မာတိကာသို့ ခုန်သွားရန်

ပရိဝါ ပါဠိတော်

ဝီကီရင်းမြစ် မှ

ဝိနည်းပိဋက

ပရိဝါပါဠိတော်

မြန်မာပြန်

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

ဘိက္ခု ဝိဘင်း

၁-ကတ္ထပညတ္တိဝါရ

၁-ပါရာဇိက လေးပါး

။ သိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တော်တိုင် မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားသည် ပဌမပါရာဇိက သိက္ခာပုဒ်ကို အဘယ်အရပ်ဒေသ၌ အဘယ်သူကို အကြောင်းပြု၍ အဘယ်အကြောင်းကြောင့် ပညတ်တော်မူပါသနည်း။ ထိုပဌမပါရာဇိကသိက္ခာပုဒ်၌ (မူလ) ပညတ်သည် ရှိသလော၊ အနုပညတ် ‘နောက်ထပ်ပညတ်’ သည် ရှိသလော၊ အနုပ္ပန္နပညတ် ‘ပြစ်မှုမပေါ်သေးမီ သိစေအပ်သော ပညတ်'သည် ရှိသလော၊ ထိုပဌမ ပါရာဇိကသိက္ခာပုဒ်သည် မဇ္ဈိမဒေသ, ပစ္စန္တိမဇနပုဒ် အရပ်နှစ်ပါးလုံး၌ သိစေအပ်သော ပညတ်လော၊ ပဒေသပညတ် ‘မဇ္ဈိမဒေသအရပ်၌သာ သိစေအပ်သော ပညတ်'လော၊ သာဓာရဏပညတ် ‘ရဟန်းယောက်ျား ရဟန်းမိန်းမနှစ်ဦးတို့အား ဆက်ဆံသော ပညတ်'လော၊ အသာဓာရဏပညတ် ‘ရဟန်းမိန်းမတို့နှင့် မဆက်ဆံဘဲ ရဟန်းယောက်ျားတို့အားသာ, ရဟန်းယောက်ျားတို့နှင့် မဆက်ဆံဘဲ ရဟန်းမိန်းမတို့အားသာ ဆက်ဆံသော ပညတ်'လော၊ ဧကတောပညတ် ‘ရဟန်းယောက်ျားအတွက်သာ သက်သက်သိစေအပ်သော, ရဟန်း မိန်းမအတွက်သာ သက်သက်သိစေအပ်သော ပညတ်'လော၊ ဥဘတောပညတ် ‘ရဟန်းယောက်ျား ရဟန်းမိန်းမ နှစ်ဦးလုံးတို့အား သိစေအပ်သော ပညတ်'လော။

ထိုပဌမပါရာဇိကသိက္ခာပုဒ်သည် ငါးပါးသော ပါတိမောက်ပြခြင်းတို့တွင် အဘယ်ပါတိမောက်ပြခြင်း၌ အတွင်းဝင်သနည်း၊ အဘယ်ပါတိမောက်ပြခြင်း၌ အကျုံးဝင်သနည်း၊ အဘယ်အကျဉ်းပြခြင်းဖြင့် အကျဉ်းပြအပ်သည့်အဖြစ်သို့ ရောက်သနည်း၊ လေးပါးသော ဝိပတ္တိ ‘ပျက်စီးခြင်း’ တို့တွင် အဘယ်ဝိပတ္တိ ‘ပျက်စီးခြင်း’ နည်း၊ အာပတ်ခုနစ်ပုံတို့တွင် အဘယ်အာပတ်အပုံနည်း၊ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် အဘယ်မျှလောက်ကုန်သော အကြောင်းတို့ကြောင့် ဖြစ်သနည်း၊ အဓိကရုဏ်းလေးမျိုးတို့တွင်အဘယ်အဓိကရုဏ်းနည်း၊ ငြိမ်းအေးကြောင်း ‘သမထ’ ခုနစ်မျိုးတို့တွင် အဘယ်ငြိမ်းအေးကြောင်း'သမထ’ တို့ဖြင့် ငြိမ်းအေးသနည်း။

ထိုပဌမပါရာဇိကသိက္ခာပုဒ်၌ ဝိနယဟူသည် အဘယ်နည်း၊ အဘိဝိနယဟူသည် အဘယ်နည်း၊ ထိုပဌမပါရာဇိကသိက္ခာပုဒ်၌ ပါတိမောက်ဟူသည် အဘယ်နည်း၊ အဓိပါတိမောက်ဟူသည် အဘယ်နည်း၊ ထိုပဌမပါရာဇိကသိက္ခာပုဒ်၌-

ဝိပတ္တိ ‘ပျက်စီးခြင်း'ကား အဘယ်နည်း။

သမ္ပတ္တိ ‘ပြည့်စုံခြင်း'ကား အဘယ်နည်း။

ပဋိပတ္တိ ‘ပြုကျင့်ခြင်း'ကား အဘယ်နည်း။

--

အဘယ်မျှလောက်ကုန်သော အကျိုးထူးတို့ကို အကြောင်းပြု၍ မြတ်စွာဘုရားသည် ပဌမပါရာဇိကသိက္ခာပုဒ်ကို ပညတ်တော်မူအပ်သနည်း၊ အဘယ်သူတို့သည် ကျင့်ကုန်သနည်း၊ အဘယ်သူတို့သည်ကျင့်အပ်ပြီးသော သိက္ခာရှိကုန်သနည်း၊ အဘယ်သူတို့၌ တည်သနည်း၊ အဘယ်သူတို့သည် နှုတ်တက်အာဂုံဆောင်ကုန်သနည်း၊ အဘယ်သူ၏ စကားနည်း၊ အဘယ်သူသည် ဆောင်ခဲ့သနည်း၊ (ဤကား အမေးစကားစုတည်း)။

။ သိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တော်တိုင် မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားသည် ပဌမပါရာဇိကသိက္ခာပုဒ်ကို အဘယ်အရပ်ဒေသ၌ ပညတ်တော်မူအပ်ပါသနည်း။

ဝေသာလီပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

ကလန္ဒသူဌေးသား သျှင်သုဒိန်ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

ကလန္ဒသူဌေးသား သျှင်သုဒိန်၏ မယားဟောင်း၌ မေထုန်မှီဝဲခြင်း အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

ထိုပဌမပါရာဇိကသိက္ခာပုဒ်၌ (မူလ) ပညတ်ရှိသလော၊ အနုပညတ်ရှိသလော၊ အနုပ္ပန္နပညတ်ရှိသလော။

ထိုပဌမပါရာဇိကသိက္ခာပုဒ်၌ (မူလ) ပညတ်တစ်မျိုး အနုပညတ်နှစ်မျိုးတို့သည် ရှိကုန်၏၊ ထိုပဌမပါရာဇိကသိက္ခာပုဒ်၌ အနုပ္ပန္နပညတ်မရှိ။

ထိုပဌမပါရာဇိကသိက္ခာပုဒ်သည် သဗ္ဗတ္ထပညတ်လော၊ ပဒေသပညတ်လော။

သဗ္ဗတ္ထပညတ်တည်း။

ထိုပဌမပါရာဇိကသိက္ခာပုဒ်သည်-

သာဓာရဏပညတ်လော၊ အသာဓာရဏပညတ်လော။

သာဓာရဏပညတ်တည်း။

ဧကတောပညတ်လော၊ ဥဘတောပညတ်လော။

ဥဘတောပညတ်တည်း။

ပါတိမောက်ပြခြင်းငါးမျိုးတို့တွင် အဘယ်ပါတိမောက်ပြခြင်း၌ အတွင်းဝင်သနည်း၊ အဘယ်ပါတိမောက်ပြခြင်း၌ အကျုံးဝင်သနည်း။

နိဒါန်း၌ အတွင်းဝင်၏၊ နိဒါန်း၌ အကျုံးဝင်၏။

အဘယ် အကျဉ်းပြခြင်းဖြင့် အကျဉ်းပြအပ်သည်၏ အဖြစ်သို့ ရောက်သနည်း။

ဒုတိယအကျဉ်းပြခြင်းဖြင့် အကျဉ်းပြအပ်သည်၏ အဖြစ်သို့ ရောက်၏။

ဝိပတ္တိ ‘ပျက်စီးခြင်း’ လေးမျိုးတို့တွင် အဘယ်ဝိပတ္တိနည်း။

သီလဝိပတ္တိ ‘သီလပျက်စီးခြင်း’ တည်း။

--

အဘယ်အာပတ်အစု ဖြစ်သနည်း။

ပါရာဇိကအာပတ်အစု ဖြစ်၏။

အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် အဘယ်မျှလောက်ကုန်သော အကြောင်းတို့ကြောင့်ဖြစ်သနည်း။

အကြောင်းတစ်ပါးကြောင့် ဖြစ်၏၊ ကိုယ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်း ဖြစ်၏၊ နှုတ်ကြောင့် မဖြစ်။

အဓိကရုဏ်းလေးမျိုးတို့တွင် အဘယ်အဓိကရုဏ်း ဖြစ်သနည်း။

အာပတ္တာဓိကရုဏ်း ဖြစ်၏။

ငြိမ်းအေးကြောင်း ‘သမထ’ ခုနစ်မျိုးတို့တွင် အဘယ်ငြိမ်းအေးကြောင်း'သမထ’ တို့ဖြင့် ငြိမ်းအေးသ နည်း။

သမ္မုခါဝိနယ ပဋိညာတကရဏ နှစ်မျိုးတို့ဖြင့် ငြိမ်းအေး၏။

ပဌမပါရာဇိကသိက္ခာပုဒ်၌ ဝိနယဟူသည် အဘယ်နည်း၊ အဘိဝိနယဟူသည် အဘယ်နည်း။

ပညတ် ‘အကြင်ရဟန်းသည် အစရှိသဖြင့် ဟောအပ်သောမာတိကာ'သည် ဝိနယ မည်၏၊ ဝိဘင်း'ပုဒ်ကို ခွဲခြားဝေဖန်ခြင်း ပဒဘာဇနီ'သည် အဘိဝိနယ မည်၏။

ထိုပဌမပါရာဇိကသိက္ခာပုဒ်၌ ပါတိမောက်ဟူသည် အဘယ်နည်း၊ ထိုပဌမပါရာဇိကသိက္ခာပုဒ်၌အဓိပါတိမောက်ဟူသည် အဘယ်နည်း။

ပညတ်သည် ပါတိမောက် မည်၏၊ ဝိဘင်းသည် အဓိပါတိမောက် မည်၏။

ဝိပတ္တိ ‘ပျက်စီးခြင်း'ကား အဘယ်နည်း။

သိက္ခာပုဒ်ကို မစောင့်စည်းခြင်း ‘လွန်ကျူးခြင်း’ သည် ဝိပတ္တိ ‘ပျက်စီးခြင်း’ မည်၏။

သမ္ပတ္တိ ‘ပြည့်စုံခြင်း'ကား အဘယ်နည်း။

သိက္ခာပုဒ်ကို စောင့်စည်းခြင်း ‘မလွန်ကျူးခြင်း'သည် သမ္ပတ္တိ ‘ပြည့်စုံခြင်း’ မည်၏။

ပဋိပတ္တိ ‘အကျင့်'ကား အဘယ်နည်း။

“ဤသို့သဘောရှိသော မကောင်းသော အကျင့်ကို အသက်ရှည်သရွေ့ ကာလပတ်လုံး အသက်ဆုံးသည့်တိုင်အောင် ငါ မပြုလုပ်တော့အံ့”ဟု ဆောက်တည်၍ သိက္ခာပုဒ်တို့၌ ကျင့်သုံးခြင်းသည် ပဋိပတ္တိ ‘အကျင့်’ မည်၏။

မြတ်စွာဘုရားသည် အဘယ်မျှလောက်ကုန်သော အကျိုးထူးတို့ကို အကြောင်းပြု၍ ပဌမပါရာဇိကသိက္ခာပုဒ်ကို ပညတ်တော်မူအပ်ပါသနည်း။

(၁) သံဃာတော်၏ ကောင်းပါပြီဟု ဝန်ခံကျင့်သုံးရန်

(၂) သံဃာတော်များ ချမ်းသာစေရန်

(၃) အကျင့်သီလဖောက်ဖျက်သူတို့ကို နှိမ်နင်းရန်

(၄) အကျင့်သီလကို ချစ်မြတ်နိုးသော ရဟန်းတို့ ချမ်းသာစွာ နေနိုင်ရန်

(၅) မျက်မှောက်၌ ဖြစ်ကုန်သော ဆင်းရဲအထူးတို့ကို စောင့်စည်းရန်

(၆) နောင်ဖြစ်လတ္တံကုန်သော ဆင်းရဲ အထူးတို့ကို ပယ်ရှားရန်

--

(၇) မကြည်ညိုသေးသော သူတို့ကို ကြည်ညိုစေရန်

(၈) ကြည်ညိုပြီးသော သူတို့ကို တိုး၍ ကြည်ညိုစေရန်

(၉) သူတော်ကောင်းတရား ‘သာသနာသုံးရပ်’ တည်တံ့ရန်

(၁၀) ဝိနည်း ‘စည်းမျဉ်း ဥပဒေ’ ကိုချီးမြှောက်ရန်ဟူသော အကျိုးထူးဆယ်ပါးကို အကြောင်းပြု၍

ပဌမပါရာဇိကသိက္ခာပုဒ်ကို မြတ်စွာဘုရား ပညတ်တော်မူအပ်ပါသည်။

အဘယ်ပုဂ္ဂိုလ်တို့သည် ကျင့်ကုန်သနည်း။

သေက္ခပုဂ္ဂိုလ် (ရဟန္တာကို ကြဉ်၍ ကျင့်ဆဲဖြစ်သော အရိယာခုနစ်ယောက်)၊ ကလျာဏပုထုဇဉ်ပုဂ္ဂိုလ်တို့သည် ကျင့်ကုန်၏။

အဘယ်ပုဂ္ဂိုလ်တို့သည် ကျင့်အပ်ပြီးသော အကျင့်ရှိကုန်သနည်း။

ရဟန္တာပုဂ္ဂိုလ်တို့သည် ကျင့်အပ်ပြီးသော အကျင့်ရှိကုန်၏။

အဘယ်ပုဂ္ဂိုလ်တို့၌ တည်သနည်း။

ကျင့်ခြင်းငှာ အလိုရှိကုန်သော ပုဂ္ဂိုလ် ‘ကျင့်လိုသောပုဂ္ဂိုလ်’ တို့၌ တည်၏။

အဘယ်ပုဂ္ဂိုလ်တို့သည် ပဌမပါရာဇိကသိက္ခာပုဒ်ကို ဆောင်ကုန်သနည်း။

အကြင်ပုဂ္ဂိုလ်တို့သည် ပဌမပါရာဇိကသိက္ခာပုဒ်ကို လေ့လာကုန်၏။ ထိုပုဂ္ဂိုလ်တို့သည် ဆောင်ကုန်၏။

ပဌမပါရာဇိကသိက္ခာပုဒ်သည် အဘယ်သူ၏ စကားဖြစ်သနည်း။

ပဌမပါရာဇိကသိက္ခာပုဒ်သည် လူ နတ် ဗြဟ္မာ သတ္တဝါတို့၏ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တော်တိုင် မှန်စွာ သိတော်မူသော မြတ်စွာဘုရား၏ စကားတော် ဖြစ်၏။

အဘယ်သူသည် ဆောင်ခဲ့သနည်း။

ဆရာအဆက်ဆက်သည် ဆောင်ခဲ့၏။

။ ဥပါလိမထေရ်၊ ဒါသကမထေရ်၊ သောဏကမထေရ်၊ သိဂ္ဂဝမထေရ်၊ ငါးပါးမြောက်မောဂ္ဂလိပုတ္တတိဿမထေရ်နှင့်တကွ ထိုရဟန္တာ အသျှင်မြတ်ငါးပါးတို့သည် ဇမ္ဗူဒိပ်ကျွန်း၌ဝိနည်းပိဋကတ်ကို (ပါဌ်အနက်အာဂုံဆောင်၍) ပို့ချတော်မူကြကုန်၏။

ထို့နောက် မဟိန္ဒမထေရ်၊ ဣဋ္ဋိယမထေရ်၊ ဥတ္တိယမထေရ်၊ ထိုမှတစ်ပါး သမ္ဗလ မထေရ်၊ (ပစ္စုပ္ပန် သံသရာ ကျိုးနှစ်ဖြာ၌ သိသော) ပညာရှိသော ဘဒ္ဒနာမမထေရ်။

ကြီးသော ပညာရှိကုန်သော ထိုရဟန္တာအသျှင်တို့သည် ဇမ္ဗူဒိပ်ကျွန်းမှ ဤသီဟိုဠ် ကျွန်းသို့ကြွလာတော်မူကြကုန်၏။

(မဟိန္ဒမထေရ်စသော) ထိုရဟန္တာတို့သည် သီဟိုဠ်ကျွန်း၌ ဝိနည်းပိဋကတ်ကို ပို့ချ တော်မူကုန်၏။ နိကာယ် ငါးရပ်တို့ကိုလည်းကောင်း၊ အဘိဓမ္မာ ခုနစ်ကျမ်းတို့ကို လည်းကောင်း ပို့ချတော်မူကြကုန်၏။

ထို့နောက် ထိုးထွင်းသောပညာရှိသော အရိဋ္ဌမထေရ်၊ (ပစ္စုပ္ပန် သံသရာ ကျိုးနှစ်ဖြာ၌သိသော) ပညာရှိသော တိဿဒတ္တမထေရ်၊ ရွံ့ရှားခြင်းကင်း ရဲတင်းသော ပညာရှိသော ကာဠသုမနမထေရ်၊ ဒီဃအမည်ရှိသော မထေရ်၊ (ပစ္စုပ္ပန် သံသရာ ကျိုးနှစ်ဖြာ၌ သိသော) ပညာရှိသော ဒီဃသုမနမထေရ်။

--

တစ်ဖန်တုံ ကာဠသုမနထေရ်၊ နာဂမထေရ်၊ ဗုဒ္ဓရက္ခိတမထေရ်၊ ထိုးထွင်းသော ဉာဏ် ပညာရှိသောတိဿမထေရ်၊ (ပစ္စုပ္ပန်သံသရာ ကျိုးနှစ်ဖြာ၌ သိသော) ပညာရှိသော ဒေဝ မထေရ်။

တစ်ဖန်တုံ ဝိနည်းပိဋကတ်၌ ရွံ့ရှားခြင်းကင်း ရဲတင်းသော ထိုးထွင်း၍ သိသော ဉာဏ်ပညာရှိသောသုမနမထေရ်၊ ဖျက်ဆီးထိုးပစ်နိုင်ခဲသော ဆင်ပြောင်ကြီးကဲ့သို့ များသော အကြားအမြင်ရှိသောစူဠနာဂမထေရ်။

ရောဟဏဇနပုဒ်၌ သူတော်ကောင်းတို့သည် ကိုးကွယ်ပူဇော်အပ်သော ဓမ္မပါလိတ အမည်ရှိသောမထေရ်၊ ထိုဓမ္မပါလိတမထေရ်၏တပည့် ပိဋကတ်သုံးပုံ နှုတ်တက် အာဂုံ ဆောင်ပြီးလျှင် ကြီးသောပညာရှိသည်ဖြစ်၍ နက္ခတ်တာရာ ကြယ်တကာတို့၏ မင်းဖြစ် သော လကဲ့သို့၊ သီဟိုဠ်ကျွန်း၌ပညာရောင်ဖြင့် အလွန်တင့်တယ်သော ခေမမည်သော မထေရ်၊ ထိုးထွင်းသော ဉာဏ်ပညာရှိသောဥပတိဿမထေရ်၊ တရားဟော ပုဂ္ဂိုလ်ကြီး ဖြစ်သော ဖုဿဒေဝမထေရ်။

တစ်ဖန်တုံ ထိုးထွင်းသော ဉာဏ်ပညာရှိသော သုမနမထေရ်၊ များသော အကြား အမြင်ရှိသောမဟာပဒုမမထေရ် (သို့မဟုတ် မဟာသုမနမထေရ်)၊ ပိဋကတ်သုံးပုံ အလုံးစုံ၌ လိမ္မာနိုင်နင်းသောတရားဟော ပုဂ္ဂိုလ်ကြီးဖြစ်သော မဟာသိဝမထေရ်။

တစ်ဖန်တုံ ဝိနည်းပိဋကတ်၌ ရွံ့ရှားခြင်းကင်း ရဲတင်းသော ထိုးထွင်းသော ဉာဏ် ပညာရှိသောဥပါလိမထေရ်၊ သူတော်ကောင်းတရားအနွယ်၌ လိမ္မာသော ကြီးသော ပညာရှိသော မဟာနာဂမထေရ်။

တစ်ဖန်တုံ ပိဋကတ်သုံးပုံ အလုံးစုံ၌ လိမ္မာသော ထိုးထွင်းသော ဉာဏ်ပညာရှိသော အဘယမထေရ်၊ ဝိနည်းပိဋကတ်၌ ရွံ့ရှားခြင်းကင်း ရဲတင်းသော ထိုးထွင်းသော ဉာဏ် ပညာရှိသော တိဿမထေရ်။

ထိုတိဿမထေရ်၏တပည့်ကြီးဖြစ်သော ပညာရှိသော များသော အကြားအမြင်ရှိသော ဇမ္ဗူဒိပ်ကျွန်း၌သာသနာတော်ကို စောင့်ရှောက်လျက် တည်နေတော်မူသော သုမနအမည် ရှိသော မထေရ်။

ထိုးထွင်းသော ဉာဏ်ပညာရှိသော ဝိနည်းပိဋကတ်၌ ရွံ့ရှားခြင်းကင်း ရဲတင်းသော စူဠာဘယမထေရ်၊ သူတော်ကောင်းတရားအနွယ်၌ လိမ္မာသော ထိုးထွင်းသော ဉာဏ် ပညာရှိသော တိဿမထေရ်။

ထိုးထွင်းသော ဉာဏ်ပညာရှိသော ဝိနည်းပိဋကတ်၌ ရွံ့ရှားခြင်း ကင်းရဲတင်းသော စူဠဒေဝမထေရ်၊ ထိုးထွင်းသော ဉာဏ်ပညာရှိသော အလုံးစုံသော ဝိနည်းပိဋကတ်၌ လိမ္မာကျွမ်းကျင်သော သိဝမထေရ်။

ကြီးမားသော ပညာရှိတော်မူကြကုန်သော ဝိနည်း၌ လိမ္မာတော်မူကြကုန်သော နတ်ရွာ နိဗ္ဗာန်လမ်းခရီး၌့ကျွမ်းကျင် လိမ္မာတော်မူကြကုန်သော ထိုရဟန္တာအသျှင်မြတ်တို့သည် သီဟိုဠ်ကျွန်း၌ ဝိနည်းပိဋကတ်ကို (ပါဌ်အနက်အာဂုံဆောင်၍) ပြသတော်မူကြကုန်၏။

။ သိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်ဝော်တိုင် မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားသည် ဒုတိယပါရာဇိကသိက္ခာပုဒ်ကို အဘယ်အရပ်၌ပညတ်တော်မူအပ်ပါသနည်း။

ရာဇဂြိုဟ်ပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်ပုဂ္ဂိုလ်ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

အိုးထိန်းသည်၏သား အသျှင်ဓနိယကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

--

အိုးထိန်းသည်၏သား အသျှင်ဓနိယ၏ ဗိမ္ဗိသာရမင်းကြီး၏ သစ်တို့ကို မပေးလှူဘဲ ခိုးယူခြင်းအကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။ (မူလ) ပညတ်တစ်ပါး၊ အနုပညတ်တစ်ပါး ရှိ၏။

အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် အဘယ်မျှလောက်ကုန်သော အကြောင်းတို့ကြောင့်ဖြစ်သနည်း။

သုံးပါးသော အကြောင်းတို့ကြောင့် ဖြစ်၏၊ ရံခါ ကိုယ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်း ကောင်းဖြစ်၏၊ နှုတ်ကြောင့် မဖြစ်။ ရံခါ နှုတ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်း ဖြစ်၏၊ ကိုယ်ကြောင့် မဖြစ်။ ရံခါ ကိုယ်ကြောင့်လည်းကောင်း၊ နှုတ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်း ဖြစ်၏။ပ။

။ တတိယပါရာဇိကသိက္ခာပုဒ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

ဝေသာလီပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

များပြားလှစွာသော ရဟန်းတို့ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

များပြားလှစွာသော ရဟန်းတို့၏ အချင်းချင်း သတ်ဖြတ်မှုအကြောင်းကြောင့် ပညတ်တော်မူအပ် ပါသည်။

(မူလ) ပညတ်တစ်ပါး အနုပညတ်တစ်ပါး ရှိ၏။

အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် အဘယ်မျှလောက်ကုန်သော အကြောင်းတို့ကြောင့်ဖြစ်သနည်း။

သုံးပါးသော အကြောင်းတို့ကြောင့် ဖြစ်၏၊ ရံခါ ကိုယ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်း ဖြစ်၏၊ နှုတ်ကြောင့် မဖြစ်။ ရံခါ နှုတ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်း ဖြစ်၏၊ ကိုယ်ကြောင့် မဖြစ်။ ရံခါ ကိုယ်ကြောင့်လည်းကောင်း၊ နှုတ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်း ဖြစ်၏။ပ။

။ စတုတ္ထပါရာဇိကသိက္ခာပုဒ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

ဝေသာလီပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

ဝဂ္ဂုမုဒါမြစ်ကမ်းအနီးအနား၌ နေကုန်သော ရဟန်းတို့ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

ဝဂ္ဂုမုဒါမြစ်ကမ်း၏ အနီးအနား၌ နေကုန်သော ရဟန်းတို့၏ အချင်းချင်း၏ ဥတ္တရိမနုဿဓမ္မ ဂုဏ်ကျေးဇူးကို လူတို့အား ပြောဆိုကြခြင်းအကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး အနုပညတ်တစ်ပါး ရှိ၏။

အာပတ်သင့်ခြင်း အကြောင်းခြောက်မျိုးတို့တွင် အဘယ်မျှလောက်ကုန်သော အကြောင်းတို့ကြောင့်ဖြစ်သနည်း။

--

သုံးပါးသော အကြောင်းတို့ကြောင့် ဖြစ်၏၊ ရံခါကိုယ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်းဖြစ်၏၊ နှုတ်ကြောင့် မဖြစ်။ ရံခါ နှုတ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်း ဖြစ်၏၊ ကိုယ်ကြောင့် မဖြစ်။ ရံခါ ကိုယ်ကြောင့်လည်းကောင်း၊ နှုတ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်း ဖြစ်၏။ပ။

ပါရာဇိကလေးပါး ပြီး၏။

ထိုပါရာဇိကလေးပါး၏ အကျဉ်းချုပ်

မေထုန်မှီဝဲခြင်း ‘မေထုန’ သိက္ခာပုဒ်၊ အရှင်မပေးသော သူတစ်ပါးပစ္စည်းကို ခိုးယူခြင်း'အဒိန္နာဒါန'သိက္ခာပုဒ်၊ လူကို သတ်ဖြတ်ခြင်း ‘မနုဿဝိဂ္ဂဟ’ သိက္ခာပုဒ်၊ ဈာန်မဂ်ဖိုလ်တရား ကို လူတို့အား ပြောကြားခြင်း ‘ဥတ္တရိမနုဿဓမ္မ’ သိက္ခာပုဒ်၊ ဤလေးပါးသော ပါရာဇိက သိက္ခာပုဒ်တို့သည် ရဟန်းအဖြစ်ကို ဖြတ်ခြင်းအကြောင်းတို့တည်း၊ ယုံမှားသံသယ မရှိ အပ်ကုန်။ ဤရွေ့ကား အကျဉ်းချုပ် အပြီးတည်း။

--

၂-သံဃာဒိသိသ် တစ်ဆယ့်သုံးပါး

။ သိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တော်တိုင် မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားသည် လုံ့လပြု၍ သုက်ကို လွှတ်သော (လွတ်စေသော) ရဟန်းအား သံဃာဒိသိသ်အာပတ်ကို အဘယ်အရပ်၌ အဘယ်သူကို အကြောင်းပြု၍အဘယ် အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

ထိုသိက္ခာပုဒ်၌ (မူလ) ပညတ်ရှိသလော၊ အနုပညတ်ရှိသလော၊ အနုပ္ပန္နပညတ်ရှိသလော။

ထိုသိက္ခာပုဒ်သည် သဗ္ဗတ္ထပညတ်လော၊ ပဒေသပညတ်လော၊ သာဓာရဏပညတ်လော၊ အသာဓာရဏပညတ်လော။

ဧကတောပညတ်လော၊ ဥဘတောပညတ်လော။

ထိုသိက္ခာပုဒ်သည် ငါးပါးသော ပါတိမောက်ပြခြင်းတို့တွင် အဘယ်ပါတိမောက်ပြခြင်း၌ အတွင်းဝင်သနည်း၊ အဘယ်ပါတိမောက်ပြခြင်း၌ အကျုံးဝင်သနည်း၊ အဘယ်အကျဉ်းပြခြင်းဖြင့် အကျဉ်းပြအပ်သည်၏ အဖြစ်သို့ ရောက်သနည်း၊ လေးပါးသော ဝိပတ္တိတို့တွင် အဘယ်ဝိပတ္တိနည်း၊ ခုနစ်ပါးသော အာပတ်အစုတို့တွင် အဘယ်အာပတ် အစုနည်း၊ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင်အဘယ်မျှလောက် ကုန်သော အကြောင်းတို့ကြောင့် ဖြစ်သနည်း။

--

အဓိကရုဏ်းလေးမျိုးတို့တွင် အဘယ်အဓိကရုဏ်းနည်း၊ ငြိမ်းအေးကြောင်း ‘သမထ’ ခုနစ်မျိုးတို့တွင်အဘယ်ငြိမ်းအေးကြောင်း ‘သမထ’ တို့ဖြင့် ငြိမ်းအေးသနည်း၊ ထိုသိက္ခာပုဒ်၌ ဝိနယဟူသည် အဘယ်နည်း၊ ထိုသိက္ခာပုဒ်၌ အဘိဝိနယဟူသည် အဘယ်နည်း။

ထိုသိက္ခာပုဒ်၌ ပါတိမောက်ဟူသည် အဘယ်နည်း၊ ထိုသိက္ခာပုဒ်၌ အဓိပါတိမောက်ဟူသည် အဘယ် နည်း။

ထိုသိက္ခာပုဒ်၌ ဝိပတ္တိကား အဘယ်နည်း၊ သမ္ပတ္တိကား အဘယ်နည်း၊ ပဋိပတ္တိကား အဘယ်နည်း။

အဘယ်မျှလောက်ကုန်သော အကျိုးထူးတို့ကို အကြောင်းပြု၍ မြတ်စွာဘုရားသည် လုံ့လပြု၍ သုက်ကိုလွှတ်သော (လွတ်စေသော) ရဟန်းအား သံဃာဒိသိသ်သိက္ခာပုဒ်ကို ပညတ်တော်မူအပ်ပါသနည်း။

အဘယ်သူတို့သည် ကျင့်ကုန်သနည်း၊ အဘယ်သူတို့သည် ကျင့်အပ်ပြီးသော အကျင့် ‘သိက္ခာ'ရှိကုန့်သနည်း၊ အဘယ်သူတို့၌ တည်သနည်း၊ အဘယ်သူတို့သည် နှုတ်တက်အာဂုံ (ပါဌ်အနက်) ဆောင်ကုန်သနည်း၊ အဘယ်သူ၏ စကားနည်း၊ အဘယ်သူသည် ဆောင်ခဲ့သနည်း။

(ဤကား အမေးစကားစုတည်း)။

။ သိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တော်တိုင် မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားသည် လုံ့လပြု၍ သုက်ကိုလွှတ်သော (လွတ်စေသော) ရဟန်းအား သံဃာဒိသိသ်အာပတ်ကို အဘယ်အရပ်၌ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

အသျှင်သေယျသကကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

အသျှင်သေယျသက၏ လုံ့လပြု၍ သုက်ကို လွှတ်ခြင်းအကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

ထိုသိက္ခာပုဒ်၌ မူလပညတ်ရှိသလော၊ အနုပညတ်ရှိသလော၊ အနုပ္ပန္နပညတ်ရှိသလော။

ထိုသိက္ခာပုဒ်၌ (မူလ) ပညတ်တစ်မျိုး အနုပညတ်တစ်မျိုး ရှိ၏၊ အနုပ္ပန္နပညတ် မရှိ။

ထိုသိက္ခာပုဒ်သည် သဗ္ဗတ္ထပညတ်လော၊ ပဒေသပညတ်လော။ သဗ္ဗတ္ထပညတ်တည်း။

သာဓာရဏပညတ်လော၊ အသာဓာရဏပညတ်လော။ အသာဓာရဏပညတ်တည်း။

ဧကတောပညတ်လော၊ ဥဘတောပညတ်လော။ ဧကတောပညတ်တည်း။

ပါတိမောက်ပြခြင်း ငါးမျိုးတို့တွင် အဘယ်ပါတိမောက်ပြခြင်း၌ အတွင်းဝင်သနည်း၊ အဘယ်ပါတိမောက်ပြခြင်း၌ အကျုံးဝင်သနည်း။

နိဒါန်း၌ အတွင်းဝင်၏၊ နိဒါန်း၌ အကျုံးဝင်၏။

အဘယ်အကျဉ်းပြခြင်းဖြင့် အကျဉ်းပြအပ်သည်၏ အဖြစ်သို့ ရောက်သနည်း။

တတိယ အကျဉ်းပြခြင်းဖြင့် အကျဉ်းပြအပ်သည်၏ အဖြစ်သို့ ရောက်၏။

--

ဝိပတ္တိလေးမျိုးတို့တွင် အဘယ်ဝိပတ္တိနည်း။

သီလဝိပတ္တိ ‘သီလပျက်စီးခြင်း’ တည်း။

အာပတ်အစု ခုနစ်မျိုးတို့တွင် အဘယ်အာပတ်အစုဖြစ်သနည်း။

အာပတ်အစု ခုနစ်မျိုးတို့တွင် သံဃာဒိသိသ်အာပတ်အစု ဖြစ်၏။

အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် အဘယ်မျှလောက်ကုန်သော အကြောင်းတို့ကြောင့်ဖြစ်သနည်း။

အကြောင်းတစ်ပါးကြောင့် ဖြစ်၏၊ ကိုယ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်း ဖြစ်၏၊ နှုတ်ကြောင့် မဖြစ်။

အဓိကရုဏ်းလေးမျိုးတို့တွင် အဘယ်အဓိကရုဏ်းဖြစ်သနည်း။

အဓိကရုဏ်းလေးမျိုးတို့တွင် အာပတ္တာဓိကရုဏ်းဖြစ်၏။

ငြိမ်းအေးကြောင်း ‘သမထ’ ခုနစ်မျိုးတို့တွင် အဘယ်ငြိမ်းအေးကြောင်း ‘သမထ’ တို့ဖြင့် ငြိမ်းအေးသနည်း။

မျက်မှောက် မေးမြန်းစိစစ်ခြင်းတည်းဟူသော ‘သမ္မုခါဝိနယ’၊ဟုတ်မှန်ပါသည်ဟု ဝန်ခံခြင်း'ပဋိညာတကရဏ’ ဤသမထနှစ်မျိုးတို့ဖြင့် ငြိမ်းအေး၏။

သိက္ခာပုဒ်၌ ဝိနယဟူသည် အဘယ်နည်း၊ အဘိဝိနယဟူသည် အဘယ်နည်း။

ပညတ်သည် ဝိနယ မည်၏၊ ဝိဘင်းသည် အဘိဝိနယ မည်၏။

ထိုသိက္ခာပုဒ်၌ ပါတိမောက်ဟူသည် အဘယ်နည်း၊ အဓိပါတိမောက်ဟူသည် အဘယ်နည်း။

ပညတ်သည် ပါတိမောက် မည်၏၊ ဝိဘင်းသည် အဓိပါတိမောက် မည်၏။

ဝိပတ္တိကား အဘယ်နည်း။

သိက္ခာပုဒ်ကို မစောင့်စည်းခြင်း ‘ကျူးလွန်ခြင်း'သည် ဝိပတ္တိ မည်၏။

သမ္ပတ္တိကား အဘယ်နည်း။

သိက္ခာပုဒ်ကို စောင့်စည်းခြင်း ‘မလွန်ကျူးခြင်း'သည် သမ္ပတ္တိ မည်၏။

ပဋိပတ္တိကား အဘယ်နည်း။

“ဤသို့ သဘောရှိသော (မကောင်းသော) အကျင့်ကို အသက်ရှည်သရွေ့ ကာလပတ်လုံး အသက်ဆုံးသည့်တိုင်အောင် ငါမပြုလုပ်တော့အံ့”ဟု ဆောက်တည်၍ သိက္ခာပုဒ်တို့၌ ကျင့်သုံးခြင်းသည် ပဋိပတ္တိမည်၏။

မြတ်စွာဘုရားသည် အဘယ်မျှလောက်ကုန်သော အကျိုးထူးတို့ကို အကြောင်းပြု၍ လုံ့လပြုလျက်သုက်ကို လွှတ်သော ရဟန်းအား သံဃာဒိသိသ်သိက္ခာပုဒ်ကို ပညတ်တော်မူအပ်ပါသနည်း။

(၁) သံဃာတော်၏ ကောင်းပါပြီဟု ဝန်ခံကျင့်သုံးရန်

(၂) သံဃာတော်များ ချမ်းသာစေရန်

(၃) အကျင့် သီလဖောက်ဖျက်သူတို့ကို နှိမ်နင်းရန်

(၄) အကျင့်သီလကို ချစ်မြတ်နိုးသော ရဟန်းတို့ ချမ်းသာစွာ နေနိုင်ရန်

--

(၅) မျက်မှောက်၌ ဖြစ်ကုန်သော ဆင်းရဲအထူးတို့ကို စောင့်စည်းရန်

(၆) နောင်ဖြစ်လတ္တံ့ကုန်သော ဆင်းရဲ အထူးတို့ကို ပယ်ရှားရန်

(၇) မကြည်ညိုသေးသော သူတို့ကို ကြည်ညိုစေရန်

(၈) ကြည်ညိုပြီးသော သူတို့ကို တိုး၍ ကြည်ညိုစေရန်

(၉) သူတော်ကောင်းတရား ‘သာသနာသုံးရပ်’ တည်တံ့ရန် (၁၀) ဝိနည်း ‘စည်းမျဉ်းဥပဒေ’ ကို ချီးမြှောက်ရန်ဟူသော ဤအကျိုးထူးဆယ်ပါးကို အကြောင်းပြု၍ လုံ့လပြုလျက် သုက်ကို လွှတ်သော ရဟန်းအား

(သုက္ကဝိဿဋ္ဌိ) သံဃာဒိသိသ်သိက္ခာပုဒ်ကို မြတ်စွာဘုရား ပညတ်တော်မူအပ်ပါသည်။

အဘယ်ပုဂ္ဂိုလ်တို့သည် ကျင့်ကုန်သနည်း။

သေက္ခပုဂ္ဂိုလ် ကလျာဏပုထုဇဉ်ပုဂ္ဂိုလ်တို့သည် ကျင့်ကုန်၏။

အဘယ်ပုဂ္ဂိုလ်တို့သည် ကျင့်အပ်ပြီးသော အကျင့်ရှိကုန်သနည်း။

ရဟန္တာပုဂ္ဂိုလ်တို့သည် ကျင့်အပ်ပြီးသော အကျင့်ရှိကုန်၏။

အဘယ်ပုဂ္ဂိုလ်တို့၌ တည်သနည်း။

ကျင့်ခြင်းငှာ အလိုရှိကုန်သော ပုဂ္ဂိုလ် ‘ကျင့်လိုသောပုဂ္ဂိုလ်’ တို့၌ တည်၏။

အဘယ်သူတို့သည် ဆောင်ကုန်သနည်း။

အကြင်ပုဂ္ဂိုလ်တို့သည် (သုက္ကဝိဿဋ္ဌိ) သံဃာဒိသိသ်သိက္ခာပုဒ်ကို လေ့လာကုန်၏၊ ထိုပုဂ္ဂိုလ်တို့သည် ဆောင်ကုန်၏။

အဘယ်သူ၏ စကားဖြစ်သနည်း။

လူနတ်ဗြဟ္မာ သတ္တဝါတို့၏ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တော်တိုင် မှန်စွာ သိတော်မူသော မြတ်စွာဘုရား၏ စကားတော်ဖြစ်၏။

အဘယ်သူသည် ဆောင်ခဲ့သနည်း၊ ဆရာအဆက်ဆက်သည် ဆောင်ခဲ့၏။

ဥပါလိမထေရ်၊ ဒါသကမထေရ်၊ သောဏကမထေရ်၊ သိဂ္ဂဝမထေရ်၊ ငါးပါးမြောက့်မောဂ္ဂလိပုတ္တ တိဿမထေရ်နှင့်တကွ ထိုရဟန္တာအသျှင်မြတ်ငါးပါးတို့သည် ဇမ္ဗူဒိပ်ကျွန်း၌ဝိနည်းပိဋကတ်ကို (ပါဌ်အနက်အာဂုံဆောင်၍) ပို့ချတော်မူကြကုန်၏။

ထို့နောက် မဟိန္ဒမထေရ်၊ ဣဋ္ဋိယမထေရ်၊ ဥတ္တိယမထေရ်၊ ထိုမှတစ်ပါး သမ္ဗလ မထေရ် (ပစ္စုပ္ပန် သံသရာ ကျိုးနှစ်ဖြာ၌ သိသော) ပညာရှိသော ဘဒ္ဒနာမမထေရ်၊ ကြီးသော ပညာရှိကုန်သောထိုရဟန္တာအသျှင်တို့သည် ဇမ္ဗူဒိပ်ကျွန်းမှ ဤသီဟိုဠ် ကျွန်းသို့ ကြွလာတော်မူကြကုန်၏။

(မဟိန္ဒမထေရ်စသော) ထိုရဟန္တာတို့သည် သီဟိုဠ်ကျွန်း၌ ဝိနည်းပိဋကတ်ကို ပို့ချ တော်မူကုန်၏၊ နိကာယ် ငါးရပ်တို့ကိုလည်းကောင်း၊ အဘိဓမ္မာ ခုနစ်ကျမ်းတို့ကို လည်းကောင်း ပို့ချတော်မူကြကုန်၏။

ထို့နောက် ထိုးထွင်းသော ပညာရှိသော အရိဋ္ဌမထေရ်၊ (ပစ္စုပ္ပန် သံသရာ ကျိုး နှစ်ဖြာ၌ သိသော) ပညာရှိသော တိဿဒတ္တမထေရ်၊ ရွံ့ရှားခြင်းကင်း ရဲတင်းသော ပညာရှိသော ကာဠသုမနမထေရ်၊ ဒီဃအမည်ရှိသော မထေရ်၊ (ပစ္စုပ္ပန် သံသရာ ကျိုးနှစ်ဖြာ၌ သိသော) ပညာရှိသော ဒီဃသုမနမထေရ်။

တစ်ဖန်တုံ ကာဠသုမနမထေရ်၊ နာဂမထေရ်၊ ဗုဒ္ဓရက္ခိတမထေရ်၊ ထိုးထွင်းသော ဉာဏ်ပညာရှိသောတိဿမထေရ်၊ (ပစ္စုပ္ပန် သံသရာ ကျိုးနှစ်ဖြာ၌ သိသော) ပညာရှိသော ဒေဝမထေရ်။

--

တစ်ဖန်တုံ ဝိနည်းပိဋကတ်၌ ရွံ့ရှားခြင်းကင်း ရဲတင်းသော ထိုးထွင်း၍ သိသော ဉာဏ်ပညာရှိသောသုမနမထေရ်၊ ဖျက်ဆီးထိုးပစ်နိုင်ခဲသော ဆင်ပြောင်ကြီးကဲ့သို့ များသော အကြားအမြင်ရှိသောစူဠနာဂမထေရ်။

ရောဟဏဇနပုဒ်၌ သူတော်ကောင်းတို့သည် ကိုးကွယ်ပူဇော်အပ်ကုန်သော ဓမ္မပါလိတ အမည်ရှိသောမထေရ်၊ ထိုဓမ္မပါလိတမထေရ်၏တပည့် ပိဋကတ်သုံးပုံ နှုတ်တက် အာဂုံ ဆောင်ပြီးလျှင်ကြီးသောပညာရှိသည်ဖြစ်၍ နက္ခတ်တာရာ ကြယ်တကာတို့၏ မင်းဖြစ် သော လကဲ့သို့ သီဟိုဠ်ကျွန်း၌ပညာရောင်ဖြင့် အလွန်တင့်တယ်သော ခေမအမည်ရှိ သော မထေရ်၊ ထိုးထွင်းသော ဉာဏ်ပညာရှိသောဥပတိဿမထေရ်၊ တရားဟော ပုဂ္ဂိုလ်ကြီးဖြစ်သော ဖုဿဒေဝမထေရ်။

တစ်ဖန်တုံ ထိုးထွင်းသော ဉာဏ်ပညာရှိသော သုမနမထေရ်၊ များသော အကြား အမြင်ရှိသောမဟာပဒုမမထေရ် (သို့မဟုတ် မဟာသုမနမထေရ်)၊ ပိဋကတ်သုံးပုံ အလုံးစုံ၌ လိမ္မာနိုင်နင်းသောတရားဟောပုဂ္ဂိုလ်ကြီးဖြစ်သော မဟာသိဝမထေရ်။

တစ်ဖန်တုံ ဝိနည်းပိဋက၌ ရွံ့ရှားခြင်းကင်း ရဲတင်းသော ထိုးထွင်းသော ဉာဏ်ပညာ ရှိသောဥပါလိမထေရ်၊ သူတော်ကောင်းတရားအနွယ်၌ လိမ္မာသော ကြီးသော ပညာ ရှိသော မဟာနာဂမထေရ်။

တစ်ဖန်တုံ ပိဋကတ်သုံးပုံ အလုံးစုံ၌ လိမ္မာသော ထိုးထွင်းသော ဉာဏ်ပညာရှိသော အဘယမထေရ်၊ ဝိနည်းပိဋက၌ ရွံ့ရှားခြင်းကင်း ရဲတင်းသော ထိုးထွင်းသော ဉာဏ် ပညာရှိသော တိဿမထေရ်။

ထိုတိဿမထေရ်၏တပည့် ကြီးသော ပညာရှိသော များသော အကြားအမြင်ရှိသော ဇမ္ဗူဒိပ်ကျွန်း၌သာသနာတော်ကို စောင့်ရှောက်လျက် တည်နေတော်မူသော သုမန အမည်ရှိသော မထေရ်။

ထိုးထွင်းသော ဉာဏ်ပညာရှိသော ဝိနည်းပိဋကတ်၌ ရွံ့ရှားခြင်းကင်း ရဲတင်းသော စူဠာဘယမထေရ်၊ သူတော်ကောင်းတရားအနွယ်၌ လိမ္မာသော ထိုးထွင်းသော ဉာဏ် ပညာရှိသော တိဿမထေရ်။

ထိုးထွင်းသော ဉာဏ်ပညာရှိသော ဝိနည်းပိဋကတ်၌ ရွံ့ရှားခြင်းကင်း ရဲတင်းသော စူဠဒေဝမထေရ်၊ ထိုးထွင်းသော ဉာဏ်ပညာရှိသော အလုံးစုံသော ဝိနည်းပိဋကတ်၌ လိမ္မာကျွမ်းကျင်သော သိဝမထေရ်။

ကြီးမားသော ပညာရှိတော်မူကြကုန်သော ဝိနည်း၌ လိမ္မာတော်မူကြကုန်သော နတ်ရွာ နိဗ္ဗာန်လမ်းခရီး၌ကျွမ်းကျင် လိမ္မာတော်မူကြကုန်သော ထိုရဟန္တာ အသျှင်မြတ်တို့သည် သီဟိုဠ်ကျွန်း၌ ဝိနည်းပိဋကတ်ကို (ပါဌ်အနက်အာဂုံဆောင်၍) ပြတော်မူကြကုန်၏။

။ (ထိုထို သိက္ခာပုဒ်ပညတ်ခြင်း၏ အခါကို) သိတော်မူသော (ထိုထိုသိက္ခာပုဒ်ပညတ်ခြင်း၏အကျိုးထူးတို့ကို) မြင်တော်မူသော (ကိလေသာရန်သူတို့ကို) ပယ်သတ်တော်မူပြီးသော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားသည် မာတုဂါမနှင့် အတူတကွကိုယ်လက်နှီးနှောခြင်းသို့ ရောက်သော ရဟန်းအား သံဃာဒိသိသ်အာပတ်ကို အဘယ်အရပ်၌ပညတ်တော် မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူပါအပ်သည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

အသျှင်ဥဒါယီကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

အသျှင်ဥဒါယီ၏ မာတုဂါမနှင့် အတူတကွ ကိုယ်လက်နှီးနှောခြင်းသို့ ရောက်ခြင်းအကြောင်းကြောင့်ပညတ်တော်မူအပ်ပါသည်။ (မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင်တစ်ပါးသော အကြောင်းကြောင့် ဖြစ်၏၊ ကိုယ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်း ဖြစ်၏၊ နှုတ်ကြောင့် မဖြစ်။ပ။

--

၁၀။ မာတုဂါမကို ရုန့်ရင်းကြမ်းတမ်းသော စကားတို့ဖြင့် ပြောဆိုသော ရဟန်းအား သံဃာဒိသိသ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

အသျှင်ဥဒါယီကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

အသျှင်ဥဒါယီ၏ မာတုဂါမကို ရုန့်ရင်းကြမ်းတမ်းသော စကားတို့ဖြင့် ပြောဆိုခြင်းအကြောင်းကြောင့်ပညတ်တော်မူအပ်ပါသည်။ (မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင်အကြောင်းသုံးမျိုးတို့ကြောင့် ဖြစ်၏၊ ရံခါ ကိုယ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်း ဖြစ်၏၊ နှုတ်ကြောင့် မဖြစ်။ ရံခါ နှုတ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်း ဖြစ်၏၊ ကိုယ်ကြောင့်မဖြစ်။ ရံခါ ကိုယ်ကြောင့်လည်းကောင်း၊ နှုတ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်း ဖြစ်၏။ပ။

၁၁။ မာတုဂါမထံ၌ မိမိအကျိုးငှါ ကာမဂုဏ်ဖြင့် လုပ်ကျွေးခြင်း၏ ဂုဏ်ကျေးဇူးကို ပြောဆိုသောရဟန်းအား သံဃာဒိသိသ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

အသျှင်ဥဒါယီကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

အသျှင်ဥဒါယီ၏ မာတုဂါမထံ၌ မိမိအကျိုးငှာ ကာမဂုဏ်ဖြင့် လုပ်ကျွေးခြင်း၏ ဂုဏ်ကျေးဇူးကိုပြောဆိုခြင်းအကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။ (မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်းခြောက်မျိုးတို့တွင် သုံးပါးသော အကြောင်းတို့ကြောင့် ဖြစ်၏၊ ရံခါကိုယ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်း ဖြစ်၏၊ နှုတ်ကြောင့် မဖြစ်။ ရံခါနှုတ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်း ကောင်း ဖြစ်၏၊ ကိုယ်ကြောင့် မဖြစ်။ ရံခါကိုယ်ကြောင့်လည်းကောင်း၊ နှုတ်ကြောင့်လည်းကောင်း၊ စိတ် ကြောင့်လည်းကောင်း ဖြစ်၏။ပ။

၁၂။ အောင်တမန်သွားလာခြင်း ‘အောင်သွယ်ခြင်း’ သို့ ရောက်သော ရဟန်းအား သံဃာဒိသိသ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

အသျှင်ဥဒါယီကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

အသျှင်ဥဒါယီ၏ အောင်တမန်သွားလာခြင်း အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

--

(မူလ) ပညတ်တစ်ပါး အနုပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင်ခြောက်မျိုးသော အကြောင်းတို့ကြောင့် ဖြစ်၏၊ ရံခါ ကိုယ်ကြောင့် ဖြစ်၏၊ နှုတ်ကြောင့် မဖြစ်၊ စိတ်ကြောင့် မဖြစ်။ ရံခါ နှုတ်ကြောင့် ဖြစ်၏၊ ကိုယ်ကြောင့် မဖြစ်၊ စိတ်ကြောင့် မဖြစ်။ ရံခါကိုယ်ကြောင့်လည်းကောင်း၊ နှုတ်ကြောင့်လည်းကောင်း ဖြစ်၏၊ စိတ်ကြောင့် မဖြစ်။ ရံခါ ကိုယ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်း ဖြစ်၏၊ နှုတ်ကြောင့် မဖြစ်။ ရံခါ နှုတ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်း ကောင်း ဖြစ်၏၊ ကိုယ်ကြောင့် မဖြစ်။ ရံခါ ကိုယ်ကြောင့်လည်းကောင်း၊ နှုတ်ကြောင့်လည်းကောင်း၊ စိတ် ကြောင့်လည်းကောင်း ဖြစ်၏။ပ။

၁၃။ ကိုယ်တိုင် တောင်းယူအပ်သော ပဲခွပ်စသော အဆောက်အဦဖြင့် ကျောင်းကို ပြုစေသောရဟန်းအား သံဃာဒိသိသ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

အာဠဝီပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

အာဠဝီပြည်သား ရဟန်းတို့ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

အာဠဝီပြည်သား ရဟန်းတို့၏ ကိုယ်တိုင် တောင်းယူအပ်သော ပဲခွပ်စသော အဆောက်အဦဖြင့်ကျောင်းတို့ကို ဆောက်လုပ်စေခြင်း အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် ခြောက်မျိုးသောအကြောင်းတို့ကြောင့် ဖြစ်၏။ပ။

၁၄။ ကြီးသောကျောင်းကို ပြုစေသော ရဟန်းအား သံဃာဒိသိသ်အာပတ်ကို အဘယ်အရပ်၌ပညတ်တော်မူအပ်ပါသနည်း။

ကောသမ္ဗီပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

အသျှင်ဆန္နမထေရ်ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

အသျှင်ဆန္နမထေရ်၏ ကျောင်းမြေရာကို သုတ်သင်သောအခါ အမှတ်မရှိ ပူဇော်ရာဟူ၍ သမုတ်အပ်သော သစ်ပင်ကို ခုတ်ဖြတ်စေခြင်းအကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် ခြောက်မျိုးသောအကြောင်းတို့ကြောင့် ဖြစ်၏။ပ။

၁၅။ ရဟန်းတစ်ပါးပါးကို (မြင်ခြင်း ကြားခြင်း ရွံရှာခြင်း) အရင်းမရှိဘဲ ပါရာဇိကအာပတ်ဖြင့်စွပ်စွဲနှိပ်စက် ဖျက်ဆီးသော ရဟန်းအား သံဃာဒိသိသ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

ရာဇဂြိုဟ်ပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

မေတ္တိယ ဘုမ္မဇက ရဟန်းတို့ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

--

မေတ္တိယ ဘုမ္မဇက ရဟန်းတို့၏ မလ္လာမင်း၏ သားဖြစ်သော အသျှင်ဒဗ္ဗကို (မြင်ခြင်း ကြားခြင်းရွံရှာခြင်း) အရင်းမရှိဘဲ ပါရာဇိကအာပတ်ဖြင့် စွပ်စွဲနှိပ်စက်ဖျက်ဆီးခြင်း အကြောင်းကြောင့်ပညတ်တော်မူ အပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် အကြောင်းသုံးမျိုးတို့ကြောင့် ဖြစ်၏။ပ။

၁၆။ ရဟန်းတစ်ပါးပါးကို မနုဿဇာတ် ရဟန်းအဖြစ်မှ တစ်ပါးသော, တိရစ္ဆာန်ဇာတ်စသော အဖို့ရှိသော, တိရစ္ဆာန်ဇာတ်၏ တည်ရာဖြစ်သော ဆိတ်ဖို၏ တစ်စုံတစ်ခုသော အမြွက်မျှကို စွဲ၍ ပါရာဇိကအာပတ်ဖြင့် စွပ်စွဲ နှိပ်စက်ဖျက်ဆီးသော ရဟန်းအား သံဃာဒိသိသ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

ရာဇဂြိုဟ်ပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

မေတ္တိယ ဘုမ္မဇကရဟန်းတို့ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

မေတ္တိယ ဘုမ္မဇကရဟန်းတို့၏ မလ္လာမင်း၏သား အသျှင်ဒဗ္ဗကို မနုဿဇာတ် ရဟန်းအဖြစ်မှတစ်ပါးသော, တိရစ္ဆာန်ဇာတ်စသော အဖို့ရှိသော, တိရစ္ဆာန်ဇာတ်၏ တည်ရာဖြစ်သော ဆိတ်ဖို၏ တစ်စုံတစ်ခု ညွှန်အပ်သော အမြွက်မျှကို စွဲ၍ ပါရာဇိကအာပတ်ဖြင့် စွပ်စွဲနှိပ်စက်ဖျက်ဆီးခြင်းအကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် အကြောင်းသုံးမျိုးတို့ကြောင့် ဖြစ်၏။ပ။

၁၇။ သုံးကြိမ်မြောက်အောင် ဉတ်ကမ္မဝါစာဖြင့် ဆိုဆုံးမပါလျက် အယူကို မစွန့်ဘဲ သံဃာကိုသင်းခွဲသော ရဟန်းအား သံဃာဒိသိသ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

ရာဇဂြိုဟ်ပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

ဒေဝဒတ်ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

ဒေဝဒတ်၏ ညီညွတ်သော သံဃာကို ကွဲပြားစိမ့်သောငှာ လုံ့လပြုခြင်း အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါးရှိ၏။ အာပတ်သင့်ခြင်း အကြောင်းခြောက်မျိုးတို့တွင် တစ်ပါးသော အကြောင်းကြောင့် ဖြစ်၏။ ကိုယ်ကြောင့်လည်းကောင်း၊ နှုတ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်းဖြစ်၏။ပ။

၁၈။ သုံးကြိမ်မြောက်အောင် ဉတ်ကမ္မဝါစာဖြင့် ဆိုဆုံးမပါလျက် အယူကို မစွန့်ဘဲ သံဃာကိုသင်းခွဲသော ရဟန်းသို့ အစဉ်လိုက်ကြကုန်သော ရဟန်းတို့အား သံဃာဒိသိသ်အာပတ်ကို မြတ်စွာဘုရားသည် အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

ရာဇဂြိုဟ်ပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

--

များပြားလှစွာသော ရဟန်းတို့ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

သံဃာကွဲပြားစိမ့်သောငှာ လုံ့လပြုသော ဒေဝဒတ်၏ နောက်သို့ လိုက်ကြကုန်သော များပြားလှစွာသော ရဟန်းတို့၏ မညီညွတ်သော စကားကို ပြောဆိုခြင်း အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါးရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် တစ်ပါးသော အကြောင်းကြောင့် ဖြစ်၏။ ကိုယ်ကြောင့်လည်းကောင်း၊ နှုတ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်းဖြစ်၏။ပ။

၁၉။ သုံးကြိမ်မြောက်အောင် ဉတ်ကမ္မဝါစာဖြင့် ဆိုဆုံးမပါလျက် အယူကို မစွန့်မူ၍ အပြောခက်သောရဟန်းအား သံဃာဒိသိသ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

ကောသမ္ဗီပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

အသျှင်ဆန္နရဟန်းကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

ရဟန်းတို့သည် မြတ်စွာဘုရား ပညတ်တော်မူအပ်သော သိက္ခာပုဒ်ဖြင့် ဆိုဆုံးမသောအခါ အသျှင်ဆန္နရဟန်း၏ မိမိကိုယ်ကို မဆိုအပ် မဆုံးမအပ်သည်ကို ပြုခြင်းအကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါးရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် တစ်ပါးသော အကြောင်းကြောင့် ဖြစ်၏။ ကိုယ်ကြောင့်လည်းကောင်း၊ နှုတ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်းဖြစ်၏။ပ။

၂၀။ သုံးကြိမ်မြောက်အောင် ဉတ်ကမ္မဝါစာဖြင့် ဆိုဆုံးမပါလျက် အယူကို မစွန့်ဘဲ ဒါယကာတို့၏သဒ္ဓါတရားကို ဖျက်ဆီးသော ရဟန်းအား သံဃာဒိသိသ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

အဿဇိ ပုနဗ္ဗသုက ရဟန်းတို့ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

သံဃာက နှင်ထုတ်ခြင်း ‘ပဗ္ဗာဇနီယ’ ကံပြုထားသော အဿဇိ ပုနဗ္ဗသုက ရဟန်းတို့၏နှင်ထုတ်ခြင်း'ပဗ္ဗာဇနီယ’ ကံပြုသော ရဟန်းတို့ကို ဆန္ဒာဂတိ ဒေါသာဂတိ မောဟာဂတိ ဘယာဂတိလိုက်သည်၏အဖြစ်သို့ ရောက်စေသော အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါးရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် တစ်ပါးသော အကြောင်းကြောင့် ဖြစ်၏။ ကိုယ်ကြောင့်လည်းကောင်း၊ နှုတ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်းဖြစ်၏။ပ။

သံဃာဒိသိသ်တစ်ဆယ့်သုံးပါး ပြီး၏။

ထိုသံဃာဒိသိသ် တစ်ဆယ့်သုံးပါး၏ အကျဉ်းချုပ်

သုက်ကိုစွန့်လွှတ်ခြင်း ‘သုက္ကဝိဿဋ္ဌိ’ သိက္ခာပုဒ်၊ ကိုယ်လက်နှီးနှောသော ‘ကာယသံသဂ္ဂ’ သိက္ခာပုဒ်၊ ရုန့်ရင်းကြမ်းတမ်းသော စကားကို ပြောဆိုသော ‘ဒုဋ္ဌုလ္လဝါစာ’ သိက္ခာပုဒ်၊ ကာမဂုဏ်ဖြင့် လုပ်ကျွေးရန်ပြောဆိုသော ‘အတ္တကာမပါရိစရိယ’ သိက္ခာပုဒ်၊ အောင်တမန်သွားလာသော ‘သဉ္စရိတ္တ’ သိက္ခာပုဒ်၊ ကိုယ်တိုင်တောင်းယူအပ်သော ပဲခွပ် စသည်ဖြင့် ကျောင်းကို ပြုသော ‘သညာစိကာယ’ သိက္ခာပုဒ်၊ ကြီးသော ကျောင်းကို ပြုသော ‘မဟလ္လကဝိဟာရ’ သိက္ခာပုဒ်၊ မြင်ခြင်း ကြားခြင်း ရွံရှာခြင်းအရင်းမရှိဘဲ ပါရာဇိကအာပတ်ဖြင့် စွပ်စွဲပြောဆိုသော ‘ပဌမဒုဋ္ဌဒေါသ'သိက္ခာပုဒ်၊

အမြွက်မျှကိုစွဲ၍ ပါရာဇိကအာပတ်ဖြင့် စွပ်စွဲပြောဆိုသော ‘ဒုတိယဒုဋ္ဌဒေါသ’ သိက္ခာပုဒ်၊ သံဃာကို သင်းခွဲသော ‘သံဃဘေဒ’ သိက္ခာပုဒ်၊ သံဃာကိုသင်းခွဲသော ရဟန်းသို့ အစဉ် လိုက်သော'ဘေဒါနုဝတ္တက’ သိက္ခာပုဒ်၊ ဆိုဆုံးမခက်ခဲသော (အပြောမခံသော) ‘ဒုဗ္ဗစ’ သိက္ခာပုဒ်၊ ဒါယကာတို့၏သဒ္ဓါတရားကို ဖျက်ဆီးသော ‘ကုလဒူသက’ သိက္ခာပုဒ်၊ ဤသို့ တစ်ဆယ့်သုံးပါးကုန်သောသံဃာဒိသိသ်အာပတ်တို့သည် ဖြစ်ကုန်၏။ ဤကား အကျဉ်းချုပ်တည်း။

၃-အနိယတသိက္ခာပုဒ်နှစ်ပါး

၂၁။ (ထိုထိုသိက္ခာပုဒ်ပညတ်ခြင်း၏ အခါကို) သိတော်မူသော (ထိုထိုသိက္ခာပုဒ်ပညတ်ခြင်း၏ အကျိုးထူးတို့ကို) မြင်တော်မူသော (ကိလေသာရန်သူတို့ကို) ပယ်သတ်တော်မူပြီးသော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားသည် ပဌမအနိယတ ‘ဤအာပတ်တည်းဟု အမြဲမှတ်အပ်သော အာပတ်မရှိသော’ သိက္ခာပုဒ်ကို အဘယ်အရပ်၌ အဘယ်သူကို အကြောင်းပြု၍အဘယ်အကြောင်း ကြောင့် ပညတ်တော်မူအပ်ပါသနည်း။

ထိုပဌမအနိယတသိက္ခာပုဒ်၌ (မူလ) ပညတ်ရှိသလော၊ အနုပညတ်ရှိသလော၊ အနုပ္ပန္နပညတ်ရှိ သလော။

(ထိုပဌမအနိယတသိက္ခာပုဒ်သည်) သဗ္ဗတ္ထပညတ်လော၊ ပဒေသပညတ်လော၊ သာဓာရဏပညတ်လော၊ အသာဓာရဏပညတ်လော။

ဧကတောပညတ်လော၊ ဥဘတောပညတ်လော။

ငါးပါးသော ပါတိမောက်ပြခြင်းတို့တွင် အဘယ်ပါတိမောက်ပြခြင်း၌ အတွင်းဝင်သနည်း၊ အဘယ်ပါတိမောက်ပြခြင်း၌ အကျုံးဝင်သနည်း၊ အဘယ်အကျဉ်းပြခြင်းဖြင့် အကျဉ်းပြအပ်သည့်အဖြစ်သို့ ရောက်သနည်း၊ လေးပါးသော ဝိပတ္တိတို့တွင် အဘယ်ဝိပတ္တိနည်း၊ ခုနစ်ပါးသော အာပတ်အစုတို့တွင် အဘယ်အာပတ်အစုနည်း၊ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် အဘယ်မျှလောက်ကုန်သောအကြောင်း တို့ကြောင့် ဖြစ်သနည်း၊ အဓိကရုဏ်းလေးမျိုးတို့တွင် အဘယ်အဓိကရုဏ်းနည်း၊ ငြိမ်းအေးကြောင်း ‘သမထ’ ခုနစ်မျိုးတို့တွင် အဘယ်ငြိမ်းအေးကြောင်း ‘သမထ’ တို့ဖြင့်ငြိမ်းအေးသနည်း။

--

ထိုပဌမအနိယတသိက္ခာပုဒ်၌ ဝိနယဟူသည် အဘယ်နည်း၊ အဘိဝိနယဟူသည် အဘယ်နည်း၊ ထိုပဌမအနိယတသိက္ခာပုဒ်၌ ပါတိမောက်ဟူသည် အဘယ်နည်း၊ အဓိပါတိမောက်ဟူသည် အဘယ်နည်း၊ ထို ပဌမ အနိယတသိက္ခာပုဒ်၌-

ဝိပတ္တိကား အဘယ်နည်း။

သမ္ပတ္တိကား အဘယ်နည်း။

ပဋိပတ္တိကား အဘယ်နည်း။

အဘယ်မျှလောက်ကုန်သော အကျိုးထူးတို့ကို အကြောင်းပြု၍ မြတ်စွာဘုရားသည် ပဌမအနိယတသိက္ခာပုဒ်ကို ပညတ်တော်မူအပ်သနည်း။

အဘယ်သူတို့သည် ကျင့်ကုန်သနည်း၊ အဘယ်သူတို့သည် ကျင့်အပ်ပြီးသော သိက္ခာရှိကုန်သနည်း၊ အဘယ်သူတို့၌ တည်သနည်း၊ အဘယ်သူတို့သည် နှုတ်တက်အာဂုံ ‘ပါဌ်အနက်’ ဆောင်ကုန်သနည်း၊ အဘယ်သူ၏ စကားနည်း၊ အဘယ်သူသည် ဆောင်ခဲ့သနည်း၊ (ဤကား အမေးစကားစုတည်း)။

၂၂။ (ထိုထိုသိက္ခာပုဒ်ပညတ်ခြင်း၏ အခါကို) သိတော်မူသော (ထိုထိုသိက္ခာပုဒ်ပညတ်ခြင်း၏ အကျိုးထူးတို့ကို) မြင်တော်မူသော (ကိလေသာရန်သူတို့ကို) ပယ်သတ်တော်မူပြီးသော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားသည် ပဌမအနိယတသိက္ခာပုဒ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

အသျှင်ဥဒါယီကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

အသျှင်ဥဒါယီ၏ မာတုဂါမနှင့်အတူ တစ်ယောက်အချင်းချင်း မျက်စိ၏ ဆိတ်ကွယ်ရာဖြစ်သော နံရံစသည်တို့ဖြင့် ဖုံးလွှမ်းအပ်သော မေထုန်မှီဝဲခြင်းအမှုကို ပြုခြင်းငှာ သင့်လျော်သော နေရာ၌ ထိုင်နေခြင်းအကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

ထိုပဌမအနိယတသိက္ခာပုဒ်၌ (မူလ) ပညတ်ရှိသလော၊ အနုပညတ်ရှိသလော၊ အနုပ္ပန္နပညတ်ရှိသလော။

(မူလ) ပညတ်တစ်ပါး ရှိ၏။ ထိုသိက္ခာပုဒ်၌ အနုပညတ် အနုပ္ပန္နပညတ် နှစ်ပါးမရှိ။

(ထိုပဌမအနိယတသိက္ခာပုဒ်သည်) သဗ္ဗတ္ထပညတ်လော၊ ပဒေသပညတ်လော။ သဗ္ဗတ္ထပညတ်တည်း။

သာဓာရဏပညတ်လော၊ အသာဓာရဏပညတ်လော။ အသာဓရဏပညတ်တည်း။

ဧကတောပညတ်လော၊ ဥဘတောပညတ်လော။ ဧကတောပညတ်တည်း။

ပါတိမောက်ပြခြင်းငါးမျိုးတို့တွင် အဘယ်ပါတိမောက်ပြခြင်း၌ အတွင်းဝင်သနည်း၊ အဘယ်ပါတိမောက်ပြခြင်း၌ အကျုံးဝင်သနည်း။

နိဒါန်း၌ အတွင်းဝင်၏၊ နိဒါန်း၌ အကျုံးဝင်၏။

--

အဘယ်အကျဉ်းပြခြင်းဖြင့် အကျဉ်းပြအပ်သည့် အဖြစ်သို့ ရောက်သနည်း။

စတုတ္ထအကျဉ်းပြခြင်းဖြင့် အကျဉ်းပြအပ်သည့် အဖြစ်သို့ ရောက်၏။

ဝိပတ္တိလေးမျိုးတို့တွင် အဘယ်ဝိပတ္တိနည်း။

ရံခါ သီလဝိပတ္တိ၊ ရံခါ အာစာရဝိပတ္တိဖြစ်၏။

ခုနစ်မျိုးသော အာပတ်အစုတို့တွင် အဘယ်အာပတ်အစုနည်း။

ရံခါ ပါရာဇိကအာပတ်အစု၊ ရံခါ သံဃာဒိသိသ်အာပတ်အစု၊ ရံခါ ပါစိတ်အာပတ်အစု ဖြစ်၏။

အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် အဘယ်မျှလောက်ကုန်သော အကြောင်းတို့ကြောင့်ဖြစ်သနည်း။

တစ်ပါးသော အကြောင်းကြောင့် ဖြစ်၏၊ ကိုယ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်းဖြစ်၏။ နှုတ်ကြောင့် မဖြစ်။

အဓိကရုဏ်းလေးမျိုးတို့တွင် အဘယ်အဓိကရုဏ်းဖြစ်သနည်း။

အဓိကရုဏ်းလေးမျိုးတို့တွင် အာပတ္တာဓိကရုဏ်းဖြစ်၏။

ငြိမ်းအေးကြောင်း ‘သမထ’ ခုနစ်မျိုးတို့တွင် အဘယ်ငြိမ်းအေးကြောင်း ‘သမထ’ တို့ဖြင့် ငြိမ်းအေးသနည်း။

ငြိမ်းအေးကြောင်း ‘သမထ’ ခုနစ်မျိုးတို့တွင် သုံးမျိုးသော ငြိမ်းအေးကြောင်းတို့ဖြင့် ငြိမ်းအေး၏၊ ရံခါသမ္မုခါဝိနယ ‘မျက်မှောက်မေးမြန်း စိစစ်ခြင်း’ ဖြင့်လည်းကောင်း၊ ပဋိညာတကရဏ ‘ဟုတ်မှန်ပါသည်ဟုဝန်ခံခြင်း'ဖြင့်လည်းကောင်း ငြိမ်းအေး၏၊ ရံခါ သမ္မုခါဝိနယ'မျက်မှောက်မေးမြန်း စိစစ်ခြင်း’ ဖြင့်လည်းကောင်း၊ တိဏဝတ္ထာရက ‘မစင်ကို မြက်ဖြင့် ဖုံးလွှမ်းသကဲ့သို့ အဓိကရုဏ်းကို ဖုံးလွှမ်းကြောင်း ဖြစ်သော’ ဝိနည်းကံဖြင့်လည်းကောင်း ငြိမ်းအေး၏။

ထိုပဌမအနိယတသိက္ခာပုဒ်၌ ဝိနယဟူသည် အဘယ်နည်း၊ အဘိဝိနယဟူသည် အဘယ်နည်း။

ပညတ်သည် ဝိနယ မည်၏၊ ဝိဘင်းသည် အဘိဝိနယ မည်၏။

ထိုပဌမအနိယတသိက္ခာပုဒ်၌ ပါတိမောက်ဟူသည် အဘယ်နည်း၊ အဓိပါတိမောက်ဟူသည် အဘယ် နည်း။

ပညတ်သည် ပါတိမောက် မည်၏၊ ဝိဘင်းသည် အဓိပါတိမောက် မည်၏။

ဝိပတ္တိကား အဘယ်နည်း။

သိက္ခာပုဒ်ကို မစောင့်စည်းခြင်းသည် ဝိပတ္တိ မည်၏။

သမ္ပတ္တိကား အဘယ်နည်း။

သိက္ခာပုဒ်ကို စောင့်စည်းခြင်းသည် သမ္ပတ္တိ မည်၏။

ပဋိပတ္တိကား အဘယ်နည်း။

“ဤသို့သဘောရှိသော (မကောင်းသော) အကျင့်ကို ငါ မပြုလုပ်တော့အံ့”ဟု အသက်ရှည်သရွေ့ကာလပတ်လုံး အသက်ဆုံးသည်တိုင်အောင် ဆောက်တည်၍ သိက္ခာပုဒ်တို့၌ ကျင့်သုံးခြင်းသည် ပဋိပတ္တိ မည်၏။

--

မြတ်စွာဘုရားသည် အဘယ်မျှလောက်ကုန်သော အကျိုးထူးတို့ကို အကြောင်းပြု၍ ပဌမအနိယတသိက္ခာပုဒ်ကို ပညတ်တော်မူအပ်ပါသနည်း။

(၁) သံဃာတော်၏ ကောင်းပါပြီဟု ဝန်ခံကျင့်သုံးရန်

(၂) သံဃာတော်များချမ်းသာစေရန်

(၃) အကျင့်သီလ ဖောက်ဖျက်သူတို့ကို နှိမ်နင်းရန်

(၄) အကျင့်သီလကို ချစ်မြတ်နိုးသော ရဟန်းတို့ ချမ်းသာစွာနေထိုင်ရန်

(၅) မျက်မှောက်၌ ဖြစ်ကုန်သော ဆင်းရဲအထူးတို့ကို စောင့်စည်းရန်

(၆) နောင်ဖြစ်လတ္တံ့ကုန်သော ဆင်းရဲအထူးတို့ကို ပယ်ရှားရန်

(၇) မကြည်ညိုသေးသော သူတို့ကို ကြည်ညိုစေရန်

(၈) ကြည်ညိုပြီးသော သူတို့ကို တိုး၍ ကြည်ညိုစေရန်

(၉) သူတော်ကောင်းတရား ‘သာသနာသုံးရပ်’ တည်တံ့ရန် (၁၀) ဝိနည်း ‘စည်းမျဉ်းဥပဒေ’ ကို ချီးမြှောက်ရန်ဟူသော ဤအကျိုးထူး ဆယ်ပါးတို့ကို

အကြောင်း ပြု၍ ဤပဌမအနိယတ သိက္ခာပုဒ်ကို မြတ်စွာဘုရားသည် ပညတ်တော်မူ၏။

အဘယ်ပုဂ္ဂိုလ်တို့သည် ကျင့်ကုန်သနည်း။

သေက္ခပုဂ္ဂိုလ် ကလျာဏပုထုဇဉ်ပုဂ္ဂိုလ်တို့သည် ကျင့်ကုန်၏။

အဘယ်ပုဂ္ဂိုလ်တို့သည် ကျင့်အပ်ပြီးသော အကျင့်ရှိကုန်သနည်း။

ရဟန္တာပုဂ္ဂိုလ်တို့သည် ကျင့်အပ်ပြီးသော အကျင့်ရှိကုန်၏။

အဘယ်ပုဂ္ဂိုလ်တို့၌ တည်သနည်း။

ကျင့်ခြင်းငှာ အလိုရှိကုန်သော ပုဂ္ဂိုလ်တို့၌ တည်၏။

အဘယ်သူတို့သည် ဆောင်ကုန်သနည်း။

အကြင်ပုဂ္ဂိုလ်တို့သည် (ပဌမအနိယတသိက္ခာပုဒ်ကို) လေ့လာကုန်၏၊ ထိုပုဂ္ဂိုလ်တို့သည် (ပါဌ် အနက်အာဂုံ) ဆောင်ကုန်၏။

(ပဌမအနိယတသိက္ခာပုဒ်သည်) အဘယ်သူ၏ စကားနည်း။

လူ နတ် ဗြဟ္မာ သတ္တဝါတို့၏ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တော်တိုင် မှန်စွာသိတော်မူသော မြတ်စွာဘုရား၏ စကားတော်တည်း။

အဘယ်သူသည် ဆောင်ခဲ့သနည်း။

ဆရာအဆက်ဆက်သည် ဆောင်ခဲ့၏။

ဥပါလိမထေရ်၊ ဒါသကမထေရ်၊ သောဏကမထေရ်၊ သိဂ္ဂဝမထေရ်၊ ငါးပါးမြောက်မောဂ္ဂလိပုတ္တတိဿမထေရ်နှင့်တကွ ထိုရဟန္တာအသျှင်မြတ် ငါးပါးတို့သည် ဇမ္ဗူဒိပ်ကျွန်း၌့ဝိနည်းပိဋကတ်ကို (ပါဌ်အနက်အာဂုံဆောင်၍) ပို့ချတော်မူကြကုန်၏။

ထို့နောက် မဟိန္ဒမထေရ်၊ ဣဋ္ဋိယမထေရ်၊ ဥတ္တိယမထေရ်၊ ထိုမှတစ်ပါး သမ္ဗလ မထေရ်၊ (ပစ္စုပ္ပန် သံသရာ ကျိုးနှစ်ဖြာ၌ သိသော) ပညာရှိသော ဘဒ္ဒနာမမထေရ်၊ ကြီးသော ပညာရှိသောထိုရဟန္တာအသျှင်တို့သည် ဇမ္ဗူဒိပ်ကျွန်းမှ ဤသီဟိုဠ်ကျွန်းသို့ ကြွလာတော်မူကြကုန်၏။

--

(မဟိန္ဒမထေရ်စသော) ထိုရဟန္တာတို့သည် သီဟိုဠ်ကျွန်း၌ ဝိနည်းပိဋကတ်ကို ပို့ချ တော်မူကြကုန်၏၊ နိကာယ် ငါးရပ်တို့ကိုလည်းကောင်း၊ အဘိဓမ္မာ ခုနစ်ကျမ်းတို့ကို လည်းကောင်း ပို့ချတော်မူကြကုန်၏။

ထို့နောက် ထိုးထွင်းသော ပညာရှိသော အရိဋ္ဌမထေရ်၊ (ပစ္စုပ္ပန် သံသရာ ကျိုး နှစ်ဖြာ၌ သိသော) ပညာရှိသော တိဿဒတ္တမထေရ်၊ ရွံ့ရှားခြင်းကင်း ရဲတင်းသော ပညာ ရှိသော ကာဠသုမနမထေရ်၊ ဒီဃအမည်ရှိသော မထေရ်၊ (ပစ္စုပ္ပန် သံသရာကျိုး နှစ်ဖြာ၌ သိသော) ပညာရှိသော ဒီဃသုမနမထေရ်။

တစ်ဖန်တုံ ကာဠသုမနမထေရ်၊ နာဂမထေရ်၊ ဗုဒ္ဓရက္ခိတမထေရ်၊ ထိုးထွင်းသော ဉာဏ်ပညာရှိသောတိဿမထေရ်၊ (ပစ္စုပ္ပန် သံသရာ ကျိုးနှစ်ဖြာ၌ သိသော) ပညာရှိသော ဒေဝမထေရ်။

တစ်ဖန်တုံ ဝိနည်းပိဋကတ်၌ ရွံ့ရှားခြင်းကင်း ရဲတင်းသော ထိုးထွင်း၍သိသော ဉာဏ်ပညာရှိသောသုမနမထေရ်၊ ဖျက်ဆီးထိုးပစ်နိုင်ခဲသော ဆင်ပြောင်ကြီးကဲ့သို့ များသော အကြားအမြင်ရှိသောစူဠနာဂမထေရ်။

ရောဟဏဇနပုဒ်၌ သူတော်ကောင်းတို့သည် ကိုးကွယ်ပူဇော်အပ်သော ဓမ္မပါလိတ အမည်ရှိသောမထေရ်၊ ထိုဓမ္မပါလိတမထေရ်၏တပည့် ပိဋကတ်သုံးပုံ နှုတ်တက် အာဂုံ ဆောင်ပြီးလျှင် ကြီးသောပညာရှိသည်ဖြစ်၍ နက္ခတ်တာရာ ကြယ်တကာတို့၏ မင်း ဖြစ်သော လကဲ့သို့ သီဟိုဠ်ကျွန်း၌ပညာရောင်ဖြင့် အလွန်တင့်တယ်သော ခေမမည်သော မထေရ်၊ ထိုးထွင်းသော ဉာဏ်ပညာရှိသောဥပတိဿမထေရ်၊ တရားဟော ပုဂ္ဂိုလ်ကြီး ဖြစ်သော ဖုဿဒေဝ မထေရ်။

တစ်ဖန်တုံ ထိုးထွင်းသော ဉာဏ်ပညာရှိသော သုမနမထေရ်၊ များသော အကြား အမြင်ရှိသောမဟာပဒုမမထေရ် (သို့မဟုတ် မဟာသုမနမထေရ်)၊ ပိဋကတ်သုံးပုံ အလုံးစုံ၌ လိမ္မာနိုင်နင်းသောတရားဟောပုဂ္ဂိုလ်ကြီးဖြစ်သော မဟာသိဝမထေရ်။

တစ်ဖန်တုံ ဝိနည်းပိဋကတ်၌ ရွံ့ရှားခြင်းကင်း ရဲတင်းသော ထိုးထွင်းသော ဉာဏ်ပညာ ရှိသောဥပါလိမထေရ်၊ သူတော်ကောင်းတရားအနွယ်၌ လိမ္မာသော ပညာရှိကြီးဖြစ်သော မဟာနာဂမထေရ်။

တစ်ဖန်တုံ ပိဋကတ်သုံးပုံ အလုံးစုံ၌ လိမ္မာသော ထိုးထွင်းသော ဉာဏ်ပညာရှိသော အဘယမထေရ်၊ ဝိနည်းပိဋကတ်၌ ရွံ့ရှားခြင်းကင်း ရဲတင်းသော ထိုးထွင်းသော ဉာဏ် ပညာရှိသော တိဿမထေရ်။

ထိုတိဿမထေရ်၏တပည့် ကြီးသောပညာရှိသော များသော အကြားအမြင်ရှိသော ဇမ္ဗူဒိပ်ကျွန်း၌သာသနာတော်ကို စောင့်ရှောက်လျက် တည်နေတော်မူသော သုမန အမည်ရှိသော မထေရ်။

ထိုးထွင်းသော ဉာဏ်ပညာရှိသော ဝိနည်းပိဋကတ်၌ ရွံ့ရှားခြင်းကင်း ရဲတင်းသော စူဠာဘယမထေရ်၊ သူတော်ကောင်းတရားအနွယ်၌ လိမ္မာသော ထိုးထွင်းသော ဉာဏ် ပညာရှိသော တိဿမထေရ်။

ထိုးထွင်းသော ဉာဏ်ပညာရှိသော ဝိနည်းပိဋကတ်၌ ရွံ့ရှားခြင်းကင်း ရဲတင်းသော စူဠဒေဝမထေရ်၊ ထိုးထွင်းသော ဉာဏ်ပညာရှိသော အလုံးစုံသော ဝိနည်းပိဋကတ်၌ လိမ္မာကျွမ်းကျင်သော သိဝမထေရ်။

ကြီးမားသော ပညာရှိတော်မူကြကုန်သော ဝိနည်း၌ လိမ္မာတော်မူကြကုန်သော နတ်ရွာ နိဗ္ဗာန် လမ်းခရီး၌ကျွမ်းကျင် လိမ္မာတော်မူကြကုန်သော ထိုရဟန္တာအသျှင်မြတ်တို့သည် သီဟိုဠ်ကျွန်း၌ ဝိနည်းပိဋကတ်ကို (ပါဌ်အနက်အာဂုံဆောင်၍) ပြတော်မူကြကုန်၏။

၂၃။ (ထိုထိုသိက္ခာပုဒ်ပညတ်ခြင်း၏ အခါကို) သိတော်မူသော (ထိုထိုသိက္ခာပုဒ်ပညတ်ခြင်း၏ အကျိုးထူးတို့ကို) မြင်တော်မူသော (ကိလေသာရန်သူတို့ကို) ပယ်သတ်တော်မူပြီးသော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားသည့်ဒုတိယ အနိယတသိက္ခာပုဒ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

--

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

အသျှင်ဥဒါယီကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

အသျှင်ဥဒါယီသည် မာတုဂါမနှင့် အတူ တစ်ယောက်အချင်းချင်း ရုန့်ရင်းသော စကားကို ပြောဆိုခြင်းငှာ သင့်လျော်သော နား မျက်စိ ဆိတ်ကွယ်ရာ အရပ်၌ ထိုင်နေခြင်းကို ပြုခြင်းအကြောင်းကြောင့်ပညတ်တော်မူအပ်ပါသည်။

ထိုဒုတိယအနိယတသိက္ခာပုဒ်၌ (မူလ) ပညတ်ရှိသလော၊ အနုပညတ်ရှိသလော၊ အနုပ္ပန္နပညတ်ရှိသလော။

(မူလ) ပညတ်တစ်ပါးရှိ၏။ အနုပညတ် အနုပ္ပန္နပညတ် နှစ်ပါးမရှိ။

(ထိုဒုတိယအနိယတသိက္ခာပုဒ်သည်) သဗ္ဗတ္ထပညတ်လော၊ ပဒေသပညတ်လော။ သဗ္ဗတ္ထပညတ် တည်း။

သာဓာရဏပညတ်လော၊ အသာဓာရဏပညတ်လော။ အသာဓာရဏပညတ်တည်း။

ဧကတောပညတ်လော၊ ဥဘတောပညတ်လော။ ဧကတောပညတ်တည်း။

ပါတိမောက်ပြခြင်း ငါးပါးတို့တွင် အဘယ်ပါတိမောက်ပြခြင်း၌ အတွင်းဝင်သနည်း၊ အဘယ်ပါတိမောက်ပြခြင်း၌ အကျုံးဝင်သနည်း။

နိဒါန်း၌ အတွင်းဝင်၏၊ နိဒါန်း၌ အကျုံးဝင်၏။

အဘယ်အကျဉ်းပြခြင်းဖြင့် အကျဉ်းပြအပ်သည့်အဖြစ်သို့ ရောက်သနည်း။

စတုတ္ထအကျဉ်းပြခြင်းဖြင့် အကျဉ်းပြအပ်သည့်အဖြစ်သို့ ရောက်၏။

ဝိပတ္တိလေးမျိုးတို့တွင် အဘယ်ဝိပတ္တိနည်း။

ရံခါ သီလဝိပတ္တိ၊ ရံခါ အာစာရဝိပတ္တိ ဖြစ်၏။

ခုနစ်ပါးသော အာပတ်အစုတို့တွင် အဘယ်အာပတ်အစုနည်း။

ရံခါ သံဃာဒိသိသ်အာပတ်အစု၊ ရံခါ ပါစိတ်အာပတ်အစု ဖြစ်၏။

အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် အဘယ်မျှလောက်ကုန်သော အကြောင်းတို့ကြောင့်ဖြစ်သနည်း။

သုံးပါးသော အကြောင်းတို့ကြောင့် ဖြစ်၏၊ ရံခါ ကိုယ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်း ဖြစ်၏။ နှုတ်ကြောင့် မဖြစ်။ ရံခါ နှုတ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်းဖြစ်၏။ ကိုယ်ကြောင့် မဖြစ်။ ရံခါ ကိုယ်ကြောင့်လည်းကောင်း၊ နှုတ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်း ကောင်း ဖြစ်၏။

အဓိကရုဏ်းလေးမျိုးတို့တွင် အဘယ်အဓိကရုဏ်းဖြစ်သနည်း။

အဓိကရုဏ်းလေးမျိုးတို့တွင် အာပတ္တာဓိကရုဏ်း ဖြစ်၏။

ငြိမ်းအေးကြောင်း ‘သမထ’ ခုနစ်မျိုးတို့တွင် အဘယ်ငြိမ်းအေးကြောင်း ‘သမထ’ တို့ဖြင့် ငြိမ်းအေးသနည်း။

--

ငြိမ်းအေးကြောင်း ‘သမထ’ ခုနစ်မျိုးတို့တွင် သုံးမျိုးသော ငြိမ်းအေးကြောင်း ‘သမထ’ တို့ဖြင့် ငြိမ်းအေး၏၊ ရံခါ သမ္မုခါဝိနယဖြင့်လည်းကောင်း၊ ပဋိညာတကရဏဖြင့်လည်းကောင်း ငြိမ်းအေး၏။ ရံခါသမ္မုခါဝိနယဖြင့်လည်းကောင်း၊ တိဏဝတ္ထာရကဝိနည်းကံဖြင့်လည်းကောင်း ငြိမ်းအေး၏။ပ။

အနိယတသိက္ခာပုဒ်နှစ်ပါး ပြီး၏။

ထိုအနိယတသိက္ခာပုဒ်၏ အကျဉ်းချုပ်

ဆိတ်ကွယ်ရာအရပ်၌ မေထုန်အမှုကိုပြုခြင်းငှာ ခံ့သော အလံကမ္မနိယေဟူသော ပုဒ်ဖြင့် မှတ်အပ်သောပဌမအနိယတသိက္ခာပုဒ်၊ ဆိတ်ကွယ်ရာအပ်၌ မာတုဂါမနှင့်အတူ ထိုင်နေ ခြင်းတည်းဟူသောနဟေဝခေါဟူသောပုဒ်ဖြင့် မှတ်အပ်သော ဒုတိယအနိယတသိက္ခာပုဒ်၊ ဤနှစ်ပါးသောအနိယတသိက္ခာပုဒ်တို့ကို သည်းခံခြင်း ဂုဏ်နှင့်ပြည့်စုံတော်မူသော ဘုရားမြတ်သည် ကောင်းစွာပညတ်တော်မူအပ်ကုန်၏။ ဤကား အကျဉ်းချုပ်တည်း။

--

၄-နိဿဂ္ဂိပါစိတ်သုံးဆယ်

၁-ကထိနဝဂ်

၂၄။ (ထိုထိုသိက္ခာပုဒ်ပညတ်ခြင်း၏ အခါကို) သိတော်မူသော (ထိုထိုသိက္ခာပုဒ်ပညတ်ခြင်း၏ အကျိုးထူးတို့ကို) မြင်တော်မူသော (ကိလေသာရန်သူတို့ကို) ပယ်သတ်တော်မူပြီးသော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားသည် အတိရေက'အဓိဋ္ဌာန်မတင် ဝိကပ္ပနာ မပြုအပ်သေးသော’ သင်္ကန်းကို ဆယ်ရက်ထက် လွန်စေသော ရဟန်းအားနိဿဂ္ဂိယ ‘စွန့်ခြင်း ဝိနည်းကံ ရှေးရှိသော’ ပါစိတ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

ဝေသာလီပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

ဆဗ္ဗဂ္ဂီရဟန်းတို့ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

ဆဗ္ဗဂ္ဂီရဟန်းတို့၏ အဓိဋ္ဌာန်မတင် ဝိကပ္ပနာမပြုအပ်သေးသော (အတိရေက) သင်္ကန်းကိုဆောင်ခြင်းအကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး အနုပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင်နှစ်မျိုးသော အကြောင်းတို့ကြောင့် ဖြစ်၏။ ရံခါ ကိုယ်ကြောင့်လည်းကောင်း၊ နှုတ်ကြောင့်လည်းကောင်းဖြစ်၏။ စိတ်ကြောင့် မဖြစ်။ ရံခါ ကိုယ်ကြောင့်လည်းကောင်း၊ နှုတ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်း ဖြစ်၏။ပ။

၂၅။ တစ်ညဉ့်မျှ တိစီဝရိက် ‘သင်္ကန်းသုံးထည်’ နှင့် ကင်း၍ နေသော ရဟန်းအား နိဿဂ္ဂိပါစိတ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

များစွာသော ရဟန်းတို့ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

များစွာသော ရဟန်းတို့၏ ရဟန်းတို့၏ လက်၌ သင်္ကန်းကို ထား၍ သင်းပိုင် ကိုယ်ဝတ်နှင့်တကွဇနပုဒ်သို့ လှည့်လည်သွားလာခြင်း အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး အနုပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင်နှစ်မျိုးသော အကြောင်းတို့ကြောင့် ဖြစ်၏။ ရံခါ ကိုယ်ကြောင့်လည်းကောင်း၊ နှုတ်ကြောင့်လည်းကောင်းဖြစ်၏။ စိတ်ကြောင့် မဖြစ်။ ရံခါ ကိုယ်ကြောင့်လည်းကောင်း၊ နှုတ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်း ဖြစ်၏။ပ။

၂၆။ အကာလသင်္ကန်းကို ခံယူ၍ တစ်လကို လွန်စေသော ရဟန်းအား နိဿဂ္ဂိပါစိတ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

--

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

များစွာသော ရဟန်းတို့ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

များစွာသော ရဟန်းတို့၏ အကာလသင်္ကန်းကို ခံယူ၍ တစ်လကို လွန်စေခြင်းအကြောင်းကြောင့်ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး အနုပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင်နှစ်မျိုးသော အကြောင်းတို့ကြောင့် ဖြစ်၏။ ရံခါ ကိုယ်ကြောင့်လည်းကောင်း၊ နှုတ်ကြောင့်လည်းကောင်းဖြစ်၏။ စိတ်ကြောင့် မဖြစ်။ ရံခါ ကိုယ်ကြောင့်လည်းကောင်း၊ နှုတ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်း ဖြစ်၏။ပ။

၂၇။ အဆွေအမျိုးမတော်သော ရဟန်းမိန်းမအား သင်္ကန်းဟောင်းကို ဖွပ်လျှော်ခိုင်းသော ရဟန်းအားနိဿဂ္ဂိပါစိတ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

အသျှင်ဥဒါယီကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

အသျှင်ဥဒါယီ၏ အဆွေအမျိုးမတော်သော ရဟန်းမိန်းမအား သင်္ကန်းဟောင်းကို ဖွပ်လျှော်စေခြင်းအကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် ခြောက်မျိုးသောအကြောင်းတို့ကြောင့် ဖြစ်၏။ပ။

၂၈။ အဆွေအမျိုးမတော်သော ရဟန်းမိန်းမ၏ လက်မှ သင်္ကန်းကို ခံယူသော ရဟန်းအားနိဿဂ္ဂိပါစိတ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

ရာဇဂြိုဟ်ပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

အသျှင်ဥဒါယီကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

အသျှင်ဥဒါယီ၏ အဆွေအမျိုးမတော်သော ရဟန်းမိန်းမ၏လက်မှ သင်္ကန်းကို ခံယူခြင်း အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး အနုပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင်ခြောက်မျိုးသော အကြောင်းတို့ကြောင့် ဖြစ်၏။ပ။

၂၉။ အဆွေအမျိုးမတော်သော ဒါယကာယောက်ျားကိုလည်းကောင်း၊ ဒါယိကာမိန်းမကိုလည်းကောင်းသင်္ကန်းတောင်းသော ရဟန်းအား နိဿဂ္ဂိပါစိတ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

--

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

သာကီဝင်မင်းသား အသျှင်ဥပနန္ဒကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

သာကီဝင်မင်းသား အသျှင်ဥပနန္ဒ၏ အဆွေအမျိုးမတော်သော သူဌေးသားကို သင်္ကန်းတောင်းခြင်းအကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး အနုပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင်ခြောက်မျိုးသော အကြောင်းတို့ကြောင့် ဖြစ်၏။ပ။

၃၀။ အဆွေအမျိုးမတော်သော ဒါယကာယောက်ျားကိုလည်းကောင်း၊ ဒါယိကာမိန်းမကိုလည်းကောင်းထိုသင်းပိုင် ကိုယ်ဝတ်ထက်အလွန် သင်္ကန်းကို တောင်းသော ရဟန်းအား နိဿဂ္ဂိပါစိတ် အာပတ်ကိုအဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

ဆဗ္ဗဂ္ဂီရဟန်းတို့ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

ဆဗ္ဗဂ္ဂီရဟန်းတို့၏ အတိုင်းအရှည်ကို မသိကြကုန်ဘဲ များစွာသော သင်္ကန်းကို တောင်းခြင်းအကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် ခြောက်မျိုးသောအကြောင်းတို့ကြောင့် ဖြစ်၏။ပ။

၃၁။ ရှေးအခါက မဖိတ်ကြားဖူးဘဲ အဆွေအမျိုးမတော်သော ဒါယကာယောက်ျားသို့ ချဉ်းကပ်၍သင်္ကန်း၌ အထူးစီရင်ခြင်းသို့ ရောက်သော ရဟန်းအား နိဿဂ္ဂိပါစိတ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

သာကီဝင်မင်းသား အသျှင်ဥပနန္ဒကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

သာကီဝင်မင်းသား အသျှင်ဥပနန္ဒ၏ ရှေးအခါက မဖိတ်ကြားဖူးဘဲ အဆွေအမျိုးမတော်သော ဒါယကာယောက်ျားသို့ ချဉ်းကပ်၍ သင်္ကန်း၌ အထူးစီရင်ခြင်းသို့ ရောက်ခြင်းအကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် ခြောက်မျိုးသောအကြောင်းတို့ကြောင့် ဖြစ်၏။ပ။

၃၂။ ရှေးအခါက မဖိတ်ကြားဖူးဘဲ အဆွေအမျိုးမတော်ကုန်သော ဒါယကာယောက်ျားတို့သို့ ချဉ်းကပ်၍သင်္ကန်း၌ အထူးစီရင်ခြင်းသို့ ရောက်သော ရဟန်းအား နိဿဂ္ဂိပါစိတ်အာပတ်ကို အဘယ်အရပ်၌ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

--

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

သာကီဝင်မင်းသား အသျှင်ဥပနန္ဒကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

သာကီဝင်မင်းသား အသျှင်ဥပနန္ဒ၏ ရှေးအခါက မဖိတ်ကြားဖူးဘဲ အဆွေအမျိုးမတော်ကုန်သောဒါယကာယောက်ျားတို့သို့ ချဉ်းကပ်၍ သင်္ကန်း၌ အထူးစီရင်ခြင်းသို့ ရောက်ခြင်းအကြောင်းကြောင့်ပညတ် တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် ခြောက်မျိုးသောအကြောင်းတို့ကြောင့် ဖြစ်၏။ပ။

၃၃။ သုံးကြိမ်ထက် အလွန်တောင်းခြင်း ခြောက်ကြိမ်ထက် အလွန်ရပ်ခြင်းဖြင့် သင်္ကန်းကို ပြီးစေသောရဟန်းအား နိဿဂ္ဂိပါစိတ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

သာကီဝင်မင်းသား အသျှင်ဥပနန္ဒကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

သာကီဝင်မင်းသား အသျှင်ဥပနန္ဒ၏ ဒါယကာက “အသျှင်ဘုရား ယနေ့တစ်ရက်မျှ စောင့်ဆိုင်းပါဦး”ဟု လျှောက်ထားသည်ရှိသော် မစောင့်ဆိုင်းခြင်းအကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် ခြောက်မျိုးသောအကြောင်းတို့ကြောင့် ဖြစ်၏။ပ။

ပဌမ ကထိနဝဂ် ပြီး၏။

--

၂-ကောသိယဝဂ်

၃၄။ ပိုးချည်နှင့် ရောသော အခင်းကို ပြုစေသော ရဟန်းအား နိဿဂ္ဂိပါစိတ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

အာဠဝီပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

ဆဗ္ဗဂ္ဂီရဟန်းတို့ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

ဆဗ္ဗဂ္ဂီရဟန်းတို့၏ ပိုးချည်လုပ်သူတို့သို့ ချဉ်းကပ်၍ “ဒါယကာတို့ သင်တို့သည် များစွာကုန်သောအအိမ်လုပ်သော ပိုးတို့ကို ပြုတ်ကြကုန်လော့၊ ငါတို့အား လည်း ပေးလှူကြကုန်၊ ငါတို့သည်လည်းပိုးချည်နှင့် ရောသော အခင်းကို ပြုခြင်းငှာ အလိုရှိကုန်၏”ဟု ပြောဆိုခြင်းအကြောင်းကြောင့်ပညတ်တော် မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် ခြောက်မျိုးသောအကြောင်းတို့ကြောင့် ဖြစ်၏။ပ။

၃၅။ အမည်းသက်သက်ဖြစ်သော သိုးမွေးအခင်းကို ပြုစေသော ရဟန်းအား နိဿဂ္ဂိပါစိတ် အာပတ်ကိုအဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

ဝေသာလီပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

ဆဗ္ဗဂ္ဂီရဟန်းတို့ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

ဆဗ္ဗဂ္ဂီရဟန်းတို့၏ အမည်းသက်သက်ဖြစ်သော သိုးမွေးအခင်းကို ပြုလုပ်စေကြခြင်းအကြောင်းကြောင့်ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် ခြောက်မျိုးသောအကြောင်းတို့ကြောင့် ဖြစ်၏။ပ။

၃၆။ သိုးမွေးအဖြူ တစ်ချိန် (လေးပုံတစ်ပုံ)၊ သိုးမွေးအကြောင် တစ်ချိန် (လေးပုံတစ်ပုံ) ကို မယူမူ၍အခင်းသစ်ကို ပြုလုပ်စေသော ရဟန်းအား နိဿဂ္ဂိပါစိတ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

ဆဗ္ဗဂ္ဂီရဟန်းတို့ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

--

ဆဗ္ဗဂ္ဂီရဟန်းတို့၏ သိုးမွေးအဖြူကို အစွန်အဖျား၌ အနည်းငယ်မျှသာ ယူ၍ ထိုရှေးနည်းအတူသာ လျှင်အမည်းသက်သက်ဖြစ်သော သိုးမွေးအခင်းကို ပြုလုပ်စေကြခြင်းအကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် ခြောက်မျိုးသောအကြောင်းတို့ကြောင့် ဖြစ်၏။ပ။

၃၇။ နှစ်စဉ်နှစ်တိုင်း သိုးမွေးအခင်းကို ပြုလုပ်စေသော ရဟန်းအား နိဿဂ္ဂိပါစိတ်အာပတ်ကိုအဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

များစွာသော ရဟန်းတို့ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

များစွာသော ရဟန်းတို့၏ နှစ်စဉ် နှစ်တိုင်း သိုးမွေးအခင်းကို ပြုလုပ်စေကြခြင်း အကြောင်းကြောင့်ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး အနုပညတ်တစ်ပါး ရှိ၏။

အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် ခြောက်မျိုးသော အကြောင်းတို့ကြောင့် ဖြစ်၏။ပ။

၃၈။ အခင်းဟောင်း၏ ထက်ဝန်းကျင်မှ မြတ်စွာဘုရား၏ တစ်ထွာ အတိုင်းအရှည်ကို မယူမူ၍နိသီဒိုင်အခင်းသစ်ကို ပြုလုပ်စေသော ရဟန်းအား နိဿဂ္ဂိပါစိတ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

များစွာသော ရဟန်းတို့ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

များစွာသော ရဟန်းတို့၏ အခင်းတို့ကို စွန့်ပစ်ကုန်၍ အရညကင်ဓူတင် ပိဏ္ဍပါတ်ဓူတင် ပံသုကူ ဓူတင်ဆောက်တည်ကြခြင်းအကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် ခြောက်မျိုးသောအကြောင်းတို့ကြောင့် ဖြစ်၏။ပ။

၃၉။ သိုးမွေးတို့ကို ခံယူ၍ သုံးယူဇနာခရီးကို လွန်စေသော ရဟန်းအား နိဿဂ္ဂိပါစိတ်အာပတ်ကိုအဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

ရဟန်းတစ်ပါးကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

--

ရဟန်းတစ်ပါး၏ သိုးမွေးတို့ကို ခံယူ၍ သုံးယူဇနာခရီးကို လွန်စေခြင်းအကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါးရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် နှစ်မျိုးသောအကြောင်းတို့ကြောင့် ဖြစ်၏။ ရံခါ ကိုယ်ကြောင့် ဖြစ်၏၊ နှုတ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်း မဖြစ်။ ရံခါ ကိုယ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်း ဖြစ်၏။ နှုတ်ကြောင့် မဖြစ်။ပ။

၄၀။ အဆွေအမျိုးမတော်သော ရဟန်းမိန်းမအား သိုးမွေးတို့ကို ဖွပ်လျှော်ခိုင်းသော ရဟန်းအားနိဿဂ္ဂိပါစိတ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သက္ကတိုင်းတို့၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

ဆဗ္ဗဂ္ဂီရဟန်းတို့ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

ဆဗ္ဗဂ္ဂီရဟန်းတို့၏ အဆွေအမျိုးမတော်သော ရဟန်းမိန်းမတို့အား သိုးမွေးတို့ကို ဖွပ်လျှော်ခိုင်းကြ ခြင်းအကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါးရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် ခြောက်မျိုးသောအကြောင်းတို့ကြောင့် ဖြစ်၏။ပ။

၄၁။ ရွှေငွေကို ခံယူသော ရဟန်းအား နိဿဂ္ဂိပါစိတ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

ရာဇဂြိုဟ်ပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

သာကီဝင်မင်းသား အသျှင်ဥပနန္ဒကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

သာကီဝင်မင်းသား အသျှင်ဥပနန္ဒ၏ ရွှေငွေကို ခံယူခြင်းအကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါးရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် ခြောက်မျိုးသောအကြောင်းတို့ကြောင့် ဖြစ်၏။ပ။

၄၂။ အထူးထူးအပြားပြားသော ရွှေငွေကို ဖလှယ်ခြင်းသို့ ရောက်သော ရဟန်းအား နိဿဂ္ဂိပါစိတ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

ဆဗ္ဗဂ္ဂီရဟန်းတို့ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

ဆဗ္ဗဂ္ဂီရဟန်းတို့၏ အထူးထူးအပြားပြားသော ရွှေငွေကို ဖလှယ်ခြင်းသို့ ရောက်ခြင်းအကြောင်း ကြောင့်ပညတ်တော်မူအပ်ပါသည်။

--

(မူလ) ပညတ်တစ်ပါးရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် ခြောက်မျိုးသောအကြောင်းတို့ကြောင့် ဖြစ်၏။ပ။

၄၃။ အထူးထူးအပြားပြား ကုန်ရောင်း ကုန်ဝယ်ပြုသော ရဟန်းအား နိဿဂ္ဂိပါစိတ်အာပတ်ကိုအဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

သာကီဝင်မင်းသား အသျှင်ဥပနန္ဒကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

သာကီဝင်မင်းသား အသျှင်ဥပနန္ဒ၏ ပရိဗိုဇ်နှင့်အတူ ကုန်ရောင်း ကုန်ဝယ်ပြုခြင်း အကြောင်းကြောင့်ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါးရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် ခြောက်မျိုးသောအကြောင်းတို့ကြောင့် ဖြစ်၏။ပ။

ဒုတိယ ကောသိယဝဂ် ပြီး၏။

၃-ပတ္တဝဂ်

၄၄။ အတိရေက ‘အဓိဋ္ဌာန်မတင် ဝိကပ္ပနာမပြုအပ်သေးသော’ သပိတ်ကို ဆယ်ရက်ထက် လွန်စေသော ရဟန်းအား နိဿဂ္ဂိပါစိတ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

ဆဗ္ဗဂ္ဂီရဟန်းတို့ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

ဆဗ္ဗဂ္ဂီရဟန်းတို့၏ အတိရေကသပိတ်ကို သုံးဆောင်ကြခြင်း အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး၊ အနုပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင်နှစ်မျိုးသော အကြောင်းတို့ကြောင့် ဖြစ်၏။ ရံခါ ကိုယ်ကြောင့်လည်းကောင်း၊ နှုတ်ကြောင့်လည်းကောင်းဖြစ်၏။ စိတ်ကြောင့် မဖြစ်။ ရံခါ ကိုယ်ကြောင့်လည်းကောင်း၊ နှုတ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်း ဖြစ်၏။ပ။

၄၅။ အဖွဲ့ငါးခု မပြည့်သေးသော သပိတ်ရှိလျက် အခြားသပိတ်သစ်ကို တောင်းသော ရဟန်းအားနိဿဂ္ဂိပါစိတ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

--

သက္ကတိုင်းတို့၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

ဆဗ္ဗဂ္ဂီရဟန်းတို့ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

ဆဗ္ဗဂ္ဂီရဟန်းတို့၏ အနည်းငယ်သော အက်ခြင်းဖြင့် အနည်းငယ်သော ကွဲခြင်းဖြင့် အနည်းငယ်ခြစ်မိကာမျှဖြင့် များစွာသော သပိတ်တို့ကို တောင်းကြခြင်းအကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် ခြောက်မျိုးသောအကြောင်းတို့ကြောင့် ဖြစ်၏။ပ။

၄၆။ (ထောပတ် ဆီဦး ဆီ ပျား တင်လဲ)ဟူသော ဆေးတို့ကို အကပ်ခံ၍ (သိုမှီး သိမ်းဆည်းလျက်) ခုနစ်ရက်ကို ကျော်လွန်စေသော ရဟန်းအား နိဿဂ္ဂိပါစိတ်အာပတ်ကို အဘယ်အရပ်၌ပညတ်တော်မူအပ်ပါ သနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

များစွာသော ရဟန်းတို့ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

များစွာသော ရဟန်းတို့၏ ဆေးတို့ကို အကပ်ခံ၍ ခုနစ်ရက်ကို လွန်စေခြင်း အကြောင်းကြောင့်ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် နှစ်မျိုးသော အကြောင်းတို့ကြောင့် ဖြစ်၏။ ကထိနသမုဋ္ဌာန်တည်း။ပ။

၄၇။ တစ်လထက်အလွန် ကြွင်းကျန်သေးသော နွေလ၌ မိုးရေခံသင်္ကန်းကို ရှာမှီးသော ရဟန်းအားနိဿဂ္ဂိပါစိတ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

ဆဗ္ဗဂ္ဂီရဟန်းတို့ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

ဆဗ္ဗဂ္ဂီရဟန်းတို့၏ တစ်လထက်အလွန် ကြွင်းကျန်သော နွေလ၌ မိုးရေခံသင်္ကန်းကို ရှာမှီးကြခြင်းအကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် ခြောက်မျိုးသောအကြောင်းတို့ကြောင့် ဖြစ်၏။ပ။

၄၈။ ရဟန်းတစ်ပါးအား ကိုယ်တိုင် သင်္ကန်းကို ပေးပြီး၍ အမျက်ထွက်ကာ မနှစ်သက်သဖြင့် (ပြန်၍) လုယက်ယူဆောင်သော ရဟန်းအား နိဿဂ္ဂိပါစိတ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

--

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

သာကီဝင်မင်းသား အသျှင်ဥပနန္ဒကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

သာကီဝင်မင်းသား အသျှင်ဥပနန္ဒ၏ ရဟန်းတစ်ပါးအား ကိုယ်တိုင် သင်္ကန်းကို ပေးပြီး၍ အမျက်ထွက်ကာ မနှစ်သက်သဖြင့် (ပြန်၍) လုယက်ယူခြင်းအကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် သုံးမျိုးသောအကြောင်းတို့ကြောင့် ဖြစ်၏။ပ။

၄၉။ ချည်ကို ကိုယ်တိုင်တောင်း၍ ရက်ကန်းသည်တို့ကို သင်္ကန်းအရက်ခိုင်းသော ရဟန်းအားနိဿဂ္ဂိပါစိတ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

ရာဇဂြိုဟ်ပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

ဆဗ္ဗဂ္ဂီရဟန်းတို့ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

ဆဗ္ဗဂ္ဂီရဟန်းတို့၏ ချည်ကို ကိုယ်တိုင်တောင်း၍ ရက်ကန်းသည်တို့ကို သင်္ကန်းရက်ခိုင်းခြင်းအကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်း အကြောင်းခြောက်မျိုးတို့တွင် ခြောက်မျိုးသောအကြောင်းတို့ကြောင့် ဖြစ်၏။ပ။

၅၀။ ရှေးအခါက မဖိတ်ကြားဖူးဘဲ ဆွေမျိုးမတော်သော ဒါယကာ၏ ရက်ကန်းသည်တို့သို့ ချဉ်း ကပ်၍သင်္ကန်း၌ အထူးစီရင်ခြင်းသို့ ရောက်သော ရဟန်းအား နိဿဂ္ဂိပါစိတ်အာပတ်ကို အဘယ်အရပ်၌ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

သာကီဝင်မင်းသား အသျှင်ဥပနန္ဒကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

သာကီဝင်မင်းသား အသျှင်ဥပနန္ဒ၏ ရှေးအခါက မဖိတ်ကြားဖူးဘဲ ဆွေမျိုးမတော်သော ဒါယကာ၏ရက်ကန်းသည်တို့သို့ ချဉ်းကပ်၍ သင်္ကန်း၌ အထူးစီရင်ခြင်းသို့ ရောက်ခြင်းအကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် ခြောက်မျိုးသောအကြောင်းတို့ကြောင့် ဖြစ်၏။ပ။

၅၁။ အဆောတလျင်လှူအပ်သော သင်္ကန်းကို အလှူခံ၍ သင်္ကန်းအခါကာလကို လွန်စေသောရဟန်းအား နိဿဂ္ဂိပါစိတ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

--

များစွာသော ရဟန်းတို့ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

များစွာသော ရဟန်းတို့၏ အဆောတလျင်လှူအပ်သော သင်္ကန်းကို အလှူခံကြကုန်၍ သင်္ကန်းအခါကာလကို လွန်စေကြခြင်း အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်းခြောက်မျိုးတို့တွင် နှစ်မျိုးသော အကြောင်းတို့ကြောင့် ဖြစ်၏။ ကထိနသမုဋ္ဌာန်တည်း။ပ။

၅၂။ သင်္ကန်းသုံးထည်တို့တွင် တစ်ထည်သော သင်္ကန်းကို ရွာတွင်း၌ ထား၍ ခြောက်ညဉ့်ထက် အလွန်ထိုသင်္ကန်းနှင့် ကင်း၍နေသော ရဟန်းအား နိဿဂ္ဂိပါစိတ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

များစွာသော ရဟန်းတို့ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

များစွာသော ရဟန်းတို့၏ သုံးထည်သော သင်္ကန်းတို့တွင် တစ်ထည်သော သင်္ကန်းကို ရွာတွင်း၌ထား၍ ခြောက်ညဉ့်ထက် အလွန် (ထိုသင်္ကန်းနှင့်) ကင်း၍ နေကြခြင်း အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်းခြောက်မျိုးတို့တွင် နှစ်မျိုးသော အကြောင်းတို့ကြောင့် ဖြစ်၏။ ကထိနသမုဋ္ဌာန်တည်း။ပ။

၅၃။ သံဃာအား ညွတ်လေပြီးသော သံဃာပိုင် ‘သံဃိက’ ဖြစ်သော လာဘ်ကို သိပါလျက် မိမိအားညွတ်စေသော ရဟန်းအား နိဿဂ္ဂိပါစိတ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

ဆဗ္ဗဂ္ဂီရဟန်းတို့ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

ဆဗ္ဗဂ္ဂီရဟန်းတို့သည် သံဃာအား ညွတ်လေပြီးသော သံဃာပိုင် ‘သံဃိက’ ဖြစ်သော လာဘ်ကို မိမိအားညွတ်စေကြခြင်း အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါးရှိ၏။ အာပတ်သင့်ခြင်းအကြောင်းခြောက်မျိုးတို့တွင် သုံးမျိုးသော အကြောင်းတို့ကြောင့် ဖြစ်၏။ပ။

တတိယပတ္တဝဂ် ပြီး၏။

နိဿဂ္ဂိပါစိတ်အာပတ်သုံးဆယ် ပြီး၏။

--

ထိုနိဿဂ္ဂိပါစိတ် သုံးဆယ်၏ အကျဉ်းချုပ်

ဒသသဒ္ဒါဖြင့် မှတ်အပ်သော ပဌမကထိနသိက္ခာပုဒ်၊ ဧကရတ္တသဒ္ဒါဖြင့် မှတ်အပ်သောဒုတိယကထိနသိက္ခာပုဒ်၊ မာသသဒ္ဒါဖြင့် မှတ်အပ်သော တတိယကထိနသိက္ခာပုဒ်၊ သင်္ကန်းဟောင်းကိုဖွပ်လျှော်ခိုင်းသော သိက္ခာပုဒ်၊ သင်္ကန်းကို ခံယူသော သိက္ခာပုဒ်၊ ဆွေမျိုးမတော်သောသူကို တောင်းသောသိက္ခာပုဒ်၊ သင်းပိုင် ကိုယ်ဝတ်ထက်လွန်၍ တောင်းသော သိက္ခာပုဒ်၊ ဥဒ္ဒိဿသဒ္ဒါဖြင့် မှတ်အပ်သောသင်္ကန်း၌ အထူးကြံစည်သော ပဌမဥပက္ခဋသိက္ခာပုဒ်၊ ဥဘိန္နံသဒ္ဒါဖြင့် မှတ်အပ်သောဒုတိယဥပက္ခဋသိက္ခာပုဒ်၊ ဒူတေနဟူသောပုဒ်ဖြင့် မှတ်အပ်သော ရာဇသိက္ခာပုဒ်။

သိုးမွေးဖြင့် မှတ်အပ်သော သိက္ခာပုဒ်၊ အမည်းသက်သက်ဖြစ်သော သိုးမွေးဖြင့် မှတ်အပ်သောသိက္ခာပုဒ်၊ (သိုးမွေးဖြူ သိုးမွေးကြောင်နှစ်ဖို့) ဒွေဘာဂသိက္ခာပုဒ်၊ ဆဗ္ဗဿသိက္ခာပုဒ်၊ နိသီဒိုင်အခင်းသိက္ခာပုဒ်၊ နှစ်ပါးကုန်သော သိုးမွေးသိက္ခာပုဒ်၊ သိုးမွေးဖွပ်ခိုင်းသော သိက္ခာပုဒ်၊ ဥဂ္ဂဏှသဒ္ဒါဖြင့် မှတ်အပ်သော ရွှေငွေကို ခံယူသော သိက္ခာပုဒ်၊ နှစ်ပါးကုန်သော အထူးထူးအပြားပြားရှိသော ရွှေငွေတို့ကို ဖလှယ်သော သိက္ခာပုဒ်၊ အထူးထူးအပြားပြားသော ကုန်ရောင်းကုန်ဝယ်သိက္ခာပုဒ်။

နှစ်ပါးကုန်သော ပဌမသပိတ်သိက္ခာပုဒ်၊ ဒုတိယသပိတ်သိက္ခာပုဒ် (ငါးဖွဲ့အောက် ယုတ်သောသပိတ်သိက္ခာပုဒ်)၊ ဆေးကို ပညတ်သော သိက္ခာပုဒ်၊ မိုးရေခံ သင်္ကန်း သိက္ခာပုဒ်၊ ငါးခုမြောက်လုယူခြင်းဖြင့် မှတ်အပ်သော သိက္ခာပုဒ်၊ ချည်ကို ကိုယ်တိုင် တောင်းသော သိက္ခာပုဒ်၊ သင်္ကန်းကိုရက်စေသော သိက္ခာပုဒ်၊ အဆောတလျင် လှူအပ်သော သင်္ကန်းသိက္ခာပုဒ်၊ သင်္ကန်းကို ရွာတွင်း၌ထားသော သိက္ခာပုဒ်၊ သံဃာ ၏လာဘ်ကို မိမိသို့ ညွတ်စေသော သိက္ခာပုဒ်။ ဤကား အကျဉ်းချုပ်တည်း။

--

၅-ပါစိတ်ကိုးဆယ့်နှစ်ပါး

၁-မုသာဝါဒဝဂ်

၅၄။ (ထိုထိုသိက္ခာပုဒ်ပညတ်ခြင်း၏ အခါကို) သိတော်မူသော (ထိုထိုသိက္ခာပုဒ်ပညတ်ခြင်း၏ အကျိုးထူးတို့ကို) မြင်တော်မူသော (ကိလေသာရန်သူတို့ကို) ပယ်သတ်တော်မူပြီးသော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားသည် သိလျက် မဟုတ်မမှန်သော စကားကိုပြောဆိုခြင်းကြောင့် ပါစိတ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

သာကီဝင်မင်းသား အသျှင်ဟတ္ထကကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

သာကီဝင်မင်းသား အသျှင်ဟတ္ထက၏ တိတ္ထိတို့နှင့် စကားပြောဆိုသောအခါ ပယ်ပြီးသော စကားကိုဝန်ခံခြင်း၊ ဝန်ခံပြီးသော စကားကို ပယ်ခြင်းအကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် သုံးမျိုးသောအကြောင်းတို့ကြောင့် ဖြစ်၏၊ ရံခါ ကိုယ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်း ဖြစ်၏၊ နှုတ်ကြောင့် မဖြစ်။ ရံခါ နှုတ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်း ဖြစ်၏၊ ကိုယ်ကြောင့်မဖြစ်။ ရံခါ ကိုယ်ကြောင့်လည်းကောင်း၊ နှုတ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်း ဖြစ်၏။ပ။

၅၅။ ဆဲဆို ကဲ့ရဲ့စကားကို ဆိုခြင်းကြောင့် ပါစိတ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

ဆဗ္ဗဂ္ဂီရဟန်းတို့ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

ဆဗ္ဗဂ္ဂီရဟန်းတို့၏ သီလချစ်ခင်သော ရဟန်းတို့နှင့် ခိုက်ရန်ဖြစ်ကုန်သော သီလချစ်ခင်သောရဟန်းတို့ကို ဆဲဆိုကဲ့ရဲ့သောစကားကို ဆိုခြင်းအကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်းခြောက်မျိုးတို့တွင် သုံးမျိုးသော အကြောင်းတို့ကြောင့် ဖြစ်၏။ပ။

၅၆။ ရဟန်းတို့ကို ချောပစ်ကုန်းတိုက်ခြင်းကြောင့် ပါစိတ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

--

ဆဗ္ဗဂ္ဂီရဟန်းတို့ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

ဆဗ္ဗဂ္ဂီရဟန်းတို့၏ တိုင်ပင်ခြင်း ခိုက်ရန်ဖြစ်ခြင်း ငြင်းခုံခြင်းသို့ ရောက်ကုန်သော ရဟန်းတို့အား ကုန်းတိုက်သောစကားကို ဆောင်ကြခြင်းအကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်း အကြောင်းခြောက်မျိုးတို့တွင် သုံးမျိုးသော အကြောင်းတို့ကြောင့် ဖြစ်၏။ပ။

၅၇။ လူသာမဏေကို အဖို့အဖို့အားဖြင့် (ပုဒ်ပြိုင်) တရားစာပေကို ပို့ချသော ရဟန်းအား ပါစိတ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

ဆဗ္ဗဂ္ဂီရဟန်းတို့ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

ဆဗ္ဗဂ္ဂီရဟန်းတို့၏ (ရတနာသုံးပါး၌ ကိုးကွယ်ဆည်းကပ်သူ) ဥပါသကာတို့ကို အဖို့အဖို့အားဖြင့် (ပုဒ်ပြိုင်) တရားစာပေကို ပို့ချခြင်းအကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် နှစ်မျိုးသောအကြောင်းတို့ကြောင့် ဖြစ်၏၊ ရံခါ နှုတ်ကြောင့် ဖြစ်၏၊ ကိုယ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်း မဖြစ်။ ရံခါ နှုတ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်း ဖြစ်၏၊ ကိုယ်ကြောင့်မဖြစ်။ပ။

၅၈။ လူသာမဏေနှင့် (တစ်မိုးတစ်ရံတည်းသော ကျောင်း၌) နှစ်ညဉ့် သုံးညဉ့်ထက် အလွန် အတူတကွ အိပ်သော ရဟန်းအား ပါစိတ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

အာဠဝီပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

များစွာသောရဟန်းတို့ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

များစွာသော ရဟန်းတို့၏ လူသာမဏေနှင့် တစ်မိုးတစ်ရံတည်းသော ကျောင်း၌ အတူတကွ အိပ်ခြင်းအကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး၊ အနုပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် နှစ်မျိုးသော အကြောင်းတို့ကြောင့် ဖြစ်၏၊ ရံခါ ကိုယ်ကြောင့် ဖြစ်၏၊ နှုတ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်း မဖြစ်။ ရံခါ ကိုယ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်း ဖြစ်၏၊ နှုတ်ကြောင့် မဖြစ်။ပ။

၅၉။ မာတုဂါမနှင့် အတူတကွ (တစ်မိုးတစ်ရံတည်းသော ကျောင်း၌) အိပ်သော ရဟန်းအား ပါစိတ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

--

အရှင်အနုရုဒ္ဓါကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

အရှင်အနုရုဒ္ဓါ၏ မာတုဂါမနှင့် အတူတကွ တစ်မိုးတစ်ရံတည်းသောကျောင်း၌ အိပ်ခြင်းအကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်းခြောက်မျိုးတို့တွင် နှစ်မျိုးသော အကြောင်းတို့ကြောင့် ဖြစ်၏၊ ဧဠကလောမသမုဋ္ဌာန်တည်း၁။ပ။

၆၀။ မာတုဂါမအား ငါးပုဒ် ခြောက်ပုဒ်ထက်အလွန် တရားကို ဟောသော ရဟန်းအား ပါစိတ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

အသျှင်ဥဒါယီကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

အသျှင်ဥဒါယီ၏ မာတုဂါမအား ငါးပုဒ် ခြောက်ပုဒ်ထက်အလွန် တရားကို ဟောခြင်း အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး၊ အနုပညတ်နှစ်ပါး ရှိ၏၊ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် နှစ်မျိုးသော အကြောင်းတို့ကြောင့် ဖြစ်၏၊ ပဒသောဓမ္မသမုဋ္ဌာန်တည်း။ပ။

၆၁။ လူသာမဏေအား ဧကန်အမှန်ဖြစ်သော ဈာန်မဂ်ဖိုလ်တရား ‘ဥတ္တရိမနုဿဓမ္မ’ ကို ပြောသောရဟန်းအား ပါစိတ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

ဝေသာလီပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

ဝဂ္ဂုမုဒါမြစ်ကမ်းအနီး၌ နေကုန်သော ရဟန်းတို့ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

ဝဂ္ဂုမုဒါမြစ်ကမ်းအနီး၌ နေကုန်သော ရဟန်းတို့၏ အချင်းချင်း ဈာန်မဂ်ဖိုလ်တရား၏ ဂုဏ် ကျေးဇူးကို လူတို့အား ပြောကြခြင်း အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် သုံးမျိုးသောအကြောင်းတို့ကြောင့် ဖြစ်၏၊ ရံခါ ကိုယ်ကြောင့် ဖြစ်၏၊ နှုတ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်း မဖြစ်။ ရံခါ နှုတ်ကြောင့် ဖြစ်၏၊ ကိုယ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်းမဖြစ်။ ရံခါ ကိုယ်ကြောင့်လည်းကောင်း၊ နှုတ်ကြောင့်လည်းကောင်း ဖြစ်၏၊ စိတ်ကြောင့် မဖြစ်။ပ။

၆၂။ ရဟန်းယောက်ျား၏ ရုန့်ရင်းကြမ်းတမ်းသော (သံဃာဒိသိသ်) အာပတ်ကို လူသာမဏေကိုပြောကြားသော ရဟန်းအား ပါစိတ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

ဆဗ္ဗဂ္ဂီရဟန်းတို့ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

--

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

ဆဗ္ဗဂ္ဂီရဟန်းတို့၏ ရဟန်း၏ ရုန့်ရင်းကြမ်းတမ်းသော (သံဃာဒိသိသ်) အာပတ်ကို လူ သာမဏေအားပြောကြားခြင်းအကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါးရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် သုံးမျိုးသော အကြောင်းတို့ကြောင့် ဖြစ်၏။ပ။

၆၃။ မြေကိုတူးသော ရဟန်းအား ပါစိတ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

အာဠဝီပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

အာဠဝီပြည်သား ရဟန်းတို့ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

အာဠဝီပြည်သားရဟန်းတို့၏ မြေကိုတူးကြခြင်း အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါးရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် သုံးမျိုးသောအကြောင်းတို့ကြောင့် ဖြစ်၏။ပ။

ရှေးဦးစွာသော မုသာဝါဒဝဂ် ပြီး၏။

၁။ ဧဠကလောမသမုဋ္ဌာန်တည်း၊ ကထိနသမုဋ္ဌာန်တည်း - စသော စကား၏ ဆိုလိုရင်းမှာ အာပတ်သင့်ခြင်းအကြောင်းဟူသမျှ ထုတ်ဖော်လျက် မဟောရာ၌ ညွှန်းပြသော စကားတည်း၊ ဥပမာ ဤဒုတိယ သဟသေယျသိက္ခာပုဒ်သည် အာပတ် သင့်ခြင်းအကြောင်းကို ရှာသော် အကြောင်းနှစ်မျိုး ဖြစ်၏၊ ဧဠကလောမသိက္ခာပုဒ်လည်း အကြောင်းနှစ်မျိုးပင် ဖြစ်၏၊ အကြောင်းနှစ်မျိုးမှာ- (၁) ကိုယ်ကြောင့် ဖြစ်၏၊ နှုတ်ကြောင့်လည်းကောင်း စိတ်ကြောင့်လည်းကောင်း မဖြစ်။ (၂) ကိုယ်ကြောင့်လည်းကောင်း စိတ်ကြောင့်လည်းကောင်း ဖြစ်၏၊ နှုတ်ကြောင့် မဖြစ်။ ဤကား သိက္ခာပုဒ်နှစ်ပါး၏ အကြောင်းနှစ်ပါးတည်း၊ ဤသို့ တူမျှ၍ ထုတ်ဖော်လျက် မဟောရာဝယ် ညွှန်းပြသော စကားတည်း။

--

၂-ဘူတဂါမဝဂ်

၆၄။ ဘူတဂါမ် ဗီဇဂါမ်တို့ကို ဖျက်ဆီးသော ရဟန်းအား ပါစိတ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

အာဠဝီပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

အာဠဝီပြည်သား ရဟန်းတို့ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

အာဠဝီပြည်သား ရဟန်းတို့၏ သစ်ပင်ခုတ်ဖြတ်ခြင်း အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါးရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် သုံးမျိုးသော အကြောင်းတို့ကြောင့် ဖြစ်၏။ပ။

၆၅။ တစ်ပါးသော စကားဖြင့် တစ်ပါးသော စကားကို ဖုံးလွှမ်း၍ ပြောဆိုခြင်းကြောင့် (မေးသည်ကိုမပြောဘဲ) ဆိတ်ဆိတ်နေသဖြင့် သံဃာကို ညှဉ်းဆဲခြင်းကြောင့် ပါစိတ်အာပတ်ကို အဘယ်အရပ်၌ပညတ်တော်မူအပ်ပါသနည်း။

ကောသမ္ဗီပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

အသျှင်ဆန္နကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

အရှင်ဆန္န၏ သံဃာ့အလယ်၌ အာပတ်ဖြင့် မေးမြန်း စိစစ်သောအခါ တစ်ပါးသောစကားဖြင့်တစ်ပါးသော စကားကို ဖုံးလွှမ်းကာကွယ်ခြင်း အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး၊ အနုပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်း အကြောင်းခြောက်မျိုးတို့တွင်သုံးမျိုးသော အကြောင်းတို့ကြောင့် ဖြစ်၏။ပ။

၆၆။ ကဲ့ရဲ့ရှုတ်ချခြင်းကြောင့် ပါစိတ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

ရာဇဂြိုဟ်ပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

မေတ္တိယ ဘုမ္မဇကရဟန်းတို့ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

မေတ္တိယ ဘုမ္မဇကရဟန်းတို့၏ မလ္လာမင်း၏သား အသျှင်ဒဗ္ဗကို ကဲ့ရဲ့ကြခြင်း အကြောင်းကြောင့်ပညတ်တော်မူအပ်ပါသည်။

--

(မူလ) ပညတ်တစ်ပါး၊ အနုပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင်သုံးမျိုးသော အကြောင်းတို့ကြောင့် ဖြစ်၏။ပ။

၆၇။ သံဃာ၏ ပစ္စည်းဖြစ်သော ညောင်စောင်း အင်းပျဉ် ဘုံလျှို ကပ်ကျစ်အခင်း ‘ခတ်အခင်း’ ကိုလွင်တီးခေါင်၌ ခင်းပြီးလျှင် မသိမ်းဆည်း မပန်ကြားမူ၍ ဖဲသွားသော ရဟန်းအား ပါစိတ်အာပတ်ကိုအဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

များစွာသော ရဟန်းတို့ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

များစွာသော ရဟန်းတို့၏ သံဃာ၏ ဥစ္စာဖြစ်သော အိပ်ရာနေရာကို လွင်တီးခေါင်၌ ခင်းပြီးလျှင်မသိမ်းဆည်း မပန်ကြားမူ၍ ဖဲသွားကြခြင်းအကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး၊ အနုပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင်နှစ်မျိုးသော အကြောင်းတို့ကြောင့် ဖြစ်၏။ ကထိနသမုဋ္ဌာန်တည်း။ပ။

၆၈။ သံဃိကကျောင်း၌ အိပ်ရာနေရာကို ခင်းပြီးလျှင် မသိမ်းဆည်း မပန်ကြားမူ၍ ဖဲသွားသောရဟန်းအား ပါစိတ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

သတ္တရသဝဂ္ဂီရဟန်းတို့ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

သတ္တရသဝဂ္ဂီရဟန်းတို့၏ သံဃိကကျောင်း၌ အိပ်ရာနေရာကို ခင်းပြီးလျှင် မသိမ်းဆည်း မပန်ကြား မူ၍ဖဲသွားကြခြင်းအကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် နှစ်မျိုးသော အကြောင်းတို့ကြောင့် ဖြစ်၏။ ကထိနသမုဋ္ဌာန်တည်း။ပ။

၆၉။ သံဃိကကျောင်း၌ သိလျက် ရှေးဦးစွာ ရောက်နေသော ရဟန်းကို တိုးဝှေ့ လုယက်ကာအိပ်ခြင်းကို ပြုသော ရဟန်းအား ပါစိတ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

ဆဗ္ဗဂ္ဂီရဟန်းတို့ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

ဆဗ္ဗဂ္ဂီရဟန်းတို့၏ ထိုမထေရ်ကြီးရဟန်းတို့ကို တိုးဝှေ့လုယက်၍ အိပ်ကြခြင်း အကြောင်းကြောင့်ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် တစ်မျိုးသောအကြောင်းကြောင့်ဖြစ်၏။ ကိုယ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်း ဖြစ်၏။ နှုတ်ကြောင့်မဖြစ်။ပ။

--

၇၀။ အမျက်ထွက်ကာ မနှစ်သက်သဖြင့် တစ်ပါးသော ရဟန်းကို သံဃိကကျောင်းမှ နှင်ထုတ်သောရဟန်းအား ပါစိတ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

ဆဗ္ဗဂ္ဂီရဟန်းတို့ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

ဆဗ္ဗဂ္ဂီရဟန်းတို့၏ အမျက်ထွက်ကာ မနှစ်သက်သဖြင့် တစ်ပါးသော ရဟန်းကို သံဃိကကျောင်းမှနှင်ထုတ်ခြင်း အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် သုံးမျိုးသော အကြောင်းတို့ကြောင့် ဖြစ်၏။ပ။

၇၁။ သံဃိကကျောင်းဝယ် (အလယ်အလတ်တန်းစား ယောက်ျား၏ ဦးခေါင်းမထိသော) အထက်ဟင်းလင်း ကောင်းကင်ရှိသော ကုဋီ၌ အပေါင်၌ အခြေတပ်သော ညောင်စောင်းကိုလည်းကောင်း၊ အင်းပျဉ် ကိုလည်းကောင်း ဖိ၍ ထိုင်သော ရဟန်းအား ပါစိတ်အာပတ်ကို အဘယ်အရပ်၌ပညတ်တော်မူအပ်ပါ သနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

ရဟန်းတစ်ပါးကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

ရဟန်းတစ်ပါး၏ သံဃိကကျောင်းဝယ် (အလယ်အလတ်တန်းစားယောက်ျား၏ ဦးခေါင်းမထိသော) အထက်၌ ဟင်းလင်းကောင်းကင်ရှိသော ကုဋီ၌ အပေါင်၌ အခြေတပ်သော ညောင်စောင်းကိုအဆောတလျင် ဖိ၍ ထိုင်ခြင်း အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် နှစ်မျိုးသော အကြောင်းတို့ကြောင့် ဖြစ်၏။ ရံခါ ကိုယ်ကြောင့် ဖြစ်၏၊ နှုတ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်းမဖြစ်။ ရံခါ ကိုယ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်း ဖြစ်၏၊ နှုတ်ကြောင့် မဖြစ်။ပ။

၇၂။ နှစ်ထပ် သုံးထပ် (ကျောင်းကို) မိုးပြီး၍ ထိုနှစ်ထပ် သုံးထပ်ထက်အလွန် ထပ်၍ မိုးသောရဟန်းအား ပါစိတ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

ကောသမ္ဗီပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

အသျှင်ဆန္နမထေရ်ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

အသျှင်ဆန္နမထေရ်၏ အလွန်လေးသောကြောင့် ကျောင်းသည် ပြိုကျအောင် မိုးပြီးသောကျောင်းကိုအဖန်တလဲလဲ (ထပ်ကာ ထပ်ကာ) မိုးစေခြင်း အဖန်တလဲလဲ (ထပ်ကာ ထပ်ကာ) လိမ်းကျံစေခြင်းအကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

--

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်း အကြောင်းခြောက်မျိုးတို့တွင် ခြောက်မျိုးသောအကြောင်းတို့ကြောင့် ဖြစ်၏။ပ။

၇၃။ ပိုးရှိသော ရေဟု သိလျက် ပိုးရှိသော ရေကို မြက်၌လည်းကောင်း၊ မြေ၌လည်းကောင်းသွန်းလောင်းသော ရဟန်းအား ပါစိတ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

အာဠဝီပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

အာဠဝီပြည်သား ရဟန်းတို့ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

အာဠဝီပြည်သား ရဟန်းတို့၏ ပိုးရှိသော ရေဟု သိပါလျက် ပိုးရှိသော ရေကို မြက်၌လည်းကောင်း၊ မြေ၌လည်းကောင်း၊ သွန်းလောင်းခြင်း အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် သုံးမျိုးသော အကြောင်းတို့ကြောင့် ဖြစ်၏။ပ။

နှစ်ခုမြောက် ဘူတဂါမဝဂ် ပြီး၏။

၃-ဩဝါဒဝဂ်

၇၄။ (ဉတ်ကမ္မဝါစာဖြင့်) မသမုတ်အပ်ဘဲ ‘သမ္မုတိမရဘဲ’ ရဟန်းမိန်းမတို့ကို ဆုံးမသော ရဟန်းအား ပါစိတ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

ဆဗ္ဗဂ္ဂီရဟန်းတို့ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

ဆဗ္ဗဂ္ဂီရဟန်းတို့၏ (ဉတ်ကမ္မဝါစာဖြင့်) မသမုတ်အပ်ဘဲ ‘သမ္မုတိမရဘဲ'ရဟန်းမိန်းမတို့ကို ဆုံးမ ခြင်းအကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

ထိုဩဝါဒသိက္ခာပုဒ်၌ (မူလ) ပညတ်ရှိသလော၊ အနုပညတ်ရှိသလော၊ အနုပ္ပန္နပညတ်ရှိသလော။

(မူလ) ပညတ်တစ်ပါး အနုပညတ်တစ်ပါး ရှိ၏။ ထိုဩဝါဒသိက္ခာပုဒ်၌ အနုပ္ပန္နပညတ် မရှိ။

အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် နှစ်မျိုးသော အကြောင်းတို့ကြောင့် ဖြစ်၏။

--

ရံခါ နှုတ်ကြောင့် ဖြစ်၏၊ ကိုယ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်း မဖြစ်။ ရံခါနှုတ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်း ဖြစ်၏၊ ကိုယ်ကြောင့် မဖြစ်။ပ။

၇၅။ နေဝင်သည်ရှိသော် ရဟန်းမိန်းမတို့ကို ဆုံးမသော ရဟန်းအား ပါစိတ်အာပတ်ကို အဘယ် အရပ်၌ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

အသျှင်စူဠပန္ထကမထေရ်ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

အသျှင်စူဠပန္ထကမထေရ်၏ နေဝင်သည်ရှိသော် ရဟန်းမိန်းမတို့ကို ဆုံးမခြင်း အကြောင်းကြောင့်ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် နှစ်မျိုးသောအကြောင်းတို့ကြောင့် ဖြစ်၏။ ပဒသောဓမ္မသမုဋ္ဌာန်တည်း။ပ။

၇၆။ ရဟန်းမိန်းမကျောင်းသို့ ချဉ်းကပ်၍ ရဟန်းမိန်းမတို့ကို ဆုံးမသော ရဟန်းအား ပါစိတ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သက္ကတိုင်းတို့၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

ဆဗ္ဗဂ္ဂီရဟန်းတို့ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

ဆဗ္ဗဂ္ဂီရဟန်းတို့၏ ရဟန်းမိန်းမကျောင်းသို့ ချဉ်းကပ်၍ ရဟန်းမိန်းမတို့ကို ဆုံးမခြင်းအကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး အနုပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင်နှစ်မျိုးသော အကြောင်းတို့ကြောင့် ဖြစ်၏။ ကထိနသမုဋ္ဌာန်တည်း။ပ။

၇၇။ “ (ဆွမ်း သင်္ကန်း စသော) အာမိသဟူသော အကြောင်းကြောင့် ရဟန်းတို့သည် ရဟန်းမိန်းမတို့ကို ဆုံးမကြကုန်၏”ဟု ပြောဆိုသော ရဟန်းအား ပါစိတ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

ဆဗ္ဗဂ္ဂီရဟန်းတို့ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

ဆဗ္ဗဂ္ဂီရဟန်းတို့၏ “ (ဆွမ်း သင်္ကန်း စသော) အာမိသဟူသော အကြောင်းကြောင့် ရဟန်းတို့သည်ရဟန်းမိန်းမတို့ကို ဆုံးမကြကုန်၏”ဟု ပြောဆိုကြခြင်းအကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် သုံးမျိုးသော အကြောင်းတို့ကြောင့် ဖြစ်၏။ပ။

--

၇၈။ ဆွေမျိုးမတော်သော ရဟန်းမိန်းမကို သင်္ကန်းပေးသော ရဟန်းအား ပါစိတ်အာပတ်ကိုအဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

ရဟန်းတစ်ပါးကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

ရဟန်းတစ်ပါး၏ ဆွေမျိုးမတော်သော ရဟန်းမိန်းမအား သင်္ကန်းကို ပေးခြင်းအကြောင်းကြောင့်ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး အနုပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင်ခြောက်မျိုးသော အကြောင်းတို့ကြောင့် ဖြစ်၏။ပ။

၇၉။ ဆွေမျိုးမတော်သော ရဟန်းမိန်းမ၏ သင်္ကန်းကို ချုပ်သော ရဟန်းအား ပါစိတ်အာပတ်ကိုအဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

အသျှင်ဥဒါယီကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

အသျှင်ဥဒါယီ၏ ဆွေမျိုးမတော်သော ရဟန်းမိန်းမ၏ သင်္ကန်းကို ချုပ်ခြင်းအကြောင်းကြောင့်ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် ခြောက်မျိုးသောအကြောင်းတို့ကြောင့် ဖြစ်၏။ပ။

၈၀။ ရဟန်းမိန်းမနှင့် အတူတကွ တိုင်ပင် ‘ချိန်းချက်’ ၍ တစ်ကြောင်းတည်းသော ခရီးသို့ သွားသောရဟန်းအား ပါစိတ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

ဆဗ္ဗဂ္ဂီရဟန်းတို့ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

ဆဗ္ဗဂ္ဂီရဟန်းတို့၏ ရဟန်းမိန်းမတို့နှင့် အတူတကွ တိုင်ပင် ‘ချိန်းချက်’ ၍ တစ်ကြောင်းတည်းသောခရီးသို့ သွားကြခြင်း အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး၊ အနုပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင်လေးမျိုးသော အကြောင်းတို့ကြောင့် ဖြစ်၏။ ရံခါ ကိုယ်ကြောင့် ဖြစ်၏၊ နှုတ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်း မဖြစ်။ ရံခါ ကိုယ်ကြောင့်လည်းကောင်း၊ နှုတ်ကြောင့်လည်းကောင်း ဖြစ်၏၊ စိတ်ကြောင့် မဖြစ်။ ရံခါ ကိုယ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်း ဖြစ်၏၊ နှုတ်ကြောင့်မဖြစ်။ ရံခါ ကိုယ်ကြောင့်လည်းကောင်း၊ နှုတ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်း ဖြစ်၏။ပ။

--

၈၁။ ရဟန်းမိန်းမတို့နှင့်အတူတကွ တိုင်ပင် ‘ချိန်းချက်’ ၍ လှေတစ်စင်းတည်းစီးသော ရဟန်းအားပါစိတ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

ဆဗ္ဗဂ္ဂီရဟန်းတို့ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

ဆဗ္ဗဂ္ဂီရဟန်းတို့၏ ရဟန်းမိန်းမတို့နှင့် အတူတကွ တိုင်ပင် ‘ချိန်းချက်’ ၍ လှေတစ်စင်းတည်း စီးကြခြင်းအကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး၊ အနုပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင်လေးမျိုးသော အကြောင်းတို့ကြောင့် ဖြစ်၏။ပ။

၈၂။ ရဟန်းမိန်းမ စီရင်အပ်သော ဆွမ်းကို သိလျက် ဘုဉ်းပေးသုံးဆောင်သော ရဟန်းအားပါစိတ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

ရာဇဂြိုဟ်ပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

ဒေဝဒတ်ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

ဒေဝဒတ်၏ ရဟန်းမိန်းမ စီရင်အပ်သော ဆွမ်းကို သိလျက် ဘုဉ်းပေးခြင်းအကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး၊ အနုပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင်တစ်မျိုးသော အကြောင်းကြောင့် ဖြစ်၏။ ကိုယ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်း ဖြစ်၏၊ နှုတ်ကြောင့် မဖြစ်။ပ။

၈၃။ ရဟန်းမိန်းမနှင့်အတူ တစ်ယောက်ချင်းချင်း (မျက်စိ နား နှစ်ပါး၏) ဆိတ်ကွယ်ရာ၌ ထိုင်နေခြင်းကို ပြုသော ရဟန်းအား ပါစိတ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

အသျှင်ဥဒါယီကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

အသျှင်ဥဒါယီ၏ ရဟန်းမိန်းမနှင့်အတူ တစ်ယောက်ချင်းချင်း (မျက်စိ နား နှစ်ပါး၏) ဆိတ်ကွယ်ရာ၌ထိုင်နေခြင်းအကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါးရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် တစ်မျိုးသော အကြောင်းကြောင့် ဖြစ်၏။ ကိုယ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်း ဖြစ်၏၊ နှုတ်ကြောင့် မဖြစ်။ပ။

သုံးခုမြောက် ဩဝါဒဝဂ် ပြီး၏။

--

၄-ဘောဇနဝဂ်

၈၄။ ဧည့်သည်တို့ တည်းခိုရာ ဇရပ်စသည်၌ ဝတ်တည်ထားအပ်သော ဆွမ်းကို တစ်နေ့ထက် အလွန်ဘုဉ်းပေးသုံးဆောင်သော ရဟန်းအား ပါစိတ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ် ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

ဆဗ္ဗဂ္ဂီရဟန်းတို့ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

ဆဗ္ဗဂ္ဂီရဟန်းတို့၏ နေ့စဉ်နေ့တိုင်း နေ၍ ဧည့်သည်တို့ တည်းခိုရာ ဇရပ်စသည်၌ ဝတ်တည်ထားအပ်သော ဆွမ်းကို ဘုဉ်းပေးသုံးဆောင်ကြခြင်း အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး၊ အနုပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင်နှစ်မျိုးသော အကြောင်းတို့ကြောင့် ဖြစ်၏။ ဧဠကလောမသမုဋ္ဌာန်တည်း။ပ။

၈၅။ ဂဏဘောဇဉ်ကို စားခြင်းကြောင့် ပါစိတ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါ သနည်း။

ရာဇဂြိုဟ်ပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

ဒေဝဒတ်ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

ဒေဝဒတ်၏ ပရိသတ်နှင့်တကွ ဒါယကာအိမ်တို့၌ တောင်း၍ တောင်း၍ စားခြင်းအကြောင်းကြောင့်ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး၊ အနုပညတ်ခုနစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင်နှစ်မျိုးသော အကြောင်းတို့ကြောင့် ဖြစ်၏။ ဧဠကလောမသမုဋ္ဌာန်တည်း။ပ။

၈၆။ ပရမ္ပရဘောဇဉ်ကို စားခြင်းကြောင့် ပါစိတ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

ဝေသာလီ်ပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

များစွာသော ရဟန်းတို့ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

များစွာသော ရဟန်းတို့၏ အရပ်တစ်ပါး၌ ပင့်ဖိတ်အပ်ပါကုန်လျက် အရပ်တစ်ပါး၌ ‘ပင့်ဖိတ်အပ် သည်မှတစ်ပါးသောအရပ်၌’ စားခြင်းအကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

--

(မူလ) ပညတ်တစ်ပါး၊ အနုပညတ်လေးပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင်နှစ်မျိုးသော အကြောင်းတို့ကြောင့် ဖြစ်၏။ ကထိနသမုဋ္ဌာန်တည်း။ပ။

၈၇။ နှစ်သပိတ် သုံးသပိတ်အပြည့် မုန့်တို့ကို ခံယူပြီး၍ ထို့ထက် အလွန် ခံယူသော ရဟန်းအားပါစိတ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

များစွာသော ရဟန်းတို့ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

များစွာသော ရဟန်းတို့၏ အတိုင်းအရှည်ကို မသိကုန်မူ၍ (မုန့်တို့ကို) ခံယူကြခြင်း အကြောင်း ကြောင့်ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် ခြောက်မျိုးသော အကြောင်းတို့ကြောင့် ဖြစ်၏။ပ။

၈၈။ ဆွမ်းစားစဉ် တန်ပြီဟု ‘တော်ပြီဟု’ မြစ်မိပါလျက် အတိရိက်ဝိနည်းကံ မပြုဘဲ ခဲဖွယ်ကိုလည်းကောင်း၊ ဘောဇဉ်ကိုလည်းကောင်း စားသော ရဟန်းအား ပါစိတ်အာပတ်ကို အဘယ်အရပ်၌ပညတ်တော် မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

များစွာသော ရဟန်းတို့ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

များစွာသော ရဟန်းတို့၏ ဆွမ်းစားစဉ် တော်ပြီဟု မြစ်မိကြပါကုန်လျက် အရပ်တစ်ပါး၌ စားကြ ခြင်းအကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး၊ အနုပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင့်နှစ်မျိုးသော အကြောင်းတို့ကြောင့် ဖြစ်၏။ ကထိနသမုဋ္ဌာန်တည်း။ပ။

၈၉။ ဆွမ်းစားစဉ် တော်ပြီဟု မြစ်မိသော ရဟန်းကို အတိရိက်ဝိနည်းကံ မပြုအပ်သော ခဲဖွယ်ဖြင့်လည်းကောင်း၊ ဘောဇဉ်ဖြင့်လည်းကောင်း ယူစေခြင်းငှာ ဖိတ်သော ရဟန်းအား ပါစိတ်အာပတ်ကိုအဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

ရဟန်းတစ်ပါးကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

ရဟန်းတစ်ပါး၏ ဆွမ်းစားစဉ် တော်ပြီဟု မြစ်မိသော ရဟန်းကို အတိရိက်ဝိနည်းကံ မပြုအပ်သောခဲဖွယ်ဖြင့်လည်းကောင်း၊ ဘောဇဉ်ဖြင့်လည်းကောင်း ယူစေခြင်းငှာ ဖိတ်ခြင်းအကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

--

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် သုံးမျိုးသော အကြောင်းတို့ကြောင့် ဖြစ်၏။ပ။

၉၀။ နေလွဲသောကာလ၌ ခဲဖွယ်ကိုလည်းကောင်း၊ ဘောဇဉ်ကိုလည်းကောင်း စားသောရဟန်းအားပါစိတ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

ရာဇဂြိုဟ်ပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

သတ္တရသဝဂ္ဂီရဟန်းတို့ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

သတ္တရသဝဂ္ဂီရဟန်းတို့၏ နေလွဲသောကာလ၌ ဘောဇဉ်ကို စားကြခြင်း အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါးရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် နှစ်မျိုးသောအကြောင်းတို့ကြောင့် ဖြစ်၏။ ဧဠကလောမ သမုဋ္ဌာန်တည်း။ပ။

၉၁။ သိုမှီးခြင်းကို ပြု၍ ခဲဖွယ်ကိုလည်းကောင်း၊ ဘောဇဉ်ကိုလည်းကောင်း စားသော ရဟန်းအားပါစိတ် အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

အသျှင်ဗေလဋ္ဌသီသကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

အသျှင်ဗေလဋ္ဌသီသ၏ သိုမှီးခြင်းကို ပြု၍ ဘောဇဉ်ကိုစားခြင်း အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် နှစ်မျိုးသော အကြောင်းတို့ကြောင့် ဖြစ်၏။ ဧဠကလောမသမုဋ္ဌာန်တည်း။ပ။

၉၂။ မွန်မြတ်သော ဘောဇဉ်တို့ကို မိမိ၏အကျိုးငှာ တောင်း၍ စားသော ရဟန်းအား ပါစိတ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

ဆဗ္ဗဂ္ဂီရဟန်းတို့ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

ဆဗ္ဗဂ္ဂီရဟန်းတို့၏ မွန်မြတ်သော ဘောဇဉ်တို့ကို မိမိ၏ အကျိုးငှာ တောင်း၍ စားကြခြင်းအကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး၊ အနုပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင်လေးမျိုးသော အကြောင်းတို့ကြောင့် ဖြစ်၏။ပ။

--

၉၃။ အကပ်မခံရသေးသော အာဟာရကို ခံတွင်းဝသို့ ဆောင်သော ရဟန်းအား ပါစိတ်အာပတ်ကိုအဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

ဝေသာလိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

ရဟန်းတစ်ပါးကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

ရဟန်းတစ်ပါး၏ အကပ်မခံရသေးသော အာဟာရကို ခံတွင်းဝသို့ ဆောင်ခြင်းအကြောင်းကြောင့်ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး၊ အနုပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင်နှစ်မျိုးသော အကြောင်းတို့ကြောင့် ဖြစ်၏။ ဧဠကလောမသမုဋ္ဌာန်တည်း။ပ။

လေးခုမြောက် ဘောဇနဝဂ် ပြီး၏။

၅-အစေလကဝဂ်

၉၄။ အဝတ်မဝတ်သော တိတ္ထိ ‘တက္ကတွန်း’ အားလည်းကောင်း၊ ပရိဗိုဇ်ယောက်ျားအားလည်းကောင်း၊ ပရိဗိုဇ်မအားလည်းကောင်း၊ မိမိလက်ဖြင့် ခဲဖွယ်ကိုလည်းကောင်း၊ ဘောဇဉ်ကိုလည်းကောင်း ပေးသောရဟန်းအား ပါစိတ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

ဝေသာလိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

အသျှင်အာနန္ဒာကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

အသျှင်အာနန္ဒာ၏ တစ်ယောက်သော ပရိဗိုဇ်မအား မုန့်တစ်ချပ် ‘မုန့်တစ်ရှက်’ သာ ထင်မှတ်၍မုန့်နှစ်ချပ်တို့ကို ပေးခြင်းအကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် နှစ်မျိုးသောအကြောင်းတို့ကြောင့် ဖြစ်၏။ ဧဠကလောမသမုဋ္ဌာန်တည်း။ပ။

၉၅။ ရဟန်းကို “ငါ့သျှင် လာလော့၊ ရွာသို့လည်းကောင်း၊ နိဂုံးသို့လည်းကောင်း ဆွမ်းအလို့ငှာဝင်ကုန်အံ့”ဟု ခေါ်၍ ထိုရဟန်းအား (တစ်စုံတစ်ခုသော အာမိသကို) ပေးစေ၍လည်းကောင်း၊ မပေးစေ၍လည်းကောင်း (ပြန်) လွှတ်လိုက်သော ရဟန်းအား ပါစိတ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

--

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

သာကီဝင်မင်းသား အသျှင်ဥပနန္ဒကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

သာကီဝင်မင်းသား အသျှင်ဥပနန္ဒ၏ ရဟန်းကို “ငါ့သျှင် လာလော့၊ ရွာသို့ ဆွမ်းအလို့ငှာ ဝင်ကုန်အံ့”ဟု ခေါ်၍ ထိုရဟန်းအား (တစ်စုံတစ်ခုသော အာမိသကို) မပေးဘဲ (ပြန်) လွှတ်လိုက်ခြင်းအကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် သုံးမျိုးသောအကြောင်းတို့ကြောင့် ဖြစ်၏။ပ။

၉၆။ လင်မယားနှစ်ယောက် အတူရှိသော ‘စည်းစိမ်ခံဖော်ရှိသော’ အိမ်၌ တိုးဝှေ့၍ ထိုင်သော ရဟန်းအား ပါစိတ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

သာကီဝင်မင်းသား အသျှင်ဥပနန္ဒကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

သာကီဝင်မင်းသား အသျှင်ဥပနန္ဒ၏ လင်မယားနှစ်ယောက် အတူရှိသော အိမ်၌ တိုးဝှေ့၍ ထိုင်နေ ခြင်းအကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် တစ်မျိုးသောအကြောင်းကြောင့် ဖြစ်၏။ ကိုယ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်း ဖြစ်၏။ နှုတ်ကြောင့်မဖြစ်။ပ။

၉၇။ မာတုဂါမနှင့် အတူ ဆိတ်ကွယ်သော (နံရံစသည်ဖြင့်) ဖုံးလွှမ်းသော နေရာ၌ နေခြင်းကို ပြုသောရဟန်းအား ပါစိတ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

သာကီဝင်မင်းသား အသျှင်ဥပနန္ဒကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

သာကီဝင်မင်းသား အသျှင်ဥပနန္ဒ၏ မာတုဂါမနှင့်အတူ ဆိတ်ကွယ်သော (နံရံစသည်ဖြင့်) ဖုံးလွှမ်း သောနေရာ၌ နေခြင်းအကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် တစ်မျိုးသောအကြောင်းကြောင့် ဖြစ်၏။ ကိုယ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်း ဖြစ်၏၊ နှုတ်ကြောင့်မဖြစ်။ပ။

၉၈။ မာတုဂါမနှင့်အတူ တစ်ယောက်ချင်းချင်း (မျက်စိနား နှစ်ပါး) ဆိတ်ကွယ်ရာ၌ ထိုင်နေသောရဟန်းအား ပါစိတ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

--

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

သာကီဝင်မင်းသား အသျှင်ဥပနန္ဒကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

သာကီဝင်မင်းသား အသျှင်ဥပနန္ဒ၏ မာတုဂါမနှင့်အတူ တစ်ယောက်ချင်းချင်း (မျက်စိ နား နှစ်ပါး) ဆိတ်ကွယ်ရာ၌ ထိုင်နေခြင်း အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် တစ်မျိုးသော အကြောင်းကြောင့် ဖြစ်၏။ ကိုယ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်း ဖြစ်၏၊ နှုတ်ကြောင့် မဖြစ်။ပ။

၉၉။ ပင့်ဖိတ်အပ်သော ဆွမ်းရှိလျက် ထင်ရှားရှိသော ရဟန်းကို မပန်ကြားမူ၍ ဆွမ်းစားရာ ကာလမှရှေး၌လည်းကောင်း၊ ဆွမ်းစားရာကာလမှ နောက်၌လည်းကောင်း အိမ်တို့၌ သွားလာလှည့်လည်သောရဟန်းအား ပါစိတ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

ရာဇဂြိုဟ်ပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

သာကီဝင်မင်းသား အသျှင်ဥပနန္ဒကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

သာကီဝင်မင်းသား အသျှင်ဥပနန္ဒ၏ ပင့်ဖိတ်အပ်သော ဆွမ်းရှိသည်ဖြစ်လျက် ဆွမ်းစားရာကာလမှရှေး၌လည်းကောင်း၊ ဆွမ်းစားရာကာလမှ နောက်၌လည်းကောင်း အိမ်တို့၌ သွားလာလှည့်လည်ခြင်းအကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး၊ အနုပညတ်လေးပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် နှစ်မျိုးသော အကြောင်းတို့ကြောင့် ဖြစ်၏။ ကထိနသမုဋ္ဌာန်တည်း။ပ။

၁၀၀။ ထိုဖိတ်အပ်သော ဆေးအပိုင်းအခြား ညဉ့်အပိုင်းအခြားထက်အလွန် ဆေးကို တောင်းသောရဟန်းအား ပါစိတ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သက္ကတိုင်းတို့၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

ဆဗ္ဗဂ္ဂီရဟန်းတို့ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

သာကီဝင်မင်းသားဖြစ်သော မဟာနာမ်သည် “အသျှင်ဘုရားတို့ ယနေ့တစ်ရက်မျှ ဆိုင်းငံ့တော်မူကြပါကုန်လော့”ဟု ဆိုသည်ရှိသော် ဆဗ္ဗဂ္ဂီရဟန်းတို့၏ မဆိုင်းငံ့ခြင်းအကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် ခြောက်မျိုးသောအကြောင်းတို့ကြောင့် ဖြစ်၏။ပ။

၁၀၁။ ချီတက်သော စစ်တပ်ကို ကြည့်ရှုခြင်းငှါ သွားသော ရဟန်းအား ပါစိတ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

--

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

ဆဗ္ဗဂ္ဂီရဟန်းတို့ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

ဆဗ္ဗဂ္ဂီရဟန်းတို့၏ ချီတက်သော စစ်တပ်ကို ကြည့်ရှုခြင်းငှါ သွားကြခြင်း အကြောင်းကြောင့်ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး၊ အနုပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင်နှစ်မျိုးသော အကြောင်းတို့ကြောင့် ဖြစ်၏။ ဧဠကလောမသမုဋ္ဌာန်တည်း။ပ။

၁၀၂။ သုံးညဉ့်ထက်အလွန် စစ်တပ်၌ နေသော ရဟန်းအား ပါစိတ်အာပတ်ကို အဘယ်အရပ်၌ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

ဆဗ္ဗဂ္ဂီရဟန်းတို့ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

ဆဗ္ဗဂ္ဂီရဟန်းတို့၏ သုံးညဉ့်ထက်အလွန် စစ်တပ်၌ နေကြခြင်းအကြောင်းကြောင့် ပညတ်တော့်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် နှစ်မျိုးသော အကြောင်းတို့ကြောင့် ဖြစ်၏။ ဧဠကလောမသမုဋ္ဌာန်တည်း။ပ။

၁၀၃။ စစ်တိုက်ရာအရပ်သို့ သွားသော ရဟန်းအား ပါစိတ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

ဆဗ္ဗဂ္ဂီရဟန်းတို့ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

ဆဗ္ဗဂ္ဂီရဟန်းတို့၏ စစ်တိုက်ရာအရပ်သို့ သွားကြခြင်းအကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် နှစ်မျိုးသော အကြောင်းတို့ကြောင့် ဖြစ်၏။ ဧဠကလောမသမုဋ္ဌာန်တည်း။ပ။

ငါးခုမြောက် အစေလကဝဂ် ပြီး၏။

--

၆-သုရာပါနဝဂ်

၁၀၄။ (သုရာငါးပါး၊ မေရယငါးပါး) သေအရက်တို့ကို သောက်ခြင်းကြောင့် ပါစိတ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

ကောသမ္ဗီပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

အသျှင်သာဂတကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

အသျှင်သာဂတ၏ အရက်ကို သောက်ခြင်းအကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် နှစ်မျိုးသော အကြောင်းတို့ကြောင့် ဖြစ်၏။ ရံခါ ကိုယ်ကြောင့် ဖြစ်၏၊ နှုတ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်းမဖြစ်။ ရံခါ ကိုယ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်း ဖြစ်၏၊ နှုတ်ကြောင့် မဖြစ်။ပ။

၁၀၅။ ချိုင်းထိုးကစားခြင်းကြောင့် ပါစိတ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

ဆဗ္ဗဂ္ဂီရဟန်းတို့ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

ဆဗ္ဗဂ္ဂီရဟန်းတို့၏ ရဟန်း (တစ်ပါး) ကို ချိုင်းထိုးကစားသဖြင့် ရယ်မြူးစေကြခြင်း အကြောင်းကြောင့်ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် တစ်မျိုးသော အကြောင်းကြောင့် ဖြစ်၏။ ကိုယ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်း ဖြစ်၏။ နှုတ်ကြောင့် မဖြစ်။ပ။

၁၀၆။ ရေ၌ မြူးထူးပျော်ပါးကစားခြင်းကြောင့် ပါစိတ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

သတ္တရသဝဂ္ဂီရဟန်းတို့ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

သတ္တရသဝဂ္ဂီရဟန်းတို့၏ အစိရဝတီမြစ်ရေ၌ ကစားကြခြင်းအကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

--

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် တစ်မျိုးသောအကြောင်းကြောင့် ဖြစ်၏။ ကိုယ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်း ဖြစ်၏၊ နှုတ်ကြောင့်မဖြစ်။ပ။

၁၀၇။ (ပုဂ္ဂလ ဓမ္မ နှစ်ပါးတို့ကို) မရိုသေခြင်းကြောင့် ပါစိတ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

ကောသမ္ဗီပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

အသျှင်ဆန္နကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

အသျှင်ဆန္န၏ (ပုဂ္ဂလ ဓမ္မ နှစ်ပါးကို) မရိုမသေပြုခြင်း အကြောင်းကြောင့် ပညတ်တော်မူအပ်ပါ သည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် သုံးမျိုးသော အကြောင်းတို့ကြောင့် ဖြစ်၏။ပ။

၁၀၈။ ရဟန်းကို ခြောက်သော (ကြောက်စေသော) ရဟန်းအား ပါစိတ်အာပတ်ကို အဘယ်အရပ်၌ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

ဆဗ္ဗဂ္ဂီရဟန်းတို့ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

ဆဗ္ဗဂ္ဂီရဟန်းတို့၏ ရဟန်းကို ကြောက်စေခြင်း အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါးရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် သုံးမျိုးသော အကြောင်းတို့ကြောင့် ဖြစ်၏။ပ။

၁၀၉။ မီး (ကို) ညှိ၍ လှုံသော ရဟန်းအား ပါစိတ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

ဘဂ္ဂတိုင်း၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

များစွာသော ရဟန်းတို့ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

များစွာသောရဟန်းတို့၏ မီးကို ညှိ၍ လှုံကြခြင်းအကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး၊ အနုပညတ်နှစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင်ခြောက်မျိုးသော အကြောင်းတို့ကြောင့် ဖြစ်၏။ပ။

၁၁၀။ (ရေချိုးပြီးသည်မှ) လခွဲအတွင်း၌ ရေချိုးသော ရဟန်းအား ပါစိတ်အာပတ်ကို အဘယ် အရပ်၌ပညတ်တော်မူအပ်ပါသနည်း။

ရာဇဂြိုဟ်ပြည်၌ ပညတ်တော်မူအပ်ပါသည်။

--

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

များစွာသောရဟန်းတို့ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

များစွာသော ရဟန်းတို့၏ (ရေချိုးလိုသော) မင်းကို မြင်၍သော်လည်း အတိုင်းအရှည်ကို မသိကြကုန်ဘဲ ရေချိုးကြခြင်းအကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး၊ အနုပညတ်ခြောက်ပါး ရှိ၏။

သဗ္ဗတ္ထပညတ်လော၊ ပဒေသပညတ်လော။ ပဒေသပညတ်တည်း။

အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် နှစ်မျိုးသော အကြောင်းတို့ကြောင့် ဖြစ်၏။ ဧဠကလောမသမုဋ္ဌာန်တည်း။ပ။

၁၁၁။ သုံးပါးသော ကပ္ပဗိန္ဒု ‘အဆင်းပျက်ခြင်းကို ပြုကြောင်း’ တို့တွင် တစ်ပါးပါးသော ကပ္ပဗိန္ဒုကိုမယူမူ၍ သင်္ကန်းသစ်ကို သုံးဆောင် ‘ဝတ်ရုံ’ သော ရဟန်းအား ပါစိတ်အာပတ်ကို အဘယ်အရပ်၌ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

များစွာသော ရဟန်းတို့ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

များစွာသော ရဟန်းတို့၏ မိမိ၏သင်္ကန်းကို မသိကြခြင်းအကြောင်းကြောင့် ပညတ်တော်မူအပ်ပါ သည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် နှစ်မျိုးသော အကြောင်းတို့ကြောင့် ဖြစ်၏။ ဧဠကလောမသမုဋ္ဌာန်တည်း။ပ။

၁၁၂။ ရဟန်းယောက်ျားအားလည်းကောင်း၊ ရဟန်းမိန်းမအားလည်းကောင်း၊ သိက္ခမာန်အားလည်းကောင်း၊ သာမဏေယောက်ျားအားလည်းကောင်း၊ သာမဏေမိန်းမအားလည်းကောင်း ကိုယ်တိုင်သင်္ကန်းကိုဝိကပ္ပနာပြု၍ ပစ္စုဒ္ဓိုရ်မပြုဘဲ သုံးဆောင် ‘ဝတ်ရုံ’ သော ရဟန်းအား ပါစိတ်အာပတ်ကို အဘယ်အရပ်၌ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

သာကီဝင်မင်းသား အသျှင်ဥပနန္ဒကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

သာကီဝင်မင်းသား အသျှင်ဥပနန္ဒ၏ ရဟန်းအား ကိုယ်တိုင် သင်္ကန်းကို ဝိကပ္ပနာပြု၍ ပစ္စုဒ္ဓိုရ် မပြုဘဲသုံးဆောင် ‘ဝတ်ရုံ’ ခြင်း အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်း အကြောင်းခြောက်မျိုးတို့တွင် နှစ်မျိုးသောအကြောင်းတို့ကြောင့် ဖြစ်၏။ ကထိနသမုဋ္ဌာန်တည်း။ပ။

--

၁၁၃။ ရဟန်း၏ သပိတ်ကိုလည်းကောင်း၊ သင်္ကန်းကိုလည်းကောင်း၊ နိသီဒိုင်ကိုလည်းကောင်း၊ အပ်ကျည်'အပ်ဘူး’ ကိုလည်းကောင်း၊ ခါးပန်းကြိုးကိုလည်းကောင်း ဝှက်ထားသော ရဟန်းအား ပါစိတ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

ဆဗ္ဗဂ္ဂီရဟန်းတို့ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

ရဟန်းတို့၏ သပိတ်ကိုလည်းကောင်း၊ သင်္ကန်းကိုလည်းကောင်း ဆဗ္ဗဂ္ဂီရဟန်းတို့၏ ဝှက်ထားကြခြင်းအကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် သုံးမျိုးသော အကြောင်းတို့ကြောင့် ဖြစ်၏။ပ။

ခြောက်ခုမြောက် သုရာပါနဝဂ် ပြီး၏။

၇-သပ္ပါဏကဝဂ်

၁၁၄။ (သတ္တဝါဟူသော အမှတ်နှင့် တကွ သတ်လိုသော စေတနာဖြင့်) စေ့ဆော်၍ (တိရစ္ဆာန်) သတ္တဝါကို ဇီဝိတိန္ဒြေမှ ချသော ရဟန်းအား ပါစိတ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

အသျှင်ဥဒါယီကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

အသျှင်ဥဒါယီ၏ (သတ္တဝါဟူသော အမှတ်နှင့်တကွ သတ်လိုသော စေတနာဖြင့်) စေ့ဆော်၍ (တိရစ္ဆာန်) သတ္တဝါကို ဇီဝိတိန္ဒြေမှ ချခြင်းအကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် သုံးမျိုးသော အကြောင်းတို့ကြောင့် ဖြစ်၏။ပ။

၁၁၅။ သိလျက် ပိုးရှိသော ရေကို သုံးဆောင်သော ရဟန်းအား ပါစိတ်အာပတ်ကို အဘယ်အရပ်၌ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

--

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

ဆဗ္ဗဂ္ဂီရဟန်းတို့ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

ဆဗ္ဗဂ္ဂီရဟန်းတို့၏ သိလျက် ပိုးရှိသော ရေကို သုံးဆောင်ခြင်း အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် သုံးမျိုးသောအကြောင်းတို့ကြောင့် ဖြစ်၏။ပ။

၁၁၆။ သိလျက် တရားအားလျော်စွာ ငြိမ်းပြီးသော အဓိကရုဏ်းကို တစ်ဖန် ကံပြုခြင်းငှါ လှုံ့ဆော်သောရဟန်းအား ပါစိတ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

ဆဗ္ဗဂ္ဂီရဟန်းတို့ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

ဆဗ္ဗဂ္ဂီရဟန်းတို့၏ သိလျက် တရားအားလျော်စွာ ငြိမ်းပြီးသော အဓိကရုဏ်းကို တစ်ဖန် ကံပြုခြင်း ငှါလှုံ့ဆော်ခြင်း အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် သုံးမျိုးသောအကြောင်းတို့ကြောင့် ဖြစ်၏။ပ။

၁၁၇။ သိလျက် ရဟန်း၏ ရုန့်ရင်းကြမ်းတမ်းသော (သံဃာဒိသိသ်) အာပတ်ကို ဖုံးလွှမ်းသောရဟန်းအား ပါစိတ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

ရဟန်းတစ်ပါးကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

ရဟန်းတစ်ပါး၏ သိလျက် ရဟန်း၏ ရုန့်ရင်းကြမ်းတမ်းသော (သံဃာဒိသိသ်) အာပတ်ကို ဖုံးလွှမ်း ခြင်းအကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် တစ်မျိုးသော အကြောင်းကြောင့် ဖြစ်၏။ ကိုယ်ကြောင့်လည်းကောင်း၊ နှုတ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်းဖြစ်၏။ပ။

၁၁၈။ သိလျက် (ပဋိသန္ဓေမှ စ၍) အသက်နှစ်ဆယ် မပြည့်သော ပုဂ္ဂိုလ်ကို (ဥပဇ္ဈာယ်ပြု၍) ပဉ္စင်းခံပေးသော ရဟန်းအား ပါစိတ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

ရာဇဂြိုဟ်ပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

များစွာသော ရဟန်းတို့ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

--

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

များစွာသော ရဟန်းတို့၏ သိလျက် (ပဋိသန္ဓေမှ စ၍) အသက်နှစ်ဆယ် မပြည့်သော ပုဂ္ဂိုလ်ကို (ဥပဇ္ဈာယ် ပြု၍) ပဉ္စင်းခံပေးခြင်းအကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် သုံးမျိုးသော အကြောင်းတို့ကြောင့် ဖြစ်၏။ပ။

၁၁၉။ သိလျက် ခိုးသူကုန်သည်နှင့် အတူတကွ တိုင်ပင်၍ တစ်ကြောင်းတည်းသော ခရီးရှည် သွားသောရဟန်းအား ပါစိတ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

ရဟန်းတစ်ပါးကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

ရဟန်းတစ်ပါး၏ သိလျက် ခိုးသူကုန်သည်နှင့် အတူတကွ တိုင်ပင်၍ တစ်ကြောင်းတည်း ခရီးရှည်သွားခြင်း အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် နှစ်မျိုးသော အကြောင်းတို့ကြောင့် ဖြစ်၏။ ရံခါ ကိုယ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်း ဖြစ်၏၊ နှုတ်ကြောင့်မဖြစ်။ ရံခါ ကိုယ်ကြောင့်လည်းကောင်း၊ နှုတ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်းဖြစ်၏။ပ။

၁၂၀။ မာတုဂါမနှင့် အတူတကွ တိုင်ပင်၍ တစ်ကြောင်းတည်း ခရီးရှည်သွားသော ရဟန်းအားပါစိတ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

ရဟန်းတစ်ပါးကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

ရဟန်းတစ်ပါး၏ မာတုဂါမနှင့် အတူတကွ တိုင်ပင်၍ တစ်ကြောင်းတည်း ခရီးရှည်သွားခြင်းအကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် လေးမျိုးသောအကြောင်းတို့ကြောင့် ဖြစ်၏။

၁၂၁။ သုံးကြိမ်တိုင်တိုင် (ဉတ်ကမ္မဝါစာဖြင့်) ဆုံးမပါလျက် ယုတ်မာသော အယူကို မစွန့်သောရဟန်းအား ပါစိတ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

လင်းတသတ် အမျိုး၌ ဖြစ်ဖူးသော အရိဋ္ဌရဟန်းကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

--

လင်းတသတ် အမျိုး၌ ဖြစ်ဖူးသော အရိဋ္ဌရဟန်း၏ သုံးကြိမ်တိုင်တိုင် (ဉတ်ကမ္မဝါစာဖြင့်) ဆုံးမပါလျက် ယုတ်မာသော အယူကို မစွန့်ခြင်း အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် တစ်မျိုးသောအကြောင်းကြောင့် ဖြစ်၏။ ကိုယ်ကြောင့်လည်းကောင်း၊ နှုတ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်း ဖြစ်၏။ပ။

၁၂၂။ သိလျက် ထိုသို့အယူရှိသော (သံဃာ့ဘောင်သို့) သွင်းခြင်းကို မပြုရသေးသော ထိုမှားသောအယူကို မစွန့်သော ရဟန်းနှင့်အတူ (အာမိသ ဓမ္မ သံဘောဂနှစ်ပါးကို) သုံးဆောင်သော ရဟန်းအားပါစိတ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

ဆဗ္ဗဂ္ဂီရဟန်းတို့ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

ဆဗ္ဗဂ္ဂီရဟန်းတို့၏ သိလျက် ထိုသို့အယူရှိသော (သံဃာ့ဘောင်သို့) သွင်းခြင်းကို မပြုရသေးသောထိုမှားသော အယူကို မစွန့်သော အရိဋ္ဌရဟန်းနှင့်အတူ သုံးဆောင်ခြင်းအကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် သုံးမျိုးသောအကြောင်းတို့ကြောင့် ဖြစ်၏။ပ။

၁၂၃။ သိလျက် ထိုသို့ ဖျက်ဆီးအပ်ပြီးသော သာမဏေကို ဖြားယောင်းသော ရဟန်းအား ပါစိတ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

ဆဗ္ဗဂ္ဂီရဟန်းတို့ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

ဆဗ္ဗဂ္ဂီရဟန်းတို့၏ သိလျက် ထိုသို့ဖျက်ဆီးအပ်ပြီးသော ကဏ္ဍကသာမဏေကို ဖြားယောင်းကြခြင်းအကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် သုံးမျိုးသော အကြောင်းတို့ကြောင့် ဖြစ်၏။ပ။

ခုနစ်ခုမြောက် သပ္ပါဏကဝဂ် ပြီး၏။

--

၈-သဟဓမ္မိကဝဂ်

၁၂၄။ ရဟန်းတို့က သိက္ခာပုဒ်တော်ဖြင့် ဆိုဆုံးမအပ်သည်ရှိသော် “ငါ့သျှင် ငါသည် ကျွမ်းကျင် လိမ္မာ၍ဝိနည်းကို ဆောင်သော အခြားရဟန်းကို မမေးရသေးသမျှ ကာလပတ်လုံး ထိုသိက္ခာပုဒ်၌ မကျင့်အံ့”ဟုပြောဆိုသော ရဟန်းအား ပါစိတ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

ကောသမ္ဗီပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

အသျှင်ဆန္နကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

ရဟန်းတို့က သိက္ခာပုဒ်တော်ဖြင့် ဆိုဆုံးမအပ်သည်ရှိသော် “ငါ့သျှင် ငါသည် ကျွမ်းကျင်လိမ္မာ၍ဝိနည်းကို ဆောင်သော အခြားရဟန်းကို မမေးရသေးသမျှ ကာလပတ်လုံး ထိုသိက္ခာပုဒ်၌ မကျင့်အံ့”ဟုအသျှင်ဆန္န ပြောဆိုခြင်း အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် သုံးမျိုးသော အကြောင်းတို့ကြောင့် ဖြစ်၏။ပ။

၁၂၅။ ဝိနည်းကို ကဲ့ရဲ့သော ရဟန်းအား ပါစိတ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

ဆဗ္ဗဂ္ဂီရဟန်းတို့ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဝိနည်းကို ကဲ့ရဲ့ကြခြင်း အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် သုံးမျိုးသော အကြောင်းတို့ကြောင့် ဖြစ်၏။ပ။

၁၂၆။ မသိဟန်ဆောင်ခြင်းကြောင့် ပါစိတ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

ဆဗ္ဗဂ္ဂီရဟန်းတို့ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

ဆဗ္ဗဂ္ဂီရဟန်းတို့၏ မသိဟန်ဆောင်ကြခြင်း အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

--

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် သုံးမျိုးသော အကြောင်းတို့ကြောင့် ဖြစ်၏။ပ။

၁၂၇။ ရဟန်းအား စိတ်ဆိုးသဖြင့် မနှစ်သက်သဖြင့် ပုတ်ခတ်သော ရဟန်းအား ပါစိတ်အာပတ်ကိုအဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

ဆဗ္ဗဂ္ဂီရဟန်းတို့ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

ဆဗ္ဗဂ္ဂီရဟန်းတို့သည် စိတ်ဆိုးကြကုန်သည်ဖြစ်၍ မနှစ်သက်ကြကုန်သည်ဖြစ်၍ ရဟန်းတို့အား ပုတ်ခတ်ခြင်း အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် တစ်မျိုးသော အကြောင်းကြောင့် ဖြစ်၏။ ကိုယ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်း ဖြစ်၏၊ နှုတ်ကြောင့် မဖြစ်။ပ။

၁၂၈။ ရဟန်းအား စိတ်ဆိုးသဖြင့် မနှစ်သက်သောကြောင့် လက်ဝါးပြင်ကို မိုးသော ရဟန်းအားပါစိတ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

ဆဗ္ဗဂ္ဂီရဟန်းတို့ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

ဆဗ္ဗဂ္ဂီရဟန်းတို့သည် စိတ်ဆိုးကြကုန်သည်ဖြစ်၍ မနှစ်သက်ကြကုန်သည်ဖြစ်၍ ရဟန်းတို့အား လက်ဝါးပြင်ကို မိုးကြခြင်းအကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် တစ်မျိုးသောအကြောင်းကြောင့် ဖြစ်၏။ ကိုယ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်း ဖြစ်၏၊ နှုတ်ကြောင့်မဖြစ်။ပ။

၁၂၉။ ရဟန်းကို (မြင်ခြင်း ကြားခြင်း ရွံရှာခြင်း) အကြောင်းရင်းမရှိသော သံဃာဒိသိသ်အာပတ်ဖြင့်စွပ်စွဲ နှိပ်စက်ဖျက်ဆီးသော ရဟန်းအား ပါစိတ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

ဆဗ္ဗဂ္ဂီရဟန်းတို့ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

ဆဗ္ဗဂ္ဂီရဟန်းတို့၏ ရဟန်းကို (မြင်ခြင်း ကြားခြင်း ရွံရှာခြင်း) အကြောင်းရင်းမရှိသော သံဃာဒိသိသ်အာပတ်ဖြင့် စွပ်စွဲ နှိပ်စက် ဖျက်ဆီးခြင်းအကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

--

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် သုံးမျိုးသော အကြောင်းတို့ကြောင့် ဖြစ်၏။ပ။

၁၃၀။ ရဟန်းကို (မချမ်းသာစေလိုသော) စေတနာရှိသည်ဖြစ်၍ တွေးတောမှု ‘သံသယကုက္ကုစ္စ’ ကိုဖြစ်စေသော ရဟန်းအား ပါစိတ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

ဆဗ္ဗဂ္ဂီရဟန်းတို့ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

ဆဗ္ဗဂ္ဂီရဟန်းတို့သည် ရဟန်းတို့အား (မချမ်းသာစေလိုသော) စေတနာရှိသည်ဖြစ်၍ တွေးတောမှု'သံသယ ကုက္ကုစ္စ’ ကို ဖြစ်စေကြခြင်းအကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် သုံးမျိုးသောအကြောင်းတို့ကြောင့် ဖြစ်၏။ပ။

၁၃၁။ မျက်ကွယ် မျက်မှောက် ငြင်းခုံလျက် ဆန့်ကျင်ဘက် ပြောကြားသော ရဟန်းတို့၏ အသံကြားလောက်ရာ အရပ်၌ရပ်တည်သော ရဟန်းအား ပါစိတ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

ဆဗ္ဗဂ္ဂီရဟန်းတို့ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

မျက်ကွယ် မျက်မှောက် ငြင်းခုံလျက် ဆန့်ကျင်ဘက် ပြောကြားသော ရဟန်းတို့၏ အသံကြားလောက်ရာ အရပ်၌ ဆဗ္ဗဂ္ဂီရဟန်းတို့ ရပ်တည်ခြင်းအကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် နှစ်မျိုးသောအကြောင်းတို့ကြောင့် ဖြစ်၏။ပ။ ရံခါ ကိုယ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်း ဖြစ်၏၊ နှုတ်ကြောင့် မဖြစ်။ ရံခါ ကိုယ်ကြောင့်လည်းကောင်း၊ နှုတ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်း ဖြစ်၏။ပ။

၁၃၂။ တရားနှင့်လျော်သော ကံတို့အား ဆန္ဒပေးပြီးနောက် ရှုတ်ချသော ရဟန်းအား ပါစိတ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

ဆဗ္ဗဂ္ဂီရဟန်းတို့ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

ဆဗ္ဗဂ္ဂီရဟန်းတို့၏ တရားနှင့်လျော်သော ကံတို့အား ဆန္ဒပေးပြီးနောက် ရှုတ်ချခြင်းအကြောင်းကြောင့်ပညတ်တော်မူအပ်ပါသည်။

--

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် သုံးမျိုးသော အကြောင်းတို့ကြောင့် ဖြစ်၏။ပ။

၁၃၃။ သံဃာ၌ အဆုံးအဖြတ် စကားဖြစ်စဉ် ဆန္ဒမပေးဘဲ နေရာမှ ထ၍ ဖဲသွားသော ရဟန်းအားပါစိတ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

ရဟန်းတစ်ပါးကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

ရဟန်းတစ်ပါး၏ သံဃာ၌ အဆုံးအဖြတ်စကားဖြစ်စဉ် ဆန္ဒမပေးဘဲ နေရာမှထ၍ ဖဲသွားခြင်းအကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် တစ်မျိုးသောအကြောင်းကြောင့် ဖြစ်၏။ ကိုယ်ကြောင့်လည်းကောင်း၊ နှုတ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်းဖြစ်၏။ပ။

၁၃၄။ ညီညွတ်သောသံဃာနှင့် (အတူတကွ) သင်္ကန်းကို ပေးပြီး၍ နောက်မှ ရှုတ်ချသော ရဟန်း အားပါစိတ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

ရာဇဂြိုဟ်ပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

ဆဗ္ဗဂ္ဂီရဟန်းတို့ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

ဆဗ္ဗဂ္ဂီရဟန်းတို့၏ ညီညွတ်သောသံဃာနှင့် (အတူတကွ) သင်္ကန်းကို ပေးပြီးနောက် ရှုတ်ချခြင်းအကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်း အကြောင်းခြောက်မျိုးတို့တွင် သုံးမျိုးသော အကြောင်းတို့ကြောင့် ဖြစ်၏။

၁၃၅။ (သံဃာအား) ညွတ်ပြီးသော သံဃာ၏ ဥစ္စာ ‘သံဃိက’ ဖြစ်သော (သင်္ကန်းစသော) လာဘ် ကို (သံဃာအား ညွတ်ပြီးဟု) သိလျက် ပုဂ္ဂိုလ်အား ညွတ်စေသော ရဟန်းအား ပါစိတ်အာပတ်ကိုအဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

ဆဗ္ဗဂ္ဂီရဟန်းတို့ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

ဆဗ္ဗဂ္ဂီရဟန်းတို့၏ (သံဃာအား) ညွတ်ပြီးသော သံဃာ၏ ဥစ္စာ ‘သံဃိက’ ဖြစ်သော (သင်္ကန်း စသော) လာဘ်ကို (သံဃာအား ညွတ်ပြီးဟု) သိလျက် ပုဂ္ဂိုလ်အား ညွတ်စေခြင်း အကြောင်းကြောင့်ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်း အကြောင်းခြောက်မျိုးတို့တွင် သုံးမျိုးသော အကြောင်းတို့ကြောင့် ဖြစ်၏။ပ။

ရှစ်ခုမြောက် သဟဓမ္မိကဝဂ် ပြီး၏။

--

၉-ရာဇဝဂ်

၁၃၆။ ရှေးဦးစွာ မိမိလာသည်၏ အဖြစ်ကို မသိစေဘဲ မင်း၏ နန်းတော်တွင်းသို့ ဝင်သော ရဟန်းအား ပါစိတ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

အသျှင်အာနန္ဒာကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

အသျှင်အာနန္ဒာ၏ ရှေးဦးစွာ မိမိလာသည်၏ အဖြစ်ကို မသိစေဘဲ မင်း၏ နန်းတော်တွင်းသို့ ဝင်ခြင်းအကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်း အကြောင်းခြောက်မျိုးတို့တွင် နှစ်မျိုးသော အကြောင်းတို့ကြောင့် ဖြစ်၏။ ကထိနသမုဋ္ဌာန်တည်း။ပ။

၁၃၇။ ရတနာ (ဆယ်ပါး) ကို ကောက်ယူသော ရဟန်းအား ပါစိတ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

ရဟန်းတစ်ပါးကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

ရဟန်းတစ်ပါး၏ ရတနာ (ဆယ်ပါး) ကို ကောက်ယူခြင်း အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး၊ အနုပညတ်နှစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင်ခြောက်မျိုးသော အကြောင်းတို့ကြောင့် ဖြစ်၏။ပ။

၁၃၈။ ထင်ရှားရှိသော ရဟန်းကို မပန်ကြားမူ၍ နေလွဲသော အခါ၌ ရွာတွင်းသို့ ဝင်သော ရဟန်းအားပါစိတ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

--

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

ဆဗ္ဗဂ္ဂီရဟန်းတို့ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

ဆဗ္ဗဂ္ဂီရဟန်းတို့၏ နေလွဲသောအခါ၌ ရွာတွင်းသို့ ဝင်ကြခြင်းအကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး၊ အနုပညတ်သုံးပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင်နှစ်မျိုးသော အကြောင်းတို့ကြောင့် ဖြစ်၏။ ကထိနသမုဋ္ဌာန်တည်း။ပ။

၁၃၉။ အရိုး ဆင်စွယ် သားချိုဖြင့် ပြီးသော အပ်ကျည် ‘အပ်ဘူး'ကို ပြုစေသော ရဟန်းအား ပါစိတ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သက္ကတိုင်းတို့၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

များစွာကုန်သော ရဟန်းတို့ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

များစွာသော ရဟန်းတို့၏ အတိုင်းအရှည် မသိကြကုန်ဘဲ များစွာသော အပ်ကျည် ‘အပ်ဘူး’ တို့ကိုတောင်းကြခြင်း အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်း အကြောင်း ခြောက်မျိုးတို့တွင် ခြောက်မျိုးသောအကြောင်းတို့ကြောင့် ဖြစ်၏။ပ။

၁၄၀။ ပမာဏကို လွန်သော ညောင်စောင်း အင်းပျဉ်ကို ပြုစေသော ရဟန်းအား ပါစိတ်အာပတ်ကိုအဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

သာကီဝင်မင်းသား အသျှင်ဥပနန္ဒကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

သာကီဝင်မင်းသား အသျှင်ဥပနန္ဒ၏ မြင့်သော ညောင်စောင်း၌ အိပ်ခြင်း အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်း အကြောင်း ခြောက်မျိုးတို့တွင် ခြောက်မျိုးသောအကြောင်းတို့ကြောင့် ဖြစ်၏။ပ။

၁၄၁။ လဲသွတ်သော ညောင်စောင်း အင်းပျဉ်ကို ပြုစေသော ရဟန်းအား ပါစိတ်အာပတ်ကိုအဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

ဆဗ္ဗဂ္ဂီရဟန်းတို့ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

--

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

ဆဗ္ဗဂ္ဂီရဟန်းတို့၏ လဲသွတ်သော ညောင်စောင်း အင်းပျဉ်ကို ပြုစေခြင်း အကြောင်းတို့ကြောင့်ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါးရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် ခြောက်မျိုးသော အကြောင်းတို့ကြောင့် ဖြစ်၏။ပ။

၁၄၂။ ပမာဏကို လွန်သော နိသီဒိုင်အခင်းကို ပြုစေသော ရဟန်းအား ပါစိတ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

ဆဗ္ဗဂ္ဂီရဟန်းတို့ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

ဆဗ္ဗဂ္ဂီရဟန်းတို့၏ ပမာဏနှင့် မယှဉ်သော နိသီဒိုင်အခင်းတို့ကို ဆောင်ခြင်း အကြောင်းကြောင့်ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး၊ အနုပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်း အကြောင်း ခြောက်မျိုးတို့တွင်ခြောက်မျိုးသော အကြောင်းတို့ကြောင့် ဖြစ်၏။ပ။

၁၄၃။ ပမာဏကို လွန်သော အမာလွှမ်းသင်္ကန်းကို ပြုစေသော ရဟန်းအား ပါစိတ်အာပတ်ကိုအဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

ဆဗ္ဗဂ္ဂီရဟန်းတို့ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

ဆဗ္ဗဂ္ဂီရဟန်းတို့၏ အတိုင်းအထွာ ‘ပမာဏ'နှင့် မယှဉ်သော အမာလွှမ်းသင်္ကန်းတို့ကို ဆောင်ကြခြင်းအကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် ခြောက်မျိုးသောအကြောင်းတို့ကြောင့် ဖြစ်၏။ပ။

၁၄၄။ ပမာဏကို လွန်သော မိုးရေခံသင်္ကန်းကို ပြုစေသော ရဟန်းအား ပါစိတ်အာပတ်ကိုအဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

ဆဗ္ဗဂ္ဂီရဟန်းတို့ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

ဆဗ္ဗဂ္ဂီရဟန်းတို့၏ အတိုင်းအထွာ ‘ပမာဏ'နှင့် မယှဉ်ကုန်သော မိုးရေခံသင်္ကန်းတို့ကို ဆောင်ခြင်းအကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

--

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် ခြောက်မျိုးသောအကြောင်းတို့ကြောင့် ဖြစ်၏။ပ။

၁၄၅။ မြတ်စွာဘုရား သင်္ကန်းတော်၏ အတိုင်းအထွာ'ပမာဏ'ရှိသော သင်္ကန်းကို ပြုစေသောရဟန်းအား ပါစိတ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

အသျှင်နန္ဒကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

အသျှင်နန္ဒ၏ မြတ်စွာဘုရား သင်္ကန်းတော် အတိုင်းအထွာ ‘ပမာဏ'ရှိသော သင်္ကန်းကို ဆောင်ခြင်းအကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်း အကြောင်းခြောက်မျိုးတို့တွင် ခြောက်မျိုးသောအကြောင်းတို့ကြောင့် ဖြစ်၏။ပ။

ကိုးခုမြောက် ရာဇဝဂ် ပြီး၏။

ပါစိတ်အာပတ် ကိုးဆယ့်နှစ်ပါး ပြီး၏။

--

ထိုသုဒ္ဓပါစိတ် ကိုးဆယ့်နှစ်ပါး၏ အကျဉ်းချုပ်

ချွတ်ယွင်းသော စကားကိုဆိုသော (မုသာဝါဒ) သိက္ခာပုဒ်၊ နှုတ်လှံထိုးသော (ဩမသ ဝါဒ) သိက္ခာပုဒ်၊ လူသာမဏေနှင့် အတူတကွ အိပ်သော (ပဌမသဟသေယျ) သိက္ခာပုဒ်၊ မိန်းမနှင့် အတူတကွ အိပ်သော (ဒုတိယသဟသေယျ) သိက္ခာပုဒ်၊ အညတြ ဝိညုနာဟူသော ပုဒ်ဖြင့် မှတ်အပ်သော တရားဟောသော (ဓမ္မဒေသနာ) သိက္ခာပုဒ်၊ဟုတ်မှန်သော ဈာန်မဂ်ဖိုလ်ကို ပြောကြားသော (ဘူတာရောစန) သိက္ခာပုဒ်၊ ဒုဋ္ဌုလ္လာ ပတ္တိဟူသောပုဒ်ဖြင့် မှတ်အပ်သော ရုန့်ရင်းသော အာပတ်ကို ပြောကြားသော (ဒုဋ္ဌုလ္လာ ရောစန) သိက္ခာပုဒ်၊ မြေကို တူးသော (ပထဝီခဏန) သိက္ခာပုဒ်။ ဤကား မုသာဝါဒဝဂ်၏ အကျဉ်းချုပ်တည်း။

သစ်ပင် မျိုးစေ့ ဖျက်ဆီးသော (ဘူတဂါမ) သိက္ခာပုဒ်၊ တစ်ပါးသော စကားကို ဆိုသော (အညဝါဒက) သိက္ခာပုဒ်၊ ကဲ့ရဲ့ရှုတ်ချသော (ဥဇ္ဈာပနက) သိက္ခာပုဒ်၊ ညောင် စောင်းဖြင့် မှတ်အပ်သော (ပဌမသေနာသန) သိက္ခာပုဒ်ကိုလည်းကောင်း၊ အိပ်ရာဖြင့် မှတ်အပ်သော (ဒုတိယသေနာသန) သိက္ခာပုဒ်ကိုလည်းကောင်း ဆိုအပ်၏၊ ပုဗ္ဗံဟူသော ပုဒ်ဖြင့် မှတ်အပ်သော (အနုပခဇ္ဇ) သိက္ခာပုဒ်၊ နှင်ထုတ်သော (နိက္ကဎ်ဍန) သိက္ခာပုဒ်၊ အာဟစ္စဟူသောပုဒ်ဖြင့် မှတ်အပ်သော ဝေဟာသကုဋိသိက္ခာပုဒ်၊ ဒွါရံဟူသောပုဒ်ဖြင့် မှတ်အပ်သော (မဟလ္လကဝိဟာရ) သိက္ခာပုဒ်၊ ပိုးရှိသော ရေကို သွန်းလောင်းသော (သပ္ပါဏက) သိက္ခာပုဒ်။ ဤကား-ဘူတဂါမဝဂ်၏ အကျဉ်းချုပ်တည်း။

သမ္မုတိမရဘဲ ရဟန်းမိန်းမတို့ကို ဆုံးမသော (ဩဝါဒ) သိက္ခာပုဒ်၊ နေဝင်သော အခါရဟန်းမိန်းမတို့ကို ဆုံးမသော (အတ္ထင်္ဂတ) သိက္ခာပုဒ်၊ ရဟန်းမိန်းမကျောင်းသို့ သွားသော (ဘိက္ခုနုပဿယ) သိက္ခာပုဒ်၊ သင်္ကန်းစသောအာမိသကြောင့်ဟု ဆိုသော (အာမိသ) သိက္ခာပုဒ်၊ သင်္ကန်းပေးသော (စီဝရဒါန) သိက္ခာပုဒ်၊ သင်္ကန်းချုပ်သော (စီဝရ သိဗ္ဗန) သိက္ခာပုဒ်၊ ညီညွတ်တိုင်ပင်၍သွားသော (သံဝိဓာန) သိက္ခာပုဒ်၊ လှေစီးသော (နာဝါဘိရုဟန) သိက္ခာပုဒ်၊ ဘုဉ္ဇေယျဟူသော ပုဒ်ဖြင့်မှတ်အပ်သော (ဘိက္ခုနီပရိ ပါစိတ) သိက္ခာပုဒ်၊ အတူတကွနေသော (ရဟောနိသဇ္ဇ) သိက္ခာပုဒ်။ ဤကား ဘိက္ခုနောဝါဒဝဂ်၏ အကျဉ်းချုပ်တည်း။

ဧည့်သည်တို့အား ရည်၍ထားသော ဆွမ်းစသော (အာဝသထပိဏ္ဍ) သိက္ခာပုဒ်၊ ဂဏဘောဇန သိက္ခာပုဒ်၊ ပရမ္ပရဘောဇနသိက္ခာပုဒ်၊ နှစ်သပိတ် သုံးသပိတ်ပြည့်အောင် မုန့်ကို ခံသော (ကာဏမာဘာ) သိက္ခာပုဒ်၊ ပဌမပဝါရိတ် (ပဌမပဝါရဏာ) သိက္ခာပုဒ်၊ ဒုတိယပဝါရိတ် (ဒုတိယပဝါရဏာ) သိက္ခာပုဒ်၊ နေလွဲညစာစားသော (ဝိကာလဘောဇန) သိက္ခာပုဒ်၊ သိုမှီးသိမ်းဆည်းသော (သန္နိဓိကာရက) သိက္ခာပုဒ်၊ ခီရံဟူသောပုဒ်ဖြင့် မှတ်အပ်သော (ပဏီတဘောဇန) သိက္ခာပုဒ်၊ အကပ်မခံသော အာဟာရကို ခံတွင်းဝသို့ဆောင်သော (ဒန္တပေါဏ) သိက္ခာပုဒ်နှင့်တကွ ထိုဘောဇနဝဂ်၌ သိက္ခာပုဒ်တို့သည် ဆယ်ပါးတို့တည်း။ ဤကား ဘောဇနဝဂ်၏ အကျဉ်းချုပ်တည်း။

အဝတ်မဝတ်သော တက္ကတွန်းတို့အား ခဲဖွယ်ဘောဇဉ်တို့ကို ပေးသော (အစေလက) သိက္ခာပုဒ်၊ ရဟန်းကိုခေါ်၍ ပြန်လွှတ်လိုက်သော (ဥယျောဇန) သိက္ခာပုဒ်၊ အနုပခဇ္ဇဟူသော ပုဒ်ဖြင့် မှတ်အပ်သော လင်မယားနှစ်ယောက် အိမ်တွင်းသို့ ဝင်ထိုင်သော (သဘောဇန) သိက္ခာပုဒ်၊ မိန်းမနှင့်အတူ ဆိတ်ကွယ်ရာဖုံးလွှမ်းရာ အရပ်၌ နေထိုင် သော (ရဟောပဋိ စ္ဆန္န) သိက္ခာပုဒ်၊ မာတုဂါမနှင့်အတူ ဆိတ်ကွယ်ရာအရပ်၌နေထိုင် သော (ရဟောနိသဇ္ဇ) သိက္ခာပုဒ်၊ နိမန္တိတောဟူသော ပုဒ်ဖြင့် မှတ်အပ်သော (စာရိတ္တ) သိက္ခာပုဒ်။ ပစ္စယဟူသော ပုဒ်ဖြင့် မှတ်အပ်သော (မဟာနာမ) သိက္ခာပုဒ်၊ စစ်သည် တို့ကိုကြည့်ရှုခြင်းငှါ သွားသော (ဥယျုတ္တသေန) သိက္ခာပုဒ်၊ စစ်သည်ဘောင်၌ နေသော (သေနာဝသန) သိက္ခာပုဒ်၊ တက်၍ တက်၍ ထိုးပစ်ရာ အရပ်သို့ သွားသော (ဥယျောဓိက) သိက္ခာပုဒ်။ ဤကား အစေလကဝဂ်၏ အကျဉ်းချုပ်တည်း။

--

သေကို သောက်သော (သုရာပါန) သိက္ခာပုဒ်၊ လက်ချောင်းတို့ဖြင့် ထိုး၍ကစားသော (အင်္ဂုလိပတောဒက) သိက္ခာပုဒ်၊ ရေ၌ ရွှင်မြူးကစားသော (ဟသဓမ္မ) သိက္ခာပုဒ်၊ မရိုသေသော (အနာဒရိယ) သိက္ခာပုဒ်၊ ရဟန်းတို့ကို ခြောက်သော (ဘိံသာပန) သိက္ခာပုဒ်၊ မီးညှိ၍လှုံသော (ဇောတိသမာဒဟန) သိက္ခာပုဒ်၊ ရေချိုးသော (နှာန) သိက္ခာပုဒ်၊ အဆင်းပျက်ခြင်းကို မယူသော (ဒုဗ္ဗဏ္ဏကရဏ) သိက္ခာပုဒ်၊ သာမံဟူသော ပုဒ်ဖြင့် မှတ်အပ်သော (ဝိကပ္ပန) သိက္ခာပုဒ်၊ သင်္ကန်း စသည်ကိုဝှက်သော (စီဝရ အပနိဓာန) သိက္ခာပုဒ်။ ဤကား သုရာပါနဝဂ်၏ အကျဉ်းချုပ်တည်း။

သေစေလိုသော စေတနာရှိသည်ဖြစ်၍ တိရစ္ဆာန်၏ အသက်ကို သတ်သော (သဉ္စိစ္စပါဏ) သိက္ခာပုဒ်၊ ဥဒကဟူသော ပုဒ်ဖြင့် မှတ်အပ်သော ပိုးရှိသော ရေကို သုံးဆောင်သော (သပ္ပါဏက) သိက္ခာပုဒ်၊ ကမ္မဟူသော ပုဒ်ဖြင့် မှတ်အပ်သော လှုံ့ချောက်ချားသော (ဥက္ကောဋန) သိက္ခာပုဒ်၊ ရုန်းရင်းသောအာပတ်ကို ဖုံးလွှမ်းသော (ဒုဋ္ဌုလ္လ) သိက္ခာပုဒ်၊ အသက်နှစ်ဆယ်မပြည့်သော ပုဂ္ဂိုလ်ကို ရဟန်းခံသော (ဦနဝီသတိဝဿ) သိက္ခာပုဒ်၊ ခိုးသူကုန်သည်နှင့်အတူ တကွ သွားသော (ထေယျသတ္ထ) သိက္ခာပုဒ်၊ မိန်းမနှင့် ချိန်းချက်၍ သွားသော (သံဝိဓာန) သိက္ခာပုဒ်၊ ဒိဋ္ဌိအယူကို ကျင့်သော အရိဋ္ဌသိက္ခာပုဒ်၊ တကွပေါင်းသင်းသော (ဥက္ခိတ္တကသံဘောဂ) သိက္ခာပုဒ်၊ နာသိတဟူသော ပုဒ်ဖြင့် မှတ်အပ်သောဖြားယောင်းသော (ကဏ္ဍက) သိက္ခာပုဒ်။ ဤကား သပ္ပါဏကဝဂ်၏ အကျဉ်းချုပ်တည်း။

တရားအားလျော်စွာ ဆိုသော (သဟဓမ္မိက) သိက္ခာပုဒ်၊ ဝိနည်းကို ကဲ့ရဲ့သော (ဝိလေခန) သိက္ခာပုဒ်၊ မသိဟန်ဆောင်သော (မောဟန) သိက္ခာပုဒ်၊ ရဟန်းကို ပုတ်ခတ်သော (ပဟာရ) သိက္ခာပုဒ်၊ ရဟန်းကိုလက်ဝါးပြင်မိုးသော ဥဂ္ဂိရေဟူသော ပုဒ်ဖြင့် မှတ်အပ်သော (တလသတ္တိက) မသိက္ခာပုဒ်၊ အရင်းမရှိသောသံဃာဒိသိသ် အာပတ်ဖြင့် စွပ်စွဲသော (အမူလက) သိက္ခာပုဒ်၊ စေတနာနှင့်တကွ ကုက္ကုစ္စဖြစ်စေသောသဉ္စိစ္စသိက္ခာပုဒ်၊ သောဿာမိဟူသော ပုဒ်ဖြင့် မှတ်အပ်သော (ဥပဿူတိ) သိက္ခာပုဒ်၊ ခိယျနဟူသောပုဒ်ဖြင့် မှတ်အပ်သော (ကမ္မပဋိဗာဟန) သိက္ခာပုဒ်၊ ပက္ကမေယျဟူသော ပုဒ်ဖြင့် မှတ်အပ်သောဆန္ဒမပေးဘဲ ပြန်သွားသော (ဆန္ဒံအဒတွာဂမန) သိက္ခာပုဒ်၊ သံဃာနှင့် အတူတကွ သင်္ကန်းကို ပေးပြီး၍နောက်ကာလမှ ရှုတ်ချသော (ဒုဗ္ဗလ) သိက္ခာပုဒ်၊ ပုဂ္ဂလဿ ပရိဏာမေယျဟူသော ပုဒ်ဖြင့် မှတ်အပ်သော (ပရိဏာမန) သိက္ခာပုဒ်။ ဤကား သဟဓမ္မိကဝဂ်၏ အကျဉ်းချုပ်တည်း။

ရညောဟူသောပုဒ်ဖြင့် မှတ်အပ်သော (အန္တေပုရ) သိက္ခာပုဒ်၊ ရတနာကို ခံယူသော (ရတန) သိက္ခာပုဒ်၊ သန္တံဟူသောပုဒ်ဖြင့် မှတ်အပ်သော (ဝိကာလဂါမပဝေသန) သိက္ခာပုဒ်၊ အပ်ကျည် ‘အပ်ဘူး'ကိုပြုသောသိက္ခာပုဒ်၊ ညောင်စောင်းကို ပြုသော (မဉ္စ) သိက္ခာပုဒ်၊ လဲဖြင့် စီရင်သော (တုလောနဒ္ဓ) သိက္ခာပုဒ်၊ အမာလွှမ်းသင်္ကန်းကို ပြုသော (ကဏ္ဍုပဋိစ္ဆာဒိ) သိက္ခာပုဒ်၊ မိုးရေခံ သင်္ကန်းကို ပြုသော (ဝဿိကသာဋိက) သိက္ခာပုဒ်၊ သုဂတေနဟူသော ပုဒ်ဖြင့် မှတ်အပ်သော (နန္ဒထေရ) သိက္ခာပုဒ်။

ဤကား ရာဇဝဂ်၏ အကျဉ်းချုပ်တည်း။ သိက္ခာပုဒ် အကျဉ်းချုပ် ဤရွေ့အပြီးတည်း။ ထိုဝဂ်တို့၏ အကျဉ်းချုပ်ကား

မုသာဝါဒဝဂ်၊ ဘူတဂါမဝဂ်၊ ဩဝါဒဝဂ်၊ ဘောဇနဝဂ်၊ အစေလကဝဂ်၊ သုရာပါနဝဂ်၊ သပ္ပါဏကဝဂ်၊ သဟဓမ္မိကဝဂ်၊ ရာဇဝဂ်နှင့်တကွ ထိုဝဂ်တို့သည် ကိုးပါးတို့တည်း။ ဝဂ်အကျဉ်းချုပ် ဤရွေ့အပြီးတည်း။

--

၆-ပါဋိဒေသနီလေးပါး

၁၄၆။ (ထိုထိုသိက္ခာပုဒ်ပညတ်ခြင်း၏ အခါကို) သိတော်မူသော (ထိုထိုသိက္ခာပုဒ်ပညတ်ခြင်း၏ အကျိုးထူးတို့ကို) မြင်တော်မူသော (ကိလေသာရန်သူတို့ကို) ပယ်သတ်တော်မူပြီးသော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားသည် ရွာတွင်းသို့ ဝင်သော ဆွေမျိုးမတော်သော ရဟန်းမိန်းမ၏လက်မှ ခဲဖွယ်ကိုလည်းကောင်း၊ ဘောဇဉ်ကိုလည်းကောင်း မိမိလက်ဖြင့်ခံယူ၍ စားသော ရဟန်းအား ပါဋိဒေသနီအာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

ရဟန်းတစ်ပါးကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

ရွာတွင်းသို့ ဝင်သော ဆွေမျိုးမတော်သော ရဟန်းမိန်းမလက်မှ (ဆွမ်းစသော) အာမိသကို ရဟန်းတစ်ပါးခံယူခြင်း အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် နှစ်မျိုးသော အကြောင်းတို့ကြောင့် ဖြစ်၏။ ရံခါ ကိုယ်ကြောင့် ဖြစ်၏၊ နှုတ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်းမဖြစ်။ ရံခါ ကိုယ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်း ဖြစ်၏၊ နှုတ်ကြောင့် မဖြစ်။ပ။

၁၄၇။ စီရင်သော ရဟန်းမိန်းမအား မတားမြစ်မူ၍ စားသော ရဟန်းအား ပါဋိဒေသနီအာပတ်ကိုအဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

ရာဇဂြိုဟ်ပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

ဆဗ္ဗဂ္ဂီရဟန်းတို့ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

စီရင်သော ရဟန်းမိန်းမတို့ကို ဆဗ္ဗဂ္ဂီရဟန်းတို့ မတားမြစ်ခြင်း အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် နှစ်မျိုးသော အကြောင်းတို့ကြောင့် ဖြစ်၏။ ရံခါ ကိုယ်ကြောင့်လည်းကောင်း၊ နှုတ်ကြောင့်လည်းကောင်း ဖြစ်၏။ စိတ်ကြောင့်မဖြစ်။ ရံခါ ကိုယ်ကြောင့်လည်းကောင်း၊ နှုတ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်း ဖြစ်၏။ပ။

၁၄၈။ သေက္ခဟု သမုတ်အပ်သော ‘သဒ္ဓါပွါးများ ဥစ္စာပါးသော’ အမျိုးတို့၌ ခဲဖွယ်ကိုလည်းကောင်း၊ ဘောဇဉ်ကိုလည်းကောင်း မိမိလက်ဖြင့် ခံယူ၍စားသော ရဟန်းအား ပါဋိဒေသနီအာပတ်ကိုအဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

--

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

များစွာသော ရဟန်းတို့ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

အတိုင်းအရှည်ကို မသိကြကုန်ဘဲ (ခဲဖွယ်ဘောဇဉ်တို့ကို) များစွာသော ရဟန်းတို့ခံယူခြင်း အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး၊ အနုပညတ်နှစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင်နှစ်မျိုးသော အကြောင်းတို့ကြောင့် ဖြစ်၏။ ရံခါ ကိုယ်ကြောင့် ဖြစ်၏၊ နှုတ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်း မဖြစ်။ ရံခါ ကိုယ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်း ဖြစ်၏၊ နှုတ်ကြောင့် မဖြစ်။ပ။

၁၄၉။ တောကျောင်းတို့၌ ရှေးဦးက ဘေးရှိသည်၏အဖြစ်ကို မသိစေအပ်ဘဲ (ဆောင်လာသော) ခဲဖွယ်ကိုလည်းကောင်း၊ ဘောဇဉ်ကိုလည်းကောင်း အရံတွင်း၌ မိမိလက်ဖြင့် ခံယူ၍ စားသော ရဟန်းအားပါဋိဒေသနီအာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သက္ကတိုင်းတို့၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

များစွာကုန်သော ရဟန်းတို့ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

များစွာသော ရဟန်းတို့၏ အရံတွင်း၌ ခိုးသူတို့နေသည်ကို (လူတို့အား ) မပြောကြားခြင်း အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် နှစ်မျိုးသော အကြောင်းတို့ကြောင့် ဖြစ်၏။ ရံခါ ကိုယ်ကြောင့်လည်းကောင်း၊ နှုတ်ကြောင့်လည်းကောင်း ဖြစ်၏၊ စိတ်ကြောင့်မဖြစ်။ ရံခါ ကိုယ်ကြောင့်လည်းကောင်း၊ နှုတ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်း ဖြစ်၏။ပ။

ပါဋိဒေသနီလေးပါး ပြီး၏။

ထိုပါဋိဒေသနီအာပတ်လေးမျိုး၏ အကျဉ်းချုပ်

အဆွေမတော်သော (အညာတိက) ပုဒ်ဖြင့် မှတ်အပ်သော ပဌမပါဋိဒေသနီသိက္ခာပုဒ်၊ ရဟန်းမိန်းမသည်စီရင်သော (ဘိက္ခုနိယာဝေါသာသန္တိယာ) ပုဒ်ဖြင့် မှတ်အပ်သော ဒုတိယ ပါဋိဒေသနီသိက္ခာပုဒ်၊ သေက္ခဟုသမုတ်အပ်သော (သေက္ခသမ္မတ) ပုဒ်ဖြင့် မှတ်အပ်သော တတိယပါဋိဒေသနီသိက္ခာပုဒ်၊ တောကျောင်း (အာရညကသေနာသန)ဟူသော ပုဒ်ဖြင့် မှတ်အပ်သော စတုတ္ထပါဋိဒေသနီ သိက္ခာပုဒ်၊ ဤသို့လေးပါးကုန်သော ပါဋိဒေသနီ သိက္ခာပုဒ်တို့ကို မြတ်စွာဘုရားသည် ပြတော်မူအပ်ကုန်၏။ ဤရွေ့အကျဉ်းချုပ် အပြီးတည်း။

--

<ph3>၇-သေခိယခုနစ်ဆယ့်ငါးပါး

၁-ပရိမဏ္ဍလဝဂ်

၁၅၀။ (ထိုထိုသိက္ခာပုဒ်ပညတ်ခြင်း၏ အခါကို) သိတော်မူသော (ထိုထိုသိက္ခာပုဒ်ပညတ်ခြင်း၏အကျိုးထူးတို့ကို) မြင်တော်မူသော (ကိလေသာ ရန်သူတို့ကို) ပယ်သတ်တော်မူပြီးသော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားသည် မရိုသေခြင်းကို စွဲ၍ ရှေ့မှလည်းကောင်း၊ နောက်မှလည်းကောင်း တွဲရရွဲချသဖြင့် (သင်းပိုင်ကို) ဝတ်သော ရဟန်းအား ဒုက္ကဋ်အာပတ်ကို အဘယ့်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

ဆဗ္ဗဂ္ဂီရဟန်းတို့ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

ဆဗ္ဗဂ္ဂီရဟန်းတို့သည် ရှေ့မှလည်းကောင်း၊ နောက်မှလည်းကောင်း တွဲရရွဲချကုန်လျက် (သင်းပိုင်ကို) ဝတ်ခြင်း အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် တစ်မျိုးသောအကြောင်းကြောင့် ဖြစ်၏။ ကိုယ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်း ဖြစ်၏၊ နှုတ်ကြောင့်မဖြစ်။ပ။

မရိုသေခြင်းကို စွဲ၍ ရှေ့မှလည်းကောင်း၊ နောက်မှလည်းကောင်း တွဲရရွဲချသဖြင့် (သင်္ကန်းကို) ရုံသောရဟန်းအား ဒုက္ကဋ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

ဆဗ္ဗဂ္ဂီရဟန်းတို့ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

ဆဗ္ဗဂ္ဂီရဟန်းတို့သည် ရှေ့မှလည်းကောင်း၊ နောက်မှလည်းကောင်း တွဲရရွဲချကုန်လျက် (သင်္ကန်းကို) ရုံကြခြင်း အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် တစ်မျိုးသောအကြောင်းကြောင့် ဖြစ်၏။ ကိုယ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်း ဖြစ်၏၊ နှုတ်ကြောင့်မဖြစ်။ပ။

--

မရိုသေခြင်းကို စွဲ၍ ‘ပုဆစ်ဒူး, ရင်’ဟု ဆိုအပ်သော ကိုယ်ကို ဖွင့်၍ ရွာတွင်း ‘ဂေါစရဂါမ်’ ၌ သွားသော ရဟန်းအား ဒုက္ကဋ်အာပတ်ကို။ပ။ (မူလ) ပညတ်တစ်ပါး ရှိ၏။ တစ်မျိုးသော အကြောင်းကြောင့်ဖြစ်၏၊ ကိုယ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်း ဖြစ်၏၊ နှုတ်ကြောင့် မဖြစ်။ပ။

မရိုသေခြင်းကို စွဲ၍ ‘ပုဆစ်ဒူး, ရင်’ဟု ဆိုအပ်သော ကိုယ်ကို ဖွင့်၍ ရွာတွင်း ‘ဂေါစရဂါမ်’ ၌ နေသောရဟန်းအား ဒုက္ကဋ်အာပတ်ကို။ပ။

(မူလ) ပညတ်တစ်ပါး ရှိ၏။ တစ်မျိုးသော အကြောင်းကြောင့် ဖြစ်၏၊ ကိုယ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်း ဖြစ်၏၊ နှုတ်ကြောင့် မဖြစ်။ပ။

မရိုသေခြင်းကို စွဲ၍ လက်ကိုလည်းကောင်း၊ ခြေကိုလည်းကောင်း ကစားစေသဖြင့် ရွာတွင်း ‘ဂေါစရဂါမ်’ ၌ သွားသော ရဟန်းအား ဒုက္ကဋ်အာပတ်ကို။ပ။ (မူလ) ပညတ်တစ်ပါးရှိ၏။ တစ်မျိုးသောအကြောင်းကြောင့် ဖြစ်၏၊ ကိုယ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်း ဖြစ်၏၊ နှုတ်ကြောင့်မဖြစ်။ပ။

မရိုသေခြင်းကို စွဲ၍ လက်ကိုလည်းကောင်း၊ ခြေကိုလည်းကောင်း ကစားစေသဖြင့် ရွာတွင်း'ဂေါစရဂါမ်’၌ နေသော ရဟန်းအား ဒုက္ကဋ်အာပတ်ကို။ပ။ (မူလ) ပညတ်တစ်ပါး ရှိ၏။ တစ်မျိုးသောအကြောင်းကြောင့် ဖြစ်၏၊ ကိုယ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်း ဖြစ်၏၊ နှုတ်ကြောင့်မဖြစ်။ပ။

မရိုသေခြင်းကို စွဲ၍ ထိုထိုအရပ်မျက်နှာကို ကြည့်သဖြင့် ရွာတွင်း ‘ဂေါစရဂါမ်’ ၌ သွားသောရဟန်းအား ဒုက္ကဋ်အာပတ်ကို။ပ။ (မူလ) ပညတ်တစ်ပါးရှိ၏။ တစ်မျိုးသော အကြောင်းကြောင့် ဖြစ်၏၊ ကိုယ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်း ဖြစ်၏၊ နှုတ်ကြောင့် မဖြစ်။ပ။

မရိုသေခြင်းကို စွဲ၍ ထိုထိုအရပ်မျက်နှာကို ကြည့်သဖြင့် ရွာတွင်း ‘ဂေါစရဂါမ်’ ၌ နေသော ရဟန်း အားဒုက္ကဋ်အာပတ်ကို။ပ။ (မူလ) ပညတ်တစ်ပါးရှိ၏။ တစ်မျိုးသော အကြောင်းကြောင့် ဖြစ်၏၊ ကိုယ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်း ဖြစ်၏၊ နှုတ်ကြောင့် မဖြစ်။ပ။

မရိုသေခြင်းကို စွဲ၍ သင်္ကန်းကို ပင့်လျက် ရွာတွင်း ‘ဂေါစရဂါမ်’၌ သွားသော ရဟန်းအား ဒုက္ကဋ်အာပတ်ကို။ပ။ (မူလ) ပညတ်တစ်ပါးရှိ၏။ တစ်မျိုးသော အကြောင်းကြောင့် ဖြစ်၏၊ ကိုယ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်း ဖြစ်၏၊ နှုတ်ကြောင့် မဖြစ်။ပ။

မရိုသေခြင်းကို စွဲ၍ သင်္ကန်းကို ပင့်လျက် ရွာတွင်း ‘ဂေါစရဂါမ်’ ၌ နေသော ရဟန်းအား ဒုက္ကဋ်အာပတ်ကို။ပ။ (မူလ) ပညတ်တစ်ပါးရှိ၏။ တစ်မျိုးသော အကြောင်းကြောင့် ဖြစ်၏၊ ကိုယ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်း ဖြစ်၏၊ နှုတ်ကြောင့် မဖြစ်။ပ။

ရှေးဦးစွာသော ပရိမဏ္ဍလဝဂ် ပြီး၏။

--

၂-ဥဇ္ဇ ဂ္ဃိကဝဂ်

၁၅၁။ မရိုသေခြင်းကို စွဲ၍ ပြင်းစွာရယ်လျက် ရွာတွင်း ‘ဂေါစရဂါမ်’ ၌ သွားသော ရဟန်းအားဒုက္ကဋ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

ဆဗ္ဗဂ္ဂီရဟန်းတို့ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

ဆဗ္ဗဂ္ဂီရဟန်းတို့သည် ပြင်းစွာရယ်ကြလျက် ရွာတွင်း ‘ဂေါစရဂါမ်’ ၌ သွားခြင်းအကြောင်းကြောင့်ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် တစ်မျိုးသောအကြောင်းကြောင့် ဖြစ်၏။ ကိုယ်ကြောင့်လည်းကောင်း၊ နှုတ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်း ဖြစ်၏၊ ပ။

မရိုသေခြင်းကို စွဲ၍ ပြင်းစွာရယ်လျက် ရွာတွင်း ‘ဂေါစရဂါမ်’ ၌ နေသော ရဟန်းအား ဒုက္ကဋ် အာပတ်ကိုအဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

ဆဗ္ဗဂ္ဂီရဟန်းတို့ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

ဆဗ္ဗဂ္ဂီ ရဟန်းတို့သည် ပြင်းစွာ ရယ်ကြလျက် ရွာတွင်း ‘ဂေါစရဂါမ်’ ၌ နေကြခြင်း အကြောင်း ကြောင့်ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် တစ်မျိုးသောအကြောင်းကြောင့် ဖြစ်၏။ ကိုယ်ကြောင့်လည်းကောင်း၊ နှုတ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်း ဖြစ်၏၊ ပ။

မရိုသေခြင်းကို စွဲ၍ စူးရှကျယ်လောင်သော အသံကို ပြုလျက် ရွာတွင်း ‘ဂေါစရဂါမ်’ ၌ သွားသောရဟန်းအား ဒုက္ကဋ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

ဆဗ္ဗဂ္ဂီရဟန်းတို့ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

--

ဆဗ္ဗဂ္ဂီရဟန်းတို့သည် စူးရှကျယ်လောင်သော အသံကို ပြုကြကုန်လျက် ရွာတွင်း ‘ဂေါစရဂါမ်’ ၌သွားခြင်းအကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါးရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် တစ်မျိုးသောအကြောင်းကြောင့် ဖြစ်၏။ ကိုယ်ကြောင့်လည်းကောင်း၊ နှုတ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်း ဖြစ်၏။

မရိုသေခြင်းကို စွဲ၍ စူးရှကျယ်လောင်သော အသံကို ပြုလျက် ရွာတွင်း ‘ဂေါစရဂါမ်’၌ နေသောရဟန်းအား ဒုက္ကဋ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

ဆဗ္ဗဂ္ဂီရဟန်းတို့ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

ဆဗ္ဗဂ္ဂီရဟန်းတို့သည် စူးရှကျယ်လောင်သော အသံကို ပြုကြလျက် ရွာတွင်း ‘ဂေါစရဂါမ်’ ၌ နေကြခြင်း အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် တစ်မျိုးသောအကြောင်းကြောင့် ဖြစ်၏။ ကိုယ်ကြောင့်လည်းကောင်း၊ နှုတ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်း ဖြစ်၏။ပ။

မရိုသေခြင်းကို စွဲ၍ ကိုယ်ကို လှုပ်ကာ လှုပ်ကာ ရွာတွင်း ‘ဂေါစရဂါမ်’ ၌ သွားသော ရဟန်းအားဒုက္ကဋ်အာပတ်ကို။ပ။ (မူလ) ပညတ်တစ်ပါး ရှိ၏။ တစ်မျိုးသော အကြောင်းကြောင့် ဖြစ်၏၊ ကိုယ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်း ဖြစ်၏၊ နှုတ်ကြောင့် မဖြစ်။ပ။

မရိုသေခြင်းကို စွဲ၍ ကိုယ်ကို လှုပ်ကာ လှုပ်ကာ ရွာတွင်း ‘ဂေါစရဂါမ်’ ၌ နေသော ရဟန်းအားဒုက္ကဋ်အာပတ်ကို။ပ။ (မူလ) ပညတ်တစ်ပါး ရှိ၏။ တစ်မျိုးသော အကြောင်းကြောင့် ဖြစ်၏၊ ကိုယ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်း ဖြစ်၏၊ နှုတ်ကြောင့် မဖြစ်။ပ။

မရိုသေခြင်းကို စွဲ၍ လက်မောင်းကို လှုပ်ကာ လှုပ်ကာ ရွာတွင်း ‘ဂေါစရဂါမ်’ ၌ သွားသောရဟန်းအား ဒုက္ကဋ်အာပတ်ကို။ပ။ (မူလ) ပညတ်တစ်ပါး ရှိ၏။ တစ်မျိုးသော အကြောင်းကြောင့် ဖြစ်၏၊ ကိုယ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်း ဖြစ်၏၊ နှုတ်ကြောင့် မဖြစ်။ပ။

မရိုသေခြင်းကို စွဲ၍ လက်မောင်းကို လှုပ်ကာ လှုပ်ကာ ရွာတွင်း ‘ဂေါစရဂါမ်’ ၌ နေသော ရဟန်းအား ဒုက္ကဋ်အာပတ်ကို။ပ။ (မူလ) ပညတ်တစ်ပါး ရှိ၏။ တစ်မျိုးသော အကြောင်းကြောင့် ဖြစ်၏၊ ကိုယ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်း ဖြစ်၏၊ နှုတ်ကြောင့် မဖြစ်။ပ။

မရိုသေခြင်းကို စွဲ၍ ဦးခေါင်းကို လှုပ်ကာ လှုပ်ကာ ရွာတွင်း ‘ဂေါစရဂါမ်’ ၌ သွားသော ရဟန်းအားဒုက္ကဋ်အာပတ်ကို။ပ။ (မူလ) ပညတ်တစ်ပါး ရှိ၏။ တစ်မျိုးသော အကြောင်းကြောင့် ဖြစ်၏၊ ကိုယ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်း ဖြစ်၏၊ နှုတ်ကြောင့် မဖြစ်။ပ။

မရိုသေခြင်းကို စွဲ၍ ဦးခေါင်းကို လှုပ်ကာ လှုပ်ကာ ရွာတွင်း ‘ဂေါစရဂါမ်’ ၌ နေသော ရဟန်းအားဒုက္ကဋ်အာပတ်ကို။ပ။ (မူလ) ပညတ်တစ်ပါး ရှိ၏။ တစ်မျိုးသော အကြောင်းကြောင့် ဖြစ်၏၊ ကိုယ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်း ဖြစ်၏၊ နှုတ်ကြောင့် မဖြစ်။ပ။

နှစ်ခုမြောက် ဥဇ္ဇဂ္ဃိကဝဂ် ပြီး၏။

--

၃-ခမ္ဘ ကတဝဂ်

၁၅၂။ မရိုသေခြင်းကို စွဲ၍ ခါးထောက်လျက် ရွာတွင်း ‘ဂေါစရဂါမ်’ ၌ သွားသော ရဟန်းအားဒုက္ကဋ်အာပတ်ကို ပ။ (မူလ) ပညတ်တစ်ပါး ရှိ၏။ တစ်မျိုးသော အကြောင်းကြောင့် ဖြစ်၏၊ ကိုယ်ကြောင့် လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်း ဖြစ်၏၊ နှုတ်ကြောင့် မဖြစ်။ပ။

မရိုသေခြင်းကို စွဲ၍ ခါးထောက်လျက် ရွာတွင်း ‘ဂေါစရဂါမ်’ ၌ နေသော ရဟန်းအား ဒုက္ကဋ်အာပတ်ကို။ပ။ (မူလ) ပညတ်တစ်ပါး ရှိ၏။ တစ်မျိုးသော အကြောင်းကြောင့် ဖြစ်၏၊ ကိုယ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်း ဖြစ်၏၊ နှုတ်ကြောင့် မဖြစ်။ပ။

မရိုသေခြင်းကို စွဲ၍ ဦးခေါင်းခြုံလျက် ရွာတွင်း ‘ဂေါစရဂါမ်’ ၌ သွားသော ရဟန်းအား ဒုက္ကဋ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

ဆဗ္ဗဂ္ဂီရဟန်းတို့ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

ဆဗ္ဗဂ္ဂီရဟန်းတို့သည် ခေါင်းမြီးခြုံ၍ ရွာတွင်း ‘ဂေါစရဂါမ်’ ၌ သွားကြခြင်း အကြောင်းကြောင့်ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် တစ်မျိုးသောအကြောင်းကြောင့် ဖြစ်၏၊ ကိုယ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်း ဖြစ်၏၊ နှုတ်ကြောင့်မဖြစ်။ပ။

မရိုသေခြင်းကို စွဲ၍ ဦးခေါင်းခြုံလျက် ရွာတွင်း ‘ဂေါစရဂါမ်’ ၌ နေသော ရဟန်းအား ဒုက္ကဋ် အာပတ်ကိုအဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

ဆဗ္ဗဂ္ဂီရဟန်းတို့ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

ဆဗ္ဗဂ္ဂီရဟန်းတို့သည် ခေါင်းမြီးခြုံ၍ ရွာတွင်း၌ နေကြခြင်း အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် တစ်မျိုးသောအကြောင်းကြောင့် ဖြစ်၏၊ ကိုယ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်း ဖြစ်၏၊ နှုတ်ကြောင့်မဖြစ်။ပ။

--

မရိုသေခြင်းကို စွဲ၍ ဖဝါးစွန်းဖြင့် နင်းလျက် ရွာတွင်း ‘ဂေါစရဂါမ်’ ၌ သွားသော ရဟန်းအားဒုက္ကဋ်အာပတ်ကို။ပ။ (မူလ) ပညတ်တစ်ပါး ရှိ၏။ တစ်မျိုးသော အကြောင်းကြောင့် ဖြစ်၏၊ ကိုယ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်း ဖြစ်၏၊ နှုတ်ကြောင့် မဖြစ်။ပ။

မရိုသေခြင်းကို စွဲ၍ လက်အာယောဂပတ်၁ ပုဆိုးအာယောဂပတ်၂ ဖွဲ့လျက် ရွာတွင်း ‘ဂေါစရဂါမ်’ ၌နေသော ရဟန်းအား ဒုက္ကဋ်အာပတ်ကို။ပ။ (မူလ) ပညတ်တစ်ပါး ရှိ၏။ တစ်မျိုးသော အကြောင်းကြောင့် ဖြစ်၏၊ ကိုယ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်း ဖြစ်၏၊ နှုတ်ကြောင့် မဖြစ်။ပ။

မရိုသေခြင်းကို စွဲ၍ သတိကို မဖြစ်စေဘဲ ဆွမ်းကို ခံယူသော ရဟန်းအား ဒုက္ကဋ်အာပတ်ကို။ပ။

(မူလ) ပညတ်တစ်ပါးရှိ၏။ တစ်မျိုးသော အကြောင်းကြောင့် ဖြစ်၏၊ ကိုယ်ကြောင့်လည်းကောင်း၊ စိတ့်ကြောင့်လည်းကောင်း ဖြစ်၏၊ နှုတ်ကြောင့် မဖြစ်။ပ။

မရိုသေခြင်းကို စွဲ၍ ထိုထိုအရပ်မျက်နှာကို ကြည့်လျက် ဆွမ်းကို ခံယူသော ရဟန်းအား ဒုက္ကဋ်အာပတ်ကို။ပ။ (မူလ) ပညတ်တစ်ပါး ရှိ၏။ တစ်မျိုးသော အကြောင်းကြောင့် ဖြစ်၏၊ ကိုယ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်း ဖြစ်၏၊ နှုတ်ကြောင့် မဖြစ်။ပ။

မရိုသေခြင်းကို စွဲ၍ ဟင်းကိုသာလျှင် များစွာခံယူသော ရဟန်းအား ဒုက္ကဋ်အာပတ်ကို။ပ။ (မူလ) ပညတ်တစ်ပါး ရှိ၏။ တစ်မျိုးသော အကြောင်းကြောင့် ဖြစ်၏၊ ကိုယ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်း ဖြစ်၏၊ နှုတ်ကြောင့် မဖြစ်။ပ။

မရိုသေခြင်းကို စွဲ၍ ဆွမ်းကို မောက်တက်လာအောင် ခံသော ရဟန်းအား ဒုက္ကဋ်အာပတ်ကို။ပ။

(မူလ) ပညတ်တစ်ပါးရှိ၏။ တစ်မျိုးသော အကြောင်းကြောင့် ဖြစ်၏၊ ကိုယ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်း ဖြစ်၏၊ နှုတ်ကြောင့် မဖြစ်။ပ။

သုံးခုမြောက် ခမ္ဘ ကတဝဂ် ပြီး၏။

၁။ လက်နှစ်ဖက်ကို ယှက်၍ ဒူးနှစ်ဖက်ကို ပိုက်ထားခြင်း။

၂။ သင်္ကန်း (အဝတ်) ဖြင့် ဒူးနှစ်ဖက်ကို ရစ်သိုင်းထားခြင်း။

--

၄-ပိဏ္ဍပါတဝဂ်

၁၅၃။ မရိုသေခြင်းကို စွဲ၍ သတိကို မဖြစ်စေဘဲ ဆွမ်းကို စားသော ရဟန်းအား ဒုက္ကဋ် အာပတ်ကို။ပ။

(မူလ) ပညတ်တစ်ပါး ရှိ၏။ တစ်မျိုးသော အကြောင်းကြောင့် ဖြစ်၏၊ ကိုယ်ကြောင့် လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်း ဖြစ်၏၊ နှုတ်ကြောင့် မဖြစ်။ပ။

မရိုသေခြင်းကို စွဲ၍ ထိုထိုအရပ်မျက်နှာကို ကြည့်လျက် ဆွမ်းကို စားသော ရဟန်းအား ဒုက္ကဋ်အာပတ်ကို။ပ။ (မူလ) ပညတ်တစ်ပါး ရှိ၏။ တစ်မျိုးသော အကြောင်းကြောင့် ဖြစ်၏၊ ကိုယ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်း ဖြစ်၏၊ နှုတ်ကြောင့် မဖြစ်။ပ။

မရိုသေခြင်းကို စွဲ၍ ထိုထိုဝတ္ထုကို သုံးသပ်လျက် ဆွမ်းကို စားသော ရဟန်းအား ဒုက္ကဋ် အာပတ်ကို။ပ။

(မူလ) ပညတ်တစ်ပါး ရှိ၏။ တစ်မျိုးသော အကြောင်းကြောင့် ဖြစ်၏၊ ကိုယ်ကြောင့် လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်း ဖြစ်၏၊ နှုတ်ကြောင့် မဖြစ်။ပ။

မရိုသေခြင်းကို စွဲ၍ ဟင်းကိုသာလျှင် များစွာ စားသော ရဟန်းအား ဒုက္ကဋ်အာပတ်ကို။ပ။ (မူလ) ပညတ်တစ်ပါး ရှိ၏။ တစ်မျိုးသော အကြောင်းကြောင့် ဖြစ်၏၊ ကိုယ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်း ဖြစ်၏၊ နှုတ်ကြောင့် မဖြစ်။ပ။

မရိုသေခြင်းကို စွဲ၍ ဆွမ်းကို အလယ်ထိပ်မှ နှိပ်လျက် စားသော ရဟန်းအား ဒုက္ကဋ်အာပတ်ကို။ပ။

(မူလ) ပညတ်တစ်ပါး ရှိ၏။ တစ်မျိုးသော အကြောင်းကြောင့် ဖြစ်၏၊ ကိုယ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်း ဖြစ်၏၊ နှုတ်ကြောင့် မဖြစ်။ပ။

မရိုသေခြင်းကို စွဲ၍ ဟင်းကိုလည်းကောင်း၊ ငါး အမဲဟင်းလျာကိုလည်းကောင်း ဆွမ်းဖြင့် ဖုံးလွှမ်းသော ရဟန်းအား ဒုက္ကဋ်အာပတ်ကို။ပ။ (မူလ) ပညတ်တစ်ပါး ရှိ၏။ တစ်မျိုးသော အကြောင်းကြောင့်ဖြစ်၏၊ ကိုယ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်း ဖြစ်၏၊ နှုတ်ကြောင့် မဖြစ်။ပ။

မရိုသေခြင်းကို စွဲ၍ ဟင်းကိုလည်းကောင်း၊ ဆွမ်းကိုလည်းကောင်း မနာမဖျားဘဲ မိမိ၏အကျိုးငှါတောင်း၍ စားသော ရဟန်းအား ဒုက္ကဋ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

ဆဗ္ဗဂ္ဂီရဟန်းတို့ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဟင်းကိုလည်းကောင်း၊ ဆွမ်းကိုလည်းကောင်း မိမိ၏အကျိုးငှါ တောင်း၍စားကြခြင်းအကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။ (မူလ) ပညတ်တစ်ပါး၊ အနုပညတ်တစ်ပါးရှိ၏။ အာပတ်သင့်ခြင်း အကြောင်းခြောက်မျိုးတို့တွင် နှစ်မျိုးသော အကြောင်းကြောင့် ဖြစ်၏။ ရံခါကိုယ်ကြောင့် လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်း ဖြစ်၏၊ နှုတ်ကြောင့် မဖြစ်။ ရံခါကိုယ်ကြောင့်လည်းကောင်း၊ နှုတ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်း ဖြစ်၏။ပ။

--

မရိုသေခြင်းကို စွဲ၍ ကဲ့ရဲ့လိုသော အမှတ်ရှိသည်ဖြစ်၍ တစ်ပါးသော သူတို့၏ သပိတ်ကို ကြည့်ရှု သောရဟန်းအား ဒုက္ကဋ်အာပတ်ကို။ပ။ (မူလ) ပညတ်တစ်ပါး ရှိ၏။ တစ်မျိုးသော အကြောင်းကြောင့်ဖြစ်၏။ ကိုယ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်း ဖြစ်၏၊ နှုတ်ကြောင့် မဖြစ်။ပ။

မရိုသေခြင်းကို စွဲ၍ ကြီးသော ဆွမ်းလုတ်ကို ပြုသော ရဟန်းအား ဒုက္ကဋ်အာပတ်ကို။ပ။ (မူလ) ပညတ်တစ်ပါး ရှိ၏။ တစ်မျိုးသော အကြောင်းကြောင့် ဖြစ်၏၊ ကိုယ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်း ဖြစ်၏၊ နှုတ်ကြောင့် မဖြစ်။ပ။

မရိုသေခြင်းကို စွဲ၍ ရှည်စွာသော ဆွမ်းလုတ်ကို ပြုသောရဟန်းအား ဒုက္ကဋ်အာပတ်ကို။ပ။ (မူလ) ပညတ်တစ်ပါး ရှိ၏။ တစ်မျိုးသော အကြောင်းကြောင့် ဖြစ်၏၊ ကိုယ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်း ဖြစ်၏၊ နှုတ်ကြောင့် မဖြစ်။ပ။

လေးခုမြောက် ပိဏ္ဍပါတဝဂ် ပြီး၏။

၅-ကဗဠဝဂ်

၁၅၄။ မရိုသေခြင်းကို စွဲ၍ ဆွမ်းလုတ်သည် ခံတွင်းဝသို့ မရောက်မီ ခံတွင်းဝကို ဖွင့်သော ရဟန်းအားဒုက္ကဋ်အာပတ်ကို။ပ။ (မူလ) ပညတ်တစ်ပါး ရှိ၏။ တစ်မျိုးသော အကြောင်းကြောင့် ဖြစ်၏၊ ကိုယ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်း ဖြစ်၏၊ နှုတ်ကြောင့် မဖြစ်။ပ။

မရိုသေခြင်းကို စွဲ၍ ဆွမ်းစားစဉ် လက်ငါးချောင်းလုံးကို ခံတွင်း၌ ထည့်သွင်းသော ရဟန်းအားဒုက္ကဋ်အာပတ်ကို။ပ။ (မူလ) ပညတ်တစ်ပါး ရှိ၏။ တစ်မျိုးသော အကြောင်းကြောင့် ဖြစ်၏၊ ကိုယ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်း ဖြစ်၏၊ နှုတ်ကြောင့် မဖြစ်။ပ။

မရိုသေခြင်းကို စွဲ၍ ဆွမ်းလုတ်နှင့် တကွသော ခံတွင်းဖြင့် စကားပြောသော ရဟန်းအား ဒုက္ကဋ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

ဆဗ္ဗဂ္ဂီရဟန်းတို့ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဆွမ်းလုတ်နှင့် တကွသော ခံတွင်းဖြင့် စကားပြောကြခြင်း အကြောင်းကြောင့်ပညတ်တော်မူအပ်ပါသည်။

--

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်း အကြောင်းခြောက်မျိုးတို့တွင် တစ်မျိုးသောအကြောင်းကြောင့် ဖြစ်၏။ ကိုယ်ကြောင့်လည်းကောင်း၊ နှုတ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်း ဖြစ်၏။ပ။

မရိုသေခြင်းကို စွဲ၍ ဆွမ်းလုတ်ကို မြှောက်ကာ မြှောက်ကာ စားသော ရဟန်းအား ဒုက္ကဋ်အာပတ့်ကို။ပ။ (မူလ) ပညတ်တစ်ပါး ရှိ၏။ တစ်မျိုးသော အကြောင်းကြောင့် ဖြစ်၏၊ ကိုယ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်း ဖြစ်၏၊ နှုတ်ကြောင့် မဖြစ်။ပ။

မရိုသေခြင်းကို စွဲ၍ ဆွမ်းလုတ်ကို ဖြတ်ကာ ဖြတ်ကာ စားသော ရဟန်းအား ဒုက္ကဋ်အာပတ်ကို။ပ။

(မူလ) ပညတ်တစ်ပါး ရှိ၏။ တစ်မျိုးသော အကြောင်းကြောင့် ဖြစ်၏၊ ကိုယ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်း ဖြစ်၏၊ နှုတ်ကြောင့် မဖြစ်။ပ။

မရိုသေခြင်းကို စွဲ၍ မျောက်ကဲ့သို့ ပါးစောင်၌ ထားလျက် စားသော ရဟန်းအား ဒုက္ကဋ်အာပတ် ကို။ပ။

(မူလ) ပညတ်တစ်ပါး ရှိ၏။ တစ်မျိုးသော အကြောင်းကြောင့် ဖြစ်၏၊ ကိုယ်ကြောင့်လည်း ကောင်း၊ စိတ်ကြောင့်လည်းကောင်း ဖြစ်၏၊ နှုတ်ကြောင့် မဖြစ်။ပ။

မရိုသေခြင်းကို စွဲ၍ လက်ကို ခါလျက် ခါလျက် စားသော ရဟန်းအား ဒုက္ကဋ်အာပတ်ကို။ပ။ (မူလ) ပညတ်တစ်ပါး ရှိ၏။ တစ်မျိုးသော အကြောင်းကြောင့် ဖြစ်၏၊ ကိုယ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်း ဖြစ်၏၊ နှုတ်ကြောင့် မဖြစ်။ပ။

မရိုသေခြင်းကို စွဲ၍ ဆွမ်းလုံးကို ကြဲလျက် ကြဲလျက် စားသော ရဟန်းအား ဒုက္ကဋ်အာပတ်ကို။ပ။

(မူလ) ပညတ်တစ်ပါး ရှိ၏။ တစ်မျိုးသော အကြောင်းကြောင့် ဖြစ်၏၊ ကိုယ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်း ဖြစ်၏၊ နှုတ်ကြောင့် မဖြစ်။ပ။

မရိုသေခြင်းကို စွဲ၍ လျှာကို ထုတ်ကာ ထုတ်ကာ စားသော ရဟန်းအား ဒုက္ကဋ်အာပတ်ကို။ပ။ (မူလ) ပညတ်တစ်ပါး ရှိ၏။ တစ်မျိုးသော အကြောင်းကြောင့် ဖြစ်၏၊ ကိုယ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်း ဖြစ်၏၊ နှုတ်ကြောင့် မဖြစ်။ပ။

မရိုသေခြင်းကို စွဲ၍ စပ်စပ် မြည်အောင် ပြုလျက် စားသော ရဟန်းအား ဒုက္ကဋ်အာပတ်ကို။ပ။ (မူလ) ပညတ်တစ်ပါး ရှိ၏။ တစ်မျိုးသော အကြောင်းကြောင့် ဖြစ်၏၊ ကိုယ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်း ဖြစ်၏၊ နှုတ်ကြောင့် မဖြစ်။ပ။

ငါးခုမြောက် ကဗဠဝဂ် ပြီး၏။

--

၆-သုရုသုရုဝဂ်

၁၅၅။ မရိုသေခြင်းကို စွဲ၍ ရှုတ်ရှုတ်အသံ ပြုလျက် စားသော ရဟန်းအား ဒုက္ကဋ်အာပတ်ကိုအဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

ကောသမ္ဗီပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

များစွာသော ရဟန်းတို့ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

များစွာကုန်သော ရဟန်းတို့၏ ရှုတ်ရှုတ်အသံ ပြုလျက် နို့ရည်ကို သောက်ကြခြင်း အကြောင်း ကြောင့်ပညတ်တော်မူအပ်ပါသည်။ (မူလ) ပညတ်တစ်ပါးရှိ၏။ အာပတ်သင့်ခြင်း အကြောင်း ခြောက်မျိုး တို့တွင်တစ်မျိုးသော အကြောင်းကြောင့် ဖြစ်၏။ ကိုယ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်း ဖြစ်၏၊ နှုတ်ကြောင့် မဖြစ်။ပ။

မရိုသေခြင်းကို စွဲ၍ လက်ကို လျက်ကာ လျက်ကာ စားသော ရဟန်းအား ဒုက္ကဋ်အာပတ်ကို။ပ။ (မူလ) ပညတ်တစ်ပါးရှိ၏။ တစ်မျိုးသော အကြောင်းကြောင့် ဖြစ်၏။ ကိုယ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်း ဖြစ်၏၊ နှုတ်ကြောင့် မဖြစ်။ပ။

မရိုသေခြင်းကို စွဲ၍ သပိတ်ကို ခြစ်လျက် ခြစ်လျက် စားသော ရဟန်းအား ဒုက္ကဋ်အာပတ်ကို။ပ။

(မူလ) ပညတ်တစ်ပါး ရှိ၏။ တစ်မျိုးသော အကြောင်းကြောင့် ဖြစ်၏၊ ကိုယ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်း ဖြစ်၏၊ နှုတ်ကြောင့် မဖြစ်။ပ။

မရိုသေခြင်းကို စွဲ၍ နှုတ်ခမ်းကို လျက်ကာ လျက်ကာ စားသော ရဟန်းအား ဒုက္ကဋ်အာပတ်ကို။ပ။

(မူလ) ပညတ်တစ်ပါး ရှိ၏။ တစ်မျိုးသော အကြောင်းကြောင့် ဖြစ်၏၊ ကိုယ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်း ဖြစ်၏၊ နှုတ်ကြောင့် မဖြစ်။ပ။

မရိုသေခြင်းကို စွဲ၍ ဆွမ်းစသော အာမိသနှင့်တကွသော လက်ဖြင့် ရေသောက်ခွက်ကို ကိုင်သောရဟန်းအား ဒုက္ကဋ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

ဘဂ္ဂတိုင်းတို့၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

များစွာသော ရဟန်းတို့ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

များစွာကုန်သော ရဟန်းတို့သည် ဆွမ်းစသော အာမိသနှင့်တကွသော လက်ဖြင့် ရေသောက်ခွက်ကိုကိုင်ကြခြင်းအကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

--

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်း အကြောင်း ခြောက်မျိုးတို့တွင် တစ်မျိုးသော အကြောင်းကြောင့် ဖြစ်၏။ ကိုယ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်း ဖြစ်၏၊ နှုတ်ကြောင့် မဖြစ်။ပ။

မရိုသေခြင်းကို စွဲ၍ ဆွမ်းလုံးနှင့်တကွသော သပိတ်ဆေးရေကို ရွာတွင်း ‘ဂေါစရဂါမ်’၌ စွန့်သောရဟန်းအား ဒုက္ကဋ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

ဘဂ္ဂတိုင်းတို့၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

များစွာကုန်သော ရဟန်းတို့ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

များစွာကုန်သော ရဟန်းတို့၏ ဆွမ်းလုံးနှင့်တကွသော သပိတ်ဆေးရေကို ရွာတွင်း ‘ဂေါစရဂါမ်’၌စွန့်ကြခြင်း အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်း အကြောင်းခြောက်မျိုးတို့တွင် တစ်မျိုးသောအကြောင်းကြောင့် ဖြစ်၏။ ကိုယ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်း ဖြစ်၏၊ နှုတ်ကြောင့်မဖြစ်။ပ။

မရိုသေခြင်းကို စွဲ၍ ထီးကိုင်ထားသူကို တရားဟောသော ရဟန်းအား ဒုက္ကဋ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

ဆဗ္ဗဂ္ဂီရဟန်းတို့ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

ဆဗ္ဗဂ္ဂီရဟန်းတို့သည် လက်၌ ထီးကိုင်ထားသူကို တရားဟောကြခြင်း အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။ (မူလ) ပညတ်တစ်ပါး၊ အနုပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်း အကြောင်းခြောက်မျိုးတို့တွင် တစ်မျိုးသော အကြောင်းကြောင့် ဖြစ်၏။ နှုတ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်း ကောင်း ဖြစ်၏၊ ကိုယ်ကြောင့် မဖြစ်။ပ။

မရိုသေခြင်းကို စွဲ၍ တုတ်ကိုင်ထားသူကို တရားဟောသော ရဟန်းအား ဒုက္ကဋ်အာပတ်ကို။ပ။ (မူလ) ပညတ်တစ်ပါး၊ အနုပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် တစ်မျိုးသောအကြောင်းကြောင့် ဖြစ်၏။ နှုတ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်း ဖြစ်၏၊ ကိုယ်ကြောင့်မဖြစ်။ပ။

မရိုသေခြင်းကို စွဲ၍ ဓားသန်လျက်ကိုင်ထားသူကို တရားဟောသော ရဟန်းအား ဒုက္ကဋ်အာပတ်ကို။ပ။

(မူလ) ပညတ်တစ်ပါး၊ အနုပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင်တစ်မျိုးသော အကြောင်းကြောင့် ဖြစ်၏။ နှုတ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်း ဖြစ်၏၊ ကိုယ်ကြောင့် မဖြစ်။ပ။

မရိုသေခြင်းကို စွဲ၍ လေးလက်နက် ကိုင်ထားသူကို တရားဟောသော ရဟန်းအား ဒုက္ကဋ်အာပတ်ကို။ပ။ (မူလ) ပညတ်တစ်ပါး၊ အနုပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်း အကြောင်းခြောက်မျိုးတို့တွင်တစ်မျိုးသော အကြောင်းကြောင့် ဖြစ်၏။ နှုတ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်း ဖြစ်၏၊ ကိုယ်ကြောင့် မဖြစ်။ပ။

ခြောက်ခုမြောက် သုရုသုရုဝဂ် ပြီး၏။

--

၇- ပါဒုကဝဂ်

၁၅၆။ မရိုသေခြင်းကို စွဲ၍ ခြေနင်းစီးသော သူကို တရားဟောသော ရဟန်းအား ဒုက္ကဋ်အာပတ်ကို။ပ။

(မူလ) ပညတ်တစ်ပါး၊ အနုပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်း အကြောင်းခြောက်မျိုးတို့တွင်တစ်မျိုးသော အကြောင်းကြောင့် ဖြစ်၏။ နှုတ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်း ဖြစ်၏၊ ကိုယ်ကြောင့် မဖြစ်။ပ။

မရိုသေခြင်းကို စွဲ၍ ဖိနပ်စီးသော သူကို တရားဟောသော ရဟန်းအား ဒုက္ကဋ်အာပတ်ကို။ပ။ (မူလ) ပညတ်တစ်ပါး၊ အနုပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် တစ်မျိုး သောအကြောင်းကြောင့် ဖြစ်၏။ နှုတ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်း ဖြစ်၏၊ ကိုယ်ကြောင့်မဖြစ်။ပ။

မရိုသေခြင်းကို စွဲ၍ ယာဉ်စီးသော သူကို တရားဟောသော ရဟန်းအား ဒုက္ကဋ်အာပတ်ကို။ပ။ (မူလ) ပညတ်တစ်ပါး၊ အနုပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် တစ်မျိုးသောအကြောင်းကြောင့် ဖြစ်၏။ နှုတ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်း ဖြစ်၏၊ ကိုယ်ကြောင့်မဖြစ်။ပ။

မရိုသေခြင်းကို စွဲ၍ အိပ်ရာ၌နေသော သူကို တရားဟောသော ရဟန်းအား ဒုက္ကဋ်အာပတ်ကို။ပ။

(မူလ) ပညတ်တစ်ပါး၊ အနုပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် တစ်မျိုးသော အကြောင်းကြောင့် ဖြစ်၏။ နှုတ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်း ဖြစ်၏၊ ကိုယ်ကြောင့် မဖြစ်။ပ။

မရိုသေခြင်းကို စွဲ၍ လက်အာယောဂပတ် ပုဆိုးအာယောဂပတ်ဖွဲ့လျက် နေသော သူကို တရားဟောသော ရဟန်းအား ဒုက္ကဋ်အာပတ်ကို။ပ။ (မူလ) ပညတ်တစ်ပါး၊ အနုပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်း အကြောင်းခြောက်မျိုးတို့တွင် တစ်မျိုးသော အကြောင်းကြောင့် ဖြစ်၏။ နှုတ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်း ဖြစ်၏၊ ကိုယ်ကြောင့် မဖြစ်။ပ။

မရိုသေခြင်းကို စွဲ၍ (ဆံအဆုံး မထင်အောင်) ဦးရစ်ပေါင်းသော ဦးခေါင်းရှိသော သူကို တရားဟောသော ရဟန်းအား ဒုက္ကဋ်အာပတ်ကို။ပ။ (မူလ) ပညတ်တစ်ပါး၊ အနုပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်း အကြောင်းခြောက်မျိုးတို့တွင် တစ်မျိုးသော အကြောင်းကြောင့် ဖြစ်၏။ နှုတ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်း ဖြစ်၏၊ ကိုယ်ကြောင့် မဖြစ်။ပ။

--

မရိုသေခြင်းကို စွဲ၍ ခေါင်းမြီးခြုံသော သူကို တရားဟောသော ရဟန်းအား ဒုက္ကဋ်အာပတ်ကို။ပ။

(မူလ) ပညတ်တစ်ပါး၊ အနုပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် တစ်မျိုးသော အကြောင်းကြောင့် ဖြစ်၏။ နှုတ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်း ဖြစ်၏၊ ကိုယ်ကြောင့် မဖြစ်။ပ။

မရိုသေခြင်းကို စွဲ၍ မြေ၌ ထိုင်နေလျက် နေရာ၌ ထိုင်နေသော သူကို တရားဟောသော ရဟန်းအားဒုက္ကဋ်အာပတ်ကို။ပ။ (မူလ) ပညတ်တစ်ပါး၊ အနုပညတ်တစ်ပါးရှိ၏။ အာပတ်သင့်ခြင်း အကြောင်းခြောက်မျိုးတို့တွင် တစ်မျိုးသော အကြောင်းကြောင့် ဖြစ်၏။ ကိုယ်ကြောင့်လည်းကောင်း၊ နှုတ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်း ဖြစ်၏။ပ။

မရိုသေခြင်းကို စွဲ၍ နိမ့်သော နေရာ၌ ထိုင်လျက် မြင့်သော နေရာ၌ ထိုင်သူကို တရားဟောသောရဟန်းအား ဒုက္ကဋ်အာပတ်ကို။ပ။ (မူလ) ပညတ်တစ်ပါး၊ အနုပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်းခြောက်မျိုးတို့တွင် တစ်မျိုးသော အကြောင်းကြောင့် ဖြစ်၏။ ကိုယ်ကြောင့်လည်းကောင်း၊ နှုတ် ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်း ဖြစ်၏။ပ။

မရိုသေခြင်းကို စွဲ၍ ထိုင်သော သူကို ရပ်လျက် တရားဟောသော ရဟန်းအား ဒုက္ကဋ်အာပတ်ကို။ပ။

(မူလ) ပညတ်တစ်ပါး၊ အနုပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင်တစ်မျိုးသော အကြောင်းကြောင့် ဖြစ်၏။ ကိုယ်ကြောင့်လည်းကောင်း၊ နှုတ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်း ဖြစ်၏။ပ။

မရိုသေခြင်းကို စွဲ၍ နောက်မှ သွားလျက် ရှေ့မှ သွားသော သူကို တရားဟောသော ရဟန်းအားဒုက္ကဋ်အာပတ်ကို။ပ။ (မူလ) ပညတ်တစ်ပါး၊ အနုပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်းခြောက် မျိုးတို့တွင် တစ်မျိုးသော အကြောင်းကြောင့် ဖြစ်၏။ ကိုယ်ကြောင့်လည်းကောင်း၊ နှုတ်ကြောင့်လည်း ကောင်း၊ စိတ်ကြောင့်လည်းကောင်း ဖြစ်၏။ပ။

မရိုသေခြင်းကို စွဲ၍ ခရီးလမ်းမဟုတ်သဖြင့် သွားလျက် ခရီးလမ်းဟုတ်သဖြင့် သွားသောသူကိုတရားဟောသော ရဟန်းအား ဒုက္ကဋ်အာပတ်ကို။ပ။ (မူလ) ပညတ်တစ်ပါး၊ အနုပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်း အကြောင်းခြောက်မျိုးတို့တွင် တစ်မျိုးသော အကြောင်းကြောင့် ဖြစ်၏။ ကိုယ်ကြောင့်လည်းကောင်း၊ နှုတ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်း ဖြစ်၏။ပ။

မရိုသေခြင်းကို စွဲ၍ ကျင်ကြီးကိုလည်းကောင်း၊ ကျင်ငယ်ကိုလည်းကောင်း ရပ်လျက် စွန့်သောရဟန်းအား ဒုက္ကဋ်အာပတ်ကို။ပ။ (မူလ) ပညတ်တစ်ပါး၊ အနုပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်းခြောက်မျိုးတို့တွင် တစ်မျိုးသော အကြောင်းကြောင့် ဖြစ်၏။ ကိုယ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်း ဖြစ်၏။ နှုတ်ကြောင့် မဖြစ်။ပ။

မရိုသေခြင်းကို စွဲ၍ စိမ်းသော မြက်သစ်ပင်ရှိရာ၌ ကျင်ကြီးကိုလည်းကောင်း၊ ကျင်ငယ်ကိုလည်းကောင်း၊ တံတွေးကိုလည်းကောင်း စွန့်သော ရဟန်းအား ဒုက္ကဋ်အာပတ်ကို။ပ။ (မူလ) ပညတ်တစ်ပါး၊ အနုပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်း အကြောင်းခြောက်မျိုးတို့တွင် တစ်မျိုးသောအကြောင်းကြောင့် ဖြစ်၏။ ကိုယ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်း ဖြစ်၏။ နှုတ်ကြောင့်မဖြစ်။ပ။

မရိုသေခြင်းကို စွဲ၍ ရေ၌ ကျင်ကြီးကိုလည်းကောင်း၊ ကျင်ငယ်ကိုလည်းကောင်း၊ တံတွေးကိုလည်းကောင်း စွန့်သော ရဟန်းအား ဒုက္ကဋ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

--

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

ဆဗ္ဗဂ္ဂီရဟန်းတို့ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

ဆဗ္ဗဂ္ဂီရဟန်းတို့၏ ရေ၌ ကျင်ကြီးကိုလည်းကောင်း၊ ကျင်ငယ်ကိုလည်းကောင်း၊ တံတွေးကိုလည်းကောင်း စွန့်ခြင်းအကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး၊ အနုပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင်တစ်မျိုးသော အကြောင်းကြောင့် ဖြစ်၏။ ကိုယ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်းဖြစ်၏။ နှုတ်ကြောင့် မဖြစ်။ပ။

ခုနစ်ခုမြောက် ပါဒုကဝဂ် ပြီး၏။

သေခိယခုနစ်ဆယ့်ငါးပါး ပြီး၏။

--

ထိုသေခိယခုနစ်ဆယ့်ငါးပါး၏အကျဉ်းချုပ်

ပရိမဏ္ဍလသိက္ခာပုဒ် နှစ်ပါး၊ သုပ္ပဋိစ္ဆန္နသိက္ခာပုဒ် နှစ်ပါး၊ သုသံဝုတသိက္ခာပုဒ် နှစ်ပါး၊ ဩက္ခိတ္တစက္ခုသိက္ခာပုဒ် နှစ်ပါး၊ ဥက္ခိတ္တကာယသိက္ခာပုဒ် နှစ်ပါး၊ ဥဇ္ဇဂ္ဃိကသိက္ခာပုဒ် နှစ်ပါး၊ အပ္ပသဒ္ဒသိက္ခာပုဒ် နှစ်ပါး၊ သုံးပါးကုန်သော ကာယပ္ပစာလကသိက္ခာပုဒ် နှစ်ပါး၊ ဗာဟုပ္ပ စာလကသိက္ခာပုဒ်နှစ်ပါး၊ သီသပ္ပစာလကသိက္ခာပုဒ် နှစ်ပါး။

ခမ္ဘ ကတသိက္ခာပုဒ် နှစ်ပါး၊ ဩဂုဏ္ဌိတသိက္ခာပုဒ် နှစ်ပါး၊ ဥက္ကုဋိကသိက္ခာပုဒ်၊ ပလ္လတ္ထိကသိက္ခာပုဒ်၊ သက္ကစ္စပဋိဂ္ဂဟဏသိက္ခာပုဒ်၊ ပတ္တသညီပဋိဂ္ဂဟဏသိက္ခာပုဒ်၊ သမ သူပကပဋိဂ္ဂဟဏသိက္ခာပုဒ်၊ သမတိတ္ထိကသိက္ခာပုဒ်။

သက္ကစ္စဘုဉ္ဇနသိက္ခာပုဒ်၊ ပတ္တသညီဘုဉ္ဇနသိက္ခာပုဒ်၊ သပဒါနသိက္ခာပုဒ်၊ သမသူပက ဘုဉ္ဇနသိက္ခာပုဒ်၊ ထူပကတသိက္ခာပုဒ်၊ ဩဒနပဋိစ္ဆန္နသိက္ခာပုဒ်၊ ဝိညတ္တိသိက္ခာပုဒ်၊ ဥဇ္ဈာန သညီသိက္ခာပုဒ်။

နာတိမဟန္တသိက္ခာပုဒ်၊ ပရိမဏ္ဍလအာလောပသိက္ခာပုဒ်၊ မုခဒွါရသိက္ခာပုဒ်၊ သဗ္ဗဟတ္ထ သိက္ခာပုဒ်၊ နဗျာဟရသိက္ခာပုဒ်၊ ပိဏ္ဍုက္ခေပကသိက္ခာပုဒ်၊ ကဗဠဝစ္ဆေဒကသိက္ခာပုဒ်၊ အဝဂဏ္ဍကာရကသိက္ခာပုဒ်၊ ဟတ္ထနိဒ္ဓုနကသိက္ခာပုဒ်၊ သိတ္ထာဝကာရကသိက္ခာပုဒ်။

ဇိဝှါနိစ္ဆာရကသိက္ခာပုဒ်၊ စပုစပုကာရကသိက္ခာပုဒ်၊ သုရုသုရုကာရကသိက္ခာပုဒ်၊ ဟတ္ထ နိလ္လေဟကသိက္ခာပုဒ်၊ ပတ္တနိလ္လေဟကသိက္ခာပုဒ်၊ ဩဋ္ဌနိလ္လေဟကသိက္ခာပုဒ်၊ သာမိသ သိက္ခာပုဒ်၊ သသိတ္ထကသိက္ခာပုဒ်။

မြတ်စွာဘုရားတို့သည် လက်၌ ထီးရှိသော သူအား သူတော်ကောင်းတို့၏ တရားကို မဟောကုန်၊ (ဆတ္တပါဏိသိက္ခာပုဒ်)၊ ဤအတူပင် လက်၌ တုတ်တောင်ဝှေးရှိသော သူအားလည်းကောင်း၊ လက်၌ဓား သန်လျက်ရှိသောသူ, လက်၌ လက်နက်ရှိသော သူတို့အား လည်းကောင်း (သူတော်ကောင်းတို့၏တရားကို) မဟောကုန်၊ (ဒဏ္ဍပါဏိ သတ္ထပါဏိ အာဝုဓပါဏိသိက္ခာပုဒ်)။

ပါဒုကာရုဠှသိက္ခာပုဒ်၊ ဥပါဟနာရုဠှသိက္ခာပုဒ်၊ ယာနဂတသိက္ခာပုဒ်၊ သယနဂတ သိက္ခာပုဒ်၊ ပလ္လတ္ထိကာနိသိန္နသိက္ခာပုဒ်၊ ဝေဌိတသီသသိက္ခာပုဒ်၊ ဩဂုဏ္ဌိတသီသ သိက္ခာပုဒ်။ ဆမာသိက္ခာပုဒ်၊ နီစာသနသိက္ခာပုဒ်၊ ဌိတနိသိန္နသိက္ခာပုဒ်၊ ပစ္ဆတောဂစ္ဆန္တသိက္ခာပုဒ်၊ ဥပ္ပထသိက္ခာပုဒ်၊ ရပ်သော ရဟန်းသည်လည်းကောင်း၊ စိမ်းသော မြက်သစ်ပင်ရှိရာ၌ လည်းကောင်း၊ ရေ၌လည်းကောင်းမစွန့် မထွေးအပ်။ ဤရွေ့ သိက္ခာပုဒ်အကျဉ်းချုပ် အပြီးတည်း။

ထိုဝဂ်တို့၏ အကျဉ်းချုပ်

ပရိမဏ္ဍလဝဂ်၊ ဥဇ္ဇဂ္ဃိကဝဂ်၊ ခမ္ဘ ကတဝဂ်၊ ထိုမှတစ်ပါးလည်း ပိဏ္ဍပါတဝဂ်၊ ကဗဠဝဂ်၊ သုရုသုရုဝဂ်၊ ခုနစ်ခုမြောက် ပါဒုကဝဂ်။ ဤရွေ့ ဝဂ်အကျဉ်းချုပ် အပြီးတည်း။

မဟာဝိဘင်း၌ ကတ္ထပညတ္တိဝါရ ပြီး၏။

--

၂-ကတာပတ္တိဝါရ

၁-ပါရာဇိက လေးပါး

၁၅၇။ မေထုန်အကျင့်ကို မှီဝဲသော ရဟန်းသည် အဘယ်မျှလောက်ကုန်သော အာပတ်တို့သို့ရောက်သနည်း။

မေထုန်အကျင့်ကို မှီဝဲသော ရဟန်းသည် သုံးပါးကုန်သော အာပတ်တို့သို့ ရောက်၏။

သေ၍ ခွေးစသည် မစားအပ်သေးသော အသေကောင်၌ မေထုန်အကျင့်ကို မှီဝဲအံ့၊ ပါရာဇိကအာပတ်သို့ ရောက်၏။

သေ၍ များသောအားဖြင့် ခွေးစသည် စားအပ်ပြီးသော အသေကောင်၌ မေထုန်အကျင့်ကို မှီဝဲအံ့၊ ထုလ္လစ္စဉ်းအာပတ်သို့ ရောက်၏။

ဟင်းလင်းဖွင့်သော ခံတွင်း၌ မထိစေဘဲ (မိမိ၏) အင်္ဂါဇာတ်ကို သွင်းအံ့၊ ဒုက္ကဋ်အာပတ်သို့ရောက်၏။

မေထုန်အကျင့်ကို မှီဝဲသော ရဟန်းသည် ဤသုံးပါးကုန်သော အာပတ်တို့သို့ ရောက်၏။

၁၅၈။ (အရှင်သည် ကိုယ်နှုတ်ဖြင့်) မပေးအပ်သော သူတစ်ပါး၏ ဥစ္စာကို ခိုးယူသော ရဟန်းသည်အဘယ်မျှလောက်ကုန်သော အာပတ်တို့သို့ ရောက်သနည်း။

(အရှင်သည် ကိုယ်နှုတ်ဖြင့်) မပေးအပ်သော သူတစ်ပါး၏ ဥစ္စာကို ခိုးယူသော ရဟန်းသည် သုံးပါးကုန်သော အာပတ်တို့သို့ ရောက်၏။

ငါးပဲထိုက်သော ဥစ္စာကိုလည်းကောင်း၊ ငါးပဲထက် အလွန်ထိုက်သော ဥစ္စာကိုလည်းကောင်း (အရှင်သည်ကိုယ်နှုတ်ဖြင့်) မပေးဘဲ ခိုးလိုသော စိတ်အစုဖြင့် ခိုးယူအံ့၊ ပါရာဇိကအာပတ်သို့ ရောက်၏။

တစ်ပဲထက်အလွန်ထိုက်သော ဥစ္စာကိုလည်းကောင်း၊ ငါးပဲအောက် အယုတ်ထိုက်သော ဥစ္စာကိုလည်းကောင်း (အရှင်သည် ကိုယ်နှုတ်ဖြင့်) မပေးဘဲ ခိုးလိုသော စိတ်အစုဖြင့် ခိုးယူအံ့၊ ထုလ္လစ္စဉ်းအာပတ်သို့ ရောက်၏။

တစ်ပဲထိုက်သော ဥစ္စာကိုလည်းကောင်း၊ တစ်ပဲအောက် အယုတ်ထိုက်သော ဥစ္စာကိုလည်းကောင်း (အရှင်သည် ကိုယ်နှုတ်ဖြင့်) မပေးဘဲ ခိုးလိုသော စိတ်အစုဖြင့် ခိုးယူအံ့၊ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

(အရှင်သည် ကိုယ်နှုတ်ဖြင့်) မပေးအပ်သော သူတစ်ပါး၏ ဥစ္စာကို ခိုးယူသော ရဟန်းသည် ဤသုံးပါးကုန်သော အာပတ်တို့သို့ ရောက်၏။

၁၅၉။ သေစေလိုသော စိတ်ရှိသည်ဖြစ်၍ လူဇာတ်ဖြစ်သော သူ၏ ကိုယ်ကို ဇီဝိတိန္ဒြေမှ ချသောရဟန်းသည် အဘယ်မျှလောက်ကုန်သော အာပတ်တို့သို့ ရောက်သနည်း။

သေစေလိုသော စိတ်ရှိသည်ဖြစ်၍ လူဇာတ်ဖြစ်သော သူ၏ ကိုယ်ကို ဇီဝိတိန္ဒြေမှ ချသော ရဟန်း သည်သုံးပါးကုန်သော အာပတ်တို့သို့ ရောက်၏။

“ကျ၍ သေလတ္တံ့”ဟု လူကို ရည်၍ တွင်းကို တူးအံ့၊ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

--

(လူ) ကျသော အခါ ဆင်းရဲခံစားခြင်း ‘ဒုက္ခဝေဒနာ’ သည် ဖြစ်အံ့၊ ထုလ္လစ္စဉ်းအာပတ်သို့ ရောက်၏၊

(လူ) သေအံ့၊ ပါရာဇိကအာပတ်သို့ ရောက်၏။

သေစေလိုသော စိတ်ရှိသည်ဖြစ်၍ လူဇာတ်ဖြစ်သော သူ၏ ကိုယ်ကို ဇီဝိတိန္ဒြေမှ ချသော ရဟန်း သည်ဤသုံးပါးကုန်သော အာပတ်တို့သို့ ရောက်၏။

၁၆၀။ ထင်ရှားမရှိဘဲ မဟုတ်မမှန်ဘဲ လူတို့၏ ကုသိုလ်ကမ္မပထတရားဆယ်ပါးထက် လွန်မြတ်သောဈာန် မဂ်ဖိုလ်တရားကို ငါရ၏ဟု ဝါကြွား၍ ပြောဆိုသော ရဟန်းသည် အဘယ်မျှလောက်ကုန်သောအာပတ်တို့သို့ ရောက်သနည်း။

ထင်ရှားမရှိဘဲ မဟုတ်မမှန်ဘဲ လူတို့၏ ကုသိုလ်ကမ္မပထတရားဆယ်ပါးထက် လွန်မြတ်သောဈာန်မဂ်ဖိုလ် တရားကို ငါရ၏ဟု ဝါကြွား၍ ပြောဆိုသော ရဟန်းသည် သုံးပါးကုန်သော အာပတ်တို့သို့ရောက်၏။

ယုတ်မာသော အလိုရှိသည်ဖြစ်၍ ယုတ်မာသော အလိုရမ္မက် နှိပ်စက်သည်ဖြစ်၍ ထင်ရှားမရှိဘဲ မဟုတ်မမှန်ဘဲ လူတို့၏ ကုသိုလ်ကမ္မပထတရားဆယ်ပါးထက် လွန်မြတ်သော ဈာန်မဂ်ဖိုလ်တရားကို ငါရ၏ဟုပြောအံ့၊ ပါရာဇိကအာပတ်သို့ ရောက်၏။

သင့်ကျောင်း၌နေသော ရဟန်းသည် ရဟန္တာတည်းဟု ပြောဆိုအံ့၊ (အပြောခံရသူ) သိသည်ရှိသော်ထုလ္လစ္စ္စဉ်းအာပတ်သို့ ရောက်၏။

(အပြောခံရသူ) မသိသည်ရှိသော် ဒုက္ကဋ်အာပတ်သို့ ရောက်၏။

ထင်ရှားမရှိဘဲ မဟုတ်မမှန်ဘဲ လူတို့၏ ကုသိုလ်ကမ္မပထတရားဆယ်ပါးထက် လွန်မြတ်သော ဈာန်မဂ်ဖိုလ် တရားကို ငါရ၏ဟု ဝါကြွား၍ ပြောဆိုသော ရဟန်းသည် ဤသုံးပါးကုန်သော အာပတ်တို့သို့ရောက်၏။

လေးပါးကုန်သော ပါရာဇိကတို့သည် ပြီးကုန်၏။

၂-သံဃာဒိသိသ်တစ်ဆယ့်သုံးပါး

၁၆၁။ လုံ့လပြု၍ သုက်ကို လွတ်စေသော ရဟန်းသည် သုံးပါးကုန်သော အာပတ်တို့သို့ ရောက်၏။

စေ့ဆော်အံ့ လုံ့လပြုအံ့ သုက်လွတ်အံ့၊ သံဃာဒိသိသ်အာပတ်သို့ ရောက်၏။

စေ့ဆော်အံ့ လုံ့လပြုအံ့ သုက်မလွတ်အံ့၊ ထုလ္လစ္စဉ်းအာပတ်သို့ ရောက်၏။

အားထုတ်ခြင်း'ပယောဂ’၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

မာတုဂါမနှင့် အတူတကွ ကိုယ်လက်နှီးနှောခြင်းသို့ ရောက်သော ရဟန်းသည် သုံးပါးကုန်သောအာပတ်တို့သို့ ရောက်၏။

--

ကိုယ်ဖြင့် ကိုယ်ကို သုံးသပ်အံ့၊ သံဃာဒိသိသ်အာပတ်သို့ ရောက်၏။

ကိုယ်ဖြင့် ကိုယ်နှင့်စပ်သော ဝတ္ထုကို သုံးသပ်အံ့၊ ထုလ္လစ္စဉ်းအာပတ်သို့ ရောက်၏။

ကိုယ်နှင့်စပ်သော ဝတ္ထုဖြင့် ကိုယ်နှင့်စပ်သော ဝတ္ထုကို သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

မာတုဂါမကို ရုန့်ရင်းကြမ်းတမ်းကုန်သော စကားတို့ဖြင့် ပြောသော ရဟန်းသည် သုံးပါးကုန်သောအာပတ်တို့သို့ ရောက်၏။

ဝစ္စမဂ် ပဿာဝမဂ်ကို ရည်ရွယ်၍ ချီးမွမ်းသော စကားကိုလည်း ပြောအံ့၊ ကဲ့ရဲ့သော စကားကို လည်းပြောအံ့၊ သံဃာဒိသိသ်အာပတ်သို့ ရောက်၏။

ဝစ္စမဂ် ပဿာဝမဂ်ကို ထား၍ ညှပ်ရိုးမှ အောက်, ပုဆစ်ဒူးဝန်းမှ အထက်ကို ရည်ရွယ်၍ ချီးမွမ်း သောစကားကိုလည်း ပြောအံ့၊ ကဲ့ရဲ့သော စကားကိုလည်း ပြောအံ့၊ ထုလ္လစ္စဉ်းအာပတ်သို့ ရောက်၏။

ကိုယ်နှင့်စပ်သော ဝတ္ထုကို ရည်ရွယ်၍ ချီးမွမ်းသော စကားကိုလည်း ပြောအံ့၊ ကဲ့ရဲ့သော စကားကိုလည်း ပြောအံ့၊ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

မိမိအကျိုးငှါ ကာမဂုဏ်ဖြင့် လုပ်ကျွေးခြင်း၏ ဂုဏ်ကျေးဇူးကို ပြောဆိုသော ရဟန်းသည် သုံးပါးကုန်သော အာပတ်တို့သို့ ရောက်၏။

မာတုဂါမထံ၌ မိမိအကျိုးငှါ ကာမဂုဏ်ဖြင့် လုပ်ကျွေးခြင်း၏ ဂုဏ်ကျေးဇူးကို ပြောအံ့၊ သံဃာဒိသိသ်အာပတ်သို့ ရောက်၏။

ပဏ္ဍုက်ထံ၌ မိမိအကျိုးငှါ ကာမဂုဏ်ဖြင့် လုပ်ကျွေးခြင်း၏ ဂုဏ်ကျေးဇူးကို ပြောအံ့၊ ထုလ္လစ္စဉ်းအာပတ်သို့ ရောက်၏။

တိရ စ္ဆာန်ထံ၌ မိမိအကျိုးငှါ ကာမဂုဏ်ဖြင့် လုပ်ကျွေးခြင်း၏ ဂုဏ်ကျေးဇူးကို ပြောအံ့၊ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

အောင်တမန်သွားလာခြင်း ‘အောင်သွယ်ခြင်း'သို့ ရောက်သော ရဟန်းသည် သုံးပါးကုန်သောအာပတ်တို့သို့ ရောက်၏။

ဝန်ခံအံ့ စုံစမ်းအံ့ တစ်ဖန်ဆောင်အံ့၊ သံဃာဒိသိသ်အာပတ်သို့ ရောက်၏။

ဝန်ခံအံ့ စုံစမ်းအံ့ တစ်ဖန်မဆောင်အံ့၊ ထုလ္လစ္စဉ်းအာပတ်သို့ ရောက်၏။

ဝန်ခံအံ့ မစုံစမ်းအံ့ တစ်ဖန်မဆောင်အံ့၊ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

ကိုယ်တိုင် တောင်းယူအပ်သော ပဲခွပ်စသော အဆောက်အဦဖြင့် ကျောင်းကို ပြုစေသော ရဟန်းသည်'ကျောင်းဆောက်သော ရဟန်းသည်’ သုံးပါးကုန်သော အာပတ်တို့သို့ ရောက်၏။

ပြုစေအံ့၊ အားထုတ်ခြင်း'ပယောဂ’၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

(နောက်ဆုံး) မြေစိုင်ခဲတစ်ခုသို့ မရောက်မီ ထုလ္လစ္စဉ်းအာပတ်သို့ ရောက်၏။

(နောက်ဆုံး) မြေစိုင်ခဲ ရောက်သည်ရှိသော် သံဃာဒိသိသ်အာပတ်သို့ ရောက်၏။

ကြီးသော ကျောင်းကို ပြုစေသော ရဟန်းသည်’ သုံးပါးကုန်သော အာပတ်တို့သို့ ရောက်၏။

ပြုစေအံ့၊ အားထုတ်ခြင်း'ပယောဂ’၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

(နောက်ဆုံး) မြေစိုင်ခဲတစ်ခုသို့ မရောက်မီ ထုလ္လစ္စဉ်းအာပတ်သို့ ရောက်၏။

(နောက်ဆုံး) မြေစိုင်ခဲ ရောက်သည်ရှိသော် သံဃာဒိသိသ်အာပတ်သို့ ရောက်၏။

--

ရဟန်းကို (မြင်ခြင်း ကြားခြင်း ရွံရှာခြင်း) အရင်းမရှိသော ပါရာဇိကအာပတ်ဖြင့် စွပ်စွဲ ‘နှိပ်စက်ဖျက်ဆီး'သော ရဟန်းသည် သုံးပါးကုန်သော အာပတ်တို့သို့ ရောက်၏။

ခွင့်မပြုစေဘဲ ‘ခွင့်မတောင်းဘဲ’ (သာသနာတော်မှ) ရွေ့လျောစေလိုသည်ဖြစ်၍ ဆိုအံ့၊ သံဃာဒိသိသ်အာပတ်နှင့်တကွ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

ခွင့်ပြုစေ၍ ‘ခွင့်တောင်း၍’ ဆဲရေးလိုသည်ဖြစ်၍ ဆိုအံ့၊ ဩမသဝါဒပါစိတ်အာပတ်သို့ ရောက်၏။

(တစ်ပါးသော) ရဟန်းကို မနုဿဇာတ်ဘိက္ခုသဘောမှ တစ်ပါးသော တိရစ္ဆာန်ဇာတ်၏ တည်ရာ ဖြစ်သောဆိတ်ဖို၏ တစ်စုံတစ်ခုညွှန်းအပ်သော အမြွက်မျှကို စွဲ၍ ပါရာဇိကအာပတ်ဖြင့် စွပ်စွဲ ‘နှိပ်စက်ဖျက်ဆီး'သော ရဟန်းသည် သုံးပါးကုန်သော အာပတ်တို့သို့ ရောက်၏။

ခွင့်မပြုစေဘဲ ‘ခွင့်မတောင်းဘဲ’ (သာသနာတော်မှ) ရွေ့လျောစေလိုသည်ဖြစ်၍ ဆိုအံ့၊ သံဃာ ဒိသိသ်အာပတ်နှင့်တကွ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

ခွင့်ပြုစေ၍ ‘ခွင့်တောင်း၍’ ဆဲရေးလိုသည် ဖြစ်၍ ဆိုအံ့၊ ဩမသဝါဒပါစိတ်အာပတ်သို့ ရောက်၏။

သုံးကြိမ်တိုင်အောင် (ဉတ်ကမ္မဝါစာဖြင့်) ဆိုဆုံးမပါလျက် (အယူကို) မစွန့်သော သံဃာကို သင်းခွဲသော ရဟန်းသည် သုံးပါးကုန်သော အာပတ်တို့သို့ ရောက်၏။

ဉတ်၏ အဆုံး၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

ကမ္မဝါစာ နှစ်ကြိမ်တို့၏ အဆုံး၌ ထုလ္လစ္စဉ်းအာပတ်သို့ ရောက်၏။

ကမ္မဝါစာ၏ အဆုံး၌ သံဃာဒိသိသ်အာပတ်သို့ ရောက်၏။

သုံးကြိမ်တိုင်အောင် (ဉတ်ကမ္မဝါစာဖြင့်) ဆိုဆုံးမပါလျက် (အယူကို) မစွန့်ကြကုန်သော သံဃာကိုသင်းခွဲသော ‘သံဃဘေဒက’ ရဟန်းသို့ လိုက်ကုန်သော ရဟန်းတို့သည် သုံးပါးကုန်သော အာပတ်တို့သို့ရောက်ကုန်၏။

ဉတ်၏ အဆုံး၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

ကမ္မဝါစာ နှစ်ကြိမ်တို့၏ အဆုံး၌ ထုလ္လစ္စဉ်းအာပတ်သို့ ရောက်၏။

ကမ္မဝါစာ၏အဆုံး၌ သံဃာဒိသိသ်အာပတ်သို့ ရောက်၏။

သုံးကြိမ်တိုင်အောင် (ဉတ်ကမ္မဝါစာဖြင့်) ဆိုဆုံးမပါလျက် (အယူကို) မစွန့်သော ဆိုနိုင်ခက်သောရဟန်းသည် သုံးပါးကုန်သော အာပတ်တို့သို့ ရောက်၏။

ဉတ်၏ အဆုံး၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

ကမ္မဝါစာ နှစ်ကြိမ်တို့၏ အဆုံး၌ ထုလ္လစ္စဉ်းအာပတ်သို့ ရောက်၏။

ကမ္မဝါစာ၏အဆုံး၌ သံဃာဒိသိသ်အာပတ်သို့ ရောက်၏။

သုံးကြိမ်တိုင်အောင် (ဉတ်ကမ္မဝါစာဖြင့်) ဆိုဆုံးမပါလျက် (အယူကို) မစွန့်သော ဒါယကာတို့၏သဒ္ဓါတရားကို ဖျက်ဆီးသော ရဟန်းသည် သုံးပါးကုန်သော အာပတ်တို့သို့ ရောက်၏။

ဉတ်၏ အဆုံး၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

ကမ္မဝါစာ နှစ်ကြိမ်တို့၏ အဆုံး၌ ထုလ္လစ္စဉ်းအာပတ်သို့ ရောက်၏။

ကမ္မဝါစာ၏ အဆုံး၌ သံဃာဒိသိသ်အာပတ်သို့ ရောက်၏။

တစ်ဆယ့်သုံးပါးကုန်သော သံဃာဒိသိသ်အာပတ်တို့သည် ပြီးကုန်၏။

--

၄-နိဿဂ္ဂိပါစိတ်သုံးဆယ်

၁-ကထိနဝဂ်

၁၆၂။ (အဓိဋ္ဌာန်မတင်, ဝိကပ္ပနာမပြုအပ်သေးသော) အတိရေကသင်္ကန်းကို ဆယ်ရက်လွန်စေသောရဟန်းသည် စွန့်ခြင်းဝိနည်းကံရှိသော ပါစိတ်အာပတ်ဟု ဆိုအပ်သော တစ်ပါးသော အာပတ်သို့ရောက်၏။

သင်္ကန်းသုံးထည်နှင့် တစ်ညဉ့်ကင်း၍ နေသော ရဟန်းသည် စွန့်ခြင်းဝိနည်းကံရှိသော ပါစိတ် အာပတ်ဟုဆိုအပ်သော တစ်ပါးသော အာပတ်သို့ ရောက်၏။

အကာလသင်္ကန်းကို ခံယူ၍ တစ်လကို လွန်စေသော ရဟန်းသည် စွန့်ခြင်းဝိနည်းကံရှိသော အာပတ်ဟုဆိုအပ်သော တစ်ပါးသော အာပတ်သို့ ရောက်၏။

ဆွေမျိုးမတော်သော ရဟန်းမိန်းမအား သင်္ကန်းဟောင်းကို ဖွပ်လျှော်ခိုင်းသော ရဟန်းသည် နှစ်ပါးကုန်သော အာပတ်တို့သို့ ရောက်၏။

ဖွပ်ခိုင်းအံ့၊ အားထုတ်ခြင်း'ပယောဂ’၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

ဖွပ်ပြီးသည်ရှိသော် စွန့်ခြင်းဝိနည်းကံရှိသော ပါစိတ်အာပတ်သို့ ရောက်၏။

ဆွေမျိုးမတော်သော ရဟန်းမိန်းမ၏ လက်မှ သင်္ကန်းကို ခံယူသော ရဟန်းသည် နှစ်ပါးကုန်သောအာပတ်တို့သို့ ရောက်၏။

ခံယူအံ့၊ အားထုတ်ခြင်း'ပယောဂ’၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

ယူပြီးသည်ရှိသော် စွန့်ခြင်းဝိနည်းကံရှိသော ပါစိတ်အာပတ်သို့ ရောက်၏။

ဆွေမျိုးမတော်သော ဒါယကာကိုလည်းကောင်း၊ ဒါယိကာမကိုလည်းကောင်း သင်္ကန်းတောင်းသောရဟန်းသည် နှစ်ပါးကုန်သော အာပတ်တို့သို့ ရောက်၏။

တောင်းအံ့၊ အားထုတ်ခြင်း'ပယောဂ’၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

တောင်းယူပြီးသည်ရှိသော် စွန့်ခြင်းဝိနည်းကံရှိသော ပါစိတ်အာပတ်သို့ ရောက်၏။

ဆွေမျိုးမတော်သော ဒါယကာကိုလည်းကောင်း၊ ဒါယိကာမကိုလည်းကောင်း ထိုသင်းပိုင်, ကိုယ်ဝတ်ထက် အလွန်သင်္ကန်းကို တောင်းသော ရဟန်းသည် နှစ်ပါးကုန်သော အာပတ်တို့သို့ ရောက်၏။

တောင်းအံ့၊ အားထုတ်ခြင်း'ပယောဂ’၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

တောင်းပြီးသည်ရှိသော် စွန့်ခြင်းဝိနည်းကံရှိသော ပါစိတ်အာပတ်သို့ ရောက်၏။

ရှေးအခါက မဖိတ်ဖူးဘဲ ဆွေမျိုးမတော်သော ဒါယကာသို့ ချဉ်းကပ်၍ သင်္ကန်း၌ အထူးစီရင်ခြင်းသို့ရောက်သော ရဟန်းသည် နှစ်ပါးကုန်သော အာပတ်တို့သို့ ရောက်၏။

အထူးစီရင်ခြင်းသို့ ရောက်အံ့၊ အားထုတ်ခြင်း'ပယောဂ’၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

အထူးစီရင်ခြင်းသို့ ရောက်ပြီးသည်ရှိသော် စွန့်ခြင်းဝိနည်းကံရှိသော ပါစိတ်အာပတ်သို့ ရောက်၏။

--

ရှေးအခါက မဖိတ်ဘဲ ဆွေမျိုးမတော်သော ဒါယကာတို့သို့ ချဉ်းကပ်၍ သင်္ကန်း၌ အထူးစီရင်ခြင်းသို့ရောက်သော ရဟန်းသည် နှစ်ပါးကုန်သော အာပတ်တို့သို့ ရောက်၏။

အထူးစီရင်ခြင်းသို့ ရောက်အံ့၊ အားထုတ်ခြင်း'ပယောဂ’၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

အထူးစီရင်ခြင်းသို့ ရောက်ပြီးသည်ရှိသော် စွန့်ခြင်းဝိနည်းကံရှိသော ပါစိတ်အာပတ်သို့ ရောက်၏။

သုံးကြိမ်ထက်အလွန် တောင်းခြင်းဖြင့် ခြောက်ကြိမ်ထက်အလွန် ရပ်ခြင်းဖြင့် သင်္ကန်းကို ပြီးစေသောရဟန်းသည် နှစ်ပါးကုန်သော အာပတ်တို့သို့ ရောက်၏။

ပြီးစေအံ့၊ အားထုတ်ခြင်း'ပယောဂ’၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

ပြီးစေပြီးသည်ရှိသော် စွန့်ခြင်းဝိနည်းကံရှိသော ပါစိတ်အာပတ်သို့ ရောက်၏။

ရှေးဦးစွာသော ကထိနဝဂ် ပြီး၏။

၂-ကောသိယဝဂ်

၁၆၃။ ပိုးချည်နှင့် ရောသော အခင်းကို ပြုစေသော ရဟန်းသည် နှစ်ပါးကုန်သော အာပတ်တို့သို့ ရောက်၏။

ပြုစေအံ့၊ အားထုတ်ခြင်း'ပယောဂ’၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

ပြုစေပြီးသည်ရှိသော် စွန့်ခြင်းဝိနည်းကံရှိသော ပါစိတ်အာပတ်သို့ ရောက်၏။

အမည်းသက်သက် ဖြစ်သော သိုးမွေးအခင်းကို ပြုစေသော ရဟန်းသည် နှစ်ပါးကုန်သော အာပတ်တို့သို့ ရောက်၏။

ပြုစေအံ့၊ အားထုတ်ခြင်း'ပယောဂ’၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

ပြုစေပြီးသည်ရှိသော် စွန့်ခြင်းဝိနည်းကံရှိသော ပါစိတ်အာပတ်သို့ ရောက်၏။

သိုးမွေးအဖြူ တစ်ချိန် ‘တစ်ပုံ’ သိုးမွေးအကြောင် တစ်ချိန်'တစ်ပုံ'ကို မယူမူ၍ အသစ်ဖြစ်သော အခင်းကိုပြုစေသော ရဟန်းသည် နှစ်ပါးကုန်သော အာပတ်တို့သို့ ရောက်၏။

ပြုစေအံ့၊ အားထုတ်ခြင်း'ပယောဂ’၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

ပြုစေပြီးသည်ရှိသော် စွန့်ခြင်းဝိနည်းကံရှိသော ပါစိတ်အာပတ်သို့ ရောက်၏။

နှစ်စဉ်နှစ်တိုင်း အခင်းကို ပြုစေသော ရဟန်းသည် နှစ်ပါးကုန်သော အာပတ်တို့သို့ ရောက်၏။

ပြုစေအံ့၊ အားထုတ်ခြင်း'ပယောဂ’၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

ပြုစေပြီးသည်ရှိသော် စွန့်ခြင်းဝိနည်းကံရှိသော ပါစိတ်အာပတ်သို့ ရောက်၏။

--

အခင်းဟောင်း၏ ထက်ဝန်းကျင်မှ မြတ်စွာဘုရား တစ်ထွာ၁အတိုင်းအရှည်ကို မယူမူ၍ အသစ်ဖြစ်သော နိသီဒိုင်အခင်းကို ပြုစေသော ရဟန်းသည် နှစ်ပါးကုန်သော အာပတ်တို့သို့ ရောက်၏။

ပြုစေအံ့၊ အားထုတ်ခြင်း'ပယောဂ’၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

ပြုစေပြီးသည်ရှိသော် စွန့်ခြင်းဝိနည်းကံရှိသော ပါစိတ်အာပတ်သို့ ရောက်၏။

သိုးမွေးတို့ကို ခံယူ၍ သုံးယူဇနာကို လွန်စေသော ရဟန်းသည် နှစ်ပါးကုန်သော အာပတ်တို့သို့ရောက်၏။

ပဌမဖဝါးလှမ်း သုံးယူဇနာကို လွန်စေအံ့၊ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

ဒုတိယဖဝါးလှမ်း သုံးယူဇနာကို လွန်စေအံ့၊ စွန့်ခြင်းဝိနည်းကံရှိသော ပါစိတ်အာပတ်သို့ ရောက်၏။

ဆွေမျိုးမတော်သော ရဟန်းမိန်းမအား သိုးမွေးတို့ကို ဖွပ်လျှော်ခိုင်းသော ရဟန်းသည် နှစ်ပါး ကုန်သောအာပတ်တို့သို့ ရောက်၏။

ဖွပ်လျှော်စေအံ့၊ အားထုတ်ခြင်း'ပယောဂ’၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

ဖွပ်လျှော်ပြီးသည်ရှိသော် စွန့်ခြင်းဝိနည်းကံရှိသော ပါစိတ်အာပတ်သို့ ရောက်၏။

ရွှေငွေစသည်ကို ခံယူသော ရဟန်းသည် နှစ်ပါးကုန်သော အာပတ်တို့သို့ ရောက်၏။

ခံယူအံ့၊ အားထုတ်ခြင်း'ပယောဂ’၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

ခံယူပြီးသည်ရှိသော် စွန့်ခြင်းဝိနည်းကံရှိသော ပါစိတ်အာပတ်သို့ ရောက်၏။

(အထူးထူး အပြားပြား) များသော အပြားရှိသော ရွှေ, ငွေစသည်တို့ဖြင့် ဖလှယ်ခြင်းသို့ ရောက် သောရဟန်းသည် နှစ်ပါးကုန်သော အာပတ်တို့သို့ ရောက်၏။

ဖလှယ်ခြင်းသို့ ရောက်အံ့၊ အားထုတ်ခြင်း'ပယောဂ’၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

(ဖလှယ်ခြင်းသို့) ရောက်ပြီးသည်ရှိသော် စွန့်ခြင်းဝိနည်းကံရှိသော ပါစိတ်အာပတ်သို့ ရောက်၏။

(အထူးထူး အပြားပြား) များသော အပြားရှိသော ရွှေငွေစသည်တို့ဖြင့် ဝယ်ခြင်း ရောင်းခြင်းသို့ ရောက်သော ရဟန်းသည် နှစ်ပါးကုန်သော အာပတ်တို့သို့ ရောက်၏။

ဝယ်ခြင်း ရောင်းခြင်းသို့ ရောက်အံ့၊ အားထုတ်ခြင်း'ပယောဂ’၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

ရောင်းပြီးသည်ရှိသော် စွန့်ခြင်းဝိနည်းကံရှိသော ပါစိတ်အာပတ်သို့ ရောက်၏။

နှစ်ခုမြောက် ကောသိယဝဂ် ပြီး၏။

၁။ မြတ်စွာဘုရား၏ တစ်ထွာသည် မဇ္ဈိမပုရိသ၏ တတောင့်ထွာနှင့်လည်းကောင်း ယခုလက်ရှိပကတိလူတို့၏ နှစ်တောင့် လက်ခြောက်သစ်နှင့်လည်းကောင်း ညီမျှ၏။

--

၃-ပတ္တဝဂ်

၁၆၄။ (အဓိဋ္ဌာန်မတင်, ဝိကပ္ပနာမပြုအပ်သေးသော) အတိရေကသပိတ်ကို ဆယ်ရက်လွန်စေသောရဟန်းသည် စွန့်ခြင်းဝိနည်းကံရှိသော ပါစိတ်အာပတ်ဟု ဆိုအပ်သော တစ်ပါးသော အာပတ်သို့ ရောက်၏။

ငါးဖွဲ့'အဖွဲ့အစပ်ငါးခု'အောက်ယုတ်သော ‘အဆက်ငါးခု မပြည့်သေးသော'သပိတ်ဖြင့် တစ်ပါးသောအသစ်ဖြစ်သော သပိတ်ကို ‘သပိတ်သစ်ကို’ တောင်းသော ရဟန်းသည် နှစ်ပါးကုန်သော အာပတ်တို့သို့ရောက်၏။

တောင်းအံ့၊ အားထုတ်ခြင်း'ပယောဂ’၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

တောင်းပြီးသည်ရှိသော် စွန့်ခြင်းဝိနည်းကံရှိသော ပါစိတ်အာပတ်သို့ ရောက်၏။

ဆေးတို့ကို အကပ်ခံ၍ ခုနစ်ရက်ကို လွန်စေသော ရဟန်းသည် စွန့်ခြင်းဝိနည်းကံရှိသော ပါစိတ်အာပတ်ဟု ဆိုအပ်သော တစ်ပါးသော အာပတ်သို့ ရောက်၏။

တစ်လထက် အလွန် ကြွင်းကျန်သေးသော နွေလ၌ မိုးရေခံသင်္ကန်းကို ရှာမှီးသော ရဟန်းသည်နှစ်ပါးကုန်သော အာပတ်တို့သို့ ရောက်၏။

ရှာမှီးအံ့၊ အားထုတ်ခြင်း'ပယောဂ’၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

ရှာမှီးပြီးသည်ရှိသော် စွန့်ခြင်းဝိနည်းကံရှိသော ပါစိတ်အာပတ်သို့ ရောက်၏။

ရဟန်းတစ်ပါးအား ကိုယ်တိုင် သင်္ကန်းကို ပေးပြီး၍ အမျက်ထွက်ကာ မနှစ်သက်သဖြင့် (ပြန်၍) လုယက်ယူသော ရဟန်းသည် နှစ်ပါးကုန်သော အာပတ်တို့သို့ ရောက်၏။

လုယက်အံ့၊ အားထုတ်ခြင်း'ပယောဂ’၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

လုယက်ပြီးသည်ရှိသော် စွန့်ခြင်းဝိနည်းကံရှိသော ပါစိတ်အာပတ်သို့ ရောက်၏။

ချည်ကို ကိုယ်တိုင် တောင်း၍ ရက်ကန်းသည်တို့ကို သင်္ကန်းရက်ခိုင်းသော ရဟန်းသည် နှစ်ပါးကုန်သော အာပတ်တို့သို့ ရောက်၏။

(သင်္ကန်း) ရက်စေအံ့၊ အားထုတ်ခြင်း'ပယောဂ’၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

(သင်္ကန်း) ရက်စေပြီးသည်ရှိသော် စွန့်ခြင်းဝိနည်းကံရှိသော ပါစိတ်အာပတ်သို့ ရောက်၏။

ရှေးအခါက မဖိတ်ကြားဖူးဘဲ ဆွေမျိုးမတော်သော ဒါယကာ၏ ရက်ကန်းသည်တို့သို့ ချဉ်းကပ်၍သင်္ကန်း၌ အထူးစီရင်ခြင်းသို့ ရောက်သော ရဟန်းသည် နှစ်ပါးကုန်သော အာပတ်တို့သို့ ရောက်၏။

အထူးစီရင်ခြင်းသို့ ရောက်အံ့၊ အားထုတ်ခြင်း'ပယောဂ’၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

အထူးစီရင်ခြင်းသို့ ရောက်ပြီးသည်ရှိသော် စွန့်ခြင်းဝိနည်းကံရှိသော ပါစိတ်အာပတ်သို့ ရောက်၏။

အဆောတလျင် လှူအပ်သော သင်္ကန်းကို အလှူခံ၍ သင်္ကန်းအခါ ‘ကာလ'ကုန်လွန်စေသော ရဟန်းသည် စွန့်ခြင်းဝိနည်းကံရှိသော ပါစိတ်အာပတ်ဟု ဆိုအပ်သော တစ်ပါးသော အာပတ်သို့ ရောက်၏။

--

သင်္ကန်းသုံးထည်တို့တွင် တစ်ထည်ထည်သော သင်္ကန်းကို ရွာတွင်း၌ ထား၍ ခြောက်ညဉ့်ထက် အလွန် (ထိုသင်္ကန်းနှင့်) ကင်း၍ နေသော ရဟန်းသည် စွန့်ခြင်းဝိနည်းကံရှိသော ပါစိတ်အာပတ်ဟု ဆိုအပ်သောတစ်ပါးသော အာပတ်သို့ ရောက်၏။

သံဃာအား ညွတ်လေပြီးသော သံဃာပိုင် ‘သံဃိက'ဖြစ်သော လာဘ်ကို သိပါလျက် မိမိအား ညွတ်စေသော ရဟန်းသည် နှစ်ပါးကုန်သော အာပတ်တို့သို့ ရောက်၏။

ညွတ်စေအံ့၊ အားထုတ်ခြင်း'ပယောဂ’၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

ညွတ်စေပြီးသည်ရှိသော် စွန့်ခြင်းဝိနည်းကံရှိသော ပါစိတ်အာပတ်သို့ ရောက်၏။

သုံးခုမြောက် ပတ္တဝဂ် ပြီး၏။

စွန့်ခြင်းဝိနည်းကံရှိသော ပါစိတ်သုံးဆယ်တို့သည် ပြီးကုန်၏။

၅-ပါစိတ်ကိုးဆယ့်နှစ်ပါး

၁-မုသာဝါဒဝဂ်

၁၆၅။ သိလျက် မဟုတ်မမှန်သော စကားကို ပြောဆိုသော ရဟန်းသည် အဘယ်မျှလောက်ကုန်သောအာပတ်တို့သို့ ရောက်သနည်း။

သိလျက် မဟုတ်မမှန်သော စကားကို ပြောဆိုသော ရဟန်းသည် ငါးပါးကုန်သော အာပတ်တို့သို့ ရောက်၏။

ယုတ်မာသော အလိုရှိသည်ဖြစ်၍ အလိုရမ္မက် နှိပ်စက်သည်ဖြစ်၍ ထင်ရှားမရှိဘဲ မဟုတ်မမှန်ဘဲ လူတို့၏ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ်သော ဈာန်မဂ်ဖိုလ်တရားကို ငါရ၏ (ဟု) ပြောဆိုအံ့၊ ပါရာဇိကအာပတ်သို့ ရောက်၏။

ရဟန်းကို (မြင်ခြင်း ကြားခြင်း ရွံရှာခြင်း) အရင်းမရှိသော ပါရာဇိကအာပတ်ဖြင့် စွပ်စွဲ ‘နှိပ်စက်ဖျက်ဆီး'အံ့၊ သံဃာဒိသိသ်အာပတ်သို့ ရောက်၏။

သင်၏ ကျောင်း၌ နေသော ရဟန်းသည် ရဟန္တာတည်းဟု ပြောအံ့၊ သိသည်ရှိသော် ထုလ္လစ္စဉ်းအာပတ်သို့ ရောက်၏။

မသိသည်ရှိသော် ဒုက္ကဋ်အာပတ်သို့ ရောက်၏။

သိလျက် မဟုတ်မမှန်သော စကားကို ပြောဆိုခြင်းကြောင့် ပါစိတ်အာပတ်သို့ ရောက်၏။

သိလျက် မဟုတ်မမှန်သောစကားကို ပြောဆိုသော ရဟန်းသည် ဤငါးပါးသော အာပတ်တို့သို့ ရောက်၏။

--

ဆဲဆို ‘ကဲ့ရဲ့'သော ရဟန်းသည် နှစ်ပါးကုန်သော အာပတ်တို့သို့ ရောက်၏။

ရဟန်းကို ဆဲရေးအံ့၊ ပါစိတ်အာပတ်သို့ ရောက်၏။

လူသာမဏေကို ဆဲရေးအံ့၊ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

ချောပစ်ကုန်းတိုက်သော စကားကို ဆောင်သော ရဟန်းသည် နှစ်ပါးကုန်သော အာပတ်တို့သို့ ရောက်၏။

ရဟန်းအား ချောပစ်ကုန်းတိုက်သော စကားကို ဆောင်အံ့၊ ပါစိတ်အာပတ်သို့ ရောက်၏။

လူသာမဏေအား ချောပစ်ကုန်းတိုက်သော စကားကို ဆောင်အံ့၊ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

လူသာမဏေကို အဖို့အဖို့အားဖြင့် (ပုဒ်ပြိုင်) တရားကို ပို့ချသော ရဟန်းသည် နှစ်ပါးကုန်သောအာပတ်တို့သို့ ရောက်၏။

ပို့ချအံ့၊ အားထုတ်ခြင်း'ပယောဂ’၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

ပုဒ်တိုင်း ပုဒ်တိုင်း ပါစိတ်အာပတ်သို့ ရောက်၏။

လူ သာမဏေနှင့် (တစ်မိုး တစ်ရံတည်းသော ကျောင်း၌) နှစ်ညဉ့် သုံးညဉ့်ထက် အလွန် အတူတကွအိပ်ခြင်းကို ပြုသော ရဟန်းသည် နှစ်ပါးကုန်သော အာပတ်တို့သို့ ရောက်၏။

အိပ်အံ့၊ အားထုတ်ခြင်း'ပယောဂ’၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

အိပ်ပြီးသည်ရှိသော် ပါစိတ်အာပတ်သို့ ရောက်၏။

မာတုဂါမနှင့် (တစ်မိုးတစ်ရံတည်းသော ကျောင်း၌) အတူတကွ အိပ်ခြင်းကို ပြုသော ရဟန်းသည်နှစ်ပါးကုန်သော အာပတ်တို့သို့ ရောက်၏။

အိပ်အံ့၊ အားထုတ်ခြင်း'ပယောဂ’၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

အိပ်ပြီးသည်ရှိသော် ပါစိတ်အာပတ်သို့ ရောက်၏။

မာတုဂါမအား ငါးပုဒ် ခြောက်ပုဒ်ထက် အလွန် တရားဟောသော ရဟန်းသည် နှစ်ပါးကုန်သောအာပတ်တို့သို့ ရောက်၏။

ဟောအံ့၊ အားထုတ်ခြင်း'ပယောဂ’၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

ပုဒ်တိုင်း ပုဒ်တိုင်း ပါစိတ်အာပတ်သို့ ရောက်၏။

လူ သာမဏေအား အဟုတ်အမှန်ဖြစ်သော လူတို့၏ ကုသိုလ်ကမ္မပထတရားဆယ်ပါးထက် လွန်မြတ်သော ဈာန်မဂ်ဖိုလ်တရားကို ပြောဟောသော ရဟန်းသည် နှစ်ပါးကုန်သော အာပတ်တို့သို့ ရောက်၏။

ပြောကြားအံ့၊ အားထုတ်ခြင်း'ပယောဂ’၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

ပြောကြားပြီးသည်ရှိသော် ပါစိတ်အာပတ်သို့ ရောက်၏။

ရဟန်းယောက်ျား၏ ရုန့်ရင်းကြမ်းတမ်းသော (သံဃာဒိသိသ်) အာပတ်ကို လူ သာမဏေအား ပြောကြားသော ရဟန်းသည် နှစ်ပါးကုန်သော အာပတ်တို့သို့ ရောက်၏။

ပြောကြားအံ့၊ အားထုတ်ခြင်း'ပယောဂ’၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

ပြောကြားပြီးသည်ရှိသော် ပါစိတ်အာပတ်သို့ ရောက်၏။

မြေကို တူးသော ရဟန်းသည် နှစ်ပါးကုန်သော အာပတ်တို့သို့ ရောက်၏။

--

တူးအံ့၊ အားထုတ်ခြင်း'ပယောဂ’၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

အချက်တိုင်း အချက်တိုင်း ‘တူးဆွတိုင်း တူးဆွတိုင်း’ ပါစိတ်အာပတ်သို့ ရောက်၏။

ရှေးဦးစွာသော မုသာဝါဒဝဂ် ပြီး၏။

၂-ဘူတဂါမဝဂ်

၁၆၆။ ဘူတဂါမ်ကို ဖျက်ဆီးသော ရဟန်းသည် နှစ်ပါးကုန်သော အာပတ်တို့သို့ ရောက်၏။

ဖျက်ဆီးအံ့၊ အားထုတ်ခြင်း'ပယောဂ’၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

အချက်တိုင်း အချက်တိုင်း ‘ဖျက်ဆီးတိုင်း ဖျက်ဆီးတိုင်း’ ပါစိတ်အာပတ်သို့ ရောက်၏။

တစ်ပါးသော စကားဖြင့် တစ်ပါးသော စကားကို ဖုံးလွှမ်း၍ ပြောဆိုသော ရဟန်းသည် နှစ်ပါးကုန်သော အာပတ်တို့သို့ ရောက်၏။

အညဝါဒကကံသို့ မတင်မီ တစ်ပါးသော စကားဖြင့် တစ်ပါးသော စကားကို ဖုံးလွှမ်းပြောဆိုအံ့၊ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

အညဝါဒကကံသို့ တင်ပြီးသည်ရှိသော် တစ်ပါးသော စကားဖြင့် တစ်ပါးသော စကားကို ဖုံးလွှမ်းပြောဆိုအံ့၊ ပါစိတ်အာပတ်သို့ ရောက်၏။

ရဟန်းကို ကဲ့ရဲ့ရှုတ်ချသော ရဟန်းသည် နှစ်ပါးကုန်သော အာပတ်တို့သို့ ရောက်၏။

ကဲ့ရဲ့ရှုတ်ချအံ့၊ အားထုတ်ခြင်း'ပယောဂ’၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

ကဲ့ရဲ့ရှုတ်ချပြီးသည်ရှိသော် ပါစိတ်အာပတ်သို့ ရောက်၏။

သံဃာ၏ ဥစ္စာဖြစ်သော ညောင်စောင်း၊ အင်းပျဉ်၊ ဘုံလျှို၊ ကပ်ကျစ်အခင်း ‘ခတ်အခင်း'ကို လွင်တီးခေါင်၌ ခင်း၍ ပြန်မသိမ်းဘဲ မပန်ကြားမူ၍ ဖဲသွားသော ရဟန်းသည် နှစ်ပါးကုန်သော အာပတ်တို့သို့ ရောက်၏။

ပဌမဖဝါးလှမ်း ခဲတစ်ကျကို လွန်စေအံ့၊ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

ဒုတိယဖဝါးလှမ်းကို လွန်စေအံ့၊ ပါစိတ်အာပတ်သို့ ရောက်၏။

သံဃိကကျောင်း၌ အိပ်ရာနေရာကို ခင်း၍ ပြန်မသိမ်းဘဲ မပန်ကြားမူ၍ ဖဲသွားသော ရဟန်းသည်နှစ်ပါးကုန်သော အာပတ်တို့သို့ ရောက်၏။

ပဌမဖဝါးလှမ်း ကျောင်းအရံကို လွန်စေအံ့၊ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

ဒုတိယဖဝါးလှမ်းကို လွန်စေအံ့၊ ပါစိတ်အာပတ်သို့ ရောက်၏။

--

သံဃိကကျောင်း၌ သိလျက် ရှေးဦးစွာ ရောက်နေသော ရဟန်းကို တိုးဝှေ့ လုယက်ကာ အိပ်ခြင်းကိုပြုသော ရဟန်းသည် နှစ်ပါးကုန်သော အာပတ်တို့သို့ ရောက်၏။

အိပ်အံ့၊ အားထုတ်ခြင်း ‘ပယောဂ’ ၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

အိပ်ပြီးသည်ရှိသော် ပါစိတ်အာပတ် သို့ ရောက်၏။

အမျက်ထွက်ကာ မနှစ်သက်သဖြင့် တစ်ပါးသော ရဟန်းကို သံဃိကကျောင်းမှ နှင်ထုတ်သောရဟန်းသည် နှစ်ပါးကုန်သော အာပတ်တို့သို့ ရောက်၏။

နှင်ထုတ်အံ့၊ အားထုတ်ခြင်း ‘ပယောဂ’ ၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

နှင်ထုတ်ပြီးသည်ရှိသော် ပါစိတ်အာပတ်သို့ ရောက်၏။

သံဃိကကျောင်းဝယ် (အလယ်အလတ်တန်းစား ယောက်ျား၏ ဦးခေါင်းမထိသော) အထက်၌ဟင်းလင်းပြင်ဖြစ်သော ကုဋီ၌ အပေါင်၌ အခြေတပ်သော ညောင်စောင်းကိုလည်းကောင်း၊ အင်းပျဉ်ကိုလည်းကောင်း ဖိ၍ ထိုင်သော ရဟန်းသည် နှစ်ပါးကုန်သော အာပတ်တို့သို့ ရောက်၏။

ဖိ၍ ထိုင်အံ့၊ အားထုတ်ခြင်း ‘ပယောဂ’၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

ဖိ၍ ထိုင်ပြီးသည်ရှိသော် ပါစိတ်အာပတ်သို့ ရောက်၏။

နှစ်ထပ် သုံးထပ် (ကျောင်းကို) မိုးပြီး၍ ထိုနှစ်ထပ် သုံးထပ်ထက်အလွန် ထပ်၍ မိုးသော ရဟန်းသည်နှစ်ပါးကုန်သော အာပတ်တို့သို့ ရောက်၏။

စီရင်အံ့ ‘မိုးအံ့’၊ အားထုတ်ခြင်း ‘ပယောဂ’ ၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

စီရင်၍် ပြီးသည်ရှိသော် ‘မိုးပြီးသော်’ ပါစိတ်အာပတ်သို့ ရောက်၏။

ပိုးရှိသော ရေဟု သိပါလျက် ပိုးရှိသော ရေကို မြက်၌လည်းကောင်း၊ မြေ၌လည်းကောင်းသွန်းလောင်းသော ရဟန်းသည် နှစ်းပါးကုန်သော အာပတ်တို့သို့ ရောက်၏။

သွန်းလောင်းအံ့၊ အားထုတ်ခြင်း ‘ပယောဂ’ ၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

သွန်းလောင်းပြီးသည်ရှိသော် ပါစိတ်အာပတ်သို့ ရောက်၏။

နှစ်ခုမြောက် ဘူတဂါမဝဂ် ပြီး၏။

--

၃-ဩဝါဒဝဂ်

၁၆၇။ သမ္မုတိမရဘဲ ရဟန်းမိန်းမတို့ကို ဆုံးမသော ရဟန်းသည် နှစ်ပါးကုန်သော အာပတ်တို့သို့ရောက်၏။

ဆုံးမအံ့၊ အားထုတ်ခြင်း ‘ပယောဂ’ ၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

ဆုံးမပြီးသည်ရှိသော် ပါစိတ်အာပတ်သို့ ရောက်၏။

နေဝင်သည်တိုင်အောင် ရဟန်းမိန်းမတို့ကို ဆုံးမသော ရဟန်းသည် နှစ်ပါးကုန်သော အာပတ်တို့သို့ရောက်၏။

ဆုံးမအံ့၊ အားထုတ်ခြင်း ‘ပယောဂ’ ၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

ဆုံးမပြီးသည်ရှိသော် ပါစိတ်အာပတ်သို့ ရောက်၏။

ရဟန်းမိန်းမကျောင်းသို့ ချဉ်းကပ်၍ ရဟန်းမိန်းမတို့ကို ဆုံးမသော ရဟန်းသည် နှစ်ပါးကုန်သောအာပတ်တို့သို့ ရောက်၏။

ဆုံးမအံ့၊ အားထုတ်ခြင်း ‘ပယောဂ’ ၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

ဆုံးမပြီးသည်ရှိသော် ပါစိတ်အာပတ်သို့ ရောက်၏။

(ဆွမ်း သင်္ကန်း စသော) အာမိသဟူသော အကြောင်းကြောင့် ရဟန်းတို့သည် ရဟန်းမိန်းမတို့ကိုဆုံးမကြကုန်၏ဟု ပြောသော ရဟန်းသည် နှစ်ပါးကုန်သော အာပတ်တို့သို့ ရောက်၏။

ပြောဆိုအံ့၊ အားထုတ်ခြင်း ‘ပယောဂ’ ၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

ပြောဆိုပြီးသည်ရှိသော် ပါစိတ်အာပတ်သို့ ရောက်၏။

ဆွေမျိုးမတော်သော ရဟန်းမိန်းမအား သင်္ကန်းကို ပေးသော ရဟန်းသည် နှစ်ပါးကုန်သောအာပတ်တို့သို့ ရောက်၏။

ပေးအံ့၊ အားထုတ်ခြင်း ‘ပယောဂ’ ၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

ပေးပြီးသည်ရှိသော် ပါစိတ်အာပတ်သို့ ရောက်၏။

ဆွေမျိုးမတော်သော ရဟန်းမိန်းမ၏ သင်္ကန်းကို ချုပ်ပေးသော ရဟန်းသည် နှစ်ပါးကုန်သောအာပတ်တို့သို့ ရောက်၏။

ချုပ်အံ့၊ အားထုတ်ခြင်း ‘ပယောဂ’ ၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

အပ်နုတ်တိုင်း အပ်နုတ်တိုင်း ပါစိတ်အာပတ်သို့ ရောက်၏။

ရဟန်းမိန်းမနှင့်အတူ တိုင်ပင် ‘ချိန်းချက်’ ၍ တစ်ကြောင်းတည်း အဓွန့်ရှည်သော ခရီးသို့ သွားသောရဟန်းသည် နှစ်ပါးကုန်သော အာပတ်တို့သို့ ရောက်၏။

သွားအံ့၊ အားထုတ်ခြင်း ‘ပယောဂ’ ၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

သွားပြီးသည်ရှိသော် ပါစိတ်အာပတ်သို့ ရောက်၏။

--

ရဟန်းမိန်းမနှင့် အတူတကွ တိုင်ပင် ‘ချိန်းချက်'၍ လှေတစ်စင်းတည်း စီးသော ရဟန်းသည်နှစ်ပါးကုန်သော အာပတ်တို့သို့ ရောက်၏။

စီးအံ့၊ အားထုတ်ခြင်း ‘ပယောဂ’ ၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

စီးပြီးသည်ရှိသော် ပါစိတ်အာပတ်သို့ ရောက်၏။

ရဟန်းမိန်းမ စီရင်အပ်သော ဆွမ်းကို (ရဟန်းမိန်းမ စီရင်အပ်သော ဆွမ်းဟု) သိလျက် စားသောရဟန်းသည် နှစ်ပါးကုန်သော အာပတ်တို့သို့ ရောက်၏။

စားအံ့ဟု ခံယူအံ့၊ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

မျိုတိုင်း မျိုတိုင်း ပါစိတ်အာပတ်သို့ ရောက်၏။

ရဟန်းမိန်းမနှင့် အတူ တစ်ယောက်ချင်းချင်း (မျက်စိ နား နှစ်ပါး၏) ဆိတ်ကွယ်ရာ၌ နေခြင်းကိုပြုသော ရဟန်းသည် နှစ်ပါးကုန်သော အာပတ်တို့သို့ ရောက်၏။

ထိုင်အံ့၊ အားထုတ်ခြင်း ‘ပယောဂ’ ၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

ထိုင်ပြီးသည်ရှိသော် ပါစိတ်အာပတ်သို့ ရောက်၏။

သုံးခုမြောက် ဩဝါဒဝဂ် ပြီး၏။

၄ - ဘောဇနဝဂ်

၁၆၈။ ဧည့်သည်တို့ တည်းခိုရာ ဇရပ်စသည်၌ ဝတ်တည်ထားအပ်သော ဆွမ်းကို တစ်ရက်ထက် အလွန်စားသော ရဟန်းသည် နှစ်ပါးကုန်သော အာပတ်တို့သို့ ရောက်၏။

စားအံ့ဟု ခံယူအံ့၊ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

မျိုတိုင်း မျိုတိုင်း ပါစိတ်အာပတ်သို့ ရောက်၏။

ဂဏဘောဇဉ်ကို စားသော ရဟန်းသည် နှစ်ပါးကုန်သော အာပတ်တို့သို့ ရောက်၏။

စားအံ့ဟု ခံယူအံ့၊ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

မျိုတိုင်း မျိုတိုင်း ပါစိတ်အာပတ်သို့ ရောက်၏။

ပရမ္ပရဘောဇဉ်ကို စားသော ရဟန်းသည် နှစ်ပါးကုန်သော အာပတ်တို့သို့ ရောက်၏။

စားအံ့ဟု ခံယူအံ့၊ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

မျိုတိုင်း မျိုတိုင်း ပါစိတ်အာပတ်သို့ ရောက်၏။

နှစ်သပိတ် သုံးသပိတ်အပြည့် မုန့်တို့ကို ခံယူပြီးနောက် ထိုနှစ်သပိတ် သုံးသပိတ်ထက် အလွန်ခံယူသော ရဟန်းသည် နှစ်ပါးကုန်သော အာပတ်တို့သို့ ရောက်၏။

--

ခံယူအံ့၊ အားထုတ်ခြင်း ‘ပယောဂ’ ၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

ခံယူပြီးသည်ရှိသော် ပါစိတ်အာပတ်သို့ ရောက်၏။

ဆွမ်းစားစဉ် တန်ပြီဟု ‘တော်ပြီဟု’ မြစ်မိပါလျက် အတိရိတ်ဝိနည်းကံ မပြုဘဲ ခဲဖွယ်ဘောဇဉ်ကိုစားသော ရဟန်းသည် နှစ်ပါးကုန်သော အာပတ်တို့သို့ ရောက်၏။

စားအံ့ဟု ခံယူအံ့၊ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

မျိုတိုင်း မျိုတိုင်း ပါစိတ်အာပတ်သို့ ရောက်၏။

ဆွမ်းစားစဉ် တော်ပြီဟု မြစ်မိသော ရဟန်းကို အတိရိတ်ဝိနည်းကံ မပြုအပ်သော ခဲဖွယ် ဘောဇဉ် ဖြင့်ယူစေခြင်းငှါ ရှေးရှုဆောင်၍ ဖိတ်သော ရဟန်းသည် နှစ်ပါးကုန်သော အာပတ်တို့သို့ ရောက်၏။

ထိုရဟန်း၏ စကားဖြင့် ခဲအံ့ စားအံ့ဟု ခံယူအံ့၊ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

စားပြီးသည်၏ အဆုံး၌ ပါစိတ်အာပတ်သို့ ရောက်၏။

နေလွဲသော အခါကာလ၌ ခဲဖွယ်ဘောဇဉ်ကို စားသော ရဟန်းသည် နှစ်ပါးကုန်သော အာပတ်တို့သို့ရောက်၏။

ခဲအံ့ စားအံ့ဟု ခံယူအံ့၊ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

မျိုတိုင်း မျိုတိုင်း ပါစိတ်အာပတ်သို့ ရောက်၏။

သိုမှီခြင်းပြု၍ ခဲဖွယ်ဘောဇဉ်ကို စားသော ရဟန်းသည် နှစ်ပါးကုန်သော အာပတ်တို့သို့ ရောက်၏။

ခဲအံ့ စားအံ့ဟု ခံယူအံ့၊ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

မျိုတိုင်း မျိုတိုင်း ပါစိတ်အာပတ်သို့ ရောက်၏။

မွန်မြတ်သော ဘောဇဉ်တို့ကို မိမိ၏ အကျိုးငှါ တောင်း၍ စားသော ရဟန်းသည် နှစ်ပါးကုန်သောအာပတ်တို့သို့ ရောက်၏။

စားအံ့ဟု ခံယူအံ့၊ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

မျိုတိုင်း မျိုတိုင်း ပါစိတ်အာပတ်သို့ ရောက်၏။

အကပ်မခံရသေးသော အာဟာရကို ခံတွင်းဝသို့ ဆောင်သော ရဟန်းသည် နှစ်ပါးကုန်သောအာပတ်တို့သို့ ရောက်၏။

စားအံ့ဟု ခံယူအံ့၊ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

မျိုတိုင်း မျိုတိုင်း ပါစိတ်အာပတ်သို့ ရောက်၏။

လေးခုမြောက် ဘောဇနဝဂ် ပြီး၏။

--

၅-အစေလကဝဂ်

၁၆၉။ အဝတ်မရှိသော တိတ္ထိ ‘တက္ကတွန်း’ အားလည်းကောင်း၊ ပရိဗိုဇ်ယောက်ျားအားလည်းကောင်း၊ ပရိဗိုဇ်မအားလည်းကောင်း မိမိလက်ဖြင့် ခဲဖွယ်ဘောဇဉ်ကို ပေးသော ရဟန်းသည် နှစ်ပါးကုန်သောအာပတ်တို့သို့ ရောက်၏။

ပေးအံ့၊ အားထုတ်ခြင်း ‘ပယောဂ’ ၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

ပေးပြီးသည်ရှိသော် ပါစိတ်အာပတ်သို့ ရောက်၏။

ရဟန်းကို “ငါ့သျှင် လာလော့၊ ရွာသို့လည်းကောင်း၊ နိဂုံးသို့လည်းကောင်း ဆွမ်းအလို့ငှါ ဝင်ကြကုန်အံ့”ဟု ခေါ်၍ ထိုရဟန်းအား (တစ်စုံတစ်ခုသော အာမိသကို) ပေးစေ၍လည်းကောင်း၊ မပေးစေမူ၍လည်းကောင်း (ပြန်) လွှတ်လိုက်သော ရဟန်းသည် နှစ်ပါးကုန်သော အာပတ်တို့သို့ ရောက်၏။

လွှတ်အံ့၊ အားထုတ်ခြင်း ‘ပယောဂ’ ၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

လွှတ်ပြီးသည်ရှိသော် ပါစိတ်အာပတ်သို့ ရောက်၏။

လင်မယားနှစ်ယောက် အတူတကွရှိသော ‘စည်းစိမ်ခံဖော်ရှိသော’ အိမ်၌ အိမ်တွင်းသို့ ဝင်၍ ထိုင်နေခြင်းကို ပြုသော ရဟန်းသည် နှစ်ပါးကုန်သော အာပတ်တို့သို့ ရောက်၏။

ထိုင်အံ့၊ အားထုတ်ခြင်း ‘ပယောဂ’၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

ထိုင်ပြီးသည်ရှိသော် ပါစိတ်အာပတ်သို့ ရောက်၏။

မာတုဂါမနှင့် အတူ ဆိတ်ကွယ်သော (နံရံစသည်ဖြင့်) ဖုံးလွှမ်းသော နေရာ၌ နေခြင်းကို ပြုသောရဟန်းသည် နှစ်ပါးကုန်သော အာပတ်တို့သို့ ရောက်၏။

နေထိုင်အံ့၊ အားထုတ်ခြင်း ‘ပယောဂ’၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

နေထိုင်ပြီးသည်ရှိသော် ပါစိတ်အာပတ်သို့ ရောက်၏။

မာတုဂါမနှင့် အတူတကွ တစ်ယောက်ချင်းချင်း (မျက်စိ, နား နှစ်ပါး) ဆိတ်ကွယ်ရာ၌ ထိုင်နေခြင်းကိုပြုသော ရဟန်းသည် နှစ်ပါးကုန်သော အာပတ်တို့သို့ ရောက်၏။

ထိုင်နေအံ့၊ အားထုတ်ခြင်း ‘ပယောဂ’ ၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

ထိုင်နေပြီးသည်ရှိသော် ပါစိတ်အာပတ်သို့ ရောက်၏။

(ဘောဇဉ်ဖြင့်) ပင့်ဖိတ်အပ်သော ဆွမ်းရှိလျက် (ထင်ရှားရှိသော ရဟန်းကို မပန်ကြားမူ၍) ဆွမ်းစားရာကာလမှ ရှေ့၌လည်းကောင်း၊ ဆွမ်းစားရာကာလမှ နောက်၌လည်းကောင်း အိမ်တို့၌ သွားလာလှည့်လည်ခြင်းသို့ ရောက်သော ရဟန်းသည် နှစ်ပါးကုန်သော အာပတ်တို့သို့ ရောက်၏။

ပဌမခြေဖဝါးလှမ်း တံခါးခုံကို လွန်စေအံ့၊ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

ဒုတိယခြေဖဝါးလှမ်းကို လွန်စေအံ့၊ ပါစိတ်အာပတ်သို့ ရောက်၏။

--

ထိုဖိတ်အပ်သော ဆေးအပိုင်းအခြား ညဉ့်အပိုင်းအခြားထက် အလွန် ဆေးကို တောင်းသော ရဟန်းသည် နှစ်ပါးကုန်သော အာပတ်တို့သို့ ရောက်၏။

တောင်းအံ့၊ အားထုတ်ခြင်း ‘ပယောဂ’ ၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

တောင်းပြီးသည်ရှိသော် ပါစိတ်အာပတ်သို့ ရောက်၏။

ချီတက်သော စစ်တပ်ကို ကြည့်ရှုခြင်းအလို့ငှါ သွားသော ရဟန်းသည် နှစ်ပါးကုန်သော အာပတ် တို့သို့ရောက်၏။

သွားအံ့၊ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

အကြင်အရပ်၌ ရပ် (တည်)လျက် မြင်အံ့၊ ပါစိတ်အာပတ်သို့ ရောက်၏။

သုံးညဉ့်ထက် အလွန် စစ်တပ်၌ နေသော ရဟန်းသည် နှစ်ပါးကုန်သော အာပတ်တို့သို့ ရောက်၏။

နေအံ့၊ အားထုတ်ခြင်း ‘ပယောဂ’ ၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

နေပြီးသည်ရှိသော် ပါစိတ်အာပတ်သို့ ရောက်၏။

တက်၍ တက်၍ ထိုးပစ်ရာအရပ်သို့ သွားသော ရဟန်းသည် နှစ်ပါးကုန်သော အာပတ်တို့သို့ရောက်၏။

သွားအံ့၊ အားထုတ်ခြင်း ‘ပယောဂ’ ၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

အကြင်အရပ်၌ ရပ် (တည်)လျက် မြင်အံ့၊ ပါစိတ်အာပတ်သို့ ရောက်၏။

ငါးခုမြောက် အစေလကဝဂ် ပြီး၏။

၆ - သုရာပါနဝဂ်

၁၇၀။ သေအရက်ကို သောက်သော ရဟန်းသည် နှစ်ပါးကုန်သော အာပတ်တို့သို့ ရောက်၏။

သောက်အံ့ဟု ခံယူအံ့၊ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

မျိုတိုင်း မျိုတိုင်း ပါစိတ်အာပတ်သို့ ရောက်၏။

ရဟန်းကို လက်ချောင်းတို့ဖြင့် (လက်ကတီးကြားကို) ထိုးကစားသဖြင့် ရယ်မြူးစေသော ရဟန်း သည်နှစ်ပါးကုန်သော အာပတ်တို့သို့ ရောက်၏။

ရယ်မြူးစေအံ့၊ အားထုတ်ခြင်း ‘ပယောဂ’ ၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

ရယ်မြူးပြီးသည်ရှိသော် ပါစိတ်အာပတ်သို့ ရောက်၏။

ရေ၌ မြူးထူးပျော်ပါး ကစားသော ရဟန်းသည် နှစ်ပါးကုန်သော အာပတ်တို့သို့ ရောက်၏။

ဖမျက်မနစ် (မမြုပ်) သော ရေ၌ ကစားအံ့၊ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

--

ဖမျက်နစ် (မြုပ်) သော ရေ၌ ကစားအံ့၊ ပါစိတ်အာပတ်သို့ ရောက်၏။

ပုဂ္ဂိုလ် တရား ‘ပုဂ္ဂလ ဓမ္မ’ နှစ်ပါးတို့ကို မရိုသေခြင်းကို ပြုသော ရဟန်းသည် နှစ်ပါးကုန်သောအာပတ်တို့သို့ ရောက်၏။

(မရိုသေခြင်းကို) ပြုအံ့၊ အားထုတ်ခြင်း ‘ပယောဂ’ ၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

ပြုပြီးသည်ရှိသော် ပါစိတ်အာပတ်သို့ ရောက်၏။

ရဟန်းကို ခြောက်သော ‘ကြောက်စေသော’ ရဟန်းသည် နှစ်ပါးကုန်သော အာပတ်တို့သို့ ရောက်၏။

ခြောက်အံ့၊ အားထုတ်ခြင်း ‘ပယောဂ’ ၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

ခြောက်ပြီးသည်ရှိသော် ပါစိတ်အာပတ်သို့ ရောက်၏။

မီးကို ညှိ၍ လှုံသော ရဟန်းသည် နှစ်ပါးကုန်သော အာပတ်တို့သို့ ရောက်၏။

မီးညှိအံ့၊ အားထုတ်ခြင်း ‘ပယောဂ’ ၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

မီးညှိပြီးသည်ရှိသော် ပါစိတ်အာပတ်သို့ ရောက်၏။

(ရေချိုးပြီးသည်မှ) လခွဲအတွင်း၌ ရေချိုးသော ရဟန်းသည် နှစ်ပါးကုန်သော အာပတ်တို့သို့ ရောက်၏။

ရေချိုးအံ့၊ အားထုတ်ခြင်း ‘ပယောဂ’ ၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

ရေချိုးပြီးသည်၏ အဆုံး၌ ပါစိတ်အာပတ်သို့ ရောက်၏။

အဆင်းပျက်ခြင်းကို ပြုကြောင်း ‘ကပ္ပဗိန္ဒု’ သုံးပါးတို့တွင် တစ်ပါးပါးသော အဆင်းပျက်ခြင်းကို့ပြုကြောင်း ‘ကပ္ပဗိန္ဒု’ ကို မယူမူ၍ သင်္ကန်းသစ်ကို သုံးဆောင် ‘ဝတ်ရုံ’ သော ရဟန်းသည် နှစ်ပါးကုန်သော အာပတ်တို့သို့ ရောက်၏။

သုံးဆောင် ‘ဝတ်ရုံ’ အံ့၊ အားထုတ်ခြင်း ‘ပယောဂ’ ၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

သုံးဆောင် ‘ဝတ်ရုံ’ ပြီးသည်ရှိသော် ပါစိတ်အာပတ်သို့ ရောက်၏။

ရဟန်းယောက်ျားအားလည်းကောင်း၊ ရဟန်းမိန်းမအားလည်းကောင်း၊ သိက္ခမာန်အားလည်းကောင်း၊ သာမဏေယောက်ျားအားလည်းကောင်း၊ သာမဏေမိန်းမအားလည်းကောင်း ကိုယ်တိုင် သင်္ကန်းကိုဝိကပ္ပနာ ပြု၍ ပစ္စုဒ္ဓိုရ်မပြုဘဲ သုံးဆောင် ‘ဝတ်ရုံ’ သော ရဟန်းသည် နှစ်ပါးကုန်သော အာပတ်တို့သို့ရောက်၏။

သုံးဆောင် ‘ဝတ်ရုံ’ အံ့၊ အားထုတ်ခြင်း ‘ပယောဂ’ ၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

သုံးဆောင် ‘ဝတ်ရုံ’ ပြီးသည်ရှိသော် ပါစိတ်အာပတ်သို့ ရောက်၏။

ရဟန်း၏ သပိတ်ကိုလည်းကောင်း၊ သင်္ကန်းကိုလည်းကောင်း၊ နိသီဒိုင်ကိုလည်းကောင်း၊ အပ်ကျည်'အပ်ဘူး'ကိုလည်းကောင်း၊ ခါးပန်းကြိုးကိုလည်းကောင်း ဝှက်ထားသော ရဟန်းသည် နှစ်ပါးကုန်သောအာပတ်တို့သို့ ရောက်၏။

ဝှက်အံ့၊ အားထုတ်ခြင်း ‘ပယောဂ’ ၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

ဝှက်ပြီးသည်ရှိသော် ပါစိတ်အာပတ်သို့ ရောက်၏။

ခြောက်ခုမြောက် သုရာပါနဝဂ် ပြီး၏။

--

၇ - သပ္ပါဏကဝဂ်

၁၇၁။ (သတ္တဝါဟူသော အမှတ်နှင့်တကွ သတ်လိုသော စေတနာဖြင့်) စေ့ဆော်၍ သတ္တဝါကိုဇီဝိတိန္ဒြေမှ ချသော ရဟန်းသည် အဘယ်မျှလောက်ကုန်သော အာပတ်တို့သို့ ရောက်သနည်း။

(သတ္တဝါဟူသော အမှတ်နှင့်တကွ သတ်လိုသော စေတနာဖြင့်) စေ့ဆော်၍ သတ္တဝါကို ဇီဝိတိန္ဒြေမှချသော ရဟန်းသည် လေးပါးကုန်သော အာပတ်တို့သို့ ရောက်၏။

“တစ်စုံတစ်ယောက်သော သူသည် ကျ၍ သေလတ္တံ့”ဟု (ကြံ၍) မရည်ရွယ်မူ၍ တွင်းကို တူးအံ့၊ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

လူသည် ထိုတွင်း၌ ကျ၍ သေအံ့၊ ပါရာဇိကအာပတ်သို့ ရောက်၏။

ဘီလူးသည်လည်းကောင်း၊ ပြိတ္တာသည်လည်းကောင်း၊ လူယောင်ဖန်ဆင်းသော တိရစ္ဆာန်သည်လည်းကောင်း ထိုတွင်း၌ ကျ၍ သေအံ့၊ ထုလ္လစ္စဉ်းအာပတ်သို့ ရောက်၏။

တိရစ္ဆာန်သည် ထိုတွင်း၌ ကျ၍ သေအံ့၊ ပါစိတ်အာပတ်သို့ ရောက်၏။

(သတ္တဝါဟူသော အမှတ်နှင့်တကွ သတ်လိုသော စေတနာဖြင့်) စေ့ဆော်၍ သတ္တဝါကို ဇီဝိတိန္ဒြေမှချသော ရဟန်းသည် ဤလေးပါးကုန်သော အာပတ်တို့သို့ ရောက်၏။

(ပိုးသေအံ့ဟု) သိလျက် ပိုးရှိသော ရေကို သုံးဆောင်သော ရဟန်းသည် နှစ်ပါးကုန်သော အာပတ်တို့သို့ ရောက်၏။

သုံးဆောင်အံ့၊ အားထုတ်ခြင်း ‘ပယောဂ’ ၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

သုံးဆောင်ပြီးသည်ရှိသော် ပါစိတ်အာပတ်သို့ ရောက်၏။

သိလျက် တရားအားလျော်စွာ ငြိမ်းပြီးသော (လေးပါးသော) အဓိကရုဏ်းကို တစ်ဖန် ကံပြုခြင်းငှါလှုံ့ဆော်သော ရဟန်းသည် နှစ်ပါးကုန်သော အာပတ်တို့သို့ ရောက်၏။

လှုံ့ဆော်အံ့၊ အားထုတ်ခြင်း ‘ပယောဂ’ ၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

လှုံ့ဆော်ပြီးသည် ရှိသော် ပါစိတ်အာပတ်သို့ ရောက်၏။

သိလျက် ရဟန်း၏ ရုန့်ရင်းကြမ်းတမ်းသော (သံဃာဒိသိသ်) အာပတ်ကို ဖုံးလွှမ်းသော ရဟန်း သည်ပါစိတ်အာပတ်ဟု ဆိုအပ်သော တစ်ပါးသော အာပတ်သို့ ရောက်၏။

သိလျက် (ပဋိသန္ဓေမှစ၍) အသက်နှစ်ဆယ်မပြည့်သော ပုဂ္ဂိုလ်ကို (ဥပဇ္ဈာယ်ပြု၍) ရဟန်းခံ ပေးသောရဟန်းသည် နှစ်ပါးကုန်သော အာပတ်တို့သို့ ရောက်၏။

ရဟန်းခံပေးအံ့၊ အားထုတ်ခြင်း ‘ပယောဂ’ ၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

ရဟန်းခံပေးပြီးသည်ရှိသော် ပါစိတ်အာပတ်သို့ ရောက်၏။

သိလျက် ခိုးသူကုန်သည်နှင့် အတူတကွ တိုင်ပင်၍ တစ်ကြောင်းတည်း ခရီးရှည်သို့ သွားသောရဟန်းသည် နှစ်ပါးကုန်သော အာပတ်တို့သို့ ရောက်၏။

သွားအံ့၊ အားထုတ်ခြင်း ‘ပယောဂ’ ၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

--

သွားပြီးသည်ရှိသော် ပါစိတ်အာပတ်သို့ ရောက်၏။

မာတုဂါမနှင့် အတူတကွ တိုင်ပင်၍ တစ်ကြောင်းတည်း ခရီးရှည်သို့ သွားသော ရဟန်းသည်နှစ်ပါးကုန်သော အာပတ်တို့သို့ ရောက်၏။

သွားအံ့၊ အားထုတ်ခြင်း ‘ပယောဂ’ ၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

သွားပြီးသည်ရှိသော် ပါစိတ်အာပတ်သို့ ရောက်၏။

သုံးကြိမ်တိုင်တိုင် (ဉတ်ကမ္မဝါစာဖြင့်) ဆုံးမပါလျက် ယုတ်မာသော အယူကို မစွန့်သော ရဟန်း သည်နှစ်ပါးကုန်သော အာပတ်တို့သို့ ရောက်၏။

ဉတ်၏အဆုံး၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

ကမ္မဝါစာ၏အဆုံး၌ ပါစိတ်အာပတ်သို့ ရောက်၏။

ထိုသို့သဘောရှိသော စကားကို ဆိုတတ်သော သွင်းခြင်းကို မပြုရသေးသော ထိုမှားသော အယူကိုမစွန့်သော ရဟန်းနှင့် အတူ (အာမိသ ဓမ္မ သံဘောဂနှစ်ပါးကို) သိလျက် သုံးဆောင်သော ရဟန်းသည်နှစ်ပါးကုန်သော အာပတ်တို့သို့ ရောက်၏။

သုံးဆောင်အံ့၊ အားထုတ်ခြင်း ‘ပယောဂ’ ၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

သုံးဆောင်ပြီးသည်ရှိသော် ပါစိတ်အာပတ်သို့ ရောက်၏။

သိလျက် ထိုသို့သဘောရှိသော ဒဏ်အမှုဖြင့် ဖျက်ဆီးအပ်သော သာမဏေကို ဖြားယောင်းသောရဟန်းသည် နှစ်ပါးကုန်သော အာပတ်တို့သို့ ရောက်၏။

ဖြားယောင်းအံ့၊ အားထုတ်ခြင်း ‘ပယောဂ’ ၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

ဖြားယောင်းပြီးသည်ရှိသော် ပါစိတ်အာပတ်သို့ ရောက်၏။

ခုနစ်ခုမြောက် သပ္ပါဏကဝဂ် ပြီး၏။

၈ - သဟဓမ္မိကဝဂ်

၁၇၂။ ရဟန်းတို့သည် သိက္ခာပုဒ်တော်ဖြင့် ဆိုအပ်သည်ရှိသော် “ငါ့သျှင် ငါသည် ကျွမ်းကျင် လိမ္မာ၍ဝိနည်းကို ဆောင်သော တစ်ပါးသော ရဟန်းကို မမေးရသေးသမျှ ကာလပတ်လုံး ထိုသိက္ခာပုဒ်၌မကျင့်အံ့”ဟု ပြောဆိုသော ရဟန်းသည် နှစ်ပါးကုန်သော အာပတ်တို့သို့ ရောက်၏။

ပြောဆိုအံ့၊ အားထုတ်ခြင်း ‘ပယောဂ’ ၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

ပြောဆိုပြီးသည်ရှိသော် ပါစိတ်အာပတ်သို့ ရောက်၏။

ဝိနည်းကို ကဲ့ရဲ့သော ရဟန်းသည် နှစ်ပါးကုန်သော အာပတ်တို့သို့ ရောက်၏။

--

ကဲ့ရဲ့အံ့၊ အားထုတ်ခြင်း ‘ပယောဂ’ ၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

ကဲ့ရဲ့ပြီးသည်ရှိသော် ပါစိတ်အာပတ်သို့ ရောက်၏။

မသိဟန်ဆောင်သော ရဟန်းသည် နှစ်ပါးကုန်သော အာပတ်တို့သို့ ရောက်၏။

မောဟာရောပနကံသို့ မတင်မီ မသိဟန်ဆောင်အံ့၊ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

မောဟာရောပနကံသို့ တင်ပြီးသည်ရှိသော် မသိဟန်ဆောင်အံ့၊ ပါစိတ်အာပတ်သို့ ရောက်၏။

ရဟန်းအား စိတ်ဆိုးကာ မနှစ်သက်သည် ဖြစ်၍ ပုတ်ခတ်ခြင်းကို ပေးသော ရဟန်းသည် နှစ်ပါးကုန်သော အာပတ်တို့သို့ ရောက်၏။

ပုတ်ခတ်အံ့၊ အားထုတ်ခြင်း ‘ပယောဂ’ ၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

ပုတ်ခတ်ပြီးသည်ရှိသော် ပါစိတ်အာပတ်သို့ ရောက်၏။

ရဟန်းအား စိတ်ဆိုးကာ မနှစ်သက်သည် ဖြစ်၍ လက်ဝါးပြင်ကို မိုးသော ရဟန်းသည် နှစ်ပါးကုန်သော အာပတ်တို့သို့ ရောက်၏။

မိုးအံ့၊ အားထုတ်ခြင်း ‘ပယောဂ’ ၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

မိုးပြီးသည်ရှိသော် ပါစိတ်အာပတ်သို့ ရောက်၏။

ရဟန်းကို (မြင်ခြင်း ကြားခြင်း ရွံရှာခြင်း) အကြောင်းရင်းမရှိသော သံဃာဒိသိသ်အာပတ်ဖြင့် စွပ်စွဲနှိပ်စက် ဖျက်ဆီးသော ရဟန်းသည် နှစ်ပါးကုန်သော အာပတ်တို့သို့ ရောက်၏။

စွပ်စွဲနှိပ်စက်ဖျက်ဆီးအံ့၊ အားထုတ်ခြင်း ‘ပယောဂ’ ၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

စွပ်စွဲနှိပ်စက်ဖျက်ဆီးပြီးသည်ရှိသော် ပါစိတ်အာပတ်သို့ ရောက်၏။

ရဟန်းအား (မချမ်းသာစေလိုသော) စေတနာရှိသည် ဖြစ်၍ တွေးတောမှု ‘သံသယကုက္ကုစ္စ’ ကိုဖြစ်စေသော ရဟန်းသည် နှစ်ပါးကုန်သော အာပတ်တို့သို့ ရောက်၏။

(တွေးတောမှု ‘သံသယကုက္ကုစ္စ'ကို) ဖြစ်စေအံ့၊ အားထုတ်ခြင်း ‘ပယောဂ’ ၌ ဒုက္ကဋ်အာပတ်သို့ရောက်၏။

(တွေးတောမှု ‘သံသယကုက္ကုစ္စ'ကို) ဖြစ်စေပြီးသည်ရှိသော် ပါစိတ်အာပတ်သို့ ရောက်၏။

မျက်ကွယ်မျက်မှောက်ငြင်းခုံလျက် ဆန့်ကျင်ဘက်ပြောကြားခြင်းသို့ ရောက်ကုန်သော ရဟန်းတို့၏အသံကို ကြားလောက်ရာအရပ်၌ ရပ်တည်သော ရဟန်းသည် နှစ်ပါးကုန်သော အာပတ်တို့သို့ ရောက်၏။

နားထောင်အံ့ဟု သွားအံ့၊ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

အကြင်အရပ်၌ ရပ်လျက် ကြားအံ့၊ ပါစိတ်အာပတ်သို့ ရောက်၏။

ဟုတ်မှန်သော သဘောရှိကုန်သော (လေးပါးသော) ကံတို့အား အလို ‘ဆန္ဒ'ကို ပေးပြီး၍ နောက်မှရှုတ်ချခြင်းသဘောသို့ ရောက်သော ရဟန်းသည် နှစ်ပါးကုန်သော အာပတ်တို့သို့ ရောက်၏။

ရှုတ်ချအံ့၊ အားထုတ်ခြင်း ‘ပယောဂ’ ၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

ရှုတ်ချပြီးသည်ရှိသော် ပါစိတ်အာပတ်သို့ ရောက်၏။

သံဃာ၌ အဆုံးအဖြတ် စကားဖြစ်စဉ် ဆန္ဒမပေးဘဲ နေရာမှ ထ၍ ဖဲသွားသော ရဟန်းသည်နှစ်ပါးကုန်သော အာပတ်တို့သို့ ရောက်၏။

--

ပရိသတ်၏ နှစ်တောင့်ထွာ ‘ဟတ္ထပါသ်'ကို စွန့်စဉ် ဒုက္ကဋ်အာပတ်သို့ ရောက်၏။

(နှစ်တောင့်ထွာ ‘ဟတ္ထပါသ်'ကို) စွန့်ပြီးသည်ရှိသော် ပါစိတ်အာပတ်သို့ ရောက်၏။

ညီညွတ်သော သံဃာနှင့် အတူတကွ သင်္ကန်းကို ပေးပြီး၍ နောက်မှ ရှုတ်ချခြင်းသဘောသို့ရောက်သော ရဟန်းသည် နှစ်ပါးကုန်သော အာပတ်တို့သို့ ရောက်၏။

ရှုတ်ချအံ့၊ အားထုတ်ခြင်း ‘ပယောဂ’ ၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

ရှုတ်ချပြီးသည်ရှိသော် ပါစိတ်အာပတ်သို့ ရောက်၏။

(သံဃာအား) ညွတ်ပြီးသော သံဃာ၏ ဥစ္စာ ‘သံဃိက’ ဖြစ်သော (သင်္ကန်းစသော) လာဘ်ကိုသိလျက် ပုဂ္ဂိုလ်အား ညွတ်စေသော ရဟန်းသည် နှစ်ပါးကုန်သော အာပတ်တို့သို့ ရောက်၏။

ညွတ်စေအံ့၊ အားထုတ်ခြင်း ‘ပယောဂ’ ၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

ညွတ်စေပြီးသည်ရှိသော် ပါစိတ်အာပတ်သို့ ရောက်၏။

ရှစ်ခုမြောက် သဟဓမ္မိကဝဂ် ပြီး၏။

၉ - ရာဇဝဂ်

၁၇၃။ ရှေးမဆွက မိမိလာသည်၏ အဖြစ်ကို မသိစေဘဲ မင်း၏ နန်းတော်တွင်းသို့ ဝင်သောရဟန်းသည် နှစ်ပါးကုန်သော အာပတ်တို့သို့ ရောက်၏။

ပဌမဖဝါးလှမ်း တံခါးခုံကို လွန်စေအံ့၊ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

ဒုတိယဖဝါးလှမ်းကို လွန်စေအံ့၊ ပါစိတ်အာပတ်သို့ ရောက်၏။

ရတနာဆယ်ပါးကို ကောက်ယူသော ရဟန်းသည် နှစ်ပါးကုန်သော အာပတ်တို့သို့ ရောက်၏။

(ကောက်) ယူအံ့၊ အားထုတ်ခြင်း ‘ပယောဂ’ ၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

(ကောက်) ယူပြီးသည်ရှိသော် ပါစိတ်အာပတ်သို့ ရောက်၏။

ထင်ရှားရှိသော ရဟန်းကို မပန်ကြားဘဲ နေလွဲသော အခါကာလ၌ ရွာတွင်းသို့ ဝင်သော ရဟန်း သည်နှစ်ပါးကုန်သော အာပတ်တို့သို့ ရောက်၏။

ပဌမဖဝါးလှမ်း အရံကို လွန်စေအံ့၊ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

ဒုတိယဖဝါးလှမ်း (အရံ) ကို လွန်စေအံ့၊ ပါစိတ်အာပတ်သို့ ရောက်၏။

အရိုး ဆင်စွယ် ဦးချိုတို့ဖြင့်ပြီးသော အပ်ကျည် ‘အပ်ဗူး'ကို ပြုစေသော ရဟန်းသည် နှစ်ပါးကုန် သောအာပတ်တို့သို့ ရောက်၏။

ပြုစေအံ့၊ အားထုတ်ခြင်း ‘ပယောဂ’ ၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

--

ပြုပြီးသည်ရှိသော် ပါစိတ်အာပတ်သို့ ရောက်၏။

အတိုင်းအထွာ (ပမာဏ) ကို လွန်သော ညောင်စောင်း အင်းပျဉ်ကို ပြုစေသော ရဟန်းသည်နှစ်ပါးကုန်သော အာပတ်တို့သို့ ရောက်၏။

ပြုစေအံ့၊ အားထုတ်ခြင်း ‘ပယောဂ’ ၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

ပြုပြီးသည်ရှိသော် ပါစိတ်အာပတ်သို့ ရောက်၏။

လဲသွတ်သော ညောင်စောင်း အင်းပျဉ်ကို ပြုစေသော ရဟန်းသည် နှစ်ပါးကုန်သော အာပတ်တို့သို့ရောက်၏။

ပြုစေအံ့၊ အားထုတ်ခြင်း ‘ပယောဂ’ ၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

ပြုစေပြီးသည်ရှိသော် ပါစိတ်အာပတ်သို့ ရောက်၏။

အတိုင်းအထွာ (ပမာဏ) ကို လွန်သော နိသီဒိုင်ကို ပြုစေသော ရဟန်းသည် နှစ်ပါးကုန်သောအာပတ်တို့သို့ ရောက်၏။

ပြုစေအံ့၊ အားထုတ်ခြင်း ‘ပယောဂ’ ၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

ပြုစေပြီးသည်ရှိသော် ပါစိတ်အာပတ်သို့ ရောက်၏။

အတိုင်းအထွာ (ပမာဏ) ကို လွန်သော အမာလွှမ်းသင်္ကန်းကို ပြုစေသော ရဟန်းသည် နှစ်ပါးကုန်သော အာပတ်တို့သို့ ရောက်၏။

ပြုစေအံ့၊ အားထုတ်ခြင်း ‘ပယောဂ’ ၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

ပြုစေပြီးသည်ရှိသော် ပါစိတ်အာပတ်သို့ ရောက်၏။

အတိုင်းအထွာ (ပမာဏ) ကို လွန်သော မိုးရေခံသင်္ကန်းကို ပြုစေသော ရဟန်းသည် နှစ်ပါး ကုန်သောအာပတ်တို့သို့ ရောက်၏။

ပြုစေအံ့၊ အားထုတ်ခြင်း ‘ပယောဂ’ ၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

ပြုစေပြီးသည်ရှိသော် ပါစိတ်အာပတ်သို့ ရောက်၏။

မြတ်စွာဘုရား သင်္ကန်းတော်၏ အတိုင်းအထွာ (ပမာဏ) ရှိသော သင်္ကန်းကို ပြုစေသော ရဟန်းသည် အဘယ်မျှလောက်ကုန်သော အာပတ်တို့သို့ ရောက်သနည်း။

မြတ်စွာဘုရား သင်္ကန်းတော်၏ အတိုင်းအထွာ (ပမာဏ) ရှိသော သင်္ကန်းကို ပြုစေသော ရဟန်းသည် နှစ်ပါးကုန်သော အာပတ်တို့သို့ ရောက်၏။

ပြုစေအံ့၊ အားထုတ်ခြင်း ‘ပယောဂ’ ၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

ပြုစေပြီးသည်ရှိသော် ပါစိတ်အာပတ်သို့ ရောက်၏။

မြတ်စွာဘုရား သင်္ကန်းတော်၏ အတိုင်းအထွာ (ပမာဏ) ရှိသော သင်္ကန်းကို ပြုစေသော ရဟန်းသည် ဤနှစ်ပါးကုန်သော အာပတ်တို့သို့ ရောက်၏။

--ကိုးခုမြောက် ရာဇဝဂ် ပြီး၏။

သေးငယ်သော ‘ခုဒ္ဒက’ အာပတ်တို့သည် ပြီးကုန်၏။

--

၆ - ပါဋိဒေသနီလေးပါး

၁၇၄။ ရွာတွင်းသို့ ဝင်သော ဆွေမျိုးမတော်သော ရဟန်းမိန်းမ၏ လက်မှ ခဲဖွယ်ဘောဇဉ်ကို မိမိလက်ဖြင့် ခံယူ၍ စားသော ရဟန်းသည် အဘယ်မျှလောက်ကုန်သော အာပတ်တို့သို့ ရောက်သနည်း။

ရွာတွင်းသို့ ဝင်သော ဆွေမျိုးမတော်သော ရဟန်းမိန်းမ၏ လက်မှ ခဲဖွယ်ဘောဇဉ်ကို မိမိလက်ဖြင့်ခံယူ၍ စားသော ရဟန်းသည် နှစ်ပါးကုန်သော အာပတ်တို့သို့ ရောက်၏။

စားအံ့ဟု ခံယူအံ့၊ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

မျိုတိုင်း မျိုတိုင်း ပါဋိဒေသနီအာပတ်သို့ ရောက်၏။

ရွာတွင်းသို့ ဝင်သော ဆွေမျိုးမတော်သော ရဟန်းမိန်းမ၏ လက်မှ ခဲဖွယ်ဘောဇဉ်ကို မိမိလက်ဖြင့်ခံယူ၍ စားသော ရဟန်းသည် ဤနှစ်ပါးကုန်သော အာပတ်တို့သို့ ရောက်၏။

စီရင်သော ရဟန်းမိန်းမအား မတားမြစ်မူ၍ စားသော ရဟန်းသည် နှစ်ပါးကုန်သော အာပတ်တို့သို့ရောက်၏။

စားအံ့ဟု ခံယူအံ့၊ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

မျိုတိုင်း မျိုတိုင်း ပါဋိဒေသနီအာပတ်သို့ ရောက်၏။

သေက္ခဟု သမုတ်အပ်ကုန်သော ‘သဒ္ဓါပွါးများ ဥစ္စာပါးကုန်သော’ အမျိုးတို့၌ ခဲဖွယ်ဘောဇဉ်ကိုမိမိလက်ဖြင့် ခံယူ၍ စားသော ရဟန်းသည် နှစ်ပါးကုန်သော အာပတ်တို့သို့ ရောက်၏။

စားအံ့ဟု ခံယူအံ့၊ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

မျိုတိုင်း မျိုတိုင်း ပါဋိဒေသနီအာပတ်သို့ ရောက်၏။

တောကျောင်းတို့၌ (ဘေးရှိသည်၏ အဖြစ်ကို) ရှေးဦးစွာ မသိစေအပ်ဘဲ (ဆောင်လာသော) ခဲဖွယ်ဘောဇဉ်ကို အရံတွင်း၌ မိမိလက်ဖြင့် ခံယူ၍ စားသော ရဟန်းသည် အဘယ်မျှလောက်ကုန်သောအာပတ် တို့သို့ ရောက်သနည်း။

တောကျောင်းတို့၌ (ဘေးရှိသည်၏ အဖြစ်ကို) ရှေးဦးစွာ မသိစေအပ်ဘဲ (ဆောင်လာသော) ခဲဖွယ်ဘောဇဉ်ကို အရံတွင်း၌ မိမိလက်ဖြင့် ခံယူ၍ စားသော ရဟန်းသည် နှစ်ပါးကုန်သော အာပတ်တို့သို့ရောက်၏။

စားအံ့ဟု ခံယူအံ့၊ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

မျိုတိုင်း မျိုတိုင်း ပါဋိဒေသနီအာပတ်သို့ ရောက်၏။

တောကျောင်းတို့၌ (ဘေးရှိသည်၏ အဖြစ်ကို) ရှေးဦးစွာ မသိစေအပ်ဘဲ (ဆောင်လာသော) ခဲဖွယ်ဘောဇဉ်ကို အရံတွင်း၌ မိမိလက်ဖြင့် ခံယူ၍ စားသော ရဟန်းသည် ဤနှစ်ပါးကုန်သော အာပတ်တို့သို့ရောက်၏။

ပါဋိဒေသနီအာပတ် လေးပါးတို့သည် ပြီးကုန်၏။

--

၇ - သေခိယခုနစ်ဆယ့်ငါးပါး

၁ - ပရိမဏ္ဍလဝဂ်

၁၇၅။ မရိုသေခြင်းကို စွဲ၍ ရှေ့မှလည်းကောင်း၊ နောက်မှလည်းကောင်း တွဲရရွဲချသည် ဖြစ်၍ (သင်းပိုင်ကို) ဝတ်သော ရဟန်းသည် အဘယ်မျှလောက်ကုန်သော အာပတ်တို့သို့ ရောက်သနည်း။

မရိုသေခြင်းကို စွဲ၍ ရှေ့မှလည်းကောင်း၊ နောက်မှလည်းကောင်း တွဲရရွဲချသည် ဖြစ်၍ (သင်းပိုင်ကို) ဝတ်သော ရဟန်းသည် ဒုက္ကဋ်အာပတ်ဟု ဆိုအပ်သော တစ်ပါးသော အာပတ်သို့ ရောက်၏။

မရိုသေခြင်းကို စွဲ၍ ရှေ့မှလည်းကောင်း၊ နောက်မှလည်းကောင်း တွဲရရွဲချသည် ဖြစ်၍ (သင်းပိုင်ကို) ဝတ်သော ရဟန်းသည် ဤဒုက္ကဋ်အာပတ်ဟု ဆိုအပ်သော တစ်ပါးသော အာပတ်သို့ ရောက်၏။

မရိုသေခြင်းကို စွဲ၍ ရှေ့မှလည်းကောင်း၊ နောက်မှလည်းကောင်း တွဲရရွဲချသည် ဖြစ်၍ (သင်္ကန်းကို) ရုံသော ရဟန်းသည် ဒုက္ကဋ်အာပတ်ဟု ဆိုအပ်သော တစ်ပါးသော အာပတ်သို့ ရောက်၏။

မရိုသေခြင်းကို စွဲ၍ (ပုဆစ်ဒူး, ရင်ဟု ဆိုအပ်သော) ကိုယ်ကို ဖွင့်၍ ရွာတွင်း ‘ဂေါစရဂါမ်’ ၌ သွားသောရဟန်းသည် ဒုက္ကဋ်အာပတ်ဟု ဆိုအပ်သော တစ်ပါးသော အာပတ်သို့ ရောက်၏။

မရိုသေခြင်းကို စွဲ၍ (ပုဆစ်ဒူး, ရင်ဟု ဆိုအပ်သော) ကိုယ်ကို ဖွင့်၍ ရွာတွင်း ‘ဂေါစရဂါမ်’၌နေထိုင်သော ရဟန်းသည် ဒုက္ကဋ်အာပတ်ဟု ဆိုအပ်သော တစ်ပါးသော အာပတ်သို့ ရောက်၏။

မရိုသေခြင်းကို စွဲ၍ လက်ကိုလည်းကောင်း၊ ခြေကိုလည်းကောင်း ကစားစေသည် ဖြစ်၍ ရွာတွင်း'ဂေါစရဂါမ်’ ၌ သွားသော ရဟန်းသည် ဒုက္ကဋ်အာပတ်ဟု ဆိုအပ်သော တစ်ပါးသော အာပတ်သို့ရောက်၏။

မရိုသေခြင်းကို စွဲ၍ လက်ကိုလည်းကောင်း၊ ခြေကိုလည်းကောင်း ကစားစေသည် ဖြစ်၍ ရွာတွင်း'ဂေါစရဂါမ်’ ၌ နေထိုင်သော ရဟန်းသည် ဒုက္ကဋ်အာပတ်ဟု ဆိုအပ်သော တစ်ပါးသော အာပတ်သို့ရောက်၏။

မရိုသေခြင်းကို စွဲ၍ ထိုထိုအရပ်မျက်နှာကို ကြည့်သည် ဖြစ်၍ ရွာတွင်း ‘ဂေါစရဂါမ်’ ၌ သွားသောရဟန်းသည် ဒုက္ကဋ်အာပတ်ဟု ဆိုအပ်သော တစ်ပါးသော အာပတ်သို့ ရောက်၏။

မရိုသေခြင်းကို စွဲ၍ ထိုထိုအရပ်မျက်နှာကို ကြည့်သည် ဖြစ်၍ ရွာတွင်း ‘ဂေါစရဂါမ်’၌ နေထိုင်သောရဟန်းသည် ဒုက္ကဋ်အာပတ်ဟု ဆိုအပ်သော တစ်ပါးသော အာပတ်သို့ ရောက်၏။

မရိုသေခြင်းကို စွဲ၍ သင်္ကန်းကို ပင့်လျက် ရွာတွင်း ‘ဂေါစရဂါမ်’ ၌ သွားသော ရဟန်းသည်ဒုက္ကဋ်အာပတ်ဟု ဆိုအပ်သော တစ်ပါးသော အာပတ်သို့ ရောက်၏။

မရိုသေခြင်းကို စွဲ၍ သင်္ကန်းကို ပင့်လျက် ရွာတွင်း ‘ဂေါစရဂါမ်’ ၌ နေထိုင်သော ရဟန်းသည်ဒုက္ကဋ်အာပတ်ဟု ဆိုအပ်သော တစ်ပါးသော အာပတ်သို့ ရောက်၏။

ရှေးဦးစွာသော ပရိမဏ္ဍလဝဂ် ပြီး၏။

--

၂ - ဥဇ္ဇ ဂ္ဃိကဝဂ်

၁၇၆။ မရိုသေခြင်းကို စွဲ၍ ပြင်းစွာရယ်လျက် ရွာတွင်း ‘ဂေါစရဂါမ်’ ၌ သွားသော ရဟန်းသည်ဒုက္ကဋ်အာပတ်ဟု ဆိုအပ်သော တစ်ပါးသော အာပတ်သို့ ရောက်၏။

မရိုသေခြင်းကို စွဲ၍ ပြင်းစွာရယ်လျက် ရွာတွင်း ‘ဂေါစရဂါမ်’ ၌ နေထိုင်သော ရဟန်းသည် ဒုက္ကဋ်အာပတ်ဟု ဆိုအပ်သော တစ်ပါးသော အာပတ်သို့ ရောက်၏။

မရိုသေခြင်းကို စွဲ၍ စူးရှကျယ်လောင်သော အသံကို ပြု၍ ရွာတွင်း ‘ဂေါစရဂါမ်’ ၌ သွားသောရဟန်းသည် ဒုက္ကဋ်အာပတ်ဟု ဆိုအပ်သော တစ်ပါးသော အာပတ်သို့ ရောက်၏။

မရိုသေခြင်းကို စွဲ၍ စူးရှကျယ်လောင်သော အသံကို ပြု၍ ရွာတွင်း ‘ဂေါစရဂါမ်’ ၌ နေထိုင်သောရဟန်းသည် ဒုက္ကဋ်အာပတ်ဟု ဆိုအပ်သော တစ်ပါးသော အာပတ်သို့ ရောက်၏။

မရိုသေခြင်းကို စွဲ၍ ကိုယ်ကို လှုပ်ကာ လှုပ်ကာ ရွာတွင်း ‘ဂေါစရဂါမ်’ ၌ သွားသော ရဟန်းသည်ဒုက္ကဋ်အာပတ်ဟု ဆိုအပ်သော တစ်ပါးသော အာပတ်သို့ ရောက်၏။

မရိုသေခြင်းကို စွဲ၍ ကိုယ်ကို လှုပ်ကာ လှုပ်ကာ ရွာတွင်း ‘ဂေါစရဂါမ်’ ၌ နေထိုင်သော ရဟန်းသည်ဒုက္ကဋ်အာပတ်ဟု ဆိုအပ်သော တစ်ပါးသော အာပတ်သို့ ရောက်၏။

မရိုသေခြင်းကို စွဲ၍ လက်မောင်းကို လှုပ်ကာ လှုပ်ကာ ရွာတွင်း ‘ဂေါစရဂါမ်’ ၌ သွားသောရဟန်းသည် ဒုက္ကဋ်အာပတ်ဟု ဆိုအပ်သော တစ်ပါးသော အာပတ်သို့ ရောက်၏။

မရိုသေခြင်းကို စွဲ၍ လက်မောင်းကို လှုပ်ကာ လှုပ်ကာ ရွာတွင်း ‘ဂေါစရဂါမ်’ ၌ နေထိုင်သောရဟန်းသည် ဒုက္ကဋ်အာပတ်ဟု ဆိုအပ်သော တစ်ပါးသော အာပတ်သို့ ရောက်၏။

မရိုသေခြင်းကို စွဲ၍ ဦးခေါင်းကို လှုပ်ကာ လှုပ်ကာ ရွာတွင်း ‘ဂေါစရဂါမ်’ ၌ သွားသော ရဟန်း သည်ဒုက္ကဋ်အာပတ်ဟု ဆိုအပ်သော တစ်ပါးသော အာပတ်သို့ ရောက်၏။

မရိုသေခြင်းကို စွဲ၍ ဦးခေါင်းကို လှုပ်ကာ လှုပ်ကာ ရွာတွင်း ‘ဂေါစရဂါမ်’၌နေထိုင်သော ရဟန်းသည်ဒုက္ကဋ်အာပတ်ဟု ဆိုအပ်သော တစ်ပါးသော အာပတ်သို့ ရောက်၏။

နှစ်ခုမြောက် ဥဇ္ဇဂ္ဃိကဝဂ် ပြီး၏။

--

၃ - ခမ္ဘ ကတဝဂ်

၁၇၇။ မရိုသေခြင်းကို စွဲ၍ ခါးထောက်လျက် ရွာတွင်း ‘ဂေါစရဂါမ်’ ၌ သွားသော ရဟန်းသည်ဒုက္ကဋ်အာပတ်ဟု ဆိုအပ်သော တစ်ပါးသော အာပတ်သို့ ရောက်၏။

မရိုသေခြင်းကို စွဲ၍ ခါးထောက်လျက် ရွာတွင်း ‘ဂေါစရဂါမ်’ ၌ နေထိုင်သော ရဟန်းသည် ဒုက္ကဋ်အာပတ်ဟု ဆိုအပ်သော တစ်ပါးသော အာပတ်သို့ ရောက်၏။

မရိုသေခြင်းကို စွဲ၍ ဦးခေါင်းခြုံလျက် ရွာတွင်း ‘ဂေါစရဂါမ်’၌ သွားသော ရဟန်းသည် ဒုက္ကဋ်အာပတ်ဟု ဆိုအပ်သော တစ်ပါးသော အာပတ်သို့ ရောက်၏။

မရိုသေခြင်းကို စွဲ၍ ဦးခေါင်းခြုံလျက် ရွာတွင်း ‘ဂေါစရဂါမ်’၌ နေထိုင်သော ရဟန်းသည် ဒုက္ကဋ်အာပတ်ဟု ဆိုအပ်သော တစ်ပါးသော အာပတ်သို့ ရောက်၏။

မရိုသေခြင်းကို စွဲ၍ ဖဝါးစွန်းနင်းလျက် ရွာတွင်း ‘ဂေါစရဂါမ်’ ၌ သွားသော ရဟန်းသည် ဒုက္ကဋ်အာပတ်ဟု ဆိုအပ်သော တစ်ပါးသော အာပတ်သို့ ရောက်၏။

မရိုသေခြင်းကို စွဲ၍ လက်အာယောဂပတ်၁ ပုဆိုးအာယောဂပတ်၂ ဖွဲ့လျက် ရွာတွင်း ‘ဂေါစရဂါမ်’ ၌နေထိုင်သော ရဟန်းသည် ဒုက္ကဋ်အာပတ်ဟု ဆိုအပ်သော တစ်ပါးသော အာပတ်သို့ ရောက်၏။

မရိုသေခြင်းကို စွဲ၍ သတိကို မဖြစ်စေဘဲ ဆွမ်းကို ခံယူသော ရဟန်းသည် ဒုက္ကဋ်အာပတ်ဟုဆိုအပ်သော တစ်ပါးသော အာပတ်သို့ ရောက်၏။

မရိုသေခြင်းကို စွဲ၍ ထိုထိုအရပ်မျက်နှာကို ကြည့်လျက် ဆွမ်းကို ခံယူသော ရဟန်းသည် ဒုက္ကဋ်အာပတ်ဟု ဆိုအပ်သော တစ်ပါးသော အာပတ်သို့ ရောက်၏။

မရိုသေခြင်းကို စွဲ၍ ဟင်းကိုသာလျှင် များစွာ ခံယူသော ရဟန်းသည် ဒုက္ကဋ်အာပတ်ဟု ဆိုအပ်သော တစ်ပါးသော အာပတ်သို့ ရောက်၏။

မရိုသေခြင်းကို စွဲ၍ မောက်တက်လာအောင် ဆွမ်းကို ခံယူသော ရဟန်းသည် ဒုက္ကဋ်အာပတ်ဟုဆိုအပ်သော တစ်ပါးသော အာပတ်သို့ ရောက်၏။

သုံးခုမြောက် ခမ္ဘ ကတဝဂ် ပြီး၏။

၁။ လက်နှစ်ဖက်ကို ယှက်၍ ဒူးနှစ်ဖက်ကို ပိုက်ထားခြင်း။

၂။ သင်္ကန်း “အဝတ်” ဖြင့် ဒူးနှစ်ဖက်ကို ရစ်သိုင်းထားခြင်း။

၄ - ပိဏ္ဍပါတဝဂ်

၁၇၈။ မရိုသေခြင်းကို စွဲ၍ သတိကို မဖြစ်စေဘဲ ဆွမ်းကို စားသော ရဟန်းသည် ဒုက္ကဋ်အာပတ်ဟုဆိုအပ်သော တစ်ပါးသော အာပတ်သို့ ရောက်၏။

မရိုသေခြင်းကို စွဲ၍ ထိုထိုအရပ်မျက်နှာကို ကြည့်လျက် ဆွမ်းကို စားသော ရဟန်းသည် ဒုက္ကဋ်အာပတ်ဟု ဆိုအပ်သော တစ်ပါးသော အာပတ်သို့ ရောက်၏။

မရိုသေခြင်းကို စွဲ၍ ထိုထိုဝတ္ထုကို သုံးသပ်၍ ဆွမ်းကို စားသော ရဟန်းသည် ဒုက္ကဋ်အာပတ်ဟုဆိုအပ်သော တစ်ပါးသော အာပတ်သို့ ရောက်၏။

မရိုသေခြင်းကို စွဲ၍ ဟင်းကိုသာလျှင် များစွာ စားသော ရဟန်းသည် ဒုက္ကဋ်အာပတ်ဟု ဆိုအပ်သောတစ်ပါးသော အာပတ်သို့ ရောက်၏။

မရိုသေခြင်းကို စွဲ၍ ဆွမ်းကို အလယ်ထိပ်မှ နှိပ်လျက် စားသော ရဟန်းသည် ဒုက္ကဋ်အာပတ်ဟုဆိုအပ်သော တစ်ပါးသော အာပတ်သို့ ရောက်၏။

မရိုသေခြင်းကို စွဲ၍ ဟင်းကိုလည်းကောင်း၊ စမဲဟင်းလျာကိုလည်းကောင်း ဆွမ်းဖြင့် ဖုံးလွှမ်းသောရဟန်းသည် ဒုက္ကဋ်အာပတ်ဟု ဆိုအပ်သော တစ်ပါးသော အာပတ်သို့ ရောက်၏။

မရိုသေခြင်းကို စွဲ၍ ဟင်းကိုလည်းကောင်း၊ ဆွမ်းကိုလည်းကောင်း မနာမဖျားဘဲ မိမိ၏ အကျိုးငှါ တောင်း၍ စားသော ရဟန်းသည် ဒုက္ကဋ်အာပတ်ဟု ဆိုအပ်သော တစ်ပါးသော အာပတ်သို့ ရောက်၏။

မရိုသေခြင်းကို စွဲ၍ ကဲ့ရဲ့လိုသည် ဖြစ်၍ တစ်ပါးသော သူတို့၏ သပိတ်ကို ကြည့်ရှုသော ရဟန်း သည်ဒုက္ကဋ်အာပတ်ဟု ဆိုအပ်သော တစ်ပါးသော အာပတ်သို့ ရောက်၏။

မရိုသေခြင်းကို စွဲ၍ ကြီးသော ဆွမ်းလုတ်ကို ပြုသော ရဟန်းသည် ဒုက္ကဋ်အာပတ်ဟု ဆိုအပ်သောတစ်ပါးသော အာပတ်သို့ ရောက်၏။

မရိုသေခြင်းကို စွဲ၍ ရှည်စွာသော ဆွမ်းလုတ်ကို ပြုသော ရဟန်းသည် ဒုက္ကဋ်အာပတ်ဟု ဆိုအပ် သောတစ်ပါးသော အာပတ်သို့ ရောက်၏။

လေးခုမြောက် ပိဏ္ဍပါတဝဂ် ပြီး၏။

--

၅ - ကဗဠဝဂ်

၁၇၉။ မရိုသေခြင်းကို စွဲ၍ ဆွမ်းလုတ်သည် ခံတွင်းဝသို့ မရောက်မီ (ခံတွင်းဝကို) ဖွင့်သောရဟန်းသည် ဒုက္ကဋ်အာပတ်ဟု ဆိုအပ်သော တစ်ပါးသော အာပတ်သို့ ရောက်၏။

မရိုသေခြင်းကို စွဲ၍ ဆွမ်းစားသောအခါ လက်ငါးချောင်းလုံးကို ခံတွင်း၌ ထည့်သွင်းသော ရဟန်း သည်ဒုက္ကဋ်အာပတ်ဟု ဆိုအပ်သော တစ်ပါးသော အာပတ်သို့ ရောက်၏။

မရိုသေခြင်းကို စွဲ၍ ဆွမ်းလုတ်နှင့်တကွသော ခံတွင်းဖြင့် စကားပြောသော ရဟန်းသည် ဒုက္ကဋ့်အာပတ်ဟု ဆိုအပ်သော တစ်ပါးသော အာပတ်သို့ ရောက်၏။

မရိုသေခြင်းကို စွဲ၍ ဆွမ်းလုတ်ကို မြှောက်ကာ မြှောက်ကာ စားသော ရဟန်းသည် ဒုက္ကဋ်အာပတ်ဟုဆိုအပ်သော တစ်ပါးသော အာပတ်သို့ ရောက်၏။

မရိုသေခြင်းကို စွဲ၍ ဆွမ်းလုတ်ကို ဖြတ်ကာ ဖြတ်ကာ စားသော ရဟန်းသည် ဒုက္ကဋ်အာပတ်ဟုဆိုအပ်သော တစ်ပါးသော အာပတ်သို့ ရောက်၏။

မရိုသေခြင်းကို စွဲ၍ မျောက်ကဲ့သို့ ပါးစောင်၌ ထားလျက် စားသော ရဟန်းသည် ဒုက္ကဋ်အာပတ်ဟုဆိုအပ်သော တစ်ပါးသော အာပတ်သို့ ရောက်၏။

မရိုသေခြင်းကို စွဲ၍ လက်ကို ခါလျက် ခါလျက် စားသော ရဟန်းသည် ဒုက္ကဋ်အာပတ်ဟု ဆိုအပ်သောတစ်ပါးသော အာပတ်သို့ ရောက်၏။

မရိုသေခြင်းကို စွဲ၍ ဆွမ်းလုံးကို ကြဲလျက် ကြဲလျက် စားသော ရဟန်းသည် ဒုက္ကဋ်အာပတ်ဟုဆိုအပ်သော တစ်ပါးသော အာပတ်သို့ ရောက်၏။

မရိုသေခြင်းကို စွဲ၍ လျှာကို ထုတ်ကာ ထုတ်ကာ စားသော ရဟန်းသည် ဒုက္ကဋ်အာပတ်ဟု ဆိုအပ်သောတစ်ပါးသော အာပတ်သို့ ရောက်၏။

မရိုသေခြင်းကို စွဲ၍ စပ်စပ်မြည်အောင် ပြု၍ စားသော ရဟန်းသည် ဒုက္ကဋ်အာပတ်ဟု ဆိုအပ်သောတစ်ပါးသော အာပတ်သို့ ရောက်၏။

ငါးခုမြောက် ကဗဠဝဂ် ပြီး၏။

--

၆ - သုရုသုရုဝဂ်

၁၈၀။ မရိုသေခြင်းကို စွဲ၍ ရှရုရှရုမြည်အောင် ပြုလျက် စားသော ရဟန်းသည် ဒုက္ကဋ်အာပတ်ဟုဆိုအပ်သော တစ်ပါးသော အာပတ်သို့ ရောက်၏။

မရိုသေခြင်းကို စွဲ၍ လက်ကို လျက်ကာ လျက်ကာ စားသော ရဟန်းသည် ဒုက္ကဋ်အာပတ်ဟုဆိုအပ်သော တစ်ပါးသော အာပတ်သို့ ရောက်၏။

မရိုသေခြင်းကို စွဲ၍ သပိတ်ကို ခြစ်လျက် ခြစ်လျက် စားသော ရဟန်းသည် ဒုက္ကဋ်အာပတ်ဟုဆိုအပ်သော တစ်ပါးသော အာပတ်သို့ ရောက်၏။

မရိုသေခြင်းကို စွဲ၍ နှုတ်ခမ်းကို လျက်ကာ လျက်ကာ စားသော ရဟန်းသည် ဒုက္ကဋ်အာပတ်ဟုဆိုအပ်သော တစ်ပါးသော အာပတ်သို့ ရောက်၏။

မရိုသေခြင်းကို စွဲ၍ (ဆွမ်းစသော) အာမိသနှင့် တကွသော လက်ဖြင့် သောက်ရေခွက်ကို ကိုင်သောရဟန်းသည် ဒုက္ကဋ်အာပတ်ဟု ဆိုအပ်သော တစ်ပါးသော အာပတ်သို့ ရောက်၏။

မရိုသေခြင်းကို စွဲ၍ ဆွမ်းလုံးနှင့်တကွသော သပိတ်ဆေးရေကို ရွာတွင်း ‘ဂေါစရဂါမ်’ ၌ စွန့်သောရဟန်းသည် ဒုက္ကဋ်အာပတ်ဟု ဆိုအပ်သော တစ်ပါးသော အာပတ်သို့ ရောက်၏။

မရိုသေခြင်းကို စွဲ၍ ထီးကိုင်သူအား တရားဟောသော ရဟန်းသည် ဒုက္ကဋ်အာပတ်ဟု ဆိုအပ်သောတစ်ပါးသော အာပတ်သို့ ရောက်၏။

မရိုသေခြင်းကို စွဲ၍ တုတ်ကိုင်သူအား တရားဟောသော ရဟန်းသည် ဒုက္ကဋ်အာပတ်ဟုဆိုအပ်သောတစ်ပါးသော အာပတ်သို့ ရောက်၏။

မရိုသေခြင်းကို စွဲ၍ ဓား သန်လျက်ကိုင်သူအား တရားဟောသော ရဟန်းသည် ဒုက္ကဋ်အာပတ်ဟုဆိုအပ်သော တစ်ပါးသော အာပတ်သို့ ရောက်၏။

မရိုသေခြင်းကို စွဲ၍ လေးလက်နက်ကိုင်သူအား တရားဟောသော ရဟန်းသည် ဒုက္ကဋ်အာပတ်ဟုဆိုအပ်သော တစ်ပါးသော အာပတ်သို့ ရောက်၏။

ခြောက်ခုမြောက် သုရုသုရုဝဂ် ပြီး၏။

--

၇ - ပါဒုကဝဂ်

၁၈၁။ မရိုသေခြင်းကို စွဲ၍ ခြေနင်းစီးသော သူအား တရားဟောသော ရဟန်းသည် ဒုက္ကဋ်အာပတ်ဟုဆိုအပ်သော တစ်ပါးသော အာပတ်သို့ ရောက်၏။

မရိုသေခြင်းကို စွဲ၍ ဖိနပ်စီးသော သူအား တရားဟောသော ရဟန်းသည် ဒုက္ကဋ်အာပတ်ဟုဆိုအပ်သော တစ်ပါးသော အာပတ်သို့ ရောက်၏။

မရိုသေခြင်းကို စွဲ၍ ယာဉ်ထက်မှ နေသော သူအား တရားဟောသော ရဟန်းသည် ဒုက္ကဋ် အာပတ်ဟုဆိုအပ်သော တစ်ပါးသော အာပတ်သို့ ရောက်၏။

မရိုသေခြင်းကို စွဲ၍ အိပ်ရာ၌ နေသော သူအား တရားဟောသော ရဟန်းသည် ဒုက္ကဋ်အာပတ်ဟုဆိုအပ်သော တစ်ပါးသော အာပတ်သို့ ရောက်၏။

မရိုသေခြင်းကို စွဲ၍ လက်အာယောဂပတ် ပုဆိုးအာယောဂပတ် ဖွဲ့လျက် နေထိုင်သောသူအားတရားဟောသော ရဟန်းသည် ဒုက္ကဋ်အာပတ်ဟု ဆိုအပ်သော တစ်ပါးသော အာပတ်သို့ ရောက်၏။

မရိုသေခြင်းကို စွဲ၍ ဦးရစ်ပေါင်းသော ဦးခေါင်းရှိသောသူအား တရားဟောသော ရဟန်းသည်ဒုက္ကဋ်အာပတ်ဟု ဆိုအပ်သော တစ်ပါးသော အာပတ်သို့ ရောက်၏။

မရိုသေခြင်းကို စွဲ၍ ခေါင်းမြီးခြုံသောသူအား တရားဟောသော ရဟန်းသည် ဒုက္ကဋ်အာပတ်ဟုဆိုအပ်သော တစ်ပါးသော အာပတ်သို့ ရောက်၏။

မရိုသေခြင်းကို စွဲ၍ မြေ၌ နေလျက် နေရာ၌ နေထိုင်သောသူအား တရားဟောသော ရဟန်းသည်ဒုက္ကဋ်အာပတ်ဟု ဆိုအပ်သော တစ်ပါးသော အာပတ်သို့ ရောက်၏။

မရိုသေခြင်းကို စွဲ၍ နိမ့်သော နေရာ၌ နေလျက် မြင့်သော နေရာ၌ နေထိုင်သောသူအား တရားဟောသော ရဟန်းသည် ဒုက္ကဋ်အာပတ်ဟု ဆိုအပ်သော တစ်ပါးသော အာပတ်သို့ ရောက်၏။

မရိုသေခြင်းကို စွဲ၍ ထိုင်နေသောသူအား ရပ်လျက် တရားဟောသော ရဟန်းသည် ဒုက္ကဋ်အာပတ်ဟုဆိုအပ်သော တစ်ပါးသော အာပတ်သို့ ရောက်၏။

မရိုသေခြင်းကို စွဲ၍ နောက်မှ သွားလျက် ရှေ့မှ သွားသောသူအား တရားဟောသော ရဟန်းသည်ဒုက္ကဋ်အာပတ်ဟု ဆိုအပ်သော တစ်ပါးသော အာပတ်သို့ ရောက်၏။

မရိုသေခြင်းကို စွဲ၍ ခရီးလမ်းမဟုတ်သဖြင့် သွားလျက် ခရီးလမ်းဟုတ်သဖြင့် သွားသော သူအားတရားဟောသော ရဟန်းသည် ဒုက္ကဋ်အာပတ်ဟု ဆိုအပ်သော တစ်ပါးသော အာပတ်သို့ ရောက်၏။

မရိုသေခြင်းကို စွဲ၍ ရပ်လျက် ကျင်ကြီး, ကျင်ငယ်ကို စွန့်သော ရဟန်းသည် ဒုက္ကဋ်အာပတ်ဟုဆိုအပ်သော တစ်ပါးသော အာပတ်သို့ ရောက်၏။

မရိုသေခြင်းကို စွဲ၍ စိမ်းသော မြက်သစ်ပင် (စသည်) ၌ ကျင်ကြီး, ကျင်ငယ်ကိုလည်းကောင်း၊ တံတွေးကိုလည်းကောင်း စွန့်သော ရဟန်းသည် ဒုက္ကဋ်အာပတ်ဟု ဆိုအပ်သော တစ်ပါးသော အာပတ်သို့ရောက်၏။

--

မရိုသေခြင်းကို စွဲ၍ ရေ၌ ကျင်ကြီး, ကျင်ငယ်ကိုလည်းကောင်း၊ တံတွေးကိုလည်းကောင်း စွန့်သောရဟန်းသည် အဘယ်မျှလောက်ကုန်သော အာပတ်တို့သို့ ရောက်သနည်း။

မရိုသေခြင်းကို စွဲ၍ ရေ၌ ကျင်ကြီး, ကျင်ငယ်ကိုလည်းကောင်း၊ တံတွေးကိုလည်းကောင်း စွန့်သောရဟန်းသည် ဒုက္ကဋ်အာပတ်ဟု ဆိုအပ်သော တစ်ပါးသော အာပတ်သို့ ရောက်၏။

မရိုသေခြင်းကို စွဲ၍ ရေ၌ ကျင်ကြီး, ကျင်ငယ်ကိုလည်းကောင်း၊ တံတွေးကိုလည်းကောင်း စွန့်သောရဟန်းသည် ဤဒုက္ကဋ်အာပတ်ဟု ဆိုအပ်သော တစ်ပါးသော အာပတ်သို့ ရောက်၏။

ခုနစ်ခုမြောက် ပါဒုကဝဂ် ပြီး၏။

သေခိယတို့ ပြီးကုန်၏။

နှစ်ခုမြောက် ကတာပတ္တိဝါရ ပြီး၏။

--

၃ - ဝိပတ္တိဝါရ

၁၈၂။ မေထုန်အကျင့်ကို မှီဝဲသော ရဟန်း၏ အာပတ်တို့သည် လေးပါးသော ဝိပတ္တိတို့တွင်အဘယ်မျှလောက်သော ဝိပတ္တိတို့သို့ သက်ဝင်ကုန်သနည်း။

မေထုန်အကျင့်ကို မှီဝဲသော ရဟန်း၏ အာပတ်တို့သည် လေးပါးသော ဝိပတ္တိတို့တွင် နှစ်ပါးသောဝိပတ္တိတို့သို့ သက်ဝင်ကုန်၏။

ရံခါ သီလဝိပတ္တိသို့ ရံခါ အာစာရဝိပတ္တိသို့ သက်ဝင်၏။ပ။

မရိုသေခြင်းကို စွဲ၍ ရေ၌ ကျင်ကြီးကိုလည်းကောင်း၊ ကျင်ငယ်ကိုလည်းကောင်း၊ တံတွေးကိုလည်းကောင်း စွန့်သော ရဟန်း၏ အာပတ်သည် လေးပါးသော ဝိပတ္တိတို့တွင် အဘယ်မျှလောက်သော ဝိပတ္တိတို့သို့ သက်ဝင်ကုန်သနည်း။

မရိုသေခြင်းကို စွဲ၍ ရေ၌ ကျင်ကြီးကိုလည်းကောင်း၊ ကျင်ငယ်ကိုလည်းကောင်း၊ တံတွေးကိုလည်းကောင်း စွန့်သော ရဟန်း၏ အာပတ်သည် လေးပါးသော ဝိပတ္တိတို့တွင် အာစာရဝိပတ္တိဟု ဆိုအပ်သောတစ်ပါးသော ဝိပတ္တိသို့ သက်ဝင်၏။

သုံးခုမြောက် ဝိပတ္တိဝါရ ပြီး၏။

--

၄ - သင်္ဂဟိတဝါရ

၁၈၃။ မေထုန်အကျင့်ကို မှီဝဲသော ရဟန်း၏ အာပတ်တို့ကို ခုနစ်ပါးကုန်သော အာပတ်အစုတို့တွင်အဘယ်မျှလောက်ကုန်သော အာပတ်အစုတို့ဖြင့် ရေတွက်အပ်ကုန်သနည်း။

မေထုန်အကျင့်ကို မှီဝဲသော ရဟန်း၏ အာပတ်တို့ကို ခုနစ်ပါးကုန်သော အာပတ်အစုတို့တွင်သုံးပါးကုန်သော အာပတ်အစုတို့ဖြင့် ရေတွက်အပ်ကုန်၏။

ရံခါ ပါရာဇိကအာပတ်အစုဖြင့် ရေတွက်အပ်၏၊ ရံခါ ထုလ္လစ္စဉ်းအာပတ်အစုဖြင့် ရေတွက်အပ်၏၊ ရံခါဒုက္ကဋ်အာပတ်အစုဖြင့် ရေတွက်အပ်၏။ပ။

မရိုသေခြင်းကို စွဲ၍ ရေ၌ ကျင်ကြီးကိုလည်းကောင်း၊ ကျင်ငယ်ကိုလည်းကောင်း၊ တံတွေးကိုလည်းကောင်း စွန့်သော ရဟန်း၏ အာပတ်ကို ခုနစ်ပါးကုန်သော အာပတ်အစုတို့တွင် အဘယ်မျှလောက်သောအာပတ်အစုတို့ဖြင့် ရေတွက်အပ်သနည်း။

မရိုသေခြင်းကို စွဲ၍ ရေ၌ ကျင်ကြီးကိုလည်းကောင်း၊ ကျင်ငယ်ကိုလည်းကောင်း၊ တံတွေးကိုလည်းကောင်း စွန့်သော ရဟန်း၏ အာပတ်ကို ခုနစ်ပါးကုန်သော အာပတ်အစုတို့တွင် ဒုက္ကဋ်အာပတ်ဟု ဆိုအပ်သော တစ်ပါးသော အာပတ်အစုဖြင့် ရေတွက်အပ်၏။

လေးခုမြောက် သင်္ဂဟိတဝါရ ပြီး၏။

၅ - သမုဋ္ဌာနဝါရ

၁၈၄။ မေထုန်အကျင့်ကို မှီဝဲသော ရဟန်း၏ အာပတ်တို့သည် အာပတ်သင့်ခြင်းအကြောင်းခြောက်မျိုးတို့တွင် အဘယ်မျှလောက်ကုန်သော အကြောင်းတို့ကြောင့် ဖြစ်ကုန်သနည်း။

မေထုန်အကျင့်ကို မှီဝဲသော ရဟန်း၏ အာပတ်တို့သည် အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် တစ်မျိုးသော အကြောင်းကြောင့် ဖြစ်ကုန်၏။ ကိုယ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်း ဖြစ်ကုန်၏၊ နှုတ်ကြောင့် မဖြစ်ကုန်။ပ။

မရိုသေခြင်းကို စွဲ၍ ရေ၌ ကျင်ကြီးကိုလည်းကောင်း၊ ကျင်ငယ်ကိုလည်းကောင်း၊ တံတွေးကိုလည်းကောင်း စွန့်သော ရဟန်း၏ အာပတ်သည် အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် အဘယ်မျှလောက်ကုန်သော အကြောင်းတို့ကြောင့် ဖြစ်သနည်း။

မရိုသေခြင်းကို စွဲ၍ ရေ၌ ကျင်ကြီးကိုလည်းကောင်း၊ ကျင်ငယ်ကိုလည်းကောင်း၊ တံတွေးကိုလည်းကောင်း စွန့်သော ရဟန်း၏ အာပတ်သည် အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် တစ်မျိုးသောအကြောင်းကြောင့် ဖြစ်၏။ ကိုယ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်း ဖြစ်၏၊ နှုတ်ကြောင့်မဖြစ်။ပ။

ငါးခုမြောက် သမုဋ္ဌာနဝါရ ပြီး၏။

--

၆ - အဓိကရဏဝါရ

၁၈၅။ မေထုန်အကျင့်ကို မှီဝဲသော ရဟန်း၏ အာပတ်တို့သည် အဓိကရုဏ်းလေးမျိုးတို့တွင်အဘယ်အဓိကရုဏ်းနည်း။

မေထုန်အကျင့်ကို မှီဝဲသော ရဟန်း၏ အာပတ်တို့သည် အဓိကရုဏ်းလေးမျိုးတို့တွင် အာပတ္တာဓိကရုဏ်းတည်း။ပ။

မရိုသေခြင်းကို စွဲ၍ ရေ၌ ကျင်ကြီးကိုလည်းကောင်း၊ ကျင်ငယ်ကိုလည်းကောင်း၊ တံတွေးကိုလည်းကောင်း စွန့်သော ရဟန်း၏ အာပတ်သည် အဓိကရုဏ်းလေးမျိုးတို့တွင် အဘယ်အဓိကရုဏ်းနည်း။

မရိုသေခြင်းကို စွဲ၍ ရေ၌ ကျင်ကြီးကိုလည်းကောင်း၊ ကျင်ငယ်ကိုလည်းကောင်း၊ တံတွေးကိုလည်းကောင်း စွန့်သော ရဟန်း၏ အာပတ်သည် အဓိကရုဏ်းလေးမျိုးတို့တွင် အာပတ္တာဓိကရုဏ်းတည်း။

ခြောက်ခုမြောက် အဓိကရဏဝါရ ပြီး၏။

--

၇ - သမထဝါရ

၁၈၆။ မေထုန်အကျင့်ကို မှီဝဲသော ရဟန်း၏ အာပတ်တို့သည် သမထခုနစ်ပါးတို့တွင် အဘယ်မျှလောက်သော သမထတို့ဖြင့် ငြိမ်းအေးကုန်သနည်း။

မေထုန်အကျင့်ကို မှီဝဲသော ရဟန်း၏ အာပတ်တို့သည် သမထခုနစ်ပါးတို့တွင် သုံးပါးကုန်သောသမထတို့ဖြင့် ငြိမ်းအေးကုန်၏။

ရံခါ သမ္မုခါဝိနယဖြင့်လည်းကောင်း၊ ပဋိညာတကရဏဖြင့်လည်းကောင်း ငြိမ်းအေး၏။

ရံခါ သမ္မုခါဝိနယဖြင့်လည်းကောင်း၊ တိဏဝတ္ထာရကဝိနည်းကံဖြင့်လည်းကောင်း ငြိမ်းအေး၏။ပ။

မရိုသေခြင်းကို စွဲ၍ ရေ၌ ကျင်ကြီးကိုလည်းကောင်း၊ ကျင်ငယ်ကိုလည်းကောင်း၊ တံတွေးကိုလည်းကောင်း စွန့်သော ရဟန်း၏ အာပတ်သည် သမထခုနစ်ပါးတို့တွင် အဘယ်မျှလောက်သော သမထတို့ဖြင့် ငြိမ်းအေးသနည်း။

မရိုသေခြင်းကို စွဲ၍ ရေ၌ ကျင်ကြီးကိုလည်းကောင်း၊ ကျင်ငယ်ကိုလည်းကောင်း၊ တံတွေးကိုလည်းကောင်း စွန့်သော ရဟန်း၏ အာပတ်သည် သမထခုနစ်ပါးတို့တွင် သုံးပါးကုန်သော သမထတို့ဖြင့်ငြိမ်းအေး၏။

ရံခါ သမ္မုခါဝိနယဖြင့်လည်းကောင်း၊ ပဋိညာတကရဏဖြင့်လည်းကောင်း ငြိမ်းအေး၏။

ရံခါ သမ္မုခါဝိနယဖြင့်လည်းကောင်း၊ တိဏဝတ္ထာရကဝိနည်းကံဖြင့်လည်းကောင်း ငြိမ်းအေး၏။

ခုနစ်ခုမြောက် သမထဝါရ ပြီး၏။

--

၈ - သမုစ္စယဝါရ

၁၈၇။ မေထုန်အကျင့်ကို မှီဝဲသော ရဟန်းသည် အဘယ်မျှလောက်ကုန်သော အာပတ်တို့သို့ရောက်သနည်း။

မေထုန်အကျင့်ကို မှီဝဲသော ရဟန်းသည် သုံးပါးကုန်သော အာပတ်တို့သို့ ရောက်၏။

သေ၍ ခွေးစသည်မစားအပ်သေးသော အသေကောင်၌ မေထုန်အကျင့်ကို မှီဝဲအံ့၊ ပါရာဇိက အာပတ်သို့ရောက်၏။

သေ၍ များသောအားဖြင့် ခွေးစသည်စားအပ်ပြီးသော အသေကောင်၌ မေထုန်အကျင့်ကို မှီဝဲအံ့၊ ထုလ္လစ္စဉ်းအာပတ်သို့ ရောက်၏။

ဟင်းလင်းပွင့်သော ခံတွင်း၌ မထိစေဘဲ (မိမိ၏) အင်္ဂါဇာတ်ကို သွင်းအံ့၊ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

မေထုန်အကျင့်ကို မှီဝဲသော ရဟန်းသည် ဤသုံးပါးကုန်သော အာပတ်တို့သို့ ရောက်၏။

ထိုအာပတ်တို့သည် လေးပါးကုန်သော ဝိပတ္တိတို့တွင် အဘယ်မျှလောက်သော ဝိပတ္တိတို့သို့သက်ဝင်ကုန်သနည်း။

ခုနစ်ပါးကုန်သော အာပတ်အစုတို့တွင် အဘယ်မျှလောက်သော အာပတ်အစုတို့ဖြင့် ရေတွက်အပ်ကုန်သနည်း။

အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် အဘယ်မျှလောက်ကုန်သော အကြောင်းတို့ကြောင့်ဖြစ်ကုန်သနည်း။

အဓိကရုဏ်းလေးမျိုးတို့တွင် အဘယ်အဓိကရုဏ်းနည်း။

သမထခုနစ်ပါးတို့တွင် အဘယ်မျှလောက်သော သမထတို့ဖြင့် ငြိမ်းအေးကုန်သနည်း။

ထို (သုံးပါးကုန်သော) အာပတ်တို့သည် လေးပါးကုန်သော ဝိပတ္တိတို့တွင် နှစ်ပါးသော ဝိပတ္တိတို့သို့သက်ဝင်ကုန်၏။

ရံခါ သီလဝိပတ္တိသို့ သက်ဝင်၏၊ ရံခါ အာစာရဝိပတ္တိသို့ သက်ဝင်၏။

ခုနစ်ပါးကုန်သော အာပတ်အစုတို့တွင် သုံးပါးသော အာပတ်အစုတို့ဖြင့် ရေတွက်အပ်ကုန်၏။

ရံခါ ပါရာဇိကအာပတ်အစုဖြင့် ရေတွက်အပ်၏၊ ရံခါ ထုလ္လစ္စဉ်းအာပတ်အစုဖြင့် ရေတွက်အပ်၏၊ ရံခါဒုက္ကဋ်အာပတ်အစုဖြင့် ရေတွက်အပ်၏။

အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် တစ်မျိုးသော အကြောင်းကြောင့် ဖြစ်ကုန်၏၊ ကိုယ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်း ဖြစ်၏၊ နှုတ်ကြောင့် မဖြစ်။

အဓိကရုဏ်းလေးပါးတို့တွင် အာပတ္တာဓိကရုဏ်းဖြစ်၏။

သမထခုနစ်ပါးတို့တွင် သုံးမျိုးသော သမထတို့ဖြင့် ငြိမ်းအေးကုန်၏။

ရံခါ ‘မျက်မှောက်'သမ္မုခါဝိနယဖြင့်လည်းကောင်း၊ ပဋိညာတကရဏဖြင့်လည်းကောင်း ငြိမ်းအေး၏။

--

ရံခါ သမ္မုခါဝိနယဖြင့်လည်းကောင်း၊ တိဏဝတ္ထာရကဝိနည်းကံဖြင့်လည်းကောင်း ငြိမ်းအေး၏။ပ။

မရိုသေခြင်းကို စွဲ၍ ရေ၌ ကျင်ကြီးကိုလည်းကောင်း၊ ကျင်ငယ်ကိုလည်းကောင်း၊ တံတွေးကိုလည်းကောင်း စွန့်သော ရဟန်းသည် အဘယ်မျှလောက်ကုန်သော အာပတ်တို့သို့ ရောက်သနည်း။

မရိုသေခြင်းကို စွဲ၍ ရေ၌ ကျင်ကြီးကိုလည်းကောင်း၊ ကျင်ငယ်ကိုလည်းကောင်း၊ တံတွေးကိုလည်းကောင်း စွန့်သော ရဟန်းသည် တစ်ပါးသော ဒုက္ကဋ်အာပတ်သို့ ရောက်၏။

မရိုသေခြင်းကို စွဲ၍ ရေ၌ ကျင်ကြီး ကျင်ငယ်ကိုလည်းကောင်း၊ တံတွေးကိုလည်းကောင်း စွန့်သောရဟန်းသည် ဤတစ်ပါးသော (ဒုက္ကဋ်) အာပတ်သို့ ရောက်၏။

ထိုအာပတ်သည် လေးပါးသော ဝိပတ္တိတို့တွင် အဘယ်မျှလောက်သော ဝိပတ္တိတို့သို့ သက်ဝင်သ နည်း။

ခုနစ်ပါးကုန်သော အာပတ်အစုတို့တွင် အဘယ်မျှလောက်သော အာပတ်အစုတို့ဖြင့် ရေတွက်အပ့်သနည်း။

အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် အဘယ်မျှလောက်သော အကြောင်းတို့ကြောင့် ဖြစ်သနည်း။

အဓိကရုဏ်းလေးပါးတို့တွင် အဘယ်အဓိကရုဏ်းနည်း။

သမထခုနစ်ပါးတို့တွင် အဘယ်မျှလောက်သော သမထတို့ဖြင့် ငြိမ်းအေးသနည်း။

ထိုအာပတ်သည် လေးပါးသော ဝိပတ္တိတို့တွင် အာစာရဝိပတ္တိဟု ဆိုအပ်သော တစ်ပါးသော ဝိပတ္တိသို့သက်ဝင်၏။

ခုနစ်ပါးကုန်သော အာပတ်အစုတို့တွင် တစ်ပါးသော ဒုက္ကဋ်အာပတ်အစုဟု ဆိုအပ်သော အာပတ်အစုဖြင့် ရေတွက်အပ်၏။

အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် တစ်မျိုးသော အကြောင်းကြောင့် ဖြစ်၏။ ကိုယ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်း ဖြစ်၏၊ နှုတ်ကြောင့် မဖြစ်။

အဓိကရုဏ်းလေးမျိုးတို့တွင် အာပတ္တာဓိကရုဏ်းတည်း။

သမထခုနစ်ပါးတို့တွင် သုံးပါးသော သမထတို့ဖြင့် ငြိမ်းအေး၏။

ရံခါ သမ္မုခါဝိနယဖြင့်လည်းကောင်း၊ ပဋိညာတကရဏဖြင့်လည်းကောင်း ငြိမ်းအေး၏။ ရံခါ သမ္မုခါဝိနယဖြင့်လည်းကောင်း၊ တိဏဝတ္ထာရကဝိနည်းကံဖြင့်လည်းကောင်း ငြိမ်းအေး၏။

ရှစ်ခုမြောက် သမုစ္စယဝါရ ပြီး၏။

ရှစ်ပါးကုန်သော ဤဝါရတို့ကို (သံဂါယနာတင်ဆရာတို့) ရွတ်ဖတ် ‘သရဇ္ဈာယ်’ သော အစဉ်ဖြင့် ရေးအပ်ကုန်၏။

ထိုဝါရရှစ်ပါး၏ အကျဉ်းချုပ်

ကတ္ထပညတ္တိဝါရ ကတာပတ္တိဝါရ ဝိပတ္တိဝါရ သင်္ဂဟဝါရ သမုဋ္ဌာနဝါရ အဓိကရဏဝါရ သမထဝါရ သမုစ္စယဝါရ။ ဤကား အကျဉ်းချုပ်တည်း။

--

၁ - ကတ္ထပညတ္တိဝါရ

၁ - ပါရာဇိကလေးပါး

"

၁၈၈။ သိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားသည် မေထုန်အကျင့်ကို မှီဝဲခြင်းတည်းဟူသောအကြောင်းကြောင့် ပါရာဇိကသိက္ခာပုဒ်ကို အဘယ်အရပ်၌ အဘယ်သူကို အကြောင်းပြု၍ အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။ပ။ အဘယ်သူသည် ဆောင်ခဲ့သနည်း။

သိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားသည် မေထုန်အကျင့်ကို မှီဝဲခြင်းတည်းဟူသောအကြောင်းကြောင့် ထိုပါရာဇိကသိက္ခာပုဒ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

ဝေသာလီပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

ကလန္ဒသူဌေးသား အသျှင်သုဒိန်ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

ကလန္ဒသူဌေးသား အသျှင်သုဒိန်၏ မယားဟောင်း၌ မေထုန်အကျင့်ကို မှီဝဲခြင်းအကြောင်းကြောင့်ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်ရှိသလော၊ အနုပညတ်ရှိသလော၊ အနုပ္ပန္နပညတ်ရှိသလော။

(မူလ) ပညတ်တစ်ပါး၊ အနုပညတ်နှစ်ပါး ရှိ၏။ အနုပ္ပန္နပညတ် မရှိ။

(ထိုပဌမပါရာဇိကသိက္ခာပုဒ်သည်) သဗ္ဗတ္ထပညတ်လော၊ ပဒေသပညတ်လော။

သဗ္ဗတ္ထပညတ်တည်း။

သာဓာရဏပညတ်လော၊ အသာဓာရဏပညတ်လော။

သာဓာရဏပညတ်တည်း။

ဧကတောပညတ်လော၊ ဥဘတောပညတ်လော။

ဥဘတောပညတ်တည်း။

ပါတိမောက်ပြခြင်း ငါးမျိုးတို့တွင် အဘယ်ပါတိမောက်ပြခြင်း၌ အတွင်းဝင်သနည်း၊ အဘယ်ပါတိမောက်ပြခြင်း၌ အကျုံးဝင်သနည်း။

ပါတိမောက်ပြခြင်းငါးမျိုးတို့တွင် နိဒါန်း၌ အတွင်းဝင်၏၊ နိဒါန်း၌ အကျုံးဝင်၏။

အဘယ်အကျဉ်းပြခြင်းဖြင့် အကျဉ်းပြအပ်သည့် အဖြစ်သို့ ရောက်သနည်း။

ဒုတိယအကျဉ်းပြခြင်းဖြင့် အကျဉ်းပြအပ်သည့် အဖြစ်သို့ ရောက်၏။

ဝိပတ္တိလေးပါးတို့တွင် အဘယ်ဝိပတ္တိနည်း။

--

သီလဝိပတ္တိတည်း။

အာပတ်အစု ခုနစ်ပါးတို့တွင် အဘယ်အာပတ်အစုနည်း။

ပါရာဇိကအာပတ်အစုတည်း။

အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် အဘယ်မျှလောက်သော အကြောင်းတို့ကြောင့် ဖြစ်သနည်း။

အကြောင်းတစ်ပါးကြောင့် ဖြစ်၏၊ ကိုယ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်း ဖြစ်၏။ နှုတ်ကြောင့် မဖြစ်။ပ။

အဘယ်သူသည် (ပါဌ်အနက်အာဂုံ) ဆောင်ခဲ့သနည်း။

ဆရာအဆက်ဆက်သည် (ပါဌ်အနက်အာဂုံ) ဆောင်ခဲ့၏။

ဥပါလိမထေရ်၊ ဒါသကမထေရ်၊ သောဏကမထေရ်၊ သိဂ္ဂဝမထေရ်ငါးပါးမြောက်မောဂ္ဂလိပုတ္တတိဿမထေရ်နှင့်တကွ ထိုရဟန္တာအသျှင်မြတ်ငါးပါးတို့သည် ဇမ္ဗူဒိပ်ကျွန်း၌ဝိနည်းပိဋကတ်ကို (ပါဌ်အနက်အာဂုံ) ဆောင်၍ ပို့ချတော်မူကြကုန်၏။ပ။

ကြီးမားသော ပညာရှိတော်မူကြကုန်သော ဝိနည်း၌လိမ္မာတော်မူကြကုန်သော နတ်ရွာ နိဗ္ဗာန် လမ်းခရီး၌ကျွမ်းကျင်လိမ္မာတော်မူကြကုန်သော ထိုရဟန္တာအသျှင်မြတ်တို့သည် သီဟိုဠ်ကျွန်း၌ ဝိနည်းပိဋကတ်ကို (ပါဌ်အနက်အာဂုံ) ဆောင်၍ ပြတော်မူကြကုန်၏။ ဤရွေ့ကား အဖြေအပြီးတည်း။

၁၈၉။ သိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားသည် မပေးသည်ကို ယူခြင်းဟူသောအကြောင်းကြောင့် (ဒုတိယ) ပါရာဇိကသိက္ခာပုဒ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

ရာဇဂြိုဟ်ပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

အိုးထိန်းသည်၏သား အသျှင်ဓနိယကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

အိုးထိန်းသည်၏သား အသျှင်ဓနိယ၏ (ဗိမ္ဗိသာရ) မင်းကြီး၏ သစ်တို့ကို မပေးဘဲ ခိုးယူသောအကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး၊ အနုပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင်သုံးမျိုးသော အကြောင်းတို့ကြောင့် ဖြစ်၏။ ရံခါ ကိုယ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်းဖြစ်၏၊ နှုတ်ကြောင့် မဖြစ်။ ရံခါ နှုတ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်း ဖြစ်၏၊ ကိုယ်ကြောင့် မဖြစ်။ ရံခါ ကိုယ်ကြောင့်လည်းကောင်း၊ နှုတ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်းဖြစ်၏။ပ။

၁၉၀။ စေတနာနှင့်တကွ စေ့ဆော်၍ လူကို သတ်ခြင်းကြောင့် (တတိယ) ပါရာဇိကသိက္ခာပုဒ်ကိုအဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

ဝေသာလီပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

--

များစွာသော ရဟန်းတို့ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

များစွာသော ရဟန်းတို့၏ အချင်းချင်း သတ်ခြင်းအကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး၊ အနုပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင်သုံးမျိုးသော အကြောင်းတို့ကြောင့် ဖြစ်၏၊ ရံခါ ကိုယ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်းဖြစ်၏၊ နှုတ်ကြောင့် မဖြစ်။ ရံခါ နှုတ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်း ဖြစ်၏၊ ကိုယ်ကြောင့် မဖြစ်။ ရံခါ ကိုယ်ကြောင့်လည်းကောင်း၊ နှုတ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်းဖြစ်၏။ပ။

၁၉၁။ ထင်ရှားမရှိဘဲ မဟုတ်မမှန်ဘဲ လူတို့၏ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ် သောဈာန်မဂ်ဖိုလ်တရားကို ငါရ၏ဟု ဝါကြွား၍ ပြောခြင်းတည်းဟူသော အကြောင်းကြောင့် (စတုတ္ထ) ပါရာဇိကသိက္ခာပုဒ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

ဝေသာလီပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

ဝဂ္ဂုမုဒါမြစ်ကမ်းအနီးအနား၌ နေကြကုန်သော ရဟန်းတို့ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်သနည်း။

အချင်းချင်း၏ ဥတ္တရိမနုဿဓမ္မ၏ ဂုဏ်ကျေးဇူးကို လူတို့အား ဝဂ္ဂုမုဒါမြစ်ကမ်းအနီးအနား၌ နေကြကုန်သော ရဟန်းတို့၏ ပြောကြားကြခြင်း အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

မူလပညတ်တစ်ပါး၊ အနုပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင်သုံးမျိုးသောအကြောင်းတို့ကြောင့် ဖြစ်ကုန်၏၊ ရံခါ ကိုယ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်း ဖြစ်၏၊ နှုတ်ကြောင့် မဖြစ်။ ရံခါ နှုတ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်း ဖြစ်၏၊ ကိုယ် ကြောင့် မဖြစ်။ ရံခါ ကိုယ်ကြောင့်လည်းကောင်း၊ နှုတ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်း ဖြစ်၏။ပ။

ပါရာဇိကလေးပါး ပြီး၏။

--

၂ - သံဃာဒိသိသ်စသည်

၁၉၂။ သိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားသည် လုံ့လပြု၍ သုက်ကို လွှတ်ခြင်း ‘လွတ်စေခြင်း'တည်းဟူသော အကြောင်းကြောင့် သံဃာဒိသိသ်အာပတ်ကို အဘယ်အရပ်၌ အဘယ်သူကိုအကြောင်းပြု၍ အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။ပ။ အဘယ်သူသည်ဆောင်ခဲ့ပါသနည်း။

သိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားသည် လုံ့လပြု၍ သုက်ကို လွှတ်ခြင်း ‘လွတ်စေခြင်း'တည်းဟူသော အကြောင်းကြောင့် သံဃာဒိသိသ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

အသျှင်သေယျသကကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

အသျှင်သေယျသက၏ လုံ့လပြု၍ သုက်ကို လွတ်စေခြင်း အကြောင်းကြောင့် ပညတ်တော်မူအပ်ပါ သည်။

ထိုသိက္ခာပုဒ်၌ (မူလ) ပညတ်ရှိသလော၊ အနုပညတ်ရှိသလော၊ အနုပ္ပန္နပညတ်ရှိသလော။

(မူလ) ပညတ်တစ်ပါး၊ အနုပညတ်တစ်ပါး ရှိ၏၊ အနုပ္ပန္နပညတ် မရှိ။

(ထိုသိက္ခာပုဒ်သည်) သဗ္ဗတ္ထပညတ်လော၊ ပဒေသပညတ်လော။ သဗ္ဗတ္ထပညတ်တည်း။

သာဓာရဏပညတ်လော၊ အသာဓာရဏပညတ်လော။ အသာဓာရဏပညတ်တည်း။

ဧကတောပညတ်လော၊ ဥဘတောပညတ်လော။ ဧကတောပညတ်တည်း။

ပါတိမောက်ပြခြင်း ငါးမျိုးတို့တွင် အဘယ်ပါတိမောက်ပြခြင်း၌ အတွင်းဝင်သနည်း၊ အဘယ်ပါတိမောက်ပြခြင်း၌ အကျုံးဝင်သနည်း။

နိဒါန်း၌ အတွင်းဝင်၏၊ နိဒါန်း၌ အကျုံးဝင်၏။

အဘယ်အကျဉ်းပြခြင်းဖြင့် အကျဉ်းပြအပ်သည်အဖြစ်သို့ ရောက်သနည်း။

တတိယအကျဉ်းပြခြင်းဖြင့် အကျဉ်းပြအပ်သည်အဖြစ်သို့ ရောက်၏။

ဝိပတ္တိလေးမျိုးတို့တွင် အဘယ်ဝိပတ္တိနည်း။ သီလဝိပတ္တိတည်း။

အာပတ်အစု ခုနစ်ပါးတို့တွင် အဘယ်အာပတ်အစုဖြစ်သနည်း။

သံဃာဒိသိသ်အာပတ်အစုဖြစ်၏။

အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် အဘယ်မျှလောက်ကုန်သော အကြောင်းတို့ကြောင့်ဖြစ်သနည်း။

--

အကြောင်းတစ်ပါးကြောင့် ဖြစ်၏။ ကိုယ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်း ဖြစ်၏၊ နှုတ်ကြောင့် မဖြစ်။ပ။

အဘယ်သူသည် (ပါဌ်အနက်အာဂုံ) ဆောင်ခဲ့သနည်း။

ဆရာအဆက်ဆက်သည် (ပါဌ်အနက်အာဂုံ) ဆောင်ခဲ့၏။

ဥပါလိမထေရ်၊ ဒါသကမထေရ်၊ သောဏကမထေရ်၊ သိဂ္ဂဝမထေရ်၊ ငါးပါးမြောက်မောဂ္ဂလိပုတ္တတိဿမထေရ်နှင့်တကွ ထိုရဟန္တာအသျှင်မြတ်ငါးပါးတို့သည် ဇမ္ဗူဒိပ်ကျွန်း၌ဝိနည်းပိဋကတ်ကို (ပါဌ်နက်အာဂုံ) ဆောင်၍ ပို့ချတော်မူကြကုန်၏။ပ။

ကြီးမားသော ပညာရှိတော်မူကြကုန်သော ဝိနည်း၌ လိမ္မာတော်မူကြကုန်သော နတ်ရွာ နိဗ္ဗာန်လမ်းခရီး၌ ကျွမ်းကျင်လိမ္မာတော်မူကြကုန်သော ထိုရဟန္တာအသျှင်မြတ် တို့သည် သီဟိုဠ်ကျွန်း၌့ဝိနည်းပိဋကတ်ကို (ပါဌ်အနက်အာဂုံ) ဆောင်၍ ပြတော်မူကြကုန်၏။

မာတုဂါမနှင့်အတူ ကိုယ်လက်နှီးနှောခြင်းသို့ ရောက်ခြင်းတည်းဟူသော အကြောင်းကြောင့် သံဃာဒိသိသ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

အသျှင်ဥဒါယီကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

အသျှင်ဥဒါယီ၏ မာတုဂါမနှင့်အတူ ကိုယ်လက်နှီးနှောခြင်းသို့ ရောက်ခြင်း အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် တစ်မျိုးသောအကြောင်းကြောင့် ဖြစ်၏။ ကိုယ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်း ဖြစ်၏၊ နှုတ်ကြောင့်မဖြစ်။ပ။

မာတုဂါမကို ရုန့်ရင်းကြမ်းတမ်းသော စကားတို့ဖြင့် ပြောဆိုခြင်းတည်းဟူသော အကြောင်းကြောင့်သံဃာဒိသိသ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

အသျှင်ဥဒါယီကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

အသျှင်ဥဒါယီ၏ မာတုဂါမကို ရုန့်ရင်းကြမ်းတမ်းသော စကားတို့ဖြင့် ပြောဆိုခြင်းအကြောင်းကြောင့်ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် သုံးမျိုးသောအကြောင်းတို့ကြောင့် ဖြစ်ကုန်၏၊ ရံခါ ကိုယ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်း ဖြစ်၏၊ နှုတ်ကြောင့် မဖြစ်။ ရံခါ နှုတ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်း ဖြစ်၏၊ ကိုယ်ကြောင့်မဖြစ်။ ရံခါ ကိုယ်ကြောင့်လည်းကောင်း၊ နှုတ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်း ဖြစ်၏။ပ။

--

မာတုဂါမထံ၌ မိမိအကျိုးငှါ ကာမဂုဏ်ဖြင့် လုပ်ကျွေးခြင်း၏ ဂုဏ်ကျေးဇူးကို ပြောဆိုခြင်းတည်းဟူသော အကြောင်းကြောင့် သံဃာဒိသိသ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

အသျှင်ဥဒါယီကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

အသျှင်ဥဒါယီ၏ မာတုဂါမထံ၌ မိမိအကျိုးငှါ ကာမဂုဏ်ဖြင့် လုပ်ကျွေးခြင်း၏ ဂုဏ်ကျေးဇူးကို ပြောဆိုခြင်း အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်း အကြောင်းခြောက်မျိုးတို့တွင် သုံးမျိုးသောအကြောင်းတို့ကြောင့် ဖြစ်၏။ပ။

အောင်တမန်သွားလာခြင်း ‘အောင်သွယ်ခြင်း’ သို့ ရောက်ခြင်းတည်းဟူသော အကြောင်းကြောင့်သံဃာဒိသိသ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

အသျှင်ဥဒါယီကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

အသျှင်ဥဒါယီ၏ အောင်တမန်သွားလာခြင်းသို့ ရောက်ခြင်းအကြောင်းကြောင့် ပညတ်တော်မူအပ်ပါ သည်။

(မူလ) ပညတ်တစ်ပါး၊ အနုပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင်ခြောက်မျိုးသော အကြောင်းတို့ကြောင့် ဖြစ်၏၊ ရံခါ ကိုယ်ကြောင့် ဖြစ်၏၊ နှုတ်ကြောင့်လည်းကောင်း၊ စိတ် ကြောင့်လည်းကောင်း မဖြစ်။ ရံခါ နှုတ်ကြောင့် ဖြစ်၏၊ ကိုယ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်း ကောင်း မဖြစ်။ ရံခါ ကိုယ်ကြောင့်လည်းကောင်း၊ နှုတ်ကြောင့်လည်းကောင်း ဖြစ်၏၊ စိတ်ကြောင့် မဖြစ်။ ရံခါ ကိုယ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်း ဖြစ်၏၊ နှုတ်ကြောင့်မဖြစ်။ ရံခါ နှုတ် ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်း ဖြစ်၏၊ ကိုယ်ကြောင့် မဖြစ်။ ရံခါကိုယ်ကြောင့်လည်း ကောင်း၊ နှုတ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်း ဖြစ်၏။ပ။

ကိုယ်တိုင် တောင်းယူအပ်သော (ပဲခွပ်စသော) အဆောက်အဦဖြင့် ကျောင်းကို ပြုစေခြင်း ‘ကျောင်းဆောက်ခြင်းတည်း’ဟူသော အကြောင်းကြောင့် သံဃာဒိသိသ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

အာဠဝီပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

အာဠဝီပြည်သား ရဟန်းတို့ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

အာဠဝီပြည်သား ရဟန်းတို့၏ ကိုယ်တိုင်တောင်းယူအပ်သော (ပဲခွပ်စသော) အဆောက်အဦဖြင့်ကျောင်းတို့ကို ဆောက်လုပ်စေကြခြင်း အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

--

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် ခြောက်မျိုးသောအကြောင်းတို့ကြောင့် ဖြစ်၏။ပ။

ကြီးသောကျောင်းကို ပြုစေခြင်း ‘ဆောက်လုပ်စေခြင်း’ တည်းဟူသော အကြောင်းကြောင့် သံဃာဒိသိသ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

ကောသမ္ဗီပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

အသျှင်ဆန္နမထေရ်ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

အသျှင်ဆန္နမထေရ်၏ ကျောင်းမြေရာကို သုတ်သင်သောအခါ အမှတ်မရှိ ပူဇော်ရာဟူ၍ သမုတ်အပ်သော သစ်ပင်ကို ခုတ်ဖြတ်စေခြင်းအကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် ခြောက်မျိုးသောအကြောင်းတို့ကြောင့် ဖြစ်၏။ပ။

တစ်ပါးသောရဟန်းကို (မြင်ခြင်း ကြားခြင်း ရွံရှာခြင်း) အရင်းမရှိသော ပါရာဇိကအာပတ်ဖြင့်စွပ်စွဲ ‘နှိပ်စက်ဖျက်ဆီး’ ခြင်းဟူသော အကြောင်းကြောင့် သံဃာဒိသိသ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

ရာဇဂြိုဟ်ပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

မေတ္တိယ ဘုမ္မဇကရဟန်းတို့ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

မေတ္တိယဘုမ္မဇကရဟန်းတို့၏ မလ္လမင်း၏ သားဖြစ်သော အသျှင်ဒဗ္ဗကို (မြင်ခြင်း ကြားခြင်း ရွံရှာခြင်း) အရင်းမရှိသော ပါရာဇိကအာပတ်ဖြင့် စွပ်စွဲ ‘နှိပ်စက်ဖျက်ဆီး’ ကြခြင်းဟူသော အကြောင်း ကြောင့်ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် အကြောင်းသုံးမျိုးတို့ကြောင့် ဖြစ်၏။ပ။

တစ်ပါးသော ရဟန်းကို မနုဿဇာတ် (ရဟန်းအဖြစ်) မှ တစ်ပါးသော အဖို့ရှိသော, တိရစ္ဆာန်ဇာတ် ၏တည်ရာဖြစ်သော ဆိတ်ဖို၏ တစ်စုံတစ်ခုညွှန်းအပ်သော အမြွက်မျှကိုစွဲ၍ ပါရာဇိကအာပတ်ဖြင့် စွပ်စွဲ'နှိပ်စက်ဖျက်ဆီး'ခြင်းတည်းဟူသော အကြောင်းကြောင့် သံဃာဒိသိသ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

ရာဇဂြိုဟ်ပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

မေတ္တိယဘုမ္မဇကရဟန်းတို့ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

မေတ္တိယ ဘုမ္မဇက ရဟန်းတို့၏ မလ္လမင်း၏ သားဖြစ်သော အသျှင်ဒဗ္ဗကို မနုဿဇာတ် (ရဟန်းအဖြစ်) မှ တစ်ပါးသော အဖို့ရှိသော တိရစ္ဆာန်ဇာတ်၏ တည်ရာဖြစ်သော ဆိတ်ဖို၏ တစ်စုံတစ်ခု ညွှန်းအပ်သော အမြွက်မျှကို စွဲ၍ ပါရာဇိကအာပတ်ဖြင့် စွပ်စွဲ ‘နှိပ်စက်ဖျက်ဆီး’ ကြခြင်း အကြောင်းကြောင့်ပညတ်တော်မူအပ်ပါသည်။

--

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် အကြောင်းသုံးမျိုးတို့ကြောင့် ဖြစ်၏။ပ။

သံဃာကို သင်းခွဲသော ရဟန်း၏ သုံးကြိမ်မြောက်အောင် (ဉတ်ကမ္မဝါစာဖြင့်) ဆိုဆုံးမပါလျက် (အယူကို) မစွန့်ခြင်းတည်းဟူသော အကြောင်းကြောင့် သံဃဘေဒက သံဃာဒိသိသ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

ရာဇဂြိုဟ်ပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

ဒေဝဒတ်ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

ဒေဝဒတ်၏ ညီညွတ်သော သံဃာကို ကွဲပြားစိမ့်သောငှါ လုံ့လပြုခြင်း အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် တစ်မျိုးသောအကြောင်းကြောင့် ဖြစ်၏။ ကိုယ်ကြောင့်လည်းကောင်း၊ နှုတ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်း ဖြစ်၏။ပ။

သံဃာကို သင်းခွဲသော ရဟန်းသို့ အစဉ်လိုက်ကြကုန်သော ရဟန်းတို့၏ သုံးကြိမ်မြောက်အောင် (ဉတ်ကမ္မဝါစာဖြင့်) ဆိုဆုံးမပါလျက် (အယူကို) မစွန့်ခြင်းတည်းဟူသော အကြောင်းကြောင့် သံဃာဒိသိသ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

ရာဇဂြိုဟ်ပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

များစွာသော ရဟန်းတို့ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

များစွာသော ရဟန်းတို့၏ သံဃာကွဲပြားစိမ့်သောငှါ လုံ့လပြုသော ဒေဝဒတ်သို့ အစဉ်လိုက်ခြင်းမညီညွတ်သော စကားကို ပြောဆိုခြင်း အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် တစ်မျိုးသောအကြောင်းကြောင့် ဖြစ်၏။ ကိုယ်ကြောင့်လည်းကောင်း၊ နှုတ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်း ဖြစ်၏။ပ။

အပြောခက်သော ရဟန်း၏ သုံးကြိမ်မြောက်အောင် (ဉတ်ကမ္မဝါစာဖြင့်) ဆိုဆုံးမပါလျက် (အယူကို) မစွန့်ခြင်းတည်းဟူသော အကြောင်းကြောင့် သံဃာဒိသိသ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

ကောသမ္ဗီပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

အသျှင်ဆန္နမထေရ်ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

--

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

ရဟန်းတို့က မြတ်စွာဘုရား ပညတ်တော်မူအပ်သော သိက္ခာပုဒ်တော်ဖြင့် ဆိုဆုံးမအပ်သည်ရှိသော်အသျှင်ဆန္နမထေရ်၏ မိမိကိုယ်ကို (မိမိအား) မဆိုအပ် မဆုံးမအပ်သည်ကို ပြုခြင်း အကြောင်းကြောင့်ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် တစ်မျိုးသော အကြောင်းကြောင့် ဖြစ်၏။ ကိုယ်ကြောင့်လည်းကောင်း၊ နှုတ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်းဖြစ်၏။ပ။

ဒါယကာတို့၏ သဒ္ဓါ ‘ကံ ကံ၏ အကျိုးကို ယုံကြည်မှု'တရားကို ဖျက်ဆီးသော ရဟန်း၏ သုံးကြိမ်မြောက်အောင် (ဉတ်ကမ္မဝါစာဖြင့်) ဆိုဆုံးမအပ်ပါလျက် (အယူကို) မစွန့်ခြင်းတည်းဟူသောအကြောင်း ကြောင့် သံဃာဒိသိသ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

အဿဇိပုနဗ္ဗသုကရဟန်းတို့ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

သံဃာက နှင်ထုတ်ခြင်း ‘ပဗ္ဗာဇနီယ’ ကံပြုထားသော အဿဇိ ပုနဗ္ဗသုကရဟန်းတို့၏ နှင်ထုတ်ခြင်း'ပဗ္ဗာဇနီယ’ ကံပြုသော ရဟန်းတို့ကို ဆန္ဒာဂတိ ဒေါသာဂတိ မောဟာဂတိ ဘယာဂတိ လိုက်သည်၏အဖြစ်သို့ ရောက်စေကြခြင်း အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် တစ်မျိုးသောအကြောင်းကြောင့် ဖြစ်၏။ ကိုယ်ကြောင့်လည်းကောင်း၊ နှုတ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်း ဖြစ်၏။ပ။

မရိုသေခြင်းကို စွဲ၍ ရေ၌ ကျင်ကြီးကိုလည်းကောင်း၊ ကျင်ငယ်ကိုလည်းကောင်း၊ တံတွေးကိုလည်းကောင်း စွန့်ခြင်းတည်းဟူသော အကြောင်းကြောင့် ဒုက္ကဋ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

ဆဗ္ဗဂ္ဂီရဟန်းတို့ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

ဆဗ္ဗဂ္ဂီရဟန်းတို့၏ ရေ၌ ကျင်ကြီးကိုလည်းကောင်း၊ ကျင်ငယ်ကိုလည်းကောင်း၊ တံတွေးကိုလည်းကောင်း စွန့်ခြင်းအကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး၊ အနုပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင်တစ်မျိုးသော အကြောင်းကြောင့် ဖြစ်၏။ ကိုယ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်းဖြစ်၏။ နှုတ်ကြောင့် မဖြစ်။

ရှေးဦးစွာသော ကတ္ထပညတ္တိဝါရ ပြီး၏။

--

၂ - ကတာပတ္တိဝါရ

၁ - ပါရာဇိကလေးပါး

၁၉၃။ မေထုန်အကျင့်ကို မှီဝဲခြင်းတည်းဟူသော အကြောင်းကြောင့် အဘယ်မျှလောက်သောအာပတ်တို့သို့ ရောက်သနည်း။

မေထုန်အကျင့်ကို မှီဝဲခြင်းတည်းဟူသော အကြောင်းကြောင့် လေးပါးသော အာပတ်တို့သို့ ရောက်၏။

ခွေးစသည် မစားအပ်သေးသော အသေကောင်၌ မေထုန်အကျင့်ကို မှီဝဲအံ့၊ ပါရာဇိကအာပတ်သို့ရောက်၏။

များသောအားဖြင့် ခွေးစသည် စားအပ်ပြီးသော အသေကောင်၌ မေထုန်အကျင့်ကို မှီဝဲအံ့၊ ထုလ္လစ္စဉ်းအာပတ်သို့ ရောက်၏။

ဟင်းလင်းပွင့်သော ခံတွင်း၌ မထိစေဘဲ (မိမိ၏) အင်္ဂါဇာတ်ကို သွင်းအံ့၊ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

ချိပ်တောင့်ဖြင့် ထိုးခြင်းကြောင့် ပါစိတ်အာပတ်သို့ ရောက်၏။

မေထုန်အကျင့်ကို မှီဝဲခြင်းတည်းဟူသော အကြောင်းကြောင့် ဤလေးပါးသော အာပတ်တို့သို့ ရောက်၏။

မပေးသည်ကို ယူခြင်းတည်းဟူသော အကြောင်းကြောင့် အဘယ်မျှလောက်သော အာပတ်တို့သို့ရောက်သနည်း။

မပေးသည်ကို ယူခြင်းတည်းဟူသော အကြောင်းကြောင့် သုံးပါးသော အာပတ်တို့သို့ ရောက်၏။

ငါးပဲ ငါးပဲထက်အလွန်ထိုက်သော ဥစ္စာကို မပေးဘဲ ခိုးလိုသောစိတ်အစုဖြင့် ခိုးယူအံ့၊ ပါရာဇိကအာပတ်သို့ ရောက်၏။

တစ်ပဲထက်အလွန် ငါးပဲအောက် အယုတ်ထိုက်သော ဥစ္စာကို မပေးဘဲ ခိုးလိုသော စိတ်အစုဖြင့် ခိုးယူအံ့၊ ထုလ္လစ္စဉ်းအာပတ်သို့ ရောက်၏။

တစ်ပဲ တစ်ပဲအောက် အယုတ်ထိုက်သော ဥစ္စာကို မပေးဘဲ ခိုးလိုသော စိတ်အစုဖြင့် ခိုးယူအံ့၊ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

မပေးသည်ကို ခိုးယူခြင်းတည်းဟူသော အကြောင်းကြောင့် ဤသုံးပါးသော အာပတ်တို့သို့ ရောက်၏။

သေစေလိုသော စိတ်ရှိသည် ဖြစ်၍ လူကို သတ်ခြင်းတည်းဟူသော အကြောင်းကြောင့် အဘယ်မျှလောက်သော အာပတ်တို့သို့ ရောက်သနည်း။

သေစေလိုသော စိတ်ရှိသည် ဖြစ်၍ လူကို သတ်ခြင်းတည်းဟူသော အကြောင်းကြောင့် သုံးပါးသောအာပတ်တို့သို့ ရောက်၏။

--

ကျ၍ သေလတ္တံ့ဟု လူကို ရည်၍ တွင်းကို တူးအံ့၊ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

(လူ) ကျသောအခါ ဆင်းရဲခံစားခြင်း ‘ဒုက္ခဝေဒနာ'သည် ဖြစ်အံ့၊ ထုလ္လစ္စဉ်းအာပတ်သို့ ရောက်၏။

(လူ) သေအံ့၊ ပါရာဇိကအာပတ်သို့ ရောက်၏။

သေစေလိုသော စိတ်ရှိသည်ဖြစ်၍ လူကို သတ်ခြင်းတည်းဟူသော အကြောင်းကြောင့် ဤသုံးပါး သောအာပတ်တို့သို့ ရောက်၏။

ထင်ရှားမရှိဘဲ မဟုတ်မမှန်ဘဲ လူတို့၏ ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ်သော ဈာန်မဂ်ဖိုလ်တရားကို ငါရ၏ဟု ဝါကြွား၍ ပြောခြင်းတည်းဟူသော အကြောင်းကြောင့် အဘယ်မျှလောက်ကုန်သော အာပတ်တို့သို့ ရောက်သနည်း။

ထင်ရှားမရှိဘဲ မဟုတ်မမှန်ဘဲ လူတို့၏ ကုသိုလ်ကမ္မပထတရားဆယ်ပါးထက် လွန်မြတ်သောဈာန်မဂ်ဖိုလ်တရားကို ငါရ၏ဟု ဝါကြွား၍ ပြောခြင်းတည်းဟူသော အကြောင်းကြောင့် သုံးပါးကုန်သောအာပတ်တို့သို့ ရောက်၏။

ယုတ်မာသော အလိုရှိသည်ဖြစ်၍ ယုတ်မာသော အလိုရမ္မက် နှိပ်စက်သည်ဖြစ်၍ ထင်ရှားမရှိဘဲမဟုတ်မမှန်ဘဲ လူတို့၏ ကုသိုလ်ကမ္မပထတရားဆယ်ပါးထက် လွန်မြတ်သော ဈာန်မဂ်ဖိုလ်တရား ကိုငါရ၏ဟု ပြောအံ့၊ ပါရာဇိကအာပတ်သို့ ရောက်၏။

သင့်ကျောင်း၌နေသော ရဟန်းသည် ရဟန္တာတည်းဟု ပြောဆိုအံ့၊ (အပြောခံရသူ) သိသည်ရှိသော်ထုလ္လစ္စဉ်းအာပတ်သို့ ရောက်၏။

(အပြောခံရသူ) မသိသည်ရှိသော် ဒုက္ကဋ်အာပတ်သို့ ရောက်၏။

ထင်ရှားမရှိဘဲ မဟုတ်မမှန်ဘဲ လူတို့၏ ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ်သော ဈာန်မဂ်ဖိုလ် တရားကို ငါရ၏ဟု ဝါကြွား၍ ပြောခြင်းတည်းဟူသော အကြောင်းကြောင့် ဤသုံးပါးကုန်သောအာပတ်တို့သို့ ရောက်၏။

ပါရာဇိကလေးပါး ပြီး၏။

--

၂-သံဃာဒိသိသ်အခန်းစသည်

၁၉၄။ လုံ့လပြု၍ သုက်ကို လွတ်စေခြင်းတည်းဟူသော အကြောင်းကြောင့် အဘယ်မျှလောက်သောအာပတ်တို့သို့ ရောက်သနည်း။

လုံ့လပြု၍ သုက်ကို လွတ်စေခြင်းတည်းဟူသောအကြောင်းကြောင့် သုံးပါးသော အာပတ်တို့သို့ ရောက်၏။

စေ့ဆော်အံ့၊ လုံ့လပြုအံ့၊ လွတ်အံ့၊ သံဃာဒိသိသ်အာပတ်သို့ ရောက်၏။

စေ့ဆော်အံ့၊ လုံ့လပြုအံ့၊ (သုက်) မလွတ်အံ့၊ ထုလ္လစ္စဉ်းအာပတ်သို့ ရောက်၏။

အားထုတ်ခြင်း ‘ပယောဂ’ ၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

လုံ့လပြု၍ သုက်ကို လွတ်စေခြင်းတည်းဟူသော အကြောင်းကြောင့် ဤသုံးပါးသော အာပတ်တို့သို့ရောက်၏။

ကိုယ်လက်နှီးနှောခြင်းသို့ ရောက်ခြင်းတည်းဟူသော အကြောင်းကြောင့် အဘယ်မျှလောက်သောအာပတ်တို့သို့ ရောက်သနည်း။

ကိုယ်လက်နှီးနှောခြင်းသို့ ရောက်ခြင်းတည်းဟူသော အကြောင်းကြောင့် ငါးပါးသော အာပတ်တို့သို့ရောက်၏။

(ကိလေသာ) စိုစွတ်သော ရဟန်းမိန်းမသည် (ကိလေသာ) စိုစွတ်သော ယောက်ျားဖြစ်သော ပုဂ္ဂိုလ်၏ညှပ်ရိုးနှစ်ဖက်၏ အောက်၊ ပုဆစ်ဒူးဝန်းနှစ်ဖက်၏ အထက်၌ ကိုင်ခြင်းကို သာယာအံ့၊ ပါရာဇိကအာပတ်သို့ ရောက်၏။

ရဟန်းယောက်ျားသည် (ရဟန်း၏) ကိုယ်ဖြင့် (မိန်းမ၏) ကိုယ်ကို သုံးသပ်အံ့၊ သံဃာဒိသိသ်အာပတ်သို့ ရောက်၏။

(ရဟန်း၏) ကိုယ်ဖြင့် (မိန်းမ၏) ကိုယ်နှင့်စပ်သော အရာဝတ္ထု ‘အကျÐလုံချည်စသည်'ကို သုံးသပ်အံ့ ‘ပွတ်တိုက်အံ့’၊ ထုလ္လစ္စဉ်းအာပတ်သို့ ရောက်၏။

(ရဟန်း၏) ကိုယ်နှင့်စပ်သော (သင်္ကန်းစသော) အရာဝတ္ထုဖြင့် (မိန်းမ၏) ကိုယ်နှင့်စပ်သော (အကျÐ လုံချည်စသော) အရာဝတ္ထုကို သုံးသပ်အံ့ ‘ပွတ်တိုက်အံ့’၊ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

ကလိထိုး၍ ကစားခြင်းကြောင့် ပါစိတ်အာပတ်သို့ ရောက်၏။

ကိုယ်လက်နှီးနှောခြင်းသို့ ရောက်ခြင်းတည်းဟူသော အကြောင်းကြောင့် ဤငါးပါးသော အာပတ်တို့ သို့ရောက်၏။

မာတုဂါမကို ရုန့်ရင်းကြမ်းတမ်းသော စကားတို့ဖြင့် ပြောခြင်းတည်းဟူသော အကြောင်းကြောင့်သုံးပါးသော အာပတ်တို့သို့ ရောက်၏။

ဝစ္စမဂ်ပဿာဝမဂ်ကို ရည်၍ ကောင်းသော အခြင်းအရာကိုလည်း ပြောအံ့၊ မကောင်းသော အခြင်းအရာကိုလည်း ပြောအံ့၊ သံဃာဒိသိသ်အာပတ်သို့ ရောက်၏။

--

ဝစ္စမဂ် ပဿာဝမဂ်ကို ချန်ထား၍ ညှပ်ရိုးနှစ်ဖက်၏ အောက်, ပုဆစ်ဒူးဝန်းနှစ်ဖက်၏ အထက်ကို ရည်၍ကောင်းသော အခြင်းအရာကိုလည်း ပြောအံ့၊ မကောင်းသော အခြင်းအရာကိုလည်း ပြောအံ့၊ ထုလ္လစ္စဉ်းအာပတ်သို့ ရောက်၏။

မိန်းမ၏) ကိုယ်နှင့် စပ်သော အရာဝတ္ထုကို ရည်ရွယ်၍ ကောင်းသော အခြင်းအရာကိုလည်း ပြောအံ့၊ မကောင်းသော အခြင်းအရာကိုလည်း ပြောအံ့၊ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

မိမိအကျိုးငှါ ကာမဂုဏ်ဖြင့် လုပ်ကျွေးခြင်း၏ ဂုဏ်ကျေးဇူးကို ပြောဆိုခြင်းတည်းဟူသော အကြောင်းကြောင့် သုံးပါးသော အာပတ်တို့သို့ ရောက်၏။

မာတုဂါမထံ၌ မိမိအကျိုးငှါ ကာမဂုဏ်ဖြင့် လုပ်ကျွေးခြင်း၏ ဂုဏ်ကျေးဇူးကို ပြောဆိုအံ့၊ သံဃာဒိသိသ်အာပတ်သို့ ရောက်၏။

ပဏ္ဍုက်ထံ၌ မိမိအကျိုးငှါ ကာမဂုဏ်ဖြင့် လုပ်ကျွေးခြင်း၏ ဂုဏ်ကျေးဇူးကို ပြောဆိုအံ့၊ ထုလ္လစ္စဉ်းအာပတ်သို့ ရောက်၏။

တိရစ္ဆာန်ထံ၌ မိမိအကျိုးငှါ ကာမဂုဏ်ဖြင့် လုပ်ကျွေးခြင်း၏ ဂုဏ်ကျေးဇူးကို ပြောဆိုအံ့၊ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

အောင်တမန်သွားလာခြင်း ‘အောင်သွယ်ခြင်း'သို့ ရောက်ခြင်းတည်းဟူသော အကြောင်းကြောင့် သုံးပါးသော အာပတ်တို့သို့ ရောက်၏။

ဝန်ခံအံ့၊ စုံစမ်းအံ့၊ တစ်ဖန်ဆောင်အံ့၊ သံဃာဒိသိသ်အာပတ်သို့ ရောက်၏။

ဝန်ခံအံ့၊ စုံစမ်းအံ့၊ တစ်ဖန်မဆောင်အံ့၊ ထုလ္လစ္စဉ်းအာပတ်သို့ ရောက်၏။

ဝန်ခံအံ့၊ မစုံစမ်းအံ့၊ တစ်ဖန်မဆောင်အံ့၊ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

ကိုယ်တိုင် တောင်းယူအပ်သော (ပဲခွပ်စသော) အဆောက်အဦဖြင့် ကျောင်းကို ပြုစေခြင်း ‘ကျောင်းကိုဆောက်လုပ်ခြင်း’ တည်းဟူသော အကြောင်းကြောင့် သုံးပါးသော အာပတ်တို့သို့ ရောက်၏။

ပြုစေအံ့၊ အားထုတ်ခြင်း ‘ပယောဂ’ ၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

နောက်ဆုံး မြေစိုင်ခဲတစ်ခုသို့ မရောက်မီ ထုလ္လစ္စဉ်းအာပတ်သို့ ရောက်၏။

နောက်ဆုံး မြေစိုင်ခဲသို့ ရောက်သည်ရှိသော် သံဃာဒိသိသ်အာပတ်သို့ ရောက်၏။

ကြီးသောကျောင်းကို ပြုစေခြင်းတည်းဟူသော အကြောင်းကြောင့် သုံးပါးသော အာပတ်တို့သို့ရောက်၏။

ပြုစေအံ့၊ အားထုတ်ခြင်း ‘ပယောဂ’ ၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

နောက်ဆုံး မြေစိုင်ခဲတစ်ခုသို့ မရောက်မီ ထုလ္လစ္စဉ်းအာပတ်သို့ ရောက်၏။

နောက်ဆုံး မြေစိုင်ခဲသို့ ရောက်သည်ရှိသော် သံဃာဒိသိသ်အာပတ်သို့ ရောက်၏။

ရဟန်းကို (မြင်ခြင်း ကြားခြင်း ရွံရှာခြင်း) အရင်းမရှိသော ပါရာဇိကအာပတ်ဖြင့် စွပ်စွဲနှိပ်စက့်ဖျက်ဆီးခြင်းတည်းဟူသော အကြောင်းကြောင့် သုံးမျိုးသော အာပတ်တို့သို့ ရောက်၏။

ခွင့်မပြုစေဘဲ ‘ခွင့်မတောင်းဘဲ’ (သာသနာတော်မှ) ရွေ့လျောစေလိုသည် ဖြစ်၍ ဆိုအံ့၊ သံဃာဒိသိသ်အာပတ်နှင့်တကွ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

ခွင့်ပြုစေ၍ ‘ခွင့်တောင်း၍’ ဆဲရေးလိုသည်ဖြစ်၍ ဆိုအံ့၊ ဩမသဝါဒပါစိတ်အာပတ်သို့ ရောက်၏။

--

တစ်ပါးသော ရဟန်းကို မနုဿဇာတ် (ရဟန်းအဖြစ်) မှ တစ်ပါးသော အဖို့ရှိသော, တိရစ္ဆာန်ဇာတ် ၏တည်ရာဖြစ်သော ဆိတ်ဖို၏ တစ်စုံတစ်ခုညွှန်းအပ်သော အမြွက်မျှကို စွဲ၍ ပါရာဇိကအာပတ်ဖြင့် စွပ်စွဲနှိပ်စက် ဖျက်ဆီးခြင်းတည်းဟူသော အကြောင်းကြောင့် သုံးပါးသော အာပတ်တို့သို့ ရောက်၏။

ခွင့်မပြုစေဘဲ ‘ခွင့်မတောင်းဘဲ’ (သာသနာတော်မှ) ရွေ့လျောစေလိုသည် ဖြစ်၍ ဆိုအံ့၊ သံဃာဒိသိသ်အာပတ်နှင့်တကွ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

ခွင့်ပြုစေ၍ ‘ခွင့်တောင်း၍’ ဆဲရေးလိုသည် ဖြစ်၍ ဆိုအံ့၊ ဩမသဝါဒပါစိတ်အာပတ်သို့ ရောက်၏။

သံဃာကို သင်းခွဲသော ရဟန်းသည် သုံးကြိမ်တိုင်အောင် (ဉတ်ကမ္မဝါစာဖြင့်) ဆိုဆုံးမပါလျက် (အယူကို) မစွန့်ခြင်းတည်းဟူသော အကြောင်းကြောင့် သုံးပါးသော အာပတ်တို့သို့ ရောက်၏။

ဉတ်၏ အဆုံး၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

နှစ်ကြိမ်မြောက်သော ကမ္မဝါစာတို့၏ အဆုံး၌ ထုလ္လစ္စဉ်းအာပတ်သို့ ရောက်၏။

ကမ္မဝါစာ၏ အဆုံး၌ သံဃာဒိသိသ်အာပတ်သို့ ရောက်၏။

သံဃာကို သင်းခွဲသော ရဟန်းသို့ လိုက်ကုန်သော ရဟန်းတို့သည် သုံးကြိမ်တိုင်အောင် (ဉတ်ကမ္မဝါစာဖြင့်) ဆိုဆုံးမပါလျက် (အယူကို) မစွန့်ခြင်းတည်းဟူသော အကြောင်းကြောင့် သုံးပါးသောအာပတ်တို့သို့ ရောက်၏။

ဉတ်၏ အဆုံး၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

နှစ်ကြိမ်မြောက်သော ကမ္မဝါစာတို့၏ အဆုံး၌ ထုလ္လစ္စဉ်းအာပတ်သို့ ရောက်၏။

ကမ္မဝါစာ၏ အဆုံး၌ သံဃာဒိသိသ်အာပတ်သို့ ရောက်၏။

ဆိုနိုင်ခက်သော ရဟန်းသည် သုံးကြိမ်တိုင်အောင် (ဉတ်ကမ္မဝါစာဖြင့်) ဆိုဆုံးမပါလျက် (အယူကို) မစွန့်ခြင်းတည်းဟူသော အကြောင်းကြောင့် သုံးပါးသောအာပတ်တို့သို့ ရောက်၏။

ဉတ်၏ အဆုံး၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

နှစ်ကြိမ်မြောက်သော ကမ္မဝါစာတို့၏ အဆုံး၌ ထုလ္လစ္စဉ်းအာပတ်သို့ ရောက်၏။

ကမ္မဝါစာ၏ အဆုံး၌ သံဃာဒိသိသ်အာပတ်သို့ ရောက်၏။

ဒါယကာတို့၏ သဒ္ဓါတရားကို ဖျက်ဆီးသော ရဟန်းသည် သုံးကြိမ်တိုင်အောင် (ဉတ်ကမ္မဝါစာဖြင့်) ဆိုဆုံးမပါလျက် အယူကို မစွန့်ခြင်းတည်းဟူသော အကြောင်းကြောင့် သုံးပါးသောအာပတ်တို့သို့ရောက်၏။

ဉတ်၏ အဆုံး၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

နှစ်ကြိမ်မြောက်သော ကမ္မဝါစာတို့၏ အဆုံး၌ ထုလ္လစ္စဉ်းအာပတ်သို့ ရောက်၏။

ကမ္မဝါစာ၏ အဆုံး၌ သံဃာဒိသိသ်အာပတ်သို့ ရောက်၏။ပ။

မရိုသေခြင်းကို စွဲ၍ ရေ၌ ကျင်ကြီးကိုလည်းကောင်း၊ ကျင်ငယ်ကိုလည်းကောင်း၊ တံတွေးကိုလည်းကောင်း စွန့်ခြင်းတည်းဟူသော အကြောင်းကြောင့် အဘယ်မျှလောက်သော အာပတ်တို့သို့ ရောက်သနည်း။

မရိုသေခြင်းကို စွဲ၍ ရေ၌ ကျင်ကြီးကိုလည်းကောင်း၊ ကျင်ငယ်ကိုလည်းကောင်း၊ တံတွေးကိုလည်းကောင်း စွန့်ခြင်းတည်းဟူသော အကြောင်းကြောင့် တစ်ပါးသော ဒုက္ကဋ်အာပတ်သို့ ရောက်၏။

--

မရိုသေခြင်းကို စွဲ၍ ရေ၌ ကျင်ကြီးကိုလည်းကောင်း၊ ကျင်ငယ်ကိုလည်းကောင်း၊ တံတွေးကိုလည်းကောင်း စွန့်ခြင်းတည်းဟူသော အကြောင်းကြောင့် ဤတစ်ပါးသော (ဒုက္ကဋ်) အာပတ်သို့ ရောက်၏။

နှစ်ခုမြောက် ကတာပတ္တိဝါရ ပြီး၏။

၃ - ဝိပတ္တိဝါရ

၁၉၅။ မေထုန်အကျင့်ကို မှီဝဲခြင်းတည်းဟူသော အကြောင်းကြောင့် (သင့်သော) အာပတ်တို့သည်လေးပါးသော ဝိပတ္တိတို့တွင် အဘယ်မျှလောက်သော ဝိပတ္တိတို့သို့ သက်ဝင်ကုန်သနည်း။

မေထုန်အကျင့်ကို မှီဝဲခြင်းတည်းဟူသော အကြောင်းကြောင့် (သင့်သော) အာပတ်တို့သည် လေးပါးကုန်သော ဝိပတ္တိတို့တွင် နှစ်ပါးသော ဝိပတ္တိတို့သို့ သက်ဝင်ကုန်၏။

ရံခါ သီလဝိပတ္တိသို့ သက်ဝင်၏။

ရံခါ အာစာရဝိပတ္တိသို့ သက်ဝင်၏။ပ။

မရိုသေခြင်းကို စွဲ၍ ရေ၌ ကျင်ကြီးကိုလည်းကောင်း၊ ကျင်ငယ်ကိုလည်းကောင်း၊ တံတွေးကိုလည်းကောင်း စွန့်ခြင်းတည်းဟူသော အကြောင်းကြောင့် (သင့်သော) အာပတ်သည် လေးပါးသောဝိပတ္တိတို့တွင် အဘယ်မျှလောက်သော ဝိပတ္တိတို့သို့ သက်ဝင်သနည်း။

မရိုသေခြင်းကို စွဲ၍ ရေ၌ ကျင်ကြီးကိုလည်းကောင်း၊ ကျင်ငယ်ကိုလည်းကောင်း၊ တံတွေးကိုလည်းကောင်း စွန့်ခြင်းတည်းဟူသော အကြောင်းကြောင့် (သင့်သော) အာပတ်သည် လေးပါးသောဝိပတ္တိတို့တွင် အာစာရဝိပတ္တိဟု ဆိုအပ်သော တစ်ပါးသော ဝိပတ္တိသို့ သက်ဝင်၏။

သုံးခုမြောက် ဝိပတ္တိဝါရ ပြီး၏။

--

၄-သင်္ဂဟိတဝါရ

၁၉၆။ မေထုန်အကျင့်ကို မှီဝဲခြင်းတည်းဟူသော အကြောင်းကြောင့် (သင့်သော) အာပတ်တို့ကိုခုနစ်ပါးကုန်သော အာပတ်အစုတို့တွင် အဘယ်မျှလောက်သော အာပတ်အစုတို့ဖြင့် ရေတွက်အပ်ကုန်သနည်း။

မေထုန်အကျင့်ကို မှီဝဲခြင်းတည်းဟူသော အကြောင်းကြောင့် (သင့်သော) အာပတ်တို့ကို ခုနစ်ပါးကုန်သော အာပတ်အစုတို့တွင် လေးပါးသော အာပတ်အစုတို့ဖြင့် ရေတွက်အပ်ကုန်၏။

ရံခါ ပါရာဇိကအာပတ်အစုဖြင့် ရေတွက်အပ်၏၊ ရံခါ ထုလ္လစ္စဉ်းအာပတ်အစုဖြင့် ရေတွက်အပ်၏၊ ရံခါပါစိတ်အာပတ်အစုဖြင့် ရေတွက်အပ်၏၊ ရံခါ ဒုက္ကဋ်အာပတ်အစုဖြင့် ရေတွက်အပ်၏။ပ။

မရိုသေခြင်းကို စွဲ၍ ရေ၌ ကျင်ကြီးကိုလည်းကောင်း၊ ကျင်ငယ်ကိုလည်းကောင်း၊ တံတွေးကိုလည်းကောင်း စွန့်ခြင်းတည်းဟူသော အကြောင်းကြောင့် (သင့်သော) အာပတ်ကို ခုနစ်ပါးသော အာပတ်အစုတို့တွင် အဘယ်မျှလောက်သော အာပတ်အစုတို့ဖြင့် ရေတွက်အပ်သနည်း။

မရိုသေခြင်းကို စွဲ၍ ရေ၌ ကျင်ကြီးကိုလည်းကောင်း၊ ကျင်ငယ်ကိုလည်းကောင်း၊ တံတွေးကိုလည်းကောင်း စွန့်ခြင်းတည်းဟူသော အကြောင်းကြောင့် (သင့်သော) အာပတ်ကို ခုနစ်ပါးကုန်သောအာပတ်အစု တို့တွင် ဒုက္ကဋ်အာပတ်အစုဟု ဆိုအပ်သော တစ်ပါးသော အာပတ်အစုဖြင့် ရေတွက်အပ်၏။

လေးခုမြောက် သင်္ဂဟိတဝါရ ပြီး၏။

၅-သမုဋ္ဌာနဝါရ

၁၉၇။ မေထုန်အကျင့်ကို မှီဝဲခြင်းတည်းဟူသော အကြောင်းကြောင့် (သင့်သော) အာပတ်တို့သည်အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် အဘယ်မျှလောက်သော အကြောင်းတို့ကြောင့် ဖြစ်ကုန်သနည်း။

မေထုန်အကျင့်ကို မှီဝဲခြင်းတည်းဟူသော အကြောင်းကြောင့် (သင့်သော) အာပတ်တို့သည် အာပတ်သင့်ခြင်း အကြောင်းခြောက်မျိုးတို့တွင် တစ်မျိုးသော အကြောင်းကြောင့် ဖြစ်ကုန်၏။ ကိုယ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်း ဖြစ်ကုန်၏၊ နှုတ်ကြောင့် မဖြစ်ကုန်။ပ။

--

မရိုသေခြင်းကို စွဲ၍ ရေ၌ ကျင်ကြီးကိုလည်းကောင်း၊ ကျင်ငယ်ကိုလည်းကောင်း၊ တံတွေးကိုလည်းကောင်း စွန့်ခြင်းတည်းဟူသော အကြောင်းကြောင့် (သင့်သော) အာပတ်သည်အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် အဘယ်မျှလောက်သော အကြောင်းတို့ကြောင့်ဖြစ်သနည်း။

မရိုသေခြင်းကို စွဲ၍ ရေ၌ ကျင်ကြီးကိုလည်းကောင်း၊ ကျင်ငယ်ကိုလည်းကောင်း၊ တံတွေးကိုလည်းကောင်း စွန့်ခြင်းတည်းဟူသော အကြောင်းကြောင့် (သင့်သော) အာပတ်သည်အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် တစ်မျိုးသော အကြောင်းကြောင့် ဖြစ်၏။ ကိုယ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့် လည်းကောင်း ဖြစ်၏၊ နှုတ်ကြောင့် မဖြစ်။ပ။

ငါးခုမြောက် သမုဋ္ဌာနဝါရ ပြီး၏။

၆-အဓိကရဏဝါရ

၁၉၈။ မေထုန်အကျင့်ကို မှီဝဲခြင်းတည်းဟူသော အကြောင်းကြောင့် (သင့်သော) အာပတ်တို့သည်အဓိကရုဏ်းလေးမျိုးတို့တွင် အဘယ်အဓိကရုဏ်းနည်း။

မေထုန်အကျင့်ကို မှီဝဲခြင်းတည်းဟူသော အကြောင်းကြောင့် (သင့်သော) အာပတ်တို့သည်အဓိကရုဏ်းလေးမျိုးတို့တွင် အာပတ္တာဓိကရုဏ်းတည်း။ပ။

မရိုသေခြင်းကို စွဲ၍ ရေ၌ ကျင်ကြီးကိုလည်းကောင်း၊ ကျင်ငယ်ကိုလည်းကောင်း၊ တံတွေးကိုလည်းကောင်း စွန့်ခြင်းတည်းဟူသော အကြောင်းကြောင့် (သင့်သော) အာပတ်သည်အဓိကရုဏ်းလေးမျိုးတို့တွင် အဘယ်အဓိကရုဏ်းနည်း။

မရိုသေခြင်းကို စွဲ၍ ရေ၌ ကျင်ကြီးကိုလည်းကောင်း၊ ကျင်ငယ်ကိုလည်းကောင်း၊ တံတွေးကိုလည်းကောင်း စွန့်ခြင်းတည်းဟူသော အကြောင်းကြောင့် (သင့်သော) အာပတ်သည် လေးမျိုးသောအဓိကရုဏ်း တို့တွင် အာပတ္တာဓိကရုဏ်းတည်း။

ခြောက်ခုမြောက် အဓိကရဏဝါရ ပြီး၏။

--

၇-သမထဝါရ

၁၉၉။ မေထုန်အကျင့်ကို မှီဝဲခြင်းတည်းဟူသော အကြောင်းကြောင့် (သင့်သော) အာပတ်တို့သည်ခုနစ်ပါးကုန်သော သမထတို့တွင် အဘယ်မျှလောက်သော သမထတို့ဖြင့် ငြိမ်းအေးကုန်သနည်း။

မေထုန်အကျင့်ကို မှီဝဲခြင်းတည်းဟူသော အကြောင်းကြောင့် (သင့်သော) အာပတ်တို့သည် ခုနစ်ပါးကုန်သော သမထတို့တွင် သုံးပါးသော သမထတို့ဖြင့် ငြိမ်းအေးကုန်၏။

ရံခါ သမ္မုခါဝိနယဖြင့်လည်းကောင်း၊ ပဋိညာတကရဏဖြင့်လည်းကောင်း ငြိမ်းအေး၏၊ ရံခါ သမ္မုခါဝိနယဖြင့်လည်းကောင်း၊ တိဏဝတ္ထ္ထာရကဝိနည်းကံဖြင့်လည်းကောင်း ငြိမ်းအေး၏။ပ။

မရိုသေခြင်းကို စွဲ၍ ရေ၌ ကျင်ကြီးကိုလည်းကောင်း၊ ကျင်ငယ်ကိုလည်းကောင်း၊ တံတွေးကိုလည်းကောင်း စွန့်ခြင်းတည်းဟူသော အကြောင်းကြောင့် (သင့်သော) အာပတ်သည် ခုနစ်ပါးသော သမထတို့တွင် အဘယ်မျှလောက်သော သမထတို့ဖြင့် ငြိမ်းအေးသနည်း။

မရိုသေခြင်းကို စွဲ၍ ရေ၌ ကျင်ကြီးကိုလည်းကောင်း၊ ကျင်ငယ်ကိုလည်းကောင်း၊ တံတွေးကိုလည်းကောင်း စွန့်ခြင်းတည်းဟူသော အကြောင်းကြောင့် (သင့်သော) အာပတ်သည် ခုနစ်ပါးကုန်သော သမထ့တို့တွင် သုံးပါးသော သမထတို့ဖြင့် ငြိမ်းအေး၏။

ရံခါ သမ္မုခါဝိနယဖြင့်လည်းကောင်း၊ ပဋိညာတကရဏဖြင့်လည်းကောင်း ငြိမ်းအေး၏၊ ရံခါ သမ္မုခါဝိနယဖြင့်လည်းကောင်း၊ တိဏဝတ္ထ္ထာရကဝိနည်းကံဖြင့်လည်းကောင်း ငြိမ်းအေး၏။

ခုနစ်ခုမြောက် သမထဝါရ ပြီး၏။

၈-သမုစ္စယဝါရ

၂၀၀။ မေထုန်အကျင့်ကို မှီဝဲခြင်းတည်းဟူသော အကြောင်းကြောင့် အဘယ်မျှလောက်သော အာပတ်တို့သို့ ရောက်သနည်း။

မေထုန်အကျင့်ကို မှီဝဲခြင်းတည်းဟူသော အကြောင်းကြောင့် လေးပါးသော အာပတ်တို့သို့ ရောက်၏။

ခွေးစသည် မစားအပ်သေးသော အသေကောင်၌ မေထုန်အကျင့်ကို မှီဝဲအံ့၊ ပါရာဇိကအာပတ်သို့ရောက်၏။

--

များသောအားဖြင့် ခွေးစသည် စားအပ်ပြီးသော အသေကောင်၌ မေထုန်အကျင့်ကို မှီဝဲအံ့၊ ထုလ္လစ္စဉ်းအာပတ်သို့ ရောက်၏။

ဟင်းလင်းပွင့်သော ခံတွင်း၌ မထိစေဘဲ (မိမိ၏) အင်္ဂါဇာတ်ကို သွင်းအံ့၊ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

ချိပ်တောင့်ဖြင့် ထိုးခြင်းကြောင့် ပါစိတ်အာပတ်သို့ ရောက်၏။

မေထုန်အကျင့်ကို မှီဝဲခြင်းတည်းဟူသော အကြောင်းကြောင့် ဤလေးပါးသော အာပတ်တို့သို့ ရောက်၏။

ထို (လေးပါးသော) အာပတ်တို့သည် လေးပါးသော ဝိပတ္တိတို့တွင် အဘယ်မျှလောက်သော ဝိပတ္တိတို့သို့ သက်ဝင်ကုန်သနည်း။

(ထိုလေးပါးသောအာပတ်တို့ကို) ခုနစ်ပါးသော အာပတ်အစုတို့တွင် အဘယ်မျှလောက်သော အာပတ်အစုတို့ဖြင့် ရေတွက်အပ်ကုန်သနည်း။

အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် အဘယ်မျှလောက်သော အကြောင်းတို့ကြောင့် ဖြစ်ကုန်သနည်း။

အဓိကရုဏ်းလေးပါးတို့တွင် အဘယ်အဓိကရုဏ်းနည်း။

ခုနစ်ပါးသော သမထတို့တွင် အဘယ်မျှလောက်သော သမထတို့ဖြင့် ငြိမ်းအေးကုန်သနည်း။

ထို (လေးပါးကုန်သော) အာပတ်တို့သည် ဝိပတ္တိလေးပါးတို့တွင် နှစ်ပါးသော ဝိပတ္တိတို့သို့ သက်ဝင်ကုန်၏။

ရံခါ သီလဝိပတ္တိသို့ သက်ဝင်၏။

ရံခါ အာစာရဝိပတ္တိသို့ သက်ဝင်၏။

ခုနစ်ပါးသော အာပတ်အစုတို့တွင် လေးပါးသော အာပတ်အစုတို့ဖြင့် ရေတွက်အပ်ကုန်၏။

ရံခါ ပါရာဇိကအာပတ်အစုဖြင့် ရေတွက်အပ်ကုန်၏၊ ရံခါ ထုလ္လစ္စဉ်းအာပတ်အစုဖြင့် ရေတွက်အပ်ကုန်၏၊ ရံခါ ပါစိတ်အာပတ်အစုဖြင့် ရေတွက်အပ်ကုန်၏၊ ရံခါ ဒုက္ကဋ်အာပတ်အစုဖြင့် ရေတွက်အပ်ကုန်၏။

အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် တစ်မျိုးသော အကြောင်းကြောင့် ဖြစ်ကုန်၏။ ကိုယ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်း ဖြစ်ကုန်၏၊ နှုတ်ကြောင့် မဖြစ်ကုန်။

အဓိကရုဏ်းလေးမျိုးတို့တွင် အာပတ္တာဓိကရုဏ်းတည်း။

ခုနစ်ပါးသော သမထတို့တွင် သုံးပါးသော သမထတို့ဖြင့် ငြိမ်းအေးကုန်၏။

ရံခါ သမ္မုခါဝိနယဖြင့်လည်းကောင်း၊ ပဋိညာတကရဏဖြင့်လည်းကောင်း ငြိမ်းအေးကုန်၏၊ ရံခါသမ္မုခါဝိနယဖြင့်လည်းကောင်း၊ တိဏဝတ္ထာရကဝိနည်းကံဖြင့်လည်းကောင်း ငြိမ်းအေးကုန်၏။ပ။

မရိုသေခြင်းကို စွဲ၍ ရေ၌ ကျင်ကြီးကိုလည်းကောင်း၊ ကျင်ငယ်ကိုလည်းကောင်း၊ တံတွေးကိုလည်းကောင်း စွန့်ခြင်းတည်းဟူသော အကြောင်းကြောင့် အဘယ်မျှလောက်သော အာပတ်တို့သို့ ရောက်သနည်း။

မရိုသေခြင်းကို စွဲ၍ ရေ၌ ကျင်ကြီးကိုလည်းကောင်း၊ ကျင်ငယ်ကိုလည်းကောင်း၊ တံတွေးကိုလည်းကောင်း စွန့်ခြင်းတည်းဟူသော အကြောင်းကြောင့် ဒုက္ကဋ်ဟူသော အာပတ်တစ်ပါးသို့ ရောက်၏။

--

မရိုသေခြင်းကို စွဲ၍ ရေ၌ ကျင်ကြီးကိုလည်းကောင်း၊ ကျင်ငယ်ကိုလည်းကောင်း၊ တံတွေးကိုလည်းကောင်း စွန့်ခြင်းတည်းဟူသော အကြောင်းကြောင့် ဤတစ်ပါးသော အာပတ်သို့ ရောက်၏။

ထို (ဒုက္ကဋ်) အာပတ်သည် လေးပါးသော ဝိပတ္တိတို့တွင် အဘယ်မျှလောက်သော ဝိပတ္တိတို့သို့ သက်ဝင်သနည်း။

ခုနစ်ပါးသော အာပတ်အစုတို့တွင် အဘယ်မျှလောက်သော အာပတ်အစုတို့ဖြင့် ရေတွက်အပ်သနည်း။

အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် အဘယ်မျှလောက်သော အကြောင်းတို့ကြောင့် ဖြစ်သနည်း။

အဓိကရုဏ်းလေးပါးတို့တွင် အဘယ်အဓိကရုဏ်းနည်း။

ခုနစ်ပါးသော သမထတို့တွင် အဘယ်မျှလောက်သော သမထတို့ဖြင့် ငြိမ်းအေးသနည်း။

ထို (ဒုက္ကဋ်) အာပတ်သည် လေးပါးသော ဝိပတ္တိတို့တွင် အာစာရဝိပတ္တိဟု ဆိုအပ်သော တစ်ပါးသောဝိပတ္တိသို့ သက်ဝင်၏။

ခုနစ်ပါးသော အာပတ်အစုတို့တွင် ဒုက္ကဋ်အာပတ်အစုဟု ဆိုအပ်သော တစ်ပါးသော အာပတ်အစုဖြင့်ရေတွက်အပ်၏။

အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် တစ်မျိုးသော အကြောင်းကြောင့် ဖြစ်၏။ ကိုယ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်း ဖြစ်၏၊ နှုတ်ကြောင့် မဖြစ်။

အဓိကရုဏ်းလေးပါးတို့တွင် အာပတ္တာဓိကရုဏ်းတည်း။

ခုနစ်ပါးသော သမထတို့တွင် သုံးပါးသော သမထတို့ဖြင့် ငြိမ်းအေး၏။

ရံခါ သမ္မုခါဝိနယဖြင့်လည်းကောင်း၊ ပဋိညာတကရဏဖြင့်လည်းကောင်း ငြိမ်းအေး၏၊ ရံခါ သမ္မုခါဝိနယဖြင့်လည်းကောင်း၊ တိဏဝတ္ထာရကဝိနည်းကံဖြင့်လည်းကောင်း ငြိမ်းအေး၏။

ရှစ်ခုမြောက် သမုစ္စယဝါရ ပြီး၏။

ရှစ်ပါးသော ပစ္စယဝါရတို့သည် ပြီးကုန်၏။

မဟာဝိဘင်း၌ ဝါရကြီး တစ်ဆယ့်ခြောက်ပါးတို့သည် ပြီးကုန်၏။

ဘိက္ခုဝိဘင်း မဟာဝါရ ပြီး၏။

--

ဘိက္ခုနီဝိဘင်းပါဠိတော်

၁-ကတ္ထပညတ္တိဝါရ

၁-ပါရာဇိက ရှစ်ပါး

၂၀၁။ သိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားသည် ရဟန်းမိန်းမတို့အား ငါးခုမြောက်ပါရာဇိကသိက္ခာပုဒ်၁ကို အဘယ်အရပ်ဒေသ၌ အဘယ် ရဟန်းမိန်းမကို အကြောင်းပြု၍ အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

ထိုပဉ္စမပါရာဇိက၌ (မူလ) ပညတ်ရှိသလော၊ အနုပညတ်ရှိသလော၊ အနုပ္ပန္နပညတ်ရှိသလော။

ထို (ပဉ္စမပါရာဇိကသိက္ခာပုဒ်) သည် သဗ္ဗတ္ထပညတ်လော၊ ပဒေသပညတ်လော၊ သာဓာရဏပညတ်လော၊ အသာဓာရဏပညတ်လော၊ ဧကတောပညတ်လော၊ ဥဘတောပညတ်လော။

လေးပါးသော ပါတိမောက်ပြခြင်း၂ တို့တွင် အဘယ်ပါတိမောက်ပြခြင်း၌ အတွင်းဝင်သနည်း၊ အဘယ်ပါတိမောက်ပြခြင်း၌ အကျုံးဝင်သနည်း၊ အဘယ်အကျဉ်းပြခြင်းဖြင့် အကျဉ်းပြအပ်သည်အဖြစ်သို့ရောက်သနည်း၊ လေးပါးသော ဝိပတ္တိတို့တွင် အဘယ်ဝိပတ္တိနည်း၊ ခုနစ်ပါးသော အာပတ်အစုတို့တွင်အဘယ်အာပတ်အစုနည်း၊ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် အဘယ်မျှလောက်ကုန်သောအကြောင်းတို့ကြောင့် ဖြစ်သနည်း။

အဓိကရုဏ်းလေးမျိုးတို့တွင် အဘယ်အဓိကရုဏ်းနည်း၊ သမထခုနစ်ပါးတို့တွင် အဘယ်သမထ တို့ဖြင့်ငြိမ်းအေးသနည်း။

ထိုပဉ္စမပါရာဇိကသိက္ခာပုဒ်၌ ဝိနယဟူသည် အဘယ်နည်း၊ အဘိဝိနယဟူသည် အဘယ်နည်း။

ထိုပဉ္စမပါရာဇိကသိက္ခာပုဒ်၌ ပါတိမောက်ဟူသည် အဘယ်နည်း၊ အဓိပါတိမောက်ဟူသည် အဘယ် နည်း။

ဝိပတ္တိကား အဘယ်နည်း။

သမ္ပတ္တိကား အဘယ်နည်း။

ပဋိပတ္တိကား အဘယ်နည်း။

အဘယ်မျှလောက်သော အကျိုးထူးတို့ကို အကြောင်းပြု၍ ရဟန်းမိန်းမတို့အား ပဉ္စမပါရာဇိကကိုပညတ်တော်မူအပ်သနည်း။

အဘယ်ရဟန်းမိန်းမတို့သည် ကျင့်ကုန်သနည်း။

အဘယ်ရဟန်းမိန်းမတို့သည် ကျင့်အပ်ပြီးသော အကျင့် ‘သိက္ခာ’ ရှိကုန်သနည်း။

အဘယ်ရဟန်းမိန်းမတို့၌ တည်သနည်း၊ အဘယ်ရဟန်းမိန်းမတို့သည် နှုတ်တက်အာဂုံ (ပါဌ်အနက်) ဆောင်ကုန်သနည်း၊ အဘယ်သူ၏ စကားနည်း၊ အဘယ်သူသည် ဆရာစဉ်ဆက် ဆောင်ခဲ့သနည်း။

၂၀၂။ သိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားသည် ရဟန်းမိန်းမတို့အား ငါးခုမြောက် ပါရာဇိကသိက္ခာပုဒ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

--

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

သုန္ဒရီနန္ဒာမည်သော ရဟန်းမိန်းမကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

သုန္ဒရီနန္ဒာမည်သော ရဟန်းမိန်းမ၏ (ကိလေသာ) စိုစွတ်သည်ဖြစ်၍ (ကိလေသာ) စိုစွတ်သောယောက်ျားဖြစ်သော ပုဂ္ဂိုလ်၏ ကိုယ်လက်နှီးနှောခြင်းကို သာယာခြင်းအကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

ထိုပဉ္စမပါရာဇိကသိက္ခာပုဒ်၌ (မူလ) ပညတ်ရှိသလော၊ အနုပညတ်ရှိသလော၊ အနုပ္ပန္နပညတ်ရှိသလော။

ထိုပဉ္စမပါရာဇိကသိက္ခာပုဒ်၌ (မူလ) ပညတ်တစ်ပါး ရှိ၏၊ အနုပညတ်, အနုပ္ပန္နပညတ်သည် မရှိ။

ထို (ပဉ္စမပါရာဇိကသိက္ခာပုဒ်) သည် သဗ္ဗတ္ထပညတ်လော၊ ပဒေသပညတ်လော။

သဗ္ဗတ္ထပညတ်တည်း။

သာဓာရဏပညတ်လော၊ အသာဓာရဏပညတ်လော။

အသာဓာရဏပညတ်တည်း။

ဧကတောပညတ်လော၊ ဥဘတောပညတ်လော။

ဧကတောပညတ်တည်း။

ပါတိမောက်ပြခြင်း လေးပါးတို့တွင် အဘယ်ပါတိမောက်ပြခြင်း၌ အတွင်းဝင်သနည်း၊ အဘယ်ပါတိမောက်ပြခြင်း၌ အကျုံးဝင်သနည်း။

ပါတိမောက်ပြခြင်း လေးပါးတို့တွင် နိဒါန်း၌ အတွင်းဝင်၏၊ နိဒါန်း၌ အကျုံးဝင်၏။

အဘယ်အကျဉ်းပြခြင်းဖြင့် အကျဉ်းပြအပ်သည် အဖြစ်သို့ ရောက်သနည်း။

ဒုတိယအကျဉ်းပြခြင်းဖြင့် အကျဉ်းပြအပ်သည် အဖြစ်သို့ ရောက်၏။

ဝိပတ္တိလေးပါးတို့တွင် အဘယ်ဝိပတ္တိနည်း။

ဝိပတ္တိလေးပါးတို့တွင် သီလဝိပတ္တိတည်း။

အာပတ်အစု ခုနစ်ပါးတို့တွင် အဘယ်အာပတ်အစုဖြစ်သနည်း။

ပါရာဇိကအာပတ်အစု ဖြစ်၏။

အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် အဘယ်မျှလောက်သော အကြောင်းတို့ကြောင့် ဖြစ်သနည်း။ အကြောင်းတစ်မျိုးကြောင့် ဖြစ်၏။ ကိုယ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်းဖြစ်၏၊ နှုတ်ကြောင့် မဖြစ်။

အဓိကရုဏ်းလေးပါးတို့တွင် အဘယ်အဓိကရုဏ်းနည်း။

အဓိကရုဏ်းလေးပါးတို့တွင် အာပတ္တာဓိကရုဏ်းတည်း။

သမထခုနစ်ပါးတို့တွင် အဘယ်သမထတို့ဖြင့် ငြိမ်းအေးသနည်း။

သမ္မုခါဝိနယဖြင့်လည်းကောင်း ပဋိညာတကရဏဖြင့်လည်းကောင်း ငြိမ်းအေး၏။

--

ထိုပဉ္စမပါရာဇိကသိက္ခာပုဒ်၌ ဝိနယဟူသည် အဘယ်နည်း၊ အဘိဝိနယဟူသည် အဘယ်နည်း။

(မာတိကာ) ပညတ်သည် ဝိနယ မည်၏၊ ဝိဘင်းသည် အဘိဝိနယ မည်၏။

ထိုပဉ္စမပါရာဇိကသိက္ခာပုဒ်၌ ပါတိမောက်ဟူသည် အဘယ်နည်း၊ အဓိပါတိမောက်ဟူသည် အဘယ် နည်း။

(မာတိကာ) ပညတ်သည် ပါတိမောက် မည်၏၊ ဝိဘင်းသည် အဓိပါတိမောက် မည်၏။

ဝိပတ္တိကား အဘယ်နည်း။

သိက္ခာပုဒ်ကို မစောင့်စည်းခြင်း ‘လွန်ကျူးခြင်း’ သည် ဝိပတ္တိ မည်၏။

သမ္ပတ္တိကား အဘယ်နည်း။

သိက္ခာပုဒ်ကို စောင့်စည်းခြင်း ‘မလွန်ကျူးခြင်း’ သည် သမ္ပတ္တိ မည်၏။

ပဋိပတ္တိကား အဘယ်နည်း။

“ငါသည် ဤသို့သဘောရှိသော မကောင်းသော အကျင့်ကို မပြုလုပ်တော့အံ့”ဟု အသက်ရှည် သရွေ့ကာလပတ်လုံး အသက်ဆုံးသည့်တိုင်အောင် ဆောက်တည်၍ သိက္ခာပုဒ်တို့၌ ကျင့်သုံးခြင်းသည်ပဋိပတ္တိမည်၏။

မြတ်စွာဘုရားသည် အဘယ်မျှလောက်သော အကျိုးထူးတို့ကို အကြောင်းပြု၍ ရဟန်းမိန်းမတို့အား ပဉ္စမပါရာဇိကသိက္ခာပုဒ်ကို ပညတ်တော်မူအပ်ပါသနည်း။

သံဃာတော်၏ ကောင်းပါပြီဟု ဝန်ခံကျင့်သုံးရန်၊ သံဃာတော်များ ချမ်းသာစေရန်၊ အကျင့်သီလဖောက်ဖျက်သော ရဟန်းမိန်းမတို့ကို နှိမ်နင်းရန်၊ အကျင့်သီလကို ချစ်မြတ်နိုးသော ရဟန်းမိန်းမတို့ချမ်းသာစွာ နေနိုင်ရန်၊ မျက်မှောက်၌ ဖြစ်ကုန်သော ဆင်းရဲအထူးတို့ကို စောင့်စည်းရန်၊ နောင်ဖြစ်လတ္တံ့ကုန်သော ဆင်းရဲအထူးတို့ကို ပယ်ရှားရန်၊ မကြည်ညိုသေးသော သူတို့ကို ကြည်ညိုစေရန်၊ ကြည်ညိုပြီးသော သူတို့ကို တိုး၍ ကြည်ညိုစေရန်၊ သူတော်ကောင်းတရား ‘သာသနာသုံးရပ်’ တည်တံ့ရန်၊ ဝိနည်း ‘စည်းမျဉ်းဥပဒေ’ ကို ချီးမြှောက်ရန်ဟူသော ဤအကျိုးထူး ဆယ်ပါးကို အကြောင်းပြု၍ ပဉ္စမပါရာဇိကသိက္ခာပုဒ်ကို မြတ်စွာဘုရားသည် ရဟန်းမိန်းမတို့အား ပညတ်တော်မူအပ်ပါသည်။

အဘယ်ရဟန်းမိန်းမတို့သည် ကျင့်ကုန်သနည်း။

သေက္ခရဟန်းမိန်းမနှင့် ကလျာဏပုထုဇဉ် ရဟန်းမိန်းမတို့သည် ကျင့်ကုန်၏။

အဘယ်ရဟန်းမိန်းမတို့သည် ကျင့်အပ်ပြီးသော အကျင့်ရှိကုန်သနည်း။

ရဟန္တာမတို့သည် ကျင့်အပ်ပြီးသော အကျင့်ရှိကုန်၏။

အဘယ်ရဟန်းမိန်းမတို့၌ တည်သနည်း။

ကျင့်ခြင်းငှါ အလိုရှိကုန်သော ရဟန်းမိန်းမတို့၌ တည်၏။

အဘယ်ရဟန်းမိန်းမတို့သည် (ပါဌ်အနက်အာဂုံ) ဆောင်ကုန်သနည်း။

အကြင် ရဟန်းမိန်းမတို့သည် ပဉ္စမပါရာဇိကသိက္ခာပုဒ်ကို လေ့လာကုန်၏၊ ထိုရဟန်းမိန်းမတို့သည် (ပါဌ်အနက်အာဂုံ) ဆောင်ကုန်၏။

(ပဉ္စမပါရာဇိကသိက္ခာပုဒ်သည်) အဘယ်သူ၏ စကားနည်း။

(ပဉ္စမပါရာဇိကသိက္ခာပုဒ်သည်) လူ နတ် ဗြဟ္မာ သတ္တဝါတို့၏ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရား၏ စကားတော်တည်း။

--

အဘယ်သူသည် ဆောင်ခဲ့သနည်း။

ဆရာအဆက်ဆက်သည် ဆောင်ခဲ့၏။

ဥပါလိမထေရ်၊ ဒါသကမထေရ်၊ သောဏကမထေရ်၊ သိဂ္ဂဝမထေရ်၊ ငါးပါးမြောက် မောဂ္ဂလိပုတ္တတိဿမထေရ်နှင့်တကွ ထိုရဟန္တာအသျှင်မြတ်ငါးပါးတို့သည် ဇမ္ဗူဒိပ်ကျွန်း၌ဝိနည်းပိဋကတ်ကို (ပါဌ်အနက်အာဂုံဆောင်၍) ပို့ချတော်မူကြကုန်၏။

ထို့နောက် မဟိန္ဒမထေရ်၊ ဣဋ္ဋိယမထေရ်၊ ဥတ္တိယမထေရ်၊ ထိုမှတစ်ပါး သမ္ဗလ မထေရ် (ပစ္စုပ္ပန် သံသရာကျိုးနှစ်ဖြာ၌ သိသော) ပညာရှိသော ဘဒ္ဒနာမမထေရ်၊ ကြီးသော ပညာရှိကုန်သောထိုရဟန္တာအသျှင်မြတ်တို့သည် ဇမ္ဗူဒိပ်ကျွန်းမှ ဤသီဟိုဠ် ကျွန်းသို့ ကြွလာတော်မူကြကုန်၏။

(မဟိန္ဒမထေရ်စသော) ထိုရဟန္တာတို့သည် သီဟိုဠ်ကျွန်း၌ ဝိနည်းပိဋကတ်ကို ပို့ချ တော်မူကြကုန်၏။ နိကာယ်ငါးရပ်တို့ကိုလည်းကောင်း၊ အဘိဓမ္မာခုနစ်ကျမ်းတို့ကိုလည်း ကောင်း ပို့ချတော်မူကြကုန်၏။

ထို့နောက် ထိုးထွင်းသော ပညာရှိသော အရိဋ္ဌမထေရ်၊ (ပစ္စုပ္ပန် သံသရာ ကျိုးနှစ်ဖြာ၌ သိသော) ပညာရှိသော တိဿဒတ္တမထေရ်၊ ရွံ့ရှားခြင်းကင်း ရဲတင်းသော ပညာရှိသော ကာဠသုမနမထေရ်၊ ဒီဃအမည်ရှိသောမထေရ်၊ (ပစ္စုပ္ပန် သံသရာ ကျိုးနှစ်ဖြာ၌ သိသော) ပညာရှိသော ဒီဃသုမနမထေရ်။

တစ်ဖန်တုံ ကာဠသုမနမထေရ်၊ နာဂမထေရ်၊ ဗုဒ္ဓရက္ခိတမထေရ်၊ ထိုးထွင်းသော ဉာဏ်ပညာရှိသောတိဿမထေရ်၊ (ပစ္စုပ္ပန် သံသရာ ကျိုးနှစ်ဖြာ၌ သိသော) ပညာရှိသော ဒေဝမထေရ်။

တစ်ဖန်တုံ ဝိနည်းပိဋကတ်၌ ရွံ့ရှားခြင်းကင်း ရဲတင်းသော ထိုးထွင်း၍ သိသော ဉာဏ်ပညာရှိသောသုမနမထေရ်၊ ဖျက်ဆီးထိုးပစ်နိုင်ခဲသော ဆင်ပြောင်ကြီးကဲ့သို့ များ သော အကြားအမြင်ရှိသောစူဠနာဂမထေရ်။

ရောဟဏဇနပုဒ်၌ သူတော်ကောင်းတို့သည် ကိုးကွယ်ပူဇော်အပ်သော ဓမ္မပါလိတ အမည်ရှိသောမထေရ်၊ ထိုဓမ္မပါလိတမထေရ်၏တပည့် ပိဋကတ်သုံးပုံ နှုတ်တက်အာဂုံ ဆောင်ပြီးလျှင် ကြီးသောပညာရှိသည် ဖြစ်၍ နက္ခတ်တာရာကြယ်တကာတို့၏ မင်းဖြစ် သော လကဲ့သို့ သီဟိုဠ်ကျွန်း၌ပညာရောင်ဖြင့် အလွန်တင့်တယ်သော ခေမအမည် ရှိသော မထေရ်၊ ထိုးထွင်းသော ဉာဏ်ပညာရှိသောဥပတိဿမထေရ်၊ တရားဟော ပုဂ္ဂိုလ်ကြီးဖြစ်သော ဖုဿဒေဝမထေရ်။

တစ်ဖန်တုံ ထိုးထွင်းသော ဉာဏ်ပညာရှိသော သုမနမထေရ်၊ များသော အကြား အမြင်ရှိသောမဟာပဒုမမထေရ်၊ (သို့မဟုတ် မဟာသုမနမထေရ်)၊ ပိဋကတ်သုံးပုံ အလုံးစုံ၌ လိမ္မာနိုင်နင်းသောတရားဟောပုဂ္ဂိုလ်ကြီးဖြစ်သော မဟာသိဝမထေရ်။

တစ်ဖန်တုံ ဝိနည်းပိဋကတ်၌ ရွံ့ရှားခြင်းကင်း ရဲတင်းသော ထိုးထွင်းသော ဉာဏ်ပညာရှိသောဥပါလိမထေရ်၊ သူတော်ကောင်းတရားအနွယ်၌ လိမ္မာသော ကြီးသော ပညာရှိသော မဟာနာဂမထေရ်။

တစ်ဖန်တုံ ပိဋကတ်သုံးပုံ အလုံးစုံ၌ လိမ္မာသော ထိုးထွင်းသော ဉာဏ်ပညာရှိသော အဘယမထေရ်၊ ဝိနည်းပိဋကတ်၌ ရွံ့ရှားခြင်းကင်း ရဲတင်းသော ထိုးထွင်းသော ဉာဏ် ပညာရှိသော တိဿမထေရ်။

ထိုတိဿမထေရ်၏တပည့် ကြီးသောပညာရှိသော များသော အကြားအမြင်ရှိသော ဇမ္ဗူဒိပ်ကျွန်း၌သာသနာတော်ကို စောင့်ရှောက်လျက် တည်နေတော်မူသော ပုပ္ဖအမည်ရှိသော မထေရ်။

ထိုးထွင်းသောဉာဏ်ပညာရှိသော ဝိနည်းပိဋကတ်၌ ရွံ့ရှားခြင်းကင်း ရဲတင်းသော စူဠာဘယမထေရ်၊ သူတော်ကောင်းတရားအနွယ်၌ လိမ္မာသော ထိုးထွင်းသော ဉာဏ်ပညာ ရှိသော တိဿမထေရ်။

--

ထိုးထွင်းသော ဉာဏ်ပညာရှိသော ဝိနည်းပိဋက၌ ရွံ့ရှားခြင်းကင်း ရဲတင်းသော စူဠဒေဝမထေရ်၊ ထိုးထွင်းသော ဉာဏ်ပညာရှိသော အလုံးစုံသော ဝိနည်းပိဋကတ်၌ လိမ္မာကျွမ်းကျင်သော သိဝမထေရ်။

ကြီးမားသော ပညာရှိတော်မူကြကုန်သော ဝိနည်း၌ လိမ္မာတော်မူကြကုန်သော နတ်ရွာနိဗ္ဗာန် လမ်းခရီး၌ကျွမ်းကျင်လိမ္မာတော်မူကြကုန်သော ထိုရဟန္တာအသျှင်မြတ် တို့သည် သီဟိုဠ်ကျွန်း၌ ဝိနည်းပိဋကတ်ကို (ပါဌ်အနက်အာဂုံဆောင်၍) ပြတော်မူကြကုန်၏။

၂၀၃။ သိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားသည် ရဟန်းမိန်းမတို့အား ဆဋ္ဌပါရာဇိကသိက္ခာပုဒ်ကိုအဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်ရဟန်းမိန်းမကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

ထုလ္လနန္ဒာဘိက္ခုနီမကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

ထုလ္လနန္ဒာဘိက္ခုနီမ၏ သိလျက် ပါရာဇိကကျသော ရဟန်းမိန်းမကို မိမိကိုယ်တိုင်လည်း မမေးမစိစစ်ခြင်း၊ ရဟန်းမိန်းမဂိုဏ်းအားလည်း မပြောကြားခြင်းအကြောင်းကြောင့် ပညတ်တော်မူအပ်ပါ သည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် တစ်မျိုးသော အကြောင်းကြောင့် ဖြစ်၏။ ကိုယ်ကြောင့်လည်းကောင်း၊ နှုတ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်းဖြစ်၏။ပ။

၂၀၄။ ရဟန်းမိန်းမတို့အား သတ္တမပါရာဇိကသိက္ခာပုဒ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါ သနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်ရဟန်းမိန်းမကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

ထုလ္လနန္ဒာဘိက္ခုနီမကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

ထုလ္လနန္ဒာဘိက္ခုနီမ၏ ညီညွတ်သော သံဃာက နှင်ထုတ်ထားသော လင်းတသတ်အမျိုး၌ ဖြစ်ဖူးသောအရိဋ္ဌမည်သော ရဟန်းသို့ (အယူကိုယူသောအားဖြင့်) အတုလိုက်ခြင်းအကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် တစ်မျိုးသောအကြောင်းကြောင့် ဖြစ်၏။ ဓုရနိက္ခေပသမုဋ္ဌာန်တည်း။ပ။

၂၀၅။ ရဟန်းမိန်းမတို့အား အဋ္ဌမပါရာဇိကသိက္ခာပုဒ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါ သနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်ရဟန်းမိန်းမကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

ဆဗ္ဗဂ္ဂီရဟန်းမိန်းမတို့ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

--

ဆဗ္ဗဂ္ဂီရဟန်းမိန်းမတို့၏ ရှစ်ခုမြောက်သော ဝတ္ထု ‘အဋ္ဌမဝတ္ထု’ ကို ပြည့်စေကြခြင်း အကြောင်း ကြောင့်ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် တစ်မျိုးသော အကြောင်းကြောင့် ဖြစ်၏။ ဓုရနိက္ခေပသမုဋ္ဌာန်တည်း။ပ။

ပါရာဇိကရှစ်ပါး ပြီး၏။

ထိုပါရာဇိက ရှစ်ပါး၏ အကျဉ်းချုပ်

မေထုန်သိက္ခာပုဒ်၊ အဒိန္နာဒါန်သိက္ခာပုဒ်၊ မနုဿဝိဂ္ဂဟသိက္ခာပုဒ်၊ ဥတ္တရိမနုဿဓမ္မ သိက္ခာပုဒ်၊ ကိုယ်လက်နှီးနှောခြင်းကို သာယာခြင်းကြောင့် ပညတ်အပ်သော ဥဗ္ဘ ဇာဏု မဏ္ဍလိကသိက္ခာပုဒ်၊ ဝဇ္ဇပဋိစ္ဆာဒိကသိက္ခာပုဒ်၊ ဥက္ခိတ္တာနုဝတ္တိကသိက္ခာပုဒ်၊ အဋ္ဌဝတ္ထုက သိက္ခာပုဒ်၊ ယုံမှားသံသယမရှိအပ်ကုန်သော (သာသနာတော်မှ) ဖြတ်ခြင်းအကြောင်း ဖြစ်ကုန်သော ပါရာဇိကရှစ်ပါးတို့ကိုကြီးမားသော လုံ့လရှိတော်မူသော မြတ်စွာဘုရား သည် ပညတ်တော်မူ၏။ ဤကား အကျဉ်းချုပ်တည်း။

၁။ ရဟန်းယောက်ျား၏ ပါရာဇိကလေးပါးသည် ရဟန်းမိန်းမတို့အား သက်ဆိုင်ခဲ့၍ ထိုရဟန်းယောက်ျား၏ ပါရာဇိကလေးပါးကို ထောက်က ယခုဘိက္ခုနီဝိဘင်းအစ ပါရာဇိကသိက္ခာပုဒ်သည် ငါးခုမြောက် (ပဉ္စမပါရာဇိကသိက္ခာပုဒ်) မည်၏။

၂။ ရဟန်းမိန်းမတို့အား အနိယတုဒ္ဒေသသည် မရှိ၊ ထို့ကြောင့် လေးပါးသော ပါတိမောက်ပြခြင်းတို့တွင်ဟု စတုသင်္ချာတပ် ထား၏။

--

၂-သံဃာဒိသိသ်ဆယ်ပါး

၂၀၆။ သိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားသည် မာန်အမျက်ပွားသဖြင့် ငြင်းခုံသော တရားတွေ့သော ရဟန်းမိန်းမအား သံဃာဒိသိသ်သိက္ခာပုဒ်ကို အဘယ်အရပ်၌ အဘယ်ရဟန်းမိန်းမကို အကြောင်းပြု၍ အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။ပ။ အဘယ်သူသည် ဆောင်ခဲ့သနည်း။

၂၀၇။ သိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားသည် မာန်အမျက်ပွားသဖြင့် ငြင်းခုံသော တရားတွေ့သော ရဟန်းမိန်းမအား ဥဿယဝါဒိကသံဃာဒိသိသ်သိက္ခာပုဒ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်ရဟန်းမိန်းမကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

ထုလ္လနန္ဒာဘိက္ခုနီမကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

ထုလ္လနန္ဒာဘိက္ခုနီမသည် မာန်အမျက်ပွါးသဖြင့် ငြင်းခုံသည် ဖြစ်၍ နေခြင်းအကြောင်းကြောင့်ပညတ်တော်မူအပ်ပါသည်။

ထို (ဥဿယဝါဒိကသံဃာဒိသိသ်သိက္ခာပုဒ်) ၌ (မူလ) ပညတ်ရှိသလော၊ အနုပညတ်ရှိသလော၊ အနုပ္ပန္နပညတ်ရှိသလော။

ထို (ဥဿယဝါဒိကသံဃာဒိသိသ်သိက္ခာပုဒ်) ၌ (မူလ) ပညတ်တစ်ပါး ရှိ၏၊ အနုပညတ်နှင့် အနုပ္ပန္နပညတ်နှစ်ပါး မရှိ။

ထို (ဥဿယဝါဒိကသံဃာဒိသိသ်သိက္ခာပုဒ်သည်) သဗ္ဗတ္ထပညတ်လော၊ ပဒေသပညတ်လော။

သဗ္ဗတ္ထပညတ်တည်း။

သာဓာရဏပညတ်လော၊ အသာဓာရဏပညတ်လော။

အသာဓာရဏပညတ်တည်း။

ဧကတောပညတ်လော၊ ဥဘတောပညတ်လော။

ဧကတောပညတ်တည်း။

ပါတိမောက်ပြခြင်း လေးမျိုးတို့တွင် အဘယ်ပါတိမောက်ပြခြင်း၌ အတွင်းဝင်သနည်း၊ အဘယ်ပါတိမောက်ပြခြင်း၌ အကျုံးဝင်သနည်း။

ပါတိမောက်ပြခြင်း လေးမျိုးတို့တွင် နိဒါန်း၌ အတွင်းဝင်၏၊ နိဒါန်း၌ အကျုံးဝင်၏။

အဘယ်အကျဉ်းပြခြင်းဖြင့် အကျဉ်းပြအပ်သည်၏ အဖြစ်သို့ ရောက်သနည်း။

--

တတိယအကျဉ်းပြခြင်းဖြင့် အကျဉ်းပြအပ်သည်၏ အဖြစ်သို့ ရောက်၏။

ဝိပတ္တိလေးပါးတို့တွင် အဘယ်ဝိပတ္တိနည်း။

သီလဝိပတ္တိတည်း။

အာပတ်အစု ခုနစ်ပါးတို့တွင် အဘယ်အာပတ်အစု ဖြစ်သနည်း။

သံဃာဒိသိသ်အာပတ်အစု ဖြစ်၏။

အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် အဘယ်မျှလောက်ကုန်သော အကြောင်းတို့ကြောင့်ဖြစ်သနည်း။

နှစ်ပါးသော အကြောင်းတို့ကြောင့် ဖြစ်၏။ ရံခါ ကိုယ်ကြောင့်လည်းကောင်း၊ နှုတ်ကြောင့်လည်းကောင်း ဖြစ်၏၊ စိတ်ကြောင့် မဖြစ်။ ရံခါ ကိုယ်ကြောင့်လည်းကောင်း၊ နှုတ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်း ဖြစ်၏။ပ။

အဘယ်သူသည် (ပါဌ်အနက်အာဂုံ) ဆောင်ခဲ့သနည်း။

ဆရာအဆက်ဆက်သည် (ပါဌ်အနက်အာဂုံ) ဆောင်ခဲ့၏။

ဥပါလိမထေရ်၊ ဒါသကမထေရ်၊ သောဏကမထေရ်၊ သိဂ္ဂဝမထေရ်၊ ငါးပါးမြောက် မောဂ္ဂလိပုတ္တတိဿမထေရ်နှင့်တကွ ထိုရဟန္တာအသျှင်မြတ်ငါးပါးတို့သည် ဇမ္ဗူဒိပ်ကျွန်း၌ဝိနည်းပိဋကတ်ကို (ပါဌ်အနက်အာဂုံဆောင်၍) ပို့ချတော်မူကြကုန်၏။ပ။

ကြီးမားသော ပညာရှိတော်မူကြကုန်သော ဝိနည်း၌ လိမ္မာတော်မူကြကုန်သော နတ်ရွာ နိဗ္ဗာန်လမ်းခရီး၌ကျွမ်းကျင်လိမ္မာတော်မူကြကုန်သော ထိုရဟန္တာအသျှင်မြတ်တို့သည် သီဟိုဠ်ကျွန်း၌ ဝိနည်းပိဋကတ်ကို (ပါဌ်အနက်အာဂုံဆောင်၍) ပြသတော်မူကြကုန်၏။

၂၀၈။ ခိုးသူမကို ဥပဇ္ဈာယ်ပြု၍ ပဉ္စင်းခံပေသော ရဟန်းမိန်းမအား (စောရီဝုဋ္ဌာပန) သံဃာဒိသိသ်သိက္ခာပုဒ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်ရဟန်းမိန်းမကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

ထုလ္လနန္ဒာဘိက္ခုနီမကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

ထုလ္လနန္ဒာဘိက္ခုနီမ၏ ခိုးသူမကို ဥပဇ္ဈာယ်ပြု၍ ပဉ္စင်းခံပေးခြင်း အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် နှစ်မျိုးသော အကြောင်းတို့ကြောင့် ဖြစ်၏။ ရံခါ နှုတ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်း ဖြစ်၏၊ ကိုယ်ကြောင့်မဖြစ်။ ရံခါ ကိုယ်ကြောင့်လည်းကောင်း၊ နှုတ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်း ဖြစ်၏။ပ။

၂၀၉။ (အဖော်မပါ) တစ်ယောက်ထီးတည်း ရွာတစ်ပါးကို သွားသော ရဟန်းမိန်းမအား ဂါမန္တရသံဃာဒိသိသ်သိက္ခာပုဒ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်ရဟန်းမိန်းမကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

--

တစ်ပါးသော ရဟန်းမိန်းမကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

တစ်ပါးသော ရဟန်းမိန်းမ၏ (အဖော်မပါ) တစ်ယောက်ထီးတည်း ရွာတစ်ပါးသို့ သွားခြင်းအကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး၊ အနုပညတ်သုံးပါး ရှိ၏။

အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် တစ်မျိုးသော အကြောင်းကြောင့် ဖြစ်၏။ ပဌမပါရာဇိကသမုဋ္ဌာန်တည်း။ပ။

၂၁၀။ ညီညွတ်သော သံဃာက ဓမ္မဝိနယ မြတ်စွာဘုရား၏ အဆုံးအမဖြင့် နှင်ထုတ်ထားသောရဟန်းမိန်းမအား ကံပြုသော သံဃာကို မပန်ကြားဘဲ ဂိုဏ်း၏ အလို (ဆန္ဒ) ကို မသိဘဲ (သံဃာ့ဘောင်သို့) သွင်းသော ရဟန်းမိန်းမအား (ဥက္ခိတ္တဩသာရဏ) သံဃာဒိသိသ်သိက္ခာပုဒ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်ရဟန်းမိန်းမကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

ထုလ္လနန္ဒာဘိက္ခုနီမကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

ထုလ္လနန္ဒာဘိက္ခုနီမ၏ ညီညွတ်သော သံဃာက ဓမ္မဝိနယ မြတ်စွာဘုရား၏ အဆုံးအမဖြင့် နှင်ထုတ်ထားသော ရဟန်းမိန်းမအား ကံပြုသော သံဃာကို မပန်ကြားဘဲ ဂိုဏ်း၏ အလို (ဆန္ဒ) ကို မသိဘဲ (သံဃာ့ဘောင်သို့) သွင်းခြင်းအကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် တစ်မျိုးသောအကြောင်းကြောင့် ဖြစ်၏။ ဓုရနိက္ခေပသမုဋ္ဌာန်တည်း။ပ။

၂၁၁။ (ကိလေသာ) စိုစွတ်သည် ဖြစ်၍ (ကိလေသာ) စိုစွတ်သော ယောက်ျားဖြစ်သော ပုဂ္ဂိုလ်၏လက်မှ ခဲဖွယ်ကိုလည်းကောင်း၊ ဘောဇဉ်ကိုလည်းကောင်း မိမိလက်ဖြင့် ခံယူ၍စားသော ရဟန်းမိန်းမအား (ပဌမ အဝဿုတ) သံဃာဒိသိသ်သိက္ခာပုဒ်ကို အဘယ်အရပ်၌ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်ရဟန်းမိန်းမကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

သုန္ဒရီနန္ဒာဘိက္ခုနီမကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

သုန္ဒရီနန္ဒာဘိက္ခုနီမ၏ (ကိလေသာ) စိုစွတ်သည် ဖြစ်၍ (ကိလေသာ) စိုစွတ်သော ယောက်ျား ဖြစ်သောပုဂ္ဂိုလ်၏ လက်မှ (ဆွမ်းစသော) အာမိသကို ခံယူခြင်းအကြောင်းကြောင့် ပညတ်တော်မူအပ် ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် တစ်မျိုးသော အကြောင်းကြောင့် ဖြစ်၏။ ပဌမပါရာဇိကသမုဋ္ဌာန်တည်း။ပ။

--

၂၁၂။ သျှင်မ အကြင့်ကြောင့် သင်သည် (ကိလေသာ) မစိုစွတ်၊ ထို့ကြောင့် သင့်အား ဤယောက်ျားဖြစ်သော ပုဂ္ဂိုလ်သည် (ကိလေသာ) စိုစွတ်သည်လည်းဖြစ်စေ (ကိလေသာ) မစိုစွတ်သည်လည်းဖြစ်စေ အသို့ပြုနိုင်လတ္တံ့နည်း။

သျှင်မ တိုက်တွန်း၏၊ ဤယောက်ျားဖြစ်သော ပုဂ္ဂိုလ်သည် ခဲဖွယ်ကိုလည်းကောင်း၊ ဘောဇဉ်ကိုလည်းကောင်း သင့်အား ပေးအံ့၊ ထိုခဲဖွယ်ဘောဇဉ်ကို သင်သည် မိမိလက်ဖြင့် ခံယူ၍ ခဲမူလည်း ခဲလော့၊ စားမူလည်း စားလော့ဟု တိုက်တွန်းသော ရဟန်းမိန်းမအား (ဒုတိယအဝဿုတ) သံဃာဒိသိသ်သိက္ခာပုဒ်ကို အဘယ်အရပ်၌ ပညတ်တော်မူ အပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

တစ်ပါးသော ရဟန်းမိန်းမကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

သျှင်မ အကြင့်ကြောင့် သင်သည် (ကိလေသာ) မစိုစွတ်၊ ထို့ကြောင့် သင့်အား ဤယောက်ျား ဖြစ်သောပုဂ္ဂိုလ်သည် (ကိလေသာ) စိုစွတ်သည်လည်း ဖြစ်စေ (ကိလေသာ) မစိုစွတ်သည်လည်း ဖြစ်စေအသို့ပြုနိုင်လတ္တံ့နည်း။ သျှင်မ တိုက်တွန်း၏၊ ဤယောက်ျားဖြစ်သော ပုဂ္ဂိုလ်သည် ခဲဖွယ်ကိုလည်းကောင်း၊ ဘောဇဉ်ကိုလည်းကောင်း သင့်အား ပေးအံ့၊ ထိုခဲဖွယ်ဘောဇဉ်ကို သင်သည် မိမိလက်ဖြင့်ခံယူ၍ ခဲမူလည်း ခဲလော့၊ စားမူလည်း စားလော့ဟု တစ်ပါးသော ရဟန်းမိန်းမ၏ တိုက်တွန်းခြင်းအကြောင်း ကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် သုံးမျိုးသောအကြောင်းတို့ကြောင့် ဖြစ်၏။ပ။

၂၁၃။ သုံးကြိမ်တိုင်အောင် (ဉတ်ကမ္မဝါစာဖြင့်) ဆုံးမပါလျက် (အယူကို) မစွန့်သော အမျက်ထွက်သော ရဟန်းမိန်းမအား (ပဌမကုပိတ) သံဃာဒိသိသ်သိက္ခာပုဒ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

စဏ္ဍကာဠီဘိက္ခုနီမကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

စိတ်ဆိုးသည် မနှစ်သက်သည် ဖြစ်၍ “ငါသည် မြတ်စွာဘုရားကို စွန့်၏၊ တရားတော်ကို စွန့်၏၊ သံဃာတော်ကို စွန့်၏၊ သိက္ခာကို စွန့်၏”ဟု စဏ္ဍကာဠီ ဘိက္ခုနီမ၏ ဆိုခြင်းအကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

မူလပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် တစ်မျိုးသော အကြောင်းကြောင့် ဖြစ်၏။ ဓုရနိက္ခေပသမုဋ္ဌာန်တည်း။ပ။

၂၁၄။ သုံးကြိမ်တိုင်အောင် (ဉတ်ကမ္မဝါစာဖြင့်) ဆုံးမပါလျက် (အယူကို) မစွန့်သော တစ်စုံတစ်ခုသာလျှင် ဖြစ်သော အဓိကရုဏ်း၌ ရှုံးသော ရဟန်းမိန်းမအား (ဒုတိယကုပိတ) သံဃာဒိသိသ်သိက္ခာပုဒ်ကိုအဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

--

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

စဏ္ဍကာဠီဘိက္ခုနီမကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

တစ်စုံတစ်ခုသာလျှင် ဖြစ်သော အဓိကရုဏ်း၌ ရှုံးသည် ဖြစ်၍ စိတ်ဆိုးကာ မနှစ်သက်သည် ဖြစ်၍"ရဟန်းမိန်းမတို့သည် ဆန္ဒာဂတိသို့လည်း လိုက်ကုန်၏၊ ရဟန်းမိန်းမတို့သည် ဒေါသာဂတိသို့ လည်းလိုက်ကုန်၏၊ ရဟန်းမိန်းမတို့သည် မောဟာဂတိသို့လည်း လိုက်ကုန်၏၊ ရဟန်းမိန်းမတို့သည် ဘယာဂတိသို့လည်း လိုက်ကုန်၏”ဟု စဏ္ဍကာဠီဘိက္ခုနီမ၏ ဆိုခြင်းအကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် တစ်မျိုးသောအကြောင်းကြောင့် ဖြစ်၏။ ဓုရနိက္ခေပသမုဋ္ဌာန်တည်း။ပ။

၂၁၅။ သုံးကြိမ်တိုင်အောင် (ဉတ်ကမ္မဝါစာဖြင့်) ဆုံးမပါလျက် (အယူကို) မစွန့်ဘဲ လူတို့နှင့်ရောနှောသော ရဟန်းမိန်းမတို့အား (သံသဋ္ဌ) သံဃာဒိသိသ်သိက္ခာပုဒ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

များစွာသော ရဟန်းမိန်းမတို့ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

များစွာသော ရဟန်းမိန်းမတို့၏ လူတို့နှင့် ရောနှော၍ နေကြခြင်း အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် တစ်မျိုးသောအကြောင်းကြောင့် ဖြစ်၏။ ဓုရနိက္ခေပသမုဋ္ဌာန်တည်း။ပ။

၂၁၆။ သုံးကြိမ်တိုင်အောင် (ဉတ်ကမ္မဝါစာဖြင့်) ဆုံးမပါလျက် (အယူကို) မစွန့်ဘဲ “သျှင်မတို့သင်တို့သည် လူတို့နှင့် ရောနှော၍သာလျှင် နေကြကုန်လော့၊ သင်တို့သည် အသီးအခြား မနေကြကုန်လင့်”ဟု တိုက်တွန်းသော ရဟန်းမိန်းမအား (ဒုတိယသံသဋ္ဌ) သံဃာဒိသိသ်သိက္ခာပုဒ်ကိုအဘယ် အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

ထုလ္လနန္ဒာဘိက္ခုနီမကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

“သျှင်မတို့ သင်တို့သည် လူတို့နှင့် ရောနှော၍သာလျှင် နေကြကုန်လော့၊ သင်တို့သည် အသီး အခြားမနေကြကုန်လင့်”ဟု ထုလ္လနန္ဒာဘိက္ခုနီမ၏ တိုက်တွန်းခြင်း အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်း အကြောင်းခြောက်မျိုးတို့တွင် တစ်မျိုးသော အကြောင်းကြောင့် ဖြစ်၏။ ဓုရနိက္ခေပသမုဋ္ဌာန်တည်း။ပ။

သံဃာဒိသိသ်ဆယ်ပါး ပြီး၏။

--

ထိုသံဃာဒိသိသ်၏ အကျဉ်းချုပ်

ဥဿယဝါဒိကသိက္ခာပုဒ်၊ စောရီဝုဋ္ဌာပနသိက္ခာပုဒ်၊ ဂါမန္တရဂမနသိက္ခာပုဒ်၊ ဥက္ခိတ္တ ဩသာရဏသိက္ခာပုဒ်၊ ဘုဉ္ဇနကြိယာဖြင့် မှတ်အပ်သော ပဌမအဝဿုတ သိက္ခာပုဒ်၊ ကိံတေဟူသော သဒ္ဒါဖြင့် မှတ်အပ်သောဒုတိယအဝဿုတသိက္ခာပုဒ်၊ ပဌမကုပိတ သိက္ခာပုဒ်၊ ကိသ္မိဥ္စိဟူသော သဒ္ဒါဖြင့်မှတ်အပ်သော ဒုတိယ ကုပိတသိက္ခာပုဒ်၊ ပဌမသံသဋ္ဌ သိက္ခာပုဒ်၊ ဒုတိယသံသဋ္ဌသိက္ခာပုဒ်နှင့်တကွ ထိုသံဃာဒိသိသ်တို့သည်ဆယ်ပါးတို့ တည်း။ ဤကား အကျဉ်းချုပ်တည်း။

၃-နိဿဂ္ဂိပါစိတ်တစ်ဆယ့်နှစ်ပါး

၂၁၇။ သိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားသည် သပိတ်ကို သိုမှီးသိမ်းဆည်းခြင်းကို ပြုသောရဟန်းမိန်းမအား နိဿဂ္ဂိပါစိတ်သိက္ခာပုဒ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

ဆဗ္ဗဂ္ဂီရဟန်းမိန်းမတို့ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

ဆဗ္ဗဂ္ဂီရဟန်းမိန်းမတို့၏ သပိတ်ကို သိုမှီးသိမ်းဆည်းခြင်းအကြောင်းကြောင့် ပညတ်တော်မူအပ် ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် နှစ်မျိုးသော အကြောင်းတို့ကြောင့် ဖြစ်၏။ ကထိနသမုဋ္ဌာန်တည်း။ပ။

“အကာလသင်္ကန်းကို ကာလသင်္ကန်း”ဟူ၍ ဆောက်တည်ကာ ဝေဖန်ခွဲဝေစေသော ရဟန်း မိန်းမအားနိဿဂ္ဂိပါစိတ်သိက္ခာပုဒ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

ထုလ္လနန္ဒာဘိက္ခုနီမကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

--

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

ထုလ္လနန္ဒာဘိက္ခုနီမ၏ “အကာလသင်္ကန်းကို ကာလသင်္ကန်း”ဟူ၍ ဆောက်တည်ကာ ဝေဖန်ခွဲဝေ စေခြင်းအကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် သုံးမျိုးသောအကြောင်းတို့ကြောင့် ဖြစ်၏။ပ။

ရဟန်းမိန်းမ (တစ်ယောက်) နှင့်အတူ သင်္ကန်းကို (သဘောတူ) လဲလှယ်ပြီးနောက် (မိမိသင်္ကန်းကိုပြန်၍) လုယူသော ရဟန်းမိန်းမအား နိဿဂ္ဂိပါစိတ်သိက္ခာပုဒ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

ထုလ္လနန္ဒာဘိက္ခုနီမကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

ထုလ္လနန္ဒာဘိက္ခုနီမ၏ ရဟန်းမိန်းမ (တစ်ယောက်) နှင့်အတူ သင်္ကန်းကို (သဘောတူ) လဲလှယ်ပြီးနောက် (မိမိသင်္ကန်းကို ပြန်၍) လုယူခြင်း အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် သုံးမျိုးသောအကြောင်းတို့ကြောင့် ဖြစ်၏။ပ။

တစ်ပါးသော ထောပတ်စသည်ကို တောင်းပြီး၍ တစ်ပါးသော ဆီစသည်ကို တောင်းသော ရဟန်းမိန်းမအား နိဿဂ္ဂိပါစိတ်သိက္ခာပုဒ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

ထုလ္လနန္ဒာဘိက္ခုနီမကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

ထုလ္လနန္ဒာဘိက္ခုနီမ၏ တစ်ပါးသော ထောပတ် စသည်ကို တောင်းပြီး၍ တစ်ပါးသော ဆီ စသည်ကိုတောင်ခြင်း အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏၊ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် ခြောက်မျိုးသောအကြောင်းတို့ကြောင့် ဖြစ်၏။ပ။

တစ်ပါးသော ထောပတ် စသည်ကို ဝယ်စေပြီး၍ တစ်ပါးသော ဆီ စသည်ကို ဝယ်စေသော ရဟန်းမိန်းမအား နိဿဂ္ဂိပါစိတ်သိက္ခာပုဒ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

ထုလ္လနန္ဒာဘိက္ခုနီမကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

--

ထုလ္လနန္ဒာဘိက္ခုနီမ၏ တစ်ပါးသော ထောပတ် စသည်ကို ဝယ်စေပြီး၍ တစ်ပါးသော ဆီစသည်ကိုဝယ်စေခြင်း အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် ခြောက်မျိုးသောအကြောင်းတို့ကြောင့် ဖြစ်၏။ပ။

တစ်ပါးသော သင်္ကန်းစသည်အကျိုးငှါ လှူအပ်သော တစ်ပါးသော သင်္ကန်းစသည်ကို ရည်ညွှန်း၍လှူအပ်သော သံဃိကဖြစ်သော (အပ်သော သင်္ကန်းစသော) ပရိက္ခရာဖြင့် တစ်ပါးသော (ဆေးစသော) ပရိက္ခရာကို လဲလှယ် (ဝယ်) စေသော ရဟန်းမိန်းမအား နိဿဂ္ဂိပါစိတ်သိက္ခာပုဒ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

များစွာသော ရဟန်းမိန်းမတို့ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

များစွာသော ရဟန်းမိန်းမတို့၏ တစ်ပါးသော သင်္ကန်းစသည်အကျိုးငှါ လှူအပ်သော တစ်ပါးသောသင်္ကန်းစသည်ကို ရည်ညွှန်း၍ လှူအပ်သော သံဃိကဖြစ်သော (အပ်သော သင်္ကန်းစသော) ပရိက္ခရာဖြင့်တစ်ပါးသော (ဆေးစသော) ပရိက္ခရာကို လဲလှယ် (ဝယ်) စေကြခြင်း အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် ခြောက်မျိုးသောအကြောင်းတို့ကြောင့် ဖြစ်၏။ပ။

တစ်ပါးသော သင်္ကန်းစသည်အကျိုးငှါ လှူအပ်သော တစ်ပါးသော သင်္ကန်းစသည်ကို ရည်ညွှန်း၍လှူအပ်သော သံဃိကဖြစ်သော ကိုယ်တိုင်တောင်းအပ်သော (အပ်သော သင်္ကန်းစသော) ပရိက္ခရာဖြင့်တစ်ပါးသော (ဆေးစသော) ပရိက္ခရာကို လဲလှယ် (ဝယ်) စေသော ရဟန်းမိန်းမအား နိဿဂ္ဂိပါစိတ်သိက္ခာပုဒ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

များစွာသော ရဟန်းမိန်းမတို့ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

များစွာသော ရဟန်းမိန်းမတို့၏ တစ်ပါးသော သင်္ကန်းစသည်အကျိုးငှါ လှူအပ်သော တစ်ပါးသောသင်္ကန်းစသည်ကို ရည်ညွှန်း၍ လှူအပ်သော သံဃိကဖြစ်သော ကိုယ်တိုင်တောင်းအပ်သော (အပ်သောသင်္ကန်းစသော) ပရိက္ခရာဖြင့် တစ်ပါးသော (ဆေးစသော) ပရိက္ခရာကို လဲလှယ် (ဝယ်) စေကြခြင်းအကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် ခြောက်မျိုးသောအကြောင်းတို့ကြောင့် ဖြစ်၏။ပ။

တစ်ပါးသော သင်္ကန်းစသည်အကျိုးငှါ လှူအပ်သော တစ်ပါးသော သင်္ကန်းစသည်ကို ရည်ညွှန်း၍လှူအပ်သော ဂိုဏ်းအား စွန့် (လွှတ်၍ လှူ) အပ်သော (အပ်သော သင်္ကန်းစသော) ပရိက္ခရာဖြင့် တစ်ပါးသော (ဆေး စသော) ပရိက္ခရာကို လဲလှယ် (ဝယ်) စေသော ရဟန်းမိန်းမအား နိဿဂ္ဂိပါစိတ်သိက္ခာပုဒ်ကိုအဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

များစွာသော ရဟန်းမိန်းမတို့ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

များစွာသော ရဟန်းမိန်းမတို့၏ တစ်ပါးသော သင်္ကန်းစသည်အကျိုးငှါ လှူအပ်သော တစ်ပါးသောသင်္ကန်းစသည်ကို ရည်ညွှန်း၍ လှူအပ်သော ဂိုဏ်းအား စွန့် (လွှတ်၍လှူ) အပ်သော (အပ်သောသင်္ကန်းစသော) ပရိက္ခရာဖြင့် တစ်ပါးသော (ဆေး စသော) ပရိက္ခရာကို လဲလှယ် (ဝယ်) စေကြခြင်းအကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် ခြောက်မျိုးသောအကြောင်းတို့ကြောင့် ဖြစ်၏။ပ။

တစ်ပါးသော သင်္ကန်းစသည်အကျိုးငှါ လှူအပ်သော တစ်ပါးသော သင်္ကန်းစသည်ကို ရည်ညွှန်း၍လှူအပ်သော ဂိုဏ်းအား စွန့် (လွှတ်၍လှူ) အပ်သော ကိုယ်တိုင်တောင်းအပ်သော (အပ်သော သင်္ကန်းစသော) ပရိက္ခရာဖြင့် တစ်ပါးသော (ဆေးစသော) ပရိက္ခရာကို လဲလှယ် (ဝယ်) စေသော ရဟန်းမိန်းမအား နိဿဂ္ဂိပါစိတ်သိက္ခာပုဒ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

--

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

များစွာသော ရဟန်းမိန်းမတို့ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

များစွာသော ရဟန်းမိန်းမတို့၏ တစ်ပါးသော သင်္ကန်းစသည်အကျိုးငှါ လှူအပ်သော တစ်ပါးသောသင်္ကန်း စသည်ကို ရည်ညွှန်း၍ လှူအပ်သော ကိုယ်တိုင်တောင်းအပ်သော (အပ်သော သင်္ကန်းစသော) ပရိက္ခရာဖြင့် တစ်ပါးသော (ဆေးစသော) ပရိက္ခရာကို လဲလှယ် (ဝယ်) စေကြခြင်း အကြောင်းကြောင့်ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် ခြောက်မျိုးသောအကြောင်းတို့ကြောင့် ဖြစ်၏။ ပ

တစ်ပါးသော သင်္ကန်းစသည်အကျိုးငှါ လှူအပ်သော တစ်ပါးသော သင်္ကန်းစသည်ကို ရည်ညွှန်း၍လှူအပ်သော ပုဂ္ဂလိကဖြစ်သော ကိုယ်တိုင်တောင်းအပ်သော (အပ်သော သင်္ကန်းစသော) ပရိက္ခရာဖြင့်တစ်ပါးသော (အပ်သော ဆေးစသော) ပရိက္ခရာကို လဲလှယ် (ဝယ်) စေသော ရဟန်းမိန်းမအား နိဿဂ္ဂိပါစိတ်သိက္ခာပုဒ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

ထုလ္လနန္ဒာဘိက္ခုနီမကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

--

ထုလ္လနန္ဒာဘိက္ခုနီမ၏ တစ်ပါးသော သင်္ကန်းစသည်အကျိုးငှါ လှူအပ်သော တစ်ပါးသော သင်္ကန်းစသည်ကို ရည်ညွှန်း၍ လှူအပ်သော ပုဂ္ဂလိကဖြစ်သော ကိုယ်တိုင်တောင်းအပ်သော (အပ်သော သင်္ကန်းစသော) ပရိက္ခရာဖြင့် တစ်ပါးသော (အပ်သော ဆေးစသော) ပရိက္ခရာကို လဲလှယ် (ဝယ်) စေခြင်းအကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် ခြောက်မျိုးသောအကြောင်းတို့ကြောင့် ဖြစ်၏။ပ။

လေးကံသထက်လွန်၍ အဖိုးထိုက်သော (ချမ်းသောအခါ ခြုံစရာ) လေးသော အရုံကို တောင်းသောရဟန်းမိန်းမအား နိဿဂ္ဂိပါစိတ်သိက္ခာပုဒ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

ထုလ္လနန္ဒာဘိက္ခုနီမကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

ထုလ္လနန္ဒာဘိက္ခုနီမ၏ကောသလမင်းကြီးအား ကမ္ဗလာ (အပေါ်ရုံ) ကို တောင်းခြင်း အကြောင်းကြောင့်ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် ခြောက်မျိုးသောအကြောင်းတို့ကြောင့် ဖြစ်၏။ပ။

အခွဲနှင့်တကွ သုံးကံသထက်လွန်၍ (နှစ်ကံသခွဲ=ငွေတစ်ဆယ့်နှစ်ကျပ်ထက် လွန်၍) အဖိုးထိုက်သော (ပူအိုက်သောအခါ ခြုံစရာ) ပေါ့သော အရုံကို တောင်းသော ရဟန်းမိန်းမအား နိဿဂ္ဂိပါစိတ်သိက္ခာပုဒ်ကိုအဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

ထုလ္လနန္ဒာဘိက္ခုနီမကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

ထုလ္လနန္ဒာဘိက္ခုနီမ၏ ကောသလမင်းကြီးအား (ခေါမတိုင်းမှဖြစ်သော) ခေါမပုဆိုးကို တောင်းခြင်းအကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် ခြောက်မျိုးသောအကြောင်းတို့ကြောင့် ဖြစ်၏။ပ။

နိဿဂ္ဂိပါစိတ် တစ်ဆယ့်နှစ်ပါး ပြီး၏။

ထိုနိဿဂ္ဂိပါစိတ်၏ အကျဉ်းချုပ်

ပတ္တသန္နိစယသိက္ခာပုဒ်၊ အကာလစီဝရသိက္ခာပုဒ်၊ ကာလသင်္ကန်းကို လဲလှယ်ဖလှယ် သောစီဝရပရိဝတ္တနသိက္ခာပုဒ်၊ အညဝိညာပနသိက္ခာပုဒ်၊ စေတာပေတွာဟူသော သဒ္ဒါဖြင့် မှတ်အပ်သော အညစေတာပနသိက္ခာပုဒ်၊ အညဒတ္ထိကသံဃိကသိက္ခာပုဒ်၊ သံဃိကသညာ စိကသိက္ခာပုဒ်၊ မဟာဇနိကသိက္ခာပုဒ်၊ မဟာဇနိကသညာစိကသိက္ခာပုဒ်၊ ပုဂ္ဂလသညာစိက သိက္ခာပုဒ်၊ စတုက္ကံသဟူသောသဒ္ဒါဖြင့် မှတ်အပ်သော ဂရုပါဝုရဏသိက္ခာပုဒ်၊ အဎ်ဍတေယျဟူသော သဒ္ဒါဖြင့် မှတ်အပ်သောလဟုပါဝုရဏသိက္ခာပုဒ်။ ဤကား အကျဉ်းချုပ်တည်း။

၄-ပါစိတ်အာပတ်များ

၁-လသုဏဝဂ်

၂၁၈။ သိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားသည် ကြက်သွန်၁ ကို စားသော ရဟန်းမိန်းမအား ပါစိတ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

ထုလ္လနန္ဒာဘိက္ခုနီမကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

ထုလ္လနန္ဒာဘိက္ခုနီမ၏ အတိုင်းအရှည်ကို မသိမူ၍ ကြက်သွန်ကို ဆောင်စေခြင်းအကြောင်းကြောင့်ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် နှစ်မျိုးသော အကြောင်းတို့ကြောင့် ဖြစ်၏။ ဧဠကလောမသမုဋ္ဌာန်တည်း။ပ။

ကျဉ်းမြောင်းသော ‘ပဿာဝမဂ်အနီး ပေါင်ကြား လက်ကတီးကြား’ အရပ်၌ အမွေးကို ရိတ်နုတ်သောရဟန်းမိန်းမအား ပါစိတ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

--

ဆဗ္ဗဂ္ဂီရဟန်းမိန်းမတို့ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

ဆဗ္ဗဂ္ဂီရဟန်းမိန်းမတို့၏ ကျည်းမြောင်းသော ‘ပဿာဝမဂ်အနီး ပေါင်ကြား လက်ကတီးကြား’ အရပ်၌အမွေးကို ရိတ်နုတ်ကြခြင်းအကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် လေးမျိုးသော အကြောင်းတို့ကြောင့် ဖြစ်၏။ပ။

(ပဿာဝမဂ်) အပြင်ကို ပုတ်ခတ်ခြင်းကြောင့် ပါစိတ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

ရဟန်းမိန်းမနှစ်ယောက်တို့ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

ရဟန်းမိန်းမ နှစ်ယောက်တို့၏ (ပဿာဝမဂ်) အပြင်ကို ပုတ်ခတ်ခြင်း အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် တစ်မျိုးသော အကြောင်းကြောင့် ဖြစ်၏။ ပဌမပါရာဇိကသမုဋ္ဌာန်တည်း။ပ။

ချိပ်တောင့်ဖြင့် ထိုးခြင်းကြောင့် ပါစိတ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

တစ်ပါးသော ရဟန်းမိန်းမကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

တစ်ပါးသော ရဟန်းမိန်းမ၏ ချိပ်တောင့်ကို ယူသော ‘ထိုးသော’ အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် တစ်မျိုးသောအကြောင်းကြောင့် ဖြစ်၏။ ပဌမပါရာဇိကသမုဋ္ဌာန်တည်း။ပ။

လက်နှစ်သစ် အတိုင်းအရှည်ထက်အလွန် (ပဿာဝမဂ်ကို) ရေဆေးသော ရဟန်းမိန်းမအား ပါစိတ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သက္ကတိုင်းတို့၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

တစ်ပါးသော ရဟန်းမိန်းမကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

တစ်ပါးသော ရဟန်းမိန်းမ၏ အလွန်နက်စွာ (ပဿာဝမဂ်ကို) ရေဆေးခြင်းအကြောင်းကြောင့်ပညတ်တော်မူအပ်ပါသည်။

--

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် တစ်မျိုးသောအကြောင်းကြောင့် ဖြစ်၏။ ပဌမပါရာဇိကသမုဋ္ဌာန်တည်း။ပ။

ဆွမ်းစားသော ရဟန်းယောက်ျားအား သောက်ရေဖြင့်လည်းကောင်း၊ ယပ်လေခတ်သဖြင့်လည်း ကောင်း (နှစ်တောင့်ထွာဟတ္ထပါသ်၌) တည်သော ရဟန်းမိန်းမအား ပါစိတ်အာပတ်ကို အဘယ်အရပ်၌ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

တစ်ပါးသော ရဟန်းမိန်းမကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

တစ်ပါးသော ရဟန်းမိန်းမ၏ ဆွမ်းစားသော ရဟန်းအား သောက်ရေဖြင့်လည်းကောင်း၊ ယပ်လေခတ်သဖြင့်လည်းကောင်း (နှစ်တောင့်ထွာဟတ္ထပါသ်၌) တည်ခြင်းအကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် နှစ်မျိုးသောအကြောင်းတို့ကြောင့် ဖြစ်၏။ ဧဠကလောမသမုဋ္ဌာန်တည်း။ပ။

စပါးစိမ်းကို တောင်း၍ စားသော ရဟန်းမိန်းမအား ပါစိတ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

များစွာကုန်သော ရဟန်းမိန်းမတို့ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

များစွာသော ရဟန်းမိန်းမတို့၏ စပါးစိမ်းကို တောင်း၍ စားကြခြင်း အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် လေးမျိုးသောအကြောင်းတို့ကြောင့် ဖြစ်၏။ပ။

ကျင်ကြီးကိုလည်းကောင်း၊ ကျင်ငယ်ကိုလည်းကောင်း၊ အမှိုက်ကိုလည်းကောင်း၊ စားကြွင်းကိုလည်းကောင်း နံရံ၏ တစ်ဖက်၌ စွန့်သော ရဟန်းမိန်းမအား ပါစိတ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

တစ်ပါးသော ရဟန်းမိန်းမကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

တစ်ပါးသော ရဟန်းမိန်းမ၏ ကျင်ကြီးကို နံရံ၏ တစ်ဖက်၌ စွန့်ခြင်း အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

--

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် ခြောက်မျိုးသောအကြောင်းတို့ကြောင့် ဖြစ်၏။ပ။

ကျင်ကြီးကိုလည်းကောင်း၊ ကျင်ငယ်ကိုလည်းကောင်း၊ အမှိုက်ကိုလည်းကောင်း၊ စားကြွင်းကိုလည်းကောင်း စိမ်းသော ကောက်ပဲရှိရာအရပ်၌ စွန့်သော ရဟန်းမိန်းမအား ပါစိတ်အာပတ်ကို အဘယ်အရပ်၌ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

များစွာကုန်သော ရဟန်းမိန်းမတို့ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

များစွာကုန်သော ရဟန်းမိန်းမတို့၏ ကျင်ကြီးကိုလည်းကောင်း၊ ကျင်ငယ်ကိုလည်းကောင်း၊ အမှိုက်ကိုလည်းကောင်း၊ စားကြွင်းကိုလည်းကောင်း စိမ်းသော ကောက်ပဲရှိရာအရပ်၌ စွန့်ကြခြင်း အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် ခြောက်မျိုးသောအကြောင်းတို့ကြောင့် ဖြစ်၏။ပ။

ကခြင်းကိုလည်းကောင်း၊ သီဆိုခြင်းကိုလည်းကောင်း၊ တီးမှုတ်ခြင်းကိုလည်းကောင်း ကြည့်ရှုနားထောင်ခြင်းငှါ သွားသော ရဟန်းမိန်းမအား ပါစိတ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

ရာဇဂြိုဟ်ပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

ဆဗ္ဗဂ္ဂီရဟန်းမိန်းမတို့ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

ဆဗ္ဗဂ္ဂီရဟန်းမိန်းမတို့၏ ကခြင်းကိုလည်းကောင်း၊ သီဆိုခြင်းကိုလည်းကောင်း၊ တီးမှုတ်ခြင်းကိုလည်းကောင်း ကြည့်ရှုခြင်းငှါ သွားကြခြင်းအကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်း အကြောင်းခြောက်မျိုးတို့တွင် နှစ်မျိုးသော အကြောင်းတို့ကြောင့် ဖြစ်၏။ ဧဠကလောမသမုဋ္ဌာန်တည်း။ပ။

ရှေးဦးစွာသော လသုဏဝဂ် ပြီး၏။

၁။ ကြက်သွန်ဟူသည် မဂဓတိုင်း၌ဖြစ်သော အမြှောင်းများသော ကြက်သွန်စိမ်း၊ ဝါ-ကြက်သွန်ဖြူတည်း။

--

၂-ရတ္တန္ဓကာရဝဂ်

၂၁၉။ (ဆီမီးရောင်စသော) အရောင်အလင်းမရှိသော ညဉ့်မိုက်သောအခါ၌ ယောက်ျားတစ်ယောက်နှင့်အတူတကွ တစ်ယောက်ချင်းချင်း (နှစ်တောင့်ထွာဟတ္ထပါသ်၌) ရပ်တည်သော ရဟန်းမိန်းမအား ပါစိတ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

တစ်ပါးသော ရဟန်းမိန်းမကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

တစ်ပါးသော ရဟန်းမိန်းမ၏ ဆီမီးစသော အရောင်အလင်းမရှိသော ညဉ့်မိုက်သောအခါ၌ယောက်ျားတစ်ယောက်နှင့် အတူတကွ တစ်ယောက်ချင်းချင်း (နှစ်တောင့်ထွာဟတ္ထပါသ်၌) ရပ်တည်ခြင်းအကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် နှစ်မျိုးသော အကြောင်းတို့ကြောင့် ဖြစ်၏။ ထေယျသတ္ထကသမုဋ္ဌာန်တည်း။ပ။

(နံရံစသည်ဖြင့်) ဖုံးလွှမ်းသော အရပ်၌ ယောက်ျားတစ်ယောက်နှင့် အတူတကွ တစ်ယောက်ချင်းချင်း (နှစ်တောင့်ထွာဟတ္ထပါသ်၌) ရပ်တည်သော ရဟန်းမိန်းမအား ပါစိတ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

တစ်ပါးသော ရဟန်းမိန်းမကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

တစ်ပါးသော ရဟန်းမိန်းမ၏ (နံရံစသည်ဖြင့်) ဖုံးလွှမ်းသောအရပ်၌ ယောက်ျားနှင့်အတူ တစ်ယောက်ချင်းချင်း (နှစ်တောင့်ထွာဟတ္ထပါသ်၌) ရပ်တည်ခြင်း အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် နှစ်မျိုးသောအကြောင်းတို့ကြောင့် ဖြစ်၏။ ထေယျသတ္ထကသမုဋ္ဌာန်တည်း။ပ။

ဟင်းလင်းအပြင် ‘လွင်တီးခေါင်’ အရပ်၌ ယောက်ျားတစ်ယောက်နှင့် တစ်ယောက်ချင်းချင်း (နှစ်တောင့်ထွာ ဟတ္ထပါသ်၌) ရပ်တည်သော ရဟန်းမိန်းမအား ပါစိတ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

တစ်ပါးသော ရဟန်းမိန်းမကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

--

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

တစ်ပါးသော ရဟန်းမိန်းမ၏ ဟင်းလင်းအပြင် ‘လွင်တီးခေါင်’ အရပ်၌ ယောက်ျားတစ်ယောက်နှင့် အတူတစ်ယောက်ချင်းချင်း (နှစ်တောင့်ထွာဟတ္ထပါသ်၌) ရပ်တည်ခြင်းအကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် နှစ်မျိုးသော အကြောင်းတို့ကြောင့် ဖြစ်၏။ ထေယျသတ္ထကသမုဋ္ဌာန်တည်း။ပ။

ခရီးလမ်းမ၌လည်းကောင်း၊ ထုတ်ချင်းမထွင်းသော လမ်းခရီး၌လည်းကောင်း၊ ခရီးလမ်းဆုံ၌လည်းကောင်း ယောက်ျားတစ်ယောက်နှင့်အတူ တစ်ယောက်ချင်းချင်း (နှစ်တောင့်ထွာဟတ္ထပါသ်၌) ရပ်တည်သောရဟန်းမိန်းမအား ပါစိတ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

ထုလ္လနန္ဒာဘိက္ခုနီမကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

ထုလ္လနန္ဒာဘိက္ခုနီမ၏ ခရီးလမ်းမ၌လည်းကောင်း၊ ထုတ်ချင်းမထွင်းသော လမ်းခရီး၌လည်းကောင်း၊ ခရီးလမ်းဆုံ၌လည်းကောင်း ယောက်ျားတစ်ယောက်နှင့်အတူ တစ်ယောက်ချင်းချင်း (နှစ်တောင့်ထွာဟတ္ထပါသ်၌) ရပ်တည်ခြင်း အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် နှစ်မျိုးသော အကြောင်းတို့ကြောင့် ဖြစ်၏။ ထေယျသတ္ထကသမုဋ္ဌာန်တည်း။ပ။

နံနက်အခါ၌ ဒါယကာတို့ အိမ်တို့သို့ ချဉ်းကပ်ကာ နေရာ၌ ထိုင်၍ အိမ်ရှင်တို့ကိုမပန်ကြားဘဲပြန်သွားသော ရဟန်းမိန်းမအား ပါစိတ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

တစ်ပါးသော ရဟန်းမိန်းမကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

တစ်ပါးသော ရဟန်းမိန်းမ၏ နံနက်အခါ၌ ဒါယကာတို့ အိမ်တို့သို့ ချဉ်းကပ်ကာ နေရာ၌ ထိုင်၍အိမ်ရှင်တို့ကို မပန်ကြားဘဲ ပြန်သွားခြင်း အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် နှစ်မျိုးသော အကြောင်းတို့ကြောင့် ဖြစ်၏။ ကထိနသမုဋ္ဌာန်တည်း။ပ။

နေလွဲသောအခါ၌ ဒါယကာတို့ အိမ်တို့သို့ ချဉ်းကပ်ကာ အိမ်ရှင်တို့ကို မပန်ကြားမူ၍ နေရာ၌ထိုင်သော ရဟန်းမိန်းမအား ပါစိတ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

ထုလ္လနန္ဒာဘိက္ခုနီမကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

--

ထုလ္လနန္ဒာဘိက္ခုနီမ၏ နေလွဲသောအခါ၌ ဒါယကာတို့ အိမ်တို့သို့ ချဉ်းကပ်ကာ အိမ်ရှင်တို့ကိုမပန်ကြားမူ၍ နေရာ၌ ထိုင်နေခြင်း အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် နှစ်မျိုးသော အကြောင်းတို့ကြောင့် ဖြစ်၏။ ကထိနသမုဋ္ဌာန်တည်း။ပ။

နေဝင်သောအခါ၌ ဒါယကာတို့ အိမ်တို့သို့ ချဉ်းကပ်ကာ အိမ်ရှင်တို့ကို မပန်ကြားမူ၍ အိပ်ရာ နေရာကိုမိမိခင်း၍လည်းကောင်း၊ သူတစ်ပါးကို ခင်းစေ၍လည်းကောင်း ထိုင်သော ရဟန်းမိန်းမအားပါစိတ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

များစွာသော ရဟန်းမိန်းမတို့ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

များစွာသော ရဟန်းမိန်းမတို့၏ နေဝင်သောအခါ ဒါယကာတို့ အိမ်တို့သို့ ချဉ်းကပ်ကာ အိမ်ရှင် တို့ကိုမပန်ကြားမူ၍ အိပ်ရာနေရာကို ခင်း၍ ထိုင်နေကြခြင်း အကြောင်းကြောင့် ပညတ်တော်မူအပ်ပါ သည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် နှစ်မျိုးသောအကြောင်းတို့ကြောင့် ဖြစ်၏။ ကထိနသမုဋ္ဌာန်တည်း။ပ။

အယူအဆလွဲသဖြင့်လည်းကောင်း၊ အထင်မှားခြင်းဖြင့်လည်းကောင်း (ပဉ္စင်းဖြစ်သော) သူတစ်ပါးကိုကဲရဲ့သော ရဟန်းမိန်းမအား ပါစိတ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

တစ်ပါးသော ရဟန်းမိန်းမကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

တစ်ပါးသော ရဟန်းမိန်းမ၏ အယူအဆလွဲသဖြင့်လည်းကောင်း၊ အထင်မှားခြင်းဖြင့်လည်းကောင်း (ပဉ္စင်းဖြစ်သော) သူတစ်ပါးကို ကဲ့ရဲ့ခြင်းအကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် သုံးမျိုးသော အကြောင်းတို့ကြောင့် ဖြစ်၏။ပ။

မိမိကိုလည်းကောင်း၊ သူတစ်ပါးကိုလည်းကောင်း ငရဲဖြင့်လည်းကောင်း၊ မြတ်သော အကျင့်ဖြင့်လည်းကောင်း ကျိန်ဆဲသော ရဟန်းမိန်းမအား ပါစိတ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

စဏ္ဍကာဠီဘိက္ခုနီမကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

--

စဏ္ဍကာဠီဘိက္ခုနီမ၏ မိမိကိုလည်းကောင်း၊ သူတစ်ပါးကိုလည်းကောင်း ငရဲဖြင့်လည်းကောင်း၊ မြတ်သောအကျင့်ဖြင့်လည်းကောင်း ကျိန်ဆဲခြင်းအကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် သုံးမျိုးသော အကြောင်းတို့ကြောင့် ဖြစ်၏။ပ။

မိမိကိုယ်ကို ထု၍ ထု၍ ငိုသော ရဟန်းမိန်းမအား ပါစိတ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

စဏ္ဍကာဠီဘိက္ခုနီမကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

စဏ္ဍကာဠီဘိက္ခုနီမ၏ မိမိကိုယ်ကို ထု၍ ထု၍ ငိုခြင်းအကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် တစ်မျိုးသော အကြောင်းကြောင့် ဖြစ်၏။ ဓုရနိက္ခေပသမုဋ္ဌာန်တည်း။ပ။

နှစ်ခုမြောက် ရတ္တန္ဓကာရဝဂ် ပြီး၏။

၃-နဟာနဝဂ်

၂၂၀။ (အဝတ်မပါ) အချည်းနှီး ရေချိုးသော ရဟန်းမိန်းမအား ပါစိတ်အာပတ်ကို အဘယ်အရပ်၌ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

များစွာသော ရဟန်းမိန်းမတို့ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

များစွာသော ရဟန်းမိန်းမတို့၏ (အဝတ်မပါ) အချည်းနှီး ရေချိုးကြခြင်း အကြောင်းကြောင့်ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် နှစ်မျိုးသော အကြောင်းတို့ကြောင့် ဖြစ်၏။ ဧဠကလောမသမုဋ္ဌာန်တည်း။ပ။

--

ပမာဏကိုလွန်သော ရေသနုပ် ‘ရေလဲ'ကို ပြုစေသော ရဟန်းမိန်းမအား ပါစိတ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

ဆဗ္ဗဂ္ဂီရဟန်းမိန်းမတို့ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

ဆဗ္ဗဂ္ဂီရဟန်းမိန်းမတို့၏ ပမာဏကိုလွန်သော ရေသနုပ် ‘ရေလဲ’ တို့ကို ဆောင်ကြခြင်း အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် ခြောက်မျိုးသောအကြောင်းတို့ကြောင့် ဖြစ်၏။ပ။

ရဟန်းမိန်းမ၏ သင်္ကန်းကို မိမိဖြေ၍လည်းကောင်း၊ သူတစ်ပါးကို ဖြေစေ၍လည်းကောင်း မိမိလည်းမချုပ်၊ သူတစ်ပါးကိုလည်း ချုပ်စိမ့်သောငှာ လုံ့လမပြုသော ရဟန်းမိန်းမအား ပါစိတ်အာပတ်ကိုအဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

ထုလ္လနန္ဒာဘိက္ခုနီမကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

ထုလ္လနန္ဒာဘိက္ခုနီမ၏ ရဟန်းမိန်းမ၏ သင်္ကန်းကို မိမိဖြေ၍လည်းကောင်း၊ သူတစ်ပါးကို ဖြေစေ၍လည်းကောင်း မိမိလည်း မချုပ်၊ သူတစ်ပါးကိုလည်း ချုပ်စိမ့်သောငှါ လုံ့လမပြုခြင်း အကြောင်းကြောင့်ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် တစ်မျိုးသော အကြောင်းကြောင့် ဖြစ်၏။ ဓုရနိက္ခေပသမုဋ္ဌာန်တည်း။ပ။

သင်္ကန်းငါးထည် လှည့်လည်၍ ဝတ်ခြင်း၌ ငါးရက်ကို လွန်စေသော ရဟန်းမိန်းမအား ပါစိတ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

များစွာသော ရဟန်းမိန်းမတို့ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

ရဟန်းမိန်းမတို့၏ လက်၌ သင်္ကန်းကို ထား၍ သင်းပိုင်ကိုယ်ဝတ်နှင့် တကွ ဇနပုဒ်၌ များစွာသောရဟန်းမိန်းမတို့ ဖဲသွားကြခြင်း အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် နှစ်မျိုးသောအကြောင်းတို့ကြောင့် ဖြစ်၏။ ကထိနသမုဋ္ဌာန်တည်း။ပ။

(ငါးရက်ကိုမလွန်စေဘဲ) ပြောင်းရွှေ့၍ ဝတ်အပ်သော သင်္ကန်းကို ဆောင်သော ရဟန်းမိန်းမအားပါစိတ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

--

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

တစ်ပါးသော ရဟန်းမိန်းမကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

တစ်ပါးသော ရဟန်းမိန်းမ၏ သင်္ကန်းကို မပန်ကြားဘဲ တစ်ပါးသော ရဟန်းမိန်းမ၏ ရုံခြင်းအကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် နှစ်မျိုးသော အကြောင်းတို့ကြောင့် ဖြစ်၏။ ကထိနသမုဋ္ဌာန်တည်း။ပ။

ဂိုဏ်း၏ သင်္ကန်းလာဘ်ကို အန္တရာယ်ပြုသော ရဟန်းမိန်းမအား ပါစိတ်အာပတ်ကို အဘယ်အရပ်၌ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

ထုလ္လနန္ဒာဘိက္ခုနီမကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

ထုလ္လနန္ဒာဘိက္ခုနီမ၏ ဂိုဏ်း၏ သင်္ကန်းလာဘ်ကို အန္တရာယ်ပြုခြင်းအကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် သုံးမျိုးသော အကြောင်းတို့ကြောင့် ဖြစ်၏။ပ။

တရားနှင့်လျော်သော သင်္ကန်းဝေဖန်ခြင်းကို တားမြစ်သော ရဟန်းမိန်းမအား ပါစိတ်အာပတ်ကိုအဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

ထုလ္လနန္ဒာဘိက္ခုနီမကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

ထုလ္လနန္ဒာဘိက္ခုနီမ၏ တရားနှင့်လျော်သော သင်္ကန်းဝေဖန်ခြင်းကို တားမြစ်ခြင်းအကြောင်းကြောင့်ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် သုံးမျိုးသော အကြောင်းတို့ကြောင့် ဖြစ်၏။ပ။

လူအားလည်းကောင်း၊ ပရိဗိုဇ်ယောက်ျားအားလည်းကောင်း၊ ပရိဗိုဇ်မအားလည်းကောင်း ရဟန်း၏သင်္ကန်းကို ပေးစေသော ရဟန်းမိန်းမအား ပါစိတ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါ့သနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

--

ထုလ္လနန္ဒာဘိက္ခုနီမကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

ထုလ္လနန္ဒာဘိက္ခုနီမ၏ လူအား ရဟန်း၏သင်္ကန်းကို ပေးခြင်းအကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် ခြောက်မျိုးသောအကြောင်းတို့ကြောင့် ဖြစ်၏။ပ။

အားနည်းသော သင်္ကန်းရနိုးခြင်းဖြင့် သင်္ကန်းကာလကို လွန်စေသော ရဟန်းမိန်းမအား ပါစိတ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

ထုလ္လနန္ဒာဘိက္ခုနီမကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

ထုလ္လနန္ဒာဘိက္ခုနီမ၏ အားနည်းသော သင်္ကန်းရနိုးခြင်းဖြင့် သင်္ကန်းကာလကို လွန်စေခြင်းအကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် သုံးမျိုးသောအကြောင်းတို့ကြောင့် ဖြစ်၏။ပ။

တရားနှင့်လျော်သော ကထိန်နုတ်ခြင်းကို တားမြစ်သော ရဟန်းမိန်းမအား ပါစိတ်အာပတ်ကိုအဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

ထုလ္လနန္ဒာဘိက္ခုနီမကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

ထုလ္လနန္ဒာဘိက္ခုနီမ၏ တရားနှင့်လျော်သော ကထိန်နုတ်ခြင်းကို တားမြစ်ခြင်း အကြောင်းကြောင့်ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် သုံးမျိုးသော အကြောင်းတို့ကြောင့် ဖြစ်၏။ပ။

သုံးခုမြောက် နဟာနဝဂ် ပြီး၏။

--

၄-တုဝဋ္ဋဝဂ်

၂၂၁။ ညောင်စောင်းတစ်ခုတည်း၌ အိပ်ကြကုန်သော ရဟန်းမိန်းမနှစ်ဦးတို့အား ပါစိတ်အာပတ်ကိုအဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

များစွာသော ရဟန်းမိန်းမတို့ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

များစွာသော ရဟန်းမိန်းမတို့၏ ညောင်စောင်းတစ်ခုတည်း၌ ရဟန်းမိန်းမနှစ်ဦးတို့ အိပ်ကြခြင်းအကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် နှစ်မျိုးသော အကြောင်းတို့ကြောင့် ဖြစ်၏။ ဧဠကလောမသမုဋ္ဌာန်တည်း။ပ။

တစ်ခင်း တစ်ရုံတည်း အိပ်ကြကုန်သော ရဟန်းမိန်းမနှစ်ဦးတို့အား ပါစိတ်အာပတ်ကို အဘယ်အရပ်၌ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

များစွာကုန်သော ရဟန်းမိန်းမတို့ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

များစွာသော ရဟန်းမိန်းမတို့၏ တစ်ခင်း တစ်ရုံတည်း နှစ်ဦးတို့ အိပ်ကြခြင်း အကြောင်းကြောင့်ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် နှစ်မျိုးသော အကြောင်းတို့ကြောင့် ဖြစ်၏။ ဧဠကလောမသမုဋ္ဌာန်တည်း။ပ။

(မချမ်းသာစေလိုသော) စေတနာရှိသည်ဖြစ်၍ မချမ်းသာခြင်းကို ပြုသော ရဟန်းမိန်းမအား ပါစိတ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

ထုလ္လနန္ဒာဘိက္ခုနီမကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

ထုလ္လနန္ဒာဘိက္ခုနီမ၏ ရဟန်းမိန်းမအား (မချမ်းသာစေလိုသော) စေတနာရှိသည်ဖြစ်၍ မချမ်းသာခြင်းကို ပြုခြင်း အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

--

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် သုံးမျိုးသောအကြောင်းတို့ကြောင့် ဖြစ်၏။ပ။

ဖျားနာသော အတူနေတပည့်မကို မိမိလည်း မလုပ်ကျွေး၊ သူတစ်ပါးကိုလည်း လုပ်ကျွေးစေခြင်းငှါလုံ့လ မပြုသော ရဟန်းမိန်းမအား ပါစိတ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

ထုလ္လနန္ဒာဘိက္ခုနီမကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

ထုလ္လနန္ဒာဘိက္ခုနီမ၏ ဖျားနာသော အတူနေတပည့်မကို မိမိလည်း မလုပ်ကျွေးခြင်း၊ သူတစ်ပါးကိုလည်း လုပ်ကျွေးစေခြင်းငှါ လုံ့လမပြုခြင်း အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် တစ်မျိုးသော အကြောင်းကြောင့် ဖြစ်၏။ ဓုရနိက္ခေပသမုဋ္ဌာန်တည်း။ပ။

ရဟန်းမိန်းမအား (မိမိပိုင်) ကျောင်းကို ပေးပြီး၍ စိတ်ဆိုးကာ နှလုံးမသာယာသည်ဖြစ်၍ နှင်ထုတ်သော ရဟန်းမိန်းမအား ပါစိတ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

ထုလ္လနန္ဒာဘိက္ခုနီမကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

ထုလ္လနန္ဒာဘိက္ခုနီမ၏ ရဟန်းမိန်းမအား (မိမိပိုင်) ကျောင်းကို ပေးပြီး၍ စိတ်ဆိုးကာ နှလုံးမသာယာသည် ဖြစ်၍ နှင်ထုတ်ခြင်း အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် သုံးမျိုးသောအကြောင်းတို့ကြောင့် ဖြစ်၏။ပ။

သုံးကြိမ်တိုင်အောင် (ဉတ်ကမ္မဝါစာဖြင့်) ဆိုဆုံးမပါလျက် (အယူကို) မစွန့်သော (လူတို့နှင့်) ရောနှောသော ရဟန်းမိန်းမအား ပါစိတ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

စဏ္ဍကာဠီဘိက္ခုနီမကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

စဏ္ဍကာဠီဘိက္ခုနီမ၏ (လူတို့နှင့်) ရောနှော၍ နေခြင်း အကြောင်းကြောင့် ပညတ်တော်မူအပ်ပါ သည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် တစ်မျိုးသောအကြောင်းကြောင့် ဖြစ်၏။ ဓုရနိက္ခေပသမုဋ္ဌာန်တည်း။ပ။

--

ရွံရှာဖွယ်ရှိ၏ဟု သမုတ်အပ်သော ဘေးရှိသော တိုင်းပြည်အတွင်း၌၁ အဖော်ကုန်သည် မပါဘဲ ဒေသစာရီလှည့်လည်သွားလာသော ရဟန်းမိန်းမအား ပါစိတ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

များစွာကုန်သော ရဟန်းမိန်းမတို့ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

များစွာကုန်သော ရဟန်းမိန်းမတို၏ ရွံရှာဖွယ်ရှိ၏ဟု သမုတ်အပ်သော ဘေးရှိသော တိုင်းပြည် အတွင်း၌အဖော်ကုန်သည်မပါဘဲ ဒေသစာရီလှည့်လည်သွားလာကြခြင်း အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် နှစ်မျိုးသောအကြောင်းတို့ကြောင့် ဖြစ်၏။ ဧဠကလောမသမုဋ္ဌာန်တည်း။ပ။

ရွံရှာဖွယ်ရှိ၏ဟု သမုတ်အပ်သော ဘေးရှိသော တိုင်းတစ်ပါး၌၂ အဖော်ကုန်သည်မပါဘဲ ဒေသစာရီလှည့်လည်သွားလာသော ရဟန်းမိန်းမအား ပါစိတ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

များစွာသော ရဟန်းမိန်းမတို့ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

များစွာသော ရဟန်းမိန်းမတို့၏ ရွံရှာဖွယ်ရှိ၏ဟု သမုတ်အပ်သော ဘေးရှိသော တိုင်းတစ်ပါး၌အဖော်ကုန်သည်မပါဘဲ ဒေသစာရီလှည့်လည်သွားလာကြခြင်း အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် နှစ်မျိုးသော အကြောင်းတို့ကြောင့် ဖြစ်၏။ ဧဠကလောမသမုဋ္ဌာန်တည်း။ပ။

ဝါတွင်း၌ ဒေသစာရီလှည့်လည်သွားလာသော ရဟန်းမိန်းမအား ပါစိတ်အာပတ်ကို အဘယ်အရပ်၌ပညတ်တော်မူအပ်ပါသနည်း။

ရာဇဂြိုဟ်ပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

များစွာသော ရဟန်းမိန်းမတို့ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

များစွာသော ရဟန်းမိန်းမတို့၏ ဝါတွင်း၌ ဒေသစာရီ လှည့်လည်သွားလာကြခြင်း အကြောင်းကြောင့်ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် နှစ်မျိုးသောအကြောင်းတို့ကြောင့် ဖြစ်၏။ ဧဠကလောမသမုဋ္ဌာန်တည်း။ပ။

--

ဝါကျွတ်သောအခါ ဒေသစာရီ လှည့်လည်မသွားသော ရဟန်းမိန်းမအား ပါစိတ်အာပတ်ကိုအဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

ရာဇဂြိုဟ်ပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

များစွာကုန်သော ရဟန်းမိန်းမတို့ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

များစွာကုန်သော ရဟန်းမိန်းမတို့၏ ဝါကျွတ်သောအခါ ဒေသစာရီ လှည့်လည်မသွားကြခြင်းအကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် တစ်မျိုးသော အကြောင်းကြောင့် ဖြစ်၏။ ပဌမပါရာဇိကသမုဋ္ဌာန်တည်း။ပ။

လေးခုမြောက် တုဝဋ္ဋဝဂ် ပြီး၏။

၁။ မိမိနေရာ တိုင်းနိုင်ငံအတွင်းကို အန္တောရဋ္ဌဟု ခေါ်သည်။

၂။ မိမိနေရာ တိုင်းနိုင်ငံမှ တစ်ပါးသော တိုင်းနိုင်ငံကို တိရောရဋ္ဌဟု ခေါ်သည်။

--

၅-စိတ္တာဂါရဝဂ်

၂၂၂။ မင်း၏ (ကစားရာ) အိမ်ကိုလည်းကောင်း၊၁ (ပန်းချီဆေးရေးစသည်ဖြင့်) ဆန်းကြယ်သော (ကစားရာ) ဇရပ်ကိုလည်းကောင်း၊၂ (ကစားရာ) အရံကိုလည်းကောင်း၊၃ (ကစားရာ) ဥယျာဉ်ကိုလည်းကောင်း၊၄ (ကစားရာ) ရေကန်ကိုလည်းကောင်း ကြည့်ရှုခြင်းငှါ သွားသော ရဟန်းမိန်းမအား ပါစိတ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

ဆဗ္ဗဂ္ဂီရဟန်းမိန်းမတို့ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

ဆဗ္ဗဂ္ဂီရဟန်းမိန်းမတို့၏ မင်း၏ (ကစားရာ) အိမ်ကိုလည်းကောင်း၊ (ပန်းချီဆေးရေးစသည်ဖြင့်) ဆန်းကြယ်သော (ကစားရာ) ဇရပ်ကိုလည်းကောင်း ကြည့်ရှုခြင်းငှါ သွားကြခြင်းအကြောင်းကြောင့်ပညတ် တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် နှစ်မျိုးသော အကြောင်းတို့ကြောင့် ဖြစ်၏။ ဧဠကလောမသမုဋ္ဌာန်တည်း။ပ။

အခြေရှည်သော ညောင်စောင်း အင်းပျဉ်ကိုလည်းကောင်း၊ သားရဲရုပ်အခြေရှိသော ပလ္လင်ကိုလည်းကောင်း သုံးဆောင်သော ရဟန်းမိန်းမအား ပါစိတ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

များစွာသော ရဟန်းမိန်းမတို့ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

များစွာသော ရဟန်းမိန်းမတို့၏ အခြေရှည်သော ညောင်စောင်း အင်းပျဉ်ကိုလည်းကောင်း၊ သားရဲရုပ်အခြေရှိသော ပလ္လင်ကိုလည်းကောင်း သုံးဆောင်ကြခြင်း အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် နှစ်မျိုးသော အကြောင်းတို့ကြောင့် ဖြစ်၏။ ဧဠကလောမသမုဋ္ဌာန်တည်း။ပ။

ချည်ကိုငင်သော ရဟန်းမိန်းမအား ပါစိတ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

ဆဗ္ဗဂ္ဂီရဟန်းမိန်းမတို့ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

--

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

ဆဗ္ဗဂ္ဂီရဟန်းမိန်းမတို့၏ ချည်ကို ငင်ကြခြင်းအကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် နှစ်မျိုးသော အကြောင်းတို့ကြောင့် ဖြစ်၏။ ဧဠကလောမသမုဋ္ဌာန်တည်း။ပ။

လူတို့၏ အမှုကြီးငယ်ကို ပြုသော ရဟန်းမိန်းမအား ပါစိတ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

များစွာသော ရဟန်းမိန်းမတို့ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

များစွာသော ရဟန်းမိန်းမတို့၏ လူတို့၏ အမှုကြီးငယ်ကို ပြုကြခြင်းအကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် နှစ်မျိုးသော အကြောင်းတို့ကြောင့် ဖြစ်၏။ ဧဠကလောမသမုဋ္ဌာန်တည်း။ပ။

ရဟန်းမိန်းမက ‘သျှင်မ လာလော့၊ ဤအဓိကရုဏ်းကို ငြိမ်းစေပါလော့’ဟု ဆိုအပ်သောအခါကောင်းပါပြီဟု ဝန်ခံ၍ မိမိကိုယ်တိုင်လည်း မငြိမ်းစေ၊ ငြိမ်းစေခြင်းငှါလည်း လုံ့လမပြုသော ရဟန်းမိန်းမအား ပါစိတ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

ထုလ္လနန္ဒာဘိက္ခုနီမကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

ထုလ္လနန္ဒာဘိက္ခုနီမ၏ ရဟန်းမိန်းမက ‘သျှင်မ လာလော့၊ ဤအဓိကရုဏ်းကို ငြိမ်းစေပါလော့’ဟုဆိုအပ်သောအခါ ကောင်းပါပြီဟု ဝန်ခံ၍ မိမိကိုယ်တိုင်လည်း မငြိမ်းစေ၊ သူတစ်ပါးကိုလည်းငြိမ်းစေခြင်းငှါ လုံ့လမပြုခြင်းအကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် တစ်မျိုးသော အကြောင်းကြောင့် ဖြစ်၏။ ဓုရနိက္ခေပသမုဋ္ဌာန်တည်း။ပ။

လူအားလည်းကောင်း၊ ပရိဗိုဇ်ယောက်ျားအားလည်းကောင်း၊ ပရိဗိုဇ်မအားလည်းကောင်း၊ မိမိလက်ဖြင့်ခဲဖွယ်ကိုလည်းကောင်း၊ ဘောဇဉ်ကိုလည်းကောင်း ပေးသော ရဟန်းမိန်းမအား ပါစိတ်အာပတ်ကိုအဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

ထုလ္လနန္ဒာဘိက္ခုနီမကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

--

ထုလ္လနန္ဒာဘိက္ခုနီမ၏ လူအား မိမိလက်ဖြင့် ခဲဖွယ်ကိုလည်းကောင်း၊ ဘောဇဉ်ကိုလည်းကောင်း ပေးခြင်းအကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် နှစ်မျိုးသောအကြောင်းတို့ကြောင့် ဖြစ်၏။ ဧဠကလောမသမုဋ္ဌာန်တည်း။ပ။

ဥတုနှီးသင်္ကန်းကို မစွန့်မူ၍ သုံးဆောင်သော ရဟန်းမိန်းမအား ပါစိတ်အာပတ်ကို အဘယ်အရပ်၌ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

ထုလ္လနန္ဒာဘိက္ခုနီမကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

ထုလ္လနန္ဒာဘိက္ခုနီမ၏ ဥတုနှီးသင်္ကန်းကို မစွန့်မူ၍ သုံးဆောင်ခြင်း အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် နှစ်မျိုးသော အကြောင်းတို့ကြောင့်ဖြစ်၏။ ကထိနသမုဋ္ဌာန်တည်း။ပ။

တံခါးဖွဲ့ရှိသော ကျောင်းကို မစွန့်မူ၍ (ဒေသစာရီ) လှည့်လည်သွားလာသော ရဟန်းမိန်းမအားပါစိတ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

ထုလ္လနန္ဒာဘိက္ခုနီမကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

ထုလ္လနန္ဒာဘိက္ခုနီမ၏ တံခါးဖွဲ့ရှိသော ကျောင်းကို မစွန့်မူ၍ (ဒေသစာရီ) လှည့်လည်သွားလာခြင်းအကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် နှစ်မျိုးသော အကြောင်းတို့ကြောင့် ဖြစ်၏။ ကထိနသမုဋ္ဌာန်တည်း။ပ။

မဂ်ဖိုလ်မှဖီလာဖြစ်သော အတတ်ကို သင်သော ရဟန်းမိန်းမအား ပါစိတ်အာပတ်ကို အဘယ်အရပ်၌့ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

ဆဗ္ဗဂ္ဂီရဟန်းမိန်းမတို့ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

ဆဗ္ဗဂ္ဂီရဟန်းမိန်းမတို့၏ မဂ်ဖိုလ်မှဖီလာဖြစ်သော အတတ်ကို သင်ကြခြင်း အကြောင်းကြောင့်ပညတ်တော်မူအပ်ပါသည်။

--

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် နှစ်မျိုးသော အကြောင်းတို့ကြောင့် ဖြစ်၏။ ပဒသောဓမ္မသမုဋ္ဌာန်တည်း။ပ။

မဂ်ဖိုလ်မှဖီလာဖြစ်သော အတတ်ကို ပို့ချသော ရဟန်းမိန်းမအား ပါစိတ်အာပတ်ကို အဘယ်အရပ်၌ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

ဆဗ္ဗဂ္ဂီရဟန်းမိန်းမတို့ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

ဆဗ္ဗဂ္ဂီရဟန်းမိန်းမတို့၏ မဂ်ဖိုလ်မှဖီလာဖြစ်သော အတတ်ကို ပို့ချခြင်းအကြောင်းတို့ကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် နှစ်မျိုးသော အကြောင်းတို့ကြောင့် ဖြစ်၏။ ပဒသောဓမ္မသမုဋ္ဌာန်တည်း။ပ။

ငါးခုမြောက် စိတ္တာဂါရဝဂ် ပြီး၏။

၁။ ရှင်ဘုရင်များ ပျော်ပါးကစားရန်အတွက် သီးခြားဆောက်လုပ်ထားအပ်သော အိမ်တော်ကို (ရာဇာဂါရ) မင်း၏ ကစားရာ အိမ်ဟု ခေါ်၏။

၂။ တိုင်းပြည်လူထု ပျော်ပါးကစားရန် ထိုထိုအရပ်၌ ဆောက်လုပ်ထားအပ်သော ဇရပ်ကို (စိတ္တာဂါရ)ဟု ခေါ်၏။

၃။ တိုင်းပြည်လူထု ပျော်ပါးကစားရန် မြို့တွင်း၌ ထားအပ်သော အရံခြံကြီးကို (အာရာမ)ဟု ခေါ်၏။

၄။ တိုင်းပြည်လူထုအတွက် ပျော်ပါးကစားရန် ထားအပ်သော ဥယျာဉ်ကို (ဥယျာန)ဟု ခေါ်၏။

--

၆-အာရာမဝဂ်

၂၂၃။ သိပါလျက် ရဟန်းယောက်ျားရှိသော အရံသို့ မပန်ကြားဘဲ ဝင်သော ရဟန်းမိန်းမအားပါစိတ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

များစွာသော ရဟန်းမိန်းမတို့ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

များစွာကုန်သော ရဟန်းမိန်းမတို့၏ အရံသို့ မပန်ကြားဘဲ ဝင်ကြခြင်း အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

--

(မူလ) ပညတ်တစ်ပါး၊ အနုပညတ်နှစ်ပါး ရှိကုန်၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင်တစ်မျိုးသော အကြောင်းကြောင့် ဖြစ်၏။ ဓုရနိက္ခေပသမုဋ္ဌာန်တည်း။ပ။

ရဟန်းယောက်ျားကို ဆဲရေးတိုင်းထွာသော ရဟန်းမိန်းမအား ပါစိတ်အာပတ်ကို အဘယ်အရပ်၌ပညတ်တော်မူအပ်ပါသနည်း။

ဝေသာလီပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

ဆဗ္ဗဂ္ဂီရဟန်းမိန်းမတို့ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

ဆဗ္ဗဂ္ဂီရဟန်းမိန်းမတို့၏ အသျှင်ဥပါလိကို ဆဲရေးကြခြင်း အကြောင်းကြောင့် ပညတ်တော်မူအပ်ပါ သည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်း အကြောင်းခြောက်မျိုးတို့တွင် သုံးမျိုးသော အကြောင်းတို့ကြောင့် ဖြစ်၏။ပ။

ကြမ်းတမ်းယုတ်မာသဖြင့် ရဟန်းမိန်းမသံဃာကို ရေရွတ်သော ရဟန်းမိန်းမအား ပါစိတ်အာပတ်ကိုအဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

ထုလ္လနန္ဒာဘိက္ခုနီမကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

ထုလ္လနန္ဒာဘိက္ခုနီမ၏ ကြမ်းတမ်းယုတ်မာသဖြင့် ရဟန်းမိန်းမသံဃာကို ရေရွတ်ခြင်း အကြောင်း ကြောင့်ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်း အကြောင်းခြောက်မျိုးတို့တွင် သုံးမျိုးသော အကြောင်းတို့ကြောင့် ဖြစ်၏။ပ။

ပင့်ဖိတ်အပ်သည်ဖြစ်လျက်လည်းကောင်း၊ ပဝါရိတ်သင့်သည်ဖြစ်လျက်လည်းကောင်း၊ ခဲဖွယ်ကိုလည်းကောင်း၊ ဘောဇဉ်ကိုလည်းကောင်း အရပ်တစ်ပါး၌ စားသော ရဟန်းမိန်းမအား ပါစိတ်အာပတ်ကိုအဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

များစွာသော ရဟန်းမိန်းမတို့ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

များစွာသော ရဟန်းမိန်းမတို့၏ ဆွမ်းစားကြစဉ် ပဝါရိတ်သင့်ကြကုန်လျက် အရပ်တစ်ပါး၌ (ခဲဖွယ်ဘောဇဉ်ကို) စားကြခြင်း အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် လေးမျိုးသောအကြောင်းတို့ကြောင့် ဖြစ်၏။ပ။

--

အမျိုးဒါယကာကို ဝန်တိုသော ရဟန်းမိန်းမအား ပါစိတ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

တစ်ပါးသော ရဟန်းမိန်းမကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

တစ်ပါးသော ရဟန်းမိန်းမ၏ အမျိုးဒါယကာကို ဝန်တိုခြင်းအကြောင်းကြောင့် ပညတ်တော်မူအပ်ပါ သည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် သုံးမျိုးသောအကြောင်းတို့ကြောင့် ဖြစ်၏။ပ။

ရဟန်းယောက်ျားမရှိသော ကျောင်း၌ မိုးလေးလပတ်လုံးနေသော ရဟန်းမိန်းမအား ပါစိတ်အာပတ် ကိုအဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

များစွာသော ရဟန်းမိန်းမတို့ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

များစွာသော ရဟန်းမိန်းမတို့၏ ရဟန်းယောက်ျားမရှိသော ကျောင်း၌ မိုးလေးလပတ်လုံး နေကြခြင်းအကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် နှစ်မျိုးသော အကြောင်းတို့ကြောင့် ဖြစ်၏။ ဧဠကလောမသမုဋ္ဌာန်တည်း။ပ။

ဝါကျွတ်ပြီးလျက် ဥဘတောသံဃာ၌ (မြင်ခြင်း ကြားခြင်း ရွံရှာခြင်းတည်းဟူသော) သုံးပါးသောအကြောင်းတို့ဖြင့် မဖိတ်သော ရဟန်းမိန်းမအား ပါစိတ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

များစွာသော ရဟန်းမိန်းမတို့ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

များစွာသော ရဟန်းမိန်းမတို့၏ ဝါကျွတ်ပြီးလျက် ရဟန်းယောက်ျားသံဃာကို (မြင်ခြင်း ကြားခြင်း ရွံရှာခြင်းတည်းဟူသော) သုံးပါးသော အကြောင်းတို့ဖြင့် မဖိတ်ခြင်း အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် တစ်မျိုးသော အကြောင်းကြောင့် ဖြစ်၏။ ဓုရနိက္ခေပသမုဋ္ဌာန်တည်း။ပ။

ဂရုဓံတရား ရှစ်ပါးကို နာကြားခြင်းငှါလည်းကောင်း၊ ဥပုသ်ပဝါရဏာမေးခြင်းငှါလည်းကောင်း မသွားသော ရဟန်းမိန်းမအား ပါစိတ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

--

သက္ကတိုင်းတို့၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

ဆဗ္ဗဂ္ဂီရဟန်းမိန်းမတို့ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

ဆဗ္ဗဂ္ဂီရဟန်းမိန်းမတို့၏ ဩဝါဒကို ခံယူရန် မသွားကြခြင်း အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် တစ်မျိုးသော အကြောင်းကြောင့် ဖြစ်၏။ ပဌမပါရာဇိကသမုဋ္ဌာန်တည်း။ပ။

ဥပုသ်ကိုလည်း မမေး၊ ဩဝါဒကိုလည်း မတောင်းသော ရဟန်းမိန်းမအား ပါစိတ်အာပတ်ကိုအဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

များစွာသော ရဟန်းမိန်းမတို့ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

များစွာသော ရဟန်းမိန်းမတို့၏ ဥပုသ်ကိုလည်း မမေးကြခြင်း၊ ဩဝါဒကိုလည်း မတောင်းကြခြင်းအကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် တစ်မျိုးသော အကြောင်းကြောင့် ဖြစ်၏။ ဓုရနိက္ခေပသမုဋ္ဌာန်တည်း။ပ။

ခက်မ၌ ပေါက်ရောက်သော အိုင်းအနာကိုလည်းကောင်း၊ အမာကိုလည်းကောင်း၊ သံဃာကိုလည်းကောင်း၊ ဂိုဏ်းကိုလည်းကောင်း မပြောကြားမူ၍ ယောက်ျားနှင့်အတူ တစ်ယောက်ချင်းချင်း ခွဲစေဖောက်စေသော ရဟန်းမိန်းမအား ပါစိတ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

တစ်ပါးသော ရဟန်းမိန်းမကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

တစ်ပါးသော ရဟန်းမိန်းမ၏ ခက်မ၌ ပေါက်ရောက်သော အိုင်းအနာကို ယောက်ျားနှင့်အတူတစ်ယောက်ချင်းချင်း ခွဲစေ ဖောက်စေခြင်း အကြောင်းတို့ကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် နှစ်မျိုးသော အကြောင်းတို့ကြောင့် ဖြစ်၏။ ကထိနသမုဋ္ဌာန်တည်း။ပ။

ခြောက်ခုမြောက် အာရာမဝဂ် ပြီး၏။

--

၇-ဂဗ္ဘိနီဝဂ်

၂၂၄။ ကိုယ်ဝန်ဆောင် မိန်းမကို ဥပဇ္ဈာယ်ပြု၍ ပဉ္စင်းခံပေးသော ရဟန်းမိန်းမအား ပါစိတ် အာပတ်ကိုအဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

များစွာသော ရဟန်းမိန်းမတို့ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

များစွာကုန်သော ရဟန်းမိန်းမတို့၏ ကိုယ်ဝန်ဆောင် မိန်းမကို ဥပဇ္ဈာယ်ပြု၍ ပဉ္စင်းခံပေးကြခြင်းအကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် သုံးမျိုးသော အကြောင်းတို့ကြောင့် ဖြစ်၏။ပ။

နို့တိုက်သော မိန်းမကို ဥပဇ္ဈာယ်ပြု၍ ပဉ္စင်းခံပေးသော ရဟန်းမိန်းမအား ပါစိတ်အာပတ်ကိုအဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

များစွာကုန်သော ရဟန်းမိန်းမတို့ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

များစွာကုန်သော ရဟန်းမိန်းမတို့၏ နို့တိုက်သော မိန်းမကို ဥပဇ္ဈာယ်ပြု၍ ပဉ္စင်းခံပေးခြင်းအကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် သုံးမျိုးသောအကြောင်းတို့ကြောင့် ဖြစ်၏။ပ။

နှစ်နှစ်တို့ကာလပတ်လုံး ခြောက်ပါးသော တရားတို့၌ အကျင့်သိက္ခာကို မကျင့်ရသေးသောသိက္ခမာန်မအား ဥပဇ္ဈာယ်ပြု၍ ပဉ္စင်းခံပေးသော ရဟန်းမိန်းမအား ပါစိတ်အာပတ်ကို အဘယ်အရပ်၌ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

များစွာသော ရဟန်းမိန်းမတို့ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

--

များစွာသော ရဟန်းမိန်းမတို့၏ နှစ်နှစ်တို့ကာလပတ်လုံး ခြောက်ပါးသော တရားတို့၌ အကျင့်သိက္ခာကို မကျင့်ရသေးသော သိက္ခမာန်မအား ဥပဇ္ဈာယ်ပြု၍ ပဉ္စင်းခံပေးကြခြင်း အကြောင်းကြောင့်ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် သုံးမျိုးသောအကြောင်းတို့ကြောင့် ဖြစ်၏။ပ။

နှစ်နှစ်တို့ကာလပတ်လုံး ခြောက်ပါးသော တရားတို့၌ ကျင့်ပြီးသော သံဃာက မသမုတ်ရသေးသောသိက္ခမာန်မကို ဥပဇ္ဈာယ်ပြု၍ ပဉ္စင်းခံပေးသော ရဟန်းမိန်းမအား ပါစိတ်အာပတ်ကို အဘယ်အရပ်၌ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

များစွာသော ရဟန်းမိန်းမတို့ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

များစွာသော ရဟန်းမိန်းမတို့၏ နှစ်နှစ်တို့ကာလပတ်လုံး ခြောက်ပါးသော တရားတို့၌ အကျင့်သိက္ခာကို ကျင့်ပြီးသော သံဃာက မသမုတ်ရသေးသော သိက္ခမာန်မကို ဥပဇ္ဈာယ်ပြု၍ ပဉ္စင်းခံပေးကြခြင်း အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် သုံးမျိုးသော အကြောင်းတို့ကြောင့် ဖြစ်၏။ပ။

အသက်တစ်ဆယ့်နှစ်နှစ်မပြည့်သေးသော ယောက်ျားသွားလာဖူးသော သိက္ခမာန်မကို ဥပဇ္ဈာယ်ပြု၍ပဉ္စင်းခံပေးသော ရဟန်းမိန်းမအား ပါစိတ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

များစွာသော ရဟန်းမိန်းမတို့ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

များစွာသော ရဟန်းမိန်းမတို့၏ အသက်တစ်ဆယ့်နှစ်နှစ်မပြည့်သေးသော ယောက်ျားသွားလာဖူး သောသိက္ခမာန်မကို ဥပဇ္ဈာယ်ပြု၍ ပဉ္စင်းခံပေးကြခြင်း အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် သုံးမျိုးသော အကြောင်းတို့ကြောင့် ဖြစ်၏။ပ။

အသက်တစ်ဆယ့်နှစ်နှစ်ပြည့်ပြီးသော ယောက်ျားသွားလာဖူးသော နှစ်နှစ်တို့ ကာလပတ်လုံးခြောက်ပါးသော တရားတို့၌ အကျင့်သိက္ခာကို မကျင့်ရသေးသော သိက္ခမာန်မကို ဥပဇ္ဈာယ်ပြု၍ ပဉ္စင်းခံပေးသော ရဟန်းမိန်းမအား ပါစိတ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

များစွာသော ရဟန်းမိန်းမတို့ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

--

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

များစွာသော ရဟန်းမိန်းမတို့၏ အသက်တစ်ဆယ့်နှစ်နှစ်ပြည့်ပြီးသော ယောက်ျားသွားလာဖူးသောနှစ်နှစ်တို့ကာလပတ်လုံး ခြောက်ပါးသော တရားတို့၌ အကျင့်သိက္ခာကို မကျင့်ရသေးသော သိက္ခမာန်မကိုဥပဇ္ဈာယ်ပြု၍ ပဉ္စင်းခံပေးကြခြင်း အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် သုံးမျိုးသော အကြောင်းတို့ကြောင့် ဖြစ်၏။ပ။

အသက်တစ်ဆယ့်နှစ်နှစ်ပြည့်ပြီးသော ယောက်ျားသွားလာဖူးသော နှစ်နှစ်တို့ကာလပတ်လုံး ခြောက်ပါးသော တရားတို့၌ အကျင့်သိက္ခာကို ကျင့်ပြီးသော သံဃာက မသမုတ်ရသေးသော သိက္ခမာန်မကိုဥပဇ္ဈာယ်ပြု၍ ပဉ္စင်းခံပေးသော ရဟန်းမိန်းမအား ပါစိတ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

များစွာသော ရဟန်းမိန်းမတို့ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

များစွာသော ရဟန်းမိန်းမတို့၏ အသက်တစ်ဆယ့်နှစ်နှစ်ပြည့်ပြီးသော ယောက်ျားသွားလာဖူးသောနှစ်နှစ်တို့ ကာလပတ်လုံး ခြောက်ပါးသော တရားတို့၌ အကျင့်သိက္ခာကို ကျင့်ပြီးသော သံဃာကမသမုတ်ရသေးသော သိက္ခမာန်မကို ဥပဇ္ဈာယ်ပြု၍ ပဉ္စင်းခံပေးကြခြင်း အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် သုံးမျိုးသောအကြောင်းတို့ကြောင့် ဖြစ်၏။ပ။

အတူနေတပည့်မကို ဥပဇ္ဈာယ်ပြု၍ ပဉ္စင်းခံပေးပြီးလျှင် နှစ်နှစ်တို့ကာလပတ်လုံး မိမိလည်း မချီးမြှောက်သူတစ်ပါးကိုလည်း မချီးမြှောက်စေသော ရဟန်းမိန်းမအား ပါစိတ်အာပတ်ကို အဘယ်အရပ်၌ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

ထုလ္လနန္ဒာဘိက္ခုနီမကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

ထုလ္လနန္ဒာဘိက္ခုနီမ၏ အတူနေတပည့်မကို ဥပဇ္ဈာယ်ပြု၍ ပဉ္စင်းခံပေးပြီးလျှင် နှစ်နှစ်တို့ကာလ ပတ်လုံးမိမိလည်း မချီးမြှောက်ခြင်း၊ သူတစ်ပါးကိုလည်း မချီးမြှောက်စေခြင်း အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် တစ်မျိုးသောအကြောင်းကြောင့် ဖြစ်၏။ ဓုရနိက္ခေပသမုဋ္ဌာန်တည်း။ပ။

ပဉ္စင်းပေးခံသော ဥပဇ္ဈာယ်မကို နှစ်နှစ်တို့ကာလပတ်လုံး လိုက်၍ မလုပ်ကျွေးသော ရဟန်းမိန်းမ အားပါစိတ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

--

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

များစွာသော ရဟန်းမိန်းမတို့ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

များစွာသော ရဟန်းမိန်းမတို့၏ ပဉ္စင်းပေးခံသော ဥပဇ္ဈာယ်မကို နှစ်နှစ်တို့ကာလပတ်လုံး လိုက်၍မလုပ် ကျွေးကြခြင်း အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် တစ်မျိုးသောအကြောင်းကြောင့် ဖြစ်၏။ ပဌမပါရာဇိကသမုဋ္ဌာန်တည်း။ပ။

အတူနေတပည့်မကို ဥပဇ္ဈာယ်ပြု၍ ပဉ္စင်းခံပေးပြီးလျှင် မိမိလည်း ခေါ်၍မသွား၊ သူတစ်ပါးကိုလည်းခေါ်၍ မသွားစေသော ရဟန်းမိန်းမအား ပါစိတ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

ထုလ္လနန္ဒာဘိက္ခုနီမကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

ထုလ္လနန္ဒာဘိက္ခုနီမ၏ အတူနေတပည့်မကို ဥပဇ္ဈာယ်ပြု၍ ပဉ္စင်းခံပေးပြီးလျှင် မိမိလည်း ခေါ်၍ မသွား၊ သူတစ်ပါးကိုလည်း ခေါ်၍ မသွားစေခြင်း အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် တစ်မျိုးသော အကြောင်းကြောင့် ဖြစ်၏။ ဓုရနိက္ခေပသမုဋ္ဌာန်တည်း။ပ။

ခုနစ်ခုမြောက် ဂဗ္ဘိနီဝဂ် ပြီး၏။

--

၈-ကုမာရီဘူတဝဂ်

၂၂၅။ အသက်နှစ်ဆယ်မပြည့်သေးသော သတို့သမီး (အပျိုစင်) ဖြစ်သော သာမဏေမကို ဥပဇ္ဈာယ်ပြု၍ပဉ္စင်းခံပေးသော ရဟန်းမိန်းမအား ပါစိတ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

များစွာသော ရဟန်းမိန်းမတို့ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

များစွာသော ရဟန်းမိန်းမတို့၏ အသက်နှစ်ဆယ်မပြည့်သေးသော သတို့သမီး (အပျိုစင်) ဖြစ်သောသာမဏေမကို ဥပဇ္ဈာယ်၍ ပဉ္စင်းခံပေးကြခြင်း အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် သုံးမျိုးသော အကြောင်းတို့ကြောင့် ဖြစ်၏။ပ။

အသက်နှစ်ဆယ်ပြည့်သော နှစ်နှစ်တို့ကာလပတ်လုံး ခြောက်ပါးသော တရားတို့၌ အကျင့်သိက္ခာကိုမကျင့်ရသေးသော သတို့သမီး (အပျိုစင်) ဖြစ်သော သိက္ခမာန်မကို ဥပဇ္ဈာယ်ပြု၍ ပဉ္စင်းခံပေးသောရဟန်းမိန်းမအား ပါစိတ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

များစွာကုန်သော ရဟန်းမိန်းမတို့ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

များစွာသော ရဟန်းမိန်းမတို့၏ အသက်နှစ်ဆယ်ပြည့်သော နှစ်နှစ်တို့ကာလပတ်လုံး ခြောက်ပါး သောတရားတို့၌ အကျင့်သိက္ခာကို မကျင့်ရသေးသော သတို့သမီး (အပျိုစင်) ဖြစ်သော သိက္ခမာန်မကိုဥပဇ္ဈာယ်ပြု၍ ပဉ္စင်းခံပေးကြခြင်း အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် သုံးမျိုးသောအကြောင်းတို့ကြောင့် ဖြစ်၏။ပ။

အသက်နှစ်ဆယ်ပြည့်သော နှစ်နှစ်တို့ကာလပတ်လုံး ခြောက်ပါးသောတရားတို့၌ အကျင့်သိက္ခာကိုကျင့်ပြီးသော သံဃာက မသမုတ်ရသေးသော သတို့သမီး (အပျိုစင်) ဖြစ်သော သိက္ခမာန်မကို ဥပဇ္ဈာယ်ပြု၍ ပဉ္စင်းခံပေးသော ရဟန်းမိန်းမအား ပါစိတ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါ သနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

များစွာသော ရဟန်းမိန်းမတို့ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

--

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

များစွာသော ရဟန်းမိန်းမတို့၏ အသက်နှစ်ဆယ်ပြည့်သော နှစ်နှစ်တို့ကာလပတ်လုံး ခြောက်ပါး သောတရားတို့၌ အကျင့်သိက္ခာကို ကျင့်ပြီးသော သံဃာက မသမုတ်ရသေးသော သတို့သမီး (အပျိုစင်) ဖြစ်သော သိက္ခမာန်မကို ဥပဇ္ဈာယ်ပြု၍ ပဉ္စင်းခံပေးကြခြင်း အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် သုံးမျိုးသော အကြောင်းတို့ကြောင့် ဖြစ်၏။ပ။

တစ်ဆယ့်နှစ်ဝါမပြည့်ဘဲ ဥပဇ္ဈာယ်ပြု၍ ပဉ္စင်းခံပေးသော ရဟန်းမိန်းမအား ပါစိတ်အာပတ်ကိုအဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

များစွာသော ရဟန်းမိန်းမတို့ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

များစွာသော ရဟန်းမိန်းမတို့၏ တစ်ဆယ့်နှစ်ဝါမပြည့်ဘဲ ဥပဇ္ဈာယ်ပြု၍ ပဉ္စင်းခံပေးကြခြင်းအကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် သုံးမျိုးသော အကြောင်းတို့ကြောင့် ဖြစ်၏။ပ။

တစ်ဆယ့်နှစ်ဝါပြည့်သည် ဖြစ်၍ သံဃာက မသမုတ်အပ်ဘဲ ဥပဇ္ဈာယ်ပြု၍ ပဉ္စင်းခံပေးသောရဟန်းမိန်းမအား ပါစိတ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

များစွာသော ရဟန်းမိန်းမတို့ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

များစွာသော ရဟန်းမိန်းမတို့၏ တစ်ဆယ့်နှစ်ဝါပြည့်သည်ဖြစ်၍ သံဃာက မသမုတ်အပ်ဘဲဥပဇ္ဈာယ်ပြု၍ ပဉ္စင်းခံပေးကြခြင်း အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် သုံးမျိုးသော အကြောင်းတို့ကြောင့် ဖြစ်၏။ ဒုတိယပါရာဇိကသမုဋ္ဌာန်တည်း။ပ။

“သျှင်မ ဥပဇ္ဈာယ်ပြု၍ ပဉ္စင်းခံပေးသဖြင့် သင့်အား မတော်သေးပါ”ဟု ဆိုအပ်သည်ရှိသော်"ကောင်းပါပြီ”ဟူ၍ ဝန်ခံပြီးလျှင် နောက်မှ ရှုတ်ချခြင်းသဘောသို့ ရောက်သော ရဟန်းမိန်းမအား ပါစိတ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

စဏ္ဍကာဠီဘိက္ခုနီမကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

--

စဏ္ဍကာဠီဘိက္ခုနီမ၏ “သျှင်မ သင့်အား ဥပဇ္ဈာယ်ပြု၍ ပဉ္စင်းခံပေးသဖြင့် မတော်သေး"၊ ဤသို့ဆိုအပ်သည်ရှိသော် “ကောင်းပါပြီ”ဟူ၍ ဝန်ခံပြီးလျှင် နောက်မှ ရှုတ်ချခြင်းသဘောသို့ ရောက်ခြင်းအကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် သုံးမျိုးသောအကြောင်းတို့ကြောင့် ဖြစ်၏။ပ။

သိက္ခမာန်မကို “သျှင်မ သင်သည် ငါ့အား သင်္ကန်းပေးလျှင် သင့်ကို ငါဥပဇ္ဈာယ်ပြု၍ ပဉ္စင်းခံပေးအံ့”ဟု ဆို၍ မိမိလည်း ဥပဇ္ဈာယ်ပြု၍ ပဉ္စင်းခံမပေး၊ သူတစ်ပါးကိုလည်း ဥပဇ္ဈာယ်ပြု၍ပဉ္စင်းခံပေး စေခြင်းငှါ လုံ့လမပြုသော ရဟန်းမိန်းမအား ပါစိတ်အာပတ်ကို အဘယ်အရပ်၌ပညတ်တော်မူအပ်ပါ သနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

ထုလ္လနန္ဒာဘိက္ခုနီမကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

ထုလ္လနန္ဒာဘိက္ခုနီမ၏ သိက္ခမာန်မကို “သျှင်မ သင်သည် ငါ့အား သင်္ကန်းပေးလျှင် သင့်ကိုငါဥပဇ္ဈာယ်ပြု၍ ပဉ္စင်းခံပေးအံ့”ဟု ဆို၍ မိမိလည်း ဥပဇ္ဈာယ်ပြု၍ ပဉ္စင်းခံမပေးခြင်း၊ သူတစ်ပါးကိုလည်း ဥပဇ္ဈာယ်ပြု၍ ပဉ္စင်းခံပေးစေခြင်းငှါ လုံ့လမပြုခြင်း အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် တစ်မျိုးသောအကြောင်းကြောင့် ဖြစ်၏။ ဓုရနိက္ခေပသမုဋ္ဌာန်တည်း။ပ။

သိက္ခမာန်မကို “သျှင်မ သင်သည် ငါ့ကို နှစ်နှစ်တို့ကာလပတ်လုံး လိုက်၍ လုပ်ကျွေးလျှင် သင့်ကို ငါဥပဇ္ဈာယ်ပြု၍ ပဉ္စင်းခံပေးအံ့”ဟု ဆို၍ မိမိလည်း ဥပဇ္ဈာယ်ပြု၍ ပဉ္စင်းခံမပေး၊ သူတစ်ပါးကိုလည်းဥပဇ္ဈာယ်ပြု၍ ပဉ္စင်းခံပေးစေခြင်းငှါ လုံ့လမပြုသော ရဟန်းမိန်းမအား ပါစိတ်အာပတ်ကို အဘယ်အရပ်၌ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

ထုလ္လနန္ဒာဘိက္ခုနီမကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

ထုလ္လနန္ဒာဘိက္ခုနီမ၏ သိက္ခမာန်မကို “သျှင်မ သင်သည် ငါ့ကို နှစ်နှစ်တို့ကာလပတ်လုံး လိုက်၍လုပ်ကျွေးလျှင် သင့်ကို ငါဥပဇ္ဈာယ်ပြု၍ ပဉ္စင်းခံပေးအံ့”ဟု ဆို၍ မိမိလည်း ဥပဇ္ဈာယ်ပြု၍ ပဉ္စင်းခံမပေးခြင်း၊ သူတစ်ပါးကိုလည်း ဥပဇ္ဈာယ်ပြု၍ ပဉ္စင်းခံပေးစေခြင်းငှါ လုံ့လမပြုခြင်း အကြောင်းကြောင့် ပညတ့်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါးရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် တစ်မျိုးသော အကြောင်းကြောင့် ဖြစ်၏။ ဓုရနိက္ခေပသမုဋ္ဌာန်တည်း။ပ။

(အသက်နှစ်ဆယ်ပြည့်ပြီး) ယောက်ျားကြီး, (အသက်နှစ်ဆယ်မပြည့်ကြွယ်) ယောက်ျားငယ်တို့နှင့်ရောနှောသည့်ပြင် (ယောက်ျားတို့၏အတွက်) သောကဝင်လျက်ရှိသော ကြမ်းတမ်းသော သိက္ခမာန်မကိုဥပဇ္ဈာယ်ပြု၍ ပဉ္စင်းခံပေးသော ရဟန်းမိန်းမအား ပါစိတ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

--

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

ထုလ္လနန္ဒာဘိက္ခုနီမကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

ထုလ္လနန္ဒာဘိက္ခုနီမ၏ ယောက်ျားကြီး ယောက်ျားငယ်တို့နှင့် ရောနှောသည့်ပြင် (ယောက်ျားတို့၏အတွက်) သောကဝင်လျက်ရှိသော ကြမ်းတမ်းသော သိက္ခမာန်မကို ဥပဇ္ဈာယ်ပြု၍ ပဉ္စင်းခံပေးခြင်းအကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် သုံးမျိုးသောအကြောင်းတို့ကြောင့် ဖြစ်၏။ပ။

အမိအဖတို့ကလည်းကောင်း၊ လင်ယောက်ျားကလည်းကောင်း ခွင့်မပြုအပ်သော သိက္ခမာန်မကိုဥပဇ္ဈာယ်ပြု၍ ပဉ္စင်းခံပေးသော ရဟန်းမိန်းမအား ပါစိတ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

ထုလ္လနန္ဒာဘိက္ခုနီမကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

ထုလ္လနန္ဒာဘိက္ခုနီမ၏ အမိအဖတို့ကလည်းကောင်း၊ လင်ယောက်ျားကလည်းကောင်း ခွင့်မပြုအပ်သောသိက္ခမာန်မကို ဥပဇ္ဈာယ်ပြု၍ ပဉ္စင်းခံပေးခြင်း အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် လေးမျိုးသောအကြောင်းတို့ကြောင့် ဖြစ်၏။

ရံခါ နှုတ်ကြောင့် ဖြစ်၏။ ကိုယ်ကြောင့် မဖြစ်၊ စိတ်ကြောင့် မဖြစ်။

ရံခါ ကိုယ်ကြောင့်လည်းကောင်း၊ နှုတ်ကြောင့်လည်းကောင်း ဖြစ်၏၊ စိတ်ကြောင့် မဖြစ်။

ရံခါ နှုတ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်း ဖြစ်၏၊ ကိုယ်ကြောင့် မဖြစ်။

ရံခါ ကိုယ်ကြောင့်လည်းကောင်း၊ နှုတ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်း ဖြစ်၏။ပ။

သိုးလေပြီးသော ဆန္ဒပေးခြင်းဖြင့် သိက္ခမာန်မကို ဥပဇ္ဈာယ်ပြု၍ ပဉ္စင်းခံပေးသော ရဟန်းမိန်းမအားပါစိတ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

ရာဇဂြိုဟ်ပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

ထုလ္လနန္ဒာဘိက္ခုနီမကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

--

ထုလ္လနန္ဒာဘိက္ခုနီမ၏ သိုးလေပြီးသော ဆန္ဒပေးခြင်းဖြင့် သိက္ခမာန်မကို ဥပဇ္ဈာယ်ပြု၍ ပဉ္စင်းခံ့ပေးခြင်း အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် သုံးမျိုးသော အကြောင်းတို့ကြောင့် ဖြစ်၏။ပ။

နှစ်စဉ်နှစ်တိုင်း ဥပဇ္ဈာယ်ပြု၍ ပဉ္စင်းခံပေးသော ရဟန်းမိန်းမအား ပါစိတ်အာပတ်ကို အဘယ် အရပ်၌ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

များစွာသော ရဟန်းမိန်းမတို့ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

များစွာသော ရဟန်းမိန်းမတို့၏ နှစ်စဉ်နှစ်တိုင်း ဥပဇ္ဈာယ်ပြု၍ ပဉ္စင်းခံပေးကြခြင်း အကြောင်း ကြောင့်ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် သုံးမျိုးသောအကြောင်းတို့ကြောင့် ဖြစ်၏။ပ။

တစ်နှစ်တည်း၌ နှစ်ယောက်သော သိက္ခမာန်မတို့ကို ဥပဇ္ဈာယ်ပြု၍ ပဉ္စင်းခံပေးသော ရဟန်းမိန်းမအား ပါစိတ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

များစွာသော ရဟန်းမိန်းမတို့ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

များစွာသော ရဟန်းမိန်းမတို့၏ တစ်နှစ်တည်း၌ နှစ်ယောက်သော သိက္ခမာန်မတို့ကို ဥပဇ္ဈာယ်ပြု၍ပဉ္စင်းခံပေးကြခြင်း အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် သုံးမျိုးသော အကြောင်းတို့ကြောင့် ဖြစ်၏။ပ။

ရှစ်ခုမြောက် ကုမာရိဘူတဝဂ် ပြီး၏။

--

၉-ဆတ္တုပါဟနဝဂ်

၂၂၆။ ထီး ဖိနပ် (အစုံ) ကို ဆောင်သော ရဟန်းမိန်းမအား ပါစိတ်အာပတ်ကို အဘယ်အရပ်၌ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

ဆဗ္ဗဂ္ဂီရဟန်းမိန်းမတို့ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

ဆဗ္ဗဂ္ဂီရဟန်းမိန်းမတို့၏ ထီး ဖိနပ် (အစုံ) ကို ဆောင်ကြခြင်း အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး အနုပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင်နှစ်မျိုးသော အကြောင်းတို့ကြောင့် ဖြစ်၏။ ဧဠကလောမသမုဋ္ဌာန်တည်း။ပ။

ယာဉ်ဖြင့် သွားသော ရဟန်းမိန်းမအား ပါစိတ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါ သနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

ဆဗ္ဗဂ္ဂီရဟန်းမိန်းမတို့ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

ဆဗ္ဗဂ္ဂီရဟန်းမိန်းမတို့၏ ယာဉ်ဖြင့် သွားလာကြခြင်း အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး အနုပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင်နှစ်မျိုးသော အကြောင်းတို့ကြောင့် ဖြစ်၏။ ဧဠကလောမသမုဋ္ဌာန်တည်း။ပ။

ခါးဝတ်တန်ဆာကို ဆောင်သော ရဟန်းမိန်းမအား ပါစိတ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

တစ်ပါးသော ရဟန်းမိန်းမကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

တစ်ပါးသော ရဟန်းမိန်းမ၏ ခါးဝတ်တန်ဆာကို ဆောင်ခြင်းအကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် နှစ်မျိုးသော အကြောင်းတို့ကြောင့် ဖြစ်၏။ ဧဠကလောမသမုဋ္ဌာန်တည်း။ပ။

--

မိန်းမတို့၏ အဆင်တန်ဆာကို ဆောင်သော ရဟန်းမိန်းမအား ပါစိတ်အာပတ်ကို အဘယ်အရပ်၌ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

ဆဗ္ဗဂ္ဂီရဟန်းမိန်းမတို့ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

ဆဗ္ဗဂ္ဂီရဟန်းမိန်းမတို့၏ မိန်းမ (ဦးခေါင်းတန်ဆာစသော) အဆင်တန်ဆာကို ဆောင်ကြခြင်းအကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် နှစ်မျိုးသော အကြောင်းတို့ကြောင့် ဖြစ်၏။ ဧဠကလောမသမုဋ္ဌာန်တည်း။ပ။

နံ့သာ နံ့သာပျောင်းဖြင့် ရေချိုးသော ရဟန်းမိန်းမအား ပါစိတ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

ဆဗ္ဗဂ္ဂီရဟန်းမိန်းမတို့ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

ဆဗ္ဗဂ္ဂီရဟန်းမိန်းမတို့၏ နံ့သာ နံ့သာပျောင်းဖြင့် ရေချိုးကြခြင်း အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် နှစ်မျိုးသော အကြောင်းတို့ကြောင့် ဖြစ်၏။ ဧဠကလောမသမုဋ္ဌာန်တည်း။ပ။

နံ့သာဖြင့် ထုံအပ်သော နှမ်းမှုန့်ညက်ဖြင့် ရေချိုးသော ရဟန်းမိန်းမအား ပါစိတ်အာပတ်ကိုအဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

ဆဗ္ဗဂ္ဂီရဟန်းမိန်းမတို့ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

ဆဗ္ဗဂ္ဂီရဟန်းမိန်းမတို့၏ နံ့သာဖြင့် ထုံအပ်သော နှမ်းမှုန့်ညက်ဖြင့် ရေချိုးကြခြင်း အကြောင်း ကြောင့်ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် နှစ်မျိုးသောအကြောင်းတို့ကြောင့် ဖြစ်၏။ ဧဠကလောမသမုဋ္ဌာန်တည်း။ပ။

ရဟန်းမိန်းမကို ပွတ်သပ်ဆုပ်နယ်စေသော ရဟန်းမိန်းမအား ပါစိတ်အာပတ်ကို အဘယ်အရပ်၌ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

--

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

များစွာသော ရဟန်းမိန်းမတို့ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

များစွာသော ရဟန်းမိန်းမတို့၏ ရဟန်းမိန်းမကို ပွတ်သပ်ဆုပ်နယ်စေကြခြင်း အကြောင်းကြောင့်ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် နှစ်မျိုးသော အကြောင်း့ကြောင့် ဖြစ်၏။ ဧဠကလောမသမုဋ္ဌာန်တည်း။ပ။

သိက္ခမာန်မကို ပွတ်သပ်ဆုပ်နယ်စေသော ရဟန်းမိန်းမအား ပါစိတ်အာပတ်ကို အဘယ်အရပ်၌ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

များစွာသော ရဟန်းမိန်းမတို့ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

များစွာသော ရဟန်းမိန်းမတို့၏ သိက္ခမာန်မကို ပွတ်သပ်ဆုပ်နယ်စေခြင်း အကြောင်းကြောင့်ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် နှစ်မျိုးသော အကြောင်းတို့ကြောင့် ဖြစ်၏။ ဧဠကလောမသမုဋ္ဌာန်တည်း။ပ။

သာမဏေမကို ပွတ်သပ်ဆုပ်နယ်စေသော ရဟန်းမိန်းမအား ပါစိတ်အာပတ်ကို အဘယ်အရပ်၌ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

များစွာသော ရဟန်းမိန်းမတို့ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

များစွာသော ရဟန်းမိန်းမတို့၏ သာမဏေမကို ပွတ်သပ်ဆုပ်နယ်စေကြခြင်း အကြောင်းကြောင့်ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် နှစ်မျိုးသော အကြောင်းတို့ကြောင့် ဖြစ်၏။ ဧဠကလောမသမုဋ္ဌာန်တည်း။ပ။

လူမိန်းမကို ပွတ်သပ်ဆုပ်နယ်စေသော ရဟန်းမိန်းမအား ပါစိတ်အာပတ်ကို အဘယ်အရပ်၌ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

များစွာသော ရဟန်းမိန်းမတို့ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

--

များစွာသော ရဟန်းမိန်းမတို့၏ လူမိန်းမကို ပွတ်သပ်ဆုပ်နယ်စေကြခြင်း အကြောင်းကြောင့်ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် နှစ်မျိုးသော အကြောင်းတို့ကြောင့် ဖြစ်၏။ ဧဠကလောမသမုဋ္ဌာန်တည်း။ပ။

မပန်ကြားဘဲ ရဟန်းယောက်ျား၏ ရှေ့မှ နေရာ၌ ထိုင်နေသော ရဟန်းမိန်းမအား ပါစိတ် အာပတ်ကိုအဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

များစွာသော ရဟန်းမိန်းမတို့ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

များစွာသော ရဟန်းမိန်းမတို့၏ မပန်ကြားဘဲ ရဟန်းယောက်ျား၏ ရှေ့မှ ထိုင်နေခြင်း အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် နှစ်မျိုးသော အကြောင်းတို့ကြောင့် ဖြစ်၏။ ကထိနသမုဋ္ဌာန်တည်း။ပ။

ခွင့်မတောင်းဘဲ ရဟန်းယောက်ျားကို အမေးပုစ္ဆာ (ပြဿနာ) ကို မေးသော ရဟန်းမိန်းမအားပါစိတ်အာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

များစွာသော ရဟန်းမိန်းမတို့ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

များစွာကုန်သော ရဟန်းမိန်းမတို့၏ ခွင့်မတောင်းဘဲ ရဟန်းယောက်ျားကို အမေးပုစ္ဆာ (ပြဿနာ) မေးကြခြင်း အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် နှစ်မျိုးသော အကြောင်းတို့ကြောင့် ဖြစ်၏။ ပဒသောဓမ္မသမုဋ္ဌာန်တည်း။ပ။

ရင်လွှမ်းတဘက်မပါဘဲ ရွာသို့ ဝင်သော ရဟန်းမိန်းမအား ပါစိတ်အာပတ်ကို အဘယ်အရပ်၌ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

တစ်ပါးသော ရဟန်းမိန်းမကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

တစ်ပါးသော ရဟန်းမိန်းမ၏ ရင်လွှမ်းတဘက်မပါဘဲ ရွာသို့ ဝင်ခြင်း အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

--

(မူလ) ပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် နှစ်မျိုးသော အကြောင်းတို့ကြောင့် ဖြစ်၏။

ရံခါ ကိုယ်ကြောင့် ဖြစ်၏၊ နှုတ်ကြောင့် မဖြစ်၊ စိတ်ကြောင့် မဖြစ်။

ရံခါ ကိုယ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်း ဖြစ်၏၊ နှုတ်ကြောင့် မဖြစ်။ပ။

ကိုးခုမြောက် ဆတ္တုပါဟနဝဂ် ပြီး၏။

ဝဂ်ငယ်ကိုးခု ပြီး၏။

ထိုဝဂ်ငယ်ကိုးခု၏ အကျဉ်းချုပ်

လသုဏသိက္ခာပုဒ်၊လောမသံဟရသိက္ခာပုဒ်၊ တလဃာတကသိက္ခာပုဒ်၊ ဇတုမဋ္ဌက သိက္ခာပုဒ်၊ ဥဒကသုဒ္ဓိကာဒိယနသိက္ခာပုဒ်၊ ဘုဉ္ဇ န္တသိက္ခာပုဒ်၊ အာမကဓညသိက္ခာပုဒ်၊ နှစ်ပါး ကုန်သောပဌမဝိဃာသသိက္ခာပုဒ်၊ ဒုတိယဝိဃာသသိက္ခာပုဒ်၊ ဒဿနာဟူသောပုဒ်ဖြင့် မှတ်အပ်သောဂိရဂ္ဂသမဇ္ဇသိက္ခာပုဒ်။

ရတ္တန္ဓကာရသိက္ခာပုဒ်၊ ပဋိစ္ဆန္နသိက္ခာပုဒ်၊ အဇ္ဈောကာသသိက္ခာပုဒ်၊ ရထိကသိက္ခာပုဒ်၊ ပုရေဘတ္တသိက္ခာပုဒ်၊ ပစ္ဆာဘတ္တသိက္ခာပုဒ်၊ ဝိကာလသိက္ခာပုဒ်၊ ဒုဂ္ဂဟိတဟူသော သဒ္ဒါဖြင့် မှတ်အပ်သော ပရံဥဇ္ဈာပနသိက္ခာပုဒ်၊ နိရယေနသဒ္ဒါဖြင့် မှတ်အပ်သော အဘိသ ပနသိက္ခာပုဒ်၊ ဝဓိတွာ ရောဒနသိက္ခာပုဒ်။

နဂ္ဂသိက္ခာပုဒ်၊ ဥဒကသာဋိကသိက္ခာပုဒ်၊ ဝိသိဗ္ဗေတွာဟူသော သဒ္ဒါဖြင့် မှတ်အပ်သောစီဝရသိဗ္ဗနသိက္ခာပုဒ်၊ ပဉ္စာဟိကသိက္ခာပုဒ်၊ စီဝရသင်္ကမနီယသိက္ခာပုဒ်၊ ဂဏစီဝရ လာဘသိက္ခာပုဒ်၊ စီဝရဝိဘင်္ဂသိက္ခာပုဒ်၊ သမဏစီဝရဒါနသိက္ခာပုဒ်၊ ဒုဗ္ဗလစီဝရပစ္စာသာ သိက္ခာပုဒ်၊ ကထိနုဒ္ဓါရသိက္ခာပုဒ်။

ဧကမဉ္စဟူသောပုဒ်ဖြင့် မှတ်အပ်သော ပဌမတုဝဋ္ဋသိက္ခာပုဒ်၊ အတ္ထရဏဟူသော သဒ္ဒါဖြင့် မှတ်အပ်သောဒုတိယတုဝဋ္ဋသိက္ခာပုဒ်၊ သဉ္စိစ္စဟူသောသဒ္ဒါဖြင့် မှတ်အပ်သော အဖာသုကရဏသိက္ခာပုဒ်၊ ဒုက္ခိတသဟဇီဝိနီသိက္ခာပုဒ်၊ ဒတွာဟူသော သဒ္ဒါဖြင့် မှတ်အပ် သော ဥပဿယဒါနသိက္ခာပုဒ်၊ သံသဋ္ဌသိက္ခာပုဒ်၊ အန္တောရဋ္ဌသိက္ခာပုဒ်၊ တိရောရဋ္ဌ သိက္ခာပုဒ်၊ အန္တောဝဿသိက္ခာပုဒ်၊ နပက္ကမနသိက္ခာပုဒ်။

ရာဇဟူသော သဒ္ဒါဖြင့် မှတ်အပ်သော စိတ္တာဂါရသိက္ခာပုဒ်၊ အာသန္ဒိသိက္ခာပုဒ်၊ သုတ္တကန္တနသိက္ခာပုဒ်၊ ဂိဟိဝေယျာဝစ္စသိက္ခာပုဒ်၊ ဝူပသမနသိက္ခာပုဒ်၊ ဒါနကြိယာဖြင့် မှတ်အပ်သော အာဂါရိကသိက္ခာပုဒ်၊ ပဌမအာဝသထသိက္ခာပုဒ်၊ ဒုတိယအာဝသထ သိက္ခာပုဒ်၊ ပရိယာပုဏနသိက္ခာပုဒ်၊ ဝါစနသိက္ခာပုဒ်။

--

အာရာမသိက္ခာပုဒ်၊ အက္ကောသနသိက္ခာပုဒ်၊ စဏ္ဍိကတာသိက္ခာပုဒ်၊ အညတြဘုဉ္ဇန သိက္ခာပုဒ်၊ ကုလမစ္ဆရိသိက္ခာပုဒ်၊ အဘိက္ခုကာဝါသသိက္ခာပုဒ်၊ နပ္ပဝါရဏသိက္ခာပုဒ်၊ ဩဝါဒသိက္ခာပုဒ်၊ ဒွေဓမ္မသိက္ခာပုဒ်၊ ပသာခသိက္ခာပုဒ်။

ဂဗ္ဘိနီသိက္ခာပုဒ်၊ ပါယန္တိသိက္ခာပုဒ်၊ ဆသုဓမ္မေသုဟူသော သဒ္ဒါဖြင့် မှတ်အပ်သော ဒွေဝဿသိက္ခာပုဒ်၊ သံဃေနအသမ္မတသိက္ခာပုဒ်၊ ဦနဒွါဒသဟူသော သဒ္ဒါဖြင့် မှတ်အပ် သော ပဌမဂိဟိဂတသိက္ခာပုဒ်၊ ပရိပုဏ္ဏသဒ္ဒါဖြင့် မှတ်အပ်သော ဒုတိယဂိဟိဂတ သိက္ခာပုဒ်၊ သံဃေနဟူသော သဒ္ဒါဖြင့် မှတ်အပ်သောတတိယဂိဟိဂတသိက္ခာပုဒ်၊ ပဌမ သဟဇီဝိနီသိက္ခာပုဒ်၊ ဝုဋ္ဌာပိတသိက္ခာပုဒ်၊ ဆပဉ္စဟူသော သဒ္ဒါဖြင့်မှတ်အပ်သော ဒုတိယ သဟဇီဝိနီသိက္ခာပုဒ်။

နှစ်ပါးကုန်သော ပဌမကုမာရိဘူတသိက္ခာပုဒ်၊ ဒုတိယကုမာရိဘူတသိက္ခာပုဒ်၊ သံဃေနဟူသော သဒ္ဒါဖြင့်မှတ်အပ်သော တတိယကုမာရိဘူတသိက္ခာပုဒ်၊ ဦနဒွါဒသဝဿဝု ဋ္ဌာပနသိက္ခာပုဒ်၊ အသမ္မတဟူသောသဒ္ဒါဖြင့် မှတ်အပ်သော ပရိပုဏ္ဏဝဿဝုဋ္ဌာပန သိက္ခာပုဒ်၊ အလံတာဝသိက္ခာပုဒ်၊ သစေဟူသော သဒ္ဒါဖြင့်မှတ်အပ်သော စီဝရ သိက္ခာပုဒ်၊ ဒွေဝဿသိက္ခာပုဒ်၊ ပုရိသသံသဋ္ဌ သိက္ခာပုဒ်၊ သာမိကေနဟူသော သဒ္ဒါဖြင့်မှတ်အပ်သော အနနုညာတသိက္ခာပုဒ်၊ ပါရိဝါသိက ဆန္ဒဒါနသိက္ခာပုဒ်၊ အနုဝဿဝုဋ္ဌာပန သိက္ခာပုဒ်၊ ဒွေဝုဋ္ဌာပနသိက္ခာပုဒ်။

ဆတ္တုပါဟနသိက္ခာပုဒ်၊ ယာနသိက္ခာပုဒ်၊ သင်္ဃာဏိသိက္ခာပုဒ်၊ ဣတ္ထာလင်္ကာရ သိက္ခာပုဒ်၊ ဂန္ဓဝဏ္ဏကသိက္ခာပုဒ်၊ ဝါသိတပိညာကသိက္ခာပုဒ်၊ ဘိက္ခုနီဥမ္မဒ္ဒနသိက္ခာပုဒ်၊ သိက္ခမာနဥမ္မဒ္ဒန သိက္ခာပုဒ်၊ သာမဏေရီဥမ္မဒ္ဒနသိက္ခာပုဒ်၊ ဂိဟိနီဥမ္မဒ္ဒနသိက္ခာပုဒ်၊ ဘိက္ခု ဿပုရတောသိက္ခာပုဒ်၊ အနောကာသကတပ္ပဥှသိက္ခာပုဒ်၊ အသံကစ္စိကသိက္ခာပုဒ်။ ဤကား အကျဉ်းချုပ်တည်း။

ထိုဝဂ်တို့၏ အကျဉ်းချုပ်

လသုဏဝဂ်၊ အန္ဓကာရဝဂ်၊ နှာနဝဂ်၊၁ တုဝဋ္ဋဝဂ်၊ စိတ္တာဂါရဝဂ်၊ အာရာမဝဂ်၊ ဂဗ္ဘိနီဝဂ်၊ ကုမာရိဘူတဝဂ်၊ ဆတ္တုပါဟနဝဂ်၊၂ ဤကား အကျဉ်းချုပ်တည်း။

၁။ နဂ္ဂဝဂ်ဟုလည်း အမည်ပေး၏။

၂။ ဆတ္တဝဂ်ဟုလည်းအမည်ပေး၏ (ကင်္ခါအဋ္ဌကထာ)

--

၅-ပါဋိဒေသနီအာပတ်များ

၂၂၇။ ထောပတ်ကို တောင်း၍ စားသော ရဟန်းမိန်းမအား ပါဋိဒေသနီအာပတ်ကို အဘယ်အရပ်၌ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

ဆဗ္ဗဂ္ဂီရဟန်းမိန်းမတို့ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

ဆဗ္ဗဂ္ဂီရဟန်းမိန်းမတို့၏ ထောပတ်ကို တောင်း၍ စားကြခြင်းအကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး၊ အနုပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင်လေးမျိုးသော အကြောင်းတို့ကြောင့် ဖြစ်၏။ပ။

ဆီကို တောင်း၍ စားသော ရဟန်းမိန်းမအား ပါဋိဒေသနီအာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

ဆဗ္ဗဂ္ဂီရဟန်းမိန်းမတို့ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

ဆဗ္ဗဂ္ဂီရဟန်းမိန်းမတို့၏ ဆီကို တောင်း၍ စားကြခြင်း အကြောင်းကြောင့် ပညတ်တော်မူအပ်ပါ သည်။

(မူလ) ပညတ်တစ်ပါး၊ အနုပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင်လေးမျိုးသော အကြောင်းတို့ကြောင့် ဖြစ်၏။ပ။

ပျားရည်ကို တောင်း၍ စားသော ရဟန်းမိန်းမအား ပါဋိဒေသနီအာပတ်ကို အဘယ်အရပ်၌ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

ဆဗ္ဗဂ္ဂီရဟန်းမိန်းမတို့ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

ဆဗ္ဗဂ္ဂီရဟန်းမိန်းမတို့၏ ပျားရည်ကို တောင်း၍ စားကြခြင်း အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

--

(မူလ) ပညတ်တစ်ပါး၊ အနုပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင်လေးမျိုးသော အကြောင်းတို့ကြောင့် ဖြစ်၏။ပ။

တင်လဲကို တောင်း၍ စားသော ရဟန်းမိန်းမအား ပါဋိဒေသနီအာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

ဆဗ္ဗဂ္ဂီရဟန်းမိန်းမတို့ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

ဆဗ္ဗဂ္ဂီရဟန်းမိန်းမတို့၏ တင်လဲကို တောင်း၍ စားကြခြင်း အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး၊ အနုပညတ်တစ်ပါးရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင်လေးမျိုးသော အကြောင်းတို့ကြောင့် ဖြစ်၏။ပ။

ငါးကို တောင်း၍ စားသော ရဟန်းမိန်းမအား ပါဋိဒေသနီအာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

ဆဗ္ဗဂ္ဂီရဟန်းမိန်းမတို့ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

ဆဗ္ဗဂ္ဂီရဟန်းမိန်းမတို့၏ ငါးကိုတောင်း၍ စားကြခြင်း အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး၊ အနုပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင်လေးမျိုးသော အကြောင်းတို့ကြောင့် ဖြစ်၏။ပ။

အမဲသားကို တောင်း၍ စားသော ရဟန်းမိန်းမအား ပါဋိဒေသနီအာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

ဆဗ္ဗဂ္ဂီရဟန်းမိန်းမတို့ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

ဆဗ္ဗဂ္ဂီရဟန်းမိန်းမတို့၏ အမဲသားကို တောင်း၍ စားကြခြင်း အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး၊ အနုပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင်လေးမျိုးသော အကြောင်းတို့ကြောင့် ဖြစ်၏။ပ။

--

နို့ရည်ကို တောင်း၍ သုံးဆောင်သော ရဟန်းမိန်းမအား ပါဋိဒေသနီအာပတ်ကို အဘယ်အရပ်၌ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

ဆဗ္ဗဂ္ဂီရဟန်းမိန်းမတို့ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

ဆဗ္ဗဂ္ဂီရဟန်းမိန်းမတို့၏ နို့ရည်ကို တောင်း၍ သုံးဆောင်ခြင်းအကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး၊ အနုပညတ်တစ်ပါး ရှိ၏။ အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင်လေးမျိုးသော အကြောင်းတို့ကြောင့် ဖြစ်၏။ပ။

နို့ဓမ်းကို တောင်း၍ စားသော ရဟန်းမိန်းမအား ပါဋိဒေသနီအာပတ်ကို အဘယ်အရပ်၌ ပညတ်တော်မူအပ်ပါသနည်း။

သာဝတ္ထိပြည်၌ ပညတ်တော်မူအပ်ပါသည်။

အဘယ်သူကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသနည်း။

ဆဗ္ဗဂ္ဂီရဟန်းမိန်းမတို့ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပါသည်။

အဘယ်အကြောင်းကြောင့် ပညတ်တော်မူအပ်ပါသနည်း။

ဆဗ္ဗဂ္ဂီရဟန်းမိန်းမတို့၏ နို့ဓမ်းကိုတောင်း၍ စားခြင်းအကြောင်းကြောင့် ပညတ်တော်မူအပ်ပါသည်။

(မူလ) ပညတ်တစ်ပါး၊ အနုပညတ်တစ်ပါး ရှိ၏၊ အာပတ်သင့်ခြင်း အကြောင်းခြောက်မျိုးတို့တွင်လေးမျိုးသော အကြောင်းတို့ကြောင့် ဖြစ်၏။

ရံခါ ကိုယ်ကြောင့် ဖြစ်၏၊ နှုတ်ကြောင့် မဖြစ်၊ စိတ်ကြောင့် မဖြစ်။

ရံခါ ကိုယ်ကြောင့်လည်းကောင်း၊ နှုတ်ကြောင့်လည်းကောင်း ဖြစ်၏၊ စိတ်ကြောင့် မဖြစ်။

ရံခါ ကိုယ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်း ဖြစ်၏၊ နှုတ်ကြောင့် မဖြစ်။

ရံခါ ကိုယ်ကြောင့်လည်းကောင်း၊ နှုတ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်း ဖြစ်၏။ပ။

ပါဋိဒေသနီအာပတ်ရှစ်ပါး ပြီး၏။

ထိုပါဋိဒေသနီအာပတ်၏ အကျဉ်းချုပ်

ထောပတ်ကိုလည်းကောင်း၊ ဆီကိုလည်းကောင်း၊ ပျားရည်ကိုလည်းကောင်း၊ တင်လဲ ကိုလည်းကောင်း၊ ငါးကိုလည်းကောင်း၊ အသားကိုလည်းကောင်း၊ နို့ရည်ကိုလည်း ကောင်း၊ နို့ဓမ်းကိုလည်းကောင်းတောင်း၍ (စားသော) ရဟန်းမိန်းမအား ရှစ်ပါး ကုန်သော ပါဋိဒေသနီအာပတ်တို့ကိုမြတ်စွာဘုရားသည် ကိုယ်တော်တိုင် ဟောတော် မူအပ်ကုန်၏။ ဤကား အကျဉ်းချုပ် အပြီးတည်း။

အကြင်သိက္ခာပုဒ်တို့ကို ဘိက္ခုဝိဘင်း၌ (မြတ်စွာဘုရားသည်) အကျယ်ချဲ့အပ်ကုန်၏၊ ထိုသိက္ခာပုဒ်တို့ကို ဘိက္ခုနီဝိဘင်းပါဠိတော်၌ အကျဉ်းချုံး၍ (မြတ်စွာဘုရားသည် ဟောအပ်ကုန်၏)။

ရှေးဦးစွာသော ကတ္ထပညတ္တိဝါရသည် ပြီး၏။

--

၂-ကတာပတ္တိဝါရ

၁-ပါရာဇိကအာပတ်

၂၂၈။ (ကိလေသာ) စိုစွတ်သည်ဖြစ်၍ (ကိလေသာ) စိုစွတ်သော ယောက်ျားဖြစ်သော ပုဂ္ဂိုလ်၏ကိုယ်လက်နှီးနှောခြင်းကို သာယာသော ရဟန်းမိန်းမသည် အဘယ်မျှလောက်ကုန်သော အာပတ်တို့သို့ရောက်သနည်း။

(ကိလေသာ) စိုစွတ်သည်ဖြစ်၍ (ကိလေသာ) စိုစွတ်သော ယောက်ျားဖြစ်သော ပုဂ္ဂိုလ်၏ ကိုယ်လက်နှီးနှောခြင်းကို သာယာသော ရဟန်းမိန်းမသည် သုံးပါးသော အာပတ်တို့သို့ ရောက်၏။

ညှပ်ရိုးနှစ်ဖက်၏အောက် ပုဆစ်ဒူးဝန်းနှစ်ဖက်၏ အထက်၌ ကိုင်ခြင်းကို သာယာအံ့၊ ပါရာဇိကအာပတ်သို့ ရောက်၏။

ညှပ်ရိုးနှစ်ဖက်၏အထက် ပုဆစ်ဒူးဝန်းနှစ်ဖက်၏ အောက်၌ ကိုင်ခြင်းကို သာယာအံ့၊ ထုလ္လစ္စဉ်းအာပတ်သို့ ရောက်၏။

ကိုယ်နှင့်စပ်သော အရာဝတ္ထု၌ ကိုင်ခြင်းကို သာယာအံ့၊ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

(ကိလေသာ) စိုစွတ်သည်ဖြစ်၍ (ကိလေသာ) စိုစွတ်သော ယောက်ျားဖြစ်သော ပုဂ္ဂိုလ်၏ ကိုယ်လက်နှီးနှောခြင်းကို သာယာသော ရဟန်းမိန်းမသည် ဤသုံးပါးကုန်သော အာပတ်တို့သို့ ရောက်၏။

အပြစ် ‘အာပတ်’ ကို ဖုံးလွှမ်းသော ဝဇ္ဇပဋိစ္ဆာဒိကာမည်သော ရဟန်းမိန်းမသည် အဘယ်မျှလောက် သောအာပတ်တို့သို့ ရောက်သနည်း။

အပြစ် ‘အာပတ်’ ကို ဖုံးလွှမ်းသော ဝဇ္ဇပဋိစ္ဆာဒိကာမည်သော ရဟန်းမိန်းမသည် သုံးပါးသောအာပတ်တို့သို့ ရောက်၏။

သိလျက် ပါရာဇိကအာပတ်ကို ဖုံးလွှမ်းအံ့၊ ပါရာဇိကအာပတ်သို့ ရောက်၏။

ယုံမှားရှိသည်ဖြစ်၍ (ပါရာဇိကအာပတ်ကို) ဖုံးလွှမ်းအံ့၊ ထုလ္လစ္စဉ်းအာပတ်သို့ ရောက်၏။

အကျင့်ပျက်စီးခြင်း ‘အာစာရဝိပတ္တိ’ ကို ဖုံးလွှမ်းအံ့၊ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

အပြစ် ‘အာပတ်'ကို ဖုံးလွှမ်းသော ဝဇ္ဇပဋိစ္ဆာဒိကာမည်သော ရဟန်းမိန်းမသည် ဤသုံးပါးသောအာပတ်တို့သို့ ရောက်၏။

သုံးကြိမ်တိုင်အောင် (ဉတ်ကမ္မဝါစာဖြင့်) ဆုံးမပါလျက် (အယူကို) မစွန့်သော ဥက္ခိတ္တာနုဝတ္တိကာမည်သော ရဟန်းမိန်းမသည် အဘယ်မျှလောက်ကုန်သော အာပတ်တို့သို့ ရောက်သနည်း။

သုံးကြိမ်တိုင်အောင် (ဉတ်ကမ္မဝါစာဖြင့်) ဆုံးမပါလျက် (အယူကို) မစွန့်သော ဥက္ခိတ္တာနုဝတ္တိကာမည်သော ရဟန်းမိန်းမသည် သုံးပါးသော အာပတ်တို့သို့ ရောက်၏။

ဉတ်၏ အဆုံး၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

ကမ္မဝါစာ နှစ်ကြိမ်တို့၏ အဆုံး၌ ထုလ္လစ္စဉ်းအာပတ်သို့ ရောက်၏။

--

ကမ္မဝါစာ၏ အဆုံး၌ ပါရာဇိကအာပတ်သို့ ရောက်၏။

သုံးကြိမ်တိုင်အောင် (ဉတ်ကမ္မဝါစာဖြင့်) ဆုံးမပါလျက် (အယူကို) မစွန့်သော ဥက္ခိတ္တာနုဝတ္တိကာမည်သော ရဟန်းမိန်းမသည် ဤသုံးပါးသော အာပတ်တို့သို့ ရောက်၏။

ရှစ်ခုမြောက်သော ဝတ္ထု ‘အဋ္ဌမဝတ္ထု'ကို ပြည့်စေသော ရဟန်းမိန်းမသည် အဘယ်မျှလောက်ကုန် သောအာပတ်တို့သို့ ရောက်သနည်း။

ရှစ်ခုမြောက်သော ဝတ္ထုကို ပြည့်စေသော ရဟန်းမိန်းမသည် သုံးပါးကုန်သော အာပတ်တို့သို့ ရောက်၏။

ယောက်ျားက “ဤမည်သော အရပ်သို့ လာခဲ့လော့”ဟု ဆိုအပ်သည် ဖြစ်၍ သွားအံ့၊ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

(မှာထားသော) ယောက်ျား၏ နှစ်တောင့်ထွာ ‘ဟတ္ထပါသ်’ အတွင်းသို့ သက်ဝင်ကာမျှ ‘ရောက်ကာမျှ’ ၌ထုလ္လစ္စဉ်းအာပတ်သို့ ရောက်၏။

ရှစ်ခုမြောက်သောဝတ္ထုကို ပြည့်စေအံ့၊ ပါရာဇိကအာပတ်သို့ ရောက်၏။

ရှစ်ခုမြောက်သောဝတ္ထုကို ပြည့်စေသော ရဟန်းမိန်းမသည် ဤသုံးပါးသော အာပတ်တို့သို့ ရောက်၏။

ပါရာဇိကအာပတ် ပြီး၏။

၂-သံဃာဒိသိသ် အာပတ်များ

၂၂၉။ တရားတွေ့သော ဥဿယဝါဒိကမည်သော ရဟန်းမိန်းမသည် သုံးပါးသော အာပတ်တို့သို့ရောက်၏။

တစ်ယောက်သော သူအား ပြောကြားအံ့၊ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

နှစ်ယောက်မြောက်သော သူအား ပြောကြားအံ့၊ ထုလ္လစ္စဉ်းအာပတ်သို့ ရောက်၏။

တရားတွေ့သည်၏ အဆုံး၌ သံဃာဒိသိသ်အာပတ်သို့ ရောက်၏။

ခိုးသူမကို ဥပဇ္ဈာယ်ပြု၍ ပဉ္စင်းခံပေးသော ရဟန်းမိန်းမသည် သုံးပါးသော အာပတ်တို့သို့ ရောက်၏။

ဉတ်၏ အဆုံး၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

ကမ္မဝါစာ နှစ်ကြိမ်တို့၏ အဆုံး၌ ထုလ္လစ္စဉ်းအာပတ်သို့ ရောက်၏။

ကမ္မဝါစာ၏ အဆုံး၌ သံဃာဒိသိသ်အာပတ်သို့ ရောက်၏။

--

အဖော်မပါ တစ်ယောက်တည်း ရွာတစ်ပါးသို့ သွားသော ရဟန်းမိန်းမသည် သုံးပါးသော အာပတ်တို့သို့ ရောက်၏။

သွားအံ့၊ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

ပဌမဖဝါးလှမ်းကို (ရွာအပိုင်းအခြား) အရံအတားကို လွန်စေအံ့၊ ထုလ္လစ္စဉ်းအာပတ်သို့ ရောက်၏။

ဒုတိယဖဝါးလှမ်းကို လွန်စေအံ့၊ သံဃာဒိသိသ်အာပတ်သို့ ရောက်၏။

ဟုတ်မှန်သော (မြတ်စွာဘုရား၏) ဝိနည်းဖြင့် မြတ်စွာဘုရား၏ (ဉတ္တိစတုတ္ထကမ္မဝါစာ) အဆုံးအမတော်ဖြင့် ညီညွတ်သော သံဃာက နှင်ထုတ်ထားသော ရဟန်းမိန်းမကို အမှုဆောင်သံဃာ'ကာရကသံဃာ’ ကို မပြောကြားဘဲ ဂိုဏ်း၏ အလိုကို မသိဘဲ (သံဃာ့ဘောင်သို့) သွင်းသော ရဟန်းမိန်းမသည် သုံးပါးသော အာပတ်တို့သို့ ရောက်၏။

ဉတ်၏အဆုံး၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

ကမ္မဝါစာ နှစ်ကြိမ်တို့၏ အဆုံး၌ ထုလ္လစ္စဉ်းအာပတ်သို့ ရောက်၏။

ကမ္မဝါစာ၏ အဆုံး၌ သံဃာဒိသိသ်အာပတ်သို့ ရောက်၏။

(ကိလေသာ) စိုစွတ်သည်ဖြစ်၍ (ကိလေသာ) စိုစွတ်သော ယောက်ျားဖြစ်သော ပုဂ္ဂိုလ်၏ လက်မှခဲဖွယ်ကိုလည်းကောင်း၊ ဘောဇဉ်ကိုလည်းကောင်း မိမိလက်ဖြင့် ခံယူ၍ စားသော ရဟန်းမိန်းမသည်သုံးပါးသော အာပတ်တို့သို့ ရောက်၏။

ခဲအံ့ စားအံ့ဟု ခံယူအံ့၊ ထုလ္လစ္စဉ်းအာပတ်သို့ ရောက်၏။

မျိုတိုင်း မျိုတိုင်း သံဃာဒိသိသ်အာပတ်သို့ ရောက်၏။

ရေဒန်ပူကို ခံယူအံ့၊ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

“သျှင်မ အကြင့်ကြောင့် သင်သည် (ကိလေသာ) မစိုစွတ်၊ ထို့ကြောင့် ကိလေသာစိုစွတ်သည် ဖြစ်စေ (ကိလေသာ) မစိုစွတ်သည် ဖြစ်စေ၊ ဤယောက်ျားဖြစ်သော ပုဂ္ဂိုလ်သည် သင့်အား အသို့ပြု လတ္တံ့နည်း၊ သျှင်မ တိုက်တွန်းပါ၏၊ ဤယောက်ျားဖြစ်သော ပုဂ္ဂိုလ်သည် သင့်အား အကြင်ခဲဖွယ်ကိုလည်းကောင်း၊ အကြင်ဘောဇဉ်ကိုလည်းကောင်း ပေးအံ့၊ သင်သည် ထိုခဲဖွယ်ကိုလည်းကောင်း၊ ထိုဘောဇဉ်ကိုလည်းကောင်း မိမိလက်ဖြင့် ခံယူ၍ ခဲမူလည်း ခဲလော့၊ စားမူလည်း စားလော့”ဟု တိုက်တွန်းသောရဟန်းမိန်းမသည် သုံးပါးသော အာပတ်တို့သို့ ရောက်၏။

ထို (တိုက်တွန်းသော) ရဟန်းမိန်းမ၏ ပြောဆိုခြင်းဖြင့် “ခဲအံ့ စားအံ့”ဟု ခံယူအံ့၊ ဒုက္ကဋ် အာပတ်သို့ရောက်၏၊

မျိုတိုင်း မျိုတိုင်း ထုလ္လစ္စဉ်းအာပတ်သို့ ရောက်၏။

စားသည်၏ အဆုံး၌ သံဃာဒိသိသ်အာပတ်သို့ ရောက်၏။

သုံးကြိမ်တိုင်အောင် (ဉတ်ကမ္မဝါစာဖြင့်) ဆုံးမပါလျက် (အယူကို) မစွန့်သော အမျက်ထွက်သောရဟန်းမိန်းမသည် သုံးပါးသော အာပတ်တို့သို့ ရောက်၏။

ဉတ်၏ အဆုံး၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

ကမ္မဝါစာနှစ်ကြိမ်တို့၏ အဆုံး၌ ထုလ္လစ္စဉ်းအာပတ်သို့ ရောက်၏။

ကမ္မဝါစာ၏ အဆုံး၌ သံဃာဒိသိသ်အာပတ်သို့ ရောက်၏။

--

တစ်စုံတစ်ခုသာလျှင်ဖြစ်သော အဓိကရုဏ်း၌ ရှုံးသည်ဖြစ်၍ သုံးကြိမ်တိုင်အောင် (ဉတ်ကမ္မဝါ စာဖြင့်) ဆုံးမပါလျက် (အယူကို) မစွန့်သော ရဟန်းမိန်းမသည် သုံးပါးသော အာပတ်တို့သို့ ရောက်၏။

ဉတ်၏ အဆုံး၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

ကမ္မဝါစာနှစ်ကြိမ်တို့၏ အဆုံး၌ ထုလ္လစ္စဉ်းအာပတ်သို့ ရောက်၏။

ကမ္မဝါစာ၏ အဆုံး၌ သံဃာဒိသိသ်အာပတ်သို့ ရောက်၏။

သုံးကြိမ်တိုင်အောင် (ဉတ်ကမ္မဝါစာဖြင့်) ဆုံးမပါလျက် (အယူကို) မစွန့်ကြသော လူတို့နှင့်ရောနှောသော ရဟန်းမိန်းမတို့သည် သုံးပါးသော အာပတ်တို့သို့ ရောက်ကုန်၏။

ဉတ်၏ အဆုံး၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

ကမ္မဝါစာနှစ်ကြိမ်တို့၏ အဆုံး၌ ထုလ္လစ္စဉ်းအာပတ်သို့ ရောက်၏။

ကမ္မဝါစာ၏ အဆုံး၌ သံဃာဒိသိသ်အာပတ်သို့ ရောက်၏။

“သျှင်မတို့ သင်တို့သည် လူတို့နှင့် ရောနှောကုန်သည်ဖြစ်၍သာ နေကြကုန်လော့၊ သင်တို့သည်အသီးအခြား မနေကြကုန်လင့်”ဟု တိုက်တွန်းသည် ဖြစ်၍ သုံးကြိမ်တိုင်အောင် (ဉတ်ကမ္မဝါစာဖြင့်) ဆုံးမပါလျက် (အယူကို) မစွန့်သော ရဟန်းမိန်းမသည် သုံးပါးသော အာပတ်တို့သို့ ရောက်၏။

ဉတ်၏ အဆုံး၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

ကမ္မဝါစာနှစ်ကြိမ်တို့၏ အဆုံး၌ ထုလ္လစ္စဉ်းအာပတ်သို့ ရောက်၏။

ကမ္မဝါစာ၏ အဆုံး၌ သံဃာဒိသိသ်အာပတ်သို့ ရောက်၏။

သံဃာဒိသိသ် ပြီး၏။

--

၃-နိဿဂ္ဂိပါစိတ်အာပတ်များ

၂၃၀။ သပိတ်သိုမှီး ‘သိမ်းဆည်း’ ခြင်းကို ပြုသော ရဟန်းမိန်းမသည် တစ်ပါးသော စွန့်ခြင်းဝိနည်းကံရှိသော ပါစိတ်အာပတ်သို့ ရောက်၏။

အကာလသင်္ကန်းကို ကာလသင်္ကန်းဟု ဆောက်တည်၍ ခွဲခြား ‘ဝေဖန်'သော ရဟန်းမိန်းမသည်နှစ်ပါးသော အာပတ်တို့သို့ ရောက်၏။

ခွဲခြား ‘ဝေဖန်’ အံ့၊ အားထုတ်ခြင်း ‘ပယောဂ’၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

ခွဲခြား ‘ဝေဖန်’ ပြီးသည်ရှိသော် စွန့်ခြင်း ဝိနည်းကံရှိသော ပါစိတ်အာပတ်သို့ ရောက်၏။

ဘိက္ခုနီမ (တစ်ဦး) နှင့်အတူ သင်္ကန်းကို လဲလှယ်၍ (မိမိသင်္ကန်းကို ပြန်၍) လုယူသော ရဟန်းမိန်းမသည် နှစ်ပါးသော အာပတ်တို့သို့ ရောက်၏။

လုယူအံ့၊ အားထုတ်ခြင်း'ပယောဂ’၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

လုယူပြီးသည်ရှိသော် စွန့်ခြင်း ဝိနည်းကံရှိသော ပါစိတ်အာပတ်သို့ ရောက်၏။

တစ်ပါးသော ထောပတ်စသည်ကို တောင်းပြီး၍ တစ်ပါးသော ဆီစသည်ကို တောင်းသော ရဟန်းမိန်းမသည် နှစ်ပါးသော အာပတ်တို့သို့ ရောက်၏။

တောင်းအံ့၊ အားထုတ်ခြင်း'ပယောဂ’၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

တောင်း၍ ရပြီးသည်ရှိသော် စွန့်ခြင်း ဝိနည်းကံရှိသော ပါစိတ်အာပတ်သို့ ရောက်၏။

တစ်ပါးသော ထောပတ်စသည်ကို ဝယ်စေ၍ တစ်ပါးသော ဆီစသည်ကို ဝယ်စေသော ရဟန်းမိန်းမသည် နှစ်ပါးသော အာပတ်တို့သို့ ရောက်၏။

ဝယ်စေအံ့၊ အားထုတ်ခြင်း'ပယောဂ’၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

ဝယ်၍ ရပြီးသည် ရှိသော် စွန့်ခြင်း ဝိနည်းကံရှိသော ပါစိတ်အာပတ်သို့ ရောက်၏။

တစ်ပါးသော သင်္ကန်းစသည်အကျိုးငှါ လှူအပ်သော တစ်ပါးသော သင်္ကန်းစသည်ကို ညွှန်း၍လှူအပ်သော သံဃာအား စွန့်အပ်သော အပ်သောဘဏ္ဍာဖြင့် တစ်ပါးသော ဆေးစသည်ကို ဝယ်စေသောရဟန်း မိန်းမသည် နှစ်ပါးသော အာပတ်တို့သို့ ရောက်၏။

ဝယ်စေအံ့၊ အားထုတ်ခြင်း'ပယောဂ’၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

ဝယ်၍ ရပြီးသည်ရှိသော် စွန့်ခြင်း ဝိနည်းကံရှိသော ပါစိတ်အာပတ်သို့ ရောက်၏။

တစ်ပါးသော သင်္ကန်းစသည်အကျိုးငှါ လှူအပ်သော တစ်ပါးသော သင်္ကန်းစသည်ကို ညွှန်း၍လှူအပ်သော သံဃာအားစွန့်အပ်သော ကိုယ်တိုင်တောင်းအပ်သော အပ်သော (ကပ္ပိယ) ဘဏ္ဍာဖြင့်တစ်ပါးသော ဆေးစသည်ကို ဝယ်စေသော ရဟန်းမိန်းမသည် နှစ်ပါးသော အာပတ်တို့သို့ ရောက်၏။

ဝယ်စေအံ့၊ အားထုတ်ခြင်း'ပယောဂ’၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

ဝယ်၍ ရပြီးသည်ရှိသော် စွန့်ခြင်း ဝိနည်းကံရှိသော ပါစိတ်အာပတ်သို့ ရောက်၏။

--

တစ်ပါးသော သင်္ကန်းစသည် အကျိုးငှါ လှူအပ်သော တစ်ပါးသော သင်္ကန်းစသည်ကို ညွှန်း၍လှူအပ်သော ဂိုဏ်းအား စွန့်အပ်သော အပ်သောဘဏ္ဍာဖြင့် တစ်ပါးသော ဆေးစသည်ကို ဝယ်စေသောရဟန်းမိန်းမသည် နှစ်ပါးသော အာပတ်တို့သို့ ရောက်၏။

ဝယ်စေအံ့၊ အားထုတ်ခြင်း'ပယောဂ’၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

ဝယ်၍ ရပြီးသည်ရှိသော် စွန့်ခြင်း ဝိနည်းကံရှိသော ပါစိတ်အာပတ်သို့ ရောက်၏။

တစ်ပါးသော သင်္ကန်းစသည် အကျိုးငှါ လှူအပ်သော တစ်ပါးသော သင်္ကန်းစသည်ကို ညွှန်း၍လှူအပ်သော ဂိုဏ်းအား စွန့်အပ်သော ကိုယ်တိုင်တောင်းအပ်သော အပ်သော ဘဏ္ဍာဖြင့် တစ်ပါးသောဆေး စသည်ကို ဝယ်စေသော ရဟန်းမိန်းမသည် နှစ်ပါးသော အာပတ်တို့သို့ ရောက်၏။

ဝယ်စေအံ့၊ အားထုတ်ခြင်း ‘ပယောဂ’၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏၊

ဝယ်၍ ရပြီးသည်ရှိသော် စွန့်ခြင်း ဝိနည်းကံရှိသော ပါစိတ်အာပတ်သို့ ရောက်၏။

တစ်ပါးသော သင်္ကန်းစသည် အကျိုးငှါ လှူအပ်သော တစ်ပါးသော သင်္ကန်းစသည်ကို ညွှန်း၍လှူအပ်သော ပုဂ္ဂိုလ်အား စွန့်အပ်သော ကိုယ်တိုင်တောင်းအပ်သော အပ်သောဘဏ္ဍာဖြင့် တစ်ပါးသောဆေးစသည်ကို ဝယ်စေသော ရဟန်းမိန်းမသည် နှစ်ပါးသော အာပတ်တို့သို့ ရောက်၏။

ဝယ်စေအံ့၊ အားထုတ်ခြင်း'ပယောဂ’၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

ဝယ်၍ ရပြီးသည်ရှိသော် စွန့်ခြင်းဝိနည်းကံရှိသော ပါစိတ်အာပတ်သို့ ရောက်၏။

လေးကံသ ‘တစ်ဆယ့်ခြောက်ကျပ်’ ထက် လွန်၍ အဖိုးထိုက်သော (ချမ်းသောအခါခြုံစရာ) လေးသောအရုံကို တောင်းသော ရဟန်းမိန်းမသည် နှစ်ပါးသော အာပတ်တို့သို့ ရောက်၏။

တောင်းအံ့၊ အားထုတ်ခြင်း'ပယောဂ’ ၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

တောင်း၍ ရပြီးသည် ရှိသော် စွန့်ခြင်း ဝိနည်းကံရှိသော ပါစိတ်အာပတ်သို့ ရောက်၏။

အခွဲနှင့်တကွသုံးကံသ ‘နှစ်ကံသခွဲ=ငွေကျပ်တစ်ဆယ်’ ထက် လွန်၍ အဖိုးထိုက်သော (ပူအိုက်သောအခါခြုံစရာ) ပေါ့သော အရုံကို တောင်းသော ရဟန်းမိန်းမသည် နှစ်ပါးသော အာပတ်တို့သို့ ရောက်၏။

တောင်းအံ့၊ အားထုတ်ခြင်း'ပယောဂ’၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

တောင်း၍ ရပြီးသည်ရှိသော် စွန့်ခြင်း ဝိနည်းကံရှိသော ပါစိတ်အာပတ်သို့ ရောက်၏။

နိဿဂ္ဂိပါစိတ်အာပတ် ပြီး၏။

--

၄-ပါစိတ်အာပတ်များ

၁-လသုဏဝဂ်

၂၃၁။ ကြက်သွန်ကို စားသော ရဟန်းမိန်းမသည် နှစ်ပါးသော အာပတ်တို့သို့ ရောက်၏။

ခဲအံ့၊ စားအံ့ဟု ခံယူအံ့၊ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

မျိုတိုင်း မျိုတိုင်း ပါစိတ်အာပတ်သို့ ရောက်၏။

ကျဉ်းမြောင်းသော ‘ပဿာဝမဂ်အနီးပေါင်ကြား လက်ကတီးကြား ချိုင်းကြား’ အရပ်၌ အမွေးကိုရိတ်နုတ်သော ရဟန်းမိန်းမသည် နှစ်ပါးသော အာပတ်တို့သို့ ရောက်၏။

ရိတ်နုတ်အံ့၊ အားထုတ်ခြင်း'ပယောဂ’၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

ရိတ်နုတ်ပြီးသည်ရှိသော် ပါစိတ်အာပတ်သို့ ရောက်၏။

ပဿာဝမဂ်အပြင်ကို ပုတ်ခတ်သော ရဟန်းမိန်းမသည် နှစ်ပါးသော အာပတ်တို့သို့ ရောက်၏။

ပုတ်ခတ်ခြင်းကို ပြုအံ့၊ အားထုတ်ခြင်း'ပယောဂ’၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

ပုတ်ခတ်ပြီးသည်ရှိသော် ပါစိတ်အာပတ်သို့ ရောက်၏။

ပြေပြစ်ချောမောသော ချိပ်တောင့်ဖြင့် (ပဿာဝမဂ်သို့) ထိုးသော ရဟန်းမိန်းမသည် နှစ်ပါးသောအာပတ်တို့သို့ ရောက်၏။

(ချိပ်တောင့်ဖြင့်) ထိုးအံ့၊ အားထုတ်ခြင်း'ပယောဂ’၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

ထိုးပြီးသည်ရှိသော် ပါစိတ်အာပတ်သို့ ရောက်၏။

လက်နှစ်သစ်အတိုင်းအရှည်ထက် အလွန် (ပဿာဝမဂ်ကို) ရေဆေးသော ရဟန်းမိန်းမသည် နှစ်ပါးသော အာပတ်တို့သို့ ရောက်၏။

ဆေးအံ့၊ အားထုတ်ခြင်း'ပယောဂ’၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

ဆေးပြီးသည်ရှိသော် ပါစိတ်အာပတ်သို့ ရောက်၏။

ဆွမ်းစားသော ရဟန်းယောက်ျားအား သောက်ရေဖြင့်လည်းကောင်း၊ ယပ်လေခတ်သဖြင့်လည်းကောင်းအနီး၌ တည်သော ရဟန်းမိန်းမသည် နှစ်ပါးသော အာပတ်တို့သို့ ရောက်၏။

နှစ်တောင့်ထွာ ‘ဟတ္ထပါသ်’ အတွင်း၌ တည်အံ့၊ ပါစိတ်အာပတ်သို့ ရောက်၏။

နှစ်တောင့်ထွာ ‘ဟတ္ထပါသ်’ ကို စွန့်၍ တည်အံ့၊ ဒုက္ကဋ်အာပတ်သို့ ရောက်၏၊

စပါးစိမ်းကို တောင်း၍ စားသော ရဟန်းမိန်းမသည် နှစ်ပါးသော အာပတ်တို့သို့ ရောက်၏။

စားအံ့ဟု ခံယူအံ့၊ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

မျိုတိုင်း မျိုတိုင်း ပါစိတ်အာပတ်သို့ ရောက်၏။

--

ကျင်ကြီးကိုလည်းကောင်း၊ ကျင်ငယ်ကိုလည်းကောင်း၊ အမှိုက်ကိုလည်းကောင်း၊ စားကြွင်းကိုလည်းကောင်း နံရံတစ်ဖက်၌ စွန့်သော ရဟန်းမိန်းမသည် နှစ်ပါးသော အာပတ်တို့သို့ ရောက်၏။

စွန့်အံ့၊ အားထုတ်ခြင်း'ပယောဂ’၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

စွန့်ပြီးသည်ရှိသော် ပါစိတ်အာပတ်သို့ ရောက်၏။

ကျင်ကြီးကိုလည်းကောင်း၊ ကျင်ငယ်ကိုလည်းကောင်း၊ အမှိုက်ကိုလည်းကောင်း၊ စားကြွင်းကိုလည်းကောင်း စိမ်းစိုသော ကောက်ပဲ စသည် ရှိရာအရပ်၌ စွန့်သော ရဟန်းမိန်းမသည် နှစ်ပါးသောအာပတ်တို့သို့ ရောက်၏။

စွန့်အံ့၊ အားထုတ်ခြင်း ‘ပယောဂ’ ၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

စွန့်ပြီးသည်ရှိသော် ပါစိတ်အာပတ်သို့ ရောက်၏။

ကခြင်းကိုလည်းကောင်း၊ သီဆိုခြင်းကိုလည်းကောင်း၊ တီးမှုတ်ခြင်းကိုလည်းကောင်း ကြည့်ရှု့ (နားထောင်) ခြင်းငှါ သွားသော ရဟန်းမိန်းမသည် နှစ်ပါးသော အာပတ်တို့သို့ ရောက်၏။

သွားအံ့၊ အားထုတ်ခြင်း'ပယောဂ’၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

အကြင်အရပ်၌ တည်လျက် ကြည့်မူလည်း ကြည့်အံ့၊ နားထောင်မူလည်း နားထောင်အံ့၊ ပါစိတ်အာပတ်သို့ ရောက်၏။

ရှေးဦးစွာသော လသုဏဝဂ် ပြီး၏။

၂-ရတ္တန္ဓကာရဝဂ်

၂၃၂။ (ဆီမီးရောင်စသော) အရောင်အလင်းမရှိသော ညဉ့်မိုက်သောအခါ၌ ယောက်ျားတစ်ယောက်နှင့်အတူ တစ်ယောက်တည်း တည်နေသော ရဟန်းမိန်းမသည် နှစ်ပါးသော အာပတ်တို့သို့ ရောက်၏။

နှစ်တောင့်ထွာ ‘ဟတ္ထပါသ်’ အတွင်း၌ တည်နေအံ့၊ ပါစိတ်အာပတ်သို့ ရောက်၏။

နှစ်တောင့်ထွာ ‘ဟ္ထပါသ်’ ကို စွန့်၍ တည်နေအံ့၊ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

(နံရံစသည်ဖြင့်) ဖုံးလွှမ်းသော အရပ်၌ ယောက်ျားတစ်ယောက်နှင့်အတူ တစ်ယောက်တည်း တည်နေသော ရဟန်းမိန်းမသည် နှစ်ပါးသော အာပတ်တို့သို့ ရောက်၏။

နှစ်တောင့်ထွာ ‘ဟတ္ထပါသ်'အတွင်း၌ တည်နေအံ့၊ ပါစိတ်အာပတ်သို့ ရောက်၏။

နှစ်တောင့်ထွာ ‘ဟတ္ထပါသ်'ကို စွန့်၍ တည်နေအံ့၊ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

ဟင်းလင်းအပြင် ‘လွင်တီးခေါင်’ ၌ ယောက်ျားတစ်ယောက်နှင့်အတူ တစ်ယောက်တည်း တည်နေသောရဟန်းမိန်းမအား နှစ်ပါးသော အာပတ်တို့သို့ ရောက်၏။

နှစ်တောင့်ထွာ ‘ဟတ္ထပါသ်'အတွင်း၌ တည်နေအံ့၊ ပါစိတ်အာပတ်သို့ ရောက်၏။

--

နှစ်တောင့်ထွာ ‘ဟတ္ထပါသ်'ကို စွန့်၍ တည်နေအံ့၊ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

ခရီးလမ်းမ၌လည်းကောင်း၊ ထုတ်ချင်းမထွင်းသော လမ်းခရီး၌လည်းကောင်း၊ ခရီးလမ်းဆုံ၌လည်းကောင်း ယောက်ျားတစ်ယောက်နှင့်အတူ တစ်ယောက်တည်း တည်နေသော ရဟန်းမိန်းမသည် နှစ်ပါးသော အာပတ်တို့သို့ ရောက်၏။

နှစ်တောင့်ထွာ ‘ဟတ္ထပါသ်'အတွင်း၌ တည်နေအံ့၊ ပါစိတ်အာပတ်သို့ ရောက်၏။

နှစ်တောင့်ထွာ ‘ဟတ္ထပါသ်'ကို စွန့်၍ တည်နေအံ့၊ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

နံနက်အခါ၌ ဒါယကာတို့ အိမ်တို့သို့ ချဉ်းကပ်ပြီးသော် နေရာ၌ ထိုင်၍ အိမ်ရှင်တို့ကို မပန်ကြားဘဲဖဲသွားသော ရဟန်းမိန်းမသည် နှစ်ပါးသော အာပတ်တို့သို့ ရောက်၏။

ပဌမဖဝါးလှမ်း တံစက်ကြောင်းကို လွန်စေအံ့၊ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

ဒုတိယဖဝါးလှမ်းကို လွန်စေအံ့၊ ပါစိတ်အာပတ်သို့ ရောက်၏။

နေလွဲသောအခါ၌ ဒါယကာတို့ အိမ်တို့သို့ ချဉ်းကပ်ပြီးနောက် အိမ်ရှင်တို့ကို မပန်ကြားဘဲ နေရာ၌ထိုင်သော ရဟန်းမိန်းမသည် နှစ်ပါးသော အာပတ်တို့သို့ ရောက်၏။

ထိုင်အံ့၊ အားထုတ်ခြင်း ‘ပယောဂ’ ၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

ထိုင်ပြီးသည်ရှိသော် ပါစိတ်အာပတ်သို့ ရောက်၏။

နေဝင်သောအခါ၌ ဒါယကာတို့ အိမ်တို့သို့ ချဉ်းကပ်၍ အိမ်ရှင်တို့ကို မပန်ကြားဘဲ အိပ်ရာနေရာကို မိမိကိုယ်တိုင်ခင်း၍လည်းကောင်း၊ သူတစ်ပါးကို ခင်းစေ၍လည်းကောင်း ထိုင်သော ရဟန်းမိန်းမသည်နှစ်ပါးသော အာပတ်တို့သို့ ရောက်၏။

ထိုင်အံ့၊ အားထုတ်ခြင်း'ပယောဂ’၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

ထိုင်ပြီးသည်ရှိသော် ပါစိတ်အာပတ်သို့ ရောက်၏။

အယူအဆလွဲခြင်း အထင်မှားခြင်းဖြင့် (ပဉ္စင်းဖြစ်သော) သူတစ်ပါးကို ကဲ့ရဲ့သော ရဟန်းမိန်းမသည့်နှစ်ပါးသော အာပတ်တို့သို့ ရောက်၏။

ကဲ့ရဲ့အံ့၊ အားထုတ်ခြင်း'ပယောဂ’၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

ကဲ့ရဲ့ပြီးသည်ရှိသော် ပါစိတ်အာပတ်သို့ ရောက်၏။

မိမိကိုယ်ကိုလည်းကောင်း၊ (ပဉ္စင်းဖြစ်သော) သူတစ်ပါးကိုလည်းကောင်း၊ ငရဲဖြင့်လည်းကောင်း၊ မြတ်သော အကျင့်ဖြင့်လည်းကောင်း ကျိန်ဆဲသော ရဟန်းမိန်းမသည် နှစ်ပါးသော အာပတ်တို့သို့ရောက်၏။

ကျိန်ဆဲအံ့၊ အားထုတ်ခြင်း ‘ပယောဂ’ ၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

ကျိန်ဆဲပြီးသည်ရှိသော် ပါစိတ်အာပတ်သို့ ရောက်၏။

မိမိကိုယ်ကို ထု၍ ထု၍ ငိုသော ရဟန်းမိန်းမသည် နှစ်ပါးသော အာပတ်တို့သို့ ရောက်၏။

ထုအံ့၊ ငိုအံ့၊ ပါစိတ်အာပတ်သို့ ရောက်၏။

ထုသာ ထု၍ မငိုအံ့၊ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

နှစ်ခုမြောက် ရတ္တန္ဓကာရဝဂ် ပြီး၏။

--

၃-နဟာနဝဂ်

-

၂၃၃။ (အဝတ်မပါ) အချည်းနှီး ရေချိုးသော ရဟန်းမိန်းမသည် နှစ်ပါးသော အာပတ်တို့သို့ ရောက်၏။

ရေချိုးအံ့၊ အားထုတ်ခြင်း'ပယောဂ’၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

ရေချိုးပြီးသည်၏ အဆုံး၌ ပါစိတ်အာပတ်သို့ ရောက်၏။

ပမာဏကို လွန်သော ရေသနုပ် ‘ရေလဲ'ကို ပြုစေသော ရဟန်းမိန်းမသည် နှစ်ပါးသော အာပတ်တို့ သို့ရောက်၏။

ပြုစေအံ့၊ အားထုတ်ခြင်း ‘ပယောဂ’ ၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

ပြုစေပြီးသည်ရှိသော် ပါစိတ်အာပတ်သို့ ရောက်၏။

ရဟန်းမိန်းမ၏ သင်္ကန်းကို မိမိဖြေ၍လည်းကောင်း၊ သူတစ်ပါးကို ဖြေစေ၍လည်းကောင်း (ပြန်၍) မိမိလည်း မချုပ်၊ သူတစ်ပါးကိုလည်း ချုပ်စေခြင်းငှါ လုံ့လမပြုသော ရဟန်းမိန်းမသည် ပါစိတ်အာပတ်ဟု ဆိုအပ်သော တစ်ပါးသော အာပတ်သို့ ရောက်၏။

သင်္ကန်းငါးထည် လှည့်လည်၍ ဝတ်ခြင်းကို ငါးရက်လွန်စေသော ရဟန်းမိန်းမသည် ပါစိတ် အာပတ်ဟုဆိုအပ်သော တစ်ပါးသော အာပတ်သို့ရောက်၏။

ပြောင်းရွှေ့၍ဝတ်အပ်သော သင်္ကန်းကို ဆောင်သော ရဟန်းမိန်းမသည် နှစ်ပါးသော အာပတ်တို့သို့ရောက်၏။

ဆောင်အံ့၊ အားထုတ်ခြင်း ‘ပယောဂ’ ၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

ဆောင်ပြီးသည်ရှိသော် ပါစိတ်အာပတ်သို့ ရောက်၏။

(ရဟန်းမိန်းမ) သံဃာ၏ သင်္ကန်းလာဘ်ကို အန္တရာယ်ပြုသော ရဟန်းမိန်းမသည် နှစ်ပါးသောအာပတ်တို့သို့ ရောက်၏။

ပြုအံ့၊ အားထုတ်ခြင်း'ပယောဂ’၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

ပြုပြီးသည်ရှိသော် ပါစိတ်အာပတ်သို့ ရောက်၏။

တရားနှင့်လျော်သော သင်္ကန်းခွဲဝေခြင်းကို တားမြစ်သော ရဟန်းမိန်းမသည် နှစ်ပါးသော အာပတ်တို့သို့ ရောက်၏။

တားမြစ်အံ့၊ အားထုတ်ခြင်း'ပယောဂ’၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

တားမြစ်ပြီးသည်ရှိသော် ပါစိတ်အာပတ်သို့ ရောက်၏။

လူအားလည်းကောင်း၊ ပရိဗိုဇ်ယောက်ျားအားလည်းကောင်း၊ ပရိဗိုဇ်မအားလည်းကောင်း ရဟန်း၏သင်္ကန်းကို ပေးသော ရဟန်းမိန်းမသည် နှစ်ပါးသော အာပတ်တို့သို့ ရောက်၏။

ပေးအံ့၊ အားထုတ်ခြင်း'ပယောဂ’၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

ပေးပြီးသည်ရှိသော် ပါစိတ်အာပတ်သို့ ရောက်၏။

--

အားနည်းသော သင်္ကန်းရနိုးခြင်းဖြင့် သင်္ကန်းကာလအခါကို လွန်စေသော ရဟန်းမိန်းမသည် နှစ်ပါးသောအာပတ်တို့သို့ ရောက်၏။

(သင်္ကန်းအခါကို) လွန်စေအံ့၊ အားထုတ်ခြင်း'ပယောဂ’၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

လွန်ပြီးသည်ရှိသော် ပါစိတ်အာပတ်သို့ ရောက်၏။

တရားနှင့်လျော်သော ကထိန်နုတ်ခြင်းကို တားမြစ်သော ရဟန်းမိန်းမသည် နှစ်ပါးသော အာပတ် တို့သို့ရောက်၏။

တားမြစ်အံ့၊ အားထုတ်ခြင်း ‘ပယောဂ’ ၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

တားမြစ်ပြီးသည်ရှိသော် ပါစိတ်အာပတ်သို့ ရောက်၏။

သုံးခုမြောက် နဟာနဝဂ် ပြီး၏။

၄-တုဝဋ္ဋဝဂ်

၂၃၄။ ညောင်စောင်းတစ်ခုတည်း၌ အိပ်ကြသော ရဟန်းမိန်းမ နှစ်ဦးတို့သည် နှစ်ပါးသော အာပတ်တို့သို့ ရောက်ကုန်၏။

အိပ်ကုန်အံ့၊ အားထုတ်ခြင်း'ပယောဂ’၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

အိပ်ပြီးသည်ရှိသော် ပါစိတ်အာပတ်သို့ ရောက်၏။

အခင်းအရုံတစ်ခုတည်း ရှိကုန်သည်ဖြစ်၍ အိပ်ကြသော ရဟန်းမိန်းမနှစ်ဦးတို့သည် နှစ်ပါးသောအာပတ်တို့သို့ ရောက်ကုန်၏။

အိပ်ကုန်အံ့၊ အားထုတ်ခြင်း ‘ပယောဂ’ ၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

အိပ်ပြီးသည်ရှိသော် ပါစိတ်အာပတ်သို့ ရောက်၏။

ရဟန်းမိန်းမအား မချမ်းသာစေလိုသော စေတနာရှိသည်ဖြစ်၍ မချမ်းသာခြင်းကို ပြုသော ရဟန်းမိန်းမသည် နှစ်ပါးသော အာပတ်တို့သို့ ရောက်၏။

ပြုအံ့၊ အားထုတ်ခြင်း ‘ပယောဂ’ ၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

ပြုပြီးသည်ရှိသော် ပါစိတ်အာပတ်သို့ ရောက်၏။

နာဖျားနေသော အတူနေတပည့်မကို မိမိလည်း မလုပ်ကျွေး၊ သူတစ်ပါးကိုလည်း လုပ်ကျွေးစေခြင်းငှါလုံ့လမပြုသော ရဟန်းမိန်းမသည် ပါစိတ်အာပတ်ဟု ဆိုအပ်သော တစ်ပါးသော အာပတ်သို့ ရောက်၏။

ရဟန်းမိန်းမအား (မိမိပိုင်) ကျောင်းကို ပေးပြီးနောက် စိတ်ဆိုးသည်ဖြစ်၍ နှလုံးမသာယာသည် ဖြစ်၍နှင်ထုတ်သော ရဟန်းမိန်းမသည် နှစ်ပါးသော အာပတ်တို့သို့ ရောက်၏။

--

နှင်ထုတ်အံ့၊ အားထုတ်ခြင်း'ပယောဂ’၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

နှင်ထုတ်ပြီးသည်ရှိသော် ပါစိတ်အာပတ်သို့ ရောက်၏။

သုံးကြိမ်တိုင်အောင် (ဉတ်ကမ္မဝါစာဖြင့်) ဆုံးမပါလျက် (အယူကို) မစွန့်သော (လူတို့နှင့်) ရောနှောသော ရဟန်းမိန်းမသည် နှစ်ပါးသော အာပတ်တို့သို့ ရောက်၏။

ဉတ်၏ အဆုံး၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

ကမ္မဝါစာ၏ အဆုံး၌ ပါစိတ်အာပတ်သို့ ရောက်၏။

ရွံရှာဖွယ်ရှိ၏ဟု သမုတ်အပ်သော ဘေးရှိသော တိုင်းပြည်အတွင်း၌ အဖော်ကုန်သည်မပါဘဲ့ဒေသစာရီလှည့်လည်သော ရဟန်းမိန်းမသည် နှစ်ပါးသော အာပတ်တို့သို့ ရောက်၏။

သွားအံ့၊ အားထုတ်ခြင်း ‘ပယောဂ’ ၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

သွားပြီးသည်ရှိသော် ပါစိတ်အာပတ်သို့ ရောက်၏။

ရွံ့ရှာဖွယ်ရှိ၏ဟု သမုတ်အပ်သော ဘေးရှိသော တိုင်းတစ်ပါး၌ အဖော်ကုန်သည်မပါဘဲ ဒေသစာရီလှည့်လည်သွားသော ရဟန်းမိန်းမသည် နှစ်ပါးသော အာပတ်တို့သို့ ရောက်၏။

သွားအံ့၊ အားထုတ်ခြင်း ‘ပယောဂ’ ၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

သွားပြီးသည်ရှိသော် ပါစိတ်အာပတ်သို့ ရောက်၏။

ဝါတွင်း၌ ဒေသစာရီ လှည့်လည်သော ရဟန်းမိန်းမသည် နှစ်ပါးသော အာပတ်တို့သို့ ရောက်၏။

သွားအံ့၊ အားထုတ်ခြင်း'ပယောဂ’၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

သွားပြီးသည်ရှိသော် ပါစိတ်အာပတ်သို့ ရောက်၏။

ဝါကျွတ်သောအခါ ဒေသစာရီမလှည့်လည်သော ရဟန်းမိန်းမသည် ပါစိတ်အာပတ်ဟု ဆိုအပ်သောတစ်ပါးသော အာပတ်သို့ ရောက်၏။

လေးခုမြောက် တုဝဋ္ဋဝဂ် ပြီး၏။

--

၅-စိတ္တာဂါရဝဂ်

၂၃၅။ မင်း၏ (ကစားရာ) အိမ်ကိုလည်းကောင်း၊ (ပန်းချီဆေးရေးစသည်ဖြင့်) ဆန်းကြယ်သော (ကစားရာ) ဇရပ်ကိုလည်းကောင်း၊ (ကစားရာ) အရံကိုလည်းကောင်း၊ (ကစားရာ) ဥယျာဉ်ကိုလည်းကောင်း၊ (ကစားရာ) ရေကန်ကိုလည်းကောင်း ကြည့်ရှုခြင်းငှါ သွားသောရဟန်းမိန်းမသည် နှစ်ပါးသော အာပတ် တို့သို့ ရောက်၏။

သွားအံ့၊ အားထုတ်ခြင်း ‘ပယောဂ’ ၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

အကြင်အရပ်၌ တည်လျက် ကြည့်အံ့၊ ပါစိတ်အာပတ်သို့ ရောက်၏။

အခြေရှည်သော ညောင်စောင်း အင်းပျဉ်ကိုလည်းကောင်း၊ သားရဲရုပ်အခြေရှိသော ပလ္လင်ကိုလည်းကောင်း (အိပ်၍ နေထိုင်) သုံးဆောင်သော ရဟန်းမိန်းမသည် နှစ်ပါးသော အာပတ်တို့သို့ ရောက်၏။

သုံးဆောင်အံ့၊ အားထုတ်ခြင်း ‘ပယောဂ’ ၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

သုံးဆောင်ပြီးသည်ရှိသော် ပါစိတ်အာပတ်သို့ ရောက်၏။

ချည်ကိုငင်သော ရဟန်းမိန်းမသည် နှစ်ပါးသော အာပတ်တို့သို့ ရောက်၏။

(ချည်ကို) ငင်အံ့၊ အားထုတ်ခြင်း'ပယောဂ’၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

ဝင်ရိုး၌ ရစ်တိုင်း ရစ်တိုင်း ပါစိတ်အာပတ်သို့ ရောက်၏။

လူတို့၏ အမှုကြီးငယ်ကို ပြုသော ရဟန်းမိန်းမသည် နှစ်ပါးသော အာပတ်တို့သို့ ရောက်၏။

ပြုအံ့၊ အားထုတ်ခြင်း ‘ပယောဂ’ ၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

ပြုပြီးသည်ရှိသော် ပါစိတ်အာပတ်သို့ ရောက်၏။

“သျှင်မ လာလော့၊ ဤအဓိကရုဏ်းကို ငြိမ်းစေပါလော့”ဟု ဆိုအပ်သည်ရှိသော် “ကောင်းပါပြီ”ဟုဝန်ခံ၍ မိမိကိုယ်တိုင်းလည်း မငြိမ်းစေ၊ သူတစ်ပါးကိုလည်း ငြိမ်းစေခြင်းငှါ လုံ့လမပြုသော ရဟန်းမိန်းမသည် ပါစိတ်အာပတ်ဟု ဆိုအပ်သော တစ်ပါးသော အာပတ်သို့ ရောက်၏။

လူအားလည်းကောင်း၊ ပရိဗိုဇ်ယောက်ျားအားလည်းကောင်း၊ ပရိဗိုဇ်မအားလည်းကောင်း၊ မိမိလက်ဖြင့်ခဲဖွယ်ကိုလည်းကောင်း၊ ဘောဇဉ်ကိုလည်းကောင်း ပေးသော ရဟန်းမိန်းမသည် နှစ်ပါးသော အာပတ်တို့သို့ ရောက်၏။

ပေးအံ့၊ အားထုတ်ခြင်း'ပယောဂ’၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

ပေးပြီးသည်ရှိသော် ပါစိတ်အာပတ်သို့ ရောက်၏။

ဥတုနှီးသင်္ကန်းကို မစွန့်မူ၍ သုံးဆောင်သော ရဟန်းမိန်းမသည် နှစ်ပါးသော အာပတ်တို့သို့ ရောက်၏။

သုံးဆောင်အံ့၊ အားထုတ်ခြင်း ‘ပယောဂ’ ၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

သုံးဆောင်ပြီးသည်ရှိသော် ပါစိတ်အာပတ်သို့ ရောက်၏။

--

တံခါးဖွဲ့ရှိသော ကျောင်းကို မစွန့်မူ၍ ဒေသစာရီ လှည့်လည်သော ရဟန်းမိန်းမသည် နှစ်ပါးသောအာပတ်တို့သို့ ရောက်၏။

ပဌမခြေဖဝါးလှမ်း အရံကို လွန်စေအံ့၊ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

ဒုတိယခြေဖဝါးလှမ်းကို လွန်စေအံ့၊ ပါစိတ်အာပတ်သို့ ရောက်၏။

မဂ်ဖိုလ်မှဖီလာဖြစ်သော အတတ်ကို သင်သော ရဟန်းမိန်းမသည် နှစ်ပါးသော အာပတ်တို့သို့ ရောက်၏။

သင်အံ့၊ အားထုတ်ခြင်း ‘ပယောဂ’ ၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

ပုဒ်တိုင်း ပုဒ်တိုင်း ပါစိတ်အာပတ်သို့ ရောက်၏။

မဂ်ဖိုလ်မှဖီလာဖြစ်သော အတတ်ကို ပို့ချသော ရဟန်းမိန်းမသည် နှစ်ပါးသော အာပတ်တို့သို့ ရောက်၏။

ပို့ချအံ့၊ အားထုတ်ခြင်း ‘ပယောဂ’ ၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

ပုဒ်တိုင်း ပုဒ်တိုင်း ပါစိတ်အာပတ်သို့ ရောက်၏။

<p--->ငါးခုမြောက် စိတ္တာဂါရဝဂ် ပြီး၏။

၆-အာရာမဝဂ်

၂၃၆။ သိလျက် ရဟန်းယောက်ျားရှိသော အရံသို့ မပန်ကြားဘဲ ဝင်သော ရဟန်းမိန်းမသည်နှစ်ပါးသော အာပတ်တို့သို့ ရောက်၏။

ပဌမခြေဖဝါးလှမ်း အရံကို လွန်စေအံ့၊ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

ဒုတိယဖဝါးလှမ်းကို လွန်စေအံ့၊ ပါစိတ်အာပတ်သို့ ရောက်၏။

ရဟန်းယောက်ျားကို ဆဲရေးရေရွတ်သော ရဟန်းမိန်းမသည် နှစ်ပါးသော အာပတ်တို့သို့ရောက်၏။

ဆဲရေးအံ့၊ အားထုတ်ခြင်း'ပယောဂ’၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

ဆဲရေးပြီးသည်ရှိသော် ပါစိတ်အာပတ်သို့ ရောက်၏။

ကြမ်းတမ်းယုတ်မာသည်ဖြစ်၍ ရဟန်းမိန်းမဂိုဏ်းကို ရေရွတ်သော ရဟန်းမိန်းမသည် နှစ်ပါးသောအာပတ်တို့သို့ ရောက်၏။

ရေရွတ်အံ့၊ အားထုတ်ခြင်း ‘ပယောဂ’ ၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

ရေရွတ်ပြီးသည်ရှိသော် ပါစိတ်အာပတ်သို့ ရောက်၏။

--

ပင့်ဖိတ်သည်ဖြစ်လျက်လည်းကောင်း၊ ပဝါရိတ်သင့်သည်ဖြစ်လျက်လည်းကောင်း၊ ခဲဖွယ်ကိုလည်းကောင်း၊ ဘောဇဉ်ကိုလည်းကောင်း (အရပ်တစ်ပါး၌) စားသော ရဟန်းမိန်းမသည် နှစ်ပါးသော အာပတ်တို့သို့ရောက်၏။

ခဲအံ့ စားအံ့ဟု ခံယူအံ့၊ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

မျိုတိုင်းမျိုတိုင်း ပါစိတ်အာပတ်သို့ ရောက်၏။

အမျိုး (ဒါယကာ) ကို ဝန်တိုသော ရဟန်းမိန်းမသည် နှစ်ပါးသော အာပတ်တို့သို့ ရောက်၏။

ဝန်တိုအံ့၊ အားထုတ်ခြင်း ‘ပယောဂ’ ၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

ဝန်တိုပြီးသည်ရှိသော် ပါစိတ်အာပတ်သို့ ရောက်၏။

ရဟန်းယောက်ျား (အနီးအနား) မရှိသော ကျောင်း၌ မိုးလေးလပတ်လုံး နေသော ‘ဝါဆို၍နေသော'ရဟန်းမိန်းမသည် နှစ်ပါးသော အာပတ်တို့သို့ ရောက်၏။

မိုးလေးလပတ်လုံးနေအံ့ ‘ဝါဆိုအံ့’ဟု အိပ်ရာနေရာကို ခင်းအံ့၊ သောက်ရေ သုံးဆောင်ရေကို တည်ထားအံ့၊ ပရိဝုဏ် (ကျောင်းဝိုင်းဥပစာ) ကို တံမြက်စီးလှည်းအံ့၊ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

အရုဏ်တက်သည်နှင့် တစ်ပြိုင်နက် ပါစိတ်အာပတ်သို့ ရောက်၏။

ဝါကျွတ်ပြီးလျက် ဥဘတောသံဃာ၌ (မြင်ခြင်း ကြားခြင်း ရွံ့ရှာခြင်းတည်းဟူသော) သုံးပါးသောအကြောင်းတို့ဖြင့် မဖိတ်သော ရဟန်းမိန်းမသည် ပါစိတ်အာပတ်ဟု ဆိုအပ်သော တစ်ပါးသော အာပတ်သို့ ရောက်၏။

ဂရုံဓံတရား ရှစ်ပါးကို နာခြင်းငှါလည်းကောင်း၊ ဥပုသ်ပဝါရဏာမေးခြင်းငှါလည်းကောင်း မသွားသောရဟန်းမိန်းမသည် ပါစိတ်အာပတ်ဟု ဆိုအပ်သော တစ်ပါးသော အာပတ်သို့ ရောက်၏။

ဥပုသ်ကိုလည်း မမေး၊ ဩဝါဒကိုလည်း မတောင်းသော ရဟန်းမိန်းမသည် ပါစိတ်အာပတ်ဟုဆိုအပ်သော တစ်ပါးသော အာပတ်သို့ ရောက်၏။

ခက်မ၌ ပေါက်ရောက်သော အိုင်းအနာကိုလည်းကောင်း၊ အမာကိုလည်းကောင်း၊ သံဃာကိုလည်းကောင်း၊ ဂိုဏ်းကိုလည်းကောင်း မပန်ကြားမူ၍ ယောက်ျားနှင့်အတူ တစ်ယောက်ချင်းချင်း ခွဲဖောက်စေသော ရဟန်းမိန်းမသည် နှစ်ပါးသော အာပတ်တို့သို့ ရောက်၏။

ခွဲဖောက်စေအံ့၊ အားထုတ်ခြင်း ‘ပယောဂ’ ၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

ခွဲဖောက်ပြီးသည်ရှိသော် ပါစိတ်အာပတ်သို့ ရောက်၏

ခြောက်ခုမြောက် အာရာမဝဂ် ပြီး၏။

--

၇-ဂဗ္ဘိ နီဝဂ်

၂၃၇။ ကိုယ်ဝန်ဆောင်မိန်းမကို ဥပဇ္ဈာယ်ပြု၍ ပဉ္စင်းခံပေးသော ရဟန်းမိန်းမသည် နှစ်ပါးသောအာပတ်တို့သို့ ရောက်၏။

ဥပဇ္ဈာယ်ပြု၍ ပဉ္စင်းခံအံ့၊ အားထုတ်ခြင်း ‘ပယောဂ’ ၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

ဥပဇ္ဈာယ်ပြု၍ ပဉ္စင်းခံပြီးသည်ရှိသော် ပါစိတ်အာပတ်သို့ ရောက်၏။

နို့တိုက်သော မိန်းမကို ဥပဇ္ဈာယ်ပြု၍ ပဉ္စင်းခံပေးသော ရဟန်းမိန်းမသည် နှစ်ပါးသော အာပတ် တို့သို့ရောက်၏။

ဥပဇ္ဈာယ်ပြု၍ ပဉ္စင်းခံပေးအံ့၊ အားထုတ်ခြင်း ‘ပယောဂ’ ၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

ဥပဇ္ဈာယ်ပြု၍ ပဉ္စင်းခံပြီးသည်ရှိသော် ပါစိတ်အာပတ်သို့ ရောက်၏။

နှစ်နှစ်တို့ကာလပတ်လုံး ခြောက်ပါးသော တရားတို့၌ အကျင့်သိက္ခာကို မကျင့်ရသေးသောသိက္ခမာန်မကို ဥပဇ္ဈာယ်ပြု၍ ပဉ္စင်းခံပေးသော ရဟန်းမိန်းမသည် နှစ်ပါးသော အာပတ်တို့သို့ရောက်၏။

ဥပဇ္ဈာယ်ပြု၍ ပဉ္စင်းခံပေးအံ့၊ အားထုတ်ခြင်း ‘ပယောဂ’ ၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

ဥပဇ္ဈာယ်ပြု၍ ပဉ္စင်းခံပေးပြီးသည်ရှိသော် ပါစိတ်အာပတ်သို့ ရောက်၏။

နှစ်နှစ်တို့ကာလပတ်လုံး ခြောက်ပါးသောတရားတို့၌ အကျင့်သိက္ခာကို ကျင့်ပြီးသော သံဃာကမသမုတ်ရသေးသော သိက္ခမာန်မကို ဥပဇ္ဈာယ်ပြု၍ ပဉ္စင်းခံပေးသော ရဟန်းမိန်းမသည် နှစ်ပါးသောအာပတ်တို့သို့ ရောက်၏။

ဥပဇ္ဈာယ်ပြု၍ ပဉ္စင်းခံပေးအံ့၊ အားထုတ်ခြင်း ‘ပယောဂ’ ၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

ဥပဇ္ဈာယ်ပြု၍ ပဉ္စင်းခံပေးပြီးသည်ရှိသော် ပါစိတ်အာပတ်သို့ ရောက်၏။

အသက်တစ်ဆယ့်နှစ်နှစ် မပြည့်သော ယောက်ျားသွားလာဖူးသော သိက္ခမာန်မကို ဥပဇ္ဈာယ်ပြု၍ပဉ္စင်းခံပေးသော ရဟန်းမိန်းမသည် နှစ်ပါးသော အာပတ်တို့သို့ ရောက်၏။

ဥပဇ္ဈာယ်ပြု၍ ပဉ္စင်းခံပေးအံ့၊ အားထုတ်ခြင်း ‘ပယောဂ’ ၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

ဥပဇ္ဈာယ်ပြု၍ ပဉ္စင်းခံပေးပြီးသည်ရှိသော် ပါစိတ်အာပတ်သို့ ရောက်၏။

အသက်တစ်ဆယ့်နှစ်နှစ်ပြည့်ပြီးသော ယောက်ျားသွားလာဖူးသော နှစ်နှစ်တို့ကာလပတ်လုံး ခြောက်ပါးသော တရားတို့၌ အကျင့်သိက္ခာကို မကျင့်ရသေးသော သိက္ခမာန်မကို ဥပဇ္ဈာယ်ပြု၍ ပဉ္စင်းခံပေးသောရဟန်းမိန်းမသည် နှစ်ပါးသော အာပတ်တို့သို့ ရောက်၏။

ဥပဇ္ဈာယ်ပြု၍ ပဉ္စင်းခံပေးအံ့၊ အားထုတ်ခြင်း ‘ပယောဂ’ ၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

ဥပဇ္ဈာယ်ပြု၍ ပဉ္စင်းခံပေးပြီးသည်ရှိသော် ပါစိတ်အာပတ်သို့ ရောက်၏။

အသက်တစ်ဆယ့်နှစ်နှစ်ပြည့်ပြီးသော ယောက်ျားသွားလာဖူးသော နှစ်နှစ်တို့ကာလပတ်လုံး ခြောက်ပါးသော တရားတို့၌ အကျင့်သိက္ခာကို ကျင့်ပြီးသော သံဃာက မသမုတ်ရသေးသော သိက္ခမာန်မကိုဥပဇ္ဈာယ်ပြု၍ ပဉ္စင်းခံပေးသော ရဟန်းမိန်းမသည် နှစ်ပါးသော အာပတ်တို့သို့ ရောက်၏။

--

ဥပဇ္ဈာယ်ပြု၍ ပဉ္စင်းခံပေးအံ့၊ အားထုတ်ခြင်း ‘ပယောဂ’ ၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

ဥပဇ္ဈာယ်ပြု၍ ပဉ္စင်းခံပေးပြီးသည်ရှိသော် ပါစိတ်အာပတ်သို့ ရောက်၏။

အတူနေတပည့်မကို ဥပဇ္ဈာယ်ပြု၍ ပဉ္စင်းခံပေးပြီးလျှင် နှစ်နှစ်တို့ကာလပတ်လုံး မိမိလည်း မချီးမြှောက် (သူတစ်ပါးကိုလည်း) မချီးမြှောက်စေသော ရဟန်းမိန်းမသည် ပါစိတ်အာပတ်ဟု ဆိုအပ် သောတစ်ပါးသော အာပတ်သို့ ရောက်၏။

ပဉ္စင်းခံပေးသော ဥပဇ္ဈာယ်မကို နှစ်နှစ်တို့ကာလပတ်လုံး လိုက်၍ မလုပ်ကျွေးသော ရဟန်းမိန်းမ သည်ပါစိတ်အာပတ်ဟု ဆိုအပ်သော တစ်ပါးသော အာပတ်သို့ ရောက်၏။

အတူနေတပည့်မကို ဥပဇ္ဈာယ်ပြု၍ ပဉ္စင်းခံပေးပြီးလျှင် မိမိလည်း ခေါ်၍ မသွား၊ (သူတစ်ပါးကိုလည်း) ခေါ်မသွားစေသော ရဟန်းမိန်းမသည် ပါစိတ်အာပတ်ဟု ဆိုအပ်သော တစ်ပါးသော အာပတ်သို့ ရောက်၏။

ခုနုစ်ခုမြောက် ဂဗ္ဘိနီဝဂ် ပြီး၏။

၈-ကုမာရီဘူတဝဂ်

၂၃၈။ အသက်နှစ်ဆယ်မပြည့်သော သတို့သမီး (အပျိုစင်) ဖြစ်သော သာမဏေမကို ဥပဇ္ဈာယ်ပြု၍ပဉ္စင်းခံပေးသော ရဟန်းမိန်းမသည် နှစ်ပါးသော အာပတ်တို့သို့ ရောက်၏။

ဥပဇ္ဈာယ်ပြု၍ ပဉ္စင်းခံပေးအံ့၊ အားထုတ်ခြင်း ‘ပယောဂ’ ၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

ဥပဇ္ဈာယ်ပြု၍ ပဉ္စင်းခံပေးပြီးသည်ရှိသော် ပါစိတ်အာပတ်သို့ ရောက်၏။

အသက်နှစ်ဆယ်ပြည့်သော နှစ်နှစ်တို့ကာလပတ်လုံး ခြောက်ပါးသောတရားတို့၌ အကျင့်သိက္ခာကိုမကျင့်ရသေးသော သတို့သမီး (အပျိုစင်) ဖြစ်သော သိက္ခမာန်မကို ဥပဇ္ဈာယ်ပြု၍ ပဉ္စင်းခံပေးသောရဟန်းမိန်းမသည် နှစ်ပါးသော အာပတ်တို့သို့ ရောက်၏။

ဥပဇ္ဈာယ်ပြု၍ ပဉ္စင်းခံပေးအံ့၊ အားထုတ်ခြင်း ‘ပယောဂ’ ၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

ဥပဇ္ဈာယ်ပြု၍ ပဉ္စင်းခံပေးပြီးသည်ရှိသော် ပါစိတ်အာပတ်သို့ ရောက်၏။

--

အသက်နှစ်ဆယ်ပြည့်ပြီးသော နှစ်နှစ်တို့ကာလပတ်လုံး ခြောက်ပါးသော တရားတို့၌ အကျင့်သိက္ခာ ကိုကျင့်ပြီးသော သံဃာက မသမုတ်ရသေးသော သတို့သမီး (အပျိုစင်) ဖြစ်သော သိက္ခမာန်မကိုဥပဇ္ဈာယ်ပြု၍ ပဉ္စင်းခံပေးသော ရဟန်းမိန်းမသည် နှစ်ပါးသော အာပတ်တို့သို့ ရောက်၏။

ဥပဇ္ဈာယ်ပြု၍ ပဉ္စင်းခံပေးအံ့၊ အားထုတ်ခြင်း ‘ပယောဂ’ ၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

ဥပဇ္ဈာယ်ပြု၍ ပဉ္စင်းခံပေးပြီးသည်ရှိသော် ပါစိတ်အာပတ်သို့ ရောက်၏။

တစ်ဆယ့်နှစ်ဝါမပြည့်ဘဲ ဥပဇ္ဈာယ်ပြု၍ ပဉ္စင်းခံပေးသော ရဟန်းမိန်းမသည် နှစ်ပါးသော အာပတ်တို့သို့ ရောက်၏။

ဥပဇ္ဈာယ်ပြု၍ ပဉ္စင်းခံပေးအံ့၊ အားထုတ်ခြင်း ‘ပယောဂ’ ၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

ဥပဇ္ဈာယ်ပြု၍ ပဉ္စင်းခံပေးပြီးသည်ရှိသော် ပါစိတ်အာပတ်သို့ ရောက်၏။

တစ်ဆယ့်နှစ်ဝါပြည့်သည်ဖြစ်၍ သံဃာက မသမုတ်အပ်ဘဲ ဥပဇ္ဈာယ်ပြု၍ ပဉ္စင်းခံပေးသော ရဟန်းမိန်းမသည် နှစ်ပါးသော အာပတ်တို့သို့ ရောက်၏။

ဥပဇ္ဈာယ်ပြု၍ ပဉ္စင်းခံပေးအံ့၊ အားထုတ်ခြင်း ‘ပယောဂ’ ၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

ဥပဇ္ဈာယ်ပြု၍ ပဉ္စင်းခံပေးပြီးသည်ရှိသော် ပါစိတ်အာပတ်သို့ ရောက်၏။

“သျှင်မ ဥပဇ္ဈာယ်ပြု၍ ပဉ္စင်းခံပေးသဖြင့် သင့်အား မတော်သေးပါ”ဟု ဆိုအပ်သည်ရှိသော်ကောင်းပြီဟူ၍ ဝန်ခံပြီးလျှင် နောက်မှ ရှုတ်ချခြင်းသဘောသို့ ရောက်သော ရဟန်းမိန်းမသည်နှစ်ပါးသော အာပတ်တို့သို့ ရောက်၏။

ရှုတ်ချအံ့၊ အားထုတ်ခြင်း ‘ပယောဂ’၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

ရှုတ်ချပြီးသည်ရှိသော် ပါစိတ်အာပတ်သို့ ရောက်၏။

သိက္ခမာန်မကို “သျှင်မ သင်သည် ငါ့အား သင်္ကန်းကို ပေးလျှင် သင့်ကို ငါဥပဇ္ဈာယ်ပြု၍ ပဉ္စင်းခံပေးမည်”ဟုဆို၍ု မိမိလည်း ဥပဇ္ဈာယ်ပြု၍ ပဉ္စင်းခံမပေး၊ သူတစ်ပါးကိုလည်း ဥပဇ္ဈာယ်ပြု၍ ပဉ္စင်းခံပေးစေခြင်းငှါ လုံ့လမပြုသော ရဟန်းမိန်းမသည် ပါစိတ်အာပတ်ဟု ဆိုအပ်သော တစ်ပါးသော အာပတ်သို့ ရောက်၏။

သိက္ခမာန်မကို “သျှင်မ သင်သည် ငါ့ကို နှစ်နှစ်တို့ကာလပတ်လုံး လိုက်၍ လုပ်ကျွေးလျှင် သင့်ကို ငါဥပဇ္ဈာယ်ပြု၍ ပဉ္စင်းခံပေးမည်”ဟု ဆို၍ မိမိလည်း ဥပဇ္ဈာယ်ပြု၍ ပဉ္စင်းခံမပေး၊ သူတစ်ပါးကိုလည်းဥပဇ္ဈာယ်ပြု၍ ပဉ္စင်းခံပေးစေခြင်းငှါ လုံ့လမပြုသော ရဟန်းမိန်းမသည် ပါစိတ်အာပတ်ဟု ဆိုအပ်သောတစ်ပါးသော အာပတ်သို့ ရောက်၏။

ယောက်ျားကြီး ယောက်ျားငယ်တို့နှင့် ရောနှောသည့်အပြင် (ယောက်ျားတို့အတွက်) သောကဝင်လျက်ရှိသော ကြမ်းတမ်းသော သိက္ခမာန်မကို ဥပဇ္ဈာယ်ပြု၍ ပဉ္စင်းခံပေးသော ရဟန်းမိန်းမသည် နှစ်ပါးသောအာပတ်တို့သို့ ရောက်၏။

ဥပဇ္ဈာယ်ပြု ၍ ပဉ္စင်းခံပေးအံ့၊ အားထုတ်ခြင်း ‘ပယောဂ’ ၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

ဥပဇ္ဈာယ် ပြု၍ ပဉ္စင်းခံပေးပြီးသည်ရှိသော် ပါစိတ်အာပတ်သို့ ရောက်၏။

အမိအဖတို့ကလည်းကောင်း၊ လင်ယောက်ျားကလည်းကောင်း ခွင့်မပြုအပ်သော သိက္ခမာန်မကိုဥပဇ္ဈာယ်ပြု၍ ပဉ္စင်းခံပေးသော ရဟန်းမိန်းမသည် နှစ်ပါးသော အာပတ်တို့သို့ ရောက်၏။

ဥပဇ္ဈာယ်ပြု၍ ပဉ္စင်းခံပေးအံ့၊ အားထုတ်ခြင်း ‘ပယောဂ’ ၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

ဥပဇ္ဈာယ်ပြု၍ ပဉ္စင်းခံပေးပြီးသည်ရှိသော် ပါစိတ်အာပတ်သို့ ရောက်၏။

သိုးလေပြီးသော ဆန္ဒပေးခြင်းဖြင့် သိက္ခမာန်မကို ဥပဇ္ဈာယ်ပြု၍ ပဉ္စင်းခံပေးသော ရဟန်းမိန်းမ သည်နှစ်ပါးသော အာပတ်တို့သို့ ရောက်၏။

ဥပဇ္ဈာယ်ပြု၍ ပဉ္စင်းခံပေးအံ့၊ အားထုတ်ခြင်း ‘ပယောဂ’ ၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

ဥပဇ္ဈာယ်ပြု၍ ပဉ္စင်းခံပေးပြီးသည်ရှိသော် ပါစိတ်အာပတ်သို့ ရောက်၏။

--

နှစ်စဉ် နှစ်တိုင်း ဥပဇ္ဈာယ်ပြု၍ ပဉ္စင်းခံပေးသော ရဟန်းမိန်းမသည် နှစ်ပါးသော အာပတ်တို့သို့ ရောက်၏။

ဥပဇ္ဈာယ်ပြု၍ ပဉ္စင်းခံပေးအံ့၊ အားထုတ်ခြင်း ‘ပယောဂ’ ၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

ဥပဇ္ဈာယ်ပြု၍ ပဉ္စင်းခံပေးပြီးသည်ရှိသော် ပါစိတ်အာပတ်သို့ ရောက်၏။

တစ်နှစ်တည်း၌ နှစ်ဦးသော သိက္ခမာန်မတို့ကို ဥပဇ္ဈာယ်ပြု၍ ပဉ္စင်းခံပေးသော ရဟန်းမိန်းမသည်နှစ်ပါးသော အာပတ်တို့သို့ ရောက်၏။

ဥပဇ္ဈာယ်ပြု၍ ပဉ္စင်းခံပေးအံ့၊ အားထုတ်ခြင်း ‘ပယောဂ’ ၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

ဥပဇ္ဈာယ်ပြု၍ ပဉ္စင်းခံပေးပြီးသည်ရှိသော် ပါစိတ်အာပတ်သို့ ရောက်၏။

ရှစ်ခုမြောက် ကုမာရိဘူတဝဂ် ပြီး၏။

၉-ဆတ္တုပါဟနဝဂ်

၂၃၉။ ထီးဖိနပ် (အစုံ) ကို ဆောင်သော ရဟန်းမိန်းမသည် နှစ်ပါးသော အာပတ်တို့သို့ ရောက်၏။

ဆောင်အံ့၊ အားထုတ်ခြင်း ‘ပယောဂ’ ၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

ဆောင်ပြီးသည်ရှိသော် ပါစိတ်အာပတ်သို့ ရောက်၏။

ယာဉ်ဖြင့် သွားသော ရဟန်းမိန်းမသည် နှစ်ပါးသော အာပတ်တို့သို့ ရောက်၏။

သွားအံ့၊ အားထုတ်ခြင်း ‘ပယောဂ’၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

သွားပြီးသည်ရှိသော် ပါစိတ်အာပတ်သို့ ရောက်၏။

ခါးဝတ်တန်ဆာကို ဆောင်သော ရဟန်းမိန်းမသည် နှစ်ပါးသော အာပတ်တို့သို့ ရောက်၏။

ဆောင်အံ့၊ အားထုတ်ခြင်း ‘ပယောဂ’၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

ဆောင်ပြီးသည်ရှိသော် ပါစိတ်အာပတ်သို့ ရောက်၏။

မိန်းမတို့၏ အဆင်တန်ဆာကို ဆောင်သော ရဟန်းမိန်းမသည် နှစ်ပါးသော အာပတ်တို့သို့ရောက်၏။

ဆောင်အံ့၊ အားထုတ်ခြင်း ‘ပယောဂ’၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

ဆောင်ပြီးသည်ရှိသော် ပါစိတ်အာပတ်သို့ ရောက်၏။

နံ့သာ နံ့သာပျောင်းဖြင့် ရေချိုးသော ရဟန်းမိန်းမသည် နှစ်ပါးသော အာပတ်တို့သို့ ရောက်၏။

ရေချိုးအံ့၊ အားထုတ်ခြင်း ‘ပယောဂ’ ၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

--

ရေချိုးပြီးသည်၏ အဆုံး၌ ပါစိတ်အာပတ်သို့ ရောက်၏။

နံ့သာဖြင့် ထုံအပ်သော နှမ်းမှုန့်ညက်ဖြင့် ရေချိုးသော ရဟန်းမိန်းမသည် နှစ်ပါးသော အာပတ်တို့ သို့ရောက်၏။

ရေချိုးအံ့၊ အားထုတ်ခြင်း ‘ပယောဂ’ ၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

ရေချိုးပြီးသည်၏ အဆုံး၌ ပါစိတ်အာပတ်သို့ ရောက်၏။

ရဟန်းမိန်းမကို ပွတ်သပ်ဆုပ်နယ်စေသော ရဟန်းမိန်းမသည် နှစ်ပါးသော အာပတ်တို့သို့ ရောက်၏။

ပွတ်သပ်ဆုပ်နယ်စေအံ့၊ အားထုတ်ခြင်း ‘ပယောဂ’ ၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

ပွတ်သပ်ဆုပ်နယ်စေပြီးသည်ရှိသော် ပါစိတ်အာပတ်သို့ ရောက်၏။

သိက္ခမာန်မကို ပွတ်သပ်ဆုပ်နယ်စေသော ရဟန်းမိန်းမသည် နှစ်ပါးသော အာပတ်တို့သို့ရောက်၏။

ပွတ်သပ်ဆုပ်နယ်စေအံ့၊ အားထုတ်ခြင်း ‘ပယောဂ’ ၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

ပွတ်သပ်ဆုပ်နယ်စေပြီးသည်ရှိသော် ပါစိတ်အာပတ်သို့ ရောက်၏။

သာမဏေမကို ပွတ်သပ်ဆုပ်နယ်စေသော ရဟန်းမိန်းမသည် နှစ်ပါးသော အာပတ်တို့သို့ရောက်၏။

ပွတ်သပ်ဆုပ်နယ်စေအံ့၊ အားထုတ်ခြင်း ‘ပယောဂ’ ၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

ပွတ်သပ်ဆုပ်နယ်စေပြီးသည်ရှိသော် ပါစိတ်အာပတ်သို့ ရောက်၏။

လူမိန်းမကို ပွတ်သပ်ဆုပ်နယ်စေသော ရဟန်းမိန်းမသည် နှစ်ပါးသော အာပတ်တို့သို့ ရောက်၏။

ပွတ်သပ်ဆုပ်နယ်စေအံ့၊ အားထုတ်ခြင်း ‘ပယောဂ’ ၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

ပွတ်သပ်ဆုပ်နယ်စေပြီးသည်ရှိသော် ပါစိတ်အာပတ်သို့ ရောက်၏။

ရဟန်းယောက်ျား၏ ရှေ့မှ မပန်ကြားဘဲ နေရာ၌ ထိုင်နေသော ရဟန်းမိန်းမသည် နှစ်ပါးသောအာပတ်တို့သို့ ရောက်၏။

ထိုင်နေအံ့၊ အားထုတ်ခြင်း ‘ပယောဂ’ ၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

ထိုင်နေပြီးသည်ရှိသော် ပါစိတ်အာပတ်သို့ ရောက်၏။

ခွင့်မတောင်းဘဲ ရဟန်းယောက်ျားကို ပြဿနာမေးသော ရဟန်းမိန်းမသည် နှစ်ပါးသော အာပတ်တို့သို့ ရောက်၏။

မေးအံ့၊ အားထုတ်ခြင်း ‘ပယောဂ’ ၌ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

မေးပြီးသည်ရှိသော် ပါစိတ်အာပတ်သို့ ရောက်၏။

ရင်လွှမ်းတဘက် မပါဘဲ ရွာသို့ ဝင်သော ရဟန်းမိန်းမသည် နှစ်ပါးသော အာပတ်တို့သို့ရောက်၏။

ပဌမ ခြေဖဝါးလှမ်း အရံကို လွန်စေအံ့၊ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

ဒုတိယ ခြေဖဝါးလှမ်းကို လွန်စေအံ့၊ ပါစိတ်အာပတ်သို့ ရောက်၏။

ကိုးခုမြောက် ဆတ္တုပါဟနဝဂ် ပြီး၏။

ခုဒ္ဒကဝဂ် ပြီး၏။

--

၅-ပါဋိဒေသနီအာပတ်

၂၄၀။ ထောပတ်ကို တောင်း၍ စားသော ရဟန်းမိန်းမသည် နှစ်ပါးသော အာပတ်တို့သို့ရောက်၏။

စားအံ့ဟု ခံယူအံ့၊ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

မျိုတိုင်း မျိုတိုင်း ပါဋိဒေသနီအာပတ်သို့ ရောက်၏။

ဆီကို တောင်း၍ စားသော ရဟန်းမိန်းမသည် နှစ်ပါးသော အာပတ်တို့သို့ ရောက်၏။

စားအံ့ဟု ခံယူအံ့၊ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

မျိုတိုင်း မျိုတိုင်း ပါဋိဒေသနီအာပတ်သို့ ရောက်၏။

ပျားရည်ကို တောင်း၍ စားသော ရဟန်းမိန်းမသည် နှစ်ပါးသော အာပတ်တို့သို့ ရောက်၏။

စားအံ့ဟု ခံယူအံ့၊ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

မျိုတိုင်း မျိုတိုင်း ပါဋိဒေသနီအာပတ်သို့ ရောက်၏။

တင်လဲကို တောင်း၍ စားသော ရဟန်းမိန်းမသည် နှစ်ပါးသော အာပတ်တို့သို့ ရောက်၏။

စားအံ့ဟု ခံယူအံ့၊ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

မျိုတိုင်း မျိုတိုင်း ပါဋိဒေသနီအာပတ်သို့ ရောက်၏။

ငါးကို တောင်း၍ စားသော ရဟန်းမိန်းမသည် နှစ်ပါးသော အာပတ်တို့သို့ ရောက်၏။

စားအံ့ဟု ခံယူအံ့၊ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

မျိုတိုင်း မျိုတိုင်း ပါဋိဒေသနီအာပတ်သို့ ရောက်၏။

အသားကို တောင်း၍ စားသော ရဟန်းမိန်းမသည် နှစ်ပါးသော အာပတ်တို့သို့ ရောက်၏။

စားအံ့ဟု ခံယူအံ့၊ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

မျိုတိုင်း မျိုတိုင်း ပါဋိဒေသနီအာပတ်သို့ ရောက်၏။

နို့ရည်ကို တောင်း၍ သုံးဆောင်သော ရဟန်းမိန်းမသည် နှစ်ပါးသော အာပတ်တို့သို့ ရောက်၏။

သုံးဆောင်အံ့ဟု ခံယူအံ့၊ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

မျိုတိုင်း မျိုတိုင်း ပါဋိဒေသနီအာပတ်သို့ ရောက်၏။

နို့ဓမ်းကို တောင်း၍ စားသော ရဟန်းမိန်းမသည် နှစ်ပါးသော အာပတ်တို့သို့ ရောက်၏။

စားအံ့ဟု ခံယူအံ့၊ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

မျိုတိုင်း မျိုတိုင်း ပါဋိဒေသနီအာပတ်သို့ ရောက်၏။

ပါဋိဒေသနီရှစ်ပါး ပြီး၏။

နှစ်ခုမြောက် ကတာပတ္တိဝါရ ပြီး၏။

--

၃-ဝိပတ္တိဝါရ

၂၄၁။ (ကိလေသာ) စိုစွတ်သည်ဖြစ်၍ (ကိလေသာ) စိုစွတ်သော ယောက်ျားဖြစ်သောပုဂ္ဂိုလ်၏ကိုယ်လက်နှီးနှောခြင်းကို သာယာသော ရဟန်းမိန်းမ၏ အာပတ်တို့သည် လေးပါးသော ဝိပတ္တိတို့တွင်အဘယ်မျှလောက်သော ဝိပတ္တိတို့သို့ သက်ဝင်ကုန်သနည်း။

(ကိလေသာ) စိုစွတ်သည်ဖြစ်၍ (ကိလေသာ) စိုစွတ်သော ယောက်ျားဖြစ်သော ပုဂ္ဂိုလ်၏ ကိုယ်လက်နှီးနှောခြင်းကို သာယာသော ရဟန်းမိန်းမ၏ အာပတ်တို့သည် လေးပါးသော ဝိပတ္တိတို့တွင် နှစ်ပါးသော ဝိပတ္တိတို့သို့ သက်ဝင်ကုန်၏။

ရံခါ သီလဝိပတ္တိသို့ သက်ဝင်၏၊ ရံခါ အာစာရဝိပတ္တိသို့ သက်ဝင်၏။ပ။

နို့ဓမ်းကို တောင်း၍ စားသော ရဟန်းမိန်းမ၏ အာပတ်တို့သည် လေးပါးသော ဝိပတ္တိတို့တွင်အဘယ်မျှလောက်သော ဝိပတ္တိတို့သို့ သက်ဝင်ကုန်သနည်း။

နို့ဓမ်းကို တောင်း၍ စားသော ရဟန်းမိန်းမ၏ အာပတ်တို့သည် လေးပါးသောဝိပတ္တိတို့တွင်အာစာရဝိပတ္တိဟု ဆိုအပ်သော တစ်ပါးသော ဝိပတ္တိသို့ သက်ဝင်ကုန်၏။

သုံးခုမြောက် ဝိပတ္တိဝါရ ပြီး၏။

၄-သင်္ဂဟဝါရ

၂၄၂။ (ကိလေသာ) စိုစွတ်သည်ဖြစ်၍ (ကိလေသာ) စိုစွတ်သော ယောက်ျားဖြစ်သော ပုဂ္ဂိုလ်၏ကိုယ်လက်နှီးနှောခြင်းကို သာယာသော ရဟန်းမိန်းမ၏ အာပတ်တို့ကို ခုနစ်ပါးသော အာပတ်အစုတို့တွင်အဘယ်မျှလောက်သော အာပတ်အစုတို့ဖြင့် ရေတွက်အပ်ကုန်သနည်း။

(ကိလေသာ) စိုစွတ်သည်ဖြစ်၍ (ကိလေသာ) စိုစွတ်သော ယောက်ျားဖြစ်သော ပုဂ္ဂိုလ်၏ ကိုယ်လက်နှီးနှောခြင်းကို သာယာသော ရဟန်းမိန်းမ၏ အာပတ်တို့ကို ခုနစ်ပါးသော အာပတ်အစုတို့တွင်သုံးပါးသော အာပတ်အစုတို့ဖြင့် ရေတွက်အပ်ကုန်၏။

ရံခါ ပါရာဇိကအာပတ် အစုဖြင့် ရေတွက်အပ်၏၊ ရံခါ ထုလ္လစ္စဉ်းအာပတ်အစုဖြင့် ရေတွက်အပ်၏၊ ရံခါဒုက္ကဋ်အာပတ်အစုဖြင့် ရေတွက်အပ်၏။ပ။

နို့ဓမ်းကို တောင်း၍ စားသော ရဟန်းမိန်းမ၏ အာပတ်တို့ကို ခုနစ်ပါးသော အာပတ်အစုတို့တွင်အဘယ်မျှလောက်သော အာပတ်အစုတို့ဖြင့် ရေတွက်အပ်ကုန်သနည်း။

--

နို့ဓမ်းကို တောင်း၍ စားသော ရဟန်းမိန်းမ၏ အာပတ်တို့ကို ခုနစ်ပါးသော အာပတ်အစုတို့တွင်နှစ်ပါးသော အာပတ်အစုတို့ဖြင့် ရေတွက်အပ်ကုန်၏။

ရံခါ ပါဋိဒေသနီအာပတ်အစုဖြင့် ရေတွက်အပ်၏၊ ရံခါ ဒုက္ကဋ်အာပတ်အစုဖြင့် ရေတွက်အပ်၏။

လေးခုမြောက် သင်္ဂဟဝါရ ပြီး၏။

၅-သမုဋ္ဌာနဝါရ

၂၄၃။ (ကိလေသာ) စိုစွတ်သည်ဖြစ်၍ (ကိလေသာ) စိုစွတ်သော ယောက်ျားဖြစ်သော ပုဂ္ဂိုလ်၏ကိုယ်လက်နှီးနှောခြင်းကို သာယာသော ရဟန်းမိန်းမ၏ အာပတ်တို့သည် အာပတ်သင့်ခြင်းအကြောင်းခြောက်မျိုးတို့တွင် အဘယ်မျှလောက်သော အကြောင်းတို့ကြောင့် ဖြစ်ကုန်သနည်း။

(ကိလေသာ) စိုစွတ်သည်ဖြစ်၍ (ကိလေသာ) စိုစွတ်သော ယောက်ျားဖြစ်သော ပုဂ္ဂိုလ်၏ ကိုယ်လက်နှီးနှောခြင်းကို သာယာသော ရဟန်းမိန်းမ၏ အာပတ်တို့သည် အာပတ်သင့်ခြင်းအကြောင်းခြောက်မျိုးတို့တွင် တစ်မျိုးသော အကြောင်းကြောင့် ဖြစ်ကုန်၏။

ကိုယ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်း ဖြစ်ကုန်၏၊ နှုတ်ကြောင့် မဖြစ်ကုန်။ပ။

နို့ဓမ်းကို တောင်း၍ စားသော ရဟန်းမိန်းမ၏ အာပတ်တို့သည် အာပတ်သင့်ခြင်းအကြောင်းခြောက်မျိုးတို့တွင် အဘယ်မျှလောက်သော အကြောင်းတို့ကြောင့် ဖြစ်ကုန်သနည်း။

နို့ဓမ်းကို တောင်း၍ စားသော ရဟန်းမိန်းမ၏ အာပတ်တို့သည် အာပတ်သင့်ခြင်းအကြောင်းခြောက်မျိုးတို့တွင် လေးမျိုးသော အကြောင်းတို့ကြောင့် ဖြစ်ကုန်၏။

ရံခါ ကိုယ်ကြောင့် ဖြစ်ကုန်၏၊ နှုတ်ကြောင့် မဖြစ်ကုန်၊ စိတ်ကြောင့် မဖြစ်ကုန်။ ရံခါ ကိုယ်ကြောင့်လည်းကောင်း၊ နှုတ်ကြောင့်လည်းကောင်း ဖြစ်ကုန်၏၊ စိတ်ကြောင့် မဖြစ်ကုန်။ ရံခါ ကိုယ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်း ဖြစ်ကုန်၏၊ နှုတ်ကြောင့် မဖြစ်ကုန်။ ရံခါကိုယ်ကြောင့်လည်းကောင်း၊ နှုတ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်း ဖြစ်ကုန်၏။

ငါးခုမြောက် သမုဋ္ဌာနဝါရ ပြီး၏။

--

၆-အဓိကရဏဝါရ

၂၄၄။ (ကိလေသာ) စိုစွတ်သည်ဖြစ်၍ (ကိလေသာ) စိုစွတ်သော ယောက်ျားဖြစ်သော ပုဂ္ဂိုလ်၏ကိုယ်လက်နှီးနှောခြင်းကို သာယာသော ရဟန်းမိန်းမ၏ အာပတ်တို့သည် အဓိကရုဏ်းလေးပါးတို့တွင်အဘယ်အဓိကရုဏ်းနည်း။

(ကိလေသာ) စိုစွတ်သည်ဖြစ်၍ (ကိလေသာ) စိုစွတ်သော ယောက်ျားဖြစ်သော ပုဂ္ဂိုလ်၏ ကိုယ်လက်နှီးနှောခြင်းကို သာယာသော ရဟန်းမိန်းမ၏ အာပတ်တို့သည် အဓိကရုဏ်း လေးပါးတို့တွင် အာပတ္တာဓိကရုဏ်းတည်း။ပ။

နို့ဓမ်းကို တောင်း၍ စားသော ရဟန်းမိန်းမ၏ အာပတ်တို့သည် အဓိကရုဏ်းလေးပါးတို့တွင်အဘယ်အဓိကရုဏ်းနည်း။

နို့ဓမ်းကို တောင်း၍ စားသော ရဟန်းမိန်းမ၏ အာပတ်တို့သည် အဓိကရုဏ်း လေးပါးတို့တွင်အာပတ္တာဓိကရုဏ်းတည်း။

ခြောက်ခုမြောက် အဓိကရဏဝါရ ပြီး၏။

၇-သမထဝါရ

၂၄၅။ (ကိလေသာ) စိုစွတ်သည်ဖြစ်၍ (ကိလေသာ) စိုစွတ်သော ယောက်ျားဖြစ်သော ပုဂ္ဂိုလ်၏ ကိုယ်လက် နှီးနှောခြင်းကို သာယာသော ရဟန်းမိန်းမ၏ အာပတ်တို့သည် ခုနစ်ပါးသော သမထတို့တွင်အဘယ်မျှလောက်သော သမထတို့ဖြင့် ငြိမ်းအေးကုန်သနည်း။

(ကိလေသာ) စိုစွတ်သည်ဖြစ်၍ (ကိလေသာ) စိုစွတ်သော ယောက်ျားဖြစ်သော ပုဂ္ဂိုလ်၏ ကိုယ်လက့်နှီးနှောခြင်းကို သာယာသော ရဟန်းမိန်းမ၏ အာပတ်တို့သည် ခုနစ်ပါးသော သမထတို့တွင် သုံးပါးသောသမထတို့ဖြင့် ငြိမ်းအေးကုန်၏။

ရံခါ သမ္မုခါဝိနယဖြင့်လည်းကောင်း၊ ပဋိညာတကရဏဖြင့်လည်းကောင်း၊

ရံခါ သမ္မုခါဝိနယဖြင့်လည်းကောင်း၊ တိဏဝတ္ထာရကဝိနည်းကံဖြင့်လည်းကောင်း ငြိမ်းအေးကုန်၏။ပ။

နို့ဓမ်းကို တောင်း၍ စားသော ရဟန်းမိန်းမ၏ အာပတ်တို့သည် ခုနစ်ပါးကုန်သော သမထတို့တွင်အဘယ်မျှလောက်ကုန်သော သမထတို့ဖြင့် ငြိမ်းအေးကုန်သနည်း။

နို့ဓမ်းကို တောင်း၍ စားသော ရဟန်းမိန်းမ၏ အာပတ်တို့သည် ခုနစ်ပါးကုန်သော သမထတို့တွင်သုံးပါးသော သမထတို့ဖြင့် ငြိမ်းအေးကုန်၏။

ရံခါ သမ္မုခါဝိနယဖြင့်လည်းကောင်း၊ ပဋိညာတကရဏဖြင့်လည်းကောင်း၊

ရံခါ သမ္မုခါဝိနယဖြင့်လည်းကောင်း၊ တိဏဝတ္ထာရက ဝိနည်းကံဖြင့်လည်းကောင်း ငြိမ်းအေးကုန်၏။

ခုနစ်ခုမြောက် သမထဝါရ ပြီး၏။

--

၈-သမုစ္စယဝါရ

၂၄၆။ (ကိလေသာ) စိုစွတ်သည်ဖြစ်၍ (ကိလေသာ) စိုစွတ်သော ယောက်ျားဖြစ်သော ပုဂ္ဂိုလ်၏ကိုယ်လက်နှီးနှောခြင်းကို သာယာသော ရဟန်းမိန်းမသည် အဘယ်မျှလောက်သော အာပတ်တို့သို့ရောက် သနည်း။

(ကိလေသာ) စိုစွတ်သည်ဖြစ်၍ (ကိလေသာ) စိုစွတ်သော ယောက်ျားဖြစ်သော ပုဂ္ဂိုလ်၏ ကိုယ်လက်နှီးနှောခြင်းကို သာယာသော ရဟန်းမိန်းမသည် သုံးပါးသော အာပတ်တို့သို့ ရောက်၏။

ညှပ်ရိုးနှစ်ဖက်၏ အောက်၊ ပုဆစ်ဒူးဝန်းနှစ်ဖက်၏ အထက်၌ကိုင်ခြင်းကို သာယာအံ့၊ ပါရာဇိကအာပတ်သို့ ရောက်၏၊

ညှပ်ရိုးနှစ်ဖက်၏ အထက်၊ ပုဆစ်ဒူးဝန်းနှစ်ဖက်၏ အောက်၌ ကိုင်ခြင်းကို သာယာအံ့၊ ထုလ္လစ္စဉ်းအာပတ်သို့ ရောက်၏၊

ကိုယ်နှင့်စပ်သော အရာဝတ္ထု၌ ကိုင်ခြင်းကို သာယာအံ့၊ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

(ကိလေသာ) စိုစွတ်သည်ဖြစ်၍ (ကိလေသာ) စိုစွတ်သော ယောက်ျားဖြစ်သော ပုဂ္ဂိုလ်၏ ကိုယ်လက်နှီးနှောခြင်းကို သာယာသော ရဟန်းမိန်းမသည် ဤသုံးပါးသော အာပတ်တို့သို့ ရောက်၏။

ထို (သုံးပါးသော) အာပတ်တို့သည် လေးပါးသော ဝိပတ္တိတို့တွင် အဘယ်မျှလောက်သော ဝိပတ္တိတို့ သို့သက်ဝင်ကုန်သနည်း။

ခုနစ်ပါးကုန်သော အာပတ်အစုတို့တွင် အဘယ်မျှလောက်သော အာပတ်အစုတို့ဖြင့် ရေတွက်အပ်ကုန်သနည်း။

အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် အဘယ်မျှလောက်သော အကြောင်းတို့ကြောင့် ဖြစ်ကုန်သနည်း။

အဓိကရုဏ်းလေးပါးတို့တွင် အဘယ်အဓိကရုဏ်းနည်း။

ခုနစ်ပါးကုန်သော သမထတို့တွင် အဘယ်မျှလောက်သော သမထတို့ဖြင့် ငြိမ်းအေးကုန်သနည်း။

ထို (သုံးပါးသော) အာပတ်တို့သည် လေးပါးသော ဝိပတ္တိတို့တွင် နှစ်ပါးသော ဝိပတ္တိတို့သို့သက်ဝင်ကုန်၏။

ရံခါ သီလဝိပတ္တိသို့ သက်ဝင်၏။

ရံခါ အာစာရဝိပတ္တိသို့ သက်ဝင်၏။

ခုနစ်ပါးသော အာပတ်အစုတို့တွင် သုံးပါးသော အာပတ်အစုတို့ဖြင့် ရေတွက်အပ်ကုန်၏။

ရံခါ ပါရာဇိကအာပတ်အစုဖြင့် ရေတွက်အပ်ကုန်၏။

ရံခါ ထုလ္လစ္စဉ်းအာပတ်အစုဖြင့် ရေတွက်အပ်ကုန်၏။

ရံခါ ဒုက္ကဋ်အာပတ်အစုဖြင့် ရေတွက်အပ်ကုန်၏။

အာပတ်သင့်ခြင်း အကြောင်းခြောက်မျိုးတို့တွင် တစ်မျိုးသော အကြောင်းကြောင့် ဖြစ်ကုန်၏။

--

ကိုယ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်း ဖြစ်ကုန်၏၊ နှုတ်ကြောင့် မဖြစ်ကုန်။

အဓိကရုဏ်းလေးပါးတို့တွင် အာပတ္တာဓိကရုဏ်းတည်း။

ခုနစ်ပါးကုန်သော သမထတို့တွင် သုံးပါးသော သမထတို့ဖြင့် ငြိမ်းအေးကုန်၏။

ရံခါ သမ္မုခါဝိနယဖြင့်လည်းကောင်း၊ ပဋိညာတကရဏဖြင့်လည်းကောင်း၊

ရံခါ သမ္မုခါဝိနယဖြင့်လည်းကောင်း၊ တိဏဝတ္ထာရကဝိနည်းကံဖြင့်လည်းကောင်း ငြိမ်းအေးကုန်၏။ပ။

နို့ဓမ်းကို တောင်း၍ စားသော ရဟန်းမိန်းမသည် အဘယ်မျှလောက်သော အာပတ်တို့သို့ ရောက်သနည်း။

နို့ဓမ်းကို တောင်း၍ စားသော ရဟန်းမိန်းမသည် နှစ်ပါးသော အာပတ်တို့သို့ ရောက်၏။

စားမည်ဟု ခံယူအံ့၊ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

မျိုတိုင်း မျိုတိုင်း ပါဋိဒေသနီအာပတ်သို့ ရောက်၏။

နို့ဓမ်းကို တောင်း၍ စားသော ရဟန်းမိန်းမသည် ဤနှစ်ပါးသော အာပတ်တို့သို့ ရောက်၏။

ထိုအာပတ်တို့သည် လေးပါးသော ဝိပတ္တိတို့တွင် အဘယ်မျှလောက်သော ဝိပတ္တိတို့သို့ သက်ဝင်ကုန်သနည်း။

ခုနစ်ပါးကုန်သော အာပတ်အစုတို့တွင် အဘယ်မျှလောက်သော အာပတ်အစုတို့ဖြင့် ရေတွက်အပ်ကုန်သနည်း။

အာပတ်သင့်ခြင်း အကြောင်းခြောက်မျိုးတို့တွင် အဘယ်မျှလောက်သော အကြောင်းတို့ကြောင့် ဖြစ်ကုန်သနည်း။

အဓိကရုဏ်းလေးပါးတို့တွင် အဘယ်အဓိကရုဏ်းနည်း။

ခုနစ်ပါးသော သမထတို့တွင် အဘယ်မျှလောက်သော သမထတို့ဖြင့် ငြိမ်းအေးကုန်သနည်း။

ထိုအာပတ်တို့သည် လေးပါးသော ဝိပတ္တိတို့တွင် အာစာရဝိပတ္တိဟု ဆိုအပ်သော တစ်ပါးသော ဝိပတ္တိသို့သက်ဝင်ကုန်၏။

ခုနစ်ပါးသော အာပတ်အစုတို့တွင် နှစ်ပါးသော အာပတ်အစုတို့ဖြင့် ရေတွက်အပ်ကုန်၏။

ရံခါ ပါဋိဒေသနီအာပတ်အစုဖြင့် ရေတွက်အပ်၏၊

ရံခါ ဒုက္ကဋ်အာပတ်အစုဖြင့် ရေတွက်အပ်၏။

အာပတ်သင့်ခြင်းအကြောင်း ခြောက်မျိုးတို့တွင် လေးမျိုးသော အကြောင်းတို့ကြောင့် ဖြစ်ကုန်၏။

ရံခါ ကိုယ်ကြောင့် ဖြစ်ကုန်၏၊ နှုတ်ကြောင့် မဖြစ်ကုန်၊ စိတ်ကြောင့် မဖြစ်ကုန်။

ရံခါ ကိုယ်ကြောင့်လည်းကောင်း၊ နှုတ်ကြောင့်လည်းကောင်း ဖြစ်ကုန်၏၊ စိတ်ကြောင့် မဖြစ်ကုန်။

ရံခါ ကိုယ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်း ဖြစ်ကုန်၏၊ နှုတ်ကြောင့် မဖြစ်ကုန်။

ရံခါ ကိုယ်ကြောင့်လည်းကောင်း၊ နှုတ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်း ဖြစ်ကုန်၏။

အဓိကရုဏ်းလေးပါးတို့တွင် အာပတ္တာဓိကရုဏ်းတည်း။

ခုနစ်ပါးသော သမထတို့တွင် သုံးပါးသော သမထတို့ဖြင့် ငြိမ်းအေးကုန်၏။

--

ရံခါ သမ္မုခါဝိနယဖြင့်လည်းကောင်း၊ ပဋိညာတကရဏဖြင့်လည်းကောင်း၊

ရံခါ သမ္မုခါဝိနယဖြင့်လည်းကောင်း၊ တိဏဝတ္ထာရကဝိနည်းကံဖြင့်လည်းကောင်း ငြိမ်းအေးကုန်၏။

ရှစ်ခုမြောက် သမုစ္စယဝါရ ပြီး၏။