲ့အပ်သော။
ရာဂေါ ကေဝလံ အာသတ္တိမတ္တံ၊ ဆန္ဒရာဂေါ ပန ဗလဝကိလေသော။ တထာ ဟိဿ ဒူရေ ဌိတမ္ပိ အာရမ္မဏံ ပဋိဗန္ဓမေဝ။ ဋီကာ (ဒု၊ နှာ-၂၀)
ဝိပ္ပမုတ္တံ၊ အထူးသဖြင့် လွတ်သော။
ဝိသံယုတ္တံ၊ ကိလေသာမှ ဆိတ်သော။
ဝါ၊ ယောဂလေးပါးတို့နှင့် မယှဉ်သော။
ဝိမရိယာဒီကတံ၊ ကိလေသာ ဟူသော အပိုင်းအခြားကင်းအောင် ကျင့်သော။
ဧကတ္တဂတံ၊ အာရုံ တခုတည်း ရှိသည်၏ အဖြစ်သို့ ရောက်သည် ဖြစ်၍ စင်စစ် တည်ကြည်သော။
စိတ္တံ၊ စိတ်သည်။
နာနတ္တ ကိလေသေ၊ အထူးထူးသော သဘောရှိသော ကိလေသာကြောင့်။
န ဣဉ္ဇတိ၊ မတုန်လှုပ်။
သဒ္ဓါယ၊ သဒ္ဓါသည်။
ပရိဂ္ဂဟိတံ၊ သိမ်းဆည်း ထောက်ပံ့အပ်သော။ပ။
ဩဘာသဂတံ၊ ဉာဏ်ရောင်အလင်းနှင့် တကွ ဖြစ်သော။
စိတ္တံ၊ စိတ်သည်။
အဝိဇ္ဇန္ဓကာရေ၊ အဝိဇ္ဇာဟူသော အမိုက်မှောင်ကြောင့်။
န ဣဉ္ဇတိ၊ မတုန်လှုပ်။
ဣဒ္ဓိယာ၊ ဣဒ္ဓိ၏။
ဣမာနိ သောဠသမူလာနိ၊ ဤ ၁၆-ပါးသော မူလတို့သည်။ပ။
သံဝတ္တန္တိ၊ ဖြစ်ကုန်၏။
ဘူမိ ပါဒ စသည်ကို ဆိုရခြင်းအကြောင်း
ဤ ဘူမိ ပါဒ ပဒ မူလတို့သည် "ဧဝံ သမာဟိတေစိတ္တေ ပရိသုဒ္ဓ" စသည်ဖြင့် အင်္ဂါရှစ်ပါးကိုကို ပြဆိုခဲ့သော ရှေးနည်း၌ပင် ပါဝင်လေကုန်ပြီ။ ပထမဈာန် စသည်တို့၏ ဘူမိ ပါဒ ပဒ မူလ မည်သည့် အဖြစ်ကို ပြခြင်းငှါသာ အမည်ထူး တပ်၍ ဆိုပြန်အပ်သည်။
[ဘူမိ = ဈာန် ၄-ပါး။
ပါဒ = ဣဒ္ဓိပါဒ် ၄-ပါး။
ပဒ = အ ကြောင်း (တန်းခိုးရကြောင်း ၈-ပါး)
မူလ = အကြောင်းရင်း (တန်းခိုး၏ အကြောင်းရင်း ၁၆-ပါး)]
တနည်းလည်း - အင်္ဂါရှစ်ပါးကို ဆိုသော ရှေးနည်းသည် သုတ်တို့၌လာသော နည်းတည်း။ ဤ ဘူမိ ပါဒ ပဒ မူလ တို့ကား ပဋိသမ္ဘိဒါ၌ လာသော နည်းတည်း။ ယာဂုနှင့် ထမနှဲ အခေါ်သာ ကွဲသကဲ့သို့ နဲနှစ်ပါး မထူးပြားကြဟု နည်းနှစ်ပါးလုံး၌ မတွေဝေစေခြင်း ငှါလည်း တဖန်ဆိုပြန်သည်ဟု ပြခြင်းငှါ ---
ကာမေဉ္စ'သ အတ္ထော 'ဧဝံ သမာဟိတေ စိတ္တေ'တိ အာဒိနာပိ သိဒ္ဓေါယေဝ။ ပထမ ဈာနာဒီနံ ပန ဣဒ္ဓိယာ ဘူမိ ပါဒ ပဒ မူလ ဘာဝဒဿနတ္ထံ ပုနု ဝုတ္တော။ ပုရိမော စ သုတ္တေသု အာဂတ နယော။ အယံ ပဋိသမ္ဘိဒါယံ။ ဣတိ ဥဘယတ္ထ အသံမောဟတ္ထမ္ပိ ပုန ဝုတ္တော --
ဟု- အဋ္ဌကထာ (ဒု၊ နှာ-၁၅) ၌ မိန့်သည်။
ဋီကာ စကား စဉ်းစားဖွယ်
ဋီကာရှင်ကား “ဧသ အယံ” ပုဒ်တို့ဖြင့် အနီးဆုံး မူလ တဆဲ့ခြောက်ပါးကိုသာ စွဲ၍ “ပုရိမော” အရကို ဘူမိ ပါဒ ပဒတို့ကို ယူတော်မူ၏။ ပဋိသမ္ဘိဒါပါဠိ၌ --
ကာ ဣဒ္ဓိ။ ကတီ ဣဒ္ဓိယော။ ဣဒ္ဓိယာ ကတီ ဘူမိယော။ ကတီ ပါဒါ။ ကတီ ပဒါနိ။ ကတီ မူလာနိ။ ကာ ဣဒ္ဓီတိ ဣဇ္ဈနဋ္ဌေန ဣဒ္ဓိ။ ကတီ ဣဒ္ဓိယောတိ ဒသ ဣဒ္ဓိယော။ ဣဒ္ဓိယာ စတဿော ဘူမိယော၊ စတ္တာရော ပါဒါ၊ အဋ္ဌ ပဒါနိ၊ သောဠသ မူလာနိ --
စသည်ဖြင့် ဘူမိ ပါဒ ပဒ မှုလတို့ အပြည့်အစုံပင် လာသောကြောင့်၎င်း၊ အဋ္ဌကထာ စကားသွားနှင့် အလားမသင့်သောကြောင့်၎င်း ဋီကာရှင်စကားကို စဉ်းစားဆင်ခြင်ဖွယ် ရှိ၏။
---
အနည်းကို အများဖြစ်အောင် ဖန်ဆင်းပုံ
ဤသို့လျှင် ဣဒ္ဓိ၏ ဘူမိ ပါဒ ပဒ မူလ တရားတို့ကို ပြည့်စုံစေပြီး၍ ဝီထိသင်္ဂဟ (ဤကျမ်း၊ပ၊တွဲ၊နှာ-၉၄) ၌ ပြဆိုခဲ့သည်အတိုင်း အဘိညာ ပါဒက ပဉ္စမဈာန်ကို ဝင်စားပြီး ထပြီး၍ တရားကိုလိုအံ့ — “သတံ ဟောမိ, သတံ ဟောမိ” ဟု ပရိကမ်ကိုပြု၍ တဖန် အဘိညာပါဒက ပဉ္စမဈာန်ကို ဝင်စားပြီး ထပြီး၍ သန္နိဋ္ဌာပက အဓိဋ္ဌာနမည်သော အဘိညာကို ဝင်စားအပ်၏။ အဓိဋ္ဌာန်စိတ်နှင့် တပြိုင်နက် နိမ္မိတရုပ် တရာ ဖြစ်လာ၏။ မဖြစ်လာသေးမူ လေးဝိထိပင် တဖန်ပြန်၍ ဝင်စားအပ်၏။
သံယုတ္တဋ္ဌကထာယဉှိ ဧကဝါရံ ဒွိဝါရံ သမာပဇ္ဇိတုံ ဝဋ္ဋတီတိ ဝုတ္တံ။
ဝိသုဒ္ဓိမဂ် (ဋ္ဌ၊ဒု၊နှာ-၁၇)
'ဧကဝါရီ ဒွိဝါရ'န္တိ ဣဒမ္ပိ နိဒဿနမတ္တံ ဒဋ္ဌဗ္ဗံ။
ဋီကာ (ဒု၊နှာ-၂၀)
အရှင်စူဠပန်ကဲ့သို့ တထောင်၎င်း အရေအတွက်မရှိ၎င်း၊ သဘောတူ၎င်း သဘောပြား၎င်း ဖန်ဆင်းလိုမှု ဧတ္တကာ ဘိက္ခူ ပထမဝယာ ဟောန္တု။ "ဧတ္တကာ ဘိက္ခူ စီဝရကမ္မံ ကရောန္တု" စသည်ဖြင့် ဖန်ဆင်းလိုတိုင်း ပရိကမ်ကို ပြု၍ ဆောက်တည် ဖန်ဆင်းအပ်၏။
---
အများကို အနည်းဖြစ်အောင် ဖန်ဆင်းပုံ
‘ဗဟုဓာပိ ဟုတွာ ဧကော ဟောတိ’ ဟူသည်နှင့်အညီ ပိုင်းခြားတိုင်းသော ကာလသို့ မရောက်မီ အကြား၌ တန်းခိုးကို သိမ်းရုပ်လိုမှု “ဧကော ဟောမိ” ဟု ပရိကမ် ပြုအပ်၏။
---
ထင်ရှားနိးနား ဖုံးကွယ်ဝေးခြားအောင် ဖန်ဆင်းပုံ
“အာဝီဘာဝံ တိရောဘာဝံ ကရောတိ” ဟူသည်နှင့် အညီ ဖုံးကွယ် ဝေးခြားသည်ကို ထင်ရှား နီးနားအောင် ပြုလိုသော်၎င်း ပေါ်လွင်နီးပါးသည်ကို ဖုံးကွယ် ဝေးအောင် ပြုလိုသော်၎င်း “ဣဒံ အန္ဓကာရဋ္ဌာနံ အာလောကဇာတံ ဟောတု၊ ဣဒံ ပဋိစ္ဆန္နံ ဝိဝဋံ ဟောတု၊ ဣဒံ အနာပါတံ အာပါတံ [၁] ဟောတု”ဟု ပရိကမ်ပြု၍ မြတ်စွာဘုရားသည် စူဠသုဘဒ္ဒါက [၂] ပင့်ဘိတ်သည်နှင့် သာဝတ္ထိပြည်မှ ခုနစ်ယူဇနာ ဝေးကွာသော သာကေတမြို့သို့ ကြွတော်မူသည့်အခါ ဖန်ဆင်းသကဲ့သို၎င်း ယမကပြာဋိဟာဖြင့် ရှစ်သောင်း လေးထောင်သော သတ္တဝါတို့ကို ချေချွတ်ပြီး၍ တာဝတိံသာ နတ်ပြည်၌ ဝါတော်ကပ်လျက် သောင်းလောကဓာတ် ကုဋေရှစ်ဆယ်သော ဗြဟ္မာနတ်တို့အား အဘိဓမ္မာဒေသနာဖြင့် အမတပါနကို ဝေငှပေးအပ်၍ သင်္ကဿနဂိုရ်သို့ သက်ဆင်းတော်မူမည့်အခါ ဖန်ဆင်းတော်မူ သကဲ့သို၎င်း၊ တာဝတိံသာနတ်ပြည် ဘုရားအထံတော်သို့ အသွားအပြန် အရှင်မောဂ္ဂလာန် ဖန်ဆင်းသကဲ့သို၎င်း, သီဟိုဠ်ကျွန်း၌ ဝါဠင်္ဂရဝါသီ ဓမ္မဒိန္နထေရ်သည် တိဿမဟာဝိဟာရ စေတိယင်္ဂဏ၌ အပဏ္ဏကသုတ်ကို ဟောသည့်အခါ ဖန်ဆင်းသကဲ့သို့၎င်း အာဝီဘာ၀ [၃] တန်းခိုးကို ဖန်ဆင်းအပ်၏။
> [၁။ အာပါထ = ထင်ရှားခြင်း။ အာပါတ = ရှေးရှုကျရောက်ခြင်း။ ထင်ရှားခြင်း။]
> [၂။ စူဠသုဘဒ္ဒါ = အနာထပိဏ် သူဌေး၏ သမီးအလတ် ဖြစ်သည်၊ ဥဂ္ဂ သူဌေးသားနှင့် ထိမ်းမြားသည်။ (ဓမ္မပဒ၊ဋ္ဌ၊ဒု၊နှာ-၂၉၀။ စူဠသုဘဒ္ဒါ ဝတ္ထု)]
> [၃။ အဝီဘာဝ = ထင်ရှားဖြစ်သော။]
တိရောဘာဝတန်းခိုး [၄] ကို ထိုမှအပြန် ပရိကမ်ပြု၍ မြတ်စွာဘုရားသည် ယသသတို့သားကို အဖမမြင်ရအောင် ကွယ်ထားသကဲ့သို၎င်း သောတာပန် အမတ်တထောင်နှင့်တကွ အနာဂါမ်တည်ပြီးသော မဟာကပ္ပိနမင်းတို့ကို ခြွေရံ တထောင်နှင့်တကွ နောက်ထပ်လိုက်လာသော အနောဇာဒေဝီတို့ မမြင်ရအောင် ဖန်ဆင်းသကဲ့သို့၎င်း မဟာမဟိန္ဒမထေရ် သီဟိုဠ်ကျွန်းသို့ ရောက်စအခါ နောက်ပါ အဖော်သင်းပင်းတို့ကို ဒေဝါနံပိယတိဿမင်း မမြင်ရအောင် ဖန်ဆင်းသကဲ့သို့၎င်း ဖန်ဆင်းအပ်၏။
> [၄။ တိရောဘာ၀ = ဖုံးကွယ်ထားခြင်း။]
---
ပြာဋိဟာ ၂-မျိုး
အပိ စာ'ဝီဘာဝံ နာမ၊
သဗ္ဗံ ပါကဋဟာရိယံ။
သေယျထာပိ ဘဂဝတော၊
ယမကံ ပါဋိဟာရိယံ။
ဉေယျံ တိရောဘာဝံ နာမ၊
ဣဒ္ဓိမန္တေ အပါကဋေ။
ယထာ မဟက တိဏဇ္ဈံ၊
သတ္ထုနော ဗြဟ္မဘာသနံ။
---
သင်္ဂဟဂါထာ
အပိ စ၊ တနည်းလည်း။
သဗ္ဗံ၊ အလုံးစုံသော။
ပါကဋဟာရိယံ၊ ဣဒ္ဓိ ဣဒ္ဓိမန္တ နှစ်ပါး ထင်ရှားသော ပြာဋိဟာသည်။
အာဝီ ဘာဝံ နာမ၊ အာဝီဘာဝ ပြာဋိဟာ မည်၏။
ဘဂဝတော၊ မြတ်စွာဘုရား၏။
ယမကံ ပါဋိဟာရိယံ သေယျထာပိ၊ ယမိုက်ပြာဋိဟာ ကဲ့သို့တည်း။
ဣဒ္ဓိမန္တေ၊ ဣဒ္ဓိမန္တပုဂ္ဂိုလ်သည်။
အပါကဋေ၊ မထင်ရှားသည်ရှိသော်။
တိရောဘာဝံ၊ တိရောဘာဝ ပြာဋိဟာဟူ၍။
ဉေယျံ၊ သိအပ်၏။
မဟကတိဏဇ္ဈံယထာ၊ စိတ္တသူကြွယ် တောင်းပန်သည်နှင့် သံကောက်ပေါက် တံခါးပေါင်
ကြားတို့ဖြင့် မီးလျှံထွက်စေလျက် ကျောင်းဦး၌ ဖြန့်ခင်းထားသော အပေါ် ရုံထက် မြက်ကိုသာ လောင်ကျွမ်းစေသော မဟကထေရ်၏ တန်းခိုးကဲ့သို့၎င်း။
သတ္ထုနော၊ ဘုရားရှင်၏။
ဗြဟ္မဘာသနံ ယထာ၊ ကိုယ်ကိုကွယ်လျက် ဗကဗြဟ္မာ အမှူးရှိသော ဗြဟ္မာအပေါင်းအား --
ဘဝေ ဝါယံ ဘယံ ဒိသွာ၊
ဘဝဉ္စ ဝိဘဝေသိနံ။
ဘဝံ နာဘိဝဒိံ ကိဉ္စိ၊
နန္ဒိဉ္စ န ဥပါဒီယိံ။
ဟူသော ဂါထာကို ရွတ်ဆိုဟောပြတော်မူသော တန်းခိုးကဲ့သို့ ၎င်းတည်း။
အဟံ ငါသည်။
ဘဝေ၊ သံသရာ၌။
ဘယံ၊ ဇာတိစသည် များလှ သောင်းသောင်း ဘေးအပေါင်းကို။
ဒိသွာ ဧ၀၊ မြင်သောကြောင့်သာလျှင်။
ဘဝဉ္စ၊ ကာမ ရူပ အရူပ ဟူသော ဘ၀သုံးပါးကို၎င်း။
ဝိဘဝေသိနဉ္စ၊ ဘဝကင်းမည် ရှာကြံစည်လည်း ဆုံလည်နွားမျှ နစ်မွန်းကြသောသူ အပေါင်းကို၎င်း။
ဒိသွာ၊ မြင်၍။
ကိဉ္စိဘဝံ၊ တစုံတခုသောဘဝကို။
နာဘိဝဒိံ၊ တဏှာ ဒိဋ္ဌိ အားဖြင့် မယူသတည်း။
နန္ဒိဉ္စ၊ ဘဝတဏှာကိုလည်း။
န ဥပါဒီယိံ၊ မစွဲလမ်းသတည်း။
ဤကား အနက်၊
---
အကာအကွယ်မရှိ သွားနိုင်အောင်ဖန်ဆင်းပုံ
“တိရောကုဋ္ဋံ တိရောပါကာရံ တိရော ပဗ္ဗတံ အသဇ္ဇမာနော ဂစ္ဆတိ သေယျထာပိ အာကာသေ” ဟူသည်နှင့်အညီ ဖန်ဆင်း၍ သွားလိုမူ အာကာသ ကသိုဏ်း၌ ပါဒကဈာန်ကို ဝင်စားပြီး၍ “အာကာသော ဟောတု” ဟု-ဆောက်တည်အပ်၏။
ဥဗ္ဗေဓဝေသေန ပဝတ္တံ ဝိဝရံ သုသိရံ။ တိရိယံ ပဝတ္တံ ဆိဒ္ဒံ။
ဋီကာ (မဟာ၊ဒု၊နှာ-၂၆)
တိပိဋက စူဠာဘယမထေရ်ကား -- “ဆင် မြင်း ဖန်ဆင်းလိုလျှင် ဆင်ကသိုဏ်း မြင်းကသိုဏ်း ရှိတော့မည်လော။ အမှတ်မဲ့ ကသိုဏ်း၌ပင် ဖန်ဆင်း လိုတိုင်းဖြစ်တော့သည်”ဟု-ဆို၏။ ထိုစကားကို ပါဠိတော်နှင့် မညီသောကြောင့် တပည့်များပင် မနှစ်သက်ကြကုန်။
အညေန ဣဒ္ဓိမတာ နိမ္မိတေ ပန ပထမနိမ္မာနံ ဗလဝံ ဟောတိ။ ဣတရေန တဿ ဥဒ္ဓံ ဝါ အဓော ဝါ ဂန္တဗ္ဗံ။ အဋ္ဌကထာ (ဒု၊ နှာ-၂၄)
---
မြေလျှိုးနိုင်အောင် ဖန်ဆင်းပုံ
“ပထဝိယာပိ ဥမ္မုဇ္ဇ နိမုဇ္ဇံ ကရောတိ” ဟူသည်နှင့် အညီ ဖန်ဆင်းလိုလျှင် အာပေါ ကသိဏဈာန်ကို ဝင်စားပြီး၍ “ဧတ္တကေ ဌာနေ ပထဝီ ဥဒကံ ဟောတု” စသည်ဖြင့် ပရိကမ် ပြုအပ်၏။ ထောပတ် ဆီ ပျား စသည်လည်း ဖန်ဆင်းရ၏။
တဿေဝ စ သာ ပထဝီ ဥဒကံ ဟောတိ။ သေသဇနဿ ပထဝီဝေဝ။ ... သစေ ပနာယံ 'တေသံပိ ဥဒကံ ဟောတူ'တိ ဣစ္ဆတိ ဟောတိယေဝ။
အဋ္ဌကထာ (ဒု၊နှာ-၂၄)
---
ရေပေါ်သွားနိုင်အောင် မိုးပျံနိုင်အောင် ဖန်ဆင်းပုံ
“ဥဒကေပိ အဘိဇ္ဇမာနေ ဂစ္ဆတိ သေယျထာပိ ပထဝိယံ” ဟူသည်အတိုင်း ရေ၌ ဣရိယာပုထ်လေးပါးကို ပြုလိုသော်၎င်း၊ ပတ္တမြား ရွှေ ငွေ တောင် သစ်ပင်စသည် ဖန်ဆင်းလိုသော်၎င်း “အာကာသေပိ ပလ္လင်္ကေန စင်္ကမတိ သေယျထာပိ ပက္ခီ သကုနော” ဟူသည်အတိုင်း ကောင်းကင်၌ ဣရိယာပုထ်လေးပါးကို ပြုလိုသော်၎င်း ပထဝီ ကသိဏဈာန်ကို ဝင်စား၍ ပရိကမ်ကို ပြုအပ်၏။
အာကာသေ ဂန္တုကာမေန စ ဘိက္ခုနာ ဒိဗ္ဗစက္ခုလာဘိနာပိ ဘဝိတဗ္ဗံ။
အဋ္ဌကထာ (ဒု၊နှာ-၂၆)
---
လ နေ တို့ကို သုံးသပ်နိုင်ပုံ
“ဣမေပိ စန္ဒိမသူရိယေ ဧဝံမဟိဒ္ဓိကေ ဧဝံ မဟာနုဘာဝေ ပါဏိနာ ပရာမသတိ ပရိမဇ္ဇတိ”
ဟူရာ၌ကား အမှတ်မဲ့ ကသိုဏ်းကိုပင် ဝင်စားလျက် သွား၍၎င်း၊ လက်ကို ပွါးစေ၍၎င်း၊ ဟတ္ထပါသ်သို့ ရောက်အောင် ဆောက်တည်၍၎င်း သုံးသပ်နိုင်၏။
အယံ ပန' ဿ ဣဒ္ဓိ အဘိညာပါဒကဈာနဝသေနေဝ ဣဇ္ဈတိ၊ နတ္ထေ'တ္ထ ကသိဏသမာပတ္တိနိယမော။
အဋ္ဌကထာ (ဒု၊နှာ-၂၆)
လက်ကိုပွါးစေ၍ သုံးသပ်ရာ၌ ဥပါဒိန္နရုပ် ပွါးသလော၊ အနုပါဒိန္နရုပ် ပွါးသလော - ဟူမူ
ဥပါဒိန္နကံ နိဿာယ အနုပါဒိန္နကံ ဝဍ္ဎတိ [၁]။
ဟု-အဋ္ဌကထာ (ဒု၊ နှာ-၂၇) ဖြေပြီ။
> [၁။ ဥပါဒိန္နရုပ်မှာ ကမ္မဇရုပ် ဖြစ်သည်။ အနုပါဒိန္နရုပ်မှာ ကမ္မဇရုပ် မဟုတ်ချေ။ ဥပါဒိန္နရုပ်ကို မှီ၍ အနုပါဒိန္နရုပ်ကို ပွါးရခြင်း ဖြစ်သည်။ ဖန်ဆင်း ထားသည့် ရုပ်ပွါးမှာ အနုပါဒိန္နရုပ်သာ ဖြစ်သည်။ ဥပါဒိန္နရုပ် မဟုတ်ချေ။]
တိပိဋက စူဠနာဂထေရ်ကား ဥပါဒိန္နက ရုပ်သည် သံကောက်ပေါက် စသည်တို့ဖြင့် ထွက်သောအခါ ငယ်၏။ အရှင်မဟာမောဂ္ဂလန်၏ နန္ဒောပနန္ဒ နဂါးမင်းကို ဆုံးမသောအခါ စသည်၌ ကြီးလည်း ကြီးနိုင်၏ဟု - ဆို၏။
ဧဝံ ဝုတ္တေပိ ဘိက္ခူ ဥပါဒိန္နကံ နိဿာယ အနုပါဒိန္နကမေဝ ဝဍ္ဎတီတိ အာဟံသု။ အယမေ'ဝ စေ'တ္ထ ယုတ္တိ။ အဋ္ဌကထာ (ဒု၊နှာ-၃ဝ)
... ယုတ္တိ ယုတ္တရူပါ စိတ္တတော ဥတုတော ဝါ ဥပါဒိန္နကရူပါနံ အနုပ္ပဇ္ဇနတော။ အထ ဝါ ဥပါဒိန္နန္တိ သကလမေဝ ဣန္ဒြိယဗဒ္ဓံ အဓိပ္ပေတံ။ ဧဝမ္ပိ တဿ တထာ ဝဍ္ဎိ န ယုဇ္ဇတိ ဧဝါတိ ဝုတ္တနယေနေဝ ဝဍ္ဎိ ဝေဒိတဗ္ဗာ။ ဧကသန္တာနေ ဥပါဒိန္န' မနုပါဒိန္နဉ္စ သန္ဘိန္နံ ဝိယ ပဝတ္တမာနမ္ပိ အတ္ထတော အသမ္ဘိန္နမေဝ။ တတ္ထ ယထာ အာဠှကမတ္တေ ခီရေ အနေကာဠှကေ ဥဒကေ အာသိတ္တေ ယဒိပိ ခီရံ သဗ္ဗေန သမ္ဘိန္နံ သဗ္ဗတ္ထကမေဝ လဗ္ဘမာနံ ဟုတွာ တိဋ္ဌတိ၊ တထာပိ န တတ္ထ ခီရံ ဝဍ္ဎတိ၊ ဥဒကမေဝ ပန ဝဍ္ဎတိ၊ ဧဝမေဝ ယဒိပိ ဥပါဒိန္န'မနုပါဒိန္နဉ္စ သမ္ဘိန္နံ ဝိယ ပဝတ္တတိ၊ တထာပိ ဥပါဒိန္နံ န ဝဍ္ဎတိ ဣဒ္ဓါနုဘာဝေန စိတ္တဇံ တဒနုသာရေန ဥတုဇဉ္စ ဝဍ္ဎတီတိ ဒဋ္ဌဗ္ဗံ။ ဋီကာ (ဒု၊နှာ-၃ဝ)
ဤ ဣဒ္ဓိမန္တပုဂ္ဂိုလ်သည် လ,နေတို့ကို သုံးသပ်ရုံမက ခြေတင်ခြင်း ထိုင်ခြင်း အိပ်ခြင်း မှီခြင်းတို့ကိုလည်း ပြုနိုင်၏။ ရဟန်း အရာ အထောင် ထိုကဲ့သို့ ပြုကြသော်လည်း ပြည့်စုံသည် ချည်းပင်။ နေ လ တို့လည်း အသွား အလာ အရောင်အလင်း မပျက်၊ ပကတိအတိုင်းပင်။ ရေခွက် အရာ အထောင်ပင် ရှိသော်လည်း ရေခွက်တိုင်း၌ပင် လရိပ် နေရိပ် ထင်၏။ နေ့ လ လည်း အသွားအလာ အရောင်အလင်း မပျက်သကဲ့သို့တည်း။
---
တန်းခိုး ၁၄-မျိုးဖြင့် ဗြဟ္မာပြည်တိုင်အောင် သွားနိုင်ပုံ
“ယာဝ ဗြဟ္မလောကာပိ ကာယေန ဝသံ ဝတ္တေတိ”ဟူရာ၌ မြတ်စွာဘုရားသည် ယမကပြာဋိဟာ အဆုံး၌ တာဝတိံသာသို့ ကြွသောအခါကဲ့သို့၎င်း, ရှင်မောဂ္ဂလာန်သည် သာဝတ္ထိပြည်မှ တဆဲ့နှစ်ယူဇနာ ပရိသတ်ကို ခေါ်၍ ယူဇနာသုံးဆယ် ဝေးကွာသော သင်္ကဿနဂိုရ်သို့ ကြွသောအခါကဲ့သို၎င်း, သီဟိုဠ်ကျွန်း စူဠသမုဒ္ဒထေရ်သည် ဒုဗ္ဘိက္ခအခါ ရဟန်းခုနစ်ရာနှင့် ပါဋလိပုတ်ပြည်သို့ ဆွမ်းခံလာသကဲ့သို့၎င်း, တိဿဒတ္တထေရ် ညနေချမ်းအခါ မဟာဗောဓိသို့ ရှိခိုးလာသကဲ့သို့၎င်း အဝေးကို အနီး ပြုလိုမူ “သန္တိကေ ဟောတု” ဟု ဆောက်တည်အပ်၏။
ယမကပါဋိဟာရိယာဝသာနေတိအာဒိနာ တိဝိက္ကမဿ အဓိဋ္ဌာနိဒ္ဓိ နိပ္ဖန္နတော ဝုတ္တာ၊ အညတ္ထ ပန လက္ခဏာနိသံသတာ။ တဒုဘယံ ယထာ အညမညံ န ဝိရုဇ္ဈတိ၊ တထာ ဝိစာရေတွာ ဂဟေတဗ္ဗံ။ ဋီကာ (ဒု၊နှာ-၃၁)
မြတ်စွာဘုရားရှင်သည် အင်္ဂုလိမာလ လိုက်သောအခါ၊ ရှင်မဟာကဿပသည် ရာဇဂြိုဟ်ပြည်၌ နက္ခတ်သဘင်နေ့ သတို့သမီး ငါးရာတို့ မုံ့ရှက်အများ လှူကြသောအခါ၊ ရှင်မောဂ္ဂလာန်သည် ဣလ္လိသ သေဌေး အနည်းငယ်မျှ မုံ့လှူမည် ချက်သောအခါ ဘုရားမြတ်သည် ရှင်မဟာကဿပ ဆောင်ယူခဲ့သော ကာကဝဠိယ သူဆင်းရဲ၏ အလောဏမ္ဗိလ ယာဂုတသပိတ်ကို တိုက်ရှိ သင်္ဃာ မျှလောက်အောင် ပြုသောအခါ၊ သီဟိုဠ်ကျွန်း မဟာအနုဠထေရ်သည် ဂင်္ဂါမြစ်ရေကို ထောပတ်ကြည် ဖန်ဆင်းသောအခါ တို့၌ကဲ့သို့ အနီးကို အဝေး, အများကိုအနည်း, အနည်းကို အများ, မချိုသည်ကို အချို ဖန်ဆင်းလိုမူ "ဒူရေ ဟောတု၊ ထောကံ ဟောတု၊ ဗဟုကံ ဟောတု မဓုရံ ဟောတု” စသည်ဖြင့် ဆောက်တည်အပ်၏။
ဗြဟ္မာ၏ အဆင်းကို မြင်လို အသံကို ကြားလို စိတ်အကြံကို သိလိုမူ ဒိဗ္ဗစက္ခု ဒိဗ္ဗသောတ စေတောပရိယ အဘိညာသုံးပါးတို့ကို ဝင်စားအပ်၏။
ဗြဟ္မပြည်သို့ ကိုယ်ထင်ရှား နှေးနှေးသွားလိုမူ -- “ဣဒံ စိတ္တံ ကာယော ဝိယ ဒန္ဓဂမနံ ဟောတု” ဟု ဆောက်တည်အပ်၏။
ဧဝံ ဂစ္ဆန္တော စ သစေ ဣစ္ဆတိ ပထဝီကသိဏဝသေန အာကာသ မဂ္ဂံ နိမ္မိနိတွာ ပဒသာ ဂစ္ဆတိ။ သစေ ဣစ္ဆတိ ဝါယောကသိဏဝသေန ဝါယုံ အဓိဋ္ဌဟိတွာ တူလပိစုဝိယ ဝါယုနာ ဂစ္ဆတိ။ အပိစ ဂန္တုကာမတာ ဧဝ ဧတ္ထ ပမာဏံ။ သတိ ဟိ ဂန္တုကာမကာယ ဧဝံ ကတစိတ္တာဓိဋ္ဌာနော အဓိဋ္ဌာနဝေဂုက္ခိတ္တောဝ သော ဣသာာသ ခိတ္တသရော ဝိယ ဒိဿမာနော ဂစ္ဆတိ[၁] ။ အဋ္ဌကထာ (ဒု၊နှာ-၃၄)
“ဂန္တုကာမတာ ဧ၀ ဧတ္ထ ပမာဏန္တိ ဧတ္တ ဧတသ္မိံ ဒိဿမာနေန ကာယေန ဂမနေ ယံ ဌာနံ ဂန္တုကာမော၊ တံ ဥဒ္ဒိဿ ဂန္တုကာမတာဝသေန ပဝတ္တပရိကမ္မာဒိဋ္ဌာနာနိ ဧ၀ ပမာဏံ၊ တာဝတာ ဂမနံ ဣဇ္ဈတိ။ တသ္မာ မဂ္ဂနိမ္မာန ဝါယုအဓိဋ္ဌာနေဟိ ဝိနာပိ ဣစ္ဆိတဒေသပ္ပတ္တိ ဟောတီတိ [၂] ။ ဋီကာ (မဟာ၊ ဒု၊နှာ-၃၂)
> [၁-၂။ ဗြဟ္မာပြည်သို့ မျက်စိဖြင့် ထင်ရှားမြင်ရသည့် တန်းခိုးရှင်၏ ပကတိ ကိုယ်ဖြင့် နှေးနှေးသွားရာမှာ -
> (၁) ကောင်းကင်၌ လမ်းခရီး ဖန်ဆင်း၍ ခြေဖြင့် သွားခြင်း၊
> (၂) လေကိုဖန်ဆင်း၍ ယင်းလေဖြင့် ဝါဂွမ်းကို လွှင့်မှုတ် သယ်ဆောင်သကဲ့သို့ ရွှေ့လျား သွားခြင်း၊
> ဟူ၍ ၂-မျိုး ရှိသည်။ ထို့ပြင် သွားလိုသည့်နေရာသို့ ကောင်းကင်၌ လမ်းခရီး လေတို့ကို မဖန်ဆင်းပဲနှင့်လည်း အဓိဋ္ဌာန်စိတ်ဖြင့်ပင် လေးသမား ပစ်အပ်သော မြားကဲ့သို့ ပကတိ ကိုယ်ဖြင့် ထင်ထင်ရှားရှား သွားနိုင် ရောက်နိုင်သည်။
> (အဓိဋ္ဌာန်စိတ်ဖြင့်ပင် လိုရာအရပ်သို့ သွားခြင်းပါထည့်လျှင် သွားခြင်း ၃-မျိုး ဖြစ်သည်။)]
---
မထင်မရှား စိတ်အလားကဲ့သို့ ပေါ့ပါးလျင်မြန်စွာ သွားလိုလျှင် —“အယံ ကာယော စိတ္တံ ဝိယ သီဃဂမနော ဟောတု”ဟု ဆောက်တည်အပ်၏။
ဧဝံ အဒိဿမာနေန ကာယေန ဂစ္ဆန္တော ပနာယံ ကိံ တဿ အဓိဋ္ဌာနစိတ္တဿ ဥပ္ပါဒက္ခဏေ ဂစ္ဆတိ၊ ဥဒါဟု ဌိတိက္ခဏေ ဘင်္ဂက္ခဏေ ဝါတိ ဝုတ္တေ တီသုပိ ခဏေသု ဂစ္ဆတီတိ ထေရော အာဟ။ ကိံ ပန သော သယံ ဂစ္ဆတိ နိမ္မိတံ ပေသေတီတိ။ ယထာရုစိ ကရောတိ။ ဣဓ ပနဿ သယံ ဂမနမေဝ အာဂတံ [၃] ။ အဋ္ဌကထာ (ဒု၊နှာ-၃၄)
> [၃။ ဗြဟ္မာ့ပြည်သို့ တန်းခိုးရှင်၏ ကိုယ်ကို ပကတိမျက်စိဖြင့် မမြင်စေပဲ စိတ်အလား ကဲ့သို့ ပေါ့ပါး လျင်မြန်စွာ သွားလိုရာတွင် (၁) တန်းခိုးရှင်၏ ပကတိကိုယ်ဖြင့် ကိုယ်တိုင် သွားခြင်း၊ (၂) နိမ္မိတရုပ်ကို စေလွှတ်ခြင်းဟူ၍ ၂-မျိုး ရှိသည်။ သို့သော် ဤနေရာတွင် တန်းခိုးရှင်ကိုယ်တိုင် သွားခြင်းကိုသာ ဆိုလိုသည်။
> အဓိဋ္ဌာန်စိတ်၏ ခဏငယ် ၃-ချက်တွင် သွားခြင်း အားထုတ်မှုသာ ပြီးမြောက်၍သွားခြင်း ကိစ္စကား မပြီးမြောက်သေး၊ အဓိဋ္ဌာန်စိတ်၏ စိတ္တက္ခဏ ၅-ချက်၊ ခဏငယ် ၁၅-ချက်သို့ ရောက်မှသာ သွားခြင်းကိစ္စ လုံးဝ ပြီးမြောက်၍ လိုရာဌာသို့ ရောက်သည်။ စိတ်သည် အလွန်လျင်မြန်လှ၍ စိတ္တက္ခဏ ၁-ချက်မှာ သွားခြင်းကိစ္စ မပြီးမြောက်နိုင်ချေ။]
---
“အယံ ကာယော ဣဒံ စိတ္တံ ဝိယ ဟောတူ'တိ အဓိဌာနေန ပဂေဝ သုခလဟုသညာယ သမ္ပာဒိတတ္တာ အဘာဝိတိဒ္ဓိပါဒါနံ ဝိယ ဒန္ဓံ အပဝတ္တိတွာ ယထာ လဟုကတိပယ- စိတ္တဝါရေဟေဝ ဣစ္ဆိတဋ္ဌာနပ္ပတ္တိ ဟောတိ၊ ဧဝံ ပဝတ္တမာနော ကာယော စိတ္တဂတိယာ ပရိဏာမိတော နာမ ဟောတိ၊ န ဧကစိတ္တက္ခဏေနေဝ ဣစ္ဆိတ ဋ္ဌာနပ္ပတ္တိယာ။
ဧဝဉ္စ ကတွာ “သေယျထာပိနာမ ဗလဝါ ပုရိသော သမိဉ္ဇိတံ ဝါ ဗာဟံ ပသာရေယျ၊ ပသာရိတံ ဝါ ဗာဟံ သမိဉ္ဇေယျာ"တိ ဣဒမ္ပိ ဥပမာဝစနံ နိပ္ပရိယာယမေဝ သမတ္ထိတံ ဟောတိ။ အဝဿံ စေ'တံ ဧဝံ သမ္ပဋိစ္ဆိတဗ္ဗံ၊ အညထာ သုတ္တာဘိဓမ္မပါဌေဟိ ဝိနယဋ္ဌကထာယ စ ဝိရောဓော သိယာ၊ ဓမ္မတာ စ ဝိလောမိတာ။ ... 'တီသုပိ ခဏေသူ'တိ ဣဒမ္ပိ ဂမနာရမ္ဘံ သန္ဓာယ ဝုတ္တံ၊ န ဂမနနိဋ္ဌာနန္တိ ဝဒန္တိ။ 'ထေရော'တိ အဋ္ဌကထာစရိယာနံ အန္တရေ ဧကော ထေရော။ ဋီကာ (မဟာ၊ ဒု၊နှာ-၃၃)
နိမ္မိတရုပ် ဖန်ဆင်းလိုမူကား --
သော တဿ ဗြဟ္မုနော ပုရတော ရူပံ အဘိနိမ္မိနာတိ မနောမယံ သဗ္ဗင်္ဂပစ္စင်္ဂိံ အဟီနိန္ဒြိယံ။ သစေ သော ဣဒ္ဓိမာ စင်္ကမတိ။ နိမ္မိတောပိ တတ္ထ စင်္ကမတိ။ သစေ သော ဣဒ္ဓိမာ တိဋ္ဌတိ နိသီဒတိ သေယျံ ကပ္ပေတိ၊ ဓူမာယတိ ပဇ္ဇလတိ၊ ဓမ္မံ ဘာသတိ ပဉှံ ပုစ္ဆတိ ပဉှံ ပုဋ္ဌော ဝိသဇ္ဇေတိ၊ တေန ဗြဟ္မုနာ သဒ္ဓိံ သန္တိဋ္ဌတိ သလ္လပတိ သာကစ္ဆံ သမာပဇ္ဇတိ။ နိမ္မိတောပိ တတ္ထ တေန ဗြဟ္မုနာ သဒ္ဓိံ သာကစ္ဆံ သမာပဇ္ဇတိ။ ယံ ယဒေ၀ ဟိ သော ဣဒ္ဓိမာ ကရောတိ။ တံ တဒေဝ နိမ္မိတော ကရောတိ။ ။
ပဋိသမ္ဘိဒါမဂ်ပါဠိ (နှာ-၃၈၇)
မနောမယန္တိ အဓိဋ္ဌာနမနေန နိမ္မိတတ္တာ မနောမယံ။ အဟီနိန္ဒြိယန္တိ ဣဒံ စက္ခု သောတာဒီနံ သဏ္ဌာနဝသေန ဝုတ္တံ၊ နိမ္မိတရူပေ ပန ပသာဒေါ နာမ နတ္ထိ။ သစေ သော ဣဒ္ဓိမာ စင်္ကမတိ၊ နိမ္မိတောပိ တတ္ထ စင်္ကမတီတိအာဒိ သဗ္ဗံ သာဝကနိမ္မိတံ သန္ဓာယ ဝုတ္တံ။ ဗုဒ္ဓနိမ္မိတော ပန ယံ ယံ ဘဂဝါ ကရောတိ၊ တံ တမ္ပိ ကရောတိ။ ဘဂဝတော ရူစိဝသေန အညမ္ပိ ကရောတိ [၁] ။
အဋ္ဌကထာ (ဒု၊ နှာ-၃၄)
> [၁။ နိမ္မိတရုပ် ဖန်ဆင်းရာ၌ နိမ္မိတရုပ်မှာ မျက်စိ နား စသော သဏ္ဌာန်နှင့် ပြည့်စုံ သော်လည်း ပသာဒရုပ် မရှိ။
> သာဝက နိမ္မိတရုပ်မှာ တန်းခိုးရှင်နှင့်တူစွာ တန်းခိုးရှင် ပြုသကဲ့သို့သော ပြုရသည်။ ဥပမာ
> သာဝက တန်ခိုးရှင်က စင်္ကြန်သွားလျှင် နိမ္မိတရုပ်လည်း စင်္ကြန်သာ သွားသည်၊ တခြား ကိစ္စများကို မပြု။
> ဘုရားရှင်၏ နိမ္မိတရုပ်မှာမူ ဘုရားရှင် အလိုတော်အတိုင်း ဖြစ်ရသည်၊ ဥပမာ ဘုရားရှင်က ဒေသစာရီ ကြွချီ၍ ဆွမ်းခံ သွားတော်မူသော်လည်း နိမ္မိတရုပ်မှာ ဘုရားရှင်၏ အလိုတော် အတိုင်း တရားဟောခြင်း စသည်ကို ပြုရသည်။]
---
... ယထာဒိဋ္ဌိတေ နိမ္မိတရူပေ သစေ သာဝကော “ဣမေ ဝိသေသာ ဟောန္တူ” တိ ဣစ္ဆတိ။ န ဣဇ္ဈတိ။ ဗုဒ္ဓါနံ ပန ဣဇ္ဈတိ။ ဋီကာ (ဒု၊နှာ-၃၅) အနက် လွယ်သည်ချည်း။
ဤသို့ ပါဠိ အဋ္ဌကထာ ဋီကာ လာတိုင်း ဖန်ဆင်းအပ်၏။
---
တန်းခိုးပြာဋိဟာရိယ အဆုံးအဖြတ် [၁]
“ယာဝဗြဟ္မလောကာပိ ကာယေန ဝသံ ၀တ္တေတိ” ဟူသည်မှ စ၍ ပြခဲ့သော စုဒ္ဒသပြာဋိဟာတို့တွင်“ကာယေန ၀သံ ဝတ္တန”မည်သင့် မမည်သင့် ပါဋိဟာရိယ ဝိနိစ္ဆယကို ပြခြင်းငှါ --
> [၁။ တန်းခိုး ၁၄-ပါးနှင့် အဆုံးအဖြတ်။
> (၁) အဝေးကို အနီးဖြစ်အောင် ဖန်ဆင်းခြင်း။
> (၂) အနီးကို အဝေးပြုသည့် ဖန်ဆင်းခြင်း။
> (၃) အများကို အနည်းပြု ဖန်ဆင်းခြင်း။
> (၄) အနည်းကို အများပြု ဖန်ဆင်းခြင်း။
> (၅) မချိုသည့်ဝတ္တုစသည်ကို ချိုအောင် ဖန်ဆင်းခြင်း။
> (၆) အဝေးမှ အဆင်းကို မြင်နိုင်ခြင်း။
> (၇) အဝေးမှ အသံကို ကြားနိုင်ခြင်း။
> (၈) သူတပါးစိတ်အကြံကို သိနိုင်ခြင်း။
> (၉) မိမိ၏ ကိုယ်ကာယဖြင့် ထင်ရှားစွာ ဗြဟ္မာပြည်သို့ နှေးနှေးသွားနိုင်ခြင်း။
> (၁၀) ကိုယ်ကာယကို မထင်ရှားစေပဲ ဗြဟ္မာပြည်သို့ စိတ်အလားကဲ့သို့ လျင်လျင်မြန်မြန် သွားနိုင်ခြင်း။
> (၁၁) ဗြဟ္မာ၏ ရှေ့၌ နိမ္မိတရုပ်ကို ဖန်ဆင်း၍ တန်းခိုးရှင်ကဲ့သို့ စင်္ကြံ သွားစေခြင်း ရပ် ထိုင် လျောင်းစေခြင်း။
> (၁၂) ဗြဟ္မာ၏ ရှေ့၌ နိမ္မိတရုပ်ကို ဖန်ဆင်း၍ တန်းခိုးရှင်ကဲ့သို့ တေဇောကသိုဏ်း ဝင်စား၍ အခိုးအလျှံလွှတ်စေခြင်း။
> (၁၃) ဗြဟ္မာ၏ ရှေ့၌ နိမ္မိတရုပ်ကို ဖန်ဆင်း၍ တန်းခိုးရှင်ကဲ့သို့ တရားဟောစေခြင်း, မေး ဖြေစေခြင်း။
> (၁၄) ဗြဟ္မာ၏ရှေ့၌ နိမ္မိတရုပ်ကို ဖန်ဆင်း၍ တန်းခိုးရှင်ကဲ့သို့ ဗြဟ္မာနှင့် အတူတကွ ရပ်စေ၍ စကားပြောစေခြင်း ဆွေးနွေးစေခြင်း။
> (၁၁ မှ ၁၄-အထိ တန်းခိုးများသည် ဗြဟ္မာ၏ရှေ့မှောက်၌ နိမ္မိတရုပ်ကို ၄-မျိုးအားဖြင့် ဖန်ဆင်းသော တန်းခိုးဖြစ်သည်။)
> ဤတန်းခိုး ၁၄-ပါးအနက် ၁၁-၁၂-၁၃-တန်းခိုးများ သည်သာ ကိုယ်ကာယဖြင့် မိမိ အလိုကို တိုက်ရိုက်ဖြစ်စေသည် ဖြစ်သောကြောင့် ကာယေန ဝသ ဝတ္တန တန်းခိုးမည်သည်။ ကျန် တန်းခိုး ၁၁-ပါးမှာမူ စိတ်၏အစွမ်းဖြင့် ဖြစ်စေခြင်း ဖြစ်သည်၊ သိုရာတွင် ကိုယ်အလိုကို ဖြစ်စေသော ကာယေန ဝသ ဝတ္တန တန်းခိုး၏ ရှေ့သွား ဖြစ်သောကြောင့် ယင်း ကာယေန ဝသ ဝတ္တန တန်းခိုး၌ ထည့်သွင်း ပြထားသည်။
> မဟာဋီကာ ဆရာက - ဗြဟ္မာ၏ရှေ့မှောက်၌ နိမ္မိတရုပ်ကို ဖန်ဆင်းပြုခြင်းသည် “ဤသူက တန်းခိုးရှင်လေလော ဤသူက နိမ္မိတရုပ်လေလော ဟု ဗြဟ္မာအား ယုံမှား သံသယကို ဖြစ်စေလောက်အောင် အထွတ်အထိပ် တန်းခိုးဖြစ်သည်။ သို့ဖြစ်၍ ၁၄-ပါးသော တန်းခိုး အသီးအသီးပင် ကိုယ်ကာယအလိုကို ဖြစ်စေသည့် တန်းခိုးများဖြစ် သောကြောင့် ကာယေန ဝသ ဝတ္တန တန်းခိုးပြာဋိဟာ မည်သည်သာတည်း - ဟု မိန့်သည်။]
---
ဧတ္ထ စ ယံ သော ဣဒ္ဓိမာ ဣဝ ဋ္ဌိတော ဒိဗ္ဗေန စက္ခုနာ ရူပံ ပဿတိ၊ ဒိဗ္ဗာယ သောတဓာတုယာ သဒ္ဒံ သုဏာတိ၊ စေတောပရိယဉာဏေန စိတ္တံ ဇာနာတိ၊ န ဧတ္တာဝတာ ကာယေန ဝသံ ဝတ္တေတိ။ ယမ္ပိ သော ဣဓေဝ ဌိတော တေန ဗြဟ္မုနာ သဒ္ဓိံ သန္တိဋ္ဌတိ သလ္လပတိ သာကစ္ဆံ သမာပဇ္ဇတိ၊ ဧတ္တာဝတာပိ န ကာယေန ဝသံ ဝတ္တေတိ။ ယမ္ပိ'ဿ ဒုရေပိ သန္တိကေ အဓိဋ္ဌာတီတိ အာဒိကံ အဓိဋ္ဌာနံ၊ ဧတ္တာဝတာပိ န ကာယန ဝသံ ဝတ္တေတိ။ ယမ္ပိသော ဒိဿမာနေန ဝါ အဒိဿမာနေန ဝါ ကာယေန ဗြဟ္မလောကံ ဂစ္ဆတိ၊ ဧတ္တာဝတာပိ န ကာယေန ဝသံ ဝတ္တေတိ။ ယဉ္စ ခေါ သော တဿ ဗြဟ္မုနော ပုရတော ရူပံ အဘိနိမ္မိနာတီတိ အာဒိနာ နယေန ပုတ္တဝိဓာနံ အာပဇ္ဇတိ၊ ဧတ္တာဝတာ ကာယေန ဝသံ ဝတ္တေတိ နာမ။ သေသံ ပနေ'တ္ထ ကာယေန ဝသံ ဝတ္တနာယ ပုဗ္ဗဘာဂဒဿနတ္ထံ ဝုတ္တန္တိ အယံ တာဝ အဓိဋ္ဌာနာ ဣဒ္ဓိ။
ဟု-အဋ္ဌကထာ (ဒု၊နှာ-၃၄) ၌ မိန့်သည်။
ဋီကာ (ဒု၊နှာ-၃၄)၌လည်း--
ဣဒါနိ ယာနိ တာနိ “ယာဝ ဗြဟ္မလောကာပိ ကာယေန ဝသံ ဝတ္တေတီ”တိ ပါဠိယာ အတ္ထဒဿနဝသေန ဝိဘတ္တာနိ “ဒူရေပိ သန္တိကေ အဓိဋ္ဌာတီ”တိ အာဒီနိ စုဒ္ဒသ ပါဋိဟာရိယာနိ။ တတ္ထ သိခါပတ္တံ ကာယေန ဝသဝတ္တနပါဋိဟာရိယံ ဒဿေတုံ “ဧတ္ထ စာ”တိ အာဒိ ဝုတ္တံ။ .....`ယဉ္စ ခေါ' တိ ဧတ္ထ ခေါ-သဒ္ဒေါ အဝဓာရဏတ္ထော ဝိသေသတ္ထော ဝါ၊ တေန ဣဒမေဝေတ္ထ ကာယေန ဝသဝတ္တနပါဋိဟာရိယေသု ဥက္ကဋ္ဌတရန္တိ ဒီပေတိ။ ကသ္မာ။ “အယံ နု ခေါ ဣဒ္ဓိမာ အယံ နု ခေါ နိမ္မိတော”တိ ဧကစ္စဿ ဗြဟ္မုနော အာသင်္ကုပွါဒနတော။ ယဒဂ္ဂေန စေ'တံအဓိဋ္ဌိတံ ဝိသေသတော မနောမယန္တိ ဝုစ္စတိ၊ တဒတ္တေန ဥက္ကဋ္ဌတရန္တိ ဒဋ္ဌဗ္ဗံ။
ဟူ၍မိန့်သည်။ အနက် ထင်ရှား၏။
အဓိဋ္ဌာနိဒ္ဓိ ပြီး၏။
---
ဝိကုဗ္ဗနိဒ္ဓိ မနောမယိဒ္ဓိ ၂-ပါး ထူးခြားချက် [၁]
ဝိကုဗ္ဗနိဒ္ဓိ မနောမယိဒ္ဓိ နှစ်ပါးတို့ သည်လည်း အဓိဋ္ဌာန်၏ အစွမ်းအားဖြင့် ပြီးသော်လည်း အဓိဋ္ဌာနိဒ္ဓိနှင့်၎င်း အချင်းချင်း၎င်း ဤသို့ ထူးပြားကုန်၏ဟု ပြုခြင်းငှါ --
> [၁။ ဝိကုဗ္ဗနိဒ္ဓိ။ ။ မိမိ၏ ပကတိ အသွင် သဏ္ဌာန်ကို ပယ်ဖျောက်၍ သူငယ် အသွင် သဏ္ဌာန် နဂါးအသွင်သဏ္ဌာန် စသည် ဖန်ဆင်းခြင်း၊ မိမိကိုယ်ကို မဖန်ဆင်းပဲ တခြား ဆင်
> တကောင် ဖြစ်အောင် ဖန်ဆင်းပြခြင်း စသည်သည် ထူးထူးခြားခြား အမျိုးမျိုး ပြုလုပ် ဖန်ဆင်းသည့် တန်းခိုး “ဝိကုဗ္ဗနိဒ္ဓိ” မည်၏။ (ဝိ = အထူးထူး။ ကုဗ္ဗန = ပြုသည်။ ဣဒ္ဓိ = တန်းခိုး။ ဝိကုဗ္ဗနိဒ္ဓိ = အထူးထူး ပြုလုပ် ဖန်ဆင်းနိုင်သော တန်းခိုး။)
> မနောမယိဒ္ဓိ၊ ။ တန်းခိုးရှင်နှင့် အသွင်သဏ္ဌာန်တူသော ခန္ဓာကိုယ်တခုကို ဖြစ်စေ အများဖြစ်စေ မိမိ၏ခန္ဓာကိုယ် အတွင်းမှ ထွင်းဖောက်ပေါ်ထွက်လာပုံကို ဖန်ဆင်းပြခြင်း သည် စိတ်ဖြင့်ပြီးသော တန်းခိုး “မနောမယိဒ္ဓိ” မည်၏။]
---
ဝိကုဗ္ဗနိဒ္ဓိ
ဝိကုဗ္ဗနံ တာဝ ကရောန္တေန သော ပကတိဝဏ္ဏံ ဝိဇဟိတွာ ကုမာရကဝဏ္ဏံ ဝါ ဒဿေတိ၊ နာဂ-သုပဏ္ဏ- အသုရ- ဣန္ဒ- ဒေဝ- ဗြဟ္မ- သမုဒ္ဒ- ပဗ္ဗတ- သီဟ- ဗျဂ္ဃ- ဒီပိဝဏ္ဏံ ဝါ ဒဿတိ၊ ဟတ္ထိမ္ပိ ဒဿေတိ၊ အဿမ္ပိ။ ရထမ္ပိ။ ပတ္တိမ္ပိ ဒဿေတိ၊ ဝိဝိဓမ္မိ သေနာဗျူဟံ ဒဿေတီတိ ဧဝံ ဝုတ္တေသု ကုမာရကဝဏ္ဏာဒီသု ယံ ယံ အာကင်္ခတိ၊ တံ တံ အဓိဋ္ဌာတဗ္ဗံ။
အဓိဋ္ဌဟန္တေန စ ပထဝီကသိဏာဒီသု အညတရာရမ္မဏတော အဘိညာ- ပါဒကဇ္ဈာနတော ဝုဋ္ဌာယ အတ္တနော ကုမာရကဝဏ္ဏော အာဝဇ္ဇိတဗ္ဗော။ အာဝဇ္ဇိတွာ ပရိကမ္မာဝသာနေ ပုန သမာပဇ္ဇိတွာ ဝုဋ္ဌာယ ဧဝရူပေါ နာမ ကုမာရကော ဟောမီတိ အဓိဋ္ဌာတဗ္ဗံ။ သဟ အဓိဋ္ဌာနစိတ္တေန ကုမာရကော ဟောတိ ဒေဝဒတ္တော ဝိယ။ ဧသ နယော သဗ္ဗတ္ထ။
“ဟတ္ထိမ္ပိ ဒဿေတီ” တိအာဒိ ပနေတ္ထ ဗဟိဒ္ဓါပိ ဟတ္ထိအာဒိဒဿနဝသေန ဝုတ္တံ။ တတ္ထ “ဟတ္ထီ ဟောမီ”တိ အနဓိဋ္ဌဟိတွာ “ဟတ္ထီ ဟောတူ”တိ အဓိဋ္ဌာတဗ္ဗံ၊ အဿာဒီသုပိ ဧသေဝ နယောတိ အယံ ဝိကုဗ္ဗနာ ဣဒ္ဓိ။
၁။ တာဝ၊ ရှေးဦးစွာ။
ဝိကုဗ္ဗနံ၊ အမျိုးမျိုးပြုလုပ်ဖန်ဆင်းခြင်းကို။
ကရောန္တေန၊ ပြုသောသူသည်။
သော၊ ထိုတန်းခိုးရှင်သည်။
ပကတိဝဏ္ဏံ၊ မိမိ၏ပကတိသဏ္ဌာန်ကို။
ဝိဇဟိတွာ၊ ပယ်စွန့်၍။
ကုမာရကဝဏ္ဏံ ဝါ၊ သူငယ်သဏ္ဌာန်ကိုမူလည်း။
ဒဿေတိ၊ ပြ၏။
နာဂ သုပဏ္ဏ အသုရ ဣန္ဒ ဒေဝ ဗြဟ္မ သမုဒ္ဒ ပဗ္ဗတ သီဟ ဗျဂ္ဃ ဒီပိဝဏ္ဏံ ဝါ၊ နဂါး, ဂဠုန် အသုရာ သိကြား, နတ် ဗြဟ္မာ သမုဒ္ဒရာ တောင် ခြင်္သေ့ ကျား ကျားသစ် သဏ္ဌာန် ကိုမူလည်း။
ဒဿေတိ၊ ပြ၏။
ဟတ္ထိမ္ပိ၊ ဆင်ကိုလည်း။
ဒဿေတိ၊ ပြ၏။
အဿမ္ပိ၊ မြင်းကိုလည်း။
ရထမ္ပိ၊ ရထားကိုလည်း။
ပတ္တိမ္ပိ၊ ခြေသည်သူရဲကိုလည်း။
ဒဿေတိ၊ ပြ၏။
ဝိဝိဓံ၊ အထူးထူးသော။
သေနာဗျူဟမ္ပိ၊ စစ်သည် အပေါင်းကိုလည်း။
ဒဿေတိ၊ ပြ၏။
ဣတိဧဝံ၊ ဤသို့။
ဝုတ္တေသု၊ ဆိုအပ်ခဲ့ကုန်သော။
ကုမာရကဝဏ္ဏာဒီသု၊ သူငယ်သဏ္ဌာန် အစရှိသည်တို့တွင်။
ယံယံ၊ အကြင်အကြင် သဏ္ဌာန်ကို။
အာကင်္ခတိ၊ အလိုရှိ၏။
တံတံ၊ ထိုထိုသဏ္ဌာန်ကို။
အဓိဋ္ဌာတဗ္ဗံ၊ အဓိဋ္ဌာန်အပ်၏။
စ၊ ဆက်၍ဆိုအံ့။
အဓိဋ္ဌဟန္တေန၊ အဓိဋ္ဌာန်သော ယောဂီသည်။
ပထဝီ ကသိဏာဒီသု၊ ပထဝီကသိုဏ်း အစရှိသည်တို့တွင်။
အညတရာရမ္မဏတော၊ တပါးပါးသော ကသိုဏ်းလျှင် အာရုံ ရှိသော။
အဘိညာပါဒကဈာနတော၊ အဘိညာဉ်၏ အခြေဖြစ်သော ဈာန်မှ။
ဝုဋ္ဌာယ၊ ထ၍။
အတ္တနော၊ မိမိ၏။
ကုမာရကဝဏ္ဏော၊ သူငယ်အသွင်သဏ္ဌာန်ကို။
အာဝဇ္ဇိတဗ္ဗော၊ ဆင်ခြင်အပ်၏။
အာဝဇ္ဇိတွာ၊ ဆင်ခြင်၍။
ပရိကမ္မာ၀သာနေ၊ ပရိကမ်အဆုံး၌။
ပုန၊ တဘန်။
သမာပဇ္ဇိတွာ၊ ဝင်စား၍။
ဝုဋ္ဌာယ၊ ထ၍။
ဧဝရူပေါ၊ ဤသို့သဘောရှိသော။
ကုမာရကောနာမ၊ သူငယ်မည်သည်။
ဟောမိ၊ ဖြစ်လို၏။
ဣတိ၊ ဤသို့။
အဓိဋ္ဌာတဗ္ဗံ၊ အဓိဋ္ဌာန်အပ်၏။
အဓိဋ္ဌာနစိတ္တေန၊ အဓိဋ္ဌာန်စိတ်နှင့်။
သဟ၊ တကွ။
ကုမာရကော၊ သူငယ်သည်။
ဟောတိ၊ ဖြစ်၏။
ကုမာရကော ဝိယ၊ အဘယ်ကဲ့သို့နည်း။
ဒေဝဒတ္တော ဝိယ၊ ဒေဝဒတ်ကဲ့သို့တည်း။ ။
သဗ္ဗတ္ထ၊ အလုံးစုံသော နဂါးအသွင် စသည်တို့၌။
ဧသနယော၊ ဤသူငယ် အသွင် နည်းတူတည်း။
ပန၊ ဆက်၍ဆိုအံ့။
ဧတ္ထ၊ ဤဝိကုဗ္ဗနိဒ္ဓိ၌။
ဟတ္ထိမ္ပိ ဒဿေတီတိအာဒိ၊ ဟတ္ထိမ္ပိ ဒဿေတိ အစရှိသော ဤစကားကို။
ဗဟိဒ္ဓါပိ၊ အပ၌လည်း။
ဟတ္ထိအာဒိဒဿနဝသေန၊ ဆင် စသည်ကို ဖန်ဆင်း၍ ပြသည်၏ အစွမ်းအားဖြင့်။
ဝုတ္တံ၊ ဆိုအပ်၏။
တတ္ထ၊ ထိုအပ၌ ဆင် စသည်ကို ဖန်ဆင်း၍ပြရာ၌။
ဟတ္ထီ ဟောမီတိ၊ မိမိကိုယ်တိုင် ဆင် ဖြစ်အံ့ဟူ၍။
အနဓိဋ္ဌဟိတွာ၊ အဓိဋ္ဌာန်မပြုမူ၍။
ဟတ္ထီ ဟောတူတိ၊ ဆင်ဖြစ်စေသောဟု။
အဓိဋ္ဌာတဗ္ဗံ၊ အဓိဋ္ဌာန်အပ်၏။
အဿာဒီသုပိ၊ မြင်း စသည်ကို ဖန်ဆင်းရာတို့၌လည်း။
ဧသေဝ နယော၊ ဤနည်းကဲ့သို့ပင်တည်း။
ဣတိအယံ၊ ဤ ဆိုအပ်ခဲ့ပြီးသည်ကား။
ဝိကုဗ္ဗနာ၊ အမျိုးမျိုး ပြုလုပ် ဖန်ဆင်းသော။
ဣဒ္ဓိ၊ တန်းခိုးမည်၏။
---
၁။ မနေနာမယံ၊ စိတ်တန်ခိုးဖြင့်ပြီးသော ကိုယ်ကို၊ ကတူကခုမော် ပန၊ ပြုလိုသေ၁ တန်းခိုးရှင်သည်ကား။ ပါဒကာန၊ပါဒကဈာန်မှ။ ဝုဋ္ဌောဃ၊ထ၍ ကာယံ၊မိမိ၏ ကရဇ ကာယကို၊ တာဝ၊ ရှေးဦးကွာ။ အာဝဇ္ဈိတွာ၊ ဆင်ခြင်၍ ဝုတ္တနှယေနေဝ၊ ဆိုအပ်ခဲ့ပြီးသော
နည်းဖြင့်သာလျှင်၊ အယံ ကာယော၊ ဤကိုယ်သည်။ သုသိရော၊ အခေါင်းရှိသည်။ ဟောဘု၊ ဖြစ်စေသတည်း။ ဣတိ၊ ဤသို့။ အဓိဋ္ဌာတိ၊ အဓိဋ္ဌာန်အံ့။ သုသိရော၊ အခေါင်းရှိသည်။ ဟောတိ၊ ဖြစ်၏။
အထ၊ ထိုအခါ၌။ အဿ၊ ထိုအဓိဋ္ဌာန်သော တန်းခိုးရှင်၏။ အဋ္ဌန္တရေးကိုယ်တွင်း၌၊ အညံ။ တပါးသော။ ကာယ၊ မိမိဖန်ဆင်းလိုသော မနောမယ ကာယကို အာ ၊ ဆင်ခြင်၍၊ ပရိကပ္ပံ ကတြာ၊ အစီအရင် ပရိကံပြု၍။ ဝုတ္တနယေနေဝ၊ ဆိုအပ်ပြီးသော “သူသိရော ဟောတူ အစရှိသော နည်းဖြင့်သာလျှင်။ အတီး အဓိဋ္ဌာန်၏၊ တဿ၊ ထိုအဓိဋ္ဌာန် တန်းခိုး ရှင်၏။ အရေ၊ ကိုယ်တွင်း၌။ အညာ၊ တပါးသော။ ကာ၊ တန်းခိုးဖြင့် ပြီးသော ကိုယ်သည်။
°ာတိ၊ ဖြစ်၏။ သော၊ ထိုတန်းခိုးရှင်သည်။ တံ၊ ထိုတန်းခိုးဖြင့် ပြီးသော ကိုယ်ကို၊ မုဉ္စမှာ၊ ဖြူဆီမြက်မှ၊ ဤသိကံ၊ ဖူဆံညှောက်ကို။ အာဟတိ ဝိယ စ ထုတ်သကဲ့သို့ ၎င်း။ ကောသိယာ၊ သန်လျက်အိမ်မှ အသိ'၊ သန်လျက်ကို။ အဟတိ ဝိယ စ။ ထုတ် သကဲ့သို့၎င်း၊ ကရာ၊ မြွေပမြုပ်မှု၊ အဟိ” မြွေကို၊ အာဟတိ ဝိယ စ၊ ထုတ်သကဲ့သို၎င်း။ အာဟတိ၊ တန်းခိုးဖြင့် ထုတ်နုတ်၏။
စ ဆက်၍ဆိုအံ့။ ဧတ္ထ၊ ဤမနောမယိဒ္ဓိ၌ ဤသိကာဒဿာ၊ ဖြာဆံညှောက် စသည် တို့သည်။ မုဉ္စဒီဟိ၊ ဆံမြက် စသည်တို့နှင့်။ သဒိသား တူကုန်သည်။ ဟောန္တိ ယထာ။ ဖြစ်ကုန်သကဲ့သို့၊ ဧဝံထား ထိုအတူ။ မနောမယရူပ၊ တန်းခိုးစိတ်ဖြင့် ပြီးသော အဆင်း အသွင် သဏ္ဌာန်သည်။ ဣဒ္ဓိမတော၊ တန်းခိုးရှင်နှင့်၊ သဒိသမေ၀၊ တူသည်သာလျှင် ဟောကိ ဖြစ်၏။ ဣတိ ဣမံ အတ္ထိ၊ ဤအနက်ကို၊ ဒဿနတ္တံ၊ ပြုခြင်းငှါ။ ဧတာ ဥပမာ၊ ထိုဥပမာဘိုကိုး။ ဣတ္တာ၊ ဆိုအပ်ကုန်၏။
ဣတိအယံ၊ ဤဆိုအပ်ခဲ့ပြီးသော တန်းခိုးသည်။ “မနောမယာ၊ စိတ်ဖြင့်ပြီးသော။ ဣဒ္ဓိ၊ တန်းခိုး မည်၏။
မနောမယိဒ္ဓိ
မနောမယံ ကာတုကာမော ပန ပါဒကဈာနတော ဝုဋ္ဌာယ ကာယံ တာဝ အာဝဇ္ဇိတွာ ဝုတ္တနယေနေဝ `သုသိရော ာတူ'တိ အဓိဋ္ဌာတိ၊ အကြင်ရဟန်းသည် မနောမယကို ပြုလိုသည်ဖြစ်၍ ပါဒကဈာန်မှ ထပြီးလျှင် ရှေးဦးစွာ ကိုယ်ကို ဆင်ခြင်ပြီး၍ ဆိုအပ်ပြီးသော နည်းအားဖြင့်သာလျှင် “အပေါက်ရှိပါစေ” ဟူ၍ အဓိဋ္ဌာန်ပြု၏။ သုသိရော ဟောတိ။ အပေါက်ရှိသည် ဖြစ်၏။
အထ ́ဿ အဗ္ဘန္တရေ အညံ ကာယံ အာဝဇ္ဇိတွာ ပရိကမ္မံ ကတွာ ဝုတ္တနယေနေဝ အဓိဋ္ဌာတိ၊ ထိုနောက် ထိုရဟန်း၏ အတွင်း၌ အခြားကိုယ်ကို ဆင်ခြင်၍ ပရိကံပြုပြီးလျှင် ဆိုအပ်ပြီးသောနည်းအားဖြင့်သာ အဓိဋ္ဌာန်ပြု၏။ တဿ အဗ္ဘန္တရေ အညော ကာယော ဟောတိ။ ထိုရဟန်း၏ အတွင်း၌ အခြားကိုယ် ဖြစ်၏။
သော တံ မုဉ္ဇမှာ ဤသိကံ ဝိယ ကောသိယာ အသိံ ဝိယ ကရဏ္ဍာ အဟိံ ဝိယ စ အဗ္ဗာဟတိ။ ... ထိုရဟန်းသည် ထိုကိုယ်ကို ဖြူဆံမြက်မှ အညှောက်ကို ဆွဲထုတ်သကဲ့သို့၎င်း၊ သန်လျက်အိမ်မှ သန်လျက်ကို ထုတ်နုတ်သကဲ့သို့၎င်း၊ မြွေပခြုပ်မှ မြွေကို ထုတ်နုတ်ဆွဲငင်သကဲ့သို့၎င်း တန်းခိုးဖြင့် ထုတ်နုတ်ဆွဲငင်၏။
ဧတ္ထ စ ယထာ ဤသိကာဒယော မုဉ္ဇာဒီဟိ သဒိသာ ဟောန္တိ၊ ဧဝံ မနောမယရူပံ ဣဒ္ဓိမတာသဒိသမေ၀ ဟောတီတိ ဒဿနတ္ထံ ဧတာ ဥပမာ ဝုတ္တာတိ အယံ မနောမယာ ဣဒ္ဓိ။ ဤ၌ တစ်ဖန် အညှောက်စသည်တို့သည် ဖြူဆံမြက်စသည်တို့နှင့် အဘယ်သို့တူကုန်သကဲ့သို့ ဤသို့လျှင် မနောမယရုပ်သည် ဣဒ္ဓိရှင်နှင့် အတူသာလျှင် ဖြစ်သည်ဟု ပြဆိုခြင်းငှာ ဤဥပမာတို့ကို ဆိုအပ်ကုန်ပြီ။ ဤသည်မှာ မနောမယိဒ္ဓိပေတည်း။
ဟူ၍ (အဋ္ဌကထာ၊ဒု၊နှာ-၃၅-၆၌) မိန့်အပ်ပြီ။
---
ဋီကာ(ဒု၊နှာ-၃၄၊၃၅) ၌လည်း
ပကတိဝဏ္ဏဝိဇဟနံ နာမ အတ္တနော ပကတိရူပဿ အညေသံ အဒဿနံ၊ န သဗ္ဗေနသဗ္ဗံ နိရောဓနံ။ ပကတိအဆင်းကို စွန့်ခြင်းမည်သည်ကား မိမိ၏ ပကတိရုပ်ကို အခြားသူတို့အား မမြင်ခြင်းပေတည်း။ အလုံးစုံချုပ်ငြိမ်းခြင်း မဟုတ်ပေ။
'ကုမာရကဝဏ္ဏန္တိ' ကုမာရကသဏ္ဌာနံ။ 'ကုမာရကဝဏ္ဏ' ဟူသည်မှာ ကုမာရက၏ သဏ္ဌာန်တည်း။ 'ဟတ္ထိမ္ပိ ဒဿေတီ ́တိ အတ္တာနံ ဟတ္ထိံ ကတွာ ဒဿေတိ၊ ဗဟိဒ္ဓါပိ ဟတ္ထိံ ဒဿေတိ။ 'ဟတ္ထိကိုလည်း ပြပေ၏' ဟူသည်ကား မိမိကိုယ်ကို ဆင်ပြု၍ ပြပေ၏။ အပြင်၌လည်း ဆင်ကို ပြပေ၏။
'ကုမာရကဝဏ္ဏံ ဝါ'တိ အာဒီသု အနိယမတ္ထော ဝါ-သဒ္ဒေါ ဝုတ္တော။ တေသု ဧကေကဿေဝ ကရဏဒဿနတ္ထံ။ 'ဟတ္ထိမ္ပီ'တိအာဒီသု ပန ဟတ္ထိအာဒီနံ ဗဟူနံ ဧကဇ္ဈံ ကာတဗ္ဗဘာဝဒဿနတ္ထံ သမုစ္စယတ္ထော ပိ-သဒ္ဒေါ ဝုတ္တော။ 'ကုမာရကဝဏ္ဏံ ဝါ' အစရှိသည်တို့၌ ဝါ-ပုဒ်ကို မမြဲသောအနက်ဖြင့် ဆိုအပ်၏။ ထိုပုဒ်တို့တွင် တစ်ခုတစ်ခုကိုသာ ပြုခြင်း ပြသခြင်း အလို့ငှာ ဖြစ်၏။ 'ဟတ္ထိမ္ပိ' အစရှိသည်တို့၌မူကား ဆင်အစရှိသည်တို့ များစွာကို တစ်စုတည်း ပြုအပ်သည်၏ အဖြစ်ကို ပြသခြင်း အလို့ငှာ ပိ-ပုဒ်ကို စုစည်းခြင်းအနက်ဖြင့် ဆိုအပ်၏။
ဣဒ္ဓိမတော အတ္တနော ကုမာရကာကာရေန ပရေသံ ဒဿနံ ကုမာရက- ဝဏ္ဏနိမ္မာနံ၊ န ဧတ္ထ ကိဉ္စိ အပုဗ္ဗံ ပထဝီအာဒိဝတ္ထု နိုပ္ဖါဒိယတီတိ ကသိဏနိယမေန ပယောဇနာဘာဝတော 'ပထဝီကသိဏာဒီသု အညတရာရမ္မဏတော'တိ ဝုတ္တံ။ သတိပိ ဝါ ဝတ္ထုနိပ္ဖါဒနေ ယထာရဟံ တံ ပထဝီကသိဏာ- ဒိဝသေနေဝ ဣဇ္ဈတီတိ ဧဝမ္ပေတ္ထ ကသိဏနိယမေန ပယောဇနံ နတ္ထေဝ။ ကုမာရကဝဏ္ဏဉှိ ဒဿန္တေန နီလဝဏ္ဏံ ဝါ ဒဿေတံ သိယာ၊ ပီတာဒီသု အညတရဝဏ္ဏံ ဝါ။ တထာ သတိ နီလာဒိကသိဏာနိ သမာပဇ္ဇိတဗ္ဗာနီတိ အာပန္နော၀ ကသိဏနိယမော။ ဧသေဝ နယော သေသေသုပိ။ ဣဒ္ဓိရှင်၏ မိမိကိုယ်ကို ကုမာရကအသွင်ဖြင့် သူတပါးတို့အား ပြသခြင်းသည် ကုမာရကဝဏ္ဏနိမ္မာနမည်၏။ ဤ၌ အသစ်ဖြစ်သော မြေကြီးစသော ဝတ္ထုတစ်ခုခုမျှကို မဖြစ်စေရ။ ထို့ကြောင့် ကသိုဏ်းဖြင့် မြဲမြံစွာ ပြုခြင်းဖြင့် အကျိုးမရှိသောကြောင့် 'ပထဝီကသိုဏ်း အစရှိသည်တို့တွင် တစ်ခုခုကို အာရုံပြုရသည်' ဟူ၍ ဆိုအပ်၏။ ဝတ္ထုကို ဖြစ်စေသော်လည်း သင့်လျော်သလို ထိုဝတ္ထုသည် ပထဝီကသိုဏ်းစသည်တို့၏ အစွမ်းဖြင့်သာ ပြီးစီးနိုင်၏။ ဤသို့ဖြစ်လင့်ကစား ဤ၌ ကသိုဏ်းဖြင့် မြဲမြံစွာ ပြုခြင်းဖြင့် အကျိုးမရှိသည်သာ ဖြစ်၏။ ကုမာရကဝဏ္ဏကို ပြသည်ရှိသော် နီလဝဏ္ဏကိုလည်း ပြကောင်း၏။ ပီတအစရှိသည်တို့တွင် တစ်ပါးပါးသော အဆင်းကိုလည်း ပြကောင်း၏။ ထိုသို့ဖြစ်သော် နီလကသိုဏ်းစသည်တို့ကို ဝင်စားအပ်သည်ဖြစ်၍ ကသိုဏ်းဖြင့် မြဲမြံစွာ ပြုခြင်းဟူသည်မှာ ရောက်ပြီးသာလျှင် ဖြစ်၏။ ဤနည်းသည် ကျန်သည်တို့၌လည်းကောင်း။
ဟူ၍ မိန့်အပ်၏။
---
မုဉ္ဇမှာ၊ ဖြူဆံမြက်မှ။
ဤသိကံ၊ အညှောက်ကို။
ကောသိယာ၊ သံလျက်အိမ်မှ။
အသိံ၊ သန်လျက်ကို။
ကရဏ္ဍာ၊ မြွေပခြုပ်မှ။
ဝါ၊ မြွေရေလဲမှ။
အဟိံ၊ မြွေကို။
အဗ္ဗာဟတိဝိယစ၊ ထုတ်နုတ်ဆွဲငင်သကဲ့သို့၎င်း။
အဗ္ဗာဟတိ၊ တန်းခိုးဖြင့် ထုတ်နုတ်၏ ဟု - အနက်သမ္ဗန်။
အကြွင်း ထင်ရှား၏။
ဣဒ္ဓိဝိဓ ပြီး၏။
ဒိဗ္ဗသောတ အဘိညာဉ်
ဒိဗ္ဗသောတအဘိညာကို ရလိုသော ပုဂ္ဂိုလ်သည် ရှေးနည်းတူစွာ စုဒ္ဒသာကာရ [၁] ဖြင့် စိတ်ကို ဆုံးမလျက် အင်္ဂါရှစ်ပါး ဘူမိ ပါဒ ပဒ မူလ တရားတို့ကို ပြည့်စုံစေပြီး၍ အဘိညာပါဒကဈာန်ကို ဝင်စားပြီး ထပြီးလျှင် ဒိဗ္ဗသောတ ဉာဏ်၏ ပရိကမ် အစွမ်းဖြင့် ဖြစ်သော ခဏိက သမာဓိဖြင့် တည်ကြည်သော ပရိကမ္မသမာဓိစိတ်ဖြင့် ပကတိ “သောတပထ” ဝေးလှသော အရပ်၌ ကျယ်မြင့် ရုန့်ရင်းသော ခြင်္သေ့ ကျားသစ် ကြိုးထစ် ချုန်းဟုန်းသော မိုးသံ စသည်ကို ရှေးဦးစွာ ဆင်ခြင်၍ အစဉ်အတိုင်း ကျောင်း၌ ခေါင်းလောင်းသံ စည်သံ ခရုသင်းသံ ကျယ်လောင်စွာ စာအံသံ ပကတိ စကားပြောသံ ငှက်သံ လေသံ ခြေသံ ရေဆူပွက်သော အသံ နေပူ၍ ထန်းရွက်ခြောက် မည်သံ ခြ ပရွက်သံ စသော သိမ်မွေ့သော အသံတိုင်အောင် ဆင်ခြင်အပ်၏။
[၁။ စုဒ္ဒသာကာရ = အဘိညာဏ်ရကြောင်း အခြင်းအရာ ၁၄-ပါး။]
သို့ ဆင်ခြင်၍ စိတ်မှာ ထင်လတ်သော် အရပ်ရှစ်မျက်နှာ၌ သြဠာရိက သုခုမအသံ ဟူသမျှကို ဆင်ခြင်အပ်၏၊ ဆင်ခြင်ဖန် များလတ်သော် ပကတိ စိတ်အားပင် ထင်ရှား၏။ ပရိကမ္မသမာဓိစိတ်အားကား အလွန် ထင်ရှားတော့သည် သာတည်း။
တဿ တေ သဒ္ဒါ ပါကတိကစိတ္တဿာပိ ပါကဋာ ဟောန္တိ။ ပရိကမ္မ- သမာဓိစိတ္တဿ ပန အတိဝိယ ပါကဋာ။ အဋ္ဌကထာ (ဒု၊နှာ-၃၈)
'ပါကတိကစိတ္တသာပီ'တိ ပါဒကဇ္ဈာနသမာပဇ္ဇနတော ပုဗ္ဗေ ပဝတ္တစိတ္တဿာပိ။ 'ပရိကမ္မသမာဓိစိတ္တဿာ' တိ ဒိဗ္ဗသောတဓာတုယာ ဥပ္ပါဒနတ္ထံ ပါဒကဇ္ဈာနံ သမာပဇ္ဇိတွာ ဝုဋ္ဌိတဿ သဒ္ဒံ အာရဗ္ဘ ပရိကမ္မကရဏဝသေန ပဝတ္တခဏိကသမာဓိစိတ္တဿ၊ ဋီကာ (မဟာ၊ဒု၊ -၃၉)
ဤသို့ ဆင်ခြင်ဖန်များလတ်သော် ထို အသံအများ တို့တွင် ထင်ရှားသော အသံတခုခုကို အာရုံပြု၍ ဒိဗ္ဗသောတအဘိညာဝီထိ ဖြစ်၏။
တာ ပရံ တသ္မိံ သောတေ ပတိတော ဟောတိ။ အဋ္ဌကထာ (ဒု၊ နှာ-၃၈)
'ပတိတော ဟောတီ'တိ ဒိဗ္ဗသောတဓာတု အန္တောဂတော ဟောတိ၊ အပ္ပနာစိတ္တဿ ဥပ္ပတ္တိတော ပဘုတိ ဒိဗ္ဗသောတဉာဏလာဘီ နာမ ဟောတိ၊ န ဒါနိဿ တဒတ္ထံ ဘာဝနာဘိယောဂေါ ဣစ္ဆိတဗ္ဗောတိ အတ္ထော။ ဋီကာ (မဟာ၊ဒု၊နှာ-၃၉)
---
ဒိဗ္ဗသောတဉာဏ် မြဲမြံ အားရှိအောင် ပြုလုပ်ခြင်း
ထိုရပြီးသော ဒိဗ္ဗသောတဉာဏ်ကို မြဲမြဲအားရှိအောင် ပြုလိုသော ပုဂ္ဂိုလ်သည် လက်တသစ် နှစ်သစ် လေးသစ် ရှစ်သစ် တထွာ တတောင် ခန်းတွင်း ခန်းဦး ကျောင်းတွင်း ပရိဝုဏ်တွင်း အရာမ်တွင်း ဆွမ်းခံရွာ ဇနပုဒ် စသည်တို့၏ အစွမ်းဖြင့် စကြဝဠာတိုင်အောင်၎င်း၊ ထိုထက် အလွန်၎င်း ပိုင်းခြား၍ ပိုင်းခြား၍ ကသိုဏ်းကို ဖြန့်လျက် “ဧတ္ထန္တရေ သဒ္ဒံ သုဏာမိ”ဟု ပရိကမ်ပြုကာ ပြုကာ ပွါးစေရာ၏။
ဧဝံ အဓိဂတာဘိညော ဧသ ပါဒကဈာနာရမ္မဏေန ဖုဋ္ဌောကာသဗ္ဘန္တရဂတေပိ သဒ္ဒေ ပုန ပါဒကဈာနံ သမာပဇ္ဇိတွာပိ အဘိညာဉာဏေန သုဏာတိယေဝ။ ဧဝံ သုဏန္တောဝ သစေပိ ယာဝ ဗြဟ္မာလာကာ သင်္ခ ဘေရီ ပဏဝါဒိ သဒ္ဒေဟိ ဧကကောလာဟလံ ဟောတိ၊ ပါဋိယေက္ကံ ဝဝတ္ထာပေတုကာမတာယ သတိ အယံ သင်္ခသဒ္ဒေါ အယံ ဘေရီသဒ္ဒေါတိ ဝဝတ္ထပေတုံ သက္ကောတိယေဝ။ အဋ္ဌကထာ (ဒု၊နှာ-၃၈)
ပါဒကဈာနဿ ဟိ အာရမ္မဏဘူတံ ကသိဏနိမိတ္တံ 'ဧတ္တကံ ဌာနံ ဖရတူ'တိ မနသိကရိတွာ ပါဒကဇ္ဈာနံ သမာပဇ္ဇန္တဿ ကသိဏနိမိတ္တံ တက္ကကံ ဌာနံ ဖရိတွာ တိဋ္ဌတိ။ သော သမာပတ္တိတော ဝုဋ္ဌာယ တတ္ထ ဂတေ သဒ္ဒေ အာဝဇ္ဇတိ၊ သုဘာဝိတ ဘာဝနုတ္တာ တတ္ထ အညတရံ သဒ္ဒံ အာရဗ္ဘ ဥပ္ပန္နာဝဇ္ဇာနန္တရံ စတ္တာရိ ပဉ္စ ဝါ ဇဝနာနိ ဥပ္ပဇ္ဇန္တိ။ ယေသု ပစ္ဆိမံ ဣဒ္ဓိစိတ္တံ၊ ဣတရဿ ပုနပိ ပါဒကဇ္ဈာနံ သမာပဇ္ဇိတဗ္ဗမေဝ။ တတော ဧဝ ဟိ ပါဒကဇ္ဈာနာရမ္မဏေန ဖုဋ္ဌောကာသဗ္ဘန္တရဂတေပိ သဒ္ဒေ သုဏာတိယေဝါတိ သာသင်္ကံ ဝဒတိ။ ဧကင်္ဂုလ ဒွင်္ဂုလာဒိဂ္ဂဟဏဉ္စေတ္ထ သုခုမသဒ္ဒါပေက္ခာယ ကတံ။
'ဧဝံ သုဏန္တော ဝါ'တိ ဧဝံ ပရိစ္ဆိန္ဒိတွာ ပရိစ္ဆိန္ဒိတွာ သဝနေ ဝသီကတာဘိညော ဟုတွာ ယထာဝဇ္ဇိတေ သဒ္ဒေ သုဏန္တော ဧဝ။ 'ပါဋိယေက္က'န္တိ ဧကဇ္ဈံ ပဝတ္တမာနေပိ တေ သဒ္ဒေ ပစ္စေကံ ဝတ္ထုဘေဒေန ဝဝတ္ထပေတုကာမတာယ သတိ။ ဋီကာ (ဒု၊နှာ-၃၉၊၄၀)
အနက် လွယ်သည်ချည်းတည်း။
ဒိဗ္ဗသောတ ပြီး၏။
စေတောပရိယာယ အဘိညာဉ်
ပရစိတ္တဝိဇာနန
ပရစိတ္တဝိဇာနနမည်သော စေတောပရိယာယ အဘိညာကို ဖြစ်စေလိုသော ပုဂ္ဂိုလ်သည် စေတောပရိယာယ၏ ပရိကမ်ဖြစ်၍ ဒိဗ္ဗစက္ခုအဘိညာကို ရှေးဦးစွာ ဖြစ်စေပြီး၍ အာလောကကို ပွါးစေလျက် အာလောကအတွင်းရှိ သူတပါးတို့၏ နှလုံးသွေး အဆင်းကို ရှု၍ ရှု၍ ပညောင်သီးမှည့်ကဲ့သို့ နီမူ သောမနဿ၊ သပြေသီးမှည့်ကဲ့သို့ မည်းနက်မူ ဒေါမနဿ၊ နှမ်းဆီကဲ့သို့ ကြည်လင်မူ ဥပေက္ခာသဟဂုတ်စိတ်ဟု နယဂ္ဂါဟ အနုမာနအားဖြင့် သူတပါးစိတ်ကို ရှာဖွေဆင်ခြင်ပြီး၍ ပါဒကဈာန်ကို တင်စားပြီးလျှင် 'ဣမဿ စိတ္တံ ဇာနာမိ'ဟု ပရိကမ် ပြုအပ်၏။
ကာလ အရာ အထောင်ပင် ပါဒကဈာန်ကို ဝင်စား၍ ဝင်စား၍ ပရိကမ် ပြုသည် ရှိသော် စေတောပရိယာယ အဘိညာဝီထိ ဖြစ်လာ၏။
---
“ပရစိတ္တဝိဇာနန အဘိညာဉ် မြဲမြဲ အားရှိအောင် ပြုလုပ်ခြင်းနှင့် ရရှိသော အကျိုး”
ထို အဘိညာ ထာမဂတ ဖြစ်အောင် ထိုနည်းတူစွာပင် အခါခါ အထပ်ထပ် ဝင်စားအပ်၏။ ဤသို့ အခါခါ ဝင်စား၍ အားအစွမ်းသို့ရောက်သည် ရှိသော် ဤသို့သော အာနိသင်ကို ရ၏။
ဧဝံ ထာမဂတေ ဟိ တသ္မိံ အနုက္ကမေန သဗ္ဗမ္ပိ ကာမာဝစရစိတ္တံ ရူပါဝစရာရူပါဝစရစိတ္တဉ္စ ပဇာနာတိ စိတ္တာ စိတ္တမေဝ သင်္ကမန္တော ဝိနာပိ ဟဒယရူပဒဿနေန။ ဝုတ္တမ္ပိ စေတံ အဋ္ဌကထာယံ "အာရုပ္ပေ ပရဿ စိတ္တံ ဇာနိတုကာမော ကဿ ဟဒယရူပံ ပဿတိ၊ ကဿိန္ဒြိယဝိကာရံ သြလောကေတီတိ။ န ကဿစိ။ ဣဒ္ဓိမတော ဝိသယော ဧသ ယဒိဒံ ယတ္ထ ကတ္ထစိ စိတ္တံ အာဝဇ္ဇန္တော သောဠသပ္ပဘေဒံ စိတ္တံ ဇာနာတိ။ အကတာဘိနိဝေသဿ ပန ဝသေန အယံ ကထာ"တိ။ အဋ္ဌကထာ (ဒု၊ နှာ-၃၉)
ဟဒယရူပဒဿနာဒိဝိဓာနံ ဟိ အာဒိကမ္မိကဝသေန ဝုတ္တံ။ တေနာ'ဟ --- 'ဝုတ္တမ္ပိ စေတ' န္တိအာဒိ။ 'ယတ္ထ ကတ္တစီ'တိ ပဉ္စဝေါကာရဘဝေ စတူဝေါကာရဘဝေပိ ဝါ။ န ကတော အဘိညာနုယောဂသင်္ခါတော အဘိနိဝေသော ဧတေနာတိ အကတာဘိနိဝေသော၊ တဿ၊ အာဒိကမ္မိကဿာတိ အတ္ထော။ 'အယံ ကထာ'တိ 'အာလောကံ ဝဍ္ဎေတွာ'တိအာဒိနာ ဝုတ္တပရိကမ္မကထာ။ ဋီကာ (ဒု၊နှာ-၄၂)
---
စိတ် ၁၆-မျိုး
'သောဠသပ္ပဘေဒံ စိတ္တံ့' ဟူသည်ကား ....
- သရာဂ ဝီတရာဂ
- သဒေါသ ဝီတဒေါသ
- သမောဟ ဝီတမောဟ
- သံခိတ္တ ဝိက္ခိတ္တ
- မဟဂ္ဂတ အမဟဂ္ဂတ
- သဥတ္တရ အနတ္တရ
- သမာဟိတ အသမာဟိတ
- ဝိမုတ္တ အဝိမုတ္တ
အားဖြင့် တဆဲ့ခြောက်ပါးသော စိတ်တည်း။
---
ဆောင်ပုဒ်သံပေါက်
ရာ-ဒေါ-မောဟုတ်၊ သံ-ဟဂ်-ဥတ်၊ မာ-မုတ်-ဒွဋ္ဌ၊ သောဠသ။
ပရစိတ္တဝိဇာနန ပြီး၏။
ပုဗ္ဗေနိဝါသ အဘိညာဉ်
ပုဗ္ဗေနိဝါသ
ပုဗ္ဗေနိဝါသာနုဿတိအဘိညာကို ရလိုသော ယောဂီသည် ရှေးနည်းတူစွာ အင်္ဂါရှစ်ပါး ဘူမိ ပါဒ ပဒ မူလတရားတို့ကို ပြည့်စုံစေပြီး၍ ပီဘိ သုခတို့ဖြင့် ကိုယ်စိတ်ကိုပြည့်ဖြိုး စေခြင်းငှါ ဈာန်လေးပါးကို အစဉ်အတိုင်း ဝင်စား၍ အဘိညာပါဒကဈာန်မှ ထ၍ သဗ္ဗပစ္ဆိမာ ဤနေရာ၌ ထိုင်ခြင်းကို နှလုံးသွင်းအပ်၏။ ထိုနောက် နေရာခင်းခြင်း နေရာသို့ဝင်ခြင်း သပိတ် သင်္ကန်း သိမ်းဆည်းခြင်း၊ ဆွမ်းစားခြင်း ရွာပြန်ခဲ့ခြင်း ရွာ၌ ဆွမ်းခံ လှည့်လည်ခြင်း ရွာသို့ဝင်ခြင်း ကျောင်းကထွက်ခြင်း စေတီဗောဓိကို ရှိခိုးခြင်း သပိတ်ဆေးခြင်း သပိတ်ကိုယူခြင်း မျက်နှာသစ်ခြင်း မိုးသောက် ထသောအခါ သန်းခေါင်ယာမ် ညဉ့်ဦးယမ် တညဉ့်လုံး တနေ့လုံး ပြုသမျှတို့ကို ပဋိလောမ အားဖြင့် ဆင်ခြင်ရာ၊ ပကတိစိတ်ဖြင့်ပင် မြင်၏။
ဧတ္တကံ ပန ပကတိစိတ္တဿပိ ပါကဋံ ဟောတိ။ ပရိကမ္မသမာမိစိတ္တဿ ပန အတိဝိယ ပါကဋမေဝ။ သစေ ပနေတ္ထ ကိဉ္စိ န ပါကဋံ ဟောတိ၊ ပုန ပါဒကဈာနံ သမာပဇ္ဇိတွာ ဝုဋ္ဌာယ အာဝဇ္ဇိတဗ္ဗံ။ အဋ္ဌကထာ (ဒု၊နှာ-၄၂)
ဤနည်းတူ ဒုတိယ တတိယ စတုတ္ထ ပဉ္စမနေ့ ဒသာဟ အဒ္ဓမာသ တလ နှစ်လ သုံးလ လေးလ ငါးလ တနှစ် ဆယ်နှစ် ဤဘဝပြုသမျှကိစ္စ ဤဘဝ ပဋိသန္ဓေ ရှေးအနန္တရ စုတိ နာမ် ရုပ်တိုင်အောင် ဆင်ခြင်အပ်၏။
ပဟောတိ ဟိ ပဏ္ဍိတော ဘိက္ခု ပထမဝါရေနေဝ ပဋိသန္ဓိံ ဥဂ္ဃါဋေတွာ စုတိက္ခဏေ နာမရူပမာရမ္မဏံ ကာတုံ။ အဋ္ဌကထာ (ဒု၊နှာ- ၄၂)
ပဏ္ဍိတော နာမ ဣမိဿာ အဘိညာဘာဝနာယ ကတာဓိကရော။ ဋီကာ (ဒု၊နှာ-၄၈)
သို့ဆင်ခြင်၍ မမြင်နိုင်တည့်သော်လည်း အားမလျှော့မူ၍ သစ်ပင်ကြီးကို ခုတ်သော ယောက်ျားသည် ပုဆိန်သွားကို ပြင်ဆင်တိုက်သွေးကာ သွေးကာ အခါခါ ခုတ်သကဲ့သို့ ပါဒကဈာန်မှ ထကာ ထကာ ပဋိသန္ဓေကိုသာ ဆင်ခြင်သည် ရှိသော် မကြာခင် စုတိကို အာရုံပြုနိုင်၏။ ဤသို့ ရှေးဘဝ စုတိရုပ် နာမ်ကို မြင်သောအခါမှ ပုဗ္ဗေနိဝါသာနုဿတိအဘိညာကို ရ၏။
တတ္ထ ပစ္ဆိမနိသဇ္ဇတော ပဘုဘိ ယာဝ ပဋိသန္ဓိတော အာရမ္မဏံ ကတွာ ပဝတ္တံ ဉာဏံ ပုဗ္ဗေနိဝါသဉာဏံ နာမ န ဟောတိ။ တံ ပန ပရိကမ္မသမာဓိဉာဏံ နာမ ဟောတိ။ အတီတံသ ဉာဏန္တိပိ ဧကေ ဝဒန္တိ။ တံ ရူပါဝစရံ သန္ဓာယ န ယုဇ္ဇတိ။ အဋ္ဌကထာ (ဒု၊နှာ-၄၃)
တန္တိ ပစ္ဆိမနိသဇ္ဇတော ပဘုတိ ယာဝ ပဋိသန္ဓိပဝတ္တဉာဏံ ..။ တံ ရူပါဝစရံ သန္ဓာယ န ယုဇ္ဇတီတိ တံ တေသံ ဝစနံ အတီတံသဉာဏံ စေ၊ ရူပါဝစရံ အဓိပ္ပေတံ န ယုဇ္ဇတိ ပရိကမ္မသမာဓိဉာဏဿ ကာမာဝစရ- ဘာဝတော န ဟိ အန္တရစုတိစိတ္တဿ ဩရတော ပဝတ္တခန္ဓေ အာရဗ္ဘ ရူပါဝစရစိတ္တံ ဥပ္ပဇ္ဇတီတိ ပါဠိယံ အဋ္ဌကထာယံ ဝါ အာဂတံ အတ္ထိ။ ဋီကာ (ဒု၊နှာ-၄၉)
ထိလက်ရိုး၌ ရှေ့ခုနှစ်ရက်မှစ၍ ပုဗ္ဗေနိဝါသဉာဏ်၏ အာရုံဟု ဆိုသည်ကား ဤ အဋ္ဌကထာ ဋီကာတို့နှင့် မညီ။
---
အစဉ်လျှောက်၍ အောက်မေ့ခြင်း
ဤသို့ ရှေ့ဘဝစုတိကို မြင်ရသည့်နောက် အစဉ် လျှောက်၍ အောက်မေ့သည် ရှိသော် --
သော အနေကဝိဟိတံ ပုဗ္ဗေနိဝါသံ အနုဿရတိ။ သေယျထိဒံ၊ ဧကပ္ပိ ဇာတိံ ဒွေပိ ဇာတိယော။ပ။ အနေကေပိ သံဝဋ္ဋကပ္ပေ အနေကေပိ ဝိဝဋ္ဋကပ္ပေ အနေကေပိ သံဝဋ္ဋဝိဝဋ္ဋကပ္ပေ အမုတြာသိံ ဧဝံ နာမော ဧဝံ ဂေါတ္တော ဧဝံဝဏ္ဏော ဧဝမာဟာရော ဧဝံသုခဒုက္ခံ ပဋိသံဝေဒီ ဧဝမာယုပရိယန္တော။ သော တတော စုတော အမုတြ ဥဒပါဒိံ। တကြပါသိံ ဧဝံ နာမော။ပ။ ဧဝမာယုပရိယန္တော။ သော တတော စုတော ဣဓူပပန္နောတိ။ ဣတိ သာကာရံ သဥဒ္ဒေသံ အနေကဝိဟိတံ ပုဗ္ဗေနိဝါသံ အနုဿရတိ --
ဟူ၍ (သုတ်သီလက္ခန်၊ ဗြဟ္မဇာလသုတ်-၇၆) ပါဠိတော် စသည် လာသည့် အတိုင်း အောက်မေ့နိုင်၏။
---
အသင်္ချေယျ ၄-ကပ်
ဤ၌ သံဝဋ္ဋဖြင့် သံဝဋ္ဋဋ္ဌာယီကို—ဝိဝဋ္ဋဖြင့် ဝိဝဋ္ဋဋ္ဌာယီ ကိုလည်း ယူ၍ အသင်္ချေယျ လေးကပ် ဖြစ်၏။
ပမာဏကား --
---
ဝိဝဋ္ဋဋ္ဌာယီ ကပ်သက်တမ်း စသည်
အသင်္ချေယျံ စတုသဋ္ဌိအန္တရကပ္ပသင်္ဂဟံ။ ဝီသတိ အန္တရကပ္ပသင်္ဂဟန္တိ ကေစိ။ သေသာသင်္ချေယျာနိ ကာလတော တေန သမပ္ပမာဏာနေဝ။ ဋီကာ (မဟာ ၊ဒု၊နှာ-၅၃)
---
သံဝဋ္ဋ ၃-မျိုး
ထိုတွင် သံဝဋ္ဋသည် တေဇောသံဝဋ္ဋ အာပေါသံဝဋ္ဋ ဝါယောသံဝဋ္ဋ ဟူ၍ သုံးပါး ပြား၏။
---
မီးဖျက် ကမ္ဘာ
ထိုတွင် မီးဖျက်ရာ၌ ---
ရှေးဦးစွာဖျက်၊ ကုဋေဖက်သည့်၊
သိန်းစက္ကဝါ၊ မိုးကြီးရွာသော်၊
ညီညာ ရွှင်ပျ၊ စိုက်ပျိုးကြသား၊
ဂေါဏစားလောက်၊ ပင်ငယ်ရောက်က၊
တပေါက် မကျ၊ တသိန်းမျှက၊
လောကဗျူဟာ၊ နတ်ကာမာတို့၊
မေတ္တာပွါးကြ၊ ကြီးမိဘကို၊
တုပ်ကွမြတ်လေး၊ လုပ်ကျွေးကြပါ၊
ကြွေးကြော်လာ၍၊ သတ္တဝါအများ၊
ဈာန်ကိုပွါးလျက်၊ စံလားဗြဟ္မာ၊
ကာလကြာ၍၊ ဒုတိယာ နေ။
ပေါ်လာလေသော်၊ မြစ်ငယ်ရေခြောက်၊
ညဉ့်လည်း ပျောက်၏၊ သုံးမြောက် လေးစင်း၊
ငါးစင်း ဆဋ္ဌ၊ သတ္တမ နေ၊
ပေါ်ထွက်ချေသော်၊ ခြောက်လေ မြစ်ကြီး၊
အိုင်ကြီး သမုဒြာ၊ စက္ကဝါ ခိုးထ၊
မီးလျှံကြွ၍၊ သင်္ခါရခပင်း၊
ပြာမကြွင်းခဲ့၊ ဟင်းလင်း ထက်အောက်၊
မိုက်မှောင် ရောက်သည်။
ကွယ်ပျောက် လုံးစုံ မမြဲတည်း။
အထာနုပုဗ္ဗေန မစ္ဆကစ္ဆပါပိ ကာလင်္ကတွာ ဗြဟ္မလောကေ နိဗ္ဗတ္တန္တိ၊ နေရယိကသတ္တာပိ။ တတ္ထ နေရယိကာ သတ္တမသူရိယပါတုဘာဝေ ဝိနဿန္တီတိ ဧကေ။
ဈာနံ ဝိနာ နတ္ထိ ဗြဟ္မလောကေ နိဗ္ဗတ္တိ။ ဧတေသဉ္စ ကေစိ ဒုဗ္ဘိက္ခပီဠိတာ ကေစိ အဘဗ္ဗာ ဈာနာဓိဂမာယ၊ တေ ကထံ တတ္ထ နိဗ္ဗတ္တန္တီတိ။ ဒေဝလောကေ ပဋိလဒ္ဓဈာနဝသေန [၁] ။ အဋ္ဌကထာ (ဒု၊နှာ-၄၅)
---
လောကဗျူဟာ မည်ပုံနှင့် အရကောက်
“လောကဗျူဟာ” [၂] ဟူသည် အဘယ်နတ်နည်း၊
[၁။ (နောက်ဆက်တွဲကြည့်) ကမ္ဘာပျက်သောအခါ လောကန္တရိတ် ငရဲသားများမှ တပါး ကြွင်းသော သတ္တဝါအားလုံး (အဝီစိငရဲသားတို့ပါ မကျန်) ဘေးလွတ်ရာ ဗြဟ္မာဘုံသို့ လားကြရသည်။
၂။ လောကဗျူဟာ = (လောက = သတ္တဝါများ၊ ဗျူဟာ = ပေါင်းစု စုရုံးခြင်း) သတ္တဝါတို့ကို စုရုံးပြီးလျှင် သတိပေးသောနတ်။]
လောကဗျူဟာ နာမ ကာမာဝစရဒေဝါ။ အဋ္ဌကထာ (ဒု၊နှာ-၄၅)
လောကံ ဗျူဟေန္တိ သမ္ပိဏ္ဍေန္တီတိ လောကဗျူဟာ။ တေ ကိရ ဒိသွာ မနုဿာ တတ္ထ တတ္ထ ဌိတာပိ နိသိန္နာပိ သံဝေဂဇာတာ သမ္ဘမပ္ပတ္တာ စ ဟုတွာ တေသံ အာသန္နေ ဌာနေ သန္နိပတန္တိ။ ဋီကာ (ဒု၊နှာ-၅၀)
---
နတ်တို့ ကမ္ဘာပျက်မည်ကို သိခြင်း အကြောင်း
ထိုနတ်တို့သည် ကမ္ဘာပျက်မည်ကို အဘယ်ကြောင့် သိသနည်း။
ဓမ္မတာယ စောဒိတာတိ အာစရိယာ။ တာဒိသ နိမိတ္တဒဿနေနာတိ ဧကေ။ ဗြဟ္မဒေဝတာဟိ ဥယျောဇိတာတိ အပရေ။ ဋီကာ(ဒု၊နှာ-၅၁)
ကမ္ဘာဖျက် နေခုနစ်စင်းတွင် ပထမနေသည် ပကတိနေလော၊ နေသစ်လော။
ပကတိသူရိယမဏ္ဍလံ ပန ပဘဿရတရဉ္စေဝ တေဇ၀န္တတရဉ္စ ဟုတွာ ပဝတ္တတိ။ တံ အန္တရဓာယိတွာ အညမေ၀ ဥပ္ပဇ္ဇတီတိ အပရေ။ (ဋီကာ၊ဒု၊နှာ-၅၁)
---
မြစ်ကြီး ၅-သွယ် အိုင်ကြီး ၇-ခု ဆောင်ပုဒ်
မြစ်ကြီးအိုင်ကြီးဟူသည်ကား --
ဂင်္ဂါ, ယမု၊ သရဘူ့၊ ငါးခု စီ, မဟီ။
သီဟ ဟံသ၊ ကဏ္ဏ ရထော၊ အနော, ဆဒ္ဒ၊ ကုဏာလ၊ အိုင်မ ခုနစ်လီ။
---
သံဝဋ္ဋ မည်ပုံ
ဤသို့ ကမ္ဘာဖျက်မိုးရွာသည်မှ စ၍ မီးလျှံ စဲသည်တိုင်အောင် ပျက်ဆဲကပ်သည် သံဝဋ္ဋကပ် မည်၏။
---
သံဝဋ္ဋာယီကပ် မည်ပုံ
ပျက်ပြီး၍ ဟင်းလင်းတည်သော ကပ်သည်ကား သံဝဋ္ဋာယီကပ် မည်၏။
---
ကမ္ဘာပြုမိုး
ထိုနောင်ကမ္ဘာ၊ ပြုမိုးရွာသော်၊
လောင်ရာတလျှောက်၊ လေခံ ထောက်သား၊
ခန်းခြောက်စဉ်သင့်၊ ရှေးတိုင်းဖြင့်လျှင်၊
တည်လင့် ထက်ဘုံ၊ မြေရောက်တုံသော်၊
ဝါယုံ [၁] ဆို့နေ၊ ရေစစ်ရေသို့၊
တည်နေမယို၊ ခန်းတိုင်းမိုလျက်၊
ရေချို အထက်၊ မြေချို တက်သား၊
ထိုထက်ဗြဟ္မာ၊ စုတေလာ၍၊
ရသာပထဝီ၊ ထိုမြေဆီကို၊
လုတ်ချီသုံးဆောင်၊ တဏှာလောင်လျက်၊
ကိုယ်ရောင်ကွယ်ပျောက်၊ မိုက်မှောင်ရောက်၍၊
အကြောက်ရကာ၊ ရဲကြရာဘို့၊
လျော်စွာဆန္ဒ၊ နေနှင့်လတို့၊
ပေါ်ကြထင်ရှား၊ နက္ခတ်များလည်း၊
လှည့်သွား ဖြစ်ကြ၊ တပေါင်းလဟု၊
ပုဏ္ဏရက်တွင်း၊ ဆပ်ထမင်းသို့၊
ကုန်းကျင်းစုံစွာ၊ ဖြစ်ကြလာ၏၊
ရသာမြေကို၊ စားလေတုံမြို့၊
တဏှာဖို၍၊ တချို့ မလှ၊
တချို့ လှတည်း၊ ဆင်းလှသသူ၊
မလှသူကို၊ မာန်မူသည်တွက်၊
မြေချိုညက်လည်း၊ ကွယ်ဝှက်ပြန်ဘိ၊
ဘူမိပပ္ပဋက၊ မြေလွှာမြနှင့်၊
ပဒါလတာ၊ ထို့တူလာ၏၊
ရသာလိုပေး၊ ထင်းနှင့်ဝေးသည့်၊
သလေးဆန်စင်၊ စားလေလျှင်မူ၊
မစင် ငယ်ကြီး၊ ဖြစ်ထပြီး၍၊
ယိုစီးဘို့ရာ၊ ထွက်ဘို့ငှါဟု၊
အမာဝပေါက်၊ ဘော [၂] လည်း ရောက်၏၊ တယောက် တယောက်၊ မေထုန်မြောက်အောင်၊ သွေဖောက် ယုတ်မာ၊ ကျင့်သည်တာကြောင့်၊ ပညာရှိများ၊ မြစ်တားမောင်းမဲ၊
ညှဉ်းဆဲ ပုတ်ခတ်၊ ပြုလေအပ်၍၊
ခိုကပ်ဖို့ငှါ၊ အိမ်ယာထူဆောက်၊
လူပျင်းနောက်သို့၊ နည်းလျှောက်သိမ်းဆည်း၊ ထိုကတည်းက၊ ဖွဲလည်းမြှေးယှက်၊
ရိတ်ရာကွက်မှ၊ မထွက်လာထ၊
ညည်းတွားကြ၏၊ ထားရရေးသား၊
သူ့ ပိုင်းခြားက၊ ခိုးငြားမဆိုင်၊
သုံးကြိမ်တိုင်သော်၊ စွဲကိုင်ခဲတုတ်၊ ခတ်ပုတ်ယှက်ထွေး၊ နိုင်မဟေးလို့၊
စုဝေးတိုင်ပင်၊ များထက်တင်သော၊
ဗုဒ္ဓင်္ကုမြတ်၊ ဗောဓိသတ်ကို၊
ချဉ်းလတ်ပန်ထွာ၊ သမုတ်ပါ၍၊
မဟာသမ္မတ၊ ခတ္တိယနှင့်၊
ရာဇ အပြား၊ မည်သုံးပါးဖြင့်၊
ထင်ရှားလူ့ ဘောင်၊ စတည်ထောင်ခဲ့၊
ထိုနောင် ဗြဟ္မဏ၊ အမျိုးစသည်၊
ဝဏ္ဏလေးပြား၊ ဤသို့အားဖြင့်၊
တရားသွေကွက်၊ ယွင်းချော်ပျက်၍၊
အသက်တိုလျ၊ ပါပကသည်။
ဓမ္မလူတွင် ထွန်းသတည်း။
[၁။ ဝါယုံ = ဝါယော = လေ။
၂။ ဘော = ဣတ္ထိဘော ပုမ္ဘော (ဘာဝရုပ် ၂-ပါး)။]
---
ဤ၌ ကမ္ဘာပြု မိုးရွာသောအခါ တည်ရာ မြေမရှိ၊ ကောင်းကင်အတိ ဖြစ်လျက် အောက်သို့လည်း မကျ၊ အခြား စကြဝဠသို့လည်း မစီးသွားပဲ အဘယ်သို့ ရေတည် သနည်း။
တံ ဥဒကံ ဟေဋ္ဌာ စ တိရိယဉ္စ ဝါတော သမုဋ္ဌဟိတွာ ဃနံ ကရောတိ ပရိဝဋုမံ ပဒုမိနိပတ္တေ ဥဒကဗိန္ဒုသဒိသံ။ အဋ္ဌကထာ (ဒု၊နှာ-၄၇)
သနံ ကရောတီတိ ဝိသရိတုံ အဒတွာ ပိဏ္ဍတံ ကရောတိ။ တေနာဟ ပရိဝဋုမန္တိ၊ ဝဋ္ဋဘာဝေန ပရိစ္ဆိန္နံ။ ဋီကာ (ဒု၊နှာ-၅၂)
သို့စင် များစွာသော ရေအပုံအစုကို အဘယ်သို့လျှင် တခဲနက် အပေါင်းအလုံး ပြုသနည်း။
ဝိဝရ သမ္ပဒါနတော။ တဉှိဿ တမှိ တမှိ ဝိဝရံ ဒေတိ။ အဋ္ဌကထာ (ဒု၊နှာ-၄၇)
တန္တိ ဥဒကံ၊ အဿာတိ ဝါတဿ။ ဝိဝရံ ဒေတီတိ ယထာ ဃနံ ကရောတိ သမ္ပိဏ္ဍေတိ၊ ဧဝံ တတ္ထ အန္တရံ ဒေတိ၊ ဋီကာ (ဒု၊နှာ-၅၂)
ဝိဝရ သမ္ပဒါနတော၊ အကြားအပေါက်ကို ပေးသောအားဖြင့်။
ဃနံကရောတိ၊ တခဲနက် (အပေါင်းအလုံး) ကို ပြု၏။
ဟိ သစ္စံ၊ မှန်၏။
တံ ဥဒကံ၊ ထိုရေသည်။
အဿ ဝါတဿ၊ ထိုလေအား။
တမှိ တမှိ ဌာနေ၊ ထိုထိုအရပ်၌။
ဝိဝရံ၊ အကြား အပေါက်ကို။
ဒေတိ၊ ပေး၏။
---
စကြဝဠာတပါးသို့ ရေမလျောကျပုံ
အဓိပ္ပါယ်ကား - အာဏာခေတ်စကြဝဠာ ကုဋေတသိန်းလုံး တပြင်တည်း တခဲနက် တည်သော နေအစုကို အောက်သို့ မယိုမကျအောင် အောက်ကပင့်၍ တိုက်သည်။ နံပါးလေးမျက်နှာ စကြဝဠာတပါးသို့ မစီးသွားရအောင်လည်း ရေ၏ထက်ဝန်းကျင် စကြဝဠာ ကုဋေတသိန်း အနားပတ်လည် အကြားအပေါက် ဖြစ်၍ အောက်ကလေ အထက်သို့ တက်ဆန်လာသဖြင့် အခြားစကြဝဠာသို့ မစီးသွားပဲ ရေတခဲနက် မတ်မတ်တည်၍ နေသည် ဟူလိုသည်။
ရှေး မြေကြီးတည်မြဲ အရပ်သို့ ရောက်သည်နောက် အဘယ့်ကြောင့် အောက်သို့ မကျသနည်း၊
ပုရိမ ပထဝိဋ္ဌာနံ သြတိဏ္ဏ ပန ဗလဝ ဝါကာ ဥပ္ပဇ္ဇန္တိ၊ တေ တံ ပိဟိတဒွါရေ ဓမကရဏေ ဌိတဥဒကမိဝ နိရုဿာသံ ကတွာ ရုဇ္ဈန္တိ၊ အဋ္ဌကထာ (ဒု၊နှာ-၄၇)
'ရုဇ္ဈန္တီ'တိ ယထာ ဟေဋ္ဌာ န သဝိဿတိ၊ ဧဝံ နိရောဓေန္တိ။ ဋီကာ (ဒု၊နှာ-၅၂)
နိရုဿာသံ၊ ထွက်ယိုခွင့် မရသည်ကို။
ကတွာ၊ ပြု၍။
ရုဇ္ဈန္တိ၊ ပိတ်ဆို့ တားမြစ်ကုန်၏။
ကြေးရေစစ် အထက်ပေါက်ကို ပိတ်သည်ရှိသော် အောက်လေ ပင့်သကဲ့သို့ အောက်က လေ ပြင်းစွာ ပင့်၍ လာသဖြင့် ယခုအခါတိုင်အောင်ပင် မလျှော မကျပဲ တည်မြဲတည်လေသည် ဟူလို။
“တပေါင်းလဟု၊ ပုဏ္ဏရက်တွင်း၊ ဆပ်ထမင်းသို့၊ ကုန်း ကျင်းစုံစွာ၊ ဖြစ်ကြလာ၏”ဟူသည်ကို --
စန္ဒိမ သူရိယာနံ ပန ပါတုဘာဝဒိဝသေယေဝ သိနေရု စက္ကဝါဠ ဟိမဝန္တပဗ္ဗတာ ပါတုဘဝန္တိ။ တေ စ ခေါ အပုဗ္ဗံ အစရိမံ ဖဂ္ဂုဏပုဏ္ဏမဒိဝသေယေဝ ပါတုဘဝန္တိ။ ကထံ၊ ယထာ နာမ ကင်္ဂုဘတ္တေ ပစ္စမာနေ ဧကပ္ပဟာရေနေဝ ဗုဗ္ဗုဠကာနိ ဥဋ္ဌဟန္တိ။ ဧကေ ပဒေသာ ထူပထူပါ ဟောန္တိ၊ ဧကေ နိန္ဒနိန္နာ၊ ဧကေ သမသမာ။ ဧဝမေဝံ ထူပထူပဋ္ဌာနေ ပဗ္ဗတာ ဟောန္တိ၊ နိန္ဒနိန္နဋ္ဌာနေ သမုဒ္ဒါ။ သမသမဋ္ဌာနေ ဒီပါတိ။
ဟူသော အဋ္ဌကထာ (ဒု၊နှာ-၄၈) ဖြင့် သိအပ်၏။
---
ဝိဝဋ္ဋကပ် မည်ပုံ
ဤသို့ ကမ္ဘာပြုမိုး ရွာသည်မှ စ၍ နေ လ ပေါ်သည် တိုင်အောင် ဖြစ်ဆဲကပ်သည် ဝိဝဋ္ဋကပ် မည်၏။
---
ဝိဝဋ္ဋဋ္ဌာယီကပ် မည်ပုံ
နေ လ ပေါ်သည်မှစ၍ တဖန် ကမ္ဘာဖျက်မိုး ရွာသည် တိုင်အောင် ဖြစ်ပြီး၍ တည်ဆဲ ကပ်သည် ဝိဝဋ္ဋဋ္ဌာယီကပ် မည်၏။
---
မဟာကပ်
ဤသင်္ချေယျကပ် လေးကပ်အပေါင်းသည် မဟာကပ် မည်၏။
ဣမာနိ စတ္တာရိ အသင်္ချေယျာနိ ဧကော မဟာကပ္ပေါ ဟောတိ။ အဋ္ဌကထာ (ဒု၊ နှာ-၅၀)၊
---
ရေဖျက် ကမ္ဘာ
ရေဖျက်သော ကမ္ဘာ၌လည်း ဒုတိယ နေပေါ် ထွက်ချိန် အခါ၌ ရေငန်မိုးကြီးရွာ၍ ရေထိရာရာ ကြေမွလျက် ရေနှင့်တကွသော သင်္ခါရမကြွင်း ဟင်းလင်း ထက်အောက် မှောင်ကြီး ရောက်လေ၏။
---
လေဖျက်ကမ္ဘာ
လေဖျက်သော ကမ္ဘာ၌လည်း ဒုတိယ နေထွက်ပေါ်ချိန် ကာလ လေကြမ်းထ၍ အစဉ်အတိုင်း မြူကြမ်း မြူနု သဲနု သဲကြမ်း ကျောက်စစ် ကျောက်ခဲ သစ်ပင်ကြီး တောင်ကြီး မြေကြီးတို့ကို ဦးဆောက်ပြောင်းပြန် မိုးယံသို့ တိုက်လွှင့်ပစ်တင်၍ ကောင်းကင်၌ မြင်းမိုရ် ချင်းချင်း စကြဝဠာချင်းချင်း ခတ်ကြသဖြင့် မှုန့်ညက်ဖြုန်းတီး ပျက်စီး ကြေမွလျက် လေနှင့်တကွ သင်္ခါရမကြွင်း ဟင်းလင်း ထက်အောက် မှောင်ကြီး ရောက်လေ၏။ အကြွင်း မီးဖျက်ရာနှင့် နည်းတူ။
သံဝဋ္ဋဝါရ သံဝဋ္ဋသီမာ တို့ကိုကား “သတ္တ သတ္တဂ္ဂိနာ ဝါရာ”၊ “အဂ္ဂိနာဘဿရာ ဟေဋ္ဌာ”စသည်ဖြင့် စတုဓာတု၀၀တ္ထန် (ဤကျမ်း၊ဒု၊တွဲ၊နှာ-၃၉၂)၌ ပြခဲ့ပြီ။
---
လောကပျက်စီးခြင်းအကြောင်း
လောကသည် အဘယ်ကြောင့် ဤသို့ ပျက်၍ ပျက်၍ နေရသနည်း [၁] ။
အကုသလမူလကာရဏာ။ အကုသလ မူလေသု ဟိ ဥဿန္နေသု ဧဝံ လောကေ ဝိနဿတိ။ သော စ ခေါ ရာဂေ ဥဿန္နတရေ အဂ္ဂိနာ ဝိနဿတိ။ ဒေါသေ ဥဿန္နတရေ ဥဒကေန ဝိနဿတိ။ ကေစိ ပန ဒေါသေ ဥဿန္နတရေ အဂ္ဂိနာ၊ ရာဂေ ဥဿန္နတရေ ဥဒကေနာတိ ဝဒန္တိ။ မောဟေ ဥဿန္နတရေ ဝါတေန ဝိနဿတိ။ အဋ္ဌကထာ (ဒု၊ နှာ-၅၂)
ယထာ ဟိ ရာဂ ဒေါသ မောဟာနံ အဓိကဘာဝေန ယထာက္ကမံ ရောဂန္ထရကပ္ပေါ သတ္ထန္တရကပ္ပေါ ဒုဗ္ဘိက္ခန္တရကပ္ပေါ ဣမေ တိဝိဓာ အန္တရကပ္ပါ ဝိဝဋ္ဋဋ္ဌာယီမှိ အသင်္ချေယျကပ္ပေ ဇာယန္တိ၊ ဧဝမေတေ ယထာဝုတ္တာ တယော သံဝဋ္ဋာ ရာဂါဒီနံ အဓိကဘာဝေနေ၀ ဟောန္တီတိ ဒဿေန္တော “အကုသလမူလေသု ဟီ”တိ အာဒိမာဟ။ `ဥဿန္နတရေ တိ အတိဝိယ ဥဿန္နေ။ “ရာဂေါ သတ္တာနံ ဗဟုလံ ပတ္တတီတိ ရာဂဝသေန ဗဟုသော လောကဝိနာသော။ ဋီကာ (ဒု၊နှာ-၅၄၊ ၅၅)
[၁။ ဤမေးခွန်း၏ အဖြေများမှာ ပါဠိဖြင့်ပြထားသည်။ အကျဉ်းချုပ် ဖော်ပြပါအံ့ မကောင်းမှု အကုသိုလ်ကြောင့် လောကသည် ပျက်၏။
ရာဂလွန်ကဲသောကြောင့် မီးဖြင့်ပျက်သည်။
ဒေါသလွန်ကဲသောကြောင့် ရေဖြင့်ပျက်သည်။
(ကေစိဝါဒအရ -- ဒေါသလွန်ကဲသောကြောင့် မီးဖြင့်ပျက်သည်။
ရာဂလွန်ကဲသောကြောင့် ရေဖြင့်ပျက်သည်)
မောဟ လွန်ကဲသောကြောင့် လေဖြင့် ပျက်သည်။
ရာဂ လွန်ကဲလျှင် ရောဂန္တရကပ် ဖြစ်သည်၊
ဒေါသ လွန်ကဲလျှင် သတ္ထန္တရကပ်ဖြစ်သည်။
မောဟလွန်ကဲလျှင် ဒုဗ္ဘိက္ခန္တရကပ်ဖြစ်သည်။]
---
ပုဗ္ဗေနိဝါသ အရကောက်
ဤသို့ ဆိုအပ်ခဲ့ပြီးသော ကပ်တို့၌ ဖြစ်ခဲ့ဘူးသော မိမိ သူတပါးတို့၏ ခန္ဓာငါးပါး၊ ထိုခန္ဓာငါးပါးနှင့် စပ်သမျှ ပညတ် နိဗ္ဗာန် အလုံးစုံသည် ပုဗ္ဗေနိဝါသ မည်၏။
“ပုဗ္ဗေနိဝါသောတိ ပုဗ္ဗေ အတိတဇာတီသု နိဝုတ္ထခန္ဓာ။ “နိဝုတ္တာတိ အဇ္ဈာဝုတ္ထာ အနုဘူတာ အတ္တနော သန္တာနေ ဥပ္ပဇ္ဇိတွာ နိရုဒ္ဓါ။ နိဝုတ္ထဓမ္မာ ဝါ။ နိဝုတ္ထာတိ ဂေါစရနိဝါသေန နိဝုတ္ထာ အတ္တနော ဝိညာဏေန ဝိညာတာ ပရိစ္ဆိန္နာ ပရဝိညာဏဝိညာတာပိ ဝါ ဆိန္နဝဋုမကာနုဿရဏာဒီသု। တေ ဗုဒ္ဓါနံယေဝ လဗ္ဘန္တိ။ အဋ္ဌကထာ (ဒု၊နှာ-၄၀)
နိဝါသ-သဒ္ဒေါ ကမ္မသာဓနော၊ ခန္ဓဝိနိမုတ္တော စ နိဝသိတဓမ္မော နတ္ထီတိ အာဟ နိဝုတ္ထခန္ဓာတိ။ ဧဝံ သသန္တတိ ပရိယာပန္နဓမ္မသေန နိဝါသ-သဒ္ဒဿ အတ္ထံ ဝတွာ ဣဒါနိ အဝိသေသေန ဝတ္တုံ နိဝုတ္ထဓမ္မာ ဝါ နိဝုတ္တာတိ ဝတွာ တံ ဝိဝရိတုံ ဂေါစရနိဝါသေနာတိ အာဒိ ဝုတ္တံ။ ... ဆိန္နဝဋုမကာ ပန သဗ္ဗေဝ အနုပါဒိသေသာယ နိဗ္ဗာနဓာတုယာ ပရိနိဗ္ဗုတာ။ တေသံ အနုဿရဏံ နာမ တေသံ ပဋိပတ္တိယာ အနုဿရဏံ။ ဋီကာ (ဒု-နှာ-၄၄၊ ၄၅)
အဋ္ဌကထာ ဋီကာဟု သာမည မှာသမျှကို ဝိသုဒ္ဓိမဂ် ချည်းမှတ်၊
---
ပုဗ္ဗေနိဝါသကို အောက်မေ့နိုင်သူ ၆-ဦး
ဤပုဗ္ဗေနိဝါသကို အောက်မေ့နိုင်သသူကား
- တိတ္ထိ
- ပကတိသာဝက
- မဟာသာဝက
- အဂ္ဂသာဝက
- ပစ္စေကဗုဒ္ဓါ
- ဘုရား
အားဖြင့် ခြောက်ပါးတည်း။
---
တိတ္ထိတို့၏ ပုဗ္ဗေနိဝါသဉာဏ်
ထိုတွင် တိတ္ထိဟူသည် အဘိညာရ သာသနာပ ဈာနုလာဘီ ရသေ့စသည်တို့ကို ဆိုသည်။ ထို တိတ္ထိတို့သည် ကမ္ဘာလေးဆယ်သာ အောက်မေ့နိုင်။
ကသ္မာ၊ ဒုဗ္ဗလပညတ္တာ။ တေသဉှိ နာမရူပပရိစ္ဆေဒ- ဝိရဟိတတ္တာ ဒုဗ္ဗလာ ပညာ ဟောတိ [၁] ။ အဋ္ဌကထာ (ဒု၊နှာ-၄၁)
[၁။ တိတ္ထိတို့သည် ကမ္ဘာလေးဆယ်မျှကိုသာ မြင်နိုင်သည်။ အကြောင်းမှာ နာမ်ရုပ်ကို ပိုင်းခြား၍ သိနိုင်သော နာမရူပပရိစ္ဆေဒဉာဏ် ကင်းမဲ့၍ ပညာအား နုန့်သောကြောင့် တည်း။]
တေန ဝိပဿနာဘိယောဂေါ ပုဗ္ဗေနိဝါသာနုဿတိဉာဏဿ ဝိသေသကာရန္တိ ဒဿေတိ။ ဋီကာ (ဒု၊နှာ-၄၅)
---
ပကတိသာဝကတို့၏ ပုဗ္ဗေနိဝါသဉာဏ်
“ပကတိသာဝက”ဟူသည်ကား အဂ္ဂသာဝက မဟာသာဝကတို့မှ တပါး အဘိညာရ ဘုရားတပည့် ဟူသမျှတည်း။ ထို သာဝကတို့သည် ကမ္ဘာအရာ အထောင် မြင်နိုင်ကုန်၏။
ဗလပညတ္တာ၊ (ဝိသုဒ္ဓိ၊ဋ္ဌ၊ဒု၊နှာ-၄၁) ၊
---
အဂ္ဂသာဝက စသည်တို့၏ ပုဗ္ဗေနိဝါသဉာဏ်
အသီတိမဟာသာဝက အဂ္ဂသာဝက ပစ္စေကဗုဒ္ဓါတို့ကား ပါရမီဖြည့်ရာ ကမ္ဘာအတွင်းကို မြင်နိုင်ကုန်၏။
---
ဘုရားရှင်၏ ပုဗ္ဗေနိဝါသဉာဏ်
ဘုရားရှင်တို့အား အပိုင်းအခြားမရှိ၊ ဤကား ကာလဝိဘာဂ။
---
ဆောင်ပုဒ်သံပေါက်
ခန္ဓာစဉ်သာ၊ တိတ္ထိယာ၊ ပမာသူကာဏ်းလား။
သန္ဓေ စုတိ၊ လည်းလျောက်၏၊ တပည့် ရှေ့နှစ်ပါး။
အဂ္ဂ ပစ္စေ၊ စု သန္ဓေ၊ ရှုလေ ထင်ပိုင်းခြား။
ပုံ ပေယျာလာ၊ လိုရာရာ၊ ထင်လာ စောဘုရား။
ဝါလဝေဓီ၊ ကေသရီ၊ ကျမ်းညီ နည်းမပြား။
ပိုးစုန်း ဆီမီး၊ ရှူးမီး ကြယ်သောက်၊ လနှယ်တောက်၊
နေလောက် ထင်ခြောက်ပါး။
ဤကား အာရမ္မဏဂ္ဂဟဏ အာနုဘာဝ ဝိသေသ တို့တည်း။
ပုဗ္ဗေနိဝါသာနုဿတိ ပြီး၏။
ဒိဗ္ဗစက္ခုအဘိညာဉ်
▬▬▬▬▬▬▬
ဒိဗ္ဗစက္ခု စုတူပပါတ အဘိညာဉ်
▬▬▬▬▬▬▬▬▬▬▬
စုတိပဋိသန္ဓေ၏ အနီးကိုလည်း သိသောကြောင့် စုတုပပါတဉာဏ် ဟု အမည် ရသော ဒိဗ္ဗစက္ခုအဘိညာကို ရလိုသော ယောဂီသည် ဆိုခဲ့ပြီးသည့်အတိုင်း ကသိုဏ်းရှစ်ပါးတို့၌ စုဒ္ဒသာကာရအားဖြင့် စိတ်ကို ဆုံးမ၍ အင်္ဂါရှစ်ပါး ဘူမိ ပါဒ ပဒ မူလ တရားတို့ကို ပြည့်စုံစေပြီး၍ အာလောက တေဇော'ဒါတကသိုဏ်း သုံးပါးတို့တွင် တပါးပါးကို ကျယ်ပြန့်အောင် ပွါးစေ၍ ဥပစာတွင်၍ ထားအပ်၏။ အပ္ပနာကို မဝင်စားအပ်။
ဣမေသု တီသု ကသိဏေသု အညတရံ အာသန္နံ ကာတဗ္ဗံ။ ဥပစာရဈာနဂေါစရံ ဝဍ္ဎေတွာ ဌပေတဗ္ဗံ။ န တတ္ထ အပ္ပနာ ဥပ္ပါဒေတဗ္ဗာတိ အဓိပ္ပါယော။ သစေ ဟိ ဥပ္ပါဒေတိ၊ ပါဒကနနိဿယံ ဟောတိ၊ န ပရိကမ္မနိဿယံ။ ဣမေသု စ တီသု အာလောက ကသိဏံယေဝ သေဋ္ဌတရံ။
အဋ္ဌကထာ (ဒု၊နှာ-၅၈)
ပါဒကဈာနနိဿယံ ဟောတီတိ ပါဒကဈာနာရမ္မဏံ ဟောတိ။ န ပရိကမ္မနိဿယန္တိ ပရိကမ္မဿ တံ ကသိဏာရမ္မဏံ အပဿယော န ဟောတိ။ တထာ သတိ ရူပဒဿနံ န သိယာ။
ဋီကာ (ဒု၊ နှာ-၆၂)
ထိုပွါးအပ်ပြီးသော ကသိုဏ်းအလင်း၏ အတွင်းသို့ရောက်သော အဆင်းကို မြင်ရခြင်းငှါ ပါဒကဈာန်ကို ဝင်စား၍ "ဧတံ ရူပံ ပဿာမိ၊ ဧတဿ ရူပံ ပဿာမိ” ဟု ပရိကမ်ကို ပြုလျက် ရှုအပ်၏။ ထို အာလောကအတွင်း အဆင်းကို မြင်လျှင် မြင်ခြင်း ပရိကမ် အားနည်းခြင်းကြောင့် အလင်းပျောက်သဖြင့် အဆင်းလည်း ကွယ်ပျောက်၏။
ရူပဂတံ ပဿတော ပနဿ ပရိကမ္မဝါရော အတိက္ကမတိ။ တတော အာလောကော အန္တရဓာယတိ။ တသ္မိံ အန္တရဟိတေ ရူပဂတမ္ပိ န ဒိဿဘိ။
အဋ္ဌကထာ (ဒု၊ နှာ-၅၈။)
ဣဓ ပရိကမ္မံ နာမ ယထာဝုတ္တ ကသိဏာရမ္မဏံ ဥပစာရဈာနံ၊ တံ ရူပဂတံ ပဿတော နပ္ပဝတ္တတိ။ ကသိဏာလောကဝသေန စ ရူပဂတဒဿနံ၊ ကသိဏာလောကော စ ပရိကမ္မဝသေနာတိ တဒုဘယမ္ပိ ပရိကမ္မဿ အပ္ပဝတ္တိယာ န ဟောတိ တေနာဟ တတော။ပ။ န ဒိဿတီတိ။
ဋီကာ (မဟာ၊ဒု၊နှာ-၆၂။)
ထိုသို့ အဆင်းလည်း ပျောက်ကွယ်သောအခါ ပါဒကဈာန်ကို အဖန်ဖန် ဝင်စား၍ အလင်းကို ဖြန့်အပ်၏။
အလင်း အားရှိသောအခါ “ဧတ္ထ အာလောကော ဟောတု”- ဟု ဓိဋ္ဌာန် ပိုင်းခြားလျှင် ထားတိုင်းသောအရပ်၌ တနေ့ပတ်လုံးပင် အလင်းတည်၍ အဆင်းကို မြင်နိုင်၏။ ညဉ့်အခါ မြက်မီးစည်းကို မြေကြီး၌ ပွတ်ကာ ပွတ်ကာ ခရီး သွားစဉ် နေတက်၍ လာသဖြင့် မြက်မီးစည်းကို စွန့်ပစ်၍ တနေ့ပတ်လုံး နေရောင် အလင်းဖြင့် ခရီးသွားသော ယောက်ျားကဲ့သို့တည်း။
ထိုသို့ အားထုတ်သဖြင့် အကြင်အခါ မံသစက္ခုဖြင့် မမြင်ရသော အန္တော ကုစ္ဆိဂတ အဆင်း၊ ဟဒယ ဝတ္ထု နိဿိတ အဆင်း၊ ဟေဋ္ဌာပထဝီတလနိဿိတ- တိရောကုဋ္ဋ ပဗ္ဗတ ပါကာရဂတ- ပရစက္ကဝါဠဂတ အဆင်းတို့ကို မံသစက္ခုဖြင့် ကဲ့သို့ မြင်ရ၏။ ထိုအခါ ဒိဗ္ဗစက္ခုအဘိညာ ဖြစ်ပြီဟူ၍ မှတ်အပ်၏။
တဒေဝ စေတ္ထ ရူပဒဿနသမတ္ထံ၊ န ပုဗ္ဗဘာဂစိတ္တာနိ။
အဋ္ဌကထာ (ဒု၊နှာ-၅၉။)
တဒေဝါတိ ဒိဗ္ဗစက္ခုမေဝ။ ရူပဒဿန သမတ္ထန္တိ ရူပံ သဘာဝတော ဝိဘာဝနသမတ္ထံ စက္ခုဝိညာဏံ ဝိယ။ ပုဗ္ဗဘာဂစိတ္တာနီတိ အာဝဇ္ဇနပရိကမ္မသင်္ခါတာနိ ပုဗ္ဗဘာဂစိတ္တာနိ။ တာနိ ဟိ အာရမ္မဏံ ကရောန္တာနိပိ န ယာယာဝတော တံ ဝိဘာဝေတွာ ပဝတ္တန္တိ အာဝဇ္ဇနသမ္ပဋိစ္ဆနစိတ္တာနိ ဝိယ။
ဋီကာ (ဒု၊နှာ-၆၃။)
---
ဓာတုသညာကို ရှုရခြင်း
▬▬▬▬▬▬▬▬
ဤ ဒိဗ္ဗစက္ခု အဘိညာဉာဏ်သည် ပုထုဇဉ်အား တောင် သမုဒြာ တို့ကို ထွင်းဖောက်၍ သော်လည်း အလင်းရောက်ရာတို့၌ ကြောက်မက်ဘွယ်သော ဘီလူး ရက္ခိုသ် စသည်တို့ကို မြင်ရသဖြင့် ဈာန်မှ လျောကျ ရူးသွပ်ခြင်း စသည်ဖြင့် ဘေးဘယကို ဖြစ်စေတတ်ရကား ဒိဗ္ဗစက္ခုတွင်၍ မရောင့်ရဲပဲ ဓာတုသညာ ဝိပဿနာဘိယောဂ သစ္စာဘိသမယတို့၏ အစွမ်းဖြင့် ကမ်းခပ်အောင် ခဲအပ်၏။
ဒိဗ္ဗစက္ခု ပြီး၏။
…
ယထာကမ္မုပဂ အနာဂတံသ အဘိညာဉ်
▬▬▬▬▬▬▬▬
ယထာကမ္မုပဂဉာဏ် အနာဂတံသဉာဏ် နှစ်ပါးကား ဒိဗ္ဗစက္ခုဖြင့် ကြည့်ရှု ဆင်ခြင်၍ မြင်ရပြီးသော သတ္တဝါတို့၏ ရှေးပြုခဲ့ဘူးသော ကံကို၎င်း နောင်ဖြစ် လတ္တံ့သော အနာဂတ်ခန္ဓာနှင့် စပ်သမျှကို၎င်း မြင်ရနိုင်သည်ဖြစ်၍ ဒိဗ္ဗစက္ခုနှင့် ကင်း၍ ပရိကမ် အသီးအခြား မရှိ။ ဒိဗ္ဗစက္ခုလျှင် အခြေရှိသောကြောင့် ဒိဗ္ဗစက္ခုကို ရပြီးမှ ဝီထိသင်္ဂဟ (ဤကျမ်း၊ပ-တွဲ၊ နှာ-၉၄) ၌ ပြခဲ့ပြီးသည်အတိုင်း လေးဝီထိ ကျစေ၍ ယထာကမ္မုပဂ အနာဂတံသ အဘိညာ နှစ်ပါးကို ဝင်စားအပ်၏။
ယထာကမ္မုပဂဉာဏဿ အနာဂတံသဉာဏဿ စ ဝိသုံ ပရိကမ္မံ နာမ နတ္ထိ၊ ဒိဗ္ဗစက္ခုပါဒကာနေ၀ ဟိ ဣမာနိ ဒိဗ္ဗစက္ခုနာ သဟေဝ ဣဇ္ဈန္တိ။
အဋ္ဌကထာ (ဒု၊နှာ-၅၅)
ဝိသုံ ပရိကမ္မံ နတ္ထီတိ ဣဒံ ပန ဒိဗ္ဗစက္ခုဉာဏေန ဝိနာ ဒွိန္နံ ဉာဏာနံ ဝိသုံ ပရိကမ္မံ နတ္ထီတိ အဓိပ္ပါယေန ဝုတ္တံ။ ဧဝဉ္ဇေတံ ဣစ္ဆိတဗ္ဗံ၊ အညထာ တေသံ မဟဂ္ဂတဘာဝေါ ဧဝ န သိယာ။
ဋီကာ (ဒု၊ နှာ-၅၈)
---
ပရိကမ်အသီးအခြားမရှိ ဆိုရာ၌ အဆုံးအဖြတ်
▬▬▬▬▬▬▬▬
သို့ ဒိဗ္ဗစက္ခုနှင့် မကင်းသောကြောင့် ပရိကမ် အသီး အခြား မရှိဆိုလျှင် စေတောပရိယာယ အဘိညာလည်း ဒိဗ္ဗစက္ခု ရှေ့သွားရှိ၍ ဒိဗ္ဗစက္ခုနှင့် မကင်းသည် မဟုတ်လော ဟူမူ စေတောပရိယာယ- အဘိညာမှာ ဒိဗ္ဗစက္ခုကို ရပြီးနောက် ဒိဗ္ဗစက္ခုဖြင့် နှလုံးသွေး၏ အဆင်းကို ကြည့်ရှုခြင်း စသည်ဖြင့် ဆိုခဲ့ပြီးသည့်အတိုင်း များစွာ ပရိကမ်ပြုရသေးသည်။ ဤ ယထာကမ္မုပဂ အနာဂတံသ နှစ်ပါးမှာကား မဂ်၏အစွမ်းဖြင့် ပါသော သမာပတ် အဘိညာ ပဋိသမ္ဘိဒါဉာဏ်တို့ကဲ့သို့ ဒိဗ္ဗစက္ခုပြီးသည်နောက် ကောက်၍ အသာ ဝင်စားရုံမျှသာ ဖြစ်၍ ယင်းနှစ်ပါးကိုသာ ပရိကမ်အသီးအခြား မရှိဟု ဆိုသည် ဖြစ်မည်။
ဤ ဒိဗ္ဗစက္ခု၏ အခြံအရံ ပရိဘဏ္ဍဉာဏ် နှစ်ပါးနှင့် တကွ လောကီအဘိညာ ခုနှစ်ပါးဖြစ်၏။
(ပရိဘဏ္ဍ = အခြံအရံ။)
---
အဘိညာဉ် ၇-ပါး မှတ်သားဘွယ်
▬▬▬▬▬▬▬▬▬▬▬
ဤ အဘိညာခုနစ်ပါးတို့၌ ပကိဏ္ဏက ကထာကား ---
အာလမ္ဗနတ္တိကာ ဝုတ္တာ၊
ယေ စတ္တာရော မဟေသိနာ။
သတ္တန္နမပိ ဉာဏာနံ၊
ပဝတ္တိံ တေသု ဒီပယေ။
မဟေသိနာ၊ မြတ်စွာဘုရားသည်။
ယေ စတ္တာရော အာလမ္ဗနတ္တိကာ၊ အကြင် အာရမ္မဏတိက် ၄-ခုတို့ကို။
ဝုတ္တာ၊ ဟောတော်မူအပ်ကုန်ပြီ။
တေသု၊ ထိုအာရုံ ဆယ်ပါးတို့၌။
သတ္တန္နံ အပိ ဉာဏာနံ၊ ခုနစ်ပါး ဖြစ်ကုန်သော အဘိညာဉ်ဉာဏ် တို့၏လည်း။
ပဝတ္တိံ၊ ဖြစ်ခြင်းကို။
ဒီပယေ၊ ပြရာ၏။
---
အာရုံ ၁၀-ပါး
▬▬▬▬
အာရုံဆယ်ပါး ဟူသည်ကား -- ပရိတ္တတိက် သုံးပါး၊ မဂ္ဂါရမ္မဏ တပါး၊ အတီတာရမ္မဏ- တိက် သုံးပါး၊ အဇ္ဈတ္တ ဗဟိဒ္ဓ နှစ်ပါး၊ ဗဟိဒ္ဓဝိသေသ ဖြစ်သော ပညတ်နှင့် ဆယ်ပါးတည်း။
---
အဘိညာဉ် ၇-ပါးကို အာရုံပြုပုံ
▬▬▬▬▬▬▬▬▬▬▬
ထိုတွင် ဣဒ္ဓိဝိဓသည် အပ္ပမာဏ မဂ္ဂ ပညတ် သုံးပါးကို ကြဉ်၍ ခုနစ်ပါးတို့၌ ဖြစ်၏။
ဒိဗ္ဗစက္ခု, ဒိဗ္ဗသောတတို့သည် ပရိတ္တ ပစ္စုပ္ပန် အဇ္ဈတ္တ ဗဟိဒ္ဓလေးပါးတို့ကို အာရုံ ပြုကုန်၏။
ပုဗ္ဗေနိဝါသာနုဿတိသည် အနာဂတ် ပစ္စုပ် နှစ်ပါးကို ကြဉ်၍ ရှစ်ပါးတို့၌ ဖြစ်၏။
အနာဂတံသသည် အတိတ်နေရာ၌ အနာဂတ်ကို လဲ၍ ရှစ်ပါးတို့ကိုပင် အာရုံပြု၏။
စေတောပရိယာယသည် အဇ္ဈတ္တ ပညတ် နှစ်ပါးမှ ကြွင်းသော ရှစ်ပါးတို့ကို အာရုံပြု၏
ယထာကမ္မုပဂ သည် လောကီ ကုသိုလ် အကုသိုလ် စိတ္တုပ္ပါဒ်ဟူသော ပရိတ္တ မဟဂ္ဂတ အတီတ အဇ္ဈတ္တ ဗဟိဒ္ဓ ငါးပါးတို့ကို အာရုံပြု၏။
---
“အဘိညာဉ် ၇-ပါး အာရုံပြုရာ၌ ခက်ဆစ်အဆုံးအဖြတ်”
ထိုတွင် ခက်ရာ၌ ဝိနိစ္ဆယ အမြွက်ကား --
ဣဒ္ဓိဝိဓသည် “စိတ္တဝသေန ကာယံ ပရိဏာမေတိ”ပြု၍ မထင်ရှားသော ကိုယ်ဖြင့် သွားသောအခါ ဥပယောဂလဒ္ဓကာယ၏ အဆင်း ဟူသော ပရိတ္တ ပစ္စုပ္ပန် အဇ္ဈတ္တကို အာရုံပြု၏။ “ကာယဝန စိတ္တံ ပရိဏာမေတိ" ပြု၍ ထင်ရှားသော ကိုယ်ဖြင့် သွားသောအခါ ဒုတိယာဝိဘတ်နှင့် ပြသော ပါဒကဈာန်စိတ်ဟူသော မဟဂ္ဂုတ် အတိတ် အဇ္ဈတ္တကို အာရုံပြု၏။
ပုဗ္ဗေနိဝါသာနုဿတိ အဘိညာ၌ ---
ကိဉ္စာပိ စေတောပရိယာယ ယထာကမ္မုပဂဉာဏာနီပိ အတီတာရမ္မဏာနီ ဟောန္တိ၊ အထ ခေါ တေသံ စေတောပရိယာယဉာဏဿ သတ္တဒိဝသဗ္ဘန္တရာတီတံ စိတ္တမေဝ အာရမ္မဏံ။ ... ယထာကမ္မုပဂဉာဏဿ စ အတီတစေတ- နာမတ္တမေဝ အာရမ္မဏံ။ ပုဗ္ဗေနိဝါသဉာဏဿ ပန အတီတခန္ဓာ ခန္ဓပဋိဗဒ္ဓဉ္စ ကိဉ္စိ အနာရမ္မဏံ နာမ နတ္ထိ။ တဉှိ အတီတခန္ဓ ခန္ဓပဋိဗဒ္ဓေသု သဗ္ဗညုတ ဉာဏသမဂတိကံ ဟောတီတိ အယံ ဝိသေသော ဝေဒိတဗ္ဗော။ အယမေတ္ထ အဋ္ဌကထာနယော။ ယသ္မာ ပန “ကုသလာ ခန္ဓာ ဣဒ္ဓိဝိဓဉာဏဿ စေတောပရိယာယဉာဏဿ ပုဗ္ဗေနိဝါသာနုဿတိ ဉာဏဿ ယထာကမ္မုပဂဉာဏဿ အနာဂတံသဉာဏဿ အာရမ္မဏပစ္စယေန ပစ္စယော”တိ ပဋ္ဌာနေ ဝုတ္တံ။ တသ္မာ စတ္တာရောပိ ခန္ဓာ စေတောပရိယာယဉာဏ ယထာကမ္မုပဂဉာဏာနံ အာရမ္မဏံ ဟောန္တိ။ တတြာပိ ယထာကမ္မုပဂဉာဏဿ ကုသလာ ကုသလာ ဧဝါတိ။ ... နာမဂေါတ္တပထဝီနိမိတ္တာဒိ အနုဿရဏ- ကာလေ နဝတ္တဗ္ဗာရမ္မဏံ ဟောတိ။ “နာမဂေါတ္တ” န္တိ စေတ္တ ခန္ဓူပနိဗန္ဓော သမ္မုတိသိဒ္ဓေါ ဗျဉ္ဇနတ္ထော ဒဋ္ဌဗ္ဗော၊ န ဗျဉ္ဇနံ။ ဗျဉ္ဇနဉှိ သဒ္ဒါယတနသင်္ဂဟိတတ္တာ ပရိတ္တံ ဟောတိ။ ယထာဟ 'နိရုတ္တိပဋိသမ္ဘိဒါ ပရိတ္တာရမ္မဏာ'တိ။ အယမေတ္ထ အမှာကံ ခန္တိ။
အဋ္ဌကထာ (ဒု၊နှာ-၆၃၊၆၄)
စေတောပရိယာယ အဘိညာ၌ အောက် အောက် ပုဂ္ဂိုလ်သည် အထက် အထက် အရိယာ ပုဂ္ဂိုလ်၏ စိတ်ကို မသိနိုင်။ အတိတ် အနာဂတ် ဟူရာ၌ ရှေ့ခုနစ်ရက် နောက်ခုနစ်ရက် အတွင်းကိုသာယူ။
---
ပစ္စုပ္ပန် ၃-မျိုး
▬▬▬▬▬
ပစ္စုပ္ပန်သည် ခဏပစ္စုပ္ပန် သန္တတိပစ္စုပ္ပန် အဒ္ဓါပစ္စုပ္ပန် အားဖြင့် သုံးပါး ပြား၏။
ထိုတွင် ခဏတ္တယ အခိုက်သည် ခဏ ပစ္စုပ္ပန် မည်၏။
အမိုက်မှ အလင်းသို့၊ အလင်းမှ အမိုက်သို့ ရောက်သောသူအား အာရုံ မထင်ရှားခင်၎င်း ခဝါဖွပ်ခြင်း စသည်ကို အဝေးကမြင်လျက် အသံမကြားခင်၎င်း သန္တတိဝါရ တခု နှစ်ခု မည်၏၊ မဇ္ဈိမဘာဏက ဝါဒတည်း။ ယင်း ဆိုခဲ့ပြီး သည်ကား ရူပသန္တတိ မည်၏။ ကာမဇောဝါရ နှစ်ခု သုံးခုသည် အရူပသန္တတိ မည်၏၊ သံယုတ္တဘာဏက ဝါဒတည်း၊ ဤအလုံးစုံသော အစဉ်သည် သန္တတိ ပစ္စုပ္ပန် မည်၏။
တဘဝလုံးသည် အဒ္ဓါပစ္စုပ္ပန် မည်၏။
ထိုတွင် သန္တတိ အဒ္ဓါပစ္စုပ္ပန် နှစ်ပါးကိုသာ အာရုံပြု၏။ ထိုတွင် ဖြစ်ဆဲ ဝီထိမှ ရှေ့နောက် နှစ်ဝီထိ သုံးဝီထိခန့် ကာလ၌ ဖြစ်သော သူတပါး စိတ်သည် သန္တတိ ပစ္စုပ္ပန် မည်၏။
အဒ္ဓါပစ္စုပ္ပန္နံ ပန ဇဝနဝါရေန ဒီပေတဗ္ဗန္တိ သံယုတ္တအဋ္ဌကထာယံ ဝုတ္တံ။ တံ သုဋ္ဌု ဝုတ္တံ။
အဋ္ဌကထာ (ဒု၊နှာ-၆၃)
အဒ္ဓါပစ္စုပ္ပန္နံ ပန၊ အဒ္ဓါပစ္စုပ္ပန်ကိုကား။
ဇဝနဝါရေန၊ ဇောဝါရဖြင့်။
ဒီပေတဗ္ဗံ၊ ပြအပ်၏။
ဣတိ၊ ဤသို့။
သံယုတ္တအဋ္ဌကထာယံ၊ သံယုတ္တအဋ္ဌကထာ၌။
(ယံ၊ အကြင် စံကားကို။)
ဝုတ္တံ၊ ဆိုအပ်၏။
တံ၊ ထိုစကားသည်။
သုဋ္ဌု၊ ကောင်းစွာ။
ဝုတ္တံ၊ ဆိုအပ်သော စကားတည်း။
အဒ္ဓါ ပစ္စုပ္ပန္နံ ဇဝနဝါရေန ဒီပေတဗ္ဗံ၊ န သကလေန ပစ္စုပ္ပန္နဒ္ဓုနာတိ အဓိပ္ပါယော။
ဋီကာ (ဒု၊နှာ-၆၆)
အဒ္ဓါ ပစ္စုပ္ပန္နံ၊ အဒ္ဓါပစ္စုပ္ပန်ကို။
ဇဝနဝါရေန၊ ဇောဝါရဖြင့်။
ဒီပေတဗ္ဗံ၊ ပြအပ်၏။
သကလေန၊ အလုံးစုံသော။
ပစ္စုပ္ပန္နဒ္ဓုနာ၊ ပစ္စုပ္ပန်အဓွန့်ကာလဖြင့်။
န ဒီပေတဗ္ဗံ၊ မပြုအပ်။
ဣတိ၊ ဤကား။
အဓိပ္ပါယော၊ အဓိပ္ပါယ်တည်း။
ပြဟန်ကား -- ဣဒ္ဓိမာ ပုဂ္ဂိုလ်သည် သူတပါးစိတ်ကို ဆင်ခြင်လတ်သော် အာဝဇ္ဇန်းသည် ခဏ ပစ္စုပ္ပန်ကို အာရုံပြု၏။ ပရိကမ် ဥပစာ အနုလုံ ဂေါတြဘူ အဘိညာစိတ်တို့သည် ထိုချုပ်လေပြီးသော စိတ်ကို အာရုံပြုကုန်၏။
န စ တာနိ နာနာရမ္မဏာနိ ဟောန္တိ၊ အဒ္ဓါဝသေန ပစ္စုပ္ပန္နာရမ္မဏတ္တာ။ ဧကာရမ္မဏတ္တေပိ စ ဣဒ္ဓိစိတ္တမေဝ ပရဿ စိတ္တံ ဇာနာတိ၊ န ဣတရာနိ။ ယထာ စက္ခုဒွါရေ စက္ခုဝိညာဏမေဝ ရူပံ ပဿတိ၊ န ဣတရာနီတိ။ ဣတိ ဣဒံ သန္တတိပစ္စုပ္ပန္နဿ စေ၀ အဒ္ဓါပစ္စုပ္ပန္နဿ စ ဝသေန ပစ္စုပ္ပန္နာရမ္မဏံ ဟောတိ။ ယသ္မာ ဝါ သန္တတိပစ္စုပ္ပန္နမ္ပိ အဒ္ဓါပစ္စုပ္ပန္နေယေဝ ပတတိ၊ တသ္မာ အဒ္ဓါပစ္စုပ္ပန္နဝသေနေဝေတံ ပစ္စုပ္ပန္နာရမ္မဏန္တိ ဝေဒိတဗ္ဗံ။
အဋ္ဌကထာ (ဒု၊နှာ-၆၃)
တာနိ၊ ထို အဘိညာဉ်ဇော ဖြစ်သည့် ဣဒ္ဓိစိတ်မှ ကြွင်းသော အလုံးစုံသော အာဝဇ္ဇန်း စသည်တို့နှင့် တကွ အခြားသော စိတ်တို့သည်။
နာနာရမ္မဏာနိ၊ အထူးထူး (ကွဲပြား) သော အာရုံ ရှိကုန်သည်။
န စ ဟောန္တိ၊ မဖြစ်ကုန်သလျှင်တည်း။
(ကသ္မာ၊ အဘယ့်ကြောင့်နည်း။)
အဒ္ဓါဝသေန၊ အဒ္ဓါ၏ အစွမ်းဖြင့်။
ပစ္စုပ္ပန္နာရမ္မဏတ္တာ၊ ပစ္စုပ္ပန် အာရုံရှိသောကြောင့်တည်း။
စ၊ အထူးကိုဆိုအံ့။
ဧကာရမ္မဏတ္တေ၊ တခု အာရုံရှိသည်၏ အဖြစ်သည်။
သတိပိ၊ ရှိပါသော်လည်း။
ဣဒ္ဓိစိတ္တမေဝ၊ ဣဒ္ဓိစိတ်သည်သာလျှင်။
ပရဿ စိတ္တံ၊ သူတပါး၏ စိဘ်ကို။
ဇာနာတိ၊ သိနိုင်၏။
ဣတရာနိ၊ ဣဒ္ဓိစိတ်မှ တပါးသော အာဝဇ္ဇန်းပရိကံ စိတ်တို့သည်။
န ဇာနန္တိ၊ မသိကုန်။
စက္ခုဒွါရေ၊ စက္ခုဒွါရ၌။
စက္ခုဝိညာဏမေဝ၊ စက္ခုဝိညာဉ် စိတ်သည်သာလျှင်။
ရူပံ၊ အဆင်းရူပါရုံကို။
ပဿတိယထာ၊ မြင်သကဲ့သို့။
ဣတရာနိ၊ စက္ခုဝိညာဉ်မှ တပါးသော အာဝဇ္ဇန်း သမ္ပဋိစ္ဆိုင်း စသောစိတ်တို့သည်။
န ပဿန္တိ ယထာ၊ မမြင်ကုန်သကဲ့သို့တည်း။
ဣတိ၊ ဤသို့။
ဣဒံ၊ ဤစေတောပရိယအဘိညာသည်။
သန္တတိ ပစ္စုပ္ပန္နဿ စေဝ၊ သန္တတိ ပစ္စုပ္ပန်၎င်း။
အဒ္ဓါပစ္စုပ္ပန္နဿ စ၊ အဒ္ဓါပစ္စုပ္ပန်၏၎င်း။
ဝသေန၊ အစွမ်းဖြင့်။
ပစ္စုပ္ပန္နာရမ္မဏံ၊ ပစ္စုပ္ပန်အာရုံရှိသည်။
ဟောတိ ဖြစ်၏။
ဝါ၊ တနည်းကား။
ယသ္မာ၊ အကြင်ကြောင့်။
သန္တတိပစ္စုပ္ပန္နမ္ပိ၊ သန္တတိ ပစ္စုပ္ပန်သည်လည်း။
အဒ္ဓါ ပစ္စုပ္ပန္နေယေဝ၊ အဒ္ဓါ ပစ္စုပ္ပန်၌သာလျှင်။
ပတတိ၊ ကျ၏။
တသ္မာ၊ ထို့ကြောင့်။
ဧတံ၊ ထိုစေတောပရိယဉာဏ်သည်။
အဒ္ဓါ ပစ္စုပ္ပန္နဝသေန၊ အဒ္ဓါ ပစ္စုပ္ပန်၏ အစွမ်းဖြင့်။
ပစ္စုပ္ပန္နာရမ္မဏံ၊ ပစ္စုပ္ပန် အာရုံရှိ၏။
ဣတိ၊ ဤသို့။
ဝေဒိတဗ္ဗံ၊ သိအပ်၏။
အဘိညာ ပြီး၏။
ဣတိ သမထနယော စုဒ္ဒသမော။
ပညာနိဒ္ဒေသ
▬▬▬▬▬
၁၅ - ဝိပဿနာနည်း
▬▬▬▬▬▬▬
ဣဒါနိ ဝိပဿနာနယော ဝုစ္စတေ။
ဆိုအပ်ခဲ့ပြီးသော အဘိညာတို့၏ အစွမ်းဖြင့် ရအပ်ပြီးသော အာနိသံရှိသည် ဖြစ်၍ မြဲမြံ ခိုင်ခံ့လှစွာသော သမာဓိဘာဝနာ လေးဆယ်တို့တွင် တပါးပါးကို ရပြီးသော ပုဂ္ဂိုလ်သည် ထို သမာဓိဘာဝနာ၏ နိဗ္ဗေဓဘာဂိယ ဝိဝဋ္ဋနိဿိတ ဖြစ်ခြင်း၊ သံသရာ နခမ်းသတ်၍ နိဗ္ဗူသောင်ကမ်း ကူးခတ်ခြင်း အကျိုးငှါ ယင်းသမာဓိကို အခြေပြုလျက် ဝိပဿနာသို့ တက်အပ်၏။
ထို ဝိပဿနာသို့ ဥပစာကလည်း တက်ရ၏။ အပ္ပနာသို့ ရောက်ပြီးမှလည်း တက်ရ၏။
---
ဝိပဿနာ အဓိပ္ပါယ်
▬▬▬▬▬▬▬
ဝိပဿနာဟူသည်ကား --
ပညာယ လက္ခဏာဒီနိ၊
သဘာဝပ္ပဋိဝေဓနံ။
မောဟန္ဓဝိဒ္ဓံသနဉ္စ၊
အသံမောဟော သမာဓိ စ။
---
ပညာ၏ လက္ခဏ, ရသစသည်
▬▬▬▬▬▬▬▬
ပညာယ၊ ဝိပဿနာပညာ၏။
လက္ခဏာ၊ လက္ခဏ, ရသ, ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်တို့ကား။
လက္ခဏ
သဘာဝပ္ပဋိဝေဓနံ၊ ပထဝီ ဖဿ စသည်တို့၏ ကက္ခဠ ဖုသန စသော မိမိသဘော အနိစ္စတာ စသော သာမညသဘောကို ထိုးထွင်း၌ သိခြင်း လက္ခဏာသည်၎င်း။
ရသ
မောဟန္ဓဝိဒ္ဓံသနဉ္စ၊ ယင်းသဘောကို ဖုံးလွှမ်းတတ်သော မောဟ မိုက်မှောင်ကို ဖျက်ဆီးခြင်း ကိစ္စသည်၎င်း။
ပစ္စုပဋ္ဌာန်
အသံမောဟော စ၊ ယင်းသဘော၌ မတွေဝေခြင်း ဉာဏ်အား ထင်သောအခြင်းအရာ မတွေဝေခြင်း အကျိုးသည်၎င်း။
ပဒဋ္ဌာန်
သမာဓိ စ၊ ဝိပဿနာ၏ အကြောင်း ကောင်းစွာ တည်ကြည်ခြင်း သမာဓိသည်၎င်းတည်း။
ဝါ၊ သမာဓိသည်၎င်း။
ပညာယ၊ ပညာ၏။
လက္ခဏာဒီနိ၊ လက္ခဏာစသည် မည်ကုန်၏။
---
“ဝိပဿနာ ပညာအမျိုးမျိူးကို ဝေဖန်၍ ပြခြင်း”
ပညာ ၁-ပါး
ဤသို့သော လက္ခဏ ရသ ပစ္စုပ္ပဋ္ဌာန် ပဒဋ္ဌာန် ရှိသော ဓမ္မသဘာဝပ္ပဋိဝေဓ လက္ခဏအားဖြင့် တပါး။
ပညာ ၂-ပါးစု ၅-လီ
လောကီ လောကုတ္တရာ၊ အာသဝါနာသဝါဒိ၊ နာမ ရူပ ၀၀တ္ထာပန၊ သောမနဿုပေက္ခာ- သဟဂတ၊ ဒဿန ဘာဝနာ ဘူမိ အားဖြင့် နှစ်ပါးငါးလီ။
ပညာ ၃-ပါးစု ၄-လီ
စိန္တာ သုတ ဘာဝနာမယ၊ ပရိတ္တ မဟဂ္ဂတ အပ္ပမာဏာရမ္မဏ၊ အာယ အပါယ ဥပါယကောသလ္လ အဇ္ဈတ္တ ဗဟိဒ္ဓ တဒုဘယာ ဘိနိဝေသ အားဖြင့် သုံးပါးလေးလီ။
[အာယ = ကြီးပွါး တိုးတက်ခြင်း၊ (အကျိုးမဲ့ကို ဆုတ်ယုတ်စေခြင်း အကျိုးစီးပွါးကို ဖြစ်စေခြင်း၌ လိမ္မာကျွမ်းကျင်သော ဉာဏ်ပညာသည် ကာယကောသလ္လ မည်၏။)
အပါယ = ( အပ = ကမ်းခြင်း၊ အာယ = ကြီးပွါးတိုးတက်ခြင်း) မကြီးပွါးခြင်း၊ ဆုတ်ယုတ်ခြင်း (အကျိုးစီးပွါးကို ဆုတ်ယုတ်စေခြင်း အကျိုးမဲ့ကိုဖြစ်စေခြင်း၌ လိမ္မာကျွမ်းကျင်စွာ ပိုင်းခြား၍ သိသောဉာဏ်ပညာသည် အပါယ ကောသလ္လ မည်၏။)
ဥပါယ ကောသလ္လ = အကြောင်းဥပါယ်၌ လိမ္မာ ကျွမ်းကျင်သော ဉာဏ်ပညာ (မမျှော်လင့်ပဲ လတ်တလော ရုတ်တရက်ကိစ္စ ဖြစ်ပေါ်လာသောအခါ လောလောဆယ် ဖြစ်သောအခါတို့၌ ထိုကိစ္စ ထိုဘေးတို့ကို ချက်ခြင်းပြီးမြောက် ငြိမ်းအေးစေရန် အကြောင်း၌ လိမ္မာကျွမ်းကျင်သော တင်္ခဏုပ္ပတ္တိကဉာဏ် ဌာနုပ္ပတ္တိကဉာဏ်သည် ဥပါယကောသလ္လမည်၏။)
အဇ္ဈတ္တ အဘိနိဝေသ = မိမိခန္ဓာကိုယ်ကို ဌလုံးသွင်းခြင်း (မိမိ၏ ခန္ဓာကိုယ်ကို ယူ၍ ရှု၍ အားထုတ်အပ်သာ ဝိပဿနာပညာ)။]
ပညာ ၄-ပါးစု ၂-လီ
စတုဿစ္စဉာဏ် စတုပ္ပဋိသမ္ဘိဒါအားဖြင့် လေးပါးနှစ်လီ --
ဝိပဿနာမည်ပုံ
(ဤသို့) အပြားရှိသော အဓိပညာသိက္ခာ ပရိယောသာသနကလျာဏ စတုပ္ပဋိသမ္ဘိဒူပ- နိဿယ မဇ္ဈိမပ္ပဋိပတ္တိသေဝန သဗ္ဗဘဝသမတိက္ကမနူပါယ သမုစ္ဆေဒပဟာန အနုသယပဋိပက္ခ ဒိဋ္ဌိသံကိလေသဝိသောဓန ခီဏာသဝဘာဝကာရဏ [၁] အစရှိသော သတ္တိဂုဏ်နှင့် ပြည့်စုံသော ပညာအပေါင်းတို့တွင် ဤအာဒိကမ္မိက အရာ၌ လိုအပ်သော မဟာကုလိုလ် ဉာဏသမ္ပယုတ် လေးခု၌ ရှိသော ပညာသည် “ခန္ဓာဒိသင်္ခတဓမ္မေ အနိစ္စာဒိဝိဓာကာရေန ပဿတီတိ ဝိပဿနာ” [၂] ဟူသော ဝစနတ္ထကြောင့် ဝိပဿနာ မည်၏။
[၁။ အဓိပညာသိက္ခာ = ဘ၀ လွတ်မြောက်စေသော ထူးကဲမြင့်မြတ်သည့် ဝိပဿနာ မဂ်တို့၌ ရှိသော ပညာဟူသော အကျင့်။
ပရိယောသာနကလျာဏ = ပဋိပတ္တိဘာသာ၏ “အဆုံး၏ ကောင်းခြင်း” (ကိလေသာ အားလုံးကို အရဟတ္တမဂ်ဉာဏ်ဖြင့် အကြွင်းမရှိ ပယ်ဖြတ်ခြင်းဖြင့် မိမိစိတ်ကို သုတ်သင် ဖြူစင်စေခြင်းကို ပဋိပတ္တိသာသနာ၏ “အဆုံး၏ ကောင်းခြင်း”ဟု ဆိုသည်)။
စတုပ္ပဋိသမ္ဘိရူပနိဿယ = ပဋိသမ္ဘိဒါ ၄-ပါး၏ အားကြီးသော မှီရာအကြောင်း။
မဇ္ဈိမပဋိပတ္တိသေဝန = အာရုံငါးပါးကို တွယ်တာငြိကပ်စေသော အကျင့်၊ ခန္ဓာကိုယ်ကို ပင်ပန်းစေသည့် အကျင့်မျိုး မဟုတ်သော မဂ္ဂင် ၈-ပါး ဟူသော လမ်း မှန် မဇ္ဈိမအကျင့်ကို မှီဝဲခြင်း။
သဗ္ဗဘဝ သမတိက္ကမနူပါယ = အလုံးစုံသော ဘဝကို လွန်နိုင်ခြင်း၏ အကြောင်း (ပညာ)။ (ပညာဖြင့် ဘဝအားလုံးမှ လွန်မြောက်နိုင်သည်)။
သမုစ္ဆေဒပဟာန = ကိလေသာကို အကြွင်းမရှိ ဖြတ်ခြင်းအားဖြင့် ပယ်ခြင်း။
အနုသယပဋိပက္ခ = အနုသယ၏ ဆန့်ကျင်ဖက် ဖြစ်ခြင်း။
ဒိဋ္ဌိသံကိလေသ ဝိသောဓန = မိစ္ဆာဒိဋ္ဌိ အညစ်အကြေးကို သုတ်သင်ဖြူစင်ခြင်း။
ခီဏာသ၀ ဘာဝကာရဏ = ရဟန္တာဖြစ်ခြင်း၏ အကြောင်း။
၂။ သင်္ခါရတရားတို့ကို အနိစ္စစသည့် လက္ခဏာရေး ၃-ပါးတင်၍ ရှုသော မဟာကုသိုလ် ဉာဏသမ္ပယုတ္တစိတ်၌ ရှိသော ဉာဏ်သည် ဝိပဿနာဉာဏ် မည်သည်။]
မဂ်လေးခု၌ရှိသော ပညာလည်း ---
သာ ဟိ သင်္ခါရာနံ အနိစ္စတာဒိံ အဂဏှန္တီပိ ဝိပဿနာကိစ္စပါရိပူရိယာ နိဗ္ဗာနဿ ဝါ တထလက္ခဏံ ဝိသေသတော ပဿတီတိ ဝိပသာနာတိ ဝုစ္စတိ။
ဋီကာ (ဒု၊နှာ-၇၉)
လာသည့်အတိုင်း သင်္ခါရတို့၏ အနိစ္စတာ စသော လက္ခဏာကို မယူသော်လည်း ဝိပသာနာကိစ္စ မဂ်သို့ကျမှ ပြည့်စုံ ပြီးပြေခြင်းကြောင့်၎င်း၊ နိဗ္ဗာန်၏ မဖောက် မပြန်သော သန္တိလက္ခဏာကို အသီး အားဖြင့် ရှုတတ်သောကြောင့်၎င်း ဝိပသာနာ မည်၏။
ဂေါတြဘူဉာဏ်ကား မဂ်၏ အာဝဇ္ဇန်းအရာ၌ တည်သောကြောင့် ဝိပဿနာ ဟူသော ဝေါဟာရကို မရ။ မဟာကြိယာသမ္ပယုတ်၌ ရှိသော ဉာဏ်လည်း ဝိပသာနာ မည်သော်လည်း ဤ အာဒိကမ္မိကအရာ၌ မလိုအပ်။
---
ပညာ ၃-မျိုး
▬▬▬▬▬
စိန္တာမယပညာ
ဆိုအပ်ခဲ့ပြီးသော ပညာအပြားတို့တွင် ဝဍ္ဎကီကမ္မ ကသိကမ္မ စသော ကမ္မာယတန၊ နဠကာရသိပ္ပ မုဒ္ဒါဂဏနနာသိပ္ပ စသော သိပ္ပါယတန [၁]၊ မြွေဆိပ်တားစက်ဝန်းပညာ ဥုံဖွမှုတ်၍ မန်းသောမန္တာန်ပညာ ဟူသော နာဂမဏ္ဍလပရိတ္တ, ဖုဓမနကမန္တာန် စသော ဝိဇ္ဇာဌာန တို့၌ လိမ္မာသောဉာဏ်, ကမ္မဿကတာဉာဏ်, သစ္စာနုလောမိက [၂] မည်သော ဝိပဿနာ ဉာဏ်တို့သည် အလိုလိုကြံ၍ ပြုလျှင် စိန္တာမယပညာ မည်၏။
[၁။ ဝဍ္ဎကီကမ္မ = လက်သမားအမှု အလုပ်။
ကသိကမ္မ = လယ်ထွန်အလုပ်။
ကမ္မာယတန = ( ကမ္မ = အမှု၊ အာယတန = အကြောင်း) အသက်မွေးခြင်း၏ အကြောင်း ဖြစ်သော အမှုလုပ်။
နဠကာရသိပ္ပ = ကျူထရံသည်၏ အတတ်။
မုဒ္ဒါသိပ္ပ = လက်ဆစ်ချိုး၍ ရေတွက်သောအတတ်။
ဂဏနာသိပ္ပ = ဂဏာန်း = သင်္ချာရေး၍ ရေတွက်သော သင်္ချာအတတ်။
သိပ္ပါယတန = အသက်မွေးခြင်း၏ အကြောင်းဖြစ်သော အတတ်ပညာ။
၂။ နာဂမဏ္ဍလပရိတ္တ = (နာဂ = မြွေနဂါး၊ မဏ္ဍလ=အဝန်းအဝိုင်း အစုအပုံ၊ ပရိတ္တ = အကာအကွယ် အတားအဆီး) မြွေကိုက်ခံရသည့် မြွေဆိပ်မပြန့်မတက်ရအောင် တနေရာ တည်း၌ မြွေဆိပ်စုနေရန် အင်းဝိုင်းချ၍ ကာကွယ်တားဆီးပေးသော မန္တာန်။
ဖုဓမနက = (မနက = မန်းမှုတ်ခြင်း) ဥုံဖု = ဖွ-ဟု မန်းမှုတ်ခြင်း။
ဝိဇ္ဇာဋ္ဌာန = အသက်မွေးခြင်း၏အကြောင်းဖြစ်သော အသိပညာ။
ကမ္မဿကတာဉာဏ် = ကုသိုလ်ကံ အကုသိုလ်ကံသာ ကိုယ်ပိုင် ဥစ္စာဖြစ်သည်-ဟု သိသောဉာဏ်။ (ကမ္မ + သက + တာ)
သစ္စာနုလောမိက = သစ္စာ၄-ပါးကို ထိုးထွင်း၍သိခြင်း အားလျော်သော ဝိပဿနာဉာဏ်၊]
ယင်း စိန္တိယပညာ၏ လူသာမန်အား မဖြစ်ကြောင်းကို ...
သာ ပနေသာ အဘိညာတာနံ ဗောဓိသတ္တာနမေဝ ဥပ္ပဇ္ဇတိ။ တတ္ထာပိ သစ္စာနုလောမိကဉာဏံ ဒွံန္နံယေဝ ဗောဓိသတ္တာနံ အန္တိမဘဝိကာနံ။ သေသပညာ သဗ္ဗသမ္ပိ ပူရိတပါရမီနံ မဟာပညာနံ ဥပ္ပဇ္ဇတိ။ ဟု ဋီကာ (ဒု၊နှာ-၇၉-၌) မိန့်၏။
---
သုတမယ ပညာ
မြင်၍ ကြား၍ သိသော ၎င်းပညာသည် သုတမယပညာ မည်၏။
---
ဘာ၀နာမယ ပညာ
ပရောပဒေသ [၁] ကို ကြား၍၎င်း မကြားမူ၍၎င်း မိမိ ကိုယ်တိုင် စီးဖြန်းပါးများ၍ဖြစ်သော ဝိပဿနာပညာ - မဂ်ပညာသည် ဘာဝနာမယပညာ မည်၏။
[၁။ ပရောပဒေသ = (ပရ = သူတပါး။ ဥပဒေသ = ညွှန်ကြားခြင်း) သူတပါးက သွန်သင် ပြသ ညွှန်ကြားခြင်း။]
( ဝိပဿနာမဂ္ဂပညာ ဣဓ ဘာဝနာမယာ ပညာတိ အဓိပ္ပေတာ။ ဋီကာ (ဒု၊နှာ-၇၉)
---
စတုသစ္စဉာဏ်
စတုသစ္စဉာဏ်ဟူရာ၌ ဒုက္ခ သမုဒယ နှစ်ပါးကို အာရုံပြုသော ဝိပသာနာဉာဏ်၊ နိရောဓကို အာရုံပြုသော မဂ်ဉာဏ်၊ သစ္စာ လေးပါးကို ဆင်ခြင်သော ပစ္စဝေက္ခဏာဉာဏ် တို့ကို ယူ။ ထို့ကြောင့် --
ပစ္စဝေက္ခဏဉာဏံ ဟိ စတုသစ္စံ အာရဗ္ဗ ပဝတ္တဉာဏံ နာမ၊ တတိယံ ပန မဂ္ဂဉာဏမ္ပိ၊ ဣတရသစ္စာနိ ဝိပဿနာဉာဏမ္ပီတိ ပါကဋမေဝ --ဟု ဋီကာ (ဒု၊ နှာ-၈၁ ၌) မိန့်သည်။
---