မာတိကာသို့ ခုန်သွားရန်

ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်-ပဖဗဘမ

ဝီကီရင်းမြစ် မှ
6145ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်-ပဖဗဘမ — ဓမ္မဗိမာန်စာပေပညာရှင်များ

ပကပ္ပနာ ၂ မျိုး

၁။ တဏှာပကပ္ပနာ- တဏှာဟူသော ကြံစည်ပြုမူခြင်း၊
၂။ ဒိဋ္ဌိပကပ္ပနာ- ဒိဋ္ဌိ ဟူသော ကြံစည်ပြုမူခြင်း။ (မဟာနိ၊၅၅။) (မဟာနိ၊၂၄၅။)♦

ပကုဓကစ္စာယနတိတ္ထိဆရာကြီး၏ဝါဒ ကာယ ၇ ပါး

၁။ ပထဝီကာယ၊
၂။ အာပေါကာယ၊
၃။ တေဇောကာယ၊
၄။ ဝါယောကာယ၊
၅။ သုခကာယ၊
၆။ ဒုက္ခကာယ၊
၇။ ဇီဝကာယ။ (ဒီ၊၁၊၅၂။) (ဒီ၊မြန်၊၁။၆၃။)♦

ပက္ကမနသိက္ခာပုဒ်၌ အင်္ဂါ ၂ ပါး

၁။ ဝိနိစ္ဆယကထာသည် ဓမ္မကံဖြစ်ခြင်း၊
၂။ ထိုသို့သိလျက် ကံမှစ၍ တူညီသော တစ်ခုတည်းသော သိမ်၌ တည်လျက် နှစ်ထောင့်ထွာ ဟတ္ထပါသ်ကို စွန့်ခြင်း။ (ဝိမတိ၊၂၊၅၃။)♦

ပက္ခိကဘတ် ၄ မျိုး

၁။ တစ်ဆယ့်လေးရက်မြောက်နေ့၌ လှူအပ်သော ဆွမ်း၊
၂။ တစ်ဆယ့်ငါးရက် မြောက်နေ့၌ လှူအပ်သော ဆွမ်း၊
၃။ ငါးရက်မြောက်နေ့၌ လှူအပ်သော ဆွမ်း၊
၄။ ရှစ်ရက် မြောက်နေ့၌ လှူအပ်သော ဆွမ်း။ (ဝိ၊ဋ္ဌ၊၄၊၁၀၃။)♦

ပဂ္ဂဟ ၂ မျိုး

ချီးမြှောက်ခြင်း ၂ မျိုးနှင့် တူသည်။ ♦

ပစ္စည်း ၄ ပါး

၁။ ဆွမ်း၊
၂။ ကျောင်း၊
၃။ သင်္ကန်း၊
၄။ ဆေး။ (သုတ္တနိ၊ဋ္ဌ၊၂၊၁၀၆။)♦

ပစ္စတ္ထိက ၂ မျိုး

ရန်သူ ၂ မျိုးနှင့် တူသည်။ ♦

ပစ္စန္တရစ်ရဟန်းတို့အတွက် လျှောက်ထားသော ဆု ၅ ပါး (ပစ္စန္တရစ်ရဟန်းတို့အတွက် ဘုရားရှင် ထံမှ သောဏကုဋိကဏ္ဏမထေရ် လျှောက်ထားသော ဆု ၅ ပါး)

၁။ ဝိနည်းဓိုရ်ရဟန်း အပါအဝင် ရဟန်းငါးပါးအပေါင်းဖြင့် ရဟန်းခံနိုင်ခြင်း၊
၂။ အမြဲ ရေချိုးနိုင်ခြင်း၊
၃။ သားရေအခင်း ဆောင်နိုင်ခြင်း၊
၄။ အထပ်များသော ဖိနပ်ကို စီးနိုင်ခြင်း၊
၅။ တိစီဝရိက်သင်္ကန်းဆောင် ရဟန်းသည် တိစီဝရိက် သင်္ကန်းနှင့် ကင်းကွာ၍ နေနိုင်ခြင်း။ (အံ၊ဋီ၊၁၊၁၆၇။)♦

ပစ္စယပရိဂ္ဂဟပညာ၏ ဓမ္မဋ္ဌိတိဉာဏ် မည်ကြောင်း ၉ ပါး

၁။ အဝိဇ္ဇာကြောင့် သင်္ခါရတို့၏ ဖြစ်ပေါ်ခြင်း (ဥပ္ပါဒဋ္ဌိတိ)၊
၂။ ဖြစ်ပွားလျက် တည်ခြင်း(ပဝတ္တဋ္ဌိတိ)၊
၃။ အကြောင်းဖြစ်လျက် တည်ခြင်း (နိမိတ္တဋ္ဌိတိ)၊
၄။ အားထုတ်လျက် တည်ခြင်း(အာယူဟနဋ္ဌိတိ)၊
၅။ ဆက်စပ်လျက် တည်ခြင်း (သညောဂဋ္ဌိတိ)၊
၆။ ကြောင့်ကြလျက် တည်ခြင်း (ပလိဗောဓဋ္ဌိတိ)၊
၇။ မူလ အကြောင်းဖြစ်၍ တည်ခြင်း (သမုဒယဋ္ဌိတိ)၊
၈။ ဇနကအကြောင်းဖြစ်၍ တည်ခြင်း (ဟေတု ဋ္ဌိတိ)၊
၉။ ဥပထမ္ဘကအကြောင်းဖြစ်၍ တည်ခြင်း (ပစ္စယဋ္ဌိတိ)။ (ပဋိသံ၊၄၈။) (ပဋိသံ၊ မြန်။၆၄။)♦

ပစ္စဝေက္ခဏာ ဆင်ခြင်ရမည့် အချိန်အခါ ၂ မျိုး

၁။ ပစ္စည်းလေးပါးကို ရလာသော အခါ၌ ဆင်ခြင် ရခြင်း၊
၂။ ပစ္စည်းလေးပါးကို သုံးဆောင်သော အခါ၌ ဆင်ခြင်ရခြင်း။ (ဝိသုဒ္ဓိ၊၁၊၄၁။)♦

ပစ္စဝေက္ခဏာဉာဏ် ၁၉ တန်

၁။ သောတာပန်ပုဂ္ဂိုလ်၏ မဂ်ကို ဆင်ခြင်သော ဉာဏ်၊
၂။ သောတာပန် ပုဂ္ဂိုလ်၏ ဖိုလ်ကို ဆင်ခြင်သော ဉာဏ်၊
၃။ သောတာပန်ပုဂ္ဂိုလ်၏ ပယ်ပြီးကိလေသာကို ဆင်ခြင်သော ဉာဏ်၊
၄။ သောတာပန်ပုဂ္ဂိုလ်၏ ကြွင်းသော ကိလေသာကို ဆင်ခြင်သော ဉာဏ်၊
၅။ သောတာပန်ပုဂ္ဂိုလ်၏ နိဗ္ဗာန်ကို ဆင်ခြင်သော ဉာဏ်၊ ထို့အတူ သကဒါဂါမ်ပုဂ္ဂိုလ်၌လည်း ငါးပါး၊ အနာဂါမ်ပုဂ္ဂိုလ်၌လည်း ငါးပါး၊ ရဟန္တာပုဂ္ဂိုလ်၌ ကြွင်းကျန်သေးသော ကိလေသာ မရှိတော့သဖြင့် ထိုကြွင်းကျန်သော ကိလေသာကို ဆင်ခြင်သော ဉာဏ်ကြဉ် ကျန်လေးပါး ပေါင်း ၁၉ပါး။ (ပဋိသံ၊ဋ္ဌ၊၁၊၂၈။)♦

ပစ္စုပ္ပန် ၃ မျိုး

၁။ ဥပါဒ်ခဏ, ဌီခဏ, ဘင်ခဏ ဟူသော ခဏပစ္စုပ္ပန်၊
၂။ ရုပ်အစဉ်အတန်း နာမ်အစဉ်အတန်းဟူသော သန္တတိပစ္စုပ္ပန်၊
၃။ ပဋိသန္ဓေမှ စုတိတိုင်အောင်သော အချိန်ကာလ ဟူသော အဒ္ဓါပစ္စုပ္ပန်။ (ဝိ၊ဋ္ဌ၊၂၊၃၉။) (အဘိ၊ဋ္ဌ၊၁၊၄၄၅။) (ဝိသုဒ္ဓိ၊၂၊၆၁။)♦

ပစ္စုပ္ပန်ကာလ ပစ္စည်း ၁၅ ပစ္စည်း

၁။ ဟေတုပစ္စည်း၊
၂။ သဟဇာတပစ္စည်း၊
၃။ အညမည ပစ္စည်း၊
၄။ နိဿယပစ္စည်း၊
၅။ ပုရေဇာတပစ္စည်း၊
၆။ ပစ္ဆာဇာတပစ္စည်း၊
၇။ ဝိပါကပစ္စည်း၊
၈။ အာဟာရပစ္စည်း၊
၉။ ဣန္ဒြိယပစ္စည်း၊
၁၀။ ဈာနပစ္စည်း၊
၁၁။ မဂ္ဂပစ္စည်း၊
၁၂။ သမ္ပယုတ္တ ပစ္စည်း၊
၁၃။ ဝိပ္ပယုတ္တပစ္စည်း၊
၁၄။ အတ္ထိပစ္စည်း၊
၁၅။ အဝိဂတပစ္စည်း။ (အဘိ၊ဋ္ဌ၊၃၊၃၅၃။)♦

ပစ္စုပ္ပန်ကာလကို အကြောင်းပြု၍ ဖြစ်သော ယုံမှားခြင်း ၆ မျိုး

၁။ ငါသည် ဖြစ်ဆဲသလော၊
၂။ ငါသည် ဖြစ်ဆဲ မဟုတ်သလော၊
၃။ ငါသည် အဘယ့်ကြောင့် ဖြစ်သနည်း၊
၄။ ငါသည် အဘယ်ပုံ အဘယ်နည်းဖြင့် ဖြစ်သနည်း၊
၅။ ဤသတ္တဝါသည် အဘယ်ဘဝမှ လာလေသနည်း၊
၆။ ထိုသတ္တဝါသည် အဘယ်ဘဝသို့ သွားရဦးမည်နည်း။ (စူဠနိ၊ဋ္ဌ၊၉၅။)♦

ပစ္စုပ္ပန်ကာလဘေဒ၌ ဝါရ ၃ မျိုး

၁။ ပုဂ္ဂလဝါရ၊
၂။ ဩကာသဝါရ၊
၃။ ပုဂ္ဂလောကာသဝါရ။ (အဘိ၊ဋ္ဌ၊၃၊၂၉၇။)♦

ပစ္စေကဗုဒ္ဓါတို့ သီတင်းသုံးတော်မူရာ ဌာန ၃ ခု

၁။ ဟိမဝန္တာ နန္ဒမူချောက်ကမ်း၌ ရှိသော ရွှေလိုဏ်ဂူ၊
၂။ ဟိမဝန္တာ နန္ဒမူချောက်ကမ်း၌ ရှိသော ပတ္တမြားလိုဏ်ဂူ၊
၃။ ဟိမဝန္တာ နန္ဒမူ ချောက်ကမ်း၌ ရှိသော ငွေလိုဏ်ဂူ။ (အပ၊ဋ္ဌ၊၁၊၁၇၀။)♦

ပစ္စေကဗုဒ္ဓါလောင်းလျာများ ဆုတောင်းပြည့်ကြောင်း ၅ ပါး

၁။ မနုဿတ္တံ- လူသားစင်စစ် ဖြစ်ရခြင်း၊
၂။ လိင်္ဂသမ္ပတ္တိ- ပုရိသလိင်နှင့် ပြည့်စုံရခြင်း (ယောကျ်ားစင်စစ် ဖြစ်ရခြင်း)၊
၃။ ဝိဂတာသဝ ဒဿနံ- သဗ္ဗညုဘုရားရှင်, ပစ္စေကဗုဒ္ဓါ, ဘုရားရှင်တို့၏ တပည့်သာဝက တစ်ပါးပါးကို ဖူးမြင်ရခြင်း၊
၄။ အဓိကာရော- ကိုယ်အသက်ကို စွန့်လှူခြင်းဟု ဆိုအပ်သော လွန်ကဲသော ကုသိုလ်ကောင်းမှု ရှိရခြင်း၊
၅။ ဆန္ဒတာ- ပစ္စေကဗုဒ္ဓါဖြစ်ကြောင်း ကောင်းမှုပါရမီတို့ကို ဖြည့်ကျင့်ရာ၌ လွန်ကဲသော သမ္မာဆန္ဒ ရှိခြင်း။ (သုတ္တနိ၊ဋ္ဌ၊၁၊၄၆။) (အပ၊ဋ္ဌ၊၁၊၁၅၈။)♦

ပစ္ဆိမသာဝက ၃ မျိုး

၁။ ဘုရားရှင် သက်ရှိထင်ရှားရှိစဉ် ရှင်ပြု၍ နောက်ပိုင်း၌ ရဟန်းပြု၍ ကမ္မဋ္ဌာန်း ယူ၍ အရဟတ္တဖိုလ်သို့ ရောက်သော တပည့်သာဝက၊
၂။ ဘုရားရှင် သက်ရှိထင်ရှားရှိစဉ် ရှင်,ရဟန်းပြု၍ နောက်ပိုင်း၌ ကမ္မဋ္ဌာန်းယူ၍ အရဟတ္တဖိုလ်သို့ ရောက်သော တပည့်သာဝက၊
၃။ ဘုရားရှင် သက်ရှိထင်ရှားရှိစဉ် ရှင်, ရဟန်းအဖြစ်ရ၍ ကမ္မဋ္ဌာန်းယူ၍ နောက်ပိုင်း၌ အရဟတ္တ ဖိုလ်သို့ ရောက်သော တပည့်သာဝက။ (ဒီ၊ဋ္ဌ၊၂၊၁၈၂။) (ဒီ၊ဋ္ဌ၊မြန်၊၂။၃၄၂။)♦

ပစ်ခတ်ခြင်း ၄ မျိုး

၁။ ဩမဋ္ဌ- အပေါ်၌ တည်၍ အောက်သို့ ရှေးရှု့၍ ပစ်ခတ်ခြင်း၊
၂။ ဥမ္မဋ္ဌ- အောက်၌ တည်၍ အပေါ်သို့ ရှေ့ရှု့၍ ပစ်ခတ်ခြင်း၊
၃။ မဋ္ဌ- ထိုးဖောက်၍ ပစ်ခတ်ခြင်း၊
၄။ ဝိမဋ္ဌ- အမျိုးမျိုးအဖုံဖုံ ပစ်ခတ်ခြင်း။ (သံ၊ဋ္ဌ၊၁၊၄၆။)♦

ပစ်လွှတ်၍ သတ်ခြင်း၌ ပယောဂ ၂ မျိုး

၁။ ဥဒ္ဒိဿ- ရည်ရွယ်သည့်အတိုင်း ဖြစ်သော ပယောဂ၊
၂။ အနုဒ္ဒိဿ- မရည်ရွယ်ဘဲ ဖြစ်သွားသော ပယောဂ၊ (ဝိ၊ဋ္ဌ၊၂၊၄၃။)♦

ပဉ္စကင်္ဂ လက်သမားဆရာကြီး၏ ပစ္စည်း ၅ မျိုး

၁။ ဝါသိ- ပဲခွပ်၊
၂။ ဖရသု- ပုဆိန်၊
၃။ နိခါဒန- ဆောက်၊
၄။ ဒဏ္ဍမုဂ္ဂရ- လက်ရိုက်တင်းပုတ်၊
၅။ ကာဠသုတ္တနာဠိ- ကြိုးမည်း ထည့်ရာ ကျည်တောက်။ (သံ၊ဋ္ဌ၊၃၊၁၂၀။)♦

ပဉ္စင်္ဂိကမဂ် ၅ ပါး

၁။ သမ္မာဒိဋ္ဌိ၊
၂။ သမ္မာသင်္ကပ္ပ၊
၃။ သမ္မာဝါယာမ၊
၄။ သမ္မာသတိ၊
၅။ သမ္မာ သမာဓိ။ (အဘိ၊ဝိ၊၂၄၇-၂၄၈-၂၄၉။) (အဘိ၊ဝိ၊မြန်၊၂။၂၅၆။)♦

ပဉ္စဝဂ္ဂီ ၅ ဦး

၁။ အရှင်ကောဏ္ဍည၊
၂။ အရှင်ဘဒ္ဒိယ၊
၃။ အရှင်ဝပ္ပ၊
၄။ အရှင်မဟာနာမ၊
၅။ အရှင် အဿဇိ။ (ပဋိသံ၊ဋ္ဌ၊၂၊၂၁၄။)♦

ပညတ္တိ ၆ ပါး

၁။ ခန္ဓပညတ္တိ၊
၂။ အာယတနပညတ္တိ၊
၃။ ဓာတုပညတ္တိ၊
၄။ သစ္စပညတ္တိ၊
၅။ ဣန္ဒြိယပညတ္တိ၊
၆။ ပုဂ္ဂလပညတ္တိ။ (အဘိ၊ပု၊၁၀၁။) (အဘိ၊ပု၊မြန်။၁။)♦

ပညတ္တိ ၉ ပါး

၁။ ပညတ္တိ၊
၂။ အနုပညတ္တိ၊
၃။ အနုပ္ပန္နပညတ္တိ၊
၄။ သဗ္ဗတ္ထပညတ္တိ၊
၅။ ပဒေသ ပညတ္တိ၊
၆။ သာဓာရဏပညတ္တိ၊
၇။ အသာဓာရဏပညတ္တိ၊
၈။ ဧကတောပညတ္တိ၊
၉။ ဥဘတော ပညတ္တိ။ (ဝိ၊၅၊၁။) (ဝိ၊၅၊၁၁။) (ဝိ၊၅၊၅။) (ဝိ၊၅၊၉၆။) (ဝိ၊မြန်၊၅၊၁၊၈၊၁၈၊၁၃၉။) (ဝိ၊မြန်၊၅၊၁၊၈၊ ၁၈၊၁၃၉။) (ဝိ၊မြန်၊၅၊၁၊၈၊၁၈၊၁၃၉။) (ဝိ၊မြန်၊၅၊၁၊၈၊၁၈၊၁၃၉။)♦

ပညတ် ၃ ပါး

၁။ မူလပညတ်၊၂။ အနုပညတ်၊၃။အနုပ္ပန္နပညတ်။(တစ်နည်း)
သဗ္ဗတ္ထ ပညတ်၊၂။ ပဒေသပညတ်၊၃။သာဓာရဏပညတ်။(တစ်နည်း)
သာဓာရဏပညတ်၊
၂။ ဧကတောပညတ်၊
၃။ ဥဘတောပညတ်။ (ဝိ၊၅၊၂၁၈။) (ဝိ၊မြန်၊၅။၃၀၄။)♦

ပညတ် ၆ ပါး

၁။ ဥပါဒါပညတ်- လ နေတို့၏ လှည့်ပတ်ခြင်း အစရှိသည်တို့ကို စွဲမှီ၍ နံနက် အစရှိသော အခါ, အရှေ့အစရှိသော အရပ် ဤသို့အစရှိသည်တို့ကို စွဲမှီ၍ ပညတ်အပ်သော အနက်၊၂။ ဥပနိဓာပညတ်- ပထမအနက်, ဒုတိယအနက် အစရှိသည်တို့ကို ထောက်ဆ၍ ဒုတိယ, တတိယ ဤသို့ အစရှိသောအားဖြင့် သိစေတတ်သော နာမပညတ်၊
၃။ သမောဓာန ပညတ်- ထိုထို ဒဏ္ဍ, ပဒ, ဓည, ပုပ္ဖ အစရှိသောဝတ္ထုတို့၏ အပေါင်းအစုကို စိတ်ဖြင့် ရှုငဲ့၍ သုံးချောင်းသော တုတ်, ရှစ်ကွက်ရှိသော ပျဉ်ချပ်, စပါးတို့၏ အစု, ပန်းတို့၏ အစု ဤသို့ အစရှိသော အပေါင်းအစုကို ရှုငဲ့၍ ဆိုအပ်သော ပညတ်၊
၄။ ဥပနိက္ခိတ္တပညတ်- ရှေးရှေး၌ ဖြစ်သော တစ်ခု, နှစ်ခုစသော အရာဝတ္ထု၏အနီး၌ ကပ်ထား၍ ထောက်စာ၍ နှစ်ခု သုံးခု လေးခု ဤသို့အစရှိသော ရှေးရှေးအရာဝတ္ထု၏ အနီး၌ ကပ်ထား၍ ဆိုအပ်သော ပညတ်၊
၅။ တဇ္ဇာပညတ်- ထိုထိုတရားသဘောကို ထောက်စာ၍ စိတ်ဖြင့် ရှုငဲ့၍ ပထဝီဓာတ်, တေဇောဓာတ် ဤသို့အစရှိသော ထိုပရမတ္ထအားလျော်စွာ ဖြစ်သော ပညတ်၊
၆။ သန္တတိပညတ်- ရုပ်နာမ်ခန္ဓာအစဉ် မပြတ်ခြင်းကို ငဲ့၍ ထောက်စာ၍ အသက်ရှစ်ဆယ်ရှိသူ, အသက် ကိုးဆယ်ရှိသူ, ဤသို့အစရှိသော ရုပ်နာမ်ခန္ဓာအစဉ်ကို စွဲ၍ြုဖစ်သော ပညတ်။ (အဘိ၊ဋ္ဌ၊၃၊၂၆။)♦

ပညတ် ၆ ပါး (တစ်နည်း)

၁။ ကိစ္စပညတ်- ခန္ဓကဘာဏက, ဓမ္မကထိက ဤသို့အစရှိသော ကိစ္စ၏ အစွမ်းဖြင့် သိစေတတ်သော နာမပညတ်၊
၂။ သဏ္ဌာနပညတ်- ကြုံလှီ ပိန်ချုံးသော ပုဂ္ဂိုလ်, သေးငယ်သော တုတ်, ဝဖြိုးသော ပုဂ္ဂိုလ်, တုတ်သော ဒုတ် ဤသို့အစရှိသော ပုံသဏ္ဌာန်၏ အစွမ်းဖြင့် သိစေတတ်သော နာမပညတ်၊
၃။ လိင်္ဂပညတ်- မိန်းမ, ယောကျ်ား ဤသို့အစရှိသော လိင်၏ အစွမ်းဖြင့် သိစေတတ်သော နာမပညတ်၊
၄။ ဘူမိပညတ်- ကာမာဝစရတရားတို့, ရူပါဝစရတရားတို့, အရူပါဝစရတရားတို့, ကောသလတိုင်း၌ နေသူလူတို့, မဓုရာမြို့၌ နေသူ လူတို့ ဤသို့အစရှိသော ဘုံ၏အစွမ်းအားဖြင့် သိစေတတ်သော နာမပညတ်၊
၅။ ပစ္စတ္တပညတ်- တိဿ, နာဂ, သုမန ဤသို့အစရှိသော မိမိ၏နာမည်ကို ပြုခြင်းမျှ၏အစွမ်းဖြင့် သိစေ တတ်သော နာမပညတ်၊
၆။ အသင်္ခတပညတ်- သင်္ခါရတရားတို့၏ ချုပ်ကြောင်းနိဗ္ဗာန်, သင်္ခါရတရားတို့၏ ငြိမ်းကြောင်းနိဗ္ဗာန် ဤသို့အစရှိသော အသင်္ခတ တရားကို သိစေတတ်သော နာမည်ပညတ်။ (အဘိ၊ဋ္ဌ၊၃၊၂၈။)♦

ပညတ် ၆ ပါး (အဋ္ဌကထာနည်း)

၁။ ဝိဇ္ဇမာနပညတ်- ပရမတ္ထအားဖြင့် ထင်ရှားရှိသော အနက် အားဖြင့် သိစေခြင်း, သိစေကြောင်း နာမည်, ပညတ်ထားခြင်း, ပညတ်ထားကြောင်း နာမည်၊
၂။ အဝိဇ္ဇမာနပညတ်- ပရမတ္ထအားဖြင့် ထင်ရှားမရှိသော လောက၌ ထုတ်ဖော်ပြောဆို အပ်သော နာမည်မျှဖြင့် ပြီးစီးသော မိန်းမယောကျ်ား အစရှိသော အနက်အားဖြင့် သိစေခြင်း, သိစေကြောင်း နာမည်၊
၃။ ဝိဇ္ဇမာနေန အဝိဇ္ဇမာနပညတ်- သုံးပါးသော ဝိဇ္ဇာရှိသော ပုဂ္ဂိုလ်, ခြောက်ပါးသော အဘိညာဉ်ရှိသော ပုဂ္ဂိုလ်, ဤသို့ အစရှိသော စကားရပ်တို့၌ ပရမတ္ထ အားဖြင့် ထင်ရှားရှိသော ဝိဇ္ဇာ, အဘိညာဉ်ဖြင့် ပရမတ္ထအားဖြင့် ထင်ရှားမရှိသော ပုဂ္ဂိုလ်ကို သိစေကြောင်း ပညတ်၊
၄။ အဝိဇ္ဇမာနေန ဝိဇ္ဇမာနပညတ်- မိန်းမ၏အဆင်း, ယောကျ်ား၏ အဆင်း ဤသို့အစရှိသော ပုဒ်တို့၌ ပရမတ္ထအားဖြင့် ထင်ရှားမရှိသော မိန်းမ, ယောက်ျား, ပရမတ္ထအားဖြင့် ထင်ရှားရှိသော အဆင်းအားဖြင့် သိစေကြောင်း ပညတ်၊
၅။ ဝိဇ္ဇမာနေန ဝိဇ္ဇမာနပညတ်- စက္ခုပသာဒ၌ မှီသော သမ္ဖဿ, သောတပသာဒ၌ မှီသော သမ္ဖဿ ဤသို့အစရှိသော ပုဒ်တို့၌ ပရမတ္ထအားဖြင့် ထင်ရှားရှိသော စက္ခုပသာဒ, သောတပသာဒ အစရှိသော တရားဖြင့် ပရမတ္ထအားဖြင့် ထင်ရှားရှိသော သမ္ဖဿကို သိစေကြောင်း ပညတ်၊
၆။ အဝိဇ္ဇမာနေန အဝိဇ္ဇမာနပညတ်- ခတ္တိယ၏သား, ပုဏ္ဏား၏သား ဤသို့ အစရှိသော ပုဒ်တို့၌ ပရမတ္ထအားဖြင့် ထင်ရှားမရှိသော ခတ္တိယ, ပုဏ္ဏားဖြင့် ပရမတ္ထအားဖြင့် ထင်ရှား မရှိသော သားကို သိစေကြောင်း ပညတ်။ (အဘိ၊ဋ္ဌ၊၃၊၂၆။)♦

ပညတ်၂ ပါး

၁။ ပါတိမောက်၌ သရုပ်အားဖြင့် လာသော အာပတ်စု ငါးမျိုးသည် သဥဒ္ဒေသ ပညတ်၊
၂။ ပါတိမောက်၌ သရုပ်အားဖြင့် မပြသော အာပတ်စုသည် အနုဒ္ဒေသပညတ်။ (ဝဇိရ၊၆၉။)♦

ပညတ်ချက် ၃ ပါး (မကောင်းမှုကို ပြုခြင်းနှင့်စပ်၍ ဘုရားရှင်၏ ပညတ်ချက် ၃ ပါး)

၁။ ကိုယ်ဖြင့် ပြုအပ်သော မကောင်းမှု ကာယကံ၊
၂။ နှုတ်ဖြင့် ပြုအပ်သော မကောင်းမှု ဝစီကံ၊
၃။ စိတ်ဖြင့် ပြုအပ်သော မကောင်းမှု မနောကံ။ (မ၊၂၊၃၆။) (မ၊မြန်၊၂။၄၁။)♦

ပညာ ၂ မျိုး

၁။ သူတစ်ပါးမှ ကြားအပ်သော အသံကြောင့် ဖြစ်ပေါ်သော ပညာ- သုတမယီ ပညာ၊
၂။ သင့်လျော်သောအားဖြင့် နှလုံးသွင်းခြင်းကြောင့် ဖြစ်ပေါ်သော ပညာ- စိန္တာမယီ ပညာ။ (ပေဋကော၊၁၆၈။)♦

ပညာ ၂ မျိုး (တစ်နည်း)

၁။ သမာဓိပညာ၊
၂။ ဝိပဿနာပညာ။ (မ၊ဋ္ဌ၊၂၊၂၄၅။)♦

ပညာ ၃ မျိုး

၁။ ကျင့်ဆဲ (သေက္ခ) ပညာ၊
၂။ ကျင့်ပြီး (အသေက္ခ) ပညာ၊
၃။ ကျင့်ဆဲလည်း မဟုတ် ကျင့်ပြီးလည်းမဟုတ် (နေဝသေက္ခာနာသေက္ခ) ပညာ။ (ဒီ၊၃၊၁၈၃။) (ဒီ၊မြန်၊၃။၂၀၃။)♦

ပညာ ၃ မျိုး (တစ်နည်း)

၁။ အကြံဖြင့် ပြီးသော ပညာ၊
၂။ ကြားမြင်ခြင်းဖြင့် ပြီးသော ပညာ၊
၃။ ပွားများခြင်းဖြင့် ပြီးသော ပညာ။ (ဒီ၊၃၊၁၈၃။) (ဒီ၊မြန်၊၃။၂၀၃။)♦

ပညာ ၃ မျိုး (တစ်နည်း)

၁။ စိန္တာမယပညာ- သူတစ်ပါးတို့၏ အထံမှ သင်ယူ နာကြားခြင်း မရှိဘဲ မိမိ၏ ဉာဏ်ပညာဖြင့် ထိုးထွင်း ကြံစည်ခြင်း၏ အစွမ်းအားဖြင့် ဖြစ်ပေါ်သော ပညာ၊
၂။ သုတမယပညာ- သူတစ်ပါးတို့၏ အထံမှ သင်ကြားနာယူ ရသောကြောင့် ရရှိအပ်သော ပညာ၊
၃။ ဘာဝနာမယပညာ- ဘာဝနာ၏ အစွမ်းအားဖြင့် ပြီးသော အပ္ပနာသို့ ရောက်သော ပညာ။ (ပေဋကော၊၂၁၈။) (ဝိသုဒ္ဓိ၊၂၊၆၉။)♦

ပညာ ၅ မျိုး

၁။ ကံသာလျှင် မိမိဥစ္စာရှိသော သူ၏အဖြစ်ကို သိသောဉာဏ်- ကမ္မဿ ကတာပညာ၊
၂။ ဈာန ပညာ၊
၃။ ဝိပဿနာပညာ၊
၄။ မဂ်ပညာ၊
၅။ ဖိုလ်ပညာ။ (အံ၊ဋ္ဌ၊၁၊၃၇၈။)♦

ပညာကထာမှ ဖြစ်လာသော ဝိသုဒ္ဓိ ၅ ပါး

၁။ စင်ကြယ်သော နိဗ္ဗာန်သို့ ရောက်စေနိုင်သော ဉာဏ်အမြင်- ဒိဋ္ဌိဝိသုဒ္ဓိ၊၂၊ ယုံမှားခြင်းကို လွန်မြောက်၍ အဟေတုကဒိဋ္ဌိ ဝိသမဟေတုက ဒိဋ္ဌိတို့မှ စင်ကြယ်သော (ပစ္စယပရိဂ္ဂဟ) ဉာဏ်- ကင်္ခါဝိတရဏဝိသုဒ္ဓိ၊
၃။ လမ်းစဉ်မှန်, လမ်းစဉ်မှား, ကျင့်စဉ်မှန်, ကျင့်စဉ်မှားကို သိတတ်သော ဉာဏ်အမြင်၏ စင်ကြယ်ခြင်း- မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ၊
၄။ အရိယမဂ်သို့ ရောက်ကြောင်း အကျင့်ဖြစ်သည့် စင်ကြယ်သော ဉာဏ်အမြင်- ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ၊
၅။ ဆန့်ကျင်ဘက် အညစ်အကြေးကို စင်ကြယ် စေတတ်- သုတ်သင်တတ်သော ဉာဏ်အမြင်- ဉာဏဒဿန ဝိသုဒ္ဓိ။ (မ၊ဋ္ဌ၊၂၊၆၄။)♦

ပညာကျယ်ပြန့်ကြောင်း တရား ၄ ပါး

၁။ သူတော်ကောင်းကို မှီဝဲချဉ်းကပ်ခြင်း၊
၂။ သူတော်ကောင်း တရားကို ကြားနာခြင်း၊
၃။ သင့်လျော်သောအားဖြင့် နှလုံးသွင်းခြင်း၊
၄။ တရားအား လျော်သော အကျင့်ကို ကျင့်ခြင်း။ (သံ၊၃၊၃၅၉။) (သံ၊၃၊၃၆၁။) (အံ၊၁၊၅၆၇။)(အံ၊မြန်၊၁။၅၈၂။)(ပဋိသံ၊၃၇၀။) (သံ၊မြန်၊၃။၃၆၄၃၆၇။) (သံ၊မြန်၊၃။၃၆၄-၃၆၇။) (ပဋိသံ၊မြန်။၄၃၄။)♦

ပညာကြီးကြောင်း တရား ၄ ပါး

ပညာကျယ်ပြန့်ကြောင်း တရား ၄ ပါး၊ ဖိုလ်ကို မျက်မှောက် ပြုကြောင်း တရား ၄ ပါးတို့နှင့် တူသည်။ ♦

ပညာစက္ခု ၅ မျိုး

ဉာဏစက္ခု ၅ မျိုးနှင့် တူသည်။ ♦

ပညာပွားကြောင်း တရား ၄ ပါး

ပညာကျယ်ပြန့်ကြောင်း တရား ၄ ပါးနှင့် တူသည်။ ♦

ပညာဖြင့် တရားထူးရကြောင်း ၈ ပါး

၁။ အလေးအမြတ်ပြုအပ်သော ဆရာသမားများနှင့် သီတင်း သုံးဖော်များအပေါ်၌ ချစ်ကြောက်ရိုသေ လေးစားမှု ရှိရခြင်း၊
၂။ ထိုဆရာသမားများနှင့် သီတင်း သုံးဖော်များထံ အခါအားလျော်စွာ ချဉ်းကပ်၍ ယုံမှားဖွယ်ရှိသော တရားတို့၌ မေးမြန်းလျက် ယုံမှားမှုကို ပယ်ဖျောက်ရခြင်း၊
၃။ ကိုယ်စိတ်နှစ်ပါး ငြိမ်းအေးမှုနှင့် ပြည့်စုံခြင်း၊
၄။ ပါတိ မောက္ခသံဝရသီလနှင့် ပြည့်စုံလျက် သိက္ခာပုဒ်တို့၌ ဆောက်တည်၍ ကျင့်ရခြင်း၊
၅။ ပရိယတ္တိ ပဋိပတ္တိ ဗဟုသုတနှင့် ပြည့်စုံရခြင်း၊
၆။ အကုသိုလ်တရားတို့ကို ပယ်ရန်၊ ကုသိုလ်တရား တို့ကို ပြည့်စုံစေရန် ထက်သန်သော လုံ့လဝီရိယ ရှိရခြင်း၊
၇။ သံဃာ့အလယ်သို့ ရောက်သော အခါ တိရစ္ဆာနကထာများကို မပြောမူ၍ တရားစကားကိုသာ ပြောဆိုရခြင်း၊ သူတစ်ပါး ကိုလည်း တရားစကား ပြောဆိုစေလျက် နေခြင်း၊
၈။ ဥပါဒါနက္ခန္ဓာငါးပါးတို့၌ အဖြစ်အပျက်ကို အဖန်တလဲလဲ ရှု၍ နေရခြင်း။ (အံ၊၃၊၂၊၄။) (အံ၊မြန်၊၃။၄။)♦

ပညာများကြောင်းတရား ၄ ပါး

ပညာကျယ်ပြန့်ကြောင်း တရား ၄ ပါးနှင့် တူသည်။ ♦

ပညာရကြောင်းတရား ၄ ပါး

ပညာကျယ်ပြန့်ကြောင်း တရား ၄ ပါး၊ ဖိုလ်ကို မျက်မှောက် ပြုကြောင်း တရား ၄ ပါးတို့နှင့် တူသည်။ ♦

ပညာရကြောင်းတရား ၄ ပါး

၁။ ရဟန္တာပုဂ္ဂိုလ်တို့၏ နိဗ္ဗာန်ရောက်ကြောင်းတရားကို ယုံကြည်ခြင်း၊
၂။ ကောင်းစွာနာကြားခြင်း၊
၃။ မမေ့မလျော့ခြင်း၊
၄။ ဆင်ခြင်တတ်သော ပညာရှိခြင်း။ (သံ၊၁၊၂၁၇။)(သုတ္တနိ၊၃၀၇။)♦

ပညာရှိ ၂ မျိုး

၁။ ဝိနည်းမဟုတ်သည်၌ ဝိနည်းမဟုတ်ဟု အမှတ်ရှိသော ပုဂ္ဂိုလ်၊
၂။ ဝိနည်း ဟုတ်သည်၌ ဝိနည်းဟုတ်၏ဟု အမှတ်ရှိသော ပုဂ္ဂိုလ်။(တစ်နည်း)
မိမိအား မရောက်သော ဝန်ကို မရွက်ဆောင်သော ပုဂ္ဂိုလ်၊
၂။ မိမိအား ရောက်သော ဝန်ကို ရွက်ဆောင်သော ပုဂ္ဂိုလ်။ (တစ်နည်း)
မအပ်သည်၌ မအပ်ဟု အမှတ်ရှိသော ပုဂ္ဂိုလ်၊
၂။ အပ်သည်၌ အပ်၏ဟု အမှတ်ရှိသော ပုဂ္ဂိုလ်။(တစ်နည်း)
အာပတ်သင့်သည်၌ အာပတ်သင့်၏ဟု အမှတ်ရှိသော ပုဂ္ဂိုလ်၊
၂။ အာပတ်မသင့်သည်၌ အာပတ်မသင့်ဟု အမှတ်ရှိသော ပုဂ္ဂိုလ်။(တစ်နည်း)
တရားမဟုတ်သည်၌ တရားမဟုတ်ဟု အမှတ် ရှိသော ပုဂ္ဂိုလ်၊
၂။ တရားဟုတ်သည်၌ တရားဟုတ်၏ဟု အမှတ်ရှိသော ပုဂ္ဂိုလ်။(တစ်နည်း)
အပြစ်ကို အပြစ်အားဖြင့် ရှုမြင်တတ်သူ၊
၂။ အပြစ်ကို ဝန်ခံပြောကြားလာသော ပုဂ္ဂိုလ်အား တရားအားလျော်စွာ ခံယူသူ။ (ဝိ၊၅၊၂၁၅။) (အံ၊၁၊၆၁၊၈၃) (သံ၊၁၊၂၄၁။) (ဝိ၊မြန်၊၅။ ၃၀၁။) (အံ၊မြန်၊၁။၇၃၊၉၈) (သံ၊မြန်၊၁။၂၂၄။)♦

ပညာရှိ ၃ မျိုး

၁။ ပရိယတ္တိပဋိဘာနဝါ- ဘုရားရှင်၏ သုတ္တ, ဂေယျ ဝေယျာကရဏ စသော စာပေပရိယတ္တိကို တတ်သိ နားလည်သော ပညာရှိ၊
၂။ အကြောင်းအကျိုး ဌာနာဌာန စသည်ကို သိသော ပညာရှိ၊
၃။ အဓိဂမပဋိဘာနဝါ- လောကုတ္တရာ တရားထူးတို့ကို ထိုးသွင်း၍ သိသော ပညာရှိ။ (မဟာနိ၊၁၈၀။) (စူဠနိ၊၂၂၄။) (စူဠနိ၊၂၇၈။)♦

ပညာရှိ ဖြစ်ကြောင်း ၄ ပါး

၁။ သိမ်မွေ့သော အကြောင်းကို သိ၍ အကြားအမြင်များသော ပညာအားဖြင့် ကြီးသူတို့ကို မှီဝဲခြင်း၊
၂။ ပါဠိကို သင်ယူခြင်း၊
၃။ အနက်ကို အဖန်ဖန် မေးမြန်းခြင်း၊
၄။ ကောင်းစွာဟောအပ်သော တရားကို ရိုသေစွာ နာယူခြင်း။ (ဇာ၊၂၊၁၀။)(ဇာ၊ဋ္ဌ၊၅၊၁၅၇။)♦

ပညာရှိ ဖြစ်ကြောင်းတရား ၄ ပါး

ပညာရှိမည်ကြောင်း ၄ ပါးနှင့် တူသည်။ ♦

ပညာရှိ လက္ခဏာ ၃ ပါး

၁။ ကောင်းသော အကြံကို ကြံစည်လေ့ရှိခြင်း၊
၂။ ကောင်းသော စကားကို ပြောဆိုလေ့ရှိခြင်း၊
၃။ ကောင်းသော အမှုကို ပြုလေ့ရှိခြင်း။ (အံ၊၁၊၁၀၁။) (အံ၊မြန်၊၁။၁၁၉။) (ပဋိသံ၊ဋ္ဌ၊၂၊၂၄၃။) (နေတ္တိ၊ဋ္ဌ၊၁၄၈။)♦

ပညာရှိ သူတော်ကောင်းတို့ သတ်မှတ်အပ်သော တရား ၃ မျိုး

၁။ အလှူဒါန၊
၂။ ရှင်ရဟန်း ပြုခြင်း၊
၃။ အမိအဖတို့အား လုပ်ကျွေးပြုစုခြင်း။ (အံ၊၁၊၁၄၉။) (အံ၊မြန်၊၁။၁၆၈။)♦

ပညာရှိကြောင့် မဖြစ်ပေါ်သော တရား ၃ မျိုး

၁။ ကြောက်လန့်ခြင်းဘေးအားလုံး၊
၂။ မငြိမ်သက်ခြင်း ဥပဒ္ဒဝေါအားလုံး၊
၃။ စိတ်ဆင်းရဲခြင်း ဥပသဂ္ဂအားလုံး။ (အံ၊၁၊၁၀၀။) (အံ၊မြန်၊၁။၁၁၇။)♦

ပညာရှိတို့ ကဲ့ရဲ့ခြင်း ခံရကြောင်း တရား ၂ ပါး

၁။ ဉာဏ်ဖြင့် မသိမြင် မဆုံးဖြတ် မသက်ဝင် မပိုင်းခြားမူ၍ ကဲ့ရဲ့ထိုက်သူအား ချီးမွမ်းစကား ပြောဆိုခြင်း၊
၂။ ဉာဏ်ဖြင့် မသိမြင် မဆုံးဖြတ် မသက်ဝင် မပိုင်းခြားမူ၍ ချီးမွမ်းထိုက်သူအား ကဲ့ရဲ့စကား ပြောဆိုခြင်း။ (တစ်နည်း)
ဉာဏ်ဖြင့် မသိမြင် မဆုံးဖြတ် မသက်ဝင် မပိုင်းခြားမူ၍ မကြည်ညိုထိုက်သော အရာ၌ ကြည်ညိုမှုကို ဖြစ်စေခြင်း၊
၂။ ဉာဏ်ဖြင့် မသိမြင် မဆုံးဖြတ် မသက်ဝင် မပိုင်းခြားမူ၍ ကြည်ညိုထိုက်သော အရာ၌ မကြည်ညိုမှုကို ဖြစ်စေခြင်း။ (အံ၊၁၊၈၈။) (အံ၊မြန်၊၁။၁၀၃။)♦

ပညာရှိတို့ ကဲ့ရဲ့ထိုက်သူ ဖြစ်ကြောင်းတရား ၃ ပါး

၁။ ကိုယ်ဖြင့် ပြုအပ်သော မကောင်းသော အကျင့်ရှိခြင်း၊
၂။ နှုတ်ဖြင့် ပြုအပ်သော မကောင်းသော အကျင့်ရှိခြင်း၊
၃။ စိတ်ဖြင့် ပြုအပ်သော မကောင်းသော အကျင့်ရှိခြင်း။ (အံ၊၁၊၁၀၂။) (အံ၊မြန်၊၁။၁၂၀။)♦

ပညာရှိတို့ မကဲ့ရဲ့ထိုက်သူ ဖြစ်ကြောင်း တရား ၃ ပါး

၁။ ကိုယ်ဖြင့် ပြုအပ်သော ကောင်းသော အကျင့်၊
၂။ နှုတ်ဖြင့် ပြုအပ်သော ကောင်းသော အကျင့်၊
၃။ စိတ်ဖြင့် ပြုအပ်သော ကောင်းသော အကျင့်။ (အံ၊၁၊၁၀၂။) (အံ၊မြန်၊၁။၁၂၀။)♦

ပညာရှိတို့ မတားမြစ်အပ်သော သဒ္ဒါအမည် ၃ မျိုး

၁။ လွန်ပြီး ချုပ်ပြီး ဖောက်ပြန်ပြီးသော ရုပ်, ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ်၏ ဖြစ်ပြီးဟူသော အရေအတွက်, အမည်, ပညတ်၊
၂။ မဖြစ်သေး, မထင်ရှားသေးသော ရုပ်, ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ်၏ ဖြစ်လတ္တံ့ ဟူသော အရေအတွက်, အမည်, ပညတ်၊
၃။ ဖြစ်နေသော, ထင်ရှားနေသော ရုပ်, ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ်၏ ဖြစ်ဆဲဟူသော အရေအတွက်, အမည်, ပညတ်။ (သံ၊၂၊၅၉ ၆၀။) (သံ၊မြန်၊၂။၅၇။)♦

ပညာရှိတို့၏ ကဲ့ရဲ့ခြင်း ခံရကြောင်း အကျင့်မှား ၂ မျိုး

၁။ မြတ်စွာဘုရားအား သတ်ရန် ကြံစည်ခြင်း စသော မှားသော အကျင့်၊
၂။ မြတ်စွာဘုရား၏ တပည့်သာဝကတို့အား သင်းခွဲခြင်း သတ်ရန် ကြံစည်ခြင်း စသော မှားသော အကျင့်။(တစ်နည်း)
အမိအား ရိုက်နှက်သတ်ဖြတ်ခြင်း စသော မှားသော အကျင့်၊
၂။ အဖအား ရိုက်နှက် သတ်ဖြတ်ခြင်း စသော မှားသော အကျင့်။ (အံ၊၁၊၈၉။) (အံ၊မြန်၊၁။၁၀၄။)♦

ပညာရှိတို့၏ ကဲ့ရဲ့ခြင်း မခံရကြောင်း တရား ၂ ပါး

၁။ ဉာဏ်ဖြင့် သိမြင် ဆုံးဖြတ်၍ ဉာဏ်ဖြင့် သက်ဝင်ပိုင်းခြား၍ ကဲ့ရဲ့ထိုက်သူအား ကဲ့ရဲ့စကား ပြောဆိုခြင်း၊
၂။ ဉာဏ်ဖြင့် သိမြင် ဆုံးဖြတ်၍ ဉာဏ်ဖြင့် သက်ဝင်ပိုင်းခြား၍ ချီးမွမ်းထိုက်သူအား ချီးမွမ်းစကား ပြောဆိုခြင်း။(တစ်နည်း)
ဉာဏ်ဖြင့် သိမြင် ဆုံးဖြတ်၍ ဉာဏ်ဖြင့် သက်ဝင်ပိုင်းခြား၍ မကြည်ညိုထိုက်သော အရာ၌ မကြည်ညိုမှုကို ဖြစ်စေခြင်း၊
၂။ ဉာဏ်ဖြင့် သက်ဝင်ဆုံးဖြတ်၍ ဉာဏ်ဖြင့် သက်ဝင်ပိုင်းခြား၍ ကြည်ညိုထိုက်သော အရာ၌ ကြည်ညိုမှုကို ဖြစ်စေခြင်း။ (အံ၊၁၊၈၈။) (အံ၊မြန်၊၁။၁၀၃။)♦

ပညာရှိတို့၏ ကဲ့ရဲ့ခြင်း မခံရကြောင်း အကျင့်မှန် ၂ မျိုး

၁။ အမိအား လုပ်ကျွေးပြုစုခြင်း စသော မှန်သော အကျင့်၊
၂။ အဖအား လုပ်ကျွေးပြုစုခြင်း စသော မှန်သော အကျင့်၊ (တစ်နည်း)
မြတ်စွာဘုရားအား ပြုစုလုပ်ကျွေးခြင်း စသော မှန်သော အကျင့်၊
၂။ မြတ်စွာဘုရား၏ တပည့် သာဝကတို့အား ပြုစုလုပ်ကျွေးခြင်း စသော မှန်သော အကျင့်။ (အံ၊၁၊၈၉။) (အံ၊မြန်၊၁။၁၀၄။)♦

ပညာရှိတို့၏ စွန့်ခြင်း ၃ မျိုး

၁။ မြတ်သော ကိုယ်အင်္ဂါဟူသော အကြောင်းကြောင့် ဥစ္စာကို စွန့်ခြင်း၊
၂။ အသက်ဇီဝိတိန္ဒြေကို စောင့်ရှောက်လိုခြင်း အကြောင်းကြောင့် ကိုယ်အင်္ဂါကို စွန့်ခြင်း၊
၃။ သူတော်ကောင်းတရားကို အစဉ်အောက်မေ့သောကြောင့် ဥစ္စာကိုလည်းကောင်း ကိုယ်အင်္ဂါကို လည်းကောင်း အသက်ကိုလည်းကောင်း စွန့်ခြင်း။ (ဇာတက၊၂၊၁၄၅။)♦

ပညာရှိတို့၏နောက်သို့ အစဉ်လိုက်သော တရား ၃ ပါး

၁။ ကိုယ်ကျင့်သီလ၊
၂။ တင့်တယ်သော ကျက်သရေ၊
၃။ သူတော်ကောင်းတရားမြတ်။ (ဇာ၊၂၊၁၀။)(ဇာ၊ဋ္ဌ၊၅၊၁၅၇။)♦

ပညာရှိမည်ကြောင်း ၄ ပါး

၁။ ဓာတ်တို့၌ လိမ္မာကျွမ်းကျင်သူ ဖြစ်ခြင်း၊
၂။ အာယတနတို့၌ လိမ္မာ ကျွမ်းကျင်သူ ဖြစ်ခြင်း၊
၃။ ပဋိစ္စသမုပ္ပါဒ်တို့၌ လိမ္မာကျွမ်းကျင်သူ ဖြစ်ခြင်း၊
၄။ အရာ ဟုတ်သည် အရာမဟုတ်သည်(ဌာနာဌာန)တို့၌ လိမ္မာကျွမ်းကျင်ခြင်း။ (မ၊၃၊၁၀၇။) (မ၊ဋ္ဌ၊၁၊၃၈၂။) (မ၊ဋ္ဌ၊၄၊၅၆။) (ထေရ၊ဋ္ဌ၊၂၊၄၀၅။) (မ၊မြန်၊၃။၁၁၁။)♦

ပညာရှိရဟန်း ဖြစ်ကြောင်း ၄ မျိုး

ပညာရှိမည်ကြောင်း ၄ ပါးနှင့် တူသည်။ ♦

ပညာရှိသူအဖြစ် ၃ မျိုး

၁။ ကာယဒွါရ၌ ပညာရှိသူ၏အဖြစ်- ကာယမောနေယျ၊
၂။ ဝစီဒွါရ၌ ပညာရှိသူ၏အဖြစ်- ဝစီမောနေယျ၊
၃။ မနောဒွါရ၌ ပညာရှိသူ၏အဖြစ်- မနောမောနေယျ။ (အံ၊၁၊၂၇၆။) (အံ၊မြန်၊၁။၂၉၅။)♦

ပညာရှိဟု ထင်ရှားကြောင်း အပြုအမူ ၃ မျိုး

ပညာရှိလက္ခဏာ ၃ ပါးနှင့်တူသည်။ ♦

ပညာရှိဟု မှတ်ကြောင်း လက္ခဏာ ၃ မျိုး

ပညာရှိဟု ထင်ရှားကြောင်း အပြုအမူ ၃ မျိုးနှင့် တူသည်။ ♦

ပညာရှိဟု သိကြောင်း တရား ၃ ပါး

၁။ နက်နဲသော တရားကို စိတ်ဖြင့် ကြံစည်လျက် ဖြေဆိုခြင်းငှာ စွမ်းနိုင်ခြင်း၊
၂။ အစီးအပွားကို လွန်သော ရုန့်ရင်းကြမ်းတမ်းသော အမှုကို မပြုခြင်း၊
၃။ ပြုဖို့ရန် အခွင့်ရောက်လာသော စီးပွား၏ အကြောင်းကို မဆုတ်ယုတ်စေခြင်း။ (ဇာ၊၂၊၉။)(ဇာ၊ဋ္ဌ၊၅၊၁၅၅။)♦

ပညာရှိဟု သိကြောင်း အမှတ်နိမိတ် ၃ မျိုး

ပညာရှိဟု ထင်ရှားကြောင်း အပြုအမူ ၃ မျိုးနှင့် တူသည်။ ♦

ပညာရှိဟု သိကြောင်းတရား ၃ ပါး

၁။ ကိုယ်ဖြင့် ပြုအပ်သော ကောင်းသော အပြစ်မရှိသော အကျင့်- ကာယသုစရိုက်ရှိခြင်း၊
၂။ နှုတ်ဖြင့် ပြုအပ်သော ကောင်းသော အပြစ်မရှိသော အကျင့်- ဝစီသုစရိုက်ရှိခြင်း၊
၃။ စိတ်ဖြင့် ပြုအပ်သော ကောင်းသော အပြစ်မရှိသော အကျင့်- မနောသုစရိုက်ရှိခြင်း။ (တစ်နည်း)
မိမိအပြစ်ကို အပြစ်အားဖြင့် ရှုတတ်ခြင်း၊
၂။ မိမိ အပြစ်ကို အပြစ်အားဖြင့် ရှု၍ တရားအလျောက် ကုစားတတ်ခြင်း၊
၃။ သူတစ်ပါးက အပြစ်ကို ဝန်ခံပြောလာသော် တရားအလျောက် ခံယူတတ်ခြင်း၊ (တစ်နည်း။)
သင့်လျော်သော အကြောင်းအားဖြင့် အမေးပြဿနာကို ပြုတတ်ခြင်း၊
၂။ သင့်လျော်သော အကြောင်းအားဖြင့် အမေးပြဿနာကို ဖြေတတ်ခြင်း၊
၃။ သင့်လျော်သော အကြောင်းအားဖြင့် သူတစ်ပါး ဖြေဆိုအပ်သည်ကို ဝမ်းမြောက်ဝမ်းသာ ကောင်းချီးပေးတတ်ခြင်း၊ (တစ်နည်း)
ဆင်းရဲခြင်း မရှိသော ကာယကံ၊
၂။ ဆင်းရဲခြင်း မရှိသော ဝစီကံ၊
၃။ ဆင်းရဲခြင်းမရှိသော မနောကံ။ (အံ၊၁၊၁၀၀၊၁၀၁၊၁၀၂။) (အံ၊မြန်၊၁။၁၁၈၊၁၂၀။)♦

ပညာဝိမုတ္တပုဂ္ဂိုလ် ၅ ယောက်

၁။ ဈာန်မရရှိသော ရဟန္တာပုဂ္ဂိုလ် ၁ ယောက်၊ ၂ မှ
၅။ ရူပဈာန် လေးပါးတို့မှထ၍ အရဟတ္တဖိုလ်သို့ ရောက်သော ပုဂ္ဂိုလ် ၄ ယောက်။ (ဒီ၊ဋ္ဌ၊၃၊၇၃။) (အံ၊ဋ္ဌ၊၃၊၁၄၆။)♦

ပညိန္ဒြေ စင်ကြယ်ကြောင်း ၃ ပါး

၁။ ပညာမရှိသော ပုဂ္ဂိုလ်တို့ကို ရှောင်ကြဉ်ခြင်း၊
၂။ ပညာရှိ ပုဂ္ဂိုလ်တို့ကို မှီဝဲ ဆည်းကပ်ခြင်း၊
၃။ ဂမ္ဘီရဉာဏ်အကျင့်ကို ဆင်ခြင်ခြင်း။ (ပဋိသံ၊၁၉၈။) (မ၊ဋ္ဌ၊၄။ ၂၄၄။) (သံ၊ဋ္ဌ၊၃၊၃၆။) (အံ၊ဋ္ဌ၊၁၊၃၈၈။) (ဥဒါန၊ဋ္ဌ၊၁၉၉။) (အံ၊ဋီ၊၃၊၂၆၉။)♦

ပဋိဃသညာ ၁၀ ပါး

၁။ ဒွေး ပဉ္စဝိညာဏ် တစ်ဆယ်။ (ပဋိသံ၊ဋ္ဌ၊၁၊၁၂၃။)♦

ပဋိဃသညာ ၅ ပါး

၁။ ရူပသညာ၊
၂။ သဒ္ဒသညာ၊
၃။ ဂန္ဓသညာ၊
၄။ ရသသညာ၊
၅။ ဖောဋ္ဌဗ္ဗ သညာ။ (စူဠနိ၊ဋ္ဌ၊၅၆။)♦

ပဋိစ္စသမုပ္ပါဒ်၌ သိထိုက်သော ဝဋ် ၃ ပါး

၁။ အဝိဇ္ဇာ, တဏှာ ဥပါဒါန်တို့သည် ကိလေသဝဋ်၊
၂။ သင်္ခါရ, ကမ္မဘဝသည် ကမ္မဝဋ်၊
၃။ ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာ, ဥပပတ္တိ ဘဝတို့သည် ဝိပါကဝဋ်။ (ဝိ၊ဋ္ဌ၊၁၊၈၆။)♦

ပဋိစ္စသမုပ္ပါဒ်၌ အတ္ထနယ ၄ ပါး

၁။ တစ်ခုတည်း၏ အဖြစ်ဖြင့် အဝိဇ္ဇာစသော သဘောတို့ကို ဉာဏ်ဖြင့် ဆောင်ယူကြောင်း သိကြောင်းနည်း (ဧကတ္တနယ)၊
၂။ အသီးအသီး၏ အဖြစ်ဖြင့် အဝိဇ္ဇာစသော သဘောတို့ကို ဉာဏ်ဖြင့် ဆောင်ယူကြောင်း သိကြောင်းနည်း (နာနတ္တနယ)၊
၃။ အဝိဇ္ဇာ၏ သင်္ခါရတို့ကို ‘ငါအဝိဇ္ဇာသည် ဖြစ်စေထိုက်ကုန်၏’ သင်္ခါရတို့၏လည်း ‘ငါတို့သည် ဝိညာဏ်ကို ဖြစ်စေထိုက်ကုန်၏’ ဤသို့ အစရှိသော ဗျာပါဒ ကြောင့်ကြ မရှိခြင်း တို့ကို ဉာဏ်ဖြင့် ဆောင်ယူကြောင်း, သိကြောင်းနည်း၊ (အဗျာပါဒနယ)၊
၄။ အဝိဇ္ဇာ အစရှိ ကုန်သော အကြောင်းတို့ကြောင့် သင်္ခါရ အစရှိသည်တို့၏သာ ဖြစ်ကုန်၏၊ သင်္ခါရမှ တစ်ပါး အခြားတရားတို့၏ ဖြစ်ခြင်းမရှိ၊ ဤသို့ အစရှိသည်ဖြင့် အဝိဇ္ဇာစသော သဘောတရားတို့ကို ဉာဏ်ဖြင့် ဆောင်ယူကြောင်း သိကြောင်းနည်း၊ (ဧဝံ ဓမ္မတာနယ)။ (အဘိ၊ဋ္ဌ၊၂၊၁၈၈။)♦

ပဋိစ္စသမုပ္ပါဒ်၏ ကာလ ၃ ပါး

၁။ အဝိဇ္ဇာ, သင်္ခါရတို့သည် အတိတ်ကာလ၊
၂။ ဇာတိ, ဇရာ, မရဏတို့သည် အနာဂတ်ကာလ၊
၃။ ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာ, တဏှာ, ဥပါဒါန်, ဘဝတို့သည် ပစ္စုပ္ပန်ကာလ။ (ဝိ၊ဋ္ဌ၊၁၊၈၆။)♦

ပဋိစ္စသမုပ္ပါဒ်၏ နက်နဲခြင်း ၄ မျိုး

၁။ အကျိုးအားဖြင့် နက်နဲခြင်း၊
၂။ အကြောင်းအားဖြင့် နက်နဲခြင်း၊
၃။ ဒေသနာအားဖြင့် နက်နဲခြင်း၊
၄။ ထိုးထွင်း၍ သိအပ်သော သဘောအားဖြင့် နက်နဲခြင်း။ (အဘိ၊ဋ္ဌ၊၂၊၁၈၇။)♦

ပဋိစ္စသမုပ္ပါဒ်၏ နက်နဲခြင်း အခြင်းအရာ ၄ မျိုး

၁။ အကျိုးတရား၏ နက်နဲသော အဖြစ်၊
၂။ အကြောင်းတရား၏ နက်နဲသော အဖြစ်၊
၃။ ဒေသနာတော်၏ နက်နဲသော အဖြစ်၊
၄။ ထိုးထွင်းသော ဉာဏ်၏ နက်နဲသော အဖြစ်။ (ဒီ၊ဋ္ဌ၊၂၊၈၃။) (ဒီ၊ဋ္ဌ၊မြန်၊၂။၁၅၃။)♦

ပဋိစ္စသမုပ္ပါဒ်၏ နယ ၉ မျိုး

၁။ အဝိဇ္ဇာဒိကနယ၊
၂။ သင်္ခါရာဒိကနယ၊
၃။ ဝိညာဏာဒိကနယ၊
၄။ နာမာဒိကနယ၊
၅။ သဠာယတနာဒိကနယ၊
၆။ ဖဿာဒိကနယ၊
၇။ ဝေဒနာဒိကနယ၊
၈။ တဏှာဒိကနယ၊
၉။ ဥပါဒါနာဒိကနယ။ (အဘိ၊ဋ္ဌ၊၂၊၁၉၀။)♦

ပဋိစ္စသမုပ္ပါဒ်၏ မူလပဒ ၉ မျိုး

၁။ အဝိဇ္ဇာမူလပဒ၊
၂။ သင်္ခါရမူလပဒ၊
၃။ ဝိညာဏမူလပဒ၊
၄။ နာမမူလပဒ၊
၅။ သဠာယတနမူလပဒ၊
၆။ ဖဿမူလပဒ၊
၇။ ဝေဒနာမူလပဒ၊
၈။ တဏှာ မူလပဒ၊
၉။ ဥပါဒါန်မူလပဒ။ (အဘိ၊ဋ္ဌ၊၂၊၁၉၀။)♦

ပဋိစ္စသမုပ္ပါဒ်၏ အခြင်းအရာ ၂၀

၁။ အဝိဇ္ဇာ, သင်္ခါရ, တဏှာ, ဥပါဒါန်, ကမ္မဘဝဟု ဆိုအပ်သော အတိတ်အကြောင်း (၅) ပါး၊
၂။ ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာဟု ဆိုအပ်သော ပစ္စုပ္ပန်အကျိုး (၅) ပါး၊
၃။ တဏှာ, ဥပါဒါန်, ကမ္မဘဝ, အဝိဇ္ဇာ, သင်္ခါရဟု ဆိုအပ်သော ပစ္စုပ္ပန်အကြောင်း (၅) ပါး၊
၄။ ဇာတိ, ဇရာ, မရဏကို ညွှန်ပြခြင်းဖြင့် သိမ်းယူ အပ်သော ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာဟု ဆိုအပ်သော အနာဂတ်အကျိုး (၅) ပါး ပေါင်း ၂၀။ (ဝိ၊ဋ္ဌ၊၁၊၈၆။)♦

ပဋိစ္စသမုပ္ပါဒ်၏ အစပ် ၃ ပါး

၁။ တဏှာ ဒုက္ခတို့၏အကြားသည် အစပ် တစ်ပါး၊
၂။ ဒုက္ခ ဘဝတို့၏ အကြားသည် အစပ် တစ်ပါး၊
၃။ ဘဝ ဇာတိတို့၏အကြားသည် အစပ် တစ်ပါး။ (မ၊ဋ္ဌ၊၁၊၅၅။)♦

ပဋိစ္စသမုပ္ပါဒ်၏ အစပ် ၃ ပါး

၁။ သင်္ခါရနှင့် ဝိညာဏ်အကြား တစ်စပ်၊
၂။ ဝေဒနာနှင့်တဏှာ အကြား တစ်စပ်၊
၃။ ဘဝနှင့် ဇာတိ အကြား တစ်စပ်။ (ဝိ၊ဋ္ဌ၊၁၊၈၆။)♦

ပဋိစ္စသမုပ္ပါဒ်၏ အဓွန့်ကာလ ၃ ပါး

၁။ ရှေ့ဘဝ၌ ဖြစ်သော တဏှာ ဟူသော နန္ဒီသည် အတိတ်အဓွန့်ကာလ၊
၂။ ဇာတိ ဇရာ မရဏသည် အနာဂတ်ဘဝ၌ ဖြစ်သော အဓွန့်၊
၃။ ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာ ဟူသော ဒုက္ခသည် ပစ္စုပ္ပန်ဘဝဖြစ်သော အဓွန့်။ (မ၊ဋ္ဌ၊၁၊၅၅။)♦

ပဋိစ္စသမုပ္ပါဒ်၏ အလွှာ ၄ ပါး

၁။ ရှေ့ဘဝ၌ ဖြစ်သော တဏှာ တည်းဟူသော နန္ဒီသည် အလွှာ တစ်ပါး၊
၂။ ခန္ဓာငါးပါး တည်းဟူသော ဒုက္ခသည် အလွှာ တစ်ပါး၊
၃။ ကမ္မဘဝသည် အလွှာ တစ်ပါး၊
၄။ ဇာတိ ဇရာ မရဏ (ပဋိသန္ဓေနေခြင်း, အိုခြင်း, သေခြင်း) သည် အလွှာ တစ်ပါး။ (မ၊ဋ္ဌ၊၁၊၅၅။)♦

ပဋိစ္စသမုပ္ပါဒ်၏ အလွှာ ၄ ပါး (တစ်နည်း)

၁။ အဝိဇ္ဇာသင်္ခါရ- တစ်လွှာ၊
၂။ ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာ- တစ်လွှာ၊
၃။ တဏှာ, ဥပါဒါန်, ဘဝ-တစ်လွှာ၊
၄။ ဇာတိ, ဇရာ, မရဏ- တစ်လွှာ။ (ဝိ၊ဋ္ဌ၊၁၊၈၆။)♦

ပဋိနိဿဂ္ဂ ၂ မျိုး

စွန့်လွှတ်ခြင်း ၂ မျိုးနှင့် တူသည်။ ♦

ပဋိနိဿဂ္ဂါနုပဿနာဉာဏ်လွတ်ရာ ဥပါဒါန် ၄ ပါး

၁။ ကာမုပါဒါန်၊
၂။ ဒိဋ္ဌုပါဒါန်၊
၃။ သီလဗ္ဗတု ပါဒါန်၊
၄။ အတ္တဝါဒုပါဒါန်။ (ပဋိသံ၊၂၄၃။) (ပဋိသံ၊မြန်။၃၀၀။)♦

ပဋိပတ္တိဒုဂ္ဂတိ ၂ မျိုး

၁။ လူတို့၏ (မှားသော) အကျင့် ဟူသော ဒုဂ္ဂတိသို့ ရောက်ကြောင်းတရား- ပဋိပတ္တိဒုဂ္ဂတိ၊
၂။ ရဟန်းတို့၏ (မှားသော) အကျင့်ဟူသော ဒုဂ္ဂတိသို့ ရောက်ကြောင်းတရား- ပဋိပတ္တိဒုဂ္ဂတိ။ (မ၊ဋ္ဌ၊၁၊၁၇၂။)♦

ပဋိပတ္တိသုဂတိ ၂ မျိုး

၁။ လူတို့၏ မှန်သော အကျင့်ဟူသော သုဂတိသို့ ရောက်ကြောင်းတရား-ပဋိပတ္တိသုဂတိ၊
၂။ ရဟန်းတို့၏ မှန်သော အကျင့်ဟူသော သုဂတိသို့ ရောက်ကြောင်းတရား- ပဋိပတ္တိသုဂတိ။ (မ၊ဋ္ဌ၊၁၊၁၇၂။)♦

ပဋိပဒါ ၄ ပါး

၁။ ဆင်းရဲစွာ ကျင့်၍ နှေးသော အသိဉာဏ် ဖြစ်ပေါ်သော ‘ဒုက္ခပဋိပဒါ ဒန္ဓာဘိညာ’၊
၂။ ဆင်းရဲစွာ ကျင့်ရသော်လည်း လျင်သော အသိဉာဏ်ဖြစ်ပေါ်သော ‘ဒုက္ခပဋိပဒါ ခိပ္ပါဘိညာ’၊
၃။ ချမ်းသာစွာ ကျင့်ရသော်လည်း နှေးသော အသိဉာဏ်ဖြစ်ပေါ်သော ‘သုခပဋိပဒါ ဒန္ဓာဘိညာ’၊
၄။ ချမ်းသာစွာ ကျင့်ရ၍ လျင်သော အသိဉာဏ်ဖြစ်ပေါ်သော ‘သုခပဋိပဒါ ခိပ္ပါဘိညာ’။ (ဒီ၊၃၊၈၈။) (အံ၊၃၊၃၀၆။) (အဘိ၊ဓ၊၅၀။) (အဘိ၊ဓ၊၅၆။) (အဘိ၊ဓ၊၆၀။) (ပဋိသံ၊ဋ္ဌ၊၁၊၂၇၁။) (ထေရ၊ဋ္ဌ၊၂၊၅၄၄။) (ဒီ၊မြန်၊၃။၉၄-၉၅။) (အံ၊မြန်၊၃။၃၀၅။) (အဘိ၊ဓ၊မြန်။၇၇၊၈၆၊၉၃။) (အဘိ၊ဓ၊မြန်။၇၇၊၈၆၊၉၃။) (အဘိ၊ဓ၊မြန်။၇၇၊၈၆၊၉၃။)♦

ပဋိပဒါမဂ် ၄ ပါး

၁။ ဝိပဿနာ ညစ်ညူးကြောင်း တရားကြောင့် ပျံ့လွင့်ခြင်း (ဓမ္မုဒ္ဓစ္စ) ရှေ့သွား ရှိသော အရိယာမဂ်၊
၂။ သမထရှေ့သွားရှိသော အရိယာမဂ်၊
၃။ ဝိပဿနာ ရှေ့သွားရှိသော အရိယာမဂ်၊
၄။ ယုဂနဒ္ဓတရားလျှင် ရှေ့သွားရှိသော အရိယာမဂ်။ (ပဋိသံ၊ဋ္ဌ၊၂၊၁၈၆။)♦

ပဋိဘာဂနိမိတ်ကို စောင့်ရှောက်နိုင်ကြောင်း နည်းလမ်း ၇ မျိုး

၁။ လျောက်ပတ်သော ကျောင်း နေရာကို မှီဝဲရခြင်း၊
၂။ လျောက်ပတ်သော ဆွမ်းခံရွာကို ရရှိခြင်း၊
၃။ အပ္ပိစ္ဆကထာ စသော စကားကို ပြောဆိုခြင်း၊
၄။ လျောက်ပတ်သော ပုဂ္ဂိုလ်ကို မှီဝဲရခြင်း၊ ၅ လျောက်ပတ်သော ဘောဇဉ်ကို မှီဝဲရခြင်း၊
၆။ လျောက်ပတ်သော ရာသီဥတုကို မှီဝဲရခြင်း၊
၇။ လျောက်ပတ်သော ဣရိယာပုတ်ဖြင့် နေထိုင်ခြင်း။ (ဝိ၊ဋ္ဌ၊၂၊၃၀။)♦

ပဋိဘာဂနိမိတ်ကို အာရုံပြုသော ကမ္မဋ္ဌာန်း ၂၂ ပါး

၁။ ကသိုဏ်း ဆယ်ပါး၊
၂။ အသုဘ ဆယ်ပါး၊
၃။ အာနာပါနဿတိ၊
၄။ ကာယဂတာသတိ။ (ဝိသုဒ္ဓိ၊၁၊၁၀၉။)♦

ပဋိဘာနပဋိသမ္ဘိဒါ၏ အာရုံဖြစ်သော ဉာဏ် ၂၀

၁။ ငါးပါးသော ဓမ္မတို့၌ သိသော ဉာဏ် (၅) ပါး၊
၂။ ငါးပါးသော အတ္ထတို့၌ သိသော ဉာဏ် (၅) ပါး၊
၃။ ဆယ်ပါးသော နိရုတ္တိတို့၌ သိသော ဉာဏ် (၁၀) ပါး။ (ပဋိသံ၊၃၃၄။) (ပဋိသံ၊ မြန်။၃၉၆။)♦

ပဋိဘာနဝါ ပုဂ္ဂိုလ် ၃ မျိုး

၁။ ပရိယတ္တိဉာဏ်အား ထင်သော (ပရိယတ္တိပဋိဘာနဝါ) ပုဂ္ဂိုလ်၊
၂။ အနက်ဉာဏ် လက္ခဏာစသော မေးမြန်းမှု ဉာဏ်အားထင်သော (ပရိပုစ္ဆာ ပဋိဘာနဝါ) ပုဂ္ဂိုလ်၊
၃။ မဂ် စသည်တို့ကို ထိုးထွင်းသိသော (အဓိဂမပဋိဘာနဝါ) ပုဂ္ဂိုလ်။ (အပ၊ဋ္ဌ၊၁၊၂၀၇။)♦

ပဋိဘာန်ဉာဏ်နှင့် ပြည့်စုံသော ပုဂ္ဂိုလ် ၃ မျိုး

၁။ ပရိယတ္တိပဋိဘာန်ဉာဏ် ပညာနှင့် ပြည့်စုံသော ပုဂ္ဂိုလ်၊
၂။ အကျိုး, အကြောင်း, လက္ခဏာ, အရာဟုတ်, အရာမဟုတ်တို့ကို မေးမြန်းသည် ရှိသော် အဋ္ဌကထာ ပရိပုစ္ဆာဉာဏ်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်၊
၃။ မဂ် ဖိုလ်တည်းဟူသော ပဋိဘာန် ဉာဏ်ပညာနှင့် ပြည့်စုံသော ပုဂ္ဂိုလ်။ (သုတ္တနိ၊ဋ္ဌ၊၁၊၉၉။)♦

ပဋိဝေဓဉာဏ် ၂ မျိုး

၁။ ဘုရားအလောင်း တောထွက်သည်မှ စ၍ အရဟတ္တမဂ်တိုင်အောင်သည် ဖြစ်ဆဲ- ဥပ္ပဇ္ဇမာန ပဋိဝေဓဉာဏ်၊
၂။ အရဟတ္တဖိုလ်ခဏ၌ကား ဖြစ်ပြီး- ဥပ္ပန္နပဋိဝေဓဉာဏ်။ (မ၊ဋ္ဌ၊၁၊၃၃၃။) (သံ၊ဋ္ဌ၊၂၊၄၄။) (အံ၊ဋ္ဌ၊၂၊၂၅၄။) (အံ၊ဋ္ဌ၊၃၊၂၉၅။) (အဘိ၊ဋ္ဌ၊၂၊၃၈၂။)♦

ပဋိဝေဓသဒ္ဓမ္မ အနှစ် ၅ ထောင် တည်ပုံ

၁။ ပဋိသမ္ဘိဒါပတ္တ ရဟန္တာပုဂ္ဂိုလ်တို့၏ အစွမ်းအားဖြင့် အနှစ်တစ်ထောင်၊
၂။ သုက္ခဝိပဿက ရဟန္တာပုဂ္ဂိုလ်တို့၏ အစွမ်းအားဖြင့် အနှစ်တစ်ထောင်၊
၃။ အနာဂါမ်ပုဂ္ဂိုလ်၏ အစွမ်းအားဖြင့် အနှစ်တစ်ထောင်၊
၄။ သကဒါဂါမ်ပုဂ္ဂိုလ်၏ အစွမ်း အားဖြင့် အနှစ်တစ်ထောင်၊
၅။ သောတာပန်ပုဂ္ဂိုလ်၏ အစွမ်းအားဖြင့် အနှစ်တစ်ထောင်။ (ဝိ၊ဋ္ဌ၊၄၊၁၂၇။)♦

ပဋိသန္ထာရ ၂ မျိုး

လောကဝတ်ပြုခြင်း၂ မျိုးနှင့် တူသည်။ ♦

ပဋိသန္ဓေ ၃ မျိုး

၁။ ကာမဘဝ ပဋိသန္ဓေ၊
၂။ ရူပဘဝ ပဋိသန္ဓေ၊
၃။ အရူပဘဝ ပဋိသန္ဓေ။ (ဝိသုဒ္ဓိ၊၂၊၁၈၄။)♦

ပဋိသန္ဓေ ၄ မျိုး

၁။ အဏ္ဍဇပဋိသန္ဓေ- အဥ၌ ဖြစ်သော ပဋိသန္ဓေ၊
၂။ ဇလာဗုဇပဋိသန္ဓေ- သားအိမ်၌ ဖြစ်သော ပဋိသန္ဓေ၊
၃။ သံသေဒဇပဋိသန္ဓေ- အညှီအဟောက် အပုပ်အစပ်စသည်၌ ဖြစ်သော ပဋိသန္ဓေ၊
၄။ ဩပပါတိကပဋိသန္ဓေ- ဥပပတ် ပဋိသန္ဓေ။ (ဒီ၊၃၊၁၉၂။) (ဝိသုဒ္ဓိ၊၂၊၁၈၄။) (ဒီ၊မြန်၊ ၃။၂၁၄။)♦

ပဋိသန္ဓေ စသော ဆင်းရဲမှ မလွတ်မြောက်ကြောင်း ၄ ပါး

၁။ မြတ်သော အရိယသီလကို လျော်စွာ မသိခြင်း ထိုးထွင်း၍ မသိခြင်း၊
၂။ မြတ်သော သမာဓိကို လျော်စွာ မသိခြင်း, ထိုးထွင်း၍ မသိခြင်း၊
၃။ မြတ်သော ပညာကို လျော်စွာ မသိခြင်း, ထိုးထွင်း၍ မသိခြင်း၊
၄။ မြတ်သော နိဗ္ဗာန်ကို လျော်စွာ မသိခြင်း, ထိုးထွင်း၍ မသိခြင်း။ (အဘိ၊က၊၉၅။) (အဘိ၊က၊မြန်၊၁။၁၆၃။)♦

ပဋိသန္ဓေ တည်ကြောင်း ၃ မျိုး

ကိုယ်ဝန်တည်ခြင်း၏ အကြောင်း ၃ မျိုးနှင့် တူသည်။ ♦

ပဋိသန္ဓေ တည်ကြောင်း ၈ မျိုး

ကိုယ်ဝန်ယူခြင်း အကြောင်း ၈ မျိုးနှင့် တူသည်။ ♦

ပဋိသန္ဓေ ဓာတ် ၁၁ ပါး (ကာမဓာတ် ကာမဘုံ၌ အာယတနမချို့မူ၍ အပြည့်အစုံ ဖြစ်ထိုက်ကုန်သော ကာမာဝစရ နတ် လူ စသည်တို့၏ ပဋိသန္ဓေ ဓာတ် ၁၁ ပါး)

၁။ စက္ခုဓာတ်၊
၂။ ရူပဓာတ်၊
၃။ သောတဓာတ်၊
၄။ ဃာနဓာတ်၊
၅။ ဂန္ဓဓာတ်၊
၆။ ဇိဝှါဓာတ်၊
၇။ ရသဓာတ်၊
၈။ ကာယ ဓာတ်၊
၉။ ဖောဋ္ဌဗ္ဗဓာတ်၊
၁၀။ မနောဝိညာဏဓာတ်၊
၁၁။ ဓမ္မဓာတ်။ (အဘိ၊ဝိ၊၄၂၈။) (အဘိ၊ဝိ၊မြန်၊၂။၅၄၅။)♦

ပဋိသန္ဓေ အာယတန ၁၁ ပါး (ကာမဘုံ၌ အာယတနမချို့မူ၍ အပြည့်အစုံ ဖြစ်ထိုက်ကုန်သော ကာမာဝစရနတ် ကမ္ဘာဦးလူ ဥပပါတ်ပဋိသန္ဓေနေသော ပြိတ္တာ အသုရာ ငရဲ တိရစ္ဆာန်တို့၏ ပဋိသန္ဓေ အာယတန ၁၁ ပါး)

၁။ စက္ခာယတန၊
၂။ ရူပါယတန၊
၃။ သောတာယတန၊
၄။ ဃာနာ ယတန၊
၅။ ဂန္ဓာယတန၊
၆။ ဇိဝှါယတန၊
၇။ ရသာယတန၊
၈။ ကာယာယတန၊
၉။ ဖောဋ္ဌဗ္ဗာ ယတန၊
၁၀။ မနာယတန၊
၁၁။ ဓမ္မာယတန။ (အဘိ၊ဝိ၊၄၂၇။) (အဘိ၊ဝိ၊မြန်၊၂။၅၄၃။)♦

ပဋိသန္ဓေ အာရုံ ၃ မျိုး

၁။ ကံ- အခြားမဲ့ဘဝ၌ ပဋိသန္ဓေကို ဖြစ်စေတတ်သော ကံအာရုံ၊
၂။ ကမ္မ နိမိတ်- ကံပြုစဉ်အခါ တွေ့ကြုံရသော အာရုံ ခြောက်ပါး၊
၃။ ဂတိနိမိတ်- လားရမည့်ဘဝ၌ တွေ့ကြုံရမည့် အာရုံ။ (အဘိ၊ဋ္ဌ၊၂၊၁၄၉။)♦

ပဋိသန္ဓေ အာရုံ ၃ မျိုး (တစ်နည်း)

၁။ အတိတ်အာရုံ၊
၂။ ပစ္စုပ္ပန်အာရုံ၊
၃။ အတိတ်ပစ္စုပ္ပန်ဟု မဆိုထိုက်သော ပညတ်အာရုံ။ (အဘိ၊ဋ္ဌ၊၂၊၁၄၉။)♦

ပဋိသန္ဓေ ဣန္ဒြေ ၁၄ ပါး (ဉာဏသမ္ပယုတ်ဖြစ်သော ကာမာဝစနတ်တို့၏ ပဋိသန္ဓေ ဣန္ဒြေ ၁၄ ပါး)

၁။ စက္ခုန္ဒြေ၊
၂။ သောတိန္ဒြေ၊
၃။ ဃာနိန္ဒြေ၊
၄။ ဇိဝှိန္ဒြေ၊
၅။ ကာယိန္ဒြေ၊
၆။ မနိန္ဒြေ၊
၇။ (ဣတ္ထိန္ဒြေ)၊
၈။ (ပုရိသိန္ဒြေ)၊
၉။ ဇီဝိတိန္ဒြေ၊
၁၀။ (သောမနဿိန္ဒြေ)၊ ၁၁။(ဥပေက္ခိန္ဒြေ)၊
၁၂။ သဒ္ဓိန္ဒြေ၊
၁၃။ ဝီရိယိန္ဒြေ၊
၁၄။ သတိန္ဒြေ၊
၁၅။ သမာဓိန္ဒြေ၊
၁၆။ ပညိန္ဒြေ။ မှတ်ချက်။ ။(ဣတ္ထိန္ဒြေနှင့် ပုရိသိန္ဒြေ သောမနဿိန္ဒြေနှင့် ဥပေက္ခိန္ဒြေတို့သည် တစ်ပါးရလျှင် ကျန်တစ်ပါး မရ၊ ထို့ကြောင့် ၁၄ ပါး ဖြစ်၏)။ (အဘိ၊ဝိ၊၄၂၉။) (အဘိ၊ဝိ၊မြန်၊၂။၅၄၆။)♦

ပဋိသန္ဓေကိန်းအောင်းခြင်း ၄ မျိုး

၁။ အသိမရှိမူ၍ အမိဝမ်းသို့ သက်ပြီး အသိမရှိမူ၍ အမိဝမ်း၌ တည်လျက် အသိမရှိမူ၍ အမိဝမ်းမှ ထွက်ခြင်း၊
၂။ အသိရှိလျက် အမိဝမ်းသို့ သက်ပြီး အသိ မရှိမူ၍ အမိဝမ်း၌ တည်လျက် အသိမရှိမူ၍ အမိဝမ်းမှ ထွက်ခြင်း၊
၃။ အသိရှိလျက် အမိဝမ်းသို့ သက်ပြီး အသိရှိလျက် အမိဝမ်း၌ တည်လျက် အသိမရှိမူ၍ အမိဝမ်းမှ ထွက်ခြင်း၊
၄။ အသိရှိလျက် အမိဝမ်းသို့ သက်ပြီး အသိရှိလျက် အမိဝမ်း၌ တည်လျက် အသိရှိလျက် အမိဝမ်းမှ ထွက်ခြင်း။ (ဒီ၊၃၊၈၅။) (ဒီ၊၃၊၁၉၂။) (ဒီ၊မြန်၊၃။၉၁-၉၂။) (ဒီ၊မြန်၊၃။၂၁၅။)♦

ပဋိသန္ဓေခဏ၌ သဟဇာတ, အညမည, နိဿယ, ဝိပ္ပယုတ္တပစ္စည်းဖြင့် ကျေးဇူးပြုသော တရား ၁၄ ပါး

၁။ ခန္ဓာငါးပါး၊
၂။ မဟာဘုတ်လေးပါး၊
၃။ အာယု, ဥသ္မာ, ဝိညာဏ်ဟု ဆိုအပ်သော ဇီဝိတသင်္ခါရ သုံးပါး၊
၄။ နာမ်-ရုပ် နှစ်ပါး ပေါင်း တစ်ဆယ့်လေးပါး။ (ပဋိသံ၊ဋ္ဌ၊၂၊၁၇၃။)♦

ပဋိသန္ဓေခဏ၌ သဟဇာတ, အညမည, နိဿယ, သမ္ပယုတ္တ ပစ္စည်းဖြင့် ကျေးဇူးပြုသော တရား ၁၄ ပါး

၁။ နာမ်ခန္ဓာ လေးပါး၊
၂။ သဒ္ဓိန္ဒြေ စသော ဣန္ဒြေ ငါးပါး၊
၃။ အလောဘ စသော ဟိတ် သုံးပါး၊
၄။ နာမ်, ပဋိသန္ဓေဝိညာဏ် နှစ်ပါး ပေါင်း တစ်ဆယ့်လေးပါး။ (ပဋိသံ၊ဋ္ဌ၊၂၊၁၇၃။)♦

ပဋိသန္ဓေဝိညာဏ်၏ တည်ရာ ၇ မျိုး

၁။ ကိုယ်သဏ္ဌာန်ချင်း ကွဲပြား၍ ပဋိသန္ဓေသညာချင်းလည်း ကွဲပြားသော သတ္တဝါ၊
၂။ ကိုယ်သဏ္ဌာန်ချင်း ကွဲပြား၍ ပဋိသန္ဓေသညာချင်း တူသော သတ္တဝါ၊
၃။ ကိုယ်သဏ္ဌာန်ချင်း တူ၍ ပဋိသန္ဓေသညာချင်း ကွဲပြားသော သတ္တဝါ၊
၄။ ကိုယ် သဏ္ဌာန်ချင်း တူ၍ ပဋိသန္ဓေသညာချင်းလည်းတူသော သတ္တဝါ၊
၅။ အာကာသာနဉ္စာ ယတနဘုံသို့ ရောက်နေသော ဗြဟ္မာ၊
၆။ ဝိညာဏဉ္စာယတနဘုံသို့ ရောက်နေသော ဗြဟ္မာ၊
၇။ အာကိဉ္စညာယတနဘုံသို့ ရောက်နေသော ဗြဟ္မာ။ (အံ၊၂၊၄၂၇။) (အံ၊မြန်၊၂။၅၄၀-၅၄၁။)♦

ပဋိသမ္ဘိဒါ ၄ ပါး

ပဋိသမ္ဘိဒါဉာဏ် ၄ ပါးနှင့် တူသည်။ ♦

ပဋိသမ္ဘိဒါဉာဏ် ၃ ပါး (တစ်နည်း) (ကိရိယာအဗျာကတ ပဋိသမ္ဘိဒါဉာဏ် ၃ ပါး)

၁။ အတ္ထ ပဋိသမ္ဘိဒါဉာဏ်၊
၂။ နိရုတ္တိပဋိသမ္ဘိဒါဉာဏ်၊
၃။ ပဋိဘာနပဋိသမ္ဘိဒါဉာဏ်။ (အဘိ၊ဝိ၊ ၃၁၇-၃၁၈။) (အဘိ၊ဝိ၊မြန်၊၂။၃၈၂။)♦

ပဋိသမ္ဘိဒါဉာဏ် ၃ ပါး (ဝိပါက်ပဋိသမ္ဘိဒါဉာဏ် ၃ ပါး)

၁။ အတ္ထ ပဋိသမ္ဘိဒါဉာဏ်၊
၂။ နိရုတ္တိ ပဋိသမ္ဘိဒါဉာဏ်၊
၃။ ပဋိဘာနပဋိသမ္ဘိဒါဉာဏ်။ (အဘိ၊ဝိ၊၃၁၂၊၃၁၃၊၃၁၄-၅-၆။) (အဘိ၊ဝိ၊မြန်၊၂။၃၇၃။)♦

ပဋိသမ္ဘိဒါဉာဏ် ၄ ပါး

၁။ အတ္ထပဋိသမ္ဘိဒါ- ပါဠိတော်၏ အနက်အထူးကို ထိုးထွင်း၍ သိစွမ်း နိုင်သော ဉာဏ်ပညာ၊
၂။ ဓမ္မပဋိသမ္ဘိဒါ- အကြောင်းတရားတို့၌ ထူးသော သဘောကို ထိုးထွင်း၍ သိတတ်သော ဉာဏ်ပညာ၊
၃။ နိရုတ္တိပဋိသမ္ဘိဒါ- ထုတ်ဆိုအပ်သော သဒ္ဒါကို ဝေဖန်ပိုင်းခြား၍ သိမြင်တတ်သော ဉာဏ်ပညာ၊
၄။ ပဋိဘာနပဋိသမ္ဘိဒါ- (အတ္ထပဋိသမ္ဘိဒါဉာဏ်စသော) ဉာဏ်ပညာတို့ကို အသီးအသီး ပိုင်းခြားထိုးထွင်း သိမြင်တတ်သော ဉာဏ်ပညာ။ (အဘိ၊ဝိ၊၃၀၇၊ ၃၀၈၊၃၀၉၊၃၁၀၊၃၁၁။) (အဘိ၊ဝိ၊၃၄၄။) (မိလိန္ဒ၊၃၂၂။) (အံ၊ဋ္ဌ၊၁၊၉၃။) (ပဋိသံ၊ဋ္ဌ၊၁၊၃။) (ဥဒါန၊ဋ္ဌ၊၁၂၀။) (ဣတိဝုတ်၊ဋ္ဌ၊၁၁၈။) (အပ၊ဋ္ဌ၊၁၊၂၆၅။) (သာရတ္ထ၊ဋီ၊၁၊၁၈။) (အဘိ၊ဝိ၊မြန်၊၂။၃၆၅။) (အဘိ၊ဝိ၊မြန်၊၂။၃၆၅။) (မိလိန္ဒ၊မြန်။၃၄၄။)♦

ပဋိသမ္ဘိဒါဉာဏ် စင်ကြယ်ကြောင်း ၅ ပါး

၁။ အဓိဂမေန- အရဟတ္တဖိုလ်သို့ ရောက်သောကြောင့် စင်ကြယ်ခြင်း၊
၂။ ပရိယတ္တိယာ- ဘုရားစကားတော်ကို သင်ခြင်းကြောင့် စင်ကြယ်ခြင်း၊
၃။ သဝနေန- သူတော်ကောင်းတရားကို နာကြားခြင်းကြောင့် စင်ကြယ်ခြင်း၊
၄။ ပရိပုစ္ဆာယ- ပါဠိတော် အဋ္ဌကထာ စသည်တို့၏ အနက်အဓိပ္ပါယ်ကို အဖန်ဖန်မေးခြင်းကြောင့် စင်ကြယ်ခြင်း၊
၅။ ပုဗ္ဗယောဂေန- ရှေးဘုရားရှင်တို့၏ သာသနာ၌ အနုလောမဉာဏ် ဂေါတြဘူဉာဏ် အနီးနားရောက်အောင် တရားအားထုတ်ခဲ့ဖူးခြင်းကြောင့် စင်ကြယ်ခြင်း။ (အဘိ၊ဋ္ဌ၊၂၊၃၇၂။) (ပဋိသံ၊ဋ္ဌ၊၁၊၆။) (အံ၊ဋီ၊၁၊၁၄၁။) (အံ၊ဋီ၊၂၊၃၅၀။)♦

ပဋိသမ္ဘိဒါဉာဏ် ရကြောင်း ၈ ပါး

၁။ ပုဗ္ဗယောဂ- ဝိပဿနာတရားကို အားထုတ်ခြင်း၊
၂။ ဗာဟုဿစ္စ- များသော အကြားအမြင် ရှိခြင်း၊
၃။ ဒေသဘာသာ- တစ်ရာ့တစ်ပါးသော ထီးဆောင်းမင်းတို့၏ ဘာသာစကားကို တတ်ကျွမ်းနားလည်ခြင်း၊
၄။ အာဂမော- ဘုရားစကား တော်ကို သင်ယူခြင်း၊
၅။ ပရိပုစ္ဆာ- ပါဠိတော်၏ အနက်အဓိပ္ပါယ် အဆုံးအဖြတ်ကို မေးမြန်းခြင်း၊
၆။ အဓိဂမော- သောတာပန် စသည် ဖြစ်ခြင်း၊
၇။ ဂရုသန္နိဿယော- ဗဟုသုတ တိက္ခ ပဋိဘာန်ဉာဏ် ရင့်သန်သော ဆရာကောင်းတို့အထံ၌ နည်းခံ၍ နေရခြင်း၊
၈။ မိတ္တသမ္ပတ္တိ- ဗဟုသုတ တိက္ခပဋိဘာန်ဉာဏ် ရင့်သန်သော ကလျာဏမိတ္တတို့နှင့် ပြည့်စုံခြင်း။ (ဝိသုဒ္ဓိ၊၂၊၇၂။)♦

ပဋိသမ္ဘိဒါတို့ ကွဲပြားခြင်းသို့ ရောက်ရာ ၂ ဌာန

၁။ သိက္ခာကျင့်ဆဲ သေက္ခပုဂ္ဂိုလ်တို့၏ ဖြစ်ရာ တည်ရာ ဘုံဌာန၊
၂။ အသေက္ခ, ရဟန္တာပုဂ္ဂိုလ်တို့၏ ဖြစ်ရာတည်ရာ ဘုံဌာန။ (အဘိ၊ဋ္ဌ၊၂၊၃၇၂။)♦

ပဋိသမ္ဘိဒါပတ္တ ဖြစ်ကြောင်း ပညာ ၁၆ ပါး

၁။ ရသော ပညာ၊
၂။ ပွားသော ပညာ၊
၃။ ပြန့်ပြောသော ပညာ၊
၄။ မြတ်သော ပညာ၊
၅။ အသီးသီး သိသော ပညာ၊
၆။ ကျယ်ပြန့်သော ပညာ၊
၇။ နက်နဲသော ပညာ၊
၈။ ဆိုခဲ့ပြီး ပညာတို့ုနှင့် မနီးသော ပညာ၊
၉။ မြေကြီးကဲ့သို့ ကျယ်ပြန့်သော ပညာ၊
၁၀။ များသော ပညာ၊
၁၁။ မြန်သော ပညာ၊
၁၂။ ပေါ့ပါးသော ပညာ၊
၁၃။ ရွှင်သော ပညာ၊
၁၄။ လျင်သော ပညာ၊
၁၅။ ထက်သော ပညာ၊
၁၆။ ဖောက်ခွဲနိုင်သော ပညာ။ (ပဋိသံ၊၃၇၁၊၃၈၁။) (ပဋိသံ၊မြန်။၄၃၄၊၄၄၄။)♦

ပဋိသမ္ဘိဒါမဂ်၏ မာတိကာကထာ ၁၈ ချက်

၁။ ဆာလောင်မှု ကိလေသာ မရှိခြင်း (နိစ္ဆာတော ကထာ)၊
၂။ လွတ်မြောက်ခြင်း (ဝိမောက္ခကထာ)၊
၃။ ရတတ်လွတ်မြောက်ခြင်း (ဝိဇ္ဇာဝိမုတ္တိ ကထာ)၊
၄။ လွန်မြတ်သော သီလ (အဓိသီလကထာ)၊
၅။ လွန်မြတ်သော သမာဓိ (အဓိစိတ္တ ကထာ)၊
၆။ လွန်မြတ်သော ပညာ (အဓိပညာကထာ)၊
၇။ ကိုယ်စိတ်တို့၏ ငြိမ်းခြင်း (ပဿဒ္ဓိကထာ)၊
၈။ မြင်ခြင်း (ဒဿနကထာ)၊
၉။ စင်ကြယ်ခြင်း (ဝိသုဒ္ဓိကထာ)၊
၁၀။ ထွက် မြောက်ခြင်း (နေက္ခမ္မကထာ)၊
၁၁။ ကျွတ်လွတ်ခြင်း (နိဿရဏကထာ)၊
၁၂။ ကင်းဆိတ်ခြင်း (ပဝိဝေကကထာ)၊
၁၃။ စွန့်လွှတ်ခြင်း (ဝေါသဂ္ဂကထာ)၊
၁၄။ ကျင့်ခြင်း (စရိယာကထာ)၊
၁၅။ ဈာန်ဝိမောက္ခ (ဈာနဝိမောက္ခ ကထာ)၊
၁၆။ ပွားများခြင်း(ဘာဝနာ ကထာ)၊
၁၇။ ဆောက် တည်ခြင်း (အဓိဋ္ဌာနကထာ)၊
၁၈။ အသက်မွေးခြင်း(ဇီဝိတကထာ)။ (ပဋိသံ၊၄၁၅။) (ပဋိသံ၊မြန်။ ၄၇၈။)♦

ပဋိသမ္ဘိဒါသို့ ရောက်ခါနည်း ရဟန်း၏ တရား ၇ ပါး

၁။ ဤကား ငါ့စိတ်၏ တွန့်တိုမှုတည်းဟု သိခြင်း၊
၂။ မိမိသန္တာန်၌ ကြုံ့သော စိတ်ကို မှန်စွာ သိခြင်း၊
၃။ အပ အာရုံ၌ ပျံ့လွင့်သော စိတ်ကို သိခြင်း၊
၄။ ထင်ရှားသော ခံစားမှု ဖြစ်ခြင်း ချုပ်ခြင်းကို သိခြင်း၊
၅။ ထင်ရှားသော မှတ်သားမှု၏ ဖြစ်ခြင်း ချုပ်ခြင်းကို သိခြင်း၊
၆။ ထင်ရှားသော ကြံစည်မှု၏ ဖြစ်ခြင်း ချုပ်ခြင်းကို သိခြင်း၊
၇။ နိမိတ်ကို ကောင်းစွာ မှတ်၍ ပညာဖြင့် ထိုးထွင်း၍ သိခြင်း။ (အံ၊၂၊၄၂၂-၄၂၃။) (အံ၊မြန်၊၂။၅၃၄။)♦

ပဋိသမ္ဘိဒါသို့ ရောက်သော ပုဂ္ဂိုလ် ၂ မျိုး

၁။ ရှေးအားထုတ်ခြင်းနှင့် ပြည့်စုံသူ၊
၂။ ရှေး အားထုတ်ခြင်းနှင့် မပြည့်စုံသူ။ (ပဋိသံ၊၃၈၁။) (ပဋိသံ၊မြန်။၄၄၅။)♦

ပဋိသမ္ဘိဒါသို့ ရောက်သော ပုဂ္ဂိုလ် ၂ မျိုး (တစ်နည်း)

၁။ ရှေးအားထုတ်ခြင်းနှင့် ပြည့်စုံ၍ အကြားအမြင်များသူ၊
၂။ ရှေးအားထုတ်ခြင်းနှင့် ပြည့်စုံ၍ အကြားအမြင် မများသူ။ (ပဋိသံ၊ ၃၈၂။) (ပဋိသံ၊မြန်။၄၄၅။)♦

ပဋိသမ္ဘိဒါသို့ ရောက်သော ပုဂ္ဂိုလ် ၂ မျိုး (တစ်နည်း)

၁။ ရှေးအားထုတ်ခြင်းနှင့် ပြည့်စုံ အကြားအမြင်လည်း များ၍ တရားဟောခြင်းများသော သူ၊
၂။ ရှေးအားထုတ်ခြင်းနှင့် ပြည့်စုံ အကြားအမြင်လည်းများ၍ တရားဟောခြင်း မများသော သူ။ (ပဋိသံ၊၃၈၂။) (ပဋိသံ၊မြန်။၄၄၅။)♦

ပဋိသမ္ဘိဒါသို့ ရောက်သော ပုဂ္ဂိုလ် ၂ မျိုး (တစ်နည်း)

၁။ ရှေးအားထုတ်ခြင်းနှင့် ပြည့်စုံ၊ အကြား အမြင်များ တရားဟောခြင်းလည်း များ၍ ဆရာကို မှီခိုသူ၊
၂။ ရှေးအားထုတ်ခြင်းနှင့်ပြည့်စုံ၊ အကြားအမြင်များ တရားဟောခြင်းလည်း များ၍ ဆရာကို မမှီခိုသူ။ (ပဋိသံ၊၃၈၂။) (ပဋိသံ၊မြန်။၄၄၅။)♦

ပဋိသမ္ဘိဒါသို့ ရောက်သော ပုဂ္ဂိုလ် ၂ မျိုး (တစ်နည်း)

၁။ ရှေးအားထုတ်ခြင်းနှင့် ပြည့်စုံ၊ အကြားအမြင်များ၊ တရားဟောခြင်းလည်းများ ဆရာကို မှီခို၍ ဝိပဿနာဖြင့် နေခြင်း များသော ပုဂ္ဂိုလ်၊
၂။ ရှေးအားထုတ်ခြင်းနှင့် ပြည့်စုံ၊ အကြားအမြင်လည်း များ၊ တရား ဟောခြင်းလည်း များ၍ ဆရာကို မှီခို၍ ဝိပဿနာဖြင့် နေခြင်း မများသော ပုဂ္ဂိုလ်။ (ပဋိသံ၊၃၈၂။) (ပဋိသံ၊မြန်။၄၄၅။)♦

ပဋိသမ္ဘိဒါသို့ ရောက်သော ပုဂ္ဂိုလ် ၂ မျိုး (တစ်နည်း)

၁။ ရှေးအားထုတ်ခြင်းနှင့်ပြည့်စုံ၊ အကြား အမြင်လည်းများ၊ တရားဟောခြင်းလည်းများ၊ ဆရာကိုလည်း မှီခို၊ ဝိပဿနာ ဖြင့်လည်း နေခြင်းများ၍ ဆင်ခြင်ခြင်းများသော ပုဂ္ဂိုလ်၊
၂။ ရှေးအားထုတ်ခြင်းနှင့် ပြည့်စုံ၊ အကြားအမြင် လည်းများ၊ တရားဟောခြင်းလည်းများ ဆရာကိုလည်း မှီခို၊ ဝိပဿနာ ဖြင့်လည်း နေခြင်းများ၍ ဆင်ခြင်ခြင်း မများသော ပုဂ္ဂိုလ်။ (ပဋိသံ၊၃၈၂။) (ပဋိသံ၊မြန်။၄၄၅။)♦

ပဋိသမ္ဘိဒါသို့ ရောက်သော ပုဂ္ဂိုလ် ၂ မျိုး (တစ်နည်း)

၁။ ရှေးအားထုတ်ခြင်းနှင့် ပြည့်စုံ, အကြား အမြင်လည်းများ, တရားဟောခြင်းလည်းများ, ဆရာကိုလည်း မှီခို, ဝိပဿနာဖြင့် နေခြင်း လည်းများ, ဆင်ခြင်ခြင်းလည်း များ၍ သေက္ခပဋိသမ္ဘိဒါသို့ ရောက်သော ပုဂ္ဂိုလ်၊
၂။ ရှေးအားထုတ်ခြင်းနှင့် ပြည့်စုံ, အကြားအမြင်လည်းများ, တရားဟောခြင်းလည်းများ, ဆရာကိုလည်း မှီခို, ဝိပဿနာဖြင့် နေခြင်းလည်းများ, ဆင်ခြင်ခြင်းလည်း များ၍ အသေက္ခပဋိသမ္ဘိဒါသို့ ရောက်သော ပုဂ္ဂိုလ်။ (ပဋိသံ၊၃၈၃။) (ပဋိသံ၊မြန်။၄၄၆။)♦

ပဋိသာရဏီယကံ ငြိမ်းအေးခြင်း၏ စလယ်ဆုံး ၃ ပါး

နိဿယကံ ငြိမ်းအေးခြင်း၏ စလယ်ဆုံး ၃ ပါး၊ ပဗ္ဗာဇနီယကံ ငြိမ်းအေးခြင်း၏ စလယ်ဆုံး ၃ ပါး၊ ဥက္ခေပနီယကံ ငြိမ်းအေးခြင်း၏ စလယ်ဆုံး ၃ ပါးတို့နှင့် တူသည်။ ♦

ပဋိသာရဏီယကံ ပြုထိုက်သော ရဟန်း၏ အင်္ဂါ ၈ ပါး

၁။ လူတို့အား လာဘ်မရအောင် အားထုတ်ခြင်း၊
၂။ လူတို့အား အကျိုးစီးပွားမဲ့ဖြစ်အောင် အားထုတ်ခြင်း၊
၃။ လူတို့အား ဆဲရေး, ရေရွတ်ခြင်း (ခြိမ်းခြောက်ခြင်း)၊
၄။ လူအချင်းချင်း ကွဲပြားစေခြင်း၊
၅။ မြတ်စွာ ဘုရား၏ ဂုဏ်ကျေးဇူးမဲ့ကို ပြောဆိုခြင်း၊
၆။ တရားတော်၏ ဂုဏ်ကျေးဇူးမဲ့ကို ပြောဆိုခြင်း၊
၇။ သံဃာတော်၏ ဂုဏ်ကျေးဇူးမဲ့ကို ပြောဆိုခြင်း၊
၈။ လူတို့၏ တရားနှင့် စပ်သော ဝန်ခံမှုကို မှားအောင် ပြုခြင်း။ (အံ၊၃၊၁၅၉။) (အံ၊မြန်၊၃။၁၆၁။)♦

ပဋိသာရဏီယကံ ပြုလိုက ပြုနိုင်သော အကြောင်း ၄ ပါး

၁။ လူတို့အား လာဘ်မရအောင် လုံ့လ ပြုခြင်း၊ အကျိုးမဲ့ဖြစ်အောင် လုံ့လပြုခြင်း၊ နေရာမရအောင် လုံ့လပြုခြင်း၊ လူတို့ကို ဆဲရေးခြင်း၊ ရေရွတ်ခြင်း၊ လူအချင်းချင်း ကွဲပြားစေခြင်း၊
၂။ လူတို့အား ဘုရားရှင်၏ ကျေးဇူးမဲ့ကို ပြောဆိုခြင်း၊ တရားတော်၏ ကျေးဇူးမဲ့ကို ပြောဆိုခြင်း၊ သံဃာတော်များ၏ ကျေးဇူးမဲ့ကို ပြောဆိုခြင်း၊ လူတို့အား ယုတ်ယုတ်မာမာ ဆဲရေးခြင်း၊ ရှုတ်ချခြင်း၊ လူတို့၏ တရားနှင့် လျော်သော ဝန်ခံချက်ကို မမှန်မကန် ချွတ်ယွင်းစေခြင်း၊
၃။ ရဟန်းတစ်မျိုးသည် လူတို့အား လာဘ်မရအောင် ပြုလုပ်ခြင်း၊ အကျိုးမဲ့ဖြစ်အောင် ပြုလုပ်ခြင်း၊ နေရာမရအောင် ပြုလုပ်ခြင်း၊ လူတို့ကို ဆဲရေးခြင်း၊ ရေရွတ်ခြင်း၊ လူအချင်းချင်း ကွဲပြားအောင် ပြုလုပ်ခြင်း၊
၄။ ရဟန်း တစ်မျိုးသည် ဘုရားရှင်၏ ကျေးဇူးမဲ့ကို ပြောဆိုခြင်း၊ တရားတော်၏ ကျေးဇူးမဲ့ကို ပြောဆိုခြင်း၊ သံဃာတော်၏ ကျေးဇူးမဲ့ကို ပြောဆိုခြင်း၊ လူတို့ကို ယုတ်ယုတ်မာမာ ဆဲရေးခြင်း၊ ရှုတ်ချခြင်း၊ လူတို့၏ တရားနှင့်လျော်သော ဝန်ခံချက်ကို မမှန်မကန် ချွတ်ယွင်းစေခြင်း။ (ဝိ၊၄၊၄၂။) (ဝိ၊မြန်၊၄။၄၀။)♦

ပဋိသာရဏီယကံ မပြုထိုက်သော ရဟန်း၏ အင်္ဂါ ၈ ပါး

၁။ လူတို့အား လာဘ်မရအောင် အားမထုတ်ခြင်း၊
၂။ လူတို့အား အကျိုးစီးပွားမဲ့ဖြစ်အောင် အားမထုတ်ခြင်း၊
၃။ လူတို့အား မဆဲရေး, မရေရွတ်ခြင်း (မခြိမ်းခြောက်ခြင်း)၊
၄။ လူအချင်းချင်း မကွဲပြားစေခြင်း၊
၅။ မြတ်စွာ ဘုရား၏ ဂုဏ်ကျေးဇူးမဲ့ကို မပြောဆိုခြင်း၊
၆။ တရားတော်၏ ဂုဏ်ကျေးဇူးမဲ့ကို မပြောဆိုခြင်း၊
၇။ သံဃာတော်၏ ဂုဏ်ကျေးဇူးမဲ့ကို မပြောဆိုခြင်း၊
၈။ လူတို့၏ တရားနှင့် စပ်သော ဝန်ခံမှုကို မှန်အောင် ပြုခြင်း။ (အံ၊၃၊၁၅၉။) (အံ၊မြန်၊၃။၁၆၁။)♦

ပဋိသာရဏီယကံ၌ ကျင့်ဝတ် ၁၈ ပါး

၁။ ဥပဇ္ဈာယ်ဆရာပြုလုပ်၍ ရဟန်းခံ မပေးရခြင်း၊
၂။ နိဿယည်း မပေးရခြင်း၊
၃။ သာမဏေကို မလုပ်ကျွေး မပြုစုစေရခြင်း၊
၄။ ရဟန်းမ တို့အား ဆုံးမရန် သမုတ်ခြင်းကို မသာယာ မနှစ်သက်ရခြင်း၊
၅။ ဩဝါဒသမ္မုတိရသော်လည်း ရဟန်းမတို့ကို မဆုံးမရခြင်း၊
၆။ ပဋိသာရဏီယကံပြုကြောင်း အာပတ်သို့ မသင့်ရောက်ရခြင်း၊
၇။ အလားတူဖြစ်သော အခြားအာပတ်သို့လည်း မသင့်ရောက်စေရခြင်း၊
၈။ ထို့ထက် ရုန့်ရင်း ကြမ်းတမ်းသော အာပတ်သို့လည်း မသင့်ရောက် စေရခြင်း၊
၉။ ပဋိသာရဏီယကံကို မကဲ့ရဲ့ ရခြင်း၊
၁၀။ ပဋိသာရဏီယကံပြုသော ရဟန်းတို့ကို မကဲ့ရဲ့ရခြင်း၊
၁၁။ ပကတတ်ရဟန်း၏ ဥပုသ်ကို ဆိုင်းငံ့မထားရခြင်း၊
၁၂။ ပဝါရဏာကို ဆိုင်းငံ့မထားရခြင်း၊
၁၃။ ပြောဆိုဆုံးမမှုကို မပြုလုပ်ရခြင်း၊
၁၄။ အကြီးအမှူးအရာကို မယူရခြင်း၊
၁၅။ အခွင့်ရေး မတောင်းဆိုရခြင်း၊
၁၆။ မစောဒနာရခြင်း၊
၁၇။ မအောက်မေ့စေရခြင်း၊
၁၈။ ပကတတ်ရဟန်းတို့နှင့် မရောယှက် ရခြင်း။ (ဝိ၊၄၊၄၃။) (ဝိ၊မြန်၊၄။၄၁။)♦

ပဋိသာရဏီယကံကို ငြိမ်းစေအပ်သော အကြောင်း ၁၈ ပါး

၁။ ဥပဇ္ဈာယ်ဆရာ ပြုလုပ်၍ ရဟန်းခံ မပေးခြင်း၊
၂။ နိဿယည်း မပေးခြင်း၊
၃။ သာမဏေကို မပြုစု မလုပ်ကျွေးစေခြင်း၊
၄။ ရဟန်းမတို့အား ဆုံးမရန် သမုတ်ခြင်းကို မသာယာ မနှစ်သက်ခြင်း၊
၅။ ဩဝါဒ သမ္မုတိရသော်လည်း ရဟန်းမတို့ကို မဆုံးမရခြင်း၊
၆။ ပဋိသာရဏီယကံပြုကြောင်း အာပတ်သို့ မသင့် မရောက်ခြင်း၊
၇။ အလားတူဖြစ်သော အခြားအာပတ်သို့လည်း မသင့် မရောက်ခြင်း၊
၈။ ထို့ထက် ရုန့်ရင်း ကြမ်းတမ်းသော အာပတ်သို့လည်း မသင့် မရောက်ခြင်း၊
၉။ ပဋိသာရဏီယကံကို မကဲ့ရဲ့ခြင်း၊
၁၀။ ပဋိသာရဏီယကံပြုသော ရဟန်းတို့ကို မကဲ့ရဲ့ခြင်း၊
၁၁။ ပကတတ်ရဟန်း၏ ဥပုသ်ကို ဆိုင်းငံ့မထားခြင်း၊
၁၂။ ပဝါရဏာကို ဆိုင်းငံ့မထားခြင်း၊
၁၃။ ပြောဆိုဆုံးမမှုကို မပြုလုပ်ခြင်း၊
၁၄။ အကြီးအမှူးအရာကို မယူခြင်း၊
၁၅။ အခွင့်ရေး မတောင်းဆိုခြင်း၊
၁၆။ မစောဒနာခြင်း (အပြစ်မတင်ခြင်း)၊
၁၇။ မအောက်မေ့စေခြင်း၊
၁၈။ ပကတတ်ရဟန်းတို့နှင့် မရောယှက်ခြင်း။ (ဝိ၊၄၊၄၆။) (ဝိ၊မြန်၊၄။၄၃။)♦

ပဋိသာရဏီယကံကို ပြုလိုက ပြုနိုင်ကြောင်း အင်္ဂါ ၃ ပါး

၁။ သံဃာ၌ အဓိကရုဏ်းကို ပြုတတ်ခြင်း၊
၂။ မိုက်မဲမလိမ္မာ အာပတ်များပြား အပိုင်းခြား မရှိခြင်း၊
၃။ လူတို့ကို ဆဲရေး ရေရွတ်ခြင်း။ (ဝိ၊၅၊၂၂၀။) (ဝိ၊မြန်၊၅။၃၀၇။)♦

ပဋိသာရဏီယကံကို မငြိမ်းစေအပ်ကြောင်း ၁၈ ပါး

၁။ ဥပဇ္ဈာယ်ဆရာ ပြုလုပ်၍ ရဟန်းခံ ပေးခြင်း၊
၂။ နိဿယည်းပေးခြင်း၊
၃။ သာမဏေကို ပြုစု လုပ်ကျွေးစေခြင်း၊
၄။ ရဟန်းမတို့အား ဆုံးမရန် သမုတ်ခြင်းကို သာယာနှစ်သက်ခြင်း၊
၅။ ဩဝါဒသမ္မုတိရ၍ ရဟန်းမတို့ကို ဆုံးမခြင်း၊
၆။ ပဋိသာရဏီယကံပြုကြောင်း အာပတ်သို့ သင့်ရောက်ခြင်း၊
၇။ အလားတူဖြစ်သော အခြား အာပတ်သို့လည်း သင့်ရောက်ခြင်း၊
၈။ ထို့ထက် ရုန့်ရုင်းကြမ်းတမ်းသော အာပတ်သို့လည်း သင့်ရောက်ခြင်း၊
၉။ ပဋိသာရဏီယကံကို ကဲ့ရဲ့ခြင်း၊
၁၀။ ပဋိသာရဏီယကံပြုသော ရဟန်း တို့ကို ကဲ့ရဲ့ခြင်း၊
၁၁။ ပကတတ်ရဟန်း၏ ဥပုသ်ကို ဆိုင်းငံ့ထားခြင်း၊
၁၂။ ပဝါရဏာကို ဆိုင်းငံ့ထားခြင်း၊
၁၃။ ပြောဆိုဆုံးမမှုကို ပြုလုပ်ခြင်း၊
၁၄။ အကြီးအမှူး အရာကို ယူခြင်း၊
၁၅။ အခွင့်ရေး တောင်းဆိုခြင်း၊
၁၆။ စောဒနာခြင်း (အပြစ်တင်ခြင်း)၊
၁၇။ အောက်မေ့ စေခြင်း၊
၁၈။ ပကတတ်ရဟန်းတို့နှင့် ရောယှက်ခြင်း။ (ဝိ၊၄၊၄၅။) (ဝိ၊မြန်၊၄။၄၃။)♦

ပဋ္ဌာန်း ၂၄ ပါး

၁။ အနုလောမ၌ တိကပဋ္ဌာန်း၊ ဒုကပဋ္ဌာန်း၊ ဒုကတိကပဋ္ဌာန်း၊ တိကဒုကပဋ္ဌာန်း၊ တိကတိကပဋ္ဌာန်း၊ ဒုကဒုကပဋ္ဌာန်း ခြောက်ပါး၊
၂။ ပစ္စနီယ၌ ခြောက်ပါး၊ အနုလောမပစ္စနိယ၌ ခြောက်ပါး၊ ပစ္စနီယာနုလောမ၌ ခြောက်ပါး ပေါင်းနှစ်ဆယ့်လေးပါး ဖြစ်သည်။ (ဒီ၊ဋီ၊၁၊၁၃၈။)♦

ပဋ္ဌာန်း ၆ မျိုး (တစ်နည်း) (ပစ္စနီယ၌ ပဋ္ဌာန်း ၆ မျိုး)

၁။ တိကပဋ္ဌာန်း၊
၂။ ဒုကပဋ္ဌာန်း၊
၃။ ဒုကတိက ပဋ္ဌာန်း၊
၄။ တိကဒုကပဋ္ဌာန်း၊
၅။ တိကတိကပဋ္ဌာန်း၊
၆။ ဒုကဒုကပဋ္ဌာန်း။ (ပဋ္ဌာန၊၁၊၁၆။) (အဘိ၊ဋ္ဌ၊၁၊၁၀။)♦

ပဋ္ဌာန်း ၆ မျိုး (တစ်နည်း) (ပဋ္ဌာန်းကျမ်း ပစ္စနီယာနုလောမ၌ ပဋ္ဌာန်း ၆ မျိုး)

၁။ တိကပဋ္ဌာန်း၊
၂။ ဒုကပဋ္ဌာန်း၊
၃။ ဒုကတိကပဋ္ဌာန်း၊
၄။ တိကဒုကပဋ္ဌာန်း၊
၅။ တိကတိကပဋ္ဌာန်း၊
၆။ ဒုက ဒုကပဋ္ဌာန်း။ (ပဋ္ဌာန၊၁၊၁၈။) (အဘိ၊ဋ္ဌ၊၁၊၁၁။)♦

ပဋ္ဌာန်း ၆ မျိုး (တစ်နည်း) (ပဋ္ဌာန်းကျမ်း အနုလောမပစ္စနီယ၌ ပဋ္ဌာန်း ၆ မျိုး)

၁။ တိကပဋ္ဌာန်း၊
၂။ ဒုကပဋ္ဌာန်း၊
၃။ ဒုကတိကပဋ္ဌာန်း၊
၄။ တိကဒုကပဋ္ဌာန်း၊
၅။ တိကတိကပဋ္ဌာန်း၊
၆။ ဒုက ဒုကပဋ္ဌာန်း။ (ပဋ္ဌာန၊၁၊၁၇။) (အဘိ၊ဋ္ဌ၊၁၊၁၀။)♦

ပဋ္ဌာန်း ၆ မျိုး (ပဋ္ဌာန်းကျမ်း အနုလောမ ပဋ္ဌာန်း ၆ မျိုး)

၁။ တိကပဋ္ဌာန်း၊
၂။ ဒုကပဋ္ဌာန်း၊
၃။ ဒုကတိက ပဋ္ဌာန်း၊
၄။ တိကဒုကပဋ္ဌာန်း၊
၅။ တိကတိကပဋ္ဌာန်း၊
၆။ ဒုကဒုကပဋ္ဌာန်း။ (အဘိ၊ဋ္ဌ၊၁၊၁၀။)♦

ပဋ္ဌာန်း ၆ မျိုး (အနုလောမ၌ ပဋ္ဌာန်း ၆ မျိုး)

၁။ တိကပဋ္ဌာန်း၊
၂။ ဒုကပဋ္ဌာန်း၊
၃။ ဒုကတိကပဋ္ဌာန်း၊
၄။ တိကဒုကပဋ္ဌာန်း၊
၅။ တိကတိကပဋ္ဌာန်း၊
၆။ ဒုကဒုကပဋ္ဌာန်း။ (ပဋ္ဌာန၊၁၊၁၅။)♦

ပဋ္ဌာန်း ပစ္စည်း ၂၄ ပါး

၁။ ဟေတုပစ္စည်း၊
၂။ အာရမ္မဏပစ္စည်း၊
၃။ အဓိပတိပစ္စည်း၊
၄။ အနန္တရ ပစ္စည်း၊
၅။ သမနန္တရပစ္စည်း၊
၆။ သဟဇာတပစ္စည်း၊
၇။ အညမညပစ္စည်း၊
၈။ နိဿယပစ္စည်း၊
၉။ ဥပနိဿယပစ္စည်း၊
၁၀။ ပုရေဇာတပစ္စည်း၊
၁၁။ ပစ္ဆာဇာတပစ္စည်း၊
၁၂။ အာသေဝနပစ္စည်း၊
၁၃။ ကမ္မပစ္စည်း၊
၁၄။ ဝိပါကပစ္စည်း၊
၁၅။ အာဟာရပစ္စည်း၊
၁၆။ ဣန္ဒြိယပစ္စည်း၊
၁၇။ ဈာန ပစ္စည်း၊
၁၈။ မဂ္ဂပစ္စည်း၊
၁၉။ သမ္ပယုတ္တပစ္စည်း၊
၂၀။ ဝိပ္ပယုတ္တပစ္စည်း၊
၂၁။ အတ္ထိပစ္စည်း၊
၂၂။ နတ္ထိပစ္စည်း၊
၂၃။ ဝိဂတပစ္စည်း၊
၂၄။ အဝိဂတပစ္စည်း။ (အဘိ၊ဋ္ဌ၊၁၊၉။) (ပဋ္ဌာန၊၁၊၁။)♦

ပဋ္ဌာန်းကျမ်း၌ ဝါရကြီး ၇ ဝါရ

၁။ ပဋိစ္စဝါရ၊
၂။ သဟဇာတဝါရ၊
၃။ ပစ္စယဝါရ၊
၄။ နိဿယဝါရ၊
၅။ သံသဋ္ဌဝါရ၊
၆။ သမ္ပယုတ္တဝါရ၊
၇။ ပဉှာဝါရ။ (အဘိ၊ဋ္ဌ၊၃၊၃၉၅။)♦

ပဌမ ပဝါရဏာသိက္ခာပုဒ်၌ အင်္ဂါ ၃ ပါး

၁။ ဆွမ်းစားစဉ် ဘောဇဉ်ငါးမျိုး တစ်မျိုးမျိုးဖြင့် ဟတ္ထပါသ်၌ တည်လျက် ရှေးရှုဆောင်သော် ပယ်မြစ်ခြင်း၊
၂။ အာမိသသည် အတိရိတ်ဝိနည်းကံ မပြုရ သေးခြင်း, ဂိလာန၏ အပိုအလျှံ မဟုတ်ခြင်း၊
၃။ ဆွမ်းစားခွင့်ရှိသော ကာလ၌ စားမျိုခြင်း။ (သာရတ္ထ၊ဋီ၊၃၊၆၄။) (ဝိမတိ၊၂၊၃၁။)♦

ပဌမ ပါဋိဒေသနီယသိက္ခာပုဒ်၌ အင်္ဂါ ၂ ပါး

၁။ မြို့ရွာတွင်း၌ တည်သော ဆွေမျိုးမတော် ဘိက္ခုနီ၏ လက်မှ မိမိလက်ဖြင့် ယာဝကာလိကဝတ္ထုကို ခံယူခြင်း၊
၃။ စားမျိုခြင်း။ (ဝိမတိ၊၂၊၅၈။)♦

ပဌမ ပါဋိဒေသနီယသိက္ခာပုဒ်၌ အင်္ဂါ ၅ ပါး

၁။ ပြည့်စုံသော ဘိက္ခု ဘိက္ခုနီသံဃာ၌ ရဟန်းမ ဖြစ်ခြင်း၊
၂။ ဆွေမျိုးမတော်သူ ဖြစ်ခြင်း၊
၃။ မြို့တွင်းရွာတွင်း ခရီးလမ်း၌ ရပ်တည်သော ဘိက္ခုနီ၏ လက်မှ မိမိကိုယ်တိုင် ခံယူခြင်း၊
၄။ ယာဝကာလိကဝတ္ထု ဖြစ်ခြင်း၊
၅။ စားမျိုခြင်း။ (သာရတ္ထ၊ဋီ၊၃၊၁၀၃။)♦

ပဌမ သံဃဘေဒသိက္ခာပုဒ်၌ အင်္ဂါ ၄ ပါး

၁။ သံဃာ၏ ကွဲပြားခြင်းငှာ လုံ့လပြုခြင်း၊
၂။ ဓမ္မ ကံဖြင့် ကမ္မဝါစာ ရွတ်ဆိုခြင်း၊
၃။ ကမ္မဝါစာ ပြီးဆုံးခြင်း၊
၄။ အယူကို မစွန့်ခြင်း။ (သာရတ္ထ၊ ဋီ၊၂။၃၆၂။) (ဝိမတိ၊၁၊၂၉၇။)♦

ပဌမ သဟသေယျသိက္ခာပုဒ် အင်္ဂါ ၃ ပါး

၁။ ပါစိတ်ဝတ္ထုဖြစ်သော ကျောင်း ဖြစ်ခြင်း၊
၂။ ထိုထို ကျောင်း၌ လူသာမဏေနှင့် အတူတကွ အိပ်ခြင်း၊
၃။ လေးရက်မြောက်နေ့၌ နေဝင် မိုးချုပ်ခြင်း။ (သာရတ္ထ၊ဋီ၊၃၊၁၀။) (ဝိမတိ၊၂၊၇။)♦

ပဌမ သေနာသနသိက္ခာပုဒ်၌ အင်္ဂါ ၆ ပါး

၁။ ညောင်စောင်း စသည်တို့သည် သံဃာ့ပစ္စည်း ဖြစ်ခြင်း၊
၂။ မခင်းဖို့ တားမြစ်ထားသော အရပ်၌ ကိုယ်တိုင်ခင်းခြင်း၊ သူတစ်ပါးကို ခင်းစေခြင်း၊
၃။ နှောင့်ယှက်သူ မရှိခြင်း၊
၄။ ဘေးရန် မရှိခြင်း၊
၅။ ခဲတစ်ကျအရပ်ကို ကျော်လွန်ခြင်း၊
၆။ ငဲ့ကွက်မှု မရှိသူ ဖြစ်ခြင်း။ (သာရတ္ထ၊ဋီ၊၃၊၂၈။) (ဝိမတိ၊၂၊၁၆။)♦

ပဌမ ဥစ္စာရဆဍ္ဍနသိက္ခာပုဒ်၌ အင်္ဂါ ၂ ပါး

၁။ သုံးစွဲနေသော နံရံတစ်ဖက် တံတိုင်းစသည် ဖြစ်ခြင်း၊
၂။ မပန်ကြားဘဲ ကျင်ကြီး စသည်တို့ကို စွန့်ပစ်ခြင်း စသည်။ (ဝိမတိ၊၂၊၇၆။)♦

ပဌမ ဥစ္စာရဆဍ္ဍနသိက္ခာပုဒ်၌ အင်္ဂါ ၅ ပါး

၁။ ကျင်ကြီး စသည်တို့ ဖြစ်ခြင်း၊
၂။ မကြည့်ရှုခြင်း၊
၃။ သုံးစွဲ သွားလာနေသော နေရာအရပ် ဖြစ်ခြင်း၊
၄။ နံရံတစ်ဖက် တံတိုင်း ရှိခြင်း၊
၅။ ကိုယ်တိုင် စွန့်ပစ်ခြင်း, သူတစ်ပါးကို စွန့်ပစ်စေခြင်း။ (သာရတ္ထ၊ဋီ၊၃၊၁၂၄။)♦

ပဌမ ဥပက္ခဋသိက္ခာပုဒ်၌ အင်္ဂါ ၃ ပါး

၁။ သင်္ကန်း၌ များမြတ် ပိုမိုစွာ ရရှိလိုခြင်း၊
၂။ ဆွေမျိုး မတော်သူ ထံမှ တောင်းယူခြင်း၊
၃။ ထိုသို့ တောင်းယူခြင်းကြောင့် ရရှိခြင်း။ (သာရတ္ထ၊ဋီ၊၂၊၄၀၆။) (ဝိမတိ၊၁၊၃၂၇။)♦

ပဌမကထိနသိက္ခာပုဒ်၌ အင်္ဂါ ၅ မျိုး

၁။ သင်္ကန်းသည် မိမိသင်္ကန်း ဖြစ်ခြင်း၊
၂။ သင်္ကန်း ပမာဏနှင့် ကိုက်ညီခြင်း၊
၃။ ပလိဗောဓပြတ်ပြီး ဖြစ်ခြင်း၊
၄။ ပိုလွန်သော သင်္ကန်း ဖြစ်ခြင်း၊
၅။ ဆယ်ရက်အပိုင်းအခြား လွန်သွားခြင်း။ (သာရတ္ထ၊ဋီ၊၂၊၃၉၃။) (ဝိမတိ၊၁၊၃၁၇။)♦

ပဌမဈာန် ပယ်အပ်သော နီဝရဏ ၅ ပါး

၁။ ကာမစ္ဆန္ဒ၊
၂။ ဗျာပါဒ၊
၃။ ထိနမိဒ္ဓ၊
၄။ ဥဒ္ဓစ္စ ကုက္ကုစ္စ၊
၅။ ဝိစိကိစ္ဆာ။ (သာရတ္ထ၊ဋီ၊၂၊၁၇၃။)♦

ပဌမဈာန် မရကြောင်း တရား ၆ ပါး

၁။ ကာမဂုဏ်၌ ဖြစ်သော အလို ကာမစ္ဆန္ဒကို မပယ်ခြင်း၊၊
၂။ ပျက်စီးစေလိုမှု ဗျာပါဒကို မပယ်ခြင်း၊
၃။ လေးလံထိုင်းမှိုင်းမှု ထိနမိဒ္ဓကို မပယ်ခြင်း၊
၄။ ပျံ့လွင့်မှု နောင်တပူပန်မှု ဥဒ္ဓစ္စ ကုက္ကုစ္စကို ပယ်ခြင်း၊
၅။ မဝေခွဲနိုင်မှု ဝိစိကိစ္ဆာကို မပယ်ခြင်း၊
၆။ ကာမဂုဏ်တို့၌ အပြစ်ကို ဟုတ်တိုင်းမှန်စွာ မမြင်ခြင်း။ (အံ၊၂၊၃၇၃။) (အံ၊မြန်၊၂။၄၇၀-၄၇၁။)♦

ပဌမဈာန် မရကြောင်း တရား ၆ ပါး (တစ်နည်း)

၁။ ကာမဂုဏ်ကို ကြံစည်မှု ကာမဝိတက်ကို မပယ်ခြင်း၊
၂။ ပျက်စီးစေရန် ကြံစည်မှု ဗျာပါဒဝိတက်ကို မပယ်ခြင်း၊
၃။ ညှဉ်းဆဲရန် ကြံစည်မှု ဝိဟိံသဝိတက်ကို မပယ်ခြင်း၊
၄။ ကာမဂုဏ်တို့၌ မှတ်သားမှု ကာမသညာကို မပယ်ခြင်း၊
၅။ ပျက်စီးစေရန် မှတ်သားမှု ဗျာပါဒသညာကို မပယ်ခြင်း၊
၆။ ညှဉ်းဆဲရန် မှတ်သားမှု ဝိဟိံသ သညာကို မပယ်ခြင်း။ (အံ၊၂၊၃၇၄။) (အံ၊မြန်၊၂။၄၇၁။)♦

ပဌမဈာန် ရကြောင်း တရား ၆ ပါး

၁။ ကာမဂုဏ်၌ ဖြစ်သော အလို- ကာမစ္ဆန္နကို ပယ်ခြင်း၊
၂။ ပျက်စီးစေလိုမှု ဗျာပါဒကို ပယ်ခြင်း၊
၃။ လေးလံထိုင်းမှိုင်းမှု ထိန မိဒ္ဓကို ပယ်ခြင်း၊
၄။ ပျံ့လွင့်မှု နောင်တစ်ဖန် ပူပန်မှု ဥဒ္ဓစ္စကုက္ကုစ္စကို ပယ်ခြင်း၊
၅။ မဝေခွဲနိုင်မှု ဝိစိကိစ္ဆာကို ပယ်ခြင်း၊
၆။ ကာမဂုဏ်တို့၌ အပြစ်ကို ဟုတ်တိုင်းမှန်စွာ မြင်ခြင်း။ (အံ၊၂၊၃၇၃။) (အံ၊မြန်၊၂။၄၇၁။)♦

ပဌမဈာန် ရကြောင်း တရား ၆ ပါး (တစ်နည်း)

၁။ ကာမဂုဏ်ကို ကြံစည်မှု ကာမဝိတက်ကို ပယ်ခြင်း၊
၂။ ဖျက်ဆီးရန် ကြံစည်မှု ဗျာပါဒဝိတက်ကို ပယ်ခြင်း၊
၃။ ညှဉ်းဆဲရန် ကြံစည်မှု ဝိဟိံသဝိတက်ကို ပယ်ခြင်း၊
၄။ ကာမဂုဏ်၌ မှတ်သားမှု ကာမသညာကို ပယ်ခြင်း၊
၅။ ပျက်စီး စေရန် မှတ်သားမှု ဗျာပါဒသညာကို ပယ်ခြင်း၊
၆။ ညှဉ်းဆဲရန် မှတ်သားမှု ဝိဟိံသသညာကို ပယ်ခြင်း။ (အံ၊၂၊၃၇၄။) (အံ၊မြန်၊၂။၄၇၁-၄၇၂။)♦

ပဌမဈာန် လက္ခဏာ ၁၀ ပါး

၁။ စိတ်ကို ထက်ဝန်းကျင်မှ နှောင်ဖွဲ့တတ်သော နီဝရဏတရားတို့မှ ဈာန်စိတ်၏ စင်ကြယ်ခြင်း၊
၂။ အလယ်အလတ်ဖြစ်သော သမာဓိနိမိတ်ကို ရခြင်း (သမာဓိ နိမိတ်သို့ ရောက်ခြင်း။)၊
၃။ ထိုသမာဓိနိမိတ်၌ ဈာန်စိတ် ပြေးဝင်နေခြင်း၊
၄။ စင်ကြယ် ပြီးသော ဈာန်စိတ်ကို ဗျာပါရမပြု လျစ်လျူရှုခြင်း၊
၅။ သမာဓိရပြီးသော ဈာန်စိတ်ကို လျစ်လျူ ရှုခြင်း၊
၆။ ကိလေသာတို့နှင့် မရောသည့်အတွက် တစ်ပါးတည်းအဖြစ်ဖြင့် တည်နေသော ဈာန်စိတ်ကို လျစ်လျူရှုခြင်း၊
၇။ ထိုဈာန်စိတ်၌ ဖြစ်ကုန်သော သမာဓိ, ပညာဟု ဆိုအပ်သော ယုဂနဒ္ဓတရားတို့ကို တစ်ပါးသည် တစ်ပါးကို မကျော်လွန်စေခြင်းအားဖြင့် ကောင်းစွာ ရွှင်လန်း စေခြင်း ဖြူစင်စေခြင်း၊
၈။ သဒ္ဓါစသော ဣန္ဒြေတို့ကို ဝိမုတ္တိရသတစ်ခုတည်း အဖြစ်ဖြင့် ရွှင်လန်း ဖြူစင်စေခြင်း၊
၉။ ထိုဧကရသသဘောရှိသော ဣန္ဒြေတို့အားလျော်သော ဝီရိယကို ဆောင်ရွက် သည်၏ အဖြစ်အားဖြင့် ကောင်းစွာ ရွှင်လန်းစေခြင်း၊
၁၀။ ဈာန်စိတ်၌ ဖြစ်သော သမာဓိ ပညာ စသော တရားတို့ကို အဖန်ဖန် ဖြစ်စေသောအားဖြင့် ကောင်းစွာ ရွှင်လန်းစေခြင်း ဖြူစင်စေခြင်း။ (ဝိ၊ဋ္ဌ၊၂၊၃။)♦

ပဌမဈာန် အင်္ဂါ ၅ ပါး

၁။ စိတ်ကို ကမ္မဋ္ဌာန်းအာရုံ၌ ရှေးရှု တင်စေတတ်သော ဝိတက်၊
၂။ စိတ်ကို ကမ္မဋ္ဌာန်းအာရုံသို့ အစဉ်ဖွဲ့တတ်သော ဝိစာရ၊
၃။ ဝမ်းမြောက်ခြင်း ပီတိ၊
၄။ ကိုယ်စိတ် ချမ်းသာခြင်း သုခ၊
၅။ စိတ်တည်ကြည်ခြင်း ဧကဂ္ဂတာ။ (သာရတ္ထ၊ဋီ၊၂၊၁၇၄။)♦

ပဌမဈာန် အစ၌ လက္ခဏာ ၃ ပါး

၁။ ထက်ဝန်းကျင် နှောင်ဖွဲ့တတ်သော နီဝရဏတရားတို့မှ ဈာန်စိတ်၏ စင်ကြယ်ခြင်း၊
၂။ အလယ်ဖြစ်သော သမာဓိနိမိတ်ကို ရခြင်း၊
၃။ ထိုသမာဓိ နိမိတ်သို့ ပြေးဝင်ခြင်း။ (ဝိ၊ဋ္ဌ၊၂၊၃။)♦

ပဌမဈာန် အဆုံး၌ လက္ခဏာ ၄ ပါး

၁။ ဈာန်စိတ်၌ ဖြစ်ကုန်သော သမာဓိ, ပညာ ဟူသော ယုဂနဒ္ဓတရားတို့ကို တစ်ပါးသည် တစ်ပါးကို မကျော်လွန်စေသောအားဖြင့် ကောင်းစွာ ရွှင်လန်း စေခြင်း ဖြူစင်စေခြင်း၊
၂။ သဒ္ဓါစသော ဣန္ဒြေတို့ကို ဝိမုတ္တိရသ တစ်ခုတည်း၏ အဖြစ်ဖြင့် ရွှင်လန်းစေခြင်း ဖြူစင်စေခြင်း၊
၃။ ထိုဧကရသသဘောရှိသော ဣန္ဒြေတို့အားလျော်သော ဝီရိယကို ဆောင်ရွက်သည်၏ အဖြစ်အားဖြင့် ကောင်းစွာ ရွှင်လန်းစေခြင်း၊
၄။ ဈာန်စိတ်၌ ဖြစ်သော သမာဓိ,ပညာ စသော တရားတို့ကို အဖန်ဖန် ဖြစ်စေသောအားဖြင့် ကောင်းစွာ ရွှင်လန်း ဖြူစင်စေခြင်း။ (ဝိ၊ဋ္ဌ၊၂၊၃။)♦

ပဌမဈာန် အလယ်၌ လက္ခဏာ ၃ ပါး

၁။ နီဝရဏတရားတို့မှ စင်ကြယ်ပြီးသော ဈာန်စိတ်ကို လျစ်လျူရှုခြင်း၊
၂။ သမာဓိရပြီးသော ဈာန်စိတ်ကို လျစ်လျူရှုခြင်း၊
၃။ ကိလေသာတို့နှင့် မရောသည့်အတွက် တစ်ပါးတည်း တည်နေသော ဈာန်စိတ်ကို လျစ်လျူရှုခြင်း။ (ဝိ၊ဋ္ဌ၊၂၊၃။)♦

ပဌမဈာန်၌ ရှိသော တရား ၁၆ ပါး

၁။ ကြံခြင်း ဝိတက်၊
၂။ ဆင်ခြင်ခြင်း ဝိစာရ၊
၃။ နှစ်သက်ခြင်း ပီတိ၊
၄။ ချမ်းသာခြင်း သုခ၊
၅။ စိတ်တည်ငြိမ်ခြင်း ဧကဂ္ဂတာ၊
၆။ တွေ့ထိခြင်း ဖဿ၊
၇။ ခံစားခြင်း ဝေဒနာ၊
၈။ မှတ်ခြင်း သညာ၊
၉။ စေ့ဆော်ခြင်း စေတနာ၊
၁၀။ စိတ်၊
၁၁။ အလို ဆန္ဒ၊
၁၂။ ဆုံးဖြတ်ခြင်း အဓိမောက္ခ၊
၁၃။ လုံ့လပြုခြင်း ဝီရိယ၊
၁၄။ အမှတ်ရခြင်း သတိ၊
၁၅။ လျစ်လျူရှုခြင်း ဥပေက္ခာ၊
၁၆။ နှလုံးသွင်းခြင်း မနသိကာရ။ (မ၊၃၊၇၅။) (မ၊မြန်၊၃။၇၉။)♦

ပဌမဒုဋ္ဌဒေါသသိက္ခာပုဒ် အင်္ဂါ ၅ ပါး

၁။ စောဒနာခံရသူက ရဟန်းဖြစ်ခြင်း၊
၂။ ထိုစုဒိတက ရဟန်း၌ အာပတ် စင်ကြယ်သူဟု အမှတ်ရှိခြင်း၊
၃။ အကြင်ပါရာဇိကဖြင့် စွပ်စွဲ၏၊ ထိုစွပ်စွဲမှု၏ မြင်ခြင်း အစရှိသောအားဖြင့် အခြေအမြစ် မရှိခြင်း၊
၄။ သာသနာမှ ရွေ့လျောလိုသော စိတ်ဖြင့် မျက်မှောက်၌ စွပ်စွဲခြင်း၊
၅။ စွပ်စွဲခံရသော ရဟန်းက ထိုစွပ်စွဲသော ခဏ၌ပင် သိခြင်း။ (သာရတ္ထ၊ဋီ၊၂၊၃၅၆။) (ဝိမတိ၊၁၊၂၉၃။)♦

ပဌမဗောဓိ၌ ဘုရားရှင်အား ပြုစုလုပ်ကျွေးသော ရဟန်းသာမဏေ ၇ ပါး

၁။ နာဂသမာလ ထေရ်၊
၂။ နာဂိတထေရ်၊
၃။ ဥပဝါဏထေရ်၊
၄။ သုနက္ခတ္တထေရ်၊
၅။ စုန္ဒသာမဏေ၊၆။ သာဂတ ထေရ်၊၇။ မေဃိယထေရ်။ (အံ၊ဋီ၊၃၊၂၆၇။)♦

ပဏိပါတ သရဏဂုံ ၄ ပါး

၁။ ဆွေမျိုးတော်စပ်သဖြင့် ပျပ်ဝပ်ရိုကျိုး ရှိခိုးဦးညွှတ်ခြင်း- ဉာတိ ပဏိပါတ၊
၂။ ကြောက်သဖြင့် ပျပ်ဝပ်ရိုကျိုး ရှိခိုးဦးညွှတ်ခြင်း- ဘယပဏိပါတ၊
၃။ ဆရာသမား ဖြစ်သဖြင့် ပျပ်ဝပ်ရိုကျိုး ရှိခိုးဦးညွှတ်ခြင်း- အာစရိယပဏိပါတ၊
၄။ မြတ်သော အလှူခံ ပုဂ္ဂိုလ်၏ ဂုဏ်ကို အာရုံပြု၍ အမြတ်တနိုး ကိုးကွယ်ဆည်းကပ်ခြင်း- ဒက္ခိဏေယျပဏိပါတ။ (အံ၊ဋ္ဌ၊၂၊၁၈။)♦

ပဏီတဘောဇဉ် ၉ မျိုး

မွန်မြတ်သော ဘောဇဉ် ၉ မျိုးနှင့် တူသည်။ ♦

ပဏီတဘောဇနသိက္ခာပုဒ်၌ အင်္ဂါ ၄ မျိုး

၁။ မွန်မြတ်သော အာဟာရဖြင့် ရောစပ်အပ်သော ဘောဇဉ် ဖြစ်ခြင်း၊
၂။ ကျန်းမာသူ ဖြစ်ခြင်း၊
၃။ တောင်းခံမှု မပြုဘဲ ရရှိခြင်း၊
၄။ စားမျိုခြင်း။ (သာရတ္ထ၊ ဋီ၊၃။၆၉။) (ဝိမတိ၊၂၊၃၄။)♦

ပဏီတဝိညာဏ ၆ ပါး

၁။ ကုသလာဗျာကတဝိညာဏ၊
၂။ အဗျာကတဝိညာဏ၊
၃။ သုခလည်း ဖြစ်၍ အဒုက္ခမသုခလည်းဖြစ်သော ဝေဒနာနှင့် ယှဉ်သော ဝိညာဏ၊
၄။ အဒုက္ခမသုခ ဖြစ်သော ဝေဒနာနှင့် ယှဉ်သော ဝိညာဏ၊
၅။ သမာပတ်ဝင်စားသော ပုဂ္ဂိုလ်၏ ဝိညာဏ၊
၆။ အာသဝ တရားနှင့်တကွ မဖြစ်သော ဝိညာဏ။ မှတ်ချက်။ ။ ဤနေရာ၌ ရူပက္ခန္ဓာ ၁၊၂၊၃၊၄ ပါး သရုပ်ကျန်သည်။ (အဘိ၊ဝိ၊၁၁။) (အဘိ၊ဝိ၊မြန်၊၁။၂၃။)♦

ပဏီတဝေဒနာ ၆ ပါး

၁။ ကုသလာဗျာကတဝေဒနာ၊
၂။ အဗျာကတဝေဒနာ၊
၃။ သုခလည်း ဖြစ်၍ အဒုက္ခမသုခလည်းဖြစ်သော ဝေဒနာ၊
၄။ အဒုက္ခမသုခဝေဒနာ၊
၅။ သမာပတ်ဝင်စားသော ပုဂ္ဂိုလ်၏ ဝေဒနာ၊
၆။ အာသဝတရားနှင့်တကွ မဖြစ်သော ဝေဒနာ။ (အဘိ၊ဝိ၊၄။) (အဘိ၊ဝိ၊မြန်၊၁။၇။)♦

ပဏီတသင်္ခါရ ၆ ပါး

၁။ ကုသလာဗျာကတသင်္ခါရ၊
၂။ အဗျာကတသင်္ခါရ၊
၃။ သုခလည်းဖြစ်၍ အဒုက္ခမသုခလည်းဖြစ်သော ဝေဒနာနှင့်ယှဉ်သော သင်္ခါရ၊
၄။ အဒုက္ခမသုခဖြစ်သော ဝေဒနာနှင့်ယှဉ်သော သင်္ခါရ၊
၅။ သမာပတ်ဝင်စားသော ပုဂ္ဂိုလ်သင်္ခါရ၊
၆။ အာသဝ တရားနှင့်တကွ မဖြစ်သော သင်္ခါရ။ (အဘိ၊ဝိ၊၉။) (အဘိ၊ဝိ၊မြန်၊၁။၁၉။)♦

ပဏီတသညာ ၆ ပါး

၁။ ကုသလာဗျာကတသညာ၊
၂။ အဗျာကတသညာ၊
၃။ သုခလည်းဖြစ်၍ အဒုက္ခမသုခလည်းဖြစ်သော ဝေဒနာနှင့်ယှဉ်သော သညာ၊
၄။ အဒုက္ခမသုခဖြစ်သော ဝေဒနာနှင့်ယှဉ်သော သညာ၊
၅။ သမာပတ်ဝင်စားသော ပုဂ္ဂိုလ်၏ သညာ၊
၆။ အာသဝ တရားနှင့်တကွ မဖြစ်သော သညာ။ (အဘိ၊ဝိ၊၆။) (အဘိ၊ဝိ၊မြန်၊၁။၁၃။)♦

ပဏ္ဍုက် ၃ မျိုး

၁။ လူပဏ္ဍုက်၊
၂။ နတ်ပဏ္ဍုက်၊
၃။ တိရစ္ဆာန်ပဏ္ဍုက်။ (ဝိ၊၁၊၃၄။) (ဝိ၊မြန်၊၁။၃၈။)♦

ပဏ္ဍုက်် ၇ မျိုး

၁။ သူတစ်ပါးတို့၏ အင်္ဂါဇာတ်ကို ပါးစပ်ဖြင့် ယူ၍ သုက်ဖြင့် သွန်းလောင်း ခံရသော် ကိလေသာအပူငြိမ်းသော သူသည် အာသိတ္တပဏ္ဍုက်ပုဂ္ဂိုလ်၊
၂။ သူတစ်ပါးတို့၏ မေထုန်ကျူးလွန်မှုကို ကြည့်ရသော် ငြူစူခြင်းဖြစ်သော် ကိလေသာအပူငြိမ်းသော သူသည် ဥဿူယပဏ္ဍုက်ပုဂ္ဂိုလ်၊
၃။ လုံ့လပယောဂဖြင့် ဝှေးစေ့တို့ကို အထုတ်ခံရသူသည် ဩပက္ကမိက ပဏ္ဍုက်ပုဂ္ဂိုလ်၊
၄။ အကုသိုလ်ဝိပါက်၏ အကျိုးဆက်ကြောင့် လဆုတ်ပက္ခ၌ ပဏ္ဍုက် ဖြစ်၍ လဆန်းပက္ခ၌ ကိလေသာအပူငြိမ်းသော သူသည် ပက္ခပဏ္ဍုက် ပုဂ္ဂိုလ်၊
၅။ ပဋိသန္ဓေ အခါ၌ပင် ဘာဝရုပ်ပါမလာသော သူသည် နပုံသကပဏ္ဍုက်ပုဂ္ဂိုလ်၊
၆။ လအပိုင်းအခြားအားဖြင့် ပဏ္ဍုက်ဖြစ်သော သူသည် မာသပဏ္ဍုက်ပုဂ္ဂိုလ်၊
၇။ မန်းမှုတ်ခြင်း မှော်အတတ်ဖြင့် ဝှေးစေ့ပယ်ထုတ်ခံရသူသည် လေခပဏ္ဍုက်ပုဂ္ဂိုလ်။ (ဝဇိရ၊၄၂၉။)♦

ပဏ္ဏတ္တိဝါရ၌ နယဝါရ ၄ မျိုး

၁။ ပဒသောဓနဝါရ၊
၂။ ပဒသောဓန မူလစက္ကဝါရ၊
၃။ သုဒ္ဓ ခန္ဓဝါရ၊
၄။ သုဒ္ဓခန္ဓမူလစက္ကဝါရ။ (အဘိ၊ဋ္ဌ၊၃၊၂၉၃။)♦

ပတ္တကလ္လ အင်္ဂါ ၄ ပါး

၁။ ဥပုသ်နေ့ ဖြစ်ခြင်း၊
၂။ ဥပုသ်ကံအား လျောက်ပတ်သော ပကတတ် ရဟန်းတို့သည် နှစ်တောင့်ထွှာ ဟတ္ထပါသ်ကို မစွန့်မူ၍ တစ်သိမ်တည်း၌ တည်ခြင်း၊
၃။ သဘာဂ အာပတ် မရှိခြင်း၊
၄။ သိမ်အတွင်း၌ လူစသော ဝဇ္ဇနီယပုဂ္ဂိုလ် နှစ်ဆယ့်တစ်ယောက်တို့ကို ဖယ်ကြဉ်ပြီး ဖြစ်ခြင်း။ (ဝိ၊ဋ္ဌ၊၃၊၃၄၄။) (ဝိ၊ဋ္ဌ၊၄၊၁၇၂။)♦

ပတ္တနိက္ကုဇ္ဇန အင်္ဂါ ၈ ပါး

သပိတ်မှောက်ခြင်း အင်္ဂါ ၈ ပါးနှင့် တူသည်။ ♦

ပတ္တပိုဏ်ဓုတင် ၃ မျိုး

၁။ ဥက္ကဋ္ဌပတ္တပိုဏ်ဓုတင်၊
၂။ မဇ္ဈိမပတ္တပိုဏ်ဓုတင်၊
၃။ မုဒုကပတ္တပိုဏ် ဓုတင်။ (ဝိသုဒ္ဓိ၊၁၊၆၇။)♦

ပတ္တပိုဏ်ဓုတင် ဆောက်တည်ရကျိုး ၆ ပါး

၁။ အမျိုးမျိုးသော ရသတဏှာကို ပယ်ဖျောက် နိုင်ခြင်း၊
၂။ အတြိစ္ဆတာကို ပယ်နိုင်ခြင်း၊
၃။ အာဟာရ၌ ဘုရားရှင်သည် ခွင့်ပြုတော်မူသော အကျိုးမျှကိုသာ ကြည့်ရှုလေ့ ရှိခြင်း၊
၄။ သပိတ်မှ အပိုဖြစ်သော ပန်းကန်ခွက်ယောက် စသည်ကို ကိုင်ဆောင်ခြင်းကြောင့် ဖြစ်သော ပင်ပန်းမှု မရှိခြင်း၊
၅။ အခြားသော ဆွမ်းဟင်း ခွက်တို့၌ ပျံ့လွင့်မှု မရှိဘဲ စားသောက်နိုင်ခြင်း၊
၆။ အပ္ပိစ္ဆတာ စသည်တို့အားလျော်သော အကျင့် ရှိခြင်း။ (ဝိသုဒ္ဓိ၊၁၊၆၈။)♦

ပတ္တပိုဏ်ဓုတင် ဆောက်တည်သော ရဟန်း ၅ မျိုး

၁။ ပညာနုံ့၍ မိုက်မဲ တွေဝေသောကြောင့် ဆောက်တည်ခြင်း၊
၂။ ယုတ်မာသော အလိုဆိုး နှိပ်စက်သောကြောင့် ဆောက်တည်ခြင်း၊
၃။ စိတ်ပျံ့လွင့် ရူးသွပ်သောကြောင့် ဆောက်တည်ခြင်း၊
၄။ ဘုရားရှင်နှင့် ဘုရားရှင်၏တပည့် တို့သည် ချီးမွမ်းအပ်၏ဟု ဆောက်တည်ခြင်း၊
၅။ အလိုနည်းမှု, ရောင့်ရဲမှု, ခေါင်းပါးမှု, ဆိတ်ငြိမ်မှုတို့ကို မှီ၍ ကောင်းသော အကျင့်ကို အလိုရှိသောကြောင့် ဆောက်တည်ခြင်း။ (ဝိ၊၅၊၃၃၆။) (အံ၊၂၊၁၉၄။) (ဝိ၊မြန်၊၅။၄၃၈။) (အံ၊မြန်၊၂။၂၄၇။)♦

ပတ္တမြား၏ အင်္ဂါ ၃ ပါး

၁။ ပတ္တမြားရတနာသည် ထက်ဝန်းကျင် စင်ကြယ်ခြင်း၊ (ထို့အတူ ယောဂီ ပုဂ္ဂိုလ်သည် ထက်ဝန်းကျင် စင်ကြယ်သော အသက်မွေးမှု ရှိခြင်း)၊
၂။ ပတ္တမြားရတနာသည် တစ်စုံတစ်ခုသော အညစ်ကြေးနှင့် မရောနှောခြင်း (ထို့အတူ ယောဂီပုဂ္ဂိုလ်သည် ယုတ်ညံ့သော အကုသိုလ်တရား, ယုတ်ညံ့သော အဆွေခင်ပွန်းတို့နှင့် မရောနှောခြင်း)၊
၃။ ပတ္တမြား ရတနာသည် အမျိုးစားမှန်ကန်သော ရတနာတို့နှင့် ယှဉ်စပ်ခြင်း (ထို့အတူ ယောဂီပုဂ္ဂိုလ်သည် အလွန်မြတ်သော ဇာတ်ရှိသူတို့နှင့်လည်းကောင်း သေက္ခပုဂ္ဂိုလ်, သောတာပန် သကဒါဂါမ် အနာဂါမ် ရဟန္တာ တေဝိဇ္ဇ ဆဠာဘိညပုဂ္ဂိုလ်တို့နှင့်လည်းကောင်း ပေါင်းသင်းဆက်ဆံရခြင်း)။ (မိလိန္ဒ၊၃၉၇။) (မိလိန္ဒ၊မြန်။၄၁၉။)♦

ပတ္တမြားရတနာ၏ ဂုဏ် ၃ ပါး

၁။ အလိုရှိရာကို ပေးနိုင်ခြင်း၊
၂။ ကြည်လင်ရွှင်လန်းမှုကို ပြုတတ်ခြင်း၊
၃။ ထွန်းလင်း တောက်ပမူကို ပြုတတ်ခြင်း။ (မိလိန္ဒ၊၃၀၇။) (မိလိန္ဒ၊မြန်။၃၂၉။)♦

ပတ္တဥက္ကုဇ္ဇန အင်္ဂါ ၈ ပါး

သပိတ်လှန်ရန် အင်္ဂါ ၈ ပါးနှင့် တူသည်။ (အံ၊၃၊၁၅၈။) (အံ၊မြန်၊၃။၁၆၀။)♦

ပတ္ထနာ ၂ မျိုး

၁။ တဏှာဟူသော တောင့်တခြင်း- တဏှာပတ္ထနာ၊
၂။ ဆန္ဒဟူသော တောင့်တခြင်း- ဆန္ဒပတ္ထနာ။ (မ၊ဋ္ဌ၊၁၊၄၃။)♦

ပထမပါရာဇိက မဆုံးဖြတ်မီ ဆင်ခြင်ရမည့်အရာ ၆ မျိုး

၁။ဝတ္ထု ထိုထိုသိက္ခာပုဒ်၏ အကြောင်းဝတ္ထု၊
၂။ မာတိကာ- ထိုထိုသိက္ခာပုဒ်တည်းဟူသော မာတိကာ၊
၃။ ပဒဘာဇနီ- ထိုထိုသိက္ခာပုဒ် ပါဠိတော်၏ အဖွင့်ဖြစ်သော ပဒဘာဇနီ၊
၄။ တိကပရိစ္ဆေဒ- သံဃာဒိသိသ် သုံးချက်, ပါစိတ် အာပတ်သုံးချက် စသော တိက်အပိုင်းအခြား၊
၅။ အန္တရာပတ္တိ- ဝိနီတဝတ္ထုနှင့်တကွ ထိုထို သိက္ခာပုဒ်တို့၏ အကြား၌ ဖြစ်သော အန္တရာပတ်၊
၆။ အနာပတ္တိ- မသာယာသော ရဟန်းအား အာပတ်မသင့် စသော အနာပတ်။ (ဝိ၊ဋ္ဌ၊၁၊၂၀၁။)♦

ပထဝီ ၂ မျိုး

၁။ ဇာတပထဝီ (အစစ်ဖြစ်သော မြေ။)
၂။ အဇာတပထဝီ (အစစ်မဟုတ်သော မြေ။)။ (ဝိ၊၂၊၄၉။) (ဝိ၊မြန်၊၂။၅၄။)♦

ပထဝီ ၄ မျိုး

၁။ လက္ခဏပထဝီ- မှတ်ကြောင်းလက္ခဏာ (ပထဝီ) မြေ၊
၂။ သသမ္ဘာရ ပထဝီ- အဆောက်အဦအပေါင်းနှင့် တကွသော (ပထဝီ မြေ၊
၃။ အာရမ္မဏပထဝီ- ဈာန်၏ အာရုံ ဖြစ်သော (ပထဝီ) မြေ၊
၄။ သမ္မုတိပထဝီ- သမုတ်အပ်သော အမည်ဖြစ်သော (ပထဝီ) မြေ။ (မ၊ဋ္ဌ၊၁၊၂၆။)♦

ပထဝီခဏနသိက္ခာပုဒ်၌ အင်္ဂါ ၃ ပါး

၁။ မြေကြီးအစစ် ဖြစ်ခြင်း၊
၂။ မြေကြီးအစစ်ဟု အမှတ် ရှိခြင်း၊
၃။ ကိုယ်တိုင်တူးခြင်း, သူတစ်ပါးကို တူးစေခြင်း နှစ်မျိုးတို့တွင် တစ်မျိုးမျိုး ဖြစ်ခြင်း။ (သာရတ္ထ၊ ဋီ၊၃။၁၆။) (ဝိမတိ၊၂၊၁၀။)♦

ပထဝီဓာတ် ၂ မျိုး

၁။ ခန္ဓာကိုယ်အတွင်း၌ ဖြစ်သော အဇ္ဈတ္တိကပထဝီဓာတ်၊
၂။ ခန္ဓာကိုယ် ပြင်ပ၌ ဖြစ်သော ဗာဟိရပထဝီဓာတ်။ (မ၊၁၊၂၄၂။) (မ၊၂၊၈၄။) (အဘိ၊ဝိ၊၈၄။) (အဘိ၊ဋ္ဌ၊၂၊၅၂။) (မ၊မြန်၊၁။၂၅၀။) (မ၊မြန်၊၂။၉၁။) (အဘိ၊ဝိ၊မြန်၊၁။၂၉၇။)♦

ပထဝီဓာတ် ၂၀ (မိမိသန္တာန်၌ ဖြစ်သော- ဥပါဒိန္နရုပ်/ပထဝီဓာတ် ၂၀ မျိုး)

၁။ ဆံပင်၊
၂။ မွေးညှင်း၊
၃။ ခြေသည်း လက်သည်း၊
၄။ သွား၊
၅။ အရေထူ အရေပါး၊
၆။ အသား၊
၇။ အကြော၊
၈။ အရိုး၊
၉။ ရိုးတွင်းခြင်ဆီ၊
၁၀။ အညှို့၊
၁၁။ နှလုံး၊
၁၂။ အသည်း၊
၁၃။ အမြှေး၊
၁၄။ အဖျဉ်း၊
၁၅။ အဆုတ်၊
၁၆။ အူမ၊
၁၇။ အူသိမ်၊
၁၈။ အစာသစ်၊
၁၉။ အစာဟောင်း၊
၂၀။ ကိုယ်တွင်း၌ ဖြစ်သော ကိုယ်ကို စွဲ၍ ဖြစ်သော ကြမ်းတမ်းသော ကြမ်းတမ်းသည်၏ အဖြစ်သို့ ရောက်သော အခြားအလုံးစုံသော ဥပါဒိန္နရုပ်တရား။ (မ၊၂၊၈၄။) (မ၊မြန်၊၂။၉၁။)♦

ပထဝီဓာတ် ၂၀ တစ်နည်း (အဇ္ဈတ္တသန္တာန်၌ ဖြစ်သော ပထဝီဓာတ် ၂၀ )

၁။ ကေသာ- ဆံပင်၊
၂။ လောမာ- အမွေး၊
၃။ နခါ- ခြေသည်း,လက်သည်း၊
၄။ ဒန္တာ- သွား၊
၅။ တစော- အရေထူ, အရေပါး၊
၆။ မံသံ- အသား၊
၇။ နှာရု- အကြော၊
၈။ အဋ္ဌိ- အရိုး၊
၉။ အဋ္ဌိမိဉ္ဇံ- ရိုးတွင်းခြင်ဆီ၊
၁၀။ ဝက္ကံ- အညှို့၊
၁၁။ ဟဒယံ- နှလုံး၊
၁၂။ ယကနံ-အသဲ၊
၁၃။ ကိလောမကံ- အမြှေး၊
၁၄။ ပိဟကံ- အဖျဉ်း၊
၁၅။ ပပ္ဖါသံ- အဆုတ်၊
၁၆။ အန္တံ-အူမ၊
၁၇။ အန္တဂုဏံ- အူသိမ်၊
၁၈။ ဥဒရိယံ- အစာသစ်၊
၁၉။ ကရီသံ- အစာဟောင်း၊
၂၀။ မတ္ထလုင်္ဂံ- ဦးနှောက်။ (မ၊၁၊၂၄၂။) (အဘိ၊ဝိ၊၈၄။) (မ၊မြန်၊၁။၂၅၀။) (အဘိ၊ဝိ၊မြန်၊၁။၂၉၈။)♦

ပဒ ၄ မျိုး (တစ်နည်း)

၁။ နာမပဒ၊
၂။ အာချာတပဒ၊
၃။ ဥပသဂ္ဂပဒ၊
၄။ နိပါတပဒ။ (နေတ္တိ၊ဝိဘာ။၄၆။)♦

ပဒ ၄ မျိုး (ပဒသော ဓမ္မံ ဝါစေယျ၌ ပဒ ၄ မျိုး)

၁။ ပဒ- ဂါထာ၏ ပဌမပါဒ၊
၂။ အနုပဒ- ဂါထာ၏ ဒုတိယပါဒ၊
၃။ အနွက္ခရ- တစ်လုံးစီ တစ်လုံးစီဖြစ်သော အက္ခရာ၊
၄။ အနုဗျဉ္ဇန- ဝိဘတ်တစ်ခု အဆုံးသတ်ထားသော ပုဒ်ဗျည်း။ (ဝိ၊ဋ္ဌ၊၃၊၇။)♦

ပဒသောဓနဝါရ ၂ မျိုး

၁။ အနုလောမ ပဒသောဓနဝါရ၊
၂။ ပဋိလောမ ပဒသောဓနဝါရ။ (အဘိ၊ဋ္ဌ၊၃၊၂၉၃။)♦

ပဒသောဓမ္မသိက္ခာပုဒ်၌ အင်္ဂါ ၃ မျိုး

၁။ ရဟန်းမဟုတ်သူ ဖြစ်ခြင်း၊
၂။ ပါဠိအဋ္ဌကထာတရားကို အစုအစုအားဖြင့် ပို့ချသူ ဖြစ်ခြင်း၊
၃။ တစ်ပေါင်းတည်း ရွတ်ဆိုခြင်း။ (သာရတ္ထ၊ဋီ၊၃၊၆။) (ဝိမတိ၊၂၊၅။)♦

ပဒုမဘုရားရှင်၏ ဓမ္မာဘိသမယ ၃ ကြိမ်

၁။ ရှေးဦးစွာ ဓမ္မစကြာတရား ဟောကြားသော အခါ၌ လူနတ်ဗြဟ္မာ ကုဋေတစ်ရာ ကျွတ်တမ်းဝင်ကြသည်၊
၂။ ဒုတိယအကြိမ် တရားဟောသောအခါ လူနတ်ဗြဟ္မာ ကုဋေကိုးဆယ်တို့ ကျွတ်တမ်းဝင်ကြသည်၊
၃။ မိမိ၏ သားတော်ကို ဆုံးမသော အခါ လူနတ်ဗြဟ္မာ ကုဋေရှစ်ဆယ် ကျွတ်တမ်းဝင်ကြသည်။ (အပ၊၂၊၃၃၉။) (အပ၊မြန်၊၂။၃၃၅။)♦

ပဒုမဘုရားရှင်၏ သာဝကအစည်းအဝေး ၃ ကြိမ်

၁။ ပထမအကြိမ် ရဟန္တာ ကုဋေတစ်သိန်း၊
၂။ ဒုတိယအကြိမ် တရားစစ်သူကြီးဖြစ်သော သာလမထေရ်အကျိုးငှါ ကထိန်သင်္ကန်းချုပ်သော အခါ၌ ရဟန္တာသုံးသိန်း၊
၃။ တတိယအကြိမ် ပဒုမဘုရားရှင်သည် တောအုပ်ထဲ၌ ဝါကပ်တော် မူသောအခါ ရဟန္တာနှစ်သိန်း စည်းဝေးတော်မူကြသည်။ (အဘိ၊ဋ္ဌ၊၁၊၆၃။) (အပ၊၂၊၃၃၉။)(ဇာ၊ဋ္ဌ၊၁၊၄၄။) (အပ၊မြန်၊၂။၃၃၅။)♦

ပဒုမဘုရားရှင်၏ အဂ္ဂသာဝက ၂ ပါး

၁။ သာလထေရ်၊
၂။ ဥပသာလထေရ်။ (အဘိ၊ဋ္ဌ၊၁၊၆၄။) (ဗုဒ္ဓဝံ၊ဋ္ဌ၊၂၁၆။)♦

ပဒုမဘုရားရှင်၏ အဂ္ဂသာဝိကာမ ၂ ပါး

၁။ ရာဓာထေရီ၊
၂။ သုရာဓာထေရီ၊ (အဘိ၊ဋ္ဌ၊၁၊၆၄။) (ဗုဒ္ဓဝံ၊ဋ္ဌ၊၂၁၆။)♦

ပဒုမဘုရားအလောင်း၏ ပြာသာဒ် ၃ ဆောင်

၁။ နန္ဒုတ္တရမည်သော ပြာသာဒ်ဆောင်၊
၂။ ဝသုတ္တရ မည်သော ပြာသာဒ်ဆောင်၊
၃။ ယသုတ္တရမည်သော ပြာသာဒ်ဆောင်။ (အပ၊၂၊၃၄၀။) (အပ၊မြန်၊၂။၃၃၆။)♦

ပဒုမုတ္တရဘုရားရှင်၏ ဓမ္မာဘိသမယ ၃ ကြိမ်

၁။ ပထမအကြိမ် ဓမ္မစကြာတရား ဟောကြား တော်မူသောအခါ၌ လူနတ်ဗြဟ္မာကုဋေတစ်သိန်း ကျွတ်တမ်းဝင်ကြသည်၊
၂။ ဒုတိယအကြိမ် တရားဟောတော်မူသော အခါ၌ လူနတ်ဗြဟ္မာ သုံးသန်းခုနစ်သိန်း ကျွတ်တမ်းဝင်သည်၊
၃။ တတိယအကြိမ် ခမည်းတော်မင်းကြီးထံ ချဉ်းကပ်၍ တရားဟောသောအခါ လူနတ်ဗြဟ္မာ ငါးသန်း ကျွတ်တမ်းဝင်ကြသည်။ (အပ၊၂၊၃၄၃။) (အပ၊မြန်၊၂။၃၄၀။)♦

ပဒုမုတ္တရဘုရားရှင်၏ သာဝကအစည်းအဝေး ၃ ကြိမ်

၁။ ပထမအကြိမ် ရဟန္တာ ကုဋေ တစ်သိန်း၊
၂။ ဒုတိယအကြိမ် ဘုရားရှင် ဝေဘာရတောင်၌ သီတင်းသုံးတော်မူသောအခါ ရဟန္တာ ကုဋေကိုးသောင်း၊
၃။ တတိယအကြိမ် ဘုရားရှင်ဒေသစာရီ လှည့်လည်တော်မူစဉ် ရွာနိဂုံး တိုင်းနိုင်ငံမှ ရဟန်းပြုသော ရဟန္တာ ကုဋေရှစ်သောင်းတို့ စည်းဝေးတော်မူကြသည်။ (အဘိ၊ဋ္ဌ၊၁၊၆၅။) (အပ၊၂၊၃၄၄။) (အပ၊မြန်၊၂။၃၄၁။)♦

ပဒုမုတ္တရဘုရားရှင်၏ အဂ္ဂသာဝက ၂ ပါး

၁။ ဒေဝလထေရ်၊
၂။ သုဇာတထေရ်။ (အဘိ၊ဋ္ဌ၊၁၊၆၅။) (ဗုဒ္ဓဝံ၊ဋ္ဌ၊၂၃၂။)♦

ပဒုမုတ္တရဘုရားရှင်၏ အဂ္ဂသာဝိကာမ ၂ ပါး

၁။ အမိတာထေရီ၊
၂။ အသမာထေရီ၊ (အဘိ၊ဋ္ဌ၊၁၊၆၅။) (ဗုဒ္ဓဝံ၊ဋ္ဌ၊၂၃၂။)♦

ပဒုမုတ္တရဘုရားအလောင်း၏ ပြာသာဒ် ၃ ဆောင်

၁။ နရဝါဟန မည်သော ပြာသာဒ်ဆောင်၊
၂။ ယသ ဝါဟနမည်သော ပြာသာဒ်ဆောင်၊
၃။ ဝသဝတ္တိမည်သော ပြာသာဒ်ဆောင်။ (အပ၊၂၊၃၄၅။) (အပ၊မြန်၊၂။၃၄၂။)♦

ပဒုမ္မာကြာ၏ အင်္ဂါ ၃ ပါး

၁။ ပဒုမ္မာကြာသည် ရေ၌ ကြီးပွားလျက် ရေဖြင့် မလိမ်းကြံ မကပ်ငြိခြင်း၊ ထို့အတူ ယောဂီပုဂ္ဂိုလ်သည် အမျိုး, ဂိုဏ်းဂဏ, လာဘ်လာဘ၊ ပူဇော်သက္ကာရ အခြံအရံ စသော အသုံးအဆောင်တို့၌ မကပ်ငြိ မလိမ်းကျံရခြင်း၊
၂။ ပဒုမ္မာကြာသည် ရေပေါ်၌ တက်ရောက်၍ တည်ခြင်း၊ ထို့အတူ ယောဂီပုဂ္ဂိုလ်သည် လောကကို လွှမ်းမိုး၍ လောက၏ အထက်၌ တက်ရောက်လျက် လောကုတ္တရာတရား၌ တည်ရခြင်း၊
၃။ ပဒုမ္မာ ကြာသည် အနည်းငယ်မျှသော လေတိုက်ခတ်ခြင်းကြောင့် တုန်လှုပ်ခြင်း၊ ထို့အတူ ယောဂီပုဂ္ဂိုလ်သည် အနည်းငယ်မျှသော ကိလေသာတို့၌သော်လည်း စောင့်စည်းမှု ပြုလျက် ဘေးဟုရှုလေ့ ရှိသည် ဖြစ်၍ နေရခြင်း။ (မိလိန္ဒ၊၃၅၇။) (မိလိန္ဒ၊မြန်။၃၈၀။)♦

ပဒေသ ၁၀ ပါး

အစိတ်အပိုင်း ၁၀ မျိုးနှင့် တူသည်။ ♦

ပဓာန ၇ မျိုး

၁။ ယဇ်ပူဇော်ခြင်းတို့တွင် မီးဖြင့် ပူဇော်ခြင်းသည် ပဓာန၊
၂။ ဆန်းကျမ်းတို့တွင် သာဝိတ္ထိဆန်းကျမ်းသည် ပဓာန၊
၃။ လူသားတို့၌ ရှင်ဘုရင်သည် ပဓာန၊
၄။ မြစ်တို့၌ သမုဒ္ဒရာသည် ပဓာန၊
၅။ နက္ခတ်တာရာတို့၌ လမင်းသည် ပဓာန၊
၆။ တောက်ပမှုတို့၌ နေမင်းသည် ပဓာန၊
၇။ ကောင်းမှုကုသိုလ်ကို အလိုရှိကုန်သော ပုဂ္ဂိုလ်တို့၏လှူဒါန်းပူဇော်မှု တို့၌ သံဃာသည် ပဓာန။ (သုတ္တနိ၊၃၇၀။) (သုတ္တနိ၊မြန်။၃၄၉။)♦

ပဓာနတရား ၄ ပါး

၁။ စက္ခုန္ဒြေ စသည်ကို စောင့်သော ပုဂ္ဂိုလ်အား ဖြစ်သော ဝီရိယသံဝရပဓာန၊
၂။ ကာမဝိတက် စသည်ကို ပယ်သော ပုဂ္ဂိုလ်အား ဖြစ်သော ဝီရိယပဟာနပဓာန၊
၃။ ဗောဇ္ဈင် စသည်ကို ပွားသော ပုဂ္ဂိုလ်အား ဖြစ်သော ဝီရိယဘာဝနာပဓာန၊
၄။ သမာဓိနိမိတ်ကို စောင့်သော ပုဂ္ဂိုလ်အား ဖြစ်သော ဝီရိယအနုရက္ခဏ ပဓာန။ (ဒီ၊၃၊၁၈၉။) (ဒီ၊မြန်၊၃။၂၀၉။)♦

ပဓာနိယင်္ဂ ၄ ပါး

၁။ သီလစင်ကြယ်ခြင်း သီလပါရိသုဒ္ဓိနှင့် ပြည့်စုံအောင် အားထုတ်ရခြင်း၊
၂။ စိတ်စင်ကြယ်ခြင်း စိတ္တပါရိသုဒ္ဓိနှင့် ပြည့်စုံအောင် အားထုတ်ရခြင်း၊
၃။ အယူစင်ကြယ်ခြင်း ဒိဋ္ဌိပါရိသုဒ္ဓိနှင့် ပြည့်စုံအောင် အားထုတ်ရခြင်း၊
၄။ လွတ်မြောက်မှုစင်ကြယ်ခြင်း ဝိမုတ္တိ ပါရိသုဒ္ဓိနှင့် ပြည့်စုံအောင် အားထုတ်ရခြင်း။ (အံ၊၁၊၅၁၅။) (အံ၊မြန်၊၁။၅၃၀-၅၃၁။)♦

ပဓာနိယင်္ဂတရား ၅ ပါး

ကျေးဇူးများသော တရား ၅ ပါး၊ ဗဟုကာရတရား ၅ ပါး၊ ကမ္မဋ္ဌာန်း အားထုတ်သူ၏ အင်္ဂါ ၅ ပါးတို့နှင့် တူသည်။ ♦

ပန်းကုံး ၆ မျိုး

၁။ ဂန္ထိမံ- ရိုးတန်အချင်းချင်း, အညှာအချင်းချင်း သီကုံးထုံးဖွဲ့အပ်သော ပန်းကုံး၊
၂။ ဂေါပ္ဖိမံ- ချည်ဖြင့်သော်လည်းကောင်း, လျှော် စသည်တို့ဖြင့်သော်လည်းကောင်း ထိုးသီ၍ စီတန်းဖွဲ့ထားအပ်သော ပန်းကုံး၊
၃။ ဝေဓိမံ- ခရေပန်း စသည်တို့ကို သီကုံးသကဲ့သို့ အပ်စသည်တို့ဖြင့် အလယ်မှ ထိုးဖောက်သီကုံးအပ်သော ပန်းကုံး၊
၄။ ဝေဌိမံ- ပန်းစည်း စသည်တို့ကဲ့သို့ ရစ်ပတ်ဖွဲ့သီအပ်သော ပန်းကုံး၊
၅။ ပူရိမံ- ပန်းကုံး ပန်းအဝတ် စသည်တို့ဖြင့် ရစ်ပတ်ပြီး လိုအပ်သော နေရာကို ဖြည့်၍ ဖြည့်၍ သီကုံးအပ်သော ပန်းကုံး၊
၆။ ဝါယိမံ- ရက်လုပ်သော ဇာပန်း, အဝတ်ပန်း, အရုပ်ပန်း။ (ဝိ၊ဋ္ဌ၊၂၊၂၀၄။)♦

ပပဉ္စတရား ၃ ပါး

သံသရာကို ချဲ့တတ်သော တရား ၃ ပါးနှင့် တူသည်။ ♦

ပပဉ္စတရား ၅ ပါး

၁။ ဒေါသပပဉ္စ၊
၂။ မောဟပပဉ္စ၊
၃။ တဏှာ-ရာဂ ပပဉ္စ၊
၄။ ဒိဋ္ဌိပပဉ္စ၊
၅။ မာန ပပဉ္စ။ (ဥဒါန၊ဋ္ဌ၊၃၃၈။)♦

ပဗ္ဗာဇနီယကံ ငြိမ်းအေးခြင်း၏ စလယ်ဆုံး ၃ ပါး

နိဿယကံ ငြိမ်းအေးခြင်း၏ စလယ်ဆုံး ၃ ပါး၊ ပဋိသာရဏီယကံ ငြိမ်းအေးခြင်း၏ စလယ်ဆုံး ၃ ပါး၊ ဥက္ခေပနီယကံ ငြိမ်းအေး ခြင်း၏ စလယ်ဆုံး ၃ ပါး တို့နှင့် တူသည်။ ♦

ပဗ္ဗာဇနီယကံ ပြုလိုက ပြုနိုင်ကြောင်း ၁၄ ပါး

၁။ မျက်ကွယ် မျက်မှောက်၌ ငြင်းခုံလျက် သံဃာ၌ အဓိကရုဏ်းကို ပြုလုပ်ခြင်း အာပတ်များ၍ အပိုင်းအခြား မရှိခြင်း၊ လူတို့နှင့် ရောနှော နေထိုင်ခြင်း၊
၂။ မြင့်မြတ်သော သီလအရာ၌ သီလပျက်စီးခြင်း၊ အကျင့်အရာ၌ အကျင့် ပျက်စီးခြင်း အယူဝါဒအရာ၌ အယူဝါဒ ပျက်စီးခြင်း၊
၃။ ဘုရားရှင်၏ ကျေးဇူးမဲ့ကို ပြောဆိုခြင်း၊ တရားတော်၏ ကျေးဇူးမဲ့ကို ပြောဆိုခြင်း၊ သံဃာတော်၏ ကျေးဇူးမဲ့ကို ပြောဆိုခြင်း၊
၄။ ကိုယ်၌ ဖြစ်သော မြူးထူးခြင်း, နှုတ်၌ ဖြစ်သော မြူးထူးခြင်း, ကိုယ်နှုတ်၌ ဖြစ်သော မြူးထူးခြင်းနှင့် ပြည့်စုံခြင်း၊
၅။ ကိုယ်၌ ဖြစ်သော, နှုတ်၌ ဖြစ်သော, ကိုယ်နှုတ်၌ ဖြစ်သော မကျင့်အပ်သော အရာနှင့် ပြည့်စုံခြင်း၊
၆။ ကိုယ်၌ ဖြစ်သော, နှုတ်၌ ဖြစ်သော, ကိုယ်နှုတ်၌ ဖြစ်သော ဖျက်ဆီးခြင်းနှင့် ပြည့်စုံခြင်း၊
၇။ ကိုယ်၌ ဖြစ်သော, နှုတ်၌ ဖြစ်သော, ကိုယ်နှုတ်၌ ဖြစ်သော ယုတ်မာသော အာပတ်မွေးခြင်းနှင့် ပြည့်စုံခြင်း၊
၈။ ရဟန်းတစ်မျိုးသည် မျက်ကွယ် မျက်မှောက်၌ ငြင်းခုံတတ်လျက် သံဃာ၌ အဓိကရုဏ်းကို ပြုလုပ်တတ်ခြင်း၊ အာပတ် များပြား၍ အပိုင်းအခြားမရှိသူ ဖြစ်ခြင်း၊ လူတို့နှင့် ရောနှောနေထိုင်တတ်ခြင်း၊
၉။ မြင့်မြတ်သော သီလအရာ၌ သီလပျက်စီးခြင်း၊ အကျင့်အရာ၌ အကျင့် ပျက်စီးခြင်း, အယူဝါဒအရာ၌ အယူဝါဒ ပျက်စီးခြင်း၊
၁၀။ ဘုရားရှင်၏ ကျေးဇူးမဲ့ကို ပြောဆိုခြင်း၊ တရားတော်၏ ကျေးဇူးမဲ့ကို ပြောဆိုခြင်း၊ သံဃာတော်၏ ကျေးဇူးမဲ့ကို ပြောဆိုခြင်း၊
၁၁။ ကိုယ်၌ဖြစ်သော၊ နှုတ်၌ဖြစ်သော၊ ကိုယ်နှုတ်၌ဖြစ်သော မြူးထူးခြင်းနှင့် ပြည့်စုံခြင်း၊
၁၂။ ကိုယ်၌ဖြစ်သော၊ နှုတ်၌ ဖြစ်သော၊ ကိုယ်နှုတ်၌ ဖြစ်သော မကျင့်အပ်သော အရာနှင့် ပြည့်စုံခြင်း၊
၁၃။ ကိုယ်၌ဖြစ်သော၊ နှုတ်၌ဖြစ်သော၊ ကိုယ်နှုတ်၌ ဖြစ်သော ပျက်စီးခြင်းနှင့် ပြည့်စုံခြင်း၊
၁၄။ ကိုယ်၌ဖြစ်သော နှုတ်၌ဖြစ်သော, ကိုယ်နှုတ်၌ဖြစ်သော ယုတ်မာသော အသက်မွေးမှုနှင့် ပြည့်စုံခြင်း။ (ဝိ၊၄၊၃၁။) (ဝိ၊မြန်၊၄။၃၀-၃၁။)♦

ပဗ္ဗာဇနီယကံကို ငြိမ်းစေနိုင်ကြောင်း ၁၈ ပါး

၁။ ဥပဇ္ဈာယ်ဆရာ ပြုလုပ်၍ ရဟန်းခံမပေးခြင်း၊
၂။ နိဿယည်း မပေးခြင်း၊
၃။ သာမဏေကို မလုပ်ကျွေး မပြုစုစေခြင်း၊
၄။ ရဟန်းမတို့အား ဆုံးမရန် သမုတ်ခြင်းကို မသာယာ မနှစ်သက်ခြင်း၊
၅။ ဩဝါဒသမ္မုတိရသော်လည်း ရဟန်းမ တို့ကို ဩဝါဒမပေးခြင်း၊
၆။ ပဗ္ဗာဇနီယကံပြုကြောင်း အာပတ်သို့ မရောက်ခြင်း၊
၇။ အလားတူ ဖြစ်သော အခြားအာပတ်သို့လည်း မသင့်ရောက်ခြင်း၊
၈။ ထို့ထက် ရုန့်ရင်းကြမ်းတမ်းသော အာပတ်သို့လည်း မသင့် မရောက်ခြင်း၊
၉။ ပဗ္ဗာဇနီယကံကို မကဲ့ရဲ့ခြင်း၊
၁၀။ ပဗ္ဗာဇနီယ ကံပြုသော ရဟန်းတို့ကို မကဲ့ရဲ့ခြင်း၊
၁၁။ ပကတတ်ရဟန်း၏ ဥပုသ်ကို ဆိုင်းငံ့မထားခြင်း၊
၁၂။ ပဝါရဏာကို ဆိုင်းငံ့မထားခြင်း၊
၁၃။ ဆုံးမဩဝါဒပေးမှုကို မပြုလုပ်ခြင်း၊
၁၄။ အကြီးအမှူး အရာကို မယူခြင်း၊
၁၅။ အခွင့်အရေး မတောင်းဆိုခြင်း၊
၁၆။ မစောဒနာခြင်း (အပြစ် မတင်ခြင်း)၊
၁၇။ မအောက်မေ့စေခြင်း၊
၁၈။ ပကတတ်ရဟန်းတို့နှင့် မရောယှက်ခြင်း။ (ဝိ၊၄၊၃၅။) (ဝိ၊မြန်၊၄။၃၄။)♦

ပဗ္ဗာဇနီယကံကို ပြုလိုက ပြုနိုင်ကြောင်း အင်္ဂါ ၃ ပါး

၁။ သံဃာ၌ အဓိကရုဏ်းကို ပြုတတ်ခြင်း၊
၂။ မိုက်မဲ မလိမ္မာ အာပတ်များပြား အပိုင်းအခြား မရှိခြင်း၊
၃။ ယုတ်ညံ့သော အကျင့်ရှိခြင်း။ (ဝိ၊၅၊၂၁၉။) (ဝိ၊မြန်၊၅။၃၀၆။)♦

ပဗ္ဗာဇနီယကံကို မငြိမ်းစေနိုင်ကြောင်း ၁၈ ပါး

၁။ ဥပဇ္ဈာယ်ဆရာ ပြုလုပ်၍ ရဟန်းခံပေးခြင်း၊
၂။ နိဿယည်းပေးခြင်း၊
၃။ သာမဏေကို ပြုစုလုပ်ကျွေးစေခြင်း၊
၄။ ရဟန်းမတို့အား ဆုံးမရန် သမုတ်ခြင်းကို သာယာနှစ်သက်ခြင်း၊
၅။ ဩဝါဒသမ္မုတိရသည်ရှိသော် ရဟန်းမတို့ကို ဩဝါဒပေးခြင်း၊
၆။ ပဗ္ဗာဇနီယကံ ပြုကြောင်းဖြစ်သော အာပတ်သို့ သင့်ရောက်ခြင်း၊
၇။ အလားတူဖြစ်သော အခြားအာပတ်သို့လည်း သင့်ရောက်ခြင်း၊
၈။ ထို့ထက် ရုန့်ရင်းသော အာပတ်သင့်ရောက်ခြင်း၊
၉။ ပဗ္ဗာဇနီယကံကို ကဲ့ရဲ့ခြင်း၊
၁၀။ ပဗ္ဗာဇနီယကံ ပြုသော ရဟန်းတို့ကို ကဲ့ရဲ့ခြင်း၊
၁၁။ ပကတတ်ရဟန်း၏ ဥပုသ်ကို ဆိုင်းငံ့ထားခြင်း၊
၁၂။ ပဝါရဏာကို ဆိုင်းငံ့ထားခြင်း၊
၁၃။ ဆုံးမမှုကို ပြုလုပ်ခြင်း၊
၁၄။ အကြီးအမှူးအရာကို ယူခြင်း၊
၁၅။ အခွင့်အရေးတောင်းဆိုခြင်း၊
၁၆။ စောဒနာမှု (အပြစ်တင်မှု) ပြုခြင်း၊
၁၇။ အောက်မေ့ စေခြင်း၊
၁၈။ ပကတတ်ရဟန်းတို့နှင့် ရောယှက်ခြင်း။ (ဝိ၊၄၊၃၅။) (ဝိ၊မြန်၊၄။၃၄။)♦

ပဗ္ဗာဇနီယဝိနည်းကံ၌ ကျင့်ဝတ် ၁၈ ပါး

၁။ ဥပဇ္ဈာယ်ဆရာပြုလုပ်၍ ရဟန်းခံ မပေးရခြင်း၊
၂။ နိဿယည်း မပေးရခြင်း၊
၃။ သာမဏေကို မလုပ်ကျွေးစေရခြင်း၊
၄။ ရဟန်းမတို့အား ဆုံးမရန် သမုတ်ခြင်းကို မသာယာ မနှစ်သက်ရခြင်း၊
၅။ ဩဝါဒသမ္မုတိရသော်လည်း ရဟန်းမ တို့ကို ဩဝါဒ မပေးရခြင်း၊
၆။ ပဗ္ဗာဇနီယကံ ပြုကြောင်းဖြစ်သော အာပတ်သို့ မသင့်မရောက် ရခြင်း၊
၇။ အလားတူဖြစ်သော အခြားအာပတ်သို့လည်း မသင့်မရောက်ရခြင်း၊
၈။ ထို့ထက် ရုန့်ရင်းကြမ်းတမ်းသော အာပတ်သို့လည်း မသင့်မရောက်ရခြင်း၊
၉။ ပဗ္ဗာဇနီယကံ ပြုသော ရဟန်းတို့ကို မကဲ့ရဲ့ရခြင်း၊
၁၀။ ပဗ္ဗာဇနီယကံပြုသော ရဟန်းတို့ကို မကဲ့ရဲ့ရခြင်း၊
၁၁။ ပကတတ် ရဟန်း၏ ဥပုသ်ကို ဆိုင်းငံ့မထားရခြင်း၊
၁၂။ ပဝါရဏာကို ဆိုင်းငံ့ မထားရခြင်း၊
၁၃။ ဆုံးမမှုကို မပြုလုပ်ရခြင်း၊
၁၄။ အကြီးအမှူးအရာ၌ မနေရခြင်း၊
၁၅။ အခွင့်အရေး မတောင်းဆိုရခြင်း၊
၁၆။ မစောဒနာရခြင်း၊
၁၇။ မအောက်မေ့စေ ရခြင်း၊
၁၈။ ပကတတ်ရဟန်းတို့နှင့် မရောယှက် ရခြင်း။ (ဝိ၊၄၊၃၄။) (ဝိ၊မြန်၊၄။၃၂။)♦

ပမာဏကို သိခြင်း ၂ မျိုး

၁။ ခံယူခြင်း ပမာဏကို သိခြင်း၊
၂။ သုံးဆောင်ခြင်း ပမာဏကို သိခြင်း။ (သုတ္တနိ၊ဋ္ဌ၊၂၊၇၅။)♦

ပယ်ခြင်း ၂ မျိုး

၁။ ကိုယ်ဖြင့် ပယ်ခြင်း၊
၂။ နှုတ်ဖြင့် ပယ်ခြင်း။ (ဝိ၊၅၊၂၁၄။) (ဝိ၊မြန်၊၅။၂၉၉။)♦

ပယ်ခြင်း ၂ မျိုး (တစ်နည်း)

၁။ အကြွင်းမဲ့ပယ်ခြင်း (သမုစ္ဆေဒပဟာန်)၊
၂။ တစ်ဖန် ငြိမ်းအေးစေသော အားဖြင့် ပယ်ခြင်း (ပဋိပဿဒ္ဓိပဟာန်)။ (ပဋိသံ၊၂၆။) (ပဋိသံ၊မြန်။၃၅။)♦

ပယ်ခြင်း ၃ မျိုး (တစ်နည်း)

၁။ အလိုကြီးခြင်း၊
၂။ မရောင့်ရဲခြင်း၊
၃။ ကိလေသာ မခေါင်းပါးခြင်း။ (ဝိ၊၅၊၂၁၈။) (ဝိ၊မြန်၊၅။၃၀၄။)♦

ပယ်ခြင်း ၃ မျိုး (တစ်နည်း)

၁။ အလိုကြီးခြင်း၊
၂။ မရောင့်ရဲခြင်း၊
၃။ အတိုင်းအရှည်ကို မသိခြင်း။ (ဝိ၊၅၊၂၁၈။) (ဝိ၊မြန်၊၅။၃၀၄။)♦

ပယ်ခြင်း ၃ မျိုး (တစ်နည်း)

၁။ ပဌမဈာန်ကဲ့သို့ ကာမတို့မှ ထွက်မြောက်ခြင်း၊
၂။ အရူပ ဈာန်ကဲ့သို့ ရုပ်တို့မှ ထွက်မြောက်ခြင်း၊
၃။ အသင်္ခတတရားကို စွဲ၍ဖြစ်သော တရား၏ ချုပ်ငြိမ်း ခြင်းဟူသော ထွက်မြောက်ခြင်း။ (ပဋိသံ၊၂၆။) (ပဋိသံ၊မြန်။၃၅။)♦

ပယ်ခြင်း ၄ မျိုး

၁။ ဒုက္ခသစ္စာကို ပိုင်းခြား၍သိခြင်းအားဖြင့် ထိုးထွင်းသိသော ပရိညာပဋိဝေဓ အလိုအားဖြင့် ထိုးထွင်းသိသည်ဖြစ်၍ ပယ်သင့်သော ကိလေသာတို့ကို ပယ်၏၊
၂။ သမုဒယ သစ္စာကို ပယ်သောအားဖြင့် ထိုးထွင်းသိသော ပဟာနပဋိဝေဓ အလိုအားဖြင့် ထိုးထွင်းသိသည် ဖြစ်၍ ပယ်သင့်သော ကိလေသာတို့ကို ပယ်၏၊
၃။ နိရောဓသစ္စာကို မျက်မှောက်ပြုသော အားဖြင့် ထိုးထွင်းသိသော သစ္ဆိကိရိယာပဋိဝေဓအလိုအားဖြင့် ထိုးထွင်းသိသည်ဖြစ်၍ ပယ်သင့်သော ကိလေသာတို့ကို ပယ်၏၊
၄။ မဂ္ဂသစ္စာကို ပွားစေသောအားဖြင့် ထိုးထွင်းသိသော ဘာဝနာ ပဋိဝေဓအလိုအားဖြင့် ထိုးထွင်းသိသည်ဖြစ်၍ ပယ်သင့်သော ကိလေသာတို့ကို ပယ်၏။ (ပဋိသံ၊၂၆။) (ပဋိသံ၊မြန်။၃၅။)♦

ပယ်ခြင်း ၅ မျိုး

ပဟာန ၅ မျိုးနှင့် တူသည်။ ♦

ပယ်စွန့်ခြင်း၏ အကြောင်း၂ ပါး

၁။ ပရဝိစ္ဆိန္ဒနာယ ဝါ နီရဿတိ (သူတစ်ပါးတို့ စွန့်စေသဖြင့်) စွန့်ခြင်း၊
၂။ အနဘိသမ္ဘုဏန္တော ဝါ နီရဿတိ (မမီမရောက်နိုင်သည်ဖြစ်၍) စွန့်ခြင်း။ (မဟာနိ၊၅၈။)♦

ပယ်ဖျောက်နိုင်ခဲသော တရား ၅ ပါး

၁။ ဖြစ်လာသော ရာဂကို ပယ်ဖျောက်နိုင်ခဲ၏၊
၂။ ဖြစ်လာသော ဒေါသကို ပယ်ဖျောက်နိုင်ခဲ၏၊
၃။ ဖြစ်လာသော မောဟကို ပယ်ဖျောက်နိုင်ခဲ၏၊
၄။ ဖြစ်လာသော ဆန္ဒကို ပယ်ဖျောက်နိုင်ခဲ၏၊
၅။ ဖြစ်လာသော ခရီးသွားလိုသော စိတ်ကို ပယ်ဖျောက်နိုင်ခဲ၏။ (ဝိ၊၅၊၂၃၁။) (အံ၊၂၊၁၆၂။) (ဝိ၊မြန်၊၅။၃၂၁။) (အံ၊မြန်၊၂။၂၀၈။)♦

ပယ်ရမည့် တဏှာ ၃ ပါး

၁။ ကာမတဏှာ- ကာမဂုဏ်အာရုံ၌ သာယာသည်၏ အစွမ်းအားဖြင့် ဖြစ်သော တဏှာ၊
၂။ ဘဝတဏှာ- ဘဝသည် (အတ္တသည်) မြဲ၏ဟု ယူသော သဿတဒိဋ္ဌိနှင့် တကွဖြစ်သော တဏှာ၊
၃။ ဝိဘဝတဏှာ- ဘဝသည် (အတ္တသည်) သေလျှင် ပြတ်၏ဟု ယူသော ဥစ္ဆေဒဒိဋ္ဌိနှင့် တကွဖြစ်သော တဏှာ။ (ဒီ၊၃၊၂၂၉။) (အံ၊၂၊၃၈၇။) (ဒီ၊မြန်၊၃။၂၅၂။) (အံ၊မြန်၊၂။၄၈၈။)♦

ပယ်သင့်သော တဏှာ ၃ ပါး

ပယ်ရမည့် တဏှာ ၃ ပါးနှင့် တူသည်။ ♦

ပယ်သင့်သော တရား ၃ ပါးနှင့် ပွားများသင့်သော တရား ၃ ပါး

၁။ စွဲမက်မှု ရာဂကို ပယ်၍ မတင့်တယ်မှု အသုဘကို ပွားများအပ်ခြင်း၊
၂။ အမျက်ထွက်မှု ဒေါသကို ပယ်၍ ချစ်ခင်မှု မေတ္တာကို ပွားများအပ်ခြင်း၊
၃။ တွေဝေမှု မောဟကို ပယ်၍ သိမှု ပညာကို ပွားများအပ်ခြင်း။ (အံ၊၂၊၃၈၈။) (အံ၊မြန်၊၂။၄၉၀။)♦

ပယ်သင့်သော တရား ၃ ပါးနှင့် ပွားများသင့်သော တရား ၃ ပါး (တစ်နည်း)

၁။ ကာယဒုစရိုက်ကို ပယ်၍ ကာယသုစရိုက်ကို ပွားများအပ်ခြင်း၊
၂။ ဝစီဒုစရိုက်ကို ပယ်၍ ဝစီသုစရိုက်ကို ပွားများ အပ်ခြင်း၊
၃။ မနောဒုစရိုက်ကို ပယ်၍ မနောသုစရိုက်ကို ပွားများ အပ်ခြင်း။ (အံ၊၂၊၃၈၈။) (အံ၊မြန်၊၂။၄၉၀။)♦

ပယ်သင့်သော တရား ၃ ပါးနှင့် ပွားများသင့်သော တရား ၃ ပါး (တစ်နည်း)

၁။ ကာမဂုဏ် ကြံစည်မှု ကာမဝိတက်ကို ပယ်၍ ကာမဂုဏ်မှ ထွက်မြောက်ကြောင်း ကြံစည်မှု နေက္ခမ္မ ဝိတက်ကို ပွားများအပ်ခြင်း၊
၂။ ပျက်စီးစေရန် ကြံစည်မှု ဗျာပါဒဝိတက်ကို ပယ်ရန် မပျက်စီးရန် ကြံစည်မှု အဗျာပါဒဝိတက်ကို ပွားများအပ်ခြင်း၊
၃။ ညှဉ်းဆဲရန် ကြံစည်မှု ဝိဟိံသာဝိတက်ကို ပယ်ရန် မညှဉ်းဆဲရန် ကြံစည်မှု အဝိဟိံသာဝိတက်ကို ပွားများအပ်ခြင်း။ (အံ၊၂၊၃၈၈။) (အံ၊မြန်၊၂။၄၉၁။)♦

ပယ်သင့်သော တရား ၃ ပါးနှင့် ပွားများသင့်သော တရား ၃ ပါး (တစ်နည်း)

၁။ ကာမဂုဏ်ကို မှတ်သားမှု ကာမသညာကို ပယ်၍ ထွက်မြောက်ကြောင်းကို မှတ်သားမှု နေက္ခမ္မသညာကို ပွားများအပ်ခြင်း၊
၂။ ပျက်စီးခြင်းကို မှတ်သားမှု ဗျာပါဒသညာကို ပယ်၍ မပျက်စီးခြင်းကို မှတ်သားမှု အဗျာပါဒသညာကို ပွားများအပ်ခြင်း၊
၃။ ညှဉ်းဆဲခြင်းကို မှတ်သားမှု ဝိဟိံသ သညာကို ပယ်၍ မညှဉ်းဆဲခြင်းကို မှတ်သားမှု အဝိဟိံသသညာကို ပွားများအပ်ခြင်း။ (အံ၊၂၊၃၈၉။) (အံ၊မြန်၊၂။၄၉၁။)♦

ပယ်သင့်သော တရား ၃ ပါးနှင့် ပွားများသင့်သော တရား ၃ ပါး (တစ်နည်း)

၁။ ကာမ စိတ်ကို ပယ်၍ နေက္ခမ္မစိတ်ကို ပွားများအပ်ခြင်း၊
၂။ ဗျာပါဒစိတ်ကို ပယ်၍ အဗျာပါဒစိတ်ကို ပွားများအပ်ခြင်း၊
၃။ ဝိဟိံသာစိတ်ကို ပယ်၍ အဝိဟိံသာစိတ်ကို ပွားများအပ်ခြင်း။ (အံ၊၂၊၃၈၉။) (အံ၊မြန်၊၂။၄၉၂။)♦

ပယ်သင့်သော တရား ၃ ပါးနှင့် ပွားများသင့်သော တရား ၃ ပါး (တစ်နည်း)

၁။ သဿတ ဒိဋ္ဌိကို ပယ်၍ အနိစ္စသညာကို ပွားများအပ်ခြင်း၊
၂။ သက္ကာယဒိဋ္ဌိကို ပယ်၍ အနတ္တသညာကို ပွားများအပ်ခြင်း၊
၃။ မိစ္ဆာဒိဋ္ဌိကို ပယ်၍ သမ္မာဒိဋ္ဌိကို ပွားများအပ်ခြင်း။ (အံ၊၂၊၃၈၉။) (အံ၊မြန်၊၂။၄၉၂။)♦

ပယ်သင့်သော တရား ၃ ပါးနှင့် ပွားများသင့်သော တရား ၃ ပါး (တစ်နည်း)

၁။ မမွေ့ လျော်မှု အရတိကို ပယ်၍ ဝမ်းမြောက်မှု မုဒိတာကို ပွားများအပ်ခြင်း၊
၂။ ညှဉ်းဆဲမှု ဝိဟိံသာကို ပယ်၍ မညှဉ်းဆဲမှု အဝိဟိံသာကို ပွားများအပ်ခြင်း၊
၃။ တရားမဟုတ်သည်ကို ကျင့်မှု အကုသလကမ္မပထတရားကို ပယ်၍ တရားဟုတ်သည်ကို ကျင့်မှု ကုသလကမ္မပထ တရားများကို ပွားများအပ်ခြင်း။ (အံ၊၂၊၃၉၀။) (အံ၊မြန်၊၂။၄၉၃။)♦

ပယ်သင့်သော တရား ၃ ပါးနှင့် ပွားများသင့်သော တရား ၃ ပါး (တစ်နည်း)

၁။ မရောင့်ရဲမှု အသန္တုဋ္ဌိတာကို ပယ်၍ ရောင့်ရဲမှု သန္တုဋ္ဌိကို ပွားများအပ်ခြင်း၊
၂။ ဆင်ခြင်ဉာဏ် မရှိမှု အသမ္ပဇညကို ပယ်၍ ဆင်ခြင်ဉာဏ်ရှိမှု သမ္ပဇညကို ပွားအပ်ခြင်း၊
၃။ အလိုကြီးမှု မဟိစ္ဆတာကို ပယ်၍ အလိုနည်းမှု အပ္ပိစ္ဆတာကို ပွားများအပ်ခြင်း။ (အံ၊၂၊၃၉၀။) (အံ၊မြန်၊၂။၄၉၃။)♦

ပယ်သင့်သော တရား ၃ ပါးနှင့် ပွားများသင့်သော တရား ၃ ပါး (တစ်နည်း)

၁။ ဆုံးမခက်သော စကားရှိမှု ဒေါဝစဿတာကို ပယ်၍ ဆုံးမလွယ်သော စကားရှိမှု သောဝစဿတာကို ပွားများ အပ်ခြင်း၊
၂။ မကောင်းသော အပေါင်းအသင်းရှိမှု ပါပမိတ္တတာကို ပယ်၍ ကောင်းသော အပေါင်းအသင်းရှိမှု ကလျာဏမိတ္တတာကို ပွားများအပ်ခြင်း၊
၃။ စိတ်ပျံ့လွင့်မှု ဥဒ္ဓစ္စကို ပယ်၍ ထွက်သက်ဝင်သက်ရှိ အောက်မေ့မှု အာနာပါနဿတိ ကမ္မဋ္ဌာန်းကို ပွားများအပ်ခြင်း။ (အံ၊၂၊၃၉၀။) (အံ၊မြန်၊၂။၄၉၄။)♦

ပယ်သင့်သော တရား ၃ ပါးနှင့် ပွားများသင့်သော တရား ၃ ပါး (တစ်နည်း)

၁။ ပျံ့လွင့်မှု ဥဒ္ဓစ္စကို ပယ်၍ ငြိမ်းချမ်းမှု သမထကမ္မဋ္ဌာန်းကို ပွားများအပ်ခြင်း၊
၂။ ဣန္ဒြေတို့ကို မစောင့်ဆည်းမှု အသံဝရကို ပယ်၍ စောင့်စည်းမှု သံဝရကို ပွားများအပ်ခြင်း၊
၃။ မေ့လျော့မှု ပမာဒကို ပယ်၍ မမေ့လျော့မှု အပ္ပမာဒကို ပွားများအပ်ခြင်း။ (အံ၊၂၊၃၉၀။) (အံ၊မြန်၊၂။၄၉၄။)♦

ပယ်သင့်သော ဘဝ ၃ မျိုး

၁။ ကာမဘဝ၊
၂။ ရူပဘဝ၊
၃။ အရူပဘဝ။ (အံ၊၂၊၃၈၆-၃၈၇။) (အံ၊မြန်၊၂။၄၈၈။)♦

ပယ်သင့်သော မာန ၃ မျိုး

၁။ အမျိုး ဇာတ် စသည်ကို စွဲ၍ ဖြစ်သော မာန၊
၂။ ယုတ်သော မာန၊
၃။ အလွန်ထောင်လွှား တက်ကြွသော မာန။ (အံ၊၂၊၃၈၆-၃၈၇။) (အံ၊မြန်၊၂။၄၈၈-၄၈၉။)♦

ပယ်အပ်သော တရား ၁၀ ပါး

၁။ မိစ္ဆာဒိဋ္ဌိ- မှားသော အယူ၊
၂။ မိစ္ဆာသင်္ကပ္ပ- မှားသော အကြံ၊
၃။ မိစ္ဆာဝါစာ- မှားသော ပြောဆိုမှု၊
၄။ မိစ္ဆာကမ္မန္တ- မှားသော ပြုလုပ်ခြင်း၊
၅။ မိစ္ဆာအာဇီဝ- မှားသော အသက်မွေးမှု၊
၆။ မိစ္ဆာဝါယာမ- မှားသော အားထုတ်မှု၊
၇။ မိစ္ဆာသတိ- မှားသော အောက်မေ့မှု၊
၈။ မိစ္ဆာသမာဓိ- မှားသော တည်ကြည်မှု၊
၉။ မိစ္ဆာဉာဏ- မှားသော အသိဉာဏ်၊
၁၀။ မိစ္ဆာဝိမုတ္တိ- မှားသော ထွက်မြောက်မှု။ (ဒီ၊၃၊၂၅၇။) (အံ၊၃၊၄၃၅။) (ဒီ၊မြန်၊၃။၂၈၀။) (အံ၊မြန်၊၃။၄၂၈။)♦

ပယ်အပ်သော တရား ၂ ပါး

၁။ အမှန်တရားသဘောကို ဖုံးလွှမ်းတတ်သော မောဟ- အဝိဇ္ဇာ၊
၂။ ဘဝကို တောင့်တတပ်မက် စွဲလမ်းမှု, ဘဝကို ချည်နှောင်တတ်သော တဏှာ- ဘဝတဏှာ။ (ဒီ၊၃၊၂၂၈။) (ပေဋကော၊၂၅၀။) (ဒီ၊မြန်၊၃။၂၅၀။)♦

ပယ်အပ်သော တရား ၃ ပါး

ပယ်ရမည့် တဏှာ ၃ ပါးနှင့် တူသည်။ ♦

ပယ်အပ်သော တရား ၄ ပါး

၁။ လိုချင်ဖွယ် ကာမတို့၌ နစ်မြုပ်စေတတ်သော သဘော- ကာမောဃ၊
၂။ ဘဝ၌ နစ်မြုပ်စေတတ် နစ်မြှုပ်တတ်သော သဘော- ဘဝေါဃ၊
၃။ နစ်မြုပ်စေတတ် နှစ်မြှုပ် တတ်သော ဒိဋ္ဌိ- ဒိဋ္ဌောဃ၊
၄။ ဝဋ်ဆင်းရဲ၌ နစ်မြုပ်စေတတ်သော တရား- အဝိဇ္ဇောဃ။ (ဒီ၊၃၊၂၃၁။) (ဒီ၊မြန်၊၃။၂၅၃။)♦

ပယ်အပ်သော တရား ၅ ပါး

၁။(ကုသိုလ်ဖြစ်ခြင်းကို) တားမြစ် ပိတ်ပင်တတ်သော ကာမစ္ဆန္ဒ- ကာမစ္ဆန္ဒနီဝရဏ၊
၂။ ကုသိုလ်တရားတို့ကို ပိတ်ပင်တတ်သော ဗျာပါဒ- ဗျာပါဒနီဝရဏ၊ ၃။(ဈာန်, မဂ်, ဖိုလ် တရားကို) ပိတ်ပင်တတ်သော ထိနနှင့် မိဒ္ဓ- ထိနမိဒ္ဓနီဝရဏ၊
၄။ ကုသိုလ်တရားတို့ကို ပိတ်ပင်တတ်သော စိတ်ပျံ့လွင့်ခြင်းနှင့် နောင်တတဖန် ပူပန်ခြင်း သဘော- ဥဒ္ဓစ္စကုက္ကုစ္စနီဝရဏ၊ ၅။(ကုသိုလ်စိတ်ကို) ပိတ်ပင်တတ်သော တွေးတော မဆုံးဖြတ်နိုင်ဘဲ သို့လော သို့လော သံသယဖြစ်ခြင်း- ဝိစိကိစ္ဆာနီဝရဏ။ (ဒီ၊၃၊၂၃၂။) (ဒီ၊မြန်၊၃။၂၅၅။)♦

ပယ်အပ်သော တရား ၆ ပါး

၁။ ရူပါရုံ၌ တပ်မက်မှု, (ရူပဘဝ၌ ပြင်းစွာ တပ်မက်မှု, ရူပဘဝလျှင် အာရုံရှိသည့်) တဏှာ- ရူပတဏှာ၊
၂။ သဒ္ဒါရုံ၌ တပ်မက်မှု တဏှာ- သဒ္ဒတဏှာ၊
၃။ ဂန္ဓာရုံ၌ တပ်မက်မှုတဏှာ- ဂန္ဓတဏှာ၊
၄။ ရသာရုံ၌ တပ်မက်မှု တဏှာ- ရသတဏှာ၊
၅။ ဖောဋ္ဌဗ္ဗာ ရုံ၌ တပ်မက်မှု တဏှာ- ဖောဋ္ဌဗ္ဗတဏှာ၊
၆။ ဓမ္မာရုံ၌ တပ်မက်မှု တဏှာ- ဓမ္မတဏှာ။ (ဒီ၊၃၊၂၃၇။) (ဒီ၊မြန်၊၃။၂၆၀။)♦

ပယ်အပ်သော တရား ၇ ပါး

၁။ သတ္တဝါတို့၏ သန္တာန်၌ ကိန်းတတ် တည်နေတတ် အဖန်ဖန် ဖြစ်တတ်သော ကာမရာဂ- ကာမရာဂါနုသယ၊
၂။ သတ္တဝါတို့၏ သန္တာန်၌ ကိန်းတတ် တည်နေတတ် အဖန်ဖန်ဖြစ်တတ်သော ဒေါသ- ပဋိဃာနုသယ၊
၃။ သတ္တဝါတို့၏ သန္တာန်၌ ကိန်းတတ် တည်နေတတ် အဖန်ဖန်ဖြစ်တတ်သော ဒိဋ္ဌိ- ဒိဋ္ဌာနုသယ၊
၄။ သတ္တဝါတို့၏ သန္တာန်၌ ကိန်းတတ် တည်နေတတ် အဖန်ဖန်ဖြစ်တတ်သော ယုံမှားတွေးတောမှု- ဝိစိကိစ္ဆာနုသယ၊
၅။ သတ္တဝါတို့၏ သန္တာန်၌ ကိန်းတတ် တည်နေတတ် အဖန်ဖန် ဖြစ်တတ်သော မာန- မာနာ နုသယ၊
၆။ သတ္တဝါတို့၏ သန္တာန်၌ ကိန်းတတ် တည်နေတတ် အဖန်ဖန်ဖြစ်တတ်သော ဘဝ၌ တပ်မက်မှု- ဘဝရာဂါနုသယ၊
၇။ သတ္တဝါတို့၏ သန္တာန်၌ ကိန်းတတ် တည်နေတတ် အဖန်ဖန် ဖြစ်တတ်သော မသိမှု- အဝိဇ္ဇာနုသယ။ (ဒီ၊၃၊၂၄၁။) (ဒီ၊မြန်၊၃။၂၆၄။)♦

ပယ်အပ်သော တရား ၈ ပါး

၁။ မှားသော သိမြင်ခြင်း၊
၂။ မှားသော ကြံစည်ခြင်း၊
၃။ မှားသော ပြောဆိုခြင်း၊
၄။ မှားသော ပြုလုပ်ခြင်း၊
၅။ မှားသော အသက်မွေးခြင်း၊
၆။ မှားသော အားထုတ်ခြင်း၊
၇။ မှားသော အောက်မေ့ခြင်း၊
၈။ မှားသော တည်ကြည်ခြင်း။ (ဒီ၊၃၊၂၄၆။) (ဒီ၊မြန်၊၃။၂၆၈။)♦

ပယ်အပ်သော တရား ၉ ပါး

တဏှာကို စွဲမှီ၍ ဖြစ်ပေါ်လာသော တရား ၉ ပါးနှင့် တူသည်။ ♦

ပျက်စီးခြင်း ၂ မျိုး

၁။ အကျင့်သီလ ပျက်စီးခြင်း- သီလဝိပတ္တိ၊
၂။ ဉာဏ်အမြင် အယူ ပျက်စီးခြင်း- ဒိဋ္ဌိဝိပတ္တိ။ (အံ၊၁၊၉၄။) (အံ၊မြန်၊၁။၁၁၀။)♦

ပျက်စီးခြင်း ၃ မျိုး

၁။ သီလ၏ ပျက်စီးခြင်း၊
၂။ စိတ်၏ ပျက်စီးခြင်း၊
၃။ အယူ၏ ပျက်စီးခြင်း၊ (တစ်နည်း)
အမှု၏ ပျက်စီးခြင်း၊
၂။ အသက်မွေးမှု၏ ပျက်စီးခြင်း၊
၃။ အယူ၏ ပျက်စီးခြင်း။ (အံ၊၁၊၂၇၁။) (အံ၊၁၊၂၇၄။) (အံ၊မြန်၊၁။၂၈၉။) (အံ၊မြန်၊၁။၂၈၉။)♦

ပျက်စီးခြင်း ၃ မျိုး (တစ်နည်း)

၁။ သီလ ပျက်စီးခြင်း၊
၂။ အယူဒိဋ္ဌိ ပျက်စီးခြင်း၊
၃။ အကျင့် အာစာရ ပျက်စီးခြင်း။ (နေတ္တိ၊ဝိဘာ၊၂၇၆။)♦

ပျက်စီးခြင်း ၄ ပါး

ဝိပတ္တိ ၄ ပါးနှင့် တူသည်။ ♦

ပျက်စီးခြင်းတရား ၅ ပါး

၁။ ဆွေမျိုးတို့၏ ပျက်စီးခြင်း (ဉာတိဗျသန)၊
၂။ စည်းစိမ်ဥစ္စာတို့၏ ပျက်စီးခြင်း (ဘောဂဗျသန)၊
၃။ အနာသည်ပင် ပျက်စီးခြင်း (ရောဂဗျသန)၊
၄။ အကျင့်သီလ ပျက်စီးခြင်း (သီလဗျသန)၊
၅။ အယူ ပျက်စီးခြင်း (ဒိဋ္ဌိဗျသန)။ (ဝိ၊၅၊၂၃၀။) (ဝိ၊၅၊၃၃၈။) (ဒီ၊၃၊၁၉၆။) (အံ၊၂၊၁၂၉။) (အဘိ၊ဝိ၊၃၉၃။) (ဝိ၊မြန်၊၅။၃၁၉။) (ဝိ၊မြန်၊၅။၄၄၂။) (ဒီ၊မြန်၊၃။၂၁၈။) (အံ၊မြန်၊၂။၁၆၁။) (အဘိ၊ဝိ၊မြန်၊၂။၄၉၇။)♦

ပျက်စီးခြင်းအကြောင်း ၁၀ ပါး

ထူးသော ဉာဏ်ဖြင့် သိအပ်သော တရား ၁၀ ပါး၊ အဘိညေယျ တရား ၁၀ ပါးတို့နှင့် တူသည်။ ♦

ပျက်သော အယူ ၃ ပါး

၁။ ဤရုပ်သည် ငါ၏ ဥစ္စာတည်း ဟူသော အယူ၊
၂။ ဤရုပ်သည် ငါဖြစ်၏ ဟူသော အယူ၊
၃။ ဤရုပ်သည် ငါ၏ အတ္တတည်းဟူသော အယူ။ (ပဋိသံ၊၁၆၀။) (ပဋိသံ၊မြန်။၂၀၄။)♦

ပျင်းရိခြင်း အပြစ် ၆ ပါး

၁။ အေးလွန်းသည်ဟု အမှုကိစ္စကို မပြုခြင်း၊
၂။ ပူလွန်းသည်ဟု အမှုကိစ္စကို မပြုခြင်း၊
၃။ မိုးချုပ်လွန်းသည်ဟု အမှုကိစ္စကို မပြုခြင်း၊
၄။ စောလွန်းသည်ဟု အမှုကိစ္စကို မပြုခြင်း၊
၅။ ဆာလွန်းသည်ဟု အမှုကိစ္စကို မပြုခြင်း၊
၆။ ဝလွန်းသည်ဟု အမှုကိစ္စကို မပြုခြင်း။ (ဒီ၊၃၊၁၄၉။) (ဒီ၊မြန်၊၃။၁၆၆-၁၆၇။)♦

ပျင်းရိခြင်းအကြောင်း ၈ ပါး

၁။‘‘ငါသည် အမှုကိစ္စကို ပြုရဦးမည်၊ ထိုအမှုကိစ္စကို ပြုသော ငါ့အား ပင်ပန်းလတ္တံ့၊ ထို့ကြောင့် ယခု အိပ်ဦးမည်’’ဟု နှလုံးသွင်းလျက် တရားရရန် အားမထုတ်ဘဲ အိပ်ခြင်း၊
၂။ ‘‘ငါသည် အမှုကိစ္စကို ပြုပြီး ဖြစ်၏၊ အမှုကို ပြုသော ငါ၏ ကိုယ်သည် ပင်ပန်း၏၊ ထို့ကြောင့် အိပ်ဦးမည်’’ဟု နှလုံးသွင်းလျက် တရားထူးရရန် အားမထုတ်ဘဲ အိပ်ခြင်း၊
၃။ ‘‘ငါသည် ခရီးသွားရဦးမည်၊ ထိုခရီးသွားသော ငါ့အား ပင်ပန်းလိမ့်မည်၊ ထို့ကြောင့် အိပ်ဦးမည်’’ဟု နှလုံးသွင်းလျက် တရားထူးရရန် အားမထုတ်ဘဲ အိပ်ခြင်း၊
၄။ ငါသည် ခရီး သွားပြီး ဖြစ်၏၊ ခရီးသွားပြီးသော ငါ့အား ပင်ပန်း၏၊ ထို့ကြောင့် အိပ်ဦးမည်ဟု နှလုံးသွင်း၍ တရားထူးရရန် အားမထုတ်ဘဲ အိပ်ခြင်း၊
၅။ ဆွမ်းခံသွားစဉ် ဆွမ်းစသည် ပြည့်စုံအောင် မရသော ငါ၏ ကိုယ်သည် ပင်ပန်း၏၊ မခံ့ကျန်း၊ ထို့ကြောင့် ယခု အိပ်ဦးမည်ဟု နှလုံးသွင်း၍ တရားထူးရရန် အားမထုတ်ဘဲ အိပ်ခြင်း၊
၆။ ဆွမ်းခံသွားစဉ် ဆွမ်းစသည် ပြည့်စုံစွာ ရသော ငါ့၏ ခန္ဓာကိုယ်သည် ပင်ပန်း၏၊ မခံ့ကျန်း၊ ထို့ကြောင့် ယခု အိပ်ဦးမည်ဟု နှလုံးသွင်းလျက် တရားထူးရရန် အားမထုတ်ဘဲ အိပ်ခြင်း၊
၇။ ငါ့အား အနည်းငယ်မျှသော အနာရောဂါသည် ဖြစ်၏၊ အိပ်ရန် သင့်လျော်၏၊ ထို့ကြောင့် အိပ်ဦးမည်ဟု နှလုံးသွင်းလျက် တရားအားမထုတ်ဘဲ အိပ်ခြင်း၊
၈။ ငါ့အား အနာရောဂါ ပျောက်ပြီးသည်ကား မကြာသေး၊ ထိုငါ၏ ခန္ဓာကိုယ်သည် အားနည်း၏၊ မခံ့ကျန်း၊ ထို့ကြောင့် ယခု အိပ်ဦးမည်ဟု နှလုံးသွင်းလျက် တရားအားမထုတ်ဘဲ အိပ်ခြင်း။ (ဒီ၊၃၊၂၁၁။) (ဒီ၊၃၊၂၄၆။) (အံ၊၃၊၁၄၇။) (အဘိ၊ဝိ၊၄၀၀။) (သာရတ္ထ၊ဋီ၊၂၊၂၅။) (ဒီ၊မြန်၊၃။၂၃၄-၂၃၅။) (ဒီ၊မြန်၊၃။၂၆၉။) (အံ၊မြန်၊၃။၁၅၀။) (အဘိ၊ဝိ၊မြန်၊၂။၅၀၆။)♦

ပျင်းရိပုံ ၈ မျိုး

၁။ အလုပ်လုပ်စရာရှိ၍ အလုပ်လုပ်မည်ဆိုလျှင် ကိုယ်ပင်ပန်းမည်ဟု ကြံ၍ အလုပ်မလုပ်သေးဘဲ အိပ်ခြင်း, လုံ့လမပြုခြင်း၊
၂။ အလုပ်လုပ်ပြီးသည်ကို အကြောင်းပြု၍ ကိုယ်ပန်ပန်းနေသည်ဟု ကြံ၍ အလုပ်မလုပ်တော့ဘဲ အိပ်ခြင်း, လုံ့လမပြုခြင်း၊
၃။ ခရီး သွားစရာရှိသည်ကို အကြောင်းပြု၍ အလုပ်မလုပ်ဘဲ အိပ်ခြင်း, လုံ့လမပြုခြင်း၊
၄။ ခရီးသွားပြီး သည်ကို အကြောင်းပြု၍ ကိုယ်ပင်ပန်းနေသဖြင့် အလုပ်မလုပ်ဘဲ အိပ်ခြင်း, လုံ့လမပြုခြင်း၊
၅။ ရွာ နိဂုံး စသည်တို့၌ ဆွမ်းခံထွက်၍ ဆွမ်းပြည့်စုံစွာ မရသည်ကို အကြောင်းပြု၍ အလုပ် မလုပ်တော့ဘဲ အိပ်ခြင်း, လုံ့လမပြုခြင်း၊
၆။ ရွာ, နိဂုံး စသည်တို့၌ ဆွမ်းခံထွက်၍ ဆွမ်း ပြည့်စုံစွာ ရ၍ ဗိုက်ပြည့်အောင် သုံးဆောင်၍ ကိုယ်ပင်ပန်းခြင်း, ကိုယ်လေးလံခြင်းကို အကြောင်းပြု၍ အလုပ်မလုပ်ဘဲ အိပ်ခြင်း, လုံ့လမပြုခြင်း၊
၇။ အနာရောဂါ အနည်းငယ် ဖြစ်သည်ကို အကြောင်း ပြု၍ အလုပ်မလုပ်ဘဲ အိပ်ခြင်း, လုံ့လမပြုခြင်း၊
၈။ နာလန်ထခါစကို အကြောင်းပြု၍ အလုပ်မလုပ်ဘဲ အိပ်ခြင်း, လုံ့လမပြုခြင်း။ (သာရတ္ထ၊ဋီ၊၂၊၂၅။)♦

ပျဉ်ချပ် လှူရကျိုး ၂ ပါး

၁။ ရွှေပလ္လင် ပတ္တမြားပလ္လင်တို့ကို ရခြင်း၊
၂။ ဆင်စွယ်, စန္ဒကူး နှစ်တို့ဖြင့် ပြုလုပ်အပ်သော ပလ္လင်မြတ်တို့ကို ရခြင်း။ (အပ၊၁၊၃၆၈။) (အပ၊မြန်၊၁။၃၇၇။)♦

ပျောက်ကွယ်ခြင်း ၃ မျိုး

၁။ ပရိယတ္တိ ပျောက်ကွယ်ခြင်း၊
၂။ ပဋိဝေဓ ပျောက်ကွယ်ခြင်း၊
၃။ ပဋိပတ္တိ ပျောက်ကွယ်ခြင်း။ (အဘိ၊ဋ္ဌ၊၂၊၄၁၂။)♦

ပရမ ၁၄ ပါး

၁။ ဒသာဟပရမ (အတိရေကစီဝရ)၊
၂။ မာသပရမ၊
၃။ သန္တရုတ္တရပရမ၊
၄။ ဆက္ခတ္တု ပရမ၊
၅။ ဆဗ္ဗဿပရမ၊
၆။ တိယောဇနပရမ၊
၇။ ဒသာဟပရမ (အတိရေကပတ္တ)၊
၈။ သတ္တာဟ ပရမ၊
၉။ ဆာရတ္တပရမ၊
၁၀။ အဍ္ဎတေယျကံသပရမ၊
၁၁။ ဒွင်္ဂုလပဗ္ဗပရမ၊
၁၂။ အဋ္ဌင်္ဂုလပရမ(မဉ္စပီဌပါဒက)၊
၁၃။ အဋ္ဌင်္ဂုလပရမ (ဒန္တကဋ္ဌ)။ (ဝိ၊ဋ္ဌ၊၄၊၁၇၉။)♦

ပရမတ္ထတရားတို့၏ လက္ခဏာ ၂ ပါး

၁။ သဘာဝလက္ခဏာ၊
၂။ သာမညလက္ခဏာ။ (သီ၊ဋီ၊သစ်၊၁၊၄၀၂။)♦

ပရမတ္ထပါရမီ (အသက်စွန့်ခြင်းပါရမီ) ၁၀ ပါး

ဒါနပရမတ္ထပါရမီ စသည်။ ♦

ပရမ္ပရဘောဇနသိက္ခာပုဒ်၌ အင်္ဂါ ၃ မျိုး

၁။ ရှေးဦးစွာ ပင့်ဖိတ်ထားသော ဘောဇဉ်ကို ထားခဲ့၍ နောက်မှပင့်ဖိတ်သော ဘောဇဉ်ကို စားသုံးသောခြင်း၊
၂။ ခွင့်ပြုထားသော အခါသမယ မဟုတ်ခြင်း၊
၃။ စားမျိုခြင်း။ (သာရတ္ထ၊ဋီ၊၃၊၅၇။) (ဝိမတိ၊၂၊၂၉။)♦

ပရဟိတ ကျင့်၍ အတ္တဟိတ မကျင့်သော ပုဂ္ဂိုလ် ၅ မျိုး

၁။ မိမိသည် သီလနှင့် မပြည့်စုံဘဲ သူတစ်ပါးကိုမူ သီလနှင့် ပြည့်စုံစေရန် ဆောက်တည်စေခြင်း၊
၂။ မိမိသည် သမာဓိနှင့် မပြည့်စုံဘဲ သူတစ်ပါးမူ သမာဓိနှင့် ပြည့်စုံစေရန် ဆောက်တည်စေခြင်း၊
၃။ မိမိသည် ပညာနှင့် မပြည့်စုံဘဲ သူတစ်ပါးကိုမူ ပညာနှင့် ပြည့်စုံစေရန် ဆောက်တည်စေခြင်း၊
၄။ မိမိသည် လွတ်မြောက်မှု ဝိမုတ္တိနှင့် မပြည့်စုံဘဲ သူတစ်ပါးကိုမူ လွတ်မြောက်မှု ဝိမုတ္တိနှင့် ပြည့်စုံစေရန် ဆောက်တည်စေခြင်း၊
၅။ မိမိသည် လွတ်မြောက်မှုကို ဆင်ခြင်တတ်သော ပစ္စဝေက္ခဏဉာဏ် အမြင်နှင့် မပြည့်စုံဘဲ သူတစ်ပါးကိုမူ လွတ်မြောက်မှုကို ဆင်ခြင် တတ်သော ပစ္စဝေက္ခဏဉာဏ် အမြင်နှင့် ပြည့်စုံစေရန် ဆောက်တည်စေခြင်း။ (အံ၊၂၊၁၁။) (အံ၊မြန်၊၂။၁၆။)♦

ပရိက္ခရာ ၄ ပါး

၁။ စောင့်ရှောက်အပ်၊ လုံခြုံစေအပ်၊ မြတ်နိုးအပ်၊ သုံးဆောင်အပ်သော ပရိက္ခရာ၊
၂။ စောင့်ရှောက်အပ်၊ လုံခြုံစေအပ်၊ မြတ်နိုးအပ်၊ မသုံးဆောင်အပ်သော ပရိက္ခရာ၊
၃။ စောင့် ရှောက်အပ်၊ လုံခြုံစေအပ်၊ မမြတ်နိုးအပ်၊ မသုံးဆောင်အပ်သော ပရိက္ခရာ၊
၄။ မစောင့် ရှောက်အပ်၊ မလုံခြုံစေအပ်၊ မမြတ်နိုးအပ်၊ မသုံးဆောင်အပ်သော ပရိက္ခရာ။ (ဝိ၊၅၊၂၂၅။) (ဝိ၊မြန်၊၅။၃၁၂။)♦

ပရိက္ခရာ ၈ ပါး

၁။ သင်းပိုင်၊
၂။ ဧကသီ၊
၃။ ဒုကုဋ်၊
၄။ သပိတ်၊
၅။ ပဲခွပ် (ဒန်ပူဖြတ်စရာ ဓားငယ်။)၊
၆။ အပ်၊ အပ်ချည်၊
၇။ ခါးပန်းကြိုး၊
၈။ ရေစစ်။ (ဝိ၊ဋ္ဌ၊၁၊၂၀၅။) (ဒီ၊ဋ္ဌ၊၁၊၁၈၄။) (မ၊ဋ္ဌ၊၂၊၁၁၅။) (မ၊ဋ္ဌ၊၃၊၂၃၁။) (အံ၊ဋ္ဌ၊၂၊၃၈၀။) (အပ၊ဋ္ဌ၊၁၊၇၈။) (ဗုဒ္ဓဝံ၊ဋ္ဌ၊၃၃၃။) (ဇာ၊ဋ္ဌ၊၃၊၃၅၆။) (ဒီ၊ဋ္ဌ၊မြန်၊၁။၃၆၂။)♦

ပရိက္ခရာ အနည်းငယ်ကို စွန့်သောရဟန်း ပြည့်စုံရမည့် အင်္ဂါ ၅ ပါး

၁။ ဆန္ဒာဂတိသို့ မလိုက်ခြင်း၊
၂။ ဒေါသာဂတိသို့ မလိုက်ခြင်း၊
၃။ မောဟာဂတိသို့ မလိုက်ခြင်း၊
၄။ ဘယာ ဂတိသို့ မလိုက်ခြင်း၊
၅။ စွန့်ပြီးခြင်း မစွန့်ရသေးခြင်းကို သိခြင်း။ (ဝိ၊၄၊၃၃၁။) (ဝိ၊မြန်၊၄။၃၃၅။)♦

ပရိဂ္ဂဟ၂ မျိုး

၁။ တဏှာပရိဂ္ဂဟ- တဏှာဖြင့် သိမ်းဆည်းခြင်း၊
၂။ ဒိဋ္ဌိပရိဂ္ဂဟ- ဒိဋ္ဌိဖြင့် သိမ်း ဆည်းခြင်း။ (မဟာနိ၊၄၃။) (မဟာနိ၊၉၄။) (မဟာနိ၊၂၁၄။)♦

ပရိညာ ၃ ပါး

၁။ ဉာတပရိညာ- ခန္ဓာငါးပါး၌ လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်အားဖြင့် ပိုင်းခြား၍ ရုပ်နာမ်ဓမ္မတို့ကို အထူးထူး အပြားပြား ပိုင်းခြားသိမြင်တတ်သော ဉာဏ်၊၊
၂။ တီရဏပရိညာ- စူးစမ်းဆင်ခြင် သုံးသပ်ခြင်းအားဖြင့် ပိုင်းခြား၍ သိခြင်း, သိကြောင်း ဖြစ်သော ဉာဏ်၊ ခန္ဓာငါးပါးတို့ကို အနိစ္စ ဒုက္ခ စသည်အားဖြင့် ကျော်လွန်ခြင်း၊
၃။ ပဟာန ပရိညာ- ရုပ်နာမ်စသည်၌ အရဟတ္တမဂ်ဖြင့် ပယ်ခြင်းအားဖြင့် ပိုင်းခြား၍ သိခြင်း၊ ဆန္ဒရာဂ စသည်တို့ကို အရဟတ္တမဂ်ဖြင့် ပယ်ကြောင်းဖြစ်သော ဉာဏ်။ (ဝိ၊ဋ္ဌ၊၁၊၁၈၄။) (မ၊ဋ္ဌ၊၁၊၃၀။) (သံ၊ဋ္ဌ၊၁၊၄၃။) (သံ၊ဋ္ဌ၊၂၊၁၀၁။) (ဣတိဝုတ်၊ဋ္ဌ၊၅၀။) (ဇာ၊ဋ္ဌ၊၇၊၁၅၅။) (သာရတ္ထ၊ဋီ၊၂၊၂၀။)♦

ပရိညာ ၃ ပါး (တစ်နည်း)

၁။ ဉာတပရိညာ- ထိုထို ရုပ် ဝေဒနာ သညာ သင်္ခါရ စသော တရား တို့၏ အသီးအသီးသော မိမိတို့၏ လက္ခဏာကို ကောင်းစွာ မှတ်သည်၏အစွမ်းအားဖြင့် ဖြစ်သော ပညာ၊
၂။ တီရဏပရိညာ- ထိုတေဘူမက တရားတို့၏သာလျှင် အားလုံးနှင့် ဆက်ဆံသော အနိစ္စ ဒုက္ခ အနတ္တဟူသော သာမညလက္ခဏာသို့ တင်၍ အနိစ္စတာ စသော လက္ခဏာလျှင် အာရုံရှိသော ဝိပဿနာပညာ၊
၃။ ပဟာနပရိညာ- ထိုတေဘူမကတရားတို့၌ သာလျှင် မြဲ၏ဟု အမှတ်များသော သညာစသည်ကို ပယ်စွန့်သည်၏ အစွမ်းအားဖြင့် ဖြစ်သော အနိစ္စတာစသော လက္ခဏာလျှင် အာရုံရှိသော ဝိပဿနာပညာ။ (စူဠနိ၊၁၂၁။) (စူဠနိ၊၁၂၃။) (ပဋိသံ၊ဋ္ဌ၊၁၊၃၂။) (ဝိသုဒ္ဓိ၊၂၊၂၄၁၊၃၃၄။)♦

ပရိညာ ၃ ပါး (တစ်နည်း)

၁။ ဧကပရိညာ၊
၂။ သဗ္ဗပရိညာ၊
၃။ မူလပရိညာ။ (သံ၊ဋ္ဌ၊၂၊၁၀၁။)♦

ပရိညေယျ တရား ၆ ပါး

ပိုင်းခြား၍ သိအပ်သော တရား ၆ ပါး၊ အဇ္ဈတ္တိကာယတန ၆ ပါး တို့နှင့် တူသည်။ ♦

ပရိညေယျတရား ၁၀ ပါး

ပိုင်းခြားသိအပ်သော တရား ၁၀ ပါး၊ အာယတန ၁၀ ပါးတို့နှင့် တူသည်။ ♦

ပရိညေယျတရား ၂ ပါး

ပိုင်းခြား၍ သိအပ်သော တရား ၂ ပါးနှင့် တူသည်။ ♦

ပရိညေယျတရား ၃ ပါး

ပိုင်းခြား၍ သိအပ်သော တရား ၃ ပါးနှင့် တူသည်။ ♦

ပရိညေယျတရား ၄ ပါး

ပိုင်းခြား၍ သိအပ်သော တရား ၄ ပါး၊ အာဟာရ ၄ ပါးတို့နှင့်တူသည်။ ♦

ပရိညေယျတရား ၅ ပါး

ပိုင်းခြား၍ သိအပ်သော တရား ၅ ပါး၊ ဥပါဒါနက္ခန္ဓာ ၅ ပါးတို့နှင့်တူသည်။ ♦

ပရိညေယျတရား ၇ ပါး

ပိုင်းခြား၍ သိအပ်သော တရား ၇ ပါး၊ ဝိညာဏ်၏ တည်ရာတရား ၇ ပါး၊ ဝိညာဏဋ္ဌိတိ ၇ ပါးတို့နှင့် တူသည်။ ♦

ပရိညေယျတရား ၈ ပါး

ပိုင်းခြား၍ သိအပ်သော တရား ၈ ပါး၊ လောကဓံတရား ၈ ပါး တို့နှင့် တူသည်။ ♦

ပရိညေယျတရား ၉ ပါး

ပိုင်းခြားသိအပ်သော တရား ၉ ပါး၊ သတ္တာဝါသဘုံ ၉ ပါးတို့နှင့်တူသည်။ ♦

ပရိဏတသိက္ခာပုဒ်၌ အင်္ဂါ ၃ မျိုး

၁။ သံဃာသို့ ညွတ်ကိုင်းပြီးသည် ဖြစ်ခြင်း၊
၂။ ထိုသို့ သံဃာသို့ ညွတ်ကိုင်းပြီးသည်ကို သိ၍ မိမိအား ညွတ်စေခြင်း၊
၃။ ရရှိခြင်း။ (သာရတ္ထ၊ဋီ၊၂၊၄၄၈။) (ဝိမတိ၊၁၊၃၆၂။)♦

ပရိတ်တရားတော် မစောင့်ရှောက်ခြင်း အစွမ်းမထက်ခြင်း အကြောင်း ၃ ပါး

၁။ မာတုဃာတက (အမိသတ်ခြင်း) စသော ပဉ္စာနန္တရိယကံက တားမြစ်ထားခြင်း၊
၂။ နိယတမိစ္ဆာဒိဋ္ဌိ ဟူသော ကိလေသာက တားမြစ်ထားခြင်း၊
၃။ ပရိတ်တရားတော်က ကာကွယ်စောင့်ရှောက်လိမ့်မည်ဟု မယုံကြည်ခြင်း။ (မိလိန္ဒ၊၁၅၅။) (မိလိန္ဒ၊မြန်။၁၆၇။)♦

ပရိတ်ရွတ်ဖတ်သူ၏ အင်္ဂါ ၃ ပါး

၁။ ပုဒ်ပါဌ်အက္ခရာမှန်ကန်စွာ ရွတ်ဖတ်ခြင်း၊
၂။ လာဘ်လာဘကို မမျှော်ကိုးခြင်း၊
၃။ မေတ္တာရှေးရှုရွတ်ဖတ်ခြင်း။ (ဒီ၊ဋ္ဌ၊၃၊၁၄၉။)♦

ပရိနိဗ္ဗာန် ၂ မျိုး

၁။ ကိလေသဝဋ် ကုန်ဆုံးသောကြောင့် ခန္ဓာအကြွင်းအကျန်ရှိသေးသော သဥပါဒိသေသ ပရိနိဗ္ဗာန်၊
၂။ စုတိစိတ်ချုပ်ငြိမ်းသဖြင့် ခန္ဓဝဋ် ကုန်ဆုံးသောကြောင့် ခန္ဓာ အကြွင်းအကျန် မရှိသော အနုပါဒိသေသပရိနိဗ္ဗာန်။ (ဓမ္မ၊ဋ္ဌ၊၁၊၃၈၁။) (ထေရ၊ဋ္ဌ၊၁၊၅၅။)♦

ပရိနိဗ္ဗာန် ၃ မျိုး

၁။ ကိလေသပရိနိဗ္ဗာန- ကိလေသာတို့၏ ချုပ်ငြိမ်းခြင်း၊
၂။ ခန္ဓပရိနိဗ္ဗာန- ခန္ဓာ ကိုယ်တော်၏ ချုပ်ငြိမ်းခြင်း၊
၃။ ဓာတုပရိနိဗ္ဗာန- ဓာတ်တော် မွေတော်များ၏ ချုပ်ငြိမ်းခြင်း။ (ဒီ၊ဋ္ဌ၊၃၊၈၂။) (မ၊ဋ္ဌ၊၄၊၈၁။) (အံ၊ဋ္ဌ၊၁၊၇၀။) (အဘိ၊ဋ္ဌ၊၂၊၄၁၃။) (သာရတ္ထ၊ဋီ၊၁၊၁၇၃။)♦

ပရိပါစိတသိက္ခာပုဒ် အင်္ဂါ ၅ မျိုး

၁။ ရဟန်းမသည် စီမံအပ်သည် ဖြစ်ခြင်း၊
၂။ ထိုသို့ စီမံအပ် သည်ကို သိခြင်း၊
၃။ လူတို့ အားထုတ်အပ်သည် မဟုတ်ခြင်း၊
၄။ ဆွမ်း စသည်တို့တွင် တစ်မျိုးမျိုး ဖြစ်ခြင်း၊
၅။ စားမျိုခြင်း။ (သာရတ္ထ၊ဋီ၊၃၊၅၂။) (ဝိမတိ၊၂၊၂၅။)♦

ပရိဗိုဇ်ရဟန်း ၂ မျိုး

၁။ ကိုယ်၏ အထက် အောက်ကို အဝတ်ဖြင့် ဖုံးလွှမ်းသော ပရိဗိုဇ်ရဟန်း၊
၂။ ကိုယ်၏ အထက်ပိုင်းကိုသာ အဝတ်ဖုံးသော, လုံးဝ အဝတ်မဖုံးသော ပရိဗိုဇ်ရဟန်း။ (သီ၊ဋီ၊သစ်၊၂၊၃၆၈။)♦

ပရိဘောဂ ၂ မျိုး

သုံးဆောင်ခြင်း ၂ မျိုးနှင့် တူသည်။ ♦

ပရိဘောဂ ၄ မျိုး

သုံးဆောင်ခြင်း ၄ မျိုးနှင့် တူသည်။ ♦

ပရိဘောဂ လှူရကျိုး ၃ ပါး

အိုး လှူရကျိုး ၃ ပါး နှင့် တူသည်။ ♦

ပရိမဏ္ဍလ ၂ မျိုး

၁။ နာဘိမဏ္ဍလ- ချက်၏ ဘေးပတ်ပတ်လည် အဝန်းအဝိုင်း၊
၂။ ဇာဏုမဏ္ဍလ- ပုဆစ်ဒူးဝန်း၏ ဘေးပတ်ပတ်လည် အဝန်းအဝိုင်း။ (ဝိ၊ဋ္ဌ၊၃၊၁၆၁။)♦

ပရိမဏ္ဍလသိက္ခာပုဒ်၌ အင်္ဂါ ၃ မျိုး

၁။ လေးစားခြင်း မရှိသူ ဖြစ်ခြင်း၊
၂။ အာပတ်မသင့်သော အကြောင်းအရာ မဟုတ်ခြင်း၊
၃။ ထက်ဝန်းကျင် ဝန်းဝိုင်းစွာ သင်းပိုင် ဧကသီကို ဝတ်ရုံမှု မပြုခြင်း။ (သာရတ္ထ၊ဋီ၊၃၊၁၀၅။)♦

ပရိယတ္တိ ၃ မျိုး

၁။ အလဂဒ္ဒူပမာပရိယတ္တိ- လာဘ်ပူဇာ သက္ကာရတို့ကို ရလို၍ သင်ယူသော ပရိယတ်သည် မြွေဖမ်းဥပမာရှိသော သင်ယူခြင်း ပရိယတ် မည်၏၊
၂။ နိဿရဏတ္ထပရိယတ္တိ- မဂ် ဖိုလ်တို့ကို ရလို၍ သင်ယူသော ပရိယတ်သည် သံသရာမှ ထွက်မြောက်ကြောင်း ဖြစ်သော သင်ယူခြင်း ပရိယတ် မည်၏၊
၃။ ဓမ္မဘဏ္ဍာဂါရိကပရိယတ္တိ- ရဟန္တာပုဂ္ဂိုလ်၏ သင်ယူခြင်း ပရိယတ်သည် ဘဏ္ဍာစိုးကဲ့သို့ သင်ယူခြင်း ပရိယတ် မည်၏။ (ဝိ၊ဋ္ဌ၊၁၊၁၉။) (ဒီ၊ဋ္ဌ၊၁၊၂၁-၂၂။) (မ၊ဋ္ဌ၊၂၊၁၃။) (အဘိ၊ဋ္ဌ၊၁၊၂၄။) (ဒီ၊ဋ္ဌ၊မြန်၊၁။၃၇။)♦

ပရိယတ္တိ၏ အကျိုး အာနိသင် ၄ မျိုး

၁။သုတ္တဂေယျ စသည်တို့ကို သင်ယူခဲ့သော ရဟန်းသည် သတိလွတ်ကင်းလျက် သေဆုံးသွားသော်လည်း နတ်ပြည်၌ ဖြစ်၍ ချမ်းသာ လွယ်ကူစွာ တရားအစုများကို ပြန်သတိရပြီး လျင်မြန်စွာ တရားထူး ရနိုင်ခြင်း၊
၂။သုတ္တဂေယျ စသည်တို့ကို သင်ယူခဲ့သော ရဟန်းသည် သေလွန်ပြီးနောက် နတ်ပြည်၌ တန်ခိုးဣဒ္ဓိပါဒ်နှင့် ပြည့်စုံသော နတ်က တရားဟောသောအခါ ပြန်သတိရပြီး လျင်မြန်စွာ တရားထူးရနိုင်ခြင်း၊
၃။သုတ္တဂေယျ စသည်တို့ကို သင်ယူခဲ့သော ရဟန်းသည် သေလွန်ပြီးနောက် နတ်ပြည်၌ နတ်သားတစ်ယောက်က နတ်ပရိသတ်ဝယ် တရားဟောသောအခါ ပြန်သတိရပြီး လျင်မြန်စွာ တရားထူး ရနိုင်ခြင်း၊
၄။သုတ္တဂေယျ စသည်တို့ကို သင်ယူခဲ့သော ရဟန်းသည် သေလွန် သောအခါ နတ်ပြည်၌ အချင်းနတ်သား သတိရ ပါလော့ဟု ဩပပါတိကနတ်များက သတိရစေ သဖြင့် ပြန်သတိရပြီး လျင်မြန်စွာ တရားထူး ရနိုင်ခြင်း။ (အံ၊၁၊၅၀၄-၅၀၅။) (အံ၊မြန်၊၁။၅၁၉။)♦

ပရိယတ္တိဗဟုဿုတပုဂ္ဂိုလ် ၄ မျိုး

၁။ နိဿယည်း လွှတ်နိုင်စွမ်းရှိသော ပိဋက၌ အကြားအမြင် များသော နိဿယမုစ္စနကပုဂ္ဂိုလ်၊
၂။ ပရိသတ်ကို လုပ်ကျွေးနိုင်စွမ်းရှိသော ပိဋက အကြား အမြင်များသော ပရိသုပဋ္ဌာကပုဂ္ဂိုလ်၊
၃။ ဘိက္ခုနီတို့ကို အဆုံးအမဩဝါဒပေးနိုင်စွမ်းသော ပိဋကအကြားအမြင်များသော ဘိက္ခုနောဝါဒကပုဂ္ဂိုလ်၊
၄။ အကျိုးအားလုံးကို ပြီးစေနိုင်သော ပိဋကအကြားအမြင်များသော သဗ္ဗတ္ထကဗဟုဿုတပုဂ္ဂိုလ်။ (ဒီ၊ဋ္ဌ၊၂၊၁၁၉။)(ဒီ၊ဋ္ဌ၊မြန်၊၂။၂၂၂။)♦

ပရိယန္တ ၂ မျိုး

၁။ သိက္ခာပဒပရိယန္တ- သိက္ခာပုဒ် အပိုင်းအခြားအားဖြင့် ဆောက်တည်ခြင်း၊
၂။ ကာလပရိယန္တ- ကာလ အပိုင်းအခြားအားဖြင့် ဆောက်တည်ခြင်း။ (ပဋိသံ၊ဋ္ဌ၊၁၊၁၈၈။)♦

ပရိယုဋ္ဌာန ၇ ပါး

၁။ ကာမရာဂပရိယုဋ္ဌာန- လိုချင်တပ်မက်မှုဟူသော ထကြွသောင်းကျန်းခြင်း၊
၂။ ပဋိဃပရိယုဋ္ဌာန- အမျက်ထွက်မှုဟူသော ထကြွသောင်းကျန်းခြင်း၊
၃။ မာနပရိယုဋ္ဌာန- ထောင်လွှားမှုဟူသော ထကြွသောင်းကျန်းခြင်း၊
၄။ ဒိဋ္ဌိပရိယုဋ္ဌာန- အယူမှားမှုဟူသော ထကြွ သောင်းကျန်းခြင်း၊
၅။ ဝိစိကိစ္ဆာပရိယုဋ္ဌာန- ယုံမှားတွေးတောမှုဟူသော ထကြွ သောင်းကျန်းခြင်း၊
၆။ ဘဝရာဂပရိယုဋ္ဌာန- ဘဝ၌ တပ်မက်မှုဟူသော ထကြွသောင်းကျန်းခြင်း၊
၇။ အဝိဇ္ဇာ ပရိယုဋ္ဌာန- မသိမှုဟူသော ထကြွသောင်းကျန်းခြင်း။ (အဘိ၊ဝိ၊၃၉၇။) (အဘိ၊ဝိ၊မြန်၊၂။၅၀၄။)♦

ပရိယေသန ၂ မျိုး

ရှာမှီးခြင်း ၂ မျိုးနှင့် တူသည်။ ♦

ပရိဝဋ္ဋ ၄ မျိုး

၁။ ဓာတု ပရိဝဋ္ဋ၊
၂။ အာယတန ပရိဝဋ္ဋ၊
၃။ ပဋိစ္စသမုပ္ပါဒ ပရိဝဋ္ဋ၊
၄။ ဌာန အဋ္ဌာန ပရိဝဋ္ဋ။ (မ၊ဋ္ဌ၊၄၊၈၈။)♦

ပရိဝဋ္ဋဉာဏ် ၃ ပါး

၁။ သစ္စာလေးပါးတို့၌ အမှန်အတိုင်းသိသော သစ္စဉာဏ်၊
၂။ ပရိညေယျ ပဟာတဗ္ဗ စသည်ဖြင့် ပြုဖွယ်ကိစ္စ မှန်သမျှကို သိသော ကိစ္စဉာဏ်၊
၃။ ပရိညာတံ, ပဟီနံ စသည်ဖြင့် ပြုဖွယ်ကိစ္စတို့၌ ပြုပြီးသည်ကို သိသော ကတဉာဏ်။ (ပဋိသံ၊ဋ္ဌ၊၂၊၂၁၆။) (သာရတ္ထ၊ဋီ၊၃၊၁၇၉။) (ဝိမတိ၊၂၊၉၁။)♦

ပရိဝါကျမ်း၌ ဝဂ် ၃ မျိုး

၁။ မဟာဝဂ်၊
၂။ ပညတ္တိဝဂ်၊
၃။ သင်္ဂဟဝဂ်။ (ဝိမတိ၊၂၊၃၂၀။)♦

ပရိဝါသ် ၂ မျိုး

၁။ ညဉ့်ဖုံးလွှမ်းသော ပဋိစ္ဆန္နပရိဝါသ်၊
၂။ ညဉ့်မဖုံးလွှမ်းသော အပဋိစ္ဆန္နပရိဝါသ်။ (ဝိ၊၅၊၂၁၅။) (ဝိ၊မြန်၊၅။၃၀၀။)♦

ပရိဝါသ် ၂ မျိုး

၁။ သုဒ္ဓန္တပရိဝါသ်၊
၂။ သမောဓာန ပရိဝါသ်။ (ဝိ၊၅၊၂၁၅။) (ဝိ၊မြန်၊၅။၃၀၀။)♦

ပရိဝါသ် ၃ မျိုး

၁။ ပဋိစ္ဆန္န ပရိဝါသ်၊
၂။ အပဋိစ္ဆန္န ပရိဝါသ်၊
၃။ သုဒ္ဓန္တ ပရိဝါသ်။ (ဝိ၊၅၊၂၁၉။) (ဝိ၊မြန်၊၅။၃၀၆။)♦

ပရိဝါသ် ၄ မျိုး

၁။ ပဋိစ္ဆန္န ပရိဝါသ်၊
၂။ အပ္ပဋိစ္ဆန္န ပရိဝါသ်၊
၃။ သုဒ္ဓန္တ ပရိဝါသ်၊
၄။ သမောဓာန ပရိဝါသ်။ (ဝိ၊၅၊၂၂၅။) (ဝိ၊ဋ္ဌ၊၄၊၆။) (ဝိ၊မြန်၊၅။၃၁၃။)♦

ပရိဝါသ် ဆောက်တည်သောရဟန်း မသာယာ မနှစ်သက်အပ်သော အမှုကိစ္စ ၁၀ ပါး

၁။ ပကတတ်ရဟန်းတို့၏ ရှိခိုးခြင်းကို မသာယာအပ်၊
၂။ ခရီးဦးကြိုဆိုခြင်းကို မသာယာအပ်၊
၃။ လက်အုပ်ချီခြင်းကို မသာယာအပ်၊
၄။ အရိုအသေပြုခြင်းကို မသာယာအပ်၊
၅။ နေရာ ခင်းပေးခြင်းကို မသာယာအပ်၊
၆။ အိပ်ရာခင်းပေးခြင်းကို မသာယာအပ်၊
၇။ ခြေဆေးရေ တည်ထားခြင်းကို မသာယာအပ်၊
၈။ ခြေဆေးအင်းပျဉ်နှင့် ခြေပွတ်အိုးခြမ်း ထားခြင်းကို မသာယာအပ်၊
၉။ သပိတ်သင်္ကန်း လှမ်းယူခြင်းကို မသာယာအပ်၊
၁၀။ ရေချိုးရာ၌ ကျောက်ကုန်းကို ကြေးတွန်း ကြေးပွတ်ပေးခြင်းကို မသာယာအပ်။ (ဝိ၊၄၊၈၂။) (ဝိ၊မြန်၊၄။၇၈။)♦

ပရိဝါသ် ဆောက်တည်သောရဟန်း၏ ကျင့်ဝတ် ၉၄ ပါး

၁။ ဥပဇ္ဈာယ်ပြုလုပ်၍ ရဟန်းခံ မပေးရခြင်း၊
၂။ နိဿယည်း မပေးရခြင်း၊
၃။ သာမဏေကို မပြုစု မလုပ်ကျွေးစေရခြင်း၊
၄။ ရဟန်းမတို့အား ဆုံးမရန် သမုတ်ခြင်းကို မသာယာ မနှစ်သက်ရခြင်း၊
၅။ ဩဝါဒ သမ္မုတိရသော်လည်း ရဟန်းမတို့ကို မဆုံးမရခြင်း၊
၆။ သံဃာက ပရိဝါသ်ပေးကြောင်းဖြစ်သော အာပတ်သို့ မသင့်ရောက်ရခြင်း၊
၇။ အလားတူဖြစ်သော အခြားအာပတ်သို့လည်း မသင့် ရောက်ရခြင်း၊
၈။ ထို့ထက် ရုန့်ရင်းကြမ်းတမ်းသော အာပတ်သို့လည်း မသင့်ရောက်ရခြင်း၊
၉။ ပရိဝါသ်ကံကို မကဲ့ရဲ့ရခြင်း၊
၁၀။ ကံပြုသော ရဟန်းတို့ကို မကဲ့ရဲ့ရခြင်း၊
၁၁။ ပကတတ် ရဟန်း၏ ဥပုသ်ကို ဆိုင်းငံ့မထားရခြင်း၊
၁၂။ ပဝါရဏာကို ဆိုင်းငံ့မထားရခြင်း၊
၁၃။ ဆိုဆုံးမမှုကို မပြုလုပ်ရခြင်း၊
၁၄။ အကြီးအမှူးအရာကို မယူရခြင်း၊
၁၅။ အခွင့်ရေး မတောင်းဆိုရခြင်း၊
၁၆။ မစောဒနာရခြင်း၊
၁၇။ မအောက်မေ့စေရခြင်း၊
၁၈။ ပကတတ် ရဟန်းတို့နှင့် မရောယှက် ရခြင်း၊
၁၉။ ပကတတ်ရဟန်း၏ ရှေ့မှ မသွားရ၊ ရှေ့မှ မထိုင်ရခြင်း၊
၂၀။ သံဃာ၏ အယုတ် ညံ့ဆုံး နေရာ, အယုတ်ညံ့ဆုံး အိပ်ရာ, အယုတ်ညံ့ဆုံး ကျောင်းကို ယူရခြင်း၊
၂၁။ သံဃာ၏ အယုတ်ညံ့ဆုံးဖြစ်သော ထိုင်နေရာ, အိပ်ရာ, ကျောင်းကို နှစ်သက်ရခြင်း၊
၂၂။ ပကတတ်ရဟန်းကို ရှေ့သွားပြု၍ ဒါယကာ၏ အိမ်သို့ မချဉ်းကပ်ရခြင်း၊
၂၃။ ပကတတ်ရဟန်း၏ နောက်လိုက်ပြု၍ ဒါယကာ၏ အိမ်သို့ မချဉ်းကပ်ရခြင်း၊
၂၄။ အာရညကင်ဓုတင်ကို မဆောက်တည်ရခြင်း၊
၂၅။ ပိဏ္ဍပါတ် ဓုတင်ကို မဆောက်တည်ရခြင်း၊
၂၆။ ‘‘ငါ့ကို မသိပါစေလင့်’’ဟု နှလုံးသွင်း၍ ဆွမ်းကို မပို့ဆောင်စေရခြင်း၊
၂၇။ အာဂန္တုကရဟန်းဖြစ်သော်လည်း အာဝါသိကရဟန်းအား ပရိဝါသ်ဆောက်တည်ထားကြောင်း ပြောရခြင်း၊
၂၈။ အာဝါသိကရဟန်းဖြစ်သော်လည်း၊ အာဂန္တုကရဟန်းအား ပရိဝါသ်ဆောက်တည်ထားကြောင်း ပြောရခြင်း၊
၂၉။ ဥပုသ်နေ့၌ ပြောကြားရခြင်း၊
၃၀။ ပဝါရဏာနေ့၌ ပြောကြားရခြင်း၊
၃၁။ မကျန်းမာသူဖြစ်မူ တစ်ဖန် ပြောကြားရခြင်း၊
၃၂။ ရဟန်းရှိသော ကျောင်းမှ ရဟန်းမရှိသော ကျောင်းသို့ ပကတတ် ရဟန်းမပါဘဲ အန္တရာယ်လည်းမရှိဘဲ မသွားရခြင်း၊
၃၃။ ရဟန်းရှိသော ကျောင်းမှ ရဟန်း မရှိသော ဇရပ်တန်ဆောင်း စသည်သို့ ပကတတ်ရဟန်းမပါဘဲ အန္တရာယ်လည်း မရှိဘဲ မသွား ရခြင်း၊
၃၄။ ရဟန်းရှိသော ကျောင်းမှ ရဟန်းမရှိသော ကျောင်းသို့လည်းကောင်း၊ ဇရပ် တန်ဆောင်းသို့လည်းကောင်း၊ ပကတတ်ရဟန်းမပါဘဲ အန္တရာယ်လည်း မရှိဘဲ မသွားရခြင်း၊
၃၅။ ရဟန်းရှိသော ဇရပ် တန်ဆောင်း စသည်မှ ရဟန်းမရှိသော ကျောင်းသို့ ပကတတ်ရဟန်း မပါဘဲ အန္တရာယ်လည်း မရှိဘဲ မသွားရခြင်း၊
၃၆။ ရဟန်းရှိသော ဇရပ်တန်ဆောင်း စသည်မှ ရဟန်းမရှိသော ဇရပ်တန်ဆောင်း စသည်သို့ ပကတတ်ရဟန်း မပါဘဲ အန္တရာယ်လည်း မရှိဘဲ မသွားရခြင်း၊
၃၇။ ရဟန်းရှိသော ဇရပ် တန်ဆောင်း စသည်မှ ရဟန်းမရှိသော ကျောင်းသို့ လည်းကောင်း၊ ဇရပ်တန်ဆောင်း စသည်သို့ လည်းကောင်း ပကတတ်ရဟန်း မပါဘဲ အန္တရာယ်လည်း မရှိဘဲ မသွားရခြင်း၊
၃၈။ ရဟန်း ရှိသော ကျောင်းမှလည်းကောင်း ဇရပ် တန်ဆောင်း စသည်မှလည်းကောင်း ရဟန်းမရှိသော ကျောင်းသို့ ပကတတ်ရဟန်း မပါဘဲ အန္တရာယ်လည်း မရှိဘဲ မသွားရခြင်း၊
၃၉။ ရဟန်း ရှိသော ကျောင်းမှလည်းကောင်း၊ ဇရပ်တန်ဆောင်း စသည်မှလည်းကောင်း ရဟန်းမရှိသော ဇရပ်တန်ဆောင်း စသည်သို့ ပကတတ်ရဟန်းမပါဘဲ အန္တရာယ်လည်း မရှိဘဲ မသွားရခြင်း၊
၄၀။ ရဟန်းရှိသော ကျောင်းမှ လည်းကောင်း၊ ဇရပ်တန်ဆောင်း စသည်မှလည်းကောင်း ရဟန်းမရှိသော ကျောင်းသို့ လည်းကောင်း ဇရပ်တန်ဆောင်း စသည်သို့လည်းကောင်း ပကတတ်ရဟန်း မပါဘဲ အန္တရာယ်လည်း မရှိဘဲ မသွားရခြင်း၊
၄၁။ ပကတတ်ရဟန်းရှိသော ကျောင်းမှ နာနာသံဝါသက အပေါင်းအသင်းမတူသည့် ရဟန်းများရှိသော ကျောင်းသို့ ပကတတ်ရဟန်းမပါဘဲ အန္တရာယ်လည်း မရှိဘဲ မသွားရခြင်း၊
၄၂။ ပကတတ်ရဟန်းရှိသော ကျောင်းမှ နာနာသံဝါသက ရဟန်းများ ရှိသော ဇရပ်တန်ဆောင်း စသည်သို့ ပကတတ်ရဟန်း မပါဘဲ အန္တရာယ်လည်း မရှိဘဲ မသွားရခြင်း၊
၄၃။ ပကတတ်ရဟန်းရှိသော ကျောင်းမှ နာနာသံဝါသကရဟန်းများရှိသော ကျောင်းသို့လည်းကောင်း၊ ဇရပ်တန်ဆောင်း စသည် သို့လည်းကောင်း ပကတတ်ရဟန်းမပါဘဲ အန္တရာယ်လည်း မရှိဘဲ မသွားရခြင်း၊
၄၄။ ပကတတ်ရဟန်းရှိသော ဇရပ် တန်ဆောင်း စသည်မှ နာနာသံဝါသက ရဟန်းများ ရှိသော ကျောင်းသို့ ပကတတ်ရဟန်းမပါဘဲ အန္တရာယ်လည်း မရှိဘဲ မသွားရခြင်း၊
၄၅။ ပကတတ်ရဟန်းရှိသော ဇရပ် တန်ဆောင်း စသည်မှ နာနာသံဝါသက ရဟန်းများရှိသော ဇရပ် တန်ဆောင်း စသည်သို့ ပကတတ်ရဟန်းမပါဘဲ အန္တရာယ်လည်း မရှိဘဲ မသွားရခြင်း၊
၄၆။ ပကတတ်ရဟန်းရှိသော ဇရပ်တန်ဆောင်း စသည်မှ နာနာသံဝါသက ရဟန်းများရှိသော ကျောင်းသို့လည်းကောင်း၊ ဇရပ်တန်ဆောင်း စသည်သို့လည်းကောင်း ပကတတ်ရဟန်း မပါဘဲ အန္တရာယ်လည်း မရှိဘဲ မသွားရခြင်း၊
၄၇။ ပကတတ်ရဟန်းရှိသော ကျောင်းမှ လည်းကောင်း ဇရပ်တန်ဆောင်း စသည်မှလည်းကောင်း နာနာသံဝါသကရဟန်းများ ရှိသော ကျောင်းသို့ ပကတတ်ရဟန်းမပါဘဲ အန္တရာယ်လည်း မရှိဘဲ မသွားရခြင်း၊
၄၈။ ပကတတ်ရဟန်းရှိသော ကျောင်းမှလည်းကောင်း၊ ဇရပ် တန်ဆောင်း စသည်မှ လည်းကောင်း၊ နာနာ သံဝါသကရဟန်းများ ရှိသော ဇရပ်တန်ဆောင်း စသည်သို့ ပကတတ် ရဟန်းမပါဘဲ အန္တရာယ်လည်း မရှိဘဲ မသွားရခြင်း၊
၄၉။ ပကတတ်ရဟန်းရှိသော ကျောင်းမှ လည်းကောင်း၊ ဇရပ်တန်ဆောင်း စသည်မှလည်းကောင်း နာနာသံဝါသကရဟန်းများရှိသော ကျောင်းသို့ လည်းကောင်း ဇရပ်တန်ဆောင်း စသည်သို့လည်းကောင်း ပကတတ်ရဟန်းမပါဘဲ အန္တရာယ်လည်း မရှိဘဲ မသွားရခြင်း၊
၅၀။ ပကတတ်ရဟန်းရှိသော ကျောင်းမှ သမာန သံဝါသက အပေါင်းအသင်းတူသည့် ရဟန်းများရှိသော ကျောင်းသို့ နေ့ချင်းပင် ရောက်နိုင် ၏ဟု သိလျှင် သွားရခြင်း၊
၅၁။ ပကတတ်ရဟန်းရှိသော ကျောင်းမှ သမာနသံဝါသက ရဟန်းများရှိသော ဇရပ်တန်ဆောင်း စသည်သို့ နေ့ချင်းပင် ရောက်နိုင်၏ဟု သိလျှင် သွားရခြင်း၊
၅၂။ ပကတတ်ရဟန်းရှိသော ကျောင်းမှ သမာနသံဝါသကရဟန်းများရှိသော ကျောင်းသို့လည်းကောင်း၊ ဇရပ်တန်ဆောင်း စသည်သို့လည်းကောင်း နေ့ချင်း ရောက်နိုင် ၏ဟု သိလျှင် သွားရခြင်း၊
၅၃။ ပကတတ်ရဟန်းရှိသော ဇရပ်တန်ဆောင်း စသည်မှ သမာနသံဝါသကရဟန်းများ ရှိသော ကျောင်းသို့ နေ့ချင်းပင် ရောက်နိုင်၏ဟု သိလျှင် သွားရခြင်း၊
၅၄။ ပကတတ်ရဟန်းရှိသော ဇရပ်တန်ဆောင်းစသည်မှ သမာနသံဝါသက ရဟန်းများ ရှိသော ဇရပ်တန်ဆောင်းစသည်သို့ နေ့ချင်းပင် ရောက်နိုင်၏ဟု သိလျှင် သွားရခြင်း၊
၅၅။ ပကတတ်ရဟန်းရှိသော ဇရပ်တန်ဆောင်းစသည်မှ သမာနသံဝါသက ရဟန်းများ ရှိသော ကျောင်းသို့လည်းကောင်း ဇရပ်တန်ဆောင်းစသည်သို့ လည်းကောင်း နေ့ချင်းပင် ရောက်နိုင်၏ဟု သိလျှင် သွားရခြင်း၊
၅၆။ ပကတတ်ရဟန်းရှိသော ကျောင်းမှ လည်းကောင်း၊ ဇရပ် တန်ဆောင်းစသည်မှ လည်းကောင်း သမာနသံဝါသကရဟန်းများ ရှိသော ကျောင်းသို့ နေ့ချင်းပင် ရောက်နိုင်၏ဟု သိလျှင် သွားရခြင်း၊
၅၇။ ပကတတ်ရဟန်း ရှိသော ကျောင်းမှလည်းကောင်း ဇရပ်တန်ဆောင်း စသည်မှလည်းကောင်း၊ သမာနသံဝါသက ရဟန်းများ ရှိသော ဇရပ်တန်ဆောင်းစသည်သို့ နေ့ချင်းပင် ရောက်နိုင်၏ဟု သိလျှင် သွားရခြင်း၊
၅၈။ ပကတတ်ရဟန်းရှိသော ကျောင်းမှလည်းကောင်း၊ ဇရပ် တန်ဆောင်း စသည်မှ လည်းကောင်း သမာနသံဝါသကရဟန်းများ ရှိသော ကျောင်းသို့ လည်းကောင်း ဇရပ်တန်ဆောင်း စသည်သို့လည်းကောင်း နေ့ချင်းပင် ရောက်နိုင်၏ဟု သိလျှင် သွားရခြင်း၊
၅၉။ ပကတတ်ရဟန်းနှင့် အတူ တစ်မိုးတည်းသော ကျောင်း၌ မနေရခြင်း၊
၆၀။ တစ်မိုး တည်းသော ဇရပ်တန်ဆောင်းစသည်၌ မနေရခြင်း၊
၆၁။ တစ်မိုးတည်းသော ကျောင်း၌ လည်းကောင်း၊ ဇရပ်တန်ဆောင်း စသည်၌လည်းကောင်း မနေရခြင်း၊
၆၂။ ပကတတ်ရဟန်းကို မြင်လျှင် နေရာမှ ထရခြင်း၊
၆၃။ ပကတတ်ရဟန်းကို နေရာသို့ ကြွရန် ဖိတ်ကြားရခြင်း၊
၆၄။ ပကတတ်ရဟန်းနှင့် အတူ တစ်နေရာတည်း၌ မထိုင်ရခြင်း၊
၆၅။ နိမ့်သော နေရာ၌ ပကတတ်ရဟန်း ထိုင်နေလျှင် မြင့်သော နေရာ၌ မထိုင်ရခြင်း၊
၆၆။ မြေ၌ ပကတတ်ရဟန်း ထိုင်နေလျှင် နေရာ၌မထိုင်ရခြင်း၊
၆၇။ စင်္ကြံတစ်ခုတည်း၌ စင်္ကြံမလျှောက်ရခြင်း၊
၆၈။ နိမ့်သော စင်္ကြံ၌ ပကတတ်ရဟန်း စင်္ကြံ လျှောက်နေလျှင် မြင့်သောစင်္ကြံ၌ စင်္ကြံ မလျှောက် ရခြင်း၊
၆၉။ မြေ၌ ပကတတ်ရဟန်း စင်္ကြံ လျှောက်နေလျှင် စင်္ကြံ၌ စင်္ကြံမလျှောက်ရခြင်း၊
၇၀။ ပရိဝါသ်ဆောက်တည်သော သီတင်းကြီးရဟန်းနှင့်အတူ တစ်မိုး တည်းသော ကျောင်း၌ မနေရခြင်း၊
၇၁။ အရင်းသို့ ငင်သော ရဟန်းနှင့်အတူ တစ်မိုး တည်းသော ကျောင်း၌ မနေရခြင်း၊
၇၂။ မာနတ်ကျင့်ထိုက်သော ရဟန်းနှင့်အတူ တစ်မိုးတည်းသော ကျောင်း၌ မနေရခြင်း၊
၇၃။ မာနတ်ကျင့်ဆဲ ရဟန်းနှင့်အတူ တစ်မိုးတည်းသော ကျောင်း၌ မနေရခြင်း၊
၇၄။ အဗ္ဘာန်သွင်းထိုက်သော ရဟန်းနှင့်အတူ တစ်မိုးတည်းသော ကျောင်း၌ မနေရခြင်း၊
၇၅။ ပရိဝါသ်ဆောက်တည်သော သီတင်းကြီး ရဟန်းနှင့် အတူ တစ်မိုးတည်းသော ဇရပ်တန်ဆောင်းစသည်၌ မနေရခြင်း၊
၇၆။ အရင်းသို့ ငင်သော ရဟန်းနှင့် အတူ တစ်မိုးတည်းသော ဇရပ် တန်ဆောင်း စသည်၌ မနေရခြင်း၊
၇၇။ မာနတ်ထိုက်သော ရဟန်းနှင့်အတူ တစ်မိုးတည်းသော ဇရပ် တန်ဆောင်း စသည်၌ မနေရခြင်း၊
၇၈။ မာနတ်ကျင့်ဆဲ ရဟန်းများနှင့်အတူ တစ်မိုးတည်းသော ဇရပ် တန်ဆောင်း စသည်၌ မနေရခြင်း၊
၇၉။ အဗ္ဘာန်သွင်းထိုက်သော ရဟန်းနှင့်အတူ တစ်မိုးတည်းသော ဇရပ်တန်ဆောင်း စသည်၌ မနေရခြင်း၊
၈၀။ ပရိဝါသ်ဆောက်တည်သော သီတင်းကြီး ရဟန်းနှင့် အတူ တစ်မိုးတည်းသော ကျောင်း၌လည်းကောင်း ဇရပ်တန်ဆောင်း စသည်၌ လည်းကောင်း မနေရခြင်း၊
၈၁။ အရင်းသို့ငင်သော ရဟန်းနှင့်အတူ တစ်မိုးတည်းသော ကျောင်း၌လည်းကောင်း ဇရပ်တန်ဆောင်း စသည်၌လည်းကောင်း မနေရခြင်း၊
၈၂။ မာနတ် ကျင့်ထိုက်သော ရဟန်းနှင့်အတူ တစ်မိုးတည်းသော ကျောင်း၌လည်းကောင်း ဇရပ် တန်ဆောင်း စသည်၌လည်းကောင်း မနေရခြင်း၊
၈၃။ မာနတ်ကျင့်ဆဲရဟန်းနှင့် အတူ တစ်မိုးတည်းသော ကျောင်း၌လည်းကောင်း၊ ဇရပ် တန်ဆောင်း စသည်၌လည်းကောင်း မနေရခြင်း၊
၈၄။ အဗ္ဘာန်သွင်းထိုက်သော ရဟန်းနှင့်အတူ တစ်မိုးတည်းသော ကျောင်း၌ လည်းကောင်း ဇရပ်တန်ဆောင်း စသည်၌လည်းကောင်း မနေရခြင်း၊
၈၅။ တစ်နေရာတည်း၌ မထိုင်ရခြင်း၊
၈၆။ နိမ့်သော နေရာ၌ ထိုင်လျှင် မြင့်သော နေရာ၌ မထိုင်ရခြင်း၊
၈၇။ မြေ၌ ထိုင်လျှင် နေရာ၌ မထိုင်ရခြင်း၊
၈၈။ စင်္ကြံတစ်ခုတည်း၌ စင်္ကြံမလျှောက်ရခြင်း၊
၈၉။ နိမ့်သော စင်္ကြံ၌ စင်္ကြံလျှောက်လျှင် မြင့်သောစင်္ကြံ၌ စင်္ကြံမလျှောက်ရခြင်း၊
၉၀။ မြေ၌ စင်္ကြံလျှောက်လျှင် စင်္ကြံ၌ စင်္ကြံမလျှောက် ရခြင်း၊
၉၁။ ပရိဝါသ်ဆောက်တည်သော ရဟန်းလျှင် လေးပါးမြောက်ဖြစ်သော စတုဝဂ္ဂ သံဃာသည် အကယ်၍ ပရိဝါသ် ပေးငြားအံ့၊ ကံမမြောက်သဖြင့် မပြုလုပ်ရခြင်း၊
၉၂။ အရင်းသို့ ငင်ငြားအံ့၊ ကံမမြောက်သဖြင့် မပြု လုပ်ရခြင်း၊
၉၃။ မာနတ်ကို ပေးငြားအံ့၊ ကံမမြောက်သဖြင့် မပြုလုပ်ရခြင်း၊
၉၄။ ပရိဝါသ် ဆောက်တည်သော ရဟန်းလျှင် နှစ်ကျိပ်မြောက်ဖြစ်သော ဝီသတိဝဂ္ဂသံဃာသည် အဗ္ဘာန် သွင်းငြားအံ့၊ ကံမမြောက်သဖြင့် မပြုလုပ်ရခြင်း။ (ဝိ၊၄၊၈၃။) (ဝိ၊၄၊၈၉။) (ဝိ၊၄၊၉၆။) (ဝိ၊မြန်၊၄။၇၈-၈၂။) (ဝိ၊မြန်၊၄။၈၄၊၈၆။) (ဝိ၊မြန်၊၄။၉၀၊၉၃။)♦

ပရိဝါသ်ဆောက်တည်သော ရဟန်း၏ ညဉ့်ပြတ်ခြင်းအကြောင်း ၃ ပါး

၁။ ပကတတ် ရဟန်းနှင့် ကျောက်ကုန်းဆန့်လျက် အိပ်ခြင်းဟု ဆိုအပ်သော အတူနေခြင်း၊
၂။ ပကတတ်ရဟန်းနှင့် ကင်းကွာ၍ နေခြင်း၊
၃။ ဝတ်မကြားခြင်း။ (ဝိ၊၄၊၈၇။) (ဝိ၊၅၊၂၁၉။) (ဝိ၊မြန်၊၄။၈၂။) (ဝိ၊မြန်၊၅။၃၀၆။)♦

ပရိဝါသ်ဆောက်တည်သော ရဟန်းတို့အား ခွင့်ပြုအပ်သော အမှုကိစ္စ ၁၅ ပါး

၁။ ပရိဝါသ် ဆောက်တည်သော ရဟန်းတို့သည် အချင်းချင်း သီတင်းကြီးစဉ်ငယ်လိုက် ရှိခိုးရခြင်း၊
၂။ ခရီး ဦးကြိုဆိုရခြင်း၊
၃။ လက်အုပ်ချီခြင်း၊
၄။ အရိုအသေပြုခြင်း၊
၅။ နေရာခင်းခြင်း၊
၆။ အိပ်ရာ ခင်းခြင်း၊
၇။ ခြေဆေးရေ တည်ထားခြင်း၊
၈။ ခြေဆေးအင်းပျဉ်နှင့် ခြေပွတ်အိုးခြမ်းထားခြင်း၊
၉။ သပိတ်သင်္ကန်း လှမ်းယူခြင်း၊
၁၀။ ရေချိုးရာ၌ ကျောက်ကုန်းကို ကြေးတွန်း ကြေးပွတ်ခြင်း၊
၁၁။ ဥပုသ်ပြုခြင်း၊
၁၂။ ပဝါရဏာပြုခြင်း၊
၁၃။ မိုးရေခံသင်္ကန်းကို ခံယူခြင်း၊
၁၄။ ဥဒ္ဒေသဘတ် စသော ဆွမ်းဝတ်ကို စွန့်ခြင်း၊
၁၅။ သံဃဘတ် စသည်ကို ခံယူခြင်း။ (ဝိ၊၄၊၁၀၀။) (ဝိ၊၄၊၈၂။) (ဝိ၊၄၊၉၂။) (ဝိ၊မြန်၊၄။၇၈။) (ဝိ၊မြန်၊၄။၈၆-၈၇။) (ဝိ၊မြန်၊၄။၉၅။)♦

ပရိသတ် ၂ မျိုး (ဃောဋမုခပုဏ္ဏားအား အရှင်ဥဒေန ဟောကြားခဲ့သော ပရိသတ် ၂ မျိုး)

၁။ ပတ္တမြား နားဍောင်း ဝတ်ဆင်ကုန်သော မိန်းမတို့၌ ပြင်းစွာ တပ်ခြင်းရှိသည် ဖြစ်၍ သား မယား ကျွန်မိန်းမ ကျွန်ယောကျ်ား, လယ်ယာ ရွှေငွေကို ရှာမှီးသော ပရိသတ်၊
၂။ ပတ္တမြားနားဍောင်း ဝတ်ဆင်ကုန်သော မိန်းမတို့၌ ပြင်းစွာတပ်ခြင်း မရှိသည်ဖြစ်၍ သားမယား ကျွန်မိန်းမ ကျွန် ယောကျ်ား လယ်ယာ ရွှေငွေကို ပယ်စွန့်၍ ရဟန်းပြုသော ပရိသတ်။ (မ၊၂၊၃၆၆။) (မ၊မြန်၊၂။၃၇၀။)♦

ပရိသတ် ၂ မျိုး (တစ်နည်း)

၁။ တိမ်သော ပရိသတ်၊ တုန်လှုပ် ပျံ့လွင့်မှုရှိလျက် အချည်းနှီး တက်ကြွသော မာန်ရှိသော ပရိသတ်၊
၂။ နက်သော ပရိသတ်၊ မတုန်လှုပ် မပျံ့လွင့်မူ၍ အချည်းနှီး တက်ကြွသော မာန်မရှိသော ပရိသတ်၊ (တစ်နည်း)
မညီညွတ်သော ဝဂ္ဂပရိသတ်၊
၂။ ညီညွတ်သော သမဂ္ဂပရိသတ်၊ (တစ်နည်း)
ကောင်းမြတ်သော ပဋိပတ်အကျင့်နှင့် မပြည့်စုံသော ပုဂ္ဂိုလ်ရှိသော ပရိသတ်၊
၂။ ကောင်းမြတ်သော ပဋိပတ်အကျင့်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်ရှိသော ပရိသတ်၊ (တစ်နည်း)
ပုထုဇဉ်ပရိသတ်၊
၂။ အရိယာပရိသတ်၊ (တစ်နည်း)
ရှုပ်ထွေးပွေလိမ် ဖျင်းသိမ်သော ပရိသတ်၊
၂။ သန့်ရှင်းကြည်လင် အနှစ်ထင်သော ပရိသတ်၊ (တစ်နည်း)
အဆုံးမခက်သော မေးမြန်း၍ မဆုံးမအပ်သော ပရိသတ်၊
၂။ မေးမြန်း၍ ဆုံးမအပ်သော အဆုံးအမ မခက်သော ပရိသတ်၊ (တစ်နည်း)
ပစ္စည်းအာမိသကို အလေးပြု၍ သူတော်ကောင်းတရားကို အလေးမပြုသော ပရိသတ်၊
၂။ သူတော်ကောင်းတရားကို အလေးပြု၍ ပစ္စည်းအာမိသကို အလေးမပြုသော ပရိသတ်၊ (တစ်နည်း)
တရားနှင့် မညီသော ကောက် ကျစ်သော ပရိသတ်၊
၂။ တရားနှင့် ညီသော ဖြောင့်မတ်သော ပရိသတ်၊ (တစ်နည်း)
တရားနှင့် ယှဉ်သော ပရိသတ်၊
၂။ တရားနှင့် မယှဉ်သော ပရိသတ်၊ (တစ်နည်း)
တရား မဟုတ်သည်ကို ဆိုလေ့ရှိသော အဓမ္မဝါဒီပရိသတ်၊
၂။ တရားဟုတ်သည်ကို ဆိုလေ့ရှိသော ဓမ္မဝါဒီပရိသတ်။ (အံ၊၁၊၇၁-၇၅။) (အံ၊မြန်၊၁။၈၃။)♦

ပရိသတ် ၃ မျိုး

၁။ ပုဂ္ဂိုလ်မြတ်ရှိသော (အဂ္ဂဝတီ) ပရိသတ်၊
၂။ မညီညွတ်သော (ဝဂ္ဂ) ပရိသတ်၊
၃။ ညီညွတ်သော (သမဂ္ဂ) ပရိသတ်။ (အံ၊၁၊၂၄၅။) (အံ၊မြန်၊၁။၂၆၃။)♦

ပရိသတ် ၃ မျိုး (တစ်နည်း)

၁။ ဆုံးမခက်သဖြင့် မမေးမူ၍ ဆုံးမအပ်သော ပရိသတ်၊
၂။ ဆုံးမလွယ် သဖြင့် မေး၍ ဆုံးမအပ်သော ပရိသတ်၊
၃။ ပမာဏကို သိ၍ ဆုံးမအပ်သော ပရိသတ်။ (အံ၊၁၊၂၈၉။) (အံ၊မြန်၊၁။၃၀၆။)♦

ပရိသတ် ၄ ပါး

၁။ ရဟန်းပရိသတ်၊
၂။ ရဟန်းမ ပရိသတ်၊
၃။ သီတင်းသည် ဥပါသကာ ပရိသတ်၊
၄။ သီတင်းသည်မ ဥပါသိကာမ ပရိသတ်။ (မ၊ဋ္ဌ၊၁၊၃၁၀။) (သာရတ္ထ၊ဋီ၊၂၊၁။)♦

ပရိသတ် ၄ ပါး (တစ်နည်း)

၁။ မင်းပရိသတ်၊
၂။ ပုဏ္ဏားပရိသတ်၊
၃။ သူကြွယ်ပရိသတ်၊
၄။ ရဟန်း ပရိသတ်။ (သာရတ္ထ၊ဋီ၊၂၊၁။)♦

ပရိသတ် ၈ မျိုး

၁။ မင်းပရိသတ်၊
၂။ ပုဏ္ဏားပရိသတ်၊
၃။ သူကြွယ်ပရိသတ်၊
၄။ ရဟန်းပရိသတ်၊
၅။ စာတုမဟာရာဇ် ပရိသတ်၊
၆။ တာဝတိံသာ ပရိသတ်၊
၇။ မာရ်ပရိသတ်၊
၈။ ဗြဟ္မာ ပရိသတ်။ (ဒီ၊၂၊၉၁။) (ဒီ၊၃၊၂၁၅။) (မ၊၁၊၁၀၄။) (အံ၊၃၊၁၂၇။) (သံ၊ဋ္ဌ၊၂၊၄၃။) (ပဋိသံ၊ဋ္ဌ၊၂၊၂၃၂။) (သာရတ္ထ၊ဋီ၊၁၊၃၂၂။) (ဒီ၊ဋီ၊၁၊၃၅၆။) (ဒီ၊မြန်၊၂။၁၀၆။) (ဒီ၊မြန်၊၃။၂၃၈။) (မ၊မြန်၊၁။၁၁၁။) (အံ၊မြန်၊၃။၁၂၈။)♦

ပရိသတ်ကို တင့်တယ်စေတတ်သော ပုဂ္ဂိုလ် ၄ မျိုး

၁။ ကောင်းမြတ်သော တရားရှိသည့် သီလဝန္တ ရဟန်း၊
၂။ ကောင်းမြတ်သော တရားရှိသည့် သီလဝန္တ ရဟန်းမ၊
၃။ ကောင်းမြတ်သော တရားရှိသည့် သီလဝန္တဥပါသကာ၊
၄။ ကောင်းမြတ်သော တရားရှိသည့် သီလဝန္တဥပါသိကာမ။ (အံ၊၁၊၅၄၈။) (အံ၊မြန်၊၁။၅၆၃။)♦

ပရိသတ်ကို နဂါးတို့ ကြည့်ရခြင်းအကြောင်း ၂ မျိုး

၁။ ဂဠုန်ရန်ကို ကြည့်ခြင်း၊
၂။ ဆွေမျိုး တို့ကို ကြည့်ခြင်း။ (ဇာ၊ဋ္ဌ၊၇၊၃၇။)♦

ပရိသတ်ကို ဖျက်ဆီးတတ်သော ပုဂ္ဂိုလ် ၄ မျိုး

၁။ ယုတ်ညံ့သော တရားရှိသည့် ဒုဿီလရဟန်း၊
၂။ ယုတ်ညံ့သော တရားရှိသည့် ဒုဿီလရဟန်းမ၊
၃။ ယုတ်ညံ့သော တရားရှိသည့် ဒုဿီလ ဥပါသကာ၊
၄။ ယုတ်ညံ့သော တရားရှိသည့် ဒုဿီလဥပါသိကာမ။ (အံ၊၁၊၅၄၇-၅၄၈။) (အံ၊မြန်၊၁။၅၆၃။)♦

ပရိသတ်အပြစ် ၃ မျိုး

၁။ ကံသို့ ရောက်ကြကုန်သော ရဟန်းတို့သည် မကြွလာခြင်း၊
၂။ ဆန္ဒ ပေးထိုက်ကုန်သော ရဟန်းတို့၏ ဆန္ဒကို မဆောင်ခြင်း၊
၃။ မျက်မှောက် ရောက်ရှိလာ ကုန်သော ရဟန်းတို့ကို တားမြစ်ခြင်း။ (သာရတ္ထ၊ဋီ၊၂၊၅၆။)♦

ပြင်းစွာ တပ်မက်ခြင်း ၆ မျိုး

၁။ နှလုံးကို ပွားစေတတ်ကုန်သော အဆင်းရူပါရုံတို့၌ စိတ်၏ ပြင်းစွာ တပ်မက်ခြင်း၊
၂။ နှလုံးကို ပွားစေတတ်ကုန်သော အသံ သဒ္ဒါရုံတို့၌ စိတ်၏ ပြင်းစွာ တပ်မက်ခြင်း၊
၃။ နှလုံးကို ပွားစေတတ်ကုန်သော အနံ့ ဂန္ဓာရုံတို့၌ စိတ်၏ ပြင်းစွာ တပ်မက်ခြင်း၊
၄။ နှလုံးကို ပွားစေတတ်ကုန်သော အရသာ ရသာရုံတို့၌ စိတ်၏ ပြင်းစွာ တပ်မက်ခြင်း၊
၅။ နှလုံးကို ပွားစေတတ်ကုန်သော အတွေ့ ဖောဋ္ဌဗ္ဗာရုံတို့၌ စိတ်၏ ပြင်းစွာ တပ်မက်ခြင်း။ (အဘိ၊ဝိ၊၃၉၄။) (အဘိ၊ဝိ၊မြန်၊၂။၄၉၉။)♦

ပြည့်စုံခြင်း ၂ မျိုး

၁။ ပစ္စည်းပြည့်စုံခြင်း- အာမိသိဒ္ဓိ၊
၂။ တရားပြည့်စုံခြင်း- ဓမ္မိဒ္ဓိ။ (အံ၊၁၊၉၂။) (အံ၊မြန်၊၁။၁၀၈။)♦

ပြည့်စုံခြင်း ၂ မျိုး (တစ်နည်း)

၁။ အကျင့်သီလ၏ ပြည့်စုံခြင်း သီလသမ္ပဒါ၊
၂။ ဉာဏ်အမြင် အယူ၏ ပြည့်စုံခြင်း ဒိဋ္ဌိသမ္ပဒါ။ (အံ၊၁၊၉၄။) (အံ၊မြန်၊၁။၁၁၀။)♦

ပြည့်စုံခြင်း ၂ မျိုး (တစ်နည်း)

၁။ ပစ္စုပ္ပန်ခဏ၌ ပြည့်စုံခြင်းရှိသည်၏ အဖြစ်ဟူသော သမန္နာဂမ၊
၂။ ရူပါဝစရအစရှိသော ဘုံတို့တွင် အမှတ်မထား တစ်ပါးပါးသော ဘုံတည်းဟူသော ဈာန်သို့ ရောက်ခြင်းအားဖြင့် ရခြင်းဟူသော သမန္နာဂမ။ (အဘိ၊ဋ္ဌ၊၃၊၁၇၉။)♦

ပြည့်စုံခြင်း ၃ မျိုး

၁။ သီလ၏ ပြည့်စုံခြင်း၊
၂။ စိတ်၏ ပြည့်စုံခြင်း၊
၃။ အယူ၏ ပြည့်စုံခြင်း၊ (တစ်နည်း)
အမှု၏ ပြည့်စုံခြင်း၊
၂။ အသက်မွေးမှု၏ ပြည့်စုံခြင်း၊
၃။ အယူ၏ ပြည့်စုံခြင်း။ (အံ၊၁၊၂၇၂။) (အံ၊မြန်၊၁။၂၉၀။) (အံ၊၁၊၂၇၄။) (အံ၊မြန်၊၁။၂၉၀။)♦

ပြည့်စုံခြင်း ၃ မျိုး (တစ်နည်း)

၁။ သဒ္ဓါတရားနှင့် ပြည့်စုံခြင်း သဒ္ဓါသမ္ပဒါ၊
၂။ သီလ၏ ပြည့်စုံခြင်း သီလသမ္ပဒါ၊
၃။ ပညာနှင့် ပြည့်စုံခြင်း ပညာသမ္ပဒါ။ (အံ၊၁၊၂၉၁။) (အံ၊မြန်၊၁။၃၀၈။)♦

ပြည့်စုံခြင်း ၃ မျိုး (တစ်နည်း)

၁။ သီလ၏ ပြည့်စုံခြင်း၊
၂။ သမာဓိ၏ ပြည့်စုံခြင်း၊
၃။ ပညာ၏ ပြည့်စုံခြင်း။ (နေတ္တိ၊ဝိဘာ၊၂၇၆။)♦

ပြည့်စုံခြင်း ၅ ပါး

၁။ ဆွေမျိုးတို့၏ ပြည့်စုံခြင်း- ဉာတိသမ္ပဒါ၊
၂။ စည်းစိမ်ဥစ္စာတို့၏ ပြည့်စုံခြင်း- ဘောဂသမ္ပဒါ၊
၃။ အနာမဲ့ခြင်းနှင့် ပြည့်စုံခြင်း- အရောဂသမ္ပဒါ၊
၄။ အကျင့်သီလ၏ ပြည့်စုံခြင်း- သီလသမ္ပဒါ၊
၅။ အယူ၏ ပြည့်စုံခြင်း- ဒိဋ္ဌိသမ္ပဒါ။ (ဝိ၊၅၊၂၃၀။) (ဝိ၊၅၊၃၃၈။) (အံ၊၂၊၁၃၀။) (ဝိ၊မြန်၊၅။၃၁၉။) (ဝိ၊မြန်၊၅။၄၄၂။) (အံ၊မြန်၊၂။၁၆၂။)♦

ပြည့်စုံခြင်း ၅ ပါး (တစ်နည်း)

၁။ ယုံကြည်မှု သဒ္ဓါနှင့် ပြည့်စုံခြင်း၊
၂။ စောင့်ထိန်းမှု သီလနှင့် ပြည့်စုံခြင်း၊
၃။ အကြားအမြင် သုတနှင့် ပြည့်စုံခြင်း၊
၄။ စွန့်ကြဲမှု စာဂနှင့် ပြည့်စုံခြင်း၊
၅။ သိမှုပညာနှင့် ပြည့်စုံခြင်း။ (အံ၊၂၊၄၆။) (အံ၊၂၊၁၀၄။) (အံ၊မြန်၊၂။၅၇။) (အံ၊မြန်၊၂။၁၂၇။)♦

ပြည့်စုံခြင်း ၅ ပါး (တစ်နည်း)

၁။ စောင့်ထိန်းမှု သီလနှင့် ပြည့်စုံခြင်း၊
၂။ တည်ကြည်မှု သမာဓိနှင့် ပြည့်စုံခြင်း၊
၃။ သိမှုပညာနှင့် ပြည့်စုံခြင်း၊
၄။ ကိလေသာမှ လွတ်မြောက်မှု ‘အရဟတ္တ ဖိုလ်’နှင့် ပြည့်စုံခြင်း၊
၅။ ကိလေသာမှ လွတ်မြောက်မှု ‘အရဟတ္တဖိုလ်’၌ ဖြစ်သော ‘ပစ္စဝေက္ခဏာ ဉာဏ်’နှင့် ပြည့်စုံခြင်း။ (အံ၊၂၊၁၀၄။) (အံ၊မြန်၊၂။၁၂၇။)♦

ပြည့်စုံခြင်း ၈ မျိုး

၁။ ထကြွလုံ့လနှင့် ပြည့်စုံခြင်း ဥဋ္ဌာနသမ္ပဒါ၊
၂။ စောင့်ရှောက်မှုနှင့် ပြည့်စုံခြင်း အာရက္ခသမ္ပဒါ၊
၃။ မိတ်ကောင်း ဆွေကောင်းရှိခြင်း ကလျာဏမိတ္တတာ၊
၄။ မျှတစွာ အသက် မွေးခြင်း သမဇီဝိတာ၊
၅။ သဒ္ဓါတရားနှင့် ပြည့်စုံခြင်း သဒ္ဓါသမ္ပဒါ၊
၆။ သီလနှင့် ပြည့်စုံခြင်း သီလသမ္ပဒါ၊
၇။ စွန့်ကြဲမှုနှင့် ပြည့်စုံခြင်း စာဂသမ္ပဒါ၊
၈။ ပညာနှင့် ပြည့်စုံခြင်း ပညာသမ္ပဒါ။ (အံ၊၃၊၁၄၀။) (အံ၊မြန်၊၃။၁၄၂။)♦

ပြည့်စုံသည်၏ အဖြစ် ၅ မျိုး

၁။ အားထုတ်ခြင်းနှင့် ပြည့်စုံသည်၏ အဖြစ်၊
၂။ စေတနာနှင့် ပြည့်စုံသည်၏ အဖြစ်၊
၃။ ကံနှင့် ပြည့်စုံသည်၏ အဖြစ်၊
၄။ အကျိုးဝိပါက်နှင့် ပြည့်စုံ သည်၏ အဖြစ်၊
၅။ ဖြစ်လတ္တံ့သော ဘုံဌာန၏ နိမိတ်ထင်လာခြင်းနှင့် ပြည့်စုံသည်၏ အဖြစ်။ (မ၊ဋ္ဌ၊၄၊၈၇။) (အဘိ၊ဋ္ဌ၊၂၊၄၁၉။)♦

ပြန့်ပြောခြင်း ၂ မျိုး

၁။ ပစ္စည်း၏ ပြန့်ပြောခြင်း- အာမိသဝေပုလ္လ၊
၂။ တရား၏ ပြန့်ပြောခြင်း- ဓမ္မဝေပုလ္လ။ (အံ၊၁၊၉၃။) (အံ၊မြန်၊၁။၁၀၉။)♦

ပြဿနာ ၁၀၁၄ ပါး

၁။ ဧကက အစွမ်းဖြင့် ပြဿနာ ၂ ပါး၊
၂။ ဒုက အစွမ်းဖြင့် ပြဿနာ ၇၀ ပါး၊
၃။ တိက အစွမ်းဖြင့် ပြဿနာ ၁၈၀ ပါး၊
၄။ စတုက္က အစွမ်းဖြင့် ပြဿနာ ၂၀၀ ပါး၊
၅။ ပဉ္စက အစွမ်းဖြင့် ပြဿနာ ၁၃၀ ပါး၊
၆။ ဆက္က အစွမ်းဖြင့် ပြဿနာ ၁၃၂ ပါး၊
၇။ သတ္တက အစွမ်းဖြင့် ပြဿနာ ၉၈ ပါး၊
၈။ အဋ္ဌက အစွမ်းဖြင့် ပြဿနာ ၈၈ ပါး၊
၉။ နဝက အစွမ်းဖြင့် ပြဿနာ ၅၄ ပါး၊
၁၀။ ဒသက အစွမ်းဖြင့် ပြဿနာ ၆၀ ပါး။ (ဒီ၊ဋ္ဌ၊၃၊၂၃၅။)♦

ပြဿနာ ၄ မျိုး

၁။ ဧကံသဗျာကရဏီယပဉှ- စင်စစ်ဧကန် အမှန်အားဖြင့်သာ ဖြေဆိုအပ်သော ပြဿနာ၊
၂။ ဝိဘဇ္ဇဗျာကရဏီယပဉှ- ဝေဖန်ခွဲခြား၍ ဖြေဆိုအပ်သော ပြဿနာ၊
၃။ ပဋိပုစ္ဆာ ဗျာကရဏီယပဉှ- တစ်ဖန်မေး၍ ဖြေဆိုအပ်သော ပြဿနာ၊
၄။ ဌပနီယပဉှ- မဖြေဆိုအပ်, ဤအတိုင်းထားအပ်သော ပြဿနာ။ (အံ၊၁၊၃၅၅။) (မိလိန္ဒ၊၁၄၇။) (ဒီ၊ဋ္ဌ၊၂၊၁၅၇။) (အံ၊မြန်၊၁။၃၆၉။) (မိလိန္ဒ၊မြန်။၁၅၈။) (ဒီ၊ဋ္ဌ၊မြန်၊၂။၂၉၆။)♦

ပြဿနာ ၅၅၀ ပါး

၁။ ဒသက၌ ပဥှာ ၁၀၀၊
၂။ ဧကကနှင့် နဝက၌ ပဥှာ ၁၀၀၊
၃။ ဒုကနှင့် အဋ္ဌက၌ ပဥှာ ၁၀၀၊
၄။ တိကနှင့် သတ္တက၌ ပဥှာ ၁၀၀၊
၅။ စတုက္ကနှင့် ဆက္က၌ ပဥှာ ၁၀၀၊
၆။ ပဉ္စက၌ ပဥှာ ၅၀။ (ဒီ၊ဋ္ဌ၊၃၊၂၄၉။)♦

ပြဿနာ မေးကြောင်း ၅ မျိုး

၁။ အသိဉာဏ်ပညာ နည်းသည်ဖြစ်၍ အလွန် တွေဝေသောကြောင့် မေးခြင်း၊
၂။ ယုတ်ညံ့သော အလိုရှိသည်ဖြစ်၍ အလိုဆိုး နှိပ်စက်အပ်သောကြောင့် မေးခြင်း၊
၃။ လွှမ်းမိုးနှိပ်စက်လိုသောကြောင့် မေးခြင်း၊
၄။ သိလိုသောကြောင့် မေးခြင်း၊
၅။ မေးသော ပုစ္ဆာအား အကယ်၍ မဖြေဆိုနိုင်လျှင် ငါ ကောင်းစွာ ဖြေကြားပေးမည်ဟု နှလုံးသွင်း၍ မေးခြင်း။ (အံ၊၂၊၁၆၈။) (အံ၊မြန်၊၂။၂၁၄။)♦

ပြဿနာကြီး ၁၄ ခု (ဘုရားရှင် သိကြားမင်းအား ဖြေကြားတော်မူအပ်သော ပြဿနာကြီး ၁၄ ခု)

၁။ ဣဿာမစ္ဆရိယ- မနာလိုခြင်း, ဝန်တိုခြင်း၊
၂။ ပိယာပ္ပိယ- ချစ်ခြင်း, မုန်းခြင်း၊
၃။ ဆန္ဒ- အလို၊
၄။ ဝိတက္က- ကြံဆခြင်း၊
၅။ ပပဉ္စ- သံသရာကို ချဲ့ထွင်ခြင်း၊
၆။ သောမနဿ- ဝမ်းမြောက်ခြင်း၊
၇။ စိတ်နှလုံး မသာယာခြင်း ဒေါမနဿ၊
၈။ လျစ်လျူရှုခြင်း ဥပေက္ခာ၊
၉။ ကာယသမာစာရ- ကိုယ်၏ ကောင်းသော အကျင့်၊
၁၀။ ဝစီသမာစာရ- နှုတ်၏ကောင်းသော အကျင့်၊
၁၁။ ပရိယေသန- ရှာမှီးခြင်း၊
၁၂။ ဣန္ဒြိယသံဝရ- ဣန္ဒြေတို့ကို စောင့်စည်းခြင်း၊
၁၃။ အနေကဓာတု- အဇ္ဈာသယဓာတ် အမျိုးမျိုး၊
၁၄။ အစ္စန္တနိဋ္ဌာ- ပျက်စီးခြင်းကို လွန်သော နိဗ္ဗာန်။ (ဒီ၊ဋ္ဌ၊၂၊၃၃၀။) (ဒီ၊ဋ္ဌ၊မြန်၊၂။၆၀၇။)♦

ပြဿနာကို ဖြေဆိုခြင်း ၄ မျိုး

၁။ ဧကံသဗျာကရဏီယ- တစ်မျိုးတည်းကို ဖြေဆိုခြင်း၊
၂။ ဝိဘဇ္ဇ ဗျာကရဏီယ- ခွဲခြားဝေဖန်၍ ဖြေဆိုခြင်း၊
၃။ ပဋိပုစ္ဆာဗျာကရဏီယ- တစ်ဖန် တုံ့ပြန်မေးမြန်းလျက် ဖြေဆိုခြင်း၊
၄။ ဌပနီယ- မဖြေဆိုဘဲ ထားခြင်း။ (မိလိန္ဒ၊၁၄၇။) (မိလိန္ဒ၊မြန်။၁၅၈။)♦

ပြာဋိဟာ ၃ ပါး

ပါဋိဟာရိယ ၃ ပါးနှင့် တူသည်။ ♦

ပြာပူနှင့် တူသော တရား ၅ ပါး

၁။ ရုပ်၊
၂။ ဝေဒနာ၊
၃။ သညာ၊
၄။ သင်္ခါရ၊
၅။ ဝိညာဏ်။ (သံ၊၂၊၁၄၅။) (သံ၊မြန်၊၂။၁၃၆။)♦

ပြိတ္တာတို့အကျိုးရှိစေသော အလှူအင်္ဂါ ၃ ပါး

၁။ အတ္တနော အနုမောဒနေန- ပြိတ္တာတို့ ဝမ်းမြောက် ဝမ်းသာ သာဓုအနုမောဒနာ ခေါ်ဆိုရခြင်း၊
၂။ ဒါယကာနံ ဥဒ္ဒိသေန- အလှူရှင်တို့က ထိုပြိတ္တာ များကို ရည်မှန်း၍ လှူဒါန်းရခြင်း၊
၃။ ဒက္ခိဏေယျသမ္ပဒါယ- အလှူခံပုဂ္ဂိုလ်၏ ဂုဏ်နှင့် ပြည့်စုံရခြင်း။ (ခုဒ္ဒက၊ဋ္ဌ၊၁၇၆။) (ပေတ၊ဋ္ဌ၊၂၅။)♦

ပြုစုလုပ်ကျွေးရခက်သော ဂိလာနရဟန်း အင်္ဂါ ၅ ပါး

၁။ မသင့်တော် မလျောက်ပတ်သော အမှုကို ပြုလေ့ရှိခြင်း၊
၂။ သင့်လျော် လျောက်ပတ်သော အရာ၌ အတိုင်းအရှည်ကို မသိခြင်း၊
၃။ ဆေးကို မမှီဝဲ မသုံးဆောင်ခြင်း၊
၄။ မိမိအကျိုးကို လိုလားသော သူနာပြုရဟန်းအား အနာရောဂါ တိုးပွားသည်ကိုလည်းကောင်း, ဆုတ်ယုတ်သည်ကိုလည်းကောင်း, တည်တန့် နေသည်ကို လည်းကောင်း ဟုတ်တိုင်းမှန်စွာ မပြောပြတတ်ခြင်း၊
၅။ ကိုယ်၌ ဖြစ်ဆဲသော ပြင်းထန်သော ဆင်းရဲဝေဒနာတို့ကို သည်းခံနိုင်သော သဘော မရှိခြင်း။ (ဝိ၊၃၊၄၁၈။) (ဝိ၊မြန်၊၃။၄၂၂။)♦

ပြုစုလုပ်ကျွေးရလွယ်သော ဂိလာနရဟန်း အင်္ဂါ ၅ ပါး

၁။ သင့်တော် လျောက်ပတ်သော အမှုကိုသာ ပြုလေ့ရှိခြင်း၊
၂။ သင့်လျောက်ပတ်သော အရာ၌ အတိုင်းအရှည်ကို သိခြင်း၊
၃။ ဆေးကို မှီဝဲသုံးဆောင်ခြင်း၊
၄။ မိမိအကျိုး လိုလားသော သူနာပြုရဟန်းအား အနာရောဂါ တိုးပွား သည် ကိုလည်းကောင်း, ဆုတ်ယုတ်သည်ကိုလည်းကောင်း, တည်တန့်နေသည်ကိုလည်းကောင်း, ဟုတ်တိုင်းမှန်စွာ ပြောပြတတ်ခြင်း၊
၅။ ကိုယ်၌ ဖြစ်ပေါ်နေဆဲဖြစ်သော ပြင်းထန်သော ဆင်းရဲဝေဒနာတို့ကို သည်းခံနိုင်သော သဘောရှိခြင်း။ (ဝိ၊၃၊၄၁၈။) (ဝိ၊မြန်၊၃။၄၂၂။)♦

ပြုနိုင်ခဲသော တရား ၄ ပါး

၁။ ထက်စွာသွေးအပ်သော သန်လျက်ကို မျိုနိုင်ခဲသည်။
၂။ သူတစ်ပါးတို့အား ပေးကမ်းမည်ဟု ပြောနိုင်ခဲသည်၊
၃။ အမှန်တကယ်ပေးနိုင်ခဲသည်၊
၄။ ပေးပြီးနောက် နောင်တမရဘဲ ရှိနိုင်ခဲသည်။ (ဇာ၊၁၊၁၅၉။) (ဇာ၊ဋ္ဌ၊၃၊၃၁၉။)♦

ပြုပြင်စီရင်ခြင်း ၃ ပါး

သင်္ခါရ ၃ ပါးနှင့် တူသည်။ ♦

ပြုလုပ်တတ်သူကို မပြသော သိက္ခာပုဒ် ၁၅ ပုဒ်

၁။ သုက္ကဝိဿဋ္ဌိ သိက္ခာပုဒ်၊
၂။ မုသာဝါဒ သိက္ခာပုဒ်၊
၃။ ဩမသဝါဒသိက္ခာပုဒ်၊
၄။ ပေသုညသိက္ခာပုဒ်၊
၅။ ဘူတဂါမသိက္ခာပုဒ်၊
၆။ အညဝါဒက သိက္ခာပုဒ်၊
၇။ ဥဇ္ဈာပနကသိက္ခာပုဒ်၊
၈။ ဂဏဘောဇနသိက္ခာပုဒ်၊
၉။ ပရမ္ပရဘောဇနသိက္ခာပုဒ်၊
၁၀။ သုရာမေရယသိက္ခာပုဒ်၊
၁၁။ အင်္ဂုလိပတောဒကသိက္ခာပုဒ်၊
၁၂။ သဟဓမ္မိကသိက္ခာပုဒ်၊
၁၃။ အနာဒရိယသိက္ခာပုဒ်၊
၁၄။ တလဃာတကသိက္ခာပုဒ်၊
၁၅။ ဇတုမဋ္ဌကသိက္ခာပုဒ်။ (ဝဇိရ၊ ၆၉-၇၀။)♦

ပြုလုပ်သင့်သော တရား ၃ ပါး

၁။ ကာယသုစရိုက် သုံးပါး၊
၂။ ဝစီသုစရိုက် လေးပါး၊
၃။ မနော သုစရိုက် သုံးပါး။ (နေတ္တိ၊ဋ္ဌ၊၁၆၀။)♦

ပြေးသွား၍ မတင့်တယ်သူ ၄ ဦး

၁။ အဘိသိက် သွန်းအပ်ပြီးသော မင်းသည် အလုံးစုံသော မင်းမြောက်တန်ဆာဖြင့် ဆင်ယင်ဝတ်စားပြီးသောအခါ ခါးတောင်းအောက်ပိုးကြိုက်ခြင်းကို ပြု၍ မင်းရင်ပြင်၌ လျင်မြန်စွာ သွားလာခြင်းသည် မတင့်တယ်၊
၂။ ပြည့်ရှင်မင်းကြီး၏ မင်္ဂလာ ဆင်တော်သည် တန်ဆာဆင်လျက် လျင်မြန်စွာ သွားလာခြင်းသည် မတင့်တယ်၊
၃။ ရဟန္တာ အရှင်မြတ်သည် လျင်မြန်စွာ သွားလာသည်ရှိသော် မတင့်တယ်၊
၄။ မိန်းမတို့မည်သည် လျင်မြန်စွာ သွားလာခြင်းတို့သည် မတင့်တယ်။ (ဓမ္မ၊ဋ္ဌ၊၁၊၂၄၆။)♦

ပြောဆိုခြင်း ဝေါဟာရ ၄ မျိုး

၁။ မြင်သည်ကို မြင်၏ဟု ပြောခြင်း၊
၂။ ကြားသည်ကို ကြား၏ဟု ပြောဆိုခြင်း၊
၃။ ထိတွေ့သည်ကို ထိတွေ့၏ဟု ပြောဆိုခြင်း၊
၄။ သိသည်ကို သိ၏ဟု ပြောဆိုခြင်း။ (မ၊၃၊၇၉။) (မ၊မြန်၊၃။၈၃။)♦

ပလိဗောဓ ၁၀ မျိုး (ကမ္မဋ္ဌာန်းအားထုတ်ရာ၌ အနှောင့်အယှက် ၁၀ မျိုး)

၁။ အာဝါသ- နေရာကျောင်း၊
၂။ ကုလ- ဆွေမျိုး၊ အလုပ်အကျွေး ဒါယကာ၊
၃။ လာဘ- ပစ္စည်းလေးရပ် လာဘ်လာဘ၊
၄။ ဂဏ- သုတ္တန်ဆောင်ဂိုဏ်း စသော သံဃာအများ၊
၅။ ကမ္မ- ကျောင်းပြင်ခြင်း ကျောင်း ဆောက်ခြင်း စသော အမှု၊
၆။ အဒ္ဓါန- ခရီးဝေးသွားရာ ကိစ္စ၊
၇။ ဉာတိ- ဆရာတပည့် မိဘ ညီ အစ်ကို မောင် နှမ စသော ဆွေမျိုး၊
၈။ အာဗာဓ- အနာရောဂါ၊
၉။ ဂန္ထ- ပရိယတ္တိ စာပေကျမ်းစာများကို သင်ယူနေရခြင်း ပို့ချနေရခြင်း၊
၁၀။ ဣဒ္ဓိ- ပုထုဇဉ်ဘဝဖြင့် ရရှိထားသော တန်ခိုး။ (ဝိ၊ဋ္ဌ၊၂၊၂၁။) (ဝိသုဒ္ဓိ၊၁၊၈၆။)♦

ပလ္လင် လှူရကျိုး ၅ ပါး

၁။ မြင့်မြတ်သော အမျိုး၌ ဖြစ်ရခြင်း၊
၂။ စည်းစိမ်ဥစ္စာ များပြားစွာ ရရှိသူ ဖြစ်ခြင်း၊
၃။ အလုံးစုံပြည့်စုံသူ ဖြစ်ခြင်း၊
၄။ ဝန်တိုမှု မရှိခြင်း၊
၅။ တောင့်တအပ်သော ပလ္လင်သည် ရှေးရှုရောက်လာပြီး ထိုပလ္လင်မြတ်နှင့်အတူ တောင့်တအပ်သော အရပ်သို့ သွားနိုင်ခြင်း။ (အပ၊၁၊၃၇၇။) (အပ၊မြန်၊၁။၃၈၇။)♦

ပလ္လတ္ထိက ၃ မျိုး

၁။ အာယောဂပလ္လတ္ထိက- အာယောဂပတ် ဖွဲ့ခြင်း၊
၂။ ဟတ္ထပလ္လတ္ထိက- လက်ဖြင့် ရစ်ပတ်ဖွဲ့ခြင်း၊
၃။ ဒုဿပလ္လတ္ထိက- အဝတ်သင်္ကန်းဖြင့် ရစ်ပတ်ဖွဲ့ခြင်း။ (ဝိ၊ဋ္ဌ၊၃၊၁၆၉။)♦

ပဝတ္တပရိယာဒါနေ၌ ပဝတ္တဖြစ်ခြင်း ၂ မျိုး

၁။ ကိလေသပဝတ္တ- ကိလေသာတို့၏ ဖြစ်ခြင်း၊
၂။ ခန္ဓပဝတ္တ- ခန္ဓာတို့၏ ဖြစ်ခြင်း။ (ပဋိသံ၊ဋ္ဌ၊၁၊၃၈။)♦

ပဝတ္တိမဟာဝါရ၌ ပဉှာ ၄ မျိုး

၁။ ပုရေပဉှာ၊
၂။ ပစ္ဆာ ပဉှာ၊
၃။ ပရိပုဏ္ဏပဉှာ၊
၄။ မောဟ ပဉှာ။ (အဘိ၊ဋ္ဌ၊၃၊၂၉၈။)♦

ပဝတ္တိမဟာဝါရ၌ အန္တရဝါရ ၃ မျိုး

၁။ ဥပ္ပါဒဝါရ၊
၂။ နိရောဓဝါရ၊
၃။ ဥပ္ပါဒနိရောဓဝါရ။ (အဘိ၊ဋ္ဌ၊၃၊၂၉၆။)♦

ပဝါရဏာ ၂ မျိုး

၁။ စာတုဒ္ဒသီပဝါရဏာ၊
၂။ ပန္နရသီပဝါရဏာ။ (ဝိ၊၃၊၂၂၄။) (ဝိ၊၅၊၂၁၃။) (ဝိ၊မြန်၊၃။၂၂၃။) (ဝိ၊မြန်၊၅။၂၉၇။)♦

ပဝါရဏာ ၃ မျိုး

၁။ စာတုဒ္ဒသီပဝါရဏာ၊
၂။ ပန္နရသီပဝါရဏာ၊
၃။ သာမဂ္ဂီပဝါရဏာ။ (ဝိ၊၅၊၂၂၂။) (ဝိ၊မြန်၊၅။၃၀၉။)♦

ပဝါရဏာ ၃ မျိုး (တစ်နည်း)

၁။ သံဃပဝါရဏာ၊
၂။ ဂဏပဝါရဏာ၊
၃။ ပုဂ္ဂလပဝါရဏာ။ (ဝိ၊၅၊၂၂၂။) (ဝိ၊မြန်၊၅။၃၀၉။)♦

ပဝါရဏာ ၃ မျိုး (တစ်နည်း)

၁။ တေဝါစိကပဝါရဏာ၊
၂။ ဒွေဝါစိကပဝါရဏာ၊
၃။ သမာနဝဿိက ပဝါရဏာ။ (ဝိ၊၅၊၂၂၂။) (ဝိ၊မြန်၊၅။၃၀၉။)♦

ပဝါရဏာ ၄ မျိုး

၁။ ဝဿံဝုတ္ထပဝါရဏာ- ဝါကျွတ်သော အခါ မိမိကိုယ်ကို သံဃာ ဂိုဏ်း ပုဂ္ဂိုလ်ထံ၌ အပ်နှံခြင်း၊ အပြစ်ရှိသော် ပြောဆိုဆုံးမရန် အခွင့်ပေးခြင်း ဖိတ်ခေါ်ခြင်း ပဝါရဏာ၊
၂။ ပစ္စယပဝါရဏာ- သင်္ကန်း, ဆွမ်းစသော ပစ္စည်းလေးပါးဖြင့် အလိုရှိသောအခါ တောင်းဖို့ရန် ဖိတ်မန်ထားခြင်း၊
၃။ ပဋိက္ခေပ ပဝါရဏာ- ဆွမ်းစားနေဆဲ ရဟန်းထံသို့ ဒါယကာက ဆွမ်းထပ်ထည့်ရန် ဖိတ်မန်ရာ၌ ရဟန်းက ဆွမ်းကို ပယ်မြစ်ခြင်း၊
၄။ ယာဝဒတ္ထ ပဝါရဏာ- အလိုရှိတိုင်း မွန်မြတ်သော ဘောဇဉ်ဖြင့် လုပ်ကျွေးခြင်း အလိုရှိစေခြင်း ဖိတ်ခြင်း။ (မ၊ဋ္ဌ၊၁၊၉၇။) (သာရတ္ထ၊ဋီ၊၃၊၅၈။)♦

ပဝါရဏာ ၉ မျိုး

၁။ စာတုဒ္ဒသီပဝါရဏာ၊
၂။ ပန္နရသီပဝါရဏာ၊
၃။ သာမဂ္ဂီ ပဝါရဏာ၊
၄။ သံဃပဝါရဏာ၊
၅။ ဂဏပဝါရဏာ၊
၆။ ပုဂ္ဂလ ပဝါရဏာ၊
၇။ တေဝါစိကပဝါရဏာ၊
၈။ ဒွေဝါစိက ပဝါရဏာ၊
၉။ သမာနဝဿိကပဝါရဏာ။ (ဝိ၊ဋ္ဌ၊၃၊၁၄၄။)♦

ပဝါရဏာ ရပ်တန့်ထားခြင်း ၂ မျိုး

၁။ သဗ္ဗသင်္ဂါဟိက ပဝါရဏာထပန၊
၂။ ပုဂ္ဂလပဝါရဏာ ထပန။ (ဝိ၊ဋ္ဌ၊၃၊၃၆၀။)♦

ပဝါရဏာကံ ၄ မျိုး

၁။ တရားနှင့် မလျော်ဘဲ ဝဂ်ဖြစ်သော အစုကွဲသော ပဝါရဏာကံ၊
၂။ တရားနှင့် မလျော်ဘဲ ညီညွတ်သော ပဝါရဏာကံ၊
၃။ တရားနှင့် လျော်ညီ၍ ဝဂ်ဖြစ်သော အစုကွဲသော ပဝါရဏာကံ၊
၄။ တရားနှင့် လျော်ညီ၍ ညီညွတ်သော ပဝါရဏာကံ။ (ဝိ၊၃၊၂၂၄။) (ဝိ၊မြန်၊၃။၂၂၃။)♦

ပဝါရဏာကံ၏ စ လယ် ဆုံး ၃ ပါး

၁။ ပဝါရဏာကံ၏ ညီညွတ်ခြင်းသည် အစတည်း၊
၂။ ပဝါရဏာရွတ်ခြင်း (ကိရိယာ) သည် အလယ်တည်း၊
၃။ ပဝါရဏာပြီးဆုံးခြင်းသည် အဆုံးတည်း။ (ဝိ၊၅၊၂၅၂။) (ဝိ၊မြန်၊၅။၃၄၄။)♦

ပဝါရဏာပြုကြောင်း ၃ ပါး

၁။ မြင်သော အကြောင်းအားဖြင့် ဖိတ်ကြားခြင်း၊
၂။ ကြားသော အကြောင်းအားဖြင့် ဖိတ်ကြားခြင်း၊
၃။ ယုံမှားဖွယ် အကြောင်းအားဖြင့် ဖိတ်ကြားခြင်း။ (ဝိ၊၃၊၂၂၃။) (ဝိ၊မြန်၊၃။၂၂၂။)♦

ပဝါရဏာမပြုအပ်သော ပရိသတ် ၂၀

၁။ ရဟန်းမ နေသောပရိသတ်၊
၂။ သိက္ခမာန် နေသော ပရိသတ်၊
၃။ သာမဏေ နေသောပရိသတ်၊
၄။ သာမဏေမ နေသော ပရိသတ်၊
၅။ သိက္ခာ ချပြီးသူ နေသောပရိသတ်၊
၆။ ပါရာဇိကကျသူ နေသောပရိသတ်၊
၇။ အာပတ်ကို မရှု ခြင်းကြောင့် နှင်ထုတ်ထားသောရဟန်း နေသောပရိသတ်၊
၈။ အာပတ်ကို မကုစားခြင်းကြောင့် နှင်ထုတ်ထားသော ရဟန်း နေသောပရိသတ်၊
၉။ ယုတ်ညံ့သော မိစ္ဆာအယူကို မစွန့်ခြင်းကြောင့် နှင်ထုတ်ထားသော ရဟန်း နေသောပရိသတ်၊
၁၀။ ပဏ္ဍုက်နေသော ပရိသတ်၊
၁၁။ ပေါင်းသင်း ဆက်ဆံမှု ခိုးသူ နေသောပရိသတ်၊
၁၂။ တိတ္ထိဘောင်သို့ ပြောင်းရွှေ့သူ နေသော ပရိသတ်၊
၁၃။ တိရစ္ဆာန် နေသောပရိသတ်၊
၁၄။ အမိသတ်သူ နေသောပရိသတ်၊
၁၅။ အဖသတ်သူ နေသောပရိသတ်၊
၁၆။ ရဟန္တာကို သတ်သူ နေသော ပရိသတ်၊
၁၇။ ရဟန်းမကို ဖျက်ဆီးသူ နေသောပရိသတ်၊
၁၈။ သံဃာအသင်းခွဲသူ နေသောပရိသတ်၊
၁၉။ ဘုရားရှင်ကို သွေးစိမ်း တည်အောင် ပြုသူ နေသောပရိသတ်၊
၂၀။ ဥဘတောဗျည်း နေသောပရိသတ်။ (ဝိ၊၃၊၂၄၉၊၂၅၀။) (ဝိ၊မြန်၊၃။၂၄၇။)♦

ပဝါရိတ်သင့်ကြောင်း အင်္ဂါ ၅ ပါး

၁။ စားဆဲဖြစ်ခြင်း၊
၂။ ဘောဇဉ်ငါးပါးတို့တွင် တစ်ပါးပါး ဖြစ်ခြင်း၊
၃။ နှစ်တောင့်ထွာ ဟတ္ထပါသ်အတွင်း တည်ခြင်း၊
၄။ မိမိထံသို့ ရှေးရှုဆောင်ယူလာခြင်း၊
၅။ ကိုယ်နှုတ်တို့ဖြင့် ပယ်မြစ်ခြင်း။ (ဝိ၊ဋ္ဌ၊၃၊၈၉။)♦

ပဝါရိတ်သင့်ခြင်း ထင်ရှားကြောင်း အခြင်းအရာ ၅ ပါး

၁။ စားဆဲသည် ထင်ရှားခြင်း၊
၂။ ဘောဇဉ်သည် ထင်ရှားခြင်း၊
၃။ ဟတ္ထပါသ်အတွင်း၌ တည်ခြင်း၊
၄။ ရှေးရှုဆောင်ခြင်း၊
၅။ မြစ်ပယ်ခြင်းသည် ထင်ရှားခြင်း။ (ဝိ၊၅၊၃၂၆။) (ဝိ၊မြန်၊၅။၄၂၆။)♦

ပွင့်လင်းမှ တင့်တယ်သော အရာ ၃ မျိုး

၁။ လဝန်းသည် ပွင့်လင်းမှသာ တင့်တယ်သည်၊ ဖုံးကွယ်သော် မတင့်တယ်၊
၂။ နေဝန်းသည် ပွင့်လင်းမှသာ တင့်တယ်သည်၊ ဖုံးကွယ်သော် မတင့်တယ်၊
၃။ မြတ်စွာဘုရား ဟောကြားသော တရားတော်သည် ပွင့်လင်းမှသာ တင့်တယ်သည်၊ ဖုံးကွယ်သော် မတင့်တယ်။ (အံ၊၁၊၂၈၆။) (အံ၊မြန်၊၁။၃၀၄။)♦

ပွားစီးခြင်း ၂ မျိုး

၁။ ပစ္စည်းဖြင့် ပွားစီးခြင်း- အာမိသသန္နိစယ၊
၂။ တရားဖြင့် ပွားစီးခြင်း- ဓမ္မသန္နိစယ။ (အံ၊၁၊၉၃။) (အံ၊မြန်၊၁။၁၀၉။)♦

ပွားများခြင်း ၂ မျိုး

၁။ လောကီတရား ပွားများခြင်း၊
၂။ လောကုတ္တရာတရား ပွားများခြင်း။ (ပဋိသံ၊၂၈။) (ပဋိသံ၊မြန်။၃၇။)♦

ပွားများခြင်း ၃ မျိုး

၁။ ရူပါဝစရ ကုသိုလ်တရားတို့ကို ပွားများခြင်း၊
၂။ အရူပါဝစရကုသိုလ် တရားတို့ကို ပွားများခြင်း၊
၃။ အကျုံးမဝင်သော ကုသိုလ်တရားတို့ကို ပွားများခြင်း။ (ပဋိသံ၊၂၈။) (ပဋိသံ၊မြန်။၃၇။)♦

ပွားများခြင်း ၄ ပါး (တစ်နည်း)

၁။ ထိုထွက်သက်ဝင်သက်တရားတို့ကို မကျော်လွန်သော သဘော အားဖြင့် ပွားများခြင်း၊
၂။ ဣန္ဒြေတို့၏ တစ်ခုတည်းသော ကိစ္စရှိသောသဘောအားဖြင့် ပွားများခြင်း၊
၃။ ထိုဈာန်သို့ ရောက်ကြောင်းဖြစ်သော ဝီရိယကို ဆောင်တတ်သော သဘော အားဖြင့် ပွားများခြင်း၊
၄။ အဖန်တလဲလဲ မှီဝဲသော သဘောအားဖြင့် ပွားများခြင်း။ (ပဋိသံ၊၃၀။) (ပဋိသံ၊၁၇၀-၁၇၁။) (ပဋိသံ၊မြန်။၄၀။) (ပဋိသံ၊မြန်။၂၁၈။)♦

ပွားများခြင်း ၄ မျိုး

၁။ ဒုက္ခသစ္စာကို ပိုင်းခြားသိ၍ ပွားများခြင်း၊
၂။ သမုဒယသစ္စာကို ပယ်၍ ပွားများခြင်း၊
၃။ နိရောဓသစ္စာကို မျက်မှောက်ပြု၍ ပွားများခြင်း၊
၄။ မဂ္ဂသစ္စာကို ပွားထုံ၍ ပွားများခြင်း။ (ပဋိသံ၊၂၈။) (ပဋိသံ၊မြန်။၃၇။)♦

ပွားများခြင်း ၄ မျိုး (တစ်နည်း)

၁။ ရှာမှီး၍ ပွားများခြင်း (ဧသနာဘာဝနာ)၊
၂။ ရရောက်၍ ပွားများခြင်း (ပဋိလာဘဘာဝနာ)၊
၃။ ကိစ္စတူပွားများခြင်း (ဧကရသဘာဝနာ)၊
၄။ အဖန်ဖန် မှီဝဲ၍ ပွားများခြင်း (အာသေဝနာဘာဝနာ) ။ (ပဋိသံ၊၂၈။) (ပဋိသံ၊မြန်။၃၇။)♦

ပွားများအပ်သော တရား ၁၀ ပါး

၁။ အပိုင်းအခြားမရှိသော အလုံးစုံ ပြန့်ပွားစေအပ်သော မြေအဝန်း- ပထဝီကသိုဏ်း၊
၂။ ရေကသိုဏ်း စီးဖြန်းဖို့အတွက် စီမံပြုလုပ်ထားသော ရေ- အာပေါကသိုဏ်း၊
၃။ အကြွင်းမဲ့ အလုံးစုံ ပြန့်ပွားစေအပ်သော မီး- တေဇောကသိုဏ်း၊
၄။ အကြွင်းမဲ့ အလုံးစုံ ပြန့်ပွားစေအပ်သော လေ- ဝါယောကသိုဏ်း၊
၅။ အကြွင်းမဲ့ အလုံးစုံ ပြန့်ပွားစေအပ်သော ညိုသော အဆင်း- နီလကသိုဏ်း၊
၆။ အကြွင်းမဲ့ အလုံးစုံ ပြန့်ပွားစေ အပ်သော ရွှေသော အဆင်း- ပီတကသိုဏ်း၊
၇။ အကြွင်းမဲ့ အလုံးစုံ ပြန့်ပွားစေအပ်သော နီသော အဆင်း- လောဟိတကသိုဏ်း၊
၈။ အကြွင်းမဲ့ အလုံးစုံ ပြန့်ပွားစေအပ်သော ဖြူသော အဆင်း- ဩဒါတကသိုဏ်း၊
၉။ ပိုင်းခြားပြုလုပ်ထားအပ်သော နံရံပေါက်, ပြူတင်းပေါက် စသော ဟင်းလင်းအပေါက်- အာကာသကသိုဏ်း၊
၁၀။ အာကာသကသိုဏ်းသည် ကြဉ်အပ် သော ကသိုဏ်း ၉ ပါးတို့တွင် တစ်ပါးပါးကို ခွါ၍ ရအပ်သော ကောင်းကင်ပညတ်၌ ဖြစ်သော ပဌမာရုပ္ပဝိညာဏ်- ဝိညာဏကသိုဏ်း။ (ဒီ၊၃၊၂၅၇။) (ဒီ၊မြန်၊၃။၂၈၀။)♦

ပွားများအပ်သော တရား ၂ ပါး

၁။ နီဝရဏတရားတို့ကို ငြိမ်းစေတတ်သော သမာဓိ- သမထ၊
၂။ အပြားအားဖြင့် ရှုခြင်း- ဝိပဿနာ။ (ဒီ၊၃၊၂၂၈။) (ပေဋကော၊၂၅၁။) (ဒီ၊မြန်၊၃။၂၅၀။)♦

ပွားများအပ်သော တရား ၃ ပါး

၁။ ဝိတက် ဝိစာရနှင့် တကွဖြစ်သော သမာဓိ၊
၂။ ဝိတက်ကား မရှိ၊ ဝိစာရမျှရှိသော သမာဓိ၊
၃။ ဝိတက်လည်းမရှိ ဝိစာရလည်းမရှိသော သမာဓိ။ (ဒီ၊၃၊၂၂၉။) (ဒီ၊မြန်၊၃။၂၅၁။)♦

ပွားများအပ်သော တရား ၄ ပါး

၁။ ရုပ်ခန္ဓာကိုယ်၌ ရုပ်ခန္ဓာကိုယ်ဟု အဖန်ဖန် ရှုလျက် နေခြင်း၊
၂။ ခံစားမှုဝေဒနာတို့၌ ခံစားမှုဝေဒနာဟု အဖန်ဖန် ရှုလျက် နေခြင်း၊
၃။ စိတ်၌ စိတ်ဟု အဖန်ဖန် ရှုလျက် နေခြင်း၊
၄။ သဘောတရားတို့၌ သဘောတရားဟု အဖန်ဖန် ရှုလျက် နေခြင်း။ (ဒီ၊၃၊၂၃၀။) (ဒီ၊မြန်၊၃။၂၅၃။)♦

ပွားများအပ်သော တရား ၅ ပါး

၁။ ယုံကြည်မှုလျှင် အကြီးအကဲတရား- သဒ္ဓိန္ဒြေ၊
၂။ အားထုတ် မှုလျှင် အကြီးအကဲတရား- ဝီရိယိန္ဒြေ၊
၃။ သတိလျှင် အကြီးအကဲတရား-သတိန္ဒြေ၊
၄။ စိတ် တည်ငြိမ်မှု သမာဓိလျှင် အကြီးအကဲတရား သမာဓိန္ဒြေ၊
၅။ ကွဲကွဲပြားပြားသိမှု ပညာလျှင် အကြီးအကဲတရား- ပညိန္ဒြေ။ (သံ၊ဋ္ဌ၊၁၊၂၃။)♦

ပွားများအပ်သော တရား ၅ ပါး (တစ်နည်း)

၁။ ပီတိပျံ့နှံ့သော (ပ ဒု တ) ဈာန်၊
၂။ သုခပျံ့နှံ့သော (ပ ဒု တ) ဈာန်၊
၃။ အခြားပုဂ္ဂိုလ်တို့၏ စိတ်ကို အပြန့်အနှံ့သိသော (စေတောပရိယ) အဘိညာဉ်၊
၄။ အလင်းပြန့်နှံ့သော (ဒိဗ္ဗစက္ခု) အဘိညာဉ်၊
၅။ သမာပတ်ထသော ပုဂ္ဂိုလ်၏ ပစ္စဝေက္ခဏာဉာဏ်။ (ဒီ၊၃၊၂၃၂။) (ဒီ၊မြန်၊၃။၂၅၄။)♦

ပွားများအပ်သော တရား ၆ ပါး

၁။ ဘုရားဂုဏ်ကို အဖန်ဖန် အောက်မေ့ခြင်း၊
၂။ တရားဂုဏ်ကို အဖန်ဖန် အောက်မေ့ခြင်း၊
၃။ သံဃာ့ဂုဏ်ကို အဖန်ဖန် အောက်မေ့ခြင်း၊
၄။ သီလဂုဏ်ကို အဖန်ဖန် အောက်မေ့ခြင်း၊
၅။ စွန့်ကြဲခြင်းဂုဏ်ကို အဖန်ဖန် အောက်မေ့ခြင်း၊
၆။ နတ်တို့ကို သက်သေ ထား၍ မိမိ၏ သဒ္ဓါစသော ဂုဏ်ကို အဖန်ဖန် အောက်မေ့ခြင်း။ (ဒီ၊၃၊၂၃၇။) (ဒီ၊မြန်၊၃။၂၆၀။)♦

ပွားများအပ်သော တရား ၇ ပါး

၁။ သတိဟူသော ကောင်းစွာ သိကြောင်းတရား- သတိ သမ္ဗောဇ္ဈင်၊
၂။ သစ္စာ ၄ ပါး တရားကို စူးစမ်းဆင်ခြင်တတ်သော ပညာဟူသော ကောင်းစွာ သိကြောင်းတရား- ဓမ္မဝိစယသမ္ဗောဇ္ဈင်၊
၃။ ဝီရိယဟူသော ကောင်းစွာ သိကြောင်းတရား- ဝီရိယသမ္ဗောဇ္ဈင်၊
၄။ ဝမ်းမြောက်ခြင်းဟူသော ကောင်းစွာ သိကြောင်းတရား- ပီတိသမ္ဗောဇ္ဈင်၊
၅။ ကိုယ် စိတ် ငြိမ်းအေးခြင်းဟူသော ကောင်းစွာ သိကြောင်းတရား- ပဿဒ္ဓိသမ္ဗောဇ္ဈင်၊
၆။ စိတ်တည်ကြည်ခြင်းဟူသော ကောင်းစွာ သိကြောင်းတရား- သမာဓိ သမ္ဗောဇ္ဈင်၊
၇။ ထိုမိမိ ဖြစ်ရာယှဉ်ဘက်တရားတို့၌ လျစ်လျူရှုခြင်းဟူသော ကောင်းစွာ သိကြောင်းတရား- ဥပေက္ခာ သမ္ဗောဇ္ဈင်။ (ဒီ၊၃၊၂၄၁။) (ဒီ၊မြန်၊၃။၂၆၄။)♦

ပွားများအပ်သော တရား ၈ ပါး

၁။ မှန်ကန်သော အမြင်- သမ္မာဒိဋ္ဌိ၊
၂။ မှန်ကန်သော အကြံ- သမ္မာသင်္ကပ္ပ၊
၃။ မှန်ကန်သော စကား- သမ္မာဝါစာ၊
၄။ မှန်ကန်သော အလုပ်- သမ္မာကမ္မန္တ၊
၅။ မှန်ကန်သော အသက်မွေးမှု- သမ္မာအာဇီဝ၊
၆။ မှန်ကန်သော အားထုတ်မှု- သမ္မာဝါယာမ၊
၇။ မှန်ကန်သော အောက်မေ့မှု- သမ္မာသတိ၊
၈။ မှန်ကန်သော တည်ကြည်မှု- သမ္မာသမာဓိ။ (ဒီ၊၃၊၂၄၅။) (သံ၊၃၊၁၀။) (ဒီ၊မြန်၊၃။၂၆၈။) (သံ၊မြန်၊၃။၁၁။)♦

ပွားများအပ်သော တရား ၉ ပါး

၁။ သီလစင်ကြယ်ခြင်း ဟူသော ပါရိသုဒ္ဓိကို ပွားစေခြင်း၏ ပဓာန ဖြစ်သော အင်္ဂါ၊
၂။ စိတ်စင်ကြယ်ခြင်း ဟူသော ပါရိသုဒ္ဓိကို ပွားစေခြင်း၏ ပဓာနဖြစ်သော အင်္ဂါ၊
၃။ ပညာ၏ စင်ကြယ်ခြင်း ဟူသော ပါရိသုဒ္ဓိကို ပွားစေခြင်း၏ ပဓာနဖြစ်သော အင်္ဂါ၊
၄။ ယုံမှားခြင်းကို ဖျောက်နိုင်သော ဉာဏ်၏ စင်ကြယ်ခြင်းဟူသော ပါရိသုဒ္ဓိကို ပွားစေ ခြင်း၏ ပဓာနဖြစ်သော အင်္ဂါ၊
၅။ မဂ် ဟုတ်, မဟုတ်ကို သိသော ဉာဏ်၏ စင်ကြယ်ခြင်း ဟူသော ပါရိသုဒ္ဓိကို ပွားစေခြင်း၏ ပဓာနဖြစ်သော အင်္ဂါ၊
၆။ မဂ်ရကြောင်း အကျင့်ကို သိသော ဉာဏ်၏ စင်ကြယ်ခြင်းဟူသော ပါရိသုဒ္ဓိကို ပွားစေခြင်း၏ ပဓာနဖြစ်သော အင်္ဂါ၊
၇။ ဝိပဿနာဉာဏ်အမြင်၏ စင်ကြယ်ခြင်းဟူသော ပါရိသုဒ္ဓိကို ပွားစေခြင်း၏ ပဓာန ဖြစ်သော အင်္ဂါ၊
၈။ အရဟတ္တဖိုလ်ဉာဏ်ပညာ စင်ကြယ်ခြင်းဟူသော ပါရိသုဒ္ဓိကို ပွားစေခြင်း၏ ပဓာန ဖြစ်သော အင်္ဂါ၊
၉။ အရဟတ္တဖိုလ်၏ စင်ကြယ်ခြင်းဟူသော ပါရိသုဒ္ဓိကို ပွားစေခြင်း၏ ပဓာနဖြစ်သော အင်္ဂါ။ (ဒီ၊၃၊၂၅၂။) (ဒီ၊မြန်၊၃။၂၇၅။)♦

ပွဲကြည့်ခြင်း အပြစ် ၆ ပါး

၁။ အဘယ်မှာ ကပွဲ ရှိသနည်းဟု မေး၍ သွားခြင်း၊
၂။ အဘယ်မှာ သီဆိုပွဲ ရှိသနည်းဟု မေး၍ သွားခြင်း၊
၃။ အဘယ်မှာ တီးမှုတ်ပွဲ ရှိသနည်းဟု မေး၍ သွားခြင်း၊
၄။ အဘယ်မှာ ကွက်စိပ် စာဟောပွဲ ရှိသနည်းဟု မေး၍ သွားခြင်း၊
၅။ အဘယ်မှာ လက်ခုပ်တီးပွဲ ရှိသနည်းဟု မေး၍ သွားခြင်း၊
၆။ အဘယ်မှာ စည်တီးပွဲ ရှိသနည်း’’ဟု မေး၍ သွားခြင်း။ (ဒီ၊၃၊၁၄၈။) (ဒီ၊မြန်၊၃။၁၆၆။)♦

ပံသုကူဓုတင် ၃ မျိုး

၁။ ဥက္ကဋ္ဌပံသုကူဓုတင်၊
၂။ မဇ္ဈိမပံသုကူဓုတင်၊
၃။ မုဒုပံသုကူဓုတင်။ (ဝိသုဒ္ဓိ၊၁၊၆၁။)♦

ပံသုကူဓုတင် ဆောက်တည်ရကျိုး ၁၂ မျိုး

၁။ ‘‘ပံသုကူလစီဝရံ နိဿာယ ပဗ္ဗဇ္ဇာ’’ ဟု ဘုရား ဟောထားသဖြင့် (ပထမ) နိဿယနှင့် လျော်သော အကျင့်ပဋိပတ် ရှိခြင်း၊
၂။ ပထမအရိယ ဝံသ၌ တည်ခြင်း၊
၃။ သင်္ကန်းကို ထိန်းသိမ်းစောင့်ရှောက်ရသော ဆင်းရဲမရှိခြင်း၊
၄။ သူတစ်ပါးနှင့် မစပ်သော အသက်မွေးမှု ရှိခြင်း၊
၅။ သူခိုးဘေးမှ ကင်းဝေးခြင်း၊
၆။ တပ်မက်မှု တဏှာ မဖြစ်ခြင်း၊
၇။ ရဟန်းတို့အားလျောက်ပတ်သော ပရိက္ခရာ ဖြစ်ခြင်း၊
၈။ ဘုရားရှင် ချီးမွမ်းအပ်သော ပစ္စည်း ဖြစ်ခြင်း၊
၉။ ကြည်ညိုဖွယ်ကို ဆောင်ခြင်း၊
၁၀။ အပ္ပိစ္ဆတာ စသည်တို့၏ အကျိုး ပြီးစီးခြင်း၊
၁၁။ ကောင်းမြတ်သော အကျင့်ကို တိုးပွားစေခြင်း၊
၁၂။ နောင်လာနောက်သား တပည့်များကို ဒိဋ္ဌာနုဂတိသို့ ရောက်စေခြင်း။ (ဝိသုဒ္ဓိ၊၁၊၆၁။)♦

ပံသုကူဓုတင် ဆောက်တည်သူ ၅ မျိုး

၁။ ပညာနုံ့၍ မိုက်မဲ တွေဝေသောကြောင့် ဆောက်တည်ခြင်း၊
၂။ ယုတ်မာသော အလိုဆိုး နှိပ်စက်သောကြောင့် ဆောက်တည်ခြင်း၊
၃။ စိတ်ပျံ့လွင့် ရူးသွပ် သောကြောင့် ဆောက်တည်ခြင်း၊
၄။ ဘုရားရှင်နှင့် ဘုရားရှင်၏ တပည့်တို့သည် ချီးမွမ်းအပ်၏ဟု ဆောက်တည်ခြင်း၊
၅။ အလိုနည်းမှု, ရောင့်ရဲမှု, ခေါင်းပါးမှု, ဆိတ်ငြိမ်မှု တို့ကို အမှီပြု၍ ကောင်းသော အကျင့်ကို အလိုရှိသောကြောင့် ဆောက်တည်ခြင်း။ (ဝိ၊၅၊၂၃၃။) (ဝိ၊၅၊၃၃၅။) (အံ၊၂၊၁၉၃။) (အဘိ၊ပု၊၁၈၀။) (ဝိ၊မြန်၊၅။၃၂၃။) (ဝိ၊မြန်၊၅။၄၃၈။) (အံ၊မြန်၊၂။၂၄၆။) (အဘိ၊ပု၊မြန်။၈၄။)♦

ပံသုကူအဝတ် ၁၀ မျိုး

၁။ သုသာန်၌ ဖြစ်သော ပံသုကူအဝတ်၊
၂။ ဈေးတံခါးဝ၌ စွန့်ပစ်ထားသော ပံသုကူအဝတ်၊
၃။ ကြွက်ကိုက်ထားသော ပံသုကူအဝတ်၊
၄။ ခြကိုက်ထားသော ပံသုကူ အဝတ်၊
၅။ မီးလောင်ထားသော ပံသုကူအဝတ်၊
၆။ နွားစားအပ်သော ပံသုကူအဝတ်၊
၇။ ဆိတ်စားအပ်သော ပံသုကူအဝတ်၊
၈။ မို့မောက်နေသော တောင်ပို့ကို ရစ်ပတ်အပ်သော ပံသုကူအဝတ်၊
၉။ အဘိသိက်သွန်းရာအရပ်၌ ပစ်ထားသော ပံသုကူအဝတ်၊
၁၀။ သုသာန်သို့ ဆောင်ယူပြီး တစ်ဖန်ပြန်၍ ဆောင်ယူအပ်သော အဝတ်။ (ဝိ၊ဋ္ဌ၊၄၊၁၈၃။)♦

ပံသုကူအဝတ်သင်္ကန်း ၂၃ မျိုး

၁။ သောသာနိက- သုသာန်၌ စွန့်ပစ်ထားသော အဝတ်သင်္ကန်း၊
၂။ ပါပဏိက- ဈေးတံခါး၌ စွန့်ပစ်ထားသော အဝတ်သင်္ကန်း၊
၃။ ရထိယစောဠ- ရထားလမ်းမ၌ စွန့်ပစ်ထားသော အဝတ်သင်္ကန်း၊
၄။ သင်္ကာရစောဠ- အမှိုက်ပုံ၌ စွန့်ပစ်ထားသော အဝတ် သင်္ကန်း၊
၅။ သောတ္ထိယ- ကိုယ်ဝန် အညစ်အကြေးသုတ်၍ စွန့်ပစ်ထားသော အဝတ်သင်္ကန်း၊
၆။ နှာနစောဠ- မှော်ဆရာတို့က ရေချိုးစေပြီးလျှင် စွန့်ပစ်ထားသော အဝတ်သင်္ကန်း၊
၇။ တိတ္ထ စောဠ- ရေချိုးဆိပ်၌ စွန့်ပစ်ထားသော အဝတ်သင်္ကန်း၊
၈။ ဂတပစ္စာဂတ- သုသာန်သို့ အသွားအပြန် ဝတ်ပြီးလျှင် စွန့်ပစ်ထားသော အဝတ်သင်္ကန်း၊
၉။ အဂ္ဂိဍဍ္ဎ- မီးလောင်၍ စွန့်ပစ် ထားသော အဝတ်သင်္ကန်း၊
၁၀။ ဂေါခါယိတ- နွားစားစွန့်ပစ်ထားသော အဝတ်သင်္ကန်း၊
၁၁။ ဥပစိကာခါယိတ- ခြစား၍ စွန့်ပစ်ထားသော အဝတ်သင်္ကန်း၊
၁၂။ ဥန္ဒူရခါယိတ- ကြွက်ကိုက်၍ စွန့်ပစ်ထားသော အဝတ်သင်္ကန်း၊
၁၃။ အန္တစ္ဆိန္န- အနားပြတ်၍ စွန့်ပစ်ထားသော အဝတ်သင်္ကန်း၊
၁၄။ ဒသာစ္ဆိန္န- အမြိတ်ဆာပြတ်၍ စွန့်ပစ်ထားသော အဝတ်သင်္ကန်း၊
၁၅။ ဓဇာ ဟဋ- တံခွန်ထူသော အဝတ်သင်္ကန်း၊
၁၆။ ထူပစီဝရ- တောင်ပို့ကို ရစ်ပတ်၍ နတ်ပူဇော် ထားသော အဝတ်သင်္ကန်း၊
၁၇။ သမဏစီဝရ- ရဟန်းက လှူသော သင်္ကန်း၊
၁၈။ အာဘိ သေကိက- အဘိသိက်ခံရာ အရပ်၌ စွန့်ပစ်ထားသော အဝတ်သင်္ကန်း၊
၁၉။ ဣဒ္ဓိမယ- ဧဟိဘိက္ခုခေါ်ခြင်းဖြင့် ဖြစ်ပေါ်လာသော သင်္ကန်း၊
၂၀။ ပန္ထိက- လမ်းခရီး၌ ကျနေသော အဝတ် သင်္ကန်း၊
၂၁။ ဝါတာဟဋ- လေတိုက်ခတ်ပြီး လွင့်လာသော အဝတ်သင်္ကန်း၊
၂၂။ ဒေဝဒတ္တိယ- နတ်တို့က ပေးလှူသော အဝတ်သင်္ကန်း၊
၂၃။ သာမုဒ္ဒိယ- သမုဒ္ဒရာလှိုင်း ပုတ်၍ မျောပါ လာသော အဝတ်သင်္ကန်း။ (ဒီ၊ဋ္ဌ၊၃၊၁၉၂။) (အံ၊ဋ္ဌ၊၂၊၂၇၈။) (စူဠနိ၊ဋ္ဌ၊၁၁၀။) (ဝိသုဒ္ဓိ၊၁၊၆၀။)♦

ပံသုကူအဝတ်အထည် ၅ မျိုး

၁။ နွားစားသော အဝတ်အထည်၊
၂။ ဆိတ်စားသော အဝတ်အထည်၊
၃။ တောင်ပို့ကို ရစ်ပတ်၍ နတ်ပူဇော်သော အဝတ်အထည်၊
၄။ ရေချိုးရာ အဘိသိက်ခံရာ အရပ်၌ စွန့်ထားသော အဝတ်အထည်၊
၅။ သုသာန်သို့ ဆောင်၍ တစ်ဖန်ပြန်ယူသော အဝတ် အထည်။ (ဝိ၊၅၊၂၃၀။) (ဝိ၊မြန်၊၅။၃၂၀။)♦

ပံသုကူအဝတ်အထည် ၅ မျိုး (တစ်နည်း)

၁။ သုသာန်၌ ကျသော အဝတ်အထည်၊
၂။ အိမ်ဈေးဝ၌ ကျသော အဝတ်အထည်၊
၃။ ကြွက်ခဲသော အဝတ်အထည်၊
၄။ ခြခဲသော အဝတ်အထည်၊
၅။ မီးလောင်သော အဝတ်အထည်။ (ဝိ၊၅၊၂၃၀။) (ဝိ၊မြန်၊၅။၃၂၀။)♦

ပသေနဒိကောသလမင်းကြီးက ဘုရားရှင်အား ပူဇော်ကြောင်း ၁၀ ပါး

၁။ မြတ်စွာဘုရားသည် လူအများ၏ စီးပွားချမ်းသာအလို့ငှာ ကျင့်၍ လူအများကို မြတ်သော ဉာဏ်၌ တည်စေတော် မူခြင်း၊
၂။ မြတ်စွာဘုရားသည် ကြီးမြတ်သော သီလရှိတော်မူ၍ ထိုကြီးမြတ် အပြစ်ကင်းသော သီလနှင့် ပြည့်စုံတော်မူခြင်း၊
၃။ မြတ်စွာဘုရားသည် နေ့ညဉ့်ပတ်လုံး အစွန်အဖျားကျသော တောကျောင်းတို့ကို မှီဝဲတော်မူခြင်း၊
၄။ မြတ်စွာဘုရားသည် ရတတ်သမျှသော ပစ္စည်း လေးပါးဖြင့် ရောင့်ရဲခြင်း၊
၅။ မြတ်စွာဘုရားသည် အာဟုနေယျစသော ဂုဏ်တို့နှင့်ပြည့်စုံ တော်မူခြင်း၊
၆။ မြတ်စွာဘုရားသည် အပ္ပိစ္ဆကထာ သီလကထာ သမာဓိကထာ စသည်တို့ကို အလိုရှိတိုင်း ရတော်မူခြင်း၊
၇။ မြတ်စွာဘုရားသည် ဈာန်လေးပါးတို့ကို အလိုရှိတိုင်း လွယ်ကူစွာ ရခြင်း၊
၈။ မြတ်စွာဘုရားသည် အမည်အနွယ်နှင့်တကွ ရှေး၌ နေခဲ့ဖူးသော ခန္ဓာအစဉ်တို့ကို အောက်မေ့နိုင်ခြင်း၊
၉။ မြတ်စွာဘုရားသည် ဒိဗ္ဗစက္ခုဉာဏ်ဖြင့် ကံအား လျော်စွာ ဖြစ်သော သတ္တဝါတို့ကို သိတော်မူခြင်း၊
၁၀။ မြတ်စွာဘုရားသည် အရဟတ္တ ဖိုလ်ကို မျက်မှောက်ပြု၍ နေခြင်း။ (အံ၊၃၊၃၀၈။) (အံ၊မြန်၊၃။၃၀၇။)♦

ပဿဒ္ဓိ ၂ မျိုး

၁။ ကာယိကာပဿဒ္ဓိ- ကိုယ်၌ ဖြစ်သော ငြိမ်းအေးခြင်း၊၂။ စေတသိကာပဿဒ္ဓိ- စိတ်၌ ဖြစ်သော ငြိမ်းအေးခြင်း။ (အဘိ၊ဋ္ဌ၊၁၊၁၆၀။) (နေတ္တိ၊ဋ္ဌ၊၅၆။)♦

ပဿဒ္ဓိသမ္ဗောဇ္ဈင် ဖြစ်ကြောင်း ၇ ပါး

၁။ မွန်မြတ်သော ခဲဖွယ်ဘောဇဉ်တို့ကို မှီဝဲ သုံးဆောင် ရခြင်း၊
၂။ မိမိနှင့် သင့်လျော် လျောက်ပတ်သော ဥတုကို မှီဝဲရခြင်း၊
၃။ မိမိနှင့် သင့်လျော် လျောက်ပတ်သော ဣရိယာပုတ်ကို မှီဝဲခြင်း၊
၄။ မိမိနှင့် တစ်ပါးသော သတ္တဝါ တို့၏ ချမ်းသာခြင်း ဆင်းရဲခြင်းသည် ကံကြောင့်သာ ဖြစ်ရ၏ဟု ဆင်ခြင်ခြင်း၊
၅။ တုတ် ဓား စသည်တို့ဖြင့် သူတစ်ပါးတို့အား ညှဉ်းဆဲတတ်သော ပုဂ္ဂိုလ်ကို ရှောင်ကြဉ်ခြင်း၊
၆။ ကိုယ်စိတ် ငြိမ်းချမ်းသော ပုဂ္ဂိုလ်ကို မှီဝဲခြင်း၊
၇။ ပဿဒ္ဓိသမ္ဗောဇ္ဈင် ဖြစ်ဖို့ရန် စိတ်ညွတ်ခြင်း။ (ဒီ၊ဋ္ဌ၊၂၊၃၈၂။) (မ၊ဋ္ဌ၊၁၊၃၀၀။) (သံ၊ဋ္ဌ၊၃၊၁၉၉။) (အံ၊ဋ္ဌ၊၁၊၄၀၀။) (အဘိ၊ဋ္ဌ၊၂၊၂၇၀။) (ဝိသုဒ္ဓိ၊ ၁။၁၃၀။) (သာရတ္ထ၊ဋီ၊၂၊၂၂၅။) (ဒီ၊ဋီ၊၂၊ ၁၃၀။) (ဒီ၊ဋ္ဌ၊မြန်၊၂။၇၁၀။) (ဒီ၊ဋ္ဌ၊မြန်၊၂။၇၁၀။)♦

ပဟာတဗ္ဗ တရား ၇ ပါး

ပယ်အပ်သော တရား ၇ ပါး၊ အနုသယ ၇ ပါးတို့နှင့် တူသည်။ ♦

ပဟာတဗ္ဗတရား ၁၀ ပါး

ပယ်အပ်သော တရား ၁၀ ပါး၊ မှားသော အကျင့် ၁၀ ပါးတို့နှင့်တူသည်။ ♦

ပဟာတဗ္ဗတရား ၂ ပါး

ပယ်အပ်သော တရား ၂ ပါးနှင့် တူသည်။ ♦

ပဟာတဗ္ဗတရား ၃ ပါး

ပယ်အပ်သော တရား ၃ ပါးနှင့် တူသည်။ ♦

ပဟာတဗ္ဗတရား ၄ ပါး

ပယ်အပ်သော တရား ၄ ပါး၊ ဩဃ ၄ ပါးတို့နှင့် တူသည်။ ♦

ပဟာတဗ္ဗတရား ၅ ပါး

ပယ်အပ်သော တရား ၅ ပါး၊ နီဝရဏတရား ၅ ပါးတို့နှင့် တူသည်။ ♦

ပဟာတဗ္ဗတရား ၆ ပါး

၁။ ပယ်အပ်သော တရား ၆ ပါး၊ အနုသယ ၆ ပါးတို့နှင့် တူသည်။ ♦

ပဟာတဗ္ဗတရား ၈ ပါး

ပယ်အပ်သော တရား ၈ ပါး၊ မှားသော သဘောရှိသော တရား ၈ ပါးတို့နှင့် တူသည်။ ♦

ပဟာတဗ္ဗတရား ၉ ပါး

ပယ်အပ်သော တရား ၉ ပါး၊ တဏှာအကြောင်းရင်းရှိသော တရား ၉ ပါး တို့နှင့် တူသည်။ ♦

ပဟာန ၃ မျိုး

၁။ တဒင်္ဂပဟာန်- အခိုက်အတန့်အားဖြင့် ပယ်ခြင်း၊၂။ ဝိက္ခမ္ဘနပဟာန်- ဖယ်ခွာသော အားဖြင့် ပယ်ခြင်း၊၃။သမုစ္ဆေဒပဟာန်- အကြွင်းမဲ့ ဖြတ်တောက်ခြင်းအားဖြင့် ပယ်ခြင်း။ (ဝိ၊ဋ္ဌ၊၁၊၁၈။)♦

ပဟာန ၃ မျိုး (တစ်နည်း)

၁။ လွန်ကျူးမှုကို ပယ်ရှားကြောင်း သီလတရား- ဝီတိက္ကမပဟာန၊
၂။ ကိလေသာတို့၏ ထကြွမှုကို ပယ်ရှားကြောင်း သမာဓိတရား- ပရိယုဋ္ဌာနပဟာန်၊
၃။ ကိလေသာတို့၏ အစဉ်မပြတ် ကိန်းဝပ်ခြင်းကို ပယ်ရှားကြောင်း ပညာတရား- အနုသယ ပဟာန်။ (ဝိ၊ဋ္ဌ၊၁၊၁၈။) (ဒီ၊ဋ္ဌ၊၁၊၂၀။) (ဒီ၊ဋ္ဌ၊မြန်၊၁။၃၅။)♦

ပဟာန ၃ မျိုး (တစ်နည်း)

၁။ ဝီတိက္ကမပဟာန- ကိလေသာတို့၏ လွန်ကျူးခြင်း အခိုက် အတန့်ကို ပယ်ကြောင်း ဝိနည်းပိဋက၊
၂။ ပရိယုဋ္ဌာနပဟာန- ကိလေသာတို့၏ ထကြွသောင်းကျန်းခြင်း အခိုက်အတန့်ကို ပယ်ကြောင်း သုတ္တန်ပိဋက၊
၃။ အနုသယပဟာန- ကိလေသာတို့၏ အနုသယ အခိုက်အတန့်ကို ပယ်ကြောင်း အဘိဓမ္မပိဋက။ (အဘိ၊ဋ္ဌ၊၁၊၂၂။)♦

ပဟာန ၅ မျိုး

၁။ တဒင်္ဂပဟာန၊
၂။ ဝိက္ခမ္ဘနပဟာန၊
၃။ သမုစ္ဆေဒပဟာန၊
၄။ ပဋိပ္ပဿဒ္ဓိပဟာန၊
၅။ နိဿရဏပဟာန။ (ပဋိသံ၊၂၆။) (အံ၊ဋ္ဌ၊၁၊၃၅။) (ဣတိဝုတ်၊ဋ္ဌ၊၁၀၅။) (ဣတိဝုတ်၊ဋ္ဌ၊၃၅။) (သာရတ္ထ၊ဋီ၊၂၊၂၉။) (ပဋိသံ၊မြန်။၃၅။)♦

ပဟာနဝိနည်း ၅ ပါး

၁။ တဒင်္ဂပ္ပဟာန- ဝိပဿနာရှုခိုက် တဒင်္ဂအားဖြင့် ကိလေသာတို့ကို ပယ်ခြင်း၊
၂။ ဝိက္ခမ္ဘနပ္ပဟာန- ဥပစာရသမာဓိ, အပ္ပနာသမာဓိဖြင့် နီဝရဏစသည်တို့ကို ပယ်ခွာခြင်း၊
၃။ သမုစ္ဆေဒပ္ပဟာန- မဂ်လေးပါးဖြင့် ကိလေသာတို့ကို အကြွင်းမဲ့ ပယ်သတ်ခြင်း၊
၄။ ပဋိပဿဒ္ဓိပ္ပဟာန- ဖိုလ်လေးပါးဖြင့် ကိလေသာတို့၏ ငြိမ်းအေးခြင်း၊
၅။ နိဿရဏ ပ္ပဟာန- သင်္ခါရအားလုံးကို ပယ်ပြီးဖြစ်သဖြင့် နိဗ္ဗာန်၏ သင်္ခါရတရားတို့မှ လွတ်မြောက်ခြင်း။ (မ၊ဋ္ဌ၊၁၊၂၃။) (သံ၊ဋ္ဌ၊၂၊၂၃၃။) (အဘိ၊ဋ္ဌ၊၁၊၃၈၅။) (ပဋိသံ၊ဋ္ဌ၊၂၊၅၂။) (သုတ္တနိ၊ဋ္ဌ၊၁၊၇။) (စူဠနိ၊ဋ္ဌ၊၇၁။) (ဝိမတိ၊၁၊၁၀၆။)♦

ပဟာရသိက္ခာပုဒ်၌ အင်္ဂါ ၂ ပါး

၁။ အမျက်ထွက်ခြင်း၊
၂။ လွတ်မြောက်လိုသည် မဟုတ်ဘဲ ရဟန်းအား ရိုက်ပုတ်ခြင်း။ (ဝိမတိ၊၂၊၅၁။)♦

ပဟာရသိက္ခာပုဒ်၌ အင်္ဂါ ၃ မျိုး

၁။ အမျက်ထွက်သည် ဖြစ်ခြင်း၊
၂။ လွတ်မြောက်ခြင်း၌ အလိုရှိသူ မဟုတ်ခြင်း၊
၃။ ရဟန်းအား ပုတ်ခတ်ခြင်း။ (သာရတ္ထ၊ဋီ၊၃၊၉၃။)♦

ပဥှာဗျာကရဏ ၄ ပါး

၁။ ဧကန်စင်စစ် ဖြေအပ်သော ပြဿနာ၊
၂။ တစ်ဖန်မေး၍ ဖြေအပ်သော ပြဿနာ၊
၃။ အကျယ်ဝေဖန်၍ ဖြေအပ်သော ပြဿနာ၊
၄။ မေးသည်ကို ထား၍ ဖြေအပ်သော ပြဿနာ။ (ဒီ၊၃၊၁၉၂။) (ပေဋကော၊၂၂၅။) (ဒီ၊မြန်၊၃။၂၁၄။)♦

ပါဋလိပုတ်ပြည်၏ ဘေးအန္တရာယ် ၃ မျိုး

၁။ မီးဘေးအန္တရာယ်၊
၂။ ရေဘေးအန္တရာယ်၊
၃။ အချင်းချင်း ကုန်းတိုက်မှုကြောင့် ပျက်စီးခြင်းအန္တရာယ်။ (ဝိ၊၃၊၃၂၄။) (ဒီ၊၂၊၇၄။) (ဥဒါန၊၁၈၇။) (ဥဒါန၊ မြန်။၁၆၉။)♦

ပါဋိဒေသနီယသိက္ခာပုဒ် ၄ ပါး

၁။ အညာတိကပုဒ်ဖြင့် မှတ်အပ်သော ပဌမ ပါဋိဒေသနီယသိက္ခာပုဒ်၊
၂။ ဘိက္ခုနိယာ ဝေါသာသမာနရူပါပုဒ်ဖြင့် မှတ်အပ်သော ဒုတိယပါဋိဒေသနီယသိက္ခာပုဒ်၊
၃။ သေက္ခသမ္မတပုဒ်ဖြင့် မှတ်အပ်သော တတိယပါဋိဒေသနီယသိက္ခာပုဒ်၊
၄။ အာရညက သေနာသနပုဒ်ဖြင့် မှတ်အပ်သော စတုတ္ထပါဋိဒေသနီယသိက္ခာပုဒ်။ (ဝိ၊၅၊၄၃။) (ဝိ၊မြန်၊၅။၇၄။)♦

ပါဋိဒေသနီအာပတ် ဖြစ်ကြောင်း သမုဋ္ဌာန် ၄ ပါး

၁။ ရံခါ ကိုယ်ကြောင့် ဖြစ်ကုန်၏၊ နှုတ် စိတ်ကြောင့် မဖြစ်ကုန်၊
၂။ ရံခါ ကိုယ်နှုတ်ကြောင့် ဖြစ်ကုန်၏၊ စိတ်ကြောင့် မဖြစ်ကုန်၊
၃။ ရံခါ ကိုယ်စိတ်ကြောင့် ဖြစ်ကုန်၏၊ နှုတ်ကြောင့် မဖြစ်ကုန်၊
၄။ ရံခါ ကိုယ်နှုတ်စိတ်ကြောင့် ဖြစ်ကုန်၏။ (ဝိ၊၅၊၃၆၃။) (ဝိ၊မြန်၊၅။၄၆၇။)♦

ပါဋိဟာရိယ ၃ ပါး

၁။ ဣဒ္ဓိပါဋိဟာရိယ- တန်ခိုးအမျိုးမျိုး ဖန်ဆင်းပြသခြင်း၊
၂။ အာဒေသနာ ပါဋိဟာရိယ- သူတစ်ပါးတို့၏ စိတ်အကြံအစည်ကို သိ၍ တရားဟောခြင်း၊
၃။ အနုသာသနီ ပါဋိဟာရိယ- ထိုထိုပုဂ္ဂိုလ်တို့၏ အလိုဆန္ဒ အဇ္ဈာသယအားလျော်စွာ ဆုံးမနိုင်ခြင်း။ (ဒီ၊၁၊၂၀၆။) (ပဋိသံ၊၄၀၁။) (အပ၊၂၊၃၀၀။) (ဒီ၊ဋ္ဌ၊၁၊၃၂၂။) (သာရတ္ထ၊ဋီ၊၃၊၂၀၅။) (ဒီ၊မြန်၊၁။၂၅၄။) (ပဋိသံ၊မြန်။၄၆၃။) (ဒီ၊ဋ္ဌ၊မြန်၊၁။၆၂၄။) (ဗုဒ္ဓဝံ၊မြန်။၂၉၄။)♦

ပါဌ ၂ မျိုး

၁။ ဗျဉ္ဇနပါဌ၊
၂။ အတ္ထပါဌ။ (မဟာနိ၊ဋ္ဌ၊၂။)♦

ပါဌ ၆ မျိုး

၁။ သန္ဓာယဘာသိတပါဌ၊
၂။ ဗျဉ္ဇနဘာသိတပါဌ၊
၃။ သာဝသေသပါဌ၊
၄။ အနဝသေသပါဌ၊
၅။ နီတပါဌ၊
၆။ နေယျပါဌ။ (မဟာနိ၊ဋ္ဌ၊၅။)♦

ပါဏ ၂ မျိုး

၁။ ခေါ်ဝေါ်ကြောင်း ပညတ်အားဖြင့် သတ္တဝါ၊
၂။ ပရမတ္ထအားဖြင့် ရုပ်နာမ် ဇီဝိတိန္ဒြေ။ (ဒီ၊ဋ္ဌ၊၁၊၆၈။) (ဒီ၊ဋ္ဌ၊မြန်၊၁။၁၂၉။)♦

ပါဏာတိပါတ စသည်တို့၌ ဆုံးဖြတ်ပုံ ၆ မျိုး

၁။ သဘောအားဖြင့် ဆုံးဖြတ်ခြင်း၊
၂။ အာရုံ အားဖြင့် ဆုံးဖြတ်ခြင်း၊
၃။ ဝေဒနာအားဖြင့် ဆုံးဖြတ်ခြင်း၊
၄။ မူလအားဖြင့် ဆုံးဖြတ်ခြင်း၊
၅။ ကံအားဖြင့် ဆုံးဖြတ်ခြင်း၊
၆။ အကျိုးဖလအားဖြင့် ဆုံးဖြတ်ခြင်း။ (ဣတိဝုတ်၊ဋ္ဌ၊၂၂၂။)♦

ပါဏာတိပါတ အင်္ဂါ ၅ ပါး

၁။ ပါဏော- သက်ရှိသတ္တဝါဖြစ်ခြင်း၊
၂။ ပါဏသညိတာ- သက်ရှိ သတ္တဝါဟု အမှတ်ရှိခြင်း၊
၃။ ဝဓကစိတ္တံ- သတ်လို သေစေလိုသော စိတ်ရှိခြင်း၊
၄။ ဥပက္ကမော- သတ်ခြင်းငှာ လုံ့လပြုခြင်း၊
၅။ တေန မရဏံ- ထိုလုံ့လကြောင့် သေခြင်း။ (ဒီ၊ဋ္ဌ၊၁၊၆၉။) (မ၊ဋ္ဌ၊၁၊၂၀၂။) (သံ၊ဋ္ဌ၊၂၊၁၃၄။) (အဘိ၊ဋ္ဌ၊၁၊၁၄၀။) (ပဋိသံ၊ဋ္ဌ၊၁၊၂၀၄။) (ဣတိဝုတ်၊ဋ္ဌ၊၂၁၈။) (ဒီ၊ဋ္ဌ၊မြန်၊၁။၁၃၀။)♦

ပါဏာတိပါတ၌ လုံ့လပယောဂ ၆ ပါး

၁။ သာဟတ္ထက- ကိုယ်တိုင်သတ်ခြင်း၊
၂။ အာဏတ္တိက- သူတစ်ပါးကို စေခိုင်း၍ သတ်ခြင်း၊
၃။ နိဿဂ္ဂိယ- မြား လှံ စသည်တို့ဖြင့် ပစ်လွှတ်၍ သတ်ခြင်း၊
၄။ ထာဝရ- ပြောင်းရွှေ့၍ မရစကောင်းသော တွင်းတူးထားခြင်း, လက်နက်ကို အနီး၌ ထားခြင်း စသည်ဖြင့် စီရင်၍ သတ်ခြင်း၊
၅။ ဝိဇ္ဇာမယ- ဂါထာ မန္တာန် အင်းအိုင် လက်ဖွဲ့စသော အတတ်ပညာဖြင့် သတ်ခြင်း၊
၆။ ဣဒ္ဓိမယ- ကမ္မဇိဒ္ဓိတန်ခိုးကို အသုံးပြု၍ သတ်ခြင်း။ (ဝိ၊ဋ္ဌ၊၂၊၃၉။) (ဒီ၊ဋ္ဌ၊၁၊၆၉။) (မ၊ဋ္ဌ၊၁၊၂၀၂။) (သံ၊ဋ္ဌ၊၂၊၁၃၄။) (အဘိ၊ဋ္ဌ၊၁၊၁၄၀။) (ခုဒ္ဒက၊ဋ္ဌ၊၁၉။) (ဣတိဝုတ်၊ဋ္ဌ၊၂၁၈။) (ဒီ၊ဋ္ဌ၊မြန်၊၁။၁၃၀။)♦

ပါဏာတိပါတကံ မြောက်ကြောင်း အင်္ဂါ ၅ ပါး

၁။ ပါဏော- သက်ရှိသတ္တဝါ ဖြစ်ခြင်း၊
၂။ ပါဏသညိတာ- သက်ရှိသတ္တဝါဟု အမှတ်ရှိခြင်း၊
၃။ ဝဓကစိတ္တံ- သေစေလိုသော စိတ် ရှိခြင်း၊
၄။ ဝါယာမော- သတ်ခြင်းငှာ လုံ့လပြုခြင်း၊
၅။ တေန မရဏံ- ထိုလုံ့လကြောင့် သေခြင်း။ (ခုဒ္ဒက၊ဋ္ဌ၊၂၁။) (မဟာနိ၊ဋ္ဌ၊၉၈။)♦

ပါတိမောက္ခုဒ္ဒေသ ၉ မျိုး

၁။ ဘိက္ခုပါတိမောက် နိဒါနုဒ္ဒေသ၊
၂။ ဘိက္ခုပါတိမောက် ပါရာဇိကုဒ္ဒေသ၊
၃။ ဘိက္ခုပါတိမောက် သံဃာဒိသေသုဒ္ဒေသ၊
၄။ ဘိက္ခုပါတိမောက် အနိယတ ဥဒ္ဒေသ၊
၅။ ဘိက္ခုပါတိမောက် ဝိတ္ထာရုဒ္ဒေသ၊
၆။ ဘိက္ခုနီပါတိမောက် နိဒါနုဒ္ဒေသ၊
၇။ ဘိက္ခုနီပါတိမောက် ပါရာဇိကုဒ္ဒေသ၊
၈။ ဘိက္ခုနီပါတိမောက် သံဃာဒိသေသုဒ္ဒေသ၊
၉။ ဘိက္ခုနီပါတိမောက် ဝိတ္ထာရုဒ္ဒေသ။ (အံ၊ဋ္ဌ၊၂၊၆၅။) (သာရတ္ထ၊ဋီ၊၃၊၂၇၇။) (ဝိမတိ၊၂၊၁၇၁။)♦

ပါတိမောက် ၂ မျိုး

၁။ ဘိက္ခုပါတိမောက်၊
၂။ ဘိက္ခုနီပါတိမောက်။ (အံ၊ဋ္ဌ၊၂၊၆၅။) (ဥဒါန၊ဋ္ဌ၊၂၇၁။) (သာရတ္ထ၊ဋီ၊၁၊၆၇။) (သာရတ္ထ၊ဋီ၊၃၊၂၇၇။) (ဝိမတိ၊၂၊၁၇၁။)♦

ပါတိမောက် မပြအပ်သော ပရိသတ် ၂၀

၁။ ရဟန်းမ ရှိနေသော ပရိသတ်၊
၂။ သိက္ခမာန် ရှိနေသော ပရိသတ်၊
၃။ သာမဏေရှိနေသော ပရိသတ်၊
၄။ သာမဏေမ ရှိနေသော ပရိသတ်၊
၅။ သိက္ခာ ချပြီးသူရှိနေသော ပရိသတ်၊
၆။ ပါရာဇိကကျသူ ရှိနေသော ပရိသတ်၊
၇။ အာပတ်ကို မရှုခြင်းကြောင့် နှင်ထုတ်ထားသော ရဟန်းရှိနေသော ပရိသတ်၊
၈။ အာပတ်ကို မကုစားခြင်းကြောင့် နှင်ထုတ်ထားသော ရဟန်းရှိနေသော ပရိသတ်၊
၉။ ယုတ်ညံ့သော မိစ္ဆာအယူကို မစွန့်ခြင်းကြောင့် နှင်ထုတ်ထားသော ရဟန်း ရှိနေသော ပရိသတ်၊
၁၀။ ပဏ္ဍုက်ရှိနေသော ပရိသတ်၊
၁၁။ ပေါင်းသင်းဆက်ဆံမှု ခိုးသူရှိနေသော ပရိသတ်၊
၁၂။ တိတ္ထိတို့ထံ ပြောင်းရွှေ့သူ ရှိနေသော ပရိသတ်၊
၁၃။ တိရစ္ဆာန်ရှိနေသော ပရိသတ်၊
၁၄။ အမိသတ်သူ ရှိနေသော ပရိသတ်၊
၁၅။ အဖသတ်သူ ရှိနေသော ပရိသတ်၊
၁၆။ ရဟန္တာသတ်သူ ရှိနေသော ပရိသတ်၊
၁၇။ ရဟန်းမကို ဖျက်ဆီးသူ ရှိနေသော ပရိသတ်၊
၁၈။ သံဃာအသင်းခွဲသူ ရှိနေသော ပရိသတ်၊
၁၉။ ဘုရားကို သွေးစိမ်း တည်အောင် ပြုသူ ရှိနေသော ပရိသတ်၊
၂၀။ ဥဘတောဗျည်း ရှိနေသော ပရိသတ်။ (ဝိ၊၃၊၁၈၉၊၁၉၀။) (ဝိ၊မြန်၊၃။၁၉၀။)♦

ပါတိမောက်ကို ပညတ်တော်မူခြင်း၏ အကျိုးထူး ၂ ပါး

၁။ သံဃာ၏ ကောင်းခြင်း အကျိုး၊
၂။ သံဃာ၏ ချမ်းသာစွာ နေထိုင်ရခြင်း အကျိုး၊ (တစ်နည်း)
သီလမရှိကုန်သော ပုဂ္ဂိုလ် တို့ကို နှိမ်နင်းခြင်း အကျိုး၊
၂။ သီလကို ချစ်မြတ်နိုးကုန်သော ပုဂ္ဂိုလ်တို့ ချမ်းသာစွာ နေထိုင်ရခြင်း အကျိုး၊ (တစ်နည်း)
မျက်မှောက်ဖြစ်သော အာသဝေါတရားတို့ကို ပိတ်ပင်ခြင်း အကျိုး၊
၂။ တမလွန်၌ ဖြစ်လတ္တံ့သော အာသဝေါတရားတို့ကို တားဆီးခြင်း အကျိုး၊ (တစ်နည်း)
မျက်မှောက်၌ ဖြစ်ကုန်သော အပြစ်တို့ကို ပိတ်ပင်ခြင်း အကျိုး၊
၂။ တမလွန်၌ ဖြစ်လတ္တံ့သော အပြစ်တို့ကို တားဆီးခြင်း အကျိုး၊ (တစ်နည်း)
မျက်မှောက်၌ ဖြစ်ကုန်သော ရန်တို့ကို ပိတ်ပင်ခြင်း အကျိုး၊
၂။ တမလွန်၌ ဖြစ်လတ္တံ့သော ရန်တို့ကို တားဆီးခြင်း အကျိုး၊ (တစ်နည်း)
မျက်မှောက်၌ ဖြစ်ကုန်သော ဘေးတို့ကို ပိတ်ပင်ခြင်း အကျိုး၊
၂။ တမလွန်၌ ဖြစ်ကုန်သော ဘေးတို့ကို တားဆီးခြင်း အကျိုး၊ (တစ်နည်း)
မျက်မှောက်၌ ဖြစ်ကုန်သော ဆင်းရဲခြင်းသဘော အကုသိုလ်တို့ကို ပိတ်ပင်ခြင်း အကျိုး၊
၂။ တမလွန်၌ ဖြစ်လတ္တံ့သော ဆင်းရဲခြင်းသဘော အကုသိုလ်တို့ကို တားဆီးခြင်း အကျိုး၊ (တစ်နည်း)
လူတို့အား အစဉ်သနားခြင်း အကျိုး၊
၂။ အလိုဆိုးရှိကုန်သော ရဟန်းတို့၏ အသင်းအပင်းကို ဖျက်ဆီးခြင်း အကျိုး၊ (တစ်နည်း)
မကြည်ညိုကုန်သေးသော သူတို့ကို ကြည်ညိုစေခြင်း အကျိုး၊
၂။ ကြည်ညိုပြီးသူတို့ကိုလည်း တိုးတက်ကြည်ညိုစေခြင်း အကျိုး၊ (တစ်နည်း)
သာသနာ တော်၏ ကြာမြင့်စွာ တည်ခြင်း အကျိုး၊
၂။ ဝိနည်းကို ချီးမြှောက်ခြင်း အကျိုး။ (အံ၊၁၊၉၇။) (အံ၊မြန်၊၁။၁၁၄။)♦

ပါတိမောက်ကို ရပ်တန့်ထားခြင်း၏ အကြောင်း ၁၀ မျိုး

၁။ ပါရာဇိကကျသော သူသည် ထိုသံဃပရိသတ်၌ ပါဝင်နေခြင်း၊
၂။ ပါရာဇိကနှင့် စပ်သော စကားသည် မပြီးပြတ်သေးခြင်း၊
၃။ ထိုသံဃပရိသတ်၌ လူသာမဏေ ပါဝင်နေခြင်း၊
၄။ လူသာမဏေနှင့် စပ်သော စကားသည် မပြီးပြတ်သေးခြင်း၊
၅။ ထိုသံဃပရိသတ်၌ သိက္ခာချသူ ပါဝင်နေခြင်း၊
၆။ သိက္ခာချသူနှင့် စပ်သော စကားသည် မပြီးပြတ်သေးခြင်း၊
၇။ ထိုသံဃပရိသတ်၌ ပဏ္ဍုက် ပါဝင်နေခြင်း၊
၈။ ပဏ္ဍုက်နှင့် စပ်သော စကားသည် မပြီးပြတ်သေးခြင်း၊
၉။ ထိုသံဃပရိသတ်၌ ရဟန်း မကို ဖျက်ဆီးသူ ပါဝင်နေခြင်း၊
၁၀။ ရဟန်းမကို ဖျက်ဆီးသူနှင့် စပ်သော စကားသည် မပြီးပြတ်သေးခြင်း။ (အံ၊၃၊၃၁၂။) (အံ၊မြန်၊၃။၃၁၁။)♦

ပါတိမောက်ပြခြင်း ၅ မျိုး

၁။ နိဒါန်းကို ပြပြီးလျှင် အကြွင်းကို သုတသဒ္ဒါဖြင့် ကြား၍ ပြခြင်း၊
၂။ နိဒါန်းနှင့် ပါရာဇိက လေးပါးတို့ကို ပြပြီးလျှင် အကြွင်းကို သုတသဒ္ဒါဖြင့် ကြား၍ ပြခြင်း၊
၃။ နိဒါန်း, ပါရာဇိက လေးပါးနှင့် သံဃာဒိသိသ် တစ်ဆယ့်သုံးပါးတို့ကို ပြပြီးလျှင် အကြွင်းကို သုတသဒ္ဒါဖြင့် ကြား၍ ပြခြင်း၊
၄။ နိဒါန်း, ပါရာဇိက လေးပါး, သံဃာဒိသိသ် တစ်ဆယ့်သုံးပါးနှင့် အနိယတ နှစ်ပါးတို့ကို ပြပြီးလျှင် အကြွင်းကို သုတသဒ္ဒါဖြင့် ကြား၍ ပြခြင်း၊
၅။ အကျယ်အားဖြင့် ပြခြင်း။ (ဝိ၊၃၊၁၅၁။) (ဝိ၊မြန်၊၃။၁၅၆။)♦

ပါတိမောက်ပြသောအခါ အပိုင်းအခြားပြု၍ ပိတ်ပင်ထားရကြောင်း ၃ ပါး

၁။ ရှေးဘုရား ရှင် တို့၏ အစဉ်အလာ၏ အစွမ်းကြောင့် ပိတ်ပင်ထားခြင်း၊
၂။ ပါတိမောက်တရားတော်၏ အလေးအမြတ် ပြုအပ်သည်၏ အဖြစ်ကြောင့် ပိတ်ပင်ထားခြင်း၊
၃။ ရဟန်းအဖြစ်၏ အလေး အမြတ် ပြုအပ်သည်၏ အဖြစ်ကြောင့် ပိတ်ပင်ထားခြင်း။ (မိလိန္ဒ၊၁၈၉။) (မိလိန္ဒ၊မြန်။၂၀၃။)♦

ပါရဂူ ၆ မျိုး

၁။ အဘိညာပါရဂူ- တရားအားလုံးတို့ကို ဉာတပရိညာဖြင့် သိ၍ နိဗ္ဗာန်တည်းဟူသော တစ်ဖက်ကမ်းသို့ ရောက်ခြင်း၊
၂။ ပရိညာပါရဂူ- ဆင်းရဲဒုက္ခအားလုံးတို့ကို တီရဏ ပရိညာဖြင့် လွန်မြောက်၍ နိဗ္ဗာန်တည်းဟူသော တစ်ဖက်ကမ်းသို့ ရောက်ခြင်း၊
၃။ ပဟာန ပါရဂူ- ကိလေသာအားလုံးတို့ကို ပဟာနပရိညာဖြင့် ပယ်၍ နိဗ္ဗာန်တည်းဟူသော တစ်ဖက် ကမ်းသို့ ရောက်ခြင်း၊
၄။ ဘာဝနာပါရဂူ-မဂ်ဉာဏ်လေးပါးတို့ကို ပွားစေသဖြင့် နိဗ္ဗာန်တည်း ဟူသော တစ်ဖက်ကမ်းသို့ ရောက်ခြင်း၊
၅။ သစ္ဆိကိရိယာပါရဂူ- နိဗ္ဗာန်ကို မျက်မှောက် ပြုသောအားဖြင့် နိဗ္ဗာန်တည်းဟူသော တစ်ဖက်ကမ်းသို့ ရောက်ခြင်း၊
၆။ သမာပတ္တိပါရဂူ- သမာပတ်အားလုံးတို့ကို ကောင်းစွာ ဝင်စားခြင်းဖြင့် နိဗ္ဗာန်တည်းဟူသော တစ်ဖက်ကမ်းသို့ ရောက်ခြင်း။ (စူဠနိ၊၁၅၅။) (စူဠနိ၊၁၆၅။) (မ၊ဋ္ဌ၊၃၊၂၇၁။) (အံ၊ဋ္ဌ၊၂၊၂၆၈။) (အံ၊ဋ္ဌ၊၃၊၁၁၁။) (ထေရ၊ဋ္ဌ၊၂၊၂၆၀။) (အံ၊ဋီ၊၂၊၂၂၃။)♦

ပါရဂူ၌ ပါရ ၆ မျိုး

၁။ အဘိညာ ပါရ၊
၂။ ပရိညာ ပါရ၊
၃။ ပဟာန ပါရ၊
၄။ ဘာဝနာ ပါရ၊
၅။ သစ္ဆိကိရိယာ ပါရ၊
၆။ သမာပတ္တိ ပါရ။ (အံ၊ဋ္ဌ၊၂၊၁၄၃။)♦

ပါရမီ ၁၀ ပါး

၁။ ပေးလှူခြင်းဟူသော ဘုရားအလောင်း သူတော်ကောင်းတို့၏ အမှုလုပ်ငန်း- ဒါနပါရမီ၊
၂။ သီလစောင့်ထိမ်းခြင်းဟူသော ဘုရားအလောင်း သူတော်ကောင်းတို့၏ အမှု လုပ်ငန်း- သီလပါရမီ၊
၃။ နိဗ္ဗာန်ရောက်ကြောင်း တရားအကျင့်ကို ကျင့်ခြင်းဟူသော ဘုရားအလောင်း သူတော်ကောင်းတို့၏ အမှုလုပ်ငန်း- နေက္ခမ္မပါရမီ၊
၄။ ပညာဟူသော အလောင်းတော်မြတ်တို့၏ အမှုလုပ်ငန်း- ပညာပါရမီ၊
၅။ ဝီရိယဟူသော အလောင်းတော် မြတ်တို့၏ အမှုလုပ်ငန်း- ဝီရိယပါရမီ၊
၆။ သည်းခံခြင်းဟူသော အလောင်းတော်မြတ် တို့၏ အမှုလုပ်ငန်း- ခန္တီပါရမီ၊
၇။ သစ္စာဟူသော အလောင်းတော်မြတ်တို့၏ အမှုလုပ်ငန်း- သစ္စပါရမီ၊
၈။ စိတ်ကို ခိုင်မြဲစွာ တည်စေခြင်း-ထားခြင်းဟူသော အလောင်းတော် မြတ်တို့၏ အမှုလုပ်ငန်း- အဓိဋ္ဌာနပါရမီ၊
၉။ မေတ္တာဟူသော အလောင်းတော်မြတ်တို့၏ အမှုလုပ်ငန်း- မေတ္တာပါရမီ၊
၁၀။ လျစ်လျူရှုကြောင်း စေတနာဟူသော ဘုရားအလောင်း သူတော်ကောင်းတို့၏ အမှုလုပ်ငန်း- ဥပေက္ခာပါရမီ။ (အပ၊၂၊ပါ၊၃၀၆။) (ဒီ၊ဋ္ဌ၊၁၊၆၀။) (ဗုဒ္ဓဝံ၊ဋ္ဌ၊၁၃၀။) (စရိယာ၊ဋ္ဌ၊၂၇၀။) (ဒီ၊ဋီ၊၁၊၆၈။) (ဝိသုဒ္ဓိ၊ဋီ၊၁၊၂၅၉။) (ဒီ၊ဋ္ဌ၊မြန်၊၁။၁၁၂။) (ဗုဒ္ဓဝံ၊မြန်။၃၀၀။)♦

ပါရမီ ၃၀ ပါး

၁။ ပစ္စည်းဥစ္စာ ပေးလှူခြင်းဟူသော သာမန် ဒါနပါရမီ= ဒါနပါရမီ၊ အင်္ဂါကြီး, ငယ်ကို စွန့်ခြင်းဟူသော အလတ်စားဖြစ်သော ဒါနပါရမီ= ဒါနဥပပါရမီ၊ မိမိအသက်ကို စွန့်လှူခြင်း ဟူသော အလွန်ထိပ်တန်းကျသော မြတ်သော ဒါနပါရမီ= ဒါနပရမတ္ထပါရမီ- ၃ ပါး၊
၂။ သီလပါရမီ၊ သီလဥပပါရမီ၊ သီလပရမတ္ထပါရမီ- သုံးပါး၊
၃။ နေက္ခမ္မပါရမီ၊ နေက္ခမ္မဥပပါရမီ၊ နေက္ခမ္မပရမတ္ထပါရမီ- သုံးပါး၊
၄။ ပညာပါရမီ၊ ပညာဥပပါရမီ၊ ပညာ ပရမတ္ထပါရမီ- သုံးပါး၊
၅။ ဝီရိယပါရမီ၊ ဝီရိယဥပပါရမီ၊ ဝီရိယပရမတ္ထပါရမီ-သုံးပါး၊
၆။ ခန္တီပါရမီ၊ ခန္တီဥပပါရမီ၊ ခန္တီပရမတ္ထပါရမီ- သုံးပါး၊
၇။ သစ္စာပါရမီ၊ သစ္စဥပပါရမီ၊ သစ္စပရမတ္ထပါရမီ- သုံးပါး၊
၈။ အဓိဋ္ဌာနပါရမီ၊ အဓိဋ္ဌာနဥပပါရမီ၊ အဓိဋ္ဌာနပရမတ္ထ ပါရမီ- သုံးပါး၊
၉။ မေတ္တာပါရမီ၊ မေတ္တာဥပပါရမီ၊ မေတ္တာပရမတ္ထပါရမီ- သုံးပါး၊
၁၀။ ဥပေက္ခာပါရမီ၊ ဥပေက္ခာဥပပါရမီ၊ ဥပေက္ခာပရမတ္ထပါရမီ- သုံးပါး, စုစုပေါင်း ပါရမီသုံးဆယ် ဖြစ်၏။ (ဒီ၊ဋီ၊၁၊၉၃။)♦

ပါရမီဖြစ်ကြောင်း တရား ၄ ပါး

၁။ ဥဿာဟော- သဗ္ဗညုတဉာဏ် ဗောဓိဉာဏ် ရရန်အတွက် လွန်စွာ အားထုတ်ခြင်း၊
၂။ ဥမ္မင်္ဂေါ- သဗ္ဗညုတဉာဏ် ဗောဓိဉာဏ် အဆောက်အဦတို့၌ ကျွမ်းကျင် လိမ္မာသော ပညာနှင့် ပြည့်စုံခြင်း၊
၃။ အဝတ္ထာနံ- သဗ္ဗညုတဉာဏ် ရရန်အတွက် တုန်လှုပ် ခြင်းကင်းစွာ စွဲစွဲမြဲမြဲ ဆောက်တည်ခြင်း၊
၄။ ဟိတစရိယာ- မေတ္တာ ကရုဏာ ဘာဝနာကို ပွားများခြင်း။ (စရိယာ၊ဋ္ဌ၊၂၈၂။)♦

ပါရမီအားလုံးတို့ကို ပေါင်း၍ ရေတွက်သော အဓိဋ္ဌာန် ၄ ပါး

၁။ သစ္စာအဓိဋ္ဌာန်၊
၂။ စာဂ အဓိဋ္ဌာန်၊
၃။ ဥပသမာအဓိဋ္ဌာန်၊
၄။ ပညာအဓိဋ္ဌာန်။ (ဒီ၊ဋီ၊၁၊၉၅။)♦

ပါရာဇိက ၂၄ ပါး

၁။ ဘိက္ခုပါရာဇိက လေးပါး၊
၂။ ရဟန်းမတို့ ရဟန်းတို့နှင့် မဆက်ဆံသော ပါရာဇိက လေးပါး၊
၃။ ရှင် ရဟန်း မပြုထိုက်သော ပုဂ္ဂိုလ် ဆယ့်တစ်ယောက်၊
၄။ လူဝတ် လဲသော ဘိက္ခုနီတစ်ယောက်၊
၅။ ရှည်သော အင်္ဂါဇာတ်ရှိသော ပုဂ္ဂိုလ်, နူးညံ့သော ကျောကုန်းရှိသော ပုဂ္ဂိုလ်, သူတစ်ပါးအင်္ဂါဇာတ်ကို ပါးစပ်ဖြင့် စုပ်သောပုဂ္ဂိုလ်, သူတစ်ပါး အင်္ဂါဇာတ်ပေါ် ရှေးရှုထိုင်သော ပုဂ္ဂိုလ်ဟု ဆိုအပ်သော အနုလောမပါရာဇိက လေးပါး, ပေါင်း (၂၄) ပါး။ (ဝိ၊ဋ္ဌ၊၂၊၁၀၃။)♦

ပါရာဇိကသိက္ခာပုဒ် ၄ ပါး

၁။ မေထုန်မှီဝဲခြင်း (မေထုန) သိက္ခာပုဒ်၊
၂။ ပိုင်ရှင်မပေးသော သူတစ်ပါး ပစ္စည်းကို ခိုးယူခြင်း (အဒိန္နာဒါန) သိက္ခာပုဒ်၊
၃။ လူကို သတ်ဖြတ်ခြင်း (မနုဿဝိဂ္ဂဟ) သိက္ခာပုဒ်၊
၄။ ဈာန်မဂ်ဖိုလ်တရားကို လူတို့အား ပြောကြားခြင်း (ဥတ္တရိမနုဿဓမ္မ) သိက္ခာပုဒ်။ (ဝိ၊၅၊၅။) (ဝိ၊မြန်၊၅။၇။)♦

ပါရာဇိကအာပတ် ဖြစ်ကြောင်း သမုဋ္ဌာန် ၃ ပါး

၁။ ရံခါ ကိုယ်ကြောင့် စိတ်ကြောင့် ဖြစ်ကုန်၏၊ နှုတ်ကြောင့် မဖြစ်ကုန်၊
၂။ ရံခါ နှုတ်ကြောင့် စိတ်ကြောင့် ဖြစ်ကုန်၏၊ ကိုယ်ကြောင့် မဖြစ်ကုန်၊
၃။ ရံခါ ကိုယ်ကြောင့် နှုတ်ကြောင့် စိတ်ကြောင့် ဖြစ်ကုန်၏။ (ဝိ၊၅၊၃၆၂။) (ဝိ၊မြန်၊၅။၄၆၆။)♦

ပါရာဇိကအာပတ်ဖြင့် စွပ်စွဲခြင်းကြောင့် သင့်သောအာပတ် ၃ ပါး

၁။ ဒုက္ကဋ်အာပတ်၊
၂။ ပါစိတ် အာပတ်၊
၃။ သံဃာဒိသိသ်အာပတ်။ (ဝိ၊၅၊၉၁။) (ဝိ၊မြန်၊၅။၁၃၁။)♦

ပါရိဝါသိယ (သိုးခြင်း) ၄ ပါး

၁။ ပရိသပါရိဝါသိယ- ပရိသတ် သိုးခြင်း၊
၂။ ရတ္တိပါရိဝါသိယ- ညဉ့် သိုးခြင်း၊
၃။ ဆန္ဒပါရိဝါသိယ- ဆန္ဒ သိုးခြင်း၊
၄။ အဇ္ဈာသယပါရိဝါသိယ- အဇ္ဈာသယ သိုးခြင်း။ (ဝိ၊ဋ္ဌ၊၃၊၂၂၄။)♦

ပါရိသုဒ္ဓိ ၃ မျိုး

၁။ ကာယကံ၏ ထက်ဝန်းကျင် စင်ကြယ်ခြင်း- ကာယကမ္မပါရိသုဒ္ဓိ၊၂။ ဝစီကံ၏ ထက်ဝန်းကျင် စင်ကြယ်ခြင်း- ဝါစာကမ္မပါရိသုဒ္ဓိ၊
၃။ မနောကံ၏ထက်ဝန်းကျင် စင်ကြယ်ခြင်း- မနောကမ္မပါရိသုဒ္ဓိ။ (ပေဋကော၊၂၁၆။)♦

ပါရိသုဒ္ဓိပဓာနိယင်္ဂ တရား ၉ ပါး

၁။ သီလ၏ စင်ကြယ်ခြင်း- သီလဝိသုဒ္ဓိ၊၂၊ စိတ်၏ အထူး သဖြင့် စင်ကြယ်ခြင်း, ဂေါတြဘူအဆုံးရှိသော ရှေ့အဖို့၌ဖြစ်သော ဇောစိတ် စသည်၏ နီဝရဏ ဘေးရန်မှ စင်ကြယ်ခြင်း- စိတ္တဝိသုဒ္ဓိ၊
၃။ အယူ (အသိဉာဏ်) ၏ စင်ကြယ်ခြင်း၊ ကမ္မဿ ကတဉာဏ်, သစ္စာနုလောမိကဉာဏ်, မဂ်ဉာဏ်, ဖိုလ်ဉာဏ်ဟု ဆိုအပ်သော အယူ၏ စင်ကြယ်ခြင်း၊ စင်ကြယ်သော ကမ္မဿကတာဉာဏ်, သစ္စာနုလောမိကဉာဏ်, မဂ်ဉာဏ်, ဖိုလ်ဉာဏ်ဟု ဆိုအပ်သော အယူ (စင်ကြယ်သော နိဗ္ဗာန်သို့ ရောက်စေနိုင်သော ဉာဏ်အမြင်)- ဒိဋ္ဌိဝိသုဒ္ဓိ၊
၄။ ယုံမှားခြင်းကို လွန်မြောက်၍ (အဟေတုကဒိဋ္ဌိ ဝိသမဟေတုကဒိဋ္ဌိတို့မှ)- စင်ကြယ်ခြင်း, စင်ကြယ်သော (ပစ္စယပရိဂ္ဂဟ) ဉာဏ်- ကင်္ခါဝိတရဏဝိသုဒ္ဓိ၊
၅။ လမ်းစဉ်မှန် လမ်းစဉ်မှား, ကျင့်စဉ်မှန် ကျင့်စဉ်မှားကို သိတတ်သော ဉာဏ်အမြင်၏ စင်ကြယ်ခြင်း- မဂ္ဂါမဂ္ဂဉာဏ ဒဿနဝိသုဒ္ဓိ၊
၆။ အရိယမဂ်သို့ ရောက်ကြောင်း အရိယမဂ်ကို ရကြောင်း အကျင့် ဖြစ်သည့် စင်ကြယ်သော ဉာဏ်အမြင်- ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ၊ ၇။(ဆန့်ကျင်ဘက် အညစ်အကြေးကို) စင်ကြယ်စေတတ်, သုတ်သင်တတ်သော ဉာဏ်အမြင်, (ဆန့်ကျင်ဘက် အညစ်အကြေးမှ) စင်ကြယ်သော ဉာဏ်အမြင်- ဉာဏဒဿန ဝိသုဒ္ဓိ၊
၈။ အရဟတ္တဖိုလ်ပညာ- အရဟတ္တဖလပညာ၊
၉။ အရဟတ္တဖိုလ်ဟူသော ဝိမုတ္တိ- အရဟတ္တဖလဝိမုတ္တိ။ (ပဋိသံ၊ဋ္ဌ၊၁၊၁၁၉။)♦

ပါဠိဝိသယ ၃ မျိုး

၁။ ပါဠိအတ္ထ၊
၂။ ပါဠိဒေသနာ၊
၃။ ပါဠိအတ္ထပဋိဝေဓ။ (သာရတ္ထ၊ဋီ၊၁၊၇၇။)♦

ပိဋက ၃ ပုံ

၁။ ဝိနည်းပိဋက၊
၂။ သုတ္တန်ပိဋက၊
၃။ အဘိဓမ္မာပိဋက။ (ဝိ၊ဋ္ဌ၊၁၊၁၄။) (ဒီ၊ဋ္ဌ၊၁၊၁၇။) (ဒီ၊ဋ္ဌ၊၃၊၈၁။) (မ၊ဋ္ဌ၊၄၊၇၉။) (အဘိ၊ဋ္ဌ၊၁၊၁၉။) (အဘိ၊ဋ္ဌ၊၂၊၄၁၂။) (ဒီ၊ဋ္ဌ၊မြန်၊၁။၂၈။)♦

ပိဏ္ဍပါတသန္တောသ ၁၅ ပါး

ဆွမ်း၌ ရောင့်ရဲခြင်း ၁၅ ပါးနှင့် တူသည်။ ♦

ပိဏ္ဍပါတ်ဓုတင် ၃ မျိုး

၁။ ဥက္ကဋ္ဌ ပိဏ္ဍပါတ်ဓုတင်၊
၂။ မဇ္ဈိမ ပိဏ္ဍပါတ်ဓုတင်၊
၃။ မုဒုက ပိဏ္ဍပါတ်ဓုတင်။ (ဝိသုဒ္ဓိ၊၁၊၆၃။)♦

ပိဏ္ဍပါတ်ဓုတင် ဆောက်တည်ရကျိုး ၁၅ ပါး

၁။ ‘‘ပိဏ္ဍိယာ လောပဘောဇနံ နိဿာယ ပဗ္ဗဇ္ဇာ’’ ဟူသော ဘုရားစကားတော်နှင့် အညီ (ဒုတိယ) နိဿယနှင့်လျော်သော အကျင့်ပဋိပတ်ရှိခြင်း၊
၂။ ဒုတိယအရိယဝံသ၌ တည်ခြင်း၊
၃။ သူတစ်ပါးနှင့် မစပ်သော အသက်မွေးမှု ရှိခြင်း၊
၄။ ဘုရားရှင် ချီးမွမ်းအပ်သော ပစ္စည်း ဖြစ်ခြင်း၊
၅။ ဆွမ်းခံသွားရန်အတွက် ပျင်းရိမှုကို နှိမ်နင်းနိုင်ခြင်း၊
၆။ စင်ကြယ်သော အသက်မွေးမှု ရှိခြင်း၊
၇။ သေခိယကျင့်ဝတ်ကို ပြည့်စုံ စေခြင်း၊
၈။ သူတစ်ပါးတို့အား မမွေးမြူရခြင်း၊
၉။ ဆွမ်းလောင်းလှူသော သူတစ်ပါး တို့အား ချီးမြှောက်မှုကို ပြုခြင်း၊
၁၀။ မာန် မာနကို ပယ်ခြင်း၊
၁၁။ ရသတဏှာကို ပယ်ရှား နိုင်ခြင်း၊
၁၂။ ဂဏဘောဇန ပရမ္ပရဘောဇန စာရိတ္တသိက္ခာပုဒ်တို့ဖြင့် အာပတ်မသင့်ခြင်း၊
၁၃။ အပ္ပိစ္ဆတာ စသည်တို့အားလျော်သော အသက်မွေးမှု ရှိခြင်း၊
၁၄။ ကောင်းမြတ်သော အကျင့်ပဋိပတ်ကို တိုးပွားစေခြင်း၊
၁၅။ နောင်လာနောက်သားတို့အား ဒိဋ္ဌာနုဂတိသို့ လိုက်စေ သောအားဖြင့် ချီးမြှောက်ရခြင်း။ (ဝိသုဒ္ဓိ၊၁၊၆၄။)♦

ပိဏ္ဍပါတ်ဓုတင် ဆောက်တည်သူ ၅ မျိုး

၁။ ပညာနုံ့နှေး တွေဝေသောကြောင့် ပိဏ္ဍပါတ်ဓုတင် ဆောက်တည်သော ရဟန်း၊
၂။ ယုတ်မာသော အလိုဆိုး နှိပ်စက်အပ်သောကြောင့် ပိဏ္ဍပါတ်ဓုတင် ဆောက်တည်သော ရဟန်း၊
၃။ စိတ်ပျံ့လွင့်သည် ဖြစ်၍ ရူးသွပ်သောကြောင့် ပိဏ္ဍပါတ်ဓုတင် ဆောက်တည်သော ရဟန်း၊
၄။ မြတ်စွာဘုရားနှင့် တပည့်သာဝကတို့သည် ချီးမွမ်းအပ်၏ဟု နှလုံးသွင်းလျက် ပိဏ္ဍပါတ်ဓုတင် ဆောက်တည်သော ရဟန်း၊
၅။ အလို နည်းခြင်း, ရောင့်ရဲခြင်း,ခေါင်းပါးခြင်း, ကောင်းသော အကျင့်ကို အလိုရှိခြင်းတို့ကို အမှီပြု၍ ပိဏ္ဍပါတ်ဓုတင် ဆောက်တည်သော ရဟန်း။ (ဝိ၊၅၊၂၃၃။) (ဝိ၊၅၊၃၃၅။) (ဝိ၊မြန်၊၅။၃၂၃။) (ဝိ၊မြန်၊၅။၄၃၈။) (အဘိ၊ပု၊၁၇၉။) (အဘိ၊ပု၊မြန်။၈၃။)♦

ပိဏ္ဍပါတ်ဓုတင်ဆောင် အကျိုး ၅ ပါး

၁။ ထင်ရှားရှိသော ရဟန်းကို မပန်ကြားဘဲ သွားရခြင်း၊
၂။ ဂဏဘောဇဉ်ကို မဆောက်တည်ရခြင်း၊
၃။ ပရမ္ပရဘောဇဉ်ကို မဆောက်တည်ရခြင်း၊ ၄။(သမယ)ကို မဆောက်တည်ရခြင်း၊ ၅။(ရနိုးသော ဆွမ်းကို) ဝိကပ္ပနာ မပြုရခြင်း။ (ဝိ၊၅၊၂၃၀။) (ဝိ၊မြန်၊၅။၃၁၉။)♦

ပိဏ္ဍပါတ်ဓုတင်ဆောင်ရဟန်း လက်မခံအပ်သော ဆွမ်း ၁၄ မျိုး

၁။ သံဃာအား လှူအပ်သော ဆွမ်း- သံဃဘတ္တ၊
၂။ သံဃာမှ ရည်ညွှန်းလှူအပ်သော ဆွမ်း- ဥဒ္ဒေသဘတ္တ၊
၃။ ပင့်ဖိတ်၍ လှူဒါန်းအပ်သော ဆွမ်း- နိမန္တနဘတ္တ၊
၄။ စာရေးတံမဲချ၍ လှူအပ်သော ဆွမ်း- သလာက ဘတ္တ၊
၅။ ၁၅ ရက် တစ်ကြိမ် ပေးလှူအပ်သော ဆွမ်း- ပက္ခိကဘတ္တ၊
၆။ ဥပုသ်နေ့၌ လှူအပ်သော ဆွမ်း- ဥပေါသထိကဘတ္တ၊
၇။ လဆန်းတစ်ရက် လဆုတ်တစ်ရက်နေ့၌ လှူသော ဆွမ်း- ပါဋိပဒိကဘတ္တ၊
၈။ ဧည့်သည်ရဟန်းတို့အား လှူအပ်သော ဆွမ်း- အာဂန္တုကဘတ္တ၊
၉။ ခရီးသွားတို့အား လှူအပ်သော ဆွမ်း- ဂမိကဘတ္တ၊
၁၀။ သူနာအား ပေးလှူအပ်သော ဆွမ်း- ဂိလာနဘတ္တ၊
၁၁။ သူနာပြုအား ပေးအပ်သော ဆွမ်း- ဂိလာနုပဋ္ဌာကဘတ္တ၊
၁၂။ ကျောင်း၌ လှူအပ်သော ဆွမ်း- ဝိဟာရဘတ္တ၊
၁၃။ အမြဲဝတ်တည်ထားအပ်သော ဆွမ်း- ဓုရဘတ္တ၊
၁၄။ အလှည့်ကျအားဖြင့် ဆောင်လှူအပ်သော ဆွမ်း- ဝါရကဘတ္တ။ (ဝိသုဒ္ဓိ၊၁၊၆၃။)♦

ပိယဒဿီဘုရားရှင်၏ သာဝကအစည်းအဝေး ၃ ကြိမ်

၁။ ပထမအကြိမ် ရဟန္တာ ကုဋေ တစ်သိန်း၊
၂။ ဒုတိယအကြိမ် ရဟန္တာ ကုဋေကိုးဆယ်၊
၃။ တတိယအကြိမ် ရဟန္တာ ကုဋေရှစ်ဆယ် စည်းဝေးတော်မူကြသည်။ (အပ၊၂၊၃၅၁။) (အဘိ၊ဋ္ဌ၊၁၊၆၆။) (ဇာ၊ဋ္ဌ၊၁၊၄၆။) (အပ၊မြန်၊၂။၃၄၉။)♦

ပိယဒဿီဘုရားရှင်၏ အဂ္ဂသာဝက ၂ ပါး

၁။ ပါလိတထေရ်၊
၂။ သဗ္ဗဒဿီထေရ်။ (အဘိ၊ဋ္ဌ၊၁၊၆၆။) (ဗုဒ္ဓဝံ၊ဋ္ဌ၊၂၅၃။) (ဇာ၊ဋ္ဌ၊၁၊၄၇။)♦

ပိယဒဿီဘုရားရှင်၏ အဂ္ဂသာဝိကာမ ၂ ပါး

၁။ သုဇာတာထေရီ၊
၂။ ဓမ္မဒိန္နာထေရီ၊ (အဘိ၊ဋ္ဌ၊၁၊၆၆။) (ဗုဒ္ဓဝံ၊ဋ္ဌ၊၂၅၃။) (ဇာ၊ဋ္ဌ၊၁၊၄၇။)♦

ပိယဒဿီဘုရားအလောင်း၏ ပြာသာဒ် ၃ ဆောင်

၁။ သုနိမ္မလမည်သော ပြာသာဒ်ဆောင်၊
၂။ ဝိမလမည်သော ပြာသာဒ်ဆောင်၊
၃။ ဂိရိဂုဟာမည်သော ပြာသာဒ်ဆောင်။ (အပ၊၂၊၃၅၂။) (အပ၊မြန်၊၂။၃၄၉။)♦

ပိယဒဿီမြတ်စွာဘုရား၏ ဓမ္မာဘိသမယ ၃ ကြိမ်

၁။ ပထမအကြိမ် ဓမ္မစကြာ တရားဟောတော် မူသောအခါ၌ လူနတ်ဗြဟ္မာ ကုဋေတစ်သိန်း၊
၂။ ဒုတိယအကြိမ် သုဒဿနနတ်မင်း၏ မှားသော အယူ မိစ္ဆာဒိဋ္ဌိကို ပယ်ဖျောက်လျက် တရားဟောတော်မူသောအခါ လူနတ်ဗြဟ္မာ ကုဋေ ကိုးသောင်း၊
၃။ တတိယအကြိမ် ဒေါဏမုခဆင်ကို ဆုံးမတော်မူသောအခါ လူနတ်ဗြဟ္မာ ကုဋေရှစ်သောင်း တရားထူးရပြီး ကျွတ်တမ်းဝင်ကြသည်။ (အပ၊၂၊၃၅၁။) (အပ၊မြန်၊၂။၃၄၈။)♦

ပိသာစလောဟ ၈ မျိုး

၁။ သံကြောင်း၊
၂။ သံကျွတ်၊
၃။ သံပွတ်၊
၄။ သွပ်မည်သော သံ (သံပြန်)၊
၅။ သံကျောက်၊
၆။ သံလိုက်၊
၇။ သံခဲ၊
၈။ သံချေး။ (အဘိ၊ဋ္ဌ၊၂၊၆၀။) (မ၊ဋီ၊၁၊၆၉။)♦

ပိသုဏဝါစာ အင်္ဂါ ၄ ပါး

၁။ ချစ်ခင်နေသူ နှစ်ဦးတို့ ကွဲပြားဖို့ရန် ရှေ့ရှုပြုလုပ်ခြင်း၊
၂။ မိမိကို ချစ်ခင်စေလိုခြင်း၊
၃။ ထိုသို့ဖြစ်အောင် လုံ့လပြုခြင်း၊
၄။ ကုန်းတိုက်သော သူ၏ ထိုအနက် အဓိပ္ပာယ်ကို သိခြင်း။ (ဒီ၊ဋ္ဌ၊၁၊၇၃။) (မ၊ဋ္ဌ၊၁၊၂၀၄။) (သံ၊ဋ္ဌ၊၂၊၁၃၆။) (ပဋိသံ၊ဋ္ဌ၊၁၊၂၀၅။) (ဒီ၊ဋ္ဌ၊မြန်၊၁။၁၃၈။) (ဒီ၊ဋ္ဌ၊မြန်၊၁။၁၃၈။)♦

ပိသုဏဝါစာကံ အင်္ဂါ ၅ ပါး

၁။ ကွဲပြားထိုက်သူ ဖြစ်ခြင်း၊
၂။ ကွဲပြားခြင်းကို ရှေးရှုပြုသူ ဖြစ်ခြင်း၊
၃။ မိမိကို ချစ်စေလိုသူ ဖြစ်ခြင်း၊
၄။ ထိုသူတစ်ပါးတို့ ကွဲပြားခြင်း, မိမိကို ချစ်စေလို ခြင်းတို့နှင့် လျော်ညီစွာ လုံ့လပြုခြင်း၊
၅။ ထိုအပြောခံရသူသည် ထိုအကြောင်း အကျိုးကို သိခြင်း။ (မဟာနိ၊ဋ္ဌ၊၁၀၁၊၃၉၆။) (သာရတ္ထ၊ဋီ၊၁၊၃၄၅။)♦

ပိုက်ကွန်၂ မျိုး

၁။ တဏှာဇာလ-တဏှာပိုက်ကွန်၊
၂။ ဒိဋ္ဌိဇာလ-ဒိဋ္ဌိပိုက်ကွန်။ (သုတ္တနိ၊ဋ္ဌ၊၂၊၁၅၄။)♦

ပိုက်ဆံ ၅ မျိုး

ငွေ ၅ မျိုးနှင့် တူသည်။ ♦

ပိုက်ဆံ လျော်ချည်ပုဆိုး ၃ မျိုး

၁။ အသစ်ဖြစ်၍ အဆင်းလည်းမလှ အတွေ့အထိ ကြမ်းတမ်း အဖိုးအနည်းငယ်မျှသာ ထိုက်တန်သော ပိုက်ဆံလျော်ချည်ပုဆိုး၊
၂။ အလယ်အလတ် တစ်ပတ် နွမ်းဖြစ်၍ အဆင်းလည်းမလှ အတွေ့အထိ ကြမ်းတမ်း အဖိုးအနည်းငယ်မျှ ထိုက်တန်သော ပိုက်ဆံလျော်ချည်ပုဆိုး၊
၃။ ဟောင်းနွမ်းသည် ဖြစ်၍ အဆင်းလည်းမလှ အတွေ့အထိ ကြမ်းတမ်း အဖိုးအနည်းငယ်မျှသာ ထိုက်သော ပိုက်ဆံလျော်ချည်ပုဆိုး။ (အဘိ၊ပု၊၁၃၇။) (အဘိ၊ပု၊မြန်။၄၀။)♦

ပိုက်ဆံလျော်ချည်ပုဆိုးနှင့် တူသော ရဟန်း ၃ မျိုး

၁။ ရဟန်းသစ်သည် သီလမရှိမူ၍ ယုတ်မာသော အကျင့်ရှိခြင်းဟူသော အဆင်းမလှ ဖြစ်ခြင်း, ထိုဒုဿီလရဟန်းသစ်၏ အယူသို့ အတုလိုက်၍ မှီဝဲဆည်းကပ်သူတို့အား အစီးပွားမဲ့ ဖြစ်ခြင်း ဆင်းရဲခြင်းသို့ ရောက်ရခြင်း ဟူသော ကြမ်းသော အတွေ့ရှိခြင်း, ထိုဒုဿီလရဟန်းသစ်အား ပစ္စည်းလေးပါး လှူဒါန်းသော သူတို့အတွက် အကျိုးအာနိသင် မကြီးသောအားဖြင့် တန်ဖိုးနည်းခြင်း အဖိုးမထိုက်ခြင်း ဟူသော ပေါတ္ထကူပမရဟန်း၊
၂။ အလယ်အလတ်ဖြစ်သော မဇ္ဈိမရဟန်းသည် သီလမရှိမူ၍ ယုတ်မာသော အကျင့်ရှိခြင်းဟူသော အဆင်းမလှ ဖြစ်ခြင်း, ထိုဒုဿီလရဟန်းသစ်၏ အယူသို့ အတုလိုက်၍ မှီဝဲဆည်းကပ်သူတို့အား အစီးပွားမဲ့ဖြစ်ခြင်း ဆင်းရဲခြင်းသို့ ရောက်ရခြင်း ဟူသော ကြမ်းသောအတွေ့ရှိခြင်း, ထိုဒုဿီလ ရဟန်းသစ်အား ပစ္စည်းလေးပါး လှူဒါန်းသော သူတို့အတွက် အကျိုးအာနိသင် မကြီးသောအားဖြင့် တန်ဖိုးနည်းခြင်း အဖိုးမထိုက်ခြင်း ဟူသော ပေါတ္ထကူပမရဟန်း၊
၃။ မထေရ်ကြီးဖြစ်သော ရဟန်းသည် သီလမရှိမူ၍ ယုတ်မာသော အကျင့်ရှိခြင်းဟူသော အဆင်းမလှ ဖြစ်ခြင်း, ထိုဒုဿီလရဟန်းသစ်၏ အယူသို့ အတုလိုက်၍ မှီဝဲဆည်းကပ်သူတို့အား အစီးပွားမဲ့ဖြစ်ခြင်း ဆင်းရဲခြင်းသို့ ရောက်ရခြင်းဟူသော ကြမ်းသော အတွေ့ရှိခြင်း, ထိုဒုဿီလရဟန်းသစ်အား ပစ္စည်းလေးပါး လှူဒါန်းသော သူတို့အတွက် အကျိုးအာနိသင် မကြီးသောအားဖြင့် တန်ဖိုးနည်းခြင်း အဖိုးမထိုက်ခြင်းဟူသော ပေါတ္ထကူပမ ရဟန်း။ (အဘိ၊ပု၊၁၃၇။) (အဘိ၊ပု၊မြန်။၄၀။)♦

ပိုင်းခြား၍ သိခြင်း ၃ ပါး

၁။ ရာဂကုန်ခြင်းကို ပိုင်းခြား၍ ပိုင်ပိုင်နိုင်နိုင် သိခြင်း၊
၂။ ဒေါသ ကုန်ခြင်းကို ပိုင်းခြား၍ ပိုင်ပိုင်နိုင်နိုင် သိခြင်း၊
၃။ မောဟကုန်ခြင်းကို ပိုင်းခြား၍ ပိုင်ပိုင် နိုင်နိုင် သိခြင်း။ (သံ၊၂၊၁၃၀။) (သံ၊မြန်၊၂။၁၂၁။)♦

ပိုင်းခြား၍ သိအပ်သော တရား ၁၀ ပါး

၁။ မြင်သိစိတ်ဖြစ်ရာ မျက်စိအကြည်-စက္ခာယတန၊
၂။ အဆင်းအာရုံ- ရူပါယတန၊
၃။ ကြားသိစိတ်ဖြစ်ရာ နားအကြည်- သောတာယတန၊
၄။ အသံအာရုံ-သဒ္ဒါယတန၊
၅။ နံသိစိတ်ဖြစ်ရာ နှာခေါင်းအကြည်- ဃာနာယတန၊
၆။ အနံ့ အာရုံ- ဂန္ဓာယတန၊
၇။ လျက်သိစိတ် ဖြစ်ရာ လျှာအကြည်- ဇိဝှါယတန၊
၈။ ရသာရုံ- ရသာယတန၊
၉။ ကာယဝိညာဉ်၏ ဖြစ်တည်စုဝေးရာ-ကာယာယတန၊ ၁၀။(ထိသိစိတ်) ဖြစ်ကြောင်း ဖောဋ္ဌဗ္ဗာရုံ- ဖောဋ္ဌဗ္ဗာယတန။ (ဒီ၊၃၊၂၅၇။) (ဒီ၊မြန်၊၃။၂၈၀။)♦

ပိုင်းခြား၍ သိအပ်သော တရား ၂ ပါး

၁။ နာမ်၊
၂။ ရုပ်။ (ဒီ၊၃၊၂၂၈။) (ပေဋကော၊၂၅၀။) (ဒီ၊မြန်၊၃။၂၅၀။)♦

ပိုင်းခြား၍ သိအပ်သော တရား ၃ ပါး

၁။ ချမ်းသာကို ခံစားခြင်း- သုခဝေဒနာ၊
၂။ ဆင်းရဲသော ခံစားမှု ဝေဒနာ- ဒုက္ခဝေဒနာ၊
၃။ အသင့်အားဖြင့် အညီအမျှ လျစ်လျူရှု၍ ခံစားခြင်း- ဥပေက္ခာ ဝေဒနာ။ (ဒီ၊၃၊၂၂၉။) (ဒီ၊မြန်၊၃။၂၅၁။)♦

ပိုင်းခြား၍ သိအပ်သော တရား ၄ ပါး

၁။ အလုတ်အလွေးပြုအပ်သော အာဟာရ၊
၂။ ဖဿဟူသော (ဝေဒနာကို) ဆောင်တတ်သောတရား- ဖဿာဟာရ၊
၃။ စေတနာဟူသော အာဟာရ- မနော သေဉ္စတနာဟာရ၊
၄။ ပဋိသန္ဓေဝိညာဉ်ဟူသော ဆောင်တတ်သောတရား- ဝိညာဏာဟာရ။ (ဒီ၊၃၊၂၃၁။) (ဒီ၊မြန်၊၃။၂၅၃။)♦

ပိုင်းခြား၍ သိအပ်သော တရား ၅ ပါး

၁။ ရုပ်ဥပါဒါနက္ခန္ဓာ၊
၂။ ဝေဒနာဥပါဒါနက္ခန္ဓာ၊
၃။ သညာ ဥပါဒါနက္ခန္ဓာ၊
၄။ သင်္ခါရဥပါဒါနက္ခန္ဓာ၊
၅။ ဝိညာဏ်ဥပါဒါနက္ခန္ဓာ။ (ဒီ၊၃၊၂၃၂။) (သံ၊၂၊ ၁၃၀။) (သံ၊၂၊၂၂။) (ဒီ၊မြန်၊၃။၂၅၅။) (သံ၊မြန်၊၂။၁၂၁။) (သံ၊မြန်၊၂။၂၂။)♦

ပိုင်းခြား၍ သိအပ်သော တရား ၆ ပါး

၁။ မြင်သိစိတ်ဖြစ်ရာ မျက်စိအကြည်- စက္ခာယတန၊
၂။ ကြားသိစိတ်ဖြစ်ရာ နားအကြည်- သောတာယတန၊
၃။ နံသိစိတ်ဖြစ်ရာ နှာခေါင်း အကြည်- ဃာနာယတန၊
၄။ လျက်သိစိတ်ဖြစ်ရာ လျှာအကြည်- ဇိဝှါယတန၊
၅။ ကာယဝိညာဉ်၏ ဖြစ်ရာ- ကာယာယတန၊ ၆။(သမ္ပယုတ်တရားတို့၏)ဖြစ်ရာဖြစ်ကြောင်း စိတ်-မနာယတန။ (ဒီ၊၃၊၂၃၇။) (ဒီ၊မြန်၊၃။၂၆၀။)♦

ပိုင်းခြား၍ သိအပ်သော တရား ၇ ပါး

၁။ ကိုယ်သဏ္ဌာန်ချင်း ကွဲပြား၍ ပဋိသန္ဓေသညာချင်း ကွဲပြားသော သတ္တဝါ၊
၂။ ကိုယ်သဏ္ဌာန်ချင်း ကွဲပြား၍ ပဋိသန္ဓေသညာချင်း တူသော သတ္တဝါ၊
၃။ ကိုယ်သဏ္ဌာန်ချင်း တူ၍ ပဋိသန္ဓေသညာချင်း ကွဲပြားသော သတ္တဝါ၊
၄။ ကိုယ်သဏ္ဌာန်ချင်း တူ၍ ပဋိသန္ဓေသညာချင်း တူသော သတ္တဝါ၊
၅။ ရူပသညာကို လုံးဝ လွန်မြောက်၍ ‘‘ကောင်းကင်သည် အဆုံးမရှိ’’ဟု နှလုံးသွင်းလျက် အာကာသာနဉ္စာယတနဘုံသို့ ရောက်သော ဗြဟ္မာ၊
၆။ အာကာသာနဉ္စာယတနဈာန်ကို လုံးဝလွန်မြောက်၍ ‘‘ဝိညာဏ်သည် အဆုံးမရှိ’’ဟု နှလုံးသွင်းလျက် ဝိညာဏဉ္စာယတနဘုံသို့ ရောက်သော ဗြဟ္မာ၊
၇။ ဝိညာဏဉ္စာယတနဈာန်ကို လုံးဝလွန်မြောက်၍ ‘‘တစ်စုံတစ်ခုမျှ မရှိ’’ဟု ပွားများလျက် အာကိဉ္စာညာယတနဘုံသို့ ရောက်သော ဗြဟ္မာ။ (ဒီ၊၃၊၂၄၁။) (ဒီ၊မြန်၊၃။၂၆၄။)♦

ပိုင်းခြား၍ သိအပ်သော တရား ၈ ပါး

၁။ လာဘ်ရခြင်း၊
၂။ လာဘ်မရခြင်း၊
၃။ အကျော်အစော ရှိခြင်း၊
၄။ အကျော်အစော မရှိခြင်း၊
၅။ ကဲ့ရဲ့ခြင်း၊
၆။ ချီးမွမ်းခြင်း၊
၇။ ချမ်းသာခြင်း၊
၈။ ဆင်းရဲခြင်း။ (ဒီ၊၃၊၂၄၅။) (ဒီ၊မြန်၊၃။၂၆၈။)♦

ပိုင်းခြား၍ သိအပ်သော တရား ၉ ပါး

၁။ ကိုယ်သဏ္ဌာန်ချင်း ကွဲပြား၍ ပဋိသန္ဓေသညာချင်းလည်း ကွဲပြားသော သတ္တဝါတို့၏ နေရာ၊
၂။ ကိုယ်သဏ္ဌာန်ချင်း ကွဲပြား၍ ပဋိသန္ဓေသညာချင်း တူသော သတ္တဝါတို့၏ နေရာ၊
၃။ ကိုယ်သဏ္ဌာန်ချင်း တူ၍ ပဋိသန္ဓေသညာချင်း ကွဲပြားသော သတ္တဝါတို့၏ နေရာ၊
၄။ ကိုယ်သဏ္ဌာန်ချင်း တူ၍ ပဋိသန္ဓေသညာချင်း တူသော သတ္တဝါ တို့၏ နေရာ၊
၅။ သညာမရှိ၊ အာရုံကို ခံစားခြင်းမရှိသော သတ္တဝါတို့၏ နေရာ၊
၆။ ရူပသညာ လွန်မြောက်၍ ပဋိသန္ဓေသညာချုပ်ကာ နာနတ္တသညာကို နှလုံးမသွင်းမူ၍ ‘‘ကောင်းကင်သည် အဆုံးမရှိ’’ဟု ပွားများသော သတ္တဝါတို့၏နေရာ (အာကာသာနဉ္စာယတနဘုံ)၊
၇။ အာကာသာ နဉ္စာယတနဈာန်ကို လွန်မြောက်၍ ‘‘ဝိညာဏ်သည် အဆုံးမရှိ’’ ဟု ပွားများသော သတ္တဝါတို့၏ နေရာ (ဝိညာဏဉ္စာယတနဘုံ)၊
၈။ ဝိညာဏဉ္စာယတနဈာန်ကို လွန်မြောက်၍ ‘‘တစ်စုံတစ်ခုမျှ မရှိ’’ဟု ပွားများသော သတ္တဝါတို့၏နေရာ (အာကိဉ္စညာယတနဘုံ)၊
၉။ အာကိဉ္စညာယတန ဈာန်ကို လွန်မြောက်၍ နေဝသညာနာသညာယတန ဈာန်သို့ ရောက်နေသော သတ္တဝါတို့၏ နေရာ (နေဝသညာနာသညာယတနဘုံ)။ (ဒီ၊၃၊၂၅၂။) (ဒီ၊မြန်၊၃။၂၇၆။)♦

ပိုင်းခြားသိသင့်သော တရား ၅ ပါး

၁။ ရုပ်၊
၂။ ဝေဒနာ၊
၃။ သညာ၊
၄။ သင်္ခါရ၊
၅။ ဝိညာဏ်။ (သံ၊၂၊၁၅၆။မြန်၊၁၄၇-၈။)♦

ပီတိ ၅ မျိုး

၁။ ခုဒ္ဒိကာပီတိ- ခန္ဓာကိုယ်၌ ကြက်သီးမွေးညင်း ထရုံမျှ ဖြစ်သော နှစ်သက်ခြင်း ပီတိ၊
၂။ ခဏိကာပီတိ- မကြာခဏ ခန္ဓာကိုယ်၌ လျှပ်စစ်ပစ်သကဲ့သို့ ဖြစ်သော နှစ်သက်ခြင်း ပီတိ၊
၃။ ဩက္ကန္တိကာပီတိ- ကမ်းသို့ ရောက်သော သမုဒ္ဒရာ လှိုင်းတံပိုးသကဲ့သို့ ခန္ဓာ ကိုယ်သို့ သက်၍ သက်၍ ဖြစ်သော နှစ်သက်ခြင်း ပီတိ၊
၄။ ဥဗ္ဗေဂါပီတိ- ခန္ဓာ ကိုယ်ကို အထက်သို့ တက်စေ၍ ကောင်းကင်၌ ခုန်လွှားပျံတက်စေခြင်း အတိုင်းအရှည်ရှိသော နှစ်သက်ခြင်း ပီတိ၊
၅။ ဖရဏာပီတိ- လေဖြင့် ပြည့်စေအပ်သော ပူစီဖောင်းသကဲ့သို့ အစဉ်မပြတ် ထက်ဝန်းကျင် တွေ့ထိပျံ့နှံ့လျက် ဖြစ်သော နှစ်သက်ခြင်း ပီတိ။ (အဘိ၊ဋ္ဌ၊၁၊၁၅၈။) (ပဋိသံ၊ဋ္ဌ၊၁။၁၆၉။) (ပဋိသံ၊ဋ္ဌ၊၂၊၁၉၂။) (မဟာနိ၊ဋ္ဌ၊၁၁၁။) (ဝိသုဒ္ဓိ၊၁၊၁၃၉။)♦

ပီတိ၏ အကျိုးတရား ၅ ပါး

၁။ ကာမဂုဏ်ကို မှီ၍ နှလုံးမသာမှု မဖြစ်ခြင်း၊
၂။ ကာမဂုဏ်ကို မှီ၍ ဝမ်းမြောက်မှု မဖြစ်ခြင်း၊
၃။ အကုသိုလ်ကို မှီ၍ နှလုံးမသာမှု မဖြစ်ခြင်း၊
၄။ အကုသိုလ်ကို မှီ၍ ဝမ်းမြောက်မှု မဖြစ်ခြင်း၊
၅။ ကုသိုလ်ကို မှီ၍ နှလုံးမသာမှု မဖြစ်ခြင်း။ (အံ၊၂၊၁၈၂။) (အံ၊မြန်၊၂။၂၃၃။)♦

ပီတိကို ကောင်းစွာ သိခြင်း ၂ မျိုး

၁။ ဈာန်ရခြင်းကြောင့် အာရုံအားဖြင့် ကောင်းစွာ သိခြင်း၊
၂။ ဝိပဿနာရှုသော အခါ လက္ခဏာကို ထိုးထွင်း၍ သိခြင်းကြောင့် မတွေဝေသောအားဖြင့် ကောင်းစွာ သိခြင်း။ (သံ၊ဋ္ဌ၊၃၊၃၀၂။)♦

ပီတိသမ္ဗောဇ္ဈင် ဖြစ်ကြောင်း တရား ၁၁ ပါး

၁။ အရဟံ အစရှိသော ဘုရားရှင် ဂုဏ်တော် ကိုးပါးကို အဖန်ဖန် အောက်မေ့ခြင်း၊
၂။ တရားဂုဏ်တော်ကို အဖန်ဖန် အောက်မေ့ခြင်း၊
၃။ သံဃာ့ ဂုဏ်တော်ကို အဖန်ဖန် အောက်မေ့ခြင်း၊
၄။ မိမိ၏ သီလဂုဏ်ကို အဖန်ဖန် အောက်မေ့ခြင်း၊
၅။ မိမိ၏ စွန့်ကြဲခဲ့သော ဂုဏ်ကို အဖန်ဖန်အောက်မေ့ခြင်း၊
၆။ သဒ္ဓါစသော ဂုဏ်နှင့် ပြည့်စုံသော နတ်တို့ကို သက်သေအရာ၌ ထား၍ နတ်တို့သဒ္ဓါ အစရှိသော ဂုဏ်နှင့် တူသော မိမိ၏ သဒ္ဓါအစရှိသော ဂုဏ်ကို အဖန်ဖန် အောက်မေ့ခြင်း၊
၇။ နိဗ္ဗာန်၏ ဂုဏ်ကို အဖန်ဖန် အောက်မေ့ခြင်း၊
၈။ ကြမ်းတမ်းသော ပုဂ္ဂိုလ်ကို ရှောင်ကြဉ်သူ ဖြစ်ခြင်း၊
၉။ သိမ်မွေ့ နူးညံ့သော ပုဂ္ဂိုလ်ကို မှီဝဲသူ ဖြစ်ခြင်း၊
၁၀။ ကြည်ညိုဖွယ်ရှိသော သုတ်ကို ဆင်ခြင်သူ ဖြစ်ခြင်း၊
၁၁။ ထိုပီတိသမ္ဗောဇ္ဈင်ကို ဖြစ်စေခြင်း၌ ညွတ်သော စိတ်ရှိသူ ဖြစ်ခြင်း။ (မ၊ဋ္ဌ၊၁၊၃၀၀။) (သံ၊ဋ္ဌ၊၃၊၁၉၈။) (အံ၊ဋ္ဌ၊၁၊၃၉၉။) (အဘိ၊ဋ္ဌ၊၁၊၁၁၇။) (အဘိ၊ဋ္ဌ၊၂၊၂၆၉။) (ဝိသုဒ္ဓိ၊၁၊၁၂၉။) (သာရတ္ထ၊ ဋီ၊၂။၂၂၈။) (ဒီ၊ဋီ၊၂၊၁၃၀။)♦

ပုဂ္ဂလကထာကို ဟောတော်မူရကြောင်း ၈ ပါး

၁။ ဟိရီဩတ္တပ္ပကို ပြတော်မူလိုခြင်း၊
၂။ ကမ္မဿ ကတာကို ပြတော်မူလိုခြင်း၊
၃။ အသီးအသီးသော ယောကျ်ားသည် ပြုအပ်သော အမှုကိစ္စကို ပြတော်မူလိုခြင်း၊
၄။ အနန္တရိယကံကို ပြတော်မူလိုခြင်း၊
၅။ ဗြဟ္မဝိဟာရကို ပြတော်မူ လိုခြင်း၊
၆။ ပုဗ္ဗေနိဝါသကို ပြတော်မူလိုခြင်း၊
၇။ အလှူခံပုဂ္ဂိုလ် စင်ကြယ်ခြင်း- ဒက္ခိဏ ဝိသုဒ္ဓိကို ပြတော်မူလိုခြင်း၊
၈။ လူတို့သမုတ်အပ်သော လောကသမ္မုတိကို မပယ်လိုခြင်း။ (မ၊ဋ္ဌ၊၁၊၁၄၃။) (အံ၊ဋ္ဌ၊၁၊၇၄။) (ဣတိဝုတ်၊ဋ္ဌ၊၇၉။) (သာရတ္ထ၊ဋီ၊၁၊၈၉။) (သီ၊ဋီ၊သစ်၊၂၊၄၀၁။)(အနုဋီ၊ ၃။၆၈။)♦

ပုဂ္ဂလဒေသနာတော်ကို ဟောရကြောင်း ၈ ပါး

ပုဂ္ဂလကထာကို ဟောတော်မူရကြောင်း ၈ ပါးနှင့် တူသည်။ ♦

ပုဂ္ဂလပညတ်ကျမ်းကို ဝေဖန်ပုံ ၆ မျိုး

၁။ ခန္ဓပညတ်၊
၂။ အာယတနပညတ်၊
၃။ ဓာတုပညတ်၊
၄။ သစ္စပညတ်၊
၅။ ဣန္ဒြိယပညတ်၊
၆။ ပုဂ္ဂလပညတ်။ (အဘိ၊ဋ္ဌ၊၁၊၈။)♦

ပုဂ္ဂိုလ် ၁၀ မျိုး

၁။ သီလမရှိ အရဟတ္တဖိုလ်ပညာ စသည်ကိုလည်း မသိသော ပုဂ္ဂိုလ်၊
၂။ သီလမရှိ အရဟတ္တဖိုလ်ပညာ စသည်ကိုလည်း ကောင်းစွာသိသော ပုဂ္ဂိုလ်၊
၃။ သီလရှိသည်၊ အရဟတ္တဖိုလ်ပညာ စသည်ကို မသိသော ပုဂ္ဂိုလ်၊
၄။ သီလရှိသည်၊ အရဟတ္တဖိုလ်ပညာ စသည်ကို ကောင်းစွာသိသော ပုဂ္ဂိုလ်၊
၅။ ထက်သော ရာဂရှိသည်၊ အရဟတ္တဖိုလ် ပညာ စသည်ကိုလည်း မသိသော ပုဂ္ဂိုလ်၊
၆။ ထက်သော ရာဂရှိသည်၊ အရဟတ္တဖိုလ်ပညာ စသည်ကို သိသော ပုဂ္ဂိုလ်၊
၇။ အမျက်ထွက်သည် အရဟတ္တဖိုလ်ပညာ စသည်ကို မသိသော ပုဂ္ဂိုလ်၊
၈။ အမျက်ထွက်သည်၊ အရဟတ္တဖိုလ်ပညာ စသည်ကို သိသော ပုဂ္ဂိုလ်၊
၉။ ပျံ့လွင့်သည်၊ အရဟတ္တဖိုလ်ပညာ စသည်ကို မသိသော ပုဂ္ဂိုလ်၊
၁၀။ ပျံ့လွင့်သည်၊ အရဟတ္တဖိုလ်ပညာ စသည်ကို သိသော ပုဂ္ဂိုလ်။ (အံ၊၃၊၃၆၇။) (အံ၊မြန်၊၃။၃၆၃။)♦

ပုဂ္ဂိုလ် ၂ မျိုး

၁။ ဤလူ့ပြည်သို့ ပဋိသန္ဓေအားဖြင့် ပြန်လာ၍ အာဂါမိမည်သော အဇ္ဈတ္တ သံယောဇဉ် ရှိသော ပုဂ္ဂိုလ်၊
၂။ ဤလူ့ဘုံသို့ ပဋိသန္ဓေအားဖြင့် ပြန်မလာ၍ အနာဂါမိမည်သော ဗဟိဒ္ဓ သံယောဇဉ်ရှိသော ပုဂ္ဂိုလ်။ (အံ၊၁၊၆၅။) (အံ၊မြန်၊၁။၇၇။)♦

ပုဂ္ဂိုလ် ၂ မျိုး (တစ်နည်း)

၁။ ဂုဏ်ကျေးဇူးကို ချေဖျက်တတ်သော မက္ခီပုဂ္ဂိုလ်၊
၂။ ဂုဏ်တုဂုဏ်ပြိုင် ပြုတတ်သော ပဠာသီပုဂ္ဂိုလ်။ (အဘိ၊ပု၊၁၀၄။) (အဘိ၊ပု၊မြန်။၄။)♦

ပုဂ္ဂိုလ် ၂ မျိုး (တစ်နည်း)

၁။ ငြူစူ စောင်းမြောင်းတတ်သော ဣဿုကီပုဂ္ဂိုလ်၊
၂။ နှမြောဝန်တို တတ်သော မစ္ဆရီပုဂ္ဂိုလ်။ (အဘိ၊ပု၊၁၀၄။) (အဘိ၊ပု၊မြန်။၄။)♦

ပုဂ္ဂိုလ် ၂ မျိုး (တစ်နည်း)

၁။ ကောက်ကျစ် စဉ်းလဲတတ်သော သဌပုဂ္ဂိုလ်၊
၂။ လှည့်စား လှည့်ပတ် တတ်သော မာယာဝီ ပုဂ္ဂိုလ်။ (အဘိ၊ပု၊၁၀၄။) (အဘိ၊ပု၊မြန်။၄။)♦

ပုဂ္ဂိုလ် ၂ မျိုး (တစ်နည်း)

၁။ ဒုစရိုက်မှ မရှက်တတ်သော အဟိရီကပုဂ္ဂိုလ်၊
၂။ ဒုစရိုက်မှ မကြောက် တတ်သော အနောတ္တပ္ပီပုဂ္ဂိုလ်။ (အဘိ၊ပု၊၁၀၅။) (အဘိ၊ပု၊မြန်။၄။)♦

ပုဂ္ဂိုလ် ၂ မျိုး (တစ်နည်း)

၁။ ပြောဆိုဆုံးမ ခက်သော ဒုဗ္ဗစ ပုဂ္ဂိုလ်၊
၂။ ယုတ်မာသော အဆွေ ခင်ပွန်းရှိသော ပါပမိတ္တပုဂ္ဂိုလ်။ (အဘိ၊ပု၊၁၀၅။) (အဘိ၊ပု၊မြန်။၄။)♦

ပုဂ္ဂိုလ် ၂ မျိုး (တစ်နည်း)

၁။ ဣန္ဒြေတို့၌ မလုံခြုံသော တံခါးရှိသော အဂုတ္တဒွါရပုဂ္ဂိုလ်၊
၂။ ဘောဇဉ်တို့၌ အတိုင်းအရှည်မသိသော ဘောဇနေ အမတ္တညူပုဂ္ဂိုလ်။ (အဘိ၊ပု၊၁၀၅။)(အဘိ၊ပု၊မြန်။၄။)♦

ပုဂ္ဂိုလ် ၂ မျိုး (တစ်နည်း)

၁။ လွတ်သော သတိရှိသော မုဋ္ဌဿတိပုဂ္ဂိုလ်၊
၂။ ပညာဉာဏ် အဆင် အခြင်မရှိသော အသမ္ပဇာနပုဂ္ဂိုလ်။ (အဘိ၊ပု၊၁၀၅။) (အဘိ၊ပု၊မြန်။၄။)♦

ပုဂ္ဂိုလ် ၂ မျိုး (တစ်နည်း)

၁။ အကျင့်သီလ ပျက်စီးနေသော သီလဝိပန္နပုဂ္ဂိုလ်၊
၂။ အယူပျက်စီး နေသော ဒိဋ္ဌိဝိပန္နပုဂ္ဂိုလ်။ (အဘိ၊ပု၊၁၀၅။) (အဘိ၊ပု၊မြန်။၄။)♦

ပုဂ္ဂိုလ် ၂ မျိုး (တစ်နည်း)

၁။ အောက်သံယောဇဉ် ငါးပါးဟု ဆိုအပ်သော အတွင်း သံယောဇဉ် ရှိသော အဇ္ဈတ္တ သံယောဇနပုဂ္ဂိုလ်၊
၂။ အထက်သံယောဇဉ် ငါးပါးဟု ဆိုအပ်သော အပြင်အပ သံယောဇဉ်ရှိသော ဗဟိဒ္ဓသံယောဇနပုဂ္ဂိုလ်။ (အဘိ၊ပု၊၁၀၅။) (အဘိ၊ပု၊မြန်။၄။)♦

ပုဂ္ဂိုလ် ၂ မျိုး (တစ်နည်း)

၁။ အမျက် မထွက်တတ်သော အက္ကောဓနပုဂ္ဂိုလ်၊
၂။ ရန်ငြိုး မဖွဲ့ တတ်သော အနူပနာဟီပုဂ္ဂိုလ်။ (အဘိ၊ပု၊၁၀၅။) (အဘိ၊ပု၊မြန်။၄။)♦

ပုဂ္ဂိုလ် ၂ မျိုး (တစ်နည်း)

၁။ သူ့ကျေးဇူးကို မချေဖျက်တတ်သော အမက္ခီပုဂ္ဂိုလ်၊
၂။ ဂုဏ်တု ဂုဏ်ပြိုင် မပြုလုပ်တတ်သော အပဠာသီပုဂ္ဂိုလ်။ (အဘိ၊ပု၊၁၀၅။) (အဘိ၊ပု၊မြန်။၄။)♦

ပုဂ္ဂိုလ် ၂ မျိုး (တစ်နည်း)

၁။ မငြူစူ မစောင်းမြောင်းတတ်သော အနိဿုကီပုဂ္ဂိုလ်၊
၂။ မနှမြော ဝန်မတိုတတ်သော အမစ္ဆရီပုဂ္ဂိုလ်။ (အဘိ၊ပု၊၁၀၅။) (အဘိ၊ပု၊မြန်။၄။)♦

ပုဂ္ဂိုလ် ၂ မျိုး (တစ်နည်း)

၁။ မကောက်ကျစ် မစဉ်းလဲတတ်သော အသဌပုဂ္ဂိုလ်၊
၂။ မလှည့်မပတ် တတ်သော အမာယာဝီ ပုဂ္ဂိုလ်။ (အဘိ၊ပု၊၁၀၅။) (အဘိ၊ပု၊မြန်။၄။)♦

ပုဂ္ဂိုလ် ၂ မျိုး (တစ်နည်း)

၁။ ဒုစရိုက်မှ ရှက်တတ်သော ဟိရီမာပုဂ္ဂိုလ်၊
၂။ ဒုစရိုက်မှ ကြောက်လန့် တတ်သော ဩတ္တပ္ပီပုဂ္ဂိုလ်။ (အဘိ၊ပု၊၁၀၅။) (အဘိ၊ပု၊မြန်။၄။)♦

ပုဂ္ဂိုလ် ၂ မျိုး (တစ်နည်း)

၁။ ပြောဆိုဆုံးမ လွယ်သော သုဝစပုဂ္ဂိုလ်၊
၂။ မိတ်ကောင်း ဆွေကောင်း ရှိသော ကလျာဏမိတ္တပုဂ္ဂိုလ်။ (အဘိ၊ပု၊၁၀၅။) (အဘိ၊ပု၊မြန်။၄။)♦

ပုဂ္ဂိုလ် ၂ မျိုး (တစ်နည်း)

၁။ ဣန္ဒြေတို့၌ လုံခြုံသော တံခါးရှိသော ဂုတ္တဒွါရပုဂ္ဂိုလ်၊
၂။ ဘောဇဉ်တို့၌ အတိုင်းအရှည်သိသော ဘောဇနေ မတ္တညူပုဂ္ဂိုလ်။ (အဘိ၊ပု၊၁၀၅။) (အဘိ၊ပု၊မြန်။၄။)♦

ပုဂ္ဂိုလ် ၂ မျိုး (တစ်နည်း)

၁။ ထင်သော သတိရှိသော ဥပဋ္ဌိတဿတိပုဂ္ဂိုလ်၊
၂။ ပညာဉာဏ် အဆင်အခြင်ရှိသော သညဇာနပုဂ္ဂိုလ်။ (အဘိ၊ပု၊၁၀၅။) (အဘိ၊ပု၊မြန်။၄။)♦

ပုဂ္ဂိုလ် ၂ မျိုး (တစ်နည်း)

၁။ သီလအကျင့်နှင့် ပြည့်စုံသော သီလသမ္ပန္နပုဂ္ဂိုလ်၊
၂။ အယူနှင့် ပြည့်စုံသော ဒိဋ္ဌိသမ္ပန္နပုဂ္ဂိုလ်။ (အဘိ၊ပု၊၁၀၅။) (အဘိ၊ပု၊မြန်။၄။)♦

ပုဂ္ဂိုလ် ၂ မျိုး (တစ်နည်း)

၁။ ယုတ်ညံ့သော နှလုံးသွင်း အလိုဆန္ဒရှိသော ဟီနာဓိမုတ္တပုဂ္ဂိုလ်၊
၂။ မြင့်မြတ်သော နှလုံးသွင်း အလိုဆန္ဒရှိသော ပဏီတာဓိမုတ္တပုဂ္ဂိုလ်။ (အဘိ၊ပု၊၁၀၅။) (အဘိ၊ပု၊ မြန်။၅။)♦

ပုဂ္ဂိုလ် ၂ မျိုး (တစ်နည်း)

၁။ ရောင့်ရဲတတ်သော တိတ္တပုဂ္ဂိုလ်၊
၂။ ရောင့်ရဲစေတတ်သော တပ္ပေတ ပုဂ္ဂိုလ်။ (အဘိ၊ပု၊၁၀၅။) (အဘိ၊ပု၊မြန်။၅။)♦

ပုဂ္ဂိုလ် ၂ မျိုး (တစ်နည်း)

၁။ ဗုဒ္ဓဝေနေယျပုဂ္ဂိုလ်၊
၂။ သာဝကဝေနေယျပုဂ္ဂိုလ်။ (မ၊ဋ္ဌ၊၂၊၁၇၇။)♦

ပုဂ္ဂိုလ် ၂ မျိုး (တစ်နည်း)

၁။ ဤပုဂ္ဂိုလ်ကို ဆည်းကပ်သော ရဟန်းအား အကုသိုလ်တရားများ တိုးပွား၍ ကုသိုလ်တရားများ ဆုတ်ယုတ်သွားသဖြင့် မမှီဝဲအပ်သော ပုဂ္ဂိုလ်၊
၂။ ဤပုဂ္ဂိုလ်ကို ဆည်းကပ်သော ရဟန်းအား အကုသိုလ်တရားများ ဆုတ်ယုတ်၍ ကုသိုလ်တရားများ တိုးပွား လာသဖြင့် မှီဝဲအပ်သော ပုဂ္ဂိုလ်။ (အံ၊၃၊၁၇၇။) (အံ၊မြန်၊၃။၁၇၈၊၃၃၆။)♦

ပုဂ္ဂိုလ် ၂ မျိုး တစ်နည်း

၁။ အမျက်ထွက်တတ်သော ကောဓနပုဂ္ဂိုလ်၊၂။ ရန်ငြိုးဖွဲ့တတ်သော ဥပနာဟပုဂ္ဂိုလ်။ (အဘိ၊ပု၊၁၀၄။) (အဘိ၊ပု၊မြန်။၄။)♦

ပုဂ္ဂိုလ် ၃ မျိုး

၁။ ပုထုဇဉ်ပုဂ္ဂိုလ်၊
၂။ သေက္ခပုဂ္ဂိုလ်၊
၃။ အသေက္ခ- ရဟန္တာပုဂ္ဂိုလ်။ (မ၊ဋ္ဌ၊၁၊၂၀၀။)♦

ပုဂ္ဂိုလ် ၃ မျိုး (တစ်နည်း)

၁။ ကျင့်ဆဲ သေက္ခပုဂ္ဂိုလ်၊
၂။ ကျင့်ပြီး အသေက္ခပုဂ္ဂိုလ်၊
၃။ ကျင့်ဆဲ မဟုတ် ကျင့်ပြီးမဟုတ် နေဝသေက္ခာနာသေက္ခပုဂ္ဂိုလ်။ (ဒီ၊၃၊၁၈၂။) (ဒီ၊မြန်၊၃။၂၀၂။)♦

ပုဂ္ဂိုလ် ၃ မျိုး (တစ်နည်း)

၁။ နာမကာယဖြင့် ရှစ်ပါးသော ဈာန်သို့ ရောက်ပြီးနောက် နိဗ္ဗာန်ကို မျက်မှောက်ပြုသူ ကာယသက္ခီပုဂ္ဂိုလ်၊
၂။ သောတာပတ္တိဖိုလ်မှ စ၍ အထက်မဂ်သို့ ရောက်သူ ဒိဋ္ဌိပ္ပတ္တပုဂ္ဂိလ်၊
၃။ သဒ္ဓါတရားဖြင့် ကိလေသာမှ လွတ်သူ သဒ္ဓါဝိမုတ္တပုဂ္ဂိုလ်။ (အံ၊၁၊၁၁၆။) (အံ၊မြန်၊၁။၁၃၄။)♦

ပုဂ္ဂိုလ် ၃ မျိုး (တစ်နည်း)

၁။ အမာဟောင်းနှင့်တူသော စိတ်ရှိသော ပုဂ္ဂိုလ်၊
၂။ လျှပ်စစ်နှင့် တူသော စိတ်ရှိသော ပုဂ္ဂိုလ်၊
၃။ ဝဇီရစိန်နှင့် တူသော စိတ်ရှိသော ပုဂ္ဂိုလ်၊ (တစ်နည်း)
မမှီဝဲထိုက် မဆည်းကပ်ထိုက် မချဉ်းကပ်ထိုက်သော ပုဂ္ဂိုလ်၊
၂။ မှီဝဲထိုက် ဆည်းကပ်ထိုက် ချဉ်းကပ်ထိုက်သော ပုဂ္ဂိုလ်၊
၃။ အရိုအသေ အလေးအမြတ် ပြု၍ မှီဝဲဆည်းကပ်ထိုက် ချဉ်းကပ်ထိုက်သော ပုဂ္ဂိုလ်၊ (တစ်နည်း)
စက်ဆုပ်ထိုက် မမှီဝဲ မဆည်းကပ်ထိုက် မချဉ်းကပ် ထိုက်သော ပုဂ္ဂိုလ်၊
၂။ လျစ်လျူရှုထိုက် မမှီဝဲ မဆည်းကပ်ထိုက် မချဉ်းကပ်ထိုက်သော ပုဂ္ဂိုလ်၊
၃။ မှီဝဲထိုက် ဆည်းကပ်ထိုက် ချဉ်းကပ်ထိုက်သော ပုဂ္ဂိုလ်၊ (တစ်နည်း)
မစင်ကဲ့သို့ မကောင်းသော အနံ့ရှိသော စကားကို ဆိုတတ်သော ပုဂ္ဂိုလ်၊
၂။ ပန်းကဲ့သို့ ကောင်းသော အနံ့ရှိသော စကားကို ဆိုတတ်သော ပုဂ္ဂိုလ်၊
၃။ ပျားကဲ့သို့ ချိုသာသော စကားကို ဆိုတတ်သော ပုဂ္ဂိုလ်၊ (တစ်နည်း)
ကန်းသော ပုဂ္ဂိုလ်၊
၂။ တစ်ဖက်အမြင်ရှိသော ပုဂ္ဂိုလ်၊
၃။ နှစ်ဖက် အမြင်ရှိသော ပုဂ္ဂိုလ်၊ (တစ်နည်း)
မှောက်ထားသော အိုးနှင့် တူသော ပညာရှိသော ပုဂ္ဂိုလ်၊
၂။ ခါးပိုက်နှင့် တူသော ပညာရှိသော ပုဂ္ဂိုလ်၊
၃။ ကြီးကျယ်သော ပညာရှိသော ပုဂ္ဂိုလ်။ (အံ၊၁၊၁၂၁-၁၂၈။) (အံ၊မြန်၊၁။၁၄၅။)♦

ပုဂ္ဂိုလ် ၃ မျိုး (တစ်နည်း)

၁။ အရဟတ္တဖိုလ်ကို ရခြင်း၌ မတောင့်တသော နိရာသပုဂ္ဂိုလ်၊
၂။ အရဟတ္တ ဖိုလ်ကို ရခြင်း၌ တောင့်တသော အာသံသပုဂ္ဂိုလ်၊
၃။ အရဟတ္တဖိုလ်ကို ရခြင်း၌ တောင့်တ ခြင်းမှ ကင်းသော ဝိဂတာသပုဂ္ဂိုလ်။ (အဘိ၊ပု၊၁၀၆။) (အဘိ၊ပု၊မြန်။၅။)♦

ပုဂ္ဂိုလ် ၃ မျိုး (တစ်နည်း)

၁။ ကာမတို့၌လည်းကောင်း ဘဝတို့၌လည်းကောင်း တပ်ခြင်း မကင်းသော ပုဂ္ဂိုလ်၊
၂။ ကာမတို့၌ တပ်ခြင်း ကင်းသည်ဖြစ်၍ ဘဝတို့၌ တပ်ခြင်း မကင်းသော ပုဂ္ဂိုလ်၊
၃။ ကာမတို့၌လည်းကောင်း, ဘဝတို့၌လည်းကောင်း တပ်ခြင်းကင်းသော ပုဂ္ဂိုလ်။ (အဘိ၊ပု၊၁၀၆။) (အဘိ၊ပု၊၁၃၆။) (အဘိ၊ပု၊မြန်။၅။၃၉။) (အဘိ၊ပု၊မြန်။၅။၃၉။)♦

ပုဂ္ဂိုလ် ၃ မျိုး (တစ်နည်း)

၁။ သီလ သမာဓိ ပညာအားဖြင့် ယုတ်ညံ့သဖြင့် မမှီဝဲ မဆည်းကပ် အပ်သော ပုဂ္ဂိုလ်၊
၂။ သီလသမာဓိပညာအားဖြင့် တူညီသဖြင့် မှီဝဲဆည်းကပ်အပ်သော ပုဂ္ဂိုလ်၊
၃။ သီလ သမာဓိ ပညာတို့ဖြင့် လွန်ကဲသဖြင့် အရိုအသေ အလေးအမြတ်ပြု၍ မှီဝဲဆည်းကပ် အပ်သော ပုဂ္ဂိုလ်။ (အဘိ၊ပု၊၁၀၆။) (အဘိ၊ပု၊၁၄၀။) (အဘိ၊ပု၊မြန်။၆။၄၃။) (အဘိ၊ပု၊မြန်။၆။၄၃။)♦

ပုဂ္ဂိုလ် ၃ မျိုး (တစ်နည်း)

၁။ သီလမရှိဘဲ ယုတ်မာသော အကျင့်ရှိခြင်း, မစင်ကြယ်ခြင်း, အတွင်းသဘောပုပ်ခြင်း စသည်တို့ကြောင့် စက်ဆုပ်အပ်, မမှီဝဲအပ်, မဆည်းကပ်အပ်သော ပုဂ္ဂိုလ်၊
၂။ အမျက်ထွက်ခြင်း, စိတ်ဆိုးခြင်း, အနည်းငယ်ပြောဆိုရုံမျှဖြင့် ငြိကပ်ခြင်း စသည် တို့ကြောင့် လျစ်လျူရှုအပ်, မမှီဝဲအပ်, မဆည်းကပ်အပ်သော ပုဂ္ဂိုလ်၊
၃။ သီလနှင့် ပြည့်စုံ၍ ကောင်းသော အကျင့်ရှိခြင်း စသည်တို့ကြောင့် မှီဝဲအပ်, ဆည်းကပ်အပ်သော ပုဂ္ဂိုလ်။ (အဘိ၊ပု၊၁၀၇။) (အဘိ၊ပု၊၁၄၁။) (အဘိ၊ပု၊မြန်။၆။၄၄။) (အဘိ၊ပု၊မြန်။၆။၄၄။)♦

ပုဂ္ဂိုလ် ၃ မျိုး (တစ်နည်း)

၁။ သီလအကျင့်တို့၌ ပြည့်စုံအောင် ပြုလေ့ရှိသည်ဖြစ်၍ သမာဓိ ပညာတို့၌ အတိုင်းအရှည်အားဖြင့် ပြုလေ့ရှိသော သောတာပန်, သကဒါဂါမ်ပုဂ္ဂိုလ်၊
၂။ သီလအကျင့်နှင့် သမာဓိတို့၌ ပြည့်စုံအောင် ပြုလေ့ရှိသည်ဖြစ်၍ ပညာ၌ အတိုင်းအရှည် အားဖြင့် ပြုလေ့ရှိသော အနာဂါမ်ပုဂ္ဂိုလ်၊
၃။ သီလအကျင့်၌လည်းကောင်း, သမာဓိ၌ လည်းကောင်း, ပညာ၌လည်းကောင်း ပြည့်စုံအောင် ပြုလေ့ရှိသော ရဟန္တာပုဂ္ဂိုလ်။ (အဘိ၊ပု၊ ၁၀၇။) (အဘိ၊ပု၊၁၄၂။) (အဘိ၊ပု၊မြန်။၆။၄၅။) (အဘိ၊ပု၊မြန်။၆။၄၅။)♦

ပုဂ္ဂိုလ် ၃ မျိုး (တစ်နည်း) (ကာယသက္ခီ-စသော ပုဂ္ဂိုလ် ၃ မျိုး)

၁။ ဈာန်မဂ်ဖိုလ် ချမ်းသာကို ကိုယ်တိုင် တွေ့ထိခံစား၍ နိဗ္ဗာန်ကို မျက်မှောက်ပြုသော ကာယသက္ခီပုဂ္ဂိုလ်၊
၂။ သိမြင်ခြင်း အဆုံးသို့ ရောက်သော ဒိဋ္ဌိပ္ပတ္တပုဂ္ဂိုလ်၊
၃။ သဒ္ဓါကို အမှူးပြု၍ ကိလေသာမှ လွတ်သော သဒ္ဓါ ဝိမုတ္တပုဂ္ဂိုလ်။ (အဘိ၊ပု၊၁၀၆။) (အဘိ၊ပု၊၁၃၂။) (အဘိ၊ပု၊မြန်။၃။) (အဘိ၊ပု၊မြန်။၃၄။)♦

ပုဂ္ဂိုလ် ၃ မျိုး (တစ်နည်း) (ဂူထဘာဏီစသော ပုဂ္ဂိုလ် ၃ မျိုး)

၁။ မစင်နှင့် တူသော စကား ရှိသော ဂူထဘာဏီပုဂ္ဂိုလ်၊
၂။ ပန်းနှင့် တူသော စကားရှိသော ပုပ္ဖဘာဏီပုဂ္ဂိုလ်၊
၃။ ပျားရည်နှင့် တူသော စကားရှိသော မဓုဘာဏီပုဂ္ဂိုလ်။ (အဘိ၊ပု၊၁၀၆။) (အဘိ၊ပု၊၁၃၂။) (အဘိ၊ပု၊မြန်။၅။) (အဘိ၊ပု၊မြန်။၃၅။)♦

ပုဂ္ဂိုလ် ၃ မျိုး (တစ်နည်း) (ပါသာဏလေခူပမ စသော ပုဂ္ဂိုလ် ၃ မျိုး)

၁။ ကျောက်၌ ရေးသား ထားသော အက္ခရာနှင့်တူသော ပါသာဏလေခူပမပုဂ္ဂိုလ်၊
၂။ မြေကြီးပေါ်၌ ရေးသားထားသော အက္ခရာနှင့် တူသော ပထဝီလေခူပမပုဂ္ဂိုလ်၊
၃။ ရေပေါ်၌ ရေးသားအပ်သော အက္ခရာနှင့်တူသော ဥဒကလေခူပမပုဂ္ဂိုလ်။ (အဘိ၊ပု၊၁၀၆။) (အဘိ၊ပု၊၁၃၇။) (အဘိ၊ပု၊မြန်။၆။၄၀။) (အဘိ၊ပု၊ မြန်။၆။၄၀။)♦

ပုဂ္ဂိုလ် ၃ မျိုး (တစ်နည်း) (လောက၌ လူနတ်ဗြဟ္မာ သတ္တဝါအများ ချမ်းသာပွားရန် ဖြစ်ပေါ် လာသော ပုဂ္ဂိုလ် ၃ မျိုး။)

၁။ သဗ္ဗညုဘုရားရှင်၊
၂။ အာသဝေါကုန်ခန်းပြီးသော ရဟန္တာပုဂ္ဂိုလ်၊
၃။ ဗဟုသုတ အကျင့်သီလနှင့် ပြည့်စုံသော ဘုရားရှင်၏ တပည့်သာဝက သေက္ခပုဂ္ဂိုလ်။ (ခုဒ္ဒက၊ ၂၄၉။) (ခုဒ္ဒက၊မြန်။၂၃၃။)♦

ပုဂ္ဂိုလ် ၃ မျိုး (တစ်နည်း) (အန္ဓစသော ပုဂ္ဂိုလ် ၃ မျိုး)

၁။ ပညာမျက်စိ မရှိသောကြောင့် အကန်းနှင့် တူသော အန္ဓပုဂ္ဂိုလ်၊
၂။ ပညာမျက်စိတစ်ဖက်သာ အမြင်ရှိသော ဧကစက္ခုပုဂ္ဂိုလ်၊
၃။ ပညာ မျက်စိနှစ်ဖက် အမြင်ရှိသော ဒွိစက္ခုပုဂ္ဂိုလ်။ (အဘိ၊ပု၊၁၀၆။) (အဘိ၊ပု၊၁၃၄။) (အဘိ၊ပု၊ မြန်။၃၇။) (အဘိ၊ပု၊မြန်။၃၇။)♦

ပုဂ္ဂိုလ် ၃ မျိုး (တစ်နည်း) (အရုကူပမစိတ္တစသော ပုဂ္ဂိုလ် ၃ မျိုး)

၁။ အိုင်းအမာနှင့် တူသော စိတ်ရှိသော အရုကူပမစိတ္တပုဂ္ဂိုလ်၊
၂။ လျှပ်စစ်နှင့် တူသော စိတ်ရှိသော ဝိဇ္ဇူပမစိတ္တပုဂ္ဂိုလ်၊
၃။ ဝဇီရ စိန်နှင့် တူသောစိတ်ရှိသော ဝဇိရူပမစိတ္တပုဂ္ဂိုလ်။ (အဘိ၊ပု၊၁၀၆။) (အဘိ၊ပု၊မြန်။၃၆။)♦

ပုဂ္ဂိုလ် ၃ မျိုး (တစ်နည်း) (အဝကုဇ္ဇပညစသော ပုဂ္ဂိုလ် ၃ မျိုး)

၁။ မှောက်ထားသော အိုးနှင့် တူသော ပညာရှိသော အဝကုဇ္ဇပညပုဂ္ဂိုလ်၊
၂။ ခါးပိုက်၌ ထည့်ထားသော ခဲဖွယ်စားဖွယ်ဝတ္ထုရှိသော သူနှင့် တူသော ပညာရှိသော ဥစ္ဆင်္ဂပညပုဂ္ဂိုလ်၊
၃။ ကျယ်ပြန့်သော ပညာရှိသော ပုထုပညပုဂ္ဂိုလ်။ (အဘိ၊ပု၊၁၀၆။) (အဘိ၊ပု၊၁၃၅။) (အဘိ၊ပု၊မြန်။၅။၃၇။) (အဘိ၊ပု၊မြန်။၅။၃၇။)♦

ပုဂ္ဂိုလ် ၃ မျိုး တစ်နည်း (ဘုရားရှင် မပွင့်ထွန်းသော ကာလ၌ သီလကို ဟောပြသော ပုဂ္ဂိုလ် ၃ မျိုး)

၁။ ရသေ့ပရိဗ္ဗိုဇ်ပုဂ္ဂိုလ်တို့၊
၂။ သဗ္ဗညုဘုရားအလောင်းပုဂ္ဂိုလ်တို့၊
၃။ စကြဝတေးမင်းတို့။ (အဘိ၊ဋ္ဌ၊၂၊၃၉၅။)♦

ပုဂ္ဂိုလ် ၄ မျိုး (ဆင်ဦးစီး ဆင်ဆရာ၏သား ပေဿနှင့် သာလာရွာသား ပုဏ္ဏားသူကြွယ်တို့အား ဘုရားရှင် ဟောကြားခဲ့သော ပုဂ္ဂိုလ် ၄ မျိုး)

၁။ မိမိကိုယ်ကို ပူလောင်ဆင်းရဲစေတတ်, ပူလောင်ဆင်းရဲစေခြင်းကို လုံ့လပြုခြင်း၌ အားထုတ်တတ်သော ပုဂ္ဂိုလ်၊
၂။ သူတစ်ပါးကို ပူလောင်ဆင်းရဲစေတတ်, ပူလောင်ဆင်းရဲစေခြင်းကို လုံ့လပြုခြင်း၌ အားထုတ်တတ်သော ပုဂ္ဂိုလ်၊
၃။ မိမိကိုယ်ကိုလည်းကောင်း သူတစ်ပါးကို လည်းကောင်း ပူလောင်ဆင်းရဲစေတတ်, ပူလောင်ဆင်းရဲစေခြင်းကို လုံ့လပြုခြင်း၌ အားထုတ်သော ပုဂ္ဂိုလ်၊
၄။ မိမိကိုယ်ကို လည်းကောင်း သူတစ်ပါးကိုလည်းကောင်း မပူလောင် မဆင်းရဲစေတတ်, ပူလောင်ဆင်းရဲ စေခြင်းကို လုံ့လပြုခြင်း၌ အားမထုတ်သော ပုဂ္ဂိုလ်။ (မ၊၂၊၃၊၇၄။) (မ၊မြန်၊၂။၄။)♦

ပုဂ္ဂိုလ် ၄ မျိုး (တစ်နည်း)

၁။ ဥဂ္ဃဋိတညူ- မာတိကာအကျဉ်းကို ဟောလိုက်ရုံမျှဖြင့် တစ်မဂ် တစ်ဖိုလ် တရားထူးကို ထိုးထွင်း၍ သိနိုင်သော ပုဂ္ဂိုလ်၊
၂။ ဝိပဉ္စိတညူ- မာတိကာအကျဉ်းကို အကျယ်ချဲ့၍ ဟောသော အခါ၌ တရားထူးရသော ပုဂ္ဂိုလ်၊
၃။ နေယျော- ကလျာဏမိတ္တတို့ကို မှီဝဲဆီးကပ်၍ ပါဠိသင်ခြင်း အဋ္ဌကထာသင်ခြင်း စသည်ဖြင့် အစဉ်အတိုင်း အားထုတ် သဖြင့် တရားထူးရသော ပုဂ္ဂိုလ်၊
၄။ ပဒပရမော- များစွာသော ပုဂ္ဂိုလ်တို့ထံမှ ကြိမ်ဖန်များစွာ သင်ယူ နာကြား ဆည်းပူး ပွားများပါသော်လည်း ဤဘဝ၌ တရားထူး မရနိုင်သော ပုဂ္ဂိုလ်။ (အဘိ၊ပု၊၁၀၇။) (အဘိ၊ပု၊၁၄၇။) (ဒီ၊ဋ္ဌ၊၂၊၅၉။) (ဒီ၊ဋ္ဌ၊၂၊၆၀။) (သံ၊ဋ္ဌ၊၁၊၁၈၄။) (သံ၊ဋ္ဌ၊၂၊၄။) (အံ၊ဋ္ဌ၊၂၊၃၃၇။) (သာရတ္ထ၊ဋီ၊၃၊၁၅၈။) (အဘိ၊ပု၊မြန်။၇။၅၀။) (အဘိ၊ပု၊မြန်။၇။၅၀။) (ဒီ၊ဋ္ဌ၊မြန်၊၂။၁၁၀။) (ဒီ၊ဋ္ဌ၊မြန်၊၂။၁၁၀။)♦

ပုဂ္ဂိုလ် ၄ မျိုး (တစ်နည်း)

၁။ ရှိခိုးခြင်းငှာသာ ထိုက်၍ ခရီးဦး ကြိုခြင်းငှာ မထိုက်သော ပုဂ္ဂိုလ်၊
၂။ ခရီးဦး ကြိုခြင်းငှာသာ ထိုက်၍ ရှိခိုးခြင်းငှာ မထိုက်သော ပုဂ္ဂိုလ်၊
၃။ ရှိခိုးခြင်းငှာလည်း ထိုက်၊ ခရီးဦး ကြိုခြင်းငှာလည်း ထိုက်သော ပုဂ္ဂိုလ်၊
၄။ ရှိခိုးခြင်းငှာလည်း မထိုက်၊ ခရီးဦး ကြိုခြင်းငှာလည်း မထိုက်သော ပုဂ္ဂိုလ်။ (ဝိ၊၅၊၂၂၇။) (ဝိ၊မြန်၊၅။၃၁၅။)♦

ပုဂ္ဂိုလ် ၄ မျိုး (တစ်နည်း)

၁။ နေရာပေးခြင်းငှာ ထိုက်၍ ရှိခိုခြင်းငှာ မထိုက်သော ပုဂ္ဂိုလ်၊
၂။ ရှိခိုးခြင်းငှာ ထိုက်၍ နေရာပေးခြင်းငှာ မထိုက်သော ပုဂ္ဂိုလ်၊
၃။ နေရာပေးခြင်းငှာလည်း ထိုက်၊ ရှိခိုးခြင်းငှာလည်း ထိုက်သော ပုဂ္ဂိုလ်၊
၄။ နေရာပေးခြင်းငှာလည်း မထိုက်၊ ရှိခိုးခြင်း ငှာလည်း မထိုက်သော ပုဂ္ဂိုလ်။ (ဝိ၊၅၊၂၂၇။) (ဝိ၊မြန်၊၅။၃၁၆။)♦

ပုဂ္ဂိုလ် ၄ မျိုး (တစ်နည်း)

၁။ ရေစုန်မျှော၍ လိုက်တတ်သော ပုဂ္ဂိုလ်၊
၂။ အထက်ရေညာသို့ ဆန်တက်တတ်သော ပုဂ္ဂိုလ်၊
၃။ အောက်သို့လည်း မစုန်, အထက်သို့ မဆန်တက်ဘဲ အလယ်၌ တည်တတ်သော ပုဂ္ဂိုလ်၊
၄။ တစ်ဖက်ကမ်းသို့ ကူးမြောက်လျက် ကြည်းကုန်း အထက်၌ တည်တတ်သော ပုဂ္ဂိုလ်။ (နေတ္တိ၊ဋ္ဌ၊၁၃၆။)♦

ပုဂ္ဂိုလ် ၄ မျိုး (တစ်နည်း)

၁။ ထိုထိုအာရုံ၌ လိုချင်တပ်မက်မှု ရှိသူ-အတြိစ္ဆာပုဂ္ဂိုလ်၊
၂။ အလိုဆိုး ရှိသူ- ပါပိစ္ဆာပုဂ္ဂိုလ်၊
၃။ အလိုကြီးသူ- မဟိစ္ဆာပုဂ္ဂိုလ်၊ ၄၊ အလိုနည်းသူ- အပ္ပိစ္ဆာပုဂ္ဂိုလ်။ (ဥဒါန၊ဋ္ဌ၊၂၀၆။)♦

ပုဂ္ဂိုလ် ၄ မျိုး (တစ်နည်း)

၁။(ပစ္စုပ္ပန်ဘဝ၌) ယုတ်၍ ယုတ်သော လားရာရှိသော ပုဂ္ဂိုလ်၊ ၂။(ပစ္စုပ္ပန်ဘဝ၌) ယုတ်၍ မြတ်သော လားရာရှိသော ပုဂ္ဂိုလ်၊ ၃။(ပစ္စုပ္ပန်ဘဝ၌) မြတ်၍ ယုတ်သော လားရာရှိသော ပုဂ္ဂိုလ်။)၊ ၄။(ပစ္စုပ္ပန်ဘဝ၌) မြတ်၍ မြတ်သော လားရာရှိသော ပုဂ္ဂိုလ်။ (ဒီ၊၃၊၁၉၄။) (ဒီ၊မြန်၊၃။၂၁၇။)♦

ပုဂ္ဂိုလ် ၄ မျိုး (တစ်နည်း)

၁။ မတုန်မလှုပ်သော သဒ္ဓါနှင့် ပြည့်စုံသော ရဟန်း၊
၂။ ကြာပဒုမာနှင့် တူသော ရဟန်း၊
၃။ ကြာပုဏ္ဏရိက်နှင့် တူသော ရဟန်း၊
၄။ နူးညံ့သိမ်မွေ့သော ရဟန်း။ (ဒီ၊၃၊၁၉၄။) (ဒီ၊မြန်၊၃။၂၁၇။)♦

ပုဂ္ဂိုလ် ၄ မျိုး (တစ်နည်း) (ဃောဋမုခပုဏ္ဏားအား အရှင်ဥဒေန ဟောကြားခဲ့သော လောက၌ ရှိသော ပုဂ္ဂိုလ် ၄ မျိုး)

၁။ မိမိကိုယ်ကို ပူလောင် ဆင်းရဲစေတတ်, ပူလောင် ဆင်းရဲစေခြင်းကို လုံ့လပြုခြင်းကို အားထုတ်သော ပုဂ္ဂိုလ်၊
၂။ သူတစ်ပါးကို ပူလောင်ဆင်းရဲ စေတတ်, ပူလောင် ဆင်းရဲစေခြင်းကို လုံ့လပြုခြင်းကို အားထုတ်သော ပုဂ္ဂိုလ်၊
၃။ မိမိကိုယ်ကို လည်းကောင်း သူတစ်ပါးကို လည်းကောင်း ပူလောင်ဆင်းရဲစေတတ်, ပူလောင်ဆင်းရဲ စေခြင်းကို လုံ့လ ပြုခြင်းကို အားထုတ်သော ပုဂ္ဂိုလ်၊
၄။ မိမိကိုယ်ကိုလည်းကောင်း သူတစ်ပါး ကိုလည်းကောင်း ပူလောင် ဆင်းရဲစေတတ်သူလည်း မဟုတ် ပူလောင်ဆင်းရဲစေခြင်းကို လုံ့လ ပြုခြင်းကို အားထုတ်သူလည်း မဟုတ်သော ပုဂ္ဂိုလ်။ (မ၊၂၊၃၆၅။) (မ၊မြန်၊၂။၃၆၉။)♦

ပုဂ္ဂိုလ် ၄ မျိုး (တစ်နည်း) (စတုတ္ထဈာန်ရ-စသောပုဂ္ဂိုလ် ၄ မျိုး)

၁။ အဇ္ဈတ္တသန္တာန်၌ စိတ်ငြိမ်း အေးကြောင်း စတုတ္ထဈာန်သမာပတ်ကိုသာ ရရှိသည်ဖြစ်၍ အဓိပညာဟုဆိုအပ်သော ခန္ဓာ တရားတို့၌ ရှုမှတ်မှုဝိပဿနာကို မရသော ပုဂ္ဂိုလ်၊
၂။ အဓိပညာဟုဆိုအပ်သော ခန္ဓာ တရားတို့၌ ရှုမှတ်မှုဝိပဿနာကိုသာ ရရှိ၍ အဇ္ဈတ္တသန္တာန်၌ စိတ်ငြိမ်းအေးကြောင်း စတုတ္ထ ဈာန်သမာပတ်ကို မရသော ပုဂ္ဂိုလ်၊
၃။ စတုတ္ထဈာန်သမာပတ်နှင့် အဓိပညာ ဓမ္မဝိပဿနာ နှစ်ပါးစုံကို ရသောပုဂ္ဂိုလ်၊
၄။ စတုတ္ထဈာန်သမာပတ်နှင့် အဓိပညာ ဓမ္မဝိပဿနာ နှစ်ပါးစုံကို မရသော ပုဂ္ဂိုလ်။ (အဘိ၊ပု၊၁၁၀။) (အဘိ၊ပု၊၁၇၁။) (အဘိ၊ပု၊မြန်။၉။၇၅။) (အဘိ၊ပု၊မြန်။၉။၇၅။)♦

ပုဂ္ဂိုလ် ၄ မျိုး (တစ်နည်း) (ဆင်ခြင်၍ပြုလုပ်တတ်သော ပုဂ္ဂိုလ် ၄ မျိုး)

၁။ ဉာဏ်ဖြင့် ဆင်ခြင် သက်ဝင်၍ မချီးမွမ်းထိုက်သော တိတ္ထိဆရာကြီးများနှင့် ယင်းတို့၏ တပည့်သာဝကတို့၏ ဂုဏ်ကျေးဇူးကို ပြောဆိုတတ်သော ပုဂ္ဂိုလ်၊
၂။ ဉာဏ်ဖြင့် ဆင်ခြင်သက်ဝင်၍ ချီးမွမ်း ထိုက်သော ဘုရားရှင်နှင့် ယင်း၏ တပည့်သာဝကတို့၏ ဂုဏ်ကျေးဇူးကို ပြောဆိုတတ်သော ပုဂ္ဂိုလ်၊
၃။ ဉာဏ်ဖြင့် ဆင်ခြင်သက်ဝင်၍ မကြည်ညိုထိုက်သော အရာ၌ မကြည်ညိုခြင်းကို ပြတတ်သော ပုဂ္ဂိုလ်၊
၄။ ဉာဏ်ဖြင့် ဆင်ခြင်သက်ဝင်၍ ကြည်ညိုထိုက်သော အရာ၌ ကြည်ညိုခြင်းကို ပြတတ်သော ပုဂ္ဂိုလ်။ (အဘိ၊ပု၊၁၀၈။) (အဘိ၊ပု၊၁၅၇။) (အဘိ၊ပု၊မြန်။၇။၆၁။)♦

ပုဂ္ဂိုလ် ၄ မျိုး (တစ်နည်း) (ဈာန်ဝင်စားသော ပုဂ္ဂိုလ် ၄ မျိုး)

၁။ ပြည့်စုံသည်သာ ဖြစ်လျက် ချို့တဲ့၏ဟု အမှတ်ရှိသော ပုဂ္ဂိုလ်၊
၂။ ချို့တဲ့သည်သာ ဖြစ်လျက် ပြည့်စုံဟု အမှတ်ရှိသော ပုဂ္ဂိုလ်၊
၃။ ပြည့်စုံသည်သာ ဖြစ်လျက် ပြည့်စုံ၏ဟု အမှတ်ရှိသော ပုဂ္ဂိုလ်၊
၄။ ချို့တဲ့သည်သာ ဖြစ်လျက် ပြည့်စုံ၏ဟု အမှတ်ရှိသော ပုဂ္ဂိုလ်။ (အဘိ၊ဝိ၊၃၅၅။) (အဘိ၊ဝိ၊မြန်၊၂။၄၃၉။)♦

ပုဂ္ဂိုလ် ၄ မျိုး (တစ်နည်း) (ဈာန်ဝင်စားသော ပုဂ္ဂိုလ် ၄ မျိုး)

၁။ ဖြည်းနှေးစွာ ဝင်စား၍ လျင်မြန်စွာ ထသော ပုဂ္ဂိုလ်၊
၂။ လျင်မြန်စွာ ဝင်စား၍ ဖြည်းနှေးစွာ ထသော ပုဂ္ဂိုလ်၊
၃။ ဖြည်း နှေးစွာ ဝင်စား၍ ဖြည်းနှေးစွာ ထသော ပုဂ္ဂိုလ်၊
၄။ လျင်မြန်စွာ ဝင်စား၍ လျင်မြန်စွာ ထသော ပုဂ္ဂိုလ်။ (အဘိ၊ဝိ၊၃၅၅။) (အဘိ၊ဝိ၊မြန်၊၂။၄၄၀။)♦

ပုဂ္ဂိုလ် ၄ မျိုး (တစ်နည်း) (ဈာန်ဝင်စားသော ပုဂ္ဂိုလ် ၄ မျိုး)

၁။ သမာဓိဈာန်အရာ၌ စိတ်ကို ထားရန် လိမ္မာ၍ သမာပတ်ဝင်စားရန် မလိမ္မာသော ပုဂ္ဂိုလ်၊
၂။ သမာဓိဈာန်အရာ၌ သမာပတ်ဝင်စားရန် လိမ္မာ၍ စိတ်ကို ထားရန် မလိမ္မာသော ပုဂ္ဂိုလ်၊
၃။ သမာဓိဈာန်အရာ၌ စိတ်ကိုထားရန် လိမ္မာ၍ သမာပတ်ဝင်စားရန်လည်း လိမ္မာသော ပုဂ္ဂိုလ်၊
၄။ သမာဓိဈာန် အရာ၌ စိတ်ကို ထားရန် မလိမ္မာ၍ သမာပတ်ဝင်စားရန်လည်း မလိမ္မာသော ပုဂ္ဂိုလ်။ (အဘိ၊ဝိ၊၃၅၆။) (အဘိ၊ဝိ၊မြန်၊၂။၄၄၀။)♦

ပုဂ္ဂိုလ် ၄ မျိုး (တစ်နည်း) (တမောတမပရာယန-စသော ပုဂ္ဂိုလ် ၄ မျိုး)

၁။ ဒွန်းစဏ္ဍားမျိုး သူဆင်းရဲမျိုး စသည်၌ ဖြစ်၍ မကောင်းမှု ဒုစရိုက်တို့ကို ပြုကျင့်သဖြင့် သေလွန်သော အခါ အပါယ်ငရဲသို့ ကျရောက်ကုန်သော တမောတမပရာယဏပုဂ္ဂိုလ် (အမှောင်၌ ဖြစ်၍ အမှောင်သို့ သွားသော ပုဂ္ဂိုလ်)၊
၂။ ဒွန်းစဏ္ဍားမျိုး သူဆင်းရဲမျိုး စသည်၌ ဖြစ်သော်လည်း ကုသိုလ်ကောင်းမှု သုစရိုက်တရားတို့ကို ပြုကျင့်သဖြင့် သေလွန်သော အခါ နတ်ပြည်သို့ ရောက်ကုန်သော တမောဇောတိပရာယဏပုဂ္ဂိုလ် (အမှောင်၌ ဖြစ်၍ အလင်းသို့ သွားသော ပုဂ္ဂိုလ်)၊
၃။ သူဋ္ဌေးသူကြွယ်မျိုး စသည်၌ ဖြစ်သော်လည်း မကောင်းမှု ဒုစရိုက်တရားတို့ကို ပြုကျင့်သဖြင့် သေလွန်သော အခါ အပါယ်ငရဲသို့ ကျရောက်ကုန်သော ဇောတိတမပရာယဏ ပုဂ္ဂိုလ် (အလင်း၌ဖြစ်၍ အမှောင်သို့ သွားသော ပုဂ္ဂိုလ်)၊
၄။ သူဋ္ဌေးသူကြွယ်မျိုး စသည်၌ ဖြစ်၍ ကုသိုလ်ကောင်းမှု ကာယသုစရိုက် တရားတို့ကို ပြုကျင့်သဖြင့် သေလွန်သော အခါ နတ်ပြည်သို့ ရောက်ကုန်သော ဇောတိဇောတိပရာယဏပုဂ္ဂိုလ် (အလင်း၌ဖြစ်၍ အလင်းသို့ သွားသော ပုဂ္ဂိုလ်)။ (သံ၊၁၊၉၄။) (အဘိ၊ပု၊၁၀၉။) (အဘိ၊ပု၊၁၅၉။) (နေတ္တိ၊ဋ္ဌ၊၁၃၂။) (သံ၊မြန်၊၁။၉၁။) (အဘိ၊ပု၊မြန်။၈။၆၃။) (အဘိ၊ပု၊မြန်။၈။၆၃။)♦

ပုဂ္ဂိုလ် ၄ မျိုး (တစ်နည်း) (ဓုတ န ဓုတဝါဒ စသော ပုဂ္ဂိုလ် ၄ မျိုး)

၁။ ဓုတ န ဓုတဝါဒ- မိမိကိုယ်တိုင်သာ ဓုတင်အကျင့်တို့ကို ဆောက်တည်၍ သူတစ်ပါးတို့အား မဆောက်တည် စေသော ပုဂ္ဂိုလ်၊
၂။ န ဓုတ ဓုတဝါဒ- မိမိကိုယ်တိုင် ဓုတင်အကျင့်တို့ကို မဆောက်တည်ဘဲ သူတစ်ပါးတို့အား ဆောက်တည်စေသော ပုဂ္ဂိုလ်၊
၃။ နေဝ ဓုတ န ဓုတဝါဒ- မိမိကိုယ်တိုင်လည်း ဓုတင်အကျင့်ကို မဆောက်တည်, သူတစ်ပါးကိုလည်း မဆောက်တည်စေသော ပုဂ္ဂိုလ်၊
၄။ ဓုတ ဓုတဝါဒ- မိမိကိုယ်တိုင်လည်း ဓုတင်အကျင့်ကို ဆောက်တည်ပြီး သူတစ်ပါးကိုလည်း ဆောက်တည်စေသော ပုဂ္ဂိုလ်။ (ဥဒါန၊ဋ္ဌ၊၂၂၉။)♦

ပုဂ္ဂိုလ် ၄ မျိုး (တစ်နည်း) (ပမာဏပြုခြင်းနှင့် စပ်၍ ကြည်ညိုသော ပုဂ္ဂိုလ် ၄ မျိုး)

၁။ ရုပ်ကိုသာ ပမာဏပြု၍ ရုပ်၌ ကြည်ညိုသော ပုဂ္ဂိုလ်၊
၂။ အသံကိုသာ ပမာဏပြု၍ အသံ၌သာ ကြည်ညိုသော ပုဂ္ဂိုလ်၊
၃။ ခေါင်းပါးမှုကိုသာ ပမာဏပြု၍ ခေါင်းပါးခြင်း၌ ကြည်ညိုသော ပုဂ္ဂိုလ်၊
၄။ တရားဓမ္မကိုသာ ပမာဏပြု၍ တရားဓမ္မ၌ ကြည်ညိုသော ပုဂ္ဂိုလ်။ (အံ၊၁၊၃၈၂။) (အံ၊မြန်၊၁။၃၉၇။)♦

ပုဂ္ဂိုလ် ၄ မျိုး (တစ်နည်း) (ပရိသတ်၌ တင့်တယ်စေသော ပုဂ္ဂိုလ် ၄ ယောက်)

၁။ သီလရှိသော ကောင်းသော အကျင့်ရှိသော ရဟန်းယောကျ်ား (ဘိက္ခု။)၊
၂။ သီလရှိသော ကောင်းသော အကျင့်ရှိသော ရဟန်းမ (ဘိက္ခုနီ။)၊
၃။ သီလရှိသော ကောင်းသော အကျင့် ရှိသော ဒါယကာ (ဥပါသကာ)၊
၄။ သီလရှိသော ကောင်းသော အကျင့်ရှိသော ဒါယိကာမ (ဥပါသိကာ)။ (ဝိ၊၅၊၂၂၆။) (ဝိ၊မြန်၊၅။၃၁၄။)♦

ပုဂ္ဂိုလ် ၄ မျိုး (တစ်နည်း) (ပရိသတ်ကို ဖျက်ဆီးတတ်သော ပုဂ္ဂိုလ် ၄ ယောက်)

၁။ သီလမရှိ ယုတ်မာသော အကျင့်ရှိသော ရဟန်း (ဘိက္ခု)၊
၂။ သီလမရှိ၊ ယုတ်မာသော အကျင့်ရှိသော ရဟန်းမ (ဘိက္ခုနီ)၊
၃။ သီလမရှိ ယုတ်မာသော အကျင့်ရှိသော ဒါယကာ (ဥပါသကာ)၊
၄။ သီလ မရှိ ယုတ်မာသော အကျင့်ရှိသော ဒါယိကာမ (ဥပါသိကာ) ။ (ဝိ၊၅၊၂၂၆။) (ဝိ၊မြန်၊၅။၃၁၄။)♦

ပုဂ္ဂိုလ် ၄ မျိုး (တစ်နည်း) (ပါပ စသော ပုဂ္ဂိုလ် ၄ ပါး)

၁။ သူ့အသက်သတ်ခြင်း စသည်ကို ပြုလေ့ရှိသဖြင့် ယုတ်မာသော ပါပပုဂ္ဂိုလ်၊
၂။ သူ့အသက်သတ်ခြင်း စသည်ကို မိမိ ကိုယ်တိုင်လည်း ပြုလုပ်လျက်၊ သူတစ်ပါးတို့ကိုလည်း ပြုလုပ်စေသော ယုတ်မာသော ပုဂ္ဂိုလ်အောက် သာလွန်၍ ယုတ်မာသော ပါပေနပါပတရပုဂ္ဂိုလ်၊
၃။ သူ့အသက်သတ်ခြင်း စသည်မှ ရှောင်ကြဉ်သဖြင့် ကောင်းမြတ်သော ကလျာဏပုဂ္ဂိုလ်၊
၄။ သူ့အသက် သတ်ခြင်း စသည်မှ မိမိကိုယ်တိုင်လည်း ရှောင်ကြဉ်၍ သူတစ်ပါးတို့ကိုလည်း ရှောင်ကြဉ်စေတတ်သော ကောင်းမြတ်သော ပုဂ္ဂိုလ်ထက် သာလွန်၍ ကောင်းမြတ်သော ကလျာဏေန ကလျာဏတရ ပုဂ္ဂိုလ်။ (အဘိ၊ပု၊၁၀၇။) (အဘိ၊ပု၊၁၄၄။) (အဘိ၊ပု၊မြန်။၆။၄၈။) (အဘိ၊ပု၊မြန်။၆။၄၈။)♦

ပုဂ္ဂိုလ် ၄ မျိုး (တစ်နည်း) (ပါပဓမ္မ-စသော ပုဂ္ဂိုလ် ၄ မျိုး)

၁။ သူ့အသက်သတ်ခြင်း စသည်ကို ပြုလေ့ရှိသဖြင့် ယုတ်ညံ့သော အကျင့်ရှိသော ပါပဓမ္မပုဂ္ဂိုလ်၊
၂။ မိမိကိုယ်တိုင်လည်း သူ့ အသက်သတ်ခြင်း စသော အမှုကို ပြုလျက် သူ့တစ်ပါးတို့အားလည်း သူ့အသက်သတ်ခြင်း စသော အမှုကို ပြုလုပ်စေတတ်သော ယုတ်ညံ့သော အကျင့်ရှိသူအောက် သာလွန်၍ ယုတ်ညံ့သော အကျင့်ရှိသော ပါပဓမ္မေန ပါပဓမ္မတရပုဂ္ဂိုလ်၊
၃။ သူ့အသက်သတ်ခြင်း စသည်မှ ရှောင်ကြဉ်သဖြင့် ကောင်းမြတ်သော အကျင့်ရှိသော ကလျာဏဓမ္မပုဂ္ဂိုလ်၊
၄။ မိမိကိုယ်တိုင် လည်း သူ့အသက်သတ်ခြင်းစသည်မှ ရှောင်ကြဉ်၍ သူတစ်ပါးတို့အားလည်း ရှောင်ကြဉ်စေ တတ်သော ကောင်းသော အကျင့်ရှိသူထက် သာ၍ကောင်းသော အကျင့်ရှိသော ကလျာဏ ဓမ္မေန ကလျာဏဓမ္မတရပုဂ္ဂိုလ်။ (အဘိ၊ပု၊၁၀၇။) (အဘိ၊ပု၊၁၄၆။) (အဘိ၊ပု၊မြန်၊၆။၄၉။)♦

ပုဂ္ဂိုလ် ၄ မျိုး (တစ်နည်း) (ဘုရားရှင်ပွင့်ထွန်းသော ကာလ၌ သီလကို ဟောပြသော ပုဂ္ဂိုလ် ၄ မျိုး)

၁။ ရဟန်းသံဃာ၊
၂။ ရဟန်းမသံဃာ၊
၃။ ဥပါသကာ သီတင်းသည်ယောက်ျားတို့၊
၄။ ဥပါသိကာ သီတင်းသည်မိန်းမတို့။ (အဘိ၊ဋ္ဌ၊၂၊၃၉၅။)♦

ပုဂ္ဂိုလ် ၄ မျိုး (တစ်နည်း) (မဆင်မခြင်ပြုလုပ်တတ်သော ပုဂ္ဂိုလ် ၄ မျိုး)

၁။ ဉာဏ်ဖြင့် မဆင်ခြင် မသက်ဝင်မူ၍ မချီးမွမ်းထိုက်သော မကောင်းသောအကျင့် မှားသောအကျင့် ရှိကုန်သော တိတ္ထိ ဆရာကြီးများနှင့် ယင်းတို့၏ တပည့်သာဝကတို့အား ကောင်းစွာ ကျင့်သူ၊ မှန်စွာ ကျင့်သူများ ဖြစ်ကြ၏ဟု ဂုဏ်ကျေးဇူးကို ပြောဆိုတတ်သော ပုဂ္ဂိုလ်၊
၂။ ဉာဏ်ဖြင့် မဆင်ခြင် မသက်ဝင်မူ၍ ချီးမွမ်းထိုက်သော ကောင်းသောအကျင့် မှန်သောအကျင့်ရှိကုန်သော ဘုရား ရှင်နှင့် ယင်းတို့၏ တပည့်သာဝကတို့အား အကျင့်မကောင်းသူ အကျင့်မှားသူများ ဖြစ်ကြ ၏ဟု ဂုဏ်ကျေးဇူးမဲ့ကို ပြောဆိုတတ်သော ပုဂ္ဂိုလ်၊
၃။ ဉာဏ်ဖြင့် မဆင်ခြင် မသက်ဝင် မူ၍ မကြည်ညိုထိုက်သော အရာ၌ မကောင်းသောအကျင့်, မှားသောအကျင့်ကို ကောင်းသော အကျင့်, မှန်သောအကျင့်ဟု ကြည်ညိုခြင်းကို ဖြစ်စေတတ်သော ပုဂ္ဂိုလ်၊
၄။ ဉာဏ်ဖြင့် မဆင်ခြင် မသက်ဝင်မှု၍ ကြည်ညိုထိုက်သော အရာ၌ ကောင်းသောအကျင့်, မှန်သော အကျင့်ကို မကောင်းသောအကျင့်, မှားယွင်းသောအကျင့်ဟု မကြည်ညိုခြင်းကို ဖြစ်စေ တတ်သော ပုဂ္ဂိုလ်။ (အဘိ၊ပု၊၁၀၈။) (အဘိ၊ပု၊၁၅၆။) (အဘိ၊ပု၊မြန်။၇။၆၀။) (အဘိ၊ပု၊ မြန်။၇။၆၀။)♦

ပုဂ္ဂိုလ် ၄ မျိုး (တစ်နည်း) (မိမိကိုယ်ကို ပူလောင်စေတတ်သော ပုဂ္ဂိုလ် စသော ပုဂ္ဂိုလ် ၄ မျိုး)

၁။ မိမိကိုယ်ကို ပူလောင်ဆင်းရဲစေသည် ဖြစ်၍ ပူလောင်ဆင်းရဲစေခြင်းနှင့် ယှဉ်သော အမှုကို အဖန်ဖန်အားထုတ်သော အတ္တန္တပပုဂ္ဂိုလ်၊
၂။ သူတစ်ပါးကို ပူလောင်ဆင်းရဲစေသည် ဖြစ်၍ ပူလောင်ဆင်းရဲစေခြင်းနှင့် ယှဉ်သော အမှုကို အဖန်ဖန်အားထုတ်သော ပရန္တပပုဂ္ဂိုလ်၊
၃။ မိမိကိုယ်ကို လည်းကောင်း, သူတစ်ပါးကိုလည်းကောင်း နှစ်ဦးလုံးကို ပူလောင်ဆင်းရဲ စေသည် ဖြစ်၍ ပူလောင်ဆင်းရဲစေခြင်းနှင့် ယှဉ်သော အမှုကို အဖန်ဖန်အားထုတ်သော အတ္တပရန္တပပုဂ္ဂိုလ်၊
၄။ မိမိကိုယ်ကိုလည်းကောင်း, သူတစ်ပါးကိုလည်းကောင်း နှစ်ဦးလုံးကို မပူလောင် မဆင်းရဲစေသည် ဖြစ်၍ ယင်းပူလောင်ဆင်းရဲစေခြင်းနှင့် ယှဉ်သော အမှုကို အဖန်အဖန် အားမထုတ်သော နအတ္တပရန္တပပုဂ္ဂိုလ်။ (ဒီ၊၃၊၁၉၄။) (အဘိ၊ပု၊၁၀၉။) (အဘိ၊ပု၊ ၁၆၅။) (ဒီ၊မြန်၊၃။၂၁၆။) (အဘိ၊ပု၊မြန်။၈။၆၇။) (အဘိ၊ပု၊မြန်။၈။၆၇။)♦

ပုဂ္ဂိုလ် ၄ မျိုး (တစ်နည်း) (ယုတ္တပ္ပဋိဘာန စသော ပုဂ္ဂိုလ် ၄ မျိုး)

၁။ ပြဿနာကို မေးအပ်သည် ရှိသော် သင့်လျော်စွာ ဖြေဆိုတတ်လျက် လွတ်လွတ်လပ်လပ် သွက်လက်လျင်မြန်စွာ မဖြေဆိုတတ်သော ယုတ္တပ္ပဋိဘာန နောမုတ္တပ္ပဋိဘာနပုဂ္ဂိုလ်၊
၂။ ပြဿနာကို မေးအပ်သည် ရှိသော် သွက်လက်မြန်စွာ လွတ်လွတ်လပ်လပ် ဖြေဆိုတတ်လျက် သင့်လျော်သည်ကို မဖြေဆိုတတ်သော မုတ္တပ္ပဋိဘာနနောယုတ္တပ္ပဋိဘာနပုဂ္ဂိုလ်၊
၃။ ပြဿနာကို မေးအပ်သည် ရှိသော် သင့်လျော် စွာလည်း ဖြေဆိုတတ်၍ သွက်လက်လျင်မြန်စွာ လွတ်လွတ်လပ်လပ်လည်း ဖြေဆိုတတ်သော ယုတ္တပ္ပဋိဘာန မုတ္တပ္ပဋိဘာနပုဂ္ဂိုလ်၊
၄။ ပြဿနာကို မေးအပ်သည်ရှိသော် သင့်လျော်စွာလည်း မဖြေဆိုတတ်ဘဲ သွက်လက်လျင်မြန်စွာ လွတ်လွတ်လပ်လပ်လည်း မဖြေဆိုတတ်သော နောယုတ္တပ္ပဋိဘာန နောမုတ္တပ္ပဋိဘာနပုဂ္ဂိုလ်။ (အဘိ၊ပု၊၁၀၈။) (အဘိ၊ပု၊ ၁၄၇။) (အဘိ၊ပု၊မြန်။၇။၅၀။) (အဘိ၊ပု၊မြန်။၇။၅၀။)♦

ပုဂ္ဂိုလ် ၄ မျိုး (တစ်နည်း) (ရူပပ္ပမာဏစသော ပုဂ္ဂိုလ် ၄ မျိုး)

၁။ ရုပ်အဆင်းလျှင် အတိုင်းအရှည် ရှိသော ရူပပ္ပမာဏပုဂ္ဂိုလ်၊
၂။ ရုပ်အဆင်း၌ ကြည်ညိုသော ရူပပ္ပသန္နပုဂ္ဂိုလ်၊
၃။ အသံလျှင် အတိုင်းအရှည်ရှိသော ပုဂ္ဂိုလ်၊
၄။ အသံ၌ ကြည်ညိုသော ဃောသပ္ပသန္နပုဂ္ဂိုလ်။ (အဘိ၊ပု၊ ၁၀၉။) (အဘိ၊ပု၊၁၆၁။) (အဘိ၊ပု၊မြန်။၈။၆၅။) (အဘိ၊ပု၊မြန်။၈။၆၅။)♦

ပုဂ္ဂိုလ် ၄ မျိုး (တစ်နည်း) (လူခပ္ပမာဏစသောပုဂ္ဂိုလ် ၄ မျိုး)

၁။ ခေါင်းပါးခြင်းလျှင် အတိုင်းအရှည်ရှိသော လူခပ္ပမာဏပုဂ္ဂိုလ်၊
၂။ ခေါင်းပါးခြင်း၌ ကြည်ညိုသော လူခပ္ပသန္န ပုဂ္ဂိုလ်၊
၃။ တရားလျှင်အတိုင်းအရှည်ရှိသော ဓမ္မပ္ပမာဏပုဂ္ဂိုလ်၊
၄။ တရား၌ ကြည်ညိုသော ဓမ္မပ္ပသန္န ပုဂ္ဂိုလ်။ (အဘိ၊ပု၊၁၀၉။) (အဘိ၊ပု၊၁၆၂။) (အဘိ၊ပု၊မြန်။၈။၆၆။) (အဘိ၊ပု၊မြန်။၈။၆၆။)♦

ပုဂ္ဂိုလ် ၄ မျိုး (တစ်နည်း) (သရာဂ စသော ပုဂ္ဂိုလ် ၄ မျိုး)

၁။ ရာဂကို မပယ်ရသေးသဖြင့် ရာဂ ရှိနေသော ရာဂနှင့် တကွဖြစ်သော သရာဂပုဂ္ဂိုလ်၊
၂။ ဒေါသကို မပယ်ရသေးသဖြင့် ဒေါသ ရှိနေသော ဒေါသနှင့် တကွဖြစ်သော သဒေါသပုဂ္ဂိုလ်၊
၃။ မောဟကို မပယ်ရသေးသဖြင့် မောဟရှိနေသော မောဟနှင့် တကွဖြစ်သော သမောဟပုဂ္ဂိုလ်၊
၄။ မာနကို မပယ်ရသေးသဖြင့် မာနရှိသော မာနနှင့် တကွဖြစ်သော သမာနပုဂ္ဂိုလ်။ (အဘိ၊ပု၊၁၁၀။) (အဘိ၊ပု၊၁၇၀။) (အဘိ၊ပု၊မြန်။၉။၇၄။) (အဘိ၊ပု၊မြန်။၉။၇၄။)♦

ပုဂ္ဂိုလ် ၄ မျိုး (တစ်နည်း) (သာဝဇ္ဇ-စသော ပုဂ္ဂိုလ် ၄ မျိုး)

၁။ အပြစ်ရှိသော ကာယကံ, ဝစီကံ, မနောကံတို့နှင့် ပြည့်စုံသော သာဝဇ္ဇပုဂ္ဂိုလ်၊
၂။ အပြစ်ရှိသော ကာယကံ, ဝစီကံ, စသည်တို့နှင့် များစွာပြည့်စုံလျက် အပြစ်မရှိသော ကာယကံ, ဝစီကံ စသည်တို့နှင့် အနည်းငယ် ပြည့်စုံသော ဝဇ္ဇဗဟုလပုဂ္ဂိုလ်၊
၃။ အပြစ်မရှိသော ကာယကံ စသည်တို့နှင့် များစွာပြည့်စုံလျက် အပြစ်ရှိသော ကာယကံ စသည်တို့နှင့် အနည်းငယ်မျှသာ ပြည့်စုံသော အပ္ပဝဇ္ဇပုဂ္ဂိုလ်၊
၄။ အပြစ်မရှိသော ကာယကံ, ဝစီကံ, မနောကံတို့နှင့် ပြည့်စုံသော အနဝဇ္ဇပုဂ္ဂိုလ်။ (အဘိ၊ပု၊၁၀၇။) (အဘိ၊ပု၊၁၄၆။) (အဘိ၊ပု၊မြန်။၆။၄၉။) (အဘိ၊ပု၊မြန်။၆။၄၉။)♦

ပုဂ္ဂိုလ် ၄ မျိုး (တစ်နည်း) (အတ္တဟိတ ပဋိပန္နစသော ပုဂ္ဂိုလ် ၄ မျိုး)

၁။ မိမိ၏ အကျိုးစီးပွား အတွက်သာ ကျင့်၍ သူတစ်ပါးတို့၏ အကျိုးစီးပွားအတွက် မကျင့်သော အတ္တဟိတပဋိပန္န ပုဂ္ဂိုလ်၊
၂။ သူတစ်ပါးတို့၏ အစီးအပွားအတွက်သာ ကျင့်၍ မိမိ၏ အစီးအပွားအတွက် မကျင့်သော ပရဟိတပဋိပန္နပုဂ္ဂိုလ်၊
၃။ မိမိ၏ အစီးအပွားအတွက်လည်း ကျင့်၍ သူတစ်ပါး တို့၏ အစီးအပွားအတွက်လည်း ကျင့်သော အတ္တပရဟိတပဋိပန္နပုဂ္ဂိုလ်၊
၄။ မိမိ၏ အစီးအပွား အတွက်လည်း မကျင့်မူ၍ သူတစ်ပါးတို့၏ အစီးအပွားအတွက်လည်း မကျင့်သော န အတ္တ ပရဟိတပုဂ္ဂိုလ်။ (အဘိ၊ပု၊၁၀၉။) (အဘိ၊ပု၊၁၆၂။) (အဘိ၊ပု၊မြန်။၈။၆၆။) (အဘိ၊ပု၊မြန်။၈။၆၆။)♦

ပုဂ္ဂိုလ် ၄ မျိုး (တစ်နည်း) (အနင်္ဂဏသုတ်လာ ပုဂ္ဂိုလ် ၄ မျိုး)

၁။ မိမိ၏ စိတ်အစဉ်၌ ကိလေသာအညစ်အကြေး ရှိနေပါလျက် ကိလေသာအညစ်အကြေး ရှိ၏ဟု အမှန်အတိုင်း မသိသော ပုဂ္ဂိုလ်၊
၂။ မိမိ၏ စိတ်အစဉ်၌ ကိလေသာအညစ်အကြေး ရှိနေသည်ကို ကိလေသာ အညစ်အကြေးရှိ၏ဟု အမှန်အတိုင်းသိသော ပုဂ္ဂိုလ်၊
၃။ မိမိ၏ စိတ်အစဉ်၌ ကိလေသာ အညစ်အကြေး မရှိခြင်းကို ကိလေသာအညစ်အကြေး မရှိဟု အမှန်အတိုင်း မသိသော ပုဂ္ဂိုလ်၊
၄။ မိမိ၏ စိတ်အစဉ်၌ ကိလေသာအညစ်အကြေး မရှိခြင်းကို ကိလေသာအညစ်အကြေး မရှိဟု အမှန်အတိုင်းသိသော ပုဂ္ဂိုလ်။ (မ၊၁၊၂၉။) (မ၊မြန်၊၁။၃၃။)♦

ပုဂ္ဂိုလ် ၄ မျိုး (တစ်နည်း) (အနုသောတဂါမီ စသော ပုဂ္ဂိုလ် ၄ မျိုး)

၁။ ကာမဂုဏ်တို့ကို မှီဝဲလျက် မကောင်းမှုတို့ကို ပြုလုပ််ခြင်းကြောင့် သံသရာဝဋ်ဆင်းရဲ ရေအယဉ်သို့ အစဉ် လိုက်ပါနေရသော အနုသောတဂါမီ ပုဂ္ဂိုလ်၊
၂။ ကာမဂုဏ်တို့ကို မမှီဝဲဘဲ မကောင်းမှုတို့မှ ရှောင်ကြဉ်ခြင်းကြောင့် သံသရာဝဋ်ဆင်းရဲ ရေအယဉ်သို့ အစဉ်မလိုက်ပါမူ၍ ဝဋ်ရေအယဉ်၏ အထက်သို့ ဆန်တတ်သော ပဋိသောတဂါမိပုဂ္ဂိုလ်၊
၃။ အောက်ပိုင်းသံယောဇဉ် ငါးပါး ကုန်ခြင်းကြောင့် ရူပဘုံမှ ဤကာမဘုံသို့ ပြန်မလည်တော့ဘဲ တည်တံ့သော သဘောရှိသော ဝှိတတ္တပုဂ္ဂိုလ်၊
၄။ တဏှာရေအယဉ် သံသရာရေအယဉ်ကို ကူးမြောက်ပြီးသည်ဖြစ်၍ နိဗ္ဗာန် တည်းဟူသော တစ်ဖက်ကမ်းသို့ ရောက်လျက် အရဟတ္တဖိုလ်တည်းဟူသော ကြည်းကုန်း၌ တည်သော တိဏ္ဏပါရင်္ဂတပုဂ္ဂိုလ်။ (အဘိ၊ပု၊၁၁၀။) (အဘိ၊ပု၊၁၇၁။) (အဘိ၊ပု၊မြန်။၉။၇၅။) (အဘိ၊ပု၊မြန်။၉။၇၅။)♦

ပုဂ္ဂိုလ် ၄ မျိုး (တစ်နည်း) (အပ္ပဿုတ-စသောပုဂ္ဂိုလ် ၄ မျိုး)

၁။သုတ္တဂေယျ စသော အကြားအမြင် နည်းသည်ဖြစ်၍ အကြားအမြင်နှင့် မပြည့်စုံသော အပ္ပဿုတသုတေန အနူပပန္နပုဂ္ဂိုလ်၊
၂။သုတ္တဂေယျစသော အကြားအမြင်နည်းသည်ဖြစ်၍ ထိုအနည်းငယ်သောသုတ္တဂေယျ စသော အကြားအမြင်၏ အနက်ကို သိလျက် လောကုတ္တရာ တရားအားလျော်စွာ ကျင့်သော အပ္ပဿုတသုတေန ဥပပန္နပုဂ္ဂိုလ်၊
၃။ သုတ္တ-ဂေယျ-ဝေယျာကရဏစသော အကြားအမြင် များသည်ဖြစ်၍ ထိုများစွာသောသုတ္တဂေယျစသော အကြားအမြင်၏ အနက်ကို မသိဘဲ လောကုတ္တရာတရားအားလျော်စွာ မကျင့်သော ဗဟုဿုတသုတေန အနူပပန္နပုဂ္ဂိုလ်၊
၄။သုတ္တဂေယျစသော အကြားအမြင်များသည်ဖြစ်၍ ထိုများစွာသောသုတ္တဂေယျစသော အကြား အမြင်၏ အနက်ကို သိလျက် လောကုတ္တရာတရားအားလျော်စွာ ကျင့်သော ဗဟုဿုတ သုတေန ဥပပန္နပုဂ္ဂိုလ်။ (အဘိ၊ပု၊၁၁၀။) (အဘိ၊ပု၊၁၇၂။) (အဘိ၊ပု၊၁၇၃။) (အဘိ၊ပု၊မြန်။၉။၇၆။) (အဘိ၊ပု၊မြန်။၉။၇၆။) (အဘိ၊ပု၊မြန်။၉။၇၇။)♦

ပုဂ္ဂိုလ် ၄ မျိုး (တစ်နည်း) (အသက်မွေးမှုပြုသော ပုဂ္ဂိုလ် ၄ မျိုး)

၁။ လုံ့လ၏ အကျိုးကိုသာ မှီ၍ အသက်မွေးလျက် ရှေးကောင်းမှုကုသိုလ်ကံ၏ အကျိုးကို မမှီဘဲ အသက်မွေးသော ပုဂ္ဂိုလ်၊
၂။ ရှေးကောင်းမှုကုသိုလ်ကံ၏ အကျိုးကိုသာ မှီ၍ အသက်မွေးလျက် လုံ့လ၏ အကျိုးကို မမှီဘဲ အသက်မွေးသော ပုဂ္ဂိုလ်၊
၃။ လုံ့လအကျိုးကိုလည်းမှီ, ရှေးကုသိုလ်ကောင်းမှုကံ၏ အကျိုး ကိုလည်း မှီ၍ အသက်မွေးသော ပုဂ္ဂိုလ်၊
၄။ လုံ့လ၏ အကျိုးကိုလည်း မမှီ, ရှေးကောင်းမှု ကုသိုလ်ကံ၏ အကျိုးကိုလည်း မမှီဘဲ အသက်မွေးသော ပုဂ္ဂိုလ်။ (အဘိ၊ပု၊၁၀၉။) (အဘိ၊ပု၊ ၁၅၈။) (အဘိ၊ပု၊မြန်။၈။၆၂။) (အဘိ၊ပု၊မြန်။၈။၆၂။)♦

ပုဂ္ဂိုလ် ၄ မျိုး (တစ်နည်း) (အသပ္ပုရိသ စသော ပုဂ္ဂိုလ် ၄ မျိုး)

၁။ သူ့အသက် သတ်ခြင်း, သူ့ဥစ္စာကို ခိုးခြင်း စသည်ကို ပြုလေ့ရှိသဖြင့် သူတော်ကောင်းမဟုတ်သော အသပ္ပုရိသ ပုဂ္ဂိုလ်၊
၂။ မိမိကိုယ်တိုင်လည်း သူ့အသက်သတ်ခြင်း စသည်ကို ပြုလျက် သူတစ်ပါးတို့ အားလည်း သူ့အသက်သတ်ခြင်း စသည်ကို ပြုလုပ်စေတတ်သော သူတော်မဟုတ်သူအောက် သာလွန်၍ သူတော်ကောင်းမဟုတ်သော- အသပ္ပုရိသေန အသပ္ပုရိသတရပုဂ္ဂိုလ်၊
၃။ သူ့ အသက်သတ်ခြင်း စသည်မှ ရှောင်ကြဉ်သဖြင့် သူတော်ကောင်းဖြစ်သော သပ္ပုရိသပုဂ္ဂိုလ်၊
၄။ မိမိကိုယ်တိုင်လည်း သူ့အသက်သတ်ခြင်း စသည်မှ ရှောင်ကြဉ်လျက် သူတစ်ပါး တို့ကိုလည်း သူ့အသက်သတ်ခြင်း စသည်မှ ရှောင်ကြဉ်စေတတ်သော သူတော်ကောင်းထက် သာလွန်၍ သူတော်ကောင်းဖြစ်သော သပ္ပုရိသေန သပ္ပုရိသတရပုဂ္ဂိုလ်။ (အဘိ၊ပု၊၁၀၇။) (အဘိ၊ပု၊၁၄၃။) (အဘိ၊ပု၊မြန်။၆။၄၇။) (အဘိ၊ပု၊မြန်။၆။၄၇။)♦

ပုဂ္ဂိုလ် ၄ မျိုး (တစ်နည်း) (ဩဏတောဏတ-စသော ပုဂ္ဂိုလ် ၄ မျိုး)

၁။ အောက်မှလာ၍ အောက်သို့ညွတ်သော ဩဏတောဏတပုဂ္ဂိုလ်၊
၂။ အောက်မှလာ၍ အထက်သို့ညွတ်သော ဩဏတုဏ္ဏတပုဂ္ဂိုလ်၊
၃။ အထက်မှလာ၍ အောက်သို့ညွတ်သော ဥဏ္ဏတောဏတပုဂ္ဂိုလ်၊
၄။ အထက်မှလာ၍ အထက်သို့ညွတ်သော ဥဏ္ဏတုဏ္ဏတပုဂ္ဂိုလ်။ (အဘိ၊ပု၊၁၀၉။) (အဘိ၊ပု၊ ၁၆၀။) (အဘိ၊ပု၊မြန်။၈။၆၄။) (အဘိ၊ပု၊မြန်။၈။၆၄။)♦

ပုဂ္ဂိုလ် ၄ မျိုး (မတုန်မလှုပ်တတ်သော ရဟန်း-စသော ရဟန်း ၄ မျိုး)

အပ္ပဿုတ-စသော ပုဂ္ဂိုလ် ၄ မျိုးနှင့် တူသည်။ ♦

ပုဂ္ဂိုလ် ၄ မျိုး(တစ်နည်း)

၁။ မိမိ၏ အကျိုးငှာ ကျင့်သည်ဖြစ်၍ သူတစ်ပါး၏ အကျိုးငှာ မကျင့်သော ပုဂ္ဂိုလ်၊
၂။ သူတစ်ပါး၏ အကျိုးငှာ ကျင့်သည်ဖြစ်၍ မိမိ၏ အကျိုးငှာ မကျင့်သော ပုဂ္ဂိုလ်၊
၃။ မိမိ၏ အကျိုးငှာ မကျင့်သည်ဖြစ်၍ သူတစ်ပါး၏ အကျိုးငှာလည်း မကျင့်သော ပုဂ္ဂိုလ်၊
၄။ မိမိ၏ အကျိုးငှာလည်းကောင်း သူတစ်ပါး၏ အကျိုးငှာလည်းကောင်း ကျင့်သော ပုဂ္ဂိုလ်။ (ဒီ၊၃၊၁၉၄။) (မ၊ဋ္ဌ၊၂၊၄၃။) (ဒီ၊မြန်၊၃။၂၁၆-၂၁၇။)♦

ပုဂ္ဂိုလ် ၄ မျိုး(တစ်နည်း) (သူယုတ်မာ သူတော်ကောင်း ဆိုင်ရာ ပုဂ္ဂိုလ် ၄ မျိုး)

၁။ သူယုတ်မာ ပုဂ္ဂိုလ်၊
၂။ သူယုတ်မာထက် သူယုတ်မာပုဂ္ဂိုလ်၊
၃။ သူတော်ကောင်းပုဂ္ဂိုလ်၊
၄။ သူတော် ကောင်းထက် သူတော်ကောင်းပုဂ္ဂိုလ်။ (အံ၊၁၊၅၃၉၊၅၄၀။) (အံ၊၁၊၅၄၄။) (အံ၊မြန်၊၁။၅၅၅။) (အံ၊မြန်၊၁။၅၅၅။)♦

ပုဂ္ဂိုလ် ၅ မျိုး (ပေးလှူပြီး မထီမဲ့မြင် ပြုလုပ်တတ်သော ပုဂ္ဂိုလ်-စသော ပုဂ္ဂိုလ် ၅ မျိုး)

၁။ သင်္ကန်း စသော ပစ္စည်းလေးပါးကို ပေးလှူပြီးနောက် ‘‘ငါသည် ပေးလှူ၏၊ ဤသူသည် ခံယူ၏’’ ဟု ပေးလှူပြီး မထိမဲ့မြင်ပြုတတ်သော ဒတွာ အဝဇာနနပုဂ္ဂိုလ်၊
၂။ နှစ်နှစ် သုံးနှစ် စသည် ပေါင်းသင်းဆက်ဆံပြီးနောက် မထီမဲ့မြင်ပြုလုပ်တတ်သော သံဝါသေန အဝဇာနနပုဂ္ဂိုလ်၊
၃။ သူတစ်ပါးတို့သည် ကျေးဇူးရှိ ကျေးဇူးမဲ့ကို ပြောဆိုသည်ရှိသော် လက်ဦးစကားကိုသာ အကြောင်းရင်းထား၍ လျင်စွာ ယုံကြည်တတ်သော အာစေယျမုခပုဂ္ဂိုလ်၊
၄။ အနည်းငယ် မျှသော ယုံကြည်ခြင်း ဆည်းကပ်ခြင်း ကြည်ညိုခြင်း စသည်ဖြင့် လျှပ်ပေါ်လော်လည်သော လောဘပုဂ္ဂိုလ်၊
၅။ ကုသိုလ်-အကုသိုလ်, အပြစ်ရှိ-မရှိ, အယုတ်အမြတ် စသော တရားကိုမျှ မသိတတ်သော ထိုင်းအမိုက်မဲသော မန္ဒမောမူဟပုဂ္ဂိုလ်။ (အံ၊၂၊၁၄၅။) (အံ၊မြန်၊၂။၁၈၃-၁၈၄။) (အဘိ၊ပု၊၁၁၁။) (အဘိ၊ပု၊၁၇၄။) (အဘိ၊ပု၊မြန်။၁၀။၇၉။) (အဘိ၊ပု၊မြန်။၁၀။၇၉။)♦

ပုဂ္ဂိုလ် ၆ မျိုး

၁။ ယုတ်နိမ့်သော အမျိုး၌ ဖြစ်၍ ယုတ်ညံ့သော အကုသိုလ်တရားကို ဖြစ်ပွား စေတတ်သော ပုဂ္ဂိုလ်၊
၂။ ယုတ်နိမ့်သော အမျိုး၌ ဖြစ်၍ ကုသိုလ်ကောင်းမှုဟု ဆိုအပ်သော ဖြူစင်သော တရားကို ဖြစ်ပွားစေတတ်သော ပုဂ္ဂိုလ်၊
၃။ ယုတ်နိမ့်သော အမျိုး၌ ဖြစ်၍ မမည်းလည်း မမည်း ဖြူလည်းမဖြူသော အကျိုးကို ဖြစ်စေလျက် အရဟတ္တဖိုလ်ကို ပြီးစေ တတ်သော ပုဂ္ဂိုလ်၊
၄။ ဖြူစင်မြင့်မြတ်သော အမျိုး၌ ဖြစ်၍ ကောင်းမှုကုသိုလ်ဟု ဆိုအပ်သော ဖြူစင်သော တရားကို ဖြစ်စေတတ်သော ပုဂ္ဂိုလ်၊
၅။ ဖြူစင်မြင့်မြတ်သော အမျိုး၌ ဖြစ်၍ မည်းညစ်သော အကုသိုလ်တရားကို ဖြစ်စေတတ်သော ပုဂ္ဂိုလ်၊
၆။ ဖြူစင်မြင့်မြတ်သော အမျိုး၌ ဖြစ်၍ မည်းလည်းမမည်း, ဖြူလည်းမဖြူသော အကျိုးကို ဖြစ်စေလျက် အရဟတ္တ ဖိုလ်ကို ပြီးစေတတ်သော ပုဂ္ဂိုလ်။ (နေတ္တိ၊ဋ္ဌ၊၁၃၆။)♦

ပုဂ္ဂိုလ် ၆ မျိုး (တစ်နည်း)

၁။ မကောင်းမှုမှ ကောင်းစွာ ရှောင်ကြဉ်လျက် သီတင်းသုံးဖော် တို့နှင့် ချမ်းသာသော ပေါင်းသင်းမှုရှိပြီး ကြားနာမှု အကြားအမြင်များမှုဖြင့် ပြုသင့်သည်ကို မပြု၊ ပညာဖြင့် သိသင့်သည်ကို မသိ၊ လွတ်မြောက်မှု ဝိမုတ္တိကိုလည်း မရ၊ ထို့ကြောင့် သေလွန်ပြီးသောအခါ ဆုတ်ယုတ်ခြင်းသို့သာ ရောက်သော ပုဂ္ဂိုလ်၊
၂။ မကောင်းမှုမှ ကောင်းစွာ ရှောင်ကြဉ်လျက် သီတင်းသုံးဖော်တို့နှင့် ချမ်းသာသော ပေါင်းသင်းမှုရှိပြီး ကြားနာမှု အကြားအမြင်များမှုဖြင့် ပြုသင့်သည်ကို ပြုသောကြောင့် ပညာဖြင့် သိသင့်သည်ကို ထိုးထွင်း သိ၍ လွတ်မြောက်မှု ဝိမုတ္တိကိုလည်း ရပြီးလျှင် သေလွန်ပြီးသောအခါ ထူးမြတ်သည်၏ အဖြစ်သို့ ရောက်သော ပုဂ္ဂိုလ်၊
၃။ အမျက်ဒေါသ မာန်မာနလွှမ်းမိုးလွန်ကဲလျက် ရံဖန်ရံခါ လောဘကြီးပြီး ကြားနာမှု အကြားအမြင်များမှုဖြင့် ပြုသင့်သည်ကို မပြု၊ ပညာဖြင့် သိသင့်သည်ကို မသိ၊ လွတ်မြောက်မှု ဝိမုတ္တိကိုလည်း မရ၊ ထို့ကြောင့် သေလွန်ပြီးသော အခါ ဆုတ်ယုတ်ခြင်းသို့သာ ရောက်သော ပုဂ္ဂိုလ်၊
၄။ အမျက်ဒေါသမာန်မာန လွန်ကဲလျက် ရံဖန်ရံခါ လောဘကြီးပြီး ကြားနာမှု အကြားအမြင်များမှုတို့ဖြင့် ပြုသင့်သည်ကို ပြုသောကြောင့် ပညာဖြင့် ထိုးထွင်းသိသင့်သည်ကို သိ၍ လွတ်မြောက်မှု ဝိမုတ္တိကိုလည်း ရရှိပြီးလျှင် သေလွန်ပြီးသောအခါ ထူးမြတ်သည်၏အဖြစ်သို့ ရောက်သော ပုဂ္ဂိုလ်၊
၅။ အမျက် ဒေါသမာန်မာနလွှမ်းမိုးလွန်ကဲလျက် ရံဖန်ရံခါ စကားပြောဆိုမှုများပြီး ကြားနာမှု အကြားအမြင်များမှုဖြင့် ပြုသင့်သည်ကို မပြု၊ ပညာဖြင့် သိသင့်သည်ကို မသိ၊ လွတ်မြောက်မှု ဝိမုတ္တိကိုလည်း မရ၊ ထို့ကြောင့် သေလွန်ပြီးသောအခါ ဆုတ်ယုတ်ခြင်းသို့သာ ရောက်သော ပုဂ္ဂိုလ်၊
၆။ အမျက်ဒေါသမာန်မာနလွှမ်းမိုးလွန်ကဲလျက် ရံဖန်ရံခါ စကား ပြောဆိုမှုများပြီး ကြားနာမှု အကြားအမြင် များမှုဖြင့် ပြုသင့်သည်ကို ပြုသောကြောင့် ပညာဖြင့် ထိုးထွင်းသိသင့်သည်ကို သိ၍ လွတ်မြောက်မှုဝိမုတ္တိကိုလည်း ရရှိပြီးလျှင် သေလွန်ပြီးသောအခါ ထူးမြတ်သည်၏အဖြစ်သို့ ရောက်သော ပုဂ္ဂိုလ်။ (အံ၊၂၊၃၀၇။) (အံ၊မြန်၊၂။၃၉၄။)♦

ပုဂ္ဂိုလ် ၇ မျိုး (ပညာဝိမုတ္တစသော ပုဂ္ဂိုလ် ၇ မျိုး)

၁။ အရူပသမာပတ် မဂ်ပညာ နှစ်ပါးစုံဖြင့် ကိလေသာမှ လွတ်မြောက်သော ‘ဥဘတောဘာဂဝိမုတ္တ’ ပုဂ္ဂိုလ်၊
၂။ မဂ်ပညာဖြင့်သာ ကိလေသာမှ လွတ်မြောက်သော ‘ပညာဝိမုတ္တ’ ပုဂ္ဂိုလ်၊
၃။ နာမကာယဖြင့် ဝိမောက္ခရှစ်ပါးသို့ ရောက်၍ နိရောဓသစ္စာကို မျက်မှောက်ပြုသော ‘ကာယသက္ခိ’ ပုဂ္ဂိုလ်၊
၄။ ဤကား ဒုက္ခ သစ္စာတည်း စသည်ဖြင့် သစ္စာလေးပါးတရားကို ကောင်းစွာ သိခြင်းသို့ ရောက်သော ‘ဒိဋ္ဌိပတ္တ’ ပုဂ္ဂိုလ်၊
၅။ ဤကား ဒုက္ခသစ္စာတည်း စသည်ဖြင့် သစ္စာလေးပါးတရားကို သက်ဝင်ယုံကြည်၍ ကိလေသာမှ လွတ်မြောက်သော ‘သဒ္ဓါဝိမုတ္တ’ ပုဂ္ဂိုလ်၊
၆။ ပညာရှေ့ဆောင်၍ အရိယမဂ်ကို ဖြစ်စေသော ‘ဓမ္မာနုသာရီ’ ပုဂ္ဂိုလ်၊
၇။ သဒ္ဓါရှေ့ဆောင်၍ အရိယမဂ်ကို ဖြစ်စေသော ‘သဒ္ဓါနုသာရီ’ ပုဂ္ဂိုလ်။ (ဒီ၊၃၊၈၇။) (အဘိ၊ပု၊၁၁၃။) (အဘိ၊ပု၊၁၈၃။) (ဒီ၊မြန်၊၃။၉၄။) (အဘိ၊ပု၊မြန်။ ၁၂။၈၇။) (အဘိ၊ပု၊မြန်။၁၂။၈၇။)♦

ပုဂ္ဂိုလ် ၉ မျိုး

၁။ တရားအားလုံးကို ကိုယ်တိုင်မှန်စွာ သိမြင်တော်မူသော သဗ္ဗညုဘုရားရှင်၊
၂။ သစ္စာလေးပါး မြတ်တရားကို အသီးအခြား သိမြင်တော်မူသော ပစ္စေကဗုဒ္ဓါ၊
၃။ နှစ်ပါးသော အဖို့ဖြင့် လွတ်မြောက်သော ဉဘတောဘာဂဝိမုတ္တပုဂ္ဂိုလ်၊
၄။ ပညာဖြင့် လွတ်မြောက်သော ပညာဝိမုတ္တပုဂ္ဂိုလ်၊
၅။ ဈာန်မဂ်ဖိုလ်ချမ်းသာကို ကိုယ်တိုင် တွေ့ထိခံစား၍ နိဗ္ဗာန်ကို မျက်မှောက် ပြုသော ကာယသက္ခီပုဂ္ဂိုလ်၊
၆။ သိမြင်ခြင်းအဆုံးသို့ ရောက်သော ဒိဋ္ဌိပ္ပတ္တပုဂ္ဂိုလ်၊
၇။ သဒ္ဓါတရားကို အမှူးပြု၍ လွတ်မြောက်သော သဒ္ဓါဝိမုတ္တပုဂ္ဂိုလ်၊
၈။ ပညာ တရားဖြင့် အစဉ်ရောက်သော ဓမ္မာနုသာရီပုဂ္ဂိုလ်၊
၉။ သဒ္ဓါတရားဖြင့် အစဉ်ရောက်သော သဒ္ဓါနုသာရီ ပုဂ္ဂိုလ်။ (အဘိ၊ပု၊၁၁၃။) (အဘိ၊ပု၊၁၈၄။) (အဘိ၊ပု၊မြန်။၁၂။၈၈။) (အဘိ၊ပု၊မြန်။၁၂။၈၈။)♦

ပုဂ္ဂိုလ် ၉ မျိုး (တစ်နည်း)

၁။ လောက၌ ထင်ရှားရှိသော ရဟန္တာ၊
၂။ ရဟန္တာဖြစ်ရန် ကျင့်သူ၊
၃။ အနာဂါမ်၊
၄။ အနာဂါမိဖိုလ်ရောက်ရန် ကျင့်သူ၊
၅။ သကဒါဂါမ်၊
၆။ သကဒါဂါမိဖိုလ် ရောက်ရန် ကျင့်သူ၊
၇။ သောတာပန်၊
၈။ သောတာပတ္တိဖိုလ်ရောက်ရန် ကျင့်သူ၊
၉။ ပုထုဇဉ်။ (အံ၊၃၊၁၇၉။) (အံ၊မြန်၊၃။၁၈၁။)♦

ပုဂ္ဂိုလ်ကို ကြည်ညိုခြင်း အပြစ် ၅ ပါး

၁။ မိမိကြည်ညိုသော ပုဂ္ဂိုလ်သည် သံဃာမှ နှင်ထုတ် ထိုက်သော အာပတ်ကို ကျူးလွန်သဖြင့် နှင်ထုတ်ခံရသော အခါ အခြားရဟန်းတော်များ အပေါ်၌ မကြည်ညိုမှုများ ဖြစ်ပေါ်ပြီး တရားဓမ္မများ မနာကြားတော့သဖြင့် သူတော်ကောင်း တရားမှ ဆုတ်ယုတ်ရခြင်း၊
၂။ မိမိကြည်ညိုသော ပုဂ္ဂိုလ်သည် သံဃာ၏ အစွန်အဖျား၌ နေစေသင့်သော အပြစ် အာပတ်သင့်ရောက်မှုကြောင့် သံဃာက အစွန်အဖျား၌ နေထိုင်စေသော အခါ အခြားရဟန်းတော်များ အပေါ်၌ မကြည်ညိုမှုများ ဖြစ်ပေါ်ပြီး၊ တရားဓမ္မများ မနာကြားတော့သဖြင့် သူတော်ကောင်းတရားမှ ဆုတ်ယုတ်ရခြင်း၊
၃။ မိမိ ကြည်ညိုသော ပုဂ္ဂိုလ်သည် အရပ်တစ်ပါးသို့ ဖဲခွာသွားသောအခါ အခြားရဟန်းတော်များထံ မကိုးကွယ် မဆည်းကပ်တော့သဖြင့် သူတော်ကောင်းတရားမှ ဆုတ်ယုတ်ရခြင်း၊
၄။ မိမိ ကြည်ညိုသော ပုဂ္ဂိုလ်သည် လူထွက်သွားသောအခါ အခြားရဟန်းတော်များထံ မကိုးကွယ် မဆည်းကပ်တော့ သဖြင့် သူတော်ကောင်းတရားမှ ဆုတ်ယုတ်ရခြင်း၊
၅။ မိမိကြည်ညိုသော ပုဂ္ဂိုလ် ပျံလွန်တော် မူသောအခါ အခြားသော ရဟန်းတော်များထံ မကိုးကွယ် မဆည်းကပ် တော့သဖြင့် သူတော်ကောင်းတရားမှ ဆုတ်ယုတ်ရခြင်း။ (အံ၊၂၊၂၃၆။) (အံ၊မြန်၊၂။၃၀၂။)♦

ပုဂ္ဂိုလ်အုပ်စု ၂ မျိုး

၁။ ဘဝသုံးပါးတို့၌ ကမ္မာဝရဏ စသော အနှောက်အယှက် ကင်းသဖြင့် ကျွတ်သင့်ကျွတ်ထိုက်သော ဘဗ္ဗပုဂ္ဂိုလ်အုပ်စု၊
၂။ ဘဝသုံးပါးတို့၌ ကမ္မာဝရဏစသော အနှောင့် အယှက်များနှင့် ပြည့်နှက်လျက် သဒ္ဓါတရား ကင်းမဲ့သဖြင့် မကျွတ်သင့် မကျွတ်ထိုက်သော အဘဗ္ဗပုဂ္ဂိုလ်အုပ်စု။ (သံ၊ဋ္ဌ၊၁၊၁၈၅။)♦

ပုစ္ဆာ ၂ မျိုး

၁။ အဂါရိကပုစ္ဆာ- ဘယ်ဟာသည် ကုသိုလ် ဘယ်ဟာသည် အကုသိုလ် စသည်ဖြင့် မေးခြင်း၊
၂။ အနာဂါရိကပုစ္ဆာ- ဥပါဒါနက္ခန္ဓာ ငါးပါးဟူသည် ဤတရားတို့ပါလော စသည်ဖြင့် မေးခြင်း။ (မ၊ဋ္ဌ၊၂၊၂၂၉။) (အံ၊ဋ္ဌ၊၂၊၁၄။)♦

ပုစ္ဆာ ၂ မျိုး (တစ်နည်း)

၁။ အနုလောမပုစ္ဆာ၊
၂။ ပဋိလောမပုစ္ဆာ။ (အဘိ၊ဋ္ဌ၊၃၊၂၈၈။)♦

ပုစ္ဆာ ၂ မျိုး (တစ်နည်း)

၁။ အနက်ကို ကိံ သဒ္ဒါကို ရှေ့ထားသောအားဖြင့် ထင်ရှားစွာ ပြအပ်သော ထင်ရှားသော အမေးပုစ္ဆာ၊
၂။ အနက်ကို ကိံ သဒ္ဒါမထည့်ဘဲ ရိုးရိုးသဒ္ဒါဖြင့် ပြအပ်သော မထင်ရှားသော အမေးပုစ္ဆာ။ (မ၊ဋီ၊၁၊၂၀၅။)♦

ပုစ္ဆာ ၂ မျိုး (တစ်နည်း) (ဘုရားရှင်တို့ မေးမြန်းလေ့ရှိသော ပုစ္ဆာ ၂ မျိုး)

၁။ အနုမတိပုစ္ဆာ- သဘော တူညီချက်ကို ရလို၍ မေးခြင်း၊
၂။ ကထေတုကမျတာပုစ္ဆာ- မိမိကိုယ်တိုင် ဖြေကြားလို၍ မေးခြင်း။ (ဒီ၊ဋ္ဌ၊၁၊၆၈။) (သံ၊ဋ္ဌ၊၂၊၈။) (ဣတိဝုတ်၊ဋ္ဌ၊၃၈။) (ဒီ၊ဋ္ဌ၊မြန်၊၁။၁၂၉။)♦

ပုစ္ဆာ ၃ မျိုး (တစ်နည်း)

၁။ မနုဿပုစ္ဆာ- လူဇာတ်ရှိသော ပုဂ္ဂိုလ်တို့က ဘုရားရှင်ထံ ချဉ်းကပ်၍ မေးအပ်သော ပုစ္ဆာ၊
၂။ အမနုဿပုစ္ဆာ- နဂါး ဂဠုန် ဗြဟ္မာ စသည်တို့က ဘုရားရှင်အား မေးအပ်သော ပုစ္ဆာ၊
၃။ နိမ္မိတပုစ္ဆာ- နိမ္မိတဘုရားရှင်က မြတ်စွာဘုရားထံ ချဉ်းကပ်၍ မေးအပ်သော ပုစ္ဆာ။ (မဟာနိ၊၂၆၄။) (စူဠနိ၊၅၁။) (စူဠနိ၊၆၂။)♦

ပုစ္ဆာ ၃ မျိုး (တစ်နည်း)

၁။ မိမိအကျိုးငှာ မေးသော ပုစ္ဆာ (အတ္တတ္ထပုစ္ဆာ)၊
၂။ သူတစ်ပါး အကျိုးငှာ မေးသော ပုစ္ဆာ (ပရတ္ထပုစ္ဆာ)၊
၃။ အတ္တပရ နှစ်ဝအကျိုးငှာ မေးသော ပုစ္ဆာ။ (မဟာနိ၊၂၆၄။) (စူဠနိ၊၅၁။) (စူဠနိ၊၆၃။)♦

ပုစ္ဆာ ၃ မျိုး (တစ်နည်း)

၁။ ဒိဋ္ဌဓမ္မိကတ္ထပုစ္ဆာ- မျက်မှောက်ဘဝ၌ ဖြစ်သော အကျိုး စီးပွားအတွက် မေးအပ်သော ပုစ္ဆာ၊
၂။ သမ္ပရာယိကတ္ထပုစ္ဆာ- တမလွန်ဘဝ၌ ဖြစ်သော အကျိုးစီးပွားအတွက် မေးအပ်သော ပုစ္ဆာ၊
၃။ ပရမတ္ထပုစ္ဆာ- မြတ်သော အကျိုးစီးပွားအလို့ငှါ မေးအပ်သော ပုစ္ဆာ။ (မဟာနိ၊၂၆၄။) (စူဠနိ၊၅၁။) (စူဠနိ၊၆၃။)♦

ပုစ္ဆာ ၃ မျိုး (တစ်နည်း)

၁။ အနဝဇ္ဇတ္ထပုစ္ဆာ- အပြစ်မရှိခြင်းအကျိုးငှာ မေးအပ်သော ပုစ္ဆာ၊
၂။ နိက္ကိလေသတ္ထပုစ္ဆာ- ကိလေသာကို ပယ်ခြင်းအကျိုးငှာ မေးအပ်သော ပုစ္ဆာ၊
၃။ ဝေါဒါနတ္ထ ပုစ္ဆာ- ဖြူစင်ခြင်းအကျိုးငှာ မေးအပ်သောပုစ္ဆာ။ (မဟာနိ၊၂၆၄။) (စူဠနိ၊၅၁။) (စူဠနိ၊၆၃။)♦

ပုစ္ဆာ ၃ မျိုး (တစ်နည်း)

၁။ အတိတ်ကို အာရုံပြု၍ မေးသော ပုစ္ဆာ (အတီတပုစ္ဆာ)
၂။ အနာဂတ်ကို အာရုံပြု၍ မေးသော ပုစ္ဆာ (အနာဂတပုစ္ဆာ)၊
၃။ ပစ္စုပ္ပန်ကို အာရုံပြု၍ မေးသော ပုစ္ဆာ (ပစ္စုပ္ပန္န ပုစ္ဆာ) ။ (မဟာနိ၊၂၆၄။) (စူဠနိ၊၅၁။) (စူဠနိ၊၆၃။)♦

ပုစ္ဆာ ၃ မျိုး (တစ်နည်း)

၁။ အဇ္ဈတ္တတရားကို အာရုံပြု၍ မေးသော ပုစ္ဆာ (အဇ္ဈတ္တပုစ္ဆာ)၊
၂။ ဗဟိဒ္ဓ တရားကို အာရုံပြု၍ မေးသော ပုစ္ဆာ (ဗဟိဒ္ဓပုစ္ဆာ)၊
၃။ အဇ္ဈတ္တဗဟိဒ္ဓတရား နှစ်ပါးကို အာရုံပြု၍ မေးသော ပုစ္ဆာ (အဇ္ဈတ္တဗဟိဒ္ဓပုစ္ဆာ)။ (မဟာနိ၊၂၆၄။) (စူဠနိ၊၅၁။) (စူဠနိ၊၆၃။)♦

ပုစ္ဆာ ၃ မျိုး (တစ်နည်း)

၁။ အပြစ်မရှိသည်ကို မေးသော ပုစ္ဆာ (ကုသလပုစ္ဆာ)
၂။ အပြစ်နှင့်တကွသော လက္ခဏာကို မေးသော ပုစ္ဆာ (အကုသလပုစ္ဆာ)၊
၃။ အပြစ်ရှိ မရှိဟု မဆိုအပ်သော တရား တို့ကို မေးသော ပုစ္ဆာ (အဗျာကတပုစ္ဆာ)။ (မဟာနိ၊၂၆၄။) (စူဠနိ၊၅၁။) (စူဠနိ၊၆၃။)♦

ပုစ္ဆာ ၃ မျိုး (တစ်နည်း)

၁။ ခန္ဓာ ငါးပါးအကြောင်း မေးသော ပုစ္ဆာ (ခန္ဓပုစ္ဆာ)၊
၂။ အာယတန ဆယ့်နှစ်ပါး အကြောင်း မေးသော ပုစ္ဆာ (အာယတနပုစ္ဆာ)၊
၃။ ဓာတ်ဆယ့်ရှစ်ပါးအကြောင်း မေးသော ပုစ္ဆာ (ဓာတုပုစ္ဆာ)။ (မဟာနိ၊၂၆၄။) (စူဠနိ၊၅၁။) (စူဠနိ၊၆၃။)♦

ပုစ္ဆာ ၃ မျိုး (တစ်နည်း)

၁။ သတိပဋ္ဌာန်လေးပါးအကြောင်း မေးသော ပုစ္ဆာ (သတိပဋ္ဌာနပုစ္ဆာ)၊
၂။ သမ္မပ္ပဓာန်လေးပါးအကြောင်းမေးသော ပုစ္ဆာ (သမ္မပ္ပဓာနပုစ္ဆာ)၊
၃။ ဣဒ္ဓိပါဒ်လေးပါး အကြောင်းမေးသော ပုစ္ဆာ (ဣဒ္ဓိပါဒပုစ္ဆာ)။ (မဟာနိ၊၂၆၄။) (စူဠနိ၊၅၁။) (စူဠနိ၊၆၃။)♦

ပုစ္ဆာ ၃ မျိုး (တစ်နည်း)

၁။ ဣန္ဒြေအကြောင်း မေးသော ပုစ္ဆာ (ဣန္ဒြိယပုစ္ဆာ)၊
၂။ ဗိုလ်ငါးပါး အကြောင်း မေးသော ပုစ္ဆာ (ဗလပုစ္ဆာ)၊
၃။ ဗောဇ္ဈင်ခုနစ်ပါးအကြောင်း မေးသော ပုစ္ဆာ (ဗောဇ္ဈင်္ဂပုစ္ဆာ)။ (မဟာနိ၊၂၆၄။) (စူဠနိ၊၅၁။) (စူဠနိ၊၆၃။)♦

ပုစ္ဆာ ၃ မျိုး (တစ်နည်း)

၁။ မဂ်လေးပါးအကြောင်း မေးသော ပုစ္ဆာ (မဂ္ဂပုစ္ဆာ)၊
၂။ ဖိုလ်လေးပါး အကြောင်း မေးသော ပုစ္ဆာ (ဖလပုစ္ဆာ)၊
၃။ နိဗ္ဗာန်အကြောင်း မေးသော ပုစ္ဆာ(နိဗ္ဗာနပုစ္ဆာ)။ (မဟာနိ၊၂၆၄။) (စူဠနိ၊၅၁။) (စူဠနိ၊၆၃။)♦

ပုစ္ဆာ ၃ မျိုး (တစ်နည်း) (ဘုရားရှင်တို့ မေးမြန်းခြင်းမရှိသော ပုစ္ဆာ ၃ မျိုး)

၁။ မသိမမြင်သော တရားကို ထင်ရှားခြင်းငှာ မေးမြန်းခြင်း (အဒိဋ္ဌဇောတနာပုစ္ဆာ)၊
၂။ သိမြင်ပြီးသော တရားကို နှီးနှော ညှိနှိုင်းလို၍ မေးခြင်း (ဒိဋ္ဌသံသန္ဒနာပုစ္ဆာ)၊
၃။ ယုံမှားခြင်းကို ပယ်ဖျောက်ခြင်းငှာ မေးမြန်းခြင်း (ဝိမတိစ္ဆေဒနာပုစ္ဆာ) ။ (မဟာနိ၊၂၆၃။) (စူဠနိ၊၅၀။) (စူဠနိ၊၆၂။) (သံ၊ဋ္ဌ၊၂၊၈။)♦

ပုစ္ဆာ ၅ မျိုး

၁။ ဉာဏ်ဖြင့် မသိမမြင်, မဆုံးဖြတ်နိုင်သေးသော သဘောကို သိမြင်လာအောင် မေးမြန်းသော ပုစ္ဆာ- အဒိဋ္ဌဇောတနာပုစ္ဆာ၊
၂။ ဉာဏ်ဖြင့် သိမြင်ပြီးသော သဘောကို နှီးနှော ဆွေးနွေးခြင်းငှာ မေးမြန်းအပ်သော ပုစ္ဆာ- ဒိဋ္ဌသံသန္ဒနာပုစ္ဆာ၊
၃။ ယုံမှားသံသယကို ဖြတ်တောက်ခြင်းငှာ မေးမြန်းအပ်သော ပုစ္ဆာ- ဝိမတိစ္ဆေဒနပုစ္ဆာ၊
၄။ တရားနာ ပုဂ္ဂိုလ်၏ အလိုကို ယူခြင်းငှာ မေးမြန်းအပ်သော ပုစ္ဆာ- အနုမတိပုစ္ဆာ၊
၅။ ကိုယ်တိုင်ဖြေဆိုလို၍ မေးမြန်း အပ်သော ပုစ္ဆာ- (ကထေတုကမျတာ ပုစ္ဆာ)။ (ဒီ၊ဋ္ဌ၊၁၊၆၇။) (မ၊ဋ္ဌ၊၂၊၂၃၅။) (သံ၊ဋ္ဌ၊၂၊၇။) (အံ၊ဋ္ဌ၊၁၊၇၉။) (အဘိ၊ဋ္ဌ၊၁၊၉၇။) (ပဋိသံ၊ဋ္ဌ၊၁၊၅၆။) (ဣတိဝုတ်၊ဋ္ဌ၊၃၇။) (ဗုဒ္ဓဝံ၊ဋ္ဌ၊၇၉။) (နေတ္တိ၊ဋ္ဌ၊၁၄။) (ဒီ၊ဋ္ဌ၊မြန်၊၁။၁၂၇။)♦

ပုညကိရိယဝတ္ထု ၁၀ ပါး

၁။ အလှူဒါနပေးခြင်း၊
၂။ သီလဆောက်တည်ခြင်း၊
၃။ ဘာဝနာ ပွားများခြင်း၊
၄။ အရိုအသေပြုခြင်း၊
၅။ ဝတ်ကြီးဝတ်ငယ် ဝေယျာဝစ္စပြုခြင်း၊
၆။ ကောင်းမှု တို့၏ အဖို့ဘာဂကို အမျှတန်းဝေခြင်း၊
၇။ အမျှဝေအပ်သော ကောင်းမှုအဖို့ကိုလည်းကောင်း အခြားပြုအပ်သော ကောင်းမှုကိုလည်းကောင်း ဝမ်းမြောက်နုမော် သာဓုခေါ်ခြင်း၊
၈။ တရား ဒေသနာကို ဟောပြောခြင်း၊
၉။ နူးညံ့သော စိတ်ဖြင့် တရားကို နာခြင်း၊
၁၀။ အသိဉာဏ်, အယူကို ဖြောင့်မတ်အောင် ပြုခြင်း။ (အဘိ၊ဋ္ဌ၊၁၊၂၀၁။)♦

ပုညကိရိယဝတ္ထု ၃ ပါး

၁။ ပေးလှူကြောင်း ဒါနစေတနာဟူသော ကောင်းမှုပြုရာ- ဒါနမယ ပုညကိရိယဝတ္ထု၊
၂။ သီလစောင့်ထိမ်းခြင်းဟူသော ကောင်းမှုပြုရာ- သီလမယပုညကိရိယဝတ္ထု၊
၃။ သမထဝိပဿနာပွားများခြင်းဟူသော ကောင်းမှုပြုရာ- ဘာဝနာမယ ပုညကိရိယဝတ္ထု။ (ဒီ၊၃၊၁၈၂။) (အံ၊၃၊၇၂။) (ခုဒ္ဒက၊၂၃၀။) (ဒီ၊မြန်၊၃။၂၀၂။) (အံ၊မြန်၊၃။၇၄။) (ခုဒ္ဒက၊မြန်။ ၂၁၄။)♦

ပုညကိရိယဝတ္ထု ၇ ပါး

၁။ အရိုအသေပြုခြင်းဟူသော ကောင်းမှုပြုရာ- ပုညကိရိယဝတ္ထု၊
၂။ အမှု ကြီးငယ်ကို ရွက်ဆောင်ခြင်းဟူသော ကောင်းမှုပြုရာ- ပုညကိရိယဝတ္ထု၊
၃။ ကောင်းမှု၏ အဖို့ကို သူတစ်ပါးအား မျှဝေပေးခြင်း ဟူသော ကောင်းမှုပြုရာ- ပုညကိရိယဝတ္ထု၊
၄။ သူတစ်ပါး ပြုသော ကုသိုလ်အဖို့ကို ဝမ်းမြောက်နုမော် သာဓုခေါ်ခြင်းဟူသော ကောင်းမှုပြုရာ- ပုညကိရိယဝတ္ထု၊
၅။ တရားဟောခြင်းဟူသော ကောင်းမှုပြုရာ- ပုညကိရိယဝတ္ထု၊
၆။ တရားနာခြင်း ဟူသော ကောင်းမှုပြုရာ- ပုညကိရိယဝတ္ထု၊
၇။ အယူ၏ ဖြောင့်စွာ ဖြစ်ခြင်းဟူသော ကောင်းမှု ပြုရာ- ပုညကိရိယဝတ္ထု။ (ဒီ၊ဋ္ဌ၊၃၊၁၈၁။) (ဣတိဝုတ်၊ဋ္ဌ၊၁၉၅။)♦

ပုညဝတော ဣဒ္ဓိနှင့် ပြည့်စုံသော ပုဂ္ဂိုလ် ၅ ယောက်

၁။ စကြဝတေးမင်း၊
၂။ ဇောတိကသူဌေး၊
၃။ ဇဋိလသူဌေး၊
၄။ ဃောသိတသူဌေး၊
၅။ မေဏ္ဍကသူဌေး။ (ဝိသုဒ္ဓိ၊၂၊၁၁။)♦

ပုညာဘိသင်္ခါရအား ကျေးဇူးပြုသော ပစ္စည်း ၂ မျိုး

၁။ အာရမ္မဏပစ္စည်း၊
၂။ ဥပနိဿယ ပစ္စည်း။ (အဘိ၊ဋ္ဌ၊၂၊၁၃၉။)♦

ပုဏ္ဏမထေရ်၏ လာဘ် ၅ မျိုး

၁။ ပညာရှိတို့သည် ကျေးဇူးစကားကို ပြောဆိုခြင်းဟူသော လာဘ်၊
၂။ သီတင်းသုံးဖော် ရဟန်းတို့သည် ချီးမွမ်းစကားကို ပြောဆိုခြင်းဟူသော လာဘ်၊
၃။ မြတ်စွာဘုရား၏ ရှေ့တော်မှောက်၌ ကျေးဇူးစကားကို ပြောဆိုခြင်းဟူသော လာဘ်၊
၄။ အလိုနည်းသူ၏အဖြစ် အစရှိသော ကျေးဇူးသို့ သက်ဝင်၍ သက်ဝင်၍ ကျေးဇူးကို ပြောဆိုခြင်း ဟူသော လာဘ်၊
၅။ မြတ်စွာဘုရားသည် ဝမ်းမြောက်တော်မူခြင်းဟူသော လာဘ်။ (မ၊ဋ္ဌ၊၂၊၅၄။)♦

ပုဏ္ဏား ၁၀ မျိုး

၁။ ဆေးသမားနှင့် တူသော ပုဏ္ဏား၊
၂။ ကျွန်အမှုလုပ်နှင့် တူသော ပုဏ္ဏား၊
၃။ နှိပ်စက်၍ အခွန်တောင်းသူနှင့် တူသော ပုဏ္ဏား၊
၄။ စိုက်ထားအပ်သော သစ်ငုတ်နှင့် တူသော ပုဏ္ဏား၊
၅။ ကုန်သည်နှင့် တူသောပုဏ္ဏား၊
၆။ သူဌေးသူကြွယ်နှင့် တူသော ပုဏ္ဏား၊
၇။ သားသတ်သမား, ငှက်သတ်သမားနှင့် တူသော ပုဏ္ဏား၊
၈။ ရွာကို ဖျက်ဆီးတတ်သူနှင့် တူသော ပုဏ္ဏား၊
၉။ တောလိုက်မုဆိုးနှင့်တူသော ပုဏ္ဏား၊
၁၀။ မကောင်းမှု အညစ်အကြေးကို ဆေးလျှော်တတ်သော သူနှင့် တူသော ပုဏ္ဏား။ (ဇာတက၊၁၊၃၀၃-၄-၅-၆။)♦

ပုဏ္ဏား ၅ မျိုး

၁။ ဗြဟ္မာနှင့် တူသော ပုဏ္ဏား၊
၂။ နတ်နှင့် တူသော ပုဏ္ဏား၊
၃။ စည်းကမ်းရှိသော ပုဏ္ဏား၊
၄။ စည်းကမ်းပျက်သော ပုဏ္ဏား၊
၅။ ဒွန်းစဏ္ဍားနှင့် တူသော ပုဏ္ဏား။ (အံ၊၂၊၁၉၆။) (အံ၊မြန်၊၂။၂၅၀။)♦

ပုဏ္ဏားကို မသတ်ထိုက်ကြောင်း ၃ ပါး

၁။ ဝေဒကျမ်းကို ရွတ်ဖတ် သရဇ္ဈာယ်တတ်ခြင်း၊
၂။ တောင်းရမ်း အလှူခံခြင်းနှင့် ယှဉ်သောသူ ဖြစ်ခြင်း၊
၃။ ဆောင်ယူ လှူအပ်, ပူဇော်အပ်သော ပုဂ္ဂိုလ်ဟူသော မီးဖြစ်ခြင်း။ (ဇာတက၊၂၊၂၃၁။) (ဇာ၊ဋ္ဌ၊၇၊၄၆။)♦

ပုဏ္ဏားတို့ စုဝေးကြရခြင်း အကြောင်းကိစ္စ ၂ မျိုး

၁။ ယဇ်ပူဇော်မှုကို ခံစားလိုခြင်း၊
၂။ မန္တန်ကို ရွတ်ဖတ် သရဇ္ဈာယ်လိုခြင်း။ (ဒီ၊ဋ္ဌ၊၁၊၂၅၀။) (ဒီ၊ဋ္ဌ၊မြန်၊၁။၄၈၉။)♦

ပုဏ္ဏားတို့ စုဝေးကြရာဌာန ၂ ဌာန

၁။ ဇာတ်ကို သုတ်သင်ခြင်းငှာ အလိုရှိသော အခါ၌ ပေါက္ခရ သာတိ ပုဏ္ဏား နေထိုင်ရာ ဥက္ကဋ္ဌမြို့၌ စုဝေးကြကုန်၏၊
၂။ ဗေဒင်တို့ကို သုတ်သင်ခြင်းငှာ အလိုရှိသော အခါ၌ ဣစ္ဆာနင်္ဂလရွာ၌ စုဝေးကြကုန်၏။ (မ၊ဋ္ဌ၊၃၊၂၉၄။)♦

ပုဏ္ဏားတို့ ပညတ်ထားကုန်သော ဥစ္စာ ၄ မျိုး

၁။ ပုဏ္ဏား၏ ကိုယ်ပိုင်ဥစ္စာ ဆွမ်းခံခြင်း၊
၂။ မင်း၏ ကိုယ်ပိုင်ဥစ္စာ လေးနှင့်မြားထည့်သော ကျည်တောင့်၊
၃။ သူဌေးသူကြွယ်ကုန်သည်မျိုး၏ ကိုယ်ပိုင်ဥစ္စာ လယ်ထွန်ခြင်း နွားကျောင်းခြင်း၊
၄။ သူဆင်းရဲမျိုး၏ ကိုယ်ပိုင်ဥစ္စာ တံစဉ် ထမ်းပိုး။ (မ၊၂၊၃၉၀။) (မ၊မြန်၊၂။၃၉၆။)♦

ပုဏ္ဏားတို့ သတ်မှတ်ထားသော ပညာရှိယောကျ်ားမြတ်၏ အင်္ဂါ ၄ ပါး

၁။ အကြားအမြင် ဗဟု သုတနှင့် ပြည့်စုံခြင်း၊
၂။ ပြောဆိုအပ်သော စကား၏ အနက်အဓိပ္ပာယ်ကို သိခြင်း၊
၃။ ကြာမြင့်စွာ အခါက ပြုအပ် ပြောဆိုအပ်သည်ကို အောက်မေ့ သတိရနိုင်ခြင်း၊
၄။ ထိုထို အိမ်မှုကိစ္စကို စီရင်ခြင်းငှာ စွမ်းနိုင်ခြင်း။ (အံ၊၁၊၃၄၄။) (အံ၊မြန်၊၁။၃၆၀။)♦

ပုဏ္ဏားတို့ သိစေကုန်သော အလုပ်အကျွေး ၄ မျိုး

၁။ ပုဏ္ဏားမျိုးအား အလုပ်အကျွေးကို သိစေ ကုန်၏၊ ပညတ်ထားကုန်၏၊
၂။ မင်းမျိုးအား အလုပ်အကျွေးကို သိစေကုန်၏၊ ပညတ်ထား ကုန်၏၊
၃။ သူဌေးသူကြွယ်မျိုးအား အလုပ်အကျွေးကို သိစေကုန်၏၊ ပညတ်ထားကုန်၏၊
၄။ သူဆင်းရဲမျိုးအား အလုပ်အကျွေးကို သိစေကုန်၊ ပညတ်ထားကုန်၏။ (မ၊၂၊၃၈၈။) (မ၊မြန်၊၂။၃၉၃။)♦

ပုဏ္ဏားတို့၏ လက်ဦးဆရာ ဝေဒကျမ်းပြု ရသေ့ ၁၀ ပါး

၁။ အဋ္ဌကရသေ့၊
၂။ ဝါမကရသေ့၊
၃။ ဝါမဒေဝရသေ့၊
၄။ ဝေဿာမိတ္တရသေ့၊
၅။ ယမဒဂ္ဂိရသေ့၊
၆။ အင်္ဂီရသရသေ့၊
၇။ ဘာရဒွါဇ ရသေ့၊
၈။ ဝါသေဋ္ဌရသေ့၊
၉။ ကဿပရသေ့၊
၁၀။ ဘဂုရသေ့။ (ဒီ၊၁၊၉၇။) (အံ၊၂၊၁၉၇၊၂၀၂။) (ဒီ၊မြန်၊၁။၁၁၅။) (အံ၊မြန်၊၂။၂၅၀။)♦

ပုထုဇဉ် ၂ မျိုး

၁။ ခန္ဓ, အာယတန, ဓာတ် စသည်တို့၌ သင်ယူခြင်း, အဖန်ဖန် မေးမြန်းခြင်း, ကြားနာခြင်း စသည်တို့သည် မရှိသော ပညာမျက်စိကန်းသော အန္ဓပုထုဇဉ်ပုဂ္ဂိုလ်၊
၂။ ခန္ဓ, အာယတန, ဓာတ် စသော တရားတို့၌ သင်ယူခြင်း, အဖန်ဖန် မေးမြန်းခြင်း, ကြားနာခြင်း စသည်တို့ရှိသော ပညာမျက်စိ ကောင်းစွာရှိသော ကလျာဏပုထုဇဉ်ပုဂ္ဂိုလ်။ (ဒီ၊ဋ္ဌ၊၁၊၅၈။) (မ၊ဋ္ဌ၊၃၊၂၂။) (အံ၊ဋ္ဌ၊၁၊၄၇။) (အဘိ၊ဋ္ဌ၊၁၊၃၈၄။) (ပဋိသံ၊ဋ္ဌ၊၁၊၂၄၅။) (သာရတ္ထ၊ဋီ၊၁၊၄၅။) (သာရတ္ထ၊ ဋီ၊၂။၅၃။) (ဒီ၊ဋ္ဌ၊မြန်၊၁။၁၀၉။) (ဒီ၊ဋ္ဌ၊မြန်၊၁။၁၀၉။)♦

ပုထုဇဉ် ဝိပဿနာကို ပွားများသော် ထင်ခြင်း မထင်ခြင်း၌ လိမ်မာကြောင်း အခြင်းအရာ ၉ ပါး

၁။ မမြဲသောအားဖြင့် မထင်ခြင်း၌ လိမ်မာခြင်း၊
၂။ ဆင်းရဲသောအားဖြင့် ထင်ခြင်း၌ လိမ်မာခြင်း၊ ချမ်းသာသောအားဖြင့် မထင်ခြင်း၌ လိမ်မာခြင်း၊
၃။ အနှစ်မရှိ အလိုသို့ မလိုက်သောအားဖြင့် ထင်ခြင်း၌ လိမ်မာခြင်း၊ အနှစ်ရှိ အလိုသို့လိုက်သောအားဖြင့် မထင်ခြင်း၌ လိမ်မာခြင်း၊
၄။ ကုန်ဆုံးတတ်သောအားဖြင့် ထင်ခြင်း၌ လိမ်မာခြင်း၊ အစိုင်အခဲအားဖြင့် မထင်ခြင်း၌ လိမ်မာခြင်း၊
၅။ ပျက်ပြုန်းသောအားဖြင့် ထင်ခြင်း၌ လိမ်မာခြင်း၊ အားထုတ်ခြင်း၌ မထင်ခြင်း၌ လိမ်မာခြင်း၊
၆။ ဖောက်ပြန်ခြင်း၏ ထင်ခြင်း၌ လိမ်မာခြင်း၊ တည်မြဲသောအားဖြင့် မထင်ခြင်း၌ လိမ်မာခြင်း၊
၇။ အနိမိတ္တ၏ ထင်ခြင်း၌ လိမ်မာခြင်း၊ နိမိတ္တ၏ မထင်ခြင်း၌ လိမ်မာခြင်း၊
၈။ အပ္ပဏိဟိတ၏ ထင်ခြင်း၌ လိမ်မာခြင်း၊ တောင့်တခြင်း၏ မထင်ခြင်း၌ လိမ်မာခြင်း၊
၉။ ဆိတ်သုဉ်းသောအားဖြင့် ထင်ခြင်း၌ လိမ်မာခြင်း၊ မှားသော နှလုံးသွင်းခြင်း အားဖြင့် မထင်ခြင်း၌ လိမ်မာခြင်း။ (ပဋိသံ၊၂၂၄။) (ပဋိသံ၊မြန်။၂၇၇။)♦

ပုထုဇဉ် သမာဓိကို ပွားများသော် ထင်ခြင်း၌ လိမ်မာကြောင်း အခြင်းအရာ ၇ ပါး

၁။ အာရုံနိမိတ်ကို ဆင်ခြင်ခြင်းကြောင့် နိမိတ်အာရုံ ထင်ခြင်း၊
၂။ သမထနိမိတ်၌ ထင်ခြင်း၊
၃။ စိတ်ကို ချီးမြှောက်သော နိမိတ်၌ ထင်ခြင်း၊
၄။ မပျံ့လွင့်မှု၌ ထင်ခြင်း၊
၅။ ဉာဏ် အလင်းရောင် ထင်ခြင်း၊
၆။ ရွှင်လန်းမှု ထင်ခြင်း၊
၇။ လျစ်လျူရှုမှု၌ ထင်ခြင်း။ (ပဋိသံ၊၂၂၃။) (ပဋိသံ၊မြန်။၂၇၆။)♦

ပုထုဇဉ်တို့၏ ရယ်ရွှင်စိတ် ၈ ပါး

၁။ ကုသိုလ် သောမနဿသဟဂုတ်စိတ် ၄ ခု၊
၂။ အကုသိုလ် သောမနဿသဟဂုတ်စိတ် ၄ ခု။ (အဘိ၊ဋ္ဌ၊၁၊၃၃၄။)♦

ပုထုဇဉ်ပုဂ္ဂိုလ်တို့ ကြောက်သော ဘေး ၄ မျိုး

၁။ ဒုဂ္ဂတိဘေး၊
၂။ ဝဋ်ဘေး၊
၃။ ကိလေသာ ဘေး၊
၄။ စွပ်စွဲခြင်းဘေး။ (အဘိ၊ဋ္ဌ၊၃၊၃၆။)♦

ပုန်းကွယ်၍ လုယူခြင်း ၂ မျိုး

၁။ ဆီးနှင်းကျရာ အခါ၌ ဆီးနှင်းဖြင့် မိမိကိုယ်ကို ပုန်းကွယ်၍ ခရီးသွားသူကို လုယူခြင်း၊
၂။ တောချုံ စသည်ဖြင့် ပုန်းကွယ်၍ ခရီးသွားသူကို လုယူခြင်း။ (ဒီ၊ဋ္ဌ၊၁၊၇၈။) (မ၊ဋ္ဌ၊၂၊၁၁၅။) (အဘိ၊ဋ္ဌ၊၃၊၉၁။) (ဒီ၊ဋ္ဌ၊မြန်၊၁။၁၄၉။) (ဒီ၊ဋ္ဌ၊မြန်၊၁။၁၄၉။)♦

ပုဗ္ဗကရဏ ၄ ပါး

၁။ ဥပုသ်ပြုမည့် သိမ်၌ တံမြက်လှည်းခြင်း၊
၂။ ဆီမီးညှိထွန်းခြင်း၊
၃။ သောက်ရေ သုံးဆောင်ရေ တည်ထားခြင်း၊
၄။ နေရာ ခင်းထားခြင်း။ (ဝိ၊ဋ္ဌ၊၃၊၃၄၄။)♦

ပုဗ္ဗကိစ္စ ၄ ပါး (တစ်နည်း) (နိရောဓသမာပတ် ဝင်စားသော ပုဂ္ဂိုလ်၏ ပုဗ္ဗကိစ္စ ၄ ပါး)

၁။ နာနာဗဒ္ဓ အဝိကောပန- အသီးအသီး မိမိခန္ဓာကိုယ်နှင့် စပ်နေသော သပိတ်သင်္ကန်း ညောင်စောင်း အင်းပျဉ် ကျောင်း စသည်တို့ မပျက်စီးရအောင် အဓိဋ္ဌာန်ခြင်း၊
၂။ သံဃပဋိမာနန- သံဃာတော် များက မိမိအား မျှော်လင့်စောင့်ဆိုင်းနေသောအခါ နိရောဓသမာပတ်မှ ထပါစေဟု အဓိဋ္ဌာန်ခြင်း၊
၃။ သတ္ထုပက္ကောသန- မြတ်စွာဘုရားက ခေါ်သောအခါ နိရောဓသမာပတ်မှ ထပါစေဟု အဓိဋ္ဌာန်ခြင်း၊
၄။ အဒ္ဓါနပရိစ္ဆေဒ- မိမိ၏ အာယုသင်္ခါရ အသက်အပိုင်းကို ဆင်ခြင်ခြင်း။ (ပဋိသံ၊ဋ္ဌ၊၁၊၂၈၇။)♦

ပုဗ္ဗကိစ္စ ၄ ပါး (ဥပုသ်ပြုရာ၌ ပုဗ္ဗကိစ္စ ၄ ပါး)

၁။ ဥပုသ်ကျောင်းဆောင်၌ တံမြက်လှည်းရခြင်း၊
၂။ ဆီမီးညှိထွန်းရခြင်း၊ ၃ နေရာခင်းရခြင်း၊
၄။ သောက်ရေ သုံးဆောင်ရေ တည်ထားရခြင်း။ (ဝိ၊ဋ္ဌ၊၄၊၁၇၂။)♦

ပုဗ္ဗကိစ္စ ၅ မျိုး (ဥပုသ်ပြုရာ၌ ပုဗ္ဗကိစ္စ ၅ မျိုး)

၁။ ဆန္ဒကို လျှောက်ထားခြင်း၊
၂။ ပါရိသုဒ္ဓိကို လျှောက်ထားခြင်း၊
၃။ ဥတုကို လျှောက်ထားခြင်း၊
၄။ ဥပုသ်သိမ်အတွင်းရှိ ရဟန်းများကို ရေတွက်ခြင်း၊
၅။ ဘိက္ခုနီမတို့ တောင်းပန်သော ဩဝါဒကို လျှောက်ထားခြင်း။ (ဝိ၊ဋ္ဌ၊၃၊၃၄၄။)♦

ပုဗ္ဗနိမိတ် ၅ မျိုး (ဘုရားအလောင်း၏ အိပ်မက်ကြီး ငါးမျိုးတို့၏ ပုဗ္ဗနိမိတ် ၅ မျိုး)

၁။ ဤပထဝီ မြေကြီးသည် ကြီးစွာသော အိပ်ရာ ဖြစ်၏ အစရှိသော ပထမ အိပ်မက်ကြီးသည် ဘုရားအလောင်း သဗ္ဗညုတဉာဏ်တော်ကို ရရှိခြင်း၏ ပုဗ္ဗနိမိတ်၊
၂။ နေဇာမြက်မျိုးသည် ချက်မှ တက်သွား၍ ထွန်တုံးအရွယ်ရှိသော ရိုးတံနီဖြင့် တစ်ထွာခန့် အစရှိသည်ဖြင့် မြင်မက်သော ဒုတိယ အိပ်မက်ကြီးသည် မဂ္ဂင်ရှစ်ပါးကို နတ်တို့၌ ကောင်းစွာ ထင်ရှားဟောပြတော်မူခြင်း၏ ပုဗ္ဗနိမိတ်၊
၃။ ဖွေးဖွေးဖြူကုန်သော မည်းနက်သော ဦးခေါင်းရှိကုန်သော ပိုးလောက်တို့သည် ခြေထောက်တို့မှ တက်သွားပြီး ပုဆစ်ဒူးဝန်းတိုင် ဖုံးအုပ်ကုန်၏ ဟူသော တတိယအိပ်မက် ကြီးသည် များစွာသော အဝတ်ဖြူဝတ်ကုန်သော လူဝတ်ကြောင်တို့သည် ဘုရားရှင်ထံသို့ ချဉ်းကပ်၍ အသက်ထက်ဆုံး ကိုးကွယ်ဆည်းကပ် ခြင်း၏ ပုဗ္ဗနိမိတ်၊
၄။ အဆင်းအရောင် အမျိုးမျိုးရှိကုန်သော ငှက်လေးကောင်တို့သည် အရပ်လေးမျက်နှာတို့မှ လာကုန်၍ ခြေရင်း၌ သက်ဆင်းရပ်နားကြ၍ အားလုံးဖွေးဖွေးဖြူ ဖြစ်ကြကုန်၏ဟူသော စတုတ္ထ အိပ်မက်ကြီးသည် မင်းမျိုး, ပုဏ္ဏားမျိုး အစရှိကုန်သော အမျိုးလေးပါး လူတို့သည် ဘုရားရှင်၏ သာသနာတော်၌ ရှင်ရဟန်းပြု၍ မြင့်မြတ်သော အရဟတ္တဖိုလ်တရားကို မျက်မှောက်ပြုခြင်း၏ ပုဗ္ဗနိမိတ်၊
၅။ ကြီးစွာသော ကျင်ကြီးတောင်၏ အထက်ဝယ် စင်္ကြံကြွသွားရာ ကျင်ကြီးမလိမ်းကျံဘဲ ကြွသွားနိုင်၏ဟူသော ပဉ္စမအိပ်မက်ကြီးသည် ဘုရားရှင် ပစ္စည်းလေးပါး လာဘ်များ ရရှိရာ၌ လောဘစသော ကိလေသာ စိတ်ဖြင့် မကပ်ငြိခြင်း၏ ပုဗ္ဗနိမိတ်။ (သာရတ္ထ၊ဋီ၊၂၊၃၀၄။)♦

ပုဗ္ဗနိမိတ်ကြီး ၃၂ မျိုး (ဘုရားအလောင်း ပဋိသန္ဓေယူခါ ဖြစ်ပေါ်သော ပုဗ္ဗနိမိတ်ကြီး ၃၂ မျိုး)

၁။ စကြဝဠာတိုက်တစ်သောင်း ပြင်းစွာ တုန်လှုပ်ခြင်း၊
၂။ စကြဝဠာတစ်သောင်း အတိုင်းအရှည် ရှိသော အရောင်အလင်းများ ပျံ့နှံ့ခြင်း၊
၃။ သူကန်းများ မျက်စိအမြင် ရရှိခြင်း၊
၄။ နားပင်း သူများ အသံကို ကြားရခြင်း၊
၅။ စကားမပြော အ သောသူများ စကားကောင်းစွာ ပြောဆိုခြင်း၊
၆။ ခါးကုန်းနေသူများ ခန္ဓာကိုယ် ဖြောင့်မတ်သွားခြင်း၊
၇။ ဆွံ့သော, မသွားနိုင်သော ပုဂ္ဂိုလ်များ မိမိခြေဖြင့် သွားလာနိုင်ခြင်း၊
၈။ အချုပ်အနှောင်ခံရသော သတ္တဝါများ အနှောင်အဖွဲ့မှ လွတ်ခြင်း၊
၉။ ငရဲအားလုံးတို့၌ ငရဲမီးများ ငြိမ်းခြင်း၊
၁၀။ ပြိတ္တာဘုံတို့၌ ပြိတ္တာများ ဆာလောင် မွတ်သိပ်မှု ငြိမ်းအေးခြင်း၊
၁၁။ တိရစ္ဆာန်သတ္တဝါတို့အား ဘေးမရှိခြင်း၊
၁၂။ ရောဂါ ဖြစ်နေသော သတ္တဝါတို့ အနာရောဂါများ ငြိမ်းအေးခြင်း၊
၁၃။ သတ္တဝါအားလုံး ချစ်ချစ် ခင်ခင် ကြင်ကြင်နာနာ ပြောဆိုခြင်း၊
၁၄။ ချိုမြိန်သာယာသော အခြင်းအရာအားဖြင့် မြင်းများ ဟီခြင်း၊
၁၅။ ချိုမြိန်သာယာသော အခြင်းအရာအားဖြင့် ဆင်များ အော်မြည် ကြွေးကြော်ခြင်း၊
၁၆။ တူရိယာအားလုံး မိမိတို့၏ တူရိယာအသံများ ထွက်ပေါ်လာခြင်း၊
၁၇။ လူတို့၏ လက်ဝတ်ရတနာ အဆင်တန်ဆာများ အချင်းချင်း မထိဘဲ အသံမြည်ခြင်း၊
၁၈။ အရပ်မျက်နှာ အားလုံး အထူးသဖြင့် ကြည်လင် သန့်ရှင်းနေခြင်း၊
၁၉။ သတ္တဝါတို့၏ ကိုယ်စိတ်ချမ်းသာမှုကို ဖြစ်စေလျက် သာယာနူးညံ့သော လေပြေ လေအေးများ တိုက်ခတ်ခြင်း၊
၂၀။ အခါမဲ့မိုးများ ရွာသွန်းခြင်း၊
၂၁။ မြေကြီးထဲမှ ရေများ အပေါ်သို့ ပန်းတက်လာခြင်း၊
၂၂။ ငှက်များ ကောင်းကင်၌ ပျံသန်းမှုကို စွန့်လွှတ်ခြင်း၊
၂၃။ မြစ်ရေများ မစီးဆင်းဘဲ ရပ်တန့်နေခြင်း၊
၂၄။ မဟာ သမုဒ္ဒရာရေသည် ရေချို ဖြစ်သွားခြင်း၊
၂၅။ အဆင်းငါးမျိုးရှိသော ကြာတို့ဖြင့် ကောင်းစွာ ဖုံးလွှမ်းအပ်သော အပြင် (မျက်နှာပြင်) ရှိခြင်း၊
၂၆။ ရေ၌ ဖြစ်သော ကုန်း၌ ဖြစ်သော ပန်းအားလုံး ပွင့်ကြခြင်း၊
၂၇။ သစ်ပင်တို့၏ ပင်စည်တို့၌ ပင်စည်ကြာ, အကိုင်းအခက် တို့၌ အကိုင်းအခက်ကြာ, နွယ်တို့၌ နွယ်ကြာပန်းတို့ ပွင့်ကြခြင်း၊
၂၈။ တစ်ခဲနက်သော ကျောက်အပြင်ကို ဖောက်ခွဲ၍ အထက်အထက်၌ ပွင့်ချပ်တစ်ရာရှိသော ခန္ဓပဒုမမည်သော ကြာတို့ ထွက်ပေါ်ခြင်း၊
၂၉။ ကောင်းကင်၌ တွဲလဲဆွဲသော ဩလမ္ဗကပဒုမမည်သော ကြာတို့ ဖြစ်ပေါ်လာခြင်း၊
၃၀။ ထက်ဝန်းကျင် ပန်းမိုးများ ရွာသွန်းခြင်း၊
၃၁။ ကောင်းကင်၌ နတ်တူရိယာတို့သည် အသံမြည်ခြင်း၊
၃၂။ အလုံးစုံသော တစ်သောင်းသော လောက ဓာတ်သည် ပန်းကုံးကြီးကို ပစ်လွှတ်ထားသကဲ့လည်းကောင်း, ပန်းစည်းကြီးကဲ့သို့ လည်းကောင်း၊ တန်ဆာဆင် ထားသော ပန်းအိပ်ရာနေရာကဲ့သို့လည်းကောင်း ဖြစ်၍ ပန်းနံ့တို့ဖြင့် ထုံမွမ်းလျက် အလွန် တင့်တယ်ခြင်း။ (အပ၊ဋ္ဌ၊၁၊၆၂။) (ဇာ၊ဋ္ဌ၊၁၊၆၀။)♦

ပုဗ္ဗန္တာနုဒိဋ္ဌိဖြင့် နှလုံးသွင်းပုံ ၁၈ မျိုး

၁။ တည်မြဲ အယူရှိသော သဿတဝါဒ (၄) ပါး၊
၂။ အချို့သော တည်မြဲ၏ဟု အယူရှိသော ဧကစ္စသဿတိကဒိဋ္ဌိ (၄) ပါး၊
၃။ အဆုံးရှိ အဆုံးမရှိ အယူရှိသော အန္တာနန္တိကဒိဋ္ဌိ (၄) ပါး၊
၄။ အဆုံးမရှိ ပစ်လွင့်သော အယူရှိသော အမရာဝိက္ခေပိကဒိဋ္ဌိ (၄) ပါး၊
၅။ အကြောင်းမဲ့ ဖြစ်၏ဟု အယူရှိသော အဓိစ္စသမုပ္ပန္နိကဒိဋ္ဌိ (၂) ပါး ဤ (၁၈) ပါးသော အခြင်းအရာတို့တည်း။ (ပဋိသံ၊၁၅၄။) (ပဋိသံ၊မြန်။၁၉၈။)♦

ပုဗ္ဗပယောဂ စသော ခိုးခြင်း ၅ မျိုး

၁။ ပုဗ္ဗပယောဂ- ဘဏ္ဍာကို မယူမီ ရှေ့အဖို့၌ ဖြစ်သော ခိုးခြင်း၊
၂။ သဟပယောဂ- လုံ့လပယောဂနှင့် တစ်ပြိုင်နက်ဖြစ်သော ခိုးခြင်း၊
၃။ သံဝိဒါ ဝဟာရ- စုပေါင်းတိုင်ပင်၍ ခိုးခြင်း၊
၄။ သင်္ကေတကမ္မ- မည်သည့်အချိန် ခိုးမည် စသည်ဖြင့် အချိန်းအချက် အမှတ်အသားပြု၍ ခိုးခြင်း၊
၅။ နိမိတ္တကမ္မ- လက်ရိပ်ပြခြင်း မျက်စိမှိတ် ပြခြင်း စသည်ဖြင့် အရိပ်နိမိတ်ပြု၍ ခိုးခြင်း။ (ဝိ၊ဋ္ဌ၊၁၊၂၆၄။)♦

ပုဗ္ဗဘာဂမဂ် ဆောင်ကြဉ်းပေးသော အကျိုးထူး ၃ ပါး

၁။ မတရားလောဘ စသည်တို့ဖြင့် ညစ်နွမ်းကုန်သော သတ္တဝါတို့ကို အထူး သန့်ရှင်းစင်ကြယ်စေခြင်း အကျိုး၊
၂။ လောကုတ္တရာ မဂ်ကို ရရှိခြင်းငှာ ဖြစ်စေခြင်း အကျိုး၊
၃။ နိဗ္ဗာန်ကို မျက်မှောက်ပြုရခြင်းအကျိုး။ (ဒီ၊ဋ္ဌ၊၂၊၃၄၃။) (မ၊ဋ္ဌ၊၁၊၂၄၂။) (ဒီ၊ဋ္ဌ၊မြန်၊၂။၆၃၁။)♦

ပုဗ္ဗဘာဂမဂ် ပယ်ဖျောက်သည့် ဘေးရန် ၄ မျိုး

၁။ စိတ်နှလုံး စိုးရိမ်ပူပန်ခြင်း ဘေးရန်၊
၂။ ငိုကြွေး မြည်တမ်းခြင်း ဘေးရန်၊
၃။ ကိုယ်၌ ဖြစ်သော ဆင်းရဲ ဘေးရန်၊
၄။ စိတ်၌ဖြစ်သော နှလုံး မသာယာခြင်း ဘေးရန်။ (ဒီ၊ဋ္ဌ၊၂၊၃၄၃။) (မ၊ဋ္ဌ၊၁၊၂၄၂။) (ဒီ၊ဋ္ဌ၊မြန်၊၂။၆၃၁။)♦

ပုဗ္ဗယောဂါဝစရပုဂ္ဂိုလ်တို့၏ အကျိုးအာနိသင် ၅ ပါး

၁။ မျက်မှောက်ဘဝ၌ ကြိုတင်၍ အရဟတ္တဖိုလ်ကို ပြည့်စုံစေနိုင်ခြင်း၊
၂။ ထိုသို့မဖြစ်ခဲ့လျှင် သေခါနီးအခါ၌ အရဟတ္တဖိုလ်ကို ပြည့်စုံစေနိုင်ခြင်း၊
၃။ ထိုသို့မဖြစ်လျှင် နတ်သားဖြစ်လျက် အရဟတ္တဖိုလ်ကို ပြည့်စုံ စေနိုင်ခြင်း၊
၄။ ထိုသို့မဖြစ်လျှင် ဘုရားရှင်တို့၏ မျက်မှောက်၌ ခိပ္ပါဘိညရဟန္တာ ပုဂ္ဂိုလ် ဖြစ်နိုင်ခြင်း၊
၅။ ထိုသို့မဖြစ်ခဲ့လျှင် နောက်ဆုံးဘဝ နောက်ဆုံးကာလ၌ ပစ္စေကဗုဒ္ဓါ ဖြစ်နိုင်ခြင်း။ (အပ၊ဋ္ဌ၊၁၊၁၅၅။)♦

ပုဗ္ဗာပရ ၅ မျိုး

၁။ အတ္ထပုဗ္ဗာပရ၊
၂။ ဓမ္မပုဗ္ဗာပရ၊
၃။ အက္ခရပုဗ္ဗာပရ၊
၄။ ဗျဉ္ဇနပုဗ္ဗာပရ၊
၅။ အနုသန္ဓိပုဗ္ဗာပရ။ (အံ၊ဋ္ဌ၊၃၊၆၀။)♦

ပုဗ္ဗာပရသန္ဓိ ၄ မျိုး

၁။ အတ္ထသန္ဗိ၊
၂။ ဗျဉ္ဇနသန္ဓိ၊
၃။ ဒေသနာသန္ဓိ၊
၄။ နိဒ္ဒေသသန္ဓိ။ (နေတ္တိ၊ဋ္ဌ၊၃၃။)♦

ပုဗ္ဗာပရာနုသန္ဓိ ၆ မျိုး

၁။ ပုဒ်တစ်ခု၏ အခြားပုဒ်တစ်ခုနှင့် ဆက်စပ်ခြင်း- ပဒသန္ဓိ၊
၂။ ပုဒ်အနက် တစ်ခု၏ အခြားပုဒ်အနက်တစ်ခုနှင့် ဆက်စပ်ခြင်း- ပဒတ္ထသန္ဓိ၊
၃။ အနုသန္ဓေ အမျိုးမျိုး ရှိသော သုတ်၏ ထိုအနုသန္ဓေတို့အားလျော်သော အနုသန္ဓေတို့ဖြင့်လည်းကောင်း, အနုသန္ဓေ တစ်ခုသာရှိသောသုတ်၏ ရှေ့အဖို့, နောက်အဖို့ အနုသန္ဓေတို့ဖြင့်လည်းကောင်း ဆက်စပ်ခြင်း- နိဒ္ဒေသသန္ဓိ၊
၄။ သုတ္တနိက္ခေပလေးပါးတို့၏အစွမ်းဖြင့် ဆက်စပ်ခြင်း- နိက္ခေပသန္ဓိ၊
၅။ သုတ္တာနုသန္ဓေသုံးပါးတို့၏ အစွမ်းဖြင့် ဆက်စပ်ခြင်း- သုတ္တသန္ဓိ၊
၆။ ဒေသနာတစ်ခု၏ အခြားဒေသနာ တစ်ခုတို့နှင့်တကွ နှီးနှောဆက်စပ်ခြင်း- ဒေသနာသန္ဓိ။ (သီ၊ဋီ၊သစ်၊၁၊၄၈၆။)♦

ပုဗ္ဗေနိဝါသဉာဏ် ဖြစ်ရာအာရုံ ၈ ပါး

၁။ ပရိတ္တအာရုံ၊
၂။ မဟဂ္ဂတအာရုံ၊
၃။ အပ္ပမာဏအာရုံ၊
၄။ မဂ္ဂအာရုံ၊
၅။ အတိတ်အာရုံ၊
၆။ အဇ္ဈတ္တအာရုံ၊
၇။ ဗဟိဒ္ဓအာရုံ၊
၈။ န ဝတ္တဗ္ဗအာရုံ။ (ဝိသုဒ္ဓိ၊၂၊၆၃။)♦

ပုရာဏကဿပတိတ္ထိဆရာကြီး သတ်မှတ်အပ်သော အမျိုးဇာတ် ၆ ပါး

၁။ ကဏှာဘိဇာတိ- သားသတ်သမား, မုဆိုး, တံငါစသော မည်းညစ်သော အမျိုးဇာတ်၊
၂။ နီလာဘိဇာတိ- ကမ္မဝါဒီစသော ညိုသော အမျိုးဇာတ်၊
၃။ လောဟိတာဘိဇာတိ- အဝတ်တစ်ထည် တည်းကိုသာ ဝတ်သော နိဂဏ္ဌတက္ကတွန်း စသော နီသော အမျိုးဇာတ်၊
၄။ ဟလိဒ္ဒါဘိဇာတိ- အဝတ်ဖြူဝတ်သော တက္ကတွန်းစသော ဝါသော အမျိုးဇာတ်၊
၅။ သုက္ကာဘိဇာတိ- အာဇီဝကာ တက္ကတွန်းစသော ဖြူသော အမျိုးဇာတ်၊
၆။ ပရမသုက္ကာဘိဇာတိ- မက္ခလိ ဂေါသာလ, နန္ဒ, ဝစ္ဆ စသော အလွန်ဖြူသော အမျိုးဇာတ်။ (အံ၊၂၊၃၃၇။) (အံ၊မြန်၊၂။၄၂၇။)♦

ပုရာဏစီဝရသိက္ခာပုဒ်၌ အင်္ဂါ ၃ မျိုး

၁။ ဟောင်းနွမ်းသော သင်္ကန်း ဖြစ်ခြင်း၊
၂။ ဥပစာ အတွင်း၌ တည်၍ ဆွေမျိုးမတော်သော ဘိက္ခုနီအား စေခိုင်းခြင်း၊
၃။ ထိုဆွေမျိုးမတော်သော ဘိက္ခုနီ၏ လျှော်ဖွပ်ခြင်းအမှု အစရှိသည်တို့ကို ပြုခြင်း။ (သာရတ္ထ၊ဋီ၊၂၊၄၀၀။) (ဝိမတိ၊၁၊၃၂၃။)♦

ပုရိသဒေါသ ၈ ပါး

၁။ ရဟန်းကောင်းတို့က အာပတ်ဖြင့် စောဒနာသည်ရှိသော် ‘‘သတိ မရဖူး၊ မမှတ်မိဖူး’’ ဟု ပြောဆို၍ သတိမရခြင်းဖြင့်သာလျှင် ဖြေရှင်းခြင်း၊
၂။ ရဟန်းကောင်းတို့က အာပတ်ဖြင့် စောဒနာသည်ရှိသော် ‘‘သင်လို ဗာလအဗျတ္တပုဂ္ဂိုလ်က ငါ့ကို ပြောတယ် ရှိသေး’’ဟု စောဒကပုဂ္ဂိုလ်ကို ပြန်၍ လွှမ်းမိုးနှိပ်စက်ခြင်း၊
၃။ ရဟန်းကောင်းတို့က အာပတ်ဖြင့် စောဒနာသည်ရှိသော် ‘‘သင်သည်လည်း အာပတ်သင့်၏၊ သင်သည် ရှေးဦးစွာ ကုစားပါဦး’’ ဟု ပြောဆိုခြင်း၊
၄။ ရဟန်းကောင်းတို့က အာပတ်ဖြင့် စောဒနာသည်ရှိသော် အခြားအကြောင်းဖြင့် အခြားအကြောင်းကိုလည်းကောင်း, စကားကိုလည်းကောင်း ဖုံးလွှမ်းခြင်း၊
၅။ ရဟန်းကောင်း တို့က အာပတ်ဖြင့် စောဒနာသည်ရှိသော် သံဃာ့ပရိသတ်အလယ်၌ လက်မောင်းကို မြှောက်ချီ၍ အလဇ္ဇီစကားကို ပြောဆိုခြင်း၊
၆။ ရဟန်းကောင်းတို့က အာပတ်ဖြင့် စောဒနာအပ် သည်ရှိသော် သံဃာကို မလေးစားဘဲ အလိုရှိရာ အရပ်သို့ ထွက်ခွာသွားခြင်း၊
၇။ ရဟန်း ကောင်းတို့က အာပတ်ဖြင့် စောဒနာအပ်သည်ရှိသော် ‘‘ငါသည် အာပတ်မသင့်’’ဟု ဆိတ်ဆိတ် နေ၍ သံဃာကို ညှဉ်းဆဲခြင်း၊
၈။ ရဟန်းကောင်းတို့က အာပတ်ဖြင့် စောဒနာအပ်သည်ရှိသော် ‘‘အဘယ့်ကြောင့် ငါ့အပေါ်၌ အလွန် ကြောင့်ကြစိုက်နေကြသနည်း၊ ယခုပင် သိက္ခာ ချ၍ လူထွက်အံ့’’ ဟု ပြောဆိုပြီး လူထွက်ခြင်း။ (ပဋိသံ၊ဋ္ဌ၊၂၊၂၈။) (အဘိ၊ဝိ၊၄၀၂။) (အဘိ၊ဝိ၊မြန်၊၂။၅၀၈။)♦

ပုရိသပုဂ္ဂလ ၈ မျိုး

၁။ ပဌမ မဂ္ဂဋ္ဌာန်ပုဂ္ဂိုလ်၊
၂။ ပဌမ ဖလဋ္ဌာန်ပုဂ္ဂိုလ်၊
၃။ ဒုတိယ မဂ္ဂဋ္ဌာန်ပုဂ္ဂိုလ်၊
၄။ ဒုတိယ ဖလဋ္ဌာန်ပုဂ္ဂိုလ်၊
၅။ တတိယ မဂ္ဂဋ္ဌာန်ပုဂ္ဂိုလ်၊
၆။ တတိယ ဖလဋ္ဌာန်ပုဂ္ဂိုလ်၊
၇။ စတုတ္ထ မဂ္ဂဋ္ဌာန်ပုဂ္ဂိုလ်၊
၈။ စတုတ္ထ ဖလဋ္ဌာန်ပုဂ္ဂိုလ်။ (ဣတိဝုတ်၊ဋ္ဌ၊၂၇၃။)♦

ပုရိသဘူမိ ၈ မျိုး (မက္ခလိဂေါသာလဝါဒ ပုရိသဘူမိ ၈ မျိုး)

၁။ မန္ဒဘူမိ- မွေးဖွားပြီး ခုနစ်ရက် အတွင်း ကလေးသူငယ်များ၏ အခိုက်အတန့်၊
၂။ ခိဍ္ဍာဘူမိ- ဒုဂ္ဂတိဘဝမှ လာသော ကလေး သူငယ်တို့၏ ငိုကြွေးခြင်း သုဂတိဘဝမှ လာသော ကလေးသူငယ်တို့၏ ပြုံးရွှင် မြူးတူးခြင်း အခိုက်အတန့်၊
၃။ ဝီမံသကဘူမိ- မိဘ စသူတို့၏ လက်ကို ကိုင်ပြီး ကြမ်းပြင်, မြေကြီး စသည်တို့၌ မြေကို ချ၍ ရပ်နိုင်, မရပ်နိုင် စုံစမ်းရာ အခိုက်အတန့်၊
၄။ ဥဇုဂတဘူမိ- ခြေဖြင့် ဖြောင့်ဖြောင့် တန်းတန်း သွားနိုင် လာနိုင်ရာ အခိုက်အတန့်၊
၅။ သေခဘူမိ- အတတ်ပညာ တို့ကို သင်ယူရာ အခိုက်အတန့်၊
၆။ သမဏဘူမိ- ရှင်ရဟန်းပြုရာ အခိုက်အတန့်၊
၇။ ဇာနန ဘူမိ- ဆရာသမားများကို မှီဝဲဆည်းကပ်၍ အယူအကျင့် မှန်မမှန် သိရာ အခိုက်အတန့်၊
၈။ ပန္နဘူမိ- ဆွမ်းခံ၍ မရသည့်အတွက် အိပ်ရာပေါ်၌ လဲလျောင်းနေသော ရဟန်း၏ အခိုက် အတန့်။ (ဒီ၊ဋ္ဌ၊၁၊၁၄၇။) (မ၊ဋ္ဌ၊၃၊၁၆၀။) (သံ၊ဋ္ဌ၊၂၊၃၁၅။) (ဒီ၊ဋ္ဌ၊မြန်၊၁။၂၈၆။) (ဒီ၊ဋ္ဌ၊မြန်၊၁။၂၈၆။)♦

ပုရိသယုဂ ၄ မျိုး

၁။ ပဌမမဂ္ဂဋ္ဌာန်ပုဂ္ဂိုလ်, ပဌမ ဖလဋ္ဌာန်ပုဂ္ဂိုလ်၊
၂။ ဒုတိယ မဂ္ဂဋ္ဌာန်ပုဂ္ဂိုလ်, ဒုတိယ ဖလဋ္ဌာန်ပုဂ္ဂိုလ်၊
၃။ တတိယ မဂ္ဂဋ္ဌာန်ပုဂ္ဂိုလ်, တတိယ ဖလဋ္ဌာန်ပုဂ္ဂိုလ်၊
၄။ စတုတ္ထ မဂ္ဂဋ္ဌာန်ပုဂ္ဂိုလ်, စတုတ္ထဖလဋ္ဌာန်ပုဂ္ဂိုလ်။ (ဣတိဝုတ်၊ဋ္ဌ၊၂၇၃။)♦

ပုရိသရတနာ ၂ မျိုး

၁။ အဂါရိကရတနာ၊
၂။ အနဂါရိကရတနာ။ (ခုဒ္ဒက၊ဋ္ဌ၊၁၄၉။)♦

ပုရေဇာတပစ္စည်း ၂ မျိုး

၁။ အာရမ္မဏ ပုရေဇာတပစ္စည်း၊
၂။ဝတ္ထု ပုရေဇာတပစ္စည်း။ (ပဋ္ဌာန၊၁၊၁၅၂၊၃၇၄၊၄၁၈၊၄၅၂။) (ပဋ္ဌာန၊၂၊၇၆၊၇၇၊၁၆၉-၁၇၀၊၂၂၅၂၆၆၊၂၉၆၊၃၃၃-၄၊၃၇၇၊၄၀၈၊၄၃၀၊ ၄၄၆၊၄၈၁။) (ပဋ္ဌာန၊၃၊၁၃၊၄၆၊၇၈၊၉၉၊၁၁၄၊၁၄၄၊၁၆၅၊၁၉၁၊၂၁၇၊၂၃၈၊၂၆၂၊၂၈၄၊၃၁၀၊၃၂၃၊ ၃၄၆၊၃၆၁၊၃၇၉၊၃၉၈၊၄၁၈၊၄၃၃၊၄၅၃၊၅၀၄၊၅၂၉၊၅၇၀၊၅၉၁။) (ပဋ္ဌာန၊၄၊၁၁၊၄၆၊၅၆၊၇၂၊၉၄၊၁၀၉၊ ၁၁၆၊၁၃၇၊၁၅၂၊၁၆၅၊၁၈၃၊၁၉၁။)♦

ပုရောဟိတ်ပုဏ္ဏား မဟာဝိဇိတမင်းအား ရွှင်လန်းထက်သန်စေသော အခြင်းအရာ ၁၆ ပါး

၁။ မဟာဝိဇိတမင်းသည် ယဇ်ပူဇော်ရန် အရံမင်းတို့ကို တိုင်ပင်ပြီး ဖြစ်ခြင်း၊
၂။ မဟာဝိဇိတ မင်းသည် ယဇ်ပူဇော်ရန် အမတ် မင်းမှုထမ်းတို့ကို တိုင်ပင်ပြီး ဖြစ်ခြင်း၊
၃။ မဟာဝိဇိတ မင်းသည် ယဇ်ပူဇော်ရန် သူဌေးတို့ကို တိုင်ပင်ပြီး ဖြစ်ခြင်း၊
၄။ မဟာဝိဇိတမင်းသည် ယဇ်ပူဇော်ရန် သူကြွယ်တို့ကို တိုင်ပင်ပြီး ဖြစ်ခြင်း၊
၅။ မဟာဝိဇိတမင်းသည် ဇာတ်နှင့် ပြည့်စုံသူ ဖြစ်ခြင်း၊
၆။ မဟာဝိဇိတမင်းသည် အဆင်းလှသူ ဖြစ်ခြင်း၊
၇။ မဟာဝိဇိတ မင်းသည် ကြွယ်ဝချမ်းသာသူ ဖြစ်ခြင်း၊
၈။ မဟာဝိဇိတမင်းသည် ဗိုလ်ပါအင်အား ပြည့်စုံသူ ဖြစ်ခြင်း၊
၉။ မဟာဝိဇိတမင်းသည် သဒ္ဓါတရားရှိသူ ဖြစ်ခြင်း၊
၁၀။ မဟာဝိဇိတမင်းသည် အကြားအမြင် ဗဟုသုတနှင့် ပြည့်စုံသူ ဖြစ်ခြင်း၊
၁၁။ မဟာဝိဇိတမင်းသည် ထိုထို စကား၏ အနက်အဓိပ္ပာယ်ကို သိသူ ဖြစ်ခြင်း၊
၁၂။ မဟာဝိဇိတမင်းသည် ပညာရှိခြင်း၊
၁၃။ မဟာဝိဇိတမင်း၏ ပုရောဟိတ်သည် ဇာတ်နှင့် ပြည့်စုံသူ ဖြစ်ခြင်း၊
၁၄။ မဟာဝိဇိတ မင်း၏ ပုရောဟိတ်သည် ဝေဒကျမ်းစသော ကျမ်းများကို တတ်မြောက်ပြီးသူ ဖြစ်ခြင်း၊
၁၅။ ဝိဇိတမင်း၏ ပုရောဟိတ်ပုဏ္ဏားသည် သီလရှိခြင်း၊
၁၆။ မဟာဝိဇိတမင်း၏ ပုရောဟိတ် ပုဏ္ဏားသည် ပညာရှိခြင်း။ (ဒီ၊၁၊၁၃၂။) (ဒီ၊မြန်၊၁။၁၅၆။)♦

ပုလဲ ၈ မျိုး

၁။ ဟယမုတ္တာ- မြင်းသဏ္ဌာန်ရှိသော ပုလဲ၊
၂။ ဂဇမုတ္တာ- ဆင်သဏ္ဌာန်ရှိသော ပုလဲ၊
၃။ ရထမုတ္တာ- ရထားသဏ္ဌာန်ရှိသော ပုလဲ၊
၄။ အာမလကမုတ္တာ- သျှိသျှားသီးသဏ္ဌာန် ရှိသော ပုလဲ၊
၅။ ဝလယမုတ္တာ- လက်ကောက်သဏ္ဌာန်ရှိသော ပုလဲ၊
၆။ အင်္ဂုလိဝေဌကမုတ္တာ- လက်စွပ်သဏ္ဌာန်ရှိသော ပုလဲ၊
၇။ ကကုဓဖလမုတ္တာ- ရေခံတက်သီးသဏ္ဌာန် ရှိသော ပုလဲ၊
၈။ ပါကတိကမုတ္တာ- ပကတိသဘောရှိသော ပုလဲ။ (ဝိ၊ဋ္ဌ၊၁၊၅၆။)♦

ပုလဲ ၈ မျိုး (တစ်နည်း)

၁။ ဆင်ဦးကင်းမှ ဖြစ်သောပုလဲ၊
၂။ ဝက်စွယ်မှ ဖြစ်သောပုလဲ၊
၃။ မြွေဦးခေါင်းမှ ဖြစ်သောပုလဲ၊
၄။ တောင်ထွဋ်မှ ဖြစ်သောပုလဲ၊ မိုးတိမ်ညွန့်မှ ဖြစ်သောပုလဲ၊
၅။ ဝါးဆစ်မှ ဖြစ်သောပုလဲ၊
၆။ ငါးဦးခေါင်းမှ ဖြစ်သောပုလဲ၊
၇။ ခရုသင်းမှ ဖြစ်သောပုလဲ၊
၈။ မုတ်ကောင်မှ ဖြစ်သောပုလဲ။ (သာရတ္ထ၊ဋီ၊၂၊၃၁၉။) (အနုဋီ၊၂၊၅၂။)♦

ပူဇော်ခြင်း ၂ မျိုး

၁။ ပစ္စည်းဖြင့် ပူဇော်ခြင်း- အာမိသယာဂ၊
၂။ တရားဖြင့် ပူဇော်ခြင်း- ဓမ္မယာဂ။ (အံ၊၁၊၉၀။) (အံ၊မြန်၊၁။၁၀၅။)♦

ပူဇော်ခြင်း ၂ မျိုး (တစ်နည်း)

၁။ ပစ္စည်းဖြင့် ပူဇော်ခြင်း- အာမိသပူဇာ၊
၂။ တရားဖြင့် ပူဇော်ခြင်း- ဓမ္မပူဇာ။ (အံ၊၁၊၉၂။) (အံ၊မြန်၊၁။၁၀၈။)♦

ပူဇော်ခြင်း ၅ ပါး

ဗလိ ၅ ပါးနှင့် တူသည်။ ♦

ပူဇော်အပ်သော ပုဂ္ဂိုလ်၏ အင်္ဂါ ၁၀ ပါး

၁။ သူ့အသက်သတ်မှုမှ ရှောင်ကြဉ်လေ့ရှိသူ ဖြစ်ခြင်း၊
၂။ သူ့ဥစ္စာခိုးယူမှုမှ ရှောင်ကြဉ်လေ့ရှိသူ ဖြစ်ခြင်း၊
၃။ ကာမတို့၌ မှားယွင်းစွာ ကျင့်မှုမှ ရှောင်ကြဉ်လေ့ရှိသူ ဖြစ်ခြင်း၊
၄။ မဟုတ်မမှန် ပြောဆိုခြင်းမှ ရှောင်ကြဉ်လေ့ရှိသူ ဖြစ်ခြင်း၊
၅။ ကုန်းချောစကား ပြောကြားခြင်းမှ ရှောင်ကြဉ်လေ့ရှိသူ ဖြစ်ခြင်း၊
၆။ ရုန့်ရင်း ကြမ်းတမ်းသော စကားပြောဆိုခြင်းမှ ရှောင်ကြဉ်လေ့ရှိသူ ဖြစ်ခြင်း၊
၇။ ပြိန်ဖျင်းသော စကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်လေ့ရှိသူ ဖြစ်ခြင်း၊
၈။ အဘိဇ္ဈာမများသူ ဖြစ်ခြင်း၊
၉။ မဖျက်ဆီးစေလိုသော စိတ်ရှိသူ ဖြစ်ခြင်း၊
၁၀။ မှန်ကန်သော အမြင်ရှိသူ ဖြစ်ခြင်း။ (အံ၊၃၊၄၈၈။) (အံ၊မြန်၊၃။၄၇၉။)♦

ပူပန်ခြင်း ၂ မျိုး

၁။ ကိုယ်၌ ဖြစ်သော ပူပန်ခြင်း၊
၂။ စိတ်၌ ဖြစ်သော ပူပန်ခြင်း။ (ဓမ္မ၊ဋ္ဌ၊၁၊၃၈၃။)♦

ပူပန်စေတတ်သော တရား ၁၀ ပါး

၁။ မှားသော အမြင်၊
၂။ မှားသော အကြံအစည်၊
၃။ မှားသော စကား၊
၄။ မှားသော အလုပ်၊
၅။ မှားသော အသက်မွေးမှု၊
၆။ မှားသော အားထုတ်မှု၊
၇။ မှားသော သတိ၊
၈။ မှားသော သမာဓိ၊
၉။ မှားသော ဉာဏ်၊
၁၀။ မှားသော လွတ်မြောက်မှု။ (အံ၊၃၊၄၅၄။) (အံ၊၃၊၄၅၇။) (အံ၊မြန်၊၃။၄၄၇။) (အံ၊မြန်၊၃။၄၄၇။)♦

ပူပန်စေတတ်သော တရား ၁၀ ပါး

၁။ သူ့အသက် သတ်ခြင်း၊
၂။ သူ့ဥစ္စာခိုးခြင်၊
၃။ ကာမတို့၌ မှားယွင်းစွာ ကျင့်ခြင်း၊
၄။ မဟုတ်မမှန် ပြောဆိုခြင်း၊
၅။ ကုန်းချောခြင်း၊
၆။ ရုန့်ရင်း ကြမ်းတမ်းသော စကားကို ပြောဆိုခြင်း၊
၇။ ပြိန်ဖျင်းသော စကားကို ပြောဆိုခြင်း၊
၈။ သူတစ်ပါးဥစ္စာကို ရှေးရှုကြံစည်ခြင်း၊
၉။ သတ္တဝါတို့အား ဖျက်ဆီးလိုခြင်း၊
၁၀။ မှားသော အမြင်ရှိခြင်း။ (အံ၊၃၊၄၈၂-၄၈၇။) (အံ၊မြန်၊၃။၄၇၂-၄၇၈။)♦

ပူပန်စေတတ်သော တရား ၂ ပါး

၁။ ကုသိုလ်ကောင်းမှုကို မပြုလုပ်ရသေးဘဲ မကောင်းမှု အကုသိုလ် ကိုသာ ပြုလုပ်ပြီးခြင်း၊
၂။ ငါသည် ကောင်းမှုကုသိုလ်ကို မပြုလုပ်ရသေး ဟူ၍လည်းကောင်း၊ ငါသည် မကောင်းမှုအကုသိုလ်ကို ပြုလုပ်အပ်ပြီ ဟူ၍လည်းကောင်း စိုးရိမ်ပူပန်နေရခြင်း။ (ခုဒ္ဒက၊၂၁၂။) (ခုဒ္ဒက၊မြန်။၁၉၅။)♦

ပူပန်စေတတ်သော တရား ၂ ပါး (တစ်နည်း)

၁။ ကာယဒုစရိုက်, ဝစီဒုစရိုက်, မနောဒုစရိုက်တို့ကို ပြုကျင့်မိ၍ ပူပန်ခြင်း၊
၂။ ကာယသုစရိုက်, ဝစီသုစရိုက်, မနောသုစရိုက်တို့ကို မပြုကျင့်မိ၍ ပူပန်ခြင်း။ (အံ၊၁၊၅၁။) (အံ၊မြန်၊၁။၆၃။)♦

ပူလောင်ခြင်း ၃ မျိုး

၁။ ရာဂကြောင့် ဖြစ်သော ပူလောင်ခြင်း၊
၂။ ဒေါသကြောင့် ဖြစ်သော ပူလောင်ခြင်း၊
၃။ မောဟကြောင့် ပူလောင်ခြင်း။ (နေတ္တိ၊ဋ္ဌ၊၂၁၃။)♦

ပူလောင်ခြင်းနှင့် စပ်သော ပုဂ္ဂိုလ် ၄ မျိုး

၁။ မိမိကိုယ်ကို ပူလောင်စေလျက် မိမိကိုယ်ကို ပူလောင်ကြောင်း အကျင့်ကို အဖန်တလဲလဲ အားထုတ်သော ပုဂ္ဂိုလ်၊
၂။ သူတစ်ပါးကို ပူလောင် စေလျက် သူတစ်ပါးကို ပူလောင်ကြောင်း အကျင့်ကို အဖန်တလဲလဲ အားထုတ်သော ပုဂ္ဂိုလ်၊
၃။ မိမိ သူတစ်ပါး နှစ်ဦးသားတို့ကို ပူလောင်စေလျက် မိမိ သူတစ်ပါး နှစ်ဦးသား တို့ကို ပူလောင်ကြောင်းအကျင့်ကို အဖန်တလဲလဲ အားထုတ်သော ပုဂ္ဂိုလ်၊
၄။ မိမိ သူတစ်ပါး နှစ်ဦးသားတို့ကို မပူလောင်စေဘဲ မိမိသူတစ်ပါး နှစ်ဦးသားတို့ကို ပူလောင်ကြောင်း အကျင့်ကို အဖန်တလဲလဲ အားမထုတ်သော ပုဂ္ဂိုလ်။ (အံ၊၁၊၅၂၆။) (အံ၊မြန်၊၁။၅၄၂။)♦

ပူအိုက်ခြင်းအကြောင်း ၂ ပါး

၁။ ကိုယ်တွင်း၌ အာပေါဓာတ် ချောက်ချားခြင်းကြောင့် ပူအိုက်ခြင်း၊
၂။ အပ၌ ရာသီဥတု၏ အစွမ်းကြောင့် ပူအိုက်ခြင်း။ (စူဠနိ၊၂၆၆။) (မဟာနိ၊၃၈၈။)♦

ပေတဝတ္ထုအဋ္ဌကထာ၌ ဝဂ်ပေါင်း ၄ ဝဂ်

၁။ ဥရဂဝဂ်၊
၂။ ဥဗ္ဗရိဝဂ်၊ ၃။စူဠဝဂ်၊
၄။ မဟာဝဂ်။ (ပေတ၊ဋ္ဌ၊၃။)♦

ပေမ ၄ မျိုး

ချစ်မြတ်နိုးခြင်း ၄ မျိုးနှင့် တူသည်။ ♦

ပေးလှူခြင်း အကြောင်း ၈ မျိုး

၁။ ချစ်မြတ်နိုးသဖြင့် ပေးလှူခြင်း၊
၂။ အမျက်ထွက်သဖြင့် ပေးလှူခြင်း၊
၃။ မိုက်မဲတွေဝေသဖြင့် ပေးလှူခြင်း၊
၄။ ကြောက်သဖြင့် ပေးလှူခြင်း၊
၅။ အစဉ်အလာ မပျက်စေရန် ပေးလှူခြင်း၊
၆။ နတ်ပြည်ရောက်ရန် ပေးလှူခြင်း၊
၇။ မိမိ၏ စိတ်နှစ်သက်မှု၊ ဝမ်းမြောက်မှုရှိရန် ပေးလှူခြင်း၊
၈။ သမထဝိပဿနာစိတ်၏ အဆင် တန်ဆာ အခြံအရံအလို့ငှာ ပေးလှူခြင်း။ (အံ၊၃၊၆၉။) (အံ၊မြန်၊၃။၇၀။)♦

ပေးလှူခြင်းကြောင့် လူ့ပြည် နတ်ပြည်တို့၌ ဖြစ်ရခြင်း ၈ မျိုး

၁။ မိမိသည် သီလနှင့် ပြည့်စုံလျက် မင်းမျိုး, ပုဏ္ဏားမျိုး သူကြွယ်မျိုးတို့ကို တောင့်တ၍ သမဏဗြာဟ္မဏတို့ အထံ၌ ထမင်း, အဖျော် စသော ဒါနဝတ္ထု ဆယ်ပါးတို့ကို ပေးလှူခဲ့သဖြင့် သေလွန်သောအခါ ထိုမင်းမျိုး, ပုဏ္ဏားမျိုး, သူကြွယ်မျိုးတို့ ဖြစ်ရခြင်း၊
၂။ မိမိသည် သီလနှင့် ပြည့်စုံလျက် စတုမဟာရာဇ် နတ်ဘုံ၌ ဖြစ်ခြင်းကို တောင့်တ၍ သမဏဗြာဟ္မဏတို့အထံ၌ ထမင်း, အဖျော်စသော ဒါနဝတ္ထုဆယ်ပါးတို့ကို ပေးလှူခဲ့သဖြင့် သေလွန်သောအခါ ထိုစတုမဟာရာဇ်နတ်ဘုံ၌ ဖြစ်ရခြင်း၊
၃။ မိမိသည် သီလနှင့် ပြည့်စုံလျက် တာဝတိံသာနတ်ဘုံ၌ ဖြစ်ခြင်းကို တောင့်တ၍ သမဏဗြာဟ္မဏတို့ အထံ၌ ထမင်း, အဖျော်စသော ဒါနဝတ္ထုဆယ်ပါးတို့ကို ပေးလှူခဲ့သဖြင့် သေလွန်သောအခါ ထိုတာဝတိံသာနတ်ဘုံ၌ ဖြစ်ရခြင်း၊
၄။ မိမိသည် သီလနှင့် ပြည့်စုံလျက် ယာမာနတ်ဘုံ၌ ဖြစ်ခြင်းကို တောင့်တ၍ သမဏဗြာဟ္မဏတို့အထံ၌ ထမင်း, အဖျော် စသော ဒါနဝတ္ထုဆယ်ပါးတို့ကို ပေးလှူခဲ့သဖြင့် သေလွန်သောအခါ ထိုယာမာဘုံ၌ ဖြစ်ရခြင်း၊
၅။ မိမိသီလနှင့် ပြည့်စုံလျက် တုသိတာဘုံ၌ ဖြစ်ခြင်းကို တောင့်တ၍ သမဏဗြာဟ္မဏတို့ အထံ၌ ထမင်း, အဖျော် စသော ဒါနဝတ္ထုဆယ်ပါးတို့ကို ပေးလှူခဲ့သဖြင့် သေလွန်သောအခါ ထိုတုသိတာဘုံ၌ ဖြစ်ရခြင်း၊
၆။ မိမိသည် သီလနှင့် ပြည့်စုံလျက် နိမ္မာနရတိဘုံ၌ ဖြစ်ခြင်းကို တောင့်တ၍ သမဏဗြာဟ္မဏတို့ အထံ၌ ထမင်း, အဖျော်စသော ဒါနဝတ္ထုဆယ်ပါးတို့ကို ပေးလှူခဲ့သဖြင့် သေလွန်သောအခါ ထိုနိမ္မာနရတိဘုံ၌ ဖြစ်ရခြင်း၊
၇။ မိမိသည် သီလနှင့် ပြည့်စုံလျက် ပရနိမ္မိတဝသဝတ္တီဘုံ၌ ဖြစ်ခြင်းကို တောင့်တ၍ သမဏဗြာဟ္မဏတို့အထံ၌ ထမင်း, အဖျော်စသော ဒါနဝတ္ထုဆယ်ပါးတို့ကို ပေးလှူခဲ့သဖြင့် သေလွန်သောအခါ ထိုပရနိမ္မိတ ဝသဝတ္တီနတ်ပြည်၌ ဖြစ်ရခြင်း၊
၈။ မိမိသည် သီလနှင့် ပြည့်စုံလျက် ဗြဟ္မာ့ပြည်၌ ဖြစ်ခြင်းကို တောင့်တ၍ သမဏဗြာဟ္မဏတို့ အထံ၌ ထမင်း, အဖျော်စသော ဒါနဝတ္ထုဆယ်ပါးတို့ကို ပေးလှူခဲ့သဖြင့် ဝိက္ခမ္ဘနပဟာန် သမုစ္ဆေဒပဟာန်တို့ဖြင့် ရာဂကင်းသော ပုဂ္ဂိုလ်အား သေလွန်သောအခါ ထိုဗြဟ္မာ့ပြည်၌ ဖြစ်ရခြင်း။ (အံ၊၃၊၇၁။) (အံ၊မြန်၊၃။၇၂။)♦

ပေသုညသိက္ခာပုဒ်၌ အင်္ဂါ ၃ မျိုး

၁။ အမျိုးဇာတ် အစရှိသည်တို့ဖြင့် ဆဲဆိုသော ရဟန်း၏ စကားကို ကြား၍ ဆဲရေးခံရသော ရဟန်းအား ကပ်ဆောင် ပြောဆိုခြင်း၊
၂။ မိမိကို ချစ်စေလိုခြင်း, ချစ်သူနှစ်ဦးတို့ ကွဲပြားစေလိုခြင်းတို့တွင် တစ်မျိုးမျိုး ဖြစ်ခြင်း၊
၃။ ထိုပြောခံရသော ရဟန်းက သိခြင်း။ (သာရတ္ထ၊ဋီ၊၃၊၅။) (ဝိမတိ၊၂၊၄။)♦

ပေါင်းခြင်း ၄ မျိုး

၁။ ဇာတ်တူအားဖြင့် ပေါင်းခြင်း (သဇာတိသင်္ဂဟ)၊
၂။ ဖြစ်ရာတူသောအားဖြင့် ပေါင်းခြင်း (သဉ္ဇာတိ သင်္ဂဟ)၊
၃။ အလုပ်တူအားဖြင့် ပေါင်းခြင်း (ကိရိယသင်္ဂဟ)၊
၄။ အရေ အတွက်အားဖြင့် ပေါင်းခြင်း (ဂဏနသင်္ဂဟ) ။ (မ၊ဋ္ဌ၊၂၊၁၂၂။)♦

ပေါင်းဖော်ခြင်း ၂ မျိုး

၁။ တဏှာသန္ထဝ- တဏှာဖြင့် ပေါင်းဖော်ခြင်း၊
၂။ ဒိဋ္ဌိသန္ထဝ- ဒိဋ္ဌိအားဖြင့် ပေါင်းဖော်ခြင်း။ (စူဠနိ၊၂၄၁။)♦

ပေါင်းသင်းခြင်း ၃ မျိုး

၁။ ဧကကမ္မ- အတူတကွ ဝိနည်းကံ ပြုခြင်း၊
၂။ ဧကုဒ္ဒေသ- အတူတကွ ပါတိမောက်ရွတ်ဆိုခြင်း၊
၃။ သမသိက္ခတာ- အညီအမျှ ကျင့်ကြံ နေထိုင်ခြင်း။ (ဝိ၊၂၊၂၇၇၊ ၂၈၁၊၄၁၄။) (ဝိ၊မြန်၊၂။၃၁၅၊၃၂၀၊၄၆၇။)♦

ပေါင်းသင်းမှု မတူသူ ဖြစ်ကြောင်း ၂ ပါး

၁။ မိမိကိုယ်တိုင် ပေါင်းသင်းမှု မတူသည်ကို ပြုခြင်း၊
၂။ ညီညွတ်သော သံဃာက ထိုရဟန်းကို အာပတ်ကို မရှုခြင်း, မကုစားခြင်း အယူကို မစွန့် ခြင်းကြောင့် နှင်ထုတ်ထားခြင်း။ (ဝိ၊၃၊၄၈၅။) (ဝိ၊မြန်၊၃။၄၉၂။)♦

ပေါရိသာဒထံမှ သုတသောမမင်း တောင်းယူသော ဆု ၄ မျိုး

၁။ မိမိ၏ အသက်ဆု၊
၂။ မင်းတစ်ရာကျော်တို့၏ အသက်ဆု၊
၃။ ထိုမင်းတစ်ရာကျော်တို့အား မိမိတိုင်းပြည်သို့ ပို့ဆောင်ခြင်းဆု၊
၄။ ပေါရိသာဒ၏ လူသားစားခြင်းမှ ရှောင်ကြဉ်ခြင်းဆု။ (ဇာ၊ဋ္ဌ၊၅၊၅၃၇။)♦

ပေါရိသာဒမင်းက မဟာသုတသောမမင်းအား ပေးသော ဆု ၄ မျိုး

၁။ မဟာသုတသောမ မင်းသည် ပေါရိသာဒမင်းအား အနှစ်တစ်ရာတိုင်တိုင် အနာရောဂါ မရှိသည်၏ အဖြစ်ကို မြင်တွေ့စေခြင်း၊
၂။ ပေါရိသာဒမင်း ဖမ်းဆီးထားသော အရာမကသော မင်းတို့၏ အသားကို မစားခြင်း၊
၃။ ပေါရိသာဒမင်း ဖမ်းဆီးထားသော ထိုအရာမကသော မင်းတို့အား မိမိတို့၏ တိုင်းပြည် အသီးအသီးသို့ ပြန်ပို့ခြင်း၊
၄။ ပေါရိသာဒမင်းသည် လူသားစားခြင်းမှ ရှောင် ကြဉ်ခြင်း။ (ဇာတက၊၂၊၁၄၂-၁၄၃။)♦

ပေါ်လွင် ထင်ရှားကြောင်း အရာ ၄ မျိုး

၁။ ရထား၏ ပေါ်လွင်ထင်ရှားကြောင်းသည် အလံတံခွန်၊
၂။ မီး၏ ပေါ်လွင်ထင်ရှားကြောင်းသည် မီးခိုး၊
၃။ တိုင်းပြည်၏ ပေါ်လွင်ထင်ရှားကြောင်းသည် မင်း၊
၄။ မိန်းမ၏ ပေါ်လွင်ထင်ရှားကြောင်းသည် လင်ယောကျ်ား။ (သံ၊၁၊၃၉။) (သံ၊မြန်၊၁။၃၈။)♦

ဖန်ရည် ၃ မျိုး

၁။ ရာဂကသာဝ- တပ်မက်မှု ဖန်ရည်၊
၂။ ဒေါသကသာဝ- အမျက်ထွက်မှု စိတ်ဆိုးမှု ဖန်ရည်၊
၃။ မောဟကသာဝ- တွေဝေမှု ဖန်ရည်။ (အဘိ၊ဝိ၊၃၈၃။) (အဘိ၊ဝိ၊မြန်၊၂။၄၈၀။)♦

ဖန်ရည် ၃ မျိုး (တစ်နည်း)

၁။ ကာယကသာဝ- ကိုယ်ဖန်ရည်၊
၂။ ဝစီကသာဝ- နှုတ်ဖန်ရည်၊
၃။ မနောကသာဝ- စိတ်ဖန်ရည်။ (အဘိ၊ဝိ၊၃၈၃။) (အဘိ၊ဝိ၊မြန်၊၂။၄၈၀။)♦

ဖျက်ခြင်း ၂ မျိုး

၁။ ရဟန်းတို့ကို ဖျက်ခြင်း၊
၂။ ပစ္စည်းတို့ကို ဖျက်ခြင်း။ (ဝိ၊၅၊၂၁၄။) (ဝိ၊မြန်၊၅။ ၂၉၉။)♦

ဖျက်ဆီးခြင်း ၃ မျိုး

၁။ သံဝါသနာသန- ကံကြီး ကံငယ်ဟူသော သံဝါသကို ဖျက်ဆီးခြင်း၊
၂။ လိင်္ဂနာသန- ရှင်ရဟန်းအသွင်ကို ဖျက်ဆီးခြင်း၊
၃။ ဒဏ္ဍကမ္မနာသန- သဲဒဏ်, ရေဒဏ် ပေးမှု ဟူသော ဖျက်ဆီးခြင်း။ (ဝိ၊ဋ္ဌ၊၃၊၁၄၀။)♦

ဖျောက်နိုင်ခဲသော တရား ၅ ပါး

၁။ စွဲမက်မှု ရာဂ၊
၂။ အမျက်ထွက်မှု ဒေါသ၊
၃။ တွေဝေမှု မောဟ၊
၄။ ဉာဏ်၌ ထင်မြင်မှု၊
၅။ ခရီးသွားလိုစိတ်။ (အံ၊၂၊၁၆၂။) (အံ၊မြန်၊၂။၂၀၈။)♦

ဖျော်ရည် ၈ မျိုး (ရဟန်းတို့အား အပ်သော ဖျော်ရည် ၈ မျိုး)

၁။ သရက်သီးဖျော်ရည်၊
၂။ သပြေသီး ဖျော်ရည်၊
၃။ တောငှက်ပျောသီး ဖျော်ရည်၊
၄။ အိမ်ငှက်ပျောသီး ဖျော်ရည်၊
၅။ သစ်မည် စည်သီး (မယ်ဇယ်သီး) ဖျော်ရည်၊
၆။ သပျက်သီး (စပျစ်သီး) ဖျော်ရည်၊
၇။ ကြာစွယ် ဖျော်ရည်၊
၈။ ဖက်သက်သီး (တရော်သီး) ဖျော်ရည်။ (ဝိ၊၃၊၃၄၄။) (ဝိ၊မြန်၊၃။၃၄၇။)♦

ဖရဏ ၂ မျိုး (စေတသာ ဖုဋောဟူသော ပါဌ်၌ နှံ့ခြင်း ၂ မျိုး)

၁။ အာပေါဖရဏ- အာပေါ ကသိုဏ်းပညတ် ပဋိဘာဂနိမိတ်ကို ဝင်စား၍ အာပေါကသိုဏ်းပညတ် ပဋိဘာဂနိမိတ်ဖြင့် နှံ့ခြင်း၊
၂။ ဒိဗ္ဗစက္ခုဖရဏ- အာလောကကသိုဏ်းပညတ် ပဋိဘာဂနိမိတ်ကို ပွားစေ၍ ဒိဗ္ဗစက္ခုအဘိညာဉ်ဖြင့် အလုံးစုံသော သမုဒ္ဒရာကို မြင်ခြင်း, ဒိဗ္ဗစက္ခုအဘိညာဉ်ဖြင့် နှံ့ခြင်း။ (မ၊ဋ္ဌ၊၄၊၁၀၃။) (အံ၊ဋ္ဌ၊၁၊၄၁၀။)♦

ဖရဏ ၅ မျိုး (ဖရိတွာ အဓိမုစ္စိတွာဟူသော ပါဌ်၌ နှံ့ခြင်း ဖရဏ ၅ မျိုး)

၁။ စေတောဖရဏ- တစ်သောင်းသော လောကဓာတ်၌ သတ္တဝါတို့၏စိတ်ကို သိအောင် စိတ်ဖြင့် နှံ့ခြင်း၊
၂။ ကသိဏဖရဏ- တစ်သောင်းသော လောကဓာတ်၌ ကသိုဏ်းတို့ဖြင့် နှံ့ခြင်း၊
၃။ ဒိဗ္ဗစက္ခု ဖရဏ- အာလောကကသိုဏ်းကို ပွားစေ၍ ဒိဗ္ဗစက္ခုအဘိညာဉ်ဖြင့် တစ်သောင်းသော လောကဓာတ်ကို မြင်အောင် နှံ့ခြင်း၊
၄။ အာလောကဖရဏ- အာလောကကသိုဏ်းပညတ် ပဋိဘာဂနိမိတ်ဖြင့် နှံ့ခြင်း၊
၅။ သရီရဖရဏ- တစ်သောင်းသော လောကဓာတ်၌ ကိုယ်ရောင် ကိုယ်ဝါဖြင့် ဖြန့်နှံ့ခြင်း။ (မ၊ဋ္ဌ၊၄၊၁၀၅။)♦

ဖရုသဝါစာကံမြောက် အင်္ဂါ ၃ မျိုး

၁။ ဆဲဆိုထိုက်သော သူတစ်ပါး ဖြစ်ခြင်း၊
၂။ အမျက် ထွက်သော စိတ် ရှိခြင်း၊
၃။ ဆဲရေးခြင်း။ (ဒီ၊ဋ္ဌ၊၁၊၇၄။) (မ၊ဋ္ဌ၊၁၊၂၀၄။) (အဘိ၊ဋ္ဌ၊၁၊၁၄၃။) (ပဋိသံ၊ဋ္ဌ၊၁၊၂၀၆။) (မဟာနိ၊ဋ္ဌ၊၁၀၁။) (သာရတ္ထ၊ဋီ၊၁၊၃၄၆။) (ဒီ၊ဋ္ဌ၊မြန်၊၁။၁၄၀။) (ဒီ၊ဋ္ဌ၊မြန်၊၁။၁၄၀။)♦

ဖြစ်ကြောင်း ချုပ်ကြောင်း တရား ၄ ပါး

၁။ အာဟာရဖြစ်ခြင်းကြောင့် ရုပ်အပေါင်း ဖြစ်၏၊ အာဟာရ ချုပ်ခြင်းကြောင့် ရုပ်အပေါင်း ချုပ်၏၊
၂။ ဖဿဖြစ်ခြင်းကြောင့် ဝေဒနာတို့ ဖြစ်၏၊ ဖဿ ချုပ်ခြင်းကြောင့် ဝေဒနာတို့ ချုပ်ကုန်၏၊
၃။ နာမ်ရုပ်ဖြစ်ခြင်းကြောင့် စိတ်ဖြစ်၏၊ နာမ်ရုပ် ချုပ်ခြင်းကြောင့် စိတ်ချုပ်၏၊
၄။ နှလုံးသွင်းမှု ဖြစ်ခြင်းကြောင့် သဘောတရားတို့ ဖြစ်ကုန်၏၊ နှလုံးသွင်းမှု ချုပ်ခြင်းကြောင့် သဘောတရားတို့ ချုပ်ကုန်၏။ (သံ၊၃၊၁၆၁။) (သံ၊မြန်၊၃။၁၆၇။)♦

ဖြစ်စေထိုက်သော တရား ၂ ပါး

၁။ ကိလေသာကုန်ခြင်းကို ပြုတတ်သော အရိယာမဂ်၌ ဖြစ်သော ဉာဏ်၊
၂။ ကိလေသာ တစ်ဖန် မဖြစ်ရာ အရိယာဖိုလ်၌ ဖြစ်သော ဉာဏ်။ (ဒီ၊၃၊၂၂၉။) (ဒီ၊မြန်၊၃။၂၅၁။)♦

ဖြစ်စေနိုင်ခဲသော အားထုတ်ခြင်း ၂ မျိုး

၁။ အိမ်၌ နေကုန်သော လူတို့ သင်္ကန်း,ဆွမ်း, ကျောင်း, ဆေး အသုံးအဆောင်တို့ကို ထောက်ပံ့ရန် အားထုတ်ခြင်း၊
၂။ ရှင်ရဟန်းတို့ အလုံးစုံသော ဥပဓိတို့မှ ကင်းလွတ်ရာ နိဗ္ဗာန်အကျိုးငှာ အားထုတ်ခြင်း။ (အံ၊၁၊၅၁။) (အံ၊မြန်၊၁။၆၂။)♦

ဖြစ်စေအပ်သော တရား ၁၀ ပါး

၁။ မတင့်တယ်သော အမှတ်သညာ၊
၂။ သေခြင်းဟူသော အမှတ်သညာ၊
၃။ အစာ၌ စက်ဆုပ်ဖွယ်သော အမှတ်သညာ၊
၄။ လောက၌ မမွေ့လျော်သော အမှတ်သညာ၊
၅။ မမြဲဟူသော အမှတ်သညာ၊
၆။ ဆင်းရဲခြင်းဟူသော အမှတ်သညာ၊
၇။ အတ္တ မဟုတ်ဟူသော အမှတ်သညာ၊
၈။ ပယ်ခြင်းဟူသော အမှတ်သညာ၊
၉။ ရာဂကင်းခြင်း ဟူသော အမှတ်သညာ၊
၁၀။ ရာဂချုပ်ခြင်းဟူသော အမှတ်သညာ။ (ဒီ၊၃၊၂၅၉။) (ဒီ၊မြန်၊၃။၂၈၂။)♦

ဖြစ်စေအပ်သော တရား ၃ ပါး

၁။ အတိတ်အဖို့လျှင် အာရုံရှိသော ဉာဏ်၊
၂။ အနာဂတ်အဖို့လျှင် အာရုံရှိသော ဉာဏ်၊
၃။ ပစ္စုပ္ပန်အဖို့လျှင် အာရုံရှိသော ဉာဏ်။ (ဒီ၊၃၊၂၃၀။) (ဒီ၊မြန်၊၃။၂၅၂။)♦

ဖြစ်စေအပ်သော တရား ၄ ပါး

၁။ သစ္စာလေးပါး၌ သိသော ဓမ္မဉာဏ်၊
၂။ ဓမ္မဉာဏ်သို့ အစဉ် လိုက်သော အနွယဉာဏ်၊
၃။ သူတစ်ပါးတို့ စိတ်ကို ပိုင်းခြားသိသော ပရိယဉာဏ်၊
၄။ သမ္မုတိ ပညတ်၌ သိသော သမ္မုတိဉာဏ်။ (ဒီ၊၃၊၂၃၁။) (ဒီ၊မြန်၊၃။၂၅၃။)♦

ဖြစ်စေအပ်သော တရား ၅ ပါး

၁။ ဤသမာဓိသည် သမာပတ်ဝင်စားဆဲခဏ၌ ချမ်းသာ၏၊ နောင်အခါ ချမ်းသာသော အကျိုးလည်း ရှိ၏ဟု ကိုယ်တိုင်သိသော ဉာဏ်၊
၂။ ဤသမာဓိသည် ကိလေသာတို့မှ ကင်းဝေး၏၊ လောကနှင့် ရောစပ်ခြင်းမရှိဟု ကိုယ်တိုင်သိသော ဉာဏ်၊
၃။ ဤ သမာဓိကို ဘုရားစသော ယောကျ်ားမြတ်တို့ မှီဝဲအပ်၏ဟု ကိုယ်တိုင်သိသော ဉာဏ်၊
၄။ ဤ သမာဓိသည် ငြိမ်သက်၏၊ ကိလေသာငြိမ်းခြင်းကြောင့် ရအပ်၏၊ တည်ကြည်ခြင်း ဧကောဒိဘာဝအဖြစ်ဖြင့် ရအပ်၏၊ အားထုတ်လျက် နီဝရဏကိလေသာတို့ကို နှိပ်စက်ဖွယ် တားမြစ်ဖွယ်မရှိဟု ကိုယ်တိုင်သိသော ဉာဏ်၊
၅။ ဤသမာဓိကို သတိနှင့် ပြည့်စုံသည်ဖြစ်၍ ဝင်စား၏၊ ထ၏ဟု ကိုယ်တိုင်သိသော ဉာဏ်။ (ဒီ၊၃၊၂၃၄။) (ဒီ၊မြန်၊၃။၂၅၇။)♦

ဖြစ်စေအပ်သော တရား ၆ ပါး

၁။ မျက်စိဖြင့် ရုပ်အဆင်းကို မြင်သော် ဝမ်းသာဝမ်းနည်း မဖြစ်ဘဲ လျစ်လျူရှု၍သာ နေခြင်း၊
၂။ နားဖြင့် အသံကို ကြားသော် ဝမ်းသာဝမ်းနည်း မဖြစ်ဘဲ လျစ်လျူရှု၍သာ နေခြင်း၊
၃။ နှာခေါင်းဖြင့် အနံ့ကို နံသော် ဝမ်းသာဝမ်းနည်းမဖြစ်ဘဲ လျစ်လျူ ရှု၍သာ နေခြင်း၊
၄။ လျှာဖြင့် အရသာကို လျက်သော် ဝမ်းသာဝမ်းနည်း မဖြစ်ဘဲ လျစ်လျူရှု ၍သာ နေခြင်း၊
၅။ ကိုယ်ဖြင့် အတွေ့အထိကို တွေ့ထိသော် ဝမ်းသာဝမ်းနည်း မဖြစ်ဘဲ လျစ်လျူရှု ၍သာ နေခြင်း၊
၆။ စိတ်ဖြင့် ဓမ္မာရုံကို သိသော် ဝမ်းသာဝမ်းနည်း မဖြစ်ဘဲ လျစ်လျူရှု၍သာ နေခြင်း။ (ဒီ၊၃၊၂၃၉။) (ဒီ၊မြန်၊၃။၂၆၂။)♦

ဖြစ်စေအပ်သော တရား ၇ ပါး

၁။ အနိစ္စသညာ- အနိစ္စာနုပဿနာဉာဏ်၌ ဖြစ်သော သညာ၊
၂။ အနတ္တသညာ- အနတ္တာနုပဿနာဉာဏ်၌ ဖြစ်သော သညာ၊
၃။ အသုဘသညာ- အသုဘာ နုပဿနာဉာဏ်၌ ဖြစ်သော သညာ၊
၄။ အာဒီနဝသညာ- အာဒီနဝါနုပဿနာဉာဏ်၌ ဖြစ်သော သညာ၊
၅။ ပဟာနသညာ-ပဟာနာနုပဿနာဉာဏ်၌ ဖြစ်သော သညာ၊
၆။ ဝိရာဂသညာ- ဝိရာဂါနုပဿနာဉာဏ်၌ ဖြစ်သော သညာ၊
၇။ နိရောဓသညာ- နိရောဓာနုပဿနာဉာဏ်၌ ဖြစ်သော သညာ။ (ဒီ၊၃၊၂၄၂။) (ဒီ၊မြန်၊၃။၂၆၅။)♦

ဖြစ်စေအပ်သော တရား ၈ ပါး

၁။ အလိုနည်း သူ၏ အကျင့်၊ အလိုကြီးသူ၏ အကျင့်မဟုတ်၊
၂။ ရောင့်ရဲလွယ်သူ၏ အကျင့်၊ မရောင့်ရဲသူ၏ အကျင့်မဟုတ်၊
၃။ ဆိတ်ငြိမ်ရာ၌ မွေ့လျော် သူ၏ အကျင့်၊ အပေါင်းအဖော်၌ မွေ့လျော်သူ၏ အကျင့်မဟုတ်၊
၄။ အားထုတ်ခြင်း ဝီရိယ ရှိသူ၏ အကျင့်၊ ပျင်းရိသူ၏ အကျင့်မဟုတ်၊
၅။ သတိရှိသူ၏ အကျင့်၊ သတိလွတ်သူ၏ အကျင့် မဟုတ်၊
၆။ တည်ကြည်သူ၏ အကျင့်၊ မတည်ကြည်သူ၏ အကျင့်မဟုတ်၊
၇။ ပညာရှိသူ၏ အကျင့်၊ ပညာမဲ့သူ၏ အကျင့်မဟုတ်၊
၈။ သံသရာမချဲ့သူ၏ အကျင့်၊ သံသရာချဲ့သူ၏ အကျင့် မဟုတ်။ (ဒီ၊၃၊၂၄၉။) (ဒီ၊မြန်၊၃။၂၇၂။)♦

ဖြစ်စေအပ်သော တရား ၉ ပါး

၁။ မတင့်တယ်ဟူသော အမှတ်သညာ၊
၂။ သေခြင်းဟူသော အမှတ် သညာ၊
၃။ အစာအာဟာရ၌ စက်ဆုပ်ဖွယ်ဟူသော အမှတ်သညာ၊
၄။ အလုံးစုံသော လောက၌ မွေ့လျော်ဖွယ်မရှိ ဟူသော အမှတ်သညာ၊
၅။ မမြဲသော လောက၌ မွေ့လျော်ဖွယ်မရှိ ဟူသော အမှတ်သညာ၊
၆။ မမြဲသော အနိစ္စတရား၌ ဆင်းရဲ၏ ဟူသော အမှတ်သညာ၊
၇။ ဆင်းရဲဒုက္ခတရား၌ အနတ္တဟူသော အမှတ်သညာ၊
၈။ ပယ်ခြင်းတရား၌ အနတ္တဟူသော အမှတ်သညာ၊
၉။ တပ်ခြင်းကင်းသော အမှတ်သညာ။ (ဒီ၊၃၊၂၅၄။) (ဒီ၊မြန်၊၃။၂၇၈။)♦

ဖြတ်ခြင်းရှိသော ပါစိတ်အာပတ် ၅ မျိုး

၁။ ပမာဏကို ကျော်လွန်ခြင်း ရှိသော ညောင်စောင်း အင်းပျဉ်၊
၂။ ပမာဏကို ကျော်လွန်ခြင်း ရှိသော နိသီဒိုင်၊
၃။ ပမာဏကို ကျော်လွန်ခြင်း ရှိသော အမာလွှမ်းသင်္ကန်း၊
၄။ ပမာဏကို ကျော်လွန်ခြင်း ရှိသော မိုးရေခံသင်္ကန်း၊
၅။ ပမာဏကို ကျော်လွန်ခြင်း ရှိသော မြတ်စွာဘုရား၏ သင်္ကန်းတော်။ (ဝိ၊ဋ္ဌ၊၄၊၁၇၂။)♦

ဖြူစင်ခြင်း ၃ မျိုး

၁။ ကိုယ်၏ ဖြူစင်ခြင်း၊
၂။ နှုတ်၏ ဖြူစင်ခြင်း၊
၃။ စိတ်၏ ဖြူစင်ခြင်း။ (နေတ္တိ၊ဝိဘာ။၂၇၆။)♦

ဖြူစင်တရား ၂ ပါး

၁။ မကောင်းမှုမှ ရှက်ခြင်း- ဟိရီ၊
၂။ မကောင်းမှုမှ ထိတ်လန့်ခြင်း- အနောတ္တပ္ပ။ (အံ၊၁၊၅၃။) (အံ၊မြန်၊၁။၆၅။)♦

ဖြူစင်လမ်းဟု ဆိုအပ်သော တရား ၁၀ ပါး

၁။ သူ့အသက် သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း၊
၂။ သူ့ဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြဉ်ခြင်း၊
၃။ ကာမတို့၌ မှားယွင်းသော အကျင့်မှ ရှောင် ကြဉ်ခြင်း၊
၄။ မဟုတ်မမှန် ပြောမှုမှ ရှောင်ကြဉ်ခြင်း၊
၅။ ကုန်းချောမှုမှ ရှောင်ကြဉ်ခြင်း၊
၆။ ရုန့်ရင်းကြမ်းတမ်းစွာ ပြောဆိုမှုမှ ရှောင်ကြဉ်ခြင်း၊
၇။ ပြိန်ဖျင်းသော စကားပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း၊
၈။ သူတစ်ပါးဥစ္စာကို ရှေးရှုကြံစည်မှုမှ ရှောင်ကြဉ်ခြင်း၊
၉။ သတ္တဝါတို့အား ဖျက်ဆီးလိုမှုမှ ရှောင်ကြဉ်ခြင်း၊
၁၀။ မှန်သော အမြင်ရှိခြင်း။ (အံ၊၃၊၄၈၂-၄၈၇။) (အံ၊မြန်၊၃။၄၇၂-၄၇၈။)♦

ဖြေဆိုခြင်းဆိုင်ရာ ပုဂ္ဂိုလ် ၄ မျိုး

၁။ အသင့်ကိုသာ ဖြေဆိုတတ်၍ လျင်စွာ မဖြေဆိုတတ်သော ပုဂ္ဂိုလ်၊
၂။ လျင်စွာသာ ဖြေဆိုတတ်၍ အသင့်ကို မဖြေဆိုတတ်သော ပုဂ္ဂိုလ်၊
၃။ လျင်စွာလည်း ဖြေဆိုတတ်၊ အသင့်ကိုလည်း ဖြေဆိုတတ်သော ပုဂ္ဂိုလ်၊
၄။ အသင့်လည်း မဖြေဆိုတတ်၊ လျင်စွာလည်း မဖြေဆိုတတ်သော ပုဂ္ဂိုလ်။ (အံ၊၁၊၄၅၂။) (အံ၊မြန်၊၁။၄၆၄။)♦

ဖလသမာပတ်တည်ပုံ အခြင်းအရာ ၃ မျိုး

၁။ အလုံးစုံသော သင်္ခါရနိမိတ်တို့ကို နှလုံး မသွင်းခြင်း၊
၂။ နိဗ္ဗာန်အာရုံကိုသာလျှင် နှလုံးသွင်းခြင်း၊
၃။ ဖလသမာပတ် မဝင်စားမီ ရှေ့အဖို့၌ ကာလ ပိုင်းခြားခြင်း။ (ဥဒါန၊ဋ္ဌ၊၃၃။)♦

ဖလသမာပတ်ဝင်စားပုံ ၂ မျိုး

၁။ နိဗ္ဗာန်အာရုံမှ တစ်ပါး အခြားသော အာရုံကို နှလုံးမသွင်းခြင်း၊
၂။ နိဗ္ဗာန်အာရုံကိုသာလျှင် နှလုံးသွင်းခြင်း။ (ပဋိသံ၊ဋ္ဌ၊၁၊၂၄၇။) (ဥဒါန၊ဋ္ဌ၊၃၂။)♦

ဖွားဖက်တော် ၇ ဦး

၁။ ရာဟုလာမိခင် ယသော်ဓရာဒေဝီ၊
၂။ ရှင်အာနန္ဒာ၊
၃။ ဆန္နအမတ်၊
၄။ ကာဠုဒါယီအမတ်၊
၅။ ကဏ္ဍကမြင်း၊
၆။ မဟာဗောဓိပင်၊
၇။ ရွှေအိုးကြီးလေးလုံး။ မှတ်ချက်။ [အံ၊ဋ္ဌ၊၁၊၂၃၄] ၌ ​ရှင်အာနန္ဒာနေရာ၌ အာရောဟနီယဆင်၏ စိတ်အတွေ့အထင်ဟု မှတ်တမ်းတင်ထားသည်။ (ဒီ၊ဋ္ဌ၊၂၊၁၈။) (အပ၊ဋ္ဌ၊၁၊၆၅။) (ဒီ၊ဋ္ဌ၊မြန်၊၂။၃၂။)♦

ဖဿ ၃ မျိုး

တွေ့ထိခြင်း ၃ မျိုးနှင့် တူသည်။ ♦

ဖဿ ၃ မျိုး

၁။ ချမ်းသာစွာ ခံစားအပ်သော အတွေ့၊
၂။ ဆင်းရဲစွာ ခံစားအပ်သော အတွေ့၊
၃။ ဆင်းရဲစွာ လည်းမဟုတ် ချမ်းသာစွာလည်းမဟုတ်သော ခံစားအပ်သော အတွေ့။ (ဝဇိရ၊၄၃။)♦

ဖဿ ၆ မျိုး

၁။ စက္ခုသမ္ဖဿ- မျက်စိအတွေ့အထိ၊
၂။ သောတသမ္ဖဿ- နားအတွေ့အထိ၊
၃။ ဃာန သမ္ဖဿ- နှာခေါင်းအတွေ့အထိ၊
၄။ ဇိဝှါသမ္ဖဿ- လျှာအတွေ့အထိ၊
၅။ ကာယသမ္ဖဿ- ကိုယ် အတွေ့အထိ၊
၆။ မနောသမ္ဖဿ- စိတ်အတွေ့အထိ။ (ဒီ၊၃၊၂၀၂။) (သာရတ္ထ၊ဋီ၊၁၊၂၂၀။) (ဒီ၊မြန်၊၃။၂၂၅။)♦

ဖဿ ၇ ပါး

၁။ စက္ခုသမ္ဖဿ- မျက်စိ အတွေ့အထိ၊
၂။ သောတသမ္ဖဿ- နား အတွေ့အထိ၊
၃။ ဃာနသမ္ဖဿ- နှာခေါင်း အတွေ့အထိ၊
၄။ ဇိဝှါသမ္ဖဿ- လျှာ အတွေ့အထိ၊
၅။ ကာယ သမ္ဖဿ- ကိုယ် အတွေ့အထိ၊
၆။ မနောဓာတုသမ္ဖဿ- မနောဓာတ် အတွေ့အထိ၊
၇။ မနော ဝိညာဏဓာတုသမ္ဖဿ- မနောဝိညာဏဓာတ် အတွေ့အထိ။ (သံ၊၁၊၂၄၅။) (အဘိ၊ဝိ၊၄၁၆။) (အဘိ၊ဝိ၊၄၁၈။) (သံ၊မြန်၊၁။၂၂၉။) (အဘိ၊ဝိ၊မြန်၊၂။၅၂၅။) (အဘိ၊ဝိ၊မြန်၊၂။၅၂၅။)♦

ဖဿပရိညာ ၃ ပါး

၁။ ဉာတပရိညာ- ဖဿကို အမျိုးမျိုးသော နည်းဖြင့် သိခြင်း၊
၂။ တီရဏ ပရိညာ- သာမန်ထက် လွန်၍ ဝိပဿနာဉာဏ်ဖြင့် သိခြင်း၊
၃။ ပဟာနပရိညာ- ဖဿ၌ ဆန္ဒရာဂကို ပယ်၍ သိခြင်း။ (မဟာနိ၊၄၀။)♦

ဖဿအပေါင်း ၆ ပါး

ဖဿ ၆ မျိုးနှင့် တူသည်။ ♦

ဖိနပ်လှူရကျိုး ၃ ပါး

၁။ ဆင်ယာဉ်, မြင်းယာဉ်, ထမ်းစင်, သန်လျင်းတို့ကို အမြဲတမ်း ရရှိခြင်း၊
၂။ ပတ္တမြားစီလျက် ကြေးနီဖြင့် ပြုလုပ်အပ်ကုန်သော ရွှေခြေနင်း ငွေခြေနင်းတို့ကို ရရှိခြင်း၊
၃။ မကောင်းသော အကျင့်တို့ကို သုတ်သင်တတ်သော အရိယာမဂ်သို့ ဝိပဿနာ သတိတို့သည် ပြေးသွားကုန်ခြင်း။ (အပ၊၁၊၃၆၃။) (အပ၊မြန်၊၁။၃၇၂။)♦

ဖိုလ် ၄ ပါး

၁။ သောတာပတ္တိဖိုလ်၊
၂။ သကဒါဂါမိဖိုလ်၊
၃။ အနာဂါမိဖိုလ်၊
၄။ အရဟတ္တဖိုလ်။ (ဒီ၊၃၊၁၉၀။) (ဒီ၊၃၊၂၃၁။) (ပဋိသံ၊ဋ္ဌ၊၁၊၁၂၆။) (ဒီ၊မြန်၊၃။၂၁၂။) (ဒီ၊မြန်၊၃။၂၅၄။)♦

ဖိုလ် ၄ ပါး (တစ်နည်း)

၁။ သုံးပါးသော သံယောဇဉ် အနှောင်အဖွဲ့ အကြွင်းမဲ့ကုန်သဖြင့် အပါယ်သို့ ကျခြင်းသဘော မရှိ၊ သုဂတိ၌သာ ကိန်းသေမြဲသော (တစ်နည်း) ဆင်းရဲအဆုံးရောက်ရန် ကိန်းသေမြဲသော၊ အထက်မဂ်သုံးပါးလျှင် လားရာရှိသော သောတာပန် ဖြစ်ခြင်း၊
၂။ သုံးပါးသော သံယောဇဉ်အနှောင်အဖွဲ့ အကြွင်းမဲ့ ကုန်ခြင်း၊ လောဘ ဒေါသ မောဟ တရားတို့ ခေါင်းပါးခြင်း၊ ဤလူ့ပြည်သို့ တစ်ကြိမ်သာလာပြီး ဆင်းရဲအဆုံးကို ပြုသော သကဒါဂါမ် ဖြစ်ခြင်း၊
၃။ အောက်ကာမဘုံ၌ ပဋိသန္ဓေနေခြင်း အဖို့ရှိသော ငါးပါးသော သံယောဇဉ်အနှောင်အဖွဲ့ အကြွင်းမဲ့ကုန်သဖြင့် ဗြဟ္မာ့ဘုံ၌ ဥပပတ်ပဋိသန္ဓေနေပြီး၊ ထိုဗြဟ္မာ့ဘုံ၌ပင် ပရိနိဗ္ဗာန်ပြု၍ ထိုဗြဟ္မာ့ဘုံမှ ပြန်လည်ခြင်း သဘောမရှိသော အနာဂါမ် ဖြစ်ခြင်း၊
၄။ ကိလေသာအားလုံးကို အကြွင်းမဲ့ ပယ်ပြီးကုန်ပြီးသော အာသဝရှိသော မြတ်သော အလှူခံပုဂ္ဂိုလ် (အဂ္ဂဒက္ခိဏေယျ) ရဟန္တာ ဖြစ်ခြင်း။ (ဒီ၊၁၊၁၄၈။) (ဒီ၊မြန်၊၁။၁၇၅။)♦

ဖိုလ်ကို မျက်မှောက်ပြုကြောင်း တရား ၄ ပါး

၁။ သူတော်ကောင်းကို မှီဝဲဆည်းကပ်ခြင်း၊
၂။ သူတော်ကောင်းတရား ကြားနာခြင်း၊
၃။ အသင့်အတင့်နှလုံးသွင်းခြင်း၊
၄။ လောကုတ္တရာ တရားအား လျော်သော အကျင့်ကို ကျင့်ခြင်း။ (ပဋိသံ၊၃၇၀။) (ပဋိသံ၊မြန်။၄၃၄။)♦

ဖုံးကွယ်၍ လုယူခြင်း ၂ မျိုး

၁။ ဟိမဝိပရာမောသ- ဆီးနှင်းဖြင့် ဖုံးကွယ်၍ လုယူခြင်း၊
၂။ ဂုမ္ဗ ဝိပရာမောသ- ချုံပုတ်ဖြင့် ဖုံးကွယ်၍ လုယူခြင်း။ (သံ၊ဋ္ဌ၊၃၊၃၃၉။)♦

ဖုံးထားမှ တင့်တယ်သော အရာ ၃ မျိုး

၁။ မာတုဂါမဟု ခေါ်ဆိုအပ်သော မိန်းမ၊
၂။ ပုဏ္ဏားတို့၏ မန္တာန်၊
၃။ မိစ္ဆာဒိဋ္ဌိ။ (အံ၊၁၊၂၈၆။) (အံ၊ဋ္ဌ၊၂၊၂၄၁) (ဝိ၊၅၊၂၁၈။)♦

ဖုံးလွှမ်းခြင်း ၃ ပါး

၁။ဝတ္ထုကိုသာ ဖုံးလွှမ်း၍ အာပတ်ကို မဖုံးလွှမ်းခြင်း၊
၂။ အာပတ်ကိုသာ ဖုံးလွှမ်း၍ဝတ္ထုကို မဖုံးလွှမ်းခြင်း၊
၃။ဝတ္ထုရော အာပတ်ကိုပါ ဖုံးလွှမ်းခြင်း။ (ဝိ၊၅၊၂၁၈။) (ဝိ၊မြန်၊၅။၃၀၅။)♦

ဖုံးလွှမ်းခြင်း ၃ မျိုး

၁။ ဇန္တာဃရပဋိစ္ဆာဒိ- ရေချိုးအိမ်ဖြင့် ဖုံးလွှမ်းခြင်း၊
၂။ ဥဒကပဋိစ္ဆာဒိ- ရေဖြင့် ဖုံးလွှမ်းခြင်း၊
၃။ ဝတ္ထပဋိစ္ဆာဒိ- အဝတ်ဖြင့် ဖုံးလွှမ်းခြင်း။ (ဝိ၊၄၊၂၅၉။) (ဝိ၊ဋ္ဌ၊၄၊၅၁။) (ဝိ၊မြန်၊၄။၂၆၀။)♦

ဖုသန ၂ မျိုး (တွေ့ခြင်း ရောက်ခြင်း ၂ မျိုး)

၁။ ဉာဏဖုသန- မဂ်လေးပါးတို့သည် ဉာဏ်ဖြင့် ရောက်ခြင်း၊
၂။ ဝိပါကဖုသန- ဖိုလ်လေးပါးတို့သည် အကျိုးဖြင့် ရောက်ခြင်း။ (ဓမ္မ၊ဋ္ဌ၊၁၊၁၄၇။)♦

ဖုဿတီမိဖုရား တောင်းသော ဆု ၁၀ မျိုး

၁။ သိဝိမင်းကြီး၏ နန်းတော်ကို အစိုးရသော မိဖုရားကြီး ဖြစ်လိုခြင်း၊
၂။ သမင်မငယ်၏ မျက်လုံးနှင့် တူသော ညိုသော မျက်လုံး ရှိလိုခြင်း၊
၃။ ညိုသောမျက်ခုံး ရှိလိုခြင်း၊
၄။ ဖုဿတီဒေဝီ ဟူသော အမည်ကိုပင် ရရှိလိုခြင်း၊
၅။ နှမြော ဝန်တိုခြင်းကင်းလျက် မင်းတစ်ပါးတို့ ပူဇော်ထိုက်သော သားကောင်းရတနာကို ရလိုခြင်း၊
၆။ ကိုယ်ဝန်ဆောင်သော အခါ ဝမ်းဗိုက်သည် ညီညွတ်စွာ ပကတိအတိုင်း ရှိစေလိုခြင်း၊
၇။ သားသမီးများစွာပင် ဖွားမြင်သော်လည်း သားမြတ်အစုံသည် တွဲမကျဘဲ အရွယ်ရောက်စ အတိုင်း တည်ရှိစေလိုခြင်း၊
၈။ အရွယ်လွန်သော်လည််း ဆံမဖြူသွားမကျိုးဘဲ ငယ်မူငယ်သွေး အတိုင်း တည်ရှိစေလိုခြင်း၊
၉။ ခန္ဓာကိုယ်အဆင်းသည်လည်း မြူမလိမ်းတဲ့ ကြေးညှိမတင် စင်ကြယ်သော ကိုယ်ရှိလိုခြင်း၊
၁၀။ မင်းပြစ်သင့်၍ သေခါနီးသို့ ရောက်နေသော သူကို ကယ်တင်နိုင်လိုခြင်း။ (ဇာတက၊၂၊၃၁၂။)♦

ဖုဿတီမိဖုရားအား သိကြားမင်းက ပေးသော ဆု ၁၀ မျိုး

၁။ အဂ္ဂမဟေသီ မိဖုရား ဖြစ်ခြင်း၊
၂။ စိမ်းညိုသော မျက်စိ ရှိခြင်း၊
၃။ စိမ်းညိုသော မျက်ခုံး ရှိခြင်း၊
၄။ ဖုဿတီ ဟူသော အမည်ကို ရခြင်း၊
၅။ ဂုဏ်ထူးဝိသေသနှင့် ယှဉ်သော သားကို ရခြင်း၊
၆။ ပဋိသန္ဓေ ယူသောအခါ ဝမ်းဗိုက် မပူခြင်း၊
၇။ နို့ တွဲမကျခြင်း၊
၈။ ဆံပင် မဖြူခြင်း၊
၉။ နူးညံ့သော အသားအရေ ရှိခြင်း၊
၁၀။ အသတ်ခံရမည့် သတ္တဝါတို့အား လွတ်စေခြင်းငှာ စွမ်းနိုင်ခြင်း။ (စရိယာ၊ဋ္ဌ၊၇၇။)♦

ဖုဿဘုရားရှင်၏ ဓမ္မာဘိသမယ ၃ ကြိမ်

၁။ သင်္ကဿမြို့၌ ဓမ္မစကြာတရား ဟောတော်မူသော အခါ လူနတ်ဗြဟ္မာ ကုဋေတစ်သိန်း တရားထူး ရကြသည်၊
၂။ ဒုတိယအကြိမ် တရား ဟောတော်မူသော အခါ လူနတ်ဗြဟ္မာ ကိုးသန်း ကျွတ်တမ်းဝင်ကြသည်၊
၃။ တတိယအကြိမ် တရားဟောတော်မူသော အခါ လူနတ်ဗြဟ္မာ ရှစ်သန်း တရားထူးရပြီး ကျွတ်တမ်းဝင် ကြသည်။ (အပ၊၂၊၃၆၁။) (အပ၊မြန်၊၂။၃၅၉။)♦

ဖုဿဘုရားရှင်၏ သာဝကအစည်းအဝေး ၃ ကြိမ်

၁။ ပထမအကြိမ် အစည်းအဝေး၌ ရဟန္တာ ခြောက်သန်း၊
၂။ ဒုတိယအကြိမ် အစည်းအဝေး၌ ရဟန္တာ ငါးသန်း၊
၃။ တတိယအကြိမ် အစည်းအဝေး၌ ရဟန္တာ လေးသန်း စည်းဝေးတော်မူကြသည်။ (အပ၊၂၊၃၆၂။) (အဘိ၊ဋ္ဌ၊၁၊၆၈။) (ဇာ၊ဋ္ဌ၊၁၊၄၉။) (အပ၊မြန်၊၂။၃၆၀။)♦

ဖုဿဘုရားရှင်၏ အဂ္ဂသာဝက ၂ ပါး

၁။ သုရက္ခိတထေရ်၊
၂။ ဓမ္မသေနထေရ်။ (အဘိ၊ဋ္ဌ၊၁၊၆၈။) (ဗုဒ္ဓဝံ၊ဋ္ဌ၊၂၇၅။) (ဇာ၊ဋ္ဌ၊၁၊၄၉။)♦

ဖုဿဘုရားရှင်၏ အဂ္ဂသာဝိကာမ ၂ ပါး

၁။ စာလာထေရီ၊
၂။ ဥပစာလာထေရီ၊ (အဘိ၊ဋ္ဌ၊၁၊၆၈။) (ဗုဒ္ဓဝံ၊ဋ္ဌ၊၂၇၅။) (ဇာ၊ဋ္ဌ၊၁၊၄၉။)♦

ဖုဿဘုရားအလောင်း၏ ပြာသာဒ် ၃ ဆောင်

၁။ ဂရုဠပက္ခမည်သော ပြာသာဒ်ဆောင်၊
၂။ ဟံသ မည်သော ပြာသာဒ်ဆောင်၊
၃။ သုဝဏ္ဏဘာရမည်သော ပြာသာဒ်ဆောင်။ (အပ၊၂၊၃၆၂။) (အပ၊မြန်၊၂။၃၆၀။)♦

ဖောက်ပြန်ခြင်းတရား ၄ မျိုး (တစ်နည်း) (စိတ်၏ ဖောက်ပြန်ခြင်း ၄ မျိုး)

၁။ မမြဲသော အရာ၌ မြဲ၏ဟု စိတ်၏ ဖောက်ပြန်ခြင်း၊
၂။ ဆင်းရဲသော အရာ၌ ချမ်းသာ၏ဟု စိတ်၏ ဖောက်ပြန်ခြင်း၊၊
၃။ အတ္တမဟုတ်သော အရာ၌ အတ္တဟုတ်၏ဟု စိတ်၏ ဖောက်ပြန်ခြင်း၊
၄။ မတင့်တယ်သော အရာ၌ တင့်တယ်၏ဟု စိတ်၏ ဖောက်ပြန်ခြင်း။ (အံ၊၁၊၃၆၁။) (အဘိ၊ဝိ၊၃၉၀။) (ပေဋကော၊၂၄၇။) (ဒီ၊ဋီ၊၂၊၁၄၉။) (အံ၊မြန်၊၁။၃၇၅။) (အဘိ၊ဝိ၊မြန်၊၂။၄၉၃။)♦

ဖောက်ပြန်ခြင်းတရား ၄ မျိုး (တစ်နည်း) (အယူ၏ ဖောက်ပြန်ခြင်း ၄ မျိုး)

၁။ မမြဲသော အရာ၌ မြဲ၏ဟု အယူ၏ ဖောက်ပြန်ခြင်း၊
၂။ ဆင်းရဲသော အရာ၌ ချမ်းသာ၏ဟု အယူ၏ ဖောက်ပြန်ခြင်း၊
၃။ အတ္တမဟုတ်သော အရာ၌ အတ္တဟုတ်၏ဟု အယူ၏ ဖောက်ပြန်ခြင်း၊
၄။ မတင့်တယ်သော အရာ၌ တင့်တယ်၏ဟု အယူ၏ ဖောက်ပြန်ခြင်း။ (အံ၊၁၊၃၆၁။) (အဘိ၊ဝိ၊၃၉၀။) (ပေဋကော၊၂၄၇။) (ဒီ၊ဋီ၊၂၊၁၄၉။) (အံ၊မြန်၊၁။၃၇၅။) (အဘိ၊ဝိ၊မြန်၊၂။၄၉၃။)♦

ဖောက်ပြန်ခြင်းတရား ၄ မျိုး (သညာ၏ ဖောက်ပြန်ခြင်း ၄ မျိုး)

၁။ မမြဲသော အရာ၌ မြဲ၏ဟု သညာ၏ ဖောက်ပြန်ခြင်း၊
၂။ ဆင်းရဲသောအရာ၌ ချမ်းသာ၏ဟု သညာ၏ ဖောက်ပြန်ခြင်း၊
၃။ အတ္တမဟုတ်သော အရာ၌ အတ္တဟုတ်၏ဟု သညာ၏ ဖောက်ပြန်ခြင်း၊
၄။ မတင့်တယ်သော အရာ၌ တင့်တယ်၏ဟု သညာ၏ ဖောက်ပြန်ခြင်း။ (အံ၊၁၊၃၆၁။) (အဘိ၊ဝိ၊၃၉၀။) (ပေဋကော၊ ၂၄၇။) (ဒီ၊ဋီ၊၂၊၁၄၉။) (အံ၊မြန်၊၁။၃၇၅။) (အဘိ၊ဝိ၊မြန်၊၂။၄၉၃။)♦

ဖောက်ပြန်သောအားဖြင့် ရှာမှီးခြင်း ဝိပရိယေသာ ၄ မျိုး

၁။ မမြဲသော အရာ၌ မြဲသည်ဟု ဖောက်ပြန်သောအားဖြင့် ရှာမှီးခြင်း၊
၂။ ဆင်းရဲသော ဒုက္ခအရာ၌ ချမ်းသာသုခဟု ဖောက် ပြန်သောအားဖြင့် ရှာမှီးခြင်း၊
၃။ မတင့်တယ်သော အသုဘအရာ၌ တင့်တယ်သော သုဘဟု ဖောက်ပြန်သောအားဖြင့် ရှာမှီးခြင်း၊
၄။ အတ္တမဟုတ်သော အရာ၌ အတ္တဟု ဖောက်ပြန်သော အားဖြင့် ရှာမှီးခြင်း။ (သာရတ္ထ၊ဋီ၊၁၊၃၀၅။)♦

ဗျဉ္ဇနပဒ ၆ ပါး

၁။ အက္ခရ၊
၂။ ပဒ၊
၃။ ဗျဉ္ဇန၊
၄။ နိရုတ္တိ၊
၅။ နိဒ္ဒေသ၊
၆။ အာကာရ။ (ဣတိဝုတ်၊ဋ္ဌ၊၁၈။) (နေတ္တိ၊ဋ္ဌ၊၅၊၁၀။) (ဒီ၊ဋီ၊၁၊၃၆။) (ဒီ၊ဋီ၊၁၊၄၁။)♦

ဗျဉ္ဇနပါဌ ၆ မျိုး

၁။ အက္ခရဗျဉ္ဇနပါဌ၊
၂။ ပဒဗျဉ္ဇနပါဌ၊
၃။ ဗျဉ္ဇနဗျဉ္ဇနပါဌ၊
၄။ အာကာရ ဗျဉ္ဇန ပါဌ၊
၅။ နိရုတ္တိဗျဉ္ဇနပါဌ၊
၆။ နိဒ္ဒေသဗျဉ္ဇနပါဌ။ (မဟာနိ၊ဋ္ဌ၊၂။)♦

ဗျဉ္ဇနဗုဒ္ဓိ ၁၀ ပါး

၁။ သိထိလ- လျော့လျော့ ရွတ်ဆိုအပ်သော အက္ခရာ၊
၂။ ဓနိတ- တင်းတင်း မာမာ ရွတ်ဆိုအပ်သော အက္ခရာ၊
၃။ ဒီဃ- ရှည်ရှည် ရွတ်ဆိုအပ်သော အက္ခရာ၊
၄။ ရဿ- တိုတို ရွတ်ဆိုအပ်သော အက္ခရာ၊
၅။ ဂရုက- လေးလေးပင်ပင် ရွတ်ဆိုအပ်သော အက္ခရာ၊
၆။ လဟုက- ပေါ့ပေါ့ပါးပါး ရွတ်ဆိုအပ်သော အက္ခရာ၊
၇။ နိဂ္ဂဟီတ- နိဂ္ဂဟိတ်အက္ခရာ (ဌာန် ကရိုဏ်းတို့ကို နှိပ်၍ ရွတ်အပ်သော အက္ခရာ။)၊
၈။ သမ္ဗန္ဓ- ပုဒ်စပ်၍ ရွတ်အပ်သော အက္ခရာ၊
၉။ ဝဝတ္ထိတ- ပုဒ်ဖြတ်၍ ရွတ်အပ်သော အက္ခရာ၊
၁၀။ ဝိမုတ္တ- ဌာန် ကရိုဏ်း တို့ကို မပိတ်ဘဲ လွှတ်၍ ရွတ်အပ်သော အက္ခရာ။ (ဝိ၊ဋ္ဌ၊၄၊၂၄၇။) (ဒီ၊ဋ္ဌ၊၁၊၁၅၉။) (မ၊ဋ္ဌ၊၂၊၁၀၈။) (အံ၊ဋ္ဌ၊၂၊၁၆၉။) (သာရတ္ထ၊ဋီ၊၁၊၃၂၇။) (ဒီ၊ဋ္ဌ၊မြန်၊၁။၃၁၂။) (ဒီ၊ဋ္ဌ၊မြန်၊၁။၃၁၂။)♦

ဗျဉ္ဇနသန္ဓိ ၆ ပုဒ်

၁။ အက္ခရ၊
၂။ ပဒ၊
၃။ ဗျဉ္ဇန၊
၄။ အာကာရ၊
၅။ နိရုတ္တိ၊
၆။ နိဒ္ဒေသ။ (နေတ္တိ၊ဋ္ဌ၊၃၄။)♦

ဗျသနတရား ၅ ပါး

ပျက်စီးခြင်းတရား ၅ ပါးနှင့် တူသည်။ ♦

ဗျာပါဒ ဒေါသ ပယ်ကြောင်း တရား ၆ ပါး

၁။ ဩဒိဿက စသော မေတ္တာပွားနည်းကို သင်ယူခြင်း၊
၂။ မေတ္တာဘာဝနာကို အဖန်တလဲလဲ အားထုတ်ခြင်း၊
၃။ ကံသာလျှင် မိမိဥစ္စာ ရှိသည်၏ အဖြစ်ကို ဆင်ခြင်ခြင်း၊
၄။ ဒေါသ၏ အပြစ်, မေတ္တာ၏ အကျိုးအာနိသင်ကို ကောင်းစွာ သိခြင်း၊
၅။ မေတ္တာဘာဝနာ၌ မွေ့လျော်သော မိတ်ကောင်းတို့ကို မှီဝဲရခြင်း၊
၆။ မေတ္တာ၌ မှီသော မေတ္တာနှင့် စပ်ယှဉ်သော စကားကို ပြောဆိုခြင်း။ (သံ၊ဋ္ဌ၊၃၊၂၀၂။) (အံ၊ဋ္ဌ၊၁၊၃၇။) (အဘိ၊ဋ္ဌ၊၂၊၂၅၈။) (ဣတိဝုတ်၊ဋ္ဌ၊၃၃၉။)♦

ဗျာပါဒ၏ ထွက်မြောက်ရာ ၂ မျိုး

၁။ ဝိက္ခမ္ဘနနိဿရဏ- ပယ်ခွါဖျက်ဆီးတတ်သော (ဆန့်ကျင် ဘက် တရားမှ) ထွက်မြောက်ကြောင်း (ပဌမဈာန်)၊
၂။ သမုစ္ဆေဒနိဿရဏ- အကြွင်းမဲ့ ဖြတ် တောက် ဖျက်ဆီးတတ်သော (ဆန့်ကျင်ဘက်တရားမှ) ထွက်မြောက်ကြောင်း အရဟတ္တ မဂ်။ (သံ၊ဋ္ဌ၊၃၊၂၁၀။)♦

ဗျာပါဒကံမြောက် အင်္ဂါ ၂ ပါး

၁။ တစ်ပါးသော သတ္တဝါ ဖြစ်ခြင်း၊
၂။ ထိုတစ်ပါးသူ၏ ပျက်စီး ကြောင်းကို ကြံခြင်း။ (ဒီ၊ဋ္ဌ၊၃၊၂၃၂။) (မ၊ဋ္ဌ၊၁၊၂၀၅။) (သံ၊ဋ္ဌ၊၂၊၁၃၇။) (အဘိ၊ဋ္ဌ၊၁၊၁၄၄။) (ပဋိသံ၊ဋ္ဌ၊၁၊၂၀၆။) (မဟာနိ၊ဋ္ဌ၊၁၀၂။) (သာရတ္ထ၊ဋီ၊၁၊၃၄၆။)♦

ဗျာပါဒနီဝရဏကို စွန့်ပယ်ကြောင်းတရား ၆ ပါး

၁။ မေတ္တာနိမိတ္တဿ ဥဂ္ဂဟော- ဗျာပါဒ နီဝဏ၏ ဆန့်ကျင်ဘက်ဖြစ်သော မေတ္တာနိမိတ်အာရုံကို သင်ယူခြင်း၊
၂။ မေတ္တာဘာဝနာ နုယောဂေါ- မေတ္တာဘာဝနာကို အားထုတ်ခြင်း၊
၃။ ကမ္မဿကတာ- ဆန့်ကျင်ဘက် ရန်သူကို မြင်လျှင် ဒေါသမဖြစ်ဘဲ ကံသာလျှင် ကိုယ်ပိုင်ဥစ္စာရှိသည်၏ အဖြစ်ကို နှလုံး သွင်းခြင်း၊
၄။ ပဋိသင်္ခါနဗဟုလတာ- အသင့်အားဖြင့် နှလုံးသွင်းဆင်ခြင်မှု များခြင်း၊
၅။ ကလျာဏ မိတ္တတာ- ဆရာသမားကောင်း စသော မိတ်ကောင်း ဆွေကောင်းရှိခြင်း၊
၆။ သပ္ပါယကထာ- လျောက်ပတ်သော စကားကို ပြောဆိုခြင်း။ (ဒီ၊ဋီ၊၁၊၂၆၀။)♦

ဗြဟ္မစရိယ၏ အကျိုး ၄ ပါး

၁။ သောတာပတ္တိဖိုလ်၊
၂။ သကဒါဂါမိဖိုလ်၊
၃။ အနာဂါမိဖိုလ်၊
၄။ အရဟတ္တဖိုလ်။ (သံ၊၃၊၂၁။) (သံ၊မြန်၊၃။၂၄။)♦

ဗြဟ္မစရိယတရား ၈ ပါး

၁။ သမ္မာဒိဋ္ဌိ- မှန်ကန်စွာ သိမြင်ခြင်း၊
၂။ သမ္မာသင်္ကပ္ပ- မှန်ကန်စွာ ကြံစည်ခြင်း၊
၃။ သမ္မာဝါစာ- မှန်ကန်စွာ ပြောဆိုခြင်း၊
၄။ သမ္မာကမ္မန္တ- မှန်ကန်စွာ ပြုလုပ် ခြင်း၊
၅။ သမ္မာအာဇီဝ- မှန်ကန်စွာ အသက်မွေးမြူခြင်း၊
၆။ သမ္မာဝါယာမ- မှန်ကန်စွာ အားထုတ်ခြင်း၊
၇။ သမ္မာသတိ- မှန်ကန်စွာ အောက်မေ့ခြင်း၊
၈။ သမ္မာသမာဓိ- မှန်ကန်စွာ တည်ကြည်ခြင်း။ (သံ၊၃၊၂၁။) (သံ၊မြန်၊၃။၂၄။)♦

ဗြဟ္မစရိယဖလ ၄ ပါး

ဗြဟ္မစရိယ၏ အကျိုး ၄ ပါးနှင့် တူသည်။ ♦

ဗြဟ္မစရိယသဒ္ဒါ၏ အနက် ၁၀ မျိုး

၁။ ဒါန အနက်၊
၂။ ဝေယျာဝစ္စ အနက်၊
၃။ ငါးပါးသော သိက္ခာပုဒ် သီလ အနက်၊
၄။ အပ္ပမညာတရား အနက်၊
၅။ မေထုန်မှ ရှောင်ကြဉ်ခြင်း အနက်၊
၆။ မိမိ မယားဖြင့် ရောင့်ရဲခြင်း အနက်၊
၇။ လုံ့လဝီရိယ အနက်၊
၈။ ဥပုသ်အင်္ဂါ အနက်၊
၉။ အရိယမဂ် အနက်၊
၁၀။ သာသနာဟူသော အနက်။ (ဒီ၊ဋ္ဌ၊၁၊၁၆၀။) (မ၊ဋ္ဌ၊၁၊၃၄၆။) (ဒီ၊ဋ္ဌ၊မြန်၊၁။၃၁၃။) (ဒီ၊ဋ္ဌ၊မြန်၊၁။၃၁၃။)♦

ဗြဟ္မစိုရ်တရား ၄ ပါး

ဗြဟ္မဝိဟာရတရား ၄ ပါးနှင့် တူသည်။ ♦

ဗြဟ္မဇာလဒေသနာတော်၏ အမည် ၅ မျိုး

၁။ ဗြဟ္မဇာလ- မြတ်သော ဉာဏ်ကွန်ရက်၊
၂။ အတ္ထ ဇာလ- အနက်သဘောကွန်ရက်၊
၃။ ဓမ္မဇာလ- တရားအစဉ်ကွန်ရက်၊
၄။ ဒိဋ္ဌိဇာလ- အယူဝါဒ ကွန်ရက်၊
၅။ အနုတ္တရသင်္ဂါမဝိဇယ- အတုမဲ့စစ်အောင်ပွဲ။ (ဒီ၊၁၊၄၃။) (ဒီ၊မြန်၊၁။၅၁။)♦

ဗြဟ္မဝိဟာရတရား ၄ ပါး

၁။ မေတ္တာ၊
၂။ ကရုဏာ၊
၃။ မုဒိတာ၊
၄။ ဥပေက္ခာ။ (ဝိသုဒ္ဓိ၊၁၊၁၀၇။) (သာရတ္ထ၊ဋီ၊၂၊၂၀၃။)♦

ဗြဟ္မာ့ဘုံ၌ ပရိနိဗ္ဗာန်ပြုသူ ၅ ယောက်

၁။ အကြား၌ ပရိနိဗ္ဗာန်ပြုသော အန္တရာပရိနိဗ္ဗာယီပုဂ္ဂိုလ်၊
၂။ သက်တမ်းထက်ဝက်ကို ကျော်၍ ပရိနိဗ္ဗာန်ပြုသော ဥပဟစ္စပရိနိဗ္ဗာယီပုဂ္ဂိုလ်၊
၃။ ပြုပြင်မှု မရှိဘဲ ပရိနိဗ္ဗာန်ပြုသော အသင်္ခါရပရိနိဗ္ဗာယီပုဂ္ဂိုလ်၊
၄။ ပြုပြင်မှုဖြင့် ပရိနိဗ္ဗာန် ပြုသော သသင်္ခါရပရိနိဗ္ဗာယီပုဂ္ဂိုလ်၊
၅။ အထက်အလျဉ်သွားမည့် ဥဒ္ဓံသောတ အကနိဋ္ဌဂါမီအနာဂါမ် ပုဂ္ဂိုလ်။ (ပဋိသံ၊၁၆၀-၁၆၁။) (ပဋိသံ၊မြန်။၂၀၅။)♦

ဗြဟ္မာမင်း၏ အသံ အင်္ဂါ ၈ ပါး

၁။ သန့်ရှင်းခြင်း၊
၂။ ပြတ်သားခြင်း၊
၃။ သာယာခြင်း၊
၄။ နားဝင် ချိုခြင်း၊
၅။ အသံလုံခြင်း၊
၆။ မကွဲအက်ခြင်း၊
၇။ အသံအောင်ခြင်း၊
၈။ မြည်ဟိန်းခြင်း။ (ဒီ၊၂၊၁၇၁။) (ဒီ၊မြန်၊၂။၁၉၅။)♦

ဗြဟ္မာမင်းဖြစ်သော ရသေ့ညီအစ်ကို ၇ ပါး

၁။ ယာမဟနူမည်သော ရသေ့၊
၂။ သောမယာမ ရသေ့၊
၃။ မနောဇဝရသေ့၊
၄။ သမုဒ္ဒရသေ့၊
၅။ မာဃရသေ့၊
၆။ ဘရတရသေ့၊
၇။ ကာလ ပုရေက္ခတ ရသေ့။ (ဇာတက၊၂၊၁၈၅။)♦

ဗြာဟ္မဏ ၂ မျိုး

၁။ ဇာတိဗြာဟ္မဏ- အမျိုးဇာတ်အားဖြင့် ဗြာဟ္မဏမည်သော ပုဏ္ဏား၊
၂။ ဝိသုဒ္ဓိ ဗြာဟ္မဏ- အထူးသဖြင့် ကိလေသာစင်ကြယ်ပြီးသူ ဘုရား, ရဟန္တာဟူသော ပုဏ္ဏား။ (သာရတ္ထ၊ ဋီ၊၁။၂၁၃။)♦

ဗြာဟ္မဏသစ္စာ ၄ ပါး

၁။ သတ္တဝါတို့အား မသတ်အပ်ဟု မှန်သော စကားကို ပြောဆိုလျက် ထိုအမှန် တရားကို ထူးသော ဉာဏ်ဖြင့် သိ၍ သတ္တဝါတို့အပေါ်၌ အစဉ်သနားစောင့်ရှောက်ခြင်းငှာ ကျင့်ခြင်း၊
၂။ အလုံးစုံသော ကာမဂုဏ်တို့သည် အမြဲမရှိကုန်, ဆင်းရဲဒုက္ခတို့ချည်းသာ ဖြစ်ကုန်၏ ဖောက်ပြန်ခြင်းသဘော ရှိကုန်၏ဟု မှန်သော စကားကို ပြောဆိုလျက် ထိုအမှန် တရားကို ထူးသော ဉာဏ်ဖြင့် သိ၍ ထိုကာမဂုဏ်တရားတို့ ချုပ်ငြိမ်းရန် ကျင့်ခြင်း၊
၃။ အလုံးစုံသော ဘဝတို့သည် အမြဲမရှိကုန်, ဆင်းရဲဒုက္ခတို့ချည်းသာ ဖြစ်ကုန်၏၊ ဖောက်ပြန် ခြင်းသဘော ရှိကုန်၏ဟု မှန်သော စကားကို ပြောဆိုလျက် ထိုအမှန်တရားကို ထူးသော ဉာဏ်ဖြင့် သိ၍ ထိုဘဝတို့ ချုပ်ငြိမ်းရန် ကျင့်ခြင်း၊
၄။ ငါဟူသော ကိုယ်ကောင် အတ္တသည် လည်းကောင်း သူတစ်ပါးဟူသော ကိုယ်ကောင် အတ္တသည်လည်းကောင်း မည်သည့် အဇ္ဈတ္တ သန္တာန် ဗဟိဒ္ဓသန္တာန်၌မျှ မရှိ, တစ်စုံတစ်ယောက်သော သူ၏ တစ်စုံတစ်ရာ သက်ဆိုင်သူ အတ္တနိယ၏ အဖြစ်၌လည်း မရှိ, ဤသို့စသည်ဖြင့် မှန်သော စကားကို ပြောဆိုလျက် ထိုအမှန်တရားကို ထူးသောဉာဏ်ဖြင့် သိ၍ အာကိဉ္စညာယတနဈာန်အကျင့်ကို ကျင့်ခြင်း။ (အံ၊၁၊၄၉၆။) (အံ၊မြန်၊၁။၅၁၀-၅၁၁။)♦

ဗြာဟ္မဏဟု သတ်မှတ်ကြောင်း ၅ ပါး

၁။ အမိဘက် အဖဘက် နှစ်ဘက်စလုံးတို့မှ ကောင်းသော ဇာတ်ရှိခြင်း၊ ဘိုးဘေး ခုနှစ်ဆက်တိုင်အောင် မျိုးရိုးသန့်သော အမိဝမ်းရှိခြင်း၊ ဇာတ်နှင့် စပ်သော စကားဖြင့် အပယ်မခံရခြင်း အကဲ့ရဲ့မခံရခြင်း၊
၂။ ဝေဒကျမ်းဂါထာတို့ကို ရွတ်ဆို တတ်ခြင်း၊ ဝေဒကျမ်းတို့ကို အာဂုံဆောင်နိုင်ခြင်း၊ အဘိဓာန်နိဃဏ္ဍုကျမ်း အလင်္ကာ ကေဋုဘ ကျမ်း ငါးခုမြောက် ဣတိဟာသကျမ်းနှင့်တကွ ဗေဒင်သုံးပုံတို့ကို တစ်ဖက်ကမ်းခပ် တတ်မြောက်ခြင်း၊ ပဒကျမ်းကို တတ်ခြင်း၊ ဗျာကရုဏ်းကျမ်းကို တတ်ခြင်း၊ လောကာယတကျမ်း မဟာပုရိသလက္ခဏာကျမ်းတို့ကို အကြွင်းမဲ့တတ်ခြင်း၊
၃။ အဆင်းလှခြင်း၊ ရှုချင်ဖွယ်ရှိခြင်း ကြည်ညိုဖွယ်ရှိခြင်း၊ မြတ်သော အဆင်းသဏ္ဌာန်နှင့် ပြည့်စုံခြင်း၊ ဗြဟ္မာနှင့်တူသော အဆင်းရှိခြင်း၊ ဗြဟ္မာနှင့်တူသော ကိုယ်ရှိခြင်း ခံ့ညားသော ကိုယ်ခန္ဓာ ရှိခြင်း၊
၄။ သီလရှိခြင်း၊ ကြီးပွားသော သီလရှိခြင်း၊ ကြီးပွားသော သီလနှင့် ပြည့်စုံခြင်း၊
၅။ ပညာ ရှိခြင်း၊ ထက်မြက်သော ဉာဏ်ရှိခြင်း၊ ယဇ်ယောက်မကိုင်သော သူတို့တွင် ပဌမ (သို့မဟုတ်) ဒုတိယဖြစ်ခြင်း။ (ဒီ၊၁၊၁၁၃။) (ဒီ၊မြန်၊၁။၁၃၃။)♦

ဗလ ၂ မျိုး

၁။ ကိုယ်၏စွမ်းအား- ကာယဗလ၊
၂။ ဉာဏ်စွမ်းအား- ဉာဏဗလ။ (သံ၊ဋ္ဌ၊၂၊၄၁။)♦

ဗလ ၅ မျိုး

၁။ ဗာဟုဗလ- ကိုယ်စွမ်းအား၊
၂။ ဘောဂဗလ- ဥစ္စာစည်းစိမ်စွမ်းအား၊
၃။ အမစ္စဗလ- အမတ်စွမ်းအား၊
၄။ အဘိဇစ္စဗလ- မင်းမျိုးဟူသော အမျိုးဇာတ်စွမ်းအား၊
၅။ ပညာဗလ- အသိဉာဏ်စွမ်းအား။ (ဇာ၊ဋ္ဌ၊၅၊၁၂၇။)♦

ဗလဝ ဝိပဿနာဉာဏ် ၄ ပါး

၁။ ကြောက်မက်ဖွယ်အားဖြင့် (ဘေးရန်အားဖြင့်) ထင်လာသော ဉာဏ်၊
၂။ ခန္ဓာ စသည်တို့၏ အပြစ်တို့ကို အဖန်ဖန် ရှုခြင်း၌ ဖြစ်သော ဉာဏ်၊
၃။ သင်္ခါရတို့မှ လွတ်မြောက်လိုသည့်အဖြစ်အားဖြင့် ဖြစ်သော ဉာဏ်- မုစ္စိတုကမျတာဉာဏ်၊
၄။ ခန္ဓာတို့၏ အပျက်ကိုသာ ရှုသော, သိသော ဉာဏ်- ဘင်္ဂဉာဏ်။ (အံ၊ဋီ၊၃၊၉၈။) (အံ၊ဋီ၊၃၊၁၁၆။)♦

ဗလိ ၅ ပါး

၁။ အဆွေအမျိုးအား ပြုအပ်သော ပူဇော်ခြင်း၊
၂။ ဧည့်သည်တို့အား ပြုအပ်သော ပူဇော်ခြင်း၊
၃။ ရှေးကသေလွန်ကုန်ပြီးသော ဆွေမျိုးမိဘစသည်တို့အား ပြုအပ်သော ပူဇော်ခြင်း၊
၄။ မင်းအားပြုအပ်သော ပူဇော်ခြင်း၊
၅။ နတ်အားပြုအပ်သော ပူဇော်ခြင်း။ (အံ၊၁၊၃၇၉။) (အံ၊ဋ္ဌ၊၂၊၃၁၃။)♦

ဗဟိဒ္ဓတဏှာဝိစရိတ ၁၈ ပါး

အပသန္တာန်ကို စွဲ၍ ဖြစ်သော တဏှာ ၁၈ ပါးနှင့် တူသည်။ ♦

ဗဟိဒ္ဓဝိညာဏ ၆ ပါး

၁။ အခြားတစ်ပါးသော ပုဂ္ဂိုလ်သတ္တဝါတို့၏ သန္တာန်၌ ဖြစ်သော စက္ခု ဝိညာဏ်၊
၂။ အခြားတစ်ပါးသော ပုဂ္ဂိုလ်သတ္တဝါတို့၏ သန္တာန်၌ ဖြစ်သော သောတဝိညာဏ်၊
၃။ အခြားတစ်ပါးသော ပုဂ္ဂိုလ်သတ္တဝါတို့၏ သန္တာန်၌ ဖြစ်သော ဃာနဝိညာဏ်၊
၄။ အခြား တစ်ပါးသော ပုဂ္ဂိုလ်သတ္တဝါတို့၏ သန္တာန်၌ ဖြစ်သော ဇိဝှါဝိညာဏ်၊
၅။ အခြားတစ်ပါးသော ပုဂ္ဂိုလ်သတ္တဝါတို့၏ သန္တာန်၌ ဖြစ်သော ကာယဝိညာဏ်၊
၆။ အခြားတစ်ပါးသော ပုဂ္ဂိုလ် သတ္တဝါတို့၏ သန္တာန်၌ ဖြစ်သော မနောဝိညာဏ်။ (အဘိ၊ဝိ၊၁၁။) (အဘိ၊ဝိ၊မြန်၊၁။၂၂။)♦

ဗဟိဒ္ဓသင်္ခါရ ၆ ပါး

၁။ အခြားတစ်ပါးသော ပုဂ္ဂိုလ်သတ္တဝါတို့၏ သန္တာန်၌ ဖြစ်သော စက္ခု သမ္ဖဿဇာ စေတနာ၊
၂။ အခြားတစ်ပါးသော ပုဂ္ဂိုလ်သတ္တဝါတို့၏ သန္တာန်၌ ဖြစ်သော သောတ သမ္ဖဿဇာ စေတနာ၊
၃။ အခြားတစ်ပါးသော ပုဂ္ဂိုလ်သတ္တဝါတို့၏ သန္တာန်၌ ဖြစ်သော ဃာန သမ္ဖဿဇာ စေတနာ၊
၄။ အခြားတစ်ပါးသော ပုဂ္ဂိုလ်သတ္တဝါတို့၏ သန္တာန်၌ ဖြစ်သော ဇိဝှါ သမ္ဖဿဇာ စေတနာ၊
၅။ အခြားတစ်ပါးသော ပုဂ္ဂိုလ်သတ္တဝါတို့၏ သန္တာန်၌ ဖြစ်သော ကာယ သမ္ဖဿဇာ စေတနာ၊
၆။ အခြားတစ်ပါးသော ပုဂ္ဂိုလ်သတ္တဝါတို့၏ သန္တာန်၌ ဖြစ်သော မနော သမ္ဖဿဇာ စေတနာ။ (အဘိ၊ဝိ၊၈။) (အဘိ၊ဝိ၊မြန်၊၁။၁၇။)♦

ဗဟိဒ္ဓသညာ ၆ ပါး

၁။ အခြားတစ်ပါးသော ပုဂ္ဂိုလ်သတ္တဝါတို့၏ သန္တာန်၌ ဖြစ်သော စက္ခု သမ္ဖဿဇာ သညာ၊
၂။ အခြားတစ်ပါးသော ပုဂ္ဂိုလ်သတ္တဝါတို့၏ သန္တာန်၌ ဖြစ်သော သောတသမ္ဖဿဇာ သညာ၊
၃။ အခြားတစ်ပါးသော ပုဂ္ဂိုလ်သတ္တဝါတို့၏ သန္တာန်၌ ဖြစ်သော ဃာနသမ္ဖဿဇာ သညာ၊
၄။ အခြားတစ်ပါးသော ပုဂ္ဂိုလ်သတ္တဝါတို့၏ သန္တာန်၌ ဖြစ်သော ဇိဝှါသမ္ဖဿဇာ သညာ၊
၅။ အခြားတစ်ပါးသော ပုဂ္ဂိုလ်သတ္တဝါတို့၏ သန္တာန်၌ ဖြစ်သော ကာယသမ္ဖဿဇာ သညာ၊
၆။ အခြားတစ်ပါးသော ပုဂ္ဂိုလ်သတ္တဝါတို့၏ သန္တာန်၌ ဖြစ်သော မနောသမ္ဖဿဇာ သညာ။ (အဘိ၊ဝိ၊၆။) (အဘိ၊ဝိ၊မြန်၊၁။၁၂။)♦

ဗဟုကာရ တရား ၆ ပါး

ကျေးဇူးများသော တရား ၆ ပါး၊ သာရဏီယ တရား ၆ ပါးတို့နှင့်တူသည်။ ♦

ဗဟုကာရ တရား ၉ ပါး

ကျေးဇူးများသော တရား ၉ ပါးနှင့် တူသည်။ ♦

ဗဟုကာရတရား ၁၀ ပါး

ကျေးဇူးများသော တရား ၁၀ ပါး၊ မှီခိုရာတရား ၁၀ ပါးနှင့် နာထကရဏ ဓမ္မ ၁၀ ပါး တူသည်။ ♦

ဗဟုကာရတရား ၃ ပါး

ကျေးဇူးများသော တရား ၃ ပါးနှင့် တူသည် ♦

ဗဟုကာရတရား ၄ ပါး

ကျေးဇူးများသော တရား ၄ ပါးနှင့် တူသည်။ ♦

ဗဟုကာရတရား ၅ ပါး

ကျေးဇူးများသော တရား ၅ ပါး၊ ကမ္မဋ္ဌာန်းအားထုတ်သူ၏ အင်္ဂါ ၅ ပါး၊ ပဓာနိယင်္ဂတရား ၅ ပါးတို့နှင့် တူသည်။ ♦

ဗဟုကာရတရား ၇ ပါး

ကျေးဇူးများသော တရား ၇ ပါး၊ သူတော်ကောင်း ဥစ္စာ ၇ ပါးတို့နှင့်တူသည်။ ♦

ဗဟုကာရတရား ၈ ပါး

ကျေးဇူးများသော တရား ၈ ပါး နှင့် တူသည်။ ♦

ဗဟုဿုတ ၂ မျိုး

၁။ ပရိယတ် ဗဟုဿုတ- ပိဋကသုံးပုံ၌ အကြားအမြင် များခြင်း၊
၂။ ပဋိဝေဓ ဗဟုဿုတ- သစ္စာလေးပါးကို ထိုးထွင်း၍ သိခြင်း အကြားအမြင်။ (ဒီ၊ဋ္ဌ၊၂၊၁၁၉။) (ဒီ၊ဋ္ဌ၊မြန်၊၂။၂၂၂။)♦

ဗဟုဿုတပုဂ္ဂိုလ် ၃ မျိုး

၁။ နိဿယမုစ္စနက- နိဿယည်းမှ လွတ်သော ဗဟုဿုတပုဂ္ဂိုလ်၊
၂။ ပရိသုပဋ္ဌာက- ပရိသတ်ကို ပြုစုလုပ်ကျွေးစေနိုင်သော ဗဟုဿုတပုဂ္ဂိုလ်၊
၃။ ဘိက္ခုနော ဝါဒက- ဘိက္ခုနီမတို့ကို ဆုံးမတတ်သော ဗဟုဿုတပုဂ္ဂိုလ်။ (ဝိ၊ဋ္ဌ၊၃၊၅၄။)♦

ဗဟုဿုတရှိသော ပုဂ္ဂိုလ် ၂ မျိုး

၁။ ပရိယတ္တိ ဗဟုဿုတပုဂ္ဂိုလ်= ပိဋကတ်သုံးပုံတို့၌ အနက် အဓိပ္ပါယ်အားဖြင့် အကုန်အစင် တတ်သိနားလည်သော ပုဂ္ဂိုလ်၊
၂။ ပဋိဝေဓ ဗဟုဿုတ ပုဂ္ဂိုလ်= မဂ်လေးပါး ဖိုလ်လေးပါး ဝိဇ္ဇာသုံးပါး အဘိညာဉ်ငါးပါးတို့ကို ထိုးထွင်း၍ သိသော ပုဂ္ဂိုလ်။ (အပ၊ဋ္ဌ၊၁၊၂၀၇။)♦

ဗာဝရီရသေ့ကြီး၏ တပည့်ရသေ့ ၁၆ ယောက်

၁။ အဇိတ၊
၂။ တိဿ၊
၃။ မေတ္တေယျ၊
၄။ ပုဏ္ဏက၊
၅။ မေတ္တဂူ။၆။ ဓောတက၊
၇။ ဥပသီဝ၊
၈။ နန္ဒ၊
၉။ ဟေမက၊
၁၀။ တောဒေယျကပ္ပ၊
၁၁။ ဇတု ကဏ္ဏီ၊
၁၂။ ဘဒြာဝုဓ၊
၁၃။ ဥဒယ၊
၁၄။ ပေါသာလ၊
၁၅။ မောဃရာဇ၊
၁၆။ ပိင်္ဂိယ။ (သုတ္တနိ၊ ၄၃၁။) (သုတ္တနိ၊၄၄၉။) (စူဠနိ၊၄။) (သုတ္တနိ၊မြန်။၄၀၈။) (သုတ္တနိ၊မြန်။၄၀၈။)♦

ဗာဟိရလှူဖွယ်ဝတ္ထု ၁၀ ပါး

ကိုယ်လှူဖွယ်ဝတ္ထု ၁၀ ပါးနှင့် တူသည်။ ♦

ဗာဟိရာယတန ၆ ပါး

၁။ ရုပ်အဆင်း၊
၂။ အသံ၊
၃။ အနံ့၊
၄။ အရသာ၊
၅။ အတွေ့အထိ၊
၆။ တရား သဘော။ (ဒီ၊ဋ္ဌ၊၂၊၃၇၄။) (မ၊ဋ္ဌ၊၁၊၂၉၁။) (ဒီ၊မြန်၊၃။၂၂၅။) (ဒီ၊ဋ္ဌ၊မြန်၊၂။၆၉၃။) (ဒီ၊ဋ္ဌ၊မြန်၊၂။၆၉၃။)(ဒီ၊၃၊၂၀၂)♦

ဗာဟုဿုတိကဆရာတို့၏ အမျိုးအနွယ်ဂိုဏ်း ၂ ဂိုဏ်း (ဂေါကုလိကဂိုဏ်းမှ ခွဲထွက်သော ဗာဟုဿုတိကဆရာတို့၏ အမျိုးအနွယ်ဂိုဏ်း ၂ ဂိုဏ်း)

၁။ ပဏ္ဏတ္တိဝါဒဂိုဏ်း၊
၂။ ဗာဟုလိယဂိုဏ်း။ (အဘိ၊ဋ္ဌ၊၃၊၁၀၆။)♦

ဗိုလ် ၂ ပါး

၁။ သမထစွမ်းအား၊
၂။ ဝိပဿနာစွမ်းအား။ (ပဋိသံ၊၉၅။) (ပဋိသံ၊မြန်။၁၂၅။)♦

ဗိုလ် ၄ ပါး

၁။ အားထုတ်ခြင်း ‘ဝီရိယ’ဗိုလ်၊
၂။ အောက်မေ့ခြင်း ‘သတိ’ဗိုလ်၊
၃။ တည်ကြည်ခြင်း ‘သမာဓိ’ဗိုလ်၊
၄။ အပြားအားဖြင့် သိခြင်း ‘ပညာ’ဗိုလ်။ (ဒီ၊၃၊၁၉၁။) (ဒီ၊မြန်၊၃။၂၁၄။)♦

ဗိုလ် ၄ ပါး

၁။ သဒ္ဓါဗိုလ်၊
၂။ ဝီရိယဗိုလ်၊
၃။ သတိဗိုလ်၊
၄။ သမာဓိဗိုလ်၊ (တစ်နည်း)
ပညာ ဗိုလ်၊
၂။ ဝီရိယဗိုလ်၊
၃။ အပြစ်မရှိခြင်း အနဝဇ္ဇဗိုလ်၊
၄။ ချီးမြှောက်ခြင်း သင်္ဂဟဗိုလ်၊ (တစ်နည်း)
ဆင်ခြင်မှု ပဋိသင်္ခါရဗိုလ်၊
၂။ ပွားများခြင်း ဘာဝနာဗိုလ်၊
၃။ အပြစ် မရှိခြင်း အနဝဇ္ဇဗိုလ်၊
၄။ ချီးမြှောက်ခြင်း သင်္ဂဟဗိုလ်။ (အံ၊၃၊၁၇၃။) (အံ၊၁၊၄၅၉။) (အံ၊မြန်၊၃။၁၇၅။) (အံ၊မြန်၊၁။၄၇၂။)♦

ဗိုလ် ၅ ပါး

၁။ သဒ္ဓါဗိုလ်၊
၂။ ဟိရီဗိုလ်၊
၃။ ဩတ္တပ္ပဗိုလ်၊
၄။ ဝီရိယဗိုလ်၊
၅။ ပညာဗိုလ်။ (အံ၊၂၊၂၁၇။) (အံ၊မြန်၊၂။၂၇၃။)♦

ဗိုလ် ၅ ပါး (တစ်နည်း)

၁။ သဒ္ဓါဗိုလ်၊
၂။ ဝီရိယဗိုလ်၊
၃။ သတိဗိုလ်၊
၄။ သမာဓိဗိုလ်၊
၅။ ပညာ ဗိုလ်။ (မ၊၂၊၂၀၄။) (သံ၊၃၊၂၁၈-၂၂၁။) (ပဋိသံ၊၃၅၀။) (မ၊မြန်၊၂။၂၁၆။) (သံ၊မြန်၊၃။၂၁၇။) (ပဋိသံ၊ မြန်။၄၁၄။)♦

ဗိုလ် ၆၈ ပါး

၁။ သဒ္ဓါဗိုလ်၊
၂။ ဝီရိယဗိုလ်၊
၃။ သတိဗိုလ်၊
၄။ သမာဓိဗိုလ်၊
၅။ ပညာဗိုလ်၊
၆။ ဟိရီ ဗိုလ်၊
၇။ ဩတ္တပ္ပဗိုလ်၊
၈။ ပဋိသင်္ခါနဗိုလ်၊
၉။ ဘာဝနာဗိုလ်၊
၁၀။ အနဝဇ္ဇဗိုလ်၊
၁၁။ သင်္ဂဟဗိုလ်၊
၁၂။ ခန္တီဗိုလ်၊
၁၃။ ပညတ္တိဗိုလ်၊
၁၄။ နိဇ္ဈတ္တိဗိုလ်၊
၁၅။ ဣဿရိယဗိုလ်၊
၁၆။ အဓိဋ္ဌာန်ဗိုလ်၊
၁၇။ သမထဗိုလ်၊
၁၈။ ဝိပဿနာဗိုလ်၊
၁၉။ သေခဗိုလ် (၁၀) ပါး၊
၂၀။ အသေခဗိုလ် (၁၀) ပါး၊
၂၁။ ခီဏာသဝဗိုလ် (၁၀) ပါး၊
၂၂။ ဣဒ္ဓိဗိုလ် (၁၀) ပါး၊
၂၃။ တထာဂတဗိုလ် (၁၀) ပါး။ (ပဋိသံ၊၃၅၀။) (ပဋိသံ၊မြန်။၄၁၄။)♦

ဗိုလ် ၇ ပါး

၁။ သဒ္ဓါဗိုလ်၊
၂။ ဝီရိယဗိုလ်၊
၃။ ဟိရီဗိုလ်၊
၄။ ဩတ္တပ္ပဗိုလ်၊
၅။ သတိဗိုလ်၊
၆။ သမာဓိဗိုလ်၊
၇။ ပညာဗိုလ်။ (ဒီ၊၃၊၂၀၉။) (အံ၊၂၊၃၉၇။) (အဘိ၊ဓ၊၃၂။) (ဒီ၊မြန်၊၃။၂၃၂။) (အံ၊မြန်၊၂။၅၀၂။) (အဘိ၊ဓ၊မြန်။၅၀။)♦

ဗီဇ ၅ မျိုး

ဗီဇဂါမ် ၅ မျိုးနှင့် တူသည်။ ♦

ဗီဇဂါမ် ၅ မျိုး

၁။ မူလဗီဇ- အမြစ်မျိုးစေ့၊
၂။ ခန္ဓဗီဇ- ပင်စည်မျိုးစေ့၊
၃။ ဖဠုဗီဇ- အဆစ်မျိုးစေ့၊
၄။ အဂ္ဂဗီဇ- အညွန့်မျိုးစေ့၊
၅။ ဗီဇဗီဇ- အစေ့မျိုးစေ့။ (ဝိ၊၂၊၅၂။) (ဝိ၊၅၊၂၃၅။) (ဒီ၊၁၊၆၁။) (သံ၊၂၊၄၄။) (ဒီ၊ဋ္ဌ၊၁၊၇၅။) (မ၊ဋ္ဌ၊၂၊၁၁၂။) (သံ၊ဋ္ဌ၊၁၊၂၂၉။) (သံ၊ဋ္ဌ၊၃၊၃၃၅။) (အံ၊ဋ္ဌ၊၂၊၃၇၇။) (ပဋိသံ၊ဋ္ဌ၊၂၊၃၀၇။) (သုတ္တနိ၊ဋ္ဌ၊၁၊၁၃၀။) (ဝိ၊မြန်၊၂။၅၇။) (ဝိ၊မြန်၊၅။၃၂၆။) (ဒီ၊မြန်၊၁။၅၊၇၃။) (သံ၊မြန်၊၂။၄၃။) (ဒီ၊ဋ္ဌ၊မြန်၊၁။၁၄၃။)♦

ဗုဒ္ဓ ၃ မျိုး

၁။ ဗုဒ္ဓ- သဗ္ဗညုဘုရား၊
၂။ ပစ္စေကဗုဒ္ဓ- ကိုယ်တိုင်သာ (ဆရာ မရှိပဲ) သစ္စာ ၄ ပါးကို သိမြင်သော ဘုရား, သီးခြား ဘုရား, ဘုရားငယ်၊
၃။ အနုဗုဒ္ဓ- ဘုရားသို့ အတုလိုက်၍ သစ္စာ ၄ ပါးကို သိသော သူ, ဘုရား၏ အဂ္ဂသာဝက, မဟာသာဝက, ပကတိသာဝကများ။ (ဓမ္မ၊ဋ္ဌ၊၂၊၁၅၄။)♦

ဗုဒ္ဓ ၄ မျိုး

၁။ သုတဗုဒ္ဓ-ပရိယတ္တိ ပဋိပတ္တိ ဗဟုဿုတရှိသော ရဟန်း၊
၂။ စတုသစ္စဗုဒ္ဓ- ရဟန္တာ ပုဂ္ဂိုလ်၊
၃။ ပစ္စေကဗုဒ္ဓ- ပစ္စေကဗုဒ္ဓါ၊
၄။ သဗ္ဗညုဗုဒ္ဓ- သဗ္ဗညုဘုရားရှင်။ (သံ၊ဋ္ဌ၊၁၊၂၄။) (အံ၊ဋ္ဌ၊၁၊၈၉။)♦

ဗုဒ္ဓကိစ္စ ၅ မျိုး (ဘုရားရှင် နေ့စဉ် ပြုလုပ်နေကြ ရှေ့အဖို့ကိစ္စ ၅ မျိုး)

၁။ ပုရေဘတ္တကိစ္စ- ဆွမ်းမစားမီ ရှေ့အဖို့၌ ပြုအပ်သော အမှုကိစ္စ၊
၂။ ပစ္ဆာဘတ္တကိစ္စ- ဆွမ်းစားပြီးနောက်၌ ပြုအပ်သော အမှုကိစ္စ၊
၃။ ပုရိမယာမကိစ္စ- ပထမယာမ်၌ ပြုအပ်သော အမှုကိစ္စ၊
၄။ မဇ္ဈိမယာမ ကိစ္စ- မဇ္ဈိမယာမ်၌ ပြုအပ်သော အမှုကိစ္စ၊
၅။ ပစ္ဆိမယာမကိစ္စ- ပစ္ဆိမယာမ်၌ ပြုအပ်သော အမှုကိစ္စ။ (ဒီ၊ဋ္ဌ၊၁၊၄၆။) (သံ၊ဋ္ဌ၊၁၊၂၂၄။) (အံ၊ဋ္ဌ၊၁၊၄၈။) (ဒီ၊ဋ္ဌ၊မြန်၊၁။၈၅။)♦

ဗုဒ္ဓခေတ် ၃ ပါး

ခေတ် ၃ ပါးနှင့် တူသည်။ ♦

ဗုဒ္ဓစက္ခု ၂ ပါး

၁။ ဝေနေယျသတ္တဝါတို့၏ သဒ္ဓါအစရှိသော ငါးပါးသော ဣန္ဒြေ အမြတ် အယုတ်, ဣန္ဒြေ တိုးပွားခြင်း ယုတ်လျော့ခြင်း, ဣန္ဒြေအနုအရင့်ကို သိသောဉာဏ်- ဣန္ဒြိယ ပရောပရိယတ္တဉာဏ်၊
၂။ သတ္တဝါတို့၏ အာသယ, အနုသယကို ဟုတ်မှန်စွာ သိသော ဉာဏ်၊ သဿတဒိဋ္ဌိ စသော လေးပါးသော အတွင်းခံဓာတ်သဘော ဟူသော အာသယ, ကာမရာဂါနုသယ စသော ၇-ပါးသော အနုသယကို ဟုတ်မှန်စွာ သိသော ဉာဏ်တော်- အာသယာနုသယဉာဏ်။ (ဒီ၊ဋ္ဌ၊၂၊၅၈။) (မ၊ဋ္ဌ၊၂၊၈၄။) (သာရတ္ထ၊ဋီ၊၃၊၁၅၇။) (ဒီ၊ဋ္ဌ၊မြန်၊၂။၁၀၇။) (ဝဇီရ၊ဋီ၊၃၉၇။)♦

ဗုဒ္ဓဓမ္မ ၁၈ ပါး

ဘုရားရှင်၏ ဂုဏ်ကျေးဇူး ၁၈ ပါး နှင့် တူသည်။ ♦

ဗုဒ္ဓဘူမိ ၄ မျိုး

ဘုရားဖြစ်ကြောင်း ၄ ပါးနှင့် တူသည်။ ♦

ဗုဒ္ဓဝစန ၃ မျိုး

ဘုရားစကားတော် ၃ မျိုးနှင့် တူသည်။ ♦

ဗုဒ္ဓဝစန အင်္ဂါ ၉ ပါး

ဘုရားစကားတော်၏ အင်္ဂါ ၉ ပါးနှင့် တူသည်။ ♦

ဗုဒ္ဓိစရိုက်ရှိသူအား လျောက်ပတ်သော ကမ္မဋ္ဌာန်း ၄ ပါး

၁။ မရဏဿတိ ကမ္မဋ္ဌာန်း၊
၂။ ဥပသမာ နုဿတိ ကမ္မဋ္ဌာန်း၊
၃။ စတုဓာတုဝဝတ္ထာန်၊
၄။ အာဟာရေ ပဋိကူလသညာ။ (ဝိသုဒ္ဓိ၊၁၊၁၁၀။) (သာရတ္ထ၊ဋီ၊၂၊၂၀၃။)♦

ဗူးနှင့် ကြုတ်ပခြုပ်, ဖာ လှူရကျိုး ၁၀ ပါး

၁။ ကောင်းစွာ လုံခြုံမှု ရှိခြင်း၊
၂။ ကိုယ်စိတ်နှစ်ပါး ချမ်းသာသုခနှင့် ပြည့်စုံခြင်း၊
၃။ ကြီးကျယ် များပြားသော အခြံအရံ ရှိခြင်း၊
၄။ ဂတိဝိပတ္တိမှ ကင်းလွတ်ခြင်း၊
၅။ နူးညံ့သိမ်မွေ့ခြင်း၊
၆။ ဆင်းရဲအားလုံးတို့မှ လွတ်ကင်းခြင်း၊
၇။ ကြီးကျယ် ပြန့်ပြောသော ဂုဏ်တို့ကို ရရှိခြင်း၊
၈။ ညီညွတ်သော ခြေဖျား ရှိခြင်း၊
၉။ ထိတ်လန့် မှုမှ ကောင်းစွာ လွတ်ကင်းခြင်း၊
၁၀။ ရွှေ ငွေ မြ ဖန် ဟူသော အဆင်းလေးမျိုး ရှိသော ဗူးနှင့် ကြုတ်တို့ကို ရရှိပြီး ဆင်ရတနာ မြင်းရတနာတို့ မပျောက်ပျက်ခြင်း။ (အပ၊၁၊၃၆၅။) (အပ၊မြန်၊၁။၃၇၅။)♦

ဗေဒင် ၃ ကျမ်း

၁။ ဣရု ဗေဒင်၊
၂။ ယဇု ဗေဒင်၊
၃။ သာမ ဗေဒင်။ (ဒီ၊ဋ္ဌ၊၁၊၂၂၀။) (မ၊ဋ္ဌ၊၃၊၂၄၉။) (သုတ္တနိ၊ဋ္ဌ၊၂၊၁၆၉။) (အပ၊ဋ္ဌ၊၁၊၃၀၇။) (သာရတ္ထ၊ဋီ၊၁၊၁၂၀။) (ဒီ၊ဋ္ဌ၊မြန်၊၁။၄၃၃။)♦

ဗေဒင် ၅ ကျမ်း

၁။ ဣရုဝေဒ၊
၂။ ယဇုဝေဒ၊
၃။ သာမဝေဒ၊
၄။ အာထဗ္ဗဏဝေဒ၊
၅။ ဣတိဟာသ ဝေဒ။ (သံ၊ဋီ၊၁၊၁၁၆။)♦

ဗေဒင်တို့ကို နေ့ညမပြတ် သရဇ္ဈာယ်ပါလျက် ဉာဏ်၌ မထင်ကြောင်း ၅ ပါး

၁။ ကာမရာဂ ထကြွ သောင်းကျန်းသည်ဖြစ်၍ ကာမရာဂနှိပ်စက်အပ်သော စိတ်ဖြင့် နေခြင်း၊
၂။ ဗျာပါဒ ထကြွ သောင်းကျန်းသည်ဖြစ်၍ ဗျာပါဒနှိပ်စက်အပ်သော စိတ်ဖြင့် နေခြင်း၊
၃။ ထိနမိဒ္ဓ ထကြွ သောင်းကျန်းသည်ဖြစ်၍ ထိနမိဒ္ဓနှိပ်စက်အပ်သော စိတ်ဖြင့် နေခြင်း၊
၄။ ကုက္ကုစ္စ ထကြွ သောင်းကျန်းသည်ဖြစ်၍ ကုက္ကုစ္စနှိပ်စက်အပ်သော စိတ်ဖြင့်နေခြင်း၊
၅။ ဝိစိကိစ္ဆာ ထကြွ သောင်းကျန်းသည်ဖြစ်၍ ထိုဝိစိကိစ္ဆာနှိပ်စက်အပ်သော စိတ်ဖြင့် နေခြင်း။ (အံ၊၂၊၂၀၃။) (အံ၊မြန်၊၂။၂၅၇။)♦

ဗေဒင်တို့ကို မပြတ်သရဇ္ဈာယ်ခြင်း မပြုသော်လည်း ဉာဏ်၌ထင်ကြောင်း ၅ ပါး

၁။ ကာမရာဂ မထကြွသည်ဖြစ်၍ ကာမရာဂမနှိပ်စက်အပ်သော စိတ်ဖြင့် ကာမဂုဏ်မှ ထွက်မြောက်ခြင်းကို လည်းကောင်း, မိမိသူတစ်ပါး အကျိုးများခြင်းကိုလည်းကောင်း သိမြင်ခြင်း၊
၂။ ဗျာပါဒ မထကြွသည်ဖြစ်၍ ဗျာပါဒမနှိပ်စက်အပ်သော စိတ်ဖြင့် ဗျာပါဒမှ ထွက်မြောက်ခြင်းကို လည်းကောင်း, မိမိသူတစ်ပါး အကျိုးများခြင်းကိုလည်းကောင်း သိမြင်ခြင်း၊
၃။ ထိနမိဒ္ဓ မထကြွ သည်ဖြစ်၍ ထိနမိဒ္ဓမနှိပ်စက်အပ်သော စိတ်ဖြင့် ထိနမိဒ္ဓမှ ထွက်မြောက်ခြင်းကိုလည်းကောင်း, မိမိသူတစ်ပါး အကျိုးများခြင်းကိုလည်းကောင်း သိမြင် ခြင်း၊
၄။ ကုက္ကုစ္စ မထကြွသည် ဖြစ်၍ ကုက္ကုစ္စမနှိပ်စက်အပ်သော စိတ်ဖြင့် ကုက္ကုစ္စမှ ထွက်မြောက်ခြင်းကိုလည်းကောင်း, မိမိသူတစ်ပါး အကျိုးများခြင်းကိုလည်းကောင်း သိမြင်ခြင်း၊
၅။ ဝိစိကိစ္ဆာ မထကြွသည် ဖြစ်၍ ဝိစိကိစ္ဆာမနှိပ်စက်အပ်သော စိတ်ဖြင့် ဝိစိကိစ္ဆာမှ ထွက်မြောက်ခြင်းကိုလည်းကောင်း, မိမိသူတစ်ပါး အကျိုးများခြင်းကိုလည်းကောင်း သိမြင်ခြင်း။ (အံ၊၂၊၂၀၅။) (အံ၊မြန်၊၂။၂၅၉။)♦

ဗောဇ္ဈင် ၃ ပါး (တွန့်တိုသော စိတ်၏ ဆန့်ကျင်ဘက် ဗောဇ္ဈင် ၃ ပါး)

၁။ ဓမ္မဝိစယသမ္ဗောဇ္ဈင်၊
၂။ ဝီရိယသမ္ဗောဇ္ဈင်၊
၃။ ပီတိသမ္ဗောဇ္ဈင်။ (မ၊ဋ္ဌ၊၁၊၈၈။)♦

ဗောဇ္ဈင် ၃ ပါး (ဥဒ္ဓစ္စ၏ ဆန့်ကျင်ဘက် ဗောဇ္ဈင် ၃ ပါး)

၁။ ပဿဒ္ဓိသမ္ဗောဇ္ဈင်၊
၂။ သမာဓိ သမ္ဗောဇ္ဈင်၊
၃။ ဥပေက္ခာသမ္ဗောဇ္ဈင်။ (မ၊ဋ္ဌ၊၁၊၈၈။)♦

ဗောဇ္ဈင် ၇ ပါး

၁။ မဂ်ဉာဏ်၏ အကြောင်းဖြစ်သော အောက်မေ့ခြင်း- သတိသမ္ဗောဇ္ဈင်၊
၂။ မဂ် ဉာဏ်၏ အကြောင်းဖြစ်သော တရားသဘောကို စူးစမ်းဆင်ခြင်ခြင်း- ဓမ္မဝိစယသမ္ဗောဇ္ဈင်၊
၃။ မဂ်ဉာဏ်၏ အကြောင်းဖြစ်သော အားထုတ်ခြင်း ‘ဝီရိယသမ္ဗောဇ္ဈင်’၊
၄။ မဂ်ဉာဏ်၏ အကြောင်းဖြစ်သော နှစ်သိမ့်ခြင်း- ပီတိသမ္ဗောဇ္ဈင်၊
၅။ မဂ်ဉာဏ်၏ အကြောင်းဖြစ်သော ကိုယ် စိတ်ငြိမ်းအေးခြင်း- ပဿဒ္ဓိသမ္ဗောဇ္ဈင်၊
၆။ မဂ်ဉာဏ်၏ အကြောင်းဖြစ်သော တည်ကြည်ခြင်း- သမာဓိသမ္ဗောဇ္ဈင်၊
၇။ မဂ်ဉာဏ်၏ အကြောင်းဖြစ်သော အညီအမျှ ရှုခြင်း- ဥပေက္ခာ သမ္ဗောဇ္ဈင်။ (ဒီ၊၃၊၂၀၈။) (ဒီ၊၃၊၈၇။) (မ၊၂၊၂၀၄။) (သံ၊၃၊၆၄။) (သံ၊၃၊၆၉။) (သံ၊၃၊၇၄။) (သံ၊၃၊၇၇။) (အဘိ၊ဝိ၊၂၃၆။) (အဘိ၊ဝိ၊၂၃၈။) (အဘိ၊ဝိ၊၂၄၁။) (ပဋိသံ၊၃၀၂။) (ပဋိသံ၊ ၃၁၀။) (မိလိန္ဒ၊၃၂၃။) (ဥဒါန၊ဋ္ဌ၊၁၂၈။) (ဒီ၊မြန်၊၃။၂၃၁။) (ဒီ၊မြန်၊၃။၉၄။) (မ၊မြန်၊၂။၂၁၆။) (သံ၊မြန်၊၃။၆၈။) (သံ၊မြန်၊၃။၆၈။) (သံ၊မြန်၊၃။၆၈။) (သံ၊မြန်၊၃။၆၈။) (အဘိ၊ဝိ၊မြန်၊၂။၂၃၂။) (အဘိ၊ဝိ၊မြန်၊၂။၂၃၂။) (အဘိ၊ဝိ၊မြန်၊၂။၂၃၂။) (ပဋိသံ၊မြန်။၃၆၁၊၃၇၁။) (ပဋိသံ၊မြန်။၃၆၁၊၃၇၁။) (မိလိန္ဒ၊မြန်။၃၄၆။)♦

ဗောဇ္ဈင် ပွားများရကျိုး ၇ ပါး

၁။ မျက်မှောက်ဘဝ၌ စောစီးစွာ အရဟတ္တဖိုလ်ကို ပြီးစေနိုင်ခြင်း၊
၂။ မျက်မှောက်ဘဝ၌ စောစီးစွာ အရဟတ္တဖိုလ်ကို မပြီးစေနိုင်ခဲ့သော် သေခါနီးအချိန်၌ အရဟတ္တဖိုလ်ကို ပြီးစေနိုင်ခြင်း၊
၃။ သေခါနီးအချိန်၌ အရဟတ္တဖိုလ်ကို မပြီးစေ နိုင်ခဲ့သော် အောက်အဖို့ရှိသော သံယောဇဉ်ငါးပါး ကုန်ခြင်းကြောင့် သက်တမ်း၏ အလယ်၌ ပရိနိဗ္ဗာန် ပြုမည့် အနာဂါမ်ပုဂ္ဂိုလ် ဖြစ်ရခြင်း၊
၄။ သက်တမ်းအလယ်၌ ပရိနိဗ္ဗာန်ပြုမည့် အနာဂါမ်ပုဂ္ဂိုလ် မဖြစ်ခဲ့သော် သက်တမ်း၏ ထက်ဝက်ကို လွန်၍ ပရိနိဗ္ဗာန်ပြုမည့် အနာဂါမ်ပုဂ္ဂိုလ် ဖြစ်နိုင်ခြင်း၊
၅။ သက်တမ်း၏ တစ်ဝက်ကို လွန်၍ ပရိနိဗ္ဗာန်ပြုမည့် အနာဂါမ်ပုဂ္ဂိုလ် မဖြစ်ခဲ့သော် လုံ့လ ပယောဂ မပါဘဲ ပရိနိဗ္ဗာန်ပြုမည့် အနာဂါမ်ပုဂ္ဂိုလ် ဖြစ်နိုင်ခြင်း၊
၆။ လုံ့လပယောဂ မပါဘဲ ပရိနိဗ္ဗာန်ပြုမည့် အနာဂါမ်ပုဂ္ဂိုလ် မဖြစ်ခဲ့သော် လုံ့လပယောဂနှင့် တကွ ပရိနိဗ္ဗာန်ပြုမည့် အနာဂါမ်ပုဂ္ဂိုလ် ဖြစ်နိုင်ခြင်း၊
၇။ လုံ့လပယောဂနှင့် တကွ ပရိနိဗ္ဗာန်ပြုမည့် အနာဂါမ်ပုဂ္ဂိုလ် မဖြစ်ခဲ့သော် အထက် အထက်ဘုံသို့ အဆင့်ဆင့် တက်၍ အကနိဋ္ဌဘုံ၌ ပရိနိဗ္ဗာန်ပြုမည့် အနာဂါမ်ပုဂ္ဂိုလ် ဖြစ်နိုင်ခြင်း။ (သံ၊၃၊၆၃။) (သံ၊မြန်၊၃။၆၆။)♦

ဗောဇ္ဈင်ခုနစ်ပါး ပွားများရကျိုး ၃ ပါး

၁။ ရှေး၌ နေခဲ့ဖူးသော ဘဝများစွာ အောက်မေ့နိုင်ခြင်း၊
၂။ ဒိဗ္ဗစက္ခုဉာဏ်ဖြင့် ကံအားလျော်စွာ သွားသော သတ္တဝါတို့ကို သိမြင်နိုင်ခြင်း၊
၃။ အာသဝေါ ကုန်ခြင်းကြောင့် အရဟတ္တဖိုလ်ကို မျက်မှောက်ပြု၍ နေနိုင်ခြင်း။ (အံ၊၃၊၄၂၇။) (အံ၊မြန်၊၃။၄၁၉။)♦

ဗောဇ္ဈင်တို့၏ မဖောက်မပြန်သောအားဖြင့် မိမိကိစ္စကို ပြီးစေရာဘုံ ၄ မျိုး

၁။ ဝိပဿနာ၊
၂။ ဝိပဿနာပါဒကဈာန်၊
၃။ မဂ်၊
၄။ ဖိုလ်။ (အံ၊ဋ္ဌ၊၁၊၆၃။)♦

ဗောဓိညောင်ရွက်ကို စွန့်ပစ်ရကျိုး ၂၀ ပါး (စေတီရင်ပြင်၌ ကြွေကျနေသော ဗောဓိ ညောင်ရွက်ကို စွန့်ပစ်ရကျိုး ၂၀)

၁။ လူ့ဘဝနှင့် နတ်ဘဝတို့၌သာ ကျင်လည်ရခြင်း၊
၂။ လူ့ဘဝ၌ ဖြစ်သော အခါ မင်းမျိုးနှင့် ပုဏ္ဏားမျိုးတို့၌သာ ဖြစ်ရခြင်း၊
၃။ အင်္ဂါကြီးငယ်နှင့် ပြည့်စုံသူ ဖြစ်ခြင်း၊
၄။ အလုံးအရပ်နှင့် ပြည့်စုံသူ ဖြစ်ခြင်း၊
၅။ အလွန် ချောမောလှပခြင်း၊
၆။ စင်ကြယ်သူ ဖြစ်ခြင်း၊
၇။ ပြည့်စုံသော အင်္ဂါရှိသူ ဖြစ်ခြင်း၊
၈။ ရွှေအဆင်းနှင့်တူသော အဆင်းရှိလျက် လှော်ပြီး ဦးပြီးသော ရွှေနှင့် တူသောသူ ဖြစ်ခြင်း၊
၉။ အသားအရေသည် အခါခပ်သိမ်း နူးညံ့ခြင်း၊
၁၀။ အသားအရေသည် အခါခပ်သိမ်း ပြေပြစ်ညက်ညောခြင်း၊
၁၁။ အခါခပ်သိမ်း သိမ်မွေ့ခြင်း၊
၁၂။ အလွန်နုနယ်သူ ဖြစ်ခြင်း၊
၁၃။ ဖြစ်လေရာ ဘဝတိုင်း၌ ခန္ဓာကိုယ် မြူ အညစ်ကြေး မလိမ်းကျံ မကပ်ငြိခြင်း၊
၁၄။ လေပူနေပူကြောင့်လည်းကောင်း, မီးပူကြောင့် လည်းကောင်း ခန္ဓာကိုယ်၌ ချွေးမထွက်ခြင်း၊
၁၅။ နူနာရောဂါ မရှိခြင်း၊
၁၆။ အိုင်းအမာ မရှိခြင်း၊
၁၇။ ဝဲစွဲသော အနာ မရှိခြင်း၊
၁၈။ မှဲ့မည်း မရှိခြင်း၊
၁၉။ သွေးစုနာ မပေါက်ခြင်း၊
၂၀။ ပွေးအနာ မရှိခြင်း။ (အပ၊၂၊၁၀၅။) (အပ၊မြန်၊၂။၁၀၀။)♦

ဗောဓိပက္ခိယ တရား ၃၇ ပါး

၁။ သတိပဋ္ဌာန်တရား လေးပါး၊
၂။ သမ္မပ္ပဓာန်တရား လေးပါး၊
၃။ ဣဒ္ဓိပါဒ်တရား လေးပါး၊
၄။ ဣန္ဒြေ ငါးပါး၊
၅။ ဗိုလ် ငါးပါး၊
၆။ ဗောဇ္ဈင်တရား ခုနစ်ပါး၊
၇။ မဂ္ဂင်တရား ရှစ်ပါး။ (ပဋိသံ၊ဋ္ဌ၊၂၊၈၂။) (ဝိသုဒ္ဓိ၊၂၊၃၁၈။) (သာရတ္ထ၊ဋီ၊၂၊၄၄။)♦

ဗောဓိမင်းသား၏ အဝတ်ပုဆိုးအခင်းကို ဘုရားရှင် နင်းတော်မမူကြောင်း ၃ ပါး

၁။ ဗောဓိ မင်းသား၏ ဘုရားရှင်ကို အကြောင်းပြု၍ မိစ္ဆာအယူကို ယူခြင်းမှ ရှောင်လိုခြင်း၊
၂။ တိတ္ထိတို့၏ ကဲ့ရဲ့ခြင်းမှ ရှောင်လိုခြင်း၊
၃။ အနာဂတ်၌ လူတို့၏ ရဟန်းတို့ကို အကြောင်းပြု၍ နောင်တစ်ဖန် ပူပန်ခြင်း ဖြစ်ခြင်းမှ ရှောင်လိုခြင်း။ (မ၊ဋီ၊၃၊၁၅၂။)♦

ဗောဓိသမ္ဘာရ ဘာဝနာ ၄ ပါး

၁။ အလုံးစုံသော အဆောက်အဦကို ပွားများခြင်း- သဗ္ဗသမ္ဘာရဘာဝနာ၊
၂။ အဆက်မပြတ် ပွားများခြင်း- နိရန္တရဘာဝနာ၊
၃။ ကြာမြင့်စွာသော ကာလပတ်လုံး ဖြစ်စေခြင်း- စိရကာလဘာဝနာ၊
၄။ ကောင်းမွန်ရိုသေစွာ ပွားများခြင်း- သက္ကစ္စဘာဝနာ။ (စရိယာ၊ဋ္ဌ၊၁၉။)♦

ဘဂ္ဂတိုင်း၌ ပညတ်အပ်သော သိက္ခာပုဒ် ၃ ပုဒ်

၁။ ဝိသိဗ္ဗန သိက္ခာပုဒ်၊
၂။ သာမိသဟတ္ထ သိက္ခာပုဒ်၊
၃။ သသိတ္ထက သိက္ခာပုဒ်။ (ဝိ၊၅၊၂၅၇။) (ဝိ၊မြန်၊၅။၃၄၈-၃၅၀။)♦

ဘင်္ဂါနုပဿနာဉာဏ်၏ အာနိသင် ၈ ပါး (အားရှိသည်၏ အဖြစ်သို့ ရောက်သော ဘင်္ဂဉာဏ်၏ အာနိသင် ၈ ပါး)

၁။ ဘဝဒိဋ္ဌိပ္ပဟာနံ- သဿတဒိဋ္ဌိကို ပယ်နိုင်ခြင်း၊
၂။ ဇီဝိတ နိကန္တိပရိစ္စာဂေါ- အသက်၌ တက်မက်မှုကို စွန့်လွှတ်နိုင်ခြင်း၊
၃။ သဒါယုတ္တပယုတ္တတာ- အမြဲတန်း ဘာဝနာ၌ လွန်စွာ အားထုတ်ခြင်း၊
၄။ ဝိသုဒ္ဓါဇီဝိတာ- စင်ကြယ်သော အသက် မွေးမှု ရှိခြင်း၊
၅။ ဥဿုက္ကပ္ပဟာနံ- ကိစ္စကြီးငယ်တို့၌ ကြောင့်ကြဗျာပါရကို ပယ်နိုင်ခြင်း၊
၆။ ဝိဂတဘယတာ- တစ်စုံတစ်ခုသော အကြောင်းကြောင့် ဘေးကင်းခြင်း၊
၇။ ခန္တိသောရစ္စ ပဋိလာဘော- သည်းခံမှုရှိ၍ ကောင်းသော အမှု၌ မွေ့လျော်ခြင်း၊
၈။ အရတိရတိသဟနတာ- သမထဘာဝနာဟု ဆိုအပ်သော ကုသိုလ်အမှု၌ မမွေ့လျော်ခြင်း, ကာမဂုဏ်၌ မွေ့လျော်ခြင်း တို့ကို နှိမ်နင်းနိုင်ခြင်း။ (ပဋိသံ၊ဋ္ဌ၊၁၊၂၄၂။) (ဝိသုဒ္ဓိ၊၂၊၂၈၁။)♦

ဘဏ္ဍာတိုက် ၃ မျိုး

၁။ ဓနကောဋ္ဌာဂါရ- ရွှေ ငွေ စသော ပစ္စည်းဥစ္စာများကို သိုမှီး သိမ်းဆည်းရာ ဌာနဖြစ်သော ဥစ္စာဘဏ္ဍာတိုက်- ဥစ္စာဂိုဒေါင်၊
၂။ ဓညကောဋ္ဌာဂါရ- စပါးများကို သိုမှီး သိမ်းဆည်းရာ ဌာနဖြစ်သော စပါးကျီ ဘဏ္ဍာတိုက် စပါးဂိုဒေါင်၊
၃။ ဝတ္ထကောဋ္ဌာဂါရ- အဝတ်အထည်များကို သိုမှီးသိမ်းဆည်းရာ ဌာနဖြစ်သော အဝတ်ဘဏ္ဍာတိုက် အဝတ်ဂိုဒေါင်။ (ဒီ၊ဋ္ဌ၊၁၊၂၆၄။) (အံ၊ဋ္ဌ၊၃၊၄၈။) (သာရတ္ထ၊ဋီ၊၃၊၃၅၀။) (ဒီ၊ဋ္ဌ၊မြန်၊၁။၅၁၄။)♦

ဘဒ္ဒကမ္ဘာ၌ ကမ္ဘာပတ်လုံး တည်မည့်သစ်ပင် ၇ မျိုး

၁။ ဇမ္ဗုဒိပ်ကျွန်း၌ သပြေပင်၊
၂။ အသုရာ တို့၏ ဆန်းကြယ်သော သခွတ်ပင်၊
၃။ ဂဠုန်တို့၏ လက်ပံပင်၊
၄။ အပရဂေါယာ အနောက် ကျွန်း၌ ထိန်ပင်၊
၅။ ဥတ္တရကုရု မြောက်ကျွန်းတို့၌ ပဒေသာပင်၊
၆။ ပုဗ္ဗဝိဒေဟအရှေ့ကျွန်း၌ ကုက္ကိုပင်၊
၇။ တာဝတိံသာနတ်ပြည်တို့၌ ပင်လယ်ကသစ်ပင်။ (သာရတ္ထ၊ဋီ၊၁၊၂၅၉။)♦

ဘဝ ၂ ပါး

၁။ ကမ္မဘဝ-အာသဝနှင့် တကွဖြစ်သော ကုသိုလ် အကုသိုလ် စေတနာ၊ ထိုထို ဘုံဘဝသို့ ရောက်စေတတ်သော ကုသိုလ်ကံ, အကုသိုလ်ကံ၊
၂။ ဥပပတ္တိဘဝ- ဥပါဒိန္နက္ခန္ဓာ၊ သတ္တဝါတို့၏ ဖြစ်ရာဌာနဘုံ။ (အဘိ၊ဝိ၊၁၄၃။) (အဘိ၊ဝိ၊မြန်၊၂။၃၇။) (ဝိမတိ၊၂၊၈၄။)♦

ဘဝ ၃ ပါး

၁။ ကာမတစ်ဆယ့်တစ်ဘုံ ဟူသော ကာမဘဝ၊
၂။ ရူပတစ်ဆယ့်ခြောက်ဘုံ ဟူသော ရူပဘဝ၊
၃။ အရူပလေးဘုံ ဟူသော အရူပဘဝ။ (ဒီ၊၃၊၁၈၁။) (မ၊၁၊၃၆၈။) (မ၊၁၊၆၂။) (သံ၊၁၊၂၄၅။) (သံ၊၂၊၄၅၃။) (သံ၊၃၊၅၂။) (ဣတိဝုတ်၊ဋ္ဌ၊၁၆၉။) (ဒီ၊မြန်၊၃။၂၀၁။) (မ၊မြန်၊၁။၃၇၉။) (မ၊မြန်၊၁။၆၇။) (သံ၊မြန်၊၁။၂၂၉။) (သံ၊မြန်၊၂။၄၄၉။) (သံ၊မြန်၊၃။၅၅။)♦

ဘဝ ၃ ပါး (တစ်နည်း)

၁။ သညီဘဝ- သညာရှိသော ဘုံဘဝ၊
၂။ အသညီဘဝ- သညာ မရှိသော အသညသတ်ဘုံဘဝ၊
၃။ နေဝသညီနာသညီဘဝ- သညာရှိသည်လည်း မဟုတ် သညာ မရှိသည်လည်း မဟုတ်သော ဘုံဘဝ။ (ဣတိဝုတ်၊ဋ္ဌ၊၁၆၉။)♦

ဘဝ ၃ ပါး (တစ်နည်း)

၁။ ဧကဝေါကာရဘဝ- ခန္ဓာ ၁ ပါး ရှိသော ဘုံဘဝ၊
၂။ စတုဝေါကာရ ဘဝ- ၄ ပါးသော နာမ်ခန္ဓာတို့ဖြင့် ရောပြွမ်းသော ဘုံဘဝ၊
၃။ ပဉ္စဝေါကာရဘဝ- ခန္ဓာ ၅ ပါး ရှိသော ဘုံဘဝ။ (ဣတိဝုတ်၊ဋ္ဌ၊၁၇၀။)♦

ဘဝ ၉ ပါး

၁။ ကာမဘဝ၊
၂။ ရူပဘဝ၊
၃။ အရူပဘဝ၊
၄။ သညီဘဝ၊
၅။ အသညီဘဝ၊
၆။ နေဝသညီနာသညီဘဝ၊
၇။ ဧကဝေါကာရဘဝ၊
၈။ စတုဝေါကာရဘဝ၊
၉။ ပဉ္စဝေါကာရ ဘဝ။ (သုတ္တနိ၊ဋ္ဌ၊၁၊၁၈။) (သာရတ္ထ၊ဋီ၊၁၊၂၃၁။) (ဝိသုဒ္ဓိ၊ဋီ၊၁၊၂၃၀။)♦

ဘဝကို သာယာခြင်း ၂ ပါး

၁။ သုခဝေဒနာ၊
၂။ ဣဋ္ဌာရုံဝတ္ထု။ (မဟာနိ၊၂၃။)♦

ဘဝကို သာယာခြင်း ၃ ပါး

၁။ အရွယ်ကောင်းခြင်း (ယောဗ္ဗည)၊
၂။ ကျန်းမာအနာကင်းခြင်း (အာရောဂျ)၊
၃။ အသက်ရှင်ခြင်း အသက်ရှည်ခြင်း (ဇီဝိတ)။ (မဟာနိ၊၂၃။)♦

ဘဝကို သာယာခြင်း ၄ ပါး

၁။ လာဘ်ရခြင်း- လာဘ၊
၂။ အခြံအရံများခြင်း- ယသ၊
၃။ ချီးမွမ်းခြင်း- ပသံသာ၊
၄။ ချမ်းသာခြင်း- သုခ။ (မဟာနိ၊၂၃။)♦

ဘဝကို သာယာခြင်း ၅ ပါး

၁။ နှစ်သက်ဖွယ် ရူပါရုံ၊
၂။ နှစ်သက်ဖွယ် သဒ္ဒါရုံ၊
၃။ နှစ်သက်ဖွယ် ဂန္ဓာရုံ၊
၄။ နှစ်သက်ဖွယ် ရသာရုံ၊
၅။ နှစ်သက်ဖွယ် ဖောဋ္ဌဗ္ဗာရုံ။ (မဟာနိ၊၂၃။)♦

ဘဝကို သာယာခြင်း ၆ ပါး

၁။ မျက်စိနှင့် ပြည့်စုံခြင်း (စက္ခုသမ္ပဒါ)၊
၂။ နားနှင့် ပြည့်စုံခြင်း (သောတသမ္ပဒါ)၊
၃။ နှာခေါင်းနှင့် ပြည့်စုံခြင်း (ဃာနသမ္ပဒါ)၊
၄။ လျှာနှင့် ပြည့်စုံခြင်း (ဇိဝှါ သမ္ပဒါ)၊
၅။ ကိုယ်ကာယနှင့် ပြည့်စုံခြင်း (ကာယသမ္ပဒါ)၊
၆။ အသိစိတ်နှင့် ပြည့်စုံခြင်း (မနောသမ္ပဒါ)။ (မဟာနိ၊၂၃။)♦

ဘဝစက် ၂ မျိုး

၁။ အတိတ်ဖြစ်သော အကြောင်းအဖို့မှ စ၍ ပစ္စုပ္ပန်အကျိုးဝိပါက်ကို ဆောင်တတ် သည်၏ အဖြစ်ကြောင့် အဝိဇ္ဇာဟူသော အရင်းမူလရှိသည်ဖြစ်၍ ဝေဒနာဟူသော အဆုံးရှိသော ဘဝစက်၊
၂။ အနာဂတ်အဖို့ကို ဆက်စပ်လျက် ချဲ့ဖြန့်တတ်သည်၏ အဖြစ်ကြောင့် တဏှာ ဟူသော အရင်းမူလရှိသည်ဖြစ်၍ ဇရာမရဏဟူသော အဆုံးရှိသော ဘဝစက်။ (အဘိ၊ဋ္ဌ၊၂၊၁၈၁။)♦

ဘဝစက်၏ ကာလ ၃ မျိုး

၁။ အဝိဇ္ဇာ၊ သင်္ခါရ တည်းဟူသော အတိတ်ကာလ၊
၂။ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ တဏှာ၊ ဥပါဒါန်၊ ဘဝတည်းဟူသော ပစ္စုန်ပ္ပန် ကာလ၊
၃။ ဇာတိ၊ ဇရာမရဏတည်းဟူသော အနာဂတ်ကာလ။ (အဘိ၊ဋ္ဌ၊၂၊၁၈၁။)♦

ဘဝစက်၏ ပစ္စုပ္ပန်ကာလ အင်္ဂါ ၈ ပါး

၁။ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ တဏှာ၊ ဥပါဒါန်၊ ဘဝ ပေါင်း ၈ ပါး။ (အဘိ၊ဋ္ဌ၊၂၊၁၈၂။)♦

ဘဝစက်၏ ပစ္စုပ္ပန်ဘဝ၌ အကျိုး ၅ မျိုး

၁။ ဝိညာဏ်၊
၂။ နာမ်ရုပ်၊
၃။ သဠာယတန၊
၄။ ဖဿ၊
၅။ ဝေဒနာ။ (အဘိ၊ဋ္ဌ၊၂၊၁၈၃။)♦

ဘဝစက်၏ ပစ္စုပ္ပန်ဘဝ၌ အကြောင်း ၅ မျိုး

၁။ တဏှာ၊
၂။ ဥပါဒါန်၊
၃။ ကမ္မဘဝ၊
၄။ အဝိဇ္ဇာ၊
၅။ သင်္ခါရ။ (အဘိ၊ဋ္ဌ၊၂၊၁၈၃။)♦

ဘဝစက်၏ သင်္ဂဟ ၄ မျိုး

၁။ အဝိဇ္ဇာ သင်္ခါရဟူသော ဟေတုသင်္ဂဟ၊
၂။ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာဟူသော ဖလသင်္ဂဟ၊
၃။ တဏှာ၊ ဥပါဒါန်၊ ကမ္မဘဝဟူသော ဟေတုသင်္ဂဟ၊
၄။ ဇာတိ၊ ဇရာ မရဏဟူသော ဖလသင်္ဂဟ၊ (အဘိ၊ဋ္ဌ၊၂၊၁၈၂။)♦

ဘဝစက်၏ အကန့်ထောက်ဆံ ၂၀

၁။ အတိတ်ဘဝ၌ အဝိဇ္ဇာစသော အကြောင်း ၅ မျိုး၊
၂။ ဤပစ္စုပ္ပန် ဘဝ၌ ဝိညာဏ်စသော အကျိုး ၅ မျိုး၊
၃။ ဤပစ္စုပ္ပန်ဘဝ၌ တဏှာစသော အကြောင်း ၅ မျိုး၊
၄။ အနာဂတ်ဘဝ၌ ဝိညာဏ်စသော အကျိုး ၅ မျိုး။ (အဘိ၊ဋ္ဌ၊၂၊၁၈၄။)♦

ဘဝစက်၏ အစပ် ၃ မျိုး

၁။ သင်္ခါရတို့၏လည်းကောင်း၊ ပဋိသန္ဓေဝိညာဏ်၏လည်းကောင်း အကြားသည် သင်္ခါရတည်းဟူသော အကြောင်းတို့နှင့် ပဋိသန္ဓေဝိညာဏ်တည်းဟူသော အကျိုး၏ စပ်ခြင်း၊
၂။ ဝေဒနာဟူသော ပစ္စုပ္ပန်အကျိုး၏လည်းကောင်း၊ တဏှာဟူသော အနာဂတ်အကြောင်း၏လည်းကောင်း အကြားသည် အကျိုးအကြောင်း၏ စပ်ခြင်း၊
၃။ ကမ္မဘဝ ဟူသော အကြောင်း၏လည်းကောင်း၊ ဇာတိဟူသော အကျိုး၏လည်းကောင်း အကြားသည် အကြောင်းအကျိုး၏ စပ်ခြင်း။ (အဘိ၊ဋ္ဌ၊၂၊၁၈၂။)♦

ဘဝစက်၏ အတိတ်ကာလ အင်္ဂါ ၂ ပါး

၁။ အဝိဇ္ဇာ၊
၂။ သင်္ခါရ။ (အဘိ၊ဋ္ဌ၊၂၊၁၈၂။)♦

ဘဝစက်၏ အတိတ်ဘဝ၌ အကြောင်း ၅ မျိုး

၁။ အဝိဇ္ဇာ၊
၂။ သင်္ခါရ၊
၃။ တဏှာ၊
၄။ ဥပါဒါန်၊
၅။ ကမ္မဘဝ။ (အဘိ၊ဋ္ဌ၊၂၊၁၈၂။)♦

ဘဝစက်၏ အနာဂတ်ကာလအင်္ဂါ ၂ ပါး

၁။ ဇာတိ၊
၂။ ဇရာမရဏ။ (အဘိ၊ဋ္ဌ၊၂၊၁၈၂။)♦

ဘဝစက်၏ အနာဂတ်ဘဝ၌ အကျိုး ၅ မျိုး

၁။ ဝိညာဏ်၊
၂။ နာမ်ရုပ်၊
၃။ သဠာယတန၊
၄။ ဖဿ၊
၅။ ဝေဒနာ။ (အဘိ၊ဋ္ဌ၊၂၊၁၈၃။)♦

ဘဝစက်၏ အရင်းမူလ ၂ မျိုး

၁။ အဝိဇ္ဇာ၊
၂။ တဏှာ။ (အဘိ၊ဋ္ဌ၊၂၊၁၈၁။)♦

ဘဝစသည်ကို ပိုင်းခြား၍ သိကြောင်း အကျင့် ၈ ပါး

၁။ သမ္မာဒိဋ္ဌိ- မှန်ကန်စွာ သိမြင်ခြင်း၊
၂။ သမ္မာသင်္ကပ္ပ- မှန်ကန်စွာ ကြံစည်ခြင်း၊
၃။ သမ္မာဝါစာ- မှန်ကန်စွာ ပြောဆိုခြင်း၊
၄။ သမ္မာ ကမ္မန္တ- မှန်ကန်စွာ ပြုလုပ်ခြင်း၊
၅။ သမ္မာအာဇီဝ- မှန်ကန်စွာ အသက်မွေးမြူခြင်း၊
၆။ သမ္မာ ဝါယာမ- မှန်ကန်စွာ အားထုတ်ခြင်း၊
၇။ သမ္မာသတိ- မှန်ကန်စွာ အောက်မေ့ခြင်း၊
၈။ သမ္မာ သမာဓိ- မှန်ကန်စွာ တည်ကြည်ခြင်း။ (သံ၊၂၊၄၅၃၊၄၅၄။) (သံ၊မြန်၊၂။၄၄၉။)♦

ဘဝသစ်ကို ရခြင်း ၄ ပါး

၁။ အတ္တဘောကို ရခြင်း၌ မိမိစေတနာသာ ဖြစ်၍ သူတစ်ပါး၏ စေတနာ မဖြစ်ခြင်း၊
၂။ အတ္တဘောကို ရခြင်း၌ သူတစ်ပါးစေတနာသာ ဖြစ်၍ မိမိစေတနာ မဖြစ်ခြင်း၊
၃။ အတ္တဘောကို ရခြင်း၌ မိမိစေတနာလည်းဖြစ် သူတစ်ပါး၏ စေတနာလည်း ဖြစ်ခြင်း၊
၄။ အတ္တဘောကို ရခြင်း၌ မိမိစေတနာလည်း မဖြစ် သူတစ်ပါးစေတနာလည်း မဖြစ်ခြင်း။ (ဒီ၊၃၊၁၉၃။) (ဒီ၊မြန်၊၃။၂၁၅။)♦

ဘာဝဒသကရုပ် ၁၀ ပါး

၁။ ဘာဝရုပ် ၁ ပါး၊
၂။ မဟာဘုတ်ရုပ် ၄ ပါး၊
၃။ ဝဏ္ဏ ဂန္ဓ ရသ ဩဇရုပ် ၄ ပါး၊
၄။ ဇီဝိတရုပ် ၁ ပါး ပေါင်း ၁၀ ပါး။ (အဘိ၊ဋ္ဌ၊၂၊၂၁။)♦

ဘာဝနာ ၂ ပါး

၁။ လောကိယဘာဝနာ- လောကီ သီလ သမာဓိ ပညာတို့ကို ဖြစ်စေခြင်း၊
၂။ လောကုတ္တရဘာဝနာ- လောကုတ္တရာတရားတို့ကို ဖြစ်စေခြင်း။ (ဝိသုဒ္ဓိ၊၂၊၃၃၉။)♦

ဘာဝနာ ၃ ပါး

၁။ ကာယဘာဝနာ- ပွားစေအပ်ပြီးသော တရားအပေါင်း၊ (အသက်မွေးခြင်းလျှင် အကြောင်းရှိ, မရှိသော ကာယကံ ၃-ပါးမှ ရှောင်ကြဉ်ခြင်းကို ကာယဘာဝနာဆိုသည်)၊
၂။ စိတ္တဘာဝနာ- စိတ်ကို ဖြစ်ပွားစေခြင်း၊
၃။ ပညာဘာဝနာ- ပညာကို ဖြစ်ပွားစေခြင်း။ (ဒီ၊၃၊၁၈၃။) (ဒီ၊မြန်၊၃။၂၀၄။)♦

ဘာဝနာ ၄ ပါး

၁။ ထိုထိုအာရုံ၌ ဖြစ်သော တရားတို့၏ လွန်၍ မဖြစ်ခြင်းသဘော၊
၂။ ဣန္ဒြေတို့၏ တစ်ခုတည်းသော ကိစ္စရသ သဘော၊
၃။ ထိုသို့ကပ်လျက် ဝီရိယကို ဆောင်ရွက်ခြင်း သဘော၊
၄။ အဖန်ဖန် မှီဝဲခြင်းသဘော။ (ပဋိသံ၊ပါ၊၂၈၄။) (ဒီ၊၃၊၁၈၁။) (မ၊၁၊၃၆၈။) (မ၊၁၊၆၂။) (သံ၊၁၊၂၄၅။) (ပဋိသံ၊ပါ၊၂၈၆။) (ပဋိသံ၊ပါ၊၂၈၇။) (ဒီ၊မြန်၊၃။၂၀၁။) (မ၊မြန်၊၁။၃၇၉။) (မ၊မြန်၊၁။၆၇။) (ပဋိသံ၊မြန်။၃၄၂၊၃၄၃၊၃၄၅။) (ပဋိသံ၊မြန်။၃၄၂၊၃၄၃၊၃၄၅။) (ပဋိသံ၊မြန်။၃၄၂၊ ၃၄၃၊၃၄၅။)♦

ဘာဝနာ ၄ မျိုး (ဗြဟ္မာတို့ ပွားများအပ်သော ဘာဝနာ ၄ မျိုး)

၁။ မေတ္တာဈာန်ဘာဝနာ၊
၂။ ကရုဏာ ဈာန်ဘာဝနာ၊
၃။ မုဒိတာဈာန်ဘာဝနာ၊
၄။ ဥပေက္ခာဈာန်ဘာဝနာ။ (အံ၊ဋ္ဌ၊၂၊၉၉။) (ဣတိဝုတ်၊ဋ္ဌ၊၃၁၈။)♦

ဘာဝနာ မည်ကြောင်း ၄ ပါး

၁။ ဖြစ်သော တရားတို့ကို လွန်၍ မဖြစ်ခြင်းအနက်ကြောင့် ဘာဝနာ မည်ခြင်း၊
၂။ ဣန္ဒြေတို့၏ ကိစ္စတစ်ခုတည်းရှိသောကြောင့် ဘာဝနာ မည်ခြင်း၊
၃။ ထိုသို့ ရောက်စေ ခြင်းငှာ အားထုတ်ခြင်း ဆောင်ခြင်း သဘောရှိသောကြောင့် ဘာဝနာ မည်ခြင်း၊
၄။ ပွားအပ် ထုံအပ်သော သဘောကြောင့် ဘာဝနာ မည်ခြင်း။ (ပဋိသံ၊၄၀၆။) (ပဋိသံ၊၄၀၉။) (ပဋိသံ၊မြန်။၄၇၀။) (ပဋိသံ၊မြန်။၄၇၀။)♦

ဘာဝနာဘာဂိယ ပုဂ္ဂိုလ် ၁၂ ယောက်

၁။ သကဒါဂါမိမဂ္ဂဋ္ဌာန် ပုဂ္ဂိုလ်၊
၂။ သကဒါဂါမိ ဖလဋ္ဌာန် ပုဂ္ဂိုလ်၊
၃။ အနာဂါမိမဂ္ဂဋ္ဌာန် ပုဂ္ဂိုလ်၊
၄။ အနာဂါမိဖလဋ္ဌာန် ပုဂ္ဂိုလ်၊
၅။ အန္တရာပရိနိဗ္ဗာယီ ပုဂ္ဂိုလ်၊
၆။ ဥပဟစ္စပရိနိဗ္ဗာယီ ပုဂ္ဂိုလ်၊
၇။ အသင်္ခါရပရိနိဗ္ဗာယီ ပုဂ္ဂိုလ်၊
၈။ သသင်္ခါရ ပရိနိဗ္ဗာယီ ပုဂ္ဂိုလ်၊
၉။ ဥဒ္ဓံသောတအကနိဋ္ဌဂါမီ ပုဂ္ဂိုလ်၊
၁၀။ သဒ္ဓါဝိမုတ္တ ပုဂ္ဂိုလ်၊
၁၁။ ဒိဋ္ဌိပ္ပတ္တ ပုဂ္ဂိုလ်၊
၁၂။ ကာယသက္ခီ ပုဂ္ဂိုလ်။ (နေတ္တိ၊ဋ္ဌ၊၁၆၄။)♦

ဘာဝနာဘူမိဖြင့် ပယ်အပ်သော သံယောဇဉ် ၇ ပါး

၁။ ကာမစ္ဆန္ဒသံယောဇဉ်၊
၂။ ဗျာပါဒ သံယောဇဉ်၊
၃။ ရူပရာဂသံယောဇဉ်၊
၄။ အရူပရာဂသံယောဇဉ်၊
၅။ မာနသံယောဇဉ်၊
၆။ ဥဒ္ဓစ္စသံယောဇဉ်၊
၇။ အဝိဇ္ဇာသံယောဇဉ်။ (နေတ္တိ၊ဋ္ဌ၊၁၄။)♦

ဘာဝေတဗ္ဗ တရား ၁၀ ပါး

ပွားစေအပ်သော တရား ၁၀ ပါး၊ ကသိုဏ်းအာရုံ ၁၀ ပါးတို့နှင့် တူသည်။ ♦

ဘာဝေတဗ္ဗ တရား ၇ ပါး

ပွားများအပ်သော တရား ၇ ပါး၊ သမ္ဗောဇ္ဈင် ၇ ပါးတို့နှင့်တူသည်။ ♦

ဘာဝေတဗ္ဗတရား ၂ ပါး

ပွားများအပ်သော တရား ၂ ပါးနှင့် တူသည်။ ♦

ဘာဝေတဗ္ဗတရား ၃ ပါး

ပွားများအပ်သော တရား ၃ ပါးနှင့် တူသည်။ ♦

ဘာဝေတဗ္ဗတရား ၄ ပါး

ပွားများအပ်သော တရား ၄ ပါး၊ သတိပဋ္ဌာန် ၄ ပါးတို့နှင့် တူသည်။ ♦

ဘာဝေတဗ္ဗတရား ၅ ပါး

ပွားများအပ်သော တရား ၅ ပါးနှင့် တူသည်။ ♦

ဘာဝေတဗ္ဗတရား ၆ ပါး

ပွားများအပ်သော တရား ၆ ပါး၊ အဖန်ဖန် အောက်မေ့အပ်သော ဌာန ၆ ပါးတို့နှင့် တူသည်။ ♦

ဘာဝေတဗ္ဗတရား ၈ ပါး

၁။ မှန်သော သိခြင်း၊
၂။ မှန်သော ကြံခြင်း၊
၃။ မှန်သော ပြောဆိုခြင်း၊
၄။ မှန်သော ပြုလုပ်ခြင်း၊
၅။ မှန်သော အသက်မွေးခြင်း၊
၆။ မှန်သော အားထုတ်ခြင်း၊
၇။ မှန်သော အောက်မေ့ခြင်း၊
၈။ မှန်သော တည်ကြည်ခြင်း။ (ဒီ၊၃၊၂၄၅။) (ဒီ၊မြန်၊၃။၂၆၈။)♦

ဘာဝေတဗ္ဗတရား ၈ ပါး

ပွားများအပ်သော တရား ၈ ပါး၊ မဂ္ဂင် ၈ ပါးတို့နှင့် တူသည်။ ♦

ဘာဝေတဗ္ဗတရား ၉ ပါး

ပွားများအပ်သော တရား ၉ ပါးနှင့် တူသည်။ ♦

ဘာသိတ ၃ မျိုး

၁။ သဗ္ဗညုဗုဒ္ဓဘာသိတ၊
၂။ ပစ္စေကဗုဒ္ဓဘာသိတ၊
၃။ သာဝကဘာသိတ။ (သီ၊ဋီ၊သစ်၊ ၁။၁၂၉။)♦

ဘိက္ခုနီ ကုမာရီဘူတဝဂ် သိက္ခာပုဒ် ၁၃ ပါး

၁။ အသက် နှစ်ဆယ် မပြည့်သေးသော ကုမာရီအရွယ် သာမဏေမကို ဥပဇ္ဈာယ်ပြု၍ ပဉ္စင်းခံပေးသော (ပဌမကုမာရီဘူတ) သိက္ခာပုဒ်၊
၂။ အသက် နှစ်ဆယ် မပြည့်သေးသော နှစ်နှစ်ပတ်လုံး ခြောက်ပါးသော သိက္ခာပုဒ်ကို မကျင့်ရသေးသော ကုမာရီအရွယ် သိက္ခမာန်မကို ဥပဇ္ဈာယ်ပြု၍ ပဉ္စင်းခံပေးသော (ဒုတိယ ကုမာရီဘူတ) သိက္ခာပုဒ်၊
၃။ အသက် နှစ်ဆယ် ပြည့်ပြီးသော နှစ်နှစ်ပတ်လုံး ခြောက်ပါးသော သိက္ခာပုဒ် တို့ကို ကျင့်ပြီးသော သံဃာက မသမုတ်ရသေးသော သိက္ခမာန်မကို ဥပဇ္ဈာယ် ပြု၍ ပဉ္စင်းခံပေးသော (တတိယကုမာရီဘူတ) သိက္ခာပုဒ်၊
၄။ တစ်ဆယ့်နှစ်ဝါ မပြည့်ဘဲ ဥပဇ္ဈာယ် ပြု၍ ပဉ္စင်းခံပေးသော (ဦနဒွါဒသဝဿ) သိက္ခာပုဒ်၊
၅။ တစ်ဆယ့်နှစ်ဝါ ပြည့်၍ သံဃာက မသမုတ်သေးဘဲ ဥပဇ္ဈာယ်ပြု၍ ပဉ္စင်းခံပေးသော (ပရိပုဏ္ဏဒွါဒသဝဿ) သိက္ခာပုဒ်၊
၆။ ပဉ္စင်းခံမပေးသင့်သေးဟု ပြောသည်ကို ဝန်ခံပြီးမှ နောင်အခါ ရှုတ်ချသော (ခိယျနဓမ္မ) သိက္ခာပုဒ်၊
၇။ သိက္ခမာန်မကို ‘‘သင်က ငါ့အား သင်္ကန်းလှူလျှင် ဥပဇ္ဈာယ်ပြု၍ သင်အား ငါ ပဉ္စင်းခံပေးအံ့’’ ဟုဆို၍ မိမိလည်း ပဉ္စင်းခံမပေး သူတစ်ပါးကိုလည်း ပဉ္စင်းခံမပေး စေသော (ပဌမသိက္ခမာန န ဝုဋ္ဌာပန) သိက္ခာပုဒ်၊
၈။ သိက္ခမာန်မကို ‘‘သင်က ငါ့အား နှစ်နှစ်ပတ်လုံး လိုက်၍ လုပ်ကျွေးလျှင် ပဉ္စင်းခံပေးအံ့’’ဟု ပြော၍ မိမိလည်း ပဉ္စင်းခံမပေး၊ သူတစ်ပါးကိုလည်း ပဉ္စင်းခံမပေးစေသော (ဒုတိယသိက္ခမာန န ဝုဋ္ဌာပန) သိက္ခာပုဒ်၊
၉။ ယောကျ်ားကြီးငယ်တို့နှင့် ရောနှောလျက် သောကရောက်နေသော ကြမ်းတမ်းသော သိက္ခမာန်မကို ဥပဇ္ဈာယ်ပြုလျက် ပဉ္စင်းခံပေးသော (သောကာဝါသ) သိက္ခာပုဒ်၊
၁၀။ အမိ အဖနှင့် လင်ယောကျ်ားတို့က ခွင့်မပြုသော သိက္ခမာန်မကို ဥပဇ္ဈာယ်ပြု၍ ပဉ္စင်းခံပေးသော (အနနုညာတ) သိက္ခာပုဒ်၊
၁၁။ အခါလွန်ပြီးသော ဆန္ဒပေးခြင်းဖြင့် သိက္ခမာန်မကို ပဉ္စင်းခံ ပေးသော (ပါရိဝါသိက) သိက္ခာပုဒ်၊
၁၂။ နှစ်စဉ်နှစ်တိုင်း ဥပဇ္ဈာယ်ပြု၍ ပဉ္စင်းခံ ပေးသော (အနုဝဿ) သိက္ခာပုဒ်၊
၁၃။ တစ်နှစ်တည်း၌ သိက္ခမာန်မ နှစ်ယောက်ကို ဥပဇ္ဈာယ် ပြု၍ ပဉ္စင်းခံပေးသော (ဧကဝဿ) သိက္ခာပုဒ်။ (ဝိ၊၅၊၁၁၉။) (ဝိ၊မြန်၊၅။၁၈၀-၁၈၄။)♦

ဘိက္ခုနီ ဂဗ္ဘိနီဝဂ် သိက္ခာပုဒ် ၁၀ ပါး

၁။ ကိုယ်ဝန်ဆောင်မိန်းမကို ဥပဇ္ဈာယ်ပြု၍ ပဉ္စင်းခံ ပေးသော (ဂဗ္ဘိနီသိက္ခာပုဒ်၊
၂။ နို့တိုက်မိခင်ကို ဥပဇ္ဈာယ်ပြု၍ ပဉ္စင်းခံပေးသော (ပါယန္တီ) သိက္ခာပုဒ်၊
၃။ နှစ်နှစ်ပတ်လုံး ခြောက်ပါးသော သိက္ခာကို မကျင့်ရသေးသော သိက္ခမာန် မအား ဥပဇ္ဈာယ်ပြု၍ ပဉ္စင်းခံပေးသော (ပဌမသိက္ခာပန) သိက္ခာပုဒ်၊
၄။ နှစ်နှစ်ပတ်လုံး ခြောက်ပါးသော သိက္ခာပုဒ်ကို ကျင့်ပြီးသော်လည်း သံဃာက မသမုတ်ရသေးသော သိက္ခမာန် မအား ဥပဇ္ဈာယ်ပြု၍ ပဉ္စင်းခံပေးသော (ဒုတိယသိက္ခာပန) သိက္ခာပုဒ်၊
၅။ အသက်တစ်ဆယ့် နှစ်နှစ် မပြည့်သေးသော ယောကျ်ားနှင့် သွားလာဖူးသော သိက္ခမာန်မအား ဥပဇ္ဈာယ် ပြု၍ ပဉ္စင်းခံပေးသော (ပဌမဂိဟိဂတ) သိက္ခာပုဒ်၊
၆။ အသက် တစ်ဆယ့်နှစ်နှစ် ပြည့်ပြီးသော ယောကျ်ားတစ်ပါး သွားလာဖူးသော သိက္ခမာန်မအား ဥပဇ္ဈာယ်ပြု၍ ပဉ္စင်းခံပေးသော (ဒုတိယဂိဟိဂတ) သိက္ခာပုဒ်၊
၇။ အသက်တစ်ဆယ့်နှစ်နှစ် ပြည့်ပြီးသော ယောကျ်ားတစ်ပါး သွားလာဖူးသော နှစ်နှစ်ပတ်လုံး ခြောက်ပါးသော သိက္ခာပုဒ်ကို ကျင့်ပြီးသော်လည်း သံဃာက မသမုတ်ရသေးသော သိက္ခမာန်မအား ဥပဇ္ဈာယ်ပြု၍ ပဉ္စင်းခံပေးသော (တတိယ ဂိဟိဂတ) သိက္ခာပုဒ်၊
၈။ အတူနေ တပည့်မကို ဥပဇ္ဈာယ်ပြု၍ ပဉ္စင်းခံပေးပြီးလျှင် နှစ်နှစ်ပတ်လုံး မိမိလည်း မချီးမြှောက် သူတစ်ပါးကိုလည်း မချီးမြှောက် စေသော (ပဌမသဟဇီဝိနီ) သိက္ခာပုဒ်၊
၉။ ပဉ္စင်းခံပေးသော ဘိက္ခုနီမကို နှစ်နှစ်ပတ်လုံး လိုက်၍ မလုပ်ကျွေးသော (ပဝတ္တိနီနာနုဗန္ဓန) သိက္ခာပုဒ်၊
၁၀။ အတူနေတပည့်မကို ဥပဇ္ဈာယ် ပြု၍ ပဉ္စင်းခံပေးပြီးလျှင် မိမိလည်း ခေါ်၍ မသွား သူတစ်ပါးကိုလည်း ခေါ်၍ မသွားစေသော (ဒုတိယသဟဇီဝိနီ) သိက္ခာပုဒ်။ (ဝိ၊၅၊၁၁၇။) (ဝိ၊မြန်၊၅။၁၇၆၊၁၇၉။)♦

ဘိက္ခုနီ စတုတ္ထ နိဿဂ္ဂိယသိက္ခာပုဒ်၌ အင်္ဂါ ၃ မျိုး

၁။ အမြွက်အားဖြင့် ယူလိုခြင်း၊
၂။ အခြားသော ပစ္စည်းကို တောင်းယူခြင်း၊
၃။ ရရှိခြင်း။ (သာရတ္ထ၊ဋီ၊၃၊၁၂၁။) (ဝိမတိ၊၂၊၇၅။) (ဝဇီရ၊ဋီ၊၃၆၄။)♦

ဘိက္ခုနီ စတုတ္ထ ပါရာဇိကသိက္ခာပုဒ်၌ အင်္ဂါ ၃ မျိုး

၁။ ကိုယ်ဖြင့် နှီးနှောခြင်း၌ တပ်ခြင်း၊
၂။ အားထုတ်မှု ရှိခြင်း၊
၃။ ရှစ်ခုမြောက်ဝတ္ထု ပြည့်ခြင်း။ (သာရတ္ထ၊ဋီ၊၃၊၁၁၅။)♦

ဘိက္ခုနီ စတုတ္ထသံဃာဒိသိသ် သိက္ခာပုဒ်၌ အင်္ဂါ ၂ ပါး

၁။ ဓမ္မကံဖြင့် နှင်ထုတ်ထားသော ဘိက္ခုနီ ဖြစ်ခြင်း၊
၂။ ခွင့်ပြုထားသော အကြောင်းမဟုတ်ဘဲ သံဃာ့ဘောင်သို့ သွင်းခြင်း။ (သာရတ္ထ၊ဋီ၊၃၊၁၁၉။) (ဝိမတိ၊၂၊၇၅။)♦

ဘိက္ခုနီ စိတ္တာဂါရဝဂ် သိက္ခာပုဒ် ၁၀ ပါး

၁။ မင်းအိမ်၊ ဆန်းကြယ်သော ဇရပ်၊ အရံ၊ ဥယျာဉ်၊ ရေကန် စသည်ကို ကြည့်ရှုရန် သွားသော (ရာဇာဂါရ) သိက္ခာပုဒ်၊
၂။ အခြေရှည်သော ညောင်စောင်းနှင့် သားရဲရုပ် အခြေရှိသော ပလ္လင်ကို သုံးစွဲသော (အာသန္ဒီပရိဘုဉ္ဇန) သိက္ခာပုဒ်၊
၃။ ချည်ငင်သော (သုတ္တကန္တန) သိက္ခာပုဒ်၊
၄။ လူတို့၏ အမှုကြီးငယ်ကို ပြုသော (ဂိဟိဝေယျာဝစ္စ) သိက္ခာပုဒ်၊
၅။ ရဟန်းမက အဓိကရုဏ်းကို ငြိမ်းစေရန် ပန်ကြားသော အခါ ဝန်ခံ၍ မိမိလည်း မငြိမ်းစေ ငြိမ်းစေခြင်းငှာလည်း လုံ့လမပြုသော (အဓိကရဏ) သိက္ခာပုဒ်၊
၆။ လူနှင့် ပရိဗိုဇ်ယောကျ်ား ပရိဗိုဇ်မိန်းမတို့အား မိမိလက်ဖြင့် ခဲဖွယ်ဘောဇဉ်ကို ပေးသော (ဘောဇနဒါန) သိက္ခာပုဒ်၊
၇။ ဥတုနှီးသင်္ကန်းကို မစွန့်မူ၍ သုံးဆောင်သော (အာဝသထစီဝရ) သိက္ခာပုဒ်၊
၈။ တံခါးဖွဲ့ရှိသော ကျောင်းကို မစွန့်မူ၍ ခရီး (ဒေသစာရီ) သွားလာသော (အာဝသထဝိဟာရ) သိက္ခာပုဒ်၊
၉။ မဂ်ဖိုလ်မှ ဖီလာဖြစ်သော အတတ်ကို သင်သော (တိရစ္ဆာနဝိဇ္ဇပရိယာပုဏာန) သိက္ခာပုဒ်၊
၁၀။ မဂ်ဖိုလ်မှ ဖီလာဖြစ်သော အတတ်ကို ပို့ချသော (တိရစ္ဆာနဝိဇ္ဇဝါစန) သိက္ခာပုဒ်။ (ဝိ၊၅၊၁၁၃။) (ဝိ၊မြန်၊၅။၁၆၉၊၁၇၂။)♦

ဘိက္ခုနီ ဆဋ္ဌသံဃာဒိသိသ် သိက္ခာပုဒ်၌ အင်္ဂါ ၃ ပါး

၁။ လူယောကျ်ားက ဆန္ဒရာဂ စိုစွတ်ခြင်း၊
၂။ ထိုသို့သိလျက် ခွင့်ပြုထားသော အကြောင်းမဟုတ်ဘဲ တိုက်တွန်းခြင်း၊
၃။ ထိုတိုက်တွန်း မှုကြောင့် အခြားဘိက္ခုနီသည် ယူ၍ စားမှု ပြီးဆုံးခြင်း။ (သာရတ္ထ၊ဋီ၊၃၊၁၂၀။) (ဝိမတိ၊၂၊၇၄။)♦

ဘိက္ခုနီ ဆတ္တုပါဟနဝဂ် သိက္ခာပုဒ် ၁၃ ပါး

၁။ မနာမဖျားဘဲ ထီးဖိနပ်ကို ဆောင်သော (ဆတ္တုပါဟန) သိက္ခာပုဒ်၊
၂။ မနာမဖျားဘဲ ယာဉ်ရထားဖြင့် ခရီးသွားသော (ယာန) သိက္ခာပုဒ်၊
၃။ ခါးဝတ်တန်ဆာကို ဆောင်သော (သင်္ဃာဏိက) သိက္ခာပုဒ်၊
၄။ မိန်းမတို့၏ ဦးခေါင်း တန်ဆာ စသည်ကို ဆောင်သော (ဣတ္ထာလင်္ကာရ) သိက္ခာပုဒ်၊
၅။ နံ့သာ နံ့သာပြောင်းဖြင့် ရေချိုးသော (ဂန္ဓဝဏ္ဏက) သိက္ခာပုဒ်၊
၆။ နံ့သာဖြင့် ထုံအပ်သော နှမ်းမုန့်ညက်ဖြင့် ရေချိုးသော (ဝါသိတက) သိက္ခာပုဒ်၊
၇။ ရဟန်းမအား ပွတ်သပ်ဆုပ်နယ်ခိုင်းသော (ဥမ္မဒ္ဒါပန) သိက္ခာပုဒ်၊
၈။ သိက္ခမာန်မကို ပွတ်သပ်ဆုပ်နယ်ခိုင်းသော (သိက္ခမာနဥမ္မဒ္ဒါပန။) သိက္ခာပုဒ်၊
၉။ သာမဏေမကို ပွတ်သပ် ဆုပ်နယ်ခိုင်းသော (သာမဏေရီဥမ္မဒ္ဒါပန) သိက္ခာပုဒ်၊
၁၀။ လူမိန်းမကို ပွတ်သပ်ဆုပ်နယ်ခိုင်းသော (ဂိဟိနီဥမ္မဒ္ဒါပန) သိက္ခာပုဒ်၊
၁၁။ မပန်ကြားဘဲ ရဟန်းယောကျ်ား၏ ရှေ့နေရာ၌ ထိုင်သော (အနာပုစ္ဆာ) သိက္ခာပုဒ်၊
၁၂။ ခွင့်မတောင်းဘဲ ရဟန်းယောကျ်ားအား ပြဿနာကို မေးသော (ပဥှာပုစ္ဆန) သိက္ခာပုဒ်၊
၁၃။ ရင်လွှမ်းတဘက် မပါဘဲ ရွာသို့ ဝင်သော (အသံကစ္စိက) သိက္ခာပုဒ်။ (ဝိ၊၅၊၁၂၁။) (ဝိ၊မြန်၊၅။၁၈၄၊၁၈၉။)♦

ဘိက္ခုနီ တတိယ နိဿဂ္ဂိယသိက္ခာပုဒ်၌ အင်္ဂါ ၃ ပါး

၁။ ရဟန်းမ ဖြစ်ခြင်း၊
၂။ လဲလှယ် အပ်သော သင်္ကန်းသည် ဝိကပ္ပနာ လောက်ခြင်း၊
၃။ မိမိဥစ္စာ အမှတ်ဖြင့် ကိုယ်တိုင် လုယူခြင်း, သူတစ်ပါးကို လုယူစေခြင်း။ (သာရတ္ထ၊ဋီ၊၃၊၁၂၁။)♦

ဘိက္ခုနီ တတိယနိဿဂ္ဂိယ သိက္ခာပုဒ်၌ အင်္ဂါ ၂ ပါး

၁။ ဘိက္ခုနီ ဖြစ်ခြင်း၊
၂။ လဲလှယ် အပ်သော ဝိကပ္ပနာလောက်သော သင်္ကန်းကို မိမိဥစ္စာအမှတ်ဖြင့် လုယူခြင်း စသည်။ (ဝိမတိ၊၂၊၇၅။)♦

ဘိက္ခုနီ တတိယသံဃာဒိသိသ်သိက္ခာပုဒ်၌ အင်္ဂါ ၂ ပါး

၁။ အန္တရာယ်မရှိဘဲ တစ်ဦးတည်း ဖြစ်ခြင်း၊
၂။ ဘေးရန်မရှိဘဲ ရွာတစ်ပါးသို့ သွားခြင်း စသည်တို့တွင် တစ်ပါး။ (ဝိမတိ၊၂၊၇၃။)♦

ဘိက္ခုနီ တတိယသံဃာဒိသိသ်သိက္ခာပုဒ်၌ အင်္ဂါ ၃ ပါး

၁။ အန္တရာယ်မရှိဘဲ တစ်ဦးတည်း ဖြစ်ခြင်း၊
၂။ ရွာတစ်ပါးသို့ သွားခြင်း အစရှိသည်တို့တွင် တစ်ပါးပါးသော အရပ်သို့ သွားသူ၏ အဖြစ်သို့ ရောက်ခြင်း၊
၃။ ဘေးရန် မရှိခြင်း။ (သာရတ္ထ၊ဋီ၊၃၊၁၁၈။)♦

ဘိက္ခုနီ တုဝဋ္ဋဝဂ် သိက္ခာပုဒ် ၁၀ ပါး

၁။ ညောင်စောင်းတစ်ခုတည်း၌ နှစ်ဦးအတူ အိပ်သော (တုဝဋ္ဋန) သိက္ခာပုဒ်၊
၂။ တစ်ခင်း တစ်ရုံတည်း၌ နှစ်ဦးအတူ အိပ်သော (ဧကတ္ထရဏ) သိက္ခာပုဒ်၊
၃။ စေတနာရှိသည် ဖြစ်၍ အခြားရဟန်းမ၏ မချမ်းသာခြင်းကို ပြုသော (အဖာသုကရဏ) သိက္ခာပုဒ်၊
၄။ နာမကျန်းသော အတူနေ တပည့်မကို မလုပ်ကျွေးသော(န ဥပဋ္ဌာပန) သိက္ခာပုဒ်၊
၅။ ရဟန်းမတစ်ဦးအား မိမိကျောင်းကို ပေးပြီး၍ တစ်ဖန် နှင်ထုတ်သော (နိက္ကဍ္ဎန) သိက္ခာပုဒ်၊
၆။ ကမ္မဝါစာဖြင့် ဆုံးမပါလျက် အယူကို မစွန့်မူ၍ လူတို့နှင့် ရောနှောသော (သံသဋ္ဌ) သိက္ခာပုဒ်၊
၇။ ယုံမှားဖွယ် ဘေးရှိသော နိုင်ငံအတွင်း၌ အဖော်မပါဘဲ ခရီးသွားသော (အန္တောရဋ္ဌ) သိက္ခာပုဒ်၊
၈။ ယုံမှားဖွယ် ဘေးရှိသော တိုင်းတစ်ပါး၌ အဖော်မပါဘဲ ခရီးသွားသော (တိရောရဋ္ဌ) သိက္ခာပုဒ်၊
၉။ ဝါတွင်းကာလ၌ ဒေသစာရီ လှည့်လည်သော (အန္တောဝဿ) သိက္ခာပုဒ်၊
၁၀။ ဝါပအခါ၌ ဒေသစာရီ မလှည့် မသွားသော (စာရိက န ပက္ကမန) သိက္ခာပုဒ်။ (ဝိ၊၅၊၁၁၁။) (ဝိ၊မြန်၊၅။၁၆၅။၁၆၉။)♦

ဘိက္ခုနီ ဒုတိယ သံဃာဒိသိသ် သိက္ခာပုဒ်၌ အင်္ဂါ ၃ မျိုး

၁။ ခိုးသူမ ဖြစ်ခြင်း၊
၂။ ခိုးသူမဟု အမှတ်သညာ ရှိခြင်း၊
၃။ ခွင့်ပြုထားသော အကြောင်းကို ကြဉ်ထား၍ ဥပဇ္ဈာယ်လုပ်၍ ဘိက္ခုနီ ပြုပေးခြင်း။ (သာရတ္ထ၊ဋီ၊၃၊၁၁၇။)♦

ဘိက္ခုနီ ဒုတိယနိဿဂ္ဂိယသိက္ခာပုဒ်၌ အင်္ဂါ ၃ ပါး

၁။ အကာလသင်္ကန်း ဖြစ်ခြင်း၊
၂။ ထိုအကာလ သင်္ကန်းကို သိလျက် ကာလသင်္ကန်းဟူသော အမြွက်ဖြင့် ဝေဖန်စေခြင်း၊
၃။ ရခြင်း။ (ဝိမတိ၊ ၂။၇၅။)♦

ဘိက္ခုနီ ဒုတိယနိဿဂ္ဂိယသိက္ခာပုဒ်၌ အင်္ဂါ ၄ ပါး

၁။ အကာလသင်္ကန်း ဖြစ်ခြင်း၊
၂။ အကာလ သင်္ကန်းဟု အမှတ် ရှိခြင်း၊
၃။ ကာလသင်္ကန်းဟု ဆောက်တည်၍ အမြွက်ဖြင့် ဝေဖန်စေခြင်း၊
၄။ ရရှိခြင်း။ (သာရတ္ထ၊ဋီ၊၃၊၁၂၁။)♦

ဘိက္ခုနီ ဒုတိယသံဃာဒိသိသ် သိက္ခာပုဒ်၌ အင်္ဂါ ၂ ပါး

၁။ ခိုးသူမ ဖြစ်ခြင်း၊
၂။ ထိုသို့ သိလျက် ခွင့်ပြုထားသော အကြောင်းမဟုတ်ဘဲ ရဟန်းမပြုပေးခြင်း။ (ဝိမတိ၊၂၊၇၂။)♦

ဘိက္ခုနီ နဟာနဝဂ် နဂ္ဂဝဂ် သိက္ခာပုဒ် ၁၀ ပါး

၁။ အဝတ်မစည်း ကိုယ်လုံးတီး ရေချိုးသော (နဂ္ဂ) သိက္ခာပုဒ်၊
၂။ ပမာဏလွန်သော ရေသနုပ်ကို ပြုစေသော (ဥဒကသာဋိက) သိက္ခာပုဒ်၊
၃။ ရဟန်းမ၏ သင်္ကန်းကို ဖြေ၍ ပြန်ချုပ်မပေးသော (စီဝရသိဗ္ဗန) သိက္ခာပုဒ်၊
၄။ သင်္ကန်း ငါးထည်ကို ငါးရက်ထက်အလွန် မလဲလှယ်ဘဲဝတ်သော (သင်္ဃာဋိစာရ) သိက္ခာပုဒ်၊
၅။ တစ်ပါးသော ရဟန်းမသင်္ကန်းကို မပန်ကြားဘဲ ဝတ်ရုံသော (စီဝရသင်္ကမနိယ) သိက္ခာပုဒ်၊
၆။ ဂိုဏ်း၏ သင်္ကန်းလာဘ်ကို အန္တရာယ်ပြုသော (ဂဏစီဝရ) သိက္ခာပုဒ်၊
၇။ တရားနှင့် လျော်သော သင်္ကန်းဝေဖန်ခြင်းကို တားမြစ်သော (ပဋိဗာဟန) သိက္ခာပုဒ်၊
၈။ လူ ပရိဗိုဇ်နှင့် ပရိဗိုဇ်မတို့အား ရဟန်း၏သင်္ကန်းကို ပေးစေသော (စီဝရဒါန) သိက္ခာပုဒ်၊
၉။ အားနည်းသော သင်္ကန်းရနိုးခြင်းဖြင့် သင်္ကန်းကာလကို လွန်စေသော (ကာလအတိက္ကမန) သိက္ခာပုဒ်၊
၁၀။ တရားနှင့် လျော်သော ကထိန်နုတ်ခြင်းကို တားမြစ်သော (ကထိနုဒ္ဓါရ) သိက္ခာပုဒ်။ (ဝိ၊၅၊၁၀၉။) (ဝိ၊မြန်၊၅။၁၆၂-၁၆၅။)♦

ဘိက္ခုနီ နိဿဂ္ဂိယပါစိတ် သိက္ခာပုဒ် ၁၂ ပါး

၁။ သပိတ်ကို သိုမှီးသိမ်းဆည်းသော (ပတ္တသန္နိစယ) သိက္ခာပုဒ်၊
၂။ အကာလသင်္ကန်းကို ကာလသင်္ကန်းဟု ဆောက်တည်ကာ ဝေဖန်ခွဲဝေ စေသော (အကာလစီဝရ) သိက္ခာပုဒ်၊
၃။ ကာလသင်္ကန်းကို လဲလှယ်ဖလှယ်သော (စီဝရ ပရိဝတ္တန) သိက္ခာပုဒ်၊
၄။ ထောပတ် စသည်ကို တောင်းပြီး၍ တစ်ပါးသော ဆီ စသည်ကို တောင်းသော (အညဝိညာပန) သိက္ခာပုဒ်၊
၅။ ထောပတ် စသည်ကို ဝယ်စေပြီး၍ တစ်ပါးသော ဆီ စသည်ကို ဝယ်စေသော (အညစေတာပန) သိက္ခာပုဒ်၊
၆။ သံဃိကဖြစ်သော ပရိက္ခရာဖြင့် တစ်ပါးသော ပရိက္ခရာကို လဲလှယ် ဝယ်စေသော (အညဒတ္ထိကသံဃိက) သိက္ခာပုဒ်၊
၇။ သံဃိကဖြစ်သော ကိုယ်တိုင် တောင်းအပ်သော ပရိက္ခရာဖြင့် တစ်ပါးသော ပရိက္ခရာကို လဲလှယ်ဝယ်စေသော (သံဃိကသညာစိက) သိက္ခာပုဒ်၊
၈။ အပ်သော ပရိက္ခရာဖြင့် တစ်ပါးသော ပရိက္ခရာကို လဲလှယ်ဝယ်စေသော (မဟာဇနိက) သိက္ခာပုဒ်၊
၉။ ကိုယ်တိုင် တောင်းအပ်သော ပရိက္ခရာဖြင့် တစ်ပါးသော ပရိက္ခရာကို လဲလှယ်ဝယ်စေသော (မဟာဇနိကသညာစိက) သိက္ခာပုဒ်၊
၁၀။ ပုဂ္ဂလိကဖြစ်သော ကိုယ်တိုင် တောင်းအပ်သော ပရိက္ခရာဖြင့် တစ်ပါးသော ပရိက္ခရာကို လဲလှယ်ဝယ်စေသော (ပုဂ္ဂလသညာစိက) သိက္ခာပုဒ်၊
၁၁။ လေးသော အဝတ်အရုံကို တောင်းသော (ဂရုပါဝုရဏ) သိက္ခာပုဒ်၊
၁၂။ ပေါ့သော အဝတ်အရုံကို တောင်းသော (လဟု ပါဝုရဏ) သိက္ခာပုဒ်။ (ဝိ၊၅၊၁၀၅။) (ဝိ၊မြန်၊၅။၁၅၀-၁၅၅။)♦

ဘိက္ခုနီ ပဉ္စမ သံဃာဒိသိသ် သိက္ခာပုဒ်၌ အင်္ဂါ ၄ ပါး

၁။ ရေ၊ ဒန်ပူမှ အခြားသော စားမျိုးဖွယ် ဖြစ်ခြင်း၊
၂။ နှစ်ယောက်လုံးအားဖြင့် ဆန္ဒရာဂဖြင့် စိုစွတ်ခြင်း၊
၃။ မိမိလက်ဖြင့် ယူခြင်း၊
၄။ စားမျိုခြင်း။ (သာရတ္ထ၊ဋီ၊၃၊၁၁၉။)♦

ဘိက္ခုနီ ပဉ္စမသံဃာဒိသိသ် သိက္ခာပုဒ်၌ အင်္ဂါ ၂ ပါး

၁။ နှစ်ဦးလုံး ဆန္ဒရာဂဖြင့် စိုစွတ်ခြင်း၊
၂။ ရေ၊ ဒန်ပူမှ အခြားသော စားမျိုဖွယ်ကို ကိုယ်တိုင်ယူ၍ စားမျိုခြင်း။ (ဝိမတိ၊၂၊၇၄။)♦

ဘိက္ခုနီ ပဌမ သံဃာဒိသိသ်သိက္ခာပုဒ်၌ အင်္ဂါ ၂ မျိုး

၁။ ဆွဲခေါ်အပ်သူ မရှိဘဲ (မဆွဲခေါ်အပ် ပါဘဲ) တရားစွဲမှုကို ပြုခြင်း၊
၂။ တရားစွဲမှု ပြီးဆုံးခြင်းသို့ ရောက်ခြင်း။ (သာရတ္ထ၊ဋီ၊၃၊၁၁၆။) (ဝိမတိ၊၂၊၇၂။)♦

ဘိက္ခုနီ ပါဋိဒေသနီသိက္ခာပုဒ် ၈ ပါး

၁။ မနာဖျားဘဲ ထောပတ်ကို တောင်း၍ စားသော (သပ္ပိဝိညာပန) သိက္ခာပုဒ်၊
၂။ မနာဖျားဘဲ ဆီကို တောင်း၍ စားသော (တေလဝိညာပန) သိက္ခာပုဒ်၊
၃။ မနာဖျားဘဲ ပျားရည်ကို တောင်း၍ စားသော (မဓုဝိညာပန) သိက္ခာပုဒ်၊
၄။ မနာဖျားဘဲ တင်လဲကို တောင်းစားသော (ဖာဏိတဝိညာပန) သိက္ခာပုဒ်၊
၅။ မနာဖျားဘဲ ငါးကို တောင်း၍ စားသော (မစ္ဆဝိညာပန) သိက္ခာပုဒ်၊
၆။ မနာဖျားဘဲ အသားကို တောင်း၍ စားသော (မံသဝိညာပန) သိက္ခာပုဒ်၊
၇။ မနာဖျားဘဲ နို့ရည်ကို တောင်း၍ သုံးဆောင်သော (ခီရဝိညာပန) သိက္ခာပုဒ်၊
၈။ မနာဖျားဘဲ နို့ဓမ်းကို တောင်း၍ စားသော (ဒဓိဝိညာပန သိက္ခာပုဒ်)။ (ဝိ၊၅၊၁၂၅။) (ဝိ၊မြန်၊၅။၁၉၀၊၁၉၃။)♦

ဘိက္ခုနီ ပါရာဇိက သိက္ခာပုဒ် ၈ ပါး

၁။ မေထုန်မှီဝဲခြင်း (မေထုန) သိက္ခာပုဒ်၊
၂။ ပိုင်ရှင် မပေးသော သူ့ဥစ္စာကို ခိုးယူခြင်း (အဒိန္နာဒါန) သိက္ခာပုဒ်၊
၃။ လူ၏ အသက်ကို သတ်သော (မနုဿဝိဂ္ဂဟ) သိက္ခာပုဒ်၊
၄။ ဈာန်မဂ်ဖိုလ်ကို မရဘဲ ရ၏ဟု ပြောသော (ဥတ္တရိမနုဿဓမ္မ) သိက္ခာပုဒ်၊
၅။ ယောကျ်ားနှင့် ကိုယ်လက်နှီးနှောသော (ကာယသံသဂ္ဂ) သိက္ခာပုဒ်၊
၆။ ပါရာဇိက ကျသော ရဟန်းမကို ကိုယ်တိုင်လည်း မမေး၊ ဂိုဏ်းအားလည်း မပြောကြားဘဲ နေသော ဥဗ္ဘဇာဏုမဏ္ဍလိက သိက္ခာပုဒ်၊
၇။ သံဃာက နှင်ထုတ်ထားသော အရိဋ္ဌရဟန်းသို့ အတု လိုက်သော ဝဇ္ဇပဋိစ္ဆာဒိကသိက္ခာပုဒ်၊
၈။ ဆဗ္ဗဂ္ဂီရဟန်းမတို့ ရှစ်ခုမြောက်သော အဋ္ဌမဝတ္ထုကို ပြည့်စေသော အဋ္ဌဝတ္ထုကသိက္ခာပုဒ်။ (ဝိ၊၅၊၉၉။) (ဝိ၊မြန်၊၅။၁၃၉-၁၄၄။) (ဝိ၊ဋ္ဌ၊၃၊၁၇၆။)♦

ဘိက္ခုနီ ရတ္တန္ဓကာရဝဂ် သိက္ခာပုဒ် ၁၀ ပါး

၁။ ညဉ့်မှောင်မိုက်၌ ယောကျ်ားနှင့် တစ်ယောက်ချင်း ရပ်တည် စကားပြောသော (ရတ္တန္ဓကာရ) သိက္ခာပုဒ်၊
၂။ နံရံဖြင့် ဖုံးလွှမ်းအပ်သော အရပ်၌ ယောကျ်ားနှင့်တကွ တစ်ယောက်ချင်း ဟတ္ထပါသ်၌ ရပ်တည်သော (ပဋိစ္ဆန္နောကာသ) သိက္ခာပုဒ်၊
၃။ လွင်တီးခေါင်၌ ယောကျ်ားနှင့် တစ်ယောက်ချင်း ဟတ္ထပါသ်၌ ရပ်တည်သော (အဇ္ဈောကာသသလ္လပန) သိက္ခာပုဒ်၊
၄။ ခရီးလမ်းကြောင်း၌ အဖော်ဖြစ်သော ဘိက္ခုနီကို လွှတ်လိုက်၍ ယောကျ်ားနှင့် တစ်ယောက်ချင်း ရပ်တည်သော (ဒုတိယိကဥယျောဇန) သိက္ခာပုဒ်၊
၅။ နံနက်ပိုင်း ဒါယကာတို့အိမ်သို့ ချဉ်းကပ်နေထိုင်၍ အိမ်ရှင်တို့ကို မပန်ကြားဘဲ ပြန်သွားသော (အနာပုစ္ဆာပက္ကမန) သိက္ခာပုဒ်၊
၆။ နေလွဲသောအခါ ဒါယကာတို့အိမ်သို့ ချဉ်းကပ်၍ အိမ်ရှင်တို့ကို မပန်ကြားဘဲဲ နေရာ၌ ထိုင်သော (အနာပုစ္ဆာအဘိနိသီဒန) သိက္ခာပုဒ်၊
၇။ နေလွဲအခါ ဒါယကာတို့အိမ်သို့ ကပ်၍ ပိုင်ရှင်တို့ကို မပန်ကြားဘဲ အိပ်ရာ၌ အိပ်သော (အနာပုစ္ဆာသန္ထရဏ) သိက္ခာပုဒ်၊
၈။ အထင်လွဲသဖြင့် ရဟန်းတစ်ပါးကို ကဲ့ရဲ့သော (ဥဇ္ဈာပနက) သိက္ခာပုဒ်၊
၉။ မိမိ သူတစ်ပါး နှစ်ဦးသားကို ငရဲဖြင့်လည်းကောင်း အကျင့်မြတ်ဖြင့်လည်းကောင်း ကျိန်ဆဲသော (အဘိသပန) သိက္ခာပုဒ်၊
၁၀။ မိမိကိုယ်ကို ထု၍ ထု၍ ငိုသော (ရောဒန) သိက္ခာပုဒ်။ (ဝိ၊၅၊၁၀၇။) (ဝိ၊မြန်၊၅။၁၅၈-၁၆၂။)♦

ဘိက္ခုနီ သုဒ္ဓပါစိတ် လသုဏဝဂ် သိက္ခာပုဒ် ၁၀ ပါး

၁။ ကြက်သွန်ဖြူကို စားသော (လသုဏ) သိက္ခာပုဒ်၊
၂။ ပဿာဝမဂ်အနီး ပေါင်ကြား ချိုင်းကြား၌ အမွေးကို ရိတ်နုတ်သော (သမ္ဗာဓ လောမ) သိက္ခာပုဒ်၊
၃။ ပဿာဝမဂ်အပြင်ကို ပုတ်ခတ်သော (တလဃာတက) သိက္ခာပုဒ်၊
၄။ ချိတ်တောင့်ဖြင့် ထိုးသော (ဇတုမဋ္ဌက) သိက္ခာပုဒ်၊
၅။ လက်နှစ်သစ်ထက် အလွန် ပဿာဝမဂ်ကို နှိုက်၍ ရေဆေးသော (ဥဒကသုဒ္ဓိက) သိက္ခာပုဒ်၊
၆။ ဆွမ်းစားသော ရဟန်းအား သောက်ရေဖြင့်လည်းကောင်း ယပ်လေခတ်သဖြင့်လည်းကောင်း အနီး၌ တည်သော (ဥပတိဋ္ဌန) သိက္ခာပုဒ်၊
၇။ စပါးစိမ်းကို တောင်း၍ စားသော (အာမကဓည) သိက္ခာပုဒ်၊
၈။ ကျင်ကြီး ကျင်ငယ် အမှိုက်နှင့် စားကြွင်းတို့ကို နံရံတံတိုင်း၏ တစ်ဖက်၌ စွန့်သော (ပထမဥစ္စာရဆဍ္ဍန) သိက္ခာပုဒ်၊
၉။ ကျင်ကြီး ကျင်ငယ် အမှိုက်နှင့် စားကြွင်းတို့ကို စိမ်းသော ကောက်ပဲရှိရာ အရပ်၌ စွန့်သော (ဒုတိယဥစ္စာရဆဍ္ဍန) သိက္ခာပုဒ်၊
၁၀။ ကခြင်း သီခြင်း တီးမှုတ်ခြင်းတို့ကို ကြည့်ရှု နားထောင်ခြင်းငှာ သွားသော (နစ္စဂီတဝါဒိတ) သိက္ခာပုဒ်။ (ဝိ၊၅၊၁၀၆။) (ဝိ၊မြန်၊၅။ ၁၅၅-၁၅၈။)♦

ဘိက္ခုနီ သုဒ္ဓပါစိတ် သစိတ္တက ပဏ္ဏတ္တိဝဇ္ဇ သိက္ခာပုဒ် ၁၉ ပုဒ်

၁။ စောရီဝုဋ္ဌာပနသိက္ခာပုဒ်၊
၂။ ဂါမန္တရသိက္ခာပုဒ်၊
၃။ အာရာမသိက္ခာပုဒ်၊
၄။ ဂဗ္ဘိနီဝဂ်၌ အစသိက္ခာပုဒ် ၇ ပုဒ်၊
၅။ ကုမာရီ ဘူတဝဂ်၌ အစ သိက္ခာပုဒ် ၅ ပုဒ်၊
၆။ ပုရိသသံသဋ္ဌသိက္ခာပုဒ်၊
၇။ ပါရိဝါသိယဆန္ဒဒါန သိက္ခာပုဒ်၊
၈။ အနုဝဿဝုဋ္ဌာပနသိက္ခာပုဒ်၊
၉။ ဧကန္တရိကဝုဋ္ဌာပနသိက္ခာပုဒ်။ (ဝိ၊ဋ္ဌ၊၃၊၂၂၉။)♦

ဘိက္ခုနီ အာရာမဝဂ် သိက္ခာပုဒ် ၁၀ ပါး

၁။ ရဟန်းရှိသော အရံသို့ သိလျက် မပန်ကြားဘဲ ဝင်သော (အာရာမပဝိသန) သိက္ခာပုဒ်၊
၂။ ရဟန်းကို ဆဲရေးသော (ဘိက္ခုအက္ကောသန) သိက္ခာပုဒ်၊
၃။ ကြမ်းတမ်းစွာ ရဟန်းမကို ရေရွတ်သော (ဂဏပရိဘာသန) သိက္ခာပုဒ်၊
၄။ ပင့်ဖိတ်အပ်သည် ဖြစ်လျက် လည်းကောင်း ပဝါရိတ်သင့်သည် ဖြစ်လျက် လည်းကောင်း ခဲဖွယ်ဘောဇဉ်ကို အရပ်တစ်ပါး၌ စားသော (ပဝါရိတ) သိက္ခာပုဒ်၊
၅။ ဒါယကာတို့အား ဝန်တိုသော (ကုလမစ္ဆရီနီ) သိက္ခာပုဒ်၊
၆။ ရဟန်းမရှိသော ကျောင်း၌ မိုးလပတ်လုံး ဝါကပ် နေသော (အဘိက္ခုကာဝါသ) သိက္ခာပုဒ်၊
၇။ ဝါကျွတ်ပြီးနောက် နှစ်ဖက်သံဃာ၌ မြင်, ကြား, ယုံမှား သုံးပါးသော အကြောင်းဖြင့် မဖိတ်သော (အပဝါရဏာ) သိက္ခာပုဒ်၊
၈။ ဂရုဓံတရား ရှစ်ပါးကို နာခြင်းငှာလည်းကောင်း ဥပုသ်ပဝါရဏာ အကျိုးငှာလည်းကောင်း မသွားသော (ဩဝါဒ) သိက္ခာပုဒ်၊
၉။ လခွဲတစ်ကြိမ် ဥပုသ်နေ့ကိုလည်းမမေး ဩဝါဒကိုလည်း မတောင်းသော (ဩဝါဒူပသင်္ကမန) သိက္ခာပုဒ်၊
၁၀။ ပေါင်ရင်း၌ပေါက်သော အိုင်းအမာ သွေးစုနာကို သံဃာနှင့်ဂိုဏ်းကို မပန်ကြားဘဲ ယောကျ်ားနှင့် တစ်ယောက်ချင်း ခွဲဖောက် စေသော (ပသာခေဇာတ) သိက္ခာပုဒ်။ (ဝိ၊၅၊၁၁၅။) (ဝိ၊မြန်၊၅။၁၇၂၊၁၇၆။)♦

ဘိက္ခုနီတို့နှင့် မသက်ဆိုင်သော နိဿဂ္ဂိသိက္ခာပုဒ် ၁၂ မျိုး

၁။ ပုရာဏစီဝရဓောဝါပန သိက္ခာပုဒ်၊
၂။ စီဝရပဋိဂ္ဂဟဏ သိက္ခာပုဒ်၊
၃။ ကောသေယျသိက္ခာပုဒ်၊
၄။ သုဒ္ဓကာဠကသိက္ခာပုဒ်၊
၅။ ဒွေဘာဂသိက္ခာပုဒ်၊
၆။ ဆဗ္ဗဿသိက္ခာပုဒ်၊
၇။ နိသီဒနသန္ထတသိက္ခာပုဒ်၊
၈။ ဧဠက လောမသိက္ခာပုဒ်၊
၉။ ဧဠကလောမဓောဝါပနသိက္ခာပုဒ်၊
၁၀။ ပထမပတ္တသိက္ခာပုဒ်၊
၁၁။ ဝဿိကာသာဋိကသိက္ခာပုဒ်၊
၁၂။ အာရညကသိက္ခာပုဒ်။ (ဝိ၊ဋ္ဌ၊၄၊၁၈၉။)♦

ဘိက္ခုနီတို့နှင့် မသက်ဆိုင်သော ပါစိတ်သိက္ခာပုဒ် ၂၂ မျိုး

၁။ ဘိက္ခုနောဝါဒကဝဂ်လာ သိက္ခာပုဒ် ၁၀ ပုဒ်၊
၂။ ပရမ္ပရဘောဇန သိက္ခာပုဒ်၊
၃။ အနတိရိတ္တသိက္ခာပုဒ်၊
၄။ အဘိဟဋ သိက္ခာပုဒ်၊
၅။ ပဏီတဘောဇနသိက္ခာပုဒ်၊
၆။ အစေလကသိက္ခာပုဒ်၊
၇။ ဝိကာလေဂါမပ္ပဝေသန သိက္ခာပုဒ်၊
၈။ ဦနဝီသတိဝဿ သိက္ခာပုဒ်၊
၉။ ဒုဋ္ဌုလ္လဆာဒန သိက္ခာပုဒ်၊
၁၀။ သံဝိဓာန သိက္ခာပုဒ်၊
၁၁။ အနိက္ခန္တရာဇကသိက္ခာပုဒ် (အန္တေပုရသိက္ခာပုဒ်။)၊
၁၂။ နီသီဒနသိက္ခာပုဒ်၊
၁၃။ ဝဿိကာ သာဋိကသိက္ခာပုဒ်။ (ဝိ၊ဋ္ဌ၊၄၊၁၈၉။)♦

ဘိက္ခုနီတို့နှင့် မသက်ဆိုင်သော သံဃာဒိသိသ် သိက္ခာပုဒ် ၆ မျိုး

၁။ သုက္ကဝိဿဋ္ဌိ သိက္ခာပုဒ်၊
၂။ ကာယသံသဂ္ဂ သိက္ခာပုဒ်၊
၃။ ဒုဋ္ဌုလ္လဝါစာ သိက္ခာပုဒ်၊
၄။ အတ္တကာမပါရိစရိယ သိက္ခာပုဒ်၊
၅။ ကုဋိကာရ သိက္ခာပုဒ်၊
၆။ မဟလ္လကဝိဟာရ သိက္ခာပုဒ်။ (ဝိ၊ဋ္ဌ၊၄၊၁၈၉။)♦

ဘိက္ခုနီတို့အား ပါရာဇိကသိက္ခာပုဒ် ပညတ်ရခြင်း၏ အကျိုးထူး ၁၀ ပါး

၁။ သံဃာတော်၏ ကောင်းပါပြီဟု ဝန်ခံကျင့်သုံးရန်၊
၂။ သံဃာတော်များ ချမ်းသာစေရန်၊
၃။ အကျင့်သီလ ဖောက်ဖျက်သော ရဟန်းမတို့ကို နှိမ်နင်းရန်၊
၄။ သီလကို ချစ်မြတ်နိုးသော ရဟန်းမတို့ ချမ်းသာစွာ နေနိုင်ရန်၊
၅။ မျက်မှောက်ဖြစ်သော ဆင်းရဲအထူးကို စောင့်စည်းရန်၊
၆။ နောင် ဖြစ်လတ္တံ့သော ဆင်းရဲအထူးကို ပယ်ရှားရန်၊
၇။ မကြည်ညိုသေးသော သူတို့ကို ကြည်ညို စေရန်၊
၈။ ကြည်ညိုပြီးသော သူတို့ကို တိုး၍ ကြည်ညိုစေရန်၊
၉။ သူတော်ကောင်းတရား (သာသနာသုံးရပ်) တည်တံ့ရန်၊
၁၀။ ဝိနည်းစည်းကမ်းကို ချီးမြှောက်ရန်၊ ဤအကျိုးထူး တရား (၁၀) ပါးကို အကြောင်းပြု၍ ရဟန်းမတို့အား ပါရာဇိကသိက္ခာပုဒ်ကို ပညတ်တော် မူသည်။ (ဝိ၊၅၊၉၇။) (ဝိ၊မြန်၊၅။၁၄၁။)♦

ဘိက္ခုနီပါစိတ် သိက္ခာပုဒ် ၁၆၆ ပုဒ်

၁။ ဘိက္ခုပါစိတ် ၉၆ ပုဒ်, ဘိက္ခုနီပါစိတ် ၉၂ ပုဒ်, စုစုပေါင်း ၁၈၈ ပုဒ်ရှိသည်, ထိုသိက္ခာပုဒ်များထဲမှ ဘိက္ခုနီဝဂ် (ဘိက္ခုနောဝါဒကဝဂ်။) သိက္ခာပုဒ် ၁၀ ပုဒ်, ပရမ္ပရဘောဇန, အနတိရိတ္တဘောဇန, ဒုတိယပဝါရဏာ, ပဏီတဘောဇန, အစေလက, ဒုဋ္ဌုလ္လ, ဦနဝီသတိဝဿ, သံဝိဓာန, အန္တေပုရ, ဝိကာလဂါမပ္ပဝေသန, နီသီဒန, ဝဿိကသာဋိကာ သိက္ခာပုဒ် ၂၂ ပုဒ်ကို ပယ်နှုတ်၍ ကျန် ၁၆၆ ပုဒ် ဖြစ်သည်။ (ဝိ၊ဋ္ဌ၊၃၊၂၂၉။)♦

ဘိက္ခုနီမတို့ကို ဆုံးမထိုက်သော ရဟန်း၏ အင်္ဂါ ၈ ပါး

၁။ ပါတိမောက္ခသံဝရသီလနှင့် ပြည့်စုံခြင်း၊
၂။ ပိဋကဗဟုသုတရှိခြင်း၊
၃။ ဥဘတောဝိဘင်းနှင့် ပါတိမောက်နှစ်ပါးကို နှုတ်တက်ရခြင်း၊
၄။ အဟောအပြော ကောင်းလျက် ကောင်းသော စကားလုံးနှင့် ကောင်းသော အသံရှိခြင်း၊
၅။ ဘိက္ခုနီသံဃာအများ၏ ကြည်ညိုလေးစားမှုကို ခံရခြင်း၊
၆။ ဘိက္ခုနီတို့အား တရားဟော ခြင်းငှာ, ဆုံးမခြင်းငှာ စွမ်းနိုင်ခြင်း၊
၇။ လူ့ဘဝတုန်းက ဘိက္ခုနီမတို့၌ ကာယသံသဂ္ဂအမှု, သိက္ခမာန်, သာမဏေမတို့၌ မေထုန်အမှု မလွန်ကျူးခဲ့ဖူးခြင်း၊
၈။ ဝါ (သိက္ခာ) နှစ်ဆယ်, နှစ်ဆယ်ထက် ကျော်လွန်ခြင်း။ (ဝိ၊၂၊၇၃-၇၄။) (ဝိ၊ဋ္ဌ၊၃၊၅၇။) (အံ၊၃၊၁၀၆။) (ဝိ၊မြန်၊၂။၈၃။) (အံ၊မြန်၊၃။၁၀၅။)♦

ဘိက္ခုနီလောင်းအား မေးစီစစ်ရမည့် အန္တရာယ် ၂၄ မျိုး

၁။ အင်္ဂါဇာတ်မပါသူ မဟုတ် သလောဟု မေးရခြင်း၊
၂။ အင်္ဂါဇာတ်အရာမျှပါသူ မဟုတ်သလောဟု မေးရခြင်း၊
၃။ ဥတု မလာသူ မဟုတ်သလောဟု မေးရခြင်း၊
၄။ အမြဲဥတုလာသူ မဟုတ်သလောဟု မေးရခြင်း၊
၅။ အမြဲတမ်း အဝတ်ဖြင့် ပိတ်ဆို့ရသူ မဟုတ်သလောဟု မေးရခြင်း၊
၆။ သွေးယိုစီးသူ မဟုတ်သလောဟု မေးရခြင်း၊
၇။ အစေ့ရှည်သူ မဟုတ်သလောဟု မေးရခြင်း၊
၈။ ပဏ္ဍုက်မ (မိန်းမပဏ္ဍုက်) မဟုတ်သလောဟု မေးရခြင်း၊
၉။ ယောကျ်ားရှာ မဟုတ်သလောဟု မေးရခြင်း၊
၁၀။ မဂ်နှစ်ခု ဆက်စပ်နေသူ မဟုတ်သလောဟု မေးရခြင်း၊
၁၁။ ဥဘတောဗျည်း မဟုတ် သလောဟု မေးရခြင်း၊
၁၂။ နူနာရောဂါ, အိုင်းအနာရောဂါ, ပွေးညှင်း, သမင်ဖြူ, ခရုသင်း, တင်းတိမ်အနာ, ချောင်းဆိုးသွေးပါရောဂါ, ဝက်ရူး ကြက်ရူးရောဂါဟု ဆိုအပ်သော အနာကြီး ငါးမျိုးရှိသလောဟု မေးရခြင်း၊
၁၃။ လူက မွေးသည့် လူသားစင်စစ် ဟုတ်၏လောဟု မေးရခြင်း၊
၁၄။ မိန်းမ-ဟုတ်၏လောဟု မေးရခြင်း၊
၁၅။ သူ့ကျွန်အဖြစ်မှ တော်လှန်ပြီးသူ ဟုတ်၏လောဟု မေးရခြင်း၊
၁၆။ ကြွေးမြီမရှိသူ ဟုတ်၏လောဟု မေးရခြင်း၊
၁၇။ မင်းခစား, မင်းမှုထမ်း မဟုတ်သလောဟု မေးရခြင်း၊
၁၈။ မိဘများက ခွင့်ပြု၏လော-ဟု မေးရခြင်း၊
၁၉။ ပိုင်ရှင် လင်ယောကျ်ားက ခွင့်ပြု၏လောဟု မေးရခြင်း၊
၂၀။ အသက် ၂၀ ပြည့်၏လောဟု မေးရခြင်း၊
၂၁။ သင့်အား သပိတ်ပြည့်စုံ၏လောဟု မေးရခြင်း၊
၂၂။ သင့်အား သင်္ကန်းပြည့်စုံ၏လောဟု မေးရခြင်း၊
၂၃။ သင်သည် အဘယ်အမည် ရှိသနည်းဟု မေးရခြင်း၊
၂၄။ သင်၏ ဥပဇ္ဈာယ်ဆရာ ဘိက္ခုနီမသည် အဘယ်အမည်ရှိသနည်းဟု မေးရခြင်း။ (ဝိ၊၄၊ ၄၆၃။) (ဝိ၊မြန်၊၄၊၄၆၄။)♦

ဘိက္ခုနီသံဃာဒိသိသ် သိက္ခာပုဒ် ၁၀ ပါး

၁။ မာန်အမျက် ပွားသဖြင့် ငြင်းခုံ တရား တွေ့၍ နေသော (ဥဿယဝါဒိက) သိက္ခာပုဒ်၊
၂။ ခိုးသူမကို ဥပဇ္ဈာယ်ပြု၍ ပဉ္စင်းခံပေးသော (စောရီဝုဋ္ဌာပန) သိက္ခာပုဒ်၊
၃။ အဖော်မပါ တစ်ယောက်တည်း ရွာတစ်ပါးသို့ သွားသော (ဂါမန္တရ) သိက္ခာပုဒ်၊
၄။ နှင်ထုတ်ထားသော ရဟန်းမအား သံဃာ့ဘောင်သို့ သွင်းသော (ဥက္ခိတ္တဩသာရဏ) သိက္ခာပုဒ်၊
၅။ ကိလေသာ စိုစွတ်သည် ဖြစ်၍ ကိလေသာစိုစွတ်သော ယောကျ်ား၏ လက်မှ ခဲဖွယ်ဘောဇဉ်ကို မိမိလက်ဖြင့် ခံယူ စားသုံးသော (ပဌမအဝဿုတ) သိက္ခာပုဒ်၊
၆။ ယောကျ်ားပုဂ္ဂိုလ်ပေးသော ခဲဖွယ်ဘောဇဉ်ကို မိမိလက်ဖြင့် ခံယူ၍ စားလော့ဟု တိုက်တွန်းသော (ဒုတိယအဝဿုတ) သိက္ခာပုဒ်၊
၇။ ဉတ်ကမ္မဝါစာဖြင့် ဆုံးမ ပါလျက် အယူကို မစွန့်ဘဲ အမျက်ထွက်သော (ပဌမကုပိတ) သိက္ခာပုဒ်၊
၈။ ဉတ်ကမ္မဝါစာဖြင့် ဆုံးမပါလျက် အယူကို မစွန့်ဘဲ တစ်စုံတစ်ခုသော အဓိကရုဏ်း၌ ရှုံးသော (ဒုတိယကုပိတ) သိက္ခာပုဒ်၊
၉။ ဉတ်ကမ္မဝါစာဖြင့် ဆုံးမပါလျက် အယူကို မစွန့်ဘဲ လူတို့နှင့် ရောနှောသော (သံသဋ္ဌ) သိက္ခာပုဒ်၊
၁၀။ ဉတ်ကမ္မဝါစာဖြင့် ဆုံးမပါလျက် အယူကို မစွန့်ဘဲ လူတို့နှင့် အသီးအခြား မနေကြလင့် ရောနှော၍သာ နေကြလောဟု တိုက်တွန်းသော (ဒုတိယသံသဋ္ဌ) သိက္ခာပုဒ်။ (ဝိ၊၅၊၁၀၂။) (ဝိ၊မြန်၊၅။၁၄၅-၁၅၁။)♦

ဘိက္ခုနီသံဃာသည်သာ ကံပြုအပ်သော ရဟန်း၏ အင်္ဂါ ၅ ပါး

၁။ ကိုယ်ကို ဖွင့်လှစ်၍ ရဟန်းမတို့အား ပြခြင်း၊
၂။ ပေါင်ကို ပြခြင်း၊
၃။ အင်္ဂါဇာတ်ကို ပြခြင်း၊
၄။ ပခုံးစွန်း နှစ်ဖက်ကို ပြခြင်း၊
၅။ ပြက်ရယ် ပြု၏၊ လူတို့ကို (မေထုန်မှီဝဲစိမ့်သောငှာ။) ယှဉ်စေခြင်း ထိုရဟန်းကို ဘိက္ခုနီသံဃာသည် ရှိမခိုးအပ်။ (ဝိ၊၅၊၃၃၉။) (ဝိ၊မြန်၊၅။၄၄၂။)♦

ဘိက္ခုနီသံဃာသည်သာ ကံပြုအပ်သော ရဟန်း၏ အင်္ဂါ ၅ ပါး (တစ်နည်း)

၁။ ရဟန်း မိန်းမတို့အား လာဘ်မရစေခြင်းငှာ လုံ့လပြုခြင်း၊
၂။ ရဟန်းမတို့အား အကျိုးမဲ့စေခြင်းငှာ လုံ့လ ပြုခြင်း၊
၃။ ရဟန်းမတို့အား နေရာမရစေခြင်းငှာ လုံ့လပြုခြင်း၊
၄။ ရဟန်းမတို့ကို ဆဲရေး ရေရွတ်ခြင်း၊
၅။ ရဟန်းယောက်ျားတို့နှင့် ကွဲပြားစေခြင်း၊ ထိုရဟန်းအား ဘိက္ခုနီမ သံဃာသည် ရှိမခိုးအပ်။ (ဝိ၊၅၊၃၃၉။) (ဝိ၊မြန်၊၅။၄၄၃။)♦

ဘိက္ခုနီသိက္ခာပုဒ် ပညတ်ရကျိုး ၁၀ ပါး

၁။ ဘိက္ခုနီမတို့အတွက် သံဃာတော်၏ ကောင်းပါပြီဟု ဝန်ခံမှု ပြုခြင်း၊
၂။ သံဃာတော်များ ချမ်းသာစွာ နေထိုင်ရခြင်း၊
၃။ အကျင့်သီလ ဖောက်ဖျက် သူတို့ကို နှိပ်နင်းနိုင်ခြင်း၊
၄။ သီလကို ချစ်မြတ်နိုးကုန်သော ဘိက္ခုနီမတို့ ချမ်းသာစွာ နေထိုင်ရခြင်း၊
၅။ မျက်မှောက်၌ ဖြစ်ကုန်သော ဆင်းရဲအထူး အာသဝေါတရားတို့ကို စောင့်စည်းနိုင်ခြင်း၊
၆။ နောင်ဖြစ်လတ္တံ့သော ဆင်းရဲအထူး အာသဝေါတရားတို့ကို ပယ်ရှား နိုင်ခြင်း၊
၇။ မကြည်ညိုသေးသော သူတို့ကို ကြည်ညိုစေနိုင်ခြင်း၊
၈။ ကြည်ညိုပြီးသော သူတို့ကို တိုး၍တိုး၍ ကြည်ညိုစေခြင်း၊
၉။ သူတော်ကောင်းတရားတည်းဟူသော သာသနာ သုံးရပ်ကို တည်တန့်စေနိုင်ခြင်း၊
၁၀။ ဝိနည်းစည်းမျဉ်း ဥပဒေကို ချီးမြှောက်နိုင်ခြင်း။ (ဝိ၊ ၂။၂၇၆။) (ဝိ၊မြန်၊၂။၃၁၄။)♦

ဘိက္ခုနီသုဒ္ဓပါစိတ် အစိတ္တက လောကဝဇ္ဇ သိက္ခာပုဒ် ၁၀ ပုဒ်

၁။ ဂိရဂ္ဂသမဇ္ဇသိက္ခာပုဒ်၊
၂။ စိတ္တာဂါရသိက္ခာပုဒ်၊
၃။ သင်္ဃာဏိသိက္ခာပုဒ်၊
၄။ ဣတ္ထာလင်္ကာရသိက္ခာပုဒ်၊
၅။ ဂန္ဓ ဝဏ္ဏကသိက္ခာပုဒ်၊
၆။ ဝါသိတကသိက္ခာပုဒ်၊
၇။ ဘိက္ခုနီဥမ္မဒ္ဒါပနသိက္ခာပုဒ်၊
၈။ သိက္ခမာန ဥမ္မဒ္ဒါပနသိက္ခာပုဒ်၊
၉။ သာမဏေရီ ဥမ္မဒ္ဒါပန သိက္ခာပုဒ်၊
၁၀။ ဂီဟိနီ ဥမ္မဒ္ဒါပနသိက္ခာပုဒ်။ (ဝိ၊ဋ္ဌ၊၃၊၂၂၉။)♦

ဘိက္ခုနုပဿယသိက္ခာပုဒ်၌ အင်္ဂါ ၄ ပါး

၁။ ရဟန်းမ ကျောင်းသို့ သွားခြင်း၊
၂။ ဘိက္ခုသံဃာ, ဘိက္ခုနီသံဃာတည်းဟူသော ပြည့်စုံသော နှစ်ဖက်သံဃာ၌ ရဟန်းမ ဖြစ်ခြင်း၊
၃။ အခါသမယ မဟုတ်ခြင်း၊
၄။ ဂရုဓမ္မတို့ဖြင့် ဆိုဆုံးမခြင်း။ (သာရတ္ထ၊ဋီ၊၃၊၄၈။) (ဝိမတိ၊၂၊၂၃။)♦

ဘိက္ခုမည်ကြောင်း တရား ၇ ပါး

၁။ ထင်ရှားရှိသော ခန္ဓာငါးပါး၌ အမြင်မှားမှု ‘‘သက္ကာယ ဒိဋ္ဌိ’’ကို ဖျက်ဆီးအပ်ပြီး ဖြစ်ခြင်း၊
၂။ မဝေခွဲနိုင်မှု ‘ဝိစိကိစ္ဆာ’ကို ဖျက်ဆီးအပ်ပြီး ဖြစ်ခြင်း၊
၃။ ခွေး နွားစသည်တို့၏ အလေ့အကျင့်ကို အမှန်ဟု မှားသောအားဖြင့် သုံးသပ်မှု ‘သီလဗ္ဗတ ပရာမာသ’ကို ဖျက်ဆီးအပ်ပြီး ဖြစ်ခြင်း၊
၄။ စွဲမက်မှု ‘ရာဂ’ကို ဖျက်ဆီးအပ်ပြီး ဖြစ်ခြင်း၊
၅။ အမျက်ထွက်မှု ‘‘ဒေါသ’’ကို ဖျက်ဆီးအပ်ပြီး ဖြစ်ခြင်း၊
၆။ တွေဝေမှု ‘မောဟ’ကို ဖျက်ဆီးအပ်ပြီး ဖြစ်ခြင်း၊
၇။ ထောင်လွှားမှု ‘မာန’ကို ဖျက်ဆီးအပ်ပြီး ဖြစ်ခြင်း။ (အံ၊၂၊၅၀၈။) (မဟာနိ၊၅၄။) (အံ၊မြန်၊၂။၆၃၃။)♦

ဘိက္ခုသမ္မုတိ ၄ မျိုး

၁။ ဧကရတ္တမ္ပိ စေ ဘိက္ခု တိစီဝရေန ဝိပ္ပဝသေယျ၊ အညတြ ဘိက္ခုသမ္မုတိယာ၌ လာသော ဘိက္ခုသမ္မုတိ တစ်ပါး၊
၂။ အညံ နဝံ သန္ထတံ ကာရာပေယျ၊ အညတြ ဘိက္ခုသမ္မုတိယာ၌ လာသော ဘိက္ခုသမ္မုတိ တစ်ပါး၊
၃။ တတော စေ ဥတ္တရိ ဝိပ္ပဝသေယျ၊ အညတြ ဘိက္ခုသမ္မုတိယာ၌ လာသော ဘိက္ခုသမ္မုတိ တစ်ပါး၊
၄။ ဒုဋ္ဌုလ္လံ အာပတ္တိံ အနုပသမ္ပန္နဿ အာရောစေယျ၊ အညတြ ဘိက္ခုသမ္မုတိယာ၌ လာသော ဘိက္ခုသမ္မုတိ တစ်ပါး။ (ဝိ၊ဋ္ဌ၊၄၊၁၇၂။)♦

ဘိံသာပနသိက္ခာပုဒ်၌ အင်္ဂါ ၂ မျိုး

၁။ ရဟန်းဖြစ်ခြင်း၊
၂။ ထိုရဟန်း၏ မြင်ရာ ကြားရာအရပ်၌ ကြောက်စေခြင်းငှာ အလိုရှိသည်၏ အဖြစ်ဖြင့် လုံ့လပြုခြင်း။ (သာရတ္ထ၊ဋီ၊၃၊၈၀။) (ဝိမတိ၊၂၊၄၃။)♦

ဘီလူး၏ အမှတ်အသား ၄ မျိုး

၁။ မျက်စိ မမှိတ်ခြင်း၊
၂။ မျက်စိနီခြင်း၊
၃။ ရွံရှား ကြောက်လန့်မှု မရှိခြင်း၊
၄။ အရိပ်မရှိခြင်း။ (ဇာ၊ဋ္ဌ၊၅၊၃၅။)(ဇာ၊ဋ္ဌ၊၆၊၁၇၁။)♦

ဘီလူး၏ အမှတ်အသား ၅ မျိုး

၁။ မျက်စိ မမှိတ်ခြင်း၊
၂။ မျက်စိနီခြင်း၊
၃။ ရွံရှား ကြောက်လန့်မှု မရှိခြင်း၊
၄။ အရိပ်မရှိခြင်း၊
၅။ ကရုဏာတရားမရှိခြင်း။ (ဇာ၊ဋ္ဌ၊၆၊၁၇၂။)♦

ဘုံ ၄ ပါး

၁။ ကာမာဝစရဘုံ၊
၂။ ရူပါဝစရဘုံ၊
၃။ အရူပါဝစရဘုံ၊
၄။ လောကုတ္တရာဘုံ။ (ပဋိသံ၊၈၁။) (ပဋိသံ၊မြန်။၁၀၈။)♦

ဘုန်းကံကြီးမားသူ ၅ ဦး (အင်္ဂတိုင်း၌ ဘုန်းကံကြီးမားသူ ၅ ဦး)

၁။ မေဏ္ဍကသူဌေး၊
၂။ မေဏ္ဍက သူဌေး၏ ဇနီး စန္ဒပဒုမာ၊
၃။ မေဏ္ဍကသူဌေး၏ သား ဓနဉ္စယ၊
၄။ ဓနဉ္စယ၏ ဇနီး သုမနဒေဝီ၊
၅။ မေဏ္ဍကသူဌေး၏ ကျွန်ဖြစ်သူ ပုဏ္ဏ။ (အံ၊ဋ္ဌ၊၁၊၃၁၁။) (ပဋိသံ၊ဋ္ဌ၊၂၊၃၀၁။) (ဓမ္မ၊ဋ္ဌ၊၁၊၂၄၃။) (ဓမ္မ၊ဋ္ဌ၊၂၊၂၃၈။) (ဝိသုဒ္ဓိ၊၂၊၁၁။)♦

ဘုန်းကြီးလူထွက်တို့ ပြအပ်သော သာသနာတော်၏ အတုမရှိသော ဂုဏ်ကျေးဇူး ၅ မျိုး

၁။ တည်ရာသာသနာတော်၏ မြင့်မြတ်သည်၏ အဖြစ်ကို ပြခြင်း၊
၂။ စင်ကြယ်သန့်ရှင်း အညစ်အကြေးကင်းသည်၏ အဖြစ်ကို ပြခြင်း၊
၃။ မကောင်းမှုတို့နှင့် မရောနှောသည်၏ အဖြစ်ကို ပြခြင်း၊
၄။ ထိုးထွင်း၍ သိမြင်နိုင်ခဲသည်၏ အဖြစ်ကို ပြခြင်း၊
၅။ များစွာ ထိန်းသိမ်း စောင့်ရှောက်ရသည်၏ အဖြစ်ကို ပြခြင်း။ (မိလိန္ဒ၊၂၄၃။) (မိလိန္ဒ၊မြန်။၂၆၀။)♦

ဘုန်းကြီးလူထွက်တို့ အကဲ့ရဲ့ခံရပုံ ၅ မျိုး

၁။ ကုသိုလ်တရားတို့၌ ယုံကြည်မှု သဒ္ဓါ မရှိတော့ပြီဟု ကဲ့ရဲ့ခံရခြင်း၊
၂။ ကုသိုလ်တရားတို့၌ ရှက်မှု ဟိရီမရှိတော့ပြီဟု ကဲ့ရဲ့ခံရခြင်း၊
၃။ ကုသိုလ်တရားတို့၌ ကြောက်လန့်မှု ဩတ္တပ္ပ မရှိတော့ပြီဟု ကဲ့ရဲ့ခံရခြင်း၊
၄။ ကုသိုလ် တရားတို့၌ အားထုတ်မှု ဝီရိယ မရှိတော့ပြီဟု ကဲ့ရဲ့ခံရခြင်း၊
၅။ ကုသိုလ်တရားတို့၌ သိမှု ပညာ မရှိတော့ပြီဟု ကဲ့ရဲ့ခံရခြင်း။ (အံ၊၂၊၃။) (အံ၊မြန်၊၂။၅။)♦

ဘုန်းတော် ၆ ပါး

၁။ ဣဿရိယ- ဘုရားရှင်၏ စိတ်၌ လွန်ကဲသော အစိုးရသူ၏ အဖြစ်ဟူသော ဣဿရိယဘုန်းတော် (တစ်နည်း) အဏိမာ လဃိမာ စသော လောကီလူအပေါင်းတို့ အမြတ် ဟူ၍ သမုတ်အပ်သော အလုံးစုံသော အခြင်းအရာနှင့် ပြည့်စုံသော ဣဿရိယဘုန်းတော်၊
၂။ လောကုတ္တရာတရား ကိုးပါး တည်းဟူသော ဓမ္မဘုန်းတော်၊
၃။ ယသ- လောကသုံးပါး လုံးတို့၌ ပျံ့နှံ့လျက် ဟုတ်မှန်သော ဂုဏ်တော်တို့ကြောင့် ရအပ်သော လွန်လွန်ကဲကဲ ထက်ဝန်းကျင် စင်ကြယ်သော ယသဘုန်းတော်၊
၄။ သိရိ- ဘုရားရှင်အား ဖူးမြော်သော သူတို့၏ မျက်စိကို ကြည်လင်စေနိုင်စွမ်းသော အခြင်းအရာ အားလုံးနှင့် ပြည့်စုံသော အင်္ဂါ ကြီးငယ်တို့၏ တင့်တယ်ခြင်း အသရေ ဟူသော သိရီဘုန်းတော်၊
၅။ ကာမ- အတ္တဟိတ, ပရဟိတ အကျိုးစီးပွားမှန်သမျှ၌ အလိုရှိတိုင်း ပြီးစီးနိုင်ခြင်း ဟူသော ကာမဘုန်းတော်၊
၆။ ပယတ္တ- တစ်လောကလုံး လေးစားထိုက်သူ၏ အဖြစ်သို့ ရောက်ကြောင်းဖြစ်သော သမ္မာ ဝါယာမဟု ဆိုအပ်သော ပယတ္တဘုန်းတော်။ (ဝိ၊ဋ္ဌ၊၁၊၉၆။) (ခုဒ္ဒက၊ဋ္ဌ၊၉၂။) (ဝိသုဒ္ဓိ၊၁၊၂၀၅။)♦

ဘုရား ၂ မျိုး

၁။ ပူဇော်အထူးကို ခံတော်မူထိုက်သော အလုံးစုံသော တရားတို့ကို ကိုယ်တိုင်မှန်စွာ သိတော်မူသော သမ္မာသမ္ဗုဒ္ဓ၊
၂။ သစ္စာလေးပါးကို အသီးအခြား သိတော်မူသော ပစ္စေကဗုဒ္ဓါ။ (အံ၊၁၊၇၆။) (အံ၊မြန်၊၁။၉၀။)♦

ဘုရား၏ ဓာတ်တော် ၇ ဆူ

၁-၂-၃-၄။ စွယ်တော် ၄ ဆူ၊ ၅-၆။ ညှပ်ရိုးတော် ၂ ဆူ၊
၇။ သင်းကျစ်တော် ၁ ဆူ။ (ဒီ၊ဋ္ဌ၊၂၊၁၉၆။) (ဒီ၊ဋ္ဌ၊မြန်၊၂။၃၅၀။)♦

ဘုရားဂုဏ်တော် ၉ ပါး

၁။ အရဟံ- ပူဇော်အထူးကို ခံတော်မူထိုက်သော ဂုဏ်၊
၂။ သမ္မာသမ္ဗုဒ္ဓ- အလုံးစုံသော တရားတို့ကို ကိုယ်တိုင်မှန်စွာ သိတော်မူသော ဂုဏ်၊
၃။ ဝိဇ္ဇာစရဏသမ္ပန္န- အသိဉာဏ်ဝိဇ္ဇာ, အကျင့်စရဏနှင့် ပြည့်စုံတော်မူသော ဂုဏ်၊
၄။ သုဂတ- ကောင်းသော စကားကို ဆိုတော်မူတတ်သော ဂုဏ်၊
၅။ လောကဝိဒူ- လောကကို သိတော်မူသော ဂုဏ်၊
၆။ အနုတ္တရောပုရိသဒမ္မသာရထိ- ဆုံးမထိုက်သူကို ဆုံးမတတ်သည့် အတုမဲ့ပုဂ္ဂိုလ် ဖြစ်တော် မူသော ဂုဏ်၊
၇။ သတ္ထာဒေဝမနုဿာနံ- နတ်လူတို့၏ ဆရာဖြစ်တော်မူသော ဂုဏ်၊
၈။ ဗုဒ္ဓ- သစ္စာလေးပါးတို့ကို သိစေတော်မူသော ဂုဏ်၊
၉။ ဘဂဝါ- ဘုန်းတန်ခိုးကြီးတော်မူသော ဂုဏ်။ (ဒီ၊၁၊၄၆။) (ဒီ၊၁၊၅၈။) (ဒီ၊မြန်၊၁။၅၅။) (ဒီ၊မြန်၊၁။၅၅။)♦

ဘုရားဂုဏ်တော် အကျဉ်းချုပ် ၂ ပါး

၁။ အတ္တဟိတသမ္ပတ္တိ- မိမိ၏ အကျိုးစီးပွားနှင့် ပြည့်စုံခြင်း၊
၂။ ပရဟိတပဋိပတ္တိ- သူတစ်ပါးတို့၏ အကျိုးစီးပွားကို ကျင့်ခြင်း။ (ဝိသုဒ္ဓိ၊ ဋီ၊၁။၂၆၃။)♦

ဘုရားဂုဏ်တော် အကျဉ်းချုပ် ၃ ပါး

၁။ ဟေတုသမ္ပတ္တိ- မဟာကရုဏာတော်နှင့် ယှဉ်၍ ဗောဓိဉာဏ် အဆောက်အဦတို့ကို ဖြည့်ကျင့်ခြင်းဟု ဆိုအပ်သော အကြောင်းနှင့် ပြည့်စုံခြင်း၊
၂။ ဖလ သမ္ပတ္တိ- ဉာဏ, ပဟာန, အာနုဘာဝ, ရူပကာယ, သမ္ပဒါလေးပါးတို့ကို ရရှိခြင်းဟု ဆိုအပ်သော အကျိုးနှင့် ပြည့်စုံခြင်း၊
၃။ သတ္တူပကာရသမ္ပတ္တိ- ဒေဝဒတ်စသော ဆန့်ကျင်ဘက် ပုဂ္ဂိုလ် တို့၏သော်မှ အကျိုးစီးပွားကို အလိုရှိခြင်း, ဣန္ဒြေမရင့်ကျက်သေးသော ပုဂ္ဂိုလ်တို့၏ ဣန္ဒြေ ရင့်ကျက်မှုကို ဆိုင်းငံ့ခြင်း နိယျာနိကဓမ္မဒေသနာကို ဟော ပြောခြင်း စသည်ဖြင့် သတ္တဝါတို့အား ကျေးဇူးပြုခြင်းနှင့် ပြည့်စုံခြင်း။ (ဝိသုဒ္ဓိ၊ဋီ၊၁၊၂၆၄။)♦

ဘုရားစကားတော် ၂ မျိုး

၁။ ဓမ္မ- သုတ်,အဘိဓမ္မာ၊
၂။ ဝိနယ- ဝိနည်း။ (ဝိ၊ဋ္ဌ၊၁၊၁၃။) (ဒီ၊ဋ္ဌ၊၁၊၁၆။) (ဒီ၊ဋ္ဌ၊မြန်၊၁။၂၇။)♦

ဘုရားစကားတော် ၃ မျိုး

၁။ ပဌမဗုဒ္ဓဝစန- ရှေးဦးစွာ ဟောသော ဘုရားစကားတော်၊ အနေက ဇာတိသံသာရံ စသော ဂါထာ (ယဒါ ဟဝေ- စသော ဂါထာ။)၊
၂။ ပစ္ဆိမဗုဒ္ဓဝစန- နောက်ဆုံး ဟောသော ဘုရားစကားတော်၊ ဟန္ဒ ဒါနိ ဘိက္ခဝေ စသော နောက်ဆုံးစကား၊
၃။ မဇ္ဈိမ ဗုဒ္ဓဝစန- အထက်ပါ စကားနှစ်ခုတို့၏ အကြား၌ ၄၅ ဝါ ပတ်လုံး ဟောကြားအပ်သော တရား စကားတော်များ။ (ဝိ၊ဋ္ဌ၊၁၊၁၄။) (ဒီ၊ဋ္ဌ၊၁၊၁၆။) (ဒီ၊ဋ္ဌ၊မြန်၊၁။၂၇။)♦

ဘုရားစကားတော်၏ အင်္ဂါ ၉ ပါး

၁။ ဥဘတောဝိဘင်္ဂနိဒ္ဒေသ, ခန္ဓက, ပရိဝါ, သုတ္တနိပါတ်၌ မင်္ဂလသုတ်, ရတနသုတ်, နာလကသုတ်, တုဝဋ္ဋကသုတ်, အခြားသော သုတ္တအမည်ရသော ဘုရားစကားတော် တည်းဟူသော သုတ္တ၊
၂။ ဂါထာပါရှိသော သုတ်အားလုံး, အထူးသဖြင့် သံယုတ်နိကာယ်၌ သဂါထာဝဂ္ဂအားလုံး တည်းဟူသော ဂေယျ၊
၃။ အဘိဓမ္မပိဋကအားလုံး, ဂါထာမဲ့သုတ်အားလုံး, အခြားသော အင်္ဂါရှစ်ပါးတို့ဖြင့် မရေတွက်အပ်သော ဘုရား စကားတော် တည်းဟူသော ဝေယျာကရိုဏ်း၊
၄။ ဓမ္မပဒ, ထေရဂါထာ, ထေရီဂါထာ,သုတ္တနိပါတ်၌ သုတ်ဟု အမည်မရသော ဂါထာသက်သက်ဖြစ်သော ဘုရားစကားတော်တည်း ဟူသော ဂါထာ၊
၅။ သောမနဿဝေဒနာနှင့် ယှဉ်သော ဉာဏ်ကြောင့်ဖြစ်သော ဂါထာတို့နှင့် စပ်ကုန်သော ရှစ်ဆယ့်နှစ်သုတ်ကုန်သော ဘုရားစကားတော်တည်းဟူသော ဥဒါန်း၊
၆။ ‘‘ဝုတ္တံ ဟေတံ ဘဂဝတာ’’ ဤသို့အစရှိသော နည်းဖြင့် ဖြစ်သော သုတ်ပေါင်း တစ်ရာဆယ့်နှစ်သုတ် တည်းဟူသော ဣတိဝုတ္တက၊
၇။ အပဏ္ဏကဇာတ် အစရှိသော ငါးရာ့ငါးဆယ်ဇာတ်တော် တည်းဟူသောဇာတက၊
၈။ အံ့ဖွယ်သရဲ, မဖြစ်ဖူးမြဲဖြစ်သော တရားကျေးဇူးတို့နှင့် ယှဉ်ကုန်သော ဘုရားစကားတော်သုတ် အားလုံးတည်းဟူသော အဗ္ဘုတဓမ္မ၊
၉။ စူဠဝေဒလ္လ သုတ်, မဟာဝေဒလ္လသုတ်, သမ္မာဒိဋ္ဌိသုတ်, သက္ကပဥှသုတ်, သင်္ခါရဘာဇနီယသုတ်, မဟာ ပုဏ္ဏမသုတ် အစရှိကုန်သော အလုံးစုံကုန်သော ပညာကိုလည်းကောင်း၊ နှစ်သက်ခြင်းကို လည်းကောင်း ရကုန်ရကုန်၍ မေးအပ်သော သုတ်တည်းဟူသော ဝေဒလ္လ။ (ဝိ၊ဋ္ဌ၊၁၊၂၂။) (ဒီ၊ဋ္ဌ၊၁၊၂၄-၂၅။) (အဘိ၊ဋ္ဌ၊၁၊၂၇။) (ဒီ၊ဋ္ဌ၊မြန်၊၁။၄၃။)♦

ဘုရားစသော အဆွေခင်ပွန်းကောင်းတို့အား မပြစ်မှားသူ ရရှိနိုင်သော အကျိုး ၁၀ မျိုး

၁။ မိမိအိမ်မှ အရပ်တစ်ပါးသို့ ထွက်သွားသော် များသော အစာ ရရှိခြင်း၊ ထိုခင်ပွန်းအပေါ် မပြစ်မှားသော သူကို လူအများတို့က မှီ၍ အသက်မွေးခြင်း၊
၂။ အဆွေခင်ပွန်းအပေါ် မပြစ်မှားသော သူသည် ရောက်ရာရာအရပ်၌ အပူဇော်ခံရခြင်း၊
၃။ ခိုးသူတို့ အနိုင်အထက် မပြုနိုင်ခြင်း၊ မင်းတို့သည် မထီမဲ့မြင် မပြုနိုင်ခြင်း၊ ခပ်သိမ်းသော ရန်သူတို့ကို ကျော်လွှားနိုင်ခြင်း၊
၄။ အမျက် မထွက်ဘဲ မိမိအိမ်သို့ ပြန်လာရခြင်း၊ သဘင်အလယ်၌ ဝမ်းမြောက်သော စိတ်ရှိခြင်း၊ ဆွေမျိုးတို့ထက် မြတ်ခြင်း၊
၅။ သူတစ်ပါးကို ပူဇော်သက္ကာရ ပြု၍ မိမိကိုလည်း သူတစ်ပါးတို့က ရိုသေလေးစားခြင်း၊ ကျေးဇူးသတင်း ကျော်စောခြင်း၊
၆။ အဆွေခင်ပွန်းတို့အား မပြစ်မှားသော သူသည် အဆွေခင်ပွန်းတို့အား ပူဇော်သည်ဖြစ်၍ ပူဇော်ခြင်းကို ခံရခြင်း၊ ဘုရားအစရှိသော အဆွေခင်ပွန်းတို့အား ရှိခိုးသည်ဖြစ်၍ မိမိလည်း ရှိခိုးခံရခြင်း၊ အခြံအရံများခြင်း ကျေးဇူး သတင်း ကျော်စောခြင်း၊
၇။ အဆွေခင်ပွန်းတို့အား မပြစ်မှားသော သူသည် ညဉ့်အခါ၌ မီးသည် တောက်ပသကဲ့သို့ အစိုးရခြင်း, အခြံအရံ များခြင်းဖြင့် တောက်ပခြင်း နတ်ကဲ့သို့ တင့်တယ်ခြင်း၊ အသရေတည်မြဲခြင်း၊
၈။ အဆွေခင်ပွန်းတို့အား မပြစ်မှားသော သူသည် နွားများစွာ ပိုင်ခြင်း၊ လယ်ယာ၌ ပျိုးပင်များ ဖြစ်ထွန်းစည်ပင်ခြင်း, ပျိုးပင်တို့၏ အသီးကို စားရခြင်း၊
၉။ အဆွေခင်ပွန်းတို့အား မပြစ်မှားသော သူသည် ချောက်ကမ်းပါးပြတ်, တောင်, သစ်ပင် စသည်တို့မှ ကျ၍ စုတေသော် သုဂတိဘုံဘဝ၌ တည်ရာရရှိခြင်း၊
၁၀။ အဆွေ ခင်ပွန်းတို့အား မပြစ်မှားသော သူကို ရန်သူတို့က မညှဉ်းဆဲနိုင်ခြင်း။ (ဇာ၊ဋ္ဌ၊၆၊၁၆။)♦

ဘုရားဆုတောင်း ပြည့်ကြောင်း အင်္ဂါ ၈ ပါး

၁။ လူသားစင်စစ် ဖြစ်ရခြင်း၊
၂။ ယောကျ်ား၏ လိင်သဏ္ဌာန်နှင့် ပြည့်စုံရခြင်း၊
၃။ အားကြီးသော ကောင်းမှုအကြောင်းနှင့် ပြည့်စုံရခြင်း၊
၄။ ဘုရားရှင်ကို ဖူးတွေ့ရခြင်း၊
၅။ ရသေ့ရဟန်းဖြစ်ရခြင်း၊
၆။ ဈာန်အဘိညာဉ်တရားနှင့် ပြည့်စုံရခြင်း၊
၇။ လွန်ကဲသော ကောင်းမှုကုသိုလ် ပါရမီ အဆောက်အဦးရှိရခြင်း၊
၈။ ဘုရား ဖြစ်လိုသော ဆန္ဒ ပြင်းပြရခြင်း။ (သုတ္တနိ၊ဋ္ဌ၊၁၊၄၃။)♦

ဘုရားဆုပန်နိုင်ရန် စွမ်းအားကြီး ၄ မျိုး

၁။ ယောကျ်ားမြတ်သည် တရား၌ ရိုသေလေးစားသော ဓမ္မဂါရဝစိတ်ဖြင့် မိမိကိုယ်စွမ်းကို အမှီပြုကာ သမ္မာသမ္ဗောဓိခေါ်သော သဗ္ဗညုတဉာဏ်၌ အလွန်အမင်း စိတ်ညွတ်နေခြင်း အဇ္ဈတ္တိကဗလ၊
၂။ ပြင်ပလောက သူတစ်ပါးကို အမှီပြုကာ သမ္မာသမ္ဗောဓိခေါ်သဗ္ဗညုတဉာဏ်၌ အလွန်အမင်း အမှန်အကန် စိတ်ညွတ်နေခြင်း တည်းဟူသော ဗာဟိရဗလ၊
၃။ အရဟတ္တမဂ်ဉာဏ်ကို ရရှိဖို့ အားကြီးသော အကြောင်း၏ ပြည့်စုံခြင်းကို အကြောင်းပြု၍ သဗ္ဗညုတဉာဏ်၌ အလွန်အမင်း အမှန်အကန် စိတ်ညွတ် နေခြင်းတည်းဟူသော ဥပနိဿယဗလ၊
၄။ သဗ္ဗညုတဉာဏ်ကို ရနိုင်စေလောက်အောင် ပြောင်မြောက်သော လုံ့လဝီရိယနှင့် ပြည့်စုံခြင်း ဥပနိဿယ အဓိကာရ ကုသိုလ်များကို ရိုရိုသေသေ အမြဲပြုကျင့်ခြင်း တည်းဟူသော ပယောဂဗလ။ (သီ၊ဋီ၊သစ်၊၁၊၂၅၇။)♦

ဘုရားဆုပန်နိုင်ရန် အကြောင်းရင်း ၄ မျိုး

၁။ ဘုရားဆုပန်မည့် ယောကျ်ားမြတ်သည် ရှေးရှေး ဘုရားရှင်တို့ အထံ၌ အဓိကာရ ကောင်းမှုကုသိုလ်ထူးကို ပြုခဲ့ဖူးခြင်း တည်းဟူသော မဂ်ဉာဏ်, ဖိုလ်ဉာဏ်၏ အားကြီးသော အကြောင်း၏ ပြည့်စုံခြင်း၊
၂။ ပင်ကိုအားဖြင့် ကရုဏာဓာတ်ခံ ကြီးမားခြင်း, မိမိ၏ ကိုယ်နှင့် အသက်ကိုပင် စွန့်၍ သတ္တဝါတို့၏ ဒုက္ခကို ပယ်ရှားလိုခြင်း ဟူသော ကရုဏာ၏ ပြည့်စုံခြင်း၊
၃။ ယောကျ်ားမြတ်သည် မိမိ အလိုရှိအပ်သည့် ဘုရား အဖြစ်တည်းဟူသော အကျိုးပြီးစီးသည့်တိုင်အောင် အလွန်ကြာမြင့်စွာ အားထုတ်ရသော်လည်း ဝဋ်ဒုက္ခနှင့် တကွ သတ္တဝါတို့၏ အစီးအပွားအလို့ငှာ ခဲယဉ်းလှသော အကျင့်တို့ကို ကျင့်ရခြင်း တို့မှ မငြီးငွေ့ခြင်း, မကြောက်ခြင်းဟူသော လုံ့လ ဥဿာဟ၏ ပြည့်စုံခြင်း၊
၄။ ယောကျ်ား မြတ်သည် အစီးအပွားမဲ့မှ မြစ်တား၍ အစီးအပွား၌ ယှဉ်စေသည့် မိတ်ဆွေကောင်းကို မှီခို ဆည်းကပ်ခြင်းတည်းဟူသော မိတ်ဆွေကောင်း၏ ပြည့်စုံခြင်း။ (သီ၊ဋီ၊သစ်၊၁၊၂၅၅။)♦

ဘုရားဆုပန်နိုင်သော အထောက်အပံ့ကောင်း ၄ မျိုး

၁။ ဘုရားဆုပန်မည့် ယောကျ်ားမြတ်သည် သက်တော်ထင်ရှားရှိသော ဘုရားကိုယ်တော်တိုင် ကြီးစွာသော ဘုရားအာနုဘော်ဖြင့် ပြာဋိဟာမှု ပြုတော်မူသည်ကို ကိုယ်တိုင် ဖူးမြင်ရသောအခါ ‘‘သဗ္ဗညုတဉာဏ်တော်သည် အာနုဘော်ကြီးစွတကား၊ သဗ္ဗညုတဉာဏ်ကို ရတော်မူခြင်းကြောင့် မြတ်စွာဘုရားသည် ဤသို့ အံ့ဖွယ်ထူးကဲသော သဘောရှိပေသည်၊ မကြံစည်နိုင်သော အာနုဘော်လည်း ရှိတော်မူပေသည်’’ဟု ဆင်ခြင်ပြီးလျှင် ထိုကိုယ်တွေ့မျက်မြင်ဖြစ်သည့် ဘုရားအာနုဘော်ကို အကြောင်းပြု၍ သဗ္ဗညုတဉာဏ်၌ စိတ်ညွတ်တတ်ခြင်း၊
၂။ ကိုယ်တိုင်ပင် ဘုရားရှင်ကို မဖူးမြင်ရသော်လည်း ‘‘မြတ်စွာဘုရားသည် ဤသို့ဤသို့သော အာနုဘော်နှင့် ပြည့်စုံ တော်မူပေ၏’’ဟု သူတစ်ပါးထံမှ တစ်ဆင့်ကြားရသည်ကို အကြောင်းပြု၍လည်း သဗ္ဗညုတ ဉာဏ်၌ စိတ်ညွတ်တတ်ခြင်း၊
၃။ မြတ်စွာဘုရား၏ အာနုဘော်ကို ကိုယ်တိုင်လည်း မမြင်ရ, သူတစ်ပါးထံမှလည်း မကြားရစေကာမူ မြတ်စွာဘုရား ဟောကြားအပ်သည့် ဘုရား အာနုဘော်နှင့်စပ်သော တရားကို ကြားနာရ၍လည်း သဗ္ဗညုတဉာဏ်၌ စိတ်ညွတ်တတ်ခြင်း၊
၄။ ရှေး၌ ဆိုခဲ့သော အကြောင်းသုံးပါး မရှိသော်လည်း ဘုရားဆုပန်လိုသော ယောကျ်ားမြတ် ကိုယ်တိုင်က အလွန်မြင့်မြတ်သော နှလုံးသွင်းဓာတ်ခံ ရှိသည့်အတွက် ‘‘ငါသည် ထိုမြတ်စွာ ဘုရားတို့၏ အနွယ်အဆက် ထုံးတမ်းစဉ်လာ ဓမ္မတာကို မကွယ်မပျောက်အောင် စောင့်ရှောက် ပေးအံ့’’ဟု တရားကို အလွန်ရိုသေကော်ရော် ပူဇော်လျက် ထိုဓမ္မဂရုစိတ်ကို အကြောင်းပြု၍ သဗ္ဗညုတဉာဏ်၌ စိတ်ညွတ်တတ်ခြင်း။ (သီ၊ဋီ၊သစ်၊၁၊၂၅၄။)♦

ဘုရားဆုပန်ပုဂ္ဂိုလ်များ ပြည့်စုံရမည့် အင်္ဂါ ၈ ပါး

၁။ မနုဿတ္တံ- လူသား စင်စစ် ဖြစ်ရခြင်း၊
၂။ လိင်္ဂသမ္ပတ္တိ- ပုရိသလိင်နှင့် ပြည့်စုံခြင်း (ယောကျ်ားစင်စစ် ဖြစ်ရခြင်း)၊
၃။ ဟေတု- ဤဘဝ ၌ပင် အရဟတ္တဖိုလ်သို့ ရောက်ခြင်း၏အကြောင်း ကောင်းမှု ရှိရခြင်း၊
၄။ သတ္ထာရဒဿန- သက်တော်ထင်ရှား မြတ်စွာဘုရားကို ဖူးတွေ့ရခြင်း၊
၅။ ပဗ္ဗဇ္ဇာ- သာသနာ့ဝန်ထမ်း ရသေ့ရဟန်း ဖြစ်ရခြင်း၊
၆။ ဂုဏသမ္ပတ္တိ- အဘိညာဉ်သမာပတ်ဟူသော ဂုဏ်ကျေးဇူးနှင့် ပြည့်စုံရခြင်း၊
၇။ အဓိကာရော- ဘုရားရှင်အား ကိုယ်အသက်ကို စွန့်လှူခြင်းဟု ဆိုအပ်သော လွန်ကဲသော ကုသိုလ်ကောင်းမှု ရှိခြင်း၊
၈။ ဆန္ဒတာ- ဘုရားဖြစ်ကြောင်း ပါရမီတို့ကို ဖြည့်ကျင့်ရာ၌ လွန်ကဲသော သမ္မာဆန္ဒ ရှိခြင်း။ (အံ၊ဋ္ဌ၊၁၊၃၆၂။) (အဘိ၊ဋ္ဌ၊၁၊၇၁။) (အဘိ၊ဋ္ဌ၊၂၊၄၁၈။) (ဥဒါန၊ဋ္ဌ၊၁၁၇။) (ဣတိဝုတ်၊ဋ္ဌ၊၁၁၅။) (အပ၊ဋ္ဌ၊၁၊၁၅၆။) (အပ၊ဋ္ဌ၊၁၊၁၈။) (အပ၊ဋ္ဌ၊၁၊၅၅။)(စရိယာ၊ဋ္ဌ၊၁၆။) (စရိယာ၊ဋ္ဌ၊၂၇၄။)(ဇာ၊ဋ္ဌ၊၁၊၁၇။)♦

ဘုရားနှစ်ဆူ တစ်ပြိုင်နက် မပွွင့်ကြောင်း ၃ ပါး

၁။ ထူးဆန်း အံ့ဩဖွယ်ဖြစ်မှု မရှိတော့ခြင်း၊
၂။ ဘုရားရှင်နှစ်ဆူ ဟောတော်မူသော တရားတော်များ၏ ထူးခြားမှု မရှိခြင်း၊
၃။ နှစ်ဆူသော ဘုရားရှင်တို့၏ တပည့်များ အချင်းချင်း ငြင်းခုံမှု ဖြစ်နိုင်ခြင်း။ (အံ၊ဋ္ဌ၊၁၊၃၅၉။)♦

ဘုရားဖြစ်ကြောင်း ၄ ပါး

၁။ ပါရမီစာဂစရိယတို့ကို မဆုတ်မနစ် အားသစ်ကြိုးစားခြင်း လုံ့လ ဥဿာဟ၊
၂။ သဗ္ဗညုတဉာဏ် အဆောက်အဦတို့၌ ဖြစ်သော ဥပါယကောသလ္လဉာဏ်၊
၃။ ဘုရားဖြစ်ကြောင်း တရားတို့၌ ခိုင်ခိုင်မာမာ ဆောက်တည်ခြင်း၊
၄။ မေတ္တာဘာဝနာနှင့် ကရုဏာဘာဝနာ တည်းဟူသော ဟိတစရိယ။ (သုတ္တနိ၊ဋ္ဌ၊၁၊၄၅။) (အပ၊ဋ္ဌ၊၁၊၁၅၈။) (ဒီ၊ဋီ၊၁၊၇၃။) (သီ၊ဋီ၊သစ်၊၁၊၂၅၉။) (သီ၊ဋီ၊သစ်၊၁၊၂၅၉။)♦

ဘုရားဖြစ်ကြောင်း တရား ၁၀ ပါး

ပါရမီ ၁၀ ပါးနှင့် တူသည်။ ♦

ဘုရားမပွင့်သည့်အမျိုးအနွယ် ၂ မျိုး

၁။ ဝေဿကုလ- ကုန်သည် လယ်သမားမျိုး၊
၂။ သုဒ္ဒကုလ- သူဆင်းရဲမျိုး။ (အပ၊ဋ္ဌ၊၁၊၆၀။)♦

ဘုရားရှင် ၁ ဆူ (ဘဒ္ဒကမ္ဘာမှ အထက် ကိုးဆယ့်လေးကမ္ဘာ၌ ပွင့်တော်မူသည်)

၁။ သိဒ္ဓတ္ထ ဘုရားရှင်။ (ဒီ၊ဋ္ဌ၊၂၊၅။) (အဘိ၊ဋ္ဌ၊၁၊၆၇။) (ဒီ၊ဋ္ဌ၊မြန်၊၂။၈။)♦

ဘုရားရှင် ၁ ဆူ (ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာတစ်သိန်းအထက်၌ ပွင့်တော်မူသော ဘုရားရှင် ၁ ဆူ)

၁။ ပဒုမုတ္တရဘုရားရှင်။ (ဒီ၊ဋ္ဌ၊၂၊၄။) (အဘိ၊ဋ္ဌ၊၁၊၆၄။) (ဒီ၊ဋ္ဌ၊မြန်၊၂။၇။)♦

ဘုရားရှင် ၁ ဆူ (ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာ၌ ပွင့်တော်မူသည်)

၁။ ဝိပဿီဘုရားရှင်။ (ဒီ၊ဋ္ဌ၊၂၊၅။) (အဘိ၊ဋ္ဌ၊၁၊၆၉။) (ဒီ၊ဋ္ဌ၊မြန်၊၂။၈။)♦

ဘုရားရှင် ၂ ဆူ (ဘဒ္ဒကမ္ဘာမှ အထက် ကိုးဆယ့်နှစ်ကပ်ကမ္ဘာ၌ ပွင့်တော်မူသည်)

၁။ တိဿ မြတ်စွာဘုရား၊
၂။ ဖုဿမြတ်စွာဘုရား (အဘိ၊ဋ္ဌ၊၁၊၆၈။)♦

ဘုရားရှင် ၂ ဆူ (မဏ္ဍကမ္ဘာ၌ ပွင့်တော်မူသည်)

၁။ တိဿဘုရားရှင်၊
၂။ ဖုဿဘုရားရှင်။ (ဗုဒ္ဓဝံ၊ဋ္ဌ၊၂၆၇။)♦

ဘုရားရှင် ၂ ဆူ (ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာသုံးသောင်းအထက်၌ ပွင့်တော်မူသည်)

၁။ သုမေဓ ဘုရားရှင်၊
၂။ သုဇာတဘုရားရှင်။ (ဒီ၊ဋ္ဌ၊၂၊၄။) (အဘိ၊ဋ္ဌ၊၁၊၆၅။) (ဒီ၊ဋ္ဌ၊မြန်၊၂။၇-၈။)♦

ဘုရားရှင် ၂ ဆူ (ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်နှစ်ကမ္ဘာ၌ ပွင့်တော်မူသည်)

၁။ တိဿဘုရားရှင်၊
၂။ ဖုဿဘုရားရှင်။ (ဒီ၊ဋ္ဌ၊၂၊၅။) (ဒီ၊ဋ္ဌ၊မြန်၊၂။၈။)♦

ဘုရားရှင် ၂ ဆူ (ဤဘဒ္ဒကမ္ဘာမှ သုံးဆယ့်တစ်ကမ္ဘာ၌ ပွင့်တော်မူသည်)

၁။ သိခီဘုရားရှင်၊
၂။ ဝေဿဘူဘုရားရှင်။ (ဒီ၊ဋ္ဌ၊၂၊၅။) (အဘိ၊ဋ္ဌ၊၁၊၆၉။) (ဗုဒ္ဓဝံ၊ဋ္ဌ၊၂၈၅။) (ဒီ၊ဋ္ဌ၊မြန်၊၂။၈။)♦

ဘုရားရှင် ၂၈ ဆူ

၁။ တဏှင်္ကရ မြတ်စွာဘုရား၊
၂။ မေဓင်္ကရ မြတ်စွာဘုရား၊
၃။ သရဏင်္ကရ မြတ်စွာဘုရား၊
၄။ ဒီပင်္ကရ မြတ်စွာဘုရား၊
၅။ ကောဏ္ဍည မြတ်စွာဘုရား၊
၆။ မင်္ဂလ မြတ်စွာ ဘုရားရ။ သုမန မြတ်စွာဘုရား၊
၈။ ရေဝတမြတ်စွာဘုရား၊
၉။ သောဘိတ မြတ်စွာဘုရား၊
၁၀။ အနောမဒဿီ မြတ်စွာဘုရား၊
၁၁။ ပဒုမ မြတ်စွာဘုရား၊
၁၂။ နာရဒ မြတ်စွာဘုရား၊
၁၃။ ပဒုမုတ္တရ မြတ်စွာဘုရား၊
၁၄။ သုမေဓ မြတ်စွာဘုရား၊
၁၅။ သုဇာတ မြတ်စွာဘုရား၊
၁၆။ ပိယဒဿီ မြတ်စွာဘုရား၊
၁၇။ အတ္ထဒဿီ မြတ်စွာဘုရား၊
၁၈။ ဓမ္မဒဿီ မြတ်စွာဘုရား၊
၁၉။ သိဒ္ဓတ္ထ မြတ်စွာဘုရား၊
၂၀။ တိဿ မြတ်စွာဘုရား၊
၂၁။ ဖုဿ မြတ်စွာဘုရား၊
၂၂။ ဝိပဿီ မြတ်စွာဘုရား၊
၂၃။ သိခီမြတ်စွာဘုရား၊
၂၄။ ဝေဿဘူမြတ်စွာဘုရား၊
၂၅။ ကကုသန္ဓ မြတ်စွာ ဘုရား၊
၂၆။ ကောဏာဂမန မြတ်စွာဘုရား၊
၂၇။ ကဿပ မြတ်စွာဘုရား၊
၂၈။ ဂေါတမ မြတ်စွာဘုရား။ (တ, မေ, သ, ဒီ၊ ကောဏ်, မင်, သု, ရေ၊ သော, အ, ပ, နာ၊ ပ, သု, သု, ပိ၊ အတ်, ဓမ်, သိ, တိ၊ ဖု, ဝိ, သိ, ဝေ၊ က, ကော, ကဿ်, ဂေါ, နမာမဟံ- နှစ်ကျိပ် ရှစ်ဆူ ဘုရားရှိခိုးအကျဉ်း ဖြစ်သည်)။ (ဇာ၊ဋ္ဌ၊၁၊၅၂။) (အပ၊၂၊၃၈၁။) (အပ၊မြန်၊၂။၃၈၁။)♦

ဘုရားရှင် ၃ ဆူ (ဝရကမ္ဘာ၌ ပွင့်တော်မူသော ဘုရားရှင် ၃ ဆူ)

၁။ ပိယဒဿီဘုရားရှင်၊
၂။ အတ္ထဒဿီဘုရားရှင်၊၃။ဓမ္မဒဿီဘုရားရှင်။ (ဗုဒ္ဓဝံ၊ဋ္ဌ၊၂၄၅။)♦

ဘုရားရှင် ၃ ဆူ (ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာတစ်သောင်းရှစ်ထောင်အထက်၌ ပွင့်တော်မူသော ဘုရားရှင် ၃ ဆူ)

၁။ ပိယဒဿီဘုရားရှင်၊
၂။ အတ္ထဒဿီဘုရားရှင်၊
၃။ ဓမ္မဒဿီဘုရားရှင်။ (ဒီ၊ဋ္ဌ၊၂၊၅။) (အဘိ၊ဋ္ဌ၊၁၊၆၆။) (ဒီ၊ဋ္ဌ၊မြန်၊၂။၄-၅၊၈။)♦

ဘုရားရှင် ၃ ဆူ (ဤဘဒ္ဒကမ္ဘာမှ တစ်အသင်္ချေ ကမ္ဘာတစ်သိန်းအထက်၌ ပွင့်တော်မူသော ဘုရားရှင် ၃ ဆူ)

၁။ အနောမဒဿီဘုရားရှင်၊
၂။ ပဒုမဘုရားရှင်၊
၃။ နာရဒဘုရားရှင်။ (ဒီ၊ဋ္ဌ၊၂၊၄။) (အဘိ၊ဋ္ဌ၊၁၊၆၃။) (ဒီ၊ဋ္ဌ၊မြန်၊၂။၇။)♦

ဘုရားရှင် ၃ မျိုး

၁။ လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီဖြည့်ကျင့်ရသော ပညာဓိကဘုရားရှင်၊
၂။ ရှစ်သင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီဖြည့်ကျင့်ရသော သဒ္ဓါဓိကဘုရားရှင်၊
၃။ တစ်ဆယ့် ခြောက်သင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီဖြည့်ကျင့်ရသော ဝီရိယာဓိကဘုရားရှင်။ (အပ၊ဋ္ဌ၊၁၊၁၅၅။)♦

ဘုရားရှင် ၄ ဆူ (ကောဏ္ဍညဘုရားရှင် ပွင့်တော်မူပြီး ကမ္ဘာတစ်အသင်္ချေကို လွန်သော အခါ၌ ပွင့်တော်မူပြီး ဘုရားရှင် ၄ ဆူ)

၁။ မင်္ဂလမြတ်စွာဘုရား၊
၂။ သုမနမြတ်စွာဘုရား၊
၃။ ရေဝတ မြတ်စွာဘုရား၊
၄။ သောဘိတမြတ်စွာဘုရား။ (အဘိ၊ဋ္ဌ၊၁၊၅၇။)♦

ဘုရားရှင် ၄ ဆူ (ဘဒ္ဒကမ္ဘာ၌ ပွင့်တော်မူပြီး ဘုရားရှင် ၄ ဆူ)

၁။ ကကုသန္ဓ၊
၂။ ကောဏာဂမန၊
၃။ ကဿပ၊
၄။ ဂေါတမ။ (ဒီ၊၂၊၂။) (အဘိ၊ဋ္ဌ၊၁၊၇၀။) (ဒီ၊မြန်၊၂။၂။)♦

ဘုရားရှင် ၅ ဆူ (ဤဘဒ္ဒကမ္ဘာ၌ ပွင့်တော်မူသော ဘုရားရှင် ၅ ဆူ)

၁။ ကကုသန္ဓဘုရားရှင်၊
၂။ ကောဏာဂမနဘုရားရှင်၊
၃။ ကဿပဘုရားရှင်၊
၄။ ဂေါတမဘုရားရှင်၊
၅။ ပွင့်လတ္တံ့ မေတ္တေယျဘုရားရှင်။ (ဒီ၊ဋ္ဌ၊၂၊၅။) (ဗုဒ္ဓဝံ၊ဋ္ဌ၊၂၉၆။) (ဒီ၊ဋ္ဌ၊မြန်၊၂။၈။)♦

ဘုရားရှင် ခွင့်ပြုအပ်သော ဗူး ခွက် ၃ မျိုး

၁။ သံဗူး၊
၂။ သစ်သားဗူး၊
၃။ သစ်သီးဗူး။ (ဝိ၊ဋ္ဌ၊၃၊၃၈၅။)♦

ဘုရားရှင် တရားဟောကြောင်း တရား ၁၀ ပါး

၁။ သဒ္ဓါတရားရှိခြင်း၊
၂။ မြတ်စွာဘုရား အထံတော်သို့ ချဉ်းကပ်ခြင်း၊
၃။ ဆည်းကပ်ခြင်း၊
၄။ မေးမြန်းခြင်း၊
၅။ နားစိုက်ကြားနာခြင်း၊
၆။ နာကြားပြီးတရားကို ဆောင်ခြင်း၊
၇။ ဆောင်အပ်ပြီးသော တရားတို့၏ အနက်အဓိပ္ပါယ်ကို ဆင်ခြင်ခြင်း၊
၈။ အနက်ပါဠိကို သိ၍ တရားအားလျော်သော အကျင့်ကို ကျင့်ခြင်း၊
၉။ ပြည်ကြီး သူတို့၏ စကားနှင့် ပြည့်စုံသူ ဖြစ်ခြင်း၊
၁၀။ သီတင်းသုံးဖော်တို့အား တရားစကားဖြင့် အကျိုး ရှိစေသူ ဖြစ်ခြင်း။ (အံ၊၃၊၃၇၉။) (အံ၊မြန်၊၃။၃၇၆။)♦

ဘုရားရှင် တာဒီမည်ကြောင်း ၅ ပါး

၁။ နှစ်သက်အပ်သော အာရုံ, မနှစ်သက်အပ်သော အာရုံ၌ သည်းခံခြင်းရှိတော်မူခြင်း၊
၂။ ကိလေသာတို့ကို ပျို့အန်တော်မူပြီးရှိခြင်း၊
၃။ ကိလေသာတို့ကို စွန့်ပယ်တော်ပြီးရှိခြင်း၊ ၄ သံသရာမှ ကူးမြောက်တော်မူပြီးရှိခြင်း၊
၅။ ထိုဂုဏ်တော်တို့ဖြင့် ဟုတ်မှန်သောအားဖြင့် ညွှန်ပြအပ်ပြီး ဖြစ်ခြင်း။ (မ၊ဋ္ဌ၊၃၊၂၃၆။)♦

ဘုရားရှင် တောရကျောင်းများကို မှီဝဲတော်မူကြောင်း ၂ ပါး

၁။ မိမိ၏ မျက်မှောက်ဘဝ၌ လွတ်လွတ် လပ်လပ် ချမ်းသာစွာ နေရခြင်း၊
၂။ နောင်လာနောင်သား လူအများကို အစဉ် သနားစောင့်ရှောက် တော်မူလိုခြင်း(အတုလိုက်စေလိုခြင်း။)။ (မ၊၁၊၂၈။) (မ၊မြန်၊၁။၂၂။)♦

ဘုရားရှင် ဒေသစာရီ ကြွချီတော်မူကြောင်း ၄ မျိုး

၁။ ရှည်မြင့်စွာ နေခြင်းကြောင့် ညောင်းညာသော ဝေဒနာကို ဖျောက်ခြင်းငှာ သလုံးမြင်းခေါင်းတို့ဖြင့် လှည့်လည်တော်မူခြင်း၏ အစွမ်းဖြင့် ကိုယ်တော်၏ ကျန်းမာသည်၏အဖြစ် အကျိုးငှာလည်းကောင်း၊
၂။ အကြောင်းထူး ဖြစ်ပေါ် လာချိန်ကို အလိုရှိတော်မူခြင်း၏ အကျိုးငှာလည်းကောင်း၊
၃။ သိက္ခာပုဒ်ကို ပညတ်တော်မူခြင်း အကျိုးငှာလည်းကောင်း၊
၄။ ထိုထို မြို့ရွာတို့၌ ဣန္ဒြေ ရင့်ကျက်ကုန်သော သစ္စာလေးပါးကို သိစေထိုက်သော သတ္တဝါတို့ကို သစ္စာလေးပါးကို သိစေခြင်း အကျိုးငှာလည်းကောင်း။ (ဒီ၊ဋ္ဌ၊၁၊၂၁၆။) (မ၊ဋ္ဌ၊၂၊၅၇။) (သာရတ္ထ၊ဋီ၊၁၊၄၅၄။) (ဒီ၊ဋ္ဌ၊မြန်၊၁။၄၂၅။)♦

ဘုရားရှင် ဒေသစာရီ ကြွချီတော်မူကြောင်း ၄ မျိုး (တစ်နည်း)

၁။ ဘုရားကို ကိုးကွယ်ရာ ဟူ၍ ဆည်းကပ်ကြလိမ့်မည် ဟူသော အကြောင်းကြောင့်လည်းကောင်း၊
၂။ တရားကို ကိုးကွယ်ရာ ဟူ၍ ဆည်းကပ်ကြလိမ့်မည်ဟူသော အကြောင်းကြောင့်လည်းကောင်း၊
၃။ သံဃာကို ကိုးကွယ် ရာဟူ၍ ဆည်းကပ်ကြလိမ့်မည်ဟူသော အကြောင်းကြောင့်လည်းကောင်း။
၄။ ကြီးစွာသော တရားဒေသနာ မိုးရေဖြင့် ပရိသတ်လေးပါးတို့ကို နှစ်သိမ့် ရောင့်ရဲစေ လိမ့်မည်ဟူသော အကြောင်းကြောင့်လည်းကောင်း ဘုရားရှင်သည် ဒေသစာရီ ကြွချီတော် မူ၏။ (ဒီ၊ဋ္ဌ၊၁၊၂၁၆။) (မ၊ဋ္ဌ၊၂၊၅၇။) (သာရတ္ထ၊ဋီ၊၁၊၄၅၄။) (ဒီ၊ဋ္ဌ၊မြန်၊၁။၄၂၅။)♦

ဘုရားရှင် ဒေသစာရီ ကြွချီတော်မူကြောင်း ၅ မျိုး

၁။ သူတစ်ပါး၏ အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်ကုန်အံ့၊
၂။ ပိုင်ရှင်သည် မပေးအပ်သော သူတစ်ပါး၏ ဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြဉ်ကုန်အံ့၊
၃။ သူတစ်ပါး၏ မယားကို လွန်ကျူး၍ ကျင့်ခြင်းမှ ရှောင်ကြဉ်ကုန်အံ့၊
၄။ မဟုတ်မမှန်သော မုသားစကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်ကုန်အံ့၊
၅။ ကုသိုလ် ကောင်းမှုတို့၌ မေ့လျော့ခြင်း၏ အကြောင်းဖြစ်သော သေရည်သေရက်ကို သောက်ခြင်းမှ ရှောင်ကြဉ်ကုန်အံ့။ (မ၊ဋ္ဌ၊၂၊၅၇၊၅၈။) (သာရတ္ထ၊ဋီ၊၁၊၄၅၄။)♦

ဘုရားရှင် ဒေသစာရီ ကြွချီတော်မူကြောင်း ၇ မျိုး

၁။ အရပ်တစ်ပါး၌ နေကုန်သော ဆုံးမ ထိုက်သော သတ္တဝါတို့ကို ဆုံးမတော်မူလိုခြင်း၊
၂။ ထိုအရပ်တစ်ပါး၌ တည်ရှိကုန်သော သတ္တဝါတို့အား အားထုတ်ခြင်းကို ဖြစ်စေခြင်း၊
၃။ တပည့်သာဝကတို့၏ တစ်ခုတည်းသော အရပ်၌ အမြဲနေခြင်းကို ပယ်တော်မူခြင်း၊
၄။ ကိုယ်တော်၏လည်း ထိုတစ်နေရာတည်းသော အရပ်၌ ကပ်ငြိခြင်း မရှိသည်ကို ပြုခြင်း၊
၅။ ဘုရားရှင်တို့၏ နေထိုင်ရာအရပ် ဖြစ်ခြင်းကြောင့် ထိုအရပ်တို့၏ စေတီအဖြစ်, ရိုသေမှု ပြုအပ်ရာအရပ်အဖြစ်သို့ ရောက်စေခြင်း၊
၆။ များစွာ ကုန်သော သတ္တဝါတို့အား ဖူးမြင်ခြင်း ဆည်းကပ်ခြင်း အစရှိသည်တို့ကြောင့် ကောင်းမှု အပေါင်းတို့၏ ပွားရခြင်း၊
၇။ မိုးမရွာခြင်း အစရှိသော ဘေးရန်တို့၏ ငြိမ်းစေခြင်း။ (နေတ္တိ၊ဋ္ဌ၊၂၂၈။)♦

ဘုရားရှင် ဒေသစာရီ ကြွချီတော်မူကြောင်း ၈ မျိုး

၁။ ပဌမဈာန်ကို ရကြလိမ့်မည်၊
၂။ ဒုတိယဈာန်ကို ရကြလိမ့်မည်၊
၃။ တတိယဈာန်ကို ရကြလိမ့်မည်၊
၄။ စတုတ္ထဈာန်ကို ရကြလိမ့်မည်၊
၅။ အာကာသာနဉ္စာယတနဈာန်သမာပတ်ကို ရကြလိမ့်မည်၊
၆။ အာကိဉ္စညာယတနဈာန် သမာပတ်ကို ရကြလိမ့်မည်၊
၇။ ဝိညာဏဉ္စာယတနဈာန်သမာပတ်ကို ရကြလိမ့်မည်၊
၈။ နေဝ သညာနာသညာယတနဈာန်သမာပတ်ကို ရကြလိမ့်မည်။ (ဒီ၊ဋ္ဌ၊၁၊၂၁၆။) (မ၊ဋ္ဌ၊၂၊၅၈။) (သာရတ္ထ၊ဋီ၊၁၊၄၅၄။) (ဒီ၊ဋ္ဌ၊မြန်၊၁။၄၂၆။)♦

ဘုရားရှင် ဒေသစာရီ ကြွချီတော်မူကြောင်း ၈ မျိုး (တစ်နည်း)

၁။ သောတာပတ္တိမဂ်ကို ရရှိကြလိမ့်မည်၊
၂။ သောတာပတ္တိဖိုလ်ကို မျက်မှောက်ပြုကြလိမ့်မည်၊
၃။ သကဒါဂါမိမဂ်ကို ရကြလိမ့်မည်၊
၄။ သကဒါဂါမိဖိုလ်ကို မျက်မှောက်ပြုကြလိမ့်မည်၊
၅။ အနာဂါမိမဂ်ကို ရကြ လိမ့်မည်၊
၆။ အနာဂါမိဖိုလ်ကို မျက်မှောက်ပြုကြလိမ့်မည်၊
၇။ အရဟတ္တမဂ်ကို ရကြလိမ့်မည်၊
၈။ အရဟတ္တဖိုလ်ကို မျက်မှောက်ပြုကြလိမ့်မည်။ (ဒီ၊ဋ္ဌ၊၁၊၂၁၆။) (မ၊ဋ္ဌ၊၂၊၅၈။) (သာရတ္ထ၊ဋီ၊၁၊၄၅၄။) (ဒီ၊ဋ္ဌ၊မြန်၊၁။၄၂၆။)♦

ဘုရားရှင် ဒေသစာရီ ကြွချီတော်မူခြင်း ၂ မျိုး

၁။ တုရိတစာရိကာ- အရှင်မဟာကဿပ စသော ကျွတ်ထိုက်သော သတ္တဝါကို တွေ့မြင်သဖြင့် ယူဇနာတစ်ရာ ယူဇနာတစ်ထောင် စသော ခရီးကို တစ်ခဏချင်း ကြွတော်မူခြင်း၊
၂။ အတုရိတစာရိကာ- လူအပေါင်းကို ချီးမြှောက်သော အားဖြင့် နေ့စဉ်နေ့တိုင်း တစ်ဂါဝုတ်, ယူဇနာဝက်, တစ်ယူဇနာ စသည်ဖြင့် ဖြည်းဖြည်း ကြွတော်မူခြင်း။ (ဒီ၊ဋ္ဌ၊၁၊၂၁၃။) (မ၊ဋ္ဌ၊၂၊၅၅။) (သံ၊ဋ္ဌ၊၂၊၁၆၄။) (အံ၊ဋ္ဌ၊၂၊၁၆၅။) (ဥဒါန၊ဋ္ဌ၊၁၆၅။) (သုတ္တနိ၊ဋ္ဌ၊၂၊၁၆၂။) (သာရတ္ထ၊ဋီ၊၁၊၄၅၂။) (ဒီ၊ဋ္ဌ၊မြန်၊၁။၄၂၀။)♦

ဘုရားရှင် ဒေသစာရီ ကြွတော်မူရာ အဝန်းအဝိုင်း ၃ မျိုး

၁။ ယူဇနာ ကိုးရာရှိသော ကြီးသော အဝန်းအဝိုင်း, စီရင်စုနယ် (မဟာမဏ္ဍလ။)၊
၂။ ယူဇနာ ခြောက်ရာရှိသော အလယ်အလတ် အဝန်းအဝိုင်း, စီရင်စုနယ် (မဇ္ဈိမမဏ္ဍလ။)၊
၃။ ယူဇနာသုံးရာရှိသော (အဆုံးစွန်သော။) အငယ်ဆုံး အဝန်းအဝိုင်း, စီရင်စုနယ် (အန္တိမမဏ္ဍလ။) ။ (ဒီ၊ဋ္ဌ၊၁၊၂၁၅။) (မ၊ဋ္ဌ၊၂၊၅၆။) (သာရတ္ထ၊ ဋီ၊၁။၃၅၂။) (ဒီ၊ဋ္ဌ၊မြန်၊၁။၄၂၂။)♦

ဘုရားရှင် ပယ်မြစ်အပ်သော တရား ၃ ပါး

၁။ မဟိစ္ဆတာ- ပစ္စည်းလေးပါးတို့၌ အလွန် အလိုကြီးခြင်း၊
၂။ အသန္တုဋ္ဌိတာ- ပစ္စည်းလေးတို့၌ မရောင့်ရဲခြင်း၊
၃။ အဂေါပါယန- ကိလေသာတို့ကို ခေါင်းပါးအောင် ခွာခြစ်ကြောင်းဖြစ်သော အကျင့်၌ မစောင့်ရှောက်ခြင်း။ (ဝိ၊ဋ္ဌ၊၄၊၁၆၃။)♦

ဘုရားရှင် ပယ်အပ်ပြီးသော တရား ၇ ပါး

၁။ ရာဂတရား၊
၂။ ဒေါသတရား၊
၃။ မောဟတရား၊
၄။ မာနတရား၊
၅။ သက္ကာယဒိဋ္ဌိတရား၊
၆။ ဝိစိကိစ္ဆာတရား၊
၇။ သီလဗ္ဗတပရာမာသ။ (မ၊ဋ္ဌ၊၂၊၃၆။)♦

ဘုရားရှင် ပွင့်ထွန်းမှုကြောင့် ဖြစ်သော အံ့ဖွယ် ၄ ပါး

၁။ ဘုရားရှင် ပွင့်ထွန်းမှုကြောင့် ရာဂ ကင်းခြင်းဟူသော အံ့ဖွယ်၊
၂။ ဘုရားရှင် ပွင့်ထွန်းမှုကြောင့် မာနကင်းခြင်းဟူသော အံ့ဖွယ်၊
၃။ ဘုရားရှင် ပွင့်ထွန်းမှုကြောင့် သောကကင်းခြင်းဟူသော အံ့ဖွယ်၊
၄။ ဘုရားရှင်ပွင့်ထွန်း မှုကြောင့် အဝိဇ္ဇာကင်းခြင်း ဟူသော အံ့ဖွယ်။ (အံ၊၁၊၄၄၇။) (အံ၊မြန်၊၁။၄၆၀။)♦

ဘုရားရှင် မပြောသော စကား ၄ ခွန်း

၁။ မဟုတ်မမှန်၊ အကျိုးမရှိ၊ သူတစ်ပါး မချစ်မနှစ်သက်သော စကား၊
၂။ ဟုတ်မှန် အကျိုးမရှိ၊ သူတစ်ပါး မချစ်မနှစ်သက်သော စကား၊
၃။ မဟုတ်မမှန်၊ အကျိုးမရှိ၊ သူတစ်ပါး ကြိုက်နှစ်သက်သော စကား၊
၄။ ဟုတ်မှန် အကျိုး မရှိသော သူတစ်ပါး ကြိုက်နှစ်သက်သော စကား။ (မ၊၂၊၅၇-၅၈။) (မ၊မြန်၊၂။၆၂-၆၃။)♦

ဘုရားရှင် မေးစစ်ခြင်းခံရသူ ရောက်နိုင်သော အရာဌာန ၄ မျိုး

၁။ အကြောင်းတစ်ပါးဖြင့် အကြောင်းတစ်ပါးကို, အခြားစကားတစ်ခုဖြင့် အခြားစကားတစ်ခုကို ဖုံးလွှမ်းခြင်း၊
၂။ အပြင် အပဖြစ်သော စကားသို့ ညွတ်စေခြင်း၊
၃။ အမျက်ဒေါသ ထွက်ခြင်းကို ထင်စွာ ပြုခြင်း။
၄။ ပြန်လှန်ပြောဆိုရန် စကားမရှိ၍ မျက်နှာမလှ ငိုက်ဆိုက်ကျလျက် ဆိတ်ဆိတ်နေရခြင်း၊ (အံ၊၁၊၁၈၇။) (အံ၊မြန်၊၁။၂၀၅။)♦

ဘုရားရှင် ယူသော အယူဝါဒ ၂ မျိုး

၁။ များစွာသော ကုသိုလ်တရားတို့ကို ပြုအပ်၏ဟူ၍ ယူသော ကိရိယဝါဒ၊
၂။ များစွာသော ယုတ်ညံ့သော အကုသိုလ်တရားတို့ကို မပြုအပ်ဟူ၍ ယူသော အကိရိယဝါဒ။ (အံ၊၁၊၆၃။) (အံ၊မြန်၊၁။၇၆။)♦

ဘုရားရှင် ရဟန်းတို့အား မေးမြန်းခြင်း အကြောင်း ၂ ပါး

၁။ တရားဒေသနာတော်ကို ဟောကြား တော်မူလိုခြင်း၊
၂။ ဝိနည်းသိက္ခာပုဒ်ကို ပညတ်တော်မူလိုခြင်း။ (ဝိ၊၁၊၇။) (ဝိ၊မြန်၊၁။၉။)♦

ဘုရားရှင် လွတ်မြောက်ပြီး တရား ၁၀ ပါး

၁။ ရုပ်၊
၂။ ဝေဒနာ၊
၃။ သညာ၊
၄။ သင်္ခါရ၊
၅။ ဝိညာဏ်၊
၆။ ဇာတိ၊
၇။ ဇရာ၊
၈။ မရဏ၊
၉။ ဒုက္ခ၊
၁၀။ ကိလေသာ။ (အံ၊၃၊၃၇၆။) (အံ၊မြန်၊၃။၃၇၃။)♦

ဘုရားရှင် ဝါနှစ်ဆယ်ရပြီးနောက် အမြဲ သီတင်းရာဌာန ၂ ခု

၁။ အနာထပိဏ်သူဌေး လှူဒါန်းသော ဇေတဝန်ကျောင်းတော်၊
၂။ ဝိသာခါ လှူဒါန်းသော ပုဗ္ဗာရုံကျောင်းတော်။ (အံ၊ဋ္ဌ၊၂၊၃၀။)♦

ဘုရားရှင် သတ်မှတ်အပ်သော ပညာရှိ ယောကျ်ားမြတ်၏ အင်္ဂါ ၄ ပါး

၁။ လူအများ၏ စီးပွားချမ်းသာ အလို့ငှာ ကျင့်၍ ကောင်းသော ကုသိုလ်တရား, မြတ်သော လောကုတ္တရာ တရား၌ တည်စေတတ်ခြင်း၊
၂။ ကြံစည်မှု လမ်းကြောင်း၌ စိတ်၏ ဝသီဘော်များသည်၏ အဖြစ်သို့ ရောက်ခြင်း၊
၃။ ဈာန်လေးပါးတို့ကို အလိုရှိတိုင်း မငြိုမငြင် မပင်ပန်းဘဲ ရရှိခြင်း၊
၄။ အာသဝေါတရားတို့၏ ကုန်ခန်းခြင်းကြောင့် အရဟတ္တဖိုလ်ကို မျက်မှောက်ပြု၍ နေခြင်း။ (အံ၊၁၊၃၄၅။) (အံ၊မြန်၊၁။၃၆၀။)♦

ဘုရားရှင် သာဝကတို့ကို စောင့်ရှောက်သော အကြိမ် ၆ ကြိမ်

၁။ ညပိုင်း သုံးကြိမ်၊
၂။ နေ့ပိုင်း သုံးကြိမ်။ (ဇာ၊ဋ္ဌ၊၃၊၃၅၄။)♦

ဘုရားရှင် သိတော်မူပုံ ၅ မျိုး

၁။ ပကတိမျက်စိဖြင့် မြင်၍ သိခြင်း၊
၂။ ဒိဗ္ဗစက္ခု အဘိညာဉ်ဖြင့် မြင်၍ သိခြင်း၊
၃။ ပကတိနားဖြင့် ကြား၍ သိခြင်း။၄။ ဒိဗ္ဗသောတ အဘိညာဉ်ဖြင့် ကြား၍ သိခြင်း၊
၅။ သဗ္ဗညုတဉာဏ်ဖြင့် သိခြင်း။ (ဒီ၊ဋ္ဌ၊၁၊၄၅။) (ဒီ၊ဋ္ဌ၊မြန်၊၁။၈၄။)♦

ဘုရားရှင် အချိန်အခါကို သိ၍ ပြောသော စကား ၂ ခွန်း

၁။ ဟုတ်မှန် အကျိုးရှိသော သူတစ်ပါး မချစ်မနှစ်သက်သော စကား၊
၂။ ဟုတ်မှန် အကျိုးရှိသော သူတစ်ပါး ကြိုက်နှစ်သက်သော စကား။ (မ၊၂၊၅၇-၅၈။) (မ၊မြန်၊၂။၆၃။)♦

ဘုရားရှင် အပေါ်၌ သကုလုဒါယိပရိဗိုဇ် မြင်သော ကိုယ်ကျင့်တရား ၅ မျိုး

၁။ ဘုရားရှင်သည် နည်းသော အစာအာဟာရ ရှိခြင်း၊ နည်းသော အစာအာဟာရ ရှိသည်၏ အဖြစ်၏ ဂုဏ် ကျေးဇူးကို ပြောဆိုလေ့ ရှိခြင်း၊
၂။ ဘုရားရှင်သည် ရရာ ရရာ သင်္ကန်းဖြင့် ရောင့်ရဲတော် မူခြင်း၊ ရရာ ရရာ သင်္ကန်းဖြင့် ရောက်ရဲခြင်း၏ ဂုဏ်ကျေးဇူးကို ပြောဆိုလေ့ ရှိတော်မူခြင်း၊
၃။ ဘုရားရှင်သည် ရရာ ရရာဆွမ်းဖြင့် ရောင့်ရဲတော်မူခြင်း၊ ရရာ ရရာဆွမ်းဖြင့် ရောင့်ရဲခြင်း၏ ဂုဏ်ကျေးဇူးကို ပြောဆိုလေ့ ရှိတော်မူခြင်း၊
၄။ ဘုရားရှင်သည် ရရာ ရရာကျောင်း, အိပ်ရာ, နေရာဖြင့် ရောင့်ရဲတော်မူခြင်း၊ ရရာ ရရာ ကျောင်း, အိပ်ရာ, နေရာဖြင့် ရောင့်ရဲခြင်း၏ ဂုဏ်ကျေးဇူးကို ပြောဆိုလေ့ ရှိတော်မူခြင်း၊
၅။ ဘုရားရှင်သည် ကိုယ်အားဖြင့် ကင်းဆိတ် တော်မူခြင်း၊ ကိုယ်၏ ကင်းဆိတ်ခြင်း၏ ဂုဏ်ကျေးဇူးကို ပြောဆိုလေ့ ရှိတော်မူခြင်း။ (မ၊၂၊၁၉၈။) (မ၊မြန်၊၂။၂၁၀။)♦

ဘုရားရှင် အရိယာတပည့်သာဝက ရရှိသော ဈာန်တရား ၄ မျိုး

၁။ ပဌမဈာန်တရား၊
၂။ ဒုတိယ ဈာန်တရား၊
၃။ တတိယဈာန်တရား၊
၄။ စတုတ္ထဈာန်တရား။ (မ၊၂၊၁၉။) (မ၊မြန်၊၂။၂၂။)♦

ဘုရားရှင် အသံတော်၏ ပြည့်စုံသော အင်္ဂါ ၈ မျိုး

၁။ သန့်ရှင်းခြင်း၊
၂။ သိလွယ်ခြင်း၊
၃။ သာယာခြင်း၊
၄။ နာချင်ဖွယ် ရှိခြင်း၊
၅။ လုံးခြင်း၊
၆။ ဖရိုဖရဲမကွဲခြင်း၊
၇။ နက်ခြင်း၊
၈။ ပဲ့တင်ထပ်ခြင်း။ (မ၊၂၊၃၄၀။) (မ၊မြန်၊၂။၃၄၄။)♦

ဘုရားရှင် အာဟာရသုံးဆောင်ပုံ ၈ မျိုး

၁။ ရွာသူ သားငယ်တို့ကဲ့သို့ မြူးထူးပျော်ပါး ကစားခြင်းငှာ အာဟာရကို မသုံးဆောင်၊
၂။ လက်ဝှေ့ လက်ပန်းသည် အစရှိသော သူတို့ကဲ့သို့ အားတည်း ဟူသော မာန်ယစ်ခြင်းငှာ အာဟာရကို မသုံးဆောင်၊
၃။ နန်းတွင်းသူ ပြည့်တန်ဆာမ တို့ကဲ့သို့ အင်္ဂါကြီးငယ် ပြည့်ဖြိုးခြင်းငှာ အာဟာရကို မသုံးဆောင်၊
၄။ ဇာတ်သမားကချေသည် အစရှိသော သူတို့ကဲ့သို့ ကိုယ်ရေကိုယ်ဝါ တင့်တယ်လှပခြင်းငှာ အာဟာရကို မသုံးဆောင်၊
၅။ ဤကိုယ်ကာယ၏ တည်တံ့ရုံငှာသာလျှင် အာဟာရကို သုံးဆောင်၏၊
၆။ ဤကိုယ် ကာယ၏ မျှတရုံသာလျှင် အာဟာရကို သုံးဆောင်၏၊
၇။ ဤကိုယ်ကာယ၏ ပင်ပန်းခြင်း ငြိမ်းရုံငှာသာလျှင် အာဟာရကို သုံးဆောင်၏၊
၈။ သာသနဗြဟ္မစရိယ၊ မဂ္ဂဗြဟ္မစရိယ နှစ်ပါးကို ချီးမြှောက်ရုံငှာ သာလျှင် အာဟာရကို သုံးဆောင်၏။ (မ၊၂၊၃၃၉။) (မ၊မြန်၊၂။၃၄၃။)♦

ဘုရားရှင်၏ ကိုယ်တော်ရောင် တောက်ချိန် ၂ မျိုး

၁။ အမြတ်ဆုံးဖြစ်သော သမ္မာ သမ္ဗောဓိဉာဏ်ကို ရတော်မူသော ညဉ့်အခါ၊
၂။ ဥပါဒိန္နကခန္ဓာ အကြွင်းမရှိသော အနုပါဒိသေသနိဗ္ဗာနဓာတ်ဖြင့် ပရိနိဗ္ဗာန် ဝင်စံတော်မူသော ညဉ့်အခါ။ (ဒီ၊၂၊၁၁၁။) (ဒီ၊မြန်၊၂။၁၂၉။)♦

ဘုရားရှင်၏ ဂုဏ်ကျေးဇူး ၁၈ ပါး

၁။ ဘုရားရှင်အား ကာယဒုစ္စရိုက် မရှိခြင်း၊
၂။ ဘုရား ရှင်အား ဝစီဒုစ္စရိုက် မရှိခြင်း၊
၃။ ဘုရားရှင်အား မနောဒုစ္စရိုက် မရှိခြင်း၊
၄။ အတိတ်၌ ဘုရားရှင်အား အပိတ်အပင် အတားအဆီး မရှိသော ဉာဏ်တော်ရှိခြင်း၊
၅။ အနာဂတ်၌ ဘုရားရှင်အား အပိတ်အပင် အတားအဆီး မရှိသော ဉာဏ်တော်ရှိခြင်း၊
၆။ ပစ္စုပ္ပန်၌ ဘုရား ရှင်အား အပိတ်အပင် အတားအဆီး မရှိသော ဉာဏ်တော်ရှိခြင်း၊
၇။ ဘုရားရှင်၏ အလုံးစုံသော ကာယကံသည် ဉာဏ်သို့ အစဉ်လိုက်ခြင်း၊
၈။ ဘုရားရှင်၏ အလုံးစုံသော ဝစီကံသည် ဉာဏ်သို့ အစဉ်လိုက်ခြင်း၊
၉။ ဘုရားရှင်၏ အလုံးစုံသော မနောကံသည် ဉာဏ်သို့ အစဉ် လိုက်ခြင်း၊
၁၀။ သတ္တဝါတို့၏ အစီးအပွားကို အလိုရှိသော ဆန္ဒ၏ ယုတ်လျော့ခြင်းသည် မရှိခြင်း၊
၁၁။ ဘေးကင်းခြင်း, ဆိတ်ငြိမ်ခြင်းကို ကြံသော ဝိတက်သို့ အစဉ်လိုက်သော ဝီရိယ၏ ယုတ်လျော့ခြင်းသည် မရှိခြင်း၊
၁၂။ သတိ၏ ယုတ်လျော့ခြင်းသည် မရှိခြင်း၊
၁၃။ ရယ်မြူး သဖြင့် ပြုခြင်းသည် မရှိခြင်း၊
၁၄။ ချွတ်ချော်ခြင်းသည် မရှိခြင်း၊
၁၅။ တုန်လှုပ်ခြင်းသည် မရှိခြင်း၊
၁၆။ အဆောတလျင်ပြုခြင်းသည် မရှိခြင်း၊
၁၇။ ကြောင့်ကြမဲ့စိတ်, အားမထုတ်သော စိတ် မရှိခြင်း၊
၁၈။ အကုသိုလ်စိတ် မရှိခြင်း။ (ဒီ၊ဋ္ဌ၊၃၊၁၇၆။) (မူလဋီ၊၂၊၂။)♦

ဘုရားရှင်၏ ဂုဏ်ကျေးဇူး ၃ မျိုး

၁။ အကျင့်၏ ဂုဏ်ကျေးဇူး၊
၂။ ကိုယ်တော်၏ ဂုဏ်ကျေးဇူး၊
၃။ သီလ စသော ဂုဏ်တော်၏ ဂုဏ်ကျေးဇူး။ (သာရတ္ထ၊ဋီ၊၃၊၃၂၃။)♦

ဘုရားရှင်၏ စွယ်တော် ၄ ဆူ

၁။ တာဝတိံသာနတ်ပြည်၌ တစ်ဆူ၊
၂။ ဂန္ဓာရတိုင်း၌ တစ်ဆူ၊
၃။ ကလိင်္ဂတိုင်း၌ တစ်ဆူ၊
၄။ နဂါးပြည်၌ တစ်ဆူ။ (ဒီ၊၂၊၁၃၈။) (ဒီ၊မြန်၊၂။၁၆၀။)♦

ဘုရားရှင်၏ ဆုံးမနည်း ၄ မျိုး

၁။ ‘‘ဤပုဂ္ဂိုလ်သည် ငါဆုံးမသည့်အတိုင်း ကျင့်သည်ရှိသော် သုံးပါးသော သံယောဇဉ် ‘အနှောင်အဖွဲ့’တို့၏ အကြွင်းမဲ့ကုန်ခြင်းကြောင့် အပါယ်သို့ ကျခြင်း သဘော မရှိသော ကိန်းသေမြဲသော အထက်မဂ်သုံးပါးလျှင် လားရာရှိသော သောတာပန် ဖြစ်လတ္တံ့’ဟု သိ၍ ဆုံးမခြင်း၊၂။ ‘‘ဤပုဂ္ဂိုလ်သည် ငါဆုံးမသည့်အတိုင်း ကျင့်သည်ရှိသော် သုံးပါးသော သံယောဇဉ် ‘အနှောင်အဖွဲ့’တို့၏ အကြွင်းမဲ့ကုန်ခြင်းကြောင့် တပ်မက်ခြင်း ‘ရာဂ’ အမျက်ထွက်ခြင်း ‘ဒေါသ’ တွေဝေခြင်း ‘မောဟ’တို့၏လည်း ခေါင်းပါးသောကြောင့် ဤလူ့ပြည်ကို တစ်ကြိမ်သာ လာ၍ ဆင်းရဲ၏ အဆုံးကို ပြုလတ္တံ့သော သကဒါဂါမ် ဖြစ်လတ္တံ့’ဟု သိ၍ ဆုံးမခြင်း၊
၃။ ‘‘ဤပုဂ္ဂိုလ်သည် ငါဆုံးမသည့်အတိုင်း ကျင့်သည်ရှိသော် အောက်ကာမဘုံ၌ ပဋိသန္ဓေ နေခြင်းအဖို့ရှိသည့် ငါးပါးသော သံယောဇဉ် ‘အနှောင်အဖွဲ့’ တို့၏ အကြွင်းမဲ့ ကုန်ခြင်းကြောင့် (ဗြဟ္မာဘုံ၌) ဥပပါတ် ပဋိသန္ဓေနေ၍ ထိုဘုံ၌သာလျှင် ပရိနိဗ္ဗာန်ပြုလတ္တံ့သော ထိုဘုံမှ ပြန်လာခြင်းသဘော မရှိသော အနာဂါမ် ဖြစ်လတ္တံ့’’ဟု သိ၍ ဆုံးမခြင်း၊
၄။ တစ်ပါးသော ပုဂ္ဂိုလ်ကို ‘‘ဤပုဂ္ဂိုလ်သည် ငါဆုံးမသည့်အတိုင်း ကျင့်သည်ရှိသော် အာသဝေါတရားတို့၏ ကုန်ခြင်းကြောင့် အာသဝေါ တရားကင်းသော လွတ်မြောက်သည့် (အရဟတ္တဖိုလ်) စိတ်နှင့် လွတ်မြောက်သည့် (အရဟတ္တဖိုလ်) ပညာကို ယခုဘဝ၌ပင် ထူးသော ဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက်ပြုလျက် ရောက်၍ ပြည့်စုံစေ၍ နေသော ရဟန္တာ ဖြစ်လတ္တံ့’ဟု သိ၍ ဆုံးမခြင်း။ (ဒီ၊၃၊၈၉။) (ဒီ၊မြန်၊၃။၉၆။)♦

ဘုရားရှင်၏ တပည့် ပညာရှိသည် နှမြောဝန်တိုသူကို လွှမ်းမိုးနိုင်မှု ၅ မျိုး

၁။ အသက်အားဖြင့် လွှမ်းမိုးနိုင်ခြင်း၊
၂။ အခြံအရံ (အကျော်အစော) အားဖြင့် လွှမ်းမိုးနိုင်ခြင်း၊
၃။ ရုပ်အဆင်း အားဖြင့် လွှမ်းမိုးနိုင်ခြင်း၊
၄။ ချမ်းသာခြင်းဖြင့် လွှမ်းမိုးနိုင်ခြင်း၊
၅။ တမလွန်လောကဝယ် နတ်ပြည်၌ ဖြစ်ခြင်းဖြင့် လွှမ်းမိုးနိုင်၏။ (အံ၊၂၊၂၇၊၂၈။) (အံ၊မြန်၊၂။၃၈။)♦

ဘုရားရှင်၏ တရားဟောခြင်း ၂ မျိုး

၁။ အကျဉ်းအားဖြင့် တရားဟောခြင်း၊
၂။ အကျယ်အားဖြင့် တရားဟောခြင်း။ (အံ၊၁၊၅၅။) (အံ၊မြန်၊၁။၆၈။)♦

ဘုရားရှင်၏ ဒေသနာ ၂ မျိုး

၁။ ခန္ဓာ စသည်တို့၏ အစွမ်းဖြင့် ဟောကြားသော ပရမတ္ထဒေသနာ၊
၂။ ထောပတ်အိုး အစရှိသောအားဖြင့် ဟောကြားသော သမ္မုတိဒေသနာ။ (အဘိ၊ဋ္ဌ၊၃၊၁၄၀။) (သာရတ္ထ၊ဋီ၊၁၊၈၉။)♦

ဘုရားရှင်၏ နောက်ဆုံး မှာထားချက် ၄ ရပ်

၁။ အာနန္ဒာ...တရားတော်သည် ဟောကြားသူဆရာ (ဘုရား) မှ ကင်းခဲ့ပြီ၊ ငါတို့ဆရာ (ဘုရား) မရှိတော့ပြီဟု မထင်မှတ်အပ်၊ ငါဟောကြား ပညတ်ခဲ့သော တရားတော်နှင့် ဝိနည်းသည် ငါကွယ်လွန်သော အခါ သင်တို့၏ ဆရာ (ဘုရား) အဖြစ် တည်ရစ်လတ္တံ့၊
၂။ အာနန္ဒာ... ယခုအခါ ရဟန်းတို့သည် အချင်းချင်း ငါ့ရှင် ‘‘အာဝုသော’’ဟူသော စကားဖြင့် (ကြီးငယ်မရွေး) ခေါ်ကုန်သကဲ့သို့ ငါကွယ်လွန်သော အခါ၌ကား ဤသို့ မခေါ်ဝေါ်အပ်၊ အာနန္ဒာ.. မထေရ်ကြီးဖြစ်သော ရဟန်းသည် သီတင်း ငယ်ရဟန်းကို အမည်ဖြင့်ဖြစ်စေ၊ အနွယ်ဖြင့်ဖြစ်စေ ငါ့ရှင် ‘‘အာဝုသော’’ ဟူသော စကား ဖြစ်စေ ခေါ်အပ်၏၊ သီတင်းငယ်ရဟန်းသည် မထေရ်ကြီးဖြစ်သော ရဟန်းကို အရှင်ဘုရား ‘‘ဘန္တေ’’ ဟူ၍သော်လည်းကောင်း အရှင် ‘‘အာယသ္မာ’’ ဟူ၍သော်လည်းကောင်း ဤသို့သာ ခေါ်အပ်၏၊
၃။ အာနန္ဒာ...သံဃာသည် ငါကွယ်လွန်သော အခါ၌ အသေးအနုပ် သိက္ခာပုဒ် တို့ကို နုတ်ပယ်လိုက နုတ်ပယ်လေလော့၊
၄။ အာနန္ဒာ...ငါကွယ်လွန်သော အခါ၌ ဆန္န ရဟန်းအား ဗြဟ္မဒဏ် ပေးအပ်၏၊ (မှတ်ချက်) ဗြဟ္မဒဏ်ဟူသည် ဆန္နရဟန်းသည် ပြောဆို လိုရာ စကားကို ပြောပါစေ၊ သင်တို့ကမူ ဆန္နရဟန်းကို ဆုံးမပြောဆိုခြင်း မပြုရဟု သံဃာမှ ကြဉ်သော ဒဏ်ပေတည်း။ (ဒီ၊၂၊၁၂၆။) (ဒီ၊မြန်၊၂။၁၄၇။)♦

ဘုရားရှင်၏ ပြည့်ဖြိုးသော အသားတော်ရှိရာ ၇ ဌာန

၁,
၂။ လက်ဖမိုးတော် ၂ ဘက်၊ ၃,
၄။ ခြေဖမိုးတော် ၂ ဘက်၊ ၅,
၆။ ပခုံးစွန်းတော် ၂ ဘက်၊
၇။ လည်ကုပ်တော်။ (ဒီ၊ဋ္ဌ၊၂၊၃၉။) (ဒီ၊ဋ္ဌ၊မြန်၊၂။၇၁။) (မ၊ဋ္ဌ၊၃၊၂၆၀။)♦

ဘုရားရှင်၏ မဖောက်မပြန် ဟုတ်မှန်သော ဂုဏ် ၈ ပါး

၁။ မြတ်စွာဘုရားသည် လူအများ၏ စီးပွားချမ်းသာအလို့ငှာ လောကကို စောင့်ရှောက်ရန်အလို့ငှာ နတ်လူတို့၏ အကျိုးစီးပွား အလို့ငှာ ကျင့်တော်မူခြင်း၊
၂။ မြတ်စွာဘုရား၏ တရားတော်သည် သွာက္ခာတတာ စသော ဂုဏ်ခြောက်ပါးနှင့် ပြည့်စုံသော တရားတော်ဖြစ်ခြင်း၊
၃။ မြတ်စွာဘုရားသည် ဤကား ကုသိုလ်၊ ဤကား အကုသိုလ်၊ ဤကား အပြစ်ရှိ၏၊ ဤကား အပြစ်မရှိ၊ ဤကား မှီဝဲအပ်၏၊ ဤကား မမှီဝဲအပ်၊ ဤကား ယုတ်၏၊ ဤကား မြတ်၏၊ ဤကား မည်းညစ်သော အဖို့ရှိ၏၊ ဤကား ဖြူစင်သော အဖို့ရှိ၏ဟု ဟောပြခြင်း၊
၄။ မြတ်စွာဘုရားသည် တပည့်တို့အား နိဗ္ဗာန် ရောက်ကြောင်းအကျင့်ကို ကောင်းစွာ ဖော်ပြတော်မူခြင်း၊
၅။ ထိုမြတ်စွာဘုရားအား လာဘ် သက္ကာရ အကျော်အစောသည် လွန်စွာ ပြည့်စုံပါပေ၏၊ သို့သော်လည်း မြတ်စွာဘုရားသည် မာန်ယစ်ခြင်းကင်းလျက် အစာအာဟာရကို ဘုဉ်းပေးတော်မူခြင်း၊
၆။ မြတ်စွာဘုရားသည် ပရိသတ်ကို စွန့်ခွါလျက် တစ်ပါးတည်း မွေ့လျော်ခြင်း၊
၇။ မြတ်စွာဘုရားသည် ဟောပြောသည့် အတိုင်း ပြုကျင့်လေ့ရှိခြင်း၊ ပြုကျင့်သည့်အတိုင်း ဟောပြော လေ့ရှိခြင်း ဤနည်းဖြင့် လောကုတ္တရာတရားအား လျော်သော အကျင့်ကို ကျင့်လေ့ရှိခြင်း၊
၈။ မြတ်စွာဘုရားသည် အာဒိဗြဟ္မစရိယအကျင့်ဖြင့် အလုံးစုံသော တရားတို့၌ ယုံမှားခြင်း ခရီးခဲကို ကူးမြောက်၍ သို့လော သို့လော တွေးတောခြင်းမှ ကင်းစင်ခြင်း။ (ဒီ၊၂၊၁၇၉။) (ဒီ၊၂၊၁၈၄။) (ဒီ၊မြန်၊၂။၂၀၄။) (ဒီ၊မြန်၊၂။၂၀၄။)♦

ဘုရားရှင်၏ လောကီဆရာ ၅ ဦး (သဗ္ဗညုဘုရားအဖြစ်သို့ မရောက်သေးမီ ဘုရားရှင်၏ လောကီဆရာ ၅ ဦး)

၁။ ဘုရားအလောင်း မွေးဖွားသည့်အချိန်၌ လက္ခဏာဖတ်သော ရာမ, ဓဇ, လက္ခဏ, မန္တီ, ယည, သုယာမ, သုဘောဇ, သုဒတ္တဟူသော ပုဏ္ဏား ရှစ်ယောက်၊
၂။ ပဒကကျမ်း, ဗျာကရုဏ်းကျမ်း, ဆဠင်္ဂကျမ်း အတတ်တို့ကို သင်ကြားပေးသော သဗ္ဗမိတ္တ မည်သော ပုဏ္ဏား၊
၃။ ဘုရားလောင်းအား သူအို, သူနာ, သူသေ, ရဟန်းဟူသော နိမိတ်ကြီး လေးပါးကို ပြ၍ ထိတ်လန့်ကြောက်ရွံ့စေပြီး တောထွက်စေသော နတ်သား၊
၄။ အာကိဉ္စညာယတနဈာန်၏ ပရိကံကို ပြောကြားပြသပေးသော ကာလာမ၏ သားဖြစ်သော အာဠာရ ရသေ့၊
၅။ နေဝသညာ နာသညာယတနဈာန်၏ ပရိကံကို သင်ကြားပြသပေးသော ရာမ၏ သားဖြစ်သော ဥဒကရသေ့။ (မိလိန္ဒ၊၂၂၉။) (မိလိန္ဒ၊မြန်။၂၄၆။)♦

ဘုရားရှင်၏ ဝါနှစ်ဆယ်အတွင်း၌ အလုပ်အကျွေး ၇ ပါး

၁။ အရှင်နာဂသမာလ၊
၂။ အရှင် နာဂိတ၊
၃။ အရှင်ဥပဝါန၊
၄။ အရှင်သုနက္ခတ္တ၊
၅။ ရှင်စုန္ဒ၊
၆။ ရှင်သာဂတ၊
၇။ ရှင်မေဃိယ။ (အပ၊ဋ္ဌ၊၁၊၃၄၈။)♦

ဘုရားရှင်၏ သင်္ကန်းကို အရှင်အာနန္ဒာ လက်ခံရခြင်း၏ အကြောင်း ၄ ပါး (ပရိနိဗ္ဗာန် စံဝင်တော့မည့် ဘုရားရှင် စွန့်တော်မူသော သင်္ကန်းကို ရှင်အာနန္ဒာ လက်ခံရခြင်း၏ အကြောင်း ၄ ပါး)

၁။ ဥပဋ္ဌာကရာထူး၏ အထွတ်အထိပ်သို့ ရောက်ခြင်း၊၂။ သူတစ်ပါးတို့၏ အပြစ် ပြောဆိုခွင့်ကို ဖြတ်တောက်လိုခြင်း၊၃။ထိုသင်္ကန်းဖြင့်ပင် ဘုရားရှင်အား ပူဇော် လိုခြင်း၊
၄။ မြတ်စွာဘုရား၏ အလိုဆန္ဒကို လိုက်လျောလိုခြင်း။ (ဒီ၊ဋီ၊၂၊၁၇၁။)♦

ဘုရားရှင်၏ သာသနာတော်မှ ပြင်ပသာသနာ၌ မဖြစ်သော တရား ၁၀ ပါး

၁။ သမ္မာဒိဋ္ဌိ- မှန်သော အမြင်၊
၂။ သမ္မာသင်္ကပ္ပ- မှန်သော အကြံ၊
၃။ သမ္မာဝါစာ- မှန်သော စကား၊
၄။ သမ္မာကမ္မန္တ-မှန်သော အလုပ်၊
၅။ သမ္မာအာဇီဝ- မှန်သော အသက်မွေးမှု၊
၆။ သမ္မာ ဝါယာမ- မှန်သော လုံ့လ၊
၇။ သမ္မာသတိ- မှန်သော သတိ၊
၈။ သမ္မာသမာဓိ- မှန်သော သမာဓိ၊
၉။ သမ္မာဉာဏ-မှန်သော အသိဉာဏ်၊
၁၀။ သမ္မာဝိမုတ္တိ- မှန်သော လွတ်မြောက်မှု။ (အံ၊၃၊၄၅၀၊၄၅၂။) (အံ၊မြန်၊၃။၄၄၂၊၄၄၄။)♦

ဘုရားရှင်၏ သီဟနာဒ ၁၁၀ ပါး (ခြင်္သေ့ဟောက်သံကဲ့သို့ ရဲရင့်စွာ မြွက်ဆိုအပ်သော စကားတော် ၁၁၀ ပါး )

၁။ ခြိုးခြံသော အကျင့်ရှိသူအချို့ ငရဲ၌ ဖြစ်နေသည်ကို ငါ မြင်၏၊
၂။ အခြားသော ခြိုးခြံသော အကျင့်ရှိသူတစ်ဦး နတ်ပြည်၌ ဖြစ်နေသည်ကို ငါ မြင်၏၊
၃။ အကုသိုလ်တရားကို ပယ်ခြင်း၌ ငါသည်သာ အမြတ်ဆုံး ဖြစ်၏၊
၄။ ကုသိုလ်တရားကို ဆောက်တည်ခြင်း ၌လည်း ငါသည် အမြတ်ဆုံး ဖြစ်၏၊
၅။ အကုသိုလ်တရားကို ပယ်ခြင်း၌ ငါ၏တပည့် သံဃာသည် သာလျှင် အမြတ်ဆုံး ဖြစ်၏၊
၆။ ကုသိုလ်တရားကို ဆောက်တည်ခြင်း၌လည်း ငါ၏ တပည့်သံဃာသည် သာလျှင် အမြတ်ဆုံး ဖြစ်၏၊
၇။ သီလအားဖြင့် ငါနှင့် တူသူ မရှိ၊
၈။ သမာဓိအားဖြင့် ငါနှင့် တူသူ မရှိ၊
၉။ ပညာအားဖြင့် ငါနှင့်တူသူ မရှိ၊
၁၀။ ဝိမုတ္တိ အားဖြင့် ငါနှင့်တူသူ မရှိ၊ ဤကား ရှေ့ပိုင်း သီဟနာဒ ၁၀ ပါးတည်း၊ ရှေ့ပိုင်း သီဟနာဒ ၁၀ ပါးကို ပရိသာသု စ နဒတိ စသော သီဟနာဒ ၁၀ ပါးတို့၌ တစ်ပါးပါးကို ၁၀ ပါးစီ မြှောက်၍ သီဟနာဒ ၁၁၀ ပါး ဖြစ်သည်။ (ဒီ၊ဋ္ဌ၊၁၊၂၉၇။) (ဒီ၊ဋ္ဌ၊မြန်၊၁။၅၇၅။)♦

ဘုရားရှင်၏ အကျဉ်းချုပ်တရား ၄ ပါး

၁။ လူအပေါင်းသည် အိုခြင်း သေခြင်းသို့ ရောက်ရ၍ မမြဲ၊
၂။ လူအပေါင်းသည် စောင့်ရှောက်သူမှ ကင်း၍ အားကိုးရာ မရှိ၊
၃။ လူအပေါင်းသည် မိမိနှင့် မိမိကိုယ်ပိုင်ဥစ္စာ မရှိ၊ အလုံးစုံကို ပယ်စွန့်၍ သွားရ၏၊
၄။ လူအပေါင်းသည် အမြဲလို နေ၍ ပြည့်သည်မရှိ၊ ရောင့်ရဲခြင်းမရှိ၊ တဏှာ၏ကျေးကျွန်ချည်း ဖြစ်၏။ (မ၊၂၊၂၅၆။) (မ၊မြန်၊၂။ ၂၆၅-၂၆၆။)♦

ဘုရားရှင်၏ အဆုံးအမ ၃ မျိုး

၁။ ပျင်းရိခြင်းကို ဘေးအားဖြင့် ရှု၍ ကြိုးစားအားထုတ်ခြင်းကို ဘေးမရှိသောအားဖြင့် ရှုပြီး ထက်သန်သော ဝီရိယရှိသူ ဖြစ်စေရခြင်း၊
၂။ ငြင်းခုံခြင်းကို ဘေးအားဖြင့် ရှု၍ မငြင်းခုံခြင်းကို ဘေးမရှိသောအားဖြင့် ရှုပြီး ညီညွတ်သူ ပြေပြစ်သူ ဖြစ်စေ ရခြင်း၊
၃။ မေ့လျော့ခြင်းကို ဘေးအားဖြင့် ရှု၍ မမေ့လျော့ခြင်းကို ဘေးမရှိသောအားဖြင့် ရှုပြီး အင်္ဂါရှစ်ပါးရှိသော မဂ်ကို ပွားများသူ ဖြစ်ရခြင်း။ (အပ၊၂၊၄၂၀။) (အပ၊မြန်၊၂။၄၁၉။)♦

ဘုရားရှင်၏ အံ့ဖွယ် အခါ ၄ ပါး

၁။ ဘုရားအလောင်း ပဋိသန္ဓေနေသော အခါ၊
၂။ ဘုရားအလောင်း ဖွားမြင်သော အခါ၊
၃။ ဘုရားဖြစ်တော်မူသော အခါ၊
၄။ ဓမ္မစကြာတရား ဟောကြားတော် မူသော အခါ။ (အံ၊၁၊၄၄၆။) (အံ၊မြန်၊၁။၄၆၀။)♦

ဘုရားရှင်၏ အလင်းရောင် ၄ မျိုး

၁။ ဉာဏာလောက- ဉာဏ်၏ အာနုဘော်ကြောင့် ဖြစ်ပေါ် လာသော အလင်းရောင်၊
၂။ ပီတိအာလောက- ပီတိ၏ အစွမ်းကြောင့် ဖြစ်ပေါ်လာသော ကိုယ်တော် အလင်းရောင်၊
၃။ ပသာဒါလောက- ကြည်ညိုခြင်း၏ အစွမ်းကြောင့် ဖြစ်ပေါ် လာသော အလင်းရောင်၊
၄။ ဓမ္မကထာအာလောက- ဘုရားရှင်၏ တရားစကားတော်ကြောင့် ဖြစ်ပေါ် လာသော အလင်းရောင်။ (သံ၊ဋ္ဌ၊၁၊၅၀။)♦

ဘုရားရှင်၏ အားတော် ၅ ပါး

၁။ ယုံကြည်မှု သဒ္ဓါဗလ၊
၂။ ရှက်မှု ဟိရီဗလ၊
၃။ ကြောက်လန့်မှု ဩတ္တပ္ပဗလ၊
၄။ ထက်သန်သော ဝီရိယဗလ၊
၅။ သိမှု ပညာဗလ။ (အံ၊၂၊၈။) (အံ၊မြန်၊၂။ ၁၀-၁၁။)♦

ဘုရားရှင်၏ အားတော် ၆ ပါး

၁။ အကြောင်းဟုတ်သည်ကို အကြောင်းဟုတ်သောအားဖြင့် လည်းကောင်း အကြောင်းမဟုတ်သည်ကို အကြောင်းမဟုတ်သော အားဖြင့်လည်းကောင်း ဟုတ်တိုင်းမှန်စွာ ခွဲခြား၍ သိတော်မူခြင်း၊
၂။ အတိတ်, အနာဂတ်, ပစ္စုပ္ပန် ဖြစ်ကုန်သော ဆောက်တည်အပ်သော ကံတို့၏အကျိုးတို့ကို အကြောင်းအထောက်အပံ့အားဖြင့် ဟုတ်တိုင်း မှန်စွာ ခွဲခြား၍ သိတော်မူခြင်း၊
၃။ ဈာန်, ဝိမောက္ခ, သမာဓိ, သမာပတ်တို့၏ ညစ်ညူးကြောင်း ဖြူစင်ကြောင်း, ထမြောက်ကြောင်းတို့ကို ဟုတ်တိုင်းမှန်စွာ ခွဲခြား၍ သိတော်မူခြင်း၊
၄။ ရှေးရှေး၌ ဖြစ်ခဲ့ဖူးသော ဘဝပေါင်းများစွာတို့ကို အခြင်းအရာ အဖြစ်သနစ်နှင့်တကွ အောက်မေ့တော် မူနိုင်ခြင်း၊
၅။ လူတို့၏ မျက်စိထက် သာလွန်သော နတ်မျက်စိနှင့် တူသော ဒိဗ္ဗစက္ခုဉာဏ်ဖြင့် ကံအားလျော်စွာ ဖြစ်သော သတ္တဝါတို့ကို သိမြင်တော်မူခြင်း၊
၆။ အာသဝေါတရားတို့၏ ကုန်ခြင်းကြောင့် အာသဝေါတရားတို့မှ လွတ်မြောက်သော အရဟတ္တဖိုလ်စိတ်နှင့် လွတ် မြောက်သော အရဟတ္တဖိုလ်ပညာကို ယခုဘဝ၌ပင် ထူးသော ဉာဏ်ဖြင့် သိ၍ ကိုယ်တိုင် မျက်မှောက်ပြုလျက် ရောက်၍ နေတော်မူခြင်း။ (အံ၊၂၊၃၆၅။) (အံ၊မြန်၊၂။၄၅၈။)♦

ဘုရားရှင်၏ ဣဿရိယဘုန်းတော် ၈ ပါး

၁။ အဏုမြူသဖွယ် သေးငယ်သော အတ္တဘော ဖြစ်အောင် ပြုနိုင်စွမ်းရှိသော အဏိမာ တည်းဟူသော ဣဿရိယဘုန်းတော်၊
၂။ ကောင်းကင်၌ ခြေတော်ဖြင့် ကြွသွားခြင်း အစရှိသော အမှုကို ပြုနိုင်စွမ်းရှိသော လျင်မြန် ပေါ့ပါးသော လဃိမာ တည်းဟူသော ဣဿရိယဘုန်းတော်၊
၃။ ကိုယ်ကာယတော်ကို ကြီးမားစွာ ဖန်ဆင်း နိုင်စွမ်းရှိသော မဟိမာ တည်းဟူသော ဣဿရိယဘုန်းတော်၊
၄။ အလိုရှိအပ်သော အရပ် ဒေသသို့ အရောက်သွားနိုင်စွမ်းရှိသော ပတ္တိတည်းဟူသော ဣဿရိယ ဂုဏ်တော်၊
၅။ အဓိဋ္ဌာန် ပြုခြင်း အစရှိသည်အားဖြင့် အလိုရှိအပ်သော အကျိုးစီးပွားကို ပြီးမြောက်စေနိုင်စွမ်းရှိသော ပါကမ္မတည်းဟူသော ဣဿရိယဘုန်းတော်၊
၆။ မိမိအလိုတော်အတိုင်း ဖြစ်အောင် နိုင်နိုင် နင်းနင်း ပြုနိုင်စွမ်းရှိသော ဤသိတာတည်းဟူသော ဣဿရိယ ဘုန်းတော်၊
၇။ တန်ခိုးဖန်ဆင်း ရာ၌ လေ့လာခြင်းရှိသော ဝသိတာတည်းဟူသော ဣဿရိယဘုန်းတော်၊
၈။ ကောင်းကင် ခရီးဖြင့် ကြွသွားတော်မူသော ဘုရားရှင်၏လည်းကောင်း အခြားသော တစ်စုံတစ်ခုကို ပြုတော် မူသော ဘုရားရှင်၏လည်းကောင်း အမှတ်မထား တစ်ပါးပါးသော အမှု၌ ပြီးဆုံးခြင်းသို့ ရောက်အောင် ပြုနိုင်စွမ်းရှိသော ယတ္ထကာမာ ဝသာယိတာတည်းဟူသော ဣဿရိယ ဘုန်းတော်။ (သာရတ္ထ၊ ဋီ၊၁။၃၁၁။)♦

ဘုရားရှင်ကို စွပ်စွဲသူ ၂ မျိုး

၁။ အရှင်၌ ဒေါသကိန်း၍ ဒေါသသာ ဖျက်ဆီးအပ်သော သူ၊
၂။ မကောင်းသော ယူခြင်းဖြင့် ယူသော သဒ္ဓါလွန်ကဲသူ။(တစ်နည်း) ၁။မြတ်စွာဘုရား မဟောပြောအပ်သည်ကို မြတ်စွာဘုရား ဟောပြောအပ်သည်ဟု ပြသူ၊
၂။ မြတ်စွာဘုရား ဟောပြော အပ်သည်ကို မြတ်စွာဘုရား မဟောပြောအပ်ဟူ၍ ပြသူ။(တစ်နည်း)
ဆောင်၍ သိအပ်သော အနက်ရှိသော နေယျတ္ထသုတ်ကို တိုက်ရိုက်သိအပ်သော အနက်ရှိသော နီတတ္ထသုတ်ဟု ပြသူ၊
၂။ တိုက်ရိုက်သိအပ်သော အနက်ရှိသော နီတတ္ထသုတ်ကို ဆောင်၍ သိအပ်သော အနက်ရှိသော နေယျတ္ထသုတ်ဟု ပြသူ။ (အံ၊၁၊၆၁။) (အံ၊မြန်၊၁။၇၃။)♦

ဘုရားရှင်ကို တပည့်သာဝကတို့ ရိုသေလေးမြတ် ပူဇော်မှုပြုကြောင်း တရား ၅ မျိုး

၁။ ဘုရားရှင်သည် လွန်မြတ်သော သီလ ရှိခြင်း၊
၂။ အလွန် နှစ်လိုဖွယ်ကောင်းသော သဗ္ဗညုတ ဉာဏ် အမြင် ရှိခြင်း၊
၃။ လွန်မြတ်သော ဌာနုပ္ပတ္တိပညာ ရှိခြင်း၊
၄။ အရိယာသစ္စာ လေးပါး တရားမြတ်ကို မေးကြကုန်သော တပည့်သာဝကတို့၏စိတ်ကို ဘုရားရှင်သည် ထိုအရိယသစ္စာ တရားမြတ်တို့ကို ဖြေကြားတော်မူသောအားဖြင့် နှစ်သက်စေခြင်း၊
၅။ ဘုရားရှင်သည် တပည့်သာဝကတို့အား ဗောဓိပက္ခိယတရား သုံးဆယ့်ခုနစ်ပါး အစရှိသော အကျင့်တရား တို့ကို ဟောကြားတော်မူခြင်း။ (မ၊၂၊၂၀၁။) (မ၊မြန်၊၂။၂၁၃-၂၁၄။)♦

ဘုရားရှင်ကို ပေါဋ္ဌပါဒပရိဗိုဇ် မေးသော ပြဿနာ ၂ ရပ်

၁။ သညာ၏ ချုပ်ခြင်း၊
၂။ သညာ ချုပ်ရာမှ ထခြင်း။ (ဒီ၊ဋ္ဌ၊၁၊၃၀၀။) (ဒီ၊ဋ္ဌ၊မြန်၊၁။၅၈၃။)♦

ဘုရားရှင်ကို မစွပ်စွဲသူ ၂ မျိုး

၁။ ဆောင်၍ သိအပ်သော အနက်ရှိသော နေယျတ္ထသုတ်ကို ဆောင်သိအပ်သော အနက်ရှိသော နေယျတ္ထသုတ်ဟု ပြသူ၊
၂။ တိုက်ရိုက်သိအပ်သော အနက် ရှိသော နီတတ္ထသုတ်ကို တိုက်ရိုက် သိအပ်သော အနက်ရှိသော နီတတ္ထသုတ်ဟု ပြသော သူ။ (အံ၊၁၊၆၁။) (အံ၊မြန်၊၁။၇၃။)♦

ဘုရားရှင်တို့ ကျောင်းသို့ ဝင်တော်မူကြောင်း ၂ ပါး

၁။ ပုဂ္ဂိုလ်ကို ချီးမွမ်းတော်မူလိုခြင်း၊
၂။ တရားကို ချီးမွမ်းတော်မူလိုခြင်း။ (မ၊ဋ္ဌ၊၁၊၁၀၂။)♦

ဘုရားရှင်တို့ ကြောင့်ကြမဲ့ နေတော်မူရန် စိတ်ဖြစ်ပေါ်လာရကြောင်း ၃ ပါး

၁။ သမ္မာပဋိပတ် အကျင့် မြတ်၏ ဆန့်ကျင်ဘက်ဖြစ်သော ရာဂ ဒေါသ စသော ကိလေသာတို့၏ အားကြီးသည် ဖြစ်ခြင်း၊
၂။ တရားဒေသနာတော်သည် လွန်စွာ ခက်ခဲနက်နဲတော်မူခြင်း၊
၃။ တရားတော်တို့၌ ဘုရားရှင် တို့သည် လွန်လွန်ကဲကဲ ရိုသေတော်မူခြင်း။ (ဒီ၊ဋီ၊၂၊၆၁။)♦

ဘုရားရှင်တို့ စောင့်ရှောက်ဖွယ် မလိုသော တရား ၄ မျိုး

၁။ ဘုရားရှင်တို့သည် စင်ကြယ်သော ကိုယ်အကျင့် ရှိတော်မူသောကြောင့် ကာယဒုစရိုက်မှုကို စောင့်ရှောက်ဖွယ် မလိုခြင်း၊
၂။ စင်ကြယ်သော နှုတ်အကျင့် ရှိတော်မူသောကြောင့် ဝစီဒုစရိုက်မှုကို စောင့်ရှောက်ဖွယ် မလိုခြင်း၊
၃။ စင်ကြယ်သော စိတ်အကျင့် ရှိတော်မူသောကြောင့် မနောဒုစရိုက်မှုကို စောင့် ရှောက်ရန် မလိုခြင်း၊
၄။ စင်ကြယ်သော အသက်မွေးမှု ရှိတော်မူသောကြောင့် မိစ္ဆာဇီဝမှုကို စောင့်ရှောက်ရန် မလိုခြင်း။ (အံ၊၂၊၄၅၉။) (မ၊ဋ္ဌ၊၂၊၂၈၀။) (သံ၊ဋ္ဌ၊၁၊၂၅၄။) (အံ၊မြန်၊၂။၅၈၀။)♦

ဘုရားရှင်တို့ တစ်ပါးတည်း ကိန်းအောင်းတော်မူခြင်း အကျိုး ၂၈ မျိုး

၁။ မိမိကိုယ်ကို စောင့်ရှောက်ခြင်း၊
၂။ အသက်ကို တိုးပွားစေခြင်း၊
၃။ ကိုယ်အား ဉာဏ်အားကို ပေးခြင်း၊
၄။ အပြစ် ဒေါသကို ပိတ်ပင်ခြင်း၊
၅။ ကျော်စောမဲ့ကို ပယ်နိုင်ခြင်း၊
၆။ အကျော်အစောကို ဆောင်နိုင်ခြင်း၊
၇။ မမွေ့လျော်ခြင်းကို ပယ်ဖျောက်နိုင်ခြင်း၊
၈။ မွေ့လျော်ခြင်းကို ဆောင်ခြင်း၊
၉။ ကြောက်လန့် ခြင်းကို ပယ်နိုင်ခြင်း၊
၁၀။ ရဲရင့်ခြင်းကို ပြုခြင်း၊
၁၁။ ပျင်းရိခြင်းကို ပယ်နိုင်ခြင်း၊
၁၂။ လုံ့လကို ဖြစ်စေခြင်း၊
၁၃။ ရာဂကို ပယ်နိုင်ခြင်း၊
၁၄။ ဒေါသကို ပယ်နိုင်ခြင်း၊
၁၅။ မောဟကို ပယ်နိုင်ခြင်း၊
၁၆။ မာနကို ပယ်သတ်နိုင်ခြင်း၊
၁၇။ ဝိတက်ကို ချိုးဖျက်နိုင်ခြင်း၊
၁၈။ စိတ်ကို တည်ကြည်အောင် ပြုနိုင်ခြင်း၊
၁၉။ စိတ်ကို ပျော့ပျောင်းစေနိုင်ခြင်း၊
၂၀။ ကြည်လင်ရွှင်ပြခြင်းကို ဖြစ်စေနိုင်ခြင်း၊
၂၁။ လေးမြတ်သည်ကို ပြုနိုင်ခြင်း၊
၂၂။ လာဘ်ကို ဖြစ်စေနိုင်ခြင်း၊
၂၃။ ရှိခိုး ထိုက်သည်ကို ပြုနိုင်ခြင်း၊
၂၄။ နှစ်သက်ခြင်းသို့ ရောက်စေနိုင်ခြင်း၊
၂၅။ ဝမ်းမြောက်ခြင်းကို ပြုနိုင်ခြင်း၊
၂၆။ သင်္ခါရတရားတို့၏ သဘောကို ပြနိုင်ခြင်း၊
၂၇။ ပဋိသန္ဓေနေခြင်းကို ခွါဖြတ် နိုင်ခြင်း၊
၂၈။ အလုံးစုံသော ငြိမ်းအေးခြင်းကို ပေးနိုင်ခြင်း။ (မိလိန္ဒ၊၁၄၁။) (မိလိန္ဒ၊မြန်။ ၁၅၂။)♦

ဘုရားရှင်တို့ တစ်ပါးတည်း ကိန်းအောင်းရကြောင်း ၄ ပါး

၁။ နေထိုင်ရမှု ချမ်းသာခြင်း၊
၂။ အပြစ် မရှိသော ဂုဏ်ကျေးဇူး များခြင်း၊
၃။ အလုံးစုံသော ဘုရားရှင်တို့၏ ဓမ္မတာအစဉ် ဖြစ်ခြင်း၊
၄။ အလုံးစုံသော ဘုရားရှင်တို့ ချီးမွမ်းအပ်ခြင်း။ (မိလိန္ဒ၊၁၄၂။) (မိလိန္ဒ၊မြန်။၁၅၃။)♦

ဘုရားရှင်တို့ မစွန့်အပ်သော ဌာန ၄ မျိုး

၁။ ဗောဓိပလ္လင်ဌာန၊၂။ တရားဦး ဓမ္မစကြာဟောရာ မိဂဒါဝုန်တော၊၃။နတ်ပြည်မှ ဆင်းသက်တော်မူသော အခါ သင်္ကဿနဂိုရ်မြို့၏ တံခါး၌ ပဌမခြေရာ အမှတ်အသား၊၄။ ဇေတဝန်ကျောင်း ဂန္ဓကုဋိ၏ ညောင်စောင်းခြေလေးချောင်း ထိရာဌာန။ (ဒီ၊ဋ္ဌ၊၂၊၁၇။) (ဗုဒ္ဓဝံ၊ဋ္ဌ၊၁၅၈။) (ဒီ၊ဋ္ဌ၊မြန်၊၂။၃၁။)♦

ဘုရားရှင်တို့ မိမိဖန်ဆင်းအပ်သော ပစ္စည်းတို့ကို မမှီဝဲခြင်း အကြောင်း ၂ ပါး

၁။ မြတ်စွာဘုရားသည် မြတ်သောအလှူကို ခံတော်မူထိုက်၏ဟု နှလုံးသွင်း၍ ဘုရားရှင်အား ပစ္စည်းလေးပါးတို့ကို ပေးလှူကုန်သော နတ်လူတို့သည် အလုံးစုံသော ဒုဂ္ဂတိမှ လွတ်မြောက်လတ္တံ့သည်ကို သိမြင်တော်မူခြင်း၊
၂။ ဘုရားရှင်တို့သည် တန်ခိုးပြာဋိဟာကို ပြ၍ အသက်မွေးကုန်၏ဟု သူတစ်ပါးတို့ ကဲ့ရဲ့စွပ်စွဲမှုမှ ရှောင်ကြဉ်တော်မူလိုခြင်း။ (မိလိန္ဒ၊၂၁၉။) (မိလိန္ဒ၊မြန်။၂၃၄။)♦

ဘုရားရှင်တို့ မေးမြန်းတော်မူခြင်း အကြောင်း ၂ ပါး

၁။ တရား ဟောတော်မူလိုခြင်း၊
၂။ သိက္ခာပုဒ် ပညတ်တော်မူလိုခြင်။ (ဝိ၊ဋ္ဌ၊၁၊၁၄၈။)♦

ဘုရားရှင်တို့ လောကကို ကြည့်တော်မူရာကာလ ၂ ပါး

၁။ ဘုရားရှင်တို့သည် နံနက် မိုးသောက်ထ အခါ၌ လောကကို ကြည့်ကုန်သည်ရှိသော် စကြဝဠာအနာရေးမှ စ၍ ဂန္ဓကုဋီသို့ ရှေ့ရှု ဉာဏ်တော်ကို ပြု၍ ကြည့်တော်မူကုန်၏၊
၂။ ဘုရားရှင်တို့သည် ညအခါ၌ လောကကို ကြည့်ကုန် သည်ရှိသော် ဂန္ဓကုဋီမှ စ၍ စကြာဝဠာသို့ ရှေးရှု ဉာဏ်တော်ကို ပြု၍ ကြည့်တော် မူကုန်၏။ (ဓမ္မ၊ဋ္ဌ၊၁၊၂၀၃။)♦

ဘုရားရှင်တို့၏ ကွဲပြားမှု ၅ မျိုး

၁။ အာယုဝေမတ္တ- အသက်တော်အတိုင်းအရှည် ထူးခြား ကွဲပြားခြင်း၊
၂။ ပမာဏဝေမတ္တ- အရပ်အတိုင်းအရှည် ထူးခြားကွဲပြားခြင်း၊
၃။ ကုလဝေမတ္တ- အမျိုးတော်အတိုင်းအရှည် ထူးခြားကွဲပြားခြင်း၊
၄။ ပဓာနဝေမတ္တ- ကမ္မဋ္ဌာန်း အားထုတ်မှု အတိုင်းအရှည် ထူးခြားကွဲပြားခြင်း၊
၅။ ရသ္မိဝေမတ္တ- ရောင်ခြည်တော်အတိုင်းအရှည် ထူးခြားကွဲပြားခြင်း။ (ဒီ၊ဋ္ဌ၊၂၊၁၇။) (ဥဒါန၊ဋ္ဌ၊၁၃၅။) (ဗုဒ္ဓဝံ၊ဋ္ဌ၊၁၅၇။) (ဒီ၊ဋ္ဌ၊မြန်၊၂။၃၁။)♦

ဘုရားရှင်တို့၏ စကားတော် ၂ မျိုး

၁။ လူတို့ သမုတ်အပ်သော ပညတ်အားဖြင့် ဟောပြောသော စကားတော် (သမ္မုတိကထာ)၊
၂။ မဖောက်မပြန် မှန်ကန်တိကျသော အနက်သဘောအားဖြင့် ဟောပြောသော စကားတော် (ပရမတ္ထကထာ) ။ (ဒီ၊ဋ္ဌ၊၁၊၃၁၅။) (ဒီ၊ဋ္ဌ၊၂၊၇၂။) (ဒီ၊ဋ္ဌ၊မြန်၊၁။၆၁၂။) (ဒီ၊ဋ္ဌ၊မြန်၊၁။၆၁၂။)♦

ဘုရားရှင်တို့၏ မတူညီခြင်း ၈ မျိုး

၁။ အာယုဝေမတ္တ- အသက်အတိုင်းအရှည် မတူညီခြင်း၊
၂။ ပမာဏဝေမတ္တ- ကိုယ်တော်အရပ်အတိုင်းအရှည် မတူညီခြင်း၊
၃။ ကုလဝေမတ္တ- အမျိုး မတူညီခြင်း၊
၄။ ပဓာနဝေမတ္တ- ကမ္မဋ္ဌာန်းအားထုတ်မှု မတူညီခြင်း၊
၅။ ရသ္မိဝေမတ္တ- ရောင်ခြည်တော် မတူညီခြင်း၊
၆။ ယာနဝေမတ္တ- စီးတော်ယာဉ် မတူညီခြင်း၊
၇။ ဗောဓိဝေမတ္တ- ဗောဓိပင် မတူညီခြင်း၊
၈။ ပလ္လင်္ကဝေမတ္တ- ပလ္လင်တော် မတူညီခြင်း။ (သုတ္တနိ၊ဋ္ဌ၊၂၊၁၃၄။) (ဗုဒ္ဓဝံ၊ဋ္ဌ၊၃၄၈။)♦

ဘုရားရှင်တို့၏ သရီရဓာတ်တော်များ တည်ရှိရာ ဌာန ၅ ဌာန

၁။ ဇမ္ဗုဒိပ်ကျွန်းခေါ် မဇ္ဈိမ ဒေသ၊
၂။ သီဟိုဠ်ကျွန်း, မြန်မာပြည် အစရှိသော အခြားကျွန်းနိုင်ငံများ၊
၃။ တာဝတိံသာ နတ်ပြည်၊
၄။ နဂါးပြည်၊
၅။ ဗြဟ္မာ့ပြည်။ (ဒီ၊ဋီ၊၃၊၈၄။)♦

ဘုရားရှင်တို့၏ အားတော် ၂ မျိုး

၁။ ကာယဗလ- ပကတိဆင် အစီးပေါင်း ကုဋေတစ်ထောင်တို့၏ ခွန်အား, ပကတိယောကျ်ား ကုဋေတစ်သောင်းတို့၏ ခွန်အားရှိသော ကိုယ်အားတော်၊
၂။ ဉာဏ ဗလ- ဒသဗလဉာဏ် စတုဝေသာရဇ္ဇဉာဏ် စသော ဉာဏ်အားတော်။ (မ၊ဋ္ဌ၊၁၊၃၃၁။) (အံ၊ဋ္ဌ၊၃၊၂၉၃။) (အဘိ၊ဋ္ဌ၊၂၊၃၈၀။) (ပဋိသံ၊ဋ္ဌ၊၂၊၂၃၀။) (ဗုဒ္ဓဝံ၊ဋ္ဌ၊၆၀။) (သာရတ္ထ၊ဋီ၊၃၊၂၁၈။)♦

ဘုရားရှင်တို့၏ဝါဒ ချီးမွမ်းဖွယ်အကြောင်း ၁၀ မျိုး

၁။ အကယ်၍ သတ္တဝါတို့သည် ရှေးကံကြောင့် ချမ်းသာဆင်းရဲကို ခံစားကြရသော် ယခုဘဝ၌ အာသဝေါကင်းသော ချမ်းသာကို ခံစားရသော ဘုရားရှင်သည် မချွတ်ဧကန်ပင် ရှေးဘဝက ကောင်းမှုကံကို ပြုခဲ့သူ ဖြစ်၏ဟု ချီးမွမ်းထိုက်ခြင်း၊
၂။ အကယ်၍ သတ္တဝါတို့သည် တန်ခိုးရှင် ဖန်ဆင်းမှုကြောင့် ချမ်းသာဆင်းရဲကို ခံစားကြရသော် ယခုဘဝ၌ အာသဝေါကင်းသော ချမ်းသာကို ခံစားရသော ဘုရားရှင်သည် မချွတ်ဧကန်ပင် ကောင်းမြတ်သော တန်ခိုးရှင်က ဖန်ဆင်းထားသူ ဖြစ်၏ဟု ချီးမွမ်းထိုက်ခြင်း၊
၃။ အကယ်၍ သတ္တဝါတို့သည် အကြောင်းဆုံစည်းမှုကြောင့် ချမ်းသာ ဆင်းရဲကို ခံစားကြရသော် ယခုဘဝ၌ အာသဝေါကင်းသော ချမ်းသာကို ခံစားရသော ဘုရားရှင်သည် မချွတ်ဧကန်ပင် ကောင်းသော အကြောင်းဆုံစည်းမှုရှိသူ ဖြစ်၏ဟု ချီးမွမ်း ထိုက်ခြင်း၊
၄။ အကယ်၍ သတ္တဝါတို့သည် အမျိုးဇာတ်ထူးခြားမှုကြောင့် ချမ်းသာ ဆင်းရဲကို ခံစားကြရသော် ယခုဘဝ၌ အာသဝေါကင်းသော ချမ်းသာကို ခံစားရသော ဘုရား ရှင်သည် မချွတ်ဧကန်ပင် ကောင်းမြတ်သော အမျိုးဇာတ်ထူးသူ ဖြစ်၏ဟု ချီးမွမ်းထိုက်ခြင်း၊
၆။ သတ္တဝါတို့သည် ရှေးဘဝက ပြုခဲ့သောကံကြောင့် ချမ်းသာဆင်းရဲကို ခံစား ကြရသည် ဖြစ်စေ၊ မခံစားကြရသည်ဖြစ်စေ၊ ဘုရားရှင်ကား ချီးမွမ်းထိုက်သော ပုဂ္ဂိုလ်ဖြစ်၏၊
၇။ သတ္တဝါတို့သည် တန်ခိုးရှင်ဖန်ဆင်းမှုကြောင့် ချမ်းသာဆင်းရဲကို ခံစားကြ ရသည် ဖြစ်စေ၊ မခံစားကြရသည်ဖြစ်စေ၊ ဘုရားရှင်ကား ချီးမွမ်းထိုက်သော ပုဂ္ဂိုလ် ဖြစ်၏၊
၈။ သတ္တဝါတို့သည် အကြောင်းဆုံစည်းမှုကြောင့် ချမ်းသာဆင်းရဲကို ခံစားကြရသည်ဖြစ်စေ၊ မခံစားကြရသည်ဖြစ်စေ၊ ဘုရားရှင်သည် ချီးမွမ်းထိုက်သော ပုဂ္ဂိုလ် ဖြစ်၏၊
၉။ သတ္တဝါတို့သည် အမျိုးဇာတ် ထူးခြားမှုကြောင့် ချမ်းသာဆင်းရဲကို ခံစားကြရသည်ဖြစ်စေ၊ မခံစားကြရသည် ဖြစ်စေ၊ ဘုရားရှင်သည် ချီးမွမ်းထိုက်သော ပုဂ္ဂိုလ်ဖြစ်၏၊
၁၀။ သတ္တဝါတို့သည် မျက်မှောက် ဘဝ၌ လုံ့လပြုမှုကြောင့် ချမ်းသာဆင်းရဲကို ခံစားကြရ သည်ဖြစ်စေ၊ မခံစားကြရသည်ဖြစ်စေ၊ ဘုရားရှင်သည် ချီးမွမ်းထိုက်သော ပုဂ္ဂိုလ်ဖြစ်၏။ (မ၊၃၊၁၆။) (မ၊မြန်၊၃။၁၇-၁၈။)♦

ဘုရားရှင်တို့အား အန္တရာယ်မပြုနိုင်သော အရာ ၄ မျိုး

၁။ ဘုရားရှင်တို့အား ရည်မှန်း၍ ပို့ဆောင် အပ်ကုန်သော ပစ္စည်းလေးပါးတို့ကို တစ်စုံတစ်ယောက်သော သူသည် အန္တရာယ် မပြုနိုင်၊
၂။ ဘုရားရှင်တို့၏ အသက်ကို တစ်စုံတစ်ယောက်သော သူသည် အန္တရာယ် မပြုနိုင်၊
၃။ ဘုရားရှင် တို့၏ ယောကျ်ားမြတ်လက္ခဏာတော်ကြီး သုံးဆယ့်နှစ်ပါးနှင့် လက္ခဏာတော်ငယ် ရှစ်ဆယ် တို့ကို တစ်စုံတစ်ယောက်သော သူသည် အန္တရာယ် မပြုနိုင်၊
၄။ ဘုရားရှင်တို့၏ ရောင်ခြည်တို့ကို တစ်စုံတစ်ယောက်သော သူသည် အန္တရာယ် မပြုနိုင်။ (ဗုဒ္ဓဝံ၊ဋ္ဌ၊၃၅၂။)♦

ဘုရားရှင်ထံမှ ရှင်အာနန္ဒာ တောင်းယူသော (အခွင့်အရေး) ဆု ၈ မျိုး

၁။ တပည့်တော် လက်ခံ ထားသော ပင့်ဖိတ်ရာအိမ်သို့ ဘုရားရှင် ကြွတော်မူရန်၊
၂။ တိုင်းတစ်ပါးဇနပုဒ် တစ်ပါးမှ ဘုရား ဖူးရန် လာကုန်သော ပရိသတ်ကို ရောက်လာသော ခဏ၌ပင် ဘုရားရှင်ကို ဖူးမြင်ခွင့် ပြုရန်၊
၃။ တပည့်တော်အား ယုံမှားသံသယ ဖြစ်သော ခဏ၌ပင် ဘုရားရှင်ထံ ချဉ်းကပ်ခွင့် ပြုရန်၊
၄။ မိမိ မျက်ကွယ်၌ ဟောကြားခဲ့သော တရားကို မိမိအား ပြန်လည် ဟောကြားပေးရန်၊
၅။ ဘုရားရှင်ရရှိသော မွန်မြတ်သော သင်္ကန်းကို မိမိအား မပေးရန်၊
၆။ ဘုရားရှင်သည် မိမိရရှိသော မွန်မြတ်သော ဆွမ်းကို မိမိအား မပေးရန်၊
၇။ ဘုရားရှင်နှင့် တစ်ခုတည်းသော ဂန္ဓကုဋီ၌ နေခွင့်ကို မပေးရန်၊
၈။ ပင့်ဖိတ်အိမ်သို့ မိမိကို ခေါ်မသွားရန်။ (ထေရ၊ဋ္ဌ၊၂၊၄၁၅။) (ထေရ၊ဋ္ဌ၊၂၊၄၁၅။) (ဇာ၊ဋ္ဌ၊၄၊၉၆။) (သာရတ္ထ၊ဋီ၊၁၊၄၃၀။) (သာရတ္ထ၊ဋီ၊၁၊၄၃၀။)♦

ဘုရားရှင်ထံမှ ရှင်အာနန္ဒာ တောင်းယူသော အခွင့်အရေး ၄ မျိုး

၁။ တပည့်တော် လက်ခံ ထားသော ပင့်ဖိတ်ရာအိမ်သို့ ဘုရားရှင် ကြွတော်မူရန်၊
၂။ တိုင်းတစ်ပါး ဇနပုဒ်တစ်ပါးမှ ဘုရားဖူးရန် လာကုန်သော ပရိသတ်ကို ရောက်လာသော ခဏ၌ပင် ဘုရားရှင်ကို ဖူးမြင်ခွင့် ပြုရန်၊
၃။ တပည့်တော်အား ယုံမှားသံသယ ဖြစ်သော ခဏ၌ပင် ဘုရားရှင်ကို ချဉ်းကပ်ခွင့် ရရန်၊
၄။ တပည့်တော်၏ မျက်ကွယ်၌ ဟောကြားခဲ့သော တရားကို ကြွလာ၍ တပည့်အား ဟောကြားပေးရန်။ (ထေရ၊ဋ္ဌ၊၂၊၄၁၅။) (သာရတ္ထ၊ဋီ၊၁၊၄၃၀။)♦

ဘုရားရှင်ထံမှ ရှင်အာနန္ဒာ ပယ်မြစ်သော အခွင့်အရေး ၄ မျိုး

၁။ ဘုရားရှင်သည် မိမိ ရရှိအပ်သော မွန်မြတ်သော သင်္ကန်းကို တပည့်တော်အား မပေးရန်၊
၂။ ဘုရားရှင်သည် မိမိရရှိအပ်သော မွန်မြတ်သော ဆွမ်းကို တပည့်တော်အား မပေးရန်၊
၃။ ဘုရားရှင်နှင့် တစ်ခုတည်းသော ဂန္ဓကုဋီ၌ နေခွင့်ကို တပည့်တော်အား မပေးရန်၊
၄။ ပင့်ဖိတ်အိမ်သို့ တပည့်တော်ကို ခေါ်၍ မသွားရန်။ (ထေရ၊ဋ္ဌ၊၂၊၄၁၅။) (သာရတ္ထ၊ဋီ၊၁၊၄၃၀။)♦

ဘုရားရှင်နှင့် တပည့်သာဝကတို့ကို ရည်စူး၍ သူ့အသက်သတ်သူ၏ မကောင်းမှု ဖြစ်ကြောင်း ၅ မျိုး

၁။ ‘‘သွားကြလော့၊ ဤမည်သော သတ္တဝါကို ဆောင်ခဲ့ကြလော့’’ဟု ပြောဆို ခိုင်းစေမှုကြောင့် မကောင်းမှု များစွာ ဖြစ်ပွားခြင်း၊
၂။ လည်၌ ကြိုးချည် ရစ်ပတ်ဆွဲငင် ခံရသော သတ္တဝါသည် ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်းကို ခံစားရသောကြောင့် မကောင်းမှု များစွာ ဖြစ်ပွားခြင်း၊
၃။ ‘‘သွားကြလော့၊ ဤသတ္တဝါကို သတ်ကြလော့’’ဟု ပြောဆိုမှုကြောင့် မကောင်းမှု များစွာ ဖြစ်ပွားခြင်း၊
၄။ ထိုသတ္တဝါသည် အသတ်ခံရသော် ကိုယ်စိတ်ဆင်းရဲ ခြင်းကို ခံစားရသောကြောင့် မကောင်းမှု များစွာ ဖြစ်ပွားခြင်း၊
၅။ သားသတ်သူသည် ဘုရားရှင်ကို သော်လည်းကောင်း ဘုရားရှင်၏ တပည့်သာဝကကိုသော်လည်းကောင်း မအပ်သော အသားဖြင့် ကဲ့ရဲ့ထိပါး ပုတ်ခတ် စကားပြောဆိုလာသောကြောင့် မကောင်းမှု များစွာ ဖြစ်ပွားခြင်း။ (မ၊၂၊၃၄။) (မ၊မြန်၊၂။၃၉။)♦

ဘုရားရှင်လက်ထက် စည်းဝေးရာ ကာလ ၂ ပါး

၁။ ဝါဆို ဝါကပ်ခါနီး၌ စည်းဝေးခြင်း၊
၂။ ပဝါရဏာ ပြုရာ ကာလ၌ စည်းဝေးခြင်း။ (ဒီ၊ဋ္ဌ၊၃၊၂၃၇။)♦

ဘုရားရှင်ဟော အမျိုးဇာတ် ၆ မျိုး

၁။ မည်းညစ်သော ဇာတ်ရှိသည်ဖြစ်၍ မည်းညစ်သော သဘောကို ဖြစ်စေသော အမျိုး- (ဒွန်းစဏ္ဍာမျိုး တံငါမျိုး မုဆိုးမျိုးစသည်၌ ဖြစ်၍ သေလွန်သောအခါ ငရဲကျသူ)၊
၂။ မည်းညစ်သော ဇာတ်ရှိသည်ဖြစ်၍ ဖြူစင်သော သဘောကို ဖြစ်စေသော အကျိုး- (ဒွန်းစဏ္ဍာမျိုးစသည်၌ ဖြစ်သော်လည်း ကိုယ်နှုတ်စိတ်တို့ကို ကောင်းစွာ ကျင့်သောကြောင့် သေလွန်သောအခါ နတ်ပြည်သို့ ရောက်သူ)၊
၃။ မည်းညစ်သော ဇာတ်ရှိသူ ဖြစ်ပါလျက် မည်းညစ်သည်လည်း မဟုတ် ဖြူစင်သည်လည်း မဟုတ်သော အမျိုး (ဒွန်းစဏ္ဍားမျိုးစသည်၌ ဖြစ်သော်လည်း ရဟန်းဘောင်သို့ ဝင်၍ သတိပဋ္ဌာန်လေးပါး စသည် ပွားများသော သူ)၊
၄။ ဖြူစင်သော အမျိုးဇာတ်ရှိသူ ဖြစ်ပါလျက် မည်းညစ်သော သဘောကို ဖြစ်စေသော အမျိုး(ချမ်းသာကြွယ်ဝသော အမျိုး၌ ဖြစ်သော်လည်း ကိုယ်နှုတ် စိတ်ဖြင့် မကောင်းသော အကျင့်ကို ကျင့်သောကြောင့် သေလွန်သောအခါ ငရဲကျသူ)၊
၅။ ဖြူသော အမျိုးဇာတ်ရှိသူ ဖြစ်၍ ဖြူသောသဘောကို ဖြစ်စေသောအမျိုး (ချမ်းသာ ကြွယ်ဝသော မင်းမျိုး ပုဏ္ဏား သူကြွယ်မျိုး စသည်၌ ဖြစ်၍ ကိုယ်နှုတ်စိတ်တို့ကို ကောင်းစွာ ကျင့်သောကြောင့် နတ်ပြည်၌ ဖြစ်သူ)၊
၆။ ဖြူသော အမျိုးဇာတ်ရှိသူ ဖြစ်ပါလျက် မည်းသည်လည်း မဟုတ် ဖြူသည်လည်း မဟုတ်သော အမျိုး(ချမ်းသာကြွယ်ဝသော အမျိုး၌ ဖြစ်၍ ရဟန်းဘောင်သို့ ဝင်ပြီး သတိပဋ္ဌာန်လေးပါး စသည် ပွားများသော သူ)။ (အံ၊၂၊၃၃၈။) (အံ၊မြန်၊၂။၄၂၈။)♦

ဘုရားရှင်အား အထူး မစောင့်စည်းရသော တရား ၃ ပါး

၁။ စင်ကြယ်ပြီးသော ကိုယ်အကျင့် (ကာယ သုစရိုက်)၊
၂။ စင်ကြယ်ပြီးသော နှုတ်အကျင့် (ဝစီသုစရိုက်)၊
၃။ စင်ကြယ်ပြီးသော စိတ်အကျင့် (မနောသုစရိုက်)။ (ဒီ၊၃၊၁၈၂။) (ဒီ၊မြန်၊၃။၂၀၂။)♦

ဘုရားရှင်အားလုံး တူညီသော အကြောင်းအရာ ၃ မျိုး

၁။ ပါရမီဖြည့်သူ အဖြစ်၊
၂။ ဘုရားရှင် တို့၏ ဂုဏ်တော်၊
၃။ ကျွတ်ထိုက်သော ဝေနေယျ သတ္တဝါ။ (ဒီ၊ဋီ၊၃၊၈၀။)♦

ဘုရားလောင်းတို့၏ ဓမ္မတာ (မြဲခြင်း) ၅ မျိုး

၁။ ဘုရားလောင်းတို့၏ အမိအဖတို့သည် မြဲခြင်း၊
၂။ သဗ္ဗညုတဉာဏ်တော်သည် မြဲခြင်း၊
၃။ အဂ္ဂသာဝကတို့သည် မြဲခြင်း၊
၄။ သားတော်သည် မြဲခြင်း၊
၅။ အလုပ်အကျွေးသည် မြဲခြင်း။ (မိလိန္ဒ၊၁၉၂။) (မိလိန္ဒ၊မြန်။၂၀၆။)♦

ဘုရားသာသနာ၌ ဝေါဟာရစေတနာကို ဖြတ်တောက်ခြင်းငှာ ဖြစ်ကုန်သော တရား ၈ မျိုး

၁။ သူ့အသက် မသတ်ခြင်းကို အကြောင်းပြု၍ သူ့အသက်သတ်ခြင်းကို ပယ်ထိုက်ခြင်း၊
၂။ အရှင် ပေးအပ်သည်ကိုသာ ယူခြင်းကို အကြောင်းပြု၍ အရှင်မပေးအပ်သည်ကို ယူခြင်းကို ပယ်ထိုက်ခြင်း၊
၃။ အမှန်ပြောဆိုခြင်းကို အကြောင်းပြု၍ မဟုတ်မမှန် ပြောဆိုခြင်းကို ပယ်ထိုက်ခြင်း၊
၄။ ချောပစ်ကုန်းတိုက်စကား မပြောဆိုခြင်းကို အကြောင်းပြု၍ ချောပစ် ကုန်းတိုက် စကားကို ပယ်ထိုက်ခြင်း၊
၅။ မတပ်မက်ခြင်းဟူသော အလောဘကို အကြောင်း ပြု၍ တပ်မက်ခြင်း ဟူသော လောဘကို ပယ်ထိုက်ခြင်း၊
၆။ မကဲ့ရဲ့ မထိပါးခြင်းကို အကြောင်း ပြု၍ ကဲ့ရဲ့ထိပါးခြင်းကို ပယ်ထိုက်ခြင်း၊
၇။ ပြင်းစွာ အမျက်မထွက်ခြင်းကို အကြောင်းပြု၍ ပြင်းစွာ အမျက်ထွက်ခြင်းကို ပယ်ထိုက်ခြင်း၊
၈။ အလွန် မာန်မမူခြင်းကို အကြောင်းပြု၍ အလွန် မာန်မူခြင်းကို ပယ်ထိုက်ခြင်း။ (မ၊၂၊၂၃။) (မ၊မြန်၊၂။၂၆။)♦

ဘုရားသာသနာတော်၌ ရဟန်းပြုသော အချို့ပုဂ္ဂိုလ်၌ တွေ့ဆုံနိုင်သော ဘေး ၄ မျိုး

၁။ အမျက် ထွက်ခြင်း ကိုယ်စိတ်ခံပြင်းခြင်း တည်းဟူသော လှိုင်းတံပိုးဘေး၊
၂။ မိမိ ဝမ်းပြည့်ရေးကိုသာ ကြည့်သူအဖြစ် တည်းဟူသော မိကျောင်းဘေး၊
၃။ ကာမဂုဏ်ငါးပါး တည်းဟူသော ရေဝဲဘေး၊
၄။ အမျိုးသမီး မာတုဂါမ တည်းဟူသော ကြမ်းသော ငါးဘေး။ (မ၊၂၊၁၂၃။) (မ၊မြန်၊၂။၁၃၃။)♦

ဘုရားအလောင်း ငုံးငှက်၏ ခန္ဓာကိုယ် ဝဖြိုးခြင်းအကြောင်း ၄ မျိုး

၁။ အစာအာဟာရ စားသောက်ခြင်း၌ အလိုတဏှာ နည်းခြင်း၊
၂။ အစာအာဟာရ ရှာဖွေရာ၌ ကြိုတင်စဉ်းစားမှု မရှိခြင်း၊
၃။ ‘‘ထိုမည်သော အရပ်၌ ချိုမြိန်ကောင်းမွန်သော အစာကို ရအံ့’’ဟု ကြံ၍ မနီးမဝေးသော အရပ်သို့ သွားခြင်း၊
၄။ အစာကောင်းသည် ဖြစ်စေ, မကောင်းသည်ဖြစ်စေ ရရှိသော အစာဖြင့် ရောင့်ရဲကျေနပ်ခြင်း။ (ဇာ၊ဋ္ဌ၊၃၊၂၉၅။)♦

ဘုရားအလောင်း မွေးဖွားပြီးခါစမှာ စကားပြောသော ဘဝ ၃ မျိုး

၁။ ဥမ္မင်္ဂဇာတ်တော်လာ မဟောသဓ ပဏ္ဍိတ ဘဝ၊
၂။ ဝေဿန္တရဇာတ်တော်လာ ဝေဿန္တရာမင်းဘဝ၊
၃။ နောက်ဆုံး ဘုရားဖြစ်မည့် သိဒ္ဓတ္ထမင်းသားဘဝ။ (အပ၊ဋ္ဌ၊၁၊၆၅။) (စရိယာ၊ဋ္ဌ၊၈၀။) (ဇာ၊ဋ္ဌ၊၁၊၆၃။) (ဇာ၊ဋ္ဌ၊၇၊၂၄၈။)♦

ဘုရားအလောင်း လူ့ဘဝဖြင့် နတ်ပြည်သို့ ရောက်သော ဘဝ ၄ မျိုး

၁။ မန္ဓတ်မင်း ဘဝ၊
၂။ သာဓိနမင်း ဘဝ၊
၃။ ဂုတ္တိလစောင်းတီးသမား ဘဝ၊
၄။ နိမိမင်းကြီး ဘဝ။ (မ၊ဋ္ဌ၊၃၊၂၂၀။)♦

ဘုရားအလောင်း အင်္ဂါ ၈ ပါး

ဘုရားဆုပန်ပုဂ္ဂိုလ်များ ပြည့်စုံရမည့် အင်္ဂါ ၈ ပါးနှင့် တူသည်။ ♦

ဘုရားအလောင်း၏ လှူဖွယ်ဝတ္ထု ၂ မျိုး

၁။ ကိုယ်တွင်း လှူဖွယ်ဝတ္ထု၊
၂။ ကိုယ်လှူဖွယ်ဝတ္ထု။ (သီ၊ဋီ၊သစ်၊၁၊၂၇၃။)♦

ဘုရားအလောင်းတို့ ပြည့်စုံရမည့် အင်္ဂါ ၈ ပါး

၁။ လူ့အဖြစ်ကို ရရှိသူ ဖြစ်ခြင်း၊
၂။ ပုရိသလိင်နှင့် ပြည့်စုံရခြင်း (ယောကျ်ား စင်စစ်ဖြစ်ရခြင်း)၊
၃။ အရဟတ္တဖိုလ်ကို ရနိုင်ခြင်းဟူသော အကြောင်း ရှိခြင်း၊
၄။ သက်တော်ထင်ရှားရှိသော မြတ်စွာဘုရားကို ဖူးတွေ့ရခြင်း၊
၅။ ရသေ့, ရဟန်း ဖြစ်ရခြင်း၊
၆။ သမာပတ် ရှစ်ပါးနှင့် ဈာန်အဘိညာဉ် ရရှိထားခြင်း ဟူသော ဂုဏ်နှင့် ပြည့်စုံရခြင်း၊ ၇။(အသက်ကို စွန့်၍) ဘုရားအဖြစ် ဆုတောင်းခြင်း၊
၈။ ဘုရားဖြစ်ရန် လွန်ကဲသော အလိုဆန္ဒ ရှိခြင်း။ (အပ၊၂၊၃၁၁။) (ဗုဒ္ဓဝံ၊မြန်။၃၀၅။)♦

ဘုရားအလောင်းတို့ မတူညီသော (ထူးသော) အခြင်းအရာ ၄ ပါး

၁။ အမျိုးဇာတ်၏ ထူးခြားသော အခြင်းအရာအားဖြင့် ဖြစ်ခြင်း၊
၂။ ကမ္မဋ္ဌာန်းအကျင့်၏ ထူးခြားသော အခြင်းအရာအားဖြင့် ဖြစ်ခြင်း၊ ၃။အသက်တော်၏ ထူးခြားသော အခြင်းအရာအားဖြင့် ဖြစ်ခြင်း၊
၄။ အရပ်တော် ပမာဏ၏ ထူးခြားသော အခြင်းအရာအားဖြင့် ဖြစ်ခြင်း။ (မိလိန္ဒ၊၂၇၆။) (မိလိန္ဒ၊မြန်။၂၉၅။)♦

ဘုရားအလောင်းတို့ မဖြစ်နိုင်သော ဘဝဌာန ၁၈ မျိုး

၁။ န ဇစ္စန္ဓော ဟောတိ န ဇစ္စဗဓိရော- ပဋိသန္ဓေ အားဖြင့် ကန်းသူ နားပင်းသူ မဖြစ်ခြင်း၊
၂။ န ဥမ္မတ္တကော- အရူးမဖြစ်ခြင်း၊
၃။ န ဧဠမုခေါ န ပီဌသပ္ပီ- ခံတွင်းမှ သွားရည်ယိုသူ ဆွံ့အသူ မဖြစ်ခြင်း၊
၄။ န မိလက္ခေသု ဥပ္ပဇ္ဇတိ- လူရိုင်းတို့၌ မဖြစ်ခြင်း၊
၅။ န ဒါသိယာ ကုစ္ဆိမှိ နိဗ္ဗတ္တတိ- ကျွန်မဝမ်း၌ ပဋိသန္ဓေ မနေခြင်း၊
၆။ န နိယတမိစ္ဆာဒိဋ္ဌိကော ဟောတိ- နိယတမိစ္ဆာအယူရှိသူ မဖြစ်ခြင်း၊
၇။ နာဿ လိင်္ဂံ ပရိဝတ္တတိ- လိင်ပြောင်းလဲမှု မဖြစ်ခြင်း၊
၈။ န ပဉ္စာနန္တရိယ ကမ္မာနိ ကရောတိ- ပဉ္စာနန္တရိယ ကံကို မလွန်ကျူးခြင်း၊
၉။ န ကုဋ္ဌီ ဟောတိ- နူနာစွဲကပ်သူ မဖြစ်ခြင်း၊
၁၀။ န တိရစ္ဆာနယောနိယံ ဝဋ္ဋတော ပစ္ဆိမတ္တဘာဝေါ ဟတ္ထိတော အဓိကတ္တဘာဝေါ, ဟောတိ- တိရစ္ဆာန် မျိုး၌ ဖြစ်သော် ငုံးအောက် ငယ်သော သတ္တဝါ, ဆင်ထက်ကြီးသော သတ္တဝါ မဖြစ်ခြင်း၊
၁၁။ န ခုပ္ပိပါသိက နိဇ္ဈာမတဏှိက ပေတေသု ဥပ္ပဇ္ဇတိ- ခုပ္ပိပါသိကနိဇ္ဈာမ တဏှိကပြိတ္တာဘုံ ဘဝတို့၌ မဖြစ်ခြင်း၊
၁၂။ န ကာလကဉ္စိကာသုရေသု- ကာလကဉ္စိကအသုရာတို့၌ မဖြစ်ခြင်း၊
၁၃။ န အဝီစိ နိရယေ- အဝီစိငရဲ၌ မဖြစ်ခြင်း၊
၁၄။ န လောကန္တရိကေသု- လောကန္တရိက် ငရဲတို့၌ မဖြစ်ခြင်း၊
၁၅။ ကာမာဝစရေသု ပန န မာရော ဟောတိ- ကာမာဝစရနတ်ပြည်တို့၌ မာရ်နတ် မဖြစ်ခြင်း၊
၁၆။ ရူပါဝစရေသု န အသညီဘဝေ, န သုဒ္ဓါဝါသေသု ဥပ္ပဇ္ဇတိ- ရူပဗြဟ္မာ့ပြည် တို့တွင် အသညသတ်ဘုံ, သုဒ္ဓါဝါသဘုံတို့၌ မဖြစ်ခြင်း၊
၁၇။ န အရူပဘဝေသု- အရူပဘုံတို့၌ မဖြစ်ခြင်း၊
၁၈။ န အညံ စက္ကဝါဠံ သင်္ကမတိ- အခြားသော စကြာဝဠာ၌ ပြောင်း၍ မဖြစ်ခြင်း။ (အပ၊ဋ္ဌ၊၁၊၁၅၇။) (သုတ္တနိ၊ဋ္ဌ၊၁၊၄၅။)♦

ဘုရားအလောင်းတို့၏ ဂုဏ်ကျေးဇူး ၁၀ ပါး

၁။ တပ်မက်မှု မရှိခြင်း၊
၂။ ကပ်ငြိမှု မရှိခြင်း၊
၃။ ပေးကမ်းနိုင်ခြင်း၊
၄။ စွန့်လွှတ်နိုင်ခြင်း၊
၅။ နောက်သို့ ပြန်မဆုတ်ခြင်း၊
၆။ သိမ်မွေ့ နူးညံ့ခြင်း၊
၇။ ကြီးကျယ်မြင့်မြတ်ခြင်း၊
၈။ သိနိုင်ခဲခြင်း၊
၉။ ရနိုင်ခဲခြင်း၊
၁၀။ ဘုရား ဖြစ်ကြောင်း ဗုဒ္ဓဓမ္မ၏ အတုမရှိခြင်း။ (မိလိန္ဒ၊၂၆၈။) (မိလိန္ဒ၊မြန်။၂၈၇။)♦

ဘုရားအလောင်းတို့၏ ဓမ္မတာ ၁၆ ပါး

၁။ တုသိတာနတ်ပြည်မှ စုတေ၍ သတိသမ္ပဇဉ်နှင့် ယှဉ်လျက် အမိဝမ်းသို့ သက်ဝင်ခြင်း၊
၂။ ထိုသို့ သက်ဝင်သောအခါ တစ်သောင်းသော လောကဓာတ်လည်း ပြင်းစွာ တုန်လှုပ်လျက် နတ်အာနုဘော်ကို ကျော်လွန်၍ အတိုင်းအရှည် မရှိသော မြတ်သော အလင်းရောင် ဖြစ်ပေါ်လာခြင်း၊
၃။ နတ်မင်းကြီး လေးယောက်တို့သည် ဘုရားအလောင်းကို စောင့်ရှောက်ကြခြင်း၊
၄။ ဘုရားအလောင်း၏ မယ်တော်သည် ငါးပါး သီလ လုံခြုံခြင်း၊
၅။ ဘုရားအလောင်း၏ မယ်တော်သည် ယောကျ်ားတို့အပေါ်၌ ကာမဂုဏ်စိတ် မဖြစ်ပေါ်ခြင်း၊ ဘုရားအလောင်းမယ်တော်အား မည်သည့်ယောကျ်ားမျှ တပ်မက်စိတ်ဖြင့် မလွန်ကျူးအပ်ခြင်း၊
၆။ ကာမဂုဏ်ငါးပါးတို့ကို အလိုရှိတိုင်း ရ၍ ထိုကာမဂုဏ်ငါးပါးတို့ဖြင့် ပြည့်စုံစွာ တင့်တယ်စမ္ပာယ်လျက် နေခြင်း၊
၇။ အနာရောဂါ ကင်း၍ ကိုယ်ကျန်းမာ စိတ်ချမ်းသာလျက် ဝမ်းဗိုက်အတွင်း၌ တည်သော အင်္ဂါကြီးငယ်နှင့် ပြည့်စုံသော ဘုရားအလောင်းကို တွေ့မြင်နိုင်ခြင်း၊
၈။ ဘုရားအလောင်းကို ဖွားမြင် ပြီးနောက် ခုနစ်ရက်မြောက်သောအခါ ကွယ်လွန်၍ တုသိတာနတ်ပြည်သို့ ကပ်ရောက်ရခြင်း၊
၉။ မယ်တော်သည် ဆယ်လတိတိ ဘုရားအလောင်းကိုယ်ဝန်ကို ဆောင်၍ ဖွားမြင် ရခြင်း၊
၁၀။ မယ်တော်သည် ရပ်လျက်သာလျှင် ဘုရားအလောင်းကို ဖွားမြင်ခြင်း၊
၁၁။ ဘုရား အလောင်းကို ဖွားမြင်သောအခါ ရှေးဦးစွာ နတ်တို့က ခံယူ၍ နောက်မှ လူတို့က ခံယူကြ ရခြင်း၊
၁၂။ ဘုရားအလောင်းကို ဖွားမြင်သောအခါ မြေသို့ မရောက်မီ နတ်မင်းကြီးလေးပါး တို့က ခံယူကြပြီးလျှင် မယ်တော်၏ ရှေ့၌ ထားကြခြင်း၊
၁၃။ သလိပ် သွေးစသည်ဖြင့် မလိမ်းကျံဘဲ သန့်ရှင်းစင်ကြယ်စွာဖြင့် ဖွားမြင်ခြင်း၊
၁၄။ ကောင်းကင်မှ ရေပူရေအေး တည်းဟူသော ရေအလျဉ်နှစ်ခု ဖြစ်ပေါ်လာခြင်း၊
၁၅။ ဖွားမြင်ပြီးစ ဖြစ်သော ဘုရား အလောင်းသည် မြောက်ဘက်အရပ်သို့ မျက်နှာမူလျက် ခြေခုနစ်လှမ်း ကြွလှမ်းပြီးလျှင် ငါသည် လောကအားလုံးထက် အမြတ်ဆုံး, ဖြစ်၏၊ ဤပဋိသန္ဓေနေမှုသည် နောက်ဆုံး ဖြစ်၏၊ နောက်ထပ် ဘဝသစ်ဖြစ်ရန် မရှိဟု ရဲရင့်သော စကားကို ပြောဆိုခြင်း၊
၁၆။ ဘုရား အလောင်း ဖွားမြင်တော်မူသော အခါ၌ တစ်သောင်းသော လောကဓာတ်သည် ပြင်းစွာ တုန်လှုပ်လျက် နတ်ဗြဟ္မာတို့၏ အာနုဘော်ကို ကျော်လွန်၍ အတိုင်းအရှည် မရှိသော မြတ်သော အလင်းရောင် ဖြစ်ပေါ်လာခြင်း။ (ဒီ၊၂၊၁၀။) (ဒီ၊မြန်၊၂။၁၀။)♦

ဘုရားအလောင်းတို့၏ အဇ္ဈာသယ ၁၀ ပါး

၁။ ဒါနဇ္ဈာသယ- ပေးလှူခြင်း၌ ဖြစ်သော အလို၊
၂။ သီလဇ္ဈာသယ- သီလဆောက်တည်ခြင်း၌ ဖြစ်သော အလို၊
၃။ နေက္ခမ္မဇ္ဈာသယ-ထွက်မြောက်ခြင်း နေက္ခမ္မ၌ ဖြစ်သောအလို၊
၄။ ပညာအဇ္ဈာသယ- ပညာရှာခြင်း၌ ဖြစ်သော အလို၊
၅။ ဝီရိယဇ္ဈာသယ- အားထုတ်ခြင်း၌ ဖြစ်သော အလို၊
၆။ ခန္တီအဇ္ဈာသယ-သည်းခံ ခြင်း၌ ဖြစ်သော အလို၊
၇။ သစ္စာအဇ္ဈာသယ- သစ္စာ၌ ဖြစ်သောအလို၊
၈။ အဓိဋ္ဌာနဇ္ဈာသယ- စိတ်ကို ခိုင်မြဲစွာ ထားခြင်း၌ ဖြစ်သော အလို၊
၉။ မေတ္တာအဇ္ဈာသယ- အကျိုးစီးပွားကို အလိုရှိခြင်းသဘော၌ ဖြစ်သော အလို၊
၁၀။ ဥပေက္ခာအဇ္ဈာသယ- အသင့်အားဖြင့် အညီအမျှ ရှုခြင်း၌ ဖြစ်သော အလို။ (ဒီ၊ဋီ၊၁၊၇၃။)♦

ဘုရားအလောင်းတို့၏ အဇ္ဈာသယ ၆ မျိုး

၁။ နေက္ခမ္မဇ္ဈာသယ- ဘုရားအလောင်းတို့သည် ကာမဂုဏ်တို့၌ လည်းကောင်း အိမ်ရာတည်ထောင် လူ့ဘောင်၌လည်းကောင်း အပြစ်မြင်လေ့ ရှိပြီး တောထွက်လိုခြင်း၊
၂။ ပဝိဝေကဇ္ဈာသယ- အပေါင်းအဖော်၌ မွေ့လျော်ခြင်းကို အပြစ် မြင်လေ့ရှိပြီး ဆိတ်ငြိမ်ရာအရပ်၌ နေထိုင်လိုခြင်း၊
၃။ အလောဘဇ္ဈာသယ- တပ်မက်မှု လောဘ၌ အပြစ်မြင်လေ့ရှိပြီး အလောဘစိတ်ဖြင့် နေထိုင်လိုခြင်း၊
၄။ အဒေါသဇ္ဈာသယ- အမျက်ထွက်ခြင်း ဒေါသ၌ အပြစ်မြင်လေ့ရှိပြီး အဒေါသ မေတ္တာစိတ်ဖြင့် နေထိုင်လိုခြင်း၊
၅။ အမောဟဇ္ဈာသယ- တွေဝေခြင်းမောဟ၌ အပြစ်မြင်လေ့ရှိပြီး ပညာ အမောဟစိတ်ဖြင့် နေထိုင်လိုခြင်း၊
၆။ နိဿရဏဇ္ဈာသယ- အလုံးစုံသော ဘဝတို့၌ ကျင်လည်ရခြင်းကို အပြစ်မြင်လျက် ဘဝအားလုံးတို့မှ လွတ်မြောက်လိုခြင်း။ (စရိယာ၊ဋ္ဌ၊၂၈၂။)♦

ဘုရားအလောင်းများ ပွားများခဲ့ပြီးသော တရား ၅ မျိုး

၁။ အလိုဆန္ဒလျှင် အကြီးအမှူးရှိသော ဣဒ္ဓိပါဒ်ကို ပွားများခဲ့ပြီး ဖြစ်ခြင်း၊
၂။ အားထုတ်မှု ဝီရိယလျှင် အကြီးအမှူးရှိသော ဣဒ္ဓိ ပါဒ်ကို ပွားများခဲ့ပြီး ဖြစ်ခြင်း၊
၃။ စိတ်လျှင် အကြီးအမှူးရှိသော ဣဒ္ဓိပါဒ်ကို ပွားများခဲ့ပြီး ဖြစ်ခြင်း၊
၄။ ပညာလျှင် အကြီးအမှူးရှိသော ဣဒ္ဓိပါဒ်ကို ပွားများခဲ့ပြီး ဖြစ်ခြင်း၊
၅။ လွန်ကဲသော လုံ့လကိုသာလျှင် ပွားများခဲ့ပြီး ဖြစ်ခြင်း။ (အံ၊၂၊၇၂။) (အံ၊မြန်၊၂။၈၈။)♦

ဘုရားအလောင်းများ၏ အံ့ဖွယ်တရား ၄ ပါး

၁။ သတ္တဝါအပေါင်းအား မိမိ၏ သားသမီး အရင်းကဲ့သို့ ချစ်ခင်သော စိတ်ဖြင့် သိမ်းဆည်းခြင်း၊
၂။ ထိုသတ္တဝါတို့အပေါ်၌ သံကိလေသာ၏ အစွမ်းဖြင့် စိတ်ညစ်နွမ်းမှု မရှိခြင်း၊
၃။ သတ္တဝါတို့၏ စီးပွားချမ်းသာကို ဆောင်တတ်သော လုံ့လပယောဂကို အားထုတ်ခြင်း၊
၄။ မိမိအတွက် ဘုရားအဖြစ်ကို ပြုတတ်သော ပါရမီဆယ်ပါး အကျင့်တရားတို့ကို တစ်ဆင့်ထက်တစ်ဆင့် ရင့်ကျက်အောင် ပြုလုပ်ခြင်း။ (စရိယာ၊ဋ္ဌ၊၂၈၁။) (သီ၊ဋီ၊သစ်၊၁၊၂၅၈။)♦

ဘုရားအလောင်းလက္ခဏာကို ဖတ်သော ပုဏ္ဏား ၈ ယောက်

၁။ ရာမပုဏ္ဏား၊
၂။ ဓဇပုဏ္ဏား၊
၃။ လက္ခဏပုဏ္ဏား၊
၄။ မန္တီပုဏ္ဏား၊
၅။ ကောဏ္ဍညပုဏ္ဏား၊
၆။ ဘောဇပုဏ္ဏား၊
၇။ သုယာမ ပုဏ္ဏား၊
၈။ သုဒတ္တပုဏ္ဏား။ (ဇာ၊ဋ္ဌ၊၁၊၆၆။)♦

ဘုံလျို မွေ့ရာ ၅ မျိုး

၁။ ဥဏ္ဏဘိသိ- သားမွှေးကို အဆာသွတ်၍ ပြုလုပ်အပ်သော ဘုံလျို၊
၂။ စောဠဘိသိ- အဝတ်စ ပုဆိုးစတို့ကို အဆာသွတ်၍ ပြုလုပ်အပ်သော ဘုံလျို၊
၃။ ဝါကဘိသိ- လျှော်မျှင်, လျှော်ချည်ကို အဆာသွတ်၍ ပြုလုပ်အပ်သော ဘုံလျို၊
၄။ တိဏဘိသိ- မြက်တို့ကို အဆာသွတ်၍ ပြုလုပ်အပ်သော ဘုံလျို၊
၅။ ပဏ္ဏဘိသိ- သစ်ရွက်တို့ကို အဆာသွတ်၍ ပြုလုပ် အပ်သော ဘုံလျို။ (ဝိ၊၂၊၅၉။) (ဝိ၊၄၊၂၉၆။) (ဝိ၊ဋ္ဌ၊၄၊၆၀။) (ဝိ၊မြန်၊၂။၆၆။) (ဝိ၊မြန်၊၄။၃၀၁။)♦

ဘုံလျို မွေ့ရာ ၅ မျိုး (တစ်နည်း)

၁။ မဉ္စဘိသိ- ညောင်စောင်း၌ ခင်းအပ်သော ဘုံလျို၊
၂။ ပီဌ ဘိသိ- အင်းပျဉ်၌ ခင်းအပ်သော ဘုံလျို၊
၃။ ဘူမတ္ထရဏဘိသိ- မြေ၌ ခင်းအပ်သော ဘုံလျို၊
၄။ စင်္ကမနဘိသိ- စင်္ကြံလမ်း၌ ခင်းအပ်သော ဘုံလျို၊
၅။ ပါဒပုစ္ဆနဘိသိ- ခြေသုတ်ရာ၌ ခင်းအပ်သော ဘုံလျို။ (ဝိ၊ဋ္ဌ၊၄၊၆၁။)♦

ဘုံလျိုမွေ့ရာ လှူရကျိုး ၆ ပါး

၁။ ညီညွတ်ပြေပြစ်သော ခန္ဓာကိုယ်ရှိသူ ဖြစ်ခြင်း၊
၂။ လူအများ တို့၏ မြတ်နိုးပူဇော်မှုကို ခံရခြင်း၊
၃။ သိမ်မွေ့နူးညံ့သူ ဖြစ်ခြင်း၊
၄။ ရှုချင်ဖွယ် တင့်တယ်လှပ ချောမောသူ ဖြစ်ခြင်း၊
၅။ အခြံအရံနှင့် တကွဖြစ်သော အသိဉာဏ်ပညာကို ရရှိခြင်း၊
၆။ လဲသွတ်အခင်း, ခြင်္သေ့ရုပ် ကျားရုပ် စသည်တို့ဖြင့် အထူးပြုလုပ်အပ်သော အခင်း သစ်နက်ရေ အခင်း စသော အခင်း အမျိုးမျိုးတို့ကို ရရှိခြင်း။ (အပ၊၁၊၃၆၇။) (အပ၊မြန်၊၁။၃၇၆။)♦

ဘုံလေးပါး၌ ဖြစ်သော ဣန္ဒြေ ၈ ပါး

၁။ မနိန္ဒြေ၊ ဇီဝိတိန္ဒြေ၊ ဥပေက္ခိန္ဒြေ၊ သဒ္ဓိန္ဒြေ၊ ဝီရိယိန္ဒြေ၊ သတိန္ဒြေ၊ သမာဓိန္ဒြေ၊ ပညိန္ဒြေ ပေါင်း (၈) ပါး။ (ဝိသုဒ္ဓိ၊၂၊၁၂၄။)♦

ဘုံအားဖြင့် ဝိပါက် ၄ မျိုး

၁။ ကာမာဝစရဝိပါက်၊
၂။ ရူပါဝစရဝိပါက်၊
၃။ အရူပါဝစရဝိပါက်၊
၄။ လောကုတ္တရာဝိပါက်။ (ဝိသုဒ္ဓိ၊၂၊၈၄။)♦

ဘူတဂါမသိက္ခာပုဒ်၌ အင်္ဂါ ၃ မျိုး

၁။ ကြီးပွားပြီး, ကြီးပွားဆဲ သစ်ပင်အပေါင်း ဖြစ်ခြင်း၊
၂။ ကြီးပွားပြီး, ကြီးပွားဆဲ သစ်ပင်အပေါင်းဟု အမှတ်ရှိခြင်း၊
၃။ ကိုယ်တိုင် ဖျက်ဆီးခြင်း, သူတစ်ပါးကို ဖျက်ဆီးစေခြင်း။ (သာရတ္ထ၊ဋီ၊၃၊၂၃။) (ဝိမတိ၊၂၊၁၂။)♦

ဘူတရုပ် ၄ ပါး

၁။ ပထဝီဓာတု- မြေ ပထဝီဓာတ်, ပထဝီရုပ်, ကြမ်းတမ်းခက်မာသော သဘော၊
၂။ အာပေါဓာတု- ရုပ်ကလာပ်တို့ကို ဖရိုဖရဲ မရှိစေရအောင် ပေါင်းစပ်ဖွဲ့စည်းခြင်း သဘော, ရိပျော် စီးယို စွတ်စိုခြင်း အရည်အစေးသဘော, ယင်းသဘောကိုပင် အာပေါဓာတ်ဟု ဆိုရသည်၊
၃။ ဝါယောဓာတု- ဝါယောဓာတ်, လေဓာတ်, ထောက်ကန်လှုပ်ရှားတတ်သော သဘော၊
၄။ တေဇောဓာတု- တေဇော ဓာတ်, ထက်မြက် ရင့်ကျက် လောင်မြိုက်စေတတ်သော သဘော (ပူမှု, အေးမှုသဘော) ။ (ဝိသုဒ္ဓိ၊၂၊၇၃။)♦

ဘူတာရောစနသိက္ခာပုဒ်၌ အင်္ဂါ ၄ မျိုး

၁။ ဈာန်မဂ်ဖိုလ် တရား၏ ထင်ရှားရှိသူ ဖြစ်ခြင်း၊
၂။ ရဟန်း မဟုတ်သော လူ သာမဏေအား ပြောကြားခြင်း၊
၃။ ထိုပြောသော ခဏ၌ပင် သိခြင်း၊
၄။ တစ်ပါးသော သူကို မညွှန်းခြင်း။ (သာရတ္ထ၊ဋီ၊၃၊၁၃။) (ဝိမတိ၊၂၊၉။)♦

ဘူမိဘေဒအားဖြင့် ကြိယာစိတ် ၃ မျိုး

၁။ ကာမာဝစရကြိယာစိတ်၊
၂။ ရူပါဝစရကြိယာစိတ်၊
၃။ အရူပါဝစရကြိယာစိတ်။ (ဝိသုဒ္ဓိ၊၂၊၈၆။)♦

ဘူမိဘေဒအားဖြင့် ကုသိုလ် ၄ မျိုး

၁။ ကာမာဝစရကုသိုလ်၊
၂။ ရူပါဝစရကုသိုလ်၊
၃။ အရူပါဝစရ ကုသိုလ်၊
၄။ လောကုတ္တရာကုသိုလ်။ (ဝိသုဒ္ဓိ၊၂၊၈၃။)♦

ဘေး ၂ မျိုး

၁။ မျက်မှောက်ဖြစ်သော ဘေး- ဒိဋ္ဌဓမ္မိကဘယ၊
၂။ တမလွန်ဖြစ်သော ဘေး- သမ္ပရာယိကဘယ။ (မဟာနိ၊၃၁၅။)♦

ဘေး ၃ မျိုး

၁။ ရုပ်ဇီဝိတ နာမ်ဇီဝိတတို့၏ သေခြင်းသို့ ကပ်ရောက်ရခြင်း၊
၂။ အသက်တမ်း၏ အလွန်နည်းပါးခြင်း၊
၃။ အိုခြင်းတရား ကပ်ရောက်နှိပ်စက်မှု ခံရသူအား ကိုးကွယ် အားထားရာ မရှိခြင်း။ (သံ၊ဋ္ဌ၊၁၊၂၁။)♦

ဘေး ၃ မျိုး (တစ်နည်း)

၁။ နံနက် စသော အချိန်ကာလတို့ကို ကျော်လွန်သွားရခြင်း၊
၂။ နေ့ည တို့ကို ကျော်လွန်နေရခြင်း၊
၃။ အသက်အရွယ်နှင့် ဂုဏ်သိက္ခာတို့ကို စွန့်ပစ်သွားရခြင်း။ (သံ၊ဋ္ဌ၊၁၊၂၂။)♦

ဘေး ၃ မျိုး (တစ်နည်း)

၁။ ဆာလောင် မွတ်သိပ်ခြင်းဘေး၊
၂။ ရောဂါဘေး၊
၃။ လက်နက်ဘေး။ (ဇာ၊ဋ္ဌ၊၂၊၁၁၃။)♦

ဘေး ၄ မျိုး

၁။ ဇာတိဘေး- ပဋိသန္ဓေတည်နေခြင်းကို စွဲ၍ ဖြစ်သော ဘေး၊
၂။ ဇရာဘေး- အိုခြင်းကို စွဲ၍ ဖြစ်သော ဘေး၊
၃။ ဗျာဓိဘေး- နာခြင်းကို စွဲ၍ ဖြစ်သော ဘေး၊
၄။ မရဏဘေး- သေခြင်းကို စွဲ၍ ဖြစ်သော ဘေး၊ (တစ်နည်း)
မီးဘေး၊
၂။ ရေဘေး၊
၃။ မင်းဘေး၊
၄။ ခိုးသူ ဘေး။ (အံ၊၁၊၄၃၆။) (အဘိ၊ဝိ၊၃၈၁။) (အဘိ၊ဝိ၊၃၉၀။) (အံ၊မြန်၊၁။၄၄၉။) (အဘိ၊ဝိ၊မြန်၊၂။၄၇၈။) (အဘိ၊ဝိ၊မြန်၊၂။၄၉၄။)♦

ဘေး ၄ မျိုး (တစ်နည်း)

၁။ ကိလေသာ တည်းဟူသော ဘေး၊
၂။ ဝဋ်ဆင်းရဲ တည်းဟူသော ဘေး၊
၃။ ဒုဂ္ဂတိဘဝ တည်းဟူသော ဘေး၊
၄။ သူတစ်ပါးတို့သည် ကဲ့ရဲ့စွပ်စွဲခြင်းတည်း ဟူသော ဘေး။ (မ၊ဋ္ဌ၊၂၊၂၈၃။)♦

ဘေး ၄ မျိုး (တစ်နည်း)

၁။ မီးဘေး၊
၂။ ရေဘေး၊
၃။ မင်းဘေး၊
၄။ သူခိုးဘေး။ (အံ၊၁၊၄၃၆။) (အံ၊မြန်၊၁။၄၄၉။)♦

ဘေး ၄ မျိုး (တစ်နည်း)

၁။ ဦမိဘယ- လှိုင်းတံပိုးဘေး၊
၂။ ကုမ္ဘီလဘယ- မိကျောင်းဘေး၊
၃။ အာဝဋ္ဋ ဘယ- ဝဲဘေး၊
၄။ သုသုကာဘယ- ငါးမန်းဘေး။ (အဘိ၊ဝိ၊၃၉၁။) (အဘိ၊ဝိ၊မြန်၊၂။၄၉၄။)♦

ဘေး ၄ မျိုး (တစ်နည်း)

၁။ အတ္တာနုဝါဒဘယ- မိမိကိုယ်ကို စွပ်စွဲသော ဘေး၊
၂။ ပရာနုဝါဒဘယ- သူတစ်ပါးတို့ စွပ်စွဲသော ဘေး၊
၃။ ဒဏ္ဍဘယ- အပြစ်ဒဏ်ဟူသော ဘေး၊
၄။ ဒုဂ္ဂတိဘယ- မကောင်းသော လားရာဂတိ ဟူသော ဒုဂ္ဂတိဘေး။ (အဘိ၊ဝိ၊၃၉၁။) (အဘိ၊ဝိ၊မြန်၊၂။၄၉၄။)♦

ဘေး ၅ မျိုး (ဗိုလ်လေးပါးနှင့် ပြည့်စုံသော အရိယာတပည့် ကျော်လွန်အပ်သော ဘေး ၅ မျိုး)

၁။ အာဇီဝကဘယ- အသက်မွေးမှု ဟူသော ဘေး၊
၂။ အသိလောကဘယ-အကျော်စောမဲ့ခြင်း ဟူသော ဘေး၊
၃။ ပရိသသာရဇ္ဇဘယ- ပရိသတ်ကို ကြောက်ရွံ့ခြင်းဘေး၊
၄။ မရဏဘယ-သေခြင်းဘေး၊
၅။ ဒုဂ္ဂတိဘယ- မကောင်းသော လားရာရှိသော ဒုဂ္ဂတိဘေး။ (အံ၊၃၊၁၇၄။) (အဘိ၊ဝိ၊၃၉၃။) (အံ၊မြန်၊၃။၁၇၆။) (အဘိ၊ဝိ၊မြန်၊၂။၄၉၇။)♦

ဘေဒကရဝတ္ထု ၁၈ ပါး

ကွဲပြားခြင်းကို ပြုတတ်သောဝတ္ထု ၁၈ ပါးနှင့် တူသည်။ ♦

ဘေးရန် ၂ မျိုး

၁။ ပါကဋပရိဿယ- ခြင်္သေ့, သစ်, ကျား, မြွေ စသော သတ္တဝါများနှင့် မျက်စိ ရောဂါ, ဦးခေါင်းရောဂါ, နုနာအိုင်းအမာ စသော အနာရောဂါဟု ဆိုအပ်သော ထင်ရှားသော ဘေးရန်၊
၂။ ပဋိစ္ဆန္နပရိဿယ- ဒုစရိုက်တရား ဆယ်ပါးနှင့် တကွ ရာဂ ဒေါသ စသော ကိလေသာ တရားများ, ကာမစ္ဆန္ဒ ဗျာပါဒ စသော နီဝရဏတရာများ မာယာ, သာဌေယျ စသော အလုံးစုံသော အကုသိုလ် အဘိသင်္ခါရတရားဟု ဆိုအပ်သော ဖုံးလွှမ်းထားသော ဘေးရန်။ (မဟာနိ၊၁၀။) (မဟာနိ၊၂၈၀။) (မဟာနိ၊၃၇၂။) (မဟာနိ၊၃၈၈။) (မဟာနိ၊၃၉၃။) (စူဠနိ၊၂၄၉။) (စူဠနိ၊၂၅၆။) (မဟာနိ၊ဋ္ဌ၊၄၁၀။)♦

ဘေးရန်ငြိမ်းကြောင်း တရား ၅ ပါး

၁။ သူ့အသက် သတ်ခြင်းမှ ရှောင်ကြဉ်သူအား မျက်မှောက် ဘဝ၌ ဖြစ်သော ဘေးရန်, တမလွန်ဘဝ၌ ဖြစ်သော ဘေးရန်, စိတ်၌ ဖြစ်သော ဆင်းရဲခြင်း, နှလုံးမသာယာခြင်းကိုလည်း ခံစားရခြင်းဟူသော ဘေးရန်မှ ငြိမ်းခြင်း၊
၂။ မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်သူအား မျက်မှောက်ဘဝ၌ ဖြစ်သော ဘေးရန်, တမလွန်ဘဝ၌ ဖြစ်သော ဘေးရန်, စိတ်၌ဖြစ်သော ဆင်းရဲခြင်း, နှလုံးမသာယာခြင်းကိုလည်း ခံစားရခြင်းဟူသော ဘေးရန်မှလည်း ငြိမ်းခြင်း၊
၃။ ကာမတို့၌ မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင်ကြဉ်သူအား မျက်မှောက်ဘဝ၌ဖြစ်သော ဘေးရန်, တမလွန်ဘဝ၌ဖြစ်သော ဘေးရန်, စိတ်၌ ဖြစ်သော ဆင်းရဲခြင်း, နှလုံးမသာယာခြင်းကိုလည်း ခံစားရခြင်းဟူသော ဘေးရန်မှလည်း ငြိမ်းခြင်း၊
၄။ မမှန်စကား ပြောဆိုခြင်းမှ ရှောင်ကြဉ်သူအား မျက်မှောက်ဘဝ၌ ဖြစ်သော ဘေးရန်, တမလွန်ဘဝ၌ဖြစ်သော ဘေးရန်, စိတ်၌ဖြစ်သော ဆင်းရဲခြင်း နှလုံးမသာယာခြင်း ကိုလည်း ခံစားရခြင်းဟူသော ဘေးရန်မှလည်း ငြိမ်းခြင်း၊
၅။ မေ့လျော့ကြောင်းဖြစ်သော သေရည် သေရက်ကို သောက်ခြင်းမှ ရှောင်ကြဉ်သူအား မျက်မှောက်ဘဝ၌ ဖြစ်သော ဘေးရန်, တမလွန်ဘဝ၌ ဖြစ်သော ဘေးရန်, စိတ်၌ ဖြစ်သော ဆင်းရဲခြင်း, နှလုံးမသာယာခြင်းကိုလည်း ခံစားရခြင်း ဟူသော ဘေးရန်မှလည်း ငြိမ်းခြင်း။ (သံ၊၃၊၃၃၉။) (သံ၊မြန်၊၃။၃၄၂။)♦

ဘေသဇ္ဇသိက္ခာပုဒ်၌ အင်္ဂါ ၃ မျိုး

၁။ ထောပတ် အစရှိသော ဆေးပစ္စည်းတို့ကို အကပ်ခံယူ အပ်ပြီးသည် ဖြစ်ခြင်း၊
၂။ မိမိကိုယ်ပိုင် ဆေးပစ္စည်း ဖြစ်ခြင်း၊
၃။ ခုနစ်ရက် အပိုင်းအခြားကို လွန်ခြင်း။ (သာရတ္ထ၊ဋီ၊၂၊၄၃၅။) (ဝိမတိ၊၁၊၃၅၅။)♦

ဘောဇဉ် ၅ မျိုး

၁။ ဩဒန- ထမင်း၊
၂။ ကုမ္မာသ- တစ်ဝက်ကျက်ပြုတ် မုယောဆန်ဖြင့် ပြုလုပ်အပ်သော စားဖွယ်၊
၃။ သတ္တု- မုန့်ဆုပ် မုန့်လုံး၊
၄။ မစ္ဆ- ငါး၊
၆။ မံသ- အသား။ (ဝိ၊၂၊၁၁၁၊၁၁၃၊၁၁၅၊၁၁၇။) (ဝိ၊၂၊၁၂၄။) (ဝိ၊၂၊၂၂၈။) (ဝိ၊၂၊၃၀၀၊၄၀၉။) (ဝိ၊၅၊၃၂၈။) (ဝိ၊ဋ္ဌ၊၃၊၈၉။) (ဝိ၊မြန်၊၂။၁၂၇၊၁၂၉၊၁၃၁၊၁၃၃၊၁၄၀၊၂၅၆။) (ဝိ၊မြန်၊၂။၁၂၇၊၁၂၉၊၁၃၁၊၁၃၃၊၁၄၀၊၂၅၆။) (ဝိ၊မြန်၊၂။ ၁၂၇၊ ၁၂၉၊၁၃၁၊၁၃၃၊၁၄၀၊၂၅၆။) (ဝိ၊မြန်၊၂။၃၄၀၊၄၆၃။) (ဝိ၊မြန်၊၅။၄၂၉။)♦

ဘောဇဉ်၌ ဖြစ်သော ပရိညာ ၃ ပါး

၁။ ယာဂု စသည်တို့တွင် အမှတ်မရှိသော ယာဂုအဖြစ် စသည်ကို ပိုင်းခြား၍ သိခြင်း ဉာတပရိညာ၊
၂။ အာဟာရ၌ ရွံရှာခြင်းအမှတ်သညာ၏ အစွမ်းဖြင့် ဘောဇဉ်ကို သိခြင်း တီရဏပရိညာ၊
၃။ ပြုအပ်သော အလုပ်အလွေး အစာ အာဟာရ၌ ဆန္ဒရာဂကို ပယ်ခြင်း, သိခြင်း ပဟာနပရိညာ။ (ဓမ္မ၊ဋ္ဌ၊၁၊၃၈၆။)♦

ဘောဇဉ်၌ အတိုင်းအရှည်ကို သိခြင်း ၂ မျိုး

၁။ ခံယူခြင်း၌ အတိုင်းအရှည်ကို သိရခြင်း၊
၂။ သုံးဆောင်ခြင်း၌ အတိုင်းအရှည်ကို သိရခြင်း။ (သံ၊ဋ္ဌ၊၃၊၆၇။)♦

ဘောဇဉ်၏ ဂုဏ်ကျေးဇူး ၅ ပါး

၁။ အလုံးစုံသော သတ္တဝါတို့၏ အသက်ကို ဆောင်ထား နိုင်ခြင်း၊
၂။ အလုံးစုံသော သတ္တဝါတို့၏ အားကို တိုးပွားစေခြင်း၊
၃။ အလုံးစုံသော သတ္တဝါတို့၏ အဆင်းကို ဖြစ်စေခြင်း၊
၄။ အလုံးစုံသော သတ္တဝါတို့၏ ပူပန်ခြင်းကို ငြိမ်းစေခြင်း၊
၅။ အလုံးစုံသော သတ္တဝါတို့၏ ငတ်မွတ်ခြင်း, အားနည်းခြင်းကို ပယ်ဖျောက်ခြင်း။ (မိလိန္ဒ၊၃၀၆။) (မိလိန္ဒ၊မြန်။၃၂၈။)♦

ဘောဇဉ်နှင့် ယောဂီတို့၏ အထောက်အပံ့ဖြစ်ခြင်း အင်္ဂါ ၃ ပါး

၁။ ဘောဇဉ်သည် အလုံးစုံသော သတ္တဝါတို့အား အထောက်အပံ့ဖြစ်ခြင်း၊ (ထို့အတူ ယောဂီပုဂ္ဂိုလ်သည် အလုံးစုံသော သတ္တဝါ တို့အား မဂ်၏ အထောက်အပံ့ ဖြစ်စေခြင်း)၊
၂။ ဘောဇဉ်သည် အလုံးစုံသော သတ္တဝါတို့၏ ခွန်အားကို တိုးပွားစေခြင်း၊ (ထို့အတူ ယောဂီပုဂ္ဂိုလ်သည် ကောင်းမှု၏ တိုးပွားမှုဖြင့် တိုးပွားစေခြင်း)၊
၃။ ဘောဇဉ်ကို အလုံးစုံသော သတ္တဝါတို့ တောင့်တအပ်ခြင်း၊ (ထို့အတူ ယောဂီ ပုဂ္ဂိုလ်သည် အလုံးစုံသော လူအပေါင်းတို့၏ တောင့်တအပ်သူ ဖြစ်ခြင်း)။ (မိလိန္ဒ၊၄၀၄။) (မိလိန္ဒ၊မြန်။၄၂၆။)♦

ဘောဇနေ မတ္တညူ ဖြစ်ကြောင်း အင်္ဂါ ၈ ပါး

၁။ ဤကိုယ်ကာယကို တည်စေခြင်းအကျိုးငှာ စားခြင်း၊
၂။ အသက်ဇီဝိတိန္ဒြေကို မျှစေခြင်းအကျိုးငှာ စားခြင်း၊
၃။ ကိုယ်ကို ညှဉ်းဆဲနှိပ်စက် တတ်သော ဆာလောင်ခြင်း, မွတ်သိပ်ခြင်းကို ငြိမ်းစေခြင်းငှာ စားခြင်း၊
၄။ သိက္ခာသုံးပါး သာသနာကို ချီးမြှောက်ခြင်းငှာ စားခြင်း၊
၅။ ဝေဒနာဟောင်း မဖြစ်စေရန်ဟု နှလုံးသွင်း၍ စားခြင်း၊
၆။ ဝေဒနာအသစ်ကိုလည်း မဖြစ်စေရဟု နှလုံးသွင်း၍ စားခြင်း၊
၇။ ငါ့အား မျှခြင်းသည်လည်း ဖြစ်အံ့ဟု နှလုံးသွင်း၍ စားခြင်း၊
၈။ တရားသဖြင့် ရှာယူ၍ ဆင်ခြင်၍ စားခြင်း။ (အဘိ၊ဋ္ဌ၊၁၊၄၃၂။)♦

မကြံစည်အပ်, မကြံစည်ထိုက်သော အကြောင်းအရာ ၄ မျိုး

၁။ ဘုရားရှင်တို့၏ ဘုရားအရာကို မကြံသင့် မကြံအပ်၊
၂။ ဈာန်ရသူ၏ ဈာန်အရာကို မကြံသင့် မကြံအပ်၊
၃။ ကံအကျိုးကို မကြံသင့် မကြံအပ်၊
၄။ လောကကို မကြံသင့် မကြံအပ်။ (အံ၊၁၊၃၉၂။) (သာရတ္ထ၊ဋီ၊၁၊၉၁။) (အံ၊မြန်၊၁။၄၀၆။)♦

မကြီးပွားခြင်း ၂ မျိုး

၁။ အကျိုး, အစီးအပွား ဆုတ်ယုတ်ခြင်း၊
၂။ အကျိုးမဲ့တွေ ဖြစ်ပေါ် လာခြင်း။ (ဒီ၊ဋီ၊၃၊၂၁၅။)♦

မကြီးပွားနိုင်သော ရဟန်း၏ အင်္ဂါ ၁၁ ပါး

၁။ မဟာဘုတ်ရုပ်, ဥပါဒါရုပ်တို့ကို ဟုတ်တိုင်းမှန်စွာ မသိခြင်း၊
၂။ ပညာရှိနှင့် လူမိုက်တို့၏ လက္ခဏာကို ဟုတ်တိုင်းမှန်စွာ မသိခြင်း၊
၃။ ဖြစ်ပေါ် လာသော ကာမဝိတက် စသည်ကို မစွန့်ပယ် မဖျောက်ဖျက်တတ်ခြင်း၊
၄။ စက္ခုန္ဒြေ အစ မနိန္ဒြေအဆုံးရှိသော ဣန္ဒြေခြောက်ပါးတို့ကို မစောင့်စည်းတတ်ခြင်း၊
၅။ ကြားနာသင်ယူ ပြီးတိုင်းသော တရားတို့ကို သူတစ်ပါးတို့အား အကျယ် မဟောတတ်ခြင်း၊
၆။ အကြားအမြင်များ ကုန်သော သုတ် ဝိနည်း အဘိဓမ္မာကို ဆောင်ကုန်သော ရဟန်းတို့ထံ ချဉ်းကပ်၍ ယုံမှားမှုကို မပယ်ဖျောက်တတ်ခြင်း, မမေးမြန်းတတ်ခြင်း၊
၇။ ဘုရားရှင် ဟောကြားအပ်သော သုတ် ဝိနည်း အဘိဓမ္မာတို့၏ ပါဠိအနက်ကို မသိ နားမလည်သဖြင့် ဝမ်းမြောက်နှစ်သက်မှုကို မရခြင်း၊
၈။ အင်္ဂါရှစ်ပါးရှိသော အဋ္ဌင်္ဂိကမဂ်ကို ဟုတ်တိုင်းမှန်စွာ မသိခြင်း၊
၉။ သတိပဋ္ဌာန် လေးပါးကို ဟုတ်တိုင်းမှန်စွာ မသိခြင်း၊
၁၀။ သဒ္ဓါတရားရှိကုန်သော ဒကာတို့၏ ပစ္စည်းလေးပါးတို့ကို အတိုင်းအရှည်မသိဘဲ ခံယူခြင်း၊
၁၁။ သံဃာ့မိဘ သံဃာ့ရှေ့ဆောင် သက်တော်ရှည် မထေရ်ကြီး တို့၌ ကာယကံမေတ္တာ ဝစီကံမေတ္တာ မနောကံမေတ္တာကို ရှေးရှု မတည်စေခြင်း။ (အံ၊၃၊၅၄၇။) (အံ၊မြန်၊၃။၅၃၄။)♦

မကြောက်တတ်သူ ၄ ဦး

၁။ ဆင်အာဇာနည်၊
၂။ မြင်းအာဇာနည်၊
၃။ နွားလားဥသဘအာဇာနည်၊
၄။ ရဟန္တာပုဂ္ဂိုလ်။ (ဓမ္မ၊ဋ္ဌ၊၂၊၃၁။)♦

မကောင်းမှု ဖုံးထားသူ လားရာဂတိ ၂ မျိုး

၁။ ငရဲဘုံ နိရယဂတိ၊
၂။ တိရစ္ဆာန်မျိုး တိရစ္ဆာနဂတိ။ (အံ၊၁၊၆၁။) (အံ၊မြန်၊၁။၇၄။)♦

မကောင်းမှု ဖုံးမထားသူ လားရာဂတိ ၂ မျိုး

၁။ နတ်ဘုံ ဒေဝဂတိ၊
၂။ လူ့ဘုံ မနုဿဂတိ။ (အံ၊၁၊၆၁။) (အံ၊မြန်၊၁။၇၄။)♦

မကောင်းမှုပြုကြောင်း ၄ ပါး

၁။ ချစ်ခြင်း- ဆန္ဒာဂတိသို့ လိုက်ခြင်း၊
၂။ မုန်းခြင်း- ဒေါသာဂတိသို့ လိုက်ခြင်း၊
၃။ မသိခြင်း- မောဟာဂတိသို့ လိုက်ခြင်း၊
၄။ ကြောက်ခြင်း- ဘယာဂတိသို့ လိုက်ခြင်း။ (ဒီ၊၃၊၁၄၇။) (ဒီ၊မြန်၊၃။၁၆၅-၁၆၆။)♦

မကောင်းသော စကား ၅ မျိုး

၁။ သဒ္ဓါတရားမရှိသော ပုဂ္ဂိုလ်အတွက် သဒ္ဓါတရားနှင့် စပ်သော စကားသည် မကောင်း၊
၂။ သီလမရှိသော ပုဂ္ဂိုလ်အတွက် သီလနှင့် စပ်သော စကားသည် မကောင်း၊
၃။ အကြားအမြင်နည်းသော သူအတွက် အကြားအမြင်များမှုနှင့် စပ်သော စကားသည် မကောင်း၊
၄။ နှမြောဝန်တိုသော သူအတွက် စွန့်ကြဲပေးကမ်းမှုနှင့် စပ်သော စကားသည် မကောင်း၊
၅။ ပညာမရှိသော သူအား ပညာနှင့် စပ်သော စကားသည် မကောင်း။ (အံ၊၂၊၁၅၉။) (အံ၊မြန်၊၂။၂၀၃။)♦

မကောင်းသော တရား ၁၀ ပါး

၁။ သူ့အသက် သတ်ခြင်း၊
၂။ သူ့ဥစ္စာ ခိုးခြင်၊
၃။ ကာမတို့၌ မှားယွင်းစွာ ကျင့်ခြင်း၊
၄။ မဟုတ်မမှန် ပြောဆိုခြင်း၊
၅။ ကုန်းချောခြင်း၊
၆။ ရုန့်ရင်း ကြမ်းတမ်း သော စကားကို ပြောဆိုခြင်း၊
၇။ ပြိန်ဖျင်းသော စကားကို ပြောဆိုခြင်း၊
၈။ သူတစ်ပါး ဥစ္စာကို ရှေးရှုကြံစည်ခြင်း၊
၉။ သတ္တဝါတို့အား ဖျက်ဆီးလိုခြင်း၊
၁၀။ မှားသော အမြင်ရှိခြင်း။ (အံ၊၃၊၄၈၂။) (အံ၊မြန်၊၃။၄၇၂-၄၇၈။)♦

မကောင်းသော အရာဝတ္ထု ၄ မျိုး

၁။ ကာမဂုဏ် ခံစားလေ့ရှိသော သူသည် ပျင်းရိလျှင် မကောင်း၊
၂။ ရဟန်းသာမဏေသည် ကိုယ်နှုတ်မစောင့်စည်းလျှင် မကောင်း၊
၃။ ရှင်ဘုရင်သည် မစူစမ်း မဆင်ခြင်ဘဲ ပြုလျှင် မကောင်း၊
၄။ ပညာရှိသူတော်ကောင်းသည် အမျက်ထွက်လျှင် မကောင်း။ (ဇာတက၊၁၊၁၀၉-၁၂၀။) (ဇာတက၊၁၊၃၃၆။)♦

မချစ်အပ်သော အရာ ၂ ပါး

၁။ အကျိုးစီးပွားမဲ့ကို လိုလားသော ရန်သူ စသည် (သတ္တာ)၊
၂။ နှစ်လိုဖွယ်မရှိသော အာရုံငါးပါး စသည် (သင်္ခါရာ)။ (မဟာနိ၊၃၉၂။)♦

မခေါ်ဆောင်အပ်သော နောက်လိုက်ရဟန်း၏ အင်္ဂါ ၅ ပါး

၁။ အလွန်ဝေးစွာလည်း လိုက်တတ်၍ အလွန် ဦးစွာမူလည်း လိုက်တတ်၏၊ ၂။(ဆရာ၏) ဆွမ်းပြည့် သပိတ်ကို လဲလှယ်၍လည်း မယူတတ်ခြင်း၊
၃။ အာပတ်၏ အနီး၌ ဆရာ စကားပြောဆိုသော် မတားမြစ်တတ်ခြင်း၊
၄။ ဆရာ စကားပြောဆိုသော် ကြားဝင် ပြောတတ်ခြင်း၊
၅။ ပညာမဲ့၍ မိုက်မဲပြီး ဆွံ့အခြင်း။ (အံ၊၂၊၁၂၀။) (အံ၊မြန်၊၂။၁၄၈။)♦

မဂ္ဂင် ၃ ပါး (ဝိပဿနာ၏ ရှေ့အဖို့၌ စင်ကြယ်သော မဂ္ဂင် ၃ ပါး)

၁။ မှန်ကန်စွာ ပြောဆိုခြင်း- သမ္မာဝါစာမဂ္ဂင်၊
၂။ မှန်ကန်စွာ ပြုလုပ်ခြင်း- သမ္မာကမ္မန္တမဂ္ဂင်၊
၃။ မှန်ကန်စွာ အသက် မွေးမြူခြင်း- သမ္မာအာဇီဝမဂ္ဂင်။ (မ၊ဋ္ဌ၊၄၊၂၄၈။)♦

မဂ္ဂင် ၅ ပါး (မဂ်၏ အဆောက်အဦကိစ္စကို ပြုစေတတ်သော မဂ္ဂင် ၅ ပါး)

၁။ မှန်ကန်စွာ သိမြင်ခြင်း- သမ္မာဒိဋ္ဌိမဂ္ဂင်၊
၂။ မှန်ကန်စွာ ကြံစည်ခြင်း- သမ္မာသင်္ကပ္ပမဂ္ဂင်၊
၃။ မှန်ကန်စွာ အားထုတ်ခြင်း- သမ္မာဝါယာမမဂ္ဂင်၊
၄။ မှန်ကန်စွာ အောက်မေ့ခြင်း- သမ္မာသတိမဂ္ဂင်၊
၅။ မှန်ကန်စွာ တည်ကြည်ခြင်း- သမ္မာသမာဓိမဂ္ဂင်။ (မ၊ဋ္ဌ၊၄၊၂၄၈။)♦

မဂ္ဂင် ၈ ပါး

၁။ မှန်ကန်သော အမြင်- သမ္မာဒိဋ္ဌိ၊
၂။ မှန်ကန်သော အကြံ- သမ္မာသင်္ကပ္ပ၊
၃။ မှန်ကန်သော စကား- သမ္မာဝါစာ၊
၄။ မှန်ကန်သော အလုပ်- သမ္မာကမ္မန္တ၊
၅။ မှန်ကန်သော အသက်မွေးမှု- သမ္မာအာဇီဝ၊
၆။ မှန်ကန်သော အားထုတ်မှု- သမ္မာဝါယာမ၊
၇။ မှန်ကန်သော အောက်မေ့မှု- သမ္မာသတိ၊
၈။ မှန်ကန်သော တည်ကြည်မှု- သမ္မာသမာဓိ။ (ဒီ၊၁၊၁၄၉။) (ဒီ၊၁၊၁၅၆။) (ဒီ၊၂၊၂၀၁။) (မ၊၁၊၁၉။) (သံ၊၂၊၅၀။) (သံ၊၃၊၁၀။) (အဘိ၊ဝိ၊၁၁၀။) (အဘိ၊ဝိ၊ ၂၄၄-၂၄၅။) (အဘိ၊ဝိ၊၂၅၀။) (ပဋိသံ၊၃၃၀။) (မဟာနိ၊၂၂၆။) (မဟာနိ၊၂၂၈။) (ဒီ၊မြန်၊၁။၁၇၇။) (ဒီ၊မြန်၊၁။၁၇၇။) (ဒီ၊မြန်၊၂။၂၂၆။) (မ၊မြန်၊၁။၂၀။) (သံ၊မြန်၊၂။၄၈။) (သံ၊မြန်၊၃။၁၁။) (အဘိ၊ဝိ၊မြန်၊၁။၃၈၀။) (အဘိ၊ဝိ၊မြန်၊၁။၃၈၀။) (အဘိ၊ဝိ၊မြန်၊၁။၃၈၀။) (ပဋိသံ၊မြန်။၃၉၁။)♦

မဂ္ဂဘာဝနာ ၃၇ ပါး

၁။ သတိပဋ္ဌာန် လေးပါး၊
၂။ သမ္မပ္ပဓာန် လေးပါး၊
၃။ ဣဒ္ဓိပါဒ် လေးပါး၊
၄။ ဣန္ဒြေ ငါးပါး၊
၅။ ဗိုလ် ငါးပါး၊
၆။ ဗောဇ္ဈင် ခုနစ်ပါး၊
၇။ မဂ္ဂင် ရှစ်ပါး၊ ပေါင်း ၃၇ ပါး။ (ဝိ၊၁၊၁၁၉။) (ဝိ၊မြန်၊၁။၁၂၂။)♦

မဂ္ဂသစ္စာ၌ ဉာဏ် ၃ ပါး

၁။ သစ္စဉာဏ်-ဆင်းရဲချုပ်ရာနိဗ္ဗာန်သို့ ရောက်ကြောင်း အကျင့်ဖြစ်သော မဂ္ဂသစ္စာကို ထိုးထွင်း၍ သိခြင်း၊
၂။ ကိစ္စဉာဏ်-ဆင်းရဲချုပ်ရာနိဗ္ဗာန်သို့ ရောက်ကြောင်း အကျင့် ဖြစ်သော မဂ္ဂသစ္စာကို ပွားများအပ်၏ဟု သိခြင်း၊
၃။ ကတဉာဏ်-မဂ္ဂသစ္စာကို ပွားများ ပြီးပြီဟု သိခြင်း။ (ဝိ၊၃၊၁၅။) (ဝိ၊မြန်၊၃။၁၇-၁၈။)♦

မဂ္ဂသစ္စာ၌ မဂ္ဂင် ၈ ပါး

၁။ သမ္မာဒိဋ္ဌိ- မှန်ကန်စွာ သိမြင်ခြင်း၊
၂။ သမ္မာသင်္ကပ္ပ- မှန်ကန်စွာ ကြံစည်ခြင်း၊
၃။ သမ္မာဝါစာ- မှန်ကန်စွာ ပြောဆိုခြင်း၊
၄။ သမ္မာကမ္မန္တ- မှန်ကန်စွာ ပြုလုပ်ခြင်း၊
၅။ သမ္မာအာဇီဝ- မှန်ကန်စွာ အသက်မွေးမြူခြင်း၊
၆။ သမ္မာဝါယာမ- မှန်ကန်စွာ အားထုတ်ခြင်း၊
၇။ သမ္မာသတိ- မှန်ကန်စွာ အောက်မေ့ခြင်း၊
၈။ သမ္မာသမာဓိ- မှန်ကန်စွာ တည်ကြည်ခြင်း။ (ဝိ၊၃၊၁၅။) (ဝိ၊မြန်၊၃။၁၆။)♦

မဂ် မကပ်ရောက်တတ်သော အဖို့အစု ၂ မျိုး

၁။ ကိလေသကာမနှင့် ယှဉ်သော ချမ်းသာကို အဖန်ဖန် အားထုတ်ခြင်း အဖို့အစု၊
၂။ ခန္ဓာကိုယ်၏ ပင်ပန်းကြောင်း အကျင့်ကို အဖန်ဖန် အားထုတ်ခြင်း အဖို့အစု။ (သာရတ္ထ၊ဋီ၊၃၊၁၆၉။)♦

မဂ်၏ သုညတ စသော အမည်ရပုံ ၅ မျိုး

၁။ မိမိ မဂ်၏ ကိစ္စရသအားဖြင့် လည်းကောင်း၊
၂။ ဆန့်ကျင်ဘက် သဘောအားဖြင့်လည်းကောင်း၊
၃။ မိမိ၏ဂုဏ်အားဖြင့်လည်းကောင်း၊
၄။ အာရုံအားဖြင့် လည်းကောင်း၊
၅။ လားရာအာရုံအားဖြင့် လည်းကောင်း သုညတစသော အမည်နာမကို ရ၏။ (ဝိမတိ၊၁၊၂၄၃။)♦

မဂ်၏ သုညတအပ္ပဏိဟိတ မည်ကြောင်း ၃ ပါး

၁။ မဂ်၏ ဖြစ်ပေါ်လာကြောင်း ဝိပဿနာ၊
၂။ မိမိဟူသော မဂ်၏ ဂုဏ်၊
၃။ နိဗ္ဗာန်အာရုံ။ (အဘိ၊ဋ္ဌ၊၁၊၂၆၆။)♦

မဂ်ကိစ္စ ၁၆ ချက်

၁။ ဒုက္ခသစ္စာ၌ ပိုင်းခြားခြင်း, ပယ်ခြင်း, မျက်မှောက်ပြုခြင်း ပွားများခြင်း ကိစ္စ လေးပါး၊
၂။ သမုဒယသစ္စာ၌လည်း ထို့အတူ လေးပါး၊
၃။ နိရောဓသစ္စာ၌လည်း ထို့အတူ လေးပါး၊
၄။ မဂ္ဂသစ္စာ၌လည်း ထို့အတူ လေးပါး ပေါင်း (၁၆) ပါး။ (ဝိ၊ဋ္ဌ၊၁၊၁၃၇။)♦

မဂ်တရား ရစေနိုင်ကြောင်း တရားနာပုံ ၅ မျိုး

၁။ တရားစကားကို မကဲ့ရဲ့ခြင်း၊
၂။ တရားဟော ပုဂ္ဂိုလ်ကို မကဲ့ရဲ့ခြင်း၊
၃။ မိမိကိုယ်ကို မကဲ့ရဲ့ခြင်း၊
၄။ ပျံ့လွင့်သော စိတ်မရှိဘဲ တည်ကြည်သော စိတ်ရှိ၍ တရားနာခြင်း၊
၅။ သင့်လျော်သော အကြောင်းအားဖြင့် နှလုံး သွင်းခြင်း။ (ဝဇိရ၊၄။)♦

မဂ်ပေါက် ၃ မျိုး

၁။ ဝစ္စမဂ် (ကျင်ကြီးစွန့်ရာအပေါက်)၊
၂။ ပဿာဝမဂ် (ကျင်ငယ်စွန့်ရာ အပေါက်)၊
၃။ မုခမဂ် (စားသောက်ရာ ပါးစပ်ပေါက်)။ (ဝိ၊၁၊၃၅။) (ဝိ၊မြန်၊၁။၃၈။)♦

မဂ်ပေါက် ၃၀

၁။ လူမိန်းမ, နတ်မိန်းမ, တိရစ္ဆာန်အမတို့၌ ဝစ္စမဂ်, ပဿာဝမဂ်, မုခမဂ် သုံးခုစီ အားဖြင့် ကိုးပေါက်။၊
၂။ လူဥဘတောဗျည်း, နတ်ဥဘတောဗျည်း တိရစ္ဆာန်ဥဘတောဗျည်း တို့၌လည်း ရှေ့နည်းတူ သုံးခုစီအားဖြင့် ကိုးပေါက်၊
၃။ လူပဏ္ဍုက်, နတ်ပဏ္ဍုက်, တိရစ္ဆာန် ပဏ္ဍုက်တို့၌ ဝစ္စမဂ် မုခမဂ် နှစ်ခုစီ အားဖြင့် ခြောက်ပေါက်၊
၄။ လူယောကျ်ား, နတ် ယောက်ျား, တိရစ္ဆာန် အထီးတို့၌ ဝစ္စမဂ်, မုခမဂ် နှစ်ခုစီအားဖြင့် ခြောက်ပေါက်= စုစုပေါင်း မဂ်ပေါက် သုံးဆယ် ဖြစ်၏။ (ဝိ၊ဋ္ဌ၊၁၊၂၂၅။)♦

မဂ်ဖိုလ်နှင့် ဖီလာဖြစ်သော စကား ၂၈ မျိုး

၁။ ရာဇကထာ- မင်းနှင့် စပ်သော စကား၊
၂။ စောရ ကထာ- ခိုးသူနှင့် စပ်သော စကား၊
၃။ မဟာမတ္တကထာ- အမတ်ကြီးများနှင့် စပ်သော စကား၊
၄။ သေနာကထာ- စစ်တပ်နှင့် စပ်သော စကား၊
၅။ ဘယကထာ-ကြောက်မက်ဖွယ် ဘေးနှင့် စပ်သော စကား၊
၆။ ယုဒ္ဓကထာ- စစ်တိုက်ခြင်းနှင့် စပ်သော စကား၊
၇။ အန္န ကထာ- အစားအစာနှင့် စပ်သော စကား၊
၈။ ပါနကထာ- အဖျော်, ယမကာ, စသော သောက်ဖွယ်ရာနှင့် စပ်သော စကား၊
၉။ ဝတ္ထကထာ- အဝတ်အထည်နှင့် စပ်သော စကား၊
၁၀။ သယနကထာ- နေရာနှင့် စပ်သော စကား၊
၁၁။ မာလာကထာ- ပန်းနှင့် စပ်သော စကား၊
၁၂။ ဂန္ဓကထာ- အမွှေးနံ့သာနှင့် စပ်သော စကား၊
၁၃။ ဉာတိကထာ- ဆွေမျိုးနှင့် စပ်သော စကား၊
၁၄။ ယာနကထာ- ယာဉ်နှင့် စပ်သော စကား၊
၁၅။ ဂါမကထာ- ရွာနှင့် စပ်သော စကား၊
၁၆။ နိဂမကထာ- နိဂုံးနှင့် စပ်သော စကား၊
၁၇။ နဂရကထာ- မြို့နှင့် စပ်သော စကား၊
၁၈။ ဇနပဒကထာ- ဇနပုဒ် (မြို့နယ်) နှင့် စပ်သော စကား၊
၁၉။ ဣတ္ထိကထာ- မိန်းမနှင့် စပ်သော စကား၊
၂၀။ ပုရိသကထာ- ယောကျ်ားနှင့် စပ်သော စကား၊
၂၁။ သူရကထာ- သူရဲကောင်းနှင့် စပ်သော စကား၊
၂၂။ ဝိသိခါကထာ- ခရီးဆုံနှင့် စပ်သော စကား၊
၂၃။ ကုမ္ဘဋ္ဌာနကထာ- ရေဆိပ်နှင့် စပ်သော စကား၊
၂၄။ ပုဗ္ဗပေတကထာ- သေလွန်သူနှင့် စပ်သော စကား၊
၂၅။ နာနတ္တကထာ-အထွေထွေနှင့် စပ်သော စကား၊
၂၆။ လောကက္ခာယိက ကထာ- လောကအကြောင်းနှင့် စပ်သော စကား၊
၂၇။ သမုဒ္ဒက္ခာယိကကထာ- သမုဒ္ဒရာ အကြောင်းနှင့် စပ်သော စကား၊
၂၈။ ဣတိဘဝါဘဝကထာ- ကြီးပွားခြင်း ဆုတ်ယုတ်ခြင်းနှင့် စပ်သော စကား။ (ဝိ၊၂၊၂၁၄။) (ဝိ၊မြန်၊၂။၂၃၉။)♦

မဂ်ဖိုလ်ရကြောင်း တရား ၅ ပါး

၁။ ယုံကြည်မှု သဒ္ဓါတရားရှိသူ ဖြစ်ခြင်း၊
၂။ ထက်သန်သော ဝီရိယရှိသူ ဖြစ်ခြင်း၊
၃။ ထင်သော သတိ ရှိသူ ဖြစ်ခြင်း၊
၄။ တည်ကြည်သော သမာဓိရှိသူ ဖြစ်ခြင်း၊
၅။ ပညာရှိသူ ဖြစ်ခြင်း။ (အံ၊၃၊၅၃၁။) (အံ၊၃၊၅၃၄။) (အံ၊မြန်၊၃။၅၁၈၊၅၂၂။) (အံ၊မြန်၊၃။၅၁၈၊၅၂၂။)♦

မဂ်ဖိုလ်ရကြောင်း တရား ၆ ပါး

၁။ ယုံကြည်မှု သဒ္ဓါတရားရှိသူ ဖြစ်ခြင်း၊
၂။ သီလရှိသူ ဖြစ်ခြင်း၊
၃။ ထက်သန်သော လုံ့လရှိသူ ဖြစ်ခြင်း၊
၄။ ထင်သော သတိရှိသူ ဖြစ်ခြင်း၊
၅။ တည်ကြည်သော သမာဓိရှိသူ ဖြစ်ခြင်း၊
၆။ ပညာရှိသူ ဖြစ်ခြင်း။ (အံ၊၃၊၅၃၆။) (အံ၊မြန်၊၃။၅၂၄။)♦

မဂ်မရကြောင်း တရား ၆ ပါး

၁။ ပဉ္စာနန္တရိယကံနှင့် ပြည့်စုံခြင်း၊
၂။ နိယတမိစ္ဆာဒိဋ္ဌိကိလေသာနှင့် ပြည့်စုံခြင်း၊
၃။ ဒွိဟိတ် အဟိတ် ပဋိသန္ဓေဝိပါက်နှင့် ပြည့်စုံခြင်း၊
၄။ ယုံကြည်မှု သဒ္ဓါ မရှိခြင်း၊
၅။ ပြုလိုမှု ဆန္ဒ မရှိခြင်း၊
၆။ ပညာ ကင်းမဲ့ခြင်း။ (အံ၊၂၊၃၈၀။) (အံ၊မြန်၊၂။၄၇၉။)♦

မဂ်မရကြောင်း တရား ၆ ပါး (တစ်နည်း) (ဝေါရောပိတသုတ်)

၁။ အမိရင်းကို သတ်ခြင်း၊
၂။ အဖရင်းကို သတ်ခြင်း၊
၃။ ရဟန္တာကို သတ်ခြင်း၊
၄။ မြတ်စွာဘုရားအား ပြစ်မှားလိုသော စိတ်ဖြင့် သွေးကို ဖြစ်စေခြင်း၊
၅။ သံဃာကို သင်းခွဲခြင်း၊
၆။ ပညာမဲ့လျက် မိုက်မဲ ဆွံ့အခြင်း။ (အံ၊၂၊၃၈၀။) (အံ၊မြန်၊၂။၄၇၉။)♦

မဂ်မရကြောင်း တရား ၆ ပါး (တစ်နည်း) (သုဿူသတိသုတ်)

၁။ တရားတော်ကို မနာယူခြင်း၊
၂။ နားမစိုက်ခြင်း၊
၃။ သိခြင်းငှာ စိတ်ကို မဖြစ်စေခြင်း၊
၄။ အကျိုးမဲ့ကို ယူခြင်း၊
၅။ အကျိုး ရှိသည်ကို စွန့်ပယ်ခြင်း၊ ၆။(သာသနာတော်နှင့်။) မလျော်သော ပညာနှင့် ပြည့်စုံခြင်း။ (အံ၊၂၊၃၈၁။) (အံ၊မြန်၊၂။၄၈၀။)♦

မဂ်ရကြောင်း တရား ၆ ပါး

၁။ အမိရင်းကို မသတ်ခြင်း၊၂။ အဖရင်းကို မသတ်ခြင်း၊
၃။ ရဟန္တာကို မသတ်ခြင်း၊
၄။ မြတ်စွာဘုရားအား ပြစ်မှားလိုသော စိတ်ဖြင့် သွေးကို မဖြစ်စေခြင်း၊
၅။ သံဃာကို သင်းမခွဲခြင်း၊
၆။ ပညာရှိ၍ မိုက်မဲဆွံ့အသူ မဟုတ်ခြင်း။ (အံ၊၂၊၃၈၀။) (အံ၊မြန်၊၂။၄၈၀။)♦

မဂ်ရကြောင်း တရား ၆ ပါး (တစ်နည်း)

၁။ ပဉ္စာနန္တရိယကံ မရှိခြင်း၊
၂။ နိယတမိစ္ဆာဒိဋ္ဌိ ကိလေသာ မရှိခြင်း၊
၃။ ဒွိဟိတ် အဟိတ်ပဋိသန္ဓေ ဝိပါက် မရှိခြင်း၊
၄။ ယုံကြည်မှု သဒ္ဓါ ရှိခြင်း၊
၅။ ပြုလိုမှု ဆန္ဒ ရှိခြင်း၊
၆။ ပညာ ရှိခြင်း။ (အံ၊၂၊၃၈၀။) (အံ၊မြန်၊၂။၄၇၉။)♦

မဂ်ရကြောင်းတရား ၆ ပါး (တစ်နည်း)

၁။ တရားတော်ကို နာယူခြင်း၊
၂။ နားစိုက်ထောင်ခြင်း၊
၃။ သိခြင်းငှာ စိတ်ကို ဖြစ်စေခြင်း၊
၄။ အကျိုးရှိသည်ကို ယူခြင်း၊
၅။ အကျိုးမရှိသည်ကို စွန့်ပယ်ခြင်း၊
၆။ လျော်သော ပညာနှင့် ပြည့်စုံခြင်း။ (အံ၊၂၊၃၈၁။) (အံ၊မြန်၊၂။၄၈၀။)♦

မဂ်အင်္ဂါ ၅ ပါး

၁။ သမ္မာဒိဋ္ဌိ- မဖောက်မပြန်မှန်ကန်သော အယူ၊
၂။ သမ္မာသင်္ကပ္ပ- မဖောက်မပြန် မှန်ကန်သော အကြံ၊
၃။ သမ္မာဝါယာမ- မဖောက်မပြန် မှန်ကန်သော အားထုတ်မှု၊
၄။ သမ္မာ သတိ- မဖောက်မပြန် မှန်ကန်သော သတိ၊
၅။ သမ္မာသမာဓိ- မဖောက်မပြန် မှန်ကန်သော စိတ်တည်ငြိမ်မှု။ (အဘိ၊ဓ၊၃၁။) (အဘိ၊ဓ၊မြန်။၄၈။)♦

မဂ်အမည် ရကြောင်း ၅ ပါး

၁။ သရသ- မိမိ၏ သဘောအားဖြင့် အမည်ရခြင်း၊
၂။ ပစ္စနီက- ဆန့်ကျင်ဘက်အားဖြင့် အမည်ရခြင်း၊
၃။ သဂုဏ- မိမိ၏ ဂုဏ်အားဖြင့် အမည်ရခြင်း၊
၄။ အာရမ္မဏ- အာရုံအားဖြင့် အမည်ရခြင်း၊
၅။ အာဂမန- ဖိုလ်ဖြစ်ကြောင်းမဂ် မဂ် ဖြစ်ကြောင်း ဝိပဿနာဟူသော ဖြစ်ကြောင်းအာဂုံအားဖြင့် အမည်ရခြင်း။ (ဝိသုဒ္ဓိ၊၂၊၃၀၇။) (ပဋိသံ၊ဋ္ဌ၊၂၊၁၄၈။)♦

မဃလုလင်၏ မယား ၄ ယောက်

၁။ သုဇာတာ၊
၂။ သုဓမ္မာ၊
၃။ စိတ္တာ၊
၄။ နန္ဒာ။ (ဒီ၊ဋ္ဌ၊၂၊၃၀၅။) (ဒီ၊ဋ္ဌ၊မြန်၊၂။၅၆၂။)♦

မင်း၏ ကောင်းသော အာဇာနည်မြင်းဖြစ်အောင် ပြည့်စုံရသော အင်္ဂါ ၁၀ မျိုး

၁။ မြင်းဇက်၌ ကောင်းစွာ လည်ကို ကိုင်နိုင်ရန် အကြောင်းကို ပြုရခြင်း၊
၂။ ထမ်းပိုးတင်ခြင်း၌ အကြောင်းကို ပြုရခြင်း၊
၃။ လွန်စွာ ခြေလေးချောင်းတို့ကို လိုက်ဖက်လျော်ညီစွာ မြှောက်ခြင်း, ချခြင်း၌ အကြောင်းကို ပြုရခြင်း၊
၄။ လုံးနေအောင် ပြေးခြင်း၌ အကြောင်းကို ပြုရခြင်း၊
၅။ ခွါဖျား တို့ဖြင့် မြေကို ထိရုံမျှ သွားခြင်း၌ အကြောင်းကို ပြုရခြင်း၊
၆။ လျင်စွာ ပြေးခြင်း၌ အကြောင်းကို ပြုရခြင်း၊
၇။ မြူးထူးခြင်း၌ အကြောင်းကို ပြုရခြင်း၊
၈။ မင်းသိနိုင်သော ဂုဏ်မြောက်အောင် ပြုခြင်း၌ အကြောင်းကို ပြုရခြင်း၊
၉။ မြင်းရာဇဝင်တွင်အောင် ပြုခြင်း၌ အကြောင်းကို ပြုရခြင်း၊
၁၀။ လွန်စွာ လျင်မြန်ခြင်း၊ မြတ်သော မြင်း၏အဖြစ်၊ အလွန်နူးညံ့သော ပြောလွယ် ဆိုလွယ်သော မြင်းအဖြစ်၌ အကြောင်းကို ပြုရခြင်း။ (မ၊၂၊၁၁၀။) (မ၊မြန်၊၂။၁၁၈။)♦

မင်း၏ ချီးမြှောက်ခြင်းကို ခံရသော မင်းခစား ၄ ယောက်

၁။ ပညာကျေးဇူး သိတတ်သော မင်းခစား ပုဂ္ဂိုလ်၊
၂။ ရဲရင့်သော မင်းခစားပုဂ္ဂိုလ်၊
၃။ အလွန်လိမ္မာ၍ ပညာရှိသော မင်းခစားပုဂ္ဂိုလ်၊
၄။ မမေ့မလျော့သော မင်းခစားပုဂ္ဂိုလ်။ (ဇာတက၊၂၊၂၉၀။)♦

မင်း၏ ချီးမြှောက်ခြင်းကို မခံရသော မင်းခစား ၄ ယောက်

၁။ ပညာ- ကျေးဇူးမထင်ရှား မသိတတ်သော ပုဂ္ဂိုလ်၊
၂။ မရဲရင့်သော ပုဂ္ဂိုလ်၊
၃။ အလွန်မလိမ္မာသော ပညာမဲ့သော ပုဂ္ဂိုလ်၊
၄။ သတိမေ့လျော့သော ပုဂ္ဂိုလ်။ (ဇာတက၊၂၊၂၉၀။)♦

မင်း၏ အင်္ဂါ အစိတ်အပိုင်းဟူ၍ မရေတွက်ထိုက်သော ဆင်၏ အင်္ဂါ ၅ ပါး

၁။ အဆင်း ရူပါရုံတို့ကို သည်းမခံနိုင်ခြင်း၊
၂။ အသံ သဒ္ဒါရုံတို့ကို သည်းမခံနိုင်ခြင်း၊
၃။ အနံ့ ဂန္ဓာရုံ တို့ကို သည်းမခံနိုင်ခြင်း၊
၄။ အရသာ ရသာရုံတို့ကို သည်းမခံနိုင်ခြင်း၊
၅။ အတွေ့ ဖောဋ္ဌဗ္ဗာရုံ တို့ကို သည်းမခံနိုင်ခြင်း။ (အံ၊၂၊၁၃၉။) (အံ၊မြန်၊၂။၁၇၃-၁၇၄။)♦

မင်း၏ အင်္ဂါ အစိတ်အပိုင်းဟူ၍ ရေတွက်ထိုက်သော ဆင်၏ အင်္ဂါ ၅ ပါး

၁။ အဆင်း ရူပါရုံတို့ကို သည်းခံနိုင်ခြင်း၊
၂။ အသံ သဒ္ဒါရုံတို့ကို သည်းခံနိုင်ခြင်း၊
၃။ အနံ့ ဂန္ဓာရုံတို့ကို သည်းခံနိုင်ခြင်း၊
၄။ အရသာ ရသာရုံတို့ကို သည်းခံနိုင်ခြင်း၊
၅။ အတွေ့ ဖောဋ္ဌဗ္ဗာရုံတို့ကို သည်းခံနိုင်ခြင်း။ (အံ၊၂၊၁၄၁။) (အံ၊မြန်၊၂။၁၇၇-၁၇၈။)♦

မင်းကျင့်တရား ၁၀ ပါး

၁။ အလှူပေးခြင်း၊
၂။ သီလဆောက်တည်ခြင်း၊
၃။ ပေးကမ်းစွန့်ကြဲခြင်း၊
၄။ ဖြောင့်မတ်ခြင်း၊
၅။ သိမ်မွေ့နူးညံ့ခြင်း၊
၆။ ဥပုသ်သီတင်း ဆောက်တည်ခြင်း စသော အကျင့်ကို ကျင့်ခြင်း၊
၇။ အမျက်မထွက်ခြင်း၊
၈။ သူတစ်ပါးတို့အား မညှဉ်းဆဲခြင်း၊
၉။ သည်းခံခြင်း၊
၁၀။ တိုင်းသူပြည်သားတို့နှင့် မဆန့်ကျင်ခြင်း။ (ဇာတက၊၂၊၉၇။) (ဇာ၊ဋ္ဌ၊၃၊၂၅၈။) (ဇာ၊ဋ္ဌ၊၃၊၃၀၀။) (ဇာ၊ဋ္ဌ၊၃၊၃၉၁။)♦

မင်းချီးမြှောက်ထိုက်သော စစ်သူရဲကောင်း အင်္ဂါ ၄ ပါး

၁။ အကြောင်း ဟုတ်သည်၌ လိမ္မာခြင်း၊
၂။ အဝေး၌ မြားကို ကျစေနိုင်ခြင်း (မြားကို အဝေးရောက်အောင် ပစ်နိုင်ခြင်း)၊
၃။ ပစ်မှတ်ကို မလွဲအောင် မမှားအောင် ပစ်နိုင်ခြင်း၊
၄။ ကြီးမားသော ခန္ဓာကိုယ်ကို ဖောက်ခွဲနိုင်ခြင်း။ (အံ၊၁၊၄၉၀။) (အံ၊မြန်၊၁။၅၀၅။)♦

မင်းတို့ မဆုတ်ယုတ်ကြောင်း တရား ၇ ပါး

အပရိဟာနိယတရား ၇ ပါး(ရာဇအပရိဟာနိယ ရ ပါး) နှင့် တူသည်။ ♦

မင်းတို့ အသက်ထက်ဆုံး အောက်မေ့အပ်သော အရပ် ၃ မျိုး

၁။ မိမိကို ဖွားမြင်ရာ အရပ်သည် အသက်ထက်ဆုံး အောက်မေ့အပ်သော ပဌမအရပ်၊
၂။ မိမိကို အဘိသိက်သွန်းလောင်းရာ အရပ်သည် အသက်ထက်ဆုံး အောက်မေ့အပ်သော ဒုတိယအရပ်၊
၃။ မိမိ စစ်အောင်မြင်ရာ အရပ်သည် အသက်ထက်ဆုံး အောက်မေ့အပ်သော တတိယအရပ်။ (အံ၊၁၊၁၀၅။)(အံ၊မြန်၊၁။၁၂၃။)♦

မင်းတို့ကျင့်သုံးအပ်သော သင်္ဂဟဝတ္ထု ၄ ပါး

၁။ ထွက်ရှိသော ကောက်စပါးမှ ဆယ်ဖို့တစ်ဖို့ အခွန် ယူခြင်း၌ သိတတ်ခြင်း၊
၂။ စစ်သူကြီးတို့အား ခြောက်လစာ ထမင်းရိက္ခာတို့ကို ပေးခြင်း၌ သိခြင်း၊
၃။ သူဆင်းရဲတို့အား မှတ်တမ်း၌ စာရင်းရေး၍ သုံးနှစ် အတိုးမဲ့ တစ်ထောင်မျှ, နှစ်ထောင်မျှသော အသပြာငွေရင်းကို ပေးခြင်း၊
၄။ ‘‘အဘ၊ ဦးကြီး၊ ဦးလေး’’အစရှိသော ယဉ်ကျေးသိမ်မွေ့သော ချစ်ဖွယ်စကားဖြင့် ချီးမြှောက်ပြောဆိုခြင်း။ (ဣတိဝုတ်၊ဋ္ဌ၊၈၉။)♦

မင်းတို့အလိုရှိအပ်သော သမ္ပတ္တိ ၇ မျိုး

၁။ သာမိသမ္ပတ္တိ- အရှင်သခင်, အကြီးအမှူး အစိုးရ မင်းတို့၏ ပြည့်စုံခြင်း၊
၂။ အမစ္စသမ္ပတ္တိ- အမတ်တို့၏ ပြည့်စုံခြင်း၊
၃။ သေနာသမ္ပတ္တိ- စစ်တပ်၏ ပြည့်စုံခြင်း၊
၄။ ရဋ္ဌသမ္ပတ္တိ- တိုင်းပြည်၏ ပြည့်စုံခြင်း၊
၅။ ဝိဘဝသမ္ပတ္တိ- စည်းစိမ်ဥစ္စာ၏ ပြည့်စုံခြင်း၊
၆။ မိတ္တသမ္ပတ္တိ- မိတ်ဆွေ၏ ပြည့်စုံခြင်း၊
၇။ ဒုဂ္ဂသမ္ပတ္တိ- ခံတပ်မြို့၏ ပြည့်စုံခြင်း။ (ဥဒါန၊ဋ္ဌ၊၉၂။)♦

မင်းနှင့် အကျွမ်းဝင်သော သူတို့ ပြည့်စုံရမည့် အင်္ဂါ ၃ ပါး

၁။ အကျင့်သီလနှင့် ပြည့်စုံခြင်း၊
၂။ ပညာ အဆင်အခြင်ဉာဏ်နှင့် ပြည့်စုံခြင်း၊
၃။ စိတ်နှလုံး ဖြောင့်မတ်စင်ကြယ်ခြင်း။ (ဇာတက၊၂၊၂၉၀။)♦

မင်းများ မဆုတ်ယုတ်ကြောင်း တရား ၇ ပါး

၁။ မပြတ်စည်းဝေးခြင်း၊
၂။ တိုင်းပြည်ကိစ္စ အညီ အညွတ် ဆောင်ရွက်ခြင်း၊
၃။ မပညတ်ခဲ့သော အရာကို မပညတ်၊ ပညတ်ပြီးသော အရာကို မပယ်ဖျက်ခြင်း၊
၄။ အသက်ကြီးသူတို့ကို ရိုသေမြတ်နိုးခြင်း၊
၅။ အမျိုးသ္မီးများကို အနိုင်အထက် မသိမ်းပိုက်ကြခြင်း၊
၆။ နတ်ကွန်း- စေတီတို့ကို အရိုအသေပြု ပူဇော်ကြခြင်း၊
၇။ ရဟန္တာတို့ကို တရားနှင့်အညီ စောင့်ရှောက်ခြင်း။ (အံ၊၂၊၄၀၇။) (အံ၊၂၊၄၀၉။) (အံ၊၂၊ ၄၀၉။) (အံ၊မြန်၊၂။၅၁၆။) (အံ၊မြန်၊၂။၅၁၆။)♦

မင်းမြှောက်တန်ဆာ ၅ ပါး

၁။ ဆတ္တံ- ထီးဖြူ၊
၂။ စာမရံ- စာမရီသားမြီးယပ်၊
၃။ ခဂ္ဂံ- သန်လျက်၊
၄။ မောဠိ- မကိုဋ် သင်းကျစ်၊
၅။ ရတနပါဒုကံ- ရတနာခြေနင်း။ (ဝိ၊ဋ္ဌ၊၁၊၅၆။။) (ဇာတက၊ ၂။၅၉။) (သံ၊ဋီ၊၂၊၁၆၆။)♦

မင်းရွေးထိုက်သော စစ်သူရဲကောင်း အင်္ဂါ ၃ ပါး

၁။ မြားကို အဝေးရောက်အောင် ပစ်လွှင့်နိုင်ခြင်း၊
၂။ ထိမှန်အောင် ပစ်နိုင်ခြင်း၊
၃။ ကြီးမားသော အထည်ကိုယ်များကို ဖောက်ထွင်းစေနိုင်ခြင်း။ (အံ၊၁၊၂၈၈။) (အံ၊မြန်၊၁။၃၀၅။)♦

မင်းသုံး အာဇာနည်မြင်း အင်္ဂါ ၈ ပါး

၁။ အမိဘက်, အဖဘက် နှစ်ဘက်လုံးမှ ကောင်းစွာ ဖွားမြင်ခြင်း၊
၂။ အာဇာနည်မြင်းတို့ မွေးဖွားလေ့ရှိသော အရပ်ဒေသမှ ဖွားမြင်ခြင်း၊
၃။ ခြောက်သည် ဖြစ်စေ, စိုသည်ဖြစ်စေ, အစာကို မကျဲပြန့်စေဘဲ ရိုရိုသေသေ စားခြင်း၊
၄။ ကျင်ကြီး, ကျင်ငယ်ကို ဖိ၍ မထိုင်, ဖိ၍ မအိပ်ခြင်း၊
၅။ အခြားသောမြင်းတို့ကို မနှင်ထုတ်မူ၍ ချမ်းသာစွာ ပေါင်းသင်း လျက် တင့်တယ်စွာ နေထိုင်ခြင်း၊
၆။ ရထားထိန်းအား ကောက်ကျစ်စဉ်းလဲမှုတို့ကို ထင်စွာ ပြတတ်ခြင်း၊
၇။ အခြားသော မြင်းတို့သည် ဝန်ကိုဆောင်သည် ဖြစ်စေ, မဆောင်သည် ဖြစ်စေ, မိမိသည်ကား ဝန်ကိုဆောင်ထားသော စိတ်ကို ဖြစ်စေခြင်း၊
၈။ အသက်ကုန်ဆုံးသည့် တိုင်အောင် ခွန်အားဗလနှင့် ပြည့်စုံလျက် ဖြောင့်သော လမ်းဖြင့်သာ သွားတတ်ခြင်း။ (အံ၊၃၊၃၂။) (အံ၊မြန်၊၃။၃၃။)♦

မင်းသုံးထိုက်သော မင်း၏ ဆင်အင်္ဂါ ၄ မျိုး

၁။ နာယူတတ်သော ဆင်၊
၂။ သတ်ဖြတ် တတ်သော ဆင်၊
၃။ သည်းခံတတ်သော ဆင်၊
၄။ သွားတတ်သော ဆင်။ (အံ၊၁၊၄၃၁။) (အံ၊မြန်၊၁။၄၄၄။)♦

မင်းအဖြစ်ကို တောင့်တနိုင်သော သားကြီး အင်္ဂါ ၅ ပါး

၁။ ကောင်းသော အမျိုးဇာတ်ရှိခြင်း၊
၂။ အလွန်အဆင်းလှခြင်း၊
၃။ မိဘတို့ ချစ်မြတ်နိုးခြင်း၊
၄။ နိဂုံးဇနပုဒ်နေ ပြည်သူတို့ ချစ်ခင် မြတ်နိုးမှုကို ခံရခြင်း၊
၅။ မင်းတို့ တတ်သင့်သော အတတ်ပညာကို အပြည့်အစုံ သင်ယူပြီးခြင်း။ (အံ၊၂၊၁၃၄။) (အံ၊မြန်၊၂။၁၆၈။)♦

မင်းအသုံးတော်ခံ အာဇာနည်မြင်း အင်္ဂါ ၅ ပါး

၁။ ဖြောင့်မတ်ခြင်းနှင့် ပြည့်စုံခြင်း၊
၂။ လျင်မြန် ခြင်းနှင့် ပြည့်စုံခြင်း၊
၃။ နူးညံ့ခြင်းနှင့် ပြည့်စုံခြင်း၊
၄။ သည်းခံခြင်းနှင့် ပြည့်စုံခြင်း၊
၅။ အကျင့် စင်ကြယ်ခြင်းနှင့် ပြည့်စုံခြင်း။ (အံ၊၂၊၂၁၇။) (အံ၊မြန်၊၂။၂၇၂။)♦

မင်းအသုံးတော်ခံ အာဇာနည်မြင်း၏ အင်္ဂါ ၆ ပါး

၁။ ရူပါရုံကို သည်းခံနိုင်ခြင်း၊
၂။ သဒ္ဒါရုံကို သည်းခံနိုင်ခြင်း၊
၃။ ဂန္ဓာရုံကို သည်းခံနိုင်ခြင်း၊
၄။ ရသာရုံကို သည်းခံနိုင်ခြင်း၊
၅။ ဖောဋ္ဌဗ္ဗာရုံကို သည်းခံနိုင်ခြင်း၊
၆။ အဆင်းနှင့် ပြည့်စုံခြင်း။ (အံ၊၂၊၂၅၀။) (အံ၊မြန်၊၂။၃၂၃။)♦

မင်းအသုံးတော်ခံ အာဇာနည်မြင်း၏ အင်္ဂါ ၆ ပါး (တစ်နည်း)

၁။ ရူပါရုံကို သည်းခံ နိုင်ခြင်း၊
၂။ သဒ္ဒါရုံကို သည်းခံနိုင်ခြင်း၊
၃။ ဂန္ဓာရုံကို သည်းခံနိုင်ခြင်း၊
၄။ ရသာရုံကို သည်းခံနိုင်ခြင်း၊
၅။ ဖောဋ္ဌဗ္ဗာရုံကို သည်းခံနိုင်ခြင်း၊
၆။ လျင်မြန်သော အဟုန်နှင့် ပြည့်စုံခြင်း။ (အံ၊၂၊၂၅၁။) (အံ၊မြန်၊၂။၃၂၅။)♦

မင်းအား ထိုက်သော ဆင်၏ အင်္ဂါ ၅ မျိုး

၁။ နာယူတတ်ခြင်း၊
၂။ သတ်ဖြတ်တတ်ခြင်း၊
၃။ စောင့်ရှောက်တတ်ခြင်း၊
၄။ သည်းခံတတ်ခြင်း၊
၅။ သွားတတ်ခြင်း။ (အံ၊၂၊၁၄၂။) (အံ၊မြန်၊၂။၁၇၉-၁၈၀။)♦

မင်္ဂလဘုရားရှင်၏ သာဝကအစည်းအဝေး ၃ ကြိမ်

၁။ ပထမအစည်းအဝေး၌ ရဟန်းအရေအတွက် ကုဋေတစ်သိန်း၊
၂။ ဒုတိယအစည်းအဝေး၌ ရဟန်းကုဋေတစ်ထောင်၊
၃။ တတိယ အစည်းအဝေး၌ ရဟန်းကုဋေကိုးဆယ်။ (ဇာ၊ဋ္ဌ၊၁၊၃၇။) (အဘိ၊ဋ္ဌ၊၁၊၅၇။)♦

မင်္ဂလဘုရားရှင်၏ အဂ္ဂသာဝက ၂ ပါး

၁။ သုဒေဝထေရ်၊
၂။ ဓမ္မသေနထေရ်။ (အဘိ၊ဋ္ဌ၊၁၊၆၁။) (ဗုဒ္ဓဝံ၊ဋ္ဌ၊၁၈၂။) (ဇာ၊ဋ္ဌ၊၁၊၄၁။)♦

မင်္ဂလဘုရားရှင်၏ အဂ္ဂသာဝိကာမ ၂ ပါး

၁။ သီဝလာထေရီ၊
၂။ အသောကာထေရီ၊ (အဘိ၊ဋ္ဌ၊၁၊၆၁။) (ဗုဒ္ဓဝံ၊ဋ္ဌ၊၁၈၂။)♦

မင်္ဂလာ ၃၈ ပါး

၁။ သူမိုက်ကို မမှီဝဲ မဆည်းကပ်ခြင်း၊၂။ ပညာရှိတို့ကို မှီဝဲ ဆည်းကပ်ခြင်း၊
၃။ ပူဇော်ထိုက်သူတို့ကို ပူဇော်ခြင်း၊
၄။ သင့်လျော် လျောက်ပတ်သော အရပ်၌ နေခြင်း၊
၅။ ရှေ့ဘဝက ပြုခဲ့သော ကုသိုလ်ကောင်းမှုရှိသူ ဖြစ်ခြင်း၊
၆။ မိမိကိုယ်စိတ်ကို ကောင်းစွာ ထားခြင်း၊
၇။ အကြားအမြင်များခြင်း၊၈။ အပြစ်မရှိသော အတတ်ကို တတ်ခြင်း၊
၉။ မိမိတို့ ဆိုင်ရာ ဝိနည်းစည်းကမ်းကို ကောင်းစွာကျင့်သုံးခြင်း၊
၁၀။ စကားကို ကောင်းစွာ ပြောဆိုခြင်း၊
၁၁။ အမိအဖတို့ကို ပြုစုလုပ်ကျွေးခြင်း၊
၁၂။ သားမယားကို ချီးမြှောက်ထောက်ပံ့ခြင်း၊
၁၃။ ပျင်းရိ ခြင်းစသော အနှောက်အယှက်မရှိမူ၍ အလုပ်အကိုင်ကို ပြုလုပ်ခြင်း၊
၁၄။ အလှူပေးခြင်း၊
၁၅။ ကုသိုလ်ကမ္မပထတရားကို ကျင့်ခြင်း၊
၁၆။ ဆွေမျိုးတို့ကို ချီးမြှောက်ထောက်ပံ့ခြင်း၊
၁၇။ အပြစ်ကင်းသောအမှုကို ပြုခြင်း၊၁၈။ မကောင်းမှုမှ စိတ်ဖြင့် ရှောင်ကြဉ်ခြင်း၊
၁၉။ မကောင်းမှုမှ ကိုယ်နှုတ်ဖြင့် ရှောင်ခြင်း၊
၂၀။ သေအရက်သောက်ခြင်းမှ စောင့်စည်းခြင်း၊
၂၁။ ကုသိုလ်တရားတို့၌ မမေ့မလျော့ခြင်း၊
၂၂။ ရိုသေထိုက်သူတို့အား ရိုသေခြင်း၊
၂၃။ မိမိ ကိုယ်ကို နှိမ့်ချခြင်း၊
၂၄။ ရောင့်ရဲလွယ်ခြင်း၊
၂၅။ ပြုဖူးသော သူ့ကျေးဇူးကို သိခြင်း၊
၂၆။ သင့်တင့်သော အခါ၌ တရားနာခြင်း၊
၂၇။ သည်းခံခြင်း၊
၂၈။ သူတော်ကောင်းတို့၏ ဆုံးမစကားကို နာလွယ်ခြင်း၊
၂၉။ ရဟန်းတို့အား ဖူးမြင်ခြင်း၊
၃၀။ သင့်တင့်သော အခါ၌ တရားကို ဆွေးနွေးမေးမြန်းခြင်း၊
၃၁။ ကိလေသာတရားကို ပူပန်စေတတ်သော အကျင့်ကို ကျင့်ခြင်း၊
၃၂။ မြတ်သော အကျင့်ကို ကျင့်ခြင်း၊
၃၃။ အရိယသစ္စာတို့ကို မဂ်ဖြင့် မြင်ခြင်း၊
၃၄။ နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်း၊
၃၅။ လောကဓံတရားတို့နှင့် တွေ့ထိသော ပုဂ္ဂိုလ်၏ စိတ်သည် မတုန် လှုပ်ခြင်း၊
၃၆။ စိုးရိမ်မှု မရှိခြင်း၊
၃၇။ ကိလေသာ မြူကင်းခြင်း၊
၃၈။ ဘေးရန်မရှိခြင်း။ (ခုဒ္ဒက၊၃။) (ခုဒ္ဒက၊မြန်။၃။)♦

မင်္ဂလာ ၅ မျိုး (မဃဒေဝမင်းကြီး၏ သားတော်မင်းကြီး ရသေ့ရဟန်းပြုသော နေ့၌ ဖြစ်ပေါ်သော မင်္ဂလာ ၅ မျိုး)

၁။ မဃဒေဝမင်းကြီး၏ မတကဘတ်ကို လှူခြင်းမင်္ဂလာ၊
၂။ သားတော် မင်းကြီး၏ ရသေ့ရဟန်းပြုခြင်း မင်္ဂလာ၊
၃။ မဃဒေဝမင်းကြီး၏ မြေးတော် မင်းသား၏ ထီးဖြူ ဆောင်းခြင်း မင်္ဂလာ၊
၄။ ထိုတတိယမင်း၏ သားတော် အိမ်ရှေ့မင်း ခန့်ထားခြင်း မင်္ဂလာ၊
၅။ အိမ်ရှေ့မင်းသား၏ သားတော် အမည်မှည့်ခြင်းမင်္ဂလာ။ (မ၊ဋ္ဌ၊၃၊၂၁၅။)♦

မင်္ဂလာရုပ် ၈ မျိုး

၁။ ခရုသင်း၊
၂။ လှည်းဘီး၊
၃။ ရေပြည့်အိုး၊
၄။ ချွန်းဖြောင့်၊
၅။ အသရေရှိ နွားငယ်၊
၆။ ချွန်းကောက်၊
၇။ တံခွန်၊ အလံ၊
၈။ လည်ရေးသုံးဆင့်။ (ဝိမတိ၊၁၊၁၆၈။)♦

မစိုက်ပျိုးသင့်သော လယ်မြေ ၈ မျိုး

၁။ အမြင့်အနိမ့်ရှိသော လယ်မြေ၊
၂။ ကျောက်ခဲကျောက်စရစ် ရှိသော လယ်မြေ၊
၃။ ဆပ်ပြာပေါက်သော လယ်မြေ၊
၄။ ထွန်ကြောင်းမနက်သော လယ်မြေ၊
၅။ ရေဝင်ပေါက် မပြည့်စုံသော လယ်မြေ၊
၆။ ရေထုတ်ပေါက် မပြည့်စုံသော လယ်မြေ၊
၇။ ရေမြောင်း မပြည့်စုံသော လယ်မြေ၊
၈။ ကန်သင်းနှင့် မပြည့်စုံသော လယ်မြေ။ (အံ၊၃၊၆၉။) (အံ၊မြန်၊၃။၇၁။)♦

မစ္စု ၃ မျိုး

၁။ မရဏမစ္စု၊
၂။ ကိလေသမစ္စု၊
၃။ ဒေဝပုတ္တမစ္စု။ (သုတ္တနိ၊ဋ္ဌ၊၂၊၂၂၅။)♦

မစ္ဆရိယ ၅ မျိုး

၁။ အာဝါသမစ္ဆရိယ- အရိပ် အာဝါသ နေရာ ကျောင်း၌ ဝန်တိုခြင်း၊
၂။ ကုလ မစ္ဆရိယ- အလုပ်အကျွေး ဒါယကာတို့၌ ဝန်တိုခြင်း၊
၃။ လာဘမစ္ဆရိယ- လာဘ် လာဘ၌ ဝန်တိုခြင်း၊
၄။ ဓမ္မမစ္ဆရိယ- ဓမ္မ၌ ဝန်တိုခြင်း၊
၅။ ဝဏ္ဏမစ္ဆရိယ- အဆင်း၌ လည်းကောင်း ဂုဏ်ကျေးဇူး၌ လည်းကောင်း ဝန်တိုခြင်း။ (ဒီ၊၃၊၁၉၅။) (အံ၊၂၊၂၃၈။) (အံ၊၂၊၂၃၈။) (အံ၊၃၊၂၅၁။) (အဘိ၊ဓ၊၂၂၆။) (အဘိ၊ဝိ၊၃၇၂။) (အဘိ၊ဝိ၊၃၈၆။) (အဘိ၊ဝိ၊၃၉၁။) (မဟာနိ၊၁၀၄။) (မဟာနိ၊ ၁၇၄။) (မဟာနိ၊၁၉၃။) (မဟာနိ၊၁၉၇။) (မဟာနိ၊၂၈။) (မဟာနိ၊၃၀၀။) (မဟာနိ၊၃၃၃။) (မဟာနိ၊ ၉၉။) (စူဠနိ၊ပါ၊၂၆။) (ဒီ၊ဋ္ဌ၊၃၊၂၂။) (ဝိသုဒ္ဓိ၊၂၊၃၂၄။) (ဒီ၊မြန်၊၃။၂၁၈။) (အံ၊မြန်၊၂။၃၀၅။) (အံ၊မြန်၊၂။၃၀၅။) (အံ၊မြန်၊၃။၂၅၁။) (အဘိ၊ဓ၊မြန်။၄၁၄။) (အဘိ၊ဝိ၊မြန်၊၂။၄၆၂။) (အဘိ၊ဝိ၊မြန်၊၂။၄၆၂။) (အဘိ၊ ဝိ၊မြန်၊၂။၄၆၂။)♦

မစ္ဆရိယနှင့် ယှဉ်သော ကိလေသာ ၇ ပါး

၁။ ငြင်းခုံခြင်း (ကလဟ)၊
၂။ ခိုက်ရန်ဖြစ်ခြင်း (ဝိဝါဒ)၊
၃။ ငိုကြွေးခြင်း (ပရိဒေဝ)၊
၄။ စိုးရိမ်ခြင်း (သောက)၊
၅။ မာန်မူခြင်း (မာန)၊
၆။ အလွန် မာန်မူခြင်း (အတိမာန)၊
၇။ ချောပစ်ကုန်းတိုက်ခြင်း (ပေသုည) ။ (မဟာနိ၊၁၉၉။)♦

မဆုတ်ယုတ်ကြောင်း တရား ၄ ပါး

၁။ သီလနှင့် ပြည့်စုံခြင်း၊
၂။ ဣန္ဒြေတို့၌ ပိတ်ထားသော တံခါးရှိခြင်း၊
၃။ အစားအစာ၌ အတိုင်းအရှည်ကို သိခြင်း၊
၄။ နိုးကြားခြင်း၌ ယှဉ်ခြင်း။ (အံ၊၁၊၃၄၈။) (အံ၊မြန်၊၁။၃၆၃။)♦

မဆုတ်ယုတ်ကြောင်း တရား ၆ ပါး

၁။ စက္ခုပသာဒဖြင့် အဆင်းရူပါရုံကို မြင်၍ အကုသိုလ် အကြံအစည် သံယောဇဉ်များ ဖြစ်ပေါ်သောအခါ ထိုအကုသိုလ် အကြံအစည် သံယောဇဉ် များကို စွန့်ပယ် ဖျောက်ဖျက်လျက် ကင်းကွာအောင် ပြုခြင်း၊
၂။ သောတပသာဒဖြင့် သဒ္ဒါရုံ အသံကို ကြား၍ အကုသိုလ်အကြံအစည် သံယောဇဉ်များ ဖြစ်ပေါ်သောအခါ ထိုအကုသိုလ် အကြံအစည် သံယောဇဉ်များကို စွန့်ပယ် ဖျောက်ဖျက်လျက် ကင်းကွာအောင် ပြုခြင်း၊
၃။ ဃာန ပသာဒဖြင့် အနံ့ ဂန္ဓာရုံကို နံ၍ အကုသိုလ်အကြံအစည် သံယောဇဉ်များ ဖြစ်ပေါ်သော အခါ ထိုအကုသိုလ် အကြံအစည် သံယောဇဉ်များကို စွန့်ပယ် ဖျောက်ဖျက်လျက် ကင်းကွာအောင် ပြုခြင်း၊
၄။ ဇိဝှါပသာဒဖြင့် အရသာ ရသာရုံကို လျက်၍ အကုသိုလ် အကြံအစည် သံယောဇဉ်များ ဖြစ်ပေါ်သောအခါ ထိုအကုသိုလ် အကြံအစည် သံယောဇဉ်များကို စွန့်ပယ် ဖျောက်ဖျက်လျက် ကင်းကွာအောင် ပြုခြင်း၊
၅။ ကာယပသာဒဖြင့် အတွေ့အထိ ဖောဋ္ဌဗ္ဗာရုံကို တွေ့ထိ၍ အကုသိုလ်အကြံအစည် သံယောဇဉ်များ ဖြစ်ပေါ်သောအခါ ထိုအကုသိုလ် အကြံအစည် သံယောဇဉ်များကို စွန့်ပယ်ဖျောက်လျက် ကင်းကွာအောင် ပြုခြင်း၊
၆။ စိတ်ဖြင့် ဓမ္မာရုံကို သိ၍ အကုသိုလ်အကြံအစည် သံယောဇဉ်များ ဖြစ်ပေါ်သောအခါ ထိုအကုသိုလ် အကြံအစည်သံယောဇဉ်များကို ပယ်ဖျောက်လျက် ကင်းကွာအောင် ပြုခြင်း။ (သံ၊၂၊၂၉၉။) (သံ၊မြန်၊၂။၂၉၁။)♦

မဆုတ်ယုတ်ကြောင်း တရား ၇ ပါး

အပရိဟာနိယတရား ၇ ပါးတို့နှင့် တူသည်။ ♦

မဇ္ဈိမဒေသ၌ သီးသန့် ပညတ်အပ်သော သိက္ခာပုဒ် ၄ ပါး

၁။ ဝိနည်းဓိုရ်လျှင် ငါးယောက် မြောက်ဖြစ်သော ဂိုဏ်းဖြင့် ရဟန်းခံခြင်း၊
၂။ အလွှာလွှာ အထပ်ထပ်သော ဖိနပ်ကို စီးခြင်း၊
၃။ အမြဲရေချိုးခြင်း၊
၄။ သားရေအခင်းကို ဆောင်ခြင်းတို့ကို မပြုရ၊ (ပစ္စန္တရစ်ဒေသတို့၌ ယင်းသိက္ခာပုဒ် ၄ ပါးတို့ကို ပြုခွင့်ရ၏) ။ (ဝိ၊၃၊၂၈၈။) (ဝိ၊ဋ္ဌ၊၅။၁၃၈။)♦

မဇ္ဈိမနိကာယ် ကောင်းခြင်း ၃ ပါး

၁။ ‘‘သဗ္ဗဓမ္မမူလပရိယာယံ ဝေါ ဘိက္ခဝေ ဒေသေဿာမိ’’ အစရှိ သည်ဖြင့် ဘုရားရှင်သည် အားထုတ်တော်မူအပ်သည်၏ အဖြစ်ကြောင့် အစ၌ ကောင်းခြင်း (အာဒိကလျာဏ)၊
၂။ အလယ်၌ ‘‘သုတ္တံ ဂေယျံ ဝေယျာကရဏံ ဂါထာ ဥဒါနံ ဣတိဝုတ္တကံဇာတကံ အဗ္ဘုတဓမ္မံ ဝေဒလ္လံ’’ ဟု ဟောတော်မူခြင်းကြောင့် အလယ်၌ ကောင်းခြင်း (မဇ္ဈေ ကလျာဏ)၊
၃။ အဆုံး၌ ‘‘အရိယော ဘာဝိတိန္ဒြိယော’’ဟု ဟောတော် မူခြင်းကြောင့် အဆုံး၌ ကောင်းခြင်း (ပရိယောသာန ကလျာဏ) ။ (မ၊ဋ္ဌ၊၄၊၂၅၂။)♦

မဇ္ဈိမပဋိပဒါ ၈ ပါး

၁။ မှန်စွာ သိမြင်ခြင်း-သမ္မာဒိဋ္ဌိ၊
၂။ မှန်စွာ ကြံခြင်း-သမ္မာသင်္ကပ္ပ၊
၃။ မှန်စွာ ပြောဆိုခြင်း-သမ္မာဝါစာ၊
၄။ မှန်စွာ ပြုလုပ်ခြင်း-သမ္မာကမ္မန္တ၊
၅။ မှန်ကန်စွာ အသက်မွေးခြင်း-သမ္မာအာဇီဝ၊
၆။ မှန်စွာ အားထုတ်ခြင်း-သမ္မာဝါယာမ၊
၇။ မှန်စွာ အောက် မေ့ခြင်း-သမ္မာသတိ၊
၈။ မှန်စွာ တည်ကြည်ခြင်း-သမ္မာသမာဓိ။ (ဝိ၊၃၊၁၄။) (ဝိ၊မြန်၊၃။၁၅။)♦

မဉ္စပီဌသိက္ခာပုဒ်၌ အင်္ဂါ ၂ မျိုး

၁။ ပမာဏထက် ကျော်လွန်သော ညောင်စောင်း အင်းပျဉ် ဖြစ်ခြင်း၊
၂။ မိမိအတွက် ပြုလုပ်ခြင်း ပြုလုပ်စေပြီး၍ ရရှိခြင်း။ (သာရတ္ထ၊ဋီ၊၃၊၁၀၁။) (ဝိမတိ၊၂၊၅၆။)♦

မညနာ ၃ မျိုး

၁။ တဏှာမညနာ- တဏှာသည် ဖြစ်စေအပ်သော မာနဖြင့် မှတ်ထင်- ကြံဆခြင်း၊
၂။ ဒိဋ္ဌိမညနာ- မိစ္ဆာအယူကို အမှီပြု၍ဖြစ်သော မှတ်ထင်ကြံဆခြင်း၊
၃။ မာနမညနာ- ငါ, ငါဟု အထင်ကြီးမှု, မာနမညနာတရား။ (သံ၊ဋ္ဌ၊၁၊၅၀။)♦

မညွှန်ပြအပ်သော ကပ္ပိယ ၂ မျိုး

၁။ နှုတ်ဖြင့် မိမိကိုယ်တိုင် ကပ္ပိယအဖြစ်ကို ခံယူသော ကပ္ပိယ၊
၂။ မျက်ကွယ်၌ ကပ္ပိယအဖြစ်ကို ခံယူသော ကပ္ပိယ။ (ဝိ၊ဋ္ဌ၊၂၊၂၅၄။)♦

မညီညွတ်ခြင်း ၃ မျိုး

၁။ ရာဂဝိသမ- တပ်မက်မှု ရာဂဖြင့် မညီညွတ်ခြင်း၊
၂။ ဒေါသဝိသမ- ပြစ်မှားမှု ဒေါသဖြင့် မညီညွတ်ခြင်း၊
၃။ မောဟဝိသမ- တွေဝေမှု မောဟဖြင့် မညီညွတ်ခြင်း။ (အဘိ၊ဝိ၊၃၈၂။) (အဘိ၊ဝိ၊မြန်၊၂။၄၈၀။) ♦

မညီညွတ်ခြင်း ၃ မျိုး (တစ်နည်း)

၁။ ကာယဝိသမ- ကိုယ်မညီညွတ်ခြင်း၊
၂။ ဝစီဝိသမ- နှုတ်မညီညွတ်ခြင်း၊
၃။ မနောဝိသမ- စိတ်မညီညွတ်ခြင်း။ (အဘိ၊ဝိ၊၃၈၂။) (သာရတ္ထ၊ဋီ၊၁၊၃၀၅။) (အဘိ၊ဝိ၊မြန်၊၂။၄၈၀။)♦

မည်းညစ်သော တရား ၂ ပါး

၁။ မကောင်းမှုမှ မရှက်ခြင်း အဟိရိက၊
၂။ မကောင်းမှုမှ မထိတ် လန့်ခြင်း အနောတ္တပ္ပ။ (အံ၊၁၊၅၃။) (အံ၊မြန်၊၁။၆၅။)♦

မည်းညစ်သော လမ်းဟု ဆိုအပ်သော တရား ၁၀ ပါး

၁။ သူ့အသက် သတ်ခြင်း၊
၂။ သူ့ဥစ္စာ ခိုးခြင်၊
၃။ ကာမတို့၌ မှားယွင်းစွာ ကျင့်ခြင်း၊
၄။ မဟုတ်မမှန် ပြောဆိုခြင်း၊
၅။ ကုန်းချောခြင်း၊
၆။ ရုန့်ရင်းကြမ်းတမ်းသော စကားကို ပြောဆိုခြင်း၊
၇။ ပြိန်ဖျင်းသော စကားကို ပြောဆိုခြင်း၊
၈။ သူတစ်ပါးဥစ္စာကို ရှေးရှုကြံစည်ခြင်း၊
၉။ သတ္တဝါတို့အား ဖျက်ဆီးလိုခြင်း၊
၁၀။ မှားသော အမြင်ရှိခြင်း။ (အံ၊၃၊၄၈၂-၄၈၇။) (အံ၊မြန်၊၃။၄၇၂-၄၇၈။)♦

မည်သူမျှ မတားမြစ် မပိတ်ပင်နိုင်သော ဘုရားရှင်၏ ဂုဏ်ကျေးဇူး ၄ ပါး

၁။ ဘုရားရှင်အား ရည်ညွှန်း၍ ပြုလုပ်ထားသော ရှေးရှု အနီးကပ် ပြုစီရင်အပ်ပြီးသော လာဘ်ကို မည်သူမျှ အန္တရာယ် ပြုခြင်းငှာ မတတ်နိုင်ခြင်း၊
၂။ ဘုရားရှင်၏ တစ်လံမျှလောက်သော ရောင်ခြည်တော်ကို မည်သူမျှ အန္တရာယ်ပြုခြင်းငှာ မတတ်နိုင်ခြင်း၊
၃။ ဘုရားရှင်၏ သဗ္ဗညုတဉာဏ်တော်ကို မည်သူမျှ အန္တရာယ်ပြုခြင်းငှာ မတတ်နိုင်ခြင်း၊
၄။ ဘုရားရှင်၏ အသက်ဇီဝိတိန္ဒြေကို မည်သူမျှ အန္တရာယ် ပြုခြင်းငှာ မတတ်နိုင်ခြင်း။ (မိလိန္ဒ၊၁၅၈။) (မိလိန္ဒ၊ မြန်။၁၇၀။)♦

မဏ္ဍနဝိဘူသနဋ္ဌာန သရုပ် ၂၀

၁။ ဥစ္ဆာဒနံ- ခန္ဓာကိုယ်ကို နံ့သာမှုန့်ဖြင့် ပွတ်တိုက်ခြင်း၊
၂။ ပရိမဒ္ဒနံ- အင်္ဂါကြီးငယ် ပြေပြစ်စေရန် ဆီလိမ်း၍ ဆုပ်နယ်ခြင်း၊
၃။ နှာယနံ-နံ့သာရည်ဖြင့် ရေချိုးခြင်း၊
၄။ သမ္ဗာဟနံ- လက်ခြေတို့ကို တိုးပွားအောင် ပြင်းစွာ ဆုပ်နယ်ခြင်း၊
၅။ အာဒါသံ- ကြေးမုံ (မှန်) ဆောင်ခြင်း၊
၆။ အဉ္ဇနံ- မျက်ရေးကွင်းခြင်း၊
၇။ မာလာဂန္ဓဝိလေပနံ-ပန်းနံ့သာ, နံ့သာပျောင်း စသည်တို့ဖြင့် လိမ်းကျံခြယ်လှယ်ခြင်း၊
၈။ မုခစုဏ္ဏံ- မျက်နှာချေမှုန့်တို့ဖြင့် မျက်နှာကို ခြယ်သခြင်း၊
၉။ မုခဝိလေပနံ- သနပ်ခါး ပေါင်ဒါ စသည်တို့ဖြင့် မျက်နှာကို လိမ်းကျံခြင်း၊
၁၀။ ဟတ္ထဗန္ဓံ- လက်၌ ဝတ်ဆင်အပ်သော လက်ကောက်, လက်စွပ်, လက်ပတ် နာရီ စသည် ဝတ်ဆင်ခြင်း၊
၁၁။ သိခါဗန္ဓံ- ဦးစွန်း၌ ဖွဲ့အပ်သော ရွှေဆံထိုးစသည်ကို ပန်ဆင်ခြင်း၊
၁၂။ ဒဏ္ဍံ- လေးတောင်ရှိသော တုတ်ကို ကိုင်ဆောင်ခြင်း၊
၁၃။ နာဠိကံ- အဆန်း တကြယ်ပြုလုပ်အပ်သော ဆေးကျည်တောက် ဆေးကျည်ဗူးကို ဆောင်ယူခြင်း၊
၁၄။ အသိံ- သန်လျက် (ဓားလွယ်) ကို ဆောင်ခြင်း၊
၁၅။ ဆတ္တံ- ဆန်းကြယ်သော ထီးကို ဆောင်ခြင်း၊
၁၆။ စိတြုပါဟနံ- ဆန်းကြယ်သော ဖိနပ်ကို စီးခြင်း၊
၁၇။ ဥဏှီသံ- နဖူး၌ သင်းကျစ်ပြားကို ဖွဲ့ခြင်း၊
၁၈။ မဏိံ- ပတ္တမြားကျောက်မျက်ရတနာကို ဆောင်ခြင်း၊
၁၉။ ဝါလဗီဇနီ- စာမရီ သားမြီးယပ်ကို ဆောင်ခြင်း၊
၂၀။ ဩဒါတဝတ္ထာနိ- ဖြူသော ရှည်သော အမြိတ်အဆာရှိသော အဝတ်တို့ကို ဝတ်ခြင်း။ (ဒီ၊၁၊၇၊၆၂။) (ဒီ၊မြန်၊၁။၇၊၇၄။)♦

မတရားသဖြင့် စောဒနာခံရသော ရဟန်းအား ရွှင်လန်းစေနိုင်သော အခြင်းအရာ ၅ မျိုး

၁။ ငါသည် မလျောက်ပတ်သော အခါ၌ စောဒနာခံရပြီး လျောက်ပတ်သော အခါ၌ စောဒနာခံရခြင်း မဟုတ်ဟု နှလုံးရွှင်လန်းမှု ဖြစ်ခြင်း၊
၂။ ငါသည် မဟုတ်မမှန်သော စကားဖြင့် စောဒနာခံရပြီး ဟုတ်မှန်သော စကားဖြင့် စောဒနာခံရခြင်း မဟုတ်ဟု နှလုံးရွှင်လန်းမှု ဖြစ်ခြင်း၊
၃။ ငါသည် ကြမ်းတမ်းသော စကားဖြင့် စောဒနာခံရပြီး နူးညံ့သော စကားဖြင့် စောဒနာခံရခြင်း မဟုတ်ဟု နှလုံးရွှင်လန်းမှု ဖြစ်ခြင်း၊
၄။ ငါသည် အကျိုးနှင့် မစပ်သော စကားဖြင့် စောဒနာခံရခြင်း အကျိုးနှင့် စပ်သောစကားဖြင့် စောဒနာခံရခြင်း မဟုတ်ဟု နှလုံးရွှင်လန်းမှု ဖြစ်ခြင်း၊
၅။ ငါအား ဒေါသစိတ်ဖြင့် စောဒနာခြင်းခံရပြီး မေတ္တာစိတ်ဖြင့် စောဒနာခံရခြင်း မဟုတ်ဟု နှလုံးရွှင်လန်းမှု ဖြစ်ခြင်း။ (ဝိ၊၄၊၄၃၈။) (ဝိ၊မြန်၊၄၊၄၃၉။) (အံ၊၂၊၁၇၂။) (အံ၊မြန်၊၂။၂၁၉။)♦

မတရားသော ကုန်ကူးခြင်း ၅ မျိုး

၁။ သက်ရှိသတ္တဝါတို့ကို ရောင်းဝယ် ကုန်ကူးခြင်း၊
၂။ လက်နက် တို့ကို ရောင်းဝယ် ကုန်ကူးခြင်း၊
၃။ အဆိပ်ကို ရောင်းဝယ် ကုန်ကူးခြင်း၊
၄။ အသားအမဲတို့ကို ရောင်းဝယ် ကုန်ကူးခြင်း၊
၅။ အရက်သေစာတို့ကို ရောင်းဝယ် ကုန်ကူးခြင်း။ (သုတ္တနိ၊ဋ္ဌ၊၂၊၁၀၉။)♦

မတရားသော တဇ္ဇနီယဝိနည်းကံ ၁၂ ပါး

၁။ မျက်ကွယ်၌ ပြုလုပ်ခြင်း၊ မမေးမြန်းဘဲ ပြုလုပ်ခြင်း၊ ဝန်မခံဘဲ ပြုလုပ်ခြင်း၊
၂။ အာပတ်မသင့်ဘဲ ပြုလုပ်ခြင်း၊ ဒေသနာကြား၍ မစင်ကြယ်သော အာပတ်ဖြင့် ပြုလုပ်ခြင်း၊ ဒေသနာကြားပြီးသော အာပတ်ဖြင့် ပြုလုပ်ခြင်း၊
၃။ မစောဒနာဘဲ ပြုလုပ်ခြင်း၊ မအောက်မေ့စေဘဲ ပြုလုပ်ခြင်း၊ အာပတ်သို့ မတင်ဘဲ ပြုလုပ်ခြင်း၊
၄။ မျက်ကွယ်၌ ပြုလုပ်ခြင်း၊ မတရားသဖြင့် ပြုလုပ်ခြင်း၊ မညီမညွတ် တကွဲတပြားစီဖြစ်လျက် ပြုလုပ်ခြင်း၊
၅။ မမေးမမြန်းဘဲ ပြုလုပ်ခြင်း၊ မတရားသဖြင့် ပြုလုပ်ခြင်း၊ မညီမညွတ် တကွဲတပြားစီ ဖြစ်လျက် ပြုလုပ်ခြင်း၊
၆။ ဝန်မခံဘဲ ပြုလုပ်ခြင်း၊ မတရားသဖြင့် ပြုလုပ်ခြင်း၊ မညီမညွတ် တကွဲတပြားစီဖြစ်လျက် ပြုလုပ်ခြင်း၊
၇။ အာပတ် မသင့်ဘဲ ပြုလုပ်ခြင်း၊ မတရားသဖြင့် ပြုလုပ်ခြင်း၊ မညီမညွတ် တကွဲတပြားစီဖြစ်လျက် ပြုလုပ်ခြင်း၊
၈။ ဒေသနာကြား၍ မစင်ကြယ်သော အာပတ်ဖြင့် ပြုလုပ်ခြင်း၊ မတရားသဖြင့် ပြုလုပ်ခြင်း၊ မညီမညွတ် တကွဲတပြား ဖြစ်လျက် ပြုလုပ်ခြင်း၊
၉။ ဒေသနာကြားပြီးသော အာပတ်ဖြင့် ပြုလုပ်ခြင်း၊ မတရား သဖြင့် ပြုလုပ်ခြင်း၊ မညီမညွတ် တကွဲတပြားဖြစ်လျက် ပြုလုပ်ခြင်း၊
၁၀။ မစောဒနာဘဲ ပြုလုပ်ခြင်း၊ မတရားသဖြင့် ပြုလုပ်ခြင်း၊ မညီမညွတ် တကွဲတပြားစီဖြစ်လျက် ပြုလုပ်ခြင်း၊
၁၁။ မအောက်မေ့စေဘဲ ပြုလုပ်ခြင်း၊ မတရားသဖြင့် ပြုလုပ်ခြင်း၊ မညီမညွတ် တကွဲတပြား ဖြစ်လျက် ပြုလုပ်ခြင်း၊
၁၂။ အာပတ်သို့ မတင်ဘဲ ပြုလုပ်ခြင်း၊ မတရားသဖြင့် ပြုလုပ်ခြင်း၊ မညီမညွတ် တကွဲတပြားစီဖြစ်လျက် ပြုလုပ်ခြင်း ပေါင်း ၁၂ ပါး။ (ဝိ၊၄၊၅။) (ဝိ၊မြန်၊၅-၇။)♦

မတရားသော နိယဿဝိနည်းကံ ၁၂ ပါး

၁။ မျက်ကွယ်၌ ပြုလုပ်ခြင်း၊ မမေးမြန်းဘဲ ပြုလုပ်ခြင်း၊ ဝန်မခံဘဲ ပြုလုပ်ခြင်း၊
၂။ အာပတ်မသင့်ဘဲ ပြုလုပ်ခြင်း၊ ဒေသနာဂါမ်မဟုတ်သော အာပတ်ဖြင့် ပြုလုပ်ခြင်း၊ ဒေသနာကြားပြီးသော အာပတ်ဖြင့် ပြုလုပ်ခြင်း၊
၃။ မစောဒနာဘဲ ပြုလုပ်ခြင်း၊ မအောက်မေ့စေဘဲ ပြုလုပ်ခြင်း၊ အာပတ်သို့ မတင်ဘဲ ပြုလုပ်ခြင်း၊
၄။ မျက်ကွယ်၌ ပြုလုပ်ခြင်း၊ မတရားသဖြင့် ပြုလုပ်ခြင်း၊ မညီမညွတ် တကွဲတပြားစီ ဖြစ်လျက် ပြုလုပ်ခြင်း၊
၅။ မမေး မမြန်းဘဲ ပြုလုပ်ခြင်း၊ မတရားသဖြင့် ပြုလုပ်ခြင်း၊ မညီမညွတ် တကွဲ တပြားစီဖြစ်လျက် ပြုလုပ်ခြင်း၊
၆။ ဝန်မခံဘဲ ပြုလုပ်ခြင်း၊ မတရားသဖြင့် ပြုလုပ်ခြင်း၊ မညီမညွတ် တကွဲတပြားစီ ဖြစ်လျက် ပြုလုပ်ခြင်း၊
၇။ အာပတ်မသင့်ဘဲ ပြုလုပ်ခြင်း၊ မတရား သဖြင့် ပြုလုပ်ခြင်း မညီမညွတ် တကွဲတပြားစီဖြစ်လျက် ပြုလုပ်ခြင်း၊
၈။ ဒေသနာဂါမ်မဟုတ်သော အာပတ်ဖြင့် ပြုလုပ်ခြင်း၊ မတရားသဖြင့် ပြုလုပ်ခြင်း၊ မညီမညွတ် တကွဲတပြားစီ ဖြစ်လျက် ပြုလုပ်ခြင်း၊
၉။ ဒေသနာကြားပြီးသော အာပတ်ဖြင့် ပြုလုပ်ခြင်း၊ မတရားသဖြင့် ပြုလုပ်ခြင်း မညီမညွတ် တကွဲတပြားစီ ဖြစ်လျက် ပြုလုပ်ခြင်း၊
၁၀။ မစောဒနာဘဲ ပြုလုပ်ခြင်း၊ မတရားသဖြင့် ပြုလုပ်ခြင်း၊ မညီမညွတ် တကွဲတပြားစီ ဖြစ်လျက် ပြုလုပ်ခြင်း၊
၁၁။ မအောက်မေ့စေဘဲ ပြုလုပ်ခြင်း၊ မတရားသဖြင့် ပြုလုပ်ခြင်း၊ မညီမညွတ် တကွဲတပြားစီ ဖြစ်လျက် ပြုလုပ်ခြင်း၊
၁၂။ အာပတ်သို့ မတင်ဘဲ ပြုလုပ်ခြင်း၊ မတရားသဖြင့် ပြုလုပ်ခြင်း၊ မညီမညွတ် တကွဲတပြားစီဖြစ်လျက် ပြုလုပ်ခြင်း။ (ဝိ၊၄၊၁၅။) (ဝိ၊မြန်၊၄။၁၅။)♦

မတရားသော ပဋိသာရဏီယကံ ၁၂ ပါး

၁။ မျက်ကွယ်၌ ပြုလုပ်ခြင်း မမေးမမြန်းဘဲ ပြုလုပ်ခြင်း၊ ဝန်မခံဘဲ ပြုလုပ်ခြင်း၊
၂။ အာပတ်မသင့်ဘဲ ပြုလုပ်ခြင်း၊ ဒေသနာဂါမ် မဟုတ်သော အာပတ်ဖြင့် ပြုလုပ်ခြင်း၊ ဒေသနာကြားပြီးသော အာပတ်ဖြင့် ပြုလုပ်ခြင်း၊
၃။ မစောဒနာဘဲ ပြုလုပ်ခြင်း၊ မအောက်မေ့စေဘဲ ပြုလုပ်ခြင်း၊ အာပတ်သို့ မတင်ဘဲ ပြုလုပ်ခြင်း၊
၄။ မျက်ကွယ်၌ ပြုလုပ်ခြင်း၊ မတရားသဖြင့် ပြုလုပ်ခြင်း၊ မညီမညွတ် တကွဲတပြားစီ ပြုလုပ်ခြင်း၊
၅။ မမေးမမြန်းဘဲ ပြုလုပ်ခြင်း၊ မတရားသဖြင့် ပြုလုပ်ခြင်း၊ မညီမညွတ် တကွဲတပြားစီ ပြုလုပ်ခြင်း၊
၆။ ဝန်မခံဘဲ ပြုလုပ်ခြင်း၊ မတရားသဖြင့် ပြုလုပ်ခြင်း၊ မညီမညွတ် တကွဲတပြားစီ ပြုလုပ်ခြင်း၊
၇။ အာပတ်မသင့်ဘဲ ပြုလုပ်ခြင်း၊ မတရားသဖြင့် ပြုလုပ်ခြင်း၊ မညီမညွတ် တကွဲတပြားစီ ပြုလုပ်ခြင်း၊
၈။ ဒေသနာဂါမ် မဟုတ်သော အာပတ်ဖြင့် ပြုလုပ်ခြင်း၊ မတရားသဖြင့် ပြုလုပ်ခြင်း၊ မညီမညွတ် တကွဲတပြားစီ ပြုလုပ်ခြင်း၊
၉။ ဒေသနာကြားပြီးသော အာပတ်ဖြင့် ပြုလုပ်ခြင်း၊ မတရားသဖြင့် ပြုလုပ်ခြင်း၊ မညီမညွတ် တကွဲတပြားစီ ပြုလုပ်ခြင်း၊
၁၀။ မစောဒနာဘဲ ပြုလုပ်ခြင်း၊ မတရားသဖြင့် ပြုလုပ်ခြင်း၊ မညီမညွတ် တကွဲတပြားစီ ပြုလုပ်ခြင်း၊
၁၁။ မအောက်မေ့စေဘဲ ပြုလုပ်ခြင်း၊ မတရားသဖြင့် ပြုလုပ်ခြင်း၊ မညီမညွတ် တကွဲတပြားစီ ပြုလုပ်ခြင်း၊
၁၂။ အာပတ်သို့ မတင်ဘဲ ပြုလုပ်ခြင်း၊ မတရားသဖြင့် ပြုလုပ်ခြင်း၊ မညီမညွတ် တကွဲတပြားစီ ဖြစ်လျက် ပြုလုပ်ခြင်း။ (ဝိ၊၄၊၄၁။) (ဝိ၊မြန်၊၄။၃၉။)♦

မတရားသော ပဗ္ဗာဇနီယဝိနည်းကံ ၁၂ ပါး

၁။ မျက်ကွယ်၌ ပြုလုပ်ခြင်း၊ မမေးမမြန်းဘဲ ပြုလုပ်ခြင်း၊ ဝန်မခံဘဲ ပြုလုပ်ခြင်း၊
၂။ အာပတ်မသင့်ဘဲ ပြုလုပ်ခြင်း၊ ဒေသနာဂါမ် မဟုတ်သော အာပတ်ဖြင့် ပြုလုပ်ခြင်း၊ ဒေသနာကြားပြီးသော အာပတ်ဖြင့် ပြုလုပ်ခြင်း၊
၃။ မစောဒနာဘဲ ပြုလုပ်ခြင်း၊ မအောက်မေ့စေဘဲ ပြုလုပ်ခြင်း၊ အာပတ်သို့ မတင်ဘဲ ပြုလုပ်ခြင်း၊
၄။ မျက်ကွယ်၌ ပြုလုပ်ခြင်း၊ မတရားသဖြင့် ပြုလုပ်ခြင်း၊ မညီမညွတ် တကွဲ တပြားစီ ပြုလုပ်ခြင်း၊
၅။ မမေးမြန်းဘဲ ပြုလုပ်ခြင်း၊ မတရားသဖြင့် ပြုလုပ်ခြင်း၊ မညီမညွတ် တကွဲတပြားစီ ပြုလုပ်ခြင်း၊
၆။ ဝန်မခံဘဲ ပြုလုပ်ခြင်း၊ မတရားသဖြင့် ပြုလုပ်ခြင်း၊ မညီမညွတ် တကွဲတပြားစီ ပြုလုပ်ခြင်း၊
၇။ အာပတ်မသင့်ဘဲ ပြုလုပ်ခြင်း၊ မတရားသဖြင့် ပြုလုပ်ခြင်း၊ မညီမညွတ် တကွဲတပြားစီ ပြုလုပ်ခြင်း၊
၈။ ဒေသနာဂါမ်မဟုတ်သော အာပတ်ဖြင့် ပြုလုပ်ခြင်း၊ မတရားသဖြင့် ပြုလုပ်ခြင်း၊ မညီမညွတ် တကွဲတပြားစီ ပြုလုပ်ခြင်း၊
၉။ ဒေသနာကြားပြီးသော အာပတ်ဖြင့် ပြုလုပ်ခြင်း၊ မတရားသဖြင့် ပြုလုပ်ခြင်း၊ မညီမညွတ် တကွဲတပြားစီ ပြုလုပ်ခြင်း၊
၁၀။ မစောဒနာဘဲ ပြုလုပ်ခြင်း၊ မတရားသဖြင့် ပြုလုပ်ခြင်း၊ မညီမညွတ် တကွဲတပြားစီ ပြုလုပ်ခြင်း၊
၁၁။ မအောက်မေ့စေ၍ ပြုလုပ်ခြင်း၊ မတရားသဖြင့် ပြုလုပ်ခြင်း၊ မညီမညွတ် တကွဲတပြားစီ ပြုလုပ်ခြင်း၊
၁၂။ အာပတ်သို့ မတင်ဘဲ ပြုလုပ်ခြင်း၊ မတရားသဖြင့် ပြုလုပ်ခြင်း၊ မညီမညွတ် တကွဲတပြားစီ ပြုလုပ်ခြင်း။ (ဝိ၊၄၊၂၉။) (ဝိ၊မြန်၊၂၉။)♦

မတုန်လှုပ်ခြင်း ၆ မျိုး

၁။ သဒ္ဓါတရားဖြင့် ထက်ဝန်းကျင် သိမ်းယူအပ်သော စိတ်သည် သဒ္ဓါမရှိသူ၏ အကုသိုလ်စိတ်ကြောင့် တုန်လှုပ်မှု မရှိခြင်း၊
၂။ ဝီရိယဖြင့် သိမ်းယူအပ်သော စိတ်သည် ပျင်းရိသူ၏ အကုသိုလ်စိတ်ကြောင့် တုန်လှုပ်မှု မရှိခြင်း၊
၃။ သတိတရားဖြင့် သိမ်းယူ အပ်သော စိတ်သည် မေ့လျော့ကြောင်း အကုသိုလ်စိတ်ကြောင့် တုန်လှုပ်မှု မရှိခြင်း၊
၄။ သမာဓိတရားဖြင့် သိမ်းယူအပ်သော စိတ်သည် ပျံ့လွင့်သော စိတ်ကြောင့် တုန်လှုပ်မှု မရှိခြင်း၊
၅။ ဉာဏ်ပညာဖြင့် သိမ်းယူအပ်သော စိတ်သည် အဝိဇ္ဇာ (မောဟ) ကြောင့် တုန်လှုပ်မှု မရှိခြင်း၊
၆။ ဖြစ်ပေါ်လာသော ဉာဏ်အလင်းရောင်ရှိသော စိတ်သည် ကိလေသာအမိုက် မှောင်ကြောင့် တုန်လှုပ်မှု မရှိခြင်း။ (ဝိ၊ဋ္ဌ၊၁၊၁၂၇။)♦

မထစေထိုက်သူ ၄ ဦး (သံဃိကကျောင်း အိပ်ရာနေရာမှ မထစေထိုက်သူ ၄ ဦး )

၁။ သီတင်းကြီး ပုဂ္ဂိုလ်၊
၂။ ဘဏ္ဍာဂါရိက ပုဂ္ဂိုလ်၊
၃။ ဂိလာနပုဂ္ဂိုလ်၊
၄။ သံဃာထံမှ ကျောင်းရရှိထားသော ပုဂ္ဂိုလ်။ (ဝိ၊ဋ္ဌ၊၃၊၄၀၄။)♦

မထီမဲ့မြင်ပြုအပ်, ကဲ့ရဲ့ရှုတ်ချအပ်သော ပုဂ္ဂိုလ် ၁၀ ယောက်

၁။ လင်ကင်းသော မိန်းမ (မုဆိုးမ)၊
၂။ အားအင်နည်းပါး ချိနဲ့သော ပုဂ္ဂိုလ်၊
၃။ ဆွေမျိုးမရှိသော ပုဂ္ဂိုလ်၊
၄။ အစားကြီးသော ပုဂ္ဂိုလ်(အစားကြူးသော ပုဂ္ဂိုလ်)၊
၅။ ဆရာသမားထံ မဆည်းကပ်ဖူးသော ပုဂ္ဂိုလ်၊
၆။ ယုတ်မာသော အဆွေခင်ပွန်းရှိသော ပုဂ္ဂိုလ်၊
၇။ ပစ္စည်းဥစ္စာချို့တဲ့သော ပုဂ္ဂိုလ်၊
၈။ အကျင့်ယုတ်သော ပုဂ္ဂိုလ်၊
၉။ ယုတ်ညံ့သော အလုပ်အကိုင်ရှိသော ပုဂ္ဂိုလ်၊
၁၀။ လုံ့လဝီရိယမရှိသော ပုဂ္ဂိုလ်။ (မိလိန္ဒ၊၂၇၉။) (မိလိန္ဒ၊မြန်။၂၉၉။)♦

မထီမဲ့မြင်မပြုအပ်, အထင်မသေးအပ်သူ ၄ ယောက်

၁။ မင်း၏သားတော်၊
၂။ မြွေ၊
၃။ မီး၊
၄။ ရဟန််း။ (သံ၊၁၊၆၈။)(သံ၊ဋ္ဌ၊၁၊၁၂၁။)♦

မထေရ်ကြီးဖြစ်ကြောင်း တရား ၄ ပါး

၁။ ပါတိမောက္ခသံဝရသီလနှင့် ပြည့်စုံ၍ အနည်းငယ် မျှသော အပြစ်တို့၌ ဘေးဟု ရှုလျက် နေခြင်း၊
၂။ အစ အလယ် အဆုံး ကောင်းခြင်းရှိသော တရားတို့ကို ဟောပြောလျက် အကြားအမြင် ဗဟုသုတပြည့်စုံခြင်း၊
၃။ မျက်မှောက်၌ ဖြစ်သော ဈာန်လေးပါးတို့ကို အလိုရှိတိုင်း မပင်ပန်းဘဲ ရခြင်း၊
၄။ အာသဝေါကုန်ခန်းလျက် အရဟတ္တ ဖိုလ်ကို မျက်မှောက်ပြု၍ နေခြင်း။ (အံ၊၁၊၃၃၁။) (အံ၊မြန်၊၁။၃၄၆။)♦

မထေရ်ကြီးရဟန်း၏ လူအများ အစီးအပွားဖြစ်ကြောင်း တရား ၅ ပါး

၁။ ရဟန်းဝါရင့်သော မထေရ်ကြီး ဖြစ်ခြင်း၊
၂။ ထင်ရှားကျော်စောခြင်း၊
၃။ ဆွမ်း၊ သင်္ကန်း၊ ကျောင်း ဆေး ပစ္စည်း ၄ ပါး ရလေ့ရှိခြင်း၊
၄။ အကြားအမြင် များခြင်း၊
၅။ မှန်ကန်သော ‘‘သမ္မာဒိဋ္ဌိ’’ အယူရှိခြင်း။ (အံ၊၂၊၁၀၁။) (အံ၊မြန်၊၂။၁၂၃-၁၂၄။)♦

မထေရ်ကြီးရဟန်း၏ လူအများ အစီးအပွားမဲ့ကြောင်း တရား ၅ ပါး

၁။ ရဟန်းဝါရင့်သော မထေရ်ကြီး ဖြစ်ခြင်း၊ ၂ ထင်ရှားကျော်စောခြင်း၊
၃။ ဆွမ်း, သင်္ကန်း, ကျောင်း, ဆေး ပစ္စည်း ၄ ပါး ရလေ့ရှိခြင်း၊
၄။ အကြားအမြင် များခြင်း၊
၅။ မှားသော အယူ ‘‘မိစ္ဆာဒိဋ္ဌိ’’ ရှိခြင်း။ (အံ၊၂၊၁၀၀။) (အံ၊မြန်၊၂။၁၂၂-၁၂၃။)♦

မထေရ်မည်ကြောင်း တရား ၆ ပါး

၁။ သစ္စာလေးပါးကို သိခြင်း၊
၂။ လောကုတ္တရာတရား ကိုးပါးနှင့် ပြည့်စုံခြင်း၊
၃။ သတ္တဝါတို့အား မညှဉ်းဆဲခြင်း၊
၄။ သီလစောင့်ထိန်းမှုနှင့် ပြည့်စုံခြင်း၊
၅။ ဣန္ဒြေတို့ကို ဆုံးမထားခြင်း၊
၆။ အကုသိုလ် ကိလေသာ အညစ်အကြေးတို့ကို မဂ်ဖြင့် ပယ်ပြီး ဖြစ်ခြင်း။ (ဓမ္မ၊၅၁။) (ဓမ္မ၊မြန်။၄၈။)♦

မဓုရာပြည်၏ အပြစ် ၅ ပါး

၁။ မြေအပြင် ညီညွတ်မှု မရှိခြင်း၊
၂။ မြူမှုန်များခြင်း၊
၃။ ကြမ်းတမ်းသော ခွေးများ ရှိခြင်း၊
၄။ အတင့်ရဲသော ဘီလူး ရက္ခိုက်များ ရှိခြင်း၊
၅။ ဆွမ်းခံ၍ ရခဲခြင်း။ (အံ၊၂၊၂၂၄။) (အံ၊မြန်၊၂။၂၈၃။)♦

မနသာကဋ ပုဏ္ဏားရွာသား ထင်ရှားသော ဗြာဟ္မဏမဟာသာလ ပုဏ္ဏား ၅ ယောက်

၁။ စင်္ကီပုဏ္ဏား၊
၂။ တာရုက္ခပုဏ္ဏား၊
၃။ ပေါက္ခရသာတိပုဏ္ဏား၊
၄။ ဇာဏုသောဏိပုဏ္ဏား၊
၅။ တောဒေယျ ပုဏ္ဏား။ (ဒီ၊၁၊၂၂၂။)♦

မနသိကာရ ၃ ပါး

၁။ အာရမ္မဏပဋိပါဒက မနသိကာရ (မနသိကာရစေတသိက်)၊
၂။ ဝီထိပဋိပါဒက မနသိကာရ (ပဉ္စဒွါရာဝဇ္ဇန်း)၊
၃။ ဇဝနပဋိပါဒကမနသိကာရ (မနောဒွါရာဝဇ္ဇန်း)။(ဝိသုဒ္ဓိ၊၂၊၉၆။)♦

မနာပ ၂ မျိုး

၁။ ပုဂ္ဂလ မနာပ၊
၂။ သမ္မုတိ မနာပ။ (သံ၊ဋ္ဌ၊၁၊၁၃၈။)♦

မနာပကာယိကာမည်သော နတ်သမီးဖြစ်ကြောင်း ၈ ပါး

၁။ မိဘတို့ ထိမ်းမြားလက်ထပ် ပေးထားသော လင်ယောကျ်ားအား ချစ်ဖွယ်သော စကားကို ဆိုပြီး ချစ်ခင်စဖွယ်ပြုကျင့်၍ လင်ယောကျ်ားစကားကို နာခံကာ, လင်ယောကျ်ား၏ ရှေးဦးစွာ အိပ်ယာမှထလျက် နောက်မှ အိပ်လေ့ရှိခြင်း၊
၂။ လင်ယောကျ်ားက အရိုအသေ အလေးအမြတ်ပူဇော် မြတ်နိုးအပ်သော အမိအဖ ရဟန်းပုဏ္ဏားတို့အား ရိုသေလေးမြတ် ပူဇော်အပ်ခြင်း၊
၃။ လင်ယောကျ်ား၏ အိမ်တွင်းမှုလုပ်ငန်းဖြစ်သော အစေခံအလုပ်သမားတို့အတွက် ပြုအပ်သည်, မပြုအပ်သည်ကို သိခြင်း၊
၄။ အိမ်တွင်းသားများဖြစ်သော အစေခံအလုပ်သမားတို့အတွက် ပြုအပ်သည်, မပြုအပ် သည်ကို သိခြင်း၊
၅။ လင်ယောကျ်ား ရှာဖွေစုဆောင်းထားသော ဥစ္စာစပါး ရွှေငွေ များကို မခိုးမဝှက်ဘဲ လုံခြုံစွာ ထိန်းသိမ်း စောင့်ရှောက်တတ်ခြင်း၊
၆။ ဘုရား, တရား, သံဃာ, ရတနာမြတ်သုံးပါးတို့အား ကိုးကွယ်ဆည်းကပ်တတ်သော ဥပါသိကာမ ဖြစ်ခြင်း၊
၇။ ငါးပါး သီလနှင့် ပြည့်စုံခြင်း၊
၈။ ပေးကမ်းစွန့်ကြဲမှုနှင့် ပြည့်စုံလျက် ဝန်တိုမှု မစ္ဆရိယတည်းဟူသော အညစ်အကြေးကင်းသော စိတ်ဖြင့် အိမ်ကို အုပ်စိုး၍နေခြင်း။ (အံ၊၃၊၉၃။) (အံ၊၃၊၉၅။) (အံ၊မြန်၊၃။၉၃၊၉၅။) (အံ၊မြန်၊၃။၉၃၊၉၅။)♦

မနာယတန ၁၀ ပါး

၁။ စက္ခုဝိညာဏ်၊
၂။ သောတဝိညာဏ်၊
၃။ ဃာနဝိညာဏ်၊
၄။ ဇိဝှါဝိညာဏ်၊
၅။ သုခဝေဒနာနှင့် တကွဖြစ်သော ကာယဝိညာဏ်၊
၆။ ဒုက္ခဝေဒနာနှင့် တကွဖြစ်သော ကာယဝိညာဏ်၊
၇။ မနောဓာတ်၊
၈။ ကုသိုလ် မနောဝိညာဏဓာတ်၊
၉။ အကုသိုလ် မနော ဝိညာဏဓာတ်၊
၁၀။ အဗျာကတ မနောဝိညာဏဓာတ်။ (အဘိ၊ဝိ၊၇၁။) (အဘိ၊ဝိ၊မြန်၊၁။၂၅၅။)♦

မနာယတန ၂ ပါး

၁။ ဟိတ်ရှိသော မနာယတန၊
၂။ ဟိတ်မရှိသော မနာယတန။ (အဘိ၊ဝိ၊၇၁။) (အဘိ၊ဝိ၊မြန်၊၁။၂၅၃-၂၅၅။)♦

မနာယတန ၃ ပါး

၁။ ကုသိုလ် မနာယတန၊
၂။ အကုသိုလ် မနာယတန၊
၃။ အဗျာကတ မနာယတန။ (အဘိ၊ဝိ၊၇၁။) (အဘိ၊ဝိ၊မြန်၊၁။၂၅၃။)♦

မနာယတန ၃ ပါး (တစ်နည်း)

၁။ သုခဝေဒနာနှင့် ယှဉ်သော မနာယတန၊
၂။ ဒုက္ခဝေဒနာနှင့် ယှဉ်သော မနာယတန၊
၃။ အဒုက္ခမသုခါဝေဒနာနှင့် ယှဉ်သော မနာယတန။ (အဘိ၊ဝိ၊၇၂။) (အဘိ၊ဝိ၊မြန်၊၁။၂၅၅။)♦

မနာယတန ၄ ပါး

၁။ ကာမဘုံ၌ သက်ဝင်၍ ဖြစ်သော ကာမာဝစရ မနာယတန၊
၂။ ရူပဘုံ၌ သက်ဝင်၍ ဖြစ်သော ရူပါဝစရ မနာယတန၊
၃။ အရူပဘုံ၌ သက်ဝင်၍ ဖြစ်သော အရူပါဝစရ မနာယတန၊
၄။ ဘုံသုံးပါး၌ အကျုံးမဝင်သော အပရိယာပန္န (လောကုတ္တရ) မနာယတန။ (အဘိ၊ဝိ၊၇၁။) (အဘိ၊ဝိ၊မြန်၊၁။၂၅၄။)♦

မနာယတန ၅ ပါး

၁။ သုခိန္ဒြေနှင့် ယှဉ်သော မနာယတန၊
၂။ ဒုက္ခိန္ဒြေနှင့် ယှဉ်သော မနာယတန၊
၃။ သောမနဿိန္ဒြေနှင့် ယှဉ်သော မနာယတန၊
၄။ ဒေါမနဿိန္ဒြေနှင့် ယှဉ်သော မနာယတန၊
၅။ ဥပေက္ခိန္ဒြေနှင့် ယှဉ်သော မနာယတန။ (အဘိ၊ဝိ၊၇၁။) (အဘိ၊ဝိ၊မြန်၊၁။၂၅၄။)♦

မနာယတန ၆ ပါး

၁။ စက္ခုဝိညာဏ်၊
၂။ သောဝိညာဏ်၊
၃။ ဃာနဝိညာဏ်၊
၄။ ဇိဝှါဝိညာဏ်၊
၅။ ကာယဝိညာဏ်၊
၆။ မနောဝိညာဏ်။ (အဘိ၊ဝိ၊၇၁။) (အဘိ၊ဝိ၊မြန်၊၁။၂၅၄။)♦

မနာယတန ၇ ပါး

၁။ စက္ခုဝိညာဏ်၊
၂။ သောတဝိညာဏ်၊
၃။ ဃာနဝိညာဏ်၊
၄။ ဇိဝှါ ဝိညာဏ်၊
၅။ ကာယဝိညာဏ်၊
၆။ မနောဓာတ်၊
၇။ မနောဝိညာဏဓာတ်။ (အဘိ၊ဝိ၊၇၁။) (အဘိ၊ဝိ၊မြန်၊၁။၂၅၄။)♦

မနာယတန ၈ ပါး

၁။ စက္ခုဝိညာဏ်၊
၂။ သောတဝိညာဏ်၊
၃။ ဃာနဝိညာဏ်၊
၄။ ဇိဝှါဝိညာဏ်၊
၅။ သုခဝေဒနာနှင့် တကွ ဖြစ်သော ကာယဝိညာဏ်၊
၆။ ဒုက္ခဝေဒနာနှင့် တကွဖြစ်သော ကာယဝိညာဏ်၊
၇။ မနောဓာတ်၊
၈။ မနောဝိညာဏဓာတ်။ (အဘိ၊ဝိ၊၇၁။) (အဘိ၊ဝိ၊မြန်၊၁။၂၅၄။)♦

မနာယတန ၉ ပါး

၁။ စက္ခုဝိညာဏ်၊
၂။ သောတဝိညာဏ်၊
၃။ ဃာနဝိညာဏ်၊
၄။ ဇိဝှါဝိညာဏ်၊
၅။ ကာယဝိညာဏ်၊
၆။ မနောဓာတ်၊
၇။ ကုသိုလ် မနောဝိညာဏဓာတ်၊
၈။ အကုသိုလ် မနောဝိညာဏဓာတ်၊
၉။ အဗျာကတ မနောဝိညာဏဓာတ်။ (အဘိ၊ဝိ၊၇၁။) (အဘိ၊ဝိ၊မြန်၊၁။၂၅၅။)♦

မနိန္ဒြေ ၁၀ ပါး

၁။ စက္ခုဝိညာဏ်၊
၂။ သောတဝိညာဏ်၊
၃။ ဃာနဝိညာဏ်၊
၄။ ဇိဝှါဝိညာဏ်၊
၅။ သုခဝေဒနာနှင့် တကွဖြစ်သော ကာယဝိညာဏ်၊
၆။ ဒုက္ခဝေဒနာနှင့် တကွဖြစ်သော ကာယ ဝိညာဏ်၊
၇။ မနောဓာတ်၊
၈။ ကုသိုလ် မနောဝိညာဏဓာတ်၊
၉။ အကုသိုလ်မနောဝိညာဏ ဓာတ်၊
၁၀။ အဗျာကတ မနောဝိညာဏဓာတ်။ (အဘိ၊ဝိ၊၁၂၉။) (အဘိ၊ဝိ၊မြန်၊၂။၄။)♦

မနိန္ဒြေ ၂ ပါး

၁။ ဟိတ်ရှိသော မနိန္ဒြေ၊
၂။ ဟိတ်မရှိသော မနိန္ဒြေ။ (အဘိ၊ဝိ၊၁၂၈။) (အဘိ၊ဝိ၊မြန်၊၂။၃။)♦

မနိန္ဒြေ ၃ ပါး

၁။ ကုသိုလ် မနိန္ဒြေ၊
၂။ အကုသိုလ် မနိန္ဒြေ၊
၃။ အဗျာကတမနိန္ဒြေ။ (အဘိ၊ဝိ၊၁၂၈။) (အဘိ၊ဝိ၊မြန်၊၂။၃။)♦

မနိန္ဒြေ ၄ ပါး

၁။ ကာမဘုံ၌ ဖြစ်သော မနိန္ဒြေ (ကာမာဝစရမနိန္ဒြေ)၊
၂။ ရူပဘုံ၌ ဖြစ်သော မနိန္ဒြေ (ရူပါဝစရမနိန္ဒြေ)၊
၃။ အရူပဘုံ၌ ဖြစ်သော မနိန္ဒြေ (အရူပါဝစရမနိန္ဒြေ)၊
၄။ ဘုံသုံးပါး၌ အကျုံးမဝင်သော (အပရိယာပန္န မနိန္ဒြေ)။ (အဘိ၊ဝိ၊၁၂၈။) (အဘိ၊ဝိ၊မြန်၊၂။၃။)♦

မနိန္ဒြေ ၅ ပါး

၁။ သုခိန္ဒြေနှင့် ယှဉ်သော မနိန္ဒြေ၊
၂။ ဒုက္ခိန္ဒြေနှင့် ယှဉ်သော မနိန္ဒြေ၊
၃။ သောမန ဿိန္ဒြေနှင့် ယှဉ်သော မနိန္ဒြေ၊
၄။ ဒေါမနဿိန္ဒြေနှင့် ယှဉ်သော မနိန္ဒြေ၊
၅။ ဥပေက္ခိန္ဒြေနှင့် ယှဉ်သော မနိန္ဒြေ။ (အဘိ၊ဝိ၊၁၂၈။) (အဘိ၊ဝိ၊မြန်၊၂။၃။)♦

မနိန္ဒြေ ၆ ပါး

၁။ စက္ခုဝိညာဏ်၊
၂။ သောတဝိညာဏ်၊
၃။ ဃာနဝိညာဏ်၊
၄။ ဇိဝှါဝိညာဏ်၊
၅။ ကာယဝိညာဏ်၊
၆။ မနောဝိညာဏ်။ (အဘိ၊ဝိ၊၁၂၈။) (အဘိ၊ဝိ၊မြန်၊၂။၃။)♦

မနိန္ဒြေ ၇ ပါး

၁။ စက္ခုဝိညာဏ်၊
၂။ သောတဝိညာဏ်၊
၃။ ဃာနဝိညာဏ်၊
၄။ ဇိဝှါဝိညာဏ်၊
၅။ ကာယဝိညာဏ်၊
၆။ မနောဓာတ်၊
၇။ မနောဝိညာဏဓာတ်။ (အဘိ၊ဝိ၊၁၂၈။) (အဘိ၊ဝိ၊မြန်၊၂။၃။)♦

မနိန္ဒြေ ၈ ပါး

၁။ စက္ခုဝိညာဏ်၊
၂။ သောတဝိညာဏ်၊
၃။ ဃာနဝိညာဏ်၊
၄။ ဇိဝှါဝိညာဏ်၊
၅။ သုခဝေဒနာနှင့် တကွဖြစ်သော ကာယဝိညာဏ်၊
၆။ ဒုက္ခဝေဒနာနှင့် တကွဖြစ်သော ကာယဝိညာဏ်၊
၇။ မနောဓာတ်၊
၈။ မနောဝိညာဏဓာတ်။ (အဘိ၊ဝိ၊၁၂၈။) (အဘိ၊ဝိ၊မြန်၊၂။၃။)♦

မနိန္ဒြေ ၉ ပါး

၁။ စက္ခုဝိညာဏ်၊
၂။ သောတဝိညာဏ်၊
၃။ ဃာနဝိညာဏ်၊
၄။ ဇိဝှါ ဝိညာဏ်၊
၅။ ကာယဝိညာဏ်၊
၆။ မနောဓာတ်၊
၇။ ကုသိုလ် မနောဝိညာဏဓာတ်၊
၈။ အကုသိုလ် မနောဝိညာဏဓာတ်၊
၉။ အဗျာကတ မနောဝိညာဏဓာတ်။ (အဘိ၊ဝိ၊၁၂၉။) (အဘိ၊ဝိ၊မြန်၊၂။၃။)♦

မနုဿရတနာ ၂ မျိုး

၁။ ဣတ္ထိရတနာ၊
၂။ ပုရိသရတနာ။ (ခုဒ္ဒက၊ဋ္ဌ၊၁၄၉။)♦

မနောဒုစရိုက် ၃ ပါး

၁။ အဘိဇ္ဈာ- သူတစ်ပါး စည်းစိမ်ကို ကိုယ့်စည်းစိမ်ဖြစ်အောင် မတရား ကြံစည်ခြင်း၊
၂။ ဗျာပါဒ- သူတစ်ပါးတို့အား ဆုတ်ယုတ်ပျက်စီးစေလိုခြင်း၊
၃။ မိစ္ဆာဒိဋ္ဌိ- မှားသော အယူဝါဒရှိခြင်း။ (မ၊၁၊၃၅၆။) (မ၊၁၊၃၆၂။) (မ၊မြန်၊၁။၃၆၇။) (မ၊မြန်၊၁။၃၆၇။)(အဘိ၊ဝိ၊ ၃၇၈။) (အဘိ၊ဝိ၊မြန်၊၂။၄၇၃။)♦

မနောဘာဝနီယရဟန်းအား ချဉ်းကပ်သင့်သော အခါ ၆ မျိုး

၁။ စွဲမက်မှု ကာမရာဂမှ ထွက်မြောက် ကြောင်းကို မသိသောအခါ ဖြစ်ခြင်း၊
၂။ ပျက်စီးစေလိုမှု ဗျာပါဒမှ ထွက်မြောက်ကြောင်းကို မသိသောအခါ ဖြစ်ခြင်း၊
၃။ လေးလံထိုင်းမှိုင်းမှု ထိနမိဒ္ဓမှ ထွက်မြောက်ကြောင်းကို မသိသော အခါ ဖြစ်ခြင်း၊
၄။ ပျံ့လွင့်မှု နောင်တ ပူပန်မှု ဥဒ္ဓစ္စ ကုက္ကုစ္စမှ ထွက်မြောက်ကြောင်းကို မသိသောအခါ ဖြစ်ခြင်း၊
၅။ မဝေခွဲနိုင်မှု ဝိစိကိစ္ဆာမှ ထွက်မြောက်ကြောင်းကို မသိသော အခါ ဖြစ်ခြင်း၊
၆။ အာသဝေါတရား ကုန်ခန်းရန် အာရုံနိမိတ်ကို မသိသောအခါ ဖြစ်ခြင်း။ (အံ၊၂၊၂၈၀။) (အံ၊မြန်၊၂။၃၆၀။)♦

မနောမယဉာဏ်၏ အာရုံ ၃ မျိုး

၁။ ကာမအာရုံ၊
၂။ ပစ္စုပ္ပန်အာရုံ၊
၃။ ဗဟိဒ္ဓအာရုံ။ (ဒီ၊ဋ္ဌ၊၁၊၂၀၃။) (ဒီ၊ဋ္ဌ၊မြန်၊၁။၃၉၇။)♦

မနောမယိဒ္ဓိဉာဏ် စွမ်းအား ၅ ပါး

၁။ မိမိကိုယ်မှ တစ်ပါးသော ကိုယ်ကို ဖန်ဆင်းနိုင်ခြင်း၊
၂။ ထိုကိုယ်ကား ရုပ်ရှိခြင်း၊
၃။ စိတ်ဖြင့် ပြီးခြင်း၊
၄။ အင်္ဂါကြီးငယ် အပြည့်အစုံရှိခြင်း၊
၅။ ဣန္ဒြေ မချို့တဲ့သော ကိုယ်ဖြစ်ခြင်း။ (ဒီ၊၁၊၇၃။) (ဒီ၊မြန်၊၁။၈၆။)♦

မနောမောနေယျ ၇ ပါး

၁။ မနောဒုစရိုက် သုံးပါးကို ပယ်ခြင်း၊
၂။ မနောသုစရိုက် သုံးပါး၊
၃။ မနောအာရုံ၌ သိသော ဉာဏ်၊
၄။ စိတ်ကို ပိုင်းခြား၍ သိခြင်း၊
၅။ စိတ်ကို ပိုင်းခြား၍ သိခြင်းနှင့်တကွ ဖြစ်သော မဂ်၊
၆။ စိတ်၌ ဆန္ဒရာဂကို ပယ်ခြင်း၊
၇။ စိတ္တသင်္ခါရ ချုပ်ခြင်းရှိသော သညာ, ဝေဒနာတို့၏ ချုပ်ရာဖြစ်သော နိရောဓသမာပတ်။ (ဒီ၊ဋ္ဌ၊၃၊၁၈၆။) (ခု၊ပါ၊၇၊၄၄။)♦

မနောဝိညေယျဓမ္မ ၂ မျိုး

၁။ သေဝိတဗ္ဗ မနောဝိညေယျဓမ္မ-ဤမနောဝိညာဉ်ဖြင့် သိအပ်သော ဓမ္မာရုံကို မှီဝဲသော ပုဂ္ဂိုလ်အား အကုသိုလ်တရားများ ယုတ်လျော့၍ ကုသိုလ်တရားများ တိုးပွား လာသဖြင့် မှီဝဲအပ်သော မနောဝိညေယျဓမ္မ၊
၂။ အသေဝိတဗ္ဗ မနောဝိညေယျဓမ္မ- ဤမနော ဝိညာဉ်ဖြင့် သိအပ်သော ဓမ္မာရုံကို မှီဝဲသော ပုဂ္ဂိုလ်အား အကုသိုလ်တရားများ တိုးပွား၍ ကုသိုလ်တရားများ ယုတ်လျော့သွားသဖြင့် မမှီဝဲအပ်သော မနောဝိညေယျဓမ္မ၊ (ဒီ၊၂၊၂၂၅။) (ဒီ၊မြန်၊၂။၂၅၂။)♦

မနောသမာစာရ ၂ ပါး

၁။ သေဝိတဗ္ဗမနောသမာစာရ- မှီဝဲအပ်သော စိတ်အကျင့်၊
၂။ အသေဝိတဗ္ဗ မနောသမာစာရ- မမှီဝဲအပ်သော စိတ်အကျင့်။ (နေတ္တိ၊ဋ္ဌ၊၁၆၁။)♦

မနောသုစရိုက် ၃ ပါး

၁။ သူတစ်ပါးစည်းစိမ်ကို ကိုယ့်စည်းစိမ်ဖြစ်အောင် မတရားမကြံစည်ခြင်း၊
၂။ သူတစ်ပါးတို့အား ဘေးရန်ကင်းကွာ ကျန်းမာချမ်းသာစေလိုခြင်း၊
၃။ မှန်ကန်သော အယူ ဝါဒရှိခြင်း။ (မ၊၁၊၃၅၈။) (မ၊၁၊၃၆၃။) (မ၊မြန်၊၁။၃၆၉။) (မ၊မြန်၊၁။၃၆၉။)♦

မပြတ် အောက်မေ့အပ်သော တရား ၆ ပါး

၁။ မြတ်စွာဘုရားဂုဏ်ကို မပြတ် အောက်မေ့ခြင်း၊
၂။ တရားတော်၏ ဂုဏ်ကို မပြတ်အောက်မေ့ခြင်း၊
၃။ သံဃာတော်၏ဂုဏ်ကို မပြတ် အောက်မေ့ခြင်း၊
၄။ မိမိ၏သီလကို မပြတ်အောက်မေ့ခြင်း၊
၅။ မိမိ၏ စွန့်ကြဲမှုဂုဏ်ကို မပြတ် အောက်မေ့ခြင်း၊
၆။ နတ်တို့ကို သက်သေထား၍ မိမိ၏သဒ္ဓါ စသော ဂုဏ်ကို မပြတ် အောက်မေ့ခြင်း။ (အံ၊၂၊၂၇၅၊၂၇၇။) (အံ၊မြန်၊၂။၃၅၄-၃၅၆။)♦

မပြတ်ဆင်ခြင်အပ်သော အကြောင်း ၅ ပါး

အဘိဏှ ပစ္စဝေက္ခိတဗ္ဗဌာန ၅ ပါးနှင့် တူသည်။ ♦

မပြုလုပ်သင့်သော တရား ၃ ပါး

၁။ ကာယဒုစရိုက် သုံးပါး၊
၂။ ဝစီဒုစရိုက် လေးပါး၊
၃။ မနော ဒုစရိုက် သုံးပါး။ (နေတ္တိ၊ဋ္ဌ၊၁၆၀။)♦

မပြောင်းထိုက်သော ခြေနင်းခုံ ၃ မျိုး

၁။ ကျင်ကြီးအိမ်၌ ထားအပ်သော ခြေနင်းခုံ၊
၂။ ကျင်ငယ်အိမ်၌ ထားအပ်သော ခြေနင်းခုံ၊
၃။ သန့်သက်ရေဆေးရာ၌ ထားအပ်သော ခြေနင်းခုံ။ (ဝိ၊၃၊၂၇၉။) (ဝိ၊၅၊၂၂၂။) (ဝိ၊မြန်၊၃။၂၇၉။) (ဝိ၊မြန်၊၅။၃၁၀။)♦

မပူဇော်အပ်သော ပုဂ္ဂိုလ်၏ အင်္ဂါ ၁၀ ပါး

၁။ သူ့အသက် သတ်လေ့ရှိသူ ဖြစ်ခြင်း၊
၂။ သူ့ဥစ္စာကို ခိုးယူလေ့ရှိသူ ဖြစ်ခြင်း၊
၃။ ကာမတို့၌ မှားယွင်းစွာ ကျင့်လေ့ရှိသူ ဖြစ်ခြင်း၊
၄။ မဟုတ် မမှန်သော စကားကို ပြောဆိုလေ့ရှိသူ ဖြစ်ခြင်း၊
၅။ ကုန်းချောစကား ပြောကြားလေ့ရှိသူ ဖြစ်ခြင်း၊
၆။ ရုန့်ရင်းကြမ်းတမ်းသော စကားကို ပြောဆိုလေ့ရှိသူ ဖြစ်ခြင်း၊
၇။ ပြိန်ဖျင်းသော စကားကို ပြောဆိုလေ့ရှိသူ ဖြစ်ခြင်း၊
၈။ အဘိဇ္ဈာများသူ သူတစ်ပါးဥစ္စာကို ရှေးရှု ကြံစည်လေ့ရှိသူ ဖြစ်ခြင်း၊
၉။ သူတစ်ပါးတို့အား ပျက်စီးစေလိုစိတ် ရှိသူ ဖြစ်ခြင်း၊
၁၀။ မှားယွင်းသော အမြင်ရှိသူ ဖြစ်ခြင်း။ (အံ၊၃၊၄၈၈။) (အံ၊မြန်၊၃။၄၇၉။)♦

မပူပန်စေတတ်သော တရား ၁၀ ပါး

၁။ မှန်သော အမြင်၊
၂။ မှန်သော အကြံအစည်၊
၃။ မှန်သော စကား၊
၄။ မှန်သော အလုပ်၊
၅။ မှန်သော အသက်မွေးမှု၊
၆။ မှန်သော အားထုတ်မှု၊
၇။ မှန်သော သတိ၊
၈။ မှန်သော သမာဓိ၊
၉။ မှန်သော ဉာဏ်၊
၁၀။ မှန်သော လွတ်မြောက်မှု။ (အံ၊၃၊၄၅၄ ၄၅၇။) (အံ၊၃၊၄၅၇။) (အံ၊မြန်၊၃။၄၄၇ ၄၅၁။) (အံ၊မြန်၊၃။၄၄၇ ၄၅၁။)♦

မပူပန်စေတတ်သော တရား ၁၀ ပါး (တစ်နည်း)

၁။ သူ့အသက် သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း၊
၂။ သူ့ဥစ္စာခိုးယူခြင်းမှ ရှောင်ကြဉ်ခြင်း၊
၃။ ကာမတို့၌ မှားယွင်းသော အကျင့်မှ ရှောင် ကြဉ်ခြင်း၊
၄။ မဟုတ်မမှန် ပြောမှုမှ ရှောင်ကြဉ်ခြင်း၊
၅။ ကုန်းချောမှုမှ ရှောင်ကြဉ်ခြင်း၊
၆။ ရုန့်ရင်းကြမ်းတမ်းစွာ ပြောဆိုမှုမှ ရှောင်ကြဉ်ခြင်း၊
၇။ ပြိန်ဖျင်းသော စကားပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း၊
၈။ သူတစ်ပါးဥစ္စာကို ရှေးရှုကြံစည်မှုမှ ရှောင်ကြဉ်ခြင်း၊
၉။ သတ္တဝါတို့အား ဖျက်ဆီးလိုမှုမှ ရှောင်ကြဉ်ခြင်း၊
၁၀။ မှန်သော အမြင်ရှိခြင်း။ (အံ၊၃၊၄၈၂-၄၈၇။) (အံ၊မြန်၊၃။၄၇၂-၄၇၈။)♦

မပူပန်စေတတ်သော တရား ၂ ပါး

၁။ ကုသိုလ်ကောင်းမှုများကိုသာ ပြုလုပ်အားထုတ်၍ မကောင်းမှု အကုသိုလ်များကို မပြုလုပ်ခဲ့ခြင်း၊
၂။ ငါသည် ကောင်းမှုကုသိုလ်များကို ပြုလုပ်ပြီးပြီဟူ၍ လည်းကောင်း၊ ငါသည် မကောင်းမှု အကုသိုလ်များကို မပြုလုပ်အပ် ဟူ၍လည်းကောင်း မစိုးရိမ် မပူပန်ခြင်း။ (ခုဒ္ဒက၊၂၁၃။) (ခုဒ္ဒက၊မြန်။၁၉၅။)♦

မပူပန်စေတတ်သော တရား ၂ ပါး (တစ်နည်း)

၁။ ကာယသုစရိုက်, ဝစီသုစရိုက်, မနောသုစရိုက် တို့ကို ပြုကျင့်မိ၍ မပူပန်ခြင်း၊
၂။ ကာယဒုစရိုက်, ဝစီဒုစရိုက်, မနောဒုစရိုက်တို့ကို မပြုကျင့် မိ၍ မပူပန်ခြင်း။ (အံ၊၁၊၅၁။) (အံ၊မြန်၊၁။၆၃။)♦

မပေါင်းသင်းထိုက်သော ပုဂ္ဂိုလ် ၃ မျိုး (ဇမ္ဗုဒိပ်တစ်ကျွန်းလုံး၌ လူတစ်ယောက်မျှ မရှိသော်လည်း မပေါင်းသင်းထိုက်သော ပုဂ္ဂိုလ် ၃ မျိုး)

၁။ နနွင်းဆိုးရည်ကဲ့သို့ မမြဲသော စိတ်ရှိသော ပုဂ္ဂိုလ်၊
၂။ မျောက်ကဲ့သို့ လျင်မြန်သော စိတ်ရှိသော ပုဂ္ဂိုလ်၊
၃။ ခဏချင်းဖြင့် ချစ်ခြင်း မုန်းခြင်းကို ဖြစ်စေတတ်သော ပုဂ္ဂိုလ်။ (ဇာတက၊၁၊၁၁၈။)♦

မဖောက်ပြန်သော သညာ ၃ မျိုး

၁။ အနိစ္စသညာ- မမြဲအနိစ္စဟု ဖြစ်သော သညာ၊
၂။ ဒုက္ခသညာ- ဆင်းရဲ၏ဟု ဖြစ်သော အမှတ်သညာ၊
၃။ အနတ္တသညာ- အနတ္တဟု ဖြစ်သော သညာ။ (နေတ္တိ၊ဝိဘာ၊၂၇၆။)♦

မမန္တိ ဝိနိဗန္ဓဒိဋ္ဌိဖြင့် နှလုံးသွင်းပုံ ၁၈ မျိုး

၁။ မျက်စိသည် ငါ့ဥစ္စာတည်းဟု အမှား နှလုံးသွင်းခြင်း၊
၂။ နားသည် ငါ့ဥစ္စာတည်းဟု အမှား နှလုံးသွင်းခြင်း၊
၃။ နှာခေါင်းသည် ငါ့ဥစ္စာတည်းဟု အမှား နှလုံးသွင်းခြင်း၊
၄။ လျှာသည် ငါ့ဥစ္စာတည်းဟု အမှားနှလုံးသွင်းခြင်း၊
၅။ ကိုယ်သည် ငါ့ဥစ္စာတည်းဟု အမှား နှလုံးသွင်းခြင်း၊
၆။ စိတ်သည် ငါ့ဥစ္စာတည်းဟု အမှား နှလုံးသွင်းခြင်း၊
၇။ ရူပါရုံသည် ငါ့ဥစ္စာတည်းဟု အမှား နှလုံးသွင်းခြင်း၊
၈။ သဒ္ဒါရုံသည် ငါ့ဥစ္စာတည်းဟု အမှား နှလုံးသွင်းခြင်း၊
၉။ ဂန္ဓာရုံသည် ငါ့ဥစ္စာတည်းဟု အမှား နှလုံး သွင်းခြင်း၊
၁၀။ ရသာရုံသည် ငါ့ဥစ္စာတည်းဟု အမှား နှလုံးသွင်းခြင်း၊
၁၁။ ဖောဋ္ဌဗ္ဗာရုံသည် ငါ့ဥစ္စာတည်းဟု အမှား နှလုံးသွင်းခြင်း၊
၁၂။ ဓမ္မာရုံသည် ငါ့ဥစ္စာတည်းဟု အမှား နှလုံး သွင်းခြင်း၊
၁၃။ စက္ခုဝိညာဏ်သည် ငါ့ဥစ္စာတည်းဟု အမှား နှလုံးသွင်းခြင်း၊
၁၄။ သောတ ဝိညာဏ်သည် ငါ့ဥစ္စာတည်းဟု အမှား နှလုံးသွင်းခြင်း၊
၁၅။ ဃာနဝိညာဏ်သည် ငါ့ဥစ္စာ တည်းဟု အမှားနှလုံးသွင်းခြင်း၊
၁၆။ ဇိဝှါဝိညာဏ်သည် ငါ့ဥစ္စာတည်းဟု အမှားနှလုံး သွင်းခြင်း၊
၁၇။ ကာယဝိညာဏ်သည် ငါ့ဥစ္စာတည်းဟု အမှား နှလုံးသွင်းခြင်း၊
၁၈။ မနော ဝိညာဏ်သည် ငါ့ဥစ္စာတည်းဟု အမှားနှလုံးသွင်းခြင်း။ (ပဋိသံ၊၁၅၅-၁၅၆။) (ပဋိသံ၊ မြန်။၁၉၉။)♦

မမြတ်သော အကျင့်ဖြင့် နေခြင်း ၄ မျိုး

၁။ အလှူ, အလှူ၏ အကျိုး မရှိဟု အယူဝါဒရှိသော ဆရာ၏ နေခြင်း၊
၂။ ပြုအပ်သည် မမည်ဟု ပြောဆိုကြောင်းအယူ (အကြိယဝါဒ) ရှိသူ ဆရာ၏ နေခြင်း၊
၃။ အကြောင်းမရှိဟု ပြောဆိုကြောင်းအယူ (အဟေတုကဝါဒ) ရှိသူ ဆရာ၏ နေခြင်း၊
၄။ ကောင်းမှုကံ မကောင်းမှုကံနှင့် ကောင်းမှုအကျိုး မကောင်းမှု အကျိုးတို့ကို ပယ်ကြောင်း အယူရှိသူ ဆရာ၏ နေခြင်း။ (မ၊၂၊၁၈၂။) (မ၊မြန်၊၂။၁၉၃၊၁၉၅၊၁၉၆၊၁၉၇။)♦

မမြတ်သောလမ်းဟု ဆိုအပ်သော တရား ၁၀ ပါး

၁။ သူ့အသက် သတ်ခြင်း၊
၂။ သူ့ဥစ္စာ ခိုးခြင်၊
၃။ ကာမတို့၌ မှားယွင်းစွာ ကျင့်ခြင်း၊
၄။ မဟုတ်မမှန် ပြောဆိုခြင်း၊
၅။ ကုန်းချောခြင်း၊
၆။ ရုန့်ရင်းကြမ်းတမ်းသော စကားကိုပြောဆိုခြင်း၊
၇။ ပြိန်ဖျင်းသော စကားကိုပြောဆိုခြင်း၊
၈။ သူတစ်ပါးဥစ္စာကို ရှေးရှုကြံစည်ခြင်း၊
၉။ သတ္တဝါတို့အား ဖျက်ဆီးလိုခြင်း၊
၁၀။ မှားသော အမြင်ရှိခြင်း။ (အံ၊၃၊၄၈၂-၄၈၇။) (အံ၊မြန်၊၃။၄၇၂-၄၇၈။)♦

မမှီဝဲ မဆည်းကပ်အပ်သော ပုဂ္ဂိုလ်၏ အင်္ဂါ ၁၀ ပါး

၁။ မှားသော အယူရှိသူ ဖြစ်ခြင်း၊
၂။ မှားသော အကြံရှိသူ ဖြစ်ခြင်း၊
၃။ မှားသော စကားရှိသူ ဖြစ်ခြင်း၊
၄။ မှားသော အလုပ်ရှိသူ ဖြစ်ခြင်း၊
၅။ မှားသော အသက်မွေးမှုရှိသူ ဖြစ်ခြင်း၊
၆။ မှားသော လုံ့လရှိသူ ဖြစ်ခြင်း၊
၇။ မှားသော သတိရှိသူ ဖြစ်ခြင်း၊
၈။ မှားသော သမာဓိရှိသူ ဖြစ်ခြင်း၊
၉။ မှားသော ဉာဏ်အမြင်ရှိသူ ဖြစ်ခြင်း၊
၁၀။ မှားသော လွတ်မြောက်မှု ရှိသူ ဖြစ်ခြင်း။ (အံ၊၃၊၄၅၈။) (အံ၊မြန်၊၃။၄၅၂။)♦

မမှီဝဲထိုက်သော ကိုယ်အကျင့် ၂ မျိုး

၁။ မကောင်းမှု တိုးပွားသော ကိုယ်အကျင့်၊
၂။ ကောင်းမှု ဆုတ်ယုတ်သော ကိုယ်အကျင့်။ (မ၊၃၊၉၄။) (မ၊မြန်၊၃။၉၈။)♦

မမှီဝဲထိုက်သော စိတ်ဖြစ်ပေါ်ခြင်း ၂ မျိုး

၁။ မကောင်းမှုတို့ တိုးပွားကုန်သော စိတ်ဖြစ်ပေါ်ခြင်း၊
၂။ ကောင်းမှုတို့ ဆုတ်ယုတ်ကုန်သော စိတ်ဖြစ်ပေါ်ခြင်း။ (မ၊၃၊၉၇။) (မ၊မြန်၊၃။၁၀၁။)♦

မမှီဝဲထိုက်သော စိတ်အကျင့် ၂ မျိုး

၁။ မကောင်းမှုတို့ တိုးပွားကုန်သော စိတ်အကျင့်၊
၂။ ကောင်းမှုတို့ ဆုတ်ယုတ်ကုန်သော စိတ်အကျင့်။ (မ၊၃၊၉၆။) (မ၊မြန်၊၃။၁၀၁။)♦

မမှီဝဲထိုက်သော နှုတ်အကျင့် ၂ မျိုး

၁။ မကောင်းမှုတို့ တိုးပွားကုန်သော နှုတ်အကျင့်၊
၂။ ကောင်းမှုတို့ ဆုတ်ယုတ်ကုန်သော နှုတ်အကျင့်။ (မ၊၃၊၉၅။) (မ၊မြန်၊၃။၉၉။)♦

မမှီဝဲထိုက်သော သညာ ၂ မျိုး

၁။ မကောင်းမှုတို့ တိုးပွားကုန်သော သညာ၊
၂။ ကောင်းမှုတို့ ဆုတ်ယုတ်ကုန်သော သညာ။ (မ၊၃၊၉၈။) (မ၊မြန်၊၃။၁၀၂။)♦

မမှီဝဲထိုက်သော အတ္တဘော ၂ မျိုး

၁။ မကောင်းမှု တိုးပွားစေသော အတ္တဘော၊
၂။ ကောင်းမှု ဆုတ်ယုတ်စေသော အတ္တဘော။ (မ၊၃၊၁၀၀။) (မ၊မြန်၊၃။၁၀၄။)♦

မမှီဝဲထိုက်သော အယူ ၂ မျိုး

၁။ မကောင်းမှု တိုးပွားကုန်သော ရအပ်သော အယူ၊
၂။ ကောင်းမှု ဆုတ်ယုတ်ကုန်သော ရအပ်သော အယူ။ (မ၊၃၊၉၉။) (မ၊မြန်၊၃။၁၀၃။)♦

မမေး မစိစစ်ထိုက်သော ရဟန်း၏ အင်္ဂါ ၅ ပါး

၁။ သုတ်ကို မသိခြင်း၊
၂။ သုတ်အား အလျော်ကို မသိခြင်း၊
၃။ ဝိနည်းကို မသိခြင်း၊
၄။ ဝိနည်းအား အလျော်ကို မသိခြင်း၊
၅။ အကြောင်း ဟုတ်သည် မဟုတ်သည်၌ မကျွမ်းကျင်ခြင်း။ (ဝိ၊၅၊၃၃၃။) (ဝိ၊မြန်၊၅။၄၃၆။)♦

မမေး မစိစစ်ထိုက်သော ရဟန်း၏ အင်္ဂါ ၅ ပါး (တစ်နည်း)

၁။ တရားကို မသိခြင်း၊
၂။ တရားအား အလျော်ကို မသိခြင်း၊
၃။ ဝိနည်းကို မသိခြင်း၊
၄။ ဝိနည်းအားလျော်သည်ကို မသိခြင်း၊
၅။ ရှေ့နောက် စကား၌ မလိမ္မာခြင်း။ (ဝိ၊၅၊၃၃၄။) (ဝိ၊မြန်၊၅။၄၃၆။)♦

မမေး မစိစစ်ထိုက်သော ရဟန်း၏ အင်္ဂါ ၅ ပါး (တစ်နည်း)

၁။ဝတ္ထုကို မသိခြင်း၊
၂။ နိဒါန်းကို မသိခြင်း၊
၃။ ပညတ်ချက်ကို မသိခြင်း၊
၄။ မျက်မှောက်ဖြစ်သော ပုဒ်ကို မသိခြင်း၊ (ရှေ့၌ ဆိုရမည့်ပုဒ်, နောက်၌ ဆိုရမည့် ပုဒ်ကို မသိခြင်း၊ )
၅။ ရှေးနောက် စကားစပ်ကို မသိခြင်း။ (ဝိ၊၅၊၃၃၄။) (ဝိ၊မြန်၊၅။၄၃၆။)♦

မမေးမစိစစ်ထိုက်သော ရဟန်း၏ အင်္ဂါ ၅ ပါး (တစ်နည်း)

၁။ အာပတ်ကို မသိခြင်း၊
၂။ အာပတ် ဖြစ်ကြောင်းကို မသိခြင်း၊
၃။ အာပတ်၏ ပယောဂကို မသိခြင်း၊
၄။ အာပတ်၏ ငြိမ်းခြင်းကို မသိခြင်း၊
၅။ အာပတ်ကို ဆုံးဖြတ်ခြင်း၌ မလိမ္မာခြင်း။ (ဝိ၊၅၊၃၃၄။) (ဝိ၊မြန်၊၅။၄၃၆။)♦

မမေးမစိစစ်ထိုက်သော ရဟန်း၏ အင်္ဂါ ၅ ပါး (တစ်နည်း)

၁။ အဓိကရုဏ်းကို မသိခြင်း၊
၂။ အဓိကရုဏ်းဖြစ်ကြောင်း သမုဋ္ဌာန်ကို မသိခြင်း၊
၃။ အဓိကရုဏ်း၏ ပယောဂကို မသိခြင်း၊
၄။ အဓိကရုဏ်း၏ ငြိမ်းခြင်းကို မသိခြင်း၊
၅။ အဓိကရုဏ်းကို ဆုံးဖြတ်ခြင်း၌ မကျွမ်းကျင်ခြင်း။ (ဝိ၊၅၊၃၃၅။) (ဝိ၊မြန်၊၅။၄၃၇။)♦

မမေ့မလျော့ စောင့်ရှောက်အပ်သော အရာ ၄ မျိုး

၁။ ငါ၏ စိတ်သည် တပ်မက်ကြောင်းတရားတို့၌ မတပ်မက်စေလင့် ဟူ၍ စိတ်ကို မမေ့မလျော့ စောင့်ရှောက်ခြင်း၊
၂။ ငါ၏ စိတ်သည် အမျက် ထွက်ကြောင်းတရားတို့၌ အမျက်မထွက်စေလင့်ဟူ၍ စိတ်ကို မမေ့မလျော့ စောင့်ရှောက်ခြင်း၊
၃။ ငါ၏ စိတ်သည် တွေဝေကြောင်းတရား၌ မတွေဝေစေလင့် ဟူ၍ စိတ်ကို မမေ့မလျော့ စောင့်ရှောက်ခြင်း၊
၄။ ငါ၏ စိတ်သည် မာန်ယစ်ကြောင်းတရားတို့၌ မာန် မယစ်ပါစေလင့် ဟူ၍ စိတ်ကို မမေ့မလျော့ စောင့်ရှောက်ခြင်း။ (အံ၊၁၊၄၃၅။) (အံ၊မြန်၊၁။၄၄၈။)♦

မမေ့မလျော့ပြုအပ်သော တရား ၄ ပါး

၁။ ကာယသုစရိုက် ပွားခြင်း၌ မမေ့မလျော့ ပြုအပ်သည်၊
၂။ ဝစီသုစရိုက် ပွားခြင်း၌ မမေ့မလျော့ ပြုအပ်သည်၊
၃။ မနောသုစရိုက် ပွားခြင်း၌ မမေ့မလျော့ ပြုအပ်သည်၊
၄။ သမ္မာဒိဋ္ဌိကို ပွားခြင်း၌ မမေ့မလျော့ ပြုအပ်သည်။ (အံ၊၁၊၄၃၄။) (အံ၊မြန်၊၁။၄၄၇။)♦

မယှဉ်ခြင်း ၄ ပါး

၁။ ကာမယောဂနှင့် မယှဉ်ခြင်း၊
၂။ ဘဝယောဂနှင့် မယှဉ်ခြင်း၊
၃။ ဒိဋ္ဌိယောဂနှင့် မယှဉ်ခြင်း၊
၄။ အဝိဇ္ဇာယောဂနှင့် မယှဉ်ခြင်း။ (ဒီ၊၃၊၁၉၂။) (ဒီ၊မြန်၊၃။၂၁၄။)♦

မယား ၁၀ ယောက်

၁။ ငွေဖြင့် ဝယ်ယူအပ်သော မယား၊
၂။ အလိုတူ၍ နေသောမယား၊
၃။ စည်းစိမ်ကြောင့် နေသောမယား၊
၄။ အဝတ်အထည်ကြောင့် နေသော မယား၊
၅။ ရေခွက်၌ လက်စုံချ၍ လက်ထပ်ထားသော မယား၊
၆။ ခေါင်းခုကို ချစေ၍ နေသောမယား၊
၇။ ကျွန်လည်း ဖြစ်, မယားလည်းဖြစ်သော မယား၊
၈။ အလုပ်သမားမလည်းဖြစ်, မယားလည်း ဖြစ်သော မယား၊
၉။ စစ်နိုင်သဖြင့် ဆောင်ယူအပ်သော မယား၊
၁၀။ တစ်ခဏမျှထားသော အခိုက်အတန့် မယား။ (ဝိ၊၁၊၂၀၂။) (ဝိ၊မြန်၊၁။၂၀၉။)♦

မယား ၇ မျိုး

၁။ သူသတ်သမားနှင့် တူသော မယား၊
၂။ ခိုးသူမနှင့် တူသော မယား၊
၃။ အရှင်နှင့် တူသော မယား(ဤသုံးယောက်သည် သေလွန်ပြီးနောက် ငရဲ ရောက်၏)၊
၄။ အမိနှင့် တူသော မယား၊
၅။ နှမနှင့် တူသော မယား၊
၆။ အဆွေခင်ပွန်းနှင့် တူသော မယား၊
၇။ ကျွန်မနှင့် တူသော မယား(ဤလေးယောက်သည် သေလွန်ပြီးနောက် နတ်ပြည် ရောက်၏)။ (အံ၊၂၊၄၆၇။) (ဇာ၊ဋ္ဌ၊၂၊၃၁၄။) (အံ၊မြန်၊၂။၅၈၇။)♦

မယားကျင့်ဝတ် ၅ ပါး

၁။ အမှုကြီးငယ်ကို ကောင်းစွာ စီရင်ခြင်း၊
၂။ နှစ်ဖက်သော ဆွေမျိုးကို ချီးမြှောက်ခြင်း၊
၃။ မိမိလင်မှတစ်ပါး အခြားယောကျ်ား၌ လွန်ကျူး၍ မကျင့်ခြင်း၊
၄။ ရှာဖွေ စုဆောင်းခဲ့သော ဥစ္စာကို ထိန်းသိမ်း စောင့်ရှောက်ခြင်း၊
၅။ အလုံးစုံသော ကိစ္စတို့၌ လိမ္မာ၍ ပျင်းရိမှု မရှိခြင်း။ (ဒီ၊၃၊၁၅၄-၁၅၅။) (ခုဒ္ဒက၊ဋ္ဌ၊၁၁၆။) (ဒီ၊မြန်၊၃။၁၇၃။)♦

မယားဝတ္တရား ၅ ပါး

၁။ လင့်အပေါ် နှစ်ခြိုက်ဖွယ် ပြုလေ့ရှိပြီး ချစ်ဖွယ်စကားကို ဆိုလေ့ ရှိခြင်း၊
၂။ ခင်ပွန်းသည် ရိုသေလေးစားအပ်သော အမိ အဖ သမဏ ဗြာဟ္မဏတို့ကို အရိုအသေ ပြုခြင်း၊
၃။ အိမ်တွင်းမှုတို့၌ ကျွမ်းကျင်၍ မပျင်းမရိ စီမံစွမ်းနိုင်ခြင်း၊
၄။ အစေခံ, ကျွေးကျွန်တို့ အပေါ်၌ အခြေအနေ အရပ်ရပ်ကို သိရှိကာ ခဲဖွယ်ဘောဇဉ် ရထိုက်သော အဖို့အစုတို့ကို ဝေဖန်ပေးနိုင်စွမ်းရှိခြင်း၊
၅။ လင်ယောက်ျား ဆောင်ယူလာသော ပစ္စည်းဥစ္စာတို့ကို မပျက် မစီးရအောင် စောင့်ရှောက်နိုင်ခြင်း။ (အံ၊၂၊၃၁။) (အံ၊မြန်၊၂။၄၀။)♦

မယုံကြည်ခြင်း စသည်တို့ ဖြစ်ကြောင်းတရား ၃ ပါး

၁။ အနာဒရိယံ- ရိုသေမှုမရှိခြင်း၊
၂။ ဒေါဝစဿတာ- ဆိုဆုံးမခက်ခြင်း၊
၃။ ပါပမိတ္တတာ- မိတ်ဆွေယုတ်ရှိခြင်း။ (အံ၊၃၊၃၇၂။) (အံ၊မြန်၊၃။၃၆၉။)♦

မျက်ကွယ်၌ ပြုအပ်သော ကံ ၈ မျိုး

၁။ တမန်ဖြင့် ရဟန်းခံသော ဒူတေနုပသမ္ပဒါကံ၊
၂။ သပိတ်မှောက်သော ကံ၊
၃။ သပိတ်လှန်သော ကံ၊
၄။ ရူးသော ရဟန်းအား ဥမ္မတ္တကသမ္မုတိ ပေးသော ကံ၊
၅။ သေက္ခဖြစ်ကုန်သော အမျိုးတို့အား သေက္ခဟုသမုတ်သော ကံ၊
၆။ ဆန္န ရဟန်းအား ပေးအပ်သော ဗြဟ္မဒဏ်ကံ၊
၇။ ဒေဝဒတ်ရဟန်းအား ပြုလုပ်အပ်သော ပကာသနီယ ကံ၊
၈။ မကြည်ညိုထိုက်သော အမှုကို ပြုသော ရဟန်းအပေါ်၌ ပြုအပ်သော အဝန္ဒနီယကံ။ (ဝိ၊ဋ္ဌ၊၄၊၂၄၄။)♦

မျက်စဉ်းဆေး လှူရကျိုး ၈ ပါး

၁။ ကျယ်သော မျက်စိရှိသူ ဖြစ်ခြင်း၊
၂။ မျက်စိ၏ ဖြူသင့်သော နေရာ၌ ဖြူခြင်း၊
၃။ မျက်စိ၏ ဝါသင့်သော နေရာ၌ ဝါခြင်း၊
၄။ မျက်စိ၏ နီသင့်သော နေရာ၌ နီခြင်း၊
၅။ အလွန်ကြည်လင်သော မျက်စိရှိခြင်း၊
၆။ ရောဂါခပ်သိမ်းတို့မှ ကင်းလွတ်ခြင်း၊
၇။ နတ်မျက်စိနှင့် တူသော မျက်စိကို ရရှိခြင်း၊
၈။ အတုမရှိသော ပညာ မျက်စိကို ရရှိခြင်း။ (အပ၊၁၊၃၆၄။) (အပ၊မြန်၊၁။၃၇၃။)♦

မျက်စိ ၂ မျိုး

စက္ခု ၂ မျိုးနှင့် တူသည်။ ♦

မျက်စိ ၃ မျိုး

စက္ခု ၃ မျိုးနှင့် တူသည်။ ♦

မျက်နှာချေမှုန့် ၅ မျိုး

၁။ မုန်ညင်းမှုန့်၊
၂။ ဆားမှုန့်၊
၃။ မြေညက်မှုန့်၊
၄။ နှမ်းမှုန့်၊
၅။ နနွင်း မှုန့်။ (ဇာ၊ဋ္ဌ၊၅၊၃၂၁။)♦

မျက်မှောက် အတ္တဘော၌ပင်လျှင် အမှန်အမှား နှစ်ပါးအကျိုး ရှိကုန်သော တရား ၅ မျိုး

၁။ ယုံကြည်ခြင်း၊
၂။ နှစ်သက်ခြင်း၊
၃။ တဆင့်ကြားခြင်း၊
၄။ အခြင်းအရာကို အပြန်ပြန် ကြံဆခြင်း၊
၅။ စဉ်းစားတွေးကြံ လက်ခံနှစ်သိမ့်သော အယူ၊ စူးစိုက်ကြည့်ရှု နှစ်သက်ကျေနပ်၍ ယူအပ်သော အယူ။ (မ၊၂၊၃၈၂။) (မ၊၃၊၅။) (မ၊မြန်၊၂။၃၈၇။) (မ၊မြန်၊၃။၉။)♦

မျက်မှောက် အောင်မြင်ရန် ကျင့်သော မိန်းမ၏ အင်္ဂါ ၄ ပါး

၁။ အမှုကိစ္စတို့ကို ကောင်းစွာ ပြုလုပ် စီရင်တတ်ခြင်း၊
၂။ အခြွေအရံ ပရိသတ်တို့အား ချီးမြှောက် ထောက်ပံ့တတ်ခြင်း၊
၃။ လင် ယောကျ်ား၏ ချစ်ခင်နှစ်သက်ဖွယ်ကို ပြုလုပ်တတ်ခြင်း၊
၄။ လင်ယောကျ်ား ရှာဖွေစုဆောင်း ထားသော ပစ္စည်းဥစ္စာတို့ကို ထိန်းသိမ်းစောင့်ရှောက်တတ်ခြင်း။ (အံ၊၃၊၉၇။) (အံ၊မြန်၊၃။၉၇။)♦

မျက်မှောက်၌ ပြုအပ်သော သမ္မုခါဝိနည်း ၄ ပါး

၁။ သံဃသမ္မုခတာ- သံဃာ၏ မျက်မှောက် ဖြစ်ခြင်း၊
၂။ ဓမ္မသမ္မုခတာ- ဓမ္မ၏ မျက်မှောက်ဖြစ်ခြင်း၊
၃။ ဝိနယသမ္မုခတာ- ဝိနည်း၏ မျက်မှောက်ဖြစ်ခြင်း၊
၄။ ပုဂ္ဂလသမ္မုခတာ- ပုဂ္ဂိုလ်၏ မျက်မှောက်ဖြစ်ခြင်း။ (ဝိ၊ဋ္ဌ၊၄၊၂၄၄။)♦

မျက်မှောက်ပြုခြင်း ၂ မျိုး

၁။ ရရှိသဖြင့် မျက်မှောက်ပြုခြင်း၊
၂။ အာရုံပြုသဖြင့် မျက်မှောက် ပြုခြင်း။ (မဟာနိ၊ဋ္ဌ၊၇၂။)♦

မျက်မှောက်ပြုခြင်း ၂ မျိုး (တစ်နည်း)

၁။ ပဋိလာဘသစ္ဆိကိရိယ- တတိယဈာန်ကို ဖြစ်စေ၍ ဈာန်မယုတ်ဘဲ သေ၍ သုဘကိဏှာဘုံ၌ ထိုဗြဟ္မာတို့နှင့် အသက်, အဆင်းအားဖြင့် တူသည် ဖြစ်၍ ဖြစ်၏၊
၂။ ပစ္စက္ခသစ္ဆိကိရိယ- စတုတ္ထဈာန်ကို ဖြစ်စေ၍ တန်ခိုး ဖန်ဆင်းသဖြင့် သုဘကိဏှာဘုံသို့ သွား၍ ထိုဗြဟ္မာတို့နှင့် တကွ အတူရပ်၏၊ အတူစကားပြော၏၊ အတူတိုင်ပင် နှီးနှော၏။ (မ၊ဋ္ဌ၊၃၊၁၈၉။)♦

မျက်မှောက်ပြုအပ်သော တရား ၁၀ ပါး

၁။ ရဟန္တာပုဂ္ဂိုလ်၌ ဖြစ်သော မှန်သော အယူ၊
၂။ ရဟန္တာ ပုဂ္ဂိုလ်၌ ဖြစ်သော မှန်သော အကြံ၊
၃။ ရဟန္တာပုဂ္ဂိုလ်၌ ဖြစ်သော အမှန်ပြောဆိုသော စကား၊
၄။ ရဟန္တာပုဂ္ဂိုလ်၌ ဖြစ်သော အမှန်ပြုသော အမှု၊
၅။ ရဟန္တာပုဂ္ဂိုလ်၌ ဖြစ်သော မှန်သော အသက်မွေးမှု၊
၆။ ရဟန္တာပုဂ္ဂိုလ်၌ ဖြစ်သော မှန်သော အားထုတ်မှု၊
၇။ ရဟန္တာပုဂ္ဂိုလ်၌ ဖြစ်သော မှန်သော အောက်မေ့မှု၊
၈။ ရဟန္တာပုဂ္ဂိုလ်၌ ဖြစ်သော မှန်သော တည်ကြည်မှု၊
၉။ ရဟန္တာပုဂ္ဂိုလ်၌ ဖြစ်သော မှန်သော အသိဉာဏ်၊
၁၀။ ရဟန္တာပုဂ္ဂိုလ်၌ ဖြစ်သော မှန်သော လွတ်မြောက်မှု။ (ဒီ၊၃၊၂၆၀။) (ဒီ၊မြန်၊၃။၂၈၃။)♦

မျက်မှောက်ပြုအပ်သော တရား ၂ ပါး

၁။ အသိဉာဏ် ဝိဇ္ဇာ၊
၂။ ကိလေသာမှ လွတ်ခြင်း ဝိမုတ္တိ။ (ဒီ၊၃၊၂၂၉။) (ပေဋကော၊၂၅၁။) (ဒီ၊မြန်၊၃။၂၅၁။)♦

မျက်မှောက်ပြုအပ်သော တရား ၃ ပါး

၁။ ရှေ့၌ နေဖူးသော ခန္ဓာအစဉ်ကို သိသော (ပုဗ္ဗေနိဝါသာနုဿတိ) ဉာဏ်ဝိဇ္ဇာ၊
၂။ သတ္တဝါတို့၏ စုတိပဋိသန္ဓေကို သိသော (စုတူပပါတ) ဉာဏ်ဝိဇ္ဇာ၊
၃။ အာသဝေါတရားတို့၏ ကုန်ရာ အရဟတ္တမဂ်၌ ဖြစ်သော (အာသဝက္ခယ) ဉာဏ်ဝိဇ္ဇာ။ (ဒီ၊၃၊၂၃၀။) (ဒီ၊မြန်၊၃။၂၅၂။)♦

မျက်မှောက်ပြုအပ်သော တရား ၄ ပါး

၁။ ရှေး၌ နေဖူးသော ခန္ဓာအစဉ်ကို အောက်မေ့ခြင်း ‘သတိ’ ဖြင့် မျက်မှောက်ပြုအပ်သော တရား၊
၂။ သတ္တဝါတို့၏ စုတိပဋိသန္ဓေကို ဒိဗ္ဗစက္ခု အဘိညာဉ်ဖြင့် မျက်မှောက်ပြုအပ်သော တရား၊
၃။ ဝိမောက္ခ နှစ်ပါးတို့ကို နာမကာယဖြင့် မျက်မှောက်ပြုအပ်သော တရား၊
၄။ အာသဝေါတရားတို့၏ ကုန်ခြင်းကို အရဟတ္တဖိုလ်ပညာဖြင့် မျက်မှောက်ပြုအပ်သော တရား။ (ဒီ၊၃၊၁၉၂။) (ဒီ၊မြန်၊၃။၂၁၄။)♦

မျက်မှောက်ပြုအပ်သော တရား ၄ ပါး

၁။ သောတာပတ္တိဖိုလ်စိတ်၊
၂။ သကဒါဂါမိဖိုလ်စိတ်၊
၃။ အနာဂါမိဖိုလ်စိတ်၊
၄။ အရဟတ္တဖိုလ်စိတ်။ (ဒီ၊၃၊၂၃၁။) (ဒီ၊မြန်၊၃။၂၅၄။)♦

မျက်မှောက်ပြုအပ်သော တရား ၄ ပါး (တစ်နည်း)

၁။ စက္ခုဝိညာဉ်ဖြင့်လည်းကောင်း ပညာဖြင့် လည်းကောင်း မျက်မှောက်ပြုအပ်သော ဒိဗ္ဗစက္ခုအဘိညာဉ်၊
၂။ သတိဖြင့်လည်းကောင်း ပညာဖြင့်လည်းကောင်း မျက်မှောက်ပြုအပ်သော ပုဗ္ဗေနိဝါသာနုဿတိအဘိညာဉ်၊
၃။ ကိုယ်ဖြင့်လည်းကောင်း ပညာဖြင့်လည်းကောင်း မျက်မှောက်ပြုအပ်သော ဣဒ္ဓိဝိဓ အဘိညာဉ်၊
၄။ ပညာဖြင့် မျက်မှောက်ပြုအပ်သော အာသဝက္ခယဉာဏ်။ (နေတ္တိ၊ဋ္ဌ၊၁၂၈။)♦

မျက်မှောက်ပြုအပ်သော တရား ၄ မျိုး (တစ်နည်း)

၁။ ကိုယ်ဖြင့် မျက်မှောက်ပြုအပ်သာ ဝိမောက္ခ ရှစ်ပါးဟူသော တရား၊
၂။ သတိဖြင့် မျက်မှောက်ပြုအပ်သော ပုဗ္ဗေနိဝါသဉာဏ်ဟူသော တရား၊
၃။ မျက်စိဖြင့် မျက်မှောက်ပြုအပ်သော စုတူပပါတဉာဏ်ဟူသော တရား၊
၄။ ပညာဖြင့် မျက်မှောက်ပြုအပ်သော အာသဝေါတရားတို့၏ ကုန်ရာဖြစ်သော အရဟတ္တဖိုလ်တရား။ (အံ၊၁၊၅၀၂။) (အံ၊မြန်၊၁။၅၁၇။)♦

မျက်မှောက်ပြုအပ်သော တရား ၅ ပါး

၁။ သီလက္ခန္ဓ- သီလကျေးဇူး၊
၂။ သမာဓိက္ခန္ဓ- သမာဓိ ကျေးဇူး၊
၃။ ပညာက္ခန္ဓ- ပညာဟူသော ဂုဏ်ကျေးဇူး၊
၄။ ဝိမုတ္တိက္ခန္ဓ- အရဟတ္တဖိုလ်နှင့် ယှဉ်သောတရား အစု၊
၅။ ဝိမုတ္တိဉာဏဒဿနက္ခန္ဓ- အရဟတ္တဖိုလ်ကို ဆင်ခြင်တတ်သော ပစ္စဝေက္ခဏဉာဏ်အစု ဂုဏ်ကျေးဇူး။ (ဒီ၊၃၊၂၃၆။) (ဒီ၊မြန်၊၃။၂၅၉။)♦

မျက်မှောက်ပြုအပ်သော တရား ၆ ပါး

၁။ များပြားသော တန်ခိုးဖန်ဆင်းခြင်းကို ပြီးစေခြင်း (ဣဒ္ဓိဝိဓ)၊
၂။ နတ်တို့၏ နားနှင့် တူခြင်း (ဒိဗ္ဗသောတ)၊
၃။ အခြားတစ်ပါးသူ၏ စိတ်ကို မိမိစိတ်ဖြင့် ပိုင်းခြား၍ သိခြင်း (စေတောပရိယ)၊
၄။ ရှေ့၌ဖြစ်ဖူးသော ခန္ဓာအစဉ်ကို အောက်မေ့ နိုင်ခြင်း (ပုဗ္ဗေနိဝါသာနုဿတိ)၊
၅။ လူတို့၏ မျက်စိအမြင်ထက် သာလွန်၍ နတ်မျက်စိနှင့် တူခြင်း (ဒိဗ္ဗစက္ခု)၊
၆။ အာသဝေါတရားတို့ကို ကုန်ခန်းစေတတ်သော အရဟတ္တမဂ်ဉာဏ် (အာသဝက္ခယ)။ (ဒီ၊၃၊၂၃၉။) (ဒီ၊မြန်၊၃။၂၆၂-၂၆၃။)♦

မျက်မှောက်ပြုအပ်သော တရား ၇ ပါး

၁။ သင်္ခါရတို့ကို အနိစ္စအားဖြင့် ဟုတ်တိုင်းမှန်စွာ ဖြစ်သော အားကို အကြောင်းပြု၍ ငါသည် အာသဝေါတရား ကုန်ပြီဟု သိခြင်း၊
၂။ ကာမဂုဏ် တို့သည် မီးကျီးအပြည့်ရှိသော တွင်းနှင့် တူကုန်၏ဟု ဟုတ်တိုင်းမှန်စွာ မြင်သော အားကို အကြောင်းပြု၍ ငါသည် အာသဝေါကုန်ပြီဟု သိခြင်း၊
၃။ အာသဝေါတရားတို့၏ အကြောင်း ဖြစ်သော အလုံးစုံသော တရားတို့မှ တပ်ခြင်းကင်းသော အားကို အကြောင်းပြု၍ ငါသည် အာသဝေါကုန်ပြီဟု သိခြင်း၊
၄။ သတိပဋ္ဌာန်တရား (၄) ပါးတို့ကို ပွားသော အားကို အကြောင်း ပြု၍ ငါသည် အာသဝေါတရား ကုန်ပြီဟု သိခြင်း၊
၅။ ဣန္ဒြေ (၅) ပါးတို့ကို ပွားသော အားကို အကြောင်းပြု၍ ငါသည် အာသဝေါတရား ကုန်ပြီဟု သိခြင်း၊
၆။ ဗောဇ္ဈင် (၇) ပါးတို့ကို ပွားသော အားကို အကြောင်းပြု၍ ငါသည် အာသဝေါတရား ကုန်ပြီဟု သိခြင်း၊
၇။ အင်္ဂါ (၈) ပါးရှိသော မြတ်သော အရိယမဂ်တို့ကို ပွားသော အားကို အကြောင်းပြု၍ ငါသည် အာသဝေါတရား ကုန်ပြီဟု သိခြင်း။ (ဒီ၊၃၊၂၄၂။) (ဒီ၊မြန်၊၃။၂၆၅။)♦

မျက်မှောက်ပြုအပ်သော တရား ၈ ပါး

၁။ မိမိသန္တာန်၌ ကသိုဏ်းရုပ်ဈာန် ရှိ၏၊ ပြင်ပသန္တာန် ၌လည်း ကသိုဏ်းရုပ်တို့ကို ရှု၏၊ ဤကား ပဌမဝိမောက္ခ၊
၂။ မိမိသန္တာန်၌ အဆင်းရုပ်ကို မရှုမှတ်၊ ပြင်ပသန္တာန်၌ ကသိုဏ်းရုပ်တို့ကို ရှု၏၊ ဤကား ဒုတိယဝိမောက္ခ၊
၃။ တင့်တယ်၏ဟုသာ နှလုံးသွင်း၏၊ ဤကား တတိယဝိမောက္ခ၊
၄။ ရူပသညာတို့ကို လုံးဝ လွန်မြောက်၍ ပဋိဃသညာတို့ လုံးဝ ချုပ်သည့်ပြင် နာနတ္တသညာတို့ကိုလည်း လုံးဝ နှလုံးမသွင်း၊ ကောင်းကင်သည် အဆုံးမရှိဟု ပွားခြင်းကြောင့် အာကာသာနဉ္စာယတနဈာန် ရောက်၍ နေ၏၊ ဤကား စတုတ္ထဝိမောက္ခ၊
၅။ အာကာသာနဉ္စာယတနဈာန်ကို လွန်မြောက်၍ ဝိညာဏ်သည် အပိုင်းအခြား မရှိဟု ပွားခြင်းကြောင့် ဝိညာဏဉ္စာယတနဈာန်ရောက်၍ နေ၏၊ ဤကား ပဉ္စမ ဝိမောက္ခ၊
၆။ ဝိညာဏဉ္စာယတနဈာန်ကို လွန်မြောက်၍ တစ်စုံတစ်ခုမျှ မရှိဟု ပွားခြင်းကြောင့် အာကိဉ္စညာယတနဈာန်သို့ ရောက်၍ နေ၏၊ ဤကား ဆဋ္ဌဝိမောက္ခ၊
၇။ အာကိဉ္စညာယတန ဈာန်ကို လွန်မြောက်၍ နေဝသညာနာသညာယတနဈာန်သို့ ရောက်၍ နေ၏၊ ဤကား သတ္တမ ဝိမောက္ခ၊
၈။ နေဝသညာနာသညာယတနဈာန်ကို လွန်မြောက်၍ သညာဝေဒနာတို့၏ ချုပ်ရာ နိရောဓသမာပတ်သို့ ရောက်၍ နေ၏၊ ဤကား အဋ္ဌမဝိမောက္ခ။ (ဒီ၊၃၊၂၅၁။) (ဒီ၊မြန်၊၃။၂၇၄။)♦

မျက်မှောက်ပြုအပ်သော တရား ၉ ပါး

၁။ ပဌမဈာန်ဝင်စားသော ပုဂ္ဂိုလ်အား ကာမသညာ ချုပ်၏၊
၂။ ဒုတိယဈာန်ဝင်စားသော ပုဂ္ဂိုလ်အား ဝိတက် ဝိစာရတို့ ချုပ်ကုန်၏၊
၃။ တတိယဈာန် ဝင်စားသော ပုဂ္ဂိုလ်အား ပီတိချုပ်၏၊
၄။ စတုတ္ထဈာန်ဝင်စားသော ပုဂ္ဂိုလ်အား ထွက်သက် ဝင်သက်တို့ ချုပ်ကုန်၏၊
၅။ အာကာသာနဉ္စာယတနဈာန် ဝင်စားသော ပုဂ္ဂိုလ်အား ရုပ်သညာ ချုပ်၏၊
၆။ ဝိညာဏဉ္စာယတနဈာန် ဝင်စားသော ပုဂ္ဂိုလ်အား အာကာသာနဉ္စာယတနဈာန် ချုပ်၏၊
၇။ အာကိဉ္စညာယတနဈာန် ဝင်စားသော ပုဂ္ဂိုလ်အား ဝိညာဏဉ္စာယတနဈာန် ချုပ်၏၊
၈။ နေဝညာနာသညာယတနဈာန် ဝင်စားသော ပုဂ္ဂိုလ်အား အာကိဉ္စညာယတနဈာန် ချုပ်၏၊
၉။ နိရောဓသမာပတ် ဝင်စားသော ပုဂ္ဂိုလ်အား သညာသည်လည်းကောင်း ဝေဒနာသည် လည်းကောင်း ချုပ်၏။ (ဒီ၊၃၊၂၅၅။) (ဒီ၊မြန်၊၃။၂၇၈။)♦

မျက်မှောက်ဘဝ ချမ်းသာစွာ နေရကြောင်း တရား ၆ ပါး

၁။ တရား၌ မွေ့လျော်ခြင်း၊
၂။ ဘာဝနာ၌ မွေ့လျော်ခြင်း၊
၃။ အကုသိုလ်တရားကို ပယ်စွန့်မှု၌ မွေ့လျော်ခြင်း၊
၄။ ဆိတ်ငြိမ်ရာ၌ မွေ့ လျော်ခြင်း၊
၅။ ဆင်းရဲမရှိရာ (နိဗ္ဗာန်) ၌ မွေ့လျော်ခြင်း၊
၆။ သံသရာနယ်ချဲ့ (ပပဉ္စ) တရား မရှိရာ (နိဗ္ဗာန်) ၌ မွေ့လျော်ခြင်း။ (အံ၊၂၊၃၇၅။) (အံ၊မြန်၊၂။၄၇၄။)♦

မျက်မှောက်ဘဝ၌ စီးပွားချမ်းသာ ဖြစ်ကြောင်းတရား ၄ ပါး

၁။ ထကြွလုံ့လနှင့် ပြည့်စုံ ရခြင်း၊
၂။ စောင့်ရှောက်မှုနှင့် ပြည့်စုံရခြင်း၊
၃။ မိတ်ကောင်းဆွေကောင်း ရှိရခြင်း၊
၄။ ဝင်ငွေ ထွက်ငွေ အားလျော်စွာ မျှမျှတတ အသက်မွေးမှု ပြုရခြင်း။ (အံ၊၃၊၁၀၇။) (အံ၊၃၊၁၁၂။) (အံ၊မြန်၊၃။၁၀၇၊၁၁၀။) (အံ၊မြန်၊၃။၁၀၇၊၁၁၀။)♦

မျိုးစေ့ ၅ မျိုး

ဗီဇဂါမ် ၅ မျိုးနှင့် တူသည်။ ♦

မျိုးစေ့နှင့် ယောဂီတူပုံ ၂ မျိုး

၁။ မျိုးစေ့သည် အနည်းငယ်မျှပင် ဖြစ်သော်လည်း မိုးလည်း မှန်ကန်၍ လယ်ကောင်းယာကောင်း၌ စိုက်ပျိုးအပ်သည်ရှိသော် အလွန်များစွာသော အသီး တို့ကို အစဉ်တစိုက် ဖြစ်စေခြင်း (ထို့အတူ အကြင်အခြင်းအရာအားဖြင့် ကျင့်သည်ရှိသော် စောင့်ထိန်းအပ်သော သီလသည် အလုံးစုံ အရဟတ္တဖိုလ်တည်းဟူသော အသီးကို အစဉ်တစိုက် ပေးခြင်း)၊
၂။ မျိုးစေ့သည် ကောင်းစွာ ထက်ဝန်းကျင် သုတ်သင်ပြီးသော လယ်၌ စိုက်ပျိုး အပ်သည်ရှိသော် လျင်မြန်စွာ ပေါက်ရောက်စည်ပင်ခြင်း (ထို့အတူ ယောဂီပုဂ္ဂိုလ်၏ ဆိတ်ငြိမ်ရာ အရပ်၌ ကောင်းစွာ သိမ်းဆည်း သုတ်သင်အပ်သော သတိပဋ္ဌာန်တည်းဟူသော လယ်မြေမြတ်၌ ပစ်ချစိုက်ပျိုးအပ်သော စိတ်သည် လျင်မြန်စွာ ပေါက်ရောက် စည်ပင်ခြင်း)။ (မိလိန္ဒ၊၃၅၈။) (မိလိန္ဒ၊မြန်။၃၈၁။)♦

မျောက်နှင့် ယောဂီ တူပုံ ၂ မျိုး

၁။ မျောက်သည် သစ်ကိုင်း သစ်ခက်တို့ဖြင့် တစ်ခဲနက်ရှုပ်ထွေးသော ကြောက်လန့်တတ်သူတို့၏ ပုန်းအောင်းရာဖြစ်သော ဆိတ်ငြိမ်သော သစ်ပင်ကြီး၌ နေထိုင်ရန် အတွက် ချဉ်းကပ်ခြင်း (ထို့အတူ ယောဂီပုဂ္ဂိုလ်သည် မကောင်းမှုမှ ရှက်တတ်၍ သီလကို ချစ်မြတ်နိုးတတ်သော အကြားအမြင် ဗဟုသုတနှင့် ပြည့်စုံသော သုတ် ဝိနည်း အဘိဓမ္မာကို ဆောင်သော ပြောဆိုဆုံးမတတ်သော ဆရာသမားကို ချဉ်းကပ်၍ နေခြင်း)၊
၂။ မျောက်သည် သစ်ပင်၌သာလျှင် သွားခြင်း, ရပ်ခြင်း, ထိုင်ခြင်း, အိပ်ခြင်းကို ပြုခြင်း (ထို့အတူ ယောဂီ ပုဂ္ဂိုလ်သည် တော၌သာလျှင် သွားခြင်း, ထိုင်ခြင်း, ရပ်ခြင်း, အိပ်ခြင်းကို ပြုလျက် သတိပဋ္ဌာန် တရားကို ကျင့်ကြံ သုံးဆောင်ခံစားရခြင်း)။ (မိလိန္ဒ၊၃၅၅။) (မိလိန္ဒ၊မြန်။၃၇၈။)♦

မရဏ ၃ မျိုး

၁။ ခဏိကမရဏ- ရုပ် နာမ် သင်္ခါရတရားတို့၏ ပျက်စီးခြင်းသဘော၊
၂။ သမ္မုတိ မရဏ- တိဿ သေသည်, ဖုဿ သေသည်, သစ်ပင် သေသည် စသည်ဖြင့် လူတို့ခေါ်ဝေါ် သမုတ်အပ်သော သေခြင်းသဘော၊
၃။ သမုစ္ဆေဒမရဏ- ရဟန္တာပုဂ္ဂိုလ်တို့၏ တစ်ဖန် ပဋိသန္ဓေတည်နေခြင်း မရှိတော့သော ပရိနိဗ္ဗာန်ပြုခြင်း သဘော။ (အံ၊ဋ္ဌ၊၁၊၄၀၉။) (အဘိ၊ဋ္ဌ၊၂၊၉၅။) (ပဋိသံ၊ဋ္ဌ၊၁၊၁၃၅။) (ဝိသုဒ္ဓိ၊၁၊၂၂၂။)♦

မရဏာနုဿတိ ပွားနည်း ၇ မျိုး

၁။ ယသမဟတ္တတော- အခြွေအရံများသော မဟာသမ္မတမင်း, မဟာသုဒဿနမင်း စသည်တို့သည်လည်း သေခြင်း၏ အလိုသို့ လိုက်ရဘိ၏၊ ငါ့အား ဆိုဖွယ်ရာ အဘယ်မှာ ရှိအံ့နည်းဟု သေခြင်းကို အဖန်ဖန် ပွားရခြင်း၊
၂။ ပုညမဟတ္တတော- ဇောတိက, ဇဋိလ, မေဏ္ဍက စသော ကောင်းမှုဘုန်းကံ အလွန်ကြီးမားသော ပုဂ္ဂိုလ် တို့သည်လည်း သေရသေး၏၊ ငါ့အား ဆိုဖွယ် အဘယ်ရှိအံ့နည်းဟု သေခြင်းကို အဖန်ဖန် ပွားရခြင်း၊
၃။ ထာမမဟတ္တတော- ဝါသုဒေဝ, ဗလဒေဝ, ဘီမသေန စသော အားအစွမ်း ကြီးမားသော မင်းတို့သည်လည်း သေရသေး၏၊ ငါ့အား ဆိုဖွယ် အဘယ်ရှိအံ့နည်းဟု သေခြင်းကို အဖန်ဖန်ပွားရခြင်း၊
၄။ ဣဒ္ဓိမဟတ္တတော- တန်ခိုးကြီးမားသော အရှင်မောဂ္ဂလာန် စသည်တို့သည်လည်း သေမင်း၏ အလိုကို လိုက်ရသေး၏၊ ငါ့အား ဆိုဖွယ် မရှိဟု သေခြင်းကို အဖန်ဖန် ပွားရခြင်း၊
၅။ ပညာမဟတ္တတော- ပညာကြီးမားသော အရှင် သာရိပုတ္တရာထေရ် စသည် တို့သည်လည်း သေမင်း၏ အလိုသို့ လိုက်ပါရသေး၏၊ ငါ့အား ဆိုဖွယ်မရှိဟု သေခြင်းကို အဖန်ဖန် ပွားရခြင်း၊
၆။ ပစ္စေကဗုဒ္ဓတော- ပစ္စေကဗုဒ္ဓါတို့သော်မှလည်း သေခြင်းမှ မလွတ်ကုန်၊ ငါ့အား ဆိုဖွယ်မရှိဟု သေခြင်းကို အဖန်ဖန် ပွားရခြင်း၊
၇။ သမ္မာသမ္ဗုဒ္ဓတော- ဘုရားရှင်တို့ သော်မှလည်း သေခြင်းမှ မလွတ်ကုန်၊ ငါ့အား ဆိုဖွယ်မရှိဟု သေခြင်းကို အဖန်ဖန် ပွားရခြင်း။ (ဝိသုဒ္ဓိ၊၁၊၂၂၅။)♦

မရဏာနုဿတိ ပွားများပုံ ၈ ပါး

၁။ ဝဓကပစ္စုပဋ္ဌာနတော- သူသတ်သမား၏ သတ်ဖြတ် ခြင်းကို ခံရတော့မည့် ပုဂ္ဂိုလ်ကဲ့သို့ သေခြင်းတရားကို အဖန်ဖန် ပွားရခြင်း၊
၂။ သမ္ပတ္တိ ဝိပတ္တိတော- အသက်ရှင်မှုနှင့် ပြည့်စုံနေခြင်းသည် သေဆုံး ပျက်စီးရခြင်းလျှင် အဆုံးရှိ၏ဟု သေခြင်းတရားကို အဖန်ဖန် ပွားရခြင်း၊
၃။ ဥပသံဟရဏတော- သူတစ်ပါးတို့၏ သေခြင်းကို တွေ့မြင်ရ၍ မိမိ၏ သေခြင်းတရားကို အနီးသို့ ကပ်ဆောင်၍ အဖန်ဖန် ပွားရခြင်း၊
၄။ ကာယဗဟုသာဓာရဏတော- ခန္ဓာကိုယ်၏ များစွာသော သတ္တဝါတို့နှင့် ဆက်ဆံသော အားဖြင့် သေခြင်းတရားကို အဖန်ဖန် ပွားရခြင်း၊
၅။ အာယုဒုဗ္ဗလတော- အသက်၏ အားနည်းသောအားဖြင့် သေခြင်းကို အဖန်ဖန် ပွားရခြင်း၊
၆။ အနိမိတ္တတော- သေခြင်း၏ အမှတ်နိမိတ် မရှိသောအားဖြင့် အဖန်ဖန် ပွားရခြင်း၊
၇။ အဒ္ဓါနပရိစ္ဆေဒတော- တိုတောင်းသော လူတို့၏ အသက်တမ်းကာလ အပိုင်းအခြားအားဖြင့် သေခြင်းကို အဖန်ဖန် ပွားရခြင်း၊
၈။ ခဏပရိတ္တတော- အသက်ရှင်သော ခဏ၏ အလွန် တိုတောင်းသော အဖြစ်အားဖြင့် သေခြင်းတရားကို အဖန်ဖန် ပွားရခြင်း။ (ဝိသုဒ္ဓိ၊၁၊၂၂၃။)♦

မရွေ့ရှားသော စေတီထိုက်ရာ ၄ ဌာန

အစလစေတိယဌာန ၄ ဌာနနှင့် တူသည်။ ♦

မရိုသေခြင်း ၂ မျိုး

၁။ ပုဂ္ဂိုလ်ကို မရိုသေခြင်း၊
၂။ တရားကို မရိုသေခြင်း။ (ဝိ၊၂၊၁၅၀။) (ဝိ၊၅၊၂၁၅။) (ဝိ၊မြန်၊၂။၁၆၉။) (ဝိ၊မြန်၊၅။၃၀၀။)♦

မရိုသေခြင်းတရား ၆ ပါး

ဆုတ်ယုတ်သော အဖို့ရှိသော တရား ၆ ပါး၊ ဟာနဘာဂိယ တရား ၆ ပါး နှင့် တူသည်။ ♦

မရောင့်ရဲ မတင်းတိမ်နိုင်သော အရာ ၁၆ မျိုး

၁။ သမုဒ္ဒရာသည် မြစ်ချောင်းတို့ဖြင့် မရောင့်ရဲ မတင်းတိမ်နိုင်၊
၂။ မီးသည် မီးစာ, ထင်းဖြင့် မရောင့်ရဲနိုင်၊
၃။ မင်းသည် တိုင်းနိုင်ငံဖြင့် မရောင့်ရဲနိုင်၊
၄။ လူမိုက်သည် မကောင်းမှုတို့ဖြင့် မရောင့်ရဲနိုင်၊
၅။ မိန်းမသည် မေထုန် တရားဖြင့်လည်းကောင်း, တန်ဆာဖြင့်လည်းကောင်း, မွေးခြင်းဖြင့်လည်းကောင်း မရောင့်ရဲနိုင်၊
၆။ ပုဏ္ဏားသည် မန္တရား, ဗေဒင်တို့ဖြင့် မရောင့်ရဲနိုင်၊
၇။ ဈာန်ဝင်စားလေ့ ရှိသူသည် သမာပတ်ဝင်စား၍ နေခြင်းဖြင့် မရောင့်ရဲနိုင်၊
၈။ သိက္ခာသုံးပါး ကျင့်ဆဲသေက္ခ ပုဂ္ဂိုလ်သည် ရိုသေခြင်းဖြင့် မရောင့်ရဲနိုင်၊
၉။ အလိုနည်းသော ပုဂ္ဂိုလ်သည် ဓုတင်ဆောင် ကျေးဇူးဖြင့် မရောင့်ရဲနိုင်၊
၁၀။ လုံ့လဝီရိယပြင်းပြသော ပုဂ္ဂိုလ်သည် လုံ့လအားထုတ် ခြင်းဖြင့် မရောင့်ရဲနိုင်၊
၁၁။ တရားဟောပုဂ္ဂိုလ်သည် ဆွေးနွေးခြင်းဖြင့် မရောင့်ရဲနိုင်၊
၁၂။ ရဲရင့်သော သူသည် ပရိသတ်ဖြင့် မရောင့်ရဲနိုင်၊
၁၃။ သဒ္ဓါတရားရှိသော သူသည် သံဃာအား လုပ်ကျွေးခြင်းဖြင့် မရောင့်ရဲနိုင်၊
၁၄။ ပေးကမ်းလှူဒါန်းတတ်သော သူသည် ပေးကမ်းစွန့်ကြဲခြင်းဖြင့် မရောင့်ရဲနိုင်၊
၁၅။ ပညာရှိသည် တရားနာခြင်းဖြင့် မရောင့်ရဲနိုင်၊
၁၆။ ပရိသတ်လေးပါး တို့သည် ဘုရားရှင်ကို ဖူးမြင်ခြင်းဖြင့် မရောင့်ရဲနိုင်။ (ဇာ၊ဋ္ဌ၊၃၊၃၂၂။)♦

မရောင့်ရဲ မတင်းတိမ်နိုင်သော အရာ ၃ မျိုး

၁။ အဂ္ဂိက္ခန္ဓော- မီးပုံကြီး၊
၂။ သမုဒ္ဒေါ- မဟာ သမုဒ္ဒရာ၊
၃။ မဟိစ္ဆော- အလွန်လောဘကြီးသော ပုဂ္ဂိုလ်။ (မ၊ဋ္ဌ၊၂၊၄၅။) (အံ၊ဋ္ဌ၊၁၊၅၇။) (ဥဒါန၊ဋ္ဌ၊၂၀၆။) (သာရတ္ထ၊ဋီ၊၂၊၂၄။)♦

မြင်းကောင်း အင်္ဂါ ၅ ပါး

၁။ ဖြောင့်မတ်ခြင်း၊
၂။ လျင်မြန်ခြင်း၊
၃။ နူးညံ့ခြင်း၊
၄။ သည်းခံခြင်း၊
၅။ အကျင့်စင်ကြယ်ခြင်း။ (အံ၊၂၊၂၁၇။) (အံ၊မြန်၊၂။၂၇၂။)♦

မြင်းကောင်း အင်္ဂါ ၆ ပါး (တစ်နည်း)

၁။ ရူပါရုံကို သည်းခံနိုင်ခြင်း၊ သဒ္ဒါရုံကို သည်းခံနိုင်ခြင်း၊
၃။ ဂန္ဓာရုံကို သည်းခံနိုင်ခြင်း၊
၄။ ရသာရုံကို သည်းခံနိုင်ခြင်း၊
၅။ ဖောဋ္ဌဗ္ဗာရုံကို သည်းခံ နိုင်ခြင်း၊
၆။ ဓမ္မာရုံကို သည်းခံနိုင်ခြင်း။ (အံ၊၂၊၂၅၀။) (အံ၊၂၊၂၅၁။) (အံ၊မြန်၊၂။၃၂၄-၃၂၅။) (အံ၊မြန်၊၂။၃၂၅-၃၂၆။)♦

မြင်းကောင်း အင်္ဂါ ၆ ပါး (တစ်နည်း)

၁။ ရူပါရုံကို သည်းခံနိုင်ခြင်း၊ သဒ္ဒါရုံကို သည်းခံနိုင်ခြင်း၊
၃။ ဂန္ဓာရုံကို သည်းခံနိုင်ခြင်း၊
၄။ ရသာရုံကို သည်းခံနိုင်ခြင်း၊
၅။ ဖောဋ္ဌဗ္ဗာရုံကို သည်းခံနိုင်ခြင်း၊
၆။ လျင်မြန်သော အဟုန်နှင့် ပြည့်စုံခြင်း။ (အံ၊၂၊၂၅၁။) (အံ၊မြန်၊၂။၃၂၅။)♦

မြင်းကောင်း အင်္ဂါ ၆ ပါး (ပထမအာဇာနီယသုတ်)

၁။ ရူပါရုံကို သည်းခံနိုင်ခြင်း၊
၂။ သဒ္ဒါရုံကို သည်းခံနိုင်ခြင်း၊
၃။ ဂန္ဓာရုံကို သည်းခံနိုင်ခြင်း၊
၄။ ရသာရုံကို သည်းခံနိုင်ခြင်း၊
၅။ ဖောဋ္ဌဗ္ဗာရုံကို သည်းခံနိုင်ခြင်း၊
၆။ ခွန်အားဗလ အဆင်းတို့နှင့် ပြည့်စုံခြင်း။ (အံ၊၂၊၂၅၀။) (အံ၊မြန်၊၂။၃၂၃။)♦

မြင်ခြင်း ၂ မျိုး

၁။ စက္ခုဒဿန- မျက်စိဖြင့် မြင်ခြင်း၊
၂။ ဉာဏဒဿန- ဉာဏ်ဖြင့် မြင်ခြင်း။ (သံ၊ဋ္ဌ၊၃၊၁၇၉။)♦

မြင်းငယ် ၃ စီး

၁။ လျင်မြန်ခြင်းနှင့်သာ ပြည့်စုံ၍ အဆင်း, အလုံး အရပ်နှင့် မပြည့်စုံသော မြင်းငယ်၊
၂။ လျင်မြန်ခြင်းနှင့် လည်းကောင်း အဆင်းနှင့် လည်းကောင်း ပြည့်စုံ၍ အလုံး အရပ်နှင့် မပြည့်စုံသော မြင်းငယ်၊
၃။ လျင်မြန်ခြင်း အဆင်း အလုံး အရပ် သုံးမျိုးလုံးနှင့် ပြည့်စုံသော မြင်းငယ်။ (အံ၊၃၊၁၉၈။) (အံ၊မြန်၊၃။၁၉၈။)♦

မြင်းယုတ်၏ အပြစ် ၈ မျိုး

၁။ ရှေ့သို့ သွားလော့ဟု ရထားထိန်းက ထိုးဆွ၍ မောင်းနှင်အပ်ပါလျက် နောက်သို့ ဆုတ်ခြင်း၊ နောက်သို့ ရထားဘီးကို လိမ့်စေခြင်း၊
၂။ ရှေ့သို့ သွားလော့ဟု ရထားထိန်းက ထိုးဆွ၍ မောင်းနှင်အပ်ပါလျက် နောက်သို့ ခုန်ခြင်း၊ ခုန်ကန်ခြင်း၊ ရထား ထမ်းပိုးကို ဖျက်ဆီးခြင်း၊
၃။ ရှေ့သို့ သွားလော့ဟု ရထားထိန်းက ထိုးဆွ၍ မောင်းနှင် အပ်ပါလျက် ရထားသံဆီသို့ ပေါင်ကို ပစ်လွှတ်ရိုက်ခတ်၍ ရထားသံကိုပင် နင်းဖိခြင်း၊
၄။ ရှေ့သို့ သွားလော့ဟု ရထားထိန်းက ထိုးဆွ၍ မောင်းနှင်အပ်ပါလျက် ရထားကို လမ်းလွှဲအောင် ပြုခြင်း၊ လမ်းမဟုတ်သည်ကို ယူခြင်း၊
၅။ ရှေ့သို့ သွားလော့ဟု ရထားထိန်းက ထိုးဆွ၍ မောင်းနှင်အပ်ပါလျက် ရှေ့ကိုယ်ကို ခုန်ခြင်း ရှေ့ခြေထောက် နှစ်ဖက်တို့ကို မြှောက်ချီခြင်း၊
၆။ ရှေ့သို့ သွားလော့ဟု ရထားထိန်းက ထိုးဆွ၍ မောင်းနှင်အပ်ပါလျက်၊ ကြိမ်လုံးနှင်တန်ကို မနာခံမူ၍ သွားတို့ဖြင့် နှုတ်သီးထိန်းဇက် သံကွင်းကိုက်ဖြတ်၍ လိုရာ အရပ်သို့ ဆွဲသွားခြင်း၊
၇။ ရှေ့သို့ သွားလော့ဟု ရထားထိန်းက ထိုးဆွ၍ မောင်းနှင်အပ် ပါလျက် ရှေ့လည်းမတိုး နောက်လည်းမဆုတ်ဘဲ ခိုင်မြဲစွာ နစ်မြုပ်တည်နေသော သံငုတ်ကဲ့သို့ ခြေထောက်လေးဖက်တို့ကို မလှုပ်မယှက် စွဲမြဲစွာ ရပ်တည်ခြင်း၊
၈။ ရှေ့သို့သွားလော့ဟု ရထားထိန်းက ထိုးဆွ၍ မောင်းနှင်အပ်ပါလျက် ရှေ့ခြေနှစ်ချောင်းတို့ကို ခေါက်၍ ကွေး၍ လည်းကောင်း, နောက်ခြေနှစ်ချောင်းတို့ကို ခေါက်၍ ကွေး၍လည်းကောင်း ထိုမူလနေရာ အရပ်၌သာလျှင် ဖိ၍ နေခြင်း ဝပ်ခြင်း။ (အံ၊၃၊၃၃။) (အံ၊မြန်၊၃။၃၄။)♦

မြင့်သောနေရာ မြတ်သောနေရာ ၂၀ မျိုး

၁။ အာသန္ဒိ- ဘုရားရှင်၏ လက်ရှစ်သစ်ပမာဏထက် လွန်သော အခြေရှိသော ညောင်စောင်းအင်းပျဉ်၊
၂။ ပလ္လင်္ကံ- အခြေ၌ ခြင်္သေ့, သစ်, ကျား စသော သားရဲရုပ်ပါရှိသော ပလ္လင်၊
၃။ ဂေါနကံ- လက်လေးသစ်ထက် လွန်သော သားမွေး ရှိသော ကော်ဇောကြီး၊
၄။ စိတ္တကံ- ဆန်းကြယ်စွာ ရက်လုပ်ထားသော သားမွေးအခင်း၊
၅။ ပဋိကံ-သားမွေးဖြင့် ပြုလုပ်ထားသော အခင်း၊
၆။ ပဋလိကံ- တစ်ခဲနက် ပန်းပြောက် ရှိသော သားမွေးအခင်း၊
၇။ တူလိကံ- လဲရှိသော အခင်း၊
၈။ ဝိကတိကံ-သားရဲရုပ်တို့ဖြင့် ဆန်းကြယ်စွာ ပြုလုပ်အပ်သော သားမွေးအခင်း၊
၉။ ဥဒ္ဒလောမီ- နှစ်ဖက်လုံး၌ သားမွေးရှိသော နှစ်ဖက်ချောအခင်း၊
၁၀။ ဧကန္တလောမီ- တစ်ဖက်ထဲ၌သာ သားမွေးရှိသော တစ်ဖက်ချော အခင်း၊
၁၁။ ကဋ္ဋိဿံ- ပိုးချည်တိုင်လျှောက် ရွှေချည်ဖောက်၍ ရက်လုပ်အပ်သော အခင်း၊
၁၂။ ကောသေယျံ- ရတနာရွှေချည် ငွေချည်တို့ဖြင့် ပိုးချည်တိုင်လျှောက် ပိုးချည်ဖောက်၍ ရက်လုပ်အပ်သော အခင်း၊
၁၃။ ကုတ္တကံ- တစ်ကျိပ်ခြောက်ယောက် ကပြလောက်သော သားမွေးကော်ဇောကြီး၊
၁၄။ ဟတ္ထတ္ထရံ- ဆင်ကျောက်ကုန်း၌ ခင်းအပ်သော ဆင်တင် ကော်ဇောကြီး၊
၁၅။ အဿတ္ထရံ-မြင်းကျောက်ကုန်း၌ ခင်းအပ်သော မြင်းတင်ကော်ဇောကြီး၊
၁၆။ ရထတ္ထရံ- ရထားပေါ်၌ ခင်းအပ်သော ရထားတင်ကော်ဇောကြီး၊
၁၇။ အဇိနပ္ပဝေဏီ- သစ်နက်ရေတို့ဖြင့် ညောင်စောင်းပမာဏခန့်ရှိ အထပ်ထပ်ချုပ်အပ်သော အခင်း၊
၁၈။ ကဒလိ မိဂပဝရပစ္စတ္ထရဏံ- ဝံပိုင်မည်သော သားကောင်၏ အရေဖြင့် ပြုအပ်သော မြတ်သော အပေါ်လွှမ်းအခင်း၊
၁၉။ သဥတ္တရစ္ဆဒံ- အထက်၌ ဗိတာန်နီ မျက်နှာကျက်နှင့် တကွဖြစ်သော အခင်း၊
၂၀။ ဥဘတောလောဟိတကူပဓာနံ- ညောင်စောင်း၏ ခြေရင်းခေါင်းရင်း နှစ်ဖက်တို့၌ ထားအပ်သော နီသော အဆင်းရှိသော ခြေအုံး ခေါင်းအုံး။ (ဝိ၊၃၊၂၈၁။) (ဒီ၊၁၊၆၂။) (ဝိ၊မြန်၊၃။၂၈၁။) (ဒီ၊မြန်၊၁။၆၊၇၄။)♦

မြစ်ကြီး ၅ စင်း

၁။ ဂင်္ဂါမြစ်ကြီး၊
၂။ ယမုနာမြစ်ကြီး၊
၃။ အစိရဝတီမြစ်ကြီး၊
၄။ သရဘူမြစ်ကြီး၊
၅။ မဟီမြစ်ကြီး။ (မ၊ဋ္ဌ၊၃၊၂၆။) (ဥဒါန၊ဋ္ဌ၊၂၇၄။) (သာရတ္ထ၊ဋီ၊၁၊၂၅၇။) (အံ၊ဋ္ဌ၊၃၊၂၂၀။)♦

မြတ်နိုးခြင်း ၂ မျိုး

၁။ တဏှာမမတ္တ- တဏှာဖြင့် မြတ်နိုးခြင်း၊
၂။ ဒိဋ္ဌိမမတ္တ- ဒိဋ္ဌိဖြင့် မြတ်နိုးခြင်း။ (စူဠနိ၊၈၀။) ♦

မြတ်နိုးတွယ်တာခြင်း ၂ မျိုး

ကေလာယန ၂ မျိုးနှင့် တူသည်။ ♦

မြတ်သော တရား ၄ မျိုး

၁။ မြတ်သော သီလ၊
၂။ မြတ်သော သမာဓိ၊
၃။ မြတ်သော ပညာ၊
၄။ မြတ်သော ဝိမုတ္တိ၊ (တစ်နည်း)
အရဟတ္တဖိုလ်ရောက်ရာ၌ သုံးသပ်သော ရုပ် (မြတ်သော ရုပ်)၊
၂။ အရဟတ္တဖိုလ်ရောက်ရာ၌ သုံးသပ်သော ဝေဒနာ(မြတ်သော ဝေဒနာ)၊
၃။ အရဟတ္တ ဖိုလ်ရောက်ရာ၌ သုံးသပ်သော သညာ(မြတ်သော သညာ)၊
၄။ အရဟတ္တဖိုလ်သို့ ရောက်သော ဘဝ(မြတ်သော ဘဝ)။ (အံ၊၁၊၃၉၀-၃၉၁။) (အံ၊မြန်၊၁။၄၀၄။)♦

မြတ်သော ဘုံ ၃ ဘုံ

၁။ ဝေဟပ္ဖိုလ်ဗြဟ္မာဘုံ၊
၂။ အကနိဋ္ဌာဗြဟ္မာဘုံ၊
၃။ နေဝသညာနာသညာ ယတနဗြဟ္မာဘုံ။ (အဘိ၊ဋ္ဌ၊၂၊၅၀၅။)♦

မြတ်သော မဂ္ဂင် ၈ မျိုး

၁။ ကောင်းစွာ မြင်ခြင်း၊
၂။ ကောင်းစွာ ကြံခြင်း၊
၃။ ကောင်းသော စကားကို ပြောဆိုခြင်း၊
၄။ ဒုစရိုက်မှ ရှောင်ကြဉ်ခြင်း အစရှိသော ကောင်းသော အမှုကို ပြုလုပ်ခြင်း၊
၅။ ကောင်းစွာ အသက်မွေးခြင်း၊
၆။ ကောင်းစွာ အားထုတ်ခြင်း၊
၇။ ကောင်းစွာ အောက်မေ့ဆင်ခြင်ခြင်း၊
၈။ ကောင်းစွာ တည်ကြည်ခြင်း။ (မ၊၂၊၂၀၄။) (မ၊မြန်၊၂။၂၁၆။)♦

မြတ်သော လမ်းဟု ဆိုအပ်သော တရား ၁၀ ပါး

၁။ သူ့အသက် သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း၊
၂။ သူ့ဥစ္စာခိုးယူခြင်းမှ ရှောင်ကြဉ်ခြင်း၊
၃။ ကာမတို့၌ မှားယွင်းသော အကျင့်မှ ရှောင်ကြဉ်ခြင်း၊
၄။ မဟုတ်မမှန် ပြောမှုမှ ရှောင်ကြဉ်ခြင်း၊
၅။ ကုန်းချောမှုမှ ရှောင်ကြဉ်ခြင်း၊
၆။ ရုန့်ရင်း ကြမ်းတမ်းစွာ ပြောဆိုမှုမှ ရှောင်ကြဉ်ခြင်း၊
၇။ ပြိန်ဖျင်းသော စကားပြောဆိုခြင်းမှ ရှောင် ကြဉ်ခြင်း၊
၈။ သူတစ်ပါးဥစ္စာကို ရှေးရှုကြံစည်မှုမှ ရှောင်ကြဉ်ခြင်း၊
၉။ သတ္တဝါတို့အား ဖျက်ဆီး လိုမှုမှ ရှောင်ကြဉ်ခြင်း၊
၁၀။ မှန်သော အမြင်ရှိခြင်း။ (အံ၊၃၊၄၈၂-၄၈၇။) (အံ၊မြန်၊၃။၄၇၂-၄၇၈။)♦

မြတ်သော အကျင့်ကို ကျင့်ခြင်းငှာ အခွင့်မဟုတ်သော အချိန် ၈ မျိုး

ထိုးထွင်း၍ သိနိုင်ခဲသော တရား ၈ ပါး၊ ဒုပ္ပဋိဝိဇ္ဈ တရား ၈ ပါး၊ ရပ်ပြစ် ၈ ပါး၊ အက္ခဏ ၈ ပါးတို့နှင့် တူသည်။ ♦

မြတ်သော အကျင့်ကို ကျင့်ခြင်းငှာ အခွင့်မဟုတ်သော အချိန် ၉ မျိုး

၁။ ငရဲဘုံသို့ ရောက်နေခြင်း၊
၂။ တိရစ္ဆာန်ဘုံသို့ ရောက်နေခြင်း၊
၃။ ပြိတ္တာဘုံသို့ ရောက်နေခြင်း၊
၄။ အသူရကာယ်ဘုံသို့ ရောက်နေခြင်း၊
၅။ အရူပဘုံနှင့် အသညသတ်ဘုံသို့ ရောက်နေခြင်း၊
၆။ ပစ္စန္တရစ်ဇနပုဒ် လူရိုင်းတို့အတွင်း၌ ဖြစ်နေခြင်း၊
၇။ မှားယွင်းဖောက်ပြန်သော အယူ ရှိခြင်း၊
၈။ စိတ်ဖောက်ပြန်နေသူ၊ ဆွံ့အနေသူ ဖြစ်ခြင်း၊
၉။ မြတ်စွာဘုရား မပွင့်သော ကာလ ဖြစ်ခြင်း။ (ဒီ၊၃၊၂၁၉။) (ဒီ၊၃၊၂၄၈။) (ဒီ၊မြန်၊၃။၂၄၂-၂၄၃။) (ဒီ၊မြန်၊၃။၂၇၁။)♦

မြတ်သော အကျင့်ကို ဆောက်တည်ကြောင်း ၂ ပါး

၁။ ရဟန်းဖြစ်ခြင်း၊
၂။ အခြွေအရံကို စွန့်ခွာ၍ တောရပ်မှီခြင်း။ (မဟာနိ၊၁၁၉။)♦

မြတ်သော အကျင့်ဖြင့် ပယ်ရမည့် မစ္ဆရိယ ၅ မျိုး

၁။ ကျောင်း၌ ဝန်တိုခြင်းကို ပယ်ရန် ကျင့်ရခြင်း၊
၂။ ဒါယကာ၌ ဝန်တိုခြင်းကို ပယ်ရန် ကျင့်ရခြင်း၊
၃။ လာဘ်၌ ဝန်တိုခြင်းကို ပယ်ရန် ကျင့်ရခြင်း၊
၄။ ဂုဏ်အဆင်း၌ ဝန်တိုခြင်းကို ပယ်ရန် ကျင့်ရခြင်း၊
၅။ တရား၌ ဝန်တိုခြင်းကို ပယ်ရန် ကျင့်ရခြင်း။ (အံ၊၂၊၂၃၉။) (အံ၊မြန်၊၂။၃၀၆။)♦

မြတ်သော အလှူ ၅ မျိုး

၁။ အတိုင်းအရှည် မရှိကုန်သော သတ္တဝါတို့အား ဘေးမဲ့ပေးလျက် သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း၊
၂။ သူတစ်ပါး၏ ဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြဉ်ခြင်း၊
၃။ ကာမဂုဏ်တို့၌ ယုတ်မာသော အကျင့်မှ ရှောင်ကြဉ်ခြင်း၊
၄။ မုသားစကား ပြောကြားခြင်းမှ ရှောင်ကြဉ်ခြင်း၊
၅။ သေရည်အရက် သောက်စားခြင်းမှ ရှောင်ကြဉ်ခြင်း။ (အဘိ၊က၊၂၅၆။) (အဘိ၊က၊မြန်၊၂။၅၀။)♦

မြတ်သောအကျင့် ၁၀ ပါး

ထိုးထွင်း၍ သိနိုင်ခဲသော တရား ၁၀ ပါး၊ ဒုပ္ပဋိဝိဇ္ဈတရား ၁၀ ပါး တို့နှင့် တူသည်။ ♦

မြန်သောပညာ ရကြောင်း တရား ၄ ပါး

၁။ သူတော်ကောင်းကို မှီဝဲခြင်း၊
၂။ သူတော်ကောင်း တရားကို ကြားနာခြင်း၊
၃။ သင့်လျော်သောအားဖြင့် နှလုံးသွင်းခြင်း၊
၄။ တရားအားလျော်သော အကျင့်ကို ကျင့်ခြင်း။ (သံ၊၃၊၃၅၉။) (သံ၊မြန်၊၃။၃၆၄ ၃၆၇။)♦

မြွေ ၂ မျိုး

၁။ အလိုရှိတိုင်း ရုပ်ဖန်ဆင်းနိုင်သော မြွေ၊
၂။ အလိုရှိတိုင်း ရုပ်မဖန်ဆင်းနိုင်သော မြွေ။ (သုတ္တနိ၊ဋ္ဌ၊၁၊၁၂။)♦

မြွေ ၂ မျိုး (တစ်နည်း) (အလိုရှိတိုင်း ရုပ်ဖန်ဆင်းနိုင်သော မြွေ ၂ မျိုး)

၁။ ရေ၌ ဖြစ်သော မြွေမျိုး၊
၂။ ကြည်း၌ ဖြစ်သော မြွေမျိုး။ (သုတ္တနိ၊ဋ္ဌ၊၁၊၁၂။)♦

မြွေ ၄ မျိုး (တစ်နည်း)

၁။ ကဋ္ဌမုခမြွေ- ထင်းခြောက်နှင့် တူသည်၏အဖြစ်သို့ ရောက်စေ တတ်သော အဆိပ်ရှိသော မြွေ၊
၂။ ပူတိမုခမြွေ- အပုတ်ကောင်နှင့် တူသည်၏အဖြစ်သို့ ရောက်စေတတ်သော အဆိပ်ရှိသော မြွေ၊
၃။ အဂ္ဂိမုခမြွေ- မီးလောင်သည်နှင့် တူသည်၏ အဖြစ်သို့ ရောက်စေတတ်သော အဆိပ်ရှိသော မြွေ၊
၄။ သတ္ထမုခမြွေ- ဓားနှင့် ခုတ်ဖြတ်ထား သကဲ့သို့ အပိုင်းပိုင်းပြတ်သည်၏ အဖြစ်သို့ ရောက်စေတတ်သော အဆိပ်ရှိသော မြွေ။ (သံ၊ဋ္ဌ၊၃၊၅၂။)♦

မြွေ ၄ မျိုး (တစ်နည်း)

၁။ လျင်မြန်သော အဆိပ်သာရှိ၍ ကြမ်းတမ်းသော အဆိပ်မရှိသော မြွေ၊
၂။ ကြမ်းတမ်းသော အဆိပ်သာရှိ၍ လျင်မြန်သော အဆိပ်မရှိသော မြွေ၊
၃။ လျင် မြန်သော အဆိပ်လည်းရှိ၍ ကြမ်းတမ်းသော အဆိပ်လည်းရှိသော မြွေ၊
၄။ လျင်မြန်သော အဆိပ်လည်း မရှိ ကြမ်းတမ်းသော အဆိပ်လည်း မရှိသော မြွေ။ (အံ၊၁၊၄၂၅။) (အဘိ၊ပု၊၁၅၅။) (အံ၊မြန်၊၁။၄၃၈။) (အဘိ၊ပု၊မြန်။၅၉။)♦

မြွေကြီး ၄ ကောင်နှင့် ဓာတ်ကြီး ၄ ပါး

၁။ ပထဝီဓာတ်= ကဋ္ဌမုခမြွေ-(ထင်းချောက်ကဲ့သို့ မာကျောသော ခံတွင်းရှိသော မြွေသည် ကိုက်အပ်သော ကိုယ်သည် လွန်စွာခက်ထန် တောင့်တင်းခိုင်မာသကဲ့သို့ အဇ္ဈတ္တပထဝီဓာတ်၏ ပျက်ခြင်းကြောင့် ကိုယ်သည် လွန်စွာ ခက်ထန်, တောင့်တင်းခိုင်မာလေ၏)၊
၂။ အာပေါဓာတ်= ပူတိမုခမြွေ၊ (ပူတိမုခမြွေ အကိုက် ခံရသော ကိုယ်သည် ပုပ်သိုးနံစော် ဖြစ်ရသကဲ့သို့ ကိုယ်တွင်းအာပေါဓာတ် ပျက်စီး ခြင်းကြောင့် ကိုယ်သည် ပုပ်သိုးနံစော်ပေ၏)၊
၃။ တေဇောဓာတ်= အဂ္ဂိမုခမြွေ၊ (အဂ္ဂိမုခမြွေ အကိုက်ခံရသော ကိုယ်သည် ပြင်းစွာပူလောင်သကဲ့သို့ ကိုယ်တွင်းတေဇောဓာတ် ပျက်စီး ခြင်းကြောင့် ကိုယ်သည် ပြင်းစွာပူလောင်၏)၊
၄။ ဝါယောဓာတ်= သတ္ထမုခမြွေ- (သတ္ထမုခမြွေ အကိုက်ခံရသော ကိုယ်သည် စုတ်ပြတ်သကဲ့သို့ ကိုယ်တွင်း ဝါယောဓာတ်ပျက်စီးခြင်းကြောင့် ကိုယ်သည် စုတ်ပြတ်၏)။ (အဘိ၊ဋ္ဌ၊၁၊၃၃၉။)♦

မြွေနဂါးတို့ မိမိအမျိုးဇာတိကို မလွန်နိုင်ရာ ကာလ ၅ ပါး

၁။ ပဋိသန္ဓေနေရာ၊
၂။ စုတေရာ၊
၃။ လွတ်လွတ်ကျွတ်ကျွတ် အိပ်ပျော်ရာ၊
၄။ ဇာတ်တူ မြွေနဂါးမျိုး၌ မေထုန်မှီဝဲရာ၊
၅။ အရေ ဟောင်းကို စွန့်ရာ။ (သုတ္တနိ၊ဋ္ဌ၊၁၊၁၂။) (သာရတ္ထ၊ဋီ၊၃၊၁၈။)♦

မြွေနဂါးတို့ အရေခွံဟောင်း စွန့်ပုံ ၄ မျိုး

၁။ မိမိ မြွေ, နဂါးဇာတ်၌ တည်ရခြင်း၊
၂။ မိမိ၏ အရေခွံ အဟောင်းကို စက်ဆုပ်ခြင်း၊
၃။ အုတ်အကြား, သစ်သား, သစ်ပင် ဝါးပင်ရင်း အကြားအရပ်ကို မှီရခြင်း၊
၄။ အားအစွမ်း ထုတ်ရခြင်း။ (ဒီ၊ဋ္ဌ၊၁၊၁၉၉။) (မ၊ဋ္ဌ၊၃၊၁၈၁။) (ပဋိသံ၊ဋ္ဌ၊၂၊၂၇၈။) (သာရတ္ထ၊ ဋီ၊၃။၁၈။) (ဒီ၊ဋ္ဌ၊မြန်၊၁။၃၈၈။)♦

မြွေနှင့် ယောဂီ အင်္ဂါ ၃ ပါး

၁။ မြွေသည် ရင်ပတ်ဖြင့် သွားခြင်း (ထို့အတူ ယောဂီပုဂ္ဂိုလ်သည် ပညာဖြင့် သွားအပ်ခြင်း၊ ပညာဖြင့် သွားသော ယောဂီပုဂ္ဂိုလ်၏ စိတ်သည် နည်းမှန်လမ်းမှန် သဘောလက္ခဏာမှန်ကို ပွားများနိုင်ခြင်း)၊
၂။ မြွေသည် သွားသည်ရှိသော် အဆိပ်နိုင်သော ဆေးကို ရှောင်ကြဉ်၍ သွားခြင်း (ထို့အတူ ယောဂီပုဂ္ဂိုလ်သည် မကောင်းမှု ဒုစရိုက်အကျင့် တို့ကို ရှောင်ကြဉ်၍ လှည့်လည်သွားလာရခြင်း)၊
၃။ မြွေသည် လူကို မြင်သည်ရှိသော် ပူပန် စိုးရိမ်ကြံစည်ခြင်း (ထို့အတူ ယောဂီပုဂ္ဂိုလ်သည် မကောင်းသော အကြံအစည်တို့ကို ကြံမိ သည်ရှိသော် ‘‘ငါသည် မေ့လျော့ခြင်းဖြင့် နေ့ကို ကုန်လွန်စေအပ်၏၊ ထိုမေ့လျော့ခြင်းကို တစ်ဖန် ပြန်ရခြင်းငှာ မတတ်ကောင်း’’ဟု ပူပန်စိုးရိမ် ကြံစည်ရခြင်း)။ (မိလိန္ဒ၊၃၉၁။) (မိလိန္ဒ၊မြန်။၄၁၂။)♦

မြွေနှင့်တူသော တရား ၄ ပါး

၁။ ပထဝီဓာတ်၊
၂။ အာပေါဓာတ်၊
၃။ ဝါယောဓာတ်၊
၄။ တေဇော ဓာတ်။ (သံ၊၂၊၃၈၂။) (သံ၊မြန်၊၂။၃၇၈။)♦

မြွေနှင့်တူသော ပုဂ္ဂိုလ် ၄ မျိုး

၁။ လျင်မြန်သော အဆိပ်သာရှိ၍ ကြမ်းတမ်းသော အဆိပ်မရှိသော မြွေကဲ့သို့ အမြဲမပြတ် အမျက်ထွက်တတ်သော်လည်း ရှည်ကြာမြင့်စွာ အမျက်ဒေါသ မကိန်းသော ပုဂ္ဂိုလ်၊
၂။ ကြမ်းတမ်းသော အဆိပ်သာရှိ၍ လျင်မြန်သော အဆိပ်မရှိသော မြွေကဲ့သို့ အမြဲမပြတ် အမျက်မထွက်တတ်သော်လည်း တစ်ရံတစ်ခါ ထွက်သော အမျက်ဒေါသသည် ရှည်ကြာမြင့်စွာ ကိန်းနေတတ်သော ပုဂ္ဂိုလ်၊
၃။ လျင်သော အဆိပ်လည်း ရှိ၍ ကြမ်းတမ်းသော အဆိပ်လည်းရှိသော မြွေကဲ့သို့ အမြဲမပြတ်လည်း အမျက်ဒေါသ ထွက်တတ်၍ ရှည်ကြာ လေးမြင့်စွာသော နေ့ညပတ်လုံးလည်း အမျက်ဒေါသ ကိန်းနေ တတ်သော ပုဂ္ဂိုလ်၊
၄။ လျင်သော အဆိပ်လည်းမရှိဘဲ ကြမ်းတမ်းသော အဆိပ်လည်း မရှိသော မြွေကဲ့သို့ အမြဲမပြတ်လည်း အမျက်ဒေါသ မထွက်တတ်ဘဲ ရှည်ကြာမြင့်စွာသော ကာလပတ်လုံးလည်း အမျက်ဒေါသ မကိန်းတတ်သော ပုဂ္ဂိုလ်။ (အံ၊၁၊၄၂၆။) (အဘိ၊ပု၊၁၅၅။) (အံ၊မြန်၊၁။၄၃၈။) (အဘိ၊ပု၊မြန်။၅၉။)♦

မြွေဖမ်းသူ၏ အကျိုးမဲ့ ၅ မျိုး

၁။ မကောင်းသော အနံ့ကို ခံယူရခြင်း၊
၂။ မစင်ကို ခံယူရ သကဲ့သို့ ဖြစ်ခြင်း၊
၃။ အနာရောဂါကို ခံယူသကဲ့သို့ ဖြစ်ခြင်း၊
၄။ အဆိပ်ကို ခံယူသကဲ့သို့ ဖြစ်ခြင်း၊
၅။ သေခြင်းကို ခံယူသကဲ့သို့ ဖြစ်ခြင်း။ (သံ၊ဋ္ဌ၊၃၊၅၉။)♦

မြွေမင်း ၄ မျိုး

နဂါးမင်း ၄ ဦး နှင့်တူသည်။ ♦

မြွေဟောက် အပြစ် ၅ ပါး

၁။ မစင်ကြယ်ခြင်း၊
၂။ မကောင်းသော အနံ့ရှိခြင်း၊
၃။ အအိပ် ကြီးခြင်း၊
၄။ ဘေးရန်နှင့် တကွ ဖြစ်ခြင်း၊
၅။ အဆွေခင်ပွန်းကို ဖျက်ဆီးတတ်ခြင်း။ (အံ၊၂၊၂၂၇။) (အံ၊မြန်၊၂။၂၈၉။)♦

မြွေဟောက် အပြစ် ၅ ပါး (တစ်နည်း)

၁။ အမျက်ထွက်တတ်ခြင်း၊
၂။ ရန်ငြိုးဖွဲ့တတ်ခြင်း၊
၃။ ပြင်းထန်သော အဆိပ်ရှိခြင်း၊
၄။ လျှာ နှစ်ခွ ရှိခြင်း၊
၅။ အဆွေခင်ပွန်းကို ဖျက်ဆီးတတ်ခြင်း။ (အံ၊၂၊၂၂၇။) (အံ၊မြန်၊၂။၂၈၉။)♦

မြား ၇ စင်း

၁။ ရာဂသလ္လ- ရာဂ တည်းဟူသော မြား၊
၂။ ဒေါသသလ္လ- ဒေါသ တည်းဟူသော မြား၊
၃။ မောဟသလ္လ- မောဟတည်းဟူသော မြား၊
၄။ မာနသလ္လ- မာနတည်းဟူသော မြား၊
၅။ ဒိဋ္ဌိသလ္လ- ဒိဋ္ဌိ တည်းဟူသော မြား၊
၆။ သောကသလ္လ- သောက တည်းဟူသော မြား၊
၇။ ကထံကထာသလ္လ- သို့လော သို့လော သံသယ ဝိစိကိစ္ဆာ ဟူသော မြား။ (မဟာနိ၊၄၅။) (မဟာနိ၊၃၂၄။)♦

မြား,ငြောင့် ၅ မျိုး

၁။ ရာဂသလ္လ- တပ်မက်မှုဟူသော ငြောင့်, မြား၊
၂။ ဒေါသသလ္လ- ပြစ်မှားမှု ဟူသော ငြောင့်, မြား၊
၃။ မောဟသလ္လ- တွေဝေမှုဟူသော ငြောင့်, မြား၊
၄။ မာနသလ္လ-ထောင်လွှားမှုဟူသော ငြောင့်,မြား၊
၅။ ဒိဋ္ဌိသလ္လ- အယူမှားမှုဟူသော ငြောင့်,မြား။ (အဘိ၊ဝိ၊ ၃၉၁။) (အဘိ၊ဝိ၊မြန်၊၂။၄၉၅။)♦

မြားအတတ် ၁၂ မျိုး

၁။ သရပဋိဗာဟန- မိမိ၏ မြားဖြင့် ရန်သူ၏ မြားအလာကို ဆီးကာ ဟန့်တားသော မြားရေးအတတ်၊
၂။ စက္ကဝိဒ္ဓ- မြားကို စက်ဝန်းကဲ့သို့ ပစ်သော မြားရေးအတတ်၊
၃။ သရလဋ္ဌိ-နွယ်တန်းသကဲ့သို့ မြားတန်းမပြတ်အောင် ပစ်ခြင်းတည်းဟူသော မြားရေး အတတ်၊
၄။ သရရဇ္ဇု- ကြိုးအစဉ်ကဲ့သို့ ပစ်ခြင်းတည်းဟူသော မြားရေးအတတ်၊
၅။ သရဝေဓိ- ရှေ့ပစ်လိုက်သော မြားကို နောက်မြားဖြင့် မှန်အောင် ပစ်ခြင်း တည်းဟူသော မြားရေးအတတ်၊
၆။ သရပါသာဒ- မြားတို့ကို ပြာသာဒ်သဏ္ဌာန်ထင်အောင် ပစ်ခြင်းတည်းဟူသော မြားရေး အတတ်၊
၇။ သရသောပါန- မြားတို့ကို စောင်းတန်းဆင့်အောင် (စောင်းတန်းသဏ္ဌာန် ထင်အောင်) ပစ်ခြင်းတည်းဟူသော မြားရေးအတတ်၊
၈။ သရမဏ္ဍပ- မြားတို့ကို မဏ္ဍပ်အသွင် ပေါ်အောင် ပစ်ခြင်းတည်းဟူသော မြားရေးအတတ်၊
၉။ သရပါကာရ- မြားတို့ကို တံတိုင်း သဏ္ဌာန်ထင်အောင် ပစ်ခြင်းတည်းဟူသော မြားရေးအတတ်၊
၁၀။ သရပေါက္ခရဏိ- မြား တို့ကို လေးထောင့်ရေကန်သဏ္ဌာန် ထင်အောင် ပစ်ခြင်းတည်းဟူသော မြားရေးအတတ်၊
၁၁။ သရပဒုမ- မြားတို့ကို ပဒုမာ ကြာပွင့်ချပ်ကဲ့သို့ မြားထပ်အဆိုင်ဆိုင် တက်အောင် ပစ်ခြင်း တည်းဟူသော မြားရေးအတတ်၊
၁၂။ သရဝဿ- မြားတို့ကို (မိုးရွာသည်နှင့် တူအောင်) မြားမိုးရွာသကဲ့သို့ ပစ်ခြင်းတည်းဟူသော မြားရေးအတတ်။ (ဇာ၊ဋ္ဌ၊၅၊၁၃၈။)♦

မြို့၏ အကာအရံ ၇ မျိုး

၁။ မြို့ကို ဝန်းရံ၍ လက်နက်စွဲကိုင်သော အစောင့်အရှောက်တို့ဖြင့် ပြုအပ်သော အကာအရံ (မြို့ပြင်အစောင့်တပ်)= နန်းတော်ဝင်း အကာ, အတွင်းမြို့ရိုး (ပရိက္ခေပ)၊
၂။ ကျုံး (ပရိခါ)၊
၃။ မြို့ရိုးအခြေ၌ ခိုင်မြဲအောင် ဖို့ထားအပ်သော မြေခုံ (ဥဒ္ဒါပ)၊
၄။ အပြင်မြို့ရိုး (ပါကာရော)၊
၅။ တံခါးတိုင်, မြို့တံခါးပေါက်၌ ခိုင်မြဲစွာ စိုက်ထားအပ်သော တိုင် (ဧသိကာ)၊
၆။ တံခါးမပွင့်အောင် လျှိုထားအပ်သော တံခါးချင်ဟု ရှေးက ခေါ်ဝေါ် အပ်သော မင်းတုပ် (ပလိဃ)၊
၇။ ပြအိုး=ပစ္စင်=မြား, သေနတ်ပစ်စင် (အဋ္ဋ)။ (ဝိမတိ၊၁၊၂၆၆။) (ဒီ၊ဋီ၊၂၊၂၁၅။) (ဝိသုဒ္ဓိ၊ဋီ၊၁၊၆၃။)♦

မြို့၏ အခြံအရံ ၇ ပါး

၁။ တုရိုဏ်းတိုင်သည် နက်သော တွင်းရှိ၍ တုန်လှုပ်မှု မရှိခြင်း၊
၂။ ကျုံးသည် နက်၍ ကျယ်ခြင်း၊
၃။ မြို့၌ ထက်ဝန်းကျင် လှည့်လည်နိုင်သော လမ်းသည် မြင့်ခြင်း ကျယ်ခြင်း၊
၄။ မြို့၌ လက်နက်ကို သိုမှီးထားခြင်း၊
၅။ မြို့၌ စစ်သည်ဗိုလ်ပါ အပေါင်း နေခြင်း၊
၆။ မြို့၌ ပညာရှိ၍ လိမ္မာသော တံခါးမှူး ရှိခြင်း၊
၇။ မြို့တံတိုင်းသည် မြင့်ခြင်း ကျယ်ခြင်း။ (အံ၊၂၊၄၇၈။) (အံ၊မြန်၊၂။၅၅၉။)♦

မြူ ၅ မျိုး

၁။ ရူပါရုံ၌ တပ်သော ရာဂမြူ (ရူပရဇ)၊
၂။ သဒ္ဒါရုံ၌ တပ်သော ရာဂမြူ (သဒ္ဒရဇ)၊
၃။ ဂန္ဓာရုံ၌ တပ်သော ရာဂမြူ (ဂန္ဓရဇ)၊
၄။ ရသာရုံ၌ တပ်သော ရာဂမြူ (ရသရဇ)၊
၅။ ဖောဋ္ဌဗ္ဗာရုံ၌ တပ်သော ရာဂမြူ (ဖောဋ္ဌဗ္ဗရဇ)။ (မဟာနိ၊၄၀၆။) (သုတ္တနိ၊ဋ္ဌ၊၂၊၂၉၀။)♦

မြူးထူးခြင်း ၂ မျိုး

၁။ ကာယိကာခိဍ္ဍာ- ရထားငယ်ဖြင့် ကစားခြင်း စသော ကိုယ်ဖြင့် မြူးထူးခြင်း၊
၂။ ဝါစသိကာခိဍ္ဍာ- ပါးစပ်ဖြင့် ဆိုင်းတီးခြင်း စသော နှုတ်ဖြင့် မြူးထူးခြင်း။ (မဟာနိ၊၂၉၅။) (စူဠနိ၊၂၄၆။) (စူဠနိ၊၂၇၉။)♦

မြေ ၄ မျိုး

၁။ ခက်ထန်မာကြောသော မြေ၊
၂။ အဆင်းအစရှိသော အဆောက်အဦတို့နှင့် တကွ ဖြစ်သော မြေ၊
၃။ ပဋိဘာဂနိမိတ်ဖြစ်သော ပထဝီကသိုဏ်း၊
၄။ ကမ္ဘာဦးလူသားတို့ သမုတ်အပ် ခေါ်ဝေါ်အပ်သော မြေ။ (ဗုဒ္ဓဝံ၊ဋ္ဌ၊၄၄။)♦

မြေ၌တည်သော ဥဒေါင်းငှက်၏ ဌာန အပိုင်းအခြား ၃ မျိုး

၁၊
၂။ ခြေထောက် နှစ်ဖက် နှစ်ဌာန၊
၃။ အမြီး တစ်ဌာန။ (ဝိ၊ဋ္ဌ၊၁၊၂၈၁။)♦

မြေကြီး ၂ မျိုး

၁။ ဇာတပထဝီ- အစစ်ဖြစ်သော သက်သက်သော မြေ၊
၂။ အဇာတပထဝီ- အစစ် မဟုတ်သော များသောအားဖြင့် သဲ ကျောက်စရစ်ခဲ ပါရှိသော မြေ။ (ဝိ၊ဋ္ဌ၊၃၊၂၀။)♦

မြေကြီးနှင့် ယောဂီ တူပုံ ၅ မျိုး

၁။ မြေကြီးသည် ကောင်းမြတ်သော စန္ဒကူးအကျော် တောင်ဇလပ် စသည်တို့ုဖြင့် လောင်းချခြင်းခံရသော်လည်းကောင်း၊ မကောင်းသော ကျင်ကြီး ကျင်ငယ် သွေးပြည် တံတွေး စသည်တို့ဖြင့် လောင်းချခြင်းခံရသော်လည်းကောင်း မတုန်လှုပ် မဖောက်ပြားခြင်း (ထို့အတူ ယောဂီပုဂ္ဂိုလ်သည် လာဘ်ရခြင်း မရခြင်း ကဲ့ရဲ့ခြင်း ချီးမွမ်းခြင်း စသော ကောင်း မကောင်းသော အရာတို့၌ မတုန်လှုပ် မဖောက်ပြားခြင်း)၊
၂။ မြေကြီးသည် တန်ဆာဆင်ခြင်း အပြေပြစ်ပြုခြင်းမှ ကင်းသည်ဖြစ်၍ မိမိ၏ အနံ့ဖြင့် ထက်ဝန်းကျင် အရပ်ကို ပျံ့နှံ့ထုံစေခြင်း (ထို့အတူ ယောဂီပုဂ္ဂိုလ်သည် အပြေပြစ်ပြုခြင်းမှ ကင်းသည်ဖြစ်၍ မိမိ၏ သီလတည်းဟူသော အနံ့ဖြင့် ထက်ဝန်းကျင်အရပ်ကို ပျံ့နှံ့ထုံစေခြင်း)၊
၃။ မြေကြီးသည် အပြတ်အခြားမရှိ, အကျိုးအပေါက်မရှိ, အခေါင်းမရှိဘဲ ထူထဲ၍ တစ်ခဲနက် ကျယ်ပြန့်ခြင်း (ထို့အတူ ယောဂီပုဂ္ဂိုလ်သည် အပြတ်အခြားမရှိ၊ အကျိုးအပေါက်မရှိ၊ အခေါင်းမရှိဘဲ ထူထဲ၍ တစ်ခဲနက် ပြန့်ကျယ်သော သီလရှိခြင်း)၊
၄။ မြေကြီးသည် ရွာ နိဂုံး ဇနပုဒ် သစ်ပင် တောတောင် စသည်တို့ကို ထမ်းဆောင်နေရသော်လည်း ငြိုငြင်ပင်ပန်းမှု မရှိခြင်း (ထို့အတူ ယောဂီ ပုဂ္ဂိုလ်သည် သွန်သင်ဆုံးမသဖြင့်လည်းကောင်း၊ တရားပြသဖြင့်လည်းကောင်း၊ ဆောက်တည် စေသဖြင့်လည်းကောင်း၊ ထက်သန်ရွှင်လန်းစေသဖြင့်လည်းကောင်း၊ တရားဒေသနာတို့၌ ငြိုငြင်ပင်ပန်းမှု မရှိခြင်း)၊
၅။ မြေကြီးသည် ချစ်ခြင်း, မုန်းခြင်းမှ ကင်းခြင်း (ထို့အတူ ယောဂီ ပုဂ္ဂိုလ်သည် ချစ်ခြင်း မုန်းခြင်းမှ ကင်းသော စိတ်ဖြင့် နေခြင်း)။ (မိလိန္ဒ၊၃၆၅။) (မိလိန္ဒ၊မြန်။၃၈၈။)♦

မြေကြီးပမာ ကြီးမားသော ပညာ ရကြောင်းတရား ၄ ပါး

၁။ သူတော်ကောင်းကို မှီဝဲခြင်း၊
၂။ သူတော်ကောင်းတရားကို ကြားနာခြင်း၊
၃။ သင့်လျော်သောအားဖြင့် နှလုံးသွင်းခြင်း၊
၄။ တရားအားလျော်သော အကျင့်ကို ကျင့်ခြင်း။ (သံ၊၃၊၃၅၉။) (သံ၊၃၊၃၆၁။) (သံ၊မြန်၊၃။၃၆၄ ၃၆၇။) (သံ၊မြန်၊၃။၃၆၄ ၃၆၇။)♦

မြေခွေးအိုနှင့် ယောဂီ တူပုံ ၂ မျိုး

၁။ မြေခွေးအိုသည် အစာကို ရသည်ရှိသော် မစက်ဆုပ် မရွံ့ရှာဘဲ အလိုရှိတိုင်း စားခြင်း (ထို့အတူ ယောဂီပုဂ္ဂိုလ်သည် ဘောဇဉ်ကို ရသည်ရှိသော် မစက်ဆုပ် မရွံရှာဘဲ ခန္ဓာကိုယ် မျှတရုံလောက်သာ သုံးဆောင်ခြင်း)၊
၂။ မြေခွေးအိုသည် အစာကို ရသည်ရှိသော် ကြမ်းတမ်း၏ဟူ၍ လည်းကောင်း၊ မွန်မြတ်၏ဟူ၍လည်းကောင်း မစူးစမ်း မရွေးချယ်ခြင်း (ထို့အတူ ယောဂီပုဂ္ဂိုလ်သည် ဘောဇဉ်ကို ရအပ်သည်ရှိသော် ကြမ်းတမ်းသည် မွန်မြတ်သည်ဟူ၍လည်းကောင်း၊ ကောင်းသည်ဆိုးသည်ဟူ၍ လည်းကောင်း မစူးစမ်း မရွေးချယ်ဘဲ ရတိုင်းသော အစာဖြင့် ရောင့်ရဲခြင်း) ။ (မိလိန္ဒ၊၃၇၉။) (မိလိန္ဒ၊မြန်။၄၀၁။)♦

မြေငလျင်လှုပ်ကြောင်း ၈ ပါး

၁။ ဤမဟာပထဝီမြေကြီးသည် ရေ၌ တည်၏၊ ရေသည် လေ၌ တည်၏၊ လေသည် ကောင်းကင်၌ တည်၏၊ ပြင်းထန်စွာ လေတိုက်သောအခါ ရေကို လှုပ်စေ၏၊ ရေလှုပ်သော် မြေကို လှုပ်စေ၏၊ ဤကား မြေငလျင်လှုပ်ခြင်း၏ ပထမအကြောင်း တည်း၊
၂။ တန်ခိုးအဘိညာဉ်နှင့် ပြည့်စုံသော သမဏဗြာဟ္မဏနှင့် နတ်တို့သည် ပထဝီ ကသိုဏ်းနှင့် အာပေါကသိုဏ်းဈာန်သညာတို့ကို ပွားများပြီးလျှင် ဤမြေကြီးကို တုန်လှုပ် စေ၏၊ ဤကား မြေငလျင်လှုပ်ခြင်း၏ ဒုတိယအကြောင်းတည်း၊
၃။ ဘုရားအလောင်းသည် တုသိတာနတ်ပြည်မှ စုတေ၍ အမိဝမ်းတိုက်သို့ သက်ရောက်သောအခါ ဤမြေကြီးသည် သွက်သွက်ခါ ပြင်းစွာ တုန်လှုပ်၏၊ ဤကား မြေငလျင် အကြီးအကျယ် လှုပ်ခြင်း၏ တတိယ အကြောင်းတည်း၊
၄။ ဘုရားအလောင်းသည် အမိဝမ်းတိုက်မှ ဖွားမြင်သောအခါ သွက်သွက်ခါ ပြင်းစွာ တုန်လှုပ်၏၊ ဤကား မြေငလျင် အကြီးအကျယ် လှုပ်ခြင်း၏ စတုတ္ထအကြောင်းပေတည်း၊
၅။ ဘုရားရှင်သည် သမ္မာသမ္ဗောဓိဉာဏ်ကို ရရှိတော်မူသောအခါ ဤမြေကြီးသည် သွက်သွက်ခါ ပြင်းစွာ တုန်လှုပ်၏၊ ဤကား မြေငလျင် အကြီးအကျယ် လှုပ်ခြင်း၏ ပဉ္စမအကြောင်းပေတည်း၊
၆။ ဘုရားရှင်သည် ဓမ္မစကြာတရားဦးကို ဟောတော်မူသောအခါ ဤမြေကြီးသည် သွက်သွက်ခါ ပြင်းစွာ တုန်လှုပ်၏၊ ဤကား မြေငလျင် အကြီးအကျယ် လှုပ်ခြင်း၏ ဆဋ္ဌမအကြောင်းပေတည်း၊
၇။ ဘုရားရှင်သည် အာယုသင်္ခါရ (အသက်ရှည်ရန် ပြုပြင်မှု) ကို စွန့်လွှတ်တော်မူသောအခါ ဤမြေကြီးသည် သွက်သွက်ခါ ပြင်းစွာ တုန်လှုပ်၏၊ ဤကား မြေငလျင် အကြီးအကျယ် လှုပ်ခြင်း၏ သတ္တမအကြောင်းပေတည်း၊
၈။ ဘုရားရှင်သည် အနုပါဒိသေသနိဗ္ဗာနဓာတ်ဖြင့် ပရိနိဗ္ဗာန်ဝင်စံတော်မူသောအခါ ဤမြေကြီးသည် သွက်သွက်ခါ ပြင်းစွာ တုန်လှုပ်၏၊ ဤကား မြေငလျင် အကြီးအကျယ် လှုပ်ခြင်း၏ အဋ္ဌမ အကြောင်းပေတည်း။ (ဒီ၊၂၊၉၀။) (ဒီ၊ဋ္ဌ၊၁၊၁၂၀။) (အံ၊ဋ္ဌ၊၃၊၂၅၁။) (ဒီ၊မြန်၊၂။၁၀၄။) (ဒီ၊ဋ္ဌ၊မြန်၊၁။၂၃၃။)♦

မြေငလျင်လှုပ်ရာ အခါ ၈ မျိုး

၁။ ဘုရားအလောင်း တောထွက်တော်မူရာ အခါ၊
၂။ ဗောဓိမဏ္ဍိုင်သို့ ချဉ်းကပ်ရောက်ရာ အခါ၊
၃။ ပံသုကူသင်္ကန်းကို ကောက်ယူရာ အခါ၊
၄။ ပံသုကူသင်္ကန်းကို ဆေးကြောဖွပ်လျော်ရာ အခါ၊
၅။ ကာဠကာရာမသုတ်ကို ဟောကြားရာ အခါ၊
၆။ ဂေါတမက သုတ်ကို ဟောကြားရာ အခါ၊
၇။ ဝေဿန္တရာဇာတ်ကို ဟောကြားရာ အခါ၊
၈။ ဗြဟ္မဇာလ သုတ်ကို ဟောကြားရာ အခါ။ (ဒီ၊ဋ္ဌ၊၁၊၁၂၀။) (ဒီ၊ဋ္ဌ၊မြန်၊၁။၂၃၃။)♦

မြောက်ကျွန်းသူတို့၏ ထူးခြားမှု ၃ မျိုး

၁။ တပ်မက်မှုတဏှာ မရှိခြင်း၊
၂။ ငါ့ပစ္စည်းဟု သိမ်းဆည်းမှု မရှိခြင်း၊
၃။ အနှစ်တစ်ထောင်ဟူသော အသက် မြဲခြင်း။ (အံ၊၃၊၁၉၈။) (အံ၊မြန်၊၃။၁၉၈။)♦

မလျင်မြန်သော ကြွချီတော်မူခြင်း ၂ မျိုး

၁။ တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်နှင့် မဆက်စပ်သော ကြွချီတော်မူခြင်း (အနိဗဒ္ဓစာရိက။)၊
၂။ တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်နှင့် ဆက်စပ်သော ကြွချီတော်မူခြင်း (နိဗဒ္ဓစာရိက။)။ (ဒီ၊ဋ္ဌ၊၁၊၂၁၆။) (ဒီ၊ဋ္ဌ၊မြန်၊၁။၄၂၆။)♦

မလွဲဧကန် မှန်သော အကျင့် ၃ မျိုး

၁။ မျက်စိ အစရှိသော ဣန္ဒြေတို့၌ စောင့်ထိန်းအပ်သော တံခါး ရှိခြင်း၊
၂။ အစာစားခြင်း၌ အတိုင်းအတာ ပမာဏ သိခြင်း၊
၃။ နိုးကြားမှု၌ အမြဲလုံ့လ ရှိခြင်း။ (ဇာ၊ဋ္ဌ၊၁၊၁၁၉။)♦

မလှူထိုက်သော အလှူ ၁၀ မျိုး

၁။ သေရည်အရက် အလှူ၊
၂။ ပွဲလမ်းသဘင် အလှူ၊
၃။ မိန်းမ အလှူ၊
၄။ နွားလားဥသဘ အလှူ၊
၅။ ပန်းချီဆေးရေး အလှူ၊
၆။ လက်နက်အလှူ၊
၇။ အဆိပ်အလှူ၊
၈။ သံခြေကျင်း အလှူ၊
၉။ ချိန်စဉ်းလဲ တောင်းစဉ်းလဲ အလှူ၊
၁၀။ ကြက်, ဝက် အလှူ။ (မိလိန္ဒ၊၂၇၀။) (မိလိန္ဒ၊မြန်။၂၉၀။)♦

မလောက်မငဖြစ်ခြင်း ၂ မျိုး

ဝိကလက ၂ မျိုးနှင့် တူသည်။ ♦

မွတ်သိပ်မှု ၃ ပါး

၁။ ကာမဂုဏ်၌ မွတ်သိပ်မှု- ကာမတသိနာ၊
၂။ ဘဝမပြတ်ဟူသော အယူနှင့် တကွဖြစ်သော မွတ်သိပ်မှု- ဘဝတသိနာ၊
၃။ ဘဝပြတ်၏ဟူသော အယူနှင့် တကွ ဖြစ်သော မွတ်သိပ်မှု- ဝိဘဝတသိနာ။ (သံ၊၃၊၅၄။) (သံ၊မြန်၊၃။၅၈။)♦

မွန်မြတ်သော ဘောဇဉ် ၉ မျိုး

၁။ ထောပတ်၊
၂။ ဆီဦး၊
၃။ ဆီ၊
၄။ ပျားရည်၊
၅။ တင်လဲ၊
၆။ ငါး၊
၇။ အသား၊
၈။ နို့ရည်၊
၉။ နို့ဓမ်း။ (ဝိ၊၂၊၁၁၉။) (ဝိ၊မြန်၊၂။၁၃၅။)♦

မသင့့်သောအားဖြင့် နှလုံးသွင်းသော သူ၏ ဒိဋ္ဌိ ၆ ပါး

၁။ ငါ့အား အတ္တသည် ရှိ၏ဟု အခိုင်အမာယူခြင်း၊
၂။ ငါ့အား အတ္တသည် မရှိဟု အခိုင်အမာ ယူခြင်း၊
၃။ အတ္တဖြင့်သာလျှင် အတ္တကို သိ၏ဟု အခိုင်အမာ ယူခြင်း၊
၄။ အတ္တဖြင့်သာလျှင် အနတ္တကို သိ၏ဟု အခိုင်အမာ ယူခြင်း၊
၅။ အနတ္တဖြင့်သာလျှင် အတ္တကို သိ၏ဟု အခိုင်အမာ ယူခြင်း၊
၆။ ငါ၏အတ္တသည် ထိုထို ယောနိ ဂတိ ဝိညာဏဋ္ဌိတိ သတ္တာဝါသ သတ္တနိကာယတို့၌ ကောင်းမှု မကောင်းမှု ကံ၏ အကျိုးကို သိမြင်ခံစားတတ်၏၊ ခိုင်မြဲစွာ တည်၏၊ ဖောက်ပြန်မှု မရှိ၊ ခိုင်မြဲသော မြင့်မိုရ်တောင် လ နေတို့နှင့် တူစွာ တူလတ္တံ့ဟု အခိုင်အမာ ယူခြင်း။ (ပဋိသံ၊ဋ္ဌ၊၂၊၈။)(ပဋိသံ၊ဋ္ဌ၊၂၊၂၅။)♦

မံသစက္ခု ၂ မျိုး

၁။ သသမ္ဘာရစက္ခု- စက္ခုပသာဒရုပ်နှင့် တကွဖြစ်သော မျက်တွင်း မျက်လွှာ တို့ဖြင့် ခြံရံအပ်သော အဆောက်အဦနှင့် တကွသော အသားစိုင် မျက်စိ၊
၂။ ပသာဒစက္ခု- မဟာဘုတ်လေးပါးတို့ကို စွဲမြဲစွာယူ၍ ဖြစ်သော ပသာဒအကြည်ဓာတ်မျက်စိ။ (သံ၊ဋ္ဌ၊၃၊၂။) (အဘိ၊ဋ္ဌ၊၁၊၃၄၄။) (ပဋိသံ၊ဋ္ဌ၊၁၊၇၃။) (ဣတိဝုတ်၊ဋ္ဌ၊၉၅။) (မဟာနိ၊ဋ္ဌ၊၁၃၅။) (သာရတ္ထ၊ဋီ၊၃၊၂၀၉။)♦

မသတ်ထိုက်သော ပုဂ္ဂိုလ် ၂ ယောက်

၁။ ရန်တုံ့မမူ ဖြူစင်သော သီလရှိသောကြောင့်, ရဟန်း ပုဏ္ဏားတို့အား မသတ်အပ်၊
၂။ တိုင်းရေးပြည်ရေးကို ဆောင်ရွက်သူ ဖြစ်သောကြောင့် တမန်ကို မသတ်အပ်။ (ဇာတက၊၂၊၃၃၈။)♦

မသုံးဆောင်ထိုက်သော ပစ္စည်း ၅ မျိုး (ရဟန်းတို့ မသုံးဆောင်ထိုက်သော ပစ္စည်း ၅ မျိုး)

၁။ မပေး မကပ်အပ်သော ပစ္စည်း၊
၂။ ကပ်မှန်းမသိ မထင်ရှားသော ပစ္စည်း၊
၃။ သမဏကပ္ပ ငါးပါးတို့ဖြင့် မကပ္ပိအပ်သော ပစ္စည်း၊
၄။ အကပ်မခံအပ်သော ပစ္စည်း၊
၅။ အတိရိတ် ဝိနည်းကံ မပြုအပ်သော ပစ္စည်း။ (ဝိ၊၅၊၂၃၁။) (ဝိ၊မြန်၊၅။၃၂၀။)♦

မသူတော်တရား ၁၀ ပါး

၁။ သူ့အသက် သတ်ခြင်း၊
၂။ သူ့ဥစ္စာခိုးခြင်၊
၃။ ကာမတို့၌ မှားယွင်းစွာ ကျင့်ခြင်း၊
၄။ မဟုတ်မမှန် ပြောဆိုခြင်း၊
၅။ ကုန်းချောခြင်း၊
၆။ ရုန့်ရင်း ကြမ်းတမ်းသော စကားကို ပြောဆိုခြင်း၊
၇။ ပြိန်ဖျင်းသော စကားကို ပြောဆိုခြင်း၊
၈။ သူတစ်ပါး ဥစ္စာကို ရှေးရှု ကြံစည်ခြင်း၊
၉။ သတ္တဝါတို့အား ဖျက်ဆီးလိုခြင်း၊
၁၀။ မှားသော အမြင်ရှိခြင်း။ (အံ၊၃၊၄၈၂-၄၈၇။) (အံ၊မြန်၊၃။၄၇၂-၄၇၈။)♦

မသူတော်တရား ၇ ပါး

ဆုတ်ယုတ်သော အဖို့ရှိသော တရား ၇ ပါး၊ သူယုတ်မာတို့၏ တရား ၇ ပါး၊ အသဒ္ဓမ္မ ၇ ပါးတို့နှင့် တူသည်။ ♦

မသူတော်တရား ၈ ပါး

၁။ လာဘ်ရမှု နှိပ်စက်လွှမ်းမိုးခြင်း၊
၂။ လာဘ်မရမှု နှိပ်စက်လွှမ်းမိုးခြင်း၊
၃။ အခြံအရံရှိမှု နှိပ်စက်လွှမ်းမိုးခြင်း၊
၄။ အခြံအရံမရှိမှု နှိပ်စက်လွှမ်းမိုးခြင်း၊
၅။ အရိုအသေ ပြုမှု နှိပ်စက်လွှမ်းမိုးခြင်း၊
၆။ အရိုအသေမပြုမှု နှိပ်ဆက်လွှမ်းမိုးခြင်း၊
၇။ ယုတ်ညံ့သော အလို နှိပ်စက်လွှမ်းမိုးခြင်း၊
၈။ ယုတ်မာသော အဆွေခင်ပွန်းရှိမှု နှိပ်စက်လွှမ်းမိုးခြင်း။ (အံ၊၃၊၁၀။) (အံ၊မြန်၊၃။၁၀။)♦

မဟလ္လကဝိဟာရသိက္ခာပုဒ်၌ အင်္ဂါ ၃ မျိုး

၁။ ကျောင်းဆောက်မည့်သူ ကျောင်းရှင် ဒါယကာ ရှိသော ကျောင်းဖြစ်ခြင်း၊
၂။ မိမိအတွက် နေဖို့ ကျောင်းဆောင် ဖြစ်ခြင်း၊
၃။ သတ်မှတ်ထားသော ဝန်းကျင်လှည့်ပတ် နှစ်ထပ်သုံးထပ် မိုးခြင်းထက် အလွန်စီမံမှု ပြုခြင်း။ (သာရတ္ထ၊ဋီ၊၃၊၃၃။) (ဝိမတိ၊၂၊၁၉။)♦

မဟာကစ္စည်းမထေရ် တောင်းဆိုသော ဆု ၅ ပါး

၁။ အဝန္တိတိုင်း ဒက္ခိဏာပထဇနပုဒ်၌ ဆယ်ပါးအောက် သာ၍နည်းသော (ဝိနည်းဓိုရ်လျှင် ငါးယောက်မြောက်ဖြစ်သော) ဂိုဏ်း သံဃာဖြင့် ရဟန်းခံခွင့် (ရဟန်းပြုခွင့်) ပေးရန်၊
၂။ အဝန္တိတိုင်း တောင်ပိုင်းနယ်၌ အလွှာ များသော ဘိနပ်ကို စီးခွင့်ပြုတော်မူရန်၊
၃။ အဝန္တိတိုင်း တောင်ပိုင်းနယ်၌ မပြတ်ရေချိုးခွင့် ပြုရန်၊
၄။ အဝန္တိတိုင်း တောင်ပိုင်းနယ်၌ သိုးရေ ဆိတ်ရေ သမင်ရေဟူသော သားရေအခင်း တို့ကို ခွင့်ပြုတော် မူရန်၊
၅။ မြတ်စွာဘုရားသည် သင်္ကန်း၌အပ်သော ပရိယာယ်ကို ဟောကြားတော်မူရန်။ (ဝိ၊၃၊၂၈၅။) (ဝိ၊မြန်၊၃။၂၈၅။)♦

မဟာကပ္ပိနမင်း၏ မြင်း ၅ စီး တစ်နည်း

၁။ ဗလမြင်း၊
၂။ ဗလဝါဟနမြင်း၊
၃။ ပုပ္ဖမြင်း၊
၄။ ပုပ္ဖဝါဟနမြင်း၊
၅။ သုပတ္တမြင်း။ (ဓမ္မ၊ဋ္ဌ၊၁၊၃၅၃။)♦

မဟာကပ္ပိနမင်းကြီး၏ သိန္ဓောမြင်း ၅ စီး

၁။ ဝါလ၊
၂။ ဝါလဝါဟန၊
၃။ ပုပ္ဖ၊
၄။ ပုပ္ဖဝါဟန၊
၅။ သုပတ္တ။ (အပ၊ဋ္ဌ၊၂၊၂၂၀။)♦

မဟာကဿပမထေရ်အား ဘုရားရှင် ပဌမဦးဆုံးပေးသော ဩဝါဒတော် ၃ ခွန်း

၁။ ထေရ, နဝ, မဇ္ဈိမရဟန်းတို့၌ ဟိရီ ဩတ္တပ္ပကို ပြင်းထန်စွာ ထားရှိရမည်၊
၂။ ကုသိုလ်နှင့် စပ်ယှဉ်သော တရားမှန်သမျှကို ရိုသေလေးစားစွာ စိတ်၌ ကောင်းစွာသွင်း၍ နားထောင်ရမည်။
၃။ ကိုယ် ကာယ၌ ထားရှိသော သတိ, ကာယဂတာသတိ ကမ္မဋ္ဌာန်းကို မစွန့်ရ။ (အံ၊ဋီ၊၁၊၁၅၃။)♦

မဟာကုသိုလ်စိတ် ၈ ပါး

၁။ သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် အသင်္ခါရိက ကာမာဝစရ ကုသိုလ်စိတ် ၁-ပါး၊
၂။ သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် သသင်္ခါရိက ကာမာဝစရ ကုသိုလ်စိတ် ၁-ပါး၊
၃။ သောမနဿသဟဂုတ် ဉာဏဝိပ္ပယုတ် အသင်္ခါရိက ကာမာဝစရ ကုသိုလ်စိတ် ၁-ပါး၊
၄။ သောမနဿသဟဂုတ် ဉာဏဝိပ္ပယုတ် သသင်္ခါရိက ကာမာဝစရ ကုသိုလ်စိတ် ၁-ပါး၊
၅။ ဥပေက္ခာသဟဂုတ် ဉာဏသမ္ပယုတ် အသင်္ခါရိက ကာမာဝစရ ကုသိုလ်စိတ် ၁-ပါး၊
၆။ ဥပေက္ခာသဟဂုတ် ဉာဏသမ္ပယုတ် သသင်္ခါရိက ကာမာဝစရ ကုသိုလ်စိတ် ၁-ပါး၊
၇။ ဥပေက္ခာသဟဂုတ် ဉာဏဝိပ္ပယုတ် အသင်္ခါရိက ကာမာဝစရ ကုသိုလ်စိတ် ၁-ပါး၊
၈။ ဥပေက္ခာသဟဂုတ် ဉာဏဝိပ္ပယုတ် သသင်္ခါရိက ကာမာဝစရ ကုသိုလ်စိတ် ၁-ပါး။ (အဘိ၊ဝိ၊၁၇၅-၁၇၆-၁၇၇။) (အဘိ၊ဝိ၊၂၉၉။) (အဘိ၊ဝိ၊၃၀၄။) (အဘိ၊ဝိ၊ ၃၀၉။) (အဘိ၊ဝိ၊မြန်၊၂။၇၀၄။) (အဘိ၊ဝိ၊မြန်၊၂။၇၀၄။) (အဘိ၊ဝိ၊မြန်၊၂။၇၀၄။) (အဘိ၊ဝိ၊မြန်၊၂။၇၀၄။)♦

မဟာဂင်္ဂါ ၅ မျိုး

၁။ အာဝဋ္ဋဂင်္ဂါ၊
၂။ ကဏှဂင်္ဂါ၊
၃။ အာကာသဂင်္ဂါ၊
၄။ ဗဟလဂင်္ဂါ၊
၅။ ဥမင်္ဂ ဂင်္ဂါ။ (သုတ္တနိ၊ဋ္ဌ၊၂၊၁၆၁။)♦

မဟာဂေါပါလကသုတ်လာ ကထာ ၃ မျိုး

၁။ ပါဠိကို ဆိုပြီး၍ ပုဒ်တစ်ပုဒ်စီ၏ အနက်ကို ဖွင့်ဆိုခြင်း ဧကနာဠိကကထာ၊
၂။ ပညာမရှိသော နွားကျောင်းသားကို ပြပြီး၍ အစရှိသော လေးခု အပေါင်း စတုက္ကကို ဖွဲ့၍ အနက်ကို ဟောခြင်း စတုရဿာကထာ၊
၃။ ပညာမရှိသော နွားကျောင်းသားကို ပြပြီး၍ အဆုံးကို ရောက်စေခြင်း အစရှိသော စတုက္ကကို ဟောဆိုခြင်း နိသိန္နစတ္တိက ကထာ။ (မ၊ဋ္ဌ၊၂၊၁၅၉။)♦

မဟာဂေါဝိန္ဒ ပုရောဟိတ်၏ အဆုံးမခံ မင်း ၇ ပါး

၁။ ရေဏုမင်း၊
၂။ ရေဏုမင်း၏ သူငယ်ချင်း ဖြစ်သော သတ္တဘူမင်း၊
၃။ ဗြဟ္မဒတ်မင်း၊
၄။ ဝေဿဘူမင်း၊
၅။ ဘာရတမင်း၊
၆။ ဓတရဋ္ဌမင်း ၂ ပါး ပေါင်း ခုနစ်ပါး။ (စရိယာ၊ဋ္ဌ၊၄၇။)♦

မဟာဂေါဝိန္ဒပုဏ္ဏား တည်ထောင်အပ်သော တိုင်းပြည် ၇ ပြည်

၁။ ကလိင်္ဂတိုင်း ဒန္တပုရပြည်၊
၂။ အဿကတိုင်း ပေါတနပြည်၊
၃။ အဝန္တိတိုင်း မာဟိဿတိပြည်၊
၄။ သောဝီရတိုင်း ရောဒုကပြည်၊
၅။ ဝိဒေဟတိုင်း မိထိလာပြည်၊
၆။ အင်္ဂတိုင်း စမ္ပာပြည်၊
၇။ ကာသိတိုင်း ဗာရာဏသီပြည်။ (ဒီ၊၂၊၁၈၉။) (ဒီ၊ဋ္ဌ၊၂၊၂၅၅။) (ဒီ၊မြန်၊၂။၂၁၄။) (ဒီ၊ဋ္ဌ၊မြန်၊၂။၄၇၄။)♦

မဟာနာမသိက္ခာပုဒ်၌ အင်္ဂါ ၄ မျိုး

၁။ သံဃာနှင့် စပ်သဖြင့် ဖိတ်ထားသည် ဖြစ်ခြင်း၊
၂။ ဆေးတို့ကို တောင်းခြင်း၊
၃။ ကျန်းမာသူ ဖြစ်ခြင်း၊
၄။ အပိုင်းအခြားကို လွန်ခြင်း။ (သာရတ္ထ၊ဋီ၊၃၊၇၈။) (ဝိမတိ၊၂၊၄၁။)♦

မဟာပဒေသ ၂ မျိုး

၁။ ဝိနယမဟာပဒေသ- ဝိနည်းဆိုင်ရာ ညွှန်ကြားချက်ကြီး၊
၂။ သုတ္တန္တိက မဟာပဒေသ- သုတ္တန်ဆိုင်ရာ ညွှန်ကြားချက်ကြီး။ (ဝဇိရ၊၈၆။)♦

မဟာပဒေသ ၄ ပါး

၁။ ဤသာသနာတော်၌ တစ်စုံတစ်ယောက်သော ရဟန်းသည် ‘‘ငါ့ရှင်တို့ ငါသည် ဤတရားကို မြတ်စွာဘုရား မျက်မှောက်တော်မှ ကြားနာခဲ့ရပါ၏၊ ဤကား တရားတော်ပါတည်း၊ ဤကား ဝိနည်းတော်ပါတည်း၊ ဤကား ဘုရားရှင် အဆုံးအမတော် ပါတည်း’’ဟု ပြောဆိုငြားအံ့ ထိုရဟန်း၏စကားကို လက်လည်း မခံအပ်သေး၊ ပယ်လည်း မပယ်အပ်သေး၊ ထိုပြောဆိုသော ပုဒ်ဗျည်းတို့ကို ကောင်းစွာ မှတ်သား၍ သုတ်တရား၌ သွင်းကြည့်အပ်ကုန်၏၊ ဝိနည်းတော်၌ နှီးနှောကြည့်အပ်ကုန်၏၊ ဤသို့ သုတ်တရားတော်၌ သွင်းကြည့်လျက် ဝိနည်းတော်၌ နှီးနှောကြည့်သည်ရှိသော် ထိုပုဒ်ဗျည်းတို့သည် သုတ်တရား တော်၌လည်း မသက်ဝင်ကုန်ငြားအံ့၊ ဝိနည်းတော်၌လည်း မနှီးနှောမိကုန်ငြားအံ့၊ ‘‘ဤစကား သည် မြတ်စွာဘုရား၏ စကားတော်စင်စစ် မဟုတ်ချေ၊ ဤရဟန်း၏ မှားယွင်းစွာ သင်ယူ ထားသော စကားသာ ဖြစ်ချေသည်’’ဟု ဆုံးဖြတ်ကြရမည်၊ ဤသို့ ဆုံးဖြတ်၍ ထိုစကားကို ပယ်ကြလေ။ သုတ်တရားတော်၌ သွင်းကြည့်လျက် ဝိနည်းတော်၌ နှီးနှောကြည့်သည်ရှိသော် ထိုပုဒ်ဗျည်းတို့သည် သုတ်တရားတော်၌လည်း သက်ဝင်ကုန်ငြားအံ့၊ ဝိနည်းတော်၌လည်း နှီးနှောမိကုန်ငြားအံ့၊ သို့ဖြစ်လျှင် ‘‘ဤစကားသည် မြတ်စွာဘုရား၏ စကားတော်စင်စစ် ဖြစ်ပေသည်၊ ဤရဟန်း၏ ကောင်းစွာ သင်ယူထားသော စကားလည်း ဖြစ်ပေသည်’’ဟု ဆုံးဖြတ်ကြရမည်၊ ဤကား ရှေးဦးစွာသော မဟာပဒေသတည်း၊
၂။ ဤသာသနာတော်၌ တစ်စုံတစ်ယောက်သော ရဟန်းသည် ‘‘ဤမည်သော ကျောင်း၌ အကြီးအမှူး မထေရ်နှင့် တကွသော သံဃာသည် နေ၏၊ ငါသည် ထိုသံဃာ၏ မျက်မှောက်မှ ကြားနာခဲ့ရပါ၏၊ ဤကား တရားတော်ပါတည်း၊ ဤကား ဝိနည်းတော်ပါတည်း၊ ဤကား ဘုရားရှင် အဆုံးအမ တော်ပါတည်း’’ ဟု ပြောဆိုငြားအံ့၊ ထိုရဟန်း၏ စကားကို လက်လည်း မခံအပ်သေး၊ ပယ်လည်း မပယ်အပ်သေး၊ ထိုပြောဆိုသော ပုဒ်ဗျည်းတို့ကို ကောင်းစွာ မှတ်သား၍ သုတ်တရားတော်၌ သွင်းကြည့်အပ်ကုန်၏၊ ဝိနည်းတော်၌ နှီးနှောကြည့်အပ်ကုန်၏၊ ဤသို့ သုတ်တရားတော်၌ သွင်းကြည့်လျက် ဝိနည်းတော်၌ နှီးနှောကြည့်သည်ရှိသော် ထိုပုဒ်ဗျည်း တို့သည် သုတ်တရားတော်၌လည်း မသက်ဝင်ကုန်ငြားအံ့၊ ဝိနည်းတော်၌လည်း မနှီးနှောမိ ကုန်ငြားအံ့၊ ‘‘ဤစကားသည် မြတ်စွာဘုရား၏ စကားတော်စင်စစ် မဟုတ်ချေ၊ ထိုရဟန်း၏ မှားယွင်းစွာ သင်ယူထားသော စကားသာ ဖြစ်ချေသည်’’ဟု ဆုံးဖြတ်ကြရမည်၊ ဤသို့ ဆုံးဖြတ်၍ ထိုစကားကို ပယ်ကြလေ၊ သို့မဟုတ် သုတ်တရားတော်၌ သွင်းကြည့်လျက် ဝိနည်းတော်၌ နှီးနှောကြည့်သည်ရှိသော် ထိုပုဒ်ဗျည်းတို့သည် သုတ်တရားတော်၌လည်း သက်ဝင်ကုန်ငြားအံ့၊ ဝိနည်းတော်၌လည်း နှီးနှောမိကုန်ငြားအံ့၊ သို့ဖြစ်လျှင် ‘‘ဤစကားသည် မြတ်စွာဘုရား၏ စကားတော်စင်စစ် ဖြစ်ပေသည်၊ ထိုရဟန်း၏ ကောင်းစွာ သင်ယူထားသော စကားလည်း ဖြစ်ပေသည်’’ဟု ဆုံးဖြတ်ကြရမည်၊ ဤကား ဒုတိယ မဟာပဒေသတည်း၊
၃။ ဤသာသနာတော်၌ တစ်စုံတစ်ယောက်သော ရဟန်းသည် ‘‘ဤမည်သော ကျောင်း၌ အကြားအမြင် များကုန်သော ပါဠိတော်ကို နှုတ်ငုံဆောင်ကုန်သော များစွာသော မထေရ် ရဟန်းတို့သည် နေလျက် ရှိကုန်၏၊ ငါသည် ထိုမထေရ်တို့၏ မျက်မှောက်မှ ကြားနာခဲ့ရ ပါ၏၊ ဤကား တရားတော်ပါတည်း၊ ဤကား ဝိနည်းတော်ပါတည်း၊ ဤကား ဘုရားရှင် အဆုံးအမတော်ပါတည်း’’ဟု ပြောဆိုငြားအံ့၊ ထိုရဟန်း၏ စကားကို လက်လည်း မခံအပ်သေး ။ပ။ ဝိနည်း၌လည်း မနှီးနှောမိကုန်ငြားအံ့၊ သို့ဖြစ်လျှင် ဤစကားသည် မြတ်စွာဘုရား၏ စကားတော်စင်စစ် မဟုတ်ချေ၊ ထိုရဟန်း၏ မှားယွင်းစွာ သင်ယူထားသော စကားသာ ဖြစ်ချေ သည်ဟု ဆုံးဖြတ်ကြရမည်၊ ဤသို့ ဆုံးဖြတ်၍ ထိုစကားကို ပယ်ကြလေ၊ သို့မဟုတ် သုတ်တရားတော်၌ သွင်းကြည့်လျက် ။ပ။ ထိုပုဒ်ဗျည်းတို့သည် ဝိနည်းတော်၌လည်း နှီးနှောမိ ကုန်ငြားအံ့၊ ‘‘ဤစကားသည် မြတ်စွာဘုရား၏ စကားတော်စင်စစ် ဖြစ်ပေသည်၊ ထိုရဟန်း၏ ကောင်းစွာ သင်ယူထားသော စကားလည်း ဖြစ်ပေသည်’’ ဟု ဆုံးဖြတ်ကြရမည်၊ ဤကား သုံးခုမြောက်သော မဟာပဒေသတည်း၊
၄။ ဤသာသနာတော်၌ တစ်စုံတစ်ယောက်သော ရဟန်းသည် ‘‘ဤမည်သော ကျောင်း၌ အကြားအမြင်များသော ဝိနည်းတော်ကို ဆောင်သော တစ်ဦးသော မထေရ်သည် နေလျက် ရှိ၏၊ ငါသည် ထိုမထေရ်၏ မျက်မှောက်မှ ကြားနာခဲ့ ရပါ၏၊ ဤကား တရားတော်ပါတည်း၊ ဤကား ဝိနည်းတော်ပါတည်း၊ ဤကား ဘုရားရှင် အဆုံးအမတော်ပါတည်း’’ဟု ပြောဆိုငြားအံ့၊ ထိုရဟန်း၏ စကားကို လက်လည်း မခံ အပ်သေး၊ ပယ်လည်း မပယ်အပ်သေး၊ ထိုပြောဆိုသော ပုဒ်ဗျည်းတို့ကို ကောင်းစွာ မှတ်သား၍ တရားတော်၌ သွင်းကြည့်အပ်ကုန်၏၊ ဝိနည်းတော်၌ နှီးနှောကြည့်အပ်ကုန်၏၊ ဤသို့ သုတ်တရားတော်၌ သွင်းကြည့်လျက် ဝိနည်းတော်၌ နှီးနှောကြည့်သည်ရှိသော် ထိုပုဒ်ဗျည်း တို့သည် သုတ်တရားတော်၌လည်း မသက်ဝင်ကုန်ငြားအံ့၊ ဝိနည်းတော်၌လည်း မနှီးနှောမိ ကုန်ငြားအံ့၊ သို့ဖြစ်လျှင် ‘‘ဤစကားသည် မြတ်စွာဘုရား၏ စကားတော်စင်စစ် မဟုတ်ချေ၊ ထိုရဟန်း၏ မှားယွင်းစွာ သင်ယူထားသော စကားသာ ဖြစ်ချေသည်’’ဟု ဆုံးဖြတ်ကြရမည်၊ ထိုစကားကို ပယ်ကြလေ၊ သို့မဟုတ် သုတ်တရားတော်၌ သွင်းကြည့်လျက် ဝိနည်းတော်၌ နှီးနှောကြည့်သည်ရှိသော် ထိုပုဒ်ဗျည်းတို့သည် သုတ်တရားတော်၌လည်း သက်ဝင်ကုန် ငြားအံ့၊ ဝိနည်းတော်၌လည်း နှီးနှောမိကုန်ငြားအံ့၊ သို့ဖြစ်လျှင် ‘‘ဤစကားသည် မြတ်စွာဘုရား၏ စကားတော်စင်စစ် ဖြစ်ပေသည်၊ ထိုရဟန်း၏ ကောင်းစွာ သင်ယူ ထားသော စကားလည်း ဖြစ်ပေသည်’’ဟု ဆုံးဖြတ်ကြရမည်၊ ဤကား လေးခုမြောက်သော မဟာပဒေသပေတည်း။ (ဝိ၊၃၊၃၄၈-၃၄၉။) (ဒီ၊၂၊၁၀၃။) (အံ၊၁၊၄၈၇။) (အံ၊၁၊၄၈၉။) (ဝိ၊ဋ္ဌ၊၁ ။၁၉၆။) (နေတ္တိ၊ဋ္ဌ၊၂၀။) (ဝိ၊မြန်၊၃။၃၅၂။) (ဒီ၊မြန်၊၂။၁၁၉။) (အံ၊မြန်၊၁။၅၀၂။) (အံ၊မြန်၊၁။၅၀၂။)♦

မဟာပါပ ၄ မျိုး (ဤကမ္ဘာ၌ဖြစ်ပေါ်သော မကောင်းမှုကြီး)

၁။ မုသားပြောဆိုခြင်း၊
၂။ အရိယာတို့၌ စွပ်စွဲပြောဆိုခြင်း၊
၃။ မိတ်ဆွေကောင်း၌ ပြစ်မှားခြင်း၊
၄။ ကျေးဇူး မသိတတ်ခြင်း။ (သံ၊၁၊၂၂၇။)(သံ၊ဋ္ဌ၊၁၊၃၁၅)♦

မဟာပေသကာရသိက္ခာပုဒ်၌ အင်္ဂါ ၄ မျိုး

၁။ ဆွေမျိုးမတော်သော, ပင့်ဖိတ်ထားခြင်း မရှိကုန်သော သူတို့၏ ရက်ကန်းသည်ထံသို့ အထူးထူး စီမံမှု ပြုခြင်းသို့ ရောက်ခြင်း၊
၂။ သင်္ကန်းသည် မိမိအတွက် ရည်မှန်းထားခြင်း၊
၃။ ထိုရဟန်း၏ စကားကြောင့် ချည်ကို ပွားစေခြင်း၊
၄။ သင်္ကန်းကို ရရှိခြင်း။ (သာရတ္ထ၊ဋီ၊၂၊၄၄၃။) (ဝိမတိ၊၁၊၃၅၉။)♦

မဟာဘိနီဟာရ ဖြစ်ရန် အကြောင်း ၄ ပါး

၁။ ဘုရားအလောင်းတော်သည် ပင်ကိုယ်အားဖြင့် ဥပနိဿယနှင့် ပြည့်စုံသည် ဖြစ်၍ ရှေးရှေး ဘုရားရှင်တို့အထံ၌ ဘုရားဖြစ်ရန် တောင်းဆု ပြုခဲ့ဖူးခြင်း၊
၂။ ဘုရားအလောင်းတော်သည် ပင်ကိုယ်အားဖြင့် ကရုဏာဓာတ်ခံ အားကြီးသည် ဖြစ်၍ သတ္တဝါတို့၏ သံသရာဆင်းရဲဒုက္ခကို ပယ်လိုသဖြင့် မိမိ၏ အသက်ကို စွန့်ခြင်း၊
၃။ ဘုရားအလောင်းတော်သည် သတ္တဝါတို့၏ အစီးအပွားအလို့ငှာ ကြာမြင့်စွာသော ကာလ ပတ်လုံး ကြောက်ရွံ့ခြင်း ပျင်းရိငြီးငွေ့ခြင်းမရှိဘဲ အလိုရှိအပ်သော အကျိုး ပြီးပြည့်စုံသည်အထိ အားထုတ်တော်မူခြင်း၊
၄။ ဘုရားအလောင်းတော်သည် ကလျာဏမိတ္တကို အမှီရသည် ဖြစ်၍ အစီးအပွားမဲ့ကို တားမြစ်လျက် အစီးအပွားရှိသည်၌ တည်စေခြင်း။ (စရိယာ၊ဋ္ဌ၊၂၇၈။)♦

မဟာဘိနီဟာရ ဖြစ်ရန် အခြေခံတရား ၄ ပါး

၁။ မကြံစည်အပ် မကြံစည်နိုင်သော ကြီးမားသော တန်ခိုးအာနုဘော်ရှိသော ဘုရားရှင်တို့အား ဖူးမြင်ရခြင်းကြောင့် သဗ္ဗညုတဉာဏ် ရရန် စိတ်ကို စွဲမြဲစွာ ဆောက်တည်ထားခြင်း၊
၂။ သဗ္ဗညုဘုရားရှင်တို့ မည်သည် ဤသို့သော သဘောရှိ၏ဟု ကြားရသောကြောင့် သဗ္ဗညုတဉာဏ် ရရန် စွဲမြဲစွာ စိတ်ကို ဆောက်တည်ထားခြင်း၊
၃။ ဘုရား ရှင်၏ တန်ခိုးအာနုဘော်နှင့် ယှဉ်သော တရားတော်ကို နာယူရသောကြောင့် သဗ္ဗညုတဉာဏ် ရရန် စွဲမြဲစွာ စိတ်ကို ဆောက်တည်ထားခြင်း၊
၄။ ငါသည် ဘုရားရှင်တို့၏ အဆက်အနွယ်ကို စောင့်ရှောက်အံ့ဟု နှလုံးသွင်းလျက် သဗ္ဗညုတဉာဏ် ရရန် စိတ်ကို စွဲမြဲစွာ ဆောက်တည် ထားခြင်း။ (စရိယာ၊ဋ္ဌ၊၂၇၇။)♦

မဟာဘိနီဟာရ၏ စွမ်းရည် ၄ ပါး

၁။ အဇ္ဈတ္တိကဗလ- ဘုရားအလောင်းတော်သည် သဗ္ဗညုတ ဉာဏ်၌ စင်စစ်အားဖြင့် ကိုင်းညွတ်သော စိတ်ဆန္ဒရှိသည် ဖြစ်၍ မိမိကိုယ်ကို အကြီးအမှူး ပြုကာ ဆုတောင်းနှင့် ပြည့်စုံပြီး ပါရမီတော်တို့ကို ဖြည့်လျက် သမ္မာသမ္ဗောဓိသို့ ရောက်ခြင်း၊
၂။ ဗာဟိရဗလ- ဘုရားအလောင်းတော်သည် သဗ္ဗညုတဉာဏ်၌ ကိုင်းညွတ်သော စိတ်ဆန္ဒ ရှိသည် ဖြစ်၍ လောကကို အကြီးအမှူးပြုကာ ဆုတောင်းနှင့် ပြည့်စုံပြီး ပါရမီတော်တို့ကို ဖြည့်လျက် သမ္မာသမ္ဗောဓိသို့ ရောက်ခြင်း၊
၃။ ဥပနိဿယဗလ- ဘုရားအလောင်းတော်သည် သဗ္ဗညုတဉာဏ်၌ ကိုင်းညွတ်သော စိတ်ဆန္ဒရှိသည် ဖြစ်၍ ဥပနိဿယနှင့် ပြည့်စုံသော ထက်မြက်သော ဣန္ဒြေ, သန့်ရှင်းသော ဓာတ်ခံတို့ဖြင့် ဆုတောင်းနှင့် ပြည့်စုံပြီး ပါရမီတို့ကို ဖြည့်လျက် သမ္မာသမ္ဗောဓိသို့ ရောက်ခြင်း၊
၄။ ဘုရားအလောင်းတော်သည် သဗ္ဗညုတဉာဏ်အား လျော်သော လုံ့လ ပယောဂနှင့် ပြည့်စုံသည် ဖြစ်၍ အမြဲတန်း ရိုသေလေးစားစွာ ပါရမီတို့ကို ဖြည့်ကျင့်လျက် သမ္မာသမ္ဗောဓိသို့ ရောက်ခြင်း။ (စရိယာ၊ဋ္ဌ၊၂၈၀။)♦

မဟာဘုတ်မည်ကြောင်း ၅ မျိုး

၁။ ကြီးကြီးမားမား ထင်ရှားဖြစ်ခြင်းရှိသည် ဖြစ်ခြင်း၊
၂။ မျက်လှည့်သည်, ဘီလူး အစရှိသည်တို့နှင့် တူသည် ဖြစ်ခြင်း၊
၃။ များစွာသော အကြောင်း တရားတို့သည် ဆောင်ရွက်အပ်ကုန်သည် ဖြစ်ခြင်း၊
၄။ အကြီးအကျယ် ဖောက်ပြန်ခြင်း ရှိကုန်သည် ဖြစ်ခြင်း၊
၅။ ကြီးစွာသော လုံ့လဖြင့် ဆောင်ရွက်အပ်ကုန်သည်ဖြစ်၍ ထင်ရှား ရှိသည် ဖြစ်ခြင်း။ (အဘိ၊ဋ္ဌ၊၁၊၃၃၆။)♦

မဟာဘုတ်လေးပါးကို ခံယူသူ၏ အကျိုးမဲ့ ၅ မျိုး

၁။ မကောင်းသော အနံ့ကို ခံယူရခြင်း၊
၂။ မစင်ကို ခံယူရခြင်း၊
၃။ အနာရောဂါကို ခံယူရခြင်း၊
၄။ အိုခြင်းကို ခံယူရခြင်း၊
၅။ သေခြင်းကို ခံယူရခြင်း။ (သံ၊ဋ္ဌ၊၃၊၅၉။)♦

မဟာလှေကားပင် ၂ မျိုး

၁။ မဟာလှေခါးနွယ်ပင်၊
၂။ မဟာလှေခါးသစ်ပင်။ (ဇာ၊ဋ္ဌ၊၇၊၃၁၄။)♦

မဟာလှေကားပန်းဖြင့် ဘုရားပူဇော်ရကျိုး ၁၈ ပါး

၁။ ဘဝတိုင်း၌ များစွာသော စည်းစိမ် ဥစ္စာ တို့ကို ရ၍ ရရှိပြီးသော ပစ္စည်းဥစ္စာများ ယုတ်လျော့မှု မရှိခြင်း၊
၂။ နတ်ဘဝနှင့် လူဘဝ နှစ်မျိုးတို့၌သာ ကျင်လည်ရခြင်း၊
၃။ လူ့ဘဝ၌ ဖြစ်သော အခါ မင်းမျိုးနှင့် ပုဏ္ဏားမျိုးတို့၌သာ ဖြစ်ခြင်း၊
၄။ ဆင်ယာဉ်, မြင်းယာဉ်, ထမ်းစင်, သန်လျင်းဟူသော ယာဉ်အမျိုးမျိုးတို့ကို ရခြင်း၊
၅။ ကျွန်မိန်းမ, ကျွန်ယောကျ်ား, တန်ဆာဆင်အပ်သော မိန်းမတို့ကို ရခြင်း၊
၆။ ပိုးထည်, ကမ္ဗလာထည် စသော ကောင်းမြတ်သော အဝတ်အထည်တို့ကို ရခြင်း၊
၇။ အသစ်ဖြစ်သော အဝတ်အထည်, သစ်သီးအဦးအဖျား, ဘောဇဉ်အဦးအဖျားတို့ကို ရခြင်း၊
၈။ စားပါ, သောက်ပါ, အိပ်ပါဟု ပင့်ဖိတ်မှုခံရခြင်း၊
၉။ အပူဇော်ခံရခြင်း၊
၁၀။ ကျော်စောသတင်း လွှမ်းမိုး ပျံတက်ခြင်း၊
၁၁။ အသင်းအဖွဲ့များသူ ဖြစ်ခြင်း၊
၁၂။ မပြိုကွဲ မပျက်စီးသော ပရိသတ်ရှိခြင်း၊
၁၃။ ဆွေမျိုးတို့ထက် မြတ်သူဖြစ်ခြင်း၊
၁၄။ အချမ်း, အပူ, အိုက်စပ်ပူလောင်မှု မရှိခြင်း၊
၁၅။ စိတ်ကြောင့်ဖြစ်သော ဆင်းရဲဒုက္ခ မရှိခြင်း၊
၁၆။ ရွှေအဆင်းနှင့် တူသော အဆင်းရှိသူ ဖြစ်ခြင်း၊
၁၇။ မဟာလှေကားပန်းဖြင့် သုမေဓာဘုရားရှင်အား ပူဇော်ခဲ့သည့် အခါမှစ၍ ဒုဂ္ဂတိ ဘဝသို့ မရောက်ခဲ့ဖူးခြင်း၊
၁၈။ နောက်ဆုံးဘဝ၌ ခုနစ်နှစ်သားအရွယ်ဖြင့် ပဋိသမ္ဘိဒါပတ္တ ရဟန္တာ ဖြစ်ခြင်း။ (အပ၊၂၊၁၇၅။) (အပ၊မြန်၊၂။၁၆၉။)♦

မဟာဝတ္တ ၁၄ မျိုး

၁။ အာဂန္တုကဝတ်၊
၂။ အာဝါသိကဝတ်၊
၃။ ဂမိကဝတ်၊
၄။ အနုမောဒနဝတ်၊
၅။ ဘတ္တဂ္ဂဝတ်၊
၆။ ပိဏ္ဍစာရိကဝတ်၊
၇။ အာရညိကဝတ်၊
၈။ သေနာသနဝတ်၊
၉။ ဇန္တာဃရ ဝတ်၊
၁၀။ ဝစ္စကုဋိဝတ်၊
၁၁။ ဥပဇ္ဈာယဝတ်၊
၁၂။ သဒ္ဓိဝိဟာရိကဝတ်၊
၁၃။ အာစရိယဝတ်၊
၁၄။ အန္တေဝါသိကဝတ်။ (သာရတ္ထ၊ဋီ၊၂၊၁၉၈။) (သာရတ္ထ၊ဋီ၊၃၊၄၂၅။) (ဝဇီရ၊ဋီ၊၅၃၅။)♦

မဟာဝိကဋဆေးကြီး ၄ မျိုး

၁။ ကျင်ကြီး၊
၂။ ကျင်ငယ်၊
၃။ သစ်ရွက်စိမ်းပြာ၊
၄။ မြေညက်။ (ဝိ၊၃၊၂၉၈။) (ဝိ၊၅၊၂၂၆။) (ဝိ၊ဋ္ဌ၊၂၊၂၉၅။) (ဝိ၊မြန်၊၃။၂၉၉။) (ဝိ၊မြန်၊၅။၃၁၄။)♦

မဟာဝိပါက်စိတ်၏ ဖြစ်ရာ ၄ ဌာန

၁။ ပဋိသန္ဓေဌာန၊
၂။ ဘဝင်္ဂဌာန၊
၃။ စုတိဌာန၊
၄။ တဒါရုံ ဌာန။ (အဘိ၊ဋ္ဌ၊၁၊၃၀၇။)♦

မဟာသံဃိကာစရိယကုလဂိုဏ်း ၂ ဂိုဏ်း

၁။ ဂေါကုလိကာစရိယဂိုဏ်း၊
၂။ ဧကဗျောဟာရိကာ စရိယဂိုဏ်း။ (အဘိ၊ဋ္ဌ၊၃၊၁၀၆။)♦

မဟာသမုဒ္ဒရာ၌ ငါးကြီး ၆ ကောင်

၁။ အာနန္ဒ မည်သော ငါး၊
၂။ တိမိနန္ဒ မည်သော ငါး၊
၃။ အဇ္ဈာရောဟ မည်သော ငါး၊
၄။ တိမိင်္ဂလ မည်သော ငါး၊
၅။ တိမိရပိင်္ဂလ မည်သော ငါး၊
၆။ မဟာတိမိရပိင်္ဂလ မည်သော ငါး။ (ဇာ၊ဋ္ဌ၊၅၊၅၀၀။)♦

မဟာသာဝက(ဗုဒ္ဓ၏တပည့်ကြီး) အပါး ၈၀

၁။ အညာသိကောဏ္ဍည၊
၂။ ဝပ္ပ၊
၃။ ဘဒ္ဒိယ၊
၄။ မဟာနာမ၊
၅။ အဿဇိ၊
၆။ နာဠက၊
၇။ ယသ၊
၈။ ဝိမလ၊
၉။ သုဗာဟု၊
၁၀။ ပုဏ္ဏဇိ၊
၁၁။ ဂဝမ္ပတိ၊
၁၂။ ဥရုဝေလကဿပ၊
၁၃။ နဒီကဿပ၊
၁၄။ ဂယာကဿပ၊
၁၅။ သာရိပုတ္တ၊
၁၆။ မဟာမောဂ္ဂလ္လာန်၊
၁၇။ မဟာကဿပ၊
၁၈။ မဟာကစ္စာန၊
၁၉။ မဟာကောဋ္ဌိက၊
၂၀။ မဟာကပ္ပိန၊
၂၁။ မဟာစုန္ဒ၊
၂၂။ အနုရုဒ္ဓ၊
၂၃။ ကင်္ခါရေဝတ၊
၂၄။ အာနန္ဒ၊
၂၅။ နန္ဒက၊
၂၆။ ဘဂု၊
၂၇။ နန္ဒိယ၊
၂၈။ ကိမိလ၊
၂၉။ ဘဒ္ဒိယ၊
၃၀။ ရာဟုလာ၊
၃၁။ သီဝလိ၊
၃၂။ ဥပါလိ၊
၃၃။ ဒဗ္ဗ၊
၃၄။ ဥပသေန၊
၃၅။ ခဒိရဝနိယရေဝတ၊
၃၆။ မန္တာနီပုဏ္ဏေမသား ပုဏ္ဏ၊
၃၇။ သုနာပရန္တတိုင်းသား ပုဏ္ဏ၊
၃၈။ သောဏကုဋိကဏ္ဏ၊
၃၉။ သောဏကောဠိဝိသ၊
၄၀။ ရာဓ၊
၄၁။ သုဘူတိ၊
၄၂။ အင်္ဂုလိမာလ၊
၄၃။ ဝက္ကလိ၊
၄၄။ ကာဠုဒါယိ၊
၄၅။ မဟာဥဒါယိ၊
၄၆။ ပိလိန္ဒဝစ္ဆ၊
၄၇။ သောဘိတ၊
၄၈။ ကုမာရကဿပ၊
၄၉။ ရဋ္ဌပါလ၊
၅၀။ ဝင်္ဂီသ၊
၅၁။ သဘိယ၊
၅၂။ သေလ၊
၅၃။ ဥပဝါဏ၊
၅၄။ မေဃိယ၊
၅၅။ သာဂတ၊
၅၆။ နာဂိတ၊
၅၇။ လကုဏ္ဍက၊
၅၈။ ဘဒ္ဒိယ၊
၅၉။ ပိဏ္ဍောလဘာရဒွါဇ၊
၆၀။ မဟာပန္ထက၊
၆၁။ စူဠပန္ထက၊
၆၂။ ဗာကုလ၊
၆၃။ ကုဏ္ဍဓာန၊
၆၄။ ဒါရုစီရိယ၊
၆၅။ ယသောဇ၊
၆၆။ အဇိတ၊
၆၇။ တိဿမေတ္တေယျ၊
၆၈။ ပုဏ္ဏက၊
၆၉။ မေတ္တဂု၊
၇၀။ ဓောတက၊
၇၁။ ဥပသီဝ၊
၇၂။ နန္ဒ၊
၇၃။ ဟေမက၊
၇၄။ တောဒေယျ၊
၇၅။ ကပ္ပ၊
၇၆။ ဇတုကဏ္ဏီ၊
၇၇။ ဘဒြာဝုဓ၊
၇၈။ ဥဒယ၊
၇၉။ ပေါသလ မောဃရာဇ၊
၈၀။ ပိင်္ဂိယ။ (ထေရ၊ဋ္ဌ၊၂၊၅၄၂။) (အံ၊ဋီ၊၂၊၁၃၂။)♦

မဟာသုတသောမ မင်းကြီးက ပေါရိသာဒမင်းထံ တောင်းသော ဆု ၄ မျိုး

၁။ ငါသည် ကြာမြင့် စွာသော ကာလပတ်လုံး အနာရောဂါကင်းသော သင့်ကို တွေ့မြင်ရပါလို၏ဟု တောင်းခြင်း၊
၂။ ပေါရိသာဒမင်း ဖမ်းဆီးထားသော တစ်ရာကျော်သော မင်းတို့၏ အသက်ကို ပေးလှူပါဟု တောင်းခြင်း၊
၃။ ပေါရိသာဒမင်း ဖမ်းဆီးထားသော မင်းပေါင်းတစ်ရာကျော်တို့ကို မိမိနိုင်ငံသို့ ပြန်ပို့ပေးပါဟု တောင်းခြင်း၊
၄။ ပေါရိသာဒမင်းအား လူသားစားခြင်းမှ ရှောင်ကြဉ်ပါဟု တောင်းခြင်း။ (စရိယာ၊ဋ္ဌ၊၂၄၈။)♦

မဟာသုဒဿနမင်း၏ ကုသဝတီနေပြည်တော်၌ အသံ ၁၀ ပါး

၁။ ဆင်သံ၊
၂။ မြင်းသံ၊
၃။ ရထား သံ၊
၄။ စည်ကြီးသံ၊
၅။ မုရိုးစည်သံ၊
၆။ စောင်းသံ၊
၇။ သီချင်းသံ၊
၈။ ခရုသင်းသံ၊
၉။ ကြေးနင်းခွက်ခွင်းသံ၊
၁၀။ စားကြပါ သောက်ကြပါ ဆိုသော အသံ။ (ဒီ၊၂၊၁၃၉။) (ဒီ၊မြန်၊၂။၁၆၂။)♦

မဟောသဓာပညာရှိ၏ ဂုဏ်အင်္ဂါ ၂၈ ပါး

၁။ ရဲရင့်ခြင်း၊
၂။ မကောင်းမှုမှ ရှက်ခြင်း၊
၃။ မကောင်းမှုမှ ကြောက်လန့်ခြင်း၊
၄။ အသင်းအပင်းရှိခြင်း၊
၅။ အဆွေခင်ပွန်း, မိတ်ဆွေနှင့် ပြည့်စုံခြင်း၊
၆။ သည်းခံတတ်ခြင်း၊
၇။ သီလရှိခြင်း၊
၈။ မှန်သောစကားကို ဆိုတတ်ခြင်း၊
၉။ စင်ကြယ်သော အကျင့်နှင့် ပြည့်စုံခြင်း၊
၁၀။ အမျက်ဒေါသ မရှိခြင်း၊
၁၁။ ထောင်လွှားမှု မာန်မာန မရှိခြင်း၊
၁၂။ ငြူစူစောင်းမြောင်းမှု မရှိခြင်း၊
၁၃။ လုံ့လဝီရိယရှိခြင်း၊
၁၄။ အားထုတ်မှု ရှိခြင်း၊
၁၅။ သူ တစ်ပါးကို ချီးမြှောက်တတ်ခြင်း၊
၁၆။ ခွဲခြမ်း ဝေဖန်လေ့ရှိခြင်း၊
၁၇။ အပြောအဆို ပြေပြစ်ခြင်း၊
၁၈။ နှိမ့်ချသော သဘောရှိခြင်း၊
၁၉။ သိမ်မွေ့နူးညံ့ခြင်း၊
၂၀။ ကောက်ကျစ်စဉ်းလဲမှု မရှိခြင်း၊
၂၁။ လိမ်ညာလှည့်ပတ်မှု မရှိခြင်း၊
၂၂။ လွန်ကဲသော ပညာနှင့် ပြည့်စုံခြင်း၊
၂၃။ ကျော်ဇောမှု ရှိခြင်း၊
၂၄။ အတတ်ပညာနှင့် ပြည့်စုံခြင်း၊
၂၅။ မှီခိုအားထားလာသော သူတို့၏ အစီး အပွားကို ရှာမှီးလိုလေ့ရှိခြင်း၊
၂၆။ လူအများက လိုလားတောင့်တအပ်ခြင်း၊
၂၇။ စည်းစိမ် ဥစ္စာရှိခြင်း၊
၂၈။ အခြံအရံများခြင်း။ (မိလိန္ဒ၊၂၀၃။) (မိလိန္ဒ၊မြန်။၂၁၈။)♦

မှတ်ထင်ခြင်း ၃ မျိုး

၁။ တဏှာဖြင့် မှတ်ထင်ခြင်း- တဏှာမညိတ၊
၂။ မာနဖြင့် မှတ်ထင်ခြင်း- မာနမညိတ၊
၃။ ဒိဋ္ဌိဖြင့် မှတ်ထင်ခြင်း- ဒိဋ္ဌိမညိတ။ (မ၊ဋ္ဌ၊၄၊၂၁၅။)♦

မှန်ကန်သောအမြင်၂ မျိုး

၁။ အာသဝတို့နှင့် တကွဖြစ်သော ကောင်းမှု၏ အစုဖြစ်သော ခန္ဓာ အစရှိသော ဥပဓိအကျိုးကို ပေးတတ်သော မှန်ကန်သော အယူ-အမြင်၊ လောကီသမ္မာဒိဋ္ဌိ၊
၂။ အပြစ်ကင်းသော အာသဝမရှိသော လောကမှ လွတ်မြောက်သော အရိယမဂ်၏ အစိတ်အပိုင်း ဖြစ်သော မှန်ကန်သော အယူ အမြင်၊ လောကုတ္တရာသမ္မာဒိဋ္ဌိ။ (မ၊၃၊၁၁၇။) (မ၊မြန်၊၃။၁၁၉။)♦

မှန်သော သဘောရှိသော တရား ၈ ပါး

သမ္မတ္တတရား ၈ ပါးနှင့် တူသည်။ ♦

မှားသော သဘောတရား ၁၀ ပါး

၁။ မိစ္ဆာဒိဋ္ဌိ- မှားသော အယူ၊
၂။ မိစ္ဆာသင်္ကပ္ပ- မှားသော အကြံ၊
၃။ မိစ္ဆာဝါစာ- မှားသော စကားပြောဆိုမှု၊
၄။ မိစ္ဆာကမ္မန္တ- မှားသော အမှု၊
၅။ မိစ္ဆာအာဇီဝ- မှားသော အသက်မွေးမှု၊
၆။ မိစ္ဆာဝါယမ- မှားသော အားထုတ်မှု၊
၇။ မိစ္ဆာသတိ- မှားသော သတိ၊
၈။ မိစ္ဆာသမာဓိ- မှားသော တည်ကြည်မှု၊
၉။ မိစ္ဆာဉာဏ- မှားသော ဉာဏ်၊
၁၀။ မိစ္ဆာ ဝိမုတ္တိ- မှားသော လွတ်မြောက်မှု။ (အဘိ၊ဝိ၊၄၀၅။) (အဘိ၊ဝိ၊မြန်၊၂။၅၁၃။)♦

မှားသော သဘောတရား ၈ မျိုး

ပယ်အပ်သော တရား ၈ ပါး၊ ပဟာတဗ္ဗတရား ၈ ပါး၊ မိစ္ဆတ္တ တရား ၈ ပါးတို့နှင့် တူသည်။ ♦

မှားသော အကျင့် ၁၀ ပါး

ပယ်အပ်သော တရား ၁၀ ပါး၊ ပဟာတဗ္ဗတရား ၁၀ ပါးတို့နှင့် တူသည်။ ♦

မှားသော အကြံ ၃ မျိုး

၁။ ကာမဂုဏ်နှင့် စပ်သော အကြံ၊
၂။ အမျက်ဒေါသနှင့် စပ်သော အကြံ၊
၃။ ညှဉ်းဆဲမှုနှင့် စပ်သော အကြံ။ (မ၊၃၊၁၁၇။)♦

မှီခြင်း နိဿယ ၂ ပါး

၁။ တဏှာနိဿယ- တဏှာဖြင့် မှီခြင်း၊
၂။ ဒိဋ္ဌိနိဿယ- ဒိဋ္ဌိဖြင့် မှီခြင်း။ (မဟာနိ၊၁၀၃။) (မဟာနိ၊၁၄၇။) (မဟာနိ၊၁၈၉။) (မဟာနိ၊၃၄၁။) (မဟာနိ၊၃၆၄။) (စူဠနိ၊၂၉၅။) (စူဠနိ၊၉၇။)♦

မှီခိုရာတရား ၁၀ ပါး

၁။ ပါတိမောက္ခသံဝရသီလနှင့် ပြည့်စုံလျက် သိက္ခာပုဒ်တို့၌ ကောင်းစွာ ဆောက်တည်၍ ကျင့်ခြင်း၊
၂။ အကြားအမြင်များလျက် တရားတို့ကို ပညာဖြင့် ကောင်းစွာ ထိုးထွင်း၍ သိအပ်ခြင်း၊
၃။ မိတ်ဆွေကောင်းရှိလျက် ထိုမိတ်ဆွေကောင်းတို့၌ ကိုင်းညွတ်ခြင်း၊
၄။ ဆုံးမလွယ်၍ အဆုံးအမကို ရိုသေစွာ ခံယူတတ်ခြင်း၊
၅။ သီတင်းသုံးဖော်တို့၏ အမှုကိစ္စ တို့၌ စူးစမ်းမှု ပညာနှင့် ပြည့်စုံလျက် ပြုစီမံရန် စွမ်းနိုင်ခြင်း၊
၆။ တရားတော်ကို အလိုရှိလျက် သုတ် ဝိနည်း အဘိဓမ္မာတို့၌ များစွာ မြတ်နိုးမှု ရှိခြင်း၊
၇။ အကုသိုလ်တရားတို့ကို ပယ်၍ ကုသိုလ်တရားတို့ကို ပြည့်စုံစေရန် ထက်သန်သော လုံ့လရှိခြင်း၊
၈။ ရသမျှသော သင်္ကန်း ဆွမ်း ကျောင်း ဆေး ပစ္စည်းလေးပါးတို့ဖြင့် ရောင့်ရဲခြင်း၊
၉။ လွန်ကဲသော သတိနှင့် ပြည့်စုံလျက် ကြာမြင့်စွာက ပြုလုပ် ပြောဆိုခဲ့မှုကို အောက်မေ့နိုင်ခြင်း၊
၁၀။ အဖြစ်အပျက်ကို သိသောပညာ ကိလေသာကို ဖောက်ခွဲလျက် နိဗ္ဗာန်သို့ ရောက်စေတတ်သော ပညာနှင့် ပြည့်စုံခြင်း။ (ဒီ၊၃၊၂၂၁။) (ဒီ၊၃၊၂၅၅။) (အံ၊၃၊၂၇၅။) (အံ၊၃၊၂၇၇။) (ဒီ၊မြန်၊၃။၂၄၄-၂၄၅-၂၄၆။) (ဒီ၊မြန်၊၃။၂၇၉။) (အံ၊မြန်၊၃။၂၇၅၊၂၇၇။) (အံ၊မြန်၊၃။၂၇၅၊၂၇၇။)♦

မှီရာ ၂ ပါး

၁။ တဏှာဥပယ- တဏှာတည်းဟူသော မှီရာ၊
၂။ ဒိဋ္ဌိဥပယ- ဒိဋ္ဌိဟူသော မှီရာ။ (မဟာနိ၊၆၂-၆၃။) (မဟာနိ၊၁၅၉။) (မဟာနိ၊၂၃၉။)♦

မှီရာ ၄ ပါး

၁။ ဉာဏ်ဖြင့် ဆင်ခြင်၍ မှီဝဲသင့်သော အရာကို မှီဝဲခြင်း၊
၂။ ဉာဏ်ဖြင့် ဆင်ခြင်၍ သည်းခံသင့်သော အရာကို သည်းခံခြင်း၊
၃။ ဉာဏ်ဖြင့် ဆင်ခြင်၍ ရှောင်ကြဉ်သင့်သော အရာကို ရှောင်ကြဉ်ခြင်း၊
၄။ ဉာဏ်ဖြင့် ဆင်ခြင်၍ ပယ်ဖျောက်သင့်သော အရာကို ပယ်ဖျောက်ခြင်း။ (ဒီ၊၃၊၁၈၇။) (ဒီ၊မြန်၊၃။၂၀၈။)♦

မှီရာ ၄ ပါး

၁။ သလုံးမြင်းခေါင်းဖြင့် ရင်းနှီး၍ (ဆွမ်းခံကြွ၍) ရရှိလာသော ဆွမ်းကို အမှီပြုလျက် ရဟန်းတရား အားထုတ်ရခြင်း၊
၂။ မြေမှုန့် အလိမ်းလိမ်းကပ်သော ပံသုကူသင်္ကန်းကို အမှီပြု၍ ရဟန်းတရား အားထုတ်ရခြင်း၊
၃။ သစ်ပင်ရင်းတည်းဟူသော ကျောင်းကို အမှီ ပြု၍ ရဟန်း တရား အားထုတ်ရခြင်း၊
၄။ နွားကျင်ငယ်ပုပ်ဖြင့် စိမ်အပ်သော ဆီးဖြူ ဖန်ခါး, သျှစ်ရှား သီးဆေးကို အမှီပြု၍ ရဟန်းတရား အားထုတ်ရခြင်း။ (ဝိ၊၃၊၇၃။) (ဝိ၊၃၊၁၃၃။) (ဝိ၊မြန်၊၃။၁၃၄။) (ဝိ၊မြန်၊၃။၁၃၄။)♦

မှီဝဲခြင်း၌ မရောင့်ရဲနိုင်သော တရား ၃ မျိုး

၁။ အိပ်ခြင်း၊
၂။ သေအရက် သောက်ခြင်း၊
၃။ မေထုန် မှီဝဲခြင်း။ (အံ၊၁၊၂၆၃။) (အံ၊မြန်၊၁။၂၈၁။)♦

မှီဝဲဆည်းကပ်ထိုက်သော ပုဂ္ဂိုလ်၏ အင်္ဂါ ၁၀ ပါး

၁။ မှန်သော အယူရှိသူ ဖြစ်ခြင်း၊
၂။ မှန်သော အကြံရှိသူ ဖြစ်ခြင်း၊
၃။ မှန်သော စကားရှိသူ ဖြစ်ခြင်း၊
၄။ မှန်သော အလုပ်ရှိသူ ဖြစ်ခြင်း၊
၅။ မှန်သော အသက်မွေးမှုရှိသူ ဖြစ်ခြင်း၊
၆။ မှန်သော လုံ့လရှိသူ ဖြစ်ခြင်း၊
၇။ မှန်သော သတိရှိသူ ဖြစ်ခြင်း၊
၈။ မှန်သော သမာဓိရှိသူ ဖြစ်ခြင်း၊
၉။ မှန်သော ဉာဏ်အမြင်ရှိသူ ဖြစ်ခြင်း၊
၁၀။ မှန်သော လွတ်မြောက်မှု ရှိသူ ဖြစ်ခြင်း။ (အံ၊၃၊၄၅၈။) (အံ၊မြန်၊၃။၄၅၂။)♦

မှီဝဲထိုက်သော ကိုယ်အကျင့် ၂ မျိုး

၁။ မကောင်းမှုကို ဆုတ်ယုတ်ကုန်သော ကိုယ်အကျင့်၊
၂။ ကောင်းမှုတို့ တိုးပွားကုန်သော ကိုယ်အကျင့်။ (မ၊၃၊၉၄။) (မ၊မြန်၊၃။၉၈။)♦

မှီဝဲထိုက်သော စိတ်ဖြစ်ပေါ်ခြင်း ၂ မျိုး

၁။ မကောင်းမှုတို့ ဆုတ်ယုတ်ကုန်သော စိတ်ဖြစ်ပေါ်ခြင်း၊
၂။ ကောင်းမှုတို့ တိုးပွားကုန်သော စိတ်ဖြစ်ပေါ်ခြင်း။ (မ၊၃၊၉၇။) (မ၊မြန်၊၃။၁၀၂။)♦

မှီဝဲထိုက်သော စိတ်အကျင့် ၂ မျိုး

၁။ မကောင်းမှုတို့ ဆုတ်ယုတ်ကုန်သော စိတ်အကျင့်၊
၂။ ကောင်းမှုတို့ တိုးပွားကုန်သော စိတ်အကျင့်။ (မ၊၃၊၉၇။) (မ၊မြန်၊၃။၁၀၁။)♦

မှီဝဲထိုက်သော နှုတ်အကျင့် ၂ မျိုး

၁။ မကောင်းမှုတို့ ဆုတ်ယုတ်ကုန်သော နှုတ်အကျင့်၊
၂။ ကောင်းမှုတို့ တိုးပွားကုန်သော နှုတ်အကျင့်။ (မ၊၃၊၉၅။) (မ၊မြန်၊၃။၉၉။)♦

မှီဝဲထိုက်သော သညာ ၂ မျိုး

၁။ မကောင်းမှုတို့ ဆုတ်ယုတ်ကုန်သော သညာ၊
၂။ ကောင်းမှုတို့ တိုးပွားကုန်သော သညာ။ (မ၊၃၊၉၇။) (မ၊မြန်၊၃။၁၀၂။)♦

မှီဝဲထိုက်သော အတ္တဘော ၂ မျိုး (အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့အထိ၊ သိစရာ သဘော၊ သင်္ကန်း၊ ဆွမ်း၊ ကျောင်း၊ ရွာ၊ နိဂုံး၊ မြို့၊ ဇနပုဒ်၊ ပုဂ္ဂိုလ် ၂ မျိုးစီ)

၁။ မကောင်းမှု ဆုတ်ယုတ် စေသော အတ္တဘော၊
၂။ ကောင်းမှု တိုးပွားစေသော အတ္တဘော။ (မ၊၃၊၁၀၀။) (မ၊မြန်၊၃။၁၀၄။)♦

မှီဝဲထိုက်သော အယူ ၂ မျိုး

၁။ မကောင်းမှု ဆုတ်ယုတ်ကုန်သော ရအပ်သော အယူ၊
၂။ ကောင်းမှု တိုးပွားကုန်သော ရအပ်သော အယူ။ (မ၊၃၊၉၉။) (မ၊မြန်၊၃။၁၀၃။)♦

မှီဝဲသင့်သော မိတ်ဆွေ၏ အင်္ဂါ ၇ ပါး

၁။ ပေးနိုင်ခဲသော အရာဝတ္ထုကို ပေးတတ်ခြင်း၊
၂။ ပြုနိုင်ခဲသော အမှုကို ပြုခြင်း၊
၃။ မကောင်းသဖြင့် ဆိုအပ်သော စကားတို့ကိုလည်းကောင်း သည်းခံနိုင်ခဲသော အရာတို့ကိုလည်းကောင်း သည်းခံခြင်း၊
၄။ မိမိ၏ လျှို့ဝှက်အပ်သော အရာကို ပြောကြားခြင်း၊
၅။ အဆွေခင်ပွန်း၏ လျှို့ဝှက်အပ်သော အရာကို လျှို့ဝှက်ခြင်း၊
၆။ ဘေးရန်ဖြစ်ပေါ်သော အခါတို့၌ မစွန့်ပစ်ခြင်း၊
၇။ ပစ္စည်းဥစ္စာကုန်ခြင်းကြောင့် မထီမဲ့မြင် မပြုခြင်း။ (အံ၊၂၊၄၂၁။) (အံ၊မြန်၊၂။၅၃၁။)♦

မှီဝဲသင့်သော မိတ်ဆွေ၏ အင်္ဂါ ၇ ပါး (တစ်နည်း)

၁။ ချစ်လည်း ချစ်ထိုက်ခြင်း၊
၂။ မြတ်နိုးလည်း မြတ်နိုးထိုက်ခြင်း၊
၃။ အလေးအမြတ်လည်း ပြုထိုက်ခြင်း၊
၄။ နှလုံးကိုလည်း ပွားစေတတ်ခြင်း၊
၅။ သူတစ်ပါးတို့ကို ဆုံးမတတ်၍ သူတစ်ပါး ဆုံးမသည်ကိုလည်း ခံနိုင်ခြင်း၊
၆။ နက်နဲသော တရားကို ပြောဆိုတတ်ခြင်း၊
၇။ အရာဌာနမဟုတ်သည်၌ မတိုက်တွန်းခြင်း။ (အံ၊၂၊၄၂၂။) (အံ၊မြန်၊၂။၅၃၃။)♦

မှုတ်လွှင့်ပယ်အပ်သော တရား ၁၀ ပါး

ပယ်အပ်သော တရား ၁၀ ပါးနှင့် တူသည်။ ♦

မအပ်သော ပစ္စည်း ၅ မျိုး

မသုံးဆောင်ထိုက်သော ပစ္စည်း ၅ မျိုးနှင့် တူသည်။ ♦

မာဏဝအနက် ၃ မျိုး

၁။ သတ္တ၊
၂။ စောရ၊
၃။ တရုဏ။ (သာရတ္ထ၊ဋီ၊၁၊၆၂။)♦

မာတိကာ ၅ မျိုး

၁။ သင်္ဂဟော အသင်္ဂဟော ။ပ။ ဝိပ္ပယုတ္တေန သင်္ဂဟိတံ အသင်္ဂဟိတံဟူ၍ တစ်ဆယ့် လေးပုဒ်တို့ဖြင့် ချထားအပ်သော နယမာတိကာ၊
၂။ ခန္ဓာငါးပါး ။ပ။ မနသိကာရ ဟူသော ပုဒ်ပေါင်းတစ်ရာ့နှစ်ဆယ့်ငါးပုဒ်ဖြင့် ထားအပ်သော အဗ္ဘန္တရမာတိကာ၊
၃။ ခန္ဓာ, အာယတန, ဓာတ်တို့ဖြင့် သိမ်းယူရေတွက်ပုံကို ပြသော တီဟိ သင်္ဂဟပုဒ် စသော ပုဒ်လေးပုဒ်တို့ဖြင့် ချထားအပ်သော နယမုခမာတိကာ၊
၄။ တူသော အဖို့ကို ပြသော သဘာဂပုဒ် မတူသော အဖို့ကို ပြသော ဝိသဘာဂပုဒ်ဟူသော ပုဒ်နှစ်ပုဒ်တို့ဖြင့် ချထားအပ်သော လက္ခဏမာတိကာ၊
၅။ ဓမ္မသင်္ဂဏီကျမ်း၌ လာသော မာတိကာအားလုံးသည် ဓာတုကထာကျမ်း၏ မာတိကာ တည်းဟူသော အားဖြင့် ခြောက်ဆယ့်ခြောက်ပါးသော တိက်ပုဒ် နှစ်ရာသော ဒုက်ပုဒ်တို့ကို အကျဉ်းချုံး၍ ချထားအပ်သော ဗာဟိရမာတိကာ။ (အဘိ၊ဋ္ဌ၊၃၊၁။)♦

မာတုဂါမ အပြစ် ၅ ပါး

၁။ မစင်ကြယ်ခြင်း၊
၂။ မကောင်းသော အနံ့ရှိခြင်း၊
၃။ အအိပ် ကြီးခြင်း၊
၄။ ဘေးရန်နှင့် တကွ ဖြစ်ခြင်း၊
၅။ အဆွေခင်ပွန်းကို ဖျက်ဆီးတတ်ခြင်း။ (အံ၊၂၊၂၂၇။) (အံ၊မြန်၊၂။၂၈၉။)♦

မာတုဂါမ အပြစ် ၅ ပါး (တစ်နည်း)

၁။ အမျက်ထွက်တတ်ခြင်း၊
၂။ ရန်ငြိုးဖွဲ့တတ်ခြင်း၊
၃။ ပြင်းထန်သော အဆိပ်ရှိခြင်း၊
၄။ လျှာနှစ်ခွရှိခြင်း၊
၅။ အဆွေခင်ပွန်းကို ဖျက်ဆီးတတ်ခြင်း။ (အံ၊၂၊၂၂၈။) (အံ၊မြန်၊၂။၂၈၉။)♦

မာတုဂါမကို ရုန့်ရင်းစကား ပြောခြင်းကြောင့် သင့်သော အာပတ် ၃ ပါး

၁။ သံဃာဒိသိသ် အာပတ်၊
၂။ ထုလ္လစ္စဉ်းအာပတ်၊
၃။ ဒုက္ကဋ်အာပတ်။ (ဝိ၊၅၊၉၀။) (ဝိ၊မြန်၊၅။၁၃၀။)♦

မာတုဂါမတို့နှင့် စပ်လျဉ်း၍ ကျင့်သုံးရန် အချက် ၃ ချက်

၁။ ရဟန်းတို့သည် မာတုဂါမတို့ကို မတွေ့မြင်ရအောင် ကျင့်သုံးရခြင်း၊
၂။ တွေ့မြင်ခဲ့သော် စကားမပြောဘဲ နေရခြင်း၊
၃။ မလွဲ မရှောင်သာ စကားပြောရသော် အမိရင်း နှမရင်း စသည်ကဲ့သို့ အမှတ်သတိထား၍ ပြောဆိုခြင်း၊ ဤသုံးချက်ကို ရှင်အာနန္ဒာ မေးလျှောက်သဖြင့် ပရိနိဗ္ဗာန်ပြုခါနီး၌ ဘုရားရှင် ဟောကြားခဲ့ခြင်း ဖြစ်သည်။ (ဒီ၊၂၊၁၁၆။) (ဒီ၊မြန်၊၂။၁၃၅။)♦

မာတုဂါမနှင့် ကိုယ် လက် နှီးနှောခြင်းကြောင့် သင့်သော အာပတ် ၅ ပါး

၁။ ပါရာဇိက အာပတ်၊
၂။ သံဃာဒိသိသ်အာပတ်၊
၃။ ထုလ္လစ္စဉ်းအာပတ်၊
၄။ ဒုက္ကဋ်အာပတ်၊
၅။ ပါစိတ် အာပတ်။ (ဝိ၊၅၊၉၀။) (ဝိ၊မြန်၊၅။၁၃၀။)♦

မာန ၁၀ မျိုး

၁။ အချို့သော သူသည် အမျိုးဇာတ်အားဖြင့် မာန်ထောင်လွှားခြင်း၊
၂။ အချို့သော သူသည် အနွယ်အားဖြင့် မာန်ထောင်လွှားခြင်း၊
၃။ အချို့သော သူသည် အမျိုးကောင်းသား ဟူ၍ မာန်ထောင်လွှားခြင်း၊
၄။ အချို့သော သူသည် အဆင်းတင့်တယ်ခြင်းဖြင့် မာန်ထောင် လွှားခြင်း၊
၅။ အချို့သော သူသည် ဥစ္စာဓနရှိသောအားဖြင့် မာန်ထောင်လွှားခြင်း၊
၆။ အချို့သော သူသည် တရားရွတ်ဖတ် သရဇ္ဈာယ်ခြင်းဖြင့် မာန်ထောင်လွှားခြင်း၊
၇။ အချို့သော သူသည် အမှု့လုပ်ငန်းအားဖြင့် မာန်ထောင်လွှားခြင်း၊
၈။ အချို့သော သူသည် အတတ်ပညာအားဖြင့် မာန်ထောင်လွှားခြင်း၊
၉။ အချို့သော သူသည် အသိပညာအားဖြင့် မာန်ထောင်လွှားခြင်း၊
၁၀။ အချို့သော သူသည် ဉာဏ်ပဋိဘာန်အားဖြင့် မာန်ထောင်လွှားခြင်း။ (မဟာနိ၊၆၁။) (မဟာနိ၊၃၃၆။)♦

မာန ၂ မျိုး

၁။ အတ္တုက္ကံသနမာန- မိမိကိုယ်ကို ချီးမြှောက်ခြင်းမာန၊
၂။ ပရဝမ္ဘနမာန- သူတပါးကို နှိမ်ချိုးခြင်း မာန။ (မဟာနိ၊၆၁။) (မဟာနိ၊၃၃၆။) (စူဠနိ၊၂၀၅။)♦

မာန ၃ မျိုး

၁။ သေယျောဟမသ္မိမာန- ငါသည် မြတ်သူ ဖြစ်၏ဟု မြတ်သော သူအား ဖြစ်သော မာန၊
၂။ သဒိသောဟမသ္မိမာန- ငါသည် တူမျှသူ ဖြစ်၏ဟု အရည်အချင်း တူသူအား ဖြစ်သော မာန၊
၃။ ဟီနောဟမသ္မိမာန- ငါသည် ယုတ်နိမ့်သူ ဖြစ်၏ဟု ယုတ်နိမ့်သူအား ဖြစ်သော မာန။ (ဒီ၊၃၊၁၈၁။) (မဟာနိ၊၃၃၆။) (မဟာနိ၊၆၁။) (စူဠနိ၊၂၀၅။) (ဣတိဝုတ်၊ဋ္ဌ၊၄၇။) (သုတ္တနိ၊ဋ္ဌ၊၁၊၁၇။) (ဒီ၊မြန်၊၃။၂၀၁။)♦

မာန ၄ မျိုး

၁။ လက်လာဘဖြင့် မာနကို ဖြစ်စေခြင်း၊
၂။ အခြွေအရံ အကျော်အစောအားဖြင့် မာနကို ဖြစ်စေခြင်း၊
၃။ ချီးမွမ်းခံရခြင်းအားဖြင့် မာနကို ဖြစ်စေခြင်း၊
၄။ ချမ်းသာသုခဖြင့် မာနကို ဖြစ်စေခြင်း။ (မဟာနိ၊၆၁။) (မဟာနိ၊၃၃၆။)♦

မာန ၅ မျိုး

၁။ နှစ်သက်ဖွယ် ရူပါရုံတို့ကို ရခြင်းကြောင့် မာနကို ဖြစ်စေခြင်း၊
၂။ နှစ်သက်ဖွယ် သဒ္ဒါရုံကို ရခြင်းကြောင့် မာနကို ဖြစ်စေခြင်း၊
၃။ နှစ်သက်ဖွယ် ဂန္ဓာရုံကို ရခြင်းကြောင့် မာနကို ဖြစ်စေခြင်း၊
၄။ နှစ်သက်ဖွယ် ရသာရုံကို ရခြင်းကြောင့် မာနကို ဖြစ်စေခြင်း၊
၅။ နှစ်သက်ဖွယ် ဖောဋ္ဌဗ္ဗာရုံကို ရခြင်းကြောင့် မာနကို ဖြစ်စေခြင်း။ (မဟာနိ၊၆၁။) (မဟာနိ၊၃၃၆။) (စူဠနိ၊ ၂၀၅။)♦

မာန ၆ မျိုး

၁။ မျက်စိအမြင်နှင့် ပြည့်စုံခြင်းကြောင့် မာနကို ဖြစ်စေခြင်း၊
၂။ နားအကြားနှင့် ပြည့်စုံခြင်းကြောင့် မာနကို ဖြစ်စေခြင်း၊
၃။ နှာခေါင်းအနံ့ ရကာမျှဖြင့် ပြည့်စုံခြင်းကြောင့် မာနကို ဖြစ်စေခြင်း၊
၄။ လျှာဖြင့် အရသာခံနိုင်ရုံမျှဖြင့် ပြည့်စုံခြင်းကြောင့် မာနကို ဖြစ်စေခြင်း၊
၅။ ကိုယ်ဖြင့် အထိအတွေ့ခံနိုင်ရုံမျှဖြင့် ပြည့်စုံခြင်းကြောင့် မာနကို ဖြစ်စေခြင်း၊
၆။ စိတ်ဖြင့် အာရုံသိကာမျှဖြင့် ပြည့်စုံခြင်းကြောင့် မာနကို ဖြစ်စေခြင်း။ (မဟာနိ၊၆၁။) (မဟာနိ၊၃၃၆။)♦

မာန ၇ မျိုး

၁။ မာန- မာန်ထောင်လွှားတက်ကြွခြင်း၊
၂။ အတိမာန- ငါနှင့် တူသော သူမရှိဟု အလွန်အကြူး မာန်ထောင်လွှား တက်ကြွခြင်း၊
၃။ မာနာတိမာန- ဤသူကား ရှေ့အခါက ငါနှင့် တူ၍ ယခုအခါ၌ ငါ့အောက် ယုတ်နိမ့်လွန်း၏၊ ငါကား ယခုအခါ အလွန်မြတ်လှစွာ၏ဟု မာန်ထောင်လွှားတက်ကြွခြင်း၊
၃။ ဩမာန- အမျိုး ဇာတ် စသည်အားဖြင့် ငါသည် ယုတ်ညံ့ လှ၏ဟု မိမိကိုယ်ကို အောက်၌ ထား၍ မာန်ထောင်လွှား တက်ကြွခြင်း၊
၅။ အဓိမာန- ဈာန်မဂ် စသည်ကို မရဘဲလျက် ရ၏ဟု အောက်မေ့မှတ်ထင်၍ ထောင်လွှား တက်ကြွခြင်း၊
၆။ အသ္မိမာန- ရုပ်ခန္ဓာစသည်သည် ငါဖြစ်၏ဟု ထောင်လွှား တက်ကြွခြင်း၊
၇။ မိစ္ဆာမာန- မကောင်းသော အတတ်ပညာ အကြားအမြင်စသည်ဖြင့် အထူးအားဖြင့် ထောင်လွှားတက်ကြွခြင်း။ (အဘိ၊ဝိ၊ ၃၉၇။) (မဟာနိ၊၃၃၆။) (မဟာနိ၊၆၁။) (စူဠနိ၊၂၀၅။) (ပဋိသံ၊ဋ္ဌ၊၂၊၂၇။)(အဘိ၊ဝိ၊မြန်၊၂။၅၀၄။)♦

မာန ၈ မျိုး

၁။ လာဘ်ဖြင့် မာနကို ဖြစ်စေခြင်း၊
၂။ လာဘ်မရသော်လည်း ယုတ်သော မာနကို ဖြစ်စေခြင်း၊
၃။ အခြံအရံများခြင်းဖြင့် မာန်ကို ဖြစ်စေခြင်း၊
၄။ အခြံအရံမများသော်လည်း ယုတ်သော မာနကို ဖြစ်စေခြင်း၊
၅။ ချီးမွမ်းခံရခြင်းဖြင့် မာနကို ဖြစ်စေခြင်း၊
၆။ ကဲ့ရဲ့ခံရ သော်လည်း ယုတ်သော မာနကို ဖြစ်စေခြင်း၊
၇။ ချမ်းသာခြင်းဖြင့် မာနကို ဖြစ်စေခြင်း၊
၈။ ဆင်းရဲသော်လည်း ယုတ်သော မာနကို ဖြစ်စေခြင်း။ (မဟာနိ၊၆၁။) (မဟာနိ၊၃၃၆။)♦

မာန ၉ မျိုး

၁။ ရဟန်း ရှင် ဘုရင် စသော မြတ်သော ပုဂ္ဂိုလ်၏ ‘‘ငါသည် သင့်ထက် မြတ်၏’’ဟု မာန်ထောင်ခြင်း၊
၂။ ရဟန်း ရှင် ဘုရင် စသော မြတ်သော ပုဂ္ဂိုလ်၏ ‘‘ငါသည် သင်နှင့် တူ၏’’ဟု မာန်ထောင်ခြင်း၊
၃။ ရဟန်း ရှင် ဘုရင် စသော မြတ်သော ပုဂ္ဂိုလ်၏ ‘‘ငါသည် သင့်အောက် ယုတ်၏’’ဟု မာန်ထောင်ခြင်း၊
၄။ အမတ်ကြီးစသော တူသော ပုဂ္ဂိုလ်၏ ‘‘ငါသည် သင့်ထက် မြတ်၏’’ဟု မာန်ထောင်ခြင်း၊
၅။ အမတ်ကြီးစသော တူသော ပုဂ္ဂိုလ်၏ ‘‘ငါသည် သင်နှင့် တူ၏’’ဟု မာန်ထောင်ခြင်း၊
၆။ အမတ်ကြီးစသော တူသော ပုဂ္ဂိုလ်၏ ‘‘ငါသည် သင့်အောက် ယုတ်၏’’ဟု မာန်ထောင်ခြင်း၊
၇။ ကျွန် စသော ယုတ်သော ပုဂ္ဂိုလ်၏ ‘‘ငါသည် သင့်ထက် မြတ်၏’’ဟု မာန်ထောင်ခြင်း၊
၈။ ကျွန် စသော ယုတ်သော ပုဂ္ဂိုလ်၏ ‘‘ငါသည် သင်နှင့် တူ၏’’ဟု မာန်ထောင်ခြင်း၊
၉။ ကျွန် စသော ယုတ်သော ပုဂ္ဂိုလ်၏ ‘‘ငါသည် သင့်အောက် ယုတ်၏’’ဟု မာန်ထောင်ခြင်း။ (အဘိ၊ဝိ၊၄၀၄။) (စူဠနိ၊၂၀၅။) (ဒီ၊ဋ္ဌ၊၃၊၁၇၂။) (ပဋိသံ၊ဋ္ဌ၊၂၊၃၁။) (ဣတိဝုတ်၊ဋ္ဌ၊၄၇။) (သုတ္တနိ၊ဋ္ဌ၊၁၊၁၇။) (အဘိ၊ဝိ၊မြန်၊၂။၅၁၁။)♦

မာန ၉ မျိုး (တစ်နည်း)

၁။ မြတ်သော သူအား ငါမြတ်၏ဟု မာနဖြစ်ခြင်း၊
၂။ မြတ်သော သူအား ငါသည် သူများနှင့် တူ၏ဟု မာနဖြစ်ခြင်း၊
၃။ မြတ်သော သူအား ငါသည် သူများအောက် ယုတ်၏ဟု မာနဖြစ်ခြင်း၊
၄။ အများနှင့် တူသော သူအား ငါမြတ်၏ဟု မာနဖြစ်ခြင်း၊
၅။ အများနှင့်တူသော ငါသည် အများနှင့် တူ၏ဟု မာနဖြစ်ခြင်း၊
၆။ အများနှင့် တူသော ငါသည် အများအောက် ယုတ်၏ဟု မာနဖြစ်ခြင်း၊
၇။ ယုတ်သော သူအား ငါသည် မြတ်၏ဟု မာနဖြစ်ခြင်း၊
၈။ ယုတ်သော သူအား ငါသည် အများနှင့် တူ၏ဟု မာနဖြစ်ခြင်း၊
၉။ ယုတ်သော သူအား ငါသည် အများအောက် ယုတ်၏ဟု မာနဖြစ်ခြင်း။ (မဟာနိ၊၆၁။) (မဟာနိ၊၃၃၆။)♦

မာနကြောင့် ဖြစ်သော အာသဝ ၂ ပါး

၁။ ဘဝအာသဝ- ဘဝ၌ ယိုစီးတတ် ဖြစ်တတ်သော သဘော၊
၂။ အဝိဇ္ဇာအာသဝ- အဝိဇ္ဇာဟူသော အာသဝ။ (မ၊ဋ္ဌ၊၃၊၃၀။)♦

မာနတ် ၂ ပါး

၁။ ညဉ့်ဖုံးလွှမ်းသော ပဋိစ္ဆန္နမာနတ်၊
၂။ ညဉ့်မဖုံးလွှမ်းသော အပဋိစ္ဆန္နမာနတ်။ (ဝိ၊၅၊၂၁၅။) (ဝိ၊မြန်၊၅။၃၀၀။)♦

မာနတ် ၂ ပါး

၁။ ပက္ခမာနတ်- တစ်ပက္ခ (၁၅ ရက်) ပတ်လုံး ကျင့်သုံးအပ်သော အကျင့်၊
၂။ သမောဓာန မာနတ်- ပေါင်းစု၍ ကျင့်သုံးအပ်သော သံဃာကို မြတ်နိုးစေခြင်း အကျင့်။ (ဝိ၊၅၊၂၁၅။) (ဝိ၊မြန်၊၅။၃၀၀။)♦

မာနတ် ၃ ပါး

၁။ ပဋိစ္ဆန္နမာနတ်၊
၂။ အပ္ပဋိစ္ဆန္နမာနတ်၊
၃။ ပက္ခမာနတ်။ (ဝိ၊၅၊၂၁၉။) (ဝိ၊မြန်၊၅။၃၀၆။)♦

မာနတ် ၄ ပါး (ဆောက်တည်ရန် မာနတ် ၄ ပါး)

၁။ ပဋိစ္ဆန္နမာနတ်၊
၂။ အပဋိစ္ဆန္နမာနတ်၊
၃။ ပက္ခ မာနတ်၊
၄။ သမောဓာနမာနတ်။ (ဝိ၊၅၊၂၂၅။) (ဝိ၊မြန်၊၅။၃၁၃။) (ဝိ၊ဋ္ဌ၊၄၊၁၆။)♦

မာနတ်ကျင့်ဆဲ ရဟန်းတို့အား ခွင့်ပြုအပ်သော အမှုကိစ္စ ၁၅ ပါး

ပရိဝါသ်ဆောက်တည်သော ရဟန်းတို့အား ခွင့်ပြုအပ်သော အမှုကိစ္စ ၁၅ ပါးနှင့် တူသည်။ ♦

မာနတ်ကျင့်ဆဲရဟန်း၏ ညဉ့်ပြတ်ခြင်းအကြောင်း ၄ ပါး

၁။ ပကတတ်ရဟန်းနှင့် ကျောက်ကုန်း ဆန့်လျက် အိပ်ခြင်းဟု ဆိုအပ်သော အတူနေခြင်း၊
၂။ ပကတတ်ရဟန်းနှင့် ကင်း၍ နေခြင်း၊
၃။ မာနတ်ကို မကြားခြင်း၊
၄။ ယုတ်လျော့သော သံဃာမပြည့်သော ဂိုဏ်း၌ မာနတ်ကြား သဖြင့် ကျင့်ခြင်း။ (ဝိ၊၄၊၉၉။) (ဝိ၊မြန်၊၄။၉၃။)♦

မာနတ်ကျင့်ဆဲရဟန်းတို့၏ ကျင့်ဝတ် ၉၄ ပါး

ပရိဝါသ်ဆောက်တည်သော ရဟန်း၏ ကျင့်ဝတ် ၉၄ ပါးနှင့် တူသည်။ ♦

မာနတ်ကျင့်ထိုက်သော ရဟန်းတို့အား ခွင့်ပြုအပ်သော အမှုကိစ္စ ၁၅ ပါး

ပရိဝါသ် ဆောက်တည်သော ရဟန်းတို့အား ခွင့်ပြုထိုက်သော အမှုကိစ္စ ၁၅ ပါးနှင့် တူသည်။ ♦

မာနတ်ကျင့်သော ရဟန်း၏ ညဉ့်ပြတ်ခြင်း ၄ မျိုး

၁။ ပကတတ်ရဟန်းနှင့် အတူနေခြင်း၊
၂။ ပကတတ်ရဟန်းနှင့် ကင်း၍ နေခြင်း၊
၃။ ဝတ်ကို မကြားခြင်း၊
၄။ လေးပါးမပြည့်သော ဂိုဏ်း၌ ကျင့်ခြင်း။ (ဝိ၊၅၊၂၂၅။) (ဝိ၊မြန်၊၅။၃၁၃။)♦

မာနဖြစ်ကြောင်း ၄ ပါး

၁။ လာဘမာန- လာဘ်ရခြင်းကြောင့် မာနဖြစ်ခြင်း၊
၂။ ယသမာန-အခြွေအရံပေါများခြင်းကြောင့် မာနဖြစ်ခြင်း၊
၃။ ပသံသာမာန- ချီးမွမ်းခံရသောကြောင့် မာနဖြစ်ခြင်း၊
၄။ သုခမာန- ချမ်းသာသောကြောင့် မာနဖြစ်ခြင်း။ (စူဠနိ၊၂၀၅။)♦

မာနဖြစ်ခြင်း ၆ မျိုး

၁။ မျက်စိနှင့် ပြည့်စုံသောကြောင့် မာနဖြစ်ခြင်း၊
၂။ နားနှင့် ပြည့်စုံ သောကြောင့် မာနဖြစ်ခြင်း၊
၃။ နှာခေါင်းနှင့် ပြည့်စုံသောကြောင့် မာနဖြစ်ခြင်း၊
၄။ လျှာနှင့် ပြည့်စုံသောကြောင့် မာနဖြစ်ခြင်း၊
၅။ ကိုယ်ခန္ဓာနှင့် ပြည့်စုံသောကြောင့် မာနဖြစ်ခြင်း၊
၆။ စိတ်နှင့် ပြည့်စုံသောကြောင့် မာနဖြစ်ခြင်း။ (စူဠနိ၊၂၀၅။)♦

မာန်တက်ခြင်း ၃ မျိုး

၁။ ဂုဏ်, ဇာတ်, ပညာ, ဥစ္စာ, ဂုဏ် သိ၍, အဆင်း, ခြွေရံ စသည်အားဖြင့် သူတစ်ပါးထက် မြတ်၏ဟု ထောင်လွှားခြင်း- သေယျမာန်၊
၂။ ဂုဏ်, ဇာတ်, ပညာ, ဥစ္စာ, ဂုဏ်သိ၍, အဆင်း, ခြွေရံ စသည်အားဖြင့် သူတစ်ပါးနှင့် တူမျှ၏ဟု ထောင်လွှားခြင်း- သဒိသမာန်၊
၃။ ဂုဏ်, ဇာတ်, ပညာ, ဥစ္စာ, ဂုဏ်သိ၍, အဆင်း, ခြွေရံ စသည်အားဖြင့် သူတစ်ပါးအောက် နိမ့်ကျသော်လည်း မည်သူမျှ အရေးမစိုက် ထောင်လွှားခြင်း- ဟီနမာန်။ (သံ၊၃၊၅၂။) (သံ၊မြန်၊၃။၅၅။)♦

မာန်ထောင်ခြင်း ၃ မျိုး

၁။ ငါသည် ဆန္ဒထက်မြက်၏ဟု မာန်ထောင်ခြင်း- သေယျဝိဓ၊
၂။ ငါသည် သင်နှင့် တူ၏ဟု မာန်ထောင်ခြင်း- သဒိသဝိဓ၊
၃။ ငါသည် သင့်အောက် ယုတ်၏ဟု မာန်ထောင်ခြင်း-ဟီနဝိဓ။ (အဘိ၊ဝိ၊၃၈၁။) (အဘိ၊ဝိ၊မြန်၊၂။၄၇၈။)♦

မာန်ယစ်ခြင်း ၃ မျိုး

၁။ အရွယ်နုပျိုခြင်းကို စွဲ၍ ဖြစ်သော မာန်ယစ်ခြင်း၊
၂။ ရောဂါကင်းခြင်းကို စွဲ၍ ဖြစ်သော မာန်ယစ်ခြင်း၊
၃။ အသက်ရှည်ခြင်းကို စွဲ၍ ဖြစ်သော မာန်ယစ်ခြင်း။ (ဒီ၊၃၊၁၈၄။) (အံ၊၁၊၁၄၅။) (ဒီ၊မြန်၊၃။၂၀၄။) (အံ၊မြန်၊၁။၁၆၃။)♦

မာန်ယစ်ခြင်း မဒ ၂၇ ပါး

၁။ အမျိုးဇာတ်ကို စွဲ၍ မာန်ယစ်ခြင်း ဇာတိမဒ၊
၂။ အနွယ်ကို စွဲ၍ မာန်ယစ်ခြင်း ဂေါတ္တမဒ၊
၃။ ကျန်းမာခြင်းကို စွဲ၍ မာန်ယစ်ခြင်း အာရောဂျမဒ၊
၄။ အရွယ် နုပျိုခြင်းကို စွဲ၍ မာန်ယစ်ခြင်း ယောဗ္ဗနမဒ၊
၅။ အသက်ရှည်ခြင်းကို စွဲ၍ မာန်ယစ်ခြင်း ဇီဝိတမဒ၊
၆။ ပစ္စည်းဥစ္စာ ရရှိခြင်းကို စွဲ၍ မာန်ယစ်ခြင်း လာဘမဒ၊
၇။ ကောင်းစွာ ပြုစုခံရ ခြင်းကို စွဲ၍ မာန်ယစ်ခြင်း သက္ကာရမဒ၊
၈။ အလေးဂရုပြု ခံရခြင်းကို စွဲ၍ မာန်ယစ်ခြင်း ဂရုကာရမဒ၊
၉။ ရှေ့သွားပြုခြင်းကို စွဲ၍ မာန်ယစ်ခြင်း ပုရေက္ခာရမဒ၊
၁၀။ အခြံအရံကို စွဲ၍ မာန်ယစ်ခြင်း ပရိဝါရမဒ၊
၁၁။ စည်းစိမ်ဥစ္စာကို စွဲ၍ မာန်ယစ်ခြင်း ဘောဂမဒ၊
၁၂။ အဆင်းကို စွဲ၍ မာန်ယစ်ခြင်း ဝဏ္ဏမဒ၊
၁၃။ အကြားအမြင်ကို စွဲ၍ မာန်ယစ်ခြင်း သုတမဒ၊
၁၄။ ဉာဏ် ပညာကို စွဲ၍ မာန်ယစ်ခြင်း ပဋိဘာနမဒ၊
၁၅။ ညဉ့်အပိုင်းအခြားကို သိခြင်း ဝါကြီး ခြင်းကို စွဲ၍ မာန်ယစ်ခြင်း ရတ္တညုမဒ၊
၁၆။ ပိဏ္ဍပါတ် ဓုတင် ဆောင်ခြင်းကို စွဲ၍ မာန်ယစ်ခြင်း ပိဏ္ဍပါတိကမဒ၊
၁၇။ မထီမဲ့မြင် မအောက်မေ့စေလိုခြင်းကို စွဲ၍ မာန်ယစ်ခြင်း အနဝညတ္တိမဒ၊
၁၈။ ရပ်ခြင်း ထိုင်ခြင်းစသော ဣရိယာပုတ်ကို စွဲ၍ မာန်ယစ်ခြင်း ဣရိယာပထမဒ၊
၁၉။ တန်ခိုးနှင့် ပြည့်စုံခြင်းကို စွဲ၍ မာန်ယစ်ခြင်း ဣဒ္ဓိမဒ၊
၂၀။ အကျော် အစောကို စွဲ၍ မာန်ယစ်ခြင်း ယသမဒ၊
၂၁။ သီလကို စွဲ၍ မာန်ယစ်ခြင်း သီလမဒ၊
၂၂။ ဈာန်ကို စွဲ၍ မာန်ယစ်ခြင်း ဈာနမဒ၊
၂၃။ အတတ်ပညာကို စွဲ၍ မာန်ယစ်ခြင်း သိပ္ပမဒ၊
၂၄။ အရပ် အမောင်းကို စွဲ၍ မာန်ယစ်ခြင်း အာရောဟမဒ၊
၂၅။ ကိုယ်လုံးကိုယ်ပေါက်ကို စွဲ၍ မာန် ယစ်ခြင်း ပရိဏာဟမဒ၊
၂၆။ ကိုယ်ပုံသဏ္ဌာန်ကို စွဲ၍ မာန်ယစ်ခြင်း သဏ္ဌာနမဒ၊
၂၇။ ကိုယ် အင်္ဂါကြီးငယ် စုံလင်သည်ကို စွဲ၍ မာန်ယစ်ခြင်း ပါရိပုရိမဒ အစရှိသည်ဖြင့် မာန်ယစ်ခြင်း အများရှိ၏။ (သာရတ္ထ၊ဋီ၊၁၊၃၀၂။)♦

မာရ တရား ၅ ပါး

၁။ ရုပ်၊
၂။ ဝေဒနာ၊
၃။ သညာ၊
၄။ သင်္ခါရ၊
၅။ ဝိညာဏ်။ (သံ၊၂၊၁၅၉။) (သံ၊မြန်၊၂။၁၅၀)♦

မာရ် ၅ မျိုး

၁။ ကိလေသမာရ်၊
၂။ ခန္ဓမာရ်၊
၃။ အဘိသင်္ခါရမာရ်၊
၄။ ဒေဝပုတ္တမာရ်၊
၅။ မစ္စုမာရ်။ (ဥဒါန၊ဋ္ဌ၊၁၉၅။) (နေတ္တိ၊ဋ္ဌ၊၁၄၅။) (သာရတ္ထ၊ဋီ၊၁၊၃၁၀။) (ဝိသုဒ္ဓိ၊ဋီ၊၁၊၂၅၅။)♦

မာရ်နတ် ရေးခြစ်ထားခဲ့သော စာကြောင်း ၁၆ ကြောင်း

၁။ ငါသည် ဘုရားရှင်ကဲ့သို့ ဒါန ပါရမီကို မဖြည့်ခဲ့သဖြင့် ဘုရားရှင်နှင့် တူစွာ မဖြစ်ခြင်း၊
၂။ ငါသည် ဘုရားရှင်ကဲ့သို့ သီလ ပါရမီကို မဖြည့်ခဲ့သဖြင့် ဘုရားရှင်နှင့် တူစွာ မဖြစ်ခြင်း၊
၃။ ငါသည် ဘုရားရှင်ကဲ့သို့ နေက္ခမ္မပါရမီကို မဖြည့်ခဲ့သဖြင့် ဘုရားရှင်နှင့် တူစွာ မဖြစ်ခြင်း၊
၄။ ငါသည် ဘုရားရှင်ကဲ့သို့ ပညာပါရမီကို မဖြည့်ခဲ့သဖြင့် ဘုရားရှင်နှင့် တူစွာ မဖြစ်ခြင်း၊
၅။ ငါသည် ဘုရားရှင်ကဲ့သို့ ဝီရိယပါရမီကို မဖြည့်ခဲ့သဖြင့် ဘုရားရှင်နှင့် တူစွာ မဖြစ်ခြင်း၊
၆။ ငါသည် ဘုရားရှင်ကဲ့သို့ ခန္တီပါရမီကို မဖြည့်ခဲ့သဖြင့် ဘုရားရှင်နှင့် တူစွာ မဖြစ်ခြင်း၊
၇။ ငါသည် ဘုရားရှင်ကဲ့သို့ သစ္စာပါရမီကို မဖြည့်ခဲ့သဖြင့် ဘုရားရှင်နှင့် တူစွာ မဖြစ်ခြင်း၊
၈။ ငါသည် ဘုရားရှင်ကဲ့သို့ အဓိဋ္ဌာနပါရမီကို မဖြည့်ခဲ့သဖြင့် ဘုရားရှင်နှင့် တူစွာ မဖြစ်ခြင်း၊
၉။ ငါသည် ဘုရားရှင် ကဲ့သို့ မေတ္တာပါရမီကို မဖြည့်ခဲ့သဖြင့် ဘုရားရှင်နှင့် တူစွာ မဖြစ်ခြင်း၊
၁၀။ ငါသည် ဘုရားရှင် ကဲ့သို့ ဥပေက္ခာပါရမီကို မဖြည့်ခဲ့သဖြင့် ဘုရားရှင်နှင့် တူစွာ မဖြစ်ခြင်း၊
၁၁။ ငါသည် ဘုရားရှင်ကဲ့သို့ ဣန္ဒြိယပရောပရိယတ္တဉာဏ်ကို ထိုးထွင်း၍ သိခြင်း၏ အားကြီးသော အကြောင်းဖြစ်သော ပါရမီဆယ်ပါးကို မဖြည့်ကျင့်ခဲ့သဖြင့် ဘုရားရှင်နှင့် တူစွာ မဖြစ်ခြင်း၊
၁၂။ ငါသည် ဘုရားရှင်ကဲ့သို့ အာသယာနုသယဉာဏ်ကို ထိုးထွင်း၍ သိခြင်း၏ အားကြီးသော အကြောင်းဖြစ်သော ပါရမီဆယ်ပါးကို မဖြည့်ကျင့်ခဲ့သဖြင့် ဘုရားရှင်နှင့် တူစွာ မဖြစ်ခြင်း၊
၁၃။ ငါသည် ဘုရားရှင်ကဲ့သို့ မဟာကရုဏာသမာပတ္တိဉာဏ်ကို ထိုးထွင်း၍ သိခြင်း၏ အားကြီးသော အကြောင်းဖြစ်သော ပါရမီဆယ်ပါးကို မဖြည့်ကျင့်ခဲ့သဖြင့် ဘုရားရှင်နှင့် တူစွာ မဖြစ်ခြင်း၊
၁၄။ ငါသည် ဘုရားရှင်ကဲ့သို့ ယမကပါဋိဟာရိယဉာဏ်ကို ထိုးထွင်း၍ သိခြင်း၏ အားကြီးသော အကြောင်းဖြစ်သော ပါရမီဆယ်ပါးကို မဖြည့်ကျင့်ခဲ့သဖြင့် ဘုရားရှင်နှင့် တူစွာ မဖြစ်ခြင်း၊
၁၅။ ငါသည် ဘုရားရှင်ကဲ့သို့ အနာဝရဏဉာဏ်ကို ထိုးထွင်း၍ သိခြင်း၏ အားကြီးသော အကြောင်းဖြစ်သော ပါရမီဆယ်ပါးကို မဖြည့်ကျင့်ခဲ့သဖြင့် ဘုရားရှင်နှင့် တူစွာ မဖြစ်ခြင်း၊
၁၆။ ငါသည် ဘုရားရှင်ကဲ့သို့ သဗ္ဗညုတဉာဏ်ကို ထိုးထွင်း၍ သိခြင်း၏ အားကြီးသော အကြောင်းဖြစ်သော ပါရမီဆယ်ပါးကို မဖြည့်ကျင့်ခဲ့သဖြင့် ဘုရားရှင်နှင့် တူစွာ မဖြစ်ခြင်း။ (အပ၊ဋ္ဌ၊၁၊၉၂။)♦

မာရ်နတ်၏ နာမည် ၃ မျိုး

၁။ ကဏှ၊
၂။ နမုစိ၊
၃။ ပမတ္တဗန္ဓု။ (ဥဒါန၊ဋ္ဌ၊၃၃၃။)♦

မာရ်နတ်၏ သမီးများ ဘုရားရှင်ကို ဖြားယောင်းသွေးဆောင်သည့် မိန်းမအရွယ်အစား ၆ မျိုး

၁။ ကုမာရိကာ- တစ်ဆယ့်ခြောက်နှစ်အရွယ် သတို့သမီးငယ်အရွယ်၊
၂။ အဝိဇာတာ- သားသမီး မမွေးဖွားမီ ပုံစံအရွယ်၊
၃။ သကိံဝိဇာတာ- တစ်သား မွေးပြီးအရွယ်၊
၄။ ဒုဝိဇာတာ- နှစ်သား မွေးပြီးအရွယ်၊
၅။ မဇ္ဈိမိတ္ထိယော- အလယ်အလတ်အရွယ်၊
၆။ မဟိတ္ထိယော- မိန်းမကြီးအရွယ်။ (အပ၊ဋ္ဌ၊၁၊၉၃။)♦

မာရ်နတ်စစ်သည်တော် ၁၀ မျိုး

၁။ဝတ္ထုကာမ, ကိလေသကာမ၊
၂။ အစွန်အဖျားကျောင်း စသည် တို့၌လည်းကောင်း, မြတ်သော ကုသိုလ်တရားတို့၌ လည်းကောင်း မမွေ့လျော်ခြင်း၊
၃။ ဆာလောင်မွတ်သိပ်ခြင်း၊
၄။ တဏှာ၊
၅။ ထိနမိဒ္ဓ၊
၆။ ထိတ်လန့်,ကြောက်ခြင်း၊
၇။ အကျင့် မြတ်၌ ယုံမှားခြင်း ဝိစိကိစ္ဆာ၊
၈။ တရားထူး အနည်းငယ်ရရှိ၍ မာန်တက်ခြင်း, ကျေးဇူး ဖျက်ခြင်း, ကိုယ်စိတ် ခက်ထန်မာကြောလာခြင်း၊
၉။ လာဘ်သက္ကာရ အကျော်အစော၊
၁၀။ မိမိကိုယ်ကို ချီးမြှောက်ပင့်ခြင်း, သူတစ်ပါးကို ရှုတ်ချ, နှိမ်ခြင်း။ (သုတ္တနိ၊၃၄၂။) (စူဠနိ၊၁၁၄။) (ဣတိဝုတ်၊ဋ္ဌ၊၁၁၈။) (သာရတ္ထ၊ဋီ၊၃၊၁၄၁။) (သုတ္တနိ၊မြန်။၃၂၃။)♦

မာရ်နတ်မင်း၏ နိုင်ငံကို ကျော်လွန်ကြောင်း တရား ၃ ပါး

၁။ အသေခ ဖြစ်သော သီလက္ခန္ဓနှင့် ပြည့်စုံခြင်း၊
၂။ အသေခဖြစ်သော သမာဓိက္ခန္ဓနှင့် ပြည့်စုံခြင်း၊
၃။ အသေခဖြစ်သော ပညာက္ခန္ဓနှင့် ပြည့်စုံခြင်း။ (ခုဒ္ဒက၊၂၃၀။) (ခုဒ္ဒက၊မြန်။၂၁၄။)♦

မာရ်နတ်မင်း၏ သမီးတော် ၃ ယောက်

၁။ တဏှာ၊
၂။ အရတိ၊
၃။ ရဂါ။ (သံ၊၁၊၁၂၅။) (ဓမ္မ၊ဋ္ဌ၊၂၊၁၂၈။) (အပ၊ဋ္ဌ၊၁၊၉၃။) (သံ၊မြန်၊၁။၁၂၃။)♦

မိစ္ဆတ္တတရား ၁၀ ပါး

၁။ မိစ္ဆာဒိဋ္ဌိ- မှားသော အယူ၊
၂။ မိစ္ဆာသင်္ကပ္ပ- မှားသော အကြံ၊
၃။ မိစ္ဆာ ဝါစာ- မှားသော စကားပြောဆိုမှု၊
၄။ မိစ္ဆာကမ္မန္တ- မှားသော အမှု၊
၅။ မိစ္ဆာအာဇီဝ- မှားသော အသက်မွေးမှု၊
၆။ မိစ္ဆာဝါယမ- မှားသော အားထုတ်မှု၊
၇။ မိစ္ဆာသတိ- မှားသော သတိ၊
၈။ မိစ္ဆာ သမာဓိ- မှားသော တည်ကြည်မှု၊
၉။ မိစ္ဆာဉာဏ- မှားသော ဉာဏ်၊
၁၀။ မိစ္ဆာဝိမုတ္တိ- မှားသော လွတ်မြောက်မှု။ (ဝိမတိ၊၂၊၂၉၁။)♦

မိစ္ဆတ္တတရား ၈ ပါး

၁။ မှားသော အယူ၊
၂။ မှားသော အကြံ၊
၃။ မှားသော စကား၊
၄။ မှားသော အမှု၊
၅။ မှားသော အသက်မွေးမှု၊
၆။ မှားသော အားထုတ်မှု၊
၇။ မှားသော အောက်မေ့မှု၊
၈။ မှားသော တည်ကြည်မှု။ (ဒီ၊၃၊၂၁၀။) (ဒီ၊၃၊၂၄၆။) (သာရတ္ထ၊ဋီ၊၁၊၃၀၈။) (ဒီ၊မြန်၊၃။၂၃၄။) (ဒီ၊မြန်၊၃။၂၆၈။)♦

မိစ္ဆာကမ္မန္တ ၃ မျိုး

၁။ သူတစ်ပါးအသက်ကို သတ်ခြင်း၊
၂။ သူတစ်ပါးဥစ္စာကို ခိုးယူခြင်း၊
၃။ ကာမဂုဏ် တို့၌ မှားယွင်း ဖောက်ပြန်စွာ ကျင့်ခြင်း။ (မ၊၃၊၁၁၉။) (မ၊မြန်၊၃။၁၂၂။)♦

မိစ္ဆာစာရကံမြောက် အင်္ဂါ ၄ မျိုး

၁။ မသွားလာထိုက်သောဝတ္ထု ဖြစ်ခြင်း၊
၂။ ထိုမသွားလာ ထိုက်သောဝတ္ထု၌ မှီဝဲလိုစိတ် ရှိခြင်း၊
၃။ မှီဝဲမှု လုံ့လပယောဂ ရှိခြင်း၊
၄။ မဂ်အချင်းချင်း ထိစပ်ခြင်း၌ သာယာခြင်း။ (သာရတ္ထ၊ဋီ၊၁၊၃၄၄။)♦

မိစ္ဆာဒိဋ္ဌိ ၁၀ မျိုး

မိစ္ဆာအယူ ၁၀ မျိုးနှင့် တူသည်။ ♦

မိစ္ဆာဒိဋ္ဌိ ၃ မျိုး

၁။ အဟေတုကဒိဋ္ဌိ- အကြောင်းကံတရား မရှိဟု အကြောင်းကံတရား မရှိဘဲ ကောင်းကျိုး ဆိုးကျိုးများကို ခံစံကြရသည်ဟု မှားယွင်းစွာ ယူဆခြင်း, မှားယွင်းစွာ ယူဆသော ဒိဋ္ဌိ၊
၂။ အကိရိယဒိဋ္ဌိ- ကောင်းမှု မကောင်းမှုကို ပြုသော်လည်း ပြုသည် မမည်၊ ပြုရာ မရောက်ဟု မှားယွင်းစွာ မြင်စွဲသော မိစ္ဆာအယူ၊
၃။ နတ္ထိကဒိဋ္ဌိ- ဒါန စေတနာ၏ အကျိုး စသည် မရှိဟူသော အယူမှား အမြင်မှား။ (အံ၊ဋ္ဌ၊၁၊၃၆၉။)♦

မိစ္ဆာဒိဋ္ဌိ ၆၂ မျိုး

၁။ ခန္ဓာတည်းဟူသော အတ္တနှင့်လောကို မြဲ၏ဟု ပြောဆိုကြောင်း သဿတ အယူ ဒိဋ္ဌိ (၄) မျိုး၊
၂။ သတ္တဝါ သင်္ခါရတို့၌ အချို့မြဲ, အချို့မမြဲ ဟူသော ပြောဆိုကြောင်း ဧကစ္စသဿတဝါဒ အယူဒိဋ္ဌိ (၄) မျိုး၊
၃။ အဆုံးအပိုင်းအခြားရှိသော, အဆုံးအပိုင်းအခြား မရှိသော (အန္တာနန္တိက) အယူဒိဋ္ဌိ (၄။) မျိုး၊
၄။ အမရာငါးကဲ့သို့ အမျိုးမျိုး ရှောင်ရှားတတ်, ငြင်းပယ်တတ်သော အယူ (အမရာဝိက္ခေပိက) ဒိဋ္ဌိ (၄) မျိုး၊
၅။ အကြောင်းမရှိဘဲ ဖြစ်၏ဟူသော အယူရှိသူ- အဓိစ္စသမုပ္ပန္နိက ဒိဋ္ဌိ ၂ မျိုး၊
၆။ သညာရှိ၏ဟု ယူသော သညီဝါဒဒိဋ္ဌိ (၁၆) မျိုး၊
၇။ သညာမရှိဟု ယူသော အသညီဝါဒဒိဋ္ဌိ (၈) မျိုး၊
၈။ သညာရှိသည်လည်း မဟုတ်၊ မရှိသည်လည်း မဟုတ်ဟု ယူသော နေဝသညီနာသညီဝါဒ ဒိဋ္ဌိ (၈) မျိုး၊
၉။ ပြတ်စဲ ၏ဟု ယူသော ဥစ္ဆေဒဝါဒဒိဋ္ဌိ (၇) မျိုး၊
၁၀။ မျက်မှောက်ချမ်းသာမှုကို နိဗ္ဗာန်ဟု ယူသော ပရမ ဒိဋ္ဌဓမ္မနိဗ္ဗာနဝါဒ ဒိဋ္ဌိ (၅) မျိုး စုစုပေါင်း ဒိဋ္ဌိ ၆၂ မျိုး။ (သာရတ္ထ၊ဋီ၊၁၊၃၀၉။)♦

မိစ္ဆာဒိဋ္ဌိ ၆၂ မျိုး

၁။ အတ္တသည်လည်းကောင်း, လောကသည်လည်းကောင်း မြဲ၏ဟု အယူရှိသူ တို့၏ သဿတဝါဒ (၄) ပါး၊
၂။ သတ္တဝါ, သင်္ခါရတို့တွင် အချို့မြဲ၏ဟု အယူရှိသူတို့၏ ဧကစ္စသဿတဝါဒ (၄) ပါး၊
၃။ အန္တာနန္တ အယူရှိသူတို့၏ အန္တာနန္တဝါဒ (၄) ပါး၊
၄။ မပြီး မပြတ်နိုင်သော အယူစကားဖြင့် အထူးထူး အပြားပြား ပယ်ရှားခြင်းရှိသူတို့၏ အမရာဝိက္ခေပ ဝါဒ (၄) ပါး၊
၅။ အကြောင်းမရှိဘဲ ဖြစ်ပေါ်လာ၏ဟု အယူရှိသူတို့၏ အဓိစ္စသမုပ္ပန္နဝါဒ (၂။) ပါး၊
၆။ သညာရှိ၏ဟု ဖြစ်သော ပြောဆိုကြောင်း အယူရှိသူတို့၏ သညီဝါဒ ၁၆ ပါး၊
၇။ သညာမရှိဟု ဖြစ်သော ပြောဆိုကြောင်း အယူရှိသူတို့၏ အသညီဝါဒ ၈ ပါး၊
၈။ သညာ ရှိသည်လည်း မဟုတ်, သညာ မရှိသည်လည်း မဟုတ်ဟု ဖြစ်သော ပြောဆိုကြောင်း အယူ ရှိသူတို့၏ နေဝသညီနာသညီဝါဒ ၈ ပါး၊
၉။ ဥစ္ဆေဒဝါဒ (၇) ပါး၊
၁၀။ ပစ္စုပ္ပန်အတ္တဘော၌ ဒုက္ခ၏ ငြိမ်းအေးခြင်းကို ပြောဆိုကြကုန်သော သူတို့၏ ဒိဋ္ဌဓမ္မနိဗ္ဗာနဝါဒ (၅) ပါး၊ ပေါင်း မိစ္ဆာဒိဋ္ဌိ ၆၂ပါး။ (ဒီ၊၁၊၄၂။) (အဘိ၊ဝိ၊၄၁၄။) (မ၊ဋ္ဌ၊၁၊၃၁၁။) (ပဋိသံ၊ဋ္ဌ၊၂၊၃၅။) (ဝိသုဒ္ဓိ၊ဋီ၊၁၊၂၅၄။) (ဒီ၊မြန်၊၁။၅၀။) (အဘိ၊ဝိ၊မြန်၊၂။၅၂၃။)♦

မိစ္ဆာဒိဋ္ဌိ ၈ မျိုး

၁။ မိစ္ဆာဒိဋ္ဌိ- မှားသော အယူ၊
၂။ မိစ္ဆာသင်္ကပ္ပ- မှားသော အကြံ၊
၃။ မိစ္ဆာဝါစာ- မှားသော ပြောဆိုမှု၊
၄။ မိစ္ဆာကမ္မန္တ- မှားသော အမှု၊
၅။ မိစ္ဆာဇီဝ- မှားသော အသက်မွေးမှု၊
၆။ မိစ္ဆာဝါယာမ- မှားသော အားထုတ်မှု၊
၇။ မိစ္ဆာသတိ- မှားသော သတိ၊
၈။ မိစ္ဆာသမာဓိ- မှားသော စိတ်တည်ငြိမ်မှု။ (ပဋိသံ၊ဋ္ဌ၊၁၊၁၁၁။)♦

မိစ္ဆာဒိဋ္ဌိ ၈ မျိုး (လောကဝါဒ မိစ္ဆာဒိဋ္ဌိ ၈ မျိုး)

၁။ အတ္တဘောသည်လည်းကောင်း, သင်္ခါရလောက သည်လည်းကောင်း မြဲ၏၊
၂။ အတ္တဘောသည်လည်းကောင်း, သင်္ခါရလောကသည် လည်းကောင်း မမြဲ၊
၃။ အတ္တဘောသည်လည်းကောင်း, သင်္ခါရလောကသည်လည်းကောင်း မြဲလည်းမြဲ၏, မြဲလည်းမမြဲ၊
၄။ အတ္တဘောသည်လည်းကောင်း, သင်္ခါရလောကသည် လည်းကောင်း မြဲသည်လည်းမဟုတ်, မမြဲသည်လည်းမဟုတ်၊
၅။ အတ္တဘောသည် လည်းကောင်း, သင်္ခါရလောကသည်လည်းကောင်း အဆုံးရှိ၏၊
၆။ အတ္တဘောသည် လည်းကောင်း, သင်္ခါရလောကသည်လည်းကောင်း အဆုံးမရှိ၊
၇။ အတ္တဘောသည် လည်းကောင်း, သင်္ခါရလောကသည် လည်းကောင်း အဆုံးလည်းရှိ, အဆုံးလည်း မရှိ၊
၈။ အဆုံး ရှိသည်လည်း မဟုတ်, အဆုံးမရှိသည်လည်း မဟုတ်။ (မ၊ဋ္ဌ၊၁၊၁၈၆။)♦

မိစ္ဆာဒိဋ္ဌိ တည်ရာဝတ္ထု ၁၀ မျိုး

၁။ ပေးလှူအပ်သော အကျိုးသည် မရှိ၊
၂။ အလှူကြီး ပေးလှူ ပူဇော်မှု အကျိုးသည် မရှိ၊
၃။ လက်ဆောင်ပေးခြင်း စသော အလှူငယ်အကျိုးသည် မရှိ၊
၄။ ကောင်းမှုကံ, မကောင်းမှုကံတို့၏ အကျိုးဖျား, အကျိုးရင်း မရှိ၊
၅။ ဤလောကသည် မရှိ၊
၆။ သွားရာ တမလွန်လောကသည် မရှိ၊
၇။ အမိ၌ ပြုအပ်သော ကောင်းကျိုး ဆိုးပြစ်သည် မရှိ၊
၈။ အဖ၌ ပြုအပ်သော ကောင်းကျိုး ဆိုးပြစ်သည် မရှိ၊
၉။ စုတေ၍ ပဋိသန္ဓေနေသော သတ္တဝါတို့မည်သည် မရှိ၊
၁၀။ ဤလောကကို လည်းကောင်း၊ တမလွန် လောကကို လည်းကောင်း၊ ထူးသော ပညာဖြင့် ကိုယ်တိုင် မျက်မှောက်ပြု၍ သိစေကုန်သော မှန်စွာ သိကုန်သော နိဗ္ဗာန်အား လျော်သော အကျင့်ကို ကောင်းစွာ ကျင့်ကုန်သော ရဟန်း ပုဏ္ဏားတို့သည် မရှိ။ (သာရတ္ထ၊ဋီ၊၃၊၄၈၁။)♦

မိစ္ဆာဒိဋ္ဌိ ဖြစ်ကြောင်း တရား ၅ ပါး

၁။ ရုပ်၊
၂။ ဝေဒနာ၊
၃။ သညာ၊
၄။ သင်္ခါရ၊
၅။ ဝိညာဏ်။ (သံ၊၂၊၁၅၁။) (သံ၊မြန်၊၂။၁၄၂။)♦

မိစ္ဆာဒိဋ္ဌိ အထမြောက်ကြောင်း အင်္ဂါ ၂ ပါး

၁။ဝတ္ထု၏ ယူအပ်သော အခြင်းအရာ ဖောက်ပြန်သည် ဖြစ်ခြင်း၊
၂။ မိမိယူထားသောဝတ္ထုသည် မိမိယူထားသော အခြင်းအရာအတိုင်း ထိုဝတ္ထု၏ ထင်ခြင်း။ (အဘိ၊ဋ္ဌ၊၁၊၁၄၄။)♦

မိစ္ဆာဒိဋ္ဌိ၏ အင်္ဂါ ၂ ပါး

၁။ ယူအပ်သော အကြောင်းအရာဝတ္ထု၏ ယူအပ်သော အခြင်းအရာမှ ဖောက်ပြန်သည်၏ အဖြစ်, ဖြစ်ခြင်း၊
၂။ အယူကို ယူအပ်သော အခြင်းအရာအတိုင်း ထိုသူအား ထင်ခြင်း။ (ဒီ၊ဋ္ဌ၊၃၊၂၃၂။) (မ၊ဋ္ဌ၊၁၊၂၀၅။) (သံ၊ဋ္ဌ၊၂၊၁၃၇။) (ပဋိသံ၊ဋ္ဌ၊၁၊၂၀၇။)♦

မိစ္ဆာဒိဋ္ဌိပုဂ္ဂိုလ် လားရာ ဂတိ ၂ မျိုး

၁။ ငရဲဘုံ နိရယဂတိ၊
၂။ တိရစ္ဆာန်မျိုး တိရစ္ဆာနဂတိ။ (အံ၊၁၊၆၂။) (အံ၊မြန်၊၁။၇၄။)♦

မိစ္ဆာဒိဋ္ဌိဖြင့် နှလုံးသွင်းပုံ ၁၀ မျိုး

၁။ ပေးလှူခြင်းသည် အကျိုးမရှိဟု မှားစွာ နှလုံး သွင်းခြင်း၊
၂။ ယဇ်ငယ်ပူဇော်ခြင်းသည် အကျိုးမရှိဟု မှားစွာ နှလုံးသွင်းခြင်း၊
၃။ ယဇ်ကြီး ပူဇော်ခြင်းသည် အကျိုးမရှိဟု မှားစွာ နှလုံးသွင်းခြင်း၊
၄။ ကောင်းမှု မကောင်းမှု ကံတို့၏ အကျိုးမရှိဟု မှားစွာ နှလုံးသွင်းခြင်း၊
၅။ ဤလောကသည် မရှိဟု မှားစွာ နှလုံးသွင်းခြင်း၊
၆။ တစ်ပါးသော လောကသည် မရှိဟု မှားစွာ နှလုံးသွင်းခြင်း၊
၇။ အမိသည် မရှိဟု မှားစွာ နှလုံးသွင်းခြင်း၊
၈။ အဖသည် မရှိဟု မှားစွာ နှလုံးသွင်းခြင်း၊
၉။ ဥပပတ်ဖြစ်သော သတ္တဝါ တို့သည် မရှိကုန်ဟု မှားစွာ နှလုံးသွင်းခြင်း၊
၁၀။ ဤပစ္စုပ္ပန်လောက တမလွန် လောက တို့ကို ကိုယ်တိုင် ထူးသော ဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြု၍ ပြောကြားနိုင်ကုန်သော ရဟန်း ပုဏ္ဏားတို့သည် မရှိကုန်ဟု မှားစွာ နှလုံးသွင်းခြင်း။ (ပဋိသံ၊၁၄၆-၁၄၇။) (ပဋိသံ၊မြန်။၁၉၀။)♦

မိစ္ဆာဒိဋ္ဌိဖြစ်ကြောင်း ၁၀ ပါး

၁။ ပေးလှူအပ်သော အလှူ၏ အကျိုးသည် မရှိဟု ယူခြင်း၊
၂။ ကြီးစွာသော ယဇ်ပူဇော်ခြင်းသည် အကျိုးမရှိဟု ယူခြင်း၊
၃။ အာဟုန, ပါဟုန မင်္ဂလာကို ပြုခြင်းသည် အကျိုးမရှိဟု ယူခြင်း၊
၄။ ကောင်းသောအမှု ကုသိုလ်ကံ, မကောင်းသောအမှု အကုသိုလ်ကံတို့၏ အကျိုးပေးမှုသည် မရှိဟု ယူခြင်း၊
၅။ ဤလောကသည် မရှိဟု ယူခြင်း၊
၆။ တမလွန်လောကသည် မရှိဟု ယူခြင်း၊
၇။ အမိ၌ ပြုအပ်သော ကောင်းကျိုး မကောင်းကျိုး မရှိဟု ယူခြင်း၊
၈။ အဖ၌ ပြုအပ်သော ကောင်းကျိုး မကောင်းကျိုး မရှိဟု ယူခြင်း၊
၉။ စုတေ လတ္တံ့သော သတ္တဝါ ပဋိသန္ဓေနေလတ္တံ့သော သတ္တဝါ မရှိဟု ယူခြင်း၊
၁၀။ ဤလောကကို လည်းကောင်း, တမလွန်လောကကိုလည်းကောင်း ထူးသောဉာဏ်ဖြင့် သိ၍ ကျင့်ကြံ ဟောကြား ကြကုန်သော သမဏဗြာဟ္မဏတို့ မရှိဟု ယူခြင်း။ (အဘိ၊ဝိ၊၄၀၅။) (ပဋိသံ၊ဋ္ဌ၊၂၊၃၃။)(အဘိ၊ဝိ၊မြန်၊၂။၅၁၃။)♦

မိစ္ဆာဒိဋ္ဌိဖြစ်ပေါ်ကြောင်း ၂ မျိုး

၁။ တစ်ပါးသူထံမှ မသူတော်တရားသံကို ကြားနာရခြင်း၊
၂။ မသင့် လျော်သော အကြောင်းအားဖြင့် နှလုံးသွင်းခြင်း။ (အံ၊၁၊၈၆။) (အံ၊မြန်၊၁။၁၀၂။)♦

မိစ္ဆာမဂ္ဂင် ၁၀ ပါး ဖြစ်ပွားပုံ

၁။ မှားသော အမြင်ရှိသူအား မှားသောအကြံ ဖြစ်ခြင်း၊
၂။ မှားသော အကြံအစည်ရှိသူအား မှားသောစကား ဖြစ်ခြင်း၊
၃။ မှားသော စကားရှိသူအား မှားသော အလုပ် လုပ်ခြင်း၊
၄။ မှားသော အလုပ်ရှိသူအား မှားသော အသက်မွေးမှု ဖြစ်ခြင်း၊
၅။ မှားသော အသက်မွေးမှုရှိသူအား မှားသော လုံ့လ ဖြစ်ခြင်း၊
၆။ မှားသော လုံ့လရှိသူအား မှားသော သတိ ဖြစ်ခြင်း၊
၇။ မှားသော သတိရှိသူအား မှားသောသမာဓိ ဖြစ်ခြင်း၊
၈။ မှားသော သမာဓိ ရှိသူအား မှားသောဉာဏ် ဖြစ်ခြင်း၊
၉။ မှားသော ဉာဏ်ရှိသူအား မှားသော လွတ်မြောက်မှု ဖြစ်ခြင်း။ (အံ၊၃၊၄၂၈။) (အံ၊မြန်၊၃။၄၂၀။)♦

မိစ္ဆာမဂ္ဂင် ၈ ပါး

၁။ မိစ္ဆာဒိဋ္ဌိ- မှားသော အယူ, အမြင်၊
၂။ မိစ္ဆာသင်္ကပ္ပ- မှားသော အကြံ၊
၃။ မိစ္ဆာဝါစာ- မှားသော စကား၊
၄။ မိစ္ဆာကမ္မန္တ- မှားသော အလုပ်၊
၅။ မိစ္ဆာအာဇီဝ- မှားသော အသက်မွေးမှု၊
၆။ မိစ္ဆာဝါယာမ- မှားသော အားထုတ်မှု၊
၇။ မိစ္ဆာသတိ- မှားသော အောက်မေ့မှု၊
၈။ မိစ္ဆာသမာဓိ- မှားသော တည်ကြည်မှု။ (မ၊၁၊၁၆၆။) (သံ၊၃၊၁၃။) (အဘိ၊ဝိ၊၄၀၁။) (မ၊မြန်၊၁။၁၇၁။) (သံ၊မြန်၊၃။၁၅။) (အဘိ၊ဝိ၊မြန်၊၂။၅၀၈။)♦

မိစ္ဆာဝါစာ ၄ မျိုး

၁။ မဟုတ်မမှန်သော စကား၊
၂။ ချောပစ်ကုန်းတိုက် စကား၊
၃။ ကြမ်းတမ်းသော စကား၊
၄။ ပြိန်ဖျင်းသော စကား။ (မ၊၃၊၁၁၈။) (မ၊မြန်၊၃။၁၂၁။)♦

မိစ္ဆာအယူ ၁၀ မျိုး

၁။ ပေးလှူခြင်း၏ အကျိုးမရှိ၊
၂။ ယဇ်အလှူကြီး၏ အကျိုးမရှိ၊
၃။ ယဇ် အလှူငယ်၏ အကျိုးမရှိ၊
၄။ ကောင်းမှုကံ မကောင်းမှုကံတို့၏ အကျိုးဖျား အကျိုးရင်း မရှိ၊
၅။ ဤပစ္စုပ္ပန်လောကသည် မရှိ၊
၆။ တမလွန်လောကသည် မရှိ၊
၇။ အမိ၌ အကောင်း အဆိုး ပြုကျိုးသည် မရှိ၊
၈။ အဖ၌ အကောင်းအဆိုး ပြုကျိုးသည် မရှိ၊
၉။ စုတေ ကွယ်လွန် ပြီး၍ ပဋိသန္ဓေနေရကုန်သော သတ္တဝါတို့ မရှိ၊
၁၀။ ပစ္စုပ္ပန် တမလွန်လောကတို့ကို ထူးသော ဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက်ပြု၍ သိစေကုန်သော ကောင်းစွာ သိကုန်သော ကောင်းစွာ ကျင့်ကုန်သော ရဟန်း ပုဏ္ဏားတို့သည် မရှိ။ (မ၊၃၊၁၁၆။) (မ၊မြန်၊၃။၁၁၉။)♦

မိတ်ဆွေ ၂ မျိုး

၁။ အဂါရိကမိတ္တ-ပေးနိုင်ခဲသော အရာကို ပေးခြင်း စသော လက္ခဏာနှင့် ပြည့်စုံသော လူမိတ်ဆွေ၊
၂။ အနာဂါရိကမိတ္တ- ချစ်ခင်အပ်ခြင်း, အလေးပြုအပ်ခြင်း စသော လက္ခဏာတို့နှင့် ပြည့်စုံသော ရဟန်းမိတ်ဆွေ။ (စူဠနိ၊၂၃၉။) (စူဠနိ၊၃၀၆။)♦

မိတ်ဆွေ ၃ မျိုး

၁။ ဥပကာရ- ကျေးဇူးပြုတတ်သော မိတ်ဆွေ၊
၂။ သမာနသုခဒုက္ခ- ချမ်းသာ အတူ ဆင်းရဲအတူ မိတ်ဆွေ၊
၃။ အနုကမ္ပက- အစဉ်သနားတတ်သော မိတ်ဆွေ။ (အပ၊ဋ္ဌ၊၁၊၁၇၆။)♦

မိတ်ဆွေ ၄ မျိုး

၁။ ဉာတိဗန္ဓု- အမျိုး မိတ်ဆွေ၊
၂။ ဂေါတ္တဗန္ဓု- အနွယ်မိတ်ဆွေ၊
၃။ မိတ္တဗန္ဓု-အပေါင်းအသင်း မိတ်ဆွေ၊
၄။ သိပ္ပဗန္ဓု- အတတ်ပညာ မိတ်ဆွေ။ (အပ၊ဋ္ဌ၊၁၊၂၀၈။)♦

မိတ်ဆွေကျင့်ဝတ် ၅ ပါး

၁။ ပေးကမ်းစွန့်ကြဲခြင်း၊
၂။ ချစ်ဖွယ်သော စကားကို ဆိုခြင်း၊
၃။ အကျိုး စီးပွားကို ကျင့်ဆောင်ခြင်း၊
၄။ မိမိနှင့် ထပ်တူညီမျှ ဆက်ဆံခြင်း၊
၅။ မချွတ်မယွင်း ပြောဆို ပေးကမ်းခြင်း။ (ဒီ၊၃၊၁၅၅။) (ဒီ၊မြန်၊၃။၁၇၃။)♦

မိတ်ဆွေကျင့်ဝတ် ၅ ပါး (တစ်နည်း)

၁။ မူးယစ်သော မိတ်ဆွေကို စောင့်ရှောက်ခြင်း၊
၂။ မူးယစ်သော မိတ်ဆွေ၏ ပစ္စည်းဥစ္စာကို စောင့်ရှောက်ခြင်း၊
၃။ ကြောက်ရွံ့သော မိတ်ဆွေ၏ အားကိုးရာ ဖြစ်ခြင်း၊
၄။ ဘေးရန်ဖြစ်လတ်သော် မစွန့်ပစ်ခြင်း၊
၅။ မိတ်ဆွေ၏ သားမြေး အဆက်ဆက်တို့ကို တုံ့ပြန်ချီးမြှောက်ခြင်း။ (ဒီ၊၃၊၁၅၅။) (ဒီ၊မြန်၊၃။၁၇၃။)♦

မိတ်ဆွေကောင်း ဖြစ်ကြောင်း ၈ ပါး

၁။ သဒ္ဓါတရားနှင့် ပြည့်စုံခြင်း၊
၂။ သီလနှင့် ပြည့်စုံခြင်း၊
၃။ အကြားအမြင်နှင့် ပြည့်စုံခြင်း၊
၄။ စွန့်ကြဲပေးကမ်းခြင်းနှင့် ပြည့်စုံခြင်း၊
၅။ လုံ့လဝီရိယနှင့် ပြည့်စုံခြင်း၊
၆။ သတိနှင့် ပြည့်စုံခြင်း၊
၇။ တည်ကြည်မှု သမာဓိနှင့် ပြည့်စုံခြင်း၊
၈။ ပညာနှင့် ပြည့်စုံခြင်း။ (အံ၊ဋီ၊၃၊၁၆၆။)♦

မိတ်ဆွေကောင်း အင်္ဂါ ၃ ပါး

၁။ ပေးနိုင်ခဲသည်ကို ပေးခြင်း၊
၂။ ပြုနိုင်ခဲသည်ကို ပြုခြင်း၊
၃။ သည်းခံ နိုင်ခဲသည်ကို သည်းခံခြင်း။ (အံ၊၁၊၂၈၉။) (အံ၊မြန်၊၁။၃၀၆။)♦

မိတ်ဆွေကောင်း အင်္ဂါ ၇ ပါး

၁။ ပိယော- သီလသမ္ပတ္တိ, ဒိဋ္ဌိသမ္ပတ္တိနှင့် ပြည့်စုံသည် ဖြစ်၍ ချစ်ခင် မြတ်နိုးအပ်ခြင်း၊
၂။ ဂရု- ကျောက်ထီးကဲ့သို့ အလေးအမြတ် ပြုအပ်ခြင်း၊
၃။ ဘာဝနီယော- ဥတ္တရိမနုဿဓမ္မ၏ အစွမ်းအားဖြင့် ချီးမွမ်းအပ်ခြင်း၊
၄။ ဝတ္တာ- အခါအားလျော်စွာ သံသရာမှ ထွက်မြောက်ကြောင်း တရားစကားကို ဟောပြောတတ်ခြင်း၊
၅။ ဝစနက္ခမော- ဆုံးမလွယ်သည် ဖြစ်၍ သီတင်းသုံးဖော်တို့၏ စကားကို နှစ်သက်တတ်ခြင်း၊
၆။ ဂမ္ဘီရဉ္စ ကထံ ကတ္တာ- သစ္စာ လေးပါး, ပဋိစ္စသမုပ္ပါဒ် စသော နက်နဲသော တရားစကားကို ပြောဆိုတတ်ခြင်း၊
၇။ န အဋ္ဌာနေ နိယောဇကော- အဓမ္မ, အဝိနယ စသည့် အရာတို့ကို ဓမ္မ ဝိနယ စသည်တို့၏ အစွမ်းအားဖြင့် မညွှန်ပြ, မတိုက်တွန်း မယှဉ်စပ်စေခြင်း။ (နေတ္တိ၊ဋ္ဌ၊၁၄၂။) (နေတ္တိ၊ဝိဘာ၊၃၂၀။)♦

မိတ်ဆွေစစ် ၄ ယောက်

၁။ ကျေးဇူးပြုတတ်သူ၊
၂။ ချမ်းသာအတူ ဆင်းရဲအတူ ဖြစ်သူ၊
၃။ အကျိုး စီးပွားကို ပြောကြားတတ်သူ၊
၄။ အစဉ်သနားတတ်သူ။ (ဒီ၊၃၊၁၅၂။) (ဒီ၊မြန်၊၃။၁၆၉။)♦

မိတ်ဆွေစစ် ၄ ယောက် တစ်နည်း

၁။ မူးယစ်သော မိတ်ဆွေကို စောင့်ရှောက်တတ်ခြင်း၊
၂။ မူးယစ်သော မိတ်ဆွေ၏ ပစ္စည်းဥစ္စာကို စောင့်ရှောက်တတ်ခြင်း၊
၃။ ကြောက်ရွံ့သော မိတ်ဆွေ၏ အားကိုးရာ ဖြစ်ခြင်း၊
၄။ ပြုဖွယ်ကိစ္စ ဖြစ်ပေါ်လတ်သော် ထိုသူပြောသည်ထက် နှစ်ဆသော စည်းစိမ်ကို ပေးတတ်ခြင်း။ (ဒီ၊၃၊၁၅၂။) (ဒီ၊မြန်၊၃။၁၆၉။)♦

မိတ်ဆွေစစ် ၄ ယောက် တစ်နည်း

၁။ မိတ်ဆွေအား လျှို့ဝှက်သောအမှုကို ပြောကြားခြင်း၊
၂။ မိတ်ဆွေ၏ လျှို့ဝှက်သောအမှုကို လျှို့ဝှက်ခြင်း၊
၃။ ဘေးရန်ဖြစ်လတ်သော် မစွန့်ပစ်ခြင်း၊
၄။ မိတ်ဆွေ၏ အကျိုးငှာ အသက်ကိုသော်လည်း စွန့်ခြင်း။ (ဒီ၊၃၊၁၅၂။) (ဒီ၊မြန်၊၃။၁၆၉-၁၇၀။)♦

မိတ်ဆွေစစ် ၄ ယောက် တစ်နည်း

၁။ မကောင်းမှုမှ တားမြစ်တတ်ခြင်း၊
၂။ ကောင်းမှု၌ သက်ဝင် စေခြင်း၊
၃။ မကြားဘူးသော တရားစကားကို ပြောကြားတတ်ခြင်း၊
၄။ နတ်ပြည်ခရီးကို ပြောကြားတတ်ခြင်း။ (ဒီ၊၃၊၁၅၃။) (ဒီ၊မြန်၊၃။၁၇၀။)♦

မိတ်ဆွေစစ် ၄ ယောက် တစ်နည်း

၁။ မိတ်ဆွေ၏ ဆုတ်ယုတ်ပျက်စီးခြင်းကို မနှစ်သက်ခြင်း၊
၂။ မိတ်ဆွေ၏ ဖြစ်ထွန်းတိုးတက်ခြင်းကို နှစ်သက်ခြင်း၊
၃။ မိတ်ဆွေအား ကဲ့ရဲ့စကား ပြောသူကို ကန့်ကွက်တားမြစ်ခြင်း၊
၄။ မိတ်ဆွေအား ချီးမွမ်းစကားပြောသူကို ထောက်ခံ ချီးမွမ်းခြင်း။ (ဒီ၊၃၊၁၅၃။) (ဒီ၊မြန်၊၃။၁၇၀။)♦

မိတ်ဆွေတု ၄ ယောက်

၁။ စင်စစ် ယူသာ ယူတတ်သော သူ၊
၂။ နှုတ်ဖြင့်သာ ပေးတတ်သော သူ၊
၃။ အကြိုက်ကို လိုက်၍ ပြောဆိုတတ်သူ၊
၄။ ပျက်စီးကြောင်း၌ အပေါင်းအဖော် ဖြစ်တတ်သူ။ (ဒီ၊၃၊၁၅၁။) (ဒီ၊မြန်၊၃။၁၆၈။)♦

မိတ်ဆွေတု ၄ ယောက် တစ်နည်း

၁။ စင်စစ် ယူသာ ယူတတ်ခြင်း၊
၂။ နည်းသော ဥစ္စာဖြင့် များသော ဥစ္စာကို အလိုရှိခြင်း၊
၃။ မိမိ၌ ဘေးဖြစ်လတ်သော် ကိစ္စကို ပြုတတ်ခြင်း၊
၄။ အကျိုးကို ရလို၍ ဆည်းကပ်ခြင်း။ (ဒီ၊၃၊၁၅၁။) (ဒီ၊မြန်၊၃။၁၆၈။)♦

မိတ်ဆွေတု ၄ ယောက် တစ်နည်း

၁။ လွန်ပြီးသော အရာဖြင့် ချီးမြှောက်ခြင်း၊
၂။ မဖြစ်သေးသော အရာဖြင့် ချီးမြှောက်ခြင်း၊
၃။ အချည်းနှီး လောကွတ်မျှဖြင့် ချီးမြှောက်ခြင်း၊
၄။ ဖြစ်ဆဲကိစ္စတို့၌ ပျက်ဆီးခြင်းကို ပြခြင်း။ (ဒီ၊၃၊၁၅၁။) (ဒီ၊မြန်၊၃။၁၆၈။)♦

မိတ်ဆွေတု ၄ ယောက် တစ်နည်း

၁။ မကောင်းမှုကိုလည်း ခွင့်ပြုခြင်း၊
၂။ ကောင်းမှုကိုလည်း ခွင့်ပြုခြင်း၊
၃။ မျက်မှောက်၌ ချီးမွမ်းစကား ဆိုခြင်း၊
၄။ မျက်ကွယ်၌ ကဲ့ရဲ့စကား ဆိုခြင်း။ (ဒီ၊၃၊၁၅၁။) (ဒီ၊မြန်၊၃။၁၆၈။)♦

မိတ်ဆွေတု ၄ ယောက် တစ်နည်း

၁။ သေရည်သေရက် သောက်ခြင်း၌ အပေါင်းအဖော်ဖြစ်ခြင်း၊
၂။ အခါမဲ့ ခရီးသွားလာခြင်း၌ အပေါင်းအဖော်ဖြစ်ခြင်း၊
၃။ ပွဲလမ်းသဘင် ကြည့်ရှုခြင်း၌ အပေါင်းအဖော်ဖြစ်ခြင်း၊
၄။ လောင်းကစားလေ့ရှိခြင်း၌ အပေါင်းအဖော်ဖြစ်ခြင်း။ (ဒီ၊၃၊၁၅၂။) (ဒီ၊မြန်၊၃။၁၆၈။)♦

မိတ်ဆွေယုတ်နှင့် ပေါင်းခြင်းအပြစ် ၆ ပါး

ခင်ပွန်း (မိတ်ဆွေ) ယုတ်နှင့် ပေါင်းလေ့ရှိသူတို့သည်၊
လောင်းကစား ကြူးတတ်ကုန်၏၊
၂။ ကာမဂုဏ် ကြူးတတ်ကုန်၏၊
၃။ သေသောက် ကြူးတတ်ကုန်၏၊
၄။ မာယာဖြင့် လှည့်ပတ်တတ်ကုန်၏၊
၅။ အနိုင်အထက် ပြုတတ်ကုန်၏၊
၆။ ခင်ပွန်းယုတ်တို့သာ အပေါင်းအဖော် ဖြစ်တတ်ကုန်၏။ (ဒီ၊၃၊၁၄၉။) (ဒီ၊မြန်၊၃။၁၆၆။)♦

မိတ်ဆွေဟု ဆိုအပ်သော သီလစသော ဂုဏ်ကျေးဇူး ၁၀ မျိုး

၁။ စူဠသီလ- သေးငယ်သော သီလ၊
၂။ မဇ္ဈိမသီလ- အလယ်အလတ်သီလ၊
၃။ မဟာသီလ- ကြီးမြတ်သော သီလ၊
၄။ ကထာဝတ္ထု ဆယ်ပါး၊
၅။ ဓုတင်ကျေးဇူး တစ်ဆယ့်ခြောက်ပါး၊
၆။ ဝိပဿနာဂုဏ်ကျေးဇူး၊
၇။ မဂ်လေးပါး၊
၈။ ဖိုလ်လေးပါး၊
၉။ ဝိဇ္ဇာသုံးပါး၊
၁၀။ အဘိညာဉ်ခြောက်ပါး။ (ဓမ္မ၊ဋ္ဌ၊၁၊၂၉၆။)♦

မိတ်မဖွဲ့သင့်သော မိန်းမ ၅ ယောက်

၁။ အလွန်အဆင်းနှင့် ပြည့်စုံသော မိန်းမ၊
၂။ များစွာသော သူတို့ ချစ်ခင်နှစ်သက်အပ်သော မိန်းမ၊
၃။ ကခြင်း သီဆိုခြင်း၌ လိမ္မာသော မိန်းမ၊
၄။ သူတစ်ပါး တို့ သိမ်းပိုက်ထားသော မယား၊
၅။ စည်းစိမ်ဥစ္စာ ဟူသော အကြောင်းကြောင့် မိမိထံ ဆည်းကပ်လာသော မိန်းမ။ (ဇာတက၊၂၊၁၂၅။)♦

မိထိလာပြည် တံခါးလေးပေါက်တို့၌ ရွာ ၄ ရွာ

၁။ အရှေ့ ယဝမဇ္ဈကရွာ၊
၂။ တောင် ယဝမဇ္ဈကရွာ၊
၃။ အနောက် ယဝမဇ္ဈကရွာ၊
၄။ မြောက် ယဝမဇ္ဈကရွာ။ (ဇာ၊ဋ္ဌ၊၆၊၁၆၄။)♦

မိန်းမ ၁၀ ယောက် (မသွားလာထိုက်သော မိန်းမ ၁၀ ယောက်)

၁။ အမိစောင့်ရှောက်သော မိန်းမ၊
၂။ အဖစောင့်ရှောက်သော မိန်းမ၊
၃။ အမိအဖစောင့်ရှောက်သော မိန်းမ၊
၄။ မောင် စောင့် ရှောက်သော မိန်းမ၊
၅။ အစ်မ, ညီမ စောင့်ရှောက်သော မိန်းမ၊
၆။ ဆွေမျိုး စောင့်ရှောက်သော မိန်းမ၊
၇။ အနွယ်စောင့်ရှောက်သော မိန်းမ၊
၈။ တရားကျင့်ဖော်တို့ စောင့်ရှောက်သော မိန်းမ၊
၉။ အစောင့်အရှောက်ချထားသော မိန်းမ၊
၁၀။ ဒဏ်တပ်ထားသော မိန်းမ။ (ဝိ၊၁၊၂၀၂။) (ဝိ၊မြန်၊၁။၂၀၈။)♦

မိန်းမ ၁၂ ယောက် (မသွားလာထိုက်သော မိန်းမ ၁၂ ယောက်)

၁။ အမိဝမ်းမှ စ၍ အစောင့် အရှောက်ထားရှိသော မိန်းမ၊
၂။ မင်းဒဏ် ချထားခြင်း ခံရသော မိန်းမ၊
၃။ ဥစ္စာဖြင့် ဝယ်ထားသော မိန်းမ၊
၄။ အလိုတူ၍ နေသော မိန်းမ၊
၅။ စည်းစိမ်ဥစ္စာကြောင့် နေသော မိန်းမ၊
၆။ အဝတ် ပုဆိုးကြောင့် နေသော မိန်းမ၊
၇။ ရေခွက်၌ လက်အတူချ၍ မိဘတို့က ထိမ်းမြားထားသော မိန်းမ၊
၈။ ဈေးရောင်းခေါင်းခုကို ချစေ၍ မယားပြုထားသော မိန်းမ၊
၉။ ကျွန်မလည်းဖြစ်, မယားလည်း ဖြစ်သော မိန်းမ၊
၁၀။ အမှုလုပ်လည်းဖြစ်, မယားလည်း ဖြစ်သော မိန်းမ၊
၁၁။ စစ်မြေပြင်အရပ်မှ ဆောင်ယူအပ်သော မိန်းမ၊
၁၂။ အခိုက်အတန့် တစ်ခဏမျှ ပေါင်းအပ်သော မိန်းမ။ (ဒီ၊ဋ္ဌ၊၃၊၂၃၁။) (သံ၊ဋ္ဌ၊၂၊၁၃၅။) (အဘိ၊ဋ္ဌ၊၁၊၁၄၁။)♦

မိန်းမ ၂၀ (မသွားလာထိုက်သော မိန်းမ ၂၀)

၁။ အမိစောင့်ရှောက်အပ်သော မိန်းမ၊
၂။ အဖ စောင့်ရှောက်အပ်သော မိန်းမ၊
၃။ မိဘစောင့်ရှောက်အပ်သော မိန်းမ၊
၄။ မောင်စောင့်ရှောက် အပ်သော မိန်းမ၊
၅။ ညီမ, အစ်မ စောင့်ရှောက်အပ်သော မိန်းမ၊
၆။ ဆွေမျိုး စောင့်ရှောက် အပ်သော မိန်းမ၊
၇။ အနွယ်တူသူ စောင့်ရှောက်အပ်သော မိန်းမ၊
၈။ သီတင်းသုံးဖော်တို့ စောင့်ရှောက်အပ်သော မိန်းမ၊
၉။ အစောင့်အရှောက်ထားသော မိန်းမ၊
၁၀။ မင်းတို့သည် ဒဏ်ထားအပ်သော မိန်းမ၊
၁၁။ ဥစ္စာဖြင့် ဝယ်အပ်သော မိန်းမ၊
၁၂။ အလိုတူ၍ နေသော မိန်းမ၊
၁၃။ စည်းစိမ်အလို့ငှာ နေသော မိန်းမ၊
၁၄။ အဝတ်ပုဆိုးအလို့ငှာ နေသော မိန်းမ၊
၁၅။ ရေခွက်၌ လက်ကို ချ၍ မိဘတို့က ထိမ်းမြားသော မိန်းမ၊
၁၆။ ခေါင်းခုကို ပယ်ချ စေ၍ ယူအပ်သော မိန်းမ၊
၁၇။ ကျွန်မလည်းဖြစ်, မယားလည်း ဖြစ်သော မိန်းမ၊
၁၈။ အမှု လုပ်လည်းဖြစ်, မယားလည်းဖြစ်သော မိန်းမ၊
၁၉။ စစ်မြေပြင်အရပ်မှ ဆောင်ယူအပ်သော မိန်းမ၊
၂၀။ တစ်ခဏမျှ နေစေအပ်သော ပြည့်တန်ဆာ မိန်းမ။ (ဒီ၊ဋ္ဌ၊၃၊၂၃၁။) (သံ၊ဋ္ဌ၊၂၊၁၃၅။) (အဘိ၊ဋ္ဌ၊၁၊၁၄၁။) (ပဋိသံ၊ဋ္ဌ၊၁၊၂၀၄။) (ဝိမာန၊ဋ္ဌ၊၆၅။)♦

မိန်းမ ၃ မျိုး

၁။ လူမိန်းမ၊
၂။ နတ်မိန်းမ၊
၃။ တိရစ္ဆာန်မိန်းမ။ (ဝိ၊၁၊၃၄။) (သာရတ္ထ၊ဋီ၊၂၊၈၆။) (ဝိ၊မြန်၊၁။၃၈။)♦

မိန်းမက ယောကျ်ားကို နှောင်ဖွဲ့ပုံ ၈ မျိုး

၁။ ငိုကြွေးခြင်းဖြင့် နှောင်ဖွဲ့ခြင်း၊
၂။ ပြုံးရယ်ခြင်းဖြင့် နှောင်ဖွဲ့ခြင်း၊
၃။ စကားပြောခြင်းဖြင့် နှောင်ဖွဲ့ခြင်း၊
၄။ အသွင်အပြင် အမူအရာဖြင့် နှောင်ဖွဲ့ခြင်း၊
၅။ ပန်း သစ်သီး စသော ပစ္စည်းဖြင့် နှောင်ဖွဲ့ခြင်း၊
၆။ ဂန္ဓာရုံအနံ့ဖြင့် နှောင်ဖွဲ့ခြင်း၊
၇။ ရသာရုံ အရသာဖြင့် နှောင်ဖွဲ့ခြင်း၊
၈။ ဖောဋ္ဌဗ္ဗာရုံ အတွေ့ဖြင့် နှောင်ဖွဲ့ခြင်း။ (အံ၊၃၊၃၈။) (အံ၊၃၊မြန်၊၃၉။)♦

မိန်းမက လင်ယောကျ်ားကို အထင်သေးကြောင်း ၈ မျိုး

၁။ ဆင်းရဲနွမ်းပါးခြင်း၊
၂။ ရောဂါ အနာရှိခြင်း၊
၃။ အိုမင်းခြင်း၊
၄။ သေသောက်ကြူးခြင်း၊
၅။ တွေဝေ, မိုက်မဲ, ထုံခြင်း၊
၆။ မေ့လျော့ ပေါ့ဆခြင်း၊
၇။ အမှုကိစ္စအားလုံးတို့၌ နောက်လိုက်ပြုလုပ်သူ ဖြစ်ခြင်း၊
၈။ ဥစ္စာအားလုံး တို့ကို မပေးကမ်းခြင်း။ (ဇာ၊ဋ္ဌ၊၅၊၄၆၆။)♦

မိန်းမတို့ ချစ်အပ်သော ယောကျ်ား၏ အင်္ဂါ ၅ ပါး

၁။ ရုပ်အဆင်းချောမောမှု ရှိခြင်း၊
၂။ စည်းစိမ် ဥစ္စာ ရှိခြင်း၊
၃။ ကိုယ်ကျင့်သီလ ရှိခြင်း၊
၄။ လိမ္မာရေးခြားရှိလျက် မပျင်းရိခြင်း၊
၅။ သားသမီး ရနိုင်ခြင်း။ (သံ၊၂၊၄၃၆။) (သံ၊မြန်၊၂။၄၃၂။)♦

မိန်းမတို့ ပျက်စီးကြောင်း ၂၅ ပါး

၁။ လင်ယောကျ်ား အရပ်တစ်ပါးသို့ သွားခြင်းကို ချီးမွမ်းခြင်း၊
၂။ အရပ်တစ်ပါး၌ ရောက်နေသော လင်ယောကျ်ားကို သတိမရ မအောက်မေ့ခြင်း၊
၃။ အရပ် တစ်ပါးမှ ပြန်ရောက်လာသော လင်ယောကျ်ားကို မနှစ်သက်ခြင်း၊
၄။ လင်ယောကျ်ား၏ ကျေးဇူးမဲ့ကို ပြောဆိုခြင်း၊
၅။ လင်ယောကျ်ား၏ ကျေးဇူးကို မပြောဆိုခြင်း၊
၆။ လင်ယောကျ်ား၏ အကျိုးမဲ့ကို ပြုကျင့်ခြင်း၊
၇။ လင်ယောကျ်ား၏ အကျိုးစီးပွားကို မပြုကျင့်ခြင်း၊
၈။ လင် ယောကျ်ားအား မပြုအပ်သည်ကို ပြုခြင်း၊
၉။ လင်ယောကျ်ား၏ ပြုအပ်သည်ကို မပြုခြင်း၊
၁၀။ အဝတ်ကို မြဲစွာဝတ်၍ အိပ်ခြင်း၊
၁၁။ လင်ယောကျ်ားကို ကျောပေး၍ အိပ်ခြင်း၊
၁၂။ တပြောင်းပြန်ပြန် လူးလှိမ့်တတ်ခြင်း၊
၁၃။ ထွက်သက်ဝင်သက်, ထွက်လေ, ဝင်လေကို ရှည်စွာ ဖြစ်စေခြင်း၊
၁၄။ ဆင်းရဲဝေဒနာ ကြားတတ်ခြင်း၊
၁၅။ ကျင်ကြီးကျင်ငယ် မပြတ် သွားခြင်း၊
၁၆။ ဖောက်ပြန်သော အကျင့်ကို ကျင့်တတ်ခြင်း၊
၁၇။ တစ်ပါးသော ယောကျ်ား အသံကို ကြားသောအခါ နားစွင့်လျက် နားထောင်တတ်ခြင်း၊
၁၈။ စည်းစိမ်ဥစ္စာကို ဖျက်ဆီး တတ်ခြင်း၊
၁၉။ အိမ်နီးချင်းယောကျ်ားတို့နှင့် ကိလေသာ၏ အစွမ်းအားဖြင့် ပေါင်းဖက်ရောရှက် မှုကို ပြုခြင်း၊
၂၀။ အိမ်မှ ထွက်ခွာသွားတတ်ခြင်း (အိမ်မှ ဆင်းသွားတတ်ခြင်း)၊
၂၁။ အခါမဲ့ ဖြစ်သော ညဉ့်အချိန်၌ သွားလေ့ရှိခြင်း၊
၂၂။ သယောက်လင် ထားလျက် လင်ယောကျ်ား အပေါ်၌ ရိုသေခြင်းကင်း၍ ပြစ်မှားလိုသော စိတ်အကြံအစည် ရှိခြင်း၊
၂၃။ အမြဲမပြတ် တံခါးဝ၌ ရပ်တည်ခြင်း၊
၂၄။ လက်ကတီးကြား, နို့ အစရှိသော အင်္ဂါကြီးငယ်တို့ကို ပြတတ်ခြင်း၊
၂၅။ ထိုမှဤမှ သွား၍ ကြည့်တတ်ခြင်း။ (ဇာတက၊၂၊၁၂၁။) (ဇာ၊ဋ္ဌ၊၅၊၄၆၈။)♦

မိန်းမတို့ မချစ်အပ်သော ယောကျ်ား၏ အင်္ဂါ ၅ ပါး

၁။ ရုပ်အဆင်းချောမောမှု မရှိခြင်း၊
၂။ စည်းစိမ်ဥစ္စာ မရှိခြင်း၊
၃။ ကိုယ်ကျင့်သီလ မရှိခြင်း၊
၄။ ပျင်းရိခြင်း၊
၅။ သားသမီး မရ နိုင်ခြင်း။ (သံ၊၂၊၄၃၆။) (သံ၊မြန်၊၂။၄၃၂။)♦

မိန်းမတို့ မတင်းတိမ်နိုင်သော အရာ ၃ မျိုး

၁။ မေထုန်မှီဝဲခြင်း၊
၂။ သားဖွားခြင်း၊
၃။ အဝတ် အစားတန်ဆာခြင်း။ (ဇာ၊ဋ္ဌ၊၂၊၂၉၅။)♦

မိန်းမတို့ မြွေဟောက်ဦးခေါင်းနှင့် တူပုံ ၅ မျိုး

၁။ အမျက်ထွက်တတ်ခြင်း၊
၂။ ရန်ငြိုးဖွဲ့တတ်ခြင်း၊
၃။ ရာဂအဖြစ်များသောကြောင့် ပြင်းသော အဆိပ်ရှိခြင်း၊
၄။ ကုန်းချောစကား ပြောတတ် သောကြောင့် လျှာနှစ်ခွရှိခြင်း၊
၅။ လင်ယောကျ်ားအပေါ် လွန်ကျူးတတ်သောကြောင့် အဆွေ ခင်ပွန်း၌ ပြစ်မှားတတ်ခြင်း။ (ဇာ၊ဋ္ဌ၊၅၊၄၈၃။)♦

မိန်းမတို့ ရနိုင်ခဲသော အရာဌာန ၅ မျိုး (ကောင်းမှုမပြုခဲ့သော မိန်းမ ရနိုင်ခဲသော အရာဌာန ၅ မျိုး)

၁။ သင့်လျော်သော အမျိုး၌ ဖွားမြင်ရန် ခဲယဉ်းခြင်း၊
၂။ သင့်လျော်သော အမျိုး၌ ဖွားမြင်ပြီးနောက် သင့်လျော်သော အမျိုးအိမ်သို့ လိုက်ပါရန် ခဲယဉ်းခြင်း၊
၃။ သင့်လျော်သော အမျိုးအိမ်သို့ လိုက်ပါပြီးနောက် လင်တူမယား (မယားပြိုင်) မရှိရန် ခဲယဉ်းခြင်း၊
၄။ မယားပြိုင် မရှိဘဲ သင့်လျော်သော အမျိုးအိမ်သို့ လိုက်ပါပြီးနောက် သားသမီးရရန် ခဲယဉ်းခြင်း၊
၅။ အထက်ပါ အင်္ဂါများနှင့် ပြည့်စုံသော်လည်း လင်ယောကျ်ားအပေါ် လွှမ်းမိုးနိုင်ရန် ခဲယဉ်းခြင်း။ (သံ၊၂၊၄၄၅။) (သံ၊မြန်၊၂။၄၄၁။)♦

မိန်းမတို့ ရလွယ်သော အရာဌာန ၅ မျိုး (ကောင်းမှုပြုခဲ့သော မိန်းမ ရလွယ်သော အရာဌာန ၅ မျိုး)

၁။ သင့်လျော်သော အမျိုး၌ ဖွားမြင်ရခြင်း၊
၂။ သင့်လျော်သော အမျိုးအိမ်သို့ လိုက်ပါရခြင်း၊
၃။ လင်တူမယား (မယားပြိုင်) မရှိခြင်း၊
၄။ သားသမီးများ ရရှိခြင်း၊
၅။ လင်ယောကျ်ားအပေါ် လွှမ်းမိုးကျော်လွန်၍ ကျင့်ဆောင် လုပ်နိုင်ခြင်း။ (သံ၊၂၊၄၄၅။) (သံ၊မြန်၊၂။၄၄၁။)♦

မိန်းမတို့ လင်ယောကျ်ားကို လွန်ကျူး၍ ကျင့်ကြောင်း ၄၀ ပါး

၁။ ကိုယ်လက်ကို ဆန့်ခြင်း၊
၂။ ကိုယ်လက်ကို ညွတ်ခြင်း၊
၃။ တင့်တယ်စမ္ပယ်ခြင်း၊
၄။ ရှက်နိုးသကဲ့သို့ ပြုခြင်း၊
၅။ လက်သည်းခြေသည်းဖြင့် လက်သည်းခြေသည်းကို ခြစ်ခြင်း၊
၆။ ခြေထောက်တစ်ခုဖြင့် ခြေထောက်တစ်ခုကို နင်းခြင်း၊
၇။ သစ်သားတုတ်ချောင်းဖြင့် မြေကို ခြစ်ခြင်း၊
၈။ သူငယ်ကို မြှောက်ချီခြင်း, မြှောက်ချီစေခြင်း၊
၉။ သူငယ်ကို ကစားခြင်း, ကစားစေခြင်း၊
၁၀။ သူငယ်ကို နမ်းရှုပ်ခြင်း, နမ်းရှုပ်စေခြင်း၊
၁၁။ စားဖွယ်သောက်ဖွယ်ကို စားခြင်း, စားစေခြင်း၊
၁၂။ စားဖွယ် သောက်ဖွယ်ကို ပေးခြင်း၊
၁၃။ စားဖွယ်သောက်ဖွယ်ကို တောင်းခြင်း၊
၁၄။ ပြုအပ်သော အမှုကို အတုလိုက်၍ ပြုခြင်း၊
၁၅။ အသံကို မြှင့်၍ ဆိုခြင်း၊
၁၆။ အသံကို နှိမ့်၍ ဆိုခြင်း၊
၁၇။ ကခြင်းဖြင့် ထင်စွာဆိုခြင်း၊
၁၈။ ကခြင်းဖြင့် ကွယ်၍ဆိုခြင်း၊
၁၉။ သီဆိုခြင်းဖြင့် ထင်စွာ ဆိုခြင်း၊
၂၀။ သီဆိုခြင်းဖြင့် ကွယ်၍ ဆိုခြင်း၊
၂၁။ တီးမှုတ်ခြင်းဖြင့် ထင်စွာဆိုခြင်း ကွယ်၍ ဆိုခြင်း၊
၂၂။ ငိုခြင်းဖြင့် ထင်စွာဆိုခြင်း ကွယ်၍ဆိုခြင်း၊
၂၃။ တင့်တယ်စမ္ပယ်ခြင်းဖြင့် ထင်စွာဆိုခြင်း, ကွယ်၍ဆိုခြင်း၊
၂၄။ တန်ဆာဆင်ခြင်းဖြင့် ထင်စွာဆိုခြင်း ကွယ်၍ ဆိုခြင်း၊
၂၅။ ပြင်းစွာ ရယ်ခြင်း၊
၂၆။ စောင်း၍ ကြည့်ခြင်း၊
၂၇။ ခါးကို လှုပ်ခြင်း၊
၂၈။ လျို့ဝှက် အပ်သော အင်္ဂါကို ထက်ဝန်းကျင်လှုပ်ခြင်း၊
၂၉။ ပေါင်ကို ဖွင့်လှစ်ပြခြင်း၊
၃၀။ ပေါင်ကို ဖုံးခြင်း၊
၃၁။ သားမြတ်ကို ပြခြင်း၊
၃၂။ လက်ကတီးကို ပြခြင်း၊
၃၃။ ချက်ကို ပြခြင်း၊
၃၄။ မျက်စိကို မှိတ်ပြခြင်း၊
၃၅။ မျက်မှောင်ကို ချီခြင်း၊
၃၆။ နှုတ်ခမ်းကို ကိုက်ခြင်း၊
၃၇။ လျှာကို ထုတ်ပြခြင်း၊
၃၈။ အဝတ်ကို ကျွတ်အောင် ပြုခြင်း၊
၃၉။ အဝတ်ကို ပြင်၍ ဝတ်ခြင်း၊
၄၀။ ဆံပင်ကို ဖြေခြင်း, ထုံးခြင်း။ (ဇာတက၊၂၊၁၂၁။) (ဓမ္မ၊ဋ္ဌ၊၂၊၄၂၉။) (ဇာ၊ဋ္ဌ၊၅၊၄၆၇။)♦

မိန်းမတို့ လျှပ်ပေါ်ရာ ၅ မျိုး

၁။ အစာအာဟာရ၌ လျှပ်ပေါ်ခြင်း၊
၂။ တန်ဆာဆင်ခြင်း၌ လျှပ်ပေါ်ခြင်း၊
၃။ တစ်ပါးသော ယောကျ်ား၌ လျှပ်ပေါ်ခြင်း၊
၄။ ဥစ္စာ၌ လျှပ်ပေါ်ခြင်း၊
၅။ ခြေ၌ လျှပ်ပေါ်ခြင်း။ (သုတ္တနိ၊ဋ္ဌ၊၁၊၃၂။)♦

မိန်းမတို့ အလိုပြည့်နိုင်ခဲသော အရာ ၃ မျိုး

၁။ မေထုန်မှီဝဲခြင်း၊
၂။ ကလေးမွေးခြင်း၊
၃။ အဝတ် တန်ဆာ။ (ဇာ၊ဋ္ဌ၊၅၊၄၆၅။)♦

မိန်းမတို့၌ တွေ့မြင်အပ်သော ကာမဂုဏ် ၅ ပါး

၁။ နှလုံး မွေ့လျော်ဖွယ်ကောင်းသော ရူပါရုံ၊
၂။ နှလုံးမွေ့လျော်ဖွယ်ကောင်းသော သဒ္ဒါရုံ၊
၃။ နှလုံး မွေ့လျော်ဖွယ်ကောင်းသော ဂန္ဓာရုံ၊
၄။ နှလုံး မွေ့လျော်ဖွယ်ကောင်းသော ရသာရုံ၊
၅။ နှလုံးမွေ့လျော်ဖွယ်ကောင်းသော ဖောဋ္ဌဗ္ဗာရုံ။ (ထေရဂါထာ။၂၈၉။) (ထေရဂါထာ၊မြန်။၇၈။)♦

မိန်းမတို့၏ ကောင်းခြင်း ၅ ဖြာ

၁။ ဆံပင်၏ ကောင်းခြင်း၊
၂။ အသား၏ ကောင်းခြင်း၊
၃။ အရိုး၏ ကောင်းခြင်း၊
၄။ အရေ၏ ကောင်းခြင်း၊
၅။ အရွယ်၏ ကောင်းခြင်း။ (ဓမ္မ၊ဋ္ဌ၊၁၊၂၄၄။)♦

မိန်းမတို့၏ ကောင်းခြင်း ၅ ဖြာ တစ်နည်း

၁။ အရေ၏ ကောင်းခြင်း၊
၂။ အသား၏ ကောင်းခြင်း၊
၃။ အကြော၏ ကောင်းခြင်း၊
၄။ အရိုး၏ ကောင်းခြင်း၊
၅။ အရွယ်၏ ကောင်းခြင်း။ (ဇာ၊ဋ္ဌ၊၁၊၄၁၈။)♦

မိန်းမတို့၏ ခွန်အား ၅ မျိုး

၁။ ရူပဗလ-ရုပ်ရေအဆင်း လှပခြင်း ဟူသော ခွန်အားဗလ၊
၂။ ဘောဂ ဗလ- စည်းစိမ်ဥစ္စာနှင့် ပြည့်စုံခြင်း ဟူသော ခွန်အားဗလ၊
၃။ ဉာတိဗလ- ဆွေမျိုးတို့နှင့် ပြည့်စုံခြင်းဟူသော ခွန်အားဗလ၊
၄။ ပုတ္တဗလ- သားသမီးနှင့် ပြည့်စုံခြင်းဟူသော ခွန်အား ဗလ။
၅။ သီလဗလ- ကိုယ်ကျင့်သီလနှင့် ပြည့်စုံခြင်းဟူသော ခွန်အားဗလ။ (သံ၊၂၊၄၄၃၊၄၄၄၊ ၄၄၅။) (သံ၊မြန်၊၂။၄၃၈၊၄၄၀၊၄၄၁။)♦

မိန်းမတို့၏ လက်နက် ၅ မျိုး

၁။ ရုပ်အဆင်း၊
၂။ အသံ၊
၃။ အနံ့၊
၄။ အရသာ၊
၅။ အတွေ့အထိ။ (ဇာ၊ဋ္ဌ၊၅၊၄၆၄။)♦

မိန်းမတို့၏ အဆင်တန်ဆာ ၅ မျိုး

၁။ ဦးခေါင်း၌ ပန်ဆင်အပ်သော တန်ဆာ၊
၂။ လည်ပင်း၌ ဝတ်ဆင်အပ်သော တန်ဆာ၊
၃။ လက်၌ ဝတ်ဆင်အပ်သော တန်ဆာ၊
၄။ ခြေ၌ ဝတ်ဆင် အပ်သော တန်ဆာ၊
၅။ ခါး၌ ဝတ်ဆင်အပ်သော တန်ဆာ။ (ဝိ၊၂၊၄၅၅။) (ဝိ၊မြန်၊၂။၅၁၇။)♦

မိန်းမတို့၏ အပြစ် ၅ ပါး

၁။ မစင်ကြယ်ခြင်း၊
၂။ မကောင်းသော အနံ့ရှိခြင်း၊
၃။ အအိပ် ကြီးခြင်း၊
၄။ ဘေးဘျမ်းနှင့် တကွ ဖြစ်ခြင်း၊
၅။ အဆွေခင်ပွန်းကို ဖျက်ဆီးတတ်ခြင်း။ (အံ၊၂၊၂၂၇။) (အံ၊မြန်၊၂။၂၈၉။)♦

မိန်းမတို့၏ အပြစ် ၅ ပါး (တစ်နည်း)

၁။ အမျက်ထွက်တတ်ခြင်း၊
၂။ ရန်ငြိုးဖွဲ့တတ်ခြင်း၊
၃။ ပြင်းထန်သော အဆိပ်ရှိခြင်း၊
၄။ လျှာနှစ်ခွ ရှိခြင်း၊
၅။ အဆွေခင်ပွန်းကို ဖျက်ဆီး တတ်ခြင်း။ (အံ၊၂၊၂၂၇။) (အံ၊မြန်၊၂။၂၈၉။)♦

မိန်းမတို့သည် လင်ယောကျ်ားအပေါ်၌ မထီမဲ့မြင်ပြုကြောင်း ၈ ပါး

၁။ ဆင်းရဲနွမ်းပါးနေခြင်း၊
၂။ အနာရောဂါ နှိပ်စက်ခံနေရခြင်း၊
၃။ အိုမင်းမစွမ်းအရွယ်သို့ ရောက်ခြင်း၊
၄။ သေသောက် ကြူးခြင်း၊
၅။ အလွန် တွေဝေခြင်း၊
၆။ သုရာယစ်သဖြင့် မေ့လျော့ခြင်း၊
၇။ အလုံးစုံသော ကိစ္စတို့၌ မယားအလိုသို့ လိုက်ခြင်း၊
၈။ အလုံးစုံသော ပစ္စည်းဥစ္စာကို ပေးခြင်း။ (ဇာတက၊ ၂။၁၂၀။)♦

မိန်းမတို့သည် လင်ယောကျ်ားအပေါ်၌ အပြစ်ဆောင်ကြောင်း ၉ ပါး

၁။ ပန်းခြံစသည်သို့ သွားလေ့ရှိခြင်း၊
၂။ ဥယျာဉ်သို့ သွားလေ့ရှိခြင်း၊
၃။ မြစ်ဆိပ်သို့ သွားလေ့ရှိခြင်း၊
၄။ မိဘ အိမ်သို့ သွားလေ့ရှိခြင်း၊
၅။ သူတစ်ပါးအိမ်သို့ သွားလေ့ရှိခြင်း၊
၆။ မှန်ကြည့်ခြင်း, အဝတ် တန်ဆာ ဆင်ခြင်းတို့၌ အလွန်လုံ့လပြုခြင်း၊
၇။ သေရည်အရက် သောက်လေ့ရှိခြင်း၊
၈။ လေသာ ပြတင်းပေါက် စသည်ဖြင့် ကြည့်လေ့ရှိခြင်း၊
၉။ မိမိ၏ အင်္ဂါကြီးငယ်ကို ပြလျက် အကြောင်းအရာ မဟုတ်သည်၌ တည်လေ့ရှိခြင်း။ (ဇာတက၊၂၊၁၂၀။)♦

မိန်းမနိမိတ်၌ ဌာန ၅ မျိုး

၁။ နံပါး လေးဘက် လေးဌာန၊
၂။ အလယ် တစ်ဌာန ပေါင်း (၅) မျိုး။ (ဝိ၊ဋ္ဌ၊၁၊၂၂၂။)♦

မိန်းမများ နတ်ပြည်ရောက်ကြောင်း ၅ ပါး

၁။ သဒ္ဓါတရားနှင့် ပြည့်စုံခြင်း၊
၂။ မကောင်းမှုမှ ရှက်ခြင်း၊
၃။ မကောင်းမှုမှ ကြောက်လန့်ခြင်း၊
၄။ အမျက်မထွက်တတ်ခြင်း၊
၅။ ပညာ ရှိခြင်း။ (သံ၊၂၊၄၄၁။) (သံ၊မြန်၊၂။၄၃၆။)♦

မိန်းမများ နတ်ပြည်ရောက်ကြောင်း ၅ ပါး (တစ်နည်း)

၁။ သဒ္ဓါတရားနှင့် ပြည့်စုံခြင်း၊
၂။ မကောင်းမှုမှ ရှက်ခြင်း၊
၃။ မကောင်းမှုမှ ကြောက်လန့်ခြင်း၊
၄။ မငြူစူ မစောင်းမြောင်း တတ်ခြင်း၊
၅။ ပညာ ရှိခြင်း။ (သံ၊၂၊၄၄၁။) (သံ၊မြန်၊၂။၄၃၇။)♦

မိန်းမများ နတ်ပြည်ရောက်ကြောင်း ၅ ပါး (တစ်နည်း)

၁။ သဒ္ဓါတရားနှင့် ပြည့်စုံခြင်း၊
၂။ မကောင်းမှုမှ ရှက်ခြင်း၊
၃။ မကောင်းမှုမှ ကြောက်လန့်ခြင်း၊
၄။ အခြားယောကျ်ားတို့၌ လွန်ကျူး၍ မကျင့်ခြင်း၊
၅။ ပညာရှိခြင်း။ (သံ၊၂၊၄၄၁။) (သံ၊မြန်၊၂။၄၃၇။)♦

မိန်းမများ နတ်ပြည်ရောက်ကြောင်း ၅ ပါး (တစ်နည်း)

၁။ သဒ္ဓါတရားနှင့် ပြည့်စုံခြင်း၊
၂။ မကောင်းမှုမှ ရှက်ခြင်း၊
၃။ မကောင်းမှုမှ ကြောက်လန့်ခြင်း၊
၄။ ကိုယ်ကျင့်သီလနှင့် ပြည့်စုံခြင်း၊
၅။ ပညာရှိခြင်း။ (သံ၊၂၊၄၄၁။) (သံ၊မြန်၊၂။၄၃၇။)♦

မိန်းမများ နတ်ပြည်ရောက်ကြောင်း ၅ ပါး (တစ်နည်း)

၁။ သဒ္ဓါတရားနှင့် ပြည့်စုံခြင်း၊
၂။ မကောင်းမှုမှ ရှက်ခြင်း၊
၃။ မကောင်းမှုမှ ကြောက်လန့်ခြင်း၊
၄။ အကြားအမြင် ဗဟုသုတနှင့် ပြည့်စုံခြင်း၊
၅။ ပညာရှိခြင်း။ (သံ၊၂၊၄၄၂။) (သံ၊မြန်၊၂။၄၃၇။)♦

မိန်းမများ နတ်ပြည်ရောက်ကြောင်း ၅ ပါး (တစ်နည်း)

၁။ သဒ္ဓါတရားနှင့် ပြည့်စုံခြင်း၊
၂။ မကောင်းမှုမှ ရှက်ခြင်း၊
၃။ မကောင်းမှုမှ ကြောက်လန့်ခြင်း၊
၄။ လုံ့လဝီရိယရှိခြင်း၊
၅။ ပညာ ရှိခြင်း။ (သံ၊၂၊၄၄၂။) (သံ၊မြန်၊၂။၄၃၈။)♦

မိန်းမများ နတ်ပြည်ရောက်ကြောင်း ၅ ပါး (တစ်နည်း)

၁။ သဒ္ဓါတရားနှင့် ပြည့်စုံခြင်း၊
၂။ မကောင်းမှုမှ ရှက်ခြင်း၊
၃။ မကောင်းမှုမှ ကြောက်လန့်ခြင်း၊
၄။ ထင်သော သတိရှိခြင်း၊
၅။ ပညာရှိခြင်း။ (သံ၊၂၊၄၄၂။) (သံ၊မြန်၊၂။၄၃၈။)♦

မိန်းမများ နတ်ပြည်ရောက်ကြောင်း ၅ ပါး (တစ်နည်း)

၁။ သူ့အသက် သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း၊
၂။ သူ့ဥစ္စာခိုးယူမှုမှ ရှောင်ကြဉ်ခြင်း၊
၃။ ကာမတို့၌ မှားသော အကျင့်မှ ရှောင်ကြဉ်ခြင်း၊
၄။ မုသားစကားမှ ရှောင်ကြဉ်ခြင်း၊
၅။ မူးယစ်ဆေးဝါး မှီဝဲသုံးစွဲခြင်းမှ ရှောင်ကြဉ်ခြင်း။ (သံ၊၂၊၄၄၂။) (သံ၊မြန်၊၂။၄၃၈။)♦

မိန်းမများ ဖေါက်ပြန်ပုံ အမှတ်အသား ၂၅ မျိုး

မိန်းမတို့ ပျက်စီးကြောင်း ၂၅ ပါးနှင့် တူသည်။ ♦

မိန်းမများ မကောင်းမှုပြုနိုင်ကြောင်း ၉ ပါး

၁။ သစ်သီးခြံ, ပန်းခြံသို့ သွားလေ့ရှိခြင်း၊
၂။ ဥယျာဉ်သို့ သွားလေ့ရှိခြင်း၊
၃။ မြစ်ဆိပ်သို့ သွားလေ့ရှိခြင်း၊
၄။ ဆွေမျိုးအိမ်သို့ သွားလေ့ ရှိခြင်း၊
၅။ သူတစ်ပါး အမျိုးအိမ်သို့ သွားလေ့ရှိခြင်း၊
၆။ ကြေးမုံ, အဝတ်အစား တန်ဆာဆင်မှု၌ အဖန်ဖန် ပြုလုပ် အားထုတ်လေ့ရှိခြင်း၊
၇။ သေရည်အရက် သောက်စားလေ့ ရှိခြင်း၊
၈။ (ပွဲသဘင်) ကြည့်ရှုလေ့ရှိခြင်း၊
၉။ တံခါးအနီး၌ ရပ်တည်လေ့ရှိခြင်း။ (ဇာ၊ဋ္ဌ၊၅၊၄၆၇။)♦

မိန်းမများ မရနိုင်သော အရာဌာန ၅ မျိုး

၁။ မာရ်နတ်မင်း၊
၂။ သိကြားမင်း၊
၃။ ဗြဟ္မာမင်း၊
၄။ သဗ္ဗညုဘုရားရှင်၊
၅။ စကြဝတေးမင်း။ (ပေဋကော၊၁၉၁။)♦

မိန်းမများ မရောင့်ရဲနိုင်သော အရာ၂ မျိုး

၁။ မေထုန် မှီဝဲခြင်း၊
၂။ သားဖွားခြင်း။ (အံ၊၁၊၇၇။) (အံ၊မြန်၊၁။၉၁။)♦

မိန်းမများ အပါယ်ကျကြောင်း ၃ ပါး

၁။ နံနက်အခါ၌ ဝန်တိုမှု မစ္ဆရိယအညစ်အကြေး လွှမ်းမိုးသော စိတ်ဖြင့် နေခြင်း၊
၂။ နေ့လည်အခါ၌ ငြူစူစောင်းမြောင်းမှု ဣဿာအညစ်အကြေး လွှမ်းမိုးသော စိတ်ဖြင့် နေခြင်း၊
၃။ ညနေအခါ၌ ကာမရာဂ လွှမ်းမိုးသော စိတ်ဖြင့် နေခြင်း။ (သံ၊၂၊၄၃၇။) (သံ၊မြန်၊၂။၄၃၃။)♦

မိန်းမများ အပါယ်ကျကြောင်း ၅ ပါး

၁။ သဒ္ဓါတရား မရှိခြင်း၊
၂။ အရှက် မရှိခြင်း၊
၃။ အကြောက် မရှိခြင်း၊
၄။ အမျက်ထွက်တတ်ခြင်း၊
၅။ ပညာမဲ့ခြင်း။ (သံ၊၂၊၄၃၈။) (သံ၊မြန်၊၂။၃၄၄။)♦

မိန်းမများ အပါယ်ကျကြောင်း ၅ ပါး (တစ်နည်း)

၁။ သဒ္ဓါတရား မရှိခြင်း၊
၂။ အရှက် မရှိခြင်း (မကောင်းမှု၌ မရှက်ခြင်း)၊
၃။ အကြောက်မရှိခြင်း (မကောင်းမှု၌ မကြောက်ခြင်း)၊
၄။ ရန်ငြှိုးဖွဲ့တတ်ခြင်း၊
၅။ ပညာ မရှိခြင်း။ (သံ၊၂၊၄၃၈။) (သံ၊မြန်၊၂။၄၃၄။)♦

မိန်းမများ အပါယ်ကျကြောင်း ၅ ပါး (တစ်နည်း)

၁။ သဒ္ဓါတရား မရှိခြင်း၊
၂။ အရှက် မရှိခြင်း (မကောင်းမှု၌ မရှက်ခြင်း)၊
၃။ အကြောက် မရှိခြင်း (မကောင်းမှု၌ မကြောက်ခြင်း)၊
၄။ ငြူစူစောင်းမြောင်းခြင်း၊
၅။ ပညာ မရှိခြင်း။ (သံ၊၂၊၄၃၈။) (သံ၊မြန်၊၂။၄၃၄။)♦

မိန်းမများ အပါယ်ကျကြောင်း ၅ ပါး (တစ်နည်း)

၁။ သဒ္ဓါတရား မရှိခြင်း၊
၂။ အရှက် မရှိခြင်း (မကောင်းမှု၌ မရှက်ခြင်း)၊
၃။ အကြောက် မရှိခြင်း (မကောင်းမှု၌ မကြောက်ခြင်း)၊
၄။ နှမြောဝန်တိုခြင်း၊
၅။ ပညာ မရှိခြင်း။ (သံ၊၂၊၄၃၈။) (သံ၊မြန်၊၂။၄၃၄။)♦

မိန်းမများ အပါယ်ကျကြောင်း ၅ ပါး (တစ်နည်း)

၁။ သဒ္ဓါတရား မရှိခြင်း၊
၂။ အရှက် မရှိခြင်း (မကောင်းမှု၌ မရှက်ခြင်း)၊
၃။ အကြောက် မရှိခြင်း (မကောင်းမှု၌ မကြောက်ခြင်း)၊
၄။ ယောကျ်ားတစ်ပါးတို့၌ လွန်ကျူး၍ ကျင့်ခြင်း၊
၅။ ပညာ မရှိခြင်း။ (သံ၊၂၊၄၃၉။) (သံ၊မြန်၊၂။၄၃၅။)♦

မိန်းမများ အပါယ်ကျကြောင်း ၅ ပါး (တစ်နည်း)

၁။ သဒ္ဓါတရား မရှိခြင်း၊
၂။ အရှက် မရှိခြင်း (မကောင်းမှု၌ မရှက်ခြင်း)၊
၃။ အကြောက် မရှိခြင်း (မကောင်းမှု၌ မကြောက်ခြင်း)၊
၄။ သီလ မရှိခြင်း၊
၅။ ပညာမရှိခြင်း။ (သံ၊၂၊၄၃၉။) (သံ၊မြန်၊၂။၄၃၅။)♦

မိန်းမများ အပါယ်ကျကြောင်း ၅ ပါး (တစ်နည်း)

၁။ သဒ္ဓါတရား မရှိခြင်း၊
၂။ အရှက် မရှိခြင်း (မကောင်းမှု၌ မရှက်ခြင်း)၊
၃။ အကြောက်မရှိခြင်း (မကောင်းမှု၌ မကြောက်ခြင်း)၊
၄။ အကြား အမြင် နည်းခြင်း၊
၅။ ပညာ မရှိခြင်း။ (သံ၊၂၊၄၃၉။) (သံ၊မြန်၊၂။၄၃၅။)♦

မိန်းမများ အပါယ်ကျကြောင်း ၅ ပါး (တစ်နည်း)

၁။ သဒ္ဓါတရား မရှိခြင်း၊
၂။ အရှက်မရှိခြင်း (မကောင်းမှု၌ မရှက်ခြင်း)၊
၃။ အကြောက်မရှိခြင်း (မကောင်းမှု၌ မကြောက်ခြင်း)၊
၄။ ပျင်းရိခြင်း၊
၅။ ပညာမရှိခြင်း။ (သံ၊၂၊၄၃၉။)♦

မိန်းမများ အပါယ်ကျကြောင်း ၅ ပါး (တစ်နည်း)

၁။ သဒ္ဓါတရား မရှိခြင်း၊
၂။ အရှက်မရှိခြင်း (မကောင်းမှု၌ မရှက်ခြင်း)၊
၃။ အကြောက်မရှိခြင်း (မကောင်းမှု၌ မကြောက်ခြင်း)၊
၄။ သတိလွတ်ကင်းခြင်း၊
၅။ ပညာမရှိခြင်း။ (သံ၊၂၊၄၄၀။) (သံ၊မြန်၊၂။၄၃၆။)♦

မိန်းမများ အပါယ်ကျကြောင်း ၅ ပါး (တစ်နည်း)

၁။ သူ့အသက် သတ်လေ့ရှိခြင်း၊
၂။ သူ့ ဥစ္စာကို ခိုးယူလေ့ရှိခြင်း၊
၃။ ကာမတို့၌ မှားယွင်းစွာ ကျင့်လေ့ရှိခြင်း၊
၄။ မုသားစကား ပြောလေ့ ရှိခြင်း၊
၅။ မူးယစ်ဆေးဝါး မှီဝဲသုံးစွဲလေ့ရှိခြင်း။ (သံ၊၂၊၄၄၀။) (သံ၊မြန်၊၂။၄၃၆။)♦

မိန်းမများ အပါယ်ရောက်ကြောင်း ၃ ပါး

၁။ နံနက်အခါ၌ မစ္ဆရိယအားကြီးသော စိတ်ဖြင့် နေခြင်း၊
၂။ နေ့လည်အခါ၌ ဣဿာအားကြီးသော စိတ်ဖြင့် နေခြင်း၊
၃။ ညနေအခါ၌ ကာမရာဂ အားကြီးသော စိတ်ဖြင့် နေခြင်း။ (အံ၊၁၊၂၈၅။) (အံ၊မြန်၊၁။၃၀၂။)♦

မိန်းမမာယာ ၄၀ ပါး

မိန်းမတို့ လင်ယောကျ်ားကို လွန်ကျူး၍ ကျင့်ကြောင်း ၄၀ ပါးနှင့် တူသည်။ ♦

မိဘကျင့်ဝတ် ၅ ပါး

၁။ မကောင်းမှုမှ တားမြစ်ခြင်း၊
၂။ ကောင်းမှု၌ သက်ဝင်စေခြင်း ညွှန်ကြားခြင်း၊
၃။ အတတ်ကို သင်စေခြင်း၊
၄။ သင့်တော်သော ပုဂ္ဂိုလ်တို့နှင့် ထိမ်းမြားပေးခြင်း၊
၅။ သင့်တော်သော အချိန်၌ အမွေဥစ္စာ, အရင်းအနှီး ထုတ်ပေးအပ်နှင်းခြင်း။ (ဒီ၊၃၊၁၅၄။) (ခုဒ္ဒက၊ဋ္ဌ၊၁၁၆။) (ဒီ၊မြန်၊၃။၁၇၁-၁၇၂။)♦

မိဘတို့၏ သားသမီးတို့အပေါ်၌ ထားသော ဘာဝနာ ၄ မျိုး

မိဘတို့က သားသမီးတို့အပေါ်၌ ပွားများအပ်သော ဘာဝနာ ၄ မျိုးနှင့် တူသည်။ ♦

မိဘတို့၏ အမည် ၃ မျိုး

၁။ ဗြဟ္မာကြီး၊
၂။ လက်ဦးဆရာ၊
၃။ အဝေးမှ ဆောင်ယူလာသော အလှူကို ခံယူထိုက်သူ။ (အံ၊၁၊၁၃၀။) (အံ၊မြန်၊၁။၁၄၈။)♦

မိဘတို့၏ အမည် ၄ မျိုး

၁။ ဗြဟ္မာကြီး၊
၂။ လက်ဦးဆရာ၊
၃။ အိမ်ဦးနတ်၊
၄။ အဝေးမှ ဆောင်၍ လှူအပ်သော အလှူခံ။ (အံ၊၁၊၃၈၁။) (အံ၊မြန်၊၁။၃၉၆။)♦

မိဘတို့က သားသမီးတို့အပေါ်၌ ပွားများအပ်သော ဘာဝနာ ၄ မျိုး

၁။ မေတ္တာဘာဝနာ- မေတ္တာစိတ် ဖြစ်စေခြင်း၊
၂။ ကရုဏာဘာဝနာ- သနားကြင်နာစိတ် ဖြစ်စေခြင်း၊
၃။ မုဒိတာ ဘာဝနာ- ဝမ်းမြောက်ဝမ်းသာစိတ် ဖြစ်စေခြင်း၊
၄။ ဥပေက္ခာဘာဝနာ- မျှတ (လျစ်လျူရှု) စိတ် ဖြစ်စေခြင်း။ (အံ၊ဋ္ဌ၊၂၊၉၉။) (ဣတိဝုတ်၊ဋ္ဌ၊၃၁၈။)♦

မိဘတို့က သားသမီးတို့အား ပြုစုစောင့်ရှောက်ရခြင်း အကြောင်း ၅ ပါး

၁။ အသက်အရွယ် ကြီးရင့်လာသော မိဘတို့အား သားသမီးတို့က တစ်ဖန် ပြုစု လုပ်ကျွေးစေလိုခြင်း၊
၂။ မိဘတို့၏ အလုပ်ကိစ္စတို့ကို အရွယ်ရောက်လာသော သားသမီးတို့က တစ်ဖန် ပြုလုပ်ဆောင်ရွက် စေလိုခြင်း၊
၃။ မိဘတို့၏ မျိုးရိုးစဉ်ဆက်ကို တည်စေလိုခြင်း၊
၄။ မိဘတို့၏ အမွေကို ခံယူစေလိုခြင်း၊
၅။ ကွယ်လွန်သွားကြသော မိဘတို့အတွက် ကုသိုလ်ကောင်းမှု ပြုလုပ်၍ အမျှပေးဝေစေလိုခြင်း။ (ခုဒ္ဒက၊ဋ္ဌ၊၁၁၆။)♦

မိဘတို့အား ကျေးဇူးဆပ်နည်း ၄ မျိုး

၁။ ရတနာသုံးပါး၌ ကြည်ညိုစေခြင်း၊
၂။ သီလပြည့်စုံစေရန် ဆောက်တည်စေခြင်း၊
၃။ ရဟန်းပြုခြင်း။ (ခုဒ္ဒက၊ဋ္ဌ၊၁၁၆)♦

မိဘတို့အား ကျေးဇူးဆပ်နည်း ၄ မျိုး

၁။ သဒ္ဓါတရားမရှိသော မိဘတို့ကို သဒ္ဓါတရားနှင့် ပြည့်စုံ စေရန် ဆောက်တည်စေခြင်း၊
၂။ သီလမရှိသော မိဘတို့ကို သီလနှင့် ပြည့်စုံစေရန် ဆောက်တည် စေခြင်း၊
၃။ နှမြောဝန်တိုသော မိဘတို့ကို ပေးကမ်းစွန့်ကြဲမှုနှင့် ပြည့်စုံစေရန် ဆောက်တည် စေခြင်း၊
၄။ ပညာမရှိသော မိဘတို့ကို ပညာနှင့် ပြည့်စုံစေရန် ဆောက်တည်စေခြင်း။ (အံ၊၁၊၆၃။) (အံ၊မြန်၊၁။၇၅-၇၆။)♦

မိမိ၏ အမှုကံ မဟုတ်သော တရား ၁၀ ပါး

၁။ ကာယဒုစရိုက် (၃) ပါး၊
၂။ ဝစီဒုစရိုက် (၄) ပါး၊
၃။ မနောဒုစရိုက် (၃) ပါး, ပေါင်း (၁၀) ပါး။ (သာရတ္ထ၊ဋီ၊၂၊၆၂။)♦

မိမိကိုယ်ကို ကဲ့ရဲ့ကြောင်း ၂ ပါး

၁။ ပြုအပ်ပြီးသောကြောင့် ကဲ့ရဲ့ခြင်း (ငါသည် ကာယဒုစရိုက် စသည်ကို ပြုခဲ့ပြီဟု ကဲ့ရဲ့ခြင်း)၊
၂။ မပြုမိသောကြောင့် ကဲ့ရဲ့ခြင်း (ငါသည် ကာယသုစရိုက် စသည်ကို မပြုခဲ့ပြီဟု ကဲ့ရဲ့ခြင်း) ။ (မဟာနိ၊၄၁။) (မဟာနိ၊၂၅၈။)♦

မိမိကိုယ်ပိုင်ဥစ္စာ ကံ ၁၀ မျိုး

၁။ ကာယသုစရိုက် ၃ မျိုး၊
၂။ ဝစီသုစရိုက် ၄ မျိုး၊
၃။ မနော သုစရိုက် ၃ မျိုး ပေါင်း ၁၀ မျိုး။ (အဘိ၊ဋ္ဌ၊၂၊၃၉၇။) (သာရတ္ထ၊ဋီ၊၂၊၆၂။)♦

မိမိသန္တာန်၌ ဖြစ်စေသင့်သော တရား ၁၀ ပါး

၁။ သူ့အသက် သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း၊
၂။ သူ့ဥစ္စာခိုးယူခြင်းမှ ရှောင်ကြဉ်ခြင်း၊
၃။ ကာမတို့၌ မှားယွင်းသော အကျင့်မှ ရှောင်ကြဉ်ခြင်း၊
၄။ မဟုတ်မမှန် ပြောမှုမှ ရှောင်ကြဉ်ခြင်း၊
၅။ ကုန်းချောမှုမှ ရှောင်ကြဉ်ခြင်း၊
၆။ ရုန့်ရင်း ကြမ်းတမ်းစွာ ပြောဆိုမှုမှ ရှောင်ကြဉ်ခြင်း၊
၇။ ပြိန်ဖျင်းသော စကားပြောဆိုခြင်းမှ ရှောင် ကြဉ်ခြင်း၊
၈။ သူတစ်ပါးဥစ္စာကို ရှေးရှုကြံစည်မှုမှ ရှောင်ကြဉ်ခြင်း၊
၉။ သတ္တဝါတို့အား ပျက်စီး လိုမှုမှ ရှောင်ကြဉ်ခြင်း၊
၁၀။ မှန်သော အမြင်ရှိခြင်း။ (အံ၊၃၊၄၈၂-၄၈၇။) (အံ၊မြန်၊၃။၄၇၂-၄၇၈။)♦

မိမိသန္တာန်၌ မဖြစ်စေသင့်သော တရား ၁၀ ပါး

၁။ သူ့အသက် သတ်ခြင်း၊
၂။ သူ့ဥစ္စာခိုးခြင်၊
၃။ ကာမတို့၌ မှားယွင်းစွာ ကျင့်ခြင်း၊
၄။ မဟုတ်မမှန် ပြောဆိုခြင်း၊
၅။ ကုန်းချောခြင်း၊
၆။ ရုန့်ရင်းကြမ်းတမ်းသော စကားကို ပြောဆိုခြင်း၊
၇။ ပြိန်ဖျင်းသော စကားကို ပြောဆိုခြင်း၊
၈။ သူတစ်ပါးဥစ္စာကို ရှေးရှုကြံစည်ခြင်း၊
၉။ သတ္တဝါတို့အား ဖျက်ဆီးလိုခြင်း၊
၁၀။ မှားသော အမြင်ရှိခြင်း။ (အံ၊၃၊၄၈၂-၄၈၇။) (အံ၊မြန်၊၃။၄၇၂-၄၇၈။)♦

မိမိသဘောအားဖြင့် သေခြင်း ၂ မျိုး

၁။ အသက်ကုန်၍ သေခြင်း၊
၂။ ကုသိုလ်ကုန်၍ သေခြင်း။ (အနုဋီ၊၂၊၇၀။)♦

မိလိန္ဒပဥှာ၌ အခန်း ၆ မျိုး

၁။ အရှင်နာဂသေန မထေရ်နှင့် မိလိန္ဒမင်းကြီးတို့၏ ရှေးဘဝ ဆုတောင်းခန်း၊
၂။ မိလိန္ဒမင်းကြီး၏ ပြဿနာအခန်း၊
၃။ တရားတို့၏ မှတ်ကြောင်း လက္ခဏာကို မေးသော အခန်း၊
၄။ ဆိတ်ချိုနှင့် တူသော ကောက်တကျစ်မေးခွန်းအခန်း၊
၅။ မှန်းဆသော အားဖြင့် မေးသောအခန်း၊
၆။ ဥပမာစကားကို မေးသောအခန်း။ (မိလိန္ဒ၊၂။) (မိလိန္ဒ၊မြန်။၃။)♦

မိလိန္ဒမင်းကြီး ဆောက်တည်သော ကျင့်ဝတ် ၈ ပါး

၁။ ခုနစ်ရက်ပတ်လုံး မင်းနှင့် စပ်သော ကိစ္စအားလုံးကို မဆုံးမခြင်း၊
၂။ ရာဂနှင့် စပ်သော စိတ်ကို မဖြစ်စေခြင်း၊
၃။ ဒေါသနှင့် စပ်သော စိတ်ကို မဖြစ်စေခြင်း၊
၄။ မောဟနှင့် စပ်သော စိတ်ကို မဖြစ်စေခြင်း၊
၅။ ကျွန် အမှုလုပ်သမားဖြစ်ကုန်သော သူတို့၌သော်လည်း မိမိကိုယ်ကို နှိမ့်ချခြင်း၊
၆။ ကိုယ်နှုတ်တို့ကို အစဉ်စောင့်ရှောက်ခြင်း၊
၇။ အာယတနခြောက်ပါးတို့ကို အကြွင်းမဲ့ စောင့်စည်းခြင်း၊
၈။ မေတ္တာဘာဝနာ၌ စိတ်ကို ထည့်သွင်းခြင်း။ (မိလိန္ဒ၊၉၇။) (မိလိန္ဒ၊မြန်။၁၀၅။)♦

မိလိန္ဒမင်းကြီး သင်ယူတတ်ကျွမ်းသည့် ကျမ်းဂန် အတတ် ၁၉ မျိုး

၁။ သုတိ- ဟု ဆိုအပ်သော ဝေဒကျမ်း အတတ်၊
၂။ သမ္မုတိ(သမိတိ)ဟု ဆိုအပ်သော ကမ္ဘာ့ဥပဒေသကျမ်း အတတ်၊
၃။ သင်္ချာခေါ် အဘိဓမ္မာကျမ်း အတတ်၊
၄။ ယောဂခေါ် အဘိဓမ္မာကျမ်း အတတ်၊
၅။ နီတိကျမ်း အတတ်၊
၆။ ဝိသေသိကာခေါ် အဘိဓမ္မာကျမ်းအတတ်၊
၇။ အတွက်အချက် သင်္ချာကျမ်း အတတ်၊
၈။ အတီးအမှုတ် တူရိယာပညာကျမ်းအတတ်၊
၉။ ဆေးကုခြင်း အတတ်ကို ပြဆိုထားသော တိကိစ္ဆကျမ်း အတတ်၊
၁၀။ လေးအတတ်ကို ပြဆိုထားသော ဓနုဗ္ဗေဒကျမ်း အတတ်၊
၁၁။ ပုရာဏ်ကျမ်း (ကမ္ဘာ့ရှေးဟောင်းကျမ်း) အတတ်၊
၁၂။ ဣတိဟာသကျမ်း အတတ်၊
၁၃။ ဇောတိသ ခေါ် ဗေဒင်ကျမ်း အတတ်၊
၁၄။ မာယာကျမ်း (လှည့်စားခြင်း, အလိမ္မာသုံးခြင်းကို ပြသောကျမ်း) အတတ်၊
၁၅။ တက္ကဗေဒခေါ် ဟေတုဝိဇ္ဇာကျမ်း အတတ်၊
၁၆။ မန္တာန်ကျမ်းအတတ်၊
၁၇။ ယုဒ္ဓကျမ်း (စစ်ရေးစစ်ရာနှင့် သက်ဆိုင်သော ပညာရပ်ကို ပြသောကျမ်း) အတတ်၊
၁၈။ ဆန်းကျမ်း အတတ်၊
၁၉။ ဘုရားဟော ပါဠိတော်ဟူသော ကျမ်းဂန်အတတ်။ (မိလိန္ဒ၊၄။) (မိလိန္ဒ၊မြန်။၅။)♦

မိလိန္ဒမင်းလောင်းလျာ သာမဏေ၏ ဆုတောင်း ၂ မျိုး

၁။ တံမြက်ချေးအမှိုက် စွန့်ပစ်ရသော ကုသိုလ်ကြောင့် နိဗ္ဗာန်မရမီ စပ်ကြား ဖြစ်လေရာဘဝတိုင်း၌ မွန်းတည့်နေကဲ့သို့ ဘုန်းကံ ကြီးသူ တန်ခိုးတေဇော်ကြီးသူ ဖြစ်ရပါလို၏ဟု ဆုတောင်းခြင်း၊
၂။ ဂင်္ဂါမြစ်၏ လှိုင်းတံပိုး အဟုန်တို့ကဲ့သို့ မကုန်ခန်းနိုင်သော ဉာဏ်ပဋိဘာန်ရှိသူ ဖြစ်ရပါလို၏ဟု ဆုတောင်းခြင်း။ (မိလိန္ဒ၊၃။) (မိလိန္ဒ၊မြန်။၄။)♦

မိုး ၄ မျိုး

၁။ ချုန်းသာ ချုန်း၍ မရွာသော မိုး၊
၂။ ရွာသာ ရွာ၍ မချုန်းသော မိုး၊
၃။ ချုန်းလည်း မချုန်း ရွာလည်း မရွာသော မိုး၊
၄။ ချုန်းလည်း ချုန်း ရွာလည်း ရွာသော မိုး။ (အံ၊၁၊၄၁၆-၄၁၇။) (အဘိ၊ပု၊၁၄၈။) (အံ၊မြန်၊၁။၄၂၉။) (အဘိ၊ပု၊မြန်။၅၂။)♦

မိုး ၉ မျိုး

၁။ ရေမိုး ရွာခြင်း၊
၂။ မြတ်လေးပန်းမိုး ရွာခြင်း၊
၃။ ပဲမိုး ရွာခြင်း၊
၄။ အသပြာငွေမိုး ရွာခြင်း၊
၅။ အဝတ်တန်ဆာမိုး ရွာခြင်း၊
၆။ လက်နက်မိုး ရွာခြင်း၊
၇။ မီးကျီးမီးခဲမိုး ရွာခြင်း၊
၈။ ကျောက်ခဲမိုး ရွာခြင်း၊
၉။ သဲမိုး ရွာခြင်း။ (မ၊ဋီ၊၃၊၃၂။)♦

မိုး အန္တရာယ် ၅ မျိုး (နိမိတ်ဖတ်သူတို့ မသိမြင်နိုင်သော မိုး၏ အန္တရာယ် ၅ မျိုး)

၁။ အထက် ကောင်းကင်၌ တေဇောဓာတ် ဖောက်ပြန်ပျက်စီးခြင်းကြောင့် ဖြစ်ပေါ်လာသော မိုးတို့သည် တစ်ဖန် ပျောက်ကင်းကုန်ခြင်း မိုးမရွာခြင်း၊
၂။ အထက်ကောင်းကင်၌ ဝါယောဓာတ် ဖောက်ပြန် ပျက်စီးခြင်းကြောင့် ဖြစ်ပေါ်လာသော မိုးတို့သည် တစ်ဖန် ပျောက်ကင်းကုန်ခြင်း မိုးမရွာခြင်း၊
၃။ ရာဟုအသုရိန်သည် လက်ဖြင့် မိုးရေကို ခံပြီး သမုဒ္ဒရာ၌ စွန့်ပစ်၍ မိုးမရွာခြင်း၊
၄။ မိုးတိမ် ‘‘ဝဿဝလာဟက’’ နတ်တို့သည် မေ့လျော့ကုန်၍ မိုးမရွာခြင်း၊
၅။ လူတို့ တရားမစောင့် ကုန်၍ မိုးမရွာခြင်း။ (အံ၊၂၊၂၁၂။) (အံ၊၂၊၂၁၂။) (အံ၊မြန်၊၂။၂၆၆-၂၆၇။) (အံ၊မြန်၊၂။၂၆၆။)♦

မိုးကြိုး ၉ မျိုး

၁။ သညာကင်းအောင် သတိမေ့အောင် ပြုစွမ်းနိုင်သော (အသညာ) မိုးကြိုး၊
၂။ ဝိစက္ကိ မည်သော မိုးကြိုး (မိုးကြိုးစက်)၊
၃။ လျှပ်စစ်မိုးကြိုး (သတေရမည်သော မိုးကြိုး)၊
၄။ ဂဂ္ဂရမိုးကြိုး, ဂက်ဂက်မြည်သော မိုးကြိုး၊
၅။ မျောက်ဦးခေါင်းသဏ္ဌာန်ရှိသော မိုးကြိုး (ကပိသီသမိုးကြိုး)၊
၆။ ရေ၌ ချောက်ချားသော ငါးနှင့် တူသော မိုးကြိုး (မစ္ဆဝိလောလိကာ မိုးကြိုး)၊
၇။ အတောင်ဖြန့်သော ကြက်နှင့် တူသော မိုးကြိုး (ကုက္ကုဋကမိုးကြိုး)၊
၈။ ထွန်တုံးနှင့် တူသော (ဒဏ္ဍမဏိက) မိုးကြိုး၊
၉။ သုက္ခာသနိ မည်သော မိုးကြိုး (ခြောက်ကပ်ကပ်ခြိန်းသော မိုးကြိုး)။ (ဒီ၊ဋ္ဌ၊၂၊၁၆၀။) (ဒီ၊ဋ္ဌ၊မြန်၊၂။၃၀၁။)♦

မိုးကြိုးပစ်သော်လည်း မထိတ်လန့်သော ပုဂ္ဂိုလ် ၂ မျိုး

၁။ အာသဝေါ ကုန်ခန်းပြီးသော ရဟန္တာ၊
၂။ ဆင်အာဇာနည်။ (အံ၊၁၊၇၆။) (အံ၊မြန်၊၁။၉၁။)♦

မိုးကြိုးပစ်သော်လည်း မထိတ်လန့်သော ပုဂ္ဂိုလ် ၂ မျိုး (တစ်နည်း)

၁။ အာသဝေါ ကုန်ခန်းပြီးသော ရဟန္တာ၊
၂။ မြင်းအာဇာနည်။ (အံ၊၁၊၇၆။) (အံ၊မြန်၊၁။၉၁။)♦

မိုးကြိုးပစ်သော်လည်း မထိတ်လန့်သော ပုဂ္ဂိုလ် ၂ မျိုး (တစ်နည်း)

၁။ အာသဝေါ ကုန်ခန်းပြီးသော ရဟန္တာ၊
၂။ သားများသနင်း ခြင်္သေ့မင်း။ (အံ၊၁၊၇၇။) (အံ၊မြန်၊၁။၉၁။) (ထေရ၊ဋ္ဌ၊၁၊၆။)♦

မိုးနှင့် တူသော ပုဂ္ဂိုလ် ၃ မျိုး

၁။ အဝုဋ္ဌိကသမပုဂ္ဂိုလ်- ထစ်ချုန်းရုံသာ ထစ်ချုန်း၍ မရွာသော မိုးနှင့် တူသော ပုဂ္ဂိုလ်၊
၂။ ပဒေသဝဿီပုဂ္ဂိုလ်- ကွက်ကြားရွာသော မိုးနှင့် တူသော ပုဂ္ဂိုလ်၊
၃။ သဗ္ဗတ္ထာဘိဝဿီပုဂ္ဂိုလ်- အလုံးစုံသော အရပ်ဒေသတို့၌ ထစ်ချုန်းလျက် ရွာသွန်းသော မိုးနှင့် တူသော ပုဂ္ဂိုလ်။ (ခုဒ္ဒက၊၂၃၉။) (ခုဒ္ဒက၊မြန်။၂၂၄။)♦

မိုးနှင့် တူသော ပုဂ္ဂိုလ် ၄ မျိုး

၁။ ပြောရုံသာ ပြော၍ ပြောသည့်အတိုင်း မလုပ်သော ပုဂ္ဂိုလ်၊
၂။ အလုပ်ကိုသာ လုပ်၍ မပြောသည့် ပုဂ္ဂိုလ်၊
၃။ ပြောလည်း ပြော၍ ပြောသည့်အတိုင်း လုပ်သော ပုဂ္ဂိုလ်၊
၄။ မပြောလည်း မပြော လုပ်လည်း မလုပ်သော ပုဂ္ဂိုလ်။ (အဘိ၊ပု၊၁၄၉။) (အဘိ၊ပု၊မြန်။၅၂။)♦

မိုးနှင့်ယောဂီ တူပုံ ၅ မျိုး

၁။ မိုးသည် ဖြစ်ပေါ်လာသော မြူအညစ်အကြေးကို ငြိမ်းစေခြင်း (ထို့အတူ ယောဂီပုဂ္ဂိုလ်သည် ပေါ်လာသော ကိလေသာမြူအညစ်ကြေး ငြိမ်းစေခြင်း)၊
၂။ မိုးသည် မြေ၌ အပူကို ငြိမ်းစေခြင်း (ထို့အတူ ယောဂီပုဂ္ဂိုလ်သည် မေတ္တာဘာဝနာဖြင့် နတ်နှင့် တကွသော လူအပေါင်းကို ငြိမ်းစေခြင်း)
၃။ မိုးသည် အလုံးစုံသော မျိုးစေ့တို့ကို ပေါက်ရောက်စေခြင်း (ထို့အတူ ယောဂီပုဂ္ဂိုလ်သည် သဒ္ဓါတရားတည်းဟူသော မျိုးစေ့ကို ဖြစ်စေ၍ လူချမ်းသာ, နတ်ချမ်းသာ, နိဗ္ဗာန်ချမ်းသာဟူသော စည်းစိမ်ချမ်းသာတို့၌ စိုက်ပျိုးရခြင်း)၊
၄။ မိုးသည် ဥတုအားဖြင့် ဖြစ်ပွား၍ မြေအပြင်၌ ပေါက်ရောက်ကုန်သော မြက်သစ်ပင် ချုံနွယ် ဆေးပင် တော..သစ်ပင်တို့ကို စောင့်ရှောက်ခြင်း (ထို့အတူ ယောဂီ ပုဂ္ဂိုလ်သည် အသင့်အားဖြင့် နှလုံးသွင်းခြင်း ယောနိသောမနသိကာရဖြင့် ရဟန်းတရားတို့ကို စောင့်ရှောက်ရခြင်း)၊
၅။ မိုးသည် ရွာသည်ရှိသော် မြစ် တစ်ဖက်ဆည်ကန် ရေအိုင် စသည် တို့ကို ရေအယဉ်ဖြင့် ပြည့်စေခြင်း (ထို့အတူ ယောဂီပုဂ္ဂိုလ်သည် ပါဠိသင်ခြင်း၊ အဋ္ဌကထာ သင်ခြင်းစသော တရားတည်းဟူသော မိုးကို အလွန် ရွာသွန်းစေ၍ မဂ်ဖိုလ်ကို အလိုရှိ ကုန်သော သူတို့၏ စိတ်ကို ထက်ဝန်းကျင် ပြည့်စေခြင်း) ။ (မိလိန္ဒ၊၃၉၆။) (မိလိန္ဒ၊မြန်။၄၁၈။)♦

မိုးရွာကြောင်း ၈ မျိုး

၁။ နဂါးတို့၏ တန်ခိုးအာနုဘော်ကြောင့် ရွာခြင်း၊
၂။ ဂဠုန်တို့၏ တန်ခိုး အာနုဘော်ကြောင့် ရွာခြင်း၊
၃။ ဝေဿဝလာဟကနတ်တို့၏ အာနုဘော်ကြောင့် ရွာခြင်း၊
၄။ သစ္စာဓိဋ္ဌာန်ပြုခြင်းကြောင့် ရွာခြင်း၊
၅။ ရာသီဥတုဖြစ်ပေါ်မှုကြောင့် ရွာခြင်း၊
၆။ မာရ်နတ် လှည့်စားခြင်းကြောင့် ရွာခြင်း၊
၇။ တန်ခိုးရှင်တို့၏ တန်ခိုးပြမှု စွမ်းအားကြောင့် ရွာခြင်း၊
၈။ ဖျက်ဆီးကြောင်းဖြစ်သော မိုးတိမ်ကြောင့် ရွာခြင်း။ (သံ၊ဋ္ဌ၊၂၊၃၂၂။)♦

မိုးရေခံသင်္ကန်း ခေတ် ၄ မျိုး

၁။ သင်္ကန်း ရှာမှီးရာခေတ်၊
၂။ ချုပ်ဆိုးမှု စသည် ပြုရာခေတ်၊
၃။ ဝတ်ရာခေတ်၊
၄။ အဓိဋ္ဌာန်တင်ရာခေတ်။ (ဝိ၊ဋ္ဌ၊၂၊၂၉၈။)♦

မိုးရေခံသင်္ကန်း ထားခဲ့နိုင်ကြောင်း ၅ ပါး

၁။ မကျန်းမမာ ဖျားနာနေခြင်း၊
၂။ သိမ်အပသို့ သွားရောက်လိုခြင်း၊
၃။ မြစ်တစ်ဖက်ကမ်းသို့ သွားရောက်လိုခြင်း၊
၄။ လုံခြုံသော တံခါးရွက် ရှိသော ကျောင်းဖြစ်ခြင်း၊
၅။ မိုးရေခံသင်္ကန်းကို မချုပ်ရသေးခြင်း, ချုပ်၍ မပြီးဆုံးသေးခြင်း။ (ဝိ၊၃၊၄၁၃။) (ဝိ၊မြန်၊၃။၄၁၇။)♦

မိုးရေခံသင်္ကန်း သမယ ၂ မျိုး

၁။ တန်ဆောင်မုန်းလပြည့်ကျော် တစ်ရက်မှ နယုန်လပြည့်နေ့ အထိ (၇) လအတွင်းသည် ပိဋ္ဌိသမယ မည်၏၊
၂။ နယုန်လပြည့်ကျော် တစ်ရက်မှ တန်ဆောင်မုန်း လပြည့်နေ့ အထိ (၅) လ အတွင်းသည် ကုစ္ဆိသမယ မည်၏။ (ဝိ၊ဋ္ဌ၊၂၊၂၉၈။)♦

မိုးရေခံသင်္ကန်းကို ဝတ်ခြင်းကြောင့် အာပတ်သင့်ကြောင်း ၄ မျိုး

၁။ မိုးရေခံသင်္ကန်းနှင့် တကွ ဖြစ်ခြင်း၊
၂။ ဘေးရန် မရှိခြင်း၊
၃။ မိုးရေခံသင်္ကန်းသည် မိမိကိုယ်ပိုင်ဥစ္စာ ဖြစ်ခြင်း၊
၄။ သတ်မှတ်ထားသော အခါမဟုတ်သည်၌ ဝတ်ရုံခြင်း။ (သာရတ္ထ၊ဋီ၊၂၊၄၄၀။) (ဝိမတိ၊၁၊၃၅၇။)♦

မီး ၁၁ မျိုး

၁။ ရာဂမီး၊
၂။ ဒေါသမီး၊
၃။ မောဟမီး၊
၄။ ဇာတိ ပဋိသန္ဓေမီး၊
၅။ အိုခြင်း ဇရာမီး၊
၆။ သေခြင်း မရဏမီး၊
၇။ စိုးရိမ်ခြင်း သောကမီး၊
၈။ ငိုကြွေးခြင်း ပရိဒေဝမီး၊
၉။ ကိုယ်ဆင်းရဲခြင်း ဒုက္ခမီး၊
၁၀။ စိတ်ဆင်းရဲခြင်း ဒေါမနဿမီး၊
၁၁။ ပြင်းစွာ ပူပန်ခြင်း ဥပါယာသမီး။ (သာရတ္ထ၊ဋီ၊၂၊၈၉။) (ဝိမတိ၊၁၊၁၄၃။)♦

မီး ၃ မျိုး (တစ်နည်း)

၁။ နရကဂ္ဂိ- ငရဲမီး၊
၂။ ကပ္ပုဋ္ဌာနဂ္ဂိ- ကမ္ဘာဖျက်မီး၊
၃။ ဒုက္ခဂ္ဂိ- ဆင်းရဲဒုက္ခမီး။ (အပ၊ဋ္ဌ၊၁၊၃၁၃။)♦

မီး ၃ မျိုး (တစ်နည်း)

၁။ နိရယဂ္ဂိ- ငရဲမီး၊
၂။ ပေတဂ္ဂိ- ပြိတ္တာမီး၊
၃။ သံသာရဂ္ဂိ- သံသရာမီး။ (အပ၊ဋ္ဌ၊၁၊၃၂၉။)♦

မီး ၃ မျိုး (တစ်နည်း) (ပူဇော်ထိုက်သော မီး ၃ မျိုး)

၁။ အမိ အဖဟု ဆိုအပ်သော အပူဇော်ခံ မီး- အာဟုနေယျဂ္ဂိ၊
၂။ အိမ်ရှင် လင်ယောကျ်ား ဟူသော မီး-ဂဟပတဂ္ဂိ၊
၃။ အလှူခံ ရဟန်းပုဏ္ဏား ဟူသော မီး-ဒက္ခိဏေယျဂ္ဂိ။ (ဒီ၊၃၊၁၈၂။)) (အံ၊၂၊၄၃၁။) (ဒီ၊မြန်၊၃။၂၀၅။) (အံ၊မြန်၊၂။၅၄၅-၅၄၆။)♦

မီး ၃ မျိုး (မမှီဝဲအပ်သော မီး ၃ မျိုး)

၁။ ကာမဂုဏ်တို့၌ တပ်မက်သော သတွာတို့အား လောင်မြိုက်တတ်သော ရာဂမီး၊
၂။ သူတစ်ပါးအသက်ကို သတ်လေ့ရှိသော သတွာတို့အား လောင်မြိုက်တတ်သော ဒေါသမီး၊
၃။ အရိယဓမ္မ၌ တွေဝေနေသော သတွာတို့အား လောင်မြိုက် တတ်သော မောဟမီး။ (ဒီ၊၃၊၁၈၂။) (အံ၊၂၊၄၃၁။) (အဘိ၊ဝိ၊၃၈၃။) (ခုဒ္ဒက၊၂၅၇။) (ပဋိသံ၊ဋ္ဌ၊၂၊၃၁၈။) (ဥဒါန၊ဋ္ဌ၊၁၈၈။) (နေတ္တိ၊ဝိဘာ၊၂၇၅။) (ဒီ၊မြန်၊၃။၂၀၂။) (အံ၊မြန်၊၂။၅၄၄။) (အဘိ၊ဝိ၊မြန်၊၂။၄၈၀။) (ခုဒ္ဒက၊မြန်။၂၄၂။)♦

မီး ၇ မျိုး

၁။ ရာဂမီး၊
၂။ ဒေါသမီး၊
၃။ မောဟမီး၊
၄။ အပူဇော်ခံ-အမိအဖမီး၊
၅။ အိမ်ရှင်မီး၊
၆။ အလှူခံ ရဟန်းမီး၊
၇။ ထင်းမီး။ (အံ၊၂၊၄၂၈။) (အံ၊မြန်၊၂။၅၄၂။)♦

မီး အင်္ဂါ ၅ ပါး

၁။ မီးသည် မြက်, ထင်း, သစ်ခက်, သစ်ရွက်တို့ကို လောင်တတ်ခြင်း (ထို့အတူ ယောဂီပုဂ္ဂိုလ်သည် အတွင်းအပြင်၌ ဖြစ်ကုန်သော ဣဋ္ဌာရုံ အနိဋ္ဌာရုံကို ခံစားတတ်ကုန်သော ကိလေသာအားလုံးတို့ကို ဉာဏ်တည်းဟူသော မီးဖြင့် ရှို့မြှိုက်ခြင်း၊
၂။ မီးသည် သနားမှု, ကြင်နာမှု, မရှိခြင်း (ထို့အတူ ယောဂီပုဂ္ဂိုလ်သည် အလုံးစုံသော ကိလေသာတို့၌ သနား ကြင်နာမှုကို မပြုခြင်း)၊
၃။ မီးသည် အအေးကို ပယ်ဖျောက်ခြင်း (ထို့အတူ ယောဂီပုဂ္ဂိုလ်သည် ဝီရိယတည်းဟူသော အပူမီးကို ဖြစ်စေ၍ ကိလေသာတို့ကို ပယ်ဖျောက်ခြင်း)၊
၄။ မီးသည် ချစ်ခြင်း မုန်းခြင်းမှ လွတ်ကင်းလျက် အပူကို ဖြစ်စေခြင်း (ထို့အတူ ယောဂီပုဂ္ဂိုလ်သည်ချစ်ခြင်း မုန်းခြင်းမှ လွတ်ကင်းသော မီးနှင့် တူသော စိတ်ဖြင့် နေခြင်း)၊
၅။ မီးသည် အမိုက်မှောင်ကို ပယ်ဖျောက်၍ အလင်းရောင်ကို ပြခြင်း (ထို့အတူ ယောဂီပုဂ္ဂိုလ်သည် အဝိဇ္ဇာတည်းဟူသော အမိုက်တိုက်ကို ပယ်ဖျောက်၍ ဉာဏ်တည်းဟူသော အလင်းရောင်ကို ပြခြင်း)။ (မိလိန္ဒ၊၃၆၇။) (မိလိန္ဒ၊မြန်။၃၉၀။)♦

မီးလှုံခြင်း အပြစ် ၅ မျိုး

၁။ မျက်စိ မကြည်လင်ခြင်း၊
၂။ အဆင်းမလှခြင်း၊
၃။ အားနည်းခြင်း၊
၄။ အပေါင်းအဖော်၌ မွေ့လျော်မှု တဏှာကို ပွားခြင်း၊
၅။ တိရစ္ဆာနကထာ စကားများ ဖြစ်ပေါ်စေခြင်း။ (အံ၊၂၊၂၂၄။) (အံ၊မြန်၊၂။၂၈၃။)♦

မုဆိုးတို့၏ အင်္ဂါ ၄ ပါး

၁။ သားမုဆိုးသည် အနည်းငယ်သာ အိပ်ခြင်း (ထို့အတူ ယောဂီ ပုဂ္ဂိုလ်သည် အအိပ်အနေ နည်းရခြင်း)၊
၂။ သားမုဆိုးသည် သားသမင်တို့၌သာလျှင် စိတ်ကို မြဲစွာ နှောင်ဖွဲဲ့ခြင်း (ထို့အတူ ယောဂီပုဂ္ဂိုလ်သည် ကမ္မဋ္ဌာန်းအာရုံ၌သာလျှင် စိတ်ကို မြဲစွာ နှောင်ဖွဲ့ထားရခြင်း)၊
၃။ သားမုဆိုးသည် ပြုဖွယ်အမှုကိစ္စ၏ အချိန်ကာလကို သိရခြင်း (ထို့အတူ ယောဂီပုဂ္ဂိုလ်သည် ‘‘ဤအချိန်သည် တစ်ပါးတည်း ကိန်းအောင်းရမည့် အချိန်တည်း၊ ဤအချိန်သည် ကိန်းအောင်းရာမှ ထွက်ရမည့် အချိန်တည်း’’ဟု ကိန်းအောင်း ခြင်း၏ အချိန်အခါကို သိရခြင်း)၊
၄။ သားမုဆိုးသည် သားသမင်ကို တွေ့မြင်သည်ရှိသော် ‘‘ဤ သမင်ကို ငါရတော့မည်’’ဟု ရွှင်လန်းခြင်းကို ဖြစ်စေခြင်း (ထို့အတူ ယောဂီပုဂ္ဂိုလ်သည် ကမ္မဋ္ဌာန်းအာရုံ၌ အလွန်မွေ့လျော်သည်ဖြစ်၍ လွန်မြတ်သော တရားထူးကို ရတော့အံ့ဟု ရွှင်ပြမှုကို ဖြစ်စေခြင်း) ။ (မိလိန္ဒ၊၃၉၇။) (မိလိန္ဒ၊မြန်။၄၂၀။)♦

မုနိ ၆ ပါး

၁။ အဂါရမုနိ- လူဝတ်ကြောင်ဘဝဖြင့် မဂ်ဖိုလ်နိဗ္ဗာန်ကို သိမြင်သော ပုဂ္ဂိုလ်၊
၂။ အနာဂါရမုနိ- ရဟန်းသာမဏေ ဘဝဖြင့် မဂ်ဖိုလ်နိဗ္ဗာန်ကို သိမြင်သော ပုဂ္ဂိုလ်၊
၃။ သေခမုနိ- သောတာပတ္တိမဂ္ဂဋ္ဌာန် အစ အရအတ္တမဂ္ဂဋ္ဌာန် အဆုံးရှိသော ခုနစ်ယောက်သော သေက္ခ ပုဂ္ဂိုလ်၊
၄။ အသေခမုနိ- ကိလေသာ ကုန်ခန်းပြီးဖြစ်သော ရဟန္တာပုဂ္ဂိုလ်၊
၅။ ပစ္စေက မုနိ- ပစ္စေကဗုဒ္ဓါ၊
၆။ မုနိမုနိ- သဗ္ဗညုဘုရားရှင်။ (မဟာနိ၊၄၄။) (မဟာနိ၊၂၆၁။) (စူဠနိ၊၇၄။)♦

မုနိ စွပ်စွဲကဲ့ရဲ့ မခံရကြောင်း ၂ ပါး

၁။ အပြစ်ကို မပြုတတ်သော မုနိသည် အပြစ်ကို မပြုတတ် သောကြောင့် စွပ်စွဲခြင်း မကပ်ရောက်၊
၂။ အပြစ်ကို မပြုတတ်သော မုနိသည် အပြစ်ကို မပြုလိုက်ရဟူ၍ စွပ်စွဲခြင်းသို့ မကပ်ရောက်။ (မဟာနိ၊၄၇။)♦

မုလေးပင် ၂ မျိုး

၁။ နွယ်မုလေးပင်၊
၂။ ပကတိမုလေးပင်။ (ဇာ၊ဋ္ဌ၊၇၊၃၁၄။)♦

မုသားစကား ပြောဆိုခြင်းကြောင့် ဖြစ်သော အာသဝ ၃ ပါး

၁။ ကာမာသဝ- လိုချင်မှု ကာမဟူသော ယိုစီးတတ် ဖြစ်တတ်သော သဘော၊
၂။ ဒိဋ္ဌာသဝ- သတ္တဝါတို့၏ သန္တာန်၌ ယိုစီး ဖြစ်ပွား နေတတ်၍ မူးယစ်မိုက်မဲစေတတ်သော ဒိဋ္ဌိ (အယူမှား, အမြင်မှား) ဟူသော အာသဝေါတရား၊
၃။ အဝိဇ္ဇာသဝ-အဝိဇ္ဇာဟူသော အာသဝတရား။ (မ၊ဋ္ဌ၊၃၊၂၉။)♦

မုသာစကား ဖြစ်ပုံ ၃ မျိုး

၁။ မုသားစကား မပြောမှီ ရှေးအဖို့၌ မုသားစကားပြောအံ့ဟု အကြံ ဖြစ်ခြင်း၊
၂။ မုသားစကား ပြောဆဲစကား၌ မုသားစကားကို ပြောနေ၏ဟု သိခြင်း၊
၃။ မုသား စကားကို ပြောဆိုပြီးသော အခါ၌ ငါသည် မုသားစကားကို ပြောဆိုခဲ့ပြီဟု သိခြင်း။ (မဟာနိ၊ ၁၁၈။) (မဟာနိ၊၃၀၉။) (စူဠနိ၊၂၀၄။)♦

မုသားစကား ဖြစ်ပုံ ၄ မျိုး

၁။ မုသားစကား ဆိုအံ့ဟု ကြိုတင်ကြံစည်ခြင်း၊
၂။ မုသားဆိုသူအား ငါ မုသားဆိုနေ၏ဟု သိခြင်း၊
၃။ မုသားဆိုပြီး သူအား ငါ မုသားဆိုခဲ့ပြီဟု သိခြင်း၊
၄။ မိမိ အယူကို ဖုံးကွယ်၍ ဆိုခြင်း။ (မဟာနိ၊၁၁၈။) (မဟာနိ၊၃၀၉။)♦

မုသားစကား ဖြစ်ပုံ ၅ မျိုး

၁။ မုသားစကား ဆိုအံ့ဟု ကြိုတင်ကြံစည်ခြင်း၊
၂။ ငါ မုသား ဆိုနေ၏ဟု သိခြင်း၊
၃။ ငါ မုသားဆိုခဲ့ပြီဟု သိခြင်း၊
၄။ မိမိအယူကို ဖုံးကွယ်၍ ဆိုခြင်း၊
၅။ မိမိ၏ အလိုကို ဖုံးကွယ်ဆိုခြင်း။ (မဟာနိ၊၁၁၈။) (မဟာနိ၊၃၀၉။)♦

မုသားစကား ဖြစ်ပုံ ၆ မျိုး

၁။ မုသားစကား ဆိုအံ့ဟု ကြိုတင်ကြံစည်ခြင်း၊
၂။ ဆိုဆဲ ပုဂ္ဂိုလ်အား ငါ မုသားဆိုနေ၏ဟု သိခြင်း၊
၃။ ဆိုပြီးသူအား ငါ မုသားဆိုခဲ့ပြီဟု သိခြင်း၊
၄။ မိမိအယူကို ဖုံးကွယ်၍ ဆိုခြင်း၊
၅။ မိမိအလိုကို ဖုံးကွယ်၍ ဆိုခြင်း၊
၆။ မိမိ၏ နှစ်သက်မှုကို ဖုံးကွယ်၍ ဆိုခြင်း။ (မဟာနိ၊၁၁၈။) (မဟာနိ၊၃၀၉။)♦

မုသားစကား ဖြစ်ပုံ ၇ မျိုး

၁။ မုသားစကား ဆိုအံ့ဟု ကြိုတင်ကြံစည်ခြင်း၊
၂။ ဆိုဆဲပုဂ္ဂိုလ်အား ငါ မုသားဆိုနေ၏ဟု သိခြင်း၊
၃။ ဆိုပြီးပုဂ္ဂိုလ်အား ငါ မုသားဆိုခဲ့ပြီဟု သိခြင်း၊
၄။ မိမိအယူကို ဖုံးကွယ်၍ ဆိုခြင်း၊
၅။ မိမိအလိုကို ဖုံးကွယ်၍ ဆိုခြင်း၊
၆။ မိမိနှစ်သက်မှုကို ဖုံးကွယ်၍ ဆိုခြင်း၊
၇။ မိမိအမှတ်ကို ဖုံးကွယ်၍ ဆိုခြင်း။ (မဟာနိ၊၁၁၈။) (မဟာနိ၊၃၀၉။)♦

မုသားစကား ဖြစ်ပုံ ၈ မျိုး

၁။ မုသားစကား ဆိုအံ့ဟု ကြိုတင်ကြံစည်ခြင်း၊
၂။ ဆိုဆဲပုဂ္ဂိုလ်အား ငါ မုသားဆိုနေ၏ဟု သိခြင်း၊
၃။ ဆိုပြီးပုဂ္ဂိုလ်အား ငါ မုသားဆိုခဲ့ပြီဟု သိခြင်း၊
၄။ မိမိ အယူကို ဖုံးကွယ်၍ ဆိုခြင်း၊
၅။ မိမိအလိုကို ဖုံးကွယ်၍ ဆိုခြင်း၊
၆။ မိမိနှစ်သက်သည်ကို ဖုံးကွယ်၍ ဆိုခြင်း၊
၇။ မိမိအမှတ်သညာကို ဖုံးကွယ်၍ ဆိုခြင်း၊
၈။ မိမိသဘောကို ဖုံးကွယ်၍ ဆိုခြင်း။ (မဟာနိ၊၁၁၈။) (မဟာနိ၊၃၀၉။)♦

မုသာဝါဒ ၅ မျိုး

၁။ ပါရာဇိကသို့ ရောက်ကြောင်း မုသာဝါဒ၊
၂။ သံဃာဒိသိသ်သို့ ရောက်ကြောင်း မုသာဝါဒ၊
၃။ ထုလ္လစ္စဉ်းသို့ ရောက်ကြောင်း မုသာဝါဒ၊
၄။ ပါစိတ်သို့ ရောက်ကြောင်း မုသာဝါဒ၊
၅။ ဒုက္ကဋ်သို့ ရောက်ကြောင်း မုသာဝါဒ။ (ဝိ၊၅၊၃၃၆။) (ဝိ၊မြန်၊၅။၄၃၉။)♦

မုသာဝါဒကံမြောက် အင်္ဂါ ၄ ပါး

၁။ အတထံဝတ္ထု- မဟုတ်မမှန်သောဝတ္ထုဖြစ်ခြင်း၊
၂။ ဝိသံဝါဒန စိတ္တံ- လိမ်လည်စိတ် ချွတ်ချော် မှားယွင်းလိုစိတ် ရှိခြင်း၊
၃။ တဇ္ဇောဝါယာမော- မဟုတ် မှန်သော ထိုစကားကို ပြောဆိုရန် အားထုတ်ခြင်း၊
၄။ ပရဿ တဒတ္ထဝိဇာနနံ- သူတစ်ပါးအား ထိုမမှန်မကန်သော အကြောင်းအရာကို သိစေခြင်း။ (ဒီ၊ဋ္ဌ၊၁၊၇၁။) (မ၊ဋ္ဌ၊၁၊၂၀၃။) (သံ၊ဋ္ဌ၊၂၊၁၃၅။) (အဘိ၊ဋ္ဌ၊၁၊၁၄၂။) (ပဋိသံ၊ဋ္ဌ၊၁၊၂၀၅။) (ခုဒ္ဒက၊ဋ္ဌ၊၂၁။) (ဣတိဝုတ်၊ဋ္ဌ၊၂၂၁။) (မဟာနိ၊ဋ္ဌ၊၁၀၀၊၃၉၅။) (သာရတ္ထ၊ဋီ၊၁၊၃၄၄။) (ဒီ၊ဋ္ဌ၊မြန်၊၁။၁၃၅။)♦

မုသာဝါဒကြောင့် သင့်နိုင်သော အာပတ် ၅ မျိုး

၁။ ပါရာဇိကအာပတ်၊
၂။ သံဃာဒိသိသ် အာပတ်၊
၃။ ပါစိတ်အာပတ်၊
၄။ ထုလ္လစ္စဉ်းအာပတ်၊
၅။ ဒုက္ကဋ်အာပတ်။ (ဝိ၊ဋ္ဌ၊၄၊၁၇၂။)♦

မုသာဝါဒသိက္ခာပုဒ်၌ အင်္ဂါ ၂ မျိုး

၁။ ချွတ်ယွင်းသော စကားကို ရှေးရှုပြုခြင်း၊
၂။ ချွတ်ယွင်းလိုသော စိတ်ဖြင့် အကြင်အကြောင်းကို ပြောဆိုလို၏၊ ထိုပုဂ္ဂိုလ်၏ သိစေလိုခြင်းကို လုံ့လပြုခြင်း။ (သာရတ္ထ၊ဋီ၊၃၊၂။)♦

မုသာဝါဒသိက္ခာပုဒ်၌ အင်္ဂါ ၃ ပါး

၁။ မဟုတ်မမှန် ဖောက်ပြန်သောဝတ္ထုဖြစ်ခြင်း၊
၂။ ချွတ်ယွင်း စကားကို ရှေးရှုပြုခြင်း၊
၃။ မိမိပြောလိုသော အကြောင်းအရာကို ထိုပုဂ္ဂိုလ်အား သိစေခြင်း ဟူသော လုံ့လရှိခြင်း။ (ဝိမတိ၊၂၊၂။)♦

မူလပဒ ၁၈ ပါး

၁။ အဝိဇ္ဇာ၊
၂။ တဏှာ၊
၃။ လောဘ၊
၄။ ဒေါသ၊
၅။ မောဟ၊
၆။ သုဘသညာ၊
၇။ သုခသညာ၊
၈။ နိစ္စသညာ၊
၉။ အတ္တသညာ၊
၁၀။ သမထ၊
၁၁။ ဝိပဿနာ၊
၁၂။ အလောဘ၊
၁၃။ အဒေါသ၊
၁၄။ အမောဟ၊
၁၅။ အသုဘသညာ၊
၁၆။ ဒုက္ခသညာ၊
၁၇။ အနိစ္စသညာ၊
၁၈။ အနတ္တသညာ။ (ပေဋကော၊၁၆၉။)♦

မူလပဒ ၁၈ ပါး (တစ်နည်း)

၁။ လောကိယ၊
၂။ လောကုတ္တရ၊
၃။ သတ္တာဓိဋ္ဌာန၊
၄။ ဓမ္မာဓိဋ္ဌာန၊
၅။ ဉာဏ၊
၆။ ဉေယျ၊
၇။ ဒဿန၊
၈။ ဘာဝနာ၊
၉။ သကဝစန၊
၁၀။ ပရဝစန၊
၁၁။ ဝိသဇ္ဇနီယ၊
၁၂။ အဝိသဇ္ဇနီယ၊
၁၃။ ကမ္မ၊
၁၄။ ဝိပါက၊
၁၅။ ကုသလ၊
၁၆။ အကုသလ၊
၁၇။ အနုညာတ၊
၁၈။ ပဋိက္ခိတ္တ။ (နေတ္တိ၊ဋ္ဌ၊၁၃၉။)♦

မူလယမိုက်၌ ဝါရ ၂ မျိုး

၁။ ဥဒ္ဒေသဝါရ၊
၂။ နိဒ္ဒေသဝါရ။ (အဘိ၊ဋ္ဌ၊၃၊၂၈၇။)♦

မူလအားဖြင့် အကုသိုလ် ၃ မျိုး

၁။ လောဘမူလ အကုသိုလ်၊
၂။ ဒေါသမူလ အကုသိုလ်၊
၃။ မောဟမူလ အကုသိုလ်။ (ဝိသုဒ္ဓိ၊၂၊၈၄။)♦

မေ သဒ္ဒါ၏ အနက် ၃ မျိုး

၁။ ဂါထာဘိဂီတံ မေ အဘောဇနေယျံ- စသော ပါဠိရပ်တို့၌ မယာ ဟူသော အနက်၊
၂။ သာဓု မေ ဘန္တေ ဘဂဝါ သံခိတ္တေန ဓမ္မံ ဒေသေတု စသော ပါဠိရပ်တို့၌ မယှံ ဟူသော အနက်၊
၃။ ဓမ္မဒါယာဒါ မေ ဘိက္ခဝေ ဘဝထ စသော ပါဠိရပ်တို့၌ မမ ဟူသော အနက်။ (ခုဒ္ဒက၊ဋ္ဌ၊၈၆။)♦

မေးခြင်း ၅ မျိုး

၁။ နုံ့ခြင်း တွေဝေခြင်းကြောင့် အမေးပြဿနာကို မေးခြင်း၊
၂။ ယုတ်ညံ့သော အလိုဆိုး နှိပ်စက်သည် ဖြစ်၍ မေးခြင်း၊
၃။ နှိပ်စက်လိုသည် ဖြစ်၍ မေးခြင်း၊
၄။ သိလိုသည် ဖြစ်၍ မေးခြင်း၊
၅။ အမေးခံရသူသည် ကောင်းစွာ မဖြေဆိုသော် ထိုသူအား ကောင်းစွာ ဖြေဆိုအံ့ဟု နှလုံးသွင်းကာ မေးခြင်း။ (ဝိ၊၅၊၃၂၇။) (ဝိ၊မြန်၊၅။၄၂၈။)♦

မေးခွန်း ၃ မျိုး

ပုစ္ဆာ ၃ မျိုးနှင့် တူသည်။ ♦

မေဃိယသန္တာန်၌ ဖြစ်ပေါ်သော အကုသိုလ်ဝိတက် ၃ မျိုး

၁။ ကာမဝိတက်၊
၂။ ဗျာပါဒဝိတက်၊
၃။ ဝိဟိံသာဝိတက်။ (ဥဒါန၊၁၁၈။) (ဥဒါန၊မြန်။၁၀၇။)♦

မေးစိစစ်ခြင်း ပြုထိုက်သော ရဟန်း၏ အင်္ဂါ ၅ ပါး

၁။ အာပတ် ဟုတ်သည် မဟုတ်သည်ကို သိခြင်း၊
၂။ ပေါ့သောအာပတ်, လေးသောအာပတ်ကို သိခြင်း၊
၃။ အကြွင်းရှိ/မရှိသော အာပတ်ကို သိခြင်း၊
၄။ ရုန့်ရင်းကြမ်းတမ်းသော အာပတ် မရုန့်ရင်း မကြမ်းတမ်းသော အာပတ်ကို သိခြင်း၊
၅။ ကုစား၍ရသော အာပတ် ကုစား၍ မရသော အာပတ်ကို သိခြင်း။ (ဝိ၊၅၊၃၃၇။) (ဝိ၊မြန်၊၅။၄၄၀။)♦

မေးစိစစ်ခြင်း ပြုထိုက်သော ရဟန်း၏ အင်္ဂါ ၅ ပါး (တစ်နည်း)

၁။ သုတ်ဟု ဆိုအပ်သော ဥဘတော ဝိဘင်းကို သိခြင်း၊
၂။ ထိုသုတ်အားလျော်သော မဟာပဒေသ လေးပါးကို သိခြင်း၊
၃။ ဝိနည်း (ခန္ဓက ပရိဝါ) ကို သိခြင်း၊
၄။ ဝိနည်းအားလျော်သော မဟာပဒေသလေးပါးကို သိခြင်း၊
၅။ အကြောင်း ဟုတ်သည် မဟုတ်သည်၌ လိမ္မာခြင်း။ (ဝိ၊၅၊၃၃၃) (ဝိ၊မြန်၊၅။၄၃၆။)♦

မေးစိစစ်ခြင်း ပြုထိုက်သော ရဟန်း၏ အင်္ဂါ ၅ ပါး (တစ်နည်း)

၁။ တရား (သုတ်,အဘိဓမ္မာ) ကို သိခြင်း၊
၂။ တရားအားလျော်စွာသော သုတ္တန် မဟာပဒေသလေးပါးကို သိခြင်း၊
၃။ ဝိနည်း (ခန္ဓက ပရိဝါ) ကို သိခြင်း၊
၄။ ဝိနည်းအားလျော်သော မဟာပဒေသလေးပါးကို သိခြင်း၊
၅။ နောက်စကား၌ လိမ္မာခြင်း။ (ဝိ၊၅၊၃၃၄။) (ဝိ၊မြန်၊၅။၄၃၆။)♦

မေးစိစစ်ခြင်း ပြုထိုက်သော ရဟန်း၏ အင်္ဂါ ၅ ပါး (တစ်နည်း)

၁။ဝတ္ထုကို သိခြင်း၊
၂။ နိဒါန်းကို သိခြင်း၊
၃။ ပညတ်ချက်ကို သိခြင်း၊
၄။ မျက်မှောက်ဖြစ်သော ပုဒ် (ရှေ့၌ ဆိုရမည့်ပုဒ်- နောက်၌ ဆိုရမည့်ပုဒ်) ကို သိခြင်း၊
၅။ ရှေ့နောက် စကားမစပ်ကို သိခြင်း။ (ဝိ၊၅၊၃၃၄။) (ဝိ၊မြန်၊၅။၄၃၆။)♦

မေးစိစစ်ခြင်း ပြုထိုက်သော ရဟန်း၏ အင်္ဂါ ၅ ပါး (တစ်နည်း)

၁။ အာပတ်ကို သိခြင်း၊
၂။ အာပတ်ဖြစ်ကြောင်း သမုဋ္ဌာန်ကို သိခြင်း၊
၃။ အာပတ်၏ ပယောဂကို သိခြင်း၊
၄။ အာပတ်၏ ငြိမ်းအေးမှုကို သိခြင်း၊
၅။ အာပတ်ကို ဆုံးဖြတ်ခြင်း၌ လိမ္မာခြင်း။ (ဝိ၊၅၊၃၃၄။) (ဝိ၊မြန်၊၅။ ၄၃၇။)♦

မေးစိစစ်ခြင်း ပြုထိုက်သော ရဟန်း၏ အင်္ဂါ ၅ ပါး (တစ်နည်း)

၁။ အဓိကရုဏ်းကို သိခြင်း၊
၂။ အဓိကရုဏ်းဖြစ်ကြောင်း သမုဋ္ဌာန်ကို သိခြင်း၊
၃။ အဓိကရုဏ်း၏ ပယောဂကို သိခြင်း၊
၄။ အဓိကရုဏ်း၏ ငြိမ်းခြင်းကို သိခြင်း၊
၅။ အဓိကရုဏ်းကို ဆုံးဖြတ်ခြင်း၌ လိမ္မာခြင်း။ (ဝိ၊၅၊၃၃၅။) (ဝိ၊မြန်၊၅။၄၃၇။)♦

မေးစိစစ်ခြင်း မပြုထိုက်သော ရဟန်း၏ အင်္ဂါ ၅ ပါး

၁။ အာပတ် ဟုတ်သည် မဟုတ်သည်ကို မသိခြင်း၊
၂။ ပေါ့သောအာပတ် လေးသောအာပတ်ကို မသိခြင်း၊
၃။ အကြွင်းရှိ၊ မရှိသော အာပတ်ကို မသိခြင်း၊
၄။ ရုန့်ရင်းကြမ်းတမ်း၊ မရုန့်ရင်း မကြမ်းတမ်းသော အာပတ်ကို မသိခြင်း၊
၅။ ကုစား၍ရ၊ မရသော အာပတ်ကို မသိခြင်း။ (ဝိ၊၅၊၃၃၇။) (ဝိ၊မြန်၊၅။၄၄၀။)♦

မေးစီစစ်ခြင်း မပြုထိုက်သော ရဟန်း၏ အင်္ဂါ ၄ ပါး

၁။ ချစ်သဖြင့် မလားအပ်သည်သို့ လားခြင်း (ဆန္ဒာဂတိသို့ လိုက်ခြင်း)၊
၂။ မုန်းသဖြင့် မလားအပ်သည်သို့ လားခြင်း (ဒေါသာဂတိသို့ လိုက်ခြင်း)၊
၃။ တွေဝေသဖြင့် မလားအပ်သည်သို့ လားခြင်း (မောဟာဂတိသို့ လိုက်ခြင်း)၊
၄။ ကြောက်သဖြင့် မလားအပ်သည်သို့ လားခြင်း (ဘယာဂတိသို့ လိုက်ခြင်း)။ (ဝိ၊၅၊၂၂၈) (ဝိ၊မြန်၊၅။၃၁၇။)♦

မေတ္တာ ၅၂၈ ပါး

၁။ သဗ္ဗေ သတ္တာ အဝေရာ ဟောန္တု စသည်ဖြင့် ပိုင်းခြားကန့်သတ်မှု မရှိသော အနောဓိသမေတ္တာ- (၂၀)၊
၂။ သဗ္ဗာ ဣတ္တိယော အဝေရာ ဟောန္တု- စသည်ဖြင့် ပိုင်းခြား ကန့်သတ်မှုရှိသော ဩဓိသမေတ္တာ- (၂၈) ပေါင်း လေးဆယ့်ရှစ်ပါး ဖြစ်၏၊
၃။ အထက်ပါ (၄၈) ပါးဖြင့် အရပ်ဆယ်မျက်နှာနှင့် ပွားများလျှင် (၄၈၀) ဖြစ်၏၊
၄။ ယင်း (၄၈၀) ကို ဩဓိသ- အနောဓိသမေတ္တာ (၄၈) နှင့် ပေါင်းလျှင် ငါးရာနှစ်ဆယ့်ရှစ်သွယ် မေတ္တာ ဖြစ်၏။ (ပဋိသံ၊ဋ္ဌ၊၂၊၂၁၀။)♦

မေတ္တာစေတောဝိမုတ္တိကို မှီဝဲကြောင်း ဗိုလ် ၅ ပါး

၁။ သဒ္ဓါမရှိခြင်းကြောင့် မတုန်လှုပ်သော သဒ္ဓါဗိုလ်၂။ ပျင်းရိခြင်းကြောင့် မတုန်လှုပ်သော ဝီရိယဗိုလ်၊
၃။ မေ့လျော့ခြင်းကြောင့် မတုန် လှုပ်သော သတိဗိုလ်၊
၄။ ဥဒ္ဓစ္စကြောင့် မတုန်လှုပ်သော သမာဓိဗိုလ်၊
၅။ အဝိဇ္ဇာကြောင့် မတုန်လှုပ်သော ပညာဗိုလ်။ (ပဋိသံ၊၃၁၇။) (ပဋိသံ၊မြန်။၃၇၈။)♦

မေတ္တာစေတောဝိမုတ္တိကို မှီဝဲကြောင်း ဗောဇ္ဈင် ၇ ပါး

၁။ သတိကို ထင်စေသော သတိသမ္ဗောဇ္ဈင်၊
၂။ ပညာဖြင့် ထက်ဝန်းကျင်ကို စူးစမ်းသော ဓမ္မဝိစယသမ္ဗောဇ္ဈင်၊
၃။ ဝီရိယဖြင့် အားထုတ်သော ဝီရိယသမ္ဗောဇ္ဈင်၊
၄။ ပူလောင်ခြင်းကို ငြိမ်းစေသော ပီတိသမ္ဗောဇ္ဈင်၊
၅။ ရုန့်ရင်းမှုကို ငြိမ်း စေသော ပဿဒ္ဓိသမ္ဗောဇ္ဈင်၊
၆။ စိတ်ကို ကောင်းစွာထားသော သမာဓိသမ္ဗောဇ္ဈင်၊
၇။ ဉာဏ်ဖြင့် ကိလေသာတို့ကို ဆင်ခြင်သော ဥပေက္ခာသမ္ဗောဇ္ဈင်။ (ပဋိသံ၊၃၁၈၊၃၁၉။) (ပဋိသံ၊ မြန်။၃၇၉။)♦

မေတ္တာစေတောဝိမုတ္တိကို မှီဝဲကြောင်း မဂ္ဂင် ၈ ပါး

၁။ ‘‘သတ္တဝါအားလုံး ရန်မရှိ၊ ဘေးမရှိ၊ ချမ်းသာကြပါစေ’’ဟု ကောင်းစွာ ရှုမြင်သော သမ္မာဒိဋ္ဌိထုံအပ်သော မဂ္ဂင်၊
၂။ ‘‘သတ္တဝါအားလုံး ရန်မရှိ၊ ဘေးမရှိ၊ ချမ်းသာကြပါစေ’’ဟု ကောင်းစွာ ရှေးရှူတင်သော သမ္မာသင်္ကပ္ပ ထုံအပ်သော မဂ္ဂင်၊
၃။ ‘‘သတ္တဝါအားလုံး ရန်မရှိ၊ ဘေးမရှိ၊ ချမ်းသာကြပါစေ’’ဟု ကောင်းစွာ သိမ်းဆည်းသော သမ္မာဝါစာ ထုံအပ်သော မဂ္ဂင်၊
၄။ ‘‘သတ္တဝါအားလုံး ရန်မရှိ၊ ဘေးမရှိ၊ ချမ်းသာကြပါစေ’’ဟု ကောင်းစွာ ဖြစ်စေသော သမ္မာကမ္မန္တထုံအပ်သော မဂ္ဂင်၊
၅။ ‘‘သတ္တဝါအားလုံး ရန်မရှိ၊ ဘေးမရှိ၊ ချမ်းသာကြပါစေ’’ဟု ကောင်းစွာ ဖြူစင်စေသော သမ္မာအာဇီဝထုံအပ်သော မဂ္ဂင်၊
၆။ ‘‘သတ္တဝါ အားလုံး ရန်မရှိ၊ ဘေးမရှိ၊ ချမ်းသာကြပါစေ’’ဟု ကောင်းစွာ အားထုတ်သော သမ္မာဝါယာမ ထုံအပ်သော မဂ္ဂင်၊
၇။ ‘‘သတ္တဝါအားလုံး ရန်မရှိ၊ ဘေးမရှိ၊ ချမ်းသာကြပါစေ’’ဟု ကောင်းစွာ ထင်သော သမ္မာသတိထုံအပ်သော မဂ္ဂင်၊
၈။ ‘‘သတ္တဝါအားလုံး ရန်မရှိ၊ ဘေးမရှိ၊ ချမ်းသာကြ ပါစေ’’ဟု ကောင်းစွာ တည်ကြည်သော သမ္မာသမာဓိထုံအပ်သော မဂ္ဂင်။ (ပဋိသံ၊၃၁၉-၃၂၀။) (ပဋိသံ၊မြန်။၃၈၀-၃၈၁။)♦

မေတ္တာပွားပုံ ၄ မျိုး

၁။ သဗ္ဗေသတ္တာ အဝေရာ ဟောန္တု- လုံးစုံများစွာ သတ္တဝါတို့သည် ဘေးရန် ကင်းကြပါစေ၊
၂။ အဗျာပဇ္ဇာ ဟောန္တု- အမျက်ဒေါသတို့သည် ကင်းကြပါစေ၊
၃။ အနီဃာ ဟောန္တု- ဆင်းရဲခြင်းတို့သည် ကင်းကြပါစေ၊
၄။ သုခီ အတ္တာနံ ပရိဟရန္တု- ချမ်းသာစွာ မိမိကိုယ်ကို စောင့်ရှောက်နိုင်ကြပါစေ။ (ပဋိသံ၊ဋ္ဌ၊၂၊၂၁၀။)♦

မေတ္တာပွားရကျိုး ၁၁ မျိုး

၁။ ချမ်းသာစွာ အိပ်ရခြင်း၊
၂။ ချမ်းသာစွာ နိုးရခြင်း၊
၃။ မကောင်းသော အိပ်မက်များကို မမြင်မက်ခြင်း၊
၄။ လူအများ၏ ချစ်ခင်နှစ်သက်မှုကို ခံရခြင်း၊
၅။ နတ်ဘီလူး တို့၏ ချစ်ခင်မြတ်နိုးမှုကို ခံရခြင်း၊
၆။ နတ်များ၏ စောင့်ရှောက် ကူညီမှုကို ရရှိခြင်း၊
၇။ အဆိပ်, မီး, ဓား စသော လက်နက်များ မကျရောက်ခြင်း၊
၈။ လျင်မြန်စွာ စိတ်တည်ကြည်ခြင်း၊
၉။ မျက်နှာအဆင်း ကြည်လင်ခြင်း၊
၁၀။ မတွေမဝေဘဲ သေရခြင်း၊
၁၁။ မဂ်ဖိုလ်ကို မရသေး သည်ရှိသော် ဗြဟ္မာပြည်သို့ လားရောက်ရခြင်း။ (ဝိ၊၅၊၂၄၉။) (အံ၊၃၊၅၄၂။) (ပဋိသံ၊၃၁၄။) (မိလိန္ဒ၊၁၉၅။) (ဇာ၊ဋ္ဌ၊၁၊၅၅။) (ဝိသုဒ္ဓိ၊၁၊၂၉၉။) (ဝိ၊မြန်၊၅။၃၃၉-၃၄၀။) (အံ၊မြန်၊၃။၅၂၉။) (ပဋိသံ၊မြန်။ ၃၇၅။) (မိလိန္ဒ၊မြန်။၂၁၀။)♦

မေတ္တာပုဗ္ဗဘာဂပဋိပဒါ ၁၅ ပါး

နိဗ္ဗာန်ရောက်ကြောင်း အကျင့်တရား ၁၅ ပါးနှင့် တူသည်။ ♦

မေတ္တာအကျိုး ၈ ပါး

၁။ ချမ်းသာစွာ အိပ်စက်ရခြင်း၊
၂။ ချမ်းသာစွာ နိုးရခြင်း၊
၃။ မကောင်းသော အိပ်မက်ဆိုးများကို မမြင်မက်ခြင်း၊
၄။ လူတို့၏ ချစ်မြတ်နိုးမှုကို ခံရခြင်း၊
၅။ နတ်ဘီလူး စသည်တို့၏ ချစ်မြတ်နိုးမှုကို ခံရခြင်း၊
၆။ နတ်တို့၏ စောင့်ရှောက်မှုကို ခံရခြင်း၊
၇။ အဆိပ်, မီး, ဓား စသော လက်နက်များ မကျရောက်ခြင်း၊
၈။ အထက်မဂ်ဖိုလ်တို့ကို ထိုးထွင်း၍ မသိသေးမူ ဗြဟ္မာ့ပြည်သို့ ကပ်ရောက်ရခြင်း။ (အံ၊၃၊၁။) (အံ၊မြန်၊၃။၁။)♦

မေထုန်ငယ် ၇ ပါး

၁။ မာတုဂါမ၏ နံ့သာ စသည်ဖြင့် လိမ်းကျံ ပွတ်သပ် နှိပ်နယ်ပေးခြင်း ရေချိုး ပေးခြင်းကို သာယာခြင်း၊
၂။ မာတုဂါမနှင့် အတူတကွ ပြင်းစွာ ရယ်ခြင်း ကိုယ်လက်ထိပါး ကစားခြင်း၊ ယုယုယယ ပြောဆိုခြင်းကို သာယာခြင်း၊
၃။ မျက်နှာချင်းဆိုင်လျက် တစိမ့်စိမ့် ကြည့်ခြင်းကို သာယာခြင်း၊
၄။ နံရံတစ်ဖက် တံတိုင်းတစ်ဖက် စသည်မှ သီချင်းဆိုခြင်း ရယ်မောခြင်း စသည်ပြုနေသော မာတုဂါမ၏ အသံကို သာယာခြင်း၊
၅။ ရှေးယခင်က မာတုဂါမနှင့် အတူ ရယ်ရွှင် ပြောဆို ကစားဖူးသည်ကို အောက်မေ့သတိရလျက် သာယာခြင်း၊
၆။ ကာမဂုဏ် ငါးပါးတို့ဖြင့် တင့်တယ် စံပယ်လျက် မြူးတူး ပျော်ပါးနေသော သူကြွယ်ကို လည်းကောင်း, သူကြွယ်၏သားကို လည်းကောင်း မြင်၍ သာယာခြင်း၊
၇။ နတ်ပြည် ဗြဟ္မာ့ပြည်တို့ကို တောင့်တ၍ ဗြဟ္မစရိယအကျင့်ကို ကျင့်ခြင်း။ (ဝိသုဒ္ဓိ၊၁၊၄၉။)♦

မေထုန်မှီဝဲခြင်း ၂ မျိုး

၁။ မိမိဇနီးမယား၌ မေထုန်မှီဝဲခြင်း၊
၂။ သူတစ်ပါး၏ ဇနီးမယားသို့ သွား၍ မေထုန်မှီဝဲခြင်း။ (မ၊ဋီ၊၁၊၃၀၁။)♦

မေထုန်မှီဝဲခြင်းကြောင့် ရောက်သော အဓိကရုဏ်း ၁ ပါး

၁။ အာပတ္တာဓိကရုဏ်း။ (ဝိ၊၅၊၉၃။) (ဝိ၊၅၊၉၄။) (ဝိ၊မြန်၊၅။၁၃၄။) (ဝိ၊မြန်၊၅။၁၃၆။)♦

မေထုန်မှီဝဲခြင်းကြောင့် ရောက်သော အာပတ် ၄ ပါး

၁။ ပါရာဇိကအာပတ်၊
၂။ ထုလ္လစ္စဉ်း အာပတ်၊
၃။ ဒုက္ကဋ်အာပတ်၊
၄။ ပါစိတ်အာပတ်။ (ဝိ၊၅၊၈၈။) (ဝိ၊၅၊၉၄။) (ဝိ၊မြန်၊၅။၁၂၈။) (ဝိ၊မြန်၊၅။ ၁၃၅-၁၃၆။)♦

မေထုန်မှီဝဲခြင်းကြောင့် ရောက်သော အာပတ်တို့ ငြိမ်းကြောင်း သမထ ၃ ပါး

၁။ ရံခါ သမ္မုခါ ဝိနယ၊
၂။ ရံခါ ပဋိညာတကရဏ၊
၃။ ရံခါ တိဏဝတ္ထာရက။ (ဝိ၊၅၊၉၃။) (ဝိ၊၅၊၉၄။) (ဝိ၊မြန်၊၅။ ၁၃၄။) (ဝိ၊မြန်၊၅။၁၃၆။)♦

မေထုန်မှီဝဲခြင်းကြောင့် သင့်သော ဝိပတ္တိ ၂ ပါး

၁။ ရံခါ သီလဝိပတ္တိ၊
၂။ ရံခါ အာစာရ ဝိပတ္တိ။ (ဝိ၊၅၊၉၂။) (ဝိ၊၅၊၉၄။) (ဝိ၊မြန်၊၅။၁၃၃။) (ဝိ၊မြန်၊၅။၁၃၆။)♦

မေးမြန်းခြင်းငှာ ထိုက်သော ပုဂ္ဂိုလ် ၅ မျိူး

၁။ သီလနှင့် ပြည့်စုံ၍ သီလနှင့် စပ်သော အမေးပြဿနာကို ဖြေနိုင်သူ၊
၂။ သမာဓိနှင့် ပြည့်စုံ၍ သီလနှင့် စပ်သော အမေးပြဿနာကို ဖြေနိုင်သူ၊
၃။ ပညာနှင့် ပြည့်စုံ၍ သီလနှင့် စပ်သော အမေးပြဿနာကို ဖြေနိုင်သူ၊
၄။ လွတ် မြောက်မှု ဝိမုတ္တိနှင့် ပြည့်စုံ၍ ဝိမုတ္တိနှင့် စပ်သော အမေးပြဿနာကို ဖြေနိုင်သူ၊
၅။ ပစ္စဝေက္ခဏာ ဉာဏ်အမြင်နှင့် ပြည့်စုံ၍ ပစ္စဝေက္ခဏာဉာဏ်နှင့် စပ်သော အမေးပြဿနာကို ဖြေနိုင်သူ။ (အံ၊၂၊၁၆၈။) (အံ၊မြန်၊၂။၂၁၃။)♦

မေရယ ၅ မျိုး

၁။ ပုပ္ဖါသဝ၊
၂။ ဖလာသဝ၊
၃။ ဂုဠာသဝ၊
၄။ မဓွာသဝ၊
၅။ သမ္ဘာရသံယုတ္တ။ (ခုဒ္ဒက၊ဋ္ဌ၊၁၇။) (ဣတိဝုတ်၊ဋ္ဌ၊၂၂၁။) (မဟာနိ၊ဋ္ဌ၊၃၁၀။)♦

မေ့လျော့ခြင်း ၂ မျိုး

၁။ တဏှာ အရင်းခံရှိသော မေ့လျော့ခြင်း၊
၂။ အဝိဇ္ဇာ အရင်းခံရှိသော မေ့လျော့ခြင်း။ (နေတ္တိ၊ဝိဘာ၊၁၅၇။)♦

မောနေယျ ၃ ပါး

၁။ ကာယမောနေယျ- ကာယဒုစရိုက် သုံးပါးကို ပယ်၍ ကာယသုစရိုက် သုံးပါးကို ကျင့်ခြင်း၊ တစ်နည်း ကိုယ်ဖြင့် ရဟန်းအဖြစ်ကို ပြုတတ်သော အကျင့်ကို ကျင့်ခြင်း၊
၂။ ဝစီ မောနေယျ- ဝစီဒုစရိုက် လေးပါးကို ပယ်၍ ဝစီသုစရိုက်လေးပါးကို ကျင့်ခြင်း၊ တစ်နည်း နှုတ်ဖြင့် ရဟန်းအဖြစ်ကို ပြုတတ်သော အကျင့်ကို ကျင့်ခြင်း၊
၃။ မနောမောနေယျ- မနောဒုစရိုက် သုံးပါးကို ပယ်၍ မနောသုစရိုက် သုံးပါးကို ကျင့်ခြင်း။ တစ်နည်း စိတ်ဖြင့် ရဟန်းအဖြစ်ကို ပြုတတ်သော အကျင့်ကို ကျင့်ခြင်း။ (ဒီ၊၃၊၁၈၄။) (ဒီ၊မြန်၊၃။၂၀၄။) (ခုဒ္ဒက၊၂၃၄။) (မဟာနိ၊၁၀၀။) (မဟာနိ၊၂၆၀။) (မဟာနိ၊၄၄။) (စူဠနိ၊၇၃။) (ဣတိဝုတ်၊ဋ္ဌ၊၂၀၄။) (ခုဒ္ဒက၊မြန်။၂၁၈။)♦

မောနေယျ ၃ မျိုး (တစ်နည်း)

ပညာရှိသူအဖြစ် ၃ မျိုးနှင့် တူသည်။ ♦

မောဟ ဆိုးကျိုး ၂ ပါး

၁။ မိစ္ဆာဒိဋ္ဌိ- မှားသောအယူ၊
၂။ မိစ္ဆာသတိ- မှားယွင်းသော သတိ။ (ပေဋကော၊၁၈၂။)♦

မောဟဓာတ်ကို ပယ်ကြောင်းတရား ၅ ပါး

၁။ ဆရာကို မှီ၍ နေခြင်း၊
၂။ ပရိယတ္တိဓမ္မကို သင်ခြင်း, ပို့ချခြင်း၊
၃။ သင်အပ်, ပို့ချအပ်ပြီးသော ပရိယတ္တိဓမ္မ၏ အနက်ကို မေးခြင်း၊
၄။ သင့်တင့် လျောက်ပတ်သော အခါ၌ တရားစကားကို နာခြင်း၊
၅။ အကြောင်းအရာ ဟုတ်သည်, မဟုတ် သည်ကို ဆုံးဖြတ်ခြင်း။ (မ၊ဋ္ဌ၊၁၊၃၉၂။)♦

မောဟနသိက္ခာပုဒ်၌ အင်္ဂါ ၃ ပါး

၁။ မောဟကံကို တင်ထားခြင်း၊
၂။ သုံးကြိမ်တိုင်အောင် ပါတိ မောက်ကို အကျယ်အားဖြင့် ကြားနာပြီးခြင်း၊
၃။ တွေဝေလိုသူအား တွေဝေစေခြင်း။ (ဝိမတိ၊၂၊၅၁။)♦

မောဟနသိက္ခာပုဒ်၌ အင်္ဂါ ၄ ပါး

၁။ မောဟနကံကို တင်ထားခြင်း၊
၂။ တွေဝေစေခြင်းငှာ အလိုရှိသူ ဖြစ်ခြင်း၊
၃။ နှစ်ကြိမ် သုံးကြိမ်အထက် ပါတိမောက်ကို အကျယ်အားဖြင့် ကြားနာပြီးသူ ဖြစ်ခြင်း၊
၄။ တွေဝေစေခြင်း။ (သာရတ္ထ၊ဋီ၊၃၊၉၃။)♦

မောဟမူစိတ် ၂ ပါး

၁။ ဥပေက္ခာသဟဂုတ် ဝိစိကိစ္ဆာသမ္ပယုတ် စိတ်၊
၂။ ဥပေက္ခာသဟဂုတ် ဥဒ္ဓစ္စ သမ္ပယုတ် စိတ်။ (ဝိသုဒ္ဓိ၊၂၊၈၄။)♦