မာတိကာသို့ ခုန်သွားရန်

ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်-ယရလဝသ

ဝီကီရင်းမြစ် မှ
6146ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်-ယရလဝသ — ဓမ္မဗိမာန်စာပေပညာရှင်များ

ယက္ကန်းသည်မလေး၏ အဖြေ ၄ ချက်

၁။ တပည့်တော်သည် အဘယ်ဘဝမှ လာ၍ ဤဘဝ၌ ဖြစ်ရသနည်းဟု မသိပါ၊
၂။ တပည့်တော်သည် ဤဘဝမှ သွား၍ အဘယ်ဘဝ၌ ဖြစ်ရ မည်နည်းဟု မသိပါ၊
၃။ တပည့်တော်သည် သေရမည်၏ အဖြစ်ကို သိပါသည်၊
၄။ ညဉ့်အခါ နေ့အခါ နံနက်အခါ စသည်တို့တွင် ဤမည်သော အခါ၌ သေရမည်ဟု မသိပါ။ (ဓမ္မ၊ဋ္ဌ၊၂၊၁၁၃။)♦

ယက္ကန်းသည်မလေးအား ဘုရားရှင် မေးတော်မူသော ပုစ္ဆာ ၄ မျိုး

၁။ သင်သည် အဘယ်အရပ်မှ လာသနည်း၊
၂။ သင်သည် အဘယ်အရပ်သို့ သွားမည်နည်း၊
၃။ သင်သည် မသိလေသလော၊
၄။ သင်သည် သိပါသလော။ (ဓမ္မ၊ဋ္ဌ၊၂၊၁၁၃။)♦

ယဇ်ပူဇော်ခြင်း ၂ မျိုး

၁။ အာမိသယာဂ-ဝတ္ထုပစ္စည်းဖြင့် ယဇ်ပူဇော်ခြင်း၊
၂။ ဓမ္မယာဂ- တရားဖြင့် ယဇ်ပူဇော်ခြင်း။ (ခုဒ္ဒက၊၂၆၄။) (ခုဒ္ဒက၊မြန်။၂၅၀။)♦

ယဇ်ပူဇော်ခြင်း ၅ မျိုး

၁။ အဿမေဓ- မြင်းကို သတ်၍ ယဇ်ပူဇော်ခြင်း၊
၂။ ပုရိသမေဓ- ယောကျ်ားကို သတ်၍ ယဇ်ပူဇော်ခြင်း၊
၃။ သမ္မာပါသ- ထမ်းပိုးကျည်ကို ပစ်၍ ယဇ်ပူဇော်ခြင်း၊
၄။ ဝါဇပေယျ- ထောပတ်သောက်၍ ယဇ်ပူဇော်ခြင်း၊
၅။ နိရဂ္ဂဠ- တံခါးမပိတ်ဘဲ ယဇ်ပူဇော်ခြင်း။ (သံ၊၁၊၇၆။) (သံ၊ဋ္ဌ၊၁၊၁၃၄။) (သံ၊မြန်၊၁။၇၅။)♦

ယဇ်ပူဇော်သော ပုဏ္ဏားတို့၏ လက်နက် ၃ မျိုး

၁။ ကာယကံ လက်နက်၊
၂။ ဝစီကံ လက်နက်၊
၃။ မနောကံ လက်နက်။ (အံ၊၂၊၄၃၀။) (အံ၊မြန်၊၂။၅၄၃။)♦

ယဇ်မပူဇော်မီ ထားရှိရမည့် စိတ်သဘောထား ၃ မျိုး (ပုရောဟိတ်ပုဏ္ဏားက မဟာဝိဇိတ မင်းအား ညွှန်ကြားသော ယဇ်မပူဇော်မီ ထားရှိရမည့် စိတ်သဘောထား ၃ မျိုး)

၁။ ယဇ်ကြီး ပူဇော်ရန် ကြံစည်တောင့်တနေသော ကာလ၌ ငါ၏ များစွာသော စည်းစိမ်ဥစ္စာ ကုန်ခန်း လိမ့်မည်တကားဟု နှလုံးမသာခြင်း မဖြစ်ရန်၊
၂။ ယဇ်ကြီးပူဇော်ဆဲကာလ၌ ငါ၏ များစွာသော စည်းစိမ်းဥစ္စာ အခု ကုန်ခန်း၏တကားဟု နှလုံးမသာခြင်း မဖြစ်ရန်၊
၃။ ယဇ်ကြီးပူဇော်ပြီးသော ကာလ၌ ငါ၏ များစွာသော စည်းစိမ်ဥစ္စာ အခု ကုန်ခန်းလေပြီးတကားဟု နှလုံးမသာခြင်း မဖြစ်ရန်။ (ဒီ၊၁၊၁၃၁။) (ဒီ၊မြန်၊၁။၁၅၄။)♦

ယဇ်အခြံအရံ ၄ ပါး (တစ်နည်း) (ပုရောဟိတ်ပုဏ္ဏားပြည့်စုံသော ယဇ်အခြံအရံ ၄ ပါး)

၁။ ဇာတ်နှင့် ပြည့်စုံခြင်း၊
၂။ ဝေဒကျမ်း စသော ကျမ်းတို့ကို တတ်မြောက်ခြင်း၊
၃။ သီလ ရှိခြင်း၊
၄။ ပညာ ရှိခြင်း။ (ဒီ၊၁၊၁၃၀။) (ဒီ၊မြန်၊၁။၁၅၄။)♦

ယဇ်အခြံအရံ ၄ ပါး (မဟာဝိဇိတမင်းအား ပုရောဟိတ်ပုဏ္ဏားက ညွှန်ကြားသော ယဇ်အစီအမံ ယဇ်အခြံအရံ ၄ မျိုး)

၁။ နိုင်ငံတွင်း အရံမင်းတို့အား ယဇ်ပူဇော်ခြင်းကို သဘောတူရန် တိုင်ပင်ခြင်း၊
၂။ ယဇ်ပူဇော်ခြင်းကို သဘောတူရန် နိုင်ငံတွင်းအမတ် မင်းမှုထမ်းတို့အား တိုင်ပင်ခြင်း၊
၃။ ယဇ်ပူဇော်ခြင်းကို သဘောတူရန် နိုင်ငံတွင်း ဗြာဟ္မဏမဟာသာလ သူဌေး တို့အား တိုင်ပင်ခြင်း၊
၄။ ယဇ်ပူဇော်ခြင်းကို သဘောတူရန် နိုင်ငံတွင်း သူကြွယ်တို့အား တိုင်ပင်ခြင်း။ (ဒီ၊၁၊၁၂၉။) (ဒီ၊မြန်၊၁။၁၅၂။)♦

ယဇ်အခြံအရံ ၈ ပါး (မဟာဝိဇိတမင်း၏ ယဇ်အခြံအရံ ၈ ပါး)

၁။ ဇာတ်နှင့် ပြည့်စုံခြင်း၊
၂။ အဆင်း လှခြင်း၊
၃။ ကြွယ်ဝချမ်းသာခြင်း၊
၄။ ဗိုလ်ပါအင်အားရှိခြင်း၊
၅။ သဒ္ဓါတရားရှိခြင်း၊
၆။ အကြားအမြင် များခြင်း၊
၇။ ထိုထိုပြောဆိုအပ်သော စကား၏ အနက်အဓိပ္ပါယ်ကို သိခြင်း၊
၈။ ပညာရှိခြင်း။ (ဒီ၊၁၊၁၃၀။) (ဒီ၊မြန်၊၁။၁၅၃။)♦

ယထာကမ္မူပဂဉာဏ် ဖြစ်ရာအာရုံ ၅ ပါး

၁။ ပရိတ္တအာရုံ၊
၂။ မဟဂ္ဂတအာရုံ၊
၃။ အတိတ်အာရုံ၊
၄။ အဇ္ဈတ္တအာရုံ၊
၅။ ဗဟိဒ္ဓအာရုံ။ (ဝိသုဒ္ဓိ၊၂၊၆၅။)♦

ယထာသန္တတိဓုတင် ဆောက်တည်သူ ၅ မျိုး

၁။ ပညာနုံ့၍ မိုက်မဲတွေဝေသောကြောင့် ဆောက် တည်ခြင်း၊
၂။ ယုတ်မာသော အလိုဆိုးနှိပ်စက်သောကြောင့် ဆောက်တည်ခြင်း၊
၃။ စိတ်ပျံ့လွင့် ရူးသွပ်သောကြောင့် ဆောက်တည်ခြင်း၊
၄။ ဘုရားရှင်နှင့် ဘုရားရှင်၏ တပည့်တို့သည် ချီးမွမ်း အပ်၏ဟု ဆောက်တည်ခြင်း၊
၅။ အလိုနည်းမှု, ရောင့်ရဲမှု, ခေါင်းပါးမှု, ဆိတ်ငြိမ်မှု တို့ကို အမှီပြု၍ ကောင်းသော အကျင့်ကို အလိုရှိသောကြောင့် ဆောက်တည်ခြင်း။ (ဝိ၊၅၊၂၃၃။) (ဝိ၊၅၊၃၃၆။) (အံ၊၂၊၁၉၄။) (အဘိ၊ပု၊၁၈၀။) (ဝိ၊မြန်၊၅။၃၂၃။) (ဝိ၊မြန်၊၅။၄၃၈။) (အံ၊မြန်၊၂။၂၄၇။) (အဘိ၊ပု၊မြန်။၈၄။)♦

ယထာသန္ထတိ ဓုတင် ၃ မျိုး

၁။ ဥက္ကဋ္ဌ ယထာသန္ထတိဓုတင်၊
၂။ မဇ္ဈိမ ယထာသန္ထတိဓုတင်၊
၃။ မုဒုက ယထာသန္ထတိဓုတင်။ (ဝိသုဒ္ဓိ၊၁၊၇၅။)♦

ယထာသန္ထတိဓုတင် ဆောက်တည်ရကျိုး ၆ ပါး

၁။ ရသည့်ဝတ္ထုပစ္စည်းဖြင့် ကျေနပ် ရောင့်ရဲ ရမည်ဟူသော ဘုရားရှင်၏ဩဝါဒကို လိုက်နာခြင်း၊
၂။ သီတင်းသုံးဖော်တို့၏ အစီးအပွားကို လိုလားခြင်း၊
၃။ အယုတ်, အမြတ်, ကောင်း, မကောင်း စသည့်ကြံဆမှုကို ပယ်စွန့်ခြင်း၊
၄။ နှစ်သက်ခြင်း မနှစ်သက်ခြင်းကို ပယ်ခြင်း၊
၅။ အခြားအခြားသော ကျောင်းများ၌ လိုချင် တပ်မက်မှု တံခါးပေါက်ကို ပိတ်ခြင်း၊
၆။ အပ္ပိစ္ဆတာ စသည်တို့အားလျော်သော အကျင့် ရှိခြင်း။ (ဝိသုဒ္ဓိ၊၁၊၇၅။)♦

ယပ် ၃ မျိုး

၁။ လျှော်ဖြင့် ပြီးသော ယပ်၊
၂။ ပန်းရင်းမြက်ဖြင့် ပြီးသော ယပ်၊
၃။ ဥဒေါင်းမြီးဖြင့် ပြီးသော ယပ်။ (ဝိ၊၄၊၂၆၉။) (ဝိ၊မြန်၊၄။၂၇၂။)♦

ယမက ၁၀ မျိုး

၁။ မူလယမက၊
၂။ ခန္ဓယမက၊
၃။ အာယတနယမက၊
၄။ ဓာတုယမက၊
၅။ သစ္စ ယမက၊
၆။ သင်္ခါရယမက၊
၇။ အနုသယယမက၊
၈။ စိတ္တယမက၊
၉။ ဓမ္မယမက၊
၁၀။ ဣန္ဒြိယ ယမက။ (အဘိ၊ဋ္ဌ၊၃၊၂၈၇။)♦

ယမက ၃ မျိုး (နယတစ်ခုစီ၌ ယမက ၃ မျိုး)

၁။ မူလယမက၊
၂။ မူလမူလယမက၊
၃။ အညမည မူလယမက။ (အဘိ၊ဋ္ဌ၊၃၊၂၈၈။)♦

ယမက အတ္ထ ၂ မျိုး

၁။ သန္နိဋ္ဌာနအတ္ထ၊
၂။ သံသယအတ္ထ။ (အဘိ၊ဋ္ဌ၊၃၊၂၈၈။)♦

ယမိုက်ကျမ်း ဝေဖန်ပုံ ၁၀ မျိုး

၁။ မူလယမိုက်၊
၂။ ခန္ဓယမိုက်၊
၃။ အာယတနယမိုက်၊
၄။ ဓာတု ယမိုက်၊
၅။ သစ္စယမိုက်၊
၆။ သင်္ခါရယမိုက်၊
၇။ အနုသယယမိုက်၊
၈။ စိတ္တယမိုက်၊
၉။ ဓမ္မ ယမိုက်၊
၁၀။ ဣန္ဒြိယယမိုက်။ (အဘိ၊ဋ္ဌ၊၁၊၉။)♦

ယသ သတို့သား၏ ပြာသာဒ် ၃ ဆောင်

၁။ ဟေမန္တိကပါသာဒ- ဆောင်းဥတု လေးလ နေရန် ပြုလုပ် ထားသော ပြာသာဒ်၊
၂။ ဂိမှိကပါသာဒ- နွေဥတုလေးလ နေရန် ပြုလုပ်ထားသော ပြာသာဒ်၊
၃။ ဝဿိကပါသာဒ- မိုးဥတုလေးလ နေရန် ပြုလုပ်ထားသော ပြာသာဒ်။ (အပ၊ဋ္ဌ၊၂၊၂၇၁။)♦

ယသ သတိုးသား၏ သူငယ်ချင်း ၄ ယောက်

၁။ ဝိမလ၊
၂။ သုဗာဟု၊
၃။ ပုဏ္ဏဇိ၊
၄။ ဂဝမ္ပတိ။ (ဝိ၊၃၊၂၅။) (ဝိ၊မြန်၊၃။၂၉။)♦

ယာဂု လှူရကျိုး ၁၀ ပါး

၁။ အသက်ရှည်ခြင်း၊
၂။ အဆင်းလှပခြင်း၊
၃။ ချမ်းသာကြီးခြင်း၊
၄။ ခွန်အားကြီးခြင်း၊
၅။ ဉာဏ်ပညာကြီးခြင်း၊
၆။ သောက်အပ်သော ယာဂုသည် ဆာလောင် မှုကို ပယ်ဖျောက်ခြင်း၊
၇။ မွတ်သိပ်ခြင်းကို ပယ်ဖျောက်ခြင်း၊
၈။ လေကို စုန်ဆင်းစေ တတ်ခြင်း (လေနာကို ပယ်ဖျောက်တတ်ခြင်း)၊
၉။ ဆီးအိမ်ကို စင်ကြယ်စေတတ်ခြင်း၊
၁၀။ အစာသစ်အကြွင်းကို ကြေကျက်စေတတ်ခြင်း။ (ဝိ၊၃၊၃၁၅။) (ဝိ၊မြန်၊၃။၃၁၆။)♦

ယာဂု လှူရကျိုး ၅ ပါး

၁။ အနာရောဂါ ကင်းခြင်း၊
၂။ ရုပ်ရေအဆင်း လှပခြင်း၊
၃။ လျင်မြန်စွာ တရားကို ဆင်ခြင်နိုင်ခြင်း၊
၄။ ထမင်း, အဖျော်ကို ရလွယ်ခြင်း၊
၅။ အသက်ရှည်ခြင်း။ (အပ၊၁၊၄၄၂။) (အပ၊မြန်၊၁။၄၅၃။)♦

ယာဂု သောက်ရကျိုး ၅ ပါး

၁။ ဆာလောင်မှုကို ပယ်ဖျောက်နိုင်ခြင်း၊
၂။ မွတ်သိပ်မှုကို ပယ်ဖျောက် နိုင်ခြင်း၊
၃။ လေကို စုန်စေနိုင်ခြင်း၊
၄။ ဆီးအိမ်ကို သုတ်သင်ခြင်း၊
၅။ အစာသစ် အကြွင်း အကျန်ကို ကျေညက်စေနိုင်ခြင်း။ (အံ၊၂၊၂၁၈။) (အံ၊မြန်၊၂။၂၇၅။)♦

ယာဉ် ၆ မျိုး

၁။ လှည်းပေါင်းချုပ်ယာဉ်၊
၂။ ရထားယာဉ်၊
၃။ လှည်းယာဉ်၊
၄။ သံလျင်းယာဉ်၊
၅။ ထမ်းစင်ယာဉ်၊
၆။ ပုဆိုးသံလျင်းယာဉ်။ (ဝိ၊၂၊၄၅၃။) (ဝိ၊မြန်၊၂။၅၁၅။)♦

ယာဉ် ၆ မျိုး

၁။ လှည်းပေါင်းချုပ်ယာဉ်၊
၂။ ရထားယာဉ်၊
၃။ လှည်းယာဉ်၊
၄။ သံလျင်းယာဉ်၊
၅။ ထမ်းစင်ယာဉ်၊
၆။ ပုဆိုးသံလျင်းယာဉ်။ (ဝိ၊၂၊၂၆၅။) (ဝိ၊မြန်၊၂။၃၀၀။)♦

ယာထာဝသရသဘူမိ ၄ မျိုး

ဗောဇ္ဈင်တို့၏ မဖောက်မပြန် ဟုတ်မှန်သောအားဖြင့် မိမိကိစ္စကို ပြီးစေရာဘုံ ၄ မျိုးနှင့် တူသည်။ ♦

ယာမ ၄ မျိုး

တိတ္ထိတို့၏ အကျင့် ၄ မျိုးနှင့် တူသည်။ ♦

ယာဝတတိယကကံကြောင့် သင့်သော အာပတ် ၅ မျိုး

၁။ ဥက္ခိတ္တကရဟန်းသို့ အစဉ်လိုက်သော ရဟန်းမအား သုံးကြိမ်တိုင်အောင် ဉတ်ကမ္မဝါစာဖြင့် အဖန်ဖန် ဆုံးမသော်လည်း အယူကို မစွန့်ခြင်းကြောင့် ပါရာဇိကအာပတ်၊ ထုလ္လစ္စဉ်းအာပတ်, ဒုက္ကဋ်အာပတ်၊
၂။ ဘေဒါနုဝတ္တက စသော သမနုဘာသနကံကြောင့် သံဃာဒိသိသ်အာပတ်၊
၃။ ယုတ်မာသော အယူကို မစွန့်လွှတ်ခြင်းကြောင့် ပါစိတ်အာပတ်။ (ဝိ၊ဋ္ဌ၊၄၊၁၇၃။)♦

ယုံကြည်ထိုက်သောဝတ္ထု ၅ မျိုး

၁။ ဘုရား၊
၂။ တရားတော်၊
၃။ သံဃာတော်၊
၄။ ကောင်းကံ မကောင်းကံ၊ ၅။ကံ၏ကောင်းကျိုး ဆိုးကျိုး။ (ဝိသုဒ္ဓိ၊ဋီ၊၂၊၁၄၂။)♦

ယုဂ ၅ မျိုး (သာသနာတော်၏ ယုဂ ၅ မျိုး)

၁။ ဝိမုတ္တိယုဂ- ဝိမုတ္တိယုဂခေတ်, မဂ်, ဖိုလ်, နိဗ္ဗာန်ကို ရနိုင်သည့် ခေတ်ကာလ၊
၂။ သမာဓိယုဂ- ဈာန် သမာပတ် ရနိုင်သည့် ခေတ်ကာလ၊
၃။ သီလယုဂ-သီလဆောက်တည်နိုင်သည့် ခေတ်ကာလ၊
၄။ သုတယုဂ- ပိဋက အကြားအမြင် ရနိုင်သည့် ခေတ်ကာလ၊
၅။ ဒါနယုဂ- အလှူပြုနိုင်သည့် ခေတ်ကာလ။ (ထေရ၊ဋ္ဌ၊၂၊၃၆၈။)♦

ယုတ်နိမ့်ခြင်း မြင့်မြတ်ခြင်း ဆိုင်ရာ ပုဂ္ဂိုလ် ၄ မျိုး

၁။ ယုတ်နိမ့်သည် ဖြစ်၍ ယုတ်နိမ့်လတ္တံ့သော ပုဂ္ဂိုလ်၊
၂။ ယုတ်နိမ့်သည်ဖြစ်၍ မြင့်မြတ်လတ္တံ့သော ပုဂ္ဂိုလ်၊
၃။ မြင့်မြတ်သည် ဖြစ်၍ ယုတ်နိမ့် လတ္တံ့သော ပုဂ္ဂိုလ်၊
၄။ မြင့်မြတ်သည်ဖြစ်၍ မြင့်မြတ်လတ္တံ့သော ပုဂ္ဂိုလ်။ (အံ၊၁၊၃၉၈။) (အံ၊မြန်၊၁။၄၁၃။)♦

ယုတ်မာသူ ၃ ယောက်

၁။ သားကောင် အပေါင်းတို့တွင် မြေခွေးသတ္တဝါသည် ယုတ်မာ၏၊
၂။ ငှက်အပေါင်းတို့တွင် ကျီးသည် ယုတ်မာ၏၊
၃။ သစ်ပင်အပေါင်းတို့တွင် ကြက်ဆူပင်သည် ယုတ်မာ၏။ (ဇာတက၊၁၊၉၀။)♦

ယုတ်လျော့ခြင်း ၂ မျိုး

၁။ ရအပ် ရောက်အပ်ပြီးသော တရားမှ ယုတ်လျော့ခြင်း၊
၂။ မရအပ် မရောက်အပ်သေးသော တရားမှ ယုတ်လျော့ခြင်း။ (အဘိ၊ဋ္ဌ၊၃၊၁၄၁။)♦

ယုံမှားခြင်း ၁၆ မျိုး

၁။ ငါသည် အတိတ်ကာလ၌ ဖြစ်ခဲ့ဖူးလေလော၊
၂။ ငါသည် အတိတ်ကာလ၌ ဖြစ်ခဲ့ဖူးပြီ ဟုတ်ရဲ့လား၊
၃။ ငါသည် အတိတ်ကာလ၌ အဘယ်အမျိုး ဖြစ်ခဲ့ဖူးသနည်း၊
၄။ ငါသည် အတိတ်ကာလ၌ အဘယ်ပုံ ဖြစ်ခဲ့သနည်း၊
၅။ ငါသည် အတိတ်ကာလ၌ အဘယ်သို့ ဖြစ်၍ အဘယ်သို့ ဖြစ်ခဲ့ပြီးသလော၊
၆။ ငါသည် အနာဂတ်ကာလ၌ ဖြစ်ဦးမည်လော၊
၇။ ငါသည် အနာဂတ်ကာလ၌ မဖြစ်တော့လေသလော၊
၈။ ငါသည် အနာဂတ်ကာလ၌ အဘယ် အမျိုး ဖြစ်လိမ့်မည်နည်း၊
၉။ ငါသည် အနာဂတ်ကာလ၌ အဘယ်ပုံ ဖြစ်ဦးမည်နည်း၊
၁၀။ ငါသည် အနာဂတ်ကာလ၌ အဘယ်သို့ ဖြစ်၍ အဘယ်သို့ ဖြစ်ဦးမည်နည်း၊
၁၁။ ငါသည် ယခု ဖြစ်နေဆဲဟုတ်သလော၊
၁၂။ ငါသည် ယခု ဖြစ်နေဆဲ ဟုတ်ပါလေစလော၊
၁၃။ ငါသည် ယခု အဘယ်အမျိုး ဖြစ်ရသနည်း၊
၁၄။ ငါသည် ယခု အဘယ်ပုံ ဖြစ်လေသနည်း၊
၁၅။ ဤ သတ္တဝါအကောင်သည် အဘယ်အရပ်မှ လာလေသနည်း၊
၁၆။ ထိုသတ္တဝါအကောင်သည် အဘယ်အရပ်သို့ သွားဦးမည်နည်း။ (စူဠနိ၊ဋ္ဌ၊၉၅။) (ဝိသုဒ္ဓိ၊၂၊၂၃၄။) (သာရတ္ထ၊ဋီ၊၃၊၁၃၉။) (ဝိမတိ၊၂၊၈၅။)♦

ယုံမှားခြင်း ၃ မျိုး

၁။ အတိတ်ကာလကို အာရုံပြု၍ ယုံမှားခြင်း၊
၂။ အနာဂတ်ကာလကို အာရုံ ပြု၍ ယုံမှားခြင်း၊
၃။ ယခု ပစ္စုပ္ပန်ကာလကို အာရုံပြု၍ ယုံမှားခြင်း။ (ဒီ၊၃၊၁၈၂။) (ဒီ၊မြန်၊၃။၂၀၂။)♦

ယုံမှားထိုက်သော ရဟန်း အင်္ဂါ ၅ ပါး

၁။ ပြည့်တန်ဆာမ ရှိရာ၌ ကျက်စားခြင်း၊
၂။ မုဆိုးမ ရှိရာ၌ ကျက်စားခြင်း၊
၃။ အပျိုဟိုင်း ရှိရာ၌ ကျက်စားခြင်း၊
၄။ နပုံးပဏ္ဍုက် ရှိရာ၌ ကျက်စားခြင်း၊
၅။ ရဟန်းမ ရှိရာ၌ ကျက်စားခြင်း။ (ဝိ၊၅၊၂၃၀။) (ဝိ၊မြန်၊၅။၃၁၉။)♦

ယုံမှားဖွယ်ရှိသော မဟာပုရိသ လက္ခဏာ ၂ ပါး

၁။ အအိမ်ဖြင့် ဖုံးလွှမ်းအပ်သော အင်္ဂါဇာတ်၊
၂။ ရှည်လျား ကျယ်ပြန့်သော လျှာ။ (သုတ္တနိ၊၃၆၇။) (သုတ္တနိ၊မြန်။၃၄၆။)♦

ယုံမှားသံသယ ဖြစ်ခြင်း ၃ မျိုး

၁။ မြင်အပ်သော အာရုံသို့ အစဉ်လိုက်သဖြင့် ယုံမှားခြင်း၊
၂။ ကြားအပ်သော အာရုံသို့ အစဉ်လိုက်သဖြင့် ယုံမှားခြင်း၊
၃။ အတွေ့အထိအာရုံသို့ အစဉ် လိုက်သဖြင့် ယုံမှားခြင်း။ (ဝိ၊ဋ္ဌ၊၂၊၁၇၁။)♦

ယေ ပုဂ္ဂလာ အဋ္ဌသတံ ပသတ္ထာအရ ပုဂ္ဂိုလ် ၁၀၈ ယောက်

၁။ ဧကဗီဇီ, ကောလံကောလ, သတ္တက္ခတ္တုပရမ-သောတာပန်ပုဂ္ဂိုလ်သုံးယောက်၊
၂။ ၎င်းသုံးယောက်ကို ပဋိပဒါလေးပါးနှင့် မြှောက်- သောတာပန် တစ်ဆယ့်နှစ်ယောက် ရ၏၊
၃။ ကာမဘုံ, ရူပဘုံ, အရူပဘုံတို့၌ ရအပ် ရောက်အပ်ပြီးသော ဖိုလ်ရှိသကဒါဂါမ်ပုဂ္ဂိုလ် သုံးယောက်၊
၄။ ၎င်းသုံးယောက်ကို ပဋိပဒါလေးနှင့် မြှောက်- သကဒါဂါမ် တစ်ဆယ့်နှစ်ယောက် ရ၏၊
၅။ အဝိဟာဘုံ၌ အန္တရာ ပရိနိဗ္ဗာယီ, ဥပဟစ္စပရိနိဗ္ဗာယီ, သသင်္ခါရပရိနိဗ္ဗာယီ, အသင်္ခါရပရိနိဗ္ဗာယီ, ဥဒ္ဓံသောတ အကနိဋ္ဌဂါမီ- အနာဂါမ်ပုဂ္ဂိုလ်ငါးယောက်, ထို့အတူ အတပ္ပါဘုံ၌ ငါးယောက်, သုဒဿာဘုံ၌ ငါးယောက်, သုဒဿီဘုံ၌ ငါးယောက် ရ၏၊
၆။ အကနိဋ္ဌဘုံ၌ ဥဒ္ဓံသောတ အကနိဋ္ဌဂါမိ အနာဂါမ်ကြဉ်၍ ကျန်ပုဂ္ဂိုလ် လေးယောက် ရ၏၊ စုစုပေါင်း အနာဂါမ်ပုဂ္ဂိုလ် နှစ်ဆယ့် လေးယောက် ဖြစ်၏၊
၇။ သုက္ခဝိပဿကရဟန္တာ, သမထယာနိကရဟန္တာပုဂ္ဂိုလ် နှစ်ယောက်၊
၈။ မဂ္ဂဋ္ဌာန်ပုဂ္ဂိုလ် လေးယောက်အားဖြင့် ပုဂ္ဂိုလ်ပေါင်း ငါးဆယ့်လေးယောက် ရ၏၊
၉။ ၎င်း ငါးဆယ့် လေးယောက်ကို- သဒ္ဓါဓုရပုဂ္ဂိုလ်, ပညာဓုရပုဂ္ဂိုလ် နှစ်မျိုးဖြင့် မြှောက်လျှင် ပုဂ္ဂိုလ်ပေါင်း (၁၀၈) ယောက် ဖြစ်၏။ (ခုဒ္ဒက၊ဋ္ဌ၊၁၅၃။)♦

ယေဝါပနက တရား ၄ ပါး

၁။ ဆန္ဒ၊
၂။ အဓိမောက္ခ၊
၃။ ဥဒ္ဓစ္စ၊
၄။ မနသိကာရ။ (ဝိသုဒ္ဓိ၊၂၊၉၈။)♦

ယောကျ်ား ၃ မျိုး

၁။ လူယောကျ်ား၊
၂။ နတ်ယောကျ်ား၊
၃။ တိရစ္ဆာန်ယောကျ်ား။ (ဝိ၊၁၊၃၄။) (ဝိ၊မြန်၊၁။၃၈။)♦

ယောကျ်ားက မိန်းမကို နှောင်ဖွဲ့ပုံ ၈ မျိုး

၁။ ငိုကြွေခြင်းဖြင့် နှောင်ဖွဲ့ခြင်း၊
၂။ ပြုံးရယ်ခြင်းဖြင့် နှောင်ဖွဲ့ခြင်း၊
၃။ စကားပြောခြင်းဖြင့် နှောင်ဖွဲ့ခြင်း၊
၄။ အသွင်အပြင်အမူအရာဖြင့် နှောင် ဖွဲ့ခြင်း၊
၅။ ပန်းသစ်သီးစသော ပစ္စည်းဖြင့် နှောင်ဖွဲ့ခြင်း၊
၆။ ဂန္ဓာရုံအနံ့ဖြင့် နှောင်ဖွဲ့ခြင်း၊
၇။ ရသာရုံ- အရသာဖြင့် နှောင်ဖွဲ့ခြင်း၊
၈။ ဖောဋ္ဌဗ္ဗာရုံ- အတွေ့အထိဖြင့် နှောင်ဖွဲ့ခြင်း။ (အံ၊၃၊၃၈။) (အံ၊မြန်၊၃။၃၉။)♦

ယောကျ်ားငယ် ၃ မျိုး

၁။ လျင်မြန်ခြင်းနှင့်သာ ပြည့်စုံ၍ အဆင်း အလုံးအရပ်နှင့် မပြည့်စုံသော ယောကျ်ားငယ်၊
၂။ လျင်မြန်ခြင်းနှင့် လည်းကောင်း အဆင်းနှင့် လည်းကောင်း ပြည့်စုံ၍ အလုံး အရပ်နှင့် မပြည့်စုံသော ယောကျ်ားငယ်၊
၃။ လျင်မြန်ခြင်း အဆင်း အလုံးအရပ် သုံးမျိုးလုံးနှင့် ပြည့်စုံသော ယောကျ်ားငယ်။ (အံ၊၃၊၁၉၈။) (အံ၊မြန်၊၃။၁၉၈။)♦

ယောကျ်ားတို့ ချစ်အပ်သော မိန်းမ၏ အင်္ဂါ ၅ ပါး

၁။ ရုပ်အဆင်းလှပမှု ရှိခြင်း၊
၂။ စည်းစိမ် ဥစ္စာ ရှိခြင်း၊
၃။ ကိုယ်ကျင့်သီလ ရှိခြင်း၊
၄။ လိမ္မာရေးခြားရှိလျက် မပျင်းရိခြင်း၊
၅။ သားသမီး ရခြင်း။ (သံ၊၂၊၄၃၆။) (သံ၊မြန်၊၂။၄၃၂။)♦

ယောကျ်ားတို့ မချစ်အပ်သော မိန်းမ၏ အင်္ဂါ ၅ ပါး

၁။ ရုပ်အဆင်းလှပမှု မရှိခြင်း၊
၂။ စည်းစိမ် ဥစ္စာ မရှိခြင်း၊
၃။ ကိုယ်ကျင့်သီလ မရှိခြင်း၊
၄။ ပျင်းရိခြင်း၊
၅။ သားသမီး မရနိုင်ခြင်း။ (သံ၊၂၊၄၃၆။) (သံ၊မြန်၊၂။၄၃၂။)♦

ယောကျ်ားတို့၏ ဖြစ်ရာ အခိုက်အတန့် ၈ မျိုး

ပုရိသဘူမိ ၈ မျိုးနှင့် တူသည်။ ♦

ယောကျ်ားတို့၏ အညစ်အကြေး ၉ ပါး

၁။ ကောဓ- အမျက်ထွက်ခြင်း၊
၂။ မက္ခ-သူ့ကျေးဇူး ကန်းခြင်း၊
၃။ ဣဿာ- ငြူစူစောင်းမြောင်းခြင်း၊
၄။ မစ္ဆရိယ- ဝန်တိုခြင်း၊
၅။ မာယာ- လှည့်ပတ်ခြင်း၊
၆။ သာဌေယျ- စဉ်းလဲကောက်ကျစ်ခြင်း၊
၇။ မုသာဝါဒ- လိမ်ညာ ပြောဆိုခြင်း၊
၈။ ပါပိစ္ဆတာ- ယုတ်မာသော အလိုရှိခြင်း၊
၉။ မိစ္ဆာဒိဋ္ဌိ- မှားသော အယူ ရှိခြင်း။ (အဘိ၊ဝိ၊၄၀၄။) (အဘိ၊ဝိ၊မြန်၊၂။၅၁၁။)♦

ယောကျ်ားတို့၏ အပြစ် ၁၈ မျိုး

၁။ ကြီးမားပြန့်ကျယ်သော ခြေဖဝါးရှိခြင်း၊
၂။ လက်သည်း ခြေသည်း မညီညွတ်ခြင်း၊
၃။ အသားစိုင် အောက်သို့ လျှောကျနေခြင်း၊
၄။ အထက်နှုတ်ခမ်း ရှည်ခြင်း၊
၅။ သွားရေ အရိအချွဲ ယိုခြင်း၊
၆။ ဝက်စွယ်ကဲ့သို့ အစွယ် ငေါထွက်နေခြင်း၊
၇။ နှာခေါင်းကျိုးသကဲ့သို့ မညီညာခြင်း၊
၈။ ဝမ်းဗိုက် ကြီးခြင်း, ရွှဲခြင်း၊
၉။ ကျောက်ကုန်း ကောက်ကွေးခြင်း၊
၁၀။ မျက်စိစွေခြင်း၊
၁၁။ ကြေးနီအဆင်းနှင့်တူသော နီသော မုတ်ဆိတ် မွေးရှိခြင်း၊
၁၂။ ရွှေရောင်ဆံရှိခြင်း၊
၁၃။ ကိုယ်အရေတွန့်ခြင်း၊
၁၄။ မှဲ့မည်းတို့နှင့် ပြည့်နှက်ခြင်း၊
၁၅။ ကြောင်သော မျက်စိရှိခြင်း၊
၁၆။ ခါး, ကျောက်ကုန်း, လည်ကုပ် ကောက်ခြင်း၊
၁၇။ ခြေခွင်ခြင်း၊
၁၈။ အရပ် အလွန်မြင့်ခြင်း။ (ဇာ၊ဋ္ဌ၊၇၊၃၂၈။)♦

ယောကျ်ားတို့၏ အပြစ် ၈ ပါး

ပုရိသဒေါသ ၈ ပါးနှင့် တူသည်။ ♦

ယောကျ်ားနိမိတ်၌ ဌာန ၆ မျိုး

၁။ နံပါးလေးဘက် လေးဌာန၊
၂။ အလယ် တစ်ဌာန၊
၃။ အထက် တစ်ဌာန ပေါင်း ၆ မျိူး။ (ဝိ၊ဋ္ဌ၊၁၊၂၂၂။)♦

ယောကျ်ားမြတ် ဖြစ်ကြောင်း တရား ၁၀ ပါး

၁။ ကာမစ္ဆန္ဒ- ကာမဂုဏ်၌ တပ်မက်ခြင်းကို ပယ်ခြင်း၊
၂။ ဗျာပါဒ- အမျက်ဒေါသကို ပယ်ခြင်း၊
၃။ ထိနမိဒ္ဓ- စိတ် စေတသိက်၏ တွန့်တိုဆုတ်နစ်ခြင်းကို ပယ်ခြင်း၊
၄။ ဥဒ္ဓစ္စကုက္ကုစ္စ- စိတ်ပျံ့လွင့်ခြင်းသဘော, နောင်တ တစ်ဖန် ပူပန်ခြင်းသဘောကို ပယ်ခြင်း၊
၅။ ဝိစိကိစ္ဆာ- သို့လော သို့လော သံသယဖြစ်ခြင်းကို ပယ်ခြင်း၊
၆။ သီလနှင့် ပြည့်စုံခြင်း၊
၇။ သမာဓိ- သမာဓိနှင့် ပြည့်စုံခြင်း၊
၈။ ပညာနှင့် ပြည့်စုံခြင်း၊
၉။ အရဟတ္တဖိုလ်နှင့် ပြည့်စုံခြင်း၊
၁၀။ ပစ္စဝေက္ခဏဉာဏ်နှင့် ပြည့်စုံခြင်း။ (အံ၊၃၊၂၆၉။) (အံ၊မြန်၊၃။၂၇၀။)♦

ယောကျ်ားမြတ်၏ လက္ခဏာတော် ၂ ပါး (ဥတ္တရလုလင်အား ဘုရားရှင် တန်ခိုးဖန်ဆင်း၍ ပြတော်မူသော ယောကျ်ားမြတ်၏ လက္ခဏာတော် ၂ ပါး)

၁။ အအိမ်ဖြင့် ဖုံးလွှမ်းထားသော ယောကျ်ားနိမိတ်, လိင်၊
၂။ ရှည်ပြန့်သော လျှာတော်။ (မ၊၂၊၃၃၆။) (မ၊မြန်၊၂။၃၄၀။)♦

ယောကျ်ားမြတ်တို့၏ ကြံစည်ပုံ ၈ မျိုး

၁။ ဤလောကုတ္တရာတရားသည် အလိုနည်းသော ပုဂ္ဂိုလ်အားသာ ပြည့်စုံ၍ အလိုကြီးသော ပုဂ္ဂိုလ်အား မပြည့်စုံခြင်း၊
၂။ ဤလောကုတ္တရာ တရားသည် ရောင့်ရဲလွယ်သော ပုဂ္ဂိုလ်အားသာ ပြည့်စုံ၍ မရောင့်ရဲသော ပုဂ္ဂိုလ်အား မပြည့်စုံခြင်း၊
၃။ ဤလောကုတ္တရာတရားသည် ဆိတ်ငြိမ်မှု ရှိသော ပုဂ္ဂိုလ်အားသာ ပြည့်စုံ၍ အပေါင်းအဖော်၌ မွေ့လျော်သော ပုဂ္ဂိုလ်အား မပြည့်စုံခြင်း၊
၄။ ဤလောကုတ္တရာတရားသည် ထက်သန်သော လုံ့လရှိသော ပုဂ္ဂိုလ်အားသာ ပြည့်စုံ၍ ပျင်းရိသော ပုဂ္ဂိုလ်အား မပြည့်စုံခြင်း၊
၅။ ဤလောကုတ္တရာတရားသည် ထင်သော သတိရှိသော ပုဂ္ဂိုလ်အားသာ ပြည့်စုံ၍ သတိ လွတ်သော ပုဂ္ဂိုလ်အား မပြည့်စုံခြင်း၊
၆။ ဤလောကုတ္တရာတရားသည် တည်ကြည်သော သမာဓိ ရှိသော ပုဂ္ဂိုလ်အားသာ ပြည့်စုံ၍ သမာဓိမရှိသော ပုဂ္ဂိုလ်အား မပြည့်စုံခြင်း၊
၇။ ဤလောကုတ္တရာ တရားသည် ပညာရှိသော ပုဂ္ဂိုလ်အားသာ ပြည့်စုံ၍ ပညာမဲ့သော ပုဂ္ဂိုလ်အား မပြည့်စုံခြင်း၊
၈။ ဤလောကုတ္တရာတရားသည် သံသရာကို ချဲ့ထွင်တတ်သော ပပဉ္စတရားမှကင်းသည့် နိဗ္ဗာန်၌ မွေ့လျော် ပျော်ပိုက်သော ပုဂ္ဂိုလ်အားသာ ပြည့်စုံ၍ ပပဉ္စတရား၌ မွေ့လျော် ပျော်ပိုက်သော ပုဂ္ဂိုလ်အား မပြည့်စုံခြင်း။ (အံ၊၃၊၆၂။) (အံ၊၃၊၆၅။) (အံ၊မြန်၊၃။၆၃။) (အံ၊မြန်၊၃။၆၃။)♦

ယောကျ်ားမြတ်တို့၏ လက္ခဏာ ၃၂ မျိုး

၁။ အညီအညွတ် ကောင်းစွာ ထိသော ခြေဖဝါးရှိခြင်း၊
၂။ အောက် ခြေဖဝါးပြင်တို့၌ အကန့်တစ်ထောင် ရှိကုန်သော အကွပ်ပုံတောင်းနှင့် တကွ ဖြစ်ကုန်သော အလုံးစုံသော အခြင်းအရာတို့နှင့် ပြည့်စုံကုန်သော စက်လက္ခဏာတို့ ဖြစ်ပေါ်ကုန်ခြင်း၊
၃။ ရှည်သော ဖနောင့် ရှိခြင်း၊
၄။ ရှည်သော လက်ချောင်း ခြေချောင်း ရှိခြင်း၊
၅။ နူးညံ့နုနယ်သော လက်ဖဝါး ခြေဖဝါး ရှိခြင်း၊
၆။ ကွန်ရက်ပမာ ညီညာသော ခြေလက် ရှိခြင်း၊
၇။ မြင့်သော ဖမျက် ရှိခြင်း၊
၈။ ဧဏီသားကဲ့သို့ ပြေပြစ်သော မြင်းခေါင်း ရှိခြင်း၊
၉။ ရပ်လျက် မကိုင်းမညွတ်မူဘဲ လက်ဖဝါးပြင် နှစ်ဖက်တို့ဖြင့် ပုဆစ်ဒူးဝန်းတို့ကို သုံးသပ်နိုင်ခြင်း ဆုပ်နယ်နိုင်ခြင်း၊
၁၀။ အအိမ်၌ ဖုံးလွှမ်းထားသော ယောကျ်ားနိမိတ် ရှိခြင်း၊
၁၁။ ရွှေအဆင်းကဲ့သို့သော အဆင်းရှိခြင်း, ရွှေအဆင်းနှင့်တူသော အသားအရေ ရှိခြင်း၊
၁၂။ ချောမွေ့သော အရေရှိခြင်း၊ အရေ၏ ချောမွေ့သည်၏ အဖြစ်ကြောင့် ကိုယ်တော်၌ မြူအညစ်အကြေးသည် မလိမ်းကျံ မကပ်ငြိခြင်း၊
၁၃။ တစ်ပင် တစ်ပင်ချင်းသာ ပေါက်သော မွေးညင်း ပေါက်တို့၌ တစ်ပင် တစ်ပင်သာ အမွေးတို့ ပေါက်ကုန်ခြင်း၊
၁၄။ အထက်သို့ ကော့ပျံသော မွေးညင်းရှိခြင်း၊
၁၅။ ဗြဟ္မာမင်းကဲ့သို့ ဖြောင့်စင်းသော ကိုယ်ဟန်ရှိခြင်း၊
၁၆။ လက်ဖမိုး ခြေဖမိုး ပခုံး နှစ်ဖက်စီနှင့် လည်ကုပ် တည်းဟူသော (ကိုယ်အစိတ်အပိုင်း) ခုနစ်ဌာန ပြည့်ဝသော အသား ရှိခြင်း၊
၁၇။ ခြင်္သေ့မင်း၏ ရှေ့ပိုင်းကိုယ်ကဲ့သို့ ပြည့်ဖြိုးသော ကိုယ်ရှိခြင်း၊
၁၈။ လက်ပြင် နှစ်ဖက်ကြား၌ ကျောရိုးကြောင်းမထင် ပြည့်ဖြိုးသော ကျောပြင် ရှိခြင်း၊
၁၉။ ပညောင်ပင်ကဲ့သို့ ဝန်းသော ကိုယ်ရှိခြင်း၊ ကိုယ်တော်၏ အရပ်နှင့် အလံသည် တူညီသော အတိုင်းအရှည် ရှိခြင်း၊
၂၀။ ညီညွတ် လုံးဝန်းသော လည်တိုင် ရှိခြင်း၊
၂၁။ ရသာကို ဆောင်တတ်ကုန်သော ရသာကြော အထွတ်အမြတ် ရှိခြင်း၊
၂၂။ ခြင်္သေ့မင်း၏ မေးနှင့် တူသော မေးရှိခြင်း၊
၂၃။ လေးဆယ်သော သွားတော်ရှိခြင်း၊
၂၄။ ညီညာသော သွားတော် ရှိခြင်း၊
၂၅။ မကျဲသော သွားတော် ရှိခြင်း၊
၂၆။ အလွန်ဖြူစင်သော စွယ်တော်ရှိခြင်း၊
၂၇။ ရှည်ပြန့် နူးညံ့သော လျှာရှိခြင်း၊
၂၈။ ဗြဟ္မာမင်း၏ အသံကဲ့သို့ အသံရှိခြင်း၊ ကရဝိက်ငှက်သံနှင့် တူသော အသံရှိခြင်း၊
၂၉။ အလွန်ညိုသော မျက်လုံးရှိခြင်း၊
၃၀။ နွားငယ်မျက်တောင်နှင့် တူသော မျက်တောင်ရှိခြင်း၊
၃၁။ မျက်မှောင်တော် နှစ်ခုအကြား၌ ဖြူစင်နူးညံ့သော လဲဝါဂွမ်းနှင့် တူသော ဥဏ္ဏလုံမွေးရှင်တော် ပေါက်ခြင်း၊
၃၂။ သင်းကျစ်ဆောင်းသကဲ့သို့သော ဦးခေါင်း တော်ရှိခြင်း။ (မ၊၂၊၃၃၆။) (မ၊မြန်၊၂။၃၄၁။)♦

ယောကျ်ားမြတ်တို့အကျင့် ၈ ပါး

ဖြစ်စေအပ်သော တရား ၈ ပါး၊ ဥပ္ပါဒေတဗ္ဗ တရား ၈ ပါး တို့နှင့် တူသည်။ ♦

ယောက်ျားတို့ မလွန်ကျူး မသွားလာအပ်သော ဌာန ၂၀

အဂမနီယဌာန ၂၀ နှင့် တူသည်။ ♦

ယောက်ျားမြတ်လက္ခဏာရှိသူ၏ ဖြစ်ကိန်း ၂ ပါး

၁။ လူ့ဘောင်၌ နေသော် တရားစောင့်သော တရားနှင့်အညီ မင်းပြုသော သမုဒ္ဒရာလေးစင်း အပိုင်းအခြားရှိသည့် လေးကျွန်းလုံးကို အစိုးရသော ရန်အပေါင်းကို အောင်မြင်သော တိုင်းနိုင်ငံကို တည်ငြိမ်စေသော ရတနာ ခုနစ်ပါးနှင့် ပြည့်စုံသော စကြဝတေးမင်း ဖြစ်နိုင်ခြင်း၊
၂။ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်သော် ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော လောက၌ (ကိလေသာ) အပိတ်အပင်ကို ဖွင့်လှစ် ဖျက်ဆီးပြီးသော ဘုရား ဖြစ်နိုင်ခြင်း။ (ဒီ၊၃၊၁၁၇။) (ဒီ၊မြန်၊၃။၁၃၅။)♦

ယောဂတရား ၄ ပါး

၁။ ကာမတဏှာ ဟူသော ကာမယောဂ၊
၂။ ဘဝတဏှာ ဟူသော ဘဝယောဂ၊
၃။ ၆၂ ပါးသောအယူ ဟူသော ဒိဋ္ဌိယောဂ၊
၄။ မသိမှု အဝိဇ္ဇာ ဟူသော အဝိဇ္ဇာယောဂ။ (ဒီ၊၃၊၁၉၂။) (သံ၊၃၊၅၄။) (အံ၊၁၊၃၁၆။) (ပဋိသံ၊ဋ္ဌ၊၂၊၂၂။) (ဥဒါန၊ဋ္ဌ၊၃၁၇။) (ဒီ၊မြန်၊၃။၂၁၄။) (ဒီ၊မြန်၊၃။၂၅၃။) (သံ၊မြန်၊၃။၅၈။) (အံ၊မြန်၊၁။၃၃၂။) (ဒီ၊၃၊၂၃၁။)♦

ယောဂီတို့ မှီဝဲသင့်သော လျောက်ပတ်သော အကြောင်းအရာ ၇ မျိုး

၁။ လျောက်ပတ်သော ကျောင်း၊
၂။ လျောက်ပတ်သော ဆွမ်းခံရွာ၊
၃။ လျောက်ပတ်သော စကား၊
၄။ လျောက်ပတ်သော ပုဂ္ဂိုလ်၊
၅။ လျောက်ပတ်သော စားဖွယ်ဘောဇဉ်၊
၆။ လျောက်ပတ်သော အပူအအေး ဥတု၊
၇။ လျောက်ပတ်သော ဣရိယာပုတ်။ (သာရတ္ထ၊ဋီ၊၂၊၂၂၁။)♦

ယောဂီပုဂ္ဂိုလ် ဖြတ်တောက်ရမည့် ကြောင့်ကြမှု (ပလိဗောဓငယ်) ၅ ပါး

၁။ ရှည်နေသော ဆံပင်, ခြေသည်း, လက်သည်း, မုတ်ဆိတ် ကျင်စွယ်တို့ကို ရိတ်ဖြတ်ရခြင်း၊
၂။ ဆွေးမြည့် ပေါက်ပြဲနေသော သင်္ကန်းတို့ကို ဖာထေးချုပ်စပ် စသည် ပြုလုပ်ခြင်းအားဖြင့် ခိုင်မြဲအောင် ပြုရခြင်း၊
၃။ ညစ်နွမ်းသော သင်္ကန်းတို့ကို ဆိုးရည်ဖြင့် ဆိုးရခြင်း၊
၄။ အညစ်အကြေး ရှိနေသော သပိတ်ကို မီးဖုတ်ရခြင်း၊
၅။ ညောင်စောင်း အင်းပျဉ် စသည်တို့ကို သုတ်သင် ရခြင်း။ (ဝိသုဒ္ဓိ၊၁၊၁၁၉။)♦

ယောဂီပုဂ္ဂိုလ်တို့ ရံဖန် ရံခါ နှလုံးသွင်း ဆင်ခြင်ရမည့် အကြောင်း ၅ ပါး

၁။ ရာဂ, ဒေါသ, မောဟနှင့် စပ်သော အကုသိုလ် အကြံအစည်များ ဖြစ်ပေါ်လာသောအခါ ကုသိုလ်နှင့် စပ်သော အခြားသော အကြောင်းအရာများကို နှလုံးသွင်း ဆင်ခြင်ရခြင်း၊
၂။ ရာဂ, ဒေါသ, မောဟနှင့် စပ်သော အကုသိုလ် အကြံအစည်များ၏ အပြစ်နှင့် ဆိုးကျိုးများကို ဆင်ခြင် နှလုံးသွင်းရခြင်း၊
၃။ ရာဂ, ဒေါသ, မောဟနှင့် စပ်သော အကုသိုလ်အကြံအစည်များကို မအောက်မေ့, နှလုံးမသွင်းဘဲ နေရခြင်း၊
၄။ ရာဂ, ဒေါသ, မောဟနှင့် စပ်သော အကုသိုလ် အကြံအစည်တို့၏ ကြံစည်ပုံ ကြမ်းတမ်းမှု တဖြည်းဖြည်း ရပ်တန့်ကြောင်းကို နှလုံးသွင်း ဆင်ခြင်ရခြင်း၊
၅။ ရာဂ, ဒေါသ, မောဟနှင့်စပ်သော အကုသိုလ် အကြံအစည်များ ဖြစ်ပေါ် လာသောအခါ သွားချင်းကြိတ်လျက် လျှာဖြင့် အာစောက်ကို ထိစေ၍ စိတ်ဖြင့် စိတ်ကို ဖိနှိပ် ပင်ပန်းစေရခြင်း။ (မ၊၁၊၁၆၇။) (မ၊မြန်၊၁။၁၇၂။)♦

ယောဂီပုဂ္ဂိုလ်အတွက် ကျေးဇူးများသော တရား ၃ ပါး

၁။ ဝီရိယ- ကမ္မဋ္ဌာန်းတရား ကြိုးစား အားထုတ်မှု၊
၂။ သတိ- ကမ္မဋ္ဌာန်းအာရုံ၌ အမြဲမပြတ် သတိရနေမှု၊
၃။ သမ္ပဇည- ကမ္မဋ္ဌာန်း အာရုံကို ကောင်းစွာ အပြားအားဖြင့် သိသော ဉာဏ်။ (ဝိသုဒ္ဓိ၊ဋီ၊၁၊၁၅။)♦

ယောနိ ၄ မျိုး

၁။ ဥ၌ ဖြစ်သော သတ္တဝါဟု ဆိုအပ်သော အဏ္ဍဇယောနိ၊
၂။ သားအိမ်၌ ဖြစ်သော သတ္တဝါဟု ဆိုအပ်သော ဇလာဗုဇယောနိ၊
၃။ အညှိ၌ ဖြစ်သော သတ္တဝါဟု ဆိုအပ်သော သံသေဒဇယောနိ၊
၄။ ခန္ဓာကိုယ် ထင်ရှားဖြစ်သော သတ္တဝါဟု ဆိုအပ်သော ဩပပါတိက ယောနိ။ (မ၊၁၊၁၀၅။) (သာရတ္ထ၊ဋီ၊၂၊၁၇။) (မ၊မြန်၊၁။၁၁၂။)♦

ရခဲသော တရား ၅ မျိုး

ဒုလ္လဘ ၅ မျိုးနှင့် တူသည်။ ♦

ရခဲသော တရား ၆ ပါး

၁။ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား၏ ထင်ရှား ဖြစ်ပေါ်မှုကို ရခဲခြင်း၊
၂။ ဘုရားရှင်တို့ ဟောကြားအပ်သော ဓမ္မဝိနယကို ဟောကြားတတ်သော ပုဂ္ဂိုလ်ကို ရခဲခြင်း၊
၃။ သူတော်ကောင်းတို့၏ တည်ရာ မွေးဖွားရာ မဇ္ဈိမဒေသအရပ်၌ ဖြစ်ရခြင်းကို ရခဲခြင်း၊
၄။ မျက်စိ စသော ဣန္ဒြေတို့၏ မချို့တဲ့သူ၏ အဖြစ်ကို ရခဲခြင်း၊
၅။ ကောင်းမှုကုသိုလ်ပြုလိုမှု ဆန္ဒကို ရခဲခြင်း၊
၆။ မမိုက် မဆွံ့အသူ၏ အဖြစ်ကို ရခဲခြင်း။ (အံ၊၂၊၃၈၄။) (အံ၊မြန်၊၂။၄၈၄။)♦

ရခဲသော ပုဂ္ဂိုလ် ၃ မျိုး

၁။ မြတ်စွာဘုရား၊
၂။ ဘုရားရှင်၏ ဓမ္မဝိနယကို ဟောကြား ဖော်ထုတ်သော ပုဂ္ဂိုလ်၊
၃။ သူ့ကျေးဇူးကို သိသည်အလျောက် သူ့ကျေးဇူးကို ထင်စွာ ပြလေ့ရှိသူ ကတညုတ ကတဝေဒီ ပုဂ္ဂိုလ်။ (အံ၊၁၊၂၆၉။) (အံ၊မြန်၊၁။၂၈၇။)♦

ရခဲသော ပုဂ္ဂိုလ် ၅ ဦး

၁။ လောက၌ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရား၏ ထင်ရှားဖြစ်ပေါ်မှုကို ရခဲခြင်း၊
၂။ လောက၌ မြတ်စွာဘုရား ဟောကြားတော်မူသော ဓမ္မဝိနယကို ဟောပြောတတ်သော ပုဂ္ဂိုလ်ကို ရခဲခြင်း၊
၃။ လောက၌ မြတ်စွာဘုရား ဟောကြားတော်မူသော ဓမ္မဝိနယကို ဟောကြားသည်ရှိသော် သိတတ်သော ပုဂ္ဂိုလ်ကို ရခဲခြင်း၊
၄။ လောက၌ မြတ်စွာဘုရား ဟောကြားတော်မူသော ဓမ္မဝိနယကို ဟောကြားသည်ရှိသော် သိသည့်အတိုင်း တရားနှင့်အညီ ကျင့်သော ပုဂ္ဂိုလ်ကို ရခဲခြင်း၊
၅။ လောက၌ သူပြုဖူးသော ကျေးဇူးကို သိ၍ သူပြုဖူးသော ကျေးဇူးကို ထင်ရှားအောင် ပြုလေ့ရှိသော ပုဂ္ဂိုလ်ကို ရခဲခြင်း။ (အံ၊၂၊၁၄၉။) (အံ၊၂၊၂၀၈။) (အံ၊၂၊၂၀၉။) (အံ၊မြန်၊၂။၁၈၇- ၁၈၈။) (အံ၊မြန်၊၂။၂၆၃။) (အံ၊မြန်၊၂။၂၆၃-၂၆၄။)♦

ရခဲသော ရတနာ ၅ မျိုး (တစ်နည်း)

၁။ လောက၌ ဆင်ရတနာ၏ ထင်ရှားဖြစ်ပေါ်မှုကို ရခဲခြင်း၊
၂။ လောက၌ မြင်းရတနာ၏ ထင်ရှားဖြစ်ပေါ်မှုကို ရခဲခြင်း၊
၃။ လောက၌ ကျောက်မျက်ရတနာ၏ ထင်ရှားဖြစ်ပေါ်မှုကို ရခဲခြင်း၊
၄။ လောက၌ မိန်းမရတနာ၏ ထင်ရှားဖြစ်ပေါ်မှုကို ရခဲခြင်း၊
၅။ လောက၌ သူဌေးရတနာ၏ ထင်ရှားဖြစ်ပေါ်မှုကို ရခဲခြင်း။ (အံ၊၂၊၁၄၈။) (အံ၊မြန်၊၂။ ၁၈၆-၁၈၇။)♦

ရခဲသော အရာ ၄ မျိုး

၁။ တရားနှင့် အညီ စည်းစိမ်ဥစ္စာတို့ကို ရရှိခြင်း၊
၂။ တရားနှင့် အညီ စည်းစိမ်ဥစ္စာတို့ကို ရရှိပြီး အဆွေအမျိုးတို့နှင့်တကွ ဆရာဥပဇ္ဈာယ်တို့နှင့်တကွ အခြံအရံကို ရရှိခြင်း၊
၃။ တရားနှင့် အညီ စည်းစိမ်ဥစ္စာတို့ကို ရရှိ၍ ဆွေမျိုးတို့နှင့် အတူ ဥပဇ္ဈာယ်ဆရာနှင့် အတူ အသက်ရှည်ခြင်း၊
၄။ သေသောအခါ ကောင်းသော လားရာဖြစ်သော နတ်ပြည်၌ ဖြစ်ရခြင်း။ (အံ၊၁၊၃၇၇။) (အံ၊မြန်၊၁။၃၉၁။)♦

ရခဲသောပုဂ္ဂိုလ် ၂ ယောက်

၁။ ရှေးဦးစွာ ကျေးဇူးသိတတ်သော ပုဗ္ဗကာရီပုဂ္ဂိုလ်၊
၂။ ပြုခဲ့ဖူးသော သူ့ကျေးဇူးကို သိ၍ သူ့ကျေးဇူးကို ထင်စွာ ပြလေ့ရှိသော ကတညူကတဝေဒီပုဂ္ဂိုလ်။ (အဘိ၊ပု၊ ၁၂၈။) (အဘိ၊ပု၊မြန်။၃၁။)♦

ရခဲသောအရာ ၄ မျိုး (တစ်နည်း)

၁။ သဒ္ဓါတရားနှင့် ပြည့်စုံခြင်း၊
၂။ သီလနှင့် ပြည့်စုံခြင်း၊
၃။ စွန့်ကြဲမှုနှင့် ပြည့်စုံခြင်း၊
၄။ ပညာနှင့် ပြည့်စုံခြင်း။ (အံ၊၁၊၃၇၇။) (အံ၊မြန်၊၁။၃၉၁။)♦

ရစ်ပတ်ဖွဲ့ခြင်း ၃ မျိုး

ပလ္လတ္ထိက ၃ မျိုးနှင့် တူသည်။ ♦

ရဋ္ဌပါလမထေရ်၏ ဓမ္မုဒ္ဒေသ တရား ၄ ပါး

၁။ ဥပနီယတိ လောကော အဒ္ဓုဝေါ- အမြဲမတည်သော လောကကြီးကို အိုနာသေမှု ဒုက္ခအစုတို့က ကပ်၍ ဆောင်ယူအပ်ခြင်း၊
၂။ အတာဏော လောကော အနဘိဿရော- လောကကြီးသည် အစောင့်အရှောက် ကင်းမဲ့၍ အစိုးမရခြင်း၊
၃။ အသရဏော လောကော သဗ္ဗံ ပဟာယ ဂမနီယံ- လောကကြီးသည် ကိုးကွယ် ရာမဲ့ ဖြစ်၍ အားလုံးကို စွန့်လွှတ်၍ သွားရခြင်း၊
၄။ ဦနော လောကော အတိတ္တော တဏှာ ဒါသော- လောကကြီးသည် အမြဲတမ်းယုတ်လျော့နေလျက် ရောင့်ရဲမှု မရှိဘဲ တဏှာကျွန် ဖြစ်နေရခြင်း။ (အပ၊ဋ္ဌ၊၂၊၂၁။)♦

ရတနသိက္ခာပုဒ်၌ အင်္ဂါ ၃ ပါး

၁။ သူတစ်ပါးဥစ္စာ ဖြစ်ခြင်း၊
၂။ အကျွမ်းဝင်သဖြင့် ယူခြင်း, ပံသုကူ ကောက်ယူခြင်း အမှတ်သညာ မရှိခြင်း၊
၃။ ခွင့်ပြုထားသော အကြောင်းမရှိဘဲ ကောက်ယူခြင်း။ (ဝိမတိ၊၂၊၅၄။)♦

ရတနသိက္ခာပုဒ်၌ အင်္ဂါ ၄ မျိုး

၁။ ခွင့်ပြုမှု မပြုခြင်း၊
၂။ သူတစ်ပါးတို့၏ ဥစ္စာ ဖြစ်ခြင်း၊
၃။ အကျွမ်း ဝင်သဖြင့် ယူခြင်း, ပံသုကူ ကောက်ယူခြင်းတို့၌ အမှတ်သညာ မရှိခြင်း၊
၄။ ကိုယ်တိုင် ကောက်ယူခြင်း, သူတစ်ပါးကို ကောက်ယူစေခြင်း။ (သာရတ္ထ၊ဋီ၊၃၊၉၈။)♦

ရတနာ ၁၀ မျိုး

၁။ ပုလဲ၊
၂။ ပတ္တမြား၊ မြ၊
၃။ ကျောက်မျက်ရွဲ၊
၄။ ခရုသင်း၊
၅။ ကျောက်သလင်း၊
၆။ သန္တာ၊
၇။ ငွေ၊
၈။ ရွှေ၊
၉။ ပတ္တမြားနီ၊
၁၀။ ပတ္တမြားပြောက်။ (ဝိ၊၂၊၂၁၂။) (ဝိ၊ဋ္ဌ၊၂၊၁၃၀။) (သာရတ္ထ၊ဋီ၊၂၊၁၃၂။) (ဝိမတိ၊၁၊၁၇၅။) (ဝိ၊မြန်၊၂။၂၃၈။)♦

ရတနာ ၂ မျိုး

၁။ သဝိညာဏကရတနာ- သက်ရှိဖြစ်သော ဆင်ရတနာ, မြင်းရတနာ, ဣတ္ထိရတနာ သားကြီးရတနာ ဂဟပတိရတနာ စသည်၊
၂။ အဝိညာဏကရတနာ- သက်မဲ့ဖြစ်သော စကြာ ရတနာ, ပတ္တမြားရတနာ စသည်။ (မ၊ဋ္ဌ၊၄၊၁၉၇။) (ခုဒ္ဒက၊ဋ္ဌ၊၁၄၉။) (သုတ္တနိ၊ဋ္ဌ၊၁၊၂၇၈။)♦

ရတနာ ၂ မျိုး (တစ်နည်း) (ဗုဒ္ဓရတနာ ၂ မျိုး)

၁။ ပစ္စေကဗုဒ္ဓ ရတနာ၊
၂။ သဗ္ဗညုဗုဒ္ဓ ရတနာ။ (မ၊ဋ္ဌ၊၄၊၁၉၇။)♦

ရတနာ ၂ မျိုး (တစ်နည်း) (ယောကျ်ားရတနာ ၂ မျိုး)

၁။ လူဝတ်ကြောင်, အိမ်ထောင်သူ ရတနာ၊
၂။ အိမ်ရာမထောင် ရဟန်း ရတနာ။ (မ၊ဋ္ဌ၊၄၊၁၉၇။) (သုတ္တနိ၊ဋ္ဌ၊၁၊၂၇၈။)♦

ရတနာ ၂ မျိုး (တစ်နည်း) (ရဟန်းရတနာ ၂ မျိုး)

၁။ သိက္ခာကျင့်ဆဲ သေက္ခရဟန်း ရတနာ၊
၂။ သိက္ခာကျင့်ပြီး အသေက္ခရဟန်း ရတနာ။ (မ၊ဋ္ဌ၊၄၊၁၉၇။)♦

ရတနာ ၂ မျိုး (တစ်နည်း) (လူရတနာ ၂ မျိုး)

၁။ လူမိန်းမ ရတနာ၊
၂။ လူယောကျ်ား ရတနာ။ (မ၊ဋ္ဌ၊၄၊၁၉၇။) (သုတ္တနိ၊ဋ္ဌ၊၁၊၂၇၈။)♦

ရတနာ ၂ မျိုး (တစ်နည်း) (သက်ရှိရတနာ ၂ မျိုး)

၁။ တိရစ္ဆာန်ရတနာ၊
၂။ လူရတနာ။ (မ၊ဋ္ဌ၊၄၊၁၉၇။)♦

ရတနာ ၂ မျိုး (တစ်နည်း) (အသေက္ခရဟန်းရတနာ ၂ မျိုး)

၁။ ဗုဒ္ဓရတနာ၊
၂။ သာဝက ရတနာ။ (မ၊ဋ္ဌ၊၄၊၁၉၇။)♦

ရတနာ ၇ မျိုး (တစ်နည်း)

၁။ ရွှေရတနာ၊
၂။ ငွေရတနာ၊
၃။ ပုလဲရတနာ၊
၄။ ပတ္တမြားရတနာ၊
၅။ ကျောက်မျက်ရွဲရတနာ၊
၆။ စိန်၊
၇။ သန္တာ။ (သီ၊ဋီ၊သစ်၊၂၊၃၀၂။)♦

ရတနာနှင့် တူသော ဥပါသကာ အင်္ဂါ ၅ ပါး

၁။ သဒ္ဓါတရားနှင့် ပြည့်စုံခြင်း၊
၂။ သီလနှင့် ပြည့်စုံခြင်း၊
၃။ အထူးအဆန်းဖြစ်သော မြင်ခြင်း ကြားခြင်း တွေ့ထိခြင်းတို့ကို မင်္ဂလာဟု အယူ မရှိခြင်း၊
၄။ ဒိဋ္ဌသုတမုတမင်္ဂလာတို့ကို မယုံကြည်ဘဲ ကံကိုသာ ယုံကြည်ခြင်း၊
၅။ ဘုရားသာသနာ တော်မှ ပြင်ပဖြစ်သော အလှူခံပုဂ္ဂိုလ်ကို မရှာမှီးဘဲ ဘုရားသာသနာ အတွင်း၌သာ ဒါန စသည် ပြုလုပ်ခြင်း။ (အံ၊ဋ္ဌ၊၂၊၂၂။)♦

ရတနာမည်ကြောင်း ၅ ပါး

၁။ ရိုသေအပ်, မြတ်နိုးအပ်, ပူဇော်အပ်, ဆန်းကြယ်စွာ ပြုအပ် သောကြောင့်၊
၂။ တန်ဖိုးကြီးသော, အဖိုးထိုက်တန်သောကြောင့်၊
၃။ အတူမရှိ, တုနှိုင်းစရာ မရှိသောကြောင့်၊
၄။ ရခဲ, မြင်နိုင်ခဲသောကြောင့်၊
၅။ မြတ်သော, ဂုဏ်ရှိသော ပုဂ္ဂိုလ်တို့၏ အသုံးအဆောင် ဖြစ်သောကြောင့်။ (ဒီ၊ဋ္ဌ၊၂၊၃၅။) (ခုဒ္ဒက၊ဋ္ဌ၊၁၄၃။) (သုတ္တနိ၊ဋ္ဌ၊၁၊၂၇၂။) (မဟာနိ၊ဋ္ဌ၊၂၃၁။) (သီ၊ဋီ၊သစ်၊၁၊၂၄။)♦

ရတ္တန္ဓကာရသိက္ခာပုဒ်၌ အင်္ဂါ ၃ ပါး

၁။ ညဉ့် မှောင်မိုက်ရာအခါ၌ ယောကျ်ား၏ အနီးအနား၌ ရပ်နေခြင်း စသည်၊
၂။ ဆိတ်ကွယ်ရာကို ရှုငဲ့ခြင်း၊
၃။ အဖော်မပါခြင်း။ (ဝိမတိ၊၂၊၇၇။)♦

ရတ္တန္ဓကာရသိက္ခာပုဒ်၌ အင်္ဂါ ၄ မျိုး

၁။ ညဉ့်မှောင်မိုက်ရာ အခါ ဖြစ်ခြင်း၊
၂။ ယောကျ်ား၏ ဟတ္ထပါသ်၌ ရပ်ခြင်း စကား ပြောဆိုခြင်း၊
၃။ အဖော်မပါခြင်း၊
၄။ ဆိတ်ကွယ်ရာကို ရှုငဲ့ခြင်း။ (သာရတ္ထ၊ဋီ၊၃၊၁၂၄။) (ဝဇီရ၊၊၃၇၂။)♦

ရထား ၂ မျိုး

၁။ သူရဲကောင်းစီးရထား၊
၂။ တန်ဆာဆင်အပ်သော ရထား။ (မ၊ဋ္ဌ၊၂၊၉၉။)♦

ရထားငါးရာ ဖခင်ထံမှ ရရှိသော အမျိုးသမီး ၃ ဦး

၁။ ဗိမ္ဗိသာရမင်းကြီး၏ သမီးတော် စုန္ဒီ မင်းသမီး၊
၂။ ဓနဉ္စယသူဌေး၏ သမီး ဝိသာခါသတို့သမီး၊
၃။ ကောသလမင်းကြီး၏ သမီးတော် သုမနာမင်းသမီး။ (အံ၊ဋ္ဌ၊၃၊၁၆။)♦

ရနံ့ ၁၀ မျိုး

၁။ အမြစ်မွှေးရနံ့ (မူလဂန္ဓ)၊
၂။ အနှစ်မွှေးရနံ့ (သာရဂန္ဓ)၊
၃။ အကာမွှေးရနံ့ (ဖေဂ္ဂုဂန္ဓ)၊
၄။ အခွံမွှေးရနံ့ (တစဂန္ဓ)၊
၅။ အပွေးမွှေးရနံ့ (ပပဋိကဂန္ဓ)၊
၆။ အရည်မွှေးရနံ့ (ရသဂန္ဓ)၊
၇။ အရွက်မွှေးရနံ့ (ပတ္တဂန္ဓ)၊
၈။ အပွင့်မွှေးရနံ့ (ပုပ္ဖဂန္ဓ)၊
၉။ အသီးမွှေးရနံ့ (ဖလဂန္ဓ)၊
၁၀။ နံ့သာမွှေးရနံ့ (ဂန္ဓဂန္ဓ)။ (မ၊ဋ္ဌ၊၃၊၂၅။)♦

ရနိုင်ခဲသော တရား ၁၀ ပါး

၁။ အဆင်းလှပခြင်း၊
၂။ စည်းစိမ်ဥစ္စာ၊
၃။ အနာရောဂါကင်းခြင်း၊
၄။ အကျင့်သီလ၊
၅။ မြတ်သောအကျင့် ဗြဟ္မစရိယ၊
၆။ သူတော်ကောင်းမိတ်ဆွေ၊
၇။ အကြား အမြင်များခြင်း၊
၈။ အတတ်ပညာ၊
၉။ တရားဓမ္မ၊
၁၀။ နတ်ပြည်နတ်ရွာ။ (အံ၊၃၊၃၆၄။) (အံ၊မြန်၊၃။၃၆၁။)♦

ရနိုင်ခဲသော တရားတို့၏ အနှောင့်အယှက် ၁၀ မျိုး

၁။ ပျင်းရိခြင်း ထကြွလုံ့လမရှိခြင်းသည် စည်းစိမ်ဥစ္စာတို့၏ အနှောင့်အယှက်ဘေးရန်၊
၂။ တန်ဆာမဆင်ခြင်း အတင့်အတယ် မပြု ခြင်းသည် အဆင်းလှပခြင်း၏ အနှောင့်အယှက် ဘေးရန်၊
၃။ မသင့်လျော်သော အပြုအမူသည် အနာကင်းခြင်း၏ အနှောင့်အယှက် ဘေးရန်၊
၄။ မိတ်ဆွေယုတ်ရှိခြင်းသည် သီလ၏ အနှောင့်အယှက် ဘေးရန်၊
၅။ ဣန္ဒြေတို့ကို မစောင့်စည်းခြင်းသည် မြတ်သောအကျင့်၏ အနှောင့်အယှက် ဘေးရန်၊
၆။ ချွတ်ယွင်းစေခြင်းသည် မိတ်ဆွေတို့၏ အနှောင့်အယှက် ဘေးရန်၊
၇။ သရဇ္ဈာယ်မှုကို မပြုခြင်းသည် အကြားအမြင်များခြင်း၏ အနှောင့်အယှက် ဘေးရန်၊
၈။ မကြားနာခြင်း မမေးမြန်းခြင်းသည် ပညာ၏ အနှောင့်အယှက် ဘေးရန်၊
၉။ မစိစစ် မဆင်ခြင်မှုသည် တရားဓမ္မတို့၏ အနှောင့်အယှက် ဘေးရန်၊
၁၀။ အမှား ကျင့်ခြင်းသည် နတ်ပြည်ရွာ၏ အနှောင့်အယှက် ဘေးရန်။ (အံ၊၃၊၃၆၄။) (အံ၊မြန်၊၃။၃၆၂။)♦

ရနိုင်ခဲသော တရားတို့ကို ရကြောင်းတရား ၁၀ ပါး

၁။ ထကြွလုံ့လရှိခြင်း, မပျင်းရိခြင်းသည် စည်းစိမ်ဥစ္စာတို့၏ အကြောင်း၊
၂။ တန်ဆာဆင်မှု အတင့်အတယ်ပြုမှုသည် အဆင်းလှခြင်း၏ အကြောင်း၊
၃။ သင့်လျော်သည်ကို ပြုမှုသည် အနာကင်းခြင်း၏ အကြောင်း၊
၄။ မိတ်ဆွေကောင်း ရှိမှုသည် သီလပြည့်စုံခြင်းအကြောင်း၊
၅။ ဣန္ဒြေတို့၌ စောင့်စည်းမှုသည် မြတ်သောအကျင့်၏ အကြောင်း၊
၆။ မချွတ်ယွင်းစေမှုသည် မိတ်ဆွေတို့၏ အကြောင်း၊
၇။ သရဇ္ဈာယ်မှုပြုခြင်းသည် အကြားအမြင်များခြင်း၏ အကြောင်း၊
၈။ ကြားနာခြင်း, မေးမြန်းခြင်းသည် ပညာရှိခြင်း၏ အကြောင်း၊
၉။ စိစစ်မှု, ဆင်ခြင်မှုသည် တရားရခြင်း၏ အကြောင်း၊
၁၀။ အမှန်ကျင့်မှုသည် နတ်ပြည်နတ်ရွာ ရောက်ရခြင်း၏ အကြောင်း။ (အံ၊၃၊၃၆၄။) (အံ၊မြန်၊၃။၃၆၂။)♦

ရနိုင်ခဲသော ပုဂ္ဂိုလ် ၂ မျိုး

၁။ သူတစ်ပါးအပေါ် ရှေးဦးစွာ ကျေးဇူးပြုတတ်သော- ပုဗ္ဗကာရီ ပုဂ္ဂိုလ်၊
၂။ ပြုဖူးသော သူ့ကျေးဇူးကို သိ၍ ကျေးဇူးတုံ့ပြုတတ်သော- ကတညူကတဝေဒီ ပုဂ္ဂိုလ်၊ ၁။(တစ်နည်း) ရောင့်ရဲသော ပုဂ္ဂိုလ်၊
၂။ ရောင့်ရဲစေတတ်သော ပုဂ္ဂိုလ်။ (အံ၊၁၊၈၆။) (သုတ္တနိ၊ဋ္ဌ၊၂၊၂၉။) (အံ၊မြန်၊၁။၁၀၁။)♦

ရန် ၅ မျိုး

၁။ သူ့အသက် သတ်ခြင်း၊
၂။ သူ့ဥစ္စာကို ခိုးခြင်း၊
၃။ ကာမဂုဏ်တို့၌ မှားသောအားဖြင့် ကျင့်ခြင်း၊
၃။ မဟုတ်မမှန်သော စကားကို ပြောဆိုခြင်း၊
၅။ မူးယစ်ဆေးဝါးနှင့် သေရည် အရက်တို့ကို သောက်ခြင်း။ (ဝိ၊၅၊၃၃၈။) (ဒီ၊၃၊၂၅၄။) (အံ၊၂၊၁၈၀။) (အဘိ၊ဝိ၊၃၉၂။) (ဝိ၊မြန်၊၅။ ၄၄၁။) (ဒီ၊မြန်၊၃။၂၇၇။) (အဘိ၊ဝိ၊မြန်၊၂။၄၉၇။)♦

ရန်ငြိုး ပယ်ဖျောက်ပုံ ၅ မျိုး

၁။ ရန်ငြိုးဖြစ်ရာ ပုဂ္ဂိုလ်၌ မေတ္တာပွားခြင်း၊
၂။ ရန်ငြိုးဖြစ်ရာ ပုဂ္ဂိုလ်၌ ကရုဏာပွားခြင်း၊
၃။ ရန်ငြိုးဖြစ်ရာ ပုဂ္ဂိုလ်၌ ဥပေက္ခာပွားခြင်း၊
၄။ ရန်ငြိုးဖြစ်ရာ ပုဂ္ဂိုလ်၌ မေ့ပစ်ခြင်း နှလုံးမသွင်းခြင်း၊
၅။ ရန်ငြိုးဖြစ်ရာ ပုဂ္ဂိုလ်၌ ကံသာလျှင် ကိုယ်ပိုင်ဥစ္စာရှိသူ၏ အဖြစ် အစရှိသည်ဖြင့် ဆင်ခြင် နှလုံးသွင်းခြင်း။ (သုတ္တနိ၊ဋ္ဌ၊၁၊၉။)♦

ရန်ငြိုးပြေကြောင်း ၁၀ ပါး

၁။ ငါ၏ အကျိုးမဲ့ကို ပြုခဲ့ဖူးသော ပုဂ္ဂိုလ်၌ တားမြစ်ရန် အဘယ်မှာ ရနိုင်ပါအံ့နည်းဟု ရန်ငြိုးပြေခြင်း၊
၂။ ငါ၏ အကျိုးမဲ့ကို ပြုဆဲပုဂ္ဂိုလ်၌ တားမြစ်ရန် အဘယ်မှာ ရနိုင်ပါအံ့နည်းဟု ရန်ငြိုးပြေခြင်း၊
၃။ ငါ၏ အကျိုးမဲ့ကို ပြုလတ္တံ့ပုဂ္ဂိုလ်၌ တားမြစ်ရန် အဘယ်မှာ ရနိုင်ပါအံ့နည်းဟု ရန်ငြိုးပြေခြင်း၊
၄။ ငါချစ်ခင်သော သူ၏ အကျိုးမဲ့ကို ပြုဖူးသော ပုဂ္ဂိုလ်၌ တားမြစ်ရန် အဘယ်မှာ ရနိုင်ပါအံ့နည်းဟု ရန်ငြိုးပြေခြင်း၊
၅။ ငါချစ်ခင်သော သူ၏အကျိုးမဲ့ကို ပြုဆဲပုဂ္ဂိုလ်၌ တားမြစ်ရန် အဘယ်မှာ ရနိုင် ပါအံ့နည်းဟု ရန်ငြိုးပြေခြင်း၊
၆။ ငါချစ်ခင်သော သူ၏ အကျိုးမဲ့ကို ပြုလတ္တံ့ ပုဂ္ဂိုလ်၌ တားမြစ်ရန် အဘယ်မှာ ရနိုင်ပါအံ့နည်းဟု ရန်ငြိုးပြေခြင်း၊
၇။ ငါမချစ်ခင်သော သူ၏ အကျိုးစီးပွားကို ပြုခဲ့ဘူးသော ပုဂ္ဂိုလ်၌ တားမြစ်ရန် အဘယ်မှာ ရနိုင်ပါအံ့နည်းဟု ရန်ငြိုးပြေခြင်း၊
၈။ ငါမချစ်ခင်သော သူ၏ အကျိုးစီးပွားကို ပြုဆဲပုဂ္ဂိုလ်၌ တားမြစ်ရန် အဘယ်မှာ ရနိုင်ပါအံ့နည်းဟု ရန်ငြိုးပြေခြင်း၊
၉။ ငါမချစ်ခင်သော သူ၏ အကျိုးစီးပွားကို ပြုလတ္တံ့ပုဂ္ဂိုလ်၌ တားမြစ်ရန် အဘယ်မှာရနိုင်ပါအံ့နည်းဟု ရန်ငြိုးပြေခြင်း၊
၁၀။ အရာ မဟုတ်သည်၌လည်း အမျက်မထွက်ခြင်း။ (အံ၊၃၊၃၇၆။) (အံ၊မြန်၊၃။၃၇၂။)♦

ရန်ငြိုးပြေကြောင်း ၉ ပါး

၁။ ‘‘ငါ၏ အကျိုးမဲ့ကို ပြုဘူးသည်ဟု ထိုအကျိုးမဲ့ပြုခြင်းကို ဤပုဂ္ဂိုလ်၌ အဘယ်အကြောင်းကြောင့် ရနိုင်အံ့နည်း’’ဟု ရန်ငြိုးကို ဖြေခြင်း၊
၂။ ‘‘ငါ၏ အကျိုးမဲ့ကို ပြုနေဆဲဟု ထိုအကျိုးမဲ့ပြုခြင်းကို ဤပုဂ္ဂိုလ်၌ အဘယ်အကြောင်းကြောင့် ရနိုင်အံ့နည်း’’ဟု ရန်ငြိုးကို ဖြေခြင်း၊
၃။ ‘‘ငါ၏ အကျိုးမဲ့ကို ပြုလတ္တံ့ဟု ထိုအကျိုးမဲ့ပြုခြင်းကို ဤပုဂ္ဂိုလ်၌ အဘယ်အကြောင်းကြောင့် ရနိုင်အံ့နည်း’’ဟု ရန်ငြိုးကို ဖြေခြင်း၊
၄။ ‘‘ငါ ချစ်ခင် နှစ်သက်သော ပုဂ္ဂိုလ်၏ အကျိုးမဲ့ကို ပြုဘူးသည်ဟု ထိုအကျိုးမဲ့ပြုခြင်းကို ဤပုဂ္ဂိုလ်၌ အဘယ်အကြောင်းကြောင့် ရနိုင်အံ့နည်း’’ဟု ရန်ငြိုးကို ဖြေခြင်း၊
၅။ ‘‘ငါ ချစ်ခင် နှစ်သက်သော ပုဂ္ဂိုလ်၏ အကျိုးမဲ့ကို ပြုနေဆဲဟု ထိုအကျိုးမဲ့ပြုခြင်းကို ဤပုဂ္ဂိုလ်၌ အဘယ် အကြောင်းကြောင့် ရနိုင်အံ့နည်းဟု ရန်ငြိုးကို ဖြေခြင်း၊
၆။ ‘‘ငါ ချစ်ခင်နှစ်သက်သော ပုဂ္ဂိုလ်၏ အကျိုးမဲ့ကို ပြုလတ္တံ့ဟု ထိုအကျိုးမဲ့ပြုခြင်းကို ဤပုဂ္ဂိုလ်၌ အဘယ် အကြောင်းကြောင့် ရနိုင်အံ့နည်းဟု ရန်ငြိုးကို ဖြေခြင်း၊
၇။ ‘‘ငါ မချစ်ခင် မနှစ်သက်သော ပုဂ္ဂိုလ်၏ အကျိုးကို ပြုဘူးသည်ဟု ထိုအကျိုးမဲ့ပြုခြင်းကို ဤပုဂ္ဂိုလ်၌ အဘယ် အကြောင်းကြောင့် ရနိုင်အံ့နည်းဟု ရန်ငြိုးကို ဖြေခြင်း၊
၈။ ‘‘ငါမချစ်ခင် မနှစ်သက်သော ပုဂ္ဂိုလ်၏ အကျိုးကို ပြုနေဆဲဟု ထိုအကျိုးမဲ့ပြုခြင်းကို ဤပုဂ္ဂိုလ်၌ အဘယ်အကြောင်းကြောင့် ရနိုင်အံ့နည်းဟု ရန်ငြိုးကို ဖြေခြင်း၊
၉။ ‘‘ငါမချစ်ခင် မနှစ်သက်သော ပုဂ္ဂိုလ်၏ အကျိုးကို ပြုလတ္တံ့ဟု ထိုအကျိုးမဲ့ပြုခြင်းကို ဤပုဂ္ဂိုလ်၌ အဘယ်အကြောင်းကြောင့် ရနိုင်အံ့နည်းဟု ရန်ငြိုးကို ဖြေခြင်း။ (ဒီ၊၂၊၂၁၈။) (ဒီ၊၃၊၂၅၄။) (အံ၊၃၊၂၀၈။) (ဒီ၊မြန်၊၂။၂၄၁။) (ဒီ၊မြန်၊၃။၂၇၇။) (အံ၊မြန်၊၃။၂၀၈-၉။)♦

ရန်ငြိုးဖွဲ့ကြောင်း ၁၀ ပါး

၁။ ဤသူသည် ငါ၏ အကျိုးစီးပွားမဲ့ကို ပြုကျင့်ခဲ့ဖူးသူ ဖြစ်၏ဟု ရန်ငြိုးဖွဲ့ခြင်း၊
၂။ ဤသူသည် ငါ၏ အကျိုးစီးပွားမဲ့ကို ပြုကျင့်ဆဲဟု ရန်ငြိုး ဖွဲ့ခြင်း၊
၃။ ဤသူသည် ငါ၏ အကျိုးစီးပွားမဲ့ကို ပြုကျင့်လတ္တံ့ဟု ရန်ငြိုးဖွဲ့ခြင်း၊
၄။ ငါ ချစ်မြတ်နိုးသော သူ၏ အကျိုးစီးပွားမဲ့ကို ပြုကျင့်ဖူးသူ ဖြစ်၏ဟု ရန်ငြိုးဖွဲ့ခြင်း၊
၅။ ငါ ချစ် မြတ်နိုးသော သူ၏ အကျိုးစီးပွားမဲ့ကို ပြုကျင့်ဆဲဖြစ်၏ဟု ရန်ငြိုးဖွဲ့ခြင်း၊
၆။ ငါ ချစ်မြတ် နိုးသော သူ၏ အကျိုးစီးပွားမဲ့ကို ပြုကျင့်လတ္တံ့ဟု ရန်ငြိုးဖွဲ့ခြင်း၊
၇။ ငါ မချစ်မြတ် နိုးသော သူ၏ အကျိုးစီးပွားကို ပြုကျင့်ဖူး၏ဟု ရန်ငြိုးဖွဲ့ခြင်း၊
၈။ ငါမချစ် မမြတ်နိုးသော သူ၏ အကျိုးစီးပွားကို ပြုကျင့်ဆဲဟု ရန်ငြိုးဖွဲ့ခြင်း၊
၉။ ငါမချစ် မမြတ်နိုးသော သူ၏ အကျိုးစီးပွားကို ပြုကျင့်လတ္တံ့ဟု ရန်ငြိုးဖွဲ့ခြင်း၊
၁၀။ အရာမဟုတ်သည်၌လည်း ရန်ငြိုး ဖွဲ့ခြင်း။ (အံ၊၃၊၃၇၅။) (အဘိ၊ဝိ၊၄၀၅။) (အံ၊မြန်၊၃။၃၇၂။) (အဘိ၊ဝိ၊မြန်၊၂။၅၁၂။)♦

ရန်ငြိုးဖွဲ့ခြင်းကို ပယ်ဖျောက်ကြောင်း တရား ၅ ပါး

၁။ ချစ်ခြင်း မေတ္တာကို ပွားရခြင်း၊
၂။ သနားခြင်း ကရုဏာကို ပွားရခြင်း၊
၃။ လျစ်လျူရှုခြင်း ဥပေက္ခာကို ပွားရခြင်း၊
၄။ သတိမထားခြင်း နှလုံးမသွင်းခြင်းသို့ ရောက်စေရခြင်း၊
၅။ ကံသာလျှင် မိမိဥစ္စာရှိသော အဖြစ်ကို ဆောက်တည် ရခြင်း။ (အံ၊၂၊၁၆၃။) (အံ၊မြန်၊၂။၂၀၉။)♦

ရန်ငြိုးဖွဲ့ခြင်းကို ပယ်ဖျောက်ရမည့် ပုဂ္ဂိုလ် ၅ မျိုး

၁။ နှုတ်အကျင့် စင်ကြယ်သော်လည်း ကိုယ်အကျင့် မစင်ကြယ်သူ၊
၂။ နှုတ်အကျင့် မစင်ကြယ်သော်လည်း ကိုယ်အကျင့် စင်ကြယ်သူ၊
၃။ နှုတ်အကျင့် ကိုယ်အကျင့် မစင်ကြယ်သော်လည်း ရံဖန်ရံခါ စိတ်၏ ကြည်လင်မှု ရသူ၊
၄။ နှုတ်အကျင့် ကိုယ်အကျင့် မစင်ကြယ် ရံဖန်ရံခါ စိတ်၏ ကြည်လင် မှုလည်း မရသူ၊
၅။ နှုတ်အကျင့် ကိုယ်အကျင့် စင်ကြယ်သည့်အပြင် ရံဖန်ရံခါ စိတ်ကြည် လင်မှုလည်း ရသူ။ (အံ၊၂၊၁၆၄။) (အံ၊မြန်၊၂။၂၀၉-၂၁၀။)♦

ရန်ဖြစ်ကြောင်း ၆ ပါး

၁။ အမျက်ထွက်တတ်ခြင်း ရန်ငြိုးဖွဲ့တတ်ခြင်း၊
၂။ ဂုဏ်ကို ချေဖျက်တတ်ခြင်း တုပြိုင်တတ်ခြင်း၊
၃။ ငြူစူတတ်ခြင်း ဝန်တိုတတ်ခြင်း၊
၄။ စဉ်းလဲတတ်ခြင်း လှည့်ပတ် တတ်ခြင်း၊
၅။ မကောင်းသော အလိုရှိခြင်း မိစ္ဆာဒိဋ္ဌိအယူ ရှိခြင်း၊
၆။ မိမိ၏ အယူကို မှားသောအားဖြင့် စွဲလမ်းတတ်ခြင်း။ (ဒီ၊၃၊၂၀၄။) (ဒီ၊မြန်၊၃။၂၂၇။)♦

ရန်ဖြစ်ကြောင်း ၉ ပါး

၁။ ‘‘ငါ၏ အကျိုးမဲ့ကို ပြုကျင့်ဖူးသည်’’ဟု ရန်ငြိုးဖွဲ့ခြင်း၊
၂။ ‘‘ငါ၏ အကျိုးမဲ့ကို ပြုနေဆဲ’’ဟု ရန်ငြိုးဖွဲ့ခြင်း၊
၃။ ‘‘ငါ၏ အကျိုးမဲ့ကို ပြုလတ္တံ့’’ဟု ရန်ငြိုး ဖွဲ့ခြင်း၊
၄။ ‘‘ငါ ချစ်ခင် နှစ်သက်သော ပုဂ္ဂိုလ်၏ အကျိုးမဲ့ကို ပြုဖူးသည်’’ဟု ရန်ငြိုး ဖွဲ့ခြင်း၊
၅။ ‘‘အကျိုးမဲ့ကို ပြုနေဆဲ’’ဟု ရန်ငြိုးဖွဲ့ခြင်း၊
၆။ ‘‘အကျိုးမဲ့ကို ပြုလတ္တံ့’’ဟု ရန်ငြိုး ဖွဲ့ခြင်း၊
၇။ ‘‘ငါမချစ်ခင် မနှစ်သက်သော ပုဂ္ဂိုလ်၏ အကျိုးကို ပြုဖူးသည်’’ဟု ရန်ငြိုးဖွဲ့ခြင်း၊
၈။ ‘‘အကျိုးကို ပြုနေဆဲ’’ဟု ရန်ငြိုးဖွဲ့ခြင်း၊
၉။ ‘‘အကျိုးကို ပြုလတ္တံ့’’ဟု ရန်ငြိုးဖွဲ့ခြင်း။ (ဒီ၊၃၊၂၁၈။) (ဒီ၊မြန်၊၃။၂၄၁။) (အံ၊၃၊၂၀၈။) (အဘိ၊ဝိ၊၄၀၃။) (အံ၊မြန်၊၃။၂၀၈။) (အဘိ၊ဝိ၊မြန်၊၂။၅၁၀။)♦

ရန်သူ ၂ မျိုး

၁။ အရှင်ဒဗ္ဗကို ပါရာဇိကဖြင့် စွပ်စွဲကြကုန်သော မေတ္တိယဘူမဇက ရဟန်းတို့သည် အရှင်ဒဗ္ဗတည်းဟူသော မိမိ တစ်ဦးတည်း၏ ရန်သူ= အတ္တပစ္စတ္ထိက၊
၂။ ဘုရားရှင်၏ အဆုံးအမတော်ကို ဆန့်ကျင်ဘက်ပြုသူ အရိဋ္ဌရဟန်းကဲ့သို့ သာသနာတော်၏ ရန်သူ= သာသနပစ္စတ္ထိက။ (ဝိ၊ဋ္ဌ၊၃၊၁၄၃။) (သာရတ္ထ၊ဋီ၊၁၊၁၉၂။)♦

ရန်သူ ၃ မျိုး (အတွင်းရန်သူ ၃ မျိုး)

၁။ လောဘ၊
၂။ ဒေါသ၊
၃။ မောဟ။ (ခုဒ္ဒက၊၂၅၂။) (ခုဒ္ဒက၊မြန်။၂၃၇။)♦

ရန်သူတို့ ကြိုက်နှစ်သက်အပ်သော တရား ၇ ပါး

၁။ ငါ၏ ရန်သူသည် ရုပ်ဆိုးသူဖြစ်ပါမူ ကောင်းလေစွဟု ရန်သူကို ရုပ်ဆိုးသူ ဖြစ်လိုခြင်း၊
၂။ ငါ၏ ရန်သူသည် ဆင်းရဲစွာ အိပ်ရ ပါမူ ကောင်းလေစွဟု ရန်သူ ဆင်းရဲစွာ အိပ်ရခြင်းကို လိုလားခြင်း၊
၃။ ငါ၏ ရန်သူသည် များသော အကျိုးစီးပွားရှိသူသည် မဖြစ်ပါမူ ကောင်းလေစွဟု ရန်သူ အကျိုးစီးပွားများစွာ ဖြစ်ထွန်းခြင်းကို မလိုလားခြင်း၊
၄။ ငါ့ရန်သူသည် စည်းစိမ်ဥစ္စာရှိသူ မဖြစ်ပါမူ ကောင်းလေ စွဟု ရန်သူ စည်းစိမ်ဥစ္စာ မရှိခြင်းကို လိုလားခြင်း၊
၅။ ငါ့ရန်သူသည် အခြံအရံအကျော် အစောရှိသူ မဖြစ်ပါမူ ကောင်းလေစွဟု ရန်သူ အခြံအရံ အကျော်အစောကင်းမဲ့သူကို လိုလားခြင်း၊
၆။ ငါ့ရန်သူသည် မိတ်ဆွေရှိသူသည် မဖြစ်ပါမူ ကောင်းလေစွဟု ရန်သူ မိတ်ဆွေမရှိမှုကို လိုလားခြင်း၊
၇။ ငါ့ရန်သူသည် ဤဘဝမှ သေဆုံး၍ ငရဲသို့ လားရောက်ပါမူ ကောင်းလေစွဟု ရန်သူငရဲသို့ ကျရောက်မှုကို လိုလားခြင်း။ (သုတ္တနိ၊ဋ္ဌ၊၁၊၁၀။)♦

ရန်သူနှင့် တူသော တရား ၅ ပါး

၁။ ရူပုပါဒါနက္ခန္ဓာ- ရုပ်ဟု ဆိုအပ်သော ဥပါဒါန်တို့၏ အာရုံဖြစ်သော ခန္ဓာ၊
၂။ ဝေဒနူပါဒါနက္ခန္ဓာ- ဝေဒနာဟု ဆိုအပ်သော ဥပါဒါန်တို့၏ အာရုံ ဖြစ်သော ခန္ဓာ၊
၃။ သညုပါဒါနက္ခန္ဓာ- သညာဟု ဆိုအပ်သော ဥပါဒါန်တို့၏ အာရုံဖြစ်သော ခန္ဓာ၊
၄။ သင်္ခါရုပါဒါနက္ခန္ဓာ- သင်္ခါရဟု ဆိုအပ်သော ဥပါဒါန်တို့၏ အာရုံဖြစ်သော ခန္ဓာ၊
၅။ ဝိညာဏုပါဒါနက္ခန္ဓာ- ဝိညာဏ်ဟု ဆိုအပ်သော ဥပါဒါန်တို့၏ အာရုံဖြစ်သော ခန္ဓာ။ (သံ၊၂၊၃၈၃။) (သံ၊မြန်၊၂။၃၇၈။)♦

ရန်သူမျိုး ၅ ပါး

၁။ မင်း၊
၂။ မီး၊
၃။ သူခိုး၊
၄။ ရေ၊
၅။ မချစ်မနှစ်သက်သူ(အမွေခံဆိုး)။ (သံ၊၁၊၉၀။)(အံ၊၂၊၂၂၆။) (အဘိ၊က၊၂၅၉။) (မဟာနိ၊၁၂၀။) (သံ၊ဋ္ဌ၊၁၊၁၄၆။) (ထေရီ၊ဋ္ဌ၊၂၉၆။) (မဟာနိ၊ဋ္ဌ၊၃၂၆။) (ထေရီ၊၄၃၃။)♦

ရန်အောင်ကြောင်း တရား ၃ ပါး

၁။ ရောက်လာသော ဘေးကို ဖယ်ရှားနိုင်ရန် အသိဉာဏ်နှင့် ယှဉ်သော လုံ့လဝီရိယနှင့် ပြည့်စုံခြင်း၊
၂။ ကြောက်လန့်ကင်းလျက် ရဲရင့်ခြင်းနှင့် ပြည့်စုံခြင်း၊
၃။ အသိအလိမ္မာ ဉာဏ်ပညာနှင့် ဥပါယ်တံမျဉ် ပြည့်စုံခြင်း။ (ဇာတက၊၁၊၁၄။)(ဇာ၊ဋ္ဌ၊၁၊၃၀၀။)♦

ရန်အောင်ကြောင်း တရား ၄ ပါး

၁။ သစ္စံ- မှန်ကန်သော စကား၊
၂။ ဓမ္မော- စူးစမ်းဆင်ခြင် တတ်သော အသိဉာဏ်ပညာ၊
၃။ ဓိတိ- အမြဲမပြတ် အားထုတ်ခြင်း လုံ့လဝီရိယ၊
၄။ စာဂေါ- မိမိကိုယ်ကို စွန့်လွှတ်နိုင်ခြင်း။ (ဇာတက၊၁၊၁၄။) (ဇာတက၊၁၊၆၁။) (စရိယာ၊ဋ္ဌ၊၂၂၃။) (ဇာ၊ဋ္ဌ၊၁၊၂၉၇။) (ဇာ၊ဋ္ဌ၊၂၊၁၈၉။)♦

ရန်အောင်ကြောင်း တရား ၅ ပါး

၁။ ရန်ဖြစ်ဖို့ ကြုံလာလျှင် မန္တန်ကို ရွတ်၍ နှုတ်ထိန်းချုပ်ခြင်းကို ပြုလုပ်၍ ရန်သူတို့ကို အနိုင်ယူခြင်း၊
၂။ ပညာရှိတို့နှင့် တိုင်ပင်၍ နည်းလမ်းတစ်ခုကို မှတ်သား၍ အနိုင်ယူခြင်း၊
၃။ ချစ်ဖွယ်စကားကို ပြောတတ်လျှင် ချစ်ဖွယ်စကားကို ပြောဆိုပြီး၍ ရန်သူတို့ကို အနိုင်ယူခြင်း၊
၄။ တရားအဆုံးအဖြတ်ပေးသော အမတ်တို့အား တံစိုးလက်ဆောင် ပေး၍ ရန်သူတို့ကို အနိုင်ယူခြင်း၊
၅။ ဆွေမျိုး ဆက်စပ်ပြု၍ ရန်သူတို့ကို အနိုင်ယူခြင်း။ (ဇာ၊ဋ္ဌ၊၃၊၁၉၁။)♦

ရန်အောင်ကြောင်း နည်းလမ်းကောင်း ၄ မျိုး

၁။ အမျက်ဒေါသ ထွက်သော သူကို အမျက် မထွက်ခြင်း ဟူသော မေတ္တာဖြင့် အောင်နိုင်ခြင်း၊
၂။ မကောင်းသော အကျင့်စရိုက်ရှိသော သူကို ကောင်းစွာပြုကျင့်ခြင်းဖြင့် အောင်မြင်နိုင်ခြင်း၊
၃။ နှမြောတွန့်တို ကောက်ကျစ် စဉ်းလဲသော သူကို ပေးကမ်းခြင်းဖြင့် အောင်နိုင်ခြင်း၊
၄။ မဟုတ်မမှန် ဖောက်ပြန်ချို့ယွင်းစွာ ပြောဆိုလေ့ ရှိသော သူကို အမှန်ကို ပြောဆိုခြင်းဖြင့် အောင်နိုင်ခြင်း။ (ဇာတက၊၁၊၃၆။)♦

ရပ်ပြစ် ၈ ပါး

၁။ ဘုရားရှင်ပွင့်ထွန်းစဉ် ငရဲဘုံ၌ ဖြစ်ခြင်း၊
၂။ တိရစ္ဆာန်ဘုံ၌ ဖြစ်ခြင်း၊
၃။ ပြိတ္တာ ဘုံ၌ ဖြစ်ခြင်း၊
၄။ အသညသတ်ဘုံ, အရူပဘုံတို့၌ ဖြစ်ခြင်း၊
၅။ ထေရဝါဒ ဗုဒ္ဓ သာသနာ မရောက်သော ပစ္စန္တရစ်အရပ်၌ ဖြစ်ခြင်း၊
၆။ နိယတမိစ္ဆာဒိဋ္ဌိအယူရှိသူ ဖြစ်ခြင်း၊
၇။ ဣန္ဒြေ ချို့တဲ့၍ ပညာမဲ့သူ ဖြစ်ခြင်း၊
၈။ ဘုရားမပွင့်သော အခါ ဖြစ်ခြင်း၊ (မှတ်ချက်) ဤရှစ်ပါး၌ အသုရာကာယ်ဘုံ၌ ဖြစ်ခြင်း တစ်ပါးကို ထပ်ထည့်လျှင် အက္ခဏ ၉ ပါး ဖြစ်သည်။ (ဒီ၊၃၊၂၄၈။) (အံ၊၃၊၆၀။) (ဝိမာန၊ဋ္ဌ၊၁၇၇။) (ဒီ၊မြန်၊၃။၂၇၁။) (အံ၊မြန်၊၃။၆၀။)♦

ရလွယ် အပြစ်ကင်းသော ပစ္စည်း ၄ မျိုး

၁။ ပံသုကူသင်္ကန်း၊
၂။ သလုံးမြင်းခေါင်းကို အရင်းပြု၍ အိမ်စဉ်လှည့်လည်သဖြင့် ရအပ်သော ဆွမ်း၊
၃။ သစ်ပင်ရင်း တည်းဟူသော ကျောင်း၊
၄။ နွားကျင်ငယ်ဖြင့် စိမ်အပ်သော ဆီးဖြူသီး ဖန်ခါးသီးဆေး။ (ခုဒ္ဒက၊၂၆၄။) (ခုဒ္ဒက၊မြန်။၂၅၁။)♦

ရလွယ်သော ပစ္စည်း ၄ မျိုး (ရဟန်းတို့ ရလွယ်သော ပစ္စည်း ၄ မျိုး)

၁။ သင်္ကန်းတို့တွင် ပံသုကူသင်္ကန်းသည် တာဝန်လည်း နည်း, ရလည်း ရလွယ်သော ပစ္စည်း ဖြစ်သည်၊
၂။ စားဖွယ် တို့တွင် ဆွမ်းခံလှည့်လည်၍ ရအပ်သော ဆွမ်းသည် တာဝန်လည်း နည်း, ရလည်း ရလွယ်သော ပစ္စည်း ဖြစ်သည်၊
၃။ ကျောင်းတို့တွင် သစ်ပင်ရင်းဟူသော ကျောင်းသည် တာဝန်လည်း နည်း, ရလည်း ရလွယ်သော ပစ္စည်း ဖြစ်သည်၊
၄။ ဆေးတို့တွင် နွားကျင်ငယ်ပုပ်တည်း ဟူသော ဆေးသည် တာဝန်လည်း နည်း, ရလည်း ရလွယ်သော ပစ္စည်း ဖြစ်သည်။ (အံ၊၁၊၃၃၅။) (အံ၊မြန်၊၁။၃၅၁။)♦

ရွှင်သောပညာ ရကြောင်း တရား ၄ ပါး

၁။ သူတော်ကောင်းကို မှီဝဲခြင်း၊
၂။ သူတော်ကောင်းတရားကို ကြားနာခြင်း၊
၃။ သင့်လျော်သောအားဖြင့် နှလုံးသွင်းခြင်း၊
၄။ တရားအားလျော်သော အကျင့်ကို ကျင့်ခြင်း။ (သံ၊၃၊၃၅၉။) (သံ၊၃၊၃၆၁။) (သံ၊မြန်၊၃။၃၆၄-၃၆၇။) (သံ၊မြန်၊၃။၃၆၄ ၃၆၇။)♦

ရွှေ အညစ်အကြေး ၅ ပါး

၁။ သံ၊
၂။ ကြေး၊
၃။ သလွဲမဲ ခဲပုပ်၊
၄။ သလွဲစင် ခဲမဖြူ၊
၅။ ငွေ။ (သံ၊၃၊၈၂။) (အံ၊၂၊၁၃။) (သံ၊မြန်၊၃။၈၆။) (အံ၊မြန်၊၂။၁၉။)♦

ရွှေငွေစွန့် ရဟန်း၏ အင်္ဂါ ၅ ပါး

၁။ ဆန္ဒာဂတိသို့ မလိုက်ရခြင်း၊
၂။ ဒေါသာဂတိသို့ မလိုက် ရခြင်း၊
၃။ မောဟာဂတိသို့ မလိုက်ရခြင်း၊
၄။ ဘယာဂတိသို့ မလိုက်ရခြင်း၊
၅။ စွန့်ပစ်အပ်, မစွန့်ပစ်အပ်သည်ကို သိရခြင်း။ (ဝိ၊၁၊၃၄၈။) (ဝိ၊မြန်၊၁။၃၆၉။)♦

ရွှေအိုး မြှုပ်နှံကြောင်း ၅ မျိုး

၁။ ရာဇဝတ်ပြစ်မှုဖြင့် စွပ်စွဲခံရသော အခါ၌ မင်းဘေးမှ လွတ်မြောက်ရန် ဖြစ်လိမ့်မည်ဟု ရည်မှန်းခြင်း၊
၂။ ခိုးသူတို့နှိပ်စက်ခံရသော အခါ၌ ခိုးသူဘေးမှ လွတ်မြောက်ရန် ဖြစ်လိမ့်မည်ဟု ရည်မှန်းခြင်း၊
၃။ ကြွေးမြီတင်သောအခါ၌ ကြွေးမြီမှ လွတ်မြောက်ရန် ဖြစ်လိမ့်မည်ဟု ရည်မှန်းခြင်း၊
၄။ ငတ်မွတ်ခေါင်းပါးသော အခါ၌ မျှတရန် ဖြစ်လိမ့်မည်ဟု ရည်မှန်းခြင်း၊
၅။ မီး ရေ စသော ဘေးရန်တို့ ဖြစ်ပေါ်သော် သုံးစွဲရန် ဖြစ်လိမ့်မည်ဟု ရည်မှန်းခြင်း။ (ခုဒ္ဒက၊၉။) (ခုဒ္ဒက၊ မြန်။၈။)♦

ရွှေအိုး မြှုပ်နှံခြင်းအကျိုး ၁၈ မျိုး (ကောင်းမှုရွှေအိုး မြှုပ်နှံခြင်းအကျိုး ၁၈ မျိုး)

၁။ ရန်သူတို့ မအောင်နိုင်သည်ဖြစ်၍ တမလွန်ဘဝသို့ အစဉ်လိုက်ခြင်း၊
၂။ တမလွန်ဘဝသို့ ပြောင်းသွား ရသည်ရှိသော် ထိုကောင်းမှုရွှေအိုးကို ယူ၍ သွားရခြင်း၊
၃။ ကောင်းမှုရွှေအိုးသည် သူတစ်ပါး တို့နှင့် မဆက်ဆံ, ခိုးသူတို့ မခိုးယူနိုင်ခြင်း၊
၄။ နတ်လူတို့၏ အလိုဟူသမျှကို ပေးနိုင်ခြင်း, တောင့်တသမျှ ချမ်းသာအားလုံးကို ရနိုင်ခြင်း၊
၅။ ရုပ်ရည်အဆင်း ကောင်းခြင်း၊
၆။ အသံ ကောင်းခြင်း၊
၇။ အသွင်သဏ္ဌာန်ကောင်းခြင်း၊
၈။ ရုပ်အဆင်းလှပခြင်း၊
၉။ အစိုးရခြင်း၊
၁၀။ အခြွေအရံများခြင်း၊
၁၁။ ပဒေသရာဇ်မင်းအဖြစ်ကို ရခြင်း၊
၁၂။ အစိုးရသော ဧကရာဇ် မင်းအဖြစ်ကို ရခြင်း၊
၁၃။ စကြဝတေးမင်းချမ်းသာကို ရခြင်း၊
၁၄။ နတ်မင်းဖြစ်ရခြင်း၊
၁၅။ လူ့စည်းစိမ် နတ်စည်းစိမ်ကို ရခြင်း၊
၁၆။ နိဗ္ဗာန်ချမ်းသာကို ရခြင်း၊
၁၇။ မိတ်ဆွေ ကောင်းနှင့် ပြည့်စုံခြင်းကို အကြောင်းပြု၍ သင့်သောအကြောင်းအားဖြင့် အားထုတ်သူအား အရဟတ္တမဂ်ပညာ အရဟတ္တဖိုလ်ပညာတို့၌ လေ့လာခြင်းရှိသောသူ ဖြစ်ခြင်း၊
၁၈။ ပဋိသမ္ဘိဒါ ၄ ပါး, ဝိမောက္ခ ၈ ပါး, သာဝကပါရမီဉာဏ်, ပစ္စေကဗောဓိဉာဏ်, သမ္မာသမ္ဗောဓိဉာဏ်ကို ရခြင်း။ (ခုဒ္ဒက၊၁၀။) (ခုဒ္ဒက၊ မြန်။၉။)♦

ရွှေအိုး မြှုပ်နှံပုံ ၄ မျိုး (ကောင်းမှု ရွှေအိုး မြှုပ်နှံပုံ ၄ မျိုး)

၁။ အလှူပေးခြင်း။၂။ သီလ ဆောက်တည်ခြင်း၊
၃။ ကိုယ်နှုတ်စိတ် စောင့်စည်းခြင်း၊
၄။ ဣန္ဒြေတို့ကို ဆုံးမခြင်း။ (ခုဒ္ဒက၊၉။) (ခုဒ္ဒက၊ မြန်။၉။)♦

ရွှေအိုး မြှုပ်နှံရာဌာန ၇ မျိုး (ကောင်းမှုရွှေအိုး မြှုပ်နှံရာဌာန ၇ မျိုး)

၁။ စေတီ၌ ကောင်းမှုရွှေအိုးကို မြှုပ်နှံအပ်ရာ၏၊
၂။ သံဃာ၌ ကောင်းမှုရွှေအိုးကို မြှုပ်နှံအပ်ရာ၏၊
၃။ ပုဂ္ဂိုလ်၌ ကောင်းမှု ရွှေအိုးကို မြှုပ်နှံအပ်ရာ၏၊
၄။ ဧည့်သည်၌ ကောင်းမှုရွှေအိုးကို မြှုပ်နှံအပ်ရာ၏၊
၅။ အမိ၌ ကောင်းမှုရွှေအိုးကို မြှုပ်နှံအပ်ရာ၏၊
၆။ အဖ၌ ကောင်းမှုရွှေအိုးကို မြှုပ်နှံအပ်ရာ၏၊
၇။ အစ်ကိုကြီး, အစ်မကြီး၌ ကောင်းမှုရွှေအိုးကို မြှုပ်နှံအပ်ရာ၏။ (ခုဒ္ဒက၊၁၀။) (ခုဒ္ဒက၊ မြန်။၉။)♦

ရွှေအိုးကြီး ၄ မျိုး

၁။ ထာဝရနိဓိ- ရွှေငွေစသော မြေပေါ်မြေအောက်၌ ရှိသော ရွေ့လျားခြင်း မရှိသော ရွှေအိုး၊
၂။ ဇင်္ဂမနိဓိ- ဆင် မြင်း ကျွဲ နွား ကျွန်မိန်းမ ကျွန်ယောကျ်ား စသော ရွေ့လျားခြင်း ရှိသော ရွှေအိုး၊
၃။ အင်္ဂသမနိဓိ- ကိုယ်အင်္ဂါကြီးငယ်ကဲ့သို့ အတ္တဘောနှင့် ဆက်စပ်နေသော အတတ်ပညာတည်းဟူသော ရွှေအိုး၊
၄။ အနုဂါမိကနိဓိ- ဖြစ်လေရာရာ ဘုံဘဝသို့ အစဉ် လိုက်၍ အလိုရှိအပ်သော အကျိုးကို ပေးစွမ်းနိုင်သော ကုသိုလ်ကောင်းမှု တည်းဟူသော ရွှေအိုး။ (ခုဒ္ဒက၊ဋ္ဌ၊၁၈၃။)♦

ရွှေအိုးကြီး ၄ လုံး (ဘုရားအလောင်း၏ ရွှေအိုးကြီး ၄ လုံး)

၁။ တစ်ဂါဝုတ် အရွယ်ရှိ သင်္ခမည်သော ရွှေအိုး၊
၂။ ယူဇနာဝက် အရွယ်ရှိသော ဧလ မည်သော ရွှေအိုး၊
၃။ သုံးဂါဝုတ် အရွယ်ရှိသော ဥပ္ပလမည်သော ရွှေအိုး၊
၄။ တစ်ယူဇနာ အရွယ်ရှိသော ပုဏ္ဍရိက ရွှေအိုး။ (ဒီ၊ဋ္ဌ၊၁၊၂၅၃။) (မ၊ဋ္ဌ၊၃၊၂၈၇။) (ဒီ၊ဋ္ဌ၊မြန်၊၁။၄၉၅။)♦

ရွာ ၂ မျိုး

၁။ အကာအရံ ခြံစည်းရိုး ရှိသော ရွာ၊
၂။ အကာအရံ ခြံစည်းရိုး မရှိသော ရွာ။ (ဝိ၊ဋ္ဌ၊၁၊၂၆၀။)♦

ရွာ နိဂုံး ဇနပုဒ် ၂ မျိုး

၁။ ဤရွာ နိဂုံး ဇနပုဒ်၌ နေထိုင်သီတင်းသုံးသော ရဟန်းအား အကုသိုလ် တရား တိုးပွား၍ ကုသိုလ်တရားများ ဆုတ်ယုတ်သဖြင့် မမှီဝဲအပ်သော ရွာ နိဂုံး ဇနပုဒ်၊
၂။ ဤရွာ နိဂုံး ဇနပုဒ်၌ နေထိုင်သီတင်းသုံးသော ရဟန်းအား အကုသိုလ်တရား ဆုတ်ယုတ်၍ ကုသိုလ်တရား တိုးပွားသဖြင့် မှီဝဲအပ်သော ရွာ နိဂုံး ဇနပုဒ်။ (အံ၊၃၊၁၇၇။) (အံ၊၃၊၃၃၆။) (အံ၊မြန်၊၃။၁၇၈၊၃၃၅။) (အံ၊မြန်၊၃။၁၇၈၊၃၃၅။)♦

ရွာမှ ကင်းဆိတ်၍ နေသော ပုဂ္ဂိုလ် ၄ မျိုး

၁။ ရွာမှ ကင်းသော ကိုယ်ရှိသည်ဖြစ်၍ ရွာမှ မကင်းသော စိတ်ရှိသော ပုဂ္ဂိုလ်၊
၂။ ရွာမှ မကင်းသော ကိုယ်ရှိသည်ဖြစ်၍ ရွာမှ ကင်းသော စိတ်ရှိသော ပုဂ္ဂိုလ်၊
၃။ ရွာမှ မကင်းသောကိုယ် မကင်းသော စိတ် နှစ်ပါးစုံရှိသော ပုဂ္ဂိုလ်၊
၄။ ရွာမှ ကင်းသော ကိုယ် ကင်းသော စိတ်ရှိသော ပုဂ္ဂိုလ်။ (အံ၊၁၊၄၅၄။) (အံ၊မြန်၊၁။၄၆၆။)♦

ရွေးချယ် စိစစ်ခြင်း ၂ မျိုး

၁။ ဒက္ခိဏာဝိစိနနံ- အယုတ်အမြတ် လှူဖွယ် ပစ္စည်းဝတ္ထုတို့ကို ရွေးချယ် စိစစ်ခြင်း၊
၂။ ဒက္ခိဏေယျဝိစိနနံ- သီလရှိ မရှိ အလှူခံပုဂ္ဂိုလ်တို့ကို ရွေးချယ်စိစစ်ခြင်း။ (သံ၊ဋ္ဌ၊၁၊၅၉။)♦

ရသ ၃ မျိုး

၁။ အတ္ထရသ- ဖိုလ်လေးပါး၊
၂။ ဓမ္မရသ- မဂ်လေးပါး၊
၃။ ဝိမုတ္တိရသ- နိဗ္ဗာန်။ (ယမက၊၁၊၁၉၉။) (ယမက၊၁၊၇၆-၇၇။) (အံ၊ဋ္ဌ၊၁၊၃၈၀။)♦

ရသေ့ ၃ မျိုး (အလိုလို ကြွေကျသော သစ်သီး စသည်တို့ကို စား၍ အသက်မွေးမြူသော ရသေ့ ၃ မျိုး)

၁။ ထိုင်ရာအရပ်မှ မထဘဲ လက်ဖြင့် မှီရာအရပ်၌ ကြွေကျသော သစ်သီး စသည်တို့ကိုသာ စား၍ အသက်မွေးသော မြင့်မြတ်သော ရသေ့၊
၂။ သစ်ပင်တစ်ပင်မှ အခြားသစ်ပင်တစ်ပင်သို့ မသွားဘဲ မိမိ၏ အနီး၌ရှိသော သစ်ပင်မှ ကြွေကျသော သစ်သီး စသည်တို့ကိုသာ စား၍ အသက်မွေးမြူသော အလယ်အလတ် ရသေ့၊ ၃။သစ်ပင်များရှိရာသို့ သွား၍ အလိုလို ကြွေကျသော သစ်သီး စသည်တို့ကိုသာ ရှာဖွေကောက်ယူ စား၍ အသက်မွေးမြူသော အပျော့စား ရသေ့။ (ဒီ၊ဋ္ဌ၊၁၊၂၄၂။) (ဒီ၊ဋ္ဌ၊မြန်၊၁။၄၇၄။)♦

ရသေ့ ၈ မျိုး

၁။ သားမယားနှင့် တကွ နေသော သပုတ္တဘရိယရသေ့၊
၂။ ကောက်ပဲတို့ကို ရှားမှီးခြင်း ဟူသော အသက်မွေးဝမ်းကြောင်း အကျင့်ရှိသော ရသေ့၊
၃။ ရွာနိဂုံးတို့၌ ဆန်ဆွမ်းကို ခံယူ၍ ချက်ပြုတ်၍ အသက်မွေးမြူသော ရသေ့ (မီးဖြင့် ချက်ပြီးသား ဆွမ်းကို မခံယူသော ရသေ့)၊
၄။ ရွာသို့ ဝင်၍ ချက်ပြီးသားဆွမ်းကို အလှူခံ၍ (ကိုယ်တိုင် ချက်ပြုတ်ခြင်း မပြုဘဲ) အသက် မွေးမြူသော ရသေ့။၅။ လက်ဆုပ်ပမာဏရှိသော ကျောက်ခဲဖြင့် ဂွေးပင် အစရှိသော သစ်ပင် တို့၏ အခွံအခေါက်ကို ထုရိုက်ခွာယူ၍ သုံးဆောင်ကာ အသက်မွေးသော ရသေ့၊
၆။ မိမိ၏ သွားဖြင့်ပင် သစ်ခွံ သစ်ခေါက်ကို ကိုက်ခွာ၍ သုံးဆောင်ကာ အသက်မွေးသော ရသေ့၊
၇။ အပင်မှ သစ်သီးတို့ကို ချွေ၍ စားသော ရသေ့၊
၈။ အလိုလို ကြွေကျသော သစ်သီး, သစ်ရွက်, သစ်ပွင့် အစရှိသည်တို့ကိုသာ ခဲစား၍ အသက်မွေးမြူသော ရသေ့။ (ဒီ၊ဋ္ဌ၊၁၊၂၄၁။) (သုတ္တနိ၊ဋ္ဌ၊၁၊၃၁၀။) (ဒီ၊ဋ္ဌ၊မြန်၊၁။၄၇၃။)♦

ရဟန္တာ ပယ်အပ်ပြီးတရား ၅ ပါး

၁။ ကာမစ္ဆန္ဒ- ကာမဂုဏ်၌ တပ်မက်ခြင်း၊
၂။ ဗျာပါဒ- အမျက် ဒေါသ၊
၃။ ထိနမိဒ္ဓ- စိတ်စေတသိက်၏ တွန့်တိုဆုတ်နစ်ခြင်း၊
၄။ ဥဒ္ဓစ္စကုက္ကုစ္စ- စိတ်ပျံ့လွင့် ခြင်းသဘော, နောင်တတဖန် ပူပန်ခြင်းသဘော၊
၅။ ဝိစိကိစ္ဆာ- ယုံမှား တွေးတောခြင်း။ (ဝဇိရ၊၄၁၅။)♦

ရဟန္တာ ဖြစ်ကြောင်း တရား ၃ ပါး

၁။ သာသနာတော်၌ ရဟန်းသည် ဣန္ဒြေတို့၌ ပိတ်ထား အပ်သော တံခါးရှိခြင်း၊
၂။ အစားအစာတို့၌ အတိုင်းအရှည်ကို သိခြင်း၊
၃။ နိုးကြားမှု၌ အမြဲယှဉ်ခြင်း။ (အံ၊၁၊၁၁၁။) (အံ၊မြန်၊၁။၁၃၀။)♦

ရဟန္တာ ဖြစ်ကြောင်း တရား ၆ ပါး

၁။ ယုံကြည်မှု သဒ္ဓါ ရှိခြင်း၊
၂။ ရှက်မှု ဟိရီ ရှိခြင်း၊
၃။ ကြောက်လန့်မှု ဩတ္တပ္ပ ရှိခြင်း၊
၄။ ထက်သန်သော လုံ့လ ရှိခြင်း၊
၅။ ပညာ ရှိခြင်း၊
၆။ ကိုယ်နှင့် အသက်တို့၌ ငဲ့ကွက်မှု မရှိခြင်း။ (အံ၊၂၊၃၇၈။) (အံ၊မြန်၊၂။၄၇၇။)♦

ရဟန္တာ ဖြစ်ကြောင်း တရား ၆ ပါး (တစ်နည်း)

၁။ မာန်မူခြင်းကို ပယ်ခြင်း၊
၂။ ယုတ်သော မာန်မူခြင်းကို ပယ်ခြင်း၊
၃။ အလွန် မာန်မူခြင်းကို ပယ်ခြင်း၊
၄။ အထင်ကြီးမှုကို ပယ်ခြင်း၊
၅။ ခက်ထန်ခြင်းကို ပယ်ခြင်း၊
၆။ အလွန် နိမ့်ကျခြင်းကို ပယ်ခြင်း။ (အံ၊၂၊၃၇၅။) (အံ၊မြန်၊၂။၄၇၃။)♦

ရဟန္တာ ဖြစ်ကြောင်း တရား ၆ ပါး (တစ်နည်း)

၁။ တရား၌ မွေ့လျော်၍ နေခြင်း၊
၂။ ဘာဝနာ၌ မွေ့လျော်၍ နေခြင်း၊
၃။ အကုသိုလ်တရားကို ပယ်စွန့်မှု၌ မွေ့လျော်ခြင်း၊
၄။ ဆိတ်ငြိမ်ရာ၌ မွေ့လျော်ခြင်း၊
၅။ ဆင်းရဲမရှိရာ နိဗ္ဗာန်၌ မွေ့လျော်ခြင်း၊
၆။ သံသရာ ချဲ့ထွင်တတ်သော ပပဉ္စ တရားမရှိရာ နိဗ္ဗာန်၌ မွေ့လျော်ခြင်း။ (အံ၊၂၊၃၇၅။) (အံ၊မြန်၊၂။၄၇၄။)♦

ရဟန္တာ ဖြစ်ကြောင်း တရား ၇ ပါး

၁။ သဒ္ဓါတရားရှိခြင်း၊
၂။ သီလရှိခြင်း၊
၃။ အကြားအမြင် များခြင်း၊
၄။ တစ်ယောက်တည်း ကိန်းအောင်းခြင်း၊
၅။ ထက်သန်သော လုံ့လ ရှိခြင်း၊
၆။ သတိနှင့် ပြည့်စုံခြင်း၊
၇။ ပညာရှိခြင်း။ (အံ၊၂၊၄၆၁။) (အံ၊မြန်၊၂။၅၈၂။)♦

ရဟန္တာ မပြုထိုက်သော အရာ ၅ ပါး

၁။ ရဟန္တာသည် သတ်လိုသော စေတနာဖြင့် သူတစ်ပါး အသက် သတ်ခြင်း၊
၂။ ရဟန္တာသည် ခိုးယူသော စိတ်ဖြင့် သူ့ဥစ္စာ ယူခြင်း၊
၃။ ရဟန္တာသည် မေထုန်မှီဝဲခြင်း၊
၄။ ရဟန္တာသည် သိလျက် မဟုတ်မမှန်သော စကားပြောခြင်း၊
၅။ ရဟန္တာသည် ကာမဂုဏ်တို့ကို သိုမှီး၍ ခံစားခြင်း။ (ဒီ၊၃၊၁၉၆။) (ဒီ၊မြန်၊၃။၂၁၈။)♦

ရဟန္တာ မပြုထိုက်သော အရာ ၉ ပါး

၁။ အာသဝေါကင်းပြီးသော ရဟန္တာရဟန်းသည် သေစေလို၍ သတ္တဝါကို ဇီဝိတိန္ဒြေမှ ချခြင်း၊
၂။ အာသဝေါကင်းပြီးသော ရဟန္တာရဟန်းသည် မပေးသည်ကို ခိုးလိုသော စိတ်ဖြင့် ခိုးယူခြင်း၊
၃။ အာသဝေါကင်းပြီးသော ရဟန္တာရဟန်းသည် မေထုန်အကျင့်ကို မှီဝဲခြင်း၊
၄။ အာသဝေါကင်းပြီးသော ရဟန္တာရဟန်းသည် သိလျက် မဟုတ်မမှန်သော စကားကို ပြောဆိုခြင်း၊
၅။ အာသဝေါကင်းပြီးသော ရဟန္တာရဟန်းသည် ရှေးလူဖြစ်စဉ်အခါက ပြုလုပ်သကဲ့သို့ဝတ္ထုကာမ ကိလေသာကာမတို့ကို စုဆောင်းသိုမှီး၍ သုံးဆောင်ခြင်း၊
၆။ အာသဝေါကင်းပြီးသော ရဟန္တာရဟန်းသည် ချစ်သဖြင့် မလားအပ်သည့် အရာသို့ လားခြင်း၊
၇။ အာသဝေါကင်းပြီးသော ရဟန္တာရဟန်းသည် မုန်းသဖြင့် မလားအပ်သည့် အရာသို့ လားခြင်း၊
၈။ အာသဝေါကင်းပြီးသော ရဟန္တာ ရဟန်းသည် မသိသဖြင့် မလားအပ်သည့်အရာသို့ လားခြင်း၊
၉။ အာသဝေါကင်းပြီးသော ရဟန္တာရဟန်းသည် ကြောက်သဖြင့် မလားအပ်သည့်အရာသို့ လားခြင်း။ (ဒီ၊၃၊၁၁၀။) (ဒီ၊မြန်၊၃။၁၂၄-၁၂၅။)♦

ရဟန္တာ မဖြစ်ကြောင်း တရား ၆ ပါး

၁။ ယုံကြည်မှု သဒ္ဓါ မရှိခြင်း၊
၂။ ရှက်မှု ဟိရီ မရှိခြင်း၊
၃။ ကြောက်လန့်မှု ဩတ္တပ္ပ မရှိခြင်း၊
၄။ ပျင်းရိခြင်း၊
၅။ ပညာမဲ့ခြင်း၊
၆။ ကိုယ်နှင့် အသက်တို့၌ ငဲ့ကွက်မှု ရှိခြင်း။ (အံ၊၂၊၃၇၇။) (အံ၊မြန်၊၂။၄၇၇။)♦

ရဟန္တာ မဖြစ်ကြောင်း တရား ၆ ပါး (တစ်နည်း)

၁။ မာန်မူခြင်း၊
၂။ ယုတ်သော မာန်မူခြင်း၊
၃။ အလွန် မာန်မူခြင်း၊
၄။ အထင်ကြီးခြင်း၊
၅။ ခက်ထန်ခြင်း၊
၆။ အလွန်နိမ့်ကျခြင်း။ (အံ၊၂၊ ၃၇၅။) (အံ၊မြန်၊၂။၄၇၃။)♦

ရဟန္တာ လျင်မြန်စွာ ဖြစ်ကြောင်း တရား ၅ ပါး

၁။ အတ္ထပဋိသမ္ဘိဒါဉာဏ်သို့ ရောက်၍ နေခြင်း၊
၂။ ဓမ္မပဋိသမ္ဘိဒါဉာဏ်သို့ ရောက်၍ နေခြင်း၊
၃။ နိရုတ္တိပဋိသမ္ဘိဒါဉာဏ်သို့ ရောက်၍ နေခြင်း၊
၄။ ပဋိဘာနပဋိသမ္ဘိဒါဉာဏ်သို့ ရောက်၍ နေခြင်း၊
၅။ ကိလေသာမှ လွတ်မြောက်သော အရဟတ္တဖိုလ်စိတ်ကို ဆင်ခြင်ခြင်း။ (အံ၊၂၊၁၀၅။) (အံ၊မြန်၊၂။၁၂၈-၁၂၉။)♦

ရဟန္တာ လွန်ကျူး၍ မကျင့်သော အကြောင်းအရာ ၅ မျိုး

၁။ စေ့ဆော်၍ သတ္တဝါကို မသတ်၊
၂။ အရှင်မပေးသော သူတစ်ပါးဥစ္စာကို ခိုးယူမှု မပြု၊
၃။ မေထုန် မှီဝဲမှုကို မပြု၊
၄။ သိလျက် မဟုတ်မမှန် စကားကို မပြော၊
၅။ ရှေး၌ လူဝတ်ကြောင်ဖြစ်စဉ်ကဲ့သို့ သိုမှီး သိမ်းဆည်း စုဆောင်း၍ဝတ္ထုကာမတို့ကို မသုံးဆောင်။ (မ၊၂၊၁၉၂။) (မ၊မြန်၊၂။၂၀၄။)♦

ရဟန္တာ ဝိပဿနာ ပွားရာ၌ ကျွမ်းကျင်ခြင်း ၁၂ ပါး

၁။ မမြဲသောအားဖြင့် ထင်ခြင်း၌ ကျွမ်းကျင်ခြင်း၊ မြဲသောအားဖြင့် မထင်ခြင်း၌ ကျွမ်းကျင်ခြင်း၊ ၂၊ ဆင်းရဲသောအားဖြင့် ထင်ခြင်း၌ လိမ်မာခြင်း၊ ချမ်းသာသောအားဖြင့် မထင်ခြင်း၌ ကျွမ်းကျင်ခြင်း၊
၃။ အနှစ်မရှိ အလိုသို့ မလိုက်သောအားဖြင့် ထင်ခြင်း၌ ကျွမ်းကျင်ခြင်း၊ အနှစ်ရှိ အလိုသို့ လိုက်သောအားဖြင့် မထင်ခြင်း၌ လိမ်မာကျွမ်းကျင်ခြင်း၊
၄။ ကုန်ဆုံးတတ်သောအားဖြင့် ထင်ခြင်း၌ ကျွမ်းကျင်ခြင်း၊ အစိုင်အခဲအားဖြင့် မထင်ခြင်း၌ ကျွမ်းကျင်ခြင်း၊
၅။ ပျက်ပြုန်းသောအားဖြင့် ထင်ခြင်း၌ လိမ်မာကျွမ်းကျင်ခြင်း၊ အားထုတ်ခြင်း၌ မထင်ခြင်း၌ လိမ်မာကျွမ်းကျင်ခြင်း၊
၆။ ဖောက်ပြန် ခြင်း၏ ထင်ခြင်း၌ လိမ်မာခြင်း၊ တည်မြဲသောအားဖြင့် မထင်ခြင်း၌ လိမ်မာကျွမ်းကျင်ခြင်း၊
၇။ အနိမိတ္တ၏ ထင်ခြင်း၌ လိမ်မာကျွမ်းကျင်ခြင်း၊ နိမိတ္တ၏ မထင်ခြင်း၌ လိမ်မာ ကျွမ်းကျင်ခြင်း၊
၈။ အပ္ပဏိဟိတ၏ ထင်ခြင်း၌ လိမ်မာကျွမ်းကျင်ခြင်း၊ တောင့်တခြင်း၏ မထင်ခြင်း၌ လိမ်မာကျွမ်းကျင်ခြင်း၊
၉။ ဆိတ်သုဉ်းသောအားဖြင့် ထင်ခြင်း၌ လိမ်မာ ကျွမ်းကျင်ခြင်း၊ မှားသော နှလုံးသွင်းခြင်းအားဖြင့် မထင်ခြင်း၌ လိမ်မာကျွမ်းကျင်ခြင်း၊
၁၀။ ဉာဏ်၏ ထင်ခြင်း၌ ကျွမ်းကျင်ခြင်း၊ အဉာဏ၏ မထင်ခြင်း၌ လိမ်မာကျွမ်းကျင်ခြင်း၊
၁၁။ မယှဉ်ခြင်း ဝိသံယောဂ၏ ထင်ခြင်း၌ လိမ်မာကျွမ်းကျင်ခြင်း၊ ယှဉ်ခြင်း သံယောဂ၏ မထင်ခြင်း၌ လိမ်မာကျွမ်းကျင်ခြင်း၊
၁၂။ နိရောဓဟူသော နိဗ္ဗာန်၏ ထင်ခြင်း၌ လိမ်မာခြင်း သင်္ခါရတို့၏ မထင်ခြင်း၌ ကျွမ်းကျင်ခြင်း။ (ပဋိသံ၊၂၂၅။) (ပဋိသံ၊မြန်။၂၇၈။)♦

ရဟန္တာ သမာဓိပွားများရာ ထင်ခြင်း၌ လိမ်မာကြောင်း အခြင်းအရာ ၁၀ ပါး

၁။ အာရုံနိမိတ်ကို ဆင်ခြင်ခြင်းကြောင့် နိမိတ်အာရုံ ထင်ခြင်း၊
၂။ သမထနိမိတ်၌ ထင်ခြင်း၊
၃။ စိတ်ကို ချီးမြှောက်သော နိမိတ်၌ ထင်ခြင်း၊
၄။ မပျံ့လွင့်မှု၌ ထင်ခြင်း၊
၅။ ဉာဏ်အလင်းရောင်၌ ထင်ခြင်း၊
၆။ ရွှင်လန်းမှု၌ ထင်ခြင်း၊
၇။ လျစ်လျူရှုမှု၌ ထင်ခြင်း၊
၈။ တစ်ခုတည်းအဖြစ်၌ ထင်ခြင်း၊
၉။ အသမ္မောဟဉာဏ် ထင်ခြင်း၊
၁၀။ ဝိမုတ္တိ(အရဟတ္တဖိုလ်) ထင်ခြင်း ထည့်လျှင် (၁၀) ပါး ရ၏။ (ပဋိသံ၊၂၂၃။) (ပဋိသံ၊မြန်။၂၇၇။)♦

ရဟန္တာ သို့မဟုတ် အနာဂါမ် ဖြစ်ကြောင်း တရား ၅ ပါး (တစ်နည်း)

၁။ မိမိ သန္တာန်၌သာလျှင် အောက်မေ့ခြင်း သတိသည် ကောင်းစွာ တည်၏၊
၂။ တရားတို့၏ ဖြစ်မှု ပျက်မှုကို သိသော ပညာဖြင့် ခန္ဓာကိုယ်၌ မတင့်တယ်ဟု ရှုလေ့ရှိသည်ဖြစ်၍ နေခြင်း၊ ၃။(သုံးဆောင် အပ်သော) အာဟာရ၌ စက်ဆုပ်ဖွယ်ဟု အမှတ်ရှိသည်ဖြစ်၍ နေခြင်း၊
၄။ အလုံးစုံသော လောက၌ မမွေ့လျော်ဖွယ်ဟု အမှတ်ရှိသည်ဖြစ်၍ နေခြင်း၊
၅။ အလုံးစုံသော သင်္ခါရ တရားတို့၌ အမြဲမရှိဟု ရှုလေ့ရှိသည်ဖြစ်၍ နေခြင်း။ (အံ၊၂၊၁၂၆။) (အံ၊မြန်၊၂။၁၅၅-၁၅၆။)♦

ရဟန္တာ အကဲ့ရဲ့ခံရကြောင်း ၅ ပါး

၁။ ပြည့်တန်ဆာမ အိမ်လျှင် ကျက်စားရာရှိခြင်း၊
၂။ မုဆိုးမ အိမ်လျှင် ကျက်စားရာရှိခြင်း၊
၃။ အပျိုကြီးအိမ်လျှင် ကျက်စားရာရှိခြင်း၊
၄။ ပဏ္ဍုက် အိမ်လျှင် ကျက်စားရာရှိခြင်း၊
၅။ ရဟန်းမိန်းမကျောင်းလျှင် ကျက်စားရာရှိခြင်း။ (အံ၊၂၊၁၁၂။) (အံ၊မြန်၊၂။၁၃၈။)♦

ရဟန္တာ၌ ရှိသော တရား ၆ ပါး

၁။ မျက်စိဖြင့် အဆင်းကို မြင်၍ ဝမ်းလည်းမသာ ဝမ်းလည်း မနည်း လျစ်လျူရှုခြင်း၊
၂။ နားဖြင့် အသံကို ကြား၍ ဝမ်းလည်းမသာ ဝမ်းလည်းမနည်း လျစ်လျူရှုခြင်း၊
၃။ နှာခေါင်းဖြင့် အနံ့ကို နမ်း၍ ဝမ်းလည်းမသာ ဝမ်းလည်းမနည်း လျစ်လျူ ရှုခြင်း၊
၄။ လျှာဖြင့်အရသာကို လျက်၍ ဝမ်းလည်းမသာ ဝမ်းလည်းမနည်း လျစ်လျူရှုခြင်း၊
၅။ ကိုယ်ဖြင့် အတွေ့အထိကို တွေထိ၍ ဝမ်းလည်းမသာ ဝမ်းလည်းမနည်း လျစ်လျူရှုခြင်း၊
၆။ စိတ်ဖြင့် သဘောတရားကို သိ၍ ဝမ်းလည်းမသာ ဝမ်းလည်းမနည်း လျစ်လျူရှုခြင်း။ (အံ၊၂၊၂၄၇။) (အံ၊မြန်၊၂။၃၂၀။)♦

ရဟန္တာ၌ ရှိသော တရား ၆ ပါး (တစ်နည်း)

၁။ တန်ခိုးဖန်ဆင်းခြင်းနှင့် ပြည့်စုံခြင်း၊
၂။ နတ်နားနှင့် တူသော ဒိဗ္ဗသောတနှင့် ပြည့်စုံခြင်း၊
၃။ သူတစ်ပါး၏ စိတ်ကို မိမိစိတ်ဖြင့် ပိုင်းခြား၍ သိခြင်း၊
၄။ ရှေ့၌ ဖြစ်ဘူးသော ဘဝကို အောက်မေ့နိုင်ခြင်း၊
၅။ နတ်မျက်စိနှင့် တူသော ဒိဗ္ဗစက္ခုနှင့် ပြည်စုံခြင်း၊
၆။ အရဟတ္တဖိုလ်ပညာနှင့် ပြည့်စုံခြင်း (အာသဝက္ခယ ဉာဏ်) ။ (အံ၊၂၊၂၄၇။) (အံ၊မြန်၊၂။၃၂၀-၃၂၁-၃၂၂။)♦

ရဟန္တာ၌ ရှိသော တရား ၆ ပါး (တစ်နည်း)

၁။ သဒ္ဓိန္ဒြေ ပြည့်စုံခြင်း၊
၂။ ဝီရိယိန္ဒြေ ပြည့်စုံခြင်း၊
၃။ သတိန္ဒြေ ပြည့်စုံခြင်း၊
၄။ သမာဓိန္ဒြေ ပြည့်စုံခြင်း၊
၅။ ပညိန္ဒြေ ပြည့်စုံခြင်း၊
၆။ အရဟတ္တ ဖိုလ်နှင့် ပြည့်စုံခြင်း။ (အံ၊၂၊၂၄၉။) (အံ၊မြန်၊၂။၃၂၂။)♦

ရဟန္တာ၌ ရှိသော တရား ၆ ပါး (တစ်နည်း)

၁။ သဒ္ဓါဗိုလ်နှင့် ပြည့်စုံခြင်း၊
၂။ ဝိရိယ ဗိုလ်နှင့် ပြည့်စုံခြင်း၊
၃။ သတိဗိုလ်နှင့် ပြည့်စုံခြင်း၊
၄။ သမာဓိဗိုလ်နှင့် ပြည့်စုံခြင်း၊
၅။ ပညာ ဗိုလ်နှင့် ပြည့်စုံခြင်း၊၊
၆။ အရဟတ္တဖိုလ်ပညာနှင့် ပြည့်စုံခြင်း၊ ။ (အံ၊၂၊၂၄၉။) (အံ၊မြန်၊၂။၃၂၃။)♦

ရဟန္တာ၌ ရှိသော တရား ၆ ပါး (တစ်နည်း)

၁။ ရူပါရုံကို သည်းခံနိုင်ခြင်း၊
၂။ သဒ္ဒါရုံကို သည်းခံ နိုင်ခြင်း၊
၃။ ဂန္ဓာရုံကို သည်းခံနိုင်ခြင်း၊
၄။ ရသာရုံကို သည်းခံနိုင်ခြင်း၊
၅။ ဖောဋ္ဌဗ္ဗာရုံကို သည်းခံနိုင်ခြင်း၊
၆။ ဓမ္မာရုံကို သည်းခံနိုင်ခြင်း။ (အံ၊၂၊၂၅၀။မြန်၊၃၂၄။)♦

ရဟန္တာ၌ ရှိသော မှီရာတရား ၄ ပါး

၁။ ဉာဏ်ဖြင့် ဆင်ခြင်သိမြင်၍ မှီဝဲသုံးစွဲသင့်သော ပစ္စည်း လေးပါးကို မှီဝဲသုံးစွဲခြင်း၊
၂။ ဉာဏ်ဖြင့် ဆင်ခြင် သိမြင်၍ ချုပ်တည်း သည်းခံသင့်သော အအေးအပူ စသည်ကို ချုပ်တည်း သည်းခံခြင်း၊
၃။ ဉာဏ်ဖြင့် ဆင်ခြင်သိမြင်၍ ရှောင်ရှား သင့်သော ဆင်ကြမ်း၊ မြင်းကြမ်း ခွေးဆိုး စသည်ကို ရှောင်ရှားခြင်း၊
၄။ ဉာဏ်ဖြင့် ဆင်ခြင် သိမြင်၍ ပယ်ထုတ်သင့်သော ကာမဝိတက် စသော အကုသိုလ်ကို ပယ်ထုတ်ခြင်း။ (ဝဇိရ၊၄၁၅။)♦

ရဟန္တာ၏ ဉာဏ်အား ၈ မျိုး

၁။ အလုံးစုံသော တေဘူမက သင်္ခါရတရားတို့ကို အနိစ္စအားဖြင့် ဟုတ်တိုင်းမှန်စွာ ဝိပဿနာ မဂ်ပညာဖြင့် သိမြင်ခြင်း၊
၂။ ကာမဂုဏ်တရားတို့ကို မီးကျီးစုနှင့် တူ၏ ဟူ၍ ဟုတ်တိုင်းမှန်စွာ ဝိပဿနာ မဂ်ဉာဏ်ပညာဖြင့် သိမြင်ခြင်း၊
၃။ သင်္ခါရတရား တို့၏ ကင်းဆိတ်ရာ နိဗ္ဗာန်သို့ စိတ်ညွတ် ကိုင်းရှိုင်းလျက် တည်ခြင်း၊
၄။ သတိပဋ္ဌာန်လေးပါး တရားတို့ကို ကောင်းစွာ ပွားများအပ်ခြင်း၊
၅။ ဣဒ္ဓိပါဒ်လေးပါး တရားတို့ကို ကောင်းစွာ ပွားများအပ်ခြင်း၊
၆။ ဣန္ဒြေငါးပါး တရားတို့ကို ကောင်းစွာ ပွားများအပ်ခြင်း၊
၇။ ဗောဇ္ဈင် ခုနစ်ပါး တရားတို့ကို ကောင်းစွာ ပွားများအပ်ခြင်း၊
၈။ မဂ္ဂင်ရှစ်ပါး တရားတို့ကို ကောင်းစွာ ပွားများအပ်ခြင်း။ (အံ၊၃၊၅၈။) (အံ၊မြန်၊၃။၅၉။)♦

ရဟန္တာ၏ တရား ၆ မျိုး

၁။ စောင့်စည်းမှုဖြင့် ပယ်ရမည့် အာသဝေါတရားတို့ကို စောင့်စည်း မှုဖြင့် ပယ်ခြင်း၊
၂။ မှီဝဲမှုဖြင့် ပယ်ရမည့် အာသဝေါတရားတို့ကို မှီဝဲမှုဖြင့် ပယ်ခြင်း၊
၃။ သည်းခံခြင်းဖြင့် ပယ်ရမည့် အာသဝေါတရားတို့ကို သည်းခံမှုဖြင့် ပယ်ခြင်း၊
၄။ ရှောင်ကြဉ် မှုဖြင့် ပယ်ရမည့် အာသဝေါတရားတို့ကို ရှောင်ကြဉ်မှုဖြင့် ပယ်ခြင်း၊
၅။ ပယ်ဖျောက်မှုဖြင့် ပယ်ရမည့် အာသဝေါတရားတို့ကို ပယ်ဖျောက်မှုဖြင့် ပယ်ခြင်း၊
၆။ ပွားများမှုဖြင့် ပယ်ရမည့် အာသဝေါတရားတို့ကို ပွားများမှုဖြင့် ပယ်ခြင်း။ (အံ၊၂၊၃၄၀။) (အံ၊မြန်၊၂။၄၃၁-၄၃၂။)♦

ရဟန္တာ၏ တာဒိဂုဏ် ၅ ပါး

၁။ ဣဋ္ဌာရုံ အနိဋ္ဌာရုံ နှစ်ပါး၌ သည်းခံခြင်း၊
၂။ ကိလေသာကို စွန့်ခြင်းကြောင့် သည်းခံခြင်း၊
၃။ သံသရာကို လွန်ခြင်းကြောင့် သည်းခံခြင်း၊
၄။ ရာဂ စသည်မှ လွတ်ခြင်းကြောင့် သည်းခံခြင်း၊
၅။ သီလ စသည်တို့ဖြင့် ညွှန်းဆိုအပ်သောကြောင့် သည်းခံခြင်း။ (မဟာနိ၊၈၈။)♦

ရဟန္တာ၏ မြဲသော နေခြင်း ၆ ပါး

၁။ မျက်စိဖြင့် ရူပါရုံကို မြင်သော် ဝမ်းသာခြင်း ဝမ်းနည်းခြင်း မဖြစ်ဘဲ လျစ်လျူရှု၍ နေခြင်း၊
၂။ နားဖြင့် သဒ္ဒါရုံကို ကြားသော် ဝမ်းသာခြင်း ဝမ်းနည်းခြင်း မဖြစ်ဘဲ လျစ်လျူရှု၍ နေခြင်း၊
၃။ နှာခေါင်းဖြင့် ဂန္ဓာရုံကို နမ်းသော် ဝမ်းသာခြင်း ဝမ်းနည်းခြင်း မဖြစ်ဘဲ လျစ်လျူရှု၍ နေခြင်း၊
၄။ လျှာဖြင့် ရသာရုံကို လျက်သော် ဝမ်းသာခြင်း ဝမ်းနည်းခြင်း မဖြစ်ဘဲ လျစ်လျူရှု၍ နေခြင်း၊
၅။ ကိုယ်ဖြင့် ဖောဋ္ဌဗ္ဗာရုံကို တွေ့ထိသော် ဝမ်းသာခြင်း၊ ဝမ်းနည်းခြင်း မဖြစ်ဘဲ လျစ်လျူရှု၍ နေခြင်း၊
၆။ စိတ်ဖြင့် ဓမ္မာရုံကို သိသော် ဝမ်းသာခြင်း ဝမ်းနည်းခြင်း မဖြစ်ဘဲ လျစ်လျူရှု၍ နေခြင်း။ (ဒီ၊၃၊၂၀၇။) (ဒီ၊၃၊၂၃၉။) (ဒီ၊မြန်၊၃။၂၃၀။) (ဒီ၊မြန်၊၃။၂၆၂။)♦

ရဟန္တာ၏ အင်္ဂါ ၁၀ ပါး

၁။ ရဟန္တာပုဂ္ဂိုလ်၏ ဥစ္စာဖြစ်သော အရဟတ္တဖိုလ်ဖြစ်သော မှန်ကန်သော ဉာဏ်အမြင်၊
၂။ ရဟန္တာပုဂ္ဂိုလ်၏ ဥစ္စာဖြစ်သော အရဟတ္တဖိုလ်ဖြစ်သော မှန်ကန်သော အကြံအစည်၊
၃။ ရဟန္တာပုဂ္ဂိုလ်၏ ဥစ္စာဖြစ်သော အရဟတ္တဖိုလ်ဖြစ်သော မှန်ကန်စွာ ပြောဆိုကြောင်း တရားသဘော၊
၄။ ရဟန္တာပုဂ္ဂိုလ်၏ ဥစ္စာဖြစ်သော အရဟတ္တဖိုလ်ဖြစ်သော မှန်ကန်စွာ ပြုလုပ်ကြောင်း တရားသဘော၊
၅။ ရဟန္တာပုဂ္ဂိုလ်၏ ဥစ္စာဖြစ်သော အရဟတ္တ ဖိုလ်ဖြစ်သော မှန်ကန်စွာ အသက်မွေးကြောင်း တရားသဘော၊
၆။ ရဟန္တာပုဂ္ဂိုလ်၏ ဥစ္စာ ဖြစ်သော အရဟတ္တဖိုလ်ဖြစ်သော မှန်ကန်သော ဝီရိယ၊
၇။ ရဟန္တာပုဂ္ဂိုလ်၏ ဥစ္စာဖြစ်သော အရဟတ္တဖိုလ်ဖြစ်သော မှန်ကန်သော သတိတရား၊
၈။ ရဟန္တာပုဂ္ဂိုလ်၏ ဥစ္စာဖြစ်သော အရဟတ္တ ဖိုလ်ဖြစ်သော မှန်ကန်သော တည်ကြည်သော တရား၊
၉။ ရဟန္တာပုဂ္ဂိုလ်၏ ဥစ္စာဖြစ်သော မှန်ကန်သော အရဟတ္တဖိုလ်ဉာဏ်, ပစ္စဝေက္ခဏာဉာဏ်၊
၁၀။ ရဟန္တာပုဂ္ဂိုလ်၏ ဥစ္စာဖြစ်သော မှန်ကန်သော အရဟတ္တဖိုလ် ဝိမုတ္တိ။ (ဝဇိရ၊၄၁၅။)♦

ရဟန္တာ၏ အင်္ဂါ ၅ ပါး

၁။ ကျင့်ပြီး ရဟန္တာတို့၏ ဥစ္စာဖြစ်သော သီလနှင့် ပြည့်စုံခြင်း၊
၂။ ကျင့်ပြီး ရဟန္တာတို့၏ ဥစ္စာဖြစ်သော သမာဓိနှင့် ပြည့်စုံခြင်း၊
၃။ ကျင့်ပြီး ရဟန္တာတို့၏ ဥစ္စာဖြစ်သော ပညာနှင့် ပြည့်စုံခြင်း၊
၄။ ကျင့်ပြီး ရဟန္တာတို့၏ ဥစ္စာဖြစ်သော (ကိလေသာမှ) လွတ်မြောက်မှု (အရဟတ္တဖိုလ်) နှင့် ပြည့်စုံခြင်း၊
၅။ ကျင့်ပြီး ရဟန္တာတို့၏ ဥစ္စာဖြစ်သော (ကိလေသာမှ) လွတ်မြောက်မှု (အရဟတ္တဖိုလ်) ကို သိသော ဉာဏ်အမြင် ‘‘ပစ္စဝေက္ခဏာဉာဏ်’’နှင့် ပြည့်စုံခြင်း။ (အံ၊၂၊၁၁၈။) (အံ၊မြန်၊၂။၁၄၅-၁၄၆။)♦

ရဟန္တာ၏ အင်္ဂါ ၆ မျိုး

၁။ မျက်စိဖြင့် ရူပါရုံ-အဆင်းကို မြင်၍ နှစ်သက်ခြင်း စိတ်ဆိုးခြင်း မဖြစ်ဘဲ သတိပညာထား၍ လျစ်လျူရှုလျက် နေခြင်း၊
၂။ နားဖြင့် သဒ္ဒါရုံ-အသံကို ကြား၍ နှစ်သက်ခြင်း စိတ်ဆိုးခြင်း မဖြစ်ဘဲ သတိပညာထား၍ လျစ်လျူရှုလျက် နေခြင်း၊
၃။ နှာခေါင်းဖြင့် အနံ့ကို နမ်းရှူ၍ နှစ်သက်ခြင်း စိတ်ဆိုးခြင်း မဖြစ်ဘဲ သတိပညာထား၍ လျစ်လျူရှုလျက် နေခြင်း၊
၄။ လျှာဖြင့် အရသာကို လျက်၍ နှစ်သက်ခြင်း စိတ်ဆိုးခြင်း မဖြစ်ဘဲ သတိပညာ ထား၍ လျစ်လျူရှုလျက် နေခြင်း၊
၅။ ကိုယ်ဖြင့် အတွေ့အထိ ဖောဋ္ဌဗ္ဗာရုံကို တွေ့ထိ၍ နှစ်သက်ခြင်း၊ စိတ်ဆိုးခြင်း မဖြစ်ဘဲ သတိပညာထား၍ လျစ်လျူရှုလျက် နေခြင်း၊
၆။ မနော စိတ်ဖြင့် သဘောတရားကို သိ၍ နှစ်သက်ခြင်း စိတ်ဆိုးခြင်း မဖြစ်ဘဲ သတိပညာထား၍ လျစ်လျူရှုလျက် နေခြင်း။ (ဝဇိရ၊၄၁၅။)♦

ရဟန္တာ၏ အား ၇ ပါး

မျက်မှောက်ပြုအပ်သော တရား ၇ ပါး၊ သစ္ဆိကာတဗ္ဗတရား ၇ ပါး တို့နှင့် တူသည်။ ♦

ရဟန္တာ၏ အား ၇ မျိုး

၁။ အနိစ္စအားဖြင့် သင်္ခါရတရား အားလုံးတို့ကို ဟုတ်တိုင်းမှန်စွာ ပညာဖြင့် ကောင်းစွာ သိမြင်ခြင်း၊
၂။ လောကီအာရုံ ကာမဂုဏ်တရားတို့သည် မီးကျီးတွင်းနှင့် တူကုန်၏ဟု ဟုတ်မှန်သော ပညာဖြင့် ကောင်းစွာ သိမြင်ခြင်း၊
၃။ အလုံးစုံသော အာသဝေါ တရားတို့မှ ကင်းသည်ဖြစ်၍ နိဗ္ဗာန်၌ ကိုင်းညွတ်သော စိတ်, နေက္ခမ္မ၌ မွေ့လျော်သော စိတ်ရှိခြင်း၊
၄။ သတိပဋ္ဌာန်တရား လေးပါးတို့ကို ကောင်းစွာ ပွားများပြီး ဖြစ်ခြင်း၊
၅။ သဒ္ဓိန္ဒြေ စသော ဣန္ဒြေငါးပါးတို့ကို ကောင်းစွာ ပွားများပြီးဖြစ်ခြင်း၊
၆။ ဗောဇ္ဈင်တရား ခုနစ်ပါးကို ကောင်းစွာ ပွားများပြီးဖြစ်ခြင်း၊
၇။ မဂ္ဂင်ရှစ်ပါးကို ကောင်းစွာ ပွားများပြီး ဖြစ်ခြင်း။ (ပဋိသံ၊ဋ္ဌ၊၁၊၁၂၇။)♦

ရဟန္တာ၂ မျိုး

၁။ သတတဝိဟာရီ ရဟန္တာ- တစ်စုံတစ်ခုသော အမှုကို ပြုလုပ်၍လည်း သမာပတ်ကို ဝင်စားနိုင်သော, မပြတ်သမာပတ်ဖြင့် နေလေ့ရှိသော ရဟန္တာ၊
၂။ နော သတတဝိဟာရီရဟန္တာ- အနည်းငယ်မျှလည်းဖြစ်သော အမှုကိစ္စ၌ အမှုကိစ္စဖြင့် လုံ့လဗျာပါရ ပြုရသည်ဖြစ်၍ ဖလ သမာပတ်ကို ဝင်စားခြင်းငှာ မစွမ်းနိုင်သော, အမြဲမပြတ် ဖလသမာပတ်ဖြင့် နေလေ့မရှိသော ရဟန္တာ။ (မ၊ဋ္ဌ၊၄၊၄၆။)♦

ရဟန္တာတို့ ပယ်အပ်ပြီးသော တရား ၇ ပါး

၁။ သက္ကာယဒိဋ္ဌိ- ငါ့ကိုယ်ဟူသော အစွဲ၊
၂။ ဝိစိကိစ္ဆာ- ယုံမှားခြင်း၊
၃။ သီလဗ္ဗတပရာမာသ- လွဲမှားသော သီလအကျင့်၊
၄။ ရာဂ- တပ်မက်ခြင်း တဏှာ၊
၅။ ဒေါသ (အမျက်ဒေါသ)၊
၆။ မောဟ- တွေဝေမိုက်မဲခြင်း၊
၇။ မာန- မာန် ထောင်လွှားခြင်း။ (မဟာနိ၊၆၆။) (မဟာနိ၊၇၇။) (မဟာနိ၊၈၈။)♦

ရဟန္တာတို့ မလွန်ကျူးတော့သော အရာ ၉ မျိုး

၁။ စေတနာနှင့် တကွ လုံ့လပြု၍ သူတစ်ပါး အသက်ကို မသတ်ခြင်း၊
၂။ အရှင်မပေးသော ဥစ္စာကို မခိုးယူခြင်း၊
၃။ မမြတ်သော မေထုန် အကျင့်ကို မကျင့်ခြင်း၊
၄။ ချွတ်ယွင်းသော စကားကို မပြောဆိုခြင်း၊
၅။ ရှေးအခါ လူဖြစ်စဉ် ကဲ့သို့ ပစ္စည်းဥစ္စာကို သိုမှီး၍ ကာမဂုဏ်တို့ကို မသုံးဆောင် မခံစားခြင်း၊
၆။ ဆန္ဒာဂတိသို့ မလိုက်ခြင်း၊
၇။ ဒေါသာဂတိသို့ မလိုက်ခြင်း၊
၈။ မောဟာဂတိသို့ မလိုက်ခြင်း၊
၉။ ဘယာ ဂတိသို့ မလိုက်ခြင်း။ (အံ၊၃၊၁၇၇။) (အံ၊မြန်၊၃။၁၈၀။) (အံ၊၃၊၁၇၈။) (အံ၊မြန်၊၃။၁၈၀။)♦

ရဟန္တာတို့ မလွန်ကျူးတော့သော အရာ ၉ မျိုး (တစ်နည်း)

၁။ သူ့အသက်ကို မသတ်ခြင်း၊
၂။ အရှင်မပေးသော ဥစ္စာကို မခိုးယူခြင်း၊
၃။ မေထုန်အကျင့်ကို မမှီဝဲခြင်း၊
၄။ ချွတ်ယွင်းသော စကားကို မပြောဆိုခြင်း၊
၅။ ရှေးအခါ လူဖြစ်စဉ်ကဲ့သို့ သိုမှီး၍ ကာမဂုဏ်တို့ကို မသုံးဆောင်ခြင်း၊
၆။ ဘုရားကို မပယ်စွန့်ခြင်း၊
၇။ တရားတော်ကို မပယ်စွန့်ခြင်း၊
၈။ သံဃာ တော်ကို မပယ်စွန့်ခြင်း၊
၉။ သိက္ခာကို မပယ်စွန့်ခြင်း။ (အံ၊၃၊၁၇၉။) (အံ၊မြန်၊၃။၁၈၀။)♦

ရဟန္တာတို့ မလွန်ကျူးတော့သော အရာ ၉ မျိုး (တစ်နည်း)

၁။ စေတနာနှင့် တကွ လုံ့လပြု၍ သူ့အသက်သတ်ခြင်းငှာ မထိုက်၊
၂။ မပေးအပ်သော ဥစ္စာ ခိုးယူခြင်းငှာ မထိုက်၊
၃။ မေထုန် အကျင့်ကို မှီဝဲခြင်းငှာ မထိုက်၊
၄။ သိလျက် ချို့ယွင်းသော စကားကို ပြောဆိုခြင်းငှာ မထိုက်၊
၅။ ရှေးလူ့ဘဝ၌ကဲ့သို့ သိုမှီးခြင်းကို ပြု၍ ကာမဂုဏ်တို့ကို သုံးဆောင်ခြင်းငှာ မထိုက်၊
၆။ ဘုရားကို စွန့်ပယ်ခြင်းငှာ မထိုက်၊
၇။ တရားကို စွန့်ပယ်ခြင်းငှာ မထိုက်၊
၈။ သံဃာကို စွန့်ပယ်ခြင်းငှာ မထိုက်၊
၉။ သိက္ခာကို ပယ်စွန့်ခြင်းငှာ မထိုက်။ (အံ၊၃၊၁၇၉။) (အံ၊မြန်၊၃။၁၈၁။)♦

ရဟန္တာတို့ သက်ဝင်ပြီး အရာဌာန ၆ ပါး

၁။ ကိလေသာမှ ထွက်မြောက်ရာ အရဟတ္တ ဖိုလ်သို့ သက်ဝင်ပြီး ဖြစ်ခြင်း၊
၂။ ကိလေသာမှ ဆိတ်သုဉ်းရာ အရဟတ္တဖိုလ်သို့ သက်ဝင်ပြီး ဖြစ်ခြင်း၊
၃။ ကြောင့်ကြမရှိရာ အရဟတ္တဖိုလ်သို့ သက်ဝင်ပြီး ဖြစ်ခြင်း၊
၄။ တဏှာကုန်ဆုံးရာ အရဟတ္တဖိုလ်သို့ သက်ဝင်ပြီး ဖြစ်ခြင်း၊
၅။ ဥပါဒါန်တို့၏ ကုန်ဆုံးရာ အရဟတ္တဖိုလ်သို့ သက်ဝင်ပြီးဖြစ်ခြင်း၊
၆။ မောဟကင်းရာ အရဟတ္တဖိုလ်သို့ သက်ဝင်ပြီး ဖြစ်ခြင်း။ (အံ၊၂၊၃၃၁။) (အံ၊မြန်၊၂။၄၂၁။)♦

ရဟန္တာတို့၏ တရား ၁၀ ပါး

၁။ အသေက္ခဖြစ်သော သမ္မာဒိဋ္ဌိ၊
၂။ အသေက္ခဖြစ်သော သမ္မာသင်္ကပ္ပ၊
၃။ အသေက္ခဖြစ်သော သမ္မာဝါစာ၊
၄။ အသေက္ခဖြစ်သော သမ္မာကမ္မန္တ၊
၅။ အသေက္ခဖြစ်သော သမ္မာအာဇီဝ၊
၆။ အသေက္ခဖြစ်သော သမ္မာဝါယာမ၊
၇။ အသေက္ခဖြစ်သော သမ္မာသတိ၊
၈။ အသေက္ခဖြစ်သော သမ္မာသမာဓိ၊
၉။ အသေက္ခဖြစ်သော သမ္မာဉာဏ (အရဟတ္တဖိုလ်ကြဉ် ကျန်သော လောကီပညာ)၊
၁၀။ အသေက္ခဖြစ်သော သမ္မာဝိမုတ္တိ (အရဟတ္တဖိုလ်ဝိမုတ္တိ)။ (ဒီ၊၃၊၂၆၀။) (ပဋိသံ၊ဋ္ဌ၊၁၊၁၂၉။) (ဒီ၊မြန်၊၃။၂၈၃။)♦

ရဟန္တာတို့၏ မှီခိုနေထိုင်ရာ တရား ၁၀ ပါး

၁။ ကာမစ္ဆန္ဒ စသော အင်္ဂါငါးပါးရှိ နီဝရဏ တရားကို ပယ်အပ်ပြီးခြင်း၊
၂။ အင်္ဂါ ခြောက်ပါးရှိ ဥပေက္ခာနှင့် ပြည့်စုံခြင်း၊
၃။ သတိ အစောင့်အရှောက် တရား ရှိခြင်း၊
၄။ မှီရာတရား လေးပါးရှိခြင်း၊
၅။ တစ်ဦးတည်း, တစ်ယူသန် အမှန်ဟု စွဲကိုင်ထားအပ်သော ဒိဋ္ဌိသစ္စာကို ပယ်နုတ်ပြီးခြင်း၊
၆။ ရှာမှီးခြင်းအားလုံးတို့ကို ကောင်းစွာ စွန့်လွှတ်ပြီးခြင်း၊
၇။ နောက်ကျုကင်းစင် ကြည်လင်သန့်ရှင်းသော အကြံအစည် ရှိခြင်း၊
၈။ ချုပ်ငြိမ်းပြီးသော ထွက်လေ ဝင်လေ ကာယသင်္ခါ ရရှိခြင်း၊
၉။ စတုတ္ထဈာန်ရ၍ ကောင်းစွာ လွတ်မြောက်သော စိတ်ရှိခြင်း၊
၁၀။ ကောင်းစွာ လွတ်မြောက်သော (အရဟတ္တ မဂ်ဖိုလ်) ပညာရှိခြင်း။ (ဝဇိရ၊၄၁၅။)♦

ရဟန္တာတို့၏ ရယ်ရွှင်စိတ် ၅ ပါး

၁။ ကိရိယာ သောမနဿသဟဂုတ် ၅ ခု။ (အဘိ၊ဋ္ဌ၊၁၊၃၃၄။)♦

ရဟန္တာတို့၏ အားတော် ၁၀ ပါး

၁။ သင်္ခါရတရားတို့ကို အမှန်အတိုင်း သိခြင်း၊
၂။ မီးကျီးတွင်း ဥပမာရှိသော ကာမဂုဏ်တို့ကို အမှန်အားဖြင့် သိခြင်း၊
၃။ ဆိတ်ငြိမ်ရာ အရပ်သို့ စိတ် ညွတ်ခြင်း၊
၄။ သတိပဋ္ဌာန်တရားတို့ကို ပွားပြီးဖြစ်ခြင်း၊
၅။ သမ္မပ္ပဓာန်တရားတို့ကို ပွားပြီး ဖြစ်ခြင်း၊
၆။ ဣဒ္ဓိပါဒ်တရားတို့ကို ပွားပြီးဖြစ်ခြင်း၊
၇။ ဣန္ဒြေတရားတို့ကို ပွားပြီးဖြစ်ခြင်း၊
၈။ ဗိုလ်တရားတို့ကို ပွားပြီးဖြစ်ခြင်း၊
၉။ ဗောဇ္ဈင်တရားတို့ကို ပွားပြီးဖြစ်ခြင်း၊
၁၀။ မဂ္ဂင် တရားတို့ကို ပွားပြီးဖြစ်ခြင်း။ (အံ၊၃၊၃၉၇။) (အံ၊မြန်၊၃။၃၉၀။)♦

ရဟန္တာတို့၏ ဥစ္စာ တရား ၁၀ ပါး

၁။ မှန်သော မြင်ခြင်း၊
၂။ မှန်သော ကြံခြင်း၊
၃။ မှန်သော ပြောဆိုခြင်း၊
၄။ မှန်သော ပြုလုပ်ခြင်း၊
၅။ မှန်သော အသက်မွေးခြင်း၊
၆။ မှန်သော အားထုတ်ခြင်း၊
၇။ မှန်သော အောက်မေ့ခြင်း၊
၈။ မှန်သော တည်ကြည်ခြင်း၊
၉။ မှန်သော သိခြင်း (သမ္မာဉာဏ။)၊
၁၀။ ကိလေသာတို့မှ လွတ်သော ဖလသမာပတ် ‘‘သမ္မာဝိမုတ္တိ’’။ (ဒီ၊၃၊၂၂၅။) (ဒီ၊မြန်၊၃။၂၄၈။)♦

ရဟန္တာတို့အား ဖြစ်တတ်သော အခြင်းအရာ ၂ မျိုး

၁။ ငါသည် ရရှိအပ်သော အရဟတ္တဖိုလ် ဂုဏ် ကျေးဇူးကို နတ်နှင့်တကွ လောကသားအားလုံးသည် လျင်မြန်စွာသာလျှင် ထိုးထွင်း၍ သိလျှင် ကောင်းလေစွ-ဟူသော စိတ် ဖြစ်ခြင်း၊
၂။ အရဟတ္တဖိုလ်ကို ထိုးထွင်း၍ သိသည်၏ အဖြစ်ကို ရွှေအိုးကို ရရှိအပ်သော ယောက်ျားကဲ့သို့ တစ်ပါးသော သူအား မပြောကြားလိုခြင်း။ (ဒီ၊ဋ္ဌ၊၂၊၂၇၀။) (ဒီ၊ဋ္ဌ၊မြန်၊၂။၄၉၉။)♦

ရဟန္တာနှင့် အနာဂါမ် ဖြစ်ကြောင်း တရား ၅ ပါး

၁။ အလိုဆန္ဒလျှင် အကြီးအမှူးရှိသော ဣဒ္ဓိပါဒ်ကို ပွားများခြင်း၊
၂။ စိတ်လျှင် အကြီးအမှူးရှိသော ဣဒ္ဓိပါဒ်ကို ပွားများခြင်း၊
၃။ အားထုတ်မှု ဝီရိယလျှင် အကြီးအမှူးရှိသော ဣဒ္ဓိပါဒ်ကို ပွားများခြင်း၊
၄။ ဝီမံသလျှင် အကြီးအမှူးရှိသော ဣဒ္ဓိပါဒ်ကို ပွားများခြင်း၊
၅။ လွန်ကဲသော လုံ့လကိုသာလျှင် ပွားများခြင်း။ (အံ၊၂၊၇၂။) (အံ၊မြန်၊၂။၈၈။)♦

ရဟန္တာဖြစ်ကြောင်း ၇ ပါး

ထူးသော ဉာဏ်ဖြင့် သိအပ်သော တရား ၇ ပါး၊ အဘိညေယျတရား ၇ ပါးတို့နှင့် တူသည်။ ♦

ရဟန္တာဖြစ်ရန် ပွားများသင့်သော တရား ၇ ပါး

၁။ သတိပဋ္ဌာန် ၄ ပါး၊
၂။ သမ္မပ္ပဓာန် ၄ ပါး၊
၃။ ဣဒ္ဓိပါဒ် ၄ ပါး၊
၅။ ဗိုလ် ၅ ပါး၊
၆။ ဗောဇ္ဈင် ၇ ပါး၊
၇။ မဂ္ဂင် ၈ ပါး။ (အံ၊၂၊၄၉၃။) (အံ၊မြန်၊၂။၆၁၄။)♦

ရဟန်း ၄ မျိုး

၁။ စွဲလမ်းတတ်သော ဒါယကာကို စွဲလမ်းတတ်သော ရဟန်း၊
၂။ စွဲလမ်း တတ်သော ဒါယကာကို မစွဲလမ်းတတ်သော ရဟန်း၊
၃။ မစွဲလမ်းတတ်သော ဒါယကာကို စွဲလမ်းတတ်သော ရဟန်း၊
၄။ မစွဲလမ်းတတ်သော ဒါယကာကို မစွဲလမ်းတတ်သော ရဟန်း။ (မ၊ဋ္ဌ၊၂၊၅၂။)♦

ရဟန်း ၄ မျိုး

၁။ မတုန်လှုပ်သော ရဟန်း၊
၂။ ပုဏ္ဍရိက်ကြာနှင့် တူသော ရဟန်း၊
၃။ ပဒုမာ ကြာနှင့် တူသော ရဟန်း၊
၄။ ရဟန်းတို့တွင် သိမ်မွေ့နူးညံ့သော ရဟန်း။ (အံ၊၁၊၃၉၉။) (အံ၊မြန်၊၁။၄၁၃။) (အံ၊၁၊၄၀၁-၄၀၂။) (အံ၊မြန်၊၁။၄၁၃။)♦

ရဟန်း ၄ မျိုး (မတုန်မလှုပ်တတ်သော ရဟန်း-စသော ရဟန်း ၄ မျိုး)

၁။ အထက်မဂ်ဉာဏ် သုံးပါးလျှင် လဲလျောင်းရာရှိသောကြောင့် မတုန်မလှုပ်တတ်သော သောတာပန်ပုဂ္ဂိုလ်ဟု ဆိုအပ်သော သမဏမစလရဟန်း၊
၂။ ပဒုမ္မာကြာပန်းနှင့် တူသော သကဒါဂါမ်ပုဂ္ဂိုလ်ဟု ဆိုအပ်သော သမဏပဒုမရဟန်း၊
၃။ ပုဏ္ဍရိက်ကြာပန်းနှင့် တူသော အနာဂါမ်ပုဂ္ဂိုလ်ဟု ဆိုအပ်သော သမဏပုဏ္ဍရီကရဟန်း၊
၄။ ရဟန်းတို့တွင် အလွန်သိမ်မွေ့သော ရဟန္တာ ပုဂ္ဂိုလ်ဟု ဆိုအပ်သော သမဏသုခုမာလရဟန်း။ (အဘိ၊ပု၊၁၁၀။) (အဘိ၊ပု၊မြန်။၉။၇၇။)♦

ရဟန်း ၅ မျိုး

၁။ အာပတ်ကိုလည်း လွန်ကျူးသိသဖြင့် နှလုံးမသာခြင်းလည်း ဖြစ်၍ လွတ်မြောက်ကြောင်း ပညာကို မသိသော ရဟန်း၊
၂။ အာပတ်ကို လွန်ကျူးမိသော်လည်း နှလုံးမသာယာခြင်းကား မဖြစ်ဘဲ လွတ်မြောက်ကြောင်း ပညာကို မသိသော ရဟန်း၊
၃။ အာပတ်ကို မလွန်ကျူးသော်လည်း နှလုံးမသာယာခြင်းဖြစ်၍ လွတ်မြောက်ကြောင်း ပညာကို မသိသော ရဟန်း၊
၄။ အာပတ်ကို မလွန်ကျူးသဖြင့် နှလုံးမသာခြင်းလည်း မဖြစ်ဘဲ လွတ်မြောက်ကြောင်း ပညာကို မသိသော ရဟန်း၊
၅။ အာပတ်ကို မလွန်ကျူးသဖြင့် နှလုံးမသာ ခြင်းလည်း မဖြစ်ဘဲ လွတ်မြောက်ကြောင်း ပညာကို သိ၏။ (အံ၊၂၊၁၄၆။) (အံ၊မြန်၊၂။ ၁၈၄-၁၈၆။)♦

ရဟန်း ၈ မျိုး

ရဟန်းဖြစ်ခြင်း ၈ မျိုးနှင့် တူသည်။ ♦

ရဟန်း မပြုကောင်းသော ပုဂ္ဂိုလ် ၁၃ ယောက်

၁။ အသက်နှစ်ဆယ် မပြည့်သော ပုဂ္ဂိုလ်၊
၂။ ပါရာဇိက ကျဖူးသော ပုဂ္ဂိုလ်၊
၃။ တိတ္ထိတို့၌ သာသနာတော်မှ ဖဲသွားပြီးသော ပုဂ္ဂိုလ်၊
၄။ ထေယျ သံဝါသကပုဂ္ဂိုလ်၊
၅။ ပက္ခနပုံသကပုဂ္ဂိုလ်၊
၆။ တိရစ္ဆာန်ပုဂ္ဂိုလ်၊
၇။ အမိကို သတ်ဖူးသော ပုဂ္ဂိုလ်၊
၈။ အဖကို သတ်ဖူးသော ပုဂ္ဂိုလ်၊
၉။ ရဟန္တာကို သတ်ဖူးသော ပုဂ္ဂိုလ်၊
၁၀။ သံဃာ သင်းခွဲဖူးသော ပုဂ္ဂိုလ်၊
၁၁။ ဘုရားရှင်ကို သွေးစိမ်းတည်အောင်ပြုဖူးသော ပုဂ္ဂိုလ်၊
၁၂။ ဘိက္ခုနီကို ဖျက်ဆီးဖူးသော ပုဂ္ဂိုလ်၊
၁၃။ ဖိုမ လိင်နှစ်မျိုးပါရှိသော ပုဂ္ဂိုလ်။ (သာရတ္ထ၊ဋီ၊၂၊၅၅။)♦

ရဟန်း-စသူတို့ ငရဲကျကြောင်း တရား ၅ ပါး (ဘိက္ခု, ဘိက္ခုနီ, သိက္ခမာန်, သာမဏေ, သာမဏေရီ, ဥပါသကာ, ဥပါသိကာမတို့ ငရဲသို့ကျကြောင်း တရား ၅ ပါး)

၁။ သူ့အသက်ကို သတ်တတ်ခြင်း၊
၂။ သူ့ဥစ္စာကို ခိုးတတ်ခြင်း၊
၃။ မမြတ်သော မေထုန်အကျင့်ကို ပြုကျင့် တတ်ခြင်း၊
၄။ မဟုတ်မမှန်သော စကားကို ပြောဆိုတတ်ခြင်း၊
၅။ မူးယစ်ဆေးဝါး သုံးစွဲတတ်ခြင်း။ (အံ၊၂၊၂၄၃။) (အံ၊မြန်၊၂။၃၁၃။)♦

ရဟန်း-စသူတို့ နတ်ပြည်ရောက်ကြောင်း တရား ၅ ပါး (ဘိက္ခု, ဘိက္ခုနီ, သိက္ခမာန်, သာမဏေ, သာမဏေရီ, ဥပါသကာ, ဥပါသိကာမတို့ နတ်ပြည်ရောက်ကြောင်း တရား ၅ ပါး)

၁။ သူ့ အသက်သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း၊
၂။ သူ့ဥစ္စာခိုးခြင်းမှ ရှောင်ကြဉ်ခြင်း၊
၃။ မမြတ်သော မေထုန်အကျင့်ကို ပြုကျင့်ခြင်းမှ ရှောင်ကြဉ်ခြင်း၊
၄။ မဟုတ်မှန်သော စကားကို ပြောဆို ခြင်းမှ ရှောင်ကြဉ်ခြင်း၊
၅။ မူးယစ်ဆေးဝါး သုံးစွဲမှုမှ ရှောင်ကြဉ်ခြင်း။ (နိဂဏ္ဌ အာဇီဝက တိတ္ထိ စသည်တို့၏ အင်္ဂါများလည်း နည်းတူ ဖြစ်သည်)။ (အံ၊၂၊၂၄၃။) (အံ၊မြန်၊၂။၃၁၃။)♦

ရဟန်း၏ ချမ်းသာခြင်း ၅ မျိုး

၁။ ရတတ်သမျှသော သင်္ကန်းဖြင့် ရောင့်ရဲခြင်း၊
၂။ ရတတ် သမျှသော ဆွမ်းဖြင့် ရောင့်ရဲခြင်း၊
၃။ ရတတ်သမျှသော ကျောင်း အိပ်ရာနေရာဖြင့် ရောင့်ရဲခြင်း၊
၄။ ရတတ်သမျှသော သူနာ၏ အထောက်အပံ့ ဆေး အသုံးအဆောင်ဖြင့် ရောင့်ရဲခြင်း၊
၅။ မွေ့လျော်သည်ဖြစ်၍ မြတ်သော အကျင့်ကို ကျင့်ခြင်း။ (အံ၊၂၊၁၂၉။) (အံ၊မြန်၊၂။၁၆၀။)♦

ရဟန်း၏ ဆင်းရဲခြင်း ၅ မျိုး

၁။ ရတတ်သမျှသော သင်္ကန်းဖြင့် မရောင့်ရဲနိုင်ခြင်း၊
၂။ ရတတ် သမျှသော ဆွမ်းဖြင့် မရောင့်ရဲနိုင်ခြင်း၊
၃။ ရတတ်သမျှသော ကျောင်း အိပ်ရာ နေရာဖြင့် မရောင့်ရဲနိုင်ခြင်း၊
၄။ ရတတ်သမျှသော သူနာ၏ အထောက်အပံ့ ဆေးအသုံးအဆောင်ဖြင့် မရောင့်ရဲနိုင်ခြင်း၊
၅။ မမွေ့လျော်ဘဲလျက် မြတ်သော အကျင့်ကို ကျင့်ခြင်း။ (အံ၊၂၊၁၂၉။) (အံ၊မြန်၊၂။၁၆၀။)♦

ရဟန်း၏ အား ၂ မျိုး

၁။ ပဋိသင်္ခါနဗလ= ဆင်ခြင်ခြင်း ခွန်အားဗလ၊
၂။ ဘာဝနာဗလ= ပွားများခြင်း ခွန်အားဗလ။ (အံ၊၁၊၅၄-၅၅။) (အံ၊မြန်၊၁။၆၆။)♦

ရဟန်းက ရှိမခိုးထိုက်သော ပုဂ္ဂိုလ် ၁၀ ဦး

၁။ ရဟန်းငယ်၊
၂။ လူ, သာမဏေ၊
၃။ မတူ ကွဲပြားသော သံဝါသရှိသော ပုဂ္ဂိုလ်၊
၄။ မိန်းမ၊
၅။ ပဏ္ဍုက်(နပုံး)၊
၆။ ပရိဝါသ် ဆောက်တည်သော ရဟန်း၊ ၇။(ပရိဝါသ်အစ) အရင်းသို့ ငင်ခြင်းငှာထိုက်သော ရဟန်း၊
၈။ မာနတ်ကို ထိုက်ကုန်သော ရဟန်း၊
၉။ မာနတ်ကျင့်သော ရဟန်း။
၁၀။ အဗ္ဘာန်သွင်းခြင်းငှာ ထိုက်သော ရဟန်း။ (ဝိမတိ၊၂၊၃၁၁။)♦

ရဟန်းကျင့်ထိုက်သော တရား ၃ မျိုး

၁။ အဓိသီလသိက္ခာကို ဆောက်တည်ခြင်း၊
၂။ အဓိစိတ္တ သိက္ခာကို ဆောက်တည်ခြင်း၊
၃။ အဓိပညာသိက္ခာကို ဆောက်တည်ခြင်း။ (မ၊ဋ္ဌ၊၂၊၂၁၃။) (အံ၊၁၊၂၃၀။) (အံ၊မြန်၊၁။၂၄၇။)♦

ရဟန်းကျင့်ဝတ် ၆ ပါး

၁။ မကောင်းမှုမှ တားမြစ်ရခြင်း၊
၂။ ကောင်းမှု၌ သက်ဝင်စေခြင်း၊
၃။ ကောင်းသော စိတ်ဖြင့် စောင့်ရှောက်ခြင်း၊ ၄။မကြားဖူးသော တရားစကားကို ဟောကြားခြင်း၊
၅။ ကြားနာဖူးသော တရားစကားကို ဖြူစင်စေခြင်း (ထပ်မံဟောကြားခြင်း)၊
၆။ နတ်ပြည်ခရီးကို ပြောကြားခြင်း။ (ဒီ၊၃၊၁၅၅-၁၅၆။) (ဒီ၊မြန်၊၃။၁၇၄-၁၇၅။)♦

ရဟန်းကြီးကို ရှိခိုးသော ရဟန်းငယ် ဖြစ်စေရမည့် တရား ၅ ပါး

၁။ လက်ဝဲတစ်ဖက် ပခုံးထက်၌ ကိုယ်ဝတ်ကို စမ္ပယ်တင်ခြင်း၊
၂။ လက်အုပ်ချီခြင်း၊
၃။ လက်ဝါးပြင် နှစ်ဖက်တို့ဖြင့် ခြေတို့ကို ဆုပ်နယ်ခြင်း၊
၄။ ချစ်ခြင်းကို ဖြစ်စေခြင်း၊
၅။ ရိုသေခြင်းကို ဖြစ်စေခြင်း။ (ဝိ၊၅၊၃၅၈။) (ဝိ၊မြန်၊၅။၄၆၁။)♦

ရဟန်းကိစ္စ ၃ ပါး

၁။ ပါတိမောက္ခသံဝရသီလကို စောင့်ထိန်းလျက် အာစာရဂေါစရသီလနှင့် ပြည့်စုံပြီးလျှင် သိက္ခာပုဒ်တို့၌ ဆောက်တည်၍ အပြစ်ကင်း စင်ကြယ်သော အသက်မွေးမှု ရှိရခြင်း၊
၂။ အကုသိုလ်တရားတို့ကို ပယ်ခြင်း, ကုသိုလ်တရားတို့ကို ပွားများခြင်း, မဂ်ဖိုလ် နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်း အကျိုးငှါ ပြင်းပြင်းထန်ထန် ထက်ထက်သန်သန် အားထုတ်ရခြင်း၊
၃။ ဒုက္ခခပ်သိမ်း ချုပ်ငြိမ်းရာ မဂ်ဖိုလ်နိဗ္ဗာန်သို့ ရောက်စေတတ်သော အဖြစ်အပျက်ကို သိမြင်တတ်သော မြတ်သော ဝိပဿနာဉာဏ်ပညာနှင့် ပြည့်စုံသူ ဖြစ်ရခြင်း။ (နေတ္တိ၊ဋ္ဌ၊၁၆၀။)♦

ရဟန်းကို ဆိတ်ဖိုအဖြစ် တင်စား၍ ပါရာဇိကအာပတ်ဖြင့် စွပ်စွဲခြင်းကြောင့် ရောက်သော အာပတ် ၃ ပါး

၁။ ဒုက္ကဋ်အာပတ်၊
၂။ ပါစိတ်အာပတ်၊
၃။ သံဃာဒိသိသ်အာပတ်။ (ဝိ၊၅၊၉၁။) (ဝိ၊မြန်၊၅။၁၃၁။)♦

ရဟန်းကောင်းဖြစ်ကြောင်း တရား ၅ ပါး

၁။ ‘‘သုံးဆောင်တော်မူပါ’’ဟု တောင်းပန်၍ သုံးဆောင် ရသော ဆွမ်း သင်္ကန်း ကျောင်း ဆေး ပစ္စည်း ၄ ပါးက များခြင်း၊
၂။ သီတင်းသုံးဖော်တို့က နှစ်မြို့ဖွယ် ကာယကံ ဝစီကံ မနောကံမှု ပြုကာ ပူဇော်မှုပြုသည်က များခြင်း၊
၃။ ဝေဒနာတို့ များစွာ မဖြစ်ကုန်မူ၍ အနာကင်းသည်က များခြင်း၊
၄။ မျက်မှောက်ဘဝ၌ ချမ်းသာစွာ နေကြောင်းဖြစ်သော ဈာန် ၄ ပါးကို အလိုရှိတိုင်း ရခြင်း၊
၅။ ‘‘အရဟတ္တဖိုလ်’’ပညာကို ယခု ဘဝ၌ပင် ကိုယ်တိုင် မျက်မှောက်ပြု၍ နေရခြင်း။ (အံ၊၂၊၁၁၅။) (အံ၊မြန်၊၂။၁၄၁-၁၄၃။)♦

ရဟန်းခံ မပေးနိုင်သော ရဟန်း၏ အင်္ဂါ ၅ ပါး

၁။ ရဟန္တာပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော သီလ ဂုဏ်နှင့် မပြည့်စုံခြင်း၊
၂။ ရဟန္တာပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော သမာဓိဂုဏ်နှင့် မပြည့်စုံခြင်း၊
၃။ ရဟန္တာပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော ပညာဂုဏ်နှင့် မပြည့်စုံခြင်း၊
၄။ ရဟန္တာပုဂ္ဂိုလ် တို့၏ ဥစ္စာဖြစ်သော လွတ်မြောက်မှု ဝိမုတ္တိဂုဏ်နှင့် မပြည့်စုံခြင်း၊
၅။ ရဟန္တာပုဂ္ဂိုလ် တို့၏ ဥစ္စာဖြစ်သော လွတ်မြောက်မှု ဉာဏ်အမြင် ဝိမုတ္တိဉာဏဒဿနဂုဏ်နှင့် မပြည့်စုံခြင်း။ (ဝိ၊၃၊၉၀။) (ဝိ၊မြန်၊၃။၉၁။)♦

ရဟန်းခံ မပေးနိုင်သော ရဟန်း၏ အင်္ဂါ ၅ ပါး (တစ်နည်း)

၁။ မိမိကိုယ်တိုင် ရဟန္တာ ပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော သီလဂုဏ်နှင့် မပြည့်စုံဘဲ သူတစ်ပါးတို့အားလည်း ရဟန္တာပုဂ္ဂိုလ် တို့၏ ဥစ္စာဖြစ်သော သီလဂုဏ်၌ မဆောက်တည်စေတတ်ခြင်း၊
၂။ မိမိကိုယ်တိုင် ရဟန္တာ ပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော သမာဓိဂုဏ်နှင့် မပြည့်စုံဘဲ သူတစ်ပါးတို့အားလည်း ထိုသမာဓိ ဂုဏ်၌ မဆောက်တည်စေတတ်ခြင်း၊
၃။ မိမိကိုယ်တိုင် ရဟန္တာပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော ပညာဂုဏ်နှင့် မပြည့်စုံဘဲ၊ သူတစ်ပါးတို့အားလည်း ထိုပညာဂုဏ်၌ မဆောက်တည် စေတတ်ခြင်း၊
၄။ မိမိကိုယ်တိုင် ရဟန္တာပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော လွတ်မြောက်မှု ဝိမုတ္တိ ဂုဏ်နှင့် မပြည့်စုံဘဲ သူတစ်ပါးတို့အားလည်း ထိုဝိမုတ္တိဂုဏ်၌ မဆောက်တည်စေတတ်ခြင်း၊
၅။ မိမိကိုယ်တိုင် ရဟန္တာပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော လွတ်မြောက်မှု ဉာဏ်အမြင် ဝိမုတ္တိ ဉာဏဒဿနဂုဏ်နှင့် မပြည့်စုံဘဲ သူတစ်ပါးတို့အားလည်း ထိုဝိမုတ္တိဉာဏဒဿနဂုဏ်၌ မဆောက်တည်စေတတ်ခြင်း။ (ဝိ၊၃၊၉၀။) (ဝိ၊မြန်၊၃။၉၂။)♦

ရဟန်းခံ မပေးနိုင်သော ရဟန်း၏ အင်္ဂါ ၅ ပါး (တစ်နည်း)

၁။ ယုံကြည်မှု သဒ္ဓါတရား မရှိခြင်း၊
၂။ ဒုစရိုက်တရားတို့၌ အရှက် မရှိခြင်း၊
၃။ ဒုစရိုက်တရားတို့၌ အကြောက်အလန့် မရှိခြင်း၊
၄။ ပျင်းရိခြင်း၊
၅။ သတိလွတ်ကင်းခြင်း။ (ဝိ၊၃၊၉၁။) (ဝိ၊မြန်၊၃။၉၃။)♦

ရဟန်းခံ မပေးနိုင်သော ရဟန်း၏ အင်္ဂါ ၅ ပါး (တစ်နည်း)

၁။ ပါရာဇိကအာပတ်, သံဃာဒိသိသ် အာပတ် ဟူသော လွန်ကဲသော သီလပျက်စီးခြင်း၊
၂။ အောက်အာပတ်ငါးပုံ ဟူသော လွန်ကဲသော အကျင့်ပျက်စီးခြင်း၊
၃။ သဿတဒိဋ္ဌိ, ဥစ္ဆေဒဒိဋ္ဌိဟူသော အယူပျက်စီးခြင်း၊
၄။ အကြားအမြင် နည်းခြင်း (ကြားနာအပ်ပြီးသော သုတ်အဘိဓမ္မာတရား မရှိခြင်း)၊
၅။ ပညာမရှိခြင်း (အာပတ်စသည်ကို သိစွမ်းနိုင်သော ပညာမရှိခြင်း)။ (ဝိ၊၃၊၉၁။) (ဝိ၊မြန်၊၃။၉၃။)♦

ရဟန်းခံ မပေးနိုင်သော ရဟန်း၏ အင်္ဂါ ၅ ပါး (တစ်နည်း)

၁။ တပည့်တို့ကို လွန်ကဲ မြင့်မြတ်သော ခန္ဓကလာ ကျင့်ဝတ်သိက္ခာတို့၌ ကျင့်စေခြင်းငှာ မစွမ်းနိုင်ခြင်း၊
၂။ မဂ္ဂဗြဟ္မစရိယ၏ အစ အကျင့်ဖြစ်သော ဥဘတောဝိဘင်းလာ သိက္ခာအရာ၌ ဆုံးမခြင်းငှာ မစွမ်းနိုင်ခြင်း၊
၃။ ရုပ်နာမ်တရားတို့ကို ပိုင်းခြားပြရာ အဘိဓမ္မာ၌ ဆုံးမခြင်းငှာ မစွမ်းနိုင်ခြင်း၊
၄။ အလုံး စုံသော ဝိနည်း၌ ဆုံးမခြင်းငှာ မစွမ်းနိုင်ခြင်း၊
၅။ ဖြစ်ပေါ်လာသော မိစ္ဆာအယူကို တရားအားဖြင့် ကင်းဆိတ်စေခြင်း၊ စွန့်လွှတ်စေခြင်းငှာ မစွမ်းနိုင်ခြင်း။ (ဝိ၊၃၊၉၂။) (ဝိ၊မြန်၊၃။၉၄။)♦

ရဟန်းခံ မပေးနိုင်သော ရဟန်း၏ အင်္ဂါ ၅ ပါး (တစ်နည်း)

၁။ အာပတ်သင့်သည်ကို မသိခြင်း၊
၂။ အာပတ်မသင့်သည်ကို မသိခြင်း၊
၃။ ပေါ့သော အာပတ်ကို မသိခြင်း၊
၄။ လေးသော အာပတ်ကို မသိခြင်း၊
၅။ ဆယ်ဝါအောက် ယုတ်လျော့ခြင်း။ (ဝိ၊၃၊၉၃။) (ဝိ၊မြန်၊၃။၉၅။)♦

ရဟန်းခံ မပေးနိုင်သော ရဟန်း၏ အင်္ဂါ ၅ ပါး (တစ်နည်း)

၁။ ဖျားနာနေသော တပည့်တို့ကို လုပ်ကျွေးခြင်းငှာလည်းကောင်း, လုပ်ကျွေးစေခြင်းငှာလည်းကောင်း မစွမ်းနိုင်ခြင်း၊
၂။ မမွေ့ လျော်သော တပည့်ကို အရပ်တစ်ပါးသို့ ခေါ်ဆောင်ခြင်းငှာလည်းကောင်း, ခေါ်ဆောင် စေခြင်းငှာ လည်းကောင်း မစွမ်းနိုင်ခြင်း၊
၃။ တပည့်တို့၌ ဖြစ်ပေါ်လာသော သံသယကုက္ကုစ္စကို တရားသဖြင့် ပယ်ဖျောက်ခြင်းငှာ မစွမ်းနိုင်ခြင်း၊
၄။ အာပတ်ကို မသိခြင်း၊
၅။ အာပတ်မှ ထမြောက်ခြင်းကို မသိခြင်း။ (ဝိ၊၃၊၉၂။) (ဝိ၊မြန်၊၃။၉၃။)♦

ရဟန်းခံ မပေးနိုင်သော ရဟန်း၏ အင်္ဂါ ၆ ပါး

၁။ အာပတ် သင့်သည်ကို မသိခြင်း၊
၂။ အာပတ် မသင့်သည်ကို မသိခြင်း၊
၃။ အောက်အာပတ် ငါးပုံဟူသော ပေါ့သော အာပတ်ကို မသိခြင်း၊
၄။ ပါရာဇိကအာပတ်, သံဃာဒိသိသ်အာပတ်ဟု ဆိုအပ်သော လေးသော အာပတ်ကို မသိခြင်း၊
၅။ ဘိက္ခု, ဘိက္ခုနီ ပါတိမောက်နှစ်ပါးကို အကျယ်မရမူ၍ ကောင်းစွာ မဝေဖန်နိုင်ဘဲ, မာတိကာဟု ဆိုအပ်သော သုတ်အားဖြင့်လည်းကောင်း သဒ္ဒါ ပုဒ် ဗျည်းအားဖြင့်လည်းကောင်း ကောင်းစွာ မဆုံးဖြတ်နိုင်ခြင်း၊
၆။ ဆယ်ဝါ မပြည့်ခြင်း။ (ဝိ၊၃၊၉၇။) (ဝိ၊မြန်၊၃။၉၈။)♦

ရဟန်းခံ မပေးနိုင်သော ရဟန်း၏ အင်္ဂါ ၆ ပါး

၁။ မိမိကိုယ်တိုင် ရဟန္တာပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော သီလဂုဏ်နှင့် မပြည့်စုံဘဲ သူတစ်ပါးတို့အားလည်း၊ ထိုသီလဂုဏ်ကို မဆောက်တည်စေတတ်ခြင်း၊
၂။ မိမိကိုယ်တိုင် ရဟန္တာပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော သမာဓိ ဂုဏ်နှင့် မပြည့်စုံဘဲ သူတစ်ပါးတို့အားလည်း ထိုသမာဓိ ဂုဏ်ကို မဆောက်တည် စေတတ်ခြင်း၊
၃။ မိမိကိုယ်တိုင် ရဟန္တာပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော ပညာဂုဏ်နှင့် မပြည့်စုံဘဲ သူတစ်ပါးတို့အားလည်း ထိုပညာဂုဏ်ကို မဆောက်တည်စေတတ်ခြင်း၊
၄။ မိမိကိုယ်တိုင် ရဟန္တာပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော လွတ်မြောက်မှု ဝိမုတ္တိဂုဏ်နှင့် မပြည့်စုံဘဲ၊ သူတစ်ပါး တို့အားလည်း ထိုလွတ်မြောက်မှု ဝိမုတ္တိဂုဏ်ကို မဆောက်တည်စေတတ်ခြင်း၊
၅။ မိမိကိုယ်တိုင် ရဟန္တာပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော လွတ်မြောက်မှု ဉာဏ်အမြင် ဝိမုတ္တိဉာဏဒဿနဂုဏ်နှင့် မပြည့်စုံဘဲ၊ သူတစ်ပါးတို့အားလည်း ထိုလွတ်မြောက်မှု ဉာဏ်အမြင် ဝိမုတ္တိဉာဏဒဿန ဂုဏ်၌ မဆောက်တည်စေတတ်ခြင်း၊
၆။ ဆယ်ဝါအောက် ယုတ်လျော့ခြင်း။ (ဝိ၊၃၊၉၄၊၉၅။) (ဝိ၊မြန်၊၃။၉၆။)♦

ရဟန်းခံ မပေးနိုင်သော ရဟန်း၏ အင်္ဂါ ၆ ပါး (တစ်နည်း)

၁။ သဒ္ဓါတရား မရှိခြင်း၊
၂။ အကုသိုလ် ဒုစရိုက်တရားတို့၌ အရှက်မရှိခြင်း၊
၃။ အကုသိုလ် ဒုစရိုက်တရားတို့ကို ကြောက်လန့်မှု မရှိခြင်း၊
၄။ ပျင်းရိခြင်း၊
၅။ သတိလွတ်ကင်းခြင်း၊
၆။ ဆယ်ဝါ မပြည့်သေးခြင်း။ (ဝိ၊၃၊၉၅။) (ဝိ၊မြန်၊၃။၉၇။)♦

ရဟန်းခံ မပေးနိုင်သော ရဟန်း၏ အင်္ဂါ ၆ ပါး (တစ်နည်း)

၁။ ပါရာဇိကအာပတ်, သံဃာဒိသိသ် အာပတ် ဟူသော လွန်ကဲသော သီလ ပျက်စီးခြင်း၊
၂။ အောက်အာပတ် ငါးပုံဟူသော လွန်ကဲသော အကျင့် ပျက်စီးခြင်း၊
၃။ သဿတဒိဋ္ဌိ-ဥစ္ဆေဒဒိဋ္ဌိဟူသော အယူ ပျက်စီးခြင်း၊
၄။ အကြားအမြင် နည်းပါးခြင်း၊
၅။ ပညာမရှိခြင်း၊
၆။ ဆယ်ဝါ မပြည့်ခြင်း။ (ဝိ၊၃၊၉၆။) (ဝိ၊မြန်၊၃။၉၇။)♦

ရဟန်းခံ မပေးနိုင်သော ရဟန်း၏ အင်္ဂါ ၆ ပါး (တစ်နည်း)

၁။ ဖျားနာနေသော တပည့်ကို လုပ်ကျွေးခြင်းငှာလည်းကောင်း လုပ်ကျွေးစေခြင်းငှာလည်းကောင်း မစွမ်းနိုင်ခြင်း၊
၂။ မမွေ့ လျော်သော တပည့်ကို အရပ်တစ်ပါးသို့ ခေါ်ဆောင်ခြင်းငှာလည်းကောင်း ခေါ်ဆောင်သွား စေခြင်းငှာလည်းကောင်း မစွမ်းနိုင်ခြင်း၊
၃။ တပည့်တို့၌ ဖြစ်ပေါ်သော သံသယကုက္ကုစ္စကို တရားဖြင့် ပယ်ဖျောက်ခြင်းငှာ မစွမ်းနိုင်ခြင်း၊
၄။ အာပတ်ကို မသိခြင်း၊
၅။ အာပတ်မှ ထမြောက်မှုကို မသိခြင်း၊
၆။ ဆယ်ဝါ မပြည့်ခြင်း။ (ဝိ၊၃၊၉၆။) (ဝိ၊မြန်၊၃။၉၇။)♦

ရဟန်းခံ မပေးနိုင်သော ရဟန်း၏ အင်္ဂါ ၆ ပါး (တစ်နည်း)

၁။ တပည့်တို့ကို လွန်ကဲ မြင့်မြတ်သော ခန္ဓကလာ ကျင့်ဝတ်သိက္ခာတို့၌ ကျင့်စေခြင်းငှာ မစွမ်းနိုင်ခြင်း၊
၂။ မဂ္ဂ ဗြဟ္မစရိယ၏ အစအကျင့်ဖြစ်သော ဥဘတောဝိဘင်းလာ သိက္ခာအရာ၌ ဆုံးမခြင်းငှာ မစွမ်း နိုင်ခြင်း၊
၃။ ရုပ်နာမ်တရားတို့ကို ပိုင်းခြားပြရာ အဘိဓမ္မာ၌ ဆုံးမခြင်းငှာ မစွမ်းနိုင်ခြင်း၊
၄။ အလုံးစုံသော ဝိနည်း၌ ဆုံးမခြင်းငှာ မစွမ်းနိုင်ခြင်း၊
၅။ ဖြစ်ပေါ်လာသော မိစ္ဆာအယူကို တရားသဖြင့် ကင်းဆိတ်စေခြင်း, စွန့်လွှတ်စေခြင်းငှာ မစွမ်းနိုင်ခြင်း၊
၆။ ဆယ်ဝါ မပြည့်ခြင်း။ (ဝိ၊၃၊၉၇။) (ဝိ၊မြန်၊၃။၉၈။)♦

ရဟန်းခံပေးနိုင်သော ရဟန်း၏ အင်္ဂါ ၅ ပါး

၁။ ရဟန္တာပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော သီလဂုဏ်နှင့် ပြည့်စုံရခြင်း၊
၂။ ရဟန္တာပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော သမာဓိဂုဏ်နှင့် ပြည့်စုံရခြင်း၊
၃။ ရဟန္တာ ပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော ပညာဂုဏ်နှင့် ပြည့်စုံရခြင်း၊
၄။ ရဟန္တာပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော လွတ်မြောက်မှု ဝိမုတ္တိဂုဏ်နှင့် ပြည့်စုံရခြင်း၊
၅။ ရဟန္တာပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော လွတ်မြောက်မှု ဉာဏ်အမြင် ဝိမုတ္တိဉာဏဒဿနဂုဏ်နှင့် ပြည့်စုံရခြင်း။ (ဝိ၊၃၊၉၀။) (ဝိ၊မြန်၊၃။၉၂။)♦

ရဟန်းခံပေးနိုင်သော ရဟန်း၏ အင်္ဂါ ၅ ပါး

၁။ ယုံကြည်မှု သဒ္ဓါတရားရှိခြင်း၊
၂။ အကုသိုလ် ဒုစရိုက်တရားတို့၌ ရှက်ခြင်း၊
၃။ အကုသိုလ် ဒုစရိုက်တရားတို့၌ ကြောက်လန့်ခြင်း၊
၄။ လုံ့လ ဝီရိယရှိခြင်း၊
၅။ သတိရှိခြင်း။ (ဝိ၊၃၊၉၁။) (ဝိ၊မြန်၊၃။၉၃။)♦

ရဟန်းခံပေးနိုင်သော ရဟန်း၏ အင်္ဂါ ၅ ပါး

၁။ ပါရာဇိကအာပတ်, သံဃာဒိသိသ်အာပတ် ဟူသော လွန်ကဲသော သီလပျက်စီးမှု မရှိခြင်း၊
၂။ အောက်အာပတ် ငါးပုံဟူသော လွန်ကဲသော အကျင့်ပျက်စီးမှု မရှိခြင်း၊
၃။ အယူပျက်စီးမှု မရှိခြင်း၊
၄။ အကြားအမြင် များခြင်း (ကြားနာ အပ်ပြီးသော သုတ်အဘိဓမ္မာတရားရှိခြင်း)၊
၅။ ပညာရှိခြင်း (အာပတ်စသည်ကို သိစွမ်း နိုင်သော ပညာရှိခြင်း) ။ (ဝိ၊၃၊၉၂။) (ဝိ၊မြန်၊၃။၉၃။)♦

ရဟန်းခံပေးနိုင်သော ရဟန်း၏ အင်္ဂါ ၅ ပါး (တစ်နည်း)

၁။ မကျန်းမမာဖြစ်နေသော အနီးနေ တပည့် အတူနေတပည့်တို့ကို မိမိကိုယ်တိုင်သော် လည်းကောင်း, သူတစ်ပါးကိုသော် လည်းကောင်း ပြုစုလုပ်ကျွေးနိုင်, ပြုစုလုပ်ကျွေးစေနိုင်ခြင်း၊
၂။ သာသနာတော်၌ မမွေ့ လျော်သော အနီးနေတပည့် အတူနေတပည့်ကို မိမိကိုယ်တိုင် အရပ်တစ်ပါးသို့ ဆောင်သွား ခြင်းငှာလည်းကောင်း, သူတစ်ပါးကို အရပ်တစ်ပါးသို့ ဆောင်သွားစေခြင်းငှာလည်းကောင်း စွမ်းနိုင်ခြင်း၊
၃။ ဖြစ်ပေါ်လာသော ကုက္ကုစ္စကို တရားအားဖြင့် ကိုယ်တိုင်ပယ်ဖျောက်ခြင်းငှာ လည်းကောင်း သူတစ်ပါးကို ပယ်ဖျောက်စေခြင်းငှာလည်းကောင်း စွမ်းနိုင်ခြင်း၊
၄။ လွန် ကဲသော ဓမ္မဟူသော ရုပ်နာမ်တရား အပိုင်းအခြား၌ သွန်သင်ပြသ ဆုံးမခြင်းငှာ စွမ်းနိုင်ခြင်း၊
၅။ ဝိနည်းပိဋက၌ ဆုံးမခြင်းငှာ စွမ်းနိုင်ခြင်း။ (ဝိ၊ဋ္ဌ၊၃၊၂၆၆။)♦

ရဟန်းခံပေးနိုင်သော ရဟန်း၏ အင်္ဂါ ၅ ပါး (တစ်နည်း)

၁။ ဖျားနာနေသော တပည့်တို့ကို လုပ်ကျွေးခြင်းငှာ လည်းကောင်း, လုပ်ကျွေးစေခြင်းငှာလည်း စွမ်းနိုင်ခြင်း၊
၂။ မမွေ့လျော်သော တပည့်တို့ကို အရပ်တစ်ပါးသို့ ခေါ်ဆောင်ခြင်းငှာ လည်းကောင်း၊ ခေါ်ဆောင်စေခြင်းငှာ လည်းကောင်း စွမ်းနိုင်ခြင်း၊
၃။ တပည့်တို့၌ ဖြစ်ပေါ်လာသော သံသယကုက္ကုစ္စကို တရားအားဖြင့် ပယ်ဖျောက်ခြင်းငှာ စွမ်းနိုင်ခြင်း၊
၄။ အာပတ်ကို သိခြင်း၊
၅။ အာပတ်မှ ထမြောက်မှုကို သိခြင်း။ (ဝိ၊၃၊၉၂။) (ဝိ၊မြန်၊၃။၉၄။)♦

ရဟန်းခံပေးနိုင်သော ရဟန်း၏ အင်္ဂါ ၅ ပါး (တစ်နည်း)

၁။ မိမိကိုယ်တိုင် ရဟန္တာပုဂ္ဂိုလ် တို့၏ ဥစ္စာဖြစ်သော သီလဂုဏ်နှင့် ပြည့်စုံ၍ သူတစ်ပါးတို့အားလည်း ထိုသီလဂုဏ်၌ ဆောက်တည်စေတတ်ခြင်း၊
၂။ မိမိကိုယ်တိုင် ရဟန္တာပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော သမာဓိ ဂုဏ်နှင့် ပြည့်စုံ၍ သူတစ်ပါးတို့အားလည်း ထိုသမာဓိဂုဏ်၌ ဆောက်တည်စေတတ်ခြင်း၊
၃။ မိမိကိုယ်တိုင် ရဟန္တာပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော ပညာဂုဏ်နှင့် ပြည့်စုံ၍ သူတစ်ပါး တို့အားလည်း ထိုပညာဂုဏ်၌ ဆောက်တည်စေတတ်ခြင်း၊
၄။ မိမိကိုယ်တိုင် ရဟန္တာပုဂ္ဂိုလ် တို့၏ ဥစ္စာဖြစ်သော လွတ်မြောက်မှု ဝိမုတ္တိဂုဏ်နှင့် ပြည့်စုံ၍ သူတစ်ပါးတို့အား ထိုဝိမုတ္တိ ဂုဏ်၌ ဆောက်တည်စေတတ်ခြင်း၊
၅။ မိမိကိုယ်တိုင် ရဟန္တာပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော လွတ်မြောက်မှု ဉာဏ်အမြင် ဝိမုတ္တိဉာဏဒဿနဂုဏ်နှင့် ပြည့်စုံ၍ သူတစ်ပါးတို့အားလည်း ထို ဝိမုတ္တိဉာဏဒဿနဂုဏ်၌ ဆောက်တည်စေတတ်ခြင်း။ (ဝိ၊၃၊၉၁။) (ဝိ၊မြန်၊၃။၉၂။)♦

ရဟန်းခံပေးနိုင်သော ရဟန်း၏ အင်္ဂါ ၅ ပါး (တစ်နည်း)

၁။ တပည့်တို့ကို လွန်ကဲ မြင့်မြတ်သော ခန္ဓကလာ ကျင့်ဝတ်သိက္ခာတို့၌ ကျင့်စေခြင်းငှာ စွမ်းနိုင်ခြင်း၊
၂။ မဂ္ဂဗြဟ္မစရိယ၏ အစအကျင့်ဖြစ်သော ဥဘတောဝိဘင်းလာ သိက္ခာအရာ၌ ဆုံးမခြင်းငှာ စွမ်းနိုင်ခြင်း၊
၃။ ရုပ်နာမ် တရားတို့ကို ပိုင်းခြားပြရာ အဘိဓမ္မာ၌ ဆုံးမခြင်းငှာ စွမ်းနိုင်ခြင်း၊
၄။ အလုံးစုံသော ဝိနည်း၌ ဆုံးမခြင်းငှာ စွမ်းနိုင်ခြင်း၊
၅။ ဖြစ်ပေါ်လာသော မိစ္ဆာအယူကို တရားသဖြင့် ကင်းဆိတ်စေခြင်း စွန့်လွတ်စေခြင်းငှာ စွမ်းနိုင်ခြင်း။ (ဝိ၊၃၊၉၃။) (ဝိ၊မြန်၊၃။၉၄။)♦

ရဟန်းခံပေးနိုင်သော ရဟန်း၏ အင်္ဂါ ၅ ပါး (တစ်နည်း)

၁။ အာပတ်သင့်သည်ကို သိခြင်း၊
၂။ အာပတ်မသင့်သည်ကို သိခြင်း၊
၃။ ပေါ့သော အာပတ်ကို သိခြင်း၊
၄။ လေးသော အာပတ်ကို သိခြင်း၊
၅။ ဘိက္ခု-ဘိက္ခုနီ ပါတိမောက် နှစ်ပါးကို အကျယ်ရ၍ ကောင်းစွာ ဝေဖန်နိုင်ပြီး၊ မာတိကာဟု ဆိုအပ်သော သုတ်အားဖြင့်လည်းကောင်း, သဒ္ဒါ ပုဒ် ဗျဉ်းအားဖြင့် လည်းကောင်း ကောင်းစွာ ဆုံးဖြတ်နိုင်ခြင်း။ (ဝိ၊၃၊၉၃။) (ဝိ၊မြန်၊၃။၉၅။)♦

ရဟန်းခံပေးနိုင်သော ရဟန်း၏ အင်္ဂါ ၅ ပါး (တစ်နည်း)

၁။ အာပတ်သင့်သည်ကို သိခြင်း၊
၂။ အာပတ် မသင့်သည်ကို သိခြင်း၊
၃။ ပေါ့သော အာပတ်ကို သိခြင်း၊
၄။ လေးသော အာပတ်ကို သိခြင်း၊
၅။ ဆယ်ဝါ, ဆယ်ဝါထက် အလွန်ရှိခြင်း။ (ဝိ၊၃၊၉၄။) (ဝိ၊မြန်၊၃။၉၅။)♦

ရဟန်းခံပေးနိုင်သော ရဟန်း၏ အင်္ဂါ ၆ ပါး

၁။ မိမိကိုယ်တိုင် ရဟန္တာပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော သီလဂုဏ်နှင့် ပြည့်စုံ၍ သူတစ်ပါးတို့အားလည်း ထိုသီလဂုဏ်၌ ဆောက်တည်စေတတ်ခြင်း၊
၂။ မိမိကိုယ်တိုင် ရဟန္တာပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော သမာဓိဂုဏ်နှင့် ပြည့်စုံ၍ သူတစ်ပါး တို့အားလည်း ထိုသမာဓိဂုဏ်၌ ဆောက်တည်စေတတ်ခြင်း၊
၃။ မိမိကိုယ်တိုင် ရဟန္တာ ပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော ပညာဂုဏ်နှင့် ပြည့်စုံ၍ သူတစ်ပါးတို့အားလည်း ထိုပညာဂုဏ်၌ ဆောက်တည်စေတတ်ခြင်း၊
၄။ မိမိကိုယ်တိုင် ရဟန္တာပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော လွတ်မြောက်မှု ဝိမုတ္တိဂုဏ်နှင့် ပြည့်စုံ၍ သူတစ်ပါးတို့အားလည်း ထိုလွတ်မြောက်မှု ဝိမုတ္တိဂုဏ်၌ ဆောက်တည် စေတတ်ခြင်း၊
၅။ မိမိကိုယ်တိုင် ရဟန္တာပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော လွတ်မြောက်မှု ဉာဏ်အမြင် ဝိမုတ္တိဉာဏဒဿနဂုဏ်နှင့် ပြည့်စုံ၍ သူတစ်ပါးတို့အားလည်း ထိုလွတ်မြောက်မှု ဉာဏ်အမြင် ဝိမုတ္တိဉာဏဒဿနဂုဏ်၌ ဆောက်တည်စေတတ်ခြင်း၊
၆။ ဆယ်ဝါ, ဆယ်ဝါထက် ကျော်လွန်ခြင်း။ (ဝိ၊၃၊၉၅။) (ဝိ၊မြန်၊၃။၉၆။)♦

ရဟန်းခံပေးနိုင်သော ရဟန်း၏ အင်္ဂါ ၆ ပါး (တစ်နည်း)

၁။ အာပတ် သင့်သည်ကို သိခြင်း၊
၂။ အာပတ်မသင့်သည်ကို သိခြင်း၊
၃။ အောက်အာပတ်ငါးပုံဟု ဆိုအပ်သော ပေါ့သော အာပတ်ကို သိခြင်း၊
၄။ ပါရာဇိကအာပတ် သံဃာဒိသိသ် အာပတ်ဟု ဆိုအပ်သော လေးသော အာပတ်ကို သိခြင်း၊
၅။ ဘိက္ခု-ဘိက္ခုနီ ပါတိမောက် နှစ်ပါးကို အကျယ်ရ၍ ကောင်းစွာ ဝေဖန်နိုင်ပြီး မာတိကာ-ဟုဆိုအပ်သော သုတ်အားဖြင့်လည်းကောင်း သဒ္ဒါ ပုဒ် ဗျည်းအားဖြင့် လည်းကောင်း ကောင်းစွာ ဆုံးဖြတ်နိုင်ခြင်း၊
၆။ ဆယ်ဝါ, ဆယ်ဝါထက် ကျော်လွန်ခြင်း။ (ဝိ၊၃၊၉၇။) (ဝိ၊မြန်၊၃။၉၉။)♦

ရဟန်းခံပေးနိုင်သော ရဟန်း၏ အင်္ဂါ ၆ ပါး (တစ်နည်း)

၁။ ရဟန္တာပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော သီလဂုဏ်နှင့် ပြည့်စုံခြင်း၊
၂။ ရဟန္တာပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော သမာဓိဂုဏ်နှင့် ပြည့်စုံခြင်း၊
၃။ ရဟန္တာပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော ပညာဂုဏ်နှင့် ပြည့်စုံခြင်း၊
၄။ ရဟန္တာပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော လွတ်မြောက်မှု ဝိမုတ္တိဂုဏ်နှင့် ပြည့်စုံခြင်း၊
၅။ ရဟန္တာပုဂ္ဂိုလ်တို့၏ ဥစ္စာ ဖြစ်သော လွတ်မြောက်မှု ဉာဏ်အမြင် ဝိမုတ္တိ ဉာဏဒဿနဂုဏ်နှင့် ပြည့်စုံခြင်း၊
၆။ ဆယ်ဝါ, ဆယ်ဝါထက် အလွန်ရှိခြင်း။ (ဝိ၊၃၊၉၄။) (ဝိ၊မြန်၊၃။၉၆။)♦

ရဟန်းခံပေးနိုင်သော ရဟန်း၏ အင်္ဂါ ၆ ပါး (တစ်နည်း)

၁။ သဒ္ဓါတရား ရှိခြင်း၊
၂။ အကုသိုလ် ဒုစရိုက်တရားတို့၌ ရှက်ခြင်း၊
၃။ အကုသိုလ် ဒုစရိုက်တရားတို့ကို ကြောက်လန့်ခြင်း၊
၄။ လုံ့လ ဝီရိယရှိခြင်း၊
၅။ သတိမြဲခြင်း၊
၆။ ဆယ်ဝါ, ဆယ်ဝါထက် ကျော်လွန်ခြင်း။ (ဝိ၊၃၊၉၅။) (ဝိ၊မြန်၊၃။၉၇။)♦

ရဟန်းခံပေးနိုင်သော ရဟန်း၏ အင်္ဂါ ၆ ပါး (တစ်နည်း)

၁။ ပါရာဇိကအာပတ်, သံဃာဒိသိသ် အာပတ်ဟူသော လွန်ကဲသော သီလ မပျက်စီးခြင်း၊
၂။ အောက် အာပတ်ငါးပုံ ဟူသော လွန်ကဲသော အကျင့် မပျက်စီးခြင်း၊
၃။ အယူပျက်စီးမှု မရှိခြင်း၊
၄။ အကြားအမြင် များခြင်း၊
၅။ ပညာရှိခြင်း၊
၆။ ဆယ်ဝါ, ဆယ်ဝါထက် ကျော်လွန်ခြင်း။ (ဝိ၊၃၊၉၆။) (ဝိ၊မြန်၊၃။၉၇။)♦

ရဟန်းခံပေးနိုင်သော ရဟန်း၏ အင်္ဂါ ၆ ပါး (တစ်နည်း)

၁။ ဖျားနာနေသော တပည့်ကို လုပ်ကျွေးခြင်းငှာလည်းကောင်း လုပ်ကျွေးစေခြင်းငှာလည်းကောင်း စွမ်းနိုင်ခြင်း၊
၂။ မမွေ့ လျော်သော တပည့်ကို အရပ်တစ်ပါးသို့ ခေါ်ဆောင်ခြင်းငှာလည်းကောင်း ခေါ်ဆောင်သွားစေ ခြင်းငှာလည်းကောင်း စွမ်းနိုင်ခြင်း။၃။ တပည့်တို့၌ ဖြစ်ပေါ်လာသော သံသယကုက္ကုစ္စကို တရားဖြင့် ပယ်ဖျောက်ခြင်းငှာ စွမ်းနိုင်ခြင်း၊
၄။ အာပတ်ကို သိခြင်း၊
၅။ အာပတ်မှ ထမြောက် မှုကို သိခြင်း၊
၆။ ဆယ်ဝါ, ဆယ်ဝါထက် ကျော်လွန်ခြင်း။ (ဝိ၊၃၊၉၆။) (ဝိ၊မြန်၊၃။၉၇၊၉၈။)♦

ရဟန်းခံပေးနိုင်သော ရဟန်း၏ အင်္ဂါ ၆ ပါး (တစ်နည်း)

၁။ တပည့်တို့ကို လွန်ကဲမြင့်မြတ်သော ခန္ဓကလာ ကျင့်ဝတ် သိက္ခာတို့၌ ကျင့်စေခြင်းငှာ စွမ်းနိုင်ခြင်း၊
၂။ မဂ္ဂဗြဟ္မစရိယ၏ အစအကျင့်ဖြစ်သော ဥဘတောဝိဘင်းလာ သိက္ခာအရာ၌ ဆုံးမခြင်းငှာ စွမ်းနိုင်ခြင်း၊
၃။ ရုပ်နာမ်တရားတို့ကို ပိုင်းခြားပြရာ အဘိဓမ္မာ၌ ဆုံးမခြင်းငှာ စွမ်းနိုင်ခြင်း၊
၄။ အလုံးစုံသော ဝိနည်း၌ ဆုံးမခြင်းငှာ စွမ်းနိုင်ခြင်း၊
၅။ ဖြစ်ပေါ်လာသော မိစ္ဆာအယူကို တရားသဖြင့် ကင်းဆိတ် စေခြင်း, စွန့်လွှတ်စေခြင်းငှာ စွမ်းနိုင်ခြင်း၊
၆။ ဆယ်ဝါ, ဆယ်ဝါထက် ကျော်လွန်ခြင်း။ (ဝိ၊၃၊၉၇။) (ဝိ၊မြန်၊၃။၉၈။)♦

ရဟန်းခံမပေးနိုင်သော ရဟန်း၏ အင်္ဂါ ၅ ပါး (တစ်နည်း)

၁။ အာပတ်သင့်သည်ကို မသိခြင်း၊
၂။ အာပတ်မသင့်သည်ကို မသိခြင်း၊
၃။ ပေါ့သော အာပတ်ကို မသိခြင်း၊
၄။ လေးသော အာပတ်ကို မသိခြင်း၊
၅။ ဘိက္ခု-ဘိက္ခုနီ ပါတိမောက်နှစ်ပါးကို အကျယ်မရမူ၍ ကောင်းစွာ မဝေဖန်နိုင်ဘဲ မာတိကာဟု ဆိုအပ်သော သုတ်အားဖြင့်လည်းကောင်း, သဒ္ဒါ ပုဒ် ဗျည်းအားဖြင့် လည်းကောင်း ကောင်းစွာ မဆုံးဖြတ်နိုင်ခြင်း။ (ဝိ၊၃၊၉၃။) (ဝိ၊မြန်၊၃။၉၄။)♦

ရဟန်းခံမပေးနိုင်သော ရဟန်း၏ အင်္ဂါ ၆ ပါး

၁။ ရဟန္တာပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော သီလ ဂုဏ်နှင့် မပြည့်စုံခြင်း၊
၂။ ရဟန္တာပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော သမာဓိဂုဏ်နှင့် မပြည့်စုံခြင်း၊
၃။ ရဟန္တာပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော ပညာဂုဏ်နှင့် မပြည့်စုံခြင်း၊
၄။ ရဟန္တာပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော လွတ်မြောက်မှု ဝိမုတ္တိဂုဏ်နှင့် မပြည့်စုံခြင်း၊
၅။ ရဟန္တာပုဂ္ဂိုလ်တို့၏ ဥစ္စာ ဖြစ်သော လွတ်မြောက်မှု ဉာဏ်အမြင် ဝိမုတ္တိဉာဏဒဿနဂုဏ်နှင့် မပြည့်စုံခြင်း၊
၆။ ဆယ်ဝါအောက် ယုတ်လျော့ခြင်း။ (ဝိ၊၃၊၉၄။) (ဝိ၊မြန်၊၃။၉၅။)♦

ရဟန်းချမ်းသာ ၈ ပါး

၁။ ဥစ္စာစုဆောင်း သိမ်းဆည်းရမှု မရှိခြင်း၊
၂။ အပြစ်ကင်းသော ဆွမ်းကို ရှာမှီးရခြင်း၊
၃။ ငြိမ်းအေးပြီးသော ဆွမ်းကို သုံးဆောင်ရခြင်း၊
၄။ တိုင်းပြည်၏ အခွန်အတုတ်ကို နှိပ်စက်ညှဉ်းဆဲမှု မရှိခြင်း၊
၅။ အဆောက်အဦးတို့၌ တပ်မက်မှု ဆန္ဒရာဂ ကင်းခြင်း၊
၆။ ခိုးသူတို့ လုယက်မှု ဘေးရန် မရှိခြင်း၊
၇။ မင်းစိုးရာဇာများနှင့် ဆက်ဆံမှု မရှိခြင်း၊
၈။ အရပ်လေးမျက်နှာတို့၌ အပိတ်အပင် အဆီးအတား မရှိခြင်း။ (အဘိ၊ဋ္ဌ၊၁၊၃၇။) (အပ၊ဋ္ဌ၊၁၊၉။) (ဗုဒ္ဓဝံ၊ဋ္ဌ၊၉၈။) (ဇာ၊ဋ္ဌ၊၁၊၅၁။)♦

ရဟန်းခံရာ၌ ပရိသတ်ပြည့်စုံရမည့် အင်္ဂါ ၄ ပါး

၁။ ပါရာဇိကလည်း မကျ, ဥက္ခိတ္တကလည်း မဟုတ်သော ရဟန်းစစ်စစ်၏ မဇ္ဈိမဒေသ အိန္ဒိယ၌ ဆယ်ပါး, မြန်မာစသော ပစ္စန္တရစ်နိုင်ငံ၌ ငါးပါးရှိ၍ ထိုရဟန်းတို့ တစ်သိမ်တည်း၌ ဟတ္ထပါသ်ကို မစွန့်မူ၍ တည်ခြင်း၊
၂။ ဆန္ဒထိုက်သူ၏ ဆန္ဒကို ဆောင်ခြင်း၊
၃။ မျက်မှောက်ပါဝင်သော ရဟန်းတို့၏ ထိုကံကို မတားမြစ်ခြင်း၊
၄။ ရဟန်း လောင်းမှ တစ်ပါး လူစသော ဝဇ္ဇနီယပုဂ္ဂိုလ်တို့၏ ဟတ္ထပါသ်၌ မရှိခြင်းတည်း။ (ဝိမတိ၊ ၂။၁၃၆။)♦

ရဟန်းခံရာ၌ ရှေးဦးစွာ ပြုရသော ကိစ္စ ၈ မျိုး

၁။ ဥပဇ္ဈာယ်ကို ယူစေခြင်း၊
၂။ သပိတ်သင်္ကန်း တို့ကို ပြောပြခြင်း၊
၃။ ရဟန်းလောင်းကို သံဃဟတ္ထပါသ်မှ အပြင်ဘက်၌ ထား၍ နည်းပေးလမ်းပြပြုမည့် ရဟန်းကို သမုတ်ခြင်း၊
၄။ သမုတ်အပ်သော (သမ္မုတိရသော) ရဟန်းက အပြင်ဘက်သို့ လိုက်၍ သွန်သင်ပြသ နည်းပေးရခြင်း၊
၅။ ထိုသမ္မုတိရသော ရဟန်းက ရှေးဦးစွာ သံဃာ့ထံ ပြန်လာခဲ့၍ သံဃာအား သွန်သင်ပြီးကြောင်းကို ဉတ်ဖြင့် အသိပေး ရခြင်း၊
၆။ ပဉ္စင်းလောင်းကို ဟတ္ထပါသ်သို့ ခေါ်ယူရခြင်း၊ ထိုပဉ္စင်းလောင်းက ရဟန်းတော် တို့အား ဝတ်ချ၍ မြင့်မြတ်သော ပဉ္စင်းအဖြစ်ကို တောင်းစေရခြင်း၊
၇။ အန္တရာယိကဓမ္မတို့ကို မေးဖို့ရန် သမ္မုတိပေးရခြင်း၊
၈။ ထိုသမ္မုတိရသော ရဟန်းတော်က အန္တရာယိကဓမ္မတို့ကို မေးရခြင်း။ (ဝိမတိ၊၂၊၁၃၆။)♦

ရဟန်းညွှန်ပြအပ်သော ကပ္ပိယ ၄ မျိုး

၁။ ရဟန်းက မျက်မှောက်၌ ညွှန်ပြအပ်သော ကပ္ပိယ တစ်မျိုး၊
၂။ ရဟန်း၏ မျက်မှောက်မဟုတ်သည်၌ ညွှန်ပြအပ်သော ကပ္ပိယ ၃ မျိုး။ (ဝိ၊ဋ္ဌ၊၂၊၂၅၅။)♦

ရဟန်းတို့ ကြောက်ရွံ့စေတတ်သော တရား ၅ ပါး

၁။ ယုံကြည်မှု သဒ္ဓါတရား မရှိခြင်း၊
၂။ စောင့်ထိန်းမှု သီလ မရှိခြင်း၊
၃။ အကြားအမြင် နည်းခြင်း၊
၄။ ပျင်းရိခြင်း၊
၅။ ပညာ မရှိခြင်း။ (အံ၊၂၊၁၆၁။) (အံ၊မြန်၊၂။၂၀၇။)♦

ရဟန်းတို့ မကျက်စားထိုက်သော အရပ် ၇ မျိုး

၁။ ပြည့်တန်ဆာမအိမ်၊
၂။ မုဆိုးမအိမ်၊
၃။ အပျိုကြီးအိမ်၊
၄။ ပဏ္ဍုက်အိမ်၊
၅။ ဘိက္ခုနီမကျောင်း၊
၆။ သေတင်းကုပ် (အရက်ဆိုင်။)၊
၇။ မင်း, မင်း၏အမတ်, တိတ္ထိ, တိတ္ထိတို့၏ တပည့်သာဝက။ (အဘိ၊ဝိ၊၂၅၅။) (အဘိ၊ဝိ၊မြန်၊၂။၂၇၅။)♦

ရဟန်းတို့ မသုံးဆောင်ထိုက်သော အသား ၃ မျိုး

၁။ မိမိကို ရည်စူး၍ သတ်အပ်သည်ကို မျက်စိဖြင့် မြင်ရသော အသား၊
၂။ မိမိကို ရည်စူး၍ သတ်အပ်သည်ကို နားဖြင့် ကြားရသော အသား၊
၃။ မိမိကို ရည်စူး၍ သတ်အပ်သည်ကို ယုံမှားမှု ဖြစ်သော အသား။ (မ၊၂၊၃၂။) (မ၊မြန်၊၂။၃၇။)♦

ရဟန်းတို့ ရဲရင့်စေတတ်သော တရား ၅ ပါး

၁။ ယုံကြည်မှု သဒ္ဓါတရား ရှိခြင်း၊
၂။ စောင့်ထိန်းမှု သီလရှိခြင်း၊
၃။ အကြားအမြင်များခြင်း၊
၄။ ထက်သန်သော လုံ့လရှိခြင်း၊
၅။ ပညာဉာဏ် ရှိခြင်း။ (အံ၊၂၊၁၆၂။) (အံ၊မြန်၊၂။၂၀၇။)♦

ရဟန်းတို့ သုံးဆောင်ကောင်းသော အသား ၃ မျိုး

၁။ မိမိကို ရည်စူး၍ သတ်အပ်သည်ကို မျက်စိဖြင့် မမြင်ရသော အသား၊
၂။ မိမိကို ရည်စူး၍ သတ်အပ်သည်ကို နားဖြင့် မကြားရသော အသား၊
၃။ မိမိကို ရည်စူး၍ သတ်အပ်သည်ကို ယုံမှားမှု မရှိသော အသား။ (မ၊၂၊၃၂။) (မ၊မြန်၊၂။၃၇။)♦

ရဟန်းတို့ အကဲ့ရဲ့ ခံရကြောင်း ၃ ပါး

၁။ ဆိတ်ငြိမ်စွာ နေတော်မူသော မြတ်စွာဘုရား၏ တပည့်သာဝကရဟန်းတို့သည် ဆိတ်ငြိမ်ခြင်း ဝိဝေကကို အတုလိုက်၍ မကျင့်ကြခြင်း၊
၂။ ဘုရားရှင်က ပယ်ရန် ဟောကြားတော်မူအပ်သော အကုသိုလ်တရားများကို မပယ်ခြင်း၊
၃။ ပစ္စည်းပစ္စယ များပြားလာစေရန်သာ ကျင့်သူများဖြစ်၍ ဘုရားရှင်၏ အဆုံးအမတော် များကို ပေါ့ပေါ့တန်တန်သာ နာယူကြလျက် မဂ်ဖိုလ်နိဗ္ဗာန်ဟူသော ဥပဓိဝိဝေကကို ရရှိရေး၌ တာဝန်မဲ့သူများ ဖြစ်ခြင်း။ (မ၊၁၊၁၇။) (မ၊မြန်၊၁။၁၉။)♦

ရဟန်းတို့ အဆောတလျင် ပြုလုပ်အပ်သော အလုပ် ၃ မျိုး

၁။ အဓိသီလသိက္ခာကို ဆောက်တည်ခြင်း၊
၂။ အဓိစိတ္တသိက္ခာကို ဆောက်တည်ခြင်း၊
၃။ အဓိပညာသိက္ခာကို ဆောက်တည်ခြင်း။ (အံ၊၁၊၂၄၂။) (အံ၊မြန်၊၁။၂၅၅။)♦

ရဟန်းတို့ အသက်ထက်ဆုံး အောက်မေ့အပ်သော အရပ် ၃ မျိုး

၁။ မိမိရဟန်းပြုရာ အရပ်သည် အသက်ထက်ဆုံး အောက်မေ့အပ်သော ပဌမအရပ်၊
၂။ သစ္စာလေးပါးကို ဟုတ်မှန်သော အတိုင်း သိရာအရပ်သည် အသက်ထက်ဆုံး အောက်မေ့အပ်သော ဒုတိယအရပ်၊
၃။ အရဟတ္တ ဖိုလ်သို့ ရောက်ရာအရပ်သည် အသက်ထက်ဆုံး အောက်မေ့အပ်သော တတိယအရပ်။ (အံ၊၁၊၁၀၅။) (အံ၊မြန်၊၁။၁၂၃။)♦

ရဟန်းတို့၏ အသွင်အပြင် ၂ မျိုး

၁။ ဖန်ရည်ဆိုးသော သင်္ကန်းကို ဝတ်ရုံခြင်း၊
၂။ ဦးပြည်း (ခေါင်းတုံးရိတ်) ခြင်း။ (မိလိန္ဒ၊၁၆၃။) (မိလိန္ဒ၊မြန်။၁၇၆။)♦

ရဟန်းတို့နှင့် မသက်ဆိုင်သော ဘိက္ခုနီ ပါရာဇိကသိက္ခာပုဒ် ၄ မျိုး

၁။ ဥဗ္ဘဇာဏုမဏ္ဍလိကာ သိက္ခာပုဒ်၊
၂။ ဝဇ္ဇပဋိစ္ဆာဒိကာ သိက္ခာပုဒ်၊
၃။ ဥက္ခိတ္တာနုဝတ္တိကာ သိက္ခာပုဒ်၊
၄။ အဋ္ဌဝတ္ထုကာ သိက္ခာပုဒ်။ (သာရတ္ထ၊ဋီ၊၂၊၂၉၇။)♦

ရဟန်းတို့အား ဘုရားရှင် မေးမြန်းရကြောင်း ၂ ပါး

၁။ တရားဒေသနာ ဟောကြားတော်မူလိုခြင်း၊
၂။ သိက္ခာပုဒ် ပညတ်တော်မူလိုခြင်း။ (ဝိ၊၃၊၇၄။) (ဝိ၊၃၊၂၂၁။) (ဝိ၊မြန်၊၃။၇၇။) (ဝိ၊မြန်၊၃။၇၇။)♦

ရဟန်းတို့အား ဟောပြထိုက်သော တရား ၅ ပါး

၁။ သီလရှိသူတို့ ဖြစ်စေကုန်ခြင်း၊
၂။ ဣန္ဒြေတို့၌ ပိတ်ထားသော တံခါးရှိကြစေခြင်း၊
၃။ စကားပြော နည်းကြစေခြင်း၊
၄။ တောကျောင်း၌ နေစေခြင်း၊
၅။ မှန်ကန်သော သမ္မာဒိဋ္ဌိအယူ ရှိစေခြင်း။ (အံ၊၂၊၁၂၁။) (အံ၊မြန်၊၂။၁၄၉-၁၅၀။)♦

ရဟန်းပညာရှိ မည်ကြောင်း ၅ ပါး (တစ်နည်း)

၁။ သုတ်ဟု ဆိုအပ်သော ဥဘတောဝိဘင်းကို သိခြင်း၊
၂။ သုတ်အား လျော်သော မဟာပဒေသလေးပါးကို သိခြင်း၊
၃။ ဝိနည်း (ခန္ဓက ပရိဝါ) ကို သိခြင်း၊
၄။ ဝိနည်းအား လျော်သော မဟာပဒေသ လေးပါးကို သိခြင်း၊
၅။ အကြောင်း ဟုတ်သည် မဟုတ်သည်၌ လိမ္မာခြင်း။ (ဝိ၊၅၊၃၄၄။) (ဝိ၊မြန်၊၅။၄၄၈။)♦

ရဟန်းပညာရှိ မည်ကြောင်း ၅ ပါး (တစ်နည်း)

၁။ တရား (သုတ်,အဘိဓမ္မာ) ကို သိခြင်း၊
၂။ တရားအား လျော်သော သုတ္တန် မဟာပဒေသလေးပါးကို သိခြင်း၊
၃။ ဝိနည်း (ခန္ဓကပရိဝါ) ကို သိခြင်း၊
၄။ ဝိနည်းအားလျော်သော မဟာပဒေသလေးပါးကို သိခြင်း၊
၅။ ရှေ့နောက် စကား၌ လိမ္မာခြင်း။ (ဝိ၊၅၊၃၄၅။) (ဝိ၊မြန်၊၅။၄၄၉။)♦

ရဟန်းပညာရှိ မည်ကြောင်း ၅ ပါး (တစ်နည်း)

၁။ဝတ္ထုကို သိခြင်း၊
၂။ နိဒါန်းကို သိခြင်း၊
၃။ ပညတ်ချက်ကို သိခြင်း၊
၄။ မျက်မှောက်ပြုအပ်သော ပုဒ်, ရှေ့၌ဆိုအပ်သော ပုဒ်, နောက်၌ ဆိုအပ်သော ပုဒ်တို့ကို သိခြင်း၊
၅။ ရှေ့နောက် စကားစပ်ကို သိခြင်း။ (ဝိ၊၅၊၃၄၅။) (ဝိ၊မြန်၊၅။၄၄၉။)♦

ရဟန်းပညာရှိ မည်ကြောင်း ၅ ပါး (တစ်နည်း)

၁။ အာပတ်ကို သိခြင်း၊
၂။ အာပတ် သင့်ကြောင်း သမုဋ္ဌာန်ကို သိခြင်း၊
၃။ အာပတ်၏ ပယောဂကို သိခြင်း၊
၄။ အာပတ်ငြိမ်းခြင်းကို သိခြင်း၊
၅။ အာပတ်ကို ဆုံးဖြတ်ခြင်း၌ လိမ္မာ ကျွမ်းကျင်ခြင်း။ (ဝိ၊၅၊၃၄၅။) (ဝိ၊မြန်၊၅။၄၄၉။)♦

ရဟန်းပညာရှိ မည်ကြောင်း တရား ၅ ပါး

၁။ အဓိကရုဏ်းကို သိခြင်း၊
၂။ အဓိကရုဏ်း ဖြစ်ကြောင်း သမုဋ္ဌာန်ကို သိခြင်း၊
၃။ အဓိကရုဏ်း၏ ပယောဂကို သိခြင်း၊
၄။ အဓိကရုဏ်း၏ ငြိမ်းခြင်းကို သိခြင်း၊
၅။ အဓိကရုဏ်းကို ဆုံးဖြတ်ခြင်း၌ လိမ္မာခြင်း။ (ဝိ၊၅၊၃၄၆။) (ဝိ၊မြန်၊၅။၄၄၉။)♦

ရဟန်းပြုခြင်း ၈ မျိုး

ရဟန်းဖြစ်ခြင်း ၈ မျိုးနှင့် တူသည်။ ♦

ရဟန်းပြုဖူးသော မိန်းမ ၂ မျိုး

၁။ တိတ္ထိတို့ဘောင်၌ ရဟန်းပြုဖူးသော မိန်းမ၊
၂။ အခြားသော ဘိက္ခုနီမတို့ဘောင်၌ ရဟန်းပြုဖူးသော မိန်းမ။ (ဝိ၊၂၊၂၉၂။) (ဝိ၊မြန်၊၂။၃၃၁။)♦

ရဟန်းပြုရခြင်း၏ မျက်မှောက်ဘဝ ရကျိုး ၁၄ မျိုး

၁။ ကျွန်ယောက်ျားရဟန်းပြုသဖြင့် မင်း၏ အပူဇော်ကို ခံရခြင်း၊
၂။ မင်း၏ အခွန်ထမ်းလယ်သမား ရဟန်းပြုသဖြင့် မင်း၏ အပူဇော်ကို ခံရခြင်း၊
၃။ သီလ, သမာဓိ, ပညာ, ဣန္ဒြေ စသော တရားတို့ကို ပွားများသဖြင့် ပထမဈာန်ကို ရခြင်း၊
၄။ ဒုတိယဈာန်ကို ရခြင်း၊
၅။ တတိယဈာန်ကို ရခြင်း၊
၆။ စတုတ္ထ (ပဉ္စမ)ဈာန်ကို ရခြင်း၊
၇။ ဝိပဿနာဉာဏ်ကို ရခြင်း၊
၈။ မနောမယိဒ္ဓိဉာဏ်ကို ရခြင်း၊ ၉ ။ ဣဒ္ဓိဝိဓဉာဏ်ကို ရခြင်း၊
၁၀။ ဒိဗ္ဗသောတဉာဏ်ကို ရခြင်း၊
၁၁။ စေတောပရိယဉာဏ်ကို ရခြင်း၊
၁၂။ ပုဗ္ဗေနိဝါသ ဉာဏ်ကို ရခြင်း၊
၁၃။ စုတူပပါတဉာဏ်ကို ရခြင်း၊
၁၄။ အာသဝက္ခယမည်သော အရဟတ္တ မဂ်ဉာဏ်ကို ရခြင်း။ (ဒီ၊၁၊၅၆။) (ဒီ၊မြန်၊၁။၆၇။)♦

ရဟန်းပုဏ္ဏားတို့၏ အညစ်အကြေး ၄ ပါး

၁။ သေရည်အရက် သောက်စားခြင်း၊
၂။ မေထုန် အကျင့်ကို မှီဝဲခြင်း၊
၃။ ရွှေငွေကို သာယာလျက် ခံယူခြင်း၊
၄။ မှားသော အသက်မွေးမှုဖြင့် အသက် မွေးခြင်း။ (ဝိ၊၄၊၄၉၃။) (ဝိ၊မြန်၊၄၊၄၉၇။)♦

ရဟန်းဖြစ်ခြင်း ၈ မျိုး

၁။ ဧဟိဘိက္ခူပသမ္ပဒါ= ဘုရားရှင်က ‘‘ဧဟိ ဘိက္ခု’’ ဟု ခေါ်လိုက်သဖြင့် ရဟန်းဖြစ်ခြင်း၊
၂။ သရဏဂမနုပသမ္ပဒါ= သရဏဂုံဖြင့် ရဟန်းဖြစ်ခြင်း၊
၃။ ဩဝါဒုပသမ္ပဒါ= ဘုရားရှင်၏ ဩဝါဒကို ခံယူခြင်းဖြင့် ရဟန်းဖြစ်ခြင်း၊
၄။ ပဥှာဗျာကရဏုပသမ္ပဒါ= ဘုရားရှင်မေးသော ပုစ္ဆာကို ဖြေဆိုခြင်းဖြင့် ရဟန်းဖြစ်ခြင်း၊
၅။ ဉတ္တိစတုတ္ထကမ္မူပသမ္ပဒါ= ဉတ္တိစတုတ္ထကမ္မဝါစာဖြင့် ရဟန်းဖြစ်ခြင်း၊
၆။ ဂရုဓမ္မူပသမ္ပဒါ= ဂရုဓမ်တရားရှစ်ပါးဖြင့် ရဟန်းဖြစ်ခြင်း၊
၇။ ဥဘတောသံဃေ ဥပသမ္ပဒါ= ဥဘတောသံဃာ၌ ရဟန်းဖြစ်ခြင်း၊
၈။ ဒူတေန ဥပသမ္ပဒါ= တမန်ဖြင့် ရဟန်းဖြစ်ခြင်း။ (ဝိ၊ဋ္ဌ၊၁၊၂၀၆။) (အံ၊ဋ္ဌ၊၂၊၆၆။) (အဘိ၊ဋ္ဌ၊၂၊၃၁၆။)♦

ရဟန်းမခံထိုက်သူ ၂ မျိုး

၁။ ပဏ္ဍုက်ငါးမျိုး၊
၂။ မာတုဃာတကကံ စသည် ကျူးလွန်သော သူ။ (ဝိ၊၅၊၂၁၄။) (ဝိ၊မြန်၊၅။၂၉၈။)♦

ရဟန်းမခံထိုက်သူ ၂ မျိုး (တစ်နည်း)

၁။ သပိတ် သင်္ကန်း စသည့် ပရိက္ခရာ မပြည့်စုံသူ၊
၂။ ပြည့်စုံ သော်လည်း ပဉ္စင်းအဖြစ် မတောင်းပန်သူ။ (ဝိ၊၅၊၂၁၄။) (ဝိ၊မြန်၊၅။၂၉၈။)♦

ရဟန်းမခံထိုက်သူ ၂ ဦး

၁။ အသက်နှစ်ဆယ် မပြည့်သေးသူ၊
၂။ ကိုယ်လက်အင်္ဂါ ယုတ်သော သူ။ (ဝိ၊၅၊၂၁၄။) (ဝိ၊မြန်၊၅။၂၉၈။)♦

ရဟန်းမခံထိုက်သူ ၅ ဦး

၁။ အသက်နှစ်ဆယ် မပြည့်သေးသူ၊
၂။ ကိုယ်လက်အင်္ဂါ ချွတ်ယွင်းသူ၊
၃။ အကြောင်းဝတ္ထုချို့တဲ့ သူ၊
၄။ မာတုဃာတကစသော မကောင်းမှုကို ပြုခဲ့သူ၊
၅။ သပိတ် သင်္ကန်း မပြည့်စုံသူ။ (ဝိ၊၅၊၂၃၀။) (ဝိ၊မြန်၊၅။၃၂၀။)♦

ရဟန်းမည်ရုံမျှ ရဟန်း၏ အင်္ဂါ ၅ ပါး

၁။ အဆင်း ရူပါရုံတို့ကို သည်းမခံနိုင်ခြင်း၊
၂။ အသံ သဒ္ဒါရုံတို့ကို သည်းမခံနိုင်ခြင်း၊
၃။ အနံ့ဂန္ဓာရုံတို့ကို သည်းမခံနိုင်ခြင်း၊
၄။ အရသာ ရသာရုံ တို့ကို သည်းမခံနိုင်ခြင်း၊
၅။ အတွေ့အထိ ဖောဋ္ဌဗ္ဗာရုံတို့ကို သည်းမခံနိုင်ခြင်း။ (အံ၊၂၊၁၃၈။) (အံ၊မြန်၊၂။၁၇၃-၁၇၄။)♦

ရဟန်းမတို့ ငရဲကျကြောင်း တရား ၅ ပါး

၁။ မချီးမွမ်းထိုက်သူ၏ ဂုဏ်ကို ချီးမွမ်းပြောဆိုခြင်း၊
၂။ ချီးမွမ်းထိုက်သူ၏ ကျေးဇူးမဲ့ကို ကဲ့ရဲ့ပြောဆိုခြင်း၊
၃။ မကြည်ညို သင့်သော အရာ၌ ကြည်ညိုခြင်း၊
၄။ ကြည်ညိုသင့်သော အရာ၌ မကြည်ညိုခြင်း၊
၅။ သဒ္ဓါတရားဖြင့် လှူသော ပစ္စည်းကို ဖျက်ဆီးခြင်း။ (အံ၊၂၊၁၂၃။) (အံ၊မြန်၊၂။၁၅၁။)♦

ရဟန်းမတို့ ငရဲကျကြောင်း တရား ၅ ပါး (တစ်နည်း)

၁။ မချီးမွမ်းထိုက်သူ၏ ဂုဏ်ကို ချီးမွမ်း ပြောဆိုခြင်း၊
၂။ ချီးမွမ်းထိုက်သူ၏ ကျေးဇူးမဲ့ကို ပြောဆိုခြင်း၊
၃။ ငြူစူခြင်းလည်း ရှိခြင်း၊
၄။ ဝန်တိုခြင်းလည်း ရှိခြင်း၊
၅။ သဒ္ဓါတရားဖြင့် လှူအပ်သော ပစ္စည်းကို ဖျက်ဆီးခြင်း။ (အံ၊၂၊၁၂၃။) (အံ၊မြန်၊၂။၁၅၂။)♦

ရဟန်းမတို့ ငရဲကျကြောင်း တရား ၅ ပါး (တစ်နည်း)

၁။ ချီးမွမ်းထိုက်သူ၏ ဂုဏ် ကျေးဇူးကို ချီးမွမ်းပြောဆိုခြင်း၊
၂။ ချီးမွမ်းထိုက်သူ၏ ကျေးဇူးမဲ့ကို ကဲ့ရဲ့ပြောဆိုခြင်း၊
၃။ မှားယွင်းသော အယူလည်း ရှိခြင်း၊
၄။ မှားယွင်းသော အကြံအစည်လည်း ရှိခြင်း၊
၅။ သဒ္ဓါတရားဖြင့် လှူအပ်သော ပစ္စည်းကို ဖျက်ဆီးခြင်း။ (အံ၊၂၊၁၂၄။) (အံ၊မြန်၊၂။၁၅၂-၁၅၃။)♦

ရဟန်းမတို့ ငရဲကျကြောင်း တရား ၅ ပါး (တစ်နည်း)

၁။ မချီးမွမ်းထိုက်သူ၏ ဂုဏ်ကို ချီးမွမ်းပြောဆိုခြင်း၊
၂။ ချီးမွမ်းထိုက်သူ၏ ကျေးဇူးမဲ့ကို ကဲ့ရဲ့ပြောဆိုခြင်း၊
၃။ မှားယွင်းသော ပြောဆိုခြင်းလည်း ရှိခြင်း၊
၄။ မှားယွင်းသော ပြုခြင်းလည်း ရှိခြင်း၊
၅။ သဒ္ဓါတရားဖြင့် လှူအပ်သော ပစ္စည်းကို ဖျက်ဆီးခြင်း။ (အံ၊၂၊၁၂၄။) (အံ၊မြန်၊၂။၁၅၃။)♦

ရဟန်းမတို့ ငရဲကျကြောင်း တရား ၅ ပါး (တစ်နည်း)

၁။ မချီးမွမ်းထိုက်သူ၏ ဂုဏ်ကို ချီးမွမ်းပြောဆိုခြင်း၊
၂။ ချီးမွမ်းထိုက်သူ၏ ကျေးဇူးမဲ့ကို ကဲ့ရဲ့ပြောဆိုခြင်း၊
၃။ မှားယွင်းသော အားထုတ်မှု ‘‘ဝီရိယ’’ရှိခြင်း၊
၄။ မှားယွင်းသော အောက်မေ့မှု သတိရှိခြင်း၊
၅။ သဒ္ဓါ တရားဖြင့် လှူအပ်သော ပစ္စည်းကို ဖျက်ဆီးခြင်း။ (အံ၊၂၊၁၂၅။) (အံ၊မြန်၊၂။၁၅၄-၁၅၅။)♦

ရဟန်းမတို့ စံပြု တောင့်တထိုက်သော ဘိက္ခုနီမ ၂ ပါး

၁။ ခေမာဘိက္ခုနီမ၊
၂။ ဥပ္ပလဝဏ် ဘိက္ခုနီမ။ (အံ၊၁၊၈၇။) (အံ၊မြန်၊၁။၁၀၂။)♦

ရဟန်းမတို့ နတ်ပြည်ရောက်ကြောင်း တရား ၅ ပါး

၁။ နေရာ ကျောင်း၌ ဝန်မတိုခြင်း၊
၂။ ဒါယကာ တို့၌ ဝန်မတိုခြင်း၊
၃။ လာဘ်သပ်ပကာ၌ ဝန်မတိုခြင်း၊
၄။ ကိုယ်ရေအဆင်း ဂုဏ်အဆင်းတို့၌ ဝန်မတိုခြင်း၊
၅။ ပရိယတ်တရား၌ ဝန်မတိုခြင်း။ (အံ၊၂၊၁၂၂။) (အံ၊မြန်၊၂။၁၅၀-၁၅၁။)♦

ရဟန်းမတို့ နတ်ပြည်ရောက်ကြောင်း တရား ၅ ပါး (တစ်နည်း)

၁။ မချီးမွမ်းထိုက်သူ၏ ကျေးဇူးမဲ့ကို ကဲ့ရဲ့ပြောဆိုခြင်း၊
၂။ ချီးမွမ်းထိုက်သူ၏ ဂုဏ်ကို ချီးမွမ်းပြောဆိုခြင်း၊
၃။ မကြည်ညိုသင့်သော အရာ၌ မကြည်ညိုခြင်း၊
၄။ ကြည်ညိုသင့်သော အရာ၌ ကြည်ညိုခြင်း၊
၅။ သဒ္ဓါတရားဖြင့် လှူအပ်သော ပစ္စည်းကို မဖျက်ဆီးခြင်း။ (အံ၊၂၊၁၂၃။) (အံ၊မြန်၊၂။၁၅၁။)♦

ရဟန်းမတို့ နတ်ပြည်ရောက်ကြောင်း တရား ၅ ပါး (တစ်နည်း)

၁။ မချီးမွမ်းထိုက်သူ၏ ကျေးဇူးမဲ့ကို ကဲ့ရဲ့ပြောဆိုခြင်း၊
၂။ ချီးမွမ်းထိုက်သူ၏ ဂုဏ်ကို ချီးမွမ်းပြောဆိုခြင်း၊
၃။ ငြူစူမှုလည်း မရှိခြင်း၊
၄။ ဝန်တိုမှုလည်း မရှိခြင်း၊
၅။ သဒ္ဓါတရားဖြင့် လှူအပ်သော ပစ္စည်းကို မဖျက်ဆီးခြင်း။ (အံ၊၂၊၁၂၃။) (အံ၊မြန်၊၂။၁၅၂။)♦

ရဟန်းမတို့ နတ်ပြည်ရောက်ကြောင်း တရား ၅ ပါး (တစ်နည်း)

၁။ မချီးမွမ်းထိုက်သူ၏ ကျေးဇူး မဲ့ကို ကဲ့ရဲ့ပြောဆိုခြင်း၊
၂။ ချီးမွမ်းထိုက်သူ၏ ဂုဏ်ကို ချီးမွမ်းပြောဆိုခြင်း၊
၃။ မှန်ကန်သော အယူ ရှိခြင်း၊
၄။ မှန်ကန်သော အကြံအစည် ရှိခြင်း၊
၅။ သဒ္ဓါတရားဖြင့် လှူအပ်သော ပစ္စည်းတို့ကို မဖျက်ဆီး။ (အံ၊၂၊၁၂၄။) (အံ၊မြန်၊၂။၁၅၃။)♦

ရဟန်းမတို့ နတ်ပြည်ရောက်ကြောင်း တရား ၅ ပါး (တစ်နည်း)

၁။ မချီးမွမ်းထိုက်သူ၏ ကျေးဇူး မဲ့ကို ကဲ့ရဲ့ပြောဆိုခြင်း၊
၂။ ချီးမွမ်းထိုက်သူ၏ ဂုဏ်ကို ချီးမွမ်းပြောဆိုခြင်း၊
၃။ မှန်ကန်သော ပြောဆိုခြင်းလည်း ရှိခြင်း၊
၄။ မှန်ကန်သော ပြုခြင်းလည်း ရှိခြင်း၊
၅။ သဒ္ဓါတရားဖြင့် လှူအပ်သော ပစ္စည်းကို မဖျက်ဆီး။ (အံ၊၂၊၁၂၄။) (အံ၊မြန်၊၂။၁၅၄။)♦

ရဟန်းမတို့ နတ်ပြည်ရောက်ကြောင်း တရား ၅ ပါး (တစ်နည်း)

၁။ မချီးမွမ်းထိုက်သူ၏ ကျေးဇူး မဲ့ကို ကဲ့ရဲ့ပြောဆိုခြင်း၊
၂။ ချီးမွမ်းထိုက်သူ၏ ဂုဏ်ကို ချီးမွမ်းပြောဆိုခြင်း၊
၃။ မှန်ကန်သော အားထုတ်မှု ‘ဝီရိယ’ရှိခြင်း၊
၄။ မှန်ကန်သော အောက်မေ့မှု ‘သတိ’ရှိခြင်း၊
၅။ သဒ္ဓါတရားဖြင့် လှူအပ်သော ပစ္စည်းကို မဖျက်ဆီး။ (အံ၊၂၊၁၂၅။) (အံ၊မြန်၊၂။၁၅၄-၁၅၅။)♦

ရဟန်းမတို့အား ဆုံးမခြင်းကို မခန့်ထားအပ်သော ရဟန်း၏ အင်္ဂါ ၅ ပါး

၁။ အရှက် မရှိခြင်း၊
၂။ မိုက်မဲခြင်း၊
၃။ ပကတိသီလ မရှိခြင်း၊
၄။ သာသနာမှ ရွေ့လျောစေလိုသည် ဖြစ်၍ ဆိုတတ်ခြင်း၊
၅။ အာပတ်မှ ထစေလိုသည် ဖြစ်၍ မဆိုတတ်ခြင်း။ (ဝိ၊၅၊၃၄၀။) (ဝိ၊မြန်၊၅။၄၄၄။)♦

ရဟန်းမတို့အား ဆုံးမခြင်းကို မခန့်ထားအပ်သော ရဟန်း၏ အင်္ဂါ ၅ ပါး

၁။ အရှက် မရှိခြင်း၊
၂။ မိုက်မဲခြင်း၊
၃။ ပကတိသီလ မရှိခြင်း၊
၄။ ခိုက်ရန်ငြင်းခုံ ပြုတတ်ခြင်း၊
၅။ သိက္ခာ သုံးပါး၌ ဖြည့်ကျင့်လေ့ မရှိခြင်း။ (ဝိ၊၅၊၃၄၁။) (ဝိ၊မြန်၊၅။၄၄၅။)♦

ရဟန်းမတို့အား ဆုံးမခြင်းကို မခန့်ထားအပ်သော ရဟန်း၏ အင်္ဂါ ၅ ပါး (တစ်နည်း)

၁။ မစင် ကြယ်သော ကိုယ်အကျင့်ရှိခြင်း၊
၂။ မစင်ကြယ်သော နှုတ်အကျင့်ရှိခြင်း၊
၃။ မစင်ကြယ်သော အသက်မွေးမှု ရှိခြင်း၊
၄။ မလိမ္မာ မိုက်မဲခြင်း၊
၅။ မေးစိစစ်ခြင်းကို ပေးခြင်းငှာ မစွမ်း နိုင်ခြင်း။ (ဝိ၊၅၊၃၄၀။) (ဝိ၊မြန်၊၅။၄၄၄။)♦

ရဟန်းမတို့အား ဆုံးမခြင်းကို မခန့်ထားအပ်သော ရဟန်း၏ အင်္ဂါ ၅ ပါး (တစ်နည်း)

၁။ မကျင့် ထိုက်သော ကိုယ်အကျင့်နှင့် ပြည့်စုံခြင်း၊
၂။ မကျင့်ထိုက်သော နှုတ်အကျင့်နှင့် ပြည့်စုံခြင်း၊
၃။ မကျင့်ထိုက်သော ကိုယ်နှုတ်အကျင့်နှင့် ပြည့်စုံခြင်း၊
၄။ ရဟန်းမတို့အား ဆဲရေးခြင်း၊
၅။ ရဟန်းမတို့နှင့် မလျော်သော ရောနှောခြင်းဖြင့် ရောနှောခြင်း။ (ဝိ၊၅၊၃၄၀။) (ဝိ၊၅၊၃၄၁။) (ဝိ၊မြန်၊၅။၄၄၄။(ဝိ၊မြန်၊၅။၄၄၅။)♦

ရဟန်းမတို့အား ဆုံးမခြင်းကို မယူထိုက်သော ရဟန်း၏ အင်္ဂါ (၅) ပါး

ရဟန်းမိန်းမတို့အား ဆုံးမခြင်းငှာ မခန့်ထားအပ်သော ရဟန်း၏ အင်္ဂါ (၅) ပါး အားလုံးတို့နှင့် တူသည်။ ♦

ရဟန်းမတို့အား ဆုံးမတတ်သော ရဟန်း ပြည့်စုံရမည့် အင်္ဂါ ၈ ပါး

ဘိက္ခုနီမတို့ကို ဆုံးမ ထိုက်သော ရဟန်း၏ အင်္ဂါ ၈ ပါးနှင့် တူသည်။ ♦

ရဟန်းများ ကြွထိုက်သော အိမ် ၉ မျိုး

၁။ မြတ်မြတ်နိုးနိုး ခရီးဦးကြိုဆိုသော အိမ်၊
၂။ မြတ်မြတ် နိုးနိုး ရှိခိုးသော အိမ်၊
၃။ နေရာထိုင်ခင်းပေးသော အိမ်၊
၄။ ထင်ရှားရှိသော လှူဖွယ်ဝတ္ထုတို့ကို သိုဝှက်မထားသော အိမ်၊
၅။ လှူဖွယ်အများကို လှူသော အိမ်၊
၆။ မွန်မြတ်သော လှူဖွယ်ဝတ္ထုကို လှူသော အိမ်၊
၇။ ရိုရိုသေသေ ပေးလှူသော အိမ်၊
၈။ တရားနာရန် ချဉ်းကပ်သော အိမ်၊
၉။ တရားကို ကောင်းစွာ နာကြားသော အိမ်။ (အံ၊၃၊၁၉၂။) (ဓမ္မ၊ဋ္ဌ၊၁၊၂၁၇။) (အံ၊မြန်၊၃။၁၉၃။)♦

ရဟန်းများ ကြီးပွားကြောင်း တရား ၁၀ ပါး

၁။ သဒ္ဓါတရားရှိသူ ဖြစ်ခြင်း၊
၂။ သီလ ရှိခြင်း၊
၃။ အကြားအမြင်များခြင်း၊
၄။ ဆုံးမလွယ်ခြင်း၊
၅။ မိတ်ဆွေကောင်း ရှိခြင်း၊
၆။ ထက် သန်သော လုံ့လရှိခြင်း၊
၇။ ထင်သော သတိရှိသူ ဖြစ်ခြင်း၊
၈။ ရောင့်ရဲလွယ်ခြင်း၊
၉။ အလိုနည်းသူ ဖြစ်ခြင်း၊
၁၀။ အယူမှန်ရှိခြင်း။ (အံ၊၃၊၃၇၈။) (အံ၊မြန်၊၃။၃၇၄။)♦

ရဟန်းများ ကုသိုလ် မရကြောင်း အင်္ဂါ ၃ ပါး

၁။ နံနက်အခါ၌ ရိုသေလေးစားစွာ သမာဓိနိမိတ်ကို မဆောက်တည်ခြင်း၊
၂။ နေ့လယ်အခါ၌ ရိုသေလေးစားစွာ သမာဓိနိမိတ်ကို မဆောက် တည်ခြင်း၊
၃။ ညနေအခါ၌ ရိုသေလေးစားစွာ သမာဓိနိမိတ်ကို မဆောက်တည်ခြင်း။ (အံ၊၁၊၁၁၃။) (အံ၊မြန်၊၁။၁၃၂။)♦

ရဟန်းများ ကုသိုလ်ရကြောင်း အင်္ဂါ ၃ ပါး

၁။ နံနက်အခါ ရိုသေလေးစားစွာ သမာဓိနိမိတ်ကို ဆောက်တည်ခြင်း၊
၂။ နေ့လယ်၌ ရိုသေလေးစားစွာ သမာဓိနိမိတ်ကို ဆောက်တည်ခြင်း၊
၃။ ညနေ၌ ရိုသေလေးစားစွာ သမာဓိနိမိတ်ကို ဆောက်တည်ခြင်း။ (အံ၊၁၊၁၁၄။) (အံ၊မြန်၊၁။၁၃၃။)♦

ရဟန်းများ ချီးကျူးခံရပုံ ၅ မျိုး

၁။ ကုသိုလ်တရားတို့၌ ယုံကြည်မှု သဒ္ဓါရှိ၏ဟု ချီးမွမ်းခံ ရခြင်း၊
၂။ ကုသိုလ်တရားတို့၌ ရှက်မှု ဟိရီ ရှိ၏ဟု ချီးမွမ်းခံရခြင်း၊
၃။ ကုသိုလ်တရား တို့၌ ကြောက်လန့်မှု ဩတ္တပ္ပ ရှိ၏ဟု ချီးမွမ်းခံရခြင်း၊
၄။ ကုသိုလ်တရားတို့၌ အားထုတ်မှု ဝီရိယ ရှိ၏ဟု ချီးမွမ်းခံရခြင်း၊
၅။ ကုသိုလ်တရားတို့၌ သိမှုပညာ ရှိ၏ဟု ချီးမွမ်းခံရခြင်း။ (အံ၊၂၊၄။) (အံ၊မြန်၊၂။၆။)♦

ရဟန်းများ ချီးမွမ်းခံရကြောင်း ၃ ပါး

၁။ ဆိတ်ငြိမ်စွာ နေတော်မူသော မြတ်စွာဘုရား၏ တပည့် သာဝကရဟန်းတို့သည် ဆိတ်ငြိမ်မှု ဝိဝေကကို အတုလိုက်၍ ကျင့်ကြခြင်း၊
၂။ ဘုရားရှင်က ပယ်ရန် ဟောကြားတော်မူအပ်သော အကုသိုလ်တရားများကို ပယ်ခြင်း၊
၃။ ပစ္စည်းပစ္စယများ တိုးပွားစေရန်သာ ကျင့်သူများ မဟုတ်ကြဘဲ ဘုရားရှင်၏ အဆုံးအမများကို လေးလေးစားစား နာယူကြလျက် မဂ်ဖိုလ်နိဗ္ဗာန် ဟူသော ဥပဓိဝိဝေကကို ရရှိရေး၌ ရှေ့သွားပုဂ္ဂိုလ်များ ဖြစ်ခြင်း။ (မ၊၁၊၁၈။) (မ၊မြန်၊၁။၂၀။)♦

ရဟန်းများ စည်းဝေးရာ အခါ ၂ မျိုး

၁။ ကမ္မဋ္ဌာန်းယူခြင်း အကျိုးငှာ ဝါဆိုခါနီးကာလ၌ စည်းဝေးခြင်း၊
၂။ ရရှိအပ်သော တရားထူးကို လျှောက်ကြားခြင်းငှာ ဝါကျွတ်ပြီးကာလ၌ စည်းဝေးခြင်း။ (ဒီ၊ဋ္ဌ၊၂၊၁၇၂။) (ဒီ၊ဋ္ဌ၊မြန်၊၂။၃၂၄။)♦

ရဟန်းများ စံပြု တောင့်တထိုက်သော ပုဂ္ဂိုလ် ၂ ပါး

၁။ အရှင်သာရိပုတ္တ၊
၂။ အရှင်မဟာ မောဂ္ဂလာန်။ (အံ၊၁၊၈၇။) (အံ၊မြန်၊၁။၁၀၂။)♦

ရဟန်းများ စုဝေးရာ၌ ပြုလုပ်ရမည့်အလုပ် ၂ မျိုး

၁။ သစ္စာလေးပါးနှင့် စပ်ယှဉ်သော တရားစကား ကိုသာ ပြောဆိုခြင်း၊
၂။ သမထ ဝိပဿနာ ဘာဝနာဖြင့် ဆိတ်ဆိတ်နေခြင်း။ (ဥဒါန၊ဋ္ဌ၊၉၄။)♦

ရဟန်းများ ဆုတ်ယုတ်ကြောင်း တရား ၃ ပါး

၁။ အပေါင်းအသင်း, အပေါင်းအဖော်တို့၌ မွေ့လျော်ခြင်း၊
၂။ ပြောဆိုဆုံးမခက်သော သူဖြစ်ခြင်း၊
၃။ ယုတ်မာသော အဆွေခင်ပွန်းရှိသူ ဖြစ်ခြင်း။ (အံ၊၂၊၂၇၃။) (အံ၊မြန်၊၂။၃၅၂။)♦

ရဟန်းများ ဆုတ်ယုတ်ကြောင်း တရား ၃ ပါး (တစ်နည်း)

၁။ အမှုသစ် အလုပ်အကိုင်၌ မွေ့လျော်ခြင်း၊
၂။ စကားပြောခြင်း စကားများခြင်း၌ မွေ့လျော်ခြင်း၊
၃။ အအိပ်များခြင်း၌ မွေ့လျော်ခြင်း။ (အံ၊၂၊၂၇၃။) (အံ၊မြန်၊၂။၃၅၁။)♦

ရဟန်းများ ဆုတ်ယုတ်ကြောင်း တရား ၆ ပါး

၁။ အမှုသစ်၌ မွေ့လျော်ခြင်း၊
၂။ စကားပြောမှု၌ မွေ့လျော်ခြင်း၊
၃။ အိပ်မှု၌ မွေ့လျော်ခြင်း၊
၄။ အပေါင်းအဖော်၌ မွေ့လျော်ခြင်း၊
၅။ ဆုံးမ ခက်ခြင်း၊
၆။ ယုတ်မာသော အဆွေခင်ပွန်း ရှိခြင်း။ (အံ၊၂၊၂၇၃။) (အံ၊မြန်၊၂။၃၅၁-၃၅၂။)♦

ရဟန်းများ နန်းတွင်းသို့ ဝင်ခြင်း၌ အပြစ် ၁၀ ပါး

၁။ မင်းနှင့် မိဖုရား အတူတကွရှိနေစဉ် ရဟန်း ဝင်သွားသောအခါ မိဖုရားက သော်လည်းကောင်း ရဟန်းက သော်လည်းကောင်း ပြုံးရယ်မိရာ၌ မင်းကြီးက ‘‘ဤရဟန်းနှင့် မိဖုရားတို့သည် လွန်ကျူးပြီးသော်လည်းကောင်း, လွန်ကျူးလတ္တံ့သော်လည်းကောင်း, မချွတ်ဧကန် ဖြစ်တန်ရာ၏’’ဟု အထင်မှားမှု ဖြစ်တတ်ခြင်း၊
၂။ မင်းကြီးသည် အမှုကိစ္စများသဖြင့် မိဖုရားငယ်တစ်ယောက်ကို သွားလာ ပြီးနောက် အမှတ်မရဘဲ မိဖုရားငယ် ကိုယ်ဝန်တည်သောအခါ ‘‘ဤအရပ်၌ ရဟန်းမှ တစ်ပါး အခြားမည်သူမျှ မဝင်၊ ရဟန်း၏ အမှုပင် ဖြစ်တန်ရာ၏’’ဟု အထင်မှားမှု ဖြစ်တတ်ခြင်း၊
၃။ နန်းတော်တွင်း၌ ရတနာပစ္စည်း တစ်စုံတစ်ခု ပျောက်ပျက်သောအခါ ရဟန်း၏ အမှုပင် ဖြစ်ရာသလောဟု အထင်မှားမှု ဖြစ်တတ်ခြင်း၊
၄။ နန်းတော်တွင်း၏ လျှို့ဝှက်တိုင်ပင်ချက် နန်းတွင်းရေးရာများ အပြင်သို့ ပေါက်ကြားသောအခါ ရဟန်း၏ အမူပင် ဖြစ်ရာသလောဟု အထင်မှားမှု ဖြစ်တတ်ခြင်း၊
၅။ နန်းတွင်း၌ သားတော်က ခမည်းတော်မင်းကြီးကို လုပ်ကြံ သတ်ဖြတ်ဖို့ရန်လည်းကောင်း ခမည်းတော်မင်းကြီးကလည်း သားတော်ကို လုပ်ကြံ သတ်ဖြတ်ဖို့ရန်လည်းကောင်း အလိုရှိတတ်၏၊ ထိုအခါ ရဟန်း၏ အမှုပင် ဖြစ်လေသလောဟု အထင်မှားမှု ဖြစ်တတ်ခြင်း၊
၆။ နန်းတွင်း၌ ရာထူးနိမ့်သော ပုဂ္ဂိုလ်ကို ရာထူးတိုးမြှင့် ခန့်အပ်သောအခါ ‘‘ဤမင်းသည် ရဟန်းနှင့် ရောနှော၏၊ ရဟန်း၏ အမှုပင် ဖြစ်လေ သလော’’ဟု ရာထူးပြောင်းလွဲခြင်းကို မနှစ်သက်သော သူတို့၏ အထင်မှားမှု ဖြစ်တတ်ခြင်း၊
၇။ နန်းတွင်း၌ ရာထူးကြီးသူကို နိမ့်သော ရာထူး၌ ချထားခြင်းပြုသောအခါ ‘‘ဤမင်းသည် ရဟန်းနှင့် ရောနှော၏၊ ဤအမှုသည် ရဟန်း၏အမှုပင် ဖြစ်လေသလော’’ဟု ရာထူး ပြောင်းလွဲခြင်းကို မနှစ်သက်သော သူတို့၏ အထင်မှားမှု ဖြစ်တတ်ခြင်း၊
၈။ မင်းကြီးသည် အချိန်မဲ့ အခါမဲ့၌ စစ်တပ်ကို စေလွှတ်သောအခါ ရဟန်း၏ အမှုပင် ဖြစ်လေသလော-ဟု အခါမဲ့၌ စစ်တပ်စေလွှတ်ခြင်းကို မနှစ်သက်သော သူတို့၏ အထင်မှားမှု ဖြစ်တတ်ခြင်း၊
၉။ မင်းကြီးသည် စစ်တပ်ကို စေလွှတ်ပြီးနောက် လမ်းခရီးအကြားရောက်မှ တစ်ဖန် ပြန်လာစေ သောအခါ ‘‘ဤအမှုသည် ရဟန်း၏ အမှုပင် ဖြစ်လေသလော’’ဟု စစ်တပ်ပြန်လာခြင်းကို မနှစ်သက်သော သူတို့၏ အထင်မှားမှု ဖြစ်တတ်ခြင်း၊
၁၀။ မင်း၏ နန်းတော်သည် ဆင်, မြင်း, ရထားတို့ဖြင့် ကျဉ်းမြောင်း ကြပ်တည်း၏၊ တပ်မက်ဖွယ် ရူပါရုံ သဒ္ဒါရုံ စသည် တို့လည်း ပေါများ၏၊ ထိုအာရုံတို့သည် ရဟန်းတို့အား မလျောက်ပတ်ခြင်း။ (ဝိ၊၂၊၂၀၇-၂၀၈။) (အံ၊၃၊၃၂၀။) (ဝိ၊မြန်၊၂။၂၃၃-၂၃၄။) (အံ၊မြန်၊၃။၃၁၉။)♦

ရဟန်းများ နေရာတိုင်း၌ ချမ်းသာစွာ နေရကြောင်း ၁၀ ပါး

၁။ မထေရ်ကြီး ဖြစ်ခြင်း၊
၂။ သီလရှိခြင်း၊
၃။ အကြားအမြင်များခြင်း၊
၄။ အဓိကရုဏ်းငြိမ်းစေမှု၌ ကျွမ်းကျင်ခြင်း၊
၅။ ပါတိမောက်နှစ်ပါးကို နှုတ်တက်ရွရွ ရရှိခြင်း၊
၆။ ဓမ္မဝိနယ၌ ဝမ်းမြောက်မှု ရှိခြင်း၊
၇။ ရောင့်ရဲလွယ်ခြင်း၊
၈။ ကြည်ညိုဖွယ် ရှိခြင်း၊
၉။ ဈာန်လေးပါးကို အလိုရှိတိုင်း ရရှိခြင်း၊
၁၀။ အရဟတ္တဖိုလ်ပညာ ရှိခြင်း။ (အံ၊၃၊၄၁၉။) (အံ၊မြန်၊၃။၄၁၂။)♦

ရဟန်းများ ပျံလွန်သောအခါ ပူပန်ရကြောင်း တရား ၆ ပါး

၁။ အမှုသစ် အလုပ်အကိုင်၌ မွေ့လျော်သည်ဖြစ်၍ ထိုအမှုသစ်ကို အဖန်ဖန် အားထုတ်ခြင်း၊
၂။ စကားပြောခြင်း၌ မွေ့လျော်ခြင်း၊
၃။ အိပ်ခြင်း၌ မွေ့လျော်ခြင်း၊
၄။ အပေါင်းသင်း၌ မွေ့လျော်ခြင်း၊
၅။ နှီးနှောမှု ငါးမျိုး၌ မွေ့လျော်ခြင်း၊
၆။ ချဲ့ထွင်မှု ပပဉ္စတရား၌ မွေ့လျော်သည်ဖြစ်၍ ထိုပပဉ္စတရားတို့ကို အဖန်ဖန် အားထုတ်ခြင်း။ (အံ၊၂၊၂၆၀။) (အံ၊မြန်၊၂။၃၃၈။)♦

ရဟန်းများ ပျံလွန်သောအခါ မပူပန်ရကြောင်း တရား ၆ ပါး

၁။ အမှုသစ် အလုပ်အကိုင်၌ မမွေ့လျော်သည်ဖြစ်၍ ထိုအမှုသစ်ကို အဖန်ဖန် အားမထုတ်ခြင်း၊
၂။ စကားပြောခြင်း၌ မမွေ့လျော်ခြင်း၊
၃။ အိပ်ခြင်း၌ မမွေ့လျော်ခြင်း၊
၄။ အပေါင်းအသင်း၌ မမွေ့လျော်ခြင်း၊
၅။ နှီးနှောခြင်း၌ မမွေ့လျော်ခြင်း၊
၆။ ချဲ့ထွင်မှု ပပဉ္စတရား၌ မမွေ့လျော်သည်ဖြစ်၍ ထိုချဲ့ထွင်မှု ပပဉ္စတရားတို့ အဖန်ဖန် အားမထုတ်ခြင်း။ (အံ၊၂၊၂၆၁။) (အံ၊မြန်၊၂။၃၃၈။)♦

ရဟန်းများ ပြုအပ်သော ကိစ္စ ၂ မျိုး

၁။ တရားနှင့် စပ်သော စကားကို ပြောဆိုခြင်း၊
၂။ မြတ်သော ဆိတ်ဆိတ်နေခြင်း။ (အံ၊၃၊၁၇၀။) (အံ၊မြန်၊၃။၁၇၂။)♦

ရဟန်းများ မကျက်စားထိုက်သော အရပ် ၆ မျိုး

၁။ ပြည့်တန်ဆာမ အိမ်၊
၂။ တစ်ခုလပ် မုဆိုးမအိမ်၊
၃။ အပျိုကြီးအိမ်၊
၄။ ပဏ္ဍုက်အိမ်၊
၅။ ဘိက္ခုနီကျောင်း၊
၆။ သေတင်းကုပ်။ (သုတ္တနိ၊ဋ္ဌ၊၁၊၁၇၉။)♦

ရဟန်းများ မကြွထိုက်သော ဌာန ၆ ဌာန

၁။ ပြည့်တန်ဆာမ ကျက်စားရာအရပ်၊
၂။ လင်သေ, လင်ပြတ် တစ်ခုလပ်မုဆိုးမ ကျက်စားရာအရပ်၊
၃။ အရွယ်လွန်ပြီး အပျိုကြီး ကျက်စားရာ အရပ်၊
၄။ ပဏ္ဍုက်ကျက်စားရာအရပ်၊
၅။ ထန်းရည်, ဓနိရည်, အရက်ဆိုင်ဟူသော ကျက်စားရာ အရပ်၊
၆။ ဘိက္ခုနီ မပြတ်သွားရာ အရပ်။ (မူလဋီ၊၁၊၉၇။)♦

ရဟန်းများ မကြွထိုက်သော အိမ် ၉ မျိုး

၁။ မြတ်မြတ်နိုးနိုး ခရီးဦးမကြိုဆိုသော အိမ်၊
၂။ မြတ်မြတ် နိုးနိုး ရှိမခိုးသော အိမ်၊
၃။ နေရာထိုင်ခင်း မပေးသော အိမ်၊
၄။ ထင်ရှားရှိသော လှူဖွယ်ဝတ္ထုတို့ကို သိုဝှက်ထားသော အိမ်၊
၅။ လှူဖွယ်အများရှိလျက် အနည်းငယ်မျှသာ လှူသော အိမ်၊
၆။ မွန်မြတ်သော လှူဖွယ်ဝတ္ထု ရှိပါလျက် မကောင်းသည်ကို လှူသော အိမ်၊
၇။ မရိုမသေ ပေးလှူသော အိမ်၊
၈။ တရားနာရန် မချဉ်းကပ်သော အိမ်၊
၉။ တရားကို ကောင်းစွာ မနာကြားသော အိမ်။ (အံ၊၃၊၁၉၂။) (ဓမ္မ၊ဋ္ဌ၊၁၊၂၁၇။) (အံ၊မြန်၊၃။၁၉၃။)♦

ရဟန်းများ မကြီးပွားကြောင်း တရား ၁၀ ပါး

၁။ သဒ္ဓါတရားမရှိသူ ဖြစ်ခြင်း၊
၂။ သီလ မရှိခြင်း၊
၃။ အကြားအမြင် ဗဟုသုတနည်းခြင်း၊
၄။ ဆုံးမခက်သူ ဖြစ်ခြင်း၊
၅။ မိတ်ဆွေ ယုတ်ရှိခြင်း၊
၆။ ပျင်းရိသူ ဖြစ်ခြင်း၊
၇။ သတိမေ့ပျောက်သူ ဖြစ်ခြင်း၊
၈။ မရောင့်ရဲတတ်ခြင်း၊
၉။ အလိုဆိုးရှိသူ ဖြစ်ခြင်း၊
၁၀။ အယူမှားခြင်း။ (အံ၊၃၊၃၇၇။) (အံ၊မြန်၊၃။၃၇၄။)♦

ရဟန်းများ မဆုတ်ယုတ်ကြောင်း တရား ၆ ပါး

၁။ အမှုသစ်၌ မမွေ့လျော်ခြင်း၊
၂။ စကား ပြောမှု၌ မမွေ့လျော်ခြင်း၊
၃။ အိပ်မှု၌ မမွေ့လျော်ခြင်း၊
၄။ အပေါင်းအဖော်၌ မမွေ့လျော်ခြင်း၊
၅။ မိတ်ဆွေကောင်း ရှိခြင်း။ (အံ၊၂၊၂၇၄။) (အံ၊မြန်၊၂။၃၅၂။)♦

ရဟန်းများ မဆုတ်ယုတ်ကြောင်း တရား ၆ ပါး

၁။ မြတ်စွာဘုရား၌ ရိုသေမှုရှိခြင်း၊
၂။ တရားတော်၌ ရိုသေမှုရှိခြင်း၊
၃။ သံဃာတော်၌ ရိုသေမှုရှိခြင်း၊
၄။ အကျင့်သိက္ခာ၌ ရိုသေမှု ရှိခြင်း၊
၅။ ဆိုဆုံးမ လွယ်သော စကားရှိခြင်း၊
၆။ အဆွေခင်ပွန်းကောင်း ရှိခြင်း။ (အံ၊၂၊၃၇၀။) (အံ၊မြန်၊၂။၄၆၅။)♦

ရဟန်းများ မဆုတ်ယုတ်ကြောင်း တရား ၆ ပါး (တစ်နည်း)

အပရိဟာနိယတရား ၆ ပါး (ဘိက္ခုအပရိဟာနိယတရား ၆ ပါး) နှင့် တူသည်။ ♦

ရဟန်းများ မဆုတ်ယုတ်ကြောင်း တရား ၆ ပါး (တစ်နည်း) (ဒုတိယအပရိဟာနသုတ်)

၁။ ဘုရား၌ ရိုသေခြင်း၊
၂။ တရား၌ ရိုသေခြင်း၊
၃။ သံဃာ၌ ရိုသေခြင်း၊
၄။ အကျင့်သိက္ခာ၌ ရိုသေခြင်း၊
၅။ ရှက်မှုဟိရီ၌ ရိုသေခြင်း၊
၆။ ကြောက်လန့်မှု ဩတ္တပ္ပ၌ ရိုသေခြင်း။ (အံ၊၂၊၂၉၁။) (အံ၊မြန်၊၂။၃၇၅။)♦

ရဟန်းများ မဆုတ်ယုတ်ကြောင်း တရား ၆ ပါး (တစ်နည်း) (ပထမ အပရိဟာနသုတ်)

၁။ ဘုရား၌ ရိုသေခြင်း၊
၂။ တရား၌ ရိုသေခြင်း၊
၃။ သံဃာ၌ ရိုသေခြင်း၊
၄။ အကျင့်သိက္ခာ၌ ရိုသေခြင်း၊
၅။ မမေ့မလျော့မှု၌ ရိုသေခြင်း၊
၆။ အစေ့အစပ်ပြုမှု၌ ရိုသေခြင်း။ (အံ၊၂၊၂၉၀။) (အံ၊၂၊၂၉၁။) (အံ၊မြန်၊၂။၃၇၃။) (အံ၊မြန်၊၂။၃၇၃။)♦

ရဟန်းများ မဆုတ်ယုတ်ကြောင်း တရား ၇ ပါး

အပရိဟာနိယတရား ၇ ပါး (ဘိက္ခု အပရိဟာနိယတရား ၇ ပါး) နှင့် တူသည်။ ♦

ရဟန်းများ မဆုတ်ယုတ်ကြောင်း တရား ၇ ပါး (တစ်နည်း)

အပရိဟာနိယတရား ၇ ပါး (ဘိက္ခု အပရိဟာနိယတရား ၇ ပါး) နှင့် တူသည်။ ♦

ရဟန်းများ မဆုတ်ယုတ်ကြောင်း တရား ၇ ပါး (တစ်နည်း)

အပရိဟာနိယတရား ၇ ပါး (ဘိက္ခု အပရိဟာနိယတရား ၇ ပါး) နှင့် တူသည်။ ♦

ရဟန်းများ မဆုတ်ယုတ်ကြောင်း တရား ၇ ပါး (တစ်နည်း)

အပရိဟာနိယတရား ၇ ပါး (ဘိက္ခု အပရိဟာနိယတရား ၇ ပါး) နှင့် တူသည်။ ♦

ရဟန်းများ မဆုတ်ယုတ်ကြောင်း တရား ၇ ပါး (တစ်နည်း)

အပရိဟာနိယတရား ၇ ပါး (ဘိက္ခု အပရိဟာနိယတရား ၇ ပါး) နှင့် တူသည်။ ♦

ရဟန်းများ မဆုတ်ယုတ်ကြောင်း တရား ၇ ပါး (တစ်နည်း)

၁။ ဘုရား၌ ရိုသေမှု ရှိခြင်း၊
၂။ တရား၌ ရိုသေမှု ရှိခြင်း၊
၃။ သံဃာ၌ ရိုသေမှု ရှိခြင်း၊
၄။ အကျင့်သိက္ခာ၌ ရိုသေမှု ရှိခြင်း၊ ၅ သမာဓိ၌ ရိုသေမှု ရှိခြင်း၊
၆။ ရှက်ခြင်း၌ ရိုသေမှု ရှိခြင်း၊
၇။ ကြောက်ခြင်း၌ ရိုသေမှု ရှိခြင်း။ (အံ၊၂၊၄၁၉။) (အံ၊မြန်၊၂။ ၅၃၀။)♦

ရဟန်းများ မဆုတ်ယုတ်ကြောင်း တရား ၇ ပါး (တစ်နည်း)

၁။ အမှုသစ်၌ လုံ့လ မစိုက်ကြခြင်း၊
၂။ စကားပြောခြင်း၌ လုံ့လမစိုက်ကြခြင်း၊
၃။ အိပ်စက်မှု၌ လုံ့လမစိုက်ကြခြင်း၊
၄။ အပေါင်းအဖေါ်တို့နှင့် စုရုံးနေထိုင်မှု၌ လုံ့လမစိုက်ကြခြင်း၊
၅။ အလိုဆိုးမှ ကင်းခြင်း၊
၆။ ယုတ်ညံ့သော အဆွေခင်ပွန်းမှ ရှောင်ကြဉ်ခြင်း၊
၇။ အနည်းငယ်သော တရားထူးကို ရကာမျှဖြင့် ရပ်စဲ၍ မနေခြင်း။ (အံ၊၂၊ ၄၁၃။) (အံ၊မြန်၊၂။၅၂၃။)♦

ရဟန်းများ မဆုတ်ယုတ်ကြောင်း တရား ၇ ပါး (တစ်နည်း)

၁။ ယုံကြည်မှု သဒ္ဓါနှင့် ပြည့်စုံရခြင်း၊
၂။ မကောင်းမှုမှ ရှက်မှု ဟိရီ ရှိရခြင်း၊
၃။ မကောင်းမှုမှ ကြောက်လန့်မှု ဩတ္တပ္ပ ရှိရခြင်း၊
၄။ အကြားအမြင် ဗဟုသုတ ရှိရခြင်း၊
၅။ ထက်သန်သော လုံ့လ ရှိရခြင်း၊
၆။ အောက်မေ့မှု သတိနှင့် ပြည့်စုံရခြင်း၊
၇။ ဝိပဿနာ ဘာဝနာနှင့် ပြည့်စုံရခြင်း။ (အံ၊၂၊၄၁၃။) (အံ၊မြန်၊၂။၅၂၃။)♦

ရဟန်းများ မဆုတ်ယုတ်ကြောင်း တရား ၇ ပါး (တစ်နည်း)

၁။ သတိသမ္ဗောဇ္ဈင်ကို ပွားနေခြင်း၊
၂။ ဓမ္မဝိစယ သမ္ဗောဇ္ဈင်ကို ပွားနေခြင်း၊
၃။ ဝီရိယသမ္ဗောဇ္ဈင်ကို ပွားနေခြင်း၊
၄။ ပီတိ သမ္ဗောဇ္ဈင်ကို ပွားနေခြင်း၊
၅။ ပဿဒ္ဓိသမ္ဗောဇ္ဈင်ကို ပွားနေခြင်း၊
၆။ သမာဓိသမ္ဗောဇ္ဈင်ကို ပွားနေခြင်း၊
၇။ ဥပေက္ခာသမ္ဗောဇ္ဈင်ကို ပွားနေခြင်း။ (အံ၊၂၊၄၁၄။) (အံ၊မြန်၊၂။၅၂၄။)♦

ရဟန်းများ မဆုတ်ယုတ်ကြောင်း တရား ၇ ပါး (တစ်နည်း)

၁။ အနိစ္စသညာကို ပွားနေရခြင်း၊
၂။ အနတ္တသညာကို ပွားနေရခြင်း၊
၃။ အသုဘသညာကို ပွားနေရခြင်း၊
၄။ အာဒီနဝ သညာကို ပွားနေရခြင်း၊
၅။ ပဟာနသညာကို ပွားနေရခြင်း၊
၆။ ဝိရာဂသညာကို ပွားနေ ရခြင်း၊
၇။ နိရောဓသညာကို ပွားနေရခြင်း။ (အံ၊၂၊၄၁၄။) (အံ၊မြန်၊၂။၅၂၅။)♦

ရဟန်းများ မဆုတ်ယုတ်ကြောင်းတရား ၆ ပါး

၁။ ဘုရား၌ ရိုသေခြင်း၊
၂။ တရား၌ ရိုသေခြင်း၊
၃။ သံဃာ၌ ရိုသေခြင်း၊
၄။ အကျင့်သိက္ခာ၌ ရိုသေခြင်း၊
၅။ ဆိုဆုံးမလွယ်ခြင်း၊
၆။ အဆွေ ခင်ပွန်းကောင်း ရှိခြင်း။ (အံ၊၂၊၃၇၀။) (အံ၊မြန်၊၂။၄၆၅။)♦

ရဟန်းများ မဆုတ်ယုတ်ကြောင်းတရား ၇ ပါး

၁။ မပြတ် စည်းဝေးခြင်း၊
၂။ သံဃာကိစ္စကို အညီအညွတ် ဆောင်ရွက်ခြင်း၊
၃။ မပညတ်သော အရာကို မပညတ်၊ ပညတ်ထားသော အရာကို မပယ်ဖျက်ခြင်း၊
၄။ သံဃာဦးစီး မထေရ်ကြီးတို့ကို ရိုသေမြတ်နိုးခြင်း၊
၅။ ဘဝသစ်ကို တစ်ဖန် ပေးတတ်သည့် တဏှာ၏ အလိုသို့ မလိုက်ခြင်း၊
၆။ တောကျောင်း၌သာ နေလိုကြခြင်း၊
၇။ သီလကို ချစ်မြတ်နိုးကုန်သော သီတင်းသုံးဖော်တို့အား စောင့်ရှောက်ခြင်း။ (အံ၊၂၊၄၁၂။) (အံ၊မြန်၊၂။၅၂၂။)♦

ရဟန်းများ မဆုတ်ယုတ်ကြောင်းတရား ၇ ပါး (တစ်နည်း)

၁။ ဘုရား၌ ရိုသေမှု ရှိခြင်း၊
၂။ တရား၌ ရိုသေမှု ရှိခြင်း၊
၃။ သံဃာ၌ ရိုသေမှု ရှိခြင်း၊
၄။ အကျင့်သိက္ခာ၌ ရိုသေမှု ရှိခြင်း၊
၅။ သမာဓိ၌ ရိုသေမှု ရှိခြင်း၊
၆။ ဆုံးမလွယ်သော စကားရှိခြင်း၊
၇။ အဆွေခင်ပွန်းကောင်း ရှိခြင်း။ (အံ၊၂၊၄၂၀။) (အံ၊မြန်၊၂။၅၃၁။)♦

ရဟန်းများ မဆုတ်ယုတ်ကြောင်းတရား ၇ ပါး (တစ်နည်း)

၁။ ဘုရား၌ ရိုသေခြင်း၊
၂။ တရား၌ ရိုသေခြင်း၊
၃။ သံဃာ၌ ရိုသေခြင်း၊
၄။ အကျင့်သိက္ခာ၌ ရိုသေခြင်း၊
၅။ သမာဓိ၌ ရိုသေခြင်း၊
၆။ မမေ့လျော့ခြင်း၌ ရိုသေခြင်း၊
၇။ အစေ့အစပ်ပြုခြင်း၌ ရိုသေခြင်း။ (အံ၊၂၊၄၁၉) (အံ၊မြန်၊၂။ ၅၃၀။)♦

ရဟန်းများ မမှီဝဲထိုက်သော အစွန်းရောက် တရား ၂ ပါး

၁။ ကာမဂုဏ်ချမ်းသာကို ကပ်ငြိသော အားဖြင့် အဖန်တလဲလဲ လိုက်စားအားထုတ်ခြင်း (ကာမသုခလ္လိကာနုယောဂ)၊
၂။ ခန္ဓာကိုယ်ကို ပင်ပန်းဆင်းရဲစေသော အားထုတ်မှု (အတ္တကိလမထာနုယောဂ) ။ (ပဋိသံ၊၃၃၀။) (ပဋိသံ၊မြန်။ ၃၉၁။)♦

ရဟန်းများ ရုပ်ရည်အဆင်း ကြည်လင်ကြောင်း ၃ ပါး

၁။ လွန်ပြီးလာဘ်ကို တွေးတော ပူပန်မှု မရှိခြင်း၊
၂။ အနာဂတ်လာဘ်ကို မတောင့်တခြင်း၊
၃။ ပစ္စုပ္ပန် လာဘ်လာဘဖြင့်သာ မျှတခြင်း။ (သံ၊၁၊၅။) (သံ၊မြန်၊၁။၅။)♦

ရဟန်းများ အမြဲမပြတ် ဆင်ခြင်အပ်သော တရား ၁၀ ပါး

၁။ ငါသည် အဆင်း ဖောက်ပြန်သည်၏ အဖြစ်သို့ ကပ်ရောက်ရ၏ဟု ဆင်ခြင်ရခြင်း၊
၂။ ငါ၏ အသက်မွေးမှုသည် သူတစ်ပါးနှင့် ဆက်စပ်နေ၏ဟု ဆင်ခြင်ရခြင်း၊
၃။ ငါသည် လူအမူအရာ အသွင်အပြင်မှ တစ်ပါး အခြားသော အသွင်အပြင် အမူအရာကို ပြုသင့်၏ဟု ဆင်ခြင်ရခြင်း၊
၄။ ငါ၏ စိတ်သည် သီလအားဖြင့် မိမိကိုယ်ကို မစွပ်စွဲဘဲ ရှိ၏လောဟု ဆင်ခြင်ရခြင်း၊
၅။ ငါ့ကို သိနားလည်သော သီတင်းသုံးဖော်တို့က သီလအားဖြင့် မစွပ်စွဲဘဲ ရှိကြ၏လောဟု ဆင်ခြင်ရခြင်း၊
၆။ ငါသည် ချစ်သူခင်သူ အားလုံးတို့နှင့် သေကွဲရှင်ကွဲ ကွဲရလိမ့်မည်ဟု ဆင်ခြင်ရခြင်း၊
၇။ ငါသည် ကံသာလျှင် အမွေခံ ဥစ္စာရှိ၏ဟု ဆင်ခြင်ရခြင်း၊
၈။ ငါသည် အဘယ်ကဲ့သို့ ဖြစ်နေစဉ် နေ့ညဉ့်တို့သည် ငါ့ကို ကျော်လွန်သနည်းဟု ဆင်ခြင်ရခြင်း၊
၉။ ငါသည် ဆိတ်ငြိမ်ရာ တောကျောင်း၌ မွေ့လျော်ပါ၏လောဟု ဆင်ခြင်ရခြင်း၊
၁၀။ ငါသည် ဥတ္တရိမနုဿဓမ္မ တရားထူး တရားမြတ်ကို ရထိုက်ပြီး သေခါနီးအခါ၌ မျက်နှာမလှ မဖြစ်ရအံ့ လောဟု ဆင်ခြင်ရခြင်း။ (အံ၊၃၊၃၂၅။) (အံ၊မြန်၊၃။၃၂၄။)♦

ရဟန်းများ အသေကောင်းကြောင်း တရား ၆ ပါး

၁။ အလုပ်အကိုင်၌ မမွေ့လျော်သည် ဖြစ်၍ ထိုအလုပ်အကိုင်ကို အဖန်ဖန် အားမထုတ်ခြင်း၊
၂။ စကားပြောဆိုခြင်း၌ မမွေ့လျော်သည် ဖြစ်၍ ထိုစကားပြောဆိုခြင်းကို အဖန်ဖန် အားမထုတ်ခြင်း၊
၃။ အိပ်ခြင်း၌ မမွေ့လျော်သည် ဖြစ်၍ ထိုအိပ်ခြင်းကို အဖန်ဖန် အားမထုတ်ခြင်း၊
၄။ အပေါင်းအသင်း၌ မမွေ့လျော်သည် ဖြစ်၍ ထိုအပေါင်းအသင်းကို အဖန်ဖန် အားမထုတ်ခြင်း၊
၅။ နှီးနှောရောနှောမှု သံသဂ္ဂငါးမျိုးတို့၌ မမွေ့လျော်သည်ဖြစ်၍ ထိုနှီးနှောမှုတို့ကို အဖန်ဖန် အားမထုတ်ခြင်း၊
၆။ ချဲ့ထွင်မှု ပပဉ္စတရား တို့၌ မမွေ့လျော်သည်ဖြစ်၍ ထိုချဲ့ထွင်မှု ပပဉ္စတရားတို့ကို အဖန်ဖန် အားမထုတ်ခြင်း။ (အံ၊၂၊၂၆၀။) (အံ၊မြန်၊၂။၃၃၇။)♦

ရဟန်းများ အသေမကောင်းကြောင်း တရား ၆ ပါး

၁။ အလုပ်အကိုင်၌ မွေ့လျော်သည်ဖြစ်၍ ထိုအလုပ်အကိုင်ကို အဖန်ဖန် အားထုတ်၍ နေခြင်း၊
၂။ စကားပြောဆိုခြင်း၌ မွေ့လျော်သည် ဖြစ်၍ ထိုစကားပြောဆိုမှုကို အဖန်ဖန် အားထုတ်၍ နေခြင်း၊
၃။ အိပ်ခြင်း၌ မွေ့လျော်သည် ဖြစ်၍ ထိုအိပ်ခြင်းကို အဖန်ဖန် အားထုတ်၍ နေခြင်း၊
၄။ အပေါင်းအသင်း၌ မွေ့လျော်သည် ဖြစ်၍ ထိုအပေါင်းအဖော်ကို အဖန်ဖန် အားထုတ်၍ နေခြင်း၊
၅။ နှီးနှောမှု ရောနှောမှု သံသဂ္ဂ ငါးမျိုးတို့၌ မွေ့လျော်သည်ဖြစ်၍ ထိုနှီးနှောမှုတို့ကို အဖန်ဖန် အားထုတ်၍ နေခြင်း၊
၆။ ချဲ့ထွင်မှု ပပဉ္စတရား၌ မွေ့လျော်သည်ဖြစ်၍ ထိုချဲ့ထွင်မှု ပပဉ္စတရားတို့ကို အဖန်ဖန် အားထုတ်၍ နေခြင်း။ (အံ၊၂၊၂၅၉။) (အံ၊မြန်၊၂။၃၃၆။)♦

ရဟန်းများ၏ အနာရောဂါ ၄ မျိုး

၁။ အလိုကြီးသည် ဖြစ်၍ ပင်ပန်းခြင်းရှိလျက် ရရသမျှသော သင်္ကန်း ဆွမ်း ကျောင်း ဆေးပစ္စည်းတို့ဖြင့် မရောင့်ရဲခြင်း၊
၂။ အလိုကြီးသည်ဖြစ်၍ ပင်ပန်းခြင်း ရှိလျက် ရရသမျှသော သင်္ကန်း ဆွမ်း ကျောင်း ဆေး ပစ္စည်းတို့ဖြင့် မရောင့်ရဲဘဲ လာဘ်ပူဇော် သက္ကာရ ရရန်အတွက် ယုတ်မာသော အလိုဆိုးကို ဆောက်တည်ခြင်း၊
၃။ လာဘ်ပူဇော် သက္ကာရကို ရရန်အတွက် လုံ့လကျိုးကုတ် အားထုတ်ခြင်း၊
၄။ ရေတွက်၍ အမျိုးတို့အိမ်သို့ ချဉ်းကပ်ခြင်း, နေထိုင်ခြင်း, တရားဟောခြင်း ရေတွက်၍ ကျင်ကြီးကျင်ငယ်ကို ကောင်းစွာ တည်တန့်စေခြင်း။ (အံ၊၁၊၄၆၁။) (အံ၊မြန်၊၁။၄၇၃။)♦

ရဟန်းမြတ် ပြည့်စုံရသော တရား ၁၀ မျိုး (ဘုရားရှင် ပညတ်တော်မူသော ပြည့်စုံ ကောင်းမြတ်သော ကောင်းမှုရှိသော မွန်မြတ်သူတို့ ရောက်အပ်သော တရားသို့ ရောက်သော အယူဝါဒဖြင့် မထိုးနှက်နိုင်သော ရဟန်းမြတ် ပြည့်စုံရသော တရား ၁၀ မျိုး)

၁။ ရဟန္တာပုဂ္ဂိုလ်၏ ဥစ္စာဖြစ်သော အရဟတ္တဖိုလ်နှင့် ယှဉ်သော ကောင်းသော အမြင်နှင့် ပြည့်စုံခြင်း၊
၂။ ရဟန္တာ ပုဂ္ဂိုလ်၏ ဥစ္စာဖြစ်သော အရဟတ္တဖိုလ်နှင့် ယှဉ်သော ကောင်းသော အကြံနှင့် ပြည့်စုံခြင်း၊
၃။ ရဟန္တာပုဂ္ဂိုလ်၏ ဥစ္စာဖြစ်သော အရဟတ္တဖိုလ်နှင့် ယှဉ်သော ကောင်းသော စကားနှင့် ပြည့်စုံခြင်း၊
၄။ ရဟန္တာပုဂ္ဂိုလ်၏ ဥစ္စာဖြစ်သော အရဟတ္တဖိုလ်နှင့် ယှဉ်သော ကောင်းသော အမှုနှင့်ပြည့်စုံခြင်း၊
၅။ ရဟန္တာပုဂ္ဂိုလ်၏ ဥစ္စာဖြစ်သော အရဟတ္တဖိုလ်နှင့် ယှဉ်သော ကောင်းသော အသက်မွေးမှုနှင့် ပြည့်စုံခြင်း၊
၆။ ရဟန္တာပုဂ္ဂိုလ်၏ ဥစ္စာဖြစ်သော အရဟတ္တ ဖိုလ်နှင့် ယှဉ်သော ကောင်းသော လုံ့လနှင့် ပြည့်စုံခြင်း၊
၇။ ရဟန္တာပုဂ္ဂိုလ်၏ ဥစ္စာဖြစ်သော အရဟတ္တဖိုလ်နှင့် ယှဉ်သော ကောင်းသော သတိနှင့် ပြည့်စုံခြင်း၊
၈။ ရဟန္တာပုဂ္ဂိုလ်၏ ဥစ္စာဖြစ်သော အရဟတ္တဖိုလ်နှင့် ယှဉ်သော ကောင်းသော တည်ကြည်ခြင်းနှင့် ပြည်စုံခြင်း၊
၉။ ရဟန္တာပုဂ္ဂိုလ်၏ ဥစ္စာဖြစ်သော အရဟတ္တဖိုလ်နှင့် ယှဉ်သော ကောင်းသော သိခြင်းနှင့် ပြည့်စုံခြင်း၊
၁၀။ ရဟန္တာပုဂ္ဂိုလ်၏ ဥစ္စာဖြစ်သော အရဟတ္တဖိုလ်နှင့် ယှဉ်သော ကောင်းသော ဝိမုတ္တိနှင့် ပြည့်စုံခြင်း။ (မ၊၂၊၂၂၀။) (မ၊မြန်၊၂။၂၃၂။)♦

ရဟန်းမြတ်, ပြည့်စုံရသော တရား ၄ မျိုး (ဘုရားရှင် ပညတ်တော်မမူသော အယူဝါဒဖြင့် စစ်မထိုးနိုင်သော ပြီးပြည့်စုံသော ရဟန်းမြတ်, ပြည့်စုံရသော တရား ၄ မျိုး)

၁။ ကိုယ်ဖြင့် မကောင်းမှုကို မပြုခြင်း၊
၂။ မကောင်းသော စကားကို မပြောဆိုခြင်း၊
၃။ မကောင်းသော အကြံအစည်ကို မကြံစည်ခြင်း၊
၄။ မကောင်းသော အသက်မွေးမှုကို မပြုခြင်း။ (မ၊၂၊၂၁၆။) (မ၊မြန်၊၂။၂၂၈။)♦

ရဟန်းမြတ်တို့၌ ပြည့်စုံရမည့် အကျင့် ၁၀ ပါး

၁။ ပါတိမောက္ခသံဝရသီလကို စောင့်ထိန်းခြင်း၊
၂။ အကျင့်အာစာရနှင့် လည်းကောင်း သွားလာဝင်ထွက် ဆက်ဆံရန် သင့်လျော်သော အရပ်, ပုဂ္ဂိုလ်စသည့် ဂေါစရနှင့် လည်းကောင်း ပြည့်စုံခြင်း၊
၃။ အနည်းငယ်မျှသော အပြစ်တို့၌ သော်လည်း ဘေးဟု ရှုလေ့ရှိခြင်း၊
၄။ သိက္ခာပုဒ်တို့၌ ကောင်းစွာ ဆောက်တည်၍ ကျင့်ခြင်း၊
၅။ ကောင်းသော ကာယကံ ဝစီကံနှင့် ပြည့်စုံသည်ဖြစ်၍ စင်ကြယ်သော အသက်မွေးမှု ရှိခြင်း၊
၆။ သီလနှင့် ပြည့်စုံခြင်း၊
၇။ ဣန္ဒြေတို့၌ ပိတ်ထားသော တံခါးရှိခြင်း၊
၈။ စားဖွယ်၌ အတိုင်းအရှည်ကို သိခြင်း၊
၉။ အောက်မေ့ခြင်းသတိ ဆင်ခြင်ခြင်း သမ္ပဇဉ်နှင့် ပြည့်စုံခြင်း၊
၁၀။ ရောင့်ရဲလွယ်ခြင်း။ (ဒီ၊၁၊၅၉။) (ဒီ၊မြန်၊၁။၇၁။)♦

ရဟန်းမိုက် မည်ကြောင်း ၅ ပါး

၁။ သုတ်ကို မသိခြင်း၊
၂။ သုတ်အား အလျော်ကို မသိခြင်း၊
၃။ ဝိနည်းကို မသိခြင်း၊
၄။ ဝိနည်းအား အလျော်ကို မသိခြင်း၊
၅။ အကြောင်း ဟုတ်သည် မဟုတ်သည်၌ မကျွမ်းကျင်ခြင်း။ (ဝိ၊၅၊၃၄၄။) (ဝိ၊မြန်၊၅။၄၄၈။)♦

ရဟန်းမိုက် မည်ကြောင်း ၅ ပါး (တစ်နည်း)

၁။ တရားကို မသိခြင်း၊
၂။ တရားအား အလျော်ကို မသိခြင်း၊
၃။ ဝိနည်းကို မသိခြင်း၊
၄။ ဝိနည်းအား လျော်စွာကို မသိခြင်း၊
၅။ ရှေ့နောက် စကား၌ မလိမ္မာခြင်း။ (ဝိ၊၅၊၃၄၅။) (ဝိ၊မြန်၊၅။၄၄၈။)♦

ရဟန်းမိုက် မည်ကြောင်း ၅ ပါး (တစ်နည်း)

၁။ဝတ္ထုကို မသိခြင်း၊
၂။ နိဒါန်းကို မသိခြင်း၊
၃။ ပညတ်ကို မသိခြင်း၊
၄။ မျက်မှောက်ပြုအပ်သော ပုဒ်ကို မသိခြင်း၊
၅။ ရှေ့နောက် စကားစပ်ကို မသိခြင်း။ (ဝိ၊၅၊၃၄၅။) (ဝိ၊မြန်၊၅။၄၄၉။)♦

ရဟန်းမိုက် မည်ကြောင်း ၅ ပါး (တစ်နည်း)

၁။ အာပတ်ကို မသိခြင်း၊
၂။ အာပတ်ဖြစ်ကြောင်းကို မသိခြင်း၊
၃။ အာပတ်၏ ပယောဂကို မသိခြင်း၊
၄။ အာပတ်ငြိမ်းခြင်းကို မသိခြင်း၊
၅။ အာပတ် အဆုံးဖြတ်၌ မလိမ္မာခြင်း။ (ဝိ၊၅၊၃၄၅။) (ဝိ၊မြန်၊၅။၄၄၉။)♦

ရဟန်းမိုက် မည်ကြောင်း ၅ ပါး (တစ်နည်း)

၁။ အဓိကရုဏ်းကို မသိခြင်း၊
၂။ အဓိကရုဏ်း ဖြစ်ကြောင်း (သမုဋ္ဌာန်) ကို မသိခြင်း၊
၃။ အဓိကရုဏ်း၏ ပယောဂကို မသိခြင်း၊
၄။ အဓိကရုဏ်း ငြိမ်းခြင်းကို မသိခြင်း၊
၅။ အဓိကရုဏ်းကို ဆုံးဖြတ်ခြင်း၌ မကျွမ်းကျင်ခြင်း။ (ဝိ၊၅၊၃၄၆။) (ဝိ၊မြန်၊၅။၄၄၉။)♦

ရဟန်းယုတ်၏ မသူတော်တရား ၁၀ ပါး

၁။ ဂုဏ်ကျေးဇူးကို ဖျက်ဆီးတတ်ခြင်း၊
၂။ ရဲတင်းခြင်း၊
၃။ တဏှာနှင့် ပြည့်စုံခြင်း၊
၄။ အစားကြီးခြင်း၊
၅။ ကြမ်းကြုတ်ခြင်း၊
၆။ သနားမှု ကရုဏာ မရှိခြင်း၊
၇။ အားနည်းခြင်း၊
၈။ မြည်တွန်တတ်ခြင်း၊
၉။ သတိမေ့တတ်ခြင်း၊
၁၀။ မစုဆောင်း တတ်ခြင်း။ (အံ၊၃၊၃၇၅။) (အံ၊မြန်၊၃။၃၇၁။)♦

ရဟန်းယုတ်၏ အပြစ် ၈ မျိုး

၁။ ရဟန်းကောင်းတို့က အာပတ်ဖြင့် စောဒနာအပ်သည်ရှိသော် ငါသည် မမှတ်မိဟု သတိမရခြင်းဖြင့် ဖြေရှင်းခြင်း၊
၂။ ရဟန်းကောင်းတို့က အာပတ်ဖြင့် စောဒနာအပ်သည်ရှိသော် သင်ကပဲ ပြောတယ်ရှိသေး စသည်ဖြင့် စောဒကပုဂ္ဂိုလ်အား တစ်ဖန်ပြန်၍ ဆန့်ကျင်ဘက် ပြောဆိုခြင်း၊
၃။ ရဟန်းကောင်းတို့က အာပတ်ဖြင့် စောဒနာအပ် သည်ရှိသော် သင်သည် ရှေးဦးစွာ ဤမည်သော အာပတ်ကို ကုစားဦးလော့ဟု စောဒကအား တစ်ဖန်တုန့်ပြန်ပြောဆိုခြင်း၊
၄။ ရဟန်းကောင်းတို့က အာပတ်ဖြင့် စောဒနာအပ်သည်ရှိသော် အခြားအကြောင်းတစ်ခုခုဖြင့် အခြားအကြောင်းတစ်ခုကို ဖုံးလွှမ်းခြင်း အမျက်ဒေါသကို ထင်စွာ ပြုခြင်း၊
၅။ ရဟန်းကောင်းတို့က အာပတ်ဖြင့် စောဒနာအပ်သည်ရှိသော် သံဃာ့အလယ်၌ လက်သီးလက်မောင်းတန်းမှုကို ပြုခြင်း၊
၆။ ရဟန်းကောင်းတို့က အာပတ်ဖြင့် စောဒနာအပ် သည်ရှိသော် စောဒကပုဂ္ဂိုလ်၏စကား သံဃာ့စကားကို မနာခံမူ၍ အာပတ်တန်းလန်းဖြင့် သာလျှင် သွားလိုရာအရပ်သို့ ဖဲခွါသွားခြင်း၊
၇။ ရဟန်းကောင်းတို့က အာပတ်ဖြင့် စောဒနာ အပ်သည်ရှိသော် ငါသည် အာပတ်မသင့်ဟု ဆိတ်ဆိတ် နေခြင်းဖြင့် သံဃာကို ညဉ်းဆဲခြင်း၊
၈။ ရဟန်းကောင်းတို့က အာပတ်ဖြင့် စောဒနာအပ်သည် ရှိသော် သိက္ခာချ၍ လူထွက်ခြင်း။ (အံ၊၃၊၃၄။) (အံ၊မြန်၊၃။၃၅။)♦

ရဟန်းယုတ်တို့ မကောင်းမှုပြုကြောင်း အင်္ဂါ ၃ ပါး

၁။ မညီညွတ်သော ကာယကံ ဝစီကံ မနောကံ သုံးပါးတို့နှင့် ပြည့်စုံခြင်း တည်းဟူသော မညီညွတ်မှုကို အမှီရခြင်း၊
၂။ မှားသော မိစ္ဆာဒိဋ္ဌိ အယူနှင့် ပြည့်စုံခြင်း တည်းဟူသော တောအုပ်ကို အမှီရခြင်း၊
၃။ မင်း, မင်း၏ အမတ်ကြီး စသော အားကြီးသော သူကို အမှီရခြင်း။ (အံ၊၁၊၁၅၂-၁၅၃။) (အံ၊မြန်၊၁။၁၇၁။)♦

ရဟန်းယုတ်ဖြစ်ကြောင်း ၅ ပါး

၁။ မညီညွတ်သော အရပ်ကိုသော်လည်း အမှီရခြင်း၊
၂။ တောအုပ်ကို သော်လည်း အမှီရခြင်း၊
၃။ အားကြီးသူကိုသော်လည်း အမှီရခြင်း၊
၄။ စည်းစိမ်ဥစ္စာကို သော်လည်း စွန့်ကြဲလေ့ရှိခြင်း၊
၅။ တစ်ယောက်တည်းသော်လည်း သွားလာတတ်ခြင်း။ (အံ၊၂၊၁၁၄။) (အံ၊မြန်၊၂။၁၄၀-၁၄၁။)♦

ရဟန်းယောကျ်ားရတနာ ၂ မျိုး

၁။ အရိယာရဟန်းရတနာ၊
၂။ ပုထုဇဉ်ရဟန်းရတနာ။ (သုတ္တနိ၊ဋ္ဌ၊၁၊၂၇၈။)♦

ရဟန်းလောင်းအား မေးစိစစ်ရမည့် အန္တရာယ် ၁၃ မျိုး

၁။ သင့်အား နူနာ, အိုင်းအမာ, ယားယံနာ, ခယရုပ်ချောင်းဆိုးနာ, ဝက်ရူး ကြက်ရူးနာဟု ဆိုအပ်သော အနာကြီး ငါးမျိုး ရှိသလောဟု မေးရခြင်း၊
၂။ လူသားစင်စစ် ဖြစ်၏လောဟု မေးရခြင်း၊
၃။ ယောကျ်ားစင်စစ် ဖြစ်၏လောဟု မေးရခြင်း၊
၄။ သူ့ကျွန်အဖြစ်မှ တော်လှန်ပြီးသူ ဖြစ်၏လောဟု မေးရခြင်း၊
၅။ ကြွေးမြီကင်းသူ ဖြစ်၏လောဟု မေးရခြင်း၊
၆။ မင်းခစား, မင်းမှုထမ်းမဟုတ်သူဖြစ်၏လောဟု မေးရခြင်း၊
၇။ အမိရင်းက ရဟန်းပြုရန် ခွင့်ပြု၏လောဟု မေးရခြင်း၊
၈။ အဖရင်းက ရဟန်းပြုရန် ခွင့်ပြု၏လောဟု မေးရခြင်း၊
၉။ အသက်နှစ်ဆယ်ပြည့်သူ ဖြစ်၏လောဟု မေးရခြင်း၊
၁၀။ သင့်အား သပိတ်ပြည့်စုံ၏လောဟု မေးရခြင်း၊
၁၁။ သင့်အား သင်္ကန်း ပြည့်စုံ၏လောဟု မေးရခြင်း၊
၁၂။ သင်သည် ဘယ်အမည်ရှိသနည်းဟု မေးရခြင်း၊
၁၃။ သင်၏ ဥပဇ္ဈာယ်ဆရာသည် ဘယ်အမည်ရှိသနည်းဟု မေးရခြင်း။ (ဝိ၊၃၊၁၃၀။) (ဝိ၊မြန်၊၃။၁၃၀။)♦

ရဟန်းသိက္ခာ ချရာ၌ အထူးသိခြင်း ၂ မျိုး

၁။ သတ်မှတ်ထားသူ အထူးသိခြင်း၊
၂။ မသတ်မှတ် ထားသူ အထူးသိခြင်း။ (သာရတ္ထ၊ဋီ၊၂၊၆၈။)♦

ရဟန်းအဖြစ်ကို ပြုတတ်သော အကျင့် ၂၀ ပါး

၁။ မြတ်သောတရား၌ မွေ့လျော်ခြင်း၊
၂။ မြတ်သော ဥပုသ်ပြုမှု နိယမရှိခြင်း၊
၃။ မြတ်သော ဆွမ်းခံမှု စသော အကျင့်ရှိခြင်း၊
၄။ ကောင်းမွန်စွာ ဝတ်ရုံ နေထိုင်ခြင်း၊
၅။ စက္ခုစသော ဣန္ဒြေတို့ကို စောင့်စည်းခြင်း၊
၆။ ကိုယ်နှုတ်နှလုံးကို စောင့်စည်းခြင်း၊
၇။ အချမ်းအပူ စသည်ကို သည်းခံခြင်း၊
၈။ ကောင်းသော အကျင့်၌ မွေ့လျော်ခြင်း၊
၉။ တစ်ယောက်တည်း တရားကျင့်ခြင်း၊
၁၀။ တစ်ယောက်တည်း မွေ့လျော်ခြင်း၊
၁၁။ တစ်ယောက်တည်း ကိန်းအောင်းခြင်း၊
၁၂။ မကောင်းမှုမှ ရှက်ကြောက်ခြင်း၊
၁၃။ ကောင်းမှု၌ အားထုတ်ပြုကျင့်ခြင်း၊
၁၄။ ကုသိုလ်ကျင့်ဝတ်၌ မမေ့မလျော့ခြင်း၊ ၁၅။သိက္ခာကို ကောင်းစွာ ယူခြင်း၊
၁၆။ ဘုရားဟော ပါဠိတော်ကို သင်ယူခြင်း၊ ၁၇။အဋ္ဌကထာကို သင်ယူခြင်း၊
၁၈။ သီလစသော သိက္ခာ သုံးပါး၌ မွေ့လျော်ခြင်း၊
၁၉။ တပ်မက်မှု ကင်းလွတ်ခြင်း၊
၂၀။ သိက္ခာပုဒ်တို့၌ ဖြည့်ကျင့်ခြင်း။ (မိလိန္ဒ၊၁၆၃။) (မိလိန္ဒ၊မြန်။၁၇၅။)♦

ရဟန်းအလုပ် ၂ မျိုး

၁။ တရားစကား ပြောကြားခြင်း၊
၂။ မြတ်သော ဆိတ်ဆိတ်နေခြင်း။ (ဥဒါန၊ ၁၁၃-၁၁၄။) (ဥဒါန၊၈၉။) (ဥဒါန၊မြန်။၈၂၊၁၀၃၊၁၀၄။) (ဥဒါန၊မြန်။၈၂၊၁၀၃၊၁၀၄။)♦

ရဟန်းအား ကံပြုထိုက်သော အင်္ဂါ ၃ ပါး

၁။ အရှက်လည်း မရှိခြင်း၊
၂။ မိုက်လည်း မိုက်ခြင်း၊
၃။ ပကတတ်ရဟန်းလည်း မဟုတ်ခြင်း။ (ဝိ၊၅၊၂၂၀။) (ဝိ၊မြန်၊၅။၃၀၇။)♦

ရဟန်းအား ကံပြုထိုက်သော အင်္ဂါ ၃ ပါး (တစ်နည်း)

၁။ လွန်ကဲသော သီလ ပျက်စီးခြင်း၊
၂။ လွန်ကဲသော အကျင့်ပျက်စီးခြင်း၊
၃။ လွန်ကဲသော အယူ ပျက်စီးခြင်း။ (ဝိ၊၅၊၂၂၀။) (ဝိ၊မြန်၊၅။၃၀၇။)♦

ရဟန်းအား ကံပြုထိုက်သော အင်္ဂါ ၃ ပါး (တစ်နည်း)

၁။ ကိုယ်၌ ဖြစ်သော မြူးထူးခြင်းနှင့် ပြည့်စုံခြင်း၊
၂။ နှုတ်၌ ဖြစ်သော မြူးထူးခြင်းနှင့် ပြည့်စုံခြင်း၊
၃။ ကိုယ်နှုတ်၌ ဖြစ်သော မြူးထူးခြင်းနှင့် ပြည့်စုံခြင်း။ (ဝိ၊၅၊၂၂၀။) (ဝိ၊မြန်၊၅။၃၀၇။)♦

ရဟန်းအား ကံပြုထိုက်သော အင်္ဂါ ၃ ပါး (တစ်နည်း)

၁။ ကိုယ်၌ ဖြစ်သော သိက္ခာပုဒ်ကို လွန်ကျူးသော အကျင့် ရှိခြင်း၊
၂။ နှုတ်၌ ဖြစ်သော သိက္ခာပုဒ်ကို လွန်ကျူးသော အကျင့် ရှိခြင်း၊
၃။ ကိုယ်နှုတ်၌ ဖြစ်သော သိက္ခာပုဒ်ကို လွန်ကျူးသော အကျင့် ရှိခြင်း။ (ဝိ၊၅၊၂၂၁။) (ဝိ၊မြန်၊၅။၃၀၈။)♦

ရဟန်းအား ကံပြုထိုက်သော အင်္ဂါ ၃ ပါး (တစ်နည်း)

၁။ ကိုယ်၌ ဖြစ်သော သိက္ခာပုဒ်ကို ဖျက်ဆီးခြင်းနှင့် ပြည့်စုံခြင်း၊
၂။ နှုတ်၌ ဖြစ်သော သိက္ခာပုဒ်ကို ဖျက်ဆီးခြင်းနှင့် ပြည့်စုံခြင်း၊
၃။ ကိုယ်နှုတ်၌ ဖြစ်သော သိက္ခာပုဒ်ကို ဖျက်ဆီးခြင်းနှင့် ပြည့်စုံခြင်း။ (ဝိ၊၅၊၂၂၁။) (ဝိ၊မြန်၊၅။၃၀၈။)♦

ရဟန်းအား ကံပြုထိုက်သော အင်္ဂါ ၃ ပါး (တစ်နည်း)

၁။ ကိုယ်၌ ဖြစ်သော မှားသော အသက် မွေးမှုနှင့် ပြည့်စုံခြင်း၊
၂။ နှုတ်၌ ဖြစ်သော မှားသော အသက်မွေးမှုနှင့် ပြည့်စုံခြင်း၊
၃။ ကိုယ် နှုတ်၌ ဖြစ်သော မှားသော အသက်မွေးမှုနှင့် ပြည့်စုံခြင်း။ (ဝိ၊၅၊၂၂၁။) (ဝိ၊မြန်၊၅။၃၀၈။)♦

ရဟန်းအား ကံပြုထိုက်သော အင်္ဂါ ၃ ပါး (တစ်နည်း)

၁။ အာပတ်သို့ ရောက်သည် ဖြစ်၍ ကံပြု အပ်သည် ဖြစ်လျက် ဥပဇ္ဈာယ်ပြု၍ ပဉ္စင်းခံပေးခြင်း၊
၂။ မှီရာ နိဿယည်းကို ပေးခြင်း၊
၃။ သာမဏေကို လုပ်ကျွေးစေခြင်း။ (ဝိ၊၅၊၂၂၁။) (ဝိ၊မြန်၊၅။၃၀၈။)♦

ရဟန်းအား ကံပြုထိုက်သော အင်္ဂါ ၃ ပါး (တစ်နည်း)

၁။ ကံပြုကြောင်းဖြစ်သော အာပတ်သို့ ရောက်ခြင်း၊
၂။ ထိုအာပတ်နှင့် တူသော အခြားအာပတ်သို့ ရောက်ခြင်း၊
၃။ ထိုအာပတ်အောက် ယုတ်ညံ့သော အာပတ်သို့ ရောက်ခြင်း။ (ဝိ၊၅၊၂၂၁။) (ဝိ၊မြန်၊၅။၃၀၈။)♦

ရဟန်းအား ကံပြုထိုက်သော အင်္ဂါ ၃ ပါး (တစ်နည်း)

၁။ မြတ်စွာဘုရား၏ ကျေးဇူးမဲ့ကို ပြောဆိုခြင်း၊
၂။ တရားတော်၏ ကျေးဇူးမဲ့ကို ပြောဆိုခြင်း၊
၃။ သံဃာတော်၏ ကျေးဇူးမဲ့ကို ပြောဆိုခြင်း။ (ဝိ၊၅၊၂၂၁။) (ဝိ၊မြန်၊၅။၃၀၈။)♦

ရဟန်းအား တဏှာဖြစ်ကြောင်း ၄ မျိုး

၁။ သင်္ကန်းဟူသော အကြောင်းကြောင့် တပ်မက်မှု တဏှာ ဖြစ်ခြင်း၊
၂။ ဆွမ်းဟူသော အကြောင်းကြောင့် တပ်မက်မှု တဏှာ ဖြစ်ခြင်း၊
၃။ ကျောင်း ဟူသော အကြောင်းကြောင့် တပ်မက်မှု တဏှာ ဖြစ်ခြင်း၊
၄။ ဤသို့ ကြီးပွားခြင်း ဆုတ်ယုတ် ခြင်းဟူသော အကြောင်းကြောင့် တပ်မက်မှု တဏှာ ဖြစ်ခြင်း။ (အံ၊၁၊၃၁၆။) (အံ၊၁၊၅၇၁။) (အံ၊မြန်၊၁။၃၃၂။) (အံ၊မြန်၊၁။၅၈၅။)♦

ရဟန်းအား နိဿယည်း မပေးအပ်ကြောင်း အင်္ဂါ ၃ ပါး

၁။ အရှက်လည်း မရှိခြင်း၊
၂။ မိုက်လည်း မိုက်ခြင်း၊
၃။ ပကတတ်ရဟန်းလည်း မဟုတ်ခြင်း။ (ဝိ၊၅၊၂၂၂။) (ဝိ၊မြန်၊၅။၃၀၉။)♦

ရဟန်းအား မှီ၍ မနေအပ်ကြောင်း အင်္ဂါ ၃ ပါး

၁။ အရှက်လည်း မရှိခြင်း၊
၂။ မိုက်လည်း မိုက်ခြင်း၊
၃။ ပကတတ်ရဟန်းလည်း မဟုတ်ခြင်း။ (ဝိ၊၅၊၂၂၁။) (ဝိ၊မြန်၊၅။၃၀၈။)♦

ရဟန်းဦးပြည်းမ၏သား ဥဂ္ဂါဟမာနပရိဗိုဇ် ပညတ်ထားသော အယူဝါဒဖြင့် စစ်မထိုးနိုင်သော ပြီးပြည့်စုံသော ရဟန်းမြတ်, ပြည့်စုံရသော တရား ၄ မျိုး

၁။ ကိုယ်ဖြင့် မကောင်းမှုကို မပြုခြင်း၊
၂။ မကောင်းသော စကားကို မပြောခြင်း၊
၃။ မကောင်းသော အကြံအစည်ကို မကြံစည်ခြင်း၊
၄။ မကောင်းသော အသက်မွေးမှုဖြင့် အသက်မမွေးခြင်း။ (မ၊၂၊၂၁၅။) (မ၊မြန်၊၂။၂၂၈။)♦

ရှင် ရဟန်း မပြုပေးကောင်းသော အနာကြီးရောဂါသည် ၅ မျိုး

၁။ ကုဋ္ဌ- နူနာရောဂါ ရှိသူ၊
၂။ ဂဏ္ဍ- ထွတ်မြင်းနာ (မြင်းဖုနာ။) ရောဂါရှိသူ၊
၃။ သောသ- အသွေးအသားကို ခန်းခြောက် စေတတ်သော ခယရုဂ် ချောင်းဆိုး ပန်းနာရောဂါ ရှိသူ၊
၄။ ကိလာသ- ခရုသင်း, ဝဲကြီး, ဆင်ညှင်းကြီးရောဂါရှိသူ၊
၅။ အပမာရ- သည်းခြေသွေးလျှမ်း, ဘီလူးဖမ်းသဖြင့် ရူးနှမ်းသော အနာရောဂါရှိသူ။ (ဝိ၊ဋ္ဌ၊၃၊၂၇၇။)♦

ရှင်ပြု မပေးထိုက်သူ ၃၂ ယောက်

၁။ လက်ပြတ်သူ၊
၂။ ခြေပြတ်သူ၊
၃။ လက်ခြေပြတ်သူ၊
၄။ နားပြတ်သူ၊
၅။ နှာခေါင်းပြတ်သူ၊
၆။ နားနှာခေါင်းပြတ်သူ၊
၇။ ခြေချောင်း, လက်ချောင်း ပြတ်သူ၊
၈။ ခြေမ, လက်မပြတ်သောသူ၊
၉။ အကြောမ-ပြတ်သူ၊
၁၀။ ခြေချောင်း, လက်ချောင်း ပူးနေသူ၊
၁၁။ ကုန်းသူ၊
၁၂။ ပုကွသူ၊
၁၃။ လည်ပင်းကြီးနာ ရှိသူ၊
၁၄။ သံပူကပ်၍ တံဆိပ် ခတ်ထားသူ၊
၁၅။ ကြိမ်ဒဏ်ပေးခံရသူ၊
၁၆။ တွေ့ရာအရပ်၌ သတ်စေဟူ၍ ကြော်ငြာထားသူ၊
၁၇။ ခြေထိုင်းသူ (ခြေဒရွတ်ဆွဲသောသူ)၊
၁၈။ ဆေးကုမရ ဆိုးဝါးလှသော အနာ ရောဂါဆိုး ရှိသူ၊
၁၉။ ဖောက်ပြန်သော အဆင်းရှိသဖြင့် ပရိသတ်ကို ဖျက်ဆီးသူ၊
၂၀။ မျက်စိတစ်ဖက် ကန်းသူ၊
၂၁။ လက်ခြေကောက်သူ၊
၂၂။ ခြေခွင်သူ၊
၂၃။ ကိုယ်တစ်ခြမ်းသေသူ (သွက္ခာပါဒ စွဲသောသူ)၊
၂၄။ အသွားဆွံ့သူ (ခြေဆွံ့သောသူ)၊
၂၅။ အိုမင်းမစွမ်းသူ၊
၂၆။ မျက်စိနှစ်ဖက် ကန်းသူ၊
၂၇။ စကားဆွံ့အသူ၊
၂၈။ နားပင်းသူ၊
၂၉။ ကန်းလည်းကန်း, အလည်းအသူ၊
၃၀။ ကန်းလည်းကန်း, နားလည်းပင်းသူ၊
၃၁။ အလည်းအ နားလည်းပင်းသူ၊
၃၂။ ကန်းလည်းကန်း, အလည်းအ, နားလည်းပင်းသူ။ (ဝိ၊၃၊၁၂၆။) (ဝိ၊မြန်၊၃။၁၂၇။)♦

ရှည်သော သီချင်းသံဖြင့် တရားကို သီဆိုသော ရဟန်း၏ အပြစ် ၅ ပါး

၁။ မိမိကိုယ်တိုင်လည်း ထိုတရားသံ၌ သာယာတပ်မက်ခြင်း၊
၂။ သူတစ်ပါးတို့သည်လည်း ထိုတရားသံ၌ သာယာ တပ်မက်ခြင်း၊
၃။ လူတို့၏ ကဲ့ရဲ့မှုကို ခံရခြင်း၊
၄။ အသံပြုပြင်မှုကို လိုလားသော ဓမ္မကထိက ရဟန်းအား သမာဓိပျက်ခြင်း၊
၅။ နောင်လာနောက်သား လူအများတို့က အတုလိုက်ခြင်း။ (ဝိ၊၄၊၂၄၃။) (ဝိ၊မြန်၊၄။၂၄၂။)♦

ရှာမှီးခြင်း ၂ မျိုး

၁။ သေဝိတဗ္ဗပရိယေသန- ဤရှာမှီးခြင်း ပရိယေသနကို မှီဝဲသော ပုဂ္ဂိုလ်အား အကုသိုလ်တရားများ ယုတ်လျော့၍ ကုသိုလ်တရားများ တိုးပွားလာသဖြင့် မှီဝဲအပ်သော ပရိယေသန၊
၂။ အသေဝိတဗ္ဗပရိယေသန- ဤရှာမှီးခြင်း ပရိယေသနကို မှီဝဲသော ပုဂ္ဂိုလ်အား အကုသိုလ်တရားများ တိုးပွား၍ ကုသိုလ်တရားများ ယုတ်လျော့သွားသဖြင့် မမှီဝဲအပ်သော ပရိယေသန။ (ဒီ၊၂၊၂၂၄။) (နေတ္တိ၊ဋ္ဌ၊၁၆၁။) (ဒီ၊မြန်၊၂။၂၅၁။)♦

ရှာမှီးခြင်း ၂ မျိုး (တစ်နည်း)

၁။ ပစ္စည်းကို ရှာမှီးခြင်း- အာမိသေသနာ၊
၂။ တရားကို ရှာမှီးခြင်း- ဓမ္မေသနာ။ (အံ၊၁၊၉၂။) (အံ၊မြန်၊၁။၁၀၇။)♦

ရှာမှီးခြင်း ၂ မျိုး (တစ်နည်း)

၁။ အနရိယပရိယေသန- မိမိကိုယ်တိုင်က ပဋိသန္ဓေ တည်နေရခြင်း ဇာတိ, အိုရခြင်း ဇရာ စသည့်သဘော ရှိနေပါလျက် တစ်ဖန် ထိုပဋိသန္ဓေနေရခြင်း အိုရခြင်း သေရခြင်း သဘောရှိသည့် အရာကို ရှာမှီးခြင်းဟု ဆိုအပ်သော မမြတ်သော ရှာမှီးခြင်း၊
၂။ အရိယပရိယေသန-မိမိကိုယ်တိုင်က ပဋိသန္ဓေတည်နေရခြင်း ဇာတိ, အိုရခြင်း ဇရာ စသည့်သဘော ရှိသည်ဖြစ်၍ ထိုဇာတိ-ဇရာစသည်တို့၌ အပြစ်ကို သိမြင်ပြီး ယင်းဇာတိ ဇရာ စသည်တို့ကင်းရာ နိဗ္ဗာန်ကို ရှာမှီးခြင်းဟု ဆိုအပ်သော မြတ်သော ရှာမှီးခြင်း။ (မ၊၁၊၂၁၇။) (ဒီ၊ဋ္ဌ၊၂၊၃၂၅။) (မ၊မြန်၊၁။၂၂၄။) (ဒီ၊ဋ္ဌ၊မြန်၊၂။၅၉၉။)♦

ရှာမှီးခြင်း ၂ မျိုး (တစ်နည်း) (ထက်ဝန်းကျင် ရှာမှီးခြင်း ၂ မျိုး)

၁။ ပစ္စည်းကို ထက်ဝန်းကျင် ရှာမှီးခြင်း အာမိသပရိယေသနာ၊၂။ တရားကို ထက်ဝန်းကျင် ရှာမှီးခြင်း ဓမ္မပရိယေသနာ။ (အံ၊၁၊၉၂။) (အံ၊မြန်၊၁။၁၀၈။)♦

ရှာမှီးခြင်း ၂ မျိုး (တစ်နည်း) (အထွတ်အထိပ်ရောက် ရှာမှီးခြင်း ၂ မျိုး)

၁။ ပစ္စည်းကို အထွတ် အထိပ်ရောက် ရှာမှီးခြင်း အာမိသပရိယေဋ္ဌိ၊၂။ တရားကို အထွတ်အထိပ်ရောက် ရှာမှီးခြင်း ဓမ္မပရိယေဋ္ဌိ။ (အံ၊၁၊၉၂။) (အံ၊မြန်၊၁။၁၀၈။)♦

ရှာမှီးခြင်း ၃ မျိုး

၁။ ကာမကို ရှာမှီးခြင်း- ကာမေသနာ၊
၂။ ဘဝကို ရှာမှီးခြင်း- ဘဝေသနာ၊
၃။ အကျင့်မြတ်ကို ရှာမှီးခြင်း- ဗြဟ္မစရိယေသနာ။ (သံ၊၃၊၅၀-၅၁။) (အဘိ၊ဝိ၊၃၈၁။) (ခုဒ္ဒက၊ ၂၂၈။) (သံ၊မြန်၊၃။၅၃။) (သံ၊မြန်၊၃။၅၃။) (သံ၊၃၊၅၃။) (အဘိ၊ဝိ၊မြန်၊၂။၄၇၇။) (နေတ္တိ၊ဋ္ဌ၊၂၁၄။) (ခုဒ္ဒက၊မြန်။၂၁၂။)♦

ရှာမှီးခြင်း ၃ မျိုး (တစ်နည်း)

၁။ ကာမဂုဏ်ကို ရှာမှီးခြင်း၊
၂။ ဘဝကို ရှာမှီးခြင်း၊
၃။ တိတ္ထိ တို့သည် မြတ်သော အကျင့်ဟု သမုတ်အပ်သော မိစ္ဆာအယူကို ရှာမှီးခြင်း။ (ဒီ၊၃၊၁၈၁။) (ဒီ၊မြန်၊၃။၂၀၁။)♦

ရှိခိုးခြင်း ၃ မျိုး

၁။ ကိုယ်ဖြင့် ရှိခိုးခြင်း၊
၂။ နှုတ်ဖြင့်ရှိခိုးခြင်း၊
၃။ အကျင့်ဖြင့် ရှိခိုးခြင်း။ (သံ၊ဋ္ဌ၊၁၊၆၁။)♦

ရှိခိုးခြင်း ၃ မျိုး

၁။ ကိုယ်ဖြင့် ရှိခိုးခြင်း၊
၂။ နှုတ်ဖြင့် ရှိခိုးခြင်း၊
၃။ စိတ်ဖြင့် ရှိခိုးခြင်း။ (အံ၊၁၊၂၉၈။) (အံ၊မြန်၊၁။၃၁၆။)♦

ရှိခိုးခြင်း ၄ မျိုး

၁။ ကိုယ်ဖြင့် ရှိခိုးခြင်း၊
၂။ နှုတ်ဖြင့် ရှိခိုးခြင်း၊
၃။ စိတ်ဖြင့် ရှိခိုးခြင်း၊
၄။ လောကုတ္တရာတရားအားလျော်သော ကိုယ်အကျင့်ဖြင့် ရှိခိုးခြင်း။ (အံ၊ဋ္ဌ၊၃၊၁၁၁)♦

ရှိခိုးခြင်း ၄ မျိုး

၁။ ဆွေမျိုးတော်စပ်သဖြင့် တုပ်ဝပ် ရှိခိုးခြင်း၊
၂။ ကြောက်သဖြင့် တုပ်ဝပ် ရှိခိုးခြင်း၊
၃။ ဆရာဖြစ်သဖြင့် တုပ်ဝပ် ရှိခိုးခြင်း၊
၄။ မွန်မြတ်သော အလှူကို ခံယူထိုက်သော ပုဂ္ဂိုလ်ဖြစ်သဖြင့် တုပ်ဝပ် ရှိခိုးခြင်း။ (ဣတိဝုတ်၊ဋ္ဌ၊၂၁၅။)♦

ရှိခိုးထိုက်သော ပုဂ္ဂိုလ် ၃ ဦး (ရဟန်းတော်များ ရှိခိုးထိုက်သော ပုဂ္ဂိုလ် ၃ ဦး)

၁။ မိမိထက် သိက္ခာဝါကြီးသော ရဟန်း၊
၂။ နာနာသံဝါသကဓမ္မဝါဒီ သီတင်းကြီးရဟန်း၊
၃။ မြတ်စွာဘုရား။ (ဝိ၊၄၊၃၁၂။) (ဝိ၊မြန်၊၄။၃၁၆။)♦

ရှိခိုးထိုက်သော ရဟန်း ၅ ပါး

၁။ မိမိအလျင် ရှေးဦးစွာ ရဟန်းခံသူ၊
၂။ ဓမ္မကို ဆိုလေ့ရှိသော သီတင်းကြီး နာနာသံဝါသကရဟန်း၊
၃။ ဆရာ၊
၄။ ဥပဇ္ဈာယ်၊
၅။ မြတ်စွာဘုရား။ (ဝိ၊၅၊၃၅၈။) (ဝိ၊မြန်၊၅။၄၆၁။)♦

ရှိခိုးရကျိုး ၄ ပါး

၁။ အသက်ရှည်စွာ နေရခြင်း၊
၂။ အဆင်းလှပတင့်တယ်ခြင်း၊
၃။ ချမ်းသာ ကြီးခြင်း၊
၄။ ခွန်အားကြီးခြင်း။ (ဓမ္မ၊ဋ္ဌ၊၁၊၄၂၅။)♦

ရှိမခိုးထိုက်သော ပုဂ္ဂိုလ် ၁၀ ယောက် (ရဟန်းတော်များ ရှိမခိုးထိုက်သော ပုဂ္ဂိုလ် ၁၀ ယောက်)

၁။ မိမိအောက် (သိက္ခာငယ်) ဝါငယ်သော ရဟန်း၊
၂။ လူ သာမဏေ၊
၃။ နာနာသံဝါသက အဓမ္မဝါဒ (သီတင်းကြီး) ရဟန်း၊
၄။ မာတုဂါမ၊
၅။ ပဏ္ဍုက်၊
၆။ ပရိဝါသ်ဆောက်တည် နေသော ရဟန်း၊
၇။ အရင်းသို့ ငင်ထိုက်သော ရဟန်း၊
၈။ မာနတ်ပေးထိုက်သော ရဟန်း၊
၉။ မာနတ်ကျင့်ဆဲဖြစ်သော ရဟန်း၊
၁၀။ အဗ္ဘာန်သွင်းထိုက်သော ရဟန်း။ (ဝိ၊၄၊၃၁၂။) (ဝိ၊မြန်၊၄။၃၁၆။)♦

ရှိမခိုးထိုက်သော ရဟန်း ၅ ပါး

၁။ ရွာတွင်းဝင်သော ရဟန်း၊
၂။ လမ်းခရီးသွားသော ရဟန်း၊
၃။ အမိုက်မှောင်၌ နေသော ရဟန်း၊
၄။ အမှုပြုဆဲ ဖြစ်၍ နှလုံးမသွင်းသော ရဟန်း၊
၅။ အိပ်သော ရဟန်း။ (ဝိ၊၅၊၃၅၇။) (ဝိ၊မြန်၊၅။၄၆၀။)♦

ရှိမခိုးထိုက်သော ရဟန်း ၅ ပါး (တစ်နည်း)

၁။ ယာဂု သောက်နေသော ရဟန်း၊
၂။ ဆွမ်းစားဇရပ်၌ ရှိသော ရဟန်း၊
၃။ တစ်ဖက်သော ရန်သူအဖို့၌ တည်သော ရဟန်း၊
၄။ တစ်ပါးကို ကြံစည် အောက်မေ့သော ရဟန်း၊
၅။ အဝတ်မစည်း အချည်းနှီးနေသော ရဟန်း။ (ဝိ၊၅၊၃၅၇။) (ဝိ၊မြန်၊၅။၄၆၁။)♦

ရှိမခိုးထိုက်သော ရဟန်း ၅ ပါး (တစ်နည်း)

၁။ ခဲဖွယ်ကို ခဲဆဲသော ရဟန်း၊
၂။ စားဆဲ ဖြစ်သော ရဟန်း၊
၃။ ကျင်ကြီးစွန့်ဆဲသော ရဟန်း၊
၄။ ကျင်ငယ်စွန့်ဆဲသော ရဟန်း၊
၅။ ဥက္ခိတ္တက ရဟန်း။ (ဝိ၊၅၊၃၅၇။) (ဝိ၊မြန်၊၅။၄၆၁။)♦

ရှိမခိုးထိုက်သော ရဟန်း ၅ ပါး (တစ်နည်း)

၁။ မိမိနောက်မှ ပဉ္စင်းခံသော ရဟန်း၊
၂။ သာမဏေ၊
၃။ အဓမ္မကို ဆိုလေ့ရှိသော သီတင်းကြီး နာနာသံဝါသက ရဟန်း၊
၄။ မိန်းမ၊
၅။ ပဏ္ဍုက်။ (ဝိ၊၅၊၃၅၇။) (ဝိ၊မြန်၊၅။၄၆၁။)♦

ရှိမခိုးထိုက်သော ရဟန်း ၅ ပါး (တစ်နည်း)

၁။ ပရိဝါသ်နေသော ရဟန်း၊
၂။ အရင်းသို့ ငင်ထိုက်သော ရဟန်း၊
၃။ မာနတ်ထိုက်သော ရဟန်း၊
၄။ မာနတ်ကျင့်သော ရဟန်း၊
၅။ အဗ္ဘာန် ထိုက်သော ရဟန်း။ (ဝိ၊၅၊၃၅၇။) (ဝိ၊မြန်၊၅။၄၆၁။)♦

ရှိမခိုးသော ပုဂ္ဂိုလ် ၂ ဦး

၁။ အသတ်ခံရမည့် သူသည် မိမိအား သတ်တတ်သော ပုဂ္ဂိုလ်ကို ရှိမခိုး၊
၂။ သတ်တတ်သော သူသည်လည်း အသတ်ခံရမည့်ပုဂ္ဂိုလ်အား ရှိမခိုး။ (ဇာတက၊၂၊၃၀၆။)♦

ရှုပုံ ၃ မျိုးဖြင့် ရှုသော ရဟန်း ၃ ပါး

၁။ ရုပ်, ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ်ကို ဓာတ်အားဖြင့် ရှုသော ရဟန်း၊
၂။ ရုပ်, ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ်ကို အာယတနအားဖြင့် ရှုသော ရဟန်း၊
၃။ ရုပ်, ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ်ကို ပဋိစ္စသမုပ္ပါဒ်အားဖြင့် ရှုသော ရဟန်း။ (သံ၊၂၊၅၃။) (သံ၊မြန်၊၂။၅၁။)♦

ရှေး၌ နေခဲ့ဖူးသော ဘဝကို အောက်မေ့နိုင်သော ပုဂ္ဂိုလ် ၄ မျိုး

၁။ ကမ္မဝါဒီ တိတ္ထိပုဂ္ဂိုလ်များ၊
၂။ ဘုရားရှင်၏ တပည့်သာဝကများ၊
၃။ ပစ္စေကဗုဒ္ဓါများ၊
၄။ မြတ်စွာဘုရားများ။ (ဒီ၊ဋ္ဌ၊၂၊၂။) (ဒီ၊ဋ္ဌ၊မြန်၊၂။၂-၃။)♦

ရှေ့ပြေးနိမိတ် ၂ ပါး

၁။ အရုဏ်တက်ခြင်းသည် နေထွက်မည့် နေမင်း၏ ရှေ့ပြေး (ပုဗ္ဗင်္ဂမ)၊
၂။ မှန်ကန်သော အသိအမြင်သည် ကုသိုလ်တရား၏ ရှေ့ပြေး (ပုဗ္ဗင်္ဂမ)။ (အံ၊၃၊၄၄၉။) (အံ၊မြန်၊၃။၄၄၁။)♦

ရှေးပုဏ္ဏားတို့၏ စရိုက် ၅ မျိုး

၁။ ပုဏ္ဏေးမကိုသာ သွားလာခြင်း၊
၂။ ဥတုလာသော ပုဏ္ဏေးမ ကိုသာ သွားလာခြင်း၊
၃။ ပုဏ္ဏေးမကို မဝယ်မရောင်းခြင်း၊
၄။ ဥစ္စာစပါး ရွှေ ငွေကို မသိုမှီးခြင်း၊
၅။ နံနက်စာ ညစာ အလို့ငှာသာ အစားအစာ ရှာခြင်း။ မှတ်ချက်။ ။ ဤအကျင့်များသည် ယခုခေတ်ပုဏ္ဏားများ၌ မရှိပြီ ခွေးများ၌သာ ရှိတော့သည်ဟု ဟောတော်မူသည်။ (အံ၊၂၊၁၉၅။) (အံ၊မြန်၊၂။၂၄၈-၂၄၉။)♦

ရှေ့ရှုဆောင်ခြင်း ၂ မျိုး

၁။ နှုတ်အားဖြင့် ရှေ့ရှုဆောင်ခြင်း၊
၂။ ကိုယ်အားဖြင့် ရှေ့ရှုဆောင်ခြင်း။ (ဝိ၊ဋ္ဌ၊၂၊၂၄၉။) (ဒီ၊ဋ္ဌ၊၁၊၁၅၃။) (မ၊ဋ္ဌ၊၃၊၂၂၁။) (ဒီ၊ဋ္ဌ၊မြန်၊၁။၂၉၇။)♦

ရှေ့သွားပြုခြင်း ၂ မျိုး

၁။ တဏှာပုရေက္ခာရ- တဏှာရှေ့သွားပြုခြင်း၊
၂။ ဒိဋ္ဌိပုရေက္ခာရ- ဒိဋ္ဌိ ရှေ့သွားပြုခြင်း။ (မဟာနိ၊၅၆။) (မဟာနိ၊၇၅။) (မဟာနိ၊၁၆၄။)♦

ရှေးဦးစွာ ကြိုတင် ကြည့်ရှုအပ်သော ပုဂ္ဂိုလ် ၈ မျိုး

၁။ ကုန်သည်သည် ရောင်းရန် ပစ္စည်းကို ကြိုတင်၍ ကြည့်ရှုအပ်ခြင်း၊
၂။ ဆင်ပြောင်ကြီးသည် နှာမောင်းဖြင့် မရောက်မီ ခရီးကို ကြိုတင်၍ ကြည့်အပ်ခြင်း၊
၃။ လှည်းကုန်သည်သည် လှည်းစခန်းဆိပ်ကို ကြိုတင်၍ ကြည့်အပ်ခြင်း၊
၄။ လှေသူကြီးသည် မရောက်သေးသော ကမ်းကို ရှေးဦးမဆွကပင် ကြည့်၍ လှေကို လွှင့်အပ်ခြင်း၊
၅။ ဆေးဆရာသည် ရှေးဦးစွာ အသက်ကို ကြည့်၍ လူနာထံသို့ ချဉ်းကပ် အပ်ခြင်း၊
၆။ တံတားကို ကူးသောသူသည် ရှေးဦးစွာ ခိုင်သည် မခိုင်သည်၏ အဖြစ်ကို သိပြီးမှ တံတားသို့ တက်အပ်ခြင်း၊
၇။ ရဟန်းသည် ရှေးဦးမဆွကပင် မရောက်သေးသော အချိန် အခါကို ဆင်ခြင်၍ သုံးဆောင်ဖွယ်ကို သုံးဆောင်အပ်ခြင်း၊
၈။ ဘုရားအလောင်းတို့သည် ရှေးဦးမဆွကပင် မင်းမျိုးကိုလည်းကောင်း, ပုဏ္ဏားမျိုးကိုလည်းကောင်း ကြည့်အပ်ခြင်း။ (မိလိန္ဒ၊၁၉၂။) (မိလိန္ဒ၊မြန်။၂၀၆။)♦

ရှေးဦးစွာ မေတ္တာမပွားအပ်သော ပုဂ္ဂိုလ် ၄ ယောက်

၁။ အပ္ပိယပုဂ္ဂလ- မချစ်မနှစ်သက်အပ်သော ပုဂ္ဂိုလ်၊
၂။ အတိပ္ပိယသဟာယက- အလွန် ချစ်ခင်အပ်သော သူငယ်ချင်းမိတ်ဆွေ၊
၃။ မဇ္ဈတ္တ- မချစ်မမုန်း လျစ်လျူရှုအပ်သော ပုဂ္ဂိုလ်၊
၄။ ဝေရီပုဂ္ဂလ- မိမိ၏ ရန်သူဖြစ်သော ပုဂ္ဂိုလ်။ (ဝိသုဒ္ဓိ၊၁၊၂၈၇။)♦

ရှောင်ကြဉ်ခြင်း ၅ ပါး

၁။ သူ့အသက် သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း၊
၂။ သူ့ဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြဉ်ခြင်း၊
၃။ ကာမဂုဏ်တို့၌ မှားသော အကျင့်မှ ရှောင်ကြဉ်ခြင်း၊
၄။ မဟုတ်မမှန် ပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း၊
၅။ သေရည်အရက် စသော မူးယစ်ဆေး မှီဝဲ သုံးစွဲခြင်းမှ ရှောင်ကြဉ်ခြင်း။ (ဝိ၊၅၊၃၃၈။) (ဝိ၊မြန်၊၅။၄၄၁။)♦

ရအပ်သော ဒိဋ္ဌိ ၂ မျိုး

၁။ မှီဝဲထိုက်သော ရအပ်သော ဒိဋ္ဌိ၊
၂။ မမှီဝဲထိုက်သော ရအပ်သော ဒိဋ္ဌိ။ (မ၊၃၊၉၄။) (မ၊မြန်၊၃။၉၈။)♦

ရအပ်သော သညာ ၂ မျိုး

၁။ မှီဝဲထိုက်သော ရအပ်သော သညာ၊
၂။ မမှီဝဲထိုက်သော ရအပ်သော သညာ။ (မ၊၃၊၉၃။) (မ၊မြန်၊၃။၉၈။)♦

ရအပ်သော အတ္တဘော ၂ မျိုး

၁။ မှီဝဲထိုက်သော ရအပ်သော အတ္တဘော၊
၂။ မမှီဝဲထိုက်သော ရအပ်သော အတ္တဘော။ (မ၊၃၊၉၄။) (မ၊မြန်၊၃။၉၈။)♦

ရာဂ စသည် ကုန်ခန်းကြောင်း တရား ၄ ပါး

၁။ ကိုယ်၌ ကိုယ်ဟု အဖန်ဖန်ရှုသည် ဖြစ်၍ နေခြင်း၊
၂။ စိတ်၌ စိတ်ဟု အဖန်ဖန်ရှုလေ့ရှိသည် ဖြစ်၍ နေခြင်း၊
၃။ ဝေဒနာတို့၌ ဝေဒနာဟု အဖန်ဖန်ရှုသည် ဖြစ်၍ နေခြင်း၊
၄။ တရားတို့၌ တရားဟု အဖန်ဖန် ရှုသည်ဖြစ်၍ နေခြင်း၊ (တစ်နည်း)
မဖြစ်ပေါ်သေးသော အကုသိုလ်တရားတို့ကို မဖြစ်ပေါ်စေခြင်း၊
၂။ ဖြစ်ပေါ် ပြီးသော အကုသိုလ်တရားတို့ကို ပယ်ရန် အားထုတ်ခြင်း၊
၃။ မဖြစ်ပေါ်သေးသော ကုသိုလ် တရားတို့ကို ဖြစ်ပေါ်စေခြင်း၊
၄။ ဖြစ်ပေါ်ပြီးသော ကုသိုလ်တရားတို့ကို တိုးပွားစေရန် အားထုတ်ခြင်း။ (အံ၊၁၊၅၇၉။) (အံ၊မြန်၊၁။၅၉၃။)♦

ရာဂ စသည် ဖြစ်ကြောင်း တရား ၃ ပါး

၁။ သက္ကာယဒိဋ္ဌိ- မိမိကိုယ် အတ္တဘော ထင်ရှားရှိသည် ဟူသော အယူ၊
၂။ ဝိစိကိစ္ဆာ- သို့လောသို့လော သံသယဖြစ်ခြင်း၊
၃။ သီလဗ္ဗတပရာမာသ- အလေ့အကျင့်ကို မှားသောအားဖြင့် သုံးသပ်ခြင်း။ (အံ၊၃၊၃၇၁။) (အံ၊မြန်၊၃။၃၇၁။)♦

ရာဂ စသည်ကို ထူးသောဉာဏ်ဖြင့် သိရန် ပွားများထိုက်သော တရား ၁၁ ပါး

၁။ ပထမဈာန်၊
၂။ ဒုတိယဈာန်၊
၃။ တတိယဈာန်၊
၄။ စတုတ္ထဈာန်၊
၅။ လွတ်မြောက်သော မေတ္တာစိတ်၊
၆။ လွတ်မြောက်သော ကရုဏာစိတ်၊
၇။ လွတ်မြောက်သော မုဒိတာစိတ်၊
၈။ လွတ်မြောက်သော ဥပေက္ခာစိတ်၊
၉။ အာကာသာနဉ္စာယတနဈာန်၊
၁၀။ ဝိညာဏဉ္စာယတနဈာန်၊
၁၁။ အာကိဉ္စညာ ယတနဈာန်။ (အံ၊၃၊၅၅၇။) (အံ၊မြန်၊၃။၅၄၄။)♦

ရာဂ စသည်တို့ကို ပယ်ရန် ပွားများထိုက်သော တရား ၈ ပါး

၁။ မှန်ကန်စွာ သိမြင်ခြင်း သမ္မာဒိဋ္ဌိ၊
၂။ မှန်ကန်စွာ ကြံစည်ခြင်း သမ္မာသင်္ကပ္ပ၊
၃။ မှန်ကန်စွာ ပြောဆိုခြင်း သမ္မာဝါစာ၊
၄။ မှန်ကန်စွာ ပြုလုပ်ခြင်း သမ္မာကမ္မန္တ၊
၅။ မှန်ကန်စွာ အသက်မွေးခြင်း သမ္မာအာဇီဝ၊
၆။ မှန်ကန်စွာ အားထုတ်ခြင်း သမ္မာဝါယာမ၊
၇။ မှန်ကန်စွာ အောက်မေ့ခြင်း သမ္မာသတိ၊
၈။ မှန်ကန်စွာ တည်ကြည်ခြင်း သမ္မာသမာဓိ။ (အံ၊၃၊၁၆၁။) (အံ၊မြန်၊၃။၁၆၃။)♦

ရာဂ စသည်တို့ကို ပယ်ရန် ပွားများထိုက်သော တရား ၈ ပါး (တစ်နည်း)

၁။ အဇ္ဈတ္တသန္တာန်၌ အဆင်းရုပ်တို့ကို ရှုမှတ်၍ ဗဟိဒ္ဓသန္တာန်၌ ကောင်း, မကောင်းသော အဆင်းရှိသော ကသိုဏ်းရုပ် အငယ်တို့ကို ရှုခြင်း၊
၂။ အဇ္ဈတ္တသန္တာန်၌ အဆင်းရုပ်တို့ကို ရှုမှတ်၍ ဗဟိဒ္ဓ သန္တာန်၌ ကောင်း, မကောင်းသော အဆင်းရှိသော ကသိုဏ်းရုပ်အကြီးတို့ကို ရှုခြင်း၊
၃။ အဇ္ဈတ္တသန္တာန်၌ အဆင်းရုပ်တို့ကို မရှုမှတ်မူ၍ ဗဟိဒ္ဓသန္တာန်၌ ကောင်း, မကောင်းသော ကသိုဏ်းရုပ်အငယ်တို့ကို ရှုခြင်း၊
၄။ အဇ္ဈတ္တသန္တာန်၌ အဆင်းရုပ်တို့ကို မရှုမှတ်မူ၍ ဗဟိဒ္ဓ သန္တာန်၌ ကောင်း, မကောင်းသော ကသိုဏ်းရုပ်အကြီးတို့ကို ရှုခြင်း၊
၅။ အဇ္ဈတ္တသန္တာန်၌ အဆင်းရုပ်တို့ကို မရှုမှတ်မူ၍ ဗဟိဒ္ဓသန္တာန်၌ ညိုသော အသွေးအရောင် အဆင်းရှိသော ကသိုဏ်းရုပ်တို့ကို ရှုခြင်း၊
၆။ အဇ္ဈတ္တသန္တာန်၌ အဆင်းရုပ်တို့ကို မရှုမှတ်မူ၍ ဗဟိဒ္ဓ သန္တာန်၌ ဝါသော အသွေးအရောင် အဆင်းရှိသော ကသိုဏ်းရုပ်တို့ကို ရှုခြင်း၊
၇။ အဇ္ဈတ္တ သန္တာန်၌ အဆင်းရုပ်တို့ကို မရှုမှတ်မူ၍ ဗဟိဒ္ဓသန္တာန်၌ နီသော အသွေးအရောင် အဆင်းရှိသော ကသိုဏ်းရုပ်တို့ကို ရှုခြင်း၊
၈။ အဇ္ဈတ္တသန္တာန်၌ အဆင်းရုပ်တို့ကို မရှုမှတ်မူ၍ ဗဟိဒ္ဓ သန္တာန်၌ ဖြူသော အသွေးအရောင် အဆင်းရှိသော ကသိုဏ်းရုပ်တို့ကို ရှုခြင်း။ (အံ၊၃၊၁၆၁။) (အံ၊မြန်၊၃။၁၆၃။)♦

ရာဂ စသည်တို့ကို ပယ်ရန် ပွားများထိုက်သော တရား ၈ ပါး (တစ်နည်း)

၁။ အဇ္ဈတ္တ သန္တာန်၌ ကသိုဏ်းရုပ်ရှိသည် ဖြစ်၍ အပ၌ ကသိုဏ်းရုပ်တို့ကို ရှုခြင်း၊
၂။ အဇ္ဈတ္တသန္တာန်၌ ကသိုဏ်းရုပ်တို့ကို မရှုမူ၍ အပ၌ ကသိုဏ်းရုပ်တို့ကို ရှုခြင်း၊
၃။ တင့်တယ်၏ဟူ၍ နှလုံး သွင်းခြင်း၊
၄။ အာကာသာနဉ္စာယတနဈာန်သို့ ရောက်၍ နေခြင်း၊
၅။ ဝိညာဏဉ္စာယတန ဈာန်သို့ ရောက်၍ နေခြင်း၊
၆။ အာကိဉ္စညာယတနဈာန်သို့ ရောက်၍ နေခြင်း၊
၇။ နေဝသညာ နာသညာယတနဈာန်သို့ ရောက်၍ နေခြင်း၊
၈။ သညာဝေဒနာတို့၏ ချုပ်ရာ နိရောဓ သမာပတ်သို့ ရောက်၍ နေခြင်း။ (အံ၊၃၊၁၆၁။) (အံ၊မြန်၊၃။၁၆၃။)♦

ရာဂ စသည်တို့ကို ပယ်ရန် ပွားများထိုက်သော တရား ၉ ပါး

၁။ မတင့်တယ်ဟူသော မှတ်သားမှု အသုဘသညာ၊
၂။ သေခြင်း၌ ဖြစ်သော မှတ်သားမှု မရဏသညာ၊
၃။ အာဟာရ၌ စက်ဆုပ်ဖွယ်ဟု မှတ်သားမှု အာဟာရေ ပဋိကူလသညာ၊
၄။ လောကအားလုံး၌ မမွေ့လျော် ဖွယ်ဟု မှတ်သားမှု အနဘိရတိသညာ၊
၅။ မမြဲဟု မှတ်သားမှု အနိစ္စသညာ၊
၆။ မမြဲရာ၌ ဆင်းရဲဟု မှတ်သားမှု အနိစ္စေ ဒုက္ခသညာ၊
၇။ ဆင်းရဲရာ၌ အစိုးမရဟု မှတ်သားမှု ဒုက္ခေ အနတ္တသညာ၊
၈။ ပယ်ခြင်း၌ မှတ်သားမှု ပဟာနသညာ၊
၉။ တပ်မက်မှု ကင်းခြင်း မှတ်သားမှု ဝိရာဂသညာ။ (အံ၊၃၊၂၅၆။) (အံ၊မြန်၊၃။၂၅၅။)♦

ရာဂ စသည်တို့ကို ပယ်ရန် ပွားများထိုက်သော တရား ၉ ပါး (တစ်နည်း)

၁။ ပထမဈာန်၊
၂။ ဒုတိယဈာန်၊
၃။ တတိယဈာန်၊
၄။ စတုတ္ထဈာန်၊
၅။ အာကာသာနဉ္စာယတနဈာန်၊
၆။ ဝိညာဏဉ္စာယတနဈာန်၊
၇။ အာကိဉ္စညာယတနဈာန်၊
၈။ နေဝသညာနာသညာ ယတနဈာန်၊
၉။ သညာဝေဒနာတို့၏ ချုပ်ရာ နိရောဓသမာပတ်။ (အံ၊၃၊၂၅၆။) (အံ၊မြန်၊၃။၂၅၆။)♦

ရာဂ စသည်မှ ထွက်မြောက်ကြောင်း ဓာတ် ၆ ပါး

၁။ မေတ္တာစိတ်ကို ပွားများအပ်ခြင်း၊
၂။ ကရုဏာစိတ်ကို ပွားများအပ်ခြင်း၊
၃။ မုဒိတာစိတ်ကို ပွားများအပ်ခြင်း၊
၄။ ဥပေက္ခာ စိတ်ကို ပွားများအပ်ခြင်း၊
၅။ နိမိတ်မရှိသည့် လွတ်သော စိတ်ကို ပွားများအပ်ခြင်း၊
၆။ ငါ ငါတကားဟု ထောင်လွှားမှုကို ကင်းရှင်းစေရန် ပွားများအပ်ခြင်း။ (အံ၊၂၊၂၅၇။) (အံ၊မြန်၊၂။ ၃၃၃-၃၃၄-၃၃၅။)♦

ရာဂ ဒေါသ မောဟ ခေါင်းပါးပုံ ၂ မျိုး

၁။ ရာဂ ဒေါသ မောဟတို့သည် ယောဂီ၏ သန္တာန်၌ တစ်ခါတစ်ရံသာ ဖြစ်တော့ခြင်း၊
၂။ ထကြွမှု နုံ့နှေး သေးငယ်ခြင်း။ (သံ၊ဋ္ဌ၊၃၊၃၁၂။)♦

ရာဂ ဖြစ်ပေါ်ကြောင်း ၂ မျိုး

၁။ တင့်တယ်သော ဣဋ္ဌာရုံ၊
၂။ မသင့်လျော်သော အကြောင်းအားဖြင့် နှလုံးသွင်းခြင်း။ (အံ၊၁၊၈၆။) (အံ၊မြန်၊၁။၁၀၁။)♦

ရာဂကို ထူးသော ဉာဏ်ဖြင့် သိကြောင်း တရား ၅ ပါး

၁။ အသုဘသညာ-အသုဘ၌ ဖြစ်ပေါ်သော အမှတ်သညာ၊
၂။ မရဏသညာ-သေခြင်းတရား၌ ဖြစ်သော အမှတ်သညာ၊
၃။ အာဒီနဝ သညာ-ခန္ဓာကိုယ်၌ အပြစ်ဟု ရှုသော အမှတ်သညာ၊
၄။ အာဟာရေ ပဋိကူလသညာ-အစာအာဟာရ၌ စက်ဆုပ်ဖွယ်ဟု ရှုသော အမှတ်သညာ၊
၅။ သဗ္ဗလောကေ အနဘိရတိသညာ- လောကအားလုံး၌ မမွေ့လျော်ဖွယ်ဟု ဖြစ်သော အမှတ်သညာ။ (အံ၊၂၊၂၄၄။) (အံ၊မြန်၊၂။၃၁၅။)♦

ရာဂကို ထူးသော ဉာဏ်ဖြင့် သိကြောင်း တရား ၅ ပါး (တစ်နည်း)

၁။ အနိစ္စသညာ= အမြဲမရှိဟု သိသော အမှတ်သညာ၊
၂။ အနတ္တသညာ= အတ္တမဟုတ်ဟု သိသော အမှတ်သညာ၊
၃။ မရဏသညာ= သေခြင်းတရား၌ ဖြစ်သော အမှတ်သညာ၊
၄။ အာဟာရေ ပဋိကူလ သညာ= အစာအာဟာရ၌ စက်ဆုပ်ဖွယ်ဟု ရှုသော အမှတ်သညာ၊
၅။ သဗ္ဗလောကေ အနဘိရတိ သညာ= လောကအားလုံး၌ မမွေ့လျော်ဖွယ်ဟု ဖြစ်သော အမှတ်သညာ။ (အံ၊၂၊၂၄၄။) (အံ၊မြန်၊၂။၃၁၆။)♦

ရာဂကို ထူးသော ဉာဏ်ဖြင့် သိကြောင်း တရား ၅ ပါး (တစ်နည်း)

၁။ မမြဲဟု သိသော အနိစ္စ သညာ၊
၂။ အနိစ္စ၌ ဒုက္ခဟု မှတ်သိမှု သညာ၊
၃။ ဒုက္ခ၌ အနတ္တဟု မှတ်သိမှု သညာ၊
၄။ တဒင်္ဂပဟာန် စသည်ဖြင့် ပယ်ခြင်း၌ ဖြစ်သော အမှတ်သညာ (ပဟာနသညာ)၊
၅။ တပ်ခြင်း ကင်းမှု၌ ဖြစ်သော အမှတ်သညာ(ဝိရာဂသညာ) ။ (အံ၊၂၊၂၄၅။) (အံ၊မြန်၊၂။၃၁၆။)♦

ရာဂကို ထူးသော ဉာဏ်ဖြင့် သိကြောင်း တရား ၅ ပါး (တစ်နည်း)

၁။ သဒ္ဓိန္ဒြေ၊
၂။ ဝီရိယိန္ဒြေ၊
၃။ သတိန္ဒြေ၊
၄။ သမာဓိန္ဒြေ၊
၅။ ပညိန္ဒြေ။ (အံ၊၂၊၂၄၅။) (အံ၊မြန်၊၂။၃၁၆။)♦

ရာဂကို ထူးသော ဉာဏ်ဖြင့် သိကြောင်း တရား ၅ ပါး (တစ်နည်း)

၁။ သဒ္ဓါဗိုလ်၊
၂။ ဝီရိယ ဗိုလ်၊
၃။ သတိဗိုလ်၊
၄။ သမာဓိဗိုလ်၊
၅။ ပညာဗိုလ်။ (အံ၊၂၊၂၄၅။) (အံ၊မြန်၊၂။၃၁၆။)♦

ရာဂကို ထူးသော ဉာဏ်ဖြင့် သိကြောင်းတရား ၃ မျိုး

၁။ အတ္တမှ ဆိတ်သုဉ်းသော တည် ကြည်ခြင်း- သုညတသမာဓိ၊
၂။ နိမိတ်မှ ကင်းသော တည်ကြည်ခြင်း- အနိမိတ္တ သမာဓိ၊
၃။ တဏှာ တည်းဟူသော တောင့်တခြင်းမှ ကင်းသော တည်ကြည်ခြင်း- အပ္ပဏိဟိတ သမာဓိ၊ (တစ်နည်း)
ကြံစည်ခြင်း ဝိတက်, သုံးသပ်ခြင်း ဝိစာရရှိသော တည်ကြည်ခြင်း သမာဓိ၊
၂။ ကြံစည်ခြင်း ဝိတက်ကား မရှိ, သုံးသပ်ခြင်း ဝိစာရမျှသာ ရှိသော တည်ကြည်ခြင်း သမာဓိ၊
၃။ ကြံစည်ခြင်း ဝိတက်လည်း မရှိ, သုံးသပ်ခြင်း ဝိစာရလည်း မရှိသော တည်ကြည်ခြင်း သမာဓိ။ (အံ၊၁၊၃၀၄။) (အံ၊မြန်၊၁။၃၂၁။)♦

ရာဂကို ထူးသော ဉာဏ်ဖြင့် သိကြောင်းတရား ၆ ပါး (တစ်နည်း)

၁။ ဒဿနာနုတ္တရိယ- ဘုရားရှင်အား ဖူးမြော်ခွင့် ရခြင်း ဟူသော အမြတ်ဆုံးဖြစ်သော ဖူးမြင်မှု၊
၂။ သဝနာနုတ္တရိယ- ဘုရားရှင်၏ တရားတော်ကို နာကြားခွင့် ရခြင်း ဟူသော အမြတ်ဆုံးဖြစ်သော နာကြားမှု၊
၃။ လာဘာနုတ္တရိယ- ဘုရားရှင်၌ ယုံကြည်မှု သဒ္ဓါတရားကို ရခြင်းဟူသော အမြတ်ဆုံး ဖြစ်သော လာဘ်ရမှု၊
၄။ သိက္ခာနုတ္တရိယ- ဘုရားသာသနာတော်၌ သိက္ခာသုံးပါးကို ကျင့်သုံး ရခြင်း ဟူသော အမြတ်ဆုံးဖြစ်သော အကျင့်သိက္ခာ၊
၅။ ပါရိစရိယာနုတ္တရိယ- ဘုရားရှင်အား အမြဲမပြတ် ပြုစုလုပ်ကျွေးခွင့် ရခြင်း ဟူသော အမြတ်ဆုံးဖြစ်သော ပြုစုလုပ်ကျွေးမှု၊
၆။ အနုဿတာနုတ္တရိယ- ဘုရားရှင်၏ ဂုဏ်တော်တို့ကို အဖန်တလဲလဲ အောက်မေ့ခြင်း ဟူသော အမြတ်ဆုံးဖြစ်သော အောက်မေ့မှု။ (အံ၊၂၊၃၉၃။) (အံ၊မြန်၊၂။၄၉၇။)♦

ရာဂကို ထူးသော ဉာဏ်ဖြင့် သိကြောင်းတရား ၆ ပါး (တစ်နည်း)

၁။ ဗုဒ္ဓါနုဿတိ= ဘုရား ဂုဏ်တော်များကို အောက်မေ့ခြင်း၊
၂။ ဓမ္မာနုဿတိ= တရားဂုဏ်တော်များကို အောက်မေ့ခြင်း၊
၃။ သံဃာနုဿတိ= သံဃာဂုဏ်တော်များကို အောက်မေ့ခြင်း၊
၄။ သီလာနုဿတိ= သီလ ဂုဏ်ကို အောက်မေ့ခြင်း၊
၅။ စာဂါနုဿတိ= စွန့်ကြဲခြင်း၏ဂုဏ်ကို အောက်မေ့ခြင်း၊
၆။ ဒေဝတာ နုဿတိ= နတ်တို့ကို သက်သေထား၍ မိမိ၏ သီလစသော ဂုဏ်ကို အောက်မေ့ခြင်း။ (အံ၊၂၊၃၉၃။) (အံ၊မြန်၊၂။၄၉၇။)♦

ရာဂကို ထူးသော ဉာဏ်ဖြင့် သိကြောင်းတရား ၆ ပါး (တစ်နည်း)

၁။ မမြဲခြင်း၌ ဖြစ်သော မှတ်သားမှု အနိစ္စသညာကို ပွားခြင်း၊ ၂ မမြဲခြင်း၌ ဆင်းရဲဟု ဖြစ်သော မှတ်သားမှု-အနိစ္စေ ဒုက္ခသညာကို ပွားခြင်း၊
၃။ ဆင်းရဲခြင်း၌ အစိုးမရဟု ဖြစ်သော မှတ်သားမှု ဒုက္ခေ အနတ္တသညာကို ပွားခြင်း၊
၄။ ပယ်ခြင်း၌ ဖြစ်သော မှတ်သားမှု ပဟာနသညာကို ပွားခြင်း၊
၅။ တပ်ခြင်း ကင်းခြင်း၌ ဖြစ်သော မှတ်သားမှု ဝိရာဂသညာကို ပွားခြင်း၊
၆။ ချုပ်ခြင်း၌ ဖြစ်သော မှတ်သားမှု နိရောဓသညာကို ပွားခြင်း။ (အံ၊၂၊၃၉၃။) (အံ၊မြန်၊၂။၄၉၈။)♦

ရာဂကို ထူးသော ဉာဏ်ဖြင့် သိရန် ပွားထိုက်သော တရား ၇ ပါး

၁။ မမြဲဟု မှတ်သားမှု အနိစ္စ သညာကို ပွားရခြင်း၊
၂။ အစိုးမရဟု မှတ်သားမှု အနတ္တသညာကို ပွားရခြင်း၊
၃။ မတင့်တယ်ဟု မှတ်သားမှု အသုဘသညာကို ပွားရခြင်း၊
၄။ အပြစ်ဟု မှတ်သားမှု အာဒီနဝ သညာကို ပွားရခြင်း၊
၅။ ပယ်အပ်၏ဟု မှတ်သားမှု ပဟာနသညာကို ပွားရခြင်း၊
၆။ စွဲမက်ခြင်း ကင်း၏ဟု မှတ်သားမှု ဝိရာဂသညာကို ပွားရခြင်း၊
၇။ ချုပ်၏ဟု မှတ်သားမှု နိရောဓသညာကို ပွားရခြင်း။ (အံ၊၂၊၅၁၂။) (အံ၊မြန်၊၂။၆၃၈။)♦

ရာဂကို ထူးသော ဉာဏ်ဖြင့် သိရန် ပွားထိုက်သော တရား ၇ ပါး (တစ်နည်း)

၁။ မတင့်တယ်ဟု မှတ်သားမှု အသုဘသညာကို ပွားရခြင်း၊
၂။ သေခြင်း၌ မှတ်သားမှု မရဏသညာကို ပွားရခြင်း၊
၃။ အာဟာရ၌ စက်ဆုပ်ဖွယ်ဟု မှတ်သားမှု အာဟာရေ ပဋိကူလသညာကို ပွားရခြင်း၊
၄။ အလုံးစုံသော လောက၌ မွေ့လျော်ဖွယ်မရှိဟု မှတ်သားမှု သဗ္ဗလောကေ အနဘိရတိ သညာကို ပွားရခြင်း၊
၅။ မမြဲဟု မှတ်သားမှု အနိစ္စသညာကို ပွားရခြင်း၊
၆။ မမြဲခြင်း၌ ဆင်းရဲဟု မှတ်သားမှု အနိစ္စေ ဒုက္ခသညာကို ပွားရခြင်း၊
၇။ ဆင်ရဲခြင်း၌ အစိုးမရဟု မှတ်သားမှု ဒုက္ခေ အနတ္တသညာကို ပွားရခြင်း။ (အံ၊၂၊၅၁၃။) (အံ၊မြန်၊၂။၆၃၈။)♦

ရာဂကို ထူးသောဉာဏ်ဖြင့် သိရန် ပွားထိုက်သော တရား ၅ ပါး

၁။ အသုဘသညာ- မတင့်တယ်ဟူ၍ ဖြစ်သော အမှတ်သညာ၊
၂။ မရဏသညာ- သေခြင်းကို အဖန်တလဲလဲ ရှုသော ဉာဏ်၌ ဖြစ်သော သညာ၊
၃။ အာဒီနဝသညာ- ခန္ဓာကိုယ်၌ ရှိသော အပြစ်အနာရောဂါတို့ကို ရှုဆင်ခြင်တတ်သော ဝိပဿနာဉာဏ်၌ ပါဝင်သော-သညာ၊
၄။ အာဟာရေ ပဋိကူလသညာ- (ရွာသို့ သွားရခြင်း, ရှာဖွေ တောင်းခံရခြင်း စသော ကိုးမျိုးသော အခြင်းအရာတို့ဖြင့်) အစာအာဟာရ၌ စက်ဆုပ် ရွံမုန်းဖွယ်ဟု ဖြစ်ပေါ်လာသော အမှတ်သညာ၊
၅။ သဗ္ဗလောကေ အနဘိရတိသညာ- လောကအားလုံး၌ မမွေ့လျော်ဖွယ်ဟု ဖြစ်သော အမှတ်သညာ။ (အံ၊၂၊ ၂၄၄။) (အံ၊မြန်၊၂။၃၁၅။)♦

ရာဂကို ထူးသောဉာဏ်ဖြင့် သိရန် ပွားထိုက်သော တရား ၅ ပါး (တစ်နည်း)

၁။ အနိစ္စသညာ- မမြဲဟု ဖြစ်သော သညာ၊
၂။ အနတ္တသညာ- သင်္ခါရတို့၌ အစိုးမရ အနတ္တဟု ဖြစ်သော သညာ၊
၃။ မရဏသညာ၊
၄။ အာဟာရေ ပဋိကူလသညာ၊
၅။ သဗ္ဗလောကေ အနဘိရတိ သညာ။ (အံ၊၂၊၂၄၄။) (အံ၊မြန်၊၂။၃၁၆။)♦

ရာဂကို ထူးသောဉာဏ်ဖြင့် သိရန် ပွားထိုက်သော တရား ၅ ပါး (တစ်နည်း)

၁။ အနိစ္စသညာ၊
၂။ အနိစ္စ၌ ဒုက္ခဟု မှတ်ထင်မှု သညာ၊
၃။ ဒုက္ခ၌ အနတ္တဟု မှတ်ထင်မှု သညာ၊
၄။ ပဟာန သညာ၊
၅။ ဝိရာဂသညာ။ (အံ၊၂၊၂၄၅။) (အံ၊မြန်၊၂။၃၁၆။)♦

ရာဂကို ထူးသောဉာဏ်ဖြင့် သိရန် ပွားထိုက်သော တရား ၅ ပါး (တစ်နည်း)

၁။ သဒ္ဓိန္ဒြေ၊
၂။ ဝီရိယိန္ဒြေ၊
၃။ သတိန္ဒြေ၊
၄။ သမာဓိန္ဒြေ၊
၅။ ပညိန္ဒြေ။ (အံ၊၂၊၂၄၅။) (အံ၊မြန်၊၂။၃၁၆။)♦

ရာဂကို ထူးသောဉာဏ်ဖြင့် သိရန် ပွားထိုက်သော တရား ၅ ပါး (တစ်နည်း)

၁။ သဒ္ဓါဗိုလ်၊
၂။ ဝီရိယဗိုလ်၊
၃။ သတိဗိုလ်၊
၄။ သမာဓိဗိုလ်၊
၅။ ပညာဗိုလ်။ (အံ၊၂၊၂၄၅။) (အံ၊မြန်၊၂။၃၁၆။)♦

ရာဂငြိမ်းကြောင်း စကား ၁၀ မျိုး

၁။ အပ္ပိစ္ဆကထာ- အလိုနည်းမှု စသည်နှင့် စပ်သော စကား၊
၂။ သန္တုဋ္ဌိကထာ- ရောင့်ရဲ တင်းတိမ်မှုနှင့် စပ်သော စကား၊
၃။ ပဝိဝေကကထာ-ကင်းဆိတ်မှုနှင့် စပ်သော စကား၊
၄။ အသံသဂ္ဂကထာ- ကိုယ်လက်နှီးနှောခြင်း စသည်နှင့် မဆက်စပ်သော စကား၊
၅။ ဝီရိယာရမ္ဘကထာ- ရှုမှတ်ကြိုးစား ပွားများအားထုတ်မှုနှင့် စပ်သော စကား၊
၆။ သီလကထာ- သီလနှင့် စပ်သော စကား၊
၇။ သမာဓိကထာ- သမာဓိနှင့် စပ်သော စကား၊
၈။ ပညာကထာ- ပညာနှင့် စပ်သော စကား၊
၉။ ဝိမုတ္တိကထာ- အရဟတ္တဖိုလ်နှင့် စပ်သော စကား၊
၁၀။ ဝိမုတ္တိဉာဏဒဿနကထာ- အရဟတ္တဖိုလ်ကို သိကြောင်း ဉာဏ် အမြင်နှင့် စပ်သော စကား။ (ဥဒါန၊၁၁၉။) (ဥဒါန၊မြန်။၁၀၈။)♦

ရာဂစရိုက်ရှိသူနှင့် သင့်လျော်သော ကမ္မဋ္ဌာန်း ၁၁ ပါး

၁။ အသုဘကမ္မဋ္ဌာန်း ဆယ်ပါး၊
၂။ ကာယဂတာ သတိ- ပေါင်း ဆယ့်တစ်ပါး။ (ဝိသုဒ္ဓိ၊၁၊၁၁၀။) (သာရတ္ထ၊ဋီ၊၂၊၂၀၃။)♦

ရာဇဂြိုဟ်ပြည်၌ ပညတ်အပ်သော သိက္ခာပုဒ် ၂၁ ပုဒ်

၁။ အဒိန္နာဒါန သိက္ခာပုဒ်၊
၂။ ပဌမဒုဋ္ဌဒေါသ သိက္ခာပုဒ်၊
၃။ ဒုတိယ ဒုဋ္ဌဒေါသသိက္ခာပုဒ်၊
၄။ သံဃဘေဒကသိက္ခာပုဒ်၊
၅။ ဘေဒါနုဝတ္တက သိက္ခာပုဒ်၊
၆။ အညာတိကစီဝရပဋိဂ္ဂဟဏသိက္ခာပုဒ်၊
၇။ ရူပိယသံဝေါဟာရ သိက္ခာပုဒ်၊
၈။ သုတ္တဝိညာပနသိက္ခာပုဒ်၊
၉။ ဥဇ္ဈာပနကသိက္ခာပုဒ်၊
၁၀။ ဘိက္ခုနီပရိပါစိတပိဏ္ဍပါတ သိက္ခာပုဒ်၊
၁၁။ ဂဏဘောဇနသိက္ခာပုဒ်၊
၁၂။ ဝိကာလ ဘောဇနသိက္ခာပုဒ်၊
၁၃။ စာရိတ္တ သိက္ခာပုဒ်၊
၁၄။ ဩရေနဒ္ဓမာသနှာနသိက္ခာပုဒ်၊
၁၅။ ဦနဝီသတိဝဿသိက္ခာပုဒ်၊
၁၆။ စီဝရံ ဒတွာ ခီယနသိက္ခာပုဒ်၊
၁၇။ ဝေါသာသသိက္ခာပုဒ်၊
၁၈။ ဂိရဂ္ဂသမဇ္ဇသိက္ခာပုဒ်၊
၁၉။ အန္တောဝဿ စာရိကစရဏသိက္ခာပုဒ်၊
၂၀။ ဝဿာစာရိကပက္ကမနသိက္ခာပုဒ်၊
၂၁။ ပါရိဝါသိကဆန္ဒဒါန သိက္ခာပုဒ်။ (ဝိ၊၅၊၂၅၆။) (ဝိ၊မြန်၊၅။၃၄၉။)♦

ရာဇသိက္ခာပုဒ်၌ အင်္ဂါ ၄ မျိုး

၁။ ရဟန်းက ညွှန်ပြအပ်သော ကပ္ပိယကာရက ဖြစ်ခြင်း၊
၂။ တမန်သည် အပ်ထားခြင်း၊
၃။ သတ်မှတ်ထားသော အတိုင်းအရှည်ထက် ပိုလွန်စွာ ရလိုခြင်း၌ အားထုတ်ခြင်း၊
၄။ ထိုသို့ သော လုံ့လပြုမှုကြောင့် ရရှိခြင်း။ (သာရတ္ထ၊ဋီ၊၂၊၄၁၂။) (ဝိမတိ၊၁၊၃၃၂။)♦

ရာသိ ၃ ပါး

၁။ မိစ္ဆတ္တနိယတရာသိ- မှားယွင်းသော သဘောရှိသည် ဖြစ်၍ မြဲသော အစု၊
၂။ သမ္မတ္တနိယတရာသိ- မှန်သော သဘောရှိသည် ဖြစ်၍ မြဲသော အစု၊
၃။ အနိယတရာသိ- မမြဲသော အစု။ (အဘိ၊က၊၄၄၀။) (နေတ္တိ၊ဋ္ဌ၊၈၀။) (အဘိ၊က၊မြန်၊၂။၃၆၉။)♦

ရိုသေခြင်း ၆ ပါး

၁။ ဘုရား၌ ရိုသေခြင်း၊
၂။ တရားတော်၌ ရိုသေခြင်း၊
၃။ သံဃာတော်၌ ရိုသေခြင်း၊
၄။ အကျင့်သိက္ခာ၌ ရိုသေခြင်း၊
၅။ အပ္ပမာဒတရား၌ ရိုသေခြင်း၊
၆။ အာမိသနှင့် ဓမ္မတို့ဖြင့် အစေ့အစပ်ပြုခြင်း ပဋိသန္ဓာရတရား၌ ရိုသေခြင်း။ (ဝိ၊၅၊၁၆၅။) (ဒီ၊၃၊၂၀၂။) (ဝိ၊မြန်၊၅။၂၄၄။) (ဒီ၊မြန်၊၃။၂၂၅။)♦

ရိုသေခြင်း တရား ၆ ပါး

ထူးသော အဖို့ရှိသော တရား ၆ ပါး၊ ဝိသေသဘာဂိယတရား ၆ ပါး တို့နှင့် တူသည်။ ♦

ရိုသေမှု မပြုသော ပုဂ္ဂိုလ် ၁၂ ယောက်

၁။ ရာဂကြီးသောသူ (ရာဂအစွမ်းကြောင့် ရိုသေမှု မပြု)၊
၂။ ဒေါသကြီးသောသူ (ဒေါသအစွမ်းကြောင့် ရိုသေမှု မပြု)၊
၃။ မောဟကြီးသောသူ (မောဟ အစွမ်းကြောင့် ရိုသေမှု မပြု)၊
၄။ မာန်မာန တက်ကြွသောသူ (မာနအစွမ်းကြောင့် ရိုသေမှု မပြု)၊
၅။ ဂုဏ်ကြက်သရေ မရှိသောသူ (ဂုဏ်အထူးမရှိသောကြောင့် ရိုသေမှုမပြု)၊
၆။ အလွန်ခက်ထန်သောသူ (အချုပ်အတည်း အတားအမြစ် မရှိသောကြောင့် ရိုသေမှုမပြု)၊
၇။ ယုတ်ညံ့သောသူ (ယုတ်ညံ့သော သဘောထားရှိသောကြောင့် ရိုသေမှုမပြု)၊
၈။ သူတစ်ပါး အလိုသို့ လိုက်ရသောသူ (မိမိကိုယ်ကို အစိုးမရသောကြောင့် ရိုသေမှုမပြု)၊
၉။ ယုတ်မာသော အကျင့်ရှိသောသူ (ကောက်ကျစ်စဉ်းလဲသော သဘောထားရှိသောကြောင့် ရိုသေမှုမပြု)၊
၁၀။ နှိပ်စက်ဆင်းရဲခံနေရသူ (တုံ့ပြန်နှိပ်စက်လိုသောကြောင့် ရိုသေမှုမပြု)၊
၁၁။ လောဘ ကြီးသူ (လိုချင်မှုလောဘ ဖိစီးနှိပ်စက်သောကြောင့် ရိုသေမှု မပြု)၊
၁၂။ တစ်စုံတစ်ခုကို ပြုလုပ်အားထုတ်ဆဲဖြစ်သော ပုဂ္ဂိုလ် (ပြုဆဲအမှုကိစ္စ ပြီးမြောက်စေလိုသောကြောင့် ရိုသေမှုမပြု)။ (မိလိန္ဒ၊၁၇၉။) (မိလိန္ဒ၊မြန်။၁၉၃။)♦

ရိုသေမှု မရှိခြင်း စသည်တို့ ဖြစ်ကြောင်း တရား ၃ ပါး

၁။ အဟိရီက- အရှက် မရှိခြင်း၊
၂။ အနောတ္တပ္ပ- အကြောက်မရှိခြင်း၊
၃။ ပမာဒ- မေ့လျော့ခြင်း။ (အံ၊၃၊၃၇၂။) (အံ၊မြန်၊၃။၃၆၉။)♦

ရုက္ခမူဓုတင် ၃ မျိုး

၁။ ဥက္ကဋ္ဌ ရုက္ခမူဓုတင်၊
၂။ မဇ္ဈိမ ရုက္ခမူဓုတင်၊
၃။ မုဒုက ရုက္ခမူဓုတင်။ (ဝိသုဒ္ဓိ၊၁၊၇၁။)♦

ရုက္ခမူဓုတင် ဆောက်တည်ရကျိုး ၇ ပါး

၁။ ရုက္ခမူလသေနာသနံ နိဿာယ ပဗ္ဗဇ္ဇာဟု ဘုရားရှင် ဟောကြားထားသော စကားတော်နှင့် အညီ(တတိယ) နိဿယအားလျော်သော အကျင့် ရှိခြင်း၊
၂။ သစ်ပင်ရင်း တည်းဟူသော ကျောင်းသည် ဘုရားရှင် ချီးမွမ်းအပ်သော ပစ္စည်း ဖြစ်ခြင်း၊
၃။ သစ်ရွက်တို့၏ အမြဲမပြတ် ဖောက်ပြန် ပြောင်းလဲခြင်းကို တွေ့မြင်ရသဖြင့် အနိစ္စသညာကို ဖြစ်စေခြင်း၊
၄။ အလုပ်အကိုင်တို့၌ မွေ့လျော်မှု ကျောင်း၌ ဝန်တိုမှုတို့ မရှိခြင်း၊
၅။ ရုက္ခစိုးနတ်တို့နှင့် အတူတကွ နေထိုင်ရခြင်း၊
၆။ အပ္ပိစ္ဆတာ စသည်တို့အား လျော်သော အကျင့်ရှိခြင်း။ (ဝိသုဒ္ဓိ၊၁၊၇၂။)♦

ရုက္ခမူဓုတင် ဆောက်တည်သူ ၅ မျိုး

၁။ ပညာနုံ့၍ မိုက်မဲ တွေဝေသောကြောင့် ဆောက်တည်ခြင်း၊
၂။ ယုတ်မာသော အလိုဆိုး နှိပ်စက်သောကြောင့် ဆောက်တည်ခြင်း၊
၃။ စိတ်ပျံ့လွင့် ရူးသွပ်သောကြောင့် ဆောက်တည်ခြင်း၊
၄။ ဘုရားရှင်နှင့် ဘုရားရှင်၏ တပည့်တို့သည် ချီးမွမ်း အပ်၏ဟု ဆောက်တည်ခြင်း၊
၅။ အလိုနည်းမှု, ရောင့်ရဲမှု, ခေါင်းပါးမှု, ဆိတ်ငြိမ်မှုတို့ကို အမှီပြု၍ ကောင်းသော အကျင့်ကို အလိုရှိသောကြောင့် ဆောက်တည်ခြင်း။ (အဘိ၊ပု၊မြန်။၈၄။)♦

ရုက္ခမူဓုတင် ဆောက်တည်သော ရဟန်း ရှောင်ကြဉ်ရမည့် သစ်ပင် ၇ မျိုး

၁။ မင်းနှစ်ပါးတို့၏ တိုင်းပြည်နယ်စပ် သစ်ပင်၊
၂။ လူတို့ ပူဇော်ပသသော နတ်စိုးသစ်ပင်၊
၃။ သစ်စေးပင် အစရှိသော အစေးအသုံးဝင်သော သစ်ပင်၊
၄။ သရက် အစရှိသော အသီးသီးသော သစ်ပင်၊
၅။ လင်းဆွဲများနေသော သစ်ပင်၊
၆။ မြွေ၊ ကင်း စသည့်သတ္တဝါများ ခိုအောင်းနိုင်သော အခေါင်းရှိသော သစ်ပင်၊
၇။ ကျောင်းတိုက်အလယ်၌ရှိသော သစ်ပင်။ (ဝိသုဒ္ဓိ၊၁၊၇၁။)♦

ရုန့်ရင်းကြမ်းတမ်းသော စကား ၃ မျိုး (သံဃာဒိသိသ်အာပတ်သင့်စေသည့် ရုန့်ရင်း ကြမ်းတမ်းသော စကား)

၁။ သိခရဏီသိ- နိမိတ်အပြင်သို့ထွက်သော အသားတို့ ရှိသော မိန်းမဟု ပြောဆိုခြင်း၊
၂။ သမ္ဘိန္နာသိ- ဝစ္စမဂ်နှင့် ပဿာဝမဂ် တစ်စပ်တည်းရှိသော မိန်းမဟု ပြောဆိုခြင်း၊
၃။ ဥဘတောဗျဉ္ဇနာသိ- မိန်းမအင်္ဂါဇာတ်, ယောကျ်ားအင်္ဂါဇာတ် နှစ်မျိုးရှိသော မိန်းမဟု ပြောဆိုခြင်း။ (ဝိ၊ဋ္ဌ၊၂၊၁၃၄။)♦

ရုန့်ရင်းသော မကောင်းမှု ၆ မျိုး

၁။ အမိကို သတ်ခြင်း၊
၂။ အဖကို သတ်ခြင်း၊
၃။ ရဟန္တာကို သတ်ခြင်း၊
၄။ ဘုရားရှင်အား သွေးထွက်သံယို ဖြစ်စေခြင်း၊
၅။ သံဃာအား သင်းကွဲစေခြင်း၊
၆။ ဘုရားရှင်မှ တစ်ပါး အခြားဘုရားဟု အမည်တွင်သူကို ယုံကြည်ကိုးကွယ်ခြင်း။ (သုတ္တနိ၊ဋ္ဌ၊၁၊၂၈၇။)♦

ရုပ် ၁၁ မျိုး

၁။ အတီတရုပ်၊
၂။ အနာဂတရုပ်၊
၃။ ပစ္စုပ္ပန္နရုပ်၊
၄။ အဇ္ဈတ္တရုပ်၊
၅။ ဗဟိဒ္ဓရုပ်၊
၆။ ဩဠာရိကရုပ်၊
၇။ သုခုမရုပ်၊
၈။ ဟီနရုပ်၊
၉။ ပဏီတရုပ်၊
၁၀။ ဒူရေရုပ်၊
၁၁။ သန္တိကေရုပ်။ (အဘိ၊ဝိ၊၁။) (အဘိ၊ဝိ၊မြန်၊၁။၁။)♦

ရုပ် ၂၈ ပါး

၁။ ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယော ဟု ဆိုအပ်သော မဟာဘုတ်ရုပ် (၄) ပါး၊
၂။ ထိုမဟာဘုတ်ရုပ် လေးပါးကို စွဲမှီ၍ ဖြစ်သော ဥပါဒါရုပ် ၂၄ ပါး- ပေါင်း ၂၈ ပါး။ (အဘိ၊ဓ၊ ၁၄၅။) (အဘိ၊ဓ၊၂၅၆။) (အဘိ၊ဓ၊မြန်။၂၂၅၊၄၈၂။) (အဘိ၊ဓ၊မြန်။၂၂၅၊၄၈၂။)♦

ရုပ် ၃ မျိုး

၁။ မြင်ခြင်းနှင့်လည်း တကွဖြစ်သော ထိပါးခြင်းနှင့်လည်း တကွဖြစ်သော ရုပ်၊
၂။ မြင်ခြင်းကား မရှိ ထိပါးခြင်းနှင့်သာ တကွဖြစ်သော ရုပ်၊
၃။ မြင်ခြင်းလည်း မရှိ ထိပါး ခြင်းလည်း မရှိသော ရုပ်။ (ဒီ၊၃၊၁၈၂။) (ဒီ၊မြန်၊၃။၂၀၂။)♦

ရုပ် ၄ မျိုး

၁။ ကံကြောင့် ဖြစ်သော ရုပ်၊
၂။ စိတ်ကြောင့် ဖြစ်သော ရုပ်၊
၃။ ဥတုကြောင့် ဖြစ်သော ရုပ်၊
၄။ အာဟာရကြောင့် ဖြစ်သော ရုပ်။ (အံ၊ဋီ၊၁၊၅၈။)♦

ရုပ် ၅ မျိုး

၁။ ဧကဇရုပ်- အကြောင်း ၁ ပါးကြောင့် ဖြစ်သော ရုပ်၊
၂။ ဒွိဇရုပ်- (ဥတု, စိတ် ဟူသော) အကြောင်း ၂ ပါးကြောင့် ဖြစ်သော ရုပ်၊
၃။ တိဇရုပ်- (ဥတု, စိတ်, အာဟာရ ဟူသော) အကြောင်း ၃ ပါးကြောင့် ဖြစ်သော ရုပ်၊
၄။ စတုဇရုပ်- (ကံ, စိတ်, ဥတု, အာဟာရဟူသော) ၄- ပါးသော အကြောင်းကြောင့်ဖြစ်သော ရုပ်၊
၅။ နကုတောစိဇာတရုပ်- အကြောင်းမဲ့ ဖြစ်သော ရုပ်။ (ဝိသုဒ္ဓိ၊၂၊၈၂။)♦

ရုပ် ဂတိ ၅ မျိုး

၁။ ဂတိဂတိ- (ခန္ဓာ ၅-ပါး၏) ကျင်လည်၍ ဖြစ်ရာအရပ်၊
၂။ သဉ္ဇာတိ ဂတိ- ကောင်းစွာ ဖြစ်ရာ အရပ်၊
၃။ သလက္ခဏဂတိ- အသီးအခြားအမှတ်အသား, သာမည အမှတ်အသားနှင့် တကွ ဖြစ်ခြင်း၊
၄။ ဝိဘဝဂတိ- ပျက်စီးခြင်းသို့ ရောက်ခြင်း၊
၅။ ဘေဒ ဂတိ- ပျက်စီးခြင်း။ (သံ၊ဋ္ဌ၊၃၊၁၀၉။)♦

ရုပ် အတိတ် အနာဂတ် ပစ္စုပ္ပန် မည်ပုံ ၄ မျိုး

၁။ အဓွန့်ကာလအားဖြင့်၊
၂။ ဖြစ်စဉ်အားဖြင့်၊
၃။ အချိန်အခါအားဖြင့်၊
၄။ ဥပါဒ်၊ ဌီ၊ ဘင် တည်းဟူသော ခဏအားဖြင့်။ (သာရတ္ထ၊ဋီ၊၃၊၁၈၅။)♦

ရုပ်, ဝိညတ်, ဣရိယာပုတ်တို့ကို ဖြစ်စေနိုင်သော စိတ် ၃၂ ပါး

၁။ ကာမကုသိုလ်စိတ် ၈ ပါး၊
၂။ အကုသိုလ်စိတ် ၁၂ ပါး၊
၃။ ကိရိယာစိတ် ၁၀ ပါး၊
၄။ သေက္ခပုထုဇဉ်တို့၏ ကုသိုလ် အဘိညာဉ်စိတ် ၁ ပါး၊
၅။ ရဟန္တာပုဂ္ဂိုလ်တို့၏ ကြိယာအဘိညာဉ်စိတ် ၁ ပါး။ (အဘိ၊ဋ္ဌ၊၁၊၃၆၁။) (ဝိသုဒ္ဓိ၊၂၊၂၅၀။)♦

ရုပ်, ဣရိယာပုတ်, ဝိညတ်တို့ကို မဖြစ်စေနိုင်သော စိတ် ၁၆ ပါး

၁။ ဒွိပဉ္စဝိညာဏ် စိတ် ၁၀ ပါး၊
၂။ သတ္တဝါအားလုံးတို့၏ ပဋိသန္ဓေစိတ် ၁ ပါး၊
၃။ ရဟန္တာတို့၏ စုတိစိတ် ၁ ပါး၊
၄။ အရူပ ဝိပါက်စိတ် ၄ ပါး။ (အဘိ၊ဋ္ဌ၊၁၊၃၆၂။) (ဝိသုဒ္ဓိ၊၂၊၂၅၀။)♦

ရုပ်ကို မသိပုံ ၂ မျိုး

၁။ အရေအတွက်အားဖြင့် ရုပ်ကို မသိခြင်း၊
၂။ ဖြစ်ကြောင်းအားဖြင့် ရုပ်ကို မသိခြင်း။ (မ၊ဋ္ဌ၊၂၊၁၆၃။)♦

ရုပ်ကို လွန်ခြင်း ၄ မျိး

၁။ သိအပ်ပြီးသော လွန်ခြင်း (ဉာတဝိဘူတ)၊
၂။ စုံစမ်းခြင်း ဟူသော လွန်ခြင်း (တီရဏဝိဘူတ)၊
၃။ ပယ်ခြင်း ဟူသော လွန်ခြင်း (ပဟာနဝိဘူတ)၊
၄။ ကောင်းစွာ လွန်ခြင်း ဟူသော လွန်ခြင်း (သမတိက္ကမဝိဘူတ) ။ (မဟာနိ၊၂၁၄။)♦

ရုပ်ကိုသာ ဖြစ်စေတတ်သော စိတ် ၁၉ ပါး

၁။ မနောဓာတ် (၃။) ပါး၊
၂။ တဒါရုံစိတ် (၁၁) ပါး၊
၃။ ရူပဝိပါက်စိတ် (၅) ပါး ပေါင်း (၁၉) ပါး။ (ဝိသုဒ္ဓိ၊၂၊၂၅၀။)♦

ရုပ်ကိုသာ ဖြစ်စေနိုင်သော စိတ် ၁၉ ပါး (တစ်နည်း)

၁။ ကာမကုသိုလ်ဝိပါက် ၁၁ ပါး၊
၂။ အကုသိုလ်ဝိပါက် ၂ ပါး၊
၃။ ကြိယာမနောဓာတ် ၁ ပါး၊
၄။ ရူပဝိပါက်စိတ် ၅ ပါး။ (အဘိ၊ဋ္ဌ၊၁၊၃၆၁။)♦

ရုပ်နှင့် ဣရိယာပုတ် နှစ်မျိုးကို ဖြစ်စေတတ်သော စိတ် ၂၆ ပါး

၁။ ရူပကုသိုလ်စိတ် (၅) ပါး၊
၂။ ရူပကြိယာစိတ် (၅) ပါး၊
၃။ အရူပကုသိုလ်စိတ် (၄) ပါး၊
၄။ အရူပကြိယာစိတ် (၄) ပါး၊
၅။ လောကုတ္တရာစိတ် (၈) ပါး ပေါင်း (၂၆) ပါး။ (ဝိသုဒ္ဓိ၊၂၊၂၅၀။) (အဘိ၊ဋ္ဌ၊၁၊၃၆၁။) (ဝိသုဒ္ဓိ၊၂၊၂၅၀။)♦

ရူပက္ခန္ခာ ၁၀ ပါး

၁။ စက္ခုန္ဒြေ၊
၂။ သောတိန္ဒြေ၊
၃။ ဃာနိန္ဒြေ၊
၄။ ဇိဝှိန္ဒြေ၊
၅။ ကာယိန္ဒြေ၊
၆။ ဣတ္ထိန္ဒြေ။၇။ ပုရိသိန္ဒြေ၊
၈။ ဇီဝိတိန္ဒြေ။၉။ ဣန္ဒြေ မမည်မူ၍ ထိပါးခြင်းနှင့် တကွ ဖြစ်သော ရုပ် (ဝိသယရုပ် ခုနစ်ပါး။)၊
၁၀။ ဣန္ဒြေ မမည်မူ၍ ထိပါးခြင်းနှင့် တကွ မဖြစ်သော ရုပ် (နဣန္ဒြိယအပ္ပဋိဃရုပ်)။ (အဘိ၊ဝိ၊၁၅။) (အဘိ၊ဝိ၊မြန်၊၁။၆၉။)♦

ရူပက္ခန္ဓာ ၁၁ ပါး

၁။ စက္ခာယတန၊
၂။ သောတာယတန၊
၃။ ဃာနာယတန၊
၄။ ဇိဝှါယတန၊
၅။ ကာယာယတန၊
၆။ ရူပါယတန၊
၇။ သဒ္ဒါယတန၊
၈။ ဂန္ဓာယတန၊
၉။ ရသာယတန၊
၁၀။ ဖောဋ္ဌဗ္ဗာယတန၊
၁၁။ ဓမ္မာယတန၌ အကျုံးဝင်၍ မြင်တွေ့အပ်၊ ထိပါးအပ်သည်၏ အဖြစ် မရှိသော ရုပ်။ မှတ်ချက်။ ။ ဤနေရာ၌ ဝေဒနာက္ခန္ဓာ ၁ ပါး ကျန်သည်။ (အဘိ၊ဝိ၊၁၅။) (အဘိ၊ဝိ၊မြန်၊၁။၇၀။)♦

ရူပက္ခန္ဓာ ၅ ပါး

၁။ ပထဝီဓာတ်၊
၂။ အာပေါဓာတ်၊
၃။ တေဇောဓာတ်၊
၄။ ဝါယောဓာတ်၊
၅။ ဥပါဒါရုပ်။ (အဘိ၊ဝိ၊၁၄။) (အဘိ၊ဝိ၊မြန်၊၁။၆၇။)♦

ရူပက္ခန္ဓာ ၆ ပါး

၁။ စက္ခုဝိညာဏ်ဖြင့် သိအပ်သော ရုပ် စက္ခုဝိညေယျရုပ် (ရူပါရုံ)၊
၂။ သောတဝိညာဏ်ဖြင့် သိအပ်သော ရုပ် သောတဝိညေယျရုပ် (သဒ္ဒါရုံ)၊
၃။ ဃာနဝိညာဏ်ဖြင့် သိအပ်သော ရုပ် ဃာနဝိညေယျရုပ် (ဂန္ဓာရုံ)၊
၄။ ဇိဝှါဝိညာဏ်ဖြင့် သိအပ်သော ရုပ် ဇိဝှါဝိညေယျရုပ် (ရသာရုံ)၊
၅။ ကာယဝိညာဏ်ဖြင့် သိအပ်သော ရုပ် ကာယဝိညေယျရုပ် (ဖောဋ္ဌဗ္ဗာရုံ)၊
၆။ မနောဝိညာဏ်ဖြင့် သိအပ်သော ရုပ် မနောဝိညေယျရုပ် (ရုပ်အားလုံး)။ (အဘိ၊ဝိ၊၁၄။) (အဘိ၊ဝိ၊မြန်၊၁။၆၇။)♦

ရူပက္ခန္ဓာ ၇ ပါး

၁။ စက္ခုဝိညာဏ်ဖြင့် သိအပ်သော ရုပ် စက္ခုဝိညေယျရုပ် (ရူပါရုံ)၊
၂။ သောတ ဝိညာဏ်ဖြင့် သိအပ်သော ရုပ် သောတဝိညေယျရုပ် (သဒ္ဒါရုံ)၊
၃။ ဃာနဝိညာဏ်ဖြင့် သိအပ်သော ရုပ် ဃာနဝိညေယျရုပ် (ဂန္ဓာရုံ)၊
၄။ ဇိဝှါဝိညာဏ်ဖြင့် သိအပ်သော ရုပ် ဇိဝှါ ဝိညေယျရုပ် (ရသာရုံ)၊
၅။ ကာယဝိညာဏ်ဖြင့် သိအပ်သော ရုပ် ကာယဝိညေယျရုပ် (ဖောဋ္ဌဗ္ဗာရုံ)၊
၆။ မနောဓာတ်ဖြင့် သိအပ်သော ရုပ် မနောဓာတုဝိညေယျရုပ် (ပဉ္စာရုံ)၊
၇။ မနော ဝိညာဏဓာတ်ဖြင့် သိအပ်သော ရုပ် မနောဝိညာဏဓာတုဝိညေယျရုပ် (ရုပ်အားလုံး)။ (အဘိ၊ဝိ၊၁၄။) (အဘိ၊ဝိ၊မြန်၊၁။၆၇။)♦

ရူပက္ခန္ဓာ ၈ ပါး

၁။ စက္ခုဝိညာဏ်ဖြင့် သိအပ်သော ရုပ်၊
၂။ သောတဝိညာဏ်ဖြင့် သိအပ်သော ရုပ်၊
၃။ ဃာနဝိညာဏ်ဖြင့် သိအပ်သော ရုပ်၊
၄။ ဇိဝှါဝိညာဏ်ဖြင့် သိအပ်သော ရုပ်၊ ကာယဝိညာဏ် ဖြင့် သိအပ်သော ရုပ်၊
၆။ ကောင်းသော အတွေ့အထိ မကောင်းသော အတွေ့အထိရှိသော ရုပ်၊
၈။ မနောဝိညာဏဓာတ်ဖြင့် သိအပ်သော ရုပ်။ (အဘိ၊ဝိ၊၁၅။) (အဘိ၊ဝိ၊မြန်၊၁။၆၈။)♦

ရူပက္ခန္ဓာ ၉ ပါး

၁။ စက္ခုန္ဒြေ၊
၂။ သောတိန္ဒြေ၊
၃။ ဃာနိန္ဒြေ၊
၄။ ဇိဝှိန္ဒြေ၊
၅။ ကာယိန္ဒြေ၊
၆။ ဣတ္ထိန္ဒြေ၊
၇။ ပုရိသိန္ဒြေ၊
၈။ ဇီဝိတိန္ဒြေ၊
၉။ ဣန္ဒြေမမည်သော ရုပ် (ဝါ) ဣန္ဒြိယရုပ် ရှစ်ခုမှ တစ်ပါးသော ရုပ်။ (အဘိ၊ဝိ၊၁၅။) (အဘိ၊ဝိ၊မြန်၊၁။၆၉။)♦

ရူပက္ခန္ဓာ၏ ပျက်ခြင်းကို ရှုသော ပုဂ္ဂိုလ် မြင်သော လက္ခဏာ ၅ ပါး

၁။ အဝိဇ္ဇာ ချုပ်ခြင်းကြောင့် ရုပ်ချုပ်၏ဟု အကြောင်းတရား ချုပ်ခြင်းကြောင့် ရူပက္ခန္ဓာ၏ ချုပ်ခြင်းကို မြင်ခြင်း၊
၂။ တဏှာချုပ်ခြင်းကြောင့် ရုပ်ချုပ်၏ဟု အကြောင်းတရား ချုပ်ခြင်းကြောင့် ရူပက္ခန္ဓာ၏ ချုပ်ခြင်းကို မြင်ခြင်း၊
၃။ ကံချုပ်ခြင်းကြောင့် ရုပ်ချုပ်၏ဟု အကြောင်းတရား ချုပ်ခြင်းကြောင့် ရူပက္ခန္ဓာ၏ ချုပ်ခြင်းကို မြင်ခြင်း၊
၄။ အာဟာရချုပ်ခြင်းကြောင့် ရုပ်ချုပ်၏ဟု အကြောင်း တရား ချုပ်ခြင်းကြောင့် ရူပက္ခန္ဓာ၏ ချုပ်ခြင်းကို မြင်ခြင်း၊
၅။ ဖောက်ပြန်ခြင်း လက္ခဏာကို ရှုသော သူသည်လည်း ရူပက္ခန္ဓာ၏ ချုပ်ခြင်းကို မြင်ခြင်း။ (ပဋိသံ၊၅၃။) (ပဋိသံ၊မြန်။၇၁။)♦

ရူပက္ခန္ဓာ၏ ဖြစ်ခြင်း(ဥပါဒ်)ကို ရှုသောအခါ တွေ့မြင်ရသော လက္ခဏာ ၅ ပါး

၁။ အဝိဇ္ဇာ၊
၂။ တဏှာ၊
၃။ ကံ၊
၄။ အာဟာရ၊
၅။ နိဗ္ဗတ္တိ- ခန္ဓာစသော ရုပ်နာမ်တရားတို့၏ ဖြစ်ခြင်း။ (ပဋိသံ၊ဋ္ဌ၊၁၊၂၃၅။)♦

ရူပက္ခန္ဓာ၏ ဖြစ်ခြင်းကို ရှုသော ပုဂ္ဂိုလ် မြင်သော လက္ခဏာ ၅ ပါး

၁။ အဝိဇ္ဇာ ဖြစ်ခြင်းကြောင့် ရုပ်ဖြစ်၏ဟု အကြောင်းဖြစ်ခြင်းကြောင့် ရူပက္ခန္ဓာဖြစ်ခြင်းကို မြင်ခြင်း၊
၂။ တဏှာဖြစ်ခြင်းကြောင့် ရုပ်ဖြစ်၏ဟု အကြောင်းတရား ဖြစ်ခြင်းကြောင့် ရူပက္ခန္ဓာ ဖြစ်ခြင်းကို မြင်ခြင်း၊
၃။ ကံဖြစ်ခြင်းကြောင့် ရုပ်ဖြစ်၏ဟု အကြောင်းတရား ဖြစ်ခြင်းကြောင့် ရူပက္ခန္ဓာဖြစ်ခြင်းကို မြင်ခြင်း၊
၄။ အာဟာရဖြစ်ခြင်းကြောင့် ရုပ်ဖြစ်၏ဟု အကြောင်းတရား ဖြစ်ခြင်းကြောင့် ရူပက္ခန္ဓာဖြစ်ခြင်းကို မြင်ခြင်း၊
၅။ ဖြစ်ပေါ်ခြင်းလက္ခဏာကို ရှုသော သူသည်လည်း ရူပက္ခန္ဓာ၏ ဖြစ်ခြင်းကို မြင်ခြင်း။ (ပဋိသံ၊၅၃။) (ပဋိသံ၊မြန်။၇၁။)♦

ရူပတဏှာ ၃ မျိုး

၁။ ကာမတဏှာ- ကာမဂုဏ်၌ လိုချင် တပ်မက်မှု၊
၂။ ဘဝတဏှာ- သဿတ ဒိဋ္ဌိနှင့် တကွဖြစ်သော တဏှာ၊
၃။ ဝိဘဝတဏှာ- ဘဝ၏ ပြတ်ခြင်း ပျက်စီးခြင်း ကင်းခြင်း၌ ဖြစ်သော တဏှာ။ (သံ၊ဋ္ဌ၊၂၊၁၄။)♦

ရူပပဋိသန္ဓေ ဓာတ် ၅ ပါး

၁။ စက္ခုဓာတ်၊
၂။ ရူပဓာတ်၊
၃။ သောတဓာတ်၊
၄။ မနောဝိညာဏ ဓာတ်၊
၅။ ဓမ္မဓာတ်။ (အဘိ၊ဝိ၊၄၃၃။) (အဘိ၊ဝိ၊မြန်၊၂။၅၅၀။)♦

ရူပပဋိသန္ဓေ ဟိတ် ၃ ပါး

၁။ အလောဘ ဟူသော ဝိပါက်ဟိတ်၊
၂။ အဒေါသ ဟူသော ဝိပါက်ဟိတ်၊
၃။ အမောဟ ဟူသော ဝိပါက်ဟိတ် ပေါင်း ၃ ပါး။ (အဘိ၊ဝိ၊၄၃၃။) (အဘိ၊ဝိ၊မြန်၊၂။၅၅၁။)♦

ရူပပဋိသန္ဓေ အာယတန ၅ ပါး

၁။ စက္ခာယတန၊
၂။ ရူပါယတန၊
၃။ သောတာယတန၊
၄။ မနာယတန၊
၅။ ဓမ္မာယတန။ (အဘိ၊ဝိ၊၄၃၃။) (အဘိ၊ဝိ၊မြန်၊၂။၅၅၀။)♦

ရူပပဋိသန္ဓေ အာဟာရ ၃ ပါး

၁။ တွေ့ထိမှု ဖဿာဟာရ၊
၂။ စိတ်စေ့ဆော်မှု မနောသေဉ္စတနာ ဟာရ၊
၃။ သိမှု ဝိညာဏာဟာရ။ (အဘိ၊ဝိ၊၄၃၄။) (အဘိ၊ဝိ၊မြန်၊၂။၅၅၁။)♦

ရူပဗြဟ္မာ့ပြည်၌ မဖြစ်သော ကမ္မဋ္ဌာန်း ၁၃ ပါး

၁။ အသုဘ ကမ္မဋ္ဌာန်း ဆယ်ပါး၊
၂။ ကာယဂတာ သတိ၊
၃။ အာဟာရေ ပဋိကူလသညာ၊
၄။ အာနာပါနဿတိ။ (ဝိသုဒ္ဓိ၊၁၊၁၁၀။)♦

ရူပဘုံ ပဋိသန္ဓေ ဣန္ဒြေ ၁၀ ပါး

၁။ စက္ခုန္ဒြေ၊
၂။ သောတိန္ဒြေ၊
၃။ မနိန္ဒြေ၊
၄။ ဇီဝိတိန္ဒြေ၊ ၅။(သောမနဿိန္ဒြေ)၊ ၆။(ဥပေက္ခိန္ဒြေ)၊
၇။ သဒ္ဓိန္ဒြေ၊
၈။ ဝီရိယိန္ဒြေ၊
၉။ သတိန္ဒြေ၊
၁၀။ သမာဓိန္ဒြေ၊
၁၁။ ပညိန္ဒြေ၊ (သောမနဿိန္ဒြေနှင့် ဥပေက္ခိန္ဒြေတို့သည် တစ်ပါးဖြစ်လျှင် ကျန်တစ်ပါး မဖြစ်၊ ထိုကြောင့် (၁၀) ပါး ဖြစ်၏)။ (အဘိ၊ဝိ၊၄၃၃။) (အဘိ၊ဝိ၊မြန်၊၂။၅၅၁။)♦

ရူပဘုံ၌ ဖြစ်သော စိတ် ၄ ပါး

၁။ မြင်သိစိတ်- စက္ခုဝိညာဏ်၊
၂။ ကြားသိစိတ်- သောတဝိညာဏ်၊
၃။ သိကာမျှသဘော- မနောဓာတ်၊
၄။ အထူးသိမှုသဘော- မနောဝိညာဏဓာတ်။ (အဘိ၊ဝိ၊၄၂၀။) (အဘိ၊ဝိ၊မြန်၊၂။၅၃၂။)♦

ရူပဘုံ၌ ဖြစ်သော စေတနာ ၄ ပါး

၁။ မျက်စိ အတွေ့ကြောင့် ဖြစ်သော စေ့ဆော်မှု စေတနာ- စက္ခုသမ္ဖဿဇာ စေတနာ၊
၂။ နားအတွေ့ကြောင့် ဖြစ်သော စေ့ဆော်မှု စေတနာ- သောတ သမ္ဖဿဇာ စေတနာ၊
၃။ မနောဓာတ်အတွေ့ကြောင့် ဖြစ်သော စေ့ဆော်မှု စေတနာ- မနောဓာတု သမ္ဖဿဇာ စေတနာ၊
၄။ မနောဝိညာဏဓာတ် အတွေ့ကြောင့် ဖြစ်သော စေ့ဆော်မှု စေတနာ- မနောဝိညာဏဓာတုသမ္ဖဿဇာ စေတနာ။ (အဘိ၊ဝိ၊၄၂၀။) (အဘိ၊ဝိ၊မြန်၊၂။၅၃၂။)♦

ရူပဘုံ၌ ဖြစ်သော ဓာတ် ၉ ပါး

၁။ စက္ခုဓာတ်၊
၂။ ရူပဓာတ်၊
၃။ စက္ခုဝိညာဏဓာတ်၊
၄။ သောတ ဓာတ်၊
၅။ သဒ္ဒဓာတ်၊
၆။ သောတဝိညာဏဓာတ်၊
၇။ မနောဓာတ်၊
၈။ ဓမ္မဓာတ်၊
၉။ မနော ဝိညာဏဓာတ်။ (အဘိ၊ဝိ၊၄၁၉။) (အဘိ၊ဝိ၊မြန်၊၂။၅၃၀။)♦

ရူပဘုံ၌ ဖြစ်သော ဖဿ ၄ ပါး

၁။ မျက်စိအတွေ့-စက္ခုသမ္ဖဿ၊
၂။ နားအတွေ့-သောတသမ္ဖဿ၊
၃။ သိကာမျှသဘော မနောဓာတ်အတွေ့-မနောဓာတုသမ္ဖဿ၊
၄။ အထူးသိမှုသဘော မနော ဝိညာဏဓာတ်အတွေ့-မနောဝိညာဏဓာတုသမ္ဖဿ။ (အဘိ၊ဝိ၊၄၂၀။) (အဘိ၊ဝိ၊မြန်၊၂။၅၃၁။)♦

ရူပဘုံ၌ ဖြစ်သော ဝေဒနာ ၄ ပါး

၁။ မျက်စိ အတွေ့ကြောင့် ဖြစ်သော ခံစားမှု- စက္ခု သမ္ဖဿဇာ ဝေဒနာ၊
၂။ နားအတွေ့ကြောင့် ဖြစ်သော ခံစားမှု- သောတသမ္ဖဿဇာဝေဒနာ၊
၃။ မနောဓာတ် အတွေ့ကြောင့် ဖြစ်သော ခံစားမှု- မနောဓာတုသမ္ဖဿဇာဝေဒနာ၊
၄။ မနောဝိညာဏဓာတ် အတွေ့ကြောင့် ဖြစ်သော ခံစားမှု- မနောဝိညာဏဓာတုသမ္ဖဿဇာဝေဒနာ။ (အဘိ၊ဝိ၊၄၂၀။) (အဘိ၊ဝိ၊မြန်၊၂။၅၃၂။)♦

ရူပဘုံ၌ ဖြစ်သော သစ္စာ ၃ ပါး

၁။ ဒုက္ခသစ္စာ၊
၂။ သမုဒယသစ္စာ၊
၃။ နိရောဓသစ္စာ။ (အဘိ၊ဝိ၊၄၁၉။) (အဘိ၊ဝိ၊မြန်၊၂။၅၃၀။)♦

ရူပဘုံ၌ ဖြစ်သော သညာ ၄ ပါး

၁။ မျက်စိ အတွေ့ကြောင့် ဖြစ်သော မှတ်သားမှုသညာ- စက္ခုသမ္ဖဿဇာသညာ၊
၂။ နားအတွေ့ကြောင့် ဖြစ်သော မှတ်သားမှုသညာ- သောတ သမ္ဖဿဇာသညာ၊
၃။ မနောဓာတ်အတွေ့ကြောင့် ဖြစ်သော မှတ်သားမှုသညာ- မနောဓာတု သမ္ဖဿဇာသညာ၊
၄။ မနောဝိညာဏဓာတ် အတွေ့ကြောင့် ဖြစ်သော မှတ်သားမှုသညာ- မနောဝိညာဏဓာတုသမ္ဖဿဇာသညာ။ (အဘိ၊ဝိ၊၄၂၀။) (အဘိ၊ဝိ၊မြန်၊၂။၅၃၂။)♦

ရူပဘုံ၌ ဖြစ်သော ဟိတ် ၈ ပါး

၁။ အလောဘ၊ အဒေါသ၊ အမောဟဟု ဆိုအပ်သော ကုသိုလ်ဟိတ် သုံးပါး၊
၂။ လောဘ၊ မောဟဟု ဆိုအပ်သော အကုသိုလ်ဟိတ် နှစ်ပါး၊
၃။ အလောဘ၊ အဒေါသ၊ အမောဟဟု ဆိုအပ်သော ဝိပါက်အဗျာကတဟိတ် ကိရိယာအဗျာကတဟိတ် သုံးပါး။ (အဘိ၊ဝိ၊၄၂၀။) (အဘိ၊ဝိ၊မြန်၊၂။၅၃၁။)♦

ရူပဘုံ၌ ဖြစ်သော အာယတန ၆ ပါး

၁။ စက္ခာယတန၊
၂။ ရူပါယတန၊
၃။ သောတာယတန၊
၄။ သဒ္ဒါယတန၊
၅။ မနာယတန၊
၆။ ဓမ္မာယတန။ (အဘိ၊ဝိ၊၄၁၉။) (အဘိ၊ဝိ၊မြန်၊၂။၅၃၀။)♦

ရူပဘုံ၌ ဖြစ်သော အာဟာရ ၃ ပါး

၁။ တွေ့ထိမှု ဟူသော ဖဿာဟာရ၊
၂။ စိတ်စေ့ဆော်မှု ဟူသော မနောသေဉ္စတနာဟာရ၊
၃။ သိမှုဟူသော ဝိညာဏာဟာရ။ (အဘိ၊ဝိ၊၄၂၀။) (အဘိ၊ဝိ၊မြန်၊၂။၅၃၁။)♦

ရူပဘုံ၌ ဖြစ်သော ဣန္ဒြေ ၁၄ ပါး

၁။ စက္ခုန္ဒြေ၊
၂။ သောတိန္ဒြေ၊
၃။ မနိန္ဒြေ၊
၄။ ဇီဝိတိန္ဒြေ၊
၅။ သောမနဿိန္ဒြေ၊
၆။ ဥပေက္ခိန္ဒြေ၊
၇။ သဒ္ဓိန္ဒြေ၊
၈။ ဝီရိယန္ဒြေ၊
၉။ သတိန္ဒြေ၊
၁၁။ ပညိန္ဒြေ၊
၁၂။ အနညာတညဿာမီတိန္ဒြေ၊
၁၃။ အညိန္ဒြေ၊
၁၄။ အညာတာဝိန္ဒြေ။ (အဘိ၊ဝိ၊၄၂၀။) (အဘိ၊ဝိ၊မြန်၊၂။၅၃၁။)♦

ရူပသညာ ၁၅ ပါး

၁။ ရူပကုသိုလ်စိတ် ၅ ပါး၊
၂။ ရူပဝိပါက်စိတ် ၅ ပါ။၃။ ရူပကြိယာစိတ် ၅ ပါး။ (ပဋိသံ၊ဋ္ဌ၊၁၊၁၂၃။) ♦

ရူပါယတနက စက္ခုသမ္ဖဿအား ကျေးဇူးပြုတတ်သော ပစ္စည်း ၄ မျိုး

၁။ အာရမ္မဏပစ္စည်း၊
၂။ ပုရေဇာတပစ္စည်း၊
၃။ အတ္ထိပစ္စည်း၊
၄။ အဝိဂတပစ္စည်း။ (အဘိ၊ဋ္ဌ၊၂၊၁၆၉။)♦

ရူပါဝစရကုသိုလ်သည် အာရမ္မဏသတ္တိဖြင့် ကျေးဇူးပြုနိုင်သော တရားအစု ၅ စု

၁။ ကာမာဝစရ ကုသိုလ်၊
၂။ ရူပါဝစရကုသိုလ်၊
၃။ အကုသိုလ်၊
၄။ ကာမာဝစရကြိယာ၊
၅။ ရူပါဝစရကြိယာ။ (အဘိ၊ဋ္ဌ၊၃၊၃၅၉။)♦

ရူပါဝစရဟိတ် ၆ ပါး

၁။ အလောဘ, အဒေါသ, အမောဟ ဟု ဆိုအပ်သော ကုသိုလ်ဟိတ် သုံးပါး၊
၂။ ဝိပါက်အဗျာကတ, ကိရိယာ အဗျာကတတရားတို့၌ ရှိသော အလောဘ, အဒေါသ, အမောဟ ဟု ဆိုအပ်သော အဗျာကတဟိတ် သုံးပါး ပေါင်း (၆) ပါး။ (အဘိ၊ဓ၊၂၁၇။) (အဘိ၊ဓ၊မြန်။၃၉၅။)♦

ရူပိယသံဝေါဟာရသိက္ခာပုဒ်၌ အင်္ဂါ ၂ မျိုး

၁။ မိမိပစ္စည်းဖြင့် လဲလှယ်သော ပစ္စည်းသည် ရွှေငွေ ဖြစ်ခြင်း၊
၂။ လဲလှယ်မှု ပြုခြင်း။ (သာရတ္ထ၊ဋီ၊၂၊၄၂၅။) (ဝိမတိ၊၁၊၃၄၆။)♦

ရူပိယသိက္ခာပုဒ်၌ အင်္ဂါ ၃ မျိုး

၁။ ရွှေငွေ ဖြစ်ခြင်း၊
၂။ မိမိအတွက် ရည်ရွယ်သည် ဖြစ်ခြင်း၊
၃။ အသပြာငွေ အစရှိသည်တို့တွင် တစ်စုံတစ်ခု ဖြစ်ခြင်း။ (သာရတ္ထ၊ဋီ၊၂၊၄၂၂။) (ဝိမတိ၊၁၊၃၄၃။)♦

ရေ လှူရကျိုး ၁၁ ပါး (သံဃာတော်တို့အား ချိုးရေ သုံးဆောင်ရေ လှူရကျိုး ၁၁ ပါး)

၁။ နတ်သမီး တစ်ထောင်တို့တွင် အမြတ်ဆုံးဖြစ်လျက် အကြောင်း ဆယ်ပါးတို့ဖြင့် ထိုနတ်သမီး အားလုံး တို့ကို လွှမ်းမိုးနိုင်ခြင်း၊
၂။ ငါးကျိပ်သော နတ်မင်းတို့၏ မိဖုရားအဖြစ်ကို ရရှိခြင်း၊
၃။ နှစ်ကျိပ်သော စကြဝတေးမင်းတို့၏ မိဖုရားအဖြစ်ကို ရရှိခြင်း၊
၄။ နတ်ဘဝနှင့် လူ့ဘဝ နှစ်မျိုးတို့၌သာ ကျင်လည်ရခြင်း၊
၅။ တောင်ထိပ်၌လည်းကောင်း, သစ်ပင်ဖျား၌လည်းကောင်း, ကောင်းကင်၌ လည်းကောင်း, ရေကို အလိုရှိသော အခါ လျင်မြန်စွာ ရရှိခြင်း၊
၆။ အလိုရှိသော အခါ၌ မိုးကို ရွာစေနိုင်ခြင်း၊
၇။ မိုးမရွာသော အရပ်, ပူပြင်းလျက် ကျိုက်ကျိုက်ဆူသော အရပ် မရှိသူဖြစ်ခြင်း၊
၈။ ခန္ဓာကိုယ်၌ ပူလောင်အိုက်စပ်မှု မရှိခြင်း၊
၉။ ခန္ဓာကိုယ်၌ မြူမှုန် မရှိခြင်း၊
၁၀။ ရေလှူခဲ့သည့် ဘဝမှ စ၍ ကိုးဆယ့်တစ်ကမ္ဘာ တိုင်တိုင် ဒုဂ္ဂတိဘဝသို့ မလား မရောက်ရခြင်း၊
၁၁။ နောက်ဆုံးဘဝ၌ စိတ်အထူးစင်ကြယ်သူ ဖြစ်လျက် ကိလေသာ ကုန်ခန်း၍ ရဟန္တာ ဖြစ်ခြင်း။ (အပ၊၂၊၁၉၇။) (အပ၊မြန်၊၂။၁၈၉။)♦

ရေ၌ ကျင်ကြီးကျင်ငယ် တံတွေးတို့ကို စွန့်ခြင်းကြောင့် သင့်သော အာပတ်တို့ငြိမ်းကြောင်း သမထ ၃ ပါး

၁။ ရံခါ သမ္မုခါဝိနယ၊
၂။ ရံခါ ပဋိညာတကရဏ၊
၃။ ရံခါ တိဏဝတ္ထာရက။ (ဝိ၊၅၊၉၄။) (ဝိ၊၅၊၉၅။) (ဝိ၊မြန်၊၅။၁၃၅။) (ဝိ၊မြန်၊၅။၁၃၇။)♦

ရေ၌ ကျင်ကြီးကျင်ငယ်နှင့် တံတွေးကို စွန့်ခြင်းကြောင့် သင့်သော ဝိပတ္တိ ၁ ပါး

၁။ အာစာရ ဝိပတ္တိ။ (ဝိ၊၅၊၉၂။) (ဝိ၊မြန်၊၅။၁၃၃။)♦

ရေ၌ ကျင်ကြီးကျင်ငယ်နှင့် တံတွေးကို စွန့်ခြင်းကြောင့် သင့်သော အာပတ် ၁ ပါး

၁။ ဒုက္ကဋ် အာပတ်။ (ဝိ၊၅၊၉၂။) (ဝိ၊မြန်၊၅။၁၃၂။)♦

ရေ၏ ဂုဏ်ကျေးဇူး ၂ ပါး

၁။ ရေသည် အေးမြ၍ ပူလောင်မှုကို ငြိမ်းစေခြင်း၊
၂။ သတ္တဝါတို့၏ မွတ်သိပ်မှုကို ပယ်ဖျောက်နိုင်ခြင်း။ (မိလိန္ဒ၊၃၀၅။) (မိလိန္ဒ၊မြန်။၃၂၇။)♦

ရေကူးသူနှင့် တူသော ပုဂ္ဂိုလ် ၇ မျိုး

၁။ တစ်ကြိမ် နစ်မြုပ်သော်လည်း နစ်မြုပ်သည်သာ ဖြစ်သော ပုဂ္ဂိုလ်၊
၂။ ပေါ်ပြီး နစ်မြုပ်သော ပုဂ္ဂိုလ်၊
၃။ ပေါ်၍တည်သော ပုဂ္ဂိုလ်၊
၄။ ပေါ်၍ တူရူကြည့် တစောင်းကြည့်သော ပုဂ္ဂိုလ်၊
၅။ ပေါ်၍ ကူးခတ်သော ပုဂ္ဂိုလ်၊
၆။ ပေါ်၍ ထောက်မှီရာသို့ ရောက်သော ပုဂ္ဂိုလ်၊
၇။ ပေါ်၍ ကူးမြောက်လျက် ကမ်းတစ်ဖက်သို့ ရောက်ကာ နိဗ္ဗာန် တည်းဟူသော ကြည်းကုန်းထက်၌ တည်သော ပုဂ္ဂိုလ်။ (အံ၊၂၊၄၀၃။) (အဘိ၊ပု၊၁၁၂။) (အဘိ၊ပု၊၁၈၁။) (အံ၊မြန်၊၂။၅၁၀။) (အဘိ၊ပု၊မြန်။၁၂။၈၆။) (အဘိ၊ပု၊မြန်။၁၂။၈၆။)♦

ရေငင်ပုံး ၃ မျိုး (ခွင့်ပြုအပ်သော ရေငင်ပုံး ၃ မျိုး)

၁။ သံ-ကြေးပုံး၊
၂။ သစ်သားပုံး၊
၃။ သားရေပုံး။ (ဝိ၊၄၊၂၅၉။) (ဝိ၊မြန်၊၄။၂၆၁။) ♦

ရေစစ် လှူရကျိုး ၅ ပါး

၁။ ခပ်သိမ်းသော နတ်သက်တို့ကို ကျော်လွန်၍ နတ်၌ ဖြစ်သော အသက်ကို ရရှိခြင်း၊
၂။ အခါခပ်သိမ်း ခိုးသူရန်သူတို့ မနှိပ်စက် မလွှမ်းမိုးနိုင်သူ ဖြစ်ခြင်း၊
၃။ ဓားလက်နက်ဖြင့် အညှဉ်းဆဲ မခံရခြင်း၊
၄။ အဆိပ်လက်နက်ဖြင့် အညှဉ်းဆဲ မခံရခြင်း၊
၅။ အသက်တမ်းမပြည့်ဘဲ အကြား၌ သေဆုံးမှု မရှိခြင်း။ (အပ၊၁၊၃၆၁။) (အပ၊မြန်၊၁။၃၆၉။)♦

ရေတွက်ခြင်း ၉ ပါး

၁။ဝတ္ထုဖြင့် ရေတွက်ခြင်း၊
၂။ ပျက်စီးခြင်းဖြင့် ရေတွက်ခြင်း၊
၃။ အာပတ်ဖြင့် ရေတွက်ခြင်း၊
၄။ နိဒါန်းဖြင့် ရေတွက်ခြင်း၊
၅။ ပုဂ္ဂိုလ်ဖြင့် ရေတွက်ခြင်း၊
၆။ အာပတ်အစုဖြင့် ရေတွက်ခြင်း၊
၇။ သမုဋ္ဌာန်ဖြင့် ရေတွက်ခြင်း၊
၈။ အဓိကရုဏ်းဖြင့် ရေတွက်ခြင်း၊
၉။ သမထဖြင့် ရေတွက်ခြင်း။ (ဝိ၊၅၊၃၈၇။) (ဝိ၊မြန်၊၅။၄၉၃။)♦

ရေးထွင်းထားသော အက္ခရာနှင့် တူသော ပုဂ္ဂိုလ် ၃ မျိုး

၁။ ကျောက်၌ ရေးထွင်းထားသော အက္ခရာနှင့် တူသော ပုဂ္ဂိုလ်၊
၂။ ရေ၌ ရေးသားအပ်သော အက္ခရာနှင့် တူသော ပုဂ္ဂိုလ်၊
၃။ မြေ၌ ရေခြစ်အပ်သော အက္ခရာနှင့် တူသော ပုဂ္ဂိုလ်။ (အံ၊၁၊၂၈၆။) (အံ၊မြန်၊၁။၃၀၄။)♦

ရေနှင့် ယောဂီ တူပုံ ၅ မျိုး

၁။ ရေသည် ကောင်းစွာတည်ခြင်း, မတုန်လှုပ်ခြင်း, မနောက်ကျုခြင်း သဘောအားဖြင့် စင်ကြယ်ခြင်း (ထို့အတူ ယောဂီပုဂ္ဂိုလ်သည် ဟန်ဆောင်, ဝါကြွား, ဖိနှိပ် ချုပ်ချယ်ခြင်း စသည်ကို ပယ်၍ မတုန်မလှုပ် ကောင်းစွာ တည်တန့်လျက် သဘာဝအားဖြင့် ထက်ဝန်းကျင် စင်ကြယ်သော အကျင့်ရှိခြင်း)၊
၂။ ရေသည် အေးမြခြင်းသဘော၌ တည်ခြင်း (ထို့အတူ ယောဂီပုဂ္ဂိုလ်သည် သတ္တဝါအားလုံးတို့၌ ချစ်ခင်ခြင်း သနားသည်းခံခြင်းနှင့် ပြည့်စုံသူဖြစ်လျက် အစီးအပွားကို ရှာမှီးသူ အစဉ်စောင့်ရှောက်သူ ဖြစ်ရခြင်း)၊
၃။ ရေသည် မစင်ကြယ်သော အရာကို စင်ကြယ်အောင်ပြုခြင်း (ထို့အတူ ယောဂီပုဂ္ဂိုလ်သည် ရွာ၌ ဖြစ်စေ, တော၌ ဖြစ်စေ, ဥပဇ္ဈာယ်ဆရာ၌လည်းကောင်း၊ ဥပဇ္ဈာယ်ဆရာနှင့် တန်းတူ ပုဂ္ဂိုလ် စသည်တို့၌ လည်းကောင်း အလုံးစုံသော ပုဂ္ဂိုလ်တို့၌ မငြင်းမခုံဘဲ အကြွင်းမဲ့ပြုလေ့ ရှိခြင်း)၊
၄။ ရေကို လူအများ တောင့်တအပ်ခြင်း (ထို့အတူ ယောဂီပုဂ္ဂိုလ်သည် ရောင့်ရဲလွယ်ခြင်း အလိုနည်းခြင်း ဆိတ်ငြိမ်ရာအရပ်၌ ကိန်းအောင်းခြင်းဖြင့် အမြဲမပြတ် အလုံးစုံသော လူအပေါင်းတို့ တောင့်တ အပ်သူ ဖြစ်ခြင်း)၊
၅။ ရေသည် တစ်စုံတစ်ယောက်သော သူ၏ အစီးအပွားမဲ့ကို မဆောင်ခြင်း (ထို့အတူ ယောဂီပုဂ္ဂိုလ်သည် သူတစ်ပါးတို့နှင့် ငြင်းခုံ ခိုက်ရန် ဖြစ်ခြင်းစသော မကောင်းမှုကို ကိုယ်နှုတ်စိတ်တို့ဖြင့် မပြုလုပ်ခြင်း) ။ (မိလိန္ဒ၊၃၆၆။) (မိလိန္ဒ၊မြန်။၃၈၉။)♦

ရေပွက် ဖြစ်ပေါ်ကြောင်း ၄ မျိုး

၁။ ရေပြင်ကို အကြောင်းပြု၍ လည်းကောင်း၊
၂။ ရေပေါက်ကို အကြောင်းပြု၍ လည်းကောင်း၊
၃။ ရေအစေးကို အကြောင်းပြု၍ လည်းကောင်း၊
၄။ စုရုံး၍ ရေဥဖောင်းကို ပြု၍ ယူကြောင်းလေကို အကြောင်းပြု၍ လည်းကောင်း၊ ရေပွက်, ရေဥဖောင်းသည် ဖြစ်ပေါ်၏။ (အဘိ၊ဋ္ဌ၊၂၊၃၁။)♦

ရေဝတ ၂ ပါး

၁။ ခဒိရဝနိယရေဝတ၊
၂။ ကင်္ခါရေဝတ။ (မ၊ဋ္ဌ၊၂၊၁၄၉။)♦

ရေဝတဘုရားရှင်၏ ဓမ္မာဘိသမယ ၃ ကြိမ်

၁။ ဗြဟ္မာမင်း တောင်းပန်သောကြောင့် တရားဟော တော်မူသော အခါ၌ ဂဏန်းသင်္ချာအားဖြင့် မရေမတွက်နိုင်သော နတ်လူဗြဟ္မာတို့ ကျွတ်တမ်း ဝင်ကြသည်၊
၂။ အရိန္ဒမမင်းကို ဆုံးမတော်မူသောအခါ၌ ကုဋေတစ်သောင်းသော လူနတ်ဗြဟ္မာတို့ သစ္စာလေးပါးကို ထိုးထွင်းသိ၍ ကျွတ်တမ်းဝင်ကြသည်၊
၃။ နိရောဓ သမာပတ်ကို ဖြေရှင်း ဟောပြသော အခါ၌ ကုဋေတစ်ရာသော လူနတ်ဗြဟ္မာတို့အား သစ္စာလေးပါးကို ထိုးထွင်း၍ သိစေသည်။ (အပ၊၂၊၃၃၂။) (အပ၊မြန်၊၂။၃၂၇။)♦

ရေဝတဘုရားရှင်၏ သာဝကအစည်းအဝေး ၃ ကြိမ်

၁။ ပထမအကြိမ် အစည်းအဝေး၌ သင်္ချာ အားဖြင့် မရေမတွက်နိုင်သော ရဟန္တာများ၊
၂။ ဒုတိယ အစည်းအဝေး၌ ရဟန္တာ ကုဋေတစ်သိန်း၊
၃။ တတိယ အစည်းအဝေး၌ ဖျားနာနေသော အဂ္ဂသာဝက အရှင်ဝရုဏအား သူနာမေး ကြွရောက် တော်မူလာကြမည့် ရဟန္တာ ကုဋေတစ်ထောင်တို့ စည်းဝေးကြသည်။ (အပ၊၂၊၃၃၂။) (အဘိ၊ဋ္ဌ၊၁၊၆၂။) (ဇာ၊ဋ္ဌ၊၁၊၄၂။) (အပ၊မြန်၊၂။၃၂၈။)♦

ရေဝတဘုရားရှင်၏ အဂ္ဂသာဝက ၂ ပါး

၁။ ဝရုဏထေရ်၊
၂။ ဗြဟ္မဒေဝထေရ်။ (အဘိ၊ဋ္ဌ၊၁၊၆၂။) (ဗုဒ္ဓဝံ၊ဋ္ဌ၊၁၉၇။) (ဇာ၊ဋ္ဌ၊၁၊၄၂။)♦

ရေဝတဘုရားရှင်၏ အဂ္ဂသာဝိကာမ ၂ ပါး

၁။ ဘဒ္ဒါထေရီ၊
၂။ သုဘဒ္ဒါထေရီ၊ (အဘိ၊ဋ္ဌ၊၁၊၆၂။) (ဗုဒ္ဓဝံ၊ဋ္ဌ၊၁၉၇။)♦

ရေဝတဘုရားအလောင်း၏ ပြာသာဒ် ၃ ဆောင်

၁။ သုဒဿနမည်သော ပြာသာဒ်ဆောင်၊
၂။ ရတနဂ္ဃိ မည်သော ပြာသာဒ်ဆောင်၊
၃။ အာဝေဠမည်သော ပြာသာဒ်ဆောင်။ (အပ၊၂၊၃၃၃။) (အပ၊မြန်၊၂။၃၂၉။)♦

ရေသို့ ဆင်းသက်သူ ကြုံတွေ့ရတတ်သော ဘေး ၄ မျိုး

၁။ လှိုင်းတံပိုးဘေး၊
၂။ မိကျောင်း ဘေး၊
၃။ ဝဲဘေး၊
၄။ ကြမ်းသော ငါးဘေး, လင်းပိုင်(လပိုင်) ဘေး။ (မ၊၂၊၁၂၂။) (အံ၊၁၊၄၃၈။) (မ၊မြန်၊၂။၁၃၃။) (အံ၊မြန်၊၁။၄၅၁။)♦

ရေသုတ်ပုဆိုး လှူရကျိုး ၅ ပါး

၁။ ရွှေအဆင်းနှင့် တူသော အဆင်းရှိသူ ဖြစ်ခြင်း၊
၂။ မြူ အညစ်အကြေး ကင်းစင်ခြင်း၊
၃။ ပြိုးပြိုးပြက်ပြက် အရောင်ထွက်ခြင်း၊
၄။ ဘုန်းတန်ခိုးရှိန်ဆော် အာနုဘော် ကြီးမားသူ ဖြစ်ခြင်း၊
၅။ ခန္ဓာကိုယ် ပြေပြစ်ညက်ညောခြင်း။ (အပ၊၁၊၃၆၄။) (အပ၊မြန်၊၁။၃၇၃။)♦

ရေအိုင် ၄ မျိုး

၁။ ရေတိမ်နေပါလျက် နက်သယောင်ရှိသော ရေအိုင်၊
၂။ ရေနက်နေပါလျက် တိမ်သယောင်ရှိသော ရေအိုင်၊
၃။ ရေတိမ်လည်းတိမ်၍ တိမ်သယောင်လည်းရှိသော ရေအိုင်၊
၄။ ရေလည်းနက်၍ နက်သယောင်လည်းရှိသော ရေအိုင်။ (အဘိ၊ပု၊၁၅၃။) (အဘိ၊ပု၊မြန်။၅၆။)♦

ရေအိုင်ကြီး ၇ အိုင် (အလျား အနံ အနက်အားဖြင့် ယူဇနာငါးဆယ်ရှိသော ရေအိုင်ကြီး ၇ အိုင်)

၁။ အနောတတ္တဒဟ- အနဝတတ်ရေအိုင်၊
၂။ ကဏ္ဏမုဏ္ဍဒဟ- ကဏ္ဏမုဏ္ဍရေအိုင်၊
၃။ ရထကာရ ဒဟ- ရထကာရရေအိုင်၊
၄။ ဆဒ္ဒန္တဒဟ- ဆဒ္ဒန်ရေအိုင်၊
၅။ ကုဏာလဒဟ- ကုဏာလ ရေအိုင်၊ ။ မန္ဒာကိနီဒဟ- မန္ဒာကိနီရေအိုင်၊
၇။ သီဟပပါတဒဟ- သီဟပပါတရေအိုင်။ (မ၊ဋ္ဌ၊၃၊၂၅။) (အံ၊ဋ္ဌ၊၃၊၂၁၈။) (သုတ္တနိ၊ဋ္ဌ၊၂၊၁၃၃။)♦

ရေအိုင်နှင့် တူသော ရဟန်း ၄ မျိုး

၁။ တိမ်လျက် နက်သယောင်ရှိသော ရေအိုင်ကဲ့သို့ ရှေ့သို့တက်ခြင်း ဒုကုဋ် သပိတ် သင်္ကန်း ဝတ်ရုံယူဆောင်ခြင်း စသည်တို့၌ ကြည်ညိုဖွယ် ရှိသော်လည်း သစ္စာလေးပါး မြတ်တရားကိုကား အမှန်အတိုင်း ထိုးထွင်း၍ မသိသော ရဟန်း၊
၂။ နက်လျက် တိမ်သယောင်ရှိသော ရေအိုင်ကဲ့သို့ ရှေ့သို့တက်ခြင်း ဒုကုဋ် သပိတ် သင်္ကန်း ဝတ်ရုံ ယူဆောင်ခြင်း စသည်တို့၌ ကြည်ညိုဖွယ် မရှိပါသော်လည်း သစ္စာလေးရပ် တရားမြတ် ကိုကား အမှန်အတိုင်း ထိုးထွင်း၍ သိသော ရဟန်း၊
၃။ တိမ်လည်းတိမ်၍ တိမ်သယောင်လည်း ရှိသော ရေအိုင်ကဲ့သို့ ရှေ့သို့တက်ခြင်း ဒုကုဋ် သပိတ် သင်္ကန်းဝတ်ရုံ ယူဆောင်ခြင်း စသည်တို့၌ ကြည်ညိုဖွယ်လည်း မရှိမူ၍ သစ္စာလေးရပ် တရားမြတ်ကိုလည်း အမှန်အတိုင်း ထိုးထွင်း၍ မသိသော ရဟန်း၊
၄။ ရေလည်းနက်၍ နက်သယောင်လည်းရှိသော ရေအိုင် ကဲ့သို့ ရှေ့သို့တက်ခြင်း ဒုကုဋ် သပိတ် သင်္ကန်းဝတ်ရုံ ယူဆောင်ခြင်း စသည်တို့၌ ကြည်ညို ဖွယ်ရှိ၍ သစ္စာလေးရပ် တရားမြတ်၌လည်း အမှန်အတိုင်း ထိုးထွင်း၍ သိသော ရဟန်း။ (အဘိ၊ပု၊၁၅၃။) (အဘိ၊ပု၊မြန်။၅၇။)♦

ရောက်လေရာအရပ်၌ မိမိနိုင်ငံတွင်း နေရသကဲ့သို့ဖြစ်သော မင်း၏ အင်္ဂါ ၅ ပါး

၁။ ကောင်းသော ဇာတ်ရှိခြင်း၊
၂။ ကြွယ်ဝချမ်းသာသော ပစ္စည်းဥစ္စာရှိခြင်း၊
၃။ မိမိစကား နားထောင်သော အင်္ဂါ ၄ ပါးရှိသော စစ်တပ်ရှိခြင်း၊
၄။ သားကြီးသည် ပညာရှိ ရဲရင့်ခြင်း၊
၅။ ဘုန်းတန်ခိုးကျော်စောခြင်း။ (အံ၊၂၊၁၃၃။) (အံ၊မြန်၊၂။၁၆၆-၁၆၇။)♦

ရောက်လေရာအရပ်၌ လွတ်မြောက်သော စိတ်ဖြင့် နေသော ရဟန်း၏ အင်္ဂါ ၅ ပါး

၁။ သီလ ရှိခြင်း၊
၂။ အကြားအမြင်များခြင်း၊
၃။ ထက်သန်သော လုံ့လရှိခြင်း၊
၄။ ပညာရှိခြင်း၊
၅။ (အရဟတ္တဖိုလ်) ဝိမုတ္တိကို ရင့်စေခြင်း။ (အံ၊၂၊၁၃၄။) (အံ၊မြန်၊၂။၁၆၆- ၁၆၈။)♦

ရောဂါ ၂ မျိုး

၁။ ခန္ဓာကိုယ်၌ ဖြစ်သော ရောဂါ၊
၂။ စိတ်၌ ဖြစ်သော ရောဂါ။ (အံ၊၁၊၄၆၀။) (အံ၊မြန်၊၁။၄၇၃။)♦

ရောဂါ ၂ မျိုး (တစ်နည်း)

၁။ အဝိဇ္ဇာ- အမှန်တရားသဘောကို ဖုံးလွှမ်းတတ်သော တရား၊ မောဟ၊
၂။ ဘဝတဏှာ-ဘဝကို တောင့်တမှု, ဘဝ၌တပ်မက်စွဲလမ်းမှု, ဘဝကို ချည်နှောင်တတ်သော တဏှာ။ (ပေဋကော၊၂၅၀။)♦

ရောင်ခြည် ၄ မျိုး

၁။ လရောင်ခြည်၊
၂။ နေရောင်ခြည်၊
၃။ မီးရောင်ခြည်၊
၄။ ပညာရောင်ခြည်။ (အံ၊၁၊၄၅၆။) (အံ၊မြန်၊၁။၄၆၈။)♦

ရောင့်ရဲစေနိုင်ခဲသော ပုဂ္ဂိုလ် ၂ မျိုး

၁။ ရတိုင်း ရတိုင်းသော ပစ္စည်းကို မသုံးမစား သိမ်းဆည်း၍ချည်း ထားသော ပုဂ္ဂိုလ်၊
၂။ ရတိုင်း ရတိုင်းသော ပစ္စည်းကို စွန့်ပစ်သော ပုဂ္ဂိုလ်။(တစ်နည်း)
ရတိုင်းသော ပစ္စည်းကို သိမ်းဆည်း၍ချည်း မထားသော ပုဂ္ဂိုလ်၊
၂။ ရတိုင်း ရတိုင်းသော ပစ္စည်းကို စွန့်ပစ်သော ပုဂ္ဂိုလ်။ (အံ၊၁၊၈၆။) (အံ၊မြန်၊၁။၁၀၁။) (အဘိ၊ပု၊၁၂၉။) (အဘိ၊ပု၊မြန်။၃၁။)♦

ရောင့်ရဲစေနိုင်သော ပုဂ္ဂိုလ် ၂ မျိုး

၁။ ရတိုင်းရတိုင်းသော ပစ္စည်းဥစ္စာများကို မသိုမှီး မသိမ်း ဆည်းသော ပုဂ္ဂိုလ်၊
၂။ ရတိုင်းရတိုင်းသော ပစ္စည်းဥစ္စာများကို မစွန့်လွှတ်, မစွန့်ကြဲသော ပုဂ္ဂိုလ်။ (အဘိ၊ပု၊၁၂၉။) (အဘိ၊ပု၊မြန်။၃၁။)♦

ရောင့်ရဲတင်းတိမ်ခြင်း ၁၂ မျိုး

၁။ သင်္ကန်း၌ မိမိရလာသည်နှင့် လျော်ညီစွာ ရောင့်ရဲခြင်း၊ မိမိ စွမ်းအားနှင့် လျော်ညီစွာ ရောင့်ရဲခြင်း၊ မိမိနှင့် လျောက်ပတ်သည်နှင့် လျော်ညီစွာ ရောင်ရဲခြင်း ၃ ပါး၊
၂။ ဆွမ်း၌လည်း မိမိရရှိလာသည်နှင့် လျော်ညီစွာ ရောင့်ရဲခြင်း၊ မိမိစွမ်းအားနှင့် လျော်ညီစွာ ရောင့်ရဲ့ခြင်း၊ မိမိနှင့် လျောက်ပတ်သည်နှင့် လျော်ညီစွာ ရောင့်ရဲခြင်း ၃ ပါး၊
၃။ ကျောင်းအိပ်ရာ နေရာ၌လည်း မိမိရရှိလာသည်နှင့် လျော်ညီစွာ ရောင့်ရဲခြင်း၊ မိမိစွမ်းအားနှင့် လျော်ညီစွာ ရောင့်ရဲခြင်း၊ မိမိနှင့် လျောက်ပတ်သည်နှင့် လျော်ညီစွာ ရောင့်ရဲခြင်း ၃ ပါး၊
၄။ ဆေးပစ္စည်း၌လည်း မိမိရရှိလာသည်နှင့် လျော်ညီစွာ ရောင့်ရဲခြင်း၊ မိမိစွမ်းအားနှင့် လျော်ညီစွာ ရောင့်ရဲခြင်း၊ မိမိနှင့် လျောက်ပတ်သည်နှင့် လျော်ညီစွာ ရောင့်ရဲခြင်း ၃ ပါး၊ ပေါင်း ၁၂ ပါး။ (ဒီ၊ဋ္ဌ၊၁၊၁၈၂။) (မ၊ဋ္ဌ၊၂၊၄၇။) (အံ၊ဋ္ဌ၊၁၊၆၀။) (ခုဒ္ဒက၊ဋ္ဌ၊၁၂၂။) (ဥဒါန၊ဋ္ဌ၊၂၀၈။) (သုတ္တနိ၊ဋ္ဌ၊၂၊၂၇။) (မဟာနိ၊ဋ္ဌ၊၂၈၇။) (သာရတ္ထ၊ဋီ၊၂၊၂၆။) (ဒီ၊ဋ္ဌ၊မြန်၊၁။၃၅၇။)♦

ရောင့်ရဲတင်းတိမ်ခြင်း ၃ မျိုး

၁။ ယထာလာဘသန္တောသ- မိမိ ရသမျှသော ပစ္စည်းဖြင့် ရောင့်ရဲခြင်း၊
၂။ ယထာဗလသန္တောသ- မိမိ အားအစွမ်းရှိနိုင်သမျှဖြင့် ရောင့်ရဲခြင်း၊
၃။ ယထာသာရုပ္ပ သန္တောသ- မိမိနှင့် လျောက်ပတ်သမျှဖြင့် ရောင့်ရဲခြင်း။ (သံ၊ဋ္ဌ၊၁၊၁၁၃။) (သံ၊ဋ္ဌ၊၂၊၁၅၀။)♦

ရောင့်ရဲတင်းတိမ်မှု မရှိသော အရာ ၃ မျိုး

အလိုမပြည့်နိုင်သူ ၃ ဦး၊ မရောင့်ရဲနိုင်သူ ၃ ဦး နှင့် တူသည်။ ♦

ရောင့်ရဲလွယ်ခြင်း ၂ မျိုး

၁။ ကိုယ်ကို မျှတစေနိုင်ရုံသော သင်္ကန်းဖြင့် ရောင့်ရဲခြင်း၊
၂။ ဝမ်းကို မျှတစေနိုင်ရုံသော ဆွမ်းဖြင့် ရောင့်ရဲခြင်း။ (ဒီ၊၁၊၆၇။) (ဒီ၊မြန်၊၁။၈၀။)♦

ရောင်လျှံ ၄ မျိုး

၁။ လရောင်လျှံ၊
၂။ နေရောင်လျှံ၊
၃။ မီးရောင်လျှံ၊
၄။ ပညာရောင်လျှံ။ (အံ၊၁၊၄၅၇။) (အံ၊မြန်၊၁။၄၆၉။)♦

ရောင်းဝယ်မှု မပြုကောင်းသော ပစ္စည်း ၅ မျိုး

၁။ လက်နက်၊
၂။ လူ၊
၃။ အသားငါး၊
၄။ သေရည် အရက်၊
၅။ အဆိပ်။ (အံ၊၂၊၁၈၃။) (အံ၊မြန်၊၂။၂၃၃။)♦

ရောပြွမ်းသော အဆုံးအဖြတ် ၁၆ မျိုး (ခန္ဓာငါးပါးတို့၌ သိထိုက်သော ရောပြွမ်းသော အဆုံးအဖြတ် ၁၆ မျိုး)

၁။ ခန္ဓာငါးပါးတို့၏ အတူတကွဖြစ်ခြင်းအားဖြင့်လည်းကောင်း၊
၂။ ရှေ့နောက် အားဖြင့်လည်းကောင်း၊
၃။ ကာလအပိုင်းအခြားအားဖြင့်လည်းကောင်း၊
၄။ တူသော ဖြစ်ခြင်း, အသီးအသီးချုပ်ခြင်းအားဖြင့် လည်းကောင်း၊
၅။ အသီးအသီးဖြစ်ခြင်း၊ အတူ ချုပ်ခြင်း အားဖြင့်လည်းကောင်း၊
၆။ အတူဖြစ်ခြင်း, ချုပ်ခြင်းအားဖြင့်လည်းကောင်း၊
၇။ အသီးသီး ဖြစ်ခြင်း, အသီးအသီးချုပ်ခြင်းအားဖြင့်လည်းကောင်း၊
၈။ အတိတ်, အနာဂတ်, ပစ္စုပ္ပန်အားဖြင့် လည်းကောင်း၊
၉။ အတွင်းသန္တာန်, ပြင်ပသန္တာန်အားဖြင့်လည်းကောင်း၊
၁၀။ ရုန့်ရင်းခြင်း, သိမ်မွေ့ခြင်းအားဖြင့်လည်းကောင်း၊
၁၁။ ယုတ်ညံ့ခြင်း, မြတ်ခြင်းအားဖြင့်လည်းကောင်း၊
၁၂။ ဝေးခြင်း, နီးခြင်းအားဖြင့်လည်းကောင်း၊
၁၃။ အကြောင်းအားဖြင့်လည်းကောင်း၊
၁၄။ ဖြစ်ကြောင်းအားဖြင့်လည်းကောင်း၊
၁၅။ ထက်ဝန်းကျင် ပြီးစေအပ်သည်၏အဖြစ် လည်းကောင်း၊
၁၆။ ပြုစီမံအပ်သည်၏အဖြစ်လည်းကောင်း။ (အဘိ၊ဋ္ဌ၊၂၊၂၀။)♦

ရောရုဝ ငရဲ ၂ မျိုး

၁။ ဇာလ ရောရုဝငရဲ၊
၂။ ဓူမ ရောရုဝငရဲ။ (သံ၊ဋ္ဌ၊၁၊၇၇။) (ဇာ၊ဋ္ဌ၊၅၊၂၈၈။)♦

ရဲရင့်ကြောင်း တရား ၅ ပါး

၁။ ယုံကြည်မှု သဒ္ဓါ ရှိခြင်း၊
၂။ စောင့်ထိန်းမှု သီလ ရှိခြင်း၊
၃။ အကြားအမြင် များခြင်း၊
၄။ ထက်သန်သော လုံ့လ ရှိခြင်း၊
၅။ ပညာရှိခြင်း။ (အံ၊၂၊၁၆၂။) (အံ၊မြန်၊၂။၂၀၇။)♦

ရဲရဲဝံ့ဝံ့ လွှမ်းမိုး၍ အိမ်၌ နေနိုင်သော မိန်းမတို့၏ အင်္ဂါ ၅ ပါး

၁။ သူ့အသက် သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း၊
၂။ သူ့ဥစ္စာခိုးခြင်းမှ ရှောင်ကြဉ်ခြင်း၊
၃။ ကာမတို့၌ မှားသော အကျင့်မှ ရှောင်ကြဉ်ခြင်း၊
၄။ မုသားစကား ပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း၊
၅။ မူးယစ်ဆေးဝါး မှီဝဲ သုံးစွဲ ခြင်းမှ ရှောင်ကြဉ်ခြင်း။ (သံ၊၂၊၄၄၆။) (သံ၊မြန်၊၂။၄၄၂။)♦

လ နေ ညစ်နွမ်းကြောင်း ၄ မျိုး

၁။ တိမ်တိုက်တို့သည် လ,နေတို့၏ ညစ်နွမ်းကြောင်း၊
၂။ ဆီးနှင်းသည် လ,နေတို့၏ ညစ်နွမ်းကြောင်း၊
၃။ အခိုးနှင့် မြူတို့သည် လ,နေတို့၏ ညစ်နွမ်းကြောင်း၊
၄။ ရာဟုအသူရိန်သည် လ,နေတို့၏ ညစ်နွမ်းကြောင်း။ (ဝိ၊၄၊၄၉၂။) (အံ၊၁၊၃၆၂။) (ဝိ၊မြန်၊၄၊၄၉၆။) (အံ၊မြန်၊၁။၃၇၆။)♦

လ နေ သွားရာ ခရီးလမ်းကြောင်း ၃ မျိုး

၁။ ဆိတ်အား လျောက်ပတ်သော ရာသီ၌ လ နေတို့၏ သွားလာရာလမ်းကြောင်း- အဇဝီထိ၊
၂။ ဆင်အား လျောက်ပတ်သော ရာသီ၌ လ နေတို့၏ သွားလာရာ လမ်းကြောင်း- နာဂဝီထိ၊
၃။ နွားအား လျောက်ပတ်သော ရာသီ၌ လ နေတို့၏ သွားရာလမ်းကြောင်း- ဂေါဝီထိ။ (ဒီ၊ဋ္ဌ၊၃၊၅၁။) (သာရတ္ထ၊ဋီ၊၁၊၂၆၁။)♦

လက္ခဏာတော်၂ ပါး (လက္ခဏာတော်ကြီးတို့တွင် ပေါက္ခရသာတိပုဏ္ဏားနှင့် အမ္ဗဋ္ဌလုလင်တို့ သံသယဖြစ်သော လက္ခဏာတော်၂ ပါး)

၁။ အအိမ်ဖြင့် ဖုံးလွှမ်းထားအပ်သော အင်္ဂါဇာတ်တော်၊
၂။ ပြန့်ကျယ်သော လျှာတော်။ (ဒီ၊၁၊၉၉၊၁၀၀။) (ဒီ၊မြန်၊၁။၁၁၇။)♦

လက္ခဏာတော်ကြီး ၃၂ ပါး (ယောကျ်ားမြတ် ဘုရားရှင်တို့၏ လက္ခဏာတော်ကြီး ၃၂ ပါး)

၁။ အညီအညွတ် ကောင်းစွာ ထိသော ခြေဖဝါး ရှိခြင်း၊
၂။ အောက်ခြေဖဝါးပြင်တို့၌ အကန့် တစ်ထောင်ရှိကုန်သော အကွပ်ပုံတောင်းတို့နှင့် တကွ အခြင်းအရာ အလုံးစုံနှင့် ပြည့်စုံကုန်သော စက်ဝန်းတို့သည် ဖြစ်ပေါ်လျက် ရှိကုန်ခြင်း၊
၃။ ရှည်သော ဖနောင့် ရှိခြင်း၊
၄။ ရှည်သွယ်သော လက်ချောင်း ခြေချောင်းရှိခြင်း၊
၅။ နူးညံ့နုနယ်သော လက်ဖဝါး ခြေဖဝါး ရှိခြင်း၊
၆။ ကွန်ရက် ပမာ ညီညာသော လက်ချောင်း ခြေချောင်း ရှိခြင်း၊
၇။ ဖမျက်မြင့်သော ခြေရှိခြင်း၊
၈။ ဧဏီ သားကောင်၏ သလုံးမြင်းခေါင်းကဲ့သို့သော သလုံးမြင်းခေါင်း ရှိခြင်း၊
၉။ မကိုင်းမညွတ်ပဲ ရပ်လျက်ပင် နှစ်ဖက်သော လက်ဝါးပြင်တို့ဖြင့် ပုဆစ်ဒူးတို့ကို သုံးသပ်နိုင်ခြင်း၊
၁၀။ အအိမ်ဖြင့် ဖုံးလွှမ်းသော ပုရိသနိမိတ် ရှိခြင်း၊
၁၁။ ရွှေအဆင်းရှိခြင်း ရွှေနှင့် တူသော (အသား) အရေ ရှိခြင်း၊
၁၂။ ချောမွေ့သော အသားအရေရှိခြင်း အသားအရေ ချောမွေ့သောကြောင့် မြူအညစ်အကြေး မလိမ်းကျံ (မငြိကပ်) ခြင်း၊
၁၃။ တစ်ပင်ချင်း ပေါက်သော မွေးညှင်းရှိခြင်း၊
၁၄။ အထက်သို့ ကော့တက်သော မွေးညှင်းရှိခြင်း၊
၁၅။ ဗြဟ္မာမင်း၏ ခန္ဓာကိုယ်ကဲ့သို့ ဖြောင့်မတ်သော ကိုယ်ရှိခြင်း၊
၁၆။ လက်ဖမိုး နှစ်ဖက်, ခြေဖမိုးနှစ်ဖက်, ပခုံးစွန်းနှစ်ဖက်, လည်ဂုတ်ဟု ဆိုအပ်သော အရပ်ခုနစ်ပါးတို့၌ (အသား) ဖြိုးမောက်ခြင်း၊
၁၇။ ခြင်္သေ့ကိုယ် အရှေ့ပိုင်းနှင့် တူသော ကိုယ်ရှိခြင်း၊
၁၈။ လက်ပြင် နှစ်ဖက်အကြား၌ (တစ်ပြင်တည်း ညီလျက်) ပြည့်ဖြိုးသော ကျောပြင် ရှိခြင်း၊
၁၉။ ပညောင်ပင်ကဲ့သို့ ဝန်းဝိုင်းသော ကိုယ်ရှိခြင်း၊
၂၀။ ညီညာစွာ လုံးသော လည်ပင်း လည်တိုင် ရှိခြင်း၊
၂၁။ အရသာကို ဆောင်၍ အလွန် ကောင်းမြတ်သော အကြောရှိခြင်း၊
၂၂။ ခြင်္သေ့၏ မေးနှင့် တူသော မေးရှိခြင်း၊
၂၃။ လေးဆယ်သော သွားရှိခြင်း၊
၂၄။ ညီညွတ်သော သွားရှိခြင်း၊
၂၅။ မကျဲသော သွားရှိခြင်း၊
၂၆။ အလွန်ဖြူစင်သော အစွယ် (လေးချောင်း။) ရှိခြင်း၊
၂၇။ ကြီးမားရှည်လျား နူးညံ့သော လျှာရှိခြင်း၊
၂၈။ ဗြဟ္မာ့အသံနှင့် တူသော အသံရှိခြင်း၊ ကရဝိတ်ငှက်အသံနှင့်တူသော အသံ ရှိခြင်း၊
၂၉။ အလွန်ညိုသော မျက်လုံးရှိခြင်း၊
၃၀။ နွားငယ်မျက်တောင်နှင့်တူသော မျက်တောင် ရှိခြင်း၊
၃၁။ မျက်မှောင်နှစ်ခုအကြား၌ နူးညံ့သော လဲဝါဂွမ်းနှင့်တူသော ဖြူစင်သော ဥဏ္ဏလုံမွေးရှင်သည် ပေါက်လျက် ရှိခြင်း၊
၃၂။ သင်းကျစ် ဆင်ထားဘိသကဲ့သို့သော ဦးခေါင်းရှိခြင်း။ (ဒီ၊၂၊၁၄၊၁၆။) (ဒီ၊မြန်၊၂။၁၄၊၁၆။) (ဒီ၊၃၊၁၁၇-၁၁၈။) (ဒီ၊မြန်၊၃။၁၃၅-၁၃၇။)♦

လက်နက် ၃ မျိုး

၁။ အကြားအမြင် လက်နက်၊
၂။ ဆိတ်ငြိမ်ခြင်း ‘ဝိဝေက’ လက်နက်၊
၃။ ပညာလက်နက်။ (ဒီ၊၃၊၁၈၃။) (ဒီ၊မြန်၊၃။၂၀၃။)♦

လက်နက် ၅ မျိုး (ယောဂီပုဂ္ဂိုလ် ထိုးသတ်သော လက်နက် ၅ မျိုး)

၁။ မေတ္တာလက်နက်ဖြင့် ဒေါသကို ထိုးသတ်ခြင်း၊
၂။ ကရုဏာလက်နက်ဖြင့် ဝိဟိံသကို ထိုးသတ်ခြင်း၊
၃။ ကာယ ဝိဝေကလက်နက်ဖြင့် အပေါင်းအဖော်၌ မွေ့လျော်မှုကို ထိုးသတ်ခြင်း၊
၄။ စိတ္တဝိဝေက လက်နက်ဖြင့် ကိလေသာအပေါင်းအဖော်ကို ထိုးသတ်ခြင်း၊
၅။ ဥပဓိဝိဝေကလက်နက်ဖြင့် အကုသိုလ်အားလုံးကို ထိုးသတ်ခြင်း။ (သံ၊ဋ္ဌ၊၃၊၁၅၉။)♦

လက်နက် ၉ မျိုး (အပရာဇိတပလ္လင်ကို လုယူရန် မာရ်နတ်တိုက်ခိုက်သော လက်နက် ၉ မျိုး)

၁။ ဝါတမဏ္ဍလ- လေပွေလေဆင်နှာမောင်း၊
၂။ မဟာဝဿ- မိုးကြီး၊
၃။ ပါသာဏဝဿ- ကျောက်ခဲမိုး၊
၄။ ပဟရဏဝဿ- လက်နက်မိုး၊
၅။ အင်္ဂါရဝဿ- မီးကြီးခဲမိုး၊
၆။ ကုက္ကုဠ ဝဿ- ပြာပူမိုး၊
၇။ ဝါလုကာဝဿ- သဲမိုး၊
၈။ ကလလဝဿ- ရွံ့ညွန်မိုး၊
၉။ အန္ဓကာရ- အမိုက်မှောင်။ (အပ၊ဋ္ဌ၊၁၊၈၇။)♦

လက်နက်ကြီး ၄ မျိုး

၁။ သိကြားမင်း၏ ဝရဇိန် လက်နက်၊
၂။ ဝေဿဝဏ်နတ်မင်း၏ တင်းပုတ် လက်နက်၊
၃။ ယမမင်း၏ မျက်စိ လက်နက်၊
၄။ အာဠာဝကဘီလူး၏ ဘွဲ့ဖြူ ပုဆိုး လက်နက်။ (သံ၊ဋ္ဌ၊၁၊၂၉၆။) (သုတ္တနိ၊ဋ္ဌ၊၁၊၂၁၉။)♦

လက်သည်းညှပ် လှူရကျိုး ၅ မျိုး

၁။ များစွာသော ကျွန်မိန်းမ, ယောကျ်ားတို့ကို ရရှိခြင်း၊
၂။ များစွာသော နွား မြင်းတို့ကို ရရှိခြင်း၊
၃။ များစွာသော အလုပ်သမား သူရင်းငှားတို့ကို ရရှိခြင်း၊
၄။ များစွာသော ကချေသည်တို့ကို ရရှိခြင်း၊
၅။ များစွာသော ဆေတ္တာသည်, ထမင်းချက်သမား, စားဖိုသည်တို့ကို ရရှိခြင်း။ (အပ၊၁၊၃၆၀။) (အပ၊မြန်၊၁။၃၆၉။)♦

လက်သမားဆရာ၏ အတတ်ပညာ ၂ မျိုး

၁။ အိမ်ရာ ကျောင်းရာကို သိသော အတတ်ပညာ၊
၂။ ဘုံအဆင့်ဆင့်ရှိသော အဆောက်အဦး, ပြာသာဒ် ဆောက်လုပ်ခြင်း အတတ်ပညာ။ (အနုဋီ၊၂၊၁၇၈။)♦

လက်သုတ်ပုဝါ လှူရကျိုး ၅ ပါး

၁။ အလုံးစုံသော လက္ခဏာတို့နှင့် ပြည့်စုံသူ ဖြစ်ခြင်း၊
၂။ အသက်တမ်းနှင့် ပြည့်စုံသူ ဖြစ်ခြင်း၊
၃။ ဉာဏ်ပညာနှင့် ပြည့်စုံသူ ဖြစ်ခြင်း၊
၄။ သမာဓိနှင့် ပြည့်စုံသူ ဖြစ်ခြင်း၊
၅။ အလုံးစုံသော ပင်ပန်းခြင်းတို့မှ လွတ်ကင်းခြင်း။ (အပ၊၁၊၃၆၆။) (အပ၊မြန်၊၁။၃၇၅။)♦

လင်းနို့ အင်္ဂါ ၂ ပါး

၁။ လင်းနို့သည် အိမ်သို့ ဝင်၍ လှည့်လည်ပျံသန်းပြီးနောက် အိမ်မှ ထွက်ခြင်း အိမ်၌ မနှောက်ယှက်ခြင်း (ထို့အတူ ယောဂီပုဂ္ဂိုလ်သည် ရွာသို့ ဆွမ်းအလို့ငှာ ဝင်လျက် အိမ်စဉ်အတိုင်း လှည့်လည်ပြီးနောက် ရရှိလာသော လာဘ်ဖြင့် လျင်စွာ ရွာမှ ထွက်ခြင်း၊ ရွာ၌ အနှောက်အယှက် မပြုခြင်း)၊
၂။ လင်းနို့သည် သူတစ်ပါး၏ အိမ်၌ နေသည်ရှိသော် ထိုအိမ်ရှင်တို့အား ဆုတ်ယုတ်ပျက်စီးကြောင်းကို မပြုခြင်း (ထို့အတူ ယောဂီပုဂ္ဂိုလ်သည် ဒါယကာတို့၏ အိမ်သို့ ချဉ်းကပ်၍ အလွန်တောင်းခြင်း စသည်ဖြင့် ထိုဒါယကာတို့အား တစ်စုံတစ်ခုသော နှလုံးမသာယာဖွယ်ကို မပြုလုပ်ခြင်း) ။ (မိလိန္ဒ၊၃၈၉။) (မိလိန္ဒ၊မြန်။၄၁၁။)♦

လင်မယား စုံတွဲ ၄ မျိုး

၁။ သူသေလင်သည် သူသေမယားနှင့် အတူ ပေါင်းသင်းခြင်း၊
၂။ သူသေ လင်သည် နတ်သမီးမယားနှင့် အတူ ပေါင်းသင်းခြင်း၊
၃။ နတ်သားလင်သည် သူသေမယားနှင့် အတူ ပေါင်းသင်းခြင်း၊
၄။ နတ်သားလင်သည် နတ်သမီးမယားနှင့် အတူ ပေါင်းသင်းခြင်း။ (အံ၊၁၊၃၆၈။) (အံ၊မြန်၊၁။၃၈၂။)♦

လင်ယောကျ်ား ကျင့်ဝတ် ၅ ပါး

၁။ သမ္မာနနာယ- ဇနီးမယားအပေါ်၌ ချစ်ခင်မြတ်နိုးစွာ ပြုလုပ်ပြောဆိုဆက်ဆံရခြင်း၊
၂။ အနဝမာနနာယ- မထီမဲ့မြင် ကြမ်းတမ်းယုတ်မာ ရိုင်းပြစွာ မပြောဆို မပြုလုပ်ရခြင်း၊
၃။ အနတိစရိယာယ- မိမိဇနီးမယားမှ တစ်ပါးအခြား မိန်းမ များနှင့် မလွန်ကျူး မဖောက်ပြန်ရခြင်း၊
၄။ ဣဿရိယဝေါဿဂ္ဂေန- ပစ္စည်းဥစ္စာတို့ကို ဇနီး မယားထံ အပ်နှံရခြင်း၊
၅။ အလင်္ကာရာနုပ္ပဒါနေန- စွမ်းနိုင်သလောက် အဝတ်အစား အဆင်တန်ဆာများကို ဆင်မြန်းရခြင်း။ (ဒီ၊၃၊၁၅၄-၁၅၅။) (ခုဒ္ဒက၊ဋ္ဌ၊၁၁၆။) (ဒီ၊မြန်၊၃။၁၇၂။)♦

လင်ယောကျ်ားအပေါ် လွှမ်းမိုးနိုင်သော မိန်းမ၏ အင်္ဂါ ၅ ပါး

၁။ ရုပ်ရေအဆင်း ချောမော လှပခြင်း ဟူသော ရူပဗလနှင့် ပြည့်စုံခြင်း၊
၂။ စည်းစိမ်ဥစ္စာရှိခြင်း ဟူသော ဘောဂဗလနှင့် ပြည့်စုံခြင်း၊
၃။ ဆွေမျိုးအသိုင်းအဝိုင်းရှိခြင်း ဟူသော ဉာတိဗလနှင့် ပြည့်စုံခြင်း၊
၄။ သားသမီး ရှိခြင်း ဟူသော ပုတ္တဗလနှင့် ပြည့်စုံခြင်း၊
၅။ ကိုယ်ကျင့်သီလရှိခြင်း ဟူသော သီလဗလနှင့် ပြည့်စုံခြင်း။ (သံ၊၂၊၄၄၃။) (သံ၊မြန်၊၂။၄၃၉။)♦

လဇ္ဇီရဟန်း အင်္ဂါ ၃ ပါး

၁။ လွန်ကျူးလိုသော စေတနာနှင့် တကွ စေ့ဆော်၍ အာပတ် မသင့် ရောက်ခြင်း၊
၂။ သင့်ရောက်ပြီးသော အာပတ်ကို ဖုံးလွှမ်းမထားခြင်း၊
၃။ အဂတိလေးပါး မလိုက်စားခြင်း။ (ဝိ၊၅၊၂၇၉။) (ဝိ၊ဋ္ဌ၊၃၊၁၄၂။) (ဝိ၊မြန်၊၅။၃၇၄။)♦

လနှင့် ယောဂီ တူပုံ ၅ မျိုး

၁။ လသည် လဆန်းပက္ခ၌ ထွက်ပေါ်သည်ရှိသော် တိုးပွား၍ တိုးပွား၍ ဖြစ်ခြင်း (ထို့အတူ ယောဂီပုဂ္ဂိုလ်သည် အကျင့်သီလ ဂုဏ်ကျေးဇူး ဝတ်ကြီး ဝတ်ငယ် တို့၌လည်းကောင်း၊ သတိပဋ္ဌာန်တရား အားထုတ်ခြင်း ဣန္ဒြေတို့၌ လုံခြုံသော တံခါးရှိခြင်း စသည်တို့၌လည်းကောင်း တိုးတက်၍ တိုးတက်၍ ပွားများရခြင်း)၊
၂။ လသည် ကြယ်တာရာ အပေါင်းတို့၏ အကြီးအမှူးဖြစ်ခြင်း (ထို့အတူ ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် မွန်မြတ်သော ဆန္ဒာဓိပတိ ရှိရခြင်း)၊
၃။ လသည် ညဉ့်၌ လှည့်လည်ထွက်ပေါ်ခြင်း (ထို့အတူ ယောဂီပုဂ္ဂိုလ်သည် ဆိတ်ငြိမ်သူ ဖြစ်ရခြင်း)၊
၄။ လသည် ဗိမာန် တံခွန် ဖြစ်ခြင်း (ထို့အတူ ယောဂီပုဂ္ဂိုလ်သည် သီလတည်းဟူသော တံခွန်ရှိသူ ဖြစ်ခြင်း)၊
၅။ လသည် တောင်းတအပ် တောင်းပန်အပ်သည် ဖြစ်၍ ထွက်ပေါ်လာခြင်း (ထို့အတူ ယောဂီပုဂ္ဂိုလ်သည် တောင်းပန်အပ် တောင်းတအပ်သည် ဖြစ်၍ ဒါယကာတို့၏ အထံသို့ ချဉ်းကပ်ခြင်း)။ (မိလိန္ဒ၊၃၇၁။) (မိလိန္ဒ၊မြန်။၃၉၄။)♦

လနေတို့၏ အညစ်အကြေး ၄ မျိုး

လ နေ ညစ်နွမ်းကြောင်း ၄ မျိုးနှင့် တူသည်။ ♦

လယ် မအောင်ကြောင်း ၄ မျိုး

၁။ စပါးမျိုးစေ့ ပျက်ခြင်း၊
၂။ စိုက်ပျိုးပုံ ပျက်ခြင်း၊
၃။ ရေပြတ်ခြင်း၊
၄။ ဆားကျင်း, ဆပ်ပြာမြေ ဖြစ်ခြင်း။ (အံ၊ဋီ၊၂၊၂၃၄။)♦

လယ်၏ အပြစ် ၄ မျိုး

၁။ မျိုးစေ့ မရောက်ခြင်း, ဆွေးမြည့်ခြင်း အစွမ်းဖြင့် မျိုးစေ့၏ ပြတ်ခြင်း၊
၂။ ကြဲသော အခါ၌ အချို့သော အရပ်တို့ကို မနှံ့သည်ဖြစ်၍ ကြဲခြင်း၏ ပြတ်ခြင်း၊
၃။ ရေနည်းလွန်း, များလွန်းသည်တို့၏ အစွမ်းဖြင့် ရေကြောင့် ပြတ်ခြင်း၊
၄။ အချို့နေရာ၌ လေးကြိမ်, ငါးကြိမ် ထွန်၍ နက်သဖြင့် ကျစ်မြေငံ၏ ပေါက်ခြင်း။ (မ၊ဋ္ဌ၊၁၊၁၅၉။)♦

လယ်ထွန်ရာ၌ ကြိုးချည်ခြင်း ၃ မျိုး

၁။ ထွန်တုံးထွန်တံနှင့် အတူ ထမ်းပိုးတုံးကို ချည်နှောင်ခြင်း၊
၂။ ထမ်းပိုးတုံးနှင့် အတူ နွားလားတို့ကို ချည်နှောင်ခြင်း၊
၃။ မောင်းနှင် သူနှင့် နွားလားတို့ကို ချည်နှောင်ခြင်း။ (သံ၊ဋ္ဌ၊၁၊၂၃၂။)♦

လယ်နှင့် ယောဂီ တူပုံ ၃ မျိုး

၁။ လယ်သည် ရေမြောင်းနှင့် ပြည့်စုံခြင်း (ထို့အတူ ယောဂီ ပုဂ္ဂိုလ်သည် ကောင်းစွာ ကျင့်အပ်သော ဝတ်ကြီး ဝတ်ငယ်ဟူသော ရေမြောင်းနှင့် ပြည့်စုံ ရခြင်း)၊
၂။ လယ်သည် ကန်သင်းအပိုင်းအခြားနှင့် ပြည့်စုံ၍ ထိုကန်သင်းအပိုင်းအခြားဖြင့် ရေကို စောင့်ရှောက်စေပြီးလျှင် စပါးကို ရင့်စေခြင်း (ထို့အတူ ယောဂီပုဂ္ဂိုလ်သည် စောင့်ထိန်းမှု သီလ, ရှက်မှု ဟိရီတည်းဟူသော အပိုင်းအခြားဖြင့် ရဟန်းဂုဏ်ကို စောင့်ရှောက်၍ လေးပါးသော မဂ်ဖိုလ်တို့ကို ယူခြင်း)၊
၃။ လယ်သည် စပါးဖြစ်ပေါ်ကြောင်း မြေဩဇာနှင့် ပြည့်စုံသည်ဖြစ်၍ လယ်သမားအား ရွှင်လန်းမှုကို ဖြစ်စေခြင်း, အနည်းငယ်သော မျိုးစေ့ကို စိုက်ပျိုးသော်လည်း များစွာသော အသီးအနှံကို ဖြစ်စေလျက် များစွာ စိုက်ပျိုးသည်ရှိသော် အထူးသဖြင့် များပြားသော အသီးအနှံကို ဖြစ်စေခြင်း (ထို့အတူ ယောဂီပုဂ္ဂိုလ်သည် ကောင်းမှုဖြစ်ပေါ်ကြောင်း အကျင့်နှင့် ပြည့်စုံသည်ဖြစ်၍ ပြန့်ပြောသော အကျိုးကို ပေးစေနိုင်ခြင်း, အနည်းငယ် ပေးလှူသော်လည်း များစွာသော အကျိုးကို ဖြစ်စေပြီးလျှင် များစွာ ပေးလှူသည်ရှိသော် အထူးသဖြင့် များပြားသော အကျိုးထူးတို့ကို ဖြစ်စေသဖြင့် ဒါယကာတို့၏ အားရရွှင်လန်းမှုကို ဖြစ်စေခြင်း)။ (မိလိန္ဒ၊၄၀၃။) (မိလိန္ဒ၊ မြန်။၄၂၅။)♦

လယ်မြေကောင်းနှင့် တူသော ပုဂ္ဂိုလ် ၇ မျိုး

၁။ ရူပကာယ နာမကာယ နှစ်ပါးသော အဖို့မှ လွတ်သော ‘ဥဘတောဘာဂဝိမုတ္တ’ပုဂ္ဂိုလ်၊
၂။ ပညာဖြင့် ကိလေသာတို့မှ လွတ်သော ‘ပညာ ဝိမုတ္တ’ပုဂ္ဂိုလ်၊ ၃။(ဈာန် မဂ်ဖိုလ် နိဗ္ဗာန်ကို) နာမကာယဖြင့် မျက်မှောက်ပြုသော ‘ကာယသက္ခိ’ ပုဂ္ဂိုလ်၊
၄။ သစ္စာလေးပါးတရားကို သိ၍ အထက် မဂ်ဖိုလ်သို့ ရောက်သော ‘ဒိဋ္ဌိပ္ပတ္တ’ ပုဂ္ဂိုလ်၊
၅။ သဒ္ဓါတရားဖြင့် ကိလေသာတို့မှ လွတ်သော ‘သဒ္ဓါဝိမုတ္တ’ ပုဂ္ဂိုလ်၊
၆။ ပညာရှေ့သွားရှိ၍ အရိယာမဂ်ကို ပွားစေသော ‘ဓမ္မာနုသာရီ’ ပုဂ္ဂိုလ်၊
၇။ သဒ္ဓါရှေ့သွားရှိ၍ အရိယာမဂ်ကို ပွားစေသော ‘သဒ္ဓါနုသာရီ’ ပုဂ္ဂိုလ်။ (အံ၊၂၊၄၀၃။) (အံ၊မြန်၊၂။၅၁၀။)♦

လယ်မြေကောင်းနှင့် တူသော ပုဂ္ဂိုလ် ၇ မျိုး (တစ်နည်း)

၁။ သင်္ခါရတို့၌ အနိစ္စဟု ရှုနေ၍ အာသဝေါတရားကုန်ပြီး နိဗ္ဗာန်ကို မျက်မှောက်ပြုလျက် နေသော ပုဂ္ဂိုလ်၊
၂။ အာသဝေါတရား ကုန်ပြီး ပရိနိဗ္ဗာန်ပြုသော ပုဂ္ဂိုလ်၊
၃။ အသက်အပိုင်းအခြား၏ အလယ်၌ ပရိနိဗ္ဗာန်ပြုသော အန္တရာပရိနိဗ္ဗာယီ ပုဂ္ဂိုလ်၊
၄။ အသက်အပိုင်းအခြား၏ အလယ်ကို လွန်၍ ပရိနိဗ္ဗာန်ပြုသော ဥပဟစ္စပရိနိဗ္ဗာယီ ပုဂ္ဂိုလ်၊
၅။ အားထုတ်မှုမရှိဘဲ ပရိနိဗ္ဗာန်ပြုသော အသင်္ခါရ ပရိနိဗ္ဗာယီ ပုဂ္ဂိုလ်၊
၆။ အားထုတ်မှုရှိသဖြင့် ပရိနိဗ္ဗာန်ပြုသော သသင်္ခါရပရိနိဗ္ဗာယီ ပုဂ္ဂိုလ်၊
၇။ အကနိဋ္ဌ ဘုံသို့ ရောက်၍ အထက်မဂ်ကို ရထိုက်သော ဥဒ္ဓံသောတ အကနိဋ္ဌဂါမိပုဂ္ဂိုလ်။ (အံ၊၂၊၄၀၅။) (အံ၊မြန်၊၂။၅၁၃။)♦

လယ်မြေကောင်းနှင့် တူသော ရဟန်း၏ အင်္ဂါ ၇ ပါး

၁။ သုတ္တ, ဂေယျ စသော ပါဠိကို သိခြင်း၊
၂။ ယင်းပါဠိ၏ အနက်ကို သိခြင်း၊
၃။ မိမိကိုယ်ကို သိခြင်း၊
၄။ ပစ္စည်း လေးပါးတို့၌ အတိုင်းအရှည်ကို သိခြင်း၊
၅။ ပါဠိသင်ရာ အဋ္ဌကထာသင်ရာ အခါကို သိခြင်း၊
၆။ ပရိသတ်ကို သိခြင်း၊
၇။ ပုဂ္ဂိုလ်တို့၏ ထက်သည်အဖြစ် နုံ့သည် အဖြစ်ကို သိခြင်း။ (အံ၊၂၊၄၈၃။) (အံ၊မြန်၊၂။ ၆၀၄။)♦

လယ်ယာမြေကောင်းနှင့် တူသော ပုဂ္ဂိုလ် ၇ မျိုး (တစ်နည်း)

၁။ လွတ်မြောက်မှု အရဟတ္တဖိုလ် ပညာကို ယခုဘဝ၌ မျက်မှောက်ပြုနေသော ပုဂ္ဂိုလ်၊
၂။ အာသဝေါကုန်ခြင်းသည်လည်းကောင်း အသက်ကုန်ခြင်းသည် လည်းကောင်း မရှေးမနှောင်း ဖြစ်သော ပုဂ္ဂိုလ်၊
၃။ အောက်ပိုင်း သံယောဇဉ် ငါးပါး အကြွင်းမဲ့ ကုန်ခြင်းကြောင့် အသက်အပိုင်းအခြား အလယ်၌ ပရိနိဗ္ဗာန် ပြုသော အန္တရာပရိနိဗ္ဗာယီပုဂ္ဂိုလ်၊
၄။ အသက်အပိုင်းအခြားကို ထိ၍ ပရိနိဗ္ဗာန်ပြုသော ဥပဟစ္စ ပရိနိဗ္ဗာယီပုဂ္ဂိုလ်၊
၅။ အားထုတ်မှု မရှိဘဲ ပရိနိဗ္ဗာန်ပြုသော အသင်္ခါရ ပရိနိဗ္ဗာယီပုဂ္ဂိုလ်၊
၆။ အားထုတ်မှုရှိ၍ ပရိနိဗ္ဗာန်ပြုသော သသင်္ခါရ ပရိနိဗ္ဗာယီ ပုဂ္ဂိုလ်၊
၇။ အထက် အကနိဋ္ဌဘုံသို့ သွားတတ်သော ဥဒ္ဓံသောတ အကနိဋ္ဌဂါမီပုဂ္ဂိုလ်။ (အံ၊၂၊၅၁၀။) (အံ၊မြန်၊၂။၆၃၆။)♦

လယ်သမားတို့ ရှေးဦးစွာ ပြုလုပ်အပ်သော အလုပ် ၃ မျိုး

၁။ ရှေးဦးစွာ အဆောတလျင် လယ်ကို ကောင်းစွာ ထွန်ယက်၍ အပြေအပြစ် ပြုအပ်ခြင်း၊
၂။ ထို့နောက် အဆောတလျင် သင့်လျော်သော အခါ၌ မျိုးစေ့တို့ကို ကြဲချ စိုက်ပျိုးရခြင်း၊
၃။ ထို့နောက် အဆောတလျင် သင့်လျော်သော အခါ၌ ရေသွင်းရေထုတ် ပြုလုပ်ရခြင်း။ (အံ၊၁၊၂၃၁-၂၄၁။) (အံ၊မြန်၊၁။၂၄၈-၂၆၀။)♦

လျင်မြန်ခြင်း ၄ မျိုး

၁။ အရပ်လေးမျက်နှာမှ ပစ်လွှတ်လာသော ကျွမ်းကျင်သော လေးသမား လေးယောက်တို့၏ မြားတို့ကို မြေ၌ မကျရောက်မီ ဖမ်းယူနိုင်သော ယောကျ်ား၏ လျင်မြန်ခြင်း၊
၂။ လ, နေတို့၏ လျင်မြန်ခြင်း၊
၃။ လ, နေတို့၏ ရှေ့မှ ပြေးသွားကုန်သော နတ်တို့၏ လျင်မြန်ခြင်း၊
၄။ အသက်ပြုပြင်မှု အာယုသင်္ခါရတို့၏ လျင်မြန်ခြင်း။ (ဇာ၊ဋ္ဌ၊၄၊၂၁၂။)♦

လျင်မြန်စွာ သွားသော် မတင့်တယ်သူ ၄ ယောက်

၁။ အဘိသိက်သွန်းပြီးသော မင်း၊
၂။ မင်္ဂလာဆင် ရတနာ၊
၃။ ရဟန်း၊
၄။ မိန်းမ။ (ဓမ္မ၊ဋ္ဌ၊၁၊၂၄၆။)♦

လျင်သောပညာ ရကြောင်း တရား ၄ ပါး

၁။ သူတော်ကောင်းကို မှီဝဲခြင်း၊
၂။ သူတော်ကောင်း တရားကို ကြားနာခြင်း၊
၃။ သင့်လျော်သောအားဖြင့် နှလုံးသွင်းခြင်း၊
၄။ တရားအား လျော်သော အကျင့်ကို ကျင့်ခြင်း။ (သံ၊၃၊၃၅၉။) (သံ၊၃၊၃၆၁။) (သံ၊မြန်၊၃။၃၆၄ ၃၆၇။) (သံ၊မြန်၊၃။၃၆၄ ၃၆၇။)♦

လျှို့လျှို့ဝှက်ဝှက် ရွက်ဆောင်သူ ၃ ဦး

၁။ မာတုဂါမသည် လျှို့ဝှက်၍ ရွက်ဆောင်သည်၊ ပွင့်ပွင့် လင်းလင်း မရွက်ဆောင်၊
၂။ ပုဏ္ဏားတို့၏ ဗေဒင်တို့သည် လျှို့ဝှက်၍ ရွက်ဆောင်သည်၊ ပွင့်ပွင့်လင်းလင်း မရွက်ဆောင်၊
၃။ မှားသော အယူရှိသူသည် လျှို့ဝှက်၍ ရွက်ဆောင်သည်၊ ပွင့်ပွင့်လင်းလင်း မရွက်ဆောင်။ (အံ၊၁၊၂၈၆။) (အံ၊မြန်၊၁။၃၀၃။)♦

လျှို့ဝှက်ချက်ကို မပြောကြားထိုက်သူ ၄ မျိုး

၁။ မိန်းမ၊
၂။ ဆန့်ကျင်ဘက်ဖြစ်သူ(ရန်သူ။)၊
၃။ ပစ္စည်းဥစ္စာ အဝတ်တန်ဆာ စသော အာမိသဖြင့် ဖြားယောင်း၍ အဆွေခင်ပွန်းဖွဲ့တတ်သူ၊
၄။ စိတ်ထား မဖြောင့်မမှန် အကောက်ကြံလျက် သူ့အပြစ်ကို ရှာလိုသောကြောင့် ချိုသော စကားဖြင့် ချဉ်းကပ်တတ်သူ။ (ဇာတက၊၁၊၃၄၉။)♦

လျှို့ဝှက်တိုင်ပင်မှုကို ဖျက်ဆီးတတ်သော ပုဂ္ဂိုလ် ၉ ယောက်

၁။ ရာဂကြီးသူ၊
၂။ ဒေါသ ကြီးသူ၊
၃။ မောဟကြီးသူ၊
၄။ ကြောက်ရွံ့ ထိတ်လန့်တတ်သူ၊
၅။ လာဘ်, လာဘအာမိသ၌ အလေးဂရုပြုသူ၊
၆။ မိန်းမ၊
၇။ သေသောက်ကြူးသူ၊
၈။ ပဏ္ဍုက်၊
၉။ ကလေးသူငယ်။ (မိလိန္ဒ၊၉၉။) (မိလိန္ဒ၊မြန်။၁၀၇။)♦

လျှော်တေသင်္ကန်း၏ အကျိုးကျေးဇူး ၁၂ မျိုး

၁။ လျှော်တေ သင်္ကန်းသည် အဖိုးနည်းခြင်း, ကောင်းခြင်း, ရသေ့ရဟန်းတို့အား အပ်ခြင်း၊
၂။ မိမိကိုယ်တိုင် လက်ဖြင့် ပြုလုပ်လွယ်ကူခြင်း, ပြုလုပ်နိုင်ခြင်း၊
၃။ သုံးဆောင်သဖြင့် ဖြည်းဖြည်း ညစ်နွမ်းခြင်း, ဖွပ်လျှော်ရာ၌လည်း ကြာမြင့်မှု မရှိခြင်း၊
၄။ သုံးဆောင်သဖြင့် ဆွေးမြည့်သော်လည်း ချုပ်စရာမလိုခြင်း၊
၅။ နောက်တစ်ဖန် ရှာဖွေ၍ ပြုလုပ်ရလွယ်ကူခြင်း၊
၆။ ရသေ့ရဟန်းဖြစ်သူအား သင့်လျော် လျောက်ပတ်ခြင်း၊
၇။ ရန်သူတို့၏ သုံးဆောင်မူ မရှိခြင်း၊
၈။ သုံးဆောင်သော သူ၏ တန်ဆာဆင်ခြင်းအကြောင်း မရှိခြင်း၊
၉။ ဆောင်ရာ၌ ပေါ့ပါးခြင်း၊
၁၀။ သင်္ကန်းပစ္စည်း၌ အလိုနည်းသည် ဖြစ်ခြင်း၊
၁၁။ လျှော်ဖြစ်ပေါ်ခြင်း၏ တရားနှင့် လျော်ခြင်း, အပြစ် ကင်းခြင်း၊
၁၂။ လျှော်သင်္ကန်း ပျောက်သော်လည်း ငဲ့ကွက်စရာ မရှိခြင်း။ (အဘိ၊ဋ္ဌ၊၁၊၃၉။) (အပ၊ဋ္ဌ၊၁၊၁၁။) (ဗုဒ္ဓဝံ၊ဋ္ဌ၊၉၈။)♦

လွတ်ကင်းသော စိတ် ၅ မျိုး

၁။ ကာမဂုဏ်ကို နှလုံးသွင်းသော ရဟန်းအား ကာမဂုဏ်တို့၌ စိတ်မကြည်လင်, မပြေးဝင် မရပ်တည်မူ၍ ကာမဂုဏ်မှ ထွက်မြောက်ကြောင်း အသုဘ ဈာန်ကို နှလုံးသွင်းသော ရဟန်းအား အသုဘဈာန် ဟူသော နေက္ခမ္မဓာတ်၌ စိတ်ကြည်လင်, ပြေးဝင်, ရပ်တည်လျက် အာသဝေါတရားတို့မှ ကင်းလွတ်ခြင်း၊
၂။ ပျက်စီးစေလိုမှု ဗျာပါဒကို နှလုံးသွင်းသော ရဟန်းအား ဗျာပါဒ၌ စိတ်မကြည်လင်, မပြေးဝင်, မရပ်တည်မူ၍ ဗျာပါဒ၏ ဆန့်ကျင်ဘက်ဖြစ်သော မေတ္တာကို နှလုံးသွင်းသော ရဟန်းအား မေတ္တာ၌ စိတ်ပြေးဝင်, ကြည်လင်, ရပ်တည်လျက် အာသဝေါတရားတို့မှ လွတ်ကင်းခြင်း၊
၃။ ညှဉ်းဆဲမှု ဝိဟိံသာကို နှလုံးသွင်းသော ရဟန်းအား ဝိဟိံသာ၌ စိတ်မကြည်လင်, မပြေးဝင်, မရပ်တည်မူ၍ မညှဉ်းဆဲမူ အဝိဟိံသာ ကရုဏာဈာန်ကို နှလုံးသွင်းသော ရဟန်းအား အဝိဟိံသာ၌ စိတ်ပြေးဝင်, ကြည်လင်, ရပ်တည်လျက် အာသဝေါတရားတို့မှ ကင်းလွတ်ခြင်း၊
၄။ ကသိုဏ်း ရုပ်ကို နှလုံးသွင်းသော ရဟန်းအား ကသိုဏ်းရုပ်၌ စိတ်မကြည်လင်, မပြေးဝင်, မရပ်တည် မူ၍ အရူပဈာန်ကို နှလုံးသွင်းသော ရဟန်းအား အရူပဈာန်၌ စိတ်ကြည်လင်, ပြေးဝင်, ရပ်တည်လျက် အာသဝေါတရားတို့မှ လွတ်ကင်းခြင်း၊
၅။ ခန္ဓာငါးပါးဟူသော သက္ကာယကို နှလုံးသွင်းသော ရဟန်းအား သက္ကာယ၌ စိတ်မကြည်လင်, မပြေးဝင်, မရပ်တည်မူ၍ သက္ကာယ ချုပ်ငြိမ်းမှု အရဟတ္တဖိုလ်ကို နှလုံးသွင်းသော ရဟန်းအား သက္ကာယချုပ်ငြိမ်းခြင်း၌ စိတ်ကြည်လင်, ပြေးဝင်, ရပ်တည်လျက် အာသဝေါတရားတို့မှ ကင်းလွတ်ခြင်း။ (အံ၊၂၊၂၁၄။) (အံ၊မြန်၊၂။၂၆၈။)♦

လွတ်မြောက်ကြောင်း တရား ၅ ပါး

၁။ အမြဲ မရှိ ဟူသော အမှတ်- အနိစ္စသညာ၊
၂။ အမြဲ မရှိခြင်း၌ ဆင်းရဲ၏ ဟူသော အမှတ်- ဒုက္ခသညာ၊
၃။ ဆင်းရဲခြင်း၌ အလိုသို့ မလိုက် ဟူသော အမှတ်- အနတ္တသညာ၊
၄။ ပယ်စွန့်အပ်၏ ဟူသော အမှတ်- ပဟာနသညာ၊
၅။ စွဲမက်ခြင်း ကင်း၏ ဟူသော အမှတ်- ဝိရာဂသညာ။ (အံ၊၂၊၇၅။) (အံ၊မြန်၊၂။၉၂-၉၃။)♦

လွတ်မြောက်ခြင်း ၂ မျိုး

၁။ စိတ်၏ ကိလေသာမှ လွတ်မြောက်ခြင်း- စေတောဝိမုတ္တိ၊
၂။ ပညာ၏ ကိလေသာတို့မှ လွတ်မြောက်ခြင်း- ပညာဝိမုတ္တိ။ (အံ၊၁၊၈၁။) (အံ၊မြန်၊၁။၉၆။)♦

လွတ်မြောက်ခြင်း ၈ ပါး

၁။ ရူပဈာန်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည် ကသိုဏ်းရုပ်တို့ကို ဈာန်မျက်စိဖြင့် ရှုခြင်း၊
၂။ မိမိသန္တာန်၌ ရုပ်တို့ကို မရှုမူ၍ ပြင်ပ၌ ရှိသော ကသိုဏ်းရုပ်တို့ကို ရှုခြင်း၊
၃။ ကသိုဏ်းအာရုံကို တင့်တယ်၏ ဟူ၍ နှလုံးသွင်းခြင်း၊
၄။ ရူပသညာတို့ကို လုံးဝလွန်မြောက်ခြင်း, ပဋိဃသညာတို့၏ အကြွင်းမဲ့ ချုပ်ငြိမ်းခြင်း, နာနတ္တသညာတို့ကို လုံးဝ နှလုံးမသွင်းခြင်းကြောင့် ကောင်းကင်သည် အဆုံးမရှိဟု ပွားများလျက် အာကာသာနဉ္စာ ယတနဈာန်သို့ ရောက်၍ နေခြင်း၊
၅။ အာကာသာနဉ္စာယတနဈာန်ကို ကောင်းစွာ လွန်မြောက်ပြီးလျှင် ‘‘ဝိညာဉ်သည် အဆုံးမရှိ’’ဟု ပွားများလျက် ဝိညာဏဉ္စာယတနဈာန်သို့ ရောက်၍ နေခြင်း၊
၆။ ဝိညာဏဉ္စာယတနဈာန်ကို ကောင်းစွာ လွန်မြောက်ပြီးလျှင် ‘‘တစ်စုံ တစ်ခုမျှ မရှိ’’ဟု ပွားများလျက် အာကိဉ္စညာယတနဈာန်သို့ ရောက်၍ နေခြင်း၊
၇။ အာကိဉ္စညာယတနဈာန်ကို လွန်မြောက်ပြီးလျှင် နေဝသညာနာသညာယတနဈာန်သို့ ရောက်၍ နေခြင်း၊
၈။ နေဝသညာနာသညာယတနဈာန်ကို လွန်မြောက်ပြီးလျှင် သညာဝေဒနာ တို့၏ ချုပ်ရာ နိရောဓသမာပတ်သို့ ရောက်၍ နေခြင်း။ (ဒီ၊၂၊၆၀။) (ဒီ၊၂၊၉၄။) (ဒီ၊၃၊၂၁၇။) (ဒီ၊၃၊၂၅၁။) (အဘိ၊ဝိ၊၃၅၆။) (ပဋိသံ၊ဋ္ဌ၊၁၊၁၂၈။) (ဒီ၊မြန်၊၂။၁၀၈။) (ဒီ၊မြန်၊၂။၆၉။) (ဒီ၊မြန်၊၃။၂၄၀။) (ဒီ၊မြန်၊၃။၂၇၄။) (အဘိ၊ဝိ၊မြန်၊၂။၄၄၀။)♦

လသုဏသိက္ခာပုဒ်၌ အင်္ဂါ ၂ ပါး

၁။ ကြက်သွန်ဖြူစိမ်း ဖြစ်ခြင်း၊
၂။ စားမျိုခြင်း။ (သာရတ္ထ၊ဋီ၊၃၊၁၂၃။) (ဝိမတိ၊၂၊၇၆။)♦

လှည်းဘီး အကန့်ထောက်ဆံနှင့် တူသော တရား ၃ မျိုး

၁။ ကုသိုလ်ကောင်းမှုတို့ကို ပြုပြင် စီရင်ခြင်း စေတနာတရား- ပုညာဘိသင်္ခါရတရား၊
၂။ ကာမဘုံ၌ အကျုံးဝင်သော အကုသိုလ် စေတနာ- အပုညာဘိသင်္ခါရတရား၊
၃။ အရူပဘုံ၌ အကျုံးဝင်သော ကုသိုလ်စေတနာ- အာနေဉ္ဇာဘိသင်္ခါရတရား။ (သာရတ္ထ၊ဋီ၊၁၊၂၁၇။)♦

လှည်းဘီး၏ အနားသတ် အကွပ်တကူနှင့် တူသော တရား ၂ မျိုး

၁။ အိုခြင်း ဇရာတရား၊
၂။ သေခြင်း မရဏတရား။ (သာရတ္ထ၊ဋီ၊၁၊၂၁၇။)♦

လှည်းဘီးပုံတောင်းချက်မနှင့် တူသော တရား ၂ မျိုး

၁။ သစ္စာလေးပါး စသော တရားတို့ကို မသိတတ်သော အဝိဇ္ဇာတရား၊
၂။ ဘဝသုံးပါး၌ တပ်တတ်သော တဏှာ- ဘဝတဏှာတရား။ (သာရတ္ထ၊ဋီ၊၁၊၂၁၇။)♦

လှည်းရထားနှင့် တူသော တရား ၃ မျိုး

၁။ ကာမဘဝ- ကာမဘုံ၊
၂။ ရူပဘဝ- ရူပဘုံ၊
၃။ အရူပဘဝ- အရူပဘုံ။ (သာရတ္ထ၊ဋီ၊၁၊၂၁၈။)♦

လှံထိုးပုံ ၄ မျိုး

၁။ အောက်သို့ ရှေးရှု၍ ထိုးခတ်ခြင်း၊
၂။ အထက်သို့ ရှေးရှု၍ ထိုးခတ်ခြင်း၊
၃။ ထုတ်ချင်းထွင်း၍ ထိုးခတ်ခြင်း၊
၄။ အထူးထူး အထွေထွေအားဖြင့် ထိုးခတ်ခြင်း။ (နေတ္တိ၊ဋ္ဌ၊၂၃၄။)♦

လှူခြင်း၏ အကြောင်း ၈ မျိုး

ပေးလှူခြင်း၏ အကြောင်း ၈ မျိုးနှင့် တူသည်။ ♦

လှူဒါန်းခြင်း ၂ မျိုး

၁။ ရဟန်း၏ အထံသို့ သွား၍ ပစ္စည်းလေးပါးတို့ကို နှုတ်ဖြင့် ဖိတ်၍ လှူဒါန်းခြင်း၊
၂။ ပစ္စည်းလေးပါးတို့ကို ယူ၍ ရဟန်းထံသို့ သွား၍ လှူဒါန်းခြင်း။ (မ၊ဋ္ဌ၊၂၊၁၆၆။)♦

လှေကား ၃ မျိုး (ခွင့်ပြုတော်မူအပ်သော လှေကား ၃ မျိုး)

၁။ အုတ်လှေကား၊
၂။ ကျောက်လှေကား၊
၃။ သစ်သားလှေကား။ (ဝိ၊၄၊၂၅၄-၂၅၆-၂၉၉။) (ဝိ၊မြန်၊၄။၂၅၃၊၂၅၇၊၃၀၂။)♦

လှေနှင့် ယောဂီ တူပုံ ၃ မျိုး

၁။လှေသင်္ဘောသည် အမျိုးမျိုးသော သစ်သားတို့ဖြင့် ဖွဲ့စပ်သဖြင့် များစွာသော လူအပေါင်းကို ပင်လယ်သမုဒ္ဒရာမှ ကပ်တင်ခြင်း (ထို့အတူ ယောဂီပုဂ္ဂိုလ်သည် အကျင့်သီလဂုဏ် ဝတ်ကြီးဝတ်ငယ်ဟူသော အမျိုးမျိုးသော တရားတို့ စုပေါင်း ညီညွတ် သဖြင့် နတ်နှင့်တကွသော လူအပေါင်းကို သံသရာဝဋ်ဆင်းရဲမှ ကယ်တင်ခြင်း)၊
၂။ လှေ သင်္ဘောသည် အမျိုးမျိုးသော လှိုင်းလုံးရိုက်ခတ်သော အဟုန် ကျယ်ပြန့်သော ဩဃအဟုန်ကို သည်းခံနိုင်ခြင်း (ထို့အတူ ယောဂီပုဂ္ဂိုလ်သည် အမျိုးမျိုးသော ကိလေသာ လှိုင်းအဟုန်ကို လည်းကောင်း လာဘော အလာဘော စသော လောကဓံ ရှစ်ပါးတည်းဟူသော အပြစ်ဒေါသ လှိုင်းတံပိုးအဟုန်ကိုလည်းကောင်း သည်းခံနိုင်ခြင်း)၊
၃။ လှေသင်္ဘောသည် အဆုံးအစ မထင်သော တိမိစသော ငါးအပေါင်းတို့နှင့် ရောပြွမ်း နေသော မဟာသမုဒ္ဒရာ၌ သွားလာ နိုင်ခြင်း (ထို့အတူ ယောဂီပုဂ္ဂိုလ်သည် အပြန်သုံးဖြာ အခြင်းအရာ တစ်ဆယ့်နှစ်ပါးရှိသော သစ္စာလေးပါးကို သိမြင် ထိုးထွင်းခြင်း၌ စိတ်ကို ကျက်စားသွားလာ နိုင်ခြင်း)။ (မိလိန္ဒ၊၃၅၉။) (မိလိန္ဒ၊မြန်။၃၈၂။)♦

လှေသူကြီးနှင့် ယောဂီ တူပုံ ၃ မျိုး

၁။ လှေသူကြီးသည် နေ့ရောညဉ့်ပါ အမြဲမပြတ် မမေ့မလျော့သည်ဖြစ်၍ လုံ့လကြိုးကုတ် အားထုတ်လျက် လှေသင်္ဘောကို သွားစေခြင်း (ထို့အတူ ယောဂီပုဂ္ဂိုလ်သည် နေ့ရောညဉ့်ပါ အမြဲမပြတ် မမေ့မလျော့ လုံ့လကြိုးကုတ် အားထုတ်လျက် သင့်လျော်သော နှလုံးသွင်းမှုဖြင့် စိတ်ကို မှတ်ရခြင်း)၊
၂။ လှေသူကြီးသည် မဟာသမုဒ္ဒရာ၌ ကောင်း, မကောင်း အလုံးစုံကို သိခြင်း (ထို့အတူ ယောဂီပုဂ္ဂိုလ်သည် ကုသိုလ် အကုသိုလ် အပြစ်ရှိ မရှိ၊ အယုတ်အမြတ်၊ မည်းညစ်သော အဖို့ ဖြူစင်သော အဖို့တို့ကို သိခြင်း)၊
၃။ လှေသူကြီးသည် ‘‘တစ်စုံတစ်ယောက်သော သူမျှ ဤတက်ကို မကိုင်ကြ ကုန်လင့်’’ဟု တက်၌ တံဆိပ်ခပ်နှိပ်ထားခြင်း (ထို့အတူ ယောဂီပုဂ္ဂိုလ်သည် ‘‘တစ်စုံတစ်ရာ ယုတ်မာသော အကြံကို မကြံစည်ကြကုန်လင့်’’ဟု စိတ်၌ စောင့်စည်းမှု တံဆိပ် ခပ်နှိပ်ထားခြင်း)။ (မိလိန္ဒ၊၃၆၁။) (မိလိန္ဒ၊မြန်။၃၈၄။)♦

လာဘ်ရကြောင်း တရား ၄ ပါး

၁။ မိမိ၏ ကိုယ်တွင်း၌ အရှက်အကြောက်ကို ဖျက်၍ ရဟန်း သီလကို ပယ်စွန့်၍ ရူးသွပ်သူ မဟုတ်သော်လည်း ရူးသွပ်သူကဲ့သို့ ကျင့်ရခြင်း၊
၂။ ကုန်းချော စကားကို ပြောဆိုရခြင်း၊
၃။ ကချေသည်ကဲ့သို့ ပြုကျင့်ရခြင်း၊
၄။ ဖရိုဖရဲ စကားရှိသော အုတ်အုတ်ကျက်ကျက် ဖြစ်ရခြင်း။ (ဇာ၊ဋ္ဌ၊၂၊၃၇၈။)♦

လာဘ်အန္တရာယ် ၄ မျိုး

၁။ မရည်ရွယ်ဘဲ ပြုအပ်သော မမြင်အပ်သော မျက်ကွယ်လာဘ် အန္တရာယ်၊
၂။ ရည်ရွယ်၍ ပြုအပ်သော လာဘ်အန္တရာယ်၊
၃။ အနီးကပ် ရှေးရှု၍ ပြုစီရင် အပ်သော လာဘ်အန္တရာယ်၊
၄။ သုံးဆောင်ဆဲဖြစ်သော ပစ္စည်း၌ ပြုအပ်သော လာဘ် အန္တရာယ်။ (မိလိန္ဒ၊၁၅၇။) (မိလိန္ဒ၊မြန်။၁၆၉။)♦

လိင် ၁၀ ပါး

၁။ သူ့အသက်သတ်ခြင်း၊
၂။ သူ့ဥစ္စာကိုခိုးခြင်း၊
၃။ မမြတ်သော မေထုန် အကျင့်ကို ကျင့်ခြင်း၊
၄။ မုသားစကား ပြောဆိုခြင်း၊
၅။ သေရည်အရက် သောက်ခြင်း၊
၆။ မြတ်စွာဘုရား၏ ကျေးဇူးမဲ့ကို ပြောဆိုခြင်း၊
၇။ တရားတော်၏ ကျေးဇူးမဲ့ကို ပြောဆိုခြင်း၊
၈။ သံဃာတော် များ၏ ကျေးဇူးမဲ့ကို ပြောဆိုခြင်း၊
၉။ မှားသော အယူကို ယူခြင်း၊
၁၀။ ဘိက္ခုနီမကို ဖျက်ဆီးခြင်း။ (ဝိ၊၃၊၁၁၉။) (ဝိ၊မြန်၊၃။၁၂၀။)♦

လိင် နှစ်ခုရှိသူ ၃ မျိုး

ဥဘတောဗျည်း ၃ မျိုးနှင့် တူသည်။ ♦

လိင်ချို့တဲ့သူ ၃ မျိုး

ပဏ္ဍုက် ၃ မျိုးနှင့် တူသည်။ ♦

လိင်ပြန် ရဟန်း အင်္ဂါ ၄ ပါး

၁။ မိန်းမလိင်ကို ရသည်နှင့် တစ်ပြိုင်နက် ယောကျ်ားလိင်ကို စွန့်၏၊
၂။ နောက်မိန်းမလိင်၌ တည်၏၊
၃။ ယောကျ်ား၏ ကိုယ်အမူအရာ နှုတ်အမူအရာတို့ ငြိမ်းကုန်၏၊
၄။ ရဟန်းယောကျ်ားဟူသော ရှေးအခေါ် ပညတ်တို့ ပျောက်ကုန်၏။ (ဝိ၊၅၊၂၂၅။) (ဝိ၊မြန်၊၅။၃၁၃။)♦

လိင်ပြန် ရဟန်းမ အင်္ဂါ ၄ ပါး

၁။ ယောကျ်ားလိင်ကို ရသည်နှင့် တစ်ပြိုင်နက် မိန်းမလိင်ကို စွန့်၏၊
၂။ ရှေးယောကျ်ားလိင်၌ တည်၏၊
၃။ မိန်းမ၏ ကိုယ်အမူအရာ နှုတ်အမူအရာတို့ ငြိမ်းကုန်၏၊
၄။ ရဟန်းမ ဟူသော ရှေးအခေါ် ပညတ်တို့ ပျောက်ကုန်၏။ (ဝိ၊၅၊၂၂၅။) (ဝိ၊မြန်၊၅။၃၁၃။)♦

လိပ် အင်္ဂါ ၅ ပါး

၁။ လိပ်သည် ရေ၌ နေ၍ ရေ၌သာ ကျက်စားခြင်း (ထို့အတူ ယောဂီ ပုဂ္ဂိုလ်သည် သတ္တဝါအားလုံးတို့ အပေါ်၌ မေတ္တာစိတ်ကို ပျံ့နှံ့စေ၍ နေခြင်း)၊
၂။ လိပ်သည် ရေ၌ ပေါ်သည်ရှိသော် ဦးခေါင်းချီပင့်လျက် ပေါ်လာပြီး တစ်ဦးတစ်ယောက်က မြင်သောအခါ ‘‘ထိုသူသည် တစ်ဖန် ငါ့ကို မမြင်စေအံ့’’ဟု ထိုအရပ်၌သာလျှင် ငုပ်လျှိုးလျက် နက်ရှိုင်းရာသို့ ဝင်ခြင်း (ထို့အတူ ယောဂီပုဂ္ဂိုလ်သည် ကိလေသာတို့ အနီးသို့ ကျရောက်သည် ရှိသော် ‘‘တစ်ဖန် ကိလေသာတို့သည် ငါ့အား မမြင်စေသတည်း’’ဟု အာရုံဟူသော ရေအိုင်၌ ငုပ်လျှိုး၍ နက်ရှိုင်းရာသို့ သက်ဆင်းခြင်း)၊
၃။ လိပ်သည် ရေမှ တက်၍ မိမိကိုယ်ကို နေလှန်းခြင်း (ထို့အတူ ယောဂီပုဂ္ဂိုလ်သည် လျောင်းထိုင်ရပ်သွား ဣရိယာပုတ်လေးပါးမှ စိတ်ကို ထုတ်ဆောင်၍ သမ္မပ္ပဓာန်ကိစ္စ၌ စိတ်ကို ခြောက်သွေ့စေခြင်း)၊
၄။ လိပ်သည် မြေကို တူး၍ ဆိတ်ငြိမ်ရာအရပ်၌ နေခြင်း (ထို့အတူ ယောဂီပုဂ္ဂိုလ်သည် လာဘ်ပူဇော် သက္ကာရကို ပယ်စွန့်၍ ဆိတ်ငြိမ်သော တောတောင် တောင်ချောက် တောင်ခေါင်းစသော အရပ်သို့ သက်ဝင်၍ နေခြင်း)၊
၅။ လိပ်သည် ကျက်စားခြင်းငှာ သွားသည်ရှိသော် တစ်ဦး တစ်ယောက်ကို မြင်သောအခါ, တစ်စုံတစ်ခုသော အသံကို ကြားသောအခါ လည်ပင်းလျှင် ငါးခုမြောက်ရှိသော အင်္ဂါတို့ကို မိမိ၏အခွံ၌ သွင်းလျက် တိတ်ဆိတ်ငြိမ်သက်စွာ မိမိကိုယ်ကို စောင့်ရှောက်၍ နေခြင်း (ထို့အတူ ယောဂီပုဂ္ဂိုလ်သည် အဆင်းအနံ့စသော အာရုံခြောက်ပါးတို့ ရှေးရှုကျရောက်လာသည်ရှိသော် ဒွါရခြောက်ပါးတို့၌ စောင့်စည်းမှု တံခါးရွက်ကို မဖွင့်လှစ်ဘဲ သတိသမ္မဇဉ်ဖြင့် တရားဓမ္မကို စောင့်ရှောက်၍ နေခြင်း။ (မိလိန္ဒ၊၃၅၂။) (မိလိန္ဒ၊မြန်။၃၇၅။)♦

လိမ်းကျံ ကပ်ငြိကြောင်း ၂ ပါး

၁။ တဏှာလေပ- လိမ်းကျံ ကပ်ငြိကြောင်း တဏှာ၊
၂။ ဒိဋ္ဌိလေပ- လိမ်းကျံ ကပ်ငြိကြောင်း ဒိဋ္ဌိ။ (မဟာနိ၊၄၂။) (မဟာနိ၊၄၅။) (မဟာနိ၊၁၀၅၊။) (မဟာနိ၊၁၅၇။) (မဟာနိ၊၂၅၈။) (စူဠနိ၊၄၄။)♦

လုံ့လပယောဂ ၂ မျိုး

၁။ ကိုယ်နှင့် စပ်ယှဉ်သော လုံ့လပယောဂ၊
၂။ စကားနှင့် စပ်ယှဉ်သော လုံ့လပယောဂ၊ (သာရတ္ထ၊ဋီ၊၂၊၆၈။)♦

လူ ၃ မျိုး

၁။ အခစားလူ၊
၂။ အမှုလုပ်လူ၊
၃။ ခိုကပ် အသက်မွေးလူ။ (မဟာနိ၊၉။)♦

လူ ၄ မျိုး

၁။ မနုဿနေရယိက- လူသားစင်စစ် ဖြစ်ပါလျက် သတ်မှု ခိုးမှု စသော အပြစ်ကို လွန်ကျူးသဖြင့် လက်ခြေဖြတ်ခြင်းစသော မင်းပြစ်မင်းဒဏ် ခံစားနေရသော- လူငရဲသား၊
၂။ မနုဿပေတ- လူသားစင်စစ်ဖြစ်ပါလျက် ရှေးရှေးဘဝများ၌ ကုသိုလ်ကောင်းမှု မပြုခဲ့ သဖြင့် စားရမဲ့ သောက်ရမဲ့ ခိုကိုးရာမဲ့ ဘဝမျိုးဖြင့် လှည့်လည် သွားလာနေရသော လူပြိတ္တာ၊
၃။ မနုဿတိရစ္ဆာန- လူသားစင်စစ်ဖြစ်ပါလျက် သူတစ်ပါး အခိုင်းစေခံဘဝမျိုးဖြင့် အသက် မွေးဝမ်းကြောင်း ပြုသဖြင့် သူတစ်ပါးတို့၏ ဝန်ကို အမြဲထမ်းဆောင်နေရသော- လူ တိရစ္ဆာန်၊
၄။ ပရမတ္ထမနုဿ- မိမိ၏ အကျိုးရှိ- မရှိကို သိပြီး ကံ- ကံ၏အကျိုးကို ယုံကြည်လျက် အကုသိုလ်အလုပ်များကို ရှောင်ကြဉ်ကာ ကုသိုလ်အလုပ်များကို ဆည်းပူးပြည့်ကျင့်သော မြတ်သော လူ။ (ဝိမာန၊ဋ္ဌ၊၁၉။)♦

လူ ၄ မျိုး (တစ်နည်း)

၁။ ဇမ္ဗူဒိပ်(တောင်) ကျွန်းလူ၊
၂။ အပရဂေါယာန(အနောက်) ကျွန်းလူ၊
၃။ ဥတ္တရကုရု(မြောက်) ကျွန်းလူ၊
၄။ ပုဗ္ဗဝိဒေဟ(အရှေ့) ကျွန်းလူ။ (သုတ္တနိ၊ဋ္ဌ၊၂၊၉။)♦

လူတို့ ဝတ်ရုံနည်း ၉ မျိုး

၁။ သေတပဋပါရုတ- ဖြူသော အဝတ်ရှိသော လူတို့၏ ဝတ်ရုံနည်း၊
၂။ ပရိဗ္ဗာဇကပါရုတ- ရသေ့ပရိဗ္ဗိုဇ်တို့၏ ဝတ်ရုံနည်း၊
၃။ ဧကသာဋကပါရုတ- တစ်ထည် တည်းသာ အဝတ်ရှိသော သူတို့၏ ဝတ်ရုံနည်း၊
၄။ သောဏ္ဍပါရုတ- သေသောက်ကြူးသမား တို့၏ ဝတ်ရုံနည်း၊
၅။ အန္တေပုရိကပါရုတ- နန်းတွင်းသူတို့၏ ဝတ်ရုံနည်း၊
၆။ မဟာဇေဋ္ဌက ပါရုတ- လက်သမားကြီးတို့၏ ဝတ်ရုံနည်း၊
၇။ ကုဋိပဝေသကပါရုက- ကုဋီဝင်သော သူတို့၏ ဝတ်ရုံနည်း၊
၈။ ဗြာဟ္မဏပါရုတ- ပုဏ္ဏားတို့၏ ဝတ်ရုံနည်း၊
၉။ ပါဠိကာရကပါရုတ- သံဃာ အစဉ်အတန်းကို ပြုသော ရဟန်းတို့၏ ဝတ်ရုံနည်း။ (ဝိ၊ဋ္ဌ၊၄၊၅၅။)♦

လူတို့၏ အဆင်းနှင့် အသက်တမ်း ဆုတ်ယုတ်ကြောင်းတရား ၁၂ ပါး

၁။ ပစ္စည်းဥစ္စာမရှိသူတို့အား ပစ္စည်းဥစ္စာကို မပေးသော် ဆင်းရဲမှုပွားများလာ၏၊
၂။ ဆင်းရဲခြင်းပွါးများလာသော် သူတစ်ပါးတို့ မပေးသော ဥစ္စာကို ခိုးယူမှု ပွါးများလာ၏၊
၃။ ခိုးယူမှု ပွါးများလာသော် လက်နက်ပွါးများလာ၏၊
၄။ လက်နက်ပွါးများလာသော် အသက်သတ်မှု ပွါးများလာ၏၊
၅။ အသက်သတ်မှု ပွါးများလာသော် မဟုတ်မမှန်ပြောမှု ပွါးများလာ၏၊
၆။ မဟုတ်မမှန်ပြောမှု ပွါးများလာသော် ကုန်းချောမှု ပွါးများလာ၏၊
၇။ ကုန်းချောမှု ပွါးများလာသော် ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်မှုပွါးများလာ၏၊
၈။ ကာမဂုဏ်တို့၌ မှားယွင်းစွာကျင့်မှု ပွါးများလာသော် ကြမ်းတမ်းသောစကားပြိန်ဖျင်းသော စကားတို့ ပွါးများလာကုန်၏၊
၉။ ထိုတရားနှစ်ပါးတို့ ပွါးများလာကုန်သော် လိုချင်တပ်မက်ခြင်း ‘အဘိဇ္ဈာ’ ပျက်စီးစေလိုခြင်း ‘ဗျာပါဒ’တို့ ပွါးများလာကုန်၏၊
၁၀။ ထိုတရားတို့ ပွါးများလာကုန်သော် မှားသော အယူဝါဒ ပွါးများလာ၏၊
၁၁။ မှားသော အယူဝါဒ ပွါးများလာသော် မတရားသော တပ်မက်ခြင်း ‘အဓမ္မ ရာဂ’၊ အလွန်အကြူးတပ်မက်ခြင်း ‘ဝိသမလောဘ’၊ မှားသော အကျင့်တရား ‘မိစ္ဆာဓမ္မ’ တရားသုံးပါးတို့ ပွါးများလာကုန်၏၊
၁၂။ တရားသုံးပါးတို့ ပွါးများလာကုန်သော် -အမိ၌ ကောင်းစွာ ပြုသင့်သော ဝတ်ကို မပြုခြင်း၊ အဖ၌ ကောင်းစွာ ပြုသင့်သော ဝတ်ကို မပြုခြင်း၊ သမဏတို့၌ ကောင်းစွာ ပြုသင့်သော ဝတ်ကို မပြုခြင်း၊ ဗြာဟ္မဏတို့၌ ကောင်းစွာ ပြုသင့်သော ဝတ်ကို မပြုခြင်း၊ အမျိုး၌ ကြီးသောသူတို့ကို ရိုသေတုပ်ဝပ်မှု မပြုခြင်းဟူသော ဤတရားတို့သည် ပွါးများလာကုန်၏၊ ဤတရားတို့ ပွါးများလာကုန်သော် ထိုလူတို့၏ အသက်သည်လည်း ဆုတ်ယုတ်၏၊ အဆင်းသည်လည်း ဆုတ်ယုတ်၏။ (ဒီ၊၃၊၅၈)♦

လူတို့အား သနားစောင့်ရှောက်တတ်သော ကျောင်းထိုင်ရဟန်း၏ အင်္ဂါ ၅ ပါး

၁။ လွန်မြတ်သော ငါးပါးသီလကို ဆောက်တည်စေခြင်း၊
၂။ သစ္စာလေးပါးတရားတို့ကို ရှုမြင်စေခြင်း၊
၃။ မကျန်းမာ သူတို့ထံ ချဉ်းကပ်၍ ရတနာသုံးပါး၌ အောက်မေ့မှု သတိကို ဖြစ်စေခြင်း၊
၄။ အာဂန္တု ရဟန်းသံဃာများ ကြွရောက်လာသည်ရှိသော် လူဒါယကာတို့ထံ ချဉ်းကပ်၍ ကောင်းမှုကုသိုလ် ပြုလုပ်ရန် ပြောကြားခြင်း၊
၅။ သဒ္ဓါဖြင့် ပေးလှူအပ်သော ယုတ်ညံ့သော ဆွမ်းကို ဖြစ်စေ၊ မွန်မြတ်သော ဆွမ်းကို ဖြစ်စေ ဘုဉ်းပေးသုံးဆောင်ခြင်း။ (အံ၊၂၊၂၃၀။) (အံ၊မြန်၊၂။၂၉၃။)♦

လူဒုဿီလထက် ဒုဿီလရဟန်း၏ သာလွန်သော ဂုဏ် ၁၀ ပါး

၁။ ဒုဿီလရဟန်းသည် ဘုရား၌ ရိုသေမှု ရှိခြင်း၊
၂။ တရား၌ ရိုသေမှု ရှိခြင်း၊
၃။ သံဃာ၌ ရိုသေမှု ရှိခြင်း၊
၄။ သီတင်း သုံးဖော်တို့၌ ရိုသေမှု ရှိခြင်း၊၊
၅။ ပါဠိသင်ခြင်း, အဋ္ဌကထာသင်ခြင်း၌ ကြိုးစားအားထုတ်ခြင်း၊
၆။ ပါဠိ, အဋ္ဌကထာ စသည်တို့၌ ကြားနာမှု များခြင်း၊
၇။ ဒုဿီလရဟန်းသည် သီလ ပျက်သော်လည်း ပရိသတ်ထဲသို့ ရောက်သည်ရှိသော် သီလရှိသော အသွင်အပြင်ကို ဖြစ်စေခြင်း၊
၈။ ကဲ့ရဲ့မှုမှ ကြောက်သောကြောင့် ကိုယ်မှု နှုတ်မှုကို စောင့်ရှောက်ခြင်း၊
၉။ ကမ္မဋ္ဌာန်းသို့ ရှေးရှုသော စိတ်ကို ဖြစ်စေလျက် သာမန်ရဟန်းအဖြစ်သို့ ကပ်ရောက်ခြင်း၊
၁၀။ ဒုဿီလ ရဟန်းသည် မကောင်းမှုကို ပြုသော်လည်း ပုန်းလျှိုးကွယ်လျှိုး ပြုကျင့်ခြင်း။ (မိလိန္ဒ၊၂၄၉။) (မိလိန္ဒ၊မြန်။၂၆၇။)♦

လူနတ်တို့၏ အစီးအပွားဖြစ်ကြောင်း ရဟန်းတို့အကျင့် ၃ မျိုး

၁။ သာသနာတော်အား လျော်သော ကာယကံ၌ သူတစ်ပါးတို့ကို ဆောက်တည်စေခြင်း၊
၂။ သာသနာတော်အား လျော်သော ဝစီကံ၌ သူတစ်ပါးတို့ကို ဆောက်တည်စေခြင်း၊
၃။ သာသနာတော်အား လျော်သော မနောကံ တရားတို့၌ သူတစ်ပါးတို့ကို ဆောက်တည်စေခြင်း။ (အံ၊၁၊၁၀၄။) (အံ၊မြန်၊၁။၁၂၂။)♦

လူနတ်တို့၏ အစီးအပွားမဲ့ကြောင်း ရဟန်းတို့အကျင့် ၃ မျိုး

၁။ သာသနာတော်အား မလျော်သော ကာယကံ၌ သူတစ်ပါးတို့ကို ဆောက်တည်စေခြင်း၊
၂။ သာသနာတော်အား မလျော်သော ဝစီကံ၌ သူတစ်ပါးတို့ကို ဆောက်တည်စေခြင်း၊
၃။ သာသနာတော်အား မလျော်သော မနောကံ စသည် တို့၌ သူတစ်ပါးတို့ကို ဆောက်တည်စေခြင်း။ (အံ၊၁၊၁၀၄။) (အံ၊မြန်၊၁။၁၂၂။)♦

လူနတ်အကျိုးအတွက် ဖြစ်ပေါ်လာသော ပုဂ္ဂိုလ် ၂ မျိုး

၁။ ပူဇော်အထူးကို ခံယူထိုက်တော်မူသော အလုံးစုံသော တရားတို့ကို ကိုယ်တိုင် မှန်စွာ သိတော်မူသော မြတ်စွာဘုရား၊
၂။ စကြာရတနာကို လည်စေနိုင်သော စကြဝတေးမင်း။ (အံ၊၁၊၇၆။) (အံ၊မြန်၊၁။၉၀။)♦

လူဘဝဖြင့် နတ်ပြည်ရောက်သော ဘုရားလောင်း ၄ ဘဝ

၁။ မန္ဓာတ်မင်းဖြစ်ရာကာလ၊
၂။ သာဓိန မင်းဖြစ်ရာကာလ၊
၃။ ဂုတ္တိလစောင်းသမားဖြစ်ရာကာလ၊
၄။ နေမိမင်းဖြစ်ရာကာလ။ (မ၊ဋ္ဌ၊၂၊၂၂၀။)♦

လူမိုက် ၂ မျိုး

၁။ မိမိ၏ အပြစ်ကို အပြစ်ဟူ၍ မရှုသော လူမိုက်၊
၂။ တောင်းပန် ဝန်ချသူ၏ အပြစ်ကို တရားသဘောအတိုင်း လက်မခံသော လူမိုက်။ (သံ၊၁၊၂၄၁။) (အံ၊၁၊၆၀။) (သံ၊မြန်၊၁။၂၂၄။) (အံ၊မြန်၊၁။၇၃။)♦

လူမိုက် ဆင်းရဲပင်ပန်းပုံ ၆ မျိုး

၁။ ငါ၏ သားသမီးတို့သည် ပျက်စီးသေကြကုန်ပြီဟု ကြံ၍ ဆင်းရဲပင်ပန်းရ၏၊
၂။ ငါ၏ သားသမီးတို့သည် ပျက်စီးသေကြကုန်၏ဟု ကြံ၍ ဆင်းရဲ ပင်ပန်းရ၏၊
၃။ ငါ၏ သားသမီးတို့သည် ပျက်စီး သေကြကုန်လတ္တံ့ဟု ကြံ၍ ဆင်းရဲပင်ပန်း ရ၏၊
၄။ ငါ၏ စည်းစိမ်ဥစ္စာတို့သည် ပျက်စီးကုန်ပြီဟု ကြံ၍ ဆင်းရဲ ပင်ပန်းရ၏၊
၅။ ငါ၏ စည်းစိမ်ဥစ္စာတို့သည် ပျက်စီးကုန်၏ဟု ကြံ၍ ဆင်းရဲပင်ပန်းရ၏၊
၆။ ငါ၏ စည်းစိမ်ဥစ္စာ တို့သည် ပျက်စီးကုန်လတ္တံ့ဟု ကြံ၍ ဆင်းရဲပင်ပန်းရ၏။ (ဓမ္မ၊ဋ္ဌ၊၁၊၂၉၈။)♦

လူမိုက် အမှတ်နိမိတ် ၃ မျိုး

၁။ မကောင်းသော အကြံကို ကြံလေ့ရှိခြင်း၊
၂။ မကောင်းသော စကားကို ပြောဆိုလေ့ရှိခြင်း၊
၃။ မကောင်းသော အမှုကို ပြုလေ့ရှိခြင်း။ (အံ၊၁၊၁၀၀။) (အံ၊မြန်၊၁။၁၁၉။)♦

လူမိုက်၂ မျိုး (တစ်နည်း)

၁။ မိမိအား မရောက်သော ဝန်ကို ရွက်ဆောင်သော ပုဂ္ဂိုလ်၊
၂။ မိမိအား ရောက်သော ဝန်ကို မရွက်ဆောင်သော ပုဂ္ဂိုလ်။ (ဝိ၊၅၊၂၁၅။) (ဝိ၊မြန်၊၅။၃၀၀။)♦

လူမိုက်၂ မျိုး (တစ်နည်း)

၁။ မအပ်သည်၌ အပ်၏ဟု အမှတ်ရှိသော ပုဂ္ဂိုလ်၊
၂။ အပ်သည်၌ မအပ်ဟု အမှတ်ရှိသော ပုဂ္ဂိုလ်။ (ဝိ၊၅၊၂၁၅။) (ဝိ၊မြန်၊၅။၃၀၁။)♦

လူမိုက်၂ မျိုး (တစ်နည်း)

၁။ အာပတ်မသင့်သည်၌ အာပတ်မသင့်ဟု အမှတ်ရှိသော ပုဂ္ဂိုလ်၊
၂။ အာပတ်သင့်သည်၌ အာပတ်မသင့်ဟု အမှတ်ရှိသော ပုဂ္ဂိုလ်။ (ဝိ၊၅၊၂၁၅။) (ဝိ၊မြန်၊၅။၃၀၁။)♦

လူမိုက်၂ မျိုး (တစ်နည်း)

၁။ တရား မဟုတ်သည်၌ တရားဟု အမှတ်ရှိသော ပုဂ္ဂိုလ်၊
၂။ တရား ဟုတ်သည်၌ တရား မဟုတ်ဟု အမှတ်ရှိသော ပုဂ္ဂိုလ်။ (ဝိ၊၅၊၂၁၅။) (ဝိ၊မြန်၊၅။၃၀၁။)♦

လူမိုက်၂ မျိုး (တစ်နည်း)

၁။ ဝိနည်း မဟုတ်သည်၌ ဝိနည်းဟု အမှတ်ရှိသော ပုဂ္ဂိုလ်၊
၂။ ဝိနည်း ဟုတ်သည်၌ ဝိနည်း မဟုတ်ဟု အမှတ်ရှိသော ပုဂ္ဂိုလ်။ (ဝိ၊၅၊၂၁၅။) (ဝိ၊မြန်၊၅။၃၀၁။)♦

လူမိုက်ကြောင့် ဖြစ်ပေါ်သော တရား ၃ မျိုး

၁။ ဖြစ်ပေါ်သမျှသော ကြောက်လန့်ခြင်း ဘေးအားလုံး၊
၂။ ဖြစ်ပေါ်သမျှသော မငြိမ်သက်ခြင်း ဥပဒ္ဒဝေါအားလုံး၊
၃။ ဖြစ်ပေါ်သမျှသော စိတ်ဆင်းရဲခြင်း ဥပသဂ္ဂအားလုံး။ (မ၊၃၊၁၀၆။) (အံ၊၁၊၁၀၀။) (မ၊မြန်၊၃။၁၁၀။) (အံ၊မြန်၊၁။၁၁၇။)♦

လူမိုက်လက္ခဏာ ၃ ပါး

၁။ မကောင်းသော အကြံကို ကြံစည်လေ့ရှိခြင်း၊
၂။ မကောင်းသော စကားကို ပြောဆိုလေ့ရှိခြင်း၊
၃။ မကောင်းသော အလုပ်ကို ပြုလုပ်လေ့ရှိခြင်း။ (အံ၊၁၊၁၀၀။) (ပေဋကော၊၂၁၀။) (ပဋိသံ၊ဋ္ဌ၊၂၊၂၄၃။) (နေတ္တိ၊ဋ္ဌ၊၁၄၈။) (အံ၊မြန်၊၁။၁၁၉။)♦

လူမိုက်ဟု ထင်ရှားကြောင်း အပြုအမူ ၃ မျိုး

၁။ မကောင်းသော အကြံကို ကြံလေ့ရှိခြင်း၊
၂။ မကောင်းသော စကားကို ပြောဆိုလေ့ရှိခြင်း၊
၃။ မကောင်းသော အမှုကို ပြုလေ့ရှိခြင်း။ (အံ၊၁၊၁၀၁။) (အံ၊မြန်၊၁။၁၁၉။)♦

လူမိုက်ဟု သိကြောင်း တရား ၃ ပါး

၁။ ကိုယ်ဖြင့် ပြုအပ်သော မကောင်းသော အကျင့် ကာယ ဒုစရိုက်၊
၂။ နှုတ်ဖြင့် ပြုအပ်သော မကောင်းသော အကျင့် ဝစီဒုစရိုက်၊
၃။ စိတ်ဖြင့် ပြုအပ်သော မကောင်းသော အကျင့် မနောဒုစရိုက်။ (အံ၊၁၊၁၀၀။) (အံ၊မြန်၊၁။၁၁၈။)♦

လူမိုက်ဟု သိကြောင်း တရား ၃ ပါး (တစ်နည်း)

၁။ မိမိအပြစ်ကို အပြစ်အားဖြင့် မရှုခြင်း၊
၂။ မိမိ အပြစ်ကို အပြစ်အားဖြင့် ရှုသော်လည်း တရားအလျောက် မကုစားခြင်း၊
၃။ သူတစ်ပါးသည် အပြစ်ဝန်ခံ၍ ပြောလာပါလျက် တရားအလျောက် မခံယူခြင်း၊ (တစ်နည်း)
မသင့်လျော်သော အကြောင်းအားဖြင့် အမေးပြဿနာကို ပြုတတ်ခြင်း၊
၂။ မသင့်လျော်သော အကြောင်းအားဖြင့် အမေးပြဿနာကို ဖြေတတ်ခြင်း၊
၃။ သင့်လျော်သော အကြောင်းအားဖြင့် သူတစ်ပါး ဖြေဆို အပ်သည်ကို ဝမ်းမြောက်ဝမ်းသာ ကောင်းချီး မပေးတတ်ခြင်း၊ (တစ်နည်း)
အကုသိုလ် ကာယကံ၊
၂။ အကုသိုလ်ဝစီကံ၊
၃။ အကုသိုလ် မနောကံ၊ (တစ်နည်း)
အပြစ်ရှိသော ကာယကံ၊
၂။ အပြစ်ရှိသော ဝစီကံ၊
၃။ အပြစ်ရှိသော မနောကံ၊ (တစ်နည်း)
ဆင်းရဲခြင်း ရှိသော ကာယကံ၊
၂။ ဆင်းရဲခြင်းရှိသော ဝစီကံ၊
၃။ ဆင်းရဲခြင်းရှိသော မနောကံ။ (အံ၊၁၊၁၀၁-၁၀၂။) (အံ၊မြန်၊၁။၁၁၉။)♦

လူယုတ် အင်္ဂါ ၄ ပါး

၁။ အမိအပေါ်၌ မှားယွင်းဖောက်ပြန် မမှန်မကန် ပြုကျင့်ခြင်း၊
၂။ အဖ အပေါ်၌ မှားယွင်းဖောက်ပြန် မမှန်မကန် ပြုကျင့်ခြင်း၊
၃။ မြတ်စွာဘုရား၌ မှားယွင်းဖောက်ပြန် မမှန်မကန် ပြုကျင့်ခြင်း၊
၄။ မြတ်စွာဘုရား၏ တပည့်သာဝကအပေါ်၌ မှားယွင်းဖောက်ပြန် မမှန်မကန် ပြုကျင့်ခြင်း။ (အံ၊၁၊၃၁၀။) (အံ၊မြန်၊၁။၃၂၆။)♦

လူယုတ်မာ အင်္ဂါ ၃ ပါး

၁။ အကုသိုလ် ကာယကံနှင့် ပြည့်စုံခြင်း၊
၂။ အကုသိုလ်ဝစီကံနှင့် ပြည့်စုံခြင်း၊
၃။ အကုသိုလ် မနောကံနှင့် ပြည့်စုံခြင်း၊ (တစ်နည်း)
အပြစ်ရှိသော မညီ ညွတ်သော မစင်ကြယ်သော ကာယကံနှင့် ပြည့်စုံခြင်း၊
၂။ အပြစ်ရှိသော မညီညွတ်သော မစင်ကြယ်သော ဝစီကံနှင့် ပြည့်စုံခြင်း၊
၃။ အပြစ်ရှိသော မညီညွတ်သော မစင်ကြယ်သော မနောကံနှင့် ပြည့်စုံခြင်း။ (အံ၊၁၊၂၉၇-၂၉၈။) (အံ၊မြန်၊၁။၃၁၅။)♦

လူသတ်ခြင်းကြောင့် သင့်သော အာပတ် ၃ ပါး

၁။ ဒုက္ကဋ်အာပတ်၊
၂။ ထုလ္လစ္စဉ်းအာပတ်၊
၃။ ပါရာဇိကအာပတ်။ (ဝိ၊၅၊၈၉။) (ဝိ၊မြန်၊၅။၁၂၈။)♦

လူသားတို့အား ကျေးဇူးများသော တရား ၄ ပါး

၁။ သူတော်ကောင်းပုဂ္ဂိုလ်တို့အား မှီဝဲ ဆည်းကပ်ခြင်း၊
၂။ သူတော်ကောင်းတရားကို နာကြားခြင်း၊
၃။ အသင့်အားဖြင့် နှလုံးသွင်းခြင်း၊
၄။ လောကုတ္တရာတရားအား လျော်သော အကျင့်ကို ကျင့်ခြင်း။ (အံ၊၁၊၅၆၈။) (အံ၊မြန်၊၁၊၅၈၂။)♦

လူအများ အံ့ချီးလောက်သော ပုဂ္ဂိုလ် ၂ မျိုး

၁။ ပူဇော်အထူးကို ခံတော်မူထိုက်သော အလုံးစုံသော တရားတို့ကို ကိုယ်တိုင် မှန်စွာ သိတော်မူသော မြတ်စွာဘုရား၊
၂။ စကြာရတနာကို လည်စေ နိုင်သော စကြဝတေးမင်း။ (အံ၊၁၊၇၆။) (အံ၊မြန်၊၁။၉၀။)♦

လူအားလုံးတို့နှင့် သက်ဆိုင်သော အရာ ၆ မျိုး

၁။ မြစ်၊
၂။ လမ်းခရီး၊
၃။ သေတင်းကုပ်၊
၄။ ဇရပ်၊
၅။ ရေအိုးစင်၊
၆။ မိန်းမ။ (ဇာတက၊၁၊၁၆။)♦

လေနှင့် ယောဂီ တူပုံ ၅ မျိုး

၁။ လေသည် ကောင်းစွာ ပွင့်သော တောအုပ်၏ အတွင်းကို လွှမ်းခြုံတိုက်ခတ်ခြင်း (ထို့အတူ ယောဂီပုဂ္ဂိုလ်သည် ကိလေသာတို့မှ လွတ်မြောက်မှု ‘‘ဝိမုတ္တိ’’ ဟူသော မြတ်သော ပန်းတို့၏ ပွင့်ရာ အာရုံတောအတွင်း၌ မွေ့လျော်ရခြင်း)၊
၂။ လေသည် မြေ၌ပေါက်သော သစ်ပင်အပေါင်းတို့ကို လုံးထွေးတိုက်ခတ်ခြင်း (ထို့အတူ ယောဂီပုဂ္ဂိုလ်သည် တောအတွင်း၌ တည်လျက် သင်္ခါရတရားတို့ကို စီစစ်ခြင်းဖြင့် ကိလေသာတို့ကို လုံးထွေး တိုက်ခတ်ခြင်း)၊
၃။ လေသည် ကောင်းကင်၌ သွားခြင်း (ထို့အတူ ယောဂီပုဂ္ဂိုလ်သည် လောကုတ္တရာတရားတို့၌ စိတ်ကို ကောင်းစွာ ကျက်စားစေခြင်း)၊
၄။ လေသည် အနံ့ကို ခံစားခြင်း (ထို့အတူ ယောဂီပုဂ္ဂိုလ်သည် မိမိ၏ သီလမြတ်တည်းဟူသော အလွန် မွှေးကြိုင်သော အနံ့ကို ခံစားခြင်း)၊
၅။ လေသည် တည်နေရာ မရှိခြင်း, အမြဲတပ်စွဲရာနေရာ မရှိခြင်း (ထို့အတူ ယောဂီပုဂ္ဂိုလ်သည် တည်နေရာ, အမြဲတပ်စွဲရာ နေရာမရှိဘဲ ရောနှော ဆက်ဆံခြင်း မရှိသဖြင့် အာရုံအားလုံးတို့၌ တပ်မက်မှု ကင်းလွတ်ခြင်း) ။ (မိလိန္ဒ၊၃၆၈။) (မိလိန္ဒ၊မြန်။၃၉၁။)♦

လေပျက်ကြောင်း ၁၀ ပါး (ခန္ဓာကိုယ်တွင်းရှိ လေပျက်ခြင်းအကြောင်း ၁၀ ပါး)

၁။ အအေးကြောင့် ပျက်ခြင်း၊
၂။ အပူကြောင့် ပျက်ခြင်း၊
၃။ ဆာလောင်မှုကြောင့် ပျက်ခြင်း၊
၄။ မွတ်သိပ်မှုကြောင့် ပျက်ခြင်း၊
၅။ အလွန် စားသောက်ခြင်းကြောင့် ပျက်ခြင်း၊
၆။ အထိုင်အရပ် များမှုကြောင့် ပျက်ခြင်း၊
၇။ အလွန် အားထုတ်ခြင်းကြောင့် ပျက်ခြင်း၊
၈။ အပြေးအလွှား အလွန်များ ခြင်းကြောင့် ပျက်ခြင်း၊
၉။ လုံ့လပယောဂ လွန်ကဲခြင်းကြောင့် ပျက်ခြင်း၊
၁၀။ ကံ၏အကျိုး ပေးမှုကြောင့် ပျက်ခြင်း။ (မိလိန္ဒ၊၁၃၇။) (မိလိန္ဒ၊မြန်။၁၄၈။)♦

လေသ ၁၀ မျိုး

၁။ ဇာတ်၊
၂။ အမည်၊
၃။ အနွယ်၊
၄။ အသွင်သဏ္ဌာန်၊
၅။ အာပတ်၊
၆။ သပိတ်၊
၇။ သင်္ကန်း၊
၈။ ဥပဇ္ဈာယ်၊
၉။ ဆရာ၊
၁၀။ ကျောင်းအိပ်ရာနေရာ။ (ဝိ၊၁၊၂၅၈။) (ဝိ၊မြန်၊၁။၂၇၄။)♦

လေးသမား အင်္ဂါ ၄ ပါး

၁။ လေးသမားသည် မြားတို့ကို ပစ်သည်ရှိသော် ခြေနှစ်ဖက်တို့ကို မြေကြီး၌ စွဲမြဲစွာ တည်ခြင်း စသည်ကို ပြုလျက် ‘‘ပစ်အံ့’’ဟု ရွှင်လန်းခြင်းကို ဖြစ်စေခြင်း (ထို့အတူ ယောဂီပုဂ္ဂိုလ်သည် သီလတည်းဟူသော မြေ၌ ဝီရိယတည်းဟူသော ခြေတို့ကို တည်စေခြင်း စသည်ဖြင့် ‘‘အလုံးစုံသော ကိလေသာတို့ကို ဉာဏ်တည်းဟူသော မြားဖြင့် ပစ်အံ့’’ဟု ရွှင်လန်းမှုကို ဖြစ်စေခြင်း)၊
၂။ လေးသမားသည် ကောက်ကွေးသော မြားကို ဖြောင့်အောင် ပြုခြင်းငှာ မြားဖြောင့်သော ကျင်းကို ဆောင်ယူခြင်း (ထို့အတူ ယောဂီပုဂ္ဂိုလ်သည် ဤကိုယ်၌ ကောက်ကွေ့သော စိတ်ကို ဖြောင့်စွာ ပြုခြင်းငှာ သတိပဋ္ဌာန်တည်း ဟူသော ကျင်းကို ဆောင်ခြင်း)၊
၃။ လေးသမားသည် မှတ်တိုင်၌ မြားပစ်လေ့လာခြင်း (ထို့အတူ ယောဂီပုဂ္ဂိုလ်သည် ဤခန္ဓာကိုယ်၌ အနိစ္စ, ဒုက္ခ, အနတ္တအားဖြင့်လည်းကောင်း, အိုင်းအမာ, အနာရောဂါ စသော အခြင်းအရာ လေးဆယ်အားဖြင့်လည်းကောင်း လေ့လာရခြင်း)၊
၄။ လေးသမားသည် ညနေတိုင်း, နံနက်တိုင်း လေ့လာခြင်း (ထို့အတူ ယောဂီပုဂ္ဂိုလ်သည် ညနေတိုင်း, နံနက်တိုင်း ကမ္မဋ္ဌာန်း အာရုံ၌ လေ့လာရခြင်း) ။ (မိလိန္ဒ၊၄၀၅။) (မိလိန္ဒ၊မြန်။၄၂၇။)♦

လေသောက်ပြူတင်း ၃ မျိုး

၁။ ပွတ်တိုင်ဖြင့် ပြုလုပ်အပ်သော လေသောက်ပြူတင်း၊
၂။ ဇာ ကွန်ရက်ဖြင့် ပြုလုပ်အပ်သော လေသောက်ပြူတင်း၊
၃။ ဝါးခြမ်းစိတ်ဖြင့် ပြုလုပ်အပ်သော လေသောက်ပြူတင်း။ (ဝိ၊၄၊၂၉၃။) (ဝိ၊မြန်၊၄။၂၉၈။)♦

လေအောက်သို့သာ သွား၍ လေညာသို့ မသွားသော နံ့သာ ၃ မျိုး

၁။ မူလဂန္ဓ- အမြစ် နံ့သာမျိုး၊
၂။ သာရဂန္ဓ- အနှစ် နံ့သာမျိုး၊
၃။ ပုပ္ဖဂန္ဓ- အပွင့် နံ့သာမျိုး။ (အံ၊၁၊၂၂၆။) (အံ၊ဋ္ဌ၊၂၊၂၀၅။) (အံ၊မြန်၊၁။၂၄၄။)♦

လောက ၃ မျိုး

၁။ သတ္တလောက- သက်ရှိသတ္တဝါတို့၏ ရုပ်နာမ်ခန္ဓာအစဉ်၊
၂။ ဩကာသ လောက- သက်မဲ့ ဥတုဇရုပ်တို့၏ ခန္ဓာအစဉ်၊
၃။ သင်္ခါရလောက-သက်ရှိ သက်မဲ့ နှစ်မျိုးလုံး တို့၏ ရုပ်နာမ်ခန္ဓာအစဉ်။ (ဒီ၊ဋ္ဌ၊၁၊၁၅၆။) (မ၊ဋ္ဌ၊၂၊၁၀၄။) (အံ၊ဋ္ဌ၊၁၊၇၅။) (ဝိသုဒ္ဓိ၊၁၊၁၉၈။) (ဒီ၊ဋ္ဌ၊မြန်၊၁။၃၀၄။) (ဝိ၊ဋ္ဌ၊၉၀။)♦

လောက ၃ မျိုး (တစ်နည်း)

၁။ ကိလေသလောက= ကိလေသာများသော, ဆင်းရဲများသော သတ္တဝါ (ကာမဘုံသား၊ အပါယ်ဘုံသား)၊
၂။ ဘဝလောက= ပျက်စီးတတ်သော ဘဝ၊
၃။ ဣန္ဒြိယလောက= ဣန္ဒြေနှင့် ပြည့်စုံသော သတ္တဝါအပေါင်း။ (နေတ္တိ၊ဋ္ဌ၊၁၈။)♦

လောက ၃ မျိုး (တစ်နည်း)

၁။ ဣန္ဒြေတို့နှင့် စပ်ကုန်သော ရုပ်တရားတို့၏ လည်းကောင်း, နာမ်တရားတို့၏ လည်းကောင်း, ရုပ်နာမ်တရားတို့၏လည်းကောင်း သန္တာန်၏အစွမ်းဖြင့် ဖြစ်ကုန်သော ခန္ဓာတရားတို့၏ အပေါင်းအစုသည် သတ္တလောက၊
၂။ ရုပ်ခန္ဓာ, နာမ်ခန္ဓာ နှစ်မျိုးလုံးတို့သည် သင်္ခါရလောက၊
၃။ မြေကြီး, တောင် အစရှိသော အရာသည် ဩကာသ လောက။ (ဣတိဝုတ်၊ဋ္ဌ၊၂၄၈။)♦

လောက ၃ မျိုး တစ်နည်း

၁။ သုခဝေဒနာလောက၊
၂။ ဒုက္ခဝေဒနာလောက၊
၃။ ဥပေက္ခာ ဝေဒနာလောက။ (ဝိ၊ဋ္ဌ၊၁၊၉၀။) (ပဋိသံ၊မြန်။၁၅၃။) (ပဋိသံ၊မြန်။၁၅၃။) (ပဋိသမ္ဘိဒါမဂ်၊ပါဠိ၊၁၁၇။)♦

လောက ၇ မျိုး

၁။ ခန္ဓာလောက၊
၂။ အာယတနလောက၊
၃။ ဓာတုလောက၊
၄။ သမ္ပတ္တိဘဝ လောက= ပြည့်စုံသော ဘဝ (လူ့လောက နတ်လောက)၊
၅။ သမ္ပတ္တိသမ္ဘဝလောက= ပြည့်စုံခြင်း၏ အကြောင်း (သုဂတိဘုံသို့ လားစေတတ်သောကံ)၊
၆။ ဝိပတ္တိဘဝလောက= ပျက်စီးသော ဘဝ, အပါယ်လောက, အပါယ်ဘုံ၊
၇။ ဝိပတ္တိသမ္ဘဝလောက= ပျက်စီးခြင်း၏ အကြောင်း (အပါယ်သို့ လားစေတတ်သော ကံ) ။ (မ၊ဋ္ဌ၊၂၊၈၅။)♦

လောက၌ မရှိသောအရာ ၃ မျိုး

၁။ စိတ်စေတနာ ရှိသည်မူလည်းဖြစ်စေ, မရှိသည် မူလည်းဖြစ်စေ မအိုမသေသော အရာသည် လောက၌ မရှိခြင်း၊
၂။ သင်္ခါရတရားတို့၏ မြဲသည်၏အဖြစ်ဟူသော အရာသည် လောက၌ မရှိခြင်း၊
၃။ မဖောက်မပြန် မှန်ကန်သော ပရမတ္ထသဘောအားဖြင့် သတ္တဝါဟု ရနိုင်သော အရာသည် လောက၌ မရှိခြင်း။ (မိလိန္ဒ၊၂၆၀။) (မိလိန္ဒ၊မြန်။၂၇၈။)♦

လောကကို သုညအားဖြင့် ရှုပုံ ၁၀ မျိုး

၁။ မရှိသောအားဖြင့် ရှုခြင်း၊
၂။ အချည်းနှီးအားဖြင့် ရှုခြင်း၊
၃။ ကင်းဆိတ်သောအားဖြင့် ရှုခြင်း၊
၄။ အစိုးမရသော အားဖြင့် ရှုခြင်း၊
၅။ အနှစ် မရှိသောအားဖြင့် ရှုခြင်း၊
၆။ သတ်ဖြတ်တတ်သောအားဖြင့် ရှုခြင်း၊
၇။ ဘဝမှ ကင်းသော အားဖြင့် ရှုခြင်း၊
၈။ အကုသိုလ်၏ တည်ရာအားဖြင့် ရှုခြင်း၊
၉။ အာသဝအားဖြင့် ရှုခြင်း၊
၁၀။ ပြုပြင်အပ်သော သင်္ခတသဘောအားဖြင့် ရှုခြင်း။ (စူဠနိ၊၁၈၄။)♦

လောကကို သုညအားဖြင့် ရှုပုံ ၁၂ မျိုး

၁။ သတ္တဝါ မဟုတ်သောအားဖြင့် ရှုခြင်း၊
၂။ အသက် မဟုတ်သောအားဖြင့် ရှုခြင်း၊
၃။ သုဂတိဒုဂ္ဂတိကို ဆောင်တတ်သူ မဟုတ်သောအားဖြင့် ရှုခြင်း၊
၄။ မနုမည်သော သူ၏ သား မဟုတ်သောအားဖြင့် ရှုခြင်း၊
၅။ မိန်းမမဟုတ်သော အားဖြင့် ရှုခြင်း၊
၆။ ယောကျ်ားမဟုတ်သောအားဖြင့် ရှုခြင်း၊
၇။ ကိုယ်မဟုတ်သောအားဖြင့် ရှုခြင်း၊
၈။ ကိုယ်နှင့် စပ်သော ဥစ္စာမဟုတ်သောအားဖြင့် ရှုခြင်း၊
၉။ ငါမဟုတ်သောအားဖြင့် ရှုခြင်း၊
၁၀။ ငါ၏ဥစ္စာ မဟုတ်သောအားဖြင့် ရှုခြင်း၊
၁၁။ တစ်စုံတစ်ခုသော ဥစ္စာ မဟုတ်သောအားဖြင့် ရှုခြင်း၊
၁၂။ တစ်စုံတစ်ခုသော သူ၏ဥစ္စာ မဟုတ်သောအားဖြင့် ရှုခြင်း။ (စူဠနိ၊၁၈၄။)♦

လောကကို သုညအားဖြင့် ရှုရကြောင်း ၂ ပါး

၁။ အလိုသို့ မလိုက်သော ဖြစ်ခြင်းကို ကောင်းစွာ မှတ်သောအားဖြင့် လောကကို သုညအားဖြင် ့ရှုရခြင်း၊
၂။ အချည်းနှီးသော သင်္ခါရကို ကောင်းစွာရှုခြင်း၏ အစွမ်းအားဖြင့် လောကကို သုညအားဖြင့် ရှုရခြင်း။ (စူဠနိ၊၁၈၁။)♦

လောကကို် သုညအားဖြင့် ရှုပုံ ၆ မျိုး

၁။ ခန္ဓာကိုယ်မှ ကင်းဆိတ်သောအားဖြင့် လောကကို ရှုခြင်း၊
၂။ မိမိ၏ ဥစ္စာမှ ကင်းဆိတ်သောအားဖြင့် လောကကို ရှုခြင်း၊
၃။ ထင်ရှားရှိသော မြဲခြင်းမှ ကင်းဆိတ်သောအားဖြင့် လောကကို ရှုခြင်း၊
၄။ အခါခပ်သိမ်း မြဲစွာတည်ခြင်းမှ ကင်းဆိတ်သောအားဖြင့် လောကကို ရှုခြင်း၊
၅။ အခါခပ်သိမ်း မြဲစွာ ဖြစ်ခြင်းမှ ကင်းဆိတ် သောအားဖြင့် လောကကို ရှုခြင်း၊
၆။ မဖောက်မပြန်သော သဘောမှ ကင်းဆိတ်သောအားဖြင့် လောကကို ရှုခြင်း။ (စူဠနိ၊၁၈၃။)♦

လောကစောင့် တရား ၂ ပါး

၁။ ကာယဒုစရိုက် စသည်တို့မှ ရှက်ခြင်း လက္ခဏာရှိသော- ဟိရီ၊
၂။ ကာယဒုစရိုက် စသည်တို့မှ ကြောက်ခြင်း လက္ခဏာရှိသော- ဩတ္တပ္ပ။ (အံ၊၁၊၅၃။) (ခုဒ္ဒက၊ ၂၁၉။) (မ၊ဋ္ဌ၊၂၊၂၁၃။) (အဘိ၊ဋ္ဌ၊၁၊၁၇၃။) (ဝိသုဒ္ဓိ၊၂၊၉၄။) (အံ၊မြန်၊၁။၆၅။) (ခုဒ္ဒက၊မြန်။၂၀၃။)♦

လောကဓံတရား ၈ ပါး

ပိုင်းခြား၍ သိအပ်သော တရား ၈ ပါး၊ ပရိညေယျတရား ၈ ပါး တို့နှင့် တူသည်။ ♦

လောကဓံတရား ၈ ပါး

၁။ လာဘ်ရခြင်း၌ လွန်စွာ တပ်မက် နှစ်သက်ခြင်း၊
၂။ လာဘ်မရ ခြင်း၌ ဆန့်ကျင်ငြီးငွေ့ မပျော်မွေ့ခြင်း၊
၃။ အခြွေရံများခြင်း၌ လွန်စွာ တပ်မက် နှစ်သက်ခြင်း၊
၄။ အခြွေရံမရှိခြင်း၌ ဆန့်ကျင် ငြီးငွေ့ မပျော်မွေ့ခြင်း၊
၅။ အချီးမွမ်း ခံရခြင်း၌ လွန်စွာ တပ်မက်နှစ်သက်ခြင်း၊
၆။ ကဲ့ရဲ့ခံရခြင်း၌ ဆန့်ကျင်ငြီးငွေ့ မပျော်မွေ့ခြင်း၊
၇။ ကိုယ် စိတ် နှစ်ဖြာ ချမ်းသာခြင်း၌ လွန်စွာတပ်မက် နှစ်သက်ခြင်း၊
၈။ ကိုယ်စိတ်နှစ်ဖြာ ဆင်းရဲခြင်း၌ ဆန့်ကျင်လျက် စိတ်ပျက်ခြင်း။ (ဒီ၊၃၊၂၁၅။) (ဒီ၊၃၊၂၄၅။) (အံ၊၃၊၇။) (အဘိ၊ဝိ၊၄၀၀။) (ဝိ၊ဋ္ဌ၊၄၊ ၁၈၀။) (ပဋိသံ၊ဋ္ဌ၊၁၊၁၀၆။) (စူဠနိ၊ဋ္ဌ၊၈၁။) (နေတ္တိ၊ဋ္ဌ၊၁၄၀။) (ဇာ၊ဋ္ဌ၊၂၊၁၇၄။) (သာရတ္ထ၊ဋီ၊၁၊၂၄၆။) (ဝိမတိ၊၁၊၅၃။) (ဒီ၊မြန်၊၃။၂၃၈။) (ဒီ၊မြန်၊၃။၂၆၈။) (အံ၊မြန်၊၃။၈။) (အဘိ၊ဝိ၊မြန်၊၂။၅၀၈။)♦

လောကဓံတရားတို့၌ သည်းခံခြင်း ၈ မျိုး

၁။ လာဘ်ရခြင်း၌ သည်းခံခြင်း၊
၂။ လာဘ်မရခြင်း၌ သည်းခံခြင်း၊
၃။ အခြံအရံရှိသည်၌ သည်းခံခြင်း၊
၄။ အခြံအရံ မရှိသည်၌ သည်းခံခြင်း၊
၅။ ချီးမွမ်းခြင်း၌ သည်းခံခြင်း၊
၆။ ကဲ့ရဲ့ခြင်း၌ သည်းခံခြင်း၊
၇။ ချမ်းသာရာ၌ သည်းခံခြင်း၊
၈။ ဆင်းရဲရာ၌ သည်းခံခြင်း။ (မ၊ဋ္ဌ၊၂၊၂၈၃။)♦

လောကပါလ တရား ၂ ပါး

၁။ ကာယဒုစရိုက် စသည်တို့မှ ရှက်ခြင်း လက္ခဏာရှိသော= ဟိရီ၊
၂။ ကာယဒုစရိုက် စသည်တို့မှ ကြောက်ခြင်း လက္ခဏာရှိသော= ဩတ္တပ္ပ။ (မ၊ဋ္ဌ၊၂၊၂၁၃။) (အဘိ၊ဋ္ဌ၊၁၊၁၇၃။) (ဝိသုဒ္ဓိ၊၂၊၉၄။)♦

လောကဝတ်ပြုခြင်း၂ မျိုး

၁။ ပစ္စည်းဖြင့် အစေ့အစပ် အဆက်အသွယ်ပြုခြင်း- အာမိသ ပဋိသန္ထာရ၊
၂။ တရားဖြင့် အစေ့အစပ် အဆက်အသွယ်ပြုခြင်း- ဓမ္မပဋိသန္ထာရ။ (အံ၊၁၊၉၁။) (အံ၊၁၊၉၂။) (အဘိ၊ဓ၊၂၆၁။) (အဘိ၊ဝိ၊၃၇၄။) (ဝိ၊ဋ္ဌ၊၄၊၁၅၂။) (အံ၊မြန်၊၁။၁၀၇။) (အံ၊မြန်၊၁။၁၀၇။) (အဘိ၊ဓ၊မြန်။ ၄၉၄။) (အဘိ၊ဝိ၊မြန်၊၂။၄၆၆။)♦

လောကဝါဒပဋိသံယုတ္တဒိဋ္ဌိဖြင့် နှလုံးသွင်းပုံ ၈ မျိုး

၁။ အတ္တသည်၎င်း လောကသည်၎င်း မြဲ၏ဟု အမှား နှလုံးသွင်းခြင်း၊
၂။ အတ္တသည်၎င်း လောကသည်၎င်း မမြဲဟု အမှား နှလုံး သွင်းခြင်း၊
၃။ အတ္တသည်၎င်း လောကသည်၎င်း မြဲလည်း မြဲ၊ မမြဲလည်း မမြဲဟု အမှား နှလုံးသွင်းခြင်း၊
၄။ အတ္တသည်၎င်း လောကသည်၎င်း မြဲသည်လည်း မဟုတ်၊ မမြဲသည်လည်း မဟုတ်ဟု အမှား နှလုံးသွင်းခြင်း၊
၅။ အတ္တသည်၎င်း လောကသည်၎င်း အဆုံးရှိ၏ဟု အမှား နှလုံးသွင်းခြင်း၊
၆။ အတ္တသည်၎င်း လောကသည်၎င်း အဆုံးမရှိဟု အမှား နှလုံးသွင်းခြင်း၊
၇။ အတ္တသည်၎င်း လောကသည်၎င်း အဆုံးလည်း ရှိ၏။ အဆုံးလည်း မရှိဟု အမှား နှလုံးသွင်းခြင်း၊
၈။ အတ္တသည်၎င်း လောကသည်၎င်း အဆုံးရှိသည်လည်း မဟုတ်၊ အဆုံးမရှိသည်လည်း မဟုတ်ဟု အမှား နှလုံးသွင်းခြင်း။ (ပဋိသံ၊၁၅၆-၁၅၇။) (ပဋိသံ၊မြန်။၂၀၀။)♦

လောကာမိသ ၂ မျိုး

၁။ ပရိယာယလောကာမိသ- တေဘူမကဝဋ်တရား၊
၂။ နိပ္ပရိယာယ လောကာမိသ- သင်္ကန်း ဆွမ်း ကျောင်း ဆေး ပစ္စည်း လေးပါး။ (သံ၊ဋ္ဌ၊၁၊၂၂။)♦

လောကီ သမ္မာကမ္မန္တ ၃ မျိုး

၁။ သူတစ်ပါး၏ အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း၊
၂။ သူတစ်ပါး၏ ပစ္စည်းဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြဉ်ခြင်း၊
၃။ ကာမဂုဏ်တို့၌ မှားယွင်း ဖောက်ပြန်စွာ ကျင့်ခြင်းမှ ရှောင်ကြဉ်ခြင်း။ (မ၊၃၊၁၁၉။) (မ၊မြန်၊၃။၁၂၂။)♦

လောကီ သမ္မာဝါစာ ၄ မျိုး

၁။ ဟုတ်မှန်သော စကားကို ပြောဆိုခြင်း၊
၂။ ချောပစ်ကုန်းတိုက် စကားကို မပြောဆိုခြင်း၊
၃။ ယဉ်ကျေးသိမ်မွေ့သော စကားကို ပြောဆိုခြင်း၊
၄။ ပြိန်ဖျင်းသော စကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း။ (မ၊၃၊၁၁၈။) (မ၊မြန်၊၃။၁၂၁။)♦

လောကီ သမ္မာသင်္ကပ္ပ ၃ မျိုး

၁။ ကာမမှ ထွက်မြောက်လိုသော အကြံ- နေက္ခမ္မသင်္ကပ္ပ၊
၂။ သူတစ်ပါးကို ပျက်စီးစေလိုစိတ် ကင်းသော အကြံ- အဗျာပါဒသင်္ကပ္ပ၊
၃။ သူတစ်ပါးကို ညှဉ်းဆဲလိုစိတ် ကင်းသော အကြံ- အဝိဟိံသာ သင်္ကပ္ပ။ (မ၊၃၊၁၁၈။) (မ၊မြန်၊၃။၁၂၁။)♦

လောကီ သရဏဂုံ ၂ ပါး

၁။ ဉာဏ်နှင့် ကောင်းစွာ ယှဉ်သော လောကီသရဏဂုံ၊
၂။ ဉာဏ်နှင့် ကင်းကွာသော လောကီသရဏဂုံ။ (သီ၊ဋီ၊သစ်၊၂၊၁၇၉။)♦

လောကီပရိညာ ၃ မျိုး

၁။ ဉာတပရိညာ- ရုပ် ဝေဒနာ အစရှိသော ထိုထိုတရားတို့၏ အသီးအသီးသော ကိုယ်ပိုင်လက္ခဏာတို့ကို ကောင်းစွာ မှတ်သိခြင်း၏ အစွမ်းဖြင့် ဖြစ်သော ပညာ၊
၂။ တီရဏပရိညာ- ရုပ်သည်မမြဲ ဝေဒနာသည်မမြဲ အစရှိသော နည်းဖြင့် ထိုရုပ်ဝေဒနာ စသော တရားတို့၏ သာမညလက္ခဏာသို့ တင်၍ ဖြစ်သော လက္ခဏာလျှင် အာရုံရှိသော ဝိပဿနာပညာ၊
၃။ ပဟာနပရိညာ- ထိုရုပ် ဝေဒနာစသော တရားတို့၌သာလျှင် မြဲ၏ဟူသော အမှတ်သညာ စသည်တို့ကို ပယ်ခြင်း၏ အစွမ်းဖြင့် ဖြစ်သော လက္ခဏာလျှင် အာရုံရှိသော ဝိပဿနာပညာ။ (စူဠနိ၊ဋ္ဌ၊၉၅။)♦

လောကီလောကုတ္တရာ အကျိုးစီးပွားကို ရကြောင်းတရား ၆ ပါး

၁။ ကိုယ်စိတ် ကျန်းမာခြင်း၊
၂။ ကိုယ်ကျင့်သီလ ရှိခြင်း (စည်းကမ်းရှိခြင်း)၊
၃။ ပညာရှိ လူကြီးလူကောင်းတို့၏ အဆုံး အမကို ခံယူခြင်း၊
၄။ ကြီးပွားရေးနှင့် သက်ဆိုင်သော အကြားအမြင်ရှိခြင်း၊
၅။ သုစရိုက် တရား သုံးပါးကို လိုက်နာကျင့်သုံးခြင်း၊
၆။ စိတ်ထားမတွန့်တိုဘဲ စိတ်ဓာတ်ကောင်းခြင်း၊ (ကြီးပွားကြောင်း ၆ မျိုးလည်း ဆို၏) ။ (ဇာ၊ဋ္ဌ၊၁၊၃၈၈။)♦

လောကီသမာပတ်ဈာန် ရသောရဟန်း ဆုတ်ယုတ်ကြောင်း တရား ၅ ပါး

၁။ အမှုသစ်၌ မွေ့လျော်ခြင်း၊
၂။ စကားပြောမှု၌ မွေ့လျော်ခြင်း၊
၃။ အိပ်ခြင်း၌ မွေ့လျော်ခြင်း၊
၄။ အပေါင်း အဖော်၌ မွေ့လျော်ခြင်း၊
၅။ လွတ်မြောက်ပြီးတိုင်းသော စိတ်ကို မဆင်ခြင်ခြင်း။ (အံ၊၂၊၁၅၃။) (အံ၊မြန်၊၂။၁၉၂-၁၉၃။)♦

လောကီသမာပတ်ဈာန် ရသောရဟန်း မဆုတ်ယုတ်ကြောင်း တရား ၅ ပါး

၁။ အမှုသစ်၌ မမွေ့လျော်ခြင်း၊
၂။ စကားပြောမှု၌ မမွေ့လျော်ခြင်း၊
၃။ အိပ်ခြင်း၌ မမွေ့လျော်ခြင်း၊
၄။ အပေါင်းအဖော်၌ မမွေ့လျော်ခြင်း၊
၅။ လွတ်မြောက်ပြီးတိုင်းသော စိတ်ကို ဆင်ခြင်ခြင်း။ (အံ၊၂၊၁၅၃။) (အံ၊မြန်၊၂။၁၉၂-၁၉၃။)♦

လောကီသမ္မာဒိဋ္ဌိ ၁၀ မျိုး

၁။ ပေးလှူခြင်း၏ အကျိုး ရှိ၏၊
၂။ ယဇ်အလှူကြီး၏ အကျိုး ရှိ၏။
၃။ ယဇ်အလှူငယ်၏ အကျိုး ရှိ၏၊
၄။ ကောင်းမှုကံ မကောင်းမှုကံတို့၏ အကျိုးဖျား အကျိုးရင်း ရှိ၏၊
၅။ ဤပစ္စုပ္ပန်လောကသည် ရှိ၏၊
၆။ တမလွန်လောကသည် ရှိ၏၊
၇။ အမိ၌ အကောင်း အဆိုး ပြုကျိုးသည် ရှိ၏၊
၈။ အဖ၌ အကောင်းအဆိုး ပြုကျိုးသည် ရှိ၏၊
၉။ စုတေပြီး၍ ပဋိသန္ဓေနေရကုန်သော သတ္တဝါတို့ ရှိကုန်၏၊
၁၀။ ဤပစ္စုပ္ပန်လောကနှင့် တမလွန်လောကကို ထူးသောဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက်ပြု၍ သိစေကုန်သော ကောင်းစွာ သိကုန်သော ကောင်းစွာ ကျင့်ကုန်သော ရဟန်းပုဏ္ဏားတို့သည် ရှိကုန်၏။ (မ၊၃၊၁၁၇။) (မ၊မြန်၊၃။၁၁၉။)♦

လောကီသရဏဂုံ ၂ ပါး (တစ်နည်း)

၁။ အပြစ်ရှိသော သရဏဂုံ၊
၂။ အပြစ်မရှိသော သရဏဂုံ။ (ဣတိဝုတ်၊ဋ္ဌ၊၂၁၆။)♦

လောကီသရဏဂုံ ၄ မျိုး

၁။ ရတနာသုံးပါးအား မိမိ၏ ကိုယ်နှင့် အသက်ကို စွန့်၍ အပ်နှင်း ကိုးကွယ်ခြင်း အတ္တသန္နိယျာတန သရဏဂုံ၊
၂။ ထိုရတနာသုံးပါးလျှင် ကိုးကွယ် လဲလျောင်းရာ ရှိသူ ဖြစ်ခြင်း၊ တပ္ပရာယဏတာ သရဏဂုံ၊
၃။ ရတနာသုံးပါး၏ တပည့်အဖြစ် ကိုးကွယ် ဆည်းကပ်ခြင်း၊ သိဿဘာဝူပဂမန သရဏဂုံ၊
၄။ ရတနာသုံးပါးတို့အားသာလျှင် တုပ်ဝပ်ရိုသေ လေးစားမြတ်နိုး ရှိခိုးမှု စသည်ကို ပြု၍ ကိုးကွယ် ဆည်းကပ်ခြင်း ပဏိပါတ သရဏဂုံ။ (အံ၊ဋ္ဌ၊၂၊၁၇။) (သာရတ္ထ၊ဋီ၊၁၊၄၁၇။) (ဝိမတိ၊၁၊၈၇။)♦

လောကီသရဏဂုံ ညစ်နွမ်းကြောင်း ၃ မျိုး

၁။ ရတနာသုံးပါး၏ ဂုဏ်ကျေးဇူးတို့ကို မသိခြင်း၊
၂။ ရတနာသုံးပါးတို့၌ ယုံမှားမှု ဖြစ်ခြင်း၊
၃။ ရတနာသုံးပါး၏ ဂုဏ်တို့ကို ဂုဏ်မဟုတ်ဟု ကြံစည်ခြင်းဖြင့် မှားယွင်းစွာ သုံးသပ် သိမ်းဆည်းခြင်း။ (သာရတ္ထ၊ဋီ၊၁၊၄၂၁။)♦

လောကီသရဏဂုံ ဖြစ်ပုံ ၄ မျိုး

၁။ မိမိကို ရတနာသုံးပါးအား အပ်နှင်းခြင်းအားဖြင့်သော် လည်းကောင်း၊
၂။ ထိုရတနာသုံးပါးလျှင် လဲလျောင်းရာ ရှိသူ၏ အဖြစ်အားဖြင့်သော် လည်းကောင်း၊
၃။ ရတနာသုံးပါး၏ တပည့်၏အဖြစ်သို့ ကပ်ရောက်ခြင်းအားဖြင့်သော် လည်းကောင်း၊
၄။ ရတနာသုံးပါး၌ မွန်မွန် မြတ်မြတ် တုပ်ဝပ်ရိုသေ လေးစားခြင်းအားဖြင့် သော်လည်းကောင်း လောကီသရဏဂုံသည် ဖြစ်၏။ (ဒီ၊ဋ္ဌ၊၁၊၂၀၆။) (မ၊ဋ္ဌ၊၁၊၁၃၆။) (ဒီ၊ဋ္ဌ၊မြန်၊၁။၄၀၅။) (ဒီ၊ဋ္ဌ၊မြန်၊၁။၄၀၅။)♦

လောကီသရဏဂုံ၏ ပျက်ခြင်း ၂ မျိုး

၁။ ဘုရားရှင်မှ တစ်ပါး အခြားကုန်သော ဘုရားတု ဖြစ်သော သူတို့၌ ကိုးကွယ်ဆည်းကပ်မှု ပြုခြင်းသည် အပြစ်ရှိသော သရဏဂုံ ပျက်ခြင်း၊
၂။ သေဆုံးခြင်းသည် အပြစ်မရှိသော သရဏဂုံ ပျက်ခြင်း။ (ဒီ၊ဋ္ဌ၊၁၊၂၀၉။) (မ၊ဋ္ဌ၊၁၊၁၃၉။) (သာရတ္ထ၊ဋီ၊၁၊၄၂၁။) (ဝိမတိ၊၁၊၈၇။) (ဒီ၊ဋ္ဌ၊မြန်၊၁။၄၁၀။) (ဒီ၊ဋ္ဌ၊မြန်၊၁။၄၁၀။) (ဝဇီရ၊ဋီ၊၅၅။)♦

လောကီသရဏဂုံ၏ အကျိုး ၂ မျိုး

၁။ ဘဝစည်းစိမ် ပြည့်စုံမှု၊
၂။ ဥစ္စာစည်းစိမ် ပြည့်စုံမှု။ (သာရတ္ထ၊ဋီ၊၁၊၄၂၀။)♦

လောကုတ္တရာ ခန္ဓာ ၄ ပါး

၁။ ဝေဒနာက္ခန္ဓာ၊
၂။ သညာက္ခန္ဓာ၊
၃။ သင်္ခါရက္ခန္ဓာ၊
၄။ ဝိညာဏ က္ခန္ဓာ။ (အဘိ၊ဝိ၊၄၂၂။) (အဘိ၊ဝိ၊မြန်၊၂။၅၃၄။)♦

လောကုတ္တရာ ဓာတ် ၂ ပါး

၁။ မနောဝိညာဏဓာတ်၊
၂။ ဓမ္မဓာတ်။ (အဘိ၊ဝိ၊၄၂၂။) (အဘိ၊ဝိ၊မြန်၊၂။၅၃၄။)♦

လောကုတ္တရာ သစ္စာ ၂ ပါး

၁။ မဂ္ဂသစ္စာ၊
၂။ နိရောဓသစ္စာ။ (အဘိ၊ဝိ၊၄၂၂။) (အဘိ၊ဝိ၊မြန်၊၂။၅၃၄။)♦

လောကုတ္တရာ သမ္မာဒိဋ္ဌိ ၅ မျိုး

၁။ ပညာ၊
၂။ ပညိန္ဒြေ၊
၃။ ပညာဗိုလ်၊
၄။ ဓမ္မဝိစယ သမ္ဗောဇ္ဈင်၊
၅။ သမ္မာဒိဋ္ဌိမဂ္ဂင်။ (မ၊၃၊၁၁၇။) (မ၊မြန်၊၃။၁၂၀။)♦

လောကုတ္တရာ သရဏဂုံ၏ ဝိပါကအကျိုး ၄ မျိုး

၁။ သောတာပတ္တိဖိုလ်၊
၂။ သကဒါဂါမိဖိုလ်၊
၃။ အနာဂါမိဖိုလ်၊
၄။ အရဟတ္တဖိုလ်။ (သာရတ္ထ၊ဋီ၊၁၊၄၁၉။)♦

လောကုတ္တရာ ဟိတ် ၆ ပါး

၁။ အလောဘ၊ အဒေါသ၊ အမောဟဟု ဆိုအပ်သော ကုသိုလ်ဟိတ် သုံးပါး၊
၂။ အလောဘ၊ အဒေါသ၊ အမောဟဟု ဆိုအပ်သော ဝိပါက်အဗျာကတဟိတ် သုံးပါး ပေါင်း ၆ ပါး ဖြစ်၏။ (အဘိ၊ဝိ၊၄၂၂။) (အဘိ၊ဝိ၊မြန်၊၂။၅၃၅။)♦

လောကုတ္တရာ အာယတန ၂ ပါး

၁။ မနာယတန၊
၂။ ဓမ္မာယတန။ (အဘိ၊ဝိ၊၄၂၂။) (အဘိ၊ဝိ၊မြန်၊၂။၅၃၄။)♦

လောကုတ္တရာ အာဟာရ ၃ ပါး

၁။ တွေ့ထိမှု- ဖဿာဟာရ၊
၂။ စေ့ဆော်မှု- မနောသေဉ္စတနာ ဟာရ၊
၃။ သိမှု- ဝိညာဏာဟာရ။ (အဘိ၊ဝိ၊၄၂၃။) (အဘိ၊ဝိ၊မြန်၊၂။၅၃၅။)♦

လောကုတ္တရာ ဣန္ဒြေ ၁၂ ပါး

၁။ မနိန္ဒြေ၊
၂။ ဇီဝိတိန္ဒြေ၊
၃။ သောမနဿိန္ဒြေ၊
၄။ ဥပေက္ခိန္ဒြေ၊
၅။ သဒ္ဓိန္ဒြေ၊
၆။ ဝီရိယိန္ဒြေ၊
၇။ သတိန္ဒြေ၊
၈။ သမာဓိန္ဒြေ၊
၉။ ပညိန္ဒြေ၊
၁၀။ အနညာ တညဿာမီတိန္ဒြေ၊
၁၁။ အညိန္ဒြေ၊
၁၂။ အညာတာဝိန္ဒြေ။ (အဘိ၊ဝိ၊၄၂၂။) (အဘိ၊ဝိ၊မြန်၊၂။၅၃၅။)♦

လောကုတ္တရာ ဣန္ဒြေ ၃ ပါး

၁။ အနညာတညဿာမီတိန္ဒြေ၊
၂။ အညိန္ဒြေ၊
၃။ အညတာဝိန္ဒြေ။ (သံ၊၃၊၁၈၀။) (သံ၊မြန်၊၃။၁၈၆။)♦

လောကုတ္တရာ ဣန္ဒြေ ၅ ပါး

၁။ သဒ္ဓိန္ဒြေ၊
၂။ ဝီရိယိန္ဒြေ၊
၃။ သတိန္ဒြေ၊
၄။ သမာဓိန္ဒြေ၊
၅။ ပညိန္ဒြေ။ (နေတ္တိ၊ဋ္ဌ၊၁၄၀။)♦

လောကုတ္တရာကုသိုလ်ကို ဖြစ်စေပုံ၂၀

၁။ အာရုံသို့ ကပ်၍ ရှုတတ်သည်၏ အဖြစ်ဟူသော အနက်ကြောင့် ဈာန်မည်သော လောကုတ္တရာကုသိုလ်ကို ဖြစ်စေခြင်း၊
၂။ ဝဋ်ဆင်းရဲမှ ထွက်မြောက်တတ်သည်၏အဖြစ်ဟူသော အနက်ကြောင့် မဂ္ဂမည်သော လောကုတ္တရာ ကုသိုလ်ကို ဖြစ်စေခြင်း၊
၃။ အာရုံ၌ ကပ်၍တည်တတ်သည်၏အဖြစ်ဟူသော အနက်ကြောင့် သတိပဋ္ဌာန် မည်သော လောကုတ္တရာကုသိုလ်ကို ဖြစ်စေခြင်း၊
၄။ ကောင်းစွာအပြားအားဖြင့် အားထုတ် တတ်သည်၏အဖြစ်ဟူသော အနက်ကြောင့် သမ္မပ္ပဓာန်မည်သော လောကုတ္တရာ ကုသိုလ်ကို ဖြစ်စေခြင်း၊
၅။ ပြည့်စုံတတ်သည်၏အဖြစ်ဟူသော အနက်ကြောင့် ဣဒ္ဓိပါဒ် မည်သော လောကုတ္တရာကုသိုလ်ကို ဖြစ်စေခြင်း၊
၆။ မိမိနှင့်စပ်သော တရားတို့၏ အရှင်သခင်၏အဖြစ်ဟူသော အနက်ကြောင့် ဣန္ဒြိယမည်သော လောကုတ္တရာကုသိုလ်ကို ဖြစ်စေခြင်း၊
၇။ ဆန့်ကျင်ဘက်တရားတို့သည် မတုန်လှုပ်စေအပ်, မတုန်လှုပ်စေနိုင်သည်၏ အဖြစ်ဟူသော အနက်ကြောင့် ဗိုလ်မည်သော လောကုတ္တရာကုသိုလ်ကို ဖြစ်စေခြင်း၊
၈။ သိတတ်သည်၏အဖြစ်ဟူသော အနက်ကြောင့် ဗောဇ္ဈင်မည်သော လောကုတ္တရာ ကုသိုလ်ကို ဖြစ်စေခြင်း၊
၉။ မှန်ကန်သည်၏အဖြစ်ဟူသော အနက်ကြောင့် သစ္စာမည်သော လောကုတ္တရာကုသိုလ်ကို ဖြစ်စေခြင်း၊
၁၀။ ပျံ့လွင့်ခြင်း၏ ဆန့်ကျင်ဘက်အဖြစ်ဟူသော အနက်ကြောင့် သမထမည်သော လောကုတ္တရာကုသိုလ်ကို ဖြစ်စေခြင်း၊
၁၁။ အတ္တဇီဝမှ ကင်းဆိတ်သည်၏အဖြစ်ဟူသော အနက်ကြောင့် ဓမ္မမည်သော လောကုတ္တရာကုသိုလ်ကို ဖြစ်စေခြင်း၊
၁၂။ အစုဟူသော အနက်ကြောင့် ခန္ဓမည်သော လောကုတ္တရာကုသိုလ်ကို ဖြစ်စေခြင်း၊
၁၃။ တည်ရာ၏အဖြစ်ဟူသော အနက်ကြောင့် အာယတနမည်သော လောကုတ္တရာကုသိုလ်ကို ဖြစ်စေခြင်း၊
၁၄။ အတ္တမှ ကင်းဆိတ်သည်၏အဖြစ်ဟူသော သဘော, သတ္တဝါမဟုတ်သည်၏ အဖြစ်ဟူသော အနက်ကြောင့် ဓာတုမည်သော လောကုတ္တရာကုသိုလ်ကို ဖြစ်စေခြင်း၊
၁၅။ အကြောင်း၏ အဖြစ်ဟူသော အနက်ကြောင့် အာဟာရမည်သော လောကုတ္တရာကုသိုလ်ကို ဖြစ်စေခြင်း၊
၁၆။ တွေ့ထိတတ်သည်၏ အဖြစ်ဟူသော အနက်ကြောင့် ဖဿမည်သော လောကုတ္တရာ ကုသိုလ်ကို ဖြစ်စေခြင်း၊
၁၇။ ခံစားတတ်သည်၏ အဖြစ်ဟူသော အနက်ကြောင့် ဝေဒနာမည်သော လောကုတ္တရာ ကုသိုလ်ကို ဖြစ်စေခြင်း၊
၁၈။ အမှတ်ပြု၍ သိတတ်သည်၏ အဖြစ်ဟူသော အနက်ကြောင့် သညာမည်သော လောကုတ္တရာကုသိုလ်ကို ဖြစ်စေခြင်း၊
၁၉။ စေ့ဆော်တတ်သည်၏ အဖြစ်ဟူသော အနက်ကြောင့် စေတနာမည်သော လောကုတ္တရာ ကုသိုလ်ကို ဖြစ်စေခြင်း၊
၂၀။ သညာ ပညာတို့သိပုံမှ တစ်မျိုးတစ်ဖုံ သိတတ်သည်၏အဖြစ်ဟူသော အနက်ကြောင့် စိတ္တမည်သော လောကုတ္တရာကုသိုလ်ကို ဖြစ်စေခြင်း။ (အဘိ၊ဋ္ဌ၊၁၊၂၈၀။)♦

လောကုတ္တရာတရားကို ဖြစ်စေသော ပုဂ္ဂိုလ်တို့၏ စွဲစွဲမြဲမြဲ နှလုံးသွင်းခြင်း ၂ မျိုး

၁။ သမထကို စွဲစွဲမြဲမြဲ နှလုံးသွင်းခြင်း၊
၂။ ဝိပဿနာကို စွဲစွဲမြဲမြဲ နှလုံးသွင်းခြင်း။ (အဘိ၊ဋ္ဌ၊၃၊၄၄။)♦

လောကုတ္တရာတရားကို ဖြစ်စေသော ပုဂ္ဂိုလ်တို့၏ ပဓာနတရား ၂ မျိုး

၁။ သဒ္ဓါဟူသော ပဓာန တရား (သဒ္ဓါဓုရ)၊
၂။ ပညာဟူသော ပဓာနတရား (ပညာဓုရ) ။ (အဘိ၊ဋ္ဌ၊၃၊၄၄။)♦

လောကုတ္တရာတရားကို ဖြစ်စေသော ပုဂ္ဂိုလ်တို့၏ အထွတ်အထိပ် တရား ၂ မျိုး

၁။ ဥဘတော ဘာဂဝိမုတ္တပုဂ္ဂိုလ်၏ အရဟတ္တဖိုလ် တည်းဟူသော အထွတ်အထိပ်တရား၊
၂။ ပညာဝိမုတ္တ ပုဂ္ဂိုလ်၏ အရဟတ္တဖိုလ် တည်းဟူသော အထွတ်အထိပ်တရား။ (အဘိ၊ဋ္ဌ၊၃၊၄၄။)♦

လောကုတ္တရာဘုံ၌သာ ဖြစ်သော ဣန္ဒြေ ၃ ပါး

၁။ အနညာတညဿာမီတိန္ဒြေ၊
၂။ အညိန္ဒြေ၊
၃။ အညာတာဝိန္ဒြေ။ (ဝိသုဒ္ဓိ၊၂၊၁၂၄။)♦

လောင်းကစား အပြစ် ၆ ပါး

၁။ နိုင်သော် ရန်ပွား၏၊
၂။ ရှုံးသော် ဥစ္စာအတွက် ပူပန်ရ၏၊
၃။ ကိုယ်တွေ့မျက်မြင် ဥစ္စာယုတ်၏၊
၄။ တရားရုံး၌ ထိုသူ၏စကားသည် မတည်၊
၅။ အဆွေ ခင်ပွန်းတို့က မထေမဲ့မြင် ပြု၏၊
၆။ သမီးပေး သားယူ ပြုလိုသူတို့က အလိုမရှိ ဖြစ်၏။ (ဒီ၊၃၊၁၄၉။) (ဒီ၊မြန်၊၃။၁၆၆။)♦

လောဘ ဆိုးကျိုး ၃ ပါး

၁။ မိစ္ဆာသင်္ကပ္ပ- အကြံမှား၊
၂။ မိစ္ဆာဝါယာမ- လုံ့လမှား၊
၃။ မိစ္ဆာသမာဓိ- သမာဓိမှား။ (ပေဋကော၊၁၈၂။)♦

လောဘကြောင့် ဖြစ်သော အာသဝ ၂ ပါး

၁။ ဒိဋ္ဌိ အာသဝ၊
၂။ အဝိဇ္ဇာ အာသဝ။ (မ၊ဋ္ဌ၊၃၊၂၉။)♦

လောဘမူစိတ် ၈ ပါး

၁။ သောမနဿသဟဂုတ် ဒိဋ္ဌိဂတသမ္ပယုတ် အသင်္ခါရိကစိတ်၊
၂။ သောမနဿသဟဂုတ် ဒိဋ္ဌိဂတသမ္ပယုတ် သသင်္ခါရိကစိတ်၊
၃။ သောမနဿသဟဂုတ် ဒိဋ္ဌိဂတဝိပ္ပယုတ် အသင်္ခါရိကစိတ်၊
၄။ သောမနဿသဟဂုတ် ဒိဋ္ဌိဂတဝိပ္ပယုတ် သသင်္ခါရိက စိတ်၊
၅။ ဥပေက္ခာသဟဂုတ် ဒိဋ္ဌိဂတသမ္ပယုတ် အသင်္ခါရိကစိတ်၊
၆။ ဥပေက္ခာ သဟဂုတ် ဒိဋ္ဌိဂတသမ္ပယုတ် သသင်္ခါရိကစိတ်၊
၇။ ဥပေက္ခာသဟဂုတ် ဒိဋ္ဌိဂတဝိပ္ပယုတ် အသင်္ခါရိကစိတ်၊
၈။ ဥပေက္ခာသဟဂုတ် ဒိဋ္ဌိဂတဝိပ္ပယုတ် သသင်္ခါရိကစိတ်။ (ဝိသုဒ္ဓိ၊၂၊၈၄။)♦

လောဘသဟဂုတ်ဝေဒနာ ၂ မျိုး

၁။ ဒိဋ္ဌိနှင့် ယှဉ်သော လောဘသဟဂုတ် ဝေဒနာ၊
၂။ ဒိဋ္ဌိနှင့် မယှဉ်သော လောဘသဟဂုတ် ဝေဒနာ။ (အဘိ၊ဋ္ဌ၊၂၊၁၅။)♦

လောဟ ၄ မျိုး

သံ, သတ္တု ၄ မျိုးနှင့် တူသည်။ ♦

လဲ ၃ မျိုး (ခေါင်းအုံးပြုလုပ်ခြင်းငှာ ခွင့်ပြုအပ်သော လဲသုံးမျိုး)

၁။ သစ်ပင်လဲ (သစ်ပင်မှ ဖြစ်သောလဲ)၊
၂။ နွယ်လဲ (နွယ်ပင်မှ ဖြစ်သောလဲ)၊
၃။ ဖောင်းခါးမြက်လဲ (ရှင်မွေ့လွန်းပင် စသော မြက်ပင်မှ ဖြစ်သောလဲ) ။ (ဝိ၊၂၊၂၂၀။)) (ဝိ၊၄၊၂၉၅။) (ဝိ၊မြန်၊၂။၂၄၇။) (ဝိ၊မြန်၊၄။၃၀၀။)♦

ဝက်နှင့် ယောဂီ တူပုံ ၂ မျိုး

၁။ ဝက်သည် အလွန်ပူလောင်သော နွေကာလသို့ ရောက်သည် ရှိသော် ရေသို့ ချဉ်းကပ်ခြင်း (ထို့အတူ ယောဂီပုဂ္ဂိုလ်သည် အမျက်ဒေါသကြောင့် စိတ်ပူလောင်သည် ရှိသော် အေးမြသော အမြိုက်ရေစင်နှင့်တူသော မေတ္တာဘာဝနာသို့ ချဉ်းကပ်ရခြင်း)၊
၂။ ဝက်သည် ရွှံ့ညွန်ရေသို့ ကပ်သည်ရှိသော် နှာခေါင်းဖျားဖြင့် မြေကို တူး၍ ကျင်းဖွဲ့ပြီး ထိုကျင်းခွက်၌ အိပ်ခြင်း (ထို့အတူ ယောဂီပုဂ္ဂိုလ်သည် စိတ်၌ ကိုယ်ကို ထားလျက် အာရုံအတွင်းသို့ ရောက်သည်ဖြစ်၍ အိပ်ရခြင်း)။ (မိလိန္ဒ၊၃၈၂။) (မိလိန္ဒ၊မြန်။၄၀၄။)♦

ဝစီဒုစရိုက် ၄ ပါး

၁။ မဟုတ်မမှန် ပြောဆိုခြင်း= မုသာဝါဒ၊
၂။ ကုန်းတိုက်သော စကားကို ဆိုခြင်း- ပိသုဏဝါစာ၊
၃။ ကြမ်းတမ်းသော စကားကို ဆိုခြင်း= ဖရုသဝါစာ၊
၄။ ပြိန်ဖျင်းသော စကားကို ဆိုခြင်း= သမ္ဖပ္ပလာပဝါစာ။ (ဝိ၊၅၊၂၂၇။) (မ၊၁၊၃၅၅။) (မ၊၁၊၃၆၂။) (အံ၊၁၊၄၅၈။) (အဘိ၊ဝိ၊၃၇၈။) (အဘိ၊ဝိ၊၃၉၀။) (ဝိ၊မြန်၊၅။၃၁၅။) (မ၊မြန်၊၁။၃၆၇။) (မ၊မြန်၊၁။၃၆၇။) (အံ၊မြန်၊၁။၄၇၀။) (အဘိ၊ဝိ၊မြန်၊၂။၄၇၂။) (အဘိ၊ဝိ၊မြန်၊၂။၄၇၂။)♦

ဝစီပါဂဗ္ဘိယ မပြုအပ်သည့် ဌာန ၄ မျိုး

၁။ သံဃာ့ပရိသတ်အလယ်၊
၂။ ဂိုဏ်းပရိသတ်အလယ်၊
၃။ ထေရ်ကြီး ဝါကြီးပုဂ္ဂိုလ်တို့၏ ရှေ့၊
၄။ မြို့တွင်း ရွာတွင်းတို့၌ နှုတ်ဖြင့် ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုခြင်း မပြုရ။ (သံ၊ဋ္ဌ၊၂၊၁၅၆။)♦

ဝစီပါဂဗ္ဘိယဌာန ၄ ပါး (နှုတ်ဖြင့် မရိုမသေ ပြောရာအရပ် ၄ ပါး)

၁။ သံဃာ့အလည်အရပ်၊
၂။ ဂိုဏ်းအလည်အရပ်၊
၃။ မထေရ်ကြီးပုဂ္ဂိုလ်၊
၄။ မြို့တွင်း ရွာတွင်း ဝင်ရာအရပ်။ (ခုဒ္ဒက၊ဋ္ဌ၊၂၀၇။)♦

ဝစီမောနေယျ ၇ ပါး

၁။ ဝစီဒုစရိုက် သုံးပါးကို ပယ်ခြင်း၊
၂။ ဝစီသုစရိုက် သုံးပါး၊
၃။ နှုတ်ဝစီ ဟူသော အာရုံ၌ သိသော ဉာဏ်၊
၄။ နှုတ်ကို ပိုင်းခြား၍ သိခြင်း၊
၅။ နှုတ်ကို ပိုင်းခြား၍ သိခြင်းနှင့် တကွ ဖြစ်သော မဂ်၊
၆။ နှုတ်၌ ဆန္ဒရာဂကို ပယ်ခြင်း၊
၇။ ဝစီသင်္ခါရ ချုပ်ခြင်းရှိသော ဒုတိယဈာန်သမာပတ်။ (ဒီ၊ဋ္ဌ၊၃၊၁၈၆။)♦

ဝစီသမာစာရ ၂ မျိုး

၁။ သေဝိတဗ္ဗဝစီသမာစာရ- ဤဝစီသမာစာရကို မှီဝဲသော ပုဂ္ဂိုလ်အား အကုသိုလ်တရားများ ယုတ်လျော့၍ ကုသိုလ်တရားများ တိုးပွားလာသဖြင့် မှီဝဲအပ်သော ဝစီသမာစာရ၊
၂။ အသေဝိတဗ္ဗဝစီသမာစာရ- ဤဝစီသမာစာရကို မှီဝဲသော ပုဂ္ဂိုလ်အား အကုသိုလ်တရားများ တိုးပွား၍ ကုသိုလ်တရားများ ယုတ်လျော့သွားသဖြင့် မမှီဝဲအပ်သော ဝစီသမာစာရ။ (ဒီ၊၂၊၂၂၃။) (ဒီ၊မြန်၊၂။၂၅၁။) (နေတ္တိ၊ဋ္ဌ၊၁၆၁။)♦

ဝစီသုစရိုက် ၄ ပါး

၁။ အမှန်ကို ဆိုခြင်း၊
၂။ ကုန်းတိုက်သော စကားကို မပြောဆိုခြင်း၊
၃။ နူးညံ့ သိမ်မွေ့သော စကားကို ဆိုခြင်း၊
၄။ ပညာဖြင့် ဆိုခြင်း။ (ဝိ၊၅၊၂၂၇။) (မ၊၁၊၃၅၅။) (မ၊၁၊၃၆၂။) (အံ၊၁၊၄၅၈။) (အဘိ၊ဝိ၊၃၇၈။) (အဘိ၊ဝိ၊၃၉၀။) (ဝိ၊မြန်၊၅။၃၁၅။) (မ၊မြန်၊၁။၃၆၇။) (မ၊မြန်၊၁။၃၆၇။) (အံ၊မြန်၊၁။၄၇၀။) (အဘိ၊ဝိ၊မြန်၊၂။၄၇၂။) (အဘိ၊ဝိ၊မြန်၊၂။၄၇၂။)♦

ဝစ္ဆနွယ်ဖွား ပရိဗိုဇ်အား ဘုရားရှင် ဟောကြားခဲ့သော ကုသိုလ်တရား ၁၀ ပါး

၁။ သူ့အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း၊
၂။ သူတစ်ပါးဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြဉ်ခြင်း၊
၃။ ကာမဂုဏ် တို့၌ မှားယွင်းစွာ ကျင့်ခြင်းမှ ရှောက်ကြဉ်ခြင်း၊
၄။ မဟုတ်မမှန် စကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း၊
၅။ ကြမ်းတမ်းသော ဆဲရေး ပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း၊
၆။ ပြိန်ဖျင်းသော စကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း၊
၇။ ချောပစ် ကုန်းတိုက်စကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း၊
၈။ သူတစ်ပါးစည်းစိမ်ဥစ္စာ၌ လိုချင်တပ်မက်ခြင်းမှ ရှောင်ကြဉ်ခြင်း၊
၉။ သူတစ်ပါး ပျက်စီးကြောင်း ကြံစည်ခြင်းမှ ရှောင်ကြဉ်ခြင်း၊
၁၀။ မှန်ကန်သော အယူရှိခြင်း။ (မ၊၂၊၁၅၇။) (မ၊မြန်၊၂။၁၆၇။)♦

ဝစ္ဆနွယ်ဖွား ပရိဗိုဇ်အား ဘုရားရှင် ဟောကြားခဲ့သော ကုသိုလ်တရား ၃ မျိုး

၁။ အလောဘ၊
၂။ အဒေါသ၊
၃။ အမောဟ။ (မ၊၂၊၁၅၇။) (မ၊မြန်၊၂။၁၆၆။)♦

ဝစ္ဆနွယ်ဖွား ပရိဗိုဇ်အား ဘုရားရှင် ဟောကြားခဲ့သော အကုသိုလ်တရား ၃ မျိုး

၁။ လောဘ၊
၂။ ဒေါသ၊
၃။ မောဟ။ (မ၊၂၊၁၅၇။) (မ၊မြန်၊၂။၁၆၆။)♦

ဝစ္ဆနွယ်ဖွားပရိဗိုဇ်အား ဘုရားရှင် ဟောကြားသော အကုသိုလ်တရား ၁၀ ပါး

၁။ သူ့အသက်ကို သတ်ခြင်း၊
၂။ အရှင်မပေးသော ဥစ္စာကို ခိုးယူခြင်း၊
၃။ ကာမဂုဏ်တို့၌ မှားယွင်းဖောက်ပြန်စွာ ကျင့်ခြင်း၊
၄။ မဟုတ်မမှန်စကားကို ပြောဆိုခြင်း၊
၅။ ချောပစ်ကုန်းတိုက်စကားကို ပြောဆို ခြင်း၊
၆။ ကြမ်းတမ်းသော ဆဲရေးစကားကို ပြောဆိုခြင်း၊
၇။ ပြိန်ဖျင်းစကားကို ပြောဆိုခြင်း၊
၈။ သူတစ်ပါးစည်းစိမ်၌ တပ်မက်ခြင်း၊
၉။ ပျက်စီးစေခြင်း၊ သူတစ်ပါး ပျက်စီးကြောင်း ကြံစည်ခြင်း၊
၁၀။ ဖောက်ပြန်မှားယွင်းသော အယူ။ (မ၊၂၊၁၅၇။) (မ၊မြန်၊၂။၁၆၇။)♦

ဝဋ္ဋကထာကို ဟောပုံ ၃ မျိုး

၁။ အချို့အရာ၌ အဝိဇ္ဇာကို အဦးပြုသဖြင့် ဟောတော်မူ၏၊
၂။ အချို့ အရာ၌ တဏှာကို အဦးပြုသဖြင့် ဟောတော်မူ၏၊
၃။ အချို့အရာ၌ ဒိဋ္ဌိကို အဦးပြုသဖြင့် ဟောတော်မူ၏။ (ဒီ၊ဋ္ဌ၊၂၊၉၇။) (ဒီ၊ဋ္ဌ၊မြန်၊၂။၁၈၀။)♦

ဝဋ္ဋာသယ ၂ မျိုး

၁။ သဿတဒိဋ္ဌိ- အတ္တ လောကသည် မြဲ၏ဟူသော အယူ၊
၂။ ဥစ္ဆေဒ ဒိဋ္ဌိ- အတ္တကောင် သတ္တဝါကောင်သည်လည်းကောင်း, လောကသည်လည်းကောင်း, သေပြီး နောက်ထပ်၍ မဖြစ်, အဆက်ပြတ်၏ဟူသော အယူမှား။ (ဝိမတိ၊၁၊၅၄။)♦

ဝဋ် ၃ မျိုး

၁။ သင်္ခါရ, ဘဝ တည်းဟူသော ကမ္မဝဋ်၊
၂။ တဏှာ, ဥပါဒါန်, ကမ္မဘဝတည်း ဟူသော ကိလေသဝဋ်၊
၃။ ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာ တည်းဟူသော ဝိပါကဝဋ်။ (အဘိ၊ဋ္ဌ၊၂၊၁၈၄။) (ဝိသုဒ္ဓိ၊၂၊၂၁၆။)♦

ဝဋ် ၃ မျိုး (တစ်နည်း)

၁။ ဒုက္ခဝဋ်၊
၂။ ကမ္မဝဋ်၊
၃။ ကိလေသဝဋ်။ (နေတ္တိ၊ဋ္ဌ၊၇၉။)♦

ဝဋ်၌ ချုပ်စပ် နှောင်ဖွဲ့တတ်သော ဂန္ထ တရား ၄ မျိုး

၁။ လောဘ တည်းဟူသော အဘိဇ္ဈာ ကာယဂန္ထ၊
၂။ ဒေါသ တည်းဟူသော ဗျာပါဒ ကာယဂန္ထ၊
၃။ အယူဒိဋ္ဌိတည်းဟူသော သီလဗ္ဗတ ပရာမာသ ကာယဂန္ထ၊
၄။ အယူဒိဋ္ဌိ တည်းဟူသော ဣဒံသစ္စာဘိနိဝေသ ကာယဂန္ထ။ (သာရတ္ထ၊ ဋီ၊၁။၃၀၇။)♦

ဝဋ်ဆင်းရဲ၌ ဖြစ်စေတတ်သော ကံ ဖြစ်ကြောင်း တရား ၃ ပါး

၁။ လောဘ၊
၂။ ဒေါသ၊
၃။ မောဟ၊ (တစ်နည်း)
အားကြီးသော တပ်မက်ခြင်း ဆန္ဒရာဂ၏ အကြောင်းဖြစ်ကုန်သော အတိတ်တရားတို့ကို စွဲ၍ အလိုဆန္ဒဖြစ်ခြင်း၊
၂။ အားကြီးသော တပ်မက်ခြင်း ဆန္ဒရာဂ၏ အကြောင်းဖြစ်ကုန်သော အနာဂတ်တရားတို့ကို စွဲ၍ အလိုဆန္ဒဖြစ်ခြင်း၊
၃။ အားကြီးသော တပ်မက်ခြင်း ဆန္ဒရာဂ၏ အကြောင်းဖြစ်ကုန်သော ပစ္စုပ္ပန်တရားတို့ကို စွဲ၍ အလိုဆန္ဒ ဖြစ်ခြင်း။ (အံ၊၁၊၂၆၆။) (အံ၊၁၊၂၆၈။) (အံ၊မြန်၊၁။၂၈၃။) (အံ၊မြန်၊၁။၂၈၃။)♦

ဝဋ်ဆင်းရဲမှ ထွက်မြောက်စေတတ်သော ဓာတ် ၅ ပါး

၁။ စိတ်သည် ကာမဂုဏ်တို့၌ မသက်ဝင်ခြင်း၊
၂။ ဗျာပါဒ၌ မသက်ဝင်ခြင်း၊
၃။ ညှဉ်းဆဲခြင်း ‘‘ဝိဟိံသ’’ ၌ မသက်ဝင်ခြင်း၊
၄။ ရုပ်တို့၌ မသက်ဝင်ခြင်း၊
၅။ ဥပါဒါနက္ခန္ဓာ အပေါင်းကာယ၌ မသက်ဝင်ခြင်း။ (ဒီ၊၃၊၁၉၉-၂၀၀။) (ဒီ၊၃၊၂၃၃။) (ဒီ၊မြန်၊၃။၂၂၂-၂၂၃။) (ဒီ၊မြန်၊၃။၂၅၅။)♦

ဝဋ်ဆင်းရဲမှ လွတ်မြောက်ကြောင်း ၅ မျိုး

ကိလေသာမှ လွတ်မြောက်ကြောင်း ၅ ပါး (တစ်နည်း)၊ ဝိမုတ္တာယတန ၅ ပါး(တစ်နည်း) တို့နှင့် တူသည်။ ♦

ဝဋ်ဆင်းရဲမှ လွတ်မြောက်စေတတ်သော ဓာတ် ၅ ပါး

ထိုးထွင်း၍ သိနိုင်ခဲသော တရား ၅ ပါး၊ ဒုပ္ပဋိဝိဇ္ဈ တရား ၅ ပါးတို့နှင့် တူသည်။ ♦

ဝဋ်ဆင်းရဲသို့ ရောက်ကြောင်း တရား ၁၀ ပါး

၁။ သူ့အသက် သတ်ခြင်း၊
၂။ သူ့ဥစ္စာခိုးခြင်၊
၃။ ကာမတို့၌ မှားယွင်းစွာ ကျင့်ခြင်း၊
၄။ မဟုတ်မမှန် ပြောဆိုခြင်း၊
၅။ ကုန်းချောခြင်း၊
၆။ ရုန့်ရင်းကြမ်းတမ်းသော စကားကို ပြောဆိုခြင်း၊
၇။ ပြိန်ဖျင်းသော စကားကို ပြောဆိုခြင်း၊
၈။ သူတစ်ပါးဥစ္စာကို ရှေးရှုကြံစည်ခြင်း၊
၉။ သတ္တဝါတို့အား ဖျက်ဆီးလိုခြင်း၊
၁၀။ မှားသော အမြင်ရှိခြင်း။ (အံ၊၃၊၄၈၂-၄၈၇။) (အံ၊မြန်၊၃။၄၇၂-၄၇၈။)♦

ဝဋ်ဆင်းရဲသို့ ရောက်စေတတ်သော ကံ ဖြစ်ကြောင်း တရား ၃ ပါး

၁။ လောဘ၊
၂။ ဒေါသ၊
၃။ မောဟ။ (အံ၊၁၊၁၃၃။) (အံ၊မြန်၊၁။၁၅၁။)♦

ဝဏ္ဏသဒ္ဒါ၏ အနက်၂ မျိုး

၁။ သရီရဝဏ္ဏ- ခန္ဓာကိုယ်၏ အဆင်းအရောင်၊ ၂၊ ဂုဏဝဏ္ဏ- ဂုဏ်။ (ဒီ၊ဋီ၊၂၊၂၅၆။)♦

ဝတ္ထု ၄ မျိုး (အချိန်အခါနှင့် စပ်၍ အကပ်ခံပြီးသောဝတ္ထု ၄ မျိုး)

၁။ အကပ်ခံပြီးသောဝတ္ထုသည် နံနက်အခါ၌သာ အပ်၍ နေလွဲအခါ၌ မအပ်သောဝတ္ထု၊
၂။ နေလွဲအခါ၌သာ အပ်၍ နံနက်အခါ၌ မအပ်သောဝတ္ထု၊
၃။ နံနက်အခါလည်း အပ်၊ နေလွဲအခါ၌လည်း အပ်သောဝတ္ထု၊
၄။ နံနက်အခါ၌လည်း မအပ်၊ နေလွဲအခါ၌လည်း မအပ်သောဝတ္ထု။ (ဝိ၊၅၊၂၂၇။) (ဝိ၊မြန်၊၅။၃၁၆။)♦

ဝတ္ထုဒသကရုပ် ၁၀ ပါး

၁။ ဟဒယဝတ္ထုရုပ် ၁ ပါး၊
၂။ မဟာဘုတ်ရုပ် ၄ ပါး၊
၃။ ဝဏ္ဏ ဂန္ဓ ရသ ဩဇရုပ် ၄ ပါး၊
၄။ ဇီဝိတရုပ် ၁ ပါး၊ ပေါင်း ၁၀ ပါး။ (အဘိ၊ဋ္ဌ၊၂၊၂၁။)♦

ဝန် ၃ မျိုး

၁။ ခန္ဓဝန် (ခန္ဓဘာရ။)၊
၂။ ကိလေသာဝန် (ကိလေသဘာရ။)၊
၃။ ကာမဂုဏ်ဝန် (ကာမဂုဏဘာရ။)။ (အံ၊ဋ္ဌ၊၂၊၁၄၃။)♦

ဝန် ၃ မျိုး

၁။ ခန္ဓဝန် (ခန္ဓဘာရ။)၊
၂။ ကိလေသာဝန် (ကိလေသဘာရ။)၊
၃။ အဘိသင်္ခါရဝန် (အဘိသင်္ခါရဘာရ။)။ (မ၊ဋ္ဌ၊၁၊၄၄။) (ဣတိဝုတ်၊ဋ္ဌ၊၁၅၈။)♦

ဝန် ၄ မျိုး

၁။ ခန္ဓဝန် (ခန္ဓဘာရ။)၊
၂။ ကိလေသာဝန် (ကိလေသဘာရ။)၊
၃။ အဘိသင်္ခါရဝန် (အဘိသင်္ခါရဘာရ။)၊ (ကာမဂုဏဘာရ။)။ (မ၊ဋ္ဌ၊၃၊၂၉၈။)♦

ဝန် ၅ မျိုး

၁။ ခန္ဓဝန် (ခန္ဓဘာရ။)၊
၂။ ကိလေသာဝန် (ကိလေသဘာရ။)၊
၃။ အဘိသင်္ခါရဝန် (အဘိသင်္ခါရဘာရ။)၊
၄။ ကာမဂုဏ်ဝန် (ကာမဂုဏဘာရ။)၊
၅။ မာနဝန်(မာနဘာရ)။ (မ၊ဋ္ဌ၊၂၊၂၂။)♦

ဝန်ခံခြင်း ၂ မျိုး

၁။ ကိုယ်ဖြင့် ဝန်ခံခြင်း၊
၂။ နှုတ်ဖြင့် ဝန်ခံခြင်း။ (ဝိ၊၅၊၂၁၄။) (ဝိ၊မြန်၊၅။၂၉၉။)♦

ဝန်တိုခြင်း ၅ ပါး

မစ္ဆရိယ ၅ ပါးနှင့် တူသည်။ ♦

ဝန်ထုပ် ဝန်ပိုး ၄ မျိုး

၁။ သီသဘာရ- ဦးခေါင်းဖြင့် ဆောင်ယူအပ်သော ဝန်ထုပ်၊
၂။ ခန္ဓဘာရ- ပခုံးဖြင့် ဆောင်ယူအပ်သော ဝန်ထုပ်၊
၃။ ကဋိဘာရ- ခါးဖြင့် ဆောင်ယူ အပ်သော ဝန်ထုပ်၊
၄။ ဩလမ္ဗက- တွဲလဲဆွဲအပ်သော ဝန်ထုပ်။ (ဝိ၊ဋ္ဌ၊၁၊၂၉၃။)♦

ဝမ္မိက မည်ကြောင်း ၄ မျိုး

၁။ တောင်ပို့သည် အပသို့ အန်သကဲ့သို့ ဖြစ်ခြင်းကြောင့်လည်းကောင်း၊
၂။ စွန့်တတ်ခြင်းကြောင့်လည်းကောင်း၊
၃။ ခြတို့သည် အန်အပ်သော မြေညက်စိုင် အပေါင်းအစုသာ ဖြစ်ခြင်းကြောင့်လည်းကောင်း၊
၄။ ခြတို့သည် အန်အပ်သော တံတွေးတည်း ဟူသော အစေးဖြင့် ဖွဲ့အပ်သည်၏ အဖြစ်ကြောင့်လည်းကောင်း။ (မ၊ဋ္ဌ၊၂၊၃၄။)♦

ဝမ်းနုတ်ဆေး တရား ၁၀ မျိုး

၁။ မှားယွင်းသော အမြင်ကို ပယ်နုတ်သော မှန်ကန်သော အမြင်၊
၂။ မှားယွင်းသော အကြံအစည်ကို ပယ်နုတ်သော မှန်ကန်သော အကြံအစည်၊
၃။ မှားယွင်းသော စကားကို ပယ်နုတ်သော မှန်ကန်သော စကား၊
၄။ မှားယွင်းသော အလုပ်ကို ပယ်နုတ်သော မှန်ကန်သော အလုပ်၊
၅။ မှားယွင်းသော အသက်မွေးမှုကို ပယ်နုတ်သော မှန်ကန်သော အသက် မွေးမှု၊
၆။ မှားယွင်းသော လုံ့လကို ပယ်နုတ်သော မှန်ကန်သော လုံ့လ၊
၇။ မှားယွင်းသော သတိကို ပယ်နုတ်သော မှန်ကန်သော သတိ၊
၈။ မှားယွင်းသော သမာဓိကို ပယ်နုတ်သော မှန်ကန်သော သမာဓိ၊
၉။ မှားယွင်းသော ဉာဏ်ကို ပယ်နုတ်သော မှန်ကန်သော ဉာဏ်၊
၁၀။ မှားယွင်းသော လွတ်မြောက်မှုကို ပယ်နုတ်သော မှန်ကန်သော လွတ်မြောက်မှု။ (အံ၊၃၊၄၃၃။) (အံ၊မြန်၊၃။၄၂၅။)♦

ဝမ်းမြောက်မှုလျှင် အကြောင်းရင်းရှိသော တရား ၉ ပါး

၁။ အနိစ္စအားဖြင့် နှလုံး သွင်းသူအား ဝမ်းမြောက်မှု ဖြစ်ခြင်း၊
၂။ ဝမ်းမြောက်ခြင်းရှိသူအား နှစ်သက်မှု ဖြစ်ခြင်း၊
၃။ နှစ်သက်သော သူ၏ ကိုယ်သည် ငြိမ်းချမ်းမှု ဖြစ်ခြင်း၊
၄။ ငြိမ်းချမ်းသော သူသည် ချမ်းသာမှု ဖြစ်ခြင်း၊
၅။ ချမ်းသာသော သူ၏ စိတ်သည် တည်ငြိမ်မှု ဖြစ်ခြင်း၊
၆။ စိတ် တည်ကြည်သော သူသည် ဟုတ်မှန်စွာ သိမှု ဖြစ်ခြင်း၊
၇။ ဟုတ်တိုင်းမှန်စွာ သိမြင်သော သူသည် ငြီးငွေ့မှု ဖြစ်ခြင်း၊
၈။ ငြီးငွေ့သူသည် တပ်မက်မှု ကင်းခြင်း၊
၉။ တပ်မက်ခြင်း ကင်းသူသည် လွတ်မြောက်မှု ဖြစ်ခြင်း (ဒုက္ခအားဖြင့် နှလုံးသွင်းသူ အနတ္တအားဖြင့် နှလုံးသွင်းသူ ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်စသည်ကို ဒုက္ခအားဖြင့် အနတ္တအားဖြင့် နှလုံးသွင်းသူတို့၌လည်း အလားတူ အကျိုးတရား (၉) ပါးတို့ကို ရရှိသည်ဟု မှတ်လေ။ အလားတူ ယောနိသောမနသိကာရလျှင် အကြောင်းရင်းရှိသော တရား (၉) ပါးတို့ကိုလည်း အထက်ကအတိုင်း သိလေ)။ (ပဋိသံ၊၈၃။) (ပဋိသံ၊မြန်။၁၁၁။)♦

ဝမ်းမြောက်ဝမ်းသာ ရွတ်ဆိုခြင်း ဥဒါန်း ဂါထာ ၃ မျိုး

၁။ ဘုရားရှင်တို့သည် ပြောဆိုအပ်သော ဥဒါန်းဂါထာ၊
၂။ ပစ္စေကဗုဒ္ဓါတို့သည် ပြောဆိုအပ်သော ဥဒါန်းဂါထာ၊
၃။ ဘုရားရှင်၏ တပည့် သာဝကတို့သည် ပြောဆိုအပ်သော ဥဒါန်းဂါထာ။ (သာရတ္ထ၊ဋီ၊၁၊၁၀၀။)♦

ဝလာဟကနတ် ၃ မျိုး

၁။ လေကို တိုက်ခတ်စေတတ်သော ဝါတဝလာဟကနတ်၊
၂။ ဆီးနှင်း ကျစေတတ်သော အဗ္ဘ ဝလာဟကနတ်၊
၃။ အပူကို ပြုတတ်သော ဥဏှဝလာဟကနတ်။ (ဒီ၊ဋ္ဌ၊၂၊၂၈၃။) (ဒီ၊ဋ္ဌ၊မြန်၊၂။၅၂၃။)♦

ဝလာဟကနတ် ၅ မျိုး

၁။ အအေးကို ပြုတတ်သော သီတ ဝလာဟကနတ်၊
၂။ အပူကို ပြုတတ်သော ဥဏှ ဝလာဟကနတ်၊
၃။ ဆီးနှင်းကျစေတတ်သော အဗ္ဘဝလာဟကနတ်၊
၄။ လေကို တိုက်ခတ်စေတတ်သော ဝါတဝလာဟကနတ်၊
၅။ မိုးရွာစေတတ်သော ဝဿ ဝလာဟကနတ်။ (သံ၊၂၊၂၁၅။) (သံ၊မြန်၊၂။၂၀၅။)♦

ဝသီဘော် ၁၄ မျိုး

၁။ ကသိဏာနုလောမတော- ကသိုဏ်းတို့ကို အနုလုံအားဖြင့် ဆင်ခြင်ခြင်း၊
၂။ ကသိဏပဋိလောမတော-ကသိုဏ်းတို့ကို ပဋိလုံအားဖြင့် ဆင်ခြင်ခြင်း၊
၃။ ကသိဏာနု လောမပဋိလောမတော- ကသိုဏ်းတို့ကို အနုလုံ ပဋိလုံအားဖြင့် ဆင်ခြင်ခြင်း၊
၄။ ဈာနာနု လောမတော- ဈာန်တို့ကို အနုလုံအားဖြင့် ဆင်ခြင်ခြင်း၊
၅။ ဈာနပဋိလောမတော- ဈာန်တို့ကို ပဋိလုံအားဖြင့် ဆင်ခြင်ခြင်း၊
၆။ ဈာနာနုလောမပဋိလောမတော- ဈာန်တို့ကို အနုလုံပဋိလုံ အားဖြင့် ဆင်ခြင်ခြင်း၊
၇။ ဈာနုက္ကန္တိကတော- ဈာန်တို့ကို ပယ်ခွာ ဖြတ်သောအားဖြင့် ဆင်ခြင်ခြင်း၊
၈။ ကသိဏုက္ကန္တိကတော- ကသိုဏ်းတို့ကို ပယ်ခွာ ဖြတ်သောအားဖြင့် ဆင်ခြင်ခြင်း၊
၉။ ဈာနကသိဏုက္ကန္တိကတော- ဈာန်ကသိုဏ်းတို့ကို ပယ်ခွာဖြတ်သောအားဖြင့် ဆင်ခြင်ခြင်း၊
၁၀။ အင်္ဂသင်္ကန္တိကတော-ဈာန်အင်္ဂါတို့ကို ပြောင်းရွှေ့သောအားဖြင့် ဆင်ခြင်ခြင်း၊
၁၁။ အာရမ္မဏသင်္ကန္တိတော- အာရုံတို့ကို ပြောင်းရွှေ့သောအားဖြင့် ဆင်ခြင်ခြင်း၊
၁၂။ အင်္ဂါရမ္မဏသင်္ကန္တိတော- ဈာန်အင်္ဂါနှင့် အာရုံတို့ကို ပြောင်းရွှေ့သောအားဖြင့် ဆင်ခြင်ခြင်း၊
၁၃။ အင်္ဂဝဝတ္ထာနတော- ဈာန်အင်္ဂါတို့ကို ပိုင်းခြားသောအားဖြင့် ဆင်ခြင်ခြင်း၊
၁၄။ အာရမ္မဏဝဝတ္ထာနတော- အာရုံတို့ကို ပိုင်းခြားသောအားဖြင့် ဆင်ခြင်ခြင်း။ (ဒီ၊ဋီ၊၁၊၂၆၅။)♦

ဝသီဘော် ၅ ပါး

၁။ ဆင်ခြင်ခြင်း အလေ့အလာ (အာဝဇ္ဇနဝသီ)၊
၂။ ဝင်စားခြင်း အလေ့အလာ (သမာပဇ္ဇနဝသီ)၊
၃။ ဆောက်တည်ခြင်း အလေ့အလာ (အဓိဋ္ဌာနဝသီ)၊
၄။ ထခြင်း အလေ့အလာ (ဝုဋ္ဌာနဝသီ)
၅။ တစ်ဖန်ရှုခြင်း အလေ့အလာ (ပစ္စဝေက္ခဏာဝသီ)။ (ပဋိသံ၊၉၆။) (အပ၊ဋ္ဌ၊၁၊၁၂၀။) (ဗုဒ္ဓဝံ၊ဋ္ဌ၊၅၁။) (ဝိသုဒ္ဓိ၊၁၊၁၄၉။) (ပဋိသံ၊မြန်။၁၂၇။)♦

ဝဿိကသာဋိကသိက္ခာပုဒ်၌ ရှာမှီးခြင်းကြောင့် သင့်သော အာပတ်၏ အင်္ဂါ ၃ မျိုး

၁။ မိုးရေခံ သင်္ကန်းသည် မိမိအတွက် ရည်မှန်းထားခြင်း၊
၂။ အခါသမယ မဟုတ်သော အခါ၌ ရှာမှီး ထားခြင်း၊
၃။ ထိုသို့ ရှာခြင်းကြောင့် ရရှိခြင်း။ (သာရတ္ထ၊ဋီ၊၂၊၄၄၀။) (ဝိမတိ၊၁၊၃၅၇။)♦

ဝါကျိုးခြင်း အကြောင်း ၄ ပါး (အာပတ်မသင့်သော ဝါကျိုးခြင်း အကြောင်း ၄ ပါး)

၁။ သံဃာ ကွဲပြားခြင်း၊
၂။ သံဃာကွဲပြားစေလိုခြင်း၊
၃။ အသက်အန္တရာယ် ရှိခြင်း၊
၄။ သာသနာတော်၏ အန္တရာယ် ဖြစ်ခြင်း။ (ဝိ၊၅၊၂၂၇။) (ဝိ၊မြန်၊၅။၃၁၅။)♦

ဝါစာ ၃ မျိုး

၁။ စေတနာဝါစာ၊
၂။ ဝိရတိဝါစာ၊
၃။ သဒ္ဒဝါစာ။ (အဘိ၊ဋ္ဌ၊၁၊၁၂၈။)♦

ဝါဆိုခြင်း ဝါကပ်ခြင်း ၂ မျိုး

၁။ ဝါဆိုလပြည့်ကျော် တစ်ရက်နေ့၌ ပုရိမ ဝါဆိုခြင်း၊
၂။ ဝါခေါင် လပြည့်ကျော် တစ်ရက်နေ့၌ ပစ္ဆိမ ဝါဆိုခြင်း။ (ဝိ၊၃၊၁၉၂။) (ဝိ၊၅၊၂၁၅။) (အံ၊၁၊၅၃။) (ဝိ၊မြန်၊၃။၁၉၃။) (ဝိ၊မြန်၊၅။၃၀၀။) (အံ၊မြန်၊၁။၆၆။)♦

ဝါတွင်း၌ ခရီးသွားနိုင်ကြောင်း ၁၀ ပါး

၁။ ရဟန်းသည် မကျန်းမာ ဖျားနာနေခြင်း၊
၂။ ရဟန်းအား မမွေ့လျော်မှု ဖြစ်ခြင်း။၃။ ရဟန်းအား ကုက္ကုစ္စ ဖြစ်ပေါ်ခြင်း၊
၄။ ရဟန်းအား မိစ္ဆာဒိဋ္ဌိအယူ ဖြစ်ပေါ်ခြင်း၊
၅။ သံဃာဒိသိသ်အာပတ် သင့်သည်ဖြစ်၍ ပရိဝါသ်ထိုက်ခြင်း၊
၆။ ပရိဝါသ်ကို အရင်းသို့ ငင်ထိုက်ခြင်း၊
၇။ မာနတ်ထိုက်ခြင်း၊
၈။ အဗ္ဘာန်သွင်းထိုက်ခြင်း၊
၉။ သံဃာက ကံပြုလိုခြင်း၊
၁၀။ သံဃာသည် ကံပြုပြီး ဖြစ်ခြင်း။ (ဝိ၊ဋ္ဌ၊၃၊၃၅၁။)♦

ဝါတွင်း၌ ပင့်ဖိတ်သူတို့ထံသို့ ရဟန်းများ ကြွကောင်းသော ပုဂ္ဂိုလ် ၇ ဦး

၁။ ရဟန်း ယောကျ်ား၊
၂။ ရဟန်းမ၊
၃။ သိက္ခမာန်၊
၄။ သာမဏေယောကျ်ား၊
၅။ သာမဏေမိန်းမ၊
၆။ ဥပါသကာယောကျ်ား၊
၇။ ဥပါသိကာမိန်းမ။ (ဝိ၊၃၊၁၉၄။) (ဝိ၊မြန်၊၃။၁၉၅။)♦

ဝါတွင်း၌ မပင့်ဖိတ်သူတို့အထံသို့ ရဟန်းများ ကြွကောင်းသော ပုဂ္ဂိုလ် ၅ ဦး

၁။ ရဟန်း ယောကျ်ား၊
၂။ ရဟန်းမ၊
၃။ သိက္ခမာန်၊
၄။ သာမဏေယောကျ်ား၊
၅။ သာမဏေမိန်းမ။ (ဝိ၊၃၊၁၉၉။) (ဝိ၊မြန်၊၃။၁၉၈။)♦

ဝါတွင်း၌ မပင့်ဖိတ်သူတို့အထံသို့ ရဟန်းများ ကြွကောင်းသော ပုဂ္ဂိုလ် ၇ ဦး

၁။ ရဟန်း ယောကျ်ား၊
၂။ ရဟန်းမ၊
၃။ သိက္ခမာန်၊
၄။ သာမဏေယောကျ်ား၊
၅။ သာမဏေမိန်းမ၊
၆။ အမိ၊
၇။ အဖ။ (ဝိ၊၃၊၂၀၅။) (ဝိ၊မြန်၊၃။၂၀၄။)♦

ဝါမဆိုကောင်းသော နေရာ ၇ မျိုး

၁။ သစ်ပင်အခေါင်း အရပ်၊
၂။ သစ်ပင်ခွကြား အရပ်၊
၃။ လွင်တီးခေါင် အရပ်၊
၄။ ကျောင်းအိပ်ရာနေရာ မရှိသော အရပ်၊
၅။ သူသေကောင်ထားရာ ညောင်စောင်း, ခုတင်, တဲ-အိမ်, အရပ်၊
၆။ ထီး၊
၇။ အိုးစရည်းကြီး။ (ဝိ၊၃၊၂၁၂။) (ဝိ၊မြန်၊၃။၂၁၀။)♦

ဝါယောဓာတ် ၁၀ မျိုး (အဇ္ဈတ္တသန္တာန်၌ ဖြစ်သော ဝါယောဓာတ် ၁၀ ပါး)

၁။ ဥဒ္ဓင်္ဂမဝါတ- အထက်သို့ ဆန်သော လေ၊
၂။ အဓောဂမဝါတ- အောက်သို့ စုန်သော လေ၊
၃။ ကုစ္ဆိသယ ဝါတ- ဝမ်း၌ တည်သော လေ၊
၄။ ကောဋ္ဌာသယဝါတ- အူ၌ တည်သော လေ၊
၅။ အင်္ဂမင်္ဂါနုသာရီ ဝါတ- ကိုယ်အင်္ဂါကြီးငယ်သို့ အစဉ်လျှောက်သော လေ၊
၆။ သတ္ထကဝါတ- ခြေတစ်ဘက် သေခြင်း၊ ပါးရွဲ့ခြင်း စသည်ဖြင့် ဓားငယ်ကဲ့သို့ ဖြတ်တတ်သော လေ၊
၇။ ခုရကဝါတ- သင်တုန်းဓားကဲ့သို့ နှလုံးသားကို ခွဲသော လေ (လေသင်တုန်း)၊
၈။ ဥပ္ပလကဝါတ- နှလုံးသားကို ဆွဲထုတ်သော လေ၊
၉။ အဿာသဝါတ- ဝင်သက်လေ၊
၁၀။ ပဿာသဝါတ-ထွက်သက်လေ။ (အဘိ၊ဝိ၊၈၆။) (အဘိ၊ဝိ၊မြန်၊၁။၃၀၃။)♦

ဝါယောဓာတ် ၁၆ မျိုး (အပသန္တာန်၌ ဖြစ်သော ဝါယောဓာတ် ၁၆ မျိုး)

၁။ ပုရတ္ထိမဝါတ- အရှေ့လေ၊
၂။ ပစ္ဆိမဝါတ- အနောက်လေ၊
၃။ ဒက္ခိဏဝါတ- တောင်လေ၊
၄။ ဥတ္တရဝါတ- မြောက်လေ၊
၅။ သရဇဝါတ- မြူပါသော လေ၊
၆။ အရဇဝါတ- မြူမပါသော လေ၊
၇။ သီတာဝါတ- အေးသော လေ၊
၈။ ဥဏှဝါတ- ပူသော လေ၊
၉။ ပရိတ္တဝါတ- လေပြေလေညင်း၊
၁၀။ အဓိမတ္တ ဝါတ- လေပြင်း,လေကြမ်း၊
၁၁။ ကာဠဝါတ- လေမည်း, လေမုန်တိုင်း၊
၁၂။ ဝေရမ္ဘဝါတ- (ယူဇနာအထက်) ကောင်းကင်၌ တိုက်ခတ်နေသော အလွန် ထက်မြက်သော လေကြမ်း၊
၁၃။ ပက္ခဝါတ- အတောင်ခတ်လေ၊
၁၄။ သုပဏ္ဏဝါတ- ဂဠုန်တောင်ခတ်လေ၊
၁၅။ တာလဝဏ္ဋဝါတ- ထန်းရွက်ယပ်လေ၊
၁၆။ ဝိဓူပနဝါတ- နှီးယပ်လေ။ (အဘိ၊ဝိ၊၈၆။) (အဘိ၊ဝိ၊မြန်၊၁။၃၀၃။)♦

ဝါယောဓာတ် ၂ မျိုး

၁။ အတွင်းသန္တာန်၌ ဖြစ်သော အဇ္ဈတ္တဝါယောဓာတ်၊
၂။ အပသန္တာန်၌ ဖြစ်သော ဗဟိဒ္ဓဝါယောဓာတ်။ (မ၊၁၊၂၄၆။) (မ၊၂၊၈၅။) (အဘိ၊ဝိ၊၈၄။) (မ၊မြန်၊၂။၉၂။) (အဘိ၊ဝိ၊မြန်၊၁။၃၀၂။)♦

ဝါယောဓာတ် ၆ မျိုး (မိမိသန္တာန်၌ ဖြစ်သော ဝါယောဓာတ် ၆ မျိုး)

၁။ အထက်သို့ ဆန်သော လေ၊
၂။ အောက်သို့ စုန်သော လေ၊
၃။ ဝမ်း၌ တည်သော လေ၊
၄။ အအူ၌တည်သော လေ၊
၅။ အင်္ဂါကြီးငယ်သို့ လျှောက်သော လေ၊
၆။ ဝင်သက် ထွက်သက် လေ။ (မ၊၁၊၂၄၆။) (မ၊၂၊၈၅။) (မ၊မြန်၊၁။၂၅၅။) (မ၊မြန်၊၂။၉၃။)♦

ဝါရ ၁၀ မျိုး

၁။ မူလဝါရ၊
၂။ ဟေတုဝါရ၊
၃။ နိဒါနဝါရ၊
၄။ သမ္ဘဝ၀ါရ၊
၅။ ပဘဝ၀ါရ၊
၆။ သမုဋ္ဌာနဝါရ၊
၇။ အာဟာရဝါရ၊
၈။ အာရမ္မဏဝါရ၊
၉။ ပစ္စယဝါရ၊
၁၀။ သမုဒယဝါရ။ (အဘိ၊ဋ္ဌ၊၃၊၂၈၉။)♦

ဝါရ ၁၆ မျိုး

၁။ ကမ္မပထဝါရ၊
၂။ အာဟာရဝါရ၊
၃။ ဒုက္ခဝါရ၊
၄။ ဇရာမရဏဝါရ၊
၅။ ဇာတိ ဝါရ၊
၆။ ဘဝ၀ါရ၊
၇။ ဥပါဒါနဝါရ၊
၈။ တဏှာဝါရ၊
၉။ ဝေဒနာဝါရ၊
၁၀။ ဖဿဝါရ၊
၁၁။ သဠာယတနဝါရ၊
၁၂။ နာမရူပဝါရ၊
၁၃။ ဝိညာဏဝါရ၊
၁၄။ သင်္ခါရဝါရ၊
၁၅။ အဝိဇ္ဇာ ဝါရ၊
၁၆။ အာသဝ၀ါရ။ (မ၊ဋ္ဌ၊၁၊၂၂၉။)♦

ဝါရ ၈ မျိုး

၁။ ကတ္တပညတ္တိဝါရ၊
၂။ ကတာပတ္တိဝါရ၊
၃။ ဝိပတ္တိဝါရ၊
၄။ သင်္ဂဟဝါရ၊
၅။ သမုဋ္ဌာန ဝါရ၊
၆။ အဓိကရဏဝါရ၊
၇။ သမထဝါရ၊
၈။ သမုစ္စယဝါရ။ (ဝိ၊၅၊၈၃။) (ဝိ၊မြန်၊၅။၁၁၈။)♦

ဝိကပ္ပနသိက္ခာပုဒ်၌ အင်္ဂါ ၃ မျိုး

၁။ ကိုယ်တိုင် ဝိကပ္ပနာ ပြုအပ်ပြီးသော သင်္ကန်းကို ဝိကပ္ပနာ မပြန်ခြင်း၊
၂။ ဝိကပ္ပနာပြုရန် လုံလောက်သော သင်္ကန်း ဖြစ်ခြင်း၊
၃။ သုံးစွဲခြင်း။ (သာရတ္ထ၊ ဋီ၊၃။၈၂။) (ဝိမတိ၊၂၊၄၄။)♦

ဝိကပ္ပနာ ၂ မျိုး

၁။ သမ္မုခဝိကပ္ပနာ= မိမိနှုတ်ဖြင့် မျက်မှောက်၌ ဝိကပ္ပနာပြုခြင်း၊
၂။ ပရမ္မုခ ဝိကပ္ပနာ= သူတစ်ပါးနှုတ်ဖြင့် မျက်ကွယ်၌ ဝိကပ္ပနာပြုခြင်း။ (ဝိ၊၂၊၁၆၀။) (ဝိ၊၅၊၂၁၄။) (ဝိ၊မြန်၊၂။၁၈၁။) (ဝိ၊မြန်၊၅။၂၉၉။)♦

ဝိကလက ၂ မျိုး

၁။ စီဝရဝိကလက- သင်္ကန်း၏ မလောက်မင ဖြစ်ခြင်း၊
၂။ ပုဂ္ဂလဝိကလက- ပုဂ္ဂိုလ်၏ မလောက်မင ဖြစ်ခြင်း။ (ဝိ၊ဋ္ဌ၊၃၊၄၀၇။)♦

ဝိကာလဂါမပ္ပဝိသနသိက္ခာပုဒ်၌ အင်္ဂါ ၂ မျိုး

၁။ ၁၂ တောင် အတွင်း၌ ထင်ရှားရှိသော ရဟန်းကို ပန်မပြောခြင်း၊
၂။ ခွင့်ပြုထားသော အကြောင်းမရှိဘဲ နေလွဲအခါ ရွာသို့ ဝင်ခြင်း။ (ဝိမတိ၊၂၊၅၆။)♦

ဝိကာလဂါမပ္ပဝိသနသိက္ခာပုဒ်၌ အင်္ဂါ ၃ မျိုး

၁။ ၁၂ တောင် အတွင်း၌ ထင်ရှားရှိသော ရဟန်းကို မပန်ပြောခြင်း၊
၂။ ခွင့်ပြုထားသော အကြောင်း မရှိခြင်း၊
၃။ နေလွဲအခါ၌ ရွာသို့ ဝင်ခြင်း။ (သာရတ္ထ၊ဋီ၊၃၊၁၀၀။)♦

ဝိကာလဘောဇနသိက္ခာပုဒ်၌ အင်္ဂါ ၃ မျိုး

၁။ နေလွဲအခါကာလ ဖြစ်ခြင်း၊
၂။ နံနက်အချိန်၌သာ သုံးဆောင်ထိုက်သော ခဲဖွယ်ဘောဇဉ် ဖြစ်ခြင်း၊
၃။ စားမျိုခြင်း။ (သာရတ္ထ၊ဋီ၊၃၊၆၆။) (ဝိမတိ၊၂၊၃၂။)♦

ဝိစယဟာရဝိဘင်္ဂ ၁၁ ပါး

၁။ ပဒ၊
၂။ ပဉှာ၊
၃။ ဝိသဇ္ဇနာ၊
၄။ ပုဗ္ဗာပရ၊
၅။ အဿာဒ၊
၆။ အာဒီနဝ၊
၇။ နိဿရဏ၊
၈။ ဖလ၊
၉။ ဥပါယ၊
၁၀။ အာဏတ္တိ၊
၁၁။ အနုဂီတ။ (နေတ္တိ၊ဋ္ဌ၊၁၀။)♦

ဝိစိကိစ္ဆာ ၁၆ ပါး

ယုံမှားခြင်း ၁၆ မျိုးနှင့် တူသည်။ ♦

ဝိစိကိစ္ဆာပယ်ကြောင်း တရား ၆ ပါး

၁။ ပရိယတ္တိဗဟုသုတ ရှိခြင်း၊
၂။ ရတနာသုံးပါးကို အကြောင်း ပြု၍ ဆရာသမားများထံ မေးမြန်းလေ့ ရှိခြင်း၊
၃။ ဝိနည်းပညတ်၌ ကျွမ်းကျင်ခြင်း၊
၄။ ရတနာ သုံးပါး၌ ယုံကြည်သော သဒ္ဓါဓိမောက္ခ ရှိခြင်း၊
၅။ ရတနာသုံးပါး၌ သက်ဝင် ယုံကြည်သော မိတ်ဆွေကောင်းတို့ကို မှီဝဲရခြင်း၊
၆။ ရတနာသုံးပါးတို့၏ ဂုဏ်ကျေးဇူးနှင့် စပ်၍ သင့်လျော်သော စကားကို ပြောဆိုခြင်း။ (ဒီ၊ဋ္ဌ၊၂၊၃၇၂။) (မ၊ဋ္ဌ၊၁၊၂၉၀။) (သံ၊ဋ္ဌ၊၃၊၂၀၄။) (အံ၊ဋ္ဌ၊၁၊၃၉။) (အဘိ၊ဋ္ဌ၊၂၊၂၆၂။) (ဣတိဝုတ်၊ဋ္ဌ၊၃၄၂။) (ဒီ၊ဋ္ဌ၊မြန်၊၂။၆၉၀။) (ဒီ၊ဋ္ဌ၊မြန်၊၂။၆၉၀။)♦

ဝိဇ္ဇာ ၃ ပါး

၁။ ရှေး၌ဖြစ်ဘူးသော ဘဝကို အောက်မေ့၍ သိသော ‘‘ပုဗ္ဗေနိဝါသာနုဿတိဉာဏ်’’ ဝိဇ္ဇာ၊
၂။ သတ္တဝါတို့၏ သေခြင်း ဖြစ်ပေါ်ခြင်းကို သိသော ‘‘စုတူပပါတဉာဏ်’’ ဝိဇ္ဇာ၊
၃။ အာသဝေါ ကုန်ရာ အရဟတ္တမဂ်၌ ဖြစ်သော ‘‘အာသဝက္ခယဉာဏ်’’ ဝိဇ္ဇာ။ (ဒီ၊၃၊၁၈၄။) (အဘိ၊ဓ၊၂၆၅။) (ပဋိသံ၊ဋ္ဌ၊၁၊၁၂၆။) (ဒီ၊မြန်၊၃။၂၀၄။) (အဘိ၊ဓ၊မြန်။၅၀၄။)♦

ဝိဇ္ဇာ ၃ ပါး (တစ်နည်း)

၁။ ပုဗ္ဗေနိဝါသာနုဿတိဉာဏ်- ရှေး၌ ဖြစ်ဖူးသော ခန္ဓာအစဉ်ကို အောက်မေ့နိုင်ခြင်း၊
၂။ ဒိဗ္ဗစက္ခုဉာဏ်- နတ်မျက်စိနှင့် တူသော ဉာဏ်အမြင် ရှိခြင်း၊
၃။ စေတောပရိယဉာဏ်- သတ္တဝါတို့၏ စိတ်အကြံကို သိနိုင်ခြင်း။ (သံ၊၁၊၁၉၈။) (မ၊ဋ္ဌ၊၃၊၂၃၇။) (ထေရ၊ဋ္ဌ၊၁၊၃၁၉။) (သာရတ္ထ၊ဋီ၊၁၊၁၇။) (ဒီ၊ဋီ၊၃၊၁၈၃။) (သံ၊မြန်၊၁။၁၈၅။)♦

ဝိဇ္ဇာ ၈ ပါး

၁။ ဝိပဿနာဉာဏ်၊
၂။ မနောမယိဒ္ဓိဉာဏ်- စိတ်ဖြင့်ပြီးသော တန်ခိုးဉာဏ်၊
၃။ ဣဒ္ဓိဝိဓဉာဏ်- တန်ခိုးအမျိုးမျိုး၌ ဖြစ်သော ဉာဏ်၊
၄။ ဒိဗ္ဗသောတဉာဏ်- နတ်၌ဖြစ်သော ပသာဒသောတနှင့် တူသော အဘိညာဏ်၊
၅။ ပရစိတ္တဝိဇာနနဉာဏ် (စေတောပရိယဉာဏ်-သတ္တဝါတို့၏ စိတ်အကြံကို သိသောဉာဏ်)၊
၆။ ပုဗ္ဗေနိဝါသာနုဿတိဉာဏ်- ရှေး၌ ဖြစ်ဖူးသော ခန္ဓာအစဉ်ကို အောက်မေ့နိုင်သော ဉာဏ်၊
၇။ ဒိဗ္ဗစက္ခုဉာဏ်- နတ်မျက်စိနှင့် တူသော ဉာဏ်အမြင်၊
၈။ အာသဝက္ခယဉာဏ်-အာသဝေါကုန်ရာ အရဟတ္တမဂ်၌ ဖြစ်သော ဉာဏ်။ (ဝိ၊ဋ္ဌ၊၁၊၈၈။) (အံ၊ဋ္ဌ၊၁၊၄၁၀။) (ဝိသုဒ္ဓိ၊၁၊၁၉၆။) (သာရတ္ထ၊ဋီ၊၁၊၁၈။)♦

ဝိဇ္ဇာစရဏ ပျက်စီးကြောင်း ၄ ပါး

၁။ အသိဉာဏ်ဝိဇ္ဇာ အကျင့်စရဏ ပြည့်စုံစေရန် ကြွေကျသော သစ်သီးကိုသာ ကောက်ယူစားသုံးပြီး နေတော့မည်ဟု ရည်ရွယ်လျက် ထမ်းပိုးဖြင့် ရသေ့ ပရိက္ခရာတို့ကို ထမ်းယူကာ တောအုပ်ထဲ လာရောက်နေထိုင်ခြင်း၊
၂။ အသိဉာဏ်ဝိဇ္ဇာ အကျင့် စရဏပြည့်စုံစေရန် သစ်ဖုသစ်မြစ်သစ်သီးကိုသာ စားပြီးနေတော့မည်ဟု ရည်ရွယ်လျက် ပေါက်တူး ခြင်းတောင်ကို ယူဆောင်ကာ တောအုပ်ထဲ လာရောက်နေထိုင်ခြင်း၊
၃။ အသိဉာဏ် ဝိဇ္ဇာ အကျင့်စရဏ ပြည့်စုံစေရန် ရွာအနီး နိဂုံးအနီးတို့၌ အိမ်ဆောက်ကာ မီးကို လုပ်ကျွေးလျက် နေထိုင်ခြင်း၊
၄။ အသိဉာဏ်ဝိဇ္ဇာ အကျင့်စရဏ ပြည့်စုံစေရန် လမ်းဆုံလမ်းလေးခွ၌ တံခါးလေးပေါက်ရှိသော အိမ်ကို ဆောက်လုပ်နေထိုင်လျက် အရပ်လေးမျက်နှာမှ ရောက်လာ ကြသော ရဟန်းပုဏ္ဏားတို့အား စွမ်းအားရှိသလောက် ပေးလှူပူဇော်ခြင်း။ (ဒီ၊၁၊၉၄။) (ဒီ၊မြန်၊၁။၁၁၃။)♦

ဝိဇ္ဇာဖြစ်ကြောင်း တရား ၆ ပါး

၁။ အနိစ္စသညာကို ပွားခြင်း၊
၂။ အနိစ္စ၌ ဒုက္ခဟု မှတ်ထင်မှု သညာကို ပွားခြင်း၊
၃။ ဒုက္ခ၌ အနတ္တဟု မှတ်ထင်မှု သညာကို ပွားခြင်း၊
၄။ ပဟာနသညာကို ပွားခြင်း၊
၅။ ဝိရာဂသညာကို ပွားခြင်း၊
၆။ နိရောဓသညာကို ပွားခြင်း။ (အံ၊၂၊၂၉၄။) (အံ၊မြန်၊၂။၃၇၇။)♦

ဝိဇ္ဇာဘာဂိယတရား ၆ ပါး

ဝိဇ္ဇာ၏ အဖို့၌ ဖြစ်သော တရား ၆ ပါးနှင့် တူသည်။ ♦

ဝိဇ္ဇာဝိမုတ္တိပြည့်ကြောင်း တရား ၁၀ ပါး

၁။ သူတော်ကောင်းကို မှီဝဲရခြင်း၊
၂။ သူတော်ကောင်း တရား ကြားနာရခြင်း၊
၃။ သဒ္ဓါတရားနှင့် ပြည့်စုံရခြင်း၊
၄။ အသင့်အတင့် နှလုံးသွင်းမှု ပြည့်စုံခြင်း၊
၅။ အောက်မေ့ဆင်ခြင်မှု ပြည့်စုံခြင်း၊
၆။ ဣန္ဒြေစောင့်စည်းမှု ပြည့်စုံခြင်း၊
၇။ သုစရိုက်တရား သုံးပါးတို့ ပြည့်စုံခြင်း၊
၈။ သတိပဋ္ဌာန်းတရား လေးပါး ပြည့်စုံခြင်း၊
၉။ ဗောဇ္ဈင်ခုနစ်ပါး ပြည့်စုံခြင်း၊
၁၀။ ဝိဇ္ဇာ ဝိမုတ္တိပြည့်စုံစေခြင်း။ (အံ၊၃၊၃၄၈။) (အံ၊မြန်၊၃။၃၄၆။)♦

ဝိဇ္ဇာအဖို့အစု၌ ဖြစ်သော တရား ၂ မျိုး

၁။ စိတ်၏ တည်ကြည်ခြင်း သမထ၊
၂။ သင်္ခါရတရား တို့ကို ရှုဆင်ခြင်ခြင်း ဝိပဿနာ။ (အံ၊၁၊၆၂။) (အံ၊မြန်၊၁။၇၄။)♦

ဝိဇ္ဇာအဖို့အစု၌ ဖြစ်သော တရား ၆ ပါး

၁။ အနိစ္စသညာ၊
၂။ အနိစ္စ၌ ဒုက္ခဟု မှတ်ထင်မှု သညာ၊
၃။ ဒုက္ခ၌ အနတ္တဟု မှတ်ထင်မှု သညာ၊
၄။ ပဟာနသညာ-တဒင်္ဂပဟာန် စသည်ဖြင့် ပယ်ခြင်း၌ ဖြစ်သော အမှတ်သညာ၊
၅။ ဝိရာဂသညာ- နှစ်သက်တပ်မက်မှု ကင်းသော အမှတ်သညာ၊
၆။ နိရောဓသညာ- (ကိလေသာတို့၏) ချုပ်ငြိမ်းရာ နိဗ္ဗာန်၌ ဖြစ်သော အမှတ်သညာ။ (အံ၊၂၊၂၉၄။) (အံ၊မြန်၊၂။၃၇၇။)♦

ဝိညာဏကာယ ၆ ပါး

ဝိညာဏ်အပေါင်း ၆ ပါးနှင့် တူသည်။ ♦

ဝိညာဏက္ခန္ဓာ ၁၀ ပါး

၁။ စက္ခုဝိညာဏ်၊
၂။ သောတဝိညာဏ်၊
၃။ ဃာနဝိညာဏ်၊
၄။ ဇိဝှါ ဝိညာဏ်၊
၅။ သုခဝေဒနာနှင့် တကွဖြစ်သော ကာယဝိညာဏ်၊
၆။ ဒုက္ခဝဒနာနှင့် တကွ ဖြစ်သော ကာယဝိညာဏ်၊
၇။ မနောဓာတ်၊
၈။ ကုသိုလ် မနောဝိညာဏဓာတ်၊
၉။ အကုသိုလ် မနောဝိညာဏဓာတ်၊
၁၀။ အဗျာကတ မနောဝိညာဏဓာတ်။ (အဘိ၊ဝိ၊၄၉။) (အဘိ၊ဝိ၊မြန်၊၁။၁၈၄။)♦

ဝိညာဏက္ခန္ဓာ ၂ ပါး

၁။ ဟိတ်နှင့် ယှဉ်သော ဝိညာဏက္ခန္ဓာ၊
၂။ ဟိတ်နှင့် မယှဉ်သော ဝိညာဏ က္ခန္ဓာ။ (အဘိ၊ဝိ၊၅၀။) (အဘိ၊ဝိ၊၅၂။) (အဘိ၊ဝိ၊မြန်၊၁။၁၈၈။) (အဘိ၊ဝိ၊မြန်၊၁။၁၈၅။)♦

ဝိညာဏက္ခန္ဓာ ၂ ပါး (တစ်နည်း)

၁။ ငိုကြွေးကြောင်း ရာဂ အစရှိသော ကိလေသာရှိသော ဝိညာဏ က္ခန္ဓာ၊
၂။ ငိုကြွေးကြောင်း ရာဂ အစရှိသော ကိလေသာမရှိသော ဝိညာဏက္ခန္ဓာ။ (အဘိ၊ဝိ၊၅၂။) (အဘိ၊ဝိ၊မြန်၊၁။၁၉၆။)♦

ဝိညာဏက္ခန္ဓာ ၂ ပါး (တစ်နည်း)

၁။ လောကီ ဝိညာဏက္ခန္ဓာ၊
၂။ လောကုတ္တရာ ဝိညာဏက္ခန္ဓာ။ (အဘိ၊ဝိ၊၅၃။) (အဘိ၊ဝိ၊မြန်၊၁။၂၀၁။)♦

ဝိညာဏက္ခန္ဓာ ၂ ပါး (တစ်နည်း)

၁။ အာသဝတရားတို့၏ အာရုံဖြစ်သော ဝိညာဏက္ခန္ဓာ၊
၂။ အာသဝ တရားတို့၏ အာရုံမဟုတ်သော ဝိညာဏက္ခန္ဓာ။ (အဘိ၊ဝိ၊၅၄။) (အဘိ၊ဝိ၊မြန်၊၁။၂၀၂။)♦

ဝိညာဏက္ခန္ဓာ ၂ ပါး (တစ်နည်း)

၁။ အာသဝတရားနှင့် ယှဉ်သော ဝိညာဏက္ခန္ဓာ၊
၂။ အာသဝ တရားနှင့် မယှဉ်သော ဝိညာဏက္ခန္ဓာ။ (အဘိ၊ဝိ၊၅၄။) (အဘိ၊ဝိ၊မြန်၊၁။၂၀၂။)♦

ဝိညာဏက္ခန္ဓာ ၂ ပါး (တစ်နည်း)

၁။ အာသဝတရားနှင့် မယှဉ်မူ၍ အာသဝ၏ အာရုံသာ ဖြစ်သော ဝိညာဏက္ခန္ဓာ၊
၂။ အာသဝတရားနှင့် မယှဉ်မူ၍ အာသဝ၏ အာရုံလည်း မဟုတ်သော ဝိညာဏက္ခန္ဓာ။ (အဘိ၊ဝိ၊၅၄။) (အဘိ၊ဝိ၊မြန်၊၁။၂၀၃။)♦

ဝိညာဏက္ခန္ဓာ ၂ ပါး (တစ်နည်း)

၁။ သံယောဇဉ်၏ အာရုံဖြစ်သော ဝိညာဏက္ခန္ဓာ၊
၂။ သံယောဇဉ်၏ အာရုံမဟုတ်သော ဝိညာဏက္ခန္ဓာ။ (အဘိ၊ဝိ၊၅၅။) (အဘိ၊ဝိ၊မြန်၊၁။၂၀၃။)♦

ဝိညာဏက္ခန္ဓာ ၂ ပါး (တစ်နည်း)

၁။ သံယောဇဉ်နှင့် ယှဉ်သော ဝိညာဏက္ခန္ဓာ၊
၂။ သံယောဇဉ်နှင့် မယှဉ်သော ဝိညာဏက္ခန္ဓာ။ (အဘိ၊ဝိ၊၅၅။) (အဘိ၊ဝိ၊မြန်၊၁။၂၀၄။)♦

ဝိညာဏက္ခန္ဓာ ၂ ပါး (တစ်နည်း)

၁။ သံယောဇဉ်နှင့် မယှဉ်မူ၍ သံယောဇဉ်၏ အာရုံသာ ဖြစ်သော ဝိညာဏက္ခန္ဓာ၊
၂။ သံယောဇဉ်နှင့် မယှဉ်မူ၍ သံယောဇဉ်၏ အာရုံလည်း မဟုတ်သော ဝိညာဏက္ခန္ဓာ။ (အဘိ၊ဝိ၊၅၅။) (အဘိ၊ဝိ၊မြန်၊၁။၂၀၄။)♦

ဝိညာဏက္ခန္ဓာ ၂ ပါး (တစ်နည်း)

၁။ ဂန္ထတရား၏ အာရုံဖြစ်သော ဝိညာဏက္ခန္ဓာ၊
၂။ ဂန္ထ တရား၏ အာရုံမဟုတ်သော ဝိညာဏက္ခန္ဓာ။ (အဘိ၊ဝိ၊၅၅။) (အဘိ၊ဝိ၊မြန်၊၁။၂၀၅။)♦

ဝိညာဏက္ခန္ဓာ ၂ ပါး (တစ်နည်း)

၁။ ဂန္ထနှင့် ယှဉ်သော ဝိညာဏက္ခန္ဓာ၊
၂။ ဂန္ထနှင့် မယှဉ်သော ဝိညာဏက္ခန္ဓာ။ (အဘိ၊ဝိ၊၅၅။) (အဘိ၊ဝိ၊မြန်၊၁။၂၀၅။)♦

ဝိညာဏက္ခန္ဓာ ၂ ပါး (တစ်နည်း)

၁။ ဩဃတရား၏ အာရုံဖြစ်သော ဝိညာဏက္ခန္ဓာ၊
၂။ ဩဃ တရား၏ အာရုံမဟုတ်သော ဝိညာဏက္ခန္ဓာ။ (အဘိ၊ဝိ၊၅၆။) (အဘိ၊ဝိ၊မြန်၊၁။၂၀၆။)♦

ဝိညာဏက္ခန္ဓာ ၂ ပါး (တစ်နည်း)

၁။ ဩဃနှင့် ယှဉ်သော ဝိညာဏက္ခန္ဓာ၊
၂။ ဩဃနှင့် မယှဉ်သော ဝိညာဏက္ခန္ဓာ။ (အဘိ၊ဝိ၊၅၆။) (အဘိ၊ဝိ၊မြန်၊၁။၂၀၆။)♦

ဝိညာဏက္ခန္ဓာ ၂ ပါး (တစ်နည်း)

၁။ ဩဃနှင့် မယှဉ်မူ၍ ဩဃ၏ အာရုံသာဖြစ်သော ဝိညာဏ က္ခန္ဓာ၊
၂။ ဩဃနှင့် မယှဉ်မူ၍ ဩဃ၏ အာရုံလည်းမဟုတ်သော ဝိညာဏက္ခန္ဓာ။ (အဘိ၊ဝိ၊၅၆။) (အဘိ၊ဝိ၊မြန်၊၁။၂၀၇။)♦

ဝိညာဏက္ခန္ဓာ ၂ ပါး (တစ်နည်း)

၁။ ယောဂတရား၏ အာရုံဖြစ်သော ဝိညာဏက္ခန္ဓာ၊
၂။ ယောဂ တရား၏ အာရုံမဟုတ်သော ဝိညာဏက္ခန္ဓာ။ (အဘိ၊ဝိ၊၅၆။) (အဘိ၊ဝိ၊မြန်၊၁။၂၀၇။)♦

ဝိညာဏက္ခန္ဓာ ၂ ပါး (တစ်နည်း)

၁။ ယောဂတရားနှင့် ယှဉ်သော ဝိညာဏက္ခန္ဓာ၊
၂။ ယောဂ တရားနှင့် မယှဉ်သော ဝိညာဏက္ခန္ဓာ။ (အဘိ၊ဝိ၊၅၆။) (အဘိ၊ဝိ၊မြန်၊၁။၂၀၇။)♦

ဝိညာဏက္ခန္ဓာ ၂ ပါး (တစ်နည်း)

၁။ ယောဂတရားနှင့် မယှဉ်မူ၍ ယောဂတရား၏ အာရုံသာ ဖြစ်သော ဝိညာဏက္ခန္ဓာ၊
၂။ ယောဂတရားနှင့် မယှဉ်မူ၍ ယောဂတရား၏ အာရုံလည်း မဟုတ်သော ဝိညာဏက္ခန္ဓာ။ (အဘိ၊ဝိ၊၅၇။) (အဘိ၊ဝိ၊မြန်၊၁။၂၀၈။)♦

ဝိညာဏက္ခန္ဓာ ၂ ပါး (တစ်နည်း)

၁။ နီဝရဏတရား၏ အာရုံဖြစ်သော ဝိညာဏက္ခန္ဓာ၊
၂။ နီဝရဏ တရား၏ အာရုံမဟုတ်သော ဝိညာဏက္ခန္ဓာ။ (အဘိ၊ဝိ၊၅၇။) (အဘိ၊ဝိ၊မြန်၊၁။၂၀၈။)♦

ဝိညာဏက္ခန္ဓာ ၂၄ ပါး

၁။ စက္ခုသမ္ဖဿကြောင့် ဖြစ်သော ကုသိုလ်, အကုသိုလ်, အဗျာကတ ဝိညာဏက္ခန္ဓာ သုံးပါး၊
၂။ သောတသမ္ဖဿကြောင့် ဖြစ်သော ကုသိုလ်, အကုသိုလ်, အဗျာကတ ဝိညာဏက္ခန္ဓာ သုံးပါး၊
၃။ ဃာနသမ္ဖဿကြောင့် ဖြစ်သော ကုသိုလ်, အကုသိုလ်, အဗျာကတ ဝိညာဏက္ခန္ဓာ သုံးပါး၊
၄။ ဇိဝှါသမ္ဖဿကြောင့် ဖြစ်သော ကုသိုလ်, အကုသိုလ်, အဗျာကတ ဝိညာဏက္ခန္ဓာ သုံးပါး၊
၅။ ကာယသမ္ဖဿကြောင့် ဖြစ်သော ကုသိုလ်, အကုသိုလ်, အဗျာကတ ဝိညာဏက္ခန္ဓာ သုံးပါး၊
၆။ မနောသမ္ဖဿကြောင့် ဖြစ်သော ကုသိုလ်, အကုသိုလ်, အဗျာကတ ဝိညာဏက္ခန္ဓာ သုံးပါး၊
၇။ စက္ခုဝိညာဏ်၊ သောတဝိညာဏ်၊ ဃာနဝိညာဏ်၊ ဇိဝှါဝိညာဏ်၊ ကာယဝိညာဏ်၊ မနောဝိညာဏ် ခြောက်ပါး ပေါင်း ၂၄ ပါး ဖြစ်၏။ (အဘိ၊ဝိ၊၅၇။) (အဘိ၊ဝိ၊မြန်၊၁။၂၁၀။)♦

ဝိညာဏက္ခန္ဓာ ၃ ပါး

၁။ ကုသိုလ် ဝိညာဏက္ခန္ဓာ၊
၂။ အကုသိုလ် ဝိညာဏက္ခန္ဓာ၊
၃။ အဗျာကတ ဝိညာဏက္ခန္ဓာ။ (အဘိ၊ဝိ၊၄၉။) (အဘိ၊ဝိ၊မြန်၊၁။၁၈၃။)♦

ဝိညာဏက္ခန္ဓာ ၃၀ ပါး

၁။ စက္ခုသမ္ဖဿကြောင့်ဖြစ်သော ကာမာဝစရ, ရူပါဝစရ, အရူပါဝစရ၊ အပရိယာပန္န ဝိညာဏက္ခန္ဓာ လေးပါး၊
၂။ သောတသမ္ဖဿကြောင့် ဖြစ်သော ကာမာဝစရ, ရူပါဝစရ, အရူပါဝစရ၊ အပရိယာပန္န ဝိညာဏက္ခန္ဓာ လေးပါး၊
၃။ ဃာနသမ္ဖဿကြောင့် ဖြစ်သော ကာမာဝစရ, ရူပါဝစရ, အရူပါဝစရ၊ အပရိယာပန္န ဝိညာဏက္ခန္ဓာ လေးပါး၊
၄။ ဇိဝှါသမ္ဖဿကြောင့် ဖြစ်သော ကာမာဝစရ, ရူပါဝစရ, အရူပါဝစရ, အပရိယာပန္န ဝိညာဏက္ခန္ဓာ လေးပါး၊
၅။ ကာယသမ္ဖဿကြောင့်ဖြစ်သော ကာမာဝစရ, ရူပါဝစရ, အရူပါဝစရ, အပရိယာပန္န ဝိညာဏက္ခန္ဓာ လေးပါး၊
၆။ မနောသမ္ဖဿကြောင့်ဖြစ်သော ကာမာဝစရ, ရူပါဝစရ, အရူပါဝစရ၊ အပရိယာပန္န ဝိညာဏက္ခန္ဓာ လေးပါး၊
၇။ စက္ခု ဝိညာဏ်၊ သောတဝိညာဏ်၊ ဃာနဝိညာဏ်၊ ဇိဝှါဝိညာဏ်၊ ကာယဝိညာဏ်၊ မနောဝိညာဏ် ခြောက်ပါး ပေါင်း ၃၀ ပါး ဖြစ်၏။ (အဘိ၊ဝိ၊၅၈။) (အဘိ၊ဝိ၊မြန်၊၁။၂၁၂။)♦

ဝိညာဏက္ခန္ဓာ ၄ ပါး

၁။ ကာမာဝစရ ဝိညာဏက္ခန္ဓာ၊
၂။ ရူပါဝစရ ဝိညာဏက္ခန္ဓာ၊
၃။ အရူပါဝစရ ဝိညာဏက္ခန္ဓာ၊
၄။ ဘုံသုံးပါး၌ အကျုံးမဝင်သော အပရိယာပန္န(လောကုတ္တရ) ဝိညာဏ က္ခန္ဓာ။ (အဘိ၊ဝိ၊၄၉။) (အဘိ၊ဝိ၊မြန်၊၁။၁၈၃။)♦

ဝိညာဏက္ခန္ဓာ ၅ ပါး

၁။ သုခိန္ဒြေနှင့် ယှဉ်သော ဝိညာဏက္ခန္ဓာ၊
၂။ ဒုက္ခိန္ဒြေနှင့် ယှဉ်သော ဝိညာဏက္ခန္ဓာ၊
၃။ သောမနဿိန္ဒြေနှင့် ယှဉ်သော ဝိညာဏက္ခန္ဓာ၊
၄။ ဒေါမနဿိန္ဒြေနှင့် ယှဉ်သော ဝိညာဏက္ခန္ဓာ၊
၅။ ဥပေက္ခိန္ဒြေနှင့် ယှဉ်သော ဝိညာဏက္ခန္ဓာ။ (အဘိ၊ဝိ၊၄၉။) (အဘိ၊ဝိ၊မြန်၊၁။၁၈၄။)♦

ဝိညာဏက္ခန္ဓာ ၆ ပါး

၁။ စက္ခုဝိညာဏ်၊
၂။ သောတဝိညာဏ်၊
၃။ ဃာနဝိညာဏ်၊
၄။ ဇိဝှါ ဝိညာဏ်၊
၅။ ကာယဝိညာဏ်၊
၆။ မနောဝိညာဏ်။ (အဘိ၊ဝိ၊၄၉။) (အဘိ၊ဝိ၊မြန်၊၁။၁၈၄။)♦

ဝိညာဏက္ခန္ဓာ ၇ ပါး

၁။ စက္ခုဝိညာဏ်၊
၂။ သောတဝိညာဏ်၊
၃။ ဃာနဝိညာဏ်၊
၄။ ဇိဝှါဝိညာဏ်၊
၅။ ကာယဝိညာဏ်၊
၆။ မနောဓာတ်၊
၇။ မနောဝိညာဏဓာတ်။ (အဘိ၊ဝိ၊၄၉။) (အဘိ၊ဝိ၊မြန်၊၁။၁၈၄။)♦

ဝိညာဏက္ခန္ဓာ ၇ ပါး (တစ်နည်း)

၁။ ကုသိုလ် ဝိညာဏက္ခန္ဓာ၊
၂။ အကုသိုလ် ဝိညာဏက္ခန္ဓာ၊
၃။ အဗျာကတ ဝိညာဏက္ခန္ဓာ၊
၄။ ကာမာဝစရ ဝိညာဏက္ခန္ဓာ၊
၅။ ရူပါဝစရ ဝိညာဏက္ခန္ဓာ၊
၆။ အရူပါဝစရ ဝိညာဏက္ခန္ဓာ၊
၇။ ဘုံသုံးပါး၌ အကျုံးမဝင်သော အပရိယာပန္န(လောကုတ္တရ) ဝိညာဏက္ခန္ဓာ။ (အဘိ၊ဝိ၊၅၇။) (အဘိ၊ဝိ၊မြန်၊၁။၂၀၉။)♦

ဝိညာဏက္ခန္ဓာ ၈ ပါး

၁။ စက္ခုဝိညာဏ်၊
၂။ သောတဝိညာဏ်၊
၃။ ဃာနဝိညာဏ်၊
၄။ ဇိဝှါ ဝိညာဏ်၊
၅။ သုခဝေဒနာနှင့် တကွဖြစ်သော ကာယဝိညာဏ်၊
၆။ ဒုက္ခဝဒနာနှင့်တကွ ဖြစ်သော ကာယဝိညာဏ်၊
၇။ မနောဓာတ်၊
၈။ မနောဝိညာဏဓာတ်။ (အဘိ၊ဝိ၊၄၉။) (အဘိ၊ဝိ၊မြန်၊၁။၁၈၄။)♦

ဝိညာဏက္ခန္ဓာ ၉ ပါး

၁။ စက္ခုဝိညာဏ်၊
၂။ သောတဝိညာဏ်၊
၃။ ဃာနဝိညာဏ်၊
၄။ ဇိဝှါ ဝိညာဏ်၊
၅။ ကာယဝိညာဏ်၊
၆။ မနောဓာတ်၊
၇။ ကုသိုလ် မနောဝိညာဏဓာတ်၊
၈။ အကုသိုလ် မနောဝိညာဏဓာတ်၊
၉။ အဗျာကတ မနောဝိညာဏဓာတ်။ (အဘိ၊ဝိ၊၄၉။) (အဘိ၊ဝိ၊မြန်၊၁။၁၈၄။)♦

ဝိညာဏဉ္စာယတနဈာန်၌ ရှိသော တရား ၁၃ မျိုး

၁။ ဝိညာဏဉ္စာယတနသညာ၊
၂။ စိတ္တေကဂ္ဂတာ၊
၃။ ဖဿ၊
၄။ ဝေဒနာ၊
၅။ သညာ၊
၆။ စေတနာ၊
၇။ စိတ်၊
၈။ ဆန္ဒ၊
၉။ အဓိမောက္ခ၊
၁၀။ ဝီရိယ၊
၁၁။ သတိ၊
၁၂။ ဥပေက္ခာ၊
၁၃။ မနသိကာရ။ (မ၊၃၊၇၇။) (မ၊မြန်၊၃။၈၁။)♦

ဝိညာဏဋ္ဌိတိ ၄ ပါး

၁။ ရုပ်လျှင် တည်ရာရှိသော ‘‘အဘိသင်္ခါရ’’ဝိညာဉ်သည် တည်ဆဲဖြစ်၍ တည်ခြင်း၊
၂။ ဝေဒနာလျှင် တည်ရာရှိသော ‘‘အဘိသင်္ခါရ’’ဝိညာဉ်သည် တည်ဆဲဖြစ်၍ တည်ခြင်း၊
၃။ သညာလျှင် တည်ရာရှိသော ‘‘အဘိသင်္ခါရ’’ဝိညာဉ်သည် တည်ဆဲဖြစ်၍ တည်ခြင်း၊
၄။ သင်္ခါရလျှင် တည်ရာရှိသော ‘‘အဘိသင်္ခါရ’’ဝိညာဉ်သည် တည်ဆဲဖြစ်၍ တည်ခြင်း။ (ဒီ၊၃၊၁၉၀။) (ဒီ၊မြန်၊၃။၂၁၃။)♦

ဝိညာဏဋ္ဌိတိ ၇ ပါး

၁။ နာနတ္တကာယာ နာနတ္တသညီ= လူ, အချို့သောနတ်, အချို့သော ဝေမာနိက ပြိတ္တာတို့ကဲ့သို့ အထူးထူးသော ခန္ဓာကိုယ် ရှိ၍ အထူးထူးသော ပဋိသန္ဓေသညာ ရှိသော သတ္တဝါ၊
၂။ နာနတ္တကာယာ ဧကတ္တသညီ= ပထမဈာန်ရဗြဟ္မာတို့ကဲ့သို့ အထူးထူးသော ခန္ဓာကိုယ်ရှိ၍ တူသော ပဋိသန္ဓေသညာရှိသော သတ္တဝါ၊
၃။ ဧကတ္တကာယာ နာနတ္တသညီ= အာဘဿရာဘုံ ဗြဟ္မာတို့ကဲ့သို့ တူသော ခန္ဓာကိုယ်ရှိပြီး အထူးထူးပြားသော ပဋိသန္ဓေသညာ ရှိသော သတ္တဝါ၊
၄။ ဧကတ္တကာယာ ဧကတ္တသညီ= သုဘကိဏှာဘုံ ဗြဟ္မာတို့ကဲ့သို့ တူသော ခန္ဓာကိုယ်ရှိ၍ တူသော ပဋိသန္ဓေသညာရှိသော သတ္တဝါ၊
၅။ အာကာသာနဉ္စာယတနုပဂါ သတ္တာ= ခပ်သိမ်းသော အခြင်းအရာအားဖြင့် ရူပသညာကို လွန်မြောက်လျက် ပဋိဃသညာ တို့၏ ချုပ်ခြင်း, နာနတ္တသညာတို့ကို နှလုံးမသွင်း ခြင်းကြောင့် ‘‘အနန္တော အာကာသော’’ဟု စီးဖြန်းသဖြင့် အာကာသာနဉ္စာယတနဘုံသို့ ကပ်ရောက်သော သတ္တဝါ၊
၆။ ဝိညာဏဉ္စာ ယတနုပဂါသတ္တာ= ခပ်သိမ်းသော အခြင်းအရာအားဖြင့် အာကာသာနဉ္စာယတနဈာန်ကို လွန်မြောက်ခြင်းကြောင့် ‘‘အနန္တံ ဝိညာဏံ’’ ဟု စီးဖြန်းပွားများသဖြင့် ဝိညာဏဉ္စာယတနဘုံသို့ ကပ်ရောက်သော သတ္တဝါ၊
၇။ အာကိဉ္စညာယတနုပဂါသတ္တာ= ခပ်သိမ်းသော အခြင်းအရာ အားဖြင့် ဝိညာဏဉ္စာယတန ဈာန်ကို လွန်မြောက်ခြင်းကြောင့် ‘‘နတ္ထိ ကိဉ္စိ’’ ဟု စီးဖြန်းပွားများ သဖြင့် အာကိဉ္စညာယတနဘုံသို့ ကပ်ရောက်သော သတ္တဝါ။ (ဒီ၊၂၊၅၈။) (ဒီ၊၃၊၂၀၉။) (ဒီ၊၃၊၂၄၁။) (စူဠနိ၊၁၆၇။) (ပဋိသံ၊ဋ္ဌ၊၁၊၁၀၃။) (သာရတ္ထ၊ဋီ၊၁၊၂၄၃။) (ဒီ၊မြန်၊၂။၆၈။) (ဒီ၊မြန်၊၃။၂၃၂-၂၃၃။) (ဒီ၊မြန်၊၃။၂၆၄။)♦

ဝိညာဏဋ္ဌိတိ ၇ ပါး

ပိုင်းခြား၍ သိအပ်သော တရား ၇ ပါး၊ ပရိညေယျတရား ၇ ပါး၊ ဝိညာဏ်၏ တည်ရာတရား ၇ ပါးတို့နှင့် တူသည်။ ♦

ဝိညာဏဒွါရ ၅ မျိုး

၁။ စက္ခုဝိညာဏဒွါရ- စက္ခုဝတ္ထုကို မှီသော ဝိညာဏ်၏ ဒွါရ၊
၂။ သောတ ဝိညာဏဒွါရ- သောတဝတ္ထုကို မှီသော ဝိညာဏ်၏ ဒွါရ၊
၃။ ဃာနဝိညာဏဒွါရ- ဃာနဝတ္ထုကို မှီသော ဝိညာဏ်၏ ဒွါရ၊
၄။ ဇိဝှာဝိညာဏဒွွါရ- ဇိဝှါဝတ္ထုကို မှီသော ဝိညာဏ်၏ ဒွါရ၊
၅။ ကာယဝိညာဏဒွါရ- ကာယဝတ္ထုကို မှီသော ဝိညာဏ်၏ ဒွါရ။ (အဘိ၊ဋ္ဌ၊၁၊၁၃၈။)♦

ဝိညာဏဓာတ် ၆ ပါး

၁။ စက္ခုဝိညာဏဓာတ်၊
၂။ သောတဝိညာဏဓာတ်၊
၃။ ဃာနဝိညာဏဓာတ်၊
၄။ ဇိဝှါဝိညာဏဓာတ်၊
၅။ ကာယဝိညာဏဓာတ်၊
၆။ မနောဝိညာဏဓာတ်။ (အဘိ၊ဝိ၊၈၇။) (အဘိ၊ဝိ၊မြန်၊၁။၃၀၅။)♦

ဝိညာဏ် ၁၁ မျိုး

၁။ အတိတ်ဝိညာဏ်၊
၂။ အနာဂတ်ဝိညာဏ်၊
၃။ ပစ္စုပ္ပန်ဝိညာဏ်၊
၄။ အဇ္ဈတ္တ ဝိညာဏ်၊
၅။ ဗဟိဒ္ဓဝိညာဏ်၊
၆။ ဩဠာရိကဝိညာဏ်၊
၇။ သုခုမဝိညာဏ်၊
၈။ ဟီနဝိညာဏ်၊
၉။ ပဏီတဝိညာဏ်၊
၁၀။ ဒူရေဝိညာဏ်၊
၁၂။ သန္တိကေဝိညာဏ်။ (အဘိ၊ဝိ၊၁၀။)(အဘိ၊ ဝိ၊မြန်၊၁။၂၀။)♦

ဝိညာဏ် ၅ မျိုး

၁။ စက္ခုဝိညာဏ်- စက္ခုဝတ္ထုကို မှီသော ဝိညာဏ်၊
၂။ သောတဝိညာဏ်- သောတဝတ္ထုကို မှီသော ဝိညာဏ်၊
၃။ ဃာနဝိညာဏ်- ဃာနဝတ္ထုကို မှီသော ဝိညာဏ်၊
၄။ ဇိဝှာဝိညာဏ်- ဇိဝှာဝတ္ထုကို မှီသော ဝိညာဏ်၊
၅။ ကာယဝိညာဏ်- ကာယဝတ္ထုကို မှီသော ဝိညာဏ်။ (အဘိ၊ဋ္ဌ၊၁၊၁၃၈။)♦

ဝိညာဏ် ၆ မျိုး

၁။ စက္ခုဝိညာဏ်- မြင်သိစိတ်၊
၂။ သောတဝိညာဏ်- ကြားသိစိတ်၊
၃။ ဃာနဝိညာဏ်- နံသိစိတ်၊
၄။ ဇိဝှာဝိညာဏ်- လျက်သိစိတ်- စားသိစိတ်၊
၅။ ကာယ ဝိညာဏ်- ထိသိစိတ်၊
၆။ မနောဝိညာဏ်- ကြံသိစိတ်။ (သံ၊၁၊၂၄၅။) (သံ၊၂၊၅၀။) (သံ၊၂၊၅၃။) (သံ၊မြန်၊၁။၂၃၀။) (သံ၊မြန်၊၂။၄၈-၅၀။) (သံ၊မြန်၊၂။၄၈-၅၁။)♦

ဝိညာဏ်၏ တည်ရာတရား ၇ ပါး

ပိုင်းခြား၍ သိအပ်သော တရား ၇ ပါး၊ ပရိညေယျတရား ၇ ပါး၊ ဝိညာဏဋ္ဌိတိ ၇ ပါးတို့နှင့် တူသည်။ ♦

ဝိညာဏ်အပေါင်း ၆ ပါး

၁။ မြင်ခြင်း စက္ခုဝိညာဏ်၊
၂။ ကြားခြင်း သောတဝိညာဏ်၊
၃။ နံခြင်း ဃာနဝိညာဏ်၊
၄။ လျက်ခြင်း ဇိဝှါဝိညာဏ်၊
၅။ ထိတွေ့ခြင်း ကာယဝိညာဏ်၊
၆။ သိခြင်း မနောဝိညာဏ်။ (ဒီ၊၃၊၂၀၂။) (မ၊၁၊၆၆။) (ပဋိသံ၊ဋ္ဌ၊၁၊၃၂၀။) (ဒီ၊မြန်၊၃။၂၂၅။) (မ၊မြန်၊၁။၇၂။)♦

ဝိတက် ၂ မျိုး (ဘုရားရှင်တို့သန္တာန်၌ ကြိမ်ဖန်များစွာ ဖြစ်သော ဝိတက် ၂ မျိုး)

၁။ ခေမ ဝိတက်၊
၂။ ပဝိဝေကဝိတက်။ (ခုဒ္ဒက၊၂၁၆။) (ခုဒ္ဒက၊ မြန်။ ၂၀၀။)♦

ဝိတက် ၃ မျိုး

မကောင်းသော ကြံစည်ခြင်း ၃ မျိုးနှင့် တူသည်။ ♦

ဝိတက် ၃ မျိုး

ကောင်းသောကြံစည်ခြင်း ၃ မျိုးနှင့် တူသည်။ ♦

ဝိတက် ၉ မျိုး

ကြံစည်ခြင်း ၉ မျိုးနှင့် တူသည်။ ♦

ဝိတက် မောဟစရိုက်ရှိသူအား လျောက်ပတ်သော ကမ္မဋ္ဌာန်း ၁ ပါး

၁။ အာနာပါနဿတိ ကမ္မဋ္ဌာန်း။ (သာရတ္ထ၊ဋီ၊၂၊၂၀၃။)♦

ဝိတက် အစဉ်လိုက်ပုံ ကျရောက်ပုံ ၂ မျိုး

၁။ ဝိတက်သည် အာရုံအားဖြင့် စိတ်ကို အစဉ်လိုက် အပ်၏၊ ကျရောက်အပ်၏၊
၂။ ဝိတက်သည် ကောင်းစွာ ယှဉ်ခြင်းအားဖြင့် စိတ်ကို အစဉ်လိုက် အပ်၏၊ ကျရောက်အပ်၏။ (အဘိ၊ဋ္ဌ၊၃၊၂၁၆။)♦

ဝိတက် အုပ်စု ၂ စု

၁။ ကာမဝိတက်- ကာမဂုဏ်နှင့် စပ်၍ ကြံစည်ခြင်း၊ ဗျာပါဒဝိတက်-သတ်ဖြတ်လိုမှုနှင့် စပ်၍ ကြံစည်ခြင်း၊ ဝိဟိံသာဝိတက်- ညှဉ်းဆဲမှုနှင့် စပ်၍ ကြံစည်ခြင်း၊
၂။ နေက္ခမ္မဝိတက်- ကာမမှ လွတ်မြောက်မှုနှင့် စပ်သော ကြံစည်ခြင်း၊ အဗျာပါဒဝိတက်- မသတ်ဖြတ််လိုမှုနှင့် စပ်သော ကြံစည်ခြင်း၊ အဝိဟိံသာဝိတက်- မညှဉ်းဆဲမှုနှင့် စပ်သော ကြံစည်ခြင်း။ (မ၊၁၊၁၆၁။) (မ၊မြန်၊၁။၁၆၅။)♦

ဝိဓာသဒ္ဒါ၏ အနက် ၃ မျိုး

၁။ မာန အနက်၊
၂။ သဏ္ဌာန်အနက် (ကောင်းစွာ တည်ခြင်း အနက်)၊
၃။ ကောဋ္ဌာသ အဖို့အစုအနက်။ (အဘိ၊ဋ္ဌ၊၁၊၃၄၃။)♦

ဝိနည်း ၂ မျိုး

၁။ ရဟန်းယောကျ်ား ဝိနည်း၊
၂။ ရဟန်းမ ဝိနည်း ။ (ဝိ၊၅၊၂၁၄။) (ဝိ၊မြန်၊၅။၂၉၉။)♦

ဝိနည်း ၂ မျိုး

၁။ စောင့်စည်းကြောင်း, ဆုံးမကြောင်းဖြစ်သော တရား (သံဝရဝိနည်း)၊
၂။ ပယ်ကြောင်းဖြစ်သော တရား (ပဟာနဝိနည်း) ။ (မ၊ဋ္ဌ၊၁၊၂၃။) (သံ၊ဋ္ဌ၊၂၊၂၃၃။) (အဘိ၊ဋ္ဌ၊၁၊၃၈၅။) (ပဋိသံ၊ဋ္ဌ၊၂၊၅၂။) (သုတ္တနိ၊ဋ္ဌ၊၁၊၇။) (စူဠနိ၊ဋ္ဌ၊၇၁။)♦

ဝိနည်း ၄ မျိုး

၁။ သံဝရဝိနယ- ကာယဒုစရိုက်စသည်ကို ပယ်ရှားတတ် စောင့်ရှောက်တတ်သော ဝိနည်း၊
၂။ ပဟာနဝိနယ- တဒင်္ဂစသော ပဟာန်အားဖြင့် စွန့်လွှတ်တတ် ပယ်ရှားတတ်သော ဝိနည်း၊
၃။ သမထဝိနယ- အဓိကရုဏ်း ငြိမ်းကြောင်း သမထ ခုနစ်ပါးတည်းဟူသော ဝိနည်း၊
၄။ ပညတ္တိဝိနယ- ပညတ်အပ်သော သိက္ခာပုဒ်တည်းဟူသော ဝိနည်း။ (ဝိ၊ဋ္ဌ၊၁၊၁၉၁။)♦

ဝိနည်း ၄ မျိုး (တစ်နည်း)

၁။ သုတ္တပါဠိတော်၊
၂။ သုတ္တာနုလောမ- သုတ်အားလျော်သော မဟာပဒေသ လေးပါး၊
၃။ အာစရိယဝါဒ- ဆရာတို့၏ ဝါဒ (အဋ္ဌကထာ အစဉ်အဆက်။)၊
၄။ အတ္တနောမတိ- မိမိ၏ အယူအဆ။ (ဝိ၊ဋ္ဌ၊၁၊၁၉၆။)♦

ဝိနည်း ခေါင်းပါးခြင်း ၂ မျိုး

၁။ မအပ်သည်၌ အကြောင်းကို ပယ်သတ်ခြင်း၊
၂။ အပ်သည်၌ အတိုင်းအရှည်ကို သိခြင်း။ (ဝိ၊၅၊၂၁၅။) (ဝိ၊မြန်၊၅။၂၉၉။)♦

ဝိနည်း မဆွေးနွေးထိုက်သော ရဟန်း၏ အင်္ဂါ ၃ ပါး

၁။ အရှက် မရှိခြင်း၊
၂။ မိုက်မဲခြင်း၊
၃။ ပကတတ်ရဟန်း မဟုတ်ခြင်း။ (ဝိ၊၅၊၂၂၂။) (ဝိ၊မြန်၊၅။၃၀၉။)♦

ဝိနည်း သင်ယူခြင်း အကျိုး ၅ ပါး

၁။ မိမိ၏ သီလ ကောင်းစွာ လုံခြုံခြင်း၊
၂။ ဝိနယကုက္ကုစ္စ ရှိသော ရဟန်းတို့၏ ကိုးကွယ်အားထားရာ ဖြစ်ခြင်း၊
၃။ သံဃာ့ပရိသတ်အလည်၌ ကြောက်ရွံ့ခြင်း ကင်းစွာ ပြောဆိုနိုင်ခြင်း၊
၄။ မိမိ၏ ဆန့်ကျင်ဘက် သာသနာတော်၏ ဆန့်ကျင်ဘက် ရန်သူတို့ကို အကြောင်းလုံလောက်စွာ ပြ၍ နှိမ်နင်းနိုင်ခြင်း၊
၅။ သဒ္ဓမ္မသုံးဖြာ သာသနာ တော်ကို အရှည်ခန့်၍ တည်တန့်အောင် ကျင့်နိုင်ခြင်း။ (ဝိ၊ဋ္ဌ၊၁၊၇၇။)♦

ဝိနည်း၌ လာသော အနက် ၂ ပါး

၁။ ပညတ်၊
၂။ ပညတ်အားလျော်သော မဟာပဒေသ လေးပါး။ (ဝိ၊၅၊၂၁၅။) (ဝိ၊မြန်၊၅။၂၉၉။)♦

ဝိနည်းကံ ၄ မျိုး

၁။ အဓမ္မေန ဝဂ္ဂကမ္မံ- မတရားသဖြင့် ဝဂ်ဖြစ်သော ကံ၊
၂။ အဓမ္မေန သမဂ္ဂ ကမ္မံ- မတရားသဖြင့် ညီညွတ်သော ကံ၊
၃။ ဓမ္မေန ဝဂ္ဂကမ္မံ- တရားသဖြင့် ဝဂ်ဖြစ်သော ကံ၊
၄။ ဓမ္မေန သမဂ္ဂကမ္မံ- တရားသဖြင့် ညီညွတ်သော ကံ။ (ဝိ၊၃၊၄၃၅။) (ဝိ၊မြန်၊၃။၄၄၁။)♦

ဝိနည်းကံ ၆ မျိုး

၁။ မတရားသော ဝိနည်းကံ၊
၂။ ဝဂ်ဖြစ်သော ဝိနည်းကံ၊
၃။ ညီညွတ်သော ဝိနည်းကံ၊
၄။ တရားတုဖြင့် ဝဂ်ဖြစ်သော ဝိနည်းကံ၊
၅။ တရားတုဖြင့် ညီညွတ်သော ဝိနည်းကံ၊
၆။ တရားသဖြင့် ညီညွတ်သော ဝိနည်းကံ။ (ဝိ၊၃၊၄၃၆။) (ဝိ၊မြန်၊၃။၄၄၂။)♦

ဝိနည်းကို ဆွေးနွေး မေးမြန်းထိုက််သော ရဟန်း အင်္ဂါ ၅ ပါး

၁။ဝတ္ထုကို သိခြင်း၊
၂။ နိဒါန်းကို သိခြင်း၊
၃။ ပညတ်ချက်ကို သိခြင်း၊
၄။ မျက်မှောက်ပြုအပ်သော ပုဒ်ကို သိခြင်း (ရှေ့၌ ရွတ်ဆိုရမည့်ပုဒ် နောက်၌ ဆိုရမည့်ပုဒ်ကို သိခြင်း)၊
၅။ ရှေ့နောက် စကားစပ်ကို သိခြင်း။ (ဝိ၊၅၊၃၂၇။) (ဝိ၊မြန်၊၅။၄၂၈။)♦

ဝိနည်းကို မဆွေးနွေး မမေးမြန်ထိုက်သော ရဟန်း၏အင်္ဂါ ၅ ပါး

၁။ဝတ္ထုကို မသိခြင်း၊
၂။ နိဒါန်းကို မသိခြင်း၊
၃။ ပညတ်ကို မသိခြင်း၊
၄။ မျက်မှောက်ပြုအပ်သော ပုဒ်ကို မသိခြင်း၊
၅။ ရှေ့နောက် စကားစပ်ကို မသိခြင်း။ (ဝိ၊၅၊၃၂၇။) (ဝိ၊မြန်၊၅။၄၂၈။)♦

ဝိနည်းကို မဖြေဆိုထိုက်သော ရဟန်း အင်္ဂါ ၃ ပါး

၁။ အရှက်လည်း မရှိခြင်း၊
၂။ မိုက်လည်း မိုက်မဲခြင်း၊
၃။ ပကတတ်ရဟန်းလည်း မဟုတ်ခြင်း။ (ဝိ၊၅၊၂၂၂။) (ဝိ၊မြန်၊၅။၃၀၉။)♦

ဝိနည်းကို မဖြေဆိုထိုက်သော ရဟန်း အင်္ဂါ ၄ ပါး

၁။ ချစ်သဖြင့် မလားအပ်သည်သို့ လားခြင်း (ဆန္ဒာဂတိသို့ လိုက်ခြင်း)၊
၂။ မုန်းသဖြင့် မလားအပ်သည်သို့ လားခြင်း (ဒေါသာဂတိသို့ လိုက်ခြင်း)၊
၃။ တွေဝေသဖြင့် မလားအပ်သည်သို့ လားခြင်း (မောဟာဂတိသို့ လိုက်ခြင်း)၊
၄။ ကြောက်သဖြင့် မလားအပ်သည်သို့ လားခြင်း (ဘယာဂတိသို့ လိုက်ခြင်း)။ (ဝိ၊၅၊၂၂၈) (ဝိ၊မြန်၊၅။၃၁၇။)♦

ဝိနည်းကို မမေးထိုက်သော ရဟန်း အင်္ဂါ ၃ ပါး

၁။ အရှက်လည်း မရှိခြင်း၊
၂။ မိုက်လည်း မိုက်မဲခြင်း၊
၃။ ပကတတ်ရဟန်းလည်း မဟုတ်ခြင်း။ (ဝိ၊၅၊၂၂၂။) (ဝိ၊မြန်၊၅။၃၀၉။)♦

ဝိနည်းကို မမေးထိုက်သော ရဟန်း အင်္ဂါ ၄ ပါး

၁။ ချစ်သဖြင့် မလားအပ်သည်သို့ လားခြင်း (ဆန္ဒာဂတိသို့ လိုက်ခြင်း)၊
၂။ မုန်းသဖြင့် မလားအပ်သည်သို့ လားခြင်း (ဒေါသာဂတိသို့ လိုက်ခြင်း)၊
၃။ တွေဝေသဖြင့် မလားအပ်သည်သို့ လားခြင်း (မောဟာဂတိသို့ လိုက်ခြင်း)၊
၄။ ကြောက်သဖြင့် မလားအပ်သည်သို့ လားခြင်း (ဘယာဂတိသို့ လိုက်ခြင်း) ။ (ဝိ၊၅၊၂၂၈) (ဝိ၊မြန်၊၅။၃၁၇။)♦

ဝိနည်းကို သင်ခြင်း အကျိုး ၅ ပါး

၁။ မိမိ၏ သီလကျေးဇူးကို ကောင်းစွာ လုံခြုံစေခြင်း၊ စောင့်ရှောက်ခြင်း၊
၂။ ကုက္ကုစ္စနှိပ်စက်သော ရဟန်းတို့၏ ကိုးကွယ်ရာ ဖြစ်ခြင်း၊
၃။ သံဃာ့ အလယ်၌ ရဲရင့်စွာ ပြောဆို ဆုံးဖြတ်နိုင်ခြင်း၊
၄။ ရန်သူတို့ကို အကြောင်းနှင့်တကွ ကောင်းစွာ နှိမ်နင်းခြင်း၊
၅။ သူတော်ကောင်းတရား တည်ခြင်းငှာ ကျင့်ခြင်း။ (ဝိ၊၅၊၃၂၀။) (ဝိ၊မြန်၊၅။၄၁၉။)♦

ဝိနည်းကို အတူတကွ မဆွေးနွေးထိုက်သော ရဟန်း အင်္ဂါ ၄ ပါး

၁။ ချစ်သဖြင့် မလားအပ်သည်သို့ လားခြင်း (ဆန္ဒာဂတိသို့ လိုက်ခြင်း)၊
၂။ မုန်းသဖြင့် မလားအပ်သည်သို့ လားခြင်း (ဒေါသာ ဂတိသို့ လိုက်ခြင်း)၊
၃။ တွေဝေသဖြင့် မလားအပ်သည်သို့ လားခြင်း (မောဟာဂတိသို့ လိုက်ခြင်း)၊
၄။ ကြောက်သဖြင့် မလားအပ်သည်သို့ လားခြင်း (ဘယာ ဂတိသို့ လိုက်ခြင်း)။ (ဝိ၊၅၊၂၂၉) (ဝိ၊မြန်၊၅။၃၁၇။)♦

ဝိနည်းဓိုရ် ပညာရှိ အင်္ဂါ ၁၀ ပါး

၁။ အဓိကရုဏ်းကို သိခြင်း၊
၂။ အဓိကရုဏ်း၏ အရင်း မူလကို သိခြင်း၊
၃။ အဓိကရုဏ်းဖြစ်ခြင်း အကြောင်းကို သိခြင်း၊
၄။ အဓိကရုဏ်းချုပ်ခြင်းကို သိခြင်း၊
၅။ အဓိကရုဏ်းချုပ်ခြင်းသို့ ရောက်ကြောင်း အကျင့်ကို သိခြင်း၊
၆။ အမှုအကြောင်း (ဝတ္ထု) ကို သိခြင်း၊
၇။ နိဒါန်းသိခြင်း၊
၈။ မူလပညတ်ကို သိခြင်း၊
၉။ အနုပညတ်ကို သိခြင်း၊
၁၀။ ရှေ့နောက်ဆက်စပ်သော စကားလမ်းကြောင်း (အနုသန္ဓိဝစနပထ) ကို သိခြင်း။ (ဝိ၊၅၊၂၄၆။) (ဝိ၊မြန်၊၅။၃၃၇။)♦

ဝိနည်းဓိုရ် ပညာရှိ အင်္ဂါ ၁၀ ပါး (တစ်နည်း)

၁။ ဉတ်ကို သိခြင်း၊
၂။ ဉတ်၏ ပြုဖွယ် ကိစ္စကို သိခြင်း၊
၃။ ရှေးဆိုအပ်သော စကား၌ လိမ္မာခြင်း၊
၄။ နောက်ဆိုအပ်သော စကား၌ လိမ္မာခြင်း၊
၅။ အခါကို သိခြင်း၊
၆။ အာပတ် ဟုတ်သည် မဟုတ်သည်ကို သိခြင်း၊
၇။ ပေါ့သော အာပတ်, လေးသော အာပတ်ကို သိခြင်း၊
၈။ အကြွင်းရှိသော အာပတ်, အကြွင်းမရှိသော အာပတ်ကို သိခြင်း၊
၉။ ရုန့်ရင်းကြမ်းတမ်းသော အာပတ်, မရုန့်ရင်း မကြမ်းတမ်းသော အာပတ်ကို သိခြင်း၊
၁၀။ ဆရာအဆက်ဆက်ဝါဒကို ကောင်းစွာ သင်ယူ, မှတ်သား ဆောင်ထားခြင်း။ (ဝိ၊၅၊၂၄၇။) (ဝိ၊မြန်၊၅။၃၃၇-၈။)♦

ဝိနည်းဓိုရ် ပညာရှိ အင်္ဂါ ၁၀ ပါး (တစ်နည်း)

၁။ အာပတ်ဟုတ်သည် မဟုတ်သည်ကို သိခြင်း၊
၂။ ပေါ့သော အာပတ်, လေးသော အာပတ်ကို သိခြင်း၊
၃။ အကြွင်းရှိသော အာပတ်၊ အကြွင်းမရှိသော အာပတ်ကို သိခြင်း၊
၄။ ရုန့်ရင်း ကြမ်းတမ်းသော အာပတ် မရုန့်ရင်း မကြမ်းတမ်းသော အာပတ်ကို သိခြင်း၊
၅။ ပါတိမောက်နှစ်ပါးကို ကောင်းစွာ ရသဖြင့် သုတ်မာတိကာအားဖြင့် ဖြစ်စေ၊ ဝိဘင်းအကျယ်အားဖြင့် ဖြစ်စေ, ကောင်းစွာ ဆုံးဖြတ် နိုင်ခြင်း၊
၆။ အာပတ် ဟုတ်သည် မဟုတ်သည်ကို သိခြင်း၊
၇။ ပေါ့သော အာပတ်, လေးသော အာပတ်ကို သိခြင်း၊
၈။ အကြွင်းရှိသော အာပတ်၊ အကြွင်းမရှိသော အာပတ်ကို သိခြင်း၊
၉။ ရုန့်ရင်း ကြမ်းတမ်းသော အာပတ်, မရုန့်ရင်း မကြမ်းတမ်းသော အာပတ်ကို သိခြင်း၊
၁၀။ အဓိကရုဏ်းကို ဆုံးဖြတ်ခြင်း၌ လိမ္မာခြင်း။ (ဝိ၊၅၊၂၄၇။) (ဝိ၊မြန်၊၅။၃၃၈။)♦

ဝိနည်းဓိုရ် ပညာရှိ အင်္ဂါ ၅ ပါး

၁။ အာပတ်ဟုတ်သည် မဟုတ်သည်ကို သိခြင်း၊
၂။ ပေါ့သော အာပတ် လေးသော အာပတ်ကို သိခြင်း၊
၃။ အကြွင်းရှိသော အာပတ် အကြွင်းမရှိသော အာပတ်ကို သိခြင်း၊
၄။ ရုန့်ရင်းသော အာပတ် မရုန့်ရင်းသော အာပတ်ကို သိခြင်း၊
၅။ ပါတိမောက် နှစ်ပါးကို အကျယ်အားဖြင့် နှုတ်တက်ရခြင်း ဝေဖန် ရွတ်ဆိုနိုင်ခြင်း၊ ပါဠိ အဋ္ဌကထာအားဖြင့် ကောင်းစွာ ဆုံးဖြတ်နိုင်ခြင်း။ (ဝိ၊၅၊၂၃၂။) (ဝိ၊မြန်၊၅။၃၂၃။)♦

ဝိနည်းဓိုရ် ပညာရှိ အင်္ဂါ ၅ ပါး (တစ်နည်း)

၁။ အာပတ်ဟုတ်သည် မဟုတ်သည်ကို သိခြင်း၊
၂။ ပေါ့သော အာပတ် လေးသော အာပတ်ကို သိခြင်း၊
၃။ အကြွင်းရှိသော အာပတ်အကြွင်း မရှိသော အာပတ်ကို သိခြင်း၊
၄။ ရုန့်ရင်းသော အာပတ် မရုန့်ရင်းသော အာပတ်ကို သိခြင်း၊
၅။ အဓိကရုဏ်းကို ဆုံးဖြတ်ခြင်း၌လည်း ကျွမ်းကျင်ခြင်း။ (ဝိ၊၅၊၂၃၃။) (ဝိ၊မြန်၊၅။၃၂၃။)♦

ဝိနည်းဓိုရ် ပညာရှိ အင်္ဂါ ၅ ပါး (တစ်နည်း)

၁။ အာပတ်ကို သိခြင်း၊
၂။ အာပတ်၏ အရင်းမူလကို သိခြင်း၊
၃။ အာပတ်ဖြစ်ကြောင်း သမုဋ္ဌာန်ကို သိခြင်း၊
၄။ အာပတ်ချုပ်ခြင်းကို သိခြင်း၊
၅။ အာပတ်ချုပ်ခြင်းသို့ ရောက်သော အကျင့်ကို သိခြင်း။ (ဝိ၊၅၊၂၃၂။) (ဝိ၊မြန်၊၅။၃၂၁။)♦

ဝိနည်းဓိုရ် ပညာရှိ အင်္ဂါ ၅ ပါး (တစ်နည်း)

၁။ အဓိကရုဏ်းကို သိခြင်း၊
၂။ အဓိကရုဏ်း၏ အရင်းမူလကို သိခြင်း၊
၃။ အဓိကရုဏ်း ဖြစ်ကြောင်း သမုဋ္ဌာန်ကို သိခြင်း၊
၄။ အဓိကရုဏ်း ချုပ်ခြင်းကို သိခြင်း၊
၅။ အဓိကရုဏ်း ချုပ်ခြင်းသို့ ရောက်သော အကျင့်ကို သိခြင်း။ (ဝိ၊၅၊၂၃၂။) (ဝိ၊မြန်၊၅။၃၂၂။)♦

ဝိနည်းဓိုရ် ပညာရှိ အင်္ဂါ ၅ ပါး (တစ်နည်း)

၁။ဝတ္ထုကို သိခြင်း၊
၂။ နိဒါန်းကို သိခြင်း၊
၃။ (မူလ) ပညတ်ကို သိခြင်း၊
၄။ အနူပညတ်ကို သိခြင်း၊
၅။ဝတ္ထုကို သိခြင်း။ (ဝိ၊၅၊၂၃၂။) (ဝိ၊မြန်၊၅။၃၂၂။)♦

ဝိနည်းဓိုရ် ပညာရှိ အင်္ဂါ ၅ ပါး (တစ်နည်း)

၁။ ဉတ်ကို သိခြင်း၊
၂။ ဉတ်၏ ပြုဖွယ်ကိစ္စကို သိခြင်း၊
၃။ ရှေးဆိုအပ်သော စကား၌ ကျွမ်းကျင်ခြင်း၊
၄။ နောက်ဆိုအပ်သော စကား၌ ကျွမ်းကျင်ခြင်း၊
၅။ အခါကိုလည်း သိခြင်း။ (ဝိ၊၅၊၂၃၂။) (ဝိ၊မြန်၊၅။၃၂၂။)♦

ဝိနည်းဓိုရ် ပညာရှိ အင်္ဂါ ၅ ပါး (တစ်နည်း)

၁။ အာပတ်ဟုတ်သည် မဟုတ်သည်ကို သိခြင်း၊
၂။ ပေါ့သော အာပတ် လေးသော အာပတ်ကို သိခြင်း၊
၃။ အကြွင်းရှိသော အာပတ်၊ အကြွင်းမရှိသော အာပတ်ကို သိခြင်း၊
၄။ ရုန့်ရင်းသော အာပတ် မရုန့်ရင်းသော အာပတ်ကို သိခြင်း၊
၅။ ဆရာအဆက်ဆက်ဝါဒကို ကောင်းစွာ သင်ယူနှလုံးသွင်း ဆောင်ယူခဲ့ခြင်း။ (ဝိ၊၅၊၂၃၂။) (ဝိ၊မြန်၊၅။၃၂၂။)♦

ဝိနည်းဓိုရ် လက္ခဏာ ၃ ပါး

၁။ ဝိနည်းဓိုရ်ပုဂ္ဂိုလ်သည် ဝိနည်းပါဠိတော်ကို ကောင်းစွာ အာရုံရ၍ ပါဠိတော်အားဖြင့်လည်းကောင်း အဋ္ဌကထာအားဖြင့်လည်းကောင်း ကောင်းစွာ ဆုံးဖြတ် နိုင်ခြင်း၊
၂။ ဝိနည်းဓိုရ်ပုဂ္ဂိုလ်သည် ဝိနည်းအကျင့်၌ ကောင်းစွာ တည်လျက် ပရဝါဒီပုဂ္ဂိုလ်တို့ မဆွဲ ဆောင်နိုင်ခြင်း၊
၃။ ဆရာသမား အစဉ်အဆက်တို့၏ အဆုံးအဖြတ်ကို ကောင်းစွာ သင်ယူ မှတ်သား ဆောင်ထားခြင်း။ (ဝိ၊ဋ္ဌ၊၁၊၁၉၉။)♦

ဝိနည်းဓိုရ် အင်္ဂါ ၇ ပါး

၁။ အာပတ်ကို သိခြင်း၊
၂။ အာပတ်မဟုတ်သည်ကို သိခြင်း၊
၃။ ပေါ့သော အာပတ်ကို သိခြင်း၊
၄။ လေးသော အာပတ်ကို သိခြင်း၊
၅။ အကြားအမြင် ဗဟုဿုတနှင့် ပြည့်စုံခြင်း၊
၆။ အလိုရှိတိုင်း ဈာန်သမာဓိကို ရခြင်း၊
၇။ အာသဝေါတရား ကုန်၍ အရတ္တဖိုလ်ကို မျက်မှောက်ပြု ခြင်း။ (ဝိ၊၅၊၂၄၀။) (ဝိ၊မြန်၊၅။၃၃၀။)♦

ဝိနည်းဓိုရ် အင်္ဂါ ၇ ပါး

၁။ အာပတ်ကို သိခြင်း၊
၂။ အာပတ်မဟုတ်သည်ကို သိခြင်း၊
၃။ ပေါ့သော အာပတ်ကို သိခြင်း၊
၄။ လေးသော အာပတ်ကို သိခြင်း၊
၅။ ပါတိမောက်နှစ်ပါးကို အကျယ် အားဖြင့် ကျေကျေပြွန်ပြွန် ရခြင်း၊
၆။ အလိုရှိတိုင်း ဈာန်သမာဓိကို ရခြင်း၊
၇။ အာသဝေါ တရား ကုန်၍ အရဟတ္တဖိုလ်ကို မျက်မှောက်ပြုခြင်း။ (ဝိ၊၅၊၂၄၁-၂၄၂။) (ဝိ၊မြန်၊၅။၃၃၀-၃၃၃။)♦

ဝိနည်းဓိုရ် အင်္ဂါ ၇ ပါး (တစ်နည်း)

၁။ အာပတ်ကို သိခြင်း၊
၂။ အာပတ်မဟုတ်သည်ကို သိခြင်း၊
၃။ ပေါ့သော အာပတ်ကို သိခြင်း၊
၄။ လေးသော အာပတ်ကို သိခြင်း၊
၅။ ပါတိမောက္ခ သံဝရသီလနှင့် ပြည့်စုံလျက် အနည်းငယ်မျှသော အပြစ်တို့၌ ဘေးဟု ရှုလေ့ရှိခြင်း၊
၆။ ဈာန် လေးပါးတို့ကို အလိုရှိတိုင်း မပင်မပန်းဘဲ ရခြင်း၊
၇။ အာသဝေါတရားတို့ ကုန်ခန်းခြင်းကြောင့် အရဟတ္တဖိုလ်ကို မျက်မှောက်ပြု၍ နေခြင်း။ (ဝိ၊၅၊၂၄၀။) (ဝိ၊မြန်၊၅။၃၃၀။)♦

ဝိနည်းဓိုရ်ပုဂ္ဂိုလ် ပြည့်စုံရမည့် အင်္ဂါ ၇ ပါး

၁။ အာပတ်ကို သိခြင်း၊
၂။ အာပတ် မဟုတ်သည်ကို သိခြင်း၊
၃။ လဟုကအာပတ်ကို သိခြင်း၊
၄။ ဂရုကအာပတ်ကို သိခြင်း၊
၅။ သီလရှိခြင်း၊
၆။ သိက္ခာပုဒ်၌ ဆောက်တည်၍ ကျင့်ခြင်း၊
၇။ ဈာန်မဂ်ဖိုလ်သို့ ရောက်ခြင်း။ (အံ၊၂၊၅၀၄။) (အံ၊မြန်၊၂။၆၂၈။)♦

ဝိနည်းဓိုရ်ပုဂ္ဂိုလ် ပြည့်စုံရမည့် အင်္ဂါ ၇ ပါး (တစ်နည်း)

၁။ အာပတ်ကို သိခြင်း၊
၂။ အာပတ် မဟုတ်သည်ကို သိခြင်း၊
၃။ လဟုကအာပတ်ကို သိခြင်း၊
၄။ ဂရုကအာပတ်ကို သိခြင်း၊
၅။ ပါတိမောက်နှှစ်မျိုးတို့သည် အကျယ်အားဖြင့် နှုတ်၌ လာကုန်ခြင်း၊
၆။ ဝိဘင်းအားဖြင့် လည်းကောင်း ခန္ဓကအားဖြင့်လည်းကောင်း ကောင်းစွာ ဝေဖန် ဆုံးဖြတ်အပ်ခြင်း၊
၇။ ဈာန်မဂ် ဖိုလ်သို့ ရောက်နေခြင်း။ (အံ၊၂၊၅၀၅။) (အံ၊မြန်၊၂။၆၂၉။)♦

ဝိနည်းဓိုရ်ပုဂ္ဂိုလ် ပြည့်စုံရမည့် အင်္ဂါ ၇ ပါး (တစ်နည်း)

၁။ အာပတ်ကို သိခြင်း၊
၂။ အာပတ် မဟုတ်သည်ကို သိခြင်း၊
၃။ လဟုကအာပတ်ကို သိခြင်း၊
၄။ ဂရုကအာပတ်ကို သိခြင်း၊
၅။ ဝိနည်း၌ (လဇ္ဇီပုဂ္ဂိုလ်အဖြစ်ဖြင့်) တည်လျက် ပြောင်းရွှေ့မှု မရှိခြင်း၊
၆။ ဈာန်လေးပါး တို့ကို အလိုရှိတိုင်း ရခြင်း၊
၇။ အရဟတ္တဖိုလ်သို့ ရောက်၍ နေခြင်း။ (အံ၊၂၊၅၀၅။) (အံ၊မြန်၊၂။၆၂၉။)♦

ဝိနည်းဓိုရ်ပုဂ္ဂိုလ် ပြည့်စုံရမည့် အင်္ဂါ ၇ ပါး (တစ်နည်း)

၁။ အာပတ်ကို သိခြင်း၊
၂။ အာပတ် မဟုတ်သည်ကို သိခြင်း၊
၃။ လဟုကအာပတ်ကို သိခြင်း၊
၄။ ဂရုကအာပတ်ကို သိခြင်း၊
၅။ များပြားသော ရှေးက ဖြစ်ဖူးသည်ကို အောက်မေ့နိုင်ခြင်း၊
၆။ ဒိဗ္ဗစက္ခုအဘိညာဉ်ဖြင့် ပြည့်စုံခြင်း၊
၇။ အရဟတ္တဖိုလ်ပညာကို ထူးသော ဉာဏ်ဖြင့် သိခြင်း။ (အံ၊၂၊၅၀၅။) (အံ၊မြန်၊၂။၆၃၀။)♦

ဝိနည်းဓိုရ်ပုဂ္ဂိုလ် ရရှိအပ်သော အကျိုး ၅ ပါး (ပါဠိတော်လာ)

၁။ မိမိ သီလဂုဏ်ကို ကောင်းစွာ လုံခြုံစေနိုင်ခြင်း၊
၂။ ဝိနည်း၌ ကုက္ကုစ္စရှိသော ရဟန်းတို့၏ ကိုးကွယ်အားထားရာ ဖြစ်ခြင်း၊
၃။ သံဃပရိသတ်အလယ်၌ ကြောက်ရွံ့ခြင်း ကင်း၍ ရဲတင်းစွာ ပြောဆိုနိုင်ခြင်း၊
၄။ သာသနာ တော်၏ ဆန့်ကျင်ဘက်ဖြစ်သော ရဟန်းတို့ကို ဝိနည်းနှင့် အညီ ကောင်းစွာ နှိမ်နင်းနိုင်ခြင်း၊
၅။ သာသနာတော် တည်ခြင်းငှာ ကျင့်နိုင်ခြင်း။ (ဝိ၊၅၊၂၃၆။) (ဝိ၊မြန်၊၅။၃၂၆။) (ဝိ၊ဋ္ဌ၊၃၊၁၄၁။)♦

ဝိနည်းဓိုရ်ဖြစ်ကြောင်း အင်္ဂါ ၇ ပါး (တင့်တယ်သော ဝိနည်းဓိုရ်ဖြစ်ကြောင်း အင်္ဂါ ၇ ပါး)

၁။ အာပတ်ကို သိခြင်း၊
၂။ အာပတ်မဟုတ်သည်ကို သိခြင်း။၃။ ပေါ့သော အာပတ်ကို သိခြင်း၊
၄။ လေးသော အာပတ်ကို သိခြင်း၊
၅။ အကြားအမြင် ဗဟုဿုတနှင့် ပြည့်စုံခြင်း၊
၆။ အလို ရှိတိုင်း ဈာန်လေးပါးတို့ကို ရခြင်း၊
၇။ အာသဝေါတရားတို့၏ ကုန်ခန်းခြင်းကြောင့် အရဟတ္တ ဖိုလ်ကို မျက်မှောက်ပြု၍ နေခြင်း။ (ဝိ၊၅၊၂၄၂။) (ဝိ၊မြန်၊၅။၃၃၃။)♦

ဝိနည်းဓိုရ်ဖြစ်ကြောင်း အင်္ဂါ ၇ ပါး (တစ်နည်း) (တင့်တယ်သော ဝိနည်းဓိုရ်ဖြစ်ကြောင်း အင်္ဂါ ၇ ပါး)

၁။ အာပတ်ကို သိခြင်း၊
၂။ အာပတ်မဟုတ်သည်ကို သိခြင်း၊
၃။ ပေါ့သော အာပတ်ကို သိခြင်း၊
၄။ လေးသော အာပတ်ကို သိခြင်း၊
၅။ ပါတိမောက်နှစ်ပါးကို အကျယ်အားဖြင့် ကျေကျေပြွန်ပြွန် ရခြင်း၊
၆။ အလိုရှိတိုင်း ဈာန်သမာဓိကို ရခြင်း၊
၇။ အာသဝေါတရား ကုန်ခန်း ခြင်းကြောင့် အရဟတ္တဖိုလ်ကို မျက်မှောက်ပြု၍ နေခြင်း။ (ဝိ၊၅၊၂၄၂။) (ဝိ၊မြန်၊၅။၃၃၃။)♦

ဝိနည်းဓိုရ်မထေရ် ၂ ပါး

၁။ အရှင် ဥပတိဿမထေရ်၊
၂။ အရှင်ဖုဿဒေဝမထေရ်။ (ဝိ၊ဋ္ဌ၊၁၊၂၂၈။)♦

ဝိနည်းဓိုရ်မိုက် အင်္ဂါ ၁၀ ပါး

၁။ အဓိကရုဏ်းကို မသိခြင်း၊
၂။ အဓိကရုဏ်း၏ အရင်းမူလကို မသိခြင်း၊
၃။ အဓိကရုဏ်းဖြစ်ခြင်း အကြောင်းကို မသိခြင်း၊
၄။ အဓိကရုဏ်းချုပ်ခြင်းကို မသိခြင်း၊
၅။ အဓိကရုဏ်းချုပ်ခြင်းသို့ ရောက်ကြောင်း အကျင့်ကို မသိခြင်း၊
၆။ အမှု အကြောင်း (ဝတ္ထု) ကို မသိခြင်း၊
၇။ နိဒါန်းမသိခြင်း၊
၈။ မူလပညတ်ကို မသိခြင်း၊
၉။ အနုပညတ်ကို မသိခြင်း၊
၁၀။ဝတ္ထုကို မသိခြင်း။ (ဝိ၊၅၊၂၄၆။) (ဝိ၊မြန်၊၅။၃၃၇။)♦

ဝိနည်းဓိုရ်မိုက် အင်္ဂါ ၁၀ ပါး (တစ်နည်း)

၁။ ဉတ်ကို မသိခြင်း၊
၂။ ဉတ်၏ ပြုဖွယ်ကိစ္စကို မသိခြင်း၊
၃။ ရှေးဆိုအပ်သော စကား၌ မကျွမ်းကျင်ခြင်း၊
၄။ နောက်ဆိုအပ်သော စကား၌ မကျွမ်းကျင်ခြင်း၊
၅။ အခါကို မသိခြင်း၊
၆။ အာပတ် ဟုတ်သည် မဟုတ်သည်ကို မသိခြင်း၊
၇။ ပေါ့သောအာပတ် လေးသောအာပတ်ကိုမသိခြင်း၊
၈။ အကြွင်းရှိသောအာပတ် အကြွင်း မရှိသော အာပတ်ကို မသိခြင်း၊
၉။ ရုန့်ရင်းကြမ်းတမ်းသောအာပတ် မရုန့်ရင်း မကြမ်းတမ်းသော အာပတ်ကို မသိခြင်း၊
၁၀။ ဆရာအဆက်ဆက်ဝါဒကို ကောင်းစွာ မသင်ယူ မဆောင်ခဲ့ရခြင်း။ (ဝိ၊၅၊၂၄၆။) (ဝိ၊မြန်၊၅။၃၃၇။)♦

ဝိနည်းဓိုရ်မိုက် အင်္ဂါ ၁၀ ပါး (တစ်နည်း)

၁။ အာပတ်ဟုတ်သည် မဟုတ်သည်ကို မသိခြင်း၊
၂။ ပေါ့သော အာပတ် လေးသော အာပတ်ကို မသိခြင်း၊
၃။ အကြွင်းရှိသော အာပတ်၊ အကြွင်း မရှိသော အာပတ်ကို မသိခြင်း၊
၄။ ရုန့်ရင်းကြမ်းတမ်းသော အာပတ် မရုန့်ရင်း မကြမ်းတမ်းသော အာပတ်ကို မသိခြင်း၊
၅။ ပါတိမောက် နှစ်ပါးကို မရ၊ သုတ်မာတိကာအားဖြင့် ဖြစ်စေ၊ ဝိဘင်းအကျယ်အားဖြင့် ဖြစ်စေ ကောင်းစွာ မဆုံးဖြတ်နိုင်ခြင်း၊
၆။ အာပတ်ဟုတ်သည် မဟုတ် သည်ကို မသိခြင်း၊
၇။ ပေါ့သော အာပတ် လေးသော အာပတ်ကို မသိခြင်း၊
၈။ အကြွင်း ရှိသော အာပတ်၊ အကြွင်းမရှိသော အာပတ်ကို မသိခြင်း၊
၉။ ရုန့်ရင်းကြမ်းတမ်းသော အာပတ် မရုန့်ရင်း မကြမ်းတမ်းသော အာပတ်ကို မသိခြင်း၊
၁၀။ အဓိကရုဏ်းကို ဆုံးဖြတ်ခြင်း၌ မကျွမ်းကျင်ခြင်း။ (ဝိ၊၅၊၂၄၇။) (ဝိ၊မြန်၊၅။၃၃၈။)♦

ဝိနည်းဓိုရ်မိုက် အင်္ဂါ ၅ ပါး

၁။ အာပတ်ဟုတ်သည် မဟုတ်သည်ကို မသိခြင်း၊
၂။ ပေါ့သော အာပတ် လေးသော အာပတ်ကို မသိခြင်း၊
၃။ အကြွင်းရှိသော အာပတ် အကြွင်းမရှိသော အာပတ်ကို မသိခြင်း၊
၄။ ရုန့်ရင်းသော အာပတ် မရုန့်ရင်းသော အာပတ်ကို မသိခြင်း၊
၅။ ပါတိမောက် နှစ်ပါးကို အကျယ်မဝေဖန် မရွတ်ဆို ကောင်းစွာ မဆုံးဖြတ်နိုင်ခြင်း။ (ဝိ၊၅၊၂၃၂။) (ဝိ၊မြန်၊၅။၃၂၂။)♦

ဝိနည်းဓိုရ်မိုက် အင်္ဂါ ၅ ပါး (တစ်နည်း)

၁။ အာပတ်ကို မသိခြင်း၊
၂။ အာပတ်၏ အရင်းမူလကို မသိခြင်း၊
၃။ အာပတ်ဖြစ်ကြောင်း သမုဋ္ဌာန်ကို မသိခြင်း၊
၄။ အာပတ်ချုပ်ခြင်းကို မသိခြင်း၊
၅။ အာပတ်ချုပ်ခြင်းသို့ ရောက်သော အကျင့်ကို မသိခြင်း။ (ဝိ၊၅၊၂၃၁။) (ဝိ၊မြန်၊၅။၃၂၁။)♦

ဝိနည်းဓိုရ်မိုက် အင်္ဂါ ၅ ပါး (တစ်နည်း)

၁။ အဓိကရုဏ်းကို မသိခြင်း၊
၂။ အဓိကရုဏ်း၏ အရင်းမူလကို မသိခြင်း၊
၃။ အဓိကရုဏ်းဖြစ်ကြောင်း သမုဋ္ဌာန်ကို မသိခြင်း၊
၄။ အဓိကရုဏ်း ချုပ်ခြင်းကို မသိခြင်း၊
၅။ အဓိကရုဏ်းချုပ်ခြင်းသို့ ရောက်သော အကျင့်ကို မသိခြင်း။ (ဝိ၊၅၊၂၃၂။) (ဝိ၊မြန်၊၅။၃၂၁။)♦

ဝိနည်းဓိုရ်မိုက် အင်္ဂါ ၅ ပါး (တစ်နည်း)

၁။ဝတ္ထု (အမှု) ကို မသိခြင်း၊
၂။ အကြောင်း (နိဒါန်း) ကို မသိခြင်း၊ ၃။(မူလ) ပညတ်ကို မသိခြင်း၊
၄။ အနူပညတ်ကို မသိခြင်း၊
၅။ဝတ္ထုကို မသိခြင်း။ (ဝိ၊၅၊၂၃၂။) (ဝိ၊မြန်၊၅။၃၂၂။)♦

ဝိနည်းဓိုရ်မိုက် အင်္ဂါ ၅ ပါး (တစ်နည်း)

၁။ ဉတ်ကို မသိခြင်း၊
၂။ ဉတ်၏ ပြုဖွယ်ကိစ္စကို မသိခြင်း၊
၃။ ရှေ့ဆိုအပ်သော စကား၌ မကျွမ်းကျင်ခြင်း၊
၄။ နောက်ဆိုအပ်သော စကား၌ မကျွမ်းကျင် ခြင်း၊
၅။ အခါကိုလည်း မသိခြင်း။ (ဝိ၊၅၊၂၃၂။) (ဝိ၊မြန်၊၅။၃၂၂။)♦

ဝိနည်းဓိုရ်မိုက် အင်္ဂါ ၅ ပါး (တစ်နည်း)

၁။ အာပတ်ဟုတ်သည် မဟုတ်သည်ကို မသိခြင်း၊
၂။ ပေါ့သော အာပတ် လေးသော အာပတ်ကို မသိခြင်း၊
၃။ အကြွင်းရှိသော အာပတ် အကြွင်း မရှိသော အာပတ်ကို မသိခြင်း၊
၄။ ရုန့်ရင်းသော အာပတ် မရုန့်ရင်းသော အာပတ်ကို မသိခြင်း၊
၅။ ဆရာအဆက်ဆက်ဝါဒကို ကောင်းစွာ မသင်ယူ နှလုံးမသွင်း မဆောင်ခဲ့ရခြင်း။ (ဝိ၊၅၊၂၃၂။) (ဝိ၊မြန်၊၅။၃၂၂။)♦

ဝိနည်းဓိုရ်မိုက်အင်္ဂါ ၅ ပါး (တစ်နည်း)

၁။ အာပတ်ဟုတ်သည် မဟုတ်သည်ကို မသိခြင်း၊
၂။ ပေါ့သော အာပတ် လေးသော အာပတ်ကို မသိခြင်း၊
၃။ အကြွင်းရှိသော အာပတ် အကြွင်း မရှိသော အာပတ်ကို မသိခြင်း၊
၄။ ရုန့်ရင်းသော အာပတ် မရုန့်ရင်းသော အာပတ်ကို မသိခြင်း၊
၅။ အဓိကရုဏ်းကို ဆုံးဖြတ်ခြင်း၌လည်း မကျွမ်းကျင်ခြင်း။ (ဝိ၊၅၊၂၃၂။) (ဝိ၊မြန်၊၅။၃၂၂။)♦

ဝိနည်းဓိုရ်အား တင့်တယ်စေသည့် တရား ၇ ပါး

၁။ အာပတ်ကို သိခြင်း၊
၂။ အာပတ်မဟုတ် သည်ကို သိခြင်း၊
၃။ လဟုကအာပတ်ကို သိခြင်း၊
၄။ ဂရုကအာပတ်ကို သိခြင်း၊
၅။ သီလ ရှိခြင်း၊
၆။ သိက္ခာပုဒ်၌ ဆောက်တည်၍ ကျင့်ခြင်း၊
၇။ ဈာန် မဂ်ဖိုလ်သို့ ရောက်၍ နေခြင်း။ (အံ၊၂၊၅၀၅။) (အံ၊မြန်၊၂။၆၃၀။)♦

ဝိနည်းဓိုရ်အား တင့်တယ်စေသည့် တရား ၇ ပါး (တစ်နည်း)

၁။ အာပတ်ကို သိခြင်း၊
၂။ အာပတ် မဟုတ်သည်ကို သိခြင်း၊
၃။ လဟုကအာပတ်ကို သိခြင်း၊
၄။ ဂရုကအာပတ်ကို သိခြင်း၊
၅။ ပါတိမောက် နှစ်မျိုးတို့သည် အကျယ်အားဖြင့် နှုတ်၌လာကုန်ခြင်း၊
၆။ ကောင်းစွာ ဝေဖန် ဆုံးဖြတ်အပ်ကုန်ခြင်း၊
၇။ ဈာန်မဂ်ဖိုလ်သို့ ရောက်၍ နေခြင်း။ (အံ၊၂၊၅၀၅။) (အံ၊မြန်၊၂။၆၃၀။)♦

ဝိနည်းဓိုရ်အား တင့်တယ်စေသည့် တရား ၇ ပါး (တစ်နည်း)

၁။ အာပတ်ကို သိခြင်း၊
၂။ အာပတ် မဟုတ်သည်ကို သိခြင်း၊
၃။ လဟုကအာပတ်ကို သိခြင်း၊
၄။ ဂရုက အာပတ်ကို သိခြင်း၊
၅။ ဝိနည်း၌တည်လျက် ပြောင်းရွေ့မှု မရှိခြင်း၊
၆။ ဈာန်လေးပါးတို့ကို အလိုရှိတိုင်း ရခြင်း၊
၇။ အရဟတ္တဖိုလ်သို့ ရောက်၍ နေခြင်း။ (အံ၊၂၊၅၀၆။) (အံ၊မြန်၊၂။၆၃၁။)♦

ဝိနည်းဓိုရ်အား တင့်တယ်စေသည့် တရား ၇ ပါး(တစ်နည်း)

၁။ အာပတ်ကို သိခြင်း၊
၂။ အာပတ် မဟုတ်သည်ကို သိခြင်း၊
၃။ လဟုကအာပတ်ကို သိခြင်း၊
၄။ ဂရုကအာပတ်ကို သိခြင်း၊
၅။ များပြားသော ရှေးက ဖြစ်ဖူးသည်ကို အောက်မေ့နိုင်ခြင်း၊
၆။ ဒိဗ္ဗစက္ခုဉာဏ်အမြင်နှင့် ပြည့်စုံခြင်း၊
၇။ ဈာန်မဂ်ဖိုလ်သို့ ရောက်၍ နေခြင်း။ (အံ၊၂၊၅၀၆။) (အံ၊မြန်၊၂။၆၃၁။)♦

ဝိနယ ၂ မျိုး

၁။ အဂါရိကဝိနယ- အကုသလကမ္မပထတရား ဆယ်ပါးမှ ရှောင်ကြဉ်ခြင်း၊
၂။ အနဂါရိကဝိနယ- အာပတ်ခုနစ်ဖုံ မသင့်ရောက်ခြင်း။ (ခုဒ္ဒက၊ဋ္ဌ၊၁၁၃။) (သုတ္တနိ၊ဋ္ဌ၊၂၊၁၉။)♦

ဝိနယ ၄ မျိုး

၁။ သံဝရဝိနယ၊
၂။ ပဟာနဝိနယ၊
၃။ သမထဝိနယ၊
၄။ ပညတ္တိဝိနယ။ (အံ၊ဋ္ဌ၊၃၊၃၀၉။)♦

ဝိနိစ္ဆယ ၂ မျိုး

ဆုံးဖြတ်ခြင်း ၂ မျိုးနှင့် တူသည်။ ♦

ဝိနိစ္ဆယ ၄ မျိုး

ဆုံးဖြတ်ခြင်း ၄ မျိုးနှင့် တူသည်။ ♦

ဝိနီတဝတ္ထု ၅ ပါး

၁။ ပါရာဇိက သံဃာဒိသိသ် ပါစိတ် ပါဋိဒေသနီ ဒုက္ကဋ် ဟူသော ငါးပါးသော အာပတ်အစုတို့မှ ဝေးစွာ ကြဉ်ရှောင်ခြင်း၊ ကင်း၍ ကြဉ်ရှောင်ခြင်း၊ အသီးအသီး ကင်း၍ ကြဉ်ရှောင်ခြင်း၊ (ရာဂ အစရှိသော) ရန်ကို ဖျက်ဆီးခြင်း၊
၂။ မကျင့်ခြင်း မပြုခြင်း၊ ၃။(အာပတ် အစုသို့ လွန်ကျူး၍) မရောက်ခြင်း၊
၄။ (ပညတ်တည်းဟူသော) ကမ်းကို မလွန်ခြင်း၊
၅။ အာပတ် အစုကို ပယ်ဖျောက် ဖျက်ဆီးခြင်း။ (ဝိ၊၅၊၁၆၄။) (ဝိ၊မြန်၊၅။၂၄၃။)♦

ဝိနီတဝတ္ထု ၆ ပါး

၁။ မရိုသေခြင်း ခြောက်ပါးတို့မှ ဝေးစွာ ကြဉ်ရှောင်ခြင်း ကင်း၍ ကြဉ်ရှောင်ခြင်း အသီးအသီး ကင်း၍ ကြဉ်ရှောင်ခြင်း၊
၂။ (ရာဂအစရှိသော) ရန်ကို ဖျက်ဆီးခြင်း၊
၃။ မကျင့်ခြင်း မပြုခြင်း၊
၄။ (အာပတ််အစုသို့) လွန်ကျူး၍ မရောက်၊
၅။ (ပညတ်ဟူသော) ကမ်းကို မလွန်ခြင်း၊
၆။ အာပတ်အစုကို ပယ်ဖျောက် ဖျက်ဆီးခြင်း။ (ဝိ၊၅၊၁၆၅။) (ဝိ၊မြန်၊၅။၂၄၄။)♦

ဝိနီတဝတ္ထု ၇ ပါး

၁။ ခုနစ်ပါးသော အာပတ်အစုတို့မှ ဝေးစွာ ကြဉ်ရှောင်ခြင်း, ကင်း၍ ကြဉ်ရှောင်ခြင်း၊
၂။ အသီးအသီးကင်း၍ ကြဉ်ရှောင်ခြင်း၊
၃။ (ရာဂအစရှိသော) ရန်ကို ဖျက်ဆီးခြင်း၊
၄။ မကျင့်ခြင်း မပြုခြင်း၊
၅။ (အာပတ်အစုသို့ ) လွန်ကျူး၍ မရောက်ခြင်း၊
၆။ (ပညတ်တည်းဟူသော) ကမ်းကို မလွန်ခြင်း၊
၇။ အာပတ်အစုကို ပယ်ဖျောက် ဖျက်ဆီးခြင်း။ (ဝိ၊၅၊၁၆၅။) (ဝိ၊မြန်၊၅။၂၄၃။)♦

ဝိပတ္တိ ၃ မျိုး

၁။ သီလမရှိသူ၏ အဖြစ်သို့ ရောက်၍ ပျက်စီးခြင်း၊
၂။ မိစ္ဆာအယူရှိသူ၏ အဖြစ်သို့ ရောက်၍ ပျက်စီးခြင်း၊
၃။ စိတ်ပျံ့လွင့်ခြင်းသို့ ရောက်၍ ပျက်စီးခြင်း။ (ဒီ၊ဋ္ဌ၊၁၊၂၂-၂၃။) (ဒီ၊ဋ္ဌ၊မြန်၊၁။၃၉။)♦

ဝိပတ္တိ ၄ ပါး

၁။ ဂတိဝိပတ္တိ၊
၂။ ဥပဓိဝိပတ္တိ၊
၃။ ကာလဝိပတ္တိ၊
၄။ ပယောဂဝိပတ္တိ။ (အံ၊ဋ္ဌ၊၂၊၁၁၂။)(အဘိ၊၂။၃၅။)(အဘိ၊ဋ္ဌ၊၂၊၄၂။)♦

ဝိပတ္တိ ၄ ပါး

၁။ ပါရာဇိကနှင့် သံဃာဒိသ်တို့သည် သီလဝိပတ္တိ မည်၏။၂။ ထုလ္လစ္စဉ်း အာပတ်၊ ပါစိတ်အာပတ်၊ ပါဋိဒေသနီအာပတ်၊ ဒုက္ကဋ်အာပတ်၊ ဒုဗ္ဘာသီအာပတ်၊ ယင်းငါးမျိုးသည် အာစာရဝိပတ္တိ မည်၏၊
၃။ အယူဖောက်ပြန်၍ ယူခြင်း၊ စွပ်စွဲခြင်းတို့သည် ဒိဋ္ဌိဝိပတ္တိ မည်၏၊
၄။ ထင်ရှားမရှိဘဲ လူတို့၏ ကုသိုလ်ကမ္မပထတရားထက် လွန်မြတ်သော ဈာန်မဂ်ဖိုလ်တရား ဥတ္တရိမနုဿဓမ္မကို ပြောဆိုခြင်း၊ အသက်မွေးဝမ်းကျောင်းအဖြစ် အောင်သွယ်လုပ်ခြင်း၊ အသက်မွေးဝမ်းကျောင်းဟူသော အကြောင်းကြောင့် သင့်ကျောင်း၌ နေသော ရဟန်းသည် ရဟန္တာတည်းဟု ပြောဆိုခြင်း၊ အသက်မွေးဝမ်းကျောင်းဟူသော အကြောင်းကြောင့် ပဏီတဘောဇဉ်ကို တောင်း၍ စားခြင်း အသက်မွေးဝမ်းကျောင်းဟူသော အကြောင်းကြောင့် ထမင်းနှင့် ဟင်းကို တောင်း၍ စားခြင်း ဤအာပတ်ခြောက်ပါးတို့သည် အသက်မွေးမှု ပျက်စီးခြင်း အာဇီဝ၀ိပတ္တိ မည်၏။ (ဝိ၊၅၊၁၆၅။) (ဝိ၊၅၊၂၂၆။) (ဝိ၊၅၊၂၅၈။) (ဝိ၊ဋ္ဌ၊၄၊၁၃၉။) (ဝိ၊မြန်၊၅။၂၄၄။) (ဝိ၊မြန်၊၅။၃၁၄။) (ဝိ၊မြန်၊၅။၃၅၀။)♦

ဝိပရိယာသ တရား ၄ ပါး

ဖောက်ပြန်ခြင်းတရား ၄ မျိုးနှင့် တူသည်။ ♦

ဝိပရီတသညာ ၃ မျိုး

၁။ နိစ္စသညာ၊
၂။ သုခသညာ၊
၃။ အတ္တသညာ။ (နေတ္တိ၊ဝိဘာ၊၂၇၅။)♦

ဝိပလ္လာသ ၁၂ မျိုး

၁။ အနိစ္စအရာ၌ နိစ္စဟု အမှတ်သညာ ဖောက်ပြန်ခြင်း, စိတ် ဖောက်ပြန်ခြင်း, အယူ ဖောက်ပြန်ခြင်း ဟူသော ဝိပလ္လာသ (၃) မျိုး၊
၂။ ဒုက္ခအရာ၌ သုခဟု အမှတ်သညာ ဖောက်ပြန်ခြင်း, စိတ်ဖောက်ပြန်ခြင်း, အယူ ဖောက်ပြန်ခြင်း ဟူသော ဝိပလ္လာသ (၃) မျိုး၊
၃။ အသုဘအရာ၌ သုဘဟု အမှတ်သညာ ဖောက်ပြန်ခြင်း စိတ် ဖောက်ပြန်ခြင်း, အယူ ဖောက်ပြန်ခြင်း ဟူသော ဝိပလ္လာသ (၃) မျိုး၊
၄။ အနတ္တအရာ၌ အတ္တဟု အမှတ်သညာ ဖောက်ပြန်ခြင်း, စိတ် ဖောက်ပြန်ခြင်း, အယူ ဖောက်ပြန်ခြင်း ဟူသော ဝိပလ္လာသ (၃) မျိုး။ (သာရတ္ထ၊ဋီ၊၁၊၃၀၅။)♦

ဝိပလ္လာသ ၄ ပါး (တစ်နည်း)

၁။ အနိစ္စ၌ နိစ္စဟု နှလုံးသွင်းခြင်း၊
၂။ ဒုက္ခ၌ သုခဟု နှလုံး သွင်းခြင်း၊
၃။ အနတ္တ၌ အတ္တဟု နှလုံးသွင်းခြင်း၊
၄။ အသုဘ၌ သုဘဟု နှလုံးသွင်းခြင်း။ (ပဋိသံ၊ပါ။၂၇၃။) (ပဋိသံ၊မြန်။၃၃၀။)♦

ဝိပလ္လာသ ၄ ပါး (တစ်နည်း)

၁။ အသုဘ၌ သုဘဟု အမှတ်သညာ ဖောက်ပြန်ခြင်း၊
၂။ အသုဘ၌ သုဘဟု စိတ်ဖောက်ပြန်ခြင်း၊
၃။ ဒုက္ခ၌ သုခဟု အမှတ်သညာ ဖောက်ပြန်ခြင်း၊
၄။ ဒုက္ခ၌ သုခဟု စိတ်ဖောက်ပြန်ခြင်း။ (ဒီ၊ဋီ၊၂၊၁၄၉။)♦

ဝိပလ္လာသတရား ၄ ပါး

ဖောက်ပြန်ခြင်းတရား ၄ မျိုးနှင့် တူသည်။ ♦

ဝိပလ္လာသတရား ၄ ပါး (တစ်နည်း)

၁။ အနိစ္စတရား၌ နိစ္စဟု နှလုံးသွင်းသော အမှတ် သညာ၏ ဖောက်ပြန်ခြင်း, စိတ်၏ ဖောက်ပြန်ခြင်း, အယူ၏ ဖောက်ပြန်ခြင်း၊
၂။ ဒုက္ခတရား၌ သုခဟု နှလုံးသွင်းသော အမှတ်သညာ၏ ဖောက်ပြန်ခြင်း, စိတ်၏ ဖောက်ပြန်ခြင်း, အယူ၏ ဖောက်ပြန်ခြင်း၊
၃။ အနတ္တတရား၌ အတ္တဟု နှလုံးသွင်းသော အမှတ်သညာ၏ ဖောက်ပြန်ခြင်း, စိတ်၏ ဖောက်ပြန်ခြင်း, အယူ၏ ဖောက်ပြန်ခြင်း၊
၃။ အသုဘတရား၌ သုဘဟု နှလုံးသွင်းသော အမှတ်သညာ၏ ဖောက်ပြန်ခြင်း, စိတ်၏ဖောက်ပြန်ခြင်း, အယူ၏ ဖောက်ပြန်ခြင်း။ (ပေဋကော၊၂၄၇။)♦

ဝိပလ္လာသဝတ္ထု ၄ မျိုး

၁။ ကာယ၊
၂။ ဝေဒနာ၊
၃။ စိတ္တ၊
၄။ ဓမ္မ၊ (ပေဋကော၊၁၈၂။) (ပေဋကော၊ ၂၄၈။)♦

ဝိပဿနာ ၁၈ ပါး (မဟာဝိပဿနာ ၁၈ ပါး)

၁။ အနိစ္စာနုပဿနာ- တေဘူမကတရား အပေါင်းကို အနိစ္စဟု အဖန်ဖန် ရှုခြင်း၊
၂။ ဒုက္ခာနုပဿနာ- တေဘူမကတရားအပေါင်းကို ဒုက္ခဟု အဖန်ဖန် ရှုခြင်း၊
၃။ အနတ္တာနုပဿနာ- တေဘူမက တရားအပေါင်းကို အနတ္တဟု အဖန်ဖန် ရှုခြင်း၊
၄။ နိဗ္ဗိဒါနုပဿနာ- မြင်ပြီးသော လက္ခဏာရေးရှိသော တေဘူမက တရားအပေါင်း၌ ငြီးငွေ့သော အခြင်းအရာအားဖြင့် ဖြစ်၍ အဖန်ဖန် ရှုခြင်း၊
၅။ ဝိရာဂါနုပဿနာ- ငြီးငွေ့ ပြီးသော သင်္ခါရတို့၌ တပ်ခြင်းကင်းသော အခြင်းအရာအားဖြင့် ဖြစ်၍ အဖန်ဖန် ရှုခြင်း၊
၆။ နိရောဓာနုပဿနာ- သင်္ခါရတို့၏ ချုပ်ခြင်းကို အဖန်ဖန် ရှုခြင်း၊ ဝါ- နိဗ္ဗာန်ကို အဖန်ဖန် ရှုခြင်း၊
၇။ ပဋိနိဿဂ္ဂါနုပဿနာ- တေဘူမကသင်္ခါရ အပေါင်းကို စွန့်ခြင်း၏ အစွမ်းဖြင့် အဖန်ဖန် ရှုခြင်း။
၈။ ခယာနုပဿနာ- ကုန်ခြင်းပျက်ခြင်းကို အဖန်ဖန် ရှုခြင်း၊
၉။ ဝယာ နုပဿနာ- ချုပ်ခြင်းပျက်ခြင်းကို အဖန်ဖန် ရှုခြင်း၊
၁၀။ ဝိပရိဏာမာနုပဿနာ- ဖောက်ပြန် ခြင်းကို အဖန်ဖန် ရှုခြင်း၊
၁၁။ အနိမိတ္တာနုပဿနာ- နိစ္စနိမိတ်ကို ပယ်ခွါသောအားဖြင့် အဖန်ဖန် ရှုမှတ် ပွားများခြင်း၊
၁၂။ အပ္ပဏိဟိတာနုပဿနာ- တောင့်တခြင်း တဏှာပဏိဓိ မရှိသော အနုပဿနာ၊
၁၃။ သုညတာနုပဿနာ-အတ္တစသည်မှ ဆိတ်သည်ကို အဖန်ဖန် ရှုခြင်း၊
၁၄။ အဓိပညာ ဓမ္မဝိပဿနာ- လွန်ကဲမြင့်မြတ်သော ပညာဟု ဆိုအပ်သော ခန္ဓာ ၅-ပါး တရားတို့ကို အထူးထူးအပြားပြား ရှုတတ်သော ပညာ၊
၁၅။ ယထာဘူတ ဉာဏဒဿနာ- မဖောက်မပြန် ဟုတ်မှန်သည့်အတိုင်း မှန်မှန်ကန်ကန် သဘောအားလျော်စွာ သိသော ဉာဏ်အမြင်၊
၁၆။ အာဒီနဝါနုပဿနာ- အလုံးစုံသော ဘဝ, ယောနိ စသည် (တေဘူမက နာမ်ရုပ် သင်္ခါရတရား) တို့၌ (ကြောက်ဖွယ် ဘေးဆိုး အနေအားဖြင့် ထင်မြင်လာ ခြင်းကြောင့် ဖြစ်ပေါ်လာသော) အပြစ်မြင်သော အပြစ်အနာတို့ကို ရှုဆင်ခြင်တတ်သော ဝိပဿနာဉာဏ်၊
၁၇။ ပဋိသင်္ခါနုပဿနာ- တစ်ဖန် စူးစမ်းဆင်ခြင်၍ အဖန်ဖန်အထပ်ထပ် ရှုကြည့်တတ်သော ဉာဏ်၊
၁၈။ ဝိဝဋ္ဋာနုပဿနာ- ဝဋ်မှ ကင်းသော နိဗ္ဗာန်ကို အဖန်တလဲလဲ အာရုံပြုတတ်သော တရား။ (ဝိသုဒ္ဓိ၊၂၊၂၆၄။)♦

ဝိပဿနာ ၃ မျိုး

၁။ သင်္ခါရပရိဂဏှနက ဝိပဿနာ- သင်္ခါရတရားတို့ကို ဆင်ခြင် သိမ်းဆည်း တတ်သော ဝိပဿနာ၊
၂။ ဖလသမာပတ္တိ ဝိပဿနာ- ဖလသမာပတ်ကို ဝင်စားသော ဝိပဿနာ၊
၃။ နိရောဓသမာပတ္တိ ဝိပဿနာ- နိရောဓသမာပတ်ကို ဝင်စားသော ဝိပဿနာ။ (ပဋိသံ၊ဋ္ဌ၊၁၊၂၈၇။) (ဝိသုဒ္ဓိ၊၂၊၃၄၇။) (သာရတ္ထ၊ဋီ၊၁၊၃၈၁။)♦

ဝိပဿနာ ညစ်ညူးကြောင်း ၁၀ မျိုး

၁။ ဩဘာသ- ဝိပဿနာဉာဏ်ကြောင့် ဖြစ်သော အလင်းရောင်၊
၂။ ပီတိ- ဝိပဿနာဉာဏ်ကြောင့် ဖြစ်ပေါ်လာသော ခုဒ္ဒိကာ စသော ပီတိ၊
၃။ ဉာဏ- ဝိပဿနာ၏ အစွမ်းကြောင့်ဖြစ်သော အလွန်သန့်ရှင်းသော ဉာဏ်၊
၄။ ပဿဒ္ဓိ- ဝိပဿနာ၏ အစွမ်းကြောင့် ဖြစ်သော ကိုယ်စိတ်ငြိမ်းအေးခြင်း၊
၅။ သုခ- ဝိပဿနာ၏ အစွမ်းကြောင့် ဖြစ်သော အလွန် မွန်မြတ်သော ချမ်းသာ၊
၆။ အဓိမောက္ခ- ဝိပဿနာနှင့် ယှဉ်သော အားကြီးသော သဒ္ဓါ၊
၇။ ပဂ္ဂဟ- ဝိပဿနာနှင့် ယှဉ်သော ကောင်းစွာ ချီးမြှောက်အပ်သော ဝီရိယ၊
၈။ ဥပဋ္ဌာန- ဝိပဿနာနှင့် ယှဉ်သော အာရုံ၌ စွဲမြဲစွာ တည်သော သတိ၊
၉။ ဥပေက္ခာ- သင်္ခါရကို လျစ်လျူရှုခြင်း, ရုပ်နာမ်ဌာနတို့ကို ဆင်ခြင်ခြင်းဟု ဆိုအပ်သော ဝိပဿနုပေက္ခာနှင့် အာဝဇ္ဇနုပေက္ခာ၊
၁၀။ နိကန္တိ- ဝိပဿနာ၌ တက်မက်မှု တဏှာ။ (စူဠနိ၊ဋ္ဌ၊၉၇။) (ဝိသုဒ္ဓိ၊၂၊၂၆၉။) (သာရတ္ထ၊ဋီ၊၂၊၂၃၉။)♦

ဝိပဿနာ ညစ်နွမ်းကြောင်း တရား ၃၀ ပါး

၁။ ဩဘာသ၌ တဏှာ, မာန, ဒိဋ္ဌိ၏ အစွမ်း အားဖြင့် ဖြစ်ခြင်း သုံးပါး၊
၂။ ထို့အတူ ပီတိ၌ သုံးပါး, ပဿဒ္ဓိ၌ သုံးပါး, အဓိမောက္ခ၌ သုံးပါး, ပဂ္ဂဟ၌ သုံးပါး သုခ၌ သုံးပါး, ဉာဏ၌ သုံးပါး, ဥပဋ္ဌာန၌ သုံးပါး, ဥပေက္ခာ၌ သုံးပါး, နိကန္တိ၌ သုံးပါး ပေါင်း သုံးဆယ် ဖြစ်၏။ (ပဋိသံ၊ဋ္ဌ၊၂၊၁၉၃။)♦

ဝိပဿနာဉာဏ်၏ အာရုံ ၆ မျိုး

၁။ ကာမအာရုံ၊
၂။ မဟဂ္ဂုတ်အာရုံ၊
၃။ အတိတ်အာရုံ၊
၄။ အနာဂတ် အာရုံ၊
၅။ ပစ္စုပ္ပန်အာရုံ၊
၆။ အဇ္ဈတ္တအာရုံ၊
၇။ ဗဟိဒ္ဓအာရုံ။ (ဒီ၊ဋ္ဌ၊၁၊၂၀၂။)♦

ဝိပဿနုပက္ကိလေသ တရား ၁၀ ပါး

ဝိပဿနာ ညစ်ညူးကြောင်း ၁၀ မျိုးနှင့် တူသည်။ ♦

ဝိပဿီဘုရားရှင်၏ ဓမ္မာဘိသမယ ၃ ကြိမ်

၁။ ရှေးဦးစွာ ဓမ္မစကြာတရား ဟောတော်မူသော အခါ၌ တရားထူးရပြီး ကျွတ်တမ်းဝင်သွားကြသော လူနတ်ဗြဟ္မာတို့၏ အရေအတွက်ကို ဂဏန်းသင်္ချာအားဖြင့် ရေတွက်ပြခြင်းငှါ မစွမ်းနိုင်၊
၂။ ဗန္ဓုမတီမြို့တော်၌ သစ္စာလေးပါး တရားကို ဟောကြားတော်မူသော အခါ လူနတ်ဗြဟ္မာ ရှစ်သောင်းလေးထောင်တို့ ကျွတ်တမ်း ဝင်ကြသည်၊
၃။ ဘုရားရှင်နှင့် အတူလိုက်၍ ရဟန်းပြုကြကုန်သော ထိုရှစ်သောင်း လေးထောင်သော ရဟန်းတို့အား သစ္စာလေးပါးတရားကို ဟောကြားသောအခါ ထိုရဟန်း အားလုံး တရားထူးရပြီး ကျွတ်တမ်းဝင်ကြသည်။ (အပ၊၂၊၃၆၄။) (အပ၊မြန်၊၂။၃၆၁။)♦

ဝိပဿီဘုရားရှင်၏ သာဝကအစည်းအဝေး ၃ ကြိမ်

၁။ ပထမအကြိမ် အစည်းအဝေး၌ ရဟန္တာ (၆၈ သိန်း) ခြောက်သန်းရှစ်သိန်း၊
၂။ ဒုတိယအကြိမ် အစည်းအဝေး၌ ရဟန္တာ တစ်သိန်း၊
၃။ တတိယအကြိမ် အစည်းအဝေး၌ ရဟန္တာ ရှစ်သောင်း ဖြစ်ပါသည်။ (ဒီ၊၂၊၄။) (ဒီ၊၂၊၄၃။) (ဒီ၊၂၊၄၄။) (အပ၊၂၊၃၆၄။) (အဘိ၊ဋ္ဌ၊၁၊၆၉။) (ဇာ၊ဋ္ဌ၊၁၊၄၉။) (ဒီ၊မြန်၊၂။၄။) (ဒီ၊မြန်၊၂။၄။) (ဒီ၊မြန်၊၂။၄။) (အပ၊မြန်၊၂။၃၆၂။)♦

ဝိပဿီဘုရားရှင်၏ အဂ္ဂသာဝက ၂ ပါး

၁။ ခဏ္ဍထေရ်၊၂။ တိဿထေရ်။ (ဒီ၊၂၊၄။) (ဒီ၊၂၊၄၃။) (အဘိ၊ဋ္ဌ၊၁၊၆၉။) (ဗုဒ္ဓဝံ၊ဋ္ဌ၊၂၈၃။) (ဇာ၊ဋ္ဌ၊၁၊၄၉။) (ဒီ၊မြန်၊၂။၄၊၄၆၊၄၈။) (ဒီ၊မြန်၊၂။၄၊၄၆၊၄၈။) (ဒီ၊မြန်၊၂။ ၄၊၄၆၊၄၈။) (ဒီ၊၂၊၄၄။)♦

ဝိပဿီဘုရားရှင်၏ အဂ္ဂသာဝိကာမ ၂ ပါး

၁။ စန္ဒာထေရီ၊၂။ စန္ဒမိတ္တာထေရီ၊ (အဘိ၊ဋ္ဌ၊၁၊၆၉။) (ဗုဒ္ဓဝံ၊ဋ္ဌ၊၂၈၃။) (ဇာ၊ဋ္ဌ၊၁၊၄၉။)♦

ဝိပဿီသတို့သား၏ ပြာသာဒ် ၃ ဆောင်

၁။ မိုးလေးလ နေထိုင်ရန် ဆောက်လုပ်အပ်သော နန္ဒမည်သော ပြာသာဒ်၊၂။ ဆောင်းလေးလ နေထိုင်ရန် ဆောက်လုပ်အပ်သော သုနန္ဒမည်သော ပြာသာဒ်၊၃။နွေလေးလ နေထိုင်ရန် ဆောက်လုပ်အပ်သော သိရိမာမည်သော ပြာသာဒ်။ (ဒီ၊၂၊၁၈။) (ပဋ္ဌာန၊၂၊၉၃၊၁၇၃၊၂၃၀၊၂၆၉၊၂၉၉၊၃၃၇၊၃၈၀၊၄၈၅။) (ပဋ္ဌာန၊၃၊၁၅၊၈၁၊၁၀၀၊၁၁၆၊ ၁၄၆၊၁၆၇၊၁၉၄၊၂၁၉၊၂၄၀၊၂၈၆၊၃၂၄၊၄၀၀၊၄၂၀၊၄၇၁၊၅၁၁၊၅၅၅၊၅၇၂။) (အပ၊၂၊၃၆၅။) (ဒီ၊မြန်၊၂။၁၈။) (အပ၊မြန်၊၂။၃၆၃။) (ပဋ္ဌာန၊၄၊၁၃၊၂၆၊၄၈၊၁၃၈၊၁၆၆။)♦

ဝိပါကဝဋ် ၅ ပါး

၁။ ဝိညာဏ်၊
၂။ နာမ်ရုပ်၊
၃။ သဠာယတန၊
၄။ ဖဿ၊
၅။ ဝေဒနာ။ (အဘိ၊ဋ္ဌ၊၂၊၁၈၄။)♦

ဝိပါက်တော် ၁၂ ပါး

၁။ ဒုက္ကရံ- ကဿပဘုရားရှင် လက်ထက်၌ ဂေါတမ ဘုရားအလောင်းသည် ပုဏ္ဏားမျိုး၌ ဇောတိပါလလုလင် ဘဝဖြစ်စဉ် ကဿပဘုရားရှင်အား ‘‘ဤဦးပြည်းကတုံး ရဟန်းအား အဘယ်မှာ ဗောဓိဉာဏ် ရပါနိုင်အံ့နည်း၊ သဗ္ဗညုဗောဓိဉာဏ်ဟူသည် ရဖို့ အလွန်ခဲယဉ်းဘိ၏’’ဟု ပြောဆိုခဲ့သဖြင့် ဒုက္ကရစရိယအကျင့်ကို ခြောက်နှစ် ကျင့်ခဲ့ရခြင်း၊
၂။ ပထမအဗ္ဘက္ခာနံ- ဘုရားအလောင်းသည် သူ့ဆင်းရဲမျိုး၌ မုနာဠိမည်သော သေသောက် ကြူးသမား ဘဝဖြစ်စဉ် သုရဘိမည်သော ပစ္စေကဗုဒ္ဓါအား ‘‘ဤရဟန်းသည် သီလမရှိ ယုတ်မာသော အကျင့်ရှိ၏’’ ဟု စွပ်စွဲခဲ့သဖြင့် စိဉ္စမာဏမိန်းမယုတ်၏ စွပ်စွဲခြင်းကို ခံရခြင်း၊
၃။ ဒုတိယအဗ္ဘက္ခာနံ- ဘုရားအလောင်းသည် မထင်ရှားသော အမျိုး၌ မုနာဠိမည်သော သေသောက်ကြူးသမားဖြစ်စဉ် သုရဘိပစ္စေကဗုဒ္ဓါအား သီလမရှိ စသည်ဖြင့် စွပ်စွဲခဲ့သဖြင့် သုန္ဒရီပရိဗိုဇ်မ၏ စွပ်စွဲခြင်းကို ခံရခြင်း၊
၄။ တတိယအဗ္ဘက္ခာနံ- ဘုရားအလောင်းသည် ဗဟုဿုတနှင့် ပြည့်စုံသော ဆရာရသေ့ဖြစ်စဉ် အဘိညာဉ်သမာပတ်နှင့် ပြည့်စုံသော ရသေ့ တစ်ပါးအား ‘‘ဤရသေ့သည် ကာမဂုဏ်ကို ခံစား၏’’ စသည်ဖြင့် စွပ်စွဲ ပြောဆိုခဲ့သဖြင့် သုန္ဒရီ ပရိဗိုဇ်မ၏ စွပ်စွဲခြင်းကို ခံရခြင်း၊
၅။ သိလာဝေဓော- အတိတ်ဘဝ၌ ဘုရားအလောင်းသည် ညီဖြစ်သူအား ကျောက်တုံးဖြင့် ထုခဲ့သဖြင့် ဒေဝဒတ် ကျောက်မောင်းဆင်၍ ကျောက်တုံးဖြင့် လှိမ့်ချခြင်းကို ခံရခြင်း၊
၆။ သကလိကာဝေဓော- အတိတ်ဘဝ၌ ဘုရားအလောင်းသည် ကလေးသူငယ်ဘဝ လမ်းမ၌ကစားနေစဉ် ဆွမ်းခံကြွလာသော ပစ္စေကဗုဒ္ဓါအား ကျောက်ခဲဖြင့် ခြေဖမိုးကို ပစ်ခဲ့သဖြင့် ကျောက်ခဲစဖြင့် တိုက်မိပြီး သွေးစိမ်းတည်ရခြင်း, ဒေဝဒတ် ကျောက်မောင်းဆင်၍ လှိမ့်ချခြင်းကို ခံရခြင်း, ဒေဝဒတ်၏ လေးသမားတို့ဖြင့် လုပ်ကြံခြင်းကို ခံရခြင်း၊
၇။ နာဠာဂိရိ- အတိတ်ဘဝ၌ ဘုရားအလောင်းသည် ဆင်ထိန်းသမားဖြစ်စဉ် လမ်းမ၌ တွေ့မြင်သော ပစ္စေကဗုဒ္ဓါတစ်ပါးအား ဆင်ဖြင့် ထိပါးပုတ်ခတ်၍ စော်ကားခဲ့သဖြင့် နာဠာဂိရိဆင်ဖြင့် တိုက်ခြင်းကို ခံရခြင်း၊
၈။ သတ္ထစ္ဆေဒေါ- အတိတ်ဘဝ၌ ဘုရား အလောင်းသည် အစွန်းအဖျားအရပ်၌ မင်းဖြစ်စဉ် လူမိုက်များနှင့်ပေါင်းမိပြီး အပြစ်မဲ့သော သူတို့ကို သန်လျက်ဖြင့် ခုတ်ခဲ့သဖြင့် သမားတော် ဇီဝက၏ ခွဲစိပ်မှုကို ခံရခြင်း၊
၉။ သီသဒုက္ခံ- အတိတ်ဘဝ၌ ဘုရားအလောင်းသည် တံငါသည်တို့၏ ရွာ၌ ဖြစ်စဉ် တံငါသည်တို့ ငါးများကို ထုရိုက် သတ်ဖြတ်နေသည်ကို မြင်သောအခါ ဝမ်းမြောက်ဝမ်းသာ ဖြစ်ခဲ့သဖြင့် ဦးခေါင်းခဲသော ဝေဒနာ ခံစားရခြင်း၊
၁၀။ ယဝခါဒနံ- အတိတ်ဘဝ၌ ဘုရားအလောင်းသည် မထင်ရှားသော အမျိုး၌ ဖြစ်စဉ် ဖုဿဘုရားရှင်၏ တပည့်ရဟန်းများကို ‘‘ဟယ်- ဦးပြည်းရဟန်းတို့... သင်တို့သည် မုယောထမင်းကို စားကြကုန်၊ သလေးထမင်းကို မစားကြပါကုန်လင့်’’ဟု ဆဲရေး ခဲ့သဖြင့် ဝေရဉ္ဇာပြည်၌ မုယောဆွမ်းကို စားရခြင်း၊
၁၁။ ပိဋ္ဌိဒုက္ခံ- အတိတ်ဘဝ၌ ဘုရား အလောင်းသည် အားအစွမ်းနှင့် ပြည့်စုံသော ပုဂ္ဂိုလ်တစ်ဦးဖြစ်စဉ် လက်ပန်းသည် တစ်ယောက်၏ ခါးရိုးကို မြေကြီး၌ ကိုင်ပေါက် ရိုက်ချိုးခဲ့သဖြင့် တစ်ခါတစ်ရံ ခါးကိုက်သော ဝေဒနာကို ခံစားရခြင်း၊
၁၂။ အတိသာရော- အတိတ်ဘဝ၌ ဘုရားအလောင်းသည် ဆေးဆရာ ဖြစ်စဉ် ဆေးကုခပေးရန် မေ့နေသော သူဌေးသားတစ်ယောက်အား ဝမ်းလျောဆေး တိုက်ခဲ့သဖြင့် ပရိနိဗ္ဗာန် စံဝင်ခါနီးအချိန်၌ သွေးဝမ်းသွန်သော ရောဂါဝေဒနာ ခံစားရခြင်း။ (အပ၊၁၊၃၄၇။) (အပ၊မြန်၊၁။၃၅၅။) (အပ၊ဋ္ဌ၊၁၊၁၂၈။) (အပ၊ဋ္ဌ၊၁၊၁၄၁။)♦

ဝိပါက်မနာယတနက ဝိပါက် မနောသမ္ဖဿအား ကျေးဇူးပြုတတ်သော ပစ္စည်း ၉ မျိုး

၁။ သဟဇာတ ပစ္စည်း၊
၂။ အညမညပစ္စည်း၊
၃။ နိဿယပစ္စည်း၊
၄။ ဝိပါကပစ္စည်း၊
၅။ အာဟာရပစ္စည်း၊
၆။ ဣန္ဒြိယပစ္စည်း၊
၇။ သမ္ပယုတ္တပစ္စည်း၊
၈။ အတ္ထိပစ္စည်း၊
၉။ အဝိဂတပစ္စည်း။ (အဘိ၊ဋ္ဌ၊၂၊၁၆၉။)♦

ဝိပါက်ဝိညာဏ် ၁၅ မျိုး

၁။ ဝိပါက်ဝိညာဉ်သည် ဝိညာဏဋ္ဌိတိအားဖြင့် ၇ မျိုး၊
၂။ သတ္တာဝါသ အားဖြင့် ၈ မျိုးဟု မှတ်။ (အဘိ၊ဋ္ဌ၊၂၊၁၅၂။)♦

ဝိပါက်ဝိညာဏ် ၂ မျိုး

၁။ ရုပ်နှင့် ရောနှောအပ်သော ဝိညာဏ်၊
၂။ ရုပ်နှင့် မရောနှောအပ်သော ဝိညာဏ်။ (အဘိ၊ဋ္ဌ၊၂၊၁၅၂။)♦

ဝိပါက်ဝိညာဏ် ၃ မျိုး

၁။ ကာမဘဝ၊
၂။ ရူပဘဝ၊
၃။ အရူပဘဝ။ (အဘိ၊ဋ္ဌ၊၂၊၁၅၂။)♦

ဝိပါက်ဝိညာဏ် ၄ မျိုး

၁။ အဏ္ဍဇယောနိ- အဥ၌ ဖြစ်သော- ပဋိသန္ဓေ၊
၂။ ဇလာဗုဇယောနိ- သားအိမ်၌ ဖြစ်သော ပဋိသန္ဓေ၊
၃။ သံသေဒဇယောနိ- အညှိ၌ ဖြစ်သော ပဋိသန္ဓေ၊
၄။ ဩပ ပါတိကယောနိ- စတုမဟာရာဇ် တာဝတိံသာ စသည်၌ ကိုယ်ထင်ရှားဖြစ်သော ပဋိသန္ဓေ။ (အဘိ၊ဋ္ဌ၊၂၊၁၅၂။)♦

ဝိပ္ပယုတ္တ ၃ မျိုး

၁။ သဟဇာတဝိပ္ပယုတ္တ၊
၂။ ပုရေဇာတဝိပ္ပယုတ္တ၊
၃။ ပစ္ဆာဇာတဝိပ္ပယုတ္တ။ (အဘိ၊ဋ္ဌ၊၃၊၃၅၁။)♦

ဝိပ္ပယုတ္တပစ္စည်း ၃ မျိုး

၁။ သဟဇာတ ဝိပ္ပယုတ္တပစ္စည်း၊
၂။ ပုရေဇာတ ဝိပ္ပယုတ္တပစ္စည်း၊
၃။ ပစ္ဆာဇာတ ဝိပ္ပယုတ္တပစ္စည်း။ (ပဋ္ဌာန၊၁၊၁၅၉၊၄၂၈၊။)♦

ဝိဘင်း ၂ မျိုး

၁။ ဘိက္ခုဝိဘင်၊
၂။ ဘိက္ခုနီဝိဘင်း။ (သာရတ္ထ၊ဋီ၊၁၊၆၇။)♦

ဝိဘင်ကျမ်းလာ ဝိဘင်း ၁၈ မျိုး

၁။ ခန္ဓဝိဘင်း၊
၂။ အာယတနဝိဘင်း၊
၃။ ဓာတုဝိဘင်း၊
၄။ သစ္စ ဝိဘင်း၊
၅။ ဣန္ဒြိယဝိဘင်း၊
၆။ ပစ္စယာကာရဝိဘင်း၊
၇။ သတိပဋ္ဌာနဝိဘင်း၊
၈။ သမ္မပ္ပဓာန် ဝိဘင်း၊
၉။ ဣဒ္ဓိပါဒဝိဘင်း၊
၁၀။ ဗောဇ္ဈင်္ဂဝိဘင်း၊
၁၁။ မဂ္ဂင်္ဂဝိဘင်း၊
၁၂။ ဈာနဝိဘင်း၊
၁၃။ အပ္ပမညာဝိဘင်း၊
၁၄။ သိက္ခာပဒဝိဘင်း၊
၁၅။ ပဋိသမ္ဘိဒါဝိဘင်း၊
၁၆။ ဉာဏဝိဘင်း၊
၁၇။ ခုဒ္ဒကဝတ္ထုဝိဘင်း၊
၁၈။ ဓမ္မဟဒယဝိဘင်း။ (အဘိ၊ဋ္ဌ၊၁၊၇။)♦

ဝိဘူသာ ၂ မျိုး

၁။ အဂါရိကဝိဘူသာ- လူ၏ တန်ဆာဆင်ခြင်း၊
၂။ အနာဂါရိကဝိဘူသာ- ရဟန်း၏ တန်ဆာဆင်ခြင်း။ (စူဠနိ၊၂၈၀။)♦

ဝိမာနဝတ္ထု၌ ဝဂ်ပေါင်း ၇ ဝဂ်

၁။ ပီဌဝဂ်၊
၂။ စိတ္တလတာဝဂ်၊
၃။ ပါရိစ္ဆတ္တကဝဂ်၊
၄။ မဉ္ဇိဋ္ဌကဝဂ်၊
၅။ မဟာရထဝဂ်၊
၆။ ပါယာသိဝဂ်၊
၇။ သုနိက္ခိတ္တဝဂ်။ (ဝိမာန၊ဋ္ဌ၊၄။)♦

ဝိမုတ္တာယတန ၅ ပါး

ကိလေသာမှ လွတ်မြောက်ကြောင်း ၅ ပါးနှင့် တူသည်။ ♦

ဝိမုတ္တာယတန ၅ ပါး (တစ်နည်း)

ကိလေသာမှ လွတ်မြောက်ကြောင်း ၅ ပါး (တစ်နည်း) နှင့် တူသည်။ ♦

ဝိမုတ္တိ ၂ ပါး

၁။ စိတ်၏ နှလုံးသွင်းမှု- အဓိမုတ္တိ၊
၂။ နိဗ္ဗာန်- နိဗ္ဗာနဝိမုတ္တိ။ (အဘိ၊ဓ၊၂၆၅။) (မ၊ဋ္ဌ၊၁၊၄၅။) (ဣတိဝုတ်၊ဋ္ဌ၊၁၅၉။) (အဘိ၊ဓ၊မြန်။၅၀၄။)♦

ဝိမုတ္တိ ၂ ပါး (တစ်နည်း)

၁။ စိတ်၏ နီဝရဏ စသည်တို့မှ လွတ်ခြင်းသည် စိတ္တဝိမုတ္တိ မည်၏၊
၂။ နိဗ္ဗာန်သည် အလုံးစုံသော သင်္ခတမှ လွတ်ခြင်းကြောင့် ဝိမုတ္တိ မည်၏။ (ဒီ၊ဋ္ဌ၊၃၊၁၆၇။)♦

ဝိမုတ္တိ ၂ ပါး (တစ်နည်း)

၁။ ရာဂဝိရာဂ စေတောဝိမုတ္တိ- ရာဂကို လွန်မြောက်ခြင်းရှိသော (ကိလေသာ တို့မှ) လွတ်မြောက်သော (အရဟတ္တဖိုလ်) သမာဓိရှိသောသူ၊
၂။ အဝိဇ္ဇာဝိရာဂ ပညာဝိမုတ္တိ- အဝိဇ္ဇာကင်းကြောင်းဖြစ်သော ပညာဝိမုတ္တိ အရဟတ္တဖိုလ်ပညာ။ (ပေဋကော၊ ၁၇၅။)♦

ဝိမုတ္တိ ၅ ပါး

၁။ တဒင်္ဂဝိမုတ္တိ- ခဏလွတ်ကင်းခြင်းရှိသော နိစ္စသညာ စသည်တို့မှ လွတ်ကင်းသော အနုပဿနာ ခုနစ်ပါး၊
၂။ ဝိက္ခမ္ဘနဝိမုတ္တိ- နီဝရဏ စသော တရားတို့မှ လွတ်သော သမာပတ် ရှစ်ပါး၊
၃။ သမုစ္ဆေဒဝိမုတ္တိ- ကိုယ်တိုင် ဖြတ်တောက်ပြီးသော ကိလေသာတို့မှ လွတ်ကင်းသော မဂ် လေးပါး၊
၄။ ပဋိပ္ပဿဒ္ဓိဝိမုတ္တိ- မဂ်တန်ခိုး အရှိန်ကြောင့် ကိလေသာငြိမ်းပြီးသော အာရုံ၌ဖြစ်သော ဖိုလ် လေးပါး၊
၅။ နိဿရဏဝိမုတ္တိ- ကိလေသာအားလုံးတို့မှ လွတ်ကင်းသော နိဗ္ဗာန်။ (ဒီ၊ဋ္ဌ၊၂၊၁၉။) (မ၊ဋ္ဌ၊၄၊၁၂၀။) (သံ၊ဋ္ဌ၊၃၊၂၄၂။) (ဓမ္မ၊ဋ္ဌ၊၁၊၂၇၄။) (ဥဒါန၊ဋ္ဌ၊၂၉။) (ဒီ၊ဋ္ဌ၊မြန်၊၂။၃၄။)♦

ဝိမုတ္တိဉာဏ်မည်သော တရား ၄ မျိုး

၁။ ဝိပဿနာဉာဏ်- နိစ္စနိမိတ်အစရှိသော အာရုံတို့မှ လွတ်သည်၏ အဖြစ်ကြောင့်လည်းကောင်း, တဒင်္ဂဝိမုတ္တိ၏ အဖြစ်ဖြင့် ကိလေသာတို့မှ လွတ်သည်၏ အဖြစ်ကြောင့်လည်းကောင်း ဝိမုတ္တိဉာဏ် မည်၏၊
၂။ မဂ်တရား- ဆိုင်ရာ ကိလေသာတို့ကို အကြွင်းမဲ့ဖြတ်သောအားဖြင့် လွတ်သော ဉာဏ် မည်၏၊
၃။ ဖိုလ်တရား- ဆိုင်ရာကိလေသာတို့ကို တစ်ဖန် ငြိမ်းစေခြင်းအားဖြင့် လွတ်သည် မည်၏၊
၄။ ပစ္စဝေက္ခဏာ ဉာဏ်- မဂ်ဝိမုတ္တိ, ဖိုလ်ဝိမုတ္တိကို သိစေတတ်သောကြောင့် ဝိမုတ္တိဉာဏ် မည်၏။ (အဘိ၊ဋ္ဌ၊၃၊၁၈၃။)♦

ဝိမုတ္တိပရိပါစနိယ တရား ၁၅ ပါး

၁။ သဒ္ဓါမဲ့သော ပုဂ္ဂိုလ်တို့ကို ရှောင်ကြဉ်ခြင်း၊
၂။ ပျင်းသော ပုဂ္ဂိုလ်တို့ကို ရှောင်ကြဉ်ခြင်း၊
၃။ သတိလွတ်သော ပုဂ္ဂိုလ်တို့ကို ရှောင်ကြဉ်ခြင်း၊
၄။ စိတ်သမာဓိ မတည်ကြည်သော ပုဂ္ဂိုလ်တို့ကို ရှောင်ကြဉ်ခြင်း၊
၅။ ပညာမဲ့သော ပုဂ္ဂိုလ်တို့ကို ရှောင်ကြဉ်ခြင်း၊
၆။ သဒ္ဓါတရားရှိသော ပုဂ္ဂိုလ်တို့ကို မှီဝဲဆည်းကပ်ခြင်း၊
၇။ လုံ့လဝီရိယရှိသော ပုဂ္ဂိုလ်တို့ကို မှီဝဲဆည်းကပ်ခြင်း၊
၈။ သတိတည်မြဲသော ပုဂ္ဂိုလ်တို့ကို မှီဝဲဆည်းကပ်ခြင်း၊
၉။ သမာဓိ တည်ကြည်သော ပုဂ္ဂိုလ်တို့ကို မှီဝဲဆည်းကပ်ခြင်း၊
၁၀။ ပညာရှိသော ပုဂ္ဂိုလ်တို့ကို မှီဝဲ ဆည်းကပ်ခြင်း၊ ၁၁ ကြည်ညိုဖွယ်ရှိသော သုတ္တန်တို့ကို ဆင်ခြင်ခြင်း၊
၁၂။ သမ္မပ္ပဓာန်တို့ကို ဆင်ခြင်ခြင်း၊
၁၃။ သတိပဋ္ဌာန်တို့ကို ဆင်ခြင်ခြင်း၊
၁၄။ ဈာန်ဝိမောက္ခတို့ကို ဆင်ခြင်ခြင်း၊
၁၅။ နက်နဲသော ဉာဏ်၏ ကျက်စားရာဖြစ်သော ခန္ဓာ အာယတန စသော တရားကို ဆင်ခြင်ခြင်း။ (မ၊ဋ္ဌ၊၄၊၂၄၃။)♦

ဝိမုတ္တိပရိပါစနိယ တရား ၁၅ ပါး (တစ်နည်း)

၁။ သဒ္ဓိန္ဒြေ၊
၂။ ဝီရိယိန္ဒြေ၊
၃။ သတိန္ဒြေ၊
၄။ သမာဓိန္ဒြေ၊
၅။ ပညိန္ဒြေ၊
၆။ အနိစ္စသညာ၊
၇။ အနိစ္စ၌ ဒုက္ခသညာ၊
၈။ ဒုက္ခ၌ အနတ္တသညာ၊
၉။ ပဟာနသညာ၊
၁၀။ ဝိရာဂသညာ၊
၁၁။ မေဃိယထေရ်အား ဟောကြားအပ်သော ကလျာဏမိတ္တတာ- မိတ်ဆွေကောင်းရှိခြင်း၊
၁၂။ ဝီရိယသံဝရ- ဣန္ဒြိယသံဝရသီလနှင့် ပြည့်စုံခြင်း၊
၁၃။ အဘိသလ္လေခတာ- အလွန် ခေါင်းပါးစွာ ကျင့်ခြင်း၊
၁၄။ ဝိရိယာရမ္ဘ- ကြိုးစားအားထုတ်မှု လုံ့လနှင့် ပြည့်စုံခြင်း၊
၁၅။ နိဗ္ဗေဓိကပညာ- ကိလေသာတို့ကို ဖောက်ခွဲ ဖျက်ဆီးတတ်သော ပညာနှင့် ပြည့်စုံခြင်း။ (မ၊ဋ္ဌ၊၄၊၂၄၄။) (သံ၊ဋ္ဌ၊၃၊၃၇။) (ဥဒါန၊ဋ္ဌ၊၂၀၀။)♦

ဝိမောက္ခ ၃ ပါး

၁။ သုညတဝိမောက္ခ- အတ္တ, သတ္တ, ပုဂ္ဂလ စသည်မှလည်းကောင်း, ရာဂ, ဒေါသ စသည်မှလည်းကောင်း, ကင်းဆိတ်သည်ဖြစ်၍ အထူးထူးသော ကိလေသာတို့မှ လွတ် မြောက်သော (မဂ်ဖိုလ်နိဗ္ဗာန်) တရား၊
၂။ အနိမိတ္တဝိမောက္ခ- နိစ္စနိမိတ် စသည်မှလည်းကောင်း, ရာဂနိမိတ် စသည် သင်္ခါရနိမိတ် စသည်မှလည်းကောင်း, ကင်းသော သဘောရှိသည်ဖြစ်၍ နိဗ္ဗာန်ကို အာရုံပြုသော အခြင်းအရာအားဖြင့် ဖြစ်သော အထူးထူးသော ကိလေသာတို့မှ လွတ်သော (မဂ်ဖိုလ်နိဗ္ဗာန်) တရား၊
၃။ အပ္ပဏိဟိတဝိမောက္ခ- တဏှာဖြင့် တွယ်တာခြင်း မရှိမူ၍ ဒုက္ခာနုပဿနာဖြင့် ရအပ်သော အထူးထူးသော ကိလေသာတို့မှ လွတ်သော (မဂ်ဖိုလ် နိဗ္ဗာန်) တရား။ (ဝိ၊၁၊၁၁၈။) (ပဋိသံ၊၂၃၀။) (နေတ္တိ၊ဋ္ဌ၊၂၁၅။) (ဝိသုဒ္ဓိ၊၂၊ ၂၉၆။) (ဝိ၊မြန်၊၁။၁၂၂။) (ပဋိသံ၊မြန်။၂၈၄။)♦

ဝိမောက္ခ ၆၈ ပါး

၁။ သုညတဝိမောက္ခ၊
၂။ အနိမိတ္တဝိမောက္ခ၊
၃။ အပ္ပဏိဟိတဝိမောက္ခ၊
၄။ အဇ္ဈတ္တ ဝုဋ္ဌာနဝိမောက္ခ၊
၅။ ဗဟိဒ္ဓါဝုဋ္ဌာနဝိမောက္ခ၊
၆။ ဒုဘတောဝုဋ္ဌာနဝိမောက္ခ၊
၇။ အဇ္ဈတ္တသန္တာန်မှ ထသော ဝိမောက္ခလေးပါး၊
၈။ ဗဟိဒ္ဓသန္တာန်မှ ထသော ဝိမောက္ခ လေးပါး၊
၉။ နှစ်ပါးသော အဖို့မှ ထသော ဝိမောက္ခ လေးပါး၊
၁၀။ အဇ္ဈတ္တသဏ္ဌာန်မှ ထသော ပုဂ္ဂိုလ်အားလျော်သော ဝိမောက္ခ လေးပါး၊
၁၁။ ဗဟိဒ္ဓသန္တာန်မှ ထသော ပုဂ္ဂိုလ်အားလျော်သော ဝိမောက္ခ လေးပါး၊
၁၂။ နှစ်ပါးသော အဖို့မှ ထသော ပုဂ္ဂိုလ်အားလျော်သော ဝိမောက္ခ လေးပါး၊
၁၃။ အဇ္ဈတ္တသန္တာန်မှ ထသော ပုဂ္ဂိုလ်အား ငြိမ်းချမ်းသော ဝိမောက္ခ လေးပါး၊
၁၄။ ဗဟိဒ္ဓသန္တာန်မှ ထသော ပုဂ္ဂိုလ်အား ငြိမ်းချမ်းသော ဝိမောက္ခ လေးပါး၊
၁၅။ နှစ်ပါးသော အဖို့မှ ထသော ပုဂ္ဂိုလ်အား ငြိမ်းချမ်းသော ဝိမောက္ခ လေးပါး၊
၁၆။ ရုပ်ရှိသော ပုဂ္ဂိုလ်သည် ရုပ်ကို ရှုသော ဝိမောက္ခ၊
၁၇။ အဇ္ဈတ္တသန္တာန်၌ ရုပ်ဟု အမှတ်မရှိသည် ဖြစ်၍ ဗဟိဒ္ဓသန္တာန်၌ ရုပ်ကို ရှုသော ဝိမောက္ခ၊
၁၈။ တင့်တယ်၏ ဟူ၍သာလျှင် နှလုံးသွင်းသော ဝိမောက္ခ၊
၁၉။ အာကာသာနဉ္စာယတန သမာပတ္တိဝိမောက္ခ၊
၂၀။ ဝိညာဏဉ္စာယတနသမာပတ္တိဝိမောက္ခ၊
၂၁။ အာကိဉ္စညာယတန သမာပတ္တိဝိမောက္ခ၊
၂၂။ နေဝသညာနာသညာယတနသမာပတ္တိ ဝိမောက္ခ၊
၂၃။ သညာဝေဒယိတ နိရောဓသမာပတ္တိဝိမောက္ခ၊
၂၄။ သမယဝိမောက္ခ၊
၂၅။ အသမယဝိမောက္ခ၊
၂၆။ သာမယိတ ဝိမောက္ခ၊
၂၇။ အသာမယိကဝိမောက္ခ၊
၂၈။ ကုပ္ပဝိမောက္ခ၊
၂၉။ အကုပ္ပဝိမောက္ခ၊
၃၀။ လောကိယ ဝိမောက္ခ၊
၃၁။ လောကုတ္တရဝိမောက္ခ၊
၃၂။ သာသဝ၀ိမောက္ခ၊
၃၃။ အနာသဝ၀ိမောက္ခ၊
၃၄။ သာမိသဝိမောက္ခ၊
၃၅။ နိရာမိသဝိမောက္ခ၊
၃၆။ နိရာမိသာနိရာမိသတရဝိမောက္ခ၊
၃၇။ ပဏိဟိတဝိမောက္ခ၊
၃၈။ အပ္ပဏိဟိတဝိမောက္ခ၊
၃၉။ ပဏိဟိတပဋိပဿဒ္ဓိ ဝိမောက္ခ၊
၄၀။ သညုတ္တဝိမောက္ခ၊
၄၁။ ဝိသညုတ္တဝိမောက္ခ၊
၄၂။ ဧကတ္တဝိမောက္ခ၊
၄၃။ နာနတ္တ ဝိမောက္ခ၊
၄၄။ သညာဝိမောက္ခ၊
၄၅။ ဉာဏဝိမောက္ခ၊
၄၆။ သီတိသိယာဝိမောက္ခ၊
၄၇။ ဈာနဝိမောက္ခ၊
၄၈။ အနုပါဒါစိတ္တဿဝိမောက္ခ၊ (မှတ်ချက်) ဝိမောက္ခ ၆၈ ပါးဆို သော်လည်း ၇၅ ပါး ဖြစ်နေသည်၊ ပါဠိတော်၌လည်း အဆုံး၌ ၇၅ ဟု ဂဏန်းထိုးထားသည်။ (ပဋိသံ၊၂၃၁။) (ပဋိသံ၊မြန်။၂၈၅။)♦

ဝိမောက္ခ ၈ ပါး

လွတ်မြောက်ခြင်း ၈ ပါး၊ မျက်မှောက်ပြုအပ်သော တရား ၈ ပါး၊ သစ္ဆိကာတဗ္ဗ တရား ၈ ပါးတို့နှင့် တူသည်။ ♦

ဝိမောက္ခ ၈ ပါး (တစ်နည်း)

၁။ မဂ်ဉာဏ် လေးပါး၊
၂။ ဖိုလ်ဉာဏ် လေးပါး ပေါင်း ရှစ်ပါး။ (အပ၊ဋ္ဌ၊၁၊၃၃၄။)♦

ဝိမောက္ခဈာန် ၈ ပါး (ဆန့်ကျင်ဘက်အာရုံတရားတို့မှ လွတ်မြောက်သော ဝိမောက္ခဈာန် ၈ မျိုး)

၁။ မိမိသန္တာန်၌ ကသိုဏ်းရုပ်ရှိသည် ဖြစ်၍ ပြင်ပသန္တာန်၌လည်း ကသိုဏ်းရုပ်တို့ကို ရှုခြင်း၊
၂။ မိမိသန္တာန်၌ ကသိုဏ်းရုပ်ကို မရှုမူ၍ ပြင်ပသန္တာန်၌ ကသိုဏ်းရုပ်တို့ကို ရှုခြင်း၊
၃။ တင့်တယ်၏ ဟူ၍သာလျှင် နှလုံးသွင်းခြင်း၊
၄။ ကောင်းကင်သည် အဆုံးမရှိဟု နှလုံး သွင်းလျက် အာကာသာနဉ္စာယတနဈာန်သို့ ရောက်၍ နေခြင်း၊
၅။ ဝိညာဏ်သည် အဆုံး မရှိဟု နှလုံးသွင်းလျက် ဝိညာဏဉ္စာယတနဈာန်သို့ ရောက်၍ နေခြင်း၊
၆။ တစ်စုံတစ်ခုမျှ မရှိဟု နှလုံးသွင်းလျက် အာကိဉ္စညာယတနဈာန်သို့ ရောက်၍ နေခြင်း၊
၇။ အာကိဉ္စညာယတန ဈာန်ကို လွန်မြောက်လျက် နေဝသညာနာသညာယတနဈာန်သို့ ရောက်၍ နေခြင်း၊
၈။ နေဝသညာနာသညာယတနဈာန်ကို လွန်မြောက်လျက် သညာဝေဒနာတို့၏ ချုပ်ရာ နိရောဓ သမာပတ်သို့ ရောက်၍ နေခြင်း။ (အံ၊၃၊၁၂၆။) (အံ၊မြန်၊၃။၁၂၇။)♦

ဝိမောက္ခတရား ၈ ပါး (ဆန့်ကျင်ဘက် နီဝရဏ စသော တရားတို့မှ လွတ်ကြောင်း ဝိမောက္ခ တရား ၈ မျိုး)

၁။ ကိုယ်တွင်း ဆံပင် စသည်တို့၌ ဖြစ်စေအပ်သော ရူပဈာန်ရှိသည် ဖြစ်၍ ပြင်ပကသိုဏ်းရုပ်တို့ကိုလည်း ဈာန်မျက်စိဖြင့် ကြည့်ရှုသော ဈာန်တရား၊
၂။ မိမိ ကိုယ်တွင်း ဆံပင် စသည်၏ အညို အနက်ရောင် စသော ကသိုဏ်းရုပ်၌ ထိုကိုယ်တွင်း ကသိုဏ်းရုပ်၌ ဖြစ်စေအပ်သော ရူပဈာန်သညာရှိသူ မဟုတ်သည် ဖြစ်၍ ပြင်ပ ကသိုဏ်း ရုပ်တို့ကိုသာ ကြည့်ရှုသော ဈာန်တရား၊
၃။ သုဘဟု နှလုံးသွင်းနေသူဟု ဆိုရ လောက်အောင် အလွန်သန့်ရှင်းစင်ကြယ် တင့်တယ်သော အဆင်းရောင် ကသိုဏ်းတို့၌ ရှုမှတ် စီးဖြန်း၍ ဖြစ်စေအပ်သော ရုပ်ဈာန်တရား၊
၄။ အလုံးစုံသော အခြင်းအရာအားဖြင့် ရူပဈာန်၌ ယှဉ်သော သညာနှင့် ကသိုဏ်းရုပ် အမည်ရှိသော အာရုံတို့ကို လွန်မြောက်ခြင်းကြောင့်လည်းကောင်း၊ ပဉ္စဝတ္ထုနှင့် ပဉ္စာရုံတို့ ထိခိုက်ခြင်းကြောင့် ဖြစ်သော ဆယ်ပါးသော ဒွိပဉ္စဝိညာဏ်သညာ တို့၏ ချုပ်ခြင်းသို့ ရောက်ခြင်းကြောင့်လည်းကောင်း အထူးထူးသော သဘောရှိသော ၄၄ ပါးသော ကာမာဝစရသညာတို့ကို နှလုံးမသွင်းခြင်းကြောင့် လည်းကောင်း ‘‘ဖြစ်ခြင်း ပျက်ခြင်း အဆုံးအပိုင်းအခြား မရှိသော ကောင်းကင်တည်း’ဟု စီးဖြန်းပွားများလျက် ဖြစ်ခြင်း ပျက်ခြင်း အဆုံးအပိုင်းအခြား မရှိသော ကောင်းကင်ပညတ်ဟူသော တည်ရာအာရုံရှိသော ဈာန်သို့ ရောက်၍ နေသော အာကာသာနဉ္စာယတန ဈာန်တရား၊
၅။ အလုံးစုံသော အာကာသာနဉ္စာ ယတနဈာန်နှင့်တကွ ထိုဈာန်၏ ကောင်းကင်ပညတ်အာရုံကို လွန်မြောက်ပြီး၍ အဆုံး အပိုင်းအခြားမရှိသော ပဌမာရုပ္ပဝိညာဏ်တည်းဟု စီးဖြန်းပွားများလျက် အဆုံးအပိုင်းအခြား မရှိသော ပဌမာရုပ္ပဝိညာဏ်ဟူသော တည်ရာအာရုံရှိသော ဈာန်သို့ ရောက်၍နေသော ဝိညာဏနဉ္စာယတန ဈာန်တရား၊
၆။ အလုံးစုံသော အဆုံးအပိုင်းအခြားမရှိသော ပဌမာရုပ္ပ ဝိညာဏ်ဟူသော တည်ရာအာရုံရှိသော ဈာန်, အဆုံးအပိုင်းအခြားမရှိသော ပဌမာရုပ္ပ ဝိညာဏ်ဟူသော တည်ရာအာရုံကို လွန်မြောက်၍ ပဌမာရုပ္ပဝိညာဏ်၏ အနည်းငယ်စိုးစဉ်း ဘင်မျှ အကြွင်းအကျန် မရှိချေဟု စီးဖြန်းပွားများလျက် အနည်းငယ်စိုးစဉ်း ဘင်မျှ အကြွင်းအကျန် မရှိသည်အဖြစ်တည်းဟူသော နတ္ထိဘောပညတ်ဟူသော တည်ရာအာရုံ ရှိသော ဈာန်သို့ ရောက်၍နေသော အာကိဉ္စညာယတနဈာန်တရား၊
၇။ အလုံးစုံသော အာကိဉ္စညာယတနဈာန်နှင့်တကွ ထိုဈာန်၏ အာရုံဖြစ်သော နတ္ထိဘောပညတ်ကို လွန် မြောက်၍ ရုန့်ရင်း ထင်ရှားသော သညာ မရှိသည်လည်း ဖြစ်၍ သိမ်မွေ့သော သညာ မရှိသည်လည်း မဟုတ်သော ဈာန်စိတ္တုပ္ပါဒ်တည်းဟူသော မနာယတန ဓမ္မာယတနသို့ ရောက်၍နေသော နေဝသညာနာသညာယတနဈာန်တရား၊
၈။ အလုံးစုံသော နေဝသညာ နာသညာယတန ဈာန်တရားကို လွန်၍ သညာဝေဒနာတို့၏ ချုပ်ခြင်းတည်းဟူသော နိရောဓသမာပတ်သို့ ရောက်၍ နေသော သူ၏ သညာဝေဒယိတ နိရောဓသမာပတ်။ (မ၊၂၊၂၀၅။) (မ၊မြန်၊၂။၂၁၇။)♦

ဝိမောက္ခမုခ တရား ၃ ပါး

၁။ သင်္ခါရအားလုံးတို့ကို ရှုခြင်းဖြင့် လောကမှ ထွက်မြောက်ခြင်း အနိမိတ္တဝိမောက္ခမုခ၊
၂။ သင်္ခါရတို့၌ ထိတ်လန့်ခြင်းဖြင့် လောကမှ ထွက်မြောက်ခြင်း အပ္ပဏိဟိတဝိမောက္ခမုခ၊
၃။ တရားအလုံးစုံကို အနတ္တဟု ရှုခြင်းဖြင့် လောကမှ ထွက်မြောက်ခြင်း သုညတဝိမောက္ခမုခ။ (ပဋိသံ၊၂၄၄။) (ပဋိသံ၊မြန်။၃၀၁။)♦

ဝိမောက္ခသုံးပါးတို့ ကာလအမျိုးမျိး၌ ဖြစ်ပုံ ၄ မျိုး

၁။ အကြီးအကဲသဘော (အာဓိပတေယျတ္ထ)၊
၂။ ဆောက်တည်ခြင်းသဘော (အဓိဋ္ဌာနတ္ထ)၊
၃။ ရှေးရှုဆောင်ခြင်းသဘော (အဘိနီဟာရတ္ထ)၊
၄။ ထုတ်ဆောင် ထွက်မြောက်ခြင်းသဘော (နိယျာနတ္ထ) ။ (ပဋိသံ၊၂၆၀။) (ပဋိသံ၊မြန်။၃၁၈။)♦

ဝိမောက္ခသုံးပါးတို့ တစ်ခုတည်းသော ကာလ၌ ဖြစ်ပုံ ၇ မျိုး

၁။ တစ်ခုတည်းပေါင်းသော သဘော (သမောဓာနတ္တ)၊
၂။ ရောက်ခြင်းသဘော (အဓိဂမတ္ထ)၊
၃။ ရခြင်းသဘော (ပဋိလာဘတ္တ)၊
၄။ ဉာဏ်ဖြင့် ထိုးထွင်း၍ သိခြင်းသဘော (ပဋိဝေဓတ္ထ)၊
၅။ မျက်မှောက်ပြုခြင်းသဘော (သစ္ဆိကိရိယတ္ထ)၊
၆။ ဉာဏ်ဖြင့် တွေ့ထိခြင်းသဘော (ဖဿနတ္ထ)၊
၇။ ထိုးထွင်း၍ သိခြင်း သဘော (အဘိသမယတ္ထ) ။ (ပဋိသံ၊၂၆၀-၂၆၁။) (ပဋိသံ၊မြန်။၃၁၉။)♦

ဝိရတိ ၃ ပါး

၁။ သမ္ပတ္တဝိရတိ- မိမိ၏ ဇာတ် အမျိုး ဂုဏ်သိက္ခာ စသည်ကို အစွဲပြု၍ မိမိ ရှေ့မှောက် ရောက်လာသော အကုသိုလ်ဝတ္ထုမှ ရှောင်ကြဉ်ခြင်း၊
၂။ သမာဒါနဝိရတိ- သိက္ခာပုဒ်ကို ဆောက်တည်ထားသဖြင့် အကုသိုလ်အမှုမှ ရှောင်ကြဉ်ခြင်း၊
၃။ သမုစ္ဆေဒ ဝိရတိ- အရိယာမဂ်ဖြင့် အကြွင်းမဲ့ ပယ်သတ်ပြီးဖြစ်သဖြင့် ရှောင်ကြဉ်ခြင်း။ (ဒီ၊ဋ္ဌ၊၁၊၂၇၂။) (ဒီ၊ဋ္ဌ၊၁၊၂၉၁။) (မ၊ဋ္ဌ၊၁၊၂၀၇။) (သံ၊ဋ္ဌ၊၂၊၁၃၈။) (အဘိ၊ဋ္ဌ၊၁၊၁၄၆။) (ပဋိသံ၊ဋ္ဌ၊၁၊၂၀၈။) (ခုဒ္ဒက၊ဋ္ဌ၊၁၂၀။) (ဣတိဝုတ်၊ဋ္ဌ၊၂၂၃။) (သုတ္တနိ၊ဋ္ဌ၊၂၊၂၅။) (ဒီ၊ဋ္ဌ၊မြန်၊၁။၅၃၀၊၅၆၃။) (ဒီ၊ဋ္ဌ၊မြန်၊၁။၅၃၀၊၅၆၃။)♦

ဝိရာဂ ၂ ပါး

၁။ ခယဝိရာဂ- သင်္ခါရတရားတို့၏ ဘင်ခဏဟူသော ပျက်စီးခြင်းသည်သာလျှင် ဖြစ်သော ကင်းခြင်း၊၂။ အစ္စန္တဝိရာဂ- စင်စစ် ရာဂကင်းကြောင်းဖြစ်သော (နိဗ္ဗာန်) တရား။ (ဝိ၊ဋ္ဌ၊၂၊၃၅။) (မ၊ဋ္ဌ၊၂၊၁၉၉။) (အံ၊ဋ္ဌ၊၃၊၁၇၅။) (ပဋိသံ၊ဋ္ဌ၊၂၊၁၀၂။) (ဝိသုဒ္ဓိ၊၁၊၂၈၂။)♦

ဝိရာဂ ၂ ပါး တစ်နည်း

၁။ နိဗ္ဗာန်၊၂။ နိဗ္ဗာန်လျှင် အာရုံရှိသော တရားများ။ (ပဋိသံ၊၃၂၅၊၃၂၆။) (ပဋိသံ၊မြန်။၃၈၅-၃၈၆။)♦

ဝိရာဂါနုပဿနာဉာဏ် လွတ်ရာ ဥပါဒါန် ၁ ပါး

၁။ ကာမုပါဒါန်။ (ပဋိသံ၊၂၄၃။) (ပဋိသံ၊မြန်။ ၃၀၀။)♦

ဝိရောဓဝတ္ထု ၆ ပါး

၁။ နှလုံးကို မပွားစေတတ်ကုန်သော ရူပါရုံတို့၌ စိတ်နှလုံး မသာယာသဖြင့် ကြမ်းတမ်းစွာ အမျက်ထွက်ခြင်း၊
၂။ နှလုံးကို မပွားစေတတ်ကုန်သော သဒ္ဒါရုံတို့၌ စိတ်နှလုံး မသာမယာသဖြင့် ကြမ်းတမ်းစွာ အမျက်ထွက်ခြင်း၊
၃။ နှလုံးကို မပွားစေတတ်ကုန်သော ဂန္ဓာရုံတို့၌ စိတ်နှလုံးမသာမယာသဖြင့် ကြမ်းတမ်းစွာ အမျက်ထွက်ခြင်း၊
၄။ နှလုံးကို မပွားစေတတ်ကုန်သော ရသာရုံတို့၌ စိတ်နှလုံး မသာမယာသဖြင့် ကြမ်းတမ်းစွာ အမျက် ထွက်ခြင်း၊
၅။ နှလုံးကို မပွားစေတတ်ကုန်သော ဖောဋ္ဌဗ္ဗာရုံတို့၌ စိတ်နှလုံး မသာယာသဖြင့် ကြမ်းတမ်းစွာ အမျက်ထွက်ခြင်း။ (အဘိ၊ဝိ၊၃၉၄။) (အဘိ၊ဝိ၊မြန်၊၂။၅၀၀။)♦

ဝိလေခနသိက္ခာပုဒ်၌ အင်္ဂါ ၂ မျိုး

၁။ ကဲ့ရဲ့လိုသူ ဖြစ်ခြင်း၊
၂။ ရဟန်း၏ အထံ၌ သိက္ခာပုဒ်ကို ကဲ့ရဲ့ခြင်း။ (သာရတ္ထ၊ဋီ၊၃၊၉၂။) (ဝိမတိ၊၂၊၅၁။)♦

ဝိဝဋ္ဋ ၄ မျိုး

၁။ သညာဝိဝဋ္ဋ- အကြီးအမှူးပြုအပ်သော တရား၏ အစွမ်းဖြင့် ဖြစ်သော ဉာဏ်၊
၂။ စေတောဝိဝဋ္ဋ- ပယ်အပ်သော တရား၏ အစွမ်းဖြင့် ဖြစ်သော ဉာဏ်၊
၃။ စိတ္တဝိဝဋ္ဋ- စိတ်ကို တည်စေခြင်း၏ အစွမ်းအားဖြင့် ဖြစ်သော ဉာဏ်၊
၄။ ဝိမောက္ခဝိဝဋ္ဋ- ဆန့်ကျင်ဘက် တရားတို့ကို ပယ်သည်၏ အစွမ်းအားဖြင့် ဖြစ်သော ဉာဏ်။ (ပဋိသံ၊ဋ္ဌ၊၁၊၄၆။)♦

ဝိဝဋ္ဋကို မှီသော စကား ၁၀ မျိုး

၁။ အလိုနည်းသော စကား (အပ္ပိစ္ဆကထာ)၊
၂။ ရောင့်ရဲ ခြင်းကို မှီသော စကား (သန္တုဋ္ဌိကထာ)၊
၃။ ဆိတ်ငြိမ်ခြင်းကို မှီသော စကား (ပဝိဝေကကထာ)၊
၄။ မနှီးနှောခြင်းနှင့် ယှဉ်သော စကား (အသံသဂ္ဂကထာ)၊
၅။ လုံ့လအားထုတ်ခြင်းနှင့် ယှဉ်သော စကား (ဝီရိယာရမ္ဘကထာ)၊
၆။ စတုပါရိသုဒ္ဓိနှင့် ယှဉ်သော စကား (သီလကထာ)၊
၇။ သမာဓိနှင့် ယှဉ်သော စကား (သမာဓိကထာ)၊
၈။ လောကီ လောကုတ္တရာ ပညာနှင့် ယှဉ်သော စကား(ပညာကထာ)
၉။ အရဟတ္တဖိုလ်နှင့် ယှဉ်သော စကား (ဝိမုတ္တိကထာ)၊
၁၀။ ပစ္စဝေက္ခဏာဉာဏ်နှင့် ယှဉ်သော စကား (ဝိမုတ္တိဉာဏဒဿနကထာ)။ (မဟာနိ၊၁၆၉။) (မဟာနိ၊၃၇၆။)♦

ဝိဝဋ္ဋာသယ ၂ မျိုး

၁။ ဝိပဿနာဟု ဆိုအပ်သော အနုလောမိကာ ခန္တိ၊
၂။ မဂ်ဟု ဆိုအပ်သော ယထာဘူတဉာဏ်။ (ဝိမတိ၊၁၊၅၄။)♦

ဝိဝါဒဖြစ်ခြင်း၏ အကြောင်းရင်းခံ ၆ ပါး

၁။ ဒေါသထွက်တတ်သည်ဖြစ်၍ ရန်ငြိုးဖွဲ့လေ့ ရှိခြင်း၊
၂။ သူတစ်ပါးတို့၏ ကျေးဇူးကို ချေဖျက်တတ်သည်ဖြစ်၍ ပြိုင်ဘက်ပြုလေ့ရှိခြင်း၊
၃။ သူတစ်ပါးတို့အား ငြူစူစောင်းမြောင်းလေ့ရှိပြီး နှမြောဝန်တိုမှု ရှိခြင်း၊
၄။ ကောက်ကျစ် စဉ်းလဲသည်ဖြစ်၍ မာယာနှင့် ပြည့်စုံခြင်း၊
၅။ ယုတ်မာသော အလိုရှိသည်ဖြစ်၍ မိစ္ဆာဒိဋ္ဌိ အယူနှင့် ပြည့်စုံခြင်း၊
၆။ မိစ္ဆာဒိဋ္ဌိအယူကို စွဲမြဲစွာ ဆုပ်ကိုင်လျက် မိမိကိုယ်တိုင် မိစ္ဆာအယူကိုသာလျှင် သုံးသပ်လေ့ရှိခြင်း။ (ပဋိသံ၊ဋ္ဌ၊၂၊၂၃။)♦

ဝိဝါဒမူလ ၆ မျိုး

ငြင်းခုံကြောင်း ၆ ပါးနှင့် တူသည်။ ♦

ဝိဝါဒမူလ ၆ မျိုး

ငြင်းခုံကြောင်း ၆ ပါးနှင့် တူသည်။ ♦

ဝိဝါဒါဓိကရုဏ်း ၁၈ ပါး

၁။ ဓမ္မဟူ၍ ငြင်းခုံခြင်း၊
၂။ အဓမ္မဟူ၍ ငြင်းခုံခြင်း၊
၃။ ဝိနယဟူ၍ ငြင်းခုံခြင်း၊
၄။ အဝိနယဟူ၍ ငြင်းခုံခြင်း၊
၅။ ဘုရားဟောဟူ၍ ငြင်းခုံခြင်း၊
၆။ ဘုရားဟော မဟုတ်ဟူ၍ ငြင်းခုံခြင်း၊
၇။ မြတ်စွာဘုရား၏ အလေ့အကျက်ဟူ၍ ငြင်းခုံခြင်း၊
၈။ မြတ်စွာ ဘုရား၏ အလေ့အကျက် မဟုတ်ဟူ၍ ငြင်းခုံခြင်း၊
၉။ ဘုရားရှင်၏ ပညတ်ချက်ဟူ၍ ငြင်းခုံခြင်း၊
၁၀။ ဘုရားရှင်၏ ပညတ်ချက် မဟုတ်ဟူ၍ ငြင်းခုံခြင်း၊
၁၁။ အာပတ်ဟူ၍ ငြင်းခုံခြင်း၊
၁၂။ အာပတ်မဟုတ်ဟူ၍ ငြင်းခုံခြင်း၊
၁၃။ လဟုကံ ပေါ့သော အာပတ်ဟူ၍ ငြင်းခုံခြင်း၊
၁၄။ ဂရုကံ လေးသော အာပတ်ဟူ၍ ငြင်းခုံခြင်း၊
၁၅။ သာဝသေသ= အကြွင်းရှိသော အာပတ် ဟူ၍ ငြင်းခုံခြင်း၊
၁၆။ အနာဝသေသ= အကြွင်းမရှိသော အာပတ်ဟူ၍ ငြင်းခုံခြင်း၊
၁၇။ ရုန့်ရင်းသော အာပတ်ဟူ၍ ငြင်းခုံခြင်း၊
၁၈။ မရုန့်ရင်းသော အာပတ်ဟူ၍ ငြင်းခုံခြင်း။ (ဝိ၊၄၊၂၁၁။) (ဝိ၊မြန်၊၄။၂၀၇-၂၀၈။)♦

ဝိဝါဒါဓိကရုဏ်း ငြိမ်းရာ၌ သမ္မုခါဝိနယသမထ၏ အင်္ဂါ ၄ ပါး

၁။ သံဃသမ္မုခတာ- သံဃာ့ မျက်မှောက် ဖြစ်ခြင်း၊
၂။ ဓမ္မသမ္မုခတာ- တရား၏ မျက်မှောက်ဖြစ်ခြင်း၊
၃။ ဝိနယသမ္မုခတာ- ဝိနည်း၏ မျက်မှောက်ဖြစ်ခြင်း၊
၄။ ပုဂ္ဂလသမ္မုခတာ- ပုဂ္ဂိုလ်၏ မျက်မှောက်ဖြစ်ခြင်း။ (ဝိ၊၄၊၂၂၀။) (ဝိ၊၄၊၂၂၆။) (ဝိ၊၄၊၂၂၉။) (ဝိ၊၄၊၂၃၂-၂၃၃။) (ဝိ၊မြန်၊၄။၂၁၆၊၂၂၃၊၂၂၆၊၂၂၉၊၂၃၁။) (ဝိ၊မြန်၊၄။၂၁၆၊၂၂၃၊၂၂၆၊၂၂၉၊၂၃၁။) (ဝိ၊မြန်၊၄။၂၁၆၊၂၂၃၊၂၂၆၊၂၂၉၊၂၃၁။) (ဝိ၊မြန်၊၄။၂၁၆၊၂၂၃၊ ၂၂၆၊၂၂၉၊၂၃၁။) ♦

ဝိဝါဒါဓိကရုဏ်း အနုဝါဒါဓိကရုဏ်း အာပတ္တာဓိကရုဏ်း ကိစ္စာဓိကရုဏ်းတို့ ငြိမ်းကြောင်း သမထ ၇ ပါး

၁။ သမ္မုခါဝိနယ သမထ၊
၂။ ယေဘုယျသိကာ သမထ၊
၃။ သတိဝိနယ သမထ၊
၄။ အမူဠှဝိနယ သမထ၊
၅။ ပဋိညာတကရဏ သမထ၊
၆။ တဿပါပိယသိကာ သမထ၊
၇။ တိဏဝတ္ထာရက သမထ။ (ဝိ၊၅၊၁၉၇။) (ဝိ၊မြန်၊၅။၂၈၁။)♦

ဝိဝါဒါဓိကရုဏ်း အနုဝါဒါဓိကရုဏ်းနှင့် ကိစ္စာဓိကရုဏ်းတို့ ငြိမ်းအေးကြောင်း သမထ ၅ ပါး

၁။ သမ္မုခါဝိနယသမထ၊
၂။ ယေဘုယျသိကာသမထ၊
၃။ သတိဝိနယသမထ၊
၄။ အမူဠှ ဝိနယသမထ၊
၅။ တဿပါပိယသိကာသမထ။ (ဝိ၊၅၊၁၉၆။) (ဝိ၊မြန်၊၅။၂၈၁။)♦

ဝိဝါဒါဓိကရုဏ်း အနုဝါဒါဓိကရုဏ်းနှင့် အာပတ္တာဓိကရုဏ်းတို့ ငြိမ်းကြောင်း သမထ ၇ ပါး

၁။ သမ္မုခါဝိနယ သမထ၊
၂။ ယေဘုယျသိကာ သမထ၊
၃။ သတိဝိနယ သမထ၊
၄။ အမူဠှဝိနယ သမထ၊
၅။ ပဋိညာတကရဏ သမထ၊
၆။ တဿပါပိယသိကာ သမထ၊
၇။ တိဏဝတ္ထာရက သမထ။ (ဝိ၊၅၊၁၉၆။) (ဝိ၊မြန်၊၅။၂၈၁။)♦

ဝိဝါဒါဓိကရုဏ်း၏ ကုသလမူလ အကြောင်း ၃ ပါး

၁။ တပ်မက်သော စိတ်မရှိဘဲ ငြင်းခုံခြင်း၊
၂။ ဖျက်ဆီးလိုသော စိတ်မရှိဘဲ ငြင်းခုံခြင်း၊
၃။ တွေဝေသော စိတ်မရှိဘဲ ငြင်းခုံခြင်း။ (ဝိ၊၄၊ ၂၁၄။) (ဝိ၊မြန်၊၄။၂၁၀။)♦

ဝိဝါဒါဓိကရုဏ်း၏ မူလတရား ၁၂ ပါး

၁။ အမျက်ထွက်တတ်ခြင်း, ရန်ငြိုးဖွဲ့ခြင်း၊
၂။ သူ့ကျေးဇူးကို ချေဖျက်ခြင်း၊ အပြိုင်ပြုခြင်း၊
၃။ ငြူစူခြင်း၊ ဝန်တိုခြင်း၊
၄။ မိမိအပြစ်ကို ဖုံးခြင်း၊ လိမ်လည်ခြင်း၊
၅။ အလိုဆိုးသူ ဖြစ်ခြင်း၊ အလိုကြီးသူ ဖြစ်ခြင်း၊
၆။ မိမိအယူကို မှားသောအားဖြင့် သုံးသပ်သူ ဖြစ်ခြင်း၊ မိမိအယူကို မြဲစွာယူတတ်၍ စွန့်လွှတ်နိုင်ခဲသူ ဖြစ်ခြင်း၊
၇။ လောဘ၊
၈။ ဒေါသ၊
၉။ မောဟ၊
၁၀။ အလောဘ၊
၁၁။ အဒေါသ၊
၁၂။ အမောဟ။ (ဝိမတိ၊၂၊၂၇၉။)♦

ဝိဝါဒါဓိကရုဏ်း၏ အကုသလမူလ အကြောင်း ၃ ပါး

၁။ တပ်မက်သော စိတ်ရှိသည်ဖြစ်၍ ငြင်းခုံခြင်း၊
၂။ ဖျက်ဆီးလိုသော စိတ်ရှိသည်ဖြစ်၍ ငြင်းခုံခြင်း၊
၃။ တွေဝေသော စိတ်ရှိသည် ဖြစ်၍ ငြင်းခုံခြင်း။ (ဝိ၊၄၊၂၁၃။) (ဝိ၊မြန်၊၄။၂၁၀။)♦

ဝိဝါဒါဓိကရုဏ်းကြောင့် သင့်သော အာပတ် ၂ မျိုး (တစ်နည်း)

၁။ ရဟန်းပဉ္စင်းကို နှုတ်လှံ ထိုးအံ့၊ ပါစိတ်အာပတ်သို့ သင့်၏၊
၂။ လူသာမဏေကို နှုတ်လှံထိုးအံ့၊ ဒုက္ကဋ်အာပတ်သို့ သင့်၏။ (ဝိ၊၅၊၂၆၇။) (ဝိ၊မြန်၊၅။၃၆၀။)♦

ဝိဝါဒါဓိကရုဏ်းကြောင့် သင့််သော အာပတ် ၂ မျိုး

၁။ ရဟန်းကို ဆဲရေးအံ့၊ ပါစိတ် အာပတ်သို့ သင့်၏၊
၂။ လူသာမဏေကို ဆဲရေးအံ့၊ ဒုက္ကဋ်အာပတ်သို့ သင့်၏။ (ဝိ၊၅၊၁၇၉။) (ဝိ၊မြန်၊၅။၂၆၂။)♦

ဝိဝါဒါဓိကရုဏ်းကို တားမြစ်ခြင်းဖြင့် တားမြစ်အပ်သော သမထ ၂ ပါး

၁။ သမ္မုခါဝိနယ သမထ၊
၂။ ယေဘုယျသိကာ သမထ။ (ဝိ၊ဋ္ဌ၊၄၊၁၉၄။)♦

ဝိဝါဒါဓိကရုဏ်းကို မငြိမ်းစေနိုင်သော သမထ ၅ ပါး

၁။ သတိဝိနယ သမထ၊
၂။ အမူဠှဝိနယ သမထ၊
၃။ ပဋိညာတကရဏ သမထ၊
၄။ တဿပါပိယသိကာ သမထ၊
၅။ တိဏဝတ္ထာရက သမထ။ (ဝိ၊၅၊၁၉၇။) (ဝိ၊မြန်၊၅။၂၈၂။)♦

ဝိဝါဒါဓိကရုဏ်းနှင့် ကိစ္စာဓိကရုဏ်း ငြိမ်းအေးကြောင်း သမထ ၂ ပါး

၁။ သမ္မုခါဝိနယသမထ၊
၂။ ယေဘုယျသိကာ သမထ။ (ဝိ၊၅၊၁၉၆။) (ဝိ၊မြန်၊၅။၂၈၀။)♦

ဝိဝါဒါဓိကရုဏ်းနှင့် တူသော အဖို့ရှိသော သမထ ၂ ပါး

၁။ သမ္မုခါဝိနယ သမထ၊
၂။ ယေဘုယျသိကာ သမထ။ (ဝိ၊၅၊၁၈၆။) (ဝိ၊မြန်၊၅။၂၇၁။)♦

ဝိဝါဒါဓိကရုဏ်းနှင့် မဆက်ဆံသော သမထ ၅ ပါး

၁။ သတိဝိနယ သမထ၊
၂။ အမူဠှ ဝိနယ သမထ၊
၃။ ပဋိညာတကရဏ သမထ၊
၄။ တဿပါပိယသိကာ သမထ၊
၅။ တိဏဝတ္ထာရက သမထ။ (ဝိ၊၅၊၁၈၅။) (ဝိ၊မြန်၊၅။၂၇၀။)♦

ဝိဝါဒါဓိကရုဏ်းနှင့် အနုဝါဒါဓိကရုဏ်း ငြိမ်းအေးကြောင်း သမထ ၅ ပါး

၁။ သမ္မုခါဝိနယ၊
၂။ ယေဘုယျသိကာ သမထ၊
၃။ သတိဝိနယ သမထ၊
၄။ အမူဠှဝိနယ သမထ၊
၅။ တဿ ပါပိယသိကာ သမထ။ (ဝိ၊၅၊၁၉၆။) (ဝိ၊မြန်၊၅။၂၈၀။)♦

ဝိဝါဒါဓိကရုဏ်းနှင့် အာပတ္တာဓိကရုဏ်း ငြိမ်းအေးကြောင်း သမထ ၄ ပါး

၁။ သမ္မုခါဝိနယ သမထ၊
၂။ ယေဘုယျသိကာသမထ၊
၃။ ပဋိညာတကရဏသမထ၊
၄။ တိဏဝတ္ထာရကသမထ။ (ဝိ၊၅၊၁၉၆။) (ဝိ၊မြန်၊၅။၂၈၀။)♦

ဝိဝါဒါဓိကရုဏ်းဖြစ်ကြောင်း ၆ ပါး

၁။ အမျက်ထွက်လေ့ရှိလျက် ရန်ငြိုးဖွဲ့တတ်ခြင်း၊
၂။ ငြူစူ စောင်းမြောင်းလျက် မနာလို ဝန်တိုတတ်ခြင်း၊
၄။ ကောက်ကျစ်စဉ်းလဲလျက် မာယာများ၍ လိမ်လည်လှည့်ပတ်တတ်ခြင်း၊
၅။ ယုတ်မာသော အလိုဆိုးရှိလျက် မှားသော အယူရှိခြင်း၊
၆။ မိမိ၏ အယူကို မှားသောအားဖြင့် သုံးသပ်တတ်လျက် ခိုင်မြဲစွာယူ၍ စွန့်ပယ်နိုင်ခဲခြင်း။ (ဝိ၊၄၊၂၁၂။) (ဝိ၊မြန်၊၄။၂၀၈။)♦

ဝိဝါဒါဓိကရုဏ်းမှ တစ်ပါးသော အဖို့ရှိသော သမထ ၅ ပါး

၁။ သတိဝိနယ သမထ၊
၂။ အမူဠှဝိနယ သမထ၊
၃။ ပဋိညာတကရဏ သမထ၊
၄။ တဿပါပိယသိကာ သမထ၊
၅။ တိဏဝတ္ထာရက သမထ။ (ဝိ၊၅၊၁၈၆။) (ဝိ၊မြန်၊၅။၂၇၁။)♦

ဝိဝေက ၂ ပါး

၁။ ကာမဂုဏ်တရားတို့မှ ကင်းဆိတ်ခြင်း၊
၂။ အကုသိုလ်တရားတို့မှ ကင်းဆိတ်ခြင်း။ (ဝိ၊ဋ္ဌ၊၁၊၁၁၂။)♦

ဝိဝေက ၃ ပါး

၁။ ကာယဝိဝေက- အခြွေအရံ အပေါင်းအဖော်မှ ကိုယ်၏ ကင်းဆိတ်ခြင်း၊
၂။ စိတ္တဝိဝေက- စိတ်၏ ကိလေသာတို့မှ ကင်းဆိတ်ခြင်း၊
၃။ ဥပဓိဝိဝေက- ဥပဓိ ငါးပါးတို့၏ ကင်းဆိတ်ခြင်း (နိဗ္ဗာန်။)။ (မဟာနိ၊၁၀၈။) (မဟာနိ၊၁၂၂။) (မဟာနိ၊၂၀။) (မဟာနိ၊၂၆၄။) (ဒီ၊ဋ္ဌ၊၃၊၁၄၇။) (ဒီ၊ဋ္ဌ၊၃၊၁၈၄။) (ဒီ၊ဋ္ဌ၊၃၊၁၈၄) (ဒီ၊ဋ္ဌ၊၃၊၂၄၇။) (မ၊ဋ္ဌ၊၂၊၄၉။) (သံ၊ဋ္ဌ၊၁၊၁၁၃။) (ပဋိသံ၊ဋ္ဌ၊၂၊၂၂၉။) (ဥဒါန၊ဋ္ဌ၊၂၀၉။) (မဟာနိ၊ဋ္ဌ၊၂၈၉။) (အံ၊ဋီ၊၃၊၂၇၉။) (ဝိသုဒ္ဓိ၊ဋီ၊၁၊၂၅၇။)♦

ဝိဝေက ၄ ပါး

၁။ တဒင်္ဂဝိဝေက- ထိုထို(ကိလေသာ) ဂုဏ်မဲ့ အစိတ်အဖို့မှ ကင်းဆိတ်ကြောင်း ဖြစ်သော ထိုထို (ဝိပဿနာဉာဏ်) ဂုဏ်အစိတ်အဖို့၊
၂။ ဝိက္ခမ္ဘနဝိဝေက- ပယ်ခွါသောအားဖြင့် ကင်းဆိတ်ခြင်း၊
၃။ ကာယဝိဝေက-ကိုယ်ဖြင့် ကင်းဆိတ်ခြင်း, (ကာယဝိဝေကဟူသည် ဂိုဏ်းအပေါင်းအဖော်ကို ပယ်စွန့်၍ ဝီရိယာရမ္ဘဝတ္ထု ၈-ပါး၏ အစွမ်းအားဖြင့် သမထဘာဝနာ အလုပ်ကို အားထုတ်လျက် တစ်ယောက်ထည်းတည်း နေခြင်းကို ဆိုသည်)၊
၄။ စိတ္တဝိဝေက- စိတ်၏ ကင်းဆိတ်ခြင်း, မဟဂ္ဂုတ် လောကုတ္တရာ စိတ်တို့၏ (ကိလေသာနီဝရဏတို့မှ) ကင်းဆိတ်ခြင်း။ (ဝိသုဒ္ဓိ၊ဋီ၊၁၊၁၃၈။)♦

ဝိဝေက ၅ မျိုး

၁။ ဝိပဿနာသည် တဒင်္ဂဝိဝေက မည်၏၊
၂။ သမာပတ်ရှစ်ပါးတို့သည် ဝိက္ခမ္ဘန ဝိဝေက မည်၏၊
၃။ မဂ်သည် သမုစ္ဆေဒဝိဝေက မည်၏၊
၄။ ဖိုလ်သည် ပဋိပ္ပဿဒ္ဓိဝိဝေက မည်၏၊
၅။ အလုံးစုံသော သင်္ခါရနိမိတ်တို့မှ ထွက်မြောက်သော နိဗ္ဗာန်သည် နိဿရဏဝိဝေက မည်၏။ (မ၊ဋ္ဌ၊၁၊၈၈။) (သံ၊ဋ္ဌ၊၁၊၁၄၅။) (အံ၊ဋ္ဌ၊၂၊၉။) (အဘိ၊ဋ္ဌ၊၂၊၃၀၁။) (ပဋိသံ၊ဋ္ဌ၊၂၊၂၂၉။)♦

ဝိသံယောဂ တရား ၄ ပါး

၁။ ကာမယောဂဝိသံယောဂ- ကာမယောဂမှ ကင်းသောတရား၊
၂။ ဘဝယောဂဝိသံယောဂ- ဘဝ၌ ယှဉ်စေ၍ သာယာတပ်မက်သော တရားမှ ကင်းသော တရား၊
၃။ ဒိဋ္ဌိယောဂဝိသံယောဂ- ဒိဋ္ဌိယောဂမှ ကင်းကွာသောတရား၊
၄။ အဝိဇ္ဇာယောဂ ဝိသံယောဂ- အဝိဇ္ဇာယောဂမှ ကင်းလွတ်ကြောင်းဖြစ်သော တရား။ (ဒီ၊၃၊၂၃၁။) (အံ၊၁၊၃၁၈။) (ဒီ၊မြန်၊၃။၂၅၃။) (အံ၊မြန်၊၁။၃၃၂။)♦

ဝိသာခါ ဘုရားရှင်အား တောင်းသော ဆု ၈ မျိုး

၁။ ရဟန်းသံဃာအား ရာသက်ပန် မိုးရေခံ သင်္ကန်းလှူလိုခြင်း၊
၂။ ရာသက်ပန် အာဂန္တုရဟန်းအား ဆွမ်းလှူလိုခြင်း၊
၃။ ရာသက်ပန် ခရီးသွားရဟန်းအား ဆွမ်းလှူလိုခြင်း၊
၄။ ရာသက်ပန် နာမကျန်းသော ရဟန်းအား ဆွမ်းလှူ လိုခြင်း၊
၅။ ရာသက်ပန် နာမကျန်းသော ရဟန်းကို လုပ်ကျွေးပြုစုသော ရဟန်းအား ဆွမ်းလှူ လိုခြင်း၊
၆။ ရာသက်ပန် နာမကျန်းရဟန်းတို့အတွက် ဆေးလှူလိုခြင်း၊
၇။ ရာသက်ပန် ရဟန်း သံဃာအား အမြဲ ယာဂုလှူလိုခြင်း၊
၈။ ဘိက္ခုနီသံဃာအား ရာသက်ပန် ရေသနုပ်သင်္ကန်း လှူလိုခြင်း။ (ဝိ၊၃၊၄၀၆။) (ဇာ၊ဋ္ဌ၊၄၊၃၁၅။) (ဝိ၊မြန်၊၃။၄၀၉။)♦

ဝိသာခါအား ဆုံးမသော ဖခင်၏ ဩဝါဒ ၁၀ ချက်

၁။ ယောက္ခမအိမ်၌ နေသော ချွေးမသည် အတွင်းမီးကို ပြင်ပသို့ မထုတ်အပ် (ယောက္ခမတို့၏ အပြစ်ကို မြင်၍ ပြင်ပ ထိုထိုအိမ်၌ နေ၍ အတင်းမပြောရ)၊
၂။ ပြင်ပမီးကို အတွင်းသို့ မသွင်းအပ် (ပြင်ပမှ ကြားရသော ယောက္ခမ တို့အား ကဲ့ရဲ့ပြောဆိုသော စကားကို ယူဆောင်၍ ယောက္ခမတို့အား မပြောဆိုရ)၊
၃။ ပေးကမ်း သင့်သူကိုသာ ပေးရမည် (တောင်းလာသော အဆောက်အဦကို ယူ၍ ပြန်ပေးတတ်သော သူတို့အားသာလျှင် အဆောက်အဦကို ပေးရမည်)၊
၄။ မပေးသင့်သော သူအား မပေးရ (ပစ္စည်းကို တောင်းယူသွား၍ ပြန်မပေးသော သူတို့အား ပစ္စည်းကို မပေးရ)၊
၅။ ပေးထိုက်သော သူအားလည်းကောင်း မပေးထိုက်သော သူအားလည်းကောင်း အတိုင်းအရှည်ကို သိ၍ ပေးရမည် (ဆင်းရဲသော ဆွေမျိုးမိတ်ဆွေတို့သည် ရောက်လာကုန်သည်ရှိသော် ထိုသူတို့သည် ပြန်ပေးခြင်းငှာ တတ်နိုင်ကုန်သည် ဖြစ်စေ၊ မတတ်နိုင်ကုန်သည် ဖြစ်စေ ထိုသူတို့အား ပေးရမည်)၊
၆။ ချမ်းသာစွာ နေရမည် (ယောက္ခမ လင်ယောက်ျားတို့ကို မြင်၍ ထသင့်ရာ အခါ၌ ထိုင်၍ မနေရ)၊
၇။ ချမ်းသာစွာ စားသုံးရမည် (ယောက္ခမ လင်ယောက်ျားတို့မှ ရှေးဦးစွာ မစားဘဲ၊ ယောက္ခမ, လင်ယောကျ်ားတို့ကို ကျွေးမွေးပြီးနောက်မှ မိမိစားရမည်)၊
၈။ ချမ်းသာစွာ အိပ်ရမည် (ယောက္ခမ, ယောကျ်ားတို့မှ ရှေးဦးစွာ အိပ်ရာသို့ တက်၍ မအိပ်ရ၊ ယောက္ခမ လင်ယောကျ်ားတို့အား ပြုသင့်ပြုထိုက်သော ခြေ, လက် ဆုပ်နယ်ခြင်း အစရှိသော ဝတ်ကြီး ဝတ်ငယ်ကို ပြုလုပ်ပြီး၍ နောက်မှ မိမိ အိပ်ရ၏)၊
၉။ မီးကို ကျွေးမွေး သုတ်သင်ရမည် (ယောက္ခမတို့ကို လည်းကောင်း လင်ယောကျ်ားကိုလည်းကောင်း မီးပုံကြီး ကဲ့သို့ နဂါးမင်းကဲ့သို့ ရှုမြင်ရမည်)၊
၁၀။ အိမ်တွင်းနတ်ကို ရှိခိုးရမည်။(ယောက္ခမတို့ကို လည်းကောင်း, လင်ယောကျ်ားကို လည်းကောင်း နတ်ကဲ့သို့ပြု၍ ဖူးမြင်ရမည်)။ (အံ၊ဋ္ဌ၊၁၊၃၁၅။) (ဓမ္မ၊ဋ္ဌ၊၁၊၂၅၁-၂၅၄။)♦

ဝိသာခါအား ပေးအပ်သော ဆွမ်း ၄ မျိုး

၁။ အာဂန္တုက ရဟန်းတို့အတွက် ပေးလှူအပ်သော ဆွမ်း၊
၂။ ခရီးသွားမည့်ရဟန်းတို့အတွက် ပေးလှူအပ်သော ဆွမ်း၊
၃။ ဂိလာနရဟန်းတို့ အတွက် ပေးလှူအပ်သော ဆွမ်း၊
၄။ ဂိလာနကို ပြုစုလုပ်ကျွေးသော ရဟန်းတို့အတွက် ပေးလှူအပ်သော ဆွမ်း။ (ဝိ၊ဋ္ဌ၊၄၊၁၀၄။)♦

ဝိသုဒ္ဓိ ၅ ပါး

၁။ သုတ္တုဒ္ဒေသဥပုသ်၊
၂။ ပါရိသုဒ္ဓိဥပုသ်၊
၃။ အဓိဋ္ဌာန်ဥပုသ်၊
၄။ ပဝါရဏာ (ကိုးပါး။)၊
၅။ သာမဂ္ဂီဥပုသ်။ (ဝိ၊၅၊၂၃၆။) (ဝိ၊မြန်၊၅။၃၂၆။)♦

ဝိသုဒ္ဓိမည်သော ပါတိမောက်ပြခြင်း ၅ မျိုး

၁။ နိဒါန်းကို ပြပြီး၍ အကြွင်းကို သုတသဒ္ဒါဖြင့် ကြားခြင်း၊
၂။ နိဒါန်းနှင့် ပါရာဇိကတို့ကို ပြပြီး၍ အကြွင်းကို သုတသဒ္ဒါဖြင့် ကြားခြင်း၊
၃။ နိဒါန်း ပါရာဇိကနှင့် သံဃာဒိသိသ်တို့ကို ပြပြီး၍ အကြွင်းကို သုတသဒ္ဒါဖြင့် ကြားခြင်း၊
၄။ နိဒါန်း ပါရာဇိက သံဃာဒိသိသ်နှင့် အနိယတ နှစ်ပါးတို့ကို ပြပြီး၍ အကြွင်းကို သုတသဒ္ဒါဖြင့် ကြားခြင်း။၅။ အကျယ်ပြခြင်း။ (ဝိ၊၅၊၂၃၆။) (ဝိ၊၅၊၃၂၈။) (ဝိ၊မြန်၊၅။၃၂၆။) (ဝိ၊မြန်၊၅။၄၂၉။)♦

ဝိသူကဒဿနသရုပ် ၂၇ ပါး

၁။ နစ္စံ- ကိုယ်တိုင် ကခြင်း သူတစ်ပါးတို့ကို ကစေခြင်း၊
၂။ ဂီတံ- ကိုယ်တိုင် သီဆိုခြင်း သူတစ်ပါးတို့ကို သီဆိုစေခြင်း၊
၃။ ဝါဒိတံ- ကိုယ်တိုင် တီးမှုတ်ခြင်း သူတစ်ပါးတို့ကို တီးမှုတ်စေခြင်း၊
၄။ ပေက္ခံ- ကပွဲသဘင်၊
၅။ အက္ခာနံ- ကွက်စိတ်ဆရာတို့ ပြောဆိုအပ်သော ဘာရတညီနောင် စစ်တိုက်ခြင်း စသော အကြောင်းအရာကို နားထောင်ခြင်း၊
၆။ ပါဏိဿရံ- ဝါးလက်ခုပ်တီးသံ၊
၇။ ဝေတာဠံ- ဃနမည်သော တူရိယာတီးသံ၊
၈။ ကုမ္ဘထူဏံ- အိုးစည်တီးသံ၊
၉။ သောဘနကံ- ပွဲကရာ၌ နတ်ကတော် ထွက်၍ ဗလိနတ်စာ တင်မှု ပြုခြင်း၊
၁၀။ စဏ္ဍာလံ- ကာယဗလလေ့ကျင့်ခြင်း၊
၁၁။ ဝံသံ- ချောတိုင်တက်ခြင်း၊
၁၂။ ဓောဝနံ-အရိုးဆေးပွဲ၊
၁၃။ ဟတ္ထိယုဒ္ဓံ- ဆင်တိုက်ပွဲ ဆင်စစ်ပွဲ၊
၁၄။ အဿယုဒ္ဓံ- မြင်းတိုက်ပွဲ, မြင်းစစ်ပွဲ၊
၁၅။ မဟိံသယုဒ္ဓံ- ကျွဲတိုက်ပွဲ၊
၁၆။ ဥသဘယုဒ္ဓံ- နွားလား, ဥသဘ တိုက်ပွဲ၊
၁၇။ အဇယုဒ္ဓံ- ဆိတ်တိုက်ပွဲ၊
၁၈။ မေဏ္ဍယုဒ္ဓံ-သိုးတိုက်ပွဲ၊
၁၉။ ကုက္ကုဋယုဒ္ဓံ- ကြက်တိုက်ပွဲ၊
၂၀။ ဝဋ္ဋကယုဒ္ဓံ- ငုံးတိုက်ပွဲ၊
၂၁။ ဒဏ္ဍယုဒ္ဓံ-တုတ်ရိုက်ပွဲ၊
၂၂။ မုဋ္ဌိယုဒ္ဓံ- လက်သီး ထိုးပွဲ၊
၂၃။ နိဗ္ဗုဒ္ဓံ- လက်ဝှေ့ထိုးပွဲ, နပန်းလုံးပွဲ၊
၂၄။ ဥယျောဓိကံ- တိုက်ခိုက်သည့် စစ်ပွဲ၊
၂၅။ ဗလဂ္ဂံ- စစ်သည်အစုကို ရေတွက်ရာအရပ်ကို ကြည့်ရှုခြင်း၊
၂၆။ သေနာ ဗျူဟံ- စစ်ဆင်ရာအရပ်ကို ကြည့်ရှုခြင်း၊
၂၇။ အနီကဒဿနံ- ဆင်တပ်, မြင်းတပ် စသည်ကို ကြည့်ရှုခြင်း။ (ဒီ၊၁၊၆၊၆၁။) (ဒီ၊မြန်၊၁။၆၊၇၃။)♦

ဝိသေသဘာဂိယ တရား ၁၀ ပါး

ထူးသော အဖို့ရှိသော တရား ၁၀ ပါး၊ ကုသိုလ်ကမ္မပထတရား ၁၀ ပါးတို့နှင့် တူသည်။ ♦

ဝိသေသဘာဂိယ တရား ၂ ပါး

ထူးသောအဖို့ရှိသော တရား ၂ ပါးနှင့် တူသည်။ ♦

ဝိသေသဘာဂိယတရား ၃ ပါး

ထူးသော အဖို့ရှိသော တရား ၃ ပါးနှင့် တူသည်။ ♦

ဝိသေသဘာဂိယတရား ၄ ပါး

ထူးသော အဖို့ရှိသော တရား ၄ ပါး၊ ဝိသံယောဂ ၄ ပါးတို့နှင့် တူသည်။ ♦

ဝိသေသဘာဂိယတရား ၅ ပါး

ထူးသော အဖို့ရှိသော တရား ၅ ပါး၊ ဣန္ဒြေ ၅ ပါးတို့နှင့် တူသည်။ ♦

ဝိသေသဘာဂိယတရား ၆ ပါး

ထူးသော အဖို့ရှိသော တရား ၆ ပါး၊ ရိုသေခြင်းတရား ၆ ပါး တို့နှင့် တူသည်။ ♦

ဝိသေသဘာဂိယတရား ၇ ပါး

ထူးသော အဖို့ရှိသော တရား ၇ ပါးနှင့် တူသည်။ ♦

ဝိသေသဘာဂိယတရား ၈ ပါး

ထူးသော အဖို့ရှိသော တရား ၈ ပါး၊ အားထုတ်ခြင်း အကြောင်း ၈ ပါး နှင့် တူသည်။ ♦

ဝိသေသဘာဂိယတရား ၉ ပါး

ထူးသော အဖို့ရှိသော တရား ၉ ပါး၊ ရန်ငြိုးပြေကြောင်း ၉ ပါးနှင့် တူသည်။ ♦

ဝိဿဇ္ဇနာ ၅ မျိုး

၁။ ပါဠိဂတိ ဝိဿဇ္ဇနာ၊
၂။ ပါဠိဝစန ဝိဿဇ္ဇနာ၊
၃။ သရူပဒဿန ဝိဿဇ္ဇနာ၊
၄။ ပဋိက္ခေပ ဝိဿဇ္ဇနာ။၅။ ပဋိသေဓ ဝိဿဇ္ဇနာ။ (အဘိ၊ဋ္ဌ၊၃၊၂၉၉။)♦

ဝိဿာသဂ္ဂါဟ အင်္ဂါ ၅ ပါး

ချစ်ကျွမ်းဝင်သဖြင့် ယူခြင်း၏ အင်္ဂါ ၅ ပါးနှင့် တူသည်။ ♦

ဝီမံသနဝတ္ထု၌ စုံစမ်းခြင်း ၂ မျိုး

၁။ ဤအဆိပ်သည် သေနိုင်, မသေနိုင် စသည်ဖြင့် အဆိပ်ကို စုံစမ်းခြင်း၊
၂။ ဤပုဂ္ဂိုလ်သည် ဤအဆိပ်ကို စားပြီး သေနိုင်, မသေနိုင် စသည်ဖြင့် ပုဂ္ဂိုလ်ကို စုံစမ်းခြင်း။ (ဝိ၊ဋ္ဌ၊၂၊၆၂။)♦

ဝီရိယ ၂ ပါး

၁။ ကာယိကဝီရိယ- နေ့မနား ညမနား ခန္ဓာကိုယ်ဖြင့် ကြိုးစား အားထုတ်ခြင်း၊
၂။ စေတသိကဝီရိယ- ထိုင်ခြင်း အိပ်ခြင်းစသော အပိုင်းအခြားဖြင့် စိတ်ကို ထိန်းချုပ်၍ ကြိုးစား အားထုတ်ခြင်း။ (အံ၊ဋ္ဌ၊၁၊၃၈။)♦

ဝီရိယကို ဆောက်တည်ရာ ဌာန ၉ မျိုး

၁။ ပုရေဘတ္တ- ဆွမ်းမစားမီ အချိန်၊
၂။ ပစ္ဆာဘတ္တ- ဆွမ်းစားပြီးချိန်၊
၃။ ပုရိမယာမ- ညဉ့်ဦးယာမ်အချိန်၊
၄။ မဇ္ဈိမယာမ- သန်းခေါင်ယာမ် အချိန်၊
၅။ ပစ္ဆိမယာမ- မိုးသောက်အချိန်၊
၆။ ဂမနေ- သွားနေသော အချိန်၊
၇။ ဌာန- ရပ်နေသော အချိန်၊
၈။ နိသဇ္ဇာ- ထိုင်နေသော အချိန်၊
၉။ သယန- လဲလျောင်းနေသော အချိန်။ (သံ၊ဋ္ဌ၊၂၊၄၆။)♦

ဝီရိယသမ္ဗောဇ္ဈင် ဖြစ်ပေါ်ကြောင်း ၁၁ မျိုး

၁။ အပါယ် အစရှိသော ဆင်းရဲမှုဘေးတို့ကို ဆင်ခြင်လေ့ရှိသူ ဖြစ်ခြင်း၊
၂။ ဝီရိယနှင့် စပ်သော လောကီလောကုတ္တရာ တရား အထူးကို ရခြင်းဟူသော အကျိုးဆက်ကို ရှုလေ့ရှိသူ ဖြစ်ခြင်း၊
၃။ ‘‘ဘုရားရှင်, ပစ္စေကဗုဒ္ဓါ, မဟာသာဝက တို့သည် သွားအပ်သော ခရီးကို ငါသည် သွားထိုက်၏၊ ထိုခရီးသည်လည်း ပျင်းရိသော သူသည် သွားခြင်းငှာ မတတ်ကောင်း’’ဟု အရှင်မြတ်တို့ သွားအပ်သော ခရီးဟု ဆိုအပ်သော ကျင့်စဉ် လမ်းရိုးကို ဆင်ခြင်လေ့ရှိသူ ဖြစ်ခြင်း၊
၄။ ဒါယကာတို့၏ အကျိုးကြီးသည်၏ အဖြစ်ကို ပြုခြင်းဖြင့် ဆွမ်းကို အတုံ့ပြန်၍ ပူဇော်သူ ဖြစ်ခြင်း၊
၅။ ‘‘ငါ၏ ဆရာ ဘုရားရှင်သည် ဝီရိယကို အားထုတ်ခြင်း၏ ကျေးဇူးကို ဆိုလေ့ရှိ၏၊ ထိုကျေးဇူးကို ဆိုလေ့ရှိသော ငါတို့ဆရာ ဘုရားရှင်သည်လည်း မလွန်ကျူးအပ်သော အဆုံးအမ ရှိတော်မူ၏၊ ငါတို့အားလည်း ကျေးဇူးများ၏ အကျင့်ဖြင့်လည်း ပူဇော်အပ်သည်ရှိသော် ပူဇော်အပ်သည် မည်၏၊ အာမိသ ပူဇာဖြင့် ပူဇော်အပ်သော် ပူဇော်အပ်သည် မမည်’’ဟု ဆရာဖြစ်သော ဘုရားရှင်၏ မြတ်သည်၏အဖြစ်ကို ဆင်ခြင်လေ့ရှိသူ ဖြစ်ခြင်း၊
၆။ ‘‘ငါသည် သူတော်ကောင်းတရားဟု ဆိုအပ်သော မြတ်သော အမွေဥစ္စာကို ယူထိုက်၏၊ ထိုသူတော်ကောင်းတရားဟု ဆိုအပ်သော အမွေဥစ္စာသည်လည်း ပျင်းရိသူသည် ယူခြင်းငှာ မတတ်ကောင်း’’ဟု သူတော်ကောင်း တရားဟု ဆိုအပ်သော အမွေဥစ္စာ၏ မြတ်သည်၏အဖြစ်ကို ဆင်ခြင်လေ့ရှိသူ ဖြစ်ခြင်း၊
၇။ အာလောကသညာကို နှလုံးသွင်းခြင်း, ဣရိယာပုတ် ပြောင်းလဲခြင်း, လွင်တီးခေါင် အရပ်ကို မှီဝဲခြင်း အစရှိသည်တို့ဖြင့် ထိနမိဒ္ဓကို ဖျောက်လေ့ရှိသူ ဖြစ်ခြင်း၊
၈။ ပျင်းရိသော သူတို့ကို ရှောင်ကြဉ်သူ ဖြစ်ခြင်း၊
၉။ မြဲမြံစွာ အားထုတ်အပ်သော ဝီရိယရှိသော သူမြတ် တို့ကို မှီဝဲဆည်းကပ်ခြင်း၊
၁၀။ သမ္ပပ္ပဓာန်တရားတို့ကို ဆင်ခြင်သူ ဖြစ်ခြင်၊
၁၁။ ထိုဝီရိယ သမ္ဗောဇ္ဈင်၌ စိတ်နှလုံး ညွတ်ကိုင်းသူ ဖြစ်ခြင်း။ (ဒီ၊ဋ္ဌ၊၂၊၃၇၈။) (မ၊ဋ္ဌ၊၁၊၂၉၇။) (သံ၊ဋ္ဌ၊၃၊၁၉၅။) (အံ၊ဋ္ဌ၊၁၊၃၉၂။) (အဘိ၊ဋ္ဌ၊၂၊၂၆၅။) (ဝိသုဒ္ဓိ၊၁၊၁၂၈။) (သာရတ္ထ၊ဋီ၊၂၊၂၂၇။) (ဒီ၊ဋ္ဌ၊မြန်၊၂။၇၀၂။) (ဒီ၊ဋ္ဌ၊မြန်၊၂။၇၀၂။)♦

ဝီရိယသမ္ဗောဇ္ဈင်ဖြစ်ကြောင်း ၉ ပါး

၁။ အပါယ်စသော ငရဲဘေးကို ဆင်ခြင်ခြင်း၊
၂။ ဘုရား, ပစ္စေကဗုဒ္ဓါ, အဂ္ဂသာဝက, မဟာသာဝကတို့၏ သွားထားသော လမ်း ကျင့်အပ်သော အကျင့်ကို ဆင်ခြင်ခြင်း၊
၃။ ဒါယကာတို့၏ ကောင်းမှုအကျိုးကြီးအောင် ပြုသောအားဖြင့် ဆွမ်းကို ရိုသေ လေးစားခြင်း၊ တုန့်ပြန်ပူဇော်ခြင်း၊
၄။ သူတော်ကောင်းတရား တည်းဟူသော ဘုရားရှင်အမွေ၏ မြင့်မြတ်သည်၏အဖြစ်ကို ဆင်ခြင်ခြင်း၊
၅။ ဆရာဖြစ်တော်မူသော မြတ်စွာဘုရား၏ မြင့်မြတ် သည်၏အဖြစ်ကို ဆင်ခြင်ခြင်း၊
၆။ သီတင်းသုံးဖော်ရဟန်းတို့၏ မြင့်မြတ်သည်၏အဖြစ်ကို ဆင်ခြင်ခြင်း၊
၇။ ပျင်းရိသော ပုဂ္ဂိုလ်ကို ရှောင်ကြဉ်ခြင်း၊
၈။ ဝီရိယကို စွဲမြဲစွာအားထုတ်သော ပုဂ္ဂိုလ်ကို မှီဝဲခြင်း၊
၉။ ဝီရိယသမ္ဗောဇ္ဈင်ဖြစ်ရန် စိတ်ညွတ်ခြင်း နှလုံးသွင်းခြင်း။ (ဒီ၊ဋီ၊၂၊၁၂၉။)♦

ဝီရိယအင်္ဂါ ၄ ပါး

၁။ အရေချည်း ကျန်သည့်တိုင်အောင် လုံ့လပြုခြင်း၊
၂။ အကြောချည်း ကျန်သည့်တိုင်အောင် လုံ့လပြုခြင်း၊
၃။ အရိုးချည်း ကျန်သည့်တိုင်အောင် လုံ့လပြုခြင်း၊
၄။ ကိုယ်၌ အသားအသွေး ခန်းခြောက်သည့်တိုင်အောင် လုံ့လပြုခြင်း။ (သံ၊ဋ္ဌ၊၂၊၄၆။) (အံ၊ဋ္ဌ၊၂၊၆။) (သုတ္တနိ၊ဋ္ဌ၊၂၊၁၁၉။) (သာရတ္ထ၊ဋီ၊၁၊၃၅၃။)♦

ဝီရိယအားထုတ်မှု ၂ မျိုး

၁။ ကိုယ်၌ ဖြစ်သော ဝီရိယအားထုတ်မှု၊
၂။ စိတ်၌ ဖြစ်သော ဝီရိယ အားထုတ်မှု။ (အံ၊ဋီ၊၃၊၂၈၀။)♦

ဝီရိယအားထုတ်မှု ၃ မျိုး

၁။ ရှေးဦးစွာ အားထုတ်သော ဝီရိယဓာတ်- အာရမ္ဘဓာတ်၊
၂။ ပျင်းရိသူ အဖြစ်မှ ထွက်မြောက်ကြောင်း လုံ့လဝီရိယဓာတ်- နိက္ကမဓာတ်၊
၃။ ပြင်းစွာ အားထုတ်ခြင်း ဓာတ်- ပရက္ကမဓာတ်။ (အံ၊ဋီ၊၃၊၂၈၀။)♦

ဝီရိယာရမ္ဘ ၂ ပါး

၁။ ကာယိက ဝီရိယာရမ္ဘ- ကိုယ်၌ဖြစ်သော ဝီရိယအားထုတ်မှု၊
၂။ စေတသိက ဝီရိယာရမ္ဘ- စိတ်၌ ဖြစ်သော ဝီရိယအားထုတ်မှု။ (ဥဒါန၊ဋ္ဌ၊၂၁၁။)♦

ဝီရိယိန္ဒြေ စင်ကြယ်ကြောင်း ၃ ပါး

၁။ ပျင်းရိသော ပုဂ္ဂိုလ်တို့ကို ရှောင်ကြဉ်ခြင်း၊
၂။ လုံ့လ ဝီရိယရှိသော ပုဂ္ဂိုလ်တို့ကို မှီဝဲဆည်းကပ်ခြင်း၊
၃။ သမ္မပ္ပဓာန်တရားတို့ကို ဆင်ခြင်ခြင်း။ (ပဋိသံ၊၁၉၈။) (မ၊ဋ္ဌ၊၄၊၂၄၃။) (သံ၊ဋ္ဌ၊၃၊၃၆။) (အံ၊ဋ္ဌ၊၁၊၃၈၇။) (ဥဒါန၊ဋ္ဌ၊၁၉၉။) (အံ၊ဋီ၊၃၊၂၆၉။)♦

ဝုဋ္ဌာနဂါမိနီ ဝိပဿနာဉာဏ်၏ ဥပမာ ၁၂ မျိုး

၁။ လင်းနို့ ဥပမာ၊
၂။ မြွေဟောက် ဥပမာ၊
၃။ အိမ် ဥပမာ၊
၄။ နွား ဥပမာ၊
၅။ ဘီလူးမ ဥပမာ၊
၆။ သူငယ် ဥပမာ၊
၇။ အစာငတ်မွတ်ခြင်း ဥပမာ၊
၈။ ရေငတ်ခြင်း ဥပမာ၊
၉။ အအေး ဥပမာ၊
၁၀။ အပူ ဥပမာ၊
၁၁။ အဆိပ် ဥပမာ၊
၁၂။ အမိုက်တိုက် ဥပမာ။ (ဝိသုဒ္ဓိ၊၂၊၃၀၁။)♦

ဝေဒ ၃ မျိုး

ဗေဒင် ၃ ကျမ်းနှင့် တူသည်။ ♦

ဝေဒ ၅ မျိုး

ဗေဒင် ၅ ကျမ်းနှင့် တူသည်။ ♦

ဝေဒကျမ်းပြု ရသေ့ ၁၀ ဦး

၁။ အဋ္ဌကရသေ့၊
၂။ ဝါမကရသေ့၊
၃။ ဝါမဒေဝရသေ့၊
၄။ ဝေဿာမိတ္တ ရသေ့၊
၅။ ယမတဂ္ဂိရသေ့၊
၆။ အင်္ဂီရသရသေ့၊
၇။ ဘာရဒွါဇရသေ့၊
၈။ ဝါသေဋ္ဌရသေ့၊
၉။ ကဿပရသေ့၊
၁၀။ ဘဂုရသေ့။ (ဝိ၊၃၊၃၄၃။) (ဒီ၊၁၊၂၂၆။) (ဝိ၊မြန်၊၃။၃၄၆။)♦

ဝေဒနာ ၁၀၈ ပါး

၁။ အတိတ်ဝေဒနာ သုံးဆယ့်ခြောက်ပါး၊
၂။ အနာဂတ်ဝေဒနာ သုံးဆယ့် ခြောက်ပါး၊
၃။ ပစ္စုပ္ပန်ဝေဒနာ သုံးဆယ့်ခြောက်ပါး။ (သံ၊၂၊၄၃၀။) (မိလိန္ဒ၊၄၅။) (သံ၊မြန်၊၂။၄၂၅။) (မိလိန္ဒ၊မြန်။၅၀။)♦

ဝေဒနာ ၁၁ မျိုး

၁။ အတီတဝေဒနာ- အတိတ်ဝေဒနာ၊
၂။ အနာဂတဝေဒနာ- အနာဂတ်ဝေဒနာ၊
၃။ ပစ္စုပ္ပန္နဝေဒနာ- ပစ္စုပ္ပန်ဝေဒနာ၊
၄။ အဇ္ဈတ္တဝေဒနာ- ကိုယ်တွင်းဝေဒနာ၊
၅။ ဗဟိဒ္ဓ ဝေဒနာ- ပြင်ပဝေဒနာ၊
၆။ ဩဠာရိကဝေဒနာ- ရုန့်ရင်းကြမ်းသော ဝေဒနာ၊
၇။ သုခုမဝေဒနာ- သိမ်မွေ့သော ဝေဒနာ၊
၈။ ဟီနဝေဒနာ- ယုတ်ညံ့သော ဝေဒနာ၊
၉။ ပဏီတဝေဒနာ- မြတ်သော ဝေဒနာ၊
၁၀။ ဒူရေဝေဒနာ- အဝေး၌ ဖြစ်သော ဝေဒနာ၊
၁၁။ သန္တိကေဝေဒနာ- အနီး၌ ဖြစ်သော ဝေဒနာ။ (အဘိ၊ဝိ၊၃။) (အဘိ၊ဝိ၊မြန်၊၁။၅။)♦

ဝေဒနာ ၁၈ ပါး

၁။ သောမနဿူပဝိစာရ ခြောက်ပါး၊
၂။ ဒေါသနဿူပဝိစာရ ခြောက်ပါး၊
၃။ ဥပေက္ခူပ ဝိစာရ ခြောက်ပါး။ (မ၊ဋ္ဌ၊၃၊၈၀) (သံ၊ဋ္ဌ၊၃၊၁၂၀။)♦

ဝေဒနာ ၂ မျိုး

၁။ ကာယိကဝေဒနာ- ကိုယ်၌ ဖြစ်သော ဝေဒနာ၊
၂။ စေတသိကဝေဒနာ- စိတ်၌ ဖြစ်သော ဝေဒနာ။ (သံ၊၂၊၄၂၉။) (ဣတိဝုတ်၊ဋ္ဌ၊၁၈၂။)♦

ဝေဒနာ ၃ မျိုး

၁။ သုခဝေဒနာ- ချမ်းသာခြင်း ဝေဒနာ၊
၂။ ဒုက္ခဝေဒနာ- ဆင်းရဲခြင်း ဝေဒနာ၊
၃။ ဥပေက္ခာဝေဒနာ- လျစ်လျူရှုခြင်း ဝေဒနာ။ (ဒီ၊၃၊၁၈၁။) (သံ၊၃၊၁၇။) (နေတ္တိ၊ဋ္ဌ၊၂၁၃။) (သာရတ္ထ၊ ဋီ၊၁။၂၄၂။) (ဒီ၊မြန်၊၃။၂၀၁။) (သံ၊မြန်၊၃။၁၉။)♦

ဝေဒနာ ၃ မျိုး (ဇာတ်အားဖြင့် ဝေဒနာ ၃ မျိုး)

၁။ ကုသလဝေဒနာ၊
၂။ အကုသလဝေဒနာ၊
၃။ အဗျာကတဝေဒနာ။ (ဝိသုဒ္ဓိ၊၂၊၉၀။)♦

ဝေဒနာ ၃ မျိုး (တစ်နည်း)

၁။ ချမ်းသာသော ဝေဒနာ၊
၂။ ဆင်းရဲသော ဝေဒနာ၊
၃။ ချမ်းသာလည်း မဟုတ် ဆင်းရဲလည်း မဟုတ်သော ဝေဒနာ။ (မ၊၁၊၃၇၇။) (မ၊၂၊၅၉။) (သံ၊၂၊၄၀၇။) (သံ၊၂၊၄၀၉။) (သံ၊၂၊၄၁၆။) (သံ၊၂၊၄၂၂။) (သံ၊၂၊၄၂၉။) (သံ၊၂၊၄၃၁။) (သံ၊၂၊၄၅၀။) (ခုဒ္ဒက၊၂၂၇။) (ပဋိသံ၊ဋ္ဌ၊၁၊၁၀၂။) (ဣတိဝုတ်၊ဋ္ဌ၊၁၈၂။) (နေတ္တိ၊ဝိဘာ၊၂၇၅။) (မ၊မြန်၊၁။၃၉၀။) (မ၊မြန်၊၂။၆၄။) (သံ၊မြန်၊၂။၄၀၂၊၄၀၄၊၄၁၀၊၄၁၇၊၄၂၇၊၄၄၆။) (သံ၊မြန်၊၂။၄၀၂၊၄၀၄၊၄၁၀၊၄၁၇၊၄၂၇၊၄၄၆။) (သံ၊မြန်၊၂။၄၀၂၊ ၄၀၄၊၄၁၀၊၄၁၇၊၄၂၇၊၄၄၆။) (သံ၊မြန်၊၂။၄၀၂၊၄၀၄၊၄၁၀၊၄၁၇၊၄၂၇၊၄၄၆။) (သံ၊မြန်၊၂။၄၀၂၊ ၄၀၄၊ ၄၁၀၊၄၁၇၊၄၂၇၊၄၄၆။) (သံ၊မြန်၊၂။၄၀၂၊၄၀၄၊၄၁၀၊၄၁၇၊၄၂၇၊၄၄၆။) (သံ၊မြန်၊၂။၄၂၄။)(ခုဒ္ဒက၊ မြန်။၂၁၁။)♦

ဝေဒနာ ၃၆ ပါး

၁။ ဂေဟသိတသောမနဿ ခြောက်ပါး၊
၂။ နေက္ခမ္မသိတသောမနဿ ခြောက်ပါး၊
၃။ ဂေဟသိတဒေါမနဿ ခြောက်ပါး၊
၄။ နေက္ခမ္မသိတဒေါမနဿ ခြောက်ပါး၊
၅။ ဂေဟသိတ ဥပေက္ခာ ခြောက်ပါး၊
၆။ နေက္ခမ္မသိတဥပေက္ခာ ခြောက်ပါး။ (သံ၊၂၊၄၂၉။) (သံ၊မြန်၊၂။၄၂၅။)♦

ဝေဒနာ ၅ ပါး

၁။ သုခိန္ဒြေ- သုခ ဝေဒနာ၊
၂။ ဒုက္ခိန္ဒြေ- ဒုက္ခ ဝေဒနာ၊
၃။ သောမနဿိန္ဒြေ-သောမနဿ ဝေဒနာ၊
၄။ ဒေါမနဿိန္ဒြေ- ဒေါမနဿ ဝေဒနာ၊
၅။ ဥပေက္ခိန္ဒြေ- ဥပေက္ခာ ဝေဒနာ။ (သံ၊၂၊၄၂၉။) (သံ၊မြန်၊၂။၄၂၄။)♦

ဝေဒနာ ၆ ပါး

၁။ စက္ခုသမ္ဖဿဇာဝေဒနာ- မျက်စိအတွေ့ကြောင့် ဖြစ်သော ခံစားမှုဝေဒနာ၊
၂။ သောတသမ္ဖဿဇာဝေဒနာ- နားအတွေ့ကြောင့် ဖြစ်သော ခံစားမှုဝေဒနာ၊
၃။ ဃာန သမ္ဖဿဇာဝေဒနာ- နှခေါင်းအတွေ့ကြောင့် ဖြစ်သော ခံစားမှုဝေဒနာ၊
၄။ ဇိဝှာသမ္ဖဿဇာ ဝေဒနာ- လျှာအတွေ့ကြောင့် ဖြစ်သော ခံစားမှုဝေဒနာ၊
၅။ ကာယသမ္ဖဿဇာဝေဒနာ- ကိုယ် အတွေ့ကြောင့် ဖြစ်သော ခံစားမှုဝေဒနာ၊
၆။ မနောသမ္ဖဿဇာဝေဒနာ- စိတ်အတွေ့ကြောင့် ဖြစ်သော ခံစားမှုဝေဒနာ။ (သံ၊၁၊၂၄၅။) (သံ၊၂၊၄၂၉။) (သံ၊၂၊၄၉။) (သာရတ္ထ၊ဋီ၊၁၊၂၂၀။) (သံ၊မြန်၊၁။၂၂၉။) (သံ၊မြန်၊၂။၄၂၄။) (သံ၊မြန်၊၂။၄၇။)♦

ဝေဒနာ ၇ ပါး

၁။ စက္ခုသမ္ဖဿဇာဝေဒနာ- မျက်စိအတွေ့ကြောင့် ဖြစ်သော ခံစားမှု၊
၂။ သောတသမ္ဖဿဇာဝေဒနာ- နားအတွေ့ကြောင့် ဖြစ်သော ခံစားမှု၊
၃။ ဃာနသမ္ဖဿဇာ ဝေဒနာ-နှာခေါင်းအတွေ့ကြောင့် ဖြစ်သော ခံစားမှု၊
၄။ ဇိဝှါသမ္ဖဿဇာဝေဒနာ- လျှာအတွေ့ ကြောင့်ဖြစ်သော ခံစားမှု၊
၅။ ကာယသမ္ဖဿဇာဝေဒနာ- ကိုယ်အတွေ့ကြောင့် ဖြစ်သော ခံစားမှု၊
၆။ မနောဓာတုသမ္ဖဿဇာဝေဒနာ- မနောဓာတ်အတွေ့ကြောင့် ဖြစ်သော ခံစားမှု၊
၇။ မနောဝိညာဏဓာတုသမ္ဖဿဇာဝေဒနာ- မနောဝိညာဏဓာတ် အတွေ့ကြောင့် ဖြစ်သော ခံစားမှု။ (အဘိ၊ဝိ၊၄၁၆။) (အဘိ၊ဝိ၊၄၁၈။) (အဘိ၊ဝိ၊မြန်၊၂။၅၂၅။) (အဘိ၊ဝိ၊မြန်၊၂။၅၂၅။)♦

ဝေဒနာ ၉ မျိုး

၁။ သုခ ဝေဒနာ၊
၂။ ဒုက္ခ ဝေဒနာ၊
၃။ အဒုက္ခမသုခ ဝေဒနာ- ဆင်းရဲလည်း မဟုတ်, ချမ်းသာလည်း မဟုတ်သော ဝေဒနာ၊
၄။ သာမိသသုခ ဝေဒနာ- (ကာမဂုဏ်) အာမိသနှင့် တကွသော ချမ်းသာသော ဝေဒနာ၊
၅။ နိရာမိသသုခ ဝေဒနာ- (ကာမဂုဏ်) အာမိသ ကင်းသော ချမ်းသာသော ဝေဒနာ၊
၆။ သာမိသဒုက္ခ ဝေဒနာ- (ကာမဂုဏ်) အာမိသနှင့် တကွသော ဆင်းရဲသော ဝေဒနာ၊
၇။ နိရာမိသဒုက္ခ ဝေဒနာ- (ကာမဂုဏ်) အာမိသကင်းသော ဆင်းရဲသော ဝေဒနာ၊
၈။ သာမိသ အဒုက္ခမသုခ ဝေဒနာ- (ကာမဂုဏ်) အာမိသနှင့် တကွသော ဆင်းရဲလည်း မဟုတ်, ချမ်းသာလည်း မဟုတ်သော ဝေဒနာ၊
၉။ နိရာမိသ အဒုက္ခမသုခ ဝေဒနာ- (ကာမဂုဏ်) အာမိသကင်းသော ဆင်းရဲလည်း မဟုတ်, ချမ်းသာလည်း မဟုတ်သော ဝေဒနာ။ (အံ၊ဋ္ဌ၊၁၊၃၈၂။)♦

ဝေဒနာ ဖြစ်ကြောင်း ၄ မျိုး

၁။ မှီရာဝတ္ထုကို စွဲ၍လည်းကောင်း၊
၂။ အာရုံကို စွဲ၍လည်းကောင်း၊
၃။ ကိလေသာတည်းဟူသော အစေးကို စွဲ၍လည်းကောင်း၊
၄။ ဖဿ၏ ထိခိုက်ခြင်းကို စွဲ၍လည်းကောင်း ဝေဒနာသည် ဖြစ်ပေါ်၏။ (သံ၊ဋ္ဌ၊၂၊၂၉၅။) (အဘိ၊ဋ္ဌ၊၂၊၃၁။)♦

ဝေဒနာ အပြား ၁၀၈ ပါး

၁။ သောမနဿဝေဒနာ, ဒေါမနဿဝေဒနာ, ဥပေက္ခာဝေဒနာ သုံးပါးတို့ကို ကာမဂုဏ်၌ မှီသော ဂေဟဿိတ, ကာမဂုဏ်မှ ထွက်မြောက်ကြောင်း ဈာန်မဂ်၌ မှီသော နေက္ခမ္မဿိတ နှစ်ပါးနှင့် မြှောက်လျှင် ဝေဒနာ ၆ ပါး ဖြစ်၏၊
၂။ ယင်းဝေဒနာ ခြောက်မျိုးကို အာရုံခြောက်ပါးဖြင့် မြှောက်လျှင် ဝေဒနာ ၃၆-ပါး ဖြစ်၏၊
၃။ ယင်းဝေဒနာ သုံးဆယ့်ခြောက်ပါးကို အတိတ်, အနာဂါတ်, ပစ္စုပ္ပန်- ကာလသုံးပါးဖြင့် မြှောက်လျှင်၊ (၃၆ × ၃ = ၁၀၈) ဝေဒနာအပြားတစ်ရာ့ရှစ်ပါးဖြစ်၏။ (သံ၊၂၊၄၃၀။) (မိလိန္ဒ၊၄၅။) (သံ၊မြန်၊၂။၄၂၅။) (မိလိန္ဒ၊မြန်။၅၀။)♦

ဝေဒနာက္ခန္ဓာ ၁၀ ပါး

၁။ စက္ခုသမ္ဖဿဇာ ဝေဒနာ- မျက်စိအကြည်ဓာတ်၏ ထိတွေ့မှုကြောင့် ဖြစ်သော ခံစားမှု၊
၂။ သောတသမ္ဖဿဇာ ဝေဒနာ- နားအကြည်ဓာတ်၏ ထိတွေ့မှုကြောင့် ဖြစ်သော ခံစားမှု၊
၃။ ဃာနသမ္ဖဿဇာ ဝေဒနာ- နှာခေါင်းအကြည်ဓာတ်၏ ထိတွေ့မှုကြောင့် ဖြစ်သော ခံစားမှု၊၊
၄။ ဇိဝှါသမ္ဖဿဇာ ဝေဒနာ- လျှာအကြည်ဓာတ်၏ ထိတွေ့မှုကြောင့် ဖြစ်သော ခံစားမှု၊
၅။ ကာယသမ္ဖဿဇာ သုခါ ဝေဒနာ- ကိုယ်အကြည်ဓာတ်၏ ထိတွေ့မှုကြောင့် ဖြစ်သော ချမ်းသာသော ခံစားမှု၊၊
၆။ ကာယသမ္ဖဿဇာ ဒုက္ခာ ဝေဒနာ- ကိုယ်အကြည်ဓာတ်၏ ထိတွေ့မှုကြောင့် ဖြစ်သော ဆင်းရဲသော ခံစားမှု၊
၇။ မနောဓာတု သမ္ဖဿဇာ ဝေဒနာ- သိကာမျှ ဖြစ်သော ဓာတ်၏ ထိတွေ့မှုကြောင့် ဖြစ်သော ခံစားမှု၊၊
၈။ မနောဝိညာဏဓာတုသမ္ဖဿဇာ ကုသလာ ဝေဒနာ- အထူးသိခြင်းသဘော၏ ထိတွေ့မှုကြောင့် ဖြစ်သော အပြစ်ကင်းသော ခံစားမှု၊
၉။ မနောဝိညာဏဓာတုသမ္ဖဿဇာ အကုသလာ ဝေဒနာ- အထူးသိခြင်း သဘော၏ ထိတွေ့မှုကြောင့် ဖြစ်သော အပြစ်ရှိသော ခံစားမှု၊
၁၀။ မနောဝိညာဏဓာတု သမ္ဖဿဇာ အဗျာကတဝေဒနာ- အထူးသိခြင်းသဘော၏ ထိတွေ့မှုကြောင့် ဖြစ်သော အပြစ်ကင်းသည်လည်း မဟုတ်, အပြစ်ရှိသည်လည်း မဟုတ်သော ခံစားမှု။ (အဘိ၊ဝိ၊၁၆။) (အဘိ၊ဝိ၊မြန်၊၁။၇၄။)♦

ဝေဒနာက္ခန္ဓာ ၂ ပါး

၁။ သဟိတ်ဖြစ်သော ဝေဒနာက္ခန္ဓာ၊
၂။ အဟိတ်ဖြစ်သော ဝေဒနာက္ခန္ဓာ။ (အဘိ၊ဝိ၊၁၅-၁၆) (အဘိ၊ဝိ၊၁၉။) (အဘိ၊ဝိ၊၂၁။) (အဘိ၊ဝိ၊၇၃။) (အဘိ၊ဝိ၊မြန်၊၁။၇၂။) (အဘိ၊ဝိ၊မြန်၊၁။၇၂။) (အဘိ၊ဝိ၊မြန်၊၁။၇၂။) (အဘိ၊ဝိ၊မြန်၊၁။၇၂။)♦

ဝေဒနာက္ခန္ဓာ ၂ ပါး (တစ်နည်း)

၁။ ငိုကြွေးကြောင်းနှင့် တကွဖြစ်သော သရဏ ဝေဒနာက္ခန္ဓာ၊
၂။ ငိုကြွေးကြောင်းနှင့်တကွ မဖြစ်သော အရဏ ဝေဒနာက္ခန္ဓာ။ (အဘိ၊ဝိ၊၁၈။) (အဘိ၊ဝိ၊မြန်၊၁။၇၅။)♦

ဝေဒနာက္ခန္ဓာ ၂ ပါး (တစ်နည်း)

၁။ ဟေတုသမ္ပယုတ္တဝေဒနာ၊
၂။ ဟေတုဝိပ္ပယုတ္တဝေဒနာ။ (အဘိ၊ဝိ၊၂၀-၂၁။) (အဘိ၊ဝိ၊မြန်၊၁။၉၆။)♦

ဝေဒနာက္ခန္ဓာ ၂ ပါး (တစ်နည်း)

၁။ လောက ဝေဒနာက္ခန္ဓာ၊
၂။ လောကုတ္တရာ ဝေဒနာက္ခန္ဓာ။ (အဘိ၊ဝိ၊၂၁။) (အဘိ၊ဝိ၊မြန်၊၁။၉၇။)♦

ဝေဒနာက္ခန္ဓာ ၂ ပါး (တစ်နည်း)

၁။ အာသဝတရား၏ အာရုံဖြစ်သော သာသဝ ဝေဒနာက္ခန္ဓာ၊
၂။ အာသဝတရား၏ အာရုံမဖြစ်သော အနာသဝ ဝေဒနာက္ခန္ဓာ။ (အဘိ၊ဝိ၊၂၂။) (အဘိ၊ဝိ၊မြန်၊၁။၉၈။)♦

ဝေဒနာက္ခန္ဓာ ၂ ပါး (တစ်နည်း)

၁။ အာသဝသမ္ပယုတ္တ ဝေဒနာက္ခန္ဓာ၊
၂။ အာသဝ၀ိပ္ပယုတ္တ ဝေဒနာက္ခန္ဓာ။ (အဘိ၊ဝိ၊၂၂။) (အဘိ၊ဝိ၊မြန်၊၁။၉၈။)♦

ဝေဒနာက္ခန္ဓာ ၂ ပါး (တစ်နည်း)

၁။ သံယောဇဉ်၏ အာရုံဖြစ်သော ဝေဒနာက္ခန္ဓာ၊
၂။ သံယောဇဉ်၏ အာရုံမဖြစ်သော ဝေဒနာက္ခန္ဓာ။ (အဘိ၊ဝိ၊၂၂။) (အဘိ၊ဝိ၊မြန်၊၁။၁၀၀။)♦

ဝေဒနာက္ခန္ဓာ ၂ ပါး (တစ်နည်း)

၁။ သံယောဇဉ်နှင့် ယှဉ်သော ဝေဒနာက္ခန္ဓာ၊
၂။ သံယောဇဉ်နှင့် မယှဉ်သော ဝေဒနာက္ခန္ဓာ။ (အဘိ၊ဝိ၊၂၂။) (အဘိ၊ဝိ၊မြန်၊၁။၁၀၀။)♦

ဝေဒနာက္ခန္ဓာ ၂ ပါး (တစ်နည်း)

၁။ ဂန္ထတရား၏ အာရုံဖြစ်သော ဝေဒနာက္ခန္ဓာ၊
၂။ ဂန္ထတရား၏ အာရုံမဟုတ်သော ဝေဒနာက္ခန္ဓာ။ (အဘိ၊ဝိ၊၂၃။) (အဘိ၊ဝိ၊မြန်၊၁။၁၀၁။)♦

ဝေဒနာက္ခန္ဓာ ၂ ပါး (တစ်နည်း)

၁။ ဂန္ထတရားနှင့် ယှဉ်သော ဝေဒနာက္ခန္ဓာ၊
၂။ ဂန္ထတရားနှင့် မယှဉ်သော ဝေဒနာက္ခန္ဓာ။ (အဘိ၊ဝိ၊၂၃။) (အဘိ၊ဝိ၊မြန်၊၁။၁၀၁။)♦

ဝေဒနာက္ခန္ဓာ ၂ ပါး (တစ်နည်း)

၁။ ဩဃတရား၏ အာရုံဖြစ်သော ဝေဒနာက္ခန္ဓာ၊
၂။ ဩဃ တရား၏ အာရုံမဖြစ်သော ဝေဒနာက္ခန္ဓာ။ (အဘိ၊ဝိ၊၂၃။) (အဘိ၊ဝိ၊မြန်၊၁။၁၀၂။)♦

ဝေဒနာက္ခန္ဓာ ၂ ပါး (တစ်နည်း)

၁။ ဩဃတရားနှင့် ယှဉ်သော ဝေဒနာက္ခန္ဓာ၊
၂။ ဩဃတရားနှင့် မယှဉ်သော ဝေဒနာက္ခန္ဓာ။ (အဘိ၊ဝိ၊၂၃။) (အဘိ၊ဝိ၊မြန်၊၁။၁၀၃။)♦

ဝေဒနာက္ခန္ဓာ ၂ ပါး (တစ်နည်း)

၁။ ယောဂတရား၏ အာရုံဖြစ်သော ဝေဒနာက္ခန္ဓာ၊
၂။ ယောဂ တရား၏ အာရုံမဖြစ်သော ဝေဒနာက္ခန္ဓာ။ (အဘိ၊ဝိ၊၂၄။) (အဘိ၊ဝိ၊မြန်၊၁။၁၀၃။)♦

ဝေဒနာက္ခန္ဓာ ၂ ပါး (တစ်နည်း)

၁။ ယောဂတရားနှင့် ယှဉ်သော ဝေဒနာက္ခန္ဓာ၊
၂။ ယောဂတရားနှင့် မယှဉ်သော ဝေဒနာက္ခန္ဓာ။ (အဘိ၊ဝိ၊၂၄။) (အဘိ၊ဝိ၊မြန်၊၁။၁၀၄။)♦

ဝေဒနာက္ခန္ဓာ ၂၄ ပါး

၁။ စက္ခုသမ္ဖဿကြောင့် ဖြစ်သော ကုသိုလ်, အကုသိုလ်, အဗျာကတ ဝေဒနာ သုံးပါး၊
၂။ သောတသမ္ဖဿကြောင့် ဖြစ်သော ကုသိုလ်, အကုသိုလ်, အဗျာကတ ဝေဒနာသုံးပါး၊
၃။ ဃာနသမ္ဖဿကြောင့် ဖြစ်သော ကုသိုလ်, အကုသိုလ်, အဗျာကတ ဝေဒနာသုံးပါး၊
၄။ ဇိဝှါ သမ္ဖဿကြောင့် ဖြစ်သော ကုသိုလ်, အကုသိုလ်, အဗျာကတ ဝေဒနာသုံးပါး၊
၅။ ကာယ သမ္ဖဿကြောင့် ဖြစ်သော ကုသိုလ်, အကုသိုလ်, အဗျာကတ ဝေဒနာသုံးပါး၊
၆။ မနော သမ္ဖဿကြောင့် ဖြစ်သော ကုသိုလ်, အကုသိုလ်, အဗျာကတ ဝေဒနာသုံးပါး၊
၇။ စက္ခု, သောတ, ဃာန, ဇိဝှါ, ကာယ, မနောသမ္မဿကြောင့် ဖြစ်သော ဝေဒနာ ခြောက်ပါး ပေါင်း ၂၄ပါး။ (အဘိ၊ဝိ၊၂၅။) (အဘိ၊ဝိ၊မြန်၊၁။၁၀၅။)♦

ဝေဒနာက္ခန္ဓာ ၃ ပါး

၁။ ကုသလ ဝေဒနာက္ခန္ဓာ၊
၂။ အကုသလ ဝေဒနာက္ခန္ဓာ၊
၃။ အဗျာကတ ဝေဒနာက္ခန္ဓာ။ (အဘိ၊ဝိ၊၁၅) (အဘိ၊ဝိ၊မြန်၊၁။၇၂။) (အဘိ၊ဝိ၊၁၈-၁၉။) (အဘိ၊ဝိ၊၂၁။) (အဘိ၊ဝိ၊မြန်၊၁။၇၂။) (အဘိ၊ဝိ၊မြန်၊၁။၇၂။)♦

ဝေဒနာက္ခန္ဓာ ၃၀ ပါး

၁။ စက္ခုသမ္ဖဿကြောင့် ဖြစ်သော ကာမာဝစရ, ရူပါဝစရ, အရူပါဝစရ အပရိယာပန္န ဝေဒနာလေးပါး၊
၂။ သောတသမ္ဖဿကြောင့် ဖြစ်သော ကာမာဝစရ, ရူပါ ဝစရ, အရူပါဝစရ အပရိယာပန္န ဝေဒနာ လေးပါး၊
၃။ ဃာနသမ္ဖဿကြောင့် ဖြစ်သော ကာမာဝစရ, ရူပါဝစရ, အရူပါဝစရ အပရိယာပန္န ဝေဒနာ လေးပါး၊
၄။ ဇိဝှါသမ္ဖဿကြောင့် ဖြစ်သော ကာမာဝစရ, ရူပါဝစရ, အရူပါဝစရ အပရိယာပန္နဝေဒနာ လေးပါး၊
၅။ ကာယ သမ္ဖဿကြောင့် ဖြစ်သော ကာမာဝစရ, ရူပါဝစရ, အရူပါဝစရ အပရိယာပန္န ဝေဒနာ လေးပါး၊
၆။ မနောသမ္ဖဿကြောင့် ဖြစ်သော ကာမာဝစရ, ရူပါဝစရ, အရူပါဝစရ အပရိယာပန္န ဝေဒနာ လေးပါး၊
၇။ စက္ခု, သောတ, ဃာန, ဇိဝှါ, ကာယ, မနောသမ္ဖဿကြောင့် ဖြစ်သော ဝေဒနာခြောက်ပါး စုစုပေါင်း ၃၀ ဖြစ်၏။ (အဘိ၊ဝိ၊၂၅။) (အဘိ၊ဝိ၊မြန်၊၁။၁၀၇-၁၀၈။)♦

ဝေဒနာက္ခန္ဓာ ၄ ပါး

၁။ ကာမာဝစရဝေဒနာက္ခန္ဓာ။၂။ ရူပါဝစရဝေဒနာက္ခန္ဓာ၊
၃။ အရူပါဝစရ ဝေဒနာက္ခန္ဓာ၊
၄။ တေဘူမကဝဋ်တရား၌ အကျုံးမဝင်သော အပရိယာပန္န (လောကုတ္တရာ) ဝေဒနာက္ခန္ဓာ။ (အဘိ၊ဝိ၊၁၅။) (အဘိ၊ဝိ၊မြန်၊၁။၇၂။)♦

ဝေဒနာက္ခန္ဓာ ၅ ပါး

၁။ သုခိန္ဒြေ၊
၂။ ဒုက္ခိန္ဒြေ၊
၃။ သောမနဿိန္ဒြေ၊
၄။ ဒေါမနဿိန္ဒြေ၊
၅။ ဥပေက္ခိန္ဒြေ။ (အဘိ၊ဝိ၊၁၅။) (အဘိ၊ဝိ၊မြန်၊၁။၇၃။)♦

ဝေဒနာက္ခန္ဓာ ၆ ပါး

၁။ စက္ခုသမ္ဖဿဇာ ဝေဒနာ၊
၂။ သောတသမ္ဖဿဇာ ဝေဒနာ၊
၃။ ဃာနသမ္ဖဿဇာ ဝေဒနာ၊
၄။ ဇိဝှါသမ္ဖဿဇာ ဝေဒနာ၊
၅။ ကာယသမ္ဖဿဇာ ဝေဒနာ။
၆။ မနောသမ္ဖဿဇာ ဝေဒနာ၊ (ဝေဒနာက္ခန္ဓာ ၁၀ ပါးကိုလည်း ကြည့်)။ (အဘိ၊ဝိ၊၁၆။) (အဘိ၊ဝိ၊မြန်၊၁။၇၃။)♦

ဝေဒနာက္ခန္ဓာ ၇ ပါး

၁။ စက္ခုသမ္ဖဿဇာ ဝေဒနာ၊
၂။ သောတသမ္ဖဿဇာ ဝေဒနာ၊
၃။ ဃာန သမ္ဖဿဇာ ဝေဒနာ၊
၄။ ဇိဝှါသမ္ဖဿဇာ ဝေဒနာ၊
၅။ ကာယသမ္ဖဿဇာ ဝေဒနာ၊
၆။ မနောဓာတု သမ္ဖဿဇာ ဝေဒနာ၊
၇။ မနောဝိညာဏဓာတုသမ္ဖဿဇာ ဝေဒနာ၊ (ဝေဒနာက္ခန္ဓာ ၁၀ ပါးကို လည်း ကြည့်)။ (အဘိ၊ဝိ၊၁၆။) (အဘိ၊ဝိ၊မြန်၊၁။၇၃။)♦

ဝေဒနာက္ခန္ဓာ ၇ ပါး (တစ်နည်း)

၁။ ကုသလဝေဒနာ- အပြစ်ကင်းသော ခံစားမှု၊
၂။ အကုသလ ဝေဒနာ- အပြစ်ရှိသော ခံစားမှု၊
၃။ အဗျာကတဝေဒနာ- အပြစ်ကင်းသည်လည်း မဟုတ်, အပြစ် ရှိသည်လည်း မဟုတ်သော ခံစားမှု၊
၄။ ကာမာဝစရဝေဒနာ၊
၅။ ရူပါဝစရဝေဒနာ၊
၆။ အရူပါဝစရ ဝေဒနာ၊
၇။ ဘုံသုံးပါး၌ အကျုံးမဝင်သော အပရိယာပန္န(လောကုတ္တရ) ဝေဒနာ။)။ (အဘိ၊ဝိ၊၂၄။) (အဘိ၊ဝိ၊မြန်၊၁။၁၀၄။)♦

ဝေဒနာက္ခန္ဓာ ၈ ပါး

၁။ စက္ခုသမ္ဖဿဇာ ဝေဒနာ၊
၂။ သောတသမ္ဖဿဇာ ဝေဒနာ၊
၃။ ဃာန သမ္ဖဿဇာ ဝေဒနာ၊
၄။ ဇိဝှါသမ္ဖဿဇာ ဝေဒနာ၊
၅။ ကာယသမ္ဖဿဇာ သုခါ ဝေဒနာ၊
၆။ ကာယ သမ္ဖဿဇာ ဒုက္ခာ ဝေဒနာ၊
၇။ မနောဓာတုသမ္ဖဿဇာ ဝေဒနာ၊
၈။ မနောဝိညာဏဓာတု သမ္ဖဿဇာ ဝေဒနာ၊ (ဝေဒနာက္ခန္ဓာ ၁၀ ပါးလည်း ကြည့်)။ (အဘိ၊ဝိ၊၁၆။) (အဘိ၊ဝိ၊မြန်၊၁။၇၄။)♦

ဝေဒနာက္ခန္ဓာ ၉ ပါး

၁။ စက္ခုသမ္ဖဿဇာ ဝေဒနာ၊
၂။ သောတသမ္ဖဿဇာ ဝေဒနာ၊
၃။ ဃာန သမ္ဖဿဇာ ဝေဒနာ၊
၄။ ဇိဝှါသမ္ဖဿဇာ ဝေဒနာ၊
၅။ ကာယသမ္ဖဿဇာ ဝေဒနာ၊
၆။ မနောဓာတု သမ္ဖဿဇာ ဝေဒနာ၊
၇။ မနောဝိညာဏဓာတုသမ္ဖဿဇာ ကုသလာ ဝေဒနာ၊
၈။ မနောဝိညာဏ ဓာတုသမ္ဖဿဇာ အကုသလာ ဝေဒနာ၊
၉။ မနောဝိညာဏဓာတုသမ္ဖဿဇာ အဗျာကတာ ဝေဒနာ (ဝေဒနာက္ခန္ဓာ ၁၀ ပါးလည်း ကြည့်)။ (အဘိ၊ဝိ၊၁၆။) (အဘိ၊ဝိ၊မြန်၊၁။၇၄။)♦

ဝေဒနာနုပဿနာ ၉ ပါး

၁။ သုခဝေဒနာကို ခံစားလျှင်လည်း သုခဝေဒနာကို ခံစားသည်ဟု သိခြင်း၊
၂။ ဒုက္ခဝေဒနာကို ခံစားလျှင်လည်း ဒုက္ခဝေဒနာကို ခံစားသည်ဟု သိခြင်း၊
၃။ အဒုက္ခ မသုခဝေဒနာကို ခံစားလျှင်လည်း အဒုက္ခမသုခဝေဒနာကို ခံစားသည်ဟု သိခြင်း၊
၄။ ကာမဂုဏ်နှင့် စပ်သော ချမ်းသာဝေဒနာကို ခံစားလျှင်လည်း ကာမဂုဏ်နှင့် စပ်သော ချမ်းသာ ဝေဒနာကို ခံစားသည်ဟု သိခြင်း၊
၅။ ကာမဂုဏ်နှင့် မစပ်သော ချမ်းသာဝေဒနာကို ခံစားလျှင်လည်း ကာမဂုဏ်နှင့် မစပ်သော ချမ်းသာဝေဒနာကို ခံစားသည်ဟု သိခြင်း၊
၆။ ကာမဂုဏ်နှင့် စပ်သော ဆင်းရဲဝေဒနာကို ခံစားလျှင်လည်း ကာမဂုဏ်နှင့် စပ်သော ဆင်းရဲဝေဒနာကို ခံစားသည်ဟု သိခြင်း၊
၇။ ကာမဂုဏ်နှင့် မစပ်သော ဆင်းရဲဝေဒနာကို ခံစားလျှင်လည်း ကာမဂုဏ်နှင့် မစပ်သော ဆင်းရဲဝေဒနာကို ခံစားသည်ဟု သိခြင်း၊
၈။ ကာမဂုဏ်နှင့် စပ်သော ဆင်းရဲမဟုတ် ချမ်းသာမဟုတ်သော ဝေဒနာကို ခံစားလျှင်လည်း ကာမဂုဏ်နှင့် စပ်သော ဆင်းရဲမဟုတ် ချမ်းသာမဟုတ်သော ဝေဒနာကို ခံစားသည်ဟု သိခြင်း၊
၉။ ကာမဂုဏ်နှင့် မစပ်သော ဆင်းရဲမဟုတ် ချမ်းသာမဟုတ်သော ဝေဒနာကို ခံစားလျှင်လည်း ကာမဂုဏ်နှင့် မစပ်သော ဆင်းရဲမဟုတ် ချမ်းသာမဟုတ်သော ဝေဒနာကို ခံစားသည်ဟု သိခြင်း။ (ဒီ၊၂၊၂၃၆။) (ဒီ၊မြန်၊၂။၂၆၄။)♦

ဝေဒနာအပေါင်း ၆ ပါး

၁။ စက္ခုသမ္ဖဿကြောင့် ဖြစ်သော ဝေဒနာ၊
၂။ သောတသမ္ဖဿကြောင့် ဖြစ်သော ဝေဒနာ၊
၃။ ဃာနသမ္ဖဿကြောင့် ဖြစ်သော ဝေဒနာ၊
၄။ ဇိဝှါသမ္ဖဿကြောင့် ဖြစ်သော ဝေဒနာ၊
၅။ ကာယသမ္ဖဿကြောင့်ဖြစ်သော ဝေဒနာ၊
၆။ မနောသမ္ဖဿကြောင့် ဖြစ်သော ဝေဒနာ။ (ဒီ၊၃၊၂၀၂။) (ဒီ၊မြန်၊၃။၂၂၅။)♦

ဝေဒနာအားဖြင့် ကာမာဝစရကုသိုလ်စိတ် ၂ ပါး

၁။ သောမနဿဝေဒနာနှင့် ယှဉ်သော ကာမာဝစရ ကုသိုလ်စိတ်
၂။ ဥပေက္ခာဝေဒနာနှင့် ယှဉ်သော ကာမာဝစရကုသိုလ်စိတ်။ (အဘိ၊ဋ္ဌ၊၁၊၂၀၆။)♦

ဝေဒနိန္ဒြေ ၅ ပါး

၁။ သုခိန္ဒြေ၊
၂။ ဒုက္ခိန္ဒြေ၊
၃။ သောမနဿိန္ဒြေ၊
၄။ ဒေါမနဿိန္ဒြေ၊
၅။ ဥပေက္ခိန္ဒြေ။ (သံ၊၃၊၁၈၃။) (သံ၊၃၊၁၈၈။) (သံ၊မြန်၊၃။၁၈၉၊၁၉၄။) (သံ၊မြန်၊၃။၁၈၉၊၁၉၄။)♦

ဝေဒေဟမင်း၏ အမတ်ပညာရှိ ၄ ယောက်

၁။ သေနကအမတ်၊
၂။ ပုက္ကုသအမတ်၊
၃။ ကာမိန္ဒအမတ်၊
၄။ ဒေဝိန္ဒအမတ်။ (ဇာ၊ဋ္ဌ၊၆၊၁၆၃။)♦

ဝေဒေဟမင်း၏ အမတ်ပညာရှိ ၅ ယောက်

၁။ သေနကအမတ်၊
၂။ ပုက္ကုသအမတ်၊
၃။ ကာမိန္ဒအမတ်၊
၄။ ဒေဝိန္ဒအမတ်၊
၅။ မဟောသဓသုခမိန်။ (ဇာ၊ဋ္ဌ၊၆၊၁၈၉။)♦

ဝေနေယျပုဂ္ဂိုလ် ၃ မျိုး

၁။ ပညာအလွန်ထက်သော ဆုံးမထိုက်သော ပုဂ္ဂိုလ်၊
၂။ ပညာ မထက် လွန်းသော ဆုံးမထိုက်သော ပုဂ္ဂိုလ်၊
၃။ ပညာနုံ့သော ဆုံးမထိုက်သော ပုဂ္ဂိုလ်။ (နေတ္တိ၊ဝိဘာ၊၅၂။)♦

ဝေဖန် ခွဲခြမ်းခြင်း ၂ မျိုး

၁။ အာမိသပဋိဝိဘတ္တ- ‘‘ဤမျှလောက်သော အာမိသကို ပေးမည်၊ ဤမျှလောက်သော အာမိသကို မပေး’’ဟု စိတ်ဖြင့် ဝေဖန် ခွဲခြမ်းခြင်း၊
၂။ ပုဂ္ဂလပဋိဘတ္တ- ‘‘ဤမည်သော ပုဂ္ဂိုလ်အား ပေးမည်၊ ဤမည်သော ပုဂ္ဂိုလ်အား မပေး’’ဟု စိတ်ဖြင့် ဝေဖန် ခွဲခြမ်းခြင်း။ (ဒီ၊ဋ္ဌ၊၂၊၁၂၂။) (အံ၊ဋ္ဌ၊၃၊၉၀။) (ဒီ၊ဋ္ဌ၊မြန်၊၂။၂၂၈။)♦

ဝေမတ္တ ၅ မျိုး

ဘုရားရှင်တို့၏ ကွဲပြာမှု ၅ မျိုးနှင့် တူသည်။ ♦

ဝေမတ္တ ၈ မျိုး

ဘုရားရှင်တို့၏ မတူညီခြင်း ၈ မျိုးနှင့် တူသည်။ ♦

ဝေရဉ္ဇာပြည်၌ ဘုရားရှင် သီတင်းသုံးတော်မူရကြောင်း ၅ မျိုး

၁။ တမာပင်စောင့်နတ်အား ပီတိဖြစ်စေလိုခြင်း၊
၂။ ရဟန်းသံဃာအား ဆွမ်းကြောင့် မပင်ပန်းစေလိုခြင်း၊
၃။ ဝေရဉ္ဇ ပုဏ္ဏားအား ကြည်ညိုစိတ် ဖြစ်စေလိုခြင်း၊
၄။ မဟာမောဂ္ဂလာန်၏ တန်ခိုးအာနုဘော် ပြရာဌာန ဖြစ်ခြင်း၊
၅။ သာရိပုတ္တရာမထေရ်၏ ဝိနည်းတော်ပညတ်ဖို့ တောင်းပန်ကြောင်း အကြံအစည် ဖြစ်ရာဌာန ဖြစ်ခြင်း။ (ဝဇိရ၊၃၁။)♦

ဝေရဉ္ဇာရဟန်းတို့ အောင်နိုင်ခြင်း ၃ မျိူး

၁။ ငတ်မွတ်ခေါင်းပါး အစာရှားခြင်းကို အောင်နိုင်ခြင်း၊
၂။ လောကကို အောင်နိုင်ခြင်း၊
၃။ ယုတ်မာသော အလိုဆိုးကို အောင်နိုင်ခြင်း။ (ဝိ၊ဋ္ဌ၊၁၊၁၄၉။)♦

ဝေလ အပိုင်းအခြား ၃ မျိုး

၁။ ကာလဝေလာ- အခါကာလဟူသော အပိုင်းအခြား၊
၂။ သီမဝေလာ- အပိုင်းအခြားဟူသော အပိုင်းအခြား၊
၃။ သီလဝေလာ- သီလဟူသော အပိုင်းအခြား။ (မ၊ဋ္ဌ၊၂၊၁။)♦

ဝေသာရဇ္ဇဉာဏ် ၄ ပါး

၁။ တရားအားလုံးတို့ကို ဟုတ်တိုင်းမှန်စွာ ကိုယ်တိုင်သိ၏ဟု သဗ္ဗညုတ ဉာဏ်ကို ဝန်ခံထားသော ဘုရားရှင်အား ‘‘ဤတရားတို့ကို သင် မသိသေး’’ဟု အကြောင်း ယုတ္တိနှင့် တကွ စောဒနာနိုင်သော လူနတ်ဗြဟ္မာ ပုဂ္ဂိုလ်သတ္တဝါ တစ်ဦးတစ်ယောက်ကိုမျှ မြင်တော်မမူခြင်းကြောင့် ဘေးကင်းရန်ကွာ ရဲရင့်စွာ သီတင်းသုံး နေတော်မူခြင်း၊
၂။ အာသဝေါ တရားများ ကုန်ပြီဟု အာသဝက္ခယဉာဏ်ကို ဝန်ခံထားသော ဘုရားရှင်အား ‘‘ဤမည်သော အာသဝေါတရားများ မကုန်သေး’’ဟု အကြောင်းယုတ္တိနှင့် စောဒနာနိုင်သော လူနတ်ဗြဟ္မာ ပုဂ္ဂိုလ်သတ္တဝါ တစ်ဦးတစ်ယောက်ကိုမျှ မြင်တော်မမူခြင်းကြောင့် ဘေးကင်းရန်ကွာ ရဲရင့်စွာ နေတော်မူခြင်း၊
၃။ ဘုရားရှင်က ဤတရားတို့သည် ဈာန်မဂ်ဖိုလ်၏ အန္တရာယ်ကို ပြုတတ် ကုန်၏ဟု အန္တရာယိကဓမ္မဉာဏ်ဖြင့် ဟောကြားထားသော တရားတို့ကို မှီဝဲလွန်ကျူး သော်လည်း ဈာန်မဂ်ဖိုလ်အန္တရာယ် မပြုနိုင်ဟု အကြောင်းယုတ္တိနှင့်တကွ စောဒနာနိုင်သော လူနတ်ဗြဟ္မာ ပုဂ္ဂိုလ်သတ္တဝါ တစ်ဦးတစ်ယောက်ကိုမျှ မြင်တော်မမူခြင်းကြောင့် ဘေးကင်းကွာ ရဲရင့်စွာ နေတော်မူခြင်း၊
၄။ ဘုရားရှင်က နိယျာနိကဓမ္မ ဉာဏ်တော်ဖြင့် ဝဋ်ဆင်းရဲကုန်ခြင်း အကျိုးငှါ ဟောကြားအပ်သော တရားတော်တို့သည် ဟောသည့်အတိုင်း ကျင့်ကြံ အားထုတ်သော ပုဂ္ဂိုလ်အား ဝဋ်ဆင်းရဲကုန်ခြင်းအကျိုးငှါ ကောင်းစွာ မထုတ်ဆောင်နိုင်ဟု အကြောင်းယုတ္တိနှင့် တကွ စောဒနာနိုင်သော လူနတ်ဗြဟ္မာ ပုဂ္ဂိုလ်သတ္တဝါ တစ်ဦးတစ်ယောက် ကိုမျှ မြင်တော် မမူခြင်းကြောင့် ဘေးကင်းရန်ကွာ ရဲရင့်စွာ နေတော်မူခြင်း။ (မ၊၁၊၁၀၃။) (အံ၊၁၊၃၁၅။) (မ၊မြန်၊၁။၁၁၀။) (အံ၊မြန်၊၁။၃၃၁။)♦

ဝေသာရဇ္ဇဉာဏ် ၄ ပါး (တစ်နည်း)

၁။ အန္တရာယိကဓမ္မဉာဏ်- နတ်ရွာ, နိဗ္ဗာန်, ဈာန်, မဂ်, ဖိုလ်၏ အန္တရာယ်ကို ပြုတတ်သော တရားကို သိသောဉာဏ်၊
၂။ နိယျာနိကဓမ္မဉာဏ်- (ဝဋ်ဆင်းရဲမှ) ထွက်မြောက်ကြောင်းဖြစ်သော တရားကို သိတတ်သော ဉာဏ်၊
၃။ သဗ္ဗညုတဉာဏ်၊
၄။ အာသဝက္ခယဉာဏ်- အာသဝတရားတို့၏ ကုန်ကြောင်းဖြစ်သော အရဟတ္တမဂ်၌ ဖြစ်သော ဉာဏ်၊ အရဟတ္တမဂ်ဉာဏ်။ (အပ၊ဋ္ဌ၊၂၊၂၅၆။)♦

ဝေသာလီပြည်၌ ပညတ်အပ်သော သိက္ခာပုဒ် ၁၀ ပုဒ်

၁။ မေထုန သိက္ခာပုဒ်၊
၂။ မနုဿဝိဂ္ဂဟ သိက္ခာပုဒ်၊
၃။ ဥတ္တရိမနုဿဓမ္မ သိက္ခာပုဒ်၊
၄။ အတိရေကစီဝရ သိက္ခာပုဒ်၊
၅။ သုဒ္ဓကာဠက သိက္ခာပုဒ်၊
၆။ ဘူတာရောစန သိက္ခာပုဒ်၊
၇။ ပရမ္ပရဘောဇန သိက္ခာပုဒ်၊
၈။ ဒန္တပေါဏ သိက္ခာပုဒ်၊
၉။ အစေလက သိက္ခာပုဒ်၊
၁၀။ ရဟန်းမတို့၏ အက္ကောသ သိက္ခာပုဒ်။ (ဝိ၊၅၊၂၅၆။) (ဝိ၊မြန်၊၅။၃၄၉။)♦

ဝေသာလီပြည်၌ ဖြစ်ပေါ်သော ဘေး ၃ မျိုး

၁။ ဒုဗ္ဘိက္ခဘယ- ငတ်မွတ်ခေါင်းပါး အစာရှားခြင်း ဘေး၊
၂။ အမနုဿဘယ- ဘီလူးဘေး၊
၃။ ရောဂဘယ- အနာရောဂါဘေး။ (ခုဒ္ဒက၊ဋ္ဌ၊၁၃၅။) (ဓမ္မ၊ဋ္ဌ၊၂၊၂၇၃။)♦

ဝေသာလီပြည်သား ဥဂ္ဂသူကြွယ်၏ အံ့ဖွယ်တရား ၈ ပါး

၁။ ဥဂ္ဂသူကြွယ်သည် မြတ်စွာ ဘုရားအား မြင်လျှင်မြင်ခြင်း ကြည်ညိုစိတ် ဖြစ်ခြင်း၊
၂။ ဘုရားရှင်၏ တရားတော်ကို နာကြားသောအခါ သောတာပန်တည်လျက် ဗြဟ္မစရိယသိက္ခာပုဒ်လျှင် ငါးခုမြောက် ရှိသော သိက္ခာပုဒ်တို့ကို ဆောက်တည်ခြင်း၊
၃။ မိမိ၏ ဇနီးမယားတို့ကို သူတစ်ပါးတို့အား စွန့်လွှတ်လှူဒါန်းသောအခါ စိတ်တုန်လှုပ်ဖောက်ပြန်မှု မဖြစ်ခြင်း၊
၄။ မိမိ၏ စည်းစိမ် ဥစ္စာ တို့ကို ကောင်းသော သဘောရှိကုန်သော သီလဝန္တပုဂ္ဂိုလ်တို့နှင့် မခွဲခြားအပ်ခြင်း၊
၅။ ရဟန်း တော်များထံသို့ ရိုရိုသေသေသာလျှင် ဆည်းကပ်ခြင်း၊
၆။ ထိုရဟန်းက တရားဟောလျှင် တရားတော်ကို ရိုရိုသေသေသာလျှင် နာကြားခြင်း၊ ရဟန်းက တရားမဟောလျှင် ထိုရဟန်းအား တရားဟောခြင်း၊
၇။ နတ်တို့က ချဉ်းကပ်ခြင်း နတ်တို့နှင့် အတူတကွ စကားပြောရခြင်း ဟူသော အကြောင်းကြောင့် စိတ်တက်ကြွမှု မဖြစ်ခြင်း၊
၈။ အောက်ပိုင်းသံယောဇဉ် ငါးပါးတို့ကို ပယ်ပြီးဖြစ်ခြင်း။ (အံ၊၃၊၄၇။) (အံ၊၃၊၅၀။) (အံ၊မြန်၊၃။၄၈။) (အံ၊မြန်၊၃။၄၈။)♦

ဝေသာလီပြည်အနီးရှိ ပြိတ္တာ ၇ မျိုး

၁။ နှောင်ဖွဲ့ခြင်း ငါးမျိုးဖြင့် နှောင်ဖွဲ့ခံနေရသော ပြိတ္တာ၊
၂။ ခံတွင်းသို့ သံရေပူ လောင်းထည့်ခံနေရသော ပြိတ္တာ၊
၃။ မီးကျီးခဲတောင်သို့ တက်နေသော ပြိတ္တာ၊
၄။ လောဟကုမ္ဘီငရဲသို့ ထည့်သွင်း ပစ်ချခံနေရသော ပြိတ္တာ၊
၅။ သန်လျက်တောထဲသို့ ပြေးဝင်နေရသော ပြိတ္တာ၊
၆။ ကြိမ်ပိုက်ချောင်းငရဲသို့ သက်ဆင်းနေရသော ပြိတ္တာ၊
၇။ အဝီစိ ငရဲသို့ ထည့်သွင်း ပစ်ချခံနေရသော ပြိတ္တာ။ (ပေတ၊ဋ္ဌ၊၂၀၅။)♦

ဝေးသော အရာ ၄ မျိုး

၁။ ကောင်းကင်နှင့် မြေကြီးသည် အလွန့်အလွန်ဝေးသော ပဌမအရာ၊
၂။ သမုဒ္ဒရာ၏ ဤမှာဖက်ကမ်းနှင့် ထိုမှာဖက်ကမ်းသည် အလွန့်အလွန်ဝေးသော ဒုတိယ အရာ၊
၃။ နေထွက်ရာအရပ်နှင့် နေဝင်ရာအရပ်သည် အလွန့်အလွန်ဝေးသော တတိယအရာ၊
၄။ သူတော်ကောင်းတရားနှင့် သူယုတ်တို့၏တရားသည် အလွန့်အလွန်ဝေးသော စတုတ္ထ အရာ။ (အံ၊၁၊၃၅၉။) (အံ၊မြန်၊၁။၃၇၄။)♦

ဝေဿန္တရာမင်းကြီး တောင်းသော ဆု ၈ ပါး

၁။ ငါ၏ ခမည်းတော်သည် ငါ့အား အမျက် ပြေသဖြင့် ပြည်သို့ ပြန်ခေါ်၍ ရှေးယခင်အတိုင်းပင် မင်းအဖြစ်ကို ဆောင်နှင်းပေးအပ်တော် မူစေလိုခြင်း၊
၂။ မင်းအဖြစ်သို့ ရောက်ပြီးသောအခါ မင်းပြစ် မင်းဒဏ်သင့်၍ သတ်ထိုက်သော သူကိုပင် သတ်ချင်စိတ်မရှိ ဖြစ်စေလိုခြင်း၊
၃။ ကြီးငယ်အလတ် ခပ်သိမ်းသော သူတို့သည် ငါ့ကိုသာလျှင် မှီ၍ အသက်မွေးမှုကို ဖြစ်စေလိုခြင်း၊
၄။ သူတစ်ပါးတို့၏ သားမယားကို မလွန်ကျူး မပြစ်မှားဘဲ မိမိကိုယ်ပိုင်မယား၌သာ ရောင့်ရဲလျက် မိန်းမတို့၏ အလိုသို့ မလိုက်မှုကို ဖြစ်စေလိုခြင်း၊
၅။ ငါနှင့် စပ်သော သား, သမီး, မယား, ဆွေမျိုးတို့သည် အနာ မရှိဘဲ အသက်ရှည်ကုန်လျက် တရားသဖြင့် ရန်သူတို့ကို အောင်ပြီး မင်းစည်းစိမ်၌ ပျော်ရွှင်စေ လိုခြင်း၊
၆။ နေ့စဉ်နေ့တိုင်း နံနက်မိုးသောက် အလင်းရောက်သောအခါ ထမင်း အဖျော် အစရှိသော ခပ်သိမ်းသော အသုံးအဆောင်တို့သည် မိမိရှေ့မှောက်သို့ ရောက်လာစေလိုခြင်း၊
၇။ စည်းစိမ်ဥစ္စာတို့သည် ပေးလှူသော်လည်း မကုန်နိုင် မခန်းနိုင်ဘဲ ထပ်တလဲလဲ ဖြစ်ပေါ် လာပြီး စေတနာသုံးတန် ပြဌာန်းလျက် ပူပန်မှု မရှိဘဲ စိတ်ကြည်နူး ဝမ်းမြောက်မှုကိုသာ ဖြစ်စေလိုခြင်း၊
၈။ ဤလူပြည်မှ စုတေ ပြီးနောက် တာဝတိံသာနတ်ပြည်၌ ဖြစ်ပြီးလျှင် တစ်ဖန် လူ့ပြည်၌ ပဋိသန္ဓေနေပြီး သဗ္ဗညုတဉာဏ်တော်မြတ်ကို ရလိုခြင်း။ (ဇာတက၊၂၊၃၆၅။)♦

ဝေဿန္တရာမင်းကြီး လှူအပ်သော အဖိုးမဖြတ်နိုင်သော ပတ္တမြား ၆ မျိုး

၁။ ထီးချက်၌ တပ်သော ပတ္တမြား၊
၂။ ထီးအထွတ်၌ တပ်သော ပတ္တမြား၊
၃။ ပုလဲသွယ်အဖျား၌ တပ်သော ပတ္တမြား၊
၄။ ချွန်း၌ တပ်သော ပတ္တမြား၊
၅။ ဆင်လည်ပင်း၌ ရစ်ဆွဲသော ပုလဲသွယ်၌ တပ်သော ပတ္တမြား၊
၆။ ဆင်ဦးကင်း၌ တပ်သော ပတ္တမြား။ (ဇာ၊ဋ္ဌ၊၇၊၂၅၂။)♦

ဝေဿန္တရာမင်းကြီး သားသမီးလှူရခြင်း အကြောင်း ၂ ပါး

၁။ အလှူကျင့်ဝတ် မယုတ်လျော့ စေလိုခြင်း၊
၂။ ဘိုးတော်သိဉ္စည်းမင်းကြီးသည် သားတော်, သမီးတော်တို့ကို ပုဏ္ဏားကြီးထံမှ ရွေးယူမည်ဟု သိမြင်ခြင်း။ (မိလိန္ဒ၊၂၇၃။) (မိလိန္ဒ၊မြန်။၂၉၂။)♦

ဝေဿန္တရာမင်းကြီး အမြဲမပြတ် နှလုံးသွင်းအပ်သော တရား ၁၀ ပါး

၁။ ဒမ- ဣန္ဒြေတို့ကို ကျိုးနွံစွာ ဆုံးမခြင်း၊
၂။ သမ- ဣန္ဒြေတို့၏ ညီညွတ်မျှတခြင်း၊
၃။ ခန္တီ- သည်းခံခြင်း၊
၄။ သံဝရ- ဣန္ဒြေတို့ကို စောင့်စည်းခြင်း၊
၅။ ယမ- အမြဲတန်း သီလစောင့်ထိန်းခြင်း၊
၆။ နိယမ- အဖန်ဖန် အထပ်ထပ် သီလစောင့်ထိန်းခြင်း၊
၇။ အက္ကောဓ- အမျက်မထွက်ခြင်း၊
၈။ အဝိဟိံသာ- မညှဉ်းဆဲခြင်း၊
၉။ သစ္စာ- ဖြောင့်မှန်သော ဝစီသစ္စာရှိခြင်း၊
၁၀။ သောစေယျ- သန့်ရှင်း ဖြူစင်ခြင်း။ (မိလိန္ဒ၊၁၂၁။) (မိလိန္ဒ၊မြန်။၁၃၁။)♦

ဝေဿန္တရာမင်းကြီး၏ သတ္တသတက အလှူကြီး ၇ မျိုး

၁။ ဆင် ခုနစ်ရာ၊
၂။ မြင်း ခုနစ်ရာ၊
၃။ ရထား ခုနစ်ရာ၊
၄။ မိန်းမခုနစ်ရာ၊
၅။ ကျွန်ယောကျ်ား ခုနစ်ရာ၊
၆။ ကျွန်မိန်းမ ခုနစ်ရာ၊
၇။ နို့စားနွားမ ခုနစ်ရာ။ (စရိယာ၊ဋ္ဌ၊၈၅။)♦

ဝေဿန္တရာမင်းကြီးဘဝ၌ ပေးလှူခဲ့သော အလှူကြီး ၇ မျိုး

၁။ ဝေဿန္တရာမင်း ရှစ်နှစ်သား အရွယ်၌ တောင်းခံလာသော အလှူခံပုဂ္ဂိုလ်တို့အား နှလုံးသား စသည်တို့ကိုသော်မှလည်း ထုတ်၍ ပေးလှူလိုသော ဆန္ဒဖြစ်ပေါ်လျက် ပေးလှူသော အလှူ၊
၂။ မင်္ဂလာဆင်ဖြူတော်ကို ပေးလှူသော အလှူ၊
၃။ တိုင်းပြည်မှ နှင်ထုတ်ခံရသော အခါ နန်းတော်မှ ထွက်ခွာခါနီး တစ်ရက်အလို၌ ဆင်ခုနစ်ရာ, မြင်း ခုနစ်ရာ, မိန်းမမျိုး ခုနှစ်ရာ, ရထား ခုနစ်ရာ, နို့စားနွားမ ခုနစ်ရာ, ကျွန်မိန်းမ ခုနစ်ရာ, ကျွန်ယောကျ်ား ခုနစ်ရာတို့ကို ပေးလှူခြင်းဟု ဆိုအပ်သော သတ္တသတ္တကအလှူ၊
၄။ ဝင်္ကဘာ တောင်သို့ သွားသောအခါ လမ်းခရီး၌ တွေ့သော အလှူခံ ပုဏ္ဏားတို့အား လှူဒါန်းအပ်သော မြင်းအလှူ, ရထားအလှူ, သားသမီးအလှူ, မယားအလှူ, ပေါင်း ခုနစ်မျိုး။ (ဒီ၊ဋီ၊၂၊၂၀။)♦

ဝေဿန္တရာမင်းကြီးဘဝ၌ မြေလှုပ်သော အကြိမ် ၇ ကြိမ်

၁။ ဝေဿန္တရာမင်းကြီး ရှစ်နှစ်သား အရွယ်တွင် အသည်းနှလုံး စသည်တို့ကို တောင်းခံလာသော ပုဂ္ဂိုလ်တို့အား လှူဒါန်းလိုသော အလိုဆန္ဒ ဖြစ်ပေါ်သောအခါ၌ တစ်ကြိမ်၊
၂။ ပစ္စယမင်္ဂလာဆင်ဖြူတော်ကို လှူဒါန်းလိုက်သဖြင့် တိုင်းပြည်မှ နှင်ထုတ်ခံရသော အခါ၌ တစ်ကြိမ်၊
၃။ မဟာဒါနကြီးကို ဖြစ်စေသော အခါ၌ တစ်ကြိမ်၊
၄။ သားသမီးများကို လှူဒါန်းသော အခါ၌ တစ်ကြိမ်၊
၅။ မဒ္ဒီမိဖုရားကို လှူဒါန်းသော အခါ၌ တစ်ကြိမ်၊
၆။ ဆွေမျိုးအပေါင်းနှင့်အတူ ဝင်္ကတောင်မှ ဇေတုတ္တရာမြို့သို့ ဝင်သော အခါ၌ တစ်ကြိမ်၊
၇။ ရတနာ ခုနစ်ပါး မိုးရွာသွန်းသော အခါ၌ တစ်ကြိမ်။ (စရိယာ၊ဋ္ဌ၊၁၀၃။)♦

ဝေဿန္တရာမင်းကြီးအား သိကြားမင်းက ပေးသော ဆု ၈ မျိုး

၁။ ခမည်းတော် သဉ္ဇယ မင်းကြီးက ဝေဿန္တရာမင်းကြီးကို တစ်ဖန် မင်းအဖြစ်၌ တည်စေခြင်း၊
၂။ သတ်မိန့်ကျပြီးသော သူတို့အား သတ်ခြင်းအမှုမှ လွတ်စေခြင်း၊
၃။ သတ္တဝါအားလုံးတို့၏ မှီခိုအားထားရာ ဖြစ်ခြင်း၊
၄။ သူတစ်ပါး သားမယားကို မလွန်ကျူးခြင်း၊
၅။ မိန်းမတို့၏ အလိုသို့ မလိုက် ပါခြင်း၊
၆။ ဝေဿန္တရာမင်းကြီး၏ သားသမီးများ အသက်ရှည်ခြင်း၊
၇။ ထမင်းအဖျော် စသော များစွာသော လှူဖွယ်ပစ္စည်းများ ပေးလှူသော်လည်း မကုန်ခန်းဘဲ ပေးလှူနိုင်ခြင်း၊ အလှူဒါန ကြီးများကို ဖြစ်စေလျက် နတ်ပြည်သို့ ရောက်ပြီး ထိုနတ်ပြည်မှ ဤလူ့ပြည်သို့ တစ်ဖန် ပြန်လာကာ သဗ္ဗညုဘုရားရှင် အဖြစ်သို့ ရောက်ခြင်း။ (စရိယာ၊ဋ္ဌ၊၁၀၀။)♦

ဝေဿဘူဘုရားရှင်၏ ဓမ္မာဘိသမယ ၃ ကြိမ်

၁။ ဓမ္မစကြာတရားဦး ဟောတော်မူသော အခါ၌ လူနတ်ဗြဟ္မာ ကုဋေရှစ်သောင်း ကျွတ်တမ်းဝင်သည်၊
၂။ ဒေသစာရီ လှည့်လည်တော်မူသော အခါ၌ လူနတ်ဗြဟ္မာ ကုဋေခုနှစ်သောင်း တရားထူးရကြသည်၊
၃။ မိစ္ဆာအယူဝါဒကို ပယ်ဖျောက်လျက် တန်ခိုးပြာဋိဟာကို ပြတော်မူသောအခါ၌ လူနတ်ဗြဟ္မာ ကုဋေ ခြောက်ဆယ်တို့ တရားထူးရပြီး ကျွတ်တမ်းဝင်ကြသည်။ (အပ၊၂၊၃၆၉။) (အပ၊မြန်၊၂။၃၆၇။)♦

ဝေဿဘူဘုရားရှင်၏ သာဝကအစည်းအဝေး ၃ ကြိမ်

၁။ ပထမအကြိမ် အစည်းအဝေး၌ ရဟန္တာ ကုဋေရှစ်သောင်း၊
၂။ ဒုတိယအကြိမ် အစည်းအဝေး၌ ရဟန္တာ ခုနစ်သောင်း၊
၃။ တတိယ အကြိမ် အစည်းအဝေး၌ အိုခြင်း နာခြင်းစသော ဘေးကို ကြောက်ကြကုန်သော ရဟန်း ခြောက်သောင်းတို့ စည်းဝေးကြပါသည်။ (ဒီ၊၂၊၄။) (အပ၊၂၊၃၆၉။) (အဘိ၊ဋ္ဌ၊၁၊၇၀။) (ဇာ၊ဋ္ဌ၊၁၊၅၀။) (ဒီ၊မြန်၊၂။၅။) (အပ၊မြန်၊၂။၃၆၈။)♦

ဝေဿဘူဘုရားရှင်၏ အဂ္ဂသာဝက ၂ ပါး

၁။ အရှင်သောဏထေရ်၊
၂။ အရှင်ဥတ္တရထေရ်။ (ဒီ၊၂၊၄။) (အဘိ၊ဋ္ဌ၊၁၊၇၀။) (ဗုဒ္ဓဝံ၊ဋ္ဌ၊၂၉၄။) (ဇာ၊ဋ္ဌ၊၁၊၅၁။) (ဒီ၊မြန်၊၂။၄။)♦

ဝေဿဘူဘုရားရှင်၏ အဂ္ဂသာဝိကာမ ၂ ပါး

၁။ ရာမာထေရီ၊
၂။ သမာလာထေရီ၊ (ဗုဒ္ဓဝံ၊ဋ္ဌ၊၂၉၄။) (ဇာ၊ဋ္ဌ၊၁၊၅၁။)♦

ဝေဿဘူဘုရားအလောင်း၏ ပြာသာဒ် ၃ ဆောင်

၁။ ရုစိမည်သော ပြာသာဒ်ဆောင်၊
၂။ သုရုစိ မည်သော ပြာသာဒ်ဆောင်၊
၃။ ရတိဝဍ္ဎနမည်သော ပြာသာဒ်ဆောင်။ (အပ၊၂၊၃၇၀။) (အပ၊မြန်၊၂။၃၆၈။)♦

ဝေဟာသကုဋိသိက္ခာပုဒ်၌ အင်္ဂါ ၄ မျိုး

၁။ သံဃိကကျောင်း ဖြစ်ခြင်း၊
၂။ ဦးခေါင်းကို မထိခိုက်သော ဦးခေါင်းလွတ်သော အပေါ်ထပ်၌ ပျဉ်ခင်းခြင်း မရှိသော ဟင်းလင်းပြင်ရှိသော ကုဋိ ဖြစ်ခြင်း၊
၃။ အောက်ထပ်၌ သုံးစွဲမှု ရှိခြင်း၊
၄။ မယ်န (စို့) သံ အစရှိသည်တို့ကို ရိုက်နှက်ထားခြင်း မရှိသော အပေါင်၌ သွင်းအပ်သော အခြေရှိသော ညောင်စောင်း၌ ထိုင်ခြင်း, အိပ်ခြင်း။ (သာရတ္ထ၊ဋီ၊၃၊၃၁။) (ဝိမတိ၊၂၊၁၇။)♦

ဝေါဿဂ္ဂ ၂ မျိုး

၁။ ဝိပဿနာ အခိုက်အတန့်၌ တဒင်္ဂပဟာန်၏ အစွမ်းဖြင့်လည်းကောင်း, မဂ်၏ အခိုက်အတန့်၌ သမုစ္ဆေဒပဟာန်၏ အစွမ်းဖြင့်လည်းကောင်း ကိလေသာတို့ကို စွန့်ပယ်ခြင်း- ပရိစ္စာဂဝေါဿဂ္ဂ၊
၂။ ဝိပဿနာအခိုက်အတန့်၌ ထိုနိဗ္ဗာန်သို့ ညွတ်သည်၏ အဖြစ်ဖြင့်, မဂ်၏ အခိုက်အတန့်၌ အာရုံပြုခြင်းဖြင့် နိဗ္ဗာန်သို့ ပြေးဝင်ခြင်း- ပက္ခန္ဒန ဝေါဿဂ္ဂ။ (ဒီ၊ဋ္ဌ၊၃၊၂၀၂။) (မ၊ဋ္ဌ၊၁၊၈၉။) (မ၊ဋ္ဌ၊၂၊၁၉၉။) (သံ၊ဋ္ဌ၊၁၊၁၄၅။) (အံ၊ဋ္ဌ၊၂၊၁၀။) (အံ၊ဋ္ဌ၊၂၊၂၆၀။) (အံ၊ဋ္ဌ၊၃၊၁၇၅။) (အဘိ၊ဋ္ဌ၊၂၊၃၀၂။) (ပဋိသံ၊ဋ္ဌ၊၂၊၃၀၆။)♦

သံ ၄ မျိုး

၁။ ဇာတိလောဟ- ပင်ကိုသဘောအားဖြင့် ဖြစ်သော သတ္တု၊ သတ္တုစစ်၊
၂။ ဝိဇာတိ လောဟ-ကြေးနှင့် တူသော သံ၊
၃။ ကိတ္တိမလောဟ- ရောစပ်ပြုလုပ်ထားသော ကြေးသတ္တု၊
၄။ ပိသာစလောဟ- ပိသာစမည်သော သံ, သတ္တု။ (မ၊ဋီ၊၁၊၆၉။)♦

သကဒါဂါမိဖိုလ်ကို မျက်မှောက်ပြုကြောင်း တရား ၄ ပါး

၁။ သူတော်ကောင်းကို မှီဝဲခြင်း၊
၂။ သူတော်ကောင်းတရားကို ကြားနာခြင်း၊
၃။ သင့်လျော်သောအားဖြင့် နှလုံးသွင်းခြင်း၊
၄။ တရားအားလျော်သော အကျင့်ကို ကျင့်ခြင်း။ (သံ၊၃၊၃၅၉။) (သံ၊၃၊၃၆၁။) (သံ၊မြန်၊၃။၃၆၄-၃၆၇။) (သံ၊မြန်၊၃။၃၆၄-၃၆၇။)♦

သကဒါဂါမိမဂ် ပယ်အပ်သော စိတ် ၆ ပါး

၁။ ဒိဋ္ဌိဂတဝိပ္ပယုတ်စိတ် ၄ ပါး၊
၂။ ဒေါမနဿ သဟဂုတ်စိတ် ၂ ပါး။ (အဘိ၊ဋ္ဌ၊၁၊၂၇၇။)♦

သကဒါဂါမိမဂ် ပယ်အပ်သော သံယောဇဉ် ၂ ပါး

၁။ ရုန့်ရင်းသော ကာမရာဂသံယောဇဉ်၊
၂။ ရုန့်ရင်းသော ပဋိဃသံယောဇဉ်။ (ပဋိသံ၊၂၈၅။) (ပဋိသံ၊မြန်။၃၄၃။)♦

သကဒါဂါမိမဂ်ကြောင့် ကင်းသော အနုသယ၂ ပါး

၁။ ရုန့်ရင်းသော ကာမရာဂါနုသယ၊
၂။ ရုန့်ရင်းသော ပဋိဃာနုသယ။ (ပဋိသံ၊၂၈၅။)♦

သကဒါဂါမိမဂ်ဖြင့် ကောင်းစွာ ဖြတ်အပ်သော တရား ၄ ပါး

၁။ ကြမ်းတမ်းသော ကာမရာဂ သံယောဇဉ်၊
၂။ ပဋိဃသံယောဇဉ်၊
၃။ ကြမ်းတမ်းသော ကာမရာဂါနုသယ၊
၄။ ပဋိဃာနုသယ (ဤတရားလေးပါးတို့မှ စိတ်သည် လွတ်မြောက်၏)။ (ပဋိသံ၊၇၀။) (ပဋိသံ၊မြန်။၉၂။)♦

သကဒါဂါမ်ပုဂ္ဂိုလ် ၁၂ ယောက်

၁။ သုညတဝိမောက္ခဖြင့် သကဒါဂါမ်ဖြစ်သော ပုဂ္ဂိုလ်၊
၂။ အနိမိတ္တဝိမောက္ခဖြင့် သကဒါဂါမ်ဖြစ်သော ပုဂ္ဂိုလ်၊
၃။ အပ္ပဏိဟိတဝိမောက္ခဖြင့် သကဒါဂါမ်ဖြစ်သော ပုဂ္ဂိုလ်၊
၄။ အထက်ပါ ပုဂ္ဂိုလ်သုံးယောက်၌ ကျင့်ပုံ ပဋိပဒါလေးမျိုး ကွဲပြားသဖြင့် ပဋိပဒါလေးပါးနှင့် မြှောက်လျှင် ၁၂ ယောက် ဖြစ်၏။ (အံ၊ဋ္ဌ၊၂၊၂၁၈။)♦

သံကိလေသ ၃ ပါး

၁။ တဏှာသံကိလေသ- (စိတ်ကို) ညစ်ကျူ ပူပန်စေတတ်သောတဏှာ၊
၂။ ဒိဋ္ဌိသံကိလေသ- (စိတ်ကို) ညစ်ကျူ ပူပန်စေတတ်သော ဒိဋ္ဌိ၊
၃။ ဒုစ္စရိတသံကိလေသ-(စိတ်ကို) ညစ်ကျူပူပန်စေတတ်သော ဒုစရိုက်။ (ပေဋကော၊၂၂၅။) (နေတ္တိ၊ဋ္ဌ၊၁၀၆။) (နေတ္တိ၊ဋ္ဌ၊၇၉။)♦

သံကိလေသတရားတို့၏ ဖြူစင်ကြောင်း တရား ၃ ပါး

၁။ တဏှာ သံကိလေသသည် သမထဖြင့် ဖြူစင်ခြင်း၊၂။ ဒိဋ္ဌိသံကိလေသသည် ဝိပဿနာဖြင့် ဖြူစင်ခြင်း၊၃။ဒုစ္စရိတသံကိလေသသည် သုစရိုက်ဖြင့် ဖြူစင်ခြင်း။ (နေတ္တိ၊ဋ္ဌ၊၈၀။) (နေတ္တိ၊ဋ္ဌ၊၁၀၆၊၁၀၇။)♦

သက္ကတိုင်း၌ ပညတ်သော သိက္ခာပုဒ် ၈ ပုဒ်

၁။ ဧဠကလောမဓောဝါပနသိက္ခာပုဒ်၊
၂။ ဦနပဉ္စဗန္ဓန ပတ္တသိက္ခာပုဒ်၊
၃။ ဘိက္ခုနုပဿယဩဝါဒသိက္ခာပုဒ်၊
၄။ တတုတ္တရိ ဘေသဇ္ဇဝိညာပန သိက္ခာပုဒ်၊
၅။ သူစိဃရသိက္ခာပုဒ်၊
၆။ စတုတ္ထပါဋိဒေသနီ သိက္ခာပုဒ်၊
၇။ ဥဒကသုဒ္ဓိ သိက္ခာပုဒ်၊
၈။ ဩဝါဒုပဂမန သိက္ခာပုဒ်။ (ဝိ၊၅၊၂၅၇။) (ဝိ၊မြန်၊၅။၃၄၉။)♦

သက္ကာယ ၅ ပါး

၁။ ရူပုပါဒါနက္ခန္ဓာ- ရုပ်ဟူသော ဥပါဒါန်တို့၏ အာရုံဖြစ်သော ခန္ဓာ၊
၂။ ဝေဒနုပါဒါနက္ခန္ဓာ- ဝေဒနာဟူသော ဥပါဒါန်တို့၏ အာရုံဖြစ်သော ခန္ဓာ၊
၃။ သညုပါဒါ နက္ခန္ဓာ- သညာဟူသော ဥပါဒါန်တို့၏ အာရုံဖြစ်သော ခန္ဓာ၊
၄။ သင်္ခါရုပါဒါနက္ခန္ဓာ- သင်္ခါရ ဟူသော ဥပါဒါန်တို့၏ အာရုံဖြစ်သော ခန္ဓာ၊
၅။ ဝိညာဏုပါဒါနက္ခန္ဓာ- ဝိညာဏ်ဟု ဆိုအပ်သော ဥပါဒါန်တို့၏ အာရုံဖြစ်သော ခန္ဓာ။ (သံ၊၂၊၄၅၄။) (သံ၊မြန်၊၂။၄၅၀။)♦

သက္ကာယ၌ တည်ကြောင်း ၈ ပါး

၁။ ရာဂ- တပ်နှစ်သက်တတ်သော တရား၊
၂။ ဒေါသ- အမျက် ထွက်ခြင်း၊ စိတ်ဆိုးခြင်း၊
၃။ မောဟ- တွေဝေမေ့လျော့ခြင်း၊
၄။ မာန၊
၅။ ဒိဋ္ဌိ၊
၆။ အနုသယ- သတ္တဝါတို့ သန္တာန်၌ ကိန်းတည်နေသော တရား၊
၇။ ဝိစိကိစ္ဆာ-ယုံမှားခြင်း၊
၈။ ဥဒ္ဓစ္စ- စိတ်ပျံ့လွင့်ခြင်း။ (သံ၊ဋ္ဌ၊၁၊၂၆၇။)♦

သက္ကာယဒိဋ္ဌိ ၂၀ ပါး

အကြားအမြင်မရှိသော ပုထုဇဉ်သည်၊
ရုပ်ကို အတ္တဟု ရှုခြင်း၊
၂။ ရုပ်ရှိသော အတ္တဟု ရှုခြင်း၊
၃။ အတ္တ၌ ရုပ် (တည်၏)ဟု ရှုခြင်း၊
၄။ ရုပ်၌ အတ္တ (တည်၏) ဟု ရှုခြင်း၊
၅။ ဝေဒနာကို အတ္တဟု ရှုခြင်း၊
၆။ ဝေဒနာရှိသော အတ္တဟု ရှုခြင်း၊
၇။ အတ္တ၌ ဝေဒနာ (တည်၏) ဟု ရှုခြင်း၊
၈။ ဝေဒနာ၌ အတ္တ (တည်၏) ဟု ရှုခြင်း၊
၉။ သညာကို အတ္တဟု ရှုခြင်း၊
၁၀။ သညာရှိသော အတ္တဟု ရှုခြင်း၊
၁၁။ အတ္တ၌ သညာ (တည်၏)ဟု ရှုခြင်း၊
၁၂။ သညာ၌ အတ္တ (တည်၏) ဟု ရှုခြင်း၊
၁၃။ သင်္ခါရကို အတ္တဟု ရှုခြင်း၊
၁၄။ သင်္ခါရရှိသော အတ္တဟု ရှုခြင်း၊
၁၅။ အတ္တ၌ သင်္ခါရ (တည်၏) ဟု ရှုခြင်း၊ ၁၆၊ သင်္ခါရ၌ အတ္တ (တည်၏) ဟု ရှုခြင်း၊
၁၇။ ဝိညာဏ်ကို အတ္တဟု ရှုခြင်း၊
၁၈။ ဝိညာဏ် ရှိသော အတ္တဟု ရှုခြင်း၊
၁၉။ အတ္တ၌ ဝိညာဏ် (တည်၏) ဟု ရှုခြင်း၊
၂၀။ ဝိညာဏ်၌ အတ္တ (တည်၏) ဟု ရှုခြင်း။ (သံ၊၂၊၈၃။) (သံ၊မြန်၊၂။၈၀။)♦

သက္ကာယဒိဋ္ဌိ ၅ မျိုး

၁။ ရုပ်ကို အတ္တအားဖြင့် ရှုမြင်ခြင်း၊
၂။ ဝေဒနာကို အတ္တအားဖြင့် ရှုမြင်ခြင်း၊
၃။ သညာကို အတ္တအားဖြင့် ရှုမြင်ခြင်း၊
၄။ သင်္ခါရတို့ကို အတ္တအားဖြင့် ရှုမြင်ခြင်း၊
၅။ ဝိညာဏ်ကို အတ္တအားဖြင့် ရှုမြင်ခြင်း။ (သာရတ္ထ၊ဋီ၊၁၊၁၄၃။)♦

သက္ကာယဒိဋ္ဌိ စသည် ဖြစ်ကြောင်းတရား ၃ ပါး

၁။ မသင့်မတင့် နှလုံးသွင်းခြင်း- အယောနိသော မနသိကာရ၊
၂။ လမ်းမှားကို မှီဝဲခြင်း- ကုမ္မဂ္ဂသေဝန၊
၃။ စိတ်ဆုတ်နစ်မှု ဖြစ်ခြင်း- စေတသော လီနတ္ထ။ (အံ၊၃၊၃၇၁။) (အံ၊မြန်၊၃။၃၇၁။)♦

သက္ကာယဒိဋ္ဌိ ဖြစ်ကြောင်း တရား ၅ ပါး

၁။ ရုပ်၊
၂။ ဝေဒနာ၊
၃။ သညာ၊
၄။ သင်္ခါရ၊
၅။ ဝိညာဏ်။ (သံ၊၂၊၁၅၁။) (သံ၊မြန်၊၂။၁၄၂။)♦

သက္ကာယဒိဋ္ဌိဖြင့် နှလုံးသွင်းပုံ ၂၀ (အတ္တသို့ အစဉ်လျှောက်သော (အတ္တာနုဒိဋ္ဌိ) ကို အမှား နှလုံးသွင်းသော အခြင်းအရာ (၂၀) )

၁။ ရုပ်ကို အတ္တအဖြစ် အဖန်ဖန်ရှုခြင်း၊
၂။ ရုပ် ရှိသော အတ္တကိုလည်း အဖန်ဖန်ရှုခြင်း၊
၃။ အတ္တ၌ ရုပ်ကိုလည်း အဖန်ဖန်ရှုခြင်း၊
၄။ ရုပ်၌ အတ္တ ကိုလည်း အဖန်ဖန် ရှုခြင်း၊
၅။ ဝေဒနာကို အတ္တအဖြစ် အဖန်ဖန်ရှုခြင်း၊
၆။ ဝေဒနာ ရှိသော အတ္တကိုလည်း အဖန်ဖန်ရှုခြင်း၊
၇။ အတ္တ၌ ဝေဒနာကိုလည်း အဖန်ဖန်ရှုခြင်း၊
၈။ ဝေဒနာ၌ အတ္တကိုလည်း အဖန်ဖန်ရှုခြင်း၊
၉။ သညာကို အတ္တအဖြစ် အဖန်ဖန်ရှုခြင်း၊
၁၀။ သညာရှိသော အတ္တကိုလည်း အဖန်ဖန်ရှုခြင်း၊
၁၁။ အတ္တ၌ သညာကိုလည်း အဖန်ဖန် ရှုခြင်း၊
၁၂။ သညာ၌ အတ္တကိုလည်း အဖန်ဖန်ရှုခြင်း၊
၁၃။ သင်္ခါရတို့ကို အတ္တအဖြစ် အဖန်ဖန်ရှုခြင်း၊
၁၃။ သင်္ခါရတို့ကို အတ္တအဖြစ် အဖန်ဖန်ရှုခြင်း၊
၁၄။ သင်္ခါရရှိသော အတ္တ ကိုလည်း အဖန်ဖန်ရှုခြင်း၊
၁၅။ အတ္တ၌ သင်္ခါရတို့ကိုလည်း အဖန်ဖန်ရှုခြင်း၊
၁၆။ သင်္ခါရ တို့၌ အတ္တကိုလည်း အဖန်ဖန်ရှုခြင်း၊
၁၇။ ဝိညာဏ်ကို အတ္တအဖြစ် အဖန်ဖန်ရှုခြင်း၊
၁၈။ ဝိညာဏ်ရှိသော အတ္တကိုလည်း အဖန်ဖန်ရှုခြင်း၊
၁၉။ အတ္တ၌ ဝိညာဏ်ကိုလည်း အဖန်ဖန် ရှုခြင်း၊
၂၀။ ဝိညာဉ်၌ အတ္တကိုလည်း အဖန်ဖန်ရှု၏။ ဤကား အတ္တသို့ အစဉ် လျှောက်သော ဒိဋ္ဌိ (အတ္တာနုဒိဋ္ဌိ) ကို အမှား နှလုံးသွင်းသော အခြင်းအရာ (၂၀) တည်း။ (ပဋိသံ၊၁၄၇။) (ပဋိသံ၊မြန်။၁၉၀။)♦

သက္ကာယနှင့် စပ်သော ပုဂ္ဂိုလ် ၄ မျိုး

၁။ သက္ကာယချုပ်ငြိမ်းရာဖြစ်သော နိဗ္ဗာန်ကို နှလုံးသွင်း သော်လည်း ထိုသက္ကာယချုပ်ငြိမ်းရာ နိဗ္ဗာန်၌ စိတ်မပြေးဝင် မကြည်လင် မရပ်တည်သော ပုဂ္ဂိုလ်၊
၂။ သက္ကာယချုပ်ငြိမ်းရာဖြစ်သော နိဗ္ဗာန်ကို နှလုံးသွင်းသည်ရှိသော် ထိုသက္ကာယ ချုပ်ရာ နိဗ္ဗာန်၌ စိတ်ပြေးဝင် ကြည်လင် ရပ်တည်သော ပုဂ္ဂိုလ်၊
၃။ အဝိဇ္ဇာကို ဖောက်ခွဲ ဖျက်ဆီးကြောင်း အရဟတ္တမဂ်ကို နှလုံးသွင်းသော်လည်း ထိုအဝိဇ္ဇာကို ဖောက်ခွဲဖျက်ဆီးကြောင်း အရဟတ္တ မဂ်၌ စိတ်မပြေးဝင် မကြည်လင် မရပ်တည်သော ပုဂ္ဂိုလ်၊
၄။ အဝိဇ္ဇာကို ဖောက်ခွဲ ဖျက်ဆီးကြောင်း အရဟတ္တမဂ်ကို နှလုံးသွင်းသည်ရှိသော် ထိုအဝိဇ္ဇာကို ဖောက်ခွဲ ဖျက်ဆီးကြောင်း အရဟတ္တမဂ်၌ စိတ်ပြေးဝင် ကြည်လင် ရပ်တည်သော ပုဂ္ဂိုလ်။ (အံ၊၁၊၄၈၄။) (အံ၊မြန်၊၁။၄၉၉။)♦

သက်ရှိရတနာ ၂ မျိုး

၁။ မနုဿရတနာ- သားကြီး ရတနာ, သူကြွယ်ရတနာ, ဣတ္ထိရတနာ စသည်၊
၂။ တိရစ္ဆာနဂတရတနာ- ဆင်ရတနာ, မြင်းရတနာ စသည်။ (ခုဒ္ဒက၊ဋ္ဌ၊၁၄၉။) (သုတ္တနိ၊ဋ္ဌ၊၁၊၂၇၈။)♦

သက်သာရာ ထောက်တည်ရာ မရှိသော မြတ်သော အကျင့် ၄ မျိုး

၁။ အလုံးစုံကို သိမြင်သူ ဆရာဟု ဝန်ခံထားပြီး၍ သူတစ်ပါးကို အစအစ အရာအရာ မေးမြန်းနေရသော ဆရာဖြစ်သူ၏ မြတ်သော အကျင့်၊
၂။ အဆင့်ဆင့် ကြားခြင်းကို အမှီပြု၍ တစ်ဆင့် ကြားသည် မှန်၏ဟု အယူအဆရှိသော ဆရာဖြစ်သူ၏ မြတ်သော အကျင့်၊
၃။ ကြံစည်လေ့ စုံစမ်းလေ့ ရှိသော ဆရာဖြစ်သူ၏ မြတ်သော အကျင့်၊
၄။ ဉာဏ်နုံ့သူ တွေဝေသူ ဖြစ်၍ သူတစ်ပါး မေးသမျှပြဿနာကို မှန်အောင် မဖြေနိုင်ပါလျက် ဆင်ခြေဆင်လက် အမျိုးမျိုးဖြင့် ဖြေကြားတတ်သော ဆရာဖြစ်သူ၏ မြတ်သော အကျင့်။ (မ၊၂၊၁၈၈။) (မ၊မြန်၊၂။၂၀၀-၂၀၁။)♦

သချုႋင်း အပြစ် ၅ ပါး

၁။ မစင်ကြယ်ခြင်း၊
၂။ မကောင်းသော အနံ့ရှိခြင်း၊
၃။ ဘေး အန္တရာယ် ရှိခြင်း၊
၄။ ကြမ်းတမ်းသော ဘီလူးသရဲတို့၏ နေရာ ဖြစ်ခြင်း၊
၅။ များစွာသော လူအပေါင်း တို့၏ ငိုကြွေးရာ ဖြစ်ခြင်း။ (အံ၊၂၊၂၃၅။) (အံ၊မြန်၊၂။၃၀၀။)♦

သချုႋင်းနှင့် တူသော ပုဂ္ဂိုလ် အပြစ် ၅ ပါး

၁။ မစင်ကြယ်သော ကာယကံ, ဝစီကံ, မနောကံနှင့် ပြည့်စုံခြင်း၊
၂။ ထိုမစင်ကြယ်သော ကံသုံးပါးနှင့် ပြည့်စုံသော ပုဂ္ဂိုလ်အား မကောင်းသတင်း ကျော်စောပျံ့နှံ့ခြင်း၊
၃။ မစင်ကြယ်သော ကံသုံးပါးနှင့် ပြည့်စုံသူအား သီလကို ချစ်မြတ်နိုးသော သီတင်းသုံးဖော်တို့ ဝေးစွာ ရှောင်ကြဉ်ခြင်း၊
၄။ မစင်ကြယ်သော ကံသုံး ပါးနှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည် မိမိနှင့်သဘောတူသော ပုဂ္ဂိုလ်တို့နှင့် အတူတကွ ပေါင်းဖော်နေထိုင်ခြင်း၊
၅။ မစင်ကြယ်သော ကံသုံးပါးနှင့် ပြည့်စုံသော ပုဂ္ဂိုလ်ကို သီလရှိသော သီတင်းသုံးဖော်တို့က တွေ့မြင်၍ ကဲ့ရဲ့ရှုတ်ချခြင်း။ (အံ၊၂၊၂၃၅။) (အံ၊မြန်၊၂။၃၀၁။)♦

သံဃကံ ၄ မျိုး

၁။ အပလောကနကံ- ပန်ကြားခြင်း၊ သိစေခြင်းကံ၊
၂။ ဉတ္တိကံ-ဉတ်ဖြင့် ပြုအပ်သော ကံ၊
၃။ ဉတ္တိဒုတိယကံ- ဉတ်လျှင် ၂-ကြိမ်မြောက်ရှိသော ကမ္မဝါစာဖြင့် ပြုအပ်သော ကံ၊
၄။ ဉတ္တိစတုတ္ထကံ- ဉတ်လျှင် ၄-ကြိမ်မြောက်ရှိသော ကမ္မဝါစာဖြင့် ပြုအပ်သော ကံ။ (ဝိ၊ဋ္ဌ၊၃၊၁၄၅။) (သာရတ္ထ၊ဋီ၊၂၊၈၆။)♦

သံဃဂုဏ်တော် ၉ ပါး

၁။ သာသနာတော်၌ ကောင်းစွာကျင့်တတ်ခြင်း၊
၂။ လမ်းကြောင်း ဖြောင့်မှန်စွာကျင့်တတ်ခြင်း၊
၃။ ဒုက္ခငြိမ်းရာ နိဗ္ဗာန်အကျိုးအတွက်သာ ကျင့်တော်မူတတ်ခြင်း၊
၄။ ရိုသေမှုနှင့်ထိုက်တန်အောင် ကျင့်တော်မူတတ်ခြင်း၊
၅။ မဂ္ဂဋ္ဌာန်လေးယောက်ဖလဋ္ဌာန်လေးယောက်ဟုဆိုအပ်သော ရှစ်ယောက်သော အရိယာရဟန်းတို့သည် အဝေးမှ ဆောင်ယူ၍ လှူအပ်သော လှူဖွယ်ကို အလှူခံထိုက်ခြင်း၊
၆။ ဧည့်သည်များအတွက် စီရင်ထားသော လှူဒါန်းဖွယ်ကိုလည်း ခံယူတော်မူထိုက်ခြင်း၊
၇။ တမလွန်အတွက်ရည်မှန်းကာ လှူဒါန်းသော လှူဖွယ်ကိုလည်း အလှူခံထိုက်ခြင်း၊
၈။ အများသူငါ၏ လက်အုပ်ချီမိုးခြင်းကိုလည်း ခံယူထိုက်ခြင်း၊
၉။ အတုမရှိ မွန်မြတ်သော လယ်ယာမြေကောင်းသဖွယ် ဖြစ်တော်မူခြင်း။ (ဒီ၊၂၊၈၀၊၁၇၅။)(ဒီ၊၃၊၄၊၁၉၀။)(မ၊၁၊၄၅။)(သံ၊၁၊၂၂၁၊၂၉၈။)(သံ၊၂၊၄၆၄၊၄၇၁၊၄၉၂။)(သံ၊၃၊၂၉၈။)(အံ၊၁၊၁၄၇၊၃၆၇။)(အံ၊၂၊၁၈၆၊၂၅၂။)(အံ၊၃၊၂၀၆၊၄၀၅၊၅၃၁။)(နေတ္တိ၊၄၇။)(ဝိသုဒ္ဓိ၊၁၊၂၀၆။)♦

သံဃသမ္မုခတာ အင်္ဂါ ၃ ပါး

၁။ ကံအား လျောက်ပတ်သော ရဟန်းတို့ ကြွလာခြင်း၊
၂။ ဆန္ဒ ထိုက်သော ရဟန်းတို့၏ ဆန္ဒကို ဆောင်ယူခြင်း၊
၃။ မျက်မှောက်ဖြစ်သော ရဟန်း တို့က မတားမြစ်ခြင်း။ (ဝိ၊၄၊၂၂၀။) (ဝိ၊မြန်၊၄။၂၁၇။)♦

သံဃသမ္မုတိကို မပေးအပ်ကြောင်း အင်္ဂါ ၃ ပါး

၁။ အရှက်လည်း မရှိခြင်း၊
၂။ မိုက်လည်း မိုက်ခြင်း၊
၃။ ပကတတ်ရဟန်းလည်း မဟုတ်ခြင်း။ (ဝိ၊၅၊၂၂၁။) (ဝိ၊မြန်၊၅။၃၀၈။)♦

သံဃာ ၅ မျိုး

၁။ လေးပါးအစုရှိသော စတုဝဂ္ဂသံဃာ၊
၂။ ငါးပါးအစုရှိသော ပဉ္စဝဂ္ဂသံဃာ၊
၃။ ဆယ်ပါးအစုရှိသော ဒသဝဂ္ဂသံဃာ၊
၄။ နှစ်ဆယ်အစုရှိသော ဝီသတိဝဂ္ဂသံဃာ၊
၅။ နှစ်ဆယ်ထက် လွန်သော အစုရှိသော အတိရေကဝီသတိဝဂ္ဂသံဃာ။ (ဝိ၊၃၊၄၃၉။) (ဝိ၊မြန်၊၃။၄၄၅။)♦

သံဃာ၌ တစ်စုံတစ်ခုကိုမျှ မဆိုအပ်ကြောင်း အင်္ဂါ ၃ ပါး

၁။ အရှက်လည်း မရှိခြင်း၊
၂။ မိုက်လည်း မိုက်ခြင်း၊
၃။ ပကတတ်ရဟန်းလည်း မဟုတ်ခြင်း။ (ဝိ၊၅၊၂၂၁။) (ဝိ၊မြန်၊၅။၃၀၈။)♦

သံဃာ၌ တရား ဆုံးဖြတ်ထိုက်သော ရဟန်း အင်္ဂါ ၅ ပါး

၁။ အာပတ်ကို သိခြင်း၊
၂။ အာပတ် ဖြစ်ကြောင်း (သမုဋ္ဌာန်) ကို သိခြင်း၊
၃။ အာပတ်၏ ပယောဂကို သိခြင်း၊
၄။ အာပတ် ငြိမ်းခြင်းကို သိခြင်း၊
၅။ အာပတ်ကို ဆုံးဖြတ်ခြင်း၌ လိမ္မာခြင်း။ (ဝိ၊၅၊၃၂၁။) (ဝိ၊မြန်၊၅။၄၂၀။)♦

သံဃာ၌ တရား ဆုံးဖြတ်ထိုက်သော ရဟန်း အင်္ဂါ ၅ ပါး (တစ်နည်း)

၁။ဝတ္ထုကို သိခြင်း၊
၂။ နိဒါန်းကို သိခြင်း၊
၃။ ပညတ်ချက်ကို သိခြင်း၊
၄။ မျက်မှောက်ပြုအပ်သော ပုဒ်ကို သိခြင်း၊
၅။ ရှေ့နောက် စကားစပ်ကို သိခြင်း။ (ဝိ၊၅၊၃၂၂။) (ဝိ၊မြန်၊၅။၄၂၂။)♦

သံဃာ၌ တရား ဆုံးဖြတ်ထိုက်သော ရဟန်း အင်္ဂါ ၅ ပါး (တစ်နည်း)

၁။ ဉတ်ကို သိခြင်း၊
၂။ ဉတ်ဖြင့် ပြုခြင်းကို သိခြင်း၊
၃။ ဉတ်နှင့် ကမ္မဝါစာကို သိခြင်း၊
၄။ ဉတ်ဖြင့် ငြိမ်းအေး ကြောင်း သမထကို သိခြင်း၊
၅။ ဉတ်ဖြင့် အဓိကရုဏ်းငြိမ်းခြင်းကို သိခြင်း။ (ဝိ၊၅၊၃၂၃။) (ဝိ၊မြန်၊၅။၄၂၃။)♦

သံဃာ၌ တရား ဆုံးဖြတ်ထိုက်သော ရဟန်း အင်္ဂါ ၅ ပါး (တစ်နည်း)

၁။ တရား (သုတ်, အဘိဓမ္မာ) ကို သိခြင်း၊
၂။ တရားအားလျော်သော သုတ္တာန် မဟာပဒေသ လေးပါးကို သိခြင်း၊
၃။ ဝိနည်း (ခန္ဓက ပရိဝါ) ကို သိခြင်း၊
၄။ ဝိနည်းအားလျော်သော မဟာပဒေသ လေးပါးကို သိခြင်း၊
၅။ ရှေ့နောက် စကား၌ လိမ္မာခြင်း။ (ဝိ၊၅၊၃၂၄။) (ဝိ၊မြန်၊၅။၄၂၄။)♦

သံဃာ၌ တရား ဆုံးဖြတ်ထိုက်သော ရဟန်း အင်္ဂါ ၅ ပါး (တစ်နည်း)

၁။ဝတ္ထုကို သိခြင်း၊
၂။ နိဒါန်းကို သိခြင်း၊
၃။ ပညတ်ချက်ကို သိခြင်း၊
၄။ မျက်မှောက်ပြုအပ်သော ပုဒ်ကို သိခြင်း၊
၅။ ရှေ့နောက် စကားစပ်ကို သိခြင်း။ (ဝိ၊၅၊၃၂၂။) (ဝိ၊မြန်၊၅။၄၂၂။)♦

သံဃာ၌ တရား ဆုံးဖြတ်ထိုက်သော ရဟန်း အင်္ဂါ ၅ ပါး (တစ်နည်း)

၁။ အဓိကရုဏ်းကို သိခြင်း၊
၂။ အဓိကရုဏ်းဖြစ်ကြောင်း (သမုဋ္ဌာန်) ကို သိခြင်း၊
၃။ အဓိကရုဏ်း၏ ပယောဂကို သိခြင်း၊
၄။ အဓိကရုဏ်း၏ ငြိမ်းခြင်းကို သိခြင်း၊
၅။ အဓိကရုဏ်းကို ဆုံးဖြတ်ခြင်း၌ လိမ္မာခြင်း။ (ဝိ၊၅၊၃၂၁။) (ဝိ၊မြန်၊၅။၄၂၀။)♦

သံဃာ၌ တရား ဆုံးဖြတ်ထိုက်သော ရဟန်း အင်္ဂါ ၅ ပါး (တစ်နည်း)

၁။ လွှမ်းမိုး၍ မဆို တတ်ခြင်း၊
၂။ ခွင့်ပေးမှုကို ပြုစေ၍ ဆိုတတ်ခြင်း၊
၃။ ဟုတ်မှန်သောဝတ္ထု ဝိနည်း အာပတ် အတိုင်း စောဒနာတတ်ခြင်း၊
၄။ ဟုတ်မှန်သောဝတ္ထု၊ ဝိနည်း၊ အာပတ်အတိုင်း ဆုံးဖြတ် တတ်ခြင်း၊
၅။ မိမိ၏ အယူအဆအတိုင်း ဖြေဆိုတတ်ခြင်း။ (ဝိ၊၅၊၃၂၁။) (ဝိ၊မြန်၊၅။၄၂၁။)♦

သံဃာ၌ တရား ဆုံးဖြတ်ထိုက်သော ရဟန်း အင်္ဂါ ၅ ပါး (တစ်နည်း)

၁။ အာပတ် ဟုတ်သည် မဟုတ်သည်ကို သိခြင်း၊
၂။ ပေါ့သော အာပတ်, လေးသော အာပတ်ကို သိခြင်း၊
၃။ အကြွင်း ရှိသော အာပတ်, အကြွင်းမရှိသော အာပတ်ကို သိခြင်း၊
၄။ ရုန့်ရင်းသော အာပတ်, မရုန့်ရင်းသော အာပတ်ကို သိခြင်း၊
၅။ ကုစား၍ ရကောင်းသော အာပတ်, ကုစား၍ မရကောင်းသော အာပတ်ကို သိခြင်း။ (ဝိ၊၅၊၃၂၂။) (ဝိ၊မြန်၊၅။၄၂၁။)♦

သံဃာ၌ တရား ဆုံးဖြတ်ထိုက်သော ရဟန်း အင်္ဂါ ၅ ပါး (တစ်နည်း)

၁။ ချစ်သဖြင့် ဆန္ဒာ ဂတိသို့ မလိုက်ခြင်း၊
၂။ မုန်းသဖြင့် ဒေါသာဂတိသို့ မလိုက်ခြင်း၊
၃။ တွေဝေသဖြင့် မောဟာ ဂတိသို့ မလိုက်ခြင်း၊
၄။ ကြောက်သဖြင့် ဘယာဂတိသို့ မလိုက်ခြင်း၊
၅။ ဝိနည်း၌ လိမ္မာ ကျွမ်းကျင်ခြင်း။ (ဝိ၊၅၊၃၂၃။) (ဝိ၊မြန်၊၅။၄၂၃။)♦

သံဃာ၌ တရား ဆုံးဖြတ်ထိုက်သော ရဟန်း အင်္ဂါ ၅ ပါး (တစ်နည်း)

၁။ ချစ်သဖြင့် ဆန္ဒာဂတိသို့ မလိုက်ခြင်း၊
၂။ မုန်းသဖြင့် ဒေါသာဂတိသို့ မလိုက်ခြင်း၊
၃။ တွေဝေသဖြင့် မောဟာဂတိသို့ မလိုက်ခြင်း၊
၄။ ကြောက်သဖြင့် ဘယာဂတိသို့ မလိုက်ခြင်း၊
၅။ အရှက် ရှိခြင်း။ (ဝိ၊၅၊၃၂၂။) (ဝိ၊မြန်၊၅။၄၂၂။)♦

သံဃာ၌ တရား ဆုံးဖြတ်ထိုက်သော ရဟန်း အင်္ဂါ ၅ ပါး (တစ်နည်း)

၁။ သုတ် (ဥဘတော ဝိဘင်း) ကို သိခြင်း၊
၂။ သုတ်အားလျော်သော မဟာပဒေသ လေးပါးကို သိခြင်း၊
၃။ ဝိနည်း (ခန္ဓကပရိဝါ) ကို သိခြင်း၊
၄။ ဝိနည်းအားလျော်သော မဟာပဒေသလေးပါးကို သိခြင်း၊
၅။ အကြောင်းဟုတ်သည် မဟုတ်သည်၌ လိမ္မာခြင်း။ (ဝိ၊၅၊၃၂၃။) (ဝိ၊မြန်၊၅။၄၂၃။)♦

သံဃာ၌ တရား ဆုံးဖြတ်သော ရဟန်းအား လူအများ နှစ်သက်ကြောင်း အင်္ဂါ ၅ ပါး

၁။ (သူအချို့ကို) မြှောက်ပင့်တတ်သူ မဟုတ်ခြင်း၊ ၂။(သူ့အချို့ကို) မောင်းမဲတတ်သူ မဟုတ်ခြင်း၊
၃။ တရား ဟုတ်သည်ကို ယူတတ်ခြင်း၊
၄။ တရား မဟုတ်သည်ကို တားမြစ် တတ်ခြင်း၊
၅။ ပြိန်ဖျင်းသော စကားကို မဆိုတတ်ခြင်း။ (ဝိ၊၅၊၃၁၉) (ဝိ၊မြန်၊၅။၄၁၈။)♦

သံဃာ၌ တရား ဆုံးဖြတ်သော ရဟန်းအား လူအများ နှစ်သက်ကြောင်း အင်္ဂါ ၅ ပါး (တစ်နည်း)

၁။ လွှမ်းမိုး၍ မဆိုတတ်ခြင်း၊
၂။ ခွင့်ပေးမှုကို ပြုစေ၍ ဆိုတတ်ခြင်း၊
၃။ ဟုတ်မှန်သောဝတ္ထု၊ ဝိနည်း၊ အာပတ်အတိုင်း စောဒနာတတ်ခြင်း၊
၄။ ဟုတ်မှန်သောဝတ္ထု, ဝိနည်း, အာပတ် အတိုင်း ဆုံးဖြတ်ခြင်း၊
၅။ မိမိအယူအဆ အတိုင်း ဖြေဆိုတတ်ခြင်း။ (ဝိ၊၅၊၃၂၀။) (ဝိ၊မြန်၊၅။၄၁၉။)♦

သံဃာ၌ တရား ဆုံးဖြတ်သော ရဟန်းအား လူအများ မနှစ်သက်ကြောင်း အင်္ဂါ ၅ ပါး (တစ်နည်း)

၁။ (သူအချို့ကို) ချီးမြှောက်တတ်သူ ဖြစ်ခြင်း၊
၂။ (သူအချို့ကို) မောင်းမဲ တတ်သူ ဖြစ်ခြင်း၊
၃။ တရား မဟုတ်သည်ကို ယူတတ်ခြင်း၊
၄။ တရား ဟုတ်သည်ကို တားမြစ်တတ်ခြင်း၊
၅။ ပြိန်ဖျင်းသော စကားကို များစွာ ပြောဆိုတတ်ခြင်း။ (ဝိ၊၅၊၃၁၉။) (ဝိ၊မြန်၊၅။၄၁၈။)♦

သံဃာ၌ တရား မဆုံးဖြတ်ထိုက်သော ရဟန်း၏ အင်္ဂါ ၅ ပါး

၁။ အာပတ်ကို မသိခြင်း၊
၂။ အာပတ်ဖြစ်ကြောင်း (သမုဋ္ဌာန်) ကို မသိခြင်း၊
၃။ အာပတ်၏ ပယောဂကို မသိခြင်း၊
၄။ အာပတ်ငြိမ်းခြင်းကို မသိခြင်း၊
၅။ အာပတ်ကို ဆုံးဖြတ်ခြင်း၌ မကျွမ်းကျင်ခြင်း။ (ဝိ၊၅၊၃၂၀။) (ဝိ၊မြန်၊၅။၄၂၀။)♦

သံဃာ၌ တရား မဆုံးဖြတ်ထိုက်သော ရဟန်း၏ အင်္ဂါ ၅ ပါး (တစ်နည်း)

၁။ အာပတ် ဟုတ်သည် မဟုတ်သည်ကို မသိခြင်း၊
၂။ ပေါ့သောအာပတ် လေးသောအာပတ်ကို မသိခြင်း၊
၃။ အကြွင်းရှိသော အာပတ်, အကြွင်းမရှိသော အာပတ်ကို မသိခြင်း၊
၄။ ရုန့်ရင်း ကြမ်းတမ်းသော အာပတ် မရုန့်ရင်းမကြမ်းတမ်းသော အာပတ်ကို မသိခြင်း၊
၅။ ကုစားကောင်း မကုစားကောင်းသော အာပတ်ကို မသိခြင်း။ (ဝိ၊၅၊၃၂၁။) (ဝိ၊မြန်၊၅။၄၂၁။)♦

သံဃာ၌ တရား မဆုံးဖြတ်ထိုက်သော ရဟန်း၏ အင်္ဂါ ၅ ပါး (တစ်နည်း)

၁။ ကံကို မသိခြင်း၊
၂။ ကံပြုခြင်းကို မသိခြင်း၊
၃။ ကံ၏ဝတ္ထုကို မသိခြင်း၊
၄။ ကံ၏ ကျင့်ဝတ်ကို မသိခြင်း၊
၅။ ကံ၏ ငြိမ်းခြင်းကို မသိခြင်း။ (ဝိ၊၅၊၃၂၂။) (ဝိ၊မြန်၊၅။၄၂၂။)♦

သံဃာ၌ တရား မဆုံးဖြတ်ထိုက်သော ရဟန်း၏ အင်္ဂါ ၅ ပါး (တစ်နည်း)

၁။ဝတ္ထုကို မသိခြင်း၊
၂။ နိဒါန်းကို မသိခြင်း၊
၃။ ပညတ်ကို မသိခြင်း၊
၄။ မျက်မှောက်ပြုအပ်သော ပုဒ်ကို မသိခြင်း၊
၅။ ရှေ့နောက် စကားစပ်ကို မသိခြင်း။ (ဝိ၊၅၊၃၂၂။) (ဝိ၊မြန်၊၅။၄၂၂။)♦

သံဃာ၌ တရား မဆုံးဖြတ်ထိုက်သော ရဟန်း၏ အင်္ဂါ ၅ ပါး (တစ်နည်း)

၁။ ချစ်သဖြင့် အဂတိသို့ လိုက်ခြင်း၊
၂။ မုန်းသဖြင့် အဂတိသို့ လိုက်ခြင်း၊
၃။ တွေဝေသဖြင့် အဂတိသို့ လိုက်ခြင်း၊
၄။ ကြောက်သဖြင့် အဂတိသို့ လိုက်ခြင်း၊
၅။ အရှက် မရှိခြင်း။ (ဝိ၊၅၊၃၂၂။) (ဝိ၊မြန်၊၅။၄၂၂။)♦

သံဃာ၌ တရား မဆုံးဖြတ်ထိုက်သော ရဟန်း၏ အင်္ဂါ ၅ ပါး (တစ်နည်း)

၁။ ဉတ်ကို မသိခြင်း၊
၂။ ဉတ်ဖြင့် ပြုခြင်းကို မသိခြင်း၊
၃။ ဉတ်နှင့် ကမ္မဝါစာကို မသိခြင်း၊
၄။ ဉတ်ဖြင့် ငြိမ်းကြောင်း သမထကို မသိခြင်း၊
၅။ ဉတ်ဖြင့် အဓိကရုဏ်းငြိမ်းခြင်းကို မသိခြင်း။ (ဝိ၊၅၊၃၂၃။) (ဝိ၊မြန်၊၅။၄၂၃။)♦

သံဃာ၌ တရား မဆုံးဖြတ်ထိုက်သော ရဟန်း၏ အင်္ဂါ ၅ ပါး (တစ်နည်း)

၁။ သုတ် (ဥဘတော ဝိဘင်း) ကို မသိခြင်း၊
၂။ သုတ်အားလျော်သော (မဟာပဒေသလေးပါး) ကို မသိခြင်း၊
၃။ ဝိနည်း ခန္ဓက ပရိဝါကို မသိခြင်း၊
၄။ ဝိနည်းအားလျော်သော (မဟာပဒေသ လေးပါး) ကို မသိခြင်း၊
၅။ အကြောင်း ဟုတ်သည် မဟုတ်သည်၌ မလိမ္မာခြင်း။ (ဝိ၊၅၊၃၂၃။) (ဝိ၊မြန်၊၅။၄၂၃။)♦

သံဃာ၌ တရား မဆုံးဖြတ်ထိုက်သော ရဟန်း၏ အင်္ဂါ ၅ ပါး (တစ်နည်း)

၁။ တရား (သုတ် အဘိဓမ္မာ) ကို မသိခြင်း၊
၂။ တရားအားလျော်သော သုတ္တန် မဟာပဒေသ လေးပါးကို မသိခြင်း၊
၃။ ဝိနည်း (ခန္ဓက ပရိဝါ) ကို မသိခြင်း၊
၄။ ဝိနည်းအားလျော်သော မဟာပဒေသ လေးပါးကို မသိခြင်း၊
၅။ ရှေ့နောက် စကား၌ မကျွမ်းကျင်ခြင်း။ (ဝိ၊၅၊၃၂၄။) (ဝိ၊မြန်၊၅။၄၂၄။)♦

သံဃာ၌ တရား မဆုံးဖြတ်ထိုက်သော ရဟန်း၏ အင်္ဂါ ၅ ပါး (တစ်နည်း)

၁။ အဓိကရုဏ်းကို မသိခြင်း၊
၂။ အဓိကရုဏ်းဖြစ်ကြောင်း (သမုဋ္ဌာန်) ကို မသိခြင်း၊
၃။ အဓိကရုဏ်း၏ ပယောဂကို မသိခြင်း၊
၄။ အဓိကရုဏ်း၏ ငြိမ်းခြင်းကို မသိခြင်း၊
၅။ အဓိကရုဏ်းကို ဆုံးဖြတ် ခြင်း၌ မကျွမ်းကျင်ခြင်း။ (ဝိ၊၅၊၃၂၁။) (ဝိ၊မြန်၊၅။၄၂၀။)♦

သံဃာ၌ တရား မဆုံးဖြတ်ထိုက်သော ရဟန်း၏ အင်္ဂါ ၅ ပါး (တစ်နည်း)

၁။ လွှမ်းမိုး၍ ဆိုတတ်ခြင်း၊
၂။ ခွင့်ပေးမှု မပြုစေမူ၍ ဆိုတတ်ခြင်း၊
၃။ ဟုတ်မှန်သောဝတ္ထု၊ ဝိနည်း၊ အာပတ်အတိုင်း မစောဒနာတတ်ခြင်း၊
၄။ ဟုတ်မှန်သောဝတ္ထု၊ ဝိနည်း၊ အာပတ်အတိုင်း မဆုံးဖြတ်တတ်ခြင်း၊
၅။ မိမိအယူအတိုင်း မဆိုတတ်ခြင်း။ (ဝိ၊၅၊၃၂၁။) (ဝိ၊မြန်၊၅။၄၂၁။)♦

သံဃာ၌ တရား မဆုံးဖြတ်ထိုက်သော ရဟန်း၏ အင်္ဂါ ၅ ပါး (တစ်နည်း)

၁။ ချစ်သဖြင့် အဂတိသို့ လိုက်ခြင်း၊
၂။ မုန်းသဖြင့် အဂတိသို့ လိုက်ခြင်း၊
၃။ တွေဝေသဖြင့် အဂတိသို့ လိုက်ခြင်း၊
၄။ ကြောက်သဖြင့် အဂတိသို့ လိုက်ခြင်း၊
၅။ ဝိနည်း၌ မလိမ္မာခြင်း။ (ဝိ၊၅၊၃၂၃။) (ဝိ၊မြန်၊၅။၄၂၂။)♦

သံဃာ၌ တရားဆုံးဖြတ်သော ရဟန်းအား လူအများ နှစ်သက်ကြောင်း အင်္ဂါ ၅ ပါး (တစ်နည်း)

၁။ ထောင်လွှားသော စကားကို မဆိုတတ်ခြင်း၊
၂။ ထင်ပေါ်ကျော်စောသူကို မှီ၍ မဆိုတတ်ခြင်း၊
၃။ စကားစပ် အနုသန္ဓေ၌ လိမ္မာခြင်း၊
၄။ ဟုတ်မှန်သောဝတ္ထု၊ ဝိနည်း၊ အာပတ်အတိုင်း စောဒနာတတ်ခြင်း၊
၅။ ဟုတ်မှန်သောဝတ္ထု၊ ဝိနည်း၊ အာပတ်အတိုင်း ဆုံးဖြတ်တတ်ခြင်း။ (ဝိ၊၅၊၃၁၈။) (ဝိ၊မြန်၊၅။၄၁၈။)♦

သံဃာ၌ တရားဆုံးဖြတ်သော ရဟန်းအား လူအများ မနှစ်သက်ကြောင်း အင်္ဂါ ၅ ပါး (တစ်နည်း)

၁။ ထောင်လွှားသော စကားကို ဆိုတတ်ခြင်း၊
၂။ ထင်ပေါ်ကျော်စောသူကို မှီ၍ ဆိုတတ်ခြင်း၊
၃။ စကားစပ် (အနုသန္ဓေ) ၌ မကျွမ်းကျင်ခြင်း၊
၄။ ဟုတ်မှန်သောဝတ္ထု၊ ဝိနည်း၊ အာပတ် အတိုင်း မစောဒနာတတ်ခြင်း၊
၅။ ဟုတ်မှန်သောဝတ္ထု၊ ဝိနည်း၊ အာပတ်အတိုင်း မဆုံးဖြတ် တတ်ခြင်း။ (ဝိ၊၅၊၃၁၈။) (ဝိ၊မြန်၊၅။၄၁၇။)♦

သံဃာ၌ တရားဆုံးဖြတ်သော ရဟန်းအား လူအများ မနှစ်သက်ကြောင်း အင်္ဂါ ၅ ပါး (တစ်နည်း)

၁။ လွှမ်းမိုး၍ ဆိုတတ်ခြင်း၊
၂။ ခွင့်ပေးမှုကို မပြုစေမူ၍ ဆိုတတ်ခြင်း၊
၃။ ဟုတ်မှန်သောဝတ္ထု ဝိနည်း၊ အာပတ်အတိုင်း မစောဒနာတတ်ခြင်း၊
၄။ ဟုတ်မှန်သောဝတ္ထု၊ ဝိနည်း အာပတ်အတိုင်း မဆုံးဖြတ်တတ်ခြင်း၊
၅။ မိမိအယူအတိုင်း မဆိုတတ်ခြင်း။ (ဝိ၊၅၊၃၁၉။) (ဝိ၊မြန်၊၅။၄၁၉။)♦

သံဃာ့ကံ ၄ မျိုး

၁။ အပလောကနကံ- သိမ်အတွင်း၌ (ကျောင်းတိုက်အတွင်း၌) ရှိသော သံဃာကို သုံးကြိမ် ပန်ကြား၍ သံဃာ၏ ခွင့်ပြုချက်ဖြင့် ပြုလုပ်ရသော ကံ၊
၂။ ဉတ္တိကံ- သံဃာ၏ ခွင့်ပြုချက်ကို ရယူပြီး ဉတ်ကမ္မဝါ တစ်ကြိမ်ရွတ်ဖတ်၍ ပြုလုပ်ရသော ကံ၊
၃။ ဉတ္တိဒုတိယကံ- သံဃာ၏ ခွင့်ပြုချက်ကို ရယူပြီး ဉတ်တစ်ကြိမ် ကမ္မဝါစာတစ်ကြိမ် ရွတ်ဖတ်၍ ပြုလုပ်ရသော ကံ၊
၄။ ဉတ္တိစတုတ္ထကံ- သံဃာ၏ ခွင့်ပြုချက်ကို ရယူပြီး ဉတ်တစ်ကြိမ် ကမ္မဝါစာသုံးကြိမ် ရွတ်ဖတ်၍ ပြုလုပ်ရသော ကံ။ (ဝိ၊ဋ္ဌ၊၄၊၃၉။)♦

သံဃာကွဲကြောင်း ၅ ပါး

၁။ အပလောကန စသော ကံ လေးပါးတို့တွင် တစ်ပါးပါးသော ကံကြောင့် ကွဲပြားခြင်း၊
၂။ ပါတိမောက္ခုဒ္ဒေသ ငါးပါးတွင် တစ်ပါးပါးသော ဥဒ္ဒေသကြောင့် ကွဲပြားခြင်း၊
၃။ အဓမ္မကို ဓမ္မ စသည်ဖြင့် ပြောဆိုခြင်းကြောင့် ကွဲပြားခြင်း၊
၄။ သံဃာ ကွဲပြား ခြင်းအားလျော်စွာ ကြားသိစေကြောင်းဖြစ်သော စကားကြောင့် ကွဲပြားခြင်း၊
၅။ စာရေးတံကို ယူစေခြင်း (မဲခွဲဆုံးဖြတ်ခြင်း။) ကြောင့် ကွဲပြားခြင်း။ (အံ၊ဋ္ဌ၊၁၊၃၅၄။) (ဣတိဝုတ်၊ဋ္ဌ၊၆၅။)♦

သံဃာကွဲခြင်း၏ ရှေ့ပြေးအကြောင်း ၃ ပါး

၁။ အဓမ္မစသည်ကို ဓမ္မစသည်ဖြင့် ပြောဆိုခြင်း၊
၂။ ရဟန်းတို့၏ စိတ်ကို ဆွဲဆောင်လျက် ကြားသိစေခြင်း၊
၃။ စာရေးတံကို ယူစေခြင်း။ (ဣတိဝုတ်၊ဋ္ဌ၊၆၅။)♦

သံဃာကွဲခြင်း၏ အဓိကအကြောင်း ၂ ပါး

၁။ ကံကြောင့်၊
၂။ ပါတိမောက်ကို ပြခြင်းကြောင့်။ (ဣတိဝုတ်၊ဋ္ဌ၊၆၅။)♦

သံဃာကွဲပြားကြောင်း ၅ ပါး

၁။ ကမ္မေန- အပလောကနကံ စသော ကံလေးပါးတို့တွင် တစ်ပါးပါးကြောင့် ကွဲခြင်း၊
၂။ ဥဒ္ဒေသေန- ငါးပါးသော ပါတိမောက္ခုဒ္ဒေသတို့တွင် တစ်ပါးပါးကြောင့် ကွဲခြင်း၊
၃။ ဝေါဟရန္တော- ဘေဒကရဝတ္ထု တစ်ဆယ့်ရှစ်ပါးကို ပြောဆို ခြင်းကြောင့် ကွဲခြင်း၊
၄။ အနုဿာဝနေန- နနု တုမှေ ဇာနာထ စသော စကားမျိုးကို ထပ်ကာထပ်ကာ ပြောဆိုခြင်းကြောင့် ကွဲခြင်း၊
၅။ သလာကဂ္ဂါဟေန- စာရေးတံမဲကို ယူစေခြင်းကြောင့် ကွဲခြင်း။ (မ၊ဋ္ဌ၊၄၊၇၅။) (ဥဒါန၊ဋ္ဌ၊၂၈၈။)♦

သံဃာကွဲပြားကြောင်း အခြင်းအရာ ၂ ပါး

၁။ ဥပုသ်ကံ အသီးသီး ပြုခြင်း၊
၂။ စာရေးတံမဲ ယူခြင်း။ (ဝိ၊၅၊၂၁၃။) (ဝိ၊မြန်၊၅။၂၉၈။)♦

သံဃာကွဲပြားကြောင်း အခြင်းအရာ ၅ ပါး

၁။ ကံဖြင့် ကွဲခြင်း၊
၂။ ပါတိမောက်ပြခြင်းဖြင့် ကွဲခြင်း၊
၃။ ဘေဒကရဝတ္ထုကို ပြောကြားသည် ဖြစ်၍ ကွဲခြင်း၊
၄။ ထပ်ကာ ထပ်ကာ ကြားသဖြင့် ကွဲပြား၅။ စားရေးတံမဲ ယူစေခြင်း ကွဲခြင်း ။ (ဝိ၊၅၊၃၄၉။) (ဝိ၊မြန်၊၅။၄၅၂။)♦

သံဃာကွဲပြားကြောင်း အင်္ဂါ ၁၀ ပါး

၁။ တရားမဟုတ်သည်ကို တရားဟုတ်သည်ဟု ပြဆိုခြင်း၊
၂။ တရားဟုတ်သည်ကို တရားမဟုတ်ဟု ပြဆိုခြင်း၊
၃။ ဝိနည်းဟုတ်သည်ကို ဝိနည်း မဟုတ်ဟု ပြဆိုခြင်း၊
၄။ ဝိနည်းမဟုတ်သည်ကို ဝိနည်းဟုတ်သည်ဟု ပြဆိုခြင်း၊
၅။ မြတ်စွာ ဘုရား မဟောအပ်သည်ကို မြတ်စွာဘုရား ဟောအပ်သည်ဟု ပြဆိုခြင်း၊
၆။ မြတ်စွာဘုရား ဟောအပ်သည်ကို မြတ်စွာဘုရား မဟောအပ်ဟု ပြဆိုခြင်း၊
၇။ မြတ်စွာဘုရား လေ့ကျက် အပ်သည်ကို မြတ်စွာဘုရား မလေ့ကျက်အပ်ဟု ပြဆိုခြင်း၊
၈။ မြတ်စွာဘုရား မလေ့ကျက်အပ် သည်ကို မြတ်စွာဘုရား လေ့ကျက်အပ်သည်ဟု ပြဆိုခြင်း၊
၉။ မြတ်စွာဘုရား မပညတ် အပ်သည်ကို မြတ်စွာဘုရား ပညတ်အပ်သည်ဟု ပြဆိုခြင်း၊
၁၀။ မြတ်စွာဘုရား ပညတ်အပ် သည်ကို မြတ်စွာဘုရား မပညတ်အပ်ဟု ပြဆိုခြင်း။ (အံ၊၃၊၃၁၄။) (အံ၊မြန်၊၃။၃၁၃။)♦

သံဃာကွဲပြားကြောင်းဝတ္ထု ၁၈ ပါး

၁။ ရဟန်းတို့သည် မတရားသည်ကို တရား၏ဟု ပြခြင်း၊
၂။ ရဟန်းတို့သည် တရားသည်ကို မတရားဟု ပြခြင်း၊
၃။ ဝိနည်းမဟုတ်သည်ကို ဝိနည်းဟု ပြခြင်း၊
၄။ ဝိနည်းကို ဝိနည်းမဟုတ်ဟု ပြခြင်း၊
၅။ မြတ်စွာဘုရား မဟောကြား အပ်သည်ကို ဘုရားဟောကြားအပ်၏ဟု ပြခြင်း၊
၆။ မြတ်စွာဘုရား ဟောကြားအပ် သည်ကို မြတ်စွာဘုရားသည် မဟောကြားအပ်ဟု ပြခြင်း၊
၇။ မြတ်စွာဘုရား မလေ့ကျက် သည်ကို မြတ်စွာဘုရားသည် လေ့ကျက်အပ်၏ဟု ပြခြင်း၊
၈။ မြတ်စွာဘုရား လေ့ကျက် အပ်သည်ကို မြတ်စွာဘုရားသည် မလေ့ကျက်အပ်ဟု ပြခြင်း၊
၉။ ဘုရားရှင် မပညတ် အပ်သည်ကို ဘုရားရှင်သည် ပညတ်အပ်၏ဟု ပြခြင်း၊
၁၀။ ဘုရားရှင် ပညတ်အပ်သည်ကို ဘုရားရှင်သည် မပညတ်အပ်ဟုပြခြင်း၊
၁၁။ အာပတ်မဟုတ်သည်ကို အာပတ်ဟု ပြခြင်း၊
၁၂။ အာပတ်ဟုတ်သည်ကို အာပတ်မဟုတ်ဟု ပြခြင်း၊
၁၃။ ပေါ့သော အာပတ်ကို လေးသော အာပတ်ဟု ပြခြင်း၊
၁၄။ လေးသောအာပတ်ကို ပေါ့သောအာပတ်ဟု ပြခြင်း၊
၁၅။ အကြွင်း ရှိသော အာပတ်ကို အကြွင်းမရှိသော အာပတ်ဟု ပြခြင်း၊
၁၆။ အကြွင်းမရှိသော အာပတ်ကို အကြွင်းရှိသော အာပတ်ဟု ပြခြင်း၊
၁၇။ ရုန့်ရင်းသော အာပတ်ကို မရုန့်ရင်းသော အာပတ်ဟု ပြခြင်း၊
၁၈။ မရုန့်ရင်းသော အာပတ်ကို ရုန့်ရင်းသော အာပတ်ဟု ပြခြင်း။ (ဝိ၊၄၊၃၆၈။) (ဝိ၊မြန်၊၄၊၃၇၄။)♦

သံဃာကွဲပြားခြင်းကို နှစ်သက်သော ရဟန်း ရရှိမည့် အကျိုး ၄ မျိုး

၁။ ဒုဿီလရဟန်းအား ညီညွတ်သော သမဂ္ဂသံဃာသည် နှင်ထုတ် ဖျက်ဆီးနိုင်၍ မညီညွတ်သော ဝဂ်ဖြစ်သော သံဃာသည် မနှင်ထုတ် မဖျက်ဆီးနိုင်ခြင်း၊
၂။ မိစ္ဆာဒိဋ္ဌိအယူရှိသော ဒုဿီလရဟန်းအား ညီညွတ်သော သမဂ္ဂသံဃာသည် နှင်ထုတ်ဖျက်ဆီးနိုင်၍ မညီညွတ်သော ဝဂ်ဖြစ်သော သံဃာသည် မနှင်ထုတ် မဖျက်ဆီးနိုင်ခြင်း၊
၃။ မိစ္ဆာဇီဝနှင့် ပြည့်စုံသော ဒုဿီလရဟန်းအား ညီညွတ်သော သမဂ္ဂသံဃာသည် နှင်ထုတ်ဖျက်ဆီးနိုင်၍ မညီညွတ်သော ဝဂ်ဖြစ်သော သံဃာသည် မနှင်ထုတ် မဖျက်ဆီးနိုင်ခြင်း၊
၄။ လာဘ်ပူဇော်သက္ကာရကို အလိုရှိသော ရဟန်းအား ညီညွတ်သော သမဂ္ဂသံဃာသည် အရိုအသေ အလေးအမြတ် စသည် မပြုမူ၍ မညီညွတ်သော ဝဂ်ဖြစ်သော သံဃာက အရိုအသေ အလေးအမြတ်စသည် ပြုခြင်း။ (အံ၊၁၊၅၆၂။) (အံ၊မြန်၊၁။၅၇၇။)♦

သံဃာကို တင့်တယ်စေသော ပုဂ္ဂိုလ် ၄ မျိုး

၁။ ကျွမ်းကျင်သော, ကိုယ်နှုတ်နှလုံးကို ဆုံးမပြီး ဖြစ်သော, ရဲရင့်သော, အကြားအမြင်များသော, တရားကို ဆောင်သော, တရားအားလျော်သော အကျင့်ကို ကျင့်သော ရဟန်း၊
၂။ ကျွမ်းကျင်သော, ကိုယ်နှုတ်နှလုံးကို ဆုံးမပြီးဖြစ်သော, ရဲရင့်သော, အကြားအမြင်များသော တရားကို ဆောင်သော, တရားအားလျော်သော အကျင့်ကို ကျင့်သော ရဟန်းမ၊
၃။ ကျွမ်းကျင်သော, ကိုယ်နှုတ်နှလုံးကို ဆုံးမပြီးဖြစ်သော, ရဲရင့်သော, အကြားအမြင်များသော, တရားကို ဆောင်သော, တရားအားလျော်သော အကျင့်ကို ကျင့်သော ဥပါသကာ၊
၄။ ကျွမ်းကျင်သော, ကိုယ်နှုတ်နှလုံးကို ဆုံးမပြီးဖြစ်သော, ရဲရင့်သော, အကြားအမြင်များသော, တရားကို ဆောင်သော, တရားအားလျော်သော အကျင့်ကို ကျင့်သော ဥပါသိကာမ။ (အံ၊၁၊၃၁၄။) (အံ၊မြန်၊၁။၃၃၀။)♦

သံဃာကို သင်းခွဲသော အလဇ္ဇီရဟန်း အင်္ဂါ ၄ ပါး

၁။ ချစ်သဖြင့် မလားအပ်သည်သို့ လားခြင်း (ဆန္ဒာဂတိသို့ လိုက်ခြင်း)၊
၂။ မုန်းသဖြင့် မလားအပ်သည်သို့ လားခြင်း (ဒေါသာဂတိသို့ လိုက်ခြင်း)၊
၃။ တွေဝေသဖြင့် မလားအပ်သည်သို့ လားခြင်း (မောဟာဂတိသို့ လိုက်ခြင်း)၊
၄။ ကြောက်သဖြင့် မလားအပ်သည်သို့ လားခြင်း (ဘယာဂတိသို့ လိုက်ခြင်း)။ (ဝိ၊၅၊၂၂၈) (ဝိ၊မြန်၊၅။၃၁၇။)♦

သံဃာညီညွတ်ကြောင်း တရား ၁၀ ပါး

၁။ သီလရှိခြင်း၊
၂။ အကြားအမြင်များခြင်း၊
၃။ အဆွေ ခင်ပွန်းကောင်း ရှိခြင်း၊
၄။ ဆိုဆုံးမလွယ်ခြင်း၊
၅။ အယုတ်အမြတ်ဖြစ်သော ထိုထိုကိစ္စ တို့၌ ကျွမ်းကျင်ခြင်း၊
၆။ တရားတော်ကို အလိုရှိခြင်း၊
၇။ အကုသိုလ်တရားကို ပယ်ရန် ကုသိုလ်တရားကို တိုးပွားစေရန် ထက်သန်သော လုံ့လရှိခြင်း၊
၈။ ရသမျှသော ပစ္စည်း လေးပါးဖြင့် ရောင့်ရဲလွယ်ခြင်း၊
၉။ သတိနှင့် ပြည့်စုံခြင်း၊
၁၀။ ပညာနှင့် ပြည့်စုံခြင်း။ (အံ၊၃၊၃၂၆။) (အံ၊မြန်၊၃။၃၂၅။)♦

သံဃာညီညွတ်ကြောင်း အင်္ဂါ ၁၀ ပါး

၁။ တရားမဟုတ်သည်ကို တရားမဟုတ်ဟု ပြဆိုခြင်း၊
၂။ တရားဟုတ်သည်ကို တရားဟုတ်သည်ဟု ပြဆိုခြင်း၊
၃။ ဝိနည်းမဟုတ်သည်ကို ဝိနည်း မဟုတ်ဟု ပြဆိုခြင်း၊
၄။ ဝိနည်းဟုတ်သည်ကို ဝိနည်းဟုတ်သည်ဟု ပြဆိုခြင်း၊
၅။ မြတ်စွာ ဘုရား မဟောအပ်သည်ကို မြတ်စွာဘုရား မဟောအပ်ဟု ပြဆိုခြင်း၊
၆။ မြတ်စွာဘုရား ဟောအပ်သည်ကို မြတ်စွာဘုရား ဟောအပ်သည်ဟု ပြဆိုခြင်း၊
၇။ မြတ်စွာဘုရား လေ့ကျက်အပ် သည်ကို မြတ်စွာဘုရား လေ့ကျက်အပ်သည်ဟု ပြဆိုခြင်း၊
၈။ မြတ်စွာဘုရား မလေ့ကျက်အပ် သည်ကို မြတ်စွာဘုရား မလေ့ကျက်အပ်ဟု ပြဆိုခြင်း၊
၉။ မြတ်စွာဘုရား မပညတ်အပ်သည်ကို မြတ်စွာဘုရား မပညတ်အပ်ဟု ပြဆိုခြင်း၊
၁၀။ မြတ်စွာဘုရား ပညတ် အပ်သည်ကို မြတ်စွာဘုရား ပညတ်အပ်သည်ဟု ပြဆိုခြင်း။ (အံ၊၃၊၃၁၅။) (အံ၊မြန်၊၃။၃၁၄။)♦

သံဃာညီညွတ်ကြောင်းဝတ္ထု ၁၈ ပါး

၁။ ရဟန်းတို့သည် မတရားသည်ကို မတရားဟု ပြခြင်း၊
၂။ တရားသည်ကို တရား၏ဟု ပြခြင်း၊
၃။ ဝိနည်းမဟုတ်သည်ကို ဝိနည်း မဟုတ်ဟု ပြခြင်း၊
၄။ ဝိနည်းဟုတ်သည်ကို ဝိနည်းဟုတ်၏ဟု ပြခြင်း၊
၅။ ဘုရားရှင် မဟောကြားအပ်သည်ကို ဘုရားရှင်သည် မဟောကြားအပ်ဟု ပြခြင်း၊
၆။ ဘုရားရှင် ဟောကြားအပ်သည်ကို ဘုရားရှင်သည် ဟောကြားအပ်၏ဟု ပြခြင်း၊
၇။ မြတ်စွာဘုရား မလေ့ကျက်အပ်သည်ကို မြတ်စွာဘုရားသည် မလေ့ကျက်အပ်ဟု ပြခြင်း၊
၈။ မြတ်စွာဘုရား လေ့ကျက်အပ်သည်ကို မြတ်စွာဘုရားသည် လေ့ကျက်အပ်၏ဟု ပြခြင်း၊
၉။ မြတ်စွာဘုရား မပညတ်အပ်သည်ကို မြတ်စွာဘုရားသည် မပညတ်အပ်ဟု ပြခြင်း၊
၁၀။ မြတ်စွာဘုရား ပညတ်အပ်သည်ကို မြတ်စွာဘုရားသည် ပညတ်အပ်၏ဟု ပြခြင်း၊
၁၁။ အာပတ်မဟုတ်သည်ကို အာပတ် မဟုတ်ဟု ပြခြင်း၊
၁၂။ အာပတ်ဟုတ်သည်ကို အာပတ်ဟုတ်၏ဟု ပြခြင်း၊
၁၃။ ပေါ့သော အာပတ်ကို ပေါ့သော အာပတ်ဟု ပြခြင်း၊
၁၄။ လေးသော အာပတ်ကို လေးသော အာပတ်ဟု ပြခြင်း၊
၁၅။ အကြွင်းရှိသော အာပတ်ကို အကြွင်းရှိသော အာပတ်ဟု ပြခြင်း၊
၁၆။ အကြွင်း မရှိသော အာပတ်ကို အကြွင်းမရှိသော အာပတ်ဟု ပြခြင်း၊
၁၇။ ရုန့်ရင်းသော အာပတ်ကို ရုန့်ရင်းသော အာပတ်ဟု ပြခြင်း၊
၁၈။ မရုန့်ရင်းသော အာပတ်ကို မရုန့်ရင်းသော အာပတ်ဟု ပြခြင်း။ (ဝိ၊၄၊၃၆၈။) (ဝိ၊မြန်၊၄၊၃၇၄။)♦

သံဃာညီညွတ်ခြင်း ၂ မျိုး

၁။ သံဃာ၏ အမှန်စင်စစ် ညီညွတ်ခြင်းဟူသော အနက်အဓိပ္ပါယ်မှ ကင်း၍ သံဃာညီညွတ်၏ဟူသော စကားလုံးမျှသာရှိသော ညီညွတ်ခြင်း၊
၂။ သံဃာ၏ အမှန်စင်စစ် ညီညွတ်ခြင်းဟူသော အနက်အဓိပ္ပါယ်နှင့်လည်း ပြည့်စုံ၍ သံဃာညီညွတ်၏ ဟူသော စကားလုံးလည်း ပြည့်စုံသော ညီညွတ်ခြင်း။ (ဝိ၊၃၊၅၀၈။) (ဝိ၊မြန်၊၃။၅၁၄။)♦

သံဃာဒိသိသ် ကုစားရာ၌ နာမမတ္တဝသေနဝယ် နာမည် ၂ မျိုး

၁။ သဇာတိသာဓာရဏံ- သံဃာဒိသိသ်ဟူသော မိမိဇာတ်နှင့် ဆက်ဆံသော အမည်၊
၂။ သဗ္ဗသာဓာရဏံ- အာပတ္တိ ဟူသော အလုံးစုံသော အာပတ်နှင့် ဆက်ဆံသော အမည်။ (ဝိ၊ဋ္ဌ၊၄၊၂၂။)♦

သံဃာဒိသိသ် သိက္ခာပုဒ် ၁၃ ပါး

၁။ သုက်လွတ်စေခြင်း (သုက္ကဝိဿဋ္ဌိ) သိက္ခာပုဒ်၊
၂။ ကိုယ်လက် နှီးနှောခြင်း (ကာယသံသဂ္ဂ) သိက္ခာပုဒ်၊
၃။ ရုန့်ရင်းကြမ်းတမ်းသော စကားကို ပြောဆိုခြင်း (ဒုဋ္ဌုလ္လဝါစာ) သိက္ခာပုဒ်၊
၄။ ကာမဂုဏ်ဖြင့် လုပ်ကျွေးရန် ပြောဆိုခြင်း (အတ္တကာမပါရိစရိယ) သိက္ခာပုဒ်၊
၅။ အောင်တမန်သွားလာခြင်း (သဉ္စရိတ္တ) သိက္ခာပုဒ်၊
၆။ ကိုယ်တိုင် တောင်းယူ အပ်သော ပဲခွပ် စသည်ဖြင့် ကျောင်းဆောက်ခြင်း (သညာစိကာယ) သိက္ခာပုဒ်၊
၇။ ကြီးမားသော ကျောင်းကို ပြုခြင်း (မဟလ္လကဝိဟာရ) သိက္ခာပုဒ်၊
၈။ မြင်ခြင်း ကြားခြင်း ယုံမှားခြင်း အရင်းမရှိပဲ ပါရာဇိကအာပတ်ဖြင့် စွပ်စွဲခြင်း (ပထမဒုဋ္ဌဒေါသ) သိက္ခာပုဒ်၊
၉။ အမြွက်မျှကို စွဲ၍ ပါရာဇိကအာပတ်ဖြင့် စွပ်စွဲခြင်း (ဒုတိယဒုဋ္ဌဒေါသ) သိက္ခာပုဒ်၊
၁၀။ သံဃာကို သင်းခွဲခြင်း (သံဃဘေဒက) သိက္ခာပုဒ်၊
၁၁။ သင်းခွဲသော ရဟန်းသို့ နောက်လိုက် လုပ်ခြင်း (ဘေဒါနုဝတ္တက) သိက္ခာပုဒ်၊
၁၂။ ဆိုဆုံးမခက်ခြင်း (ဒုဗ္ဗစ) သိက္ခာပုဒ်၊
၁၃။ ဒါယကာတို့၏ သဒ္ဓါတရားကို ဖျက်ဆီးခြင်း (ကုလဒူသက) သိက္ခာပုဒ်။ (ဝိ၊၅၊၁၀။) (ဝိ၊မြန်၊၅။၁၇။)♦

သံဃာဒိသိသ်အာပတ် ၂၃ မျိုး

၁။ ဘိက္ခုသံဃာဒိသိသ် ၁၃ မျိုး၊
၂။ ဘိက္ခုနီသံဃာဒိသိသ် ၁၀ မျိုး၊ ပေါင်း ၂၃ မျိုး။ (သာရတ္ထ၊ဋီ၊၃၊၄၈၆။)♦

သံဃာဒိသိသ်အာပတ် ဖြစ်ကြောင်း သမုဋ္ဌာန် ၆ ပါး

၁။ ရံခါ ကိုယ်ကြောင့် ဖြစ်ကုန်၏၊ နှုတ်နှင့် စိတ်ကြောင့် မဖြစ်ကုန်၊
၂။ ရံခါ နှုတ်ကြောင့် ဖြစ်ကုန်၏၊ ကိုယ်နှင့်စိတ်ကြောင့် မဖြစ်ကုန်၊
၃။ ရံခါ ကိုယ်ကြောင့်လည်းကောင်း နှုတ်ကြောင့်လည်းကောင်း ဖြစ်ကုန်၏၊ စိတ်ကြောင့် မဖြစ်ကုန်၊
၄။ ရံခါ ကိုယ်ကြောင့်လည်းကောင်း စိတ်ကြောင့်လည်းကောင်း ဖြစ်ကုန်၏၊ နှုတ်ကြောင့် မဖြစ်ကုန်၊
၅။ ရံခါ နှုတ်ကြောင့်လည်းကောင်း စိတ်ကြောင့် လည်းကောင်း ဖြစ်ကုန်၏၊ ကိုယ်ကြောင့် မဖြစ်ကုန်၊
၆။ ရံခါ ကိုယ်ကြောင့်လည်းကောင်း နှုတ်ကြောင့် လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်း ဖြစ်ကုန်၏။ (ဝိ၊၅၊၃၆၂။) (ဝိ၊မြန်၊၅။၄၆၆။)♦

သံဃာဒိသိသ်အာပတ်ကို ဖုံးလွှမ်းထားခြင်း၌ မာတိကာ ၁၀ ပါး

၁။ သံဃာဒိသိသ်အာပတ် သင့်ခြင်း၊
၂။ သံဃာဒိသိသ်အာပတ် သင့်၏ဟု အမှတ်ရှိခြင်း၊
၃။ ပကတတ်ရဟန်း ဖြစ်ခြင်း၊
၄။ ပကတတ်ရဟန်းဟု အမှတ်ရှိခြင်း၊
၅။ နှောင့်ယှက်တားမြစ်တတ်သော အန္တရာယ် မရှိခြင်း၊
၆။ အန္တရာယ်မရှိဟု အမှတ်ရှိခြင်း၊
၇။ ကုစားခြင်းငှာ စွမ်းနိုင်ခြင်း၊
၈။ ကုစားခြင်းငှာ စွမ်းနိုင်သည်ဟု အမှတ်ရှိခြင်း၊
၉။ သံဃာဒိသိသ်အာပတ်ကို ဖုံးကွယ်ထားလိုခြင်း၊
၁၀။ ဖုံးကွယ် ထားခြင်း။ (ဝိ၊ဋ္ဌ၊၄၊၁၉။)♦

သံဃာဘောင်သို့ သွင်းခြင်း ၂ မျိုး

၁။ ကောင်းသော သွင်းခြင်း၊
၂။ မကောင်းသော သွင်းခြင်း။ (ဝိ၊၃၊၄၄၃။) (ဝိ၊မြန်၊၃။၄၅၁။)♦

သံဃာသင်းခွဲရဟန်းနောက်သို့ လိုက်သော ရဟန်း သင့်သော အာပတ် ၃ ပါး

၁။ ဒုက္ကဋ် အာပတ်၊
၂။ ထုလ္လစ္စဉ်းအာပတ်၊
၃။ သံဃာဒိသိသ်အာပတ်။ (ဝိ၊၅၊၉၁။) (ဝိ၊မြန်၊၅။၁၃၂။)♦

သံဃာသင်းခွဲသူ ဖြစ်ကြောင်း ၅ ပါး (တစ်နည်း) (ထိုသူသည် အပါယ်ငရဲ၌ ဖြစ်လတ္တံ့၊ အာယုကပ် ပတ်လုံး တည်လတ္တံ့ ဖြစ်၍ ကုစားခြင်းငှာ မတတ်ကောင်း။)

၁။ တရား မဟုတ်သည်ကို တရားဟု ပြခြင်း၊
၂။ တရား ဟုတ်သည်ကို တရား မဟုတ်ဟု ပြခြင်း၊
၃။ ဝိနည်း မဟုတ် သည်ကို ဝိနည်းဟု ပြခြင်း၊
၃။ ဝိနည်း ဟုတ်သည်ကို ဝိနည်း မဟုတ်ဟု ပြခြင်း၊
၅။ အဓမ္မ စသော အယူကို မဆောက်တည်၍ ကံပြုခြင်း။ (ဝိ၊၅၊၃၅၂။) (ဝိ၊မြန်၊၅။၄၅၆။)♦

သံဃာသင်းခွဲသူ ဖြစ်ကြောင်း ၅ ပါး (တစ်နည်း) (ထိုသူသည် အပါယ်ငရဲ၌ ဖြစ်လတ္တံ့၊ အာယုကပ် ပတ်လုံး တည်လတ္တံ့ ဖြစ်၍ ကုစားခြင်းငှာ မတတ်ကောင်း။)

၁။ တရားမဟုတ်သည်ကို တရားဟု ပြခြင်း၊
၂။ တရားဟုတ်သည်ကို တရားမဟုတ်ဟု ပြခြင်း၊
၃။ ဝိနည်း မဟုတ်သည်ကို ဝိနည်းဟု ပြခြင်း၊
၃။ ဝိနည်းဟုတ်သည်ကို ဝိနည်းမဟုတ်ဟု ပြခြင်း၊
၅။ အဓမ္မ စသော အယူကို မဆောက်တည်မူ၍ ဆိုခြင်း။ (ဝိ၊၅၊၃၅၃။) (ဝိ၊မြန်၊၅။၄၅၆။)♦

သံဃာသင်းခွဲသူ ဖြစ်ကြောင်း ၅ ပါး (တစ်နည်း) (ထိုသူသည် အပါယ်ငရဲ၌ ဖြစ်လတ္တံ့၊ အာယုကပ် ပတ်လုံး တည်လတ္တံ့ ဖြစ်၍ ကုစားခြင်းငှာ မတတ်ကောင်း။)

၁။ တရားမဟုတ်သည်ကို တရားဟု ပြခြင်း၊
၂။ တရားဟုတ်သည်ကို တရားမဟုတ်ဟု ပြခြင်း၊
၃။ ဝိနည်းမဟုတ် သည်ကို ဝိနည်းဟု ပြခြင်း၊
၃။ ဝိနည်းဟုတ်သည်ကို ဝိနည်းမဟုတ်ဟု ပြခြင်း၊
၅။ အဓမ္မ စသော အယူကို မဆောက်တည်မူ၍ ထပ်ကာ ထပ်ကာ ပြောကြားခြင်း။ (ဝိ၊၅၊၃၅၃။) (ဝိ၊မြန်၊၅။၄၅၆။)♦

သံဃာသင်းခွဲသူ ဖြစ်ကြောင်း ၅ ပါး (တစ်နည်း) (ထိုသူသည် အပါယ်ငရဲ၌ ဖြစ်လတ္တံ့၊ အာယုကပ် ပတ်လုံး တည်လတ္တံ့ ဖြစ်၍ ကုစားခြင်းငှာ မတတ်ကောင်း။)

၁။ တရားမဟုတ်သည်ကို တရားဟု ပြခြင်း၊
၂။ တရားဟုတ်သည်ကို တရားမဟုတ်ဟု ပြခြင်း၊
၃။ ဝိနည်း မဟုတ်သည်ကို ဝိနည်းဟု ပြခြင်း၊
၄။ ဝိနည်းဟုတ်သည်ကို ဝိနည်းမဟုတ်ဟု ပြခြင်း၊
၅။ အဓမ္မ စသော အယူကို မဆောက်တည်မူ၍ စာရေးတံမဲ ယူစေခြင်း။ (ဝိ၊၅၊၃၅၃။) (ဝိ၊မြန်၊၅။၄၅၆။)♦

သံဃာသင်းခွဲသူ ဖြစ်ကြောင်း ၅ ပါး (တစ်နည်း) (ထိုသူသည် အပါယ်ငရဲ၌ ဖြစ်လတ္တံ့၊ အာယုကပ်ပတ်လုံး တည်လတ္တံ့ ဖြစ်၍ ကုစားခြင်းငှာ မတတ်ကောင်း။)

၁။ တရား မဟုတ် သည်ကို တရားဟု ပြခြင်း၊
၂။ တရားဟုတ်သည်ကို တရား မဟုတ်ဟု ပြခြင်း၊
၃။ ဝိနည်း မဟုတ်သည်ကို ဝိနည်းဟု ပြခြင်း၊
၃။ ဝိနည်း ဟုတ်သည်ကို ဝိနည်း မဟုတ်ဟု ပြခြင်း၊
၅။ အဓမ္မ စသော အယူကို မဆောက်တည်မူ၍ အသီးအခြား ပါတိမောက် ပြခြင်း။ (ဝိ၊၅၊၃၅၂။) (ဝိ၊မြန်၊၅။၄၅၆။)♦

သံဃာသင်းခွဲသူ ဖြစ်ကြောင်း ၅ ပါး (ထိုသူသည် အပါယ်ငရဲ၌ ဖြစ်လတ္တံ့၊ အာယုကပ်ပတ်လုံး တည်လတ္တံ့ ဖြစ်၍ ကုစားခြင်းငှာ မတတ်ကောင်း။)

၁။ တရား မဟုတ်သည်ကို တရားဟု ပြခြင်း၊
၂။ တရား ဟုတ်သည်ကို တရား မဟုတ်ဟု ပြခြင်း၊
၃။ ဝိနည်း မဟုတ်သည်ကို ဝိနည်းဟု ပြခြင်း၊
၄။ ဝိနည်း ဟုတ်သည်ကို ဝိနည်း မဟုတ်ဟု ပြခြင်း၊
၅။ အဓမ္မ စသော အယူကို ဆောက်တည်၍ အသီးအခြား ကံပြုခြင်း။ (ဝိ၊၅၊၃၅၀။) (ဝိ၊၅၊၃၅၁။) (ဝိ၊မြန်၊၅။၄၅၃-၄၅၄။) (ဝိ၊မြန်၊၅။၄၅၄။)♦

သံဃာသင်းခွဲသော ရဟန်း သင့်သော အာပတ် ၃ ပါး

၁။ ဒုက္ကဋ်အာပတ်၊
၂။ ထုလ္လစ္စဉ်း အာပတ်၊
၃။ သံဃာဒိသိသ်အာပတ်။ (ဝိ၊၅၊၅၇။) (ဝိ၊မြန်၊၅။၁၃၁။)♦

သံဃာသို့ ချဉ်းကပ်သော ရဟန်း ဖြစ်စေရမည့် တရား ၅ ပါး

၁။ နှိမ့်ချသော စိတ်၊ ခြေသုတ်ပုဆိုးနှင့် တူသော စိတ်ဖြင့် ချဉ်းကပ်ရခြင်း၊
၂။ နေရာ၌ ကျွမ်းကျင်လိမ္မာသူ ဖြစ်ရခြင်း၊
၃။ မထေရ်ကြီးတို့အား မထိခိုက်စေမူ၍ မထေရ်ငယ်တို့အားလည်း မတားမြစ်ဘဲ မိမိနှင့် သင့်လျော်သော နေရာ၌သာ နေထိုင်ရခြင်း၊
၄။ အမျိုးမျိုးသော မဂ်ဖိုလ်နှင့် ဖီလာကန့်လန့် ဖြစ်သော စကားမျိုးကို မပြောဘဲ ကိုယ်တိုင်လည်း တရားစကားကို ပြောရခြင်း, သူတစ်ပါး ကိုလည်း ပြောဆိုစေရခြင်း၊
၅။ မြတ်သော ဆိတ်ဆိတ်နေခြင်းကို မထီမဲ့မြင် မပြုရခြင်း။ (ဝိ၊၅၊၃၁၈) (ဝိ၊မြန်၊၅။၄၁၇။)♦

သံဃိကဘဏ္ဍာတိုက် စောင့်သော ရဟန်း၏ အင်္ဂါ ၅ ပါး

၁။ ဆန္ဒာဂတိသို့ မလိုက်ခြင်း၊
၂။ ဒေါသာဂတိသို့ မလိုက်ခြင်း၊
၃။ မောဟာဂတိသို့ မလိုက်ခြင်း၊
၄။ ဘယာဂတိသို့ မလိုက်ခြင်း၊
၅။ လုံခြုံသည် မလုံခြုံသည်ကို သိခြင်း။ (ဝိ၊၃၊၃၉၇။) (ဝိ၊မြန်၊၃။၄၀၀။)♦

သံဃိကသင်္ကန်း သိုမှီးသိမ်းဆည်းခွင့်ရှိသော ရဟန်း၏ အင်္ဂါ ၅ ပါး

၁။ ဆန္ဒာဂတိသို့ မလိုက်ခြင်း၊
၂။ ဒေါသာဂတိသို့ မလိုက်ခြင်း၊
၃။ မောဟာဂတိသို့ မလိုက်ခြင်း၊
၄။ ဘယာဂတိသို့ မလိုက်ခြင်း၊
၅။ သိုမှီးအပ်သည် မသိုမှီးအပ်သည်ကို သိခြင်း။ (ဝိ၊၃၊၃၉၆။) (ဝိ၊မြန်၊၃။၃၉၉။)♦

သံဃိကသင်္ကန်း အလှူခံခွင့်ရှိသော ရဟန်း၏ အင်္ဂါ ၅ ပါး

၁။ ဆန္ဒာဂတိသို့ မလိုက်ခြင်း၊
၂။ ဒေါသာဂတိသို့ မလိုက်ခြင်း၊
၃။ မောဟာဂတိသို့ မလိုက်ခြင်း၊
၄။ ဘယာဂတိသို့ မလိုက်ခြင်း၊
၅။ အလှူခံအပ်သည် မခံအပ်သည်ကို သိခြင်း။ (ဝိ၊၃၊၃၉၅။) (ဝိ၊မြန်၊၃။၃၉၈။)♦

သံဃိကသင်္ကန်းကို ခွဲဝေပေးသော ရဟန်း၏ အင်္ဂါ ၅ ပါး

၁။ ဆန္ဒာဂတိသို့ မလိုက်ခြင်း၊
၂။ ဒေါသာ ဂတိသို့ မလိုက်ခြင်း၊
၃။ မောဟာဂတိသို့ မလိုက်ခြင်း၊
၄။ ဘယာဂတိသို့ မလိုက်ခြင်း၊
၅။ ဝေဖန်သင့်သည် မဝေဖန်သင့်သည်ကို သိခြင်း။ (ဝိ၊၃၊၃၉၇။) (ဝိ၊မြန်၊၃။၄၀၁။)♦

သင်းချိုင်း ၉ မျိုး

၁။ ‘‘သေပြီး တစ်ရက်ရှိသော အလောင်းလည်းကောင်း’’ အစရှိသော နည်းဖြင့် ဟောအပ်သော သင်းချိုင်း၊
၂။ ‘‘ကျီးတို့သည် ခဲအပ်သော အလောင်းလည်းကောင်း’’ အစရှိသော သင်းချိုင်း၊
၃။ ‘‘အရိုးဆက်ရှိသော အသားအသွေးနှင့် တကွသော အကြောတို့ဖြင့် ဖွဲ့စပ်ခြင်း ရှိသော အလောင်း’’ အစရှိသော သင်းချိုင်း၊
၄။ ‘‘အသားမရှိသော သွေးတို့ဖြင့် လိမ်းကျံ အပ်သော အကြောတို့ဖြင့် ဖွဲ့အပ်သော အလောင်း’’ အစရှိသော သင်းချိုင်း၊
၅။ ‘‘အသားအသွေး ကင်းမဲ့သော အကြောတို့ဖြင့် ဖွဲ့အပ်သော အလောင်း’’ အစရှိသော သင်းချိုင်း၊
၆။ ‘‘ဖွဲ့ခြင်း ကင်းကုန်သော အရိုးတို့’’ အစရှိသော သင်းချိုင်း၊
၇။ ‘‘ဖြူဖွေးကုန်သော ခရုသင်း အဆင်းနှင့် တူကုန်သော အရိုးတို့’’ အစရှိသော သင်းချိုင်း၊
၈။ ‘‘အစုအပုံဖြစ်ကုန်သော နှစ်လွန်ကုန်သော အရိုးတို့’’ အစရှိသော သင်းချိုင်း၊
၉။ ‘‘ပုပ်ကုန်သော မှုန့်မှုန့်ညက်ညက် ဖြစ်ကုန်သော အရိုးတို့ကို’’ အစရှိသော သင်းချိုင်း။ (မ၊ဋ္ဌ၊၁၊၂၇၈။)♦

သင်တုန်းဓား လှူရကျိုး ၈ ပါး

၁။ အလွန်ရဲရင့်သူ ဖြစ်ခြင်း၊
၂။ ရွံရှာခြင်းကင်းသူ ဖြစ်ခြင်း၊
၃။ ဝေသာရဇ္ဇဉာဏ်တို့၌ တစ်ဖက်ကမ်းသို့ ရောက်သူ ဖြစ်ခြင်း၊
၄။ တည်ကြည်ခန့်ငြားမှု ရှိသူ ဖြစ်ခြင်း၊
၅။ လုံ့လဝီရိယနှင့် ပြည့်စုံသူ ဖြစ်ခြင်း၊
၆။ အမြဲတမ်း ချီးပင့်အပ်, ချီးမြှောက်အပ်သော စိတ်ရှိခြင်း၊
၇။ ကိလေသာတို့ကို ဖြတ်တောက်နိုင်သော ဉာဏ် ရှိခြင်း၊
၈။ အတုမရှိသော သန့်ရှင်းစင်ကြယ်ခြင်းကို ရရှိသူ ဖြစ်ခြင်း။ (အပ၊၁၊၃၅၉။) (အပ၊မြန်၊၁။၃၆၈။)♦

သင်းပိုင်သင်္ကန်းတို့ကို ထားခဲ့နိုင်ကြောင်း ၅ ပါး

ဧကသီသင်္ကန်းကို ထားခဲ့နိုင်ကြောင်း ၅ ပါးနှင့် တူသည်။ ♦

သင့်လျော်လျောက်ပတ်ခြင်း ၇ မျိုး

သပ္ပါယ ၇ မျိုးနှင့် တူသည်။ ♦

သင့်လျော်သောအခါ ၄ မျိုး

၁။ အခါအားလျော်စွာ တရားနာခြင်း၊
၂။ အခါအားလျော်စွာ တရား ဆွေးနွေးခြင်း၊
၃။ အခါအားလျော်စွာ တရားကို သုံးသပ်ခြင်း၊
၄။ အခါအားလျော်စွာ ဝိပဿနာရှုခြင်း။ (အံ၊၁၊၄၅၇။) (အံ၊မြန်၊၁။၄၇၀။)♦

သင်္ကန်း ၂ မျိုး

၁။ ဒါယကာတို့ လှူသော သင်္ကန်း၊
၂။ ပံသုကူ သင်္ကန်း။ (ဝိ၊၅၊၂၁၄။) (ဝိ၊မြန်၊၅။၂၉၉။)♦

သင်္ကန်း ၂ မျိုး (တစ်နည်း)

၁။ ဤသင်္ကန်းကို ဝတ်ရုံသော ရဟန်းအား အကုသိုလ်တရား တိုးပွား၍ ကုသိုလ်တရား ဆုတ်ယုတ်သဖြင့် မမှီဝဲအပ်သော သင်္ကန်း၊
၂။ ဤသင်္ကန်းကို ဝတ်ရုံသော ရဟန်းအား အကုသိုလ်တရား ဆုတ်ယုတ်၍ ကုသိုလ်တရား တိုးပွားသဖြင့် မှီဝဲအပ်သော သင်္ကန်း။ (အံ၊၃၊၁၇၆။) (အံ၊၃၊၃၃၅။) (အံ၊မြန်၊၃။၁၇၈၊၃၃၄။) (အံ၊မြန်၊၃။၁၇၈၊၃၃၄။)♦

သင်္ကန်း ၆ မျိုး

၁။ ခေါမတိုင်း၌ ဖြစ်သော သင်္ကန်း (ခုံချည်သင်္ကန်း။)၊
၂။ ဝါချည်ဖြင့် ရက်လုပ် အပ်သော သင်္ကန်း၊
၃။ ပိုးချည်ဖြင့် ရက်လုပ်အပ်သော သင်္ကန်း၊
၄။ သားမွေးဖြင့် ရက်လုပ် အပ်သော သင်္ကန်း (သက္ကလပ်သင်္ကန်း။)၊
၅။ ပိုက်ဆံလျှော်ချည်ဖြင့် ရက်လုပ်အပ်သော သင်္ကန်း၊
၆။ ဝါချည် စသော အထက်ပါ ချည်ငါးမျိုးဖြင့် ရော၍ ရက်လုပ်အပ်သော သင်္ကန်း။ (ဝိ၊၃၊၃၉၄။) (မဟာနိ၊၂၉၀။) (မဟာနိ၊၃၉၆။) (ဝိ၊ဋ္ဌ၊၂၊၂၂၁။) (ဝိ၊မြန်၊၃။၃၉၇။)♦

သင်္ကန်း ကြမ်းတမ်းကြောင်း ၃ မျိုး

၁။ ဓားငယ်ဖြင့် ဖြတ်ခြင်းကြောင့် ကြမ်းတမ်းခြင်း၊
၂။ ချည်ဖြင့် ချုပ်ခြင်းကြောင့် ကြမ်းတမ်းခြင်း၊
၃။ ဆိုးရည်ဖြင့် ဆိုးခြင်းကြောင့် ကြမ်းတမ်းခြင်း။ (မ၊ဋ္ဌ၊၁၊၁၅၄။)♦

သင်္ကန်း ဓုတင် ၂ မျိုး

၁။ ပံသုကူသင်္ကန်း ဆောင်ခြင်းဓုတင်၊
၂။ တိစီဝရိက်သင်္ကန်း ဆောင်ခြင်း ဓုတင်။ (ဒီ၊ဋ္ဌ၊၃၊၁၉၅။)♦

သင်္ကန်း အဓိဋ္ဌာန်တင်ခြင်း ၂ မျိုး

၁။ ကိုယ်ဖြင့် အဓိဋ္ဌာန်တင်ခြင်း၊
၂။ နှုတ်ဖြင့် အဓိဋ္ဌာန် တင်ခြင်း။ (ဝိ၊၅၊၂၁၄။) (ဝိ၊ဋ္ဌ၊၂၊၂၂၆။) (ဝိ၊မြန်၊၅။၂၉၉။)♦

သင်္ကန်း၌ ခေါင်းပါးခြင်း ၃ မျိုး

၁။ သတ္ထလူခ- ဓား၏ ခေါင်းပါးခြင်း၊
၂။ သုတ္တလူခ- ချည်၏ ခေါင်းပါးခြင်း၊
၃။ ရဇနလူခ- ဆိုးရည်၏ ခေါင်းပါးခြင်း။ (အံ၊ဋ္ဌ၊၁၊၂၅၆။)♦

သင်္ကန်း၌ ရောင့်ရဲခြင်း ၂၀ မျိုး

၁။ စီဝရေ ဝိတက္ကသန္တောသော- သင်္ကန်းရရန် ကြံစည်မှု၌ ရောင့်ရဲခြင်း၊
၂။ ဂမနသန္တောသော- သင်္ကန်းရရန် သွားခြင်း၌ ရောင့်ရဲခြင်း (ကမ္မဋ္ဌာန်းဖြင့် သွားခြင်း။)၊
၃။ ပရိယေသနသန္တောသော- သင်္ကန်းအတွက် ရှာမှီးခြင်း၌ ရောင့်ရဲခြင်း၊
၄။ ပဋိလာဘသန္တောသော- ရရှိသော သင်္ကန်းဖြင့် ရောင့်ရဲခြင်း၊
၅။ မတ္တပဋိဂ္ဂဟဏ သန္တောသော- ပမာဏဖြင့် ခံယူခြင်း၌ ရောင့်ရဲခြင်း၊
၆။ လောလုပ္ပဝိဝဇ္ဇနသန္တောသော- လောလုပ္ပတဏှာကို ပယ်၍ အိမ်စဉ်အတိုင်း လှည့်လည်ခြင်း၌ ရောင့်ရဲခြင်း၊
၇။ ယထာ လာဘသန္တောသော- ကောင်းကောင်း, မကောင်းကောင်း ရသမျှသော သင်္ကန်းဖြင့် ရောင့်ရဲခြင်း၊
၈။ ယထာဗလသန္တောသော- မိမိ၏ အားအစွမ်းကို သိ၍ စွမ်းနိုင်သမျှဖြင့် ရောင့်ရဲခြင်း၊
၉။ ယထာ သာရုပ္ပသန္တောသော- မိမိနှင့် သင့်လျော်သမျှဖြင့် ရောင့်ရဲခြင်း၊
၁၀။ ဥဒက သန္တောသော- ကောင်းကောင်း, မကောင်းကောင်း ဖွပ်လျော်လောက်သော ရေဖြင့်သာ ဖွပ်လျော်၍ ရောင့်ရဲခြင်း၊
ဓောဝနသန္တောသော- လက်ရိုက်တုတ် စသည်ဖြင့် မလျော်ဖွပ်ဘဲ လက်ဖြင့်သာ လျော်ဖွပ်၍ ရောင့်ရဲခြင်း၊
၁၂။ ကရဏသန္တောသော- သင်္ကန်းချုပ်လောက်သော အဝတ်ကို ဆောင်ယူ၍ သင်းပိုင် ဧကသီ စသည် ပြုလုပ်ခြင်းဖြင့် ရောင့်ရဲခြင်း၊
၁၃။ ပရိမာဏ သန္တောသော- အဝန်းသုံးပါး ဖုံးလွှမ်းရုံမျှ ပြုလုပ်ခြင်းဖြင့် ရောင့်ရဲခြင်း၊
၁၄။ သုတ္တသန္တောသော- ရသော ချည်ကို ယူ၍ သင်္ကန်းပြုလုပ်ခြင်းဖြင့် ရောင့်ရဲခြင်း၊
၁၅။ သိဗ္ဗနသန္တောသော- ချုပ်ခြင်းအမှု၌ ရောင့်ရဲခြင်း၊
၁၆။ ရဇနသန္တောသော- ရသော ဆိုးရည်ဖြင့် ရောင့်ရဲခြင်း၊
၁၇။ ကပ္ပသန္တောသော- ကပ္ပဗိန္ဓုထိုးခြင်း၌ ရောင့်ရဲခြင်း၊
၁၈။ ပရိဘောဂသန္တောသော- သင်္ကန်းကို သုံးစွဲခြင်း၌ ရောင့်ရဲခြင်း၊
၁၉။ သန္နိဓိပရိဝဇ္ဇနသန္တောသော- အဓိဋ္ဌာန်တင်၍ သုံးစွဲသောအားဖြင့် ရောင့်ရဲခြင်း၊
၂၀။ ဝိဿဇ္ဇနသန္တောသော- သာရဏီယအကျင့်၌ တည်၍ စွန့်အပ်သည်ကို ရောင့်ရဲခြင်းဖြင့် ရောင့်ရဲခြင်း။ (ဒီ၊ဋ္ဌ၊၃၊၁၉၂။) (အံ၊ဋ္ဌ၊၂၊၂၈၀။)♦

သင်္ကန်း၌ ရောင့်ရဲခြင်း ၃ မျိုး

၁။ သင်္ကန်း၌ မိမိရရှိခြင်းအား လျော်စွာ တင်းတိမ်ရောင့်ရဲခြင်း (ယထာလာဘသန္တောသ)၊
၂။ သင်္ကန်း၌ မိမိခွန်အားနှင့် လျော်ညီစွာ တင်းတိမ်ရောင့်ရဲခြင်း (ယထာဗလသန္တောသ)၊
၃။ သင်္ကန်း၌ မိမိနှင့် လျောက်ပတ်မှုအားလျော်စွာ တင်းတိမ် ရောင့်ရဲခြင်း (ယထာသာရုပ္ပသန္တောသ)။ (ဒီ၊ဋ္ဌ၊၁၊၁၈၂-၁၈၃။) (မ၊ဋ္ဌ၊၂၊၄၇။) (မဟာနိ၊ဋ္ဌ၊၂၈၇။) (ဒီ၊ဋ္ဌ၊မြန်၊၁။၃၅၈။) (ဒီ၊ဋ္ဌ၊မြန်၊၁။၃၅၈။)♦

သင်္ကန်း၌ ဝိကပ္ပနာ ပြုခြင်း ၂ မျိုး

၁။ မျက်မှောက်၌ ဝိကပ္ပနာ ပြုခြင်း၊
၂။ မျက်ကွယ်၌ ဝိကပ္ပနာ ပြုခြင်း။ (ဝိ၊ဋ္ဌ၊၂၊၂၃၀။)♦

သင်္ကန်းဆိုးရည် ၆ မျိုး

၁။ အမြစ်ဆိုးရည်၊
၂။ ပင်စည်ဆိုးရည်၊
၃။ အခေါက်ဆိုးရည်၊
၄။ အရွက် ဆိုးရည်၊
၅။ အပွင့်ဆိုးရည်၊
၆။ အသီးဆိုးရည်။ (ဝိ၊၃၊၃၉၉။) (ဝိ၊မြန်၊၃။၄၀၂။)♦

သင်္ကန်းနှင့် သက်ဆိုင်သော ဓုတင် ၂ မျိုး

၁။ ပံသုကူသင်္ကန်းဆောင် ဓုတင်၊
၂။ တိစီဝရိက် သင်္ကန်းဆောင် ဓုတင်။ (အံ၊ဋ္ဌ၊၂၊၂၈၁။) (သုတ္တနိ၊ဋ္ဌ၊၂၊၇၅။) (စူဠနိ၊ဋ္ဌ၊၁၁၂။)♦

သင်္ကန်းဖြစ်ပေါ်ကြောင်း မာတိကာ ၈ ပါး

၁။ သိမ် အပိုင်းအခြားဖြင့် လှူခြင်း၊
၂။ တူသော လာဘ်ရှိအောင် ကတိကဝတ်ဖြင့် လှူခြင်း၊
၃။ ဆွမ်းဝတ်တည်သဖြင့် လှူခြင်း၊
၄။ သံဃာအား လှူခြင်း၊
၅။ ဥဘတောသံဃာအား လှူခြင်း၊
၆။ ဝါကျွတ်သော သံဃာအား လှူခြင်း၊
၇။ ရည်စူး၍ ပေးလှူခြင်း၊
၈။ ပုဂ္ဂိုလ်အား ပေးလှူခြင်း။ (ဝိ၊၃၊၄၂၇။) (ဝိ၊မြန်၊၃။၄၃၀။)♦

သင်္ကန်းရရှိရာ ဖြစ်ပေါ်ရာ ခေတ် ၆ မျိုး

၁။ သံဃာ့ထံမှ ရရှိခြင်း၊
၂။ ဂိုဏ်းထံမှ ရရှိခြင်း၊
၃။ ဆွေမျိုးထံမှ ရရှိခြင်း၊
၄။ မိတ်ဆွေထံမှ ရရှိခြင်း၊
၅။ မိမိ၏ ဥစ္စာဖြင့် ရရှိခြင်း၊
၆။ ပံသုကူ ကောက်၍ ရရှိခြင်း။ (ဒီ၊ဋ္ဌ၊၃၊၁၉၂။) (အံ၊ဋ္ဌ၊၂၊၂၇၈။) (စူဠနိ၊ဋ္ဌ၊၁၁၀။)♦

သင်္ကန်းလှူရကျိုး ၈ ပါး

၁။ ခန္ဓာကိုယ်သည် ရွှေအဆင်းရှိခြင်း၊
၂။ မြူမှုန်အညစ်ကြေး ကင်းခြင်း၊
၃။ ပြိုးပြိုးပြက်ပြက် အရောင်ထွက်ခြင်း၊
၄။ ဘုန်းတန်ခိုးကြီးမားသူ ဖြစ်ခြင်း၊
၅။ ခန္ဓာကိုယ် ပြေပြစ်နူးညံ့ခြင်း၊
၆။ ဖြူသော အဆင်းရှိသော အဝတ်ပုဆိုးတို့ကို ရရှိခြင်း၊
၇။ ဝါသော အဆင်းရှိသော အဝတ်ပုဆိုးတို့ကို ရရှိခြင်း၊
၈။ နီသော အဆင်းရှိသော အဝတ် ပုဆိုးတို့ကို ရရှိခြင်း။ (အပ၊၁၊၃၅၉။) (အပ၊မြန်၊၁။၃၆၇။)♦

သင်္ကန်းအဓိဋ္ဌာန် ပျက်ကြောင်း ၉ ပါး

၁။ သူတစ်ပါးအား ပေးခြင်း၊
၂။ လုယက်၍ ယူခြင်း၊
၃။ အကျွမ်းဝင်သဖြင့် ယူခြင်း၊
၄။ လူဝတ်လဲခြင်း (လူထွက်သွားခြင်း။)၊
၅။ သိက္ခာချခြင်း၊
၆။ သေဆုံးသွားခြင်း၊
၇။ လိင်ပြန်သွားခြင်း (လိင်ပြောင်းသွားခြင်း။)၊
၈။ ပစ္စုဒ္ဓိုရ် ပြုခြင်း၊
၉။ လက်သည်းခွံမျှလောက် သင်္ကန်းပေါက်ပြဲသွားခြင်း။ (ဝိ၊ဋ္ဌ၊၂၊၂၂၇ ၈။)♦

သင်္ခတတရားတို့၏ လက္ခဏာ ၃ ပါး

၁။ ဖြစ်ခြင်း ဥပါဒ်ခဏ၏ ထင်ရှားခြင်း၊
၂။ ပျက်ခြင်း ဘင်ခဏ၏ ထင်ရှားခြင်း၊
၃။ တည်ခြင်း ဌီခဏ၏ ထင်ရှားခြင်း။ (အံ၊၁၊၁၅၀။) (ပဋိသံ၊ဋ္ဌ၊၂၊၂၄၃။) (နေတ္တိ၊ဋ္ဌ၊၂၁၃။) (အံ၊မြန်၊၁။၁၆၉။)♦

သင်္ခါရ ၁၁ ပါး

၁။ အတိတ်သင်္ခါရ၊
၂။ အနာဂတ်သင်္ခါရ၊
၃။ ပစ္စုပ္ပန်သင်္ခါရ၊
၄။ အဇ္ဈတ္တသင်္ခါရ၊
၅။ ဗဟိဒ္ဓသင်္ခါရ၊
၆။ ဩဠာရိကသင်္ခါရ၊
၇။ သုခုမသင်္ခါရ၊
၈။ ဟီနသင်္ခါရ၊
၉။ ပဏီတ သင်္ခါရ၊
၁၀။ ဒူရေသင်္ခါရ၊
၁၁။ သန္တိကေသင်္ခါရ။ (အဘိ၊ဝိ၊၇။) (အဘိ၊ဝိ၊မြန်၊၁။၁၅။)♦

သင်္ခါရ ၂ ပါး

၁။ ကုသိုလ်သင်္ခါရ၊
၂။ အကုသိုလ်သင်္ခါရ။ (ဝိသုဒ္ဓိ၊၂၊၁၆၀။)♦

သင်္ခါရ ၂ ပါး (တစ်နည်း)

၁။ အဝိဇ္ဇာပစ္စယာ သင်္ခါရာ၊
၂။ သင်္ခါရသဒ္ဒါဖြင့် လာသော သင်္ခါရ။ (အဘိ၊ဋ္ဌ၊၂၊၁၂၇။)♦

သင်္ခါရ ၃ ပါး

၁။ ပုညာဘိသင်္ခါရ- ကုသိုလ်ကောင်းမှုသာလျှင် ဖြစ်သော ဝိပါက်, ကဋတ္တာရုပ်ကို ပြုပြင်စီရင်တတ်သော တရား၊
၂။ အပုညာဘိသင်္ခါရ- မကောင်းမှု အကုသိုလ်သာလျှင် ဖြစ်သော ဝိပါက်, ကဋတ္တာရုပ်ကို ပြုပြင်စီရင်တတ်သော တရား၊
၃။ အာနေဉ္ဇာဘိသင်္ခါရ-ဆန့်ကျင်ဘက် တရားတို့မှ အလွန်ကွာဝေး၍ မလှုပ်မယှက် ငြိမ်သက်တည်ကြည်သော အရူပသမာပတ်တရား။ (ဒီ၊၃၊၁၈၂။) (ဥဒါန၊ဋ္ဌ၊၃၈။) (ဒီ၊မြန်၊၃။၂၀၂။)♦

သင်္ခါရ ၃ ပါး (တစ်နည်း)

၁။ ကာယသင်္ခါရ- ကိုယ်ဖြင့် ပြုခြင်း၊
၂။ ဝစီသင်္ခါရ- နှုတ်ဖြင့် ပြုခြင်း၊
၃။ စိတ္တသင်္ခါရ- စိတ်ဖြင့် ပြုခြင်း။ (မ၊၁၊၃၇၅။) (မ၊၁၊၆၇။) (သံ၊၁၊၂၄၅။) (သံ၊၁၊၂၇၉။) (ယမက၊၂၊၁။) (သံ၊ဋ္ဌ၊၃၊၁၃၂။) (မ၊မြန်၊၁။၃၈၈။) (မ၊မြန်၊၁။၇၃။) (သံ၊မြန်၊၁။၂၃၀-၂၆၅။) (သံ၊မြန်၊၁။၂၃၀-၂၆၅။)♦

သင်္ခါရ ၄ ပါး (သင်္ခါရသဒ္ဒါဖြင့် လာသော သင်္ခါရ ၄ မျိုး)

၁။ သင်္ခတသင်္ခါရ- အကြောင်းကြောင့် ဖြစ်သော တရားအားလုံး၊
၂။ အဘိသင်္ခတသင်္ခါရ- ကံကြောင့်ဖြစ်သော ဘုံသုံးပါး၌ ဖြစ်သော ရုပ်နာမ်တရား၊
၃။ အဘိသင်္ခရဏကသင်္ခါရ- ဘုံသုံးပါး၌ ဖြစ်သော ကုသိုလ် အကုသိုလ်စေတနာ၊
၄။ ပယောဂါဘိသင်္ခါရ- ကိုယ်, စိတ်တို့၌ ဖြစ်သော လုံ့လ။ (အဘိ၊ဋ္ဌ၊၂၊၁၂၇။)♦

သင်္ခါရ ၆ ပါး

၁။ ပုညာဘိသင်္ခါရ- ကုသိုလ်ကောင်းမှုကို ပြုလုပ်ခြင်း၊
၂။ အပုညာဘိသင်္ခါရ-မကောင်းမှုအကုသိုလ်ကို ပြုလုပ်ခြင်း၊
၃။ အာနေဉ္ဇာဘိသင်္ခါရ- အရူပဈာန်ကို အားထုတ်ခြင်း၊
၄။ ကာယသင်္ခါရ-က ိုယ်ဖြင့် ပြုလုပ်ခြင်း၊
၅။ ဝစီသင်္ခါရ- နှုတ်ဖြင့် ပြုလုပ်ခြင်း၊
၆။ စိတ္တသင်္ခါရ- စိတ်ဖြင့် ကြံစည်ခြင်း။ (အဘိ၊ဝိ၊၁၄၂။) (အဘိ၊ဋ္ဌ၊၂၊၁၂၇။) (ဝိသုဒ္ဓိ၊၂၊၁၆၁။) (အဘိ၊ဝိ၊မြန်၊၂။၃၅။)♦

သင်္ခါရက္ခန္ဓာ ၁၀ ပါး

၁။ စက္ခုသမ္ဖဿကြောင့် ဖြစ်သော စေတနာ၊
၂။ သောတသမ္ဖဿကြောင့် ဖြစ်သော စေတနာ၊၊
၃။ ဃာနသမ္ဖဿကြောင့် ဖြစ်သော စေတနာ၊၊
၄။ ဇိဝှါသမ္ဖဿကြောင့် ဖြစ်သော စေတနာ၊၊
၅။ ကာယသမ္ဖဿကြောင့် ဖြစ်သော သုခဝေဒနာနှင့်တကွဖြစ်သော စေတနာ၊
၆။ ကာယသမ္ဖဿကြောင့် ဖြစ်သော ဒုက္ခဝေဒနာနှင့်တကွဖြစ်သော စေတနာ၊
၇။ မနောဓာတုသုမ္ဖဿကြောင့် ဖြစ်သော စေတနာ၊
၈။ မနောဝိညာဏဓာတုသမ္ဖဿကြောင့် ဖြစ်သော ကုသိုလ်စေတနာ၊
၉။ မနောဝိညာဏဓာတုသမ္ဖဿကြောင့် ဖြစ်သော အကုသိုလ် စေတနာ၊
၁၀။ မနောဝိညာဏဓာတုသမ္ဖဿကြောင့် ဖြစ်သော အဗျာကတစေတနာ။ (အဘိ၊ဝိ၊ ၃၈။) (အဘိ၊ဝိ၊မြန်၊၁။၁၄၈။)♦

သင်္ခါရက္ခန္ဓာ ၂ ပါး

၁။ ဟိတ်မည်သော သင်္ခါရက္ခန္ဓာ၊
၂။ ဟိတ်မမည်သော သင်္ခါရက္ခန္ဓာ။ (အဘိ၊ဝိ၊၃၈။) (အဘိ၊ဝိ၊မြန်၊၁။၁၄၈။)♦

သင်္ခါရက္ခန္ဓာ ၂ ပါး (တစ်နည်း)

၁။ ဟိတ်ရှိသော သင်္ခါရက္ခန္ဓာ၊
၂။ ဟိတ်မရှိသော သင်္ခါရ က္ခန္ဓာ။ (အဘိ၊ဝိ၊၃၉။) (အဘိ၊ဝိ၊၄၃။) (အဘိ၊ဝိ၊မြန်၊၁။၁၅၂။) (အဘိ၊ဝိ၊မြန်၊၁။၁၆၆။)♦

သင်္ခါရက္ခန္ဓာ ၂ ပါး (တစ်နည်း)

၁။ ငိုကြွေးကြောင်း ရာဂ အစရှိသော ကိလေသာရှိသော သင်္ခါရက္ခန္ဓာ၊
၂။ ငိုကြွေးကြောင်း ရာဂအစရှိသော ကိလေသာမရှိသော သင်္ခါရက္ခန္ဓာ။ (အဘိ၊ဝိ၊၄၁-၄၂။) (အဘိ၊ဝိ၊မြန်၊၁။၁၆၃။)♦

သင်္ခါရက္ခန္ဓာ ၂ ပါး (တစ်နည်း)

၁။ ဟိတ်နှင့် ယှဉ်သော သင်္ခါရက္ခန္ဓာ၊
၂။ ဟိတ်နှင့် မယှဉ်သော သင်္ခါရက္ခန္ဓာ။ (အဘိ၊ဝိ၊၄၃။) (အဘိ၊ဝိ၊မြန်၊၁။၁၆၆။)♦

သင်္ခါရက္ခန္ဓာ ၂ ပါး (တစ်နည်း)

၁။ ဟိတ်လည်း မည်၍ (ဟိတ်လည်းရှိ) ဟိတ်နှင့်လည်း ယှဉ်သော သင်္ခါရက္ခန္ဓာ၊
၂။ ဟိတ်သာရှိ၍ ဟိတ်မမည်သော သင်္ခါရက္ခန္ဓာ။ (အဘိ၊ဝိ၊၄၃။) (အဘိ၊ဝိ၊မြန်၊၁။၁၆၇။)♦

သင်္ခါရက္ခန္ဓာ ၂ ပါး (တစ်နည်း)

၁။ အာသဝတရား၏ အာရုံဖြစ်သော သင်္ခါရက္ခန္ဓာ၊
၂။ အာသဝ တရား၏အာရုံမဟုတ်သော သင်္ခါရက္ခန္ဓာ။ (အဘိ၊ဝိ၊၄၄။)♦

သင်္ခါရက္ခန္ဓာ ၂ ပါး (တစ်နည်း)

၁။ အာသဝတရားနှင့် ယှဉ်သော သင်္ခါရက္ခန္ဓာ၊
၂။ အာသဝ တရားနှင့် မယှဉ်သော သင်္ခါရက္ခန္ဓာ။ (အဘိ၊ဝိ၊၄၄။) (အဘိ၊ဝိ၊မြန်၊၁။၁၇၀။)♦

သင်္ခါရက္ခန္ဓာ ၂ ပါး (တစ်နည်း)

၁။ အာသဝလည်း မည်၍ အာသဝ၏ အာရုံလည်းဖြစ်သော သင်္ခါရက္ခန္ဓာ၊
၂။ အာသဝ၏ ထိုအာရုံသာဖြစ်၍ အာသဝမမည်သော သင်္ခါရက္ခန္ဓာ။ (အဘိ၊ဝိ၊၄၅။) (အဘိ၊ဝိ၊မြန်၊၁။၁၇၁။)♦

သင်္ခါရက္ခန္ဓာ ၂ ပါး (တစ်နည်း)

၁။ သံယောဇဉ်၏ အာရုံဖြစ်သော သင်္ခါရက္ခန္ဓာ၊
၂။ သံယောဇဉ်၏ အာရုံမဟုတ်သော သင်္ခါရက္ခန္ဓာ။ (အဘိ၊ဝိ၊၄၅။) (အဘိ၊ဝိ၊မြန်၊၁။၁၇၂။)♦

သင်္ခါရက္ခန္ဓာ ၂ ပါး (တစ်နည်း)

၁။ သံယောဇဉ်နှင့် ယှဉ်သော သင်္ခါရက္ခန္ဓာ၊
၂။ သံယောဇဉ်နှင့် မယှဉ်သော သင်္ခါရက္ခန္ဓာ။ (အဘိ၊ဝိ၊၄၆။) (အဘိ၊ဝိ၊မြန်၊၁။၁၇၃။)♦

သင်္ခါရက္ခန္ဓာ ၂ ပါး (တစ်နည်း)

၁။ သံယောဇဉ်လည်း မည်၍ သံယောဇဉ်၏ အာရုံလည်း ဖြစ်သော သင်္ခါရက္ခန္ဓာ၊
၂။ သံယောဇဉ်၏ အာရုံသာဖြစ်၍ သံယောဇဉ် မမည်သော သင်္ခါရက္ခန္ဓာ။ (အဘိ၊ဝိ၊၄၆။) (အဘိ၊ဝိ၊မြန်၊၁။၁၇၃။)♦

သင်္ခါရက္ခန္ဓာ ၂ ပါး (တစ်နည်း)

၁။ ဂန္ထမည်သော သင်္ခါရက္ခန္ဓာ၊
၂။ ဂန္ထ မမည်သော သင်္ခါရက္ခန္ဓာ။ (အဘိ၊ဝိ၊၄၆။) (အဘိ၊ဝိ၊မြန်၊၁။၁၇၄။)♦

သင်္ခါရက္ခန္ဓာ ၂၄ ပါး

၁။ စက္ခုသမ္ဖဿကြောင့် ဖြစ်သော ကုသိုလ်, အကုသိုလ်, အဗျာကတ သင်္ခါရက္ခန္ဓာ သုံးပါး၊
၂။ သောတသမ္ဖဿကြောင့် ဖြစ်သော ကုသိုလ်, အကုသိုလ်, အဗျာကတ သင်္ခါရက္ခန္ဓာ သုံးပါး၊
၃။ ဃာနသမ္ဖဿကြောင့် ဖြစ်သော ကုသိုလ်, အကုသိုလ်, အဗျာကတ သင်္ခါရက္ခန္ဓာ သုံးပါး၊
၄။ ဇိဝှါသမ္ဖဿကြောင့် ဖြစ်သော ကုသိုလ်, အကုသိုလ်, အဗျာကတ သင်္ခါရက္ခန္ဓာ သုံးပါး၊
၅။ ကာယသမ္ဖဿကြောင့် ဖြစ်သော ကုသိုလ်, အကုသိုလ်, အဗျာကတ သင်္ခါရက္ခန္ဓာ သုံးပါး၊
၆။ မနောကာယသမ္ဖဿကြောင့် ဖြစ်သော ကုသိုလ်, အကုသိုလ်, အဗျာကတ သင်္ခါရက္ခန္ဓာ သုံးပါး၊
၇။ စက္ခု, သောတ, ဃာန, ဇိဝှါ, ကာယ, မနော သမ္ဖဿကြောင့် ဖြစ်သော သင်္ခါရက္ခန္ဓာ ခြောက်ပါး ပေါင်း ၂၄ ပါး ဖြစ်၏။ (အဘိ၊ဝိ၊၄၇။) (အဘိ၊ဝိ၊မြန်၊၁။၁၇၆။)♦

သင်္ခါရက္ခန္ဓာ ၃ ပါး

၁။ ကုသိုလ် သင်္ခါရက္ခန္ဓာ၊
၂။ အကုသိုလ် သင်္ခါရက္ခန္ဓာ၊
၃။ အဗျာကတ သင်္ခါရက္ခန္ဓာ။ (အဘိ၊ဝိ၊၃၇။) (အဘိ၊ဝိ၊မြန်၊၁။၁၄၆။) (အဘိ၊ဝိ၊၄၁။) (အဘိ၊ဝိ၊မြန်၊၁။၁၆၃။)♦

သင်္ခါရက္ခန္ဓာ ၃၀ ပါး

၁။ စက္ခုသမ္ဖဿကြောင့် ဖြစ်သော ကာမာဝစရ, ရူပါဝစရ, အရူပါဝစရ အပရိယာပန္နဖြစ်သော သင်္ခါရက္ခန္ဓာ လေးပါး၊
၂။ သောတသမ္ဖဿကြောင့် ဖြစ်သော ကာမာ ဝစရ, ရူပါဝစရ, အရူပါဝစရ အပရိယာပန္နဖြစ်သော သင်္ခါရက္ခန္ဓာ လေးပါး၊
၃။ ဃာန သမ္ဖဿကြောင့် ဖြစ်သော ကာမာဝစရ, ရူပါဝစရ, အရူပါဝစရ အပရိယာပန္နဖြစ်သော သင်္ခါရက္ခန္ဓာ လေးပါး၊
၄။ ဇိဝှါသမ္ဖဿကြောင့် ဖြစ်သော ကာမာဝစရ, ရူပါဝစရ, အရူပါဝစရ အပရိယာပန္နဖြစ်သော သင်္ခါရက္ခန္ဓာ လေးပါး၊
၅။ ကာယသမ္ဖဿကြောင့် ဖြစ်သော ကာမာဝစရ, ရူပါဝစရ, အရူပါဝစရ အပရိယာပန္နဖြစ်သော သင်္ခါရက္ခန္ဓာ လေးပါး၊
၆။ မနောသမ္ဖဿ ကြောင့်ဖြစ်သော ကာမာဝစရ, ရူပါဝစရ, အရူပါဝစရ အပရိယာပန္န ဖြစ်သော သင်္ခါရက္ခန္ဓာ လေးပါး၊
၇။ စက္ခု, သောတ, ဃာန, ဇိဝှါ ကာယ မနော သမ္ဖဿကြောင့် ဖြစ်သော သင်္ခါရက္ခန္ဓာ ခြောက်ပါး ပေါင်း ၃၀ ပါး ဖြစ်၏။ (အဘိ၊ဝိ၊၄၈။) (အဘိ၊ဝိ၊မြန်၊၁။၁၇၈။)♦

သင်္ခါရက္ခန္ဓာ ၄ ပါး

၁။ ကာမဘုံ၌ ဖြစ်သော ကာမာဝစရ သင်္ခါရက္ခန္ဓာ၊
၂။ ရူပဘုံ၌ ဖြစ်သော ရူပါဝစရ သင်္ခါရက္ခန္ဓာ၊
၃။ အရူပဘုံ၌ ဖြစ်သော အရူပါဝစရ သင်္ခါရက္ခန္ဓာ၊
၄။ ဘုံသုံးပါး၌ အကျုံး မဝင်သော အပရိယာပန္န (လောကုတ္တရ) သင်္ခါရက္ခန္ဓာ။ (အဘိ၊ဝိ၊၃၇။) (အဘိ၊ဝိ၊မြန်၊၁။၁၄၆။)♦

သင်္ခါရက္ခန္ဓာ ၅ ပါး

၁။ သုခိန္ဒြေနှင့် ယှဉ်သော သင်္ခါရက္ခန္ဓာ၊
၂။ ဒုက္ခိန္ဒြေနှင့် ယှဉ်သော သင်္ခါရက္ခန္ဓာ၊
၃။ သောမနဿိန္ဒြေနှင့်ယှဉ်သော သင်္ခါရက္ခန္ဓာ၊
၄။ ဒေါမနဿိန္ဒြေနှင့် ယှဉ်သော သင်္ခါရက္ခန္ဓာ၊
၅။ ဥပေက္ခိန္ဒြေနှင့် ယှဉ်သော သင်္ခါရက္ခန္ဓာ။ (အဘိ၊ဝိ၊၃၇။) (အဘိ၊ဝိ၊မြန်၊၁။၁၄၇။)♦

သင်္ခါရက္ခန္ဓာ ၆ ပါး

၁။ စက္ခုသမ္ဖဿကြောင့် ဖြစ်သော စေတနာ၊
၂။ သောတသမ္ဖဿကြောင့် ဖြစ်သော စေတနာ၊
၃။ ဃာနသမ္ဖဿကြောင့် ဖြစ်သော စေတနာ၊
၄။ ဇိဝှါသမ္ဖဿကြောင့် ဖြစ်သော စေတနာ၊
၅။ ကာယသမ္ဖဿကြောင့် ဖြစ်သော စေတနာ၊
၆။ မနောသမ္ဖဿကြောင့် ဖြစ်သော စေတနာ။ (အဘိ၊ဝိ၊၃၇။) (အဘိ၊ဝိ၊မြန်၊၁။၁၄၇။)♦

သင်္ခါရက္ခန္ဓာ ၇ ပါး

၁။ စက္ခုသမ္ဖဿကြောင့် ဖြစ်သော စေတနာ၊
၂။ သောတသမ္ဖဿကြောင့် ဖြစ်သော စေတနာ၊
၃။ ဃာနသမ္ဖဿကြောင့် ဖြစ်သော စေတနာ၊
၄။ ဇိဝှါသမ္ဖဿကြောင့် ဖြစ်သော စေတနာ၊
၅။ ကာယသမ္ဖဿကြောင့် ဖြစ်သော စေတနာ၊
၆။ မနောဓာတု သမ္ဖဿကြောင့် ဖြစ်သော စေတနာ၊
၇။ မနောဝိညာဏဓာတု သမ္ဖဿကြောင့် ဖြစ်သော စေတနာ။ (အဘိ၊ဝိ၊၃၈။) (အဘိ၊ဝိ၊မြန်၊၁။၁၄၇။)♦

သင်္ခါရက္ခန္ဓာ ၇ ပါး (တစ်နည်း)

၁။ ကုသိုလ်သင်္ခါရက္ခန္ဓာ၊
၂။ အကုသိုလ်သင်္ခါရက္ခန္ဓာ၊
၃။ အဗျာကတ သင်္ခါရက္ခန္ဓာ၊
၄။ ကာမဝစရသင်္ခါရက္ခန္ဓာ၊
၅။ ရူပါဝစရသင်္ခါရက္ခန္ဓာ၊
၆။ အရူပါဝစရ သင်္ခါရက္ခန္ဓာ၊
၇။ ဘုံသုံးပါး၌ အကျုံးမဝင်သော အပရိယာပန္န (လောကုတ္တရ) သင်္ခါရက္ခန္ဓာ။ (အဘိ၊ဝိ၊၄၇။) (အဘိ၊ဝိ၊မြန်၊၁။၁၇၅။)♦

သင်္ခါရက္ခန္ဓာ ၈ ပါး

၁။ စက္ခုသမ္ဖဿကြောင့် ဖြစ်သော စေတနာ၊
၂။ သောတသမ္ဖဿကြောင့် ဖြစ်သော စေတနာ၊၊
၃။ ဃာနသမ္ဖဿကြောင့် ဖြစ်သော စေတနာ၊၊
၄။ ဇိဝှါသမ္ဖဿကြောင့် ဖြစ်သော စေတနာ၊၊
၅။ ကာယသမ္ဖဿကြောင့် ဖြစ်သော သုခဝေဒနာနှင့်တကွဖြစ်သော စေတနာ၊
၆။ ကာယသမ္ဖဿကြောင့် ဖြစ်သော ဒုက္ခဝေဒနာနှင့်တကွဖြစ်သော စေတနာ၊
၇။ မနောဓာတု သမ္ဖဿကြောင့် ဖြစ်သော စေတနာ၊
၈။ မနောဝိညာဏဓာတုသမ္ဖဿကြောင့် ဖြစ်သော စေတနာ။ (အဘိ၊ဝိ၊၃၈။) (အဘိ၊ဝိ၊မြန်၊၁။၁၄၇။)♦

သင်္ခါရက္ခန္ဓာ ၉ ပါး

၁။ စက္ခုသမ္ဖဿကြောင့် ဖြစ်သော စေတနာ၊
၂။ သောတသမ္ဖဿကြောင့် ဖြစ်သော စေတနာ၊
၃။ ဃာနသမ္ဖဿကြောင့် ဖြစ်သော စေတနာ၊
၄။ ဇိဝှါသမ္ဖဿကြောင့် ဖြစ်သော စေတနာ၊
၅။ ကာယသမ္ဖဿကြောင့် ဖြစ်သော စေတနာ၊
၆။ မနောဓာတု သမ္ဖဿကြောင့် ဖြစ်သော စေတနာ၊
၇။ မနောဝိညာဏဓာတုသမ္ဖဿကြောင့် ဖြစ်သော ကုသိုလ်စေတနာ၊
၈။ မနောဝိညာဏဓာတုသမ္ဖဿကြောင့် ဖြစ်သော အကုသိုလ်စေတနာ၊
၉။ မနောဝိညာဏဓာတုသမ္ဖဿကြောင့် ဖြစ်သော အဗျာကတစေတနာ။ (အဘိ၊ဝိ၊၃၈။) (အဘိ၊ဝိ၊မြန်၊၁။၁၄၈။)♦

သင်္ခါရတရားတို့ကို သုံးသပ်ပုံ အခြင်းအရာ ၇ မျိုး (တစ်နည်း) (အရူပသတ္တက၏ အစွမ်းဖြင့် သင်္ခါရတရားတို့ကို သုံးသပ်ပုံ အခြင်းအရာ ၇ မျိုး)

၁။ ကလာပတော- နာမ်တရားတို့၏ အပေါင်းအစုအားဖြင့် သုံးသပ်ခြင်း၊
၂။ ယမကတော- နာမ်တရားတို့၏ အစုံအစုံအားဖြင့် သုံးသပ်ခြင်း၊
၃။ ခဏိကတော- နာမ်တရားတို့၏ ခဏိကအဖြစ်ကို ထင်ရှားပြသောအားဖြင့် သုံးသပ်ခြင်း၊
၄။ ပဋိပါဋိတော- နာမ်တရားတို့၏ အစဉ်အားဖြင့် သုံးသပ်ခြင်း၊
၅။ ဒိဋ္ဌိ ဥဂ္ဃါဋနတော- မိစ္ဆာအယူကို ခွါသောအားဖြင့် သုံးသပ်ခြင်း၊
၆။ မာနသမုဂ္ဃါနုနတော- မာနကို ပယ်သတ်သောအားဖြင့် သုံးသပ်ခြင်း၊
၇။ နိကန္တိပရိယာဒါနတော- တဏှာဟူသော နိကန္တိကို ကုန်ခမ်းစေသောအားဖြင့် သုံးသပ်ခြင်း။ (ဝိသုဒ္ဓိ၊၂၊၂၆၁။)♦

သင်္ခါရတရားတို့ကို သုံးသပ်ပုံ အခြင်းအရာ ၇ မျိုး (ရူပသတ္တက၏ အစွမ်းအားဖြင့် သင်္ခါရ တရားတို့ကို သုံးသပ်ပုံ အခြင်းအရာ ၇ မျိုး)

၁။ အာဒါနနိက္ခေပနတော- ဘဝသစ်ကို ယူခြင်း ဘဝဟောင်းကို စွန့်ပစ်ခြင်းအားဖြင့် သုံးသပ်ခြင်း၊
၂။ ဝယောဝုဍ္ဎတ္ထင်္ဂမတော- အရွယ်အားဖြင့် ကြီးရင့်ပြီးသော ရုပ်၏ ချုပ်ခြင်းသို့ ရောက်သောအားဖြင့် သုံးသပ်ခြင်း၊
၃။ အာဟာရ မယတော- အာဟာရကြောင့် ဖြစ်သည်၏ အစွမ်းအားဖြင့် သုံးသပ်ခြင်း၊
၄။ ဥတုမယတော- ဥတုကြောင့် ဖြစ်သည်၏ အစွမ်းအားဖြင့် သုံးသပ်ခြင်း၊
၅။ ကမ္မဇတော- ကံကြောင့် ဖြစ်သည်၏ အစွမ်းအားဖြင့် သုံးသပ်ခြင်း၊
၆။ စိတ္တသမုဋ္ဌာနတော- စိတ်ကြောင့် ဖြစ်သည်၏ အစွမ်းအားဖြင့် သုံးသပ်ခြင်း၊
၇။ ဓမ္မတာရူပတော- သဘောအားဖြင့် ပြီးသော ဓမ္မတာရုပ်၏ အစွမ်းအားဖြင့် သုံးသပ်ခြင်း။ (ဝိသုဒ္ဓိ၊၂၊၂၅၃။)♦

သင်္ခါရတို့၌ လျစ်လျှူရှုကြောင်း ၂ ပါး

၁။ ‘‘ဤသင်္ကန်းသည် အစဉ်သဖြင့် အဆင်း၏ ဖောက်ပြန်ခြင်းသို့လည်းကောင်း ဆွေးမြည့်သည်၏ အဖြစ်သို့လည်းကောင်း ကပ်ရောက်၍ ခြေသုတ်ပုဆိုး ဖြစ်၍ တောင်ဝှေးအစွန်းဖြင့် စွန့်ပစ်အပ်သည် ဖြစ်လိမ့်မည်၊ အကယ်၍ ထိုသင်္ကန်း၏ အစိုးရသူ ဖြစ်အံ့၊ ထိုသင်္ကန်းအား ဤသို့ ပျက်စီးခြင်းငှာ မပေးရာ’’ဟု အရှင် မဟုတ်သည်၏အဖြစ်ကို ဆင်ခြင်ခြင်းအားဖြင့်လည်းကောင်း၊
၂။ ‘‘ဤသင်္ကန်းသည် အရှည် မခံ့၊ အခိုက်အတန့်မျှသာ တည်၏’’ဟု အခိုက်အတန့်၏ အဖြစ်ကို ဆင်ခြင်သဖြင့် လည်းကောင်း။ (မ၊ဋ္ဌ၊၁၊၃၀၃။)♦

သင်္ခါရတို့၏ ငြိမ်းအေးခြင်း ၃ ပါး

၁။ ဒုတိယဈာန်ကို ဝင်စားသူအား ဝိတက် ဝိစာရဟု ဆိုအပ်သော ဝစီသင်္ခါရတို့ ငြိမ်းခြင်း၊
၂။ စတုတ္ထဈာန်ကို ဝင်စားသော သူအား အဿာသ ပဿာသဟု ဆိုအပ်သော ကာယသင်္ခါရတို့ု ငြိမ်းခြင်း၊
၃။ သညာနှင့် ဝေဒနာ ချုပ်ခြင်းကို ဝင်စားသူအား သညာဝေဒနာဟု ဆိုအပ်သော စိတ္တသင်္ခါရတို့ ငြိမ်းခြင်း။ (ပဋိသံ၊၉၆။) (ပဋိသံ၊မြန်။၁၂၆။)♦

သင်္ခါရတို့ကို နိစ္စ, သုခ, အတ္တဟု ရှုခြင်း အပြစ် ၆ ပါး

၁။ လောကုတ္တရာပညာနှင့် မပြည့်စုံ နိုင်ခြင်း၊
၂။ နိယာမ (မဂ်) သို့ မသက်ဝင်နိုင်ခြင်း၊
၃။ သောတာပတ္တိဖိုလ်ကို မရနိုင်ခြင်း၊
၄။ သကဒါဂါမိဖိုလ်ကို မရနိုင်ခြင်း၊
၅။ အနာဂါမိဖိုလ်ကို မရနိုင်ခြင်း၊
၆။ အရဟတ္တဖိုလ်ကို မရနိုင်ခြင်း။ (အံ၊၂၊၃၈၄- ၃၈၅။) (အံ၊မြန်၊၂။၄၈၅-၄၈၆။)♦

သင်္ခါရတို့ကို အနိစ္စ, ဒုက္ခ, အနတ္တဟု ရှုခြင်း၏ အကျိုး ၆ ပါး

၁။ လောကုတ္တရာပညာနှင့် ပြည့် စုံခြင်း၊
၂။ နိယာမ(မဂ်) သို့ ဝင်နိုင်ခြင်း၊
၃။ သောတာပတ္တိဖိုလ်ကို ရနိုင်ခြင်း၊
၄။ သကဒါဂါမိ ဖိုလ်ကို ရနိုင်ခြင်း၊
၅။ အနာဂါမိဖိုလ်ကို ရနိုင်ခြင်း၊
၆။ အရဟတ္တဖိုလ်ကို ရနိုင်ခြင်း။ (အံ၊၂၊၃၈၄-၃၈၅။) (အံ၊မြန်၊၂။၄၈၅-၄၈၆။)♦

သင်္ခါရတို့ကို အပိုင်းအခြား မပြုမူ၍ ဒုက္ခဟု ပွားများရကျိုး ၆ ပါး

၁။ အလုံးစုံသော သင်္ခါရ တို့၌ ငြီးငွေ့သော သညာ တည်လတ္တံ့ ဖြစ်ခြင်း၊
၂။ အလုံးစုံသော လောကမှ ငါ၏ စိတ်သည် ထမြောက်လတ္တံ့ ဖြစ်ခြင်း၊
၃။ နိဗ္ဗာန်၌ အေးငြိမ်းမှုကို မြင်တွေ့လတ္တံ့ ဖြစ်ခြင်း၊
၄။ အနုသယကိလေသာတို့ ပြတ်လတ္တံ့ ဖြစ်ခြင်း၊
၅။ ရဟန်းကိစ္စကို ပြုလေ့ရှိခြင်း ဖြစ်လတ္တံ့၊
၆။ မြတ်စွာဘုရားကို မေတ္တာနှင့် ယှဉ်သော လုပ်ကျွေးခြင်းဖြင့် လုပ်ကျွေးရလတ္တံ့ ဖြစ်ခြင်း။ (အံ၊၂၊၃၈၆။) (အံ၊မြန်၊၂။၄၈၇။)♦

သင်္ခါရတို့ကို အပိုင်းအခြား မပြုမူ၍ အနတ္တဟု ပွားများရကျိုး ၆ ပါး

၁။ တဏှာဒိဋ္ဌိတို့မှ ကင်းလတ္တံ့ ဖြစ်ခြင်း၊
၂။ သက္ကာယဒိဋ္ဌိ ချုပ်လတ္တံ့ ဖြစ်ခြင်း၊
၃။ ငါ့ဥစ္စာဟု စွဲမှုတဏှာ ချုပ်လတ္တံ့ ဖြစ်ခြင်း၊
၄။ ဉာဏ်နှင့် ပြည့်စုံလတ္တံ့ ဖြစ်ခြင်း၊
၅။ အကြောင်းတရားကို မြင်လတ္တံ့ ဖြစ်ခြင်း၊
၆။ အကျိုးတရားကို မြင်တွေ့လတ္တံ့ ဖြစ်ခြင်း။ (အံ၊၂၊၃၈၆။) (အံ၊မြန်၊၂။၄၈၇။)♦

သင်္ခါရတို့ကို အပိုင်းအခြား မပြုမူ၍ အနိစ္စဟု ပွားများရကျိုး ၆ ပါး

၁။ အလုံးစုံသော သင်္ခါရတို့သည် အပိုင်းအခြားမရှိဟု ထင်ခြင်း၊
၂။ အလုံးစုံသော လောက၌ ငါ၏ စိတ်သည် မွေ့လျော်လိမ့်မည် မဟုတ်ဟု ထင်ခြင်း၊
၃။ အလုံးစုံသော လောကမှ ငါ၏ စိတ်သည် ထမြောက်လိမ့်မည်ဟု ထင်ခြင်း၊
၄။ ငါ၏ စိတ်သည် နိဗ္ဗာန်သို့ ညွတ်လတ္တံ့ ဖြစ်ခြင်း၊
၅။ နှောင်ကြိုးသံယောဇဉ်ကို ပယ်လတ္တံ့ ဖြစ်ခြင်း၊
၆။ လွန်မြတ်သော အရိယာမဂ်သို့ ရောက်လတ္တံ့ ဖြစ်ခြင်း။ (အံ၊၂၊၃၈၅။) (အံ၊မြန်၊၂။၄၈၆။)♦

သင်္ခါရလောက ၁၀ မျိုး

၁။ စက္ခာယတနလောက၊
၂။ သောတာယတနလောက၊
၃။ ဃာနာယတန လောက၊
၄။ ဇိဝှါယတနလောက၊
၅။ ကာယာယတနလောက၊
၆။ ရူပါယတနလောက၊
၇။ သဒ္ဒါယတနလောက၊
၈။ ဂန္ဓာယတနလောက၊
၉။ ရသာယတနလောက၊
၁၀။ ဖောဋ္ဌဗ္ဗာယတနလောက။(အနှစ်ချုပ်ကား ရုပ်အာယတန ဆယ်ပါး ဖြစ်သည်။)။ (ဝိ၊ဋ္ဌ၊၁၊၉၀။) (ပဋိသံ၊ ၁၁၇။) (ပဋိသံ၊မြန်။၁၅၄။)♦

သင်္ခါရလောက ၁၂ မျိုး

၁။ စက္ခာယတနလောက၊
၂။ သောတာယတနလောက၊
၃။ ဃာနာယတန လောက၊
၄။ ဇိဝှါယတနလောက၊
၅။ ကာယာယတနလောက၊
၆။ ရူပါယတနလောက၊
၇။ သဒ္ဒါယတနလောက၊
၈။ ဂန္ဓာယတနလောက၊
၉။ ရသာယတနလောက၊
၁၀။ ဖောဋ္ဌဗ္ဗာ ယတနလောက၊
၁၁။ မနာယတနလောက၊
၁၂။ ဓမ္မာယတနလောက (အနှစ်ချုပ် အာယတန (၁၂) ပါး ဖြစ်သည်။ (ဝိ၊ဋ္ဌ၊၁၊၉၀။) (ပဋိသံ၊၁၁၇။) (ပဋိသံ၊မြန်။၁၅၄။)♦

သင်္ခါရလောက ၁၈ မျိုး

၁။ စက္ခုဓာတုလောက၊
၂။ သောတဓာတုလောက၊
၃။ ဃာန ဓာတုလောက၊
၄။ ဇိဝှာဓာတုလောက၊
၅။ ကာယဓာတုလောက၊
၆။ ရူပဓာတုလောက၊
၇။ သဒ္ဒဓာတုလောက၊
၈။ ဂန္ဓဓာတုလောက၊
၉။ ရသဓာတုလောက၊
၁၀။ ဖောဋ္ဌဗ္ဗဓာတုလောက၊
၁၁။ စက္ခုဝိညာဏ ဓာတုလောက၊
၁၂။ သောတဝိညာဏဓာတုလောက၊
၁၃။ ဃာနဝိညာဏဓာတုလောက၊
၁၄။ ဇိဝှာဝိညာဏဓာတုလောက၊
၁၅။ ကာယဝိညာဏဓာတုလောက၊
၁၆။ မနောဓာတုလောက၊
၁၇။ မနောဝိညာဏဓာတုလောက၊
၁၈။ ဓမ္မဓာတုလောက (အနှစ်ချုပ်၊ ဓာတ် (၁၈) ပါး ဖြစ်သည်။)။ (ဝိ၊ဋ္ဌ၊၁၊၉၀။) (ပဋိသံ၊၁၁၇။) (ပဋိသံ၊မြန်။၁၅၄။)♦

သင်္ခါရလောက ၂ မျိုး

၁။ ရုပ်လောက၊
၂။ နာမ်လောက။ (ဝိ၊ဋ္ဌ၊၁၊၉၀။) (ပဋိသံ၊၁၁၇။) (ပဋိသံ၊ မြန်။၁၅၃။)♦

သင်္ခါရလောက ၄ မျိုး

၁။ ကဗဠီကာရာဟာရလောက၊
၂။ ဖဿာဟာရလောက၊
၃။ မနော သေဉ္စတနာဟာရလောက၊
၄။ ဝိညာဏာဟာရလောက (အနှစ်ချုပ်ကား အာဟာရလေးပါး ဖြစ်သည်။)။ (ဝိ၊ဋ္ဌ၊၁၊၉၀။) (ပဋိသံ၊၁၁၇။) (ပဋိသံ၊မြန်။၁၅၃။)♦

သင်္ခါရလောက ၅ မျိုး

၁။ ရုပ်ဥပါဒါနက္ခန္ဓာလောက၊
၂။ ဝေဒနာဥပါဒါနက္ခန္ဓာလောက၊
၃။ သညာဥပါဒါနက္ခန္ဓာလောက၊
၄။ သင်္ခါရဥပါဒါနက္ခန္ဓာလောက၊
၅။ ဝိညာဏ ဥပါဒါနက္ခန္ဓာလောက (အနှစ်ချုပ်ကား ဥပါဒါနက္ခန္ခာငါးပါး ဖြစ်သည်။)။ (ဝိ၊ဋ္ဌ၊၁၊၉၀။) (ပဋိသံ၊၁၁၇။) (ပဋိသံ၊ မြန်။၁၅၃။)♦

သင်္ခါရလောက ၆ မျိုး

၁။ စက္ခာယတနလောက၊
၂။ သောတာယတနလောက၊
၃။ ဃာနာ ယတနလောက၊
၄။ ဇိဝှါယတနလောက၊
၅။ ကာယာယတနလောက၊
၆။ မနာယတနလောက (အနှစ်ချုပ်၊ အဇ္ဈတ္တိကာယတန ခြောက်ပါး ဖြစ်သည်။)။ (ဝိ၊ဋ္ဌ၊၁၊၉၀။) (ပဋိသံ၊၁၁၇။) (ပဋိသံ၊ မြန်။၁၅၃။)♦

သင်္ခါရလောက ၇ မျိုး

၁။ နာနတ္တကာယာ နာနတ္တသညီလောက- ကွဲပြားသော ခန္ဓာကိုယ်ရှိ၍ ကွဲပြားသော ပဋိသန္ဓေသညာရှိသော သတ္တဝါ၊
၂။ နာနတ္တကာယ ဧကတ္တသညီလောက- ကွဲပြားသော ကိုယ်ခန္ဓာရှိ၍ တူသော ပဋိသန္ဓေသညာရှိသော သတ္တဝါ၊
၃။ ဧကတ္တကာယာ နာနတ္တသညီလောက- တူသော ခန္ဓာကိုယ်ရှိ၍ ကွဲပြားသော ပဋိသန္ဓေသညာရှိသော သတ္တဝါ၊
၄။ ဧကတ္တကာယာ ဧကတ္တသညီလောက- တူသော ခန္ဓာကိုယ်ရှိ၍ တူသော ပဋိသန္ဓေ သညာရှိသော သတ္တဝါ၊
၅။ အာကာသာနဉ္စာယတနဘုံသား သတ္တဝါ၊
၆။ ဝိညာဏဉ္စာယတန ဘုံသား သတ္တဝါ၊
၇။ အာကိဉ္စညာယတနဘုံသား သတ္တဝါ (အနှစ်ချုပ် ဝိညာဏဋ္ဌိတိ ခုနစ်ပါး ဖြစ်သည်။)။ (ဝိ၊ဋ္ဌ၊၁၊၉၀။) (ပဋိသံ၊၁၁၇။) (ပဋိသံ၊မြန်။၁၅၃။)♦

သင်္ခါရလောက ၈ မျိုး

၁။ လာဘလောက- လာဘ်ရခြင်း လောက၊
၂။ အလာဘလောက- လာဘ်မရခြင်း လောက၊
၃။ ယသလောက- အခြွေအရံ ပေါများခြင်း လောက၊
၄။ အယသ လောက- အခြွေအရံ မပေါများခြင်း လောက၊
၅။ နိန္ဒာလောက- ကဲ့ရဲ့ရှုတ်ချခြင်း လောက၊
၆။ ပသံသာလောက- ချီးမွမ်းခြင်း လောက၊
၇။ သုခလောက- ချမ်းသာခြင်း လောက၊
၈။ ဒုက္ခလောက- ဆင်းရဲခြင်း လောက (အနှစ်ချုပ်- လောကဓံတရား ရှစ်ပါး ဖြစ်သည်။)။ (ဝိ၊ဋ္ဌ၊၁၊၉၀။) (ပဋိသံ၊၁၁၇။) (ပဋိသံ၊မြန်။၁၅၃။)♦

သင်္ခါရလောက ၉ မျိုး

၁။ နာနတ္တကာယာ နာနတ္တသညီလောက- ခန္ဓာကိုယ်လည်း ကွဲပြီး ပဋိသန္ဓေလည်း မတူသော သတ္တဝါ၊
၂။ နာနတ္တကာယာ ဧကတ္တသညီလောက- ခန္ဓာကိုယ်သာ ကွဲ၍ ပဋိသန္ဓေတူသော သတ္တဝါ၊
၃။ ဧကတ္တကာယာ နာနတ္တသညီလောက- ခန္ဓာကိုယ်သာ တူ၍ ပဋိသန္ဓေ မတူသော သတ္တဝါ၊
၄။ ဧကတ္တကာယာ ဧကတ္တသညီလောက- ခန္ဓာကိုယ်လည်း တူပြီး ပဋိသန္ဓေလည်း တူသော သတ္တဝါ၊
၅။ အာကာသာနဉ္စာယတနဘုံသား သတ္တဝါ၊
၆။ ဝိညာဏဉ္စာယတနဘုံသား သတ္တဝါ၊
၇။ အာကိဉ္စညာယတနဘုံသား သတ္တဝါ၊
၈။ အသညသတ်ဘုံသား သတ္တဝါ၊
၉။ နေဝသညာနာသညာယတနဘုံသား သတ္တဝါ (အနှစ်ချုပ်ကား သတ္တာဝါသ ဘုံကိုးဝ- ဖြစ်သည်။)။ (ဝိ၊ဋ္ဌ၊၁၊၉၀။) (ပဋိသံ၊၁၁၇။) (ပဋိသံ၊ မြန်။၁၅၄။)♦

သင်္ခါရုပေက္ခာ၌ စိတ်ကို ရှေးရှုဆောင်ကြောင်း ၈ ပါး

၁။ ပုထုဇဉ်ပုဂ္ဂိုလ်သည် သင်္ခါရု ပေက္ခာဉာဏ်ကို နှစ်သက်လည်း နှစ်သက်၏၊
၂။ အထူးထူး အပြားပြားအားဖြင့်လည်း ရှု၏၊
၃။ သေက္ခပုဂ္ဂိုလ်သည် သင်္ခါရုပေက္ခာဉာဏ်ကို နှစ်သက်လည်း နှစ်သက်၏၊
၂။ အထူးထူး အပြားပြားအားဖြင့်လည်း ရှု၏၊
၅။ ဆင်ခြင်၍ ဖလသမာပတ်ကိုလည်း ဝင်စား၏၊
၆။ ရဟန္တာ ပုဂ္ဂိုလ်သည် သင်္ခါရုပေက္ခာဉာဏ်ကို အထူးထူး အပြားပြားအားဖြင့်လည်း ရှု၏၊
၇။ ဆင်ခြင်၍ ဖလသမာပတ်ကိုလည်း ဝင်စား၏၊
၈။ ထိုဝင်စားခြင်းကို လျစ်လျူရှု၍ ဆိတ်ဆိတ်နေခြင်း (သုညတဝိဟာရ)၊ အာရုံမဲ့နေခြင်း (အနိမိတ္တဝိဟာရ) မတောင့်တနေခြင်း (အပ္ပဏိဟိတ ဝိဟာရ) ဖြင့်၎င်း နေ၏၊ (ဤသို့လျှင် သင်္ခါရုပေက္ခာ၌ စိတ်ကို ရှေးရှုဆောင်ကြောင်းဖြစ်သော အခြင်းအရာသည် ပုထုဇဉ်ပုဂ္ဂိုလ်အတွက် နှစ်ပါး သေက္ခပုဂ္ဂိုလ်အတွက် သုံးပါး ရဟန္တာ ပုဂ္ဂိုလ် အတွက် သုံးပါးအားဖြင့် ပေါင်း (၈) ပါး ဖြစ်၏) ။ (ပဋိသံ၊၆၀။) (ပဋိသံ၊မြန်။၇၉-၈၀။)♦

သင်္ခါရုပေက္ခာဉာဏ် ၈ ပါး (တစ်နည်း) (ဝိပဿနာ၏ အစွမ်းအားဖြင့် ဖြစ်သော သင်္ခါရု ပေက္ခာဉာဏ် ၁၀ ပါး)

၁။ သောတာပတ္တိမဂ်ကို ရခြင်းငှာ ဖြစ်ပေါ်ခြင်းကို ဖြစ်ပွားခြင်းကို သင်္ခါရနိမိတ်ကို အားထုတ်ခြင်းကို ဘဝသစ်ဖြစ်ခြင်းကို ဂတိကို ခန္ဓာတို့၏ ဖြစ်ခြင်းကို မဟဂ္ဂုတ်ဝိပါက်၏ ဖြစ်ခြင်းကို ပဋိသန္ဓေနေခြင်းကို အိုခြင်းကို နာခြင်းကို သေခြင်းကို စိုးရိမ်ခြင်းကို ငိုကြွေးခြင်းကို ပြင်းစွာ ပင်ပန်းခြင်းကို ဆင်ခြင်၍ လျစ်လျူရှုသော ပညာ၊
၂။ သောတာပတ္တိဖလသမာပတ် အကျိုးငှာ။ပ။ ဆင်ခြင်၍ လျစ်လျူရှုသော ပညာ၊
၃။ သကဒါဂါမိမဂ်ကို ရခြင်းငှာ။ပ။ ဆင်ခြင်၍ လျစ်လျူရှုသော ပညာ၊
၄။ သကဒါဂါမိ ဖလသမာပတ်အကျိုးငှာ။ပ။ ဆင်ခြင်၍ လျစ်လျူရှုသော ပညာ၊
၅။ အနာဂါမိမဂ်ကို ရခြင်းငှာ။ ပ။ ဆင်ခြင်၍ လျစ်လျူရှုသော ပညာ၊
၆။ အနာဂါမိဖလသမာပတ်အကျိုးငှာ။ ပ။ ဆင်ခြင်၍ လျစ်လျူရှုသော ပညာ၊
၇။ အရဟတ္တမဂ်ကို ရခြင်းငှာ။ ပ။ ဆင်ခြင်၍ လျစ်လျူ ရှုသော ပညာ၊
၈။ အရဟတ္တဖလသမာပတ် အကျိုးငှာ။ပ။ ဆင်ခြင် လျစ်လျူရှုသော ပညာ၊
၉။ သုညတဝိဟာရသမာပတ်အကျိုးငှာ။ပ။ ဆင်ခြင်၍ လျစ်လျူရှုသော ပညာ၊
၁၀။ အနိမိတ္တ ဝိဟာရသမာပတ် အကျိုးငှာ။ပ။ ဆင်ခြင်၍ လျစ်လျူရှုသော ပညာ။(ဤ (၁၀) ပါးသော သင်္ခါရုပေက္ခာဉာဏ်တို့သည် ဝိပဿနာ၏ အစွမ်းအားဖြင့် ဖြစ်ကုန်၏)။ (ပဋိသံ၊၆၂။) (ပဋိသံ၊မြန်။၈၃။)♦

သင်္ခါရုပေက္ခာဉာဏ် ၈ ပါး (သမထအစွမ်းဖြင့် ဖြစ်သော သင်္ခါရုပေက္ခာဉာဏ် ၈ ပါး)

၁။ ပထမဈာန် ရခြင်းငှာ နီဝရဏတို့ကို ဆင်ခြင်၍ လျစ်လျူရှုသော ပညာ၊
၂။ ဒုတိယဈာန်ရခြင်းငှာ ဝိတက်ဝိစာရတို့ကို ဆင်ခြင်၍ လျစ်လျူရှုသော ပညာ၊
၃။ တတိယဈာန်ရခြင်းငှာ ပီတိကို ဆင်ခြင်၍ လျစ်လျူရှုသော ပညာ၊
၄။ စတုတ္ထဈာန်ရခြင်းငှာ သုခနှင့်ဒုက္ခကို ဆင်ခြင်၍ လျစ်လျူရှုသော ပညာ၊
၅။ အာကာသာနဉ္စာယတနဈာန်ရခြင်းငှာ ရူပသညာ ပဋိဃသညာ နာနတ္တသညာ ဆင်ခြင်၍ လျစ်လျူရှုသော ပညာ၊
၆။ ဝိညာဏဉ္စာယတနဈာန်သမာပတ်ကို ရခြင်းငှာ၊ အာကာသာနဉ္စာယတနသညာကို ဆင်ခြင်၍ လျစ်လျူရှုသော ပညာ၊
၇။ အာကိဉ္စညာယတနဈာန်သမာပတ်ရခြင်းငှာ ဝိညာဏဉ္စာယတနသညာကို ဆင်ခြင်၍ လျစ်လျူရှုသော ပညာ၊
၈။ နေဝသညာနာသညာယတနဈာန်သမာပတ်ရခြင်းငှာ အာကိဉ္စညာယတနသညာကို ဆင်ခြင်၍ လျစ်လျူရှုသော ပညာ၊ (ဤ သင်္ခါရုပေက္ခာဉာဏ်(၈) ပါးတို့သည် သမထ၏ အစွမ်းအားဖြင့် ဖြစ်ကုန်၏) ။ (ပဋိသံ၊၆၂။) (ပဋိသံ၊မြန်။၈၂။)♦

သင်္ခါရုပေက္ခာပညာ ၁၈ ပါး

၁။ ရူပဈာန် အရူပဈာန် ရှစ်ပါးတို့ကို ရရှိသည်မှ ရှေ့အဖို့၌ ဆန့်ကျင်ဘက် တရားတို့ကို ပယ်ရာ၌ လျစ်လျူရှုခြင်း အခြင်းအရာအားဖြင့် ဖြစ်သော သမာဓိ၏ အစွမ်းဖြင့် ဖြစ်သော ပညာ ၈ ပါး၊
၂။ ဥပါဒါနက္ခန္ဓာတည်းဟူသော သင်္ခါရတို့၌ လျစ်လျူရှုခြင်း အခြင်းအရာ အားဖြင့် ဖြစ်သော ဝိပဿနာ၏ အစွမ်းဖြင့် ဖြစ်သော မဂ်လေးပါးတို့၏ ရှေ့အဖို့၌ ထိုထို မဂ်ကို ရခြင်းငှာ ပညာ ၄ ပါး၊
၃။ ဖလသမာပတ် လေးပါးတို့၏ ရှေ့အဖို့၌ ထိုထိုဖိုလ်ကို ရခြင်းငှာ အပ္ပဏိဟိတ ဝိမောက္ခအစွမ်းဖြင့် ဖြစ်သော ပညာ ၄ ပါး၊
၄။ သုညတဝိမောက္ခ, အနိမိတ္တ ဝိမောက္ခ အစွမ်းဖြင့် ပညာ ၂ ပါး။ (ဝိမတိ၊၁၊၇၄။)♦

သင်္ဂဟ ၂ မျိုး

ချီးမြှောက်ခြင်း ၂ မျိုး နှင့် တူသည်။ ♦

သင်္ဂဟ ၄ မျိုး

၁။ ‘‘အလုံးစုံသော ခတ္တိယ မင်းမျိုးတို့သည် လာစေကုန်သတည်း’’ အစရှိသော အမျိုးဇာတိကို ရေတွက်ခြင်း, မိမိဇာတ်ရှိသော တရားတို့ကို ပေါင်း၍ ယူခြင်း (ဇာတိသင်္ဂဟ၊)၊
၂။ ‘‘အလုံးစုံသော ကောသလတိုင်း၌ နေကုန်သော သူတို့သည် လာစေကုန်သတည်း’’ အစ ရှိသော ကောင်းစွာ ဖြစ်ရာအရပ်, ကောင်းစွာ ဖြစ်ရာစိတ္တုပ္ပါဒ်အားဖြင့် သိမ်းယူခြင်း (သဉ္ဇာတိ သင်္ဂဟ၊)၊
၃။ ‘‘အလုံးစုံသော ဆင်စီးသူရဲတို့သည် လာစေကုန်သတည်း’’ အစရှိသော အမူအရာကို ရေတွက်ခြင်းပြုအပ်သော ကိစ္စအားဖြင့် သွင်းယူခြင်း (ကိရိယသင်္ဂဟ၊)၊
၄။ စက္ခာယတနသည် ရူပက္ခန္ဓာဖြင့် ရေတွက်ခြင်းသို့ ရောက်၏ အစရှိသော ရေတွက်ခြင်း အားဖြင့် ရေတွက်ခြင်း (ဂဏနသင်္ဂဟ)။ (ဒီ၊ဋ္ဌ၊၃၊၁၇၉။) (မ၊ဋ္ဌ၊၂၊၁၂၂။) (အဘိ၊ဋ္ဌ၊၃၊၃။) (ပဋိသံ၊ဋ္ဌ၊၁၊၄၂။) (မ၊ဋီ၊၁၊၁၉။)♦

သင်္ဂဟတရား ၄ ပါး

၁။ ပေးကမ်းစွန့်ကြဲခြင်း၊
၂။ ချစ်ဖွယ်သော စကားကို ဆိုခြင်း၊
၃။ အကျိုး စီးပွားကို ကျင့်ဆောင်ခြင်း၊
၄။ မိမိနှင့် ထပ်တူညီမျှ ဆက်ဆံခြင်း။ (ဒီ၊၃၊၁၂၅။) (ဒီ၊မြန်၊၃။၁၄၃။)♦

သင်္ဂဟဝတ္ထု ၄ ပါး

၁။ ဒါန- ပေးကမ်းစွန့်ကြဲ လှူဒါန်းခြင်း၊
၂။ ပိယဝစနံ- ချစ်ဖွယ်သော စကားကို ဆိုခြင်း၊
၃။ အတ္ထစရိယာ- အကျိုးစီးပွားကို ကျင့်ခြင်း၊
၄။ သမာနတ္တတာ- မိမိကိုယ်နှင့် တန်းတူညီတူ ထားခြင်း။ (ဒီ၊၃၊၁၉၃။) (အံ၊၁၊၃၄၁။) (အံ၊၁၊၅၇၁။) (ပဋိသံ၊ဋ္ဌ၊၁၊၂၇၁။) (စရိယာ၊ဋ္ဌ၊၂၅၅။) (ဒီ၊ဋီ၊၁၊၂၉၃။) (ဒီ၊မြန်၊၃။၂၁၅။) (အံ၊မြန်၊၁။၃၅၆။) (အံ၊မြန်၊၁။၅၈၄။)♦

သင်္ဂဟဝတ္ထု ၄ ပါး (တစ်နည်း) (ရှေးမင်းတို့၏ သင်္ဂဟဝတ္ထု ၄ ပါး)

၁။ သဿမေဓ- တောင်သူလယ်သမားတို့၏ စိုက်ပျိုးထွန်ယက်၍ ရသော ကောက်စပါးများမှ ဆယ်ဖို့တစ်ဖို့ ကောက်စပါးအခွန် ယူခြင်း၊
၂။ ပုရိသမေဓ- စစ်သည်သူရဲတို့အား ခြောက်လစာ လုံလောက်အောင် တစ်နှစ်လျှင်နှစ်ကြိမ် စားနပ်ရိက္ခာ လစာမှန်ကန်စွာ ပေးသနားခြင်း၊
၃။ သမ္မာပါသ- ဆင်းရဲသားတို့ထံမှ အာမခံစာချုပ်ကို ယူ၍ သုံးနှစ်ပတ်လုံး အတိုးမယူဘဲ တစ်ထောင် နှစ်ထောင်မျှသော အမတော်ငွေ ထုတ်ပေးချေးငှားခြင်း၊
၄။ ဝါစာပေယျ- အသက်ကြီးသူများကို ဘကြီး ဘထွေး ဦးကြီး ဦးလေး စသည်ဖြင့် ချစ်ဖွယ်သော စကားကို ပြောဆို ချီးမြှောက်ခြင်း။ (သံ၊ဋ္ဌ၊၁၊၁၃၃။) (အံ၊ဋ္ဌ၊၃၊၁၉၃။)♦

သင်္ဂဟဝတ္ထု ၄ ပါး (တစ်နည်း) (ဩက္ကာကမင်းလက်ထက် ပုဏ္ဏားတို့၏ သင်္ဂဟဝတ္ထု ၄ ပါး)

၁။ အဿမေဓ- မြင်းကို သတ်၍ ယဇ်ပူဇော်ခြင်း၊
၂။ ပုရိသမေဓ- ယောကျ်ားကို သတ်၍ ယဇ်ပူဇော်ခြင်း၊
၃။ သမ္မာပါသ- ထမ်းပိုးကျည်းကို ပစ်၍ ယဇ်ပူဇော်ခြင်း၊
၄။ ဝါဇပေယျ- ထောပတ်ကို သောက်၍ ယဇ်ပူဇော်ခြင်း။ (အံ၊ဋ္ဌ၊၃၊၁၉၄။)♦

သင်္ဂဟသဒ္ဒါ၏ အနက် ၄ မျိုး

၁။ သဇာတိသင်္ဂဟ- အမျိုး, ဇာတ်တူပေါင်းဆည်းယူခြင်း၊
၂။ သဉ္ဇာတိသင်္ဂဟ- ကောင်းစွာဖြစ်ရာအရပ်, ကောင်းစွာဖြစ်ရာ စိတ္တုပ္ပါဒ်အားဖြင့် သိမ်းယူခြင်း၊
၃။ ကိရိယာသင်္ဂဟ- ပြုအပ်သော ကိစ္စအားဖြင့် သိမ်းယူခြင်း၊
၄။ ဂဏနသင်္ဂဟ- တစ်ပေါင်းတည်း ရေတွက်ခြင်းအားဖြင့် သိမ်းယူခြင်း။ (အဘိ၊ဋ္ဌ၊၁၊၃၄၃။)♦

သင်္ဂါယနာ ၃ မျိုး

၁။ မဟာကဿပမထေရ်၏ သင်္ဂါယနာ၊
၂။ ယသမထေရ်၏ သင်္ဂါယနာ၊
၃။ မောဂ္ဂလိပုတ္တတိဿမထေရ်၏ သင်္ဂါယနာ။ (ဒီ၊ဋ္ဌ၊၃၊၈၁။) (မ၊ဋ္ဌ၊၄၊၇၉။) (အဘိ၊ဋ္ဌ၊၂၊၄၁၂။)♦

သင်္ဂါယနာတင်ခြင်း ၃ မျိုး

၁။ ငါးရာသော ရဟန္တာတို့သည် ပြုအပ်, တင်အပ်သော ပဉ္စသတာ သင်္ဂါယနာ၊
၂။ ခုနစ်ရာသော ရဟန္တာတို့သည် ပြုအပ်, တင်အပ်သော သတ္တသတာ သင်္ဂါယနာ၊
၃။ သံဃမထေရ် တစ်ထောင်တို့သည် ပြုအပ်, တင်အပ်သော သဟဿိကာ သင်္ဂါယနာ။ (ဒီ၊ဋ္ဌ၊၂၊၁၅၈။) (ဒီ၊ဋ္ဌ၊မြန်၊၂။၂၉၈။)♦

သင်္ဃာဋိစာရသိက္ခာပုဒ်၌ အင်္ဂါ ၂ ပါး

၁။ သင်္ကန်းငါးထည်တို့ကို မလဲလှယ်ခြင်း၊
၂။ ခွင့်မပြု ထားသော အကြောင်းကြောင့် ငါးရက်လွန်သွားခြင်း။ (ဝိမတိ၊၂၊၇၈။)♦

သင်္ဃာဋိစာရသိက္ခာပုဒ်၌ အင်္ဂါ ၄ ပါး

၁။ သင်္ကန်း ငါးမျိုးတို့တွင် တစ်မျိုးမျိုး ဖြစ်ခြင်း၊
၂။ ငါးရက် ကျော်လွန်ခြင်း၊
၃။ ခွင့်ပြုထားသော အကြောင်းမဟုတ်ခြင်း၊
၄။ မလဲလှယ်ခြင်း။ (သာရတ္ထ၊ ဋီ၊၃။၁၂၅။)♦

သစ္စဉာဏ် ၂ ပါး (လောကီသစ္စဉာဏ် ၂ မျိုး)

၁။ အနုဗောဓဉာဏ်၊
၂။ ပစ္စဝေက္ခဏဉာဏ်။ (အဘိ၊ဋ္ဌ၊၂၊၈၂။) (ပဋိသံ၊ဋ္ဌ၊၁၊၃၄၂။) (ဝိသုဒ္ဓိ၊၂၊၁၄၂။)♦

သစ္စဉာဏ် ၂ ပါး တစ်နည်း

၁။ လောကီ သစ္စဉာဏ်၊
၂။ လောကုတ္တရာ သစ္စဉာဏ်။ (ပဋိသံ၊ဋ္ဌ၊၁၊၃၄၂။)♦

သစ္စဉာဏ် ၄ ပါး

၁။ သုတမယဉာဏ်- အကျဉ်းအားဖြင့်လည်းကောင်း, အကျယ်အားဖြင့် လည်းကောင်း ‘‘ဤအရာသည် ဒုက္ခသစ္စာတည်း, ဤအရာသည် သမုဒယသစ္စာတည်း စသည်ဖြင့် သစ္စာလေးပါးကို ကြားနာရပြီး သိသော ဉာဏ်၊
၂။ ဝဝတ္ထာနဉာဏ်- ကြားနာ အပ်ပြီးသော အနက်ကို ဓမ္မအားဖြင့်လည်းကောင်း, လက္ခဏာအားဖြင့်လည်းကောင်း ‘‘ဤတရားတို့သည် ဤသစ္စာ၌ အကျုံးဝင်ကုန်၏’’စသည်ဖြင့် ဆင်ခြင်ဆုံးဖြတ်သော ဉာဏ်၊
၃။ သမ္မသနဉာဏ်- အစဉ်အတိုင်း သစ္စာလေးပါးတို့ကို အနိစ္စ, ဒုက္ခ, အနတ္တအားဖြင့် သုံးသပ်သော ဉာဏ်၊
၄။ အဘိသမယဉာဏ်- လောကုတ္တရာမဂ်ခဏ၌ သစ္စာလေးပါးတို့ကို မရှေးမနှောင်း ထိုးထွင်း၍ သိသော ဉာဏ်။ (ပဋိသံ၊ဋ္ဌ၊၁၊၁၅၃။)♦

သစ္စာ ၂ မျိုး

၁။ သမ္မုတိသစ္စာ- နတ် ဗြဟ္မာစသော အမည်ပညတ်၊
၂။ ပရမတ္ထသစ္စာ- အနိစ္စ, ဒုက္ခ စသော ပရမတ်တရား။ (ဒီ၊ဋ္ဌ၊၁၊၃၁၆။) (အဘိ၊ဋ္ဌ၊၃၊၁၃၉။) (အဘိ၊ဋ္ဌ၊၃၊၁၈၇။) (သာရတ္ထ၊ ဋီ၊၁။၈၉။) (ဒီ၊ဋ္ဌ၊မြန်၊၁။၆၁၂-၆၁၃။)♦

သစ္စာ ၄ ပါး

ထူးသော ဉာဏ်ဖြင့် သိအပ်သော တရား ၄ ပါး၊ အဘိညေယျတရား ၄ ပါး တို့နှင့် တူသည်။ ♦

သစ္စာ ၄ ပါး

၁။ ဆင်းရဲခြင်းအမှန် ‘ဒုက္ခအရိယသစ္စာ’၊
၂။ ဆင်းရဲဖြစ်ကြောင်းအမှန် ‘ဒုက္ခ သမုဒယ သစ္စာ’၊
၃။ ဆင်းရဲချုပ်ရာအမှန် ‘နိရောဓအရိယသစ္စာ’၊
၄။ ဆင်းရဲချုပ်ရာသို့ ရောက်ကြောင်း လမ်းစဉ်အမှန် ‘မဂ္ဂအရိယသစ္စာ’၊ ဤအရိယသစ္စာလေးပါးတို့ကို ထိုးထွင်း၍ မသိခြင်းကြောင့် ငါဘုရားသည်လည်းကောင်း သင်တို့သည်လည်းကောင်း ဤရှည်လျားလှစွာသော သံသရာ ကာလပတ်လုံး ပြေးသွားကျင်လည်ခဲ့ရပေပြီဟု ဘုရားရှင် ဟောတော်မူ၏။ (ဝိ၊၃၊၃၂၅။) (ဒီ၊၂၊၇၇။) (ဒီ၊၃၊၂၃၁။) (မ၊၁၊၂၄၂။) (သံ၊၃၊၃၆၄။) (သံ၊၃၊၃၇၂။) (သံ၊၃၊၃၈၁။) (အဘိ၊ဝိ၊၁၀၄။) (အဘိ၊ဝိ၊၁၁၂။) (အဘိ၊ဝိ၊၁၁၅။) (အဘိ၊ဝိ၊၁၁၇-၁၁၈။) (အဘိ၊ဝိ၊၄၁၅။) (အဘိ၊ပု၊၁၀၂။) (အဘိ၊က၊၂၄၃။) (ယမက၊၁၊၂၀၅။) (ပဋိသံ၊ဋ္ဌ၊၁၊၆၃။) (ဝိသုဒ္ဓိ၊၂၊၁၂၄။) (ဝိ၊မြန်၊၃။၃၂၅။) (ဒီ၊မြန်၊၂။၈၈။) (ဒီ၊မြန်၊၃။၂၅၃။) (မ၊မြန်၊၁။၂၅၀။) (သံ၊မြန်၊၃။၃၆၉။) (သံ၊မြန်၊၃။၃၆၉။) (သံ၊မြန်၊၃။၃၆၉။) (အဘိ၊ဝိ၊မြန်၊၁။၃၆၁။) (အဘိ၊ဝိ၊မြန်၊၁။၃၆၁။) (အဘိ၊ဝိ၊မြန်၊၁။၃၆၁။) (အဘိ၊ဝိ၊မြန်၊၁။၃၆၁။) (အဘိ၊ဝိ၊မြန်၊၂။၅၂၄။) (အဘိ၊ပု၊မြန်။၂။) (အဘိ၊က၊မြန်၊၂။၃၂။)♦

သစ္စာတရားကို ထိုးထွင်း၍ သိပုံ ၄ မျိုး

၁။ ဒုက္ခသစ္စာကို ပရိညာပဋိဝေဓဖြင့် ထိုးထွင်း၍ သိခြင်း၊
၂။ သမုဒယသစ္စာကို ပဟာနပဋိဝေဓဖြင့် ထိုးထွင်း၍ သိခြင်း၊
၃။ နိရောဓသစ္စာကို သစ္ဆိကိရိယာပဋိဝေဓဖြင့် ထိုးထွင်း၍ သိခြင်း၊
၄။ မဂ္ဂသစ္စာကို ဘာဝနာပဋိဝေဓဖြင့် ထိုးထွင်း၍ သိခြင်း။ (ပဋိသံ၊၂၅၃။) (ပဋိသံ၊၂၅၇။) (ပဋိသံ၊မြန်။၃၁၀၊၃၁၅။) (ပဋိသံ၊မြန်။၃၁၀၊၃၁၅။)♦

သစ္စာတရားကို ထိုးထွင်း၍ သိပုံ ၉ မျိုး

၁။ ဒုက္ခသစ္စာကို ပရိညာပဋိဝေဓဖြင့် ထိုးထွင်းသိခြင်း၊
၂။ သမုဒယသစ္စာကို ပဟာနပဋိဝေဓဖြင့် ထိုးထွင်းသိခြင်း၊
၃။ နိရောဓသစ္စာကို သစ္ဆိကိရိယာ ပဋိဝေဓဖြင့် ထိုးထွင်းသိခြင်း၊
၄။ မဂ္ဂသစ္စာကို ဘာဝနာပဋိဝေဓဖြင့် ထိုးထွင်းသိခြင်း၊
၅။ တရားအားလုံးတို့ကို အဘိညာပဋိဝေဓဖြင့် ထိုးထွင်း၍ သိခြင်း၊
၆။ သင်္ခါရတရား အားလုံး တို့ကို ပရိညာပဋိဝေဓဖြင့် ထိုးထွင်း၍ သိခြင်း၊
၇။ အကုသိုလ်တရားအလုံးစုံကို ပဟာန ပဋိဝေဓဖြင့် ထိုးထွင်း၍ သိခြင်း၊
၈။ မဂ်လေးပါးတို့ကို ဘာဝနာပဋိဝေဓဖြင့် ထိုးထွင်း၍ သိခြင်း၊
၉။ နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်း သစ္ဆိကိရိယာပဋိဝေဓဖြင့် ထိုးထွင်း၍ သိခြင်း။ (ပဋိသံ၊၂၅၃။) (ပဋိသံ၊၂၅၈။) (ပဋိသံ၊မြန်။၃၁၀၊၃၁၅။) (ပဋိသံ၊မြန်။၃၁၀၊၃၁၅။)♦

သစ္စာတို့၏ လက္ခဏာ ၁၂ ပါး

၁။ ဒုက္ခသစ္စာ၏ ဖြစ်ခြင်း(ဥပါဒ်) သည် ထင်ခြင်း၊
၂။ ပျက်ခြင်း (ဘင်) သည် ထင်ခြင်း၊
၃။ တည်ခြင်း(ဌီ) ၏ တစ်မျိုးဖြစ်ပုံသည် ထင်ခြင်း၊
၄။ သမုဒယ သစ္စာ၏ ဖြစ်ခြင်း(ဥပါဒ်) သည် ထင်ခြင်း၊
၅။ ပျက်ခြင်း (ဘင်) သည် ထင်ခြင်း၊
၆။ တည်ခြင်း (ဌီ) ၏ တစ်မျိုးဖြစ်ပုံသည် ထင်ခြင်း၊
၇။ မဂ္ဂသစ္စာ၏ ဖြစ်ခြင်း(ဥပါဒ်) သည် ထင်ခြင်း၊
၈။ ပျက်ခြင်း (ဘင်) သည် ထင်ခြင်း၊
၉။ တည်ခြင်း (ဌီ) ၏ တစ်မျိုးတစ်ဖုံ ဖြစ်ပုံသည် ထင်ခြင်း၊
၁၀။ နိရောဓသစ္စာ၏ ဖြစ်ခြင်း(ဥပါဒ်) သည် ထင်ခြင်း၊
၁၁။ ပျက်ခြင်း (ဘင်) သည် ထင်ခြင်း၊
၁၂။ တည်ခြင်း(ဌီ) ၏ တစ်မျိုးတစ်ပုံဖြစ်ပုံသည် ထင်ခြင်း။ (ပဋိသံ၊၂၉၇။) (ပဋိသံ၊မြန်။၃၅၅။)♦

သစ္စာတို့၏ လက္ခဏာ ၂ ပါး

၁။ သင်္ခတလက္ခဏာ- ကံစသည်တို့ ပြုပြင်စီမံကြောင်း အမှတ် လက္ခဏာ၊
၂။ အသင်္ခတလက္ခဏာ- နိဗ္ဗာန်ဟု သိကြောင်း အမှတ်လက္ခဏာ။ (ပဋိသံ၊ ၂၉၇။) (ပဋိသံ၊မြန်။၃၅၅။)♦

သစ္စာတို့၏ လက္ခဏာ ၆ ပါး

၁။ သင်္ခတသစ္စာတို့၏ ဖြစ်ခြင်း (ဥပါဒ်) သည် ထင်ခြင်း၊
၂။ ပျက်ခြင်းသည် ထင်ခြင်း၊
၃။ တည်ခြင်း၏ တစ်မျိုးဖြစ်ပုံသည် ထင်ခြင်း၊
၄။ အသင်္ခတ သစ္စာ၏ ဖြစ်ခြင်း (ဥပါဒ်) သည် မထင်ခြင်း၊
၅။ အသင်္ခတသစ္စာ၏ ပျက်ခြင်း (ဘင်) သည် မထင်ရှားခြင်း၊
၆။ တည်ခြင်း (ဌီ) ၏ တစ်မျိုးတစ်ဖုံဖြစ်ခြင်းသည် မထင်ခြင်း။ (ပဋိသံ၊ ၂၉၇။) (ပဋိသံ၊မြန်။၃၅၅။)♦

သစ္စာမည်ကြောင်း ၃ ပါး

၁။ ရှာမှီးခြင်းသဘော ရှိခြင်း၊
၂။ သိမ်းဆည်းခြင်းသဘော ရှိခြင်း၊
၃။ ထိုးထွင်း၍ သိခြင်းသဘော ရှိခြင်း။ (ပဋိသံ၊၂၉၉။) (ပဋိသံ၊မြန်။၃၅၇။)♦

သစ္စာလေးပါးကို တစ်ပေါင်းတည်း သိပုံ ၁၂ မျိုး

၁။ အမှန်သဘောအားဖြင့် သိခြင်း၊
၂။ အနတ္တ သဘောအားဖြင့် သိခြင်း၊
၃။ သစ္စာသဘောအားဖြင့် သိခြင်း၊
၄။ ထိုးထွင်းသိခြင်းသဘော အားဖြင့် သိခြင်း၊
၅။ ထူးခြားစွာ သိခြင်းသဘောအားဖြင့် သိခြင်း၊
၆။ ပိုင်းခြားသိခြင်း သဘောအားဖြင့် သိခြင်း၊
၇။ ဆောင်ခြင်းသဘောအားဖြင့် သိခြင်း၊
၈။ အမှန်သဘောအားဖြင့် သိခြင်း၊
၉။ သိအပ်သော သဘောအားဖြင့် သိခြင်း၊
၁၀။ မျက်မှောက်ပြုခြင်းသဘောအားဖြင့် သိခြင်း၊
၁၁။ တွေ့ထိခြင်းသဘောအားဖြင့် သိခြင်း၊
၁၂။ အထူးသိခြင်းသဘောအားဖြင့် သိခြင်း။ (ပဋိသံ၊၂၉၆။) (ပဋိသံ၊မြန်။၃၅၄။)♦

သစ္စာလေးပါးကို တစ်ပေါင်းတည်း သိပုံ ၁၆ မျိုး

၁။ နှိပ်စက်ခြင်း သဘော၊
၂။ ပြုပြင်ခြင်း သဘော၊
၃။ ပူပန်ခြင်းသဘော၊
၄။ ဖောက်ပြန်ခြင်းသဘောအားဖြင့် ဒုက္ခသစ္စာကို ထိုးထွင်း သိခြင်း၊
၅။ အားထုတ်ခြင်းသဘော၊
၆။ အကြောင်းရင်းသဘော၊
၇။ ပေါင်းစပ်ခြင်း သဘော၊
၈။ ကြောင့်ကြခြင်းသဘောအားဖြင့် သမုဒယသစ္စာကို ထိုးထွင်းသိခြင်း၊
၉။ လွတ်မြောက် ခြင်းသဘော၊
၁၀။ ကင်းဆိတ်ခြင်းသဘော၊
၁၁။ မပြုအပ်ခြင်းသဘော၊
၁၂။ မသေခြင်း သဘောအားဖြင့် နိရောဓသစ္စာကို ထိုးထွင်းသိခြင်း၊
၁၃။ ထွက်မြောက်ခြင်းသဘော၊
၁၄။ ဟိတ်သဘော၊
၁၅။ မြင်ခြင်းသဘော၊
၁၆။ အကြီးအမှူးသဘောအားဖြင့် မဂ္ဂသစ္စာကို ထိုးထွင်းသိခြင်း၊ မှတ်ချက်။ ။ကြွင်းကျန်သော အနတ္တသဘောမှ အထူးသိခြင်း သဘော အထိ ၁၁-ပါးသော သိခြင်းရှိရာတို့၌လည်း အလားတူ (၁၆) ပါးသော အခြင်းအရာတို့ကို သိအပ် ကုန်၏။ (ပဋိသံ၊၂၉၆-၂၉၇။) (ပဋိသံ၊မြန်။၃၅၄-၃၅၅။)♦

သစ္စာလေးပါးကို တစ်ပေါင်းတည်း သိပုံ ၄ မျိုး

၁။ အမှန်သဘောဟူသော အခြင်းအရာ၊
၂။ အတ္တ မဟုတ်သော အနတ္တသဘောဟူသော အခြင်းအရာ၊
၃။ သစ္စာသဘောဟူသော အခြင်းအရာ၊
၄။ ထိုးထွင်း၍ သိခြင်းသဘောဟူသော အခြင်းအရာ။ (ပဋိသံ၊၂၉၄။) (ပဋိသံ၊မြန်။၃၅၁။)♦

သစ္စာလေးပါးကို တစ်ပေါင်းတည်း သိပုံ ၉ မျိုး

၁။ အမှန်သဘော ဖြစ်ခြင်း၊
၂။ အနတ္တသဘော ဖြစ်ခြင်း၊
၃။ သစ္စာသဘော ဖြစ်ခြင်း၊
၄။ ထိုးထွင်းသိခြင်း သဘော ဖြစ်ခြင်း၊
၅။ အဘိညာ သဘော ဖြစ်ခြင်း၊
၆။ ပရိညာသဘော ဖြစ်ခြင်း၊
၇။ ပဟာနသဘော ဖြစ်ခြင်း၊
၈။ ဘာဝနာ သဘော ဖြစ်ခြင်း၊
၉။ မျက်မှောက်ပြုခြင်း သဘော ဖြစ်ခြင်း။ (ပဋိသံ၊၂၉၅။) (ပဋိသံ၊မြန်။၃၅၃။)♦

သစ္စာလေးပါးကို ထိုးထွင်းသိအပ်သော သဘောအဖြစ်ဖြင့် တစ်ပေါင်းတည်း သိပုံ ၄ မျိုး

၁။ ဒုက္ခ၏ ဒုက္ခသဘောကို ထိုးထွင်း၍ သိခြင်း၊
၂။ သမုဒယ၏ သမုဒယသဘောကို ထိုးထွင်းသိခြင်း၊
၃။ နိရောဓ၏ နိရောဓသဘောကို ထိုးထွင်း၍ သိခြင်း၊
၄။ မဂ္ဂ၏ မဂ္ဂသဘောကို ထိုးထွင်း၍ သိခြင်း။ (ပဋိသံ၊၂၉၅။) (ပဋိသံ၊မြန်။၃၅၂။)♦

သစ္စာလေးပါးကို ထိုးထွင်းသိအပ်သော သဘောအဖြစ်ဖြင့် တစ်ပေါင်းတည်း သိပုံ ၆ မျိုး

သစ္စာလေးပါးကို အနတ္တသဘောအဖြစ်ဖြင့် တစ်ပေါင်းတည်း သိပုံ ၆ မျိုးနှင့် တူသည်။ ♦

သစ္စာလေးပါးကို မှန်သောသဘော အဖြစ်ဖြင့် တစ်ပေါင်းတည်း သိပုံ ၉ မျိုး

၁။ ဒုက္ခ၏ ဒုက္ခသဘောသည် အမှန်သဘော ဖြစ်၏ဟု သိခြင်း၊
၂။ သမုဒယ၏ သမုဒယသဘောသည် အမှန်သဘော ဖြစ်၏ဟု သိခြင်း၊
၃။ နိရောဓ၏ နိရောဓသဘောသည် အမှန်သဘော ဖြစ်၏ဟု သိခြင်း၊
၄။ မဂ္ဂ၏ မဂ္ဂသဘောသည် အမှန်သဘော ဖြစ်၏ဟု သိခြင်း၊
၅။ အဘိညာ၏ အဘိညာ သဘောသည် အမှန်သဘော ဖြစ်၏ဟု သိခြင်း၊
၆။ ပရိညာ၏ ပရိညာသဘောသည် အမှန်သဘော ဖြစ်၏ဟု သိခြင်း၊
၇။ ပဟာန၏ ပဟာန်သဘောသည် အမှန်သဘော ဖြစ်၏ဟု သိခြင်း၊
၈။ ဘာဝနာ၏ ဘာဝနာသဘောသည် အမှန်သဘော ဖြစ်၏ဟု သိခြင်း၊
၉။ မျက်မှောက်ပြုခြင်း၏ မျက်မှောက်ပြုခြင်းသဘောသည် အမှန်သဘော ဖြစ်၏ဟု သိခြင်း။ (ပဋိသံ၊၂၉၅။) (ပဋိသံ၊မြန်။၃၅၃။)♦

သစ္စာလေးပါးကို မှန်သောသဘောအဖြစ်ဖြင့် တစ်ပေါင်းတည်း သိပုံ ၄ မျိုး

၁။ ဒုက္ခ၏ ဒုက္ခသဘောသည် အမှန်သဘော ဖြစ်ခြင်း၊
၂။ သမုဒယ၏ သမုဒယသဘောသည် အမှန် သဘော ဖြစ်ခြင်း၊
၃။ နိရောဓ၏ နိရောဓသဘောသည် အမှန်သဘော ဖြစ်ခြင်း၊
၄။ မဂ္ဂ၏ မဂ္ဂသဘောသည် အမှန်သဘော ဖြစ်ခြင်း။ (ပဋိသံ၊၂၉၄။) (ပဋိသံ၊မြန်။၃၅၂။)♦

သစ္စာလေးပါးကို သစ္စာအဖြစ်ဖြင့် တစ်ပေါင်းတည်း သိပုံ ၄ မျိုး

၁။ ဒုက္ခ၏ ဒုက္ခသဘောသည် သစ္စာတည်းဟု ထိုးထွင်း၍ သိခြင်း၊
၂။ သမုဒယ၏ သမုဒယသဘောသည် သစ္စာတည်းဟု ထိုးထွင်း၍ သိခြင်း၊
၃။ နိရောဓ၏ နိရောဓသဘောသည် သစ္စာတည်းဟု ထိုးထွင်း၍ သိခြင်း၊
၄။ မဂ္ဂ၏ မဂ္ဂသဘောသည် သစ္စာတည်းဟု ထိုးထွင်း၍ သိခြင်း။ (ပဋိသံ၊၂၉၄။) (ပဋိသံ၊ မြန်။၃၅၂။)♦

သစ္စာလေးပါးကို သစ္စာအဖြစ်ဖြင့် တစ်ပေါင်းတည်း သိပုံ ၆ မျိုး

သစ္စာလေးပါးကို အနတ္တ သဘောဖြစ်ဖြင့် တစ်ပေါင်းတည်း သိပုံ ၆ မျိုးနှင့် တူသည်။ ♦

သစ္စာလေးပါးကို အနတ္တသဘောအဖြစ်ဖြင့် တစ်ပေါင်းတည်း သိပုံ ၄ မျိုး

၁။ ဒုက္ခ၏ ဒုက္ခ သဘောသည် အနတ္တတည်းဟု ထိုးထွင်းသိခြင်း၊
၂။ သမုဒယ၏ သမုဒယသဘောသည် အနတ္တတည်းဟု ထိုးထွင်းသိခြင်း၊
၃။ နိရောဓ၏ နိရောဓသဘောသည် အနတ္တတည်းဟု ထိုးထွင်းသိခြင်း၊
၄။ မဂ္ဂ၏ မဂ္ဂသဘောသည် အနတ္တတည်းဟု ထိုးထွင်းသိခြင်း။ (ပဋိသံ၊ ၂၉၄။) (ပဋိသံ၊မြန်။၃၅၂။)♦

သစ္စာလေးပါးကို အနတ္တသဘောအဖြစ်ဖြင့် တစ်ပေါင်းတည်း သိပုံ ၆ မျိုး

၁။ ဒုက္ခ၏ ဒုက္ခသဘောသည် အမှန်သဘောတည်းဟု ထိုးထွင်းသိခြင်း၊
၂။ သမုဒယ၏ သမုဒယ သဘောသည် အမှန်သဘောတည်းဟု ထိုးထွင်းသိခြင်း၊
၃။ နိရောဓ၏ နိရောဓသဘောသည် အမှန်သဘောတည်းဟု ထိုးထွင်းသိခြင်း၊
၄။ မဂ္ဂ၏ မဂ္ဂသဘောသည် အမှန်သဘောတည်းဟု ထိုးထွင်းသိခြင်း၊
၅။ အဘိညာ၏ အဘိညာသဘောသည် အမှန်သဘောတည်းဟု ထိုးထွင်း သိခြင်း၊
၆။ ပရိညာ၏ ပရိညာသဘောသည် အမှန်သဘောတည်းဟု ထိုးထွင်းသိခြင်း၊
၇။ ပဟာန၏ ပဟာန်သဘောသည် အမှန်သဘောတည်းဟု ထိုးထွင်းသိခြင်း၊
၈။ ဘာဝနာ၏ ဘာဝနာ သဘောသည် အမှန်သဘောတည်းဟု ထိုးထွင်းသိခြင်း၊
၉။ မျက်မှောက်ပြုခြင်း၏ မျက်မှောက် ပြုခြင်း သဘောသည် အမှန်သဘောတည်းဟု ထိုးထွင်းသိခြင်း။ (ပဋိသံ၊၂၉၅။) (ပဋိသံ၊မြန်။၃၅၃။)♦

သစ္စာလေးပါးတို့၌ အာကာရ ၁၂ မျိုး

၁။ ဒုက္ခသစ္စာ၌ သစ္စဉာဏ်၊ ကိစ္စဉာဏ်၊ ကတဉာဏ်အားဖြင့် အခြင်းအရာ အာကာရ (၃) မျိုး၊
၂။ သမုဒယသစ္စာ၌ သစ္စဉာဏ်၊ ကိစ္စဉာဏ်၊ ကတဉာဏ် အားဖြင့် အခြင်းအရာ အာကာရ (၃) မျိုး၊
၃။ နိရောဓသစ္စာ၌ သစ္စဉာဏ်၊ ကိစ္စဉာဏ်၊ ကတဉာဏ်အားဖြင့် အခြင်းအရာ အာကာရ (၃) မျိုး၊
၄။ မဂ္ဂသစ္စာ၌ သစ္စဉာဏ်၊ ကိစ္စဉာဏ်၊ ကတဉာဏ်အားဖြင့် အခြင်းအရာ အာကာရ (၃) မျိုး ပေါင်း (၁၂) မျိုး။ (သာရတ္ထ၊ဋီ၊၃၊၁၈၀။)♦

သစ္စိကဋ္ဌ ၄ မျိုး

၁။ သုဒ္ဓိကသစ္စိကဋ္ဌ- ဩကာသစသည်မဖက် သက်သက်သော မဖောက်မပြန် ဟုတ်မှန်သော အနက်သဘော၊
၂။ ဩကာသသစ္စိကဋ္ဌ- ခန္ဓာကိုယ်စသော ဖြစ်ရာအရပ် မဖောက်မပြန် ဟုတ်မှန်သော အနက်သဘော၊
၃။ ကာလသစ္စိကဋ္ဌ- အတိတ်ဘဝ အနာဂတ် ဘဝ စသော ကာလအားဖြင့် မဖောက်မပြန် ဟုတ်မှန်သော အနက်သဘော၊
၄။ အဝယဝ သစ္စိကဋ္ဌ- ခန္ဓာ အာယတန စသော အစိတ်အပိုင်းအားဖြင့် မဖောက်မပြန် ဟုတ်မှန်သော အနက်သဘော။ (အဘိ၊ဋ္ဌ၊၃၊၁၂၀။)♦

သစ္ဆိကာတဗ္ဗ တရား ၆ ပါး

မျက်မှောက်ပြုအပ်သော တရား ၆ ပါး၊ အဘိညာဉ် ၆ ပါးတို့နှင့်တူသည်။ ♦

သစ္ဆိကာတဗ္ဗတရား ၁၀ ပါး

မျက်မှောက်ပြုအပ်သော တရား ၁၀ ပါး၊ ရဟန္တာပုဂ္ဂိုလ်တို့၏ တရား ၁၀ ပါးတို့နှင့် တူသည်။ ♦

သစ္ဆိကာတဗ္ဗတရား ၂ ပါး

မျက်မှောက်ပြုအပ်သော တရား ၂ ပါးနှင့် တူသည်။ ♦

သစ္ဆိကာတဗ္ဗတရား ၃ ပါး

မျက်မှောက်ပြုအပ်သော တရား ၃ ပါးနှင့် တူသည်။ ♦

သစ္ဆိကာတဗ္ဗတရား ၄ ပါး

မျက်မှောက်ပြုအပ်သော တရား ၄ ပါး၊ ဖိုလ် ၄ ပါးတို့နှင့် တူသည်။ ♦

သစ္ဆိကာတဗ္ဗတရား ၅ ပါး

မျက်မှောက်ပြုအပ်သော တရား ၅ ပါး၊ ဓမ္မက္ခန္ဓာ ၅ ပါးတို့နှင့်တူသည်။ ♦

သစ္ဆိကာတဗ္ဗတရား ၇ ပါး

မျက်မှောက်ပြုအပ်သော တရား ၇ ပါး၊ ရဟန္တာပုဂ္ဂိုလ်၏ အား ၇ ပါး တို့နှင့် တူသည်။ ♦

သစ္ဆိကာတဗ္ဗတရား ၈ ပါး

မျက်မှောက်ပြုအပ်သော တရား ၈ ပါး၊ ဝိမောက္ခ ၈ ပါးတို့နှင့်တူသည်။ ♦

သစ္ဆိကာတဗ္ဗတရား ၉ ပါး

မျက်မှောက်ပြုအပ်သော တရား ၉ ပါး၊ အစဉ်အတိုင်း ချုပ်ခြင်း တရား ၉ ပါး၊ အနုပုဗ္ဗနိရောဓတရား ၉ ပါးတို့နှင့် တူသည်။ ♦

သစ္ဆိကိရိယာ ၂ မျိုး

၁။ ပဋိလာဘသစ္ဆိကိရိယာ- ရရှိ-ဆိုက်ရောက်ခြင်းဖြင့် မျက်မှောက်ပြုခြင်း၊
၂။ အာရမ္မဏသစ္ဆိကိရိယာ- အာရုံပြုခြင်းအားဖြင့် မျက်မှောက်ပြုခြင်း။ (ပဋိသံ၊ဋ္ဌ၊၁၊၅၇။)♦

သစ်ပင် ၄ မျိုး

၁။ အကာပင်ဖြစ်လျက် အနှစ်ပင်တို့ ဝိုင်းရံအပ်သော သစ်ပင်၊
၂။ အနှစ်ပင် ဖြစ်လျက် အကာပင်တို့ ဝိုင်းရံအပ်သော သစ်ပင်၊
၃။ အကာပင်ဖြစ်လျက် အကာပင်တို့ ဝိုင်းရံ အပ်သော သစ်ပင်၊
၄။ အနှစ်ပင်ဖြစ်လျက် အနှစ်ပင်တို့ ဝိုင်းရံအပ်သော သစ်ပင်။ (အံ၊၁၊၄၂၄။) (အဘိ၊ပု၊၁၆၁။) (အံ၊မြန်၊၁။၄၃၇။) (အဘိ၊ပု၊မြန်။၆၄။)♦

သစ်ပင် ၆ မျိုး (အခြားသစ်ပင်တို့ကို လွှမ်းမိုးနိုင်သော သစ်ပင် ၆ မျိုး)

၁။ ညောင်ဗုဒ္ဓဟေပင်၊
၂။ ပညောင်ပင်၊
၃။ ညောင်ကြတ်ပင်၊
၄။ ရေသဖန်းပင်၊
၅။ ဖအောင်းပင်၊
၆။ ညောင်ချဉ်ပင်။ (သံ၊၃၊၈၅။) (သံ၊မြန်၊၃။၉၀။)♦

သစ်ပင် အင်္ဂါ ၃ ပါး

၁။ သစ်ပင်သည် အပွင့်အသီးကို ဆောင်ခြင်း (ထို့အတူ ယောဂီပုဂ္ဂိုလ်သည် ကိလေသာမှ လွတ်မြောက်မှု အရဟတ္တဖိုလ်ဟူသော အပွင့်, မဂ်ဖိုလ်ဟူသော အသီးကို ဆောင်ခြင်း)၊
၂။ သစ်ပင်သည် အနီးသို့ ကပ်လာသော သူတို့အား အရိပ်ကို ပေးခြင်း (ထို့အတူ ယောဂီပုဂ္ဂိုလ်သည် အနီးသို့ ကပ်ဝင်လာကုန်သော ပုဂ္ဂိုလ်တို့အား ဆွမ်းစသော အာမိသဖြင့်လည်းကောင်း၊ တရားတည်းဟူသော အစေ့အစပ်ဖြင့်လည်းကောင်း အစေ့အစပ် ပြုခြင်း)၊
၃။ သစ်ပင်သည် အရိပ်ဖြင့် ထူးကဲသည်၏ အဖြစ်ကို မပြုခြင်း (ထို့အတူ ယောဂီ ပုဂ္ဂိုလ်သည် အလုံးစုံသော သတ္တဝါတို့၌ ထူးကဲသည်၏အဖြစ်ကို မပြုခြင်း၊ ခိုးသူ သူသတ်သမား ရန်သူတို့၌ မေတ္တာပွားမှုကို ပြုခြင်း) ။ (မိလိန္ဒ၊၃၉၅။) (မိလိန္ဒ၊မြန်။၄၁၇။)♦

သစ်ပင်ကြီးတို့ ကြီးပွားခြင်း ၃ မျိုး

၁။ အကိုင်း အခက် အရွက်ဖြင့် ကြီးပွားခြင်း၊
၂။ အခေါက် အပွေးဖြင့် ကြီးပွားခြင်း၊
၃။ အကာ အနှစ်ဖြင့် ကြီးပွားခြင်း။ (အံ၊၁၊၁၅၀။) (အံ၊မြန်၊၁။၁၇၀။)♦

သစ်ပင်နှင့် တူသော ပုဂ္ဂိုလ် ၄ မျိုး

၁။ အကာပင်ဖြစ်လျက် အနှစ်ပင်တို့ ဝိုင်းရံအပ်သော သစ်ပင်ကဲ့သို့ မိမိ၏ ပရိသတ်သည် သီလရှိ၍ ကောင်းသောအကျင့်နှင့် ပြည့်စုံလျက် မိမိသည် သီလမရှိမူ၍ ယုတ်မာသော အကျင့်ရှိသော ပုဂ္ဂိုလ် ဖြစ်ခြင်း၊
၂။ အနှစ်ပင် ဖြစ်လျက် အကာပင်တို့ ဝိုင်းရံအပ်သော သစ်ပင်ကဲ့သို့ မိမိ၏ပရိသတ်သည် သီလမရှိဘဲ ယုတ်ညံ့သော အကျင့်နှင့် ပြည့်စုံလျက် မိမိကမူ သီလနှင့် ပြည့်စုံခြင်း ကောင်းသောအကျင့်ရှိသော ပုဂ္ဂိုလ် ဖြစ်ခြင်း၊
၃။ အကာပင်ဖြစ်လျက် အကာပင်တို့ဝိုင်းရံအပ်သော သစ်ပင်ကဲ့သို့ မိမိ၏ ပရိသတ်သည် သီလမရှိဘဲ ယုတ်ညံ့သော အကျင့်နှင့် ပြည့်စုံလျက် မိမိသည်လည်း သီလ မရှိမူ၍ ယုတ်ညံ့သော အကျင့်ရှိသော ပုဂ္ဂိုလ် ဖြစ်ခြင်း၊
၄။ အနှစ်ပင်ဖြစ်၍ အနှစ်ရှိသော အပင်တို့ ဝိုင်းရံအပ်သော သစ်ပင်ကဲ့သို့ မိမိပရိသတ်သည် သီလနှင့် ပြည့်စုံ၍ ကောင်းသော အကျင့် ရှိကြလျက် မိမိသည်လည်း သီလနှင့် ပြည့်စုံ၍ ကောင်းသော အကျင့်ရှိသော ပုဂ္ဂိုလ် ဖြစ်ခြင်း။ (အံ၊၁၊၄၂၅။) (အဘိ၊ပု၊၁၆၁။) (အံ၊မြန်၊၁။၄၃၇။) (အဘိ၊ပု၊မြန်။၆၄။)♦

သစ်ပင်ရင်း၌ နေခြင်း အကျိုး ၁၀ မျိုး (တစ်နည်း)

၁။ နည်းသော အဆောက်အဦရှိခြင်း၊
၂။ ပြုပြင်သုတ်သင်ရမှု မရှိခြင်း၊
၃။ သက်ကြီး ဝါကြီး ရဟန်းအတွက် ထစရာမလိုခြင်း၊
၄။ ကဲ့ရဲ့ဖွယ်ကို ဖုံးလွှမ်းထားမှု မရှိခြင်း၊
၅။ လွင်တီးခေါင်၌ နေခြင်းကဲ့သို့ ကိုယ်ကို ခိုင်မာစေမှု မရှိခြင်း၊
၆။ သိမ်းဆည်းခြင်းအမှု မရှိခြင်း၊
၇။ ကျောင်း၌ ကပ်ငြိခြင်း တဏှာ အာလယကို ပယ်မြစ်ခြင်း၊
၈။ သုတ်သင်ရှင်းလင်းရန် နှင်ထုတ်ခံရမှု မရှိခြင်း၊
၉။ နေသော သူ၏ ပီတိဖြစ်ပေါ်မှု ရှိခြင်း၊
၁၀။ ရောက်ရာအရပ်၌ ရလွယ်သဖြင့် ငဲ့ကွက်စရာ မရှိခြင်း။ (အဘိ၊ဋ္ဌ၊၁၊၄၁။) (အပ၊ဋ္ဌ၊၁၊၁၃။) (ဇာ၊ဋ္ဌ၊၁၊၁၂။)♦

သစ်ပင်ရင်း၌ နေခြင်းအကျိုး ၁၀ မျိုး

၁။ အားထုတ်ရမှု နည်းပါးခြင်း၊
၂။ ဤသစ်ပင်ရင်းအရပ်၌ ချဉ်းကပ်သွားရုံသာ ဖြစ်သောကြောင့် ရလွယ်၍ အပြစ်မရှိခြင်း၊
၃။ သစ်ရွက်တို့၏ ဖောက်ပြန်ခြင်းကို အမြဲမပြတ် တွေ့မြင်ရသဖြင့် အနိစ္စသညာကို ဖြစ်စေနိုင်ခြင်း၊
၄။ ကျောင်း အိပ်ရာနေရာ၌ ဝန်တိုမှု မဖြစ်ခြင်း၊
၅။ ထိုသစ်ပင်ရင်း၌ မကောင်းမှုကို ပြုသော် ရှက်ဖွယ် ဖြစ်ခြင်းကြောင့် မကောင်းမှုကို ပြုဖို့ ဆိတ်ကွယ်ရာ မရှိခြင်း၊
၆။ သိမ်းပိုက်မှု ပြုခြင်း မရှိခြင်း၊
၇။ နတ်တို့နှင့် အတူတကွ နေရခြင်း၊
၈။ အမိုးအကာမလိုခြင်း၊
၉။ သုံးဆောင်ရာ၌ လွယ်ကူချမ်းသာခြင်း၊
၁၀။ သစ်ပင်ရင်းကျောင်းကို ရောက်ရာရောက်ရာ အရပ်၌ ရလွယ် ခြင်းကြောင့် ငဲ့ကွက်စရာ မလိုခြင်း။ (ဗုဒ္ဓဝံ၊ဋ္ဌ၊၉၉။)♦

သစ်ရွက်မိုးကျောင်း အပြစ် ၈ ပါး

၁။ အဆောက်အဦ များစွာဖြင့် သစ်စသော အဆောက်အဦ တို့ကို စုဆောင်း၍ ပြုလုပ်ရ, ရှာမီးရခြင်း၊
၂။ မြက်, သစ်ရွက်, မြေစိုင်တို့ ကျကုန်သော် ထိုမြက်, သစ်ရွက်, မြေစိုင်တို့ကို အဖန်ဖန် ထားအပ်သည်၏ အဖြစ်ဖြင့် အမြဲမပြတ် သုတ်သင်ရခြင်း၊
၃။ အသက်ကြီးရဟန်းက ထစေအပ်သည်ဖြစ်ခြင်း (ကျောင်းမည်သည် အသက်ကြီး ရဟန်းအား ရောက်၏ အချိန်မတော် ရဟန်းကြီးသည် ထစေအပ်သော ရဟန်းငယ်အား စိတ်၏ တည်ကြည်ခြင်း မဖြစ်)၊
၄။ အချမ်းအပူကို ပယ်ဖျောက်သဖြင့် ကိုယ်၏ သိမ်မွေ့နူးညံ့သည်ကို ပြုတတ်ခြင်း၊
၅။ ကျောင်းသို့ ဝင်သော ရဟန်းသည် တစ်စုံတစ်ခုသော မကောင်းမှုကို ပြုခြင်းငှာ တတ်ကောင်းသောကြောင့် ကဲ့ရဲ့ခြင်းကို ဖုံးလွှမ်းခြင်း၊
၆။ ‘‘ငါ၏ ကျောင်း’’ဟု သိမ်းဆည်းမှုကို ပြုတတ်ခြင်း၊
၇။ ကျောင်းရှိနေခြင်းသည် အဖော်ရှိသောသူ၏ နေခြင်း ကဲ့သို့ ဖြစ်ခြင်း၊
၈။ သန်း, ကြမ်းပိုး, အိမ်မြှောင် စသော အများသတ္တဝါတို့နှင့် ဆက်ဆံမှု ရှိခြင်း။ (အဘိ၊ဋ္ဌ၊၁၊၄၀။) (အပ၊ဋ္ဌ၊၁၊၁၂။) (ဇာ၊ဋ္ဌ၊၁၊၁၂။)♦

သဉ္စရိတ္တ သံဃာဒိသိသ်အာပတ် ဖြစ်ကြောင်း သမုဋ္ဌာန် ၆ ပါး

၁။ ရံခါ ကိုယ်ကြောင့် ဖြစ်၏၊ နှုတ် စိတ်တို့ကြောင့် မဖြစ်၊
၂။ ရံခါ နှုတ်ကြောင့် ဖြစ်၏၊ ကိုယ်စိတ်တို့ကြောင့် မဖြစ်၊
၃။ ရံခါ ကိုယ်နှုတ်တို့ကြောင့် ဖြစ်၏၊ စိတ်ကြောင့် မဖြစ်၊
၄။ ရံခါ ကိုယ် စိတ်တို့ကြောင့် ဖြစ်၏၊ နှုတ်ကြောင့် မဖြစ်၊
၅။ ရံခါ နှုတ် စိတ်တို့ကြောင့် ဖြစ်၏၊ ကိုယ်ကြောင့် မဖြစ်၊
၆။ ရံခါ ကိုယ် နှုတ် စိတ်တို့ကြောင့် ဖြစ်၏။ (ဝိ၊၅၊၃၆၀။) (ဝိ၊မြန်၊၅။၄၆၄။)♦

သဉ္စရိတ္တသိက္ခာပုဒ်၌ အင်္ဂါ ၅ မျိုး

၁။ အောင်သွယ်မှု အပြုခံရသော သူတို့သည် လူဇာတ် ဖြစ်ခြင်း၊
၂။ ထိုက်တန်သော ပြောဆိုဖွယ် အောင်သွယ်စကားရှိသူ မဟုတ်သူ မဖြစ်ခြင်း၊
၃။ အောင်သွယ်မှုကို လက်ခံခြင်း၊
၄။ အောင်သွယ်မှုပြုရာ၌ စုံစမ်းခြင်း, သွားပြောပေးခြင်း၊
၅။ တုန့်ပြန်စကားကို ပြန်ပြောခြင်း။ (သာရတ္ထ၊ဋီ၊၂၊၃၃၀။) (ဝိမတိ၊၁၊၂၇၂။)♦

သဉ္စိစ္စသိက္ခာပုဒ်၌ အင်္ဂါ ၃ မျိုး

၁။ ရဟန်း ဖြစ်ခြင်း၊
၂။ စိတ် မချမ်းသာစေလိုသူ ဖြစ်ခြင်း၊
၃။ ကုက္ကုစ္စကို ဖြစ်စေခြင်း။ (သာရတ္ထ၊ဋီ၊၃၊၉၄။)♦

သညာ ၁၀ ပါး

ဖြစ်စေအပ်သော တရား ၁၀ ပါး၊ ဥပ္ပါဒေတဗ္ဗ တရား ၁၀ ပါးတို့နှင့် တူသည်။ ♦

သညာ ၁၀ ပါး

၁။ အသုဘသညာ- မတင့်တယ်ဟု အမှတ်ပြုခြင်း၊
၂။ မရဏသညာ- သေခြင်း၌ အမှတ်ပြုခြင်း၊
၃။ အာဟာရေ ပဋိကူလသညာ- အစားအစာ၌ စက်ဆုပ်ဖွယ်ဟု အမှတ်ပြုခြင်း၊
၄။ သဗ္ဗလောကေ အနဘိရတိသညာ- လောကအားလုံး၌ မမွေ့လျော်ဖွယ်ဟု အမှတ်ပြုခြင်း၊
၅။ အနိစ္စသညာ- မမြဲဟု အမှတ်ပြုခြင်း၊
၆။ အနိစ္စေ ဒုက္ခသညာ- မမြဲရာ၌ ဆင်းရဲဟု အမှတ်ပြုခြင်း၊
၇။ ဒုက္ခေ အနတ္တသညာ- ဆင်းရဲရာ၌ အစိုးမရဟု အမှတ်ပြုခြင်း၊
၈။ ပဟာန သညာ- ပယ်ခြင်း၌ ဖြစ်သော အမှတ်ပြုခြင်း၊
၉။ ဝိရာဂသညာ- တပ်မက်မှု ကင်းခြင်း၌ ဖြစ်သော အမှတ်ပြုခြင်း၊
၁၀။ နိရောဓသညာ- ချုပ်ခြင်း၌ အမှတ်ပြုခြင်း။ (အံ၊၃၊၃၄၀။) (အံ၊မြန်၊၃။၃၃၅။)♦

သညာ ၁၀ ပါး (တစ်နည်း)

၁။ မမြဲဟု အမှတ်ပြု အနိစ္စသညာ၊
၂။ အစိုးမရဟု အမှတ်ပြုမှု အနတ္တသညာ၊
၃။ သေခြင်း၌ အမှတ်ပြုမှု မရဏသညာ၊
၄။ အစားအစာ၌ စက်ဆုပ်ဖွယ်ဟု အမှတ်ပြုမှု အာဟာရေ ပဋိကူလသညာ၊
၅။ လောကအားလုံး၌ မမွေ့လျော်ဖွယ်ဟု အမှတ်ပြုမှု သဗ္ဗလောကေ အနဘိရတိသညာ၊
၆။ အရိုးစုဖြစ်၍ စက်ဆုပ်ဖွယ်ဟု အမှတ်ပြုမှု အဋ္ဌိကသညာ၊
၇။ ပိုးလောက်တို့ဖြင့် ပြည့်၍ စက်ဆုပ်ဖွယ်ဟု အမှတ်ပြုမှု ပုဠုဝကသညာ၊
၈။ အဆင်းဖောက်ပြန်၍ ညိုမဲစွဲလျက် စက်ဆုပ်ဖွယ်ဟု အမှတ်ပြုမှု ဝိနီလကသညာ၊
၉။ အပိုင်းပိုင်း၍ စက်ဆုပ်ဖွယ်ဟု အမှတ်ပြုမှု ဝိစ္ဆိဒ္ဒကသညာ၊
၁၀။ ဖူးဖူးရောင်ကြွတက်၍ စက်ဆုပ်ဖွယ်ဟု အမှတ်ပြုမှု ဥဒ္ဓုမာတကသညာ။ (အံ၊၃၊၃၄၀။) (အံ၊မြန်၊၃။၃၃၉။)♦

သညာ ၁၁ မျိုး

၁။ အတိတ်သညာ၊
၂။ အနာဂတ်သညာ၊
၃။ ပစ္စုပ္ပန်သညာ၊
၄။ အဇ္ဈတ္တသညာ၊
၅။ ဗဟိဒ္ဓသညာ၊
၆။ ဩဠာရိကသညာ၊
၇။ သုခုမသညာ၊
၈။ ဟီနသညာ၊
၉။ ပဏီတသညာ၊
၁၀။ ဒူရေသညာ၊
၁၁။ သန္တိကေသညာ။ (အဘိ၊ဝိ၊၅။) (အဘိ၊ဝိ၊မြန်၊၁။၉။)♦

သညာ ၃ ပါး (ဇာတ်အားဖြင့် သညာ ၃ ပါး)

၁။ ကုသလသညာ၊
၂။ အကုသလသညာ၊
၃။ အဗျာကတသညာ။ (ဝိသုဒ္ဓိ၊၂၊၉၂။)♦

သညာ ၃ ပါး (မကောင်းမှု တိုးပွားစေသော သညာ ၃ ပါး)

၁။ သူတစ်ပါးပစ္စည်းဥစ္စာတို့ကို မတရား သဖြင့် ရလိုသော သညာ။၂။ သူတစ်ပါးကို ပျက်စီးစေလိုသော သညာ၊
၃။ သူတစ်ပါးကို ညှဉ်းဆဲလိုသော သညာ။ (မ၊၃၊၉၈။) (မ၊မြန်၊၃။၁၀၂။)♦

သညာ ၃ မျိုး

၁။ ကာမသညာ၊
၂။ ဗျာပါဒသညာ၊
၃။ ဝိဟိံသာသညာ။ (သာရတ္ထ၊ဋီ၊၁၊၃၀၅။)♦

သညာ ၄ မျိုး

၁။ နည်းသော အာနုဘော်ရှိသော ကာမာဝစရသညာ (ပရိတ္တသညာ)၊
၂။ မြတ်သည်၏ အဖြစ်သို့ ရောက်သော ရူပါဝစရသညာ (မဟဂ္ဂတသညာ)၊
၃။ အတိုင်းအရှည် မရှိသော လောကုတ္တရာသညာ (အပ္ပမာဏသညာ)၊
၄။ တစ်စုံတစ်ခုမျှ မရှိဟူသော အာကိဉ္စညာယတန သညာ။ (အံ၊၃၊၃၀၆။) (အံ၊မြန်၊၃။၃၀၅။)♦

သညာ ၅ မျိုး (အကျိုးအာနိသင်ကြီးသော သညာ ၅ မျိုး)

၁။ မတင့်တယ်မှုဟူသော အမှတ် ‘‘အသုဘသညာ’’၊
၂။ သေခြင်း၌ ဖြစ်သော အမှတ် ‘‘မရဏသညာ’’၊
၃။ အပြစ်ဟု ဖြစ်သော အမှတ် ‘‘အာဒီနဝသညာ’’၊
၄။ မျိုအပ်သော အစာအာဟာရ၌ စက်ဆုပ်ရွံရှာဖွယ်ဟူသော အမှတ် ‘‘အာဟာရပဋိကူလသညာ’’၊
၅။ လောကအားလုံး၌ မွေ့လျော်ဖွယ် မရှိဟူသော အမှတ် ‘‘သဗ္ဗလောကအနဘိရတိသညာ’’။ (အံ၊၂၊၇၀။) (အံ၊မြန်၊၂။၈၅။)♦

သညာ ၅ မျိုး တစ်နည်း (အကျိုးအာနိသင်ကြီးသော သညာ ၅ မျိုး)

၁။ အမြဲမရှိ ဟူသော အမှတ် ‘‘အနိစ္စသညာ’’၊
၂။ အစိုးမရ ‘‘အတ္တမဟုတ်’’ဟူသော အမှတ် ‘‘အနတ္တသညာ’’၊
၃။ သေခြင်း၌ ဖြစ်သော အမှတ် ‘‘မရဏသညာ’’၊
၄။ မျိုအပ်သော အစာအာဟာရ၌ စက်ဆုပ် ရွံရှာဖွယ်ဟူသော အမှတ် ‘‘အာဟာရပဋိကူလသညာ’’၊၅။ လောကအားလုံး၌ မွေ့လျော်ဖွယ် မရှိ ဟူသော အမှတ် ‘‘သဗ္ဗလောကအနဘိရတိသညာ’’။ (အံ၊၂၊၇၀။) (အံ၊မြန်၊၂။၈၅။)♦

သညာ ၆ ပါး

၁။ ရူပသညာ- အဆင်း၌ မှတ်သားမှု၊
၂။ သဒ္ဒသညာ- အသံ၌ မှတ်သားမှု၊
၃။ ဂန္ဓသညာ- အနံ့၌ မှတ်သားမှု၊
၄။ ရသသညာ- အရသာ၌ မှတ်သားမှု၊
၅။ ဖောဋ္ဌဗ္ဗ သညာ- အတွေ့၌ မှတ်သားမှု၊
၆။ ဓမ္မသညာ- ဓမ္မသဘော၌ မှတ်သားမှု။ (သံ၊၂၊၄၉။) (သံ၊၂၊၅၂။) (သံ၊မြန်၊၂။၄၇-၅၀။) (သံ၊မြန်၊၂။၄၇-၅၀။)♦

သညာ ၇ ပါး

၁။ မတင့်တယ်ဟု မှတ်သားမှု- အသုဘသညာ၊
၂။ သေခြင်း၌ မှတ်သားမှု- မရဏသညာ၊
၃။ စားသောက်ဖွယ်၌ စက်ဆုပ်ဖွယ်ဟု မှတ်သားမှု- အာဟာရေ ပဋိကူလ သညာ၊
၄။ လောကအားလုံး၌ မမွေ့လျော်ဖွယ်ဟု မှတ်သားမှု- သဗ္ဗလောကေ အနဘိရတိ သညာ၊
၅။ မမြဲဟူ၍ မှတ်သားမှု- အနိစ္စသညာ၊
၆။ မမြဲခြင်း၌ ဆင်းရဲဟု မှတ်သားမှု- အနိစ္စေ ဒုက္ခသညာ၊
၇။ ဆင်းရဲခြင်း၌ အစိုးမရ အနတ္တဟု မှတ်သားမှု- ဒုက္ခေ အနတ္တသညာ။ (အံ၊၂၊၄၃၂။) (အံ၊မြန်၊၂။၅၄၆။)♦

သညာ ၇ ပါး

ဖြစ်စေအပ်သော တရား ၇ ပါး၊ ဥပ္ပါဒေတဗ္ဗတရား ၇ ပါးတို့နှင့် တူသည်။ ♦

သညာ ၇ ပါး (တစ်နည်း)

၁။ အနိစ္စာနုပဿနာဉာဏ်၌ ဖြစ်သော သညာ၊
၂။ အနတ္တာ နုပဿနာဉာဏ်၌ ဖြစ်သော သညာ၊
၃။ အသုဘာနုပဿနာဉာဏ်၌ ဖြစ်သော သညာ၊
၄။ အာဒီနဝါနုပဿနာဉာဏ်၌ ဖြစ်သော သညာ၊
၅။ ပဟာနာနုပဿနာဉာဏ်၌ ဖြစ်သော သညာ၊
၆။ ဝိရာဂါနုပဿနာဉာဏ်၌ ဖြစ်သော သညာ၊
၇။ နိရောဓာနုပဿနာဉာဏ်၌ ဖြစ်သော သညာ။ (ဒီ၊၃၊၂၀၉။) (ဒီ၊၃၊၂၄၂။) (ဒီ၊မြန်၊၃။၂၃၂။) (ဒီ၊မြန်၊၃။၂၆၅။)♦

သညာ ၇ ပါး (တစ်နည်း)

၁။ စက္ခုသမ္ဖဿဇာသညာ- မျက်စိအတွေ့ကြောင့် ဖြစ်သော မှတ်သားမှု၊
၂။ သောတသမ္ဖဿဇာသညာ- နားအတွေ့ကြောင့် ဖြစ်သော မှတ်သားမှု၊
၃။ ဃာနသမ္ဖဿဇာ သညာ- နှာခေါင်းအတွေ့ကြောင့် ဖြစ်သော မှတ်သားမှု၊
၄။ ဇိဝှါသမ္ဖဿဇာသညာ- လျှာ အတွေ့ကြောင့် ဖြစ်သော မှတ်သားမှု၊
၅။ ကာယသမ္ဖဿဇာသညာ- ကိုယ်အတွေ့ကြောင့် ဖြစ်သော မှတ်သားမှု၊
၆။ မနောဓာတုသမ္ဖဿဇာသညာ- မနောဓာတ် အတွေ့ကြောင့် ဖြစ်သော မှတ်သားမှု၊
၇။ မနောဝိညာဏဓာတုသမ္ဖဿဇာသညာ- မနော ဝိညာဏဓာတ်အတွေ့ကြောင့် ဖြစ်သော ခံစားမှတ်သားမှု။ (အဘိ၊ဝိ၊၄၁၆။) (အဘိ၊ဝိ၊၄၁၈။) (အဘိ၊ဝိ၊မြန်၊၂။၅၂၆။) (အဘိ၊ဝိ၊မြန်၊၂။၅၂၆။)♦

သညာ ၉ ပါး

ဖြစ်စေအပ်သော တရား ၉ ပါး၊ ဥပ္ပါဒေတဗ္ဗ တရား ၉ ပါးနှင့် တူသည်။ ♦

သညာက္ခန္ဓာ ၁၀ ပါး

၁။ စက္ခုသမ္ဖဿကြောင့် ဖြစ်သော သညာ၊
၂။ သောတသမ္ဖဿကြောင့် ဖြစ်သော သညာ၊
၃။ ဃာနသမ္ဖဿကြောင့် ဖြစ်သော သညာ၊
၄။ ဇိဝှါသမ္ဖဿကြောင့် ဖြစ်သော သညာ၊
၅။ ကာယသမ္ဖဿကြောင့် ဖြစ်သော သုခဝေဒနာနှင့် တကွဖြစ်သော သညာ၊
၆။ ကာယသမ္ဖဿကြောင့် ဖြစ်သော ဒုက္ခဝေဒနာနှင့် တကွဖြစ်သော သညာ၊
၇။ မနောဓာတုသမ္ဖဿကြောင့် ဖြစ်သော သညာ၊
၈။ မနောဝိညာဏဓာတုသမ္ဖဿကြောင့် ဖြစ်သော ကုသိုလ်သညာ၊
၉။ မနောဝိညာဏဓာတုသမ္ဖဿကြောင့် ဖြစ်သော အကုသိုလ် သညာ၊
၁၀။ မနောဝိညာဏဓာတုသမ္ဖဿကြောင့် ဖြစ်သော အဗျာကတသညာ။ (အဘိ၊ဝိ၊ ၂၇။) (အဘိ၊ဝိ၊မြန်၊၁။၁၁၅။)♦

သညာက္ခန္ဓာ ၂ ပါး

၁။ ဟိတ်ရှိသော သညာက္ခန္ဓာ၊
၂။ ဟိတ်မရှိသော သညာက္ခန္ဓာ။ (အဘိ၊ဝိ၊ ၂၆- ၂၇-၂၈။) (အဘိ၊ဝိ၊၃၀၊၃၁။) (အဘိ၊ဝိ၊မြန်၊၁။၁၁၅။) (အဘိ၊ဝိ၊မြန်၊၁။၁၁၅။)♦

သညာက္ခန္ဓာ ၂ ပါး (တစ်နည်း)

၁။ ဟိတ်နှင့် ယှဉ်သော သညာက္ခန္ဓာ၊
၂။ ဟိတ်နှင့် မယှဉ်သော သညာက္ခန္ဓာ။ (အဘိ၊ဝိ၊၃၀၊၃၁။) (အဘိ၊ဝိ၊မြန်၊၁။၁၁၅။)♦

သညာက္ခန္ဓာ ၂ ပါး (တစ်နည်း)

၁။ လောကီဖြစ်သော သညာက္ခန္ဓာ၊
၂။ လောကုတ္တရာဖြစ်သော သညာက္ခန္ဓာ။ (အဘိ၊ဝိ၊၃၂။) (အဘိ၊ဝိ၊မြန်၊၁။၁၂၅။)♦

သညာက္ခန္ဓာ ၂ ပါး (တစ်နည်း)

အာသဝတရား၏ အာရုံဖြစ်သော သညာက္ခန္ဓာ၊
၂။ အာသဝ တရား၏ အာရုံမဟုတ်သော သညာက္ခန္ဓာ။ (အဘိ၊ဝိ၊၃၂။) (အဘိ၊ဝိ၊မြန်၊၁။၁၃၂။)♦

သညာက္ခန္ဓာ ၂ ပါး (တစ်နည်း)

အာသဝတရားနှင့် ယှဉ်သော သညာက္ခန္ဓာ၊
၂။ အာသဝ တရားနှင့် မယှဉ်သော သညာက္ခန္ဓာ။ (အဘိ၊ဝိ၊၃၂။) (အဘိ၊ဝိ၊မြန်၊၁။၁၃၂။)♦

သညာက္ခန္ဓာ ၂ ပါး (တစ်နည်း)

၁။ အာသဝနှင့် မယှဉ်မူ၍ အာသဝ၏ အာရုံဖြစ်သော သညာက္ခန္ဓာ၊
၂။ အာသဝနှင့် မယှဉ်မူ၍ အာသဝ၏ အာရုံလည်း မဟုတ်သော သညာက္ခန္ဓာ။ (အဘိ၊ဝိ၊၃၂။) (အဘိ၊ဝိ၊မြန်၊၁။၁၃၃။)♦

သညာက္ခန္ဓာ ၂ ပါး (တစ်နည်း)

၁။ သံယောဇဉ်နှင့် အာရုံဖြစ်သော သညာက္ခန္ဓာ၊
၂။ သံယောဇဉ်၏ အာရုံမဟုတ်သော သညာက္ခန္ဓာ။ (အဘိ၊ဝိ၊၃၃။) (အဘိ၊ဝိ၊မြန်၊၁။၁၃၃။)♦

သညာက္ခန္ဓာ ၂ ပါး (တစ်နည်း)

၁။ သံယောဇဉ်နှင့် ယှဉ်သော သညာက္ခန္ဓာ၊
၂။ သံယောဇဉ်နှင့် မယှဉ်သော သညာက္ခန္ဓာ။ (အဘိ၊ဝိ၊၃၃။) (အဘိ၊ဝိ၊မြန်၊၁။၁၃၃။)♦

သညာက္ခန္ဓာ ၂ ပါး (တစ်နည်း)

၁။ သံယောဇဉ်နှင့် မယှဉ်မူ၍ သံယောဇဉ်၏ အာရုံသာ ဖြစ်သော သညာက္ခန္ဓာ၊
၂။ သံယောဇဉ်နှင့် မယှဉ်မူ၍ သံယောဇဉ်၏ အာရုံလည်း မဟုတ်သော သညာက္ခန္ဓာ။ (အဘိ၊ဝိ၊၃၃။) (အဘိ၊ဝိ၊မြန်၊၁။၁၃၄။)♦

သညာက္ခန္ဓာ ၂ ပါး (တစ်နည်း)

၁။ ဂန္ထတရား၏ အာရုံဖြစ်သော သညာက္ခန္ဓာ၊
၂။ ဂန္ထ တရား၏ အာရုံ မဟုတ်သော သညာက္ခန္ဓာ။ (အဘိ၊ဝိ၊၃၃။) (အဘိ၊ဝိ၊မြန်၊၁။၁၃၄။)♦

သညာက္ခန္ဓာ ၂ ပါး (တစ်နည်း)

၁။ ဂန္ထတရားနှင့် ယှဉ်သော သညာက္ခန္ဓာ။၂။ ဂန္ထတရား၏ အာရုံမဟုတ်သော သညာက္ခန္ဓာ။ (အဘိ၊ဝိ၊၃၃။) (အဘိ၊ဝိ၊မြန်၊၁။၁၃၅။)♦

သညာက္ခန္ဓာ ၂ ပါး (တစ်နည်း)

၁။ ဂန္ထတရားနှင့် မယှဉ်မူ၍ ဂန္ထတရား၏ အာရုံသာဖြစ်သော သညာက္ခန္ဓာ၊
၂။ ဂန္ထတရားနှင့် မယှဉ်မူ၍ ဂန္ထတရား၏ အာရုံလည်းမဟုတ်သော သညာက္ခန္ဓာ။ (အဘိ၊ဝိ၊၃၄။) (အဘိ၊ဝိ၊မြန်၊၁။၁၃၅။)♦

သညာက္ခန္ဓာ ၂ ပါး (တစ်နည်း)

၁။ ဩဃတရား၏ အာရုံဖြစ်သော သညာက္ခန္ဓာ၊
၂။ ဩဃ တရား၏ အာရုံမဟုတ်သော သညာက္ခန္ဓာ။ (အဘိ၊ဝိ၊၃၄။) (အဘိ၊ဝိ၊မြန်၊၁။၁၃၆။)♦

သညာက္ခန္ဓာ ၂ ပါး (တစ်နည်း)

၁။ ဩဃတရားနှင့် ယှဉ်သော သညာက္ခန္ဓာ၊
၂။ ဩဃ တရားနှင့် မယှဉ်သော သညာက္ခန္ဓာ။ (အဘိ၊ဝိ၊၃၄။) (အဘိ၊ဝိ၊မြန်၊၁။၁၃၆။)♦

သညာက္ခန္ဓာ ၂ ပါး (တစ်နည်း)

၁။ ဩဃတရားနှင့် မယှဉ်မူ၍ ဩဃတရား၏ အာရုံသာ ဖြစ်သော သညာက္ခန္ဓာ၊
၂။ ဩဃတရားနှင့် မယှဉ်မူ၍ ဩဃတရား၏ အာရုံလည်း မဟုတ်သော သညာက္ခန္ဓာ။ (အဘိ၊ဝိ၊၃၄။) (အဘိ၊ဝိ၊မြန်၊၁။၁၃၇။)♦

သညာက္ခန္ဓာ ၂ ပါး (တစ်နည်း)

၁။ ယောဂတရား၏ အာရုံဖြစ်သော သညာက္ခန္ဓာ၊
၂။ ယောဂ တရား၏ အာရုံမဟုတ်သော သညာက္ခန္ဓာ။ (အဘိ၊ဝိ၊၃၄။) (အဘိ၊ဝိ၊မြန်၊၁။၁၃၇။)♦

သညာက္ခန္ဓာ ၂ ပါး (တစ်နည်း)

၁။ ယောဂတရားနှင့် ယှဉ်သော သညာက္ခန္ဓာ၊
၂။ ယောဂ တရားနှင့် မယှဉ်သော သညာက္ခန္ဓာ။ (အဘိ၊ဝိ၊၃၄။) (အဘိ၊ဝိ၊မြန်၊၁။၁၃၇။)♦

သညာက္ခန္ဓာ ၂ ပါး (တစ်နည်း)

၁။ ယောဂတရားနှင့် မယှဉ်မူ၍ ယောဂတရား၏ အာရုံသာ ဖြစ်သော သညာက္ခန္ဓာ၊
၂။ ယောဂတရားနှင့် မယှဉ်မူ၍ ယောဂတရား၏ အာရုံလည်း မဟုတ်သော သညာက္ခန္ဓာ။ (အဘိ၊ဝိ၊၃၅။) (အဘိ၊ဝိ၊မြန်၊၁။၁၃၈။)♦

သညာက္ခန္ဓာ ၂၄ ပါး

၁။ စက္ခုသမ္ဖဿကြောင့် ဖြစ်သော ကုသိုလ် အကုသိုလ် အဗျာကတ သညာက္ခန္ဓာ သုံးပါး၊
၂။ သောတသမ္ဖဿကြောင့် ဖြစ်သော ကုသိုလ် အကုသိုလ် အဗျာကတသညာက္ခန္ဓာ သုံးပါး၊
၃။ ဃာနသမ္ဖဿကြောင့် ဖြစ်သော ကုသိုလ် အကုသိုလ် အဗျာကတသညာက္ခန္ဓာ သုံးပါး၊
၄။ ဇိဝှါသမ္ဖဿကြောင့် ဖြစ်သော ကုသိုလ် အကုသိုလ် အဗျာကတသညာက္ခန္ဓာ သုံးပါး၊
၅။ ကာယသမ္ဖဿကြောင့် ဖြစ်သော ကုသိုလ် အကုသိုလ် အဗျာကတသညာက္ခန္ဓာ သုံးပါး၊
၆။ မနောသမ္ဖဿကြောင့် ဖြစ်သော ကုသိုလ်, အကုသိုလ်, အဗျာကတသညာက္ခန္ဓာ သုံးပါး၊
၇။ စက္ခု, သောတ, ဃာန, ဇိဝှါ, ကာယ, မနောသမ္ဖဿ ကြောင့် ဖြစ်သော သညာက္ခန္ဓာ ခြောက်ပါး ပေါင်း ၂၄ ပါး။ (အဘိ၊ဝိ၊၃၅။) (အဘိ၊ဝိ၊မြန်၊၁။၁၄၀။)♦

သညာက္ခန္ဓာ ၃ ပါး

၁။ ကုသိုလ် သညာက္ခန္ဓာ၊
၂။ အကုသိုလ် သညာက္ခန္ဓာ၊
၃။ အဗျာကတ သညာက္ခန္ဓာ။ (အဘိ၊ဝိ၊၂၆။) (အဘိ၊ဝိ၊မြန်၊၁။၁၁၃) (အဘိ၊ဝိ၊၇၃။) (အဘိ၊ဝိ၊မြန်၊၁။၁၁၃)♦

သညာက္ခန္ဓာ ၃၀ ပါး

၁။ စက္ခုသမ္ဖဿကြောင့် ဖြစ်သော ကာမာဝစရ, ရူပါဝစရ, အရူပါဝစရ, အပရိယာပန္နသညာက္ခန္ဓာ လေးပါး၊
၂။ သောတသမ္ဖဿကြောင့် ဖြစ်သော ကာမာဝစရ, ရူပါဝစရ, အရူပါဝစရ, အပရိယာပန္နသညာက္ခန္ဓာ လေးပါး၊
၃။ ဃာနသမ္ဖဿကြောင့် ဖြစ်သော ကာမာဝစရ, ရူပါဝစရ, အရူပါဝစရ, အပရိယာပန္နသညာက္ခန္ဓာလေးပါး၊
၄။ ဇိဝှါ သမ္ဖဿကြောင့် ဖြစ်သော ကာမာဝစရ, ရူပါဝစရ, အရူပါဝစရ, အပရိယာပန္န သညာက္ခန္ဓာ လေးပါး၊
၅။ ကာယသမ္ဖဿကြောင့် ဖြစ်သော ကာမာဝစရ, ရူပါဝစရ, အရူပါ ဝစရ, အပရိယာပန္န သညာက္ခန္ဓာလေးပါး၊
၆။ မနောသမ္ဖဿကြောင့် ဖြစ်သော ကာမာဝစရ, ရူပါဝစရ, အရူပါဝစရ, အပရိယာပန္နသညာက္ခန္ဓာ လေးပါး၊
၇။ စက္ခု, သောတ, ဃာန, ဇိဝှါ, ကာယ, မနောသမ္ဖဿကြောင့် ဖြစ်သော သညာက္ခန္ဓာ ခြောက်ပါး ပေါင်း ၃၀ ဖြစ်၏။ (အဘိ၊ဝိ၊၃၆။) (အဘိ၊ဝိ၊မြန်၊၁။၁၄၂။)♦

သညာက္ခန္ဓာ ၄ ပါး

၁။ ကာမဘုံ၌ ဖြစ်သော ကာမာဝစရသညာက္ခန္ဓာ၊
၂။ ရူပဘုံ၌ ဖြစ်သော ရူပါဝစရသညာက္ခန္ဓာ၊
၃။ အရူပဘုံ၌ ဖြစ်သော အရူပါဝစရသညာက္ခန္ဓာ၊
၄။ ဘုံ သုံးပါး၌ အကျုံးမဝင်သော အပရိယာပန္န(လောကုတ္တရ) သညာက္ခန္ဓာ။ (အဘိ၊ဝိ၊၂၆။) (အဘိ၊ဝိ၊မြန်၊၁။၁၁၃။)♦

သညာက္ခန္ဓာ ၅ ပါး

၁။ သုခိန္ဒြေနှင့် ယှဉ်သော သညာက္ခန္ဓာ၊
၂။ ဒုက္ခိန္ဒြေနှင့် ယှဉ်သော သညာက္ခန္ဓာ၊
၃။ သောမနဿိန္ဒြေနှင့် ယှဉ်သော သညာက္ခန္ဓာ၊
၄။ ဒေါမနဿိန္ဒြေနှင့် ယှဉ်သော သညာက္ခန္ဓာ၊
၅။ ဥပေက္ခိန္ဒြေနှင့် ယှဉ်သော သညာက္ခန္ဓာ။ (အဘိ၊ဝိ၊၂၇။) (အဘိ၊ဝိ၊မြန်၊၁။၁၁၃။)♦

သညာက္ခန္ဓာ ၆ ပါး

၁။ စက္ခုသမ္ဖဿကြောင့် ဖြစ်သော သညာ၊
၂။ သောတသမ္ဖဿကြောင့် ဖြစ်သော သညာ၊
၃။ ဃာနသမ္ဖဿကြောင့် ဖြစ်သော သညာ၊
၄။ ဇိဝှါသမ္ဖဿကြောင့် ဖြစ်သော သညာ၊
၅။ ကာယသမ္ဖဿကြောင့် ဖြစ်သော သညာ၊
၆။ မနောသမ္ဖဿကြောင့် ဖြစ်သော သညာ။ (အဘိ၊ဝိ၊၂၇။) (အဘိ၊ဝိ၊မြန်၊၁။၁၁၄။)♦

သညာက္ခန္ဓာ ၇ ပါး

၁။ စက္ခုသမ္ဖဿကြောင့် ဖြစ်သော သညာ၊
၂။ သောတသမ္ဖဿကြောင့် ဖြစ်သော သညာ၊
၃။ ဃာနသမ္ဖဿကြောင့် ဖြစ်သော သညာ၊
၄။ ဇိဝှါသမ္ဖဿကြောင့် ဖြစ်သော သညာ၊
၅။ ကာယသမ္ဖဿကြောင့် ဖြစ်သော သညာ၊
၆။ မနောဓာတုသမ္ဖဿကြောင့် ဖြစ်သော သညာ၊
၇။ မနောဝိညာဏဓာတုသမ္ဖဿကြောင့် ဖြစ်သော သညာ။ (အဘိ၊ဝိ၊၂၇။) (အဘိ၊ဝိ၊မြန်၊၁။၁၁၄။)♦

သညာက္ခန္ဓာ ၇ ပါး (တစ်နည်း)

၁။ ကုသလသညာက္ခန္ဓာ။၂။ အကုသလသညာက္ခန္ဓာ၊
၃။ အဗျာကတ သညာက္ခန္ဓာ၊
၄။ ကာမာဝစရသညာက္ခန္ဓာ၊
၅။ ရူပါဝစရသညာက္ခန္ဓာ၊
၆။ အရူပါဝစရ သညာက္ခန္ဓာ၊
၇။ ဘုံသုံးပါး၌ အကျုံးမဝင်သော အပရိယာပန္န (လောကုတ္တရ) သညာက္ခန္ဓာ။ (အဘိ၊ဝိ၊၃၅။) (အဘိ၊ဝိ၊မြန်၊၁။၁၃၉။)♦

သညာက္ခန္ဓာ ၈ ပါး

၁။ စက္ခုသမ္ဖဿကြောင့် ဖြစ်သော သညာ၊
၂။ သောတသမ္ဖဿကြောင့် ဖြစ်သော သညာ၊
၃။ ဃာနသမ္ဖဿကြောင့် ဖြစ်သော သညာ၊
၄။ ဇိဝှါသမ္ဖဿကြောင့် ဖြစ်သော သညာ၊
၅။ ကာယသမ္ဖဿကြောင့် ဖြစ်သော သုခဝေဒနာနှင့် တကွဖြစ်သော သညာ၊
၆။ ကာယသမ္ဖဿကြောင့် ဖြစ်သော ဒုက္ခဝေဒနာနှင့် တကွဖြစ်သော သညာ၊
၇။ မနောဓာတုသမ္ဖဿကြောင့် ဖြစ်သော သညာ၊
၈။ မနောဝိညာဏဓာတုသမ္မဿကြောင့် ဖြစ်သော သညာ။ (အဘိ၊ဝိ၊၂၇။) (အဘိ၊ဝိ၊မြန်၊၁။၁၁၄။)♦

သညာက္ခန္ဓာ ၉ ပါး

၁။ စက္ခုသမ္ဖဿကြောင့် ဖြစ်သော သညာ၊
၂။ သောတသမ္ဖဿကြောင့် ဖြစ်သော သညာ၊
၃။ ဃာနသမ္ဖဿကြောင့် ဖြစ်သော သညာ၊
၄။ ဇိဝှါသမ္ဖဿကြောင့် ဖြစ်သော သညာ၊
၅။ ကာယသမ္ဖဿကြောင့် ဖြစ်သော သညာ၊
၆။ မနောဓာတု သမ္ဖဿကြောင့် ဖြစ်သော သညာ၊
၇။ မနောဝိညာဏဓာတုသမ္ဖဿကြောင့် ဖြစ်သော ကုသိုလ် သညာ၊
၈။ မနောဝိညာဏဓာတုသမ္ဖဿကြောင့် ဖြစ်သော အကုသိုလ်သညာ၊
၉။ မနော ဝိညာဏဓာတုသမ္ဖဿကြောင့် ဖြစ်သော အဗျာကတသညာ။ (အဘိ၊ဝိ၊၂၇။) (အဘိ၊ဝိ၊မြန်၊၁။၁၁၅။)♦

သညာချုပ်ခြင်းဆိုင်ရာ အယူမှားခြင်း ၄ မျိုး

၁။ အချို့သမဏ, ဗြာဟ္မဏတို့က သညာ တို့သည် အကြောင်းအထောက်အပံ့ မရှိဘဲ ဖြစ်လည်းဖြစ် ချုပ်လည်းချုပ်ကြသည်။ အကြင်အခါ သညာဖြစ်သည်၊ ထိုအခါသညာရှိသည်၊ အကြင်အခါ သညာချုပ်သည် ထိုအခါ သညာ မရှိဟု ယူသော အယူမှားခြင်း၊
၂။ အချို့သမဏ, ဗြာဟ္မဏတို့သည်ကား သတ္တဝါ၏ အတ္တ ဖြစ်သည်၊ ထိုသညာသည် ကပ်လည်းကပ် ခွါလည်းခွါသည်၊ အကြင်အခါမှာ သညာ ကပ်သည် ထိုအခါ သညာရှိသည်၊ အကြင်အခါ သညာခွါသည်၊ ထိုအခါ သညာမရှိဟု ယူသော အယူမှားခြင်း၊
၃။ အချို့သမဏ ဗြာဟ္မဏတို့က တန်ခိုးကြီးသော သမဏ, ဗြာဟ္မဏ သတ္တဝါ၏ သညာကို ငင်၍လည်း သွင်းကြသည်၊ ငင်၍လည်း ထုတ်ကြသည်၊ အကြင် အခါမှာ သတ္တဝါ၏ သညာကို ငင်၍ သွင်းကြသည်၊ ထိုအခါ သညာရှိသည်၊ အကြင်အခါမှာ သတ္တဝါ၏ သညာကို ငင်၍ ထုတ်ကြသည်၊ ထိုအခါမှာ သညာမရှိဟု ယူသော အယူမှားခြင်း၊
၄။ အချို့သမဏ, ဗြာဟ္မဏတို့က တန်ခိုးကြီးသော နတ် သတ္တဝါ၏ သညာကို ငင်၍လည်း သွင်းကြသည် ငင်၍လည်း ထုတ်ကြသည်၊ အကြင်အခါမှာ သတ္တဝါ၏သညာကို ငင်၍ သွင်းကြသည်၊ ထိုအခါ သညာရှိသည်၊ အကြင်အခါမှာ သတ္တဝါ၏ သညာကို ငင်၍ ထုတ်ကြသည်၊ ထိုအခါ သညာမရှိဟု ယူသော အယူမှားခြင်း။ (ဒီ၊၁၊၁၆၈။) (ဒီ၊မြန်၊၁။၂၀၄။)♦

သညာနှင့်တကွ ကိုယ်ဝန်ရှိသော သတ္တဝါ ၇ မျိုး

၁။ ကုလားအုပ်၊
၂။ နွား၊
၃။ မြည်း၊
၄။ ဆိတ်၊
၅။ သိုး၊
၆။ ဆတ်, သမင်၊
၇။ ကျွဲ။ (ဒီ၊ဋ္ဌ၊၁၊၁၄၈။) (ဒီ၊ဋ္ဌ၊မြန်၊၁။၂၈၇။)♦

သညာမရှိသည့် ကိုယ်ဝန်ရှိသော သတ္တဝါ ၇ မျိုး

၁။ သလေး၊
၂။ ကောက်ကြီး၊
၃။ မုယော၊
၄။ နတ်ကောက်၊
၅။ ဆပ်၊
၆။ ပြောင်း၊
၇။ လူး။ (ဒီ၊ဋ္ဌ၊၁၊၁၄၈။) (ဒီ၊ဋ္ဌ၊မြန်၊၁။၂၈၇။)♦

သညာမရှိသော အတ္တ ၄ မျိုး

၁။ ရုပ်ရှိသော အတ္တ၊
၂။ ရုပ်မရှိသော အတ္တ၊
၃။ ရုပ်ရှိသည်လည်း ဟုတ် ရုပ်မရှိသည်လည်း ဟုတ်သော အတ္တ၊
၄။ ရုပ်ရှိသည်လည်း မဟုတ် ရုပ်မရှိသည်လည်း မဟုတ်သော အတ္တ။ (မ၊၃၊၁၈။) (မ၊မြန်၊၃။၁၉။)♦

သညာရှိသော အတ္တ ၈ မျိုး

၁။ ရုပ်ရှိသော သညာရှိသော အတ္တ၊
၂။ ရုပ်မရှိသော သညာ ရှိသော အတ္တ၊
၃။ ရုပ်ရှိ နာမ်ရှိသော သညာရှိသော အတ္တ၊
၄။ ရုပ်ရှိသည်လည်း မဟုတ် နာမ်ရှိသည်လည်း မဟုတ်သော သညာရှိသော အတ္တ၊
၅။ တူသော သညာရှိသော သညာ ရှိသော အတ္တ၊
၆။ ထူးသော သညာရှိသော သညာရှိသော အတ္တ၊
၇။ နည်းသော သညာရှိသော သညာရှိသော အတ္တ၊
၈။ အတိုင်းအရှည်မဲ့ သညာရှိသော သညာရှိသော အတ္တ။ (မ၊၃၊၁၈။) (မ၊မြန်၊၃။၁၉။)♦

သညာအပေါင်း ၆ ပါး

၁။ ရူပသညာ- ရူပါရုံ၌ ဖြစ်သော သညာ၊
၂။ သဒ္ဒသညာ- သဒ္ဒါရုံ၌ ဖြစ်သော သညာ၊
၃။ ဂန္ဓသညာ- ဂန္ဓာရုံ၌ ဖြစ်သော သညာ၊
၄။ ရသသညာ- ရသာရုံ၌ ဖြစ်သော သညာ၊
၅။ ဖောဋ္ဌဗ္ဗသညာ- ဖောဋ္ဌဗ္ဗာရုံ၌ ဖြစ်သော သညာ၊
၆။ ဓမ္မသညာ- ဓမ္မာရုံ၌ ဖြစ်သော သညာ။ (ဒီ၊၃၊၂၀၂။) (ဒီ၊မြန်၊၃။၂၂၅။)♦

သညီဝါဒ ၁၆ မျိုး

၁။ သေပြီးနောက် သညာရှိအယူ (၁၆) မျိုး-
အတ္တသည် ရုပ်ရှိသည်၊ သေပြီးနောက် ပျက်စီးခြင်းမရှိ သညာရှိသည်ဟု ယူသော အယူ၊
၂။ အတ္တသည် ရုပ်မရှိ၊ သေပြီးနောက် ပျက်စီးခြင်းမရှိ၊ သညာရှိသည်ဟု ယူသော အယူ၊
၃။ အတ္တသည် ရုပ်ရှိ သည်လည်း ဟုတ်၏၊ ရုပ်မရှိသည်လည်း ဟုတ်၏၊ သေပြီးနောက် ပျက်စီးခြင်းမရှိ၊ သညာ ရှိသည်ဟု ယူသော အယူ၊
၄။ အတ္တသည် ရုပ်ရှိသည်လည်း မဟုတ်၊ ရုပ်မရှိသည်လည်း မဟုတ်၊ သေပြီးနောက် ပျက်စီးခြင်းမရှိ၊ သညာရှိသည်ဟု ယူသော အယူ၊
၅။ အတ္တသည် အဆုံးရှိ၏၊ သေပြီးနောက် ပျက်စီးခြင်းကို သညာရှိသည်ဟု ယူသော အယူ၊
၆။ အတ္တသည် အဆုံးမရှိ၊ သေပြီးနောက် ပျက်စီးခြင်းမရှိ၊ သညာရှိသည်ဟု ယူသော အယူ၊
၇။ အတ္တသည် အဆုံးရှိသည်လည်း ဟုတ်၏၊ အဆုံးမရှိသည်လည်း ဟုတ်၏၊ သေပြီးနောက် ပျက်စီးခြင်း မရှိ၊ သညာရှိသည်ဟု ယူသောအယူ၊
၈။ အတ္တသည် အဆုံးရှိသည်လည်း မဟုတ်၊ အဆုံးမရှိ သည်လည်း မဟုတ်၊ သေပြီးနောက် ပျက်စီးခြင်းမရှိ သညာရှိသည်ဟု ယူသော အယူ၊
၉။ အတ္တသည် တစ်မျိုးတည်းသော သညာရှိ၏၊ သေပြီးနောက် ပျက်စီးခြင်းမရှိ၊ သညာ ရှိသည်ဟု ယူသော အယူ၊
၁၀။ အတ္တသည် အမျိုးမျိုးသော သညာ ရှိ၏၊ သေပြီးနောက် ပျက်စီးခြင်း မရှိ၊ သညာရှိသည်ဟု ယူသော အယူ၊
၁၁။ အတ္တသည် သေးငယ်သော သညာ ရှိ၏၊ သေပြီးနောက် ပျက်စီးခြင်း မရှိ၊ သညာရှိသည်ဟု ယူသော အယူ၊
၁၂။ အတ္တသည် ကြီးကျယ်သော သညာရှိ၏၊ သေပြီးနောက် ပျက်စီးခြင်း မရှိ၊ သညာရှိသည်ဟု ယူသော အယူ၊
၁၃။ အတ္တသည် စင်စစ် ချမ်းသာချည်း ရှိသည်၊ သေပြီးနောက် ပျက်စီးခြင်း မရှိ၊ သညာရှိသည်ဟု ယူသော အယူ၊
၁၄။ အတ္တသည် စင်စစ် ဆင်းရဲချည်း ရှိသည်၊ သေပြီးနောက် ပျက်စီးခြင်းမရှိ၊ သညာရှိသည်ဟု ယူသော အယူ၊
၁၅။ အတ္တသည် ချမ်းသာ ဆင်းရဲ ရှိ၏၊ သေပြီးနောက် ပျက်စီးခြင်းမရှိ သညာရှိသည်ဟု ယူသော အယူ၊
၁၆။ အတ္တသည် ချမ်းသာ ဆင်းရဲ မရှိ၊ သေပြီးနောက် ပျက်စီးခြင်းမရှိ သညာရှိသည်ဟု ယူသော အယူ။ (ဒီ၊၁၊၂၈၊၂၉။) (ဒီ၊မြန်၊၁။၃၃။)♦

သည်းခံခြင်း အကျိုး ၅ ပါး

၁။ လူအများ ချစ်ခင်နှစ်သက်ခြင်း၊
၂။ ရန်မများခြင်း၊
၃။ အပြစ် မများခြင်း၊
၄။ မတွေမဝေဘဲ သေရခြင်း၊
၅။ သေလွန်ပြီးနောက် နတ်ပြည်သို့ လားရောက်ရခြင်း။ (အံ၊၂၊၂၂၂။) (အံ၊မြန်၊၂။၂၈၀-၂၈၁။)♦

သည်းခံခြင်း အကျိုး ၅ ပါး (တစ်နည်း)

၁။ လူအများ ချစ်ခင် နှစ်သက်ခြင်း၊
၂။ မကြမ်းကြုတ် မခက်ထန်ခြင်း၊
၃။ စိတ်နှလုံး မသာမယာ မဖြစ်ခြင်း၊
၄။ မတွေမဝေဘဲ သေရခြင်း၊
၅။ သေလွန် ပြီးနောက် နတ်ပြည်သို့ ရောက်ရခြင်း။ (အံ၊၂၊၂၂၃။) (အံ၊မြန်၊၂။၂၈၁။)♦

သည်းခြေ ၂ မျိုး

၁။ ဗဒ္ဓပိတ္တ- အိမ်ဖြင့် ဖွဲ့ထားအပ်သော သည်းခြေ။၊
၂။ အဗဒ္ဓပိတ္တ- အိမ်ဖြင့် မဖွဲ့အပ်သော သည်းခြေ။ (ဝိ၊ဋ္ဌ၊၁၊၂၃၄။) (အဘိ၊ဋ္ဌ၊၂၊၂၃၂။) (ခုဒ္ဒက၊ဋ္ဌ၊၄၈။) (ဝိသုဒ္ဓိ၊၁၊၂၅၂။)♦

သည်းခြေ ပျက်ကြောင်း ၃ မျိုး

၁။ အအေးကြောင့် ပျက်ခြင်း၊
၂။ အပူကြောင့် ပျက်ခြင်း၊
၃။ မသင့်သော အစာအာဟာရကြောင့် ပျက်ခြင်း။ (မိလိန္ဒ၊၁၃၇။) (မိလိန္ဒ၊မြန်။၁၄၈။)♦

သည်းခြေကြောင့် ဖြစ်သော ဝေဒနာ ၃ မျိုး

၁။ ကုသလဝေဒနာ- ကုသိုလ်နှင့် ယှဉ်သော ဝေဒနာ၊
၂။ အကုသလဝေဒနာ- အကုသိုလ်နှင့် ယှဉ်သော ဝေဒနာ၊
၃။ အဗျာကတဝေဒနာ- အဗျာကတနှင့် ယှဉ်သော ဝေဒနာ။ (သံ၊ဋ္ဌ၊၃၊၁၂၁။)♦

သည်းမခံခြင်း သည်းခံခြင်း ဆိုင်ရာ အကျင့် ၄ မျိုး

၁။ သည်းမခံခြင်း ဟူသော အကျင့်၊
၂။ သည်းခံခြင်း ဟူသော အကျင့်၊
၃။ ဆုံးမခြင်း ဟူသော အကျင့်၊
၄။ ငြိမ်းအေးစေခြင်း ဟူသော အကျင့်။ (အံ၊၁၊၄၇၀။) (အံ၊မြန်၊၁။၄၈၃။)♦

သည်းမခံခြင်း အပြစ် ၅ ပါး

၁။ လူအများ မချစ်ခင် မနှစ်သက်ခြင်း၊
၂။ ရန်များခြင်း၊
၃။ အပြစ်များခြင်း၊
၄။ တွေဝေလျက် သေရခြင်း၊
၅။ ငရဲသို့ ရောက်ခြင်း။ (အံ၊၂၊၂၂၂။) (အဘိ၊ဝိ၊၃၉၃။) (အံ၊မြန်၊၂။၂၈၀။) (အံ၊မြန်၊၂။၂၈၁။) (အဘိ၊ဝိ၊မြန်၊၂။၄၉၇။)♦

သည်းမခံခြင်း အပြစ် ၅ ပါး (တစ်နည်း)

၁။ လူအများ မနှစ်သက်ခြင်း၊
၂။ ကြမ်းကြုတ်ခြင်း၊
၃။ နှလုံး မသာယာခြင်း၊
၄။ တွေဝေလျက် သေရခြင်း၊
၅။ သေလွန်ပြီးနောက် ငရဲသို့ ရောက်ရခြင်း။ (အံ၊၂၊၂၂၂။) (အံ၊မြန်၊၂။၂၈၁။)♦

သတတဝိဟာရ ၆ ပါး

ရဟန္တာ၏ မြဲသော နေခြင်း ၆ ပါး၊ ဖြစ်စေအပ်သော တရား ၆ ပါး၊ ဥပ္ပါဒေတဗ္ဗ တရား ၆ ပါးတို့နှင့် တူသည်။ ♦

သတတဝိဟာရ ၆ ပါး (တစ်နည်း)

၁။ မျက်စိဖြင့် ရူပါရုံကို မြင်သော် ဝမ်းသာ ဝမ်းနည်း မဖြစ်ဘဲ လျစ်လျူရှု၍ နေခြင်း၊
၂။ နားဖြင့် သဒ္ဒါရုံကို ကြားသော် ဝမ်းသာ ဝမ်းနည်း မဖြစ်ဘဲ လျစ်လျူရှု၍ နေခြင်း၊
၃။ နှာခေါင်းဖြင့် ဂန္ဓာရုံကို နမ်းသော် ဝမ်းသာ ဝမ်းနည်း မဖြစ်ဘဲ လျစ်လျူရှု၍ နေခြင်း၊
၄။ လျှာဖြင့် ရသာရုံကို လျက်သော် ဝမ်းသာ ဝမ်းနည်း မဖြစ်ဘဲ လျစ်လျူရှု၍ နေခြင်း၊
၅။ ကိုယ်ဖြင့် ဖောဋ္ဌဗ္ဗာရုံကို တွေ့ထိသော် ဝမ်းသာ ဝမ်းနည်း မဖြစ်ဘဲ လျစ်လျူရှု၍ နေခြင်း၊
၆။ စိတ်ဖြင့် ဓမ္မာရုံကို သိသော် ဝမ်းသာ ဝမ်းနည်း မဖြစ်ဘဲ လျစ်လျူရှု၍ နေခြင်း။ (ဒီ၊၃၊၂၀၇။) (ဒီ၊၃၊၂၃၉။) (ဒီ၊မြန်၊၃။၂၃၀။) (ဒီ၊မြန်၊၃။၂၆၂။)♦

သံတမန် အင်္ဂါ ၈ ပါး

တမန်အဖြစ်ဖြင့် သွားထိုက်သော ရဟန်း၏ အင်္ဂါ ၈ ပါးနှင့် တူသည်။ ♦

သတိကင်းစွာ ကျိန်းသော ရဟန်း၏ အပြစ် ၅ ပါး

၁။ ဆင်းရဲစွာ အိပ်ရခြင်း၊
၂။ ဆင်းရဲစွာ နိုးရခြင်း၊
၃။ မကောင်းသော အိပ်မက် မြင်မက်ခြင်း၊
၄။ နတ်တို့ မစောင့်ရှောက်ခြင်း၊
၅။ သုက် လွတ်ခြင်း။ (ဝိ၊၃၊၄၀၉။) (ဝိ၊၅၊၃၅၇။) (အံ၊၂၊၂၁၉။) (ဝိ၊မြန်၊၃။၄၁၃။) (ဝိ၊မြန်၊၅။၄၆၀။) (အံ၊မြန်၊၂။၂၇၆။)♦

သတိထား၍ ဆည်းကပ်ထိုက်သော အရာ ၅ မျိုး

၁။ ရှင်ဘုရင်၊
၂။ မီး၊
၃။ ဆင်၊
၄။ မြွေဟောက်၊
၅။ အလုံးစုံသော မိန်းမ။ (ဇာတက၊၂၊၁၂၅။)♦

သတိန္ဒြေ စင်ကြယ်ကြောင်း ၃ ပါး

၁။ သတိလွတ်သော မေ့တတ်သော ပုဂ္ဂိုလ်တို့ကို ရှောင်ကြဉ်ခြင်း၊
၂။ သတိရှိသော ပုဂ္ဂိုလ်တို့ကို မှီဝဲဆည်းကပ်ခြင်း၊
၃။ သတိပဋ္ဌာန်တရားတို့ကို ဆင်ခြင်ခြင်း။ (ပဋိသံ၊၁၉၈။) (မ၊ဋ္ဌ၊၄၊၂၄၃။) (သံ၊ဋ္ဌ၊၃၊၃၆။) (အံ၊ဋ္ဌ၊၁၊၃၈၈။) (ဥဒါန၊ဋ္ဌ၊၁၉၉။) (အံ၊ဋီ၊၃၊၂၆၉။)♦

သတိပဋ္ဌာန် ၄ ပါး

ပွားများအပ်သော တရား ၄ ပါး၊ ဘာဝေတဗ္ဗတရား ၄ ပါးတို့နှင့် တူသည်။ ♦

သတိပဋ္ဌာန် ၄ ပါး

၁။ ပြင်းစွာ အားထုတ်သော လုံ့လရှိသည်ဖြစ်၍ ဆင်ခြင်ဉာဏ် သမ္ပဇဉ်, အောက်မေ့မှု သတိ ရှိသည်ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်လျက် ရုပ် အပေါင်း၌ ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုသည်ဖြစ်၍ နေခြင်း၊
၂။ ပြင်းစွာ အားထုတ်သော လုံ့လရှိသည်ဖြစ်၍ ဆင်ခြင်ဉာဏ် သမ္ပဇဉ်, အောက်မေ့မှု သတိရှိသည် ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်လျက် ဝေဒနာတို့၌ ဝေဒနာတို့ကို အကြိမ်ကြိမ် ရှုလေ့ ရှိသည်ဖြစ်၍ နေခြင်း၊
၃။ ပြင်းစွာ အားထုတ်သော လုံ့လရှိသည်ဖြစ်၍ ဆင်ခြင်ဉာဏ် သမ္ပဇဉ်, အောက်မေ့မှု သတိရှိသည်ဖြစ်၍ လောက၌ အဘိဇ္ဈာ, ဒေါမနဿတို့ကို ပယ်ဖျောက်လျက် စိတ်၌ စိတ်ဟု အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေခြင်း၊
၄။ ပြင်းစွာ အားထုတ်သော လုံ့လရှိသည် ဖြစ်၍ ဆင်ခြင်ဉာဏ် သမ္ပဇဉ်, အောက်မေ့မှု သတိရှိသည်ဖြစ်၍ လောက၌ အဘိဇ္ဈာ ဒေါမနဿတို့ကို ပယ်ဖျောက်လျက် သဘောတရားတို့၌ သဘောတရားဟု အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေခြင်း။ (ဒီ၊၂၊၁၇၅။) (ဒီ၊၂၊၂၃၁။) (ဒီ၊၃၊၁၈၅။) (မ၊၁၊၇၀။) (မ၊၂၊၂၀၃။) (သံ၊၃၊၁၂၃။) (သံ၊၃၊၁၄၃။) (သံ၊၃၊၁၄၅။) (အဘိ၊ဝိ၊၂၀၀။) (အဘိ၊ဝိ၊၂၁၀။) (အဘိ၊ဝိ၊၂၁၃။) (ပဋိသံ၊၄၀၆။) (မဟာနိ၊၃၇၉။) (ပဋိသံ၊ဋ္ဌ၊၁၊၁၁၇။) (ပဋိသံ၊ဋ္ဌ၊၁၊၂၇၀။) (ဒီ၊မြန်၊၂။၁၉၉။) (ဒီ၊မြန်၊၂။၂၅၉။) (ဒီ၊မြန်၊၃။၂၀၅။) (ဒီ၊မြန်၊၃။၂၅၃။) (မ၊မြန်၊၁။၇၆။) (မ၊မြန်၊၂။၂၁၅။) (သံ၊မြန်၊၃။၁၂၇။) (သံ၊မြန်၊၃။၁၂၇။) (သံ၊မြန်၊၃။၁၂၇။) (သံ၊မြန်၊၃။၁၂၇။) (သံ၊မြန်၊၃။၁၆၆။) (အဘိ၊ဝိ၊မြန်၊၂။၁၅၉။) (အဘိ၊ဝိ၊မြန်၊၂။၁၅၉။) (အဘိ၊ဝိ၊မြန်၊၂။၁၅၉။) (ပဋိသံ၊မြန်။၄၆၇။) (ဒီ၊၃၊၂၃၀။)♦

သတိပဋ္ဌာန် ပွားများကျိုး ၂ ပါး (သတိပဋ္ဌာန်တရားကို အနည်းဆုံး ခုနစ်ရက်မှ အများဆုံး ခုနစ်နှစ် ပွားများအားထုတ်ပြီးသော ပုဂ္ဂိုလ်တို့ ရရှိသော အကျိုး ၂ ပါး)

၁။ မျက်မှောက်ဘဝ၌ပင် ရဟန္တာ ဖြစ်နိုင်ခြင်း၊
၂။ အနာဂါမ်ပုဂ္ဂိုလ် ဖြစ်နိုင်ခြင်း။ (ဒီ၊၂၊၂၅၁-၂၅၂။) (မ၊၁၊၉၀။) (ဒီ၊မြန်၊၂။၂၈၀။) (မ၊မြန်၊၁။၉၈။)♦

သတိပဋ္ဌာန်ု ပွားများပုံ အခြင်းအရာ ၃ မျိုး

၁။ အတွင်းဖြစ်သော ကိုယ်၌ ကိုယ်ဟု အဖန်ဖန် ရှုလျက် နေခြင်း၊
၂။ အပဖြစ်သော ကိုယ်၌ ကိုယ်ဟု အဖန်ဖန်ရှုလျက် နေခြင်း၊
၃။ အတွင်း, အပ ဖြစ်သော ကိုယ်၌ ကိုယ်ဟု အဖန်ဖန်ရှုလျက် နေခြင်း၊ (ဝေဒနာနုပဿနာ, စိတ္တာနုပဿနာ, ဓမ္မာနုပဿနာတို့ကိုလည်း ဤကာယာနုပဿနာနည်းတူ ရှုနိုင်သည်)။ (သံ၊၃၊၁၂၅။) (သံ၊မြန်၊၃။၁၂၉။)♦

သတိဖြင့် ကျိန်းသော ရဟန်း၏ အကျိုး ၅ ပါး

၁။ ချမ်းသာစွာ အိပ်ရခြင်း၊
၂။ ချမ်းသာစွာ နိုးရခြင်း၊
၃။ မကောင်းသော အိပ်မက်များကို မမြင်မက်ခြင်း၊
၄။ နတ်တို့ စောင့်ရှောက်ခြင်း၊
၅။ သုက်မလွှတ်ခြင်း။ (ဝိ၊၃၊၄၁၀။) (ဝိ၊၅၊၃၅၇။) (အံ၊၂၊၂၁၉။) (ဝိ၊မြန်၊၃။၄၁၃။) (ဝိ၊မြန်၊၅။ ၄၆၀။) (အံ၊မြန်၊၂။၂၇၆။)♦

သတိရှိသူဖြစ်ကြောင်း ၄ ပါး

၁။ ကိုယ်ကာယ၌ ကာယာနုပဿနာသတိပဋ္ဌာန်ကို ပွားခြင်း၊
၂။ ဝေဒနာတို့၌ ဝေဒနာနုပဿနာကို ပွားခြင်း၊
၃။ စိတ်၌ စိတ္တာနုပဿနာသတိပဋ္ဌာန်ကို ပွားခြင်း၊
၄။ ဓမ္မတို့၌ ဓမ္မာနုပဿနာသတိပဋ္ဌာန်ကို ပွားခြင်း။ (မဟာနိ၊၁၈၈။) (မဟာနိ၊၂၆၉။) (မဟာနိ၊၃၁၂။) (မဟာနိ၊၃၈၁။) (မဟာနိ၊၃၈၅။) (မဟာနိ၊၇။)♦

သတိရှိသူဖြစ်ကြောင်း ၄ ပါး (တစ်နည်း)

၁။ သတိမရှိသူကို ကြဉ်ရှောင်ခြင်း၊
၂။ သတိရှိ စေသော တရားတို့ကို ပြုခြင်း၊
၃။ သတိကို နှောင်ဖွဲ့တတ်သော တရားတို့ကို ပယ်သတ်ခြင်း၊
၄။ သတိ၏ နိမိတ်ဖြစ်သော တရားကို မမေ့လျော့ခြင်း။ (မဟာနိ၊၇။) (မဟာနိ၊၂၆၉။)♦

သတိရှိသူဖြစ်ကြောင်း ၄ ပါး (တစ်နည်း)

၁။ သတိနှင့် ပြည့်စုံခြင်း၊
၂။ သတိကို အလေ့အလာ ပြုခြင်း၊
၃။ သတိကို အလေ့အကျက် ပြုခြင်း၊
၄။ သတိမသက်ဆင်းခြင်း။ (မဟာနိ၊၇။) (မဟာနိ၊၂၆၉။)♦

သတိရှိသူဖြစ်ကြောင်း ၄ ပါး (တစ်နည်း)

၁။ ကပ်ငြိခြင်းကြောင့်၊
၂။ ငြိမ်သက်သောကြောင့်၊
၃။ ငြိမ်းအေးသောကြောင့်၊
၄။ ငြိမ်သက်သော တရားနှင့် ပြည့်စုံသောကြောင့်။ (မဟာနိ၊၈။) (မဟာနိ၊၂၆၉။)♦

သတိလွတ်ခြင်း စသည်တို့ ဖြစ်ကြောင်း တရား ၃ ပါး

၁။ အရိယာပုဂ္ဂိုလ်တို့အား ဖူးမြော်ရန် အလိုမရှိခြင်း၊
၂။ အရိယာတို့၏ တရားကို နာရန် အလိုမရှိခြင်း၊
၃။ ချုပ်ချယ်လိုသော စိတ် ရှိခြင်း။ (အံ၊၃၊၃၇၁။) (အံ၊မြန်၊၃။၃၆၉။)♦

သတိဝိနည်းကို ပေးခြင်း အင်္ဂါ ၅ ပါး

၁။ စင်ကြယ်သော အာပတ်မသင့်သော (ရဟန္တာ) ပုဂ္ဂိုလ်အား ပေးခြင်း၊
၂။ စောဒနာအပ်သော ပုဂ္ဂိုလ်အား ပေးခြင်း၊
၃။ တောင်းပန်အပ်သော ပုဂ္ဂိုလ်အား ပေးခြင်း၊
၄။ သံဃာဖြင့် ပေးခြင်း၊
၅။ တရားနှင့် လျော်ညီစွာ အညီအညွတ် ပေးခြင်း။ (ဝိ၊ဋ္ဌ၊၄၊၃၆။)♦

သတိဝိနယ၏ စလယ်ဆုံး ၃ ပါး

၁။ဝတ္ထုနှင့် ပုဂ္ဂိုလ်တို့သည် သတိဝိနယသမထ၏ အစတည်း၊
၂။ ဉတ်သည် သတိဝိနယသမထ၏ အလယ်တည်း၊
၃။ ကမ္မဝါစာသည် သတိဝိနယသမထ၏ အဆုံးတည်း။ (ဝိ၊၅၊၂၅၂။) (ဝိ၊မြန်၊၅။၃၄၄။)♦

သတိသမ္ပဇဉ်ဖြင့် ဆင်ခြင်၍ ပြုရမည့် အရာဌာန ၇ ပါး

၁။ ရှေ့သို့တက်ရာ နောက်သို့ဆုတ်ရာ၌ ဆင်ခြင်လျက် ပြုခြင်း၊
၂။ တူရူကြည့်ရာ တစောင်းကြည့်ရာ၌ ဆင်ခြင်လျက် ပြုခြင်း၊
၃။ ကွေးရာဆန့်ရာ၌ ဆင်ခြင်လျက် ပြုခြင်း၊
၄။ ဒုကုဋ်သပိတ်သင်္ကန်းကို ဆောင်ရာ၌ ဆင်ခြင်လျက် ပြုခြင်း၊
၅။ စားရာ သောက်ရာ ခဲရာ လျက်ရာ၌ ဆင်ခြင်လျက် ပြုခြင်း၊
၆။ ကျင်ကြီး ကျင်ငယ်စွန့်ရာ၌ ဆင်ခြင်လျက် ပြုခြင်း၊
၇။ သွားရာ, ရပ်ရာ, ထိုင်ရာ, အိပ်ရာ, နိုးရာ, ပြောရာ, ဆိတ်ဆိတ်နေရာ၌ ဆင်ခြင်လျက် ပြုခြင်း။ (ဒီ၊၁၊၆၇။) (ဒီ၊မြန်၊၁။၇၉။)♦

သတိသမ္ဗောဇ္ဈင် တည်ကြောင်း ၈ ပါး

၁။ မဖြစ်ခြင်း အနုပ္ပါဒကို ဆင်ခြင်ခြင်းကြောင့် တည်ခြင်း၊
၂။ ဖြစ်ခြင်း ဥပ္ပါဒကို မဆင်ခြင်ခြင်းကြောင့် တည်ခြင်း၊
၃။ ဆက်၍မဖြစ်ခြင်း အပဝတ္တကို ဆင်ခြင်ခြင်းကြောင့် တည်ခြင်း၊
၄။ ဆက်၍ဖြစ်ခြင်း ပဝတ္တကို မဆင်ခြင်ခြင်းကြောင့် တည်ခြင်း၊
၅။ နိမိတ်မရှိခြင်း အနိမိတ္တကို ဆင်ခြင်ခြင်းကြောင့် တည်ခြင်း၊
၆။ နိမိတ်နိမိတ္တကို မဆင်ခြင်ခြင်းကြောင့် တည်ခြင်း၊
၇။ ချုပ်ခြင်း ဝိသင်္ခါရကို ဆင်ခြင် ခြင်းကြောင့် တည်ခြင်း၊
၈။ သင်္ခါရတို့ကို မဆင်ခြင်ခြင်းကြောင့် တည်ခြင်း။ (သံ၊ဋ္ဌ၊၃၊၁၈၂။) (ပဋိသံ၊၃၁၂။) (ပဋိသံ၊ မြန်။၃၇၃။)♦

သတိသမ္ဗောဇ္ဈင် ဖြစ်ကြောင်း တရား ၄ ပါး

၁။ ရှေ့သို့သွားခြင်း နောက်သို့ဆုတ်ခြင်း စသည် တို့၌ သတိသမ္ပဇဉ်ရှိသူ ဖြစ်ခြင်း၊
၂။ သတိကင်းလွတ်သော ပုဂ္ဂိုလ်ကို ရှောင်ကြဉ်သူ ဖြစ်ခြင်း၊
၃။ သတိစွဲမြဲသော ပုဂ္ဂိုလ်ကို မှီဝဲသူ ဖြစ်ခြင်း၊
၄။ ထိုသတိသမ္ဗောဇ္ဈင်ဖြစ်ခြင်း၌ စွဲစွဲမြဲမြဲ သက်ဝင်သူ ဖြစ်ခြင်း။ (ဒီ၊ဋ္ဌ၊၂၊၃၇၆။) (မ၊ဋ္ဌ၊၁၊၂၉၄။) (သံ၊ဋ္ဌ၊၃၊၁၉၃။) (အံ၊ဋ္ဌ၊၁၊၃၉၀။) (အဘိ၊ဋ္ဌ၊၂၊၂၆၃။) (ဒီ၊ဋီ၊၂၊၁၂၉။) (ဒီ၊ဋ္ဌ၊မြန်၊၂။၆၉၇။) (ဒီ၊ဋ္ဌ၊မြန်၊၂။၆၉၇။)♦

သတိသမ္ဗောဇ္ဈင် ရွေ့လျှောကြောင်း ၈ ပါး

၁။ ဖြစ်ခြင်းကို ဆင်ခြင်ခြင်းကြောင့် ရွေ့လျှောခြင်း၊
၂။ မဖြစ်ခြင်းကို မဆင်ခြင်ခြင်းကြောင့် ရွေ့လျှောခြင်း၊
၃။ ဆက်၍ဖြစ်ခြင်းကို ဆင်ခြင် ခြင်းကြောင့် ရွေ့လျှောခြင်း၊
၄။ ဆက်၍ မဖြစ်ခြင်းကို မဆင်ခြင်ခြင်းကြောင့် ရွေ့လျောခြင်း၊
၅။ နိမိတ်ကို ဆင်ခြင်ခြင်းကြောင့် ရွေ့လျှောခြင်း၊
၆။ နိမိတ်မရှိခြင်းကို မဆင်ခြင်ခြင်းကြောင့် ရွေ့လျှောခြင်း၊
၇။ သင်္ခါရတို့ကို ဆင်ခြင်ခြင်းကြောင့် ရွေ့လျှောခြင်း၊
၈။ ချုပ်ခြင်းကို မဆင်ခြင်ခြင်းကြောင့် ရွေ့လျှောခြင်း။ (ပဋိသံ၊၃၁၂။) (ပဋိသံ၊မြန်။၃၇၃။)♦

သတ္တဝါ ၂ မျိုး

၁။ ကျွတ်ထိုက်သော ဘဗ္ဗသတ္တဝါ၊
၂။ မကျွတ်ထိုက်သော အဘဗ္ဗသတ္တဝါ။ (မ၊ဋ္ဌ၊၂၊၈၆။)♦

သတ္တဝါ ၃ မျိုး

၁။ ရုပ်၌ တွေဝေသော သတ္တဝါ၊
၂။ နာမ်တရား၌ တွေဝေသော သတ္တဝါ၊
၃။ ရုပ်, နာမ်နှစ်ပါး အပေါင်း၌ တွေဝေသော သတ္တဝါ။ (ဝိသုဒ္ဓိ၊ဋီ၊၂၊၈၅။)♦

သတ္တဝါ ၃ မျိုး (တစ်နည်း)

၁။ ထက်မြက်သော ဣန္ဒြေရှိသော သတ္တဝါ၊
၂။ အလယ်အလတ် ဣန္ဒြေရှိသော သတ္တဝါ၊
၃။ နူးညံ့သော ဣန္ဒြေရှိသော သတ္တဝါ။ (ဝိသုဒ္ဓိ၊ဋီ၊၂၊၈၅။)♦

သတ္တဝါ ၃ မျိုး (တစ်နည်း)

၁။ အကျဉ်းအားဖြင့် ဟောကြားအပ်သော တရားကို နှစ်သက်သော သတ္တဝါ၊
၂။ မကျဉ်းမကျယ် အလယ်အလတ်အားဖြင့် ဟောကြားအပ်သော တရားကို နှစ်သက်သော သတ္တဝါ၊
၃။ အကျယ်အားဖြင့် ဟောကြားအပ်သော တရားကို နှစ်သက်သော သတ္တဝါ။ (ဝိသုဒ္ဓိ၊ ဋီ၊၂။၈၅။)♦

သတ္တဝါ ၄ မျိုး

၁။ ကာမဓာတ်၌ ဖြစ်သော သတ္တဝါ- ရူပူပဂ၊
၂။ အသညသတ်ဘုံ ကြဉ်သော ရူပဓာတ်၌ ဖြစ်သော သတ္တဝါ- ဝေဒနူပဂ၊
၃။ အောက်အရူပဓာတ် သုံးဘုံ၌ ဖြစ်သော သတ္တဝါ- သညူပဂ၊
၄။ နေဝသညာနာသညာယတနဘုံ ဟူသော ဘဝဂ်၌ ဖြစ်သော သတ္တဝါ- သင်္ခါရူပဂ။ (သုတ္တနိ၊ဋ္ဌ၊၂၊၂၂၄။)♦

သတ္တဝါတို့ ကိလေသာမှ စင်ကြယ်ကြောင်း တရား ၄ ပါး

၁။ မဂ်စေတနာ၊
၂။ မဂ်ပညာ၊
၃။ သမာဓိ၏ အသင်းအပင်းဖြစ်သော တရား၊
၄။ သီလရှိသော မြတ်သော အသက်မွေးခြင်း။ (သံ၊၁၊၃၁။) (သံ၊၁၊၅၄။) (သံ၊မြန်၊၁။၃၁၊၅၃။) (သံ၊မြန်၊၁။၃၁၊၅၃။)♦

သတ္တဝါတို့ မှီကုန်သော ဒိဋ္ဌိ ၂ မျိုး

၁။ သဿတဒိဋ္ဌိ- အတ္တ လောကသည် မြဲ၏ဟူသော အယူ၊
၂။ ဥစ္ဆေဒဒိဋ္ဌိ- အတ္တကောင် သတ္တဝါကောင်သည် လည်းကောင်း, လောကသည် လည်းကောင်း, သေပြီးနောက်ထပ်၍ မဖြစ်, အဆက်ပြတ်၏ ဟူသော အယူမှား။ (သာရတ္ထ၊ဋီ၊၁၊၂၄၉။)♦

သတ္တဝါတို့၌ လျစ်လျူရှုကြောင်း ၂ ပါး

၁။ ‘‘သင်သည် မိမိ၏ ကုသိုလ်ကံ, အကုသိုလ်ကံဖြင့် လာ၍ မိမိ၏ ကံဖြင့် သွားရလိမ့်မည်၊ ဤသူသည်လည်း မိမိ၏ ကံဖြင့် လာ၍ မိမိ၏ ကံဖြင့် သွားရလိမ့်မည်၊ သင်သည် အဘယ်သူကို မြတ်နိုးသနည်း’’ဟု ကံသာလျှင် မိမိ၏ ဥစ္စာရှိသည်၏ အဖြစ်ကို ဆင်ခြင်ခြင်း၊
၂။ ‘‘ပရမတ်အားဖြင့် သတ္တဝါသည်ပင် မရှိ၊ သင်သည် အဘယ်သူကို မြတ်နိုးဘိသနည်း’’ဟု သတ္တဝါမဟုတ်သည်၏ အဖြစ်ကို ဆင်ခြင်ခြင်း။ (မ၊ဋ္ဌ၊၁၊၃၀၂။)♦

သတ္တဝါတို့၏ ကိုယ်ကို စောင့်ရှောက်ခြင်း ၂ မျိုး

၁။ ကိုယ်တွင်း ဘေးရန်တို့ကို ပယ်ဖျောက် ခြင်းဖြင့် ကိုယ်ကို စောင့်ရှောက်ခြင်း၊
၂။ ပြင်ပဘေးရန်တို့ကို ပယ်ဖျောက်ခြင်းဖြင့် ကိုယ်ကို စောင့်ရှောက်ခြင်း။ (ဒီ၊ဋီ၊၃၊၁၄၁။)♦

သတ္တဝါတို့၏ နေရာ ဘုံဌာန ၉ မျိုး

၁။ ကိုယ်သဏ္ဌာန်ချင်း ကွဲပြား၍ ပဋိသန္ဓေသညာချင်းလည်း ကွဲပြားကုန်သော လူ, အချို့သော နတ်နှင့် ဝေမာနိကပြိတ္တာ သတ္တဝါတို့နေရာ၊
၂။ ကိုယ် သဏ္ဌာန်ချင်း ကွဲပြား၍ ပဋိသန္ဓေသညာချင်း တူကုန်သော ပထမဈာန်ဗြဟ္မာတို့၏ နေရာ၊
၃။ ကိုယ်သဏ္ဌာန်ချင်း တူကုန်၍ ပဋိသန္ဓေသညာချင်း ကွဲပြားကုန်သော အာဘဿရာ ဗြဟ္မာတို့၏ နေရာ၊
၄။ ကိုယ်သဏ္ဌာန်ချင်း တူကုန်၍ ပဋိသန္ဓေသညာချင်းလည်း တူကုန်သော သုဘကိဏှာဗြဟ္မာတို့၏ နေရာ၊
၅။ သညာမရှိသော အာရုံကို ခံစားခြင်း မရှိသော အသညသတ် ဗြဟ္မာတို့၏ နေရာ၊
၆။ အာကာသာနဉ္စာယတနဗြဟ္မာတို့၏ နေရာ အာကာသာနဉ္စာယတနဘုံ၊
၇။ ဝိညာဏဉ္စာယတနဗြဟ္မာတို့၏နေရာ ဝိညာဏဉ္စာယတနဘုံ၊
၈။ အာကိဉ္စာညာယတန ဗြဟ္မာတို့၏နေရာ အာကိဉ္စာညာယတနဘုံ၊
၉။ နေဝသညာ နာသညာယတနဗြဟ္မာတို့၏ နေရာ နေဝသညာနာသညာယတနဘုံ။ (ဒီ၊၃၊၂၁၈။) (ဒီ၊မြန်၊၃။၂၄၁-၂၄၂။)♦

သတ္တဝါအားလုံးတို့ကို မေတ္တာပွားပုံ ၈ မျိုး (သတ္တဝါအားလုံးတို့အား)

၁။ နှိပ်စက်ခြင်းကို ကြဉ်ကာ မနှိပ်စက်စေခြင်း၊
၂။ ကပ်၍ ဖြတ်ခြင်းကို ကြဉ်ကာ ကပ်၍ မဖြတ်စေခြင်း၊
၃။ စိတ်ပူပန် ခြင်းကို ကြဉ်ကာ မပူပန်စေခြင်း၊
၄။ ကုန်ခြင်းကို ကြဉ်ကာ မကုန်စေခြင်း၊
၅။ ညှဉ်းဆဲခြင်းကို ကြဉ်ကာ မညှဉ်းဆဲစေခြင်း၊
၆။ သတ္တဝါအားလုံးတို့သည် ရန်မရှိသူတို့ ဖြစ်ကြပါစေ၊ ရန်ရှိသူ မဖြစ်ကြစေခြင်း၊
၇။ ချမ်းသာရှိသူတို့ ဖြစ်ကြပါစေ၊ ဆင်းရဲသူတို့ မဖြစ်စေခြင်း၊၊
၈။ ချမ်းသာသော ကိုယ်စိတ်ရှိသူတို့ ဖြစ်ကြပါစေ၊ ဆင်းရဲသော ကိုယ်စိတ်ရှိသူတို့ မဖြစ်ကြ စေခြင်း။ (ပဋိသံ၊၃၁၅။) (ပဋိသံ၊မြန်။၃၇၇။)♦

သတ္တာဝါသ ၉ ပါး

သတ္တဝါတို့၏ နေရာ ဘုံဌာန ၉ ပါးနှင့် တူသည်။ ♦

သတ္တာဝါသဘုံ ၉ မျိုး

ပိုင်းခြား၍ သိအပ်သော တရား ၉ ပါး၊ ပရိညေယျတရား ၉ ပါးတို့နှင့် တူသည်။ ♦

သတ္တာဝါသဘုံ ၉ မျိုး

၁။ ခန္ဓာကိုယ် ပုံသဏ္ဌာန်ချင်း ကွဲပြား၍ ပဋိသန္ဓေသညာချင်းလည်း ကွဲပြားသော လူ, အချို့သော နတ်နှင့် ဝေမာနိကပြိတ္တာတို့၏ နေရာဌာနဘုံ၊
၂။ ခန္ဓာကိုယ် ပုံသဏ္ဌာန်ချင်း ကွဲပြား၍ ပဋိသန္ဓေချင်းတူသော ပထမဈာန်ဗြဟ္မာတို့၏ နေရာဌာနဘုံ၊
၃။ ခန္ဓာကိုယ် ပုံသဏ္ဌာန်ချင်း တူ၍ ပဋိသန္ဓေသညာချင်း ကွဲပြားကုန်သော အာဘဿရာဗြဟ္မာတို့၏ နေရာ ဌာနဘုံ၊
၄။ ခန္ဓာကိုယ်ပုံသဏ္ဌာန်ခြင်းလည်း တူ၍ ပဋိသန္ဓေသညာချင်းလည်း တူသော သုဘကိဏှာဗြဟ္မာတို့၏ နေရာဌာနဘုံ၊
၅။ ရုပ်သာရှိ၍ သညာနှင့် တကွ စိတ်စေတသိက် အားလုံး ဖြစ်ခြင်းလည်း မရှိ ခံစားခြင်းလည်း မရှိသော အသညသတ်ဗြဟ္မာတို့၏ နေရာ ဌာနဘုံ၊
၆။ ရူပသညာကို လွန်မြောက်ခြင်း, ပဋိဃသညာ၏ ချုပ်ငြိမ်းခြင်း, နာနတ္တသညာကို နှလုံးမသွင်းခြင်းကြောင့် ‘‘ကောင်းကင်သည် အဆုံးအပိုင်းအခြားမရှိ’ဟု ပွားများသော အာကာသာနဉ္စာယတန ဗြဟ္မာတို့၏ နေရာဌာနဘုံ၊
၇။ အာကာသာနဉ္စာယတနဈာန်ကို လွန်မြောက်၍ ‘‘ဝိညာဉ်သည် အဆုံး အပိုင်းအခြား မရှိ’’ဟု ပွားများသော ဝိညာဏဉ္စာယတန ဗြဟ္မာတို့၏ နေရာဌာနဘုံ၊
၈။ ဝိညာဏဉ္စာယတနဈာန်ကို လွန်မြောက်၍ ‘‘တစ်စုံ တစ်ခုမျှ မရှိ’’ဟု ပွားများသော အာကိဉ္စညာယတန ဗြဟ္မာတို့၏ နေရာဌာနဘုံ၊
၉။ အာကိဉ္စညာယတန ဈာန်ကို လွန်မြောက်၍ နေဝသညာနာသညာယတနဈာန်ကို ရသော ဗြဟ္မာတို့၏ နေရာ ဌာနဘုံ။ (အံ၊၃၊၂၀၁။) (ပဋိသံ၊ဋ္ဌ၊၁၊၁၀၇။) (ခုဒ္ဒက၊ဋ္ဌ၊၇၃။) (သာရတ္ထ၊ဋီ၊၁၊၂၄၆။) (အံ၊မြန်၊၃။၂၀၁။)♦

သတ္တု ၄ မျိုး

၁။ ဇာတိလောဟ- ပင်ကိုယ်သဘောအားဖြင့် ဖြစ်သော သတ္တု, သတ္တုစစ်၊
၂။ ဝိဇာတိ လောဟ- ပကတိကြေးသတ္တုနှင့် မတူသော အမျိုးအစားရှိသော ကြေး၊
၃။ ကိတ္တိမလောဟ- ရောစပ်ပြုလုပ်ထားသော ကြေးသတ္တု၊
၄။ ပိသာစလောဟ- ပိသာစအမည်ရှိသော ကြေးသတ္တု။ (အဘိ၊ဋ္ဌ၊၂၊၆၀။)♦

သတ္တုစစ် ၇ မျိုး

၁။ သံ၊
၂။ ငွေ၊
၃။ ရွှေ၊
၄။ ခဲ၊ ခဲမဖြူ၊ သလွဲဖြူ၊
၅။ ခဲနက်၊ သလွဲမည်း၊
၆။ ကြေးနီ၊
၇။ ကြေးနီအထူး သံမဏိ။ (မ၊ဋီ၊၁၊၆၉။)♦

သတ္တုဿဒတာ လက္ခဏာတော်၌ သတ္တ သရုပ် ၇ ပါး

၁။ လက်ဖမိုး ၂ ဖက်၊
၂။ ခြေဖမိုး ၂ ဖက်၊
၃။ ပခုံးစွန်း ၂ ဖက်၊
၄။ လည်ဂုတ်။ (ဒီ၊၃၊၁၂၄။) (ဒီ၊မြန်၊၃။၁၄၂။)♦

သတ္တုအတု ၃ မျိုး

၁။ ကြေးနီကို သလွဲဖြူနှင့် စပ်သော ကြေးသတ္တုသည် ကံသလောဟ၊
၂။ ကြေးနီကို သလွဲမည်းနှင့် စပ်သော ကြေးသတ္တုသည် ဝဋ္ဋလောဟ၊
၃။ ကြေးနီကို ပြဒါးနှင့် စပ်သော ကြေးသတ္တုသည် အာရကူဋ။ (မ၊ဋီ၊၁၊၆၉။)♦

သတ်မှတ်ချက် မရှိသော အရာ ၅ မျိုး

၁။ ဇီဝိတံ- အသက်၊
၂။ ဗျာဓိ- အနာရောဂါ၊
၃။ ကာလ- သေရမည့်ကာလ၊
၄။ ဒေဟနိက္ခေပန- ခန္ဓာကိုယ် ပစ်ချမြှုပ်နှံရာ အရပ်၊
၅။ ဂတိ- လားရာ ဂတိ။ (ဝိသုဒ္ဓိ၊၂၂၈။)♦

သဒ္ဒရုပ်၏ အကြောင်း ၂ မျိုး

၁။ ဥတု၊
၂။ စိတ်။ (မ၊ဋီ၊၂၊၁၉၅။)♦

သဒ္ဓမ္မ ၃ မျိုး

သာသနာ ၃ မျိုးနှင့် တူသည်။ ♦

သဒ္ဓမ္မပ္ပတိရူပက၂ မျိုး

သူတော်ကောင်းတရားအတု ၂ မျိုးနှင့် တူသည်။ ♦

သဒ္ဓါ ၄ မျျိုး

၁။ အာဂမသဒ္ဓါ- ဘုရားအလောင်းတို့၏ ဘုရားဆုပန်သည့် အချိန်မှ စ၍ ဖြစ်ပေါ် လာသော သဒ္ဓါ၊
၂။ အဓိဂမသဒ္ဓါ- အရိယာသာဝကတို့၏ အရဟတ္တမဂ် အရဟတ္တ ဖိုလ်ကို ထိုးထွင်း၍ သိခြင်းကြောင့် ရရှိဖြစ်ပေါ်လာသော သဒ္ဓါ၊
၃။ ဩကပ္ပနသဒ္ဓါ- ရတနာသုံးပါး တို့၌ မတုန်မလှုပ် သက်ဝင် ယုံကြည်သော သဒ္ဓါ၊
၄။ ပသာဒသဒ္ဓါ- ကြည်ညိုဖွယ် ကောင်းသော ပသာဒနီယဝတ္ထုတို့၌ ကြည်ညိုတတ်သော သဒ္ဓါ။ (ဒီ၊ဋ္ဌ၊၂၊၁၁၉။) (ဒီ၊ဋ္ဌ၊၃၊၂၁၂။) (မ၊ဋ္ဌ၊၃၊၂၂၅။) (အံ၊ဋ္ဌ၊၃၊၂၆။) (အံ၊ဋီ၊၃၊၃။) (ဒီ၊ဋ္ဌ၊မြန်၊၂။၂၂၂။)♦

သဒ္ဓါစရိုက်ရှိသူနှင့် သင့်လျော်သော ကမ္မဋ္ဌာန်း ၆ ပါး

၁။ ဘုရားရှင် (ဂုဏ်တော်) ကို အောက်မေ့ခြင်း- ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်း၊
၂။ တရား (ဂုဏ်တော်) ကို အောက်မေ့ခြင်း- ဓမ္မာနုဿတိ ကမ္မဋ္ဌာန်း၊
၃။ သံဃာ့ (ဂုဏ်တော်) ကို အောက်မေ့ခြင်း- သံဃာနုဿတိ ကမ္မဋ္ဌာန်း၊
၄။ သီလ (ဂုဏ်တော်) ကို အောက်မေ့ခြင်း- သီလာနုဿတိကမ္မဋ္ဌာန်း၊
၅။ စွန့်ကြဲပေးကမ်း လှူဒါန်း ခြင်း၏ ဂုဏ်ကျေးဇူးကို (အာရုံပြု၍) အဖန်ဖန်အထပ်ထပ် အောက်မေ့ခြင်း- စာဂါနုဿတိ ကမ္မဋ္ဌာန်း၊
၆။ နတ် ဗြဟ္မာတို့ကို သက်သေအဖြစ်ဖြင့် အာရုံပြု၍ အဖန်တလဲလဲ ဖြစ်သော အောက်မေ့ခြင်း- ဒေဝတာနုဿတိကမ္မဋ္ဌာန်း။ (ဝိသုဒ္ဓိ၊၁၊၁၁၀။)♦

သဒ္ဓါစသော ဣန္ဒြေငါးပါးကို ပွားများရကျိုး ၇ ပါး

၁။ ရှေးဦးစွာ မျက်မှောက်ဘဝ၌ပင် အရဟတ္တဖိုလ်ကို ပြီးစေနိုင်ခြင်း၊
၂။ မျက်မှောက်ဘဝ၌ အရဟတ္တဖိုလ်ကို အကယ်၍ မပြီးစေနိုင်ခဲ့လျှင် သေခါနီးအခါ၌ အရဟတ္တဖိုလ်ကို ပြီးစေနိုင်ခြင်း၊
၃။ သေခါနီးအခါ၌ အရဟတ္တဖိုလ်ကို အကယ်၍ မပြီးစေနိုင်ခဲ့လျှင် သက္ကာယဒိဋ္ဌိ ဝိစိကိစ္ဆာ စသော အောက် သံယောဇဉ် ငါးပါးတို့ ကုန်ခန်းခြင်းကြောင့် သက်တမ်း၏ အလယ်၌ ပရိနိဗ္ဗာန်ပြုမည့် အန္တရာပရိနိဗ္ဗာယီ အနာဂါမ်ပုဂ္ဂိုလ် ဖြစ်နိုင်ခြင်း၊
၄။ အကယ်၍ အန္တရာပရိနိဗ္ဗာယီ အနာဂါမ် ပုဂ္ဂိုလ် မဖြစ်ခဲ့လျှင် သက်တမ်းထက်ဝက်ကို ကျော်၍ ပရိနိဗ္ဗာန်ပြုမည့် ဥပဟစ္စရိနိဗ္ဗာယီ အနာဂါမ်ပုဂ္ဂိုလ် ဖြစ်နိုင်ခြင်း၊
၅။ အကယ်၍ ဥပဟစ္စပရိနိဗ္ဗာယီ အနာဂါမ်ပုဂ္ဂိုလ် မဖြစ်ခဲ့လျှင် လုံ့လပယောဂ မပါဘဲ ပရိနိဗ္ဗာန်ပြုမည့် အသင်္ခါရပရိနိဗ္ဗာယီ အနာဂါမ်ပုဂ္ဂိုလ် ဖြစ်နိုင်ခြင်း၊
၆။ အကယ်၍ အသင်္ခါရပရိနိဗ္ဗာယီ အနာဂါမ်ပုဂ္ဂိုလ် မဖြစ်ခဲ့လျှင် လုံ့လပယောဂနှင့် တကွ ပရိနိဗ္ဗာန်ပြုမည့် သသင်္ခါရပရိနိဗ္ဗာယီ အနာဂါမ်ပုဂ္ဂိုလ် ဖြစ်နိုင်ခြင်း၊
၇။ အကယ်၍ သသင်္ခါရ ပရိနိဗ္ဗာယီ အနာဂါမ်ပုဂ္ဂိုလ် မဖြစ်ခဲ့လျှင် အထက်အထက်ဘုံသို့ အဆင့်ဆင့် တက်၍ အကနိဋ္ဌဗြဟ္မာ့ဘုံ၌ ပရိနိဗ္ဗာန်ပြုမည့် ဥဒ္ဓံသောတအကနိဋ္ဌဂါမီ အနာဂါမ်ပုဂ္ဂိုလ် ဖြစ်နိုင်ခြင်း။ (သံ၊၃၊၂၀၈။) (သံ၊မြန်၊၃။၂၁၄။)♦

သဒ္ဓါစသော ဣန္ဒြေငါးပါးတို့ စင်ကြယ်ကြောင်း ၁၅ ပါး

၁။ သဒ္ဓိန္ဒြေ စင်ကြယ်ကြောင်း ၃ ပါး၊
၂။ ဝီရိယိန္ဒြေ စင်ကြယ်ကြောင်း ၃ ပါး၊
၃။ သတိန္ဒြေ စင်ကြယ်ကြောင်း ၃ ပါး၊
၄။ သမာဓိန္ဒြေ စင်ကြယ်ကြောင်း ၃ ပါး၊
၅။ ပညိန္ဒြေ စင်ကြယ်ကြောင်း ၃ ပါး၊ ပေါင်း ၁၅ ပါး။ (ခု၊၉၊၁၉၈။ အံ၊ဋီ၊၃၊၂၆၉။)♦

သဒ္ဓါတရား အားကောင်းသော သူအား လျောက်ပတ်သော ကမ္မဋ္ဌာန်း ၆ ပါး

၁။ ဘုရားရှင် (ဂုဏ်တော်) ကို အောက်မေ့ခြင်း- ဗုဒ္ဓါနုဿတိ၊
၂။ တရား (ဂုဏ်တော်) ကို အောက်မေ့ခြင်း- ဓမ္မာနုဿတိ၊
၃။ သံဃာ့ (ဂုဏ်တော်) ကို အောက်မေ့ခြင်း- သံဃာနုဿတိ၊
၄။ သီလ (ဂုဏ်တော်) ကို အောက်မေ့ခြင်း- သီလာနုဿတိ၊
၅။ စွန့်ကြဲပေးကမ်း လှူဒါန်းခြင်း၏ ဂုဏ်ကျေးဇူးကို (အာရုံပြု၍) အဖန်ဖန်အထပ်ထပ် အောက်မေ့ခြင်း- စာဂါနုဿတိ၊
၆။ နတ် ဗြဟ္မာတို့ကို သက်သေအဖြစ်ဖြင့် အာရုံပြု၍ အဖန်တလဲလဲ ဖြစ်သော အောက်မေ့ခြင်း-ဒေဝတာနုဿတိ။ (သာရတ္ထ၊ဋီ၊၂၊၂၀၃။)♦

သဒ္ဓါတရားနှင့် ပြည့်စုံသူ၏ အကျိုးတရား ၅ ပါး

၁။ သူတော်ကောင်းတို့ ရှေးဦးစွာ သနား စောင့်ရှောက်ခြင်း၊
၂။ သူတော်ကောင်းတို့ ရှေးဦးစွာ ချဉ်းကပ်ခြင်း၊
၃။ သူတော်ကောင်းတို့ ရှေးဦးစွာ အလှူခံခြင်း၊
၄။ သူတော်ကောင်းတို့ ရှေးဦးစွာ တရားဟောခြင်း၊
၅။ သေသည်၏ အခြားမဲ့၌ နတ်ပြည်သို့ ရောက်ရခြင်း။ (အံ၊၂၊၃၆။) (အံ၊မြန်၊၂။၄၆။)♦

သဒ္ဓါတရားနှင့် ပြည့်စုံသူဟူ၍ သိနိုင်သော အကြောင်း ၃ မျိုး

၁။ သီလနှင့် ပြည့်စုံသော သူတို့ကို ဖူးမြင်လိုသူ ဖြစ်ခြင်း၊
၂။ သူတော်ကောင်းတရားကို နာကြားလိုသူ ဖြစ်ခြင်း၊
၃။ လွတ်လွတ် စွန့်ကြဲခြင်းရှိသူ ဖြစ်ခြင်း။ (အံ၊၁၊၁၄၉။) (အံ၊မြန်၊၁။၁၆၇။)♦

သဒ္ဓါတရားရှိသူကို မှီသော လူအပေါင်း ကြီးပွားခြင်း ၅ မျိုး

၁။ သဒ္ဓါတရားဖြင့် ကြီးပွားခြင်း၊
၂။ သီလဖြင့် ကြီးပွားခြင်း၊
၃။ အကြားအမြင်ဖြင့် ကြီးပွားခြင်း၊
၄။ စွန့်ကြဲခြင်းဖြင့် ကြီးပွားခြင်း၊
၅။ ပညာဖြင့် ကြီးပွားခြင်း။ (အံ၊၂၊၃၇။) (အံ၊မြန်၊၂။၄၈။)♦

သဒ္ဓါတရားရှိသော လင်ယောကျ်ားကို အမှီပြု၍ ကြီးပွားခြင်း ၃ မျိုး

၁။ သဒ္ဓါတရားဖြင့် တိုးပွားခြင်း၊
၂။ ကိုယ်ကျင့်သီလဖြင့် တိုးပွားခြင်း၊
၃။ အသိပညာဖြင့် တိုးပွားခြင်း။ (အံ၊၁၊၁၅၁။) (အံ၊မြန်၊၁။၁၆၉-၁၇၀။)♦

သဒ္ဓါဝိမုတ္တ ပုဂ္ဂိုလ် ၆ ယောက်

၁။ သောတာပတ္တိဖိုလ်၌ တည်သော သောတာပတ္တိဖလဋ္ဌာန် ပုဂ္ဂိုလ်၊
၂။ သကဒါဂါမိမဂ်၌ တည်သော သကဒါဂါမိမဂ္ဂဋ္ဌာန် ပုဂ္ဂိုလ်၊
၃။ သကဒါဂါမိဖိုလ်၌ တည်သော သကဒါဂါမိဖလဋ္ဌာန် ပုဂ္ဂိုလ်၊
၄။ အနာဂါမိမဂ်၌ တည်သော အနာဂါမိမဂ္ဂဋ္ဌာန် ပုဂ္ဂိုလ်၊
၅။ အနာဂါမိဖိုလ်၌ တည်သော အနာဂါမိဖလဋ္ဌာန် ပုဂ္ဂိုလ်၊
၆။ အရဟတ္တမဂ်၌ တည်သော အရဟတ္တမဂ္ဂဋ္ဌာန် ပုဂ္ဂိုလ်။ (ဒီ၊ဋ္ဌ၊၃၊၇၄။) (မ၊ဋ္ဌ၊၃၊၁၃၂။) (အံ၊ဋ္ဌ၊၃၊၁၄၇။)♦

သဒ္ဓိန္ဒြေစင်ကြယ်ကြောင်း ၃ ပါး

၁။ သဒ္ဓါတရားမရှိသော ပုဂ္ဂိုလ်တို့ကို ရှောင်ကြဉ်ခြင်း၊
၂။ သဒ္ဓါတရားရှိသော ပုဂ္ဂိုလ်တို့ကို မှီဝဲဆည်းကပ်ခြင်း၊
၃။ ကြည်ညိုဖွယ်ကောင်းသော သမ္ပသာဒနီယသုတ် စသည်တို့ကို ဆင်ခြင်ခြင်း။ (ပဋိသံ၊၁၉၈။) (မ၊ဋ္ဌ၊၄၊၂၄၃။) (သံ၊ဋ္ဌ၊၃၊၃၆။) (အံ၊ဋ္ဌ၊၁၊၃၈၇။) (ဥဒါန၊ဋ္ဌ၊၁၉၉။) (အံ၊ဋီ၊၃၊၂၆၉။) (ခု၊ပါ၊၉၊၁၉၈။)♦

သဒ္ဓေယျဝတ္ထု ၅ မျိုး

ယုံကြည်ထိုက်သောဝတ္ထု ၅ မျိုးနှင့်တူသည်။ ♦

သနားခြင်း ၂ မျိုး

၁။ ပစ္စည်းဖြင့် သနားခြင်း- အာမိသာနုကမ္ပါ၊
၂။ တရားဖြင့် သနားခြင်း- ဓမ္မာနုကမ္ပါ။ (အံ၊၁၊၉၁။) (အံ၊မြန်၊၁။၁၀၇။)♦

သန္တိ အစဉ် ၂ မျိုး

၁။ ရူပသန္တတိ- အပူရုပ် အအေးရုပ် စသော ရုပ်အစဉ်၊
၂။ အရူပသန္တတိ- နှစ်ကြိမ် သုံးကြိမ်သော ကာမဇောဟု ဆိုအပ်သော နာမ်အစဉ်။ (ဝိသုဒ္ဓိ၊၂၊၆၂။)♦

သန္တောသ ၁၂ မျိုး

ရောင့်ရဲတင်းတိမ်ခြင်း ၁၂ မျိုးနှင့် တူသည်။ ♦

သန္တောသ ၃ မျိုး

ရောင့်ရဲတင်းတိမ်ခြင်း ၃ မျိုးနှင့် တူသည်။ ♦

သန္ထဝ ၃ မျိုး

၁။ တဏှာသန္ထဝ- တဏှာဖြင့် ရောနှော အကျွမ်းဝင်ခြင်း၊
၂။ ဒိဋ္ဌိသန္ထဝ- ဒိဋ္ဌိဖြင့် ရောနှော အကျွမ်းဝင်ခြင်း၊
၃။ မိတ္တသန္ထဝ- မိတ်ဆွေဖြင့် ရောနှော အကျွမ်းဝင်ခြင်း။ (သုတ္တနိ၊ဋ္ဌ၊၁၊၆၆။) (အပ၊ဋ္ဌ၊၁၊၁၇၇။) (စူဠနိ၊ဋ္ဌ၊၁၀၅။)♦

သန္ဓိ ၆ မျိုး

၁။ ပဒသန္ဓိ- ပုဒ်ကို ပုဒ်တစ်ပါးဖြင့် စပ်ပြခြင်း၊
၂။ ပဒတ္ထသန္ဓိ- ပုဒ်၏အနက်ကို ပုဒ်၏ အနက် တစ်ပါးဖြင့် ဆက်စပ်ပြခြင်း၊
၃။ နိဒ္ဒေသသန္ဓိ- အနုသန္ဓေ အမျိုးမျိုးရှိသော သုတ်၌ ထိုထို အနုသန္ဓေတို့ဖြင့် ဆက်စပ်ပြခြင်း, အနုသန္ဓေ တစ်ခုတည်းရှိသော သုတ်၌ ရှေ့နောက် ဆက်စပ်ပြခြင်း၊
၄။ နိက္ခေပသန္ဓိ- နိက္ခေပတို့ကို ရှေ့နောက်ဆက်စပ်ပြခြင်း၊
၅။ သုတ္တသန္ဓိ-သုတ်တို့ကို ဆက်စပ်ပြခြင်း၊
၆။ ဒေသနာသန္ဓိ- ဒေသနာတစ်ပါးကို ဒေသနာ တစ်ပါးဖြင့် နှီးနှောဆက်စပ် ပြခြင်း။ (ဒီ၊ဋီ၊၁၊၁၉၅။)♦

သန္နိဓိ ၇ မျိုး

သိုမှီးသိမ်းဆည်းခြင်း ၇ မျိုးနှင့် တူသည်။ ♦

သန္နိဓိကာရကသိက္ခာပုဒ်၌ အင်္ဂါ ၃ မျိုး

၁။ ယာဝကာလိက၊ ယာမကာလိက ဖြစ်ခြင်း၊
၂။ အကပ်ခံ၍ သိုမှီး သိမ်းဆည်းထားခြင်း၊
၃။ ထိုသိုမှီးထားသော ယာဝကာလိက ယာမကာလိကကို စားမျိုခြင်း။ (သာရတ္ထ၊ဋီ၊၃၊၆၈။) (ဝိမတိ၊၂၊၃၄။)♦

သန်လျက် ၂ မျိုး

၁။ လုံးဝန်းသော ထိပ်ဖျားရှိသော သန်လျက်၊
၂။ ရှည်သော ထိပ်ဖျားရှိသော သန်လျက်။ (သံ၊ဋီ၊၁၊၂၅၄။)♦

သပဒါနစာရိကဓုတင် ၃ မျိုး

၁။ ဥက္ကဋ္ဌ သပဒါနာစာရိကဓုတင်၊
၂။ မဇ္ဈိမ သပဒါနာစာရိက ဓုတင်၊
၃။ မုဒုက သပဒါနာစာရိကဓုတင်။ (ဝိသုဒ္ဓိ၊၁၊၆၅။)♦

သပဒါနစာရိကဓုတင် ဆောက်တည်ရကျိုး ၈ ပါး

၁။ ဒကာတို့၌ အမြဲတမ်း လူသစ် ဖြစ်နေခြင်း၊
၂။ လနှင့် တူသည်၏ အဖြစ်ရှိခြင်း၊
၃။ အမျိုးဒကာတို့၌ ဝန်တိုခြင်း(ကုလမစ္ဆေရ) ကို ပယ်နိုင်ခြင်း၊
၄။ ဒါယကာတို့၌ အညီအမျှ သနားကျင်နာမှု ရှိခြင်း၊
၅။ ဒါယကာတို့၏ အိမ်သို့ ကပ်ခြင်း၌ အပြစ်မရှိခြင်း၊
၆။ ပင့်ဖိတ်မှုကို လက်မခံခြင်း မနှစ်သက်ခြင်း၊
၇။ ပို့လာသော ဆွမ်းဖြင့် အလိုမရှိခြင်း၊
၈။ အပ္ပိစ္ဆတာ စသည်တို့အား လျော်သော အကျင့် ရှိခြင်း။ (ဝိသုဒ္ဓိ၊၁၊၆၅။)♦

သပဒါနစာရိကဓုတင် ဆောက်တည်သူ ၅ မျိုး

၁။ ပညာနုံ့၍ မိုက်မဲ တွေဝေသောကြောင့် ဆောက်တည်ခြင်း၊
၂။ ယုတ်မာသော အလိုဆိုး နှိပ်စက်သောကြောင့် ဆောက်တည်ခြင်း၊
၃။ စိတ်ပျံ့လွင့် ရူးသွပ်သောကြောင့် ဆောက်တည်ခြင်း၊
၄။ ဘုရားရှင်နှင့် ဘုရားရှင့်တပည့် တို့သည် ချီးမွမ်းအပ်၏ဟု ဆောက်တည်ခြင်း၊
၅။ အလိုနည်းမှု, ရောင့်ရဲမှု, ခေါင်းပါးမှု, ဆိတ်ငြိမ်မှုတို့ကို အမှီပြု၍ ကောင်းသော အကျင့်ကို အလိုရှိသောကြောင့် ဆောက်တည်ခြင်း။ (ဝိ၊၅၊၂၃၃။) (ဝိ၊၅၊၃၃၆။) (ဝိ၊မြန်၊၅။၃၂၃။) (ဝိ၊မြန်၊၅။၄၃၈။)♦

သပိတ် ၂ မျိုး (ဘုရားရှင် ခွင့်ပြုအပ်သော သပိတ် ၂ မျိုး)

၁။ လောဟပတ္တ- သံသပိတ်၊
၂။ မတ္တိကာ ပတ္တ- မြေသပိတ်။ (ဝိ၊၁၊၃၅၃။) (ဝိ၊၂၊၁၆၂။) (ဝိ၊၂၊၃၁၈။) (ဝိ၊၅၊၂၁၄။) (ဝိ၊ဋ္ဌ၊၃၊၃၈၅။) (ဝိ၊မြန်၊၁။၃၇၃။) (ဝိ၊မြန်၊၂။၁၈၂။) (ဝိ၊မြန်၊၂။၃၅၉။) (ဝိ၊မြန်၊၅။၂၉၉။)♦

သပိတ် ၃ မျိုး

၁။ အကြီးစား ဥက္ကဋ္ဌသပိတ်- ဆန်တစ်ခွက်ချက် (နို့ဆီဗူး လေးလုံးချက်) ထမင်း၊ ယင်း၏ လေးပုံတစ်ပုံ ခဲဖွယ်နှင့် ၎င်းအားလျော်သော ဟင်းလျာကို ထည့်ယူနိုင်၏၊
၂။ အလတ်စား မဇ္ဈိမသပိတ်- ဆန်တစ်စလယ်ချက် (နို့ဆီဗူးနှစ်လုံးချက်) ထမင်း၊ ယင်း၏ လေးပုံတစ်ပုံ ခဲဖွယ်နှင့် ၎င်းအားလျော်သော ဟင်းလျာကို ထည့်ယူနိုင်၏၊
၃။ အငယ်စား ဩမကသပိတ်- ဆန်တစ်လမယ်ချက် (နို့ဆီဗူး တစ်လုံးချက်) ထမင်း၊ ယင်း၏ လေးပုံ တစ်ပုံ ခဲဖွယ်နှင့် ၎င်းအားလျော်သော ဟင်းလျာကို ထည့်ယူနိုင်၏။ (ဝိ၊၁၊၃၅၃။) (ဝိ၊မြန်၊၁။၃၇၄။) (ဝိ၊၂၊၃၁၈။) (ဝိ၊မြန်၊၂။၃၅၉။)♦

သပိတ် ၉ လုံး

၁။ ဥက္ကဋ္ဌသပိတ်၊
၂။ ဥက္ကဋ္ဌောမကသပိတ်၊
၃။ ဥက္ကဋ္ဌုက္ကဋ္ဌသပိတ်၊
၄။ မဇ္ဈိမ သပိတ်၊
၅။ မဇ္ဈိမောမကသပိတ်၊
၆။ မဇ္ဈိမုက္ကဋ္ဌသပိတ်၊
၇။ ဩမကသပိတ်၊
၈။ ဩမကောမက သပိတ်၊
၉။ ဩမကုက္ကဋ္ဌသပိတ်။ (ဝိ၊ဋ္ဌ၊၂၊၂၈၂။)♦

သပိတ် လှူရကျိုး ၁၀ ပါး

၁။ ရွှေခွက်ဖြင့် သုံးဆောင်ရခြင်း၊
၂။ ငွေခွက်ဖြင့် သုံးဆောင်ရခြင်း၊
၃။ ပတ္တမြားခွက်ဖြင့် သုံးဆောင်ရခြင်း၊
၄။ ပတ္တမြားနီ (ကျောက်နီ)ဖြင့် ပြီးသော ခွက်ဖြင့် သုံးဆောင်ရခြင်း၊
၅။ ဥပါဒ်ဘေးရန်အန္တရာယ် မရှိခြင်း၊
၆။ အမြဲတမ်း ရိုသေမြတ်နိုး ပူဇော်မှု ခံရခြင်း၊
၇။ ထမင်းအဖျော်ရည်တို့ကို ရလေ့သူ ဖြစ်ခြင်း၊
၈။ အဝတ်အထည်တို့ကို ရလေ့ရှိသူ ဖြစ်ခြင်း၊
၉။ ကျောင်းအိပ်ရာနေရာတို့ကို ရလေ့ရှိသူ ဖြစ်ခြင်း၊
၁၀။ စည်းစိမ်ဥစ္စာများ မပျောက်ဆုံး မပျက်စီးခြင်း။ (အပ၊၁၊၃၅၉။) (အပ၊မြန်၊၁။၃၆၇။)♦

သပိတ် အဓိဋ္ဌာန်တင်ပုံ ၂ မျိုး

၁။ ကိုယ်ဖြင့် အဓိဋ္ဌာန်တင်ခြင်း၊
၂။ နှုတ်ဖြင့် ရွတ်ဆို၍ အဓိဋ္ဌာန် တင်ခြင်း။ (ဝိ၊ဋ္ဌ၊၂၊၂၈၄။)♦

သပိတ် အဓိဋ္ဌာန်ပျက်ကြောင်း ၇ ပါး

၁။ သူတစ်ပါးအား ပေးခြင်း၊
၂။ လူဝတ်လဲခြင်း၊
၃။ သိက္ခာ ချခြင်း၊
၄။ ပျံလွန်တော်မူခြင်း (သေခြင်း။)၊
၅။ လိင်ပြောင်းသွားခြင်း၊
၆။ ပစ္စုဒ္ဓိရ် ပြုခြင်း၊
၇။ သပိတ်ပေါက်သွားခြင်း။ (ဝိ၊ဋ္ဌ၊၂၊၂၈၄။)♦

သပိတ်၌ ဝိကပ္ပနာ ပြုခြင်း ၂ မျိုး

၁။ မျက်မှောက်၌ ဝိကပ္ပနာ ပြုခြင်း၊
၂။ မျက်ကွယ်၌ ဝိကပ္ပနာ ပြုခြင်း။ (ဝိ၊ဋ္ဌ၊၂၊၂၈၅။)♦

သပိတ်ကို အဓိဋ္ဌာန်တင်ခြင်း ၂ မျိုး

၁။ ကိုယ်ဖြင့် အဓိဋ္ဌာန်တင်ခြင်း၊
၂။ နှုတ်ဖြင့် အဓိဋ္ဌာန် တင်ခြင်း။ (ဝိ၊၅၊၂၁၄။) (ဝိ၊မြန်၊၅။၂၉၉။)♦

သပိတ်ခြေ လှူရကျိုး ၅ ပါး

၁။ ငါးပါးသော အကြောင်းတို့ဖြင့် အမွေစား အမွေခံ ဖြစ်ခြင်း၊
၂။ မည်သူတစ်ဦးတစ်ယောက်မျှ မတုန်လှုပ်စေနိုင်ခြင်း၊
၃။ ဉာဏ်သတိဖြင့် ထိုးထွင်း၍ သိအပ်ကုန်သော တရားတို့ကို နာကြားရခြင်း၊
၄။ ဆောင်ထားအပ်သော တရားဓမ္မတို့သည် မပျောက်မပျက်ခြင်း၊
၅။ ကောင်းစွာ ဆုံးဖြတ်နိုင်ခြင်း။ (အပ၊၁၊၃၆၂။) (အပ၊မြန်၊၁။၃၇၁။)♦

သပိတ်နှီးဝန်း ၂ မျိုး

၁။ သလွဲစင် နှီးဝန်း၊
၂။ သလွဲမည်း နှီးဝန်း။ (ဝိ၊၅၊၂၁၄။) (ဝိ၊မြန်၊၅။၂၉၉။)♦

သပိတ်မှောက် အင်္ဂါ ၈ ပါး (ဒကာအား ရဟန်းများက သပိတ်မှောက်အင်္ဂါ ၈ ပါး)

၁။ ရဟန်း တို့အား လာဘ်မရစိမ့်သောငှာ အားထုတ်ခြင်း၊
၂။ ရဟန်းတို့အား အကျိုးမဲ့ ဖြစ်စိမ့်သောငှာ အားထုတ်ခြင်း၊
၃။ ရဟန်းတို့အား နေရာမရစိမ့်သောငှာ အားထုတ်ခြင်း၊
၄။ ရဟန်းတို့အား ဆဲရေးခြိမ်းခြောက်ခြင်း၊
၅။ ရဟန်းအချင်းချင်း ကွဲပြားစေခြင်း (ကွဲပြားစေရန် ကုန်းတိုက်ခြင်း)၊
၆။ မြတ်စွာဘုရား၏ ကျေးဇူးမဲ့ကို ပြောဆိုခြင်း၊
၇။ တရားတော်၏ ကျေးဇူးမဲ့ကို ပြောဆိုခြင်း၊
၈။ သံဃာတော်၏ ကျေးဇူးမဲ့ကို ပြောဆိုခြင်း။ (ဝိ၊၄၊၂၆၃။) (ဝိ၊မြန်၊၄။၂၆၅။) (အံ၊၃၊၁၅၈။) (အံ၊မြန်၊၃။၁၆၀။)♦

သပိတ်လှန် အင်္ဂါ ၈ ပါး (ရဟန်းများက ဒကာအား သပိတ်လှန်အင်္ဂါ ၈ ပါး)

၁။ ရဟန်းတို့အား လာဘ်မရစေရန် အားမထုတ်ခြင်း၊
၂။ ရဟန်းတို့အား အကျိုးမဲ့ဖြစ်စေရန် အားမထုတ်ခြင်း၊
၃။ ရဟန်းတို့အား နေရာမရစိမ့်သောငှာ အားမထုတ်ခြင်း၊
၄။ ရဟန်းတို့အား မဆဲရေး မခြိမ်းချောက်ခြင်း၊
၅။ ရဟန်းအချင်းချင်း ကွဲပြားစေရန် ကုန်းမတိုက်ခြင်း)၊
၆။ မြတ်စွာ ဘုရား၏ ကျေးဇူးမဲ့ကို မပြောခြင်း၊
၇။ တရားတော်၏ ကျေးဇူးမဲ့ကို မပြောခြင်း၊
၈။ သံဃာတော်၏ ကျေးဇူးမဲ့ကို မပြောခြင်း။ (ဝိ၊၄၊၂၆၄။) (ဝိ၊မြန်၊၄။၂၆၆။) (အံ၊၃၊၁၅၈။) (အံ၊မြန်၊၃။၁၆၀။)♦

သပုဂ္ဂလနိဒ္ဒေသပညတ် ၂ မျိုး

၁။ ဒဿိတာပတ္တိပညတ်၊
၂။ အဒဿိတာပတ္တိပညတ်။ (ဝဇိရ၊၆၉။)♦

သပ္ပဒေသတိက် ၉ တိက်

၁။ ဝေဒနာတိက်၊
၂။ ဝိတက္ကတိက်၊
၃။ ပီတိတိက်၊
၄။ ဥပ္ပန္နတိက်၊
၅။ အတီတတိက်၊
၆။ အာရမ္မဏတိက် ၄ တိက်။ (အဘိ၊ဋ္ဌ၊၁၊၈၀။)♦

သပ္ပါဏကသိက္ခာပုဒ်၌ အင်္ဂါ ၄ မျိုး

၁။ ရေသည် ပိုး ရှိခြင်း၊
၂။ ‘‘ရေသွန်းလောင်းသဖြင့် ပိုးငယ်များ သေကုန်အံ့’’ ဟု သိခြင်း၊
၃။ ပိုးရှိသော ရေကို သွန်းလောင်းခြင်း၊
၄။ သေစေလိုသော စေတနာ မရှိဘဲ အကြောင်းကိစ္စ တစ်ခုခုကြောင့်သာလျှင် မြက် စသည်တို့ကို သွန်းလောင်းခြင်း။ (သာရတ္ထ၊ဋီ၊၃၊၃၄။) (ဝိမတိ၊၂၊၁၉။)♦

သပ္ပါယ ၇ မျိုး

၁။ အာဝါသသပ္ပါယ- နေထိုင်ရာ ကျောင်း၏ သင့်လျော်လျောက်ပတ်ခြင်း၊
၂။ ဂေါစရသပ္ပါယ- ဆွမ်းခံရွာ၏ သင့်လျော်လျောက်ပတ်ခြင်း၊
၃။ ဘဿသပ္ပါယ- အပ္ပိစ္ဆတာ စသည်နှင့်စပ်သော စကားပြောဆိုမှု၏ သင့်လျော်လျောက်ပတ်ခြင်း၊
၄။ ပုဂ္ဂလသပ္ပါယ- သဘောတူ သီလဝန္တပုဂ္ဂိုလ် အချင်းချင်း သင့်လျော်လျောက်ပတ်ခြင်း၊
၅။ ဘောဇနသပ္ပါယ- ခဲဖွယ်ဘောဇဉ်၏ သင့်လျော် လျောက်ပတ်ခြင်း၊
၆။ ဥတုသပ္ပါယ- အအေးအပူ စသော ရာသီဥတု၏ လျောက်ပတ်ခြင်း၊
၇။ ဣရိယာပထသပ္ပါယ- ထိုင်ခြင်း သွားခြင်း စသော ဣရိယာပုတ်၏ လျောက်ပတ်ခြင်း။ (မ၊ဋ္ဌ၊၄၊၁၁၅။) (ဝိသုဒ္ဓိ၊၁၊၁၂၃။)♦

သပ္ပုရိသဒါန ၅ မျိုး

သူတော်ကောင်းတို့၏ အလှူပေးပုံ ၅ မျိုးနှင့် တူသည်။ ♦

သပ္ပုရိသဒါန ၈ မျိုး

၁။ သန့်ရှင်းစင်ကြယ်သော လှူဖွယ်ဝတ္ထုကို ပေးလှူခြင်း၊
၂။ မွန်မြတ်သော လှူဖွယ်ဝတ္ထုကို ပေးလှူခြင်း၊
၃။ သင့်လျော်လျောက်ပတ်သော အခါ၌ ပေးလှူခြင်း၊
၄။ အပ်သော လှူဖွယ်ဝတ္ထုကို ပေးလှူခြင်း၊
၅။ အလှူခံပုဂ္ဂိုလ် လှူဖွယ်ဝတ္ထုတို့ကို ရွေးချယ် စိစစ်၍ ပေးလှူခြင်း၊
၆။ မပြတ်ပေးလှူခြင်း၊
၇။ ပေးလှူသည်ရှိသော် စိတ်ကို ကြည်လင် စေခြင်း၊
၈။ ပေးလှူပြီးနောက် နှစ်သက်သော စိတ်ရှိခြင်း။ (အံ၊၃၊၇၄။) (အံ၊မြန်၊၃။၇၆။)♦

သပ္ပုရိသဓမ္မ ၇ ပါး

၁။ ဓမ္မညူ- သုတ္တဂေယျ အစရှိသော တရားကို သိခြင်း၊
၂။ အတ္ထညူ- ထိုသုတ္တဂေယျအစရှိသော တရား၏ အနက်ကို သိခြင်း၊
၃။ အတ္တညူ- သီလ သမာဓိ ပညာ တို့ဖြင့် မိမိကိုယ်ကို သိခြင်း၊
၄။ မတ္တညူ- ခံယူခြင်း သုံးဆောင်ခြင်းတို့၌ အတိုင်းအရှည်ကို သိခြင်း၊
၅။ ကာလညူ- ပါဠိသင်ရန်, အဋ္ဌကထာသင်ရန်, တရားအားထုတ်ရန် ဟူသော အချိန်အခါကို သိခြင်း၊
၆။ ပရိသညူ- ပရိသတ်ရှစ်ပါးကို သိခြင်း၊
၇။ ပုဂ္ဂလညူ- မှီဝဲအပ်, မမှီဝဲအပ်သော ပုဂ္ဂိုလ်ကို သိခြင်း။ (ဒီ၊၃၊၂၀၈။) (ဒီ၊မြန်၊၃။၂၃၂။)♦

သဗ္ဗ ၄ မျိုး

၁။ ‘‘သဗ္ဗံ အဘိညာသိ ယဒတ္ထိ နေယျံ’’ စသည်၌ သဗ္ဗသဗ္ဗ၊
၂။ ‘‘သဗ္ဗံ ဝေါ ဘိက္ခဝေ ဒေသေဿာမိ’’ စသော ပါဠိ၌ အာယတနသဗ္ဗ၊
၃။ ‘‘သဗ္ဗဓမ္မမူလပရိယာယံ’’ စသော ပါဠိ၌ သက္ကာယသဗ္ဗ၊
၄။ သဗ္ဗဓမ္မေသု ဝါ ပဌမသမန္နာဟာရော’’ စသော ပါဠိ၌ ပဒေသသဗ္ဗ။ (သံ၊ဋ္ဌ၊၃၊၄။) (သာရတ္ထ၊ဋီ၊၃၊၂၀၉။)♦

သဗ္ဗညု ၅ မျိုး

၁။ ကမသဗ္ဗညု- အစဉ်အားဖြင့် အလုံးစုံသော တရားကို သိခြင်း၊
၂။ သကိံ သဗ္ဗညု- တစ်ကြိမ်သော အာဝဇ္ဇန်းရှိသော ဇောဝါရဖြင့် အလုံးစုံကို သိခြင်း၊
၃။ သတတ သဗ္ဗညု- အမြဲမပြတ် အလုံးစုံသောတရားကို သိခြင်း၊
၄။ သတ္တိသဗ္ဗညု- မဂ်ဉာဏ်ဟု ဆိုအပ်သော သတ္တိဖြင့် အလုံးစုံသော နေယျပထတရားကို သိခြင်း၊
၅။ ဉာတသဗ္ဗညု- သိအပ်ပြီးသော အလုံးစုံသောတရားကို သိခြင်း။ (ပဋိသံ၊ဋ္ဌ၊၁၊၅၄။) (မဟာနိ၊ဋ္ဌ၊၃၄၀။)♦

သဗ္ဗညု ဘုရားအလောင်း၏ အိပ်မက်ကြီး ၅ မျိုး

၁။ ဤပထဝီ မြေကြီးသည် ကြီးစွာသော အိပ်ရာ ဖြစ်၏၊ ဟိမဝန္တာတောင်မင်းသည် မွေ့ယာ ဖြစ်၏၊ အရှေ့ဘက် သမုဒ္ဒရာ၌ ဝဲဘက် လက်ကို ချထား၏၊ အနောက်ဘက် သမုဒ္ဒရာ၌ ယာဘက်လက်ကို ချထား၏၊ တောင်ဘက် သမုဒ္ဒရာ၌ ခြေနှစ်ဖက်တို့ကို ချထားအပ်ကုန်၏ဟု မြင်မက်ခြင်း၊
၂။ တိရိယာ မည်သော နေဇာမြက်မျိုးသည် ချက်မှ တက်သွား၍ ထွန်တုံးအရွယ်ရှိသော ရိုးတံနီဖြင့် တစ်ထွာ တစ်တောင် စသည် ရှည်လျက် ရှည်လျက် မြင့်တက် မြင့်တက်သွား၍ ကောင်းကင်ကို ယူဇနာ ထောင်ပေါင်းများစွာ ဆိုက်ရောက်၍ တည်၏ဟု မြင်မက်ခြင်း၊
၃။ ဖွေးဖွေးဖြူကုန် မည်းနက် ကုန်သော ဦးခေါင်းရှိကုန်သော ပိုးလောက်တို့ ခြေထောက်တို့မှ တက်သွားပြီး ပုဆစ် ဒူးဝန်းတိုင် ဖုံးအုပ်ကုန်၏ဟု မြင်မက်ခြင်း၊
၄။ အမျိုးမျိုးသော အဆင်းအရောင် ရှိကုန်သော ငှက်လေးကောင်တို့သည် အရပ်လေးမျက်နှာမှ လာကုန်၍ ခြေရင်း၌ သက်ဆင်း ရပ်နားကြ၍ အားလုံး ဖွေးဖွေးဖြူကုန်၏ဟု မြင်မက်ခြင်း၊
၅။ သုံးယူဇနာမြင့်၍ ကြီးစွာသော ကျင်ကြီး တောင်၏ အထက်ဖျား အရပ်၌ ကျင်ကြီး မလူးကပ်ဘဲ လူးလာခေါက်ပြန် စင်္ကြံသွား၏ဟု မြင်မက်ခြင်း။ (သာရတ္ထ၊ဋီ၊၂၊၃၀၃။)♦

သဗ္ဗညုတဉာဏ်ကို ရင့်ကျက်စေသော အလိုအဇ္ဈာသယ ၆ မျိုး

၁။ နေက္ခမ္မအဇ္ဈာသယ- တဏှာမှ ထွက်မြောက်လိုခြင်း၊
၂။ ပဝိဝေကအဇ္ဈာသယ- ဆိတ်ငြိမ်ရာကို အလိုရှိခြင်း၊
၃။ အလောဘ အဇ္ဈာသယ- လောဘမရှိခြင်းဟူသော အလိုရှိခြင်း၊
၄။ အဒေါသအဇ္ဈာသယ- အမျက်မထွက် ခြင်းဟူသော အလိုရှိခြင်း၊
၅။ အမောဟအဇ္ဈာသယ- တွေဝေမှုကင်းခြင်းဟူသော အလိုရှိခြင်း၊
၆။ နိဿရဏအဇ္ဈာသယ- ဝဋ်ဆင်းရဲမှ ထွက်မြောက်လိုခြင်း။ (သုတ္တနိ၊ဋ္ဌ၊၁၊၄၅။)♦

သဗ္ဗတ္ထက ကမ္မဋ္ဌာန်း ၄ ပါး

၁။ ဗုဒ္ဓါနုဿတိ ကမ္မဋ္ဌာန်း၊
၂။ မေတ္တာ ကမ္မဋ္ဌာန်း၊
၃။ မရဏဿတိ ကမ္မဋ္ဌာန်း၊
၄။ အသုဘဘာဝနာ ကမ္မဋ္ဌာန်း။ (ဒီ၊ဋီ၊၂၊၂၉၆။)♦

သဘာဝတရားကို အာရုံပြုသော ကမ္မဋ္ဌာန်း ၁၂ ပါး

၁။ ဗုဒ္ဓါနုဿတိ- ဘုရားရှင်၏ အရဟံ စသောဂုဏ်ကို အဖန်ဖန် အောက်မေ့ခြင်း၊ ဓမ္မာနုဿတိ- တရားတော်၏ သွာက္ခာတတာ စသော ဂုဏ်ကို အဖန်ဖန် အောက်မေ့ခြင်း၊ သံဃာနုဿတိ- သံဃာတော်၏ သုပ္ပဋိပ္ပန္နတာ စသော ဂုဏ်ကို အဖန်ဖန် အောက်မေ့ခြင်း၊ သီလာနုဿတိ- သီလဂုဏ်ကို အဖန်တလဲလဲ အောက်မေ့ခြင်း၊ စာဂါနုဿတိ- စွန့်ကြဲ ပေးကမ်း လှူဒါန်းခြင်း၏ ဂုဏ်ကျေးဇူးကို အာရုံ ပြု၍ အဖန်ဖန် အောက်မေ့ခြင်း၊ ဒေဝတာနုဿတိ- နတ်ဗြဟ္မာတို့ကို သက်သေအဖြစ်ဖြင့် အာရုံပြု၍ အဖန်ဖန် အောက်မေ့ခြင်း၊ မရဏာနုဿတိ- သေခြင်းကို အာရုံပြု၍ အဖန်ဖန် အောက်မေ့ခြင်း၊ ဥပသမာနုဿတိ- နိဗ္ဗာန် နိဗ္ဗာန်၏ဂုဏ်ကို အာရုံပြု၍ အဖန်ဖန် အောက်မေ့ ခြင်းဟု ဆိုအပ်သော အနုဿတိ ရှစ်ပါး၊
၂။ အာဟာရေ ပဋိကုလသညာ၊
၃။ စတု ဓာတုဝဝတ္ထာန်၊
၄။ ဝိညာဏဉ္စာယတန၊
၅။ နေဝသညာနာသညာယတန။ (ဝိသုဒ္ဓိ၊၁၊၁၀၉။)♦

သဘာဝအားဖြင့် ဝေဒနာ ၅ မျိုး

၁။ သုခဝေဒနာ၊
၂။ ဒုက္ခဝေဒနာ၊
၃။ သောမနဿဝေဒနာ၊
၄။ ဒေါမနဿဝေဒနာ၊
၅။ ဥပေက္ခာဝေဒနာ။ (ဝိသုဒ္ဓိ၊၂၊၉၀။)♦

သဘောဇနသိက္ခာပုဒ်၌ အင်္ဂါ ၄ မျိုး

၁။ ရာဂ ထကြွကြကုန်သော လင်မယားတို့သည် နီးနီး ကပ်ကပ် ထိုင်နေခြင်း၊
၂။ အိပ်ရာခန်းဆောင် ဖြစ်ခြင်း၊
၃။ အဖော်ရဟန်း မရှိခြင်း၊
၄။ အနီးသို့ ကပ်ဝင်၍ ထိုင်ခြင်း။ (သာရတ္ထ၊ဋီ၊၃၊၇၆။) (ဝိမတိ၊၂၊၃၉။)♦

သမင်တို့ မာယာ ၆ မျိုး

၁။ ခြေလေးချောင်းတို့ကို ဆန့်တန်း၍ နံပါးတစ်ဖက်ဖြင့် အိပ်ခြင်း၊
၂။ ခွါတို့ဖြင့် မြက်, မြေတို့ကို တူးခြစ်ထားခြင်း၊
၃။ လျှာကို ထုတ်ထားခြင်း၊
၄။ ဝမ်းဗိုက်ကို ဖူးဖူးယောင်သကဲ့သို့ ဖောင်းအောင် ပြုခြင်း၊
၅။ ကျင်ကြီး ကျင်ငယ်တို့ကို စွန့်ထားခြင်း၊
၆။ ထွက်လေ ဝင်လေကို ချုပ်ထားခြင်း။ (ဇာ၊ဋ္ဌ၊၁၊၁၈၀။)♦

သမင်နှင့် ယောဂီ တူပုံ ၃ မျိုး

၁။ သမင်သည် နေ့အခါ တော၌ လှည့်လည်၍ ညဉ့်အခါ လွင်တီးခေါင်၌ လှည့်လည်ခြင်း (ထို့အတူ ယောဂီပုဂ္ဂိုလ်သည် နေ့အခါ တော၌နေ၍ ညဉ့်အခါ လွင်တီးခေါင်၌ နေခြင်း)၊
၂။ သမင်သည် လှံဖြစ်စေ၊ မြားဖြစ်စေ ရှေးရှုကျရောက် သည်ရှိသော် လှည့်ပတ်ပြေးလွှား ကိုယ်ကို လက်နက်အဦးသို့ မဆောင်ခြင်း (ထို့အတူ ယောဂီပုဂ္ဂိုလ်သည် ကိလေသာတို့ ရှေးရှုကျရောက်သည်ရှိသော် ပြေးလွှား လှည့်ပတ်၍ စိတ်ကို ကိလေသာအနီးသို့ မဆောင်ရခြင်း) ။ (မိလိန္ဒ၊၃၈၀။) (မိလိန္ဒ၊မြန်။၄၀၂။)♦

သမဏ ၄ မျိုး

၁။ သာသနာတွင်း၌သာ ရနိုင်၍ သာသနာပြင်ပ၌ မရနိုင်သော သောတာပန် ရဟန်း၊
၂။ သာသနာတွင်း၌သာ ရနိုင်၍ သာသနာပြင်ပ၌ မရနိုင်သော သကဒါဂါမ်ရဟန်း၊
၃။ သာသနာ တွင်း၌သာ ရနိုင်၍ သာသနာပြင်ပ၌ မရနိုင်သော အနာဂါမ်ရဟန်း၊
၄။ သာသနာတွင်း ၌သာ ရနိုင်၍ သာသနာပြင်ပ၌ မရနိုင်သော အရဟတ္တဖိုလ်ကို မျက်မှောက်ပြုသော ရဟန္တာ ရဟန်း။ (အံ၊၁၊၅၆၀။) (အံ၊မြန်၊၁။၅၇၅။)♦

သမဏဗြာဟ္မဏတို့၏ ညစ်နွမ်းကြောင်း ၄ မျိုး

၁။ သေရည်သေရက် သောက်ခြင်းသည် သမဏ ဗြာဟ္မဏတို့၏ ပဌမ ညစ်နွမ်းကြောင်း၊
၂။ မေထုန်မှီဝဲခြင်းသည် သမဏ, ဗြာဟ္မဏတို့၏ ဒုတိယ ညစ်နွမ်းကြောင်း၊
၃။ ရွှေငွေကို ကိုင်ခြင်း ခံယူခြင်း သာယာခြင်းသည် သမဏ, ဗြာဟ္မဏတို့၏ တတိယ ညစ်နွမ်းကြောင်း၊
၄။ မှားသော အသက်မွေးခြင်းသည် သမဏ, ဗြာဟ္မဏတို့၏ စတုတ္ထ ညစ်နွမ်းကြောင်း ဖြစ်သည်။ (အံ၊၁၊၃၆၃။) (အံ၊မြန်၊၁။၃၇၇။)♦

သမဏသညာ ၃ ပါး ရဟန်းတို့သန္တာန်၌ ဖြစ်စေထိုက်သော သမဏသညာ ၃ ပါး၊

၁။ ငါသည် အဆင်းဖောက်ပြန်ခြင်းသို့ ရောက်၍ နေ၏ဟု မှတ်သိခြင်း၊
၂။ ငါ၏ အသက်မွေးမှုသည် သူတစ်ပါးတို့နှင့် ဆက်စပ်နေ၏ဟု မှတ်သိခြင်း၊
၃။ ငါသည် လူ့အသွင်အပြင်မှ အခြားသော ရဟန်းအသွင်အပြင်ကို ပြုအပ်၏ဟု မှတ်သိခြင်း။ (အံ၊၃၊၄၂၇။) (အံ၊မြန်၊၃။၄၁၉။)♦

သမဏသညာ သုံးပါးကို ပွားများသော ရဟန်းတို့ ပြည့်စုံမည့်တရား ၇ ပါး

၁။ ကိုယ်ကျင့် သီလတို့၌ အမြဲမပြတ် ဖြည့်ကျင့်လေ့ရှိခြင်း၊
၂။ အဘိဇ္ဈာ မများခြင်း၊
၃။ ကိုယ်စိတ်ဆင်းရဲမှု ဗျာပါဒမရှိခြင်း၊
၄။ အလွန် မာန်မာနကြီးမှု မရှိခြင်း၊
၅။ အကျင့်သိက္ခာကို လိုလားခြင်း၊
၆။ အသက်၏ အရံအတားဖြစ်သော ပစ္စည်းတို့၌ ဤမဂ်ဖိုလ်နိဗ္ဗာန်အကျိုးငှာ သုံးဆောင်၏ဟု ဆင်ခြင်ခြင်း၊
၇။ ထက်သန်သော လုံ့လဝီရိယရှိခြင်း။ (အံ၊၃၊၄၂၇။) (အံ၊မြန်၊၃။၄၁၉။)♦

သမဏသုခ ၈ ပါး

ရဟန်းချမ်းသာ ၈ ပါးနှင့် တူသည်။ ♦

သမထ ၂ မျိုး (ဝိဝါဒါဓိကရုဏ်းကို ငြိမ်းစေသော သမထ ၂ မျိုး)

၁။ သမ္မုခါဝိနည်းသမထ၊
၂။ ယေဘုယျသိက သမထ။ (ဝိ၊၄၊၂၂၀။) (ဝိ၊၅၊၁၉၅။) (ဒီ၊ဋ္ဌ၊၃၊၂၂၃။) (မ၊ဋ္ဌ၊၄၊၂၈။) (အံ၊ဋီ၊၃၊၁၉၉။) (ဝိ၊မြန်၊၄။၂၁၆။) (ဝိ၊မြန်၊၅။၂၇၉။)♦

သမထ ၃ မျိုး

၁။ စိတ္တသမထ- သမာပတ် ရှစ်ပါးတို့၌ ရှိသော စိတ္တေကဂ္ဂတာ၊
၂။ အဓိကရဏသမထ- သမ္မုခါဝိနယ စသော သမထ ခုနစ်ပါး၊
၃။ သဗ္ဗသင်္ခါရသမထ- သင်္ခါရတရား အားလုံးတို့၏ ချုပ်ငြိမ်းရာဖြစ်သော နိဗ္ဗာန်။ (အဘိ၊ဋ္ဌ၊၁၊၁၈၈။) (ပဋိသံ၊ဋ္ဌ၊၂၊၁၁၉။)♦

သမထ ၃ မျိုး (အာပတ္တာဓိကရုဏ်းကို ငြိမ်းစေသော သမထ ၃ မျိုး)

၁။ သမ္မုခါဝိနည်းသမထ၊
၂။ ပဋိညာတကရဏသမထ၊
၃။ တိဏဝတ္ထာရကသမထ။ (ဝိ၊၄၊၂၃၃။) (မ၊ဋ္ဌ၊၄၊၃၀။) (ဝိ၊မြန်၊၄။၂၃၁။)♦

သမထ ၄ မျိုး (အနုဝါဒါဓိကရုဏ်းကို ငြိမ်းစေသော သမထ ၄ မျိုး)

၁။ သမ္မုခါဝိနည်းသမထ၊
၂။ သတိဝိနည်းသမထ၊
၃။ အမူဠှဝိနည်းသမထ၊
၄။ တဿပါပိယသိကသမထ။ (ဝိ၊၄၊၂၂၉။) (မ၊ဋ္ဌ၊၄၊၂၉။) (အံ၊ဋီ၊၃၊၂၀၀။) (ဝိ၊မြန်၊၄။၂၂၅။)♦

သမထ ၇ မျိုး

၁။ သမ္မုခါဝိနယသမထ- သံဃ ဓမ္မ ဝိနယ ပုဂ္ဂလမျက်မှောက်၌ အဓိကရုဏ်းကို ပယ်ဖျောက်ကြောင်း ငြိမ်းစေကြောင်း သမထ၊
၂။ သတိဝိနယသမထ- သတိများပြား ရဟန္တာအား ပေးထိုက်သော အဓိကရုဏ်းကို ငြိမ်းစေကြောင်းသမထ၊
၃။ အမူဠှဝိနယ သမထ- တွေဝေခြင်း ရူးခြင်းကင်းပျောက်သော မတွေဝေ မရူးသော ရဟန်းအား ပေးအပ် ပြုအပ်သော အဓိကရုဏ်းကို ငြိမ်းစေကြောင်း ဝိနည်းသမထ၊
၄။ ပဋိညာတကရဏသမထ- (အာပတ်ကို) ဝန်ခံခြင်းကြောင့် ဝန်ခံသည့်အတိုင်း ဆုံးဖြတ်မှု ပြုရသော အဓိကရုဏ်းကို ငြိမ်းစေကြောင်းသမထ၊
၅။ ယေဘုယျသိကာ သမထ- ဓမ္မဝါဒီပုဂ္ဂိုလ်တို့၏ များသည်၏ အဖြစ်ကို မှီသော (ဝါဝိဒါဓိကရုဏ်းကို) ငြိမ်းအေးစေခြင်း အမူအရာသမထ၊
၆။ တဿ ပါပိယသိကာ သမထ- ထို (ဥပဝါဠရဟန်း) ကဲ့သို့ အထူးယုတ်မာသော ရဟန်းအား ပြုအပ်သော အဓိကရုဏ်းကို ပယ်ဖျောက်ကြောင်း ငြိမ်းစေကြောင်း သမထ၊
၇။ တိဏဝတ္ထာရကသမထ- မြက်တို့ဖြင့် ဖုံးလွှမ်းအပ်သော မစင်, ကျင်ငယ်နှင့် တူသော အဓိကရုဏ်းကို ငြိမ်းစေကြောင်း သမထ။ (ဝိ၊၅၊၁၆၉။) (ဝိ၊မြန်၊၅။၂၄၉။)♦

သမထနှင့် ဝိပဿနာ အစုံတွဲ၍ ပွားများပုံ ၁၆ မျိုး

၁။ အာရုံအနက် သဘောအားဖြင့် ပွားခြင်း၊
၂။ ကျက်စားရာ အနက်သဘောအားဖြင့် ပွားခြင်း၊
၃။ ပယ်ခြင်း အနက်သဘောအားဖြင့် ပွားခြင်း၊
၄။ စွန့်လွှတ်ခြင်း အနက်သဘောအားဖြင့် ပွားခြင်း၊
၅။ ထခြင်း အနက်သဘော အားဖြင့် ပွားခြင်း၊
၆။ တစ်ဖန် ပြန်မလည်ခြင်း အနက် သဘောအားဖြင့် ပွားခြင်း၊
၇။ ငြိမ်းခြင်း အနက်သဘောအားဖြင့် ပွားခြင်း၊
၈။ မြတ်ခြင်း အနက် သဘောအားဖြင့် ပွားခြင်း၊
၉။ လွတ်မြောက်ခြင်း အနက် သဘောအားဖြင့် ပွားခြင်း၊
၁၀။ အာသဝေါမရှိခြင်း အနက် သဘောအားဖြင့် ပွားခြင်း၊
၁၁။ ကူးမြောက်ခြင်း အနက် သဘောအားဖြင့် ပွားခြင်း၊
၁၂။ သင်္ခါရနိမိတ်ကင်းခြင်း အနက် သဘောအားဖြင့် ပွားခြင်း၊
၁၃။ တောင့်တမှု ကင်းခြင်း အနက်သဘောအားဖြင့် ပွားခြင်း၊
၁၄။ ဆိတ်သုဉ်းခြင်း အနက် သဘောအားဖြင့် ပွားခြင်း၊
၁၅။ တစ်ခုတည်းသော ကိစ္စရသရှိခြင်း အနက်သဘောအားဖြင့် ပွားခြင်း၊
၁၆။ လွန်၍ မဖြစ်ခြင်း အနက်သဘောအားဖြင့် ပွားခြင်း။ (ပဋိသံ၊၂၈၈။) (ပဋိသံ၊မြန်။၃၄၅။)♦

သမထယာနိက ရဟန္တာ ရတနာ ၂ မျိုး

၁။ သာဝကပါရမီ ရရှိသော သမထယာနိက ရဟန္တာ ရတနာ၊
၂။ သာဝကပါရမီ မရရှိသော သမထယာနိက ရဟန္တာရတနာ။ (ခုဒ္ဒက၊ဋ္ဌ၊၁၄၉။) (သုတ္တနိ၊ဋ္ဌ၊၁၊၂၇၈။)♦

သမထာသမထဿ သာဓာရဏဝါရ ၆ ပါး

၁။ ယေဘုယျသိကာ သမထသည် သမ္မုခါဝိနယ သမထနှင့် ဆက်ဆံ၏၊ ကျန်သမထ (၆) ပါးနှင့် မဆက်ဆံ၊
၂။ သတိဝိနယ သမထသည် သမ္မုခါဝိနယ သမထနှင့် ဆက်ဆံ၏၊ ကျန်သမထ ၆ ပါးနှင့် မဆက်ဆံ၊
၃။ အမူဠှဝိနယ သမထသည် သမ္မုခါဝိနယ သမထနှင့် ဆက်ဆံ၏၊ ကျန်သမထ (၆) ပါးနှင့် မဆက်ဆံ၊
၄။ ပဋိညာတကရဏ သမထသည် သမ္မုခါဝိနယနှင့် ဆက်ဆံ၏၊ ကျန်သမထ (၆) ပါးနှင့် မဆက်ဆံ၊
၅။ တဿပါပိယသိကာ သမထသည် သမ္မုခါဝိနယနှင့် ဆက်ဆံ၏၊ ကျန်သမထ (၆) ပါးနှင့် မဆက်ဆံ၊
၆။ တိဏဝတ္ထာရက သမထသည် သမ္မုခါဝိနယနှင့် ဆက်ဆံ၏၊ ကျန်သမထ (၆) ပါးနှင့် မဆက်ဆံ။ (ဝိ၊၅၊၁၈၇။) (ဝိ၊မြန်၊၅။၂၇၂။)♦

သမနန္တရ ပရိနိဗ္ဗာန် ၂ မျိုး

၁။ ဈာနသမနန္တရ- ဈာန်၏ အခြားမဲ့၌ ပရိနိဗ္ဗာန်ပြုခြင်း၊
၂။ ပစ္စဝေက္ခဏာ သမနန္တရ- ဈာန်အင်္ဂါတို့ကို ဆင်ခြင်ပြီး၍ အခြားမဲ့၌ ပရိနိဗ္ဗာန်ပြုခြင်း။ (ဒီ၊ဋ္ဌ၊၂၊၁၈၆။) (သံ၊ဋ္ဌ၊၁၊၂၀၅။) (ဒီ၊ဋ္ဌ၊မြန်၊၂။၃၅၀။)♦

သမနုပဿနာ ၂ မျိုး

၁။ ဉာဏသမနုပဿနာ- ဉာဏ်ဖြင့် ကောင်းစွာ အဖန်ဖန် ရှုကြည့်ခြင်း၊
၂။ ဒိဋ္ဌိသမနုပဿနာ- မိစ္ဆာ အယူနှင့် တကွဖြစ်သော အဖန်ဖန် ရှုကြည့်ခြင်း။ (အံ၊ဋ္ဌ၊၁၊၁၅။)♦

သမနုပဿနာ ၄ မျိုး

၁။ တဏှာသမနုပဿနာ- တဏှာဖြင့် ကောင်းစွာ အဖန်ဖန် ရှုကြည့်ခြင်း၊
၂။ မာနသမနုပဿနာ- မာနဖြင့် ကောင်းစွာ အဖန်ဖန် ရှုကြည့်ခြင်း၊
၃။ ဒိဋ္ဌိသမနုပဿနာ- မိစ္ဆာ အယူဖြင့် အဖန်ဖန် ရှုကြည့်ခြင်း၊
၄။ ဉာဏသမနုပဿနာ- ဉာဏ်ဖြင့် ကောင်းစွာ အဖန်ဖန် ရှုကြည့်ခြင်း။ (မ၊ဋ္ဌ၊၂၊၁၇။)♦

သမနုဘာသနသိက္ခာပုဒ် ၁၁ မျိုး

၁။ ဘိက္ခုပါတိမောက်၌ လာသော ယာဝတတိယက သံဃာဒိသိသ် (၄) မျိုး၊
၂။ အရိဋ္ဌသိက္ခာပုဒ် (၁) မျိုး၊
၃။ ဘိက္ခုနီ ပါတိမောက်၌ လာသော ယာဝတတိယကပါရာဇိက (၁) မျိုး၊
၄။ ယာဝတတိယက သံဃာဒိသိသ် (၄) မျိုး၊
၅။ စဏ္ဍကာဠီ သိက္ခာပုဒ် (၁) မျိုး၊ ပေါင်း (၁၁) မျိုး။ (သာရတ္ထ၊ဋီ၊၂၊၁၃၃။) (ဝိမတိ၊၁၊၁၇၆။)♦

သမန္တစက္ခု ဉာဏ်တော် ၁၄ ပါး

၁။ ဆင်းရဲဒုက္ခ၌ ဖြစ်သော ဉာဏ်၊
၂။ ဆင်းရဲဖြစ်ကြောင်း သမုဒယ၌ ဖြစ်သော ဉာဏ်၊
၃။ ဆင်းရဲချုပ်ငြိမ်းရာ နိရောဓ၌ ဖြစ်သော ဉာဏ်၊
၄။ ဆင်းရဲ ငြိမ်းရာသို့ ရောက်ကြောင်းဖြစ်သော ကျင့်ဝတ်လမ်းစဉ်၌ ဖြစ်သော ဉာဏ်။
၅။ အတ္ထ ပဋိသမ္ဘိဒါ၌ ဖြစ်သော ဉာဏ်၊
၆။ ဓမ္မပဋိသမ္ဘိဒါ၌ ဖြစ်သော ဉာဏ်၊
၇။ နိရုတ္တိပဋိသမ္ဘိဒါ၌ ဖြစ်သော ဉာဏ်၊
၈။ ပဋိဘာနပဋိသမ္ဘိဒါ၌ ဖြစ်သော ဉာဏ်၊
၉။ ဣန္ဒြေအနုအရင့်ကို သိသော ဉာဏ်၊
၁၀။ သတ္တဝါတို့၏ အာသယအနုသယကို သိသော ဉာဏ်၊
၁၁။ ယမကပါဋိဟာရိယ၌ သိသော ဉာဏ်၊
၁၂။ မဟာကရုဏာသမာပတ်၌ သိသော ဉာဏ်၊
၁၃။ အလုံးစုံကို သိသော သဗ္ဗညုတဉာဏ်၊
၁၄။ အပိတ်အပင် အဆီးအတား မရှိသော အနာဝရဏဉာဏ် (ဤဗုဒ္ဓ ဉာဏ်တော် (၁၄) ပါးတွင် ရှေး (၈) ပါးသော ဉာဏ်တို့သည် သာဝကတို့နှင့် ဆက်ဆံကုန်၏၊ (၆) ပါးသော ဉာဏ်တို့သည် ဘုရားရှင်တို့နှင့်သာ ဆက်ဆံကုန်၏)။ (ပဋိသံ၊၁၂၇-၁၂၈။) (ပဋိသံ၊မြန်။၁၆၆။)♦

သမန္တပဋ္ဌာန်းပေါင်း ၂၄ မျိုး

၁။ တိကပဋ္ဌာန်း၊ ဒုကပဋ္ဌာန်း၊ ဒုကတိကပဋ္ဌာန်း၊ တိကဒုကပဋ္ဌာန်း၊ တိကတိကပဋ္ဌာန်း၊ ဒုကဒုကပဋ္ဌာန်း ဟူ၍ အနုလုံ၌ ၆ မျိုး၊
၂။ တိကပဋ္ဌာန်း။ပ။ ဒုကဒုက ပဋ္ဌာန်းဟူ၍ ပစ္စနိက်၌လည်း ၆ မျိုး၊
၃။ တိကပဋ္ဌာန်း ။ပ။ ဒုကဒုကပဋ္ဌာန်းဟူ၍ အနုလုံ ပစ္စနိက် ၌လည်း ၆ မျိုး၊
၄။ တိကပဋ္ဌာန်း။ပ။ ဒုကဒုကပဋ္ဌာန်းဟူ၍ ပစ္စနိက်အနုလုံ၌လည်း ၆ မျိုး၊ ပေါင်း ၂၄ မျိုး။ (အဘိ၊ဋ္ဌ၊၁၊၁၁။) (အဘိ၊ဋ္ဌ၊၃၊၃၄၂။)♦

သမယဝိမုတ္တရဟန်း၏ ဆုတ်ယုတ်ကြောင်း တရား ၅ ပါး

၁။ အမှုကိစ္စ၌ မွေ့လျော်ခြင်း၊
၂။ စကား ပြောဆိုခြင်း၌ မွေ့လျော်ခြင်း၊
၃။ အိပ်ခြင်း၌ မွေ့လျော်ခြင်း၊
၄။ အပေါင်းအသင်း၌ မွေ့လျော်ခြင်း၊
၅။ လွတ်မြောက်ပြီးတိုင်းသော စိတ်ကို မဆင်ခြင်ခြင်း။ (အဘိ၊က၊၇၈။) (အဘိ၊က၊မြန်၊၁။၁၃၄။)♦

သမယအနက် ၅ မျိုး

၁။ ကာလ၊
၂။ သမူဟ၊
၃။ ခဏ၊
၄။ သမဝါယ၊
၅။ ဟေတု။ (ဝဇိရ၊၃၅။)♦

သမသီသီပုဂ္ဂိုလ် ၃ မျိုး

၁။ ဣရိယာပထသမသီသီ- အကြင် ဣရိယာပုတ်ဖြင့် ဝိပဿနာတရား အားထုတ်၍ ရဟန္တာဖြစ်ပြီး ထိုဣရိယာပုတ်ဖြင့်ပင် ပရိနိဗ္ဗာန်ပြုသော ပုဂ္ဂိုလ်၊
၂။ ရောဂ သမသီသီ- အနာရောဂါတစ်ခုကို ခံစားရသဖြင့် ထိုရောဂါခံစားလျက်ပင် ဝိပဿနာတရား အားထုတ်၍ ရဟန္တာဖြစ်ပြီး ထိုရောဂါဖြင့်ပင် ပရိနိဗ္ဗာန်ပြုသော ပုဂ္ဂိုလ်၊
၃။ ဇီဝိတသမသီသီ- ရဟန္တာဖြစ်ပြီး ကိလေသာကုန်ခန်းခြင်းနှင့် အသက်ကုန်ခြင်း မရှေးမနှောင်း တစ်ပြိုင်နက် ဖြစ်သော ပုဂ္ဂိုလ်။ (သံ၊ဋ္ဌ၊၁၊၁၆၈။) (အဘိ၊ဋ္ဌ၊၃၊၃၇။) (ပဋိသံ၊ဋ္ဌ၊၁၊၃၉။) (နေတ္တိ၊ဋ္ဌ၊၂၇၂။)♦

သမသီသီရဟန္တာ ပုဂ္ဂိုလ် ၄ မျိုး

၁။ ရောဂသမသီသီ- အနာရောဂါ ငြိမ်းပျောက်ခြင်းနှင့် အာသဝေါ ကုန်ခန်းခြင်းတို့ တစ်ချိန်တည်းဖြစ်သော ရဟန္တာပုဂ္ဂိုလ်၊
၂။ ဝေဒနာသမသီသီ- ဝေဒနာ ငြိမ်းပျောက်ခြင်းနှင့် အာသဝေါကုန်ခန်းခြင်းတို့ တစ်ချိန်တည်းဖြစ်သော ရဟန္တာပုဂ္ဂိုလ်၊
၃။ ဣရိယာပထသမသီသီ- ထိုင်ခြင်း စသော ဣရိယာပုတ်တစ်ခုခုဖြင့် ဝိပဿနာ ရှုသော ယောဂီပုဂ္ဂိုလ်အား ဣရိယာပုတ်အဆုံးနှင့် အာသဝေါကုန်ခြင်းတို့ တစ်ချိန်တည်း ဖြစ်သော ရဟန္တာပုဂ္ဂိုလ်၊
၄။ ဇီဝိတသမသီသီ- တရားအားထုတ်နေစဉ် အသက်တမ်း ကုန်ခြင်းနှင့် အာသဝေါကုန်ခန်းခြင်းတို့ တစ်ချိန်တည်းဖြစ်သော ရဟန္တာပုဂ္ဂိုလ်။ (အံ၊ဋ္ဌ၊၃၊၁၄၉။)♦

သမာဓိ ၁၀ ပါး

၁။ ဥဒ္ဓုမာတကသညာ၏ အစွမ်းအားဖြင့် စိတ်တည်ကြည်ခြင်း မပျံ့လွှင့်ခြင်း သမာဓိ၊
၂။ ဝိနီလကသညာ၏ အစွမ်းအားဖြင့် စိတ်တည်ကြည်ခြင်း သမာဓိ၊
၃။ ဝိပုဗ္ဗက သညာ၏ အစွမ်းအားဖြင့် စိတ်တည်ကြည်ခြင်း သမာဓိ၊
၄။ ဝိစ္ဆိဒ္ဒကသညာ၏ အစွမ်းအားဖြင့် စိတ်တည်ကြည်ခြင်း သမာဓိ၊
၅။ ဝိက္ခာယိတကသညာ၏ အစွမ်းအားဖြင့် စိတ်တည်ကြည်ခြင်း သမာဓိ၊
၆။ ဝိက္ခိတ္တကသညာ၏ အစွမ်းအားဖြင့် စိတ်တည်ကြည်ခြင်း သမာဓိ၊
၇။ ဟတ ဝိက္ခိတ္တကသညာ၏ အစွမ်းအားဖြင့် စိတ်တည်ကြည်ခြင်း သမာဓိ၊
၈။ လောဟိတကသညာ၏ အစွမ်းအားဖြင့် စိတ်တည်ကြည်ခြင်း သမာဓိ၊
၉။ ပုဠုဝကသညာ၏ အစွမ်းအားဖြင့် စိတ် တည်ကြည်ခြင်း သမာဓိ၊
၁၀။ အဋ္ဌိကသညာ၏ အစွမ်းအားဖြင့် စိတ်တည် ကြည်ခြင်း သမာဓိ။ (ပဋိသံ၊၄၇-၄၈။) (ပဋိသံ၊မြန်။၆၃။)♦

သမာဓိ ၂ ပါး

၁။ ဥပစာရသမာဓိ- အပ္ပနာသမာဓိ၏ အနီး, ရှေ့ပိုင်း၌ ဖြစ်သော သမာဓိ, ဧကဂ္ဂတာ စေတသိက်၊
၂။ အပ္ပနာသမာဓိ- အပ္ပနာဈာန်နှင့် ယှဉ်သော သမာဓိ။ (ဝိသုဒ္ဓိ၊၁၊၁၂၃။)♦

သမာဓိ ၂ ပါး (တစ်နည်း)

၁။ ဥပစာရနှင့် တကွ ဝိပဿနာ၏ အခြေခံဖြစ်သော သမာပတ် ရှစ်ပါးဟု ဆိုအပ်သော လောကိယသမာဓိ၊
၂။ မဂ်နှင့် ယှဉ်သော သမာဓိဟု ဆိုအပ်သော လောကုတ္တရာသမာဓိ။ (ဥဒါန၊ဋ္ဌ၊၂၁၁။) (ပဋိသံ၊၄၇။) (ပဋိသံ၊မြန်။၆၂။)♦

သမာဓိ ၃ ပါး

၁။ သဝိတက္ကသဝိစာရ သမာဓိ- ကြံစည်ခြင်း, ဆင်ခြင်ခြင်းနှင့် တကွ ဖြစ်သော သမာဓိ၊
၂။ အဝိတက္ကဝိစာရမတ္တ သမာဓိ- ကြံစည်ခြင်းမရှိ, ဆင်ခြင်ခြင်းမျှ ရှိသော သမာဓိ၊
၃။ အဝိတက္ကအဝိစာရ သမာဓိ- ကြံစည်ခြင်း ဆင်ခြင်ခြင်း နှစ်မျိုးလုံး မရှိသော သမာဓိ။ (ဒီ၊၃၊၁၈၄။) (အဘိ၊ဝိ၊၃၅၆။) (ပဋိသံ၊၄၇။) (ပေဋကော၊၂၁၇။) (ပဋိသံ၊ဋ္ဌ၊၁၊၁၁၆။) (ဗုဒ္ဓဝံ၊ဋ္ဌ၊၆၃။) (နေတ္တိ၊ဋ္ဌ၊၂၁၄။) (နေတ္တိ၊ဋ္ဌ၊၈၃။) (နေတ္တိ၊ဝိဘာ၊၂၇၆။) (ဒီ၊မြန်၊၃။၂၀၄။) (အဘိ၊ဝိ၊မြန်၊၂။၄၄၀။) (ပဋိသံ၊မြန်။၆၂။)♦

သမာဓိ ၃ ပါး (တစ်နည်း)

၁။ သုညတသမာဓိ- အတ္တ, သတ္တ, ပုဂ္ဂလ စသည်မှလည်းကောင်း, ရာဂ, ဒေါသ စသည်မှလည်းကောင်း, ကင်းဆိတ်သော မဂ်သမာဓိ ဖိုလ်သမာဓိ၊
၂။ အနိမိတ္တ သမာဓိ- နိစ္စနိမိတ် စသည်မှ လည်းကောင်း, ရာဂနိမိတ် စသည် သင်္ခါရနိမိတ် စသည်မှ လည်းကောင်း, ကင်းသော သဘောရှိသည် ဖြစ်၍ နိဗ္ဗာန်ကို အာရုံပြုသော အခြင်းအရာအားဖြင့် ဖြစ်သော မဂ်သမာဓိ ဖိုလ်သမာဓိ၊
၃။ အပ္ပဏိဟိတ သမာဓိ- တဏှာဖြင့် တွယ်တာခြင်း မရှိမူ၍ ဒုက္ခာနုပဿနာဖြင့် ရအပ်သော မဂ်သမာဓိ ဖိုလ်သမာဓိ။ (ဝိ၊၁၊၁၁၈။) (ဒီ၊၃၊၁၈၄။) (မိလိန္ဒ၊၃၂၀။) (ဝိ၊မြန်၊၁။၁၂၂။) (ဒီ၊မြန်၊၃။၂၀၄။) (မိလိန္ဒ၊မြန်။၃၄၃။)♦

သမာဓိ ၃ ပါး (တစ်နည်း)

၁။ ခဏိကသမာဓိ- ခဏတာဖြစ်သော စိတ်တည်ကြည်ခြင်း၊
၂။ ဥပစာရ သမာဓိ- ဈာန်အနီးသို့ ကပ်ရောက်သော စိတ်တည်ကြည်ခြင်း၊
၃။ အပ္ပနာသမာဓိ- ဈာန်သို့ သက်ရောက်သော စိတ်တည်ကြည်ခြင်း။ (အဘိ၊ဋ္ဌ၊၁၊၁၆၀။)♦

သမာဓိ ၄ ပါး

၁။ ဆုတ်ယုတ်ခြင်း အဖို့ရှိသော (ဟာနဘာဂိယ) သမာဓိ၊
၂။ တည်တံ့ခြင်း အဖို့ရှိသော (ဌိတိဘာဂိယ) သမာဓိ၊
၃။ ထူးသော အဖို့ရှိသော (ဝိသေသဘာဂိယ) သမာဓိ၊
၄။ ငြီးငွေ့ခြင်း အဖို့ရှိသော (နိဗ္ဗေဓဘာဂိယ) သမာဓိ။ (ပဋိသံ၊၄၇။) (ပဋိသံ၊မြန်။၆၂။)♦

သမာဓိ ၄ ပါး (တစ်နည်း)

၁။ ဆန္ဒသမာဓိ- ဆန္ဒခေါင်းဆောင်သော-သမာဓိ၊
၂။ ဝီရိယသမာဓိ- ဝီရိယခေါင်းဆောင်သော-သမာဓိ၊
၃။ စိတ္တသမာဓိ- စိတ်ခေါင်းဆောင်သော-သမာဓိ၊
၄။ ဝီမံသသမာဓိ- ပညာခေါင်းဆောင်သော-သမာဓိ။ (ပေဋကော၊၁၉၃။)♦

သမာဓိ ၄ ပါး (တစ်နည်း)

ထိုးထွင်း၍ သိနိုင်ခဲသော တရား ၄ ပါး၊ ဒုပ္ပဋိဝိဇ္ဈတရား ၄ ပါး တို့နှင့် တူသည်။ ♦

သမာဓိ ၄ ပါး (တစ်နည်း) (သုံးပါးစီ ကွဲပြားသော သမာဓိ ၄ မျိုး)

၁။ ဟီနသမာဓိ- ယုတ်သော သမာဓိ၊ မဇ္ဈိမ သမာဓိ- အလယ်အလတ်သမာဓိ၊ ပဏီတသမာဓိ- မြတ်သောသမာဓိ၊
၂။ သဝိတက္က သဝိစာရ သမာဓိ- ကြံစည်ခြင်း အာရုံ၌ ထိုမှဤမှ လှည့်လည်၍ အဖန်ဖန် သုံးသပ်ခြင်းနှင့် တကွ ဖြစ်သော သမာဓိ၊ အဝိတက္ကအဝိစာရ သမာဓိ- ဝိတက်ဝိစာရမရှိသော သမာဓိ၊ အဝိတက္က ဝိစာရမတ္တာ သမာဓိ-ဝိတက်မရှိ, ဝိစာရသာရှိသော သမာဓိ၊
၃။ ပီတိသဟဂတာ သမာဓိ- ဝမ်းမြောက်ခြင်းနှင့်တကွ ဖြစ်သော သမာဓိ၊ သုခသဟဂတာ သမာဓိ- သုခနှင့်တကွ ဖြစ်သော သမာဓိ၊ ဥပေက္ခာသဟဂတာ သမာဓိ- ဥပေက္ခာနှင့်တကွ ဖြစ်သော သမာဓိ၊
၄။ ပရိတ္တ သမာဓိ- အားနည်းသမာဓိ၊ မဟဂ္ဂတသမာဓိ- မြတ်သည်၏ အဖြစ်သို့ ရောက်သော သမာဓိ၊ အပ္ပမာဏ သမာဓိ- အတိုင်းအရှည် အပိုင်းအခြား မရှိသော သမာဓိ။ (ဝိသုဒ္ဓိ၊၁၊၈၂။)♦

သမာဓိ ၄ ပါး တစ်နည်း (နှစ်ပါးစီ ကွဲပြားသော သမာဓိ ၄ မျိုး)

၁။ ဥပစာရသမာဓိ- အပ္ပနာ သမာဓိ၊
၂။ လောကိယသမာဓိ- လောကုတ္တရသမာဓိ၊
၃။ သပ္ပီတိကသမာဓိ- နိပ္ပီတိက သမာဓိ၊
၄။ သုခသဟဂတသမာဓိ- ဥပေက္ခာသဟဂတသမာဓိ။ (ဝိသုဒ္ဓိ၊၁၊၈၁။)♦

သမာဓိ ၅ ပါး

၁။ ပီတိပျံ့နှံ့ခြင်း (ပီတိဖရဏတာ) သမာဓိ၊
၂။ သုခပြန့်နှံ့ခြင်း (သုခ ဖရဏတာ) သမာဓိ၊
၃။ ဥပေက္ခာစိတ်ပျံ့နှံ့ခြင်း (စေတောဖရဏတာ) သမာဓိ၊
၄။ အရောင်အလင်း ပျံ့နှံ့ခြင်း (အာလောကဖရဏတာ) သမာဓိ၊
၅။ ပစ္စဝေက္ခဏ၏ အကြောင်းနိမိတ်ဖြစ်သော သမာဓိ။ (ပဋိသံ၊၄၇။) (ပဋိသံ၊မြန်။၆၃။)♦

သမာဓိ ၆ ပါး

၁။ ဗုဒ္ဓါနုဿတိ အစွမ်းအားဖြင့် စိတ်တည်ကြည်ခြင်း၊
၂။ ဓမ္မာနုဿတိ အစွမ်း အားဖြင့် စိတ်တည်ကြည်ခြင်း၊
၃။ သံဃာနုဿတိအစွမ်းအားဖြင့် စိတ်တည်ကြည်ခြင်း၊
၄။ သီလာနုဿတိအစွမ်းအားဖြင့် စိတ်တည်ကြည်ခြင်း၊
၅။ စာဂါနုဿတိ အစွမ်းအားဖြင့် စိတ်တည်ကြည်ခြင်း၊
၆။ ဒေဝတာနုဿတိ အစွမ်းအားဖြင့် စိတ်တည်ကြည်ခြင်း။ (ပဋိသံ၊၄၇။) (ပဋိသံ၊မြန်။၆၃။)♦

သမာဓိ ၆ ပါး (တစ်နည်း) (လေးပါးစီ ကွဲပြားသော သမာဓိ ၆ မျိုး)

၁။ ဒုက္ခပဋိပဒါ ဒန္ဓာဘိညာ သမာဓိ၊ ဒုက္ခပဋိပဒါ ခိပ္ပါဘိညာ သမာဓိ၊ သုခပဋိပဒါ ဒန္ဓာဘိညာ သမာဓိ၊ သုခပဋိပဒါ ခိပ္ပဘိညာ သမာဓိ၊
၂။ ပရိတ္တ ပရိတ္တာရမ္မဏ သမာဓိ၊ ပရိတ္တ အပ္ပမာဏာရမ္မဏ သမာဓိ၊ အပ္ပမာဏ ပရိတ္တာရမ္မဏ သမာဓိ၊ အပ္ပမာဏ အပ္ပမာဏာရမ္မဏ သမာဓိ၊
၃။ ပဌမဈာန် သမာဓိ၊ ဒုတိယဈာန် သမာဓိ၊ တတိယဈာန် သမာဓိ၊ စတုတ္ထဈာန်သမာဓိ၊
၄။ ဟာနဘာဂိယ သမာဓိ၊ ဌိတိဘာဂိယ သမာဓိ၊ ဝိသေသဘာဂိယ သမာဓိ၊ နိဗ္ဗေဓဘာဂိယ သမာဓိ၊
၅။ ကာမာဝစရ သမာဓိ၊ ရူပါဝစရ သမာဓိ၊ အရူပါဝစရ သမာဓိ၊ အပရိယာပန္န သမာဓိ၊
၆။ ဆန္ဒသမာဓိ၊ စိတ္တသမာဓိ၊ ဝီရိယသမာဓိ၊ ဝီမံသသမာဓိ။ (ဝိသုဒ္ဓိ၊၁၊၈၂။)♦

သမာဓိ ၇ ပါး

၁။ သမာဓိ၌ လိမ်မာခြင်း၊
၂။ သမာဓိဝင်စားမှု၌ လိမ်မာခြင်း၊
၃။ သမာဓိ တည်စေမှု၌ ကျွမ်းကျင်ခြင်း၊
၄။ သမာဓိမှ ထမှု၌ လိမ်မာခြင်း၊
၅။ သမာဓိ ခံ့ကျန်းမှု၌ လိမ်မာခြင်း၊
၆။ သမာဓိကျက်စားရာအာရုံ၌ လိမ်မာခြင်း၊
၇။ သမာဓိသို့ ရှေးရှူဆောင်ခြင်း၌ လိမ်မာခြင်း။ (ပဋိသံ၊၄၇။) (ပဋိသံ၊မြန်။၆၃။)♦

သမာဓိ ၈ ပါး

၁။ ပထဝီကသိုဏ်း၏ အစွမ်းအားဖြင့် စိတ်တည်ကြည် မပျံ့လွင့်ခြင်း သမာဓိ၊
၂။ အာပေါကသိုဏ်း၏ အစွမ်းအားဖြင့် စိတ်တည်ကြည် မပျံ့လွင့်ခြင်း သမာဓိ၊
၃။ တေဇော ကသိုဏ်း၏ အစွမ်းအားဖြင့် စိတ်တည်ကြည် မပျံ့လွင့်ခြင်း သမာဓိ၊
၄။ ဝါယောကသိုဏ်း၏ အစွမ်းအားဖြင့် စိတ်တည်ကြည် မပျံ့လွင့်ခြင်း သမာဓိ၊
၅။ နီလကသိုဏ်း၏ အစွမ်းအားဖြင့် စိတ်တည်ကြည် မပျံ့လွင့်ခြင်း သမာဓိ၊
၆။ ပီတကသိုဏ်း၏ အစွမ်းအားဖြင့် စိတ်တည်ကြည် မပျံ့လွင့်ခြင်း သမာဓိ၊
၇။ လောဟိတကသိုဏ်း၏ အစွမ်းအားဖြင့် စိတ်တည်ကြည် မပျံ့ လွင့်ခြင်း သမာဓိ၊
၈။ ဩဒါတကသိုဏ်း၏ အစွမ်းအားဖြင့် စိတ်တည်ကြည် မပျံ့လွင့်ခြင်း သမာဓိ ။ (ပဋိသံ၊၄၇။) (ပဋိသံ၊မြန်။၆၃။)♦

သမာဓိ ၉ ပါး

၁။ ယုတ်သော ရူပါဝစရ သမာဓိ၊
၂။ အလတ်ဖြစ်သော ရူပါဝစရ သမာဓိ၊
၃။ မြတ်သော ရူပါဝစရ သမာဓိ၊
၄။ ယုတ်သော အရူပါဝစရ သမာဓိ၊
၅။ အလတ်ဖြစ်သော အရူပါဝစရ သမာဓိ၊
၆။ မြတ်သော အရူပါဝစရ သမာဓိ၊
၇။ သုညတသမာဓိ အရူပါဝစရ သမာဓိ၊
၈။ အနိမိတ္တသမာဓိအရူပါဝစရသမာဓိ၊
၉။ အပ္ပဏိဟိတသမာဓိအရူပါဝစရသမာဓိ။ (ပဋိသံ၊ ၄၇။) (ပဋိသံ၊မြန်။၆၃။)♦

သမာဓိ ပညာဆိုင်ရာ ပုဂ္ဂိုလ် ၄ မျိုး

၁။ စိတ်၏ တည်ကြည်ခြင်း သမာဓိရှိပြီး သင်္ခါရတရားတို့ကို ရှုမြင်တတ်သော ပညာမရှိသော ပုဂ္ဂိုလ်၊
၂။ သင်္ခါရတရားတို့ကို ရှုမြင်တတ်သော ပညာရှိပြီး စိတ်၏ တည်ကြည်ခြင်း သမာဓိမရှိသော ပုဂ္ဂိုလ်၊
၃။ စိတ်၏ တည်ကြည်ခြင်း သမာဓိလည်း မရှိ သင်္ခါရတရားတို့ကို ရှုမြင်တတ်သော ပညာလည်း မရှိသော ပုဂ္ဂိုလ်၊
၄။ စိတ်၏ တည်ကြည်ခြင်း သမာဓိလည်းရှိ သင်္ခါရတရားတို့ကို ရှုမြင်တတ်သော ပညာလည်း ရှိသော ပုဂ္ဂိုလ်။ (အံ၊၁၊၄၀၄။) (အံ၊၁၊၊၄၀၆။) (အံ၊မြန်၊၁။၄၁၈။) (အံ၊မြန်၊၁။၄၁၈။)♦

သမာဓိ ပွားများမှု ၄ မျိုး

၁။ ပွားများအပ် ကြိမ်ဖန်များစွာ လေ့လာအပ်သော မျက်မှောက်ဘဝ၌ ချမ်းသာစွာနေရန်ဖြစ်သော သမာဓိကို ပွားများမှု၊
၂။ ပွားများအပ် ကြိမ်ဖန်များစွာ လေ့လာ အပ်သော ဒိဗ္ဗစက္ခုဉာဏ်အမြင်ကို ရရန်ဖြစ်သော သမာဓိကို ပွားများမှု၊
၃။ ပွားများအပ် ကြိမ်ဖန်များစွာ လေ့လာအပ်သော အောက်မေ့ခြင်း သတိနှင့် ဆင်ခြင်ဉာဏ် သမ္ပဇဉ်အလို့ငှာ ဖြစ်သော သမာဓိကို ပွားများမှု၊
၄။ ပွားများအပ် ကြိမ်ဖန်များစွာ လေ့လာအပ်သော အာသဝေါ တရားတို့ ကုန်ခန်းရန်ဖြစ်သော သမာဓိကို ပွားများမှု။ (အံ၊၁၊၃၅၃။) (အံ၊မြန်၊၁။၃၆၈။)♦

သမာဓိ အခြံအရံ အဆောက်အဦ ၇ ပါး

၁။ မှန်စွာ သိမြင်ခြင်း (သမ္မာဒိဋ္ဌိ)၊
၂။ မှန်စွာ ကြံခြင်း (သမ္မာသင်္ကပ္ပ)၊
၃။ မှန်စွာ ပြောဆိုခြင်း (သမ္မာဝါစာ)၊
၄။ မှန်စွာ ပြုလုပ်ခြင်း (သမ္မာကမ္မန္တ)၊
၅။ မှန်စွာ အသက်မွေးခြင်း (သမ္မာအာဇီဝ)၊
၆။ မှန်စွာ အားထုတ်ခြင်း (သမ္မာဝါယာမ)၊
၇။ မှန်စွာ အောက်မေ့ခြင်း (သမ္မာသတိ)၊ (မှတ်ချက်) ဤသုတ်လာ သရုပ်များကို သနင်္ကုမာရဗြဟ္မာမင်း ဟောပြခြင်း ဖြစ်ပါသည်၊ မဂ္ဂင်ရှစ်ပါးတွင် ရှေ့ခုနစ်ပါးသည် နောက်ဆုံး သမ္မာသမာဓိ၏ အခြံအရံဟု ဆိုရာရောက်သည်။ (ဒီ၊၂၊၁၇၅။) (ဒီ၊၃၊၂၀၈။) (အံ၊၂၊၄၂၈။) (ဒီ၊မြန်၊၂။၁၉၉။) (ဒီ၊မြန်၊၃။၂၃၁။) (အံ၊မြန်၊၂။၅၄၁။)♦

သမာဓိ အင်္ဂါ ၅ ပါး

၁။ ပီတိဖရဏတာ- ပီတိကို ဖြန့်နှံ့၍ဖြစ်သော ဈာန်နှစ်ပါး၌ ဖြစ်သော ပညာ၊
၂။ သုခဖရဏတာ- သုခကို ဖြန့်နှံ့၍ဖြစ်သော ဈာန်သုံးပါး၌ဖြစ်သော ပညာ၊
၃။ စေတော ဖရဏတာ- သူတစ်ပါးတို့၏ စိတ်ကို ဖြန့်နှံ့၍ဖြစ်သော စေတောပရိယပညာ၊
၄။ အာလောက ဖရဏတာ- အလင်းရောင်ကို ဖြန့်နှံ့၍ဖြစ်သော ဒိဗ္ဗစက္ခုဉာဏ်၊
၅။ ပစ္စဝေက္ခဏာနိမိတ္တ- ပစ္စဝေက္ခဏာဉာဏ်။ (ပဋိသံ၊ဋ္ဌ၊၁၊၁၁၇။)♦

သမာဓိ၌ အားရှိကြောင်း တရား ၆ ပါး

၁။ သမာဓိကို ဝင်စားမှု၌ ကျွမ်းကျင်ခြင်း၊
၂။ သမာဓိ၏ တည်မှု၌ ကျွမ်းကျင်ခြင်း၊
၃။ သမာဓိမှ ထမှု၌ ကျွမ်းကျင်ခြင်း၊
၃။ ကောင်းစွာ ပြုအပ်သည် ကိုလည်း ပြုလေ့ ရှိခြင်း၊
၄။ အမြဲပြုမှုလည်း ရှိခြင်း၊
၆။ လျောက်ပတ်သည်ကိုလည်း ပြုလေ့ ရှိခြင်း။ (အံ၊၂၊၃၇၃။) (အံ၊မြန်၊၂။၄၇၀။)♦

သမာဓိ၏ တည်ကြည်မှု အနက်သဘော ၂၅ ပါး

၁။ သိမ်းဆည်းအပ်သော အနက် သဘော၊
၂။ အခြံအရံဟူသော အနက်သဘော၊
၃။ ပြည့်စုံခြင်း အနက်သဘော၊
၄။ အာရုံတစ်ခု တည်းသာ ရှိခြင်း အနက်သဘော၊
၅။ မပျံ့လွင့်ခြင်း အနက်သဘော၊
၆။ မနောက်ကျုခြင်း အနက်သဘော၊
၇။ မတုန်လှုပ်ခြင်း အနက်သဘော၊
၈။ ကိလေသာမှ လွတ်ခြင်း အနက် သဘော၊
၉။ အာရုံတစ်ခုတည်း၌ တင်ခြင်း အနက်သဘော၊
၁၀။ အပ္ပနာကို ရှာမှီးတတ်သော အနက်သဘော၊
၁၁။ နီဝရဏတရားတို့ကို မရှာမှီးတတ်သော အနက်သဘော၊
၁၂။ အပ္ပနာကို ရှာမှီးတတ်သည်၏ အဖြစ်ဟူသော အနက်သဘော၊
၁၃။ နီဝရဏတို့ကို မရှာမှီးတတ်သည်၏ အဖြစ်ဟူသော အနက်၊
၁၄။ အပ္ပနာကို ယူတတ်သော အနက်သဘော၊
၁၅။ နီဝရဏတို့ကို မယူတတ်သော အနက်သဘော၊
၁၆။ အပ္ပနာကို ယူတတ်သည်၏ အဖြစ်ဟူသော အနက် သဘော၊
၁၇။ နီဝရဏတို့ကို မယူတတ်သည်၏ အဖြစ်ဟူသော အနက်သဘော၊
၁၈။ အပ္ပနာကို ကျင့်တတ်ခြင်း အနက်သဘော၊
၁၉။ နီဝရဏတို့ကို မကျင့်တတ်ခြင်း အနက် သဘော၊
၂၀။ အပ္ပနာကို ကျင့်တတ်သည်၏ အဖြစ်ဟူသော အနက်သဘော၊
၂၁။ နီဝရဏ တို့ကို မကျင့်တတ်သည်၏ အဖြစ်ဟူသော အနက်သဘော၊
၂၂။ အပ္ပနာကို ထွန်းပတတ်သော အနက်သဘော၊
၂၃။ နီဝရဏတို့ကို လောင်စေတတ်သော အနက်သဘော၊
၂၄။ အပ္ပနာကို ထွန်းပတတ်သည်၏ အဖြစ်ဟူသော အနက်သဘော၊
၂၅။ နီဝရဏတို့ကို လောင်စေတတ် သည်၏ အဖြစ်ဟူသော အနက်သဘော။ ဤသည်တို့ကား သမာဓိ၏ တည်ကြည်မှု သဘောတရား (၂၅) ပါးတို့ုတည်း။ (ပဋိသံ၊၄၈။) (ပဋိသံ၊မြန်။၆၄။)♦

သမာဓိကို တားမြစ်တတ်သော ဉာဏ် ၈ ပါး

၁။ အလိုဆန္ဒ (ကာမစ္ဆန္ဒ)၊
၂။ အမျက်ထွက်ခြင်း (ဒေါသ)၊
၃။ ထိုင်းမှိုင်းခြင်း (ထိနမိဒ္ဓ)၊
၄။ ပျံ့လွင့်ခြင်း (ဥဒ္ဓစ္စ)၊
၅။ ယုံမှားခြင်း (ဝိစိကိစ္ဆာ)၊
၆။ မသိခြင်း (အဝိဇ္ဇာ)၊
၇။ မမွေ့လျော်ခြင်း (အရတိ)၊
၈။ အကုသိုလ်တရားအားလုံး (သဗ္ဗေပိ အကုသလာဓမ္မာ) ။ (ပဋိသံ၊၁၆၁။) (ပဋိသံ၊မြန်။၂၀၇။)♦

သမာဓိကို ပွားများရကျိုး ၄ ပါး

၁။ ဤကား ဆင်းရဲတည်းဟု ဟုတ်တိုင်းမှန်စွာ သိခြင်း၊
၂။ ဤကား ဆင်းရဲဖြစ်ပေါ်ကြောင်းတည်းဟု ဟုတ်တိုင်းမှန်စွာ သိခြင်း၊
၃။ ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) တည်းဟု ဟုတ်တိုင်းမှန်စွာ သိခြင်း၊
၄။ ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်း အကျင့်တည်းဟု ဟုတ်တိုင်းမှန်စွာ သိခြင်း။ (သံ၊၃၊၃၆၃။) (သံ၊မြန်၊၃။၃၆၈။)♦

သမာဓိကို ပွားများသော ပုဂ္ဂိုလ်၌ ဖြစ်သော ဉာဏ် ၅ မျိုး

၁။ ဤသမာဓိသည် ယခု ချမ်းသာ၏၊ နောင်ချမ်းသာကျိုး ရှိ၏ဟု မိမိသန္တာန်၌ ဉာဏ်ဖြစ်ပေါ်ခြင်း၊
၂။ ဤသမာဓိသည် ယခု မြတ်၏၊ တဏှာဖြင့် သုံးဆောင်မှု မရှိဟု မိမိသန္တာန်၌ ဉာဏ်ဖြစ်ပေါ်ခြင်း၊
၃။ ဤ သမာဓိသည် ယခု ယောကျ်ားမြတ်တို့သာ မှီဝဲအပ်၏ဟု မိမိသန္တာန်၌ ဉာဏ် ဖြစ်ပေါ်ခြင်း၊
၄။ ဤသမာဓိသည် ယခု ငြိမ်သက်၏၊ မွန်မြတ်၏၊ စိတ်၏ တည်ကြည်ခြင်းကို ရ၏ဟု မိမိသန္တာန်၌ ဉာဏ်ဖြစ်ပေါ်ခြင်း၊
၅။ ငါသည် သတိရှိလျက် ဤသမာပတ်ကို ဝင်စားအံ့၊ ထအံ့ဟု မိမိသန္တာန်၌ ဉာဏ်ဖြစ်ပေါ်ခြင်း။ (အံ၊၂၊၂၀။) (အံ၊မြန်၊၂။၂၆၊၂၇။)♦

သမာဓိစရိယ ၉ ပါး

၁။ ပဌမဈာန် သမာဓိ၊
၂။ ဒုတိယဈာန် သမာဓိ၊
၃။ တတိယဈာန် သမာဓိ၊
၄။ စတုတ္ထဈာန် သမာဓိ၊
၅။ ပဉ္စမဈာန် သမာဓိ၊
၆။ အာကာသာနဉ္စာယတနဈာန် သမာဓိ၊
၇။ ဝိညာဏဉ္စာယတနဈာန် သမာဓိ၊
၈။ အာကိဉ္စညာယတနဈာန် သမာဓိ၊
၉။ နေဝသညာ နာသညာယတနဈာန် သမာဓိ။ (ပဋိသံ၊၉၆။) (မ၊ဋီ၊၂၊၂၇၅။) (ဝိသုဒ္ဓိ၊ဋီ၊၁၊၄၆၁။) (အပ၊မြန်၊၁။၁၂၇။)♦

သမာဓိန္ဒြေ စင်ကြယ်ကြောင်း ၃ ပါး

၁။ သမာဓိမရှိသော မတည်ကြည်သော ပုဂ္ဂိုလ်တို့ကို ရှောင်ကြဉ်ခြင်း၊
၂။ သမာဓိရှိ၍ တည်ကြည်သော ပုဂ္ဂိုလ်တို့ကို မှီဝဲဆည်းကပ်ခြင်း၊
၃။ ဈာန ဝိမောက္ခတရားတို့ကို ရည်ရွယ်၍ ဟောထားသော သုတ်တို့ကို ဆင်ခြင်ခြင်း။ (ပဋိသံ၊၁၉၈။) (မ၊ဋ္ဌ၊၄၊၂၄၄။) (သံ၊ဋ္ဌ၊၃၊၃၆။) (အံ၊ဋ္ဌ၊၁၊၃၈၈။) (ဥဒါန၊ဋ္ဌ၊၁၉၉။) (အံ၊ဋီ၊၃၊၂၆၉။)♦

သမာဓိဘာဝနာ ၄ ပါး

၁။ ပစ္စုပ္ပန်အတ္တဘော၌ ချမ်းသာစွာ နေခြင်းငှာ ဖြစ်သော သမာဓိဘာဝနာ၊
၂။ ဒိဗ္ဗစက္ခုဉာဏ်အမြင်ကို ရခြင်းငှာ ဖြစ်သော သမာဓိဘာဝနာ၊
၃။ သတိသမ္ပဇဉ်နှင့် ပြည့်စုံ စေခြင်းငှာ ဖြစ်သော သမာဓိဘာဝနာ၊
၄။ အာသဝေါတရားတို့၏ကုန်ခြင်းငှာ ဖြစ်သော သမာဓိ ဘာဝနာ။ (ဒီ၊၃၊၁၈၆။) (ဒီ၊မြန်၊၃။၂၀၆။)♦

သမာဓိသမ္ဗောဇ္ဈင် ဖြစ်ကြောင်းတရား ၁၁ ပါး

၁။ အတွင်း, အပ ကာယဝတ္ထု စင်ကြယ်အောင် ပြုသူ ဖြစ်ခြင်း၊
၂။ သဒ္ဓါစသော ဣန္ဒြေတို့ကို ညီမျှအောင် ပြုသူ ဖြစ်ခြင်း၊
၃။ ကသိုဏ်း နိမိတ်ကို ယူခြင်း၌ ကျွမ်းကျင်လိမ္မာသူ ဖြစ်ခြင်း၊
၄။ လုံ့လလျော့ခြင်း စသည်တို့ကြောင့် စိတ် တွန့်ဆုတ်သော အခါ၌ ထိုတွန့်ဆုတ်သော စိတ်ကို ချီးမြှောက်တတ်သူ ဖြစ်ခြင်း၊
၅။ စိတ် ပျံ့လွင့်သော, မတည်တံ့သော အခါ၌ ထိုပျံ့လွင့်သော စိတ်ကို နှိပ်သူ ဖြစ်ခြင်း၊
၆။ သာယာမှု မရှိသော စိတ်ဖြစ်သော အခါ၌ သံဝေဂဝတ္ထု ရှစ်ပါးတို့ကို ဆင်ခြင်ခြင်းဖြင့် ရွှင်လန်း တက်ကြွစေသူ ဖြစ်ခြင်း၊
၇။ အာရုံ၌ အညီအမျှဖြစ်သော သမထလမ်းမှန် သွားနေသောစိတ် ဖြစ်သောအခါ၌ လျစ်လျူရှုသူ ဖြစ်ခြင်း၊
၈။ စိတ်ပျံ့လွင့်သူကို ရှောင် ကြဉ်သူ ဖြစ်ခြင်း၊
၉။ စိတ်တည်ကြည်သူကို မှီဝဲသူ ဖြစ်ခြင်း၊
၁၀။ ဈာန်ဝိမောက္ခတို့ကို ဆင်ခြင်သူ ဖြစ်ခြင်း၊
၁၁။ ရပ်ခြင်း, ထိုင်ခြင်း စသည်တို့၌ သမာဓိဖြစ်စေခြင်းငှာသာ စိတ်ကို ညွတ်သူ ဖြစ်ခြင်း။ (ဒီ၊ဋ္ဌ၊၂၊၃၈၃။) (မ၊ဋ္ဌ၊၁၊၃၀၁။) (သံ၊ဋ္ဌ၊၃၊၁၉၉။) (အံ၊ဋ္ဌ၊၁၊၄၀၁။) (အဘိ၊ဋ္ဌ၊၂၊၂၇၁။) (ဝိသုဒ္ဓိ၊၁၊၁၃၁။) (သာရတ္ထ၊ဋီ၊၂၊၂၂၅-၂၂၆။) (ဒီ၊ဋ္ဌ၊မြန်၊၂။၇၁၂။)♦

သမာဓိသမ္ဗောဇ္ဈင်ဖြစ်ကြောင်း ၁၀ ပါး

၁။ ဆံပင်, ခြေသည်း လက်သည်း စသော အဇ္ဈတ္တဝတ္ထု, အဝတ်အထည်စသော ဗဟိဒ္ဓဝတ္ထုတို့ကို သန့်ရှင်းစင်ကြယ်အောင် ပြုလုပ်ခြင်း၊
၂။ သဒ္ဓိန္ဒြေ စသော ဣန္ဒြေတို့ကို ညီမျှအောင် ပြုလုပ်ခြင်း၊
၃။ ကသိုဏ်းနိမိတ်, ဥဂ္ဂဟနိမိတ်တို့၌ ကျွမ်းကျင်ခြင်း၊
၄။ အလွန်တက်ကြွနေသော အခါ၌ စိတ်ကို နှိပ်ကွပ်ခြင်း၊
၅။ တွန့်ဆုတ်လျော့ရဲ နေသော အခါ၌ စိတ်ကို မြှောက်ပင့်ခြင်း၊
၆။ သာယာခြင်း ကင်းနေသော စိတ်ကို သဒ္ဓါနှင့် သံဝေဂတို့၏ အစွမ်းအားဖြင့် ရွှင်လန်းစေခြင်း၊
၇။ သမထလမ်းကြောင်းပေါ်သို့ ရောက်နေ သဖြင့် ကောင်းစွာ ဖြစ်ပေါ်နေသော စိတ်ကို လျစ်လျူရှုခြင်း၊
၈။ သမာဓိမရှိ, မတည်ကြည်သော ပုဂ္ဂိုလ်ကို ရှောင်ကြဉ်ခြင်း၊
၉။ သမာဓိရှိ၍ တည်ကြည်သော ပုဂ္ဂိုလ်ကို မှီဝဲခြင်း၊
၁၀။ သမာဓိ သမ္ဗောဇ္ဈင်ဖြစ်ရန် စိတ်ညွတ်ခြင်း, နှလုံးသွင်းခြင်း။ (ဒီ၊ဋီ၊၂၊၁၃၀။)♦

သမာဓိသို့ မရောက်နိုင်ကြောင်း ၅ ပါး

၁။ အဆင်းရူပါရုံကို သည်းမခံနိုင်ခြင်း၊
၂။ အသံ သဒ္ဒါရုံကို သည်းမခံနိုင်ခြင်း၊
၃။ အနံ့ ဂန္ဓာရုံကို သည်းမခံနိုင်ခြင်း၊
၄။ အရသာ ရသာရုံကို သည်းမခံ နိုင်ခြင်း၊
၅။ အတွေ့အထိ ဖောဋ္ဌဗ္ဗာရုံကို သည်းမခံနိုင်ခြင်း။ (အံ၊၂၊၁၂၁။) (အံ၊မြန်၊၂။၁၄၉။)♦

သမာဓိသို့ ရောက်နိုင်ကြောင်း ၅ ပါး

၁။ အဆင်းရူပါရုံကို သည်းခံနိုင်ခြင်း၊
၂။ အသံ သဒ္ဒါရုံကို သည်းခံနိုင်ခြင်း၊
၃။ အနံ့ ဂန္ဓာရုံကို သည်းခံနိုင်ခြင်း၊
၄။ အရသာ ရသာရုံကို သည်းခံနိုင်ခြင်း၊
၅။ အတွေ့ ဖောဋ္ဌဗ္ဗာရုံကို သည်းခံနိုင်ခြင်း။ (အံ၊၂၊၁၂၁။) (အံ၊မြန်၊၂။၁၄၉။)♦

သမာဓိအား ကျေးဇူးပြုတတ်သော ဉာဏ် ၈ ပါး

၁။ ဈာန်၊
၂။ မေတ္တာ၊
၃။ အာလောကသညာ၊
၄။ မပျံ့လွင့်ခြင်း၊
၅။ တရားကို ပိုင်းခြားမှတ်သားခြင်း၊
၆။ ဉာဏ်၊
၇။ ဝမ်းမြောက်ခြင်း၊
၈။ ကုသိုလ်တရားအားလုံး။ (ပဋိသံ၊၁၆၁-၁၆၂။) (ပဋိသံ၊မြန်။၂၀၇။)♦

သမာဓိအား ကောင်းကြောင်းတရား ၆ ပါး

၁။ သမာဓိဝင်စားမှု၌ ကျွမ်းကျင်ခြင်း၊
၂။ သမာဓိ၏ တည်မှု၌ ကျွမ်းကျင်ခြင်း၊
၃။ သမာဓိမှ ထမှု၌ ကျွမ်းကျင်ခြင်း၊
၄။ ကောင်းမွန် ရိုသေစွာ ပြုအပ်သည်ကိုပြုလေ့ရှိခြင်း၊
၅။ အမြဲပြုခြင်းလည်း ရှိခြင်း၊
၆။ လျောက်ပတ်သည် ကိုလည်း ပြုလေ့ရှိခြင်း။ (အံ၊၂၊၃၇၃။) (အံ၊မြန်၊၂။၄၇၀။)♦

သမာဓိအား မကောင်းကြောင်း ၆ ပါး

၁။ သမာဓိဝင်စားမှု၌ မကျွမ်းကျင်ခြင်း၊
၂။ သမာဓိ၏ တည်မှု၌ မကျွမ်းကျင်ခြင်း၊
၃။ သမာဓိမှ ထမှု၌ မကျွမ်းကျင်ခြင်း၊
၄။ ကောင်းစွာ ရိုသေစွာ ပြုအပ် သည်ကို ပြုလေ့မရှိခြင်း၊
၅။ အမြဲပြုမှုလည်း မရှိခြင်း၊
၆။ လျောက်ပတ်သည်ကို ပြုလေ့ မရှိခြင်း။ (အံ၊၂၊၃၇၃။) (အံ၊မြန်၊၂။၄၇၀။)♦

သမာဓိအား မရှိကြောင်း တရား ၆ ပါး

၁။ သမာဓိကို ဝင်စားမှု၌ မကျွမ်းကျင်ခြင်း၊
၂။ သမာဓိ၏ တည်မှု၌ မကျွမ်းကျင်ခြင်း၊
၃။ သမာဓိမှ ထမှု၌ မကျွမ်းကျင်ခြင်း၊
၄။ ကောင်းစွာ ပြုအပ် သည်ကိုလည်း ပြုလေ့ မရှိခြင်း၊
၅။ အမြဲပြုမှုလည်း မရှိခြင်း၊
၆။ လျောက်ပတ်သည်ကိုလည်း ပြုလေ့ မရှိခြင်း။ (အံ၊၂၊၃၇၃။) (အံ၊မြန်၊၂။၄၇၀။)♦

သမာနသုခဒုက္ခ မိတ်ဆွေ၏ အင်္ဂါ ၄ ပါး

၁။ မိမိ၏ လျှို့ဝှက်ချက်ကို သူတစ်ပါးအား မပြောဘဲ မိတ်ဆွေကိုသာ ပြောပြခြင်း၊
၂။ မိတ်ဆွေ၏ လျို့ဝှက်ချက်များကို ဖုံးကွယ်ထားပေးခြင်း၊
၃။ ဘေးရန် တွေ့ကြုံလာသောအခါ စွန့်ခွာ၍ မပြေးခြင်း၊
၄။ မိတ်ဆွေအတွက် အသက် ကိုပင် စွန့်လွတ်ရဲခြင်း။ (အပ၊ဋ္ဌ၊၁၊၁၇၆။)♦

သမာပတ္တိ ၃ ပါး

၁။ သုညတ သမာပတ္တိ- အတ္တ, သတ္တ, ပုဂ္ဂလ စသည်မှလည်းကောင်း၊ ရာဂ, ဒေါသ စသည်မှလည်းကောင်း၊ ကင်းဆိတ်လျက် သမာပတ်ဝင်စားခြင်း၊
၂။ အနိမိတ္တ သမာပတ္တိ- နိစ္စနိမိတ် စသည်မှလည်းကောင်း၊ ရာဂနိမိတ်စသည် သင်္ခါရနိမိတ် စသည်မှ လည်းကောင်း, ကင်းသော သဘောရှိသည် ဖြစ်၍ နိဗ္ဗာန်ကို အာရုံပြုသော အခြင်းအရာ အားဖြင့် သမာပတ်ဝင်စားခြင်း၊
၃။ အပ္ပဏိဟိတ သမာပတ္တိ- တဏှာဖြင့် တွယ်တာခြင်း မရှိမူ၍ ဒုက္ခာနုပဿနာဖြင့် သမာပတ်ဝင်စားခြင်း။ (ဝိ၊၁၊၁၁၉။) (ဝိ၊မြန်၊၁။၁၂၂။)♦

သမာပတ္တိ ၅ ပါး

၁။ သညာသမာပတ္တိ- သညာရှိသော သမာပတ်၊
၂။ အသညာသမာပတ္တိ- သညာမရှိ- ကင်းသော သမာပတ်၊
၃။ နေဝသညာနာသညာ သမာပတ္တိ- သညာရှိသည်လည်း မဟုတ် သညာမရှိသည်လည်းမဟုတ်သော ဈာန်ကို ဝင်စားခြင်း၊
၄။ ဝိဘူတသညာ သမာပတ္တိ- ထင်စွာပြတတ်သော သညာဟူသော သမာပတ်, ဝိညာဏဉ္စာယတနသမာပတ်၊
၅။ နိရောဓ သမာပတ္တိ- စိတ်, စေတသိက်, စိတ္တဇရုပ်တို့၏ ချုပ်ခြင်းဟူသော သမာပတ်။ (နေတ္တိ၊ဋ္ဌ၊၈၃။)♦

သမာရောပနာ ၄ ပါး

၁။ ပဒဋ္ဌာန၊
၂။ ဝေဝစန၊
၃။ ဘာဝနာ၊
၄။ ပဟာန။ (နေတ္တိ၊ဋ္ဌ၊၆၈။)♦

သမုဋ္ဌာနသီသ ၁၃ မျိုး

၁။ ပဌမပါရာဇိက သမုဋ္ဌာန်၊
၂။ အဒိန္နာဒါန သမုဋ္ဌာန်၊
၃။ သဉ္စရိတ္တ သမုဋ္ဌာန်၊
၄။ သမနုဘာသန သမုဋ္ဌာန်၊
၅။ ကထိန သမုဋ္ဌာန်၊
၆။ ဧဠကလောမ သမုဋ္ဌာန်၊
၇။ ပဒသောဓမ္မ သမုဋ္ဌာန်၊
၈။ အဒ္ဓါန သမုဋ္ဌာန်၊
၉။ ထေယျသတ္ထ သမုဋ္ဌာန်၊
၁၀။ ဓမ္မဒေသနာ သမုဋ္ဌာန်၊
၁၁။ ဘူတာရောစန သမုဋ္ဌာန်၊
၁၂။ စောရိဝုဋ္ဌာပန သမုဋ္ဌာန်၊
၁၃။ အနနုညာတ သမုဋ္ဌာန်။ (ဝိ၊၅၊၁၅၇။) (သာရတ္ထ၊ဋီ၊၂၊၉၅။) (ဝိမတိ၊၁၊၁၄၈။) (ဝိ၊မြန်၊၅။၂၃၅၊၂၄၁)♦

သမုဋ္ဌာန် ၁၃ ပါး

သမုဋ္ဌာနသီသ ၁၃ မျိုးနှင့် တူသည်။ ♦

သမုတ်ခြင်း ၃ ပါး

၁။ တောင်ဝှေး ဆောင်စိမ့်သောငှာ သမုတ်ခြင်း၊
၂။ သပိတ်ကို ဆိုင်းဖြင့် ဆောင်စိမ့်သောငှာ သမုတ်ခြင်း၊
၃။ တောင်ဝှေးနှင့် ဆိုင်းကို ဆောင်စိမ့်သောငှာ သမုတ်ခြင်း။ (ဝိ၊၅၊၂၂၂။) (ဝိ၊မြန်၊၅။၃၁၀။)♦

သမုဒယ ၂ မျိုး

၁။ ဒိဋ္ဌိသမ္ပယုတ္တ သမုဒယ၊
၂။ ဒိဋ္ဌိဝိပ္ပယုတ္တ သမုဒယ။ (ဝိသုဒ္ဓိ၊၂၊၁၄၄။)♦

သမုဒယ ၃ မျိုး

၁။ ကာမတဏှာဟု ဆိုအပ်သော သမုဒယ၊
၂။ ဘဝတဏှာဟု ဆိုအပ်သော သမုဒယ၊
၃။ ဝိဘဝတဏှာဟု ဆိုအပ်သော သမုဒယ။ (ဝိသုဒ္ဓိ၊၂၊၁၄၄။)♦

သမုဒယသစ္စာ၌ ဉာဏ် ၃ ပါး

၁။ သစ္စဉာဏ်- ဆင်းရဲဖြစ်ကြောင်းဖြစ်သော သမုဒယသစ္စာကို ထိုးထွင်း၍ သိခြင်း၊
၂။ ကိစ္စဉာဏ်- ဆင်းရဲဖြစ်ကြောင်း သမုဒယသစ္စာကို ပယ်အပ်၏ဟု သိခြင်း၊
၃။ ကတဉာဏ်- ဆင်းရဲဖြစ်ကြောင်း သမုဒယသစ္စာကို ပယ်ပြီးပြီဟု သိခြင်း။ (ဝိ၊၃၊၁၅။) (ဝိ၊မြန်၊၃။၁၇။)♦

သမုဒယသစ္စာကို မသိခြင်း၏ အကြောင်း ၃ မျိူး

၁။ဝတ္ထုအားဖြင့် မသိခြင်း၊
၂။ အာရုံအားဖြင့် မသိခြင်း၊
၃။ ဖုံးလွှမ်းသောအားဖြင့် မသိခြင်း။ (မ၊ဋ္ဌ၊၁၊၂၂၈။) (သံ၊ဋ္ဌ၊၂၊၁၇။)♦

သမုဒ္ဒရာ ၄ မျိုး

၁။ သံသာရသာဂရ- သံသရာသမုဒ္ဒရာ၊
၂။ ဇလသာဂရ- ရေသမုဒ္ဒရာ၊
၃။ နယ သာဂရ- ပိဋကသုံးပုံ တည်းဟူသော နည်း သမုဒ္ဒရာ၊
၄။ ဉာဏသာဂရ- သဗ္ဗညုတ ဉာဏ်တည်း ဟူသော သမုဒ္ဒရာ။ (အဘိ၊ဋ္ဌ၊၁၊၁၁။)♦

သမုဒ္ဒရာ ၆ မျိုး

၁။ စိန်ပေါများသော လူခန္ဓာကိုယ်နှင့် တူသော နှာခေါင်းပြားကုန်သော ငါးတို့ ကျက်စားရာ ခုရမာလီသမုဒ္ဒရာ၊
၂။ ရွှေပေါများသော ထီးကဲ့သို့ နေကဲ့သို့ တောက် ပြောင်သော အရောင်ကို လွှတ်လျက် တည်သော အဂ္ဂိမာလီသမုဒ္ဒရာ၊
၃။ ငွေပေါများသော နွားနို့ကဲ့သို့ နို့ဓမ်းကဲ့သို့ အရောင်လင်းလက်သော ရေပြင်ရှိသော ဒဓိမာလီ သမုဒ္ဒရာ၊
၄။ နီလာပတ္တမြားရတနာ ပေါများသော စိမ်းစိုသော သမန်းမြက်ကဲ့သို့ စိမ်းစိုပြည့်ဖြိုးသော ကောက်စပါးကဲ့သို့ တောက်ပြောင်သော စိမ်းပြာရောင် ရေပြင်ရှိသော ကုသမာလီသမုဒ္ဒရာ၊
၅။ ပတ္တမြားပြောက်၊ မြကျောက်၊ သန္တာနီရတနာ ပေါများသော ကျူတော, ဝါးတောကဲ့သို့ ထင်ရသော ရေပြင်ရှိသော နဠမာလီ သမုဒ္ဒရာ၊
၆။ ရေကို ဆွဲငင်၍ ဆွဲငင်၍ ခပ်သိမ်းသော အဖို့အားဖြင့် ရေသည် တက်လတ်သော် ခပ်သိမ်းသော အဖို့အားဖြင့် ရေသည် ကမ်းပါးပြတ် ထုံးအိုင်ကြီးကဲ့သို့ ထင်ရှားသော, လှိုင်းတက်ကာ တစ်ဖက်၌ ကျသွားသည်နှင့် တူသော, ကြောက်မက်ဖွယ်အသံ ဆူညံပွက်သော ဗလဝါမုခီ သမုဒ္ဒရာ။ (ဇာ၊ဋ္ဌ၊၄၊၁၄၂။)♦

သမုဒ္ဒရာ၏ ဂုဏ်ကျေးဇူး ၄ ပါး

၁။ အလုံးစုံသော အကောင်ပုပ်တို့မှ ဆိတ်သုဉ်းခြင်း၊
၂။ အလုံးစုံသော မြစ်တို့ဖြင့် စီးဝင်သော်လည်း မပြည့်နိုင်ခြင်း၊
၃။ ကြီးကုန်သော သတ္တဝါတို့၏ နေရာဖြစ်ခြင်း၊
၄။ မနှိုင်းယှဉ်အပ်သော အထူးထူး အပြားအပြား ပြန့်ပြောသော လှိုင်း တံပိုးတို့ဖြင့် ရောပြွမ်းခြင်း။ (မိလိန္ဒ၊၃၀၅။) (မိလိန္ဒ၊မြန်။၃၂၇။)♦

သမုဒ္ဒရာ၏ အံ့ဖွယ် ၈ ပါး

၁။ မဟာသမုဒ္ဒရာသည် အစဉ်အတိုင်း ညွှတ်ကိုင်းရှိုင်း၍ တစစ နက်ခြင်း၊
၂။ မဟာသမုဒ္ဒရာရေသည် ကမ်းကို မကျော်လွန်ခြင်း၊
၃။ မဟာသမုဒ္ဒရာသည် အကောင်ပုပ်များနှင့် မဆက်ဆံခြင်း (အကောင်ပုပ်များ ဖြစ်ပေါ်လာလျှင် ကုန်းပေါ်သို့ လှိုင်းဖြင့် ရိုက်တင်ခြင်း)၊
၄။ ဂင်္ဂါ, ယမုနာ, အစိရဝတီ, သရဘူ, မဟီ ဟူသော မြစ်ငါးသွယ်တို့သည် မဟာသမုဒ္ဒရာသို့ ရောက်သည်ရှိသော် မူလအမည်ကို စွန့်၍ မဟာသမုဒ္ဒရာဟူ၍သာ ခေါ်ဆို အပ်ခြင်း၊
၅။ မဟာသမုဒ္ဒရာသို့ မြစ်ရေများ အမြဲမပြတ် စီးဝင်လျက် မိုးရေများ ရွာသွန်း သော်လည်း မဟာသမုဒ္ဒရာရေသည် တိုးမှုဆုတ်မှု မထင်ရှားခြင်း၊
၆။ မဟာသမုဒ္ဒရာရေသည် ငန်သော အရသာတစ်ခုတည်းသာ ရှိခြင်း၊
၇။ မဟာသမုဒ္ဒရာသည် ပုလဲ, ပတ္တမြား, ရွှေ, ငွေ စသော များစွာသော ရတနာတို့နှင့် ပြည့်စုံခြင်း၊
၈။ မဟာ သမုဒ္ဒရာသည် တစ်ယူဇနာ, နှစ်ယူဇနာ စသည်အားဖြင့် အတ္တဘောကြီးမားသော တိမိ, တိမိင်္ဂလ စသော ငါးကြီးများနှင့် နဂါး အသုရာတို့၏ နေထိုင် ကျက်စားရာ နေရာဌာန ဖြစ်ခြင်း။ (ဝိ၊၄၊၄၁၉၊၄၂၀၊၄၂၁။) (အံ၊၃၊၃၉။) (ဥဒါန၊၁၃၉။) (အံ၊မြန်၊၃။၄၀။) (ဥဒါန၊မြန်။၅၂၅။) (ဝိ၊မြန်၊၄၊၄၂၀။)♦

သမုဒ္ဒရာနှင့် ယောဂီ တူပုံ ၅ မျိုး

၁။ မဟာသမုဒ္ဒရာသည် အကောင်ပုပ်နှင့် မဆက်ဆံခြင်း၊ အတူမနေခြင်း (ထို့အတူ ယောဂီပုဂ္ဂိုလ်သည် ရာဂ ဒေါသ မောဟ မာန ဒိဋ္ဌိ မက္ခ ပဠာသ ဣဿာ မစ္ဆရိယ မာယာ သာဌေယျဟူသော မကောင်းမှု ဒုစရိုက် အကုသိုလ် အညစ် အကြေးတို့နှင့် အတူမနေခြင်း)၊
၂။ မဟာသမုဒ္ဒရာသည် ပုလဲ ပတ္တမြား ကြောင်မျက်ရွဲ ခရုသင်း ကျောက်သလင်း သန္တာ ဖလ် မြဟူသော အမျိုးမျိုးသော ရတနာအပေါင်းကို ဆောင်လျက် အပသို့ မကြဲဖြန့်ခြင်း (ထို့အတူ ယောဂီပုဂ္ဂိုလ်သည် ဈာန် မဂ်ဖိုလ် ဝိမောက္ခ သမာဓိ သမာပတ္တိ ဝိပဿနာ အဘိညာဉ်တည်းဟူသော အမျိုးမျိုးသော ဂုဏ်ကျေးဇူး ရတနာတို့ကို ရသည်ရှိသော် ပိတ်ဖုံးထားလျက် အပသို့ မထုတ်ဆောင်ခြင်း)၊
၃။ မဟာသမုဒ္ဒရာသည် များပြားကုန်သော ကြီးမားသော သတ္တဝါတို့နှင့် အတူနေခြင်း (ထို့အတူ ယောဂီပုဂ္ဂိုလ်သည် သန္တုဋ္ဌီ သလ္လေခစသော ဂုဏ်တို့ုနှင့် ပြည့်စုံသော မိတ်ဆွေကောင်း သီတင်းသုံးဖော်တို့ကို အမှီပြု၍ နေခြင်း)၊
၄။ မဟာသမုဒ္ဒရာသည် ဂင်္ဂါ ယမုနာ သရဘူ မဟီ အစိရဝတီစသော မြစ်အားလုံးတို့ဖြင့်လည်းကောင်း၊ ကောင်းကင်မှ ကျသော မိုးရေအယဉ်တို့ဖြင့် လည်းကောင်း ပြည့်သော်လည်း မိမိကမ်းကို မလွန်ခြင်း (ထို့အတူ ယောဂီပုဂ္ဂိုလ်သည် လာဘ်ပူဇော် သက္ကာရ စသော အကြောင်းကြောင့်လည်းကောင်း အသက်ဟူသော အကြောင်းကြောင့် လည်းကောင်း သိက္ခာပုဒ်တော်များကို လွန်ကျူး၍ မကျင်ြ့ခင်း)၊
၅။ မဟာသမုဒ္ဒရာသည် စီးဝင်ကုန်သော ဂင်္ဂါ ယမုနာ သရဘူ မဟီ အစိရဝတီစသော မြစ်အားလုံးတို့ဖြင့် လည်းကောင်း၊ ကောင်းကင်မှ ကျသော မိုးရေအယဉ်တို့ုဖြင့်လည်းကောင်း မပြန့်ခြင်း (ထို့အတူ ယောဂီပုဂ္ဂိုလ်သည် ပါဠိသင်ခြင်း အဋ္ဌကထာသင်ခြင်း နှုတ်တက်ဆောင်ခြင်း စသည်တို့ဖြင့် မှတ်သားအပ်သော အင်္ဂါကိုးပါးရှိသော ဘုရားရှင်၏ ပရိယတ္တိသာသနာ တော်မြတ်ကို နာယူကာမျှဖြင့် မရောင့်ရဲ မတင်းတိမ်ခြင်း)။ (မိလိန္ဒ၊၃၆၃။) (မိလိန္ဒ၊မြန်။၃၈၆။)♦

သမောဓာနပရိဝါသ် ၃ မျိုး

၁။ ဩဓာနသမောဓာနပရိဝါသ်- ပယ်ရှားခါတွက်၍ ပေါင်းအပ်ရာ ပရိဝါသ်, (အနိက္ခိတ္တပရိဝါသ် ဆောက်တည်နေစဉ် တစ်ရက်၌ သံဃာဒိသိသ်အာပတ် သင့်ပြန်၏၊ ထိုအာပတ်ကိုလည်း ညဉ့်ဖုံးထားမိ၏၊ ထိုအခါ ပရိဝါသ်ကျင့်ပြီး ညဉ့်များကို ပယ်ရှားခါတွက်၍ ကြားအာပတ်ကို မူလအာပတ်ထည်း၌ ပေါင်း၍ ပရိဝါသ် ပေးရပြန်၏၊ ထိုပရိဝါသ်သည် ဩဓာနသမောဓာနပရိဝါသ်)၊
၂။ အဂ္ဃသမောဓာနပရိဝါသ်- အကြာဆုံး ဖုံးလွှမ်းသော ညဉ့်အပိုင်းအခြားအားဖြင့် ပေါင်း၍ ပေးအပ်သော ပရိဝါသ်၊
၃။ မိဿက သမောဓာနပရိဝါသ်- အထူးထူးသောဝတ္ထုရှိ,ဝတ္ထုမတူ, မျိုးမတူသော သံဃာဒိသိသ် အာပတ်တို့ကို တစ်ပေါင်းတည်းပြု၍ ပေးသော ပရိဝါသ်။ (ဝိ၊ဋ္ဌ၊၄၊၂၆။)♦

သမောဓာနမာနတ် ၃ မျိုး

၁။ ဩဓာနသမောဓာနမာနတ်- ပယ်ရှားခါတွက်၍ ပေါင်းအပ်ရာ မာနတ်, (အနိက္ခိတ္တမာနတ် ဆောက်တည်နေစဉ် တစ်ရက်၌ သံဃာဒိသိသ်အာပတ် သင့်ပြန်၏၊ ထိုအာပတ်ကိုလည်း ညဉ့်ဖုံးထားမိ၏၊ ထိုအခါ မာနတ်ကျင့်ပြီး ညဉ့်များကို ပယ်ရှားကာ တွက်၍ ကြားအာပတ်ကို မူလအာပတ်ထည်း၌ ပေါင်း၍ မာနတ် ပေးရပြန်၏၊ ထိုမာနတ်သည် ဩဓာနသမောဓာနမာနတ်)၊
၂။ အဂ္ဃသမောဓာန- အကြာဆုံး ဖုံးလွှမ်းသော ညဉ့်အပိုင်းအခြား အားဖြင့် ပေါင်း၍ ပေးအပ်သော မာနတ်၊
၃။ မိဿကသမောဒါနမာနတ်- အထူးထူးသောဝတ္ထုရှိ,ဝတ္ထုမတူ, မျိုးမတူသော သံဃာဒိသိသ်အာပတ်တို့ကို တစ်ပေါင်းတည်းပြု၍ ပေးသော မာနတ်။ (ဝိ၊ဋ္ဌ၊၄၊၃၂။)♦

သမောသရဏ ၃ မျိုး

စုဝေးပေါင်းဆုံခြင်း ၃ မျိုးနှင့် တူသည်။ ♦

သမ္ပဇည တရား ၄ ပါး

၁။ အကျိုးရှိသည်, အကျိုးမရှိသည်ကို ဆင်ခြင်ခြင်း (သာတ္ထက သမ္ပဇည)၊
၂။ လျောက်ပတ်သည်, မလျောက်ပတ်သည်ကို ဆင်ခြင်ခြင်း (သပ္ပါယသမ္ပဇည)၊
၃။ ကမ္မဋ္ဌာန်း အာရုံကို ဆင်ခြင်ခြင်း (ဂေါစရသမ္ပဇည)၊
၄။ မတွေဝေသောအားဖြင့် ဆင်ခြင်ခြင်း (အသမ္မောဟ သမ္ပဇည)။ (ဒီ၊ဋ္ဌ၊၁၊၁၆၅။) (မ၊ဋ္ဌ၊၁၊၂၅၈။) (သံ၊ဋ္ဌ၊၃၊၂၁၇။) (အံ၊ဋ္ဌ၊၂၊၃၈၂။) (အဘိ၊ဋ္ဌ၊၁၊၁၇၅။) (အဘိ၊ဋ္ဌ၊၂၊၃၃၂။) (ဒီ၊ဋ္ဌ၊မြန်၊၁။၃၂၄။) (ဒီ၊ဋ္ဌ၊မြန်၊၁။၃၂၄။)♦

သမ္ပတ္တိ ၃ မျိုး

၁။ သီလ၏ ပြည့်စုံခြင်း (သီလသမ္ပတ္တိ)၊
၂။ သမာဓိ၏ ပြည့်စုံခြင်း (သမာဓိ သမ္ပတ္တိ)၊
၃။ ပညာ၏ ပြည့်စုံခြင်း (ပညာသမ္ပတ္တိ)၊ မှတ်ချက်။ ။ သမ္ပဒါ ၃ မျိုးလည်း ဆို၏။ (ဒီ၊ဋ္ဌ၊၁၊၂၂။) (ဒီ၊ဋ္ဌ၊မြန်၊၁။၃၈။)♦

သမ္ပတ္တိ ၃ မျိုး (တစ်နည်း)

၁။ မနုဿသမ္ပတ္တိ- လူ့စည်းစိမ်၊
၂။ ဒေဝလောကသမ္ပတ္တိ- နတ်စည်းစိမ်၊
၃။ နိဗ္ဗာနသမ္ပတ္တိ- နိဗ္ဗာန်စည်းစိမ်။ (ဣတိဝုတ်၊ဋ္ဌ၊၈၃။)♦

သမ္ပတ္တိစက် ၄ ပါး

၁။ ပဋိရူပဒေသဝါသော- ပရိသတ်လေးပါး ထင်ရှားရှိသော သင့်လျော်သော အရပ်၌ နေထိုင်ခြင်း၊
၂။ သပ္ပုရိသာဝဿယော- ဘုရားစသော သူတော်ကောင်းတို့ကို မှီဝဲ ဆည်းကပ်ခြင်း၊
၃။ အတ္တသမ္မာပဏိဓိ- မိမိကိုယ်ကို သဒ္ဓါသီလ စသည်တို့၌ ကောင်းစွာ တည်စေခြင်း၊
၄။ ပုဗ္ဗေ စ ကတပုညတာ- ရှေးရှေးဘဝ၌ ဆည်းပူးအားထုတ်ခဲ့ဖူးသော ကောင်းမှု ကုသိုလ်ရှိခြင်း။ (အံ၊၁၊၃၄၁။) (ပဋိသံ၊ဋ္ဌ၊၁၊၂၇၂။) (အံ၊မြန်၊၁။၃၅၆။)♦

သမ္ပဒါ ၄ ပါး

၁။ ဉာဏသမ္ပဒါ- ဉာဏ်နှင့် ပြည့်စုံခြင်း၊
၂။ ပဟာနသမ္ပဒါ- တစ်ခဏတာ ကိလေသာကို ပယ်ခြင်းစသော ပယ်ခြင်းနှင့် ပြည့်စုံခြင်း၊
၃။ အာနုဘာဝသမ္ပဒါ- တန်ခိုးအာနုဘော်နှင့် ပြည့်စုံခြင်း၊
၄။ ရူပကာယသမ္ပဒါ- ရူပကာယနှင့် ပြည့်စုံခြင်း။ (ဒီ-ဋီ၊၁၊၇။)♦

သမ္ပဒါ ၈ ပါး

ပြည့်စုံခြင်း ၈ မျိုးနှင့် တူသည်။ ♦

သမ္ပဒါ တရား ၅ ပါး

၁။ ဆွေမျိုးနှင့် ပြည့်စုံခြင်း- ဉာတိသမ္ပဒါ၊
၂။ စည်းစိမ်နှင့် ပြည့်စုံခြင်း- ဘောဂသမ္ပဒါ၊
၃။ အနာရောဂါကင်းခြင်းနှင့် ပြည့်စုံခြင်း- အာရောဂျသမ္ပဒါ၊
၄။ သီလနှင့် ပြည့်စုံခြင်း သီလသမ္ပဒါ၊
၅။ အယူနှင့် ပြည့်စုံခြင်း- ဒိဋ္ဌိသမ္ပဒါ။ (ဝိ၊၅၊၂၃၀။) (ဒီ၊၃၊၁၉၆။) (အံ၊၁၊၂၉၁။) (အံ၊၂၊၁၀၄။) (အံ၊၂၊၁၃၀။) (အံ၊၂၊၄၆။) (အံ၊၃၊၁၄၀။) (ဝိ၊မြန်၊၅။၃၁၉။) (ဒီ၊မြန်၊၃။၂၁၈။) (အံ၊မြန်၊၁။၃၀၈။) (အံ၊မြန်၊၂။၁၂၇။) (အံ၊မြန်၊၂။၁၆၂။) (အံ၊မြန်၊၂။၅၇။) (အံ၊မြန်၊၃။၁၄၂။)♦

သမ္ပန္န ၃ မျိုး

၁။ ပရိပုဏ္ဏသမ္ပန္န- ထက်ဝန်းကျင်မှ ပြည့်စုံခြင်းသို့ ရောက်သော သမ္ပန္န၊
၂။ သမင်္ဂိသမ္ပန္န- ကောင်းစွာ ပြည့်စုံခြင်းသို့ ရောက်သော သမ္ပန္န၊
၃။ မဓုရသမ္ပန္န- ကောင်း မြတ်သော အရသာနှင့် ယှဉ်သော သမ္ပန္န။ (မ၊ဋ္ဌ၊၁၊၁၅၈။) (ဗုဒ္ဓဝံ၊ဋ္ဌ၊၁၆။) (သာရတ္ထ၊ဋီ၊၁၊၄၃၆။) (အံ၊ဋီ၊၂၊၂၃၃။)♦

သမ္ပန္နအနက် ၃ မျိုး

၁။ ထက်ဝန်းကျင် ပြည့်ခြင်းအနက်၊
၂။ ကောင်းစွာရောက်ခြင်း သမင်္ဂီ အနက်၊
၃။ ချိုမြိန်ခြင်း မဓုအနက်။ (ဣတိဝုတ်၊ဋ္ဌ၊၃၃၅။)♦

သမ္ဖပ္ပလာပ အင်္ဂါ ၂ ပါး

သမ္ဖပ္ပလာပကံ မြောက်ကြောင်း ၂ မျိုးနှင့် တူသည်။ ♦

သမ္ဖပ္ပလာပကံ မြောက်ကြောင်း ၂ မျိုး

၁။ ဘာရတမင်းတို့၏ စစ်ထိုးခြင်း, သီတာမိဖုရားကို ဒသဂိရိဘီလူး ဆောင်ခြင်း အစရှိသော အနက်အဓိပ္ပါယ် မရှိသော စကားကို ရှေးရှုပြုသူ ဖြစ်ခြင်း၊
၂။ ထိုသို့သဘောရှိသော စကားကို ပြောဆိုခြင်း။ (ဒီ၊ဋ္ဌ၊၁၊၇၄။) (မ၊ဋ္ဌ၊၁၊၂၀၄။) (သံ၊ဋ္ဌ၊၂၊၁၃၆။) (အဘိ၊ဋ္ဌ၊၁၊၁၄၃။) (ပဋိသံ၊ဋ္ဌ၊၁၊၂၀၆။) (မဟာနိ၊ဋ္ဌ၊၁၀၁။) (သာရတ္ထ၊ဋီ၊၁၊၃၄၆။) (ဒီ၊ဋ္ဌ၊မြန်၊၁။၁၄၁။) (ဒီ၊ဋ္ဌ၊မြန်၊၁။၁၄၁။)♦

သမ္ဖဿ ၆ မျိုး

၁။ စက္ခုသမ္ဖဿ- စက္ခုဝတ္ထုကို မှီသော တွေ့ထိခြင်း၊
၂။ သောတသမ္ဖဿ- သောတဝတ္ထုကို မှီသော တွေ့ထိခြင်း၊
၃။ ဃာနသမ္ဖဿ- ဃာနဝတ္ထုကို မှီသော တွေ့ထိခြင်း၊
၄။ ဇိဝှာသမ္ဖဿ- ဇိဝှာဝတ္ထုကို မှီသော တွေ့ထိခြင်း၊
၅။ ကာယသမ္ဖဿ- ကာယဝတ္ထုကို မှီသော တွေ့ထိခြင်း၊
၆။ မနောသမ္ဖဿ- မနောဒွါရ၌ ဖြစ်သော တွေ့ထိခြင်း။ (ဒီ၊၂၊၅၂။) (အဘိ၊ဋ္ဌ၊၁၊၁၃၈။) (ဒီ၊မြန်၊၂။၅၉။)♦

သမ္ဖဿဒွါရ ၆ မျိုး

၁။ စက္ခုသမ္ဖဿဒွါရ- မျက်စိအကြည်ဓာတ်ကို မှီ၍ ဖြစ်သော တွေ့ထိမှု ဒွါရ၊
၂။ သောတသမ္ဖဿဒွါရ- နားအကြည်ဓာတ်ကို မှီ၍ ဖြစ်သော တွေ့ထိမှုဒွါရ၊
၃။ ဃာန သမ္ဖဿဒွါရ- နှာခေါင်းအကြည်ဓာတ်ကို မှီ၍ ဖြစ်သော တွေ့ထိမှုဒွါရ၊
၄။ ဇိဝှါသမ္ဖဿ ဒွါရ- လျှာအကြည်ဓာတ်ကို မှီ၍ ဖြစ်သော တွေ့ထိမှုဒွါရ၊
၅။ ကာယသမ္ဖဿဒွါရ- ကိုယ် အကြည်ဓာတ်ကို မှီ၍ ဖြစ်သော တွေ့ထိမှုဒွါရ၊
၆။ မနောသမ္ဖဿဒွါရ- စိတ်နှင့် ယှဉ်သော တွေ့ထိမှုဒွါရ။ (အဘိ၊ဋ္ဌ၊၁၊၁၃၈။)♦

သမ္ဗာသင်္ကပ္ပ၏ အခြံအရံ တရား ၃ ပါး

၁။ သမ္မာဒိဋ္ဌိ- မှန်ကန်သော အယူ၊
၂။ သမ္မာဝါယာမ- မှန်ကန်သော အားထုတ်မှု၊
၃။ သမ္မာသတိ- မှန်ကန်သော အောက်မေ့မှု။ (မ၊၃၊၁၁၈။) (မ၊မြန်၊၃။၁၂၁။)♦

သမ္ဗောဇ္ဈင် ၇ ပါး

ပွားများအပ်သော တရား ၇ ပါး၊ ဘာဝေတဗ္ဗ တရား ၇ ပါးတို့နှင့် တူသည်။ ♦

သမ္ဗောဓိ ၃ မျိုး

၁။ သမ္မာသမ္ဗောဓိ- ဘုရားရှင်တို့၏ မဂ်ဉာဏ် သဗ္ဗညုတဉာဏ်၊
၂။ ပစ္စေက သမ္ဗောဓိ- ပစ္စေကဗုဒ္ဓါတို့၏ မဂ်ဉာဏ်၊
၃။ သာဝကသမ္ဗောဓိ- ဘုရားရှင်၏ တပည့်သာဝက တို့၏ မဂ်ဉာဏ်။ (ထေရ၊ဋ္ဌ၊၁၊၈။)♦

သမ္မတ္တတရား ၈ ပါး

၁။ မှန်သော သိမြင်ခြင်း ‘သမ္မာဒိဋ္ဌိ’၊
၂။ မှန်သော ကြံခြင်း ‘သမ္မာ သင်္ကပ္ပ’၊
၃။ မှန်သော ပြောဆိုခြင်း ‘သမ္မာဝါစာ’၊
၄။ မှန်သော ပြုလုပ်ခြင်း ‘သမ္မာကမ္မန္တ’၊
၅။ မှန်သော အသက်မွေးခြင်း ‘သမ္မာအာဇီဝ’၊
၆။ မှန်သော အားထုတ်ခြင်း ‘သမ္မာဝါယမ’၊
၇။ မှန်သော အောက်မေ့ခြင်း ‘သမ္မာသတိ’၊
၈။ မှန်သော တည်ကြည်ခြင်း ‘သမ္မာသမာဓိ’။ (ဒီ၊၃၊၂၁၁။) (ဒီ၊မြန်၊၃။၂၃၄။)♦

သမ္မပ္ပဓာနကထာ ၂ မျိုး

၁။ လောကီ သမ္မပ္ပဓာနကထာ၊
၂။ လောကုတ္တရာ သမ္မပ္ပဓာနကထာ။ (အံ၊ဋ္ဌ၊၁၊၃၈၃။) (အဘိ၊ဋ္ဌ၊၂၊၂၇၇။)♦

သမ္မပ္ပဓာန် တရား ၄ ပါး

၁။ မဖြစ်ကုန်သေးသော ယုတ်ညံ့သော အကုသိုလ်တို့ကို မဖြစ် ပေါ်စေရန် အလိုဆန္ဒကို ဖြစ်စေခြင်း, အားထုတ်ခြင်း, လုံ့လပြုခြင်း, စိတ်ကို ချီးမြောက်ခြင်း, ဆောက်တည်ခြင်း၊
၂။ ဖြစ်ကုန်ပြီးကုန်သော ယုတ်ညံ့သော အကုသိုလ်တရားတို့ကို ပယ်ရန် အလိုဆန္ဒကို ဖြစ်စေခြင်း, အားထုတ်ခြင်း, လုံ့လပြုခြင်း, စိတ်ကို ချီးမြောက်ခြင်း, ဆောက်တည်ခြင်း၊
၃။ မဖြစ်ကုန်သော ကုသိုလ်တရားတို့ကို ဖြစ်စေရန် အလိုဆန္ဒကို ဖြစ်စေခြင်း, အားထုတ်ခြင်း, လုံ့လပြုခြင်း စိတ်ကို ချီးမြောက်ခြင်း, ဆောက်တည်ခြင်း၊
၄။ ဖြစ်ကုန်ပြီးသော ကုသိုလ်တရားတို့ကို တည်မြဲစေရန်, မပျောက်ပျက်စေရန်, တိုးတက် ဖြစ်ပွားစေရန်, ပြန့်ပြောစေရန်, ပွားများမှု ပြည့်စုံစေရန်, အလိုဆန္ဒကို ဖြစ်စေခြင်း, အားထုတ်ခြင်း, လုံ့လပြုခြင်း, စိတ်ကို ချီးမြောက်ခြင်း, ဆောက်တည်ခြင်း။ (ဒီ၊၃၊၁၈၅။) (မ၊၂၊၂၀၃။) (သံ၊၃၊၂၁၄။) (သံ၊၃၊၂၁၆။) (အံ၊၃၊၂၅၄။) (အဘိ၊ဝိ၊၂၁၆။) (အဘိ၊ဝိ၊၂၁၉။) (အဘိ၊ဝိ၊ ၂၂၃။) (အံ၊ဋ္ဌ၊၁၊၃၈၄။) (ပဋိသံ၊ဋ္ဌ၊၁၊၁၅၆။) (ပဋိသံ၊ဋ္ဌ၊၁၊၂၇၀။) (ဒီ၊မြန်၊၃။၂၀၅။) (မ၊မြန်၊၂။၂၁၅။) (သံ၊မြန်၊၃။၂၁၈။) (သံ၊မြန်၊၃။၂၁၈။) (အံ၊မြန်၊၃။၂၅၃။) (အဘိ၊ဝိ၊မြန်၊၂။၁၉၁။) (အဘိ၊ဝိ၊မြန်၊၂။၁၉၁။) (အဘိ၊ဝိ၊မြန်၊၂။၁၉၁။)♦

သမ္မပ္ပဓာန် လေးပါး၌ ဣန္ဒြေငါးပါး ဖြစ်ပုံ (သမ္မပ္ပဓာန် လေးပါး၌ ဝီရိယိန္ဒြေ၏ အစွမ်းအားဖြင့် ဣန္ဒြေငါးပါးတို့ကို မှတ်ကြောင်းခြင်းရာ ၂၀)

၁။ မဖြစ်သေးသော အကုသိုလ်တရားတို့ မဖြစ် ခြင်းငှာ သမ္မပ္ပဓာန်၌ ချီးမြှောက်ခြင်းကို အကြီးအမှူး ပြုသောအားဖြင့် ဝီရိယိန္ဒြေကို မှတ်ခြင်း၊
၂။ ဝီရိယိန္ဒြေ၏ အစွမ်းဖြင့် ထင်သော သဘောအားဖြင့် သတိန္ဒြေကို မှတ်ခြင်း၊
၃။ မပျံ့လွင့်သော သဘောအားဖြင့် သမာဓိန္ဒြေကို မှတ်ခြင်း၊
၄။ မြင်တတ်သော သဘောအားဖြင့် ပညိန္ဒြေကို မှတ်ခြင်း၊
၅။ ဆုံးဖြတ်တတ်သော သဘောအားဖြင့် သဒ္ဓိန္ဒြေကို မှတ်ခြင်းအားဖြင့် ငါးပါး၊ (အလားတူ- ဖြစ်ပြီးသော အကုသိုလ်တရားတို့ကို ပယ်ခြင်းငှာ ငါးပါး၊ မဖြစ်သေးသော ကုသိုလ်တရားတို့ကို ဖြစ်ခြင်းငှာ ငါးပါး၊ ဖြစ်ပြီးသော ကုသိုလ်တရားတို့ အလွန်ပွားများ ခြင်းငှာ ငါးပါးအားဖြင့် ပေါင်း သမ္မပ္ပဓာန် (၄) ပါးတို့၌ အခြင်းအရာ (၂၀) ဖြစ်သတည်း)။ (ပဋိသံ၊၂၁၂-၂၁၃။) (ပဋိသံ၊မြန်။၂၆၃။)♦

သမ္မာကမ္မန္တ ၂ မျိုး

၁။ လောကီ သမ္မာကမ္မန္တ၊
၂။ လောကုတ္တရာ သမ္မာကမ္မန္တ။ (မ၊၃၊၁၁၉။) (မ၊မြန်၊၃။၁၂၂။)♦

သမ္မာကမ္မန္တ၏အခြံအရံတရား ၃ ပါး

၁။ မှန်ကန်သော အမြင်၊
၂။ မှန်ကန်သော လုံ့လ၊
၃။ မှန်ကန်သော သတိ။ (မ၊၃၊၁၁၉။) (မ၊မြန်၊၃။၁၂၃။)♦

သမ္မာဒိဋ္ဌိ ၂ မျိုး

၁။ ကမ္မဿကတာဉာဏ်, သစ္စာနုလောမိကဉာဏ်တည်းဟူသော လောကီ သမ္မာဒိဋ္ဌိ၊
၂။ အရိယာမဂ်ဖိုလ်တို့နှင့် ယှဉ်သော ပညာ လောကုတ္တရာသမ္မာဒိဋ္ဌိ။ (မ၊ဋ္ဌ၊၁၊၂၀၀။)♦

သမ္မာဒိဋ္ဌိ ၂ မျိုး

မှန်ကန်သောအမြင်၂ မျိုးနှင့် တူသည်။ ♦

သမ္မာဒိဋ္ဌိ ၂ မျိုး (တစ်နည်း)

၁။ ဝိပဿနာ သမ္မာဒိဋ္ဌိ၊
၂။ မဂ္ဂသမ္မာဒိဋ္ဌိ။ (မ၊၃၊၁၁၇။) (မ၊မြန်၊၃။၁၁၉။) (မ၊ဋ္ဌ၊၄၊၉၂။)♦

သမ္မာဒိဋ္ဌိ ၅ မျိုး

၁။ ကမ္မဿကတာ သမ္မာဒိဋ္ဌိ- ကံသာလျှင် မိမိဥစ္စာရှိသည်၏ အဖြစ်ကို ကောင်းစွာ သိသောဉာဏ်၊
၂။ ဈာနသမ္မာဒိဋ္ဌိ- ဈာန်နှင့် ယှဉ်သော ကောင်းသော ဉာဏ်အမြင်၊
၃။ ဝိပဿနာသမ္မာဒိဋ္ဌိ- ဝိပဿနာဉာဏ်ဟု ဆိုအပ်သော မှတ်ကန်သော အမြင်၊
၄။ မဂ္ဂ သမ္မာဒိဋ္ဌိ- မဂ်နှင့် ယှဉ်သော သမ္မာဒိဋ္ဌိ၊
၅။ ဖလသမ္မာဒိဋ္ဌိ- ဖိုလ်နှင့် ယှဉ်သော ကောင်းသော ဉာဏ်အမြင်။ (အံ၊ဋ္ဌ၊၁၊၃၆၉။) (အံ၊ဋ္ဌ၊၂၊၆၃။) (အံ၊ဋီ၊၁၊၂၂၅။)♦

သမ္မာဒိဋ္ဌိ ၅ မျိုး (တစ်နည်း) (မဟာစတ္တာရီသကသုတ်လာ ဟောအပ်သော သမ္မာဒိဋ္ဌိ ၅ မျိုး)

၁။ ဝိပဿနာသမ္မာဒိဋ္ဌိ၊
၂။ ကမ္မဿကတာသမ္မာဒိဋ္ဌိ၊
၃။ မဂ္ဂသမ္မာဒိဋ္ဌိ၊
၄။ ဖလသမ္မာဒိဋ္ဌိ၊
၅။ ပစ္စဝေက္ခဏာသမ္မာဒိဋ္ဌိ- ပစ္စဝေက္ခဏနှင့် ယှဉ်သော ကောင်းသော ဉာဏ်အမြင်။ (မ၊ဋ္ဌ၊၄၊၉၅။)♦

သမ္မာဒိဋ္ဌိ ၆ မျိုး

၁။ ကမ္မဿကတာသမ္မာဒိဋ္ဌိ၊
၂။ ဈာနသမ္မာဒိဋ္ဌိ၊
၃။ ဝိပဿနာသမ္မာဒိဋ္ဌိ၊
၄။ မဂ္ဂသမ္မာဒိဋ္ဌိ၊
၅။ ဖလသမ္မာဒိဋ္ဌိ၊
၆။ ပစ္စဝေက္ခဏာသမ္မာဒိဋ္ဌိ။ (အံ၊ဋ္ဌ၊၃၊၄၅။)♦

သမ္မာဒိဋ္ဌိ ချီးမြှောက်အပ်ကြောင်း တရား ၅ ပါး

၁။ မှန်ကန်သော အယူ သမ္မာဒိဋ္ဌိကို သီလဖြင့် ချီးမြှောက်အပ်ခြင်း၊
၂။ မှန်ကန်သော အယူ သမ္မာဒိဋ္ဌိကို အကြားအမြင်ဖြင့်လည်း ချီးမြှောက် အပ်ခြင်း၊
၃။ မှန်ကန်သော အယူ သမ္မာဒိဋ္ဌိကို ဆွေးနွေးမှုဖြင့်လည်း ချီးမြှောက်အပ်ခြင်း၊
၄။ မှန်ကန်သော အယူ သမ္မာဒိဋ္ဌိကို သမထဖြင့်လည်း ချီးမြှောက်အပ်ခြင်း၊
၅။ မှန်ကန်သော အယူ သမ္မာဒိဋ္ဌိကို ဝိပဿနာဖြင့်လည်း ချီးမြှောက်အပ်ခြင်း။ (အံ၊၂၊၁၇။) (အံ၊မြန်၊၂။၂၃။)♦

သမ္မာဒိဋ္ဌိ ဖြစ်ကြောင်း ၂ ပါး

၁။ ပရတောဃောသ- သူတစ်ပါးအထံမှ သစ္စာလေးပါးနှင့် စပ်သော တရားဒေသနာကို ကြားနာခြင်း၊
၂။ ယောနိသောမနသိကာရ- မိမိ၏ အဇ္ဈတ္တသန္တာန်၌ တရား ဒေသနာတို့ကို အသင့်အတင့်အားဖြင့် နှလုံးသွင်းခြင်း။ (မ၊၁၊၃၆၈။) (အံ၊၁၊၈၇။) (ပေဋကော၊၁၆၇။) (ဥဒါန၊ဋ္ဌ၊၉၄။) (သာရတ္ထ၊ဋီ၊၃၊၁၆၁။) (မ၊မြန်၊၁။၃၇၉။) (အံ၊မြန်၊၁။၁၀၂။)♦

သမ္မာဒိဋ္ဌိ အခြံအရံ တရား ၃ ပါး

၁။ သမ္မာဒိဋ္ဌိ၊
၂။ သမ္မာဝါယာမ၊
၃။ သမ္မာသတိ။ (မ၊၃၊၁၁၇။) (မ၊မြန်၊၃။၁၂၀။)♦

သမ္မာဒိဋ္ဌိ အင်္ဂါ ၅ ပါး (အရဟတ္တဖိုလ်အကျိုးကို ဖြစ်စေနိုင်သော သမ္မာဒိဋ္ဌိ၏ အင်္ဂါ ၅ ပါး)

၁။ စောင့်စည်းမှု သီလအထောက်အပံ့ကို ရခြင်း၊
၂။ တရားနာခြင်း သုတအထောက်အပံ့ကို ရခြင်း၊
၃။ ကမ္မဋ္ဌာန်းတရား ဆွေးနွေးမှု ဓမ္မသာကစ္ဆာ အထောက်အပံ့ကို ရခြင်း၊
၄။ ဈာန် သမာပတ်ဟု ဆိုအပ်သော သမထအထောက်အပံ့ကို ရခြင်း၊
၅။ အထူးထူးရှုခြင်းဟု ဆိုအပ်သော ဝိပဿနာအထောက်အပံ့ကို ရခြင်း။ (မ၊၁၊၃၆၈။) (မ၊မြန်၊၁။၃၇၉။)♦

သမ္မာဒိဋ္ဌိ၏ ဝိဝေက ၅ ပါး

၁။ ခွါသည့်အစွမ်းဖြင့် ကင်းဆိတ်ခြင်း (ဝိက္ခမ္ဘနဝိဝေက)၊
၂။ တဒင်္ဂ ခဏအားဖြင့် ကင်းဆိတ်ခြင်း (တဒင်္ဂဝိဝေက)၊
၃။ ကောင်းစွာ ဖြတ်ခြင်းဖြင့် ကင်းဆိတ်ခြင်း (သမုစ္ဆေဒဝိဝေက)၊
၄။ တစ်ဖန် ငြိမ်းသောအားဖြင့် ကင်းဆိတ်ခြင်း (ပဋိပဿဒ္ဓိဝိဝေက)၊
၅။ ထွက်မြောက်သည့်အစွမ်းဖြင့် ကင်းဆိတ်ခြင်း (နိဿရဏဝိဝေက)၊ မှတ်ချက်။ ။ ကြွင်းကျန်သော သမ္မာဒိဋ္ဌိ၏ ဝိရာဂ ငါးပါး၊ နိရောဓ ငါးပါး၊ ဝေါသဂ္ဂငါးပါးတို့ကိုလည်း ဝိဝေက ငါးပါးနှင့် အတူ ယူလေ၊ အလားတူ သမ္မာသင်္ကပ္ပ၊ သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ၊ သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိဟူသော ကျန်မဂ္ဂင်ခုနစ်ပါးတို့ ၌လည်း အထက်ပါ ဝိဝေက ငါးပါး၊ ဝိရာဂငါးပါး၊ နိရောဓငါးပါး၊ ဝေါသဂ္ဂငါးပါးတို့ကို သမ္မာဒိဋ္ဌိအတိုင်း ယူလေ။ (ပဋိသံ၊၃၉၇-၃၉၈။) (ပဋိသံ၊မြန်။၄၅၉။)♦

သမ္မာဒိဋ္ဌိကြောင့် ဘာဝနာပြည့်စုံခြင်း ၆၄ ပါး

၁။ သောတာပတ္တိမဂ်၏ ခဏ၌ သဒ္ဓိန္ဒြေစသော ဣန္ဒြေ ရှစ်ပါး ပြည့်စုံခြင်း၊
၂။ သောတာပတ္တိဖိုလ်၏ ခဏ၌ သဒ္ဓိန္ဒြေစသော ဣန္ဒြေ ရှစ်ပါး ပြည့်စုံခြင်း ဤနည်းအားဖြင့် မဂ်, ဖိုလ် ရှစ်ပါးတို့နှင့် ဣန္ဒြေ ရှစ်ပါးတို့ကို မြှောက်သော် ၆၄ ပါး ဖြစ်ကုန်၏။ (ဒီ၊ဋ္ဌ၊၃၊၂၄၈။)♦

သမ္မာဒိဋ္ဌိပုဂ္ဂိုလ် လားရာ ဂတိ ၂ မျိုး

၁။ နတ်ဘုံ ဒေဝဂတိ၊
၂။ လူ့ဘုံ မနုဿဂတိ။ (အံ၊၁၊၆၂။) (အံ၊မြန်၊၁။၇၄။)♦

သမ္မာမဂ္ဂင် ၁၀ ပါး ဖြစ်ပွားပုံ

၁။ မှန်သော အမြင်ရှိသူအား မှန်သောအကြံ ဖြစ်ခြင်း၊
၂။ မှန်သော အကြံစည်ရှိသူအား မှန်သောစကား ဖြစ်ခြင်း၊
၃။ မှန်သော စကားရှိသူအား မှန်သော အလုပ်ကို လုပ်ခြင်း၊
၄။ မှန်သော အလုပ်ရှိသူအား မှန်သော အသက်မွေးမှု ဖြစ်ခြင်း၊
၅။ မှန်သော အသက်မွေးမှုရှိသူအား မှန်သော လုံ့လ ဖြစ်ခြင်း၊
၆။ မှန်သော လုံ့လရှိသူအား မှန်သော သတိ ဖြစ်ခြင်း၊
၇။ မှန်သော သတိရှိသူအား မှန်သော သမာဓိဖြစ်ခြင်း၊
၈။ မှန်သော သမာဓိရှိသူအား မှန်သော ဉာဏ်အမြင် ဖြစ်ခြင်း၊
၉။ မှန်သော ဉာဏ်အမြင်ရှိသူအား မှန်သော လွတ်မြောက်မှု ဖြစ်ခြင်း။ (အံ၊၃၊၄၂၈။) (အံ၊မြန်၊၃။၄၂၀။)♦

သမ္မာဝါစာ ၂ မျိုး

၁။ လောကီသမ္မာဝါစာ၊
၂။ လောကုတ္တရာသမ္မာဝါစာ။ (မ၊၃၊၁၁၈။) (မ၊မြန်၊၃။၁၂၁။)♦

သမ္မာဝါစာ၏ အခြံအရံ တရား ၃ ပါး

၁။ သမ္မာဒိဋ္ဌိ၊
၂။ သမ္မာဝါယာမ၊
၃။ သမ္မာသတိ။ (မ၊၃၊၁၁၉။) (မ၊မြန်၊၃။၁၂၂။)♦

သမ္မာဝိတက် ၂ မျိုး

၁။ ခေမဝိတက်၊
၂။ ပဝိဝေကဝိတက်။ (ဣတိဝုတ်၊ဋ္ဌ၊၁၄၁။)♦

သမ္မာသင်္ကပ္ပ ၂ မျိုး

၁။ လောကီသမ္မာသင်္ကပ္ပ၊
၂။ လောကုတ္တရာသမ္မာသင်္ကပ္ပ။ (မ၊၃၊၁၁၇။) (မ၊မြန်၊၃။၁၂၀။)♦

သမ္မာသင်္ကပ္ပ ၃ မျိုး

၁။ နေက္ခမ္မသင်္ကပ္ပ- ကာမဂုဏ်အနှောင်အဖွဲ့မှ ထွက်မြောက်သော ကြံစည်မှု၊
၂။ အဗျာပါဒသင်္ကပ္ပ- ဒေါသလွတ်ကင်းသော ကြံစည်မှု၊
၃။ အဝိဟိံသာသင်္ကပ္ပ- နှိပ်စက် ညှဉ်းဆဲခြင်းမှ လွတ်ကင်းသော ကြံစည်မှု။ (မ၊၁၊၁၇၈။) (မ၊မြန်၊၁။၃၇၉။) (အံ၊မြန်၊၁။၁၀၂။) (အဘိ၊ဝိ၊မြန်၊၁။၃၈၁။) (အဘိ၊ဝိ၊မြန်၊၁။၃၈၁။)♦

သမ္မာသမာဓိ ပွားများပုံ ၅ မျိုး

၁။ ကာမဂုဏ်တို့မှ ကင်းဆိတ်၍သာလျှင် ပဌမဈာန်ကို ရောက်၍ နေခြင်း၊
၂။ ဝိတက်၊ ဝိစာရတို့၏ ချုပ်ခြင်းကြောင့် ဒုတိယဈာန်ကို ရောက်၍ နေခြင်း၊
၃။ ပီတိကို မစွဲမက်ခြင်းကြောင့် တတိယဈာန်ကို ရောက်၍ နေခြင်း၊
၄။ သုခကို ပယ်ခြင်းကြောင့် စတုတ္ထဈာန်ကို ရောက်၍ နေခြင်း၊
၅။ ဆင်ခြင်တတ်သော ‘‘ပစ္စဝေက္ခဏာ’’ ဉာဏ်ဟူသော အာရုံကို ထိုးထွင်း၍ သိခြင်း။ (အံ၊၂၊၂၁။) (အံ၊မြန်၊၂။၂၇။)♦

သမ္မာသမာဓိ၏ အခြံအရံ ၇ မျိုး

၁။ မှန်ကန်သော အမြင်၊
၂။ မှန်ကန်သော အကြံ၊
၃။ မှန်ကန်သော စကား၊
၄။ မှန်ကန်သော အလုပ်၊
၅။ မှန်ကန်သော အသက်မွေးမှု၊
၆။ မှန်ကန်သော လုံ့လပြုမှု၊
၇။ မှန်ကန်သော အမှတ်ရမှု။ (မ၊၃၊၁၁၆။) (မ၊မြန်၊၃။၁၁၉။)♦

သမ္မာအာဇီဝ ၂ မျိုး

၁။ လောကီ မှန်ကန်သော အသက်မွေးမှု၊
၂။ လောကုတ္တရာ မှန်ကန်သော အသက် မွေးမှု။ (မ၊၃၊၁၂၀။) (မ၊မြန်၊၃။၁၂၃။)♦

သမ္မာအာဇီဝ၏အခြံအရံတရား ၃ ပါး

၁။ မှန်ကန်သော အမြင်၊
၂။ မှန်ကန်သော လုံ့လ၊
၃။ မှန်ကန်သော သတိ။ (မ၊၃၊၁၂၀။) (မ၊မြန်၊၃။၁၂၄။)♦

သမ္မုခါဝိနည်း အစစ်ဖြစ်သော တရားသော အမှုဖြင့် အဓိကရုဏ်း ငြိမ်းစေခြင်း ၉ ပါး

၁။ ဓမ္မဝါဒီပုဂ္ဂိုလ်က အဓမ္မဝါဒီပုဂ္ဂိုလ်အားလည်းကောင်း၊
၂။ ဓမ္မဝါဒီပုဂ္ဂိုလ်က အဓမ္မဝါဒီ ပုဂ္ဂိုလ် အများစုတို့အားလည်းကောင်း၊
၃။ ဓမ္မဝါဒီပုဂ္ဂိုလ်က အဓမ္မဝါဒီသံဃာအား လည်းကောင်း၊
၄။ ဓမ္မဝါဒီပုဂ္ဂိုလ်အများစုက အဓမ္မဝါဒီပုဂ္ဂိုလ်အားလည်းကောင်း၊
၅။ ဓမ္မဝါဒီပုဂ္ဂိုလ် အများစု တို့က အဓမ္မဝါဒီပုဂ္ဂိုလ်အများစုတို့အားလည်းကောင်း၊
၆။ ဓမ္မဝါဒီပုဂ္ဂိုလ်အများစုက အဓမ္မဝါဒီ သံဃာအားလည်းကောင်း၊
၇။ ဓမ္မဝါဒီသံဃာက အဓမ္မဝါဒီပုဂ္ဂိုလ်အားလည်းကောင်း၊
၈။ ဓမ္မ ဝါဒီသံဃာက အဓမ္မဝါဒီပုဂ္ဂိုလ် အများစုအားလည်းကောင်း၊
၉။ ဓမ္မဝါဒီသံဃာက အဓမ္မဝါဒီ သံဃာအားလည်းကောင်း- ဤကား ဓမ္မတည်း၊ ဤကား ဝိနယတည်း၊ ဤကား မြတ်စွာဘုရား အဆုံးအမတော်တည်း၊ ဤအဆုံးအမတော်ကို ယူကုန်လော့၊ နှစ်သက်ကြကုန်လော့ဟု ကောင်းစွာ သိစေ၊ ကြည့်ရှုဆင်ခြင်စေလျက် ထပ်ကာ ထပ်ကာ ညွှန်ပြခြင်း။ (ဝိ၊၄၊၁၉၀။) (ဝိ၊မြန်၊၄။၁၈၃-၁၈၄။)♦

သမ္မုခါဝိနည်း အစစ်ဖြစ်သော မတရားသောအမှုဖြင့် အဓိကရုဏ်းငြိမ်းစေခြင်း ၉ ပါး

၁။ အဓမ္မဝါဒီပုဂ္ဂိုလ်က ဓမ္မဝါဒီပုဂ္ဂိုလ်အားလည်းကောင်း၊
၂။ အဓမ္မဝါဒီပုဂ္ဂိုလ်က ဓမ္မဝါဒီ ပုဂ္ဂိုလ် အများစုအားလည်းကောင်း၊
၃။ အဓမ္မဝါဒီပုဂ္ဂိုလ်က ဓမ္မဝါဒီသံဃာအားလည်းကောင်း၊ ၄။အဓမ္မဝါဒီပုဂ္ဂိုလ် အများစုက ဓမ္မဝါဒီပုဂ္ဂိုလ်အားလည်းကောင်း၊
၅။ အဓမ္မဝါဒီပုဂ္ဂိုလ် အများစုက ဓမ္မဝါဒီပုဂ္ဂိုလ် အများစုအားလည်းကောင်း၊
၆။ အဓမ္မဝါဒီပုဂ္ဂိုလ် အများစုက ဓမ္မဝါဒီ သံဃာအားလည်းကောင်း၊
၇။ အဓမ္မဝါဒီ သံဃာက ဓမ္မဝါဒီပုဂ္ဂိုလ်အား လည်းကောင်း၊
၈။ အဓမ္မဝါဒီသံဃာက ဓမ္မဝါဒီပုဂ္ဂိုလ်အများစုအားလည်းကောင်း၊
၉။ အဓမ္မဝါဒီ သံဃာက ဓမ္မဝါဒီသံဃာအားလည်းကောင်း- ‘‘ဤကား ဓမ္မတည်း၊ ဤကား ဝိနယတည်း၊ ဤကား မြတ်စွာဘုရား အဆုံးအမတော်တည်း၊ ဤအဆုံးအမတော်ကို ယူကုန်လော့၊ နှစ်သက်ကြ ကုန်လော့ဟု ကောင်းစွာ သိစေ၊ ကြည့်ရှုဆင်ခြင်စေလျက် ထပ်ကာ ထပ်ကာ ညွှန်ပြခြင်း။ (ဝိ၊၄၊၁၈၈။) (ဝိ၊မြန်၊၄။၁၈၂-၁၈၃။)♦

သမ္မုခီဘာဝ ၄ မျိုး

၁။ ဓမ္မသမ္မုခတာ- ဟုတ်မှန်သောဝတ္ထု၏ မျက်မှောက်-ထင်ရှားရှိသည်၏ အဖြစ်၊
၂။ ဝိနယသမ္မုခတာ- ထိုထိုအဓိကရုဏ်းကို ငြိမ်းစေခြင်းငှါ မြတ်စွာဘုရားသည် ဟောအပ်သော အစီအရင်၏ မျက်မှောက်အဖြစ်၊
၃။ သံဃသမ္မုခတာ- သံဃာ၏ မျက်မှောက် ထင်ရှားရှိသည်၏ အဖြစ်၊
၄။ ပုဂ္ဂလသမ္မုခတာ- ပုဂ္ဂိုလ်၏ မျက်မှောက်ထင်ရှားရှိသည်၏ အဖြစ်။ (အံ၊ဋ္ဌ၊၂၊၆၆။)♦

သမ္မုတိ ၁၃ မျိုး

၁။ ဆွမ်းအလှည့်ကို ညွှန်ချတတ်သော ရဟန်းအား ပေးသော သမ္မုတိ၊
၂။ အိပ်ရာနေရာကို ခင်းပေးတတ်သော ရဟန်းအား ပေးသော သမ္မုတိ၊
၃။ ဘဏ္ဍာတိုက်၌ ဘဏ္ဍာထိန်းရဟန်းအား ပေးသော သမ္မုတိ၊
၄။ သင်္ကန်းကို ခံယူတတ်သော ရဟန်းအား ပေးသော သမ္မုတိ၊
၅။ သင်္ကန်းကို ဝေဖန်တတ်သော ရဟန်းအား ပေးသော သမ္မုတိ၊
၆။ သောက်ဖွယ်ယာဂုကို ဝေဖန်တတ်သော ရဟန်းအား ပေးသော သမ္မုတိ၊
၇။ သစ်သီးတို့ကို ဝေဖန်တတ်သော ရဟန်းအား ပေးသော သမ္မုတိ၊
၈။ ခဲဖွယ်ကို ဝေပေးတတ်သော ရဟန်းအား ပေးသော သမ္မုတိ၊
၉။ ပစ္စည်းအနည်းငယ်ကို စွန့်တတ်သော ရဟန်းအား ပေးသော သမ္မုတိ၊
၁၀။ မိုးရေခံသင်္ကန်းကို ယူစေတတ်သော ရဟန်းအား ပေးသော သမ္မုတိ၊
၁၁။ သပိတ်ကို ယူစေတတ်သော ရဟန်းအား ပေးသော သမ္မုတိ၊
၁၂။ အာရာမ်စောင့်တို့ကို စေခိုင်းတတ်သော ရဟန်းအား ပေးသော သမ္မုတိ၊
၁၃။ သာမဏေတို့ကို စေခိုင်းတတ်သော ရဟန်းအား ပေးသော သမ္မုတိ။ (ဝိမတိ၊၁၊၁၅၉-၂၈၀။)♦

သံယုတ် ၅ မျိုး

၁။ သဂါထာဝဂ္ဂသံယုတ်၊
၂။ နိဒါနဝဂ္ဂသံယုတ်၊
၃။ ခန္ဓကဝဂ္ဂသံယုတ်၊
၄။ သဠာယတနဝဂ္ဂသံယုတ်၊
၅။ မဟာဝဂ္ဂသံယုတ်။ (သံ၊ဋ္ဌ၊၁၊၃။)♦

သံယောဇဉ် ၁၀ ပါး

၁။ မိမိကိုယ် အတ္တဘော ထင်ရှားရှိသည် ဟူသော အယူ- သက္ကာယဒိဋ္ဌိ၊
၂။ ယုံမှားမှု- ဝိစိကိစ္ဆာ၊
၃။ သီလအကျင့်ကို အမှားသုံးသပ်မှု- သီလဗ္ဗတပရာမာသ၊
၄။ ကာမ၌ လိုချင်မှု- ကာမစ္ဆန္ဒ၊
၅။ ပျက်စီးစေလိုမှု- ဗျာပါဒ (အောက်ပိုင်း သံယောဇဉ် ငါးပါး)၊
၆။ ရူပဘုံ၌ တပ်မက်မှု- ရူပရာဂ၊
၇။ အရူပဘုံ၌ တပ်မက်မှု- အရူပရာဂ၊
၈။ ထောင်လွှားမှု- မာန၊
၉။ ပျံ့လွင့်မှု- ဥဒ္ဓစ္စ၊
၁၀။ မသိမှု- အဝိဇ္ဇာ (အထက်ပိုင်းသံယောဇဉ် ငါးပါး၊ ပေါင်း ဆယ်ပါး)။ (အံ၊၃၊၂၆၉။) (အဘိ၊ဓ၊၂၂၄။) (အဘိ၊ဓ၊၂၈၀။) (အဘိ၊ဝိ၊၄၀၅။) (ဒီ၊ဋ္ဌ၊၂၊၃၇၄။) (မ၊ဋ္ဌ၊၁၊၂၉၂။) (ပဋိသံ၊ဋ္ဌ၊၂၊၃၃။) (အံ၊မြန်၊၃။၂၇၀။) (အဘိ၊ဓ၊မြန်။၄၀၁၊၅၃၅။) (အဘိ၊ဓ၊မြန်။၄၀၁၊၅၃၅။) (အဘိ၊ဝိ၊မြန်၊၂။၅၁၃။) (ဒီ၊ဋ္ဌ၊မြန်၊၂။၆၉၃။) (ဒီ၊ဋ္ဌ၊မြန်၊၂။၆၉၃။)♦

သံယောဇဉ် ၃ ပါး

၁။ သက္ကာယဒိဋ္ဌိ- မိမိကိုယ် အတ္တဘော ထင်ရှားရှိသည်ဟူသော အယူ၊
၂။ ဝိစိကိစ္ဆာ- ယုံမှားတွေးတော မဆုံးဖြတ်နိုင်ခြင်း, သို့လော သို့လော သံသယဖြစ်ခြင်း၊
၃။ သီလဗ္ဗတပရာမာသ- အလေ့အကျင့်ကို မှားသောအားဖြင့် သုံးသပ်ခြင်း။ (ဒီ၊၃၊၁၈၁။) (ဒီ၊မြန်၊၃။၂၀၁။)♦

သံယောဇဉ် ၇ ပါး

၁။ အနုနယသံယောဇဉ် (ကာမရာဂသံယောဇဉ်) - ကာမရာဂအနှောင်အဖွဲ့၊
၂။ ပဋိဃသံယောဇဉ်- ဒေါသဟူသော အနှောင်အဖွဲ့၊
၃။ ဒိဋ္ဌိသံယောဇဉ်- ဒိဋ္ဌိဟူသော အနှောင်အဖွဲ့၊
၄။ ဝိစိကိစ္ဆာသံယောဇဉ်- ဝိစိကိစ္ဆာဟူသော အနှောင်အဖွဲ့၊
၅။ မာနသံယောဇဉ်- မာနဟူသော အနှောင်အဖွဲ့၊
၆။ ဘဝရာဂသံယောဇဉ်- ဘဝရာဂဟူသော အနှောင်အဖွဲ့၊
၇။ အဝိဇ္ဇာသံယောဇဉ်- အဝိဇ္ဇာဟူသော အနှောင်အဖွဲ့။ (ဒီ၊၃၊၂၁၀။) (အံ၊၂၊၄၀၀-၄၀၁။) (ပဋိသံ၊ဋ္ဌ၊၂၊၂၇။) (ဒီ၊မြန်၊၃။၂၃၃။) (အံ၊မြန်၊၂။၅၀၇။)♦

သံယောဇဉ် တရား ၃ ပါး (သင့်သောအကြောင်းအားဖြင့် နှလုံးသွင်းသော သူအား ပယ်အပ်သော သံယောဇဉ် တရား ၃ ပါး)

၁။ ထင်ရှားရှိသော ခန္ဓာငါးပါး၌ ငါ့ဟာ, ငါကိုယ်ဟု မှားသော အားဖြင့် မြင်ခြင်း ဟု ဆိုအပ်သော သက္ကာယဒိဋ္ဌိ သံယောဇဉ်၊
၂။ ဘုရားတရားသံဃာ စသည်တို့၌ ယုံမှားခြင်းဟု ဆိုအပ်သော ဝိစိကိစ္ဆာသံယောဇဉ်၊
၃။ ခွေးအကျင့် နွားအကျင့် စသည်တို့ဖြင့် သံသရာမှ စင်ကြယ်၏ဟု မှာသောအားဖြင့် သုံးသပ်ခြင်းဟု ဆိုအပ်သော သီလဗ္ဗတပရာမာသသံယောဇဉ်။ (မ၊၁၊၁၂။) (မ၊မြန်၊၁။၁၃။)♦

သံယောဇဉ် တရား ၅ ပါး (အထက်အဖို့ရှိ သံယောဇဉ် တရား ၅ ပါး)

၁။ ရူပရာဂသံယောဇဉ်၊
၂။ အရူပရာဂသံယောဇဉ်၊
၃။ မာနသံယောဇဉ်၊
၄။ ဥဒ္ဓစ္စသံယောဇဉ်၊
၅။ အဝိဇ္ဇာသံယောဇဉ်။ (သံ၊ဋ္ဌ၊၁၊၂၃။)♦

သံယောဇဉ် တရား ၅ ပါး (အောက်အဖို့ရှိ သံယောဇဉ် တရား ၅ ပါး)

၁။ သက္ကာယဒိဋ္ဌိ သံယောဇဉ်၊
၂။ ဝိစိကိစ္ဆာ သံယောဇဉ်၊
၃။ သီလဗ္ဗတပရာမာသ သံယောဇဉ်၊
၄။ ကာမရာဂ သံယောဇဉ်၊
၅။ ပဋိဃ သံယောဇဉ်။ (သံ၊ဋ္ဌ၊၁၊၂၃။)♦

သံယောဇဉ်နှင့် စပ်သော ရှုခြင်း ၂ မျိုး

၁။ သံယောဇဉ်၏ အကြောင်းဖြစ်ကုန်သော တရားတို့၌ သာယာသောအားဖြင့် အဖန်ဖန် ရှုခြင်း၊
၂။ သံယောဇဉ်တို့၏ အကြောင်းဖြစ်ကုန်သော တရားတို့၌ ငြီးငွေ့သောအားဖြင့် အဖန်ဖန် ရှုခြင်း။ (အံ၊၁၊၅၂။) (အံ၊မြန်၊၁။၆၄။)♦

သံယောဇဉ်ပယ်ခြင်းနှင့် ဆိုင်သော ပုဂ္ဂိုလ် ၄ မျိုး

၁။ အောက်ပိုင်းဖြစ်သော သံယောဇဉ် ပဋိသန္ဓေ နေခြင်းကြောင့် ရရှိအပ်သော သံယောဇဉ်, ဘဝကို တစ်ဖန် ရရှိခြင်းကြောင့်ဖြစ်သော သံယောဇဉ် တို့ကို မပယ်ရသေးသော သကဒါဂါမ်ပုဂ္ဂိုလ်၊
၂။ အောက်ပိုင်းဖြစ်သော သံယောဇဉ်တို့ကိုသာ ပယ်၍ ပဋိသန္ဓေနေခြင်းကြောင့် ရရှိအပ်သော သံယောဇဉ်, ဘဝကို တစ်ဖန် ရရှိခြင်းကြောင့် ဖြစ်သော သံယောဇဉ်တို့ကို မပယ်ရသေးသော ဥဒ္ဓံသောတ အကနိဋ္ဌဂါမီပုဂ္ဂိုလ်၊
၃။ အောက်ပိုင်း ဖြစ်သော သံယောဇဉ်နှင့် ပဋိသန္ဓေနေခြင်းကြောင့် ရရှိအပ်သော သံယောဇဉ်တို့ကိုသာ ပယ်၍ ဘဝကို တစ်ဖန်ရရှိခြင်းကြောင့် ဖြစ်သော သံယောဇဉ်တို့ကို မပယ်ရသေးသော အန္တရာပရိနိဗ္ဗာယီပုဂ္ဂိုလ်၊
၄။ အောက်ပိုင်းဖြစ်သော သံယောဇဉ်တို့ကိုလည်းကောင်း ပဋိသန္ဓေ နေခြင်းကြောင့် ရရှိအပ်သော သံယောဇဉ်တို့ကိုလည်းကောင်း ဘဝကို တစ်ဖန်ရရှိခြင်း ကြောင့်ဖြစ်သော သံယောဇဉ်တို့ကိုလည်းကောင်း ပယ်ပြီးဖြစ်သော ရဟန္တာပုဂ္ဂိုလ်။ (အံ၊၁၊၄၅၀။) (အံ၊မြန်၊၁။၄၆၃။)♦

သံယောဇနိယတရား ၅ ပါး

၁။ ရုပ်၊
၂။ ဝေဒနာ၊
၃။ သညာ၊
၄။ သင်္ခါရ၊
၅။ ဝိညာဏ်။ (သံ၊၂၊၁၃၅။) (သံ၊မြန်၊၂။၁၂၆။)♦

သရက်ပင်ငယ်ကို ပျိုးထောင်နည်း ၅ မျိုး

၁။ ရေဝတ်ကျင်းကို ခိုင်အောင် ဖွဲ့ရခြင်း၊
၂။ အခါအားလျော်စွာ ရေလောင်းရခြင်း၊
၃။ ရေမထွက်အောင် ရေဘောင်ကို ခိုင်အောင် ပြုရခြင်း၊
၄။ အပင်အနီး၌ ရှိသော နွယ်ပင်, သစ်ကိုင်းခြောက်, ပင့်ကူအိမ် စသည်တို့ကို ရှင်းလင်း ပေးရခြင်း၊
၅။ အခါအားလျော်စွာ အပင်ရင်းကို မြေတူးဆွပေးရခြင်း။ (အံ၊ဋီ၊၃၊၈။)♦

သရက်သီး ၄ မျိုး

၁။ စိမ်းလျက် မှည့်ယောင်ရှိသော သရက်သီး၊
၂။ မှည့်လျက် စိမ်းယောင် ရှိသော သရက်သီး၊
၃။ စိမ်းလျက် စိမ်းယောင်ရှိသော သရက်သီး၊
၄။ မှည့်လျက် မှည့်ရောင် ရှိသော သရက်သီး။ (အံ၊၁၊၄၂၁။) (အဘိ၊ပု၊၁၅၁။) (အံ၊မြန်၊၁။၄၃၃။) (အဘိ၊ပု၊မြန်။၅၄။)♦

သရက်သီးနှင့် တူသော ပုဂ္ဂိုလ် ၄ မျိုး

၁။ စိမ်းလျက် မှည့်ယောင်ရှိသော သရက်သီးနှင့် တူသော ပုဂ္ဂိုလ်၊
၂။ မှည့်လျက် စိမ်းယောင်ရှိသော သရက်သီးနှင့် တူသော ပုဂ္ဂိုလ်၊
၃။ စိမ်းလျက် စိမ်းယောင် ရှိသော သရက်သီးနှင့် တူသော ပုဂ္ဂိုလ်၊
၄။ မှည့်လျက် မှည့်ယောင်ရှိသော သရက်သီးနှင့် တူသော ပုဂ္ဂိုလ်။ (အံ၊၁၊၄၂၁။) (အံ၊မြန်၊၁။၄၃၃။)♦

သရက်သီးနှင့် တူသော ရဟန်း ၄ မျိုး

၁။ စိမ်းလျက် မှည့်ရောင်ရှိသော သရက်သီးကဲ့သို့ ရှေ့သို့ တက်ခြင်း, နောက်သို့ဆုတ်ခြင်း စသည်တို့၌ ကြည်ညိုဖွယ် အသွင်ရှိလျက် သစ္စာလေးပါးကို ထိုးထွင်း၍ မသိသေးသော ပုဂ္ဂိုလ်ရဟန်း၊
၂။ မှည့်နေပါလျက် စိမ်းရောင်ရှိသော သရက်သီး ကဲ့သို့ ရှေ့သို့တက်ခြင်း နောက်သို့ဆုတ်ခြင်း စသည်တို့၌ ကြည်ညိုဖွယ်အသွင် မရှိ သော်လည်း သစ္စာလေးပါးကိုကား ထိုးထွင်း၍ သိသော ရဟန်း၊
၃။ စိမ်းလျက် စိမ်းရောင် ရှိသော သရက်သီးကဲ့သို့ ရှေ့သို့တက်ခြင်း နောက်သို့ဆုတ်ခြင်း စသည်တို့၌လည်း ကြည်ညိုဖွယ်မရှိဘဲ သစ္စာလေးပါးကိုလည်း ထိုးထွင်း၍ မသိသော ရဟန်း၊
၄။ မှည့်နေလျက် မှည့်ရောင်ရှိသော သရက်သီးကဲ့သို့ ရှေ့သို့တတ်ခြင်း နောက်သို့ဆုတ်ခြင်း စသည်တို့၌လည်း ကြည်ညိုဖွယ်ရှိလျက် သစ္စာလေးပါး မြတ်တရားကိုလည်း အမှန်အတိုင်း ထိုးထွင်း၍ သိသော ရဟန်း။ (အဘိ၊ပု၊၁၅၁။) (အဘိ၊ပု၊မြန်။၅၄။)♦

သရဏဂုံ ၂ မျိုး

၁။ လောကီ သရဏဂုံ၊
၂။ လောကုတ္တရာ သရဏဂုံ။ (ဒီ၊ဋ္ဌ၊၁၊၂၀၆။) (မ၊ဋ္ဌ၊၁၊၁၃၆။) (မ၊ဋ္ဌ၊၁၊၁၃၆။) (အံ၊ဋ္ဌ၊၂၊၁၇။) (ဣတိဝုတ်၊ဋ္ဌ၊၂၁၃။) (သာရတ္ထ၊ဋီ၊၁၊၄၁၆။) (ဝိမတိ၊၁၊၈၇။) (ဒီ၊ဋ္ဌ၊မြန်၊၁။၄၀၅။) (ဒီ၊ဋ္ဌ၊မြန်၊၁။၄၀၅။) (ဝဇီရ။၅၅။)♦

သရဏဂုံ ၂ မျိုး (တစ်နည်း)

၁။ အပြစ်ရှိ (သာဝဇ္ဇ) သရဏဂုံ၊
၂။ အပြစ်မရှိ(အနဝဇ္ဇ) သရဏဂုံ။ (ခုဒ္ဒက၊ဋ္ဌ၊၇။)♦

သရဏဂုံ တည်ကြောင်း ၄ မျိုး

၁။ ဘုရား, တရား, သံဃာတို့အား မိမိကိုယ်ကို စွန့်၍ ကိုးကွယ်ခြင်း၊
၂။ ဘုရား, တရား သံဃာတို့ကိုသာလျှင် ကိုးကွယ် အားထားရာရှိခြင်း၊
၃။ ဘုရား၏ တပည့်, တရား၏တပည့်, သံဃာ၏တပည့်အဖြစ် ဆည်းကပ် ကိုးကွယ်ခြင်း၊
၄။ ဘုရား, တရား, သံဃာတို့အားသာလျှင် ရှိခိုးခြင်း, လက်အုပ်ချီခြင်း အစရှိသော မွန်မြတ်သော တုပ်ဝပ်မှု ရိုသေမှု ပြုခြင်း။ (ဣတိဝုတ်၊ဋ္ဌ၊၂၁၄။)♦

သရဏဂုံ မပျက်နိုင်ကြောင်း ၃ မျိုး

၁။ ဆွေမျိုးဖြစ်သော တိတ္ထိအား ရှိခိုးခြင်း၊
၂။ မင်းတို့အား ကြောက်သဖြင့် ရှိခိုးခြင်း၊
၃။ အတတ်ပညာကို သင်ပေးဖူးသော တိတ္ထိအား ရှိခိုးခြင်း။ (သာရတ္ထ၊ ဋီ၊၁။၄၁၉။)♦

သရဏဂုံအကျိုး ၁၀ ပါး (သရဏဂုံ သုံးပါးတည်သော နတ်များက အခြားနတ်တို့အပေါ် လွှမ်းမိုး နိုင်သော အရာဌာန ၁၀ မျိုး)

၁။ နတ်၌ ဖြစ်သော သက်တမ်း၊
၂။ နတ်၌ ဖြစ်သော အဆင်း၊
၃။ နတ်၌ ဖြစ်သော ချမ်းသာ၊
၄။ နတ်၌ ဖြစ်သော အခြွေအရံ၊
၅။ နတ်၌ ဖြစ်သော အကြီးအကဲ၊
၆။ နတ်၌ ဖြစ်သော ရူပါရုံ၊
၇။ နတ်၌ ဖြစ်သော သဒ္ဒါရုံ၊
၈။ နတ်၌ ဖြစ်သော ဂန္ဓာရုံ၊
၉။ နတ်၌ ဖြစ်သော ရသာရုံ၊
၁၀။ နတ်၌ ဖြစ်သော ဖောဋ္ဌဗ္ဗာရုံ။ (သံ၊၂၊၄၆၇။) (သံ၊၂၊၄၇၂။) (သံ၊မြန်၊၂။၄၆၃၊၄၆၇။) (သံ၊မြန်၊၂။၄၆၃၊၄၆၇။)♦

သရီရဒေါသ ၆ ပါး

ကိုယ်ခန္ဓာ အပြစ် ၆ မျိုးနှင့် တူသည်။ ♦

သလိပ်ပျက်ကြောင်း ၃ ပါး

၁။ အအေးကြောင့် ပျက်ခြင်း၊
၂။ အပူကြောင့် ပျက်ခြင်း၊
၃။ စားဖွယ် သောက်ဖွယ်ကြောင့် ပျက်ခြင်း။ (မိလိန္ဒ၊၁၃၇။) (မိလိန္ဒ၊မြန်။၁၄၈။)♦

သံဝဋ္ဋကပ် ၃ မျိုး

၁။ အာပေါသံဝဋ္ဋ- ရေကြောင့် ပျက်စီးခြင်း၊
၂။ တေဇောသံဝဋ္ဋ- မီးကြောင့် ပျက်စီးခြင်း၊
၃။ ဝါယောသံဝဋ္ဋ- လေကြောင့် ပျက်စီးခြင်း။ (ဝိ၊ဋ္ဌ၊၁၊၁၂၉။) (အံ၊ဋ္ဌ၊၂၊၃၄၀။) (ပဋိသံ၊ဋ္ဌ၊၁၊၃၂၆။) (စရိယာ၊ဋ္ဌ၊၁၁။) (ဝိသုဒ္ဓိ၊၂၊၄၄။)♦

သံဝဋ္ဋကပ်၏ အပိုင်းအခြား ၃ ပါး

၁။ မီးကြောင့်ပျက်လျှင် အာဘဿရာဘုံအထိ၊
၂။ ရေကြောင့် ပျက်လျှင် သုဘကိဏှာဘုံအထိ၊
၃။ လေကြောင့်ပျက်လျှင် ဝေဟပ္ဖိုလ်ဘုံအထိ။ (ဝိ၊ဋ္ဌ၊၁၊၁၂၉။) (ပဋိသံ၊ဋ္ဌ၊၁၊၃၂၆။) (စရိယာ၊ဋ္ဌ၊၁၁။) (ဝိသုဒ္ဓိ၊၂၊၄၄။)♦

သံဝဋ္ဋသီမာ ၃ ပါး

သံဝဋ္ဋကပ်၏ အပိုင်းအခြား ၃ ပါးနှင့် တူသည်။ ♦

သံဝရ ၅ ပါး

၁။ ပါတိမောက်သီလ စောင့်စည်းခြင်း (သီလသံဝရ)၊
၂။ စက္ခုစသော ဣန္ဒြေ စသည်ကို သတိကပ် စောင့်စည်းခြင်း (သတိသံဝရ)၊
၃။ ဉာဏ်ဖြင့် စောင့်စည်းခြင်း (ဉာဏ သံဝရ)၊
၄။ သည်းခံခြင်းဖြင့် စောင့်စည်းခြင်း (ခန္တိသံဝရ)၊
၅။ လုံ့လပြုသဖြင့် စောင့်စည်းခြင်း (ဝီရိယသံဝရ။)။ (ဒီ၊ဋ္ဌ၊၁၊၂၉၁။) (မ၊ဋ္ဌ၊၁၊၂၃။) (မ၊ဋ္ဌ၊၁၊၆၄။) (သံ၊ဋ္ဌ၊၂၊၂၃၃။) (အဘိ၊ဋ္ဌ၊၁၊၁၃၉။) (အဘိ၊ဋ္ဌ၊၁၊၃၈၅။) (အဘိ၊ဋ္ဌ၊၂၊၃၁၇။) (ပဋိသံ၊ဋ္ဌ၊၁၊၂၀၂။) (ဓမ္မ၊ဋ္ဌ၊၂၊၃၅၉။) (ဣတိဝုတ်၊ဋ္ဌ၊၁၀၅။) (သုတ္တနိ၊ဋ္ဌ၊၁၊၇။) (စူဠနိ၊ဋ္ဌ၊၇၁။) (ဝိသုဒ္ဓိ၊၁၊၇။) (သာရတ္ထ၊ဋီ၊၂၊၃၆။) (ဝိမတိ၊၁၊၁၀၆။) (အံ၊ဋီ၊၂၊ ၂၅၈။) (ဒီ၊ဋ္ဌ၊မြန်၊၁။၅၆၃။)♦

သံဝရ ဝိနည်း ၅ မျိုး

သံဝရ ၅ ပါးနှင့် တူသည်။ ♦

သံဝရတရား ၅ ပါး, ၇ ပါး

၁။ ပါတိမောက္ခသံဝရ- ပါတိမောက်သီလကို စောင့်ရှောက်ခြင်း၊
၂။ သတိသံဝရ- သတိကို စောင့်စည်းခြင်း၊
၃။ ဉာဏသံဝရ- ဉာဏ်ဟူသော စောင့်ရှောက် ပိတ်ဆို့တတ် ပယ်ဖြတ်တတ်သော တရား (ပစ္စယပဋိသေဝနသံဝရကို ဉာဏသံဝရ၌ သွင်း ယူသည်)၊
၄။ ခန္တိသံဝရ- သည်းခံမှုဟူသော စောင့်စည်းခြင်း၊
၅။ ဝီရိယသံဝရ- အားထုတ်မှု ဟူသော စောင့်စည်းခြင်း၊ (အာဇီဝပါရိသုဒ္ဓိသံဝရကို ဝီရိယသံဝရ၌ သွင်းယူသည်)။ (ပဋိသံ၊ဋ္ဌ၊၁၊၁၄။)♦

သံဝရဒွါရ ၈ ပါး

၁။ စက္ခုတည်းဟူသော သံဝရဒွါရ၊
၂။ သောတတည်းဟူသော သံဝရ ဒွါရ၊
၃။ ဃာနတည်းဟူသော သံဝရဒွါရ၊
၄။ ဇိဝှာတည်းဟူသော သံဝရဒွါရ၊
၅။ ပသာဒ ကာယ တည်းဟူသော သံဝရဒွါရ၊
၆။ စောပနကာယတည်းဟူသော သံဝရဒွါရ၊
၇။ ဝါစာ တည်းဟူသော သံဝရဒွါရ၊
၈။ မနတည်းဟူသော သံဝရဒွါရ။ (အဘိ၊ဋ္ဌ၊၁၊၁၃၉။)♦

သံဝရဒွါရ ၈ မျိုး (တစ်နည်း)

၁။ စက္ခုသံဝရဒွါရ- စက္ခုဒွါရ၌ ဖြစ်သော အာရုံကို စောင့်စည်းခြင်း၊
၂။ သောတသံဝရဒွါရ- သောတဒွါရ၌ ဖြစ်သော အာရုံကို စောင့်စည်းခြင်း၊
၃။ ဃာန သံဝရဒွါရ- ဃာနဒွါရ၌ ဖြစ်သော အာရုံကို စောင့်စည်းခြင်း၊
၄။ ဇိဝှာသံဝရဒွါရ- ဇိဝှာဒွါရ၌ ဖြစ်သော အာရုံကို စောင့်စည်းခြင်း၊
၅။ ကာယသံဝရဒွါရ- ကာယဒွါရ၌ ဖြစ်သော အာရုံကို စောင့်စည်းခြင်း၊
၆။ ဝါစာသံဝရဒွါရ- ဝစီဒွါရ၌ ဖြစ်သော အာရုံကို စောင့်စည်းခြင်း၊
၇။ မနသံဝရဒွါရ- မနောဒွါရ၌ ဖြစ်သော အာရုံကို စောင့်စည်းခြင်း၊
၈။ သဗ္ဗတ္ထသံဝရဒွါရ- စက္ခုဒွါရ အစရှိကုန်သော ဒွါရအားလုံးတို့၌ ဖြစ်သော အာရုံကို စောင့်စည်းခြင်း။ (ဓမ္မ၊ဋ္ဌ၊၂၊၃၅၉။)♦

သံဝရဝိနည်း ၅ ပါး

၁။ သီလသံဝရ- သတိဟူသော စောင့်ရှောက်တတ် ပိတ်ဆို့တတ် ပယ်ဖြတ် တတ်သော တရား၊၊
၂။ သတိသံဝရ- သတိဟူသော စောင့်ရှောက်ပိတ်ဆို့တတ် ပယ်ဖြတ် တတ်သော တရား၊၊
၃။ ဉာဏသံဝရ- ဉာဏ်ဟူသော စောင့်ရှောက်တတ် ပိတ်ဆို့တတ် ပယ်ဖြတ်တတ်သော တရား၊
၄။ ခန္တိသံဝရ- သည်းခံခြင်းဟူသော စောင့်ရှောက်ပိတ်ဆို့တတ် ပယ်ဖြတ်တတ်သော တရား၊
၅။ ဝီရိယသံဝရ- အားထုတ်မှုဟူသော စောင့်ရှောက် ပိတ်ဆို့တတ် ပယ်ဖြတ်တတ်သော တရား။ (ပဋိသံ၊ဋ္ဌ၊၂၊၅၂။)♦

သံဝါသ ၄ မျိုး

အတူနေခြင်း ၄ မျိုး နှင့် တူသည်။ ♦

သဝိညာဏကရတနာ ၂ မျိုး

သက်ရှိရတနာ ၂ မျိုးနှင့် တူသည်။ ♦

သံဝိဒဟနသိက္ခာပုဒ်၌ အင်္ဂါ ၅ မျိုး

၁။ ဘိက္ခု, ဘိက္ခုနီ နှစ်ဦးနှစ်ဖက် တိုင်ပင်၍ ခရီးသွားခြင်း၊
၂။ ခရီးသွားဖို့ ခွင့်ပြုထားသော အခါသမယ မဟုတ်ခြင်း၊
၃။ အချိန်းအချက် မလွဲခြင်း၊
၄။ ဘေးရန် မရှိခြင်း၊
၅။ အခြားရွာသို့ ရောက်သွားခြင်း၊ ယူဇနာဝက်ခရီး လွန်သွားခြင်း။ (သာရတ္ထ၊ဋီ၊၃၊၅၁။) (ဝိမတိ၊၂၊၂၄။)♦

သံဝိဘာဂခွဲဝေသုံးဆောင်ခြင်း ၂ မျိုး

၁။ အာမိသသံဝိဘာဂ- ပစ္စည်းပစ္စယများကို ခွဲဝေ သုံးဆောင်ခြင်း၊
၂။ ဓမ္မသံဝိဘာဂ- ဓမ္မကို ခွဲဝေသုံးဆောင်ခြင်း။ (ခုဒ္ဒက၊၂၆၀။) (ခုဒ္ဒက၊၂၆၄။) (ခုဒ္ဒက၊မြန်။၂၄၆၊၂၅၀။) (ခုဒ္ဒက၊မြန်။၂၄၆၊၂၅၀။)♦

သံဝေဂ ရစေတတ်သော ဌာန ၄ ပါး

သံဝေဂဉာဏ်ဖြစ်စေသော အရပ် ၄ မျိုး၊ သံဝေဇနိယဌာန ၄ ပါးနှင့် တူသည်။ ♦

သံဝေဂဉာဏ်ဖြစ်စေသော အရပ် ၄ မျိုး

၁။ မြတ်စွာဘုရား ဖွားမြင်တော်မူရာ လုမ္ဗီနီဥယျာဉ် အရပ်၊
၂။ အမြတ်ဆုံးသော သမ္မာသမ္ဗောဓိဉာဏ်ရရှိရာ မဟာဗောဓိပင်အရပ်၊
၃။ အမြတ်ဆုံးဖြစ်သော ဓမ္မစကြာတရားကို ဟောကြားရာ မိဂဒါဝုန်တောအရပ်၊
၄။ မြတ်စွာဘုရားသည် ဥပါဒိန္နက ခန္ဓာ အကြွင်းမရှိသော အနုပါဒိသေသနိဗ္ဗာနဓာတ်ဖြင့် ပရိနိဗ္ဗာန်ပြုတော်မူရာ ကုသိနာရုံပြည် အရပ်။ (ဒီ၊၂၊၁၁၆။) (အံ၊၁၊၄၃၅။) (ဒီ၊မြန်၊၂။၁၃၄။) (အံ၊မြန်၊၁။၄၄၈။)♦

သံဝေဂဝတ္ထု ၈ ပါး

၁။ ဇာတိ- ပဋိသန္ဓေ တည်နေရခြင်း ဆင်းရဲ၊
၂။ ဇရာ- အိုရခြင်း ဆင်းရဲ၊
၃။ ဗျာဓိ- ဖျားနာရခြင်း ဆင်းရဲ၊
၄။ မရဏံ- သေရခြင်း ဆင်းရဲ၊
၅။ အပါယဒုက္ခံ- အပါယ်ဘုံ၌ ဖြစ်ရခြင်း ဆင်းရဲ၊
၆။ အတီတေ ဝဋ္ဋမူလကံ ဒုက္ခံ- အတိတ်ဘဝ၌ ဝဋ်လျှင်အရင်းခံ ရှိသော ဆင်းရဲ၊
၇။ အနာဂတေ ဝဋ္ဋမူလကံ ဒုက္ခံ- အနာဂတ်ဘဝ၌ ဝဋ်လျှင် အရင်းခံရှိသော ဆင်းရဲ၊
၈။ ပစ္စုပ္ပန္နေ အာဟာရ ပရိယေဋ္ဌိမူလကံ ဒုက္ခံ- ပစ္စုပ္ပန်ဘဝ၌ အစာအာဟာရကို ရှာဖွေရခြင်းလျှင် အရင်းခံရှိသော ဆင်းရဲ။ (ဒီ၊ဋ္ဌ၊၂၊၃၈၄။) (မ၊ဋ္ဌ၊၁၊၃၀၁။) (အံ၊ဋ္ဌ၊၁၊၄၀၁။) (ပဋိသံ၊ဋ္ဌ၊၂၊၁၄၅။) (ခုဒ္ဒက၊ဋ္ဌ၊၂၀၁။) (ခုဒ္ဒက၊ဋ္ဌ၊၂၀၁။) (ဣတိဝုတ်၊ဋ္ဌ၊၁၀၉။) (သုတ္တနိ၊ဋ္ဌ၊၁၊၁၇၈။) (စရိယာ၊ဋ္ဌ၊၁၃၁။) (မဟာနိ၊ဋ္ဌ၊၄၁၇။) (ဝိသုဒ္ဓိ၊၁၊၁၃၁။) (သာရတ္ထ၊ဋီ၊၂၊၂၂၈။) (ဒီ၊ဋ္ဌ၊မြန်၊၂။၇၁၃။) (ဒီ၊ဋ္ဌ၊မြန်၊၂။၇၁၃။)♦

သံဝေဇနိယ ၄ ဌာန

သံဝေဂဉာဏ်ဖြစ်စေသော အရပ် ၄ မျိုးနှင့် တူသည်။ ♦

သွက်သောပညာ ရကြောင်း တရား ၄ ပါး

၁။ သူတော်ကောင်းကို မှီဝဲခြင်း၊
၂။ သူတော်ကောင်း တရား ကြားနာခြင်း၊
၃။ သင့်လျော်သောအားဖြင့် နှလုံးသွင်းခြင်း၊
၄။ တရားအားလျော်သော အကျင့်ကို ကျင့်ခြင်း။ (သံ၊၃၊၃၅၉။) (သံ၊၃၊၃၆၁။) (သံ၊မြန်၊၃။၃၆၄၃၆၇။) (သံ၊မြန်၊၃။၃၆၄၃၆၇။)♦

သွားတိုက်ခြင်း အကျိုး ၅ ပါး

တံပူခဲခြင်း အကျိုး ၅ ပါးနှင့် တူသည်။ ♦

သွားတိုက်ဆေး လှူရကျိုး ၅ ပါး

၁။ သန့်ရှင်းစင်ကြယ်သော လည်းချောင်းရှိခြင်း၊
၂။ သာယာ ချိုမြိန်သော အသံရှိခြင်း၊
၃။ ချောင်းဆိုးရောဂါမှ ကင်းခြင်း၊
၄။ ပန်းနာရင်ကျပ်ရောဂါမှ ကင်းခြင်း၊
၅။ ခံတွင်းမှ ကြာညိုပန်းနံ့ သင်းပြန့်ခြင်း။ (အပ၊၁၊၃၆၉။) (အပ၊မြန်၊၁။၃၇၈။)♦

သွားမတိုက်ခြင်း အပြစ် ၅ မျိုး

တံပူမခဲခြင်း အပြစ် ၅ မျိုးနှင့် တူသည်။ ♦

သွေး ၂ မျိုး

၁။ သန္နိစိတလောဟိတ- ကောင်းစွာ စုဝေး၍ တည်နေသော သွေး၊
၂။ သံသရဏ လောဟိတ- ထိုမှဤမှ အကြောတို့ကို လျှောက်သွားသော ရွေ့ရှားသော သွေး။ (ခုဒ္ဒက၊ဋ္ဌ၊၅၀။) (ဝိသုဒ္ဓိ၊၁၊၂၅၃။) (အဘိ၊ဋ္ဌ၊၂၊၂၃၃။)♦

သံသဂ္ဂ ၅ မျိုး

ကိလေသာအားဖြင့်ရောယှက််မှု ၅ မျိုးနှင့် တူသည််။ ♦

သံသဂ္ဂဖြစ်ရာ ပုဂ္ဂိုလ် ၈ ယောက်

၁။ မင်း၊
၂။ အမတ်ကြီး၊
၃။ တိတ္ထိ၊
၄။ တိတ္ထိ၏ တပည့်၊
၅။ ဥပါသကာ၊
၆။ ဥပါသိကာမ၊
၇။ ရဟန်း၊
၈။ ရဟန်းမ။ (သံ၊ဋ္ဌ၊၁၊၁၁၃။)♦

သံသရာ၌ ကျင်လည်ရကြောင်း တရား ၄ ပါး

၁။ မြတ်သော အရိယသီလကို လျော်ကန်စွာ ထိုးထွင်း၍ မသိခြင်း၊
၂။ မြတ်သော အရိယသမာဓိကို လျော်ကန်စွာ ထိုးထွင်း၍ မသိခြင်း၊
၃။ မြတ်သော အရိယပညာကို လျော်ကန်စွာ ထိုးထွင်း၍ မသိခြင်း၊
၄။ မြတ်သော အရိယ ဝိမုတ္တိကို လျော်ကန်စွာ ထိုးထွင်း၍ မသိခြင်း၊ ‘‘ဤတရားလေးပါးကို လျော်ကန်စွာ ထိုးထွင်း၍ မသိခြင်းကြောင့် ငါဘုရားသည်လည်းကောင်း သင်တို့သည်လည်းကောင်း ရှည်လျား လှစွာသော ဤသံသရာကာလပတ်လုံး ပြေးသွားကျင်လည်ခဲ့ကြရလေပြီ’’ဟု ဘုရားရှင် ဟောတော်မူ၏။ (ဒီ၊၂၊၁၀၂။) (ဒီ၊မြန်၊၂။၁၁၈။)♦

သံသရာ၌ ကြာမြင့်စွာ ကျင်လည်ရကြောင်း တရား ၄ ပါး

၁။ မြတ်သော သီလကို လျော်စွာ မသိခြင်း၊ ထိုးထွင်း၍ မသိခြင်း၊
၂။ မြတ်သော သမာဓိကို လျော်စွာ မသိခြင်း၊ ထိုးထွင်း၍ မသိခြင်း၊
၃။ မြတ်သော ပညာကို လျော်စွာ မသိခြင်း၊ ထိုးထွင်း၍ မသိခြင်း၊
၄။ မြတ်သော ထွက်မြောက်မှု အရဟတ္တဖိုလ်ကို လျော်စွာ မသိခြင်း၊ ထိုးထွင်း၍ မသိခြင်း။ (အံ၊၁၊၃၀၇။) (အံ၊မြန်၊၁။၃၂၃။)♦

သံသရာကျင်လည်ခြင်းနှင့် ဆိုင်ရာ ပုဂ္ဂိုလ် ၄ မျိုး

၁။ သံသရာရေစုန် ဆင်းတတ်သော ပုဂ္ဂိုလ်၊
၂။ သံသရာရေဆန်တက်သော ပုဂ္ဂိုလ်၊
၃။ ရပ်တည်သော သဘောရှိသော ပုဂ္ဂိုလ်၊
၄။ ကမ်းတစ်ဖက်ရောက် ကူးမြောက်ပြီး၍ ကုန်းထက်၌ တည်သည့် မြတ်သော ပုဂ္ဂိုလ်။ (အံ၊၁၊၃၁၁။) (အံ၊မြန် ။၁။၃၂၇။)♦

သံသရာကို ချဲ့တတ်သော တရား ၃ ပါး

၁။ တဏှာပပဉ္စ- တဏှာအစစ် တစ်ရာ့ရှစ်၊
၂။ မာန ပပဉ္စ- မာနကိုးမျိုး၊
၃။ ဒိဋ္ဌိပပဉ္စ- ဒိဋ္ဌိ ၆၂ မျိုး။ (ဒီ၊ဋ္ဌ၊၂၊၃၁၃။) (မ၊ဋ္ဌ၊၄၊၁၁၉။) (ဥဒါန၊ဋ္ဌ၊၃၃၈။) (သုတ္တနိ၊ဋ္ဌ၊၁၊၂၀။) (သာရတ္ထ၊ဋီ၊၁၊၃၀၅။) (ဒီ၊ဋ္ဌ၊မြန်၊၂။၅၇၆။)♦

သံသရာကို ချဲ့ထွင်တတ်သော ကိလေသာ ၃ မျိုး

၁။ လိုချင်တပ်မက်မှု တဏှာ၊
၂။ မာန၊
၃။ အယူမှား- မိစ္ဆာဒိဋ္ဌိ။ (ဒီ၊ဋ္ဌ၊၂၊၁၈။) (ဒီ၊ဋ္ဌ၊မြန်၊၂။၃၃။)♦

သံသရာခရီးသည် ၃ ဦး

၁။ ပုထုဇဉ်သတ္တဝါ၊
၂။ သောတာပန်သတ္တဝါ၊
၃။ သကဒါဂါမ် သတ္တဝါ။ (ဣတိဝုတ်၊ဋ္ဌ၊၂၈၇။)♦

သံသရာအနှောင်အဖွဲ့မှ လွတ်ကြောင်း ၃ မျိုး

၁။ အတ္တစသည်မှ ကင်းဆိတ်ကြောင့်တရား၊ (သုညတ)၊
၂။ နိစ္စနိမိတ်စသည်တို့ကို ပယ်ခွာလျက် ဆန့်ကျင်ဖက်တရားတို့မှ လွတ်ကြောင်း တရား၊ (အနိမိတ္တ)၊
၃။ တဏှာဖြင့် အတွယ်အတာ မရှိသော လွတ်ကြောင်း တရား။ (အပ္ပဏိဟိတ)။ (နေတ္တိ၊ဝိဘာ၊၂၇၇။)♦

သဿတဒိဋ္ဌိ ၄ မျိုး

၁။ ပထမသဿတဒိဋ္ဌိဝါဒ-ဤတစ်ဘဝမှ စ၍ ဘဝသိန်းပေါင်းများစွာ ဇာတိ နာမ စသည်ကို အောက်မေ့နိုင်သဖြင့် မြဲ၏ဟု ယူခြင်း၊
၂။ ဒုတိယသဿတဒိဋ္ဌိဝါဒ- ဤ တစ်ဘဝမှ စ၍ ဆယ်ပါးသော သံဝဋ္ဋဝိဝဋ္ဋကပ်တိုင်အောင် ဇာတိ နာမ စသည်ကို အောက်မေ့ နိုင်သဖြင့် မြဲ၏ဟု ယူခြင်း၊
၃။ တတိယသဿတဒိဋ္ဌိဝါဒ- ဤတစ်ဘဝမှ လေးဆယ်သော သံဝဋ္ဋဝိဝဋ္ဋကပ်တိုင်အောင် ဇာတိ နာမ စသည်ကို အောက်မေ့နိုင်သဖြင့် မြဲ၏ဟု ယူခြင်း၊
၄။ စတုတ္ထသဿတဒိဋ္ဌိဝါဒ- အတ္တသည်လည်းကောင်း လောကသည်လည်းကောင်း မြဲ၏ဟု ကြံဆခြင်း, ဉာဏ်အတုဖြင့် စူးစမ်းခြင်း။ (ဒီ၊၁၊၁၁၊၁၅။) (ဒီ၊မြန်၊၁။၁၂။)♦

သဿတဒိဋ္ဌိကို ဖြစ်စေသော တရား ၅ ပါး

၁။ ရုပ်ကို အမှားနှလုံးသွင်းသောကြောင့် သဿတ ဒိဋ္ဌိအယူ ဖြစ်၏၊
၂။ ဝေဒနာကို အမှားနှလုံးသွင်းသောကြောင့် သဿတဒိဋ္ဌိအယူ ဖြစ်၏၊
၃။ သညာကို အမှားနှလုံးသွင်းသောကြောင့် သဿတဒိဋ္ဌိအယူ ဖြစ်၏၊
၅။ ဝိညာဏ်ကို အမှားနှလုံးသွင်းသောကြောင့် သဿတဒိဋ္ဌိအယူ ဖြစ်၏။ (သံ၊၂၊၁၇၄။) (သံ၊မြန်၊၂။၁၆၆)♦

သဿတဒိဋ္ဌိဖြင့် နှလုံးသွင်းပုံ ၁၅ မျိုး ဤလောက၌ ပုထုဇဉ်ပုဂ္ဂိုလ်သည်

၁။ ရုပ်ရှိသော အတ္တကို အဖန်ဖန်ရှုခြင်း၊
၂။ အတ္တ၌ ရုပ်ကို အဖန်ဖန်ရှုခြင်း၊
၃။ ရုပ်၌ အတ္တကို အဖန်ဖန် ရှုခြင်း၊
၄။ ဝေဒနာရှိသော အတ္တကို အဖန်ဖန်ရှုခြင်း၊
၅။ အတ္တ၌ ဝေဒနာကို အဖန်ဖန် ရှုခြင်း၊
၆။ ဝေဒနာ၌ အတ္တကို အဖန်ဖန်ရှုခြင်း၊
၇။ သညာရှိသော အတ္တကို အဖန်ဖန် ရှုခြင်း၊
၈။ အတ္တ၌ သညာကို အဖန်ဖန် ရှုခြင်း၊
၉။ သညာ၌ အတ္တကို အဖန်ဖန် ရှုခြင်း၊
၁၀။ သင်္ခါရ ရှိသော အတ္တကို အဖန်ဖန် ရှုခြင်း၊
၁၁။ အတ္တ၌ သင်္ခါရတို့ကို အဖန်ဖန် ရှုခြင်း၊
၁၂။ သင်္ခါရ တို့၌ အတ္တကို အဖန်ဖန်ရှုခြင်း၊
၁၃။ ဝိညာဏ်ရှိသော အတ္တကို အဖန်ဖန်ရှုခြင်း၊
၁၄။ အတ္တ၌ ဝိညာဏ်ကို အဖန်ဖန်ရှုခြင်း၊
၁၅။ ဝိညာဏ်၌ အတ္တကို အဖန်ဖန်ရှုခြင်း ဤ (၁၅) ပါးသော အခြင်းအရာတို့ဖြင့် အမှား နှလုံးသွင်း၏။ (ပဋိသံ၊၁၄၈။) (ပဋိသံ၊မြန်။၁၉၁။)♦

သဿတအယူဝါဒ ၃ မျိုး

၁။ ပြင်းစွာ အားထုတ်ခြင်းကို စွဲ၍ စတုတ္ထဈာန်သမာဓိကို ရသဖြင့် စိတ်တည်ကြည်လတ်သော် ဘဝပေါင်းများစွာ၌ အမည် အမျိုးနှင့် ချမ်းသာ ဆင်းရဲအမျိုးမျိုး အသက်အပိုင်းအခြား အမျိုးမျိုးတို့ကို အောက်မေ့နိုင်၍ လောကသည် ပျက်လည်း ပျက်ခဲ့၏ ဖြစ်လည်း ဖြစ်ခဲ့၏ဟု အတိတ်ကာလကိုလည်းကောင်း၊ ပျက်လည်း ပျက်လတ္တံ့ ဖြစ်လည်း ဖြစ်လတ္တံ့ဟု အနာဂတ်ကာလကို သိသဖြင့် အတ္တသည်လည်းကောင်း လောကသည် လည်းကောင်း မြဲ၏ဟု ယူခြင်း၊
၂။ ပြင်းစွာ အားထုတ်ခြင်းကို စွဲ၍ စတုတ္ထဈာန်သမာဓိကို ရသဖြင့် စိတ်တည်ကြည်လတ်သော် ပျက်ကပ်များစွာ၌ အမည် အမျိုး ချမ်းသာ ဆင်းရဲ အသက်အပိုင်းအခြားတို့ကို အောက်မေ့နိုင်၍ လောကသည် ပျက်လည်း ပျက်ခဲ့၏ ဖြစ်လည်း ဖြစ်ခဲ့၏ဟု အတိတ်ကာလနှင့် ပျက်လည်း ပျက်လတ္တံ့ ဖြစ်လည်း ဖြစ်လတ္တံ့ဟု အနာဂတ်ကာလကို သိသဖြင့် အတ္တသည်လည်းကောင်း လောကသည်လည်းကောင်း မြဲ၏ဟု ယူခြင်း၊
၃။ ပြင်းစွာ အားထုတ်ခြင်းကိုစွဲ၍ စတုတ္ထဈာန်သမာဓိကို ရသဖြင့် စိတ်တည်ကြည် လတ်သော် ပျက်ကပ် ဖြစ်ကပ်များစွာ၌ အမည်အမျိုး ချမ်းသာဆင်းရဲ အသက်အပိုင်းအခြား တို့ကို အောက်မေ့နိုင်၍ လောကသည် ပျက်လည်း ပျက်ခဲ့၏ ဖြစ်လည်း ဖြစ်ခဲ့၏ဟု အတိတ် ကာလနှင့် ပျက်လည်း ပျက်လတ္တံ့ ဖြစ်လည်း ဖြစ်လတ္တံ့ဟု အနာဂတ်ကာလကို သိသဖြင့် အတ္တသည်လည်းကောင်း လောကသည်လည်းကောင်း မြဲ၏ဟု ယူခြင်း။ (ဒီ၊၃၊၉၀၊၉၁။) (ဒီ၊မြန်၊၃။၉၇-၉၉။)♦

သဟဓမ္မိကသိက္ခာပုဒ်၌ အင်္ဂါ ၂ မျိုး

၁။ ရဟန်း၏ ဝိနည်းပညတ်တော်ဖြင့် ပြောဆိုခြင်း၊
၂။ မကျင့် လိုသဖြင့် ဤသို့ ပြောဆိုခြင်း။ (သာရတ္ထ၊ဋီ၊၃၊၈၉။) (ဝိမတိ၊၂၊၄၉။)♦

သဥဒ္ဒေသပညတ် ၂ မျိုး

၁။ သပုဂ္ဂလနိဒ္ဒေသပညတ်၊
၂။ အပုဂ္ဂလနိဒ္ဒေသပညတ်။ (ဝဇိရ၊၆၉။)♦

သား ၃ မျိုး

၁။ အတိဇာတသား-ရတနာသုံးပါးကို ဆည်းကပ်ကိုးကွယ်ခြင်း, ငါးပါးသီလ စောင့်ထိန်းခြင်း စသည်ဖြင့် မိဘတို့ထက် သာလွန်၍ ဖြစ်သော သား၊
၂။ အနုဇာတသား-ရတနာသုံးပါး ဆည်းကပ်ခြင်း, ငါးပါးသီလ စောင့်ထိန်းခြင်း စသည်တို့၌ မိဘတို့နှင့် တန်းတူညီတူ ဖြစ်သော သား၊
၃။ အဝဇာတသား-ရတနာသုံးပါးကို ဆည်းကပ်ကိုးကွယ်ခြင်း ငါးပါးသီလ စောင့်ထိန်းခြင်း စသည်တို့၌ မိဘတို့အောက် ယုတ်လျော့သော သား။ (ခုဒ္ဒက၊၂၃၈။) (မ၊ဋ္ဌ၊၃၊၂၇၆။) (ဇာ၊ဋ္ဌ၊၆၊၂၂၄။) (ခုဒ္ဒက၊မြန်။၂၂၂။)♦

သား ၄ မျိုး

၁။ အတြဇသား- မိမိကို အကြောင်းပြု၍ ဖြစ်သောသား၊
၂။ ခေတ္တဇသား- လယ်ယာ အိပ်ရာ နေရာ ထိုင်ရာနေရာ စသည်တို့၌ ဖြစ်သော သား၊
၃။ အန္တေဝါသိကသား- အနီး၌ အတတ်ကို သင်ယူသော တပည့်သား၊
၄။ ဒိန္နကသား- မွေးစားသား။ (မဟာနိ၊၁၉၁။) (စူဠနိ၊၂၂၉။) (စူဠနိ၊၂၄၂။) (စူဠနိ၊၂၄၇။) (စူဠနိ၊၂၈၁။) (သုတ္တနိ၊ဋ္ဌ၊၁၊၅၇။) (အပ၊ဋ္ဌ၊၁၊၁၄၅။) (ဇာ၊ဋ္ဌ၊၁၊၁၅၂။)♦

သာကီဝင်မင်း ညီနောင် ၅ ပါး

၁။ သုဒ္ဓေါဒနမင်း၊
၂။ သုက္ကောဒနမင်း၊
၃။ သက္ကောဒနမင်း၊
၄။ ဓောတောဒနမင်း၊
၅။ အမိတောဒနမင်း။ (သာရတ္ထ၊ဋီ၊၃၊၇၇။) (မ၊ဋ္ဌ၊၁၊၃၆၆။)♦

သာကီဝင်မင်းသား ၆ ယောက် (အတူတကွ ရဟန်းပြုသော သာကီဝင်မင်းသား ၆ ယောက်)

၁။ ဘဒ္ဒိယ၊
၂။ အနုရုဒ္ဓ၊
၃။ အာနန္ဒ၊
၄။ ဘဂု၊
၅။ ကိမိလ၊
၆။ ဒေဝဒတ္တမင်းသား။ (ဓမ္မ၊ဋ္ဌ၊၁၊၈၈။)♦

သားကောင်၂ မျိုး

၁။ ဧဏိမိဂ- ဧဏီမည်သော သားကောင်၊
၂။ ပသဒမိဂ- ချေသတ္တဝါ မည်သော သားကောင်။ (သုတ္တနိ၊ဋ္ဌ၊၁၊၇၃။) (စူဠနိ၊၂၄၃။)♦

သာဂရ ၄ မျိုး

သမုဒ္ဒရာ ၄ မျိုးနှင့် တူသည်။ ♦

သာဓာရဏ ဒေသနာနိဒါန်း ၂ မျိုး

၁။ အဇ္ဈတ္တိက ဒေသနာနိဒါန်း၊
၂။ ဗာဟိရ ဒေသနာနိဒါန်း။ (ဒီ၊ဋီ၊၂၊၂၇၈။)♦

သာဓာရဏတရား ၂ ပါး

၁။ နာမသာဓာရဏ၊
၂။ဝတ္ထုသာဓာရဏ။ (နေတ္တိ၊ဋ္ဌ၊၄၂။)♦

သာဓု တရား ၁၀ ပါး

ကောင်းသော တရား ၁၀ ပါးနှင့် တူသည်။ ♦

သာဓုနရ တရား ၄ ပါး

၁။ ရှေးသူတော်ကောင်းတို့ သွားသော တရားလမ်းကို မချွတ်မယွင်း ဖြောင့်မှန်စွာ သွားရခြင်း၊
၂။ စိုသော လက်ကို မခြောက်သွေ့ မပူလောင်စေရခြင်း၊
၃။ မိတ်ဆွေ ခင်ပွန်းတို့ကို မပြစ်မှားရခြင်း၊
၄။ ယုတ်မာသော မိန်းမတို့၏ အလိုသို့ မလိုက်ရခြင်း။ (ဇာတက၊၂၊၃၀၀။)♦

သာဓုနရ တရား ၄ ပါး (တစ်နည်း)

၁။ နေရာထိုင်ခင်းမျှဖြင့် ဖိတ်ခေါ်၍ နေရာပေးဖူးသော သူ၏ ကျေးဇူး, အကျိုးစီးပွားကို ပြုလုပ်, ဆောင်ရွက်ပေးခြင်း၊
၂။ အကြင်သူ၏ အိမ်၌ တစ်ညဉ့် မျှလည်း နေထိုင်, တည်ခိုဖူး၏၊ အကြင်သူ၏ ထမင်း, အဖျော်ကို စားသောက်ဖူး၏၊ ထိုသူ့ အပေါ်၌ မကောင်းသော အကြံကို မကြံစည်ခြင်း၊
၃။ အကြင်သစ်ပင်၏ အရိပ်၌ မိမိနေထိုင်ခဲ့၊ အိပ်ခဲ့၏၊ ထိုသစ်ပင်၏ အကိုင်းအခက်ကို ချိုးဖဲ့ဖျက်ဆီးခြင်းအားဖြင့် မပြစ်မှားခြင်း၊ အဆွေခင်ပွန်း၌ မပြစ်မှားခြင်း၊
၄။ ဥစ္စာဖြင့် ပြည့်သော ဤမြေကြီးကို ပေးသော်လည်း မိန်းမကို အကြောင်းပြု၍ မိန်းမကို မှီ၍ လွန်ကျူးထိုက်သော မကောင်းမှုကို မပြုခြင်း။ (ဇာ၊ဋ္ဌ၊၇၊၂၁၈။)♦

သာမဂ္ဂီ ၃ ပါး

၁။ ဂဏသာမဂ္ဂီ- ရဟန်းတို့၏ တစ်ပေါင်တည်း ဖြစ်ခြင်း၊
၂။ ဓမ္မသာမဂ္ဂီ- ဗောဓိပက္ခိယ တရားတို့၏ တစ်ပေါင်းတည်း ဖြစ်ခြင်း၊
၃။ အနဘိနိဗ္ဗတ္တိသာမဂ္ဂီ- ပရိနိဗ္ဗာန်ပြုသော ရဟန္တာ တို့၏ တစ်ပေါင်းတည်း ဖြစ်ခြင်း။ (မဟာနိ၊၁၀၂။)♦

သာမညဖလ ၄ ပါး

ဖိုလ် ၄ ပါးနှင့် တူသည်။ ♦

သာမဏေ၏ အလုပ်အကျွေး ခံထိုက်သော ရဟန်း အင်္ဂါ ၁၀ ပါး

၁။ သီလရှိခြင်း၊
၂။ အကြားအမြင်များခြင်း၊
၃။ ပါတိမောက်ကို အကျယ်အားဖြင့် နှုတ်၌ လာခြင်း၊
၄။ မကျန်းမာ သူကို လုပ်ကျွေးခြင်း၊ လုပ်ကျွေးစေခြင်းငှာ စွမ်းနိုင်ခြင်း၊
၅။ မပျော်မွေ့ခြင်းကို ကိုယ်တိုင် ငြိမ်းခြင်း၊ သူတစ်ပါးကို ငြိမ်းစေခြင်းငှာ စွမ်းနိုင်ခြင်း၊
၆။ ကုက္ကုစ္စသံသယကို ပယ်ဖျောက် ခြင်းငှာ စွမ်းနိုင်ခြင်း၊
၇။ မိစ္ဆာအယူကို ကင်းစေခြင်းငှာ စွမ်းနိုင်ခြင်း၊
၈။ အဓိသီလ၌ တည်စေခြင်းငှာ စွမ်းနိုင်ခြင်း၊
၉။ အဓိစိတ္တ၌ တည်စေခြင်းငှာ စွမ်းနိုင်ခြင်း၊
၁၀။ အဓိပညာ၌ တည်စေခြင်းငှာ စွမ်းနိုင်ခြင်း။ (အံ၊၃၊၃၁၄။) (အံ၊မြန်၊၃။၃၁၃။)♦

သာမဏေ၏ အလုပ်အကျွေး ခံထိုက်သော ရဟန်း အင်္ဂါ ၅ ပါး

၁။ သီလဂုဏ်နှင့် ပြည့်စုံခြင်း၊
၂။ သမာဓိဂုဏ်နှင့် ပြည့်စုံခြင်း၊
၃။ ပညာဂုဏ်နှင့် ပြည့်စုံခြင်း၊
၄။ ဝိမုတ္တိ ဂုဏ်နှင့် ပြည့်စုံခြင်း၊
၅။ ဝိမုတ္တိဉာဏဒဿနဂုဏ်နှင့် ပြည့်စုံခြင်း။ (အံ၊၂၊၂၃၈။) (အံ၊မြန်၊၂။၃၀၅။)♦

သာမဏေ၏ အလုပ်အကျွေး မခံထိုက်ကြောင်း အင်္ဂါ ၅ ပါး

ဥပဇ္ဈာယ်ဆရာ မလုပ်ထိုက်ကြောင်း အင်္ဂါ ၅ ပါးနှင့် တူသည်။ ♦

သာမဏေ၏ အလုပ်အကျွေးကို ခံယူထိုက်သော ရဟန်း အင်္ဂါ ၅ ပါး

၁။ ရဟန္တာပုဂ္ဂိုလ်တို့၏ ဥစ္စာ ဖြစ်သော သီလဂုဏ်နှင့် ပြည့်စုံရခြင်း၊
၂။ ရဟန္တာပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော သမာဓိဂုဏ်နှင့် ပြည့်စုံရခြင်း၊
၃။ ရဟန္တာပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော ပညာဂုဏ်နှင့် ပြည့်စုံရခြင်း၊
၄။ ရဟန္တာ ပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော ဝိမုတ္တိ- အရဟတ္တဖိုလ်ဂုဏ်နှင့် ပြည့်စုံရခြင်း၊
၅။ ရဟန္တာ ပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော ဝိမုတ္တိဉာဏဒဿန- အရဟတ္တဖိုလ်ကို ဆင်ခြင်သော ပစ္စဝေက္ခဏ ဉာဏ် ဂုဏ်နှင့် ပြည့်စုံရခြင်း။ (အံ၊၂၊၂၃၈။) (အံ၊မြန်၊၂။၃၀၅။)♦

သာမဏေ၏ အလုပ်အကျွေးကို ခံယူနိုင်သော ရဟန်း အင်္ဂါ ၅ ပါး

ဥပဇ္ဈာယ်အဖြစ် နေ၍ ရဟန်းခံပေးနိုင်သော ရဟန်း၏ အင်္ဂါ ၅ ပါးနှင့် တူသည်။ ♦

သာမဏေကို စေခိုင်းသော ရဟန်း ငရဲကျကြောင်း ၅ ပါး

၁။ ဆန္ဒာဂတိသို့ လိုက်ခြင်း၊
၂။ ဒေါသာဂတိသို့ လိုက်ခြင်း၊
၃။ မောဟာဂတိသို့ လိုက်ခြင်း၊
၄။ ဘယာဂတိသို့ လိုက်ခြင်း၊
၅။ စေခိုင်းအပ်ပြီး, မစေခိုင်းအပ်သေးသည်တို့ကို မသိခြင်း။ (ဝိ၊၅၊၃၅၆။) (ဝိ၊မြန်၊၅။၄၅၉။)♦

သာမဏေကို စေခိုင်းသော ရဟန်း နတ်ပြည် ရောက်ကြောင်း ၅ ပါး

၁။ ဆန္ဒာဂတိသို့ မလိုက်ခြင်း၊
၂။ ဒေါသာဂတိသို့ မလိုက်ခြင်း၊
၃။ မောဟာဂတိသို့ မလိုက်ခြင်း၊
၄။ ဘယာဂတိသို့ မလိုက်ခြင်း၊
၅။ စေခိုင်းအပ်ပြီး, မစေခိုင်းအပ်သေးသည်တို့ကို သိခြင်း။ (ဝိ၊၅၊၃၅၆။) (ဝိ၊မြန်၊၅။၄၅၆။)♦

သာမဏေကို စေခိုင်းသော ရဟန်း ပြည့်စုံရမည့် အင်္ဂါ ၅ ပါး

၁။ ဆန္ဒာဂတိသို့ မလိုက်ခြင်း၊
၂။ ဒေါသာဂတိသို့ မလိုက်ခြင်း၊
၃။ မောဟာဂတိသို့ မလိုက်ခြင်း၊
၄။ ဘယာဂတိသို့ မလိုက်ခြင်း၊
၅။ ခိုင်းစေပြီးခြင်း မခိုင်းစေရသေးခြင်းတို့ကို သိခြင်း။ (ဝိ၊၄၊၃၃၂။) (ဝိ၊မြန်၊၄။၃၃၆။)♦

သာမဏေကို ပြုစုလုပ်ကျွေးစေနိုင်သော ရဟန်း အင်္ဂါ ၅ ပါး

ရဟန်းခံပေးနိုင်သော ရဟန်းအင်္ဂါ ၅ ပါး၊ နိဿယည်းပေးနိုင်သော ရဟန်း အင်္ဂါ ၅ ပါးနှင့် တူသည်။ ♦

သာမဏေကို ပြုစုလုပ်ကျွေးစေနိုင်သော ရဟန်း အင်္ဂါ ၆ ပါး

ရဟန်းခံပေးနိုင်သော ရဟန်းအင်္ဂါ ၆ ပါး၊ နိဿယည်းပေးနိုင်သော ရဟန်း အင်္ဂါ ၆ ပါးတို့နှင့် တူသည်။ ♦

သာမဏေကို မပြုစု မလုပ်ကျွေးစေနိုင်သော ရဟန်း အင်္ဂါ ၅ ပါး

ရဟန်းခံ မပေးနိုင်သော ရဟန်းအင်္ဂါ ၅ ပါး၊ နိဿယည်း မပေးနိုင်သော ရဟန်း အင်္ဂါ ၅ ပါးတို့နှင့် တူသည်။ ♦

သာမဏေကို မပြုစု မလုပ်ကျွေးစေနိုင်သော ရဟန်း အင်္ဂါ ၆ ပါး

ရဟန်းခံ မပေးနိုင်သော ရဟန်းအင်္ဂါ ၆ ပါး၊ နိဿယည်း မပေးနိုင်သော ရဟန်း အင်္ဂါ ၆ ပါးတို့နှင့် တူသည်။ ♦

သာမဏေကို မလုပ်ကျွေးစေထိုက်သော ရဟန်း အင်္ဂါ ၃ ပါး

ဥပဇ္ဈာယ်ဆရာ ပြုလုပ်၍ ရဟန်းခံ မပေးအပ််သော ရဟန်း အင်္ဂါ ၃ ပါးနှင့် တူသည်။ ♦

သာမဏေတို့၏ သိက္ခာပုဒ် ၁၀ ပါး

၁။ သူတစ်ပါးအသက် သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း၊
၂။ ပိုင်ရှင်မပေးသော ဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြဉ်ခြင်း၊
၃။ မမြတ်သော မေထုန်အကျင့်မှ ရှောင်ကြဉ်ခြင်း၊
၄။ မဟုတ်မမှန် လိမ်ညာ၍ ပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း၊
၅။ မူးယစ် မေ့လျော့ခြင်း၏ အကြောင်းဖြစ်သော သေရည်အရက် သောက်စားခြင်းမှ ရှောင်ကြဉ်ခြင်း၊
၆။ နေလွဲညစာ စားခြင်းမှ ရှောင်ကြဉ်ခြင်း၊
၇။ သာသနာတော်၏ ငြောင့်တံကျင် သဖွယ်ဖြစ်သော ကခြင်း, သီဆိုခြင်း, တီးမှုတ်ခြင်းတို့ကို ကြည့်ရှု နားထောင်ခြင်းတို့မှ ရှောင်ကြဉ်ခြင်း၊
၈။ ပန်းပန်ခြင်း, နံ့သာလိမ်းခြင်း, တန်ဆာဆင်ခြင်း, နံ့သာပြောင်းတို့ဖြင့် အတင့်အတယ် အပြေအပြစ် ပြုခြင်းတို့မှ ရှောင်ကြဉ်ခြင်း၊
၉။ ပမာဏထက်မြင့်သော အိပ်ရာနေရာ၊ မြတ်သော အိပ်ရာနေရာတို့၌ အိပ်ခြင်း နေခြင်းမှ ရှောင်ကြဉ်ခြင်း၊
၁၀။ ရွှေ ငွေကို ခံယူခြင်းမှ ရှောင်ကြဉ်ခြင်း။ (ဝိ၊၃၊၁၁၇။) (ဝိ၊မြန်၊၃။၁၁၉။)♦

သာမဏေတို့အား ဒဏ်ပေးထိုက်သော အင်္ဂါ ၅ ပါး

၁။ ရဟန်းတို့အား လာဘ်မရစိမ့်သောငှာ အားထုတ်ခြင်း၊
၂။ ရဟန်းတို့အား အကျိုးမဲ့ဖြစ်စိမ့်သောငှာ အားထုတ်ခြင်း၊
၃။ ရဟန်းတို့အား နေမြဲကျောင်း၌ မနေနိုင်စိမ့်သောငှာ အားထုတ်ခြင်း၊
၄။ ရဟန်းတို့ကို ဆဲရေးတိုင်းထွာခြင်း၊
၅။ ရဟန်းအချင်းချင်း ကွဲပြားအောင် ကုန်းတိုက်ခြင်း။ (ဝိ၊၃၊၁၁၇။) (ဝိ၊မြန်၊၃။၁၁၉။)♦

သာမဏေအသွင်ကို ဖျက်ဆီးကြောင်း အင်္ဂါ ၁၀ ပါး

လိင် ၁၀ ပါးနှင့် တူသည်။ ♦

သာမီစိ ၆ ပါး

၁။ သော စ ဘိက္ခု အနဗ္ဘိတော၊ တေ စ ဘိက္ခူ ဂါရယှာ၊ အယံ တတ္ထ သာမီစိ ဟူသော သိက္ခာပုဒ်အရ သာမီစိတစ်ပါး၊
၂။ ယုဉ္ဇန္တာယသ္မန္တော သကံ မာဝေါသကံ ဝိနဿာတိ အယံ တတ္ထ သာမီစိဟူသော သိက္ခာပုဒ်အရ သာမီစိတစ်ပါး၊
၃။ အယံ တေ ပတ္တော ယာဝဘေဒနာယ ဓာရေတဗ္ဗောတိ အယံ တတ္ထ သာမီစိ ဟူသော သိက္ခာပုဒ်အရ သာမီစိ တစ်ပါး၊
၄။ တတော နီဟရိတွာ ဘိက္ခူဟိ သဒ္ဓိံ သံဝိဘဇိတဗ္ဗံ အယံ တတ္ထ သာမီစိ-ဟူသော သိက္ခာပုဒ်အရ သာမီစိတစ်ပါး၊
၅။ အညာတဗ္ဗံ ပရိပုစ္ဆိတဗ္ဗံ ပရိပဥှိတဗ္ဗံ အယံ တတ္ထ သာမီစိ ဟူသော သိက္ခာပုဒ်အရ သာမီစိတစ်ပါး၊
၆။ ယဿ ဘဝိဿတိ၊ သော ဟရိဿတီတိ အယံ တတ္ထသာမီစိ ဟူသော သိက္ခာပုဒ်အရ သာမီစိတစ်ပါး။ (ဝိ၊ဋ္ဌ၊၄၊၁၇၈။)♦

သာရဏီယ တရား ၆ ပါး

ကျေးဇူးများသော တရား ၆ ပါး၊ ဗဟုကာရ တရား ၆ ပါးတို့နှင့်တူသည်။ ♦

သာရဏီယ တရား ၆ ပါး

၁။ သီတင်းသုံးဖော်တို့ အပေါ်ဝယ် မေတ္တာကာယကံကို ရှေးရှု ဆောက်တည်ခြင်း၊
၂။ ထို့အတူ မေတ္တာဝစီကံကို ရှေးရှု ဆောက်တည်ခြင်း၊
၃။ ထို့အတူ မေတ္တာမနောကံကို ရှေးရှု ဆောက်တည်ခြင်း၊
၄။ မိမိရရှိသော လာဘ်လာဘကို သီတင်းသုံးဖော် တို့နှင့် မျှဝေ သုံးဆောင်ခြင်း၊
၅။ သီတင်းသုံးဖော်တို့နှင့် တူမျှသော သီလရှိခြင်း၊
၆။ မဂ်နှင့် ယှဉ်သော သမ္မာဒိဋ္ဌိဖြင့် သီတင်းသုံးဖော်တို့နှင့် တူမျှသော အယူရှိခြင်း။ (ဝိ၊၅၊၁၆၇။) (အံ၊၂၊ ၂၅၅။) (အံ၊၂၊၂၅၆။) (ဝိ၊မြန်၊၅။၂၄၇-၂၄၈။) (အံ၊မြန်၊၂။၃၃၁။) (အံ၊မြန်၊၂။၃၃၂။)♦

သာရိပုတ္တရာမထေရ်၏ ပညာဂုဏ်ပုဒ် ၇ မျိုး

၁။ ပညာနှင့် ပြည့်စုံခြင်း၊
၂။ ကြီးသော ပညာရှိခြင်း၊
၃။ ကျယ်ပြန့်သော ပညာရှိခြင်း၊
၄။ ရွှင်သော ပညာရှိခြင်း၊
၅။ လျင်သော ပညာရှိခြင်း၊
၆။ ထက်မြက်သော ပညာရှိခြင်း၊
၇။ ထိုးထွင်း၍ သိသော ပညာရှိခြင်း။ (မ၊၃၊၇၅။) (မ၊မြန်၊၃။၇၉။)♦

သာဝက ၂ မျိုး

၁။ ဘုရားရှင် သက်တော်ထင်ရှားရှိစဉ် တရားရရှိသော မျက်မှောက် တပည့် သာဝက၊
၂။ ဘုရားရှင် ပရိနိဗ္ဗာန်ပြုပြီးမှ တရားရရှိသော မျက်ကွယ် တပည့်သာဝက။ (ထေရ၊ဋ္ဌ၊၂၊၅၄၀။)♦

သာဝက ၃ မျိုး

၁။ အဂ္ဂသာဝက- အမြတ်ဆုံး တပည့်သာဝက၊
၂။ မဟာသာဝက- တပည့်ကြီး၊
၃။ ပကတိသာဝက- ရိုးရိုးသာမန်တပည့်။ (ထေရ၊ဋ္ဌ၊၂၊၅၄၁။)♦

သာဝက ၅ မျိုး

၁။ ပါရမိပ္ပတ္တသာဝက- အထွတ်အမြတ်သို့ ရောက်သော တပည့်၊
၂။ ပဋိသမ္ဘိဒါ ပတ္တသာဝက- ပဋိသမ္ဘိဒါဉာဏ်သို့ ရောက်သော တပည့်၊
၃။ ဆဠဘိည သာဝက- အဘိညာဉ် ၆ ပါးနှင့် ပြည့်စုံသော တပည့်၊
၄။ တေဝိဇ္ဇသာဝက- ပုဗ္ဗေနိဝါသ, ဒိဗ္ဗစက္ခု, အာသဝက္ခယ ဟူသော ၃ ပါးသော ဝိဇ္ဇာဉာဏ်ကို ရသော တပည့်၊
၅။ သုက္ခဝိပဿကသာဝက-ဈာန် မရသော ရဟန္တာတပည့်။ (ထေရ၊ဋ္ဌ၊၂၊၅၄၅။)♦

သာဝကတို့ ရနိုင်သော တရား ၄ ပါး

၁။ ဝိဇ္ဇာ သုံးပါး၊
၂။ ပဋိသမ္ဘိဒါ လေးပါး၊
၃။ အဘိညာဉ်ခြောက်ပါး၊
၄။ လောကုတ္တရာတရား ကိုးပါး။ (ဝိ၊ဋ္ဌ၊၂၊၁၆၂။)♦

သာဝတ္ထိပြည်၌ ပညတ်အပ်သော သိက္ခာပုဒ် ၂၉၄ ပုဒ်

၁။ ဘိက္ခုနီ ပါရာဇိကသိက္ခာပုဒ် လေးပါး၊
၂။ သံဃာဒိသိသ်သိက္ခာပုဒ် တစ်ဆယ်ခြောက်ပါး၊
၃။ အနိယတသိက္ခာပုဒ် နှစ်ပါး၊
၄။ နိဿဂ္ဂိ ပါစိတ် နှစ်ဆယ်လေးပါး၊
၅။ ခုဒ္ဒကသိက္ခာပုဒ် တစ်ရာငါးဆယ့်ခြောက်ပါး၊
၆။ ပါဋိဒေသနီ သိက္ခာပုဒ် ဆယ်ပါး၊
၇။ သေခိယသိက္ခာပုဒ် ခုနစ်ဆယ့်နှစ်ပါး၊ မှတ်ချက်။ ။ ပါဠိတော်၌ ‘‘ဆဦန တီဏိသတာနိ’’ဟု ဆိုသော်လည်း ရေတွက်၍ ပေါင်းကြည့်သော အခါ ၂၈၄ သာ ရှိသည်ကို တွေ့ရ၏။ (ဝိ၊၅၊၂၅၆။) (ဝိ၊မြန်၊၅။၃၄၉။)♦

သာဝိကာ ၃ မျိုး

၁။ အဂ္ဂသာဝိကာ- ရဟန်းမိန်းမ တပည့်မြတ်၊
၂။ မဟာသာဝိကာ- ကြီးမြတ်သော တပည့်မ၊
၃။ ပကတိသာဝိကာ- ရိုးရိုး သာမန်တပည့်မ။ (ထေရီ၊ဋ္ဌ၊၃၀၃။)♦

သာသနာ ၃ မျိုး

၁။ ပရိယတ္တိသာသနာ- ပိဋကတ်သုံးပုံဖြင့် သိမ်းယူအပ်သော အားလုံးသော ဘုရားစကားတော်များ၊
၂။ ပဋိပတ္တိသာသနာ- ဓုတင် တစ်ဆယ့်သုံးပါး ခန္ဓကဝတ် တစ်ဆယ့် လေးပါး ရှစ်ဆယ့်နှစ်ပါးသော မဟာဝက်ကြီးများ သီလ သမာဓိ ဝိပဿနာ အကျင့်များ၊
၃။ ပဋိဝေဓသာသနာ- မဂ်လေးပါး ဖိုလ်လေးပါး နိဗ္ဗာန်တရားများ။ (ဝိ၊ဋ္ဌ၊၁၊၁၉၀။) (ဝိ၊ဋ္ဌ၊၃၊၁၄၄။) (သံ၊ဋ္ဌ၊၂၊၁၈၆။) (အံ၊ဋ္ဌ၊၃၊၃၀၉။) (သာရတ္ထ၊ဋီ၊၁၊၁၉၂။) (သာရတ္ထ၊ဋီ၊၁၊၃၄။)♦

သာသနာ ၃ မျိုး (တစ်နည်း)

၁။ ယထာပရာဓသာသနာ- သတ္တဝါတို့ကို အပြစ်အားလျော်စွာ ဆုံးမအပ်ရာ ဝိနည်းပိဋက သာသနာ၊
၂။ ယထာနုလောမသာသနာ- များသော အလို အာသယ, များသော အနုသယ, များသော စရိုက်, များသော နှလုံးသွင်းခြင်း အားလျော်စွာ ဆုံးမအပ်ရာ သုတ္တန်ပိဋက သာသနာ၊
၃။ ယထာဓမ္မသာသနာ- ပရမတ္ထတရားအားလျော်စွာ ဆုံးမအပ်ရာ အဘိဓမ္မပိဋက သာသနာ။ (ဝိ၊ဋ္ဌ၊၁၊၁၇။) (ဒီ၊ဋ္ဌ၊၁၊၂၀။) (အဘိ၊ဋ္ဌ၊၁၊၂၂။) (ဒီ၊ဋ္ဌ၊မြန်၊၁။၃၄။)♦

သာသနာ ဆုတ်ယုတ်ကြောင်း ၅ ပါး

၁။ ရဟန်း, ရဟန်းမ, ဥပါသကာ, ဥပါသိကာမတို့သည် မြတ်စွာဘုရား၌ ရိုသေလေးစားမှု မရှိခြင်း၊
၂။ ရဟန်း, ရဟန်းမ, ဥပါသကာ, ဥပါသိကာမ တို့သည် တရားတော်၌ ရိုသေလေးစားမှု မရှိခြင်း၊
၃။ ရဟန်း, ရဟန်းမ, ဥပါသကာ, ဥပါသိကာမ တို့သည် သံဃာတော်၌ ရိုသေလေးစားမှု မရှိခြင်း၊
၄။ ရဟန်း, ရဟန်းမ, ဥပါသကာ, ဥပါသိကာမ တို့သည် သိက္ခာပုဒ်၌ ရိုသေလေးစားမှု မရှိခြင်း၊
၅။ ရဟန်း, ရဟန်းမ, ဥပါသကာ, ဥပါသိကာမတို့သည် သမာဓိ၌ ရိုသေလေးစားမှု မရှိခြင်း။ (သံ၊၁၊၄၂၃။) (သံ၊မြန်၊၁။၄၁၂။)♦

သာသနာ ပျက်ခြင်း ၂ မျိုး

၁။ ပရိယတ္တိ သာသနာပျက်ခြင်း၊
၂။ ပဋိပတ္တိ သာသနာပျက်ခြင်း။ (မဟာနိ၊၁၁၁။)♦

သာသနာ အသက်တိုကြောင်း တရား ၆ ပါး

၁။ ဘုရား၌ မရိုသေခြင်း၊
၂။ တရား၌ မရိုသေခြင်း၊
၃။ သံဃာ၌ မရိုသေခြင်း၊
၄။ အကျင့်သိက္ခာ၌ မရိုသေခြင်း၊
၅။ အပ္ပမာဒ မမေ့မလျော့ခြင်း၌ မရိုသေခြင်း၊
၆။ အစေ့အစပ်ပြုမှု ပဋိသန္ထာရ၌ မရိုသေခြင်း။ (အံ၊၂၊၂၉၈။) (အံ၊မြန်၊၂။၃၈၄။)♦

သာသနာကွယ်ကြောင်း ၂ ပါး

၁။ မကောင်းသဖြင့် ပုဒ်ဗျည်းများကို ထားအပ်ခြင်း၊
၂။ မကောင်း သဖြင့် အနက်ကို သိအပ်ခြင်း။ (အံ၊၁၊၆၀။) (အံ၊မြန်၊၁။၇၂။)♦

သာသနာကွယ်ကြောင်း ၄ ပါး

၁။ မကောင်းသဖြင့် ထားအပ်သော အလွဲလွဲ အမှားမှားသော ပုဒ်ဗျည်းတို့ဖြင့် သုတ်တို့ကို သင်ယူခြင်းကြောင့် အနက်အဓိပ္ပာယ်ကို အလွဲလွဲ အမှားမှား သိခြင်း ခဲယဉ်းသဖြင့် သိအပ်ခြင်း၊
၂။ ရဟန်းတို့သည် ပြောဆိုဆုံးမခက်လျက် သည်းမခံ ကြခြင်း, အဆုံးအမကို ရိုရိုသေသေ မခံယူကြခြင်း၊
၃။ ဗဟုသုတနှင့် ပြည့်စုံလျက် တရားကို ဆောင် ဝိနည်းကိုဆောင် မာတိကာကို ဆောင်ကုန်သော ရဟန်းတို့သည် အခြားသော ပုဂ္ဂိုလ်တို့အား သုတ်တို့ကို မသင်ကြား မပို့ချကြခြင်း၊
၄။ ထေရ်ကြီးဝါကြီး ရဟန်းတို့သည် ပစ္စည်းလေးပါး ပေါများခြင်းငှာသာ ကျင့်၍ တရားဓမ္မ အားထုတ်မှု၌ လျော့ပေါ့ကျင့်ခြင်း, မရသေးသော တရားထူးများကို ရရန် ကြိုးစားမှု ဝီရိယကို အားမထုတ်ခြင်း, နောင်လာ နောက်သား ရဟန်းငယ်များလည်း အတုလိုက်၍ ကျင့်ကြခြင်း။ (အံ၊၁၊၄၆၅။) (အံ၊မြန်၊၁။၄၇၇။)♦

သာသနာကွယ်ကြောင်း ၅ ပါး

၁။ မြတ်စွာဘုရား၌ ရိုသေတုပ်ဝပ်မှု မရှိဘဲ နေထိုင်ကြခြင်း၊
၂။ တရားတော်၌ ရိုသေတုပ်ဝပ်မှု မရှိဘဲ နေထိုင်ကြခြင်း၊
၃။ သံဃာ၌ ရိုသေတုပ်ဝပ်မှု မရှိဘဲ နေထိုင်ကြခြင်း၊
၄။ သီလသိက္ခာ၌ ရိုသေတုပ်ဝပ်မှု မရှိဘဲ နေထိုင်ကြခြင်း၊
၅။ သီတင်း သုံးဖော် အချင်းချင်း ရိုသေတုပ်ဝပ်မှု မရှိဘဲ နေထိုင်ကြခြင်း။ (အံ၊၂၊၂၁၆။) (အံ၊မြန်၊၂။၂၇၁။)♦

သာသနာကွယ်ကြောင်း ၅ ပါး (တစ်နည်း)

၁။ တရားကို ရိုသေစွာ မနာခြင်း၊
၂။ တရားကို ရိုသေစွာ မသင်ခြင်း၊
၃။ တရားကို ရိုသေစွာ မဆောင်ခြင်း၊
၄။ ဆောင်ထားသော တရား တို့၏ အနက်အဓိပ္ပါယ်ကို သိအောင် မဆင်ခြင်ခြင်း၊
၅။ တရားကို ရိုသေစွာ မကျင့်ခြင်း။ (အံ၊၂၊၁၅၅။) (အံ၊မြန်၊၂။၁၉၈။)♦

သာသနာကွယ်ကြောင်း ၅ ပါး (တစ်နည်း)

၁။ သုတ်, ဂေယျ, ဝေယျာကရိုဏ်း, ဂါထာ, ဥဒါန်း, ဣတိဝုတ်, ဇာတ်, အမ္ဘုတဓမ္မ, ဝေဒလ္လ ဟူသော တရားကို မသင်ခြင်း၊
၂။ သင်ယူ ပြီးသော တရားကို သူတစ်ပါးအား အကျယ် မဟောကြားခြင်း၊
၃။ သင်ယူပြီးသော တရားကို သူတစ်ပါးအား အကျယ် မပို့ချခြင်း၊
၄။ သင်ယူပြီးသော တရားကို အကျယ် ရွတ်ဖတ်မှု မပြုခြင်း၊
၅။ သင်ယူပြီးသော တရားကို စိတ်ဖြင့် အဖန်ဖန် မကြံစည် မဆင်ခြင်ခြင်း။ (အံ၊၂၊၁၅၆။) (အံ၊မြန်၊၂။၁၉၈-၁၉၉။)♦

သာသနာကွယ်ကြောင်း ၅ ပါး (တစ်နည်း)

၁။ မကောင်းသဖြင့် ယူအပ်သော ပါဠိ, မကောင်းသော ပုဒ် ဗျည်းတို့ဖြင့် သင်ယူခြင်း (ပုဒ်ပျက်အက္ခရာ သင်ခြင်း)၊
၂။ အပြောအဆို ခက်ခဲကုန်ခြင်း၊
၃။ အကြားအမြင်များသော အာဂုံနှုတ်တက်ရှိကုန်သော သုတ်အဘိဓမ္မာ ဆောင် ဝိနည်းဆောင် ရဟန်းတို့က ပါဠိ စာပေ မပို့ချကုန်ခြင်း၊
၄။ မထေရ်ကြီးများ ပစ္စည်းလေးပါး ပေါများ၍ ဘုန်းကြီးရန်သာ ကျင့်ကြခြင်း၊
၅။ သံဃာသင်းခွဲခြင်း။ (အံ၊၂၊၁၅၇။) (အံ၊မြန်၊၂။၂၀၀။)♦

သာသနာကွယ်ကြောင်း ၆ ပါး

၁။ မြတ်စွာဘုရား၌ မရိုသေ မလေးစား မတုပ်ဝပ်ဘဲ နေခြင်း၊
၂။ တရား၌ မရိုသေ မလေးစား မတုပ်ဝပ်ဘဲ နေခြင်း၊
၃။ သံဃာ၌ မရိုသေ မလေးစား မတုပ်ဝပ်ဘဲ နေခြင်း၊
၄။ အကျင့်သိက္ခာ၌ မရိုသေ မလေးစား မတုပ်ဝပ်ဘဲ နေခြင်း၊
၅။ မမေ့ မလျော့ခြင်း အပ္ပမာဒ၌ မရိုသေ မလေးစား မတုပ်ဝပ်ဘဲ နေခြင်း၊
၆။ အစေ့အစပ်ပြုခြင်း ပဋိသန္ထာရ၌ မရိုမသေ မလေးစား မတုပ်ဝပ်ဘဲ နေခြင်း။ (အံ၊၂၊၂၉၈။) (အံ၊မြန်၊၂။၃၈၄။)♦

သာသနာကွယ်ကြောင်း ၇ ပါး

၁။ ဘိက္ခု ဘိက္ခုနီ ဥပါသကာ ဥပါသိကာမတို့သည် မြတ်စွာ ဘုရား၌ ရိုသေတုပ်ဝပ်မှု မရှိကြခြင်း၊
၂။ ဘိက္ခု ဘိက္ခုနီ ဥပါသကာ ဥပါသိကာမတို့သည် တရားတော်၌ ရိုသေတုပ်ဝပ်မှု မရှိကြခြင်း၊
၃။ ဘိက္ခု ဘိက္ခုနီ ဥပါသကာ ဥပါသိကာမ တို့သည် သံဃာတော်၌ ရိုသေတုပ်ဝပ်မှု မရှိကြခြင်း၊
၄။ ဘိက္ခု ဘိက္ခုနီ ဥပါသကာ ဥပါသိကာမတို့သည် အကျင့်သိက္ခာ၌ ရိုသေတုပ်ဝပ်မှု မရှိကြခြင်း၊
၅။ ဘိက္ခု ဘိက္ခုနီ ဥပါသကာ ဥပါသိကာမတို့သည် သမာဓိ၌ ရိုသေတုပ်ဝပ်မှု မရှိကြခြင်း၊
၆။ ဘိက္ခု ဘိက္ခုနီ ဥပါသကာ ဥပါသိကာမတို့သည် မမေ့လျော့ခြင်း အပ္ပမာဒတရား၌ ရိုသေတုပ်ဝပ်မှု မရှိကြခြင်း၊
၇။ ဘိက္ခု ဘိက္ခုနီ ဥပါသကာ ဥပါသိကာမတို့သည် အစေ့အစပ်ပြုမှု ပဋိသန္ထာရတရား၌ ရိုသေတုပ်ဝပ်မှု မရှိကြခြင်း။ (အံ၊၂၊၄၆၁။) (အံ၊မြန်၊၂။၅၈၁။)♦

သာသနာကွယ်ခြင်း ၃ မျိုး

၁။ ပရိယတ်တည်းဟူသော ပိဋကသုံးပုံ ကွယ်ခြင်း၊
၂။ ပဋိဝေဓ တည်းဟူသော သစ္စာလေးပါးကို ထိုးထွင်း၍ သိခြင်း ကွယ်ခြင်း၊
၃။ ပဋိပတ်တည်းဟူသော သမထ ဝိပဿနာ အကျင့် ကွယ်ခြင်း။ (မ၊ဋ္ဌ၊၄၊၈၀။)♦

သာသနာကွယ်ခြင်း ၅ မျိုး

၁။ အဓိဂမအန္တရဓာန- မဂ်ဖိုလ် စသော တရားထူးများ ကွယ်ပျောက်ခြင်း၊
၂။ ပဋိပတ္တိအန္တရဓာန- ကိုယ်ကျင့်သီလကွယ်ပျောက်ခြင်း၊
၃။ ပရိယတ္တိအန္တရဓာန- ပိဋကတ် သုံးပုံ ပါဠိ, အဋ္ဌကထာ, ဋီကာများ ကွယ်ပျောက်ခြင်း၊
၄။ လိင်္ဂအန္တရဓာန-ရဟန်းအသွင် အပြင်များ ကွယ်ပျောက်ခြင်း၊
၅။ ဓာတုအန္တရဓာန- ဘုရားရှင်၏ ဓာတ်တော်မွေတော်များ ကွယ်ပျောက်ခြင်း။ (အံ၊ဋ္ဌ၊၁၊၆၇။)♦

သာသနာကွယ်ပျောက်ပုံ ၃ မျိုး

၁။ မဂ်ဖိုလ်ရမှု- အဓိဂမသာသနာ ကွယ်ခြင်း (ကောင်းစွာ ကျင့်ကြံ ကျိုးကုတ် အားထုတ်သော်လည်း မဂ်ဖိုလ်ကို ရမှု သိမှု မဖြစ်တော့ခြင်း)၊
၂။ အကျင့်ပဋိပတ် ကွယ်ပျောက်မှု- ပဋိပတ္တိသာသနာ ကွယ်ခြင်း (အကျင့်ပဋိပတ် ကွယ်ပျောက်သည်ရှိသော် သိက္ခာပုဒ်ပညတ်ချက်များ မသိ မရှိတော့ခြင်း)၊
၃။ ရဟန်းအသွင် ပျောက်ကွယ်မှု- လိင်္ဂ သာသနာ ကွယ်ခြင်း (ရဟန်းအသွင် ကွယ်ပျောက်သည်ရှိသော် သာသနာအစဉ်အဆက် လုံးဝ ပြတ်တောက်သွားခြင်း)။ (မိလိန္ဒ၊၁၃၆။) (မိလိန္ဒ၊မြန်။၁၄၆။)♦

သာသနာတည်ကြောင်း ၂ ပါး

၁။ အက္ခရာပုဒ်ဗျည်းတို့ကို ကောင်းစွာထားခြင်း၊
၂။ အနက် အဓိပ္ပါယ် တို့၌ သိလွယ်သော နည်းရှိခြင်း။ (ဒီ၊ဋီ၊၁၊၁၇။)♦

သာသနာတည်ကြောင်း ၃ ပါး

၁။ ပါတိမောက်ခေါ် ဒွေမာတိကာ တည်ရှိခြင်း၊
၂။ ရှင်သာမဏေ တည်ရှိခြင်း၊
၃။ ရဟန်း တည်ရှိခြင်း။ (ဒီ၊ဋီ၊၃၊၈၃။)♦

သာသနာတည်ကြောင်း ၄ ပါး

၁။ ကောင်းစွာ ထားအပ်သော ပုဒ်ဗျည်းတို့ဖြင့် သုတ်တို့ကို သင်ယူခြင်းကြောင့် အနက်အဓိပ္ပာယ်ကို မှန်မှန်ကန်ကန် လွယ်ကူစွာ သိခြင်း၊
၂။ ရဟန်း တို့သည် ပြောဆိုဆုံးမ လွယ်ကူလျက် သည်းခံကြခြင်း, အဆုံးအမကိုလည်း ရိုရိုသေသေ ခံယူကြခြင်း၊
၃။ ဗဟုသုတနှင့် ပြည့်စုံလျက် တရားကိုဆောင် ဝိနည်းကိုဆောင် မာတိကာကို ဆောင်ကုန်သော ရဟန်းတို့သည် အခြားသော ပုဂ္ဂိုလ်တို့အား သုတ်တို့ကို ရိုသေစွာ သင်ကြား ပို့ချကြခြင်း၊
၄။ မထေရ်ကြီးဖြစ်သော ရဟန်းတို့သည် ပစ္စည်းလေးပါး ပေါများခြင်းငှာ မကျင့်မူ၍ မရရှိသေးသော တရားကို ရရှိရန် ကြိုးစားမှု ဝီရိယကို လွန်စွာ အားထုတ်ကြခြင်း, နောင်လာ နောက်သား ရဟန်းငယ်များလည်း အတုလိုက် ကျင့်ကြခြင်း။ (အံ၊၁၊၄၆၆။) (အံ၊မြန်၊၁။၄၇၈။)♦

သာသနာတည်ကြောင်း ၅ ပါး

၁။ ရဟန်း, ရဟန်းမ, ဥပါသကာ, ဥပါသိကာမတို့သည် မြတ်စွာ ဘုရား၌ ရိုသေလေးစားမှု ရှိခြင်း၊
၂။ ရဟန်း, ရဟန်းမ, ဥပါသကာ, ဥပါသိကာမတို့သည် တရားတော်၌ ရိုသေလေးစားမှု ရှိခြင်း၊
၃။ ရဟန်း, ရဟန်းမ, ဥပါသကာ, ဥပါသိကာမတို့သည် သံဃာတော်၌ ရိုသေလေးစားမှု ရှိခြင်း၊
၄။ ရဟန်း, ရဟန်းမ, ဥပါသကာ, ဥပါသိကာမ တို့သည် သိက္ခာပုဒ်၌ ရိုသေလေးစားမှု ရှိခြင်း၊
၅။ ရဟန်း, ရဟန်းမ, ဥပါသကာ, ဥပါသိကာမ တို့သည် သမာဓိ၌ ရိုသေလေးစားမှု ရှိခြင်း။ (သံ၊၁၊၄၂၃။) (သံ၊မြန်၊၁။၄၁၂။)♦

သာသနာတည်ကြောင်း ၅ ပါး

၁။ မြတ်စွာဘုရား၌ ရိုသေတုပ်ဝပ်မှုရှိ၍ နေထိုင်ကြခြင်း၊
၂။ တရားတော်၌ ရိုသေတုပ်ဝပ်မှုရှိ၍ နေထိုင်ကြခြင်း၊
၃။ သံဃာ၌ ရိုသေတုပ်ဝပ်မှုရှိ၍ နေထိုင် ကြခြင်း၊
၄။ သီလသိက္ခာ၌ ရိုသေတုပ်ဝပ်မှုရှိ၍ နေထိုင်ကြခြင်း၊
၅။ သီတင်း သုံးဖော်အချင်းချင်း ရိုသေတုပ်ဝပ်မှုရှိ၍ နေထိုင်ကြခြင်း။ (အံ၊၂၊၂၁၆။) (အံ၊မြန်၊၂။၂၇၁။)♦

သာသနာတည်ကြောင်း ၆ ပါး

၁။ ဘုရား၌ ရိုသေမှု ရှိခြင်း၊
၂။ တရား၌ ရိုသေမှု ရှိခြင်း၊
၃။ သံဃာ၌ ရိုသေမှု ရှိခြင်း၊
၄။ အကျင့်သိက္ခာ၌ ရိုသေမှု ရှိခြင်း၊
၅။ မမေ့မလျော့ခြင်း၌ ရိုသေမှု ရှိခြင်း၊
၆။ အစေ့အစပ်ပြုမှု ပဋိသန္ထာရ၌ ရိုသေမှု ရှိခြင်း။ (အံ၊၂၊၂၉၈။) (အံ၊မြန်၊၂။၃၈၄။)♦

သာသနာတည်ကြောင်း ၆ ပါး

၁။ မြတ်စွာဘုရား၌ ရိုသေလေးမြတ် တုပ်ဝပ်၍ နေခြင်း၊
၂။ တရား၌ ရိုသေလေးမြတ် တုပ်ဝပ်၍ နေခြင်း၊
၃။ သံဃာ၌ ရိုသေလေးမြတ် တုပ်ဝပ်၍ နေခြင်း၊
၄။ အကျင့်သိက္ခာ၌ ရိုသေလေးမြတ် တုပ်ဝပ်၍ နေခြင်း၊
၅။ မမေ့လျော့ခြင်း အပ္ပမာဒ၌ ရိုသေ လေးမြတ် တုပ်ဝပ်၍ နေခြင်း၊
၆။ အစေ့အစပ်ပြုမှု ပဋိသန္ထာရ၌ ရိုသေလေးမြတ် တုပ်ဝပ်၍ နေခြင်း။ (အံ၊၂၊၂၉၉။) (အံ၊မြန်၊၂။၃၈၄။)♦

သာသနာတည်ကြောင်း ၇ ပါး

၁။ ဘိက္ခု ဘိက္ခုနီ ဥပါသကာ, ဥပါသိကာမတို့သည် မြတ်စွာ ဘုရား၌ ရိုသေလေးမြတ် တုပ်ဝပ်မှု ရှိကြခြင်း၊
၂။ ဘိက္ခု ဘိက္ခုနီ ဥပါသကာ, ဥပါသိကာမ တို့သည် တရားတော်၌ ရိုသေလေးမြတ် တုပ်ဝပ်မှု ရှိကြခြင်း၊
၃။ ဘိက္ခု ဘိက္ခုနီ ဥပါသကာ, ဥပါသိကာမတို့သည် သံဃာတော်၌ ရိုသေလေးမြတ် တုပ်ဝပ်မှု ရှိကြခြင်း၊
၄။ ဘိက္ခု ဘိက္ခုနီ ဥပါသကာ, ဥပါသိကာမတို့သည် အကျင့်သိက္ခာ၌ ရိုသေလေးမြတ် တုပ်ဝပ်မှု ရှိကြခြင်း၊
၅။ ဘိက္ခု ဘိက္ခုနီ ဥပါသကာ, ဥပါသိကာမတို့သည် သမာဓိ၌ ရိုသေလေးမြတ် တုပ်ဝပ်မှု ရှိကြခြင်း၊
၆။ ဘိက္ခု ဘိက္ခုနီ ဥပါသကာ, ဥပါသိကာမတို့သည် မမေ့လျော့ခြင်း အပ္ပမာဒတရား၌ ရိုသေလေးမြတ် တုပ်ဝပ်မှု ရှိကြခြင်း၊
၇။ ဘိက္ခု ဘိက္ခုနီ ဥပါသကာ, ဥပါသိကာမတို့သည် အစေ့အစပ် ပြုမှု ပဋိသန္ထာရတရား၌ ရိုသေလေးမြတ် တုပ်ဝပ်မှု ရှိကြခြင်း။ (အံ၊၂၊၄၆၁။) (အံ၊မြန်၊၂။၅၈၁။)♦

သာသနာတည်ကြောင်း တရား ၃၇ ပါး

၁။ သတိပဋ္ဌာန် လေးပါး၊
၂။ သမ္မပ္ပဓာန် လေးပါး၊
၃။ ဣဒ္ဓိပါဒ် လေးပါး၊
၄။ ဣန္ဒြေ ငါးပါး၊
၅။ ဗိုလ် ငါးပါး၊
၆။ ဗောဇ္ဈင် ခုနစ်ပါး၊
၇။ မဂ္ဂင် ရှစ်ပါး ပေါင်း သုံးဆယ့်ခုနစ်ပါးတည်း၊ ဤသုံးဆယ့်ခုနစ်ပါးသော တရားတို့ကို မှီဝဲပွားများ လေ့ကျင့်သည်ရှိသော် မြတ်သော အကျင့် သာသနာတော်သည် အရှည်ခံ့လျက် ကြာမြင့်စွာ တည်တံ့ရာ၏ဟု ဘုရားရှင် ဟောတော်မူ၏၊ မှတ်ချက်။ ။ ဤသာသနာ အရှည်တည်တံ့ရေး တရား သုံးဆယ့်ခုနစ်ပါးဟူသည် ဗောဓိပက္ခိယတရား သုံးဆယ့်ခုနစ်ပါးကိုပင် ရည်ညွှန်း၏။ (ဒီ၊၂၊၁၀၀။) (ဒီ၊မြန်၊၂။၁၁၆။)♦

သာသနာတည်ကြောင်း တရား ၅ ပါး

၁။ ဘုရား၌ ရိုသေခြင်း၊
၂။ တရား၌ ရိုသေခြင်း၊
၃။ သံဃာ၌ ရိုသေခြင်း၊
၄။ သီလသိက္ခာ၌ ရိုသေခြင်း၊
၅။ အချင်းချင်း၌ ရိုသေခြင်း။ (အံ၊၂၊၂၁၆။) (အံ၊မြန်၊၂။၂၇၁။)♦

သာသနာတည်ကြောင်း တရား ၅ ပါး

၁။ တရားကို ရိုသေစွာ နာခြင်း၊
၂။ တရားကို ရိုသေစွာ သင်ခြင်း၊
၃။ တရားကို ရိုသေစွာ ဆောင်ခြင်း၊
၄။ ဆောင်ထားသော တရားတို့၏ အနက် အဓိပ္ပါယ်ကို သိအောင် ဆင်ခြင်ခြင်း၊
၅။ တရားကို ရိုသေစွာ ကျင့်ခြင်း။ (အံ၊၂၊၁၅၅။) (အံ၊မြန်၊၂။၁၉၈။)♦

သာသနာတည်ကြောင်း တရား ၅ ပါး

၁။ သုတ်, ဂေယျ, ဝေယျာကရိုဏ်း, ဂါထာ, ဥဒါန်း, ဣတိဝုတ်, ဇာတ်, အဗ္ဘုတဓမ္မ, ဝေဒလ္လ ဟူသော တရားတို့ကို သင်ယူခြင်း၊
၂။ သင်ယူ ပြီးသော တရားကို သူတစ်ပါးအား အကျယ် ဟောပြခြင်း၊
၃။ သင်ယူပြီးသော တရားကို သူတစ်ပါးအား အကျယ် ပို့ချခြင်း၊
၄။ သင်ယူပြီးသော တရားကို အကျယ် ရွတ်ဖတ်မှု ပြုခြင်း၊
၅။ သင်ယူပြီးသော တရားကို စိတ်ဖြင့် အဖန်ဖန် ကြံစည် ဆင်ခြင်ခြင်း။ (အံ၊၂၊၁၅၆။) (အံ၊မြန်၊၂။၁၉၈-၁၉၉။)♦

သာသနာတည်ကြောင်း တရား ၅ ပါး

၁။ ကောင်းစွာ သင်ယူအပ်သော ပါဠိ, ကောင်းစွာ ထားအပ်ကုန်သော ပုဒ် ဗျည်းတို့ဖြင့် သင်ယူခြင်း၊
၂။ အပြောအဆို လွယ်ခြင်း၊
၃။ အကြားအမြင် များကုန် ပါဠိနှုတ်တက်ရကုန်သော သုတ်အဘိဓမ္မာဆောင် ဝိနည်းဆောင် ရဟန်းတို့က ပါဠိစာပေ ပို့ချခြင်း၊
၄။ မထေရ်ကြီးများ ပစ္စည်း ၄ ပါး ပေါများရန် ဘုန်းကြီးရန် မကျင့် ကြခြင်း၊
၅။ သံဃာညီညွတ်ခြင်း။ (အံ၊၂၊၁၅၇။) (အံ၊မြန်၊၂။၂၀၀၊၂၀၂။)♦

သာသနာတော်၌ ကြီးပွားကြောင်း ၅ ပါး

၁။ ယုံကြည်မှု သဒ္ဓါ ရှိခြင်း၊
၂။ ရှက်မှု ဟိရီရှိခြင်း၊
၃။ ကြောက်လန့်မှု ဩတ္တပ္ပရှိခြင်း၊
၄။ ထက်သန်သော ဝီရိယရှိခြင်း၊
၅။ သိမှု ပညာရှိခြင်း။ (အံ၊၂၊၆-၇။) (အံ၊မြန်၊၂။၈-၉။)♦

သာသနာတော်၌ ကြီးပွားတိုးတက်ရန် ပယ်ရမည့်တရား ၁၀ ပါး

၁။ အမျက်ထွက်မှု၊
၂။ ရန်ငြိုး ဖွဲ့မှု၊
၃။ သူ့ကျေးဇူးကို ချေဖျက်မှု၊
၄။ ဂုဏ်ပြိုင်မှု၊
၅။ ငြူစူမှု၊
၆။ ဝန်တိုမှု၊
၇။ စဉ်းလဲမှု၊
၈။ လှည့်စားမှု၊
၉။ အလိုဆိုးလွှမ်းမိုးမှု၊
၁၀။ အနည်းငယ်မျှသော တရားထူးကို ရရုံမျှဖြင့် အကြားတွင် ဆုတ်နစ်ခြင်းသို့ ရောက်မှု။ (အံ၊၃၊၃၈၀။) (အံ၊မြန်၊၃။၃၇၀။)♦

သာသနာတော်၌ ကြီးပွားတိုးတက်ရန် ပယ်ရမည့်တရား ၁၀ ပါး (တစ်နည်း)

၁။ သီလ ကျိုးပေါက် ပျောက်ကျားခြင်း၊
၂။ သဒ္ဓါတရား မရှိခြင်း၊
၃။ အကြားအမြင် နည်းခြင်း၊
၄။ ဆိုဆုံးမ ခက်ခြင်း၊
၅။ မိတ်ဆွေယုတ် ရှိခြင်း၊
၆။ ပျင်းရိခြင်း၊
၇။ သတိမေ့ခြင်း၊
၈။ အံ့ဩဖွယ်ကို ပြုတတ်ခြင်း၊
၉။ မွေးမြူရန် ခက်ခဲခြင်း၊
၁၀။ ပညာမဲ့ခြင်း။ (အံ၊၃၊၃၈၃၊၃၈၅။) (အံ၊မြန်၊၃။၃၇၉၊၃၈၁။)♦

သာသနာတော်၌ ကြီးပွားတိုးတက်ရန် ပယ်ရမည့်တရား ၁၀ ပါး (တစ်နည်း)

၁။ သူတစ်ပါး ဥစ္စာကို လိုချင်မှု အဘိဇ္ဈာလွှမ်းမိုးခြင်း၊
၂။ အမျက်ထွက်မှု ဗျာပါဒလွှမ်းမိုးခြင်း၊
၃။ ထိုင်းမှိုင်းမှု ထိနမိဒ္ဓလွှမ်မိုးခြင်း၊
၄။ ပျံ့လွင့်မှု ဥဒ္ဓစ္စလွှမ်းမိုးခြင်း၊
၅။ ယုံမှားမှု ဝိစိကိစ္ဆာလွှမ်းမိုးခြင်း၊
၆။ အမှုသစ်၌ မွေ့လျော်ခြင်း၊
၇။ စကားပြောခြင်း၌ မွေ့လျော်ခြင်း၊
၈။ အိပ်ခြင်း၌ မွေ့လျော်ခြင်း၊
၉။ အပေါင်းအဖော်၌ မွေ့လျော်ခြင်း၊
၁၀။ အနည်းငယ်မျှသော တရားထူးကို ရခြင်းဖြင့် အကြား၌ ဆုတ်နစ်ခြင်း။ (အံ၊၃၊၃၈၇။) (အံ၊မြန်၊၃။၃၈၂။)♦

သာသနာတော်၌ ကြီးပွားနိုင်သော ရဟန်း အင်္ဂါ ၁၁ ပါး

၁။ မဟာဘုတ်ရုပ်, ဥပါဒါရုပ်ဟု ဆိုအပ်သော ရုပ်အားလုံးကို အမှန်အတိုင်း ခွဲခြား၍ သိခြင်း၊
၂။ လူမိုက်သည် မကောင်းမှု လက္ခဏာ, လူလိမ္မာသည် ကောင်းမှုလက္ခဏာ ရှိ၏ဟု အမှန်အတိုင်း ခွဲခြား၍ သိခြင်း၊
၃။ ဖြစ်ပေါ်လာသော ကာမဝိတက်, ဗျာပါဒဝိတက်, ဝိဟိံသာဝိတက်တို့ကို ပယ်စွန့်, ဖျောက်ဖျက်နိုင်ခြင်း၊
၄။ စက္ခုန္ဒြေအစ မနိန္ဒြေအဆုံးရှိသော ဣန္ဒြေ ခြောက်ပါးတို့ကို ထိန်းသိမ်း စောင့်ရှောက်ခြင်း၊
၅။ သင်ယူ နာကြားထားသော တရားတော်များကို အကျယ်အားဖြင့် သူတစ်ပါးတို့အား ဟောကြားခြင်း၊
၆။ စာပေကျမ်းဂန်တတ် ဆရာတော်ကြီးများထံ ချဉ်းကပ်၍ ဆွေးနွေးမေးမြန်းမှု ပြုခြင်း၊
၇။ တရားဒေသနာကို ဟောကြားနာယူသောအခါ အနက် အဓိပ္ပါယ်ကို သိသည်ဖြစ်၍ တရားနှင့်စပ်သော အသိဉာဏ်ကို ရလျက် နှစ်သက် ဝမ်းမြောက်မှု ဖြစ်ခြင်း၊
၈။ ဖြူစင် မြင့်မြတ်သော မဂ္ဂင် ရှစ်ပါးကို အမှန်အတိုင်း ခွဲခြား၍ သိခြင်း၊
၉။ သတိပဋ္ဌာန်လေးပါးကို အမှန်အတိုင်း ခွဲခြား၍ သိခြင်း၊
၁၀။ ပစ္စည်းလေးပါးကို ခံယူရာ၌ အတိုင်းအရှည်ကို သိခြင်း၊
၁၁။ သံဃာ့ဦးစီး သံဃာ့ဖခင် ဖြစ်သော မထေရ်ကြီးတို့အား မျက်မှောက်မျက်ကွယ်တို့၌ ကာယကံမေတ္တာ, ဝစီကံမေတ္တာ မနောကံ မေတ္တာထားခြင်း ပွားခြင်း။ (မ၊၁၊၂၈၄။) (မ၊မြန်၊၁။၂၉၁။)♦

သာသနာတော်၌ တည်ကြောင်း ၅ ပါး

၁။ ယုံကြည်မှု- သဒ္ဓါ ရှိခြင်း၊
၂။ ရှက်မှု- ဟိရီ ရှိခြင်း၊
၃။ ကြောက်လန့်မှု- ဩတ္တပ္ပ ရှိခြင်း၊
၄။ အားထုတ်မှု- ဝီရိယ ရှိခြင်း၊
၅။ သိမှု-ပညာ ရှိခြင်း။ (အံ၊၂၊၆။) (အံ၊မြန်၊၂။၈။)♦

သာသနာတော်၌ မကြီးပွားကြောင်း ၅ ပါး

၁။ ယုံကြည်မှု- သဒ္ဓါ မရှိခြင်း၊
၂။ ရှက်မှု- ဟိရီ မရှိခြင်း၊
၃။ ကြောက်လန့်မှု- ဩတ္တပ္ပ မရှိခြင်း၊
၄။ ပျင်းရိခြင်း၊
၅။ ပညာမဲ့ခြင်း။ (အံ၊၂၊၆-၇။) (အံ၊မြန်၊၂။၈-၉။)♦

သာသနာတော်၌ မကြီးပွားနိုင်သော ရဟန်း အင်္ဂါ ၁၁ ပါး

၁။ မဟာဘုတ််ရုပ် ဥပါဒါရုပ် အားလုံးကို အမှန်အတိုင်း ခွဲခြား၍ မသိခြင်း၊
၂။ လူမိုက်သည် မကောင်းမှုလက္ခဏာ, လူလိမ္မာသည် ကောင်းမှုလက္ခဏာရှိ၏ဟု အမှန်အတိုင်း ခွဲခြား၍ မသိခြင်း၊
၃။ ဖြစ်ပေါ်လာသော ကာမဝိတက်, ဗျာပါဒဝိတက်တိုကို မပယ်စွန့် မဖျောက်ဖျက်ခြင်း၊
၄။ စက္ခုန္ဒြေအစ မနိန္ဒြေအဆုံးရှိသော ဣနြေခြောက်ပါးတို့ကို မထိန်းသိမ်း မစောင့်ရှောက်ခြင်း၊
၅။ သင်ယူကြားနာထားသော တရားတော်များကို အကျယ်အားဖြင့် သူတစ်ပါးတို့အား မဟောကြားခြင်း၊
၆။ စာတတ် ပေတတ်ဆရာတော်ကြီးများထံ ချဉ်းကပ်၍ ဆွေးနွေးမေးမြန်းမှု မပြုခြင်း၊
၇။ တရားဒေသနာ တော်ကို ဟောကြား နာကြားသောအခါ အနက်အဓိပ္ပါယ် မသိသည် ဖြစ်၍ အသိဉာဏ် ကိုလည်း မရဘဲ နှစ်သက်ဝမ်းမြောက်မှု မရှိခြင်း၊
၈။ ဖြူစင်မြင့်မြတ်သော မဂ္ဂင်ရှစ်ပါးကို အမှန်အတိုင်း ခွဲခြား၍ မသိခြင်း၊
၉။ သတိပဋ္ဌာန် လေးပါးကို အမှန်အတိုင်း မသိခြင်း၊
၁၀။ ပစ္စည်းလေးပါးကို ခံယူရာ၌ အတိုင်းအရှည်ကို မသိခြင်း၊
၁၁။ သံဃာ့ဦးစီး သံဃာ့ဖခင် ဖြစ်သော မထေရ်ကြီးတို့အား မျက်မှောက်, မျက်ကွယ်တို့၌ ကာယကံမေတ္တာ ဝစီကံမေတ္တာ မနောကံမေတ္တာ မထားခြင်း မပွားခြင်း။ (မ၊၁၊၂၈၂။) (မ၊မြန်၊၁။၂၈၉။)♦

သာသနာတော်၌ မတည်ကြောင်း ၅ ပါး

၁။ ယုံကြည်မှု-သဒ္ဓါ မရှိခြင်း၊
၂။ ရှက်မှု-ဟိရီ မရှိခြင်း၊
၃။ ကြောက်လန့်မှု-ဩတ္တပ္ပ မရှိခြင်း၊
၄။ ပျင်းရိခြင်း၊
၅။ သိမှု-ပညာ မရှိခြင်း။ (အံ၊၂၊၆။) (အံ၊မြန်၊၂။၇-၈။)♦

သာသနာတော်၌ ရဟန်း၏ ကင်းဆိတ်ခြင်း ၃ ပါး

၁။ ဤသာသနာတော်၌ ရဟန်းသည် အကျင့်သီလနှင့် ပြည့်စုံသည် ဖြစ်၍ သီလမရှိသူ၏ အဖြစ်ကို ပယ်ပြီးလျှင် ထို(ဒုဿီလ) သီလမရှိသူ၏ အဖြစ်မှ ကင်းဆိတ်ခြင်း၊
၂။ ဤသာသနာတော်၌ ရဟန်းသည် မှန်သော အယူရှိသည်ဖြစ်၍ မှားသော အယူကို ပယ်ပြီးလျှင် ထိုမှားသော အယူ (မိစ္ဆာဒိဋ္ဌိ) မှ ကင်းဆိတ်ခြင်း၊
၃။ အာသဝေါကုန်ခန်းပြီးသော ရဟန္တာပုဂ္ဂိုလ်သည် အာသဝေါတရားတို့ကို ပယ်ပြီးလျှင် ထိုအာသဝေါတရားတို့မှ ကင်းဆိတ်ခြင်း။ (အံ၊၁၊၂၄၃။) (အံ၊မြန်၊၁။၂၆၁။)♦

သာသနာတော်၏ အင်္ဂါ ၉ ပါး

၁။ သုတ္တ၊
၂။ ဂေယျ၊
၃။ ဝေယျာကရဏ၊
၄။ ဂါထာ၊
၅။ ဥဒါန၊
၆။ ဣတိဝုတ္တက၊
၇။ဇာတက၊
၈။ အဗ္ဘုတဓမ္မ၊
၉။ ဝေဒလ္လ၊ (ဘုရားစကားတော်၏ အင်္ဂါ ၉ ပါးကိုလည်း ကြည့်) ။ (ဥဒါန၊ဋ္ဌ၊၄။)♦

သာသနာတော်၏ အံ့ဖွယ် ၈ ပါး (သမုဒ္ဒရာ၏ အံ့ဖွယ် ၈ ပါးနှင့် ယှဉ်ကြည့်ပါ။)

၁။ သာသနာ တော်၌ အစဉ်အတိုင်း ကျင့်ရသော သိက္ခာစဉ် အစဉ်အတိုင်း ပြုလုပ်အပ်သော လုပ်ငန်းစဉ် ကျင့်စဉ်ပဋိပဒါတို့ ရှိခြင်း, စလျှင်စခြင်း အရဟတ္တဖိုလ်ကို ထိုးထွင်း၍ မသိခြင်း၊
၂။ ဘုရားရှင် ပညတ်ထားသော သိက္ခာပုဒ်များကို အသက်ဟူသော အကြောင်းကြောင့်သော်လည်း မလွန်ကျူးခြင်း၊
၃။ ယုတ်ညံ့၍ မစင်မကြယ် ယုံမှားဖွယ် အကျင့်ရှိသော အမှုကို ဖုံးကွယ်လျက် ရဟန်းမဟုတ်ဘဲ ရဟန်းဟု ဝန်ခံတတ်သော, မြတ်သော အကျင့်ကို မကျင့်ဘဲ ကျင့်၏ဟု ဝန်ခံတတ်သော, အတွင်းသဘောပုပ်၍ ကိလေသာမိုး စိုစွတ်သော, သာသနာတော်၏ အမှိုက်သဖွယ် ဖြစ်လျက် သီလမရှိသော ဒုဿီလပုဂ္ဂိုလ်နှင့် သံဃာသည် မဆက်ဆံ၊ စည်းဝေး၍ လျင်စွာ နှင်ထုတ်ခြင်း, ထိုပုဂ္ဂိုလ်သည် သံဃာ့အလည်၌ ထိုင်နေသော်လည်း စင်စစ်အားဖြင့် သံဃာမှ ဝေးကွာ၍ သံဃာသည်လည်း ထိုပုဂ္ဂိုလ်မှ ဝေးကွာခြင်း၊
၄။ မင်းမျိုး, ပုဏ္ဏားမျိုး, ကုန်သည်မျိုး, သူဆင်းရဲမျိုးဟူသော အမျိုးလေးပါးတို့သည် ဘုရားရှင်၏ သာသနာတော်အတွင်းသို့ ဝင်ရောက်၍ ရှင်ရဟန်းပြုကုန်သည်ရှိသော် ရှေး၌ ဖြစ်သော အမည်အနွယ်တို့ကို စွန့်၍ ‘‘သာကီဝင်မင်းသား ဘုရားသားတော် ရဟန်း’’ဟူ၍သာလျှင် ရေတွက်ခြင်းသို့ ရောက်ခြင်း၊
၅။ သာသနာတော်၌ ရဟန်းတို့သည် ခန္ဓာကိုယ် မကြွင်း ကျန်သော အငြိမ်းဓာတ်ဖြင့် ငြိမ်းအေးကုန်သော်လည်း ထိုအငြိမ်းဓာတ်နိဗ္ဗာန်၏ လျော့မှု ပြည့်မှု မထင်ရှားခြင်း၊
၆။ ဘုရားရှင်၏ သာသနာတော်၌ လွတ်မြောက်မှု အရသာ (ဝိမုတ္တိ ရသ) တစ်မျိုးတည်းသာ ရှိခြင်း၊
၇။ ဘုရားရှင်၏ သာသနာတော်၌ သတိပဋ္ဌာန်လေးပါး သမ္မပ္ပဓာန်လေးပါး, ဣဒ္ဓိပါဒ်လေးပါး ဣန္ဒြေ ငါးပါး, ဗိုလ်ငါးပါး၊ ဗောဇ္ဈင်ခုနစ်ပါး, မဂ္ဂင် ရှစ်ပါးဟူသော များစွာသော မရေမတွက်နိုင်သော ရတနာများ ရှိခြင်း၊
၈။ ဘုရားရှင်၏ သာသနာတော်သည် သောတာပန်ပုဂ္ဂိုလ်, သောတာပတ္တိဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်ဆဲ ပုဂ္ဂိုလ်, သကဒါဂါမ်ပုဂ္ဂိုလ်, သကဒါမိဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်ဆဲပုဂ္ဂိုလ်, အနာဂါမ် ပုဂ္ဂိုလ်, အနာဂါမိဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်ဆဲပုဂ္ဂိုလ်, ရဟန္တာပုဂ္ဂိုလ်, အရဟတ္တ ဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်ဆဲပုဂ္ဂိုလ်ဟူသော ကြီးမြတ်သော ပုဂ္ဂိုလ်တို့၏ နေထိုင်ရာ နေရာ ဖြစ်ခြင်း။ (ဝိ၊၄၊၄၂၁၊၄၂၂၊၄၂၃၊၄၂၄။) (အံ၊၃၊၄၁။) (ဥဒါန၊၁၄၁။) (အံ၊မြန်၊၃။၄၂။) (ဥဒါန၊မြန်။၅၂၇။) (ဝိ၊မြန်၊၄၊၄၂၂။)♦

သာသနာတော်မှ မလျောကျသူဟု ဆိုထိုက်သော ပုဂ္ဂိုလ်၏ အင်္ဂါ ၄ ပါး

၁။ မြတ်သော သီလနှင့် ပြည့်စုံသောသူ ဖြစ်ခြင်း၊
၂။ မြတ်သော သမာဓိနှင့် ပြည့်စုံသောသူ ဖြစ်ခြင်း၊
၃။ မြတ်သော ပညာနှင့် ပြည့်စုံသောသူ ဖြစ်ခြင်း၊
၄။ မြတ်သော ထွက်မြောက်မှု အရဟတ္တဖိုလ်နှင့် ပြည့်စုံသော သူ ဖြစ်ခြင်း။ (အံ၊၁၊၃၀၈။) (အံ၊မြန်၊၁။၃၂၄။)♦

သာသနာတော်မှ ရွေ့လျောမည့် ရဟန်းတို့၏ ပုဗ္ဗနိမိတ် ၅ မျိုး

၁။ သဒ္ဓါတည်းဟူသော ပန်းတို့သည် ညှိုးနွမ်းကုန်ခြင်း၊
၂။ သီလ တည်းဟူသော အဝတ်ပုဆိုးတို့သည် ညစ်ပေကုန်ခြင်း၊
၃။ ကိုယ်၌ အရှိန်အစော်မဲ့ခြင်း, အကျော်အစောမဲ့ခြင်းအစွမ်းဖြင့် ရုပ်အဆင်း ဆိုးညစ်ခြင်း၊
၄။ ကိလေသာ ဇောချွေးတို့ ထွက်ကုန်ခြင်း၊
၅။ တောအရပ်, သစ်ပင်ရင်း, ဆိတ်ငြိမ်ရာအရပ်တို့၌ မပျော်ခြင်း။ (ဇာ၊ဋ္ဌ၊၅၊၂၉၇။)♦

သာသနာမှ လျှောကျသူဟု ဆိုထိုက်သော ပုဂ္ဂိုလ် အင်္ဂါ ၄ ပါး

၁။ မြတ်သော သီလနှင့် မပြည့်စုံသူ ဖြစ်ခြင်း၊
၂။ မြတ်သော သမာဓိနှင့် မပြည့်စုံသူ ဖြစ်ခြင်း၊
၃။ မြတ်သော ပညာနှင့် မပြည့်စုံသူ ဖြစ်ခြင်း၊
၄။ မြတ်သော ထွက်မြောက်မှု အရဟတ္တဖိုလ်နှင့် မပြည့်စုံသူ ဖြစ်ခြင်း။ (အံ၊၁၊၃၀၈။) (အံ၊မြန်၊၁။၃၂၄။)♦

သာသနာသက် ငါးထောင်

၁။ ပဋိသမ္ဘိဒါပတ္တ ရဟန္တာပုဂ္ဂိုလ်တို့၏ အစွမ်းအားဖြင့် သာသနာနှစ် တစ်ထောင်၊
၂။ ဆဠဘိညာရဟန္တာပုဂ္ဂိုလ်တို့၏ အစွမ်းအားဖြင့် သာသနာနှစ် တစ်ထောင်၊
၃။ တေဝိဇ္ဇရဟန္တပုဂ္ဂိုလ်တို့၏ အစွမ်းအားဖြင့် သာသနာနှစ် တစ်ထောင်၊
၄။ သုက္ခ ဝိပဿကရဟန္တာပုဂ္ဂိုလ်တို့၏ အစွမ်းအားဖြင့် သာသနာနှစ် တစ်ထောင်၊
၅။ ပါတိမောက် ဆောင်သောပုဂ္ဂိုလ်တို့၏ အစွမ်းအားဖြင့် သာသနာနှစ် တစ်ထောင်။ (ဒီ၊ဋ္ဌ၊၃၊၈၃။) (အံ၊ဋ္ဌ၊၁၊၆၇။)♦

သာသနာသက် ငါးထောင်

၁။ ပဋိသမ္ဘိဒါပတ္တ ရဟန္တာပုဂ္ဂိုလ်တို့၏ အစွမ်းအားဖြင့် သာသနာနှစ် တစ်ထောင်၊
၂။ သုက္ခဝိပဿက ရဟန္တာပုဂ္ဂိုလ်တို့၏ အစွမ်းအားဖြင့် သာသနာနှစ် တစ်ထောင်၊
၃။ အနာဂါမ်ပုဂ္ဂိုလ်တို့၏ အစွမ်းအားဖြင့် သာသနာနှစ် တစ်ထောင်၊
၄။ သကဒါဂါမ်ပုဂ္ဂိုလ် တို့၏ အစွမ်းအားဖြင့် သာသနာနှစ် တစ်ထောင်၊
၅။ သောတာပန်ပုဂ္ဂိုလ်တို့၏ အစွမ်းအားဖြင့် သာသနာနှစ် တစ်ထောင်။ (အံ၊ဋ္ဌ၊၃၊၂၃၈။) (ဝိ၊ဋ္ဌ၊၄၊၁၂၇။)♦

သားသမီးကျင့်ဝတ် ၅ ပါး

၁။ မိဘတို့ကို မပြတ် ပြန်လည် ကျွေးမွေးရခြင်း၊
၂။ မိဘတို့၏ အမှုကိစ္စကို ဆောင်ရွက်ရခြင်း၊
၃။ အမျိုးအနွယ်ကို တည်တန့်စေခြင်း၊
၄။ အမွေခံ ထိုက်အောင် ကျင့်ကြံ လိုက်နာရခြင်း၊
၅။ သေလွန်သော မိဘတို့၏ အလို့ငှါ အလှူပေး၍ အမျှအတန်း ဝေရခြင်း။ (ဒီ၊၃၊၁၅၄။) (ဒီ၊မြန်၊၃။၁၇၁။)♦

သားသမီးတို့၏ အသား စက်ဆုပ် ရွံရှာဖွယ် ကောင်းကြောင်း ၉ မျိုး

၁။ ဇာတ်တူသော လူ၏ အသားဖြစ်ခြင်း၊
၂။ ဆွေမျိုးတော်စပ်သူ၏ အသားဖြစ်ခြင်း၊
၃။ သား၏ အသား ဖြစ်ခြင်း၊
၄။ ချစ်အပ်သော သား၏ အသား ဖြစ်ခြင်း၊
၅။ နုသော အသားဖြစ်ခြင်း၊
၆။ စိမ်းသော အသားဖြစ်ခြင်း၊
၇။ လေးသော အရသာမရှိသော အသားဖြစ်ခြင်း၊
၈။ ဆားမရှိသော အသား ဖြစ်ခြင်း၊
၉။ အမွှေးအထုံ မခတ်အပ်သော အသား ဖြစ်ခြင်း။ (မ၊ဋ္ဌ၊၁၊၂၁၆။) (သံ၊ဋ္ဌ၊၂၊၉၇။)♦

သားသမီးတို့အပေါ် မိဘတို့ မျှော်လင့်ချက် ၅ မျိုး

၁။ ငါတို့အား လုပ်ကျွေး မွေးမြူပေလိမ့်မည်ဟု မျှော်လင့်ခြင်း၊
၂။ ငါတို့၏ အမှုကိစ္စကို ပြုလုပ်လိမ့်မည်ဟု မျှော်လင့်ခြင်း၊
၃။ အမျိုး အဆက်သည် ရှည်မြင့်စွာ တည်လိမ့်မည်ဟု မျှော်လင့်ခြင်း၊
၄။ အမွေခံဖြစ်လိမ့်မည်ဟု မျှော်လင့်ခြင်း၊
၅။ ဘဝတစ်ပါးပြောင်းသွားသော ငါတို့အား အလှူ၏ အဖို့ကို ပေးဝေကြ လိမ့်မည်ဟု မျှော်လင့်ခြင်း။ (အံ၊၂၊၃၇။) (အံ၊မြန်၊၂။၄၇။)♦

သာဟတ္ထိကစသော ခိုးခြင်း ၅ မျိုး

၁။ သာဟတ္ထိက- မိမိလက်ဖြင့် ခိုးခြင်း၊
၂။ အာဏတ္တိက- သူတစ်ပါးကို စေခိုင်း၍ ခိုးခြင်း၊
၃။ နိဿဂ္ဂိယ- ပစ်လွှင့်၍ ခိုးခြင်း၊
၄။ အတ္ထသာဓက- စွမ်းနိုင်သော အခါ ခိုးပါဟု ပြောဆို၍ ခိုးခြင်း၊
၅။ ဓုရနိက္ခေပ- သူတစ်ပါးတို့က အပ်နှံ ထားသော ဘဏ္ဍာ စသည်တို့၌ လုံးလကို လျော့ချစေသောအားဖြင့် ခိုးခြင်း ။ (ဝိ၊ဋ္ဌ၊၁၊၂၆၄။)♦

သားအမိ အချင်းချင်း ကာကွယ်နိုင်သော ဘေး ၃ မျိုး

၁။ မီးကြီးစွာ စွဲလောင်သောအခါ ဖြစ်သော ဘေး (ပထမဘေး)၊
၂။ မိုးကြီးရွာသွန်းသောအခါ ဖြစ်သော ဘေး (ဒုတိယဘေး)၊
၃။ တောပုန်းဘေး တွေ့ကြုံ၍ ဇနပုဒ်နေသူတို့ ပစ္စည်းများကို ယာဉ်ဖြင့် တင်ဆောင်ကာ အရပ်တစ်ပါးသို့ ထွက်ပြေးရသောအခါ ဖြစ်သော ဘေး (တတိယဘေး)။ (အံ၊၁၊၁၇၉။) (အံ၊မြန်၊၁။၁၉၇။)♦

သားအမိ အချင်းချင်း မကာကွယ်နိုင်သော ဘေး ၃ မျိုး

၁။ အိုဘေး၊
၂။ နာဘေး၊
၃။ သေဘေး။ (အံ၊၁၊၁၈၀။) (အံ၊မြန်၊၁။၁၉၈။)♦

သိကြားမင်း နှစ်သက် ဝမ်းမြောက်ကြောင်း ၆ ပါး

၁။ ဤဣန္ဒသာလလိုဏ်ဂူ၌ ရပ်လျက် သိကြားမင်း အဖြစ်ဖြင့် စုတေပြီး တစ်ဖန် သိကြားမင်းသက်တမ်းကို ပြန်ရခြင်း၊
၂။ နတ်သက် ကြွေလျက် နက်ပြည်မှ စုတေသော အခါ တွေဝေမှု မရှိဘဲ လူ့ဘဝတွင် မိမိ နှစ်သက်ရာ ဌာန၌ ပဋိသန္ဓေယူနိုင်ခြင်း၊
၃။ ဘုရားသာသနာတော်၌ မွေ့လျော်သည်ဖြစ်၍ သတိသမ္ပဇဉ် ဉာဏ်ဖြင့် ယှဉ်လျက် နိဗ္ဗာန်ရောက်ကြောင်း အကျင့်ဖြင့် နေနိုင်ခြင်း၊
၄။ နိဗ္ဗာန်ရောက်ကြောင်း အကျင့်ကို ကျင့်ကြံ ကျိုးကုတ် အားထုတ်သော အခါ အရဟတ္တမဂ် အရဟတ္တဖိုလ်ကို ဖြစ်စေနိုင်ခြင်း၊
၅။ လူ့အသက်ကို စွန့်၍ လူ့ပြည်မှ ကွယ်လွန်သောအခါ နတ်ပြည်၌ ဖြစ်ခြင်းကို ရရှိနိုင်ခြင်း၊
၆။ နောက်ဆုံးဖြစ်သော ဘဝ၌ အကနိဋ္ဌာဘုံ၌ ပရိနိဗ္ဗာန်စံဝင်နိုင်ခြင်း။ (ဒီ၊၂၊၂၂၇။) (ဒီ၊မြန်၊၂။၂၅၅။)♦

သိကြားမင်း ဖန်ဆင်းခဲ့သော လှေခါးစောင်းတန်း ၃ မျိုး

၁။ ရွှေဖြင့် ပြီးသော လှေခါး စောင်းတန်း၊
၂။ ပတ္တမြားဖြင့် ပြီးသော လှေခါးစောင်းတန်း၊
၃။ ငွေဖြင့် ပြီးသော လှေခါး စောင်းတန်း။ (ဓမ္မ၊ဋ္ဌ၊၂၊၁၄၆။)♦

သိကြားမင်း ဖြစ်ကြောင်း အကျင့် ၇ ပါး

၁။ အသက်ထက်ဆုံး အမိအဖတို့ကို လုပ်ကျွေးခြင်း၊
၂။ အသက်ထက်ဆုံး အမျိုးထဲ၌ ကြီးသော သူတို့ကို အရိုအသေ ပြုလေ့ရှိခြင်း၊
၃။ အသက်ထက်ဆုံး သိမ်မွေ့သော စကားကို ဆိုခြင်း၊
၄။ အသက်ထက်ဆုံး ကုန်းချောစကား မဆိုခြင်း၊
၅။ အသက်ထက်ဆုံး လွတ်လွတ် စွန့်ကြဲတတ်ခြင်း၊ ပေးလှူရန် အမြဲတမ်း စင်ကြယ်သော လက် ရှိခြင်း၊ စွန့်လှူခြင်း၌ မွေ့လျော်ခြင်း၊ သူတစ်ပါးက တောင်းခံထိုက်သူ ဖြစ်ခြင်း၊ ပေးကမ်း လှူဒါန်း ဝေဖန်ခြင်း၌ မွေ့လျော်သူ ဖြစ်ခြင်း၊ ဝန်တိုခြင်းကင်းသော စိတ်ဖြင့် အိမ်ကို အုပ်စိုး၍ နေခြင်း၊
၆။ အသက်ထက်ဆုံး မှန်သော စကားကို ဆိုခြင်း၊
၇။ အသက်ထက်ဆုံး အမျက်မထွက်၊ အမျက်ထွက်မိသော်လည်း ထိုအမျက်ကို လျင်မြန်စွာ ပယ်ဖျောက်နိုင်ခြင်း။ (သံ၊၁၊၂၃၀-၂၃၁။) (သံ၊မြန်၊၁။၂၁၇။) (ဓမ္မ၊ဋ္ဌ၊၁၊၁၆၈။)♦

သိကြားမင်း အင်္ဂါ ၃ ပါး

၁။ သိကြားမင်းသည် စင်စစ် ချမ်းသာနှင့် ပြည့်စုံခြင်း (ထို့အတူ ယောဂီပုဂ္ဂိုလ်သည် ဧကန်စင်စစ်အားဖြင့် ဆိတ်ငြိမ်ရာအရပ်၌ ချမ်းသာစွာ မွေ့လျော်မှု ရှိခြင်း)၊
၂။ သိကြားမင်းသည် နတ်တို့ကို မြင်သည်ရှိသော် ရွှင်လန်းဝမ်းမြောက်စွာ ချီးမြှောက်မှု ပြုခြင်း (ထို့အတူ ယောဂီပုဂ္ဂိုလ်သည် ကုသိုလ်တရားတို့၌ မပျင်းရိ မတွန့်တိုစေဘဲ ငြိမ်သက်အောင် စိတ်ကို ချီးမြှောက်ရွှင်လန်းစေခြင်း)၊
၃။ သိကြားမင်းသည် မမွေ့လျော်မှု မဖြစ်ခြင်း (ထို့အတူ ယောဂီပုဂ္ဂိုလ်သည် ဆိတ်ငြိမ်ရာ၌ မမွေ့လျော်မှုကို မဖြစ်စေခြင်း)။ (မိလိန္ဒ၊၃၇၄။) (မိလိန္ဒ၊မြန်။၃၉၆။)♦

သိကြားမင်း အမည် ၇ မျိုး

၁။ မဃဝ- ရှေးလူဖြစ်စဉ်က မဃမည်သော လုလင်ဖြစ်သောကြောင့် မဃဝ မည်၏၊
၂။ ပုရိန္ဒဒ- ရှေးလူဖြစ်စဉ် ရှေးဦးစွာ အလှူကို ပေးသောကြောင့် ပုရိန္ဒဒ မည်၏၊
၃။ သက္က- ရှေးလူဖြစ်စဉ်က ရိုသေစွာ လှူဒါန်းခဲ့သောကြောင့် သက္က မည်၏၊
၄။ ဝါသဝ- ရှေးလူဖြစ်စဉ် တည်းခိုရာဇရပ် လှူဖူးသောကြောင့် ဝါသဝ မည်၏၊
၅။ သဟဿက္ခ- တစ်ထောင်သော အကြောင်းအရာကိုလည်း တစ်မုဟုတ်ချင်းဖြင့် ကြံနိုင် သောကြောင့် သဟဿက္ခမည်၏၊
၆။ သုဇမ္ပတိ- အသုရာ၏သမီး သုဇာမည်သော မယား ရှိ၍ သုဇမ္ပတိ မည်၏၊
၇။ ဒေဝါနမိန္ဒ- နတ်တို့ကို အစိုးရသောကြောင့် နတ်တို့၏မင်း ဖြစ်သောကြောင့် ဒေဝါနမိန္ဒ မည်၏။ (သံ၊၁၊၂၃၀-၂၃၁။) (သံ၊မြန်၊၁။၂၁၄-၂၁၅။)♦

သိကြားမင်း၏ ပဏ္ဍုကမ္ဗလာ ပူသောအခြင်းအရာ ဖြစ်ကြောင်း ၄ မျိုး

၁။ သိကြားမင်းသက်တမ်း ကုန်ခြင်း၊
၂။ သိကြားမင်း ကောင်းမှု ကုန်ခြင်း၊
၃။ တန်ခိုးကြီးသတ္တဝါတစ်ဦးက ထိုသိကြားနေရာကို တောင့်တခြင်း၊
၄။ တရားစောင့်ကုန်သော တန်ခိုးကြီး ရဟန်းပုဏ္ဏား တို့၏ သီလတန်ခိုး။ (ဇာ၊ဋ္ဌ၊၄၊၈။)♦

သိကြားမင်း၏ သမီး ၄ ယောက်

၁။ အာသာ၊၂။ သဒ္ဓါ၊၃။သိရီ၊၄။ ဟိရီ။ (ဇာ၊ဋ္ဌ၊၅၊ ၄၁၇။)♦

သိကြားမင်းက ဖုဿတီနတ်သမီးအား ပေးအပ်သော ဆု ၁၀ မျိုး

၁။ သိဝိမင်း၏ မိဖုရားကြီး ဖြစ်ခြင်း၊
၂။ ညိုသော မျက်စိရှိခြင်း၊
၃။ ညိုသော မျက်မှောင်ရှိခြင်း၊
၄။ ဖုဿတီ အမည် ရရှိခြင်း၊
၅။ သားကို ရရှိခြင်း၊
၆။ မမြင့်မမောက်သော ဝမ်းဗိုက်ရှိခြင်း၊
၇။ သားမြတ် မရှည်ခြင်း၊
၈။ ဆံမဖြူခြင်း၊
၉။ သိမ်မွေ့နူးညံ့သော အရေရှိခြင်း၊
၁၀။ သတ်အပ်, သတ်ထိုက်သူကို လွတ်စေခြင်းငှာ စွမ်းနိုင်ခြင်း။ (ဇာ၊ဋ္ဌ၊၇၊၂၄၆။)♦

သိက္ခာ ၃ ပါး

၁။ အဓိသီလသိက္ခာ- မွန်မြတ်သော ပါတိမောက္ခသံဝရသီလ ရဟန်းသီလကို ကျင့်သုံးခြင်း၊
၂။ အဓိစိတ္တသိက္ခာ- မွန်မြတ်သော လောကီဈာန်စိတ် ရရှိအောင် ကျင့်သုံးခြင်း၊
၃။ အဓိပညာသိက္ခာ- မွန်မြတ်သော မဂ်ဖိုလ်ပညာ စသည်ကို ရရှိအောင် ကျင့်သုံးခြင်း။ (ဝိ၊၁၊၂၈။) (ဒီ၊၃၊၁၈၃။) (အံ၊၁၊၂၃၇။) (ပဋိသံ၊၄၆။) (မဟာနိ၊၁၁၅။) (မဟာနိ၊၁၂၂။) (မဟာနိ၊ ၂၀၈။) (မဟာနိ၊၂၆၉၊။) (မဟာနိ၊၂၉။) (မဟာနိ၊၃၁၃-၃၁၄။) (မဟာနိ၊၃၃၁။) (မဟာနိ၊၄၀၆။) (ဝိ၊ဋ္ဌ၊၁၊၁၈။) (ဝိ၊ဋ္ဌ၊၂၊၁၆။) (ဒီ၊ဋ္ဌ၊၁၊၂၀။) (အဘိ၊ဋ္ဌ၊၁၊၂၂။) (ပဋိသံ၊ဋ္ဌ၊၂၊၁၆၄။) (ခုဒ္ဒက၊ဋ္ဌ၊၁၅။) (ဣတိဝုတ်၊ဋ္ဌ၊၁၆၂။) (နေတ္တိ၊ဋ္ဌ၊၂၁၄။) (နေတ္တိ၊ဝိဘာ၊၂၇၆။) (ဝိ၊မြန်၊၁။၃၄။) (ဒီ၊မြန်၊၃။၂၀၄။) (အံ၊မြန်၊၁။နံပါတ်မပါ။) (ပဋိသံ၊မြန်။၆၂။) (ဒီ၊ဋ္ဌ၊မြန်၊၁။၃၅။)♦

သိက္ခာပုဒ် ၁၀ မျိုး

၁။ သူ့အသက် သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း၊
၂။ သူ့ဥစ္စာ ခိုးခြင်းမှ ရှောင်ကြဉ်ခြင်း၊
၃။ မမြတ်သော မေထုန်အကျင့်မှ ရှောင်ကြဉ်ခြင်း၊
၄။ မဟုတ်မမှန် လိမ်ညာ ပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း၊
၅။ သေရည်အရက် စသော မူးယစ်ဆေးဝါး သုံးစွဲခြင်းမှ ရှောင်ကြဉ်ခြင်း၊
၆။ နေလွဲညစာ စားခြင်း, တီးမှုတ်ခြင်း, ကြည့်ရှု နားထောင်ခြင်းတို့မှ ရှောင်ကြဉ်ခြင်း၊
၈။ ပန်းပန်ခြင်း အမွွှေးနံ့သာ လိမ်းကျံခြင်း စသည်တို့မှ ရှောင်ကြဉ်ခြင်း၊
၉။ မြင့်သော နေရာ မြတ်သော နေရာတို့၌ နေထိုင်ခြင်းမှ ရှောင်ကြဉ်ခြင်း၊
၁၀။ ရွှေ ငွေ စသော ရတနာကို ကိုင်ခြင်း ခံယူခြင်းမှ ရှောင်ကြဉ်ခြင်း။ (ခုဒ္ဒက၊၁။) (ခုဒ္ဒက၊မြန်။၂။)♦

သိက္ခာပုဒ် ၂ မျိုး

၁။ လောကဝဇ္ဇသိက္ခာပဒ- လောက၌ အပြစ်ရှိသော သိက္ခာပုဒ်၊
၂။ ပဏ္ဏတ္တိဝဇ္ဇ သိက္ခာပဒ- ပညတ်တော်ကြောင့် အပြစ်ရှိသော သိက္ခာပုဒ်။ (ဝိ၊ဋ္ဌ၊၁၊၁၉၃။)♦

သိက္ခာပုဒ် ၂ မျိုး (တစ်နည်း)

၁။ ပရိယာယသိက္ခာပုဒ်၊
၂။ နိပ္ပရိယာယသိက္ခာပုဒ်။ (အဘိ၊ဋ္ဌ၊၂၊၃၆၅။)♦

သိက္ခာပုဒ် ၂ မျိုး (တစ်နည်း)

၁။ ဝိရတီသည် မုချသိက္ခာပုဒ်၊
၂။ စေတနာနှင့် ကြွင်းသမ္ပယုတ် တရားတို့သည် ပရိယာယ်သိက္ခာပုဒ်။ (သာရတ္ထ၊ဋီ၊၂၊၃၃။)♦

သိက္ခာပုဒ် ၂ မျိုး (တစ်နည်း) (တိရစ္ဆာနဝိဇ္ဇာ ဒွေ အရ သိက္ခာပုဒ် ၂ မျိုး)

၁။ တိရစ္ဆာနဝိဇ္ဇာ (မဂ်ဖိုလ်နိဗ္ဗာန်၏ ဖီလာကန့်လန့်ဖြစ်သော) အတတ်ပညာကို သင်ယူခြင်းကြောင့် ပါစိတ် အာပတ်သင့်သော တိရစ္ဆာနဝိဇ္ဇာ ပရိယာပုဏာနသိက္ခာပုဒ်၊
၂။ တိရစ္ဆာနဝိဇ္ဇာ အတတ်ပညာကို ပို့ချခြင်းကြောင့် ပါစိတ်အာပတ်သင့်သော တိရစ္ဆာနဝိဇ္ဇာဝါစန သိက္ခာပုဒ်။ (ဝိ၊ဋ္ဌ၊၄၊၁၄၉။)♦

သိက္ခာပုဒ် ၂ မျိုး (တစ်နည်း) (ဒွေ စ သဒ္ဒါ အရ သိက္ခာပုဒ် ၂ မျိုး)

၁။ မြို့တွင်း ရွာတွင်း တိုးသော အသံရှိသည်ဖြစ်၍ သွားရသော ပထမအပ္ပသဒ္ဒ သိက္ခာပုဒ်၊
၂။ မြို့တွင်း ရွာတွင်း၌ တိုးသော အသံရှိသည်ဖြစ်၍ နေထိုင်ရသော ဒုတိယအပ္ပသဒ္ဒ သိက္ခာပုဒ်။ (ဝိ၊ဋ္ဌ၊၄၊၁၄၆။)♦

သိက္ခာပုဒ် ၂ မျိုး (တစ်နည်း) (ဒွေ ဝိဃာသာအရ သိက္ခာပုဒ် ၂ မျိုး)

၁။ စားကြွင်း စားကျန်များကို တံတိုင်းအပြင်ဘက် နံရံအပြင်ဘက်၌ စွန့်ပစ်ခြင်းကြောင့် ပါစိတ်အာပတ်သင့်သော ပထမ ဝိဃာသသိက္ခာပုဒ်၊
၂။ စားကြွင်း စားကျန်များကို စိမ်းစိုသော မြက် သစ်ပင် ရှိရာအရပ်၌ စွန့်ပစ်ခြင်းကြောင့် ပါစိတ်အာပတ်သင့်သော ဒုတိယဝိဃာသသိက္ခာပုဒ်။ (ဝိ၊ဋ္ဌ၊၄၊၁၄၅။)♦

သိက္ခာပုဒ် ၂ မျိုး (တစ်နည်း) (ဒွေ သေယျာအရ သိက္ခာပုဒ် ၂ မျိုး)

၁။ ပထမသဟသေယျ သိက္ခာပုဒ်၊
၂။ ဒုတိယသဟသေယျ သိက္ခာပုဒ်။ (ဝိ၊ဋ္ဌ၊၄၊၁၄၈။)♦

သိက္ခာပုဒ် ၂ မျိုး (တစ်နည်း) (ဒွေပိ အာဝသထေန အရ သိက္ခာပုဒ် ၂ မျိုး)

၁။ ဥတုလာသော အခါ သုံးစွဲသော သင်္ကန်းကို မစွန့်ပစ်ဘဲ သုံးဆောင်နေသော ရဟန်းမအား ပါစိတ်အာပတ် သင့်သော အာဝသထစီဝရ သိက္ခာပုဒ်၊
၂။ ကျောင်းကို မစွန့်ဘဲ ဒေသစာရီသွားသော ဘိက္ခုနီမအား ပါစိတ်အာပတ်သင့်သော အာဝသထဝိဟာရ သိက္ခာပုဒ်။ (ဝိ၊ဋ္ဌ၊၄၊၁၄၇။)♦

သိက္ခာပုဒ် ၂ မျိုး (တစ်နည်း) (ပက္ကမန္တေန ဝါ ဒုဝေ အရ သိက္ခာပုဒ် ၂ မျိုး)

၁။ သံဃိက ဖြစ်သော ခုတင်ညောင်စောင်း စသည်ကို သုံးစွဲပြီး မသိမ်းဆည်းဘဲ ဖဲခွာသွားသော ရဟန်းအား ပါစိတ်အာပတ်သင့်သော ပထမသေနာသန သိက္ခာပုဒ်၊
၂။ သံဃိကကျောင်း၌ အိပ်ရာနေရာအခင်း စသည်ကို သုံးစွဲပြီး မသိမ်းဆည်းဘဲ ဖဲခွါသွားသော ရဟန်းအား ပါစိတ် အာပတ်သင့်သော ဒုတိယသေနာသန သိက္ခာပုဒ်။ (ဝိ၊ဋ္ဌ၊၄၊၁၄၇။)♦

သိက္ခာပုဒ် ၂ မျိုး (တစ်နည်း) (သံသဋ္ဌာ ဒွေ အရ သိက္ခာပုဒ် ၂ မျိုး)

၁။ လူတို့နှင့် ရောနှော၍ နေထိုင်ခြင်း, အပြစ်ကို ဖုံးလွှမ်းခြင်း, ယုတ်မာသော အကျင့်ရှိခြင်းကြောင့် သံဃာဒိသိသ် အာပတ်သင့်သော ပထမသံသဋ္ဌ (ပထမ ပါပသမာစာရ) သိက္ခာပုဒ်၊
၂။ သင်တို့သည် လူတို့နှင့် ရောနှော၍ လည်းကောင်း, အပြစ်ကို ဖုံးလွှမ်း၍ လည်းကောင်း နေကြကုန်လောဟု ပြောဆိုခြင်း, ယုတ်မာသော အကျင့်ရှိခြင်းကြောင့် သံဃာဒိသိသ်အာပတ်သင့်သော ဒုတိယ သံသဋ္ဌ (ဒုတိယပါပသမာစာရ) သိက္ခာပုဒ်။ (ဝိ၊ဋ္ဌ၊၄၊၁၄၆။)♦

သိက္ခာပုဒ် ၂ မျိုး (တစ်နည်း) (သဟဇီဝိနိ ဒွေ အရ သိက္ခာပုဒ် ၂ မျိုး)

၁။ အတူနေ ဘိက္ခုနီမကို ရဟန်းပြုပေးပြီးနောက် နှစ်နှစ်လုံးလုံး ကိုယ်တိုင်လည်း မချီးမြှောက်, သူတစ်ပါးကိုလည်း မချီးမြှောက်စေသဖြင့် ပါစိတ်အာပတ်သင့်သော ပထမသဟဇီဝိနီ သိက္ခာပုဒ်၊
၂။ ရဟန်းပြု ပေးပြီးနောက် အတူနေဘိက္ခုနီမကို ငါးယူဇနာမျှသော ခရီးကို ခေါ်မသွားခြင်းကြောင့် ပါစိတ် အာပတ်သင့်သော ဒုတိယသဟဇီဝိနီ သိက္ခာပုဒ်။ (ဝိ၊ဋ္ဌ၊၄၊၁၄၆။)♦

သိက္ခာပုဒ် ၂ မျိုး (တစ်နည်း) (ဥဇ္ဇဂ္ဃိကာ ဒွေ စာတိ၌ သိက္ခာပုဒ် ၂ မျိုး)

၁။ ပြင်းစွာ ကျယ်လောင်စွာ ရယ်မောလျက် မြို့တွင်း ရွာတွင်း၌ သွားလာခြင်းကြောင့် အပြစ်သင့်သော ပထမဥဇ္ဇဂ္ဃိက သိက္ခာပုဒ်၊
၂။ ပြင်းစွာ ကျယ်လောင်စွာ ရယ်မောလျက် မြို့တွင်း ရွာတွင်း၌ နေထိုင်ခြင်းကြောင့် အပြစ်သင့်သော ဒုတိယဥဇ္ဇဂ္ဃိက သိက္ခာပုဒ်။ (ဝိ၊ဋ္ဌ၊၄၊၁၄၆။)♦

သိက္ခာပုဒ် ၃ မျိုး (တစ်နည်း) (ဂိဟီဂတသိက္ခာပုဒ် ၃ ပုဒ်)

၁။ အသက် ဆယ့်နှစ်နှစ် မပြည့် သေးသော မိန်းမကို ရဟန်းပြုပေးသော ပထမဂီဟိဂတ သိက္ခာပုဒ်၊
၂။ အသက် တစ်ဆယ့် နှစ်နှစ်ပြည့်ပြီးသော်လည်း သိက္ခာပုဒ်ခြောက်ပါးကို နှစ်နှစ်တိုင်တိုင် မကျင့်ရသေးသော မိန်းမကို ရဟန်းပြုပေးသော ဒုတိယဂီဟိဂတ သိက္ခာပုဒ်၊
၃။ ဆယ့်နှစ်နှစ်ပြည့်၍ နှစ်နှစ် ပတ်လုံး သိက္ခာပုဒ်ခြောက်ပါးကို ကျင့်ပြီးသော်လည်း သံဃာက မသမုတ်ရသေးသော သိက္ခမာန်ကို ရဟန်းပြုပေးသော တတိယဂီဟိဂတသိက္ခာပုဒ်။ (ဝိ၊ဋ္ဌ၊၄၊၁၄၄။)♦

သိက္ခာပုဒ် ၃ မျိုး (တစ်နည်း) (ဥဗ္ဘတံ ကထိနံ တီဏိ အရ သိက္ခာပုဒ် ၃ မျိုး)

၁။ ဥဗ္ဘတကထိန သဒ္ဒါဖြင့် မှတ်အပ်သော ပထမကထိန သိက္ခာပုဒ်၊
၂။ ဥဗ္ဘတကထိနသဒ္ဒါဖြင့် မှတ်အပ်သော ဒုတိယကထိန သိက္ခာပုဒ်၊
၃။ ဥဗ္ဘတကထိနသဒ္ဒါဖြင့် မှတ်အပ်သော တတိယကထိန သိက္ခာပုဒ်။ (ဝိ၊ဋ္ဌ၊၄၊၁၄၇။)♦

သိက္ခာပုဒ် ၃ မျိုး (မြဲသော သမုဋ္ဌာန်ရှိသော သိက္ခာပုဒ် ၃ ပုဒ်)

၁။ ဘူတာရောစန သိက္ခာပုဒ်၊
၂။ စောရီဝုဋ္ဌာပန သိက္ခာပုဒ်၊
၃။ အနနုညာတ သိက္ခာပုဒ်။ (ဝိ၊ဋ္ဌ၊၄၊၁၄၁။)♦

သိက္ခာပုဒ် ၅ မျိုး

၁။ သူ့အသက် သတ်ခြင်းမှ ရှောင်ကြဉ်ကြောင်းဖြစ်သော သိက္ခာပုဒ်၊
၂။ သူ့ဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြဉ်ကြောင်းဖြစ်သော သိက္ခာပုဒ်၊
၃။ ကာမဂုဏ်တို့၌ မှားသော အကျင့်မှ ရှောင်ကြဉ်ကြောင်းဖြစ်သော သိက္ခာပုဒ်၊
၄။ မုသားပြောဆိုခြင်းမှ ရှောင်ကြဉ် ကြောင်းဖြစ်သော သိက္ခာပုဒ်၊
၅။ မူးယစ်ဆေးဝါးများနှင့် သေအရက်တို့ကို သောက်စားခြင်းမှ ရှောင်ကြဉ်ကြောင်းဖြစ်သော သိက္ခာပုဒ်။ (ဒီ၊၃၊၁၉၆။) (အဘိ၊ဝိ၊၂၉၉။) (အဘိ၊ဝိ၊၃၀၁။) (အဘိ၊ဝိ၊ ၃၀၄။) (ဒီ၊မြန်၊၃။၂၁၈။) (အဘိ၊ဝိ၊မြန်၊၂။၃၄၅။) (အဘိ၊ဝိ၊မြန်၊၂။၃၄၅။) (အဘိ၊ဝိ၊မြန်၊၂။၃၄၅။)♦

သိက္ခာပုဒ် ၇ မျိုး (ရည်ညွှန်း၍ ခွင့်ပြုအပ်သော သိက္ခာပုဒ်)

၁။ ဗျာဓိဩဒိဿံ- အနာရောဂါကို ရည်ညွှန်း၍ ခွင့်ပြုအပ်သော သိက္ခာပုဒ်၊
၂။ ပုဂ္ဂလောဒိဿံ- ပုဂ္ဂိုလ်ကို ရည်ညွှန်း၍ ခွင့်ပြု အပ်သော သိက္ခာပုဒ်၊
၃။ ကာလောဒိဿံ- ကာလကို ရည်ညွှန်း၍ ခွင့်ပြုအပ်သော သိက္ခာပုဒ်၊
၄။ သမယောဒိဿံ- ဂဏဘောဇနေ အညတြ သမယာ စသည်ဖြင့် သမယကို ရည်ညွှန်း၍ ခွင့်ပြုအပ်သော သိက္ခာပုဒ်၊
၅။ ဒေသောဒိဿံ- အရပ်ဒေသကို ရည်ညွှန်း၍ ခွင့်ပြုအပ်သော သိက္ခာပုဒ်၊
၆။ ဝသောဒိဿံ- ဝသာဟူသော အမည်ဖြင့် ခွင့်ပြုအပ်သော အဆီ၊
၇။ ဘေသဇ္ဇောဒိဿံ- ဆေးဟူသော အမည်ဖြင့် ခွင့်ပြုအပ်သော ထောပတ်တင်လဲစသည်။ (ဝိ၊ဋ္ဌ၊၂၊၂၉၅။)♦

သိက္ခာပုဒ် ပညတ်ခြင်း၏ အကျိုးထူး ၂ ပါး

၁။ သံဃာတော်၏ ကောင်းပါပြီဟု ဝန်ခံ ကျင့်သုံးရန်၊
၂။ သံဃာတော်များ ချမ်းသာရန်။ (ဝိ၊၅၊၃၈၄။) (ဝိ၊မြန်၊၅။၄၈၉။)♦

သိက္ခာပုဒ် ပညတ်ခြင်း၏ အကျိုးထူး ၂ ပါး (တစ်နည်း)

၁။ အကျင့်သီလ ဖောက်ဖျက်သည်ကို နှိမ်နင်းရန်၊
၂။ အကျင့်သီလကို ချစ်မြတ်နိုးသော ရဟန်းတို့ ချမ်းသာစွာ နေနိုင်ရန်။ (ဝိ၊၅၊၃၈၄။) (ဝိ၊မြန်၊၅။၄၈၉။)♦

သိက္ခာပုဒ် ပညတ်ခြင်း၏ အကျိုးထူး ၂ ပါး (တစ်နည်း)

၁။ မျက်မှောက်ဖြစ်သော ဆင်းရဲ အထူးကို စောင့်စည်းရန်၊
၂။ နောင်ဖြစ်လတ္တံ့သော ဆင်းရဲအထူးကို ပယ်ရှားရန်။ (ဝိ၊၅၊၃၈၅။) (ဝိ၊မြန်၊၅။၄၈၉။)♦

သိက္ခာပုဒ် ပညတ်ခြင်း၏ အကျိုးထူး ၂ ပါး (တစ်နည်း)

၁။ မျက်မှောက် ဘေးရန်တို့ကို ပိတ်ပင် တားမြစ်ခြင်းငှာ၊
၂။ တမလွန်ဘေးရန်ကို ပယ်ဖျောက်ခြင်းငှာ။ (ဝိ၊၅၊၃၈၅။) (ဝိ၊မြန်၊၅။၄၉၀။)♦

သိက္ခာပုဒ် ပညတ်ခြင်း၏ အကျိုးထူး ၂ ပါး (တစ်နည်း)

၁။ လူတို့ကို စောင့်ရှောက်ခြင်းငှာ၊
၂။ ယုတ်မာသော အလိုရှိသော ရဟန်းတို့၏ အသင်းအပင်းကို ဖြတ်ခြင်းငှာ။ (ဝိ၊၅၊၃၈၅။) (ဝိ၊မြန်၊၅။၄၉၀။)♦

သိက္ခာပုဒ် ပညတ်ခြင်း၏ အကျိုးထူး၂ ပါး (တစ်နည်း)

၁။ မျက်မှောက် အဖြစ်တို့ကို ပိတ်ပင် တားမြစ်ခြင်းငှာ၊
၂။ တမလွန်အဖြစ်တို့ကို ပယ်ဖျောက်ခြင်းငှာ။ (ဝိ၊၅၊၃၈၅။) (ဝိ၊မြန်၊၅။၄၉၀။)♦

သိက္ခာပုဒ် ပညတ်ခြင်း၏ အကျိုးထူး၂ ပါး (တစ်နည်း)

၁။ မျက်မှောက် အကုသိုလ်တရားတို့ကို ပိတ်ပင်ခြင်းငှာ၊
၂။ တမလွန် အကုသိုလ်တရားတို့ကို ပယ်ဖျောက်ခြင်းငှာ။ (ဝိ၊၅၊၃၈၅။) (ဝိ၊မြန်၊၅။၄၉၀။)♦

သိက္ခာပုဒ် ပညတ်ခြင်း၏ အကျိုးထူး၂ ပါး (တစ်နည်း)

၁။ မကြည်ညိုသေးသော သူတို့ကို ကြည်ညိုစေခြင်းငှာ၊
၂။ ကြည်ညိုပြီးသော သူတို့ကို တိုး၍ ကြည်ညိုစေခြင်းငှာ။ (ဝိ၊၅၊၃၈၅။)♦

သိက္ခာပုဒ် ပညတ်ခြင်း၏ အကျိုးထူး၂ ပါး (တစ်နည်း)

၁။ သူတော်ကောင်းတရား (သာသနာ သုံးရပ်) တည်တံ့စေခြင်းငှာ၊
၂။ ဝိနည်း (စည်းမျဉ်းဥပဒေ) ကို ချီးမြှောက်ခြင်းငှာ။ (ဝိ၊၅၊၃၈၅။) (ဝိ၊မြန်၊၅။၄၉၁။)♦

သိက္ခာပုဒ် ပညတ်ရခြင်း၏ အကျိုးထူး ၁၀ ပါး

၁။ သံဃာတော်များ၏ ကောင်းပါပြီဟု ဝန်ခံ ကျင့်သုံးနိုင်ခြင်း၊
၂။ သံဃာတော်များ ချမ်းသာစွာ နေထိုင်သီတင်းသုံးနိုင်ခြင်း၊
၃။ အကျင့် သီလ ဖောက်ဖျက်သူတို့အား နှိမ်နင်းနိုင်ခြင်း၊
၄။ အကျင့်သီလကို မြတ်နိုးကုန်သော ရဟန်းတို့ ချမ်းသာစွာ သီတင်းသုံး နေထိုင်နိုင်ခြင်း၊
၅။ မျက်မှောက်၌ ဖြစ်ကုန်သော ဆင်းရဲအထူး အာသဝေါတရားတို့ကို စောင့်စည်းနိုင်ခြင်း၊
၆။ နောင်ဖြစ်ပေါ်လတ္တံ့သော ဆင်းရဲအထူး အာသဝေါတရားတို့ကို ပယ်ရှားနိုင်ခြင်း၊
၇။ မကြည်ညိုသေးသော ပုဂ္ဂိုလ်တို့ကို ကြည်ညို စေခြင်း၊
၈။ ကြည်ညိုပြီးသော ပုဂ္ဂိုလ်တို့ကို တိုး၍တိုး၍ ကြည်ညိုစေခြင်း၊
၉။ သူတော် ကောင်းတရား တည်းဟူသော သာသနာတော်သုံးရပ်ကို တည်တန့်စေနိုင်ခြင်း၊
၁၀။ ဝိနည်း စည်းမျဉ်း ဥပဒေကို ချီးမြှောက်နိုင်ခြင်း။ (ဝိ၊၁၊၂၄။) (ဝိ၊၅၊၁၂။) (ဝိ၊၅၊၂။) (ဝိ၊၅၊၂၅၃။) (ဝိ၊၅၊၆။) (အံ၊၃၊၃၁၁။) (ဝိ၊မြန်၊၁။၂၉။) (ဝိ၊မြန်၊၅။၃၄၅။) (ဝိ၊မြန်၊၅။၄၊၁၀၊၂၀။) (ဝိ၊မြန်၊၅။၄၊၁၀၊၂၀။) (ဝိ၊မြန်၊၅။၄၊၁၀၊၂၀။) (အံ၊မြန်၊၃။၃၁၀။)♦

သိက္ခာပုဒ် အစဉ် ၄ မျိုး

၁။ ဒေသနာအစဉ်၊
၂။ စွန့်ပယ်ခြင်းအစဉ်၊
၃။ အကျင့်ပဋိပတ်အစဉ်၊
၄။ ဖြစ်ခြင်းအစဉ်။ (ဝဇိရ၊၆၄။)♦

သိက္ခာပုဒ်ကို ပညတ်တော်မူခြင်း အကျိုးထူး ၂ ပါး

၁။ သံဃာ၏ ကောင်းခြင်းအကျိုး၊
၂။ သံဃာ၏ ချမ်းသာစွာ နေထိုင်ရခြင်းအကျိုး၊ (တစ်နည်း)
သီလမရှိကုန်သော ပုဂ္ဂိုလ် တို့ကို နှိမ်နင်းခြင်းအကျိုး၊
၂။ သီလကို ချစ်မြတ်နိုးကုန်သော ပုဂ္ဂိုလ်တို့ ချမ်းသာစွာ နေထိုင် ရခြင်းအကျိုး၊ (တစ်နည်း)
မျက်မှောက်ဖြစ်သော အာသဝေါတရားတို့ကို ပိတ်ပင်ခြင်း အကျိုး၊
၂။ တမလွန်၌ ဖြစ်လတ္တံ့သော အာသဝေါတရားတို့ကို တားဆီးခြင်းအကျိုး၊ (တစ်နည်း)
မျက်မှောက်၌ ဖြစ်ကုန်သော အပြစ်တို့ကို ပိတ်ပင်ခြင်းအကျိုး၊
၂။ တမလွန်၌ ဖြစ်လတ္တံ့သော အပြစ်တို့ကို တားဆီးခြင်း အကျိုး၊ (တစ်နည်း)
မျက်မှောက်၌ ဖြစ်ကုန်သော ရန်တို့ကို ပိတ်ပင်ခြင်းအကျိုး၊
၂။ တမလွန်၌ ဖြစ်လတ္တံ့သော ရန်တို့ကို တားဆီးခြင်းအကျိုး၊ (တစ်နည်း)
မျက်မှောက်၌ ဖြစ်ကုန်သော ဘေးတို့ကို ပိတ်ပင်ခြင်း အကျိုး၊
၂။ တမလွန်၌ ဖြစ်ကုန်သော ဘေးတို့ကို တားဆီးခြင်းအကျိုး၊ (တစ်နည်း)
မျက်မှောက်၌ ဖြစ်ကုန်သော ဆင်းရဲခြင်းသဘော အကုသိုလ်တို့ကို ပိတ်ပင်ခြင်းအကျိုး၊
၂။ တမလွန်၌ ဖြစ်လတ္တံ့သော ဆင်းရဲခြင်းသဘော အကုသိုလ်တို့ကို တားဆီးခြင်းအကျိုး၊ (တစ်နည်း)
လူတို့အား အစဉ်သနားခြင်းအကျိုး၊
၂။ အလိုဆိုးရှိကုန်သော ရဟန်းတို့၏ အသင်းအပင်းကို ဖျက်ဆီးခြင်းအကျိုး၊ (တစ်နည်း)
မကြည်ညိုကုန်သေးသော သူတို့ကို ကြည်ညိုစေခြင်းအကျိုး၊
၂။ ကြည်ညိုပြီးသူတို့ကိုလည်း တိုးတက်ကြည်ညိုစေခြင်းအကျိုး၊ (တစ်နည်း)
သာသနာတော်၏ ကြာမြင့်စွာ တည်ခြင်းအကျိုး၊
၂။ ဝိနည်းကို ချီးမြှောက် ခြင်းအကျိုး။ (အံ၊၁၊၉၇။) (အံ၊မြန်၊၁။၁၁၃။)♦

သိက္ခာပုဒ်ပညတ်ရာ တိုင်းပြည် ၇ ပြည်

၁။ ဝေသာလီပြည်၊
၂။ ရာဇဂြိုဟ်ပြည်၊
၃။ သာဝတ္ထိပြည်၊
၄။ အာဠဝီပြည်၊
၅။ ကောသမ္ဗီပြည်၊
၆။ သက္ကတိုင်း၊
၇။ ဘဂ္ဂတိုင်း။ (ဝိ၊၅၊၂၅၅။) (ဝိ၊မြန်၊၅။၃၄၈။)♦

သိက္ခာအားနည်းကြောင်း တရား ၅ ပါး

၁။ သူ့အသက်ကို သတ်ခြင်း၊
၂။ အရှင်မပေးသော သူ့ဥစ္စာကို ခိုးယူခြင်း၊
၃။ ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်ခြင်း၊
၄။ မဟုတ်မမှန် ပြောဆိုခြင်း၊
၅။ သေရည် သေရက်သောက်ခြင်း။ (အံ၊၃၊၂၅၅။) (အံ၊မြန်၊၃။၂၅၃။)♦

သိခီဘုရားရှင်၏ ဓမ္မာဘိသမယ ၃ ကြိမ်

၁။ ဓမ္မစကြာတရားဦး ဟောတော်မူသောအချိန် လူနတ် ဗြဟ္မာ ကုဋေတစ်သိန်း တရားထူး ရကြသည်၊
၂။ ဒုတိယအကြိမ် တရားဟောတော်မူသော အခါ၌ လူနတ်ဗြဟ္မာ ကုဋေကိုးသောင်း ကျွတ်တမ်းဝင်ကြသည်၊
၃။ နတ်နှင့် တကွသော လောက၌ ရေမီးအစုံ တန်ခိုးပြာဋိဟာကို ပြတော်မူသောအခါ လူနတ်ဗြဟ္မာ ကုဋေရှစ်သောင်း တရားထူးရပြီး ကျွတ်တမ်းဝင်ကြသည်။ (အပ၊၂၊၃၆၆။) (အပ၊မြန်၊၂။၃၆၅။)♦

သိခီဘုရားရှင်၏ သာဝကအစည်းအဝေး ၃ ကြိမ်

၁။ ပထမအကြိမ် အစည်းအဝေး၌ ရဟန္တာ တစ်သိန်း၊
၂။ ဒုတိယအကြိမ် အစည်းအဝေး၌ ရဟန္တာ ရှစ်သောင်း၊
၃။ တတိယအကြိမ် အစည်းအဝေး၌ ရဟန္တာ ခုနစ်သောင်း စည်းဝေးတော်မူကြသည်။ (ဒီ၊၂၊၄။) (အပ၊၂၊၃၆၇။) (အဘိ၊ဋ္ဌ၊၁၊၆၉။) (ဇာ၊ဋ္ဌ၊၁၊၅၀။) (ဒီ၊မြန်၊၂။၅။) (အပ၊မြန်၊၂။၃၆၅။)♦

သိခီဘုရားရှင်၏ အဂ္ဂသာဝက ၂ ပါး

၁။ အရှင်အဘိဘူထေရ်၊
၂။ အရှင်သမ္ဘဝထေရ်။ (ဒီ၊၂၊၄။) (အဘိ၊ဋ္ဌ၊၁၊၆၉။) (ဗုဒ္ဓဝံ၊ဋ္ဌ၊၂၈၈။) (ဇာ၊ဋ္ဌ၊၁၊၅၀။) (ဒီ၊မြန်၊၂။၄။)♦

သိခီဘုရားရှင်၏ အဂ္ဂသာဝိကာမ ၂ ပါး

၁။ သခိလာထေရီ၊
၂။ ပဒုမာထေရီ၊ (အဘိ၊ဋ္ဌ၊၁၊၆၉။) (ဗုဒ္ဓဝံ၊ဋ္ဌ၊၂၈၈။) (ဇာ၊ဋ္ဌ၊၁၊၅၀။)♦

သိခီဘုရားအလောင်း၏ ပြာသာဒ် ၃ ဆောင်

၁။ သုစန္ဒကမည်သော ပြာသာဒ်ဆောင်၊
၂။ ဂိရိမည်သော ပြာသာဒ်ဆောင်၊
၃။ ဝသဘမည်သော ပြာသာဒ်ဆောင်။ (အပ၊၂၊၃၆၇။) (အပ၊မြန်၊၂။၃၆၆။)♦

သိဒ္ဓတ္ထဘုရားရှင်၏ ဓမ္မာဘိသမယ ၃ ကြိမ်

၁။ ရှေးဦးစွာသော တရားဒေသနာတော် လူနတ်ဗြဟ္မာ ကုဋေတစ်သိန်း ကျွတ်တမ်းဝင်သည်၊
၂။ ဟိမတိုင်း ဟိမရတမြို့၌ တရားဟောတော်မူသော အခါ လူနတ်ဗြဟ္မာ ကုဋေကိုးဆယ် တရားထူးရပြီး ကျွတ်တမ်းဝင်ကြသည်၊
၃။ ဝေဘာရ မြို့တော်၌ တရားဟောတော်မူသောအခါ လူနတ်ဗြဟ္မာ ကုဋေကိုးဆယ် တရားထူး ရကြသည်။ (အပ၊၂၊၃၅၇။) (အပ၊မြန်၊၂။၃၅၅။)♦

သိဒ္ဓတ္ထဘုရားရှင်၏ သာဝကအစည်းအဝေး ၃ ကြိမ်

၁။ ပထမအကြိမ် အစည်းအဝေး၌ ရဟန္တာ ကုဋေတစ်ရာ၊
၂။ ဒုတိယအကြိမ် အစည်းအဝေး၌ ရဟန္တာ ကုဋေကိုးဆယ်၊
၃။ တတိယအကြိမ် အစည်းအဝေး၌ ရဟန္တာ ကုဋေရှစ်ဆယ်တို့ စည်းဝေးကြသည်။ (အပ၊၂၊၃၅၈။) (အဘိ၊ဋ္ဌ၊၁၊၆၇။) (ဇာ၊ဋ္ဌ၊၁၊၄၈။) (အပ၊မြန်၊၂။၃၅၅။)♦

သိဒ္ဓတ္ထဘုရားရှင်၏ အဂ္ဂသာဝက ၂ ပါး

၁။ သမ္ဗလထေရ်၊
၂။ သုမိတ္တထေရ်။ (အဘိ၊ဋ္ဌ၊၁၊၆၈။) (ဗုဒ္ဓဝံ၊ဋ္ဌ၊၂၆၆။) (ဇာ၊ဋ္ဌ၊၁၊၄၈။)♦

သိဒ္ဓတ္ထဘုရားရှင်၏ အဂ္ဂသာဝိကာမ ၂ ပါး

၁။ သီဝလာထေရီ၊
၂။ သုရာမာထေရီ၊ (အဘိ၊ဋ္ဌ၊၁၊၆၈။) (ဗုဒ္ဓဝံ၊ဋ္ဌ၊၂၆၆။) (ဇာ၊ဋ္ဌ၊၁၊၄၈။)♦

သိဒ္ဓတ္ထဘုရားအလောင်း၏ ပြာသာဒ် ၃ ဆောင်

၁။ ကောကမည်သော ပြာသာဒ်ဆောင်၊
၂။ သုပ္ပလ မည်သော ပြာသာဒ်ဆောင်၊
၃။ ကောကနဒမည်သော ပြာသာဒ်ဆောင်။ (အပ၊၂၊၃၅၈။) (အပ၊မြန်၊၂။၃၅၆။)♦

သိဒ္ဓတ္ထသတို့သား၏ လက္ခဏာကို ကြည့်သော ပုဏ္ဏား ၈ ယောက်

၁။ ရာမပုဏ္ဏား၊
၂။ ဓဇပုဏ္ဏား၊
၃။ လက္ခဏပုဏ္ဏား၊
၄။ မန္တီပုဏ္ဏား၊
၅။ ယညပုဏ္ဏား၊
၆။ သုဘောဇပုဏ္ဏား၊
၇။ သုယာမ ပုဏ္ဏား၊
၈။ သုဒတ္တပုဏ္ဏား။ (အပ၊ဋ္ဌ၊၁၊၆၈။) (သာရတ္ထ၊ဋီ၊၃၊၁၆၁။)♦

သိပ္ပ ၂ မျိုး

အတတ် ၂မျိုးနှင့် တူသည်။ ♦

သိမြင်နိုင်ခဲသော တရား ၄ မျိုး

၁။ သစ္စာတရား၊
၂။ သတ္တဝါဟူသော အမည် ပညတ်တရား၊
၃။ ပဋိသန္ဓေတရား၊
၄။ ပဋိစ္စသမုပ္ပါဒ်တရား။ (အဘိ၊ဋ္ဌ၊၂၊၁၂၃။)♦

သိမ်နိမိတ် ၈ မျိုး

၁။ တောင်နိမိတ်၊
၂။ ကျောက်နိမိတ်၊
၃။ တောနိမိတ်၊
၄။ သစ်ပင်နိမိတ်၊
၅။ တောင်ပို့နိမိတ်၊
၆။ လမ်းနိမိတ်၊
၇။ မြစ်နိမိတ်၊
၈။ ရေနိမိတ်။ (ဝိ၊၃၊၁၄၄။) (ဝိ၊ဋ္ဌ၊၃၊၃၁၉။) (ဝိ၊မြန်၊၃။၁၄၈။)♦

သိမ်နုတ်ခြင်း၏ အကြောင်း ၂ ပါး

၁။ နဂိုကကျဉ်းနေသော သိမ်ကို ထပ်ချဲ့လိုသောကြောင့် နုတ်ခြင်း၊
၂။ နဂိုကကျယ်နေ ကြီးနေသော သိမ်ကို ကျဉ်းစေလိုသောကြောင့် နုတ်ခြင်း။ (ဝိ၊ဋ္ဌ၊၃၊၃၃၂။)♦

သိမ်းသွင်းကြောင်း တရား ၄ ပါး

သင်္ဂဟဝတ္ထု ၄ ပါးနှင့် တူသည်။ ♦

သိုးမွေးအမည်း ၂ မျိုး

၁။ ပင်ကိုသဘာဝအားဖြင့် မည်းနက်သော သိုးမွေး၊
၂။ အမည်းရောင် ဆိုးဆေးဖြင့် ဆိုးထားသော သိုးမွေး။ (ဝိ၊၁၊၃၃၀။) (ဝိ၊မြန်၊၁။၃၄၉။)♦

သိုမှီး သိမ်းဆည်းခြင်း ၇ မျိုး

၁။ အန္နသန္နိဓိ- စားဖွယ်အစာကို သိုမှီးသိမ်းဆည်းခြင်း၊
၂။ ပါနသန္နိဓိ- သောက်ဖွယ်ဖျော်ရည်ကို သိုမှီးသိမ်းဆည်းခြင်း၊
၃။ ဝတ္ထသန္နိဓိ- အဝတ်အထည်ကို သိုမှီး သိမ်းဆည်းခြင်း၊
၄။ ယာနသန္နိဓိ- ယာဉ်ကို သိုမှီးသိမ်းဆည်းခြင်း၊
၅။ သယနသန္နိဓိ- အိပ်ရာကို သိုမှီးသိမ်းဆည်းခြင်း၊
၆။ ဂန္ဓသန္နိဓိ- နံ့သာကို သိုမှီး သိမ်းဆည်းခြင်း၊
၇။ အာမိသသန္နိဓိ- ကြွင်းသော အာမိသမှန်သမျှကို သိုမှီးသိမ်းဆည်းခြင်း။ (ဒီ၊၁၊၆၁။) (ဒီ၊မြန်၊၁။၆၊၇၃။)♦

သီချင်းသံဖြင့် တရားဟောသော ပုဂ္ဂိုလ်၏ အပြစ် ၅ ပါး

၁။ မိမိကိုယ်တိုင် ထိုတရားသံ၌ စွဲမက်မှု ဖြစ်ခြင်း၊
၂။ သူတစ်ပါးတို့အားလည်း တရားသံ၌ စွဲမက်မှု ဖြစ်စေခြင်း၊
၃။ ‘‘ငါတို့ သီချင်းဆိုသကဲ့သို့ ရဟန်းတို့သည်လည်း သီချင်းဆိုကြကုန်၏’’ဟု လူဒါယကာတို့၏ ကဲ့ရဲ့မှုကို ခံရခြင်း၊
၄။ အသံပြုပြင်လိုသော ရဟန်းအား သမာဓိပျက်စီးခြင်း၊
၅။ နောင်လာ နောက်သား ရဟန်းများ အတုလိုက်ခြင်း။ (အံ၊၂၊၂၁၉။) (အံ၊မြန်၊၂။၂၇၆။)♦

သီတင်းသည် ဥပါသကာတို့ မပြုထိုက်သော ကုန်သွယ်မှု ၅ မျိုး

၁။ ဓား လှံ သေနတ် စသော လက်နက်ပစ္စည်း ကုန်သွယ်မှု၊
၂။ လူသတ္တဝါ ကုန်ကူးမှု၊
၃။ ငါးအသား အမဲ ကုန်သွယ်မှု၊
၄။ မူးယစ်သေစာ အရက်သုရာ ကုန်သွယ်မှု၊
၅။ အဆိပ်ပစ္စည်း ကုန်သွယ်မှု။ (သာရတ္ထ၊ဋီ၊၁၊၄၂၃။)♦

သီတင်းသည် ဥပါသကာတို့ ရှောင်ထိုက်သော အကြောင်းအရာ ၅ မျိုး

၁။ သူ့အသက်ကို သတ်ခြင်း၊
၂။ သူ့ဥစ္စာကို ခိုးယူခြင်း၊
၃။ ကာမဂုဏ်တို့၌ မှားယွင်း ဖောက်ပြန်စွာ ကျင့်ခြင်း၊
၄။ မဟုတ်မမှန်စကားကို လိမ်ပြောခြင်း၊
၅။ အရက်သေစာ မူးယစ်ဆေးကို သောက်သုံးခြင်း။ (သာရတ္ထ၊ဋီ၊၁၊၄၂၃။)♦

သီတင်းသုံးဖော် ၅ ဦး

၁။ ရဟန်းယောကျ်ား၊
၂။ ရဟန်းမ၊
၃။ သိက္ခမာန်၊
၄။ ရှင်သာမဏေ၊
၅။ ရှင်သာမဏေမ။ (မဟာနိ၊ဋ္ဌ၊၃၆၈။)♦

သီတင်းသုံးဖော် ၇ ဦး

၁။ ရဟန်း ယောကျ်ား၊
၂။ ရဟန်းမ၊
၃။ သိက္ခမာန်၊
၄။ ရှင်သာမဏေ၊
၅။ ရှင် သာမဏေမ၊
၆။ ဥပါသကာ၊
၇။ ဥပါသိကာမ။ (မ၊ဋ္ဌ၊၁၊၃၁၄။)♦

သီတင်းသုံးဖော်တို့ ကြည်ညိုကြောင်း ၈ ပါး

၁။ မချစ်ခင်မှု အမုန်းပွားမှုကို ချီးကျူးလေ့ မရှိခြင်း၊
၂။ ချစ်ခင်မှုကို ကဲ့ရဲ့လေ့ မရှိခြင်း၊
၃။ လာဘ်ကို အလိုမရှိခြင်း၊
၄။ ပူဇော်သက္ကာရကို အလို မရှိခြင်း၊
၅။ အရှက်ရှိခြင်း၊
၆။ အကြောက်အလန့် ရှိခြင်း၊
၇။ အလိုနည်းခြင်း၊
၈။ မှန်သော သမ္မာဒိဋ္ဌိ အယူရှိခြင်း။ (အံ၊၃၊၆။) (အံ၊မြန်၊၃။၆။)♦

သီတင်းသုံးဖော်တို့ ကြည်ညိုကြောင်း ၈ ပါး (တစ်နည်း)

၁။ လာဘ်ကို အလိုမရှိခြင်း၊
၂။ ပူဇော် သက္ကာရကို အလိုမရှိခြင်း၊
၃။ မထီမဲ့မြင်ပြုမှုကို အလိုမရှိခြင်း၊
၄။ အချိန်အခါကို သိခြင်း၊
၅။ အတိုင်းအရှည်ကို သိခြင်း၊
၆။ စင်ကြယ်ခြင်း၊
၇။ စကားနည်းခြင်း၊
၈။ သီတင်းသုံးဖော် ရဟန်းတို့ကို ဆဲရေးရေရွတ်၍ မပြောဆိုတတ်ခြင်း။ (အံ၊၃၊၆။) (အံ၊မြန်၊၃။၇။)♦

သီတင်းသုံးဖေါ်တို့ ချစ်ခင်ကြောင်း ၇ ပါး

၁။ လာဘ်ကို အလိုမရှိခြင်း၊
၂။ အရိုအသေပြုမှုကို အလိုမရှိခြင်း၊ ၃။(မိမိကို သူတစ်ပါးတို့။) မထီမဲ့မြင်ပြုမှုကို အလိုမရှိခြင်း၊
၄။ အရှက်ရှိခြင်း၊
၅။ အကြောက်ရှိခြင်း၊
၇။ သဝန်မတိုတတ်ခြင်း။ (အံ၊၂၊၃၉၆။) (အံ၊မြန်၊၂။၅၀၁။)♦

သီတင်းသုံးဖော်တို့ ချစ်ခင်ကြောင်း တရား ၅ ပါး

၁။ စွဲမက်ဖွယ် အာရုံ၌ မစွဲမက်ခြင်း၊
၂။ ပြစ်မှားဖွယ် အာရုံ၌ မပြစ်မှားခြင်း၊
၃။ တွေဝေဖွယ် အာရုံ၌ မတွေဝေခြင်း၊
၄။ အမျက် ထွက်ဖွယ် အာရုံ၌ အမျက်မထွက်ခြင်း၊
၅။ ယစ်မူးဖွယ် အာရုံ၌ မယစ်မူးခြင်း။ (အံ၊၂၊၉၇။) (အံ၊မြန်၊၂။၁၁၇။)♦

သီတင်းသုံးဖော်တို့ ချစ်ခင်ကြောင်း တရား ၅ ပါး (တစ်နည်း)

၁။ စွဲမက်မှု ‘‘ရာဂ’’ မရှိခြင်း၊
၂။ အမျက်ထွက်မှု ‘‘ဒေါသ’’မရှိခြင်း၊
၃။ တွေဝေမှု ‘‘မောဟ’’ မရှိခြင်း၊
၄။ သူတစ်ပါးဂုဏ်ကို ချေဖျက်မှု မရှိခြင်း၊
၅။ သူတစ်ပါးတို့အား ဂုဏ်တု ဂုဏ်ပြိုင်မှု မရှိခြင်း။ (အံ၊၂၊၉၇-၉၈။) (အံ၊မြန်၊၂။၁၁၈။)♦

သီတင်းသုံးဖော်တို့ ချစ်ခင်ကြောင်း တရား ၅ ပါး (တစ်နည်း)

၁။ အံ့ဩဖွယ်ကို မပြုတတ်ခြင်း၊
၂။ လာဘ်ရရန် မဖြားယောင်းတတ်ခြင်း၊
၃။ အရိပ်နိမိတ်ကို မပြုတတ်ခြင်း၊
၄။ ဖိနှိပ်၍ မဆိုတတ်ခြင်း၊
၅။ ရပြီးလာဘ်ဖြင့် မရသေးသော လာဘ်ကို မရှာမှီးတတ်ခြင်း။ (အံ၊၂၊၉၈။) (အံ၊မြန်၊၂။၁၁၉။)♦

သီတင်းသုံးဖော်တို့ ချစ်ခင်ကြောင်း တရား ၅ ပါး (တစ်နည်း)

၁။ ယုံကြည်မှု ‘‘သဒ္ဓါ’’ တရား ရှိခြင်း၊
၂။ မကောင်းမှုမှ ရှက်တတ်ခြင်း၊
၃။ မကောင်းမှုမှ ကြောက်ရွံ့တတ်ခြင်း၊
၄။ လုံ့လဝီရိယ ရှိခြင်း၊
၅။ ပညာရှိခြင်း။ (အံ၊၂၊၉၉။) (အံ၊မြန်၊၂။၁၂၀။)♦

သီတင်းသုံးဖော်တို့ ချစ်ခင်ကြောင်း တရား ၅ ပါး (တစ်နည်း)

၁။ အဆင်းရူပါရုံကို သည်းခံနိုင်ခြင်း၊
၂။ အသံ သဒ္ဒါရုံကို သည်းခံနိုင်ခြင်း၊
၃။ အနံ့ ဂန္ဓာရုံကို သည်းခံနိုင်ခြင်း၊
၄။ အရသာ ရသာရုံကို သည်းခံနိုင်ခြင်း၊
၅။ အတွေ့အထိ ဖောဋ္ဌဗ္ဗာရုံကို သည်းခံနိုင်ခြင်း။ (အံ၊၂၊၉၉။) (အံ၊မြန်၊၂။၁၂၀-၁၂၁။)♦

သီတင်းသုံးဖော်တို့ ချစ်ခင်ကြောင်း တရား ၅ ပါး (တစ်နည်း)

၁။ အနက် အကျိုးတို့၌ ခွဲခြား ဝေဖန်တတ်သော ဉာဏ် ‘အတ္ထပဋိသမ္ဘီဒါ’’ သို့ ရောက်၍ နေခြင်း၊
၂။ ပါဠိအကြောင်း တို့၌ ခွဲခြားဝေဖန်တတ်သော ဉာဏ် ‘ဓမ္မပဋိသမ္ဘိဒါ’သို့ ရောက်၍ နေခြင်း၊
၃။ သဒ္ဒါတို့၌ ခွဲခြား ဝေဖန်တတ်သော ဉာဏ် ‘နိရုတ္တိပဋိသမ္ဘိဒါ’သို့ ရောက်၍ နေခြင်း၊
၄။ ရှေ့ဉာဏ် သုံးပါးတို့၌ ခွဲခြား ဝေဖန်တတ်သော ဉာဏ် ‘ပဋိဘာနပဋိသမ္ဘိဒါ’သို့ ရောက်၍ နေခြင်း၊
၅။ ပြုအပ်သော အမှုကြီးငယ်တို့၌ ကျွမ်းကျင်ခြင်း။ (အံ၊၂၊၉၉။) (အံ၊မြန်၊၂။၁၂၁။)♦

သီတင်းသုံးဖော်တို့ ချစ်ခင်ကြောင်း တရား ၅ ပါး (တစ်နည်း)

၁။ သီလရှိခြင်း၊
၂။ အကြားအမြင် များခြင်း၊
၃။ ကောင်းသော စကားရှိခြင်း၊
၄။ မျက်မှောက်ဘဝ ချမ်းသာစွာ နေကြောင်း ဈာန် ၄ ပါး ရ၍ နေခြင်း၊
၅။ အရဟတ္တဖိုလ်ပညာကို ယခုဘဝ၌ပင် မျက်မှောက် ပြုလျက် နေခြင်း။ (အံ၊၂၊၁၀၀။) (အံ၊မြန်၊၂။၁၂၁-၁၂၂။)♦

သီတင်းသုံးဖော်တို့ ဆွေးနွေး မေးမြန်းသင့်သော ရဟန်း ပြည့်စုံရမည့် တရား ၅ ပါး

၁။ မိမိ ကိုယ်တိုင် သီလနှင့် ပြည့်စုံလျက် သီလသမ္ပဒါကထာအတွက် မေးသော ပြဿနာကို ဖြေဆို တတ်ခြင်း၊
၂။ မိမိကိုယ်တိုင် သမာဓိနှင့် ပြည့်စုံလျက် သမာဓိသမ္ပဒါကထာအတွက် မေးသော ပြဿနာကို ဖြေဆိုတတ်ခြင်း၊
၃။ မိမိကိုယ်တိုင် ပညာနှင့် ပြည့်စုံလျက် ပညာ သမ္ပဒါကထာ အတွက် မေးသော ပြဿနာကို ဖြေဆိုတတ်ခြင်း၊
၄။ မိမိကိုယ်တိုင် ဝိမုတ္တိနှင့် ပြည့်စုံလျက် ဝိမုတ္တိသမ္ပဒါကထာအတွက် မေးသော ပြဿနာကို ဖြေဆိုတတ်ခြင်း၊
၅။ မိမိကိုယ်တိုင် ဝိမုတ္တိဉာဏ်အမြင်နှင့် ပြည့်စုံလျက် ဝိမုတ္တိဉာဏဒဿနသမ္ပဒါကထာအတွက် မေးသော ပြဿနာကို ဖြေဆိုတတ်ခြင်း။ (အံ၊၂၊၇၁။) (အံ၊မြန်၊၂။၈၆။) (အံ၊၂၊၁၆၇။) (အံ၊မြန်၊၂။၂၁၂။)♦

သီတင်းသုံးဖော်တို့ နှစ်သက်ကြောင်း တရား ၅ ပါး

၁။ သီလနှင့် ပြည့်စုံလျက် သိက္ခာပုဒ်တို့၌ ဆောက်တည်၍ ကျင့်ခြင်း၊
၂။ အကြားအမြင်များလျက် ပညာဖြင့် ကောင်းစွာ ထိုးထွင်း၍ သိခြင်း၊
၃။ ကောင်းသော စကားသံရှိလျက် အပြစ်ကင်း၍ ယဉ်ကျေးသော စကားနှင့် ပြည့်စုံခြင်း၊
၄။ ရူပဈာန်လေးပါးတို့ကို မငြိုငြင် မပင်ပန်းဘဲ ရခြင်း၊
၅။ အာသဝေါကုန်ခန်း ခြင်းကြောင့် အရဟတ္တဖိုလ်ကို မျက်မှောက်ပြု၍ နေခြင်း။ (အံ၊၂၊၁၇၁။) (အံ၊မြန်၊၂။၂၁၃။)♦

သီတင်းသုံးဖော်တို့ မကြည်ညိုကြောင်း ၈ ပါး

၁။ ချစ်ခင်မှု အမုန်းပွားမှုကို ချီးကျူးလေ့ရှိခြင်း၊
၂။ ချစ်ခင်မှုကို ကဲ့ရဲ့လေ့ရှိခြင်း၊
၃။ လာဘ်ကို အလိုရှိခြင်း၊
၄။ အရိုအသေပြုမှု စသော ပူဇာသက္ကာရကို အလိုရှိခြင်း၊
၅။ အရှက်မရှိခြင်း၊
၆။ အကြောက်အလန့်မရှိခြင်း၊
၇။ ယုတ်မာသော အလိုဆိုးရှိခြင်း၊
၈။ မှားသော မိစ္ဆာဒိဋ္ဌိအယူရှိခြင်း။ (အံ၊၃၊၆။) (အံ၊မြန်၊၃။၆။)♦

သီတင်းသုံးဖော်တို့ မကြည်ညိုကြောင်း ၈ ပါး (တစ်နည်း)

၁။ လာဘ်ကို အလိုရှိခြင်း၊
၂။ ပူဇော် သက္ကာရကို အလိုရှိခြင်း၊
၃။ မထီမဲ့မြင်ပြုမှုကို အလိုရှိခြင်း၊
၄။ အချိန်အခါကို မသိခြင်း၊
၅။ အတိုင်းအရှည်ကို မသိခြင်း၊
၆။ မစင်ကြယ်ခြင်း၊
၇။ စကားအလွန်များခြင်း၊
၈။ သီတင်း သုံးဖော်ရဟန်းတို့ကို ဆဲရေးရေရွတ် ပြောဆိုတတ်ခြင်း။ (အံ၊၃၊၆။) (အံ၊မြန်၊၃။၇။)♦

သီတင်းသုံးဖော်တို့ မချစ်ကြောင်း တရား ၅ ပါး

၁။ စွဲမက်ဖွယ် အာရုံ၌ စွဲမက်ခြင်း၊
၂။ ပြစ်မှားဖွယ် အာရုံ၌ ပြစ်မှားခြင်း၊
၃။ တွေဝေဖွယ် အာရုံ၌ တွေဝေခြင်း၊
၄။ အမျက်ထွက်ဖွယ် အာရုံ၌ အမျက်ထွက်ခြင်း၊
၅။ ယစ်မူးဖွယ် အာရုံ၌ ယစ်မူးခြင်း။ (အံ၊၂၊၉၇။) (အံ၊မြန်၊၂။၁၁၇။)♦

သီတင်းသုံးဖော်တို့ မချစ်ကြောင်း တရား ၅ ပါး (တစ်နည်း)

၁။ အံ့ဩဖွယ်ကို ပြုတတ်ခြင်း၊
၂။ ဖြားယောင်းတတ်ခြင်း၊
၃။ အရိပ်နိမိတ်ကို ပြုတတ်ခြင်း၊
၄။ ဖိနှိပ်၍ ဆိုတတ်ခြင်း၊
၅။ ရပြီး လာဘ်ဖြင့် မရသေးသော လာဘ်ကို ရှာမှီးတတ်ခြင်း။ (အံ၊၂၊၉၈။) (အံ၊မြန်၊၂။၁၁၉။)♦

သီတင်းသုံးဖော်တို့ မချစ်ကြောင်း တရား ၅ ပါး (တစ်နည်း)

၁။ ယုံကြည်မှု ‘‘သဒ္ဓါ’’ တရား မရှိခြင်း၊
၂။ မကောင်းမှုမှ မရှက်တတ်ခြင်း၊
၃။ မကောင်းမှုမှ မကြောက်ရွံတတ်ခြင်း၊
၄။ ပျင်းရိခြင်း၊
၅။ ပညာမဲ့ခြင်း။ (အံ၊၂၊၉၈-၉၉။) (အံ၊မြန်၊၂။၁၁၉-၁၂၀။)♦

သီတင်းသုံးဖော်တို့ မချစ်ကြောင်း တရား ၅ ပါး (တစ်နည်း)

၁။ အဆင်း ‘ရူပါရုံ’ကို သည်းမခံ နိုင်ခြင်း၊
၂။ အသံ ‘သဒ္ဒါရုံ’ကို သည်းမခံနိုင်ခြင်း၊
၃။ အနံ့ ‘ဂန္ဓာရုံ’ ကို သည်းမခံ နိုင်ခြင်း၊
၄။ အရသာ ‘ရသာရုံ’ ကို သည်းမခံနိုင်ခြင်း၊
၅။ အတွေ့အထိ ‘ဖောဋ္ဌဗ္ဗာရုံ’ကို သည်းမခံနိုင်ခြင်း။ (အံ၊၂၊၉၉။) (အံ၊မြန်၊၂။၁၂၀။)♦

သီတင်းသုံးဖော်တို့ မချစ်ကြောင်းတရား ၅ ပါး (တစ်နည်း)

၁။ မကင်းသော စွဲမက်မှု ‘‘ရာဂ’’ရှိခြင်း၊
၂။ မကင်းသော အမျက်ထွက်မှု ‘‘ဒေါသ’’ရှိခြင်း၊
၃။ မကင်းသော တွေဝေမှု ‘‘မောဟ’’ရှိခြင်း၊
၄။ သူတစ်ပါးဂုဏ်ကို ချေဖျက်ခြင်း၊
၅။ သူတစ်ပါးတို့အား ဂုဏ်တု ဂုဏ်ပြိုင်ခြင်း။ (အံ၊၂၊၉၇။) (အံ၊မြန်၊၂။၁၁၈။)♦

သီတင်းသုံးဖေါ်တို့ မချစ်ခင်ကြောင်း ၇ ပါး

၁။ လာဘ်ကို အလိုရှိခြင်း၊
၂။ အရိုအသေပြုမှုကို အလိုရှိခြင်း၊
၃။ မထီမဲ့မြင် မပြုခြင်းကို အလိုရှိခြင်း၊
၄။ အရှက်မရှိခြင်း၊
၅။ အကြောက် မရှိခြင်း၊
၆။ ငြူစူတတ်ခြင်း၊
၇။ ဝန်တိုတတ်ခြင်း။ (အံ၊၂၊၃၉၆။) (အံ၊မြန်၊၂။၅၀၀။)♦

သီတင်းသုံးဖော်တို့၏ အကြည်ညိုခံရသော ကျောင်းထိုင်အင်္ဂါ ၅ ပါး

၁။ ပါတိမောက္ခ သံဝရ သီလနှင့် ပြည့်စုံသည် ဖြစ်၍ အနည်းငယ်မျှသော အပြစ်တို့၌လည်း ဘေးဟု ရှုလေ့ရှိခြင်း၊
၂။ အကြားအမြင် ဗဟုသုတများသည် ဖြစ်၍ အစ အလယ် အဆုံး ကောင်းခြင်းရှိသော တရားတို့ကို နာယူမှတ်သား ဆောင်ထားလျက် ပညာဖြင့် ကောင်းစွာ ထိုးထွင်း၍ သိခြင်း၊
၃။ အပြစ်ကင်းလျက် ယဉ်ကျေးသော စကားနှင့် ပြည့်စုံသည် ဖြစ်၍ ကောင်းသော စကားမြွက်ဆိုသံ ရှိခြင်း၊
၄။ မျက်မှောက်ဘဝ၌ ချမ်းသာစွာ နေကြောင်းဖြစ်သော ရူပဈာန် လေးပါးတို့ကို အလိုရှိတိုင်း မငြိုမငြင် မပင်မပန်းဘဲ ရခြင်း၊
၅။ အရဟတ္တဖိုလ် ပညာကို ကိုယ်တိုင် ထူးသော ဉာဏ်ဖြင့် မျက်မှောက်ပြု၍ နေခြင်း။ (အံ၊၂၊၂၂၉။) (အံ၊မြန်၊၂။၂၉၁။)♦

သီတင်းသုံးဖော်တို့နှင့်အတူ အသက်မွေးထိုက်သော ရဟန်း ပြည့်စုံရမည့် တရား ၅ ပါး

၁။ မိမိကိုယ်တိုင် သီလနှင့် ပြည့်စုံလျက် သီလသမ္ပဒါနှင့် စပ်၍ မေးသော ပြဿနာကို ဖြေဆိုနိုင်ခြင်း၊
၂။ မိမိကိုယ်တိုင် သမာဓိနှင့် ပြည့်စုံလျက် သမာဓိသမ္ပဒါနှင့် စပ်၍ မေးသော ပြဿနာကို ဖြေဆိုနိုင်ခြင်း၊
၃။ မိမိကိုယ်တိုင် ပညာနှင့် ပြည့်စုံလျက် ပညာသမ္ပဒါနှင့် စပ်၍ မေးသော ပြဿနာကို ဖြေဆိုနိုင်ခြင်း၊
၄။ မိမိကိုယ်တိုင် ဝိမုတ္တိနှင့် ပြည့်စုံလျက် ဝိမုတ္တိသမ္မဒါနှင့် စပ်၍ မေးသော ပြဿနာကို ဖြေဆိုနိုင်ခြင်း။
၅။ မိမိကိုယ်တိုင် ဝိမုတ္တိ ဉာဏ်အမြင်နှင့် ပြည့်စုံလျက် ဝိမုတ္တိဉာဏဒဿနသမ္ပဒါနှင့် စပ်၍ မေးသော ပြဿနာကို ဖြေဆိုနိုင်ခြင်း။ (အံ၊၂၊၁၆၈။) (အံ၊မြန်၊၂။၂၁၃။)♦

သီတင်းသုံးဖော်တို့အား ဆဲရေးကြိမ်းမောင်းသော ရဟန်း အပြစ် ၅ ပါး

၁။ လောကုတ္တရာတရား ပြတ်တောက်၍ ထိုလောကုတ္တရာတရားမှ ဆုံးရှုံးရခြင်း၊
၂။ ညစ်နွမ်းသော အာပတ် တစ်မျိုးမျိုးသို့ သင့်ရောက်ရခြင်း၊
၃။ ပြင်းထန်သော အနာရောဂါ ကပ်ရောက်တတ်ခြင်း၊
၄။ တွေတွေဝေဝေ သေရခြင်း၊
၅။ သေပြီးနောက် ငရဲသို့ ကျရောက်ရခြင်း။ (အံ၊၂၊၂၂၀။) (အံ၊မြန်၊၂။၂၇၇။)♦

သီတင်းသုံးဖော်တို့အား ဆဲရေးသော ရဟန်း ပျက်စီးခြင်း ၁၁ ပါး

၁။ မရသေးသော ဂုဏ်ကျေးဇူး တရားကို မရခြင်း၊
၂။ ရရှိပြီးသော ဂုဏ်ကျေးဇူးတရားမှ ယုတ်လျော့ခြင်း၊
၃။ ထိုရဟန်း၏ သူတော်ကောင်းတရားတို့သည် မဖြူစင်ခြင်း၊
၄။ သူတော်ကောင်းတရား တို့၌လည်း မရသေး သည်ကို ရ၏ဟု မှတ်ထင်ခြင်း၊
၅။ မမွေ့လျော်ဘဲ မြတ်သော အကျင့်ကို ကျင့်သုံးရခြင်း၊
၆။ ညစ်နွမ်းသော အာပတ်တစ်မျိုးမျိုးသို့ သင့်ရောက်ရခြင်း၊
၇။ သိက္ခာချ၍ လူထွက်ရခြင်း၊
၈။ ဆေးကုရခက်၍ ပြင်းထန်သော ရောဂါဝေဒနာမျိုးကို ခံစားရခြင်း၊
၉။ ရူးသွပ်ခြင်း၊ စိတ်ပျံ့လွင့်ခြင်းသို့ ရောက်ခြင်း၊
၁၀။ တွေတွေဝေဝေ သေရခြင်း၊
၁၁။ သေပြီးနောက် ငရဲသို့ ကပ်ရောက်ရခြင်း။ (အံ၊၃၊၅၂၁။) (အံ၊မြန်၊၃။၅၁၀။)♦

သီတင်းသုံးဖေါ်အဖြစ် ပေါင်းထိုက်သော ရဟန်း ၅ မျိုး

၁။ ကုန်သွယ် လယ်လုပ်အမှုကို မပြုလုပ်စေတတ်ခြင်း၊
၂။ အဓိကရုဏ် ၄ ပါးကို မယူခြင်း၊
၃။ အကြီးအမှူး ရဟန်းတို့ကို မဆန့်ကျင်ခြင်း၊
၄။ အပိုင်းအခြားမရှိ သွားလာခြင်းကို အားမထုတ်ခြင်း၊
၅။ တရား ကျင့်သုံးရန် ထက်သန် ရွှင်လန်းစေခြင်း။ (အံ၊၂၊၁၅၁။) (အံ၊မြန်၊၂။၁၉၀-၁၉၁။)♦

သီတင်းသုံးဖေါ်အဖြစ် မပေါင်းထိုက်သော ရဟန်း ၅ မျိုး

၁။ ကုန်သွယ်, လယ်လုပ် အမှုကို ပြုစေခြင်း၊
၂။ အဓိကရုဏ်း ၄ ပါးကို ယူခြင်း၊
၃။ အကြီးအမှူးရဟန်းတို့နှင့် ဆန့်ကျင်ခြင်း
၄။ အပိုင်းအခြားမရှိ သွားလာခြင်းကို အားထုတ်ခြင်း၊
၅။ တရားကျင့်သုံးရန် ထက်သန် ရွှင်လန်းစေမှုကို မစွမ်းနိုင်ခြင်း။ (အံ၊၂၊၁၅၁။) (အံ၊မြန်၊၂။၁၉၀-၁၉၁။)♦

သီလ ၂ မျိုး

၁။ စာရိတ္တသီလ- ကျင့်သင့်ကျင့်ထိုက်သော သီလ, ကျင့်ဝတ်သီလ၊
၂။ ဝါရိတ္တသီလ- (မပြုအပ်ဟု) တားမြစ်အပ်သော အမှုကို မပြုခြင်း ရှောင်ကြဉ်ခြင်း, ရှောင်ကြဉ်ကြောင်း သီလ။ (စရိယာ၊ဋ္ဌ၊၃၀၁။) (ဇာ၊ဋ္ဌ၊၃၊၁၈၁။) (သာရတ္ထ၊ဋီ၊၂၊၅၈။)♦

သီလ ၂ မျိုး (တစ်နည်း)

၁။ လူ့သီလ၊
၂။ ရဟန်းသီလ။ (ထေရ၊ဋ္ဌ၊၂၊၁၅၂။)♦

သီလ ၂ မျိုး (တစ်နည်း)

၁။ စတုပါရိသုဒ္ဓိသီလဟု ဆိုအပ်သော လောကီသီလ၊
၂။ မဂ်သီလ ဖိုလ်သီလ ဟုဆိုအပ်သော လောကုတ္တရာသီလ။ (ဥဒါန၊ဋ္ဌ၊၂၁၁။) (ထေရ၊ဋ္ဌ၊၂၊၂၂၂။) (အံ၊ဋီ၊၃၊၂၈၀။)♦

သီလ ၂ မျိုး (တစ်နည်း) (ငါးပါးစီ ကွဲပြားသော သီလ)

၁။ ပရိယန္တပါရိသုဒ္ဓိသီလ- အပိုင်းအခြားရှိ၍ စင်ကြယ်သော သီလ၊ အပရိယန္တပါရိသုဒ္ဓိသီလ- အရေအတွက် အပိုင်းအခြား မရှိ, စင်ကြယ်သော သီလ၊ ပရိပုဏ္ဏပါရိသုဒ္ဓိသီလ- အပြည့်အစုံ စင်ကြယ်သော သီလ၊ အပရာမဋ္ဌ ပါရိသုဒ္ဓိသီလ- မှားသော အားဖြင့် မသုံးသပ်အပ်ပဲ စင်ကြယ်ခြင်းရှိသော သီလ၊ ပဋိပဿဒ္ဓိ ပါရိသုဒ္ဓိသီလ- (ကိလေသာတို့၏) ငြိမ်းအေးချုပ်ပျောက်ကြောင်း ဖိုလ်၏ စင်ကြယ်သော သီလ၊
၂။ ပဟာနသီလ- ကိလေသာတို့ကို ပယ်ခြင်း သီလ၊ ဝေရမဏိသီလ- ကြဉ်ရှောင်ခြင်း သီလ၊ စေတနာသီလ- စေ့ဆော်တိုက်တွန်း ကြောင့်ကြစိုက်တတ်သော သီလ၊ သံဝရသီလ-ကိုယ်နှုတ်နှလုံးကို စောင့်စည်းခြင်းသီလ၊ အဝီတိက္ကမသီလ- မလွန်ကျူးခြင်း သီလ။ (ဝိသုဒ္ဓိ၊၁၊၁၁။)♦

သီလ ၃ မျိုး

၁။ ကုသိုလ်သီလ၊
၂။ အကုသိုလ်သီလ၊
၃။ အဗျာကတသီလ။ (ပဋိသံ၊၄၃။) (ပဋိသံ၊မြန်။၅၈။)♦

သီလ ၃ မျိုး (တစ်နည်း)

၁။ ကာယဒွါရသီလ- ကာယဒွါရ၌ ဖြစ်သော စောင့်စည်းခြင်းသီလ၊
၂။ ဝစီဒွါရသီလ- ဝစီဒွါရ၌ ဖြစ်သော စောင့်စည်းခြင်း သီလ၊
၃။ မနောဒွါရသီလ- မနောဒွါရ၌ ဖြစ်သော စောင့်စည်းခြင်းသီလ။ (ဇာ၊ဋ္ဌ၊၁၊၂၉၄။)♦

သီလ ၃ မျိုး (တစ်နည်း)

၁။ ကာယိကသီလ- ကာယဒွါရ၌ ဖြစ်သော သီလ၊
၂။ ဝါစသိကသီလ- ဝစီဒွါရ၌ဖြစ်သော သီလ၊
၃။ မာနသိကသီလ- မနောဒွါရ၌ ဖြစ်သော သီလ။ (ဇာ၊ဋ္ဌ၊၃၊၁၈၁။)♦

သီလ ၄ မျိုး (တစ်နည်း)

၁။ ပါတိမောက္ခသံဝရသီလ၊
၂။ ဣန္ဒြိယသံဝရသီလ၊
၃။ အာဇီဝ ပါရိသုဒ္ဓိသီလ၊
၄။ ပစ္စယသန္နိဿိတသီလ။ (ဇာ၊ဋ္ဌ၊၃၊၁၈၁။)♦

သီလ ၄ မျိုး (လေးပါးစီ ကွဲပြားသော သီလ)

၁။ ဟာနဘာဂိယသီလ-ယုတ်ခြင်းအဖို့ရှိသော သီလ၊ ဌိတိဘာဂိယသီလ- တည်တံ့ခြင်း အဖို့ရှိသော သီလ၊ ဝိသေသဘာဂိယသီလ- ထူးသော အဖို့ရှိသော သီလ၊ နိဗ္ဗေဓဘာဂိယသီလ- လောဘတရားစု စသည်ကို ဖောက်ခွဲခြင်း အဖို့၌ ဖြစ်သော သီလ၊
၂။ ဘိက္ခုသီလ, ဘိက္ခုနီသီလ, အနုပသမ္ပန္နသီလ, ဂဟဋ္ဌသီလ၊
၃။ ပကတိသီလ- ပြကတေ့သီလ၊ အာစာရသီလ- အလေ့အကျင့်စည်းကမ်း ကျင့်ဝတ်သီလ၊ ဓမ္မတာသီလ- ဖြစြ်မဲသဘောအားဖြင့် ဖြစ်သော သီလ၊ ပုဗ္ဗဟေတုကသီလ- ရှေးအကြောင်း ရှိသော သီလ၊
၄။ ပါတိမောက္ခသံဝရသီလ- ပါတိမောက်ကို စောင့်ရှောက်ခြင်း ဟူသော သီလ၊ ဣန္ဒြိယသံဝရသီလ- ဣန္ဒြေတို့ကို စောင့်စည်းခြင်းဟူသော သီလ၊ အာဇီဝပါရိသုဒ္ဓိသီလ- အသက်မွေးကြောင်း ပစ္စည်းရှာမှီးကြောင်းဖြစ်သော လုံ့လ၏ စင်ကြယ်ခြင်း အပြစ်ကင်းခြင်း သီလ၊ ပစ္စယသန္နိဿိတသီလ- ပစ္စည်း ၄-ပါးကို ကောင်းစွာ မှီသော အကျင့်သီလ။ (ဝိသုဒ္ဓိ၊၁၊၁၁။)♦

သီလ ၅ မျိုး (တစ်နည်း)

၁။ အပိုင်းအခြားရှိ၍ စင်ကြယ်သော သီလ (ပရိယန္တပါရိသုဒ္ဓိသီလ)၊
၂။ အပိုင်းအခြားမရှိမူ၍ စင်ကြယ်သော သီလ (အပရိယန္တပါရိသုဒ္ဓိသီလ)၊
၃။ ပြည့်စုံ၍ စင်ကြယ်သော (ပရိပုဏ္ဏပါရိသုဒ္ဓိသီလ)၊
၄။ အမှားမသုံးသပ်၍ စင်ကြယ်သော (အပရာမဋ္ဌ ပါရိသုဒ္ဓိသီလ)၊
၅။ တစ်ဖန် ငြိမ်းအေး၍ စင်ကြယ်သော (ပဋိပ္ပဿဒ္ဓိပါရိသုဒ္ဓိသီလ)။ (ပဋိသံ၊၄၁။) (ပဋိသံ၊မြန်။၅၅။)♦

သီလ ၅ မျိုး (တစ်နည်း)

၁။ သူ့အသက် သတ်မှုကို ပယ်စွန့်ခြင်း သီလ(ပဟာနသီလ)၊
၂။ ကြဉ်ရှောင်ခြင်း သီလ (ဝေရမဏိသီလ)၊
၃။ စေတနာသီလ (စေတနာသီလ)၊
၄။ စောင့်စည်း ခြင်းသီလ (သံဝရသီလ)၊
၅။ မလွန်ကျူးခြင်းသီလ (အဝီတိက္ကမသီလ)။ (ပဋိသံ၊၄၄။) (ပဋိသံ၊မြန်။၆၀။)♦

သီလ ၅ မျိုး (သုံးပါးစီ ကွဲပြားသော သီလ)

၁။ ဟီနသီလ- ယုတ်ညံ့သီလ၊ မဇ္ဈိမသီလ- အလယ် အလတ်သီလ၊ ပဏီတသီလ- မြတ်သီလ၊
၂။ အတ္တာဓိပတေယျသီလ- မိမိကို အကြီးအမှူး (အလေးဂရု) ပြု၍ စောင့်ထိန်းသော သီလ၊ လောကာဓိပတေယျသီလ- သတ္တ လောကကို အကြီးအမှူး (အလေးဂရု) ပြု၍ စောင့်ထိန်းသော သီလ၊ ဓမ္မာဓိပတေယျသီလ- တရားကို အကြီးအမှူး (အလေးဂရု) ပြု၍ စောင့်ထိန်းသော သီလ၊
၃။ ပရာမဋ္ဌသီလ- မှားသောအားဖြင့် သုံးသပ်စွဲယူအပ်သော သီလ၊ အပရာမဋ္ဌသီလ- မှားသောအားဖြင့် မသုံးသပ် မစွဲယူအပ်သော သီလ၊ ပဋိပဿဒ္ဓိသီလ- (ကိလေသာတို့၏) ငြိမ်းအေးချုပ်ပျောက် ကင်းပြတ်ကြောင်း ဖိုလ်သီလ၊
၄။ ဝိသုဒ္ဓသီလ-စင်ကြယ်သော သီလ၊ အဝိသုဒ္ဓသီလ- မစင်ကြယ်သော သီလ၊ ဝေရမဏိကသီလ-ကြဉ်ရှောင်ခြင်း သီလ၊
၅။ သေက္ခသီလ- ကျင့်ဆဲပုဂ္ဂိုလ် သီလ၊ အသေက္ခ သီလ- ကျင့်ပြီးပုဂ္ဂိုလ်သီလ၊ နေဝသက္ခနာသေက္ခသီလ- ကျင်ဆဲလည်းမဟုတ် ကျင့်ပြီးလည်း မဟုတ်သော ပုဂ္ဂိုလ်သီလ။ (ဝိသုဒ္ဓိ၊၁၊၁၁။)♦

သီလ ၇ မျိုး (နှစ်ပါးစီ ကွဲပြားသော သီလ)

၁။ စာရိတ္တသီလ, ဝါရိတ္တသီလ၊
၂။ အာဘိသမာစာရိက သီလ- ထူးကဲ မြင့်မြတ်သော အကျင့်, ကျင့်ဝတ်သိက္ခာသီလ၊ အာဒိဗြဟ္မစရိယကသီလ- မဂ်တည်းဟူသော မြတ်သော အကျင့်သီလ၊
၃။ ဝိရတိသီလ- (ပါဏာတိပါတ အစရှိသည် တို့မှ) ကြဉ်ရှောင်ခြင်းမျှဖြစ်သော သီလ၊ အဝိရတိသီလ- ဝိရတိမှ ကြွင်းသော စေတနာ စသော သီလ အကျင့်၊
၄။ နိဿိတသီလ- တဏှာဒိဋ္ဌိကို မှီသော သီလ၊ အနိဿိတသီလ- တဏှာဒိဋ္ဌိကို မမှီသော သီလ၊
၅။ ကာလပရိယန္တသီလ- ကာလအပိုင်းအခြားကို ပြု၍ ဆောက်တည်သော သီလ၊ အပါဏကောဋိကသီလ- အသက်ဆုံးသည့်တိုင် ဆောက်တည်သော သီလ၊
၆။ သပရိယန္တသီလ- လာဘ် အခြံအရံ ဆွေမျိုး အင်္ဂါကြီးငယ် အသက်၏အစွမ်း အားဖြင့် မြင်အပ်သော အဆုံးအပိုင်းအခြားရှိသော သီလ၊ အပရိယန္တသီလ- လာဘ် အခြံအရံ ဆွေမျိုး အင်္ဂါကြီးငယ် အသက်၏အစွမ်းအားဖြင့် မြင်အပ်သော အဆုံးအပိုင်းအခြား မရှိသော သီလ၊
၇။ လောကိယသီလ၊ လောကုတ္တရသီလ။ (ဝိသုဒ္ဓိ၊၁၊၁၁။)♦

သီလ ၉ ပါး

၁။ ရဟန္တာပုဂ္ဂိုလ်တို့အား အတုလိုက်၍ သူ့အသက်သတ်မှုမှ ရှောင်ကြဉ်ခြင်း၊
၂။ ရဟန္တာပုဂ္ဂိုလ်တို့အား အတုလိုက်၍ သူ့ဥစ္စာခိုးမှုမှ ရှောင်ကြဉ်ခြင်း၊
၃။ ရဟန္တာပုဂ္ဂိုလ် တို့အား အတုလိုက်၍ မမြတ်သော မေထုန်အကျင့်မှ ရှောင်ကြဉ်ခြင်း၊
၄။ ရဟန္တာ ပုဂ္ဂိုလ်တို့အား အတုလိုက်၍ မမှန်သော စကား ပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း၊
၅။ ရဟန္တာပုဂ္ဂိုလ် တို့အား အတုလိုက်၍ မူးယစ်ဆေးဝါး အသုံးပြုမူမှ ရှောင်ကြဉ်ခြင်း၊
၆။ ရဟန္တာပုဂ္ဂိုလ်တို့အား အတုလိုက်၍ နေလွဲညစာ စားခြင်းမှ ရှောင်ကြဉ်ခြင်း၊
၇။ ရဟန္တာပုဂ္ဂိုလ်တို့အား အတုလိုက်၍ ကခြင်း သီဆိုခြင်း စသည်မှ ရှောင်ကြဉ်ခြင်း၊
၈။ ရဟန္တာပုဂ္ဂိုလ်တို့အား အတုလိုက်၍ မြင့်သော နေရာ မြတ်သောနေရာတို့၌ နေခြင်းမှ ရှောင်ကြဉ်ခြင်း၊
၉။ ရဟန္တာပုဂ္ဂိုလ်တို့အား အတုလိုက်၍ အရပ်ဆယ်မျက်နှာတို့၌ မေတ္တာပွားလျက် နေခြင်း။ (အံ၊၃၊၁၉၂။) (အံ၊မြန်၊၃။၁၉၄။)♦

သီလ သမာဓိဆိုင်ရာ ပုဂ္ဂိုလ် ၄ မျိုး

၁။ သီလ သမာဓိ ပညာတို့၌ ဖြည့်ကျင့်လေ့ မရှိသော ပုဂ္ဂိုလ်၊
၂။ သီလကိုသာ ဖြည့်ကျင့်လေ့ရှိပြီး သမာဓိ ပညာကို ဖြည့်ကျင့်လေ့မရှိသော ပုဂ္ဂိုလ်၊
၃။ သီလ သမာဓိတို့၌ ဖြည့်ကျင့်လေ့ရှိပြီး ပညာ၌ ဖြည့်ကျင့်လေ့ မရှိသော ပုဂ္ဂိုလ်၊
၄။ သီလ သမာဓိ ပညာတို့၌ ဖြည့်ကျင့်လေ့ရှိသော ပုဂ္ဂိုလ်။(တစ်နည်း)
သီလ သမာဓိ ပညာ တို့၌ အလေးဂရု မပြု အကြီးအမှူးမပြုသော ပုဂ္ဂိုလ်၊
၂။ သီလကိုသာ အလေးဂရု အကြီးအမှူး ပြု၍ သမာဓိပညာတို့ကို အလေးဂရု အကြီးအမှူးမပြုသော ပုဂ္ဂိုလ်၊
၃။ သီလ သမာဓိ၌သာ အလေးဂရု အကြီးမှူးပြု၍ ပညာကို အလေးဂရု အကြီးအမှူးမပြုသော ပုဂ္ဂိုလ်၊
၄။ သီလ သမာဓိ ပညာသုံးမျိုးလုံး၌ အလေးဂရု အကြီးအမှူးပြုသော ပုဂ္ဂိုလ်။ (အံ၊၁၊၄၅၃။) (အံ၊မြန်၊၁။၄၆၆။)♦

သီလ၏ စုပေါင်းရာ ၃ ပါး

၁။ စောင့်စည်းခြင်း၏ စုပေါင်းရာ (သံဝရသမောဓာန)၊
၂။ မကျူးလွန် ခြင်း၏ စုပေါင်းရာ (အဝီတိက္ကမသမောဓာန)၊
၃။ စောင့်စည်းမှု စေတနာ၏ စုပေါင်းရာ (တထာဘာဝေ ဇာတစေတနာ သမောဓာန) ။ (ပဋိသံ၊၄၃။) (ပဋိသံ၊မြန်။၅၈။)♦

သီလ၂ မျိုး (တစ်နည်း)

၁။ ဘဝဂါမိသီလ- ထိုထိုဘဝသို့ ရောက်စေတတ်, ကျင်လည်စေ တတ်သော ပဉ္စသီလစသည်၊
၂။ ဝိဘဝဂါမိသီလ- ဘဝကင်းပြတ်ရာ မဂ်ဖိုလ်နိဗ္ဗာန်သို့ ရောက်စေ တတ်သော အဓိသီလသိက္ခာ။ (ဝိသုဒ္ဓိ၊ဋီ၊၁၊၁၈။)♦

သီလကို စင်ကြယ်စေခြင်း ၃ မျိုး

၁။ အာပတ်ကို မသင့်ရောက်စေခြင်း၊
၂။ သင့်ရောက် ပြီးသော အာပတ်မှ ထခြင်း၊
၃။ လောဘ ဒေါသ စသော ကိလေသာတို့ အနှိပ်စက် မခံရခြင်း။ (ဝိ၊ဋ္ဌ၊၂၊၂၀။)♦

သီလစောင့် ပုဂ္ဂိုလ် ၃ မျိုး (ချမ်းသာကို တောင့်တလျက် သီလစောင့်ထိန်းသော ပုဂ္ဂိုလ် ၃ မျိုး)

၁။ ငါ့အား ချီးမွမ်းမှု ဖြစ်ပေါ်လာပါစေဟု နှလုံးသွင်း၍ သီလစောင့်ထိန်းသော ပုဂ္ဂိုလ်၊
၂။ ငါ့အား စည်းစိမ်ဥစ္စာတို့သည် တိုးပွား ဖြစ်ပေါ်လာပါစေဟု နှလုံးသွင်း၍ သီလ စောင့်ထိန်းသော ပုဂ္ဂိုလ်၊
၃။ ငါသေလွန်သော အခါ နတ်ပြည်၌ ဖြစ်ရပါလို၏ဟု နှလုံး သွင်း၍ သီလစောင့်သော ပုဂ္ဂိုလ်။ (ခုဒ္ဒက၊၂၄၁။) (ခုဒ္ဒက၊မြန်။၂၂၅။)♦

သီလစောင့် ပုဂ္ဂိုလ် တောင့်တအပ်သော ချမ်းသာ ၃ မျိုး

၁။ ပညာရှိ သူတော်ကောင်းတို့ ချီးမွမ်း ခံရခြင်း၊
၂။ စည်းစိမ်ဥစ္စာများကို ရရှိခြင်း၊
၃။ သေလွန်သောအခါ နတ်ပြည်၌ မွေ့လျော်ရခြင်း။ (ထေရဂါထာ။၃၀၉။) (ထေရဂါထာ၊မြန်။၁၀၀။)♦

သီလစောင့်ခြင်း အကျိုး ၅ ပါး

၁။ မမေ့လျော့ခြင်းကြောင့် စည်းစိမ်ဥစ္စာ ရရှိခြင်း၊
၂။ ကောင်းသော ကျော်စောသတင်းသည် ပျံ့နှံ့ခြင်း၊
၃။ ပရိသတ်သို့ ချဉ်းကပ်သော် မကြောက်ရွံ့ခြင်း၊
၄။ မတွေဝေဘဲ သေရခြင်း၊
၅။ နတ်ပြည်သို့ ရောက်ရခြင်း။ (အံ၊၂၊၂၂၁။) (အံ၊မြန်၊၂။၂၇၉။)♦

သီလဆောက်တည်ပုံ အပိုင်းအခြင်း ၂ မျိုး

ပရိယန္တ ၂ မျိုးနှင့် တူသည်။ ♦

သီလနှင့် ပြည့်စုံခြင်း၏ အကျိုး ၅ မျိုး

၁။ သီလပြည့်စုံသော သူအား မမေ့မလျော့ခြင်းကြောင့် များစွာသော စည်းစိမ်ဥစ္စာအစုကို ရရှိခြင်း၊
၂။ ကောင်းသော ကျော်စောသတင်း ပျံ့နှံ့ခြင်း၊
၃။ မင်း, ပုဏ္ဏား, သူကြွယ်, ရဟန်း ဟူသော ပရိသတ်လေးပါး အလယ်သို့ ချဉ်းကပ်သည်ရှိသော် မျက်နှာမညှိုးငယ်ဘဲ မကြောက်မရွံ့ ရဲရဲတင်းတင်း ချဉ်းကပ်ရခြင်း၊
၄။ တွေဝေခြင်း မရှိဘဲ သေရခြင်း၊
၅။ သေလွန်ပြီးနောက် နတ်ပြည်၌ ဖြစ်ရခြင်း။ (ဝိ၊၃၊၃၂၂။) (ဝိ၊မြန်၊၃။၃၂၄။) (ဒီ၊၂၊၇၃။) (ဒီ၊၃၊၁၉၇။) (ဥဒါန၊၁၈၅။) (ဝိသုဒ္ဓိ၊၁၊၉။) (ဒီ၊မြန်၊၂။၈၅။) (ဒီ၊မြန်၊၃။၂၁၉-၂၂၀။) (ဥဒါန၊မြန်။၁၆၈။)♦

သီလနှင့် ပြည့်စုံသူ ဖြစ်ကြောင်း ၂ မျိုး

၁။ သီလပျက်ခြင်း၏ အပြစ်တို့ကို ရှုမြင်ခြင်း၊
၂။ သီလပြည့်စုံခြင်း၏ အကျိုးဆက်တို့ကို ရှုမြင်ခြင်း။ (ဣတိဝုတ်၊ဋ္ဌ၊၃၃၆။)♦

သီလနှင့် ပြည့်စုံသူ၏ အကျိုး ၅ ပါး

၁။ မမေ့လျော့ခြင်းကြောင့် များစွာသော စည်းစိမ်ဥစ္စာတို့ကို ရရှိခြင်း၊
၂။ ကောင်းသော ကျော်စောသတင်း ပျံ့နှံ့ခြင်း၊
၃။ မင်းပရိသတ်စသော ပရိသတ် လေးပါးသို့ ချဉ်းကပ်သောအခါ မညှိုးမငယ် မကြောက်မရွံ့ ရဲရဲဝံ့ဝံ့ ချဉ်းကပ်နိုင်ခြင်း၊
၄။ မတွေမဝေဘဲ သေရခြင်း၊
၅။ သေလွန်ပြီးနောက် နတ်ပြည်သို့ လားရောက်ရခြင်း။ (အံ၊၂၊၂၂၁။) (အံ၊မြန်၊၂။၂၇၉။)♦

သီလနှင့် မပြည့်စုံကြောင်း ၄ ပါး

၁။ သီလကျိုးခြင်း၊
၂။ သီလပေါက်ခြင်း၊
၃။ သီလ အပြောက် ဖြစ်ခြင်း၊
၄။ သီလ အကျားဖြစ်ခြင်း။ (အံ၊ဋီ၊၂၊၂၃၄။)♦

သီလပျက်သူ အပြစ် ၅ ပါး

၁။ သီလပျက်သူသည် မေ့လျော့ခြင်းကြောင့် များစွာသော စည်းစိမ်ဥစ္စာ ဆုံးရှုံးခြင်းသို့ ရောက်တတ်ခြင်း၊
၂။ မကောင်းသတင်း ပျံ့နှံ့ကျော်စောခြင်း၊
၃။ မင်း, ပုဏ္ဏား, သူကြွယ်, ရဟန်းဟူသော ပရိသတ်လေးပါး အလယ်သို့ ချဉ်းကပ် သည်ရှိသော် မျက်နှာညှိုးငယ်လျက် ကြောက်ကြောက်ရွံ့ရွံ့ ချည်းကပ်ရခြင်း၊
၄။ တွေတွေ ဝေဝေဖြစ်လျက် သေရခြင်း၊
၅။ သေလွန်ပြီးနောက် အပါယ်, ငရဲ၌ ကျရောက်ရခြင်း။ (ဝိ၊၃၊၃၂၂။) (ဒီ၊၂၊၇၂။) (ဒီ၊၂၊မြန်၊၈၄။) (ဒီ၊၃၊၁၉၆-၁၉၇။) (အံ၊၂၊၂၂၁။) (ဥဒါန၊၁၈၄။) (ဝိ၊မြန်၊၃။၃၂၃။) (ဒီ၊မြန်၊၃။၂၁၉။) (အံ၊မြန်၊၂။၂၇၈-၂၇၉။) (ဥဒါန၊မြန်။၁၆၇။)♦

သီလပြည့်စုံကြောင်း ၂ ပါး

၁။ သီလပျက်ခြင်း၏ အပြစ်ကို ကောင်းစွာ သိမြင်ခြင်း၊
၂။ သီလ ပြည့်စုံခြင်း၏ အကျိုးဆက်ကို ကောင်းစွာ သိမြင်ခြင်း။ (ဣတိဝုတ်၊ဋ္ဌ၊၂၈၈။)♦

သီလပြည့်စုံသူ ဖြစ်ကြောင်း ၂ ပါး

၁။ သီလ၏ ပျက်စီးခြင်း၌ အပြစ်ကို မြင်ခြင်း၊
၂။ သီလ၏ ပြည့်စုံခြင်း၌ အကျိုးဆက်ကို မြင်ခြင်း။ (မ၊ဋ္ဌ၊၁၊၁၅၉။)♦

သီလဖြစ်ကြောင်း ၃ ပါး

၁။ ကုသိုလ်သီလအတွက် ကုသိုလ်စိတ်သည် ဖြစ်ကြောင်း၊
၂။ အကုသိုလ် သီလအတွက် အကုသိုလ်စိတ်သည် ဖြစ်ကြောင်း၊
၃။ အဗျာကတသီလအတွက် အဗျာကတ စိတ်သည် ဖြစ်ကြောင်း။ (ပဋိသံ၊၄၃။) (ပဋိသံ၊မြန်။၅၈။)♦

သီလမရှိခြင်း ၂ မျိုး

၁။ သီလကို မဆောက်တည်ခြင်း၊
၂။ ဆောက်တည်ထားသော သီလ၏ ပျက်စီးခြင်း။ (ဥဒါန၊ဋ္ဌ၊၃၇၅။)♦

သီလမရှိသူ ဖြစ်ကြောင်း ၂ မျိုး

၁။ သီလဆောက်တည်မှု မရှိခြင်း၊
၂။ ဆောက်တည်ထားသော သီလ ပျက်သွားခြင်း။ (သာရတ္ထ၊ဋီ၊၃၊၃၁၃။)♦

သီလမရှိသူ လက်ခံယူရမည့် အရာဌာန ၂ မျိုး

၁။ ငရဲဘုံ- နိရယဂတိ၊
၂။ တိရစ္ဆာန်ဘုံ- တိရစ္ဆာန ဂတိ။ (အံ၊၁၊၆၂။) (အံ၊မြန်၊၁။၇၄။)♦

သီလရှိသူ လက်ခံယူရမည့် အရာဌာန ၂ မျိုး

၁။ နတ်ဘုံ- ဒေဝဂတိ၊
၂။ လူ့ဘုံ-မနုဿဂတိ။ (အံ၊၁၊၆၂။) (အံ၊မြန်၊၁။၇၄။)♦

သီလရှိသော ရဟန်းတို့ အိမ်သို့ ကြွလာသောအခါ တိုးပွားသော ကောင်းမှု ၅ မျိုး

၁။ သီလဝန္တ ရဟန်းတို့ မိမိအိမ်သို့ ကြွသည်ကို မြင်သောအခါ စိတ်ကြည်လင်သဖြင့် နတ်ပြည်၌ ဖြစ်စေတတ်သော အကျင့်ကို ကျင့်သည် မည်ခြင်း၊
၂။ အိမ်သို့ ကြွလာသော သီလဝန္တ ရဟန်းတို့အား ခရီးဦးကြိုခြင်း၊ နေရာထိုင်ခင်းပေးခြင်း ရှိခိုးခြင်း စသည်ဖြင့် မြင့်မြတ်သော အမျိုး၌ ဖြစ်စေတတ်သော အကျင့်ကို ကျင့်သည် မည်ခြင်း၊
၃။ သီလဝန္တ ရဟန်းတို့ မိမိအိမ်သို့ ကြွလာသည်ရှိသော် ဝန်တိုမှု အညစ်အကြေးကို ပယ်ဖျောက်၍ တန်ခိုး ကြီးခြင်းကို ဖြစ်စေသော အကျင့်ကို ကျင့်သည် မည်ခြင်း၊
၄။ အိမ်သို့ ကြွလာသော သီလဝန္တ ရဟန်းတို့အား စွမ်းအားရှိသလောက် လှူဒါန်းမှုပြုသဖြင့် ဥစ္စာဓန ပေါများခြင်းကို ဖြစ်စေသော အကျင့်ကို ကျင့်သည် မည်ခြင်း၊
၅။ အိမ်သို့ကြွလာသော သီလဝန္တရဟန်း တို့အား အမေးပုစ္ဆာ မေးမြန်းခြင်း၊ တရားနာခြင်း စသည်ဖြင့် ဉာဏ်ပညာကြီးခြင်းကို ဖြစ်စေတတ်သော အကျင့်ကို ကျင့်သည် မည်ခြင်း။ (အံ၊၂၊၂၁၃။) (အံ၊မြန်၊၂။၂၆၈။)♦

သီလဝန္တပုဂ္ဂိုလ်တို့ စွန့်ပယ်အပ်သော ဘေး ၅ မျိုး

၁။ သူ့အသက်သတ်ခြင်းမှ ရှောင်ခြင်း၊
၂။ သူ့ဥစ္စာခိုးခြင်းမှ ရှောင်ခြင်း၊
၃။ ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင်ခြင်း၊
၄။ မဟုတ်မမှန် ပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း၊
၅။ သေရည်အရက် သောက်စားခြင်းမှ ရှောင်ကြဉ်ခြင်း။ (အံ၊၂၊၁၈၀။) (အံ၊မြန်၊၂။၂၃၀။)♦

သီလဝိပတ္တိကြောင့် သင့်သော အာပတ် ၄ ပါး

၁။ ရဟန်းမသည် သိလျက် ပါရာဇိကအာပတ်ကို ဖုံးလွှမ်းအံ့၊ ပါရာဇိကအာပတ်သို့ ရောက်၏၊
၂။ ယုံမှားရှိသည်ဖြစ်၍ ဖုံးလွှမ်းအံ့၊ ထုလ္လစ္စဉ်းအာပတ်သို့ ရောက်၏၊
၃။ ရဟန်းယောကျ်ားသည် သံဃာဒိသိသ်အာပတ်ကို ဖုံးလွှမ်းအံ့၊ ပါစိတ်အာပတ်သို့ ရောက်၏၊
၄။ မိမိ၏ ရုန့်ရင်းသော အာပတ်ကို ဖုံးလွှမ်းအံ့ ဒုက္ကဋ်အာပတ်သို့ ရောက်၏။ (ဝိ၊၅၊၁၇၇။) (ဝိ၊မြန်၊၅။၂၅၉။)♦

သီလဝိသုဒ္ဓိမှ ဖြစ်လာသော ကထာဝတ္ထု ၄ ပါး

၁။ အပ္ပိစ္ဆကထာ- တဏှာမရှိခြင်းနှင့် စပ်သော စကား၊
၂။ သန္တုဋ္ဌိကထာ- ရောင့်ရဲလွယ်ခြင်းနှင့် စပ်သော စကား၊
၃။ အသံသဂ္ဂကထာ- မရော နှောခြင်း မနှီးနှောခြင်းနှင့် စပ်သော စကား၊
၄။ သီလကထာ- သီလနှင့် စပ်သော စကား။ (မ၊ဋ္ဌ၊၂၊၆၄။)♦

သီလအကျင့်မှ လျှောကျကြောင်း ၂ ပါး

၁။ သူတစ်ပါးက ဖြတ်တောက် ဖျက်ဆီးခြင်းကြောင့် သီလမှ လျှောကျခြင်း- (ပရဝိစ္ဆိန္ဒနာယ)၊ ၂။သီလကို မမီသည် မလိုက်နိုင်သည် မကျင့်သုံးနိုင်သည် ဖြစ်၍ သီလမှ လျှောကျခြင်း- (အနဘိသမ္ဘူဏန္တ)။ (မဟာနိ၊၂၄၁။)♦

သီလေ ပတိဋ္ဌာယ နရော-စသော ဂါထာဖြင့် ပြအပ်သော ဂုဏ်တိက် ၉ ပါး

၁။ သိက္ခာ သုံးပါးကို ပြခြင်း၊
၂။ အစ အလည် အဆုံး ကောင်းခြင်း သုံးဖြာနှင့် ပြည့်စုံသော သာသနာကို ပြခြင်း၊
၃။ တေဝိဇ္ဇရဟန္တာအဖြစ် စသည်တို့၏ ဥပနိဿယကို ပြခြင်း၊
၄။ အစွန်း နှစ်ပါးကို ကြဉ်၍ မဇ္ဈိမပဋိပဒါ အကျင့်ကို မှီဝဲခြင်းကို ပြခြင်း၊
၅။ အပါယ် စသည်တို့ကို လွန်မြောက် ခြင်း၏ အကြောင်းကို ပြခြင်း၊
၆။ သုံးပါးသော အခြင်းအရာတို့ဖြင့် ကိလေသာတို့ကို ပယ်ခြင်းကို ပြခြင်း၊
၇။ ဝီတိက္ကမ စသည်တို့၏ ဆန့်ကျင်ဘက်ကို ပြခြင်း၊
၈။ သံကိလေသ သုံးပါးကို သုတ်သင်ခြင်းကို ပြခြင်း၊
၉။ သောတာပန် စသည် ဖြစ်ခြင်း၏ အကြောင်းကို ပြခြင်း။ (ဝိသုဒ္ဓိ၊၁၊၆။)♦

သီသ ၂ ပါး (လောကုတ္တရာတရားကို ဖြစ်စေရာ၌ သီသ ၂ ပါး)

၁။ သဒ္ဓါသီသ- သဒ္ဓါဟူသော အဦးအစ ပဓာန၊
၂။ ပညာသီသ- ပညာဟူသော အဦးအစ ပဓာန။ (သံ၊ဋ္ဌ၊၃၊၂၇၂။)♦

သီသ ၂ မျိုး (တစ်နည်း)

၁။ ဇီဝိတိန္ဒြေ ဟူသော ပဝတ္တိသီသ၊
၂။ အဝိဇ္ဇာဟူသော ကိလေသ သီသ။ (သံ၊ဋ္ဌ၊၁၊၁၆၉။)♦

သီသတရား ၁၃ ပါး (အထွတ်အထိပ်ဖြစ်သော တရား ၁၃ ပါး)

၁။ ပလိဗောဓသီသ- နိဗ္ဗာန် တရား, မဂ်တရားကို ပိတ်ဆို့တားမြစ်တတ်သော တရားတို့တွင် အထွက်အထိပ်ကျ၍ ပဓာန ဖြစ်သော တဏှာတရား၊
၂။ ဝိနိဗန္ဓနသီသ- သံသရာဝဋ်မှ မလွတ်ရအောင် နှောင်ဖွဲ့ တတ်သော တရားတို့တွင် အထွတ်အထိပ်ကျ၍ ပဓာနဖြစ်သော မာနတရား၊
၃။ ပရာမာသ သီသ- မှားသောအားဖြင့် သုံးသပ်တတ်သော တရားတို့တွင် အထွတ်အထိပ်ကျ၍ ပဓာန ဖြစ်သော ဒိဋ္ဌိတရား၊
၄။ ဝိက္ခေပသီသ- အထူးထူး အပြားပြား ပစ်လွှတ်တတ်သော တရား တို့တွင် အထွတ်အထိပ်ကျ၍ ပဓာနဖြစ်သော ဥဒ္ဓစ္စတရား၊
၅။ သံကိလေသသီသ- ပူပန် စေတတ်, နှိပ်စက်တတ်သော တရားတို့တွင် အထွတ်အထိပ်ကျ၍ ပဓာနဖြစ်သော အဝိဇ္ဇာ တရား၊
၆။ အဓိမောက္ခသီသ- ဆုံးဖြတ်တတ်သော တရားတို့တွင် အထွတ်အထိပ်ကျ၍ ပဓာန ဖြစ်သော သဒ္ဓါတရား၊
၇။ ပဂ္ဂဟသီသ- ချီးမြှောက်တတ်သော တရားတို့တွင် အထွတ်အထိပ် ကျ၍ ပဓာနဖြစ်သော ဝီရိယတရား၊
၈။ ဥပဋ္ဌာနသီသ- အာရုံ၌ ကပ်၍ တည်သော တရားတို့တွင် အထွတ်အထိပ်ကျ၍ ပဓာနဖြစ်သော သတိတရား၊
၉။ အဝိက္ခေပသီသ- မပျံ့လွင့်သော တရားတို့တွင် အထွတ်အထိပ်ကျ၍ ပဓာနဖြစ်သော သမာဓိတရား၊
၁၀။ ဒဿနသီသ- သိမြင်တတ်သော တရားတို့တွင် အထွတ်အထိပ်ကျ၍ ပဓာနဖြစ်သော ပညာတရား၊
၁၁။ ပဝတ္တသီသ- အဆက်မပြတ်ဖြစ်သော ဝဋ်ခန္ဓာတို့တွင် အထွတ်အထိပ်ကျ၍ ပဓာန ဖြစ်သော ဇီဝိတိန္ဒြေတရား၊
၁၂။ ဂေါစရသီသ- အာရုံတို့တွင် အထွတ်အထိပ် ကျ၍ ပဓာန ဖြစ်သော ကိလေသာတို့မှ လွတ်သော နိဗ္ဗာန် (ဝိမောက္ခ) တရား၊
၁၃။ သင်္ခါရသီသ- သင်္ခါရတို့၏ ထိပ်ဆုံးဖြစ်သော နိဗ္ဗာန်တရား။ (ပဋိသံ၊၄၀၅။) (ပဋိသံ၊၉၉။) (အဘိ၊ဋ္ဌ၊၃၊၃၈။) (သံ၊ဋီ၊၁၊၂၁၈။) (ပဋိသံ၊မြန်။၁၃၀။) (ပဋိသံ၊မြန်။၄၆၇။)♦

သီဟနာဒ ၁၀ ပါး

၁။ ရဲရင့်သော စကားကို မြွက်ကြားသည်ရှိသော် ပရိသတ်အလယ်၌ ထိုင်၍ ငါ မြွက်ကြား၏၊
၂။ ကြောက်ရွံ့ခြင်း ကင်းသော ရဲတင်းသော စိတ်ရှိသည် ဖြစ်၍ ငါ မြွက်ကြား၏၊
၃။ ငါ့ကို ပြဿနာ မေးကြ၏၊
၄။ ပြဿနာ မေးအပ်သည်ရှိသော် ငါ ဖြေကြားခဲ့၏၊
၅။ ပြဿနာကို ဖြေဆိုခြင်းဖြင့် တစ်ပါးသော သူ၏ စိတ်ကို ငါသည် ကျေနပ် နှစ်သက်စေနိုင်၏၊
၆။ ကြားနာရသည် ရှိသော် ကြားနာထိုက်၏ဟု မှတ်ထင်ကြကုန်၏၊
၇။ ကြားနာရပြီး ငါ့အား ကြည်ညိုကြကုန်၏၊
၈။ ကြည်ညိုသူတို့၏ အခြင်းအရာကို ပြုကြကုန်၏၊
၉။ အကြင် ကျင့်စဉ်ကို ငါ ဟောကြား၏၊ ထိုကျင့်စဉ်အတိုင်း ကျင့်ကြကုန်၏၊
၁၀။ ကျင့်ကြသူတို့သည်လည်း ငါ့ကို ကျေနပ် နှစ်သက်စေကုန်၏၊ မှတ်ချက်။ ။ ဤသို့ ရှေ့သီဟနာဒ ၁၀ ပါးတို့တွင် တစ်ပါးတစ်ပါးကို မူတည်၍ နောက်သီဟနာဒ ၁၀ ပါးကို မူလီသွင်းလိုက်သော် သီဟနာဒ ၁၀၀ ဖြစ်၏၊ ရှေ့သီဟနာဒ ၁၀ ပါး သက်သက်နှင့်ပါ ပေါင်းလိုက်သော် သီဟနာဒ ၁၁၀ ဖြစ်၏။ (ဒီ၊ဋ္ဌ၊၁၊၂၉၇။) (ဒီ၊ဋ္ဌ၊မြန်၊၁။၅၇၆။)♦

သီဟဟနု သာကီမင်း၏ သားတော် ၅ ပါး

၁။ သုဒ္ဓေါဒန၊
၂။ အမိတောဒန၊
၃။ ဓောတောဒန၊
၄။ သက္ကောဒန၊
၅။ သုက္ကောဒန။ (သုတ္တနိ၊ဋ္ဌ၊၂၊၈၉။)♦

သီဟိုဠ်ကျွန်း၌ နန္ဒမင်း ၉ ယောက်

၁။ ဥဂ္ဂသေန နန္ဒမင်း၊
၂။ ပဏ္ဍုက နန္ဒမင်း၊
၃။ ပဏ္ဍုဂတိ နန္ဒမင်း၊
၄။ ဘူတပါလ နန္ဒမင်း၊
၅။ ရဋ္ဌပါလ နန္ဒမင်း၊
၆။ ဂေါဝိသာဏက နန္ဒမင်း၊
၇။ သဝိဒ္ဓက နန္ဒမင်း၊
၈။ ကေဝဋ္ဋက နန္ဒမင်း၊
၉။ ဝနနန္ဒမင်း။ (သာရတ္ထ၊ဋီ၊၁၊၁၅၉။)♦

သုက္ကဝိဿဋ္ဌိ သိက္ခာပုဒ်၌ အင်္ဂါ ၃ မျိုး

၁။ သုက်လွှတ်လိုသော စေတနာ ရှိခြင်း၊
၂။ လုံ့လ ပြုခြင်း၊
၃။ သုက်ထွက်ခြင်း။ (သာရတ္ထ၊ဋီ၊၂၊၃၁၆။) (ဝိမတိ၊၁၊၂၅၈။)♦

သုက်လွှတ်ခြင်း၌ သာယာသော ရာဂ ၁၁ မျိုး

၁။ မောစနဿာဒ- လွှတ်စေခြင်း၌ သာယာသော ရာဂ၊
၂။ မုစ္စနဿာဒ- လွှတ်နေခြင်း၌ သာယာသော ရာဂ၊
၃။ မုတ္တဿာဒ- လွှတ်ပြီးသော အခါ သာယာသော ရာဂ၊
၄။ မေထုနဿာဒ- မေထုန်၌ သာယာသော ရာဂ၊
၅။ ဖဿဿာဒ- အတွေ့အထိ၌ သာယာသော ရာဂ၊
၆။ ကဏ္ဍုဝနဿာဒ- အယား ဖျောက်ခြင်း၌ သာယာသော ရာဂ၊
၇။ ဒဿနဿာဒ- အမျိုးသမီးကို ကြည့်နေခြင်း၌ သာယာသော ရာဂ၊
၈။ နိသဇ္ဇဿာဒ- အမျိုးသမီးနှင့်အတူ ထိုင်နေခြင်း၌ သာယာသော ရာဂ၊
၉။ ဝါစဿာဒ- အမျိုးသမီးနှင့်အတူ စကားပြောနေခြင်း၌ သာယာသော ရာဂ၊
၁၀။ ဂေဟဿိတပေမ- အိမ်၌တည်သော အမိအဖ စသည်၌ မှီသော ချစ်ခြင်း၊
၁၁။ ဝန ဘင်္ဂိယ- တောထဲမှ ချိုးယူ၍ ဆောင်အပ်သော ပန်းသစ်သီးစသောဝတ္ထု။ (ဝိ၊ဋ္ဌ၊၂၊၁၁၄။)♦

သုက်လွှတ်ရာ၌ သံဃာဒိသိသ်အာပတ် ၂၀၀၀ ရေတွက်ပုံ

၁။ အဇ္ဈတ္တရုပ်၌ ရာဂထကြွခြင်းကြောင့် ကျန်းမာခြင်း အကျိုးငှာ အဖြူ အနီ စသော သုက်ဆယ်မျိုးကို လွှတ်သော ရဟန်းအား သံဃာဒိသိသ်အာပတ် (၁၀) ချက်၊
၂။ ထို့အတူ အဇ္ဈတ္တရုပ်၌ပင် ရာဂထကြွခြင်းကြောင့် ချမ်းအေးစေခြင်းအကျိုး, ဆေးအကျိုးစသည့် ကိုးပါးတို့ကြောင့် ဆယ်မျိုးစီသော သုက်ကို လွှတ်သော ရဟန်းအား သံဃာဒိသိသ်အာပတ်အချက် (၉၀) စုစုပေါင်း ရာဂထကြွမှုကြောင့် အချက် (၁၀၀)၊
၃။ ဥစ္စာလိင်္ဂပိုးကိုက်ခြင်း, ကျင်ကြီး ကျင်ငယ်ကြောင့် တောင့်တင်းခြင်း စသော လေးမျိုးတို့ကြောင့် အထက်ပါအတိုင်း ပြုကျင့်သော ရဟန်းအား အချက် (၄၀၀) စုစုပေါင်း အချက် (၅၀၀)၊
၄။ ထို့အတူ ဗဟိဒ္ဓရုပ်၌လည်း ၅၀၀၊
၅။ အဇ္ဈတ္တဗဟိဒ္ဓရုပ် ၌လည်း ၅၀၀၊
၆။ ကောင်းကင်၌ ခါးကို လှုပ်စေသော ရဟန်း ၅၀၀၊ စုစုပေါင်း (၂၀၀၀။)။ (ဝိ၊ဋ္ဌ၊၂၊၁၁၂။)♦

သုခ ၂ မျိုး

၁။ ကာယိကသုခ- ကိုယ်၏ ချမ်းသာခြင်း၊
၂။ စေတသိကသုခ- စိတ်၏ ချမ်းသာခြင်း။ (ဝိ၊ဋ္ဌ၊၂၊၃၃။)♦

သုခ ၄ မျိုး

ချမ်းသာ ၄ မျိုးနှင့် တူသည်။ ♦

သုခလ္လိကာနုယောဂ ၄ ပါး

၁။ သတ္တဝါတို့ကို သတ်၍ သတ်၍ မိမိကိုယ်ကို ချမ်းသာစေခြင်း၊
၂။ မပေးသည်ကို ယူ၍ ယူ၍ မိမိကိုယ်ကို ချမ်းသာစေခြင်း၊
၃။ မဟုတ်မမှန်သော စကားကို ပြော၍ ပြော၍ မိမိကိုယ်ကို ချမ်းသာစေခြင်း၊
၄။ ငါးပါးသော ကာမဂုဏ်တို့ဖြင့် ကုံလုံပြည့်စုံစွာ ခံစားခြင်း။ (ဒီ၊၃၊၁၀၈။) (ဒီ၊မြန်၊၃။၁၂၁-၁၂၂။)♦

သုခလ္လိကာနုယောဂ ၄ ပါး (တစ်နည်း)

၁။ ကာမဂုဏ်တို့မှ ဆိတ်၍သာလျှင် အကုသိုလ် တရားတို့မှ ဆိတ်၍သာလျှင် ကြံစည်ခြင်း ဝိတက်, သုံးသပ်ခြင်း ဝိစာရနှင့် တကွသော ကာမဂုဏ်တို့မှ လည်းကောင်း အကုသိုလ်တို့မှလည်းကောင်း ဆိတ်ခြင်းကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ ရှိသော ပထမဈာန်သို့ ရောက်၍ နေခြင်း၊
၂။ ကြံစည်ခြင်း ‘ဝိတက်’ သုံးသပ်ခြင်း ‘ဝိစာရ’ တို့၏ ချုပ်ခြင်းကြောင့် ဒုတိယဈာန်သို့ ရောက်၍ နေခြင်း၊
၃။ နှစ်သိမ့်ခြင်း ‘ပီတိ’၏လည်း ကင်းခြင်းကြောင့် တတိယဈာန်သို့ ရောက်၍ နေခြင်း၊
၄။ ချမ်းသာခြင်း ‘သုခ’ကိုလည်း ပယ်ခြင်းကြောင့် ဆင်းရဲခြင်း ‘ဒုက္ခ’ ကိုလည်း ပယ်ခြင်းကြောင့် စတုတ္ထဈာန်သို့ ရောက်၍ နေခြင်း။ (ဒီ၊၃၊၁၀၈-၁၀၉။) (ဒီ၊မြန်၊၃။၁၂၂။)♦

သုခလ္လိကာနုယောဂ၏ အကျိုးအာနိသင် ၄ ပါး

၁။ သုံးပါးသော သံယောဇဉ် ‘အနှောင်အဖွဲ့’တို့၏ အကြွင်းမဲ့ ကုန်ခြင်းကြောင့် အပါယ်သို့ ကျခြင်းသဘောမရှိသော ကိန်းသေမြဲသော အထက်မဂ် သုံးပါးလျှင် လားရာရှိသော သောတာပန် ဖြစ်ခြင်း၊
၂။ သုံးပါးသော သံယောဇဉ် ‘အနှောင်အဖွဲ့’တို့၏ အကြွင်းမဲ့ ကုန်ခြင်းကြောင့် တပ်မက်ခြင်း ‘ရာဂ’အမျက်ထွက်ခြင်း ‘ဒေါသ’ တွေဝေခြင်း ‘မောဟ’ တို့၏လည်း ခေါင်းပါးခြင်းကြောင့် ဤလူ့ပြည်သို့ တစ်ကြိမ်သာ လာ၍ ဆင်းရဲ၏ အဆုံးကို ပြုလတ္တံ့သော သကဒါဂါမ် ဖြစ်ခြင်း၊
၃။ အောက် ကာမဘုံ၌ ပဋိသန္ဓေနေခြင်း အဖို့ရှိသော ငါးပါးသော သံယောဇဉ် ‘အနှောင်အဖွဲ့’တို့၏ အကြွင်းမဲ့ ကုန်ခြင်းကြောင့် ဗြဟ္မာဘုံ၌ ဥပပတ်ပဋိသန္ဓေနေ၍ ထိုဘုံ၌သာလျှင် ပရိနိဗ္ဗာန် ပြုလတ္တံ့သော ထိုဘုံမှ ပြန်လာခြင်းသဘော မရှိသော အနာဂါမ် ဖြစ်ခြင်း၊
၄။ အာသဝေါတရားတို့၏ ကုန်ခြင်းကြောင့် အာသဝေါတရား ကင်းသော လွတ်မြောက်သည့် (အရဟတ္တဖိုလ်) စိတ်နှင့် လွတ်မြောက်သည့် (အရဟတ္တဖိုလ်) ပညာကို ယခုဘဝ၌ပင် ကိုယ်တိုင် ထူးသော ဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုလျက် ရောက်၍ နေသော ရဟန္တာ ဖြစ်ခြင်း။ (ဒီ၊၃၊၁၀၉-၁၁၀။) (ဒီ၊မြန်၊၃။၁၂၃-၁၂၄။)♦

သုခဝေဒနာ ၂ မျိုး

၁။ ကိုယ်၌ ဖြစ်သော သုခဝေဒနာ၊
၂။ စိတ်၌ ဖြစ်သော သုခဝေဒနာ။ (အဘိ၊ဋ္ဌ၊၂၊၁၃။)♦

သုခုမရုပ် ၁၆ ပါး

၁။ အာပေါဓာတ် တစ်ပါး၊
၂။ ဣတ္ထိန္ဒြေ, ပုရိသိန္ဒြေဟု ဆိုအပ်သော ဘာဝရုပ် နှစ်ပါး၊
၃။ ဇီဝိတိန္ဒြေဟု ဆိုအပ်သော ဇီဝိတရုပ် တစ်ပါး၊
၄။ ဟဒယဝတ္ထုရုပ် တစ်ပါး၊
၅။ ဩဇာဟု ဆိုအပ်သော အာဟာရရုပ် တစ်ပါး၊
၆။ အာကာသဓာတ် တစ်ပါး၊
၇။ ကာယ ဝိညတ်, ဝစီဝိညတ်ဟု ဆိုအပ်သော ဝိညတ်ရုပ် နှစ်ပါး၊
၈။ ရူပဿ လဟုတာ, မုဒုတာ, ကမ္မညတာဟု ဆိုအပ်သော ဝိကာရရုပ် သုံးပါး၊
၉။ ဥပစယ, သန္တတိ, ဇရတာ, အနိစ္စတာဟု ဆိုအပ်သော လက္ခဏရုပ် လေးပါး ပေါင်း ၁၆ ပါး။ (ပဋိသံ၊ဋ္ဌ၊၁၊၂၂၈။)♦

သုခုမဝိညာဏ ၆ ပါး

၁။ ကုသလာဗျာကတဝိညာဏ၊
၂။ အဗျာကတဝိညာဏ၊
၃။ သုခလည်း ဖြစ်၍ အဒုက္ခမသုခလည်းဖြစ်သော ဝေဒနာနှင့် ယှဉ်သော ဝိညာဏ၊
၄။ အဒုက္ခမသုခ ဖြစ်သော ဝေဒနာနှင့် ယှဉ်သော ဝိညာဏ၊
၅။ သမာပတ်ဝင်စားသော ပုဂ္ဂိုလ်၏ ဝိညာဏ၊
၆။ အာသဝ တရားနှင့် တကွ မဖြစ်သော ဝိညာဏ။ (အဘိ၊ဝိ၊၁၁။) (အဘိ၊ဝိ၊မြန်၊၁။၂၂။)♦

သုခုမဝေဒနာ ၆ ပါး

၁။ ကုသလာဗျာကတဝေဒနာ၊
၂။ အဗျာကတဝေဒနာ၊
၃။ သုခလည်းဖြစ်၍ အဒုက္ခမသုခလည်းဖြစ်သော ဝေဒနာ၊
၄။ အဒုက္ခမသုခါဝေဒနာ၊
၅။ သမာပတ်ဝင်စားသော ပုဂ္ဂိုလ်၏ ဝေဒနာ၊
၆။ အာသဝေါတရားနှင့် တကွ မဖြစ်သော ဝေဒနာ။ (အဘိ၊ဝိ၊၄။) (အဘိ၊ဝိ၊မြန်၊၁။၇။)♦

သုခုမသင်္ခါရ ၆ ပါး

၁။ ကုသလာဗျာကတသင်္ခါရ၊
၂။ အဗျာကတသင်္ခါရ၊
၃။ သုခလည်းဖြစ်၍ အဒုက္ခမသုခလည်းဖြစ်သော ဝေဒနာနှင့် ယှဉ်သော သင်္ခါရ၊
၄။ အဒုက္ခမသုခဖြစ်သော ဝေဒနာနှင့် ယှဉ်သော သင်္ခါရ၊
၅။ သမာပတ်ဝင်စားသော ပုဂ္ဂိုလ်၏ သင်္ခါရ၊
၆။ အာသဝ တရားနှင့် တကွ မဖြစ်သော သင်္ခါရ။ (အဘိ၊ဝိ၊၉။) (အဘိ၊ဝိ၊မြန်၊၁။၁၈။)♦

သုဂတိ ၂ မျိုး

၁။ ပဋိပတ္တိသုဂတိ- အကျင့်သုဂတိ၊
၂။ ဂတိသုဂတိ- လားရာသုဂတိ။ (မ၊ဋ္ဌ၊၁၊၁၇၂။)♦

သုဂတိဘဝသို့ ရောက်ကြောင်း တရား ၆ ပါး

၁။ ကာမဂုဏ်မှ ထွက်မြောက်ရန် ကြံစည်မှု နေက္ခမ္မဝိတက်နှင့် ပြည့်စုံခြင်း၊
၂။ မပျက်စီးစေရန် ကြံစည်မှု အဗျာပါဒဝိတက်နှင့် ပြည့်စုံခြင်း၊
၃။ မညှဉ်းဆဲရန် ကြံစည်မှု အဝိဟိံသာဝိတက်နှင့် ပြည့်စုံခြင်း၊
၄။ ကာမဂုဏ်မှ လွတ်မြောက် ခြင်း၌ မှတ်သားမှု နေက္ခမ္မသညာနှင့် ပြည့်စုံခြင်း၊
၅။ မပျက်စီးစေရန် မှတ်သားမှု အဗျာပါဒ သညာနှင့် ပြည့်စုံခြင်း၊
၆။ မညှဉ်းဆဲရန် မှတ်သားမှု အဝိဟိံသာ သညာနှင့် ပြည့်စုံခြင်း။ (အံ၊၂၊၃၇၅။) (အံ၊မြန်၊၂။၄၇၂။)♦

သုစရိုက် ၃ ပါး

၁။ ကာယသုစရိုက်- ကိုယ်ဖြင့် ပြုသော ကောင်းသော အကျင့်၊
၂။ ဝစီသုစရိုက်- နှုတ်ဖြင့် ပြုသော ကောင်းသော အကျင့်၊
၃။ မနောသုစရိုက်- စိတ်ဖြင့် ပြုသော ကောင်းသော အကျင့်။ (ဝိ၊၅၊၂၂၂။) (ဒီ၊၃၊၁၈၀။) (ခုဒ္ဒက၊၂၃၂။) (နေတ္တိ၊ဋ္ဌ၊၁၅၆။) (နေတ္တိ၊ဝိဘာ၊၂၇၆။) (ဝိ၊မြန်၊၅။၃၁၀။) (ဒီ၊မြန်၊၃။၂၀၀။) (ခုဒ္ဒက၊မြန်။၂၁၇။)♦

သုစရိုက်ရှိသူတို့၏ အကျိုး ၅ ပါး

၁။ မိမိကိုယ်တိုင်လည်း မိမိကိုယ်ကို မစွပ်စွဲ၊
၂။ ပညာရှိတို့ ချီးမွမ်းခြင်း၊
၃။ ကောင်းသော ကျော်စောသံသည် ပျံ့နှံ့၍ ထွက်ခြင်း၊
၄။ မသူတော်တရားမှ ကင်းခြင်း၊
၅။ သူတော်ကောင်းတရား၌ တည်ခြင်း။ (အံ၊၂၊၂၃၃-၄။) (အံ၊၂၊၂၃၄။) (အံ၊မြန်၊၂။၂၉၈။) (အံ၊မြန်၊၂။၂၉၉။)♦

သုံးစွဲခြင်း ၄ မျိုး

၁။ လဇ္ဇီပရိဘောဂ- လဇ္ဇီပုဂ္ဂိုလ်၏ ပစ္စည်းတို့ကို ယူ၍ သုံးစွဲခြင်း၊
၂။ အလဇ္ဇီ ပရိဘောဂ- အလဇ္ဇီပုဂ္ဂိုလ်၏ ပစ္စည်းတို့ကို ယူ၍ သုံးစွဲခြင်း၊
၃။ ဓမ္မိယပရိဘောဂ- တရား သဖြင့် ဝိနည်းနှင့်အညီရအပ်သော ပစ္စည်းကို သုံးစွဲခြင်း၊
၄။ အဓမ္မိယပရိဘောဂ- ဝိနည်းနှင့် မညီဘဲ မတရားသဖြင့် ရအပ်သော ပစ္စည်းကို သုံးစွဲခြင်း။ (ဝိ၊ဋ္ဌ၊၂၊၂၇၃။)♦

သုံးဆောင်ခြင်း ၂ မျိုး

၁။ ဓမ္မပရိဘောဂ- တရားကို သုံးဆောင်ခြင်း၊
၂။ အာမိသပရိဘောဂ- ပစ္စည်းဥစ္စာကို သုံးဆောင်ခြင်း။ (ဝိ၊ဋ္ဌ၊၂၊၂၇၄။) (အံ၊၁၊၉၁။) (အံ၊မြန်၊၁။၁၀၆။)♦

သုံးဆောင်ခြင်း ၂ မျိုး (တစ်နည်း)

၁။ အတွင်း သုံးဆောင်ခြင်း၊
၂။ အပြင် သုံးဆောင်ခြင်း။ (ဝိ၊၅၊၂၁၅။) (ဝိ၊မြန်၊၅။၃၀၀။)♦

သုံးဆောင်ခြင်း ၄ မျိုး

၁။ သီလမရှိသော ရဟန်း၏ သုံးဆောင်ခြင်းသည် ပစ္စည်းလေးပါးတို့ကို ခိုးယူသုံးဆောင်ခြင်း (ထေယျပရိဘောဂ) မည်၏၊
၂။ သီလရှိသော ရဟန်း၏ ပစ္စဝေက္ခဏာ မဆင်ခြင်ဘဲ သုံးဆောင်ခြင်းသည် အကြွေးယူ၍ သုံးဆောင်ခြင်းနှင့် တူသော သုံးဆောင်ခြင်း (ဣဏပရိဘောဂ) မည်၏၊
၃။ သေက္ခဖြစ်သော အရိယာရဟန်းတို့၏ သုံးဆောင်ခြင်းသည် အမွေပစ္စည်းသုံးဆောင်ခြင်းနှင့် တူသော သုံးဆောင်ခြင်း (ဒါယဇ္ဇပရိဘောဂ) မည်၏၊
၄။ အာသဝေါကုန်ခန်း ရဟန္တာဖြစ်သော ရဟန်း၏ သုံးဆောင်ခြင်းသည် ပစ္စည်းလေးပါး တို့ကို အရှင်သခင် သုံးဆောင်ခြင်းနှင့် တူသော သုံးဆောင်ခြင်း (သာမိပရိဘောဂ) မည်၏။ (ဝိ၊ဋ္ဌ၊၂၊၂၇၂။) (ဝိ၊ဋ္ဌ၊၂၊၂၇၃။) (မ၊ဋ္ဌ၊၃၊၂၃၆။) (သံ၊ဋ္ဌ၊၂၊၁၈၃။) (အံ၊ဋ္ဌ၊၁၊၅၄။) (ဝိသုဒ္ဓိ၊၁၊၄၁။)♦

သုံးဆောင်ထိုက်သော ပစ္စည်း ၅ မျိုး

၁။ ပေးအပ် ကပ်အပ်သော ပစ္စည်း၊
၂။ ကပ်မှန်း သိသာ ထင်ရှားသော ပစ္စည်း၊
၃။ သမဏကပ္ပ ငါးပါးတို့ဖြင့် ကပ္ပိအပ်သော ပစ္စည်း၊
၄။ အကပ်ခံ အပ်သော ပစ္စည်း၊
၅။ အတိရိတ်ဝိနည်းကံ ပြုအပ်သော ပစ္စည်း။ (ဝိ၊၅၊၂၃၁။) (ဝိ၊မြန်၊၅။၃၂၀။)♦

သုဇာတဘုရားရှင်၏ ဓမ္မာဘိသမယ ၃ ကြိမ်

၁။ သုမင်္ဂလမြို့တော်၌ ရှေးဦးစွာ ဓမ္မစကြာ တရား ဟောတော်မူသောအခါ လူနတ်ဗြဟ္မာ ကုဋေရှစ်ဆယ် ကျွတ်တမ်းဝင်ကြသည်၊
၂။ တာဝတိံသာ နတ်ပြည်၌ ဝါကပ်တော်မူသောအခါ သုံးသန်းခုနှစ်သိန်းသော နတ်ဗြဟ္မာများ တရားထူး ရကြသည်၊
၃။ ဘုရားရှင်သည်လည်း ဥဂ္ဂတမင်းကြီးထံသို့ ချဉ်းကပ်တော်မူသောအခါ ခြောက်သန်းမျှသော လူနတ်ဗြဟ္မာတို့ ကျွတ်တမ်းဝင်ကြသည်။ (အပ၊၂၊၃၄၈။) (အပ၊မြန်၊၂။၃၄၅။)♦

သုဇာတဘုရားရှင်၏ သာဝကအစည်းအဝေး ၃ ကြိမ်

၁။ ပထမအကြိမ် အစည်းအဝေး၌ အဘိညာဉ် အားအစွမ်းနှင့် ပြည့်စုံကုန်သော ရဟန္တာ ခြောက်သန်း၊
၂။ တာဝတိံသာ နတ်ပြည်မှ ဆင်းသက် တော်မူသောအခါ ဒုတိယအကြိမ်မြောက် အစည်းအဝေးတွင် ရဟန္တာ ငါးသန်း၊
၃။ ဘုရားရှင်၏ အဂ္ဂသာဝကများဖြစ်သော အရှင်နာဂနှင့် အရှင်နာဂသဟမထေရ်တို့ သုဇာတဘုရားရှင်ထံ ချဉ်းကပ်တော်မူသောအခါ တတိယအကြိမ်မြောက် အစည်းအဝေး၌ ရဟန္တာ လေးသိန်းတို့ စည်းဝေးတော်မူကြသည်။ (အပ၊၂၊၃၄၉။) (အဘိ၊ဋ္ဌ၊၁၊၆၅။) (အပ၊မြန်၊၂။၃၄၆။)♦

သုဇာတဘုရားရှင်၏ အဂ္ဂသာဝက ၂ ပါး

၁။ သုဒဿနထေရ်၊
၂။ သုဒေဝထေရ်။ (အဘိ၊ဋ္ဌ၊၁၊၆၆။) (ဗုဒ္ဓဝံ၊ဋ္ဌ၊၂၄၃။)♦

သုဇာတဘုရားရှင်၏ အဂ္ဂသာဝိကာမ ၂ ပါး

၁။ နာဂါထေရီ၊
၂။ နာဂသမာလာထေရီ၊ (အဘိ၊ဋ္ဌ၊၁၊၆၆။) (ဗုဒ္ဓဝံ၊ဋ္ဌ၊၂၄၃။)♦

သုဇာတဘုရားအလောင်း၏ ပြာသာဒ် ၃ ဆောင်

၁။ သိရီမည်သော ပြာသာဒ်ဆောင်၊
၂။ ဥပသိရီ မည်သော ပြာသာဒ်ဆောင်၊
၃။ နန္ဒမည်သော ပြာသာဒ်ဆောင်။ (အပ၊၂၊၃၄၉။) (အပ၊မြန်၊၂။၃၄၇။)♦

သုည ၁၇ ပါး

၁။ သင်္ခါရသုည- ပုညာဘိသင်္ခါရ အစရှိသည်ပင်လျှင် အပုညာဘိသင်္ခါရ အစရှိသည် တို့မှ ဆိတ်ခြင်း၊
၂။ ဝိပရိဏာမသုည- ဥပါဒ်ခဏသည် ဘင်ခဏ၏အစွမ်းဖြင့် ဖောက်ပြန်သော ရင့်ခြင်းဟု ဆိုအပ်သော ဌီခဏ ဘင်ခဏမှ ဆိတ်ခြင်း၊
၃။ လက္ခဏသုည- တစ်ခုတစ်ခုသော ရုပ်စသော လက္ခဏာသည်ပင်လျှင် ကြွင်းသော ရုပ်စသော လက္ခဏာတို့မှ ဆိတ်သုံးခြင်း၊
၄။ ဝိက္ခမ္ဘနသုည- ဝိက္ခမ္ဘနပဟာန်မှ ဆိတ်သော ကာမစ္ဆန္ဒအစရှိသည်တည်း၊
၅။ တဒင်္ဂသုည- တဒင်္ဂပဟာန်မှ ဆိတ်သော ကာမစ္ဆန္ဒ အစရှိသည်တည်း၊
၆။ သမုစ္ဆေဒသုည- သမုစ္ဆေဒ ပဟာန်မှ ဆိတ်သော ကာမစ္ဆန္ဒ အစရှိသည်တည်း၊
၇။ ပဋိပဿဒ္ဓိသုည-ပဋိပဿဒ္ဓိ ပဟာန်မှ ဆိတ်သော ကာမစ္ဆန္ဒ အစရှိသည်တည်း၊
၈။ နိဿရဏသုည-နိဿရဏပဟာန်မှ ဆိတ်သော ကာမစ္ဆန္ဒ အစရှိသည်တည်း၊
၉။ ဧသနာသုည- နေက္ခမ္မ အစရှိသော ဧသန တရားသည် ကာမစ္ဆန္ဒ အစရှိသည်မှ ဆိတ်သုဉ်းခြင်း၊
၁၀။ ပရိဂ္ဂဟသုည- နေက္ခမ္မ အစရှိသော ပရိဂ္ဂဟတရားသည် ကာမစ္ဆန္ဒ အစရှိသည်မှ ဆိတ်သုဉ်းခြင်း၊
၁၁။ ပဋိလာဘသုည- နေက္ခမ္မ အစရှိသော ပဋိလာဘ တရားသည် ကာမစ္ဆန္ဒ အစရှိသည်မှ ဆိတ်သုဉ်းခြင်း၊
၁၂။ ပဋိဝေဓသုည- နေက္ခမ္မအစ ရှိသော ပဋိဝေဓတရားသည် ကာမစ္ဆန္ဒ အစရှိသည်မှ ဆိတ်သုဉ်းခြင်း၊
၁၃။ ဧကတ္တ သုည- တစ်ခုတည်းအာရုံရှိသော တရားသည် အထူးထူး အာရုံရှိသော တရားမှ ဆိတ်သုဉ်းခြင်း၊
၁၄။ နာနတ္တသုည- အထူးထူး အာရုံရှိသော တရားသည် တစ်ခုတည်း အာရုံရှိသော တရားမှ ဆိတ်သုဉ်းခြင်း၊
၁၅။ ခန္တိသုည- နေက္ခမ္မ အစရှိသော ခန္တိတရားသည် ကာမစ္ဆန္ဒ အစရှိသည်မှ ဆိတ်သုဉ်းခြင်း၊
၁၆။ အဓိဋ္ဌာနသုည- နေက္ခမ္မ အစရှိသော နှစ်သက်အပ်သော တရားတို့သို့ ဝင်၍တည်တတ်သော တရားသည် ကာမစ္ဆန္ဒ အစရှိသည်မှ ဆိတ်သုဉ်းခြင်း၊
၁၇။ ပရိယောဂါဟနသုည- နေက္ခမ္မ အစရှိသော ဉာဏ်ဖြင့် သက်ဝင်ခြင်း တရားသည် ကာမစ္ဆန္ဒ-အစသည်မှ ဆိတ်သုဉ်းခြင်း။ (ပဋိသံ၊ဋ္ဌ၊၂၊၂၄၅။)♦

သုည ၆ ပါး

၁။ သုညသုည- လုံးဝဆိတ်သုဉ်းခြင်း၊
၂။ အဇ္ဈတ္တသုည- အဇ္ဈတ္တတရားသည် အတ္တ အတ္တနိယ စသည်တို့မှ ဆိတ်သုဉ်းခြင်း၊
၃။ ဗဟိဒ္ဓသုည- ဗဟိဒ္ဓတရားသည် အတ္တ အတ္တနိယ စသည်တို့မှ ဆိတ်သုဉ်းခြင်း၊
၄။ ဥဘတောသုည- နှစ်ပါးသော အဇ္ဈတ္တတရား ဗဟိဒ္ဓတရားသည် အတ္တ အတ္တနိယ စသည်တို့မှ ဆိတ်သုဉ်းခြင်း၊
၅။ သဘာဂသုည- အဇ္ဈတ္တ သဘော အစရှိသည်ဖြင့် တူသော အဖို့ရှိသောတရားသည် အတ္တ အတ္တနိယ စသည်တို့မှ ဆိတ်သုဉ်းခြင်း၊
၆။ ဝိသဘာဂသုည- မတူသော အဖို့ရှိသည်ဖြစ်၍ အတ္တ အတ္တနိယ စသည် တို့မှ ဆိတ်သုဉ်းခြင်း။ (ပဋိသံ၊ဋ္ဌ၊၂၊၂၄၅။)♦

သုညတ ၂ မျိုး

၁။ ခန္ဓာတို့၏ အနတ္တလက္ခဏာဟူသော သုညတာ၊
၂။ နိဗ္ဗာန်ဟူသော သုညတ၊ ရှင်းလင်းချက်။ ။
ခန္ဓာငါးပါးတို့၏ အနတ္တလက္ခဏာသည် အတ္တမရှိခြင်း၏ အမှတ်အသား ဖြစ်သောကြောင့် သုညတ မည်၏၊
၂။ နိဗ္ဗာန်သည် အတ္တမှ ကင်းဆိတ်သောကြောင့် သုညတ မည်၏။ (အဘိ၊ဋ္ဌ၊၃၊၂၆၇။)♦

သုညတ စသည်တို့၌ ဖြစ်သော စကား ၃ မျိုး

၁။ ရောက်ကြောင်းအားဖြင့် လည်းကောင်း၊
၂။ မိမိဂုဏ်အားဖြင့် လည်းကောင်း၊
၃။ အာရုံအားဖြင့် လည်းကောင်း။ (ဒီ၊ဋ္ဌ၊၃၊၁၈၅။)♦

သုညတာနုပဿနာဉာဏ် လွတ်ရာ ဥပါဒါန် ၃ ပါး

၁။ ဒိဋ္ဌုပါဒါန်၊
၂။ သီလဗ္ဗတုပါဒါန်၊
၃။ အတ္တဝါဒုပါဒါန်။ (ပဋိသံ၊၂၄၄။) (ပဋိသံ၊မြန်။၃၀၀။)♦

သုတ္တနိက္ခေပ ၄ မျိုး (ဆုံးမထိုက်သော သတ္တဝါတို့၏ သန္တာန်၌ ဟောကြားအပ်, ထားအပ်သော သုတ် သုတ္တနိက္ခေပ ၄ မျိုး)

၁။ အတ္တဇ္ဈာသယ- သူတစ်ပါး မတိုက်တွန်းရဘဲ ဘုရားရှင် ကိုယ်တော်၏ အလိုတော်ကြောင့်သာ ဟောတော်မူအပ်သော သုတ်၊ အာကင်္ခေယျသုတ် စသည်တို့တည်း၊
၂။ ပရဇ္ဈာသယ- သူတစ်ပါးတို့၏ အလို အဇ္ဈာသယနှင့် စပ်သဖြင့် ဟောတော်မူအပ်သော သုတ်၊ စူဠရာဟုလောဝါဒသုတ် စသည်တို့တည်း၊
၃။ ပုစ္ဆာဝသိက- လူ နတ် စသည်တို့ မေးအပ်သော ပြဿနာကို ဖြေကြားတော်မူခြင်းဖြင့် ထားအပ်သော သုတ်၊ ဗောဇ္ဈင်္ဂသုတ် စသည်တို့တည်း၊
၄။ အဋ္ဌုပ္ပတ္တိက- ဖြစ်ပေါ်လာသော အကြောင်းဝတ္ထုကို စွဲ၍ ဟောအပ်, ထားအပ်သော သုတ်၊ ဓမ္မဒါယာဒသုတ် စသည်တို့တည်း။ (ဒီ၊ဋ္ဌ၊၁၊၅၀-၅၁။) (မ၊ဋ္ဌ၊၁၊၁၆။) (သံ၊ဋ္ဌ၊၂၊၃။) (အံ၊ဋ္ဌ၊၁၊၁၄။) (ဥဒါန၊ဋ္ဌ၊၂၇။) (ဣတိဝုတ်၊ဋ္ဌ၊၃၂။) (ဗုဒ္ဓဝံ၊ဋ္ဌ၊၈၅။) (ဒီ၊ဋ္ဌ၊မြန်၊၁။၉၄။) (ဒီ၊ဋ္ဌ၊မြန်၊၁။၉၄။)♦

သုတ္တနိပါတ် မှ ဝဂ် ၅ ဝဂ်

၁။ ဥရဂဝဂ်၊
၂။ စူဠဝဂ်၊
၃။ မဟာဝဂ်၊
၄။ အဋ္ဌကဝဂ်၊
၅။ ပါရာယန ဝဂ်။ (သုတ္တနိ၊ဋ္ဌ၊၁၊၂။)♦

သုတ္တနိပါတ် သုတ်ပေါင်း ၇၀

၁။ ဥရဂဝဂ်၌ ၁၂ သုတ်၊
၂။ စူဠဝဂ်၌ ၁၄ သုတ်၊
၃။ မဟာဝဂ်၌ ၁၂ သုတ်၊
၄။ အဋ္ဌကဝဂ်၌ ၁၆ သုတ်၊
၅။ ပါရာယနဝဂ်၌ ၁၆ သုတ်။ (သုတ္တနိ၊ဋ္ဌ၊၁၊၂။)♦

သုတ္တဝိညတ္တိသိက္ခာပုဒ်၌ အင်္ဂါ ၃ မျိုး

၁။ သင်္ကန်းအတွက် တောင်းအပ်သော ချည်ဖြစ်ခြင်း၊
၂။ မိမိအတွက် ရည်မှန်းထားခြင်း၊
၃။ မအပ်သော ရက်ကန်းသည်ဖြင့် ရက်စေခြင်း။ (သာရတ္ထ၊ ဋီ၊၂။၄၄၂။) (ဝိမတိ၊၁၊၃၅၉။)♦

သုတ္တာဓိဋ္ဌာန ၁၄ မျိုး

၁။ လောဘာဓိဋ္ဌာန- လောဘလျှင် တည်ရာရှိသော သုတ်၊
၂။ ဒေါသာ ဓိဋ္ဌာန- ဒေါသလျှင် တည်ရာရှိသော သုတ်၊
၃။ မောဟာဓိဋ္ဌာန- မောဟလျှင် တည်ရာရှိသော သုတ်၊
၄။ အလောဘာဓိဋ္ဌာန- အလောဘလျှင် တည်ရာရှိသော သုတ်၊
၅။ အဒေါသာဓိဋ္ဌာန- အဒေါသလျှင် တည်ရာရှိသော သုတ်၊
၆။ အမောဟာဓိဋ္ဌာန- အမောဟလျှင် တည်ရာရှိသော သုတ်၊
၇။ ကာယကမ္မာဓိဋ္ဌာန- ကာယကံလျှင် တည်ရာရှိသော သုတ်၊
၈။ ဝါစာကမ္မာဓိဋ္ဌာန- ဝစီကံလျှင် တည်ရာရှိသော သုတ်၊
၉။ မနောကမ္မာဓိဋ္ဌာန- မနောကံလျှင် တည်ရာရှိသော သုတ်၊
၁၀။ သဒ္ဓိန္ဒြိယာဓိဋ္ဌာန- သဒ္ဓိန္ဒြေလျှင် တည်ရာရှိသော သုတ်၊
၁၁။ ဝီရိယိန္ဒြိယာဓိဋ္ဌာန-ဝီရိယိန္ဒြေလျှင် တည်ရာရှိသော သုတ်၊
၁၂။ သတိန္ဒြိယာဓိဋ္ဌာန- သတိန္ဒြေလျှင် တည်ရာ ရှိသော သုတ်၊
၁၃။ သမာဓိန္ဒြိယာဓိဋ္ဌာန- သမာဓိန္ဒြေလျှင် တည်ရာရှိသော သုတ်၊
၁၄။ ပညိန္ဒြိယာ ဓိဋ္ဌာန- ပညိန္ဒြေလျှင် တည်ရာရှိသော သုတ်။ (ပေဋကော၊၂၀၉။)♦

သုတ်လွတ်စေခြင်းကြောင့် သင့်သော အာပတ် ၃ ပါး

၁။ သံဃာဒိသိသ်အာပတ်၊
၂။ ထုလ္လစ္စဉ်း အာပတ်၊
၃။ ဒုက္ကဋ်အာပတ်။ (ဝိ၊၅၊၈၉။) (ဝိ၊မြန်၊၅။၁၂၉။)♦

သုတ်အားလုံးတို့၏ ဖြစ်ကြောင်း ၄ မျိုး

၁။ မိမိ၏ အလိုတော်အားဖြင့် ဟောတော်မူအပ်သော တရား၊
၂။ သူတစ်ပါး၏ အလိုအား ဟောတော်မူအပ်သော တရား၊
၃။ အကြောင်းပေါ်လာ၍ ဟောတော်မူ အပ်သော တရား၊
၄။ ပြဿနာအမေးသို့ လိုက်၍ ဟောတော်မူအပ်သော တရား။ (သုတ္တနိ၊ဋ္ဌ၊၁၊၄၂။)♦

သုတ်အားလုံးတို့၏ ဥပ္ပတ္တိ ၄ မျိုး

၁။ အတ္တဇ္ဈာသယအားဖြင့် ဖြစ်သော ဥပ္ပတ္တိ၊
၂။ ပရဇ္ဈာသယ အားဖြင့် ဖြစ်သော ဥပ္ပတ္တိ၊
၃။ အဋ္ဌုပ္ပတ္တိအားဖြင့် ဖြစ်သော ဥပ္ပတ္တိ၊
၄။ ပုစ္ဆာဝသိကအားဖြင့် ဖြစ်သော ဥပ္ပတ္တိ။ (အပ၊ဋ္ဌ၊၁၊၁၅၄။)♦

သုဒိန္နရဟန်းအား ပြသော အပုံကြီး ၂ ပုံ

၁။ ငွေအပုံ၊
၂။ ရွှေအပုံ။ (ဝိ၊၁၊၁၈။) (သာရတ္ထ၊ဋီ၊၂၊၁၀။)♦

သုဒ္ဓန္တပရိဝါသ် ၂ မျိုး

၁။ စူဠ သုဒ္ဓန္တပရိဝါသ်၊
၂။ မဟာ သုဒ္ဓန္တပရိဝါသ်။ (ဝိ၊ဋ္ဌ၊၄၊၂၅။)♦

သုဒ္ဓပါစိတ် ၉၂ ပါး (%၁။ မုသာဝါဒဝဂ်)-

၁။ မုသာဝါဒဝဂ်)-
ချွတ်ယွင်းသော စကားကို ဆိုသော မုသာဝါဒသိက္ခာပုဒ်၊
၂။ နှုတ်လှံထိုးသော ဩမသဝါဒသိက္ခာပုဒ်၊
၃။ ရဟန်းတို့ကို ချောပစ်ကုန်းတိုက်သော ပေသုည သိက္ခာပုဒ်၊
၄။ လူသာမဏေကို ပုဒ်ပြိုင် တရားစာပေ ပို့ချသော ပဒသောဓမ္မသိက္ခာပုဒ်၊
၅။ လူသာမဏေနှင့် အတူတကွ အိပ်သော ပဌမသဟသေယျသိက္ခာပုဒ်၊
၆။ မိန်းမနှင့် အိပ်သော ဒုတိယသဟသေယျသိက္ခာပုဒ်၊
၇။ တရားဟောသော ဓမ္မဒေသနာသိက္ခာပုဒ်၊
၈။ ဟုတ်မှန်သော ဈာန်မဂ်ဖိုလ်ကို ပြောကြားသော ဘူတာရောစနသိက္ခာပုဒ်၊
၉။ ရုန့်ရင်းသော အာပတ်ကို ပြောကြားသော ဒုဋ္ဌုလ္လာရောစနသိက္ခာပုဒ်၊
၁၀။ မြေကို တူးသော ပထဝီခဏန သိက္ခာပုဒ်၊ (၂။ ဘူတဂါမဝဂ်)-
သစ်ပင်မျိုးစေ့ကို ဖျက်ဆီးသော ဘူတဂါမသိက္ခာပုဒ်၊
၂။ တစ်ပါးသော စကားကို ဆိုသော အညဝါဒကသိက္ခာပုဒ်၊
၃။ ကဲ့ရဲ့ရှုတ်ချသော ဥဇ္ဈာပနကသိက္ခာပုဒ်၊
၄။ ညောင်စောင်းဖြင့် မှတ်အပ်သော ပဌမသေနာသနသိက္ခာပုဒ်၊
၅။ အိပ်ရာဖြင့် မှတ်အပ်သော ဒုတိယသေနာသနသိက္ခာပုဒ်၊
၆။ အနုပခဇ္ဇသိက္ခာပုဒ်၊
၇။ နှင်ထုတ်အပ်သော နိက္ကဍ္ဎနသိက္ခာပုဒ်၊
၈။ ဝေဟာသကုဋိသိက္ခာပုဒ်၊
၉။ မဟလ္လက ဝိဟာရသိက္ခာပုဒ်၊
၁၀။ ပိုးရှိသော ရေကို သွန်းလောင်းသော သပ္ပါဏကသိက္ခာပုဒ်၊ (၃။ ဘိက္ခုနောဝါဒဝဂ်)-
သမ္မုတိမရဘဲ ရဟန်းမတို့ကို ဆုံးမသော ဩဝါဒသိက္ခာပုဒ်၊
၂။ နေဝင်သောအခါ ရဟန်းမတို့ကို ဆုံးမသော အတ္ထင်္ဂတသိက္ခာပုဒ်၊
၃။ ရဟန်းမကျောင်းသို့ သွားသော ဘိက္ခုနုပဿယသိက္ခာပုဒ်၊
၄။ သင်္ကန်းစသော အာမိသကြောင့် ပညတ်သော အာမိသသိက္ခာပုဒ်၊
၅။ သင်္ကန်းပေးသော စီဝရဒါနသိက္ခာပုဒ်၊
၆။ သင်္ကန်းချုပ်သော စီဝရသိဗ္ဗနသိက္ခာပုဒ်၊
၇။ ညီညွတ်တိုင်ပင်၍ ခရီးသွားသော သံဝိဓာနသိက္ခာပုဒ်၊
၈။ လှေစီးသော နာဝါဘိရူဟနသိက္ခာပုဒ်၊
၉။ ဘိက္ခုနီပရိပါစိတသိက္ခာပုဒ်၊
၁၀။ အတူတကွ နေသော ရဟောနိသဇ္ဇသိက္ခာပုဒ်၊ (၄။ ဘောဇနဝဂ်)-
ဧည့်သည်တို့အတွက် ရည်မှန်း ထားသော ဆွမ်း စသော အာဝသထပိဏ္ဍသိက္ခာပုဒ်၊
၂။ ဂဏဘောဇနသိက္ခာပုဒ်၊
၃။ ပရမ္ပရ ဘောဇနသိက္ခာပုဒ်၊
၄။ နှစ်သပိတ်သုံးသပိတ် ပြည့်အောင် မုန့်ကို ခံသော ကာဏမာတာ သိက္ခာပုဒ်၊
၅။ ပဌမပဝါရိတ်သိက္ခာပုဒ်၊
၆။ ဒုတိယပဝါရိတ်သိက္ခာပုဒ်၊
၇။ နေ့လွဲ ညစာ စားသော ဝိကာလဘောဇန သိက္ခာပုဒ်၊
၈။ သိုမှီးသိမ်းဆည်းသော သန္နိဓိကာရက သိက္ခာပုဒ်၊
၉။ ပဏီတဘောဇနသိက္ခာပုဒ်၊
၁၀။ အကပ်မခံသော အာဟာရကို ခံတွင်းဝသို့ ဆောင်သော ဒန္တပေါဏသိက္ခာပုဒ်၊ (၅။ အစေလကဝဂ်)-
အဝတ်မဝတ်သော တက္ကတွန်း တို့အား ခဲဖွယ်ဘောဇဉ်ကို ပေးသော အစေလကသိက္ခာပုဒ်၊
၂။ ရဟန်းကို ခေါ်၍ ပြန်လွှတ်လိုက်သော ဥယျောဇနသိက္ခာပုဒ်၊
၃။ လင်မယားနှစ်ယောက်တည်းရှိသော အိမ်တွင်းသို့ ဝင်ထိုင်သော သဘောဇနသိက္ခာပုဒ်၊
၄။ မိန်းမနှင့်အတူ ဆိတ်ကွယ်ဖုံးလွှမ်းရာ အရပ်၌ နေသော ရဟောပဋိစ္ဆန္န သိက္ခာပုဒ်၊
၅။ မာတုဂါမနှင့် အတူ ဆိတ်ကွယ်ရာအရပ်၌ နေထိုင်သော ရဟောနိသဇ္ဇသိက္ခာပုဒ်၊
၆။ စာရိတ္တသိက္ခာပုဒ်၊
၇။ မဟာနာမသိက္ခာပုဒ်၊
၈။ စစ်သည်တို့ကို ကြည့်ရှုခြင်းငှာသွားသော ဥယျုတ္တသေနသိက္ခာပုဒ်၊
၉။ နှစ်ညဉ့်သုံးညဉ့်ထက် အလွန် စစ်တပ်၌ နေသော သေနာဝသသိက္ခာပုဒ်၊
၁၀။ စစ်ချီ စစ်တိုက်ရာအရပ်သို့ သွားသော ဥယျောဓိကသိက္ခာပုဒ်၊ (၆။ သုရာပါနဝဂ်)-
သေအရက်ကို သောက်သော သုရာပါနသိက္ခာပုဒ်၊
၂။ လက်ချောင်းတို့ဖြင့် ကလိထိုး၍ ကစားသော အင်္ဂုလိပတောဒက သိက္ခာပုဒ်၊
၃။ ရေ၌ ရွှင်မြူးကစားသော ဟသဓမ္မသိက္ခာပုဒ်၊
၄။ မရိုမသေပြုသော အနာဒရိယသိက္ခာပုဒ်၊
၅။ ရဟန်းတို့ကို ခြောက်လှန့်သော ဘိံသာပနသိက္ခာပုဒ်၊
၆။ မီးမွှေးသော ဇောတိသမာဒဟနသိက္ခာပုဒ်၊
၇။ ရေချိုးသော နှာနသိက္ခာပုဒ်၊
၈။ အဆင်း ပျက်ခြင်းကို မယူသော ဒုဗ္ဗဏ္ဏကရဏသိက္ခာပုဒ်၊
၉။ ဝိကပ္ပနသိက္ခာပုဒ်၊
၁၀။ သင်္ကန်း စသည်ကို ဝှက်သော စီဝရအပနိဓာနသိက္ခာပုဒ်၊ (၇။ သပ္ပါဏကဝဂ်)-
သေစေလိုသော စေတနာဖြင့် တိရစ္ဆာန်၏အသက်ကို သတ်သော သဉ္စိစ္စပါဏသိက္ခာပုဒ်၊
၂။ ပိုးရှိသော ရေကို သုံးဆောင်သော သပ္ပါဏကသိက္ခာပုဒ်၊
၃။ လှုံ့ဆော်ချောက်ချားသော ဥက္ကောဋနသိက္ခာပုဒ်၊
၄။ ရုန့်ရင်းသော အာပတ်ကို ဖုံးလွှမ်းသော ဒုဋ္ဌုလ္လသိက္ခာပုဒ်၊
၅။ အသက် နှစ်ဆယ် မပြည့်သူကို ရဟန်းခံပေးသော ဦနဝီသတိဝဿသိက္ခာပုဒ်၊
၆။ ခိုးသူကုန်သည်နှင့် အတူသွားသော ထေယျသတ္ထသိက္ခာပုဒ်၊
၇။ မိန်းမနှင့် ချိန်းချက်၍ သွားသော သံဝိဓာနသိက္ခာပုဒ်၊
၈။ ဒိဋ္ဌိအယူကို ကျင့်သော အရိဋ္ဌသိက္ခာပုဒ်၊
၉။ ဥက္ခိတ္တကရဟန်းနှင့် တကွ ပေါင်းသင်းသော ဥက္ခိတ္တသံဘောဂသိက္ခာပုဒ်၊
၁၀။ ဖြားယောင်းသော ကဏ္ဍကသိက္ခာပုဒ်၊ (၈။ သဟဓမ္မိကဝဂ်)-
တရား အားလျော်စွာ ဆိုသော သဟဓမ္မိကသိက္ခာပုဒ်၊
၂။ ဝိနည်းကို ကဲ့ရဲ့သော ဝိလေခန သိက္ခာပုဒ်၊
၃။ မသိဟန်ဆောင်သော မောဟန သိက္ခာပုဒ်၊
၄။ ရဟန်းကို ပုတ်ခတ်သော ပဟာရ သိက္ခာပုဒ်၊
၅။ ရဟန်းအား လက်ဝါးပြင်မိုးသော တလသတ္တိကသိက္ခာပုဒ်၊
၆။ အခြေအမြစ် မရှိသော သံဃာဒိသိသ်အာပတ်ဖြင့် စွပ်စွဲသော အမူလကသိက္ခာပုဒ်၊
၇။ စေတနာနှင့်တကွ ကုက္ကုစ္စဖြစ်စေသော သဉ္စိစ္စသိက္ခာပုဒ်၊
၈။ ဥပဿုတိသိက္ခာပုဒ်၊
၉။ ကမ္မပဋိဗာဟန သိက္ခာပုဒ်၊
၁၀။ ဆန္ဒမပေးပဲ ပြန်သွားသော ဆန္ဒံ အဒတွာ ဂမနသိက္ခာပုဒ်၊
၁၁။ သင်္ကန်းကို ပေးပြီးနောက်ကာလမှ ရှုတ်ချသော ဒုဗ္ဗလသိက္ခာပုဒ်၊
၁၂။ ပရိဏာမနသိက္ခာပုဒ်၊ (၉။ ရာဇဝဂ်)-
အန္တေပုရသိက္ခာပုဒ်၊
၂။ ရတနာကို ခံယူသော ရတနသိက္ခာပုဒ်၊
၃။ နေလွဲအခါ ရွာသို့ဝင်သော ဝိကာလဂါမပ္ပဝေသနသိက္ခာပုဒ်၊
၄။ အပ်ကျည်ဘူးကို ပြုသော သိက္ခာပုဒ်၊
၅။ ညောင်စောင်းကို ပြုသော မဉ္စသိက္ခာပုဒ်၊
၆။ လဲမှို့ဖြင့် စီရင်သော တူလောနဒ္ဓသိက္ခာပုဒ်၊
၇။ အတိုင်းအရှည်ထက် လွန်သော နိသီဒိုင်အခင်းကို ပြုသော နိသီဒနသိက္ခာပုဒ်၊
၈။ အမာလွှမ်းသင်္ကန်းကို ပြုသော ကဏ္ဍုပဋိစ္ဆာဒိသိက္ခာပုဒ်၊
၉။ မိုးရေခံသင်္ကန်းကို ပြုသော ဝဿိကသာဋိက သိက္ခာပုဒ်၊
၁၀။ နန္ဒထေရ သိက္ခာပုဒ်၊ သုဒ္ဓပါစိတ်၌- ဝဂ်အားဖြင့် ၉ ဝဂ်၊ သိက္ခာပုဒ် ပေါင်း (၉၂) ပါး ဖြစ်သတည်း။ (ဝိ၊၅၊၄၁။) (ဝိ၊မြန်၊၅။၆၉၊၇၂။)♦

သုဒ္ဓပါစိတ်အာပတ် ဖြစ်ကြောင်း သမုဋ္ဌာန် ၆ ပါး

၁။ ရံခါ ကိုယ်ကြောင့် ဖြစ်၏၊ နှုတ်ကြောင့် စိတ်ကြောင့် မဖြစ်ကုန်၊
၂။ ရံခါ နှုတ်ကြောင့် ဖြစ်၏၊ ကိုယ်စိတ်ကြောင့် မဖြစ်ကုန်၊
၃။ ရံခါ ကိုယ်ကြောင့် လည်းကောင်း နှုတ်ကြောင့် လည်းကောင်း ဖြစ်ကုန်၏၊ စိတ်ကြောင့် မဖြစ်ကုန်၊
၄။ ရံခါ ကိုယ်ကြောင့် လည်းကောင်း စိတ်ကြောင့် လည်းကောင်း ဖြစ်ကုန်၏၊ နှုတ်ကြောင့် မဖြစ်ကုန်၊
၅။ ရံခါ နှုတ်ကြောင့် လည်းကောင်း စိတ်ကြောင့် လည်းကောင်း ဖြစ်ကုန်၏ ကိုယ်ကြောင့် မဖြစ်ကုန်၊
၆။ ရံခါ ကိုယ်ကြောင့် လည်းကောင်း နှုတ်ကြောင့် လည်းကောင်း စိတ်ကြောင့် လည်းကောင်း ဖြစ်ကုန်၏။ (ဝိ၊၅၊၃၆၃။) (ဝိ၊မြန်၊၅။၄၆၇။)♦

သုဒ္ဓသီသ ၄ မျိုး

၁။ အသ္မိ- ဖြစ်၏၊
၂။ ဘဝိဿံ- ဖြစ်လတ္တံ့၊
၃။ သိယံ- ဖြစ်နိုင်ရာ၏၊
၄။ အပါဟံ သိယံ- စင်စစ် ငါ ဖြစ်နိုင်ရာ၏။ (သံ၊ဋီ၊၂၊၁၇။)♦

သုဒ္ဓါဝါသ ၅ ဘုံ

၁။ အဝိဟာဘုံ၊
၂။ အတပ္ပါဘုံ၊
၃။ သုဒဿာဘုံ၊
၄။ သုဒဿီဘုံ၊
၅။ အကနိဋ္ဌဘုံ။ (ဒီ၊၃၊၁၉၈။) (ဒီ၊မြန်၊၃။၂၂၀။)♦

သုဒ္ဓိ ၄ မျိုး

စင်ကြယ်ခြင်း ၄ မျိုးနှင့် တူသည်။ ♦

သုဓမ္မာနတ် ဖြစ်ကြောင်း တရား ၃ ပါး

၁။ ကြံပင်, ကြံချောင်းဖြင့် မိုးအပ်သော အိမ်ကို ပေးလှူခြင်း၊
၂။ မြက်ဖြင့် မိုးအပ်သော အိမ်ကို ပေးလှူခြင်း၊
၃။ အဝတ်ဖြင့် မိုးအပ်သော အိမ်ကို ပေးလှူခြင်း။ (ဝိမာန၊၈၇။) (ဝိမာန၊မြန်။၈၆။)♦

သုပ္ပဗုဒ္ဓမင်း ဘုရားရှင်အပေါ်၌ ရန်ငြိုးဖွဲ့ကြောင်း ၂ မျိုး

၁။ ငါ၏ သမီး ယသော်ဓရာကို စွန့်၍ တောထွက် ရဟန်းပြုခြင်း၊
၂။ ငါ၏သား ဒေဝဒတ်ကို ရဟန်းပြုစေ၍ ရန်သူနေရာ၌ ထားခြင်း။ (ဓမ္မ၊ဋ္ဌ၊၂၊၂၈။) (အံ၊ဋီ၊၃၊၁၃၆။)♦

သုပ္ပမေယျ စသော ပုဂ္ဂိုလ် ၃ မျိုး

၁။ နှိုင်းဆရန် လွယ်ကူသော သုပ္ပမေယျပုဂ္ဂိုလ်၊
၂။ နှိုင်းဆရန် ခဲယဉ်းသော ဒုပ္ပမေယျပုဂ္ဂိုလ်၊
၃။ မနှိုင်းဆနိုင်သော အပ္ပမေယျပုဂ္ဂိုလ်။ (အဘိ၊ပု၊၁၀၆။) (အဘိ၊ပု၊၁၃၉။) (အဘိ၊ပု၊မြန်။၆။၄၃။) (အဘိ၊ပု၊မြန်။၆။၄၃။)♦

သုပ္ပဝါသမင်းသမီး ဆင်းရဲဒုက္ခကို သည်းခံရာ၌ ကြံစည်ပုံ ၃ မျိုး

၁။ အကြင်မြတ်စွာဘုရားသည် ဤကဲ့သို့သော ဆင်းရဲဒုက္ခမျိုးကို ပယ်ရန် တရားဟောတော်မူ၏၊ ထိုမြတ်စွာဘုရားသည် ‘‘သမ္မာသမ္ဗုဒ္ဓ’’ မည်ပေစွတကား၊
၂။ အကြင်ဘုရားရှင်၏ တပည့်သံဃာတော်များသည် ဤကဲ့ သို့သော ဆင်းရဲဒုက္ခမျိုးကို ပယ်ရန် ကျင့်ကြံတော်မူကြ၏၊ ထိုဘုရားရှင်၏ တပည့် သံဃာများသည် ‘‘သုပ္ပဋိပန္န’’ဂုဏ်နှင့် ပြည့်စုံပေစွတကား၊
၃။ အကြင်နိဗ္ဗာန်၌ ဤကဲ့သို့သော ဆင်းရဲဒုက္ခမျိုး မရှိ၊ ထိုနိဗ္ဗာန်သည် စင်စစ်ဧကန် အလွန်ပင် ချမ်းသာ ပေစွတကား။ (ဥဒါန၊၉၃။) (ဥဒါန၊မြန်။၈၆။)♦

သုပ္ပဝါသာ ဒုက္ခခံစားရစဉ် ရတနာ ၃ ပါးဂုဏ်ကို နှလုံးသွင်းပုံ ၃ မျိုး

၁။ ဤသို့သဘောရှိသော ဤဆင်းရဲကို ပယ်ခြင်းငှာ တရားဟောတော်မူသော မြတ်စွာဘုရားသည် သစ္စာလေးပါး တရားကို ကိုယ်တော်တိုင် သိတော်မူလေစွတကား၊
၂။ ဤကဲ့သို့သော သဘောရှိသော ဤဆင်းရဲခြင်းဒုက္ခကို ပယ်ခြင်းငှာ ကျင့်တော်မူသော ထိုမြတ်စွာဘုရား၏ တပည့်သာဝက အပေါင်းသည် သိက္ခာသုံးပါးကို ကောင်းစွာ ကျင့်တော်မူစွတကား၊
၃။ ဤကဲ့သို့ ဆင်းရဲခြင်း ဒုက္ခမရှိသော နိဗ္ဗာန်သည် အလွန်ချမ်းသာစွတကား။ (ဓမ္မ၊ဋ္ဌ၊၂၊၄၂၆။)♦

သုဘဒ္ဒပရိဗိုဇ်က ဘုရားရှင်အား မေးသော ပြဿနာ ၃ ရပ်

၁။ ကောင်းကင်၌ ခြေရာမည်သည် ရှိပါသလော၊
၂။ ဤသာသနာတော်မှ ပြင်ပ၌ ရဟန်းမည်သည် ရှိပါသလော၊
၃။ မြဲသော သင်္ခါရတို့ မည်သည် ရှိကုန်ပါသလော။ (ဓမ္မ၊ဋ္ဌ၊၂၊၂၄၀။)♦

သုဘဒ္ဒပရိဗိုဇ်အား ဘုရားရှင် ဖြေကြားတော်မူသော အဖြေ ၃ ရပ်

၁။ ကောင်းကင်၌ ခြေရာ မည်သည် မရှိ၊
၂။ သာသနာတော်ပြင်ပ၌ ရဟန်းမည်သည် မရှိ၊
၃။ သင်္ခါရဟု ဆိုအပ်သော ခန္ဓာငါးပါးတို့သည် မြဲခြင်းတို့သည် မရှိကုန်။ (ဓမ္မ၊ဋ္ဌ၊၂၊၂၄၀။)♦

သုဘလုလင် မေးလျှောက်သော ပြဿနာ ၁၄ မျိုး

၁။ အသက်တိုကြသော လူတို့အကြောင်း၊
၂။ အသက်ရှည်ကြသော လူတို့အကြောင်း၊
၃။ အနာရောဂါများသော လူတို့အကြောင်း၊
၄။ အနာရောဂါနည်းသော, အနာရောဂါကင်းသော လူတို့အကြောင်း၊
၅။ ရုပ်အဆင်း မလှသော လူတို့အကြောင်း၊
၆။ ရုပ်အဆင်းလှသော လူတို့အကြောင်း၊
၇။ တန်ခိုးအခြံအရံ နည်းသော လူတို့အကြောင်း၊
၈။ တန်ခိုး အခြံအရံများသော လူတို့အကြောင်း၊
၉။ စည်းစိမ် ဥစ္စာနည်းသော လူတို့အကြောင်း၊
၁၀။ စည်းစိမ်ဥစ္စာများသော လူတို့အကြောင်း၊
၁၁။ အမျိုးဇာတ် ယုတ်နိမ့်သော လူတို့အကြောင်း၊
၁၂။ အမျိုးဇာတ် မြင့်မြတ်သော လူတို့ အကြောင်း၊
၁၃။ အသိဉာဏ် ပညာမဲ့သော လူတို့အကြောင်း၊
၁၄။ အသိဉာဏ်ရှိသော လူတို့ အကြောင်း။ (သီ၊ဋီ၊သစ်၊၂၊၄၀၄။)♦

သုဘာသိတာ ဝါစာ အင်္ဂါ ၄ ပါး

၁။ ပြိန်ဖျင်းသော အကျိုးမရှိသော စကားကို မပြောဆိုခြင်း၊
၂။ တရားစကားကို ပြောဆိုခြင်း၊
၃။ ချစ်ဖွယ်သော စကားကို ပြောဆိုခြင်း၊
၄။ မှန်ကန်သော စကားကို ပြောဆိုခြင်း။ (ခုဒ္ဒက၊ဋ္ဌ၊၁၁၄။)♦

သုမနဘုရားရှင်၏ သာဝကအစည်းအဝေး ၃ ကြိမ်

၁။ ပထမအကြိမ် ဝါကျွတ် ပဝါရဏာပွဲ၌ ရဟန္တာ ကုဋေတစ်သိန်း၊
၂။ ဒုတိယအကြိမ် အညစ်ကြေးကင်းသော ရွှေတောင်၌ ရဟန္တာကုဋေ ကိုးသောင်း၊
၃။ တတိယအကြိမ် သိကြားမင်းက ဘုရားရှင်အား ဖူးမြော်ကန်တော့ရန် အတွက် ချဉ်းကပ်သောအခါ၌ ရဟန္တာ ကုဋေရှစ်သောင်းတို့ စည်းဝေးတော်မူကြသည်။ (အပ၊၂၊၃၃၀။) (အဘိ၊ဋ္ဌ၊၁၊၆၂။) (ဇာ၊ဋ္ဌ၊၁၊၄၂။) (အပ၊မြန်၊၂။၃၂၅။)♦

သုမနဘုရားရှင်၏ အဂ္ဂသာဝက ၂ ပါး

၁။ သရဏထေရ်၊
၂။ ဘာဝိတတ္တထေရ်။ (အဘိ၊ဋ္ဌ၊၁၊၆၂။) (ဗုဒ္ဓဝံ၊ဋ္ဌ၊၁၉၀။) (ဇာ၊ဋ္ဌ၊၁၊၄၂။)♦

သုမနဘုရားရှင်၏ အဂ္ဂသာဝိကာမ ၂ ပါး

၁။ သောဏာထေရီ၊
၂။ ဥပသောဏာထေရီ၊ (ဗုဒ္ဓဝံ၊ဋ္ဌ၊၁၉၀။) (ဇာ၊ဋ္ဌ၊၁၊၄၂။) (အဘိ၊ဋ္ဌ၊၁၊၆၂။)♦

သုမနဘုရားအလောင်း၏ ပြာသာဒ် ၃ ဆောင်

၁။ စန္ဒမည်သော ပြာသာဒ်၊
၂။ သုစန္ဒမည်သော ပြာသာဒ်၊
၃။ ဝဋံသမည်သော ပြာသာဒ်။ (အပ၊၂၊၃၃၀။) (အပ၊မြန်၊၂။၃၂၆။)♦

သုမေဓဘုရားရှင်၏ ဓမ္မာဘိသမယ ၃ ကြိမ်

၁။ တရားဦး ဟောတော်မူရာ အခါ၌ လူနတ်ဗြဟ္မာ ကုဋေတစ်သိန်း ကျွတ်တမ်းဝင်သည်၊
၂။ ကုမ္ဘကဏ္ဏဘီလူးကို ဆုံးမတော်မူသောအခါ၌ လူ နတ် ဗြဟ္မာ ကုဋေကိုးသောင်းတို့ တရားထူးရကြသည်၊
၃။ သစ္စာလေးပါး တရားကို ဟောကြား တော်မူသောအခါ လူနတ်ဗြဟ္မာ ကုဋေရှစ်သောင်း ကျွတ်တမ်းဝင်ကြသည်။ (အပ၊၂၊၃၄၆။)(အပ၊မြန်၊၂။၃၄၂။)♦

သုမေဓဘုရားရှင်၏ သာဝကအစည်းအဝေး ၃ ကြိမ်

၁။ ပထမအကြိမ် သုဒဿနမြို့သို့ ချဉ်းကပ်တော် မူသောအခါ ရဟန္တာ ကုဋေတစ်ရာ၊
၂။ ဒုတိယအကြိမ် ဒေဝကူဋတောင်၌ ကထိန်ခင်းသောအခါ ရဟန္တာ ကုဋေကိုးဆယ်၊
၃။ တတိယအကြိမ် ဒေသစာရီ ကြွချီတော်မူသောအခါ ရဟန္တာ ကုဋေ ရှစ်ဆယ်တို့ စည်းဝေးတော်မူကြသည်။ (အပ၊၂၊၃၄၆။) (အဘိ၊ဋ္ဌ၊၁၊၆၅။) (အပ၊မြန်၊၂။၃၄၃။)♦

သုမေဓဘုရားရှင်၏ အဂ္ဂသာဝက ၂ ပါး

၁။ သရဏထေရ်၊
၂။ သဗ္ဗကာမထေရ်။ (အဘိ၊ဋ္ဌ၊၁၊၆၅။) (ဗုဒ္ဓဝံ၊ဋ္ဌ၊၂၃၈။)♦

သုမေဓဘုရားရှင်၏ အဂ္ဂသာဝိကာမ ၂ ပါး

၁။ ရာမာထေရီ၊
၂။ သုရာမာထေရီ၊ (အဘိ၊ဋ္ဌ၊၁၊၆၅။) (ဗုဒ္ဓဝံ၊ဋ္ဌ၊၂၃၈။)♦

သုမေဓဘုရားအလောင်း၏ ပြာသာဒ် ၃ ဆောင်

၁။ သုစန္ဒမည်သော ပြာသာဒ်ဆောင်၊
၂။ ကဉ္စန မည်သော ပြာသာဒ်ဆောင်၊
၃။ သိရီဝဍ္ဎနမည်သော ပြာသာဒ်ဆောင်။ (အပ၊၂၊၃၄၇။) (အပ၊မြန်၊၂။၃၄၄။)♦

သုရာ ၅ မျိုး

သေရည် ၅ မျိုးနှင့် တူသည်။ ♦

သုရာပါနသိက္ခာပုဒ် အင်္ဂါ ၂ မျိုး

၁။ မူးယစ်သေစာ အရက်သုရာ ဖြစ်ခြင်း၊
၂။ ထိုမူးယစ် သေစာကို သောက်ခြင်း။ (သာရတ္ထ၊ဋီ၊၃၊၇၉။) (ဝိမတိ၊၂၊၄၂။)♦

သုရာမေရယကံ မြောက်ကြောင်း ၄ ပါး

၁။ သေရည်အရက် စသော မူးယစ်ဆေးဝါးတို့တွင် တစ်မျိုးမျိုး ဖြစ်ခြင်း၊
၂။ မူးယစ်လို သောက်လိုသော စိတ်ရှိခြင်း၊
၃။ မူးယစ်သောက်စား ခြင်းငှာ လုံ့လပြုခြင်း၊
၄။ မူးယစ်ဆေးဝါးများကို သောက်သုံး မှီဝဲခြင်း။ (ခုဒ္ဒက၊ဋ္ဌ၊၂၁။) (ဣတိဝုတ်၊ဋ္ဌ၊၂၂၁။)♦

သုသာန်ဓုတင် ၃ မျိုး

၁။ ဥက္ကဋ္ဌသုသာန်ဓုတင်၊
၂။ မဇ္ဈိမသုသာန်ဓုတင်၊
၃။ မုဒုကသုသာန် ဓုတင်။ (ဝိသုဒ္ဓိ၊၁၊၇၄။)♦

သုသာန်ဓုတင် ဆောက်တည်ရကျိုး ၁၀ ပါး

၁။ ငါသည်လည်း သေရဦးမည်ဟူသော အမှတ်သတိကို ရရှိခြင်း၊
၂။ မမေ့မလျော့ နေထိုင်လေ့ရှိခြင်း၊
၃။ အသုဘနိမိတ်အာရုံကို ရရှိခြင်း၊
၄။ ကာမရာဂကို ပယ်ဖျောက်နိုင်ခြင်း၊
၅။ ခန္ဓာကိုယ်၏ အသုဘသဘောကို အမြဲမပြတ် မြင်နိုင်ခြင်း၊
၆။ သံဝေဂ အဖြစ်များခြင်း၊
၇။ နုပျိုကျန်းမာခြင်းကို အကြောင်းပြု၍ ဖြစ်ပေါ်လာသော မာန်ယစ် ခြင်းကို ပယ်နိုင်ခြင်း၊
၈။ ဘေးကြီးဘေးငယ် အသွယ်သွယ်ကို သည်းခံနိုင်ခြင်း၊
၉။ နတ် ဘီလူးတို့ အလေးပြုအပ် ချီးမွမ်းအပ်ခြင်း၊
၁၀။ အပ္ပိစ္ဆတာ စသည်တို့အား လျော်သော အကျင့်ရှိခြင်း။ (ဝိသုဒ္ဓိ၊၁၊၇၄။)♦

သုသာန်ဓုတင် ဆောက်တည်သူ ၅ မျိုး

၁။ ပညာနုံ့၍ မိုက်မဲ တွေဝေသောကြောင့် ဆောက်တည်ခြင်း၊
၂။ ယုတ်မာသော အလိုဆိုး နှိပ်စက်သောကြောင့် ဆောက်တည်ခြင်း၊
၃။ စိတ်ပျံ့လွင့် ရူးသွပ် သောကြောင့် ဆောက်တည်ခြင်း၊
၄။ ဘုရားရှင်နှင့် ဘုရားရှင်၏ တပည့်တို့သည် ချီးမွမ်းအပ် ၏ဟု ဆောက်တည်ခြင်း၊
၅။ အလိုနည်းမှု, ရောင့်ရဲမှု, ခေါင်းပါးမှု, ဆိတ်ငြိမ်မှုတို့ကို အမှီပြု၍ ကောင်းသော အကျင့်ကို အလိုရှိသောကြောင့် ဆောက်တည်ခြင်း။ (ဝိ၊၅၊၃၃၅။) (ဝိ၊မြန်၊၅။၄၃၈။)♦

သုသာန်ဓုတင် ဆောက်တည်သော ပုဂ္ဂိုလ် ၅ မျိုး

၁။ ပညာနုံ့၍ မိုက်မဲ တွေဝေသောကြောင့် ဆောက်တည်သူ၊
၂။ ယုတ်မာသော အလိုဆိုးဖြင့် ဆောက်တည်သူ၊
၃။ ရူးသွပ်ခြင်း စိတ်ပျံ့ လွင့်ခြင်းကြောင့် ဆောက်တည်သူ၊
၄။ ဘုရားရှင်နှင့် တပည့်သာဝကတို့က ချီးမွမ်း အပ်သည် ဟူ၍ ဆောက်တည်သူ၊
၅။ အလိုနည်းခြင်း, ရောင့်ရဲခြင်း စသည်ဖြင့် ကောင်းသော အကျင့်ကို အလိုရှိသည် ဖြစ်၍ ဆောက်တည်သူ။ (ဝိ၊၅၊၂၃၃။) (အံ၊၂၊၁၉၄။) (အဘိ၊ပု၊၁၈၀။) (ဝိ၊မြန်၊၅။၃၂၃။) (အံ၊မြန်၊၂။၂၄၆။) (အဘိ၊ပု၊မြန်။၈၄။)♦

သူခိုးကြီး ၅ ဦး

၁။ တပည့်ရာထောင်ခြံရံ၍ လူ ရှင် ရဟန်းတို့၏ ရိုသေမြတ်နိုး ပူဇော်မှုကို ခံယူလျက် သင်္ကန်း ဆွမ်း ကျောင်း ဆေး ပစ္စည်းလေးပါးတို့ကို ရသည်ဖြစ်၍ ရွာ နိဂုံး မင်းနေပြည်တော်တို့၌ ဒေသစာရီလှည့်လည်နေသော ရဟန်းယုတ်၊
၂။ ဘုရားရှင် ဟောကြား ထားသော သုတ် ဝိနည်း အဘိဓမ္မာ ဒေသနာတော်များကို သင်ယူ၍ ကိုယ်ပိုင် ပြုသော ရဟန်းယုတ်၊
၃။ စင်ကြယ်သော အကျင့်ရှိသည် ဖြစ်၍ မြတ်သောအကျင့်ကို ကျင့်ကြံ ကျိုးကုတ် အားထုတ်နေသော သီတင်းသုံးဖော်ရဟန်းအား အခြေအမြစ်မရှိသော မမြတ်သော မေထုန် အမှုဖြင့် စွပ်စွဲသော ရဟန်းယုတ်၊
၅။ သံဃာပိုင်ဖြစ်သော ကျောင်း, ကျောင်းမြေရာ စသော ဂရုဘဏ်ပစ္စည်းတို့ဖြင့် လူတို့အား ပေးကမ်းချီးမြှောက်၍ ဖြားယောင်းသော ရဟန်းယုတ်၊
၅။ ရဟန်းရှင်လူ ပြည်သူအပေါင်းတို့အား မိမိသန္တာန်၌ ထင်ရှားမရှိသော လူတို့၏ ကုသလ ကမ္မပထတရား ဆယ်ပါးထက် မြတ်သော ဈာန်, မဂ်, ဖိုလ် တရားတို့ကို မိမိသန္တာန်၌ ရှိ၏, ဈာန်ရ၏, မဂ်ရ၏, ဖိုလ်ရ၏ဟု လိမ်ညာ ဝါကြွား၍ ပြောကြားသော အဆိုးဆုံး အကြီးဆုံး ရဟန်းယုတ်။ (ဝိ၊၁၊၁၁၅။) (ဝိ၊မြန်၊၁။၁၁၈။)♦

သူစိဃရသိက္ခာပုဒ်၌ အင်္ဂါ ၂ မျိုး

၁။ အရိုးဖြင့် ပြုလုပ်ထားသော အပ်ကျည်အပ်ဗူး ဖြစ်ခြင်း၊
၂။ ပြုလုပ်ခြင်း, ပြုလုပ်စေခြင်း စသည်တို့၏ အစွမ်းဖြင့် မိမိရရှိခြင်း။ (ဝိမတိ၊၂၊၅၆။)♦

သူစိဃရသိက္ခာပုဒ်၌ အင်္ဂါ ၃ မျိုး

၁။ အပ်ကျည် အပ်ဗူး ဖြစ်ခြင်း၊
၂။ အရိုးဖြင့် ပြီးသော- အရိုးဖြင့် ပြုလုပ်ထားသော အပ်ဗူး စသည်တို့ ဖြစ်ခြင်း၊
၃။ မိမိအတွက် ပြုလုပ်ခြင်း ပြုလုပ် စေပြီး၍ ရရှိခြင်း။ (သာရတ္ထ၊ဋီ၊၃၊၁၀၁။)♦

သူဌေးကြီး ၃ ဦး (ကောသမ္ဗီပြည် သူဌေးကြီး ၃ ဦး)

၁။ ဃောသကသူဌေး၊
၂။ ကုက္ကုဋသူဌေး၊
၃။ ပါဝါရိကသူဌေး။ (အံ၊ဋ္ဌ၊၁၊၃၃၂။)♦

သူဌေးကြီး ၅ ယောက် (ဗိမ္ဗိသာရမင်းကြီး၏ သူဌေးကြီး ၅ ယောက်)

၁။ ဇောတိက၊
၂။ ဇဋိလ၊
၃။ မေဏ္ဍက၊
၄။ ပုဏ္ဏ၊
၅။ ကာကဝလိယ။ (အံ၊ဋ္ဌ၊၁၊၃၁၂။) (ဓမ္မ၊ဋ္ဌ၊၁၊၂၄၃။)♦

သူတစ်ပါးတို့ စကားကို မယုံကြည်သူ ၅ ဦး

၁။ အရိယာမဂ်သီလနှင့် ပြည့်စုံသော ပုဂ္ဂိုလ်၊
၂။ အရိယာမဂ်ပညာဖြင့် ပြည့်စုံသော ပုဂ္ဂိုလ်၊
၃။ ကိလေသာငြိမ်းခြင်း၌ မွေ့လျော်သော ပုဂ္ဂိုလ်၊
၄။ မကောင်းမှုမှ ဝေးသောပုဂ္ဂိုလ်၊
၅။ မကောင်းမှုမှ ရှောင်ကြဉ်သော ပုဂ္ဂိုလ်။ (ဇာတက၊၁၊၁၀၄။)♦

သူတစ်ပါးတို့၏ အိမ်၌ မထားသင့်သော ပစ္စည်း ၄ မျိုး

၁။ နွားထီး၊
၂။ နို့စားနွားမ၊
၃။ ယာဉ်ရထား လှည်း၊
၄။ မယား။ (ဤဝတ္ထု ၄ မျိုးတို့သည် ကိစ္စပေါ်လျှင် အကျိုးမပြုနိုင်။)။ (ဇာ၊ဋ္ဌ၊၅၊၄၆၆။)♦

သူတစ်ပါးတို့၏ အိမ်၌ မနေစေအပ်သော အရာဝတ္ထု ၄ မျိုး

၁။ နွားထီး၊
၂။ နွားမ၊
၃။ ယာဉ်၊
၄။ မယား။ (ဇာတက၊၂၊၁၁၉။)♦

သူတစ်ပါးအလှူကို တားမြစ်တတ်သော ပုဂ္ဂိုလ်၏ အန္တရာယ်ပြုခြင်း ၃ မျိုး

၁။ အလှူပေး ပုဂ္ဂိုလ်, အလှူရှင်ပုဂ္ဂိုလ်၏ ကောင်းမှုအန္တရာယ်ကို ပြုခြင်း၊
၂။ အလှူခံပုဂ္ဂိုလ်၏ လာဘ်ရမှု အန္တရာယ်ကို ပြုခြင်း၊
၃။ ရှေးဦးစွာ မိမိကိုယ်ကို သုဂတိလမ်း နိဗ္ဗာန်လမ်းမှ တူးဖြို ဖျက်ဆီး အပ်ခြင်း။ (အံ၊၁၊၁၆၁။) (အံ၊မြန်၊၁။၁၁၈၀။)♦

သူတစ်ပါးအသက်ကို သတ်ခြင်းကြောင့် ဖြစ်ပေါ်သော အာသဝ ၁ ပါး

၁။ အဝိဇ္ဇာသဝ။ (မ၊ဋ္ဌ၊၃၊၂၈။)♦

သူတစ်ပါးအား ပြောဆိုနည်း၂ မျိုး

၁။ မိမိကိုယ်ကို နှိမ့်ချလျက် သူတစ်ပါးကို မြှင့်တင်လျက် ပြောခြင်း၊
၂။ မိမိကိုယ်ကို မြှင့်တင်လျက် သူတစ်ပါးကို နှိမ့်ချလျက် ပြောခြင်း။ (မဟာနိ၊၃၀၃။)♦

သူတစ်ပါးဥစ္စာကို ခိုးယူခြင်းကြောင့် ဖြစ်သော အာသဝ ၃ ပါး

၁။ ကာမ အာသဝ- လိုချင်ဖွယ် ကာမ၌ ယိုစီးတတ် ဖြစ်တတ် မူးယစ်စေတတ်သော သဘော၊
၂။ ဒိဋ္ဌိ အာသဝ- ဒိဋ္ဌိ (အယူမှား= အမြင်မှား) ဟူသော အာသဝေါတရား၊
၃။ အဝိဇ္ဇာ အာသဝ- အဝိဇ္ဇာဟူသော အာသဝတရား။ (မ၊ဋ္ဌ၊၃၊၂၉။)♦

သူတော်ကောင်း တရား ၁၀ ပါး

၁။ သူ့အသက် သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း၊
၂။ သူ့ဥစ္စာ ခိုးယူခြင်းမှ ရှောင်ကြဉ်ခြင်း၊
၃။ ကာမတို့၌ မှားယွင်းသော အကျင့်မှ ရှောင်ကြဉ်ခြင်း၊
၄။ မဟုတ်မမှန် ပြောမှုမှ ရှောင်ကြဉ်ခြင်း၊
၅။ ကုန်းချောမှုမှ ရှောင်ကြဉ်ခြင်း၊
၆။ ရုန့်ရင်း ကြမ်းတမ်းစွာ ပြောဆိုမှုမှ ရှောင်ကြဉ်ခြင်း၊
၇။ ပြိန်ဖျင်းသော စကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း၊
၈။ သူတစ်ပါး ဥစ္စာကို ရှေးရှုကြံစည်မှုမှ ရှောင်ကြဉ်ခြင်း၊
၉။ သတ္တဝါ တို့အား ဖျက်ဆီးလိုမှုမှ ရှောင်ကြဉ်ခြင်း၊
၁၀။ မှန်သော အမြင်ရှိခြင်း။ (အံ၊၃၊၄၈၂-၄၈၇။) (အံ၊မြန်၊၃။၄၇၂-၄၇၈။)♦

သူတော်ကောင်း အင်္ဂါ ၃ ပါး

၁။ ကုသိုလ်ကာယကံနှင့် ပြည့်စုံခြင်း၊
၂။ ကုသိုလ်ဝစီကံနှင့် ပြည့်စုံခြင်း၊
၃။ ကုသိုလ်မနောကံနှင့် ပြည့်စုံခြင်း၊ (တစ်နည်း)
အပြစ်မရှိ ညီညွတ် စင်ကြယ်သော ကာယကံနှင့် ပြည့်စုံခြင်း၊
၂။ အပြစ်မရှိ ညီညွတ်စင်ကြယ်သော ဝစီကံနှင့် ပြည့်စုံခြင်း၊
၃။ အပြစ်မရှိ ညီညွတ်စင်ကြယ်သော မနောကံနှင့် ပြည့်စုံခြင်း။ (အံ၊၁၊၂၉၇-၂၉၈။) (အံ၊မြန်၊၁။၃၁၅။)♦

သူတော်ကောင်း အင်္ဂါ ၄ ပါး

၁။ အမိအပေါ်၌ မှန်ကန်စွာ ပြုကျင့်ခြင်း၊
၂။ အဖအပေါ်၌ မှန်ကန်စွာ ပြုကျင့်ခြင်း၊
၃။ မြတ်စွာဘုရားအပေါ်၌ မှန်ကန်စွာ ပြုကျင့်ခြင်း၊
၄။ ဘုရားရှင်၏ တပည့် သာဝကများအပေါ်၌ မှန်ကန်စွာ ပြုကျင့်ခြင်း။ (အံ၊၁၊၃၁၀။) (အံ၊မြန်၊၁။၃၂၆။)♦

သူတော်ကောင်း အင်္ဂါ ၆ ပါး

၁။ မိန်းမအား ချီးမွမ်းအပ်သော အလှူကို ပေးခြင်း၊
၂။ ယောကျ်ားအား ချီးမွမ်းအပ်သော အလှူကို ပေးခြင်း၊
၃။ ဘုရားအစရှိသော ပညာရှိသူတော်ကောင်း တို့အား ချီးမွမ်းအပ်သော အလှူကို ပေးခြင်း၊
၄။ သဒ္ဓါတရားနှင့် ပြည့်စုံခြင်း၊
၅။ ကောင်းသော စကားကို သိခြင်း၊
၆။ ဝန်တိုမှု ကင်းခြင်း။ (ဇာတက၊၂၊၁၀၄။)♦

သူတော်ကောင်း အလှူ ၅ မျိုး

၁။ ရိုရိုသေသေ ပေးလှူခြင်း၊
၂။ လေးလေးစားစား ပေးလှူခြင်း၊
၃။ ကိုယ်တိုင် ပေးလှူခြင်း၊
၄။ စွန့်ပစ်သကဲ့သို့ မပေးလှူခြင်း၊
၅။ အကျိုးရှိမည်ဟု အယူ ရှိလျက် ပေးလှူခြင်း။ (အံ၊၂၊၁၅၂။) (အံ၊မြန်၊၂။၁၉၁။)♦

သူတော်ကောင်း အလှူ ၅ မျိုး (တစ်နည်း)

၁။ ယုံကြည်သဖြင့် ပေးလှူခြင်း၊
၂။ ရိုသေစွာ ပေးလှူခြင်း၊
၃။ လျောက်ပတ်သောအခါ၌ ပေးလှူခြင်း၊
၄။ မကပ်ငြိသော စိတ်ဖြင့် ပေးလှူခြင်း၊
၅။ မိမိ သူတစ်ပါး မထိခိုက်ဘဲ ပေးလှူခြင်း။ (အံ၊၂၊၁၅၂။) (အံ၊မြန်၊၂။၁၉၁-၁၉၂။)♦

သူတော်ကောင်း ဥစ္စာ ၇ မျိုး

၁။ ရတနာသုံးပါး စသည်တို့၌ သက်ဝင်ယုံကြည်တတ်သော သဒ္ဓါဟူသော ဥစ္စာ၊
၂။ ငါးပါးသီလစသော သီလဟူသော ဥစ္စာ၊
၃။ ဒုစရိုက်အမှုကို ပြုရခြင်း ရှက်တတ်သော ဟိရီဟူသော ဥစ္စာ၊
၄။ ဒုစရိုက်အမှုကို ပြုရခြင်းမှ ကြောက်တတ်သော ဩတ္တပ္ပဟူသော ဥစ္စာ၊
၅။ သူတော်ကောင်းတရား၌ အကြားအမြင်ရှိသော သုတဟူသော ဥစ္စာ၊
၆။ လွတ်လွတ်ကျွတ်ကျွတ် ပေးကမ်းစွန့်ကြဲတတ်သော စာဂဟူသော ဥစ္စာ၊
၇။ မိမိပြုသော အမှုသည် မိမိ၏ ဥစ္စာဟု ဖြစ်သော ပညာဟူသော ဥစ္စာ။ (ဒီ၊၃၊၁၃၃။) (ဒီ၊၃၊၂၄၀။) (အံ၊၂၊၃၉၈။) (အံ၊၂၊၄၀၀။) (ဓမ္မ၊ဋ္ဌ၊၁၊၃၀၂။) (ဒီ၊မြန်၊၃။၁၅၁။) (ဒီ၊မြန်၊၃။၂၆၃။) (အံ၊မြန်၊၂။၅၀၃။) (အံ၊မြန်၊၂။၅၀၃။)♦

သူတော်ကောင်းတရား ၃၇ ပါး

၁။ သတိပဋ္ဌာန်တရား လေးပါး၊
၂။ သမ္မပ္ပဓာန်တရား လေးပါး၊
၃။ ဣဒ္ဓိပါဒ်တရား လေးပါး၊
၄။ ဣန္ဒြေ ငါးပါး၊
၅။ ဗိုလ် ငါးပါး၊
၆။ ဗောဇ္ဈင် ခုနစ်ပါး၊
၇။ မဂ္ဂင် ရှစ်ပါး ပေါင်း ၃၇ ပါး။ (အဘိ၊ဝိ၊၃၈၇။) (အဘိ၊ဝိ၊မြန်၊၂။၄၈၈။)♦

သူတော်ကောင်းတရား ၇ ပါး

၁။ ယုံကြည်မှု သဒ္ဓါတရား ရှိခြင်း၊
၂။ အရှက် ရှိခြင်း၊
၃။ ထိတ်လန့်မှု ရှိခြင်း၊
၄။ အကြားအမြင် များပြားခြင်း၊
၅။ ထက်သန်သော လုံ့လ ရှိခြင်း၊
၆။ သတိ ရှိခြင်း၊
၇။ ပညာ ရှိခြင်း။ (ဝိ၊၅၊၂၄၃။) (ဒီ၊၃၊၂၀၈။) (ဒီ၊၃၊၂၄၁။) (ဒီ၊၃၊၂၄၂။) (အံ၊၂၊၅၀၉။) (သာရတ္ထ၊ ဋီ၊၁။၂၃၅။) (ဝိမတိ၊၁၊၅၀။) (ဝိသုဒ္ဓိ၊ဋီ၊၁၊၂၃၃။) (ဝိ၊မြန်၊၅။၃၃၄။) (ဒီ၊မြန်၊၃။၂၃၂။) (ဒီ၊မြန်၊၃။၂၆၅။) (ဒီ၊မြန်၊၃။၂၆၅။) (အံ၊မြန်၊၂။၆၃၅။)♦

သူတော်ကောင်းတရား ၇ ပါး

ထူးသော အဖို့ရှိသော တရား ၇ ပါး၊ ဝိသေသဘာဂိယ တရား ၇ ပါး၊ ထိုးထွင်း၍ သိနိုင်ခဲသော တရား ၇ ပါး၊ ဒုပ္ပဋိဝိဇ္ဈတရား ၇ ပါးတို့နှင့် တူသည်။ ♦

သူတော်ကောင်းတရား ၇ ပါး (ဘုရားရှင်၏ အရိယာတပည့်သာဝက၌ ရှိသော သူတော်ကောင်း တရား ၇ မျိုး)

၁။ မြတ်စွာဘုရားကို ယုံကြည်သော သဒ္ဓါတရား၊
၂။ ဒုစရိုက်ကို စက်ဆုပ်သော, ဒုစရိုက်ပြုရသည်ကို ရှက်သော ဟိရီတရား၊
၃။ ဒုစရိုက်အမှု ပြုရသည်ကို ကြောက်သော ဩတ္တပ္ပတရား၊
၄။ ဘုရားရှင်၏ တရားကို များစွာ ကြားနာပြီးခြင်း, ဆောင်ထားနိုင်ခြင်း၊
၅။ အကုသိုလ်တရားတို့ကို ပယ်ခြင်းငှာလည်းကောင်း ကုသိုလ်တရားတို့ကို ပြည့်စုံ စေခြင်းငှာ လည်းကောင်း အားထုတ်အပ်သော လုံ့လ ရှိခြင်း၊
၆။ ခိုင်မြဲသော သတိတရား ရှိခြင်း၊
၇။ ဝိပဿနာပညာ မဂ်ပညာနှင့် ပြည့်စုံခြင်း။ (မ၊၂၊၁၈။) (မ၊မြန်၊၂။၂၁။)♦

သူတော်ကောင်းတရား အတု ၂ မျိုး

၁။ အဓိဂမ သဒ္ဓမ္မပ္ပတိရူပက- ဩဘာသ ပီတိ စသော ဝိပဿနာ ညစ်ညူးကြောင်းတရား ဆယ်ပါး၊
၂။ ပရိယတ္တိ သဒ္ဓမ္မပ္ပတိရူပက- သင်္ဂါယနာ သုံးတန် မတင်ထားသော ဗုဒ္ဓဝစနလည်း မဟုတ်သော အာဠာဝကဂဇ္ဇိတ ဝေဒလ္လပိဋက စသည့်တရား။ (သံ၊ဋ္ဌ၊၂၊၁၈၆။)♦

သူတော်ကောင်းတို့ ဆည်းကပ်သော ပုဂ္ဂိုလ် ၇ မျိုး

၁။ သဒ္ဓါတရားရှိသော ပုဂ္ဂိုလ်၊
၂။ ဒုစရိုက် တို့မှ အရှက်ရှိသော ပုဂ္ဂိုလ်၊
၃။ ဒုစရိုက်တို့မှ အကြောက်တရားရှိသော ပုဂ္ဂိုလ်၊
၄။ များသော အကြားအမြင်ရှိသော ပုဂ္ဂိုလ်၊
၅။ အားထုတ်အပ်သော လုံ့လရှိသော ပုဂ္ဂိုလ်၊
၆။ ထင်သော သတိတရားရှိသော ပုဂ္ဂိုလ်၊
၇။ ပညာရှိသော ပုဂ္ဂိုလ်။ (မ၊၃၊၇၃။) (မ၊မြန်၊၃။၇၇။)♦

သူတော်ကောင်းတို့ ပြည့်စုံရမည့် တရား ၄ ပါး

၁။ ဉာဏ်ဖြင့် စိစစ်သက်ဝင်၍ ကဲ့ရဲ့ထိုက် သူအား ကဲ့ရဲ့စကား ပြောကြားခြင်း၊
၂။ ဉာဏ်ဖြင့် စိစစ်သက်ဝင်၍ ချီးမွမ်းထိုက်သူအား ချီးမွမ်းစကား ပြောကြားခြင်း၊
၃။ ဉာဏ်ဖြင့် စိစစ်သက်ဝင်၍ မကြည်ညိုအပ်သော အရာ၌ မကြည်ညိုမှုကို ဖြစ်စေခြင်း၊
၄။ ဉာဏ်ဖြင့် စိစစ်သက်ဝင်၍ ကြည်ညိုအပ်သော အရာ၌ ကြည်ညိုမှုကို ဖြစ်စေခြင်း။ (အံ၊၁၊၃၀၉။) (အံ၊မြန်၊၁။၃၂၅။)♦

သူတော်ကောင်းတို့ ပြုကျင့်ရသော တရား ၄ ပါး

သာဓုနရ တရား ၄ ပါးနှင့် တူသည်။ ♦

သူတော်ကောင်းတို့ မနေထိုင်သင့်သော နေရာ ၄ မျိုး

၁။ သူတော်ကောင်းအား ရိုသေခြင်း, မြတ်နိုးပူဇော်ခြင်း မရှိသော နေရာ၊
၂။ သူတော်ကောင်းတို့အား မထီမဲ့မြင်ပြုသော နေရာ၊
၃။ လူယုတ်မာတို့အား ရိုသေမြတ်နိုး ပူဇော်ခြင်းကို ပြုသော နေရာ၊
၄။ ပျင်းရိသောသူ, အတတ်ပညာမဲ့သောသူ, လိမ္မာသောသူ ရဲရင့်သောသူ, ကြောက်တတ်သောသူ စသည်တို့ကို မခွဲခြားဘဲ ညီတူညီမျှ ချီးမြှောက်ပူဇော်သော နေရာ။ (ဇာတက၊၁၊၁၄၀။)♦

သူတော်ကောင်းတို့၌ ရှိသော တရား ၇ မျိုး

၁။ သဒ္ဓါတရား ရှိခြင်း၊
၂။ ဒုစရိုက်အမှုတို့မှ ရှက်ခြင်း၊
၃။ ဒုစရိုက်အမှုတို့မှ ကြောက်ခြင်း၊
၄။ များသော အကြားအမြင် ရှိခြင်း၊
၅။ အားထုတ် အပ်သော ဝီရိယ ရှိခြင်း၊
၆။ ထင်သော သတိ ရှိခြင်း၊
၇။ ပညာရှိခြင်း။ (မ၊၃၊၇၃။) (မ၊မြန်၊၃။၇၇။)♦

သူတော်ကောင်းတို့၏ စကား ၄ မျိုး

၁။ မဟုတ်မမှန်သော စကားကို ပြောဆိုခြင်းမှ ရှောင် ကြဉ်ခြင်း၊
၂။ ချောပစ်ကုန်းတိုက် စကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း၊
၃။ ရုန့်ရင်း ကြမ်းတမ်းသော စကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း၊
၄။ ပြိန်ဖျင်းသော စကားကို ပြောဆို ခြင်းမှ ရှောင်ကြဉ်ခြင်း။ (မ၊၃၊၇၃။) (မ၊မြန်၊၃။၇၇။)♦

သူတော်ကောင်းတို့၏ တိုင်ပင်ပုံ ၃ မျိုး

၁။ မိမိ ဆင်းရဲခြင်းငှာ မတိုင်ပင်ခြင်း၊
၂။ သူတစ်ပါး ဆင်းရဲခြင်းငှာ မတိုင်ပင်ခြင်း၊
၃။ မိမိ သူတစ်ပါး ဆင်းရဲခြင်းငှာ မတိုင်ပင်ခြင်း။ (မ၊၃၊၇၃။) (မ၊မြန်၊၃။၇၇။)♦

သူတော်ကောင်းတို့၏ လားရာ ဂတိ ၂ မျိုး

၁။ မြင့်မြတ်သော နတ်ဘုံ, နတ်ဘဝ၊
၂။ မြင့်မြတ်သော လူ့ဘုံ လူ့ဘဝ။ (မ၊၃၊၇၄။) (မ၊မြန်၊၃။၇၈။)♦

သူတော်ကောင်းတို့၏ အကြံ ၃ မျိုး

၁။ မိမိ ဆင်းရဲဲခြင်းငှာ မကြံခြင်း၊
၂။ သူတစ်ပါး ဆင်းရဲ ခြင်းငှာ မကြံခြင်း၊
၃။ မိမိ သူတစ်ပါး ဆင်းရဲဲခြင်းငှာ မကြံခြင်း။ (မ၊၃၊၇၃။) (မ၊မြန်၊၃။၇၇။)♦

သူတော်ကောင်းတို့၏ အခြေခံသဘော ၂ မျိုး

၁။ ပြုဖူးသော သူ့ကျေးဇူးကို သိခြင်း၊ ၂။ပြုဖူးသော သူ့ကျေးဇူးကို သိသည့်အလျောက် ထင်စွာ ပြုခြင်း။ (အံ၊၁၊၆၃။) (အံ၊မြန်၊၁။၇၅။)♦

သူတော်ကောင်းတို့၏ အပြုအမူ ၈ မျိုး

၁။ သူတော်ကောင်းတရားနှင့် ပြည့်စုံခြင်း၊
၂။ သူတော်ကောင်း တို့ကို ဆည်းကပ်ခြင်း၊
၃။ သူတော်ကောင်းတို့၏ တရားကို ကြံစည်လေ့ ရှိခြင်း၊
၄။ သူတော်ကောင်းတို့၏ တိုင်ပင်ခြင်းကို တိုင်ပင်လေ့ ရှိခြင်း၊
၅။ သူတော်ကောင်းတို့၏ စကား ရှိခြင်း၊
၆။ သူတော်ကောင်းတို့၏ ကိုယ်အမှု ရှိခြင်း၊
၇။ သူတော်ကောင်းတို့၏ အယူအဆ ရှိခြင်း၊
၈။ သူတော်ကောင်းတို့၏ အလှူကို ပေးလှူခြင်း။ (မ၊၃၊၇၂။) (မ၊မြန်၊၃။၇၆။)♦

သူတော်ကောင်းတို့၏ အမှုအလုပ် ၃ မျိုး

၁။ သူ့အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း၊
၂။ အရှင် မပေးသော သူတစ်ပါးဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြဉ်ခြင်း၊
၃။ ကာမဂုဏ်တို့၌ ဖောက်ပြန်စွာ ကျင့်ခြင်းမှ ရှောင်ကြဉ်ခြင်း။ (မ၊၃၊၇၃။) (မ၊မြန်၊၃။၇၇။)♦

သူတော်ကောင်းတို့၏ အယူအဆ ၁၀ မျိုး

၁။ အလှူ၏ အကျိုးသည် ရှိ၏၊
၂။ ယဇ်အလှူကြီး၏ အကျိုးသည် ရှိ၏၊
၃။ ယဇ်အလှူငယ်၏ အကျိုးသည် ရှိ၏၊
၄။ ကောင်းမှုကံ မကောင်းမှု ကံတို့၏ အကျိုးဖျား အကျိုးရင်းသည် ရှိ၏၊
၅။ ဤပစ္စုပ္ပန်လောကသည် ရှိ၏၊
၆။ တမလွန် လောကသည် ရှိ၏၊
၇။ အမိ၌ အကောင်းအဆိုး ပြုကျိုးသည် ရှိ၏၊
၈။ အဘ၌ အကောင်းအဆိုး ပြုကျိုးသည် ရှိ၏၊
၉။ စုတေပြီး၍ ပဋိသန္ဓေ နေရကုန်သော သတ္တဝါသည် ရှိ၏၊
၁၀။ ဤ ပစ္စုပ္ပန်လောကကိုလည်းကောင်း တမလွန်လောကကိုလည်းကောင်း ထူးသော ဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက်ပြု၍ သိစေကုန်သော ကောင်းစွာသိကုန်သော ကောင်းစွာ ကျင့်ကုန်သော ရဟန်းပုဏ္ဏားတို့သည် ရှိကုန်၏။ (မ၊၃၊၇၄။) (မ၊မြန်၊၃။၇၇။)♦

သူတော်ကောင်းတို့၏ အလှူပေးပုံ ၅ မျိုး

၁။ အရိုအသေပြု၍ အလှူကို ပေး၏၊
၂။ မိမိ ကိုယ်တိုင် မိမိလက်ဖြင့် အလှူကို ပေး၏၊
၃။ စိတ်၌ ပြု၍ လေးလေးစားစား ပြု၍ အလှူကို ပေး၏၊
၄။ စွန့်ပစ်အပ်သကဲ့သို့ မပြုမူ၍ အလှူကို ပေး၏၊
၅။ အလှူ၏ အကျိုးသည် လာရောက်လတ္တံ့ဟု အယူရှိသည် ဖြစ်၍ အလှူကို ပေးလှူ၏။ (မ၊၃၊၇၄။) (မ၊မြန်၊၃။၇၈။)♦

သူတော်ကောင်းလက္ခဏာ ၅ ပါး

၁။ သူ့ကျေးဇူးကို သိတတ်သူ၊
၂။ သူ့ကျေးဇူးကို သိသည့် အလျောက် ပေးဆပ်တတ်သူ၊
၃။ အဆွေခင်ပွန်းကောင်း မိတ်ဆွေကောင်းရှိသူ၊
၄။ မိတ်ဆွေ ကောင်းကို အမြဲမပြတ် ဆည်းကပ်တတ်သူ၊
၅။ ဆင်းရဲဒုက္ခရောက်သော အဆွေခင်ပွန်း၏ အမှုကိစ္စကို ရိုသေစွာ ပြုလုပ် ဆောင်ရွက်ပေးတတ်သူ။ (ဇာတက၊၂၊၁၀။)♦

သူတော်ကောင်းလက္ခဏာ ၈ ပါး

ကလျာဏမိတ္တလက္ခဏာ ၈ ပါးနှင့် တူသည်။ ♦

သူတော်ကောင်းဟု သိနိုင်သော အပြောအဆို ၄ မျိုး

၁။ သူတစ်ပါး ကျေးဇူးမဲ့ကို မေးသော်လည်း မပြောဘဲ နေတတ်သူ၊
၂။ သူတစ်ပါးကျေးဇူးကိုမူ မမေးပါဘဲ ပြောတတ်သူ၊
၃။ မိမိ ကျေးဇူးမဲ့ကို မမေးပါဘဲ ပြောတတ်သူ၊
၄။ မိမိကျေးဇူးကိုမူ မေးသော်လည်း မပြောဘဲ နေတတ်သူ။ (အံ၊၁၊၃၈၉။) (အံ၊မြန်၊၁။၄၀၃။)♦

သူနာကို ပြုစုသင့်သော သူနာပြုပုဂ္ဂိုလ် အင်္ဂါ ၅ ပါး

၁။ ဆေးကို စီရင်ရန် စွမ်းနိုင်ခြင်း၊
၂။ အနာအား သင့်မသင့် သိတတ်ခြင်း၊
၃။ မေတ္တာစိတ်ဖြင့် အာမိသဟူသော အကြောင်း မပါဘဲ ပြုစုခြင်း၊
၄။ ကျင်ကြီး ကျင်ငယ် စသည်တို့ကို မရွံရှာခြင်း၊
၅။ သူနာအား တရားစကားဖြင့် ရွှင်လန်းစေရန် စွမ်းနိုင်ခြင်း။ (အံ၊၂၊၁၂၇။) (အံ၊မြန်၊၂။၁၅၇-၁၅၈။)♦

သူနာကို မပြုစုသင့်သော သူနာပြုပုဂ္ဂိုလ် အင်္ဂါ ၅ ပါး

၁။ ဆေးကို စီရင်ရန် မစွမ်းနိုင်ခြင်း၊
၂။ အနာအား သင့်မသင့် မသိတတ်ခြင်း၊
၃။ မေတ္တာမပါဘဲ အာမိသဟူသော အကြောင်းကြောင့် ပြုစုခြင်း၊
၄။ ကျင်ကြီး ကျင်ငယ် စသည်တို့ကို ရွံရှာခြင်း၊
၅။ သူနာအား တရားစကားဖြင့် ရွှင်လန်းစေရန် မစွမ်းနိုင်ခြင်း။ (အံ၊၂၊၁၂၇။) (အံ၊မြန်၊၂။၁၅၇။)♦

သူမိုက် ၂ မျိုး

၁။ မိမိသို့ မကျရောက်သော တာဝန်ကို ရွက်ဆောင်သော သူမိုက်၊
၂။ မိမိသို့ ကျရောက်သော တာဝန်ကို မရွက်ဆောင်သော သူမိုက်။(တစ်နည်း)
မအပ်သော အရာ၌ အပ်၏ဟု အယူရှိသော သူမိုက်၊
၂။ အပ်သောအရာ၌ အပ်၏ဟု အယူရှိသော သူမိုက်။(တစ်နည်း)
အာပတ်မသင့်သော အရာ၌ အာပတ်သင့်၏ဟု အမှတ်ရှိသော သူမိုက်၊
၂။ အာပတ် သင့်သော အရာ၌ အာပတ်မသင့်ဟု အမှတ်ရှိသော သူမိုက်။(တစ်နည်း)
တရားမဟုတ် သည်၌ တရားဟုတ်၏ဟု အမှတ်ရှိသော သူမိုက်၊
၂။ တရားဟုတ်သည်၌ တရားမဟုတ်ဟု အမှတ်ရှိသော သူမိုက်။(တစ်နည်း)
ဝိနည်းမဟုတ်သည်၌ ဝိနည်းဟုတ်၏ဟု အမှတ် ရှိသော သူမိုက်၊
၂။ ဝိနည်းဟုတ်သည်၌ ဝိနည်းမဟုတ်ဟု အယူရှိသော သူမိုက်။ (အံ၊၁၊၈၃။) (အံ၊မြန်၊၁။၉၈။)♦

သူမိုက်ကြီး ၄ ဦး

၁။ မြေကြီးကုန်မှာ ကြောက်သဖြင့် မြေကြီးကို အနည်းငယ်သာ စားသော တီကောင်၊
၂။ ကောင်းကင်ပြိုကျမှာ ကြောက်သဖြင့် ပက်လက်လှန် အိပ်တတ်သော တစ်တီးတူငှက်၊
၃။ မြေကြီးတုန်လှုပ်မှာ ကြောက်သဖြင့် မြေကြီးကို ခြေဖြင့် ကောင်းစွာ မနင်းသော ကြိုကြာငှက်၊
၄။ အမျိုးအနွယ် ပြတ်သွားမှာ ကြောက်သဖြင့် တရားကျင့်လျက် မယားရှာသော ပုဏ္ဏား။ (သုတ္တနိ၊ဋ္ဌ၊၂၊၅၁။) (အံ၊ဋီ၊၃၊၅၈။)♦

သူယုတ်တရား ၄ ပါး

၁။ ဉာဏ်ဖြင့် မစိစစ် မသက်ဝင်ဘဲ ဂုဏ်မထိုက်သူ၏ ဂုဏ်ကို ပြောဆိုခြင်း၊
၂။ ဉာဏ်ဖြင့် မစိစစ် မသက်ဝင်ဘဲ ဂုဏ်ထိုက်သူ၏ ဂုဏ်မဲ့ကို ပြောဆိုခြင်း၊
၃။ ဉာဏ်ဖြင့် မစိစစ် မသက်ဝင်ဘဲ မကြည်ညိုသင့်သော အရာ၌ ကြည်ညိုမှုကို ဖြစ်စေခြင်း၊
၄။ ဉာဏ်ဖြင့် မစိစစ် မသက်ဝင်ဘဲ ကြည်ညိုသင့်သော အရာ၌ မကြည်ညိုမှုကို ဖြစ်စေခြင်း။ (အံ၊၁၊၃၀၉။) (အံ၊မြန်၊၁။၃၂၅။)♦

သူယုတ်တရား ၄ ပါး (တစ်နည်း)

၁။ အမျက်ထွက်ခြင်းကို အလေးပြု၍ သူတော်ကောင်း တရားကို အလေးမပြုခြင်း၊
၂။ သူ့ကျေးဇူး ချေဖျက်ခြင်းကို အလေးပြု၍ သူတော်ကောင်း တရားကို အလေး မပြုခြင်း၊
၃။ လာဘ်ရခြင်းကို အလေးပြု၍ သူတော်ကောင်းတရားကို အလေးမပြုခြင်း၊ ၄၊ အရိုအသေပြုမှု သက္ကာရကို အလေးပြု၍ သူတော်ကောင်းတရားကို အလေးမပြုခြင်း (သူတော်ကောင်းတရား ၄ မျိုးကို အပြန်အားဖြင့် သိပါ) ။ (အံ၊၁၊၃၅၆။) (အံ၊မြန်၊၁။၃၇၀။)♦

သူယုတ်တရား ၇ ပါး

၁။ သဒ္ဓါတရား မရှိခြင်း၊
၂။ အရှက်မရှိခြင်း၊
၃။ အကြောက်အလန့် မရှိခြင်း၊
၄။ အကြားအမြင် နည်းခြင်း၊
၅။ ပျင်းရိခြင်း၊
၆။ သတိကင်းလွတ်ခြင်း၊
၇။ ပညာမဲ့ခြင်း။ (မ၊၃၊၇၁။) (အံ၊၂၊၅၀၉။) (အဘိ၊ဝိ၊၃၉၇။) (မ၊မြန်၊၃။၇၅။) (အံ၊မြန်၊၂။၆၃၅။) (အဘိ၊ဝိ၊မြန်၊၂။၅၀၄။)♦

သူယုတ်မာ ရဟန်း ပုဏ္ဏား ၇ မျိုး

၁။ သဒ္ဓါတရား မရှိကုန်သော ရဟန်းပုဏ္ဏား၊
၂။ ဒုစရိုက်တို့မှ မရှက်ကုန်သော ရဟန်းပုဏ္ဏား၊
၃။ ဒုစရိုက်တို့မှ မကြောက်ကုန်သော ရဟန်းပုဏ္ဏား၊
၄။ အကြားအမြင် မရှိကုန်သော ရဟန်းပုဏ္ဏား၊
၅။ ပျင်းရိကုန်သော ရဟန်းပုဏ္ဏား၊
၆။ သတိ လွတ်ကင်းကုန်သော ရဟန်းပုဏ္ဏား၊
၇။ ပညာမရှိကုန်သော ရဟန်းပုဏ္ဏား။ (မ၊၃၊၇၁။)(မ၊မြန်၊၃။၇၅။)♦

သူယုတ်မာ အင်္ဂါ ၅ ပါး

၁။ မိန်းမတို့ကို ညှဉ်းဆဲတတ်သူ ဖြစ်ခြင်း၊
၂။ သူတစ်ပါး၏ သားမယား တို့ကို ပြစ်မှားတတ်သူ ဖြစ်ခြင်း၊
၃။ အဆွေခင်ပွန်းတို့ကို ပြစ်မှားတတ်သူ ဖြစ်ခြင်း၊
၄။ ကောင်းသော အကျင့်ရှိသော ရသေ့ရဟန်းတို့ကို ရေရွတ်ကျိန်ဆဲတတ်သူ ဖြစ်ခြင်း၊
၅။ ဝန်တိုခြင်းရှိသူ ဖြစ်ခြင်း။ (ဇာတက၊၂၊၁၀၄။)♦

သူယုတ်မာ၏ ရုပ် အင်္ဂါ လက္ခဏာ ၁၈ ပါး

၁။ အလျားအနံ ခွဲခြားမသိလောက်အောင် ကြီးစွာသော ခြေဖဝါး ရှိခြင်း၊
၂။ ပုပ်သော ခြေသည်း, လက်သည်း, ထက်ဝက်မျှသာဖြစ်သော ခြေသည်း လက်သည်း ရှိခြင်း၊
၃။ တစ်ကိုယ်လုံးမှ စက်ဆုပ်ဖွယ် ထမင်းထုပ်ဆွဲသကဲ့သို့ တွဲရရွဲ ကျသော အသား ရှိခြင်း၊
၄။ အထက်နှုတ်ခမ်းဖျားသည် ထူလျက် ရှည်ခြင်း၊
၅။ ပါးစောင် နှစ်ဖက်မှ ယိုထွက်သော အရည်ရှိခြင်း၊
၆။ နှုတ်ခမ်းသားကို မဖုံးနိုင်လောက်အောင် သွားခေါခြင်း၊
၇။ အရင်းပိန် အဖျားမောက်၍ ကောက်သော နှာယောင် ရှိခြင်း၊
၈။ အိုးစရည်း လောက်နီးပါး ကြီးမားသော ဝမ်းဗိုက်ရှိခြင်း၊
၉။ လရေး ထွန်ကိုင်းကဲ့သို့ ကောက်သော ကျောက်ကုန်း ရှိခြင်း၊
၁၀။ တစ်ဖက်ကျဉ်း, တစ်ဖက်ကျယ်၍ မတင့်တယ်သော မျက်စိ ရှိခြင်း၊
၁၁။ ဖြူနီ ပြောက်ကျား ဖွားရရားထသော မုတ်ဆိတ်ကျင်စွယ် ရှိခြင်း၊
၁၂။ ဦးခေါင်း၌ ဆံပင် များသည် ဖြူနီရောထွေး၍ ဝါရွှေသော အဆင်းရှိခြင်း၊
၁၃။ အခေါက်ထူ၍ တွန့်လိမ်သော အရေ ရှိခြင်း၊
၁၄။ ရင်ဘတ်, လည်ပင်း, မျက်နှာ စသည်တို့၌ မှဲ့မည်း ပြောက်ကျားတို့ဖြင့် စက်ဆုပ်ဖွယ်ရှိခြင်း၊
၁၅။ မွဲပြာ၍ ကြောင်သော မျက်စိရှိခြင်း၊
၁၇။ ခွင်သော, ကောက်သော ခြေရှိခြင်း၊
၁၈။ ရုန့်ရင်းကြမ်းတမ်းသော အမူရာရှိသည်ဖြစ်၍ သစ်နက်ရေဆိုးကို မြဲစွာ ဝတ်ခြင်း။ (ဇာတက၊၂၊၃၅၂။)♦

သူယုတ်မာတို့၏ စကား ၄ မျိုး

၁။ မဟုတ်မမှန်သော စကားကို ပြောဆိုလေ့ ရှိခြင်း၊
၂။ ချောပစ် ကုန်းတိုက်သော စကားကို ပြောဆိုလေ့ ရှိခြင်း၊
၃။ ကြမ်းတမ်းသော စကားကို ပြောဆိုလေ့ ရှိခြင်း၊
၄။ ပြိန်ဖျင်းသော စကားကို ပြောဆိုလေ့ ရှိခြင်း။ (မ၊၃၊၇၁။) (မ၊မြန်၊၃။၇၅။)♦

သူယုတ်မာတို့၏ တိုင်ပင်ခြင်း ၃ မျိုး

၁။ မိမိ ဆင်းရဲခြင်းငှာ တိုင်ပင်ခြင်း၊
၂။ သူတစ်ပါး ဆင်းရဲ ခြင်းငှာ တိုင်ပင်ခြင်း၊
၃။ မိမိ သူတစ်ပါး နှစ်ဦးသား၏ ဆင်းရဲခြင်းငှာ တိုင်ပင်ခြင်း။ (မ၊၃၊၇၁။) (မ၊မြန်၊၃။၇၅။)♦

သူယုတ်မာတို့၏ လားရာဂတိ ၂ မျိုး

၁။ ငရဲပြည်၊
၂။ တိရစ္ဆာန်ဘုံ။ (မ၊၃၊၇၂။) (မ၊မြန်၊၃။၇၆။)♦

သူယုတ်မာတို့၏ အကြံ ၃ မျိုး

၁။ မိမိ ဆင်းရဲခြင်းငှာ ကြံစည်ခြင်း၊
၂။ သူတစ်ပါး၏ ဆင်းရဲ ခြင်းငှာ ကြံစည်ခြင်း၊
၃။ မိမိ သူတစ်ပါး နှစ်ဦးသား ဆင်းရဲဲခြင်းငှာ ကြံစည်ခြင်း။ (မ၊၃၊၇၁။) (မ၊မြန်၊၃။၇၅။)♦

သူယုတ်မာတို့၏ အခြေခံသဘော ၂ မျိုး

၁။ ပြုဖူးသော သူ့ကျေးဇူးကို မသိခြင်း၊
၂။ ပြုဖူးသော သူ့ကျေးဇူးကို သိသည့်အလျောက် ထင်စွာ မပြုခြင်း။ (အံ၊၁၊၆၃။) (အံ၊မြန်၊၁။၇၅။)♦

သူယုတ်မာတို့၏ အပြုအမူ ၈ မျိုး

၁။ သူယုတ်မာတို့၏ တရားနှင့် ပြည့်စုံခြင်း၊
၂။ သူယုတ်မာ တို့ကို ဆည်းကပ်ခြင်း၊
၃။ သူယုတ်မာတို့၏ တရားတို့ကို ကြံစည်လေ့ ရှိခြင်း၊
၄။ သူယုတ်မာ တို့၏ တိုင်ပင်ခြင်းကို တိုင်ပင်လေ့ ရှိခြင်း၊
၅။ သူယုတ်မာတို့၏ စကားရှိခြင်း၊
၆။ သူယုတ်မာ တို့၏ အမှု ရှိခြင်း၊
၇။ သူယုတ်မာတို့၏ အယူအဆ ရှိခြင်း၊
၈။ သူယုတ်မာတို့၏ အလှူကို ပေးလှူခြင်း။ (မ၊၃၊၇၁။) (မ၊မြန်၊၃။၇၅။)♦

သူယုတ်မာတို့၏ အယူအဆ ၁၀ မျိုး

၁။ အလှူ၏ အကျိုးသည် မရှိ၊
၂။ ယဇ်အလှူကြီး၏ အကျိုးသည် မရှိ၊
၃။ ယဇ်အလှူငယ်၏ အကျိုးသည် မရှိ၊
၄။ ကောင်းမှုကံ မကောင်းမှု ကံတို့၏ အကျိုးဖျား အကျိုးရင်းသည် မရှိ၊
၅။ ဤပစ္စုပ္ပန်လောကသည် မရှိ၊
၆။ တမလွန် လောကသည် မရှိ၊
၇။ အမိ၌ အကောင်းအဆိုး ပြုကျိုးသည် မရှိ၊
၈။ အဘ၌ အကောင်းအဆိုး ပြုကျိုးသည် မရှိ၊
၉။ စုတေပြီး၍ ပဋိသန္ဓေနေရကုန်သော သတ္တဝါတို့ မရှိ၊
၁၀။ ဤပစ္စုပ္ပန် လောကကိုလည်းကောင်း တမလွန်လောကကိုလည်းကောင်း ထူးသော ဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက်ပြု၍ သိစေကုန်သော ကောင်းစွာ သိကုန်သော ကောင်းစွာ ကျင့်ကုန်သော ရဟန်းပုဏ္ဏားတို့သည် မရှိ။ (မ၊၃၊၇၂။) (မ၊မြန်၊၃။၇၆။)♦

သူယုတ်မာတို့၏ အလုပ် ၃ မျိုး

၁။ သူ့အသက်ကို သတ်လေ့ ရှိခြင်း၊
၂။ အရှင်မပေးအပ်သော ဥစ္စာကို ခိုးယူလေ့ ရှိခြင်း၊
၃။ မေထုန်ကာမတို့၌ ယုတ်မာစွာ ကျင့်တတ်ခြင်း။ (မ၊၃၊၇၂။) (မ၊မြန်၊၃။၇၆။)♦

သူယုတ်ဟု သိနိုင်သော အပြောအဆို ၄ မျိုး

၁။ သူတစ်ပါး ကျေးဇူးမဲ့ကို မမေးဘဲ ပြောတတ်သူ၊
၂။ သူတစ်ပါးကျေးဇူးကိုမူ မေးသော်လည်း မပြောဘဲ နေတတ်သူ၊
၃။ မိမိ ကျေးဇူးမဲ့ကို မေးသော်လည်း မပြောဘဲ နေတတ်သူ၊
၄။ မိမိကျေးဇူးကိုမူ မမေးဘဲ ပြောတတ်သူ။ (အံ၊၁၊၃၈၉။) (အံ၊မြန်၊၁။၄၀၃။)♦

သူယုတ်အလှူ ၅ မျိုး

၁။ မရိုမသေ ပေးလှူခြင်း၊
၂။ မလေးမစား ပေးလှူခြင်း၊
၃။ ကိုယ်တိုင် မပေး လှူခြင်း၊
၄။ စွန့်ပစ်သကဲ့သို့ ပေးလှူခြင်း၊
၅။ အကျိုးသက်ရောက်လိမ့်မည်ဟု အယူမရှိဘဲ ပေးလှူခြင်း။ (အံ၊၂၊၁၅၁။) (အံ၊မြန်၊၂။၁၉၁။)♦

သူရဲကောင်း ၅ မျိုး

၁။ ဆင်တပ် မြင်းတပ် စသည်တို့ကြောင့် တက်လာသော မြူမှုန် ထုကို မြင်၍ ဆုတ်နစ်သော သူရဲကောင်း၊
၂။ မြူမှုန်ထုကို မြင်ရသော်လည်း ကြံ့ကြံ့ ခံနိုင်သေး၏၊ အလံဖျားကို မြင်ရမူကား ဆုတ်နစ်သော သူရဲကောင်း၊
၃။ မြူမှုန်ထုကို မြင်ရသော်လည်းကောင်း, အလံဖျားကို မြင်ရသော်လည်းကောင်း, ကြံ့ကြံ့ခံနိုင်သေး၏၊ ကျယ်လောင်သော အသံကို ကြားရမူကား ဆုတ်နစ်သော သူရဲကောင်း၊
၄။ မြူမှုန်ထုကို မြင်ရသော်လည်းကောင်း, အလံဖျားကို မြင်ရ သော်လည်းကောင်း, ဆူညံကျယ်လောင်သော အသံကို ကြားရသော်လည်းကောင်း, ကြံ့ကြံ့ခံ နိုင်သေး၏၊ ပုတ်ခတ်ထိုးပစ်ခြင်းကြောင့် ပျက်စီးခြင်းသို့ ရောက်သော သူရဲကောင်း၊
၅။ မြူမှုန် ထုကို မြင်ရသော်လည်းကောင်း, အလံဖျားကို မြင်ရသော်လည်းကောင်း, ကျယ်လောင်သော အသံကို ကြားရသော် လည်းကောင်း, ပုတ်ခတ် ထိုးပစ်ခြင်းကိုလည်းကောင်း ကြံ့ကြံ့ခံ နိုင်သည့်အပြင် စစ်မြေပြင်၌ အောင်မြင်၍ စိုးအုပ်နေသော သူရဲကောင်း။ (အံ၊၂၊၇၈။) (အဘိ၊ပု၊၁၇၅။) (အံ၊မြန်၊၂။၉၆-၉၇။) (အဘိ၊ပု၊မြန်။၇၉။)♦

သူရဲကောင်း ၅ မျိုး (တစ်နည်း)

၁။ သံလျက်နှင့် ကာကို ဆွဲလျက် လေးနှင့် မြားကျည် တောက်ကို လွယ်ပြီး စစ်မြေပြင်သို့ ဆင်းသက်စဉ် တစ်ဖက်စစ်သည်တို့ သတ်၍ သေသော သူရဲကောင်း၊
၂။ သံလျက်နှင့် ကာကို ဆွဲလျက် လေးနှင့် မြားကျည်တောက်ကို လွယ်ပြီး စစ်မြေပြင်သို့ ဆင်းသက်စဉ် တစ်ဖက်စစ်သည်တို့ တိုက်ခိုက်သဖြင့် ဒဏ်ရာရပြီး အိမ်သို့ ပြန်သယ်စဉ် လမ်းတွင် သေသော သူရဲကောင်း၊
၃။ ဒုတိယသူရဲကောင်းကဲ့သို့ပင် စစ်မြေပြင်၌ ဒဏ်ရာရပြီး ပြန်သယ်ကာ ဆွေမျိုးတို့ ပြုစုစောင့်ရှောက်စဉ် သေဆုံးသော သူရဲကောင်း၊
၄။ တတိယသူရဲကောင်းကဲ့သို့ပင် စစ်မြေပြင်၌ ဒဏ်ရာရသဖြင့် ပြန်သယ်ကာ ဆွေမျိုးတို့ ပြုစုစောင့်ရှောက်သောကြောင့် ဒဏ်ရာပျောက်ကင်းသော သူရဲကောင်း၊
၅။ သံလျက်နှင့် ကာကို ဆွဲကိုင်၍ လေးနှင့် မြားကျည်တောက်ကို လွယ်ပြီး စစ်မြေပြင် ဆင်းသက်လျက် စစ်တိုက်သောအခါ ဒဏ်ရာအနာတရ မရှိဘဲ စစ်မြေပြင်၌ အောင်မြင်ပြီး စစ်မြေဦကို စိုးအုပ်၍နေသော သူရဲကောင်း။ (အံ၊၂၊၈၂။) (အံ၊မြန်၊၂။၁၀၁-၁၀၂။)♦

သူရဲကောင်း ၅ မျိုးနှင့် တူသော ရဟန်း ၅ မျိုး

၁။ မြူမှုန်ထုတည်းဟူသော မိန်းမ၏ အဆင်း သဏ္ဌာန် ပြည့်စုံမှုကို ကြားရ၍ ဆုတ်နစ်ကာ သိက္ခာချ လူထွက်သော ရဟန်း၊
၂။ မြူမှုန်ထုတည်းဟူသော မိန်းမ၏ အဆင်းသဏ္ဌာန် ပြည့်စုံမှုကို ကြားရ၍ ခံနိုင်ရည် ရှိသေးသော်လည်း အလံဖျားတည်းဟူသော မိန်းမကို ကိုယ်တိုင်တွေ့မြင်ရသော် သိက္ခာချ လူထွက်သော ရဟန်း၊
၃။ မြူမှုန်တည်းဟူသော မိန်းမ၏ အဆင်းသဏ္ဌာန် ပြည့်စုံမှုကို ကြားရခြင်း၊ အလံဖျားတည်းဟူသော မိန်းမကို ကိုယ်တိုင်တွေ့ရခြင်းဖြစ်သော်လည်း ခံနိုင်ရည် ရှိသေး၏၊ မိန်းမက ပြုံးခြင်း မြှောက်ပင့်ပြောဆိုခြင်း ပြုခဲ့သော် သိက္ခာချ လူထွက်သော ရဟန်း၊
၄။ မြူမှုန်တည်းဟူသော မိန်းမ၏ အဆင်းသဏ္ဌာန် ပြည့်စုံမှုကို ကြားရခြင်း၊ အလံဖျား တည်းဟူသော မိန်းမကို ကိုယ်တိုင်တွေ့ခြင်း၊ မိန်းမက ပြုံးခြင်းကို မြှောက်ပင့်ပြောဆိုမှု ပြုခြင်းကို ခံနိုင်ရည်ရှိသော်လည်း မိန်းမက ချဉ်းကပ်လာပြီး အနီးကပ် ထိုင်သော် သိက္ခာမချ၊ မေထုန်အမှုကို ပြုသော ရဟန်း၊
၅။ အထက်ပါ လေးချက်လုံးကို ကြံ့ကြံ့ခံနိုင်၍ ထိုစစ်မြေပြင်ကို အောင်နိုင်ပြီး စစ်မြေပြင်ဦး၌ လွှမ်းမိုးနိုင်သော ရဟန်း။ (အံ၊၂၊၇၈။) (အံ၊မြန်၊၂။၉၇-၁၀၁။)♦

သူရဲကောင်း ၅ မျိုးနှင့် တူသော ရဟန်း ၅ မျိုး

၁။ ပထမ သူရဲကောင်းသည် စစ်မြေပြင်သို့ ဆင်းသောအခါ ရန်သူအသတ်ခံရသကဲ့သို့ ရဟန်းသည် ကိုယ်, နှုတ်, စိတ်တို့ကို မစောင့်စည်း သတိမကပ် ဣန္ဒြေတို့ကို မပိတ်ဆို့ဘဲ ဆွမ်းခံဝင်သဖြင့် မလုံမခြုံဝတ်သော မာတုဂါမကို မြင်၍ သိက္ခာမချဘဲ မေထုန်အကျင့်ကို မှီဝဲသော ရဟန်း၊
၂။ ဒုတိယ သူရဲကောင်းနှင့် တူသော ရဟန်းသည် ပထမရဟန်းကဲ့သို့ပင် ဆွမ်းခံဝင်သဖြင့် မလုံမခြုံ ဝတ်သော မာတုဂါမကို မြင်ပြီး စွဲမက်ခြင်း ရာဂက ဖျက်ဆီးသောကြောင့် ကျောင်းသို့ အပြန်လမ်းတွင်ပင် သိက္ခာချ လူထွက်သော ရဟန်း၊
၃။ တတိယသူရဲကောင်းနှင့် တူသော ရဟန်းသည် ဒုတိယရဟန်း ကဲ့သို့ပင် ဆွမ်းခံဝင်သဖြင့် မလုံမခြုံဝတ်သော မာတုဂါမကို မြင်ပြီး တပ်မက်ခြင်းရာဂက နှိပ်စက်ဖျက်ဆီးလျက် ကျောင်းပြန် သိက္ခာချရန် ကြံ၍ သီတင်းသုံးဖော်တို့က နားချသော်လည်း မနာခံဘဲ သိက္ခာချလူထွက်သော ရဟန်း၊
၄။ စတုတ္ထ သူရဲကောင်းနှင့် တူသော ရဟန်းသည် တတိယ ရဟန်းကဲ့သို့ပင် ဆွမ်းခံဝင်သဖြင့် မလုံမခြုံဝတ်သော မာတုဂါမကို မြင်ပြီး တပ်မက်ခြင်း ရာဂနှိပ်စက်ဖျက်ဆီးအပ်သောကြောင့် ကျောင်းပြန်သိက္ခာချရန် သီတင်းသုံးဖော် တို့အား လျှောက်ထားသောအခါ သီတင်းသုံးဖော်တို့က ဆုံးမသဖြင့် နာခံ၍ လူမထွက်သော ရဟန်း၊
၅။ ပဉ္စမသူရဲကောင်းနှင့် တူသော ရဟန်းသည် ကိုယ် နှုတ် စိတ်တို့ကို စောင့်စည်းပြီး သတိကို ကပ်လျက် ဣန္ဒြေတို့ကို ပိတ်ဆို့၍ ဆွမ်းခံဝင်သဖြင့် မျက်စိ စသည်ဖြင့် အဆင်းရူပါရုံ စသည်ကို မြင်ခြင်းကြားခြင်း စသည်ဖြစ်သော် သဏ္ဌာန်နိမိတ်ကို မစွဲ၊ အမှတ်လက္ခဏာကို မယူမူ၍ စက္ခုန္ဒြေစသည်တို့ကို စောင့်ရှောက်လျက် ကျောင်းရောက်သော် ဆိတ်ငြိမ်ရာသို့ ကပ်ပြီး ကမ္မဋ္ဌာန်းသို့ ရှေ့ရှုနေသော ရဟန်း။ (အံ၊၂၊၈၂။) (အံ၊၂၊၈၈။) (အံ၊မြန်၊၂။၁၀၂-၁၀၈။)(အံ၊မြန်၊၂။၁၀၂-၁၀၈။)♦

သူရဲကောင်းနှင့် တူသော ရဟန်း ၅ မျိုး

၁။ စစ်သူရဲကောင်းသည် အခြားသော စစ်တပ်၏ မြူမှုန် ထုကို မြင်ကာမျှဖြင့် ကြောက်ရွံ့ဆုတ်နစ်လျက် စစ်မြေပြင်သို့ မဆင်းသက်နိုင်သကဲ့သို့ ဤသာသနာတော်၌ အချို့သော ရဟန်းသည် ‘‘ဤမည်သော ရွာ, နိဂုံး၌ ဤမည်သော အမျိုးသမီးသည် အလွန်အဆင်းလှ၏၊ ရှုချင်ဖွယ်ရှိ၏စသော သတင်းစကားကို ကြားရုံမျှဖြင့် မြတ်သောအကျင့်ကို မကျင့်နိုင်ဘဲ သိက္ခာချ၍ လူထွက်ခြင်း၊
၂။ စစ်သူရဲကောင်းသည် အခြားစစ်တပ်၏ မြူမှုန်ထုကို မြင်ရသောအခါ ခံနိုင်ရည်ရှိသေးသော်လည်း အလံဖျားကို မြင်ရသောအခါ၌ကား ကြောက်ရွံ့ဆုတ်နစ်လျက် စစ်မြေပြင်သို့ မဆင်းသက်နိုင်သကဲ့သို့ ဤသာသနာတော်၌ အချို့သော ရဟန်းသည် ‘‘ဤမည်သော ရွာနိဂုံး၌ ဤမည်သော အမျိုးသမီးသည် အလွန်အဆင်းလှ၏’’ စသော သတင်းစကားကို မကြားမူ၍ အလွန်အဆင်း လှသော အမျိုးသမီးကို ကိုယ်တိုင်တွေ့မြင်သောအခါ မြတ်သောအကျင့်ကို မကျင့်နိုင် တော့ဘဲ သိက္ခာချ၍ လူထွက်ခြင်း၊
၃။ စစ်သူရဲကောင်းသည် အခြားသော စစ်တပ်၏ မြူမှုန်ထုနှင့် အလံကို မြင်ရသောအခါ ခံနိုင်ရည်ရှိသေးသော်လည်း များစွာသော ဆင် မြင်း ရထား စသည်တို့၏ ကျယ်လောင်သော အသံကို ကြားရသော အခါ၌ကား ကြောက်ရွံ့ ဆုတ်နစ်လျက် စစ်မြေပြင်သို့ မဆင်းသက်နိုင်သကဲ့သို့ ဤသာသနာတော်၌ တော, သစ်ပင်ရင်း စသော ဆိတ်ငြိမ်ရာအရပ်သို့ ချဉ်းကပ်၍ တရားအားထုတ်နေသော ရဟန်းသည် မိမိထံသို့ ချဉ်းကပ်လာသော မာတုဂါမ၏ ပြုံးရွှင်ပျော်မြူးလျက် ပြောင်လှောင် မြှောက်ပင့် ပြောဆိုသော စကားသံကို ကြားရသောအခါ၌ မြတ်သောအကျင့်ကို မကျင့်နိုင်တော့ဘဲ သိက္ခာချ၍ လူထွက်ခြင်း၊
၄။ သူရဲကောင်းသည် အခြားစစ်တပ်၏ မြူမှုန်ထု, အလံဖျားနှင့် ကျယ်လောင်သော အသံများကို ခံနိုင်ရည်ရှိသော်လည်း စစ်မြေပြင်၌ ပစ်ခတ်ခံရသော် ပင်ပန်းခြင်းသို့ ရောက်သကဲ့သို့ ဤသာသနာတော်၌ တောသစ်ပင်ရင်းစသော ဆိတ်ငြိမ်ရာ အရပ်သို့ ချဉ်းကပ်လျက် တရားအားထုတ်နေသော ရဟန်းသည် မိမိထံသို့ ချဉ်းကပ်သော မာတုဂါမ၏ အနိုင်အထက် ပြု၍ ထိုင်ခြင်း, အိပ်ခြင်း, ဖိစီးလွှမ်းမိုးခြင်း စသည်ကို ခံရသော အခါ သိက္ခာမချဘဲ မေထုန်မှီဝဲခြင်း၊
၅။ သူရဲကောင်းသည် အခြားသော စစ်တပ်၏ မြူမှုန် ထု, အလံဖျား, ကျယ်လောင်သော အသံများနှင့် ထိုးပစ်ပုတ်ခတ်ခြင်းကို ကြံ့ကြံ့ခံလျက် စစ်မြေပြင်အရပ်ကို အောင်နိုင်ပြီး စစ်မြေဦးကို အုပ်စိုးလွှမ်းမိုးသကဲ့သို့ ဤသာသနာတော်၌ သစ်ပင်ရင်းစသော ဆိတ်ငြိမ်ရာအရပ်သို့ ချဉ်းကပ်လျက် တရားအားထုတ်နေသော ရဟန်း သည် မိမိထံသို့ ကပ်ရောက်၍ အနိုင်အထက် ပြုလာသော မာတုဂါမ၏ လွှမ်းမိုး ဖိစီးမှုကို ဖြေလွှတ်လျက် အလိုရှိရာသို့ ဖဲသွားပြီး ဈာန်မဂ်ဖိုလ်တရားကို ဖြစ်စေခြင်း။ (အဘိ၊ပု၊၁၇၆။) (အဘိ၊ပု၊မြန်။၈၀။)♦

သူ့အသက်ကို သတ်တတ်သော ပုဂ္ဂိုလ် ၈ ယောက်

၁။ တပ်မက်တတ်သော ပုဂ္ဂိုလ်သည် တပ်မက်မှုရာဂ၏ အစွမ်းကြောင့် သတ်ခြင်း၊
၂။ ဒေါသထွက်သော သူသည် ဒေါသ၏ အစွမ်းကြောင့် သတ်ခြင်း၊
၃။ မိုက်မဲတွေသော သူသည် တွေဝေမိုက်မဲမှု မောဟ၏ အစွမ်းကြောင့် သတ်ခြင်း၊
၄။ မာန်ထောင်တက်ကြွသော သူသည် မာန၏ အစွမ်းကြောင့် သတ်ခြင်း၊
၅။ လောဘ ရမ္မက်ကြီးသော သူသည် လောဘ၏ အစွမ်းကြောင့် သတ်ခြင်း၊
၆။ ဆင်းရဲမွဲတေသော သူသည် အသက်မွေးခြင်းအကျိုးငှာ သူ့အသက်ကို သတ်ခြင်း၊
၇။ မိုက်မဲသော သူသည် ရွှင်မြူးလိုသည်၏ အစွမ်းကြောင့် သတ်ခြင်း၊
၈။ မင်းသည် ဆုံးမနှိပ်နင်းလိုသည်၏ အစွမ်းအားဖြင့် သတ်ခြင်း။ (မိလိန္ဒ၊၂၁၅။) (မိလိန္ဒ၊မြန်။၂၃၀။)♦

သေက္ခပုဂ္ဂိုလ် ၇ ယောက်

၁။ သောတာပတ္တိမဂ္ဂဋ္ဌာန် ပုဂ္ဂိုလ်၊
၂။ သောတာပတ္တိဖလဋ္ဌာန် ပုဂ္ဂိုလ်၊
၃။ သကဒါဂါမိမဂ္ဂဋ္ဌာန် ပုဂ္ဂိုလ်၊
၄။ သကဒါဂါမိဖလဋ္ဌာန် ပုဂ္ဂိုလ်၊
၅။ အနာဂါမိမဂ္ဂဋ္ဌာန် ပုဂ္ဂိုလ်၊
၆။ အနာဂါမိဖလဋ္ဌာန် ပုဂ္ဂိုလ်၊
၇။ အရဟတ္တမဂ္ဂဋ္ဌာန် ပုဂ္ဂိုလ်။ (ပဋိသံ၊ဋ္ဌ၊၁၊၂၄၆။)♦

သေက္ခပုဂ္ဂိုလ် ဆုတ်ယုတ်ကြောင်း ၆ ပါး

၁။ အမှုသစ်၌ မွေ့လျော်ခြင်း၊
၂။ စကားပြောမှု၌ မွေ့လျော်ခြင်း၊
၃။ အိပ်မှု၌ မွေ့လျော်ခြင်း၊
၄။ အပေါင်းအဖော်၌ မွေ့လျော်ခြင်း၊
၅။ ဣန္ဒြေ တို့၌ တံခါးကို ပိတ်မထားခြင်း၊
၆။ စားဖွယ်၌ အတိုင်းအရှည်ကို မသိခြင်း။ (အံ၊၂၊၂၉၀။) (အံ၊မြန်၊၂။၃၇၂။)♦

သေက္ခပုဂ္ဂိုလ် မဆုတ်ယုတ်ကြောင်း ၆ ပါး

၁။ အမှုသစ်၌ မမွေ့လျော်ခြင်း၊
၂။ စကားပြောမှု၌ မမွေ့လျော်ခြင်း၊
၃။ အိပ်မှု၌ မမွေ့လျော်ခြင်း၊
၄။ အပေါင်းအဖော်၌ မမွေ့လျော်ခြင်း၊
၅။ ဣန္ဒြေတို့၌ တံခါးပိတ်ထားခြင်း၊
၆။ စားဖွယ်၌ အတိုင်းအရှည်ကို သိခြင်း။ (အံ၊၂၊၂၉၀။) (အံ၊မြန်၊၂။၃၇၃။)♦

သေက္ခပုဂ္ဂိုလ် ဝိပဿနာပွားရာ၌ အခြင်းအရာ ၁၀ ပါး

၁။ မမြဲသောအားဖြင့် ထင်ခြင်း၌ ကျွမ်းကျင်ခြင်း၊ မြဲသောအားဖြင့် မထင်ခြင်း၌ ကျွမ်းကျင်ခြင်း၊ ၂၊ ဆင်းရဲသောအားဖြင့် ထင်ခြင်း၌ လိမ်မာခြင်း၊ ချမ်းသာသောအားဖြင့် မထင်ခြင်း၌ လိမ်မာခြင်း၊
၃။ အနှစ်မရှိ အလိုသို့ မလိုက်သောအားဖြင့် ထင်ခြင်း၌ လိမ်မာခြင်း၊ အနှစ်ရှိ အလိုသို့လိုက်သောအားဖြင့် မထင်ခြင်း၌ လိမ်မာခြင်း၊
၄။ ကုန်ဆုံးတတ်သောအားဖြင့် ထင်ခြင်း၌ လိမ်မာခြင်း အစိုင်အခဲအားဖြင့် မထင်ခြင်း၌ လိမ်မာခြင်း၊
၅။ ပျက်ပြုန်းသောအားဖြင့် ထင်ခြင်း၌ လိမ်မာခြင်း၊ အားထုတ်ခြင်း၌ မထင်ခြင်း၌ လိမ်မာခြင်း၊
၆။ ဖောက်ပြန်ခြင်း၏ ထင်ခြင်း၌ လိမ်မာခြင်း၊ တည်မြဲသောအားဖြင့် မထင်ခြင်း၌ လိမ်မာခြင်း၊
၇။ အနိမိတ္တ၏ ထင်ခြင်း၌ လိမ်မာခြင်း၊ နိမိတ္တ၏ မထင်ခြင်း၌ လိမ်မာခြင်း၊
၈။ အပ္ပဏိဟိတ၏ ထင်ခြင်း၌ လိမ်မာခြင်း၊ တောင့်တခြင်း၏ မထင်ခြင်း၌ လိမ်မာခြင်း၊
၉။ ဆိတ်သုဉ်းသောအားဖြင့် ထင်ခြင်း၌ လိမ်မာခြင်း၊ မှားသော နှလုံးသွင်းခြင်းအားဖြင့် မထင်ခြင်း၌ လိမ်မာခြင်း၊
၁၀။ ဉာဏ်၏ ထင်ခြင်း၌ ကျွမ်းကျင်ခြင်း၊ အဉာဏ၏ မထင်ခြင်း၌ ကျွမ်းကျင်ခြင်း။ (ပဋိသံ၊၂၂၄။) (ပဋိသံ၊ မြန်။၂၇၈။)♦

သေက္ခပုဂ္ဂိုလ် သမာဓိ ပွားများရာ ထင်ခြင်း၌ လိမ်မာကြောင်း အခြင်းအရာ ၈ ပါး

၁။ အာရုံနိမိတ်ကို ဆင်ခြင်ခြင်းကြောင့် နိမိတ်အာရုံ ထင်ခြင်း၊
၂။ သမထနိမိတ်၌ ထင်ခြင်း၊
၃။ စိတ်ကို ချီးမြှောက်သော နိမိတ်၌ ထင်ခြင်း၊
၄။ မပျံ့လွင့်မှု၌ ထင်ခြင်း၊
၅။ ဉာဏ် အလင်းရောင်၌ ထင်ခြင်း၊
၆။ ရွှင်လန်းမှု၌ ထင်ခြင်း၊
၇။ လျစ်လျူရှုမှု၌ ထင်ခြင်း၊
၈။ တစ်ခုတည်း အဖြစ်၌ ထင်ခြင်း။ (ပဋိသံ၊၂၂၃။) (ပဋိသံ၊မြန်။၂၇၆။)♦

သေက္ခပုဂ္ဂိုလ်တို့ ကြောက်သော ဘေး ၃ မျိုး

၁။ ဝဋ်ဘေး၊
၂။ ကိလေသာဘေး၊
၃။ စွပ်စွဲ ခြင်းဘေး။ (အဘိ၊ဋ္ဌ၊၃၆။)♦

သေက္ခပုဂ္ဂိုလ်တို့ စိတ်ကို ကောင်းစွာ ထားအပ်ရာ သတိပဋ္ဌာန်တရား ၄ ပါး

၁။ ကိုယ် ကာယ၌ ဆံ၊ အမွေး စသော သုံးဆယ့်နှစ်ပါးသော အစုတို့ကို အဖန်ဖန် ရှုလေ့ ရှိခြင်း၊
၂။ ဝေဒနာ၌ ဝေဒနာကို အဖန်ဖန် ရှုလေ့ ရှိခြင်း၊
၃။ စိတ်၌ စိတ်ကို အဖန်ဖန် ရှုလေ့ရှိခြင်း၊
၄။ နီဝရဏ စသော သဘောတရားတို့၌ နီဝရဏ စသော သဘောတရားတို့ကို အဖန်ဖန် ရှုလေ့ရှိခြင်း။ (မ၊၂၊၂။) (မ၊မြန်၊၂။၂။)♦

သေက္ခပုဂ္ဂိုလ်တို့ ရယ်ရွှင်စိတ် ၆ ပါး

၁။ ကုသိုလ် သောမနဿသဟဂုတ် ၄ ခု၊
၂။ အကုသိုလ် ဒိဋ္ဌိဂတဝိပ္ပယုတ် သောမနဿသဟဂုတ် ၂ ခု။ (အဘိ၊ဋ္ဌ၊၁၊၃၃၄။)♦

သေက္ခပုဂ္ဂိုလ်တို့ ရဲရင့်ကြောင်း တရား ၅ ပါး

၁။ ယုံကြည်မှု သဒ္ဓါရှိခြင်း၊
၂။ စောင့်ထိန်းမှု သီလရှိခြင်း၊
၃။ အကြားအမြင် များခြင်း၊
၄။ ထက်သန်သော လုံ့လရှိခြင်း၊
၅။ ပညာရှိခြင်း။ (အံ၊၂၊၁၁၂။) (အံ၊မြန်၊၂။၁၃၇။)♦

သေက္ခပုဂ္ဂိုလ်တို့၏ အား ၅ မျိုး

၁။ ယုံကြည်မှု သဒ္ဓါအား၊
၂။ ရှက်မှု ဟိရီအား၊
၃။ ကြောက်လန့်မှု ဩတ္တပ္ပ အား၊
၄။ အားထုတ်မှု ဝီရိယ အား၊
၅။ သိမှု ပညာအား။ (အံ၊၂၊၁။) (အံ၊မြန်၊၂။၁-၂။)♦

သေက္ခရဟန်း ဆုတ်ယုတ်ကြောင်း တရား ၂ ပါး

၁။ အမျက်ထွက်ခြင်း ကောဓ၊
၂။ ရန်ငြိုး ဖွဲ့ခြင်း ဥပနာဟ၊(တစ်နည်း)
သူ့ကျေးဇူးကို ချေဖျက်ခြင်း မက္ခ၊
၂။ အပြိုင်ပြုခြင်း ပလာသ၊ (တစ်နည်း)
ငြူစူခြင်း ဣဿာ၊
၂။ ဝန်တိုခြင်း မစ္ဆရိယ၊ (တစ်နည်း)
လှည့်ပတ်ခြင်း မာယာ၊
၂။ စဉ်းလဲခြင်း သာဌေယျ၊ (တစ်နည်း)
ဒုစရိုက်တရားတို့မှ မရှက်ခြင်း အဟိရီက၊
၂။ ဒုစရိုက်တရားတို့မှ မလန့်ခြင်း အနောတ္တပ္ပ။ (အံ၊၁၊၉၅။) (အံ၊မြန်၊၁။၁၁၂။)♦

သေက္ခရဟန်း ဆုတ်ယုတ်ကြောင်း တရား ၅ ပါး

၁။ အမှုသစ်၌ မွေ့လျော်ခြင်း၊
၂။ စကားပြောခြင်း၌ မွေ့လျော်ခြင်း၊
၃။ အိပ်ခြင်း၌ မွေ့လျော်ခြင်း၊
၄။ အပေါင်းအဖော်၌ မွေ့လျော်ခြင်း၊ ၅။(ကိလေသာမှ) လွတ်မြောက်သော စိတ်ကို မဆင်ခြင်ခြင်း။ (အံ၊၂၊၁၀၂။) (အံ၊မြန်၊၂။၁၂၄။)♦

သေက္ခရဟန်း ဆုတ်ယုတ်ကြောင်း တရား ၇ ပါး

၁။ အမှုသစ်၌ မွေ့လျော်ခြင်း၊
၂။ စကား ပြောခြင်း၌ မွေ့လျော်ခြင်း၊
၃။ အိပ်ခြင်း၌ မွေ့လျော်ခြင်း၊
၄။ အပေါင်းအဖော်တို့နှင့် စုရုံး နေထိုင်ခြင်း၌ မွေ့လျော်ခြင်း၊
၅။ ဣန္ဒြေတို့ကို မစောင့်စည်းခြင်း၊
၆။ စားဖွယ်အစားအစာ၌ အတိုင်းအရှည် မသိခြင်း၊
၇။ မထေရ်ကြီးတို့၏ ပြုအပ်သော ကိစ္စတို့၌ အားထုတ်ခြင်း။ (အံ၊၂၊၄၁၅။) (အံ၊မြန်၊၂။ ၅၂၆။)♦

သေက္ခရဟန်း မဆုတ်ယုတ်ကြောင်း တရား ၂ ပါး

၁။ အမျက်မထွက်ခြင်း အက္ကောဓ၊
၂။ ရန်ငြိုး မဖွဲ့ခြင်း အနုပနာဟ၊ (တစ်နည်း)
သူ့ကျေးဇူးကို မချေဖျက်ခြင်း အမက္ခ၊
၂။ အပြိုင် မပြုခြင်း အပဠာသ၊ (တစ်နည်း)
မငြူစူခြင်း အနိဿာ၊
၂။ ဝန်မတိုခြင်း အမစ္ဆရိယ၊ (တစ်နည်း)
မလှည့်ပတ်ခြင်း အမာယာ၊
၂။ မစဉ်းလဲခြင်း အသာဌေယျ၊ (တစ်နည်း)
ဒုစရိုက်တရားတို့မှ ရှက်ခြင်း ဟိရီ၊
၂။ ဒုစရိုက်တရားတို့မှ လန့်ခြင်း ဩတ္တပ္ပ။ (အံ၊၁၊၉၅။) (အံ၊မြန်၊၁။၁၁၂။)♦

သေက္ခရဟန်း မဆုတ်ယုတ်ကြောင်း တရား ၅ ပါး

၁။ အမှုသစ်၌် မမွေ့လျော်ခြင်း၊
၂။ စကား ပြောခြင်း၌ မမွေ့လျော်ခြင်း၊
၃။ အိပ်ခြင်း၌ မမွေ့လျော်ခြင်း၊
၄။ အပေါင်းအဖော်၌ မမွေ့ လျော်ခြင်း၊ ၅။(ကိလေသာမှ) လွတ်မြောက်သော စိတ်ကို ဆင်ခြင်ခြင်း။ (အံ၊၂၊၁၀၂။) (အံ၊မြန်၊၂။၁၂၄-၁၂၅။)♦

သေက္ခရဟန်း မဆုတ်ယုတ်ကြောင်း တရား ၅ ပါး (တစ်နည်း)

၁။ ပြုဖွယ်ကိစ္စ များခြင်း၊
၂။ အနည်းငယ်မျှသော အမှုဖြင့် နေ့ကို ကုန်လွန်စေခြင်း၊
၃။ မလျောက်ပတ်သော လူတို့နှင့် ရောနှောဆက်ဆံနေခြင်း၊
၄။ အခါမဟုတ်သည်၌ ရွာသို့ ဝင်ခြင်း၊
၅။ အလိုနည်းမှု၊ ရောင့်ရဲ လွယ်မှု သမထဝိပဿနာနှင့် စပ်သော စကားများကို မပြောမူ၍ စိတ်ငြိမ်ကြောင်း ‘‘သမထ’’ကို အားမထုတ်ခြင်း။ (အံ၊၂၊၁၀၂။) (အံ၊မြန်၊၂။၁၂၄-၁၂၅။)♦

သေက္ခရဟန်း မဆုတ်ယုတ်ကြောင်း တရား ၅ ပါး (တစ်နည်း)

၁။ ကိစ္စမများ ပြုဖွယ် မများခြင်း၊
၂။ အနည်းငယ်မျှသော အမှုဖြင့် နေ့ကို မကုန်လွန်စေခြင်း၊
၃။ လူတို့နှင့် ရောနှော ဆက်ဆံ၍ မနေခြင်း၊
၄။ အခါမဟုတ်သည်၌ ရွာသို့ မဝင်ခြင်း၊
၅။ အလိုနည်းမှု၊ ရောင့်ရဲ လွယ်မှု သမထဝိပဿနာနှင့် စပ်သော စကားများကိုသာ ပြောဆို၍ စိတ်ငြိမ်ကြောင်း ‘‘သမထ’’ကို အားထုတ်၍ နေခြင်း။ (အံ၊၂၊၁၀၃။) (အံ၊မြန်၊၂။၁၂၆-၁၂၇။)♦

သေက္ခရဟန်း မဆုတ်ယုတ်ကြောင်း တရား ၇ ပါး

၁။ အမှုသစ်၌ မမွေ့လျော်ခြင်း၊
၂။ စကား ပြောခြင်း၌ မမွေ့လျော်ခြင်း၊
၃။ အိပ်ခြင်း၌ မမွေ့လျော်ခြင်း၊
၄။ အပေါင်းအဖော်တို့နှင့် စုရုံး၍ နေထိုင်ခြင်း၌ မမွေ့လျော်ခြင်း၊
၅။ ဣန္ဒြေတို့ကို စောင့်စည်းခြင်း၊
၆။ စားဖွယ် သောက်ဖွယ် ခဲဖွယ်ဘောဇဉ်တို့၌ အတိုင်းအရှည်ကို သိခြင်း၊
၇။ မထေရ်ကြီးတို့ ပြုအပ်သော အမှုကိစ္စတို့၌ ဝင်ရောက် စွက်ဖက် အားထုတ်မှု မပြုခြင်း။ (အံ၊၂၊၄၁၅။) (အံ၊မြန်၊၂။ ၅၂၆။)♦

သေချိန်မရောက်မီ သေရသော ပုဂ္ဂိုလ် ၇ ဦး

၁။ ရေငတ်သော သူသည် သောက်ရေကို မရ သဖြင့် အသည်းနှလုံး ခြောက်ကပ်၍ သေရခြင်း၊
၂။ မြွေကိုက်ခံရသော သူသည် ဆေးဆရာကို မရသဖြင့် သေရခြင်း၊
၃။ အဆိပ်စားမိသော သူသည် အဆိပ်ဖြေဆေးကို မရသဖြင့် သေရခြင်း၊
၄။ မီးလောင်ခံရသော သူသည် အေးငြိမ်းကြောင်းကို မရသဖြင့် သေရခြင်း၊
၅။ ရေနစ်သော သူသည် ထောက်တည်ရာကို မရသဖြင့် သေရခြင်း၊
၆။ လက်နက်ထိခိုက်မိ၍ အနာရှိသော သူသည် ဆေးသမားကို မရသဖြင့် သေရခြင်း၊
၇။ ငတ်မွတ်ဆာလောင်သော သူသည် အစားကို မရသဖြင့် ဝမ်းတွင်း၌ လေခတ်၍ သေရခြင်း။ (မိလိန္ဒ၊၂၉၁။) (မိလိန္ဒ၊ မြန်။၃၁၂။)♦

သေခြင်း ၂ မျိုး

၁။ ကာလမရဏ- ကုသိုလ်ကံကုန်ခြင်း, အသက်တမ်းကုန်ဆုံးခြင်း, ယင်း နှစ်ပါး တို့၏ ကုန်ဆုံးခြင်းကြောင့် သေရခြင်း၊
၂။ အကာလမရဏ- အသက်တမ်းစသည် မကုန်သေးဘဲ ဥပစ္ဆေဒကကံကြောင့် သေရခြင်း။ (ဝိသုဒ္ဓိ၊ဋီ၊၁၊၂၈၇။)♦

သေခြင်း ၂ မျိုး (တစ်နည်း)

၁။ လုံ့လကြောင့် သေခြင်း (ဥပက္ကမ မရဏ)၊
၂။ မိမိအလိုအားဖြင့် သေခြင်း (သရသမရဏ)။ (အနုဋီ၊၂၊၇၀။)♦

သေခြင်း ၃ မျိုး

၁။ ခဏိကမရဏ- ပဋိသန္ဓေစိတ်ဖြစ်ပြီး နောက်အခါ၌ ရုပ်နာမ်တရားတို့၏ ပျက်ခြင်း၊ ခဏခဏ သေခြင်း၊
၂။ သမ္မုတိမရဏ- မောင်ဖြူသေပြီ အစရှိသည်ဖြင့် လောက၌ သမုတ်အပ်သော သေခြင်း၊
၃။ သမုစ္ဆေဒမရဏ- ကိလေသာကုန်ပြီးသော ရဟန္တာပုဂ္ဂိုလ်၏ နောက်ထပ် ပဋိသန္ဓေနေခြင်းမရှိသော အကြွင်းမဲ့ ပြတ်ဆဲခြင်း ဟူသော သေခြင်း။ (အံ၊ဋ္ဌ၊၁၊၄၀၉။) (အဘိ၊ဋ္ဌ၊၂၊၉၅။) (ဝိသုဒ္ဓိ၊၁၊၂၂၂။)♦

သေခြင်းတရား၌ ကြောက်မက်ဖွယ် ဘေး ၃ မျိုး

၁။ ဇရာသည် အသက်ကို သေခြင်းအနီးသို့ ပို့ဆောင်ခံရခြင်း၊
၂။ သတ္တဝါတို့၏ အသက်သည် အလွန်တိုခြင်း၊
၃။ ဇရာသည် သေခြင်း အနီးသို့ ဆောင်အပ်သူ၌ ကိုးကွယ်ရာဟူ၍ မရှိခြင်း။ (သံ၊၁၊၂၊၅၃။) (သံ၊မြန်၊၁။၅၂။)♦

သေခိယသိက္ခာပုဒ် ၇၅ ပါး

၁။ ပရိမဏ္ဍလဝဂ်-
သင်းပိုင်ကို ရှေ့နောက်မှ တွဲလွဲကျလျက် ဝတ်သော ရှင်ရဟန်းကို အကြောင်းပြု၍ ပညတ်အပ်သော ပရိမဏ္ဍလသိက္ခာပုဒ်၊
၂။ ဧကသီကို ရှေ့မှ နောက်မှ တွဲလွဲကျလျက် ရုံသော ရှင်ရဟန်းကို အကြောင်းပြု၍ ပညတ်အပ်သော ဒုတိယပရိမဏ္ဍလသိက္ခာပုဒ်၊
၃။ ကိုယ်ကို လှစ်၍ ရွာတွင်းသွားသော သုပ္ပဋိစ္ဆန္န သိက္ခာပုဒ်၊
၄။ ကိုယ်ကို လှစ်၍ ရွာတွင်းနေသော ဒုတိယသုပ္ပဋိစ္ဆန္နသိက္ခာပုဒ်၊
၅။ လက်ခြေကို ကစားလျက် ရွာတွင်းသွားသော ပထမသံဝုတသိက္ခာပုဒ်၊
၆။ လက်ခြေကို ကစားလျက် ရွာတွင်းနေသော ဒုတိယသံဝုတသိက္ခာပုဒ်၊
၇။ ဟိုဟိုသည်သည် ကြည့်လျက် ရွာတွင်းသွားသော ဩက္ခိတ္တစက္ခု သိက္ခာပုဒ်၊
၈။ ဟိုဟိုသည်သည် ကြည့်လျက် ရွာတွင်းနေသော ဒုတိယဩက္ခိတ္တစက္ခု သိက္ခာပုဒ်၊
၉။ ကိုယ်ကို ပစ်လွှဲလျက် ရွာတွင်းသွားသော ဥက္ခိတ္တကာယသိက္ခာပုဒ်၊
၁၀။ ကိုယ်ကို ပစ်လွှဲလျက် ရွာတွင်းနေသော ဒုတိယဥက္ခိတ္တကာယသိက္ခာပုဒ်၊
၂။ ဥဇ္ဇဂ္ဃိကဝဂ်-
ပြင်းစွာ ရယ်လျက် ရွာတွင်းသွားသော ဥဇ္ဇဂ္ဃိကသိက္ခာပုဒ်၊
၂။ ပြင်းစွာရယ်လျက် ရွာတွင်းနေသော ဒုတိယဥဇ္ဇဂ္ဃိကသိက္ခာပုဒ်၊
၃။ စူးရှကျယ်လောင်သော အသံကို ပြုလျက် ရွာတွင်းသွားသော ဥစ္စာသဒ္ဒမဟာသဒ္ဒသိက္ခာပုဒ်၊
၄။ စူးရှကျယ် လောင်သော အသံကို ပြုလျက် ရွာတွင်းနေသော ဒုတိယဥစ္စာသဒ္ဒမဟာသဒ္ဒသိက္ခာပုဒ်၊
၅။ ကိုယ်ကို လှုပ်ကာလှုပ်ကာ ရွာတွင်းသွားသော ကာယပ္ပစာလကသိက္ခာပုဒ်၊
၆။ ကိုယ်ကို လှုပ်ကာလှုပ်ကာ ရွာတွင်းနေသော ဒုတိယ ကာယပ္ပစာလကသိက္ခာပုဒ်၊
၇။ လက်မောင်းကို လှုပ်ကာလှုပ်ကာ ရွာတွင်းသွားသော ဗာဟုပ္ပစာလကသိက္ခာပုဒ်၊
၈။ လက်မောင်းကို လှုပ်ကာ လှုပ်ကာ ရွာတွင်းနေသော ဒုတိယ ဗာဟုပ္ပစာလကသိက္ခာပုဒ်၊
၉။ ဦးခေါင်းကို လှုပ်ကာ လှုပ်ကာ ရွာတွင်းသွားသော သီသပ္ပစာလက သိက္ခာပုဒ်၊
၁၀။ ဦးခေါင်းကို လှုပ်ကာလှုပ်ကာ ရွာတွင်းနေသော ဒုတိယသီသပ္ပစာလက သိက္ခာပုဒ်၊
၃။ ခမ္ဘကတဝဂ်-
ခါးထောက်လျက် ရွာတွင်းသွားသော ခမ္ဘကတသိက္ခာပုဒ်၊
၂။ ခါးထောက်လျက် ရွာတွင်းနေသော ဒုတိယ ခမ္ဘကတသိက္ခာပုဒ်၊
၃။ ဦးခေါင်းခြုံလျက် ရွာတွင်း၌ သွားသော ဩဂုဏ္ဌိတသိက္ခာပုဒ်၊
၄။ ဦးခေါင်းခြုံလျက် ရွာတွင်း၌ နေသော ဒုတိယ ဩဂုဏ္ဌိတသိက္ခာပုဒ်၊
၅။ ခြေဖဝါး စွန်းဖြင့် နင်းလျက် ရွာတွင်းသွားသော ဥက္ကုဋိကသိက္ခာပုဒ်၊
၆။ လက်အာယောဂပတ် ပုဆိုးအာယောဂပတ် ဖွဲ့လျက် ရွာတွင်းနေသော ပလ္လတ္ထိကသိက္ခာပုဒ်၊
၇။ ဆွမ်းကို မရိုမသေ ခံသော အသက္ကစ္စသိက္ခာပုဒ်၊
၈။ ထိုထို အရပ်မျက်နှာကို ကြည့်လျက် ဆွမ်းခံသော ပိဏ္ဍပါတပဋိဂ္ဂဟနသိက္ခာပုဒ်၊
၉။ ဆွမ်းဟင်းကိုသာလျှင် များစွာ ခံယူသော ဗဟုပဋိဂ္ဂဟန သိက္ခာပုဒ်၊
၁၀။ ဆွမ်းကို စုန့်စုန့်တက်အောင် ခံသော ထူပီကတသိက္ခာပုဒ်၊
၄။ ပိဏ္ဍပါတဝဂ်-
မရိုမသေ ဆွမ်းစားသော သိက္ခာပုဒ်၊
၂။ ထိုထိုအရပ်သို့ ကြည့်လျက် ဆွမ်းစားသော သိက္ခာပုဒ်၊
၃။ ထိုထိုဝတ္ထုကို သုံးသပ်လျက် ဆွမ်းစားသော သိက္ခာပုဒ်၊
၄။ ဟင်းကိုသာလျှင် များစွာ စားသော သိက္ခာပုဒ်၊
၅။ ဆွမ်းကို အလယ်ထိပ်မှ နှိပ်လျက် စားသော သိက္ခာပုဒ်၊
၆။ ဟင်းကို လည်းကောင်း စားမဲဟင်းလျာကို လည်းကောင်း ဆွမ်းဖြင့် ဖုံးလွှမ်းသော သိက္ခာပုဒ်၊
၇။ ဟင်းကိုလည်းကောင်း ဆွမ်းကို လည်းကောင်း မနာဖျားပဲ မိမိအကျိုးငှာ တောင်း၍ စားသော သိက္ခာပုဒ်၊
၈။ ကဲ့ရဲ့လိုသည် ဖြစ်၍ တစ်ပါးသော ရဟန်း၏ သပိတ်ကို ကြည့်ရှုသော သိက္ခာပုဒ်၊
၉။ ကြီးသော ဆွမ်းလုတ်ကို ပြုသော သိက္ခာပုဒ်၊
၁၀။ ရှည်စွာသော ဆွမ်းလုပ်ကို ပြုသော သိက္ခာပုဒ်၊
၅။ ကဗဠဝဂ်-
ဆွမ်းလုတ်မရောက်မီ ခံတွင်းကို ဖွင့်သော သိက္ခာပုဒ်၊
၂။ ဆွမ်းစားစဉ် လက်ငါးချောင်းကို ခံတွင်းသို့ ထည့်သော သိက္ခာပုဒ်၊
၃။ ဆွမ်းလုတ်ရှိသော ခံတွင်းဖြင့် စကားပြောသော သိက္ခာပုဒ်၊
၄။ ဆွမ်းလုတ်ကို မြှောက်ကာ စားသော သိက္ခာပုဒ်၊
၅။ ဆွမ်းလုတ်ကို ကိုက်ဖြတ်ကာ စားသော သိက္ခာပုဒ်၊
၆။ မျောက်ကဲ့သို့ ပါးစောင်ခဲလျက် စားသော သိက္ခာပုဒ်၊
၇။ လက်ကို ခါလျက် စားသော သိက္ခာပုဒ်၊
၈။ ဆွမ်းလုံးကို ကြဲလျက် စားသော သိက္ခာပုဒ်၊
၉။ လျှာကို ထုတ်ကာ စားသော သိက္ခာပုဒ်၊
၁၀။ စပ်စပ်မြည်အောင် စားသော သိက္ခာပုဒ်၊
၆။ သုရုသုရုဝဂ်-
ရှရုရှရု မြည်အောင် စားသော သိက္ခာပုဒ်၊
၂။ လက်ကို လျက်ကာ စားသော သိက္ခာပုဒ်၊
၃။ သပိတ်ကို ခြစ်လျက် စားသော သိက္ခာပုဒ်၊
၄။ နှုတ်ခမ်းကို လျက်ကာ စားသော သိက္ခာပုဒ်၊
၅။ ဆွမ်း စသော အာမိသနှင့် တကွသော လက်ဖြင့် သောက်ရေခွက် ကိုင်သော သိက္ခာပုဒ်၊
၆။ ဆွမ်းလုံးနှင့် တကွသော သပိတ်ဆေးရေကို ရွာတွင်း၌ စွန့်သော သိက္ခာပုဒ်၊
၇။ ထီးကိုင်ထားသူအား တရားဟောသော သိက္ခာပုဒ်၊
၈။ တုတ်ကိုင်ထားသူအား တရား ဟောသော သိက္ခာပုဒ်၊
၉။ ဓား သန်လျက် ကိုင်ထားသူအား တရားဟောသော သိက္ခာပုဒ်၊
၁၀။ လေး လက်နက် ကိုင်ထားသူအား တရားဟောသော သိက္ခာပုဒ်၊
၇။ ပါဒုကဝဂ်-
ခြေနင်းစီးထားသူအား တရားဟောသော သိက္ခာပုဒ်၊
၂။ ဖိနပ်စီးထားသူအား တရား ဟောသော သိက္ခာပုဒ်၊
၃။ ယာဉ်ထက်၌ နေသောသူအား တရားဟောသော သိက္ခာပုဒ်၊
၄။ အိပ်ရာထက်၌ နေသောသူအား တရားဟောသော သိက္ခာပုဒ်၊
၅။ လက်အာယောဂပတ် ပုဆိုး အာယောဂပတ် ဖွဲ့လျက် နေထိုင်သော သူအား တရားဟောသော သိက္ခာပုဒ်၊
၆။ ဦးရစ်ခေါင်းပေါင်းရှိသော သူအား တရားဟောသော သိက္ခာပုဒ်၊
၇။ ခေါင်းမြီးခြုံ ထားသော သူအား တရားဟောသော သိက္ခာပုဒ်၊
၈။ မိမိက မြေ၌ နေလျက် နေရာ၌ ထိုင်သော သူအား တရားဟောသော သိက္ခာပုဒ်၊
၉။ မိမိက နိမ့်သော နေရာ၌ နေလျက် မြင့်သော နေရာ၌ နေထိုင်သော သူအား တရားဟောသော သိက္ခာပုဒ်၊
၁၀။ ထိုင်နေသော သူအား ရပ်လျက် တရားဟောသော သိက္ခာပုဒ်၊
၁၁။ မိမိက နောက်မှ သွားလျက် ရှေ့မှ သွားသော သူအား တရားဟောသော သိက္ခာပုဒ်၊
၁၂။ မိမိက ခရီးလမ်းမှ မသွားပဲ ခရီးလမ်းမှ သွားသော သူအား တရားဟောသော သိက္ခာပုဒ်၊
၁၃။ ရပ်လျက် ကျင်ကြီးကျင်ငယ်ကို စွန့်သော သိက္ခာပုဒ်၊
၁၄။ စိမ်းစိုသော မြက်သစ်ပင် စသည်၌ ကျင်ကြီးကျင်ငယ်ကိုဖြစ်စေ, တံထွေးကိုဖြစ်စေ စွန့်သော သိက္ခာပုဒ်၊
၁၅။ ရေ၌ ကျင်ကြီးကျင်ငယ်ကိုဖြစ်စေ တံထွေးကို ဖြစ်စေ စွန့်သော သိက္ခာပုဒ်။ (ဝိ၊၅၊၅၄-၅၅။) (ဝိ၊မြန်၊၅၊၈၆။)♦

သေခိယသိက္ခာပုဒ်တို့၏ ဖြစ်ကြောင်း သမုဋ္ဌာန် ၃ ပါး

၁။ ရံခါ ကိုယ်ကြောင့်လည်းကောင်း စိတ်ကြောင့်လည်းကောင်း ဖြစ်ကုန်၏၊ နှုတ်ကြောင့် မဖြစ်ကုန်၊
၂။ ရံခါ နှုတ်ကြောင့် လည်းကောင်း စိတ်ကြောင့်လည်းကောင်း ဖြစ်ကုန်၏၊ ကိုယ်ကြောင့် မဖြစ်ကုန်၊
၃။ ရံခါ ကိုယ်ကြောင့်လည်းကောင်း နှုတ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်း ဖြစ်ကုန်၏။ (ဝိ၊၅၊၃၆၃။) (ဝိ၊မြန်၊၅။၄၆၇။)♦

သေဉ္စတနာ ၃ ပါး

၁။ ကာယသေဉ္စတနာ- အကုသိုလ်စိတ် (၁၂) ပါး၊ မဟာကုသိုလ်စိတ် (၈) ပါး ပေါင်း ၂၀၊
၂။ ဝစီသေဉ္စတနာ- အကုသိုလ်စိတ် (၁၂) ပါး၊ မဟာကုသိုလ်စိတ် (၈) ပါး ပေါင်း ၂၀၊
၃။ မနောသေဉ္စတနာ- အကုသိုလ်စိတ် (၁၂) ပါး၊ မဟာကုသိုလ်စိတ် (၈) ပါး ပေါင်း ၂၀။ (အံ၊ဋ္ဌ၊၂၊၃၄၇။)♦

သေဉ္စတနာအပေါင်း ၆ ပါး

၁။ ရူပသေဉ္စတနာ- ရူပါရုံ၌ စေ့ဆော်တတ်သည့် စေတနာ၊
၂။ သဒ္ဒ သေဉ္စတနာ-သဒ္ဒါရုံ၌ စေ့ဆော်တတ်သည့် စေတနာ၃။ ဂန္ဓသေဉ္စတနာ- ဂန္ဓာရုံ၌ စေ့ဆော် တတ်သည့် စေတနာ၊
၄။ ရသသေဉ္စတနာ- ရသာရုံ၌ စေ့ဆော်တတ်သည့် စေတနာ၊
၅။ ဖောဋ္ဌဗ္ဗ သေဉ္စတနာ- ဖောဋ္ဌဗ္ဗာရုံ၌ စေ့ဆော်တတ်သည့် စေတနာ၊
၆။ ဓမ္မသေဉ္စတနာ- ဓမ္မာရုံ၌ စေ့ဆော် တတ်သော စေတနာ။ (ဒီ၊၃၊၂၀၂။) (ဒီ၊မြန်၊၃။၂၂၅။)♦

သေတဗျမြို့သား ကာဠညီနောင် ၃ ဦး

၁။ စူဠကာဠ၊
၂။ မဇ္ဈိမကာဠ၊
၃။ မဟာကာဠ။ (ဓမ္မ၊ဋ္ဌ၊၁၊၄၃။)♦

သေနကအမတ်၏ အမေး ၄ ထွေနှင့် မဟောသဓာသုခမိန်၏ အဖြေ ၄ ပါး

၁။ ယောကျ်ား မည်သည် အဘယ်အရာ၌ တည်အပ်သနည်း? သစ္စာ၌ တည်အပ်၏၊
၂။ သစ္စာ၌ တည်သော ယောကျ်ား သည် အဘယ်အရာကို ဖြစ်စေအပ်သနည်း? ဥစ္စာကို ဖြစ်စေအပ်၏၊
၃။ ဥစ္စာကို ဖြစ်စေ ပြီး၍ အဘယ်အရာကို ပြုအပ်သနည်း? မန္တန်ကို ယူအပ်၏၊
၄။ မန္တန်ကို ယူပြီး၍ အဘယ် အရာကို ပြုအပ်သနည်း? မိမိ၏ လျှို့ဝှက်ထားသော အရာကို သူတစ်ပါးအား မပြောဆိုအပ်။ (ဇာ၊ဋ္ဌ၊၆၊၂၂၂။)♦

သေနာဝါသသိက္ခာပုဒ်၌ အင်္ဂါ ၃ ပါုး

၁။ သုံးညဉ့် လွန်ခြင်း၊
၂။ စစ်တပ်၌ နေဝင် မိုးချုပ်ခြင်း၊
၃။ မကျန်းမာသူ အစရှိသည်တို့သည် မဟုတ်ခြင်း။ (သာရတ္ထ၊ဋီ၊၃၊၇၈။)♦

သေနာဝါသသိက္ခာပုဒ်နှင့် အင်္ဂါ ၂ ပါး

၁။ စစ်တပ်၌ လေးရက်မြောက် နေဝင်မိုးချုပ်ခြင်း၊
၂။ ဖျားနာသူ မဟုတ်ခြင်း။ (ဝိမတိ၊၂၊၄၁။)♦

သေနာသန ၁၅ မျိုး

ကျောင်းအိပ်ရာနေရာ ၁၅ မျိုးနှင့် တူသည်။ ♦

သေနာသန ၁၆ မျိုး

ကျောင်းအိပ်ရာနေရာ ၁၆ မျိုးနှင့် တူသည်။ ♦

သေနာသန ၄ မျိုး

ကျောင်းအိပ်ရာနေရာ ၄ မျိုးနှင့် တူသည်။ ♦

သေနာသနခေတ် ၆ မျိုး

ကျောင်းအိပ်ရာနေရာ ဖြစ်ပေါ်ရာ ခေတ် ၆ မျိုးနှင့် တူသည်။ ♦

သေနာသနဂ္ဂါဟာပကသမ္မုတိရသော ရဟန်း အင်္ဂါ ၅ ပါး

၁။ ဆန္ဒာဂတိသို့ မလိုက်ခြင်း၊
၂။ ဒေါသာဂတိသို့ မလိုက်ခြင်း၊
၃။ မောဟာဂတိသို့ မလိုက်ခြင်း၊
၄။ ဘယာဂတိသို့ မလိုက်ခြင်း၊
၅။ ကျောင်းယူပြီးခြင်း မယူရသေးခြင်းကို သိခြင်း။ (ဝိ၊၄၊၃၁၇။) (ဝိ၊မြန်၊၄။၃၂၁။)♦

သေနာသနသန္တောသ ၁၅ ပါး

ကျောင်း၌ ရောင့်ရဲခြင်း ၁၅ ပါးနှင့် တူသည်။ ♦

သေပြီဟု ဆုံးဖြတ်နိုင်ကြောင်း ၃ မျိုး

၁။ အသက်ဟု ဆိုအပ်သော ဇီဝိတိန္ဒြေသည် ခန္ဓာကိုယ်မှ စွန့်ခွာခြင်း၊
၂။ ကိုယ်ငွေ့ဟု ဆိုအပ်သော ကမ္မဇတေဇောဓာတ်သည် ခန္ဓာကိုယ်မှ စွန့်ခွာခြင်း၊
၃။ သိတတ်သော ဝိညာဏ်တရားသည် ခန္ဓာကိုယ်မှ စွန့်ခွာခြင်း။ (မ၊၁၊၃၇၀။) (မ၊မြန်၊၁။၃၈၂။)♦

သေဘေးကို မကြောက်ရွံ့သူ အင်္ဂါ ၄ ပါး

၁။ မြတ်စွာဘုရား၌ မတုန်မလှုပ် ကြည်ညိုခြင်းနှင့် ပြည့်စုံခြင်း၊
၂။ တရားတော်၌ မတုန်မလှုပ် ကြည်ညိုခြင်းနှင့် ပြည့်စုံခြင်း၊
၃။ သံဃာတော်၌ မတုန်မလှုပ် ကြည်ညိုခြင်းနှင့် ပြည့်စုံခြင်း၊
၄။ ကျိုး ပေါက် ပြောက် ကျားခြင်း မရှိသော အရိယာပုဂ္ဂိုလ်တို့ နှစ်သက် ချီးမွမ်းအပ်သော ငါးပါးသီလနှင့် ပြည့်စုံ၏။ (သံ၊၃၊၃၃၇။) (သံ၊မြန်၊၃။၃၄၀။)♦

သေမင်း တမန် ၅ မျိုး

၁။ ကလေးသူငယ်၊
၂။ အိုမင်းရင့်ရော်သူ၊
၃။ ဖျားနာသူ၊
၄။ အညှဉ်းဆဲ ခံရသူ (ညှဉ်းဆဲသူ။)၊
၅။ သူသေ။ (သာရတ္ထ၊ဋီ၊၁၊၁၅၁။)♦

သေယျ ၄ မျိုး

အိပ်ပုံ အိပ်နည်း ၄ မျိုးနှင့် တူသည်။ ♦

သေရခြင်းအကြောင်း ၈ ပါး

၁။ လေကြောင့် သေရခြင်း၊
၂။ သည်းခြေကြောင့် သေရခြင်း၊
၃။ သလိပ်ကြောင့် သေရခြင်း၊
၄။ သည်းခြေ, လေ, သလိပ် သုံးပါး ပေါင်းဆုံစုဝေးခြင်း သန္နိပါတ်ကြောင့် သေရခြင်း၊
၅။ ဥတုဖောက်ပြန်သောကြောင့် သေရခြင်း၊
၆။ မညီညွတ်သော အစာကြောင့် သေရခြင်း၊
၇။ သူတစ်ပါး လုံ့လပယောဂကြောင့် သေရခြင်း၊
၈။ ကံ၏ အကျိုးပေးမှုကြောင့် သေရခြင်း။ (မိလိန္ဒ၊၂၉၁။) (မိလိန္ဒ၊မြန်။၃၁၂။)♦

သေရည် ၅ မျိုး

၁။ ပိဋ္ဌသုရာ- မုန့်ညက်ဖြင့် ပြုလုပ်အပ်သော သေရည်၊
၂။ ဩဒနသုရာ- ထမင်းဖြင့် ပြုလုပ်အပ်သော သေရည်၊
၃။ ပူဝသုရာ- မုန့်ဖြင့် ပြုလုပ်အပ်သော သေရည်၊
၄။ ကိဏ္ဏ ပက္ခိတ္တ- တဆေးခပ်ထည့်အပ်သော သေရည်၊
၅။ သမ္ဘာရသံယုတ္တ- အမျိုးမျိုးသော အဆောက် အဦ (ပစ္စည်းဝတ္ထု) များကို ထည့်၍ ပြုလုပ်အပ်သော သေရည်။ (ဝိ၊၂၊၁၄၆။) (ဒီ၊ဋ္ဌ၊၃၊၁၂၇။) (သံ၊ဋ္ဌ၊၃၊၃၃၄။) (အဘိ၊ဋ္ဌ၊၂၊၃၆၅။) (ခုဒ္ဒက၊ဋ္ဌ၊၁၇။) (ဣတိဝုတ်၊ဋ္ဌ၊၂၂၁။) (ဝိမာန၊ဋ္ဌ၊၆၆။) (မဟာနိ၊ဋ္ဌ၊၃၁၀။) (သာရတ္ထ၊ဋီ၊၃၊၂၅၂။) (ဝိ၊မြန်၊၂။၁၆၄။)♦

သေရည် အရက် သောက်ခြင်း အပြစ် ၆ ပါး

၁။ ဥစ္စာ ဆုတ်ယုတ်ခြင်း၊
၂။ ခိုက်ရန် ဖြစ်ပွား တတ်ခြင်း၊
၃။ အနာရောဂါ ဖြစ်တတ်ခြင်း၊
၄။ အရှိန်အစော်မဲ့တတ်ခြင်း၊
၅။ လျှို့ဝှက် အပ်သည်ကို ဖော်ပြတတ်ခြင်း၊
၆။ ပညာ၏ အားနည်းသည်ကို ပြုတတ်ခြင်း။ (ဒီ၊၃၊၁၄၈။) (ဒီ၊မြန်၊၃။၁၆၅။)♦

သေရီ ၂ မျိုး

၁။ ဓမ္မသေရီ- သတိပဋ္ဌာန်လေးပါးစသော မောဓိပက္ခိယတရား သုံးဆယ့် ခုနစ်ပါးနှင့် စပ်ယှဉ်ခြင်း၊
၂။ ပုဂ္ဂလသေရီ- အထက်ပါသေရီ ဓမ္မနှင့် ပြည့်စုံသော ပုဂ္ဂိုလ်နှင့် စပ်ယှဉ်ခြင်း။ (စူဠနိ၊၂၄၅။) (စူဠနိ၊၂၄၆။)♦

သောစေယျ ၃ ပါး

၁။ ကာယသောစေယျ- ကာယဒွါရ-ကိုယ်၌ စင်ကြယ်ခြင်း၊
၂။ ဝစီ သောစေယျ- ဝစီဒွါရ-နှုတ်၌ စင်ကြယ်ခြင်း၊
၃။ မနောသောစေယျ- စိတ်၌ စင်ကြယ်ခြင်း။ (ခုဒ္ဒက၊၂၃၃။) (ခုဒ္ဒက၊မြန်။၂၁၇။)♦

သောဏ္ဍ ၄ မျိုး

ကြူးသူ ၄ မျိုးနှင့် တူသည်။ ♦

သောတ ၂ မျိုး

၁။ ဒိဗ္ဗသောတ- နတ်တို့၏ ဥစ္စာဖြစ်သော မံသသောတနှင့် တူသော အဘိညာဉ်ဉာဏ်၊
၂။ တဏှာသောတ- တဏှာဟူသော ရေအယဉ်။ (ယမက၊၁၊၇၅-၇၆။) (ယမက၊၁၊၁၉၈။)♦

သောတ ၅ မျိုး

၁။ တဏှာသောတ- တဏှာဟူသော ရေအယဉ်၊
၂။ ဒိဋ္ဌိသောတ- ဒိဋ္ဌိဟူသော ရေအယဉ်၊
၃။ ကိလေသာသောတ- ကိလေသာဟူသော ရေအယဉ်၊
၄။ ဒုစ္စရိတသောတ-ဒုစရိုက်ဟူသော ရေအယဉ်၊
၅။ အဝိဇ္ဇာသောတ-အဝိဇ္ဇာဟူသော ရေအယဉ်။ (စူဠနိ၊၃၀။)♦

သောတဝိညေယျသဒ္ဒ ၂ မျိုး

၁။ သေဝိတဗ္ဗ သောတဝိညေယျသဒ္ဒ- ဤသောတဝိညာဉ်ဖြင့် သိအပ်သော သဒ္ဒါရုံကို မှီဝဲသော ပုဂ္ဂိုလ်အား အကုသိုလ်တရားများ ယုတ်လျော့၍ ကုသိုလ် တရားများ တိုးပွားလာသဖြင့် မှီဝဲအပ်သော သောတဝိညေယျသဒ္ဒ၊
၂။ အသေဝိတဗ္ဗ သောတဝိညေယျသဒ္ဒ- ဤသောတဝိညာဉ်ဖြင့် သိအပ်သော သဒ္ဒါရုံကို မှီဝဲသော ပုဂ္ဂိုလ်အား အကုသိုလ်တရားများ တိုးပွား၍ ကုသိုလ်တရားများ ယုတ်လျော့သွားသဖြင့် မမှီဝဲအပ်သော သောတဝိညေယျသဒ္ဒ။ (ဒီ၊၂၊၂၂၅။) (ဒီ၊မြန်၊၂။၂၅၂။)♦

သောတာပတ္တိဖိုလ်ကို မျက်မှောက်ပြုကြောင်း တရား ၄ ပါး

၁။ သူတော်ကောင်းကို မှီဝဲခြင်း၊
၂။ သူတော်ကောင်းတရားကို ကြားနာခြင်း၊
၃။ သင့်လျော်သောအားဖြင့် နှလုံးသွင်းခြင်း၊
၄။ တရားအားလျော်သော အကျင့်ကို ကျင့်ခြင်း။ (သံ၊၃၊၃၅၉။) (သံ၊၃၊၃၆၁။) (သံ၊မြန်၊၃။၃၆၄ ၃၆၇။) (သံ၊မြန်၊၃။၃၆၄-၃၆၇။)♦

သောတာပတ္တိဖိုလ်ကို မျက်မှောက်ပြုရကျိုး ၆ ပါး

၁။ သူတော်ကောင်းတရား၌ မြဲခြင်း၊
၂။ သူတော်ကောင်းတရား၌ မဆုတ်ယုတ်သော သဘောရှိခြင်း၊
၃။ ထိုသောတာပန်ပုဂ္ဂိုလ်၏ ဆင်းရဲသည် အပိုင်းအခြားကို ပြုပြီးဖြစ်ခြင်း၊
၄။ ပုထုဇဉ်တို့နှင့် မဆက်ဆံသော ဉာဏ်နှင့် ပြည့်စုံခြင်း၊
၅။ သောတာပန်ပုဂ္ဂိုလ်သည် အကြောင်းကိုလည်း ကောင်းစွာ မြင်ခြင်း၊
၆။ အကြောင်းကြောင့်ဖြစ်သော အကျိုးကိုလည်း ကောင်းစွာ မြင်ခြင်း။ (အံ၊၂၊၃၈၄။) (အံ၊မြန်၊၂။၄၈၅။)♦

သောတာပတ္တိမဂ် ပယ်အပ်သော စိတ် ၅ ပါး

၁။ ဒိဋ္ဌိနှင့် တကွ ယှဉ်သော စိတ် ၄ ပါး၊
၂။ ဝိစိကိစ္ဆာနှင့် တကွဖြစ်သော စိတ် ၁ ပါး။ (အဘိ၊ဋ္ဌ၊၁၊၂၇၇။)♦

သောတာပတ္တိမဂ် ပယ်အပ်သော သံယောဇဉ် ၃ ပါး

၁။ သက္ကာယဒိဋ္ဌိ သံယောဇဉ်။
၂။ ဝိစိကိစ္ဆာ သံယောဇဉ်၊
၃။ သီလဗ္ဗတပရာမာသ သံယောဇဉ်။ (အဘိ၊ဓ၊၂၀၇။) (အဘိ၊ဓ၊၂၀၉။) (အဘိ၊ဓ၊ ၂၄၉။) (အဘိ၊က၊၁၄၃။) (အဘိ၊က၊၁၄၉။) (အဘိ၊က၊၁၆၉။) (အဘိ၊က၊၉၁။) (ပဋိသံ၊၂၈၅။) (ခုဒ္ဒက၊၆။) (အဘိ၊ဓ၊မြန်။၃၇၃၊၃၇၇၊၄၆၅။) (အဘိ၊ဓ၊မြန်။၃၇၃၊၃၇၇၊၄၆၅။) (အဘိ၊ဓ၊မြန်။၃၇၃၊ ၃၇၇၊၄၆၅။) (အဘိ၊က၊မြန်၊၁။၁၅၆။) (အဘိ၊က၊မြန်၊၁။၁၅၆။) (အဘိ၊က၊မြန်၊၁။၁၅၆။) (အဘိ၊က၊မြန်၊၁။၁၅၆။) (ပဋိသံ၊မြန်။၃၄၃။) (ခုဒ္ဒက၊မြန်။၆။)♦

သောတာပတ္တိမဂ် ပယ်အပ်သော ဥပက္ကိလေသာ ၆ ပါး

၁။ သူ့ကျေးဇူးကို ဖျောက်ဖျက်တတ်ခြင်း လက္ခဏာရှိသော မက္ခ၊
၂။ အပြိုင်ပြုသောအားဖြင့် ယူခြင်း ပဠာသ၊
၃။ သူတစ်ပါးတို့၏ အရိုအသေပြုခြင်း အစရှိသည်တို့ကို ရှုတ်ချခြင်း ဣဿာ၊
၄။ မိမိ၏ သက်ရှိ, သက်မဲ့ ဥစ္စာကို သူတစ်ပါးတို့နှင့် ဆက်ဆံသည်၏ အဖြစ်ကို သည်းမခံနိုင်ခြင်း မစ္ဆရိယ၊
၅။ လှည့်ပတ် တတ်သော မာယာ၊
၆။ စဉ်းလဲကောက်ကျစ်သော သဘောရှိသော သာဌေယျ။ (မ၊ဋ္ဌ၊၁၊၁၇၅။)♦

သောတာပတ္တိမဂ် မရကြောင်း တရား ၆ ပါး

၁။ သက္ကာယဒိဋ္ဌိကို မပယ်ခြင်း၊
၂။ ဝိစိကိစ္ဆာကို မပယ်ခြင်း၊
၃။ သီလဗ္ဗတပရာမာသကို မပယ်ခြင်း၊
၄။ အပါယ်ရောက်ကြောင်း ရာဂကို မပယ်ခြင်း၊
၅။ အပါယ်ရောက်ကြောင်း ဒေါသကို မပယ်ခြင်း၊
၆။ အပါယ်ရောက်ကြောင်း မောဟကို မပယ်ခြင်း။ (အံ၊၂၊၃၈၁-၃၈၂။) (အံ၊မြန်၊၂။၄၈၁။)♦

သောတာပတ္တိမဂ် ရကြောင်း တရား ၆ ပါး

၁။ သက္ကာယ ဒိဋ္ဌိကို ပယ်ခြင်း၊
၂။ ဝိစိကိစ္ဆာကို ပယ်ခြင်း၊
၃။ သီလဗ္ဗတပရာမာသကို ပယ်ခြင်း၊
၄။ အပါယ်သို့ ရောက်ကြောင်း ရာဂကို ပယ်ခြင်း၊
၅။ အပါယ်သို့ ရောက်ကြောင်း ဒေါသကို ပယ်ခြင်း၊
၆။ အပါယ်သို့ ရောက်ကြောင်း မောဟကို ပယ်ခြင်း။ (အံ၊၂၊၃၈၁၊၃၈၂။) (အံ၊မြန်၊၂။၄၈၁။)♦

သောတာပတ္တိမဂ် ရကြောင်း အင်္ဂါ ၄ ပါး

၁။ သူတော်ကောင်းကို မှီဝဲခြင်း- သပ္ပုရိသသံသေဝ၊
၂။ သူတော်ကောင်းတရားကို ကြားနာခြင်း- သဒ္ဓမ္မသဝန၊
၃။ အသင့်နှလုံးသွင်းခြင်း- ယောနိသော မနသိကာရ၊
၄။ လောကုတ္တရာအားလျော်သော အကျင့်ကို ကျင့်ခြင်း- ဓမ္မာနုဓမ္မ ပဋိပတ္တိ။ (ဒီ၊၃၊၁၉၀။) (ပဋိသံ၊၂၁၁။) (ဒီ၊မြန်၊၃။၂၁၁။) (ပဋိသံ၊မြန်။၂၆၂။)♦

သောတာပတ္တိမဂ်ကြောင့် ကင်းသော အနုသယ ၂ ပါး

၁။ ဒိဋ္ဌာနုသယ- သတ္တဝါတို့၏ သန္တာန်၌ ကိန်းဝပ်တည်နေတတ်သော ဒိဋ္ဌိဟူသော အငုပ်ဓာတ်၊
၂။ ဝိစိကိစ္ဆာနုသယ- သတ္တဝါတို့ သန္တာန်၌ ကိန်းဝပ်တည်နေတတ်သော ဝိစိကိစ္ဆာ။ (ပဋိသံ၊၂၈၅။) (ပဋိသံ၊မြန်။၃၄၃။)♦

သောတာပတ္တိမဂ်ဖြင့် ကောင်းစွာ ဖြတ်အပ်သော တရား ၅ ပါး

၁။ သက္ကာယဒိဋ္ဌိ- မိမိကိုယ် အတ္တဘောထင်ရှားရှိသည်ဟူသော အယူ၊
၂။ ဝိစိကိစ္ဆာ- ယုံမှားတွေးတော မဆုံးဖြတ်နိုင်ခြင်း သို့လောသို့လော သံသယဖြစ်ခြင်း၊
၃။ သီလဗ္ဗတပရာမာသ- အလေ့အကျင့်ကို မှားသော အားဖြင့် သုံးသပ်ခြင်း၊
၄။ ဒိဋ္ဌာနုသယ- သတ္တဝါတို့၏ သန္တာန်၌ ကိန်းဝပ်တည်နေတတ်သော ဒိဋ္ဌိဟူသော အငုပ်ဓာတ်၊
၅။ ဝိစိကိစ္ဆာနုသယ- သတ္တဝါတို့ သန္တာန်၌ ကိန်းဝပ်တည်နေ တတ်သော ဝိစိကိစ္ဆာ၊ (ဤတရား ငါးပါးတို့မှ စိတ်သည် လွတ်မြောက်၏)။ (ပဋိသံ၊၇၀။) (ပဋိသံ၊မြန်။၉၂။)♦

သောတာပတ္တိအင်္ဂါ ၄ ပါးတို့၌ ဣန္ဒြေငါးပါး ဖြစ်ပုံ ( သောတာပတ္တိအင်္ဂါ ၄ ပါးတို့၌ သဒ္ဓိန္ဒြေ၏ အစွမ်းအားဖြင့် ဣန္ဒြေငါးပါးတို့ကို မှတ်ကြောင်း အခြင်းအရာ ၂၀)

၁။ ဆုံးဖြတ်ခြင်းကို အကြီးအမှူးပြုသောအားဖြင့် သဒ္ဓိန္ဒြေကို မှတ်ခြင်း၊
၂။ ချီးမြှောက်ခြင်း သဘောအားဖြင့် ဝီရိယိန္ဒြေကို မှတ်ခြင်း၊
၃။ ရှေးရှုထင်သော သဘောအားဖြင့် သတိန္ဒြေကို မှတ်ခြင်း၊
၄။ မပျံ့ လွင့်သော သဘောအားဖြင့် သမာဓိန္ဒြေကို မှတ်ခြင်း၊
၅။ မြင်တတ်သော သဘောအားဖြင့် ပညိန္ဒြေကို မှတ်ခြင်းအားဖြင့် သူတော်ကောင်းကို မှီဝဲခြင်း၌ သောတာပတ္တိအင်္ဂါငါးပါး (သူတော်ကောင်းတရား ကြားနာခြင်း သောတာပတ္တိအင်္ဂါ၊ အသင့်နှလုံးသွင်းခြင်း သောတာပတ္တိ အင်္ဂါ၊ လောကုတ္တရာတရား အားလျော်သော အကျင့်ကို ကျင့်ခြင်း သောတာပတ္တိအင်္ဂါတို့၌လည်း အလားတူ ငါးပါးစီးပွားခြင်းဖြင့် သောတာပတ္တိအင်္ဂါ လေးပါးတို့၌ အခြင်းအရာ (၂၀) ဖြစ်သတည်း)။ (ပဋိသံ၊၂၁၁။) (ပဋိသံ၊မြန်။၂၆၂။)♦

သောတာပန္နော၌ သောတ ၈ မျိုး (မဂ္ဂင် ၈ပါးနှင့် တူသည်)

၁။ သမ္မာဒိဋ္ဌိ၊
၂။ သမ္မာသင်္ကပ္ပ၊
၃။ သမ္မာ ဝါစာ၊
၄။ သမ္မာကမ္မန္တ၊
၅။ သမ္မာအာဇီဝ၊
၆။ သမ္မာဝါယာမ၊
၇။ သမ္မာသတိ၊
၈။ သမ္မာ သမာဓိ။ (ဝိ၊ဋ္ဌ၊၁၊၁၆၃။)♦

သောတာပန် ၃ မျိုး

၁။ ဧကဗီဇိ သောတာပန်- လူ့ပြည်၌ တစ်ဘဝသာလျှင် ပဋိသန္ဓေနေပြီး ရဟန္တာဖြစ်သွားသည့် သောတာပန်၊
၂။ ကောလံကောလ သောတာပန်- အမျိုးတစ်ခုမှ အမျိုး တစ်ခုသို့ နှစ်ဘဝ သုံးဘဝ ကျင်လည်ပြီး ရဟန္တာဖြစ်သွားသည့် သောတာပန်၊
၃။ သတ္တက္ခတ္တု ပရမ သောတာပန်- လူ့ပြည် နတ်ပြည်တို့၌ ခုနစ်ကြိမ်ကျင်လည်ပြီး ရဟန္တာ ဖြစ်သွားသည့် သောတာပန်။ (သံ၊ဋ္ဌ၊၃၊၂၇၀။) (ခုဒ္ဒက၊ဋ္ဌ၊၁၅၂ ၁၅၆။) (ဣတိဝုတ်၊ဋ္ဌ၊၈၂။)♦

သောတာပန် ၅ မျိုး

၁။ ဧကဗီဇီ သောတာပန်- တစ်ကြိမ်သာလျှင် ပဋိသန္ဓေနေခြင်းဟူသော မျိုးစေ့ရှိသော သောတာပန်၊
၂။ ကောလံကောလ သောတာပန်- မြင့်မြတ်သော အမျိုးမှ မြင့်မြတ်သော အမျိုးသို့ သွားသော သောတာပန်၊
၃။ သတ္တက္ခတ္တုပရမ သောတာပန်- ခုနှစ်ကြိမ် သာလျှင် ပဋိသန္ဓေနေခြင်းရှိသော သောတာပန်၊
၄။ သဒ္ဓါနုသာရီသောတာပန်- သဒ္ဓါတရားကို အဖန်တလဲလဲ အောက်မေ့တတ်သော သောတာပန်၊
၅။ ဓမ္မာနုသာရီ သောတာပန်- ဝိပဿနာ ပညာတရားဖြင့် အရိယမဂ်ဟူသော အယဉ်သို့ ရောက်သော သောတာပန်။ (နေတ္တိ၊ဋ္ဌ၊၁၆၄။)♦

သောတာပန် ဖြစ်ကြောင်း တရား ၄ ပါး

၁။ မြတ်စွာဘုရား၌ မတုန်မလှုပ် ကြည်ညိုခြင်းနှင့် ပြည့်စုံခြင်း၊
၂။ တရားတော်၌ မတုန်မလှုပ် ကြည်ညိုခြင်းနှင့် ပြည့်စုံခြင်း၊
၃။ သံဃာတော်၌ မတုန်မလှုပ် ကြည်ညိုခြင်းနှင့် ပြည့်စုံခြင်း၊
၄။ ဝန်တိုမှု မစ္ဆေရအညစ်အကြေး ကင်းကာ, လွတ်လွတ် စွန့်ကြဲပေးကမ်း, ဝေခြမ်းခြင်း၌ မွေ့လျော်ခြင်း။ (သံ၊၃၊၃၀၂။) (သံ၊၃၊၃၀၆။) (သံ၊မြန်၊၃။၃၀၄။) (သံ၊မြန်၊၃။၃၀၇။)♦

သောတာပန် ဖြစ်ကြောင်း တရား ၅ ပါး

အပါယ်မကျကြောင်း တရား ၅ ပါးနှင့် တူသည်။ ♦

သောတာပန် ဖြစ်ကြောင်း တရား ၆ ပါး

၁။ သက္ကာယဒိဋ္ဌိကို ပယ်ခြင်း၊
၂။ ဝိစိကိစ္ဆာကို ပယ်ခြင်း၊
၃။ သီလဗ္ဗတပရာမာသကို ပယ်ခြင်း၊
၄။ အပါယ်ရောက်ကြောင်း ရာဂကို ပယ်ခြင်း၊
၅။ အပါယ်ရောက်ကြောင်း ဒေါသကို ပယ်ခြင်း၊
၆။ အပါယ်ရောက်ကြောင်း မောဟကို ပယ်ခြင်း။ (အံ၊၂၊၃၈၁။) (အံ၊မြန်၊၂။၄၈၁။)♦

သောတာပန် ဖြစ်ကြောင်း အင်္ဂါ ၄ ပါး

၁။ သပ္ပုရိသသံသေဝေါ- ဘုရား ရဟန္တာ စသော သူတော်ကောင်း ပုဂ္ဂိုလ်တို့ကို မှီဝဲဆည်းကပ်ခြင်း၊
၂။ သဒ္ဓမ္မဿဝနံ- သူတော်ကောင်း တရားကို နာကြားခြင်း၊
၃။ ယောနိသောမနသိကာရော- သင့်လျော်သောအားဖြင့် နှလုံးသွင်းခြင်းဟု ဆိုအပ်သော ယောနိသော မနသိကာရ ရှိခြင်း၊
၄။ ဓမ္မာနုဓမ္မပဋိပတ္တိ- လောကုတ္တရာတရားအား လျော်သော ကျင့်ကြံအားထုတ်မှု ရှိခြင်း။ (ပဋိသံ၊ဋ္ဌ၊၁၊၁၀။) (ပဋိသံ၊ဋ္ဌ၊၂၊၁၃၇။)♦

သောတာပန် မဖြစ်ကြောင်း တရား ၆ ပါး

၁။ သက္ကာယဒိဋ္ဌိကို မပယ်ခြင်း၊
၂။ ဝိစိကိစ္ဆာကို မပယ်ခြင်း၊
၃။ သီလဗ္ဗတပရာမာသကို မပယ်ခြင်း၊
၄။ အပါယ်ရောက်ကြောင်း ရာဂကို မပယ်ခြင်း၊
၅။ အပါယ်ရောက်ကြောင်း ဒေါသကို မပယ်ခြင်း၊
၆။ အပါယ်ရောက်ကြောင်း မောဟကို မပယ်ခြင်း။ (အံ၊၂၊၃၈၁။) (အံ၊မြန်၊၂။၄၈၁။)♦

သောတာပန်တို့ မပြုတော့သော တရား ၆ ပါး

၁။ အမိကို သတ်ခြင်း၊
၂။ အဖကို သတ်ခြင်း၊
၃။ ရဟန္တာကို သတ်ခြင်း၊
၄။ သံဃာကို သင်းခွဲခြင်း၊
၅။ ဘုရားရှင်၏ ကိုယ်အင်္ဂါကို သွေးထွက်အောင် ပြုခြင်း၊ ၆။(သေလွန်သည်၏ အခြားမဲ့၌ ငရဲ၌ အကျိုးပေးခြင်း) မြဲသော အယူမှား အမြင်မှား မိစ္ဆာ (ဒိဋ္ဌိ) အယူ။ (ခုဒ္ဒက၊၆။) (ခုဒ္ဒက၊ မြန်။၆။)♦

သောတာပန်တို့ မျက်မှောက် ရနိုင်သော အကျိုး ၄ မျိုး

၁။ ဘုရားရှင်၌ သက်ဝင်ယုံကြည်မှုနှင့် ပြည့်စုံခြင်း၊
၂။ ဘုရားရှင်၏ တရားတော်၌ သက်ဝင်ယုံကြည်မှုနှင့် ပြည့်စုံခြင်း၊
၃။ အရိယာ သံဃာတော်များ၌ သက်ဝင်ယုံကြည်မှုနှင့် ပြည့်စုံခြင်း၊
၄။ မကျိုးမပေါက် မပြောက် မကျားသော အရိယာပုဂ္ဂိုလ်တို့ နှစ်သက်သော သီလနှင့် ပြည့်စုံခြင်း။ (အံ၊၂၊၁၈၆။) (အံ၊မြန်၊၂။၂၃၈။)♦

သောတာပန်ပုဂ္ဂိုလ် ၂၄ ယောက်

၁။ သဒ္ဓါကို အဦးပြုသော ဧကဗီဇီသောတာပန်ပုဂ္ဂိုလ် တစ်ယောက်၊
၂။ ပညာကို အသုံးပြုသော ဧကဗီဇီသောတာပန် ပုဂ္ဂိုလ် တစ်ယောက်၊
၃။ အထက်ပါ ပုဂ္ဂိုလ် နှစ်ယောက်၌ ကျင့်စဉ်ပဋိပဒါ လေးမျိုး ကွဲပြားသဖြင့် ပဋိပဒါလေးပါးနှင့် မြှောက်, ရှစ်ယောက် ဖြစ်၏၊
၄။ ထို့အတူ ကောလံကောလသောတာပန်လည်း ရှစ်ယောက် သတ္တက္ခတ္တုပရမ သောတာပန်လည်း ရှစ်ယောက် စုစုပေါင်း ၂၄ ယောက် ဖြစ်၏။ (အံ၊ဋ္ဌ၊၂၊၂၁၈။)♦

သောတာပန်ပုဂ္ဂိုလ် ငြိမ်းပြီးသော ဘေးရန် ၅ ပါး

၁။ သူ့အသက် သတ်ခြင်းလျှင် အကြောင်း ရှိသော မျက်မှောက်ဘဝ တမလွန်ဘဝ၌ ဖြစ်သော ဘေးရန်၊
၂။ သူ့ဥစ္စာ ခိုးခြင်းလျှင်၊
၃။ သူတစ်ပါး သားမယားတို့၌ ကျူးလွန်ခြင်းလျှင်၊
၄။ မုသားစကား ပြောကြားခြင်းလျှင်၊
၅။ သေရည်အရက်, မူးယစ်ဆေးဝါး သောက်စား မှီဝဲခြင်းလျှင် အကြောင်းရှိသော မျက်မှောက် ဘဝ တမလွန်ဘဝ၌ ဖြစ်သော ဘေးရန်။ (သံ၊၁၊၂၉၈။) (သံ၊၁၊၃၀၀။) (အံ၊၃၊၂၀၅-၂၀၇။) (အံ၊၃၊၄၀၄။) (သံ၊မြန်၊၁။၂၈၅။) (သံ၊မြန်၊၁။၂၈၅။) (အံ၊မြန်၊၃။၂၀၅၊၃၉၇။) (အံ၊မြန်၊၃။၂၀၅၊၃၉၇။)♦

သောတာပန်ပုဂ္ဂိုလ် ပယ်အပ်သော တရား ၆ ပါး

၁။ သက္ကာယဒိဋ္ဌိ- မိမိကိုယ် အတ္တဘော ထင်ရှား ရှိသည်ဟူသော အယူ၊
၂။ ဝိစိကိစ္ဆာ- ယုံမှားတွေးတော မဆုံးဖြတ်နိုင်ခြင်း သို့လော သို့လော သံသယဖြစ်ခြင်း ဝိစိကိစ္ဆာ စေတသိက်၊
၃။ သီလဗ္ဗတပရာမာသ- အလေ့အကျင့်ကို မှားသော အားဖြင့် သုံးသပ်ခြင်း၊
၄။ အပါယ်ရောက်စေတတ်သော ရာဂ၊
၅။ အပါယ်ရောက်စေတတ်သော ဒေါသ၊
၆။ အပါယ်ရောက်စေတတ်သော မောဟ။ (အံ၊၂၊၃၈၂။) (အံ၊မြန်၊၂။၄၈၁။)♦

သောတာပန်ပုဂ္ဂိုလ် မပြုနိုင်သော အရာ ၆ မျိုး (တစ်နည်း) (စတုတ္ထအဘဗ္ဗဋ္ဌာန)

၁။ မိမိ ပြုအပ်သော ချမ်းသာ ဆင်းရဲသို့ တစ်ဖန် မကပ်ရောက်နိုင်ခြင်း၊
၂။ သူတစ်ပါးပြုအပ်သော ချမ်းသာ ဆင်းရဲသို့ တစ်ဖန် မကပ်ရောက်နိုင်ခြင်း၊
၃။ မိမိ သူတစ်ပါး ပြုအပ်သော ချမ်းသာ ဆင်းရဲသို့ တစ်ဖန် မကပ်ရောက်နိုင်ခြင်း၊
၄။ မိမိ မပြုအပ်သော အကြောင်းကို မစွဲမူ၍ ဖြစ်သော ချမ်းသာ ဆင်းရဲသို့ တစ်ဖန် မကပ်ရောက်နိုင်ခြင်း၊
၅။ မိမိ သူတစ်ပါး မပြုအပ်သော အကြောင်းကို မစွဲမူ၍ ချမ်းသာ ဆင်းရဲသို့ တစ်ဖန် မကပ်ရောက်နိုင်ခြင်း၊
၆။ အကြောင်းအကျိုးကို မမြင်မူ၍ ဖြစ်သော ချမ်းသာဆင်းရဲသို့ တစ်ဖန် မကပ်ရောက်နိုင်ခြင်း။ (အံ၊၂၊၃၈၃။)(အံ၊မြန်၊၂။ ၄၈၃-၄၈၄။)♦

သောတာပန်ပုဂ္ဂိုလ် မပြုနိုင်သော အရာ ၆ မျိုး (တစ်နည်း) (တတိယအဘဗ္ဗဋ္ဌာန)

၁။ အမိရင်းကို သတ်ရန် မဖြစ်နိုင်ခြင်း၊
၂။ အဖရင်းကို သတ်ရန် မဖြစ်နိုင်ခြင်း၊
၃။ ရဟန္တာကို သတ်ရန် မဖြစ်နိုင်ခြင်း၊
၄။ မြတ်စွာဘုရားအား ပြစ်မှားလိုသော စိတ်ဖြင့် သွေးကို ဖြစ်စေရန် မဖြစ်နိုင်ခြင်း၊
၅။ သံဃာကို သင်းခွဲရန် မဖြစ်နိုင်ခြင်း၊
၆။ မြတ်စွာဘုရားမှ အခြားသူတို့ကို ဆရာဟူ၍ ညွှန်ပြရန် မဖြစ်နိုင်ခြင်း။ (အံ၊၂၊၃၈၃။) (အံ၊မြန်၊၂။၄၈၃။)♦

သောတာပန်ပုဂ္ဂိုလ် အင်္ဂါ ၄ ပါး

၁။ အရဟံ စသော ဂုဏ်တော်ကိုးပါးနှင့် ပြည့်စုံသော မြတ်စွာ ဘုရား၌ တုန်လှုပ်ခြင်း မရှိသော ယုံကြည်မှု ကြည်ညိုမှု သဒ္ဓါတရားနှင့် ပြည့်စုံခြင်း၊
၂။ သွက္ခာတတာ စသော ဂုဏ်တော် ခြောက်ပါးနှင့် ပြည့်စုံသော တရားတော်၌ တုန်လှုပ်ခြင်း မရှိသော ယုံကြည်မှု ကြည်ညိုမှု သဒ္ဓါတရားနှင့် ပြည့်စုံခြင်း၊
၃။ သုပ္ပဋိပန္န စသော ဂုဏ်တော် ကိုးပါးတို့နှင့် ပြည့်စုံသော သံဃာတော်၌ တုန်လှုပ်ခြင်း မရှိသော ယုံကြည်မှု ကြည်ညိုမှု သဒ္ဓါတရားနှင့် ပြည့်စုံခြင်း၊
၄။ အရိယာပုဂ္ဂိုလ်တို့ နှစ်သက် မြတ်နိုးအပ်သော ကျိုးပေါက် ပြောက်ကြားခြင်း မရှိသော ငါးပါးသီလနှင့် ပြည့်စုံခြင်း။ (ဒီ၊၃၊၁၉၀။) (သံ၊၁၊၂၉၉။) (သံ၊၃၊၂၉၉။) (သံ၊၃၊၃၃၉။) (သံ၊၃၊၃၄၁။) (သံ၊၃၊၃၄၆။) (အံ၊၃၊၂၀၆-၂၀၇။) (အံ၊၃၊၄၀၅။) (ဒီ၊မြန်၊၃။၂၁၁။) (သံ၊မြန်၊၁။၂၈၇။) (သံ၊မြန်၊၁။၂၈၇။) (သံ၊၁၊၃၀၀။) (သံ၊မြန်၊၃။၃၀၀။) (သံ၊မြန်၊၃။၃၄၂-၃၄၄။) (သံ၊မြန်၊၃။၃၄၂-၃၄၄။) (သံ၊မြန်၊၃။၃၄၂-၃၄၄။) (အံ၊မြန်၊၃။၂၀၅၊၂၀၇၊၃၉၈။) (အံ၊မြန်၊၃။၂၀၅၊၂၀၇၊၃၉၈။)♦

သောတာပန်ပုဂ္ဂိုလ်၏ သန္တာန်၌ မဖြစ်သော တရား ၆ ပါး

၁။ သက္ကာယ ဒိဋ္ဌိ၊
၂။ ဝိစိကိစ္ဆာ၊
၃။ သီလဗ္ဗတပရာမာသ၊
၄။ အပါယ်သို့ ရောက်ကြောင်း ရာဂ၊
၅။ အပါယ်သို့ ရောက်ကြောင်း ဒေါသ၊
၆။ အပါယ်သို့ ရောက်ကြောင်း မောဟ။ (အံ၊၂၊၃၈၁-၃၈၂။) (အံ၊မြန်၊၂။၄၈၂။)♦

သောတာပန်ပုဂ္ဂိုလ်တို့ ပြည့်စုံသော ပစ္စဝေက္ခဏာ(ဆင်ခြင်အောက်မေ့ကြောင်း)ဉာဏ် ၈ မျိုး

၁။ ကာမရာဂဖြင့် ထကြွခြင်းမျိုးသည် ငါ့မှာမရှိ၊ သစ္စာတရားကို သိရန် စိတ်ကို ကောင်းစွာ ထားပြီဟု ဆင်ခြင်ခြင်း၊
၂။ ဗျာပါဒဖြင့် ထကြွခြင်းမျိုးသည် ငါ့မှာမရှိ၊ သစ္စာတရားကို သိရန် စိတ်ကို ကောင်းစွာထားပြီဟု ဆင်ခြင်ခြင်း၊
၃။ ထိနမိဒ္ဓဖြင့် ထကြွခြင်းမျိုးသည် ငါ့မှာမရှိ၊ သစ္စာတရားကို သိရန် စိတ်ကို ကောင်းစွာထားပြီဟု ဆင်ခြင်ခြင်း၊
၄။ ဥဒ္ဓစ္စ ကုက္ကုစ္စဖြင့် ထကြွခြင်းမျိုးသည် ငါ့မှာမရှိ၊ သစ္စာတရားကို သိရန် စိတ်ကို ကောင်းစွာထားပြီဟု ဆင်ခြင်ခြင်း၊
၅။ ဝိစိကိစ္ဆာဖြင့် ထကြွခြင်းမျိုးသည် ငါ့မှာမရှိ၊ သစ္စာတရားကို သိရန် စိတ်ကို ကောင်းစွာ ထားပြီဟု ဆင်ခြင်ခြင်း၊
၆။ မျက်မှောက်လောကကို ကြံစည်ခြင်းဖြင့် ထကြွခြင်းမျိုးသည် ငါ့မှာမရှိ၊ သစ္စာတရားကို သိရန် စိတ်ကို ကောင်းစွာထားပြီဟု ဆင်ခြင်ခြင်း၊
၇။ တမလွန် လောကကို ကြံစည်ခြင်းဖြင့် ထကြွခြင်းမျိုးသည် ငါ့မှာမရှိ၊ သစ္စာတရားကို သိရန် စိတ်ကို ကောင်းစွာထားပြီဟု ဆင်ခြင်ခြင်း၊
၈။ အချင်းချင်းနှုတ်လှံထိုးနေခြင်းဖြင့် ထကြွခြင်းမျိုးသည် ငါ့မှာမရှိ၊ သစ္စာတရားကို သိရန် စိတ်ကို ကောင်းစွာထားပြီဟု ဆင်ခြင်ခြင်း။ (မ၊၁၊၃၉၈။)(မ၊ဋ္ဌ၊၂၊၂၉၈)♦

သောတာပန်ပုဂ္ဂိုလ်တို့ ပြုရန်မလွယ်ကူသော အရာ ဌာန ၆ မျိုး

၁။ မာတုဃာတက- အမိသတ်ခြင်း၊
၂။ ပိတုဃာတက- အဖသတ်ခြင်း၊
၃။ အရဟန္တဃာတက- ရဟန္တာသတ်ခြင်း၊
၄။ လောဟိ တုပ္ပါဒက- ဘုရားရှင်အား သွေးစိမ်းတည်အောင် ပြုခြင်း၊
၅။ သံဃဘေဒက- သံဃာ သင်းခွဲခြင်း၊
၆။ အညသတ္ထာရဥဒ္ဒေသ- သဗ္ဗညုမြတ်စွာဘုရားမှ တစ်ပါး အခြားသော သာသနာပြင်ပ တိတ္တိတို့အား ဆရာဟု ညွှန်ပြခြင်း။ (ခုဒ္ဒက၊ဋ္ဌ၊၁၅၈။)♦

သောတာပန်ပုဂ္ဂိုလ်တို့ မပြုထိုက်သော အရာ ၆ မျိုး (ဒုတိယ အဘဗ္ဗဋ္ဌာနသုတ်)

၁။ တစ်စုံ တစ်ခုသော သင်္ခါရတရားကို နိစ္စအားဖြင့် ကပ်၍ ရှုရန် မထိုက်ခြင်း၊
၂။ တစ်စုံတစ်ခုသော သင်္ခါရတရားကို သုခအားဖြင့် ကပ်၍ ရှုရန် မထိုက်ခြင်း၊
၃။ တစ်စုံတစ်ခုသော သင်္ခါရ တရားကို အတ္တအားဖြင့် ကပ်၍ ရှုရန် မထိုက်ခြင်း၊
၄။ ပဉ္စာနန္တရိယကံကို ပြုရန် မထိုက်ခြင်း၊
၅။ ကောတူဟလမင်္ဂလာ (ဒိဋ္ဌ-သုတမင်္ဂလာ) ဖြင့် စင်ကြယ်ခြင်းသို့ တစ်ဖန် ကပ်ရောက်ရန် မထိုက်ခြင်း၊
၆။ ဤမြတ်စွာဘုရား၏ သာသနာတော်မှ တစ်ပါး အပြင်ပ၌ အလှူခံပုဂ္ဂိုလ်ကို ရှာမှီးရန် မထိုက်ခြင်း။ (အံ၊၂၊၃၈၂။) (အံ၊မြန်၊၂။၄၈၂-၄၈၃။)♦

သောတာပန်ပုဂ္ဂိုလ်တို့ မပြုနိုင်သော အရာ ၆ မျိုး (တစ်နည်း) (ပထမ အဘဗ္ဗဋ္ဌာန)

၁။ ဘုရား၌ မရိုမသေ မနေနိုင်ခြင်း၊
၂။ တရား၌ မရိုမသေ မနေနိုင်ခြင်း၊
၃။ သံဃာ၌ မရိုမသေ မနေ နိုင်ခြင်း၊
၄။ အကျင့်သိက္ခာ၌ မရိုမသေ မနေနိုင်ခြင်း၊
၅။ ကံ (၅) ပါး ဒိဋ္ဌိ ၆၂ ပါးသို့ မကပ် ရောက်နိုင်ခြင်း၊
၆။ ရှစ်ကြိမ်မြောက် ကာမသုဂတိဘဝသို့ မရောက်နိုင်ခြင်း။ (အံ၊၂၊၃၈၂။) (အံ၊မြန်၊၂။၄၈၂။)♦

သောတာပန်ပုဂ္ဂိုလ်အား မထိုက်သော အရာ ၆ မျိုး (တစ်နည်း)

၁။ သောတာပန်ပုဂ္ဂိုလ်သည် အမိရင်းကို သတ်ရန် မထိုက်ခြင်း၊
၂။ သောတာပန်ပုဂ္ဂိုလ်သည် အဖရင်းကို သတ်ရန် မထိုက်ခြင်း၊
၃။ သောတာပန်ပုဂ္ဂိုလ်သည် ရဟန္တာကို သတ်ရန် မထိုက်ခြင်း၊
၄။ မြတ်စွာ ဘုရားအား ပြစ်မှားလိုသော စိတ်ဖြင့် သွေးစိမ်းတည်အောင် ပြုရန် မထိုက်ခြင်း၊
၅။ သံဃာ သင်းခွဲရန် မထိုက်ခြင်း၊
၆။ မြတ်စွာဘုရားမှ တစ်ပါး အခြားသော ပုဂ္ဂိုလ်တို့ကို ဆရာဟူ၍ ညွှန်ပြရန် မထိုက်ခြင်း။ (အံ၊၂၊၃၈၃။) (အံ၊မြန်၊၂။၄၈၃။)♦

သောတာပန်ပုဂ္ဂိုလ်အား မထိုက်သော အရာ ၆ မျိုး (တစ်နည်း)

၁။ မိမိပြုအပ်သော ချမ်းသာ ဆင်းရဲကို အတ္တဒိဋ္ဌိအစွမ်းအားဖြင့် တစ်ဖန် ကပ်ရောက်ရန် မထိုက်ခြင်း၊
၂။ သူတစ်ပါး ပြုအပ်သော ချမ်းသာဆင်းရဲကို အတ္တဒိဋ္ဌိအစွမ်းအားဖြင့် တစ်ဖန် ကပ်ရောက်ရန် မထိုက်ခြင်း၊
၃။ မိမိ,သူတစ်ပါး နှစ်ဦးသားတို့ ပြုအပ်သော ဆင်းရဲကို အတ္တဒိဋ္ဌိအစွမ်းအားဖြင့် တစ်ဖန် ကပ်ရောက်ရန် မထိုက်ခြင်း၊
၄။ မိမိမပြုအပ်သော အကြောင်းကို မစွဲမူ၍ ဖြစ်သော ချမ်းသာ ဆင်းရဲကို အတ္တဒိဋ္ဌိအစွမ်းအားဖြင့် တစ်ဖန် ကပ်ရောက်ရန် မထိုက်ခြင်း၊
၅။ သူတစ်ပါး မပြုအပ်သော အကြောင်းကို မစွဲမူ၍ ဖြစ်သော ချမ်းသာဆင်းရဲကို အတ္တဒိဋ္ဌိ အစွမ်းအားဖြင့် တစ်ဖန် ကပ်ရောက်ရန် မထိုက်ခြင်း၊
၆။ မိမိ,သူတစ်ပါး နှစ်ဦးသားတို့ မပြုအပ်သော အကြောင်းကို မစွဲမူ၍ ဖြစ်သော ချမ်းသာဆင်းရဲကို အတ္တဒိဋ္ဌိအစွမ်းအားဖြင့် တစ်ဖန် ကပ်ရောက်ရန် မထိုက်ခြင်း။ (အံ၊၂၊၃၈၃။) (အံ၊မြန်၊၂။၄၈၃။)♦

သောတာပန်ပုဂ္ဂိုလ်အား မထိုက်သော အရာ ၆ မျိုး(တစ်နည်း)

၁။ မြတ်စွာဘုရား၌ မရိုသေ မတုပ်ဝပ်ဘဲ နေထိုင်ရန် မထိုက်ခြင်း၊
၂။ တရားတော်၌ မရိုသေ မတုပ်ဝပ်ဘဲ နေထိုင်ရန် မထိုက်ခြင်း၊
၃။ သံဃာတော်၌ မရိုသေ မတုပ်ဝပ်ဘဲ နေထိုင်ရန် မထိုက်ခြင်း၊
၄။ အကျင့် သိက္ခာ၌ မရိုသေ မတုပ်ဝပ်ဘဲ နေထိုင်ရန် မထိုက်ခြင်း၊
၅။ ကံငါးပါး ဒိဋ္ဌိခြောက်ဆယ့် နှစ်ပါးဟု ဆိုအပ်သော မကပ်ရောက်အပ်သော ဌာနသို့ တစ်ဖန်ကပ်ရောက်ရန် မထိုက်ခြင်း၊
၆။ ရှစ်ကြိမ်မြောက်အထိ ကာမသုဂတိဘဝကို ဖြစ်စေရန် မထိုက်ခြင်း။ (အံ၊၂၊၃၈၂။) (အံ၊မြန်၊၂။၄၈၂။)♦

သောတာပန်များ စောင့်ထိန်းသည့် သိက္ခာပုဒ် ၅ ပါး

၁။ သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း၊
၂။ သူ့ဥစ္စာခိုးမှုမှ ရှောင်ကြဉ်ခြင်း၊
၃။ ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင်ကြဉ်ခြင်း၊
၄။ မဟုတ်မမှန် ပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း၊
၅။ သေရည်အရက် သောက်ခြင်းမှ ရှောင်ကြဉ်ခြင်း။ (အံ၊၂၊၁၈၆။) (အံ၊မြန်၊၂။၂၃၇။)♦

သောတာပန်ဟု ပြောဆိုနိုင်သော အင်္ဂါ ၄ ပါး

၁။ ဘုရားရှင်တို့ အပေါ်၌ လူနတ်ဗြဟ္မာ မည်သည့် သတ္တဝါတစ်စုံတစ်ယောက်မျှ ကိုင်လှုပ်ရွေ့ရှားခြင်းငှာ မစွမ်းနိုင်သော သက်ဝင်စွဲမြဲစွာ ယုံကြည်မှု သဒ္ဓါတရားနှင့် ပြည့်စုံသူ ဖြစ်ခြင်း၊
၂။ သွာက္ခာတော စသော ဂုဏ်တော် ခြောက်ပါးနှင့် ပြည့်စုံသော တရားတော်မြတ်အပေါ်၌ အပြီးအဆုံးတိုင် ရောက်အောင် သက်ဝင် ယုံကြည်သူ ဖြစ်ခြင်း၃။ တရားကျင့်ဖော် ကျင့်ဖက်ဖြစ်သော သီတင်းသုံးဖော် လူတို့က ဖြစ်စေ ရဟန်းတို့က ဖြစ်စေ အလိုရှိအပ် ချစ်ခင်မြတ်နိုးအပ်သူ ဖြစ်ခြင်း၊
၄။ အရိယာ ပုဂ္ဂိုလ်တို့ နှစ်သက်မြတ်နိုးအပ်သော ကျိုး, ပေါက်, ပြောက်, ကျားခြင်း မရှိသော ငါးပါး သီလနှင့် ပြည့်စုံသူ ဖြစ်ခြင်း။ (နေတ္တိ၊ဋ္ဌ၊၁၄၆။)♦

သောဘိတဘုရားရှင်၏ ဓမ္မာဘိသမယ ၃ ကြိမ်

၁။ အောက်အဝီစိမှ အထက်ဘဝဂ်, အထက်ဘဝဂ်မှ အောက်အဝီစိတိုင်အောင်သော ပရိသတ်တို့အား ဓမ္မစကြာတရား ဟောကြားသောအခါ ဂဏန်း သင်္ချာအားဖြင့် မရေမတွက်နိုင်သော လူနတ်ဗြဟ္မာသတ္တဝါတို့ သစ္စာလေးပါးကို ထိုးထွင်း၍ သိကြသည်၊
၂။ နတ်တို့၏ အစည်းအဝေး၌ တရားဟောတော်မူသောအခါ ကုဋေ ကိုးသောင်းသော နတ်ဗြဟ္မာတို့ ကျွတ်တမ်းဝင်ကြသည်၊
၄။ ဇယသေနမင်းသား၏ ကျောင်းတိုက်အလှူကို ချီးမွွမ်းလျက် တရားဟောတော်မူသော အခါ၌ ကုဋေ တစ်ထောင်သော နတ်လူတို့ ကျွတ်တမ်း ဝင်ကြသည်။ (အပ၊၂၊၃၃၄။) (အပ၊မြန်၊၂။၃၃၀။)♦

သောဘိတဘုရားရှင်၏ သာဝကအစည်းအဝေး ၃ ကြိမ်

၁။ ဥဂ္ဂတမင်း၏ အလှူ၌ ရဟန္တာ ကုဋေတစ်ထောင်၊
၂။ အသင်းအဖွဲ့အပေါင်းက ဘုရားရှင်အား အလှူဒါန်းပြုလုပ်သော အခါ၌ ရဟန္တာ ကုဋေကိုးဆယ်၊
၃။ နတ်ပြည်မှ သက်ဆင်းတော်မူသော အခါ၌ ရဟန္တာ ကုဋေရှစ်ဆယ်တို့ စည်းဝေးကြသည်။ (အဘိ၊ဋ္ဌ၊၁၊၆၃။) (အပ၊၂၊၃၃၄။) (ဇာ၊ဋ္ဌ၊၁၊၄၃။) (အပ၊မြန်၊၂။၃၃၀။)♦

သောဘိတဘုရားရှင်၏ အဂ္ဂသာဝက ၂ ပါး

၁။ အသမထေရ်၊
၂။ သုနေတ္တထေရ်။ (အဘိ၊ဋ္ဌ၊၁၊၆၃။) (ဗုဒ္ဓဝံ၊ဋ္ဌ၊၂၀၃။) (ဇာ၊ဋ္ဌ၊၁၊၄၃။)♦

သောဘိတဘုရားရှင်၏ အဂ္ဂသာဝိကာမ ၂ ပါး

၁။ နကုလာထေရီ၊
၂။ သုဇာတာထေရီ၊ (အဘိ၊ဋ္ဌ၊၁၊၆၃။) (ဗုဒ္ဓဝံ၊ဋ္ဌ၊၂၀၃။) (ဇာ၊ဋ္ဌ၊၁၊၄၃။)♦

သောဘိတဘုရားအလောင်း၏ ပြာသာဒ် ၃ ဆောင်

၁။ ကုမုဒမည်သော ပြာသာဒ်ဆောင်၊
၂။ နာဠိန မည်သော ပြာသာဒ်ဆောင်၊
၃။ ပဒုမမည်သော ပြာသာဒ်ဆောင်။ (အပ၊ ၂။၃၃၅။) (အပ၊မြန်၊ ၂။၃၃၁။)♦

သောမနဿ ၂ မျိုး

၁။ သေဝိတဗ္ဗသောမနဿ- ဤသောမနဿကို မှီဝဲသော ပုဂ္ဂိုလ်အား အကုသိုလ်တရားများ ယုတ်လျော့၍ ကုသိုလ်တရားများ တိုးပွားလာသဖြင့် မှီဝဲအပ်သော သောမနဿ၊
၂။ အသေဝိတဗ္ဗသောမနဿ- ဤသောမနဿကို မှီဝဲသော ပုဂ္ဂိုလ်အား အကုသိုလ်တရားများ တိုးပွား၍ ကုသိုလ်တရားများ ယုတ်လျော့သွားသဖြင့် မမှီဝဲအပ်သော သောမနဿ။ (ဒီ၊၂၊၂၂၁။) (ဒီ၊မြန်၊၂။၂၄၈။)♦

သောမနဿဝေဒနာနှင့် ယှဉ်သော ဆင်ခြင် သုံးသပ်ခြင်း ၆ ပါး

၁။ မျက်စိဖြင့် ရူပါရုံကို မြင်၍ ဝမ်းမြောက်ခြင်း သောမနဿဝေဒနာ၏ အကြောင်းဖြစ်သော ရူပါရုံကို ဆင်ခြင်ခြင်း၊
၂။ နားဖြင့် သဒ္ဒါရုံကို ကြား၍ ဝမ်းမြောက်ခြင်း သောမနဿဝေဒနာ၏ အကြောင်းဖြစ်သော သဒ္ဒါရုံကို ဆင်ခြင်ခြင်း၊
၃။ နှာခေါင်းဖြင့် ဂန္ဓာရုံကို နမ်း၍ ဝမ်းမြောက်ခြင်း သောမနဿ ဝေဒနာ၏ အကြောင်းဖြစ်သော ဂန္ဓာရုံကို ဆင်ခြင်ခြင်း၊
၄။ လျှာဖြင့် ရသာရုံကို လျက်၍ ဝမ်းမြောက်ခြင်း သောမနဿဝေဒနာ၏ အကြောင်းဖြစ်သော ရသာရုံကို ဆင်ခြင်ခြင်း၊
၅။ ကိုယ်ဖြင့် ဖောဋ္ဌဗ္ဗာရုံကို ထိ၍ ဝမ်းမြောက်ခြင်း သောမနဿဝေဒနာ၏ အကြောင်း ဖြစ်သော ဖောဋ္ဌဗ္ဗာရုံကို ဆင်ခြင်ခြင်း၊
၆။ စိတ်ဖြင့် ဓမ္မာရုံကို သိ၍ ဝမ်းမြောက်ခြင်း သောမနဿ ဝေဒနာ၏ အကြောင်းဖြစ်သော ဓမ္မာရုံကို ဆင်ခြင်ခြင်း။ (ဒီ၊၃၊၂၀၃။) (ဒီ၊မြန်၊၃။၂၂၅။)♦

သောမနဿုပဝိစာရ ၆ ပါး

၁။ မျက်စိဖြင့် ရူပါရုံကို မြင်သည်ရှိသော် ဝမ်းမြောက်ခြင်း၏ အကြောင်းဖြစ်သော ရူပါရုံ၊
၂။ နားဖြင့် သဒ္ဒါရုံကို ကြားသည်ရှိသော် ဝမ်းမြောက်ခြင်း၏ အကြောင်းဖြစ်သော သဒ္ဒါရုံ၊
၃။ နှာခေါင်းဖြင့် ဂန္ဓာရုံကို နမ်းသည်ရှိသော် ဝမ်းမြောက်ခြင်း၏ အကြောင်းဖြစ်သော ဂန္ဓာရုံ၊
၄။ လျှာဖြင့် ရသာရုံကို လျက်သည်ရှိသော် ဝမ်းမြောက်ခြင်း၏ အကြောင်းဖြစ်သော ရသာရုံ၊
၅။ ကိုယ်ဖြင့် ဖောဋ္ဌဗ္ဗာရုံကို တွေ့ထိသည်ရှိသော် ဝမ်းမြောက် ခြင်း၏ အကြောင်းဖြစ်သော ဖောဋ္ဌဗ္ဗာရုံ၊
၆။ စိတ်ဖြင့် ဓမ္မာရုံကို သိသည်ရှိသော် ဝမ်းမြောက် ခြင်း၏ အကြောင်းဖြစ်သော ဓမ္မာရုံ။ (အဘိ၊ဝိ၊၃၉၅။) (အဘိ၊ဝိ၊မြန်၊၂။၅၀၁။)♦

သောဠသ မဟာဝါရအဖွင့်၌ ဝါရ ၇ ပါး

၁။ ကတာပတ္တိဝါရ၊
၂။ ဝိပတ္တိဝါရ၊
၃။ သင်္ဂဟဝါရ၊
၄။ သမုဋ္ဌာနဝါရ၊
၅။ အဓိကရဏဝါရ၊
၆။ သမထဝါရ၊
၇။ သမုစ္စယဝါရ။ (ဝိ၊ဋ္ဌ၊၄၊၁၄၀။)♦

သော့အိမ် သော့ခလောက် လှူရကျိုး ၂ ပါး

၁။ သံသရာ၌ ကျင်လည်ရစဉ် အမျက်ဒေါသ နည်းပါးသူ ဖြစ်ခြင်း၊
၂။ ပင်ပန်းခြင်းမရှိသူ ဖြစ်ခြင်း။ (အပ၊၁၊၃၆၄။) (အပ၊မြန်၊၁။၃၇၃။)♦