မာတိကာသို့ ခုန်သွားရန်

ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်-စဆဇဈည

ဝီကီရင်းမြစ် မှ
6143ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်-စဆဇဈည — ဓမ္မဗိမာန်စာပေပညာရှင်များ

စကြဝတေးမင်း ကျင့်ဝတ် ၁၀ ပါး

၁။ နန်းတွင်းသူ, နန်းတွင်းသား စစ်သည်ဗိုလ်ပါအပေါင်း၌ တရားနှင့် အညီ စောင့်ရှောက်မှု စသည်ကို ပြုခြင်း၊
၂။ ခတ္တိယမင်းသားတို့၌ တရားနှင့် အညီ စောင့်ရှောက်မှု စသည်ကို ပြုခြင်း၊
၃။ နောက်လိုက် အမတ်မင်းသားတို့၌ တရားနှင့် အညီ စောင့်ရှောက်မှု စသည်ကို ပြုခြင်း၊
၄။ ပုဏ္ဏားသူကြွယ်တို့၌ တရားနှင့်အညီ စောင့်ရှောက်မှု စသည်ကို ပြုခြင်း၊
၅။ ရွာ, နိဂုံး ဇနပုဒ်, မြို့သူမြို့သားတို့၌ တရားနှင့်အညီ စောင့်ရှောက်မှု စသည်ကိုပြုခြင်း၊
၆။ ရဟန်းပုဏ္ဏားတို့၌ တရားနှင့်အညီ စောင့်ရှောက်မှု စသည်ကို ပြုခြင်း၊
၇။ သား, ငှက်တို့၌ တရားနှင့်အညီ စောင့်ရှောက်မှု စသည်ကို ပြုခြင်း၊
၈။ အနိုင်အထက် နှိပ်စက်မှုပြုသူကို တားမြစ်ခြင်း၊
၉။ ဥစ္စာမဲ့သူတို့အား ဥစ္စာကို ပေးကမ်းခြင်း၊
၁၀။ ရဟန်းပုဏ္ဏား ပညာရှိသူတို့ထံသို့ ချဉ်းကပ်၍ ကုသိုလ်စသော ပြဿနာကို မေးမြန်းခြင်း။ (ဒီ၊ဋ္ဌ၊၃၊၃၅။) (အံ၊ဋီ၊၂၊၈၂။)♦

စကြဝတေးမင်း ကျင့်ဝတ် ၁၂ ပါး

၁။ သားမယားတို့ကို သီလစောင့်စေခြင်း, အဝတ်နံ့သာ ပန်းစသည်ကို ပေးခြင်း, ခပ်သိမ်းသော ဘေးဥပါဒ်မှ စောင့်ရှောက်ကာကွယ်ခြင်း, စစ်သည် ဗိုလ်ပါတို့အား ပေးမြဲဖြစ်သော ခြောက်လစာ ရိက္ခာကို ပေးကမ်း ချီးမြှောက်ခြင်း၊
၂။ အဘိသိက် သွန်းပြီးသော မင်းတို့အား ကောင်းမြတ်သော အာဇာနည်မြင်း စသော ရတနာတို့ကို ပေးကမ်း ချီးမြှောက်ခြင်း၊
၃။ အဘိသိက်မသွန်းရသေးသော အရံမင်းတို့အား သင့်လျော်သော ယာဉ်ရထား ဆင်မြင်းစသည်ကို ပေးကမ်းချီးမြှောက်ခြင်း၊
၄။ ပုဏ္ဏားတို့အား ထမင်း အဖျော် အဝတ်စသော လှူဖွယ်ဝတ္ထုကို ပေးကမ်းလှူဒါန်းခြင်း၊
၅။ သူကြွယ်တို့အား စားနပ် ရိက္ခာ, မျိုးစေ့, ထွန်တုံး, ထွန်သွား, နွားလားစသည် ပေးကမ်းခြင်း၊
၆။ နိဂုံး, ဇနပုဒ်၌ နေထိုင်ကြသော သူတို့အား စားနပ်ရိက္ခာ, မျိုးစေ့, ထွန်တုံး, ထွန်သွား, နွားလား စသည်ကို ပေးကမ်းခြင်း၊
၇။ ကိလေသာပယ်ပြီးသော ရဟန်းပုဏ္ဏားတို့အား ရဟန်းတို့၏ အသုံးအဆောင် ပရိက္ခရာတို့ဖြင့် လှူဒါန်းပူဇော်ခြင်း၊
၈။ သားကောင်တို့ကို ဘေးမဲ့ပေးခြင်း၊
၉။ ငှက်အပေါင်း တို့ကို ဘေးမဲ့ပေးခြင်း၊
၁၀။ မတရားပြုခြင်း, နှိပ်စက်ခြင်းတို့ကို တားမြစ်ပိတ်ပင်ခြင်း၊
၁၁။ ဆင်းရဲသားတို့အား ပစ္စည်းဥစ္စာပေးကမ်းထောက်ပံ့ခြင်း၊
၁၂။ ကိလေသာ ကင်းစင်သော ရဟန်းပုဏ္ဏားတို့ထံ ဆည်းကပ်ခစား၍ ရှောင်ကြဉ်အပ်, မှီဝဲအပ်သော တရားစသည်တို့ကို မေးမြန်းခြင်း။ (ဒီ၊ဋ္ဌ၊၃၊၃၅။) (အံ၊ဋီ၊၃၊၄၄။)♦

စကြဝတေးမင်း နှစ်ပါးပြိုင်တူ မပေါ်နိုင်ကြောင်း ၃ ပါး

၁။ ငြင်းခုံမှုကို ဖြတ်တောက်လိုခြင်း၊
၂။ ထူးဆန်းအံ့ဩဖွယ် ဖြစ်ခြင်း၊
၃။ စကြာရတနာ၏ ကြီးမားသော တန်ခိုးအာနုဘော် ရှိခြင်း။ (အံ၊ဋ္ဌ၊၁၊၃၆၂။)♦

စကြဝတေးမင်း၏ တန်ခိုး ၄ ပါး

၁။ မဟာသုဒဿနစကြာမင်းသည် သူတစ်ပါးတို့ထက် လွန်ကဲ၍ ရှုချင်ဖွယ် အဆင်းလှ၏၊ ကြည်ညိုဖွယ် မြတ်သော အဆင်းသဏ္ဌာန် ရှိ၏၊
၂။ သူတစ်ပါး တို့ထက် လွန်ကဲ၍ အသက်ရှည်မြင့်စွာ တည်၏၊
၃။ သူတစ်ပါးတို့ထက် လွန်ကဲ၍ အစာကို ကြေစေတတ်သည့် ဝမ်းမီးနှင့် ပြည့်စုံ၏၊
၄။ မဟာသုဒဿန စကြာမင်းကို ပုဏ္ဏားနှင့် သူကြွယ် တို့သည် ချစ်ခင်မြတ်နိုးကုန်၏၊ မဟာသုဒဿန စကြာမင်းကလည်း ပုဏ္ဏားနှင့် သူကြွယ်တို့ကို ချစ်ခင်မြတ်နိုး၏။ (ဒီ၊၂၊၁၄၅။) (ဒီ၊မြန်၊၂။၁၆၇။)♦

စကြဝတေးမင်း၏ ရတနာ ၃ မျိုး (တက်မက်မောမှု မရှိခြင်းဟူသော ကောင်းမှုကုသိုလ်သည် ဖြစ်စေအပ်သော စကြာမင်း၏ ရတနာ ၃ မျိုး)

၁။ ပတ္တမြားရတနာ၊
၂။ မိန်းမရတနာ၊
၃။ သူကြွယ် သူဌေးရတနာ။ (ဣတိဝုတ်၊ဋ္ဌ၊၇၄။)♦

စကြဝတေးမင်း၏ ရတနာ ၃ မျိုး (အမျက်မထွက်ခြင်းဟူသော ကောင်းမှုကုသိုလ်သည် ဖြစ်စေ အပ်သော စကြာမင်း၏ ရတနာ ၃ မျိုး)

၁။ စကြာရတနာ၊
၂။ ဆင်ရတနာ၊
၃။ မြင်းရတနာ။ (ဣတိဝုတ်၊ဋ္ဌ၊၇၄။)♦

စကြဝတေးမင်း၏ ရတနာ ၇ ပါး

၁။ စကြာရတနာ၊
၂။ ဆင်ရတနာ၊
၃။ မြင်းရတနာ၊
၄။ ပတ္တမြား ရတနာ၊
၅။ မိန်းမရတနာ၊
၆။ သူကြွယ်ရတနာ၊
၇။ သားကြီးရတနာ။ (ဒီ၊၁၊၈၃။) (ဒီ၊၂၊၁၄၁။) (ဒီ၊၂၊၁၆။) (ဒီ၊၃၊၄၈၊၆၃၊၁၁၇၊မြန်၊၅၀။) (မ၊၂၊၃၃၅။) (မ၊၂၊၃၅၀။) (သံ၊၃၊၈၇။) (အဘိ၊က၊၁၂၃။) (အဘိ၊က၊၂၁၅။) (ဣတိဝုတ်၊ဋ္ဌ၊၇၃။) (ဒီ၊မြန်၊၁။၉၉။) (ဒီ၊မြန်၊၂။၁၆၃။) (ဒီ၊မြန်၊၂။၁၇။) (သံ၊မြန်၊၃။၉၂။) (အဘိ၊က၊မြန်၊၁။၂၁၇။) (အဘိ၊က၊မြန်၊၁။၂၁၇။) (မိလိန္ဒ၊၃၁၂။) (မ၊မြန်၊၂။၃၃၉။) (မ၊မြန်၊၂။ ၃၃၉။) (မိလိန္ဒ၊မြန်။၃၃၄။)♦

စကြဝတေးမင်း၏ သားကြီးအင်္ဂါ ၅ ပါး

၁။ အကျိုးစီးပွားကိုလည်း သိခြင်း၊ ၂။(အစဉ်အလာ) တရားကိုလည်း သိခြင်း၊
၃။ အတိုင်းအရှည်ကိုလည်း သိခြင်း၊
၄။ အခါကာလကိုလည်း သိခြင်း၊
၅။ ပရိသတ်ကိုလည်း သိခြင်း။ (အံ၊၂၊၁၃၁။) (အံ၊မြန်၊၂။ ၁၆၃-၁၆၄။)♦

စကြဝတေးမင်း၏ အံ့ဖွယ် ၄ ပါး

၁။ အဘိရူပတာ- အလွန် အဆင်းလှခြင်း၊
၂။ ဒီဃာယုကတာ- အသက်ရှည်ခြင်း၊
၃။ အပ္ပါတင်္ကတာ- အနာရောဂါမရှိခြင်း၊
၄။ ဗြာဟ္မဏာဒီနံ ပိယမနာပတာ- ပုဏ္ဏားသူဌေးသူကြွယ် စသည်တို့က ချစ်ခင်မြတ်နိုးခြင်း။ (ဒီ၊ဋီ၊၁၊၂၉၂။)♦

စကြဝတေးမင်း၏ အံ့ဖွယ် ၄ ပါး

၁။ စကြဝတေးမင်းကို ဖူးမြော်ရခြင်း စကြဝတေးမင်း၏ ပြောစကားကို ကြားရခြင်းတို့အတွက် မင်းပရိသတ်နှစ်သက်ပြီး မရောင့်ရဲနိုင်မှု၊
၂။ စကြဝတေး မင်းကို ဖူးမြော်ရခြင်း စကြဝတေးမင်း၏ ပြောစကားကို ကြားရခြင်းတို့အတွက် ပုဏ္ဏားပရိသတ် နှစ်သက်ပြီး မရောင့်ရဲနိုင်မှု၊
၃။ စကြဝတေးမင်းကို ဖူးမြော်ရခြင်း၊ စကြဝတေးမင်း၏ ပြော စကားကို ကြားရခြင်းတို့အတွက် သူကြွယ်ပရိသတ်နှစ်သက်ပြီး မရောင့်ရဲနိုင်မှု၊
၄။ စကြဝတေး မင်းကို ကြည့်ရှုရခြင်း စကြဝတေးမင်း၏ ပြောစကားကို ကြားရခြင်းတို့အတွက် ရဟန်းပရိသတ် နှစ်သက်ပြီး မရောင့်ရဲနိုင်မှု။ (ဒီ၊၂၊၁၂၀။) (အံ၊၁၊၄၄၉။) (ဒီ၊မြန်၊၂။၁၄၀။) (အံ၊မြန်၊၁။၄၆၂။)♦

စကြဝတေးမင်း၏ ဩဝါဒတရား ၆ ပါး

၁။ သူ့အသက်ကို မသတ်အပ်ဟု ဆုံးမခြင်း၊
၂။ သူ့ဥစ္စာကို မခိုးအပ်ဟု ဆုံးမခြင်း၊
၃။ ကာမဂုဏ်တို့၌ မှားသော အကျင့်ကို မကျင့်အပ်ဟု ဆုံးမခြင်း၊
၄။ မုသားစကားကို မပြောဆိုအပ်ဟု ဆုံးမခြင်း၊
၅။ သေရည်အရက်ကို မသောက်အပ်ဟု ဆုံးမခြင်း၊
၆။ စားမြဲတိုင်းသော အခွန်အတုတ်ကို စားကြဟု ဆုံးမခြင်း။ (ဒီ၊၃၊၅၁-၅၂။)♦

စကြဝတေးမင်းနှင့် ယောဂီပုဂ္ဂိုလ်တို့ တူပုံ ၄ ပါး

၁။ စကြဝတေးမင်းသည် သင်္ဂဟဝတ္ထုလေးပါး တို့ဖြင့် လူအပေါင်းကို ချီးမြှောက်ခြင်း (ထို့အတူ ယောဂီပုဂ္ဂိုလ်သည် ပရိသတ်လေးပါးတို့၏ စိတ်ကို ချီးမြှောက်ခြင်း)၊
၂။ စကြဝတေးမင်း၏ တိုင်းနိုင်ငံ၌ ခိုးသူတို့ မထကြွ မပုန်ကန်ခြင်း (ထို့အတူ ယောဂီပုဂ္ဂိုလ်သည် ကာမဝိတက်, ဗျာပါဒဝိတက်, ဝိဟိံသာဝိတက်တို့ကို မဖြစ် စေခြင်း)၊
၃။ စကြဝတေးမင်းသည် နေ့စဉ် သမုဒ္ဒရာအဆုံးရှိသော မြေအပြင်၌ ကောင်း, မကောင်း တို့ကို စူးစမ်းလျက် လှည့်လည်ခြင်း (ထို့အတူ ယောဂီပုဂ္ဂိုလ်သည် နေ့စဉ် ‘‘ငါ့အား ကာယကံ, ဝစီကံ မနောကံဟူသော အကြောင်းသုံးပါးတို့ဖြင့် မစွပ်စွဲအပ်သည်ဖြစ်၍ နေ့ရက်ကုန်လွန် ပါ၏လော’’ဟု ဆင်ခြင်ရခြင်း)၊
၄။ စကြဝတေးမင်းသည် အတွင်းအပ အစောင့်အရှောက်ကို ကောင်းစွာ စီရင်အပ်ခြင်း (ထို့အတူ ယောဂီပုဂ္ဂိုလ်သည် အတွင်းအပကိလေသာတို့ကို စောင့်ရှောက်ခြင်းငှာ သတိတည်းဟူသော တံခါးစောင့်ကို ထားရခြင်း)။ (မိလိန္ဒ၊၃၇၄။) (မိလိန္ဒ၊မြန်။၃၉၇။)♦

စကြဝတေးမင်းပိုင် ဆင်ရတနာ၏ ထိခြင်း ၇ မျိုး

၁။ ဆင်အမြီးသည် မြေနှင့် ထိခြင်း၊
၂။ အင်္ဂါ ဇာတ်သည် မြေနှင့် ထိခြင်း၊
၃။ နှာမောင်းသည် မြေနှင့် ထိခြင်း၊
၄။ ရှေ့ခြေ နှစ်ချောင်း, နောက်ခြေ နှစ်ချောင်းတို့သည် မြေနှင့် ထိခြင်း။ (ဒီ၊ဋီ၊၂၊၁၉၇။)♦

စကြဝတေးမင်းမိဖုရား၏ အနံ့ ၂ မျိုး

၁။ ခန္ဓာကိုယ်မှ စန္ဒကူးနံ့ ထွက်ခြင်း၊
၂။ ပါးစပ်မှ ကြာညိုပန်း အနံ့ ထွက်ခြင်း။ (အံ၊ဋ္ဌ၊၁၊၂၀။)♦

စကြာရတနာ ကွယ်ကြောင်း ၂ ပါး

၁။ စကြဝတေးမင်း နတ်ရွာလားခြင်း၊
၂။ စကြဝတေးမင်း ရဟန်း ပြုခြင်း။ (မ၊ဋ္ဌ၊၄၊၈၅။) (အံ၊ဋ္ဌ၊၁၊၃၆၂။)♦

စကြာရတနာကို လည်စေသော စကြဝတေးမင်း၏ အင်္ဂါ ၅ ပါး

၁။ အကျိုးစီးပွားကိုလည်း သိခြင်း၊ ၂။(ရှေးအစဉ်အလာ) တရားကိုလည်း သိခြင်း၊
၃။ အတိုင်းအရှည်ကိုလည်း သိခြင်း၊
၄။ အခါကာလကိုလည်း သိခြင်း၊
၅။ ပရိသတ်ကိုလည်း သိခြင်း။ (အံ၊၂၊၁၃၀။) (အံ၊မြန်၊၂။ ၁၆၂-၁၆၃။)♦

စကား ၅ မျိုး

၁။ သင့်လျော်သော အချိန်အခါ၌ ပြောသော စကားနှင့် မသင့်လျော်သော အချိန်အခါ၌ ပြောသော စကား၊
၂။ ဟုတ်မှန်စကားနှင့် မဟုတ်မမှန်သော စကား၊
၃။ သိမ်မွေ့နူးညံ့စွာ ပြောသော စကားနှင့် ရုန့်ရင်းကြမ်းတမ်းစွာ ပြောဆိုသော စကား၊
၄။ အကျိုးရှိသော စကားနှင့် အကျိုးမရှိသော စကား၊
၅။ မေတ္တာစိတ်ဖြင့် ပြောသော စကားနှင့် ဒေါသစိတ်ဖြင့် ပြောသော စကား။ (စောဒကရဟန်း မိမိသန္တာန်၌ တည်စေရမည့် တရား ၅ ပါး လည်းကြည့်ပါ။)(မ၊၁၊၁၇၈။) (ဝိ၊ဋ္ဌ၊၂၊၁၇၇။)(မ၊မြန်၊၁။၁၈၁။)♦

စကား ၆ ခွန်း

၁။ မှန်လည်းမမှန် အကျိုးလည်းမရှိ သူအများလည်း မနှစ်သက်သော စကား၊
၂။ မှန်၏ အကျိုးကားမရှိ သူအများလည်းမနှစ်သက်သော စကား၊
၃။ မှန်၏ အကျိုးရှိ၏ သူအများမနှစ်သက်သော စကား၊ [ဤစကားမျိုးကို မြတ်စွာဘုရားရှင်တို့သည် အခါကာလကို ကြည့်၍ ပြောဆိုတော်မူသည်။]
၄။ မမှန် အကျိုးမရှိ သူတစ်ပါးနှစ်သက်သော စကား၊
၅။ မှန်၏ အကျိုးကားမရှိ သူအများကား နှစ်သက်သော စကား၊
၆။ မှန်၏ အကျိုးလည်းရှိ၏ သူအများလည်း နှစ်သက်သော စကား။ [ဤစကားမျိုးကို မြတ်စွာဘုရားရှင်တို့သည် အခါ များစွာ ပြောဆိုတော်မူသည်။] (ဒီ၊၃၊၁၁၁။)(မ၊၂၊၅၇။)(မ၊၃၊၂၇၇။)(ဝိ၊ဋ္ဌ၊၁၊၈၉။)(စူဠနိ၊ဋ္ဌ၊၃၅။)♦

စကား၏ တည်ရာ ၁၀ မျိုး

၁။ အလိုနည်းခြင်းနှင့် စပ်သော စကား- အပ္ပိစ္ဆကထာ၊
၂။ ရောင့်ရဲ တင်းတိမ်ခြင်းနှင့် စပ်သော စကား- သန္တုဋ္ဌိကထာ၊
၃။ ဆိတ်ငြိမ်ကြောင်း ပြောသော စကား- ပဝိဝေကကထာ၊
၄။ နှီးနှောခြင်း ကင်းသော အကြောင်းအရာနှင့် စပ်သော စကား- အသံသဂ္ဂ ကထာ၊
၅။ လုံ့လဝီရိယ အားထုတ်ခြင်းနှင့် စပ်သော စကား- ဝီရိယာရမ္ဘကထာ၊
၆။ သီလနှင့် စပ်သော စကား- သီလကထာ၊
၇။ သမာဓိနှင့် စပ်သော စကား- သမာဓိကထာ၊
၈။ ပညာနှင့် စပ်သော စကား- ပညာကထာ၊
၉။ အရဟတ္တဖိုလ်နှင့် စပ်သော စကား- ဝိမုတ္တိကထာ၊
၁၀။ ပစ္စဝေက္ခဏာဉာဏ်နှင့် စပ်သော စကား- ဝိမုတ္တိဉာဏဒဿနကထာ။ (အံ၊၃၊၃၅၉။) (သာရတ္ထ၊ဋီ၊၃၊၄၀၂။) (ဝိမတိ၊၂၊၂၄၃။) (အံ၊ဋီ၊၁၊၁၅၈။) (ဝိသုဒ္ဓိ၊ဋီ၊၁၊၁၄၈။) (အံ၊မြန်၊၃။၃၅၆။)♦

စကား၏ တည်ရာ ၃ ပါး

၁။ အတိတ်ကာလကို အကြောင်းပြု၍ အတိတ်ကာလ၌ ဤသို့ ဖြစ်ခဲ့ပြီဟု ပြောဆိုခြင်း၊
၂။ အနာဂတ်ကာလကို အကြောင်းပြု၍ အနာဂတ်ကာလ၌ ဤသို့ ဖြစ်လတ္တံ့ဟု ပြောဆိုခြင်း၊
၃။ ပစ္စုပ္ပန်ကာလကို အကြောင်းပြု၍ ယခုအခါ၌ ဤသို့ ဖြစ်ဆဲဖြစ်၏ဟု ပြောဆိုခြင်း။ (အဘိ၊က၊၃၇၂-၃၇၃။) (အဘိ၊က၊မြန်၊၂။၂၅၈။)♦

စကားကောင်း၏ အင်္ဂါ ၄ ပါး

၁။ အပြစ်မရှိမူ၍ ကောင်းစွာ ဆိုခြင်း (သုဘာသိတဝါစာ)၊
၂။ တရားနှင့် ညီခြင်း (ဓမ္မဝါစာ)၊
၃။ ချစ်ခင်ဖွယ် ဆိုခြင်း (ပိယဝါစာ)၊
၄။ အမှန်ကို ဆိုခြင်း (သစ္စဝါစာ) ။ (သံ၊၁၊၁၉၀။) (သံ၊မြန်၊၁။၁၇၈။)♦

စကားနည်းသော ပုဂ္ဂိုလ်၏ အကျိုး ၅ ပါး

၁။ မဟုတ်မမှန် မပြောမိခြင်း၊
၂။ ကုန်းတိုက် စကားကို မပြောမိခြင်း၊
၃။ ကြမ်းတမ်းသော စကားကို မပြောမိခြင်း၊
၄။ ပြိန်ဖျင်းသော စကားကို မပြောမိခြင်း၊
၅။ နတ်ပြည်သို့ ရောက်ရခြင်း။ (အံ၊၂၊၂၂၂။) (အံ၊မြန်၊၂။၂၈၀။)♦

စကားပြောစဉ် မိမိသန္တာန်၌ ဖြစ်စေရမည့် တရား ၅ ပါး

၁။ ပြောဆိုသင့်သော အချိန်အခါ ရောက်မှသာ ပြောဆို၍ အချိန်အခါ မဟုတ်သည်၌ မပြောဆိုခြင်း၊
၂။ ဟုတ်မှန်သော စကား ကိုသာ ပြောဆို၍ မဟုတ်မမှန်သော စကားကို မပြောဆိုခြင်း၊
၃။ သိမ်မွေ့နူးညံ့သော စကား ဖြင့်သာ ပြောဆို၍ ရိုင်းစိုင်းကြမ်းတမ်းသော စကားဖြင့် မပြောဆိုခြင်း၊
၄။ အကျိုးစီးပွားနှင့် စပ်သော စကားကိုသာ ပြောဆို၍ အကျိုးမဲ့စကားကို မပြောဆိုခြင်း၊
၅။ မေတ္တာစိတ်ဖြင့်သာ ပြောဆို၍ ဒေါသစိတ်ဖြင့် မပြောဆိုခြင်း။ (သံ၊ဋ္ဌ၊၃၊၇၄။)♦

စကားဖြစ်ကြောင်း ၃ မျိုး

၁။ လွန်လေပြီးကာလက ဤသို့ ဖြစ်ဖူးပြီဟု လွန်လေပြီးကာလကို အကြောင်းပြု၍ စကားကို ပြောဆိုခြင်း၊
၂။ လာလတ္တံ့ကာလ၌ ဤသို့ ဖြစ်လိမ့်မည်ဟု လာလတ္တံ့ ကာလကို အကြောင်းပြု၍ စကားကို ပြောဆိုခြင်း၊
၃။ ယခုဖြစ်ဆဲကာလ၌ ဤသို့ ဖြစ်နေ၏ဟု ဖြစ်ဆဲသော ကာလကို အကြောင်းပြု၍ စကားကို ပြောဆိုခြင်း။ (ဒီ၊၃၊၁၈၄။) (အံ၊၁၊၁၉၇။) (ဒီ၊မြန်၊၃။၂၀၄။) (အံ၊မြန်၊၁။၂၁၅။)♦

စကားဖြစ်ပေါ်ကြောင်း ၃ မျိုး

၁။ တရားဟောသူ အနက်ကိုလည်း သိ၍ ပါဠိကိုလည်း သိခြင်း၊
၂။ တရားနာသူ အနက်ကိုလည်း သိ၍ ပါဠိကိုလည်း သိခြင်း၊
၃။ တရားဟော တရားနာ နှစ်ယောက်စလုံး အနက်ကိုလည်း သိ၍ ပါဠိကိုလည်း သိခြင်း။ (အံ၊၁၊၁၄၉။) (အံ၊မြန်၊၁။၁၆၈။)♦

စကားများသော ပုဂ္ဂိုလ်၏ အပြစ် ၅ ပါး

၁။ မဟုတ်မမှန်သော စကားကို ပြောမိတတ်ခြင်း၊
၂။ ကုန်းတိုက်စကားကို ပြောမိတတ်ခြင်း၊
၃။ ကြမ်းတမ်းသော စကားကို ပြောမိတတ်ခြင်း၊
၄။ ပြိန်ဖျင်းသော စကားကို ပြောမိတတ်ခြင်း၊
၅။ သေလွန်ပြီးနောက် အပါယ်ငရဲသို့ ကျရောက် တတ်ခြင်း။ (အံ၊၂၊၂၂၂။) (အံ၊မြန်၊၂။၂၇၉။) (အံ၊မြန်၊၂။၂၇၉-၂၈၀။)♦

စက္ကဝါက်ငှက်၏ အင်္ဂါ ၃ ပါး

၁။ စက္ကဝါက်ငှက်သည် သက်ဆုံးတိုင်အောင် အဖော်ကို မစွန့်ခြင်း (ထို့အတူ ယောဂီပုဂ္ဂိုလ်သည် အသက်ဆုံးသည်တိုင်အောင် အသင့်အားဖြင့် နှလုံးသွင်းမှု ယောနိသော မနသိကာရကို မစွန့်ခြင်း)၊
၂။ စက္ကဝါက်ငှက်သည် မှော်သေးမှော်ညှင်းကိုသာ စားလျက် ရောင့်ရဲခြင်းကြောင့် အားအင်နှင့်အဆင်းမှ မဆုတ်ယုတ်ခြင်း (ထို့အတူ ယောဂီ ပုဂ္ဂိုလ်သည် ရရသမျှဖြင့် ရောင့်ရဲလျက် ကမ္မဋ္ဌာန်းအလုပ် အားထုတ်သဖြင့် သီလ, သမာဓိ, ပညာ, ဝိမုတ္တိ, ဝိမုတ္တိဉာဏ်အမြင်မှ မဆုတ်ယုတ်ခြင်း, ကုသိုလ်တရားတို့မှလည်း မဆုတ်ယုတ်ခြင်း)၊
၃။ စက္ကဝါက်ငှက်သည် သတ္တဝါတို့အား မညှဉ်းဆဲခြင်း (ထို့အတူ ယောဂီပုဂ္ဂိုလ်သည် သတ္တဝါ တို့၌ တုတ် ဓားလက်နက်ကို ချထားအပ်သည်ဖြစ်၍ သတ္တဝါတို့၏ အစီးအပွားကို စောင့်ရှောက်ခြင်း)။ (မိလိန္ဒ၊၃၈၆။) (မိလိန္ဒ၊မြန်။၄၀၈။)♦

စက္ခာယတနစသည်က စက္ခုသမ္ဖဿစသည်အား ကျေးဇူးပြုတတ်သော ပစ္စည်း ၆ မျိုး

၁။ နိဿယ ပစ္စည်း၊
၂။ ပုရေဇာတပစ္စည်း၊
၃။ ဣန္ဒြိယပစ္စည်း၊
၄။ ဝိပ္ပယုတ္တပစ္စည်း၊
၅။ အတ္ထိပစ္စည်း၊
၆။ အဝိဂတပစ္စည်း။ (အဘိ၊ဋ္ဌ၊၂၊၁၆၉။)♦

စက္ခု ၂ မျိုး

၁။ ဒိဗ္ဗစက္ခု- နတ်တို့၏ မျက်စိ၊
၂။ ပညာစက္ခု- ပညာမျက်စိ။ (ယမက၊၁၊၇၅-၇၆။) (ယမက၊၁၊၇၈။) (ယမက၊၁၊၁၉၈။)♦

စက္ခု ၂ မျိုး

၁။ မံသစက္ခု- ပသာဒရုပ်, အသားမျက်စိ၊
၂။ ပညာစက္ခု- ဉာဏ်မျက်စိ။ (သံ၊ဋ္ဌ၊၂၊၂၉၆။) (သံ၊ဋ္ဌ၊၃၊၁။) (အဘိ၊ဋ္ဌ၊၁၊၃၄၄။) (ပဋိသံ၊ဋ္ဌ၊၁၊၇၃။) (ဗုဒ္ဓဝံ၊ဋ္ဌ၊၄၉။) (သာရတ္ထ၊ဋီ၊၃၊၂၀၉။)♦

စက္ခု ၃ မျိုး

၁။ ဗုဒ္ဓစက္ခု- ဣန္ဒြိယပရောပရိယတ္တဉာဏ်, အာသယာနုသယဉာဏ်၊
၂။ သမန္တစက္ခု- သဗ္ဗညုတဉာဏ်၊
၃။ ဓမ္မစက္ခု- အောက် မဂ်ဉာဏ် (၃) ပါး။ (သံ၊ဋ္ဌ၊၁၊၁၈၃။)♦

စက္ခု ၃ မျိုး

၁။ မံသစက္ခု၊
၂။ ဒိဗ္ဗစက္ခု၊
၃။ ပညာစက္ခု။ (ဒီ၊၃၊၁၈၃။) (ခုဒ္ဒက၊၂၃၁။) (ဒီ၊မြန်၊၃။၂၀၄။) (အဘိ၊က၊၁၉၁။) (အဘိ၊က၊မြန်၊၁။၃၂၈။) (ခုဒ္ဒက၊မြန်။၂၁၅။)♦

စက္ခု ၅ မျိုး

၁။ မံသစက္ခု (ပကတိမျက်စိ)၊
၂။ ဒိဗ္ဗစက္ခု (နတ်မျက်စိ)၊
၃။ ပညာစက္ခု (ပညာမျက်စိ)၊
၄။ ဗုဒ္ဓစက္ခု (ဘုရားမျက်စိ)၊
၅။ သမန္တစက္ခု (သဗ္ဗညုတဉာဏ်မျက်စိ)။ (မဟာနိ၊၃၅၆။) (စူဠနိ၊ ၁၇၃။) (စူဠနိ၊၁၉၉။) (သုတ္တနိ၊ဋ္ဌ၊၁၊၃၈။)♦

စက္ခု ၅ မျိုး (တစ်နည်း)

၁။ ဗုဒ္ဓစက္ခု- ဘုရားရှင်တို့၏ ဉာဏ်အမြင်၊
၂။ ဓမ္မစက္ခု- သတ္တ, ဇီဝမဖက် သက်သက်သော သစ္စာ ၄ ပါး တရားကို သိမြင် ထင်စွာပြုတတ်သော မျက်စိ(ဉာဏ်)၊
၃။ ဒိဗ္ဗ စက္ခု- နတ်တို့၏ မျက်စိ၊
၄။ ပညာစက္ခု- ပညာမျက်စိ၊
၅။ သမန္တစက္ခု- ထက်ဝန်းကျင်ကို မြင်စွမ်းနိုင်သော သဗ္ဗညုတဉာဏ်တော်။ (ဣတိဝုတ်၊ဋ္ဌ၊၁၅၉။)♦

စက္ခုဝိညာဏ် ၂ မျိုး

၁။ ကုသိုလ်ဝိပါက် စက္ခုဝိညာဏ်၊
၂။ အကုသိုလ်ဝိပါက် စက္ခုဝိညာဏ် (သောတ စသည်လည်း နည်းတူ)။ (အဘိ၊ဋ္ဌ၊၂၊၁၄၃။)♦

စက္ခုဝိညေယျရူပ ၂ မျိုး

၁။ သေဝိတဗ္ဗ စက္ခုဝိညေယျရူပ- စက္ခုဝိညာဉ်ဖြင့် သိအပ်သော ရူပါရုံကို မှီဝဲသော ပုဂ္ဂိုလ်အား အကုသိုလ်တရားများ ယုတ်လျော့၍ ကုသိုလ်တရားများ တိုးပွားလာ သဖြင့် မှီဝဲအပ်သော စက္ခုဝိညေယျရူပ၊
၂။ အသေဝိတဗ္ဗ စက္ခုဝိညေယျရူပ- စက္ခုဝိညာဉ်ဖြင့် သိအပ်သော ရူပါရုံကို မှီဝဲသော ပုဂ္ဂိုလ်အား အကုသိုလ်တရားများတိုးပွား၍ ကုသိုလ်တရားများ ယုတ်လျော့သွားသဖြင့် မမှီဝဲအပ်သော စက္ခုဝိညေယျရူပ။ (ဒီ၊၂၊၂၂၄။) (ဒီ၊မြန်၊၂။၂၅၂။)♦

စက္ခုသမ္ဖဿစသည်က စက္ခုသမ္ဖဿဇာဝေဒနာ စသည်အား ကျေးဇူးပြုတတ်သော ပစ္စည်း ၈ မျိုး

၁။ သဟဇာတပစ္စည်း၊
၂။ အညမညပစ္စည်း၊
၃။ နိဿယပစ္စည်း၊
၄။ ဝိပါကပစ္စည်း၊
၅။ အာဟာရ ပစ္စည်း၊
၆။ သမ္ပယုတ္တပစ္စည်း၊
၇။ အတ္ထိပစ္စည်း၊
၈။ အဝိဂတပစ္စည်း။ (အဘိ၊ဋ္ဌ၊၂၊၁၇၀။)♦

စက် ၄ မျိုး

ကျေးဇူးများသော ဗဟုကာရတရား ၄ ပါးနှင့် တူသည်။ ♦

စက် ၄ မျိုး

၁။ ပတိရူပဒေသဝါသစက်- သင့်လျော်သောအရပ်၌ နေရခြင်း၊
၂။ သပ္ပုရိသူပနိဿယ စက်-သူတော်ကောင်းတို့ကို မှီဝဲဆည်းကပ်ရခြင်း၊
၃။ အတ္တသမ္မာပဏိဓိစက်- ကိုယ် စိတ်ကို ကောင်းစွာထားခြင်း, သဒ္ဓါတရားစသည်တို့၌ တည်စေခြင်း။
၄။ ပုဗ္ဗေကတပုညတာစက်- ရှေး၌ ပြုအပ်ခဲ့သော ကောင်းမှုရှိခြင်း။ (ပေဋကော၊၂၅၄။)♦

စက်၅ မျိုး

၁။ ဒါရုစက္က- သစ်သားဖြင့် ပြုအပ်သော စက်၊
၂။ ရတနစက္က- စကြာရတနာ၊
၃။ ဓမ္မစက္က- ဓမ္မစကြာတရား၊
၄။ ဣရိယာပထစက္က- ဣရိယာပုတ် (၄) ပါးဟူသော စက်၊
၅။ သမ္ပတ္တိ စက္က- ပြည့်စုံမှုဟူသော စက်။ မှတ်ချက်။ ။ ဤ၌စက်ဟူသည် ဘီးကို ဆိုလိုသည်၊ မီးစက် စသည်ကဲ့သို့သော စက်မျိုး မဟုတ်)။ (ဒီ၊ဋ္ဌ၊၃၊၂၄၃။) (ပဋိသံ၊ဋ္ဌ၊၁၊၂၇၂။) (အံ၊ဋီ၊၂၊၂၈၀။)♦

စင်ကြယ်ခြင်း ၂ မျိုး

၁။ အကျင့်သီလ၏ စင်ကြယ်ခြင်း သီလဝိသုဒ္ဓိ၊
၂။ ဉာဏ်အမြင် အယူ၏ စင်ကြယ်ခြင်း ဒိဋ္ဌိဝိသုဒ္ဓိ။ (အံ၊၁၊၉၄။) (အံ၊မြန်၊၁။၁၁၀။)♦

စင်ကြယ်ခြင်း ၃ မျိုး

၁။ ကိုယ်၏ စင်ကြယ်ခြင်း၊
၂။ နှုတ်၏ စင်ကြယ်ခြင်း၊
၃။ စိတ်၏ စင်ကြယ်ခြင်း။ (ဒီ၊၃၊၁၈၄။) (ဒီ၊မြန်၊၃။၂၀၄။) (အံ၊၁၊၂၇၅။) (အံ၊မြန်၊၁။၂၉၃။)♦

စင်ကြယ်ခြင်း ၄ မျိုး

၁။ ဒေသနာသုဒ္ဓိ- ဒေသနာပြောကြားခြင်းကြောင့် ပါတိမောက္ခသံဝရ သီလ၏ စင်ကြယ်ခြင်း၊
၂။ သံဝရသုဒ္ဓိ- နောင်မပြုလုပ်တော့ဟု စောင့်စည်းခြင်းကြောင့် ဣန္ဒြိယသံဝရ သီလ၏ စင်ကြယ်ခြင်း၊
၃။ ပရိယေဋ္ဌိသုဒ္ဓိ- တရားသဖြင့် ပစ္စည်းလေးပါးတို့ကို ရှာမှီး ခြင်းကြောင့် အာဇီဝပါရိသုဒ္ဓိသီလ၏ စင်ကြယ်ခြင်း၊
၄။ ပစ္စဝေက္ခဏာသုဒ္ဓိ- ပစ္စည်းလေးပါး တို့ကို ပစ္စဝေက္ခဏာဆင်ခြင်၍ သုံးစွဲသောကြောင့် ပစ္စယပရိဘောဂသန္နိဿိတသီလ၏ စင်ကြယ်ခြင်း။ (ဝိ၊ဋ္ဌ၊၂၊၂၇၂-၂၇၃။) (ဝိသုဒ္ဓိ၊၁၊၄၁။)♦

စင်ကြယ်ခြင်း ၅ မျိုး

၁။ နိဒါန်းကို ပြပြီး၍ အကြွင်းကို သုတသဒ္ဒါဖြင့် ကြားခြင်း၊
၂။ နိဒါန်းနှင့် ပါရာဇိက လေးပါးကို ပြပြီး၍ အကြွင်းကို သုတသဒ္ဒါဖြင့် ကြားခြင်း၊
၃။ နိဒါန်း ပါရာဇိက လေးပါးနှင့် သံဃာဒိသိသ် တစ်ဆယ့်သုံးပါးကို ပြပြီး၍ အကြွင်းကို သုတသဒ္ဒါဖြင့် ကြားခြင်း၊
၄။ နိဒါန်း ပါရာဇိကလေးပါး သံဃာဒိသိသ်တစ်ဆယ့်သုံးပါးနှင့် အနိယတနှစ်ပါးတို့ကို ပြပြီး၍ အကြွင်းကို သုတသဒ္ဒါဖြင့် ကြားခြင်း၊
၅။ ပါတိမောက်ကို အကျယ်ပြခြင်း။ (ဝိ၊၅၊၃၂၈။) (ဝိ၊မြန်၊၅။၄၂၉။)♦

စင်္ကြံလမ်း၏ အပြစ် ၅ ပါး

၁။ ထဒ္ဓဝိသမတာ- ကြမ်းတမ်း၍ မညီမညွတ်သော မြေအဖို့ ရှိခြင်း၊
၂။ အန္တောရုက္ခတာ- စင်္ကြံလမ်းအတွင်း၌ သစ်ပင် ရှိခြင်း၊
၃။ ဂဟနစ္ဆန္နတာ- မြက်, နွယ်, ချုံတို့ဖြင့် ဖုံးလွှမ်းနေခြင်း၊
၄။ အတိသမ္ဗာဓတာ- အလွန်ကျဉ်းမြောင်းခြင်း၊
၅။ အတိဝိသာလတာ- အလွန် ကျယ်ပြန့်ခြင်း။ (အဘိ၊ဋ္ဌ၊၁၊၃၇။) (အပ၊ဋ္ဌ၊၁၊၉။) (ဗုဒ္ဓဝံ၊ဋ္ဌ၊၉၇။)(ဇာ၊ဋ္ဌ၊၁၊၉။)♦

စင်္ကြံလျှောက်ခြင်း၏ အကျိုး ၅ ပါး

၁။ ခရီးရှည် သွားနိုင်ခြင်း၊
၂။ ကြိုးစား အားထုတ်နိုင်ခြင်း၊
၃။ အနာရောဂါ ကင်းခြင်း၊
၄။ အစာအာဟာရသည် ကောင်းစွာ ကြေကျက်နိုင်ခြင်း၊
၅။ တည်ကြည်မှု (သမာဓိ) သည် ကြာမြင့်စွာ တည်တံ့နိုင်ခြင်း။ (အံ၊၂၊၂၄။) (အံ၊မြန်၊၂။၃၂။)♦

စစ်ဆင်နည်း ၃ မျိုး

၁။ သကဋဗျူဟာ- လှည်းဦးသဏ္ဌာန်ကဲ့သို့ စစ်ဆင်ခြင်း၊
၂။ စက္ကဗျူဟာ- စက်ဝန်း ကဲ့သို့ စစ်ဆင်ခြင်း၊
၃။ ပဒုမဗျူဟာ- ပဒုမာကြာကဲ့သို့ စစ်ဆင်ခြင်း။ (ဇာ၊ဋ္ဌ၊၂၊၃၆၃။) (ဇာ၊ဋ္ဌ၊၄၊၃၄၃။)♦

စစ်တပ် ၄ မျိုး

၁။ ဆင်တပ်၊
၂။ မြင်းတပ်၊
၃။ ရထားတပ်၊
၄။ ခြေလျင်တပ်။ (ဝိ၊၂၊၁၄၀။) (ဝိ၊၂၊၁၄၃။) (ဝိ၊မြန်၊၂။၁၅၈၊၁၆၁။) (ဝိ၊မြန်၊၂။၁၅၈၊၁၆၁။)♦

စစ်တပ်အင်္ဂါ ၄ ပါး

၁။ ဆင်တစ်စီး၌ လက်နက်ကိုင်စစ်သား ဆယ့်နှစ်ယောက် ရှိခြင်း၊
၂။ မြင်း တစ်စီး၌ လက်နက်ကိုင်စစ်သား သုံးယောက် ရှိခြင်း၊
၃။ ရထားတစ်စီး၌ လက်နက်ကိုင် စစ်သား လေးယောက် ရှိခြင်း၊
၄။ ခြေလျင်တပ်သား လေးယောက် ဖြစ်ခြင်း။ (ဝိ၊ဋ္ဌ၊၃၊၁၂၅။)♦

စစ်တိုက်၍မရသော မြို့ ၂ မြို့

၁။ ဒေဝနဂရ- နတ်မြို့၊
၂။ အသုရနဂရ- အသုရာမြို့။ (သံ၊ဋ္ဌ၊၁၊၃၁၀။)♦

စစ်အင်္ဂါ ၄ ပါး

၁။ ဆင်တပ်၊
၂။ မြင်းတပ်၊
၃။ ရထားတပ်၊
၄။ ခြေလျင်တပ်။ မှတ်ချက်။ ။ ကောသ-သဒ္ဒါသည် သန်လျက်အိမ်ဟူသော အနက်ကို ဟော၏၊ သန်လျက်အိမ်သည် သန်လျက်၏ ထက်သည်၏အဖြစ်ကို ရွက်ဆောင်သကဲ့သို့၊ စစ်အင်္ဂါ ၄ ပါးလည်း မင်း၏ တန်ခိုးကို ထက်မြက်အောင် ဆောင်ရွက်တတ်သောကြောင့် သန်လျက်အိမ်နှင့် တူ၏၊ ထို့ကြောင့် စစ်အင်္ဂါ ၄ ပါးကို ကောသ-ဟု ခေါ်ဆို၏။ (ဒီ၊ဋ္ဌ၊၁၊၂၆၄။) (အံ၊ဋ္ဌ၊၃၊၄၈။) (သာရတ္ထ၊ဋီ၊၃၊၃၅၀။) (ဒီ၊ဋ္ဌ၊မြန်၊၁။၅၁၄။)♦

စည်းစိမ် ၃ မျိုး

၁။ လူ့စည်းစိမ်၊
၂။ နတ်စည်းစိမ်၊
၃။ နိဗ္ဗာန်စည်းစိမ်။ (ဓမ္မ၊ဋ္ဌ၊၂၊၁၁၉။)♦

စည်းစိမ်ပျက်ကြောင်း ၆ ပါး

၁။ သေအရက် သောက်လေ့ရှိခြင်း၊
၂။ အခါမဲ့ ခရီးသွားလာလေ့ ရှိခြင်း၊
၃။ ပွဲသဘင် ကြည့်ရှုလေ့ရှိခြင်း၊
၄။ လောင်းကစားလေ့ရှိခြင်း၊
၅။ မကောင်းသော အဆွေ ခင်ပွန်းတို့နှင့် ပေါင်းသင်းလေ့ရှိခြင်း၊
၆။ ပျင်းရိလေ့ရှိခြင်း။ (ဒီ၊၃၊၁၄၈။) (ဒီ၊မြန်၊၃။၁၆၅။)♦

စည်းစိမ်ရကြောင်း ၅ ပါး

၁။ လက်ရုံးအားကိုး ဆည်းပူး၍ ချွေးဒီးဒီးကျအောင် တရားသဖြင့် ရအပ်ကုန်သော ထကြွလုံ့လဖြင့် ရအပ်ကုန်သော စည်းစိမ်တို့ဖြင့် မိမိကိုယ်ကို ချမ်းသာ စေခြင်း၊ မိဘတို့ကို ချမ်းသာစေခြင်း၊ သားမယား ကျွန်အမှုလုပ်တို့အား ချမ်းသာစေခြင်း၊
၂။ လက်ရုံးအားကိုး ဆည်းပူး၍ ချွေးဒီးဒီးကျအောင် တရားသဖြင့် ရအပ်ကုန်သော ထကြွ လုံ့လဖြင့် ရအပ်ကုန်သော စည်းစိမ်တို့ဖြင့် အဆွေခင်ပွန်း ချစ်ကျွမ်းဝင်သူတို့ကို ချမ်းသာ စေခြင်း၊
၃။ လက်ရုံးအားကိုး ဆည်းပူး၍ ချွေးဒီးဒီးကျအောင် တရားသဖြင့် ရအပ်ကုန်သော ထကြွလုံ့လဖြင့် ရအပ်ကုန်သော စည်းစိမ်တို့ဖြင့် မီး၊ ရေ၊ မင်း၊ ခိုးသူ မချစ်မနှစ်သက်အပ်သော အမွေခံဆိုးတို့ကြောင့် ဖြစ်ပေါ်လာသော ဘေးရန်တို့ကို ပိတ်ဆို့၍ မိမိကိုယ်ကို ချမ်းသာ စေခြင်း၊
၄။ လက်ရုံးအားကိုး ဆည်းပူး၍ ချွေးဒီးဒီးကျအောင် တရားသဖြင့် ရအပ်ကုန်သော ထကြွလုံ့လဖြင့် ရအပ်ကုန်သော စည်းစိမ်တို့ဖြင့် ဆွေမျိုးတို့အား ပူဇော်ခြင်း၊ ဧည့်သည် တို့အား ပူဇော်ခြင်း၊ ရှေးက သေပြီးသော ဆွေမျိုးတို့အား ပူဇော်ခြင်း၊ မင်းအား ပူဇော်ခြင်း၊ နတ်တို့အား ပူဇော်ခြင်းဟူသော ငါးပါးသော ပူဇော်ခြင်းကို ပြုလုပ်ခြင်း၊
၅။ လက်ရုံးအားကိုး ဆည်းပူး၍ ချွေးဒီးဒီးကျအောင် တရားသဖြင့် ရအပ်ကုန်သော ထကြွလုံ့လဖြင့် ရအပ် ကုန်သော စည်းစိမ်တို့ဖြင့် ငြိမ်းအေးကုန်သော သမဏ ဗြာဟ္မဏတို့၌ မြတ်သော အလှူကို ဖြစ်စေခြင်း။ (အံ၊၂၊၃၈။) (အံ၊မြန်၊၂။၄၉။)♦

စည်းစိမ်ဥစ္စာ ကြာမြင့်စွာ တည်ကြောင်း ၄ မျိုး

၁။ ပျောက်သော ပစ္စည်းကို ရှာခြင်း၊
၂။ ဆွေးမြေ့သော ပစ္စည်းဟောင်းကို ထပ်မံ၍ ပြုပြင်ခြင်း၊
၃။ အတိုင်းအရှည်သိသဖြင့် စားသောက်ခြင်း၊
၄။ အကျင့်သီလရှိသူကို ဘဏ္ဍာစိုးအရာ၌ ထားခြင်း။ (အံ၊၁၊၅၇၂။) (အံ၊မြန်၊၁။၅၈၆။)♦

စည်းစိမ်ဥစ္စာ ကြာမြင့်စွာ မတည်ကြောင်း ၄ မျိုး

၁။ ပျောက်သော ပစ္စည်းကို မရှာခြင်း၊
၂။ ဆွေးမြေ့ ဟောင်းနွမ်းသော ပစ္စည်းကို မပြုပြင်ခြင်း၊
၃။ အတိုင်းအရှည်မရှိ စားသောက်ခြင်း၊
၄။ သီလ မရှိသူကို အကြီးအမှူးဘဏ္ဍာစိုးအရာ၌ ထားခြင်း။ (အံ၊၁၊၅၇၂။) (အံ၊မြန်၊၁။၅၈၆။)♦

စည်းစိမ်ဥစ္စာ တိုးပွားကြောင်း ၄ ပါး

၁။ မိန်းမ မလိုက်စားခြင်း၊
၂။ သေသောက် မကြူးခြင်း၊
၃။ အလောင်းအစား မကြူးခြင်း၊
၄။ ကောင်းသော အဆွေခင်ပွန်း ရှိခြင်း။ (အံ၊၃၊၁၀၉၊၁၁၂။) (အံ၊မြန်၊၃။၁၀၈၊၁၁၂။)♦

စည်းစိမ်ဥစ္စာ ပျက်စီးကြောင်း ၄ ပါး

၁။ မိန်းမလိုက်စားခြင်း၊
၂။ သေသောက်ကြူးခြင်း၊
၃။ အလောင်း အစားကြူးခြင်း၊
၄။ ယုတ်မာသော အဆွေခင်ပွန်း ရှိခြင်း။ (အံ၊၃၊၁၀၉။) (အံ၊၃၊၁၁၂။) (အံ၊မြန်၊၃။၁၀၈၊၁၁၂။) (အံ၊မြန်၊၃။၁၀၈၊၁၁၂။)♦

စည်းစိမ်ဥစ္စာတို့၏ အကျိုး ၅ ပါး

၁။ စည်းစိမ်ဥစ္စာတို့ကို အမှီပြု၍ မိမိကိုယ်ကို ချမ်းသာ နှစ်သက်စေခြင်း၊
၂။ စည်းစိမ်ဥစ္စာတို့ကို အမှီပြု၍ အမိအဖတို့ကို ချမ်းသာ နှစ်သက်စေခြင်း၊
၃။ စည်းစိမ်ဥစ္စာတို့ကို အမှီပြု၍ သားမယားနှင့် ကျွန်အလုပ်သမားတို့ကို ချမ်းသာ နှစ်သက် စေခြင်း၊
၄။ စည်းစိမ်ဥစ္စာတို့ကို အမှီပြု၍ မိတ်ဆွေခင်ပွန်းတို့ကို ချမ်းသာ နှစ်သက်စေခြင်း၊
၅။ စည်းစိမ်ဥစ္စာတို့ကို အမှီပြု၍ သမဏဗြာဟ္မဏတို့၌ အလှူကို ဖြစ်စေလျက် နတ်ပြည် နတ်ရွာသို့ ရောက်စေနိုင်ခြင်း။ (အံ၊၂၊၂၂၆။) (အံ၊မြန်၊၂။၂၈၈။)♦

စည်းစိမ်ဥစ္စာတို့၏ အပြစ် ၅ ပါး

၁။ မီးနှင့် ဆက်ဆံခြင်း၊
၂။ ရေနှင့် ဆက်ဆံခြင်း၊
၃။ မင်းနှင့် ဆက်ဆံခြင်း၊
၄။ ခိုးသူနှင့် ဆက်ဆံခြင်း၊
၅။ အမွေခံဆိုးနှင့် ဆက်ဆံခြင်း။ (အံ၊၂၊၂၂၆။) (အံ၊မြန်၊၂။၂၈၇-၂၈၈။)♦

စဏ္ဍပဇ္ဇောတမင်း၏ ယာဉ် ၅ ပါး

၁။ တစ်နေ့ယူဇနာငါးဆယ်သွားနိုင်သော ဘဒ္ဒဝတီဆင်မ၊
၂။ တစ်နေ့ယူဇနာတစ်ရာသွားနိုင်သော နာဠာဂီရိဆင်မ၊
၃။ တစ်နေ့ယူဇနာ နှစ်ဆယ်သွားနိုင်သော စေလကဏ္ဏမြင်း၊
၄။ တစ်နေ့ယူဇနာ နှစ်ဆယ်သွားနိုင်သော မုဉ္စကေသမြင်း၊
၅။ တစ်နေ့ယူဇနာခြောက်ဆယ်သွားနိုင်သော ကာကမည်သော ကျွန်။ (ဝိ၊ဋ္ဌ၊၃၊၃၉၉။)♦

စဏ္ဍာလဥပါသကာ၏ အင်္ဂါ ၅ ပါး

၁။ သဒ္ဓါတရား မရှိခြင်း၊
၂။ သီလ မရှိခြင်း၊
၃။ အထူးအဆန်း ဖြစ်သော မြင်မှု ကြားမှု တွေ့ထိမှုတို့ကို မင်္ဂလာဟု အယူရှိခြင်း၊
၄။ ဒိဋ္ဌသုတမုတမင်္ဂလာတို့ကို ယုံကြည်၍ ကံကို မယုံကြည်ခြင်း၊
၅။ ဘုရားရှင်၏ သာသနာတော်မှ အပဖြစ်သော အလှူခံ ပုဂ္ဂိုလ်ကို ရှာမှီး၍ ဒါန စသည် ပြုလုပ်ခြင်း။ (အံ၊ဋ္ဌ၊၂၊၂၂။)♦

စတုတ္ထဈာန်၌ ရှိသော တရား ၁၃ မျိုး

၁။ ဥပေက္ခာဝေဒနာ၊
၂။ ထက်ဝန်းကျင် စင်ကြယ်သော သတိရှိသော စိတ်၏ တည်ငြိမ်ခြင်း၊
၃။ ဖဿ၊
၄။ ဝေဒနာ၊
၅။ သညာ၊
၆။ စေတနာ၊
၇။ စိတ်၊
၈။ ဆန္ဒ၊
၉။ အဓိမောက္ခ၊
၁၀။ ဝီရိယ၊
၁၁။ သတိ၊
၁၂။ ထက်ဝန်းကျင် စင်ကြယ်သော ဥပေက္ခာ၊
၁၃။ မနသိကာရ။ (မ၊၃၊၇၆။) (မ၊မြန်၊၃။၈၀။)♦

စတုတ္ထပါဋိဒေသနီယသိက္ခာပုဒ်၌ အင်္ဂါ ၂ ပါး

၁။ ယုံမှားဖွယ်ရှိသော တောကျောင်း ဖြစ်ခြင်း၊
၂။ ခွင့်မပြုထားသော ယာဝကာလိကကို ကြိုတင်သိစေအပ်သည် မဟုတ်ဘဲ ကျောင်း အာရာမ် အတွင်း၌ ခံယူ၍ မဖျားနာဘဲ စားမျိုခြင်း။ (ဝိမတိ၊၂၊၅၈။)♦

စတုတ္ထပါဋိဒေသနီယသိက္ခာပုဒ်၌ အင်္ဂါ ၇ ပါး

၁။ ရွာမှ လေးအပြန် ငါးရာ ကွာဝေးသော တောကျောင်း ဖြစ်ခြင်း၊
၂။ ခဲဖွယ်စသော ယာဝကာလိကဝတ္ထု၏ ထိုတောကျောင်း၌ ပေါက်ရောက် ဖြစ်ထွန်းသည် မဟုတ်ခြင်း၊
၃။ ကျန်းမာသူ ဖြစ်ခြင်း၊
၄။ မကျန်းမာသော ရဟန်း၏ အကြွင်းအကျန် ဖြစ်ခြင်း၊
၅။ ကြိုတင်၍ သိစေအပ်သည် မဟုတ်သော ခဲဖွယ်ဘောဇဉ် ဖြစ်ခြင်း၊
၆။ ကျောင်းအာရာမ်အတွင်း၌ ခံယူခြင်း၊
၇။ စားမျိုခြင်း။ (သာရတ္ထ၊ဋီ၊၃၊၁၀၃။)♦

စတုတ္ထပါရာဇိက ဖြစ်ကြောင်း သမုဋ္ဌာန် ၃ ပါး

၁။ ရံခါ ကိုယ်ကြောင့်လည်းကောင်း စိတ်ကြောင့် လည်းကောင်း ဖြစ်၏၊ နှုတ်ကြောင့် မဖြစ်၊
၂။ ရံခါ နှုတ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့် လည်းကောင်း ဖြစ်၏၊
၃။ ရံခါ ကိုယ်ကြောင့်လည်းကောင်း နှုတ်ကြောင့်လည်းကောင်း စိတ်ကြောင့်လည်းကောင်း ဖြစ်၏။ (ဝိ၊၅၊၃၅၉။) (ဝိ၊မြန်၊၅။၄၆၃။)♦

စတုဘူမိကဓာတ် ၂ ပါး

၁။ မနောဝိညာဏဓာတ်၊
၂။ ဓမ္မဓာတ်။ (သံ၊ဋ္ဌ၊၂၊၁၂၁။)♦

စန္ဒကူးနီ၏ ဂုဏ် ၃ ပါး

၁။ ရဖို့ရန် ခဲယဉ်းခြင်း၊
၂။ အတူမရှိ​ ကောင်းသော အနံ့ရှိခြင်း၊
၃။ သူတော် ကောင်းတို့ ချီးမွမ်းအပ်ခြင်း။ (မိလိန္ဒ၊၃၀၇။) (မိလိန္ဒ၊မြန်။၃၂၉။)♦

စပါးစိမ်း ၇ မျိုး

၁။ သာလိ- သလေးစပါး၊ ၂၊ ဝီဟိ- ကောက်ကြီး ကောက်ငယ်စပါး၊
၃။ ယဝ- မုယောစပါး၊
၄။ ဂေါဓူမ- နတ်ကောက်စပါး ခေါ် ဂျုံစပါး၊
၅။ ကင်္ဂု- ဆပ်စပါး၊
၆။ ဝရက- ပြောင်းစပါး၊
၇။ ကုဒြူသက- လူးစပါး။ (ဝိ၊၂၊၃၄၆။) (ဝိ၊ဋ္ဌ၊၃၊၈၉။) (ဒီ၊ဋ္ဌ၊၁၊၇၆။) (မ၊ဋ္ဌ၊၂၊၁၁၃။) (သံ၊ဋ္ဌ၊၃၊၃၃၆။) (အံ၊ဋ္ဌ၊၂၊၃၇၇။) (သာရတ္ထ၊ဋီ၊၂၊၁၃၃) (သာရတ္ထ၊ဋီ၊၂၊၁၄၄။) (ဝိ၊မြန်၊၂။၃၉၂။) (ဒီ၊ဋ္ဌ၊မြန်၊၁။၁၄၅။)♦

စပါးမျိုး ၇ မျိုး

၁။ သလေးစပါး၊ ကောက်ကြီးစပါး၊
၂။ ကောက်လတ်စပါး၊
၃။ မုယောစပါး၊ အခွံကြမ်းသော ဂျုံစပါး၊
၄။ ဆပ်စပါး၊
၅။ လူးစပါး၊
၆။ ပြောင်းစပါး၊
၇။ နတ်ကောက်စပါး၊ အခွံမကြမ်းသော ဂျုံစပါး။ (ဝိမတိ၊၁၊၁၇၅။)♦

စပါးအလှူဦး ၉ မျိုး

ကောက်ဦးအလှူ ၉ မျိုးနှင့်တူသည်။ ♦

စမ္ပေယျနဂါးမင်း ပြောဆိုအပ်သော နိမိတ် ၃ မျိုး

၁။ တစ်စုံတစ်ယောက်၏ ရိုက်နှက်ခြင်းကို ခံရလျှင် မင်္ဂလာရေကန်၌ ရေနောက်ကျိခြင်း၊
၂။ ဂဠုန်အသုတ်ခံရလျှင် ရေများ ပွက်ပွက်ဆူခြင်း၊
၃။ အလမ္ပယ်ဆရာ၏ ဖမ်းဆီးချုပ်နှောင်မှုခံရလျှင် ရေများ သွေးရောင်ဖြစ်ခြင်း။ (စရိယာ၊ဋ္ဌ၊၁၂၆။)♦

စရဏတရား ၁၅ ပါး

၁။ သီလကို စောင့်ထိန်းခြင်း၊
၂။ ဣန္ဒြေတို့၌ လုံခြုံအောင် ပိတ်ပင်ခြင်း၊
၃။ အစာစားရာ၌ အတိုင်းအရှည် သိခြင်း၊
၄။ နိုးကြားထကြွမှု ရှိခြင်း၊
၅။ သဒ္ဓါရှိခြင်း၊
၆။ သီလ ရှိခြင်း၊
၇။ မကောင်းမှုကို ပြုခြင်းမှ ရှက်ခြင်း၊
၈။ မကောင်းမှုကို ပြုခြင်းမှ ကြောက်ခြင်း၊
၉။ အကြားအမြင်ရှိခြင်း၊
၁၀။ စွန့်ကြဲပေးကမ်းခြင်း၊
၁၁။ ပညာရှိခြင်း၊
၁၂။ ရူပပဌမဈာန်၊
၁၃။ ရူပ ဒုတိယဈာန်၊
၁၄။ ရူပတတိယဈာန်၊
၁၅။ ရူပစတုတ္ထဈာန်။ (မ၊၂၊၂၁။) (ဝိ၊ဋ္ဌ၊၁၊၈၈။) (စရိယာ၊ဋ္ဌ၊၂၉၃။) (စူဠနိ၊ဋ္ဌ၊၃၄။) (ဝိသုဒ္ဓိ၊၁၊၁၉၆။) (ဒီ၊ဋီ၊၁၊၈၄။) (အံ၊ဋီ၊၂၊၃၅၁။) (မ၊မြန်၊၂။၂၄။)♦

စရိမက ၃ ပါး

၁။ ဘဝစရိမက- ဘဝ၏ အစွမ်းအားဖြင့် အဆုံးစွန်၌ ဖြစ်သော အဿာသပဿာသ၊
၂။ ဈာနစရိမက- ဈာန်၏ အစွမ်းအားဖြင့် အဆုံးစွန်၌ ဖြစ်သော အဿာသပဿာသ၊
၃။ စုတိ စရိမက- စုတိခဏ၏ အစွမ်းအားဖြင့် အဆုံးစွန်၌ ဖြစ်သော အဿာသပဿာသ။ (စူဠနိ၊ဋ္ဌ၊၆။) (ဝိသုဒ္ဓိ၊၁၊၂၈၃။)♦

စရိယ ၃ ပါး

၁။ ဝိညာဏစရိယ- ဝိညာဏ်သည်သာလျှင် (အာရုံ၌) ဖြစ်တတ် ကျက်စားတတ်သော တရား၊
၂။ အညာဏစရိယ- မသိခြင်း မောဟကြောင့် ရာဂစသည်၏ ဖြစ်ခြင်း၊
၃။ ဉာဏစရိယ- ဉာဏ်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်တို့၏ သစ္စာလေးပါးတို့၌ ကျင့်ခြင်း။ (ပဋိသံ၊၇၇။) (ပဋိသံ၊ဋ္ဌ၊၁၊၃၁။) (ပဋိသံ၊မြန်။၁၀၃။)♦

စရိယ ၈ ပါး

၁။ သမ္မာဒိဋ္ဌိဖြင့် နိဗ္ဗာန်ကို မျက်မှောက်ပြုသောအားဖြင့် မြင်ခြင်းသည် ဒဿနစရိယ၊
၂။ သမ္မာသင်္ကပ္ပဖြင့် အာရုံသို့ စိတ်ကို ရှေးရှုတင်ခြင်းသည် အဘိရောပန စရိယ၊
၃။ သမ္မာ ဝါစာဖြင့် ဝစီဒုစရိုက်လေးပါးကို စောင့်စည်းခြင်းသည် ပရိဂ္ဂဟစရိယ၊
၄။ သမ္မာကမ္မန္တဖြင့် ကာယဒုစရိုက်သုံးပါးကို စောင့်စည်းသောအားဖြင့် ဖြစ်ခြင်းသည် သမုဋ္ဌာနစရိယ၊
၅။ သမ္မာ အာဇီဝဖြင့် အသက်မွေးမှု စင်ကြယ်စွာ ဖြစ်ခြင်းသည် ဝေါဒါနစရိယ၊
၆။ သမ္မာဝါယာမဖြင့် အားထုတ်ခြင်းသည် ပဂ္ဂဟစရိယ၊
၇။ သမ္မာသတိဖြင့် ကောင်းစွာ အောက်မေ့ခြင်းအားဖြင့် ဖြစ်ခြင်းသည် ဥပဋ္ဌာနစရိယ၊
၈။ သမ္မာသမာဓိဖြင့် မပျံ့မလွင့်သော အားဖြင့် ဖြစ်ခြင်းသည် အဝိက္ခေပစရိယ။ (ပဋိသံ၊၂၁၆။) (စူဠနိ၊၂၃၃။) (ပဋိသံ၊မြန်။၂၆၇။)♦

စရိယ ၈ ပါး (တစ်နည်း)

၁။ ဣရိယာပထစရိယ- ဆုတောင်းနှင့် ပြည့်စုံသော ပုဂ္ဂိုလ်တို့၏ ဣရိယာပုတ်လေးပါးတို့၌ ကျင့်ခြင်း၊
၂။ အာယတနစရိယ- ဣန္ဒြေလုံခြုံသော ပုဂ္ဂိုလ်တို့၏ အဇ္ဈတ္တိကာယတနတို့၌ ကျင့်ခြင်း၊
၃။ သတိစရိယ- မမေ့မလျော့ နေလေ့ရှိသော ပုဂ္ဂိုလ်တို့၏ သတိပဋ္ဌာန်လေးပါးတို့၌ ကျင့်ခြင်း၊
၅။ ဉာဏစရိယ- ဉာဏ်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်တို့၏ သစ္စာလေးပါးတို့၌ ကျင့်ခြင်း၊
၆။ မဂ္ဂစရိယ- သမ္မာပဋိပတ် အကျင့်မြတ်ရှိသော ပုဂ္ဂိုလ် တို့၏ မဂ်လေးပါးတို့၌ ကျင့်ခြင်း၊
၇။ ပတ္တစရိယ- မဂ္ဂဋ္ဌာန်လေးယောက်တို့၏ ဖိုလ်လေးပါး တို့၌ ကျင့်ခြင်း၊
၈။ လောကတ္ထစရိယ- ဘုရား, ရဟန္တာ, ပစ္စေကဗုဒ္ဓါတို့၏ သတ္တဝါအားလုံး တို့အတွက် ကျင့်ခြင်း။ (စရိယာ၊ဋ္ဌ၊၁၇။)♦

စရိယ ၈ ပါး (တစ်နည်း)

၁။ သက်ဝင် ယုံကြည်သော ပုဂ္ဂိုလ်သည် သဒ္ဓါဖြင့် ကျင့်ခြင်း၊
၂။ နာယူမှတ်သားသော ပုဂ္ဂိုလ်သည် ဝီရိယဖြင့် ကျင့်ခြင်း၊
၃။ ဉာဏ်အား ရှေးရှုထင်လာသော ပုဂ္ဂိုလ်သည် သတိဖြင့် ကျင့်ခြင်း၊
၄။ မပျံ့လွင့်ခြင်းကို ပြုသော ပုဂ္ဂိုလ်သည် သမာဓိဖြင့် ကျင့်ခြင်း၊
၅။ အပြားအားဖြင့် သိသော ပုဂ္ဂိုလ်သည် ပညာဖြင့် ကျင့်ခြင်း၊
၆။ အထူးထူး သိသော ပုဂ္ဂိုလ်သည် ဝိညာဏစရိယဖြင့် ကျင့်ခြင်း၊
၇။ ကုသိုလ်တရားတို့ကို ဖြစ်စေသော ပုဂ္ဂိုလ်သည် အာယတနစရိယဖြင့် ကျင့်ခြင်း၊
၈။ ဤသို့ကျင့်သော ပုဂ္ဂိုလ်သည် တရားထူးကို ရ၏ဟု ဝိသေသစရိယဖြင့် ကျင့်ခြင်း။ (ပဋိသံ၊၂၁၆။) (ပဋိသံ၊၄၀၁။) (အပ၊ဋ္ဌ၊၁၊၁၄၈။) (အပ၊ဋ္ဌ၊၁၊၁၆၉။) (ပဋိသံ၊မြန်။၂၆၇။) (ပဋိသံ၊မြန်။၄၆၃။)♦

စရိယ ၈ ပါး (တစ်နည်း)

၁။ ဒဿနစရိယဖြင့် သမ္မာဒိဋ္ဌိကို ကျင့်ခြင်း၊
၂။ အဘိနိရောပန စရိယဖြင့် သမ္မာသင်္ကပ္ပကို ကျင့်ခြင်း၊
၃။ ပရိဂ္ဂဟစရိယဖြင့် သမ္မာဝါစာကို ကျင့်ခြင်း၊
၄။ သမုဋ္ဌာန စရိယဖြင့် သမ္မာကမ္မန္တကို ကျင့်ခြင်း၊
၅။ ဝေါဒါနစရိယဖြင့် သမ္မာအာဇီဝကို ကျင့်ခြင်း၊
၆။ ပဂ္ဂဟစရိယဖြင့် သမ္မာဝါယာမကို ကျင့်ခြင်း၊
၇။ ဥပဋ္ဌာနစရိယဖြင့် သမ္မာသတိကို ကျင့်ခြင်း၊
၈။ အပဝိက္ခေပစရိယဖြင့် သမ္မာသမာဓိကို ကျင့်ခြင်း။ (အပ၊ဋ္ဌ၊၁၊၁၄၈။)♦

စရိယ ၈ ပါး (တစ်နည်း)

၁။ ဣရိယာပထစရိယ- ဣရိယာပုတ် လေးပါးတို့၌ ဣရိယာပုတ် ဖြစ်ခြင်း၊
၂။ အာယတနစရိယ- အဇ္ဈတ္တိကဗာဟိရာယတနခြောက်ပါးတို့၌ သတိသမ္ပဇဉ်တို့၏ ဖြစ်ခြင်း၊
၃။ သတိစရိယ- သတိပဋ္ဌာန် လေးပါးတို့၌ ကျင့်ဖြစ်ခြင်း၊
၄။ သမာဓိစရိယ- ဈာန်လေးပါးတို့၌ သမာဓိဖြစ်ခြင်း၊
၅။ ဉာဏစရိယ- အရိယသစ္စာလေးပါးတို့၌ ဉာဏ် ဖြစ်ခြင်း၊
၆။ မဂ္ဂစရိယ- မဂ်ဉာဏ် လေးပါးတို့၌ ကျင့်ခြင်း၊
၇။ ပတ္တိစရိယ- ဖိုလ်ဉာဏ် လေးပါးတို့၌ ကျင့်ခြင်း၊
၈။ လောကတ္ထစရိယ- သဗ္ဗညုဘုရားရှင်တို့၌လည်းကောင်း, တစ်စိတ်တစ်ဒေသ အားဖြင့် ပစ္စေကဗုဒ္ဓါတို့၌လည်းကောင်း, တစ်စိတ်တစ်ဒေသအားဖြင့် သာဝကတို့၌ လည်းကောင်း လောကအကျိုးစီးပွားကို ပြုမှု ဖြစ်ခြင်း။ (ပဋိသံ၊၂၁၅။) (စူဠနိ၊၂၃၂။) (သုတ္တနိ၊ဋ္ဌ၊၁၊၅၇။) (အပ၊ဋ္ဌ၊၁၊၁၄၇။) (အပ၊ဋ္ဌ၊၁၊၁၆၉။) (ပဋိသံ၊မြန်။၂၆၇။)♦

စရိယ ၈ ပါး (တစ်နည်း)

၁။ ဣရိယာပထစရိယ- အာရုံတစ်ခုတည်း၌ စိတ်ကို ဆောက်တည် ထားခြင်းနှင့် ပြည့်စုံကုန်သော ပုဂ္ဂိုလ်တို့အား ဣရိယာပုတ် ဖြစ်ခြင်း၊
၂။ အာယတနစရိယ- ဣန္ဒြေလုံခြုံကုန်သော ပုဂ္ဂိုလ်တို့အား အာယတနဖြစ်ခြင်း၊
၃။ သတိစရိယ- မမေ့မလျော့ နေကုန်သော ပုဂ္ဂိုလ်တို့အား သတိဖြစ်ခြင်း၊
၄။ သမာဓိစရိယ- အဓိစိတ္တကို ရရန် အဖန် တလဲလဲ အားထုတ်သော ပုဂ္ဂိုလ်တို့အား သမာဓိဖြစ်ခြင်း၊
၅။ ဉာဏစရိယ- အသိပညာနှင့် ပြည့်စုံကုန်သော ပုဂ္ဂိုလ်တိုအား ဉာဏ်ဖြစ်ခြင်း၊
၆။ မဂ္ဂစရိယ- ကောင်းစွာ ကျင့်ကုန်သော မဂ္ဂဋ္ဌာန်လေးယောက်တို့အား မဂ်ဖြစ်ခြင်း၊
၇။ ပတ္တိစရိယ- ဖလဋ္ဌာန်ပုဂ္ဂိုလ်လေးယောက်တို့အား ဖိုလ်ဖြစ်ခြင်း၊
၈။ လောကတ္ထစရိယ- သဗ္ဗညုဘုရားရှင်တို့, တစိတ်တစ်ဒေသအားဖြင့် ပစ္စေက ဗုဒ္ဓါတို့, တစ်စိတ် တစ်ဒေသအားဖြင့် သာဝကတို့အား လောကအကျိုးဖြစ်ခြင်း။ (အပ၊ဋ္ဌ၊၁၊၁၄၈။)♦

စရိုက် ၆ ပါး

၁။ ရာဂစရိုက်၊
၂။ ဒေါသစရိုက်၊
၃။ မောဟစရိုက်၊
၄။ သဒ္ဓါစရိုက်၊
၅။ ဉာဏ် ပညာအဖြစ်များသူ-ဗုဒ္ဓိစရိုက်၊
၆။ ဝိတက်စရိုက်။ (ဝိသုဒ္ဓိ၊၁၊၉၈။)♦

စရိုက်ကို သိနိုင်ကြောင်း ၅ ပါး

၁။ ဣရိယာပထတော- သွားခြင်း စသော ဣရိယာပုတ်အားဖြင့် စရိုက်ကို သိနိုင်ခြင်း၊
၂။ ကိစ္စ- တံမြက်လှည်းခြင်း စသော အမှုကိစ္စအားဖြင့် စရိုက်ကို သိနိုင်ခြင်း၊
၃။ ဘောဇနာ- နူးညံ့သိမ်မွေ့ ချိုမြိန်ကောင်းမွန်သော ဘောဇဉ်စသည်ကို သုံးဆောင်ခြင်း အားဖြင့် စရိုက်ကို သိနိုင်ခြင်း၊
၄။ ဒဿနာဒိတော- ရူပါရုံ စသည်ကို ကြည့်ရှုခြင်းအားဖြင့် စရိုက်ကို သိနိုင်ခြင်း၊
၅။ ဓမ္မပ္ပဝတ္တိတော- မာယာ သာဌေယျ စသော တရားတို့၏ ဖြစ်ခြင်းအားဖြင့် စရိုက်ကို သိနိုင်ခြင်း။ (ဝိသုဒ္ဓိ၊၁၊၁၀၁။)♦

စရိုက်အားလုံးတို့အား လျောက်ပတ်သော ကမ္မဋ္ဌာန်း ၁၀ ပါး

၁။ ပထဝီကသိုဏ်း၊
၂။ အာပေါ ကသိုဏ်း၊
၃။ တေဇောကသိုဏ်း၊
၄။ ဝါယောကသိုဏ်း၊
၅။ အာလောကကသိုဏ်း၊
၆။ အာကာသ ကသိုဏ်း၊
၇။ အာရုပ္ပကမ္မဋ္ဌာန်း (၄) ပါး ပေါင်း (၁၀) ပါး။ (သာရတ္ထ၊ဋီ၊၂၊၂၀၃။)♦

စွန့်ကြဲခြင်း ၂ မျိုး

၁။ ပစ္စည်းကို စွန့်ကြဲခြင်း အာမိသစာဂ (အာမိသပရိစ္စာဂ)၊
၂။ တရားကို စွန့်ကြဲခြင်း ဓမ္မစာဂ (ဓမ္မပရိစ္စာဂ) ။ (အံ၊၁၊ပါ၊၉၀။) (အံ၊မြန်၊၁။၁၀၆။)♦

စွန့်ခြင်းကြီး ၅ ပါး

၁။ မင်းစည်းစိမ် အစရှိသော ဥစ္စာကို စွန့်လှူခြင်း၊
၂။ မိမိ၏ ဦးခေါင်း မျက်လုံး စသော ကိုယ်အင်္ဂါကို စွန့်လှူခြင်း၊
၃။ ချစ်အပ်သော အသက်ကို စွန့်လှူခြင်း၊
၄။ အမျိုး အနွယ်ကို တည်စေတတ်သော ချစ်အပ်သော သားသမီးတို့ကို စွန့်လှူခြင်း၊
၅။ နှစ်သက် မြတ်နိုးဖွယ်ကောင်းသော ဇနီးမယားကို စွန့်လှူခြင်း။ (စရိယာ၊ဋ္ဌ၊၉၇။)♦

စွန့်ခြင်းကြီး ၅ ပါး (တစ်နည်း)

၁။ ရဇ္ဇပရိစ္စာဂ- တိုင်းပြည်ကို စွန့်ခြင်း၊
၂။ အင်္ဂပရိစ္စာဂ- ခြေလက် စသော ကိုယ်အင်္ဂါကို စွန့်ခြင်း၊
၃။ နယနပရိစ္စာဂ- မျက်စိကို စွန့်ခြင်း၊
၄။ ပုတ္တဒါရပရိစ္စာဂ- သားမယားကို စွန့်ခြင်း၊
၅။ အတ္တပရိစ္စာဂ- မိမိ၏ ခန္ဓာကိုယ်ကို စွန့်ခြင်း။ (စရိယာ၊ဋ္ဌ၊၂၆၃။) (ဒီ၊ဋီ၊၂၊၁၉။)♦

စွန့်ခြင်းကြီး ၅ ပါး (တစ်နည်း)

၁။ အတ္တပရိစ္စာဂ- ခန္ဓာကိုယ်အတ္တဘောကို စွန့်လွှတ် လှူဒါန်းခြင်း၊
၂။ နယနပရိစ္စာဂ- မျက်စိ မျက်လုံးကို စွန့်လွှတ်လှူဒါန်းခြင်း၊
၃။ ဓနပရိစ္စာဂ- ပစ္စည်းဥစ္စာ တို့ကို စွန့်လွှတ်လှူဒါန်းခြင်း၊
၄။ ရဇ္ဇပရိစ္စာဂ- တိုင်းပြည်ကို စွန့်လွှတ်လှူဒါန်းခြင်း၊
၅။ ပုတ္တဒါရ ပရိစ္စာဂ- သားမယားကို စွန့်လွှတ်လှူဒါန်းခြင်း။ (ဝိသုဒ္ဓိ၊ဋီ၊၁၊၂၅၉။)♦

စွန့်နိုင်ခဲသော တပ်မက်ခြင်း အာသာ ၂ မျိုး

၁။ လာဘ်ကို တပ်မက်ခြင်း အာသာ၊
၂။ အသက်ကို တပ်မက်ခြင်း အာသာ။ (အံ၊၁၊၈၆။) (အံ၊မြန်၊၁။၁၀၁။)♦

စွန့်လွှတ်ခြင်း ၂ မျိုး

၁။ ပရိစ္စာဂပဋိနိဿဂ္ဂ- ပယ်ထိုက်သော ကိလေသာတရားတို့ကို တဒင်္ဂ ပဟာန်၏ အစွမ်းဖြင့်လည်းကောင်း သမုစ္ဆေဒပဟာန်၏အစွမ်းဖြင့်လည်းကောင်း စွန့်လွှတ် ခြင်း၊
၂။ ပက္ခန္ဒနပဋိနိဿဂ္ဂ- နိဗ္ဗာန်သို့ ညွတ်သောအားဖြင့်လည်းကောင်း, အာရုံပြုသော အားဖြင့်လည်းကောင်း ပြေးဝင်တတ်သော ဝိပဿနာဉာဏ် မဂ်ဉာဏ်ကို စွန့်လွှတ်ခြင်း။ (ဝိ၊ဋ္ဌ၊၂၊၃၅။) (ပဋိသံ၊ဋ္ဌ၊၂၊၁၀၂။) (ဝိသုဒ္ဓိ၊၁၊၂၈၂။)♦

စွန့်အပ် စွန့်ထိုက်သော နိဿဂ္ဂိယဝတ္ထု ၄ မျိုး

၁။ ရွှေ၊
၂။ ငွေ၊
၃။ အသပြာငွေ၊
၄။ ပဲငွေ။ (သာရတ္ထ၊ ဋီ၊၂။၄၀၇။)♦

စွပ်စွဲကဲ့ရဲ့ ခံရကြောင်း ၂ မျိုး

၁။ အပြစ်ကို ပြုတတ်သော သူသည် အပြစ်ကို ပြုတတ်သောကြောင့် စွပ်စွဲကဲ့ရဲ့ခြင်းသို့ ရောက်ခြင်း၊
၂။ အပြစ်ကို မပြုတတ်သူ ဖြစ်သောကြောင့် စွပ်စွဲကဲ့ရဲ့ခြင်းသို့ ရောက်ခြင်း။ (မဟာနိ၊၄၇။)♦

စွမ်းအား ၂ ပါး

ဗိုလ် ၂ ပါး နှင့် တူသည်။ ♦

စွမ်းအား ၃ မျိုး

၁။ ကိုယ်စွမ်းအား၊
၂။ စည်းစိမ်ဥစ္စာ စွမ်းအား၊
၃။ တန်ခိုးအာဏာ စွမ်းအား။ (ဇာ၊ဋ္ဌ၊၆၊၁၃၂။)♦

စွမ်းအား ၅ မျိုး

ဗလ ၅ မျိုးနှင့် တူသည်။ ♦

စွမ်းအား ၅ မျိုး

၁။ လ တည်းဟူသော စွမ်းအား၊
၂။ နေ တည်းဟူသော စွမ်းအား၊
၃။ ရဟန်း ပုဏ္ဏား တည်းဟူသော စွမ်းအား၊
၄။ သမုဒ္ဒရာကမ်းခြေတည်းဟူသော စွမ်းအား၊
၅။ မိန်းမတည်း ဟူသော စွမ်းအား။ (ဇာ၊ဋ္ဌ၊၃၊၄၉၂။)♦

စွဲလမ်းမှု ဥပါဒါန် ၅ ပါး

၁။ ရုပ်၌ လိုချင် စွဲလမ်းမှု၊
၂။ ဝေဒနာ၌ လိုချင် စွဲလမ်းမှု၊
၃။ သညာ၌ လိုချင် စွဲလမ်းမှု၊
၄။ သင်္ခါရ၌ လိုချင် စွဲလမ်းမှု၊
၅။ ဝိညာဏ်၌ လိုချင် စွဲလမ်းမှု။ (သံ၊၂၊၁၃၅။) (အံ၊မြန်၊၃။၁၂၆။)♦

စွဲလမ်းအပ်သော တရား ၅ ပါး

၁။ ရုပ်၊
၂။ ဝေဒနာ၊
၃။ သညာ၊
၄။ သင်္ခါရ၊
၅။ ဝိညာဏ်။ (သံ၊၂၊၁၃၅။)♦

စာတုမဟာရာဇ် နတ်မင်းကြီး ၄ ယောက်

၁။ ဓတရဋ္ဌနတ်မင်းကြီး၊
၂။ ဝိရူဠှကနတ်မင်းကြီး၊
၃။ ဝိရူပက္ခနတ်မင်းကြီး၊
၄။ ကုဝေရနတ်မင်းကြီး။ (မဟာနိ၊ဋ္ဌ၊၁၃၂။)♦

စားဖွယ် သောက်ဖွယ် လှူရကျိုး ၁၀ ပါး

၁။ အသက်ရှည်သူ ဖြစ်ခြင်း၊
၂။ ခွန်အားကြီးသူ ဖြစ်ခြင်း၊
၃။ တည်ကြည်ခြင်း သမာဓိရှိသူ ဖြစ်ခြင်း၊
၄။ အဆင်းလှသူ ဖြစ်ခြင်း၊
၅။ အခြံအရံ ပေါများသူ ဖြစ်ခြင်း၊
၆။ ချမ်းသာကြီးသူ ဖြစ်ခြင်း၊
၇။ ထမင်းကို ရလေ့ရှိသူ ဖြစ်ခြင်း၊
၈။ အဖျော်ရည်ကို ရလေ့ရှိသူ ဖြစ်ခြင်း၊
၉။ ရဲရင့်သူ ဖြစ်ခြင်း၊
၁၀။ ပညာရှိသူ ဖြစ်ခြင်း။ (အပ၊၁၊၃၆၉။) (အပ၊မြန်၊၁။၃၇၉။)♦

စာရိတ္တသိက္ခာပုဒ်၌ အင်္ဂါ ၅ မျိုး

၁။ ဘောဇဉ်ငါးမျိုးတို့တွင် တစ်မျိုးမျိုးဖြင့် ဖိတ်မန်ခြင်းကို သာယာခြင်း၊
၂။ ၁၂ တောင်အတွင်း၌ ထင်ရှားရှိသော ရဟန်းကို မပန်ပြောခြင်း၊
၃။ မိမိကို ဆွမ်းစားဖိတ်ထားသော အိမ်မှ တစ်ခြားအိမ်သို့ ဝင်ခြင်း၊
၄။ မွန်းတည့်ချိန်ကို မလွန်ခြင်း၊
၅။ ခွင့်ပြုထားသော အခါနှင့် ဘေးရန်တို့သည် မရှိခြင်း။ (သာရတ္ထ၊ဋီ၊၃၊၇၇။) (ဝိမတိ၊၂၊၄၀။)♦

စာရေးတံမဲ ပေးခြင်း ၃ မျိုး

၁။ သိစေရန် လျှို့ဝှက်သော စာရေးတံမဲ၊
၂။ မိမိနားရင်း၌ ကပ်၍ ပေးသော စာရေးတံမဲ၊
၃။ ပွင့်ပွင့်လင်းလင်း ပေါ်ပေါ်ထင်ထင်ဖြစ်သော စာရေးတံမဲ။ (ဝိ၊၄၊၂၂၈။) (ဝိ၊မြန်၊၄။၂၂၄။)♦

စာရေးတံမဲ ပေးသော ရဟန်း၏ အင်္ဂါ ၅ ပါး

၁။ ဆန္ဒာဂတိသို့ မလိုက်ခြင်း၊
၂။ ဒေါသာဂတိသို့ မလိုက်ခြင်း၊
၃။ မောဟာဂတိသို့ မလိုက်ခြင်း၊
၄။ ဘယာဂတိသို့ မလိုက်ခြင်း၊
၅။ စာရေးတံမဲ ယူပြီးခြင်း, မယူရသေးခြင်းကို သိခြင်း။ (ဝိ၊၄၊၂၀၄။) (ဝိ၊၄၊၂၂၅။) (ဝိ၊မြန်၊၄။၁၉၉၊၂၂၂။) (ဝိ၊မြန်၊၄။၁၉၉၊၂၂၂။)♦

စာရေးတံမဲ ယူခြင်း ၃ မျိုး

၁။ လျှို့ဝှက်၍ ယူခြင်း၊
၂။ ပွင့်ပွင့်လင်းလင်း ယူခြင်း၊
၃။ တိုးတိုး ပြော၍ ယူခြင်း။ (ဝိ၊၅၊၂၁၈။) (ဝိ၊မြန်၊၅။၃၀၄။)♦

စားသောက်အပ်ပြီးသော အစားအစာများ၌ ပိုင်းခြားခြင်း ၅ မျိုး

၁။ ခန္ဓာကိုယ်တွင်း၌ ပိုးများ စားသောက်ရန် တစ်ပုံ၊
၂။ ကျင်ကြီးအတွက် တစ်ပုံ၊
၃။ ကျင်ငယ်အတွက် တစ်ပုံ၊
၄။ ဝမ်းမီး အတွက် တစ်ပုံ၊
၅။ အသွေးအသားအတွက် တစ်ပုံ။ (ခုဒ္ဒက၊ဋ္ဌ၊၄၆။)♦

စိစစ်ခြင်းကို ခွင့်မပေးထိုက်သော ရဟန်း၏ အင်္ဂါ ၃ ပါး

၁။ အရှက်လည်း မရှိခြင်း၊
၂။ မိုက်လည်း မိုက်မဲခြင်း၊
၃။ ပကတတ်ရဟန်းလည်း မဟုတ်ခြင်း။ (ဝိ၊၅၊၂၂၂။) (ဝိ၊မြန်၊၅။၃၀၉။)♦

စိတ္တဝိသုဒ္ဓိမှ ဖြစ်လာသော ကထာဝတ္ထု ၃ ပါး

၁။ ပဝိဝေကကထာ-ဆိတ်ငြိမ်ခြင်းနှင့် စပ်သော စကား။၂။ ဝီရိယာရမ္ဘကထာ- အားထုတ်ခြင်းနှင့် စပ်သော စကား၊
၃။ သမာဓိ ကထာ-သမာဓိနှင့် စပ်သော စကား။ (မ၊ဋ္ဌ၊၂၊၆၄။)♦

စိတ္တာနုပဿနာ ၁၆ ပါး

၁။ ရာဂနှင့်တကွသော စိတ်ကိုလည်း ရာဂနှင့်တကွသော စိတ်ဟု သိခြင်း၊
၂။ ရာဂကင်းသော စိတ်ကိုလည်း ရာဂကင်းသော စိတ်ဟု သိခြင်း၊
၃။ ဒေါသနှင့် တကွသော စိတ်ကိုလည်း ဒေါသနှင့်တကွသော စိတ်ဟု သိခြင်း၊
၄။ ဒေါသကင်းသော စိတ်ကိုလည်း ဒေါသကင်းသော စိတ်ဟု သိခြင်း၊
၅။ မောဟနှင့် တကွသော စိတ်ကိုလည်း မောဟနှင့် တကွသော စိတ်ဟု သိခြင်း၊
၆။ မောဟကင်းသော စိတ်ကိုလည်း မောဟကင်းသော စိတ်ဟု သိခြင်း၊
၇။ သံခိတ္တစိတ်ကိုလည်း သံခိတ္တစိတ်ဟု သိခြင်း၊
၈။ ဝိက္ခိတ္တ စိတ်ကိုလည်း ဝိက္ခိတ္တစိတ်ဟု သိခြင်း၊
၉။ မဟဂ္ဂုတ်စိတ်ကိုလည်း မဟဂ္ဂုတ်စိတ်ဟု သိခြင်း၊
၁၀။ အမဟဂ္ဂုတ်စိတ်ကိုလည်း အမဟဂ္ဂုတ်စိတ်ဟု သိခြင်း၊
၁၁။ သဥတ္တရစိတ်ကိုလည်း သဥတ္တရစိတ်ဟု သိခြင်း၊
၁၂။ အနုတ္တရ စိတ်ကိုလည်း အနုတ္တရစိတ်ဟု သိခြင်း၊
၁၃။ သမာဟိတစိတ်ကိုလည်း သမာဟိတစိတ်ဟု သိခြင်း၊
၁၄။ အသမာဟိတစိတ်ကိုလည်း အသမာဟိတစိတ်ဟု သိခြင်း၊
၁၅။ ဝိမုတ္တစိတ် ကိုလည်း ဝိမုတ္တစိတ်ဟု သိခြင်း၊
၁၆။ အဝိမုတ္တစိတ်ကိုလည်း အဝိမုတ္တစိတ်ဟု သိခြင်း။ (ဒီ၊၂၊၂၃၇။) (ဒီ၊မြန်၊၂။၂၆၅။)♦

စိတ္တာနုပဿနာ၌ စိတ် ၁၆ မျိုး

၁။ သရာဂစိတ်, ဝီတရာဂစိတ်၊
၂။ သဒေါသစိတ်, ဝီတဒေါသစိတ်၊
၃။ သမောဟစိတ်, ဝီတမောဟစိတ်၊
၄။ သံခိတ္တစိတ်, ဝိက္ခိတ္တစိတ်၊
၅။ မဟဂ္ဂတစိတ်, အမဟဂ္ဂတ စိတ်၊
၆။ သဥတ္တရစိတ်, အနုတ္တရစိတ်၊
၇။ သမာဟိတစိတ်, အသမာဟိတစိတ်၊
၈။ ဝိမုတ္တစိတ်, အဝိမုတ္တစိတ် ပေါင်း ၁၆ ပါး ဖြစ်၏။ (အဘိ၊ဝိ၊၂၀၄။) (အဘိ၊ဝိ၊မြန်၊၂။၁၆၆။)♦

စိတ် ၄ မျိုး

၁။ ကာမာဝစရစိတ် ငါးဆယ့်လေးပါးသည် ကာမာဝစရမန၊
၂။ ရူပါဝစရစိတ် တစ်ဆယ့်ငါးပါးသည် ရူပါဝစရမန၊
၃။ အရူပါဝစရစိတ်တစ်ဆယ့်နှစ်ပါးသည် အရူပဝစရ မန၊
၄။ လောကုတ္တရာစိတ်ရှစ်ပါးသည် လောကုတ္တရမန။ (အဘိ၊ဋ္ဌ၊၁၊၁၂၉။)(အံ၊ဋီ၊၁၊၅၈။)♦

စိတ် ၆ မျိုး (မတုန်လှုပ်သော စိတ် ၆ မျိုး)

၁။ သဒ္ဓါသိမ်းဆည်းအပ်သော စိတ်သည် မယုံကြည် ခြင်းကြောင့် မတုန်လှုပ်၊
၂။ ဝီရိယသိမ်းဆည်းအပ်သော စိတ်သည် ပျင်းရိခြင်းကြောင့် မတုန်လှုပ်၊
၃။ သတိသိမ်းဆည်းအပ်သော စိတ်သည် မေ့လျော့ခြင်းကြောင့် မတုန်လှုပ်၊
၄။ သမာဓိသိမ်းဆည်းအပ်သော စိတ်သည် ပျံ့လွင့်ခြင်းကြောင့် မတုန်လှုပ်၊
၅။ ပညာ သိမ်းဆည်းအပ်သော စိတ်သည် အဝိဇ္ဇာကြောင့် မတုန်လှုပ်၊
၆။ ဉာဏ်အလင်းသို့ရောက်သော စိတ်သည် ကိလေသာ အမိုက်ကြောင့် မတုန်လှုပ်။ (နေတ္တိ၊ဋ္ဌ၊၁၄၉။)♦

စိတ် ၇ မျိုး

၁။ စက္ခုဝိညာဏ်- မြင်သိစိတ်၊
၂။ သောတဝိညာဏ်- ကြားသိစိတ်၊
၃။ ဃာနဝိညာဏ်- နံသိစိတ်၊
၄။ ဇိဝှါဝိညာဏ်- လျက်သိစိတ်၊
၅။ ကာယဝိညာဏ်- ထိသိစိတ်၊
၆။ မနောဓာတ်- သိကာမျှမတ္တသဘော၊ ၇။မနောဝိညာဏ- အထူးသိမှုသဘော။ (အဘိ၊ဝိ၊၄၁၇။) (အဘိ၊ဝိ၊၄၁၉။) (အဘိ၊ဝိ၊မြန်၊၂။၅၂၇။) (အဘိ၊ဝိ၊မြန်၊၂။၅၂၇။)♦

စိတ် ၇ မျိုး (တစ်နည်း)

၁။ ပုထုဇဉ်စိတ်၊
၂။ သောတာပန်စိတ်၊
၃။ သကဒါဂါမ်စိတ်၊
၄။ အနာဂါမ် စိတ်၊
၅။ ရဟန္တာစိတ်၊
၆။ ပစ္စေကဗုဒ္ဓါစိတ်၊
၇။ သဗ္ဗညုဘုရားရှင်စိတ်။ (မိလိန္ဒ၊၁၀၉။) (မိလိန္ဒ၊မြန်။၁၁၈။)♦

စိတ် ၈၉ ပါး

၁။ အကုသိုလ်စိတ် ၁၂ ပါး၊
၂။ ကုသိုလ်စိတ် ၂၁-ပါး၊
၃။ ဝိပါက်စိတ် ၃၆ ပါး၊
၄။ ကြိယာစိတ် ၂၀ ပါး ပေါင်း ၈၉ ပါး။ (ဝိသုဒ္ဓိ၊၂၊၈၇။)♦

စိတ် ၈၉ ပါး (တစ်နည်း)

၁။ ကာမာဝစရကုသိုလ် ၈ ပါး၊
၂။ အကုသိုလ် ၁၂ ပါး၊
၃။ ကုသိုလ် ဝိပါက် ၁၆ ပါး၊
၄။ အကုသိုလ်ဝိပါက် ၇ ပါး၊
၅။ ကိရိယာ ၁၁ ပါး၊
၆။ ရူပါဝစရကုသိုလ် ၅ ပါး၊
၇။ ရူပါဝစရဝိပါက် ၅ ပါး၊
၈။ ရူပါဝစရကြိယာ ၅ ပါး၊
၉။ အရူပါဝစရကုသိုလ် ၄ ပါး၊
၁၀။ အရူပါဝစရဝိပါက် ၄ ပါး၊
၁၁။ အရူပါဝစရကြိယာ ၄ ပါး၊
၁၂။ လောကုတ္တရာကုသိုလ် ၄ ပါး၊
၁၃။ လောကုတ္တရာဝိပါက် ၄ ပါး (ပေါင်း ၈၉ ပါး။) ။ (အဘိ၊ဋ္ဌ၊၁၊၆။)♦

စိတ် ဖြစ်ပေါ်ကြောင်း ၃ မျိုး (မကောင်းမှုတိုးပွားစေသော စိတ် ဖြစ်ပေါ်ကြောင်း ၃ မျိုး)

၁။ သူတစ်ပါးပစ္စည်းတို့၌ တပ်မက်စိတ်များသူ ဖြစ်၍ သူတစ်ပါး၏ ပစ္စည်းဥစ္စာတို့၌ တပ်မက်စိတ်, အလိုရှိသော စိတ်ဖြင့် နေထိုင်ခြင်း၊
၂။ ဒေါသစိတ်ရှိသူ ဖြစ်၍ ဒေါသစိတ်ဖြင့် နေထိုင်ခြင်း၊
၃။ ညှဉ်းဆဲတတ်သူ ဖြစ်၍ ညှဉ်းဆဲတတ်သော စိတ်ဖြင့် နေထိုင်ခြင်း။ (မ၊၃၊၉၇။) (မ၊မြန်၊၃။၁၀၂။)♦

စိတ်၏ ငြောင့် ၅ ပါး

ဆုတ်ယုတ်သော အဖို့ရှိသော တရား ၅ ပါး၊ ဟာနဘာဂိယတရား ၅ ပါး၊ စေတောခိလတရား ၅ ပါးတို့နှင့် တူသည်။ ♦

စိတ်၏ ငြောင့်တံသင်း ၅ မျိုး (တစ်နည်း)

၁။ ဘုရား၌ ယုံမှားတွေးတောလျက် ကမ္မဋ္ဌာန်း အားထုတ်ရန် စိတ်မညွတ်ခြင်း၊
၂။ တရား၌ ယုံမှားတွေးတောလျက် ကမ္မဋ္ဌာန်းအားထုတ်ရန် စိတ် မညွတ်ခြင်း၊
၃။ သံဃာ၌ ယုံမှားတွေးတောလျက် ကမ္မဋ္ဌာန်းအားထုတ်ရန် စိတ်မညွတ်ခြင်း၊
၄။ အကျင့်သိက္ခာ၌ ယုံမှားတွေးတောလျက် ကမ္မဋ္ဌာန်းအားထုတ်ရန် စိတ်မညွတ်ခြင်း၊
၅။ သီတင်းသုံးဖော်တို့၌ အမျက်ထွက်လျက် ထိပါးပုတ်ခတ်လိုသော စိတ်ရှိခြင်း။ (အံ၊၃၊၂၇၀။) (အံ၊မြန်၊၃။၂၇၁။)♦

စိတ်၏ ငြောင့်တံသင်းဖြစ်သော တရား ၅ ပါး

၁။ ဘုရား၌ ယုံမှား တွေးတောလျက် မကြည်လင် မဆုံးဖြတ်နိုင်ခြင်း၊
၂။ တရားတော်၌ ယုံမှားတွေးတောလျက် မကြည်လင် မဆုံးဖြတ်နိုင်ခြင်း၊
၃။ သံဃာတော်၌ ယုံမှားတွေးတောလျက် မကြည်လင် မဆုံးဖြတ်နိုင်ခြင်း၊
၄။ သီလသိက္ခာ၌ ယုံမှားတွေးတောလျက် မကြည်လင် မဆုံးဖြတ်နိုင်ခြင်း၊
၅။ သီတင်းသုံးဖော်တို့ အပေါ်၌ အမျက် ထွက်လျက် ထိပါးပုတ်ခတ်လိုသော စိတ်ရှိခြင်း။ (မ၊၁၊၁၄၅။) (အံ၊၂၊၂၁၇။) (မ၊မြန်၊၁။၁၅၀။) (အံ၊မြန်၊၂။၂၇၃။)♦

စိတ်၏ စင်ကြယ်မှု ၃ မျိုး

၁။ သူတစ်ပါး၏ စည်းစိမ်ဥစ္စာတို့သည် ငါ့ပစ္စည်းဖြစ်ပါမူ ကောင်းလေစွ စသည်ဖြင့် သူတစ်ပါးဥစ္စာကို ရှေးရှုမကြံခြင်း, အဘိဇ္ဈာ မများခြင်း၊
၂။ ဤသတ္တဝါတို့သည် ဘေးရန်ကြောင့်ကြ ဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာ ကြပါစေဟု မဖျက်ဆီးလိုသော စိတ်အကြံရှိခြင်း၊
၃။ လှူဒါန်းပူဇော်ရကျိုးသည် ရှိ၏စသည်ဖြင့် မှန်သောအမြင် ရှိခြင်း။ (အံ၊၃၊၄၇၇။) (အံ၊မြန်၊၃။၄၆၈။)♦

စိတ်၏ ဆူးငြောင့် ၃ မျိုး

၁။ ရာဂတည်းဟူသော ငြောင့်တံသင်း (ရာဂခိလ)၊
၂။ ဒေါသတည်း ဟူသော ငြောင့်တံသင်း(ဒေါသခိလ)၊
၃။ မောဟတည်းဟူသော ငြောင့်တံသင်း (မောဟခိလ) ။ (မဟာနိ၊၄၀၄။)♦

စိတ်၏ ဆူးငြောင့် ၅ မျိုး

၁။ မြတ်စွာဘုရား၌ ယုံမှားခြင်း၊
၂။ တရားတော်၌ ယုံမှားခြင်း၊
၃။ သံဃာ တော်၌ ယုံမှားခြင်း၊
၄။ အကျင့်သိက္ခာ၌ ယုံမှားခြင်း၊
၅။ သီတင်းသုံးဖော်တို့၌ အမျက်ထွက်ခြင်း။ (အံ၊၂၊၂၁၇။) (အံ၊၃၊၂၅၂။) (သာရတ္ထ၊ဋီ၊၁၊၃၀၈။) (ဝိသုဒ္ဓိ၊ဋီ၊၁၊၂၅၄။) (အံ၊မြန်၊၂။၂၇၃။) (အံ၊မြန်၊၃။၂၅၂။) (အဘိ၊ဝိ၊၃၉၁။) (အဘိ၊ဝိ၊မြန်၊၂။၄၉၆။)♦

စိတ်၏ ညစ်နွမ်းကြောင်းတရား ၁၁ ပါး

၁။ ဝိစိကိစ္ဆာ- ယုံမှားတွေးတောခြင်း၊
၂။ အမနသိကာရ- ရူပါရုံစသည်ကို နှလုံးမသွင်းခြင်း၊
၃။ ထိနမိဒ္ဓ- ထိုင်းမှိုင်းခြင်း၊
၄။ ဆဗ္ဘိတတ္တ- ကြောက်ရွံ့ တုန်လှုပ်ခြင်း၊
၅။ ဥပ္ပိလဝ- ဗူးတောင်းအသွင် ပေါ်လွင်သော ပီတိဖြစ်ခြင်း၊
၆။ ဒုဋ္ဌုလ္လ- မကောင်းသော ကိုယ်အမှု၌ မှီသော ပျင်းရိခြင်း၊
၇။ အစ္စာရဒ္ဓဝီရိယ- အလွန်အကျွံ ကြိုးစား အားထုတ်ခြင်း၊
၈။ အတိလီနဝီရိယ- ဝီရိယလျော့လွန်းခြင်း၊
၉။ အဘိဇပ္ပ- အလွန်စွဲလမ်း တောင့်တခြင်း၊
၁၀။ နာနတ္တသညာ- အမျိုးမျိုးသော အာရုံ၌ အမျိုးမျိုးသော သညာဖြစ်ခြင်း၊
၁၁။ အတိနိဇ္ဈာယိတတ္တ- တစ်မျိုးတည်းသော အာရုံ၌ အလွန်စူးစိုက်စွာ ရှုခြင်း။ (ဝိ၊ဋ္ဌ၊၁၊၁၃၂။)♦

စိတ်၏ နှစ်သက်ခြင်းကို ဖြစ်စေတတ်သော တရား ၂ ပါး

၁။ သတ္တာ (သတ္တဝါ)၊
၂။ သင်္ခါရာ (သင်္ခါရ တရား)။ (မဟာနိ၊၁၀၃။) (မဟာနိ၊၁၉၈။) (မဟာနိ၊၂၀၂။)♦

စိတ်၏ နှစ်သက်ခြင်းကို မဖြစ်စေတတ်သော တရား ၂ ပါး

၁။ သတ္တ (သတ္တဝါ)၊
၂။ သင်္ခါရ (သင်္ခါရ တရား)။ (မဟာနိ၊၁၀၃။)♦

စိတ်၏ ဖြစ်ရာ ၂ မျိုး

၁။ မှီဝဲထိုက်သော စိတ်၏ ဖြစ်ရာ၊
၂။ မမှီဝဲထိုက်သော စိတ်၏ ဖြစ်ရာ။ (မ၊၃၊၉၃။) (မ၊မြန်၊၃။၉၇။)♦

စိတ်၏ မစင်ကြယ်မှု ၃ မျိုး

၁။ သူတစ်ပါး၏ စည်းစိမ်ဥစ္စာ အဆောက်အဦးတို့သည် ငါ့ပစ္စည်း ဖြစ်ပါမူ ကောင်းလေစွစသည်ဖြင့် သူတစ်ပါးဥစ္စာကို ရှေးရှုကြံခြင်း အဘိဇ္ဈာများခြင်း၊
၂။ ဤ သတ္တဝါတို့အား ဖမ်းဆီးသတ်ဖြတ်ကြပါစေစသည်ဖြင့် ဖျက်ဆီးလိုသော စိတ်အကြံ ရှိခြင်း၊
၃။ လှူဒါန်းပူဇော်ခြင်းသည် အကျိုးမရှိစသည်ဖြင့် မှားသော အမြင်ရှိခြင်း။ (အံ၊၃၊၄၇၄။) (အံ၊မြန်၊၃။၄၆၆။)♦

စိတ်၏ အညစ်အကြေး ၅ မျိုး

၁။ ကာမဂုဏ်ကို လိုလားမှု- ကာမစ္ဆန္ဒ၊
၂။ ပျက်စီးစေလိုမှု- ဗျာပါဒ၊
၃။ လေးလံ ထိုင်းမှိုင်းမှု- ထိနမိဒ္ဓ၊
၄။ ပျံ့လွင့်မှု နောင်တတစ်ဖန် ပူပန်မှု- ဥဒ္ဓစ္စကုက္ကုစ္စ၊
၅။ မဝေခွဲ နိုင်မှု- ဝိစိကိစ္ဆာ။ (အံ၊၂၊၁၄။) (သံ၊၃၊၈၂။) (အံ၊မြန်၊၂။၁၉။) (သံ၊မြန်၊၃။၈၇။)♦

စိတ်၏ အညစ်အကြေးများကို ခွါခြစ်ကြောင်း တရား ၄၄ ပါး

၁။ သူတစ်ပါးတို့က ညှဉ်းဆဲ သတ်ဖြတ်သူများ ဖြစ်ကြသော်လည်း ငါတို့က မညှဉ်းဆဲ မသတ်ဖြတ်သူများ ဖြစ်ရမည်ဟု ခေါင်းပါးအောင် ပြုရခြင်း၊
၂။ သူတစ်ပါးတို့က သူ့အသက်ကို သတ်ကြသော်လည်း ငါတို့က သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်မည်ဟု ခေါင်းပါးအောင် ပြုရခြင်း၊
၃။ သူတစ်ပါးတို့က သူ့ဥစ္စာကို ခိုးယူကြသော်လည်း ငါတို့က ခိုးယူခြင်းမှ ရှောင်ကြဉ်မည်ဟု ခေါင်းပါးအောင် ပြုရခြင်း၊
၄။ သူတစ်ပါးတို့က မမြတ်သော မေထုန်အကျင့်ကို ကျင့်ကြသော်လည်း ငါတို့က ထိုမေထုန်အကျင့်မှ ရှောင်ကြဉ်ကြမည်ဟု ခေါင်းပါးအောင် ပြုရခြင်း၊
၅။ သူတစ်ပါးတို့က လိမ်ညာပြောဆို နေကြသော်လည်း ငါတို့က လိမ်ညာပြောဆိုခြင်းမှ ရှောင်ကြဉ်ကြမည်ဟု ခေါင်းပါးအောင် ပြုရခြင်း၊
၆။ သူတစ်ပါးတို့က ကုန်းတိုက်စကား ပြောကြားကြသော်လည်း ငါတို့က ကုန်းတိုက်စကား ပြောကြားခြင်းမှ ရှောင်ကြဉ်မည်ဟု ခေါင်းပါးအောင် ပြုရခြင်း၊
၇။ သူတစ်ပါးတို့က ကြမ်းတမ်းသော စကား ပြောကြားကြသော်လည်း ငါတို့က ထိုကြမ်းတမ်း စကားပြောခြင်းမှ ရှောင်ကြဉ်ကြမည်ဟု ခေါင်းပါးအောင် ပြုရခြင်း၊
၈။ သူတစ်ပါးတို့က အကျိုးမဲ့စကား ပြောကြားကြသော်လည်း ငါတို့က ထိုအကျိုးမဲ့စကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်ကြမည်ဟု ခေါင်းပါးအောင် ကျင့်ရခြင်း၊
၉။ သူတစ်ပါးတို့က အခြားသူ၏ပစ္စည်း ဥစ္စာကို ရယူရန် မတရားကြံစည်ကြသော်လည်း ငါတို့က ထိုအကြံစည်မျိုးမှ ရှောင်ကြဉ်ကြ မည်ဟု ခေါင်းပါးအောင် ကျင့်ရခြင်း၊
၁၀။ သူတစ်ပါးတို့က ဖျက်ဆီးလိုစိတ် ရှိကြသော်လည်း ငါတို့က ထိုစိတ်မျိုး မထားကုန်အံ့ဟု ခေါင်းပါးအောင် ပြုရခြင်း၊
၁၁။ သူတစ်ပါးတို့က မှားယွင်းသော အယူရှိသူ ဖြစ်ကြသော်လည်း ငါတို့က မှန်သော အယူရှိသူများ ဖြစ်ကုန်အံ့ဟု ခေါင်းပါးအောင် ပြုရခြင်း၊
၁၂။ သူတစ်ပါးတို့က မှားယွင်းသော အကြံရှိသူများ ဖြစ် သော်လည်း ငါတို့က မှန်သောအကြံရှိသူများ ဖြစ်ကုန်အံ့ဟု ခေါင်းပါးအောင် ပြုရခြင်း၊
၁၃။ သူတစ်ပါးတို့က မှားယွင်းသော စကားရှိသူများ ဖြစ်သော်လည်း ငါတို့က မှန်သော စကားရှိသူများ ဖြစ်ကုန်အံ့ဟု ပြုကျင့်ခြင်း၊
၁၄။ သူတစ်ပါးတို့က မှားယွင်းသော အလုပ် ရှိသူများ ဖြစ်သော်လည်း ငါတို့က မှန်သော အလုပ်အကိုင်ရှိသူများ ဖြစ်ကုန်အံ့ဟု ပြုကျင့်ခြင်း၊
၁၅။ သူတစ်ပါးတို့က မှားယွင်းသော အသက်မွေးမှု စီးပွားရှာမှု ရှိသူများ ဖြစ်သော်လည်း ငါတို့က မှန်သော အသက်မွေး စီးပွားရှာသူများ ဖြစ်ကုန်အံ့ဟု ကျင့်ခြင်း၊
၁၆။ သူတစ်ပါး တို့က မှားယွင်းသော လုံ့လကို ပြုကြသော်လည်း ငါတို့က မှန်သောလုံ့လကို ပြုကုန်အံ့ဟု ကျင့်ခြင်း၊
၁၇။ သူတစ်ပါးတို့က မှားယွင်းသော သတိရှိသူများ ဖြစ်ကြသော်လည်း ငါတို့က မှန်သော သတိရှိသူများ ဖြစ်ကုန်အံ့ဟု ကျင့်ခြင်း၊
၁၈။ သူတစ်ပါးတို့က မှားယွင်းသော တည်ကြည်မှုရှိသူများ ဖြစ်သော်လည်း ငါတို့က မှန်သော တည်ကြည်မှု ရှိသူများ ဖြစ်ကုန် အံ့ဟု ကျင့်ခြင်း၊
၁၉။ သူတစ်ပါးတို့က မှားယွင်းသော ဉာဏ်ရှိသူများ ဖြစ်သော်လည်း ငါတို့က မှန်သော ဉာဏ်ရှိသူများ ဖြစ်ကုန်အံ့ဟု ကျင့်ခြင်း၊
၂၀။ သူတစ်ပါးတို့က မှားယွင်းသော လွတ်မြောက်မှုရှိသူများ ဖြစ်သော်လည်း ငါတို့က မှန်သော လွတ်မြောက်မှုရှိသူများ ဖြစ်အံ့ဟု ကျင့်ခြင်း၊
၂၁။ သူတစ်ပါးတို့က ထိုင်းမှိုင်း လေးလံသူများ ဖြစ်သော်လည်း ငါတို့က လေးလံထိုင်းမှိုင်းမှု ကင်းသူများ ဖြစ်ကုန်အံ့ဟု ကျင့်ခြင်း၊
၂၂။ သူတစ်ပါးတို့က စိတ်ပျံ့လွင့် သူများ ဖြစ်သော်လည်း ငါတို့က စိတ်မပျံ့လွင့်သူများ ဖြစ်ကုန်အံ့ဟု ကျင့်ခြင်း၊
၂၃။ သူတစ်ပါး တို့က ယုံမှားတတ်သူများ ဖြစ်သော်လည်း ငါတို့က ယုံမှားမှုမှ လွတ်မြောက်သူများ ဖြစ်ကုန် အံ့ဟု ကျင့်ခြင်း၊
၂၄။ သူတစ်ပါးတို့က အမျက်ထွက်သူများ ဖြစ်သော်လည်း ငါတို့က အမျက်မထွက်သူများ ဖြစ်ကုန်အံ့ဟု ကျင့်ခြင်း၊
၂၅။ သူတစ်ပါးတို့က ရန်ငြိုးဖွဲ့သူများ ဖြစ်သော်လည်း ငါတို့က ရန်ငြိုးမဖွဲ့ကုန်အံ့ဟု ကျင့်ခြင်း၊
၂၆။ သူတစ်ပါးတို့က ကျေးဇူးကန်း သူများ ဖြစ်သော်လည်း ငါတို့က ကျေးဇူးမကန်းကုန်အံ့ဟု ကျင့်ခြင်း၊
၂၇။ သူတစ်ပါးတို့က ဂုဏ်တုဂုဏ်ပြိုင် ပြုကြသော်လည်း ငါတို့က ထိုကဲ့သို့ မပြုကုန်အံ့ဟု ကျင့်ခြင်း၊
၂၈။ သူတစ်ပါး တို့က ငြူစူတတ်သူများ ဖြစ်သော်လည်း ငါတို့က မငြူစူသူများ ဖြစ်ကုန်အံ့ဟု ကျင့်ခြင်း၊
၂၉။ သူတစ်ပါးတို့က နှမြောဝန်တိုတတ်သူများ ဖြစ်သော်လည်း ငါတို့က မနှမြော ဝန်မတိုသူများ ဖြစ်ကုန်အံ့ဟု ကျင့်ခြင်း၊
၃၀။ သူတစ်ပါးတို့က ကောက်ကျစ်စဉ်းလဲသူများ ဖြစ်သော်လည်း ငါတို့က မကောက်ကျစ် မစဉ်းလဲကုန်အံ့ဟု ကျင့်ခြင်း၊
၃၀။ သူတစ်ပါးတို့က လှည့်ပတ်တတ်သူများ ဖြစ်သော်လည်း ငါတို့က မလှည့်ပတ်ကုန်အံ့ဟု ကျင့်ခြင်း၊
၃၂။ သူတစ်ပါးတို့က ခက်ထန်သူများ ဖြစ်ကုန်သော်လည်း ငါတို့က မခက်ထန်ကုန်အံ့ဟု ကျင့်ခြင်း၊
၃၃။ သူတစ်ပါးတို့က အလွန်မောက်မာသူများ မာနကြီးမှုများ ဖြစ်သော်လည်း ငါတို့က မမောက်မာကုန်အံ့ မာနမကြီးကုန်အံ့ဟု ကျင့်ခြင်း၊
၃၄။ သူတစ်ပါးတို့က အပြောအဆိုခက်သူများ ဖြစ်သော်လည်း ငါတို့က အပြောအဆိုလွယ်သူများ ဖြစ်ကုန်အံ့ဟု ကျင့်ခြင်း၊
၃၅။ သူတစ်ပါးတို့က ယုတ်မာသော မိတ်ဆွေရှိသူများ ဖြစ်သော်လည်း ငါတို့က အဆွေခင်ပွန်းကောင်း ရှိသူများ ဖြစ်ကုန်အံ့ဟု ကျင့်ခြင်း၊
၃၆။ သူတစ်ပါးတို့က သတိမေ့လျော့သူများ ဖြစ်သော်လည်း ငါတို့က သတိ မမေ့သူများ ဖြစ်ကုန်အံ့ဟု ကျင့်ခြင်း၊
၃၇။ သူတစ်ပါးတို့က သဒ္ဓါတရားမရှိသူများဖြစ်သော်လည်း ငါတို့က သဒ္ဓါတရားရှိသူများ ဖြစ်ကုန်အံ့ဟု ကျင့်ခြင်း၊
၃၈။ သူတစ်ပါးတို့က အရှက်မရှိသူများ ဖြစ်သော်လည်း ငါတို့က အရှက်ရှိသူများ ဖြစ်ကုန်အံ့ဟု ကျင့်ခြင်း၊
၃၉။ သူတစ်ပါးတို့က မကြောက်လန့်သူများ ဖြစ်သော်လည်း ငါတို့က ကြောက်လန့်တတ်သူများ ဖြစ်ကုန်အံ့ဟု ကျင့်ခြင်း၊
၄၀။ သူတစ်ပါး တို့က အကြားအမြင်မရှိသူများဖြစ်သော်လည်း ငါတို့က အကြားအမြင်များသူများ ဖြစ်ကုန် အံ့ဟု ကျင့်ခြင်း၊
၄၁။ သူတစ်ပါးတို့က ပျင်းရိသူများဖြစ်သော်လည်း ငါတို့က လုံ့လစိုက်၍ ကြိုးစားသူများ ဖြစ်ကုန်အံ့ဟု ကျင့်ခြင်း၊
၄၂။ သူတစ်ပါးတို့က သတိလွတ်သူများ ဖြစ်သော်လည်း ငါတို့က သတိရှိသူများ ဖြစ်ကုန်အံ့ဟု ကျင့်ခြင်း၊
၄၃။ သူတစ်ပါးတို့က ပညာမဲ့သူများဖြစ်သော်လည်း ငါတို့က ပညာရှိသူများ ဖြစ်ကုန်အံ့ဟု ကျင့်ခြင်း၊
၄၄။ သူတစ်ပါး တို့က မိမိအယူကို အလွန်စွဲလမ်း၍ မြဲစွာ ယူကုန်လျက် ပြန်လည်မစွန့်လွှတ်နိုင်သူများ ဖြစ်သော်လည်း ငါတို့က မိမိအယူကို အလွန်မစွဲလမ်းမူ၍ မြဲမြံစွာ မယူကုန်ဘဲ ပြန်လည် စွန့်လွှတ်နိုင်သူများ ဖြစ်ကုန်အံ့ဟု ခေါင်းပါးအောင် ပြုကျင့်ခြင်း။ (မ၊၁၊၅၀။) (မ၊မြန်၊၁။၅၅။)♦

စိတ်၏ အနှောင်အဖွဲ့တရား ၅ ပါး

၁။ ကာမဂုဏ်တို့၌ မကင်းသော စွဲမက်မှု ရှိခြင်း၊
၂။ ကိုယ်ခန္ဓာ တို့၌ မကင်းသော စွဲမက်မှု ရှိခြင်း၊
၃။ ရုပ်၌ မကင်းသော စွဲမက်မှု ရှိခြင်း၊
၄။ ဝမ်းပြည့်အောင် စား၍ ငိုက်မျဉ်းမှု ရှိခြင်း၊
၅။ ကမ္မဋ္ဌာန်းတရား အားထုတ်ရန် မညွတ်ခြင်း။ (အံ၊၂၊၂၁၈။) (အံ၊မြန်၊၂။၂၇၄။)♦

စိတ်ကြောင့်ဖြစ်သော ရုပ် ၂ မျိုး

၁။ ကာယဝိညတ်ရုပ်၊
၂။ ဝစီဝိညတ်ရုပ်။ (မ၊ဋီ၊၂၊၁၉၅။)♦

စိတ်ကို ဆုံးမပုံ ၁၄ မျိုး (မိမိကိုယ်ကို ပုံသဏ္ဌာန်အမျိုးမျိုး စီမံဖန်ဆင်းလိုသော ပုဂ္ဂိုလ်၏ စိတ်ကို ဆုံးမပုံ ၁၄ မျိုး)

၁။ ရှေ့ကသိုဏ်းရှစ်ပါးတို့၌ သမာပတ်ရှစ်ပါးတို့ကို ဖြစ်စေ၍ ကသိုဏ်း အနုလုံအားဖြင့် စိတ်ကို ဆုံးမခြင်း၊
၂။ ကသိုဏ်းပဋိလုံအားဖြင့် စိတ်ကို ဆုံးမခြင်း၊
၃။ ကသိုဏ်းအနုလုံပဋိလုံအားဖြင့် စိတ်ကို ဆုံးမခြင်း၊
၄။ ဈာန်အနုလုံအားဖြင့် စိတ်ကို ဆုံးမခြင်း၊
၅။ ဈာန်ပဋိလုံအားဖြင့် စိတ်ကို ဆုံးမခြင်း၊
၆။ ဈာန်အနုလုံ ပဋိလုံအားဖြင့် စိတ်ကို ဆုံးမခြင်း၊
၇။ ဈာန်ကို ခုန်ကျော်ခြင်းအားဖြင့် စိတ်ကို ဆုံးမခြင်း၊
၈။ ကသိုဏ်းကို ခုန်ကျော်ခြင်းအားဖြင့် စိတ်ကို ဆုံးမခြင်း၊
၉။ ဈာန်ကသိုဏ်းကို ခုန်ကျော်ခြင်းအားဖြင့် စိတ်ကို ဆုံးမခြင်း၊
၁၀။ ဈာန် အင်္ဂါကို ပြောင်းရွှေ့ခြင်းအားဖြင့် စိတ်ကို ဆုံးမခြင်း၊
၁၁။ ဈာန် အာရုံကို ပြောင်းရွှေ့ခြင်းအားဖြင့် စိတ်ကို ဆုံးမခြင်း၊
၁၂။ အင်္ဂါ, အာရုံတို့ကို ပြောင်းရွှေ့ခြင်း အားဖြင့် စိတ်ကို ဆုံးမခြင်း၊
၁၃။ ဈာန်အင်္ဂါကို ပိုင်းခြားသတ်မှတ်ခြင်းအားဖြင့် စိတ်ကို ဆုံးမခြင်း၊
၁၄။ အာရုံကို ပိုင်းခြားသတ်မှတ်ခြင်းအားဖြင့် စိတ်ကို ဆုံးမခြင်း။ (အဘိ၊ဋ္ဌ၊၁၊၂၃၂။)♦

စိတ်ကို နှောင်ဖွဲ့တတ်သော တရား ၅ ပါး

၁။ ကာမဂုဏ်တို့၌ လိုချင်တပ်မက် စွဲလမ်းမှု, ချစ်ခင် တွယ်တာမှု မကင်းခြင်း၊
၂။ ကိုယ်ခန္ဓာ၌ လိုချင်တပ်မက်စွဲလမ်းမှု, ချစ်ခင်တွယ်တာမှု မကင်းခြင်း၊
၃။ ရုပ်၌ လိုချင်တပ်မက် စွဲလမ်းမှု, ချစ်ခင်တွယ်တာမှု မကင်းခြင်း၊
၄။ အလို ရှိတိုင်း ဝမ်းပြည့်အောင်စား၍ အိပ်မှု လဲလျောင်းမှု ငိုက်မျဉ်းမှုတို့၌ ချမ်းသာကို လုံ့လ ပြု၍ နေခြင်း၊
၅။ တန်ခိုးကြီးသော နတ်အသင်းအပင်း တစ်မျိုးမျိုးကို တောင့်တ၍ မြတ်သော အကျင့်ကို ကျင့်ခြင်း။ (မ၊၁၊၁၄၆။) (အံ၊၂၊၂၁၈။) (အံ၊၃၊၂၅၂။) (အဘိ၊ဝိ၊၃၉၂။) (ဒီ၊မြန်၊၃။၂၂၁-၂၂၂။) (မ၊မြန်၊၁။၁၅၂။) (အံ၊မြန်၊၂။၂၇၄။) (အံ၊မြန်၊၃။၂၅၂။) (အဘိ၊ဝိ၊မြန်၊၂။၄၉၆။) (ဒီ၊၃၊၁၉၈-၁၉၉)♦

စိတ်ကို ဖောက်ပြန် မှားယွင်းစွာ နှောင်ဖွဲ့ ဆုပ်ကိုင်ထားတတ်သော တရား ၅ မျိုး

၁။ ကာမဂုဏ်၌ တပ်ခြင်း မကင်းခြင်း၊
၂။ ကိုယ်၌ တပ်ခြင်း မကင်းခြင်း၊
၃။ ရုပ်၌ တပ်ခြင်း မကင်းခြင်း၊
၄။ အလိုရှိတိုင်း ဝမ်းပြည့်အောင် စား၍ အိပ်ခြင်းစသော ချမ်းသာကို အားထုတ်မှု ပြုလျက် နေခြင်း၊
၅။ နတ်ပြည်စသော တစ်စုံတစ်ခုသော စည်းစိမ်ကို တောင့်တကာ မြတ်သော အကျင့်ကို ကျင့်ခြင်း။ (သာရတ္ထ၊ဋီ၊၁၊၃၀၈။)♦

စိတ်ကို မိမိအလို၌ ဖြစ်စေနိုင်သော တရား ၇ ပါး

၁။ သမာဓိ၌ ကျွမ်းကျင်ခြင်း၊
၂။ သမာဓိကို ဝင်စားမှု၌ ကျွမ်းကျင်ခြင်း၊
၃။ သမာဓိ၏ တည်မှု၌ ကျွမ်းကျင်ခြင်း၊
၅။ သမာဓိ၏ ကောင်းမွန်မှု၌ ကျွမ်းကျင်ခြင်း၊
၆။ သမာဓိ၏ ကျက်စားရာ အာရုံ၌ ကျွမ်းကျင်ခြင်း၊
၇။ သမာဓိကို အာရုံသို့ ရှေးရှုဆောင်မှု၌ ကျွမ်းကျင်ခြင်း။ (အံ၊၂၊၄၂၃။) (အံ၊မြန်၊၂။၅၃၅။)♦

စိတ်ချောက်ချားခြင်း ၄ မျိုး

၁။ ပဋိသန္ဓေနေခြင်း, အိုခြင်း စသည်ကို စွဲမှီ၍ စိတ်ချောက်ချားခြင်း (တာသတဿနာ)၊
၂။ အခြားသတ္တဝါတို့သည် ဤဗြဟ္မာဘုံသို့ ရောက်လာကုန်လျှင် ေဩာ် ကောင်းလေစွဟု တဏှာကို စွဲမှီ၍ စိတ်ချောက်ချားခြင်း (တဏှာတဿနာ)၊
၃။ တောင့်တ တတ်သော ဒိဋ္ဌိတဏှာဖြင့် စိတ်တုန်လှုပ် ချောက်ချားခြင်း (ဒိဋ္ဌိတဿနာ)၊
၄။ အသက်ရှည် ကုန်သော နတ်တို့သော်မှလည်း ဘုရား၏တရားကို နာရ၍ များသောအားဖြင့် ကြောက် တတ်သော ဘယဉာဏ်စသည်သို့ ရောက်ကုန်၏ စသည်ဖြင့် ဉာဏ်ကို စွဲမှီ၍ စိတ်ချောက်ချားခြင်း (ဉာဏတဿနာ)။ (ဒီ၊ဋ္ဌ၊၁၊၁၀၂။) (ဒီ၊ဋ္ဌ၊မြန်၊၁။၁၉၉။)♦

စိတ်ညစ်ညူးကြောင်း တရား ၁၇ ပါး

၁။ အဘိဇ္ဈာ- သူတစ်ပါးတို့၏ စည်းစိမ်ဥစ္စာကို ရလို၍ ရှေးရှုကြံစည်ခြင်း၊
၂။ ဝိသမလောဘ- သူတစ်ပါးတို့၏ ပစ္စည်းဥစ္စာများကို မတရား ရယူ လိုခြင်း၊
၃။ ဗျာပါဒ- သူတစ်ပါးတို့ကို ပျက်စီးစေလိုခြင်း၊
၄။ ကောဓ- အမျက်ထွက်ခြင်း၊
၅။ ဥပနာဟ- ရန်ငြိုးဖွဲ့ခြင်း၊
၆။ မက္ခ- သူ့ကျေးဇူးကို ချေဖျက်ခြင်း၊
၇။ ပဠာသ-ဂုဏ်တု ဂုဏ်ပြိုင် ပြုလုပ်ခြင်း၊
၈။ ဣဿာ- ငြူစူခြင်း မနာလိုခြင်း၊
၉။ မစ္ဆရိယ- နှမြောခြင်း ဝန်တိုခြင်း၊
၁၀။ မာယာ- လှည့်ပတ်ခြင်း၊
၁၁။ သာဌေယျ- ကောက်ကျစ်စဉ်းလဲခြင်း၊
၁၂။ ထမ္ဘ- စိတ် ခက်ထန်ခြင်း၊
၁၃။ သာရမ္ဘ- လွှမ်းမိုးချုပ်ချယ်လိုခြင်း၊
၁၄။ မာန- မောက်မာခြင်း၊
၁၅။ အတိ မာန- အလွန်မောက်မာခြင်း၊
၁၆။ မဒ- မာန်ယစ်ခြင်း၊
၁၇။ ပမာဒ- သတိမေ့လျော့ခြင်း။ (မ၊၁၊၄၃။) (မ၊မြန်၊၁။၄၈။)♦

စိတ်တည်ကြည်ကြောင်း ၂ ပါး

၁။ ဥပစာအခိုက်အတန့်၌ နီဝရဏတရားတို့ကို ပယ်ခွာထားနိုင်ခြင်း၊
၂။ ဈာန်ရသော အခိုက်အတန့်၌ ဈာန်အင်္ဂါတို့ ထင်ရှားဖြစ်ခြင်း ။ (ဝိ၊ဋ္ဌ၊၂၊၃၀။)♦

စိတ်ထန်ခြင်း ၂ မျိုး

၁။ အကုသိုလ်အားဖြင့် ဖြစ်သော စိတ်ထန်ခြင်း၊
၂။ ကုသိုလ်အားဖြင့် ဖြစ်သော စိတ်ထန်ခြင်း။ (သာရတ္ထ၊ဋီ၊၁၊၃၀၂။)♦

စိတ်ပျံ့လွင့်မှု စသည်တို့ ဖြစ်ကြောင်းတရား ၃ ပါး

၁။ မယုံကြည်ခြင်း- အဿဒ္ဓိယ၊
၂။ ပြောဆိုသည်ကို မသိခြင်း- အဝဒညု၊
၃။ ပျင်းရိခြင်း- ကောသဇ္ဇ။ (အံ၊၃၊၃၇၂။) (အံ၊မြန်၊၃။၃၆၉။)♦

စိတ်အကျင့် ၂ ပါး

မနောသမာစာရ ၂ ပါး နှင့် တူသည်။ ♦

စိတ်အကျင့် ၂ မျိုး (မကောင်းမှု တိုးပွားစေသော စိတ်အကျင့်)

၁။ သူတစ်ပါးပစ္စည်းတို့၌ တပ်မက်မှု များခြင်း၊
၂။ သူတစ်ပါး ပျက်စီးစေလိုသော ဒေါသစိတ်ရှိခြင်း။ (မ၊၃၊၉၇။) (မ၊မြန်၊၃။၁၀၁။)♦

စိတ်အားနည်းအောင် ပြုတတ်သော တရား ၂၅ ပါး

၁။ အမျက်ဒေါသ၊
၂။ ရန်ငြိုးဖွဲ့ခြင်း၊
၃။ သူ့ကျေးဇူးကို ချေဖျက်ခြင်း၊
၄။ ဂုဏ်တု ဂုဏ်ပြိုင် ပြုခြင်း၊
၅။ ငြူစူ စောင်းမြောင်းခြင်း၊
၆။ ဝန်တိုခြင်း၊
၇။ လှည့်ပတ်ခြင်း၊
၈။ ကောက်ကျစ် စဉ်းလဲခြင်း၊
၉။ ခက်ထန် မာကျောခြင်း၊
၁၀။ ချုတ်ချယ်ခြင်း၊
၁၁။ မာန်မူခြင်း၊
၁၂။ အလွန်မာန်မူခြင်း၊
၁၃။ မာန်ယစ်ခြင်း၊
၁၄။ မေ့လျော့ ခြင်း၊
၁၅။ လေးလံထိုင်းမှိုင်းခြင်း၊
၁၆။ ငြီးငွေ့ခြင်း၊
၁၇။ ပျင်းရိခြင်း၊
၁၈။ ယုတ်ညံ့သော အဆွေခင်ပွန်းရှိခြင်း၊
၁၉။ အဆင်းရူပါရုံ၊
၂၀။ အသံသဒ္ဒါရုံ၊
၂၁။ အနံ့ဂန္ဓာရုံ၊
၂၂။ အရသာ- ရသာရုံ၊
၂၃။ အတွေ့အထိ- ဖောဋ္ဌဗ္ဗာရုံ၊
၂၄။ ဆာလောင်မွတ်သိပ်ခြင်း၊
၂၅။ မမွေ့လျော်ခြင်း။ (မိလိန္ဒ၊၂၇၉။) (မိလိန္ဒ၊မြန်။၂၉၉။)♦

စိုက်ပျိုးခြင်း ၂ မျိုး

၁။ ကလလဝပ္ပ- ရွှံ့ညွန်၌ စိုက်ပျိုးခြင်း၊
၂။ ပံသုဝပ္ပ- မြေကြီး၌ စိုက်ပျိုးခြင်း။ (သံ၊ဋ္ဌ၊၁၊၂၂၂။)♦

စိုက်ပျိုးသင့်သော လယ်မြေ ၈ မျိုး

၁။ အမြင့်အနိမ့် မရှိသော လယ်မြေ၊
၂။ ကျောက်ခဲ ကျောက်စရစ် မရှိသော လယ်မြေ၊
၃။ ဆပ်ပြာမပေါက်သော လယ်မြေ၊
၄။ ထွန်ကြောင်း နက်သော လယ်မြေ၊
၅။ ရေဝင်ပေါက်နှင့် ပြည့်စုံသော လယ်မြေ၊
၆။ ရေထုတ်ပေါက်နှင့် ပြည့်စုံသော လယ်မြေ၊
၇။ ရေမြောင်းနှင့် ပြည့်စုံသော လယ်မြေ၊
၈။ ကန်သင်းနှင့် ပြည့်စုံသော လယ်မြေ။ (အံ၊၃၊၆၉။) (အံ၊မြန်၊၃။၇၁။)♦

စိုးရိမ်ပူပန်ရကြောင်း ၂ မျိုး

၁။ မိမိချစ်မြတ်နိုးသူ ပျက်စီးဆုံးရှုံးခြင်း၊
၂။ မိမိချစ်ခင်နှစ်သက်သော အရာကို တောင့်တ၍ မရခြင်း။ (ဇာ၊ဋ္ဌ၊၃၊၃၂၄။)♦

စီခြင်း ၃ မျိုး (ခွင့်ပြုအပ်သော စီခြင်း ၃ မျိုး)

၁။ အုတ်စီခြင်း၊
၂။ ကျောက်စီခြင်း၊
၃။ သစ်သား စီခြင်း။ (ဝိ၊၄၊၂၅၈-၂၉၉။) (ဝိ၊မြန်၊၄။၂၅၈။)♦

စီးပွားဖြစ်ကြောင်း ၆ ပါး

၁။ အနာရောဂါ ကင်းခြင်းဟု ဆိုအပ်သော မြတ်သော လာဘ် ရှိခြင်း၊
၂။ အကျင့်သီလ ရှိခြင်း၊
၃။ ပညာရှိတို့၏ အဆုံးအမဩဝါဒကို ခံယူလေ့ရှိခြင်း၊
၄။ အကြားအမြင် ဗဟုသုတ ရှိခြင်း၊
၅။ သုစရိုက်တရားသုံးပါးသို့ အစဉ်လိုက်၍ ကျင့်ခြင်း၊
၆။ မပျင်းရိခြင်း။ (ဇာတက၊၁၊၂၀။)♦

စီးပွားဥစ္စာ မတည်ကြောင်း အပေါက် ၆ မျိုး

၁။ အာလသ- ပျင်းရိခြင်း၊
၂။ ပမာဒ- မေ့လျော့ခြင်း၊
၃။ အနုဋ္ဌာန- ထကြွလုံ့လ မရှိခြင်း၊
၄။ အသံယမ- မစောင့်စည်းခြင်း၊
၅။ နိဒ္ဒါ- အအိပ် ကြူးခြင်း၊
၆။ တန္ဒီ- မမွေ့လျော်ခြင်း။ (သံ၊၁၊၄၀။) (သံ၊မြန်၊၁။၄၀။)♦

စီဝရဒါနသိက္ခာပုဒ်၌ အင်္ဂါ ၂ ပါး

၁။ ရဟန်းမ၏ သင်္ကန်းဖြစ်ခြင်း၊
၂။ ခွင့်မပြုထားသော သူတို့အား ပေးခြင်း။ (ဝိမတိ၊၂၊၇၈။)♦

စီဝရဒါနသိက္ခာပုဒ်၌ အင်္ဂါ ၃ ပါး

၁။ ကပ္ပဗိန္ဒုထိုးပြီးသော ရဟန်း၏ သင်္ကန်းဖြစ်ခြင်း၊
၂။ သီတင်း သုံးဖော်တို့နှင့် မိဘကို ကြဉ်ထား၍ တစ်ပါးသော သူတို့အား ပေးခြင်း၊
၃။ အခိုက်အတန့်မျှ ပေးမှု မဟုတ်ခြင်း။ (သာရတ္ထ၊ဋီ၊၃၊၁၂၆။)♦

စီဝရပဋိဂ္ဂဟဏသိက္ခာပုဒ်၌ အင်္ဂါ ၃ ပါး

၁။ ဝိကပ္ပနာ လုံလောက်သော သင်္ကန်း ဖြစ်ခြင်း၊
၂။ လဲလှယ်၍ ပေးသော သင်္ကန်း မဟုတ်ခြင်း၊
၃။ ဆွေမျိုးမတော်သော သူ၏ လက်မှ ယူခြင်း။ (သာရတ္ထ၊ဋီ၊၂၊ ၄၀၁။) (ဝိမတိ၊၁၊၂၃၄။)♦

စီဝရဝိသိဗ္ဗနသိက္ခာပုဒ်၌ အင်္ဂါ ၂ ပါး

၁။ ရဟန်းမ၏ သင်္ကန်းကို ချုပ်ခြင်းငှာ ကိုယ်တိုင်ဖြေ၍ ငါးရက်လွန်သွားခြင်း၊
၂။ ခွင့်မပြုထားသော အကြောင်းကြောင့် တာဝန်ကို ချလိုက်ခြင်း။ (ဝိမတိ၊၂၊၇၈။)♦

စီဝရဝိသိဗ္ဗနသိက္ခာပုဒ်၌ အင်္ဂါ ၅ ပါး

၁။ ဝတ်ခြင်း ရုံရန်းခြင်း လောက်သော သင်္ကန်း ဖြစ်ခြင်း၊
၂။ ရဟန်းမ၏ ဥစ္စာ ဖြစ်ခြင်း၊
၃။ ချုပ်ခြင်းငှာ ကိုယ်တိုင် ဖြေခြင်း, သူတစ်ပါးကို ဖြေစေခြင်း၊
၄။ ခွင့်ပြုထားသော အကြောင်းမှ တစ်ပါးသော အကြောင်းကြောင့် ငါးရက် ကျော်လွန်ခြင်း၊
၅။ ချုပ်ပေးဖို့ရန် တာဝန်ကို ချလိုက်ခြင်း။ (သာရတ္ထ၊ဋီ၊၃၊၁၂၅။)♦

စီဝရသန္တောသ ၂၀ ပါး

သင်္ကန်း၌ ရောင့်ရဲခြင်း ၂၀ ပါးနှင့် တူသည်။ ♦

စီဝရသိဗ္ဗနသိက္ခာပုဒ်၌ အင်္ဂါ ၃ ပါး

၁။ ဆွေမျိုးမတော်သော ရဟန်းမ၏ ဥစ္စာ ဖြစ်ခြင်း၊
၂။ ဝတ်ရန် ရုံရန် လုံလောက်ခြင်း၊
၃။ ကိုယ်တိုင် ချုပ်ခြင်း၊ သူတစ်ပါးကို ချုပ်စေခြင်း။ (သာရတ္ထ၊ဋီ၊၃၊၅၀။) (ဝိမတိ၊၂၊၂၃။)♦

စီဝရအစ္ဆိန္ဒနသိက္ခာပုဒ်၌ အင်္ဂါ ၅ ပါး

၁။ ဝိကပ္ပနာလောက်သော နောက်ဆုံးဖြစ်သော သင်္ကန်း ဖြစ်ခြင်း၊
၂။ ကိုယ်တိုင် ပေးလှူအပ်သည် ဖြစ်ခြင်း၊
၃။ မိမိဥစ္စာဟု အမှတ်ရှိခြင်း၊
၄။ ရဟန်း ဖြစ်ခြင်း၊
၅။ အမျက်ထွက်သဖြင့် လုယူခြင်း, လုယူစေခြင်း။ (သာရတ္ထ၊ဋီ၊၂၊၄၄၁။) (ဝိမတိ၊ ၁။၃၅၈။)♦

စီဝရအပနိဓာနသိက္ခာပုဒ်၌ အင်္ဂါ ၂ ပါး

၁။ ရဟန်း၏ ဥစ္စာဖြစ်သော သပိတ် စသည်တို့ကို ဝှက်ထားခြင်း၊
၂။ ညှဉ်းလိုသူ၊ ရယ်မြူးလိုသူ ဖြစ်ခြင်း။ (သာရတ္ထ၊ဋီ၊၃၊၈၂။) (ဝိမတိ၊၂၊၄၅။)♦

စုဆောင်းခြင်း ၂ မျိုး

၁။ ကမ္မသန္နိစယ- ကုသိုလ်ကံ, အကုသိုလ်ကံကို စုဆောင်းခြင်း၊
၂။ ပစ္စယ သန္နိစယ- ပစ္စည်းလေးပါးကို စုဆောင်းခြင်း။ (ဓမ္မ၊ဋ္ဌ၊၁၊၃၈၆။)♦

စုဒိတကပုဂ္ဂိုလ်၏ ကျင့်ဝတ် ၂ ပါး

၁။ မှန်သော စကားကို ဆိုခြင်း၊
၂။ အမျက် မထွက်ခြင်း။ (ဝိ၊၅၊၂၈၃။) (ဝိ၊မြန်၊၅။၃၇၉။)♦

စုဝေးပေါင်းဆုံခြင်း ၃ မျိုး

၁။ ဩသရဏသမောသရဏ- သက်ရောက်ခြင်းအားဖြင့် စုဝေး ပေါင်းဆုံခြင်း၊
၂။ သဟဇာတ သမောသရဏ- အတူတကွ ဖြစ်ခြင်းအားဖြင့် စုဝေး ပေါင်းဆုံခြင်း၊
၃။ ပစ္စယ သမောသရဏ- အကြောင်းအားဖြင့် စုဝေးပေါင်းဆုံခြင်း။ (ဒီ၊ဋ္ဌ၊၂၊၉၀။)(ဒီ၊ဋ္ဌ၊မြန်၊၂။၁၆၇။)♦

စူးစမ်းတတ်သူ ၃ ဦး

၁။ မိမိအကျိုး, သူတစ်ပါးအကျိုး, မိမိ သူတစ်ပါး နှစ်ပါးစုံ၏ အကျိုးကို သိတတ်သော သူ (အတ္ထဝီမံသက)၊
၂။ သင်္ခါရတရားတို့၏ ကိစ္စလက္ခဏာကို သိတတ်သောသူ (သင်္ခါရဝီမံသက)၊
၃။ ဂုဏ်အားဖြင့် ဘုရားကို သိတတ်သောသူ (သတ္ထုဝီမံသက)။ (မ၊ဋ္ဌ၊၂၊၂၇၇။)♦

စူဠသီလ ၂၆ ပါး

၁။ သူတစ်ပါး အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း၊
၂။ သူတစ်ပါး မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်ခြင်း၊
၃။ မမြတ်သော မေထုန်အကျင့်မှ ရှောင်ကြဉ်ခြင်း၊
၄။ မမှန်မကန် ပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း၊
၅။ ကုန်းတိုက်စကားမှ ရှောင်ကြဉ်ခြင်း၊
၆။ ကြမ်းတမ်းသော စကားမှ ရှောင်ကြဉ်ခြင်း၊
၇။ ပြိန်ဖျင်းသော စကားမှ ရှောင်ကြဉ်ခြင်း၊
၈။ မျိုးစေ့အပေါင်း၊ အပင်အပေါင်းကို ဖျက်ဆီးခြင်းမှ ရှောင်ကြဉ်ခြင်း၊
၉။ နေလွဲ ညစာစား ခြင်းမှ ရှောင်ကြဉ်ခြင်း၊
၁၀။ သူတော်ကောင်းတရား၏ ဆူးငြောင့်ဖြစ်သော ကခြင်း၊ သီခြင်း၊ တီးမှုတ်ခြင်းကို ကြည့်ရှုနားထောင်ခြင်းမှ ရှောင်ကြဉ်ခြင်း စသည်၊
၁၁။ ပန်းပန်ခြင်း နံ့သာပြောင်း နံ့သာရည် သနပ်ခါး စသည်တို့ဖြင့် လိမ်းကျံချယ်လှယ်ခြင်းမှ ရှောင်ကြဉ်ခြင်း၊
၁၂။ မြင့်သောနေရာ မြတ်သောနေရာတို့၌ ထိုင်ခြင်း အိပ်ခြင်းမှ ရှောင်ကြဉ်ခြင်း၊
၁၃။ ရွှေငွေ တို့ကို ခံယူခြင်းမှ ရှောင်ကြဉ်ခြင်း၊
၁၄။ အစိမ်းဖြစ်သော စပါးမျိုး ပဲမျိုးတို့ကို ခံယူခြင်းမှ ရှောင်ကြဉ်ခြင်း၊
၁၅။ သားစိမ်း ငါးစိမ်းတို့ကို ခံယူခြင်းမှ ရှောင်ကြဉ်ခြင်း၊
၁၆။ မိန်းမအို မိန်းမပျိုတို့ကို ခံယူခြင်းမှ ရှောင်ကြဉ်ခြင်း၊
၁၇။ ကျွန်မိန်းမ ကျွန်ယောကျ်ားတို့ကို ခံယူခြင်းမှ ရှောင်ကြဉ်ခြင်း၊
၁၈။ ဆိတ် သိုးတို့ကို ခံယူခြင်းမှ ရှောင်ကြဉ်ခြင်း၊
၁၉။ ကြက် ဝက်တို့ကို ခံယူခြင်းမှ ရှောင်ကြဉ်ခြင်း၊
၂၀။ ဆင် နွား မြင်း မြည်းတို့ကို ခံယူခြင်းမှ ရှောင်ကြဉ်ခြင်း၊
၂၁။ လယ် ယာ ကိုင်းကျွန်းတို့ကို ခံယူခြင်းမှ ရှောင်ကြဉ်ခြင်း၊
၂၂။ တမန်အလုပ်ကို ပြုလုပ်အားထုတ်ခြင်းမှ ရှောင်ကြဉ်ခြင်း၊
၂၃။ ကုန်သည်တို့ကဲ့သို့ ရောင်းခြင်း ဝယ်ခြင်းမှ ရှောင်ကြဉ်ခြင်း၊
၂၄။ ချိန်ခွင် ချင့်တောင်း ချင့်ခွက် စသည်တို့ဖြင့် လိမ်လည်လှည့်ပတ် ခြင်းမှ ရှောင်ကြဉ်ခြင်း၊
၂၅။ တံစိုးလက်ဆောင်ယူခြင်း အတုအယောင်ဖြင့် လှည့်ပတ်ခြင်း မန္တန် ဆေးဝါး မျက်လှည့်အားဖြင့် လှည့်စားခြင်းဟု ဆိုအပ်သော ကောက်ကျစ် စဉ်းလဲခြင်းမှ ရှောင်ကြဉ်ခြင်း၊
၂၆။ လက် ခြေ စသည်ကို ဖြတ်ခြင်း ညှဉ်းပန်းနှိပ်စက်ခြင်း ချုပ်နှောင်ခြင်း လုယက်ခြင်း ဓားပြတိုက်ခြင်း စသည် ပြုလုပ်ခြင်းမှ ရှောင်ကြဉ်ခြင်း။ (ဒီ၊၁၊၅၉။) (ဒီ၊မြန်၊၁။၃၊၇၁။)♦

စေခိုင်း၍ သတ်ခြင်း၌ ဌာန ၅ မျိုး

၁။ဝတ္ထု- သတ်အပ်သော သတ္တဝါ၊
၂။ ကာလ- သတ်ရမည့် အချိန်ကာလ၊
၃။ ဩကာသ- သတ်ရမည့် နေရာအရပ်၊
၄။ အာဝုဓ- သတ်ဖြတ်ကြောင်း လက်နက်၊
၅။ ဣရိယာပထ- ထိုင်နေသော အခါ, အိပ်နေသောအခါ စသော သတ်ရမည့် ဣရိယာပုတ်။ (ဝိ၊ဋ္ဌ၊၂၊၄၅။)♦

စေခိုင်း၍ သတ်ခြင်း၌ ဌာန ၆ မျိုး

၁။ဝတ္ထု- သတ်အပ်သော သတ္တဝါ၊
၂။ ကာလ- နံနက် ညနေ စသော သတ်ရမည့် အချိန်ကာလ၊
၃။ ဩကာသ- ရွာ, တော, အိမ် ခြံ တံခါး စသော သတ်ရမည့် နေရာအရပ်၊
၄။ အာဝုဓ- လေး, မြား, ဓား, လှံ စသော သတ်ဖြတ်ကြောင်း လက်နက်၊
၅။ ဣရိယာပထ- ထိုင်နေသည့်အခါ, အိပ်နေသည့်အခါ စသော သတ်ရမည့် ဣရိယာပုတ်၊
၆။ ကိရိယာဝိသေသ- ခေါင်းဖြတ်သတ်ရမည်, ရင်ခွဲသတ်ရမည် စသော သတ်ပုံ အမူအရာ အထူး။ (ဝိ၊ဋ္ဌ၊၂၊၄၅။)♦

စေတနာ ၃ မျိုး

၁။ ပုဗ္ဗစေတနာ- မလှူမီ ရှေးအဖို့၌ ဖြစ်သော စေတနာ၊
၂။ မုဉ္စစေတနာ- ပေးလှူနေဆဲခဏ၌ ဖြစ်သော စေတနာ၊
၃။ အပရစေတနာ- ပေးလှူပြီးနောက်၌ ဖြစ်သော စေတနာ။ (ပေတ၊ဋ္ဌ၊၁၂၄။) (ဇာ၊ဋ္ဌ၊၃၊၂၈၂။)♦

စေတနာ ၆ မျိုး

၁။ ရူပသေဉ္စတနာ- အဆင်း၌ စေ့ဆော်အားထုတ်မှု၊
၂။ သဒ္ဒသေဉ္စတနာ- အသံ၌ စေ့ဆော်အားထုတ်မှု၊
၃။ ဂန္ဓသေဉ္စတနာ- အနံ့၌ စေ့ဆော်အားထုတ်မှု၊
၄။ ရသ သေဉ္စတနာ- အရသာ၌ စေ့ဆော်အားထုတ်မှု၊
၅။ ဖောဋ္ဌဗ္ဗသေဉ္စတနာ- အတွေ့အထိ၌ စေ့ဆော်အားထုတ်မှု၊
၆။ ဓမ္မသေဉ္စတနာ- ဓမ္မသဘော၌ စေ့ဆော်အားထုတ်မှု။ (သံ၊၂၊၄၉။) (သံ၊၂၊၅၂။) (သံ၊မြန်၊၂။၄၈-၅၀။) (သံ၊မြန်၊၂။၄၈-၅၀။)♦

စေတနာ ၇ မျိုး

၁။ စက္ခုသမ္ဖဿဇာစေတနာ- မျက်စိအတွေ့ကြောင့် ဖြစ်သော စေ့ဆော်မှု၊
၂။ သောတသမ္ဖဿဇာစေတနာ- နားအတွေ့ကြောင့် ဖြစ်သော စေ့ဆော်မှု၊
၃။ ဃာနသမ္ဖဿဇာ စေတနာ- နှာခေါင်းအတွေ့ကြောင့် ဖြစ်သော စေ့ဆော်မှု၊
၄။ ဇိဝှါသမ္ဖဿဇာစေတနာ- လျှာ အတွေ့ကြောင့် ဖြစ်သော စေ့ဆော်မှု၊
၅။ ကာယသမ္ဖဿဇာစေတနာ- ကိုယ်အတွေ့ကြောင့် ဖြစ်သော စေ့ဆော်မှု၊
၆။ မနောဓာတုသမ္ဖဿဇာစေတနာ- မနောဓာတ်အတွေ့ကြောင့် ဖြစ်သော စေ့ဆော်မှု၊
၇။ မနောဝိညာဏဓာတုသမ္ဖဿဇာစေတနာ-မနောဝိညာဏဓာတ်အတွေ့ကြောင့် ဖြစ်သော စေ့ဆော်မှု။ (အဘိ၊ဝိ၊၄၁၇။) (အဘိ၊ဝိ၊၄၁၉။) (အဘိ၊ဝိ၊မြန်၊၂။၅၂၆။) (အဘိ၊ဝိ၊မြန်၊၂။၅၂၆။)♦

စေတနာနှင့် ယှဉ်သော တရား ၂၁ ပါး

၁။ ဗောဇ္ဈင်တရား ၇ ပါး၊
၂။ မဂ္ဂင်တရား ၈ ပါး၊
၃။ အဘိဇ္ဈာ, ဗျာပါဒ, မိစ္ဆာဒိဋ္ဌိ, အနဘိဇ္ဈာ, အဗျာပါဒ, သမ္မာဒိဋ္ဌိ (၆။) ပါး ပေါင်း ၂၁ ပါး။ (အဘိ၊ဋ္ဌ၊၁၊၁၃၁။)♦

စေတနာဖြင့် အပြစ်ရှိသောဝတ္ထုကို ကျူးလွန်နိုင်သူ ၂ မျိုး

၁။ ပုထုဇဉ်ရဟန်း၊
၂။ ပုထုဇဉ် ရဟန်းမ။ (ဝိ၊၅၊၂၁၄။) (ဝိ၊မြန်၊၅။၂၉၈။)♦

စေတနာဖြင့် အပြစ်ရှိသောဝတ္ထုကို မကျူးလွန်နိုင်သူ ၂ မျိုး

၁။ အရိယာရဟန်း၊
၂။ အရိယာရဟန်းမ။ (ဝိ၊၅၊၂၁၄။) (ဝိ၊မြန်၊၅။၂၉၈။)♦

စေတနာဖြင့် အာပတ်မသင့်သူ ၂ မျိုး

၁။ အရိယာဖြစ်သော ရဟန်း၊
၂။ အရိယာဖြစ်သော ရဟန်းမ။ (ဝိ၊၅၊၂၁၄။) (ဝိ၊မြန်၊၅။၂၉၈။)♦

စေတနာဖြင့် အာပတ်သင့်သူ ၂ မျိုး

၁။ ပုထုဇဉ်ရဟန်း၊
၂။ ပုထုဇဉ်ရဟန်းမ။ (ဝိ၊၅၊၂၁၄။) (ဝိ၊မြန်၊၅။၂၉၈။)♦

စေတီ ၃ မျိုး

၁။ ဘုရားရှင် သုံးစွဲတော်မူအပ်ပြီးသော အဆောက်အဦတို့ကို သိုမှီး၍ ဌာပနာ၍ ပြုအပ်သော စေတီ- ပရိဘောဂစေတီ၊
၂။ ဓာတ်တော်ကို ဌာပနာ၍ တည်အပ်သော စေတီ- ဓာတုစေတီ၊
၃။ ပဋိစ္စသမုပ္ပါဒ် စသော တရားတော်ကို ရေးသားအပ်သော ကျမ်းစာ, ပေစာ, ကြေးပြားပိဋကတ်တို့ကို ဌာပနာထား၍ တည်အပ်သော စေတီ- ဓမ္မစေတီ။ (သာရတ္ထ၊ဋီ၊၁၊၁၇၂။)♦

စေတီ ၃ မျိုး

၁။ ဓာတ်တော်သက်သက်နှင့် ဓာတ်တော်ဌာပနာရာ စေတီ, ကိုယ်တော်မှ ဖြစ်သော စေတီ- သာရီရိကစေတီ၊
၂။ ဘုရားရှင်၏ အသုံးအဆောင်တော်နှင့် အသုံးအဆောင် တော်များ ဌာပနာထားရာ စေတီ- ပရိဘောဂိကစေတီ၊
၃။ ရည်မှန်းပူဇော်အပ်သော သက်တော်ထင်ရှား ဘုရားရှင်သည်လည်းကောင်း ဘုရားရုပ်ပွား ဆင်းတုတော်သည်လည်းကောင်း- ဥဒ္ဒိဿ စေတီ။ (သာရတ္ထ၊ဋီ၊၁၊၁၇၂။)♦

စေတီ ၃ မျိုး

၁။ ပရိဘောဂစေတီ- ဘုရားရှင်၏ အသုံးအဆောင်ဖြစ်သော ဘုရားရှင် သုံးတော် မူခဲ့သော သပိတ် သင်္ကန်းစသော အသုံးအဆောင်များနှင့် မဟာဗောဓိပင် စသည်၊
၂။ ဥဒ္ဒိဿကစေတီ- ဘုရားရှင်အား ရည်မှန်း၍ ထုလုပ်ကိုးကွယ် ပူဇော်အပ်သော ဘုရား ဆင်းတုတော်များ၊
၃။ ဓာတုစေတီ- ဘုရားရှင်၏ ဓာတ်တော်များကို ဌာပနာထား၍ တည်ထား ကိုးကွယ် ပူဇော်အပ်သော ဓာတ်တော်နှင့် တကွဖြစ်သော စေတီ။ (ခုဒ္ဒက၊ဋ္ဌ၊၁၈၈။) (ဇာ၊ဋ္ဌ၊၄၊၂၂၉။)♦

စေတီတော်၌ တန်ခိုးပြာဋိဟာ ဖြစ်ပေါ်ခြင်း ၃ မျိုး

၁။ ရဟန္တာပုဂ္ဂိုလ်တို့ အဓိဋ္ဌာန်ပြုသည်၏ အစွမ်းအားဖြင့် စေတီတော်၌ တန်ခိုးပြာဋိဟာ ဖြစ်ပေါ်ခြင်း၊
၂။ နတ်တို့၏ အဓိဋ္ဌာန်၏ အစွမ်း အားဖြင့် စေတီတော်၌ တန်ခိုးပြာဋိဟာ ဖြစ်ပေါ်ခြင်း၊
၃။ ရတနာသုံးပါး၌ ကြည်ညိုသော သဒ္ဓါ စသည်နှင့် ပြည့်စုံသော လူပုဂ္ဂိုလ်သည် စေတီတော်၌ ပန်းနံ့သာ စသော လှူဖွယ်ဝတ္ထု တစ်ခုခုကို လှူဒါန်းပူဇော်လျက် အဓိဋ္ဌာန်သည်၏ အစွမ်းအားဖြင့် စေတီတော်၌ တန်ခိုး ပြာဋိဟာ ဖြစ်ပေါ်ခြင်း။ (မိလိန္ဒ၊၂၉၇။) (မိလိန္ဒ၊မြန်။၃၁၉။)♦

စေတီထိုက်သော ပုဂ္ဂိုလ် ၂ မျိုး

၁။ ပူဇော်အထူးကို ခံတော်မူထိုက်သော အလုံးစုံသော တရားတို့ကို သိတော်မူသော မြတ်စွာဘုရား၊
၂။ စကြာရတနာကို လည်စေနိုင်သော စကြဝတေးမင်း။ (အံ၊၁၊၇၆။) (အံ၊မြန်၊၁။၉၀။)♦

စေတီထိုက်သော ပုဂ္ဂိုလ် ၄ မျိုး

၁။ မြတ်စွာဘုရား၊
၂။ ပစ္စေကဗုဒ္ဓါ၊
၃။ ဘုရားရှင်၏ သာဝက (အရိယာရဟန်းများ)၊
၄။ စကြဝတေးမင်း၊ [စေတီထိုက်ဟူသည် ဤပုဂ္ဂိုလ်လေးပါး တို့ကို ရည်မှတ်၍ စေတီတည်ထား ကိုးကွယ်အပ်သည် ဟူလို။] (ဒီ၊၂၊၁၁၇။) (အံ၊၁၊၅၆၇။) (ဒီ၊မြန်၊၂။၁၃၆။) (အံ၊မြန်၊၁။၅၈၂။)♦

စေတောခိလ ၅ ပါး

၁။ ဘုရား၌ ယုံမှားခြင်း၊
၂။ တရား၌ ယုံမှားခြင်း၊
၃။ သံဃာ၌ ယုံမှားခြင်း၊
၄။ သိက္ခာပုဒ်၌ ယုံမှားခြင်း၊
၅။ သီတင်းသုံးဖော်တို့အပေါ် အမျက်ထွက်ခြင်း။ (ဒီ၊၃၊၁၉၈။) (ဒီ၊၃၊၂၃၂။) (ဒီ၊မြန်၊၃။၂၂၁။) (ဒီ၊မြန်၊၃။၂၅၅။)♦

စေတောခိလတရား ၅ ပါး

ဆုတ်ယုတ်သော အဖို့ရှိသော တရား ၅ ပါး၊ ဟာနဘာဂိယတရား ၅ ပါး၊ စိတ်၏ ငြောင့်တံသင်း ၅ ပါးတို့နှင့် တူသည်။ ♦

စေတောပရိယဉာဏ် ဖြစ်ရာ အာရုံ ၈ ပါး

၁။ ပရိတ္တအာရုံ၊
၂။ မဟဂ္ဂတအာရုံ၊
၃။ အပ္ပမာဏ အာရုံ၊
၄။ မဂ္ဂအာရုံ၊
၅။ အတိတ်အာရုံ၊
၆။ အနာဂတ်အာရုံ၊
၇။ ပစ္စုပ္ပန်အာရုံ၊
၈။ ဗဟိဒ္ဓ အာရုံ။ (ဝိသုဒ္ဓိ၊၂၊၆၁။)♦

စေတောပရိယဉာဏ်၏ စွမ်းအား ၁၆ ပါး

၁။ တစ်ပါးသော သတ္တဝါ၊ တစ်ပါးသော ပုဂ္ဂိုလ်တို့၏ စိတ်ကို မိမိစိတ်ဖြင့် ပိုင်းခြား၍ သိနိုင်ခြင်း၊
၂။ တပ်မက်ခြင်း (ရာဂ)နှင့် တကွဖြစ်သော စိတ်ကို တပ်မက်ခြင်း(ရာဂ)နှင့် တကွဖြစ်သော စိတ်ဟု သိနိုင်ခြင်း၊
၃။ တပ်မက်ခြင်း (ရာဂ)ကင်းသော စိတ်ကို တပ်မက်ခြင်း(ရာဂ)ကင်းသော စိတ်ဟု သိနိုင်ခြင်း၊
၄။ အမျက် ထွက်ခြင်း (ဒေါသ)နှင့်တကွဖြစ်သော စိတ်ကို အမျက်ထွက်ခြင်း (ဒေါသ)နှင့်တကွဖြစ်သော စိတ်ဟု သိနိုင်ခြင်း၊
၅။ အမျက်ထွက်ခြင်း(ဒေါသ)ကင်းသော စိတ်ကို အမျက်ထွက်ခြင်း (ဒေါသ)ကင်းသော စိတ်ဟု သိနိုင်ခြင်း၊
၆။ တွေဝေခြင်း သစ္စာလေးပါးအရာ၌ အမှန်ကို မသိခြင်း (မောဟ)နှင့်တကွဖြစ်သော စိတ်ကို တွေဝေခြင်း သစ္စာလေးပါးအရာ၌ အမှန်ကို မသိခြင်း (မောဟ)နှင့်တကွဖြစ်သော စိတ်ဟု သိနိုင်ခြင်း၊
၇။ တွေဝေခြင်း သစ္စာလေးပါး အရာ၌ အမှန်ကို မသိခြင်း(မောဟ)ကင်းသော စိတ်ကို တွေဝေခြင်း သစ္စာလေးပါး အရာ၌ အမှန်ကို မသိခြင်း(မောဟ)ကင်းသော စိတ်ဟု သိနိုင်ခြင်း၊
၈။ ကျုံ့သော (သံခိတ္တ)စိတ်ကို ကျုံ့သော (သံခိတ္တ)စိတ်ဟု သိနိုင်ခြင်း၊
၉။ ပျံ့သော (ဝိက္ခိတ္တ)စိတ်ကို ပျံ့သော (ဝိက္ခိတ္တ)စိတ်ဟု သိနိုင်ခြင်း၊
၁၀။ မြတ်သည်၏အဖြစ်သို့ ရောက်သော (မဟဂ္ဂုတ်)စိတ်ကိုလည်း မြတ်သည်၏အဖြစ်သို့ ရောက်သော (မဟဂ္ဂုတ်)စိတ်ဟု သိနိုင်ခြင်း၊
၁၁။ မြတ်သည်၏အဖြစ်သို့ မရောက်သော (အမဟဂ္ဂုတ်)စိတ်ကို မြတ်သည်၏အဖြစ်သို့ မရောက်သော (အမဟဂ္ဂုတ်)စိတ်ဟု သိနိုင်ခြင်း၊
၁၁။ သာလွန်သော တရားရှိသော (သဥတ္တရ) စိတ်ကို သာလွန်သော တရားရှိသော (သဥတ္တရ)စိတ်ဟု သိနိုင်ခြင်း၊
၁၂။ သာလွန်သော တရားမရှိသော (အနုတ္တရ)စိတ်ကို သာလွန်သော တရားမရှိသော (အနုတ္တရ)စိတ်ဟု သိနိုင်ခြင်း၊
၁၃။ တည်ကြည်သော (သမာဟိတ)စိတ်ကို တည်ကြည်သော (သမာဟိတ)စိတ်ဟု သိနိုင်ခြင်း၊
၁၄။ မတည်ကြည်သော (အသမာဟိတ)စိတ်ကို မတည်ကြည်သော (အသမာဟိတ)စိတ်ဟု သိနိုင်ခြင်း၊
၁၅။ လွတ်မြောက်သော (ဝိမုတ္တ)စိတ်ကို လွတ်မြောက်သော (ဝိမုတ္တ)စိတ်ဟု သိနိုင်ခြင်း၊
၁၆။ မလွတ်မြောက်သော (အဝိမုတ္တ)စိတ်ကို မလွတ်မြောက်သော (အဝိမုတ္တ)စိတ်ဟု သိနိုင်ခြင်း။ (ဒီ၊၁၊၇၅။) (ဒီ၊မြန်၊၁။၈၉။)♦

စေတောဝိနိဗန္ဓ ၅ ပါး

စိတ်ကို နှောင်ဖွဲ့တတ်သော တရား ၅ ပါးနှင့် တူသည်။ ♦

စေတောဝိနိဗန္ဓတရား ၅ ပါး

၁။ ကာမဂုဏ်တို့၌ မကင်းသော စွဲမက်ခြင်း ရှိခြင်း၊၂။ ကိုယ်၌ မကင်းသော စွဲမက်ခြင်း ရှိခြင်း၊
၃။ အလိုရှိတိုင်း ဝမ်းပြည့်အောင် စား၍ အိပ်ငိုက်ခြင်း ချမ်းသာကို ပြုခြင်း၊
၄။ တစ်ပါးသော နတ်အဖြစ်ကို တောင့်တ၍ မြတ်သော အကျင့်ကို ကျင့်ခြင်း၊
၅။ လုံ့လပြုခြင်းငှာ ဆောက်တည်ခြင်းငှာ စိတ်မညွတ်ခြင်း။ (ဒီ၊၃၊၁၉၈-၁၉၉။) (ဒီ၊မြန်၊၃။၂၂၁-၂၂၂။)♦

စေတောဝိမုတ္တိ ရင့်ကျက်ကြောင်း တရား ၅ ပါး

၁။ သူတော်ကောင်းမိတ်ဆွေနှင့် ပြည့်စုံလျက် ထိုသူတော်ကောင်း မိတ်ဆွေသို့ အစဉ်သဖြင့် ကိုင်းညွှတ်ခြင်း (ချဉ်းကပ်ခြင်း)၊
၂။ ပါတိမောက္ခ သံဝရသီလနှင့် ပြည့်စုံလျက် အနည်းငယ်မျှသော အပြစ်တို့၌ ဘေးဟု ရှုလေ့ရှိခြင်း၊
၃။ ကိလေသာငြိမ်းကြောင်း မဂ်ဖိုလ်နိဗ္ဗာန် ရကြောင်းဖြစ်သော အပ္ပိစ္ဆကထာ စသော ကထာ ဆယ်မျိုးတို့ကို မငြိုမငြင် မပင်မပန်း အလိုရှိတိုင်း ပြောဆိုခြင်း၊
၄။ အကုသိုလ်တရားကို ပယ်ရန် ထက်သန်သော လုံ့လဝီရိယရှိ၍ ကုသိုလ်တရားတို့၌ တာဝန်ကို ပစ်ချမထားခြင်း၊
၅။ ဒုက္ခကုန်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်း ပညာနှင့် ပြည့်စုံခြင်း။ (အံ၊၃၊၁၆၈။) (ဥဒါန၊၁၁၉။) (အံ၊မြန်၊၃။၁၇၀။) (ဥဒါန၊မြန်။ ၁၀၇။)♦

စေတောဝိမုတ္တိနှင့် ပြည့်စုံသော ပုဂ္ဂိုလ်တို့ ပွားများရမည့် တရား ၄ ပါး

၁။ တဏှာရာဂကို ပယ်ရန်အတွက် အသုဘဘာဝနာကို ပွားများရခြင်း၊
၂။ ဒေါသဗျာပါဒကို ပယ်ရန်အတွက် မေတ္တာဘာဝနာကို ပွားများရခြင်း၊
၃။ ကြံစည်မှု ဝိတက်ကို ပယ်ရန်အတွက် အာနာပါနကို ပွားများရခြင်း၊
၄။ ငါ ဟူသော မာန်မာနကို ပယ်ရန်အတွက် အနိစ္စသညာကို ပွားများရခြင်း။ (ဥဒါန၊၁၂၀။) (ဥဒါန၊မြန်။၁၀၉။)♦

စောင့်စည်းခြင်း ၅ မျိုး

၁။ သီလကို စောင့်စည်းခြင်း၊
၂။ သတိကို စောင့်စည်းခြင်း၊
၃။ ဉာဏ်ဟူသော စောင့်စည်းခြင်း၊
၄။ သည်းခံမှုကို စောင့်စည်းခြင်း၊
၅။ အားထုတ်မှုကို စောင့်စည်းခြင်း။ (သာရတ္ထ၊ဋီ၊၂၊၂၉။)♦

စောင်းတန်း ၃ မျိုး (ဘုရားရှင် နတ်ပြည်မှ လူ့ပြည်သို့ ဆင်းသက်တော်မူရန် သိကြားမင်းက ဝိသုကြုံနတ်သားကို ပြုလုပ်ဖန်ဆင်းစေသော စောင်းတန်း ၃ မျိုး)

၁။ အလယ်၌ ပတ္တမြား အုဋ္ဌ်လှေခါး၊
၂။ ဘေးတစ်ဖက်၌ ငွေအုဋ္ဌ်လှေခါး၊
၃။ ဘေးတစ်ဖက်၌ ရွှေအုဋ္ဌ်လှေခါး။ (ဇာ၊ဋ္ဌ၊၄၊၂၆၆။)♦

စောဒကပုဂ္ဂိုလ် ဆင်ခြင်ရမည့်တရား ၅ ပါး

၁။ ငါသည် ကိုယ်အကျင့် စင်ကြယ်၏လော, စင်ကြယ်သော မကျိုးမပေါက် မသုံးသပ်အပ်သော ကိုယ်အကျင့်နှင့် ပြည့်စုံ၏လော, ဤတရားသည် ငါ့အား ရှိသလော-မရှိသလောဟု ဆင်ခြင်ရခြင်း၊
၂။ ငါသည် နှုတ်အကျင့် စင်ကြယ်၏လော, စင်ကြယ်သော မကျိုးမပေါက်သော မသုံးသပ်အပ်သော နှုတ်အကျင့်နှင့် ပြည့်စုံပါ၏လော, ငါ့အား ဤတရားသည် ရှိသလော-မရှိသလောဟု ဆင်ခြင်ရခြင်း၊
၃။ ငါ့အား မေတ္တာစိတ်သည် ရှေးရှုတည်ပါ၏လော, သီတင်းသုံးဖော်တို့၌ အမျက်ဒေါသ ကင်းပါ၏လော, ငါ့အား ဤတရားသည် ရှိသလော မရှိသလောဟု ဆင်ခြင်ရခြင်း၊
၄။ ငါသည် အကြားအမြင် ဗဟုသုတ များပါ၏လော၊ အကြားအမြင် ဗဟုသုတကို ဆောင်ပါ၏လော, အစ အလယ် အဆုံး ကောင်းခြင်းရှိ၍ အနက်သဒ္ဒါနှင့် ပြည့်စုံကုန်လျက် ဖြူစင်မြင့်မြတ်သော အကျင့်ကို ဟောပြတတ်ကုန်သော တရားတို့ကို များစွာ ကြားနာဖူးပါ၏လော, နှုတ်ဖြင့် ဆောင်ဖူး ပါ၏လော, လေ့ကျင့်ဖူးပါ၏လော, စိတ်ဖြင့် ဆင်ခြင်ဖူး၏လော၊ ပညာဖြင့် ထိုးထွင်း၍ သိဖူးပါ၏လော, ငါ့အား ဤတရားသည် ရှိသလော-မရှိသလောဟု ဆင်ခြင်ရခြင်း၊
၅။ ငါသည် ပါတိမောက်နှစ်မျိုးကို အကျယ်အားဖြင့် နှုတ်တက်ရလော, ကောင်းစွာ ဝေဖန်ပြီးဖြစ်၏လော, ပါဠိအားဖြင့်လည်းကောင်း အဋ္ဌကထာအားဖြင့်လည်းကောင်း ကောင်းစွာဆုံးဖြတ်ပြီး ဖြစ်၏လော, ငါ့အား ဤတရားသည် ရှိသလော,မရှိသလော ဟု ဆင်ခြင်ရခြင်း။ (ဝိ၊၄၊၄၃၆၊ ၄၃၇။) (ဝိ၊၅၊၃၂၈။) (အံ၊၃၊၃၁၈။) (ဝိ၊မြန်၊၅။၄၃၈။) (အံ၊မြန်၊၃။၃၁၇။) (ဝိ၊မြန်၊၄၊ ၄၃၆၊၄၃၇။)♦

စောဒကရဟန်း မိမိသန္တာန်၌ တည်စေရမည့် တရား ၅ ပါး

၁။ သင့်လျော်သော အခါ၌ ငါ ပြောဆိုမည်၊ မသင့်လျော်သော အခါ၌ ငါ မပြောဆို၊
၂။ မှန်သောစကားဖြင့် ငါ ပြောဆိုမည်၊ မမှန်သော စကားဖြင့် ငါ မပြောဆို၊
၃။ သိမ်မွေ့သော စကားဖြင့် ငါ ပြောဆိုမည်၊ ကြမ်းတမ်းသော စကားဖြင့် ငါ မပြောဆို၊
၄။ အကျိုးနှင့် စပ်သော စကားဖြင့် ငါ ပြောဆိုမည်၊ အကျိုးနှင့် မစပ်သော စကားဖြင့် ငါ မပြောဆို၊
၅။ မေတ္တာစိတ် ထားလျက် ငါ ပြောဆိုမည်၊ ဒေါသစိတ် ထားလျက် ငါ မပြောဆို။ (ဝိ၊၄၊၄၃၇။) (ဝိ၊၅၊၂၈၃။) (ဝိ၊၅၊၃၃၀။) (ဒီ၊၃၊၁၉၇။) (အံ၊၂၊၁၇၂။) (အံ၊၃၊၃၁၈။) (ဝိ၊မြန်၊၄၊၄၃၈။) (ဝိ၊မြန်၊၅။၄၃၂။) (ဝိ၊မြန်၊၅။၃၇၉။) (အံ၊မြန်၊၂။၂၁၉။) (ဒီ၊မြန်၊၃။၂၂၀။) (အံ၊မြန်၊၃။၃၁၈။)♦

စောဒကရဟန်း၏ အင်္ဂါ ၅ ပါး

၁။ စုဒိတကရဟန်းအပေါ်၌ သနားစိတ် ရှိခြင်း၊
၂။ စုဒိတက ရဟန်းအပေါ်၌ စီးပွားလိုလားသော စိတ်ရှိခြင်း၊
၃။ စုဒိတကရဟန်းအား စောင့်ရှောက်လိုသော စိတ်ရှိခြင်း၊
၄။ စုဒိတကရဟန်းအား အာပတ်မှ ထစေလိုသော စိတ်ရှိခြင်း၊
၅။ ဝိနည်း တရားတော်ကို ရှေးရှုပြုခြင်း။ (ဝိ၊၄၊၄၃၉။) (ဝိ၊၅၊၃၃၀။) (ဝိ၊မြန်၊၄၊၄၄၀။) (ဝိ၊မြန်၊၅။၄၃၂။) (ဝိ၊ဋ္ဌ၊၄၊၁၂၆။)♦

စောဒနာခံရသော ရဟန်းအား နှလုံးမသာယာခြင်းကို ဖြစ်စေနိုင်သော အခြင်းအရာ ၅ မျိုး

၁။ ငါ့ရှင်ကို သင့်လျော်သော အခါ၌ စောဒနာ၏၊ မသင့်လျော်သော အခါ၌ မစောဒနာ၊
၂။ ငါ့ရှင်ကို မှန်သော စကားဖြင့် စောဒနာ၏၊ မမှန်သော စကားဖြင့် မစောဒနာ၊
၃။ ငါ့ရှင်ကို သိမ်မွေ့သော စကားဖြင့် စောဒနာ၏၊ ကြမ်းတမ်းသော စကားဖြင့် မစောဒနာ၊
၄။ ငါ့ရှင်ကို အကျိုးစီးပွားနှင့် စပ်သော စကားဖြင့် စောဒနာ၏၊ အကျိုးစီးပွားနှင့် မစပ်သော စကားဖြင့် မစောဒနာ၊
၅။ ငါ့ရှင်ကို မေတ္တာစိတ်ထားဖြင့် စောဒနာ၏၊ ဒေါသစိတ် ထားဖြင့် မစောဒနာ၊ ထို့ကြောင့် သင့်အား နှလုံးမသာယာ ဖြစ်ခြင်းငှာ သင့်၏-ဟု နှလုံးမသာယာခြင်းကို ဖြစ်စေခြင်း။ (ဝိ၊၄၊၄၃၉။) (အံ၊၂၊၁၇၃။) (ဝိ၊မြန်၊၄။၄၄၀။) (အံ၊မြန်၊၂။၂၁၉။)♦

စောဒနာခြင်း ၂ မျိုး

၁။ ကိုယ်ဖြင့် စောဒနာခြင်း၊
၂။ နှုတ်ဖြင့် စောဒနာခြင်း။ (ဝိ၊၅၊၂၁၄။) (ဝိ၊၅၊၂၈၂။) (ဝိ၊မြန်၊၅။၂၉၉။) (ဝိ၊မြန်၊၅။၃၇၈။)♦

စောဒနာခြင်း ၃ မျိုး

၁။ ဒိဋ္ဌစောဒနာ- မြင်အပ်သော အကြောင်းအရာဖြင့် စောဒနာခြင်း၊
၂။ သုတစောဒနာ- ကြားအပ်သော အကြောင်းအရာဖြင့် စောဒနာခြင်း၊
၃။ ပရိသင်္ကိတ စောဒနာ- ယုံမှားသော အကြောင်းအရာဖြင့် စောဒနာခြင်း။ (ဝိ၊၅၊၂၁၈။) (ဒီ၊၃၊၁၈၂။) (ဒီ၊၃၊၁၈၂။) (ဝိ၊ဋ္ဌ၊၂၊၁၇၃။) (ဝိ၊မြန်၊၅။၃၀၄။) (ဒီ၊မြန်၊၃။၂၀၃။) (ဒီ၊မြန်၊၃။၂၀၃။)♦

စောဒနာခြင်း ၄ မျိုး

၁။ သီလပျက်စီးမှု သီလဝိပတ္တိဖြင့် စောဒနာခြင်း၊
၂။ အကျင့်ပျက်စီးမှု အာစာရ ဝိပတ္တိဖြင့် စောဒနာခြင်း၊
၃။ အယူပျက်စီးမှု ဒိဋ္ဌိဝိပတ္တိဖြင့် စောဒနာခြင်း၊
၄။ အသက်မွေးမှု ပျက်စီးခြင်း အာဇီဝ၀ိပတ္တိဖြင့် စောဒနာခြင်း။ (ဝိ၊၅၊၂၂၅။) (ဝိ၊ဋ္ဌ၊၂၊၁၇၃။) (ဝိ၊မြန်၊၅။၃၁၃။)♦

စောဒနာခြင်း၌ သံဃာ၏ ကျင့်ဝတ် ၂ ပါး

၁။ သံဃာသည် သက်သော စကားကို သိအပ်၏၊
၂။ မသက်သော စကားကိုလည်း သိအပ်၏။ (ဝိ၊၅၊၂၈၃။) (ဝိ၊မြန်၊၅။၃၇၉။)♦

စောဒနာခြင်း၏ ဘုံ ၅ ပါး

၁။ သင့်လျော်သော အခါ၌ ဆို၏၊ မသင့်သော အခါ၌ မဆို၊
၂။ ဟုတ်မှန်သည်ကို ဆို၏၊ မဟုတ်မှန်သည်ကို မဆို၊
၃။ သိမ်မွေ့နူးညံ့သဖြင့် ဆို၏၊ ကြမ်းတမ်း သဖြင့် မဆို၊
၄။ အကျိုးစီးပွားနှင့် စပ်သဖြင့် ဆို၏၊ အကျိုးစီးပွားနှင့် မစပ်သဖြင့် မဆို၊
၅။ မေတ္တာ စိတ်ရှိသည် ဖြစ်၍ ဆို၏၊ ဒေါသစိတ် ရှိသည် ဖြစ်၍ မဆို။ (ဝိ၊၅၊၂၈၂။) (ဝိ၊မြန်၊၅။၃၇၈။)♦

စောဒနာခြင်း၏ အရင်းမူလ ၂ ပါး

၁။ အရင်းရှိသော စောဒနာခြင်း၊
၂။ အရင်းမရှိသော စောဒနာခြင်း။ (ဝိ၊၅၊၂၈၂။) (ဝိ၊မြန်၊၅။၃၇၈။)♦

စောဒနာခြင်း၏ဝတ္ထု ၃ ပါး

၁။ မြင်ခြင်း၊
၂။ ကြားခြင်း၊
၃။ ရွံ့ရှားခြင်း (ယုံမှားခြင်း။)။ (ဝိ၊၅၊၂၈၂။) (ဝိ၊မြန်၊၅။၃၇၈။)♦

စောဒနာခြင်းအကြောင်း ၃ ပါး

စောဒနာခြင်း ၃ မျိုးနှင့် တူသည်။ ♦

စောဒနာခြင်းအကြောင်း ၄ မျိုး

၁။ဝတ္ထုသန္ဒဿနာ- ‘‘သင်သည် မေထုန်အမှုကို လွန်ကြူးပြီ’’ စသည်ဖြင့်ဝတ္ထုကို ထင်ရှားပြ၍ စောဒနာခြင်း၊
၂။ အာပတ္တိသန္ဒဿနာ- ‘‘သင်သည် ပထမ ပါရာဇိက အာပတ်သင့်ပြီ’’ စသည်ဖြင့် အာပတ်ကို ထင်ရှားပြ၍ စောဒနာခြင်း၊
၃။ သံဝါသ ပဋိက္ခေပ- အတူတကွ ဥပုသ် ပဝါရဏာ မပြုခြင်း စသည်ဖြင့် သံဝါသကို ပယ်သောအားဖြင့် စောဒနာခြင်း၊
၄။ သာမီစိပဋိက္ခေပ- ခရီးဦးကြို မပြုခြင်း, ရှိမခိုးခြင်း စသည်ဖြင့် အရိုအသေကို ပယ်သောအားဖြင့် စောဒနာခြင်း။ (ဝိ၊၅၊၂၂၈။) (ဝိ၊ဋ္ဌ၊၂၊၁၇၄။) (ဒီ၊ဋ္ဌ၊၃၊၂၁၁။) (အံ၊ဋ္ဌ၊၃၊၅၉။) (ဝိ၊မြန်၊၅။၃၁၆။)♦

စောဒနာဝတ္ထု ၃ ပါး

စောဒနာခြင်းအကြောင်း ၃ ပါး၊ စောဒနာခြင်း ၃ မျိုးတို့နှင့် တူသည်။ ♦

စောဒနာဝတ္ထု ၄ မျိုး

စောဒနာခြင်း၏ အကြောင်း ၄ မျိုးနှင့် တူသည်။ ♦

စောဒနာသော ရဟန်းအား နှလုံးရွှင်ပြခြင်းကို ဖြစ်စေနိုင်သော အခြင်းအရာ ၅ မျိုး

၁။ ငါ့ရှင်ကို သင့်လျော်သော အခါ၌ စောဒနာ၏၊ မသင့်လျော်သော အခါ၌ မစောဒနာ၊
၂။ ငါ့ရှင်သည် မှန်သော စကားဖြင့် စောဒနာ၏၊ မမှန်သော စကားဖြင့် မစောဒနာ၊
၃။ ငါ့ရှင်သည် သိမ်မွေ့သော စကားဖြင့် စောဒနာ၏၊ ကြမ်းတမ်းသော စကားဖြင့် မစောဒနာ၊
၄။ ငါ့ရှင်သည် အကျိုးစီးပွားနှင့်စပ်သော စကားဖြင့် စောဒနာ၏၊ အကျိုးစီးပွားနှင့် မစပ်သော စကားဖြင့် မစောဒနာ၊
၅။ ငါ့ရှင်သည် မေတ္တာစိတ်ထားဖြင့် စောဒနာ၏၊ ဒေါသစိတ်ထားဖြင့် မစောဒနာ၊ ထို့ကြောင့် သင့်အား နှလုံးရွှင်ပြခြင်းငှာ သင့်၏ဟု နှလုံးရွှင်ပြခြင်းကို ဖြစ်စေ ရခြင်း။ (ဝိ၊၄၊၄၃၈။) (ဝိ၊မြန်၊၄၊၄၃၉။)♦

ဆက်စပ်ခြင်း ၅ မျိုး

၁။ ပုဒ်ချင်း ဆက်စပ်ခြင်း ပဒသန္ဓိ၊
၂။ ပုဒ်အနက်ချင်း ဆက်စပ်ခြင်း ပဒတ္ထသန္ဓိ၊
၃။ အနုသန္ဓေတစ်ခုရှိသော ဒေသနာကို ရှေ့နောက်ဆက်စပ်ခြင်း ဒေသနာသန္ဓိ၊
၄။ ချထားအပ်, ဟောကြားအပ်သော ဒေသနာအားဖြင့် ဆက်စပ်ခြင်း နိက္ခေပသန္ဓိ၊
၅။ ချထားအပ်သော သုတ်အားဖြင့် ဆက်စပ်ခြင်း သုတ္တသန္ဓိ။ (မ၊ဋီ၊၁၊၁၂၆။)♦

ဆင် ၁၀ မျိုး

၁။ ကာဠာဝကဆင်မျိုး၊
၂။ ဂင်္ဂေယျဆင်မျိုး၊
၃။ ပဏ္ဍရဆင်မျိုး၊
၄။ တမ္ဗဆင်မျိုး၊
၅။ ပိင်္ဂလဆင်မျိုး၊
၆။ ဂန္ဓဆင်မျိုး၊
၇။ မင်္ဂလဆင်မျိုး၊
၈။ ဟေမဝတဆင်မျိုး၊ ဟေမဆင်မျိုး၊
၉။ ဥပေါသထဆင်မျိုး၊
၁၀။ ဆဒ္ဒန္တဆင်မျိုး။ (မ၊ဋ္ဌ၊၁၊၃၃၁။) (သံ၊ဋ္ဌ၊၂၊၄၁။) (အဘိ၊ဋ္ဌ၊၂၊၃၈၀။) (ပဋိသံ၊ဋ္ဌ၊၂၊၂၃၀။) (ဥဒါန၊ဋ္ဌ၊၃၆၄။) (ဗုဒ္ဓဝံ၊ဋ္ဌ၊၆၁။) (သာရတ္ထ၊ဋီ၊၃၊၂၁၈။) (ဝိမတိ၊၂၊၉၉။)♦

ဆင် ၁၀ မျိုး (တစ်နည်း)

၁။ ဂေါစရိဆင်မျိုး၊
၂။ ကဠာပဆင်မျိုး၊
၃။ ဂင်္ဂေယျဆင်မျိုး၊
၄။ ပိင်္ဂလ ဆင်မျိုး၊
၅။ ပဗ္ဗတေယျကဆင်မျိုး၊
၆။ ဟေမဝတဆင်မျိုး၊
၇။ တမ္ဗဆင်မျိုး၊
၈။ မန္ဒာကိနိဆင်မျိုး၊
၉။ ဥပေါသထဆင်မျိုး၊
၁၀။ ဆန္ဒန္တဆင်မျိုး။ (ဒီ၊ဋ္ဌ၊၂၊၁၆၄။) (ဒီ၊ဋ္ဌ၊မြန်၊၂။၃၀၈။)♦

ဆင် အင်္ဂါ ၅ ပါး (မင်း၏သာမညဆင် အင်္ဂါ ၅ ပါး)

၁။ အဆင်းရူပါရုံတို့ကို သည်းမခံနိုင်ခြင်း၊
၂။ အသံသဒ္ဒါရုံတို့ကို သည်းမခံနိုင်ခြင်း၊
၃။ အနံ့ဂန္ဓာရုံတို့ကို သည်းမခံနိုင်ခြင်း၊
၄။ အရသာ ရသာရုံတို့ကို သည်းမခံနိုင်ခြင်း၊
၅။ အတွေ့အထိဖောဋ္ဌဗ္ဗာရုံတို့ကို သည်းမခံနိုင်ခြင်း။ (အံ၊၂၊၁၃၈။) (အံ၊မြန်၊၂။၁၇၃-၁၇၄။)♦

ဆင်ခြင်၍ အိပ်သော ပုဂ္ဂိုလ်၏ အကျိုး ၅ ပါး

၁။ ချမ်းသာစွာ အိပ်ရခြင်း၊
၂။ ချမ်းသာစွာ နိုးရခြင်း၊
၃။ မကောင်းသော အိပ်မက်ကို မမက်ခြင်း၊
၄။ နတ်တို့ စောင့်ရှောက်ကုန်ခြင်း၊
၅။ သုက် မလွတ်ခြင်း။ (အံ၊၂၊၂၁၉။) (အံ၊မြန်၊၂။၂၇၆-၂၇၇။)♦

ဆင်ခြင်မှုမရှိဘဲ အိပ်သော ပုဂ္ဂိုလ်၏ အပြစ် ၅ ပါး

၁။ ဆင်းရဲစွာ အိပ်ရခြင်း၊
၂။ ဆင်းရဲစွာ နိုးရခြင်း၊
၃။ မကောင်းသော အိပ်မက် မြင်မက်ခြင်း၊
၄။ နတ်တို့ မစောင့်ရှောက်ခြင်း၊
၅။ သုက် လွတ်ခြင်း။ (အံ၊၂၊၂၁၉။) (အံ၊မြန်၊၂။၂၇၆။)♦

ဆင်ခြင်သုံးသပ်ခြင်း ၃ မျိုး

၁။ သောမနဿဝေဒနာနှင့် ယှဉ်သော ဆင်ခြင်သုံးသပ်ခြင်း၊
၂။ ဒေါမနဿဝေဒနာနှင့် ယှဉ်သော ဆင်ခြင်သုံးသပ်ခြင်း၊
၃။ ဥပေက္ခာဝေဒနာနှင့် ယှဉ်သော ဆင်ခြင်သုံးသပ်ခြင်း။ (နေတ္တိ၊ဋ္ဌ၊၂၁၃။)♦

ဆင်နှင့်ယောဂီ တူပုံ ၅ မျိုး

၁။ ဆင်သည် သွားလာနေစဉ်ပင် မြေကြီးကို ခွဲခြင်း (ထို့အတူ ယောဂီပုဂ္ဂိုလ်သည် ခန္ဓာကိုယ်ကို သုံးသပ်သည် ဖြစ်၍သာလျှင် အလုံးစုံသော ကိလေသာ တို့ကို ဖောက်ခွဲအပ်ခြင်း)၊
၂။ ဆင်သည် တစ်ကိုယ်လုံးဖြင့်သာလျှင် လှည့်လည်၍ ဖြောင့်စွာ ကြည့်ခြင်း, တူရှုအရပ်, အထောင့်အရပ်တို့ကို မကြည့်ခြင်း (ထို့အတူ ယောဂီပုဂ္ဂိုလ်သည် အလုံးစုံသော ကိုယ်ဖြင့် ကြည့်ရခြင်း, တူရူအရပ်, အထောင့်အရပ်, အထက်အရပ်, အောက် အရပ်သို့ မကြည့်ရခြင်း၊ လှည်းထမ်းပိုးတစ်ပြန်မျှသာ ကြည့်ရခြင်း)၊
၃။ ဆင်သည် အမြဲတည်ရာ မရှိမူ၍ ကျက်စားခြင်းငှာ သွားသည်ရှိသော် ထိုရောက်ရာ အရပ်၌သာလျှင် နေထိုင်ရန် ချဉ်းကပ်ခြင်း (ထို့အတူ ယောဂီပုဂ္ဂိုလ်သည် အမြဲတည်နေရာ မရှိသည်ဖြစ်၍ တပ်မက်မှု အာလယကင်းလျက် ဆွမ်းခံသွားရခြင်း၊ ဝိပဿနာရှုသော ရဟန်းသည် သင့်တင့် လျောက်ပတ်သော နှစ်သက်ဖွယ်ရှိသော လိုဏ်ဂူ မဏ္ဍပ် တောင်ဝှမ်း စသည်ကို မြင်လျှင် ထိုအရပ်၌ နေထိုင်ရန် ချဉ်းကပ်ရခြင်း)၊
၄။ ဆင်သည် ရေသို့ သက်ဆင်းသည်ရှိသော် စင်ကြယ် သန့်ရှင်း ညစ်ကြေးကင်း၍ အေးမြကြည်လင်လျက် ကြီးကျယ်သော ပဒုမ္မာကြာအိုင်သို့ သက်ဆင်းကာ ကစားခြင်း (ထို့အတူ ယောဂီပုဂ္ဂိုလ်သည် စင်ကြယ်သန့်ရှင်း ညစ်ကြေး ကင်း၍ အရဟတ္တဖိုလ်တည်းဟူသော ပဒုမ္မာကြာပန်းတို့ဖြင့် ဖုံးလွှမ်းနေသော သတိပဋ္ဌာန် တည်းဟူသော ရေကန်သို့ ဆင်းသက်လျက် ဉာဏ်ဖြင့် သင်္ခါရတရား တို့ကို ခါတွက်လွင့်ပစ်၍ ကစားခြင်း)၊
၅။ ဆင်သည် သတိရှိသည်ဖြစ်၍ ခြေကို ကြွခြင်း ချခြင်း (ထို့အတူ ယောဂီ ပုဂ္ဂိုလ်သည် သတိသမ္ပဇဉ် ဉာဏ်နှင့်ယှဉ်လျက် ကြွခြင်း လှမ်းခြင်း ကွေးခြင်း ဆန့်ခြင်းစသော အမှုတို့ကို ပြုခြင်း) ။ (မိလိန္ဒ၊၃၈၃။) (မိလိန္ဒ၊မြန်။၄၀၄။)♦

ဆင်းရဲ၍ ဒုဂ္ဂတိရောက်ကြောင်း ၅ ပါး

၁။ ယုံကြည်မှု သဒ္ဓါ မရှိခြင်း၊
၂။ ရှက်မှုဟိရီ မရှိခြင်း၊
၃။ ကြောက်လန့်မှု ဩတ္တပ္ပ မရှိခြင်း၊
၄။ ပျင်းရိခြင်း၊
၅။ ပညာမဲ့ခြင်း။ (အံ၊၂၊၂-၃။) (အံ၊မြန်၊၂။၄။)♦

ဆင်းရဲ၍ ဒုဂ္ဂတိရောက်ကြောင်း တရား ၂ ပါး

၁။ ဣန္ဒြိယေသု အဂုတ္တဒွါရတာ- စက္ခု စသော ဣန္ဒြေခြောက်ပါးတို့၌ လုံခြုံသောတံခါး မရှိခြင်း၊
၂။ ဘောဇနေ အမတ္တညုတာ- ဘောဇဉ်တို့၌ အတိုင်းအရှည်ကို မသိခြင်း။ (ခုဒ္ဒက၊၂၁၁။) (ခုဒ္ဒက၊မြန်။၁၉၄။)♦

ဆင်းရဲကြောင်း တရား ၁၀ ပါး

၁။ သူ့အသက် သတ်ခြင်း၊
၂။ သူ့ဥစ္စာခိုးခြင်း၊
၃။ ကာမတို့၌ မှားယွင်းစွာ ကျင့်ခြင်း၊
၄။ မဟုတ်မမှန် ပြောဆိုခြင်း၊
၅။ ကုန်းချောခြင်း၊
၆။ ရုန့်ရင်းကြမ်းတမ်းသော စကားကို ပြောဆိုခြင်း၊
၇။ ပြိန်ဖျင်းသော စကားကို ပြောဆိုခြင်း၊
၈။ သူတစ်ပါးဥစ္စာကို ရှေးရှုကြံစည်ခြင်း၊
၉။ သတ္တဝါတို့အား ဖျက်ဆီးလိုခြင်း၊
၁၀။ မှားသော အမြင် ရှိခြင်း။ (အံ၊၃၊၄၈၂-၄၈၇။) (အံ၊မြန်၊၃။၄၇၂-၄၇၈။)♦

ဆင်းရဲကြောင်း တရား ၃ ပါး

၁။ ကိုယ်ဖြင့် ပြုအပ်သော မကောင်းသော အကျင့် ကာယဒုစရိုက်နှင့် ပြည့်စုံခြင်း၊
၂။ နှုတ်ဖြင့် ပြုအပ်သော မကောင်းသော အကျင့် ဝစီဒုစရိုက်နှင့် ပြည့်စုံခြင်း၊
၃။ စိတ်ဖြင့် ပြုအပ်သော မကောင်းသော အကျင့် မနောဒုစရိုက်နှင့် ပြည့်စုံခြင်း။ (အံ၊၁၊၁၁၂။) (အံ၊မြန်၊၁။၁၃၁။)♦

ဆင်းရဲကြောင်း တရား ၃ ပါး (တစ်နည်း)

၁။ အလိုရမ္မက်ကြီးခြင်း (လောဘ)၊
၂။ အမျက်ဒေါသ ကြီးခြင်း (ဒေါသ)၊
၃။ မိုက်မဲတွေဝေခြင်း (မောဟ) ။ (မဟာနိ၊၂၈၃။)♦

ဆင်းရဲခြင်း ၅ မျိုး

၁။ သာသနာတော်၌ ရဟန်းအဖြစ်မည်သည် ဆင်းရဲခြင်း၊
၂။ ရဟန်း ပြုပြီးသူ သည်လည်း ဆွမ်းခံအကျင့်ဖြင့် အသက်မွေးခြင်းကို အားထုတ်ရသဖြင့် အနှိုင်းမရှိ သီလအစုကို စောင့်ရှောက်ခြင်း လောကုတ္တရာတရားအားလျော်သော အကျင့်ပဋိပတ်ကို ဖြည့်ခြင်း၏ အစွမ်းဖြင့် မွေ့လျော်ခြင်းငှာ ဆင်းရဲခြင်း၊
၃။ အိမ်၌ နေသဖြင့် မင်းတို့အား မင်းမှုကိစ္စ, အစိုးရသူ တို့အား အစိုးရခြင်း အမှုကိစ္စ စသည်တို့ကို ဆောင်ရွက်ရသောကြောင့် အိမ်ရာတည်ထောင် လူ့ဘောင်သည် အိုးပေါက်နှင့် သမုဒ္ဒရာကြီးကဲ့သို့ ပြည့်နိုင်ခဲသောကြောင့် ဆင်းရဲခြင်း၊
၄။ အလို မတူသော သူနှင့် ပေါင်းဖော်ရခြင်းသည် ဆင်းရဲခြင်း၊
၅။ ဝဋ်ဆင်းရဲဟု ဆိုအပ်သော အဓွန့်သို့ သွားရခြင်းသည် ဆင်းရဲခြင်း။ (ဓမ္မ၊ဋ္ဌ၊၂၊၂၈၈။)♦

ဆင်းရဲခြင်း ၇ မျိုး

၁။ ဒုက္ခဒုက္ခ- ဆင်းရဲသည်သာလျှင်ဖြစ်သော ဒုက္ခ၊
၂။ ဝိပရိဏာမဒုက္ခ- ဖောက်ပြန်ခြင်း, ဒုက္ခဖြစ်ခြင်း၏ အကြောင်းဖြစ်သော သုခဝေဒနာဟူသော ဒုက္ခ၊
၃။ သင်္ခါရ ဒုက္ခ- လောကီဥပေက္ခာဝေဒနာနှင့် ကြွင်းသော တေဘူမကဘုံ၌ ဖြစ်ကုန်သော လောကီသင်္ခါရ တို့သည် အဖြစ်အပျက်သည် နှိပ်စက်အပ်ကုန်သည်၏ အဖြစ်ကြောင့် ဆင်းရဲခြင်း၊
၄။ ပဋိစ္ဆန္န ဒုက္ခ- ကိုယ်စိတ်၌ ဖြစ်နေသော, ဖုံးကွယ်သော, မထင်ရှားသော ဆင်းရဲဒုက္ခ၊
၅။ အပ္ပဋိစ္ဆန္န ဒုက္ခ- သုံးဆယ့်နှစ်ပါးသော နှိပ်စက်ညှဉ်းပန်းမှု အစရှိသော မဖုံးကွယ်အပ်သော, ထင်ရှားသော ဆင်းရဲဒုက္ခ၊
၆။ ပရိယာယဒုက္ခ- ဒုက္ခဒုက္ခမှ ကြွင်းသော ဇာတိ အစရှိသော အလုံးစုံသော ဆင်းရဲဒုက္ခ၊
၇။ နိပ္ပရိယာယဒုက္ခ- ပရိယာယ်မဟုတ်, မုချဖြစ်သော ဆင်းရဲဒုက္ခ။ (အဘိ၊ဋ္ဌ၊၂၊၈၈။) (ဝိသုဒ္ဓိ၊၂၊၁၃၀။)♦

ဆင်းရဲခြင်းသဘော ၃ မျိုး

၁။ ဒုက္ခ ဒုက္ခတာ- တကယ်ဆင်းရဲသော ဆင်းရဲခြင်းသဘော၊
၂။ သင်္ခါရ ဒုက္ခတာ- ပြုပြင်စီရင်မှု ဆင်းရဲခြင်းသဘော၊
၃။ ဝိပရိဏာမ ဒုက္ခတာ- ဖောက်ပြန်တတ်သော ဆင်းရဲခြင်းသဘော။ (ဒီ၊၃၊၁၈၁။) (သံ၊၂၊၄၅၃။)(နေတ္တိ၊ဋ္ဌ၊၁၂။) (နေတ္တိ၊ဋ္ဌ၊၂၁၄။) (နေတ္တိ၊ဝိဘာ၊၂၇၅။) (ဒီ၊မြန်၊၃။၂၀၁။) (သံ၊မြန်၊၂။၄၄၉။)♦

ဆင်းရဲစွာ နေရကြောင်း တရား ၂ ပါး

၁။ အမျက်ထွက်ခြင်း ကောဓ၊
၂။ ရန်ငြိုးဖွဲ့ခြင်း ဥပနာဟ။(တစ်နည်း)
သူ့ကျေးဇူးကို ချေဖျက်ခြင်း မက္ခ၊
၂။ အပြိုင်ပြုခြင်း ပလာသ။(တစ်နည်း)
ငြူစူခြင်း ဣဿာ၊
၂။ ဝန်တိုခြင်း မစ္ဆရိယ။ (တစ်နည်း)
လှည့်ပတ်ခြင်း မာယာ၊
၂။ စဉ်းလဲခြင်း သာဌေယျ။(တစ်နည်း)
ဒုစရိုက်တရားတို့မှ မရှက်ခြင်း အဟိရီက၊
၂။ ဒုစရိုက် တရားတို့မှ မလန့်ခြင်း အနောတ္တပ္ပ။ (အံ၊၁၊၉၅။) (အံ၊မြန်၊၁။၁၁၁။)♦

ဆင်းရဲတရား ၅ ပါး

၁။ ရုပ်၊
၂။ ဝေဒနာ၊
၃။ သညာ၊
၄။ သင်္ခါရ၊
၅။ ဝိညာဏ်။ (သံ၊၂၊၂၇။) (သံ၊မြန်၊၂။၂၆။)♦

ဆင်းရဲဖြစ်ကြောင်း တရား ၃ ပါး

၁။ ကာမတဏှာ- ကာမဂုဏ်အာရုံ၌ သာယာသည်၏ အစွမ်း အားဖြင့် ဖြစ်သော တဏှာ၊
၂။ ဘဝတဏှာ- ဘဝသည် (အတ္တသည်) မြဲ၏ဟု ယူသော သဿတ ဒိဋ္ဌိနှင့် တကွဖြစ်သော တဏှာ၊
၃။ ဝိဘဝတဏှာ- ဘဝသည် (အတ္တသည်) သေလျှင် ပြတ်၏ဟု ယူသော ဥစ္ဆေဒဒိဋ္ဌိနှင့် တကွဖြစ်သော တဏှာ။ (သံ၊၂၊၂၇။) (သံ၊မြန်၊၂။၂၆။)♦

ဆံစသော ကောဋ္ဌာသတို့ စက်ဆုပ်ဖွယ်ကောင်းပုံ ၅ မျိုး

၁။ အဆင်းအားဖြင့် စက်ဆုပ်ဖွယ် ကောင်းခြင်း၊
၂။ ပုံသဏ္ဌာန်အားဖြင့် စက်ဆုပ်ဖွယ်ကောင်းခြင်း၊
၃။ အနံ့အသက်အားဖြင့် စက်ဆုပ်ဖွယ်ကောင်းခြင်း၊
၄။ သလိပ်, သည်းခြေ, သွေးစသော ဖြစ်ခဲ့ရာ အကြောင်းအားဖြင့် စက်ဆုပ်ဖွယ်ကောင်းခြင်း၊
၅။ ဆံ စသည် ဖြစ်ရာအရပ်အားဖြင့် စက်ဆုပ်ဖွယ် ကောင်းခြင်း။ (သာရတ္ထ၊ဋီ၊၂၊၁၇၃။)♦

ဆတ္တပါဏိ ဥယျာဉ်စောင့်၌ ရှိသော အင်္ဂါ ၄ ပါး

၁။ ငြူစူခြင်း မရှိခြင်း၊
၂။ သေရည် မသောက်ခြင်း၊
၃။ သူတစ်ပါးတို့၌ ချစ်ခင်မှု မရှိခြင်း၊
၄။ သူတစ်ပါးတို့၌ အမျက်ထွက်ခြင်း မရှိခြင်း။ (ဇာ၊ဋ္ဌ၊၂၊၁၇၅။)♦

ဆန္ဒ ၅ မျိုး

၁။ ပရိယေသနဆန္ဒ-ဝတ္ထုပစ္စည်းအာရုံ ကာမဂုဏ်တို့ကို ရှာမှီးခြင်း၏ အစွမ်းအားဖြင့် ဖြစ်သော ဆန္ဒ၊
၂။ ပဋိလာဘဆန္ဒ- ရရှိလာသော ပစ္စည်းဝတ္ထုဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသော ဆန္ဒ၊
၃။ ပရိဘောဂဆန္ဒ- ပစ္စည်းဝတ္ထုတို့ကို သုံးဆောင်ခံစားခြင်း၏ အစွမ်း အားဖြင့် ဖြစ်သော ဆန္ဒ၊
၄။ သန္နိဓိဆန္ဒ- ရရှိလာသော ပစ္စည်းဥစ္စာများကို သိုမှီးသိမ်းဆည်း ထားခြင်း၏ အစွမ်းအားဖြင့်လည်းကောင်း လုံခြုံအောင် စောင့်ရှောက်ခြင်း၏ အစွမ်းအားဖြင့် လည်းကောင်း ဖြစ်သော ဆန္ဒ၊
၅။ ဝိဿဇ္ဇနဆန္ဒ- မျက်မှောက်၌ ဖြစ်သော အကျိုးစီးပွားကို သာလျှင် ကြံစည်၍ စွန့်လွှတ်ခြင်း၏ အစွမ်းအားဖြင့် ဖြစ်သော ဆန္ဒ။ (မဟာနိ၊၂၀၁။) (ဒီ၊ဋ္ဌ၊၂၊၃၁၂။) (ဒီ၊ဋီ၊၂၊၂၅၇။) (ဒီ၊ဋ္ဌ၊မြန်၊၂။၅၇၄။)♦

ဆန္ဒံ အဒတွာ ဂမန သိက္ခာပုဒ်၌ အင်္ဂါ ၆ မျိုး

၁။ ဆုံးဖြတ်ကြောင်း စကား ဖြစ်နေစဉ် ဖြစ်ခြင်း၊
၂။ ဓမ္မကံ ဖြစ်ခြင်း၊
၃။ ဓမ္မကံဟု အမှတ် ရှိခြင်း၊
၄။ တူညီသော တစ်ခုတည်းသော သိမ်၌ တည်သူ ဖြစ်ခြင်း၊
၅။ ဥပုသ် စသောကံ၌ တူသော ပေါင်းဖော်ခြင်း ရှိသူ ဖြစ်ခြင်း၊
၆။ ပျက်စေလိုသဖြင့် နှစ်တောင့်ထွာ ဟတ္ထပါသ်ကို စွန့်ခြင်း။ (သာရတ္ထ၊ဋီ၊၃၊၉၅။)♦

ဆန္ဒန္တအိုင်ကြီး၏ ပတ်ဝန်းကျင်၌ ရှိသော တော ၇ မျိုး

၁။ သုဒ္ဓကလ္လဟာရ တော၊
၂။ သုဒ္ဓ နီလုပ္ပလတော၊
၃။ ရတ္တုပ္ပလ တော၊
၄။ သေတုပ္ပလ တော၊
၅။ ရတ္တပဒုမ တော၊
၆။ သေတ ပဒုမ တော၊
၇။ ကုမုဒကြာ တော။ (သာရတ္ထ၊ဋီ၊၁၊၂၅၇။)♦

ဆန္ဒပေးမရသော ဌာန ၃ မျိုး

၁။ ကွဲနေသော သံဃာများ ညီညွတ်မှုကို ပြုရာဌာန၊
၂။ တိဏဝတ္ထာရက သမထ အရာဌာန၊
၃။ ပဝါရဏာကို ချီးမြှောက်ရာဌာန။ (ဝိ၊ဋ္ဌ၊၃၊၃၆၂။)♦

ဆန့်ကျင်ဖက်မှထွက်မြောက်တတ်သော ဓာတ် ၆ မျိုး

၁။ ပျက်စီးစေလိုမှု ဗျာပါဒမှ ထွက်မြောက် တတ်သော မေတ္တာစေတောဝိမုတ္တိ၊
၂။ ညှဉ်းဆဲလိုမှု ဝိဟိံသာမှ ထွက်မြောက်တတ်သော ကရုဏာ စေတောဝိမုတ္တိ၊
၃။ မမွေ့လျော်မှု အရတိမှ ထွက်မြောက်တတ်သော မုဒိတာစေတောဝိမုတ္တိ၊
၄။ စွဲမက်မှု ရာဂမှ ထွက်မြောက်တတ်သော ဥပေက္ခာစေတောဝိမုတ္တိ၊
၅။ ရာဂစသော နိမိတ် အားလုံးတို့မှ ထွက်မြောက်တတ်သော အနိမိတ္တစေတောဝိမုတ္တိ၊
၆။ မဝေခွဲနိုင်မှု သို့လော သို့လော ယုံမှား တွေးတောမှုမှ ထွက်မြောက်တတ်သော အသ္မိမာန သမုဂ္ဃါတ။ (အံ၊၂၊၂၅၇။) (အံ၊မြန်၊၂။၃၃၃။)♦

ဆံပင်၌ ကြောင့်ကြစိုက်ရမှု ၁၆ ပါး

၁။ တန်ဆာဆင်ရခြင်း၊
၂။ ပြေပြစ် ချောမွေ့အောင် ပြုရခြင်း၊
၃။ ဆီလိမ်းရခြင်း၊
၄။ ခေါင်းလျှော်ရခြင်း၊
၅။ ပန်းပန်ရခြင်း၊
၆။ အမွှေးအကြိုင် လိမ်းရခြင်း၊
၇။ ခေါင်းလျှော်ရန်အတွက် တရော်ကင်ပွန်း စသည်ကို ထောင်းထု၍ စိမ်ထုံရခြင်း၊
၈။ သဖန်း ခါးသီးကို ရှာရခြင်း၊
၉။ သျှစ်သျှားသီးကို ရှာရခြင်း၊
၁၀။ ဆံပင်နက်အောင် ဆိုးရည်ဆိုးရခြင်း၊
၁၁။ ဆံပင်ထုံးရခြင်း၊
၁၂။ ဘီးဖြင့် ဖီးရခြင်း၊
၁၃။ ဆေတ္တာသည်တို့ဖြင့် ပြုပြင်ရခြင်း၊
၁၄။ ထုံးပြီးသော ဆံပင်ကို ပြန်ဖြေရခြင်း၊
၁၅။ သန်းရှာရခြင်း၊
၁၆။ ဆံပင်ကျွတ်သည်ရှိသော် စိုးရိမ်ပူဆွေး ငိုကြွေးရခြင်း။ (မိလိန္ဒ၊၁၁။) (မိလိန္ဒ၊မြန်။၁၄။)♦

ဆံပင်၌ မတင့်တယ်သော အခြင်းအရာအားဖြင့် ရှေးရှုထင်ပုံ ၅ မျိုး

၁။ ဝဏ္ဏ- အဆင်း၊
၂။ သဏ္ဌာန- ပုံသဏ္ဌာန်၊
၃။ ဂန္ဓ- အနံ့၊
၄။ အာသယ- မှီရာ၊
၅။ ဩကာသ- တည်ရာ။ (ခုဒ္ဒက၊ဋ္ဌ၊၅၈။)♦

ဆံပင်၏ ကင်းဆိတ်သည်၏အဖြစ် ၃ မျိုး

၁။ အတ္တမှ ကင်းဆိတ်သည်၏ အဖြစ်၊
၂။ အတ္တ၏ ဥစ္စာအဖြစ်မှ ကင်းဆိတ်သည်၏ အဖြစ်၊
၃။ မြဲသည်၏ အဖြစ်မှ ကင်းဆိတ်သည်၏ အဖြစ်။ (အဘိ၊ဋ္ဌ၊၂၊၂၄၉။)♦

ဆံပင်၏ ဓာတ် ၄ မျိုး

၁။ ဆံပင် စသည်တို့၌ ခက်မာသည်၏ အဖြစ်သည် ပထဝီဓာတ်၊
၂။ ဆံပင် စသည်တို့၌ ဖွဲ့စည်းတတ်သည်၏ အဖြစ်သည် အာပေါဓာတ်၊
၃။ ဆံပင် စသည်တို့၌ အငွေ့၏ အဖြစ်သည် တေဇောဓာတ်၊
၄။ ဆံပင် စသည်တို့၌ တောင့်မာသည်၏ အဖြစ်သည် ဝါယော ဓာတ်။ (အဘိ၊ဋ္ဌ၊၂၊၂၄၉။)♦

ဆံပင်၏ နိမိတ် ၅ မျိုး

၁။ ဝဏ္ဏနိမိတ်= မှတ်သားကြောင်း အဆင်း၊
၂။ သဏ္ဌာနနိမိတ်= မှတ်သား ကြောင်း သဏ္ဌာန်၊
၃။ ဒိသာနိမိတ်= မှတ်သားကြောင်း အရပ်၊
၄။ ဩကာသနိမိတ်= မှတ်သား ကြောင်း ဖြစ်ရာအရပ်၊
၅။ ပရိစ္ဆေဒနိမိတ်= မှတ်သားကြောင်း အပိုင်းအခြား။ (အဘိ၊ဋ္ဌ၊၂၊၂၄၈။) (ခုဒ္ဒက၊ဋ္ဌ၊၆၀။)♦

ဆံပင်၏ လက္ခဏာ ၄ ပါး

၁။ ထဒ္ဓလက္ခဏံ= ကြမ်းတမ်းခြင်းလက္ခဏာ၊
၂။ အာဗန္ဓနလက္ခဏံ= တုပ်နှောင်ဖွဲ့စည်းခြင်းလက္ခဏာ၊
၃။ ဥဏှတ္တလက္ခဏံ= ပူခြင်းလက္ခဏာ၊
၄။ သမုဒီရဏ လက္ခဏံ= ရွေ့ရှားခြင်း တွန်းကန်ခြင်းလက္ခဏာ။ (အဘိ၊ဋ္ဌ၊၂၊၂၄၉။) (ခုဒ္ဒက၊ဋ္ဌ၊၆၁။)♦

ဆပ်ပြာ ၃ မျိုး

၁။ ဦသခါရ- မြေပေါက်ဆပ်ပြာ၊
၂။ ဆာရိကခါရ- ပြာစစ်ဆပ်ပြာ၊
၃။ ဂေါမယခါရ- နွားချေးကို စစ်၍ ယူအပ်သော ဆပ်ပြာ။ (အဘိ၊ဋ္ဌ၊၁၊၂၈၆။)♦

ဆဗ္ဗဂ္ဂီရဟန်း ၆ ပါး

၁။ ပဏ္ဍုကမည်သော ရဟန်း၊
၂။ လောဟိတကမည်သော ရဟန်း၊
၃။ မေတ္တိယ မည်သော ရဟန်း၊
၄။ ဘုမ္မဇကမည်သော ရဟန်း၊
၅။ အဿဇိမည်သော ရဟန်း၊
၆။ ပုနဗ္ဗသုက မည်သော ရဟန်း။ (မ၊ဋ္ဌ၊၃၊၁၃၀။)♦

ဆယ်နှစ်သို့ မရောက်လာခြင်း၏ အကြောင်း ၇ မျိုး

နိဒ္ဒသဝတ္ထု ၇ မျိုးနှင့် တူသည်။ ♦

ဆရာ ၃ မျိုး

၁။ ကာမဂုဏ်တရားတို့၌ ပိုင်းခြား၍ သိခြင်းကို ပညတ်၍ ရုပ်တရားတို့၌လည်းကောင်း, ဝေဒနာတရားတို့၌လည်းကောင်း ပိုင်းခြား၍ သိခြင်းကို မပညတ်နိုင်သဖြင့် ရူပါဝစရ သမာပတ်ကိုသာ ရသော ဆရာ၊
၂။ ကာမဂုဏ်တရားတို့၌လည်းကောင်း ရုပ်တရားတို့၌ လည်းကောင်း ပိုင်းခြားသိခြင်းကို ပညတ်၍ ဝေဒနာတရားတို့၌ ပိုင်းခြား၍ သိခြင်းကို မပညတ် နိုင်သဖြင့် အရူပသမာပတ်ကိုသာ ရသော ဆရာ၊
၃။ ကာမဂုဏ်တရားတို့၌လည်းကောင်း၊ ရုပ်တရားတို့၌လည်းကောင်း၊ ဝေဒနာတရားတို့၌လည်းကောင်း၊ ပိုင်းခြား၍ သိခြင်းကို ပညတ်သဖြင့် အလုံးစုံသော တရားတို့ကို အမှန်အတိုင်း ကိုယ်တိုင် သိစွမ်းနိုင်သော သမ္မာသမ္ဗုဒ္ဓ ဆရာ။ (အဘိ၊ပု၊၁၄၂။) (အဘိ၊ပု၊မြန်။၄၅။)♦

ဆရာ ၃ မျိုး

၁။ မျက်မှောက်ဘဝ၌ လည်းကောင်း တမလွန်ဘဝ၌ လည်းကောင်း အတ္တကို ဟုတ်မှန် ခိုင်ခန့်သောအားဖြင့် ပညတ်သော သဿတဝါဒရှိသော ဆရာ၊
၂။ မျက်မှောက်ဘဝ၌ သာလျှင် အတ္တကို ဟုတ်မှန် ခိုင်ခန့်သောအားဖြင့် ပညတ်၍ တမလွန်ဘဝ၌ အတ္တကို ဟုတ်မှန် ခိုင်ခန့်သောအားဖြင့် မပညတ်သော ဥစ္ဆေဒဝါဒရှိသော ဆရာ၊
၃။ ဤမျက်မှောက်ဘဝ၌ လည်းကောင်း, တမလွန်ဘဝ၌လည်းကောင်း အတ္တကို ဟုတ်မှန် ခိုင်ခန့်သောအားဖြင့် မပညတ်သော သမ္မာသမ္ဗုဒ္ဓဆရာ။ (အဘိ၊ပု၊၁၄၃။) (အဘိ၊ပု၊မြန်။၄၆။)♦

ဆရာ ၃ မျိုး

၁။ ကာမဂုဏ်တို့ကို ပိုင်းခြားသိခြင်းကိုသာ ပညတ်၍ ရုပ်, ဝေဒနာတို့ကို ပိုင်းခြား သိခြင်းကို မပညတ်သော ဆရာ၊
၂။ ကာမဂုဏ်နှင့် ရုပ်တို့ကို ပိုင်းခြားသိခြင်းကိုသာ ပညတ်၍ ဝေဒနာတို့ကို ပိုင်းခြားသိခြင်းကို မပညတ်သော ဆရာ၊
၃။ ကာမဂုဏ်, ရုပ်, ဝေဒနာ သုံးမျိုးလုံးကို ပိုင်းခြားသိခြင်းကို ပညတ်သော ဆရာ။ (အံ၊၁၊၂၈၁။) (အံ၊မြန်၊၁။၂၉၉။)♦

ဆရာ ၄ မျိုး

၁။ ပဗ္ဗဇ္ဇာစရိယ- ရှင်သာမဏေ ဝတ်သောအခါ သရဏဂုံပေးသော ဆရာ၊
၂။ ဥပသမ္ပဒါစရိယ- ရဟန်းခံသောအခါ ကမ္မဝါစာ ဖတ်ပေးသော ဆရာ၊
၃။ နိဿယာစရိယ- နိဿရည်းပေးသော ဆရာ (မှီခို၍ နေထိုင်မှုကို ပေးသော ဆရာ။)၊
၄။ ဥဒ္ဒေသာစရိယ- စာသင်ပေးသော ဆရာ။ (ဝိ၊ဋ္ဌ၊၃၊၃၆၈။)♦

ဆရာ ၅ မျိုး

၁။ ရှင်သာမဏေ ပြုပေးသော သရဏဂုံဆရာ၊
၂။ ရဟန်းပြုပေးသော ကမ္မဝါဆရာ၊
၃။ နိဿယည်းပေးသော ဆရာ၊
၄။ ပါဠိစာပေ သင်ကြားပေးသော ဆရာ၊
၅။ ဆုံးမဩဝါဒ ပေးသော ဆရာ။ (ဝိ၊ဋ္ဌ၊၄၊၂၂၄။)♦

ဆရာ ၅ မျိုး

၁။ ဆရာသည် သီလမစင်ကြယ်ဘဲ တပည့်တို့အား သီလမှ ကာကွယ်ရန် လိုလားခြင်း၊
၂။ ဆရာသည် အသက်မွေးမှု မစင်ကြယ်ဘဲ တပည့်တို့အား အသက်မွေးမှုမှ ကာကွယ် စောင့်ရှောက်ရန် လိုလားခြင်း၊
၃။ ဆရာသည် တရားဟောမှု မစင်ကြယ်ဘဲ တပည့်တို့အား တရား ဟောမှုမှ ကာကွယ်စောင့်ရှောက်ရန် လိုလားခြင်း၊
၄။ ဆရာသည် ဖြေဆိုမှု မစင်ကြယ်ဘဲ တပည့်တို့အား ဖြေဆိုမှုမှ ကာကွယ်စောင့်ရှောက်ရန် လိုလားခြင်း၊
၅။ ဆရာသည် ဉာဏ်အမြင် မစင်ကြယ်ဘဲ တပည့်တို့အား ဉာဏ်အမြင် စင်ကြယ်မှုမှ ကာကွယ်စောင့်ရှောက်ရန် လိုလားခြင်း။ (အံ၊၂၊၁၀၈။) (အံ၊မြန်၊၂။၁၃၂-၁၃၃။)♦

ဆရာ ၅ မျိုး

၁။ ဆရာသည် သီလစင်ကြယ်၍ တပည့်တို့သည် သီလစင်ကြယ်မှုမှ ကာကွယ် စောင့်ရှောက်ရန် မလိုခြင်း၊
၂။ ဆရာသည် အသက်မွေးမှုစင်ကြယ်၍ တပည့်တို့အား အသက် မွေးမှု စင်ကြယ်မှုမှ ကာကွယ်စောင့်ရှောက်ရန် မလိုခြင်း၊
၃။ ဆရာသည် တရားဟောမှု စင်ကြယ်၍ တပည့်တို့အား တရားဟောမှုမှ ကာကွယ်စောင့်ရှောက်ရန် မလိုခြင်း၊
၄။ ဆရာသည် ဖြေဆိုမှုစင်ကြယ်၍ တပည့်တို့အား ဖြေဆိုမှုမှ ကာကွယ်စောင့်ရှောက်ရန် မလိုခြင်း၊
၅။ ဆရာသည် ဉာဏ်အမြင် စင်ကြယ်၍ တပည့်တို့အား ဉာဏ်အမြင် စင်ကြယ်မှုမှ ကာကွယ်စောင့်ရှောက်ရန် မလိုခြင်း။ (အံ၊၂၊၁၁၀။) (အံ၊မြန်၊၂။၁၃၄-၁၃၅။)♦

ဆရာ ၅ မျိုး

၁။ စင်ကြယ်သော သီလ မရှိဘဲလျက် စင်ကြယ်သော သီလရှိ၏၊ ငါ၏ သီလသည် စင်ကြယ်၏၊ ဖြူစင်၏၊ မညစ်နွမ်းဟု ဝန်ခံသော ဆရာ၊
၂။ စင်ကြယ်သော အသက်မွေးခြင်း မရှိဘဲလျက် စင်ကြယ်သော အသက်မွေးခြင်း ရှိ၏၊ ငါ၏ အသက်မွေးမှုသည် စင်ကြယ်၏၊ ဖြူစင်၏၊ မညစ်နွမ်းဟု ဝန်ခံသော ဆရာ၊
၃။ မစင်ကြယ်သော တရားဟောခြင်းရှိလျက် ‘‘စင်ကြယ်သော တရားဟောခြင်း ရှိ၏၊ ငါ၏ တရားဟောခြင်းသည် စင်ကြယ်၏၊ ဖြူစင်၏၊ မညစ်နွမ်း’’ဟု ဝန်ခံသော ဆရာ၊
၄။ မစင်ကြယ်သော ပြောကြားခြင်းရှိလျက် ‘‘စင်ကြယ်သော ပြောကြားခြင်း ရှိ၏၊ ငါ၏ ပြောကြားခြင်းသည် စင်ကြယ်၏၊ ဖြူစင်၏၊ မညစ်နွမ်း’’ဟု ဝန်ခံသော ဆရာ၊
၅။ မစင်ကြယ်သော ဉာဏ်အမြင်ရှိလျက် ‘‘စင်ကြယ်သော ဉာဏ်အမြင် ရှိ၏၊ ငါ၏ ဉာဏ်အမြင်သည် စင်ကြယ်၏၊ ဖြူစင်၏၊ မညစ်နွမ်း’’ဟု ဝန်ခံသော ဆရာ။ (ဝိ၊၄၊၃၄၃-၃၄၄။) (ဝိ၊၄၊၃၅၅။) (ဝိ၊မြန်၊၄။၃၄၈။) (ဝိ၊မြန်၊၄။၃၄၈။)♦

ဆရာ၏ ဂုဏ်အင်္ဂါ ၂၅ ပါး

၁။ ဆရာသည် မိမိတပည့်အပေါ်၌ အမြဲမပြတ် အစောင့်အရှောက်ကို ဖြစ်စေခြင်း၊
၂။ တပည့်၏ မှီဝဲဆည်းကပ်သင့်သော ပုဂ္ဂိုလ်, မဆည်းကပ်သင့်သော ပုဂ္ဂိုလ် တို့ကို သိခြင်း၊
၃။ တပည့်၏ မေ့လျော့မှု, မမေ့လျော့မှုတို့ကို သိခြင်း၊
၄။ တပည့်အတွက် အိပ်ရာနေရာ ထိုင်ခင်းကို သိခြင်း၊
၅။ တပည့်၏ မကျန်းမမာ ဖျားနာသည်ကို သိခြင်း၊
၆။ ဆွမ်းဘောဇဉ် ရ, မရကို သိခြင်း၊
၇။ တပည့်၏ ထူးခြားမှု မထူးခြားမှုကို သိခြင်း၊
၈။ မိမိ သပိတ်အတွင်း၌ ရောက်သော ဘောဇဉ်ကို ခွဲဝေပေးခြင်း၊
၉။ ‘‘မကြောက်လင့်၊ သင်၏ အကျိုးစီးပွားသည် တိုးတက်နေ၏’’ဟု အားပေးအားမြှောက် ပြုခြင်း၊
၁၀။ ‘‘ဤသို့သော ပုဂ္ဂိုလ်နှင့် ပေါင်းသင်းနေ၏’’ဟု တပည့်၏ အပေါင်းအသင်းကို သိခြင်း၊
၁၁။ ရွာ၌ အပေါင်းအသင်းကို သိခြင်း၊
၁၂။ ကျောင်း၌ အပေါင်းအသင်းကို သိခြင်း၊
၁၃။ တပည့်နှင့်အတူ မြူးတူးရယ်မောခြင်းကို မပြုလုပ်ခြင်း၊
၁၄။ တပည့်နှင့်အတူ စကားပြောဆိုမှုကို ပြုခြင်း၊
၁၅။ အနည်းငယ် ချွတ်ချော်တိမ်းပါးသည်ကို တွေ့မြင်သည်ရှိသော် သည်းခံခြင်း၊
၁၆။ လေးစား သမှုဖြင့် ကောင်းစွာ ပြုလုပ်ရခြင်း၊
၁၇။ ဆရာ့ဝတ်ကို မချိုးမဖျက်ရခြင်း၊
၁၈။ မလျှို့မဝှက် ပြုလုပ်ရခြင်း၊
၁၉။ အတတ်ပညာကို အကြွင်းမထားဘဲ သင်ကြားပေးရခြင်း၊
၂၀။ ‘‘တပည့်ကို အတတ်ပညာတို့၌ ကောင်းစွာ ဖြစ်စေအံ့’’ဟု အဖစိတ် ထားရခြင်း၊
၂၁။ ‘‘အဘယ်နည်းဖြင့် မဆုတ်ယုတ်ပါအံ့နည်း’’ဟု ကြီးပွားစေလိုစိတ် ထားရခြင်း၊
၂၂။ ‘‘တပည့်ကို အတတ်ပညာ အားအစွမ်းဖြင့် အားရှိသည်ကို ပြုအံ့’’ဟူသော စိတ်ဓာတ်မျိုးကို ထားရခြင်း၊
၂၃။ တပည့်အပေါ်၌ မေတ္တာစိတ်ကို ရှေးရှုထားရခြင်း၊
၂၄။ ဘေးရန်ရောက်သောအခါတို့၌ မစွန့်ပစ်ရခြင်း၊
၂၅။ ပြုလုပ်ဖွယ် ဝတ်အကျင့်၌ မမေ့လျော့ဘဲ ချွတ်ချော် ဖောက်ပြန်လတ်သော် တရားသဖြင့် ချီးမြှောက်ခြင်း။ (မိလိန္ဒ၊၁၀၁။) (မိလိန္ဒ၊မြန်။၁၀၉။)♦

ဆရာ့ကျင့်ဝတ် ၅ ပါး

၁။ ဆုံးမသင့်သော အရာကို ဆုံးမခြင်း၊
၂။ သင်သင့်သော အရာကို သင်ယူ စေခြင်း၊
၃။ အလုံးစုံသော အတတ်ပညာကို သင်ကြားပေးခြင်း၊
၄။ ကောင်းသော အဆွေခင်ပွန်းတို့ထံ၌ အပ်နှံခြင်း၊
၅။ ခပ်သိမ်းသော အရပ်တို့၌ အစောင့်အရှောက်ပြုခြင်း, ဘေးရန်ကို ကာဆီးပေးခြင်း။ (ဒီ၊၃၊၁၅၄။) (ဒီ၊မြန်၊၃။၁၇၂။)♦

ဆရာသမားကို မှီ၍နေရသော နိယဿဝိနည်းကံ၌ ကျင့်ဝတ် ၁၈ ပါး

၁။ ဥပဇ္ဈာယ်ဆရာ ပြုလုပ်၍ ရဟန်းခံ မပေးရခြင်း၊
၂။ နိဿယည်း မပေးရခြင်း၊
၃။ သာမဏေကို မလုပ်ကျွေး မပြုစု စေရခြင်း၊
၄။ ရဟန်းမတို့အား ဆုံးမရန် သမုတ်ခြင်းကို မသာယာမနှစ်သက်ရခြင်း၊
၅။ ဩဝါဒ သမ္မုတိရသော်လည်း ရဟန်းမတို့ကို ဩဝါဒ မပေးရခြင်း၊
၆။ နိယဿကံ ပြုကြောင်း ဖြစ်သော အာပတ်သို့ မရောက်ရခြင်း၊
၇။ အခြားအလားတူသော အာပတ်သို့ မရောက်ရခြင်း၊
၈။ ထို့ထက် ရုန့်ရင်းကြမ်းတမ်းသော အာပတ်သို့ မရောက်ရခြင်း၊
၉။ နိယဿဝိနည်းကံကို မကဲ့ရဲ့ရခြင်း၊
၁၀။ နိယဿဝိနည်းကံပြုသော ရဟန်းတို့ကို မကဲ့ရဲ့ရခြင်း၊
၁၁။ ပကတတ် ရဟန်း၏ ဥပုသ်ကို ဆိုင်းငံ့မထားရခြင်း၊
၁၂။ ပဝါရဏာကို ဆိုင်းငံ့မထားရခြင်း၊
၁၃။ ဆုံးမမှုကို မပြုလုပ်ရခြင်း၊
၁၄။ အကြီးအမှူးအရာ၌ မနေရခြင်း၊
၁၅။ အခွင့်ရေး မတောင်းခံရခြင်း၊
၁၆။ မစောဒနာရခြင်း၊
၁၇။ မအောက်မေ့စေရခြင်း၊
၁၈။ ပကတတ်ရဟန်းတို့နှင့် မရောယှက် ရခြင်း။ (ဝိ၊၄၊၁၉။) (ဝိ၊မြန်၊၄။၁၈။)♦

ဆရာအဖြစ် နေ၍ နိဿယည်းပေးနိုင်သော ရဟန်း၏ အင်္ဂါ ၅ ပါး

၁။ ရဟန္တာပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော သီလဂုဏ်နှင့် ပြည့်စုံရခြင်း၊
၂။ ရဟန္တာပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော သမာဓိဂုဏ်နှင့် ပြည့်စုံရခြင်း၊
၃။ ရဟန္တာပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော ပညာဂုဏ်နှင့် ပြည့်စုံရခြင်း၊
၄။ ရဟန္တာ ပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော ဝိမုတ္တိ- အရဟတ္တဖိုလ်ဂုဏ်နှင့် ပြည့်စုံရခြင်း၊
၅။ ရဟန္တာပုဂ္ဂိုလ် တို့၏ ဥစ္စာဖြစ်သော ဝိမုတ္တိဉာဏဒဿန- အရဟတ္တဖိုလ်ကို ဆင်ခြင်သော ပစ္စဝေက္ခဏာဉာဏ် ဂုဏ်နှင့် ပြည့်စုံရခြင်း။ (အံ၊၂၊၂၃၈။) (အံ၊မြန်၊၂။၃၀၄။)♦

ဆွမ်း ၁၄ မျိုး

၁။ သံဃဘတ္တ- သံဃာအား ပေးလှူအပ်သော ဆွမ်း၊
၂။ ဥဒ္ဒေသဘတ္တ- ရည်ညွှန်း၍ ပေးလှူအပ်သော ဆွမ်း၊
၃။ နိမန္တနဘတ္တ- ပင့်ဖိတ်၍ ပေးလှူအပ်သော ဆွမ်း၊
၄။ သလာက ဘတ္တ- စာရေးတံမဲဖြင့် ပေးလှူအပ်သော ဆွမ်း၊
၅။ ပက္ခိကဘတ္တ- လဆန်းပက္ခ, လဆုတ်ပက္ခ တို့၌ ပေးလှူအပ်သော ဆွမ်း၊
၆။ ဥပေါသထိကဘတ္တ- ဥပုသ်နေ့၌ ပေးလှူ အပ်သော ဆွမ်း၊
၇။ ပါဋိပဒိကဘတ္တ- ဥပုသ်အထွက်တစ်ရက်နေ့၌ ပေးလှူအပ်သော ဆွမ်း၊
၈။ အာဂန္တုက ဘတ္တ- ဧည့်သည်အာဂန္တုကတို့အား ပေးလှူအပ်သော ဆွမ်း၊
၉။ ဂမိကဘတ္တ- ခရီးသွားရဟန်း တို့အား ပေးလှူအပ်သော ဆွမ်း၊
၁၀။ ဂိလာနဘတ္တ- ဂိလာနရဟန်းတို့အား ပေးလှူ အပ်သော ဆွမ်း၊
၁၁။ ဂိလာနုပဋ္ဌာကဘတ္တ- ဂိလာနကို ပြုစုလုပ်ကျွေးသော ရဟန်းတို့အား ပေးလှူအပ်သော ဆွမ်း၊
၁၂။ ဝိဟာရဘတ္တ- ကျောင်းတိုက်အား ရည်စူး၍ ပေးလှူအပ်သော ဆွမ်း၊
၁၃။ ဓုရဘတ္တ- အမြဲတမ်း နေအိမ်၌ ပေးလှူအပ်သော ဆွမ်း၊
၁၄။ ဝါရဘတ္တ- ရွာနေ ရဟန်း, တောနေရဟန်း စသည်တို့အား အလှည့်အကြိမ်အားဖြင့် ပေးလှူအပ်သော ဆွမ်း။ (သာရတ္ထ၊ဋီ၊၂၊၆။) (ဝိမတိ၊၁၊၁၀၀။)♦

ဆွမ်း ၁၆ မျိုး

၁။ ဩဒနော- ထမင်း၊
၂။ ကုမ္မာသော- မုယောမုန့်၊
၃။ သတ္တု- မုန့်ညက်, မုန့်လုံး၊
၄။ မစ္ဆော- ငါး၊
၅။ မံသံ- အသား၊
၆။ ခီရံ- နို့ရည်၊
၇။ ဒဓိ- နို့ဓမ်း၊
၈။ သပ္ပိ- ထောပတ်၊
၉။ နဝနီတံ- ဆီဦး၊
၁၀။ တေလံ- ဆီ၊
၁၁။ မဓု- ပျားရည်၊
၁၂။ ဖာဏိတံ- တင်လဲ၊
၁၃။ ယာဂု- ဆန်ပြုတ်၊
၁၄။ ခါဒနီယံ- မုန့် စသော ခဲဖွယ်၊
၁၅။ သာယနီယံ- ဆီဦးထောပတ် စသော သာယာဖွယ်၊
၁၆။ လေဟနီယံ- နို့ဃနာ စသော လျက်ဖွယ်။ (ဒီ၊ဋ္ဌ၊၃၊၁၉၆။) (အံ၊ဋ္ဌ၊၂၊၂၈၂။) (စူဠနိ၊ဋ္ဌ၊၁၁၃။)♦

ဆွမ်း ၂ မျိုး

၁။ ပါတရာသဘတ္တ- အရုဏ်တက်မှ မွန်းတည့်ချိန်အထိ သုံးဆောင်အပ်သော ဆွမ်း၊
၂။ သာယမာသဘတ္တ- မွန်းတည့်ချိန်မှ နောက်တစ်နေ့ အရုဏ်တက်ချိန်အတွင်းအထိ သုံးဆောင်အပ်သော ဆွမ်း။ (ရဟန်းများ နံနက်ဆွမ်းကိုသာ စားကောင်းသည်။) (ဒီ၊ဋ္ဌ၊၁၊၇၅။) (မ၊ဋ္ဌ၊၂၊၁၁၂။) (အံ၊ဋ္ဌ၊၂၊၃၇၇။) (ဒီ၊ဋ္ဌ၊မြန်၊၁။၁၄၃။)♦

ဆွမ်း ၂ မျိုး

၁။ ဆွမ်းကို သုံးဆောင်သော ရဟန်းအား အကုသိုလ်တရား တိုးပွား၍ ကုသိုလ်တရား ဆုတ်ယုတ်သဖြင့် မမှီဝဲအပ်သော ဆွမ်း၊
၂။ ဆွမ်းကို သုံးဆောင်သော ရဟန်းအား အကုသိုလ် တရား ဆုတ်ယုတ်၍ ကုသိုလ်တရား တိုးပွားသဖြင့် မှီဝဲအပ်သော ဆွမ်း။ (အံ၊၃၊၁၇၆။) (အံ၊၃၊၃၃၆။) (အံ၊မြန်၊၃။၁၇၈၊၃၃၅။) (အံ၊မြန်၊၃။၁၇၈၊၃၃၅။)♦

ဆွမ်း ၂ မျိုး (အကျိုးအာနိသင် ကြီးမားလျက် အကျိုးပေးတူမျှသော ဆွမ်း ၂ မျိုး)

၁။ ဘုဉ်းပေး သုံးဆောင်တော်မူပြီးနောက် အတုမဲ့သဗ္ဗညုဘုရားရှင်အဖြစ်သို့ ရောက်သော ဆွမ်း၊
၂။ ဘုဉ်းပေး သုံးဆောင်တော်မူပြီးနောက် အနုပါဒိသေသနိဗ္ဗာနဓာတ်ဖြင့် ပရိနိဗ္ဗာန် စံဝင်တော်မူသော ဆွမ်း။ (ဥဒါန၊၁၈၃။) (ဥဒါန၊မြန်။၁၆၆။)♦

ဆွမ်း ၃ မျိုး

၁။ ဓုရဘတ္တ- အမြဲမပြတ် ပေးလှူအပ်သော ဆွမ်း၊
၂။ ကုဋိဘတ္တ- ကျောင်းအား ပေးလှူ အပ်သော ဆွမ်း၊
၃။ ဝါရကဘတ္တ- အလှည့်ကျအားဖြင့် ပေးလှူအပ်သော ဆွမ်း။ (ဝိ၊ဋ္ဌ၊၄၊၁၀၆။)♦

ဆွမ်း ၄ မျိုး (မဟာအဋ္ဌကထာ၌ လာသော ဘတ် ၄ မျိုး)

၁။ ဝိဟာရဘတ်- ကျောင်းတိုက်၌ လှူထားသော လယ်ယာစသည်တို့မှ ဖြစ်သော ဘတ်၊
၂။ အဋ္ဌကဘတ်- ရဟန်းရှစ်ပါးအား ပေးလှူအပ်သော ဘတ်၊
၃။ စတုက္ကဘတ်- ရဟန်းလေးပါးအား လှူအပ်သော ဘတ်၊
၄။ ဂုဠှက ဘတ်- အရသာရှိသော မုန့်တစ်မျိုးဖြင့် သပိတ်အပြည့်ထည့်၍ ပိတ်ပြီးလှူအပ်သော ဘတ်။ (ဝိ၊ဋ္ဌ၊၄၊၁၀၆။)♦

ဆွမ်း၌ ရောင့်ရဲခြင်း ၁၅ မျိုး

၁။ ပိဏ္ဍပါတေ ဝိတက္ကသန္တောသော- ဆွမ်းရရန် ကြံစည်ခြင်း၌ ရောင့်ရဲခြင်း၊
၂။ ဂမနသန္တောသော- ဆွမ်းရရန် သွားခြင်း၌ ရောင့်ရဲခြင်း (ကမ္မဋ္ဌာန်းဖြင့် သွားခြင်း။)၊
၃။ ပရိယေသနသန္တောသော- ဆွမ်းရှာမှီးခြင်း၌ ရောင့်ရဲခြင်း၊
၄။ ပဋိလာဘ သန္တောသော- ကောင်းကောင်း, မကောင်းကောင်း ရရှိသော ဆွမ်းဖြင့် ရောင့်ရဲဲခြင်း၊
၅။ ပဋိဂ္ဂဟဏသန္တောသော- မျှလောက်ရုံကို ခံယူခြင်းဖြင့် ရောင့်ရဲခြင်း၊
၆။ မတ္တပဋိဂ္ဂဟဏ သန္တောသော- ပမာဏကိုသိ၍ ခံယူခြင်း၌ ရောင့်ရဲခြင်း၊
၇။ လောလုပ္ပဝိဝဇ္ဇနသန္တောသော- လောလုပ္ပတဏှာကို ပယ်၍ အိမ်စဉ်အတိုင်း ဆွမ်းခံခြင်း၌ ရောင့်ရဲခြင်း၊
၈။ ယထာလာဘ သန္တောသော- ရသမျှသော ဆွမ်းဖြင့် ရောင့်ရဲခြင်း၊
၉။ ယထာဗလသန္တောသော- မိမိ၏ ကာယဗလ အားလျော်စွာ ရောင့်ရဲခြင်း၊
၁၀။ ယထာသာရုပ္ပသန္တောသော- မိမိနှင့်သင့်လျော် သမျှဖြင့် ရောင့်ရဲခြင်း၊
၁၁။ ဥပကာရသန္တောသော- ဆွမ်း၏ ရဟန်းတရားအား ကျေးဇူးပြု မှုကို သိ၍ ရောင့်ရဲခြင်း၊
၁၂။ ပရိမာဏသန္တောသော- အတိုင်းအရှည်ဖြင့် ခံယူခြင်းဖြင့် ရောင့်ရဲခြင်း၊
၁၃။ ပရိဘောဂ သန္တောသော- မွတ်သိပ်ဆာလောင်မှု ပယ်ဖျောက်ရုံမျှ သုံးဆောင် ခြင်းဖြင့် ရောင့်ရဲခြင်း၊
၁၄။ သန္နိဓိပရိဝဇ္ဇနသန္တောသော- သိုမှီးမှု မပြုဘဲ သုံးဆောင်ခြင်းဖြင့် ရောင့်ရဲခြင်း၊
၁၅။ ဝိဿဇ္ဇန သန္တောသော- သာရဏီယအကျင့်၌ တည်သော ရဟန်းသည် ဆွမ်းကို စွန့်ကြဲခြင်း၌ ရောင့်ရဲခြင်း။ (ဒီ၊ဋ္ဌ၊၃၊၁၉၇။) (အံ၊ဋ္ဌ၊၂၊၂၈၂။) (စူဠနိ၊ဋ္ဌ၊၁၁၄။)♦

ဆွမ်း၌ ရောင့်ရဲခြင်း ၃ မျိုး

၁။ ဆွမ်း၌ မိမိရရှိခြင်းနှင့် လျော်ညီစွာ ရောင့်ရဲတင်းတိမ်ခြင်း (ယထာ လာဘသန္တောသ)၊
၂။ ဆွမ်း၌ မိမိ ခွန်အားနှင့် လျော်ညီစွာ ရောင့်ရဲတင်းတိမ်ခြင်း (ယထာဗလသန္တောသ)၊
၃။ ဆွမ်း၌ မိမိနှင့် သင့်တော်လျောက်ပတ်သည်နှင့် လျော်ညီစွာ ရောင့်ရဲ တင်းတိမ်ခြင်း (ယထာသာရုပ္ပသန္တောသ)။ (ဒီ၊ဋ္ဌ၊၁၊၁၈၃။) (မ၊ဋ္ဌ၊၂၊၄၈။) (ဒီ၊ဋ္ဌ၊မြန်၊၁။၃၅၉။)♦

ဆွမ်းကျောင်းဘုန်းကြီး ငရဲကျကြောင်း အင်္ဂါ ၄ ပါး

၁။ ချစ်ခြင်းကြောင့် အဂတိလိုက်ခြင်း၊
၂။ မုန်းခြင်းကြောင့် အဂတိလိုက်ခြင်း၊
၃။ မသိခြင်းကြောင့် အဂတိလိုက်ခြင်း၊
၄။ ကြောက်ရွံ့ ခြင်းကြောင့် အဂတိလိုက်ခြင်း။ (အံ၊၁၊၃၂၆။) (အံ၊မြန်၊၁။၃၄၂။)♦

ဆွမ်းကျောင်းဘုန်းကြီး နတ်ပြည်ရောက်ကြောင်း အင်္ဂါ ၄ ပါး

၁။ ချစ်ခြင်းကြောင့် အဂတိသို့ မလိုက်ခြင်း၊
၂။ မုန်းခြင်းကြောင့် အဂတိသို့ မလိုက်ခြင်း၊
၃။ မသိခြင်းကြောင့် အဂတိသို့ မလိုက်ခြင်း၊
၄။ ကြောက်ရွံ့ခြင်းကြောင့် အဂတိသို့ မလိုက်ခြင်း။ (အံ၊၁၊၃၂၆။) (အံ၊မြန်၊၁။၃၄၂-၃၄၃။)♦

ဆွမ်းကျောင်းဘုန်းကြီး မခန့်ထိုက်ကြောင်း တရား ၅ ပါး

၁။ ဆန္ဒာဂတိသို့ လိုက်ခြင်း၊
၂။ ဒေါသာဂတိသို့ လိုက်ခြင်း၊
၃။ မောဟာဂတိသို့ လိုက်ခြင်း၊
၄။ ဘယာဂတိသို့ လိုက်ခြင်း၊
၅။ ညွှန်းအပ်ပြီး မညွှန်းရသေးသည်ကို မသိခြင်း။ (အံ၊၂၊၂၄၀။) (အံ၊မြန်၊၂။၃၁၀။)♦

ဆွမ်းစားကျောင်းဘုန်းကြီး ခန့်ထိုက်ကြောင်း တရား ၅ ပါး

၁။ ဆန္ဒာဂတိသို့ မလိုက်ခြင်း၊
၂။ ဒေါသာ ဂတိသို့ မလိုက်ခြင်း၊
၃။ မောဟာဂတိသို့ မလိုက်ခြင်း၊
၄။ ဘယာဂတိသို့ မလိုက်ခြင်း၊
၅။ ညွှန်းအပ်ပြီး မညွှန်းရသေးသည်ကို သိခြင်း။ (အံ၊၂၊၂၄၁။) (အံ၊မြန်၊၂။၃၁၀။)♦

ဆွမ်းစားရာ၌ ဆင်ခြင်ရမည့် အင်္ဂါ ၈ ပါး

၁။ မြူးတူးပျော်ပါးခြင်း အကျိုးငှာ မသုံးဆောင်ခြင်း၊
၂။ မာန်ယစ်ခြင်းအကျိုးငှာ မသုံးဆောင်ခြင်း၊
၃။ တန်ဆာဆင်ခြင်း အကျိုးငှာ မသုံးဆောင် ခြင်း၊
၄။ အရေအဆင်း လှပတင့်တယ်စေခြင်းအကျိုးငှာ မသုံးဆောင်ခြင်း၊
၅။ ခန္ဓာကိုယ် တည်တန့်၍ မျှတစေခြင်းငှာသာ သုံးဆောင်ခြင်း၊
၆။ သာသနဗြဟ္မစရိယ မဂ္ဂဗြဟ္မစရိယ နှစ်ပါးကို ချီးမြှောက်နိုင်ခြင်း အကျိုးငှာသာ သုံးဆောင်ခြင်း၊
၇။ ဆာလောင်မွတ်သိပ်မှု ဝေဒနာ ဟောင်းကို ပယ်ဖျောက်၍ ဝေဒနာအသစ်မဖြစ်စေခြင်းငှာ သုံးဆောင်ခြင်း၊
၈။ ဣရိယာပုတ် လေးပါး မျှတစေခြင်းအကျိုးငှာ သုံးဆောင်ခြင်း။ (ဝိသုဒ္ဓိ၊ဋီ၊၁၊၆၂။)♦

ဆွမ်းညွှန်းရဟန်း ငရဲ ကျကြောင်း ၅ ပါး

၁။ ဆန္ဒာဂတိသို့ လိုက်ခြင်း၊
၂။ ဒေါသာဂတိသို့ လိုက်ခြင်း၊
၃။ မောဟာဂတိသို့ လိုက်ခြင်း၊
၄။ ဘယာဂတိသို့ လိုက်ခြင်း၊
၅။ ညွှန်းအပ်သည် မညွှန်းအပ် သည်ကို မသိခြင်း။ (ဝိ၊၅၊၃၅၅။) (ဝိ၊မြန်၊၅။၄၅၉။)♦

ဆွမ်းညွှန်းရဟန်း နတ်ပြည်ရောက်ကြောင်း ၅ ပါး

၁။ ဆန္ဒာဂတိသို့ မလိုက်ခြင်း၊
၂။ ဒေါသာ ဂတိသို့ မလိုက်ခြင်း၊
၃။ မောဟာဂတိသို့ မလိုက်ခြင်း၊
၄။ ဘယာဂတိသို့ မလိုက်ခြင်း၊
၅။ ညွှန်း အပ်ပြီး, မညွှန်းအပ်သေးသည်ကို သိခြင်း။ (ဝိ၊၅၊၃၅၅။) (ဝိ၊မြန်၊၅။၄၅၆။)♦

ဆွမ်းညွှန်ရဟန်း၏ အင်္ဂါ ၅ ပါး

၁။ ဆန္ဒာဂတိသို့ မလိုက်ရခြင်း၊
၂။ ဒေါသာဂတိသို့ မလိုက် ရခြင်း၊
၃။ မောဟာဂတိသို့ မလိုက်ရခြင်း၊
၄။ ဘယာဂတိသို့ မလိုက်ရခြင်း၊
၅။ ဆွမ်းညွှန် ပြီးခြင်း၊ မညွှန်ရသေးခြင်းကို သိခြင်း။ (ဝိ၊၄၊၃၃၀။) (ဝိ၊မြန်၊၄။၃၃၃။)♦

ဆွမ်းနှင့် သက်ဆိုင်သော ဓုတင် ၅ မျိုး

၁။ ပိဏ္ဍပါတိကင်္ဂဓုတင် (ဆွမ်းခံစားခြင်း။)၊
၂။ သပဒါန စာရိကင်္ဂဓုတင် (အိမ်စဉ်အတိုင်း ဆွမ်းခံစားခြင်း။)၊
၃။ ဧကာသနိကင်္ဂဓုတင် (တစ်ထိုင်တည်း ၌သာ ဆွမ်းစားခြင်း။)၊
၄။ ပတ္တပိဏ္ဍိကင်္ဂဓုတင် (သပိတ်၌ရှိသော ဆွမ်းကိုသာ စားခြင်း။)၊
၅။ ခလုပစ္ဆာဘတ္တိကင်္ဂဓုတင် (တားမြစ်ပြီးဆွမ်းကို ပြန်မစားခြင်း။)။ (ဒီ၊ဋ္ဌ၊၃၊၁၉၈။) (အံ၊ဋ္ဌ၊၂၊၂၈၃။) (သုတ္တနိ၊ဋ္ဌ၊၂၊၇၅။) (စူဠနိ၊ဋ္ဌ၊၁၁၅။)♦

ဆွမ်းဖြစ်ပေါ်ရာ ခေတ် ၁၅ မျိုး

၁။ သံဃဘတ္တ- သံဃာအား လှူအပ်သော ဆွမ်း၊
၂။ ဥဒ္ဒေသ ဘတ္တ- ရည်ညွှန်း၍ လှူအပ်သော ဆွမ်း၊
၃။ နိမန္တနဘတ္တ- ပင့်ဖိတ်၍ လှူအပ်သော ဆွမ်း၊
၄။ သလာကဘတ္တ- စာရေးတံမဲဖြင့် လှူအပ်သော ဆွမ်း၊
၅။ ပက္ခိက- လဆန်းပက္ခ, လဆုတ် ပက္ခတို့၌ လှူအပ်သော ဆွမ်း၊
၆။ ဥပေါသထိက- ဥပုသ်နေ့၌ လှူအပ်သော ဆွမ်း၊
၇။ ပါဋိပဒိကဘတ္တ- ဥပုသ်အထွက်တစ်ရက်နေ့၌ လှူအပ်သော ဆွမ်း၊
၈။ အာဂန္တုကဘတ္တ- ဧည့်သည်အာဂန္တုတို့အား လှူအပ်သော ဆွမ်း၊
၉။ ဂမိကဘတ္တ- ခရီးသွားရဟန်းတို့အား လှူ အပ်သော ဆွမ်း၊
၁၀။ ဂိလာနဘတ္တ- ဂိလာနရဟန်းတို့အား လှူအပ်သော ဆွမ်း၊
၁၁။ ဂိလာနုပဋ္ဌာကဘတ္တ- ဂိလာနကို ပြုစုလုပ်ကျွေးသော ရဟန်းတို့အား လှူအပ်သော ဆွမ်း၊
၁၂။ ဓုရဘတ္တ- အမြဲတမ်းနေအိမ်၌ လှူအပ်သော ဆွမ်း၊
၁၃။ ကုဋိဘတ္တ- ကျောင်းကို ရည်စူး၍ လှူအပ်သော ဆွမ်း၊
၁၄။ ဝါရဘတ္တ- ရွာနေရဟန်း, တောနေရဟန်း စသည်တို့အား အလှည့် အကြိမ်အားဖြင့် လှူအပ်သော ဆွမ်း၊
၁၅။ ဝိဟာရဘတ္တ- ကျောင်းတိုက်အား ရည်စူး၍ လှူအပ်သော ဆွမ်း။ (ဒီ၊ဋ္ဌ၊၃၊၁၉၇။) (အံ၊ဋ္ဌ၊၂၊၂၈၂။) (စူဠနိ၊ဋ္ဌ၊၁၁၄။)♦

ဆွမ်းလှူကျိုး ၁၀ ပါး

စားဖွယ်သောက်ဖွယ်လှူရကျိုး ၁၀ နှင့်တူသည်။ ♦

ဆွမ်းလှူကျိုး ၁၂ ပါး

၁။ တာဝတိံသာနတ်ပြည် တစ်ထောင်သော နတ်မင်းတို့၏ မိဖုရားအဖြစ်ကို ရခြင်း၊
၂။ တစ်ထောင်သော စကြာမင်းတို့၏ မိဖုရားအဖြစ်ကို ရခြင်း၊
၃။ မရေမတွက်နိုင်သော ပဒေသရာဇ်မင်းအဖြစ်ကို ရခြင်း၊
၄။ ကြာညိုပန်းအဆင်းနှင့် တူသော အဆင်းရှိသည် ဖြစ်၍ အလွန် အဆင်းလှခြင်း၊
၅။ ကိုယ်အင်္ဂါအားလုံးနှင့် ပြည့်စုံသည်ဖြစ်၍ လွန်စွာ ရှုချင်စဖွယ် ရှိခြင်း၊
၆။ မြတ်သော အမျိုး၌ ဖြစ်၍ အလင်းအရောင်ကို ဆောင်နိုင်ခြင်း၊
၇။ မောင်းမ တစ်ထောင်တို့၏ အကြီးအမှူး ဖြစ်ခြင်း၊
၈။ မရေမတွက်နိုင်သော သင်္ကန်း, ဆွမ်း, ဆေးပစ္စည်း ကျောင်း အိပ်ရာနေရာတို့ကို ရရှိခြင်း၊
၉။ ဆွမ်းလှူခဲ့သည့်အချိန်မှ စ၍ သုံးဆယ့်တစ်ကမ္ဘာ တိုင်တိုင် ဒုဂ္ဂတိဘဝသို့ မလားရောက်ရခြင်း၊
၁၀။ လူ့ဘဝနှင့် နတ်ဘဝ နှစ်မျိုးတို့၌သာ ကျင်လည်ခဲ့ရခြင်း၊
၁၁။ များသော စည်းစိမ်ဥစ္စာရှိ၍ မြင့်မြတ်သော အမျိုး၌ ဖြစ်ရခြင်း၊
၁၂။ နောက်ဆုံးဘဝ၌ ကိလေသာကုန်ခန်း၍ ရဟန္တာ ဖြစ်ရခြင်း။ (အပ၊၂၊၂၈၄။) (အပ၊မြန်၊၂။၂၇၇။)♦

ဆွမ်းလှူကျိုး ၅ ပါး

၁။ အသက်ကို ပေးလှူသည် မည်ခြင်း၊
၂။ အဆင်းကို ပေးလှူသည် မည်ခြင်း၊
၃။ ချမ်းသာကို ပေးလှူသည် မည်ခြင်း၊
၄။ ခွန်အားကို ပေးလှူသည် မည်ခြင်း၊
၅။ ပညာကို ပေးလှူသည် မည်ခြင်း။ (အံ၊၂၊၃၅။) (အံ၊မြန်၊၂။၄၅။) (အံ၊ဋ္ဌ၊၁၊၃၄၈။)♦

ဆွမ်းအကျိုး ၄ ပါး

၁။ ဘောဇဉ်ပေးလှူခြင်းသည် အသက်ကို ပေးလှူခြင်းမည်၍ အသက် ရှည်ခြင်း၊
၂။ ဘောဇဉ်ပေးလှူခြင်းသည် အဆင်းကို ပေးလှူခြင်းမည်၍ အဆင်းလှခြင်း၊
၃။ ဘောဇဉ်ကို ပေးလှူခြင်းသည် ချမ်းသာကို ပေးလှူခြင်းမည်၍ ချမ်းသာကို ရရှိနိုင်ခြင်း၊
၄။ ဘောဇဉ်ကို ပေးလှူခြင်းသည် ခွန်အားကို ပေးလှူခြင်းမည်၍ ခွန်အားကြီးခြင်း။ (အံ၊၁၊၃၇၄-၃၇၅။) (အံ၊မြန်၊၁။၃၈၈။)♦

ဆွေးနွေးမေးမြန်းသင့်သော ပုဂ္ဂိုလ် ၅ မျိုး

၁။ သီလနှင့် ပြည့်စုံ၍ သီလနှင့် စပ်သော ပြဿနာကို ဖြေဆိုနိုင်သူ၊
၂။ သမာဓိနှင့် ပြည့်စုံ၍ သီလနှင့်စပ်သော ပြဿနာကို ဖြေဆိုနိုင်သူ၊
၃။ ပညာနှင့် ပြည့်စုံ၍ သီလနှင့် စပ်သော ပြဿနာကို ဖြေဆိုနိုင်သူ၊
၄။ လွတ်မြောက်ကြောင်း ဝိမုတ္တိနှင့် ပြည့်စုံ၍ သီလနှင့်စပ်သော ပြဿနာကို ဖြေဆိုနိုင်သူ၊
၅။ ပစ္စဝေက္ခဏာ ဉာဏ်အမြင်နှင့် ပြည့်စုံ၍ သီလနှင့် စပ်သော ပြဿနာကို ဖြေဆိုနိုင်သူ။ (အံ၊၂၊၁၆၇။) (အံ၊မြန်၊၂။၂၁၂-၂၁၃။)♦

ဆွေမျိုး ၄ မျိုး

၁။ သားချင်း ဆွေမျိုး- ဉာတိဗန္ဓဝ၊
၂။ အနွယ်တူ ဆွေမျိုး- ဂေါတ္တဗန္ဓဝ၊
၃။ တိုင်ပင်ဖက် ဆွေမျိုး- မန္တဗန္ဓဝ၊
၄။ အတတ်ပညာ ဆွေမျိုး- သိပ္ပဗန္ဓဝ။ (မဟာနိ၊၉။)♦

ဆွေးမြည့်ပျက်စီးခြင်း ၁၀ မျိုး

၁။ မှန်ကန်သော အယူအမြင်ရှိသူ၏ သန္တာန်၌ မှားယွင်းသော အယူအမြင်၏ဆွေးမြေ့ပျက်စီးမှု၊
၂။ မှန်ကန်သော အကြံအစည်ရှိသူ၏ သန္တာန်၌ မှားယွင်းသော အကြံအစည်၏ဆွေးမြေ့ပျက်စီးမှု၊
၃။ မှန်ကန်သော စကားရှိသူ၏ သန္တာန်၌ မှားယွင်းသော စကားပြောဆိုမှု၏ဆွေးမြေ့ပျက်စီးမှု၊
၄။ မှန်ကန်သော အလုပ်ရှိသူ၏ သန္တာန်၌ မှားယွင်းသော အမှုအလုပ်၏ဆွေးမြေ့ပျက်စီးမှု၊
၅။ မှန်ကန်သော အသက်မွေးသူ၏ သန္တာန်၌ မှားယွင်းသော အသက်မွေးမှု၏ဆွေးမြေ့ပျက်စီးမှု၊
၆။ မှန်ကန်သော လုံ့လရှိသူ၏ သန္တာန်၌ မှားယွင်းသော လုံ့လ၏ဆွေးမြေ့ပျက်စီးမှု၊
၇။ မှန်ကန်သော သတိရှိသူ၏သန္တာန်၌ မှားယွင်းသော သတိ၏ ဆွေးမြေ့ပျက်စီးမှု၊
၈။ မှန်ကန်သော သမာဓိရှိသူ၏ သန္တာန်၌ မှားယွင်းသော သမာဓိ၏ ဆွေးမြေ့ပျက်စီးမှု၊
၉။ သမ္မာဉာဏ်ဟူသော ပစ္စဝေက္ခဏဉာဏ်ရှိသူ၏ သန္တာန်၌ မိစ္ဆာဉာဏ်၏ ဆွေးမြေ့ပျက်စီးမှု၊
၁၀။ မှန်ကန်သော လွတ်မြောက်မှုရှိသူ၏ သန္တာန်၌ မှားယွင်းသော လွတ်မြောက်မှု၏ဆွေးမြေ့ပျက်စီးမှု။ (မ၊၃၊၁၂၀။) (အံ၊၃၊၄၃၀။) (ပဋိသံ၊ဋ္ဌ၊၁၊၇၁။) (မ၊မြန်၊၃။၁၂၄။) (အံ၊မြန်၊၃။၄၂၂။)♦

ဆား ၂ မျိုး

၁။ ပေါက်ဆား၊
၂။ ချက်ဆား။ (ဝိ၊၅၊၂၁၅။) (ဝိ၊မြန်၊၅။၃၀၀။)♦

ဆား ၂ မျိုး

၁။ သမုဒ္ဒရာမှ ဖြစ်သော ဆား၊
၂။ ဆားနက် (ဆားပုတ်။)။ (ဝိ၊၅၊၂၁၅။) (ဝိ၊မြန်၊၅။၃၀၀။)♦

ဆား ၂ မျိုး

၁။ သိန္ဓောဆား၊
၂။ သရဝဇာမည်သော ထွက်ဆား။ (ဝိ၊၅၊၂၁၅။) (ဝိ၊မြန်၊၅။၃၀၀။)♦

ဆား ၂ မျိုး

၁။ ရောမဇနပုဒ်၌ ဖြစ်သော ဆား၊
၂။ မုယောပြာဖြင့် ပြုသော ဆား။ (ဝိ၊၅၊၂၁၅။) (ဝိ၊မြန်၊၅။၃၀၀။)♦

ဆိတ်ငြိမ်ရာ ဝိပဿနာပွားသော ပုဂ္ဂိုလ်တို့ ရရှိအပ်သော အကျိုး ၂ မျိုး

၁။ မျက်မှောက် ဘဝ၌ပင် အရဟတ္တမဂ် အရဟတ္တဖိုလ်ကို ရ၍ ရဟန္တာ ဖြစ်နိုင်ခြင်း၊ ၂။(ရဟန္တာ မဖြစ်ခဲ့လျှင်) အနာဂါမ် ဖြစ်နိုင်ခြင်း။ (ခုဒ္ဒက၊၂၂၂။) (ခုဒ္ဒက၊မြန်။၂၀၆။)♦

ဆိတ်ငြိမ်ရာ၌ နေပါလျက် လာဘ်လာဘကို အလိုရှိသော ရဟန်း ၈ မျိုး

၁။ ဆိတ်ငြိမ်ရာ၌ နေ၍ လာဘ်လာဘကို အလိုရှိသဖြင့် အားထုတ်သော်လည်း လာဘ်လာဘ မရရှိသောကြောင့် စိုးရိမ်ပူဆွေးလျက် သူတော်ကောင်းတရားမှ ရွေ့လျောသော ရဟန်း၊
၂။ ဆိတ်ငြိမ်ရာ၌ နေ၍ လာဘ်လာဘကို အလိုရှိသဖြင့် အားထုတ်သောအခါ လာဘ်လာဘ ရရှိလာသောကြောင့် လာဘ်ဖြင့် ယစ်မူးပြီး သူတော်ကောင်းတရားမှ ရွေ့လျောသော ရဟန်း၊
၃။ ဆိတ်ငြိမ်ရာ၌ နေ၍ လာဘ်လာဘကို အလိုရှိသော်လည်း အားမထုတ်သဖြင့် လာဘ်လာဘကို မရသောကြောင့် စိုးရိမ်ပူဆွေးလျက် သူတော်ကောင်းတရားမှ ရွေ့လျောသော ရဟန်း၊
၄။ ဆိတ်ငြိမ်ရာ၌ နေ၍ လာဘ်လာဘကို အလိုရှိသူဖြစ်ပါလျက် အားမထုတ်သော်လည်း လာဘ်လာဘ ရရှိလာ သောကြောင့် ထိုလာဘ်ဖြင့် ယစ်မူးပြီး သူတော်ကောင်းတရားမှ ရွေ့လျောသော ရဟန်း၊
၅။ ဆိတ်ငြိမ်ရာ၌ နေ၍ လာဘ်လာဘကို အလိုရှိသဖြင့် အားထုတ်သော်လည်း လာဘ်မရ၊ သို့သော် စိုးရိမ်ပူဆွေးမှု မရှိဘဲ သူတော်ကောင်းတရားမှလည်း မရွေ့လျောသော ရဟန်း၊
၆။ ဆိတ်ငြိမ်ရာ၌ နေ၍ လာဘ်လာဘကို အလိုရှိသဖြင့် အားထုတ်သောအခါ လာဘ် လာဘ ရရှိလာသော်လည်း၊ ထိုလာဘ်ဖြင့် မယစ်မူး, မမေ့လျော့ဘဲ သူတော်ကောင်းတရားမှလည်း မရွေ့လျောသော ရဟန်း၊
၇။ ဆိတ်ငြိမ်ရာ၌ နေ၍ လာဘ်လာဘကို အလိုရှိသော်လည်း အားမထုတ်သဖြင့် လာဘ်လာဘများကို မရရှိ၊ သို့သော် လာဘ်ဖြင့် စိုးရိမ်ပူဆွေးမှု မရှိဘဲ သူတော်ကောင်းတရားမှလည်း မရွေ့လျောသော ရဟန်း၊
၈။ ဆိတ်ငြိမ်ရာ၌ နေ၍ လာဘ်ကို အလိုမရှိသဖြင့် အားမထုတ်ပါဘဲ လာဘ်လာဘများ ရရှိလာသဖြင့် ထိုလာဘ်ဖြင့် မယစ်မူး, မမေ့လျော့ဘဲ သူတော်ကောင်းတရားမှလည်း မရွေ့လျောသော ရဟန်း။ (အံ၊၃၊၁၁၆။) (အံ၊၃၊၁၄၃။) (အံ၊မြန်၊၃။၁၁၇၊၁၄၅။) (အံ၊မြန်၊၃။၁၁၇၊၁၄၅။)♦

ဆိတ်သုဉ်းခြင်း ၂၀ ပါး

၁။ ဆိတ်သုဉ်းသော ဆိတ်သုံးခြင်း (သုညသုည)၊
၂။ သင်္ခါတို့မှ ဆိတ်သုဉ်းခြင်း (သင်္ခါရသုည)၊
၃။ ဖောက်ပြန်သောအားဖြင့် ဆိတ်သုဉ်းခြင်း (ဝိပရိဏာမသုည)၊
၄။ မြတ်သော ဆိတ်သုဉ်းခြင်း (အဂ္ဂသုည)၊
၅။ လက္ခဏာတို့မှ ဆိတ်သုဉ်းခြင်း (လက္ခဏ သုည)
၆။ ခွါသောအားဖြင့် ဆိတ်သုဉ်းခြင်း (ဝိက္ခမ္ဘနသုည)၊
၇။ တဒင်္ဂအားဖြင့် ဆိတ်သုဉ်းခြင်း (တဒင်္ဂ သုည)၊
၈။ ကောင်းစွာ ဖြတ်သောအားဖြင့် ဆိတ်သုဉ်းခြင်း (သမုစ္ဆေဒသုည)၊
၉။ တစ်ဖန် ငြိမ်းသောအားဖြင့် ဆိတ်သုဉ်းခြင်း (ပဋိပ္ပဿဒ္ဓိသုည)၊
၁၀။ ထွက်မြောက်သောအားဖြင့် ဆိတ်သုဉ်းခြင်း (နိဿရဏသုည)၊
၁၁။ အတွင်း (အဇ္ဈတ္တ) ဆိတ်သုဉ်းခြင်း (အဇ္ဈတ္တသုည)၊
၁၂။ အပ (ဗဟိဒ္ဓ) ဆိတ်သုဉ်းခြင်း (ဗဟိဒ္ဓါသုည)၊
၁၃။ နှစ်မျိုးလုံး ဆိတ်သုဉ်းခြင်း (ဥဘတော သုည)
၁၄။ သဘောတူ (သဘာဂ) ဆိတ်သုဉ်းခြင်း (သဘာဂသုည)၊
၁၅။ သဘောမတူ (ဝိသဘာဂ) ဆိတ်သုဉ်းခြင်း (ဝိသဘာဂသုည)
၁၆။ ရှာမှီးသော ဆိတ်သုဉ်းခြင်း (ဧသနာသုည)
၁၇။ သိမ်းဆည်းသော ဆိတ်သုဉ်းခြင်း (ပရိဂ္ဂဟသုည။)၊
၁၈။ ရသောအားဖြင့် ဆိတ်သုဉ်းခြင်း (ပဋိလာဘသုည)၊
၁၉။ ထိုးထွင်း၍ သိသော ဆိတ်သုဉ်းခြင်း (ပဋိဝေဓသုည)၊
၂၀။ တစ်ခုတည်း အဖြစ်ဟူသော ဆိတ်သုဉ်းခြင်း (ဧကတ္တသုည)၊
၂၁။ အထူးထူးအဖြစ်ဟူသော ဆိတ်သုဉ်းခြင်း (နာနတ္တသုည)၊
၂၂။ နှစ်သက်သော ဆိတ်သုဉ်းခြင်း (ခန္တိသုည)၊
၂၃။ အဓိဋ္ဌာန်အားဖြင့် ဆိတ် သုဉ်းခြင်း (အဓိဋ္ဌာနသုည)၊
၂၄။ သက်ဝင်သောအားဖြင့် ဆိတ်သုဉ်းခြင်း (ပရိယောဂါဟဏ သုည)၊
၂၅။ မြတ်သော ဆိတ်သုဉ်းခြင်း (ပရမတ္ထသုည)။ (ပဋိသံ၊၃၅၉။) (ပဋိသံ၊၃၆၆။) (ပဋိသံ၊မြန်။၄၂၃။) (ပဋိသံ၊မြန်။၄၂၃။)♦

ဆိုးကျိုးရှိသော တရား ၁၀ ပါး

၁။ သူ့အသက် သတ်ခြင်း၊
၂။ သူ့ဥစ္စာခိုးခြင်၊
၃။ ကာမတို့၌ မှားယွင်းစွာ ကျင့်ခြင်း၊
၄။ မဟုတ်မမှန် ပြောဆိုခြင်း၊
၅။ ကုန်းချောခြင်း၊
၆။ ရုန့်ရင်းကြမ်းတမ်းသော စကားကို ပြောဆိုခြင်း၊
၇။ ပြိန်ဖျင်းသော စကားကို ပြောဆိုခြင်း၊
၈။ သူတစ်ပါးဥစ္စာကို ရှေးရှုကြံစည်ခြင်း၊
၉။ သတ္တဝါတို့အား ဖျက်ဆီးလိုခြင်း၊
၁၀။ မှားသော အမြင် ရှိခြင်း။ (အံ၊၃၊၄၈၂-၄၈၇။) (အံ၊မြန်၊၃။၄၇၂-၄၇၈။)♦

ဆိုဆုံးမခက်သူ ဖြစ်ကြောင်း တရား ၁၆ ပါး

၁။ ယုတ်မာသော အလိုဆိုးရှိ၍ ထိုအလိုဆိုး နောက်သို့ လိုက်သူ ဖြစ်ခြင်း၊
၂။ မိမိကိုယ်ကို ချီးကျူးမြှင့်တင်၍ သူတစ်ပါးတို့အား ကဲ့ရဲ့ရှုတ်ချသူ ဖြစ်ခြင်း၊
၃။ အမျက်ဒေါသ ထွက်တတ်၍ အမျက်ဒေါသ၏ လွှမ်းမိုးခံရသူ ဖြစ်ခြင်း၊
၄။ အမျက်ဒေါသ ထွက်လေ့ရှိပြီး အမျက်ဒေါသကြောင့် ရန်ငြှိုးဖွဲ့လေ့ရှိသူ ဖြစ်ခြင်း၊
၅။ အမျက်ဒေါသ ထွက်လေ့ ရှိပြီး အမျက်ဒေါသကြောင့် အစွဲလမ်းကြီးသူ ဖြစ်ခြင်း၊
၆။ ဒေါသထွက်လေ့ရှိပြီး ဒေါသနှင့် နီးစပ်သော စကားကို ပြောဆိုတတ်သူ ဖြစ်ခြင်း၊
၇။ အပြစ်တင်ခံရလျှင် အပြစ်တင်သူအား ဆန့်ကျင်ဘက် ပြုတတ်သူ ဖြစ်ခြင်း၊
၈။ အပြစ်တင်ခံရလျှင် ထိုအပြစ်တင်သူအား ကြိမ်းမောင်း တတ်ခြင်း၊
၉။ အပြစ်တင်ခံရလျှင် ထိုအပြစ်တင်သူအား အပြစ်ပြန်တင်တတ်ခြင်း၊
၁၀။ အပြစ် တင်ခံရလျှင် အကြောင်းတစ်မျိုးမျိုးဖြင့် ဖုံးလွှမ်းလျက် စကားကို ပြင်ပသို့ လွှဲပြောင်းပြီး စိတ်ဆိုး အမျက်ထွက်ကာ ပြစ်မှားတတ်ခြင်း၊
၁၁။ အပြစ်တင်ခံရလျှင် မိမိ၏ ဖြစ်စဉ်အကြောင်း အတ္ထုပ္ပတ္တိကို ရှင်းမပြနိုင်ခြင်း၊
၁၂။ ကျေးဇူးကန်းလျက် ဂုဏ်တုဂုဏ်ပြိုင် ပြုတတ်ခြင်း၊
၁၃။ မနာလိုစိတ်ရှိပြီး နှမြောဝန်တို တတ်သူ ဖြစ်ခြင်း၊
၁၄။ ကောက်ကျစ်စဉ်းလဲပြီး လှည့်ပတ် တတ်သူ ဖြစ်ခြင်း၊
၁၅။ မောက်မာခက်ထန်လျက် မာနကြီးသူ ဖြစ်ခြင်း၊
၁၆။ မိမိအယူကို စွဲလမ်းလျက် မြဲမြံစွာ ယူတတ်သူ စွန့်နိုင်ခဲသူ ဖြစ်ခြင်း။ (မ၊၁၊၁၃၃။) (ဝိ၊ဋ္ဌ၊၂၊၁၉၇။)(မ၊မြန်၊၁။၁၄၁။)♦

ဆိုဆုံးမလွယ်သူ ဖြစ်ကြောင်း တရား ၁၆ ပါး

၁။ ယုတ်မာသော အလိုဆိုး မရှိမူ၍ ထိုအလိုဆိုး နောက်သို့ မလိုက်သူ ဖြစ်ခြင်း၊
၂။ မိမိကိုယ်ကို မချီးကျူး မမြှင့်တင်မူ၍ သူတစ်ပါးတို့ အားလည်း မကဲ့ရဲ့ မရှုတ်ချခြင်း၊
၃။ အမျက်မထွက်တတ်သဖြင့် အမျက်ဒေါသလွှမ်းမိုးမှုကို မခံရခြင်း၊
၄။ အမျက်ဒေါသ ထွက်လေ့မရှိဘဲ အမျက်ဒေါသကြောင့် ရန်ငြှိုးဖွဲ့လေ့ မရှိခြင်း၊
၅။ အမျက်ဒေါသထွက်လေ့မရှိဘဲ အမျက်ဒေါသကြောင့် အစွဲအလမ်း မကြီးခြင်း၊
၆။ အမျက် ဒေါသထွက်လေ့မရှိဘဲ ဒေါသနှင့်နီးစပ်သော စကားကို ပြောဆိုလေ့မရှိခြင်း၊
၇။ အပြစ် တင်ခံရလျှင် အပြစ်တင်သူအား ဆန့်ကျင်ဘက် မပြုလုပ်ခြင်း၊
၈။ အပြစ်တင်ခံရလျှင် အပြစ်တင်သူအား မကြိမ်းမောင်းခြင်း၊
၉။ အပြစ်တင်ခံရလျှင် အပြစ်တင်သူအား တစ်ဖန်ပြန်၍ အပြစ်မတင်ခြင်း၊
၁၀။ အပြစ်တင်ခံရလျှင် အကြောင်းတစ်မျိုးမျိုးဖြင့် မဖုံးလွှမ်းမူ၍ စကား ကိုလည်း အပြင်ပသို့ မလွဲပြောင်းဘဲ အမျက်မထွက် မပြစ်မှားတတ်ခြင်း၊
၁၁။ အပြစ်တင်ခံ ရလျှင် မိမိ၏ဖြစ်စဉ် အကြောင်းစုံကို ပြေလည်အောင် ရှင်းပြနိုင်ခြင်း၊
၁၂။ ကျေးဇူးမကန်းမူ၍ ဂုဏ်တုဂုဏ်ပြိုင် မပြုလုပ်တတ်ခြင်း၊
၁၃။ မနာလိုစိတ်မရှိဘဲ နှမြောဝန်တိုတတ်သူလည်း မဟုတ်ခြင်း၊
၁၄။ မကောက်ကျစ် မစဉ်းလဲ မလှည့်ပတ်တတ်သူ ဖြစ်ခြင်း၊
၁၅။ မမောက်မာ မခက်ထန်ဘဲ မာနမကြီးသူ ဖြစ်ခြင်း၊
၁၆။ မိမိအယူကို မစွဲလမ်းသူ မြဲမြံစွာ မယူသူ စွန့်လွှတ် နိုင်သူ ဖြစ်ခြင်း။ (မ၊၁၊၁၃၅။) (မ၊မြန်၊၁။၁၄၂။)♦

ဆီ ၅ မျိုး

၁။ တိလတေလ- နှမ်းဆီ၊
၂။ သာသပတေလ- မုန်ညင်းဆီ၊
၃။ မဓုကတေလ- သစ်မည်စည် ဆီ၊
၄။ ဧရဏ္ဍကတေလ- ကြက်ဆူဆီ၊
၅။ ဝသာတေလ- သားအမဲဆီ၊ ဆီကြည်ဆီ။ (ဝိ၊၅၊၂၃၀။) (မ၊ဋ္ဌ၊၂၊၂၄၄။) (သံ၊ဋ္ဌ၊၂၊၂၇၁။) (ဝိ၊မြန်၊၅။၃၁၉။)♦

ဆီ လှူရကျိုး ၅ ပါး

ထောပတ် လှူရကျိုး ၅ ပါးနှင့် တူသည်။ ♦

ဆီကျည် ၃ မျိုး

၁။ ကြေးကျည်၊
၂။ သစ်သားကျည်၊
၃။ သစ်သီးကျည်။ (ဝိ၊၃၊၂၉၇။) (ဝိ၊မြန်၊၃။၂၇၉။)♦

ဆီကျည် လှူရကျိုး ၅ ပါး

၁။ အလွန် နှစ်လိုဖွယ်သော ရုပ်ရေအဆင်း ရှိခြင်း၊
၂။ အလွန် သာယာ နာပျော်ဖွယ်ကောင်းသော စကားသံရှိသူ ဖြစ်ခြင်း၊
၃။ အလွန်ကောင်းစွာ တက်ကြွသော စိတ်ရှိသူ ဖြစ်ခြင်း၊
၄။ မပျံ့လွင့်သော စိတ်ရှိခြင်း၊
၅။ အလုံးစုံသော အစောင့်အရှောက်တို့ဖြင့် စောင့်ရှောက် အပ်ခြင်း (အစောင့်ရှောက်ခံရသူဖြစ်ခြင်း)။ (အပ၊၁၊၃၆၁။) (အပ၊မြန်၊၁။၃၇၀။)♦

ဆီကြည် ၅ မျိုး

၁။ ဝံဆီကြည်၊
၂။ ငါးဆီကြည်၊
၃။ မိကျောင်းဆီကြည်၊
၄။ ဝက်ဆီကြည်၊
၅။ မြည်းဆီကြည်။ (ဝိ၊၅၊၂၃၀။) (ဝိ၊မြန်၊၅။၃၁၉။)♦

ဆီမီး လှူရကျိုး ၁၁ ပါး

၁။ တာဝတိံသာနတ်ပြည်၌ အမြင့် ယူဇနာခြောက်ဆယ်, အကျယ်ယူဇနာ သုံးဆယ်ရှိသော ဘုံဗိမာန်ကို ရရှိခြင်း၊
၂။ မရေမတွက်နိုင်သော ဆီမီးတိုင်များ ဝန်းရံလျက် နတ်ဘုံရှိသလောက် ထွန်းလင်းတောက်ပခြင်း၊
၃။ မျက်ကွယ်ဖြစ်လျက် အလိုရှိလျှင် အထက် အောက် ဖီလာ အရပ်မျက်နှာအားလုံးကို မျက်စိဖြင့် မြင်နိုင်ခြင်း၊
၄။ သုဂတိဘဝ, ဒုဂ္ဂတိဘဝ လားရောက်မည့်ပုဂ္ဂိုလ်တို့ကို အပိတ်အပင်မရှိဘဲ ကြည့်ရှုနိုင်ခြင်း၊
၅။ ရှစ်ကျိပ်သော နတ်မင်း ကြီးတို့နှင့် တစ်ရာသော စကြာမင်းတို့၏ မိဖုရားဖြစ်ရခြင်း၊
၆။ လူ့ဘဝ နတ်ဘဝတို့၌ ဆီမီးတစ်သိန်းဝန်းရံလျက် တောက်ပခြင်း၊
၇။ မွေးဖွားရာအိမ်၌ ဆီမီးတစ်သိန်းတို့ တောက်ပခြင်း၊
၈။ မဏ္ဍပ်, သစ်ပင်ရင်း, ဆိတ်ငြိမ်ရာကျောင်းတို့၌ နေစဉ် ဆီမီးများ အမြဲ တောက်ပခြင်း၊
၉။ ဒိဗ္ဗစက္ခုအဘိညာဉ်သည် အထူးစင်ကြယ်လျက် ဈာန်အဘိညာဉ်တို့၌ အထွတ်အထိပ်သို့ ရောက်ခြင်း၊
၁၀။ ဗောဓိပင်အား ဆီမီးလှူခဲ့သည့်အခါမှ စ၍ ကမ္ဘာ တစ်သိန်းတိုင်တိုင် ဒုဂ္ဂတိဘဝသို့ မလားခြင်း၊
၁၁။ နောက်ဆုံးဘဝ၌ ခုနစ်နှစ်အရွယ်တွင် ကိလေသာကုန်ခန်း ရဟန္တာဖြစ်ခြင်း။ (အပ၊၂၊၂၀၄။) (အပ၊မြန်၊၂။၁၉၅။)♦

ဆီမီးတိုင် လှူရကျိုး ၁၀ ပါး

၁။ တာဝတိံသာနတ်ပြည်၌ အမြင့်ယူဇနာ ခြောက်ဆယ် အကျယ် ယူဇနာ သုံးဆယ်ရှိသော ဗိမာန်ကို ရရှိခြင်း၊
၂။ မရေမတွက်နိုင်သော ဆီမီးတိုင်တို့သည် နတ်ဘုံရှိသလောက် ထွန်းလင်းတောက်ပခြင်း၊
၃။ ကြည့်လိုသည်ရှိသော် ထက်, အောက်, ဖီလာ အရပ်အားလုံးကို မျက်စိဖြင့် မြင်ရခြင်း၊
၄။ သုဂတိ ဒုဂ္ဂတိ လားမည့် ပုဂ္ဂိုလ်များကိုလည်း အဆီးအတား အပိတ်အပင် မရှိဘဲ ကြည့်ရှုနိုင်ခြင်း၊
၅။ ရှစ်ကျိပ်သော နတ်မင်းနှင့် တစ်ရာသော စကြာမင်းတို့၏ မိဖုရားအဖြစ်ကို ရရှိခြင်း၊
၆။ ဖြစ်လေရာဘဝတို့၌ ဆီမီးတစ်သိန်းတို့ ဝန်းရံခြင်း၊
၇။ မဏ္ဍပ်, သစ်ပင်ရင်း, ပြာသာဒ်, လှိုဏ်ဂူ, ဆိတ်ငြိမ်သော တောကျောင်း တို့၌ ဈာန်ဝင်စားနေစဉ် ဆီမီးတိုင်ငါးတိုင်တို့ တောက်ပနေခြင်း၊
၈။ ဒိဗ္ဗစက္ခုအဘိညာဉ်သည် အထူးစင်ကြယ်လျက် အဘိညာဉ်၏ အထွတ်အထိပ်သို့ ရောက်ခြင်း၊
၉။ ဆီမီးတိုင်လှူခဲ့သည့် အခါမှစ၍ ကမ္ဘာတစ်သိန်းတိုင် ဒုဂ္ဂတိဘဝသို့ မရောက်ရခြင်း၊
၁၀။ ခုနစ်နှစ်အရွယ်၌ ကိလေသာ ကုန်၍ ရဟန္တာ ဖြစ်ခြင်း။ (အပ၊၂၊၁၉၆။) (အပ၊မြန်၊၂။၁၈၇။)♦

ဆီးမီးတိုင် လှူရကျိုး ၃ ပါး

၁။ အမျိုးဇာတ် မြင့်မြတ်သူ ဖြစ်ခြင်း၊
၂။ အင်္ဂါကြီးငယ်နှင့် ပြည့်စုံသူ ဖြစ်ခြင်း၊
၃။ တတ်သိနားလည်သူဟု သမုတ်အပ်သော ပညာရှိ ဖြစ်ခြင်း။ (အပ၊၁၊၃၆၅။) (အပ၊မြန်၊၁။၃၇၄။)♦

ဆီမီးပူဇော်ရကျိုး ၆ ပါး

၁။ ဖြစ်လေရာ ဘဝတိုင်း၌ များစွာသော ဆီမီးတို့ ကောင်းစွာ တောက်ပခြင်း၊
၂။ နံရံတစ်ဖက်, ကျောက်တောင်တစ်ဖက်, တောင် စသည်တို့ကို ကျော်လွန်၍ အလိုရှိ အပ်သော အရာဝတ္ထုကို မြင်နိုင်ခြင်း၊
၃။ မျက်စိ အထူးစင်ကြယ်ခြင်း၊
၄။ အခြံအရံတို့ဖြင့် တောက်ပခြင်း၊
၅။ သဒ္ဓါတရားရှိသူ ဖြစ်ခြင်း၊
၆။ ပညာဉာဏ် ကြီးသူ ဖြစ်ခြင်း။ (အပ၊၂၊၂၅၁။) (အပ၊မြန်၊၂။၂၄၃။)♦

ဆု ၁၀ မျိုး

၁။ ဝိသာခါ တောင်းသော ဆု ရှစ်မျိုး၊
၂။ သုဒ္ဓေါဒနမင်းကြီး တောင်းသော ဆု တစ်မျိုး၊
၃။ သမားတော်ဇီဝက တောင်းသော ဆု တစ်မျိုး။ (ဝိ၊ဋ္ဌ၊၄၊၁၈၃။)♦

ဆုတ်ကပ် အသက်တမ်း ငါးရာ၌ ဖြစ်ပေါ်လာသော တရား ၃ ပါး

၁။ အဓမ္မရာဂ- အမိ, မိထွေး, အဘ, ဘထွေး, အရီး အစရှိသော မသင့်လျော်သော အရာဌာနတို့၌ တပ်မက်ခြင်း ရာဂ၊
၂။ ဝိသမ လောဘ- မခံစားသင့်သော အရာတို့၌သော်လည်း အလွန်အားကြီးသည် ဖြစ်၍ ညီညွတ်မျှတမှု မရှိသော လောဘ၊
၃။ မိစ္ဆာဓမ္မ- ယောကျ်ားအချင်းချင်း, မိန်းမအချင်းချင်းတို့၌ တပ်နှစ်သက်ခြင်း ရှိကြကုန်သည် ဖြစ်၍ ချွတ်ယွင်း ဖောက်ပြန် မမှန်သော သဘောရှိသော တဏှာလောဘ။ (ဒီ၊၃၊၅၈။) (ဒီ၊မြန်၊၃။၆၀။)♦

ဆုတ်ကပ် အသက်တမ်း နှစ်ရာ့ငါးဆယ်၌ ဖြစ်ပေါ်လာသော တရား ၅ ပါး

၁။ အမတ္တေယျတာ- အမိ၏ အစီးပွားကို မဆောင်ရွက်ခြင်း၊
၂။ အပေတ္တေယျတာ- အဖ၏ အစီးပွားကို မဆောင် ရွက်ခြင်း၊
၃။ အသာမညတာ- ရဟန်းသံဃာတော်တို့၏ အစီးပွားကို မဆောင်ရွက်ခြင်း၊
၄။ အဗြဟ္မညတာ-တားမြစ်ကန့်ကွက် ပယ်ဖျက်အပ်ပြီးသော မကောင်းမှုရှိသော ရဟန်းတို့၏ အစီးပွားကို မဆောင်ရွက်ခြင်း၊
၅။ န ကုလေ ဇေဋ္ဌာပစာယိတာ- အမျိုးတို့၌ ဘကြီး ဘထွေး စသော ကြီးသော ပုဂ္ဂိုလ်တို့ကို ရိုသေလေးစားမှု မပြုခြင်း။ (ဒီ၊၃၊၅၈။) (ဒီ၊မြန်၊၃။၆၁။)♦

ဆုတ်ကပ် အသက်တမ်းငါးထောင်၌ ဖြစ်ပေါ်လာသော တရား ၂ ပါး

၁။ ဖရုသဝါစာ- မိမိ သူတစ်ပါး နှစ်ဦးသားကို လွှသွားကဲ့သို့ ကြမ်းတမ်းစေတတ်သော စကားကို ပြောဆိုခြင်း၊
၂။ သမ္ဖပ္ပလာပ- မိမိ သူတစ်ပါး နှစ်ဦးသား၏ စီးပွားချမ်းသာကို ဖျက်ဆီးတတ်သော အကျိုးမဲ့ အနှစ်မဲ့ ပြိန်ဖျင်းသော စကားကို ပြောဆိုခြင်း။ (ဒီ၊၃၊၅၈။)♦

ဆုတ်ယုတ်ကြောင်း ၂ မျိုး

၁။ အကျိုးစီးပွား ဆုတ်ယုတ်ခြင်း၊
၂။ အကျိုးစီးပွားမဲ့ ဖြစ်ပေါ်ခြင်း။ (အဘိ၊ဋ္ဌ၊၂၊၃၉၆။)♦

ဆုတ်ယုတ်ကြောင်း ၆ ပါး (တစ်နည်း) (ရဟန်း ဆုတ်ယုတ်ကြောင်း တရား ၆ ပါး)

၁။ အမှုကိစ္စ၌ မွေ့လျော်ခြင်း၊
၂။ စကားပြောမှု၌ မွေ့လျော်ခြင်း၊
၃။ အိပ်ခြင်း၌ မွေ့လျော်ခြင်း၊
၄။ အပေါင်း အသင်း၌ မွေ့လျော်ခြင်း၊
၅။ ပြောဆိုဆုံးမ ခက်ခြင်း၊
၆။ မိတ်ဆွေယုတ်ရှိခြင်း။ (အဘိ၊ဝိ၊၃၉၅။) (အဘိ၊ဝိ၊မြန်၊၂။၅၀၀။)♦

ဆုတ်ယုတ်ကြောင်း ၆ ပါး (တစ်နည်း) (ရဟန်းဆုတ်ယုတ်ကြောင်း တရား ၆ ပါး)

၁။ အမှုကိစ္စ၌ မွေ့လျော်ခြင်း၊
၂။ စကားပြောမှု၌ မွေ့လျော်ခြင်း၊
၃။ အိပ်ခြင်း၌ မွေ့လျော်ခြင်း၊
၄။ အပေါင်း အဖော်၌ မွေ့လျော်ခြင်း၊
၅။ အမျိုးသမီးတို့နှင့် ရောနှောမှု၌ မွေ့လျော်ခြင်း၊
၆။ သံသရာကို ချဲ့ထွင်တတ်သော တရား၌ မွေ့လျော်ခြင်း။ (အဘိ၊ဝိ၊၃၉၅။) (အဘိ၊ဝိ၊မြန်၊၂။၅၀၀။)♦

ဆုတ်ယုတ်ကြောင်း တရား ၆ ပါး (ရဟန်း ဆုတ်ယုတ်ကြောင်း တရား ၆ ပါး)

၁။ စက္ခု ပသာဒဖြင့် အဆင်းရူပါရုံကို မြင်၍ အကုသိုလ်သံယောဇဉ်များ ဖြစ်ပေါ်သောအခါ ထိုအကုသိုလ် သံယောဇဉ်ကို မစွန့်ပယ် မဖျောက်ဖျက်ဘဲ ကင်းကွာအောင် မပြုခြင်း၊
၂။ သောတပသာဒဖြင့် အသံ သဒ္ဒါရုံကို ကြား၍ အကုသိုလ်အကြံအစည် သံယောဇဉ်များ ဖြစ်ပေါ်သောအခါ ထိုအကုသိုလ်သံယောဇဉ်ကို မစွန့်ပယ် မဖျောက်ဖျက်ဘဲ ကင်းကွာအောင် မပြုခြင်း၊
၃။ ဇိဝှါ ပသာဒဖြင့် အရသာ ရသာရုံကို လျက်၍ အကုသိုလ်အကြံအစည် သံယောဇဉ်များ ဖြစ်ပေါ်သော အခါ ထိုအကုသိုလ်သံယောဇဉ်ကို မစွန့်ပယ် မဖျောက်ဖျက်ဘဲ ကင်းကွာအောင် မပြုခြင်း၊
၄။ ကာယပသာဒဖြင့် ထိတွေ့မှု ဖောဋ္ဌဗ္ဗာရုံကို တွေ့ထိ၍ အကုသိုလ်အကြံအစည် သံယောဇဉ်များ ဖြစ်ပေါ်သောအခါ ထိုအကုသိုလ်သံယောဇဉ်ကို မစွန့်ပယ် မဖျောက်ဖျက်ဘဲ ကင်းကွာအောင် မပြုခြင်း၊
၆။ စိတ်ဖြင့် ဓမ္မာရုံကို သိ၍ အကုသိုလ် အကြံအစည် သံယောဇဉ်များ ဖြစ်ပေါ် သောအခါ ထိုအကုသိုလ်သံယောဇဉ်ကို မစွန့်ပယ် မဖျောက်ဖျက်ဘဲ ကင်းကွာအောင် မပြုခြင်း။ (သံ၊၂၊၂၉၉။) (သံ၊မြန်၊၂။၂၉၁။)♦

ဆုတ်ယုတ်ပျက်စီးကြောင်း ၁၂ ပါး

၁။ အလွန် တတ်သိ နားလည်လွယ်သူ ဖြစ်ပါလျက် မသိ နားမလည်ခြင်း၊ တရားဓမ္မကို အလိုရှိသူ ဖြစ်ပါလျက် တရားကို မုန်းခြင်း၊
၂။ လူယုတ်မာတို့အား ချစ်ခင်နှစ်သက်၍ သူတော်ကောင်းတို့အား မချစ်မနှစ်သက်ခြင်း, ထိုမသူတော် လူယုတ်မာ တို့၏ တရားကို နှစ်သက်ခြင်း၊
၃။ ပွဲသဘင် အကြည့်များလျက် အအိပ်ကြီးခြင်း ထကြွလုံ့လ မရှိဘဲ ပျင်းရိခြင်း၊
၄။ အရွယ်လွန်ပြီး အိုမင်းနေသော မိဘနှစ်ပါးကို မပြုစု မလုပ်ကျွေးခြင်း၊
၅။ ရဟန်းပုဏ္ဏားတို့နှင့် အခြားသော အလှူခံပုဂ္ဂိုလ်တို့အား မုသာဝါဒဖြင့် လှည့်ပတ်ခြင်း၊
၆။ ဘောဇဉ်နှင့်တကွ များစွာသော စည်းစိမ်ဥစ္စာ ရတနာတို့ကို မိမိတစ်ဦးတည်းသာ ခံစား သုံးဆောင်ခြင်း၊
၇။ အမျိုးအနွယ် ဥစ္စာဓနတို့ဖြင့် ခက်ထန်လျက် ဆွေမျိုးတို့အပေါ်၌ မထီမဲ့မြင် ပြုခြင်း၊
၈။ မိန်းမကြူးခြင်း, သေသောက်ကြူးခြင်း, ကြွေအံကြူးခြင်းဖြင့် ရရှိသမျှ စည်းစိမ် ဥစ္စာတို့ကို ပျက်စီးစေခြင်း၊
၉။ သူတစ်ပါး သားမယားတို့၌ ပြစ်မှားကျူးလွန်ခြင်း၊
၁၀။ ယောကျ်ားအိုကြီးဖြစ်နေပါလျက် ဆယ့်ခြောက်နှစ်အရွယ် သတို့သမီးငယ်ကို ယူထား သဖြင့် ထိုသတို့သမီးငယ်အပေါ်၌ စိုးရိမ်ပူပန်၍ အိပ်မပျော်ဖြစ်ခြင်း၊
၁၁။ မိန်းမကြူးသော ယောကျ်ား, ယောကျ်ားကြူးသော မိန်းမတို့ကို အစိုးရသူ၏အဖြစ်၌ ထားခြင်း၊
၁၂။ မင်းမျိုး၌ ဖြစ်သော်လည်း စည်းစိမ်ဥစ္စာ ဆင်းရဲနွမ်းပါး၍ အလိုရမ္မက်ကြီးပြီး မင်းအဖြစ်ကို တောင့်တခြင်း။ (သုတ္တနိ၊၂၉၅။)(သုတ္တနိ၊မြန်။၂၇၈။)♦

ဆုတ်ယုတ်ပျက်စီးခြင်း ၄ မျိုး

၁။ အိုမင်းခြင်း ဟူသော ဆုတ်ယုတ် ပျက်စီးခြင်း၊
၂။ နာခြင်း ဟူသော ဆုတ်ယုတ် ပျက်စီးခြင်း၊
၃။ ဆွေမျိုးတို့၏ ဆုတ်ယုတ်ပျက်စီးခြင်း၊
၄။ စည်းစိမ်ဥစ္စာတို့၏ ဆုတ်ယုတ်ပျက်စီးခြင်း။ (မ၊၂၊၂၅၄။) (အံ၊ဋီ၊၁၊၁၇၅။) (မ၊မြန်၊၂။၂၆၃။)♦

ဆုတ်ယုတ်သော အဖို့ရှိသော တရား ၁၀ ပါး

၁။ သူ့အသက် သတ်ခြင်း၊
၂။ မပေးသည်ကို ခိုးယူခြင်း၊
၃။ ကာမဂုဏ်တို့၌ မှားသောအားဖြင့် ကျင့်ခြင်း၊
၄။ မဟုတ်မမှန် ပြောခြင်း၊
၅။ ကုန်းတိုက်ခြင်း၊
၆။ ကြမ်းတမ်းသော စကားကို ပြောခြင်း၊
၇။ ပြိန်ဖျင်းသော စကားကို ပြောခြင်း၊
၈။ လွန်စွာ မက်မောခြင်း၊
၉။ ပျက်စီးစေလိုခြင်း၊
၁၀။ မှားသော အယူရှိခြင်း။ (ဒီ၊၃၊၂၅၇။) (ဒီ၊မြန်၊၃။၂၈၁။)♦

ဆုတ်ယုတ်သော အဖို့ရှိသော တရား ၂ ပါး

၁။ ဆုံးမခက်ခြင်း၊
၂။ မကောင်းသော အဆွေခင်ပွန်း ရှိခြင်း။ (ဒီ၊၃၊၂၂၈။) (ဒီ၊မြန်၊၃။၂၅၁။)♦

ဆုတ်ယုတ်သော အဖို့ရှိသော တရား ၃ ပါး

၁။ လောဘဟူသော အကုသိုလ်မူလ၊
၂။ ဒေါသ ဟူသော အကုသိုလ်မူလ၊
၃။ မောဟဟူသော အကုသိုလ်မူလ။ (ဒီ၊၃၊၂၂၉။) (ဒီ၊မြန်၊၃။၂၅၂။)♦

ဆုတ်ယုတ်သော အဖို့ရှိသော တရား ၄ ပါး

၁။ ကာမတဏှာ ဟူသော ကာမယောဂ၊
၂။ ဘဝ တဏှာ ဟူသော ဘဝယောဂ၊
၃။ ၆၂ ပါးသော ဒိဋ္ဌိအယူ ဟူသော ဒိဋ္ဌိယောဂ၊
၄။ မသိမှု ‘အဝိဇ္ဇာ’ ဟူသော အဝိဇ္ဇာယောဂ။ (ဒီ၊၃၊၂၃၁။) (ဒီ၊မြန်၊၃။၂၅၃။)♦

ဆုတ်ယုတ်သော အဖို့ရှိသော တရား ၅ ပါး

၁။ ဘုရား၌ ယုံမှားခြင်း၊
၂။ တရားတော်၌ ယုံမှားခြင်း၊
၃။ သံဃာတော်၌ ယုံမှားခြင်း၊
၄။ အကျင့်သိက္ခာ၌ ယုံမှားခြင်း၊
၅။ မြတ်သော သီတင်း သုံးဖော်တို့၌ အမျက်ထွက်ခြင်း။ (ဒီ၊၃၊၂၃၂။) (ဒီ၊မြန်၊၃။၂၅၅။)♦

ဆုတ်ယုတ်သော အဖို့ရှိသော တရား ၆ ပါး

၁။ ဘုရား၌ ရိုသေလေးစားခြင်း မရှိ၊
၂။ တရားတော်၌ ရိုသေလေးစားခြင်း မရှိ၊
၃။ သံဃာတော်၌ ရိုသေလေးစားခြင်း မရှိ၊
၄။ သိက္ခာ (၃) ပါး၌ ရိုသေ လေးစားခြင်း မရှိ၊
၅။ မမေ့မလျော့ခြင်း (ကောင်းသော အကျင့်)၌ ရိုသေလေးစားခြင်းမရှိ၊
၆။ ပဋိသန္ထာရ (ပျူငှာစွာ ဆက်ဆံခြင်း)၌ ရိုသေလေးစားခြင်း မရှိ။ (ဝိ၊၅၊၁၆၅။) (ဒီ၊၃၊၂၀၂။) (ဒီ၊၃၊၂၃၈။) (အဘိ၊ဝိ၊၃၉၅။) (ဝိ၊မြန်၊၅။၂၄၃-၂၄၄။) (ဒီ၊မြန်၊၃။၂၂၅။) (ဒီ၊မြန်၊၃။၂၆၀။) (အဘိ၊ဝိ၊မြန်၊၂။၅၀၀။)♦

ဆုတ်ယုတ်သော အဖို့ရှိသော တရား ၇ ပါး

၁။ သဒ္ဓါမရှိ၊
၂။ ရှက်ခြင်းမရှိ၊
၃။ ကြောက်လန့်ခြင်း မရှိ၊
၄။ အကြားအမြင် မရှိ၊
၅။ ပျင်းရိ၏၊
၆။ သတိလွတ်၏၊
၇။ ပညာ မရှိ။ (ဝိ၊၅၊၂၄၃။) (ဒီ၊၃၊၂၀၈။) (ဒီ၊၃၊၂၄၁။) (ဝိ၊မြန်၊၅။၃၃၃။) (ဒီ၊မြန်၊၃။၂၃၂။) (ဒီ၊မြန်၊၃။၂၆၄။)♦

ဆုတ်ယုတ်သော အဖို့ရှိသော တရား ၉ ပါး

၁။ ငါ၏ အကျိုးမဲ့ကို ပြုဖူးသည်ဟု ရန်ငြိုးဖွဲ့ခြင်း၊
၂။ ငါ၏ အကျိုးမဲ့ကို ပြုနေဆဲဟု ရန်ငြိုးဖွဲ့ခြင်း၊
၃။ ငါ၏ အကျိုးမဲ့ကို ပြုလတ္တံ့ဟု ရန်ငြိုး ဖွဲ့ခြင်း၊
၄။ ငါချစ်ခင်နှစ်သက်သော ပုဂ္ဂိုလ်၏ အကျိုးမဲ့ကို ပြုဖူးသည်ဟု ရန်ငြိုးဖွဲ့ခြင်း၊
၅။ ငါချစ်ခင် နှစ်သက်သော ပုဂ္ဂိုလ်၏ အကျိုးမဲ့ကို ပြုနေဆဲဟု ရန်ငြိုးဖွဲ့ခြင်း၊
၆။ ငါချစ်ခင် နှစ်သက်သော ပုဂ္ဂိုလ်၏ အကျိုးမဲ့ကို ပြုလတ္တံ့ဟု ရန်ငြိုးဖွဲ့ခြင်း၊
၇။ ငါမချစ်သော ပုဂ္ဂိုလ်၏ အကျိုးကို ပြုဖူးသည်ဟု ရန်ငြိုးဖွဲ့ခြင်း၊
၈။ ငါမချစ်သော ပုဂ္ဂိုလ်၏ အကျိုးကို ပြုနေဆဲဟု ရန်ငြိုးဖွဲ့ခြင်း၊
၉။ ငါမချစ်သော ပုဂ္ဂိုလ်၏ အကျိုးကို ပြုလတ္တံ့ဟု ရန်ငြိုးဖွဲ့ခြင်း။ (ဒီ၊၃၊၂၅၄။) (ဒီ၊မြန်၊၃။၂၇၇။)♦

ဆုထူးပန် ၅ ယောက်

၁။ မေဏ္ဍကသူဌေးကြီး တစ်ဦး၊
၂။ ထိုမေဏ္ဍကသူဌေးကြီး၏ သူဌေးကတော် စန္ဒပဒုမာမည်သူ တစ်ဦး၊
၃။ ထိုမေဏ္ဍကသူဌေးကြီး၏ သား ဓနဉ္စယမည်သူ တစ်ဦး၊
၄။ ထိုဓနဉ္စယ၏ မယား သုမနဒေဝီမည်သူ ချွေးမတစ်ဦး၊
၅။ မေဏ္ဍကသူဌေးကြီး၏ ကျွန် ပုဏ္ဏ မည်သူ တစ်ဦး။ (ဓမ္မ၊ဋ္ဌ၊၁၊၂၄၃။)♦

ဆုံးဖြတ်ခြင်း ၂ ပါး

၁။ တဏှာဝိနိစ္ဆယ- တဏှာဖြင့် ဆုံးဖြတ်ခြင်း၊၊
၂။ ဒိဋ္ဌိဝိနိစ္ဆယ- မိစ္ဆာဒိဋ္ဌိဖြင့် ဆုံးဖြတ်ခြင်း။ (ဒီ၊ဋ္ဌ၊၂၊၃၁၂။) (မဟာနိ၊၂၀၅။) (ဒီ၊ဋ္ဌ၊မြန်၊၂။၅၇၅။)♦

ဆုံးဖြတ်ခြင်း ၄ မျိုး

၁။ ဉာဏ်ဖြင့် ဆုံးဖြတ်ခြင်း- ဉာဏဝိနိစ္ဆယ၊
၂။ တဏှာဖြင့် ဆုံးဖြတ်ခြင်း- တဏှာဝိနိစ္ဆယ၊
၃။ မိစ္ဆာဒိဋ္ဌိဖြင့် ဆုံးဖြတ်ခြင်း- ဒိဋ္ဌိဝိနိစ္ဆယ၊
၄။ ကြံစည်ခြင်းဖြင့် ဆုံးဖြတ်ခြင်း- ဝိတက္ကဝိနိစ္ဆယ။ (ဒီ၊ဋ္ဌ၊၂၊၈၉။) (အံ၊ဋ္ဌ၊၃၊၂၇၃။) (အဘိ၊ဋ္ဌ၊၂၊၄၉၄။) (ပဋိသံ၊ဋ္ဌ၊၁၊၁၁၂။) (သာရတ္ထ၊ဋီ၊၃၊၄၈၀။) (ဒီ၊ဋ္ဌ၊မြန်၊၂။၁၆၅။)♦

ဆုံးမခက်သည့် ရဟန်း သင့်သော အာပတ် ၃ ပါး

၁။ ဒုက္ကဋ်အာပတ်၊
၂။ ထုလ္လစ္စဉ်းအာပတ်၊
၃။ သံဃာဒိသိသ်အာပတ်။ (ဝိ၊၅၊၉၁။) (ဝိ၊မြန်၊၅။၁၃၂။)♦

ဆုံးမခက်သူ ဖြစ်ကြောင်း ၁၉ ပါး

၁။ ယုတ်မာသော အလိုရှိသူ ဖြစ်ခြင်း၊
၂။ မိမိကိုယ်ကို ချီးမြှောက်၍ သူတစ်ပါးအား ရှုတ်ချတတ်သူ ဖြစ်ခြင်း၊
၃။ ဒေါသထွက်လေ့ရှိသူ ဖြစ်ခြင်း၊
၄။ ဒေါသကြောင့် ရန်ငြိုးဖွဲ့တတ်သူ ဖြစ်ခြင်း၊
၅။ ဒေါသကြောင့် ဖြေ၍မရနိုင်လောက်အောင် စွဲငြိကပ်တတ်သူ ဖြစ်ခြင်း၊
၆။ ဒေါသထွက်စရာ စကားမျိုးကို ပြောဆိုတတ်သူ ဖြစ်ခြင်း၊
၇။ စောဒကပုဂ္ဂိုလ်ကို ဆန့်ကျင်သောအားဖြင့် ဖြန့်တတ် ဖုံးလွှမ်းတတ်သူ ဖြစ်ခြင်း၊
၈။ စောဒက ပုဂ္ဂိုလ်ကို ခြိမ်းခြောက် မောင်းမဲတတ်သူ ဖြစ်ခြင်း၊
၉။ စောဒကပုဂ္ဂိုလ်အပေါ်၌ တစ်ဖန်ပြန်၍ အပြစ်တင်တတ်သူ ဖြစ်ခြင်း၊
၁၀။ အခြားသော စကားဖြင့် ဖုံးလွှမ်းတတ်သူ ဖြစ်ခြင်း၊
၁၁။ မိမိ အကျင့်ဖြင့် ပြည့်စုံအောင် မဖြေဆိုနိုင်သူ ဖြစ်ခြင်း၊
၁၂။ သူတစ်ပါး၏ ဂုဏ်ကျေးဇူးကို ချေဖျက် တတ်သူ ဖြစ်ခြင်း၊
၁၃။ ဂုဏ်တုဂုဏ်ပြိုင် ပြုတတ်သူ ဖြစ်ခြင်း၊
၁၄။ ငြူစူစောင်းမြောင်းတတ်သူ ဖြစ်ခြင်း၊
၁၅။ ဝန်တိုသူ ဖြစ်ခြင်း၊
၁၆။ ကောက်ကျစ်စဉ်းလဲသူ ဖြစ်ခြင်း၊
၁၇။ လှည့်ပတ် တတ်သူ ဖြစ်ခြင်း၊
၁၈။ ကြမ်းတမ်း ခက်ထန်၍ လွန်ကဲသော မာနရှိသူ ဖြစ်ခြင်း၊
၁၉။ မိမိ အယူကို မှားသောအားဖြင့် သုံးသပ်လျက် စွဲမြဲစွာယူပြီး ခဲယဉ်းသဖြင့် စွန့်လွှတ်တတ်သူ ဖြစ်ခြင်း။ (ဝိ၊ဋ္ဌ၊၂၊၁၉၇။)♦

ဆုံးမစကားကို မနာယူသူဖြစ်ကြောင်း အင်္ဂါ ၃ ပါး

၁။ အရှက်လည်း မရှိခြင်း၊
၂။ မိုက်လည်း မိုက်မဲခြင်း၊
၃။ ပကတတ်ရဟန်းလည်း မဟုတ်ခြင်း။ (ဝိ၊၅၊၂၂၁။) (ဝိ၊မြန်၊၅။၃၀၉။)♦

ဆုလာဘ် ၅ ပါး

၁။ အာရောဂျသမ္ပဒါ- အနာရောဂါကင်းခြင်းနှင့် ပြည့်စုံခြင်း၊
၂။ ဒေယျဓမ္မသမ္ပဒါ- လှူဖွယ်ဝတ္ထုပစ္စည်းနှင့် ပြည့်စုံခြင်း၊
၃။ ဒက္ခိဏေယျသမ္ပဒါ- အလှူခံပုဂ္ဂိုလ်နှင့် ပြည့်စုံခြင်း၊
၄။ ဒေယျဓမ္မဿ အပရိမိတသမ္ပဒါ- လှူဖွယ်ဝတ္ထုပစ္စည်း၏ အတိုင်းအရှည် မရှိခြင်းနှင့် ပြည့်စုံခြင်း၊
၅။ ဒါယကသမ္ပဒါ- ပေးလှူတတ်သော ပုဂ္ဂိုလ်နှင့် ပြည့်စုံခြင်း။ (ပေတ၊ဋ္ဌ၊၁၂၁။)♦

ဆူး ငြောင့် မြား ၃ မျိုး

၁။ ရာဂတည်းဟူသော မြား၊
၂။ ဒေါသတည်းဟူသော မြား၊
၃။ မောဟ တည်းဟူသော မြား။ (နေတ္တိ၊ဝိဘာ၊၂၇၅။)♦

ဆူးငြောင့် ၁၀ မျိုး

၁။ အပေါင်းအသင်း၌ မွေ့လျော်ခြင်းသည် ဆိတ်ငြိမ်ရာ၌ မွေ့လျော်သူ၏ ဆူးငြောင့် ဖြစ်ခြင်း၊
၂။ သုဘနိမိတ်ကို အားထုတ်ခြင်းသည် အသုဘနိမိတ် အားထုတ်သူ၏ ဆူးငြောင့် ဖြစ်ခြင်း၊
၃။ ပွဲလမ်းသဘင်စသည် ကြည့်ရှုနားထောင်မှုသည် ဣန္ဒြေလုံခြုံသူ၏ ဆူးငြောင့် ဖြစ်ခြင်း၊
၄။ မိန်းမများ၏ အနီး၌ လှည့်လည်ခြင်းသည် မြတ်သော အကျင့် ဗြဟ္မစရိယ၏ ဆူးငြောင့်ဖြစ်ခြင်း၊
၅။ အသံသည် ပထမဈာန်၏ ဆူးငြောင့်ဖြစ်ခြင်း၊
၆။ ကြံစည်သုံးသပ်မှု ဝိတက်ဝိစာရတို့သည် ဒုတိယဈာန်၏ ဆူးငြောင့်ဖြစ်ခြင်း၊
၇။ နှစ်သက်မှု ပီတိသည် တတိယ ဈာန်၏ ဆူးငြောင့်ဖြစ်ခြင်း၊
၈။ ဝင်လေထွက်လေတို့သည် စတုတ္ထဈာန်၏ ဆူးငြောင့်ဖြစ်ခြင်း၊
၉။ သညာ ဝေဒနာတို့သည် နိရောဓသမာပတ်၏ ဆူးငြောင့်ဖြစ်ခြင်း၊
၁၀။ ရာဂ ဒေါသ မောဟ တို့သည် ဆူးငြောင့်များ ဖြစ်ခြင်း။ (အံ၊၃၊၃၆၃။) (အံ၊မြန်၊၃။၃၆၁။)♦

ဆူးငြောင့် ၅ မျိုး

၁။ ရာဂဟူသော ဆူးငြောင့်၊
၂။ ဒေါသဟူသော ဆူးငြောင့်၊
၃။ မောဟဟူသော ဆူးငြောင့်၊
၄။ မာနဟူသော ဆူးငြောင့်၊
၅။ ဒိဋ္ဌိဟူသော ဆူးငြောင့်။ (သုတ္တနိ၊ဋ္ဌ၊၁၊၂၃။)♦

ဆေး ၂ မျိုး

၁။ သမထဆေး၊
၂။ ဝိပဿနာဆေး။ (ပေဋကော၊၂၅၀။)♦

ဆေး ၅ မျိုး

၁။ ထောပတ်၊
၂။ ဆီဦး၊
၃။ ဆီ၊
၄။ ပျားရည်၊
၅။ တင်လဲ။ (ဝိ၊၁၊၃၆၂။) (ဝိ၊၃၊၃၀၂။) (ဝိ၊ဋ္ဌ၊၂၊၂၉၆။) (ဝိ၊မြန်၊၁။၃၈၅။) (ဝိ၊မြန်၊၃။၃၀၃။)♦

ဆေး လှူရကျိုး ၁၀ ပါး

၁။ အသက်ရှည်ခြင်း၊
၂။ ခွန်အားကြီးမားသူ ဖြစ်ခြင်း၊
၃။ ဉာဏ်ပညာ ကြီးသူ ပညာရှိပုဂ္ဂိုလ် ဖြစ်ရခြင်း၊
၄။ အဆင်းလှခြင်း၊
၅။ အခြံအရံပေါများခြင်း၊
၆။ ချမ်းသာ ကြီးခြင်း၊
၇။ ဥပါဒ်ဘေးရန် အန္တရာယ် မရှိခြင်း၊
၈။ ဆင်းရဲဒုက္ခ မရှိခြင်း၊
၉။ အခါခပ်သိမ်း မြတ်နိုးကော်ရော် ပူဇော်မှုကို ခံရခြင်း၊
၁၀။ ချစ်သူခင်သူတို့နှင့် မခွဲခွါ မကွေကွင်းရခြင်း။ (အပ၊၁၊၃၆၃။) (အပ၊မြန်၊၁။၃၇၂။)♦

ဆေး၏ ဂုဏ်ကျေးဇူး ၃ ပါး

၁။ ဆေးသည် အဆိပ်ဖြင့် နှိပ်စက်ခံရသော သတ္တဝါတို့၏ ကိုးကွယ်ရာ ဖြစ်ခြင်း၊
၂။ အနာရောဂါ၏ အဆုံးကို ပြုတတ်ခြင်း၊
၃။ အသက်ကို မသေစေနိုင်ခြင်း။ (မိလိန္ဒ၊၃၀၅။) (မိလိန္ဒ၊မြန်။၃၂၇။)♦

ဆေးကုခြင်း ၅ မျိုး

၁။ မျက်စဉ်းတံဖြင့် ဆေးကုခြင်း (သာလာကိယ)၊
၂။ ကျပ်ထုပ်ဖြင့် ဆေးကုခြင်း (သလ္လကတ္တိယ)၊
၃။ အမြစ်တို့ဖြင့် ယှဉ်၍ ကိုယ်ကို ဆေးကုခြင်း (ကာယတိကိစ္ဆ)၊
၄။ ဖုတ်ပြိတ္တာ တို့ကို ထုတ်၍ ကုခြင်း (ဘူတိယ)၊
၅။ သူငယ်တို့ကို ဆေးကုခြင်း (ကောမာရဘစ္စ)။ (မဟာနိ၊၂၉၈။)♦

ဆေးကုပေးကောင်းသော ပုဂ္ဂိုလ် ၁၀ မျိုး (ရဟန်းတော်များက ဆေးကုပေးကောင်းသော ပုဂ္ဂိုလ်)

၁။ အစ်ကိုကြီး၊
၂။ ညီငယ်၊
၃။ အစ်မကြီး၊
၄။ ညီမငယ်၊
၅။ ဒေါ်လေး၊
၆။ ဒေါ်ကြီး၊
၇။ ဘထွေး၊
၈။ ဘကြီး၊
၉။ အဖေ၏ အစ်မနှင့် ညီမ၊
၁၀။ ဦးကြီး, ဦးလေး (အမေ၏မောင်ကြီး, မောင်ငယ်)။ (ဝိ၊ဋ္ဌ၊၂၊၆၅။)♦

ဆေးကုပေးကောင်းသော ပုဂ္ဂိုလ် ၅ မျိုး (ရဟန်းတော်များက ဆေးကုပေးကောင်းသော ပုဂ္ဂိုလ်)

၁။ ရဟန်း၊
၂။ ရဟန်းမ၊
၃။ သာမဏေ၊
၄။ သာမဏေမ၊
၅။ သိက္ခမာန်။ (ဝိ၊ဋ္ဌ၊၂၊၆၄။)♦

ဆေးကုပေးကောင်းသော ပုဂ္ဂိုလ် ၅ မျိုး (ရဟန်းတော်များက ဆေးကုပေးကောင်းသော ပုဂ္ဂိုလ်)

၁။ အမိ၊
၂။ အဖ၊
၃။ ထိုမိဘတို့အား ပြုစု လုပ်ကျွေးနေသော ပုဂ္ဂိုလ်၊
၄။ မိမိ၏ ဝေယျာဝစ္စကို ဆောင်ရွက်ပေးသော ပုဂ္ဂိုလ်၊
၅။ ရှင်လောင်း။ (ဝိ၊ဋ္ဌ၊၂၊၆၅။)♦

ဆေးတံ အခိုးတံ လှူရကျိုး ၃ ပါး

၁။ ဖြောင့်မတ်သော သတိရှိသူ ဖြစ်ခြင်း၊
၂။ အကြောတို့သည် ကောင်းစွာ ဆက်စပ်မှု ရှိခြင်း၊
၃။ နတ်မျက်စိနှင့် တူသော မျက်စိရှိခြင်း။ (အပ၊၁၊၃၆၅။) (အပ၊မြန်၊၁။၃၇၄။)♦

ဆေးပစ္စည်း၌ ရောင့်ရဲခြင်း ၃ မျိုး

၁။ မိမိရရှိသော ဆေးပစ္စည်းနှင့် လျော်ညီစွာ ရောင့်ရဲ တင်းတိမ်ခြင်း (ယထာလာဘသန္တောသ)၊
၂။ ဆေးပစ္စည်း၌ မိမိခွန်အားနှင့် လျော်ညီစွာ ရောင့်ရဲတင်းတိမ်ခြင်း (ယထာဗလသန္တောသ)၊
၃။ ဆေးပစ္စည်း၌ မိမိနှင့် သင့်တော် လျောက်ပတ်သည်နှင့် လျော်ညီစွာ ရောင့်ရဲတင်းတိမ်ခြင်း (ယထာသာရုပ္ပသန္တောသ)။ (ဒီ၊ဋ္ဌ၊၁၊၁၈၄။) (မ၊ဋ္ဌ၊၂၊၄၈။) (ဒီ၊ဋ္ဌ၊မြန်၊၁။၃၆၁။) (ဒီ၊ဋ္ဌ၊မြန်၊၁။၃၆၁။)♦

ဆဲရေးကြောင်းဝတ္ထု ၁၀ မျိုး

၁။ အမျိုးဇာတ်အားဖြင့် ဆဲရေးခြင်း၊
၂။ နာမည်အားဖြင့် ဆဲရေးခြင်း၊
၃။ အနွယ်အားဖြင့် ဆဲရေးခြင်း၊
၄။ အလုပ်အကိုင်အားဖြင့် ဆဲရေးခြင်း၊
၅။ အတတ်ပညာ အားဖြင့် ဆဲရေးခြင်း၊
၆။ အနာရောဂါအားဖြင့် ဆဲရေးခြင်း၊
၇။ အသွင်သဏ္ဌာန်အားဖြင့် ဆဲရေးခြင်း၊
၈။ ကိလေသာအားဖြင့် ဆဲရေးခြင်း၊
၉။ အာပတ်ဖြင့် ဆဲရေးခြင်း၊
၁၀။ ယုတ်ညံ့သော ဆဲရေးကြောင်း စကားဖြင့် ဆဲရေးခြင်း။ (ဝိ၊၂၊၈။) (ဝိ၊မြန်၊၂။၁၀။)♦

ဆဲရေးခြင်း ၂ မျိုး

၁။ အယုတ်အားဖြင့် ဆဲရေးခြင်း၊
၂။ အမြတ်အားဖြင့် ဆဲရေးခြင်း။ (ဝိ၊၂၊၉၊၂၁။) (ဝိ၊၅၊၂၁၅။) (ဝိ၊ဋ္ဌ၊၃၊၅။) (ဝိ၊မြန်၊၂။၁၂၊၂၄။) (ဝိ၊မြန်၊၅။၃၀၀။)♦

ဆဲရေးခြိမ်းခြောက်တတ်သော ပုဂ္ဂိုလ်၌ အပြစ် ၁၁ မျိုး

၁။ မရသေးသော သမာဓိကို မရနိုင်ခြင်း၊
၂။ ရရှိပြီးသော သမာဓိ ဆုတ်ယုတ်ခြင်း၊
၃။ သူတော်ကောင်းတရားများ မဖြူစင်ခြင်း၊
၄။ သူတော်ကောင်းတရားတို့၌ ‘‘ငါရပြီဟု’’ လွန်ကဲသော မှတ်ထင်မှု ရှိခြင်း၊
၅။ မွေ့လျော်မှု မရှိဘဲ မြတ်သော အကျင့်ကို ကျင့်ခြင်း၊
၆။ ညစ်ညမ်းသော အာပတ်တစ်ခုခုသို့ သင့်ရောက်ခြင်း၊
၇။ သိက္ခာချ၍ လူထွက်ခြင်း၊
၈။ ပြင်းထန်သော အနာရောဂါကို ရခြင်း၊
၉။ စိတ်ပျံ့လွင့်ပြီး ရူးသွပ်ခြင်းသို့ ရောက်ခြင်း၊
၁၀။ တွေတွေဝေဝေ သေရခြင်း၊
၁၁။ သေပြီးနောက် အပါယ် ငရဲသို့ ကပ်ရောက်ရခြင်း။ (ဝိ၊ဋ္ဌ၊၄၊၁၈၄။)♦

ဆဲရေးတတ်သော ရဟန်း၏ အပြစ် ၅ ပါး

၁။ လောကုတ္တရာတရားမှ ဆုံးရှုံးခြင်း၊
၂။ ညစ်နွမ်းသော အာပတ်တစ်မျိုးမျိုးသို့မူလည်း ရောက်ခြင်း၊
၃။ ပြင်းထန်သော ရောဂါသို့ မူလည်း ရောက်ခြင်း၊
၄။ တွေဝေလျက် သေရခြင်း၊
၅။ ငရဲသို့ ရောက်ရခြင်း။ (အံ၊၂၊၂၂၀။) (အံ၊မြန်၊၂။၂၇၇။)♦

ဇနပဒကလျာဏီ၏ ကောင်းခြင်း ၅ ဖြာ

၁။ ဆဝိကလျာဏ- အရေ၏ ကောင်းခြင်း၊
၂။ မံသ ကလျာဏ- အသား၏ ကောင်းခြင်း၊
၃။ နှာရုကလျာဏ- အကြော၏ ကောင်းခြင်း၊
၄။ အဋ္ဌိ ကလျာဏ- အရိုး၏ ကောင်းခြင်း။၅။ ဝယကလျာဏ- အရွယ်၏ ကောင်းခြင်း။ (သံ၊ဋ္ဌ၊၃၊၂၅၉။)♦

ဇနီးမောင်နှံ ဘဝတိုင်း ရေစက်ဆုံကြောင်း တရား ၄ ပါး

၁။ ဇနီးမောင်နှံ နှစ်ယောက်လုံးသည် သဒ္ဓါတရား တူမျှရခြင်း၊
၂။ ဇနီးမောင်နှံ နှစ်ယောက်လုံးသည် သီလတရား တူမျှရခြင်း၊
၃။ ဇနီး မောင်နှံ နှစ်ယောက်လုံးသည် စွန့်ကြဲမှု စာဂတရား တူမျှရခြင်း၊
၄။ ဇနီးမောင်နှံ နှစ်ယောက် လုံးသည် အသိပညာ တူမျှရခြင်း။ (အံ၊၁၊၃၇၃။) (အံ၊မြန်၊၁။၃၈၇။)♦

ဇမ္ဗုကပရိဗိုဇ် ရဟန္တာအပေါ် ကျူးလွန်ခဲ့သော ဝစီကံ ၄ ပါး

၁။ သင်သည် ဒါယကာသူကြွယ်၏ အိမ်၌ ဆွမ်းကို စားခြင်းထက် မစင်ကို စားခြင်းသည် ကောင်းမြတ်၏၊
၂။ သူကြွယ်သည် ခေါ်လာခဲ့သော ဆေတ္တာသည်ဖြင့် ဆံကို ရိတ်ခြင်းထက် ထန်းစေ့မှုတ်ညှပ်ဖြင့် ဆံကို နုတ်စေ ခြင်းသည် ကောင်းမြတ်၏၊
၃။ သူကြွယ်ပေးလှူအပ်သော ပုဆိုးသင်္ကန်းကို ဝတ်ခြင်းထက် အဝတ်မစည်း ကိုယ်လုံးတည်းဖြင့် လှည့်လည်ခြင်းသည် ကောင်းမြတ်၏၊
၄။ သူကြွယ် ယူဆောင်ခဲ့သော ညောင်စောင်း၌ အိပ်လျောင်းခြင်းထက် မြေ၌ အိပ်လျောင်းခြင်းသည် ကောင်းမြတ်၏။ (ဓမ္မ၊ဋ္ဌ၊၁၊၃၁၃။)♦

ဇမ္ဗုကပရိဗိုဇ်၏ အကျင့် ၄ မျိုး

၁။ မစင်ကိုသာ စားခြင်း၊
၂။ မြေကြီး၌သာ အိပ်ခြင်း၊
၃။ အဝတ် မဝတ်ဘဲ ကိုယ်လုံးတည်းနေခြင်း၊
၄။ ထန်းစေ့မှုတ် ထန်းစေ့ခွံဖြင့် ဆံပင်ကို နှုတ်ခြင်း။ (ဓမ္မ၊ဋ္ဌ၊၁၊၃၁၈။)♦

ဇမ္ဗုဒိပ်ကျွန်းသားတို့၏ ထူးခြားမှု ၃ မျိုး

၁။ သတိမန္တော- မြဲမြံသော သတိရှိခြင်း၊
၂။ သူရာ- ရဲရင့်ခြင်း၊
၃။ ဗြဟ္မစရိယဝါသော- မဂ္ဂင်ရှစ်ပါးတည်းဟူသော မြတ်သော အကျင့်ကို ကျင့်သုံး နိုင်ခြင်း။ (အံ၊၃၊၁၉၈။) (အဘိ၊က၊၈၄။) (ဝိမာန၊ဋ္ဌ၊၁၆။) (သာရတ္ထ၊ဋီ၊၁၊၂၉၁။) (သာရတ္ထ၊ဋီ၊၂၊၁၉။) (အံ၊မြန်၊၃။၁၉၈။) (အဘိ၊က၊မြန်၊၁။၁၄၅။)♦

ဇမ္ဗုဒိပ်အပြင်၌ တိုင်းပြည်တာဝန်ကို ဆောင်ရွက်ကြသော မင်းကြီး ၇ ပါး

၁။ သတ္တဘူ မင်းကြီး၊
၂။ ဗြဟ္မဒတ္တ မင်းကြီး၊
၃။ ဝေဿဘူ မင်းကြီး၊
၄။ ဘရတ မင်းကြီး၊
၅။ ရေဏု မင်းကြီး၊ ၆,၇။ ဓတရဋ္ဌ မင်းကြီး ၂ ပါး။ (ဒီ၊၂၊၁၉၀။) (ဒီ၊ဋ္ဌ၊၂၊၂၅၅။) (ဒီ၊မြန်၊၂။၂၁၅။) (ဒီ၊ဋ္ဌ၊မြန်၊၂။၄၇၄။)♦

ဇမ္ဗူဒိပ်တစ်ခွင်လုံး ကြားရသော ကျယ်လောင်သော အသံကြီး ၄ မျိုး

၁။ ဓနဉ္စယကောရဗျ မင်း၏ လောင်းတမ်းကစားမှု၌ အောင်နိုင်၍ ပုဏ္ဏကဘီလူးစစ်သူကြီး၏ လက်ဖျစ်တီး၍ ကြွေးကြော်သံ၊
၂။ ကဿပဘုရားရှင်၏ သာသနာတော် ဆုတ်ယုတ်လာသော ကာလ၌ ခွေးအသွင် ဖန်ဆင်းထားသော ဝိသုကြုံနတ်သား၏ ကြွေးကြော်သံ၊
၃။ ကုသဇာတ်၌ ခုနစ်ပြည်ထောင် မင်းတို့သည် တိုင်းပြည်ကို နှောင့်ယှက်သော ကာလ၌ ပဘာဝတီနှင့် အတူတကွ ဆင်ဖြင့် ထွက်၍ ငါသည် ကုသမင်းမြတ်တည်းဟု ဘုရားအလောင်း ကုသ မင်း၏ ကြွေးကြော်သော အသံ၊
၄။ အာဠာဝကဘီလူးသည် ကေလာသတောင်ထိပ်၌ ရပ်၍ ကြွေးကြော်သော အသံ။ (သံ၊ဋ္ဌ၊၁၊၂၉၄။) (သုတ္တနိ၊ဋ္ဌ၊၁၊၂၁၈။) (ဇာ၊ဋ္ဌ၊၄၊၁၈၃။)♦

ဇရာ ၂ မျိုး

၁။ ပါကဋဇရာ- ဆံဖြူခြင်း, သွားကျိုးခြင်းစသည်ဖြင့် ရုပ်တရား၌ ထင်ရှားသော ဇရာ၊
၂။ ပဋိစ္ဆန္နဇရာ- နာမ်တရား၌ ဖောက်ပြန်မှု မထင်ရှားသဖြင့် ဖုံးလွှမ်းထားသော ဇရာ။ (မ၊ဋ္ဌ၊၁၊၂၂၁။) (သံ၊ဋ္ဌ၊၂၊၁၁။) (အဘိ၊ဋ္ဌ၊၁၊၃၆၄။) (အဘိ၊ဋ္ဌ၊၂၊၉၃။) (ပဋိသံ၊ဋ္ဌ၊၁၊၁၄၀။)♦

ဇရာ ၂ မျိုး (တစ်နည်း)

၁။ သဝီစိဇရာ- အကြားအကြား၌ ဖြစ်သော ရုပ် အဆင်းအထူး စသည် တို့အား သိလွယ်သော ဇရာ၊
၂။ အဝီစိဇရာ- အကြားအကြား၌ ဖြစ်သော ရုပ်အဆင်းအထူး စသည်တို့အား သိရန်မလွယ်သော ဇရာ။ (မ၊ဋ္ဌ၊၁၊၂၂၁။) (သံ၊ဋ္ဌ၊၂၊၁၂။) (အဘိ၊ဋ္ဌ၊၂၊၉၃။) (ပဋိသံ၊ဋ္ဌ၊၁၊၁၄၁။)♦

ဇရာ ၂ မျိုး (တစ်နည်း)

၁။ အဝီစိဇရာ- ပတ္တမြား စသည်၌ရှိသော အိုခြင်းဇရာကဲ့သို့ အကြား မရှိသော အိုခြင်းဇရာ၊
၂။ သဝီစိဇရာ- ပန်း, သစ်သီး, သစ်ရွက်နုတို့၏ ရင့်ရော်ပုံ ထင်ရှားသကဲ့သို့ အကြားရှိသော အိုခြင်းဇရာ။ (အဘိ၊ဋ္ဌ၊၁၊၃၆၅။)♦

ဇာတိခန္ဓာ ၂ ပါး

၁။ ရုပ်ဇာတိ ရူပက္ခန္ဓာ၊
၂။ နာမ်ဇာတိ သင်္ခါရက္ခန္ဓာ။ (အဘိ၊ဋ္ဌ၊၃၊၆။)♦

ဇာတိဘေဒအားဖြင့် အဗျာကတ ၂ မျိုး

၁။ ဝိပါက အဗျာကတ၊
၂။ ကိရိယာ အဗျာကတ။ (ဝိသုဒ္ဓိ၊၂၊၈၄။)♦

ဇာတိလောဟ ၇ မျိုး

၁။ သံ၊
၂။ ငွေ၊
၃။ ရွှေ၊
၄။ သလွဲဖြူ (သလွဲစင်)၊
၅။ သလွဲမည်း (ခဲပုပ်)၊
၆။ ကြေးနီ၊
၇။ သံမဏိ (သံရှင်)။ (အဘိ၊ဋ္ဌ၊၂၊၆၀။)♦

ဇိဝှါဝိညေယျရသ ၂ မျိုး

၁။ သေဝိတဗ္ဗ ဇိဝှါဝိညေယျရသ- ဇိဝှါဝိညာဉ်ဖြင့် သိအပ်သော ရသာရုံကို မှီဝဲသော ပုဂ္ဂိုလ်အား အကုသိုလ်တရားများ ယုတ်လျော့၍ ကုသိုလ်တရားများ တိုးပွားလာ သဖြင့် မှီဝဲအပ်သော ဇိဝှါဝိညေယျရသ၊
၂။ အသေဝိတဗ္ဗဇိဝှါဝိညေယျရသ- ဇိဝှါဝိညာဉ်ဖြင့် သိအပ်သော ရသာရုံကို မှီဝဲသော ပုဂ္ဂိုလ်အား အကုသိုလ်တရားများ တိုးပွား၍ ကုသိုလ် တရားများ ယုတ်လျော့သွားသဖြင့် မမှီဝဲအပ်သော ဇိဝှါဝိညေယျရသ။ (ဒီ၊၂၊၂၂၅။) (ဒီ၊မြန်၊၂။ ၂၅၂။)♦

ဇီဝိတိန္ဒြေ ၂ ပါး

၁။ ရုပ်ဇီဝိတိန္ဒြေ၊
၂။ နာမ်ဇီဝိတိန္ဒြေ။ (ဝိ၊ဋ္ဌ၊၂၊၃၈။) (အဘိ၊ဋ္ဌ၊၂၊၁၂၀။) (ပဋိသံ၊ဋ္ဌ၊၁၊၈၀။) (ဝိသုဒ္ဓိ၊၂၊၁၂၃။)♦

ဇီဝိတိန္ဒြေ၏ ခန္ဓာ ၂ ပါး

၁။ ရုပ်ဇီဝိတိန္ဒြေ ရူပက္ခန္ဓာ၊
၂။ နာမ်ဇီဝိတိန္ဒြေ သင်္ခါရက္ခန္ဓာ။ (အဘိ၊ဋ္ဌ၊၃၊၅။)♦

ဇူတပ္ပမာဒဋ္ဌာနသရုပ် ၁၉ ပါး

၁။ အဋ္ဌပဒံ- ရှစ်ကွက်ရှိသော ပျဉ်ချပ်၌ ကြွေအံကစားခြင်း၊
၂။ ဒသပဒံ- ဆယ်ကွက်ရှိသော ပျဉ်ချပ်၌ ကြွေအံကစားခြင်း၊
၃။ အာကာသံ- ရှစ်ကွက် ဆယ်ကွက်အသွင် ကောင်းကင်၌ ကစားခြင်း၊
၄။ ပရိဟာရပထံ- ပုရွက်ဆိတ်ကြောင်း လိုက်တမ်း ကစားခြင်း၊
၅။ သန္တိကံ- ဇယ်တောက်တမ်း, ဇယ်ကောက်တမ်း ကစားခြင်း၊
၆။ ခလိကံ- ကြွေအန်ကစားရာ စည်းဝိုင်း၌ အန်စာကို ပစ်ချ၍ ကစားခြင်း၊
၇။ ဃဋိကံ- ကျည်းသားတုတ်ရိုက်ကစားခြင်း၊
၈။ သလာကာဟတ္ထံ- အုန်းမျှင်စည်း ထန်းမျှင်စည်းတို့ဖြင့် အရုပ်ထင်ဆောင် နံရံစသည်၌ ရိုက်၍ ကစားခြင်း၊
၉။ အက္ခံ- ဂုံညင်း, ဂေါ်လီ ကစားခြင်း၊
၁၀။ ပင်္ဂစီရံ- ထန်းရွက်စသည်ဖြင့် နှဲငယ်, ပုလွေငယ် မှုတ်၍ ကစားခြင်း၊
၁၁။ ဝင်္ကကံ- ထွန်ငယ်ဖြင့် ကစားခြင်း၊
၁၂။ မောက္ခစိကံ- ဂျွမ်းဘားကစားခြင်း၊
၁၃။ စိင်္ဂုလိကံ- ထန်းရွက်စသည်ဖြင့် ပြုအပ်သော စကြာဖြင့် ကစားခြင်း၊
၁၄။ ပတ္တာနုကံ- သစ်ရွက်ဖြင့် ပြုအပ်သော စလယ်တောင်းဖြင့် သဲစသည်ကို ချင့်၍ ကစားခြင်း၊
၁၅။ ရထကံ- ရထားငယ်ဖြင့် ကစားခြင်း၊
၁၆။ ဓနုကံ- လေးငယ်ဖြင့် ကစားခြင်း၊
၁၇။ အက္ခရိကံ- အက္ခရာကို သိအောင် ကစားခြင်း၊
၁၈။ မနေသိကံ- ပုဏ္ဏားဒိုင်မေးတမ်း ကစားခြင်း၊
၁၉။ ကျိုးယောင်, ကန်းယောင် စသည် ဆောင်၍ ကစားခြင်း။ (ဒီ၊၁၊၆၊၆၂။) (ဒီ၊မြန်၊၁။၆၊၇၄။)♦

ဇေတဝန်ကျောင်းတိုက်အတွင်း၌ ရှိသော ကျောင်းဆောင်ကြီး ၄ ဆောင်

၁။ ကရေရိကုဋိ ကျောင်းဆောင်၊
၂။ ကောသမ္ဗကုဋိ ကျောင်းဆောင်၊
၃။ ဂန္ဓကုဋိ ကျောင်းဆောင်၊
၄။ သလဠာဂါရ ကျောင်းဆောင်။ (ဒီ၊ဋ္ဌ၊၂၊၁။) (ဒီ၊ဋ္ဌ၊မြန်၊၂။၁။)♦

ဇောတိသိက္ခာပုဒ်၌ အင်္ဂါ ၃ ပါး

၁။ ဖျားနာခြင်း အစရှိသော အကြောင်း မရှိခြင်း၊
၂။ လှုံခြင်းငှာ အလိုရှိသူ ဖြစ်ခြင်း၊
၃။ မီးတောက်စေခြင်း။ (ဝိမတိ၊၂၊၄၃။)♦

ဇောတိသိက္ခာပုဒ်၌ အင်္ဂါ ၄ ပါး

၁။ ကျန်းမာသူ ဖြစ်ခြင်း၊
၂။ ခွင့်ပြုထားသော အကြောင်း မဟုတ်ခြင်း၊
၃။ လှုံခြင်းငှာ အလိုရှိသူ ဖြစ်ခြင်း၊
၄။ မီးတောက်စေခြင်း။ (သာရတ္ထ၊ဋီ၊၃၊၈၁။)♦

ဈာနသုခ ၄ မျိုး

၁။ ကာမတို့မှ ကင်းဆိတ်၍သာလျှင်, အကုသိုလ်တရားတို့မှ ကင်းဆိတ်၍သာလျှင် ကြံစည်မှု ဝိတက်နှင့် တကွဖြစ်သော, သုံးသပ်မှု ဝိစာရနှင့် တကွဖြစ်သော နီဝရဏ ကင်းဆိတ်ခြင်းကြောင့် ဖြစ်သော နှစ်သိမ့်မှု ပီတိ, ချမ်းသာမှု သုခရှိသော ပထမဈာန်၊
၂။ ဝိတက်, ဝိစာရ ငြိမ်းခြင်းကြောင့် မိမိသန္တာန်၌ စိတ်ကို ကြည်လင်စေတတ်သော စိတ်၏ တည်ကြည်မှု သမာဓိကြောင့် ဖြစ်သော နှစ်သိမ့်မှု ပီတိ, ချမ်းသာမှု သုခရှိသော ဒုတိယဈာန်၊
၃။ နှစ်သိမ့်မှု ပီတိကိုလည်း မတပ်မက်ခြင်းကြောင့် လျစ်လျူရှုကာ သတိသမ္ပဇဉ် ရှိသည် ဖြစ်၍ ချမ်းသာမှု သုခကိုလည်း ခံစားခြင်းရှိသော တတိယဈာန်၊
၄။ ချမ်းသာ ဆင်းရဲကို ပယ်ခြင်းကြောင့်လည်းကောင်း, ရှေးကပင်လျှင် ဝမ်းသာခြင်း, နှလုံးမသာခြင်းတို့၏ ချုပ်နှင့် ခြင်းကြောင့်လည်းကောင်း, ချမ်းသာဆင်းရဲမရှိသော လျစ်လျူရှုမှု ဥပေက္ခာကြောင့်ဖြစ်သည့် သတိ၏ စင်ကြယ်ခြင်းရှိသော စတုတ္ထဈာန်။ (အံ၊ဋီ၊၂၊၂၄၈။)♦

ဈာန် ၂ ပါး

၁။ အာရမ္မဏူပနိဇ္ဈာန်- သမာပတ်ရှစ်ပါးဖြင့် ကသိုဏ်းအာရုံကို စူးစူးစိုက်စိုက် ရှုခြင်း၊
၂။ လက္ခဏူပနိဇ္ဈာန်- ဝိပဿနာ, မဂ်, ဖိုလ်ဖြင့် အနိစ္စ ဒုက္ခ စသော လက္ခဏာရေး သုံးပါးတို့ကို စူးစူးစိုက်စိုက် ရှုခြင်း။ (ဝိ၊ဋ္ဌ၊၁၊၁၁၆။) (သံ၊ဋ္ဌ၊၁၊၆၄။) (အံ၊ဋ္ဌ၊၁၊၃၈၁။) (အဘိ၊ဋ္ဌ၊၁၊၂၁၁။) (ပဋိသံ၊ဋ္ဌ၊၁၊၁၇၀။) (ဓမ္မ၊ဋ္ဌ၊၁၊၁၄၇။) (ဝိမာန၊ဋ္ဌ၊၃၃။) (မဟာနိ၊ဋ္ဌ၊၁၁၂။)♦

ဈာန် ၄ ပါး

၁။ ကာမတို့မှ ကင်းဆိတ်၍သာလျှင်, အကုသိုလ်တရားတို့မှ ကင်းဆိတ်၍သာလျှင် ကြံစည်မှု ဝိတက်နှင့် တကွဖြစ်သော, သုံးသပ်မှု ဝိစာရနှင့် တကွဖြစ်သော နီဝရဏ ကင်းဆိတ်ခြင်းကြောင့် ဖြစ်သော နှစ်သိမ့်မှု ပီတိ, ချမ်းသာမှု သုခရှိသော ပထမဈာန်၊
၂။ ဝိတက်, ဝိစာရ ငြိမ်းခြင်းကြောင့် မိမိသန္တာန်၌ စိတ်ကို ကြည်လင်စေတတ်သော စိတ်၏ တည်ကြည်မှု သမာဓိကြောင့် ဖြစ်သော နှစ်သိမ့်မှု ပီတိ, ချမ်းသာမှု သုခရှိသော ဒုတိယဈာန်၊
၃။ နှစ်သိမ့်မှု ပီတိကိုလည်း မတပ်မက်ခြင်းကြောင့် လျစ်လျူရှုကာ သတိသမ္ပဇဉ် ရှိသည်ဖြစ်၍ ချမ်းသာမှု သုခကိုလည်း ခံစားခြင်းရှိသော တတိယဈာန်၊
၄။ ချမ်းသာ ဆင်းရဲကို ပယ်ခြင်းကြောင့် လည်းကောင်း, ရှေးကပင်လျှင် ဝမ်းသာခြင်း, နှလုံးမသာခြင်းတို့၏ ချုပ်နှင့်ခြင်းကြောင့် လည်းကောင်း, ချမ်းသာဆင်းရဲ မရှိသော လျစ်လျူရှုမှု ဥပေက္ခာကြောင့် ဖြစ်သည့် သတိ၏ စင်ကြယ်ခြင်းရှိသော စတုတ္ထဈာန်။ (ဒီ၊၃၊၁၈၅။) (မ၊၂၊၂၀၇။) (သံ၊၃၊၂၆၈။) (အဘိ၊ဝိ၊၂၇၄။) (အဘိ၊ဝိ၊၂၇၆။) (အဘိ၊ဝိ၊၃၅၆။) (ပဋိသံ၊ဋ္ဌ၊၁၊၂၇၁။) (ဒီ၊မြန်၊၃။၂၀၆။) (မ၊မြန်၊၂။၂၁၉။) (သံ၊မြန်၊၃။၂၇၁။) (အဘိ၊ဝိ၊မြန်၊၂။၂၉၇။(အဘိ၊ဝိ၊၂၇၈-၂၇၉-၂၈၀။) (အဘိ၊ဝိ၊မြန်၊၂။၂၉၇။) (အဘိ၊ဝိ၊မြန်၊၂။၂၉၇။) (အဘိ၊ဝိ၊မြန်၊၂။၂၉၇။)♦

ဈာန် ခန္ဓာ ၂ ပါး

၁။ ဝေဒနာက္ခန္ဓာ၊
၂။ သင်္ခါရက္ခန္ဓာ။ (အဘိ၊ဋ္ဌ၊၃၊၆။)♦

ဈာန် မဂ် ဖိုလ် မရကြောင်း တရား ၆ ပါး

၁။ သတိလွတ်ကင်းမှုကို မပယ်ခြင်း၊
၂။ ဆင်ခြင်ဉာဏ် မရှိမှုကို မပယ်ခြင်း၊
၃။ ဣန္ဒြေတို့၌ တံခါးပိတ်ထားမှု မရှိခြင်း၊
၄။ စားဖွယ်၌ အတိုင်းအရှည် မသိခြင်း၊
၅။ ဝါကြွားခြင်း၊
၆။ မြှောက်ပင့် ရှုတ်ချ၍ ဟောပြောခြင်း။ (အံ၊၂၊၃၇၅။) (အံ၊မြန်၊၂။၄၇၃။)♦

ဈာန် မဂ် ဖိုလ် ရကြောင်း တရား ၆ ပါး

၁။ သတိလွတ်ကင်းမှုကို ပယ်ခြင်း၊
၂။ ဆင်ခြင်ဉာဏ် မရှိမှုကို ပယ်ခြင်း၊
၃။ ဣန္ဒြေတို့၌ တံခါးကို ပိတ်ထားခြင်း၊
၄။ စားဖွယ်၌ အတိုင်းအရှည်ကို သိခြင်း၊
၅။ ပလွှားကြွားဝါမှုကို ပယ်ခြင်း၊
၆။ မြှောက်ပင့်ရှုတ်ချ၍ ဟောပြောမှုကို ပယ်ခြင်း။ (အံ၊၂၊၃၇၅။) (အံ၊မြန်၊၂။၄၇၄။)♦

ဈာန်၌ အားထုတ်ခြင်း ၂ မျိုး

၁။ မဖြစ်သေးသော ပဌမဈာန်ကို ဖြစ်စေခြင်းငှာ အားထုတ်ခြင်း၊
၂။ မဖြစ်သေးသော ဒုတိယဈာန် စသည်ကို ဖြစ်စေခြင်းငှာ အားထုတ်ခြင်း။ (မဟာနိ၊၄၀၁။)♦

ဈာန်ပဉ္စကနည်းကို ဟောတော်မူကြောင်း ၂ ပါး

၁။ အဘိဓမ္မာတရားကို နာယူကြသော နတ်ဗြဟ္မာ ပုဂ္ဂိုလ်တို့၏ အလိုဆန္ဒအစွမ်းကြောင့်၊
၂။ ဒေသနာတော်ကို တင့်တယ်စံပယ်စေတတ်သော ဉာဏ်တော်၏ အစွမ်းကြောင့်။ (အဘိ၊ဋ္ဌ၊၁၊၂၂၃။)♦

ဈာန်မဂ်ဖိုလ် မရကြောင်း တရား ၅ ပါး

၁။ ကျောင်း၌ ဝန်တိုခြင်း၊
၂။ အမျိုးဒါယကာတို့၌ ဝန်တိုခြင်း၊
၃။ လာဘ်၌ ဝန်တိုခြင်း၊
၄။ ဂုဏ်အဆင်း၌ ဝန်တိုခြင်း၊
၅။ တရား၌ ဝန်တိုခြင်း။ (အံ၊၂၊၂၃၉။) (အံ၊၂၊၂၄၀။) (အံ၊မြန်၊၂။၃၀၆။) (အံ၊မြန်၊၂။၃၀၆။)♦

ဈာန်မဂ်ဖိုလ်တရားမရဘဲ ရ၏ဟု ပြောခြင်းကြောင့် သင့်သော အာပတ် ၃ ပါး

၁။ ပါရာဇိက အာပတ်၊
၂။ ထုလ္လစ္စဉ်းအာပတ်၊
၃။ ဒုက္ကဋ်အာပတ်။ (ဝိ၊၅၊၈၉။) (ဝိ၊မြန်၊၅။၁၂၉။)♦

ဈာန်ရပုဂ္ဂိုလ် ၄ မျိုး

၁။ ပထမဈာန်ရသော ပုဂ္ဂိုလ်တို့တွင် ပထမဈာန်၌ သာယာ နှစ်သက်လျက် သေလွန်သောအခါ ပထမဈာန်ဗြဟ္မာ့ဘုံသို့ ရောက်ပြီး ထိုပထမဈာန်ဗြဟ္မာတို့၏ သက်တမ်း ကုန်ဆုံးသဖြင့် တစ်ဖန် ငရဲ တိရစ္ဆာန်ပြိတ္တာဘုံသို့ ကပ်ရောက်ရသော ပုထုဇဉ်ပုဂ္ဂိုလ်နှင့် ထိုပထမဈာန်ဗြဟ္မာ့ဘုံ၌ပင် ပရိနိဗ္ဗာန်ပြုသော ဘုရားရှင်၏ တပည့် အရိယာသာဝက ပုဂ္ဂိုလ်၊
၂။ ဒုတိယဈာန်ရသော ပုဂ္ဂိုလ်တို့တွင် ဒုတိယဈာန်၌ သာယာ နှစ်သက်လျက် သေလွန်သော အခါ ဒုတိယဈာန်ဗြဟ္မာ့ဘုံသို့ ကပ်ရောက်ပြီး ထိုဒုတိယဈာန် ဗြဟ္မာတို့၏ သက်တမ်းကုန်ဆုံး သဖြင့် တစ်ဖန် ငရဲ တိရစ္ဆာန် ပြိတ္တာဘုံသို့ ကပ်ရောက်ရသော ပုထုဇဉ်ပုဂ္ဂိုလ်နှင့် ထိုဒုတိယ ဈာန်ဘုံ၌ပင် ပရိနိဗ္ဗာန်ပြုသော အရိယာသာဝက ပုဂ္ဂိုလ်၊
၃။ တတိယဈာန်ရသော ပုဂ္ဂိုလ် တို့တွင် တတိယဈာန်၌ သာယာနှစ်သက်လျက် သေလွန်သောအခါ တတိယဈာန်ဗြဟ္မာဘုံသို့ ရောက်ပြီး ထိုဗြဟ္မာတို့၏ သက်တမ်းကုန်ဆုံး သဖြင့် တစ်ဖန် ငရဲ တိရစ္ဆာန် ပြိတ္တာဘုံသို့ ကပ်ရောက်ရသော ပုထုဇဉ်ပုဂ္ဂိုလ်နှင့် ထိုတတိယဈာန် ဗြဟ္မာ့ဘုံ၌ပင် ပရိနိဗ္ဗာန် ပြုသော အရိယာ သာဝကပုဂ္ဂိုလ်၊
၄။ စတုတ္ထဈာန် ရသော ပုဂ္ဂိုလ်တို့တွင် စတုတ္ထဈာန်၌ သာယာ နှစ်သက်လျက် သေလွန်သောအခါ စတုတ္ထဈာန် ဗြဟ္မာ့ဘုံသို့ ရောက်ပြီး ထိုဗြဟ္မာတို့၏ သက်တမ်းကုန်ဆုံး သဖြင့် တစ်ဖန် ငရဲ တိရစ္ဆာန် ပြိတ္တာဘုံသို့ ကပ်ရောက်ရသော ပုထုဇဉ်ပုဂ္ဂိုလ်နှင့် ထိုစတုတ္ထဈာန် ဘုံ၌ပင် ပရိနိဗ္ဗာန်ပြုသော အရိယာသာဝကပုဂ္ဂိုလ်၊ (တစ်နည်း)
ပထမဈာန်ရသော ပုဂ္ဂိုလ်သည် ထိုပထမဈာန်၌ ခန္ဓာငါးပါးတို့ကို အနိစ္စ ဒုက္ခ အနတ္တ စသည်ဖြင့် ရှုလျက် သေလွန်သောအခါ သုဒ္ဓါဝါသ ဗြဟ္မာ့ဘုံသို့ ရောက်သော အရိယာပုဂ္ဂိုလ်၊
၂။ ဒုတိယဈာန် ရသော ပုဂ္ဂိုလ်သည် ထိုဒုတိယဈာန်၌ ခန္ဓာငါးပါးတို့ကို အနိစ္စ ဒုက္ခ အနတ္တ စသည်ဖြင့် ရှုလျက် သေလွန်သောအခါ သုဒ္ဓါဝါသ ဗြဟ္မာ့ဘုံသို့ ရောက်သော အရိယာပုဂ္ဂိုလ်၊
၃။ တတိယဈာန် ရသော ပုဂ္ဂိုလ်သည် ထိုတတိယ ဈာန်၌ ခန္ဓာငါးပါးတို့ကို အနိစ္စ ဒုက္ခ အနတ္တ စသည်ဖြင့် ရှုလျက် သေလွန်သောအခါ သုဒ္ဓါဝါသဗြဟ္မာ့ဘုံသို့ ရောက်သော အရိယာပုဂ္ဂိုလ်၊
၄။ စတုတ္ထဈာန် ရသော ပုဂ္ဂိုလ်သည် ထိုစတုတ္ထဈာန်၌ ခန္ဓာငါးပါးတို့ကို အနိစ္စ ဒုက္ခ အနတ္တ စသည်ဖြင့် ရှုလျက် သေလွန်သော အခါ သုဒ္ဓါဝါသဗြဟ္မာ့ဘုံသို့ ရောက်သော အရိယာပုဂ္ဂိုလ်၊ (တစ်နည်း)
မေတ္တာဈာန်ကို ပွားများသော ပုဂ္ဂိုလ်တို့တွင် ထိုမေတ္တာဈာန်၌ သာယာ နှစ်သက်လျက် သေလွန်သောအခါ ဗြဟ္မာ့ဘုံသို့ ကပ်ရောက်ပြီး သက်တမ်းရှိသမျှ နေ၍ တစ်ဖန် ငရဲ တိရစ္ဆာန် ပြိတ္တာဘုံသို့ ရောက်ရသော ပုထုဇဉ်ပုဂ္ဂိုလ်နှင့် ထိုဗြဟ္မာ့ဘုံ ၌ပင် ပရိနိဗ္ဗာန်ပြုသော အရိယာသာဝကပုဂ္ဂိုလ်၊
၂။ ကရုဏာဈာန်ကို ပွားများသော ပုဂ္ဂိုလ်တို့တွင် ထိုကရုဏာဈာန်၌ သာယာနှစ်သက်လျက် သေလွန်သောအခါ အာဘဿရာ ဗြဟ္မာ့ဘုံသို့ ကပ်ရောက်ရပြီး ထိုဘုံ၌ သက်တမ်းရှိသမျှ နေထိုင်၍ တစ်ဖန် ငရဲ တိရစ္ဆာန် ပြိတ္တာဘုံသို့ ရောက်ရသော ပုထုဇဉ်ပုဂ္ဂိုလ်နှင့် ထိုဗြဟ္မာ့ဘုံ၌ပင် ပရိနိဗ္ဗာန်ပြုသော အရိယာသာဝကပုဂ္ဂိုလ်၊
၃။ မုဒိတာဈာန်ကို ပွားများသော ပုဂ္ဂိုလ်တို့တွင် ထိုမုဒိတာဈာန်၌ သာယာနှစ်သက်လျက် သေလွန်သောအခါ သုဘကိဏှာ ဗြဟ္မာ့ဘုံသို့ ကပ်ရောက်ရပြီး သက်တမ်းရှိသမျှ နေ၍ တစ်ဖန် ငရဲ တိရစ္ဆာန် ပြိတ္တာဘုံသို့ ရောက်ရသော ပုထုဇဉ်ပုဂ္ဂိုလ်နှင့် ထိုဗြဟ္မာဘုံ၌ပင် ပရိနိဗ္ဗာန်ပြုသော အရိယာသာဝကပုဂ္ဂိုလ်၊
၄။ ဥပေက္ခာဈာန်ကို ပွားများသော ပုဂ္ဂိုလ်တို့တွင် ထိုဥပေက္ခာဈာန်၌ သာယာနှစ်သက်လျက် သေလွန်သောအခါ ဝေဟပ္ဖိုလ် ဗြဟ္မာ့ဘုံသို့ ကပ်ရောက်ရပြီး သက်တမ်းရှိသမျှနေ၍ တစ်ဖန် ငရဲ တိရစ္ဆာန် ပြိတ္တာဘုံသို့ ရောက်ရသော ပုထုဇဉ်ပုဂ္ဂိုလ်နှင့် ထိုဗြဟ္မာ့ဘုံ၌ပင် ပရိနိဗ္ဗာန်ပြုသော အရိယာသာဝကပုဂ္ဂိုလ်။ (အံ၊၁၊၄၄၁။) (အံ၊၁၊၄၄၃။) (အံ၊၁၊၄၄၅။) (အံ၊မြန်၊၁။၄၅၃-၄၅၄-၄၅၅) (အံ၊မြန်၊၁။၄၅၃- ၄၅၄-၄၅၅) (အံ၊မြန်၊၁။၄၅၃-၄၅၄-၄၅၅)♦

ဈာန်ရရန် အားကြီးသော အကြောင်းတရား ၅ ပါး

၁။ ကလျာဏမိတ္တနှင့် ပြည့်စုံခြင်း၊
၂။ ထိုကလျာဏ မိတ္တသို့ ကောင်းစွာ ညွတ်ခြင်း၊
၃။ စက္ခုစသော ဣန္ဒြေတို့၌ လုံခြုံသော တံခါးရှိခြင်း၊
၄။ ကုသိုလ်တရားတို့၌ မရောင့်ရဲနိုင်ခြင်း၊
၅။ သူတော်ကောင်းတရားကို နာကြားခြင်း။ (ပေဋကော၊၂၆၆။)♦

ဈာန်ရသူ ၄ မျိုး (တစ်နည်း)

၁။ ဈာန်၌သာ လိမ္မာ၍ ဈာန်ကို တည်တံ့ရန် တားမှု၌ မလိမ္မာသော ဈာန်ရသူ၊
၂။ ဈာန်ကို တည်တံ့ရန် ထားမှု၌သာ လိမ္မာ၍ ဈာန်၌ မလိမ္မာသော ဈာန်ရသူ၊
၃။ ဈာန်၌လည်း မလိမ္မာ, ဈာန်ကို တည်တံ့ရန် ထားမှု၌လည်း မလိမ္မာသော ဈာန်ရသူ၊
၄။ ဈာန် ၌လည်း လိမ္မာ၍ ဈာန်ကို တည်တံ့ရန် ထားမှု၌လည်း လိမ္မာသော ဈာန်ရသူ။ (သံ၊၂၊၂၂၄။) (သံ၊၂၊၂၂၈။) (သံ၊မြန်၊၂။၂၁၅။) (သံ၊မြန်၊၂။၂၁၉။)♦

ဈာန်ရသူ ၄ မျိုး (တစ်နည်း)

၁။ ဈာန်၌သာ လိမ္မာ၍ ဈာန်၏ ကသိုဏ်းအာရုံတို့၌ မလိမ္မာသော ဈာန်ရသူ၊
၂။ ဈာန်၏ ကသိုဏ်းအာရုံတို့၌သာ လိမ္မာ၍ ဈာန်၌ မလိမ္မာသော ဈာန်ရသူ၊
၃။ ဈာန်၌လည်း မလိမ္မာ, ဈာန်၏ ကသိုဏ်းအာရုံတို့၌လည်း မလိမ္မာသော ဈာန်ရသူ၊
၄။ ဈာန်၌လည်း လိမ္မာ, ဈာန်၏ ကသိုဏ်းအာရုံတို့၌လည်း လိမ္မာသော ဈာန်ရသူ။ (သံ၊၂၊၂၂၆။) (သံ၊မြန်၊၂။၂၁၆။)♦

ဈာန်ရသူ ၄ မျိုး (တစ်နည်း)

၁။ ဈာန်၌သာ လိမ္မာ၍ ဈာန်၏ ကျက်စားရာအာရုံတို့၌ မလိမ္မာသော ဈာန်ရသူ၊
၂။ ဈာန်၏ ကျက်စားရာ အာရုံတို့၌သာ လိမ္မာ၍ ဈာန်၌ မလိမ္မာသော ဈာန်ရသူ၊
၃။ ဈာန်၌လည်း မလိမ္မာ, ဈာန်၏ ကျက်စားရာအာရုံတို့၌လည်း မလိမ္မာသော ဈာန်ရသူ၊
၄။ ဈာန် ၌လည်း လိမ္မာ, ဈာန်၏ ကျက်စားရာ အာရုံတို့၌လည်း လိမ္မာသော ဈာန်ရသူ။ (သံ၊၂၊၂၂၆။) (သံ၊မြန်၊၂။၂၁၇။)♦

ဈာန်ရသူ ၄ မျိုး (တစ်နည်း)

၁။ ဈာန်၌သာ လိမ္မာ၍ ဈာန်ကို ရှေးရှုဆောင်မှု၌ မလိမ္မာသော ဈာန်ရသူ၊
၂။ ဈာန်ကို ရှေးရှုဆောင်မှု၌သာ လိမ္မာ၍ ဈာန်၌ မလိမ္မာသော ဈာန်ရသူ၊
၃။ ဈာန်၌ လည်း မလိမ္မာ, ဈာန်ကို ရှေးရှုဆောင်မှု၌လည်း မလိမ္မာသော ဈာန်ရသူ၊
၄။ ဈာန်၌လည်း လိမ္မာ, ဈာန်ကို ရှေးရှုဆောင်မှု၌လည်း လိမ္မာသော ဈာန်ရသူ။ (သံ၊၂၊၂၂၆။) (သံ၊မြန်၊၂။၂၁၇။)♦

ဈာန်ရသူ ၄ မျိုး (တစ်နည်း)

၁။ ဈာန်၌သာ လိမ္မာ၍ ဈာန်၌ အရိုအသေပြုလေ့မရှိသော ဈာန်ရသူ၊
၂။ ဈာန်၌သာ အရိုအသေပြုလေ့ရှိ၍ ဈာန်၌ မလိမ္မာသော ဈာန်ရသူ၊
၃။ ဈာန်၌လည်း မလိမ္မာ, ဈာန်၌ အရိုအသေပြုလေ့လည်းမရှိသော ဈာန်ရသူ၊
၄။ ဈာန်၌လည်း လိမ္မာ, ဈာန်၌ အရိုအသေပြုလေ့လည်းရှိသော ဈာန်ရသူ။ (သံ၊၂၊၂၂၇။) (သံ၊မြန်၊၂။၂၁၈။)♦

ဈာန်ရသူ ၄ မျိုး (တစ်နည်း)

၁။ ဈာန်၌သာ လိမ္မာ၍ ဈာန်၌ အမြဲမပြတ် ပြုလေ့မရှိသော ဈာန်ရသူ၊
၂။ ဈာန်၌သာ အမြဲမပြတ် ပြုလေ့ရှိ၍ ဈာန်၌ မလိမ္မာသော ဈာန်ရသူ၊
၃။ ဈာန်၌လည်း မလိမ္မာ, ဈာန်၌လည်း အမြဲမပြတ် ပြုလေ့မရှိသော ဈာန်ရသူ၊
၄။ ဈာန်၌လည်း လိမ္မာ, ဈာန် ၌လည်း အမြဲမပြတ် ပြုလေ့ရှိသော ဈာန်ရသူ။ (သံ၊၂၊၂၂၇။) (သံ၊မြန်၊၂။၂၁၈။)♦

ဈာန်ရသူ ၄ မျိုး (တစ်နည်း)

၁။ ဈာန်၌သာ လိမ္မာ၍ ဈာန်အား လျောက်ပတ်သည်ကို ပြုလေ့ မရှိသော ဈာန်ရသူ၊
၂။ ဈာန်အား လျောက်ပတ်သည်ကိုသာ ပြုလေ့ရှိ၍ ဈာန်၌ မလိမ္မာသော ဈာန်ရသူ၊
၃။ ဈာန်၌လည်း မလိမ္မာ, ဈာန်အား လျောက်ပတ်သည်ကိုလည်း ပြုလေ့မရှိသော ဈာန်ရသူ၊
၄။ ဈာန်၌လည်း လိမ္မာ, ဈာန်အား လျောက်ပတ်သည်ကိုလည်း ပြုလေ့ရှိသော ဈာန်ရသူ။ (သံ၊၂၊၂၂၈။) (သံ၊မြန်၊၂။၂၁၈။)♦

ဈာန်ရသူ ၄ မျိုး (တစ်နည်း)

၁။ ဈာန်ဝင်စားမှု၌သာ လိမ္မာ၍ ဈာန်မှ ထမှု၌ မလိမ္မာသော ဈာန်ရသူ၊
၂။ ဈာန်မှ ထမှု၌သာ လိမ္မာ၍ ဈာန်ဝင်စားမှု၌ မလိမ္မာသော ဈာန်ရသူ၊
၃။ ဈာန်ဝင်စားမှု၌လည်း မလိမ္မာ, ဈာန်မှ ထမှု၌လည်း မလိမ္မာသော ဈာန်ရသူ၊
၄။ ဈာန်ဝင်စားမှု၌လည်း လိမ္မာ, ဈာန်မှ ထမှု၌လည်း လိမ္မာသော ဈာန်ရသူ။ (သံ၊၂၊၂၂၈။) (သံ၊၂၊၂၂၅။) (သံ၊မြန်၊၂။၂၁၉။) (သံ၊မြန်၊၂။၂၁၆။)♦

ဈာန်ရသူ ၄ မျိုး (တစ်နည်း)

၁။ ဈာန်ဝင်စားမှု၌သာ လိမ္မာ၍ ဈာန်ကို ခံ့အောင်ပြုမှု၌ မလိမ္မာသော ဈာန်ရသူ၊
၂။ ဈာန်ကို ခံ့အောင်ပြုမှု၌သာ လိမ္မာ၍ ဈာန်ဝင်စားမှု၌ မလိမ္မာသော ဈာန်ရသူ၊
၃။ ဈာန်ဝင်စားမှု၌လည်း မလိမ္မာ, ဈာန်ကို ခံ့အောင် ပြုမှု၌လည်း မလိမ္မာသော ဈာန်ရသူ၊
၄။ ဈာန်ဝင်စားမှု၌လည်း လိမ္မာ, ဈာန်ကို ခံ့အောင်ပြုမှု၌လည်း လိမ္မာသော ဈာန်ရသူ။ (သံ၊၂၊၂၂၉။) (သံ၊မြန်၊၂။၂၁၉။)♦

ဈာန်ရသူ ၄ မျိုး (တစ်နည်း)

၁။ ဈာန်၌သာ လိမ္မာ၍ ဈာန်ကို ခံ့အောင်ပြုမှု၌ မလိမ္မာသော ဈာန်ရသူ၊
၂။ ဈာန်ကို ခံ့အောင် ပြုမှု၌သာ လိမ္မာ၍ ဈာန်၌ မလိမ္မာသော ဈာန်ရသူ၊
၃။ ဈာန်၌လည်း မလိမ္မာ, ဈာန်ကို ခံ့အောင်ပြုမှု၌လည်း မလိမ္မာသော ဈာန်ရသူ၊
၄။ ဈာန်၌လည်း လိမ္မာ, ဈာန်ကို ခံ့အောင်ပြုမှု၌လည်း လိမ္မာသော ဈာန်ရသူ။ (သံ၊၂၊၂၂၅။) (သံ၊မြန်၊၂။၂၁၆။)♦

ဈာန်ရသူ ၄ မျိုး (တစ်နည်း)

၁။ ဈာန်ဝင်စားမှု၌သာ လိမ္မာ၍ ဈာန်၏ ကသိုဏ်းအာရုံတို့၌ မလိမ္မာသော ဈာန်ရသူ၊
၂။ ဈာန်၏ ကသိုဏ်းအာရုံတို့၌သာ လိမ္မာ၍ ဈာန်ဝင်စားမှု၌ မလိမ္မာသော ဈာန်ရသူ၊
၃။ ဈာန်ဝင်စားမှု၌လည်း မလိမ္မာ, ဈာန်၏ ကသိုဏ်းအာရုံတို့၌လည်း မလိမ္မာသော ဈာန်ရသူ၊
၄။ ဈာန်ဝင်စားမှု၌လည်း လိမ္မာ, ဈာန်၏ ကသိုဏ်းအာရုံတို့၌လည်း လိမ္မာသော ဈာန်ရသူ။ (သံ၊၂၊၂၂၉။) (သံ၊မြန်၊၂။၂၂၀။)♦

ဈာန်ရသူ ၄ မျိုး (တစ်နည်း)

၁။ ဈာန်ဝင်စားမှု၌သာ လိမ္မာ၍ ဈာန်၏ ကျက်စားရာ အာရုံတို့၌ မလိမ္မာသော ဈာန်ရသူ၊
၂။ ဈာန်၏ ကျက်စားရာ အာရုံတို့၌သာ လိမ္မာ၍ ဈာန်ဝင်စားမှု၌ မလိမ္မာသော ဈာန်ရသူ၊
၃။ ဈာန်ဝင်စားမှု၌လည်း မလိမ္မာ, ဈာန်၏ ကျက်စားရာ အာရုံ တို့၌လည်း မလိမ္မာသော ဈာန်ရသူ၊
၄။ ဈာန်ဝင်စားမှု၌လည်း လိမ္မာ, ဈာန်၏ ကျက်စားရာ အာရုံတို့၌လည်း လိမ္မာသော ဈာန်ရသူ။ (သံ၊၂၊၂၂၉။) (သံ၊မြန်၊၂။၂၂၀။)♦

ဈာန်ရသူ ၄ မျိုး (တစ်နည်း)

၁။ ဈာန်ဝင်စားမှု၌သာ လိမ္မာ၍ ဈာန်ကို ရှေးရှုဆောင်မှု၌ မလိမ္မာသော ဈာန်ရသူ၊
၂။ ဈာန်ကို ရှေးရှုဆောင်မှု၌သာ လိမ္မာ၍ ဈာန်ဝင်စားမှု၌ မလိမ္မာသော ဈာန်ရသူ၊
၃။ ဈာန်ဝင်စားမှု၌လည်း မလိမ္မာ, ဈာန်ကို ရှေးရှုဆောင်မှု၌လည်း မလိမ္မာသော ဈာန်ရသူ၊
၄။ ဈာန်ဝင်စားမှု၌လည်း လိမ္မာ, ဈာန်ကို ရှေးရှုဆောင်မှု၌လည်း လိမ္မာသော ဈာန်ရသူ။ (သံ၊၂၊၂၃၀။) (သံ၊မြန်၊၂။၂၂၀။)♦

ဈာန်ရသူ ၄ မျိုး (တစ်နည်း)

၁။ ဈာန်ဝင်စားမှု၌သာ လိမ္မာ၍ ဈာန်ကို အရိုအသေပြုလေ့မရှိသော ဈာန်ရသူ၊
၂။ ဈာန်ကိုသာ အရိုအသေပြုလေ့ရှိ၍ ဈာန်ဝင်စားမှု၌ မလိမ္မာသော ဈာန်ရသူ၊
၃။ ဈာန်ဝင်စားမှု၌လည်း မလိမ္မာ, ဈာန်ကိုလည်း အရိုအသေပြုလေ့မရှိသော ဈာန်ရသူ၊
၄။ ဈာန်ဝင်စားမှု၌လည်း လိမ္မာ, ဈာန်ကိုလည်း အရိုအသေပြုလေ့ရှိသော ဈာန်ရသူ။ (သံ၊၂၊ ၂၃၀။) (သံ၊မြန်၊၂။၂၂၁။)♦

ဈာန်ရသူ ၄ မျိုး (တစ်နည်း)

၁။ ဈာန်ဝင်စားမှု၌သာ လိမ္မာ၍ ဈာန်၌ အမြဲမပြတ် ပြုလေ့မရှိသော ဈာန်ရသူ၊
၂။ ဈာန်၌သာ အမြဲမပြတ် ပြုလေ့ရှိ၍ ဈာန်ဝင်စားမှု၌ မလိမ္မာသော ဈာန်ရသူ၊
၃။ ဈာန်ဝင်စားမှု၌လည်း မလိမ္မာ, ဈာန်၌ အမြဲမပြတ်လည်း ပြုလေ့မရှိသော ဈာန်ရသူ၊
၄။ ဈာန်ဝင်စားမှု၌လည်း လိမ္မာ, ဈာန်၌ အမြဲမပြတ်လည်း ပြုလေ့မရှိသော ဈာန်ရသူ။ (သံ၊၂၊၂၃၀။) (သံ၊မြန်၊၂။၂၂၁။)♦

ဈာန်ရသူ ၄ မျိုး (တစ်နည်း)

၁။ ဈာန်ဝင်စားမှု၌သာ လိမ္မာ၍ ဈာန်အားလျောက်ပတ်သည်ကို ပြုလေ့ မရှိသော ဈာန်ရသူ၊
၂။ ဈာန်အား လျောက်ပတ်သည်ကိုသာ ပြုလေ့ရှိ၍ ဈာန်ဝင်စားမှု၌ မလိမ္မာသော ဈာန်ရသူ၊
၃။ ဈာန်ဝင်စားမှု၌လည်း မလိမ္မာ, ဈာန်အား လျောက်ပတ် သည်ကိုလည်း ပြုလေ့မရှိသော ဈာန်ရသူ၊
၄။ ဈာန်ဝင်စားမှု၌လည်း လိမ္မာ, ဈာန်အား လျောက်ပတ်သည်ကိုလည်း ပြုလေ့ရှိသော ဈာန်ရသူ။ (သံ၊၂၊၂၃၁။) (သံ၊မြန်၊၂။၂၂၁။)♦

ဈာန်ရသူ ၄ မျိုး (တစ်နည်း)

၁။ ဈာန်ကို တည်တံ့ရန် ထားမှု၌သာ လိမ္မာ၍ ဈာန်မှ ထမှု၌ မလိမ္မာသော ဈာန်ရသူ၊
၂။ ဈာန်မှ ထမှု၌သာ လိမ္မာ၍ ဈာန်ကို တည်တံ့ရန် ထားမှု၌ မလိမ္မာသော ဈာန်ရသူ၊
၃။ ဈာန်ကို တည်တံ့ရန် ထားမှု၌လည်း မလိမ္မာ, ဈာန်မှ ထမှု၌လည်း မလိမ္မာသော ဈာန်ရသူ၊
၄။ ဈာန်ကို တည်တံ့ရန် ထားမှု၌လည်း လိမ္မာ, ဈာန်မှ ထမှု၌လည်း လိမ္မာသော ဈာန်ရသူ။ (သံ၊၂၊၂၃၁။) (သံ၊မြန်၊၂။၂၂၂။)♦

ဈာန်ရသူ ၄ မျိုး (တစ်နည်း)

၁။ ဈာန်မှ ထမှု၌သာ လိမ္မာ၍ ဈာန်ကို ခံ့အောင်ပြုမှု၌ မလိမ္မာသော ဈာန်ရသူ၊
၂။ ဈာန်ကို ခံ့အောင် ပြုမှု၌သာ လိမ္မာ၍ ဈာန်မှ ထမှု၌ မလိမ္မာသော ဈာန်ရသူ၊
၃။ ဈာန်မှ ထမှု၌လည်း မလိမ္မာ, ဈာန်ကို ခံ့အောင် ပြုမှု၌လည်း မလိမ္မာသော ဈာန်ရသူ၊
၄။ ဈာန်မှ ထမှု၌လည်း လိမ္မာ, ဈာန်ကို ခံ့အောင်ပြုမှု၌လည်း လိမ္မာသော ဈာန်ရသူ။ (သံ၊၂၊၂၃၁။) (သံ၊မြန်၊၂။၂၂၂။)♦

ဈာန်ရသူ ၄ မျိုး (တစ်နည်း)

၁။ ဈာန်ကို ခံ့အောင်ပြုမှု၌သာ လိမ္မာ၍ ဈာန်၏ ကသိုဏ်းအာရုံတို့၌ မလိမ္မာသော ဈာန်ရသူ၊
၂။ ဈာန်၏ ကသိုဏ်းအာရုံတို့၌သာ လိမ္မာ၍ ဈာန်ကို ခံ့အောင် ပြုမှု၌ မလိမ္မာသော ဈာန်ရသူ၊
၃။ ဈာန်ကို ခံ့အောင်ပြုမှု၌လည်း မလိမ္မာ, ဈာန်၏ ကသိုဏ်းအာရုံ တို့၌လည်း မလိမ္မာသော ဈာန်ရသူ၊
၄။ ဈာန်ကို ခံ့အောင်ပြုမှု၌လည်း လိမ္မာ, ဈာန်၏ ကသိုဏ်း အာရုံတို့၌လည်း လိမ္မာသော ဈာန်ရသူ။ (သံ၊၂၊၂၃၂။) (သံ၊မြန်၊၂။၂၂၃။)♦

ဈာန်ရသူ ၄ မျိုး (တစ်နည်း)

၁။ ဈာန်၏ ကသိုဏ်း အာရုံတို့၌သာ လိမ္မာ၍ ဈာန်၏ ကျက်စားရာ အာရုံတို့၌ မလိမ္မာသော ဈာန်ရသူ၊
၂။ ဈာန်၏ ကျက်စားရာအာရုံတို့၌သာ လိမ္မာ၍ ဈာန်၏ ကသိုဏ်းအာရုံတို့၌ မလိမ္မာသော ဈာန်ရသူ၊
၃။ ဈာန်၏ ကသိုဏ်းအာရုံတို့၌လည်း မလိမ္မာ, ဈာန်၏ ကျက်စားရာအာရုံတို့၌လည်း မလိမ္မာသော ဈာန်ရသူ၊
၄။ ဈာန်၏ ကသိုဏ်းအာရုံ တို့၌လည်း လိမ္မာ, ဈာန်၏ ကျက်စားရာအာရုံတို့၌လည်း လိမ္မာသော ဈာန်ရသူ။ (သံ၊၂၊၂၃၂။) (သံ၊မြန်၊၂။၂၂၃။)♦

ဈာန်ရသူ ၄ မျိုး (တစ်နည်း)

၁။ ဈာန်၏ ကျက်စားရာ အာရုံတို့၌သာ လိမ္မာ၍ ဈာန်ကို ရှေးရှု ဆောင်မှု၌ မလိမ္မာသော ဈာန်ရသူ၊
၂။ ဈာန်ကို ရှေးရှုဆောင်မှု၌သာ လိမ္မာ၍ ဈာန်၏ ကျက်စားရာ အာရုံတို့၌ မလိမ္မာသော ဈာန်ရသူ၊
၃။ ဈာန်၏ ကျက်စားရာ အာရုံတို့၌လည်း မလိမ္မာ, ဈာန်ကို ရှေးရှုဆောင်ရွက်မှု၌လည်း မလိမ္မာသော ဈာန်ရသူ၊
၄။ ဈာန်၏ ကျက်စားရာ အာရုံတို့၌လည်း လိမ္မာ, ဈာန်ကို ရှေးရှုဆောင်ရွက်မှု၌လည်း လိမ္မာသော ဈာန်ရသူ။ (သံ၊၂၊၂၃၂။) (သံ၊မြန်၊၂။၂၂၃။)♦

ဈာန်ရသူ ၄ မျိုး (တစ်နည်း)

၁။ ဈာန်၏ ကျက်စားရာ အာရုံတို့၌သာ လိမ္မာ၍ ဈာန်ကို အရိုအသေ ပြုလေ့မရှိသော ဈာန်ရသူ၊
၂။ ဈာန်ကိုသာ အရိုအသေ ပြုလေ့ရှိ၍ ဈာန်၏ ကျက်စားရာ အာရုံ တို့၌ မလိမ္မာသော ဈာန်ရသူ၊
၃။ ဈာန်၏ ကျက်စားရာ အာရုံတို့၌လည်း မလိမ္မာ, ဈာန်ကို လည်း အရိုအသေပြုလေ့မရှိသော ဈာန်ရသူ၊
၄။ ဈာန်၏ ကျက်စားရာ အာရုံတို့၌လည်း လိမ္မာ၍ ဈာန်ကိုလည်း အရိုအသေ ပြုလေ့ရှိသော ဈာန်ရသူ။ (သံ၊၂၊၂၃၃။) (သံ၊မြန်၊၂။၂၂၄။)♦

ဈာန်ရသူ ၄ မျိုး (တစ်နည်း)

၁။ ဈာန်၏ ကျက်စားရာ အာရုံတို့၌သာ လိမ္မာ၍ ဈာန်အား လျောက်ပတ် သည်ကို ပြုလေ့မရှိသော ဈာန်ရသူ၊
၂။ ဈာန်အား လျောက်ပတ်သည်ကိုသာ ပြုလေ့ရှိ၍ ဈာန်၏ ကျက်စားရာအာရုံတို့၌ မလိမ္မာသော ဈာန်ရသူ၊
၃။ ဈာန်၏ ကျက်စားရာ အာရုံတို့၌လည်း မလိမ္မာ, ဈာန်အား လျောက်ပတ်သည်ကို ပြုလေ့မရှိသော ဈာန်ရသူ၊
၄။ ဈာန်၏ ကျက်စားရာ အာရုံတို့၌လည်း လိမ္မာ, ဈာန်အား လျောက်ပတ်သည်ကိုလည်း ပြုလေ့ရှိသော ဈာန်ရသူ။ (သံ၊၂၊၂၃၃။) (သံ၊မြန်၊၂။၂၂၄။)♦

ဈာန်ရသူ ၄ မျိုး (တစ်နည်း)

၁။ ဈာန်ကို ရှေးရှု ဆောင်မှု၌သာ လိမ္မာ၍ ဈာန်၌ အရိုအသေ ပြုလေ့ မရှိသော ဈာန်ရသူ၊
၂။ ဈာန်၌သာ အရိုအသေပြုလေ့ရှိ၍ ဈာန်ကို ရှေးရှုဆောင်မှု၌ မလိမ္မာသော ဈာန်ရသူ၊
၃။ ဈာန်ကို ရှေးရှုဆောင်မှု၌လည်း မလိမ္မာ, ဈာန်၌လည်း အရိုအသေ ပြုလေ့မရှိသော ဈာန်ရသူ၊
၄။ ဈာန်ကို ရှေးရှုဆောင်မှု၌လည်း လိမ္မာ, ဈာန်၌ အရိုအသေ ပြုလေ့ရှိသော ဈာန်ရသူ။ (သံ၊၂၊၂၃၃။) (သံ၊မြန်၊၂။၂၂၄။)♦

ဈာန်ရသူ ၄ မျိုး (တစ်နည်း)

၁။ ဈာန်ကို ရှေးရှုဆောင်မှု၌သာ လိမ္မာ၍ ဈာန်၌ အမြဲမပြတ် ပြုလေ့ မရှိသော ဈာန်ရသူ၊
၂။ ဈာန်၌သာ အမြဲမပြတ် ပြုလေ့ရှိ၍ ဈာန်ကို ရှေးရှုဆောင်မှု၌ မလိမ္မာသော ဈာန်ရသူ၊
၃။ ဈာန်ကို ရှေးရှုဆောင်မှု၌လည်း မလိမ္မာ, ဈာန်၌လည်း အမြဲမပြတ် ပြုလေ့ မရှိသော ဈာန်ရသူ၊
၄။ ဈာန်ကို ရှေးရှုဆောင်မှု၌လည်း လိမ္မာ, ဈာန်၌လည်း အမြဲမပြတ် ပြုလေ့ရှိသော ဈာန်ရသူ။ (သံ၊၂၊၂၃၃။) (သံ၊မြန်၊၂။၂၂၄။)♦

ဈာန်ရသူ ၄ မျိုး (တစ်နည်း)

၁။ ဈာန်ကို ရှေးရှုဆောင်မှု၌သာ လိမ္မာ၍ ဈာန်အား လျောက်ပတ် သည်ကို ပြုလေ့မရှိသော ဈာန်ရသူ၊
၂။ ဈာန်အား လျောက်ပတ်သည်ကိုသာ ပြုလေ့ရှိ၍ ဈာန်ကို ရှေးရှုဆောင်ရွက်မှု၌ မလိမ္မာသော ဈာန်ရသူ၊
၃။ ဈာန်ကို ရှေးရှုဆောင်မှု၌လည်း မလိမ္မာ, ဈာန်အား လျောက်ပတ်သည်ကိုလည်း ပြုလေ့မရှိသော ဈာန်ရသူ၊
၄။ ဈာန်ကို ရှေးရှုဆောင်မှု ၌လည်း လိမ္မာ, ဈာန်အား လျောက်ပတ်သည်ကိုလည်း ပြုလေ့ရှိသော ဈာန်ရသူ။ (သံ၊၂၊၂၃၃။) (သံ၊မြန်၊၂။၂၂၄။)♦

ဈာန်ရသူ ၄ မျိုး (တစ်နည်း)

၁။ ဈာန်၌ အရိုအသေသာ ပြုလေ့ရှိ၍ ဈာန်၌ အမြဲမပြတ် ပြုလေ့ မရှိသော ဈာန်ရသူ၊
၂။ ဈာန်၌ အမြဲမပြတ်သာ ပြုလေ့ရှိ၍ ဈာန်၌ အရိုအသေ ပြုလေ့မရှိသော ဈာန်ရသူ၊
၃။ ဈာန်၌ အရိုအသေလည်း ပြုလေ့မရှိ၊ ဈာန်၌ အမြဲမပြတ်လည်း ပြုလေ့မရှိသော ဈာန်ရသူ၊
၄။ ဈာန်၌ အရိုအသေလည်း ပြုလေ့ရှိ၍ ဈာန်၌ အမြဲမပြတ်လည်း ပြုလေ့ရှိသော ဈာန်ရသူ။ (သံ၊၂၊၂၃၄။) (သံ၊မြန်၊၂။၂၂၅။)♦

ဈာန်ရသူ ၄ မျိုး (တစ်နည်း)

၁။ ဈာန်၌ အမြဲမပြတ်သာ ပြုလေ့ရှိ၍ ဈာန်အား လျောက်ပတ် သည်ကို ပြုလေ့မရှိသော ဈာန်ရသူ၊
၂။ ဈာန်အား လျောက်ပတ်သည်ကိုသာ ပြုလေ့ရှိ၍ ဈာန်၌ အမြဲမပြတ် ပြုလေ့မရှိသော ဈာန်ရသူ၊
၃။ ဈာန်၌ အမြဲမပြတ်လည်း ပြုလေ့ မရှိ, ဈာန်အား လျောက်ပတ်သည်ကိုလည်း ပြုလေ့မရှိသော ဈာန်ရသူ၊
၄။ ဈာန်၌ အမြဲမပြတ်လည်း ပြုလေ့ ရှိ၍, ဈာန်အား လျောက်ပတ်သည်ကိုလည်း ပြုလေ့ရှိသော ဈာန်ရသူ။ (သံ၊၂၊ပါ၂၃၄။) (သံ၊မြန်၊၂။၂၂၅။)♦

ဈာန်ရသူ ၄ မျိုး ဤလောက၌-

၁။ ဈာန်၌သာ လိမ္မာ၍ ဈာန်ဝင်စားမှု၌ မလိမ္မာသော ဈာန်ရသူ၊
၂။ ဈာန်ဝင်စားမှု၌သာ လိမ္မာ၍ ဈာန်၌ မလိမ္မာသော ဈာန်ရသူ၊
၃။ ဈာန်၌လည်း မလိမ္မာ, ဈာန်ဝင်စားမှု၌လည်း မလိမ္မာသော ဈာန်ရသူ၊
၄။ ဈာန်၌လည်း လိမ္မာ, ဈာန်ဝင်စားမှု၌လည်း လိမ္မာသော ဈာန်ရသူ။ (သံ၊၂၊၂၂၄။) (သံ၊မြန်၊၂။၂၁၅။)♦

ဈာန်ဝင်စားခိုက် ဝမ်းမြောက်ကြောင်း ၂ ပါး

၁။ သမာဓိ၏ အစွမ်းကြောင့် ဝမ်းမြောက်ခြင်း၊
၂။ ဝိပဿနာ၏ အစွမ်းကြောင့် ဝမ်းမြောက်ခြင်း။ (ဝိ၊ဋ္ဌ၊၂၊၃၄။)♦

ဈာန်အင်္ဂါ ၅ ပါး

၁။ ကြံစည်မှု- ဝိတက်၊
၂။ သုံးသပ်မှု- ဝိစာရ၊
၃။ နှစ်သိမ့်မှု- ပီတိ၊
၄။ ချမ်းသာမှု- သုခ၊
၅။ စိတ်တည်ငြိမ်မှု- စိတ္တေကဂ္ဂတာ။ (အဘိ၊ဓ၊၃၀။) (အဘိ၊ဓ၊မြန်။၄၇။)♦

ဈေးသည် မကြီးပွားကြောင်း အင်္ဂါ ၃ ပါး

၁။ နံနက်အခါ၌ ကြိုးကြိုးစားစား အလုပ် မလုပ်ခြင်း၊
၂။ နေ့လယ်အခါ၌ ကြိုးကြိုးစားစား အလုပ်မလုပ်ခြင်း၊
၃။ ညနေအခါ၌ ကြိုးကြိုးစားစား အလုပ် မလုပ်ခြင်း။ (အံ၊၁၊၁၁၃။) (အံ၊မြန်၊၁။၁၃၂။)♦

ဉ တ္တိကံ ၉ မျိုး

၁။ ရဟန်းလောင်းကို သံဃာ့ဘောင်သို့ ခေါ်သွင်းခြင်း၊
၂။ ဓမ္မကထိကရဟန်းကို နှင်ထုတ်ခြင်း၊
၃။ ဥပုသ်ကံ၊
၄။ ပဝါရဏာကံ၊
၅။ ရဟန်းလောင်းကို သွန်သင်ခြင်း စသော သမ္မုတိကံ၊
၆။ စွန့်အပ်သော သင်္ကန်းကို ပေးခြင်း၊
၇။ အာပတ်ကို ခံယူခြင်း၊
၈။ ပဝါရဏာကို အထက်သို့ ငင်ခြင်း၊
၉။ ကံသာလျှင်ဖြစ်သော မှတ်သားအပ်သော သဗ္ဗသင်္ဂါဟိကဉတ္တိဌာန။ (အံ၊ဋီ၊၂၊၇၁။)♦

ဉ တ္တိဒုတိယကံ ၇ မျိုး

၁။ သပိတ်လှန်ခြင်း၏ အစွမ်းဖြင့် ဝဍ္ဎလိစ္ဆဝီကို သွင်းခြင်း၊
၂။ သပိတ် မှောက်ခြင်း၏ အစွမ်းဖြင့် ဝဍ္ဎလိစ္ဆဝီကို နှင်ထုတ်ခြင်း၊
၃။ သိမ်သမုတ်ခြင်းစသော သမ္မုတိကံ၊
၄။ ကထိန်သင်္ကန်း, မတကသင်္ကန်း ပေးခြင်း၊
၅။ ကထိန်နုတ်ခြင်း၊
၆။ ကုဋိဝတ္ထု, ကျောင်းဝတ္ထုကို ညွှန်ပြခြင်း၊
၇။ ကံသာလျှင်ဖြစ်သော မှတ်သားအပ်သော တိဏဝတ္ထာရက သမထ အရာ၌ ဧကတောပက္ခိက ဒေသနာပြောကြောင်း ဉတ္တိဒုတိယကံဌာန။ (အံ၊ဋီ၊၂၊၇၃။)♦

ဉတ္တိ ၂ မျိုး

၁။ ကမ္မ ဉတ္တိ၊
၂။ ကမ္မဝါစာ ဉတ္တိ။ (ဝိမတိ၊၂၊၂၈၀။)♦

ဉတ္တိကံရောက်သော အရာ ၉ ပါး

၁။ သွင်းခြင်းကံ၊
၂။ ထုတ်ခြင်းကံ၊
၃။ ဥပုသ်ကံ၊
၄။ ပဝါရဏာ ကံ၊
၅။ သမုတ်ခြင်းကံ၊
၆။ သင်္ကန်း စသည်ကို ပေးခြင်းကံ၊
၇။ အာပတ် ကြားသည်ကို ခံခြင်း၊
၈။ ပဝါရဏာကို ငင်ခြင်း၊
၉။ ကံသည်သာ လက္ခဏာဖြစ်သော ကံ။ (ဝိ၊၅၊၃၈၄။) (ဝိ၊မြန်၊၅။၄၈၈။)♦

ဉတ္တိစတုတ္ထကံ ၇ မျိုး

၁။ တဇ္ဇနီယာဒိကမ္မ ပဋိပ္ပဿမ္ဘန၏ အစွမ်းဖြင့် သံဃာဘောင်သို့ သွင်းခြင်း၊
၂။ တဇ္ဇနီယကံ စသည်တို့ဖြင့် သံဃာမှ နှင်ထုတ်ခြင်း၊
၃။ ဘိက္ခုနောဝါဒကသမ္မုတိ၊
၄။ ပရိဝါသ်, မာနတ် ပေးခြင်း၊
၅။ မူလာယပဋိကဿန၏ အစွမ်းဖြင့် နှိပ်ခြင်း၊
၆။ သံဃဘေဒက ရဟန်း စသူတို့ကို အဖန်ဖန် ပြောဆိုခြင်း၊
၇။ ကံသာလျှင်ဖြစ်သော မှတ်သားအပ်သော ဥပသမ္ပဒကံ, အဗ္ဘာနကံဌာန။ (အံ၊ဋီ၊၂၊၇၃။)♦

ဉတ္တိစတုတ္ထကံ ရောက်သော အရာ ၇ ပါး

၁။ သွင်းခြင်းကံ၊
၂။ ထုတ်ခြင်းကံ၊
၃။ သမုတ် ခြင်းကံ၊
၄။ သင်္ကန်း စသည်ကို ပေးခြင်းကံ၊
၅။ နှိပ်ခြင်းကံ၊
၆။ ဆုံးမခြင်းကံ၊
၇။ ကံသည်သာ လက္ခဏာဖြစ်သော ကံ။ (ဝိ၊၅၊၃၈၄။) (ဝိ၊မြန်၊၅။၄၈၉။)♦

ဉတ္တိဒုတိယကံ ရောက်သော အရာ ၇ ပါး

၁။ သွင်းခြင်းကံ၊
၂။ ထုတ်ခြင်းကံ၊
၃။ သမုတ် ခြင်းကံ၊
၄။ သင်္ကန်း စသည်ကို ပေးခြင်းကံ၊
၅။ ကထိန်နုတ်ခြင်းကံ၊
၆။ ကုဋိရာကို ကြားခြင်းကံ၊
၇။ ကံသည်သာ လက္ခဏာဖြစ်သော ကံ။ (ဝိ၊၅၊၃၈၄။) (ဝိ၊မြန်၊၅။၄၈၈။)♦

ဉတ်၏ အပြစ် ၅ မျိုး

၁။ ရဟန်းလောင်း၏ အမည်ကို မပန်ကြားခြင်း မဆိုခြင်း၊
၂။ သံဃော ဟူသော ပုဒ်ကို ဉတ်၌ မရွတ်ဆိုခြင်း၊
၃။ ဥပဇ္ဈာယ်ဆရာကို မပန်ကြား မဆိုခြင်း၊
၄။ ဉတ်ကို လုံးဝ မရွတ်ဆိုခြင်း၊
၅။ ဉတ်ကို ကမ္မဝါစာ ရွတ်ဆိုပြီးနောက်မှ ရွတ်ဆိုခြင်း။ (သာရတ္ထ၊ဋီ၊၂၊၅၆။)♦

ဉတ်ကမ္မဝါစာဖြင့်သာ ပြုရမည့် ကံ ၆ မျိုး

၁။ သီမာသမ္မုတိက- သိမ်သမုတ်ကံ၊
၂။ သီမာ သမူဟနန- သိမ်နှုတ်ကံ၊
၃။ ကထိနဒါန- ကထိန်ပေး ကံ၊
၄။ ကထိနုဒ္ဓါန- ကထိန်နုတ်ကံ၊
၅။ ကုဋိဝတ္ထုဒေသနာ- ကုဋီနေရာကို ပြောကြားသော ကံ၊
၆။ ဝိဟာရဝတ္ထုဒေသနာ- ကျောင်း နေရာကို ပြောကြားသော ကံ။ (ဝိ၊ဋ္ဌ၊၄၊၂၄၃။)♦

ဉာဏကထာ၌ ဉာဏ် ၂ မျိုး

၁။ လောကီဉာဏ်၊
၂။ လောကုတ္တရာဉာဏ်။ (အဘိ၊ဋ္ဌ၊၃၊၂၇၂။)♦

ဉာဏစက္ခု ၂ မျိုး

၁။ ဒိဗ္ဗစက္ခု- နတ်၌ဖြစ်သော အဘိညာဉ်မျက်စိ၊
၂။ ပညာစက္ခု- သောတာပတ္တိမဂ် စသော ဉာဏ်မျက်စိ။ (ဣတိဝုတ်၊ဋ္ဌ၊၁၉၆။)♦

ဉာဏစက္ခု ၅ မျိုး

၁။ ဗုဒ္ဓစက္ခု- ဘုရားရှင်တို့၏ ဉာဏ်မျက်စိ၊
၂။ သမန္တစက္ခု- သဗ္ဗညုတဉာဏ် မျက်စိ၊
၃။ ဉာဏစက္ခု- သောတာပတ္တိမဂ်စသော ဉာဏ်မျက်စိ၊
၄။ ဒိဗ္ဗစက္ခု- နတ်၌ ဖြစ်သော အဘိညာဉ်မျက်စိ၊
၅။ ဓမ္မစက္ခု- အောက်မဂ်သုံးပါးတို့၏ ဉာဏ်မျက်စိ။ (သံ၊ဋ္ဌ၊၃၊၁။) (အဘိ၊ဋ္ဌ၊၁၊၃၄၄။) (ပဋိသံ၊ဋ္ဌ၊၁၊၇၃။) (ဣတိဝုတ်၊ဋ္ဌ၊၉၄။) (ဗုဒ္ဓဝံ၊ဋ္ဌ၊၄၉။) (သာရတ္ထ၊ဋီ၊၃၊၂၀၉။)♦

ဉာဏစရိယ ၁၆ ပါး

၁။ အနိစ္စဟု အဖန်ဖန်ရှုခြင်း ဉာဏစရိယ၊
၂။ ဒုက္ခဟု အဖန်ဖန်ရှုခြင်း ဉာဏစရိယ၊
၃။ အနတ္တဟု အဖန်ဖန်ရှုခြင်း ဉာဏစရိယ၊
၄။ ငြီးငွေ့ဖွယ်ဟု အဖန်ဖန်ရှုခြင်း ဉာဏစရိယ၊
၅။ တပ်ခြင်းမှ ကင်းခြင်းကို အဖန်ဖန်ရှုခြင်း ဉာဏစရိယ၊
၆။ ချုပ်ငြိမ်းရာ၌ အဖန်ဖန် ရှုခြင်း ဉာဏစရိယ၊
၇။ တစ်ဖန် စွန့်လွှတ်ခြင်း၌ အဖန်ဖန် ရှုခြင်း ဉာဏစရိယ၊
၈။ ဝဋ်ကင်းခြင်း၌ အဖန်ဖန် ရှုခြင်း ဉာဏစရိယ၊
၉။ သောတာပတ္တိမဂ်ဟူသော ဉာဏစရိယ၊
၁၀။ သောတာပတ္တိဖိုလ်ကို ဝင်စားခြင်း ဉာဏစရိယ၊
၁၁။ သကဒါမိမဂ်ဟူသော ဉာဏစရိယ၊
၁၂။ သကဒါဂါမိဖိုလ်ကို ဝင်စားခြင်း ဉာဏစရိယ၊
၁၃။ အနာဂါမိမဂ်ဟူသော ဉာဏစရိယ၊
၁၄။ အနာဂါမိဖိုလ်ကို ဝင်စားခြင်း ဉာဏစရိယ၊
၁၅။ အရဟတ္တမဂ်ဟူသော ဉာဏစရိယ၊
၁၆။ အရဟတ္တဖိုလ်ကို ဝင်စားခြင်း ဉာဏစရိယ။ (ပဋိသံ၊၉၆။) (ပဋိသံ၊မြန်။၃၂၆-၃၂၇။)♦

ဉာဏစရိယ ၁၆ မျိုး (တစ်နည်း)

၁။ အနိစ္စာနုပဿနာ- တေဘူမက တရားအပေါင်းကို အနိစ္စဟု အဖန်ဖန် ရှုခြင်း၊
၂။ ဒုက္ခာနုပဿနာ- တေဘူမကတရားအပေါင်းကို ဒုက္ခဟု အဖန်ဖန် ရှုခြင်း၊
၃။ အနတ္တာနုပဿနာ- တေဘူမက တရားအပေါင်းကို အနတ္တဟု အဖန်ဖန် ရှုခြင်း၊
၄။ နိဗ္ဗိဒါ နုပဿနာ- မြင်ပြီးသော လက္ခဏာရေးရှိသော တေဘူမကတရားအပေါင်း၌ ငြီးငွေ့သော အခြင်းအရာအားဖြင့် ဖြစ်၍ အဖန်ဖန် ရှုခြင်း၊
၅။ ဝိရာဂါနုပဿနာ- ငြီးငွေ့ပြီးသော သင်္ခါရတို့၌ တပ်ခြင်းကင်းသော အခြင်းအရာအားဖြင့် ဖြစ်၍ အဖန်ဖန် ရှုခြင်း၊
၆။ နိရောဓာနုပဿနာ- သင်္ခါရတို့၏ ချုပ်ခြင်းကို အဖန်ဖန် ရှုခြင်း၊ ဝါ- နိဗ္ဗာန်ကို အဖန်ဖန် ရှုခြင်း၊
၇။ ပဋိနိဿဂ္ဂါ နုပဿနာ- တေဘူမက သင်္ခါရအပေါင်းကို စွန့်ခြင်း၏ အစွမ်းဖြင့် အဖန်ဖန် ရှုခြင်း၊
၈။ ဝိဝဋ္ဋာ နုပဿနာ- ဝဋ်မှ ကင်းသော နိဗ္ဗာန်ကို အဖန်တလဲလဲ ရှုတတ် အာရုံပြုတတ်သော တရား။၊
၉။ သောတာပတ္တိမဂ်၊
၁၀။ သောတာပတ္တိဖိုလ်၊
၁၁။ သကဒါဂါမိမဂ်၊
၁၂။ သကဒါဂါမိဖိုလ်၊
၁၃။ အနာဂါမိမဂ်၊
၁၄။ အနာဂါမိဖိုလ်၊
၁၅။ အရဟတ္တမဂ်၊
၁၆။ အရဟတ္တဖိုလ်သမာပတ်။ (မ၊ဋီ၊၂၊၂၇၅။) (ဝိသုဒ္ဓိ၊ဋီ၊၁၊၄၆၀။)♦

ဉာဏဒဿန ၅ ပါး

၁။ မဂ်ဉာဏ်၊
၂။ ဖိုလ်ဉာဏ်၊
၃။ သဗ္ဗညုတဉာဏ်၊
၄။ ပစ္စဝေက္ခဏာဉာဏ်၊
၅။ ဝိပဿနာဉာဏ်။ (ဒီ၊ဋ္ဌ၊၁၊၁၉၇။) (အံ၊ဋီ၊၂၊၃၆၇။) (ဒီ၊ဋ္ဌ၊မြန်၊၁။၃၈၄။)♦

ဉာဏဒဿနဉာဏ် ၆ မျိုး

၁။ ဒိဗ္ဗစက္ခု ဉာဏဒဿနဉာဏ်၊
၂။ ဝိပဿနာ ဉာဏဒဿနဉာဏ်၊
၃။ မဂ် ဉာဏဒဿနဉာဏ်၊
၄။ ဖိုလ် ဉာဏဒဿနဉာဏ်၊
၅။ ပစ္စဝေက္ခဏာဉာဏ်၊
၆။ သဗ္ဗညုတ ဉာဏ်။ (မ၊ဋ္ဌ၊၁၊၃၂၇။) (သာရတ္ထ၊ဋီ၊၃၊၁၆၇။) (အံ၊ဋီ၊၃၊၂၂။)♦

ဉာဏဝတ္ထု ၂ ပါး

၁။ လောကိယပညာ၊
၂။ လောကုတ္တရပညာ။ (အဘိ၊ဝိ၊၃၂၄။) (အဘိ၊ဝိ၊မြန်၊၂။၃၉၇။)♦

ဉာဏဝတ္ထု ၂ ပါး (တစ်နည်း)

၁။ တစ်စုံတစ်ခုသော စိတ်ဖြင့် သိအပ်သော ပညာ၊
၂။ တစ်စုံ တစ်ခုသော စိတ်ဖြင့် မသိအပ်သော ပညာ။ (အဘိ၊ဝိ၊၃၂၄။) (အဘိ၊ဝိ၊မြန်၊၂။၃၉၇။)♦

ဉာဏဝတ္ထု ၂ ပါး (တစ်နည်း)

၁။ အာသဝနှင့် မယှဉ်မူ၍ အာသဝ၏ အာရုံဖြစ်သော ပညာ၊
၂။ အာသဝနှင့် မယှဉ်မူ၍ အာသဝ၏ အာရုံလည်း မဟုတ်သော ပညာ။ (အဘိ၊ဝိ၊၃၂၄။) (အဘိ၊ဝိ၊မြန်၊၂။၃၉၇။)♦

ဉာဏဝတ္ထု ၂ ပါး (တစ်နည်း)

၁။ သံယောဇဉ်နှင့် မယှဉ်မူ၍ သံယောဇဉ်၏ အာရုံဖြစ်သော ပညာ၊
၂။ သံယောဇဉ်နှင့် မယှဉ်မူ၍ သံယောဇဉ်၏ အာရုံလည်း မဟုတ်သော ပညာ။ (အဘိ၊ဝိ၊၃၂၄။) (အဘိ၊ဝိ၊မြန်၊၂။၃၉၇။)♦

ဉာဏဝတ္ထု ၂ ပါး (တစ်နည်း)

၁။ ဂန္ထနှင့် မယှဉ်မူ၍ ဂန္ထ၏ အာရုံဖြစ်သော ပညာ၊
၂။ ဂန္ထနှင့် မယှဉ်မူ၍ ဂန္ထ၏ အာရုံလည်း မဟုတ်သော ပညာ။ (အဘိ၊ဝိ၊၃၂၄။) (အဘိ၊ဝိ၊မြန်၊၂။၃၉၇။)♦

ဉာဏဝတ္ထု ၂ ပါး (တစ်နည်း)

၁။ ယောဂနှင့် မယှဉ်မူ၍ ယောဂ၏ အာရုံဖြစ်သော ပညာ၊
၂။ ယောဂနှင့် မယှဉ် ယောဂ၏ အာရုံလည်း မဟုတ်သော ပညာ။ (အဘိ၊ဝိ၊၃၂၄။) (အဘိ၊ဝိ၊မြန်၊၂။၃၉၈။)♦

ဉာဏဝတ္ထု ၂ ပါး (တစ်နည်း)

၁။ နီဝရဏနှင့် မယှဉ်မူ၍ နီဝရဏ၏ အာရုံဖြစ်သော ပညာ၊
၂။ နီဝရဏနှင့် မယှဉ်မူ၍ နီဝရဏ၏ အာရုံလည်း မဟုတ်သော ပညာ။ (အဘိ၊ဝိ၊၃၂၄။) (အဘိ၊ဝိ၊မြန်၊၂။၃၉၈။)♦

ဉာဏဝတ္ထု ၂ ပါး (တစ်နည်း)

၁။ ပရာမာသတရားနှင့် မယှဉ်မူ၍ ပရာမာသ၏ အာရုံဖြစ်သော ပညာ၊
၂။ ပရာမာသတရားနှင့် မယှဉ်မူ၍ ပရာမာသ၏ အာရုံလည်း မဟုတ်သော ပညာ။ (အဘိ၊ဝိ၊၃၂၄။) (အဘိ၊ဝိ၊မြန်၊၂။၃၉၈။)♦

ဉာဏဝတ္ထု ၂ ပါး (တစ်နည်း)

၁။ ဥပါဒါန်နှင့် မယှဉ်မူ၍ ဥပါဒါန်၏ အာရုံဖြစ်သော ပညာ၊
၂။ ဥပါဒါန်နှင့် မယှဉ်မူ၍ ဥပါဒါန်၏ အာရုံမဟုတ်သော ပညာ။ (အဘိ၊ဝိ၊၃၂၄။) (အဘိ၊ဝိ၊မြန်၊၂။၃၉၈။)♦

ဉာဏဝတ္ထု ၂ ပါး (တစ်နည်း)

၁။ ကိလေသာနှင့် မယှဉ်မူ၍ ကိလေသာ၏ အာရုံဖြစ်သော ပညာ၊
၂။ ကိလေသာနှင့် မယှဉ်မူ၍ ကိလေသာ၏ အာရုံမဟုတ်သော ပညာ။ (အဘိ၊ဝိ၊၃၂၄။) (အဘိ၊ဝိ၊မြန်၊၂။၃၉၈။)♦

ဉာဏဝတ္ထု ၂ ပါး (တစ်နည်း)

၁။ ဝိတက်ရှိသော ပညာ၊
၂။ ဝိတက်မရှိသော ပညာ။ (အဘိ၊ဝိ၊၃၂၄။) (အဘိ၊ဝိ၊မြန်၊၂။၃၉၈။)♦

ဉာဏဝတ္ထု ၂ ပါး (တစ်နည်း)

၁။ ဝိစာရရှိသော ပညာ၊
၂။ ဝိစာရမရှိသော ပညာ။ (အဘိ၊ဝိ၊၃၂၄။) (အဘိ၊ဝိ၊မြန်၊၂။၃၉၈။)♦

ဉာဏဝတ္ထု ၂ ပါး (တစ်နည်း)

၁။ ပီတိရှိသော ပညာ၊
၂။ ပီတိမရှိသော ပညာ။ (အဘိ၊ဝိ၊၃၂၄။) (အဘိ၊ဝိ၊မြန်၊၂။၃၉၈။)♦

ဉာဏဝတ္ထု ၂ ပါး (တစ်နည်း)

၁။ ပီတိနှင့် တကွ ဖြစ်သော ပညာ၊
၂။ ပီတိနှင့် တကွ မဖြစ်သော ပညာ။ (အဘိ၊ဝိ၊၃၂၄။) (အဘိ၊ဝိ၊မြန်၊၂။၃၉၈။)♦

ဉာဏဝတ္ထု ၂ ပါး (တစ်နည်း)

၁။ သုခဝေဒနာနှင့် တကွဖြစ်သော ပညာ၊
၂။ သုခဝေဒနာနှင့် တကွ မဖြစ်သော ပညာ။ (အဘိ၊ဝိ၊၃၂၄။) (အဘိ၊ဝိ၊မြန်၊၂။၃၉၈။)♦

ဉာဏဝတ္ထု ၂ ပါး (တစ်နည်း)

၁။ ဥပေက္ခာဝေဒနာနှင့် တကွ ဖြစ်သော ပညာ၊
၂။ ဥပေက္ခာ ဝေဒနာနှင့် တကွ မဖြစ်သော ပညာ။ (အဘိ၊ဝိ၊၃၂၄။) (အဘိ၊ဝိ၊မြန်၊၂။၃၉၈။)♦

ဉာဏဝတ္ထု ၂ ပါး (တစ်နည်း)

၁။ ကာမာဝစရ မည်သော ပညာ၊
၂။ ကာမာဝစရ မမည်သော ပညာ။ (အဘိ၊ဝိ၊၃၂၄။) (အဘိ၊ဝိ၊မြန်၊၂။၃၉၈။)♦

ဉာဏဝတ္ထု ၂ ပါး (တစ်နည်း)

၁။ ရူပါဝစရမည်သော ပညာ၊
၂။ ရူပါဝစရ မမည်သော ပညာ။ (အဘိ၊ဝိ၊၃၂၄။) (အဘိ၊ဝိ၊မြန်၊၂။၃၉၈။)♦

ဉာဏဝတ္ထု ၂ ပါး (တစ်နည်း)

၁။ အရူပါဝစရ မည်သော ပညာ၊
၂။ အရူပါဝစရ မမည်သော ပညာ။ (အဘိ၊ဝိ၊၃၂၄။) (အဘိ၊ဝိ၊မြန်၊၂။၃၉၈။)♦

ဉာဏဝတ္ထု ၂ ပါး (တစ်နည်း)

၁။ ဘုံသုံးပါး၌ အကျုံးဝင်သော ပညာ၊
၂။ ဘုံသုံးပါး၌ အကျုံး မဝင်သော ပညာ။ (အဘိ၊ဝိ၊၃၂၄။) (အဘိ၊ဝိ၊မြန်၊၂။၃၉၈။)♦

ဉာဏဝတ္ထု ၂ ပါး (တစ်နည်း)

၁။ ဝဋ်ဆင်းရဲမှ ထွက်မြောက်ကြောင်း ဖြစ်သော ပညာ၊
၂။ ဝဋ်ဆင်းရဲမှ ထွက်မြောက်ကြောင်း မဟုတ်သော ပညာ။ (အဘိ၊ဝိ၊၃၂၄။) (အဘိ၊ဝိ၊မြန်၊၂။၃၉၈။)♦

ဉာဏဝတ္ထု ၂ ပါး (တစ်နည်း)

၁။ အကျိုးပေး မြဲသော ပညာ၊
၂။ အကျိုးပေး မမြဲသော ပညာ။ (အဘိ၊ဝိ၊၃၂၄။) (အဘိ၊ဝိ၊မြန်၊၂။၃၉၈။)♦

ဉာဏဝတ္ထု ၂ ပါး (တစ်နည်း)

၁။ မိမိထက် လွန်မြတ်သော တရားရှိသော ပညာ၊
၂။ မိမိထက် လွန်မြတ်သော တရားမရှိသော ပညာ။ (အဘိ၊ဝိ၊၃၂၄။) (အဘိ၊ဝိ၊မြန်၊၂။၃၉၉။)♦

ဉာဏဝတ္ထု ၂ ပါး (တစ်နည်း)

၁။ အကျိုးကို ဖြစ်စေတတ်သော ပညာ၊
၂။ ဖြစ်စေအပ်သော အကျိုး ရှိသော ပညာ။ (အဘိ၊ဝိ၊၃၂၅။) (အဘိ၊ဝိ၊မြန်၊၂။၃၉၉။)♦

ဉာဏဝတ္ထု ၃ ပါး

၁။ အကြံအစည်ဖြင့် ပြီးသော-စိန္တာမယပညာ၊
၂။ အကြားအမြင်ဖြင့် ပြီးသော -သုတမယပညာ၊
၃။ ပွားများခြင်းဖြင့် ပြီးသော-ဘာဝနာမယပညာ။ (အဘိ၊ဝိ၊၃၂၅။) (အဘိ၊ဝိ၊မြန်၊၂။၃၉၉။)♦

ဉာဏဝတ္ထု ၃ ပါး (တစ်နည်း)

၁။ အလှူဒါနဖြင့် ပြီးသော ပညာ၊
၂။ အကျင့်သီလဖြင့် ပြီးသော ပညာ၊
၃။ ပွားများခြင်း ဘာဝနာဖြင့် ပြီးသော ပညာ။ (အဘိ၊ဝိ၊၃၂၅။) (အဘိ၊ဝိ၊မြန်၊၂။၃၉၉။)♦

ဉာဏဝတ္ထု ၃ ပါး (တစ်နည်း)

၁။ လွန်ကဲသော သီလ၌ ဖြစ်သော ပညာ၊
၂။ လွန်ကဲသော စိတ်၌ ဖြစ်သော ပညာ၊
၃။ လွန်ကဲသော ပညာ၌ ဖြစ်သော ပညာ။ (အဘိ၊ဝိ၊၃၂၅။) (အဘိ၊ဝိ၊မြန်၊၂။၃၉၉။)♦

ဉာဏဝတ္ထု ၃ ပါး (တစ်နည်း)

၁။ ကြီးပွားရေး၌ လိမ္မာသော ပညာ၊
၂။ ဆုတ်ယုတ်ရေး၌ လိမ္မာသော ပညာ၊
၃။ ဥပါယ်၌ လိမ္မာသော ပညာ။ (အဘိ၊ဝိ၊၃၂၅။) (အဘိ၊ဝိ၊မြန်၊၂။၃၉၉။)♦

ဉာဏဝတ္ထု ၃ ပါး (တစ်နည်း)

၁။ ကုသိုလ်, အကုသိုလ်တို့၏ အကျိုးဝိပါက်ဖြစ်သော ပညာ၊
၂။ အကျိုးကို ဖြစ်စေခြင်း သဘောရှိသော ပညာ၊
၃။ အကျိုးလည်း မဟုတ်၊ အကျိုးကို ဖြစ်စေခြင်း သဘော ရှိသည်လည်း မဟုတ်သော ပညာ။ (အဘိ၊ဝိ၊၃၂၅။) (အဘိ၊ဝိ၊မြန်၊၂။၃၉၉။)♦

ဉာဏဝတ္ထု ၃ ပါး (တစ်နည်း)

၁။ ပီတိနှင့် တကွ ဖြစ်သော ပညာ၊
၂။ သုခဝေဒနာနှင့်တကွ ဖြစ်သော ပညာ၊
၃။ ဥပေက္ခာဝေဒနာနှင့် တကွ ဖြစ်သော ပညာ။ (အဘိ၊ဝိ၊၃၂၅။) (အဘိ၊ဝိ၊မြန်၊၂။၃၉၉။)♦

ဉာဏဝတ္ထု ၃ ပါး (တစ်နည်း)

၁။ စုတိပဋိသန္ဓေသို့ ရောက်ကြောင်းဖြစ်သော ပညာ၊
၂။ နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်သော ပညာ၊
၃။ စုတိပဋိသန္ဓေသို့ ရောက်ကြောင်းလည်း မဟုတ် နိဗ္ဗာန်သို့ ရောက်ကြောင်းလည်း မဟုတ်သော ပညာ။ (အဘိ၊ဝိ၊၃၂၅။) (အဘိ၊ဝိ၊မြန်၊၂။၃၉၉။)♦

ဉာဏဝတ္ထု ၃ ပါး (တစ်နည်း)

၁။ သေက္ခပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော ပညာ၊
၂။ ရဟန္တာပုဂ္ဂိုလ် တို့၏ ဥစ္စာဖြစ်သော ပညာ၊
၃။ သေက္ခပုဂ္ဂိုလ်, ရဟန္တာပုဂ္ဂိုလ်တို့၏ ဥစ္စာမဟုတ်သော ပညာ။ (အဘိ၊ဝိ၊၃၂၅။) (အဘိ၊ဝိ၊မြန်၊၂။၄၀၀။)♦

ဉာဏဝတ္ထု ၃ ပါး (တစ်နည်း)

၁။ နည်းသော အာနုဘော်ရှိသော ပရိတ္တ(ကာမ) ပညာ၊
၂။ မြတ်သည်၏ အဖြစ်သို့ ရောက်သော မဟဂ္ဂုတ် (ရူပ,အရူပ) ပညာ၊
၃။ နှိုင်းယှဉ်တတ်သော ကိလေသာတို့၏ ဆန့်ကျင်ဘက်ဖြစ်သော အပ္ပမာဏ (လောကုတ္တရာ) ပညာ။ (အဘိ၊ဝိ၊၃၂၅။)(အဘိ၊ဝိ၊မြန်၊၂။၄၀၀။)♦

ဉာဏဝတ္ထု ၃ ပါး (တစ်နည်း)

၁။ ကာမကို အာရုံပြုသော ပညာ၊
၂။ မဟဂ္ဂုတ်ကို အာရုံပြုသော ပညာ၊
၃။ အပ္ပမာဏ(လောကုတ္တရာ) တရားကို အာရုံပြုသော ပညာ။ (အဘိ၊ဝိ၊၃၂၅။) (အဘိ၊ဝိ၊မြန်၊၂။၄၀၀။)♦

ဉာဏဝတ္ထု ၃ ပါး (တစ်နည်း)

၁။ မဂ်ကို အာရုံပြုသော ပညာ၊
၂။ မဂ်ဟု ဆိုအပ်သော အကြောင်း ရှိသော ပညာ၊
၃။ မဂ်ဟု ဆိုအပ်သော အကြီးအမှူးရှိသော ပညာ။ (အဘိ၊ဝိ၊၃၂၅။) (အဘိ၊ဝိ၊မြန်၊၂။၄၀၀။)♦

ဉာဏဝတ္ထု ၃ ပါး (တစ်နည်း)

၁။ ခဏသုံးပါးသို့ ရောက်ဆဲဖြစ်သော ပညာ၊
၂။ ခဏသုံးပါးသို့ ရောက်ဆဲ ရောက်ပြီး မဟုတ်သော ပညာ၊
၃။ မချွတ်ဖြစ်လတ္တံ့သော ပညာ။ (အဘိ၊ဝိ၊၃၂၅။) (အဘိ၊ဝိ၊မြန်၊၂။၄၀၀။)♦

ဉာဏဝတ္ထု ၃ ပါး (တစ်နည်း)

၁။ အတိတ်ပညာ (ဖြစ်ပြီးသော ပညာ)၊
၂။ အနာဂတ်ပညာ (မရောက်သေး မဖြစ်သေးသော ပညာ)၊
၃။ ပစ္စုပ္ပန်ပညာ (ဖြစ်ဆဲဖြစ်သော ပညာ)။ (အဘိ၊ဝိ၊ ၃၂၅။) (အဘိ၊ဝိ၊မြန်၊၂။၄၀၀။)♦

ဉာဏဝတ္ထု ၃ ပါး (တစ်နည်း)

၁။ အတိတ်ကို အာရုံပြုသော ပညာ၊
၂။ အနာဂတ်ကို အာရုံပြုသော ပညာ၊
၃။ ပစ္စုပ္ပန်ကို အာရုံပြုသော ပညာ။ (အဘိ၊ဝိ၊၃၂၅။) (အဘိ၊ဝိ၊မြန်၊၂။၄၀၀။)♦

ဉာဏဝတ္ထု ၃ ပါး (တစ်နည်း)

၁။ မိမိသန္တာန်၌ ဖြစ်သော ပညာ၊
၂။ သူတစ်ပါးသန္တာန်၌ ဖြစ်သော ပညာ၊
၃။ မိမိ သူတစ်ပါး နှစ်ဦးသားတို့၏ သန္တာန်၌ ဖြစ်သော ပညာ။ (အဘိ၊ဝိ၊၃၂၅။) (အဘိ၊ ဝိ၊မြန်၊၂။၄၀၀။)♦

ဉာဏဝတ္ထု ၃ ပါး (တစ်နည်း)

၁။ မိမိသန္တာန်ကို အာရုံပြုသော ပညာ၊
၂။ သူတစ်ပါးသန္တာန်ကို အာရုံပြုသော ပညာ၊
၃။ မိမိ သူတစ်ပါး နှစ်ဦးသား သန္တာန်ကို အာရုံပြုသော ပညာ။ (အဘိ၊ဝိ၊၃၂၅။) (အဘိ၊ဝိ၊မြန်၊၂။၄၀၀။)♦

ဉာဏဝတ္ထု ၄ ပါး

၁။ ကံသာလျှင် မိမိဥစ္စာ ဖြစ်၏ဟု သိသော ကမ္မဿကတဉာဏ်၊
၂။ သစ္စာအား လျော်စွာ ဖြစ်သော သစ္စာနုလောမိကဉာဏ်၊
၃။ မဂ်နှင့် ပြည့်စုံသူအား ဖြစ်သော ဉာဏ်၊
၄။ ဖိုလ်နှင့် ပြည့်စုံသော သူအား ဖြစ်သော ဉာဏ်။ (အဘိ၊ဝိ၊၃၂၇။) (အဘိ၊ဝိ၊မြန်၊၂။၄၀၅။)♦

ဉာဏဝတ္ထု ၄ ပါး (တစ်နည်း)

၁။ ဆင်းရဲမှု၌ သိသော ဉာဏ်၊
၂။ ဆင်းရဲမှုဖြစ်ကြောင်း၌ သိသော ဉာဏ်၊
၃။ ဆင်းရဲမှုချုပ်ရာ၌ သိသော ဉာဏ်၊
၄။ ဆင်းရဲချုပ်ရာသို့ ရောက်ကြောင်းအကျင့်၌ သိသော ဉာဏ်။ (အဘိ၊ဝိ၊၃၂၇။) (အဘိ၊ဝိ၊မြန်၊၂။၄၀၅။)♦

ဉာဏဝတ္ထု ၄ ပါး (တစ်နည်း)

၁။ ကာမဘုံ၌ ဖြစ်သော ပညာ၊
၂။ ရူပဘုံ၌ ဖြစ်သော ပညာ၊
၃။ အရူပ ဘုံ၌ ဖြစ်သော ပညာ၊
၄။ ဘုံသုံးပါး၌ အကျုံးမဝင်သော ပညာ။ (အဘိ၊ဝိ၊၃၂၇။) (အဘိ၊ဝိ၊မြန်၊၂။၄၀၅။)♦

ဉာဏဝတ္ထု ၄ ပါး (တစ်နည်း)

၁။ တရား၌ သိသော ဉာဏ်၊
၂။ တရားအလျော်၌ သိသော ဉာဏ်၊
၃။ ပိုင်းခြားခြင်း၌ သိသော ဉာဏ်၊
၄။ သမုတ်ခြင်း၌ သိသော ဉာဏ်။ (အဘိ၊ဝိ၊၃၂၇။) (အဘိ၊ဝိ၊မြန်၊၂။၄၀၅။)♦

ဉာဏဝတ္ထု ၄ ပါး (တစ်နည်း)

၁။ ဆုတ်ယုတ်သော အဖို့ရှိသော ဟာနဘာဂိနီပညာ၊
၂။ တည်တန့်သော အဖို့ရှိသော ဌိတိဘာဂိနီပညာ။၃။ ထူးသော အဖို့ရှိသော ဝိသေသဘာဂိနီ ပညာ၊
၄။ ဖောက်ခွဲခြင်းအဖို့ရှိသော နိဗ္ဗေဓဘာဂိနီပညာ။ (အဘိ၊ဝိ၊၃၂၇။) (အဘိ၊ဝိ၊မြန်၊၂။၄၀၅။)♦

ဉာဏဝတ္ထု ၄၀

၁။ ဇရာမရဏေ ဉာဏံ- ဇရာမရဏ၌ သိသော ဉာဏ်၊
၂။ ဇရာမရဏသမုဒယေ ဉာဏံ- ဇရာမရဏ ဖြစ်ပေါ်ကြောင်း၌ သိသော ဉာဏ်၊
၃။ ဇရာမရဏနိရောဓေ ဉာဏံ- ဇရာမရဏ၏ ချုပ်ရာ၌ သိသော ဉာဏ်၊
၄။ ဇရာမရဏနိရောဓဂါမိနိယာ ဉာဏံ- ဇရာ မရဏ၏ ချုပ်ရာနိဗ္ဗာန်သို့ ရောက်ကြောင်းအကျင့်၌ သိသော ဉာဏ်၊ ဤသို့အားဖြင့် ဇရာမရဏ၌ ဉာဏဝတ္ထု (၄) ပါး၊ ထိုနည်းတူစွာ- ဇာတိ၊ ဘဝ၊ ဥပါဒါန်၊ တဏှာ၊ ဝေဒနာ၊ ဖဿ၊ အာယတန (၆) ပါး (သဠာယတန)၊ နာမ်ရုပ်၊ သင်္ခါရတို့၌လည်း လေးပါးစီအားဖြင့် စုစုပေါင်း ဉာဏဝတ္ထု (၄၀) ဖြစ်သည်။ (သံ၊၁၊၂၈၈။) (သံ၊မြန်၊၁။၂၇၅။)♦

ဉာဏဝတ္ထု ၇၇ ပါး

၁။ ဇာတိပစ္စယာ ဇရာမရဏ န္တိ ဉာဏံ- ပဋိသန္ဓေတည်နေမှု အကြောင်းခံကြောင့် ဇရာမရဏ ဖြစ်၏ဟု သိသော ဉာဏ်၊
၂။ အသတိ ဇာတိယာ နတ္ထိ ဇရာမရဏန္တိ ဉာဏံ- ပဋိသန္ဓေ တည်နေမှု မရှိသော် ဇရာမရဏ မရှိဟု သိသော ဉာဏ်၊
၃။ အတီတမ္ပိ အဒ္ဓါနံ ဇာတိပစ္စယာ ဇရာမရဏန္တိ ဉာဏံ- အတိတ်ကာလ၌လည်း ပဋိသန္ဓေ တည်နေရမှုကြောင့် ဇရာမရဏ ဖြစ်၏ဟု သိသော ဉာဏ်၊
၄။ အသတိ ဇာတိယာ နတ္ထိ ဇရာမရဏန္တိ ဉာဏံ- အတိတ်ကာလ၌လည်း ပဋိသန္ဓေတည်နေမှု မရှိသော် ဇရာမရဏလည်း မရှိဟု သိသော ဉာဏ်၊
၅။ အနာဂတမ္ပိ အဒ္ဓါနံ ဇာတိပစ္စယာ ဇရာမရဏန္တိ ဉာဏံ- အနာဂတ်ကာလ၌လည်း ပဋိသန္ဓေတည်နေမှု အကြောင်းခံကြောင့် ဇရာမရဏ ဖြစ်၏ဟု သိသော ဉာဏ်၊
၆။ အသတိ ဇာတိယာ နတ္ထိ ဇရာမရဏန္တိ ဉာဏံ- အနာဂတ်ကာလ၌လည်း ပဋိသန္ဓေတည်နေမှု မရှိသော် ဇရာ မရဏလည်း မရှိဟု သိသော ဉာဏ်၊
၇။ ယမ္ပိဿ ဓမ္မဋ္ဌိတိဉာဏံ၊ တမ္ပိ ခယဓမ္မံ ဝယဓမ္မံ ဝိရာဂဓမ္မံ နိရောဓဓမ္မန္တိ ဉာဏံ- ထိုပုဂ္ဂိုလ်အား ဖြစ်ပေါ်လာသည့် ဓမ္မဋ္ဌိတိဉာဏ်သည်လည်း ကုန်ခြင်းသဘော၊ ပျက်ခြင်းသဘော ကင်းပြတ်ခြင်းသဘော ချုပ်ခြင်းသဘော ရှိ၏ဟု သိသော ဉာဏ်၊ ထိုနည်းတူစွာ- ဘဝပစ္စယာ ဇာတီတိ ဉာဏံ၊ ဥပါဒါနပစ္စယာ ဘဝေါတိ ဉာဏံ၊ တဏှာပစ္စယာ ဥပါဒါနန္တိ ဉာဏံ၊ ဝေဒနာပစ္စယာ တဏှာတိ ဉာဏံ၊ ဖဿပစ္စယာ ဝေဒနာတိ ဉာဏံ၊ သဠာယတနပစ္စယာ ဖေဿာတိ ဉာဏံ၊ နာမရူပပစ္စယာ သဠာယတနန္တိ ဉာဏံ၊ ဝိညာဏပစ္စယာ နာမရူပန္တိ ဉာဏံ၊ သင်္ခါရပစ္စယာ ဝိညာဏန္တိ ဉာဏံ၊ အဝိဇ္ဇာပစ္စယာ သင်္ခါရာတိ ဉာဏံ တို့၌လည်း ဉာဏဝတ္ထု (၇) ပါးစီအားဖြင့် စုစုပေါင်း (၇၇) ပါး ဖြစ်သည်။ (သံ၊၁၊၂၉၀။) (သံ၊မြန်၊၁။၂၇၇-၂၇၈။)♦

ဉာဏဝတ္ထု၂ ပါး (တစ်နည်း)

၁။ ဩဃနှင့် မယှဉ်မူ၍ ဩဃ၏ အာရုံဖြစ်သော ပညာ၊
၂။ ဩဃနှင့် မယှဉ်မူ၍ ဩဃ၏ အာရုံလည်း မဟုတ်သော ပညာ။ (အဘိ၊ဝိ၊၃၂၄။) (အဘိ၊ဝိ၊မြန်၊၂။၃၉၇။)♦

ဉာဏသမ္ပယုတ် ဖြစ်ကြောင်း ၁၁ ပါး

၁။ ကံကြောင့်၊
၂။ ဥပပတ္တိဘဝကြောင့်၊
၃။ ဣန္ဒြေ၏ ရင့်ခြင်းကြောင့်၊
၄။ ကိလေသာတို့၏ ဝေးသည်၏ အဖြစ်ကြောင့်၊
၅။ ခန္ဓာ, အာယတန, ဓာတ်တို့ကို မှီသော မေးမြန်းမှု များခြင်း၊
၆။ ဆံ, လက်သည်းစသော အဇ္ဈတ္တဝတ္ထု, သင်္ကန်း စသော ဗာဟိရဝတ္ထု၏ သန့်ရှင်းခြင်း၊
၇။ သဒ္ဓါနှင့် ပညာ, ဝီရိယနှင့် သမာဓိတည်းဟူသော ဣန္ဒြေတို့ ညီမျှခြင်း၊
၈။ ဉာဏ်ကင်းသော ပုဂ္ဂိုလ်ကို ရှောင်ကြဉ်ခြင်း၊
၉။ ငါးဆယ်သော လက္ခဏာကို သိမ်းဆည်းသော ဥဒယဝယပညာနှင့် ပြည့်စုံသော ပုဂ္ဂိုလ်ကို မှီဝဲခြင်း၊
၁၀။ နက်နဲသော ဉာဏ်ဖြင့်သာလျှင် လေ့လာအပ်ကုန်သော သုတ္တန်တို့ကို ဆင်ခြင်ခြင်း၊
၁၁။ ထိုပညာ သမ္ဗောဇ္ဈင်သို့ ညွတ်သော စိတ်ရှိသူ ဖြစ်ခြင်း။ (အဘိ၊ဋ္ဌ၊၁၊၁၁၈။)♦

ဉာဏ် ၁၀ ပါး

၁။ ဝိပဿနာဉာဏ်၊
၂။ မနောမယဉာဏ်၊
၃။ ဣဒ္ဓိဝိဓဉာဏ်၊
၄။ ဒိဗ္ဗသောတဉာဏ်၊
၅။ စေတောပရိယဉာဏ်၊
၆။ ပုဗ္ဗေနိဝါသဉာဏ်၊
၇။ ဒိဗ္ဗစက္ခု၏ အစွမ်းဖြင့် ပြီးစီးသော အနာဂတံသဉာဏ်၊
၈။ ဒိဗ္ဗစက္ခု၏ အစွမ်းဖြင့် ပြီးစီးသော ယထာကမ္မူပဂဉာဏ်၊
၉။ ဒိဗ္ဗစက္ခု ဉာဏ်၊
၁၀။ အာသဝက္ခယဉာဏ်။ (ဒီ၊ဋ္ဌ၊၁၊၂၀၂။) (ဒီ၊ဋ္ဌ၊မြန်၊၁။၃၉၃-၃၉၄-၃၉၅-၃၉၆။)♦

ဉာဏ် ၃ ပါး

၁။ သစ္စဉာဏ်၊
၂။ ကိစ္စဉာဏ်၊
၃။ ကတဉာဏ်။ (သံ၊ဋ္ဌ၊၃၊၃၂၈။)♦

ဉာဏ် ၄ ပါး (တစ်နည်း)

၁။ သစ္စာလေးပါး၌ သိသော ဓမ္မဉာဏ်၊
၂။ ဓမ္မဉာဏ်သို့ အစဉ် လိုက်သော အနွယဉာဏ်၊
၃။ သူတစ်ပါးတို့၏ စိတ်ကို ပိုင်းခြားသိသော ပရိစ္ဆေဒဉာဏ်၊
၄။ သမုတိ ပညတ်၌ သိသော ဉာဏ်။ (ဒီ၊၃၊၁၈၉။) (ဒီ၊မြန်၊၃။၂၁၁။)♦

ဉာဏ် ၄ ပါး (တစ်နည်း)

၁။ ဆင်းရဲကို သိသော ဉာဏ်၊
၂။ ဆင်းရဲဖြစ်ကြောင်းကို သိသော ဉာဏ်၊
၃။ ဆင်းရဲချုပ်ရာ နိဗ္ဗာန်ကို သိသော ဉာဏ်၊
၄။ ဆင်းရဲချုပ်ရာ နိဗ္ဗာန်ရောက်ကြောင်း အကျင့်ကို သိသော ဉာဏ်။ (ဒီ၊၃၊၁၉၀။) (ဒီ၊မြန်၊၃။၂၁၁။)♦

ဉာဏ် ၄ ပါး (တစ်နည်း)

ဖြစ်စေအပ်သော တရား ၄ ပါး၊ ဥပ္ပါဒေတဗ္ဗ တရား ၄ ပါးတို့နှင့် တူသည်။ ♦

ဉာဏ် ၄ ပါး (တစ်နည်း) (အကျင့်လေးပါး၌ သိသော ဉာဏ် ၄ ပါး)

၁။ ဆင်းရဲငြိုငြင်သော အကျင့် နုံ့နှေးသော အသိဉာဏ်ရှိသော ပညာ၊
၂။ ဆင်းရဲငြိုငြင်သော အကျင့် လျင်မြန်သော အသိဉာဏ် ရှိသော ပညာ၊
၃။ ချမ်းသာသော အကျင့် နှံ့နှေးသော အသိဉာဏ်ရှိသော ပညာ၊
၄။ ချမ်းသာသော အကျင့် လျင်မြန်သော အသိဉာဏ်ရှိသော ပညာ။ (အဘိ၊ဝိ၊၃၄၄။) (အဘိ၊ဝိ၊မြန်၊၂။၄၂၅။)♦

ဉာဏ် ၄ ပါး (တစ်နည်း) (အာရုံလေးပါး၌ သိသော ဉာဏ် ၄ ပါး)

၁။ နည်းသော အာနုဘော်ရှိ၍ အနည်းငယ်မျှ ပျံ့နှံ့သော အာရုံရှိသော ပညာ၊
၂။ နည်းသော အာနုဘော်ရှိ၍ အတိုင်းမရှိ ပျံ့နှံ့သော အာရုံရှိသော ပညာ၊
၃။ အတိုင်းမရှိသော အာနုဘော်ရှိ၍ အနည်းငယ်မျှ ပျံ့နှံ့သော အာရုံရှိသော ပညာ၊
၄။ အတိုင်းမရှိသော အာနုဘော်ရှိ၍ အတိုင်းမရှိ ပျံ့နှံ့သော အာရုံရှိသော ပညာ။ (အဘိ၊ဝိ၊ ၃၄၅။) (အဘိ၊ဝိ၊မြန်၊၂။၄၂၆။)♦

ဉာဏ် ၄၀၀

၁။ အတ္ထတစ်ရာ၌ ဉာဏ် ၁၀၀၊
၂။ ဓမ္မတစ်ရာ၌ ဉာဏ် ၁၀၀၊
၃။ နိရုတ္တိနှစ်ရာ၌ ဉာဏ် ၂၀၀၊ ပေါင်း ၄၀၀။ (သာရတ္ထ၊ဋီ၊၂၊၃၈။)♦

ဉာဏ် ၉ ပါး (သမာပတ်ကိုးပါး၌ ဖြစ်သော ဉာဏ် ၉ ပါး)

၁။ ပထမဈာန်သမာပတ်၌ ဖြစ်သော ပညာ၊
၂။ ဒုတိယဈာန်သမာပတ်၌ ဖြစ်သော ပညာ၊
၃။ တတိယဈာန်သမာပတ်၌ ဖြစ်သော ပညာ၊
၄။ စတုတ္ထဈာန်သမာပတ်၌ ဖြစ်သော ပညာ၊
၅။ အာကာသာနဉ္စာယတနသမာပတ်၌ ဖြစ်သော ပညာ၊
၆။ ဝိညာဏဉ္စာယတနသမာပတ်၌ ဖြစ်သော ပညာ၊
၇။ အာကိဉ္စညာယတန သမာပတ်၌ ဖြစ်သော ပညာ၊
၈။ နေဝသညာနာသညာယတန သမာပတ်၌ ဖြစ်သော ပညာ၊
၉။ သညာ ဝေဒနာ ချုပ်ခြင်းရှိသော နိရောဓသမာပတ်မှ ထသူ၏ ပစ္စဝေက္ခဏဉာဏ် ပညာ။ (အဘိ၊ဝိ၊၃၄၈။) (အဘိ၊ဝိ၊၃၅၇။) (အဘိ၊ဝိ၊မြန်၊၂။၄၃၀။) (အဘိ၊ဝိ၊မြန်၊၂။၄၃၀။)♦

ဉာဏ် လေးရာ ရေတွက်ပုံ

၁။ ယံ သံဃသုဋ္ဌု၊ တံ သံဃဖာသု- စသော သိက္ခာပုဒ်ပညတ်ရခြင်း အကျိုး ဆယ်ပါးတို့ကို မူလ မူလီသွင်း၍ သံကွင်းဆက်နည်းနှင့်တကွ အတ္ထဝသအရာ၌ ဉာဏ် တစ်ရာ၊
၂။ ပါဠိဓမ္မအရာ၌ ဉာဏ် တစ်ရာ၊
၃။ နိရုတ္တိနည်း နှစ်ရာတို့၌ ဉာဏ် နှစ်ရာ, ပေါင်း လေးရာ။ (ဝိ၊ဋ္ဌ၊၄၊၁၈၆။)♦

ဉာဏ်ခြေရာ ၄ မျိုး

၁။ အချို့သော မင်းပညာရှိတို့သည် မည်သည့်ရွာနိဂုံးသို့ ရဟန်းဂေါတမ ကြွလာသောအခါ ပြဿနာကို မေး၍ ပြစ်တင်အံ့ဟု ကြိုတင်ကြံစည်ထားသော်လည်း ဘုရားရှင် ကြွတော်မူလာပြီး တရားဟောသော အခါ၌ကား တရားကို သိမြင်လျက် ဘုရားရှင်အား ပြဿနာကိုလည်း မမေး အပြစ်လည်း မတင်တော့ဘဲ ဘုရားရှင်၏ တပည့်အဖြစ်သို့ ကပ်ရောက် သွားခြင်း၊
၂။ အချို့သော ပုဏ္ဏားပညာရှိတို့သည် မည်သည့် ရွာနိဂုံးသို့ ရဟန်းဂေါတမ ကြွလာသောအခါ ပြဿနာကို မေး၍ အပြစ်တင်အံ့ဟု ကြိုတင်ကြံစည်ထားသော်လည်း ဘုရားရှင် ကြွလာတော်မူပြီး တရားဟောသော အခါ၌ကား တရားကို သိမြင်လျက် ဘုရားရှင်အား ပြဿနာကိုလည်းမမေး အပြစ်လည်း မတင်တော့ဘဲ ဘုရားရှင်၏ တပည့်အဖြစ်သို့ ကပ်ရောက် သွားခြင်း၊
၃။ အချို့သော သူကြွယ်ပညာရှိတို့သည် မည်သည့် ရွာနိဂုံးသို့ ရဟန်းဂေါတမ ကြွလာသောအခါ ပြဿနာကို မေး၍ အပြစ်တင်အံ့ဟု ကြိုတင် ကြံစည်ထားသော်လည်း ဘုရားရှင် ကြွလာတော်မူပြီး တရားဟောသော အခါ၌ကား တရားကို သိမြင်လျက် ဘုရား ရှင်အား ပြဿနာကိုလည်းမမေး အပြစ်လည်း မတင်တော့ဘဲ ဘုရားရှင်၏ တပည့်အဖြစ်သို့ ကပ်ရောက်သွားခြင်း၊
၄။ အချို့သော ရဟန်းပညာရှိတို့သည် မည်သည့် ရွာနိဂုံးသို့ ရဟန်း ဂေါတမ ကြွလာသောအခါ ပြဿနာကို မေး၍ အပြစ်တင်အံ့ဟု ကြိုတင် ကြံစည်ထား သော်လည်း အမှန်တကယ် ဘုရားရှင် ကြွလာတော်မူပြီး တရားဟောသော အခါ၌ကား တရားကို သိမြင်လျက် ဘုရားရှင်အား ပြဿနာကိုလည်း မမေး အပြစ်လည်း မတင်တော့ဘဲ ဘုရားရှင်၏ တပည့် အဖြစ်သို့သာ ကပ်ရောက်သွားခြင်း။ (မ၊၁၊၂၃၃။) (မ၊မြန်၊၁။၂၄၀။)♦

ဉာဏ်စဉ် ၇၃ ပါး

၁။ နာကြားမှုဖြင့် ပြီးသော (သုတမယ) ဉာဏ်၊
၂။ စောင့်စည်းမှု၌ ဖြစ်သော (သီလမယ) ဉာဏ်၊
၃။ တည်ကြည် ပွားများမှုဖြင့် ဖြစ်သော (သမာဓိဘာဝနာမယ) ဉာဏ်၊
၄။ အကြောင်းတရားတို့ကို သိမ်းဆည်းမှု၌ ဖြစ်သော (ဓမ္မဋ္ဌိတိ) ဉာဏ်၊
၅။ ကာလသုံးပါး တရားတို့ကို အကျဉ်းချုံး၍ ပိုင်းခြားဆုံးဖြတ်နိုင်သော (သမ္မသန) ဉာဏ်၊
၆။ အဖြစ်အပျက်ကို ရှုသော (ဥဒယဗ္ဗယာနုပဿနာ) ဉာဏ်၊
၇။ အပျက်ကို ရှုသော (ဝိပဿနာ) ဉာဏ်၊
၈။ ဘေး အပြစ်ဟု သိသော (အာဒီနဝ) ဉာဏ်၊
၉။ သင်္ခါရကို လျစ်လျူရှုသော (သင်္ခါရုပေက္ခာ) ဉာဏ်၊
၁၀။ ပုထုဇဉ်အနွယ်ကို ဖြတ်သော (ဂေါတြဘူ) ဉာဏ်၊
၁၁။ မဂ်ဉာဏ်၊
၁၂။ ငြိမ်းအေးသော ဖိုလ်ဉာဏ်၊
၁၃။ သံသရာမှ လွတ်မြောက်မှုကို မြင်သော (ဝိမုတ္တိ) ဉာဏ်၊
၁၄။ မဂ်ဖိုလ်ကို ပြန်လည်ရှု ဆင်ခြင်သော ဉာဏ်၊
၁၅။ အရာဝတ္ထုအထူးထူးကို သိသော (ဝတ္ထုနာနတ္တ) ဉာဏ်၊
၁၆။ အာရုံအထူးထူးကို သိသော (ဂေါစရနာနတ္တ) ဉာဏ်၊
၁၇။ ဖြစ်ပုံအထူးထူးကို သိသော စရိယနာနတ္တဉာဏ်၊
၁၈။ ဘုံအထူးကို သိသော (ဘူမိနာနတ္တ) ဉာဏ်၊
၁၉။ တရား အထူးထူးကို သိသော (ဓမ္မနာနတ္တ) ဉာဏ်၊
၂၀။ ထူးထူးခြားခြား ပိုင်းခြား၍ သိသော (ဉာတဋ္ဌ) ဉာဏ်၊
၂၁။ ပိုင်းခြား၍ သိသော (တီရဏဋ္ဌ) ဉာဏ်၊
၂၂။ ပယ်စွန့်ခြင်း၌ ဖြစ်သော (ပရိစ္စာဂဋ္ဌ) ဉာဏ်၊
၂၃။ ကိစ္စအထူးကို သိသော (ဧကရသဋ္ဌ) ဉာဏ်၊
၂၄။ သဘောကို တွေ့သော (ဖုသနဋ္ဌ) ဉာဏ်၊
၂၅။ အနက်အဓိပ္ပါယ်ကို ခွဲခြား၍ သိသော (အတ္ထပဋိသမ္ဘိဒါ) ဉာဏ်၊
၂၆။ ပါဠိအကြောင်းကို ခွဲခြား၍ သိသော (ဓမ္မပဋိသမ္ဘိဒါ) ဉာဏ်၊
၂၇။ သဒ္ဒါအထူးထူးကို ခွဲခြား၍ သိသော (ဓမ္မ ပဋိသမ္ဘိဒါ) ဉာဏ်၊
၂၈။ ထင်မြင်သော ဉာဏ်ကို ခွဲခြား၍ သိသော (ပဋိဘာနပဋိသမ္ဘိဒါ) ဉာဏ်၊
၂၉။ နေထိုင်ခြင်းအထူးထူးကို သိသော (ဝိဟာရနာနတ္တ) ဉာဏ်၊
၃၀။ သမာပတ် ဝင်စားခြင်း အထူးထူး၌သိသော (သမာပတ္တဋ္ဌ) ဉာဏ်၊
၃၁။ နေထိုင်ခြင်း ဝင်စားခြင်း နှစ်ပါးစုံ၌ ဖြစ်သော (ဝိဟာရသမာပတ္တဋ္ဌ) ဉာဏ်၊
၃၂။ အာသဝေါတရား ဖြတ်ခြင်း၌ အခြားမဲ့ဖြစ်သော (အနန္တရိကသမာဓိ) ဉာဏ်၊
၃၃။ ကိလေသာကင်းလျက် နေထိုင်ရေး (အရဏ ဝိဟာရ) ဉာဏ်၊
၃၄။ ချုပ်ငြိမ်းမှု ဝင်စားသော (နိရောဓသမာပတ္တိ) ဉာဏ်၊
၃၅။ ကိလေသာခန္ဓာ ငြိမ်းအေးသော (ပရိနိဗ္ဗာန) ဉာဏ်၊
၃၆။ အဦးမူ၍ ငြိမ်းအေးသော (သမသီသဋ္ဌ) ဉာဏ်၊
၃၇။ ခေါင်းပါးရေး (သလ္လေခဋ္ဌ) ဉာဏ်၊
၃၈။ လုံ့လဖြင့် အားပေးထောက်ပံ့ခြင်း (ဝီရိယာရမ္ဘ) ဉာဏ်၊
၃၉။ အနက်အဓိပ္ပါယ်ကို ဖော်ပြသော (အတ္ထသန္ဒဿန) ဉာဏ်၊
၄၀။ အမြင်စင်ကြယ်ရေး (ဒဿနဝိသုဒ္ဓိ) ဉာဏ်၊
၄၁။ သိ၍ နှစ်သက်သော (ခန္တိ) ဉာဏ်၊
၄၂။ ဉာဏ်ဖြင့် သက်ဝင်သော (ပရိယောဂါဟဏ) ဉာဏ်၊
၄၃။ စုပေါင်းလုံးစည်းသော (ပဒေသဝိဟာရ) ဉာဏ်၊
၄၄။ သညာကြောင့် ကင်းပြတ်သော (သညာဝိဝဋ္ဋ) ဉာဏ်၊
၄၅။ စေတနာကြောင့် ကင်းပြတ်သော (စေတောဝိဝဋ္ဋ) ဉာဏ်၊
၄၆။ စိတ်ကြောင့် ကင်းပြတ်သော (စိတ္တဝိဝဋ္ဋ) ဉာဏ်၊
၄၇။ ဉာဏ်ကြောင့် ဆိတ်သုဉ်းကင်းပြတ်သော (ဉာဏဝိဝဋ္ဋ) ဉာဏ်၊
၄၈။ ဝိမောက္ခကြောင့် ကင်းပြတ်သော (ဝိမောက္ခဝိဝဋ္ဋ) ဉာဏ်၊
၄၉။ သစ္စာကြောင့် ကင်းပြတ်သော (သစ္စဝိဝဋ္ဋ) ဉာဏ်၊
၅၀။ ဆောက်တည် သည်၏ အစွမ်းအားဖြင့် တန်ခိုး ဖန်ဆင်းသော ဣဒ္ဓိဝိဓဉာဏ်၊
၅၁။ နားကြားဓာတ် စင်ကြယ်ရေး (သောတဓာတုဝိသုဒ္ဓိ) ဉာဏ်၊
၅၂။ စိတ်အကြံသိသော (စေတောပရိယ) ဉာဏ်၊
၅၃။ ရှေးဖြစ် ဘဝကို အောက်မေ့နိုင်သော (ပုဗ္ဗေနိဝါသာနုဿတိ) ဉာဏ်၊
၅၄။ နတ်မျက်စိနှင့် တူသော (ဒိဗ္ဗစက္ခု) ဉာဏ်၊
၅၅။ အာသဝေါကုန်ခန်းသော (အာသဝက္ခယ) ဉာဏ်၊
၅၆။ ဆင်းရဲကို သိသော (ဒုက္ခ) ဉာဏ်၊
၅၇။ တဏှာကို သိသော (သမုဒယ) ဉာဏ်၊
၅၈။ နိဗ္ဗာန်ကို သိသော (နိရောဓ) ဉာဏ်၊
၅၉။ မဂ္ဂင်ကို သိသော (မဂ္ဂ) ဉာဏ်၊
၆၀။ ဒုက္ခကို သိသော (ဒုက္ခ) ဉာဏ်၊
၆၁။ ဒုက္ခ၏ အကြောင်းကို သိသော (ဒုက္ခသမုဒယ) ဉာဏ်၊
၆၂။ ဒုက္ခ၏ ချုပ်ရာကို သိသော (ဒုက္ခနိရောဓ) ဉာဏ်၊
၆၃။ နိဗ္ဗာန်ရောက်ကြောင်း အကျင့်ကို သိသော (ဒုက္ခနိရောဓ ဂါမိနီပဋိပဒါ) ဉာဏ်၊
၆၄။ အနက်အဓိပ္ပါယ်ကို သိသော (အတ္ထပဋိသမ္ဘိဒါ) ဉာဏ်၊
၆၅။ ပါဠိဓမ္မကို သိသော (ဓမ္မပဋိသမ္ဘိဒါ) ဉာဏ်၊
၆၆။ သဒ္ဒါကို သိသော (နိရုတ္တိပဋိသမ္ဘိဒါ) ဉာဏ်၊
၆၇။ ပညာကို သိသော (ပဋိဘာနပဋိသမ္ဘိဒါ) ဉာဏ်၊
၆၈။ ဣန္ဒြိယပရောပရိယတ္တကို သိသော (ဣန္ဒြိယပရော ပရိယတ္တ) ဉာဏ်၊
၆၉။ သတ္တဝါတို့အလိုနှင့် အနုသယကို သိသော (အာသယာနုသယ) ဉာဏ်၊
၇၀။ ယမိုက်ပြာဋိဟာကို သိသော (ယမကပါဋိဟာရိယ) ဉာဏ်၊
၇၁။ မဟာကရုဏာ သမာပတ္တိကို သိသော (မဟာကရုဏာသမာပတ္တိ) ဉာဏ်၊
၇၂။ တရားအလုံးစုံကို သိသော (သဗ္ဗညုတ) ဉာဏ်၊
၇၃။ အပိတ်အပင် အတားအဆီးမရှိသော (အနာဝရဏ) ဉာဏ်။ (ပဋိသံ၊၁၊၅။) (ပဋိသံ၊မြန်။၁-၃၅။)♦

ဉာဏ်တော်စွမ်းအား ၁၀ ပါး (ဘုရားရှင်၏ ဉာဏ်တော်စွမ်းအား ၁၀ ပါး)

၁။ အကြောင်း ဟုတ်သည်ကို အကြောင်းဟုတ်သောအားဖြင့် အကြောင်းမဟုတ်သည်ကိုလည်း အကြောင်း မဟုတ်သောအားဖြင့် ဟုတ်တိုင်းမှန်စွာ သိသော ဉာဏ်၊
၂။ အတိတ် အနာဂတ် ပစ္စုပ္ပန် ဖြစ်သော ဆောက်တည်အပ်သော ကံတို့၏ အကျိုးကို အကြောင်းအရာအားဖြင့် ဟုတ်တိုင်းမှန်စွာ သိသော ဉာဏ်၊
၃။ ဂတိအမျိုးမျိုးသို့ ရောက်ကြောင်းအကျင့်ကို ဟုတ်တိုင်းမှန်စွာ သိသော ဉာဏ်၊
၄။ အမျိုးမျိုးသော ဓာတ်, အမျိုးမျိုးသော ဓာတ်ရှိသော လောကကို ဟုတ်တိုင်းမှန်စွာ သိသော ဉာဏ်၊
၅။ သတ္တဝါတို့၏ အမျိုးမျိုးသော နှလုံးသွင်းမှုကို ဟုတ်တိုင်းမှန်စွာ သိသော ဉာဏ်၊
၆။ တစ်ပါးသော ပုဂ္ဂိုလ်သတ္တဝါတို့၏ ဣန္ဒြေအနုအရင့်ကို ဟုတ်တိုင်းမှန်စွာ သိသော ဉာဏ်၊
၇။ ဈာန်, ဝိမောက္ခ, သမာဓိ, သမာပတ္တိတို့၏ ညစ်နွမ်းခြင်း, ဖြူစင်ခြင်း, ထခြင်းကို ဟုတ်တိုင်း မှန်စွာ သိသော ဉာဏ်၊
၈။ ရှေး၌ နေခဲ့ဖူးသော ခန္ဓာအစဉ်ကို အောက်မေ့ခြင်းကို ဟုတ်တိုင်း မှန်စွာ သိတော်မူသော ဉာဏ်၊
၉။ သတ္တဝါတို့၏ စုတေခြင်း, ပဋိသန္ဓေနေခြင်းကို ဟုတ်တိုင်းမှန်စွာ သိသော ဉာဏ်၊
၁၀။ အာသဝေါတရားတို့၏ ကုန်ရာ နိဗ္ဗာန်ကို ဟုတ်တိုင်းမှန်စွာ သိသော ဉာဏ်။ (မ၊၁၊၉၉။) (အံ၊၃၊၂၈၃။) (အဘိ၊ဝိ၊၃၂၉။) (ပေဋကော၊၁၉၀။) (သံ၊ဋ္ဌ၊၂၊၄၂။) (ဗုဒ္ဓဝံ၊ဋ္ဌ၊၄၂။) (သာရတ္ထ၊ဋီ၊၃၊၂၁၉။) (အဘိ၊ဝိ၊မြန်၊၂။၄၀၈။)♦

ဉာဏ်နှင့် ယှဉ်သော သမ္မာသမာဓိ ၅ ပါး

ဖြစ်စေအပ်သော တရား ၅ ပါး၊ ဥပ္ပါဒေတဗ္ဗတရား ၅ ပါးတို့နှင့် တူသည်။ ♦

ဉာဏ်ပညာ ကြီးရင့်ကြောင်း အင်္ဂါ ၈ ပါး

၁။ အသက်အရွယ် ကြီးရင့်ခြင်း၊
၂။ အခြံအရံ အကျော်အစော များခြင်း၊
၃။ အဖန်ဖန် မေးမြန်းခြင်း၊
၄။ ရေဆိပ်ပမာ ဆရာနှင့် ပေါင်းဖော်ခြင်း၊
၅။ သင့်လျော်သောအားဖြင့် နှလုံးသွင်းခြင်း၊
၆။ ဆွေးနွေးတိုင်ပင်ခြင်း၊
၇။ ချစ်ခင်သူနှင့် ပေါင်းသင်းရခြင်း၊
၈။ သင့်လျော်သော နေရာအရပ်ဌာန၌ နေရခြင်း။ (မိလိန္ဒ၊၁၀၀။) (မိလိန္ဒ၊ မြန်။၁၀၈။)♦

ဉာဏ်မျက်စိ ၅ မျိုး

ဉာဏစက္ခု ၅ မျိုးနှင့် တူသည်။ ♦

ဉာဏ်အမြင်သို့ ရောက်ခြင်း ၄ ပါး

ဒဿနသမာပတ္တိ ၄ ပါးနှင့် တူသည်။ ♦

ဉေယျဓမ် တရား ၅ ပါး

၁။ သင်္ခါရ- ပြုပြင်စီရင်တတ်သော သဘော၊
၂။ ဝိကာရ- ဖောက်ပြန် ပျက်စီးခြင်းသဘော၊
၃။ လက္ခဏ- မှတ်ကြောင်းသဘော၊
၄။ နိဗ္ဗာန- နိဗ္ဗာန်၊
၅။ ပညတ္တိ-အပြားအားဖြင့် ဟောပြ ပညတ်-သိမှတ်စေ-တတ်သော သဘော။ (ပဋိသံ၊ဋ္ဌ၊၁၊၅၄။)♦

ညစ်ညူးကြောင်း ၅ မျိုး

၁။ တိမ်တိုက်၊
၂။ ဆီးနှင်း၊
၃။ အခိုး၊
၄။ မြူ၊
၅။ ရာဟု။ (မ၊ဋ္ဌ၊၂၊၁၅၂။) (မ၊ဋ္ဌ၊၃၊၂၃၅။)♦

ညဉ့်ပြတ်ခြင်း ၂ မျိုး

၁။ ပရိဝါသ်နေသော ပုဂ္ဂိုလ်အား ပြတ်ခြင်း၊
၂။ မာနတ်ကျင့်သော ပုဂ္ဂိုလ်အား ပြတ်ခြင်း။ (ဝိ၊၅၊၂၁၅။) (ဝိ၊မြန်၊၅။၃၀၀။)♦

ညွှန်ကြားချက်ကြီး ၄ မျိုး

မဟာပဒေသ ၄ ပါးနှင့် တူသည်။ ♦

ညွှန်ပြအပ်သော ကပ္ပိယ ၂ မျိုး

၁။ ရဟန်းညွှန်ပြအပ်သော ကပ္ပိယ၊
၂။ တမန်ညွှန်ပြအပ်သော ကပ္ပိယ။ (ဝိ၊ဋ္ဌ၊၂၊၂၅၄။)♦

ညှဉ်းဆဲတတ်သော တရား ၃ ပါး

၁။ ရာဂဟူသော ညှဉ်းဆဲတတ်သော တရား၊
၂။ ဒေါသဟူသော ညှဉ်းဆဲတတ်သော တရား၊
၃။ မောဟဟူသော ညှဉ်းဆဲတတ်သော တရား။ (သံ၊၃၊၅၃။) (သံ၊မြန်၊၃။၅၇။)♦

ညှီစော်နံသော တရား ၁၄ ပါး

၁။ ကောဓော- အမျက်ဒေါသထွက်ခြင်း၊
၂။ မောသဝဇ္ဇံ- မုသား စကားကို ပြောဆိုခြင်း၊
၃။ နိကတိ-ကောက်ကျစ်စဉ်းလဲခြင်း၊
၄။ ဒုဗ္ဘော- ပြစ်မှားတတ်ခြင်း၊
၅။ ကဒရိယတာ- နှမြောစေးနှဲခြင်း ဝန်တိုခြင်း၊
၆။ အတိမာနော- အလွန်မာန်မူခြင်း၊
၇။ ဥသူယာ-ငြူစူ စောင်းမြောင်းခြင်း၊
၈။ ဣစ္ဆာ-အလိုရမ္မက်ကြီးခြင်း၊
၉။ ဝိဝိစ္ဆာ- အထူးထူး အပြားပြား တပ်မက်ခြင်း၊
၁၀။ ပရဟေဌနာ-သူတစ်ပါးတို့အား ညှဉ်းဆဲခြင်း၊
၁၁။ လောဘော- လိုချင်ခြင်း၊
၁၂။ ဒေါသော- စိတ်ဆိုးခြင်း၊
၁၃။ မောဟော- တွေဝေခြင်း၊
၁၄။ မဒေါ- မာန်ယစ်ခြင်း။ (ဒီ၊၂၊၁၉၅။) (ဒီ၊မြန်၊၂။၂၂၀။)♦

ညိုသောအဆင်း ၂ မျိုး

၁။ ကံသနီလ- ကြေးညိုအဆင်း၊
၂။ ပလာသနီလ- သစ်ရွက်ညို အဆင်း။ (ဝိ၊၂၊၁၅၉။) (ဝိ၊မြန်၊၂။၁၇၉။)♦

ညီညွတ်ကြောင်း တရား ၆ ပါး

၁။ သီတင်းသုံးဖော်တို့၏ အပေါ်ဝယ် မျက်မှောက် မျက်ကွယ် တို့၌ ကာယကံမေတ္တာဖြင့် ရှေးရှုတည်ခြင်း၊
၂။ သီတင်းသုံးဖော်တို့၏ အပေါ်ဝယ် မျက်မှောက် မျက်ကွယ်တို့၌ ဝစီကံမေတ္တာဖြင့် ရှေးရှုတည်ခြင်း၊
၃။ သီတင်းသုံးဖော်တို့၏ အပေါ်ဝယ် မျက်မှောက် မျက်ကွယ်တို့၌ မနောကံမေတ္တာဖြင့် ရှေးရှုတည်ခြင်း၊
၄။ တရားသဖြင့် ရအပ်သော ပစ္စည်းလေးပါးတို့ကို ခွဲခြား ခွဲခြား မပြုလုပ်ဘဲ သီလရှိသော သီတင်းသုံးဖော်တို့နှင့် အတူတကွ သုံးဆောင်ခြင်း၊
၅။ မိမိ၏ မကျိုးမပေါက် မပြောက်မကျားကုန်သော သမာဓိကို ဖြစ်စေ တတ်သော သီလတို့ဖြင့် မျက်မှောက်မျက်ကွယ်တို့၌ သီတင်းသုံးဖော်တို့၏ သီလနှင့် တူညီမျှသည်၏ အဖြစ်သို့ ရောက်၍ နေခြင်း၊
၆။ ဝဋ်ဆင်းရဲမှ ထုတ်ဆောင်တတ်သော နိယျာနိက အရိယဒိဋ္ဌိဖြင့် မျက်မှောက်မျက်ကွယ်တို့၌ သီတင်းသုံးဖော်တို့၏ အယူနှင့် တူညီမျှသည်၏ အဖြစ်သို့ ရောက်၍ နေခြင်း။ (မ၊၁၊၃၉၆။) (အံ၊၂၊၂၅၆။) (မ၊မြန်၊၁။၄၁၀။) (အံ၊မြန်၊၂။၃၃၂။)♦

ညောင်စောင်း ၄ မျိုး

၁။ မသာရက- အခြေ၌ အပေါင်တပ်သော ညောင်စောင်း၊
၂။ ဗုန္ဒိကာဗဒ္ဓ- အခြေ၌ ဖွဲ့စပ်အပ်သော အပေါင်ရှိသော ညောင်စောင်း၊
၃။ ကုဠီရပါဒက- ပုဇွန်ခြေသဏ္ဌာန်, မြင်းခြေသဏ္ဌာန် အခြေရှိသော ညောင်စောင်း၊
၄။ အာဟစ္စပါဒက- အပေါင်၌ ထွင်း၍ သွင်းအပ်သော အခြေရှိသော ညောင်စောင်း။ (ဝိ၊၂၊၅၈။) (ဝိ၊ဋ္ဌ၊၄၊၇၆။) (ဝိ၊မြန်၊၂။၆၅။)♦

ဌာန ၄ မျိုး

၁။ စိတ်နှလုံးကို မတိုးပွားစေဘဲ ပြုအပ်သည်ရှိသော် အကျိုးစီးပွားမဲ့ခြင်းငှာ ဖြစ်သော ဌာန၊
၂။ စိတ်နှလုံးကို မတိုးပွားစေသော်လည်း ပြုအပ်သည်ရှိသော် အကျိုးစီးပွား ဖြစ်ထွန်းသော ဌာန၊
၃။ စိတ်နှလုံးကို တိုးပွားစေသော်လည်း ပြုအပ်သည်ရှိသော် အကျိုးစီးပွားမဲ့ခြင်းငှာ ဖြစ်သော ဌာန၊
၄။ စိတ်နှလုံးကို တိုးပွားစေလျက် ပြုအပ်သည်ရှိသော် အကျိုးစီးပွား ဖြစ်ထွန်းသော ဌာန။ (အံ၊၁၊၄၃၃။) (အံ၊မြန်၊၁။၄၄၆။)♦