ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်-ဟဠအ
ဟင်း ၂ မျိုး
၁။ မုဂ္ဂသူပ- လက်ကော်ရ ပဲနောက်ဟင်း၊
၂။ မာသသူပ- လက်ကော်ရ ပဲကြီး ဟင်း။ (ဝိ၊၂၊၂၄၉၊၂၅၁။) (ဝိ၊မြန်၊၂။၂၈၃။)♦
ဟတ္ထကနတ်သား မရောင့်ရဲနိုင်သော တရား ၃ ပါး
၁။ မြတ်စွာဘုရားအား ဖူးမြင်ခြင်း၌ ရောင့်ရဲမှု မရှိခြင်း၊
၂။ သူတော်ကောင်းတရား နာကြားခြင်း၌ ရောင့်ရဲမှု မရှိခြင်း၊
၃။ သံဃာတော် များထံ ဆည်းကပ်ခြင်း၌ ရောင့်ရဲမှု မရှိခြင်း။ (အံ၊၁၊၂၈၃။) (အံ၊မြန်၊၁။၃၀၁။)♦
ဟတ္ထကအာဠဝက ဥပါသကာ၏ အံ့ဖွယ်တရား ၈ ပါး
၁။ သဒ္ဓါတရားနှင့် ပြည့်စုံခြင်း၊
၂။ အကျင့်သီလနှင့် ပြည့်စုံခြင်း၊
၃။ ဒုစရိုက်မှ ရှက်တတ်ခြင်း၊
၄။ ဒုစရိုက်မှ ကြောက်လန့် တတ်ခြင်း၊
၅။ များသော အကြားအမြင် ရှိခြင်း၊
၆။ စွန့်ကြဲ ပေးကမ်းတတ်ခြင်း၊
၇။ ပညာ ရှိခြင်း၊
၈။ အလိုနည်းခြင်း။ (အံ၊၃၊၅၃၊၅၅။) (အံ၊မြန်၊၃။၅၃၊၅၅။)♦
ဟတ္ထကအာဠာဝက၏ ချီးမြှောက်ပုံ ၄ မျိုး
၁။ ပေးကမ်းခြင်းဖြင့် ချီးမြှောက်ခြင်း၊
၂။ ချစ်ဖွယ်သော စကားကို ပြောဆိုခြင်းဖြင့် ချီးမြှောက်ခြင်း၊
၃။ ဖြစ်ပေါ်လာသော အမှုကိစ္စတို့ကို ဆောင်ရွက်ပေးခြင်းဖြင့် ချီးမြှောက်ခြင်း၊
၄။ မိမိကိုယ်နှင့် ညီတူတန်းတူ ထားသော အားဖြင့် ချီးမြှောက်ခြင်း။ (အံ၊ဋ္ဌ၊၁၊၃၀၂။)♦
ဟတ္ထာမိဖုရားကြီး၏ သမီးတော် ၅ ယောက်
၁။ ပိယာ၊
၂။ သုပ္ပိယာ၊
၃။ အာနန္ဒာ၊
၄။ ဝိဇိတာ၊
၅။ ဝိဇိတသေနာ။ (ဒီ၊ဋ္ဌ၊၁၊၂၃၀။) (ဒီ၊ဋ္ဌ၊မြန်၊၁။၄၅၄။)♦
ဟသဓမ္မသိက္ခာပုဒ်၌ အင်္ဂါ ၂ မျိုး
၁။ ဖမျက်၏ အထက် ပမာဏရှိသော, ခြေမျက်စိမြုပ်နိုင်သော ရေဖြစ်ခြင်း၊
၂။ ရယ်မြူးခြင်း၌ ဖြစ်သော အလိုဖြင့် ဆော့ကစားခြင်း။ (သာရတ္ထ၊ဋီ၊၃၊၈၀။) (ဝိမတိ၊၂၊၄၃။)♦
ဟာနဘာဂိယ တရား ၁၀ ပါး
ဆုတ်ယုတ်သော အဖို့ရှိသော တရား ၁၀ ပါး၊ အကုသိုလ် ကမ္မပထတရား ၁၀ ပါးတို့နှင့် တူသည်။ (ဒီ၊၃၊၂၅၇။) (ဒီ၊မြန်၊၃။၂၈၁။)♦
ဟာနဘာဂိယ တရား ၆ ပါး
ဆုတ်ယုတ်သော အဖို့ရှိသော တရား ၆ ပါး၊ မရိုသေခြင်း တရား ၆ ပါးတို့နှင့် တူသည်။ ♦
ဟာနဘာဂိယ တရား ၇ ပါး
ဆုတ်ယုတ်သော အဖို့ရှိသော တရား ၇ ပါး၊ ပျင်းရိခြင်းအကြောင်း ၇ ပါးတို့နှင့် တူသည်။ ♦
ဟာနဘာဂိယ တရား ၈ ပါး
ဆုတ်ယုတ်သော အဖို့ရှိသော တရား ၈ ပါး၊ ပျင်းရိခြင်းအကြောင်း ၈ ပါးတို့နှင့် တူသည်။ ♦
ဟာနဘာဂိယ တရား ၉ ပါး
ဆုတ်ယုတ်သော အဖို့ရှိသော တရား ၉ ပါး၊ ပျင်းရိခြင်းအကြောင်း ၉ ပါးတို့နှင့် တူသည်။ ♦
ဟာနဘာဂိယတရား ၂ ပါး
ဆုတ်ယုတ်သော အဖို့ရှိသော တရား ၂ ပါးနှင့် တူသည်။ ♦
ဟာနဘာဂိယတရား ၃ ပါး
ဆုတ်ယုတ်သော အဖို့ရှိသော တရား ၃ ပါးနှင့် တူသည်။ ♦
ဟာနဘာဂိယတရား ၄ ပါး
ဆုတ်ယုတ်သော အဖို့ရှိသော တရား ၄ ပါး၊ ယောဂ ၄ ပါးတို့နှင့် တူသည်။ ♦
ဟာနဘာဂိယတရား ၅ ပါး
ဆုတ်ယုတ်သော အဖို့ရှိသော တရား ၅ ပါး၊ စိတ်၏ ငြောင့်တံသင်း ၅ ပါး၊ စေတောခိလတရား ၅ ပါးတို့နှင့် တူသည်။ ♦
ဟာရ ၁၆ ပါး
၁။ ဒေသနာဟာရ၊
၂။ ဝိစယဟာရ၊
၃။ ယုတ္တိဟာရ၊
၄။ ပဒဋ္ဌာနဟာရ၊
၅။ လက္ခဏ ဟာရ၊
၆။ စတုဗျူဟဟာရ၊
၇။ အာဝဋ္ဋဟာရ၊
၈။ ဝိဘတ္တိဟာရ၊
၉။ ပရိဝတ္တနဟာရ၊
၁၀။ ဝေဝစနဟာရ၊
၁၁။ ပညတ္တိဟာရ၊
၁၂။ ဩတရဏဟာရ၊
၁၃။ သောဓနဟာရ၊
၁၄။ အဓိဋ္ဌာနဟာရ၊
၁၅။ ပရိက္ခာရဟာရ၊
၁၆။ သမာရောပနဟာရ။ (နေတ္တိ၊ဋ္ဌ၊၂။) (ပေဋကော၊၁၆၈။)♦
ဟိတ် ၄ ပါး
၁။ ‘‘တယော ကုသလဟေတူ’’ အစရှိသည်ဖြင့် ဟောအပ်သော ဟိတ်သည် ဟေတုဟိတ်၊
၂။ ‘‘စတ္တာရော ခေါ ဘိက္ခု မဟာဘူတာ ဟေတု’’ အစရှိသည်ဖြင့် ဟောအပ်သော ဟိတ်သည် ပစ္စယဟိတ်၊
၃။ ‘‘ကုသလာကုသလံ အတ္တနော ဝိပါကဋ္ဌာနေ ဥတ္တမံ’’ အစရှိသည်ဖြင့် ဟောအပ်သော ဟိတ်သည် ဥတ္တမဟိတ်၊
၄။ ‘‘ဧသေဝ ဟေတု ဧသ ပစ္စယော သင်္ခါရာနံ’’ အစရှိသည်ဖြင့် ဟောအပ်သော ဟိတ်သည် သာဓာရဏဟိတ်။ (အဘိ၊ဋ္ဌ၊၁၊၃၄၂။)♦
ဟိတ် ၄ ပါး (တစ်နည်း) (ဇာတ်အားဖြင့် ဟိတ် ၄ ပါး )
၁။ ကုသိုလ်ဟိတ်၊
၂။ အကုသိုလ် ဟိတ်၊
၃။ ဝိပါက်ဟိတ်၊
၄။ ကြိယာဟိတ်။ (အဘိ၊ဋ္ဌ၊၃၊၃၅၇။)♦
ဟိတ် ၉ ပါး
၁။ ကုသိုလ်ဟိတ် သုံးပါး၊
၂။ အကုသိုလ်ဟိတ် သုံးပါး၊
၃။ အဗျာကတဟိတ် သုံးပါး။ (အဘိ၊ဝိ၊၄၁၆။) (အဘိ၊ဝိ၊၄၁၈။) (အဘိ၊ဝိ၊မြန်၊၂။၅၂၅။) (အဘိ၊ဝိ၊မြန်၊၂။၅၂၅။)♦
ဟိမဝန္တာတောင်၏ ပတ်ဝန်းကျင်၌ ရှိသော ရေအိုင်ကြီး ၇ အိုင်
၁။ အနောတတ္တအိုင်၊
၂။ ကဏ္ဏမုဏ္ဍအိုင်၊
၃။ ရထကာရအိုင်၊
၄။ ဆဒ္ဒန္တအိုင်၊
၅။ ကုဏာလအိုင်၊
၆။ မန္ဒာကိနီအိုင်၊
၇။ သီဟပ္ပပါတအိုင်။ (သာရတ္ထ၊ဋီ၊၁၊၂၅၅။)♦
ဟိမဝန္တာတောင်မင်းကို မှီသော သစ်ပင်ကြီးတို့ ကြီးပွားခြင်း ၅ မျိုး
၁။ အကိုင်း အခက် အရွက်တို့ဖြင့် ကြီးပွားခြင်း၊
၂။ အခေါက်ဖြင့် ကြီးပွားခြင်း၊
၃။ အပွေးဖြင့် ကြီးပွားခြင်း၊
၄။ အကာဖြင့် ကြီးပွားခြင်း၊
၅။ အနှစ်ဖြင့် ကြီးပွားခြင်း။ (အံ၊၂၊၃၇။) (အံ၊မြန်၊၂။၄၈။)♦
ဟိမဝန္တာတောင်မင်းနှင့် အဝိဇ္ဇာတို့ကို ဖောက်ခွဲနိုင်သော တရား ၆ ပါး
၁။ တည်ကြည်မှု သမာဓိကို ဝင်စားခြင်း၌ ကျွမ်းကျင်ခြင်း၊
၂။ တည်ကြည်မှု သမာဓိကို တည်စေခြင်း၌ ကျွမ်းကျင်ခြင်း၊
၃။ တည်ကြည်မှု သမာဓိမှ ထခြင်း၌ ကျွမ်းကျင်ခြင်း၊
၄။ တည်ကြည်မှု သမာဓိ၏ ဝင်စားရန် စွမ်းနိုင်ခြင်း၌ ကျွမ်းကျင်ခြင်း၊
၅။ တည်ကြည်မှု သမာဓိ၏ ကျက်စားရာ အာရုံ၌ ကျွမ်းကျင်ခြင်း၊
၆။ တည်ကြည်မှု သမာဓိကို ရှေးရှုဆောင်ခြင်း၌ ကျွမ်းကျင်ခြင်း။ (အံ၊၂၊၂၇၅။) (အံ၊မြန်၊၂။၃၅၄။)♦
ဟိမဝန္တာတောင်မှ စီးဆင်းလာသော မြစ်ကြီး ၁၀ စင်း
၁။ ဂင်္ဂါမြစ်၊
၂။ ယမုနာမြစ်၊
၃။ အစိရ ဝတီမြစ်၊
၄။ သရဘူမြစ်၊
၅။ မဟီမြစ်၊
၆။ သိန္ဓုမြစ်၊
၇။ သရဿတီမြစ်၊
၈။ ဝေတြဝတီ မြစ်၊
၉။ ဝီတံသာမြစ်၊
၁၀။ စန္ဒဘာဂါမြစ်။ (မိလိန္ဒ၊၁၁၉။) (မိလိန္ဒ၊မြန်။၁၂၈။)♦
ဟိရီ ဖြစ်ကြောင်း ၄ ပါး
၁။ အမျိုးဇာတ်ကို ဆင်ခြင်၍ ရှက်ခြင်းကို ဖြစ်စေခြင်း၊
၂။ အရွယ်ကို ဆင်ခြင်၍ ရှက်ခြင်းကို ဖြစ်စေခြင်း၊
၃။ ရဲရင့်သူ၏ အဖြစ်ကို ဆင်ခြင်၍ ရှက်ခြင်းကို ဖြစ်စေခြင်း၊
၄။ များသော အကြားအမြင်ရှိသူ၏ အဖြစ်ကို ဆင်ခြင်၍ ရှက်ခြင်းကို ဖြစ်စေခြင်း။ (အဘိ၊ဋ္ဌ၊၁၊၁၆၈။) (မဟာနိ၊ဋ္ဌ၊၄၈။) (ဇာ၊ဋ္ဌ၊၁၊၁၄၅။) (အံ၊ဋ၊၂။၆။)♦
ဟိရီ ဖြစ်ကြောင်း ၄ ပါး (တစ်နည်း)
၁။ အမျိုးဇာတ် မြင့်မြတ်သည်၏ အဖြစ်ကို ဆင်ခြင်ခြင်း၊
၂။ ဆရာဖြစ်သော မြတ်စွာဘုရား၏ မြင့်မြတ်သည်၏ အဖြစ်ကို ဆင်ခြင်ခြင်း၊
၃။ အမွေ ဖြစ်သော လောကုတ္တရာတရားကိုးပါး စသည်၏ မြင့်မြတ်သည်၏ အဖြစ်ကို ဆင်ခြင်ခြင်း၊
၄။ သီတင်းသုံးဖော်တို့၏ မြင့်မြတ်သည်၏ အဖြစ်ကို ဆင်ခြင်ခြင်း။ (အဘိ၊ဋ္ဌ၊၁၊၁၇၀။)♦
ဟီနဝိညာဏ် ၆ ပါး
၁။ အကုသလဝိညာဏ်၊
၂။ ကုသလာကုသလဝိညာဏ်၊
၃။ ဒုက္ခ ဝေဒနာနှင့် ယှဉ်သော ဝိညာဏ်၊
၄။ သုခဒုက္ခဝေဒနာတို့နှင့် ယှဉ်သော ဝိညာဏ်၊
၅။ သမာပတ် မဝင်စားသော ပုဂ္ဂိုလ်၏ ဝိညာဏ်၊
၆။ အာသဝတရားနှင့် တကွဖြစ်သော ဝိညာဏ်။ (အဘိ၊ဝိ၊၁၁။) (အဘိ၊ဝိ၊မြန်၊၁။၂၃။)♦
ဟီနဝေဒနာ ၆ ပါး
၁။ အကုသလဝေဒနာ၊
၂။ ကုသလာကုသလဝေဒနာ၊
၃။ ဒုက္ခာဝေဒနာ၊
၄။ သုခဒုက္ခာဝေဒနာ၊
၅။ သမာပတ် မဝင်စားသော ပုဂ္ဂိုလ်၏ ဝေဒနာ၊
၆။ အာသဝတရားနှင့် တကွဖြစ်သော ဝေဒနာ (သာသဝဝေဒနာ) ။ (အဘိ၊ဝိ၊၄။) (အဘိ၊ဝိ၊မြန်၊၁။၇။)♦
ဟီနသင်္ခါရ ၆ ပါး
၁။ အကုသလသင်္ခါရ၊
၂။ ကုသလာကုသလသင်္ခါရ၊
၃။ ဒုက္ခဝေဒနာနှင့် ယှဉ်သော သင်္ခါရ၊
၄။ သုခဒုက္ခဖြစ်သော ဝေဒနာတို့နှင့် ယှဉ်သော သင်္ခါရ၊
၅။ သမာပတ် မဝင်စားသော ပုဂ္ဂိုလ်၏ သင်္ခါရ၊
၆။ အာသဝတရားနှင့် တကွဖြစ်သော သင်္ခါရ။ (အဘိ၊ဝိ၊၉။) (အဘိ၊ဝိ၊မြန်၊၁။၁၉။)♦
ဟီနသညာ ၆ ပါး
၁။ အကုသလသညာ၊
၂။ ကုသလာကုသလသညာ၊
၃။ ဒုက္ခဝေဒနာနှင့် ယှဉ်သော သညာ၊
၄။ သုခဒုက္ခဝေဒနာတို့နှင့် ယှဉ်သော သညာ၊
၅။ သမာပတ်မဝင်စားသော ပုဂ္ဂိုလ်၏ သညာ၊
၆။ အာသဝတရားနှင့် တကွဖြစ်သော သညာ။ (အဘိ၊ဝိ၊၆။) (အဘိ၊ဝိ၊မြန်၊၁။၁၃။)♦
ဟုတ်မှန်တရား ၄ ပါး
တထတရား ၄ ပါးနှင့် တူသည်။ ♦
ဟောတိ တထာဂတော ဒိဋ္ဌိကို ဖြစ်စေသော တရား ၅ ပါး
၁။ ရုပ်ကို အမှား နှလုံးသွင်းသောကြောင့် သတ္တဝါသည် သေပြီးနောက် မဖြစ် ဟူသော အယူ (ဟောတိ တထာဂတော ဒိဋ္ဌိ) ဖြစ်၏၊
၂။ ဝေဒနာကို အမှား နှလုံးသွင်းသောကြောင့် သတ္တဝါသည် သေပြီးနောက် မဖြစ် ဟူသော အယူ (ဟောတိ တထာဂတော ဒိဋ္ဌိ) ဖြစ်၏၊
၃။ သညာကို အမှား နှလုံးသွင်းသောကြောင့် သတ္တဝါသည် သေပြီးနောက် မဖြစ် ဟူသော အယူ (ဟောတိ တထာဂတော ဒိဋ္ဌိ) ဖြစ်၏၊
၄။ သင်္ခါရကို အမှား နှလုံးသွင်းသောကြောင့် သတ္တဝါသည် သေပြီးနောက် မဖြစ် ဟူသော အယူ (ဟောတိ တထာဂတော ဒိဋ္ဌိ) ဖြစ်၏၊
၅။ ဝိညာဏ်ကို အမှားနှလုံးသွင်းသောကြောင့် သတ္တဝါသည် သေပြီးနောက် မဖြစ် ဟူသော အယူ (ဟောတိ တထာဂတော ဒိဋ္ဌိ) ဖြစ်၏။ (သံ၊၂၊၁၇၆။) (သံ၊မြန်၊၂။၁၆၈။)♦
အကနိဋ္ဌအနာဂါမ် ၄ မျိုး
၁။ အန္တရာပရိနိဗ္ဗာယီ အနာဂါမ်၊
၂။ ဥပဟစ္စပရိနိဗ္ဗာယီ အနာဂါမ်၊
၃။ အသင်္ခါရပရိနိဗ္ဗာယီ အနာဂါမ်၊
၄။ သသင်္ခါရပရိနိဗ္ဗာယီ အနာဂါမ်။ (ဣတိဝုတ်၊ဋ္ဌ၊၄၈။)♦
အကပ်ခံခြင်း ၂ မျိုး
၁။ ကိုယ်ဖြင့် အကပ်ခံခြင်း၊
၂။ ကိုယ်နှင့် စပ်သောဝတ္ထုဖြင့် အကပ်ခံခြင်း။ (ဝိ၊၅၊၂၁၄။) (ဝိ၊မြန်၊၅။၂၉၉။)♦
အကပ်မခံဘဲ သုံးဆောင်နိုင်သော ဆေးကြီး ၄ မျိုး
၁။ ကျင်ကြီး၊
၂။ ကျင်ငယ်၊
၃။ ပြာ၊
၄။ မြေညက်။ (ဝိ၊၃၊၂၉၈။) (ဝိ၊မြန်၊၃။၂၉၉။)♦
အကပ်မြောက်ကြောင်း အင်္ဂါ ၅ ပါး
၁။ ခွန်အား အလယ်အလတ်ရှိသော ယောကျ်ား၏ ချီမ နိုင်သောဝတ္ထုဖြစ်ခြင်း၊
၂။ နှစ်တောင့်ထွာ ဟတ္ထပါသ်အတွင်း ဖြစ်ခြင်း၊
၃။ ရဟန်းထံသို့ ရှေးရှု ဆောင်ယူလာခြင်း၊
၄။ လူ, နတ်, တိရစ္ဆာန် တစ်ဦးဦးက ကိုယ်ဖြင့်လည်းကောင်း, ကိုယ်နှင့် စပ်သောဝတ္ထုဖြင့်လည်းကောင်း, ပစ်လွှတ်၍လည်းကောင်း ပေးခြင်း၊
၅။ ရဟန်းက ကိုယ်ဖြင့် လည်းကောင်း ကိုယ်နှင့် စပ်သောဝတ္ထုဖြင့်လည်းကောင်း ခံယူခြင်း။ (ဝိ၊ဋ္ဌ၊၃၊၁၀၉။)♦
အကျင့် ၃ ပါး
သိက္ခာ ၃ ပါးနှင့် တူသည်။ ♦
အကျင့် ၃ မျိုး
၁။ မြဲမြံစွာ ယူသော အကျင့်၊
၂။ မိမိကိုယ်ကို လောင်မြိုက်စေတတ်သော အကျင့်၊
၃။ အလယ်အလတ်ဖြစ်သော အကျင့်။ (အံ၊၁၊၃၀၀။) (အံ၊မြန်၊၁။၃၁၇။)♦
အကျင့် ၄ မျိုး
ပဋိပဒါ ၄ မျိုးနှင့် တူသည်။ ♦
အကျင့် ၄ မျိုး
၁။ ဆင်းရဲငြိုငြင်စွာ ကျင့်ရ၍ နုံ့နှေးသော အသိဉာဏ်ရှိသော အကျင့်၊
၂။ ဆင်းရဲ ငြိုငြင်စွာ ကျင့်ရ၍ လျင်မြန်သော အသိဉာဏ်ရှိသော အကျင့်၊
၃။ ချမ်းသာ လွယ်ကူစွာ ကျင့်ရ၍ နုံ့နှေးသော အသိဉာဏ်ရှိသော အကျင့်၊
၄။ ချမ်းသာလွယ်ကူစွာ ကျင့်ရ၍ လျင်မြန်သော အသိဉာဏ်ရှိသော အကျင့်။ (ဒီ၊၃၊၁၉၁။) (အံ၊၁၊၄၆၇-၄၆၈။) (အံ၊၁၊၄၇၁၊ ၄၇၃။) (ပဋိသံ၊ဋ္ဌ၊၁၊၂၇၁။) (ဒီ၊မြန်၊၃။၂၁၃။) (အံ၊မြန်၊၁။၄၇၉။) (အံ၊မြန်၊၁။၄၇၉။)♦
အကျင့် ၄ မျိုး (တစ်နည်း)
၁။(အချမ်း အပူ စသည်ကို) သည်းမခံနိုင်သော အကျင့်၊ ၂။(အချမ်း အပူ စသည်ကို) သည်းခံနိုင်သော အကျင့်၊
၃။ ဣန္ဒြေကို ဆုံးမသော အကျင့်၊
၄။ ကာမ ဝိတက် စသည်ကို ငြိမ်းစေသော အကျင့်။ (ဒီ၊၃၊၁၉၁။) (ဒီ၊မြန်၊၃။၂၁၃။)♦
အကျင့်သိက္ခာ အားနည်းကြောင်း တရား ၅ ပါး
၁။ သူ၏ အသက်ကို သတ်ခြင်း၊
၂။ ပိုင်ရှင် မပေးသော သူ၏ ဥစ္စာကို ခိုးယူခြင်း၊
၃။ ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်ခြင်း၊
၄။ မဟုတ်မမှန် ပြောဆိုခြင်း၊
၅။ သေရည်သေရက်သောက်ခြင်း။ (အံ၊၃၊၂၅၀။) (အံ၊၃၊၂၅၄။) (အံ၊မြန်၊၃။၂၄၉၊၂၅၄။) (အံ၊မြန်၊၃။၂၄၉၊၂၅၄။)♦
အကျင့်သုံးမျိုး၏ အကျိုး ၃ မျိုး
၁။ ယုတ်ညံ့သော ဗြဟ္မစရိယ အကျင့်ကြောင့် မင်းမျိုး၌ ဖြစ်ရခြင်း၊
၂။ အလယ်အလတ်ဖြစ်သော ဗြဟ္မစရိယ အကျင့်ကြောင့် နတ်ဗြဟ္မာအဖြစ်သို့ ရောက်ရခြင်း၊
၃။ မြင့်မြတ်သော ဗြဟ္မစရိယအကျင့်ကြောင့် သံသရာဝဋ်ဆင်းရဲမှ စင်ကြယ်ခြင်းကို ရ၏။ (ဇာတက၊၁၊၁၈၃။)♦
အကျဉ်းအကျယ်သိမှု ဆိုင်ရာ ပုဂ္ဂိုလ် ၄ မျိုး
၁။ အကျဉ်းပြကာမျှဖြင့် တရားကို သိသော ဥဂ္ဃဋိတညူပုဂ္ဂိုလ်၊
၂။ အကျယ်ပြမှ တရားကို သိသော ဝိပဉ္စိတညူပုဂ္ဂိုလ်၊
၃။ ဆောင်၍ပြမှ တရားကို သိသော နေယျပုဂ္ဂိုလ်၊
၄။ ဤဘဝ ဈာန်မဂ်ဖိုလ် မရထိုက်သော ပဒပရမပုဂ္ဂိုလ်။ (အံ၊၁၊၄၅၂။) (အံ၊မြန်၊၁။၄၆၅။)♦
အကျွမ်းမဝင်ထိုက်သော ပုဂ္ဂိုလ် ၄ ယောက်
၁။ အဆွေခင်ပွန်းဟောင်း ဖြစ်ဖူးသော ခိုးသူ၊
၂။ ရှေး၌ အခင်းပြုလုပ်ဖူးသော သစ်ခက်၊
၃။ မိမိအား ပူဇော်မှု ပြုခဲ့ဖူးသော မင်း၊
၄။ မိမိ၏ အလိုကို လိုက်ခဲ့ဖူးသော မိန်းမ။ (မ၊ဋ္ဌ၊၃၊၂၂၉။)♦
အကျွမ်းဝင်သဖြင့် ယူခြင်း အင်္ဂါ ၅ ပါး
၁။ မြင်တွေ့ဖူးသော အဆွေခင်ပွန်း ဖြစ်ခြင်း၊
၂။ အတူတကွ သုံးဆောင် စားသောက်ဖူးသော အဆွေခင်ပွန်း ဖြစ်ခြင်း၊
၃။ ‘‘အလိုရှိလျှင် ယူပါ’’ဟု ပြောဆို ဖူးသည် ဖြစ်ခြင်း၊
၄။ အသက်ရှင်ဆဲ ဖြစ်ခြင်း၊
၅။ ‘‘ငါ ယူသည်ရှိသော် နှစ်သက် ဝမ်းမြောက်ခြင်း ဖြစ်လတ္တံ့’’ဟု သိခြင်း။ (ဝိ၊၃၊၄၁၁။)♦
အကျိုး ၃ မျိုး
၁။ ပစ္စုပ္ပန် အကျိုး၊
၂။ တမလွန်သံသရာ အကျိုး၊
၃။ လောကုတ္တရာနိဗ္ဗာန် ပရမတ် အကျိုး။ (သုတ္တနိ၊ဋ္ဌ၊၁၊၆၅။) (စူဠနိ၊ဋ္ဌ၊၁၀၅။)♦
အကျိုး ၃ မျိုး (တစ်နည်း)
၁။ မိမိအကျိုး၊
၂။ သူတစ်ပါး အကျိုး၊
၃။ မိမိ သူတစ်ပါးတို့ အကျိုး။ (သုတ္တနိ၊ဋ္ဌ၊၁၊၆၅။) (စူဠနိ၊ဋ္ဌ၊၁၀၅။)♦
အကျိုး အာနိသင် ၂ ပါး
၁။ ဒိဋ္ဌိဓမ္မိက- မျက်မှောက်ဘဝ ခံစားအပ်သော အကျိုးအာနိသင်
၂။ သမ္ပရာ ယိက- တမလွန်ဘဝ ခံစားအပ်သော အကျိုး အာနိသင်။ (မဟာနိ၊၅၆။) (မဟာနိ၊ ၈၀။)♦
အကျိုးကြီးမားသော ဆွမ်း ၂ မျိုး
၁။ အကြင်ဆွမ်းကို ဘုဉ်းပေးတော်မူ၍ မြတ်စွာဘုရားသည် အမြတ်ဆုံးသော သမ္မာသမ္ဗောဓိဉာဏ်ကို ရတော်မူ၏ (ဤဆွမ်းလည်း တစ်မျိုး။)၊
၂။ အကြင် ဆွမ်းကို ဘုဉ်းတော်မူ၍ မြတ်စွာဘုရားသည် ဥပါဒိန္နကခန္ဓာအကြွင်းမရှိသော အနုပါဒိသေသ နိဗ္ဗာနဓာတ်ဖြင့် ပရိနိဗ္ဗာန် ဝင်စံတော်မူ၏ (ဤဆွမ်းလည်း တစ်မျိုး။)။ (ဒီ၊၂၊၁၁၂-၁၁၃။) (မိလိန္ဒ၊၁၇၄။) (ဒီ၊မြန်၊၂။၁၃၀။) (မိလိန္ဒ၊မြန်။၁၈၇။)♦
အကျိုးပေး တူမျှသော ဆွမ်း ၂ မျိုး
အကျိုးကြီးမားသော ဆွမ်း ၂ မျိုးနှင့် တူသည်။ ♦
အကျိုးမရှိသော တရား ၁၀ ပါး
၁။ သူ့အသက် သတ်ခြင်း၊
၂။ သူ့ဥစ္စာခိုးခြင်၊
၃။ ကာမတို့၌ မှားယွင်းစွာ ကျင့်ခြင်း၊
၄။ မဟုတ်မမှန် ပြောဆိုခြင်း၊
၅။ ကုန်းချောခြင်း၊
၆။ ရုန့်ရင်းသော စကားကို ပြောဆိုခြင်း၊
၇။ ပြိန်ဖျင်းသော စကားကို ပြောဆိုခြင်း၊
၈။ သူတစ်ပါး ဥစ္စာကို ရှေးရှုကြံစည်ခြင်း၊
၉။ သတ္တဝါတို့အား ဖျက်ဆီးလိုခြင်း၊
၁၀။ မှားသော အမြင် ရှိခြင်း။ (အံ၊၃၊၄၈၂၊၄၈၇။) (အံ၊မြန်၊၃။၄၇၂-၄၇၈။)♦
အကျိုးမဲ့ ဖြစ်ကြောင်း ၆ ပါး
၁။ နေထွက်သည့်တိုင်အောင် အိပ်ကြူးသူ၊
၂။ ပျင်းရိခြင်း၊
၃။ ကြမ်းကြုတ်ခက်ထန်သူ၊
၄။ အရည် သေသောက်ကြူးသူ၊
၅။ တစ်ယောက်တည်း ခရီး ရှည်ကို သွားသူ၊
၆။ သူတစ်ပါးမယားကို မှီဝဲသူ။ (ဓမ္မ၊ဋ္ဌ၊၁၊၄၁၈။)♦
အကျိုးရှိသော တရား ၁၀ ပါး
၁။ သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း၊
၂။ သူ့ဥစ္စာခိုးယူခြင်းမှ ရှောင်ကြဉ်ခြင်း၊
၃။ ကာမတို့၌ မှားယွင်းသော အကျင့်မှ ရှောင်ကြဉ်ခြင်း၊
၄။ မဟုတ်မမှန် ပြောမှုမှ ရှောင်ကြဉ်ခြင်း၊
၅။ ကုန်းချောမှုမှ ရှောင်ကြဉ်ခြင်း၊
၆။ ရုန့်ရင်းကြမ်းတမ်းစွာ ပြောဆို မှုမှ ရှောင်ကြဉ်ခြင်း၊
၇။ ပြိန်ဖျင်းသော စကား ပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း၊
၈။ သူတစ်ပါး ဥစ္စာကို ရှေးရှုကြံစည်မှုမှ ရှောင်ကြဉ်ခြင်း၊
၉။ သတ္တဝါတို့အား ဖျက်စီးလိုမှုမှ ရှောင်ကြဉ်ခြင်း၊
၁၀။ မှန်သော အမြင်ရှိခြင်း။ (အံ၊၃၊၄၈၂-၄၈၇။) (အံ၊မြန်၊၃။၄၇၈။)♦
အကရဏီယ ၃ ပါး
၁။ ကာယဒုစရိုက်၊
၂။ ဝစီဒုစရိုက်၊
၃။ မနောဒုစရိုက်။ (ပေဋကော၊၂၀၇။)♦
အကရဏီယ ၄ ပါး ရဟန်းတော်များ အသက်ထက်ဆုံး မပြုအပ်သော တရား ၄ ပါး
၁။ မေထုန် မှီဝဲခြင်း၊
၂။ တစ်မတ်, တစ်မတ်တန်ဥစ္စာ, တစ်မတ်ထက် ပိုလွန်သော ပစ္စည်းဥစ္စာကို ခိုးယူခြင်း၊
၃။ လူဇာတ်ရှိသော သူအား သတ်ဖြတ်ခြင်း၊
၄။ လူတို့၏ ကုသလကမ္မပထတရား ဆယ်ပါးထက် လွန်မြတ်သော ဈာန်, မဂ်, ဖိုလ်တရားတို့ကို မရဘဲ ရ၏ဟု လိမ်ညာ၍ ပြောဆိုခြင်း။ (ဝိ၊၃၊၁၃၄။) (ဝိ၊မြန်၊၃။၁၃၅-၁၃၆။)♦
အကြားအမြင် နည်းခြင်း များခြင်း ဆိုင်ရာ ပုဂ္ဂိုလ် ၄ မျိုး
၁။ အကြားအမြင် နည်း၍ ကြားနာ အပ်သော တရားနှင့် မပြည့်စုံသော ပုဂ္ဂိုလ်၊
၂။ အကြားအမြင် နည်း၍ ကြားနာအပ်သော တရားနှင့် ပြည့်စုံသော ပုဂ္ဂိုလ်၊
၃။ အကြားအမြင် များ၍ ကြားနာအပ်သော တရားနှင့် မပြည့်စုံသော ပုဂ္ဂိုလ်၊
၄။ အကြားအမြင် များ၍ ကြားနာအပ်သော တရားနှင့် ပြည့်စုံသော ပုဂ္ဂိုလ်။ (အံ၊၁၊၃၁၂။) (အံ၊မြန်၊၁။၃၂၈။)♦
အကြားအမြင် များခြင်း ၂ မျိုး
၁။ ပိဋကသုံးပုံတို့၌ အနက်အားဖြင့် အကြွင်းမဲ့ တတ်မြောက် သောကြောင့် ပရိယတ္တိ၌ အကြားအမြင် များခြင်း၊
၂။ မဂ် ဖိုလ် ဝိဇ္ဇာ အဘိညာဉ်တို့ကို ထိုးထွင်း သိမြင်သောကြောင့် ပဋိဝေဓ၌ အကြားအမြင် များခြင်း။ (သုတ္တနိ၊ဋ္ဌ၊၁၊၉၉။)♦
အကြီးအကဲနေရာ၌ မထားသင့်ကြောင်း အင်္ဂါ ၃ ပါး
၁။ အရှက်လည်း မရှိခြင်း၊
၂။ မိုက်လည်း မိုက်ခြင်း၊
၃။ ပကတတ်ရဟန်းလည်း မဟုတ်ခြင်း။ (ဝိ၊၅၊၂၂၁။) (ဝိ၊မြန်၊၅။၃၀၈။)♦
အကြီးအမှူးပြု၍ ဖြစ်သော တရား ၃ မျိုး
၁။ မိမိကိုယ်ကို အကြီးအမှူးပြု၍ ဖြစ်သော အတ္တာဓိပတေယျတရား၊
၂။ သတ္တလောကကို အကြီးအမှူးပြု၍ ဖြစ်သော လောကာ ဓိပတေယျတရား၊
၃။ လောကုတ္တရာတရားကို အကြီးအမှူးပြု၍ ဖြစ်သော ဓမ္မာဓိပတေယျ တရား။ (အံ၊၁၊၁၄၆။) (အံ၊မြန်၊၁။၁၆၄။)♦
အကြီးအမှူးပြုခြင်း ၃ ပါး
၁။ မိမိကိုယ်ကို အကြီးအမှူး အလေးပြုခြင်း၊
၂။ လောဘကို အကြီးအမှူး အလေးပြုခြင်း၊
၃။ တရားကို အကြီးအမှူး အလေးပြုခြင်း။ (ဒီ၊၃၊၁၈၄။) (ဒီ၊မြန်၊၃။၂၀၄။)♦
အကြောင်း လေးမျိုးတို့ဖြင့် သိနိုင်သော အရာ ၄ ပါး
၁။ အကျင့်သီလကို ကြာမြင့်စွာ တကွ ပေါင်းဖော်နေထိုင်ခြင်းဖြင့်လည်းကောင်း နှလုံးသွင်းဆင်ခြင်သဖြင့်လည်းကောင်း ဉာဏ် ပညာနှင့် ပြည့်စုံသဖြင့်လည်းကောင်း သိနိုင်ခြင်း၊
၂။ အားအစွမ်းကို ဘေးရန်ဖြစ်ပေါ်လာသော အခါ၌လည်းကောင်း ကြာမြင့်စွာ တကွ ပေါင်းဖော်နေထိုင်ခြင်းဖြင့်လည်းကောင်း နှလုံးသွင်း ဆင်ခြင်သဖြင့်လည်းကောင်း ဉာဏ်ပညာနှင့် ပြည့်စုံသဖြင့်လည်းကောင်း သိနိုင်ခြင်း၊
၃။ စင်ကြယ်သူ၏ အဖြစ်ကို ရောင်းဝယ်ဖောက်ကားခြင်းဖြင့်လည်းကောင်း ရှည်ကြာမြင့်စွာ အတူတကွ ပေါင်းဖော်နေထိုင်ခြင်းဖြင့်လည်းကောင်း နှလုံးသွင်းဆင်ခြင် သဖြင့်လည်းကောင်း ဉာဏ်ပညာနှင့် ပြည့်စုံသဖြင့်လည်းကောင်း သိနိုင်ခြင်း၊
၄။ အတတ် ပညာကို တကွ ဆွေးနွေး တိုင်ပင်ခြင်းဖြင့်လည်းကောင်း ကြာမြင့်စွာ တကွပေါင်းဖော် နေထိုင်ခြင်းဖြင့်လည်းကောင်း နှလုံးသွင်းဆင်ခြင်သဖြင့်လည်းကောင်း ဉာဏ်ပညာနှင့် ပြည့်စုံသဖြင့်လည်းကောင်း သိနိုင် ခြင်း။ (အံ၊၁၊၅၀၇။) (အံ၊မြန်၊၁။၅၂၂။)♦
အကြောင်းဖြစ်သောတရား ၅ မျိုး
၁။ အကျိုးကို ဖြစ်စေတတ်သော အကြောင်းအားလုံး၊
၂။ အရိယမဂ်၊
၃။ ဟောကြား အပ်သော ပါဠိ၊
၄။ ကုသိုလ်၊
၅။ အကုသိုလ်။ (ဣတိဝုတ်၊ဋ္ဌ၊၁၁၉။)♦
အကြောင်းလေးပါးတို့ကြောင့် ဖြစ်ပေါ်သော ရုပ် ၇ မျိုး
၁။ အဆင်း၊
၂။ အနံ့၊
၃။ အရသာ၊
၄။ ဖောဋ္ဌဗ္ဗရုပ်၊
၅။ အာကာသဓာတ်၊
၆။ အာပေါဓာတ်၊
၇။ အလုတ်အလွေးပြုရသော အာဟာရ ရုပ်။ (မ၊ဋီ၊၂၊၁၉၅။)♦
အကိတ္တိရသေ့ တောင်းဆိုသော ဆု ၆ မျိုး
၁။ ငါ့သန္တာန်၌ တပ်ခြင်းလောဘ မဖြစ်လို၊
၂။ ငါ့သန္တာန်၌ အမျက်ဒေါသ မဖြစ်လို၊
၃။ ပညာနည်းပါး ငမိုက်သားကို မမြင်လို၊ မကြားလို၊ ငမိုက်သားနှင့် မပေါင်းသင်းလို၊ ငမိုက်သားနှင့် စကားဆက်စပ် မပြောလို၊
၄။ ပညာရှိကို မြင်လို၊ ကြားလို၊ ပညာရှိနှင့် ပေါင်းသင်းလို၊ ပညာရှိနှင့် စကားဆက်စပ် ပြောလို၊
၅။ နေမင်း ထွက်သော အခါ၌ နတ်၌ဖြစ်သော စားဖွယ်ဘောဇဉ်တို့ ဖြစ်ပေါ်ကုန်၍ သီလရှိသော အလှူခံ ပုဂ္ဂိုလ်တို့အား လှူဒါန်းလို၊ လှူဖွယ်ဝတ္ထု မကုန်စေလို၊ လှူပြီး၍ နောင်တရခြင်း မဖြစ်လို၊ လှူဒါန်းစဉ်လည်း စိတ်ကြည်လင်လို၊
၆။ သင်သိကြားမင်းသည် နောက်တစ်ဖန် ငါ့ထံသို့ မချည်းကပ်စေလို။ (ဇာ၊ဋ္ဌ၊၄၊၂၄၀။)♦
အကုသလကမ္မပထ ၁၀ မျိုး
၁။ သူ့အသက်ကို သတ်မှု၊
၂။ သူတစ်ပါးဥစ္စာကို ခိုးယူမှု၊
၃။ ကာမဂုဏ်တို့၌ မှားယွင်းစွာ ပြုကျင့်မှု၊
၄။ မဟုတ်မမှန် စကားကို လိမ်ညာပြောမှု၊
၅။ သူနှစ်ဦးတို့ ချစ်ခြင်းပျက်ပြားအောင် ကုန်းချောစကား ပြောဆိုမှု၊
၆။ ဆဲဆိုကြိမ်းမောင်း, ကြမ်းတမ်းစကားကို ပြောဆိုမှု၊
၇။ အကျိုးမဲ့စကားကို ပြောဆိုမှု၊
၈။ သူ့ဥစ္စာကို ရယူလိုမှု၊
၉။ အမျက်ဒေါသ ဖြစ်မှု၊
၁၀။ အယူ မှားမှု။ (ဒီ၊၃၊၂၂၃။) (ဒီ၊၃၊၂၅၇။) (သာရတ္ထ၊ဋီ၊၁၊၃၀၉။) (ဒီ၊မြန်၊၃။၂၄၆။) (ဒီ၊မြန်၊၃။၂၈၁။)♦
အကုသလကမ္မပထ တရား ၁၀ ပါး
၁။ ပါဏာတိပါတ, အဒိန္နာဒါန, ကာမေသုမိစ္ဆာစာရ ဟူသော ကာယဒုစရိုက် သုံးပါး၊
၂။ မုသာဝါဒ, ပိသုဏဝါစာ, ဖရုသဝါစာ, သမ္ဖပ္ပလာပ ဝါစာဟူသော ဝစီဒုစရိုက် လေးပါး၊
၃။ အဘိဇ္ဈာ, ဗျာပါဒ, မိစ္ဆာဒိဋ္ဌိဟူသော မနောဒုစရိုက် သုံးပါး ပေါင်း ဆယ်ပါး။ (အဘိ၊ဝိ၊၄၀၅။) (အဘိ၊ဋ္ဌ၊၁၊၁၄၀။) (ပဋိသံ၊ဋ္ဌ၊၁၊၂၇၃။) (ပဋိသံ၊ဋ္ဌ၊၂၊၃၃။) (အဘိ၊ဝိ၊မြန်၊၂။၅၁၂။)♦
အကုသလကမ္မပထတရား ဆယ်ပါးတို့ကို ဆုံးဖြတ်ပုံ ၅ မျိုး
၁။ ဓမ္မ- တရားကိုယ်အားဖြင့် ဆုံးဖြတ်ခြင်း၊
၂။ ကောဋ္ဌာသ- အဖို့အစုအားဖြင့် ဆုံးဖြတ်ခြင်း၊
၃။ အာရမ္မဏ- အာရုံအားဖြင့် ဆုံးဖြတ်ခြင်း၊
၄။ ဝေဒနာ- ဝေဒနာအားဖြင့် ဆုံးဖြတ်ခြင်း၊
၅။ မူလ- မူလအားဖြင့် ဆုံးဖြတ်ခြင်း။ (သံ၊ဋ္ဌ၊၂၊၁၃၇။) (ပဋိသံ၊ဋ္ဌ၊၁၊၂၀၇။)♦
အကုသလဓာတ် ၃ ပါး
၁။ ကာမနှင့် စပ်သော သဘော- ကာမဓာတ်၊
၂။ ဒေါသနှင့် စပ်သော သဘော- ဗျာပါဒဓာတ်၊
၃။ ညှဉ်းဆဲခြင်းနှင့် စပ်သော သဘော- ဝိဟိံသာဓာတ်။ (ဒီ၊၃၊၁၈၁။) (အဘိ၊ဝိ၊၃၇၇။) (ဒီ၊မြန်၊၃။၂၀၀။) (အဘိ၊ဝိ၊မြန်၊၂။၄၇၂။)♦
အကုသလပဒ ၉ ပါး
၁။ အဝိဇ္ဇာ၊
၂။ တဏှာ၊
၃။ လောဘ၊
၄။ ဒေါသ၊
၅။ မောဟ၊
၆။ သုဘ သညာ၊
၇။ သုခသညာ၊
၈။ နိစ္စသညာ၊
၉။ အတ္တသညာ။ (ပေဋကော၊၁၆၉-၁၇၀။) (နေတ္တိ၊ဋ္ဌ၊၂။)♦
အကုသလမူလ ၃ ပါး
၁။ လောဘ အကုသလမူလ၊
၂။ ဒေါသ အကုသလမူလ၊
၃။ မောဟ အကုသလမူလ။ (ဝိ၊၅၊၂၂၂။) (ဒီ၊၃၊၁၈၀။) (အံ၊၁၊၂၀၂။) (အဘိ၊ဓ၊၂၀၅-၂၀၆။) (အဘိ၊ဓ၊၂၁၁။) (အဘိ၊ဝိ၊၃၇၆။) (ခုဒ္ဒက၊၂၂၆။) (စူဠနိ၊၄၇။) (ပဋိသံ၊ဋ္ဌ၊၂၊၁၆၉။) (နေတ္တိ၊ဋ္ဌ၊၁၅၉။) (နေတ္တိ၊ဋ္ဌ၊၂၁၃။) (သာရတ္ထ၊ဋီ၊၁၊၃၀၅။) (နေတ္တိ၊ဝိဘာ၊၂၇၅။) (ဝိ၊မြန်၊၅။၃၁၀။) (ဒီ၊မြန်၊၃။၁၉၉။) (အံ၊မြန်၊၁။၂၂၀။) (အဘိ၊ဓ၊မြန်။၃၆၇။) (အဘိ၊ဓ၊မြန်။၃၆၇။) (အဘိ၊ဝိ၊မြန်၊၂။၄၆၉။) (ခုဒ္ဒက၊မြန်။၂၁၀။)♦
အကုသလဝိတက် ၃ ပါး
၁။ ကာမနှင့် စပ်၍ ကြံစည်ခြင်း- ကာမဝိတက်၊
၂။ ဒေါသနှင့် စပ်၍ ကြံစည်ခြင်း- ဗျာပါဒဝိတက်၊
၃။ ညှဉ်းဆဲခြင်းနှင့် စပ်၍ ကြံစည်ခြင်း- ဝိဟိံသာ ဝိတက်။ (ဒီ၊၃၊၁၈၀။) (သံ၊၂၊၇၇။) (သံ၊၃၊၃၆၆။) (အဘိ၊ဝိ၊၃၇၇။) (ခုဒ္ဒက၊၂၅၁။) (သာရတ္ထ၊ဋီ၊၂၊၂၈။) (ဒီ၊ဋီ၊၂၊၃၄၅။) (နေတ္တိ၊ဝိဘာ၊၂၇၅။) (ဒီ၊မြန်၊၃။၂၀၀။) (သံ၊မြန်၊၂။၇၃။) (သံ၊မြန်၊၃။၃၇၁။) (အဘိ၊ဝိ၊မြန်၊၂။၄၇၁။) (ခုဒ္ဒက၊မြန်။၂၃၆။)♦
အကုသလသင်္ကပ္ပ ၃ ပါး
၁။ ကာမနှင့် စပ်သော ကြံခြင်း- ကာမသင်္ကပ္ပ၊
၂။ ဒေါသနှင့် စပ်သော ကြံခြင်း-ဗျာပါဒသင်္ကပ္ပ၊
၃။ ညှဉ်းဆဲခြင်းနှင့် စပ်သော ကြံခြင်း- ဝိဟိံသာသင်္ကပ္ပ။ (ဒီ၊၃၊၁၈၀။) (ဒီ၊မြန်၊၃။၂၀၀။)♦
အကုသလသညာ ၃ ပါး
၁။ ကာမနှင့် စပ်သော မှတ်ခြင်း- ကာမသညာ၊
၂။ ဒေါသနှင့် စပ်သော မှတ်ခြင်း- ဗျာပါဒသညာ၊
၃။ ညှဉ်းဆဲခြင်းနှင့် စပ်သော မှတ်ခြင်း- ဝိဟိံသာသညာ။ (ဒီ၊၃၊၁၈၁။) (အဘိ၊ဝိ၊၃၇၇။) (နေတ္တိ၊ဝိဘာ၊၂၇၅။) (ဒီ၊မြန်၊၃။၂၀၀။) (အဘိ၊ဝိ၊မြန်၊၂။၄၇၁။)♦
အကုသိုလ် မဖြစ်ကြောင်း တရား ၅ ပါး
၁။ ယုံကြည်မှု သဒ္ဓါ၊
၂။ ရှက်မှု ဟိရီ၊
၃။ ကြောက် လန့်မှု ဩတ္တပ၊
၄။ အားထုတ်မှု ဝီရိယ၊
၅။ သိမှု ပညာ။ (အံ၊၂၊၄။) (အံ၊မြန်၊၂။၆။)♦
အကုသိုလ် အကြံ ၃ မျိုး
အကုသလဝိတက် ၃ ပါးနှင့် တူသည်။ ♦
အကုသိုလ် အကြောင်းရင်း ၃ ပါး
၁။ လောဘ- လိုချင်တပ်မက်မှု၊
၂။ ဒေါသ- ကြမ်းတမ်း ပြစ်မှားမှု၊
၃။ မောဟ- မိုက်မဲတွေဝေမှု။ (မ၊၁၊၅၇။) (မ၊မြန်၊၁။၆၂။)♦
အကုသိုလ်ကမ္မပထ၏ အခြင်းအရာ ၅ မျိုး
၁။ သဘောတရား, ဓမ္မအားဖြင့်လည်းကောင်း၊
၂။ ဖဿပဉ္စကစသော စိတ်အစုတို့တွင် တစ်ပါးပါးသော အစုအားဖြင့်လည်းကောင်း၊
၃။ အာရုံ အားဖြင့်လည်းကောင်း၊
၄။ ဝေဒနာအားဖြင့်လည်းကောင်း၊
၅။ မူလအားဖြင့် လည်းကောင်း။ (မ၊ဋ္ဌ၊၁၊၂၀၅။)♦
အကုသိုလ်ကမ္မပထတရား ၁၀ ပါး
ဆုတ်ယုတ်သော အဖို့ရှိသော တရား ၁၀ ပါး၊ ဟာနဘာဂိယ တရား ၁၀ ပါးတို့နှင့် တူသည်။ ♦
အကုသိုလ်ကိစ္စာဓိကရုဏ်း ၄ ပါး
၁။ သံဃာက အကုသိုလ်စိတ်ရှိလျက် ပြုလုပ်အပ်သော အပလောကနကံ၊
၂။ အကုသိုလ်စိတ်ရှိလျက် ပြုလုပ်အပ်သော ဉတ္တိကံ၊
၃။ အကုသိုလ်စိတ် ရှိလျက် ပြုလုပ်အပ်သော ဉတ္တိဒုတိယကံ၊
၄။ အကုသိုလ်စိတ်ရှိလျက် ပြုလုပ်အပ်သော ဉတ္တိစတုတ္ထကံ။ (ဝိ၊၄၊၂၁၇။) (ဝိ၊မြန်၊၄။၂၁၄။)♦
အကုသိုလ်ကို စူးစမ်းခြင်း ၃ မျိုး
၁။ အကုသိုလ် ကာယကံကို စူးစမ်းခြင်း၊
၂။ အကုသိုလ် ဝစီကံကို စူးစမ်းခြင်း၊
၃။ အကုသိုလ် မနောကံကို စူးစမ်းခြင်း။ (နေတ္တိ၊ဝိဘာ၊၂၇၅။)♦
အကုသိုလ်စိတ် ၁၂ ပါး
၁။ သောမနဿသဟဂုတ် ဒိဋ္ဌိဂတသမ္ပယုတ် အသင်္ခါရိက အကုသိုလ် စိတ် ၁-ပါး၊
၂။ သောမနဿသဟဂုတ် ဒိဋ္ဌိဂတသမ္ပယုတ် သသင်္ခါရိက အကုသိုလ်စိတ် ၁-ပါး၊
၃။ သောမနဿသဟဂုတ် ဒိဋ္ဌိဂတဝိပ္ပယုတ် အသင်္ခါရိက အကုသိုလ်စိတ် ၁-ပါး၊
၄။ သောမနဿသဟဂုတ် ဒိဋ္ဌိဂတဝိပ္ပယုတ် သသင်္ခါရိက အကုသိုလ်စိတ် ၁-ပါး၊
၅။ ဥပေက္ခာသဟဂုတ် ဒိဋ္ဌိဂတသမ္ပယုတ် အသင်္ခါရိက အကုသိုလ်စိတ် ၁-ပါး၊
၆။ ဥပေက္ခာ သဟဂုတ် ဒိဋ္ဌိဂတသမ္ပယုတ် သသင်္ခါရိက အကုသိုလ်စိတ် ၁-ပါး၊
၇။ ဥပေက္ခာသဟဂုတ် ဒိဋ္ဌိဂတဝိပ္ပယုတ် အသင်္ခါရိက အကုသိုလ်စိတ် ၁-ပါး၊
၈။ ဥပေက္ခာသဟဂုတ် ဒိဋ္ဌိဂတ ဝိပ္ပယုတ် သသင်္ခါရိက အကုသိုလ်စိတ် ၁-ပါး၊
၉။ ဒေါမနဿသဟဂုတ် ပဋိဃသမ္ပယုတ် အသင်္ခါရိက အကုသိုလ်စိတ် ၁-ပါး၊
၁၀။ ဒေါမနဿသဟဂုတ် ပဋိဃသမ္ပယုတ် သသင်္ခါရိက အကုသိုလ်စိတ် ၁-ပါး၊
၁၁။ ဥပေက္ခာသဟဂုတ် ဝိစိကိစ္ဆာသမ္ပယုတ် အကုသိုလ်စိတ်၁-ပါး၊
၁၂။ ဥပေက္ခာသဟဂုတ် ဥဒ္ဓစ္စသမ္ပယုတ် အကုသိုလ်စိတ် ၁-ပါး။ (အဘိ၊ဝိ၊၃၁၁။) (အဘိ၊ဝိ၊မြန်၊၂။၃၇၂။)♦
အကုသိုလ်တရားတို့ကို ပယ်စွန့်နိုင်ကြောင်း တရား ၁၁ ပါး
၁။ ယုံကြည်မှု သဒ္ဓါတရား ရှိခြင်း၊
၂။ သီလရှိခြင်း၊
၃။ ထက်သန်သော လုံ့လရှိခြင်း၊
၄။ ထင်သော သတိရှိခြင်း၊
၅။ တည် ကြည်သော သမာဓိရှိခြင်း၊
၆။ ပညာဉာဏ်နှင့် ပြည့်စုံခြင်း၊
၇။ ဘုရားရှင်၏ အရဟံ စသော ဂုဏ်တော်များကို အာရုံပြု၍ မိမိသန္တာန်၌ သတိကို ဖြစ်စေရခြင်း၊
၈။ တရားတော်၏ ဂုဏ်ကို အာရုံပြု၍ မိမိသန္တာန်၌ သတိကို ဖြစ်စေရခြင်း၊
၉။ မိတ်ဆွေကောင်းတို့ကို အာရုံပြု၍ မိမိသန္တာန်၌ သတိကိုဖြစ်စေရခြင်း၊
၁၀။ စွန့်ကြဲမှုကို အာရုံပြု၍ မိမိသန္တာန်၌ သတိကို ဖြစ်စေရခြင်း၊
၁၁။ နတ်တို့ကို အာရုံပြု၍ မိမိသန္တာန်၌ သတိကို ဖြစ်စေရခြင်း။ (အံ၊၃၊၅၃၇။) (အံ၊မြန်၊၃။၅၂၄။)♦
အကုသိုလ်ဝေဒနာ ၂ မျိုး
၁။ လောဘသဟဂုတ် ဝေဒနာ၊
၂။ ဒေါသသဟဂုတ် ဝေဒနာ။ (အဘိ၊ဋ္ဌ၊၂၊၁၅။)♦
အကုသိုလ်သည် အာရမ္မဏသတ္တိဖြင့် ကျေးဇူးပြုနိုင်သော တရားအစု ၆ စု
၁။ ကာမာဝစရကုသိုလ်၊
၂။ ရူပါဝစရကုသိုလ်၊
၃။ အကုသိုလ်၊
၄။ ကာမာဝစရဝိပါက်၊
၅။ ကာမာဝစရ ကြိယာ၊
၆။ ရူပါဝစရကြိယာ။ (အဘိ၊ဋ္ဌ၊၃၊၃၅၉။)♦
အကုသိုလ်ဟိတ် ၃ ပါး
၁။ လောဘ အကုသိုလ်ဟိတ်၊
၂။ ဒေါသ အကုသိုလ်ဟိတ်၊
၃။ မောဟ အကုသိုလ်ဟိတ်။ (အဘိ၊ဓ၊၂၁၅။) (အဘိ၊ဝိ၊၄၁၆။) (အဘိ၊ဓ၊မြန်။၃၉၁။) (အဘိ၊ဝိ၊မြန်၊၂။၅၂၅။)♦
အကုသိုလ်အစု ၅ မျိုး
၁။ ကာမဂုဏ်ကို လိုလားမှု ဟူသော ပိတ်ပင်တတ်သော တရား ‘‘ကာမစ္ဆန္ဒနီဝရဏ’’၊
၂။ ပျက်စီးစေလိုမှုဟူသော ပိတ်ပင်တတ်သော တရား ‘‘ဗျာပါဒနီဝရဏ’’၊
၃။ လေးလံထိုင်းမှိုင်းမှု ဟူသော ပိတ်ပင်တတ်သော တရား ‘‘ထိနမိဒ္ဓနီဝရဏ’’၊
၄။ ပျံ့လွင့်မှု နောင်တပူပန်မှု ဟူသော ပိတ်ပင်တတ်သော တရား ‘‘ဥဒ္ဓစ္စကုက္ကုစ္စနီဝရဏ’’၊
၅။ မဝေခွဲနိုင်မှု ဟူသော ပိတ်ပင်တတ်သော တရား ‘‘ဝိစိကိစ္ဆာနီဝရဏ’’။ (အံ၊၂၊၆၄။) (အံ၊မြန်၊၂။၇၀။)♦
အကောက် ၃ မျိုး
၁။ နွားသေးကောက်သကဲ့သို့ ကောက်ခြင်း၊
၂။ လရေးကောက်သကဲ့သို့ ကောက်ခြင်း၊
၃။ ထွန်ကိုင်းကောက်သကဲ့သို့ ကောက်ခြင်း။ (ဒီ၊ဋ္ဌ၊၃၊၁၆၃။)♦
အက္ကောသဝတ္ထု ၁၀ ပါး
၁။ သင်သည် သူခိုးတည်း၊
၂။ သင်သည် လူမိုက်, လူပြိန်းတည်း၊
၃။ သင်သည် လူပျင်း လူအတည်း၊
၄။ သင်သည် ကုလားအုတ်တည်း၊
၅။ သင်သည် မြည်းတည်း၊
၆။ သင်သည် နွားတည်း၊
၇။ သင်သည် ငရဲသို့ ကျရောက်မည့်သူတည်း၊
၈။ သင်သည် တိရစ္ဆာန်တည်း၊
၉။ သင့်မှာ ကောင်းရာသုဂတိသို့ လားရန် မရှိ၊ ဒုဂ္ဂတိ သို့သာ လားမည့်သူတည်း၊
၁၀။ သင်သည် အပါယ်၌ ကျရောက်မည့်သူတည်း။ (ဝိ၊၂၊၈။) (အဘိ၊ဋ္ဌ၊၂၊၃၂၆။) (ဝိ၊မြန်၊၂။၁၀။) (ဓမ္မ၊ဋ္ဌ၊၂၊၃၀၈။)♦
အက္ကောသဝတ္ထု ၁၀ ပါး
ဆဲရေးကြောင်းဝတ္ထု ၁၀ မျိုးနှင့် တူသည်။ ♦
အက္ခဏ ၈ ပါး
ရပ်ပြစ် ၈ ပါးနှင့် တူသည်။ ♦
အက္ခဏ ၉ မျိုး
မြတ်သော အကျင့်ကို ကျင့်ခြင်းငှာ အခွင့်မဟုတ်သော အချိန် ၉ မျိုး နှင့် တူသည်။ ♦
အခင်း ၃ မျိုး (ခွင့်ပြုအပ်သော အခင်း ၃ မျိုး)
၁။ အုတ်အခင်း၊
၂။ ကျောက်အခင်း၊
၃။ သစ်သား အခင်း။ (ဝိ၊၄၊၂၅၈။) (ဝိ၊မြန်၊၄။၂၅၈။)♦
အခန်း ၃ မျိုး
၁။ လေးထောင့်အခန်း၊
၂။ ခန်းမရှည်အခန်း၊
၃။ ဦးပြည်းအခန်း။ (ဝိ၊၄၊၂၉၈။) (ဝိ၊မြန်၊၄။၃၀၂။)♦
အချည်းနှီးဖြစ်သော အရာ ၅ မျိုး
၁။ ဆိပ်ကမ်း, ကျွန်း, သောင် ရှိသော်လည်း ရေမရှိသော မြစ်သည် အချည်းနှီး ဖြစ်ခြင်း၊
၂။ မြို့, ပြ, ကျုံး, ပစ္စင်, ရင်တား, တံခါး, မုခ်, စသည် ရှိသော်လည်း မင်းမရှိသော တိုင်းပြည်သည် အချည်းနှီး ဖြစ်ခြင်း၊
၃။ အမျိုး, စည်းစိမ်, ဂုဏ် အရှိန်အဝါ ရှိသော်လည်း အတတ်ပညာမရှိသော ယောကျ်ားသည် အချည်းနှီး ဖြစ်ခြင်း၊
၄။ အဖိုးတစ်သိန်း ထိုက်သော အဝတ်တန်ဆာကို ဝတ်ဆင်ထားသော်လည်း ကိုယ်ကျင့်တရား မရှိသော သူသည် အချည်းနှီး ဖြစ်ခြင်း၊
၅။ မောင်တစ်ကျိပ် ရှိသော်လည်း လင်ယောကျ်ား မရှိသော မိန်းမသည် အချည်းနှီး ဖြစ်ခြင်း။ (ဇာတက၊၂၊၃၂၇။)♦
အချိန်ကာလ ၃ မျိုး (တစ်နည်း) (အဘိဓမ္မာနည်း အချိန်ကာလ ၃ မျိုး)
၁။ ဖြစ်, တည်, ပျက် ဟူသော ခဏ ၃ မျိုးတို့သို့ ရောက်၍ ချုပ်ငြိမ်းသော သဘောတရားတို့သည် အတိတ် ကာလ၊
၂။ ဖြစ်, တည်, ပျက် ဟူသော ခဏ ၃ မျိုးတို့သို့ မရောက်ကုန်သော သဘော တရားတို့သည် အနာဂတ်ကာလ၊
၃။ ဖြစ်, တည်, ပျက် ဟူသော ခဏ ၃ မျိုးတို့နှင့် ပြည့်စုံသော သဘောတရားတို့သည် ပစ္စုပ္ပန်ကာလ။ (ဣတိဝုတ်၊ဋ္ဌ၊၂၀၀။)♦
အချိန်ကာလ ၃ မျိုး (သုတ္တန်နည်း အချိန်ကာလ ၃ မျိုး)
၁။ ပဋိသန္ဓေမှ ရှေးကာလ၌ လွန်လေ ပြီးသော အတိတ်ကာလ၊
၂။ စုတိစိတ်မှ နောက်ကာလ၌ လာလတ္တံ့သော အနာဂတ်ကာလ၊
၃။ စုတိ ပဋိသန္ဓေတို့နှင့်တကွ စုတိပဋိသန္ဓေတို့၏ အခြားမဲ့ကာလ၌ ပစ္စုပ္ပန်ကာလ (ဣတိဝုတ်၊ဋ္ဌ၊၂၀၀။)♦
အချိန်မီ ထမင်းချက်သော အိမ်၌ အကျိုး ၅ ပါး
၁။ ခရီးသွား ဧည့်သည်တို့အား အခါအားလျော်စွာ ပူဇော်ရခြင်း၊
၂။ ဗလိနတ်စာကို ခံယူကုန်သော နတ်တို့အား အခါအားလျော်စွာ ပူဇော်ရခြင်း၊
၃။ နေ့လွဲညစာ စားခြင်းမှ ရှောင်ကြဉ်ကုန်သော သမဏဗြာဟ္မဏတို့အား အခါအားလျော်စွာ ပူဇော်နိုင်ခြင်း၊
၄။ ကျွန်အမှုလုပ် ယောကျ်ားတို့သည် မျက်နှာ သာသာယာယာဖြင့် အလုပ်ကို လုပ်ကြခြင်း၊
၅။ အချိန်မီစားသမျှ ထမင်းသည် ဩဇာရှိခြင်း။ (အံ၊၂၊၂၂၇။) (အံ၊မြန်၊၂။ ၂၈၈-၂၈၉။)♦
အခြင်ရနယ် ဒိုင်း မြားတို့ လှူရကျိုး ၈ ပါး
၁။ အရပ်မျက်နှာတို့၌ ပူဇော်ခံရခြင်း၊
၂။ မနှိုင်းယှဉ်အပ်, မနှိုင်းယှဉ်နိုင်သော စည်းစိမ်ဥစ္စာတို့ကို ရရှိခြင်း၊
၃။ ခပ်သိမ်းသော သူတို့၏ တည်ရာ မှီရာ ဖြစ်ခြင်း၊
၄။ ကြောက်ရွံ့ထိတ်လန့်မှု မရှိခြင်း၊
၅။ အနာရောဂါ မရှိခြင်း၊
၆။ အသက်ရှည်ခြင်း၊
၇။ သိမ်မွေ့နူးညံ့သော အသားအရေ အဆင်းရှိသူ ဖြစ်ခြင်း၊
၈။ တောင့်တ အပ်သော နေရာ၌သာ နေရခြင်း။ (အပ၊၁၊၃၇၆။)♦
အခြင်းအရာ ၂၀
၁။ အတိတ်အကြောင်း ငါးပါး၊
၂။ ပစ္စုပ္ပန် အကျိုး ငါးပါး၊
၃။ ပစ္စုပ္ပန် အကြောင်း ငါးပါး၊
၄။ အနာဂတ်အကျိုး ငါးပါး။ (ပဋိသံ၊ဋ္ဌ၊၁၊၂၂၅။)♦
အခြံအရံ ငါးရာစီရှိသော ဥပါသကာ ၇ ယောက်
၁။ ဓမ္မဒိန္နဥပါသကာ၊
၂။ ဝိသာခဥပါသကာ၊
၃။ ဥဂ္ဂသူကြွယ်၊
၄။ စိတ္တသူကြွယ်၊
၅။ ဟတ္ထကအာဠာဝကမင်းသား၊
၆။ စူဠအနာထပိဏ် သူဌေး၊
၇။ မဟာအနာထပိဏ်သူဌေး။ (သံ၊ဋ္ဌ၊၃၊၃၂၁။)♦
အခြေအမြစ်မရှိခြင်း ၃ မျိုး
၁။ မမြင်ခြင်း၊
၂။ မကြားခြင်း၊
၃။ ယုံမှားသံသယ မရှိခြင်း။ (ဝိ၊၂၊ ၁၅၉။) (ဝိ၊မြန်၊၂။၂၁၉။)♦
အခွင့် ပေးထိုက်သော ရဟန်း၏ အင်္ဂါ ၅ ပါး
၁။ ရှက်တတ်ခြင်း၊
၂။ ပညာရှိခြင်း၊
၃။ ပကတိသီလ ရှိခြင်း၊
၄။ အာပတ်မှ ထစေလိုသည် ဖြစ်၍ ဆိုတတ်ခြင်း၊
၅။ သာသနာတော်မှ ရွေ့လျော စေလိုသည် ဖြစ်၍ မဆိုတတ်ခြင်း။ (ဝိ၊၅၊၃၂၇။) (ဝိ၊မြန်၊၅။၄၂၈။)♦
အခွင့် မပေးထိုက်သော ရဟန်း၏ အင်္ဂါ ၅ ပါး
၁။ အရှက် မရှိခြင်း၊
၂။ မိုက်မဲခြင်း၊
၃။ ပကတိ သီလ မရှိခြင်း၊
၄။ သာသနာတော်မှ ရွေ့လျောစေလိုသည် ဖြစ်၍ ဆိုတတ်ခြင်း၊
၅။ အာပတ်မှ ထစေလိုသည် ဖြစ်၍လည်း မဆိုတတ်ခြင်း။ (ဝိ၊၅၊၃၂၆။) (ဝိ၊မြန်၊၅။၄၂၇။)♦
အခွင့်ပေးခြင်းငှာ မထိုက်သော ရဟန်း၏ အင်္ဂါ ၃ ပါး
၁။ အရှက်လည်း မရှိခြင်း၊
၂။ မိုက်လည်း မိုက်မဲခြင်း၊
၃။ ပကတတ်ရဟန်းလည်း မဟုတ်ခြင်း။ (ဝိ၊၅၊၂၂၁။) (ဝိ၊မြန်၊၅။၃၀၈။)♦
အခွင့်ရခြင်း ၃ ပါး
ဩကာသာဓိဂမ ၃ ပါး နှင့် တူသည်။ ♦
အခါမဲ့ ခရီးသွားလာခြင်း အပြစ် ၆ ပါး
၁။ မိမိကိုယ်သည် အကာအကွယ် အစောင့်အရှောက် ကင်းခြင်း၊
၂။ မိမိဥစ္စာသည် အကာအကွယ် အစောင့်အရှောက် ကင်းခြင်း၊
၃။ မိမိသားသမီး သားမယား အကာအကွယ် အစောင့်အရှောက် ကင်းခြင်း၊
၄။ သူတစ်ပါးပြုသော မကောင်းမှုတို့၌ ယုံမှားခံရတတ်ခြင်း၊
၅။ မိမိ၌ မဟုတ်မမှန် စွပ်စွဲခံရတတ်ခြင်း၊
၆။ များစွာသော ဆင်းရဲတရား တို့၏ ရှေ့သွားဖြစ်ခြင်း။ (ဒီ၊၃၊၁၄၈။) (ဒီ၊မြန်၊၃။၁၆၅-၁၆၆။)♦
အခိုက်အတန့် ၃ မျိုး
အဝတ္ထာ ၃ မျိုးနှင့် တူသည်။ ♦
အဂတိ ၄ ပါး
၁။ ချစ်သဖြင့် မလားအပ်သည်သို့ လားခြင်း (ဆန္ဒာဂတိ)၊
၂။ မုန်းသဖြင့် မလားအပ် သည်သို့ လားခြင်း (ဒေါသာဂတိ)၊
၃။ တွေဝေသဖြင့် မလားအပ်သည်သို့ လားခြင်း (မောဟာဂတိ)၊
၄။ ကြောက်သဖြင့် မလားအပ်သည်သို့ လားခြင်း။ (ဝိ၊၅၊၂၂၈။) (ဒီ၊၃၊၁၉၁။) (အံ၊၁၊၃၂၅။) (အဘိ၊ဝိ၊၃၉၀။) (အံ၊ဋ္ဌ၊၂၊၄၇။) (နေတ္တိ၊ဋ္ဌ၊၁၀၇။) (ဝိ၊မြန်၊၅။၃၁၇။) (ဒီ၊မြန်၊၃။၂၁၃။) (အံ၊မြန်၊၁။၃၄၁။) (အဘိ၊ဝိ၊မြန်၊၂။၄၉၂။)♦
အဂတိ မလိုက်ကြောင်းဝတ္ထု ၁၈ ပါး
၁။ တရား မဟုတ်သည်ကို တရား မဟုတ်ဟု ပြခြင်း၊
၂။ တရား ဟုတ်သည်ကို တရား ဟုတ်၏ဟု ပြခြင်း၊
၃။ ဝိနည်း မဟုတ်သည်ကို ဝိနည်း မဟုတ်ဟု ပြခြင်း၊
၄။ ဝိနည်း ဟုတ်သည်ကို ဝိနည်း ဟုတ်၏ဟု ပြခြင်း၊
၅။ ဘုရားဟော မဟုတ်သည်ကို ဘုရားဟော မဟုတ်ဟု ပြခြင်း၊
၆။ ဘုရားဟော ဟုတ်သည်ကို ဘုရားဟော ဟုတ်၏ဟု ပြခြင်း၊
၇။ ဘုရားရှင် မလေ့ကျက်အပ်သည်ကို ဘုရားရှင်သည် မလေ့ကျက် အပ်ဟု ပြခြင်း၊
၈။ ဘုရားရှင် လေ့ကျက်အပ်သည်ကို ဘုရားရှင်သည် လေ့ကျက်အပ်၏ဟု ပြခြင်း၊
၉။ ဘုရားရှင် မပညတ်အပ်သည်ကို ဘုရားရှင်သည် မပညတ်အပ်ဟု ပြခြင်း၊
၁၀။ ဘုရားရှင် ပညတ်အပ်သည်ကို ဘုရားရှင်သည် ပညတ်အပ်၏ဟု ပြခြင်း၊
၁၁။ အာပတ် မသင့်သည်ကို အာပတ်မသင့်ဟု ပြခြင်း၊
၁၂။ အာပတ်သင့်သည်ကို အာပတ်သင့်၏ဟု ပြခြင်း၊
၁၃။ ပေါ့သော အာပတ်ကို ပေါ့သော အာပတ်ဟု ပြခြင်း၊
၁၄။ လေးသော အာပတ်ကို လေးသော အာပတ်ဟု ပြခြင်း၊
၁၅။ ရုန့်ရင်းသော အာပတ်ကို ရုန့်ရင်းသော အာပတ်ဟု ပြခြင်း၊
၁၆။ မရုန့်ရင်းသော အာပတ်ကို မရုန့်ရင်းသော အာပတ်ဟု ပြခြင်း၊
၁၇။ အကြွင်း ရှိသော အာပတ်ကို အကြွင်းရှိသော အာပတ်ဟု ပြခြင်း၊
၁၈။ အကြွင်းမရှိသော အာပတ်ကို အကြွင်းမရှိသော အာပတ်ဟုပြခြင်း။ (ဝိ၊၅၊၂၉၅။) (ဝိ၊မြန်၊၅။၃၈၉။)♦
အဂတိ မလိုက်ခြင်း ၄ ပါး
၁။ ချစ်သဖြင့် မလားအပ်သည်သို့ မလားခြင်း၊
၂။ မုန်းသဖြင့် မလားအပ် သည်သို့ မလားခြင်း၊
၃။ တွေဝေသဖြင့် မလားအပ်သည်သို့ မလားခြင်း၊
၄။ ကြောက်သဖြင့် မလားအပ်သည်သို့ မလားခြင်း။ (ဝိ၊၅၊၂၂၈။) (ဝိ၊မြန်၊၅။၃၁၇။)♦
အဂတိ လိုက်ကြောင်းဝတ္ထု ၁၈ ပါး
၁။ တရား မဟုတ်သည်ကို တရား ဟုတ်သည်ဟု ပြ၏၊
၂။ တရား ဟုတ်သည်ကို တရား မဟုတ်ဟု ပြ၏၊
၃။ ဝိနည်း မဟုတ်သည်ကို ဝိနည်း ဟုတ်သည်ဟု ပြ၏၊
၄။ ဝိနည်း ဟုတ်သည်ကို ဝိနည်း မဟုတ်ဟု ပြ၏၊
၅။ ဘုရား မဟောအပ် သည်ကို ဘုရား မဟောဟု ပြ၏၊
၆။ ဘုရား ဟောအပ်သည်ကို ဘုရားဟောဟု ပြ၏၊
၇။ ဘုရား မလေ့ကျက်အပ်သည်ကို ဘုရား လေ့ကျက်အပ်၏ဟု ပြ၏၊
၈။ ဘုရား လေ့ကျက်အပ်သည်ကို ဘုရား မလေ့ကျက်အပ်ဟု ပြ၏၊
၉။ ဘုရား မပညတ်အပ်သည်ကို ဘုရား ပညတ်အပ်၏ဟု ပြ၏၊
၁၀။ ဘုရား ပညတ်အပ်သည်ကို ဘုရား မပညတ်အပ်ဟု ပြ၏၊
၁၁။ အာပတ် မသင့်သည်ကို အာပတ် သင့်၏ဟု ပြ၏၊
၁၂။ အာပတ် သင့်သည်ကို အာပတ် မသင့်ဟု ပြ၏၊
၁၃။ ပေါ့သော အာပတ်ကို လေးသော အာပတ်ဟု ပြ၏၊
၁၄။ လေးသော အာပတ်ကို ပေါ့သော အာပတ်ဟု ပြ၏၊
၁၅။ အကြွင်းရှိသော အာပတ်ကို အကြွင်း မရှိသော အာပတ်ဟု ပြ၏၊
၁၆။ အကြွင်း မရှိသော အာပတ်ကို အကြွင်းရှိသော အာပတ်ဟု ပြ၏၊
၁၇။ ကြမ်းတမ်းသော အာပတ်ကို မကြမ်းတမ်းသော အာပတ်ဟု ပြ၏၊
၁၈။ မကြမ်းတမ်းသော အာပတ်ကို ကြမ်းတမ်းသော အာပတ်ဟု ပြ၏၊ (မှတ်ချက်) ဒေါသာဂတိ မောဟာဂတိ၊ ဘယာဂတိသို့ လိုက်ကြောင်းဝတ္ထု (၁၈) ပါးတို့ကိုလည်း အထက်ပါ (၁၈) ပါးနှင့် အတူတူပင် မှတ်လေ။ (ဝိ၊၅၊၂၉၂။) (ဝိ၊မြန်၊၅။၃၈၇။)♦
အဂမနီယဌာန ၁၂ မျိုး
မိန်းမ ၁၂ မျိုးနှင့် တူသည်။ ♦
အဂမနီယဌာန ၂၀
မိန်းမ ၂ဝနှင့် တူသည်။ ♦
အဂါရဝ တရား ၆ ပါး
၁။ မြတ်စွာဘုရား၌ မရိုသေ မလေးစားခြင်း၊
၂။ တရားတော်၌ မရိုသေ မလေးစားခြင်း၊
၃။ သံဃာတော်၌ မရိုသေ မလေးစားခြင်း၊
၄။ သိက္ခာသုံးပါး၌ မရိုသေ မလေးစားခြင်း၊
၅။ အပ္ပမာဒတရား၌ မရိုသေ မလေးစားခြင်း၊
၆။ အာမိသပဋိသန္ထာရ, ဓမ္မပဋိသန္ထာရ၌ မရိုသေ မလေးစားခြင်း။ (ဝိမတိ၊၂၊၂၉၀။)♦
အဂေါစရ ၆ ဌာန
ရဟန်းတို့ မကြွသင့်သော ဌာန ၆ ဌာနနှင့် တူသည်။ ♦
အဂေါစရ ၆ ဌာန (ရဟန်းတော်များ မလှည့်လည် မကျက်စားကောင်းသော အရပ် ၆ မျိုး)
၁။ ပြည့်တန်ဆာမအိမ်၊
၂။ မုဆိုးမအိမ်၊
၃။ အပျိုကြီးအိမ်၊
၄။ ပဏ္ဍုက်အိမ်၊
၅။ ဘိက္ခုနီမ အိမ်၊
၆။ သေတင်းကုတ်(အရက်ဆိုင်)။ (ခုဒ္ဒက၊ဋ္ဌ၊၂၀၂။) (မူလဋီ၊၁၊၉၇။)♦
အဂေါစရ ၇ ဌာန
မကျက်စားအပ်သော အရပ် ၇ မျိုးနှင့် တူသည်။ ♦
အဂ္ဂပသာဒ ၄ မျိုး
၁။ သတ္တဝါအားလုံးတို့တွင် မြတ်စွာဘုရားသည် အမြတ်ဆုံး ကြည်ညိုဖွယ် ဖြစ်သည်၊
၂။ သင်္ခတတရားတို့တွင် အင်္ဂါရှစ်ပါးရှိသော အရိယာမဂ်သည် အမြတ်ဆုံး ကြည်ညိုဖွယ် ဖြစ်သည်၊
၃။ သင်္ခတ, အသင်္ခတတရားတို့တွင် ရာဂကင်းရာ ဖြစ်သော နိဗ္ဗာန်သည် အမြတ်ဆုံး ကြည်ညိုဖွယ် ဖြစ်သည်၊
၄။ သံဃာအပေါင်း, ဂိုဏ်းအပေါင်းတို့တွင် မြတ်စွာဘုရား၏ တပည့် သံဃာတော်များသည် အမြတ်ဆုံး ကြည်ညိုဖွယ် ဖြစ်သည်။ (အံ၊၁၊၃၄၃။) (အံ၊မြန်၊၁။၃၅၈။)♦
အဂ္ဂပသာဒတရား ၃ ပါး
၁။ သဗ္ဗညုဘုရားရှင်၌ ကြည်ညိုခြင်း၊
၂။ မဂ်လေးပါး, ဖိုလ်လေးပါး, နိဗ္ဗာန် ပရိယတ်အားဖြင့် ဆယ်ပါးသော တရားတော်၌ ကြည်ညိုခြင်း၊
၃။ မဂ္ဂဋ္ဌာန်ပုဂ္ဂိုလ် လေးယောက်, ဖလဋ္ဌာန်ပုဂ္ဂိုလ် လေးယောက်ဟု ဆိုအပ်သော ရှစ်ယောက်သော အရိယာသံဃာ၌ ကြည်ညိုခြင်း။ (ခုဒ္ဒက၊၂၅၄။) (ခုဒ္ဒက၊မြန်။၂၃၉။)♦
အဂ္ဂသာဝကဆုတောင်း ပြည့်ကြောင်း အင်္ဂါ ၂ ပါး
၁။ လွန်ကဲသော ကောင်းမှုကုသိုလ်တို့ကို ပြုနိုင် ရခြင်း၊
၂။ အဂ္ဂသာဝက စသည်တို့ကို ဖြစ်လိုသော ဆန္ဒ ပြင်းပြရခြင်း။ (သုတ္တနိ၊ဋ္ဌ၊၁၊၄၆။)♦
အဂ္ဂသာဝိကာမ ၂ ပါး (ဂေါတမဘုရားရှင်၏ အဂ္ဂသာဝိကာမ ၂ ပါး )
၁။ ခေမာထေရီ၊
၂။ ဥပ္ပလဝဏ္ဏာ ထေရီ၊ (ထေရီ၊ဋ္ဌ၊၃၀၃။)♦
အငြင်းပွားကြောင်း ၁၂ ပါး
ငြင်းခုံကြောင်း ၁၂ ပါး၊ ခိုက်ရန်ဖြစ်ကြောင်း ၁၂ ပါးတို့နှင့် တူသည်။ ♦
အငြင်းပွားဖြစ်ခြင်း အကြောင်း ၆ မျိုး
၁။ အမျက်ဒေါသ ကြီးခြင်း, ရန်ငြိုးဖွဲ့တတ်ခြင်း၊
၂။ သူ့ ကျေးဇူးကို ချေဖျက်ခြင်း, ဂုဏ်ပြိုင်တတ်ခြင်း၊
၃။ မနာလို ဝန်တိုလေ့ ရှိခြင်း၊
၄။ ကောက်ကျစ် စဉ်းလဲခြင်း, လှည့်စားတတ်ခြင်း၊
၅။ ယုတ်မာသော အလို ရှိခြင်း, အယူ မှားခြင်း၊
၆။ မိမိအယူကို လွဲမှားစွာ သုံးသပ်၍ စွဲစွဲမြဲမြဲ ယူတတ်ခြင်း စွန့်နိုင်ခဲခြင်း။ (မ၊၃၊၃၃။) (မ၊မြန်၊၃။၃၅။)♦
အင်းပျဉ် ၄ မျိုး
၁။ ထွင်းအပ်သော အခြေရှိသော အင်းပျဉ်၊
၂။ အခြေ၌ ဖွဲ့စပ်အပ်သော အပေါင် ရှိသော အင်းပျဉ်၊
၃။ ပုဇွန်ခြေ, မြင်းခြေသဏ္ဌာန် အခြေရှိသော အင်းပျဉ်၊
၄။ အပေါင်၌ ထွင်း၍ သွင်းအပ်သော အခြေရှိသော အင်းပျဉ်။ (ဝိ၊၂၊၅၉။) (ဝိ၊မြန်၊၂။၆၆၊၂၄၅၊၂၄၇။)♦
အင်းပျဉ် လှူရကျိုး ၅ ပါး
၁။ မြင့်မြတ်သော အမျိုး၌ ဖြစ်ရခြင်း၊
၂။ စည်းစိမ်ဥစ္စာ ပေါများ ကြွယ်ဝသူ ဖြစ်ခြင်း၊
၃။ လူအများတို့၏ မြတ်နိုးပူဇော်မှုကို ခံရခြင်း၊
၄။ ကောင်းသော ကျော်စောမှု ဂုဏ်သတင်း ပျံ့နှံ့ခြင်း၊
၅။ လေးထောင့်ရှိသော ပလ္လင်တို့ကို အမြဲတမ်း ရရှိခြင်း။ (အပ၊၁၊၃၆၆။) (အပ၊မြန်၊၁။၃၇၆။)♦
အင်္ဂဏ ၃ ပါး
၁။ တပ်မက်မှု ရာဂကိလေသာ၊
၂။ ပြစ်မှားမှု ဒေါသကိလေသာ၊
၃။ တွေဝေမှု မောဟ ကိလေသာ။ (အဘိ၊ဝိ၊၃၈၂။) (အဘိ၊ဝိ၊မြန်၊၂။၄၇၉။)♦
အင်္ဂါဇာတ် တောင့်တင်းခိုင်မာခြင်း အကြောင်း ၅ မျိုး
၁။ ရာဂကြောင့် တောင့်တင်းခြင်း၊
၂။ ကျင်ကြီးကြောင့် တောင့်တင်းခြင်း၊
၃။ ကျင်ငယ်ကြောင့် တောင့်တင်းခြင်း၊
၄။ လေကြောင့် တောင့်တင်းခြင်း၊
၅။ သုတ်ပိုး ထိုးခြင်းကြောင့် တောင့်တင်းခြင်း။ (ဝိ၊၁၊၄၇၊၄၈။) (ဝိ၊မြန်၊၁။၅၁၊၅၂။)♦
အင်္ဂုတ္တရနိကာယ်၌ နိပါတ် ၁၁ ပါး
၁။ ဧကကနိပါတ်၊
၂။ ဒုကနိပါတ်၊
၃။ တိကနိပါတ်၊
၄။ စတုက္က နိပါတ်၊
၅။ ပဉ္စကနိပါတ်၊
၆။ ဆက္ကနိပါတ်၊
၇။ သတ္တကနိပါတ်၊
၈။ အဋ္ဌကနိပါတ်၊
၉။ နဝကနိပါတ်၊
၁၀။ ဒသကနိပါတ်၊
၁၁။ ဧကာဒသကနိပါတ်။ (အံ၊ဋ္ဌ၊၁၊၃။)♦
အင်္ဂုလိပတောဒကသိက္ခာပုဒ်၌ အင်္ဂါ ၂ မျိုး
၁။ မြူးတူးပျော်ပါးခြင်း၌ ဖြစ်သော အလိုရှိသူ ဖြစ်ခြင်း၊
၂။ ရဟန်း၏ ကိုယ်ဖြင့် ကိုယ်ကို သုံးသပ်ခြင်း။ (သာရတ္ထ၊ဋီ၊၃၊၇၉။) (ဝိမတိ၊၂၊၄၂။)♦
အစ အလယ် အဆုံး ၂ မျိုး
၁။ သာသနာတော်၌ သီလသည် အစ, သမထ ဝိပဿနာ မဂ်သည် အလယ်, ဖိုလ်နိဗ္ဗာန်သည် အဆုံး၊
၂။ ဒေသနာတော်၌ တစ်ဂါထာ၏ ပထမပါဒသည် အစ, ဒုတိယ တတိယပါဒသည် အလယ်, စတုတ္ထပါဒသည် အဆုံး။ (သံ၊ဋ္ဌ၊၁၊၁၅၈။)♦
အစဉ် ၃ မျိုး
ကမ ၃ မျိုးနှင့် တူသည်။ ♦
အစဉ် ၅ မျိုး
ကမ ၅ မျိုးနှင့် တူသည်။ ♦
အစဉ်အတိုင်း ချုပ်ခြင်း ၉ ပါး
မျက်မှောက်ပြုအပ်သော တရား ၉ ပါး၊ သစ္ဆိကာတဗ္ဗတရား ၉ ပါး အနုပုဗ္ဗနိရောဓ တရား ၉ ပါးတို့နှင့် တူသည်။ ♦
အစဉ်အတိုင်း ချုပ်ခြင်း ၉ ပါး
၁။ ပဌမဈာန်ဝင်စားသော ပုဂ္ဂိုလ်အား ကာမသညာ ချုပ်၏၊
၂။ ဒုတိယဈာန်ဝင်စားသော ပုဂ္ဂိုလ်အား ဝိတက် ဝိစာရ ချုပ်၏၊
၃။ တတိယဈာန်ဝင်စားသော ပုဂ္ဂိုလ်အား နှစ်သိမ့်မှု ပီတိ ချုပ်၏၊
၄။ စတုတ္ထဈာန်ဝင်စားသော ပုဂ္ဂိုလ်အား ထွက်သက် ဝင်သက် ချုပ်၏၊
၅။ အာကာသနဉ္စာယတနဈာန် ဝင်စားသော ပုဂ္ဂိုလ်အား ရုပ်သညာ ချုပ်၏၊
၆။ ဝိညာဏဉ္စာယတနဈာန် ဝင်စားသော ပုဂ္ဂိုလ်အား အာကာသာနဉ္စာယတနသညာ ချုပ်၏၊
၇။ အာကိဉ္စာညာယတနဈာန် ဝင်စားသော ပုဂ္ဂိုလ်အား ဝိညာဏဉ္စာယတနသညာ ချုပ်၏၊
၈။ နေဝသညာနာသညာယတနဈာန် ဝင်စားသော ပုဂ္ဂိုလ်အား အာကိဉ္စာညာယတနသညာ ချုပ်၏၊
၉။ နိရောဓသမာပတ် ဝင်စားသော ပုဂ္ဂိုလ်အား သညာ ဝေဒနာ ချုပ်၏။ (ဒီ၊၃၊၂၂၁။) (ဒီ၊၃၊၂၅၅။) (အံ၊၃၊၂၀၈။) (ပဋိသံ၊ဋ္ဌ၊၁၊၁၂၈။) (ဒီ၊မြန်၊၃။၂၄၄။) (ဒီ၊မြန်၊၃။၂၄၄။) (ဒီ၊မြန်၊၃။၂၇၈။) (အံ၊မြန်၊၃။၂၀၉။) (ဒီ၊၃၊၂၂၀။)♦
အစဉ်အတိုင်း ဝင်စားသော တရား ၉ ပါး
၁။ ပထမဈာန်ကို ဝင်စားခြင်း၊
၂။ ဒုတိယဈာန်ကို ဝင်စားခြင်း၊
၃။ တတိယဈာန်ကို ဝင်စားခြင်း၊
၄။ စတုတ္ထဈာန်ကို ဝင်စားခြင်း၊
၅။ အာကာသာ နဉ္စာယတနဈာန်ကို ဝင်စားခြင်း၊
၆။ ဝိညာဏဉ္စာယတနဈာန်ကို ဝင်စားခြင်း၊
၇။ အာကိဉ္စညာ ယတနဈာန်ကို ဝင်စားခြင်း၊
၈။ နေဝသညာနာသညာယတနဈာန်ကို ဝင်စားခြင်း၊
၉။ နိရောဓ သမာပတ်ကို ဝင်စားခြင်း။ (ဒီ၊၃၊၂၂၀။) (အံ၊၃၊၂၀၉။) (အံ၊၃၊၂၁၃။) (အံ၊၃၊မြန်၊၂၁၃။) (ဒီ၊မြန်၊၃။၂၄၃-၂၄၄။) (အံ၊မြန်၊၃။၂၀၉။)♦
အစဉ်အတိုင်း ဝင်စားအပ်သော သမာပတ် ၉ ပါး
ထူးသော ဉာဏ်ဖြင့် သိအပ်သော တရား ၉ ပါး၊ အဘိညေယျတရား ၉ ပါး နှင့် အနုပုဗ္ဗဝိဟာရ တရား ၉ ပါး တူသည်။ ♦
အစဉ်အတိုင်း ဝင်စားအပ်သော သမာပတ် ၉ ပါး
၁။ ပထမဈာန်၊
၂။ ဒုတိယဈာန်၊
၃။ တတိယ ဈာန်၊
၄။ စတုတ္ထဈာန်၊
၅။ ပဉ္စမဈာန်၊
၆။ အာကာသာနဉ္စာယတနဈာန်၊
၇။ ဝိညာဏဉ္စာ ယတနဈာန်၊
၈။ အာကိဉ္စညာယတနဈာန်၊
၉။ နေဝသညာနာသညာယတနဈာန်။ (ဒီ၊၃၊၂၂၀။) (ဒီ၊၃၊၂၅၄။) (ပေဋကော၊၂၅၉။) (ပဋိသံ၊ဋ္ဌ၊၁၊၇၁။) (ဒီ၊မြန်၊၃။၂၄၃-၂၄၄။) (ဒီ၊မြန်၊၃။၂၇၈။)♦
အစဉ်အတိုင်း ဟောကြားတော်မူသော တရားစကား ၄ မျိုး
အနုပုဗ္ဗီကထာ ၄ မျိုးနှင့် တူသည်။ ♦
အစည်းအဝေး ၃ မျိုး (ဘုရားရှင်လက်ထက် ပရိသတ်များသော အစည်းအဝေး ၃ မျိုး)
၁။ ယမိုက် ပြာဋိဟာ တန်ခိုးပြတော်မူရာဖြစ်သော အစည်းအဝေး၊
၂။ တာဝတိံသာနတ်ပြည်မှ သင်္ကဿ နဂိုရ်ပြည်သို့ ကြွတော်မူသော အခါ၌ ဖြစ်သော အစည်းအဝေး၊
၃။ ဂင်္ဂါမြစ်သို့ ကြွတော် မူသော အခါ၌ ဖြစ်သော အစည်းအဝေး။ (ဓမ္မ၊ဋ္ဌ၊၂၊၂၇၇။)♦
အစပ် ၃ ပါး
၁။ အတိတ်အကြောင်းနှင့် ပစ္စုပ္ပန်အကျိုးတို့၏ အကြား၌ ကြောင်းကျိုးတစ်စပ်၊
၂။ ပစ္စုပ္ပန်အကျိုးနှင့် အနာဂတ်အကြောင်းတို့၏ အကြား၌ အကျိုးအကြောင်းတစ်စပ်၊
၃။ ပစ္စုပ္ပန်အကြောင်းနှင့် အနာဂတ်အကျိုးတို့၏ အကြား၌ အကြောင်းအကျိုးတစ်စပ်။ (ပဋိသံ၊ဋ္ဌ၊၁၊၂၂၅။) (ဝိသုဒ္ဓိ၊၂၊၂၁၄။)♦
အစလစေတိယဌာန ၄ ဌာန
၁။ မဟာဗောဓိပလ္လင် တည်ရာ ဌာန၊
၂။ ဣသိပတန မိဂဒါဝုန်တော၌ ဓမ္မစကြာတရားတော်ကို ဟောကြားရာ ဌာန၊
၃။ သင်္ကဿနဂိုရ်ပြည်၌ နတ်ပြည်မှ သက်တော် မူသော အခါ၌ လှေခါးစောင်းတန်း၏ တည်ရာ ဌာန၊
၄။ ဇေတဝန်ကျောင်း ဂန္ဓကုဋီ၌ ညောင်စောင်းခြေတို့၏ တည်ရာ ဌာန။ (မ၊ဋ္ဌ၊၂၊၇၂။)♦
အစွန်း ၃ ပါး (အသား ငါးတို့၌ စင်ကြယ်စေရမည့် အစွန်း ၃ ပါး)
၁။ မိမိအတွက် ရည်ညွှန်း သတ်ဖြတ်မှုကို မမြင်ခြင်း၊
၂။ မိမိအတွက် ရည်ညွှန်းသတ်ဖြတ်မှုကို မကြားခြင်း၊
၃။ မိမိအတွက် ရည်ညွှန်း၍ သတ်ဖြတ်သည်ဟု ယုံမှားသံသယ မရှိခြင်း။ (ဝိ၊၃၊၃၃၅။) (ဝိ၊မြန်၊၃။၃၃၈။) (ဝိ၊ဋ္ဌ၊၂၊၁၈၉။)♦
အစွန်းရောက်သော တရား ၂ ပါး
၁။ ယုတ်ညံ့၍ ရွာသူတို့၏ အကျင့်ဖြစ်သော ကိလေသာ ကာမနှင့် ယှဉ်စပ်သော ချမ်းသာကို ခံစားခြင်း, အစဉ်လိုက်ခြင်း၊
၂။ မိမိ၏ ကိုယ်စိတ် နှစ်ပါးလုံး ဆင်းရဲ ခြင်းကို ဖြစ်စေလျက် အကျိုးစီးပွားနှင့် မစပ်ယှဉ်ဘဲ ခန္ဓာကိုယ် ပင်ပန်းမှုကို အားထုတ်ခြင်း။ (ဝိ၊၃၊၁၄။) (ဝိ၊မြန်၊၃။၁၅။)♦
အစွမ်းသတ္တိနှင့် ယှဉ်ခြင်း ၃ မျိုး
၁။ ဥဿာဟသတ္တိယောဂ- အားထုတ်မှု အစွမ်းသတ္တိနှင့် ယှဉ်ခြင်း၊
၂။ ပဘုသတ္တိယောဂ- အရှင်သခင်၏ အစွမ်းသတ္တိနှင့် ယှဉ်ခြင်း၊
၃။ မန္တသတ္တိယောဂ- အတိုင်အပင် ဉာဏ်ပညာ၏ အစွမ်းသတ္တိနှင့် ယှဉ်ခြင်း။ (သုတ္တနိ၊ဋ္ဌ၊၂၊၁၇၁။)♦
အစားကြီးသော ပုဏ္ဏား ၅ ယောက်
၁။ အာဟရဟတ္ထကပုဏ္ဏား-အစားအစာများကို အလွန် စားသောက်ထားသဖြင့် မိမိကိုယ်တိုင် မထနိုင်သောကြောင့် ‘‘လက်ကို ဆွဲ၍ ထူပါဦး’’ဟု ပြောဆိုရသော ပုဏ္ဏား၊
၂။ အလံသာဋကပုဏ္ဏား- အလွန် စားသောက်ထားသဖြင့် ဗိုက်ပူ နေသောကြောင့် မိမိပုဆိုးကိုပင် မဝတ်နိုင်သော ပုဏ္ဏား၊
၃။ တတြဝဋ္ဋကပုဏ္ဏား- အလွန်အကျွံ စားသောက်ပြီး မထနိုင်သဖြင့် ထိုစားသောက်ရာ နေရာ၌ပင် ပြန်၍ လဲကျသော ပုဏ္ဏား၊
၄။ ကာကမာသကပုဏ္ဏား- ခံတွင်းမှ အစာများကို ကျီးနှိုက်စား၍ ရလောက်အောင် အစား ကြူးသော ပုဏ္ဏား၊
၅။ ဘုတ္တဝမိတကပုဏ္ဏား- အလွန်အကျွံ စားထားသဖြင့် ဝမ်းဗိုက်မဆန့် သောကြောင့် တစ်ဖန် ပြန်အန်ထွက်သည် အထိ အစားကြူးသော ပုဏ္ဏား။ (အဘိ၊ဋ္ဌ၊၁၊၄၃၂။) (ဝိသုဒ္ဓိ၊ဋီ၊၁၊၅၉။)♦
အစိတ္တကသိက္ခာပုဒ် ၁၃ ပုဒ်
၁။ ဘိက္ခုဝိဘင်း၌ သုရာပါနသိက္ခာပုဒ်၊
၂။ ဘိက္ခုဝိဘင်း၌ ဥယျုတ္တ သိက္ခာပုဒ်၊
၃။ ဘိက္ခုဝိဘင်း၌ ဥယျောဓိကသိက္ခာပုဒ်၊
၄။ ဘိက္ခုနီဝိဘင်း၌ ဂိရဂ္ဂသမဇ္ဇ သိက္ခာပုဒ်၊
၅။ ဘိက္ခုနီဝိဘင်း၌ စိတ္တာဂါရသိက္ခာပုဒ်၊
၆။ ဘိက္ခုနီဝိဘင်း၌ သင်္ဃာဏိ သိက္ခာပုဒ်၊
၇။ ဘိက္ခုနီဝိဘင်း၌ ဣတ္ထာလင်္ကာရသိက္ခာပုဒ်၊
၈။ ဘိက္ခုနီဝိဘင်း၌ ဂန္ဓကဝဏ္ဏက သိက္ခာပုဒ်၊
၉။ ဘိက္ခုနီဝိဘင်း၌ ဝါသိတကပိညာကသိက္ခာပုဒ်၊
၁၀။ ဘိက္ခုနီဝိဘင်း၌ ဘိက္ခုနီဥမ္မဒ္ဒန ပရိမဒ္ဒနသိက္ခာပုဒ်၊
၁၁။ ဘိက္ခုနီဝိဘင်း၌ သာမဏေရီ ဥမ္မဒ္ဒနပရိမဒ္ဒန သိက္ခာပုဒ်၊
၁၂။ ဘိက္ခုနီ ဝိဘင်း၌ သိက္ခမာန ပရိမဒ္ဒနသိက္ခာပုဒ်၊
၁၃။ ဘိက္ခုနီဝိဘင်း၌ ဂီဟိနီ ပရိမဒ္ဒနသိက္ခာပုဒ်။ (သာရတ္ထ၊ဋီ၊၂၊၄၁။)♦
အစိတ်အပိုင်း ၁၀ မျိုး
၁။ ခန္ဓပဒေသ- ခန္ဓာ၏ အစိတ်၊
၂။ အာယတနပဒေသ- အာယတန၏ အစိတ်၊
၃။ ဓာတုပဒေသ- ဓာတ်၏ အစိတ်၊
၄။ သစ္စပဒေသ- သစ္စာ၏ အစိတ်၊
၅။ ဣန္ဒြိယ ပဒေသ- ဣန္ဒြေ၏ အစိတ်၊
၆။ ပစ္စယာကာရပဒေသ- ပဋိစ္စသမုပ္ပါဒ်၏ အစိတ်၊
၇။ သတိပဋ္ဌာနပဒေသ- သတိပဋ္ဌာန်၏ အစိတ်၊
၈။ ဈာနပဒေသ- ဈာန်၏ အစိတ်၊
၉။ နာမပဒေသ- နာမ်၏ အစိတ်၊
၁၀။ ဓမ္မပဒေသ- ကုသလ အစ အရဏ အဆုံးရှိသော တရား၏ အစိတ်။ (အဘိ၊ဋ္ဌ၊၁၊၃၁။)♦
အစု ၃ ပါး
၁။ မကောင်းကျိုး ပေးခြင်း၌ မြဲသော အစု၊
၂။ ကောင်းကျိုး ပေးခြင်း၌ မြဲသော အစု၊
၃။ နှစ်မျိုးလုံး၌ မမြဲသော အစု။ (ဒီ၊၃၊၁၈၂။) (ဒီ၊မြန်၊၃။၂၀၁။)♦
အစုလိုက် အပုံလိုက် သေကြေ ပျက်စီးရကြောင်း ၃ ပါး
၁။ အဓမ္မရာဂဖြင့် တပ်မက်ခြင်း၊
၂။ ဝိသမလောဘဖြင့် လွှမ်းမိုးခြင်း၊
၃။ မိစ္ဆာဓမ္မဖြင့် နှိပ်စက်ခြင်း။ (အံ၊၁၊၁၆၀။) (အံ၊မြန်၊၁။၁၇၉။)♦
အစေလကသိက္ခာပုဒ်၌ အင်္ဂါ ၃ မျိုး
၁။ သာသနာတော်မှ တစ်ပါးသော တိတ္ထိအယူရှိသူ ဖြစ်ခြင်း၊
၂။ စားမျိုဖွယ်ရာ ခဲဖွယ်ဘောဇဉ် ဖြစ်ခြင်း၊
၃။ စားမျိုခြင်းအကျိုးငှာ မိမိလက်ဖြင့် ချမထားသော ခွက်၌ ပေးခြင်း။ (သာရတ္ထ၊ဋီ၊၃၊၇၆။) (ဝိမတိ၊၂၊၃၉။)♦
အစ္စေကစီဝရသိက္ခာပုဒ်၌ အင်္ဂါ ၄ မျိုး
၁။ ဝိကပ္ပနာလောက်သော နောက်ဆုံးဖြစ်သော ပမာဏ ရှိသော အဆောတလျင် ဖြစ်စေအပ်သော သင်္ကန်းသည် မိမိသင်္ကန်း ဖြစ်ခြင်း၊
၂။ ဆယ်ရက် လိုသေးသော သီတင်းကျွတ်လပြည့်နေ့၌ ဖြစ်ပေါ်ခြင်း၊
၃။ အဓိဋ္ဌာန်, ဝိကပ္ပနာ မပြုရ သေးသည် ဖြစ်ခြင်း၊
၄။ သင်္ကန်းကာလကို လွန်ခြင်း။ (သာရတ္ထ၊ဋီ၊၂၊၄၄၅။) (ဝိမတိ၊၁၊၃၆၁။)♦
အစ္ဆရိယ ၂ မျိုး
အံ့ဩခြင်း ၂ မျိုးနှင့် တူသည်။ ♦
အဆင်း ၂ မျိုး
၁။ မမှီဝဲထိုက်သော အဆင်းစသည်၊
၂။ မှီဝဲထိုက်သော အဆင်းစသည်။ (မ၊၃၊၁၀၃။) (မ၊မြန်၊၃။၁၀၇။)♦
အဆင်တန်ဆာ ၂ မျိုး
၁။ အဂါရိက ဝိဘူသာ- ခေါင်းပေါင်းခြင်း ပန်းပန်ခြင်း စသော လူတို့၏ အဆင်တန်ဆာ၊
၂။ အနဂါရိက ဝိဘူသာ- သပိတ်, သင်္ကန်း စသည်ကို တန်ဆာဆင်ခြင်း တည်းဟူသော ရဟန်းတို့၏ အဆင်တန်ဆာ။ (အပ၊ဋ္ဌ၊၁၊၂၀၈။)♦
အဆင်းလှကြောင်း ၄ ပါး
၁။ ဆွမ်းစသော အာမိသကို ပေးလှူခြင်း၊
၂။ အဝတ်ပုဆိုးကို ပေးလှူခြင်း၊
၃။ တံမြက်လှည်းခြင်း၊
၄။ အမျက်မထွက်ခြင်း။ (ဒီ၊ဋ္ဌ၊၃၊၁၁၆။)♦
အဆင့်အတန်း ၂ မျိုး
၁။ အသက်ရှစ်ဆယ် ကိုးဆယ် တစ်ရာပင် ဖြစ်သော်လည်း ကာမဂုဏ်တို့ကို ခံစားသုံးဆောင်လျက် ကာမဂုဏ်တို့ဖြင့် လောင်မြိုက်ခံရပြီး ကာမဂုဏ်တို့ကို ရှာမှီးရန် အားထုတ်နေသော လူငယ်အဆင့်အတန်း ဒဟရဘူမိ၊
၂။ အသက်ဆယ့်ရှစ်နှစ် နုပျိုသော အရွယ်ပင် ဖြစ်သော်လည်း ကာမဂုဏ်တို့ကို မခံစား မသုံးဆောင်ဘဲ ကာမဂုဏ်တို့ဖြင့် အလောင်မြိုက် မခံမူ၍ ကာမဂုဏ်တို့ကို မကြံစည်, မရှာမှီးသော လူကြီးအဆင့်အတန်း ဝုဒ္ဓဘူမိ။ (အံ၊၁၊၆၈။) (အံ၊မြန်၊၁။၈၁။)♦
အဆွေခင်ပွန်း ၄ မျိုး
၁။ ဆွေမျိုးဟူသော အဆွေခင်ပွန်း၊
၂။ အမျိုးအနွယ်ဟူသော အဆွေခင်ပွန်း၊
၃။ မိတ်ဆွေဟူသော အဆွေခင်ပွန်း၊
၄။ အတတ်ဟူသော အဆွေခင်ပွန်း။ (သုတ္တနိ၊ဋ္ဌ၊၁၊၁၀၁။)♦
အဆွေခင်ပွန်း ၄ မျိုး (တစ်နည်း)
၁။ သားတော်စပ်သော အဆွေခင်ပွန်း၊
၂။ အတတ်ပညာနှင့် စပ်သော အဆွေခင်ပွန်း၊
၃။ အမျိုးအနွယ်တော်စပ်သော အဆွေခင်ပွန်း၊
၄။ ဆွေမျိုး တော်စပ်သော အဆွေခင်ပွန်း။ (ဇာ၊ဋ္ဌ၊၂၊၂၈၆။)♦
အဆွေခင်ပွန်းကောင်း မဟုတ်သူ ၄ ဦး
၁။ မိမိဥစ္စာကိုသာ ဆောင်ယူတတ်သူ၊
၂။ နှုတ်သာ အတိုင်းအရှည်ရှိသူ၊
၃။ ချစ်ဖွယ်စကားကိုသာ ပြောတတ်သူ၊
၄။ စည်းစိမ်ဥစ္စာ ပျက်စီးကြောင်း တို့၌သာ အပေါင်းအဖော်ဖြစ်သူ။ (ဇာ၊ဋ္ဌ၊၂၊၃၅၀။)♦
အဆွေခင်ပွန်းဖွဲ့ခြင်း ၄ မျိုး
၁။ ဉာတိဗန္ဓဝါ- ဆွေမျိုးအားဖြင့် အဆွေခင်ပွန်းဖွဲ့ခြင်း၊
၂။ ဂေါတ္တ ဗန္ဓဝါ- မျိုးနွယ်အားဖြင့် အဆွေခင်ပွန်းဖွဲ့ခြင်း၊
၃။ မိတ္တဗန္ဓဝါ- မိတ်ဆွေအပေါင်းအသင်း ပြုလုပ်သောအားဖြင့် အဆွေခင်ပွန်းဖွဲ့ခြင်း၊
၄။ သိပ္ပဗန္ဓဝါ- အတတ်ပညာအားဖြင့် အဆွေ ခင်ပွန်းဖွဲ့ခြင်း။ (စူဠနိ၊၂၈၁။)♦
အဆိပ်ဖြေဆေး အင်္ဂါ ၂ ပါး
၁။ အဆိပ်ဖြေဆေး၌ ပိုးလောက်တို့ မတည်နိုင်ခြင်း (ထို့အတူ ယောဂီပုဂ္ဂိုလ်သည် စိတ်၌ ကိလေသာတို့ကို မတည်စေခြင်း)၊
၂။ အဆိပ်ဖြေဆေးသည် ကိုက်အပ် ခဲအပ် တွေ့ထိအပ် စားသောက်အပ် လျက်အပ်သော အလုံးစုံသော အဆိပ်ကို ပယ်ဖျောက် နိုင်ခြင်း (ထို့အတူ ယောဂီပုဂ္ဂိုလ်သည် ရာဂမှု ဒေါသမှု မောဟမှု မာနမှု ဒိဋ္ဌိမှု တည်းဟူသော အလုံးစုံသော အဆိပ်ကို ပယ်ဖျောက်နိုင်ခြင်း)။ (မိလိန္ဒ၊၄၀၃။) (မိလိန္ဒ၊မြန်။ ၄၂၅။)♦
အဆီ ၅ မျိုး (အပ်သော အဆီ)
၁။ ဝံဆီ၊
၂။ ငါးဆီ၊
၃။ မိကျောင်းဆီ၊
၄။ ဝက်ဆီ၊
၅။ မြည်းဆီ။ (ဝိ၊ဋ္ဌ၊၂၊၂၉၂။)♦
အဇ္ဈတ္တ ၄ မျိုး
၁။ မိမိကိုယ်ကို စွဲ၍ ဖြစ်သော အာရုံ- ဂေါစရဇ္ဈတ္တ၊
၂။ မိမိသန္တာန်၌ ဖြစ်သော မိမိ ဥစ္စာဟု စွဲယူကြောင်းဖြစ်သော ရုပ်နာမ်အစု- နိယကဇ္ဈတ္တ၊
၃။ မိမိသန္တာန်၌ ဖြစ်သော အတွင်း ကျသော တရား, အဇ္ဈတ္တိကာယတန ၆ ပါး, အဇ္ဈတ္တဇ္ဈတ္တ၊
၄။ အစိုးရသော ပိုင်နိုင်သော တရား ဟူသော အဇ္ဈတ္တ, မိမိသန္တာန်၌ ဖြစ်သော အစိုးရပိုင်နိုင်သော တရား- ဝိသယဇ္ဈတ္တ။ (ဣတိဝုတ်၊ဋ္ဌ၊၃၂၈။) (ပဋိသံ၊ဋ္ဌ၊၁၊၃၁။)♦
အဇ္ဈတ္တတဏှာဝိစရိတ ၁၈ ပါး
အတွင်းသန္တာန်ကို စွဲ၍ ဖြစ်သော တဏှာ ၁၈ ပါးနှင့် တူသည်။ ♦
အဇ္ဈတ္တဗဟိဒ္ဓတရားကို စွန့်လိုသော ရဟန်း၏ စွန့်ရပုံ ၄ မျိုး
၁။ မိမိ၏ ရဟန်း အရိယာဇာတ် တည်းဟူသော သီလ၌ တည်ရခြင်း၊
၂။ ဒုက္ခကို ဖြစ်စေတတ်သော မိမိအတ္တဘောကို စက်ဆုပ်ခြင်း၊
၃။ မိတ်ဆွေကောင်းကို မှီရခြင်း၊
၄။ အတိုင်းထက်အလွန် ပြင်းပြင်းထန်ထန် လုံ့လ အားအစွမ်းကို ပြုရခြင်း။ (သုတ္တနိ၊ဋ္ဌ၊၁၊၁၃။)♦
အဇ္ဈတ္တဝိညာဏ ၆ ပါး
၁။ ထိုထိုသတ္တဝါတို့အား မိမိတို့၏ အတွင်းသန္တာန်၌ သီးခြားဖြစ်သော စက္ခုဝိညာဏ်၊
၂။ ထိုထိုသတ္တဝါတို့အား မိမိတို့၏ အတွင်းသန္တာန်၌ သီးခြားဖြစ်သော သောတ ဝိညာဏ်၊
၃။ ထိုထိုသတ္တဝါတို့အား မိမိတို့၏ အတွင်းသန္တာန်၌ သီးခြားဖြစ်သော ဃာနဝိညာဏ်၊
၄။ ထိုထိုသတ္တဝါတို့အား မိမိတို့၏ အတွင်းသန္တာန်၌ သီးခြားဖြစ်သော ဇိဝှါဝိညာဏ်၊
၅။ ထိုထိုသတ္တဝါတို့အား မိမိတို့၏ အတွင်းသန္တာန်၌ သီးခြားဖြစ်သော ကာယဝိညာဏ်၊
၆။ ထိုထိုသတ္တဝါတို့အား မိမိတို့၏ အတွင်းသန္တာန်၌ သီးခြားဖြစ်သော မနောဝိညာဏ်။ (အဘိ၊ဝိ၊၁၁။) (အဘိ၊ဝိ၊မြန်၊၁။၂၂။)♦
အဇ္ဈတ္တသင်္ခါရ ၆ ပါး
၁။ ထိုထိုသတ္တဝါတို့အား မိမိတို့၏ အတွင်းသန္တာန်၌ သီးခြားဖြစ်သော စက္ခုသမ္ဖဿဇာ စေတနာ၊
၂။ ထိုထိုသတ္တဝါတို့အား မိမိတို့၏ အတွင်းသန္တာန်၌ သီးခြားဖြစ်သော သောတာသမ္ဖဿဇာ စေတနာ၊
၃။ ထိုထိုသတ္တဝါတို့အား မိမိတို့၏ အတွင်းသန္တာန်၌ သီးခြား ဖြစ်သော ဃာနသမ္ဖဿဇာ စေတနာ၊
၄။ ထိုထိုသတ္တဝါတို့အား မိမိတို့၏ အတွင်းသန္တာန်၌ သီးခြားဖြစ်သော ဇိဝှါသမ္ဖဿဇာ စေတနာ၊
၅။ ထိုထိုသတ္တဝါတို့အား မိမိတို့၏ အတွင်း သန္တာန်၌ သီးခြားဖြစ်သော ကာယသမ္ဖဿဇာ စေတနာ၊
၆။ ထိုထို သတ္တဝါတို့အား မိမိတို့၏ အတွင်းသန္တာန်၌ သီးခြားဖြစ်သော မနောသမ္ဖဿဇာ စေတနာ။ (အဘိ၊ဝိ၊၈။) (အဘိ၊ဝိ၊မြန်၊၁။၁၇။)♦
အဇ္ဈတ္တသညာ ၆ ပါး
၁။ ထိုထိုသတ္တဝါတို့အား မိမိတို့၏ အတွင်းသန္တာန်၌ ဖြစ်သော စက္ခု သမ္ဖဿဇာ သညာ၊
၂။ ထိုထိုသတ္တဝါတို့အား မိမိတို့၏ အတွင်းသန္တာန်၌ ဖြစ်သော သောတသမ္ဖဿဇာ သညာ၊
၃။ ထိုထိုသတ္တဝါတို့အား မိမိတို့၏ အတွင်းသန္တာန်၌ ဖြစ်သော ဃာနသမ္ဖဿဇာ သညာ၊
၄။ ထိုထိုသတ္တဝါတို့အား မိမိတို့၏ အတွင်းသန္တာန်၌ ဖြစ်သော ဇိဝှါသမ္ဖဿဇာ သညာ၊
၅။ ထိုထိုသတ္တဝါတို့အား မိမိတို့၏ အတွင်းသန္တာန်၌ ဖြစ်သော ကာယသမ္ဖဿဇာ သညာ၊
၆။ ထိုထိုသတ္တဝါတို့အား မိမိတို့၏ အတွင်းသန္တာန်၌ ဖြစ်သော မနောသမ္ဖဿဇာ သညာ။ (အဘိ၊ဝိ၊၆။) (အဘိ၊ဝိ၊မြန်၊၁။၁၁။)♦
အဇ္ဈတ္တသန္တာန်၌ အကျိုးမဲ့ကို ဖြစ်စေတတ်သော တရား ၃ ပါး
၁။ လောဘ၊
၂။ ဒေါသ၊
၃။ မောဟ။ (စူဠနိ၊၂၅၂။)♦
အဇ္ဈတ္တိကာယတန ၆ ပါး
အတွင်းအာယတန ၆ ပါး၊ ပိုင်းခြား၍သိအပ်သော တရား ၆ ပါး၊ ပရိညေယျ တရား ၆ ပါးတို့နှင့် တူသည်။ ♦
အဇ္ဈတ္တိကာယတန ဗာဟိရာယတန ၆ ပါးစီ
အတွင်းအာယတန, အပြင်အာယတန ၆ မျိုးစီနှင့် တူသည်။ ♦
အဇ္ဈတ္တိန္ဒြေ ၆ ပါး
၁။ စက္ခုန္ဒြေ၊
၂။ သောတိန္ဒြေ၊
၃။ ဃာနိန္ဒြေ၊
၄။ ဇိဝှိန္ဒြေ၊
၅။ ကာယိန္ဒြေ၊
၆။ မနိန္ဒြေ။ (သံ၊၃၊၁၈၀။) (သံ၊မြန်၊၃။၁၈၆၊၁၈၈။) (သံ၊မြန်၊၃။၁၈၆၊၁၈၈။) (သံ၊၃၊၁၈၄။)♦
အဇ္ဈာသယ ၄ မျိုး
အာသယ ၄ မျိုးနှင့် တူသည်။ ♦
အဇ္ဈာသယ ၆ ပါး
၁။ ကာမဂုဏ်မှ ထွက်မြောက်လိုသော ဆန္ဒ- နေက္ခမ္မအဇ္ဈာသယ၊
၂။ ကိလေသာ တို့မှ ကင်းလိုသောဆန္ဒ- ပဝိဝေကအဇ္ဈာသယ၊
၃။ မတပ်မက် မတွယ်တာ လိုသော ဆန္ဒ- အလောဘအဇ္ဈာသယ၊
၄။ အမျက်မထွက်လိုသော ဆန္ဒ-အဒေါသအဇ္ဈာသယ၊
၅။ မတွေဝေ လိုသော ဆန္ဒ- အမောဟအဇ္ဈာသယ၊
၆။ ဝဋ်မှ ထွက်မြောက်ရာ နိဗ္ဗာန်ကို အလိုရှိသော ဆန္ဒ- နိဿရဏအဇ္ဈာသယ။ (ဒီ၊ဋီ၊၁၊၇၃။) (သီ၊ဋီ၊သစ်၊၁၊၉၉။)♦
အညစ်အကြေး ၂ မျိုး
၁။ ခန္ဓာကိုယ်၏ အညစ်အကြေး၊
၂။ ကိလေသာတည်းဟူသော စိတ်၏ အညစ်အကြေး။ (ဣတိဝုတ်၊ဋ္ဌ၊၂၆၁။)♦
အညစ်အကြေး ၃ မျိုး
၁။ ရာဂ အညစ်အကြေး၊
၂။ ဒေါသ အညစ်အကြေး၊
၃။ မောဟ အညစ်အကြေး။ (ဒီ၊၃၊၂၅၄။) (ဒီ၊မြန်၊၃။၂၇၈။) (ဒီ၊၃၊၂၂၀။) (ဒီ၊မြန်၊၃။၂၄၃-၂၄၄။) (ပဋိသံ၊ဋ္ဌ၊၁၊၇၁။) (ပေဋကော၊၂၅၉။)♦
အညစ်အကြေး ၅ မျိူး
၁။ တိမ်တိုက်၊
၂။ ဆီးနှင်း၊
၃။ အခိုးအငွေ့၊
၄။ မြူမှုန်၊
၅။ ရာဟု။ (ဒီ၊ဋ္ဌ၊၁၊၁၂၉။) (ဒီ၊ဋ္ဌ၊မြန်၊၁။၂၄၉။)♦
အညစ်အကြေး ၈ မျိုး
၁။ သရဇ္ဈာယ်မှုမရှိခြင်းသည် အတတ်ပညာ၏ အညစ်အကြေး၊
၂။ ထကြွလုံ့လမရှိခြင်းသည် အိမ်၏ အညစ်အကြေး၊
၃။ ပျင်းရိခြင်းသည် ကိုယ်အဆင်း၏ အညစ်အကြေး၊
၄။ မေ့လျော့ခြင်းသည် ဥစ္စာကို စောင့်ရှောက်သူ၏ အညစ်အကြေး၊
၅။ မကောင်းသော အကျင့်သည် မိန်းမ၏ အညစ်အကြေး၊
၆။ ဝန်တိုမှုသည် ပေးလှူသော သူ၏ အညစ်အကြေး၊
၇။ အကုသိုလ်တရားတို့သည် ယခုလောက တမလွန်လောကတို့၏ အညစ်အကြေး၊
၈။ အဝိဇ္ဇာသည် အညစ်အကြေးအားလုံးတို့ထက် ထူးသော အညစ်အကြေး၊ လွန်ကဲသော အညစ်အကြေး။ (အံ၊၃၊၃၇။) (အံ၊မြန်၊၃။၃၇။)♦
အညဝါဒကသိက္ခာပုဒ်၌ အင်္ဂါ ၃ မျိုး
၁။ ဓမ္မကံဖြင့် အညဝါဒကပုဂ္ဂိုလ်၏ အဖြစ်သို့ တင်ထားခြင်း၊
၂။ အာပတ်ဖြင့်လည်းကောင်း၊ဝတ္ထုဖြင့်လည်းကောင်း၊ စစ်ဆေးမေးမြန်းထားခြင်း၊
၃။ အာပတ်,ဝတ္ထုကို ဖုံးထားလိုသဖြင့် အခြားသော စကားဖြင့် အခြားသော စကားကို ဖုံးကွယ်ခြင်း လည်းကောင်း၊ ဆိတ်ဆိတ်နေခြင်းလည်းကောင်း။ (သာရတ္ထ၊ဋီ၊၃၊၂၄။) (ဝိမတိ၊၂၊၁၃။)♦
အညာတကဝိညတ္တိသိက္ခာပုဒ်၌ အင်္ဂါ ၄ မျိုး
၁။ ဝိကပ္ပနာ လုံလောက်သော သင်္ကန်း ဖြစ်ခြင်း၊
၂။ အခါသမယ မဟုတ်ခြင်း၊
၃။ ဆွေမျိုးမတော်သူထံမှ တောင်းယူခြင်း၊
၄။ ထိုဆွေမျိုး မတော်သူထံမှ တောင်းခြင်းကြောင့် ရရှိခြင်း။ (သာရတ္ထ၊ဋီ၊၂၊၄၀၃။) (ဝိမတိ၊၁၊၃၂၅။)♦
အဋ္ဌက စသော ရသေ့တို့၏ တပည့်ပုဏ္ဏား ၅ ယောက်
၁။ ဗြဟ္မာနှင့်တူသော ပုဏ္ဏား၊
၂။ နတ်နှင့် တူသော ပုဏ္ဏား၊
၃။ စည်းကမ်းရှိသော ပုဏ္ဏား၊
၄။ စည်းကမ်းပျက်သော ပုဏ္ဏား၊
၅။ ဒွန်း စဏ္ဍားနှင့် တူသော ပုဏ္ဏား။ (အံ၊၂၊၁၉၇။) (အံ၊၂၊၂၀၂။) (အံ၊မြန်၊၂။၂၅၀။) (အံ၊မြန်၊၂။၂၅၀။)♦
အဋ္ဌကထာ ဖွင့်ဆိုနည်း ၆ မျိုး
၁။ သမ္ဗန္ဓ- ဒေသနာတော်၏ အဆက်အစပ် အနုသန္ဓေအားဖြင့် ဖွင့်ဆိုခြင်း၊
၂။ ပဒ- ဧဝံ တစ်ပုဒ် မေ တစ်ပုဒ် စသည်ဖြင့် ဖွင့်ပြခြင်း၊
၃။ ပဒဝိဘာဂ- ဧဝံသည် နိပါတ်ပုဒ်, မေသည် နာမ်ပုဒ် စသည်ဖြင့် ပုဒ်တို့ကို ဝေဖန်ခွဲခြားသောအားဖြင့် လည်းကောင်း၊ ပဒဝိဂ္ဂဟကိုလည်းကောင်း ဖွင့်ပြခြင်း၊
၄။ ပဒတ္ထ- ပုဒ်တို့၏အနက်ကို ပြသော အားဖြင့် ဖွင့်ဆိုခြင်း၊
၅။ အနုယောဂ- ယုံမှားသံသယရှိလောက်သော နေရာတို့၌ မေးမြန်း၍ စောဒနာသောအားဖြင့် ဖွင့်ပြခြင်း၊
၆။ ပရိဟာရ- အမေးကို ဖြေသောအားဖြင့် ဖွင့်ပြခြင်း။ (ဒီ၊ဋီ၊၁၊၃၄။)♦
အဋ္ဌကထာလာ ဝိနည်းဓိုရ်ပုဂ္ဂိုလ် ရအပ်သော အကျိုး ၆ မျိုး
၁။ ဥပုသ်ကံ အားလုံးကို ဆောင်နိုင်ခြင်း၊
၂။ ပဝါရဏာကံ အားလုံးကို ဆောင်နိုင်ခြင်း၊
၃။ ကြွင်းသော သံဃာ့ကံ များကို ဆောင်နိုင်ခြင်း၊
၄။ ဥပဇ္ဈာယ်ဆရာပြုလုပ်၍ ရှင်သာမဏေငယ် ပြုပေးနိုင်ခြင်း၊
၅။ ဥပဇ္ဈာယ်ဆရာပြုလုပ်၍ ရဟန်းခံပေးနိုင်ခြင်း၊
၆။ နိဿယည်းပေး၍ သာမဏေကို ပြုစုနိုင်ခြင်း။ (ဝိ၊ဋ္ဌ၊၃၊၁၄၄။)♦
အဋ္ဌကမြို့သား ဒသမသူကြွယ်အား အရှင်အာနန္ဒာ ဟောကြားခဲ့သော တစ်ခုသော တရား (ဧကဓမ္မ) ၁၁ မျိုး
၁။ ပဌမဈာန်တရား၊
၂။ ဒုတိယဈာန်တရား၊
၃။ တတိယဈာန်တရား၊
၄။ စတုတ္ထဈာန် တရား၊
၅။ မေတ္တာဈာန်တရား၊
၆။ ကရုဏာဈာန်တရား၊
၇။ မုဒိတာဈာန် တရား၊
၈။ ဥပေက္ခာ ဈာန်တရား၊
၉။ အာကာသာနဉ္စာယတနဈာန်တရား၊
၁၀။ ဝိညာဏဉ္စာယတန ဈာန်တရား၊
၁၁။ အာကိဉ္စညာယတနဈာန်တရား။ (မ၊၂၊၁၃၊၁၅။) (မ၊မြန်၊၂။၁၅၊၁၆၊၁၇။)♦
အတတ် ၃ မျိုး (မြတ်သော အတတ် ၃ မျိုး)
၁။ စာရေးအတတ်၊
၂။ လက်ဆစ်ချိုး၍ ရေတွက်သော အတတ်၊
၃။ ကိုးခုအဆုံးရှိသော အပေါင်းကို ရေတွက်ခြင်း အတတ်၊ ဂဏန်းသင်္ချာအတတ်။ (ဒီ၊ဋ္ဌ၊၃၊၁၁၂။)♦
အတတ် ၄ မျိုး (ယုတ်နိမ့်သော အတတ် ၄ မျိုး)
၁။ ကျူထရံသည် အတတ်၊
၂။ အိုးထိန်းသည် အတတ်၊
၃။ ရက်ကန်းသည် အတတ်၊
၄။ ဆေတ္တာသည် အတတ်။ (ဒီ၊ဋ္ဌ၊၁၊၁၁၂။)♦
အတတ်ပညာ ၂ မျိုး
၁။ အဂါရိကသိပ္ပ- ကျောက်သွေး, ရွှေပန်းထိမ် အစရှိသော လူဝတ်ကြောင် တို့၏ အတတ်၊
၂။ အနဂါရိကသိပ္ပ- သင်္ကန်းချုပ်ခြင်း အစရှိသော ရဟန်းတို့၏ အတတ်။ (ခုဒ္ဒက၊ဋ္ဌ၊၁၁၃။) (သုတ္တနိ၊ဋ္ဌ၊၂၊၁၉။)♦
အတတ်ပညာ ၂ မျိုး (တစ်နည်း)
၁။ ကျူထရံ အတတ်အစရှိသော ယုတ်နိမ့်သော အတတ် ပညာ၊
၂။ လက်ဆစ်ချိုး၍ ရေတွက်သော ဂဏန်းသင်္ချာအတတ် အစရှိသော မြတ်သော အတတ်ပညာ။ (ဝိ၊၂၊၉။) (ဒီ၊ဋ္ဌ၊၃၊၁၁၂။) (အဘိ၊ဋ္ဌ၊၂၊၃၉၃။) (ဒီ၊ဋီ၊၃၊၂၀၉။) (ဝိ၊မြန်၊၂။၁၁။)♦
အတတ်ပညာ တစ်ခု တတ်မြောက်အောင် ပြည့်စုံရမည့် အင်္ဂါ ၅ မျိုး
၁။ ယုံကြည်ချက် ရှိရခြင်း၊
၂။ ရောဂါကင်းကွာ ကျန်းမာရခြင်း၊
၃။ ကောက်ကျစ် စဉ်းလဲခြင်း လှည့်ပတ်ခြင်းမှ ကင်းရှင်း၍ ရိုးသား ဖြောင့်မတ်ရခြင်း၊
၄။ ပျင်းရိမှု ကင်း၍ လုံ့လဝီရိယနှင့် ပြည့်စုံခြင်း၊
၅။ ပညာဉာဏ် ထက်မြက်ရခြင်း။ (မ၊၂၊၂၉၈။) (မ၊မြန်၊၂။၃၀၄။)♦
အတွင်းရန်သူကြီး ၃ မျိုး
၁။ အလိုရမ္မက်ကြီးခြင်း (လောဘ)၊
၂။ အမျက်ကြီးခြင်း (ဒေါသ)၊
၃။ တွေဝေမိုက်မဲခြင်း (မောဟ) ။ (မဟာနိ၊၁၂။) (မဟာနိ၊၂၈၂။) (မဟာနိ၊၃၇၄။) (စူဠနိ၊၂၅၁။)♦
အတွင်းသန္တာန်ကို စွဲ၍ ဖြစ်သော တဏှာ ၁၈ ပါး
၁။ ငါဖြစ်သည်ဟု တဏှာဖြစ်ခြင်း၊
၂။ ဤအပြားအားဖြင့် ငါဖြစ်သည်ဟု တဏှာဖြစ်ခြင်း၊
၃။ ဤသို့ ငါဖြစ်သည်ဟု တဏှာ ဖြစ်ခြင်း၊
၄။ တစ်ပါးသော အခြင်းအရာအားဖြင့် ငါဖြစ်သည်ဟု တဏှာဖြစ်ခြင်း၊
၅။ ငါ ဖြစ်လိမ့်မည်ဟု တဏှာဖြစ်ခြင်း၊
၆။ ဤအပြားအားဖြင့် ငါဖြစ်လိမ့်မည်ဟု တဏှာ ဖြစ်ခြင်း၊
၇။ ဤသို့ငါဖြစ်လိမ့်မည်ဟု တဏှာဖြစ်ခြင်း၊
၈။ တစ်ပါးသော အခြင်းအရာ အားဖြင့် ငါဖြစ်လိမ့်မည်ဟု တဏှာဖြစ်ခြင်း၊
၉။ အမြဲဖြစ်သည်ဟု တဏှာဖြစ်ခြင်း၊
၁၀။ အမြဲ မဖြစ်ဟု တဏှာဖြစ်ခြင်း၊
၁၁။ ဖြစ်ရာသည်ဟု တဏှာဖြစ်ခြင်း၊
၁၂။ ဤအပြားအားဖြင့် ဖြစ်ရာသည်ဟု တဏှာဖြစ်ခြင်း၊
၁၃။ ဤသို့ ဖြစ်ရာသည်ဟု တဏှာဖြစ်ခြင်း၊
၁၄။ တစ်ပါးသော အခြင်းအရာအားဖြင့် ဖြစ်ရာသည်ဟု တဏှာဖြစ်ခြင်း၊
၁၅။ စင်စစ် ငါ ဖြစ်ရာသည်ဟု တဏှာ ဖြစ်ခြင်း၊
၁၆။ စင်စစ် ဤအပြားအားဖြင့် ငါဖြစ်ရာသည်ဟု တဏှာ ဖြစ်ခြင်း၊
၁၇။ စင်စစ် ငါ ဤသို့ဖြစ်ရာသည်ဟု တဏှာဖြစ်ခြင်း၊
၁၈။ စင်စစ် ငါ တစ်ပါးသော အခြင်းအရာ အားဖြင့် ဖြစ်ရာသည်ဟု တဏှာဖြစ်ခြင်း။ (အဘိ၊ဝိ၊၄၀၆။) (အဘိ၊ဝိ၊မြန်၊၂။၅၁၄။)♦
အတွင်းအသုံးအဆောင် ၅ မျိုး
၁။ အဆင်း၊
၂။ အသံ၊
၃။ အနံ့၊
၄။ အရသာ၊
၅။ အတွေ့အထိ။ (သာရတ္ထ၊ဋီ၊၂၊၇။)♦
အတွင်းအာယတန ၆ ပါး
၁။ မျက်စိအကြည်ဓာတ်- စက္ခာယတန၊
၂။ နားအကြည်ဓာတ်-သောတာယတန၊
၃။ နှာခေါင်းအကြည်ဓာတ်- ဃာနာယတန၊
၄။ လျှာအကြည်ဓာတ်-ဇိဝှါယတန၊
၅။ ကိုယ်အကြည်ဓာတ်- ကာယာယတန၊
၆။ စိတ်- မနာယတန။ (ဒီ၊၃၊၂၀၂။) (ဒီ၊၃၊၂၃၇။) (သံ၊၁၊၂၄၅။) (ဒီ၊ဋ္ဌ၊၂၊၃၇၄။) (မ၊ဋ္ဌ၊၁၊၂၉၁။) (ပဋိသံ၊ဋ္ဌ၊၁၊၁၀၃။) (ခုဒ္ဒက၊ဋ္ဌ၊၆၉။) (စူဠနိ၊ဋ္ဌ၊၈၀။) (သာရတ္ထ၊ဋီ၊၁၊၂၄၃။) (ဒီ၊မြန်၊၃။၂၂၅။) (ဒီ၊မြန်၊၃။၂၆၀။) (သံ၊မြန်၊၁။၂၃၀။) (ဒီ၊ဋ္ဌ၊မြန်၊၂။၆၉၂။) (ဒီ၊ဋ္ဌ၊မြန်၊၂။၆၉၂။)♦
အတွင်းအာယတန, အပြင်အာယတန ၆ မျိုးစီ
၁။ မျက်စိအကြည် စက္ခုပသာဒ၊ အဆင်း ရူပါရုံ၊
၂။ နားအကြည် သောတပသာဒ၊ အသံ သဒ္ဒါရုံ၊
၃။ နှာခေါင်းအကြည် ဃာနပသာဒ၊ အနံ့ ဂန္ဓာရုံ၊
၄။ လျှာအကြည် ဇိဝှါပသာဒ၊ အရသာ ရသာရုံ၊
၅။ ကိုယ်အကြည် ကာယ ပသာဒ၊ အတွေ့ ဖောဋ္ဌဗ္ဗာရုံ၊
၆။ အသိ မနောဝိညာဏ်၊ သဘောတရား ဓမ္မာရုံ။ (မ၊၃၊၁၀၈။) (မ၊မြန်၊၃။၁၁၂။) (ဒီ၊၃၊၈၄။) (ဒီ၊မြန်၊၃၊၉၀။)♦
အတွေ့အထိ၌ သာယာခြင်း ၂ မျိုး
၁။ အဇ္ဈတ္တိက- အတွင်း၌ ဖြစ်သော အတွေ့အထိ၊
၂။ ဗာဟိရ- အပြင်ပ၌ ဖြစ်သော အတွေ့အထိ။ (ဝိ၊ဋ္ဌ၊၂၊၁၁၅။)♦
အတိတ် အနာဂတ် ပစ္စုပ္ပန် ရုပ် ၂ မျိုး
၁။ သုတ္တန်ဒေသနာနည်းအားဖြင့် အတိတ်, အနာဂတ်, ပစ္စုပ္ပန်ရုပ်၊
၂။ အဘိဓမ္မနိဒ္ဒေသအားဖြင့် အတိတ်, အနာဂတ်, ပစ္စုပ္ပန်ရုပ်။ (အဘိ၊ဋ္ဌ၊၂၊၇။)♦
အတိတ် အနာဂတ် ပစ္စုပ္ပန် ရုပ် ၄ မျိုး
၁။ ဘဝဟူသော အဓွန့်အားဖြင့် အတိတ် အနာဂတ် ပစ္စုပ္ပန်ရုပ်၊
၂။ ဘဝဟူသော အစဉ်၊
၃။ ဘဝဟူသော အခါ၊
၄။ ဘဝဟူသော ခဏ။ (အဘိ၊ဋ္ဌ၊၂၊၇။)♦
အတိတ်ကာလကို မှီသော ပစ္စည်း ၅ ပစ္စည်း
၁။ အနန္တရပစ္စည်း၊
၂။ သမနန္တရပစ္စည်း၊
၃။ အာသေဝနပစ္စည်း၊
၄။ နတ္ထိပစ္စည်း၊
၅။ ဝိဂတပစ္စည်း။ (အဘိ၊ဋ္ဌ၊၃၊၃၅၃။)♦
အတိတ်ကာလကို အကြောင်းပြု၍ ဖြစ်သော ယုံမှားခြင်း ၅ မျိုး
၁။ အတိတ်ကာလ၌ ငါသည် ဖြစ်ခဲ့ပြီသလော၊
၂။ အတိတ်ကာလ၌ ငါသည် မဖြစ်ခဲ့လေသလော၊
၃။ အတိတ်ကာလ၌ ငါသည် အဘယ်ကြောင့် ဖြစ်ခဲ့သနည်း၊
၄။ အတိတ်ကာလ၌ ငါသည် ဘယ်ပုံ ဘယ်နည်းဖြင့် ဖြစ်ခဲ့လေသနည်း၊
၅။ အတိတ်ကာလ၌ ငါသည် အဘယ်သို့ဖြစ်၍ အဘယ်သို့ ဖြစ်ခဲ့ လေသနည်း။ (စူဠနိ၊ဋ္ဌ၊၉၄။)♦
အတိရိက်ဝိနည်း ကံ ၅ ပါး
၁။ အပ်သော သစ်သီး စသည်ကို အတိရိက်ပြုခြင်း၊
၂။ အကပ်ခံ အပ်သောဝတ္ထုကို အတိရိက်ပြုခြင်း၊
၃။ မြှောက်ချီ ကြွနိုင်သောဝတ္ထုကို အတိရိက်ပြုခြင်း၊
၄။ ဟတ္ထပါသ်အတွင်း၌ အတိရိက်ပြုခြင်း၊
၅။ ဤအလုံးစုံကို တော်ပြီ, တန်ပြီဟု ဆိုခြင်း။ (ဝိ၊၅၊၃၂၅။) (ဝိ၊မြန်၊၅။၄၂၆။)♦
အတိုင်းအရှည်ကို သိခြင်း ၂ မျိုး
၁။ သုံးဆောင်ရာ ကာလအားဖြင့် လည်းကောင်း၊
၂။ အလှူခံယူရာ ကာလအားဖြင့်လည်းကောင်း အတိုင်းအရှည်ကို သိရ၏။ (မဟာနိ၊၃၉၇။)♦
အတီတာနာဂတသမန္နာဂတကထာ၌ ပညတ်ခြင်း ၂ မျိုး
၁။ ပြည့်စုံသည်၏ အဖြစ်ကို ပညတ်ခြင်း၊
၂။ ရခြင်းကို ပညတ်ခြင်း။ (အဘိ၊ဋ္ဌ၊၃၊၂၁၈။)♦
အတုမရှိသော အရာ ၄ မျိုး
၁။ မြေကြီးနှင့် တူသော ကျယ်ပြန့်သော အရာသည် မရှိ၊
၂။ ချောက် ကမ်းပါးနှင့် တူသော နိမ့်သော အရာသည် မရှိ၊
၃။ မြင့်မိုရ်တောင်နှင့် တူသော မြင့်သော အရာသည် မရှိ၊
၄။ စကြဝတေးမင်းနှင့် တူသော ယောကျ်ား၏ အဖြစ်သည် မရှိ။ (နေတ္တိ၊ဋ္ဌ၊၁၄၈။)♦
အတုရိတဒေသစာရီ ၂ မျိုး
၁။ သစ္စာလေးပါးကို သိထိုက်သော တစ်ယောက်တည်းသော သတ္တဝါ၏ အကျိုးငှာသာ ကြွတော်မူသော ဒေသစာရီသည် နိဗဒ္ဓဒေသစာရီ မည်၏၊
၂။ ရွာ, နိဂုံး, မြို့အစဉ်၏ အစွမ်းဖြင့် ကြွတော်မူသော ဒေသစာရီသည် အနိဗဒ္ဓဒေသစာရီ မည်၏။ (မ၊ဋ္ဌ၊၂၊၅၈။)♦
အတူတကွ ဆွေးနွေးအပ်သော ရဟန်း၏ အင်္ဂါ ၅ ပါး
၁။ အသေက္ခဖြစ်သော သီလ ဂုဏ် ကျေးဇူးနှင့် ပြည့်စုံခြင်း၊
၂။ အသေက္ခဖြစ်သော သမာဓိ ဂုဏ်ကျေးဇူးနှင့် ပြည့်စုံခြင်း၊
၃။ အသေက္ခဖြစ်သော ပညာ ဂုဏ်ကျေးဇူးနှင့် ပြည့်စုံခြင်း၊
၄။ အသေက္ခဖြစ်သော အရဟတ္တ ဖိုလ် ဝိမုတ္တိ ဂုဏ်ကျေးဇူးနှင့် ပြည့်စုံခြင်း၊
၅။ အသေက္ခဖြစ်သော အရဟတ္တဖိုလ် ပစ္စဝေက္ခဏာ ဉာဏ် ဝိမုတ္တိ ဉာဏဒဿန ဂုဏ်နှင့် ပြည့်စုံခြင်း။ (ဝိ၊၅၊၃၄၁။) (ဝိ၊မြန်၊၅။၄၄၆။)♦
အတူတကွ ဆွေးနွေးအပ်သော ရဟန်း၏ အင်္ဂါ ၅ ပါး (တစ်နည်း)
၁။ အဋ္ဌကထာ၌ အထူးကို သိသော ဉာဏ် (အတ္ထပဋိသမ္ဘိဒါ) သို့ ရောက်ခြင်း၊
၂။ ပါဠိတော် (ဓမ္မ) ၌ အထူးကို သိသော ဉာဏ် (ဓမ္မပဋိသမ္ဘိဒါ) သို့ ရောက်ခြင်း၊
၃။ ဝေါဟာရသဒ္ဒါ အထူးကို သိသော ဉာဏ် (နိရုတ္တိပဋိသမ္ဘိဒါ) သို့ ရောက်ခြင်း၊
၄။ အောက် ဉာဏ်သုံးပါး (ပဋိဘာန) ၌ အထူးကို သိသော ဉာဏ် (ပဋိဘာနပဋိသမ္ဘိဒါ) သို့ ရောက်ခြင်း၊
၅။ လွတ်မြောက်တိုင်းသော စိတ်ကို ဆင်ခြင်တတ်ခြင်း။ (ဝိ၊၅၊၃၄၂။) (ဝိ၊မြန်၊၅။၄၄၆။)♦
အတူတကွ မဆွေးနွေးအပ်သော ရဟန်း၏ အင်္ဂါ ၅ ပါး
၁။ အသေက္ခဖြစ်သော သီလ ဂုဏ်ကျေးဇူးနှင့် မပြည့်စုံခြင်း၊
၂။ အသေက္ခဖြစ်သော သမာဓိ ဂုဏ်ကျေးဇူးနှင့် မပြည့်စုံခြင်း၊
၃။ အသေက္ခဖြစ်သော ပညာ ဂုဏ်ကျေးဇူးနှင့် မပြည့်စုံခြင်း၊
၄။ အသေက္ခဖြစ်သော အရဟတ္တဖိုလ် (ဝိမုတ္တိ) ဂုဏ်ကျေးဇူးနှင့် မပြည့်စုံခြင်း၊
၅။ အသေက္ခဖြစ်သော အရဟတ္တဖိုလ် ပစ္စဝေက္ခဏာဉာဏ် (ဝိမုတ္တိဉာဏဒဿန) ဂုဏ်ကျေးဇူးနှင့် မပြည့်စုံခြင်း။ (ဝိ၊၅၊၃၄၁။) (ဝိ၊မြန်၊၅။၄၄၅။)♦
အတူတကွ မဆွေးနွေးအပ်သော ရဟန်း၏ အင်္ဂါ ၅ ပါး (တစ်နည်း)
၁။ အဋ္ဌကထာ၌ အထူးကို သိသော ဉာဏ် (အတ္ထပဋိသမ္ဘိဒါ) သို့ မရောက်ခြင်း၊
၂။ ပါဠိတော် (ဓမ္မ) ၌ အထူးအခြားကို သိသော ဉာဏ် (ဓမ္မပဋိသမ္ဘိဒါ) သို့ မရောက်ခြင်း၊
၃။ ဝေါဟာရသဒ္ဒါအထူးကို သိသော ဉာဏ် (နိရုတ္တိပဋိသမ္ဘိဒါ) သို့ မရောက်ခြင်း၊
၄။ အောက် ဉာဏ်သုံးပါး (ပဋိဘာန) ၌ အထူးကို သိသော ဉာဏ် (ပဋိဘာန ပဋိသမ္ဘိဒါ) သို့ မရောက်ခြင်း၊
၅။ လွန်မြောက်တိုင်းသော စိတ်ကို မဆင်ခြင်တတ်ခြင်း၊ (မှတ်ချက်) အတူ ဆွေးနွေးအပ်သော ရဟန်း၏ အင်္ဂါ (၅) ပါးကို အထက်က (၅) ပါးနှင့် အပြန်အားဖြင့် သိအပ်၏။ (ဝိ၊၅၊၃၄၂။) (ဝိ၊မြန်၊၅။၄၄၆။)♦
အတူတကွ သုံးဆောင်ခြင်း ၂ မျိုး
၁။ ပစ္စည်းကို အတူတကွ သုံးဆောင်ခြင်း အာမိသသမ္ဘောဂ၊
၂။ တရားကို အတူတကွ သုံးဆောင်ခြင်း ဓမ္မသမ္ဘောဂ။ (အံ၊၁၊၉၁။) (အံ၊မြန်၊၁။၁၀၆။)♦
အတူနေခြင်း ၄ မျိုး
၁။ သူသေသည် သူသေနှင့် အတူ နေခြင်း၊
၂။ သူသေသည် နတ်သမီးနှင့် အတူ နေခြင်း၊
၃။ သူသေသည် နတ်သမီးနှင့် အတူ နေခြင်း၊
၄။ နတ်သမီးသည် နတ်သမီးနှင့် အတူ နေခြင်း။ (အံ၊ ၁။၃၆၈။) (အံ၊ ၁။၃၇၀။) (အံ၊မြန်၊ ၁။၃၈၂။) (အံ၊မြန်၊ ၁။၃၈၂။)♦
အတူနေတပည့်အား နှင်ထုတ်ကြောင်း အင်္ဂါ ၅ ပါး
၁။ ဥပဇ္ဈာယ်ဆရာ၌ လွန်ကဲသော ချစ်မြတ်နိုးမှု မရှိခြင်း၊
၂။ ဥပဇ္ဈာယ်ဆရာ၌ လွန်ကဲသော ကြည်ညိုမှု မရှိခြင်း၊
၃။ ဥပဇ္ဈာယ် ဆရာ၌ လွန်ကဲသော ရှက်မှု မရှိခြင်း၊
၄။ ဥပဇ္ဈာယ်ဆရာ၌ လွန်ကဲသော ရိုသေမှု မရှိခြင်း၊
၅။ ဥပဇ္ဈာယ်ဆရာ၌ လွန်ကဲသော မေတ္တာပွားမှု မရှိခြင်း။ (ဝိ၊၃၊၆၉။) (ဝိ၊၃၊၈၇။) (ဝိ၊မြန်၊၃။၇၂။) (ဝိ၊မြန်၊၃။၇၂။)♦
အတူနေတပည့်အား နှင်မထုတ်ကြောင်း အင်္ဂါ ၅ ပါး
၁။ ဥပဇ္ဈာယ်ဆရာ၌ လွန်ကဲသော ချစ်ခင် မြတ်နိုးမှု ရှိခြင်း၊
၂။ ဥပဇ္ဈာယ်ဆရာ၌ လွန်ကဲသော ကြည်ညိုမှု ရှိခြင်း၊
၃။ ဥပဇ္ဈာယ် ဆရာ၌ လွန်ကဲသော ရှက်မှု ရှိခြင်း၊
၄။ ဥပဇ္ဈာယ်ဆရာ၌ လွန်ကဲသော ရိုသေမှု ရှိခြင်း၊
၅။ ဥပဇ္ဈာယ်ဆရာ၌ လွန်ကဲသော မေတ္တာပွားများမှု ရှိခြင်း။ (ဝိ၊၃၊၆၉။) (ဝိ၊၃၊၈၇။) (ဝိ၊မြန်၊၃။၇၂။) (ဝိ၊မြန်၊၃။၇၂။)♦
အတူသုံးဆောင်ခြင်း၂ မျိုး
၁။ ပစ္စည်းဝတ္ထုများကို အတူတကွ သုံးဆောင်ခြင်းဟု ဆိုအပ်သော အာမိသသမ္ဘောဂ၊
၂။ စာပေကို သင်ခြင်း သင်ယူစေခြင်း စသော ဓမ္မကို အတူတကွ သုံးဆောင် ခြင်းဟု ဆိုအပ်သော ဓမ္မသမ္ဘောဂ။ (ဝိ၊၂၊၁၈၀။) (ဝိ၊၂၊၁၈၄။) (ဝိ၊မြန်၊၂။၂၀၂၊၂၀၇။) (ဝိ၊မြန်၊၂။ ၂၀၂၊၂၀၇။)♦
အတောင်ရှိသော သတ္တဝါ ၃ မျိုး
၁။ လောမပက္ခာ- ကြက်စသော အမွေး ဟူသော အတောင် ရှိသော သတ္တဝါ၊
၂။ စမ္မပက္ခာ- လင်းနို့ စသော အရေဟူသော အတောင်ရှိသော သတ္တဝါ၊
၃။ အဋ္ဌိပက္ခာ- ပိတုံး စသော အရိုးဟူသော အတောင်ရှိသော သတ္တဝါ။ (ဝိ၊ဋ္ဌ၊၁၊၃၁၈။)♦
အတ္တဒိဋ္ဌိ ဖြစ်ကြောင်း တရား ၅ ပါး
၁။ ရုပ်၊
၂။ ဝေဒနာ၊
၃။ သညာ၊
၄။ သင်္ခါရ၊
၅။ ဝိညာဏ်။ (သံ၊၂၊၁၄၅-၁၅၂။) (သံ၊မြန်၊၂။၁၃၆-၁၄၄။)♦
အတ္တဘောကို ရခြင်း ၃ မျိုးတို့ဖြင့် ဘဝ ၃ ပါးတို့ကို ပြပုံ
၁။ ရုန့်ရင်းသော အတ္တဘောကို ရခြင်းဖြင့် အဝီစိငရဲမှ စ၍ ပရနိမ္မိတဝသဝတ္တီ နတ်ပြည်အဆုံးရှိသော ကာမဘဝကို ပြ၏၊
၂။ ဈာန်စိတ်ဖြင့် ပြီးသော အတ္တဘောကို ရခြင်းဖြင့် ပထမဈာန်ဘုံမှ စ၍ အကနိဋ္ဌဗြဟ္မာ့ဘုံ အဆုံးရှိသော ရူပဘဝကို ပြ၏၊
၃။ ရုပ်မရှိသော အတ္တဘောကို ရခြင်းဖြင့် အာကာသာနဉ္စာ ယတနဗြဟ္မာ့ဘုံမှ စ၍ နေဝသညာနာသညာယတနဘုံ အဆုံးရှိသော အရူပဘဝကို ပြ၏။ (ဒီ၊ဋ္ဌ၊၁၊၃၁၃။) (ဒီ၊ဋ္ဌ၊မြန်၊၁။၆၀၇-၆၀၈။)♦
အတ္တဘောကို ရရှိခြင်း ၄ မျိုး
၁။ မိမိ၏ စေတနာဟူသော အကြောင်းကြောင့်သာ အတ္တဘောကို ရ၍ သူတစ်ပါး၏ စေတနာဟူသော အကြောင်းကြောင့် အတ္တဘော မရခြင်း၊
၂။ သူတစ်ပါး၏ စေတနာဟူသော အကြောင်းကြောင့်သာ အတ္တဘောကို ရ၍ မိမိ၏ စေတနာဟူသော အကြောင်းကြောင့် အတ္တဘောကို မရခြင်း၊
၃။ မိမိ၏ စေတနာ သူတစ်ပါး၏ စေတနာ ဟူသော နှစ်ပါးစုံသော အကြောင်းကြောင့် အတ္တဘောကို ရခြင်း၊
၄။ မိမိ၏ စေတနာလည်း မဟုတ်, သူတစ်ပါး၏ စေတနာလည်း မဟုတ်သော အကြောင်းကြောင့် အတ္တဘောကို ရခြင်း။ (အံ၊၁၊၄၇၇။) (အံ၊မြန်၊၁။၄၉၁။)♦
အတ္တဘောရခြင်း ၃ မျိုး
၁။ ကြမ်းတမ်း ထင်ရှားသော အတ္တဘောကို ရခြင်း၊
၂။ ဈာန်စိတ်ဖြင့် ပြီးသော အတ္တဘောကို ရခြင်း၊
၃။ ရုပ်မရှိသော နာမ်အတ္တဘောကို ရခြင်း။ (ဒီ၊၁၊၁၈၀။) (ဒီ၊မြန်၊၁။၂၂၁။)♦
အတ္တဝါဒပဋိသံယုတ္တ ဒိဋ္ဌိဖြင့် နှလုံးသွင်းပုံ ၂၀ မျိုး (ဤလောက၌ ပုထုဇဉ်ပုဂ္ဂိုလ်သည်)
၁။ ရုပ်ကို အတ္တအားဖြင့် ရှုခြင်း၊
၂။ ရုပ်ရှိသော အတ္တကိုလည်း ရှုခြင်း၊
၃။ အတ္တ၌ ရုပ်ကိုလည်း ရှုခြင်း၊
၄။ ရုပ်၌ အတ္တကိုလည်း ရှုခြင်း၊
၅။ ဝေဒနာကို အတ္တအားဖြင့် ရှုခြင်း၊
၆။ ဝေဒနာ ရှိသော အတ္တကို ရှုခြင်း၊
၇။ အတ္တ၌ ဝေဒနာကို ရှုခြင်း၊
၈။ ဝေဒနာ၌ အတ္တကို ရှုခြင်း၊
၉။ သညာကို အတ္တအားဖြင့် ရှုခြင်း၊
၁၀။ သညာရှိသော အတ္တကို ရှုခြင်း၊
၁၁။ အတ္တ၌ သညာကို ရှုခြင်း၊
၁၂။ သညာ၌ အတ္တကို ရှုခြင်း၊
၁၃။ သင်္ခါရတို့ကို အတ္တအားဖြင့် ရှုခြင်း၊
၁၄။ သင်္ခါရရှိသော အတ္တကို ရှုခြင်း၊
၁၅။ အတ္တ၌ သင်္ခါရတို့ကို ရှုခြင်း၊
၁၆။ သင်္ခါရတို့၌ အတ္တကို ရှုခြင်း၊
၁၇။ ဝိညာဏ်ကို အတ္တအားဖြင့် ရှုခြင်း၊
၁၈။ ဝိညာဏ် ရှိသော အတ္တကို ရှုခြင်း၊
၁၉။ အတ္တ၌ ဝိညာဏ်ကို ရှုခြင်း၊
၂၀။ ဝိညာဏ်၌ အတ္တကို ရှုခြင်း။ (ပဋိသံ၊၁၅၆။) (ပဋိသံ၊မြန်။၂၀၀။)♦
အတ္တဟိတ ကျင့်၍ ပရဟိတ မကျင့်သော ပုဂ္ဂိုလ် ၅ မျိုး
၁။ မိမိသည် သီလနှင့် ပြည့်စုံ၍ သူတစ်ပါးကိုမူ သီလနှင့် ပြည့်စုံစေရန် မဆောက်တည်စေခြင်း၊
၂။ မိမိသည် သမာဓိနှင့် ပြည့်စုံ၍ သူတစ်ပါးကိုမူ သမာဓိနှင့် ပြည့်စုံစေရန် မဆောက်တည်စေခြင်း၊
၃။ မိမိသည် ပညာနှင့် ပြည့်စုံ၍ သူတစ်ပါးကိုမူ ပညာနှင့် ပြည့်စုံစေရန် မဆောက်တည်စေခြင်း၊
၄။ မိမိသည် လွတ်မြောက်ခြင်း ဝိမုတ္တနှင့် ပြည့်စုံ၍ သူတစ်ပါးကိုမူ လွတ်မြောက်ခြင်း ဝိမုတ္တနှင့် ပြည့်စုံစေရန် မဆောက်တည်စေခြင်း၊
၅။ မိမိသည် လွတ်မြောက်မှုကို ဆင်ခြင် တတ်သော ‘‘ပစ္စဝေက္ခဏော’’ဉာဏ်အမြင်နှင့် ပြည့်စုံ၍ သူတစ်ပါးကိုမူ လွတ်မြောက်မှုကို ဆင်ခြင်တတ်သော ‘‘ပစ္စဝေက္ခဏာ’’ဉာဏ်အမြင်နှင့် ပြည့်စုံစေရန် မဆောက်တည်စေခြင်း။ (အံ၊၂၊၁၁။) (အံ၊မြန်၊၂။၁၅။)♦
အတ္တဟိတ ပရဟိတ ဆိုင်ရာ ပုဂ္ဂိုလ် ၄ မျိုး
၁။ မိမိအကျိုးစီးပွား သူတစ်ပါးအကျိုးစီးပွား နှစ်မျိုးစလုံးအတွက် မကျင့်သော ပုဂ္ဂိုလ်၊
၂။ သူတစ်ပါးအကျိုးစီးပွား အတွက်သာ ကျင့်၍ မိမိအကျိုးစီးပွားအတွက် မကျင့်သော ပုဂ္ဂိုလ်၊
၃။ မိမိအကျိုးစီးပွားအတွက်သာ ကျင့်၍ သူတစ်ပါးအကျိုးစီးပွားအတွက် မကျင့်သော ပုဂ္ဂိုလ်၊
၄။ မိမိ အကျိုးစီးပွားအတွက်လည်း ကျင့်၊ သူတစ်ပါး အကျိုးစီးပွားအတွက်လည်း ကျင့်သော ပုဂ္ဂိုလ်။ (အံ၊၁၊၄၀၇-၄၀၈။) (အံ၊၁၊၄၁၀၊ ၄၁၁၊၄၁၂။) (အံ၊မြန်၊၁။၄၂၁။) (အံ၊မြန်၊၁။၄၂၁။)♦
အတ္တဟိတ ပရဟိတတို့ကို ကျင့်သော ရဟန်း၏ အင်္ဂါ ၆ ပါး
၁။ ကုသိုလ်တရားတို့၌ လျင်စွာ စုံစမ်း မှတ်သားနိုင်ခြင်း၊
၂။ ကြားနာပြီးသော တရားတို့ကို ဆောင်ထားတတ်သော သဘော ရှိခြင်း၊
၃။ ဆောင်ထားပြီးသော တရားတို့၏ အနက်ကို စူးစမ်းဆင်ခြင်နိုင်ခြင်း၊
၄။ ပါဠိ အနက်ကို သိ၍ တရားအားလျော်သော အကျင့်ကို ကျင့်ခြင်း၊
၅။ ကောင်းသောစကား မြွက်ဆိုသံ ရှိခြင်း၊
၆။ သီတင်းသုံးဖော်တို့အား တရားစကားဖြင့် တရားကျင့်သုံးရန် ထက်သန်ရွှင်လန်း စေခြင်း။(အံ၊၃၊၁၁၈။) (အံ၊၃၊၁၄၅။) (အံ၊မြန်၊၃။၁၁၉၊၁၄၅။) (အံ၊မြန်၊၃။၁၁၉၊ ၁၄၅။) ♦
အတ္တဟိတလည်း ကျင့်, ပရဟိတလည်း ကျင့်သော ပုဂ္ဂိုလ် ၄ မျိုး
၁။ မိမိလည်း သီလနှင့် ပြည့်စုံ၍ သူတစ်ပါးကိုလည်း သီလနှင့် ပြည့်စုံစေရန် ဆောက်တည်စေခြင်း၊
၂။ မိမိလည်း တည်ကြည်မှု သမာဓိနှင့် ပြည့်စုံ၍ သူတစ်ပါးကိုလည်း တည်ကြည်မှု သမာဓိနှင့် ပြည့်စုံစေရန် ဆောက်တည်စေခြင်း၊
၃။ မိမိလည်း ပညာနှင့် ပြည့်စုံ၍ သူတစ်ပါးကိုလည်း ပညာနှင့် ပြည့်စုံစေရန် ဆောက်တည်စေခြင်း၊
၄။ မိမိလည်း လွတ်မြောက်မှု ဝိမုတ္တိနှင့် ပြည့်စုံ၍ သူတစ်ပါးကိုလည်း လွတ်မြောက်မှု ဝိမုတ္တိနှင့် ပြည့်စုံစေရန် ဆောက်တည်စေခြင်း၊
၅။ မိမိလည်း ပစ္စဝေက္ခဏာဉာဏ် အမြင်နှင့် ပြည့်စုံ၍ သူတစ်ပါးကိုလည်း ပစ္စဝေက္ခဏာဉာဏ် အမြင်နှင့် ပြည့်စုံစေရန် ဆောက်တည် စေခြင်း။ (အံ၊၂၊၁၂။) (အံ၊မြန်၊၂။၁၇။)♦
အတ္တဟိတလည်း မကျင့်, ပရဟိတလည်း မကျင့်သော ပုဂ္ဂိုလ် ၅ မျိုး
၁။ မိမိလည်း သီလနှင့် မပြည့်စုံ၊ သူတစ်ပါးကိုလည်း သီလနှင့် ပြည့်စုံစေရန် မဆောက်တည်စေခြင်း၊
၂။ မိမိလည်း သမာဓိနှင့် မပြည့်စုံ၊ သူတစ်ပါးကိုလည်း သမာဓိနှင့် ပြည့်စုံစေရန် မဆောက်တည်စေခြင်း၊
၃။ မိမိလည်း ပညာနှင့် မပြည့်စုံ၊ သူတစ်ပါးကိုလည်း ပညာနှင့် ပြည့်စုံစေရန် မဆောက်တည် စေခြင်း၊
၄။ မိမိလည်း လွတ်မြောက်မှု ဝိမုတ္တိနှင့် မပြည့်စုံ၊ သူတစ်ပါးကိုလည်း လွတ်မြောက်မှု ဝိမုတ္တိနှင့် ပြည့်စုံစေရန် မဆောက်တည်စေခြင်း၊
၅။ မိမိလည်း လွတ်မြောက်မှုကို ဆင်ခြင် တတ်သော ပစ္စဝေက္ခဏာဉာဏ်အမြင်နှင့် မပြည့်စုံ၊ သူတစ်ပါးကိုလည်း လွတ်မြောက်မှုကို ဆင်ခြင်တတ်သော ပစ္စဝေက္ခဏာဉာဏ်အမြင်နှင့် ပြည့်စုံစေရန် မဆောက်တည်စေခြင်း။ (အံ၊၂၊၁၁-၁၂။) (အံ၊မြန်၊၂။၁၆။)♦
အတ္တာဒါနာဓိကရုဏ်း အင်္ဂါ ၅ ပါး
၁။ ငါယူလိုသော ဤအတ္တာဒါနာဓိကရုဏ်းသည် အချိန်အခါ ဟုတ်သလော, မဟုတ်သလောဟု ဆင်ခြင်၍ ယူခြင်းငှာ အချိန်အခါ မဟုတ်ဟု သိမူ မယူရခြင်း၊
၂။ အချိန်အခါ ဟုတ်သော်လည်း- မှန်သလော, မမှန်သလောဟု သေချာစွာ ဆင်ခြင်၍ မဟုတ်၊ မမှန်ဟု သိရမူ မယူရခြင်း၊
၃။ ဟုတ်မှန်သော်လည်း ဤအတ္တာဒါနာဓိ ကရုဏ်းသည် အကျိုးစီးပွားနှင့် စပ်သလော, မစပ်သလောဟု ဆင်ခြင်၍ အကျိုးစီးပွားနှင့် မစပ်ဟု သိမူ မယူရခြင်း၊
၄။ အကျိုးစီးပွားနှင့် စပ်သော်လည်း ဤအတ္တာဒါနာဓိကရုဏ်းကို ငါယူသည်ရှိသော် ဝိနည်းတရားတော်အတိုင်း အဖော်ဖြစ်သော ရင်းနှီး, မရင်းနှီးသော မိတ်ဆွေ အပေါင်းအသင်း ရဟန်းတို့ကို ရမည်လော, မရမည်လောဟု ဆင်ခြင်၍ ရမည် မဟုတ်ဟု သိလျှင် မယူရခြင်း၊
၅။ မိတ်ဆွေအပေါင်းအသင်း ရဟန်းတို့ကို ရသော်လည်း ထိုအကြောင်းကြောင့် သံဃာအား မျက်မှောက် မျက်ကွယ် ငြင်းခုံလျက် ကိုယ်လက်ထိပါး ဆန့်ကျင်ဘက် ပြောဆို ကြခြင်းသည်လည်းကောင်း၊ သံဃာကွဲပြားခြင်းသည်လည်းကောင်း၊ သံဃာ၏အရေး အကြောင်းသည်လည်းကောင်း၊ သံဃာခြားနားခြင်းသည်လည်းကောင်း၊ သံဃာအသီးအသီး ဖြစ်ခြင်းသည်လည်းကောင်း ဖြစ်မည်လော, မဖြစ်မည်လောဟု သေချာစွာ ဆင်ခြင်၍ ယင်းသို့ ဖြစ်မည်မဟုတ်ဟု သိလျှင် ယူရခြင်း။ (ဝိ၊၄၊၄၃၄၊၄၃၅၊၄၃၆။) (ဝိ၊မြန်၊၄၊၄၃၅။)♦
အတ္တာနုဒိဋ္ဌိဖြင့် နှလုံးသွင်းပုံ ၂၀ မျိုး
၁။ ရုပ်ကို အတ္တအဖြစ် အဖန်ဖန်ရှုခြင်း၊
၂။ ရုပ်ရှိသော အတ္တ ကိုလည်း အဖန်ဖန်ရှုခြင်း၊
၃။ အတ္တ၌ ရုပ်ကိုလည်း အဖန်ဖန်ရှုခြင်း၊
၄။ ရုပ်၌ အတ္တကိုလည်း အဖန်ဖန် ရှုခြင်း၊
၅။ ဝေဒနာကို အတ္တအဖြစ် အဖန်ဖန်ရှုခြင်း၊
၆။ ဝေဒနာရှိသော အတ္တ ကိုလည်း အဖန်ဖန်ရှုခြင်း၊
၇။ အတ္တ၌ ဝေဒနာကိုလည်း အဖန်ဖန်ရှုခြင်း၊
၈။ ဝေဒနာ၌ အတ္တကိုလည်း အဖန်ဖန်ရှုခြင်း၊
၉။ သညာကို အတ္တအဖြစ် အဖန်ဖန်ရှုခြင်း၊
၁၀။ သညာ ရှိသော အတ္တကိုလည်း အဖန်ဖန်ရှုခြင်း၊
၁၁။ အတ္တ၌ သညာကိုလည်း အဖန်ဖန်ရှုခြင်း၊
၁၂။ သညာ၌ အတ္တကိုလည်း အဖန်ဖန်ရှုခြင်း၊
၁၃။ သင်္ခါရတို့ကို အတ္တအဖြစ် အဖန်ဖန်ရှုခြင်း၊
၁၄။ သင်္ခါရရှိသော အတ္တကိုလည်း အဖန်ဖန်ရှုခြင်း၊၁၅။ အတ္တ၌ သင်္ခါရတို့ကိုလည်း အဖန်ဖန် ရှုခြင်း၊
၁၆။ သင်္ခါရတို့၌ အတ္တကိုလည်း အဖန်ဖန်ရှုခြင်း၊
၁၇။ ဝိညာဏ်ကို အတ္တအဖြစ် အဖန်ဖန်ရှုခြင်း၊
၁၈။ ဝိညာဏ်ရှိသော အတ္တကိုလည်း အဖန်ဖန်ရှုခြင်း၊
၁၉။ အတ္တ၌ ဝိညာဏ် ကိုလည်း အဖန်ဖန်ရှုခြင်း၊
၂၀။ ဝိညာဏ်၌ အတ္တကိုလည်း အဖန်ဖန်ရှုခြင်း။ ဤကား အတ္တသို့ အစဉ်လျှောက်သော ဒိဋ္ဌိ (အတ္တာနုဒိဋ္ဌိ) ကို အမှား နှလုံးသွင်းသော အခြင်းအရာ (၂၀) တည်း။ (ပဋိသံ၊၁၃၇။) (ပဋိသံ၊၁၄၆။) (ပဋိသံ၊မြန်။၁၇၉၊၁၈၈။) (ပဋိသံ၊မြန်။၁၇၉၊၁၈၈။)♦
အတ္တူပနာယိက တရား ၁၁ ပါး
၁။ မိမိကိုယ်တိုင်လည်း သူ့အသက်သတ်ခြင်းမှ ရှောင် ကြဉ်ခြင်း၊ သူတစ်ပါးကိုလည်း သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်ခြင်းကို ဆောက်တည်စေခြင်း, သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း၏ ဂုဏ်ကျေးဇူးကိုလည်း ပြောဆိုခြင်း၊
၂။ မိမိ ကိုယ်တိုင်လည်း မပေးသော ဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြဉ်ခြင်း, သူတစ်ပါးကိုလည်း မပေးသော ဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြဉ်ခြင်း၌ ဆောက်တည်စေခြင်း, မပေးသော ဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြဉ်ခြင်း၏ ဂုဏ်ကျေးဇူးကိုလည်း ပြောဆိုခြင်း၊
၃။ မိမိကိုယ်တိုင်လည်း ကာမတို့၌ မှားသောအားဖြင့် ကျင့်ခြင်းမှ ရှောင်ကြဉ်ခြင်း, သူတစ်ပါးကိုလည်း ကာမတို့၌ မှားသောအားဖြင့် ကျင့်ခြင်းမှ ရှောင်ကြဉ်ခြင်းကို ဆောက်တည်စေခြင်း, ကာမတို့၌ မှားသော အားဖြင့် ကျင့်ခြင်းမှ ရှောင်ကြဉ်ခြင်း၏ ဂုဏ်ကျေးဇူးကိုလည်း ပြောဆိုခြင်း၊
၄။ မိမိ ကိုယ်တိုင်လည်း မမှန်မကန် ပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း, သူတစ်ပါးကိုလည်း မမှန်မကန် ပြောခြင်းမှ ရှောင်ကြဉ်ခြင်းကို ဆောက်တည်စေခြင်း, မမှန်မကန်ပြောခြင်းမှ ရှောင်ကြဉ် ခြင်း၏ ဂုဏ်ကျေးဇူးကိုလည်း ပြောဆိုခြင်း၊
၅။ မိမိကိုယ်တိုင်လည်း သူ၏ကုန်းချောမှုမျိုးကို မချစ်မနှစ်သက်၊ သူတစ်ပါးအားလည်း ထိုကုန်းချောမှုမျိုးကို မချစ်မနှစ်သက်စေခြင်း, ကုန်းချောမှုမျိုးမှ ရှောင်ကြဉ်ခြင်း၏ ဂုဏ်ကျေးဇူးကိုလည်း ပြောဆိုခြင်း၊
၆။ မိမိ ကိုယ်တိုင်လည်း သူ၏ကြမ်းတမ်းစွာ ပြောဆိုမှုကို မချစ်မနှစ်သက်, သူတစ်ပါးအားလည်း ကြမ်းတမ်းစွာ ပြောဆိုမှုမျိုးကို မချစ်မနှစ်သက်စေခြင်း, ကြမ်းတမ်းစွာ ပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း၏ ဂုဏ်ကျေးဇူးကိုလည်း ပြောဆိုခြင်း၊
၇။ မိမိကိုယ်တိုင်လည်း ပြိန်ဖျင်းသော စကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း, သူတစ်ပါးကိုလည်း ပြိန်ဖျင်းသော စကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း၌ ဆောက်တည်စေခြင်း, ပြိန်ဖျင်းသော စကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ် ခြင်း၏ ဂုဏ်ကျေးဇူးကိုလည်း ပြောဆိုခြင်း၊
၈။ မြတ်စွာဘုရား၌ မတုန်မလှုပ် ကြည်ညို ခြင်းနှင့် ပြည့်စုံခြင်း၊
၉။ တရားတော်၌ မတုန်မလှုပ် ကြည်ညိုခြင်းနှင့် ပြည့်စုံခြင်း၊
၁၀။ သံဃာတော်၌ မတုန်မလှုပ် ကြည်ညိုခြင်းနှင့် ပြည့်စုံခြင်း၊
၁၁။ မကျိုးမပေါက် မပြောက် မကျားကုန်သော, တဏှာကျွန်အဖြစ်မှ လွတ်စေကုန်သော, ပညာရှိတို့ ချီးမွမ်းအပ်ကုန်သော, မှားသောအားဖြင့် မသုံးသပ်အပ်ကုန်သော, တည်ကြည်သော သမာဓိကို ဖြစ်စေကုန်သော, အရိယာတို့ နှစ်သက်အပ်ကုန်သော သီလနှင့် ပြည့်စုံခြင်း။ (သံ၊၃၊၃၀၈။) (သံ၊မြန်၊၃။၃၀၉။)♦
အတ္ထ ၁၅ မျိုး
၁။ အတ္တတ္ထ၊
၂။ ပရတ္ထ၊
၃။ ဥဘယတ္ထ၊
၄။ ဒိဋ္ဌဓမ္မိကတ္ထ၊
၅။ သမ္ပရာယိကတ္ထ၊
၆။ ဥတ္တာနတ္ထ၊
၇။ ဂမ္ဘီရတ္ထ၊
၈။ ဂုဠှတ္ထ၊
၉။ ပဋိစ္ဆန္နတ္ထ၊
၁၀။ နေယျတ္ထ၊
၁၁။ နီတတ္ထ၊
၁၂။ အနဝဇ္ဇတ္ထ၊
၁၃။ နိက္ကိလေသတ္ထ၊
၁၄။ ဝေါဒါနတ္ထ၊
၁၅။ ပရမတ္ထ။ (ဒီ၊ဋီ၊၁၊၂၆။)♦
အတ္ထ ၅ မျိုး
၁။ အကြောင်းကြောင့် ဖြစ်သော အကျိုးအားလုံး၊
၂။ နိဗ္ဗာန်၊
၃။ ဟောကြားအပ်သော ပါဠိဓမ္မ၏ အနက်၊
၄။ ဝိပါကအကျိုး၊
၅။ ပြုခြင်းအမူအရာ ကြိယာ။ (ဣတိဝုတ်၊ဋ္ဌ၊၁၁၉။)♦
အတ္ထကာမပါရိစရိယ သိက္ခာပုဒ်၌ အင်္ဂါ ၅ မျိုး
၁။ လူမိန်းမဖြစ်ခြင်း၊
၂။ လူမိန်းမဟု အမှတ် ရှိခြင်း၊
၃။ မိမိသည် အလိုရှိအပ်သော ပြုစုလုပ်ကျွေးခြင်း၌ တပ်မက်ခြင်း၊
၄။ ထိုမိမိသည် အလိုရှိအပ်သော ပြုစုလုပ်ကျွေးခြင်း၌ တပ်သော ရာဂဖြင့် ဂုဏ်ကို ပြောဆိုခြင်း၊
၅။ ထို ပြောဆိုသော ခဏ၌ပင် အပြောခံရသော မိန်းမက သိခြင်း။ (သာရတ္ထ၊ဋီ၊၂၊၃၂၅။) (ဝိမတိ၊ ၁။၂၆၇။)♦
အတ္ထက္ခာယီ မိတ်ဆွေ၏ အင်္ဂါ ၄ ပါး
၁။ မကောင်းမှုမှ တားမြစ်ခြင်း၊
၂။ ကောင်းမှု၌ ယှဉ်စေခြင်း၊
၃။ မကြားဖူးသေးသော အတတ်ပညာများကို ကြားသိစေခြင်း၊
၄။ နတ်ပြည် ရောက်မည့် လမ်းကြောင်းကို ပြောကြားခြင်း။ (အပ၊ဋ္ဌ၊၁၊၁၇၆။)♦
အတ္ထင်္ဂတသိက္ခာပုဒ်၌ အင်္ဂါ ၃ မျိုး
၁။ နေဝင် မိုးချုပ်ခြင်း၊
၂။ သံဃာပြည့်စုံစွာ ရဟန်းမ ဖြစ်သူ ဖြစ်ခြင်း၊
၃။ ဩဝါဒ ဟောပြောခြင်း။ (သာရတ္ထ၊ဋီ၊၃၊၄၈။) (ဝိမတိ၊၂၊၂၃။)♦
အတ္ထဒဿီဘုရားရှင်၏ ဓမ္မာဘိသမယ ၃ ကြိမ်
၁။ ဗြဟ္မာမင်း တောင်းပန်အပ်သည်ဖြစ်၍ ရှေးဦးစွာ ဓမ္မစကြာတရား ဟောတော်မူသော အခါ၌ ကုဋေတစ်သိန်းသော လူနတ်ဗြဟ္မာတို့ တရားထူးရကြသည်၊
၂။ နတ်ပြည်သို့ လှည်လည် ကြွသွားတော်မူရာအခါ၌ ကုဋေ တစ်သိန်းသော နတ်ဗြဟ္မာတို့ တရားထူးရပြီး ကျွတ်တမ်းဝင်ကြသည်၊
၃။ ခမည်းတော် သာဂရမင်းကြီးထံ ချဉ်းကပ်၍ တရားဟောတော်မူသော အခါ ကုဋေတစ်သိန်းသော လူ နတ် ဗြဟ္မာတို့ တရားထူးရကြသည်။ (အပ၊၂၊၃၅၃။) (အပ၊မြန်၊၂။၃၅၁။)♦
အတ္ထဒဿီဘုရားရှင်၏ သာဝကအစည်းဝေး ၃ ကြိမ်
၁။ ပထမအကြိမ် အစည်းအဝေး၌ ရဟန္တာ ကိုးသောင်းရှစ်ထောင်၊
၂။ ဒုတိယအကြိမ် အစည်းအဝေး၌ ရဟန္တာ ရှစ်သောင်းရှစ်ထောင်၊
၃။ တတိယအကြိမ် အစည်းအဝေး၌ ရဟန္တာ ခုနှစ်သောင်းရှစ်ထောင်တို့ စည်းဝေးတော်မူ ကြသည်။ (အပ၊၂၊၃၅၃။) (အဘိ၊ဋ္ဌ၊၁၊၆၆။) (အပ၊မြန်၊၂။၃၅၁။)♦
အတ္ထဒဿီဘုရားရှင်၏ အဂ္ဂသာဝက ၂ ပါး
၁။ သန္တထေရ်၊
၂။ ဥပသန္တထေရ်။ (ဗုဒ္ဓဝံ၊ဋ္ဌ၊၂၅၇။) (အဘိ၊ဋ္ဌ၊၁၊၆၇။)♦
အတ္ထဒဿီဘုရားရှင်၏ အဂ္ဂသာဝိကာမ ၂ ပါး
၁။ ဓမ္မာထေရီ၊
၂။ သုဓမ္မာထေရီ၊ (ဗုဒ္ဓဝံ၊ဋ္ဌ၊၂၅၇။) (အဘိ၊ဋ္ဌ၊၁၊၆၇။)♦
အတ္ထဒဿီဘုရားအလောင်း၏ ပြာသာဒ် ၃ ဆောင်
၁။ အမရဂိရိမည်သော ပြာသာဒ်ဆောင်၊
၂။ သုဂိရိမည်သော ပြာသာဒ်ဆောင်၊
၃။ ဝါဟနမည်သော ပြာသာဒ်ဆောင်။ (အပ၊၂၊၃၅၄။) (အပ၊မြန်၊၂။၃၅၂။)♦
အတ္ထနယ ၄ မျိုး
၁။ ဧကတ္တနည်း၊
၂။ နာနတ္တနည်း၊
၃။ အဗျာပါရနည်း၊
၄။ ဧဝံဓမ္မတာနည်း။ (ဝိသုဒ္ဓိ၊၂၊၂၂၀။)♦
အတ္ထပဋိသမ္ဘိဒါ၌ အတ္ထ ၅ မျိုး
၁။ အကြောင်းကြောင့် ဖြစ်ပေါ်သော အကျိုးတရားအားလုံး၊
၂။ နိဗ္ဗာန်၊
၃။ ဘုရားရှင် ဟောကြားအပ်သော ပါဠိ၏ အနက်၊
၄။ အကျိုးဝိပါက်၊
၅။ ကိရိယာ- အကျိုးကို ပြုတတ်သော တရား။ (အဘိ၊ဋ္ဌ၊၂၊၃၇၀။) (ပဋိသံ၊ဋ္ဌ၊၁၊၃။) (အံ၊ဋီ၊၂၊၃၄၇။)♦
အတ္ထပဋိသမ္ဘိဒါ၏ အာရုံဖြစ်သော အတ္ထ ၅ မျိုး
၁။ မြင်ခြင်းသဘော (ဒဿနတ္ထ)၊
၂။ သိခြင်း သဘော (ဉာတတ္ထ)၊
၃။ ခွဲခြား၍ သိခြင်း သဘော (ပဇာနနတ္ထ)၊
၄။ ထိုးထွင်း၍ သိခြင်း သဘော၊
၅။ အလင်းရောင်သဘော (ဩဘာသတ္ထ) ။ (ပဋိသံ၊၃၃၄။) (ပဋိသံ၊မြန်။၃၉၅။)♦
အတ္ထပဒ ၆ မျိုး
၁။ သင်္ကာသန၊
၂။ ပကာသန၊
၃။ ဝိဝရဏ၊
၄။ ဝိဘဇန၊
၅။ ဥတ္တာနီကရဏ၊
၆။ ပညတ္တိ။ (ဣတိဝုတ်၊ဋ္ဌ၊၁၈။) (နေတ္တိ၊ဋ္ဌ၊၅၊၁၀။) (ဒီ၊ဋီ၊၁၊၃၆။) (ဒီ၊ဋီ၊၁၊၄၁။)♦
အတ္ထပါဌ ၆ မျိုး
၁။ သင်္ကာသန အတ္ထပါဌ၊
၂။ ပကာသန အတ္ထပါဌ၊
၃။ ဝိဝရဏ အတ္ထပါဌ၊
၄။ ဝိဘဇန အတ္ထပါဌ၊
၅။ ဥတ္တာနီကရဏ အတ္ထပါဌ၊
၆။ ပညတ္တိ အတ္ထပါဌ။ (မဟာနိ၊ဋ္ဌ၊၂။)♦
အတ္ထသန္ဓိ ၆ မျိုး
၁။ သင်္ကာသနာ၊
၂။ ပကာသနာ၊
၃။ ဝိဝရဏာ၊
၄။ ဝိဘဇနာ၊
၅။ ဥတ္တာနီ ကမ္မတာ၊
၆။ ပညတ္တိ။ (နေတ္တိ၊ဋ္ဌ၊၃၄။)♦
အထူး စီစဉ်ရန် ပဋိသန္ဓေနေခြင်း စသည်တို့၏ အကြောင်းတရား ၃ ပါး
၁။ ရာဂ၊
၂။ ဒေါသ၊
၃။ မောဟ။ (အံ၊၃၊၃၇၁။) (အံ၊မြန်၊၃။၃၇၁။)♦
အဒိန္နာဒါနကံ မြောက်ကြောင်း အင်္ဂါ ၅ ပါး
၁။ ပရပရိဂ္ဂဟိတံ- သူတစ်ပါးပိုင်သော ဥစ္စာ ဖြစ်ခြင်း၊
၂။ ပရပရိဂ္ဂဟိတသညီ- သူတစ်ပါးပိုင်သော ဥစ္စာဟု အမှတ်ရှိခြင်း၊
၃။ ထေယျ စိတ္တံ- ခိုးယူလိုသော စိတ်ရှိခြင်း၊
၄။ ဝါယာမော- ခိုးယူခြင်းငှာ လုံ့လပြုခြင်း။
၅။ တေန အာဒါတဗ္ဗံ အာဒါနံ- ထိုလုံ့လဖြင့် ခိုးယူခြင်း။ (ဒီ၊ဋ္ဌ၊၁၊၇၀။) (မ၊ဋ္ဌ၊၁၊၂၀၂။) (သံ၊ဋ္ဌ၊၂၊၁၃၄။) (ပဋိသံ၊ဋ္ဌ၊၁၊၂၀၄။) (ခုဒ္ဒက၊ဋ္ဌ၊၂၁။) (ဣတိဝုတ်၊ဋ္ဌ၊၂၂၀။) (မဟာနိ၊ဋ္ဌ၊၄၀၅။) (မဟာနိ၊ဋ္ဌ၊၉၉။) (ဒီ၊ဋ္ဌ၊မြန်၊၁။၁၃၃။) (ဒီ၊ဋ္ဌ၊မြန်၊၁။၁၃၃။) (အဘိ၊ဋ္ဌ၊၁၄၁။)♦
အဒိန္နာဒါနကြောင့် ထုလ္လစဉ်းအာပတ် သင့်နိုင်သော အင်္ဂါ ၅ ပါး
၁။ သူတစ်ပါး သိမ်းဆည်း ထားသော ဥစ္စာဖြစ်ခြင်း၊
၂။ သူတစ်ပါး သိမ်းဆည်းထား၏ဟု အမှတ်ရှိခြင်း၊
၃။ တစ်ပဲထက် အလွန် ငါးပဲအောက် (ငါးပြားအထက်, တစ်မတ်အောက်) ထိုက်တန်သော ပစ္စည်းဖြစ်ခြင်း၊
၄။ ခိုးယူလိုသောစိတ် ရှိခြင်း၊
၅။ နေရာမှ ရွေ့လျောစေခြင်း။ (ဝိ၊၁၊၆၇။) (ဝိ၊မြန်၊၁။၇၂။)♦
အဒိန္နာဒါနကြောင့် ထုလ္လစဉ်းအာပတ် သင့်နိုင်သော အင်္ဂါ ၆ ပါး
၁။ မိမိဥစ္စာဟု အမှတ်မရှိခြင်း၊
၂။ ချစ်ကျွမ်းဝင်၍ ယူမှု မဟုတ်ခြင်း၊
၃။ အခိုက်အတန့် (ခဏ- ခေတ္တ) ငှားရမ်းယူမှု မဟုတ်ခြင်း၊
၄။ တစ်ပဲထက်အလွန် ငါးပဲအောက် (ငါးပြားအထက်, တစ်မတ်အောက်) ထိုက်တန်သော ပစ္စည်းဥစ္စာ ဖြစ်ခြင်း၊
၅။ ခိုးယူလိုသောစိတ် ရှိခြင်း၊
၆။ နေရာမှ ရွေ့လျော စေခြင်း။ (ဝိ၊၁၊၆၈။) (ဝိ၊မြန်၊၁။၇၂။)♦
အဒိန္နာဒါနကြောင့် ဒုက္ကဋ်အာပတ် သင့်နိုင်သော အင်္ဂါ ၅ ပါး
၁။ သူတစ်ပါး သိမ်းဆည်း ထားသော ဥစ္စာ မဟုတ်ခြင်း၊
၂။ သူတစ်ပါး သိမ်းဆည်းထားသော ပစ္စည်းဥစ္စာဟု မှတ် ထင်ခြင်း၊
၃။ ငါးပဲ, ငါးပဲထက်အလွန် (တစ်မတ်, တစ်မတ်ထက်အလွန်) ထိုက်တန်သော ပစ္စည်းဖြစ်ခြင်း၊
၄။ ခိုးယူလိုသောစိတ် ရှိခြင်း၊
၅။ နေရာမှ ရွေ့လျောစေခြင်း။ (ဝိ၊၁၊၆၈။) (ဝိ၊မြန်၊၁။၇၂။)♦
အဒိန္နာဒါနကြောင့် ဒုက္ကဋ်အာပတ် သင့်နိုင်သော အင်္ဂါ ၅ ပါး
၁။ သူတစ်ပါး သိမ်းဆည်း ထားသော ပစ္စည်းဥစ္စာ မဟုတ်ခြင်း၊
၂။ သူတစ်ပါး သိမ်းဆည်းထားသော ပစ္စည်းဟု မှတ်ထင်ခြင်း၊
၃။ တစ်ပဲအထက်, ငါးပဲအောက် (ငါးပြားအထက်, တစ်မတ်အောက်) ထိုက်တန်သော ပစ္စည်းဥစ္စာ ဖြစ်ခြင်း၊
၄။ ခိုးယူလိုသောစိတ် ရှိခြင်း၊
၅။ နေရာမှ ရွေ့လျောစေခြင်း။ (ဝိ၊၁၊၆၈။) (ဝိ၊မြန်၊၁။၇၂။)♦
အဒိန္နာဒါနကြောင့် ဒုက္ကဋ်အာပတ် သင့်နိုင်သော အင်္ဂါ ၅ ပါး
၁။ သူတစ်ပါး သိမ်းဆည်း ထားသော ဥစ္စာ မဟုတ်ခြင်း၊
၂။ သူတစ်ပါး သိမ်းဆည်းထားသည်ဟု မှတ်ထင်ခြင်း၊
၃။ တစ်ပဲ, တစ်ပဲအောက် (ငါးပြား, ငါးပြားအောက်) ယုတ်လျော့သော ပစ္စည်းဖြစ်ခြင်း၊
၄။ ခိုးယူလိုသော စိတ် ရှိခြင်း၊
၅။ နေရာမှ ရွေ့လျောစေခြင်း။ (ဝိ၊၁၊၆၈။) (ဝိ၊မြန်၊၁။၇၃။)♦
အဒိန္နာဒါနကြောင့် ဒုက္ကဋ်အာပတ် သင့်နိုင်သော အင်္ဂါ ၅ ပါး
၁။ သူတစ်ပါး သိမ်းဆည်း ထားသော ပစ္စည်းဥစ္စာ ဖြစ်ခြင်း၊
၂။ သူတစ်ပါး သိမ်းဆည်းထားသည်ဟု အမှတ်ရှိခြင်း၊
၃။ တစ်ပဲ, တစ်ပဲအောက်နည်းသော (ငါးပြား, ငါးပြားအောက်နည်းသော) ပစ္စည်းဥစ္စာ ဖြစ်ခြင်း၊
၄။ ခိုးယူလိုသောစိတ် ရှိခြင်း၊
၅။ နေရာမှ ရွေ့လျောစေခြင်း။ (ဝိ၊၁၊၆၇။) (ဝိ၊မြန်၊၁။၇၂။)♦
အဒိန္နာဒါနကြောင့် ဒုက္ကဋ်အာပတ် သင့်နိုင်သော အင်္ဂါ ၆ ပါး
၁။ မိမိဥစ္စာဟု အမှတ်မရှိခြင်း၊
၂။ ချစ်ကျွမ်းဝင်၍ ယူမှု မဟုတ်ခြင်း၊
၃။ အခိုက်အတန့် (ခဏ, ခေတ္တ) ငှားရမ်းမှု မဟုတ်ခြင်း၊
၄။ တစ်ပဲ, တစ်ပဲအောက်နည်းသော (ငါးပြား, ငါးပြားအောက်) ယုတ်လျော့သော ပစ္စည်းဥစ္စာ ဖြစ်ခြင်း၊
၅။ ခိုးယူလိုသောစိတ် ရှိခြင်း၊
၆။ နေရာမှ ရွေ့လျောစေခြင်း။ (ဝိ၊၁၊၆၈။) (ဝိ၊မြန်၊၁။၇၂။)♦
အဒိန္နာဒါနကြောင့် ပါရာဇိကအာပတ် သင့်နိုင်သော အင်္ဂါ ၅ ပါး
၁။ သူတစ်ပါး သိမ်းဆည်း ထားသော ဥစ္စာဖြစ်ခြင်း၊
၂။ သူတစ်ပါး သိမ်းဆည်းထားသည်ဟု အမှတ်ရှိခြင်း၊
၃။ ငါးပဲ, ငါးပဲထက်အလွန် (တစ်မတ်, တစ်မတ်ထက်အလွန်) ထိုက်တန်သောပစ္စည်း ဖြစ်ခြင်း၊
၄။ ခိုးယူလိုသောစိတ် ရှိခြင်း၊
၅။ နေရာမှ ရွေ့လျောစေခြင်း။ (ဝိ၊၁၊၆၇။) (ဝိ၊မြန်၊၁။၇၁။)♦
အဒိန္နာဒါနကြောင့် ပါရာဇိကအာပတ် သင့်နိုင်သော အင်္ဂါ ၆ ပါး
၁။ မိမိဥစ္စာဟု အမှတ် မရှိခြင်း၊
၂။ ချစ်ကျွမ်းဝင်သဖြင့် ယူခြင်း မဟုတ်ခြင်း၊
၃။ ခဏခေတ္တငှားရမ်းမှု မဟုတ်ခြင်း၊
၄။ ငါးပဲ, ငါးပဲထက်အလွန် (တစ်မတ်, တစ်မတ်ထက်အလွန်) ထိုက်တန်သော ပစ္စည်းဥစ္စာ ဖြစ်ခြင်း၊
၅။ ခိုးယူလိုသောစိတ် ရှိခြင်း၊
၆။ နေရာမှ ရွေ့လျောစေခြင်း။ (ဝိ၊၁၊၆၇။) (ဝိ၊မြန်၊၁။၇၂။)♦
အဒိန္နာဒါနကြောင့် သင့်သော အာပတ် ၃ ပါး
၁။ ပါရာဇိကအာပတ်၊
၂။ ထုလ္လစ္စဉ်းအာပတ်၊
၃။ ဒုက္ကဋ်အာပတ်။ (ဝိ၊၅၊၈၉။) (ဝိ၊မြန်၊၅။၁၂၈။)♦
အဒိန္နာဒါနသိက္ခာပုဒ် အင်္ဂါ ၅ ပါး
၁။ ပရပရိဂ္ဂဟိတံ- သူတစ်ပါး သိမ်းဆည်းထားသော ဥစ္စာ ဖြစ်ခြင်း၊
၂။ ပရပရိဂ္ဂဟိတသညီ- သူတစ်ပါး သိမ်းဆည်းထားသော ဥစ္စာဟု အမှတ်ရှိခြင်း၊
၃။ ပရိက္ခာရဿ ဂရုဘာဝေါ- တစ်မတ်, တစ်မတ်တန်ထက် ပိုလွန်သော ပစ္စည်းဝတ္ထု ဖြစ်ခြင်း၊
၄။ ထေယျစိတ္တ- ခိုးလိုသော စိတ်ရှိခြင်း၊
၅။ ဌာနာစာဝနံ- တည်ရာ အရပ်မှ ရွေ့လျောစေခြင်း။ (ဝိ၊ဋ္ဌ၊၁၊၃၂၆။)♦
အဒုက္ခမသုခ စေတောဝိမုတ္တိသမာပတ် ဖြစ်ကြောင်း ၄ ပါး
၁။ ချမ်းသာမှုကိုလည်းကောင်း, ဆင်းရဲမှုကိုလည်းကောင်း ပယ်ခြင်း၊
၂။ ရှေးဦးကပင် ဝမ်းသာမှုနှင့် နှလုံးမသာယာမှုကို ချုပ်ပြီးဖြစ်ခြင်း၊
၃။ ဆင်းရဲချမ်းသာမရှိသော လျစ်လျူရှုမှု ဥပေက္ခာကြောင့် ဖြစ်သော သတိ၏ စင်ကြယ်ခြင်း၊
၄။ စတုတ္ထဈာန်သို့ ရောက်၍နေခြင်း။ (မ၊၁၊၃၇၀။) (မ၊မြန်၊၁။၃၈၂။)♦
အဓမ္မကံ ၁၂ ပါး (ဝတ္ထုကြောင့် ပျက်သော အဓမ္မကံ ၁၂ ပါး)
၁။ ပဏ္ဍုက်ကို ပဉ္စင်းခံခြင်း၊
၂။ ခိုး၍ ပေါင်းသင်းသူ (ထေယျသံဝါသက) ကို ပဉ္စင်းခံခြင်း၊
၃။ တိတ္ထိဘောင်သို့ ပြောင်းရွှေ့သူ (တိတ္ထိယပက္ခန္တက) ကို ပဉ္စင်းခံခြင်း၊
၄။ တိရစ္ဆာန်ကို ပဉ္စင်းခံခြင်း၊
၅။ အမိ သတ်သူ (မာတုဃာတက) ကို ပဉ္စင်းခံခြင်း၊
၆။ အဖသတ်သူ (ပိတုဃာတက) ကို ပဉ္စင်း ခံခြင်း၊
၇။ ရဟန္တာသတ်သူ (အရဟန္တဃာတက) ကို ပဉ္စင်းခံခြင်း၊
၈။ ရဟန်းမကို ဖျက်ဆီးသူ (ဘိက္ခုနီဒူသက) ကို ပဉ္စင်းခံခြင်း၊
၉။ သံဃာသင်းခွဲသူ (သံဃဘေဒက) ကို ပဉ္စင်းခံခြင်း၊
၁၀။ မြတ်စွာဘုရားကို သွေးစိမ်းတည်အောင် ပြုသူ (လောဟိတုပ္ပါဒက) ကို ပဉ္စင်းခံခြင်း၊
၁၁။ ဥဘတောဗျည်းကို ပဉ္စင်းခံခြင်း၊
၁၂။ အနှစ် နှစ်ဆယ် မပြည့်သူ (ဦနဝီသတိဝဿ) ကို ပဉ္စင်းခံခြင်း။ (ဝိ၊၅၊၃၈၂။) (ဝိ၊မြန်၊၅။၄၈၆။)♦
အဓမ္မကံ ၁၇ ပါး (ဝတ္ထုကြောင့် ပျက်သော အဓမ္မကံ ၁၇ ပါး)
၁။ မျက်မှောက်ပြုအပ်သော ကံကို မျက်ကွယ်၌ ပြုသော အဓမ္မကံ၊
၂။ မေးမြန်း၍ ပြုအပ်သည်ကို မမေးမြန်းဘဲ ပြုသော အဓမ္မကံ၊
၃။ ဝန်ခံခြင်းဖြင့် ပြုအပ်သော ကံကို ဝန်မခံဘဲ ပြုသော အဓမ္မကံ၊
၄။ သတိဝိနည်း ထိုက်သူအား အမူဠှဝိနည်းကို ပေးသော အဓမ္မကံ၊
၅။ အမုဠှဝိနည်း ထိုက်သူအား တဿ ပါပိယသိကာကံကို ပြုသော အဓမ္မကံ၊
၆။ တဿပါပိယသိကာကံ ထိုက်သူအား တဇ္ဇနီယ ကံကို ပြုသော အဓမ္မကံ၊
၇။ တဇ္ဇနီယကံ ထိုက်သူအား နိဿယကံကို ပြုသော အဓမ္မကံ၊
၈။ နိယဿကံထိုက်သူအား ပဗ္ဗာဇနီယကံကို ပြုသော ဓမ္မကံ၊
၉။ ပဗ္ဗာဇနီယကံ ထိုက်သူအား ပဋိသာရဏီယကံကို ပြုသော အဓမ္မကံ၊
၁၀။ ပဋိသာရဏီယကံထိုက်သူအား ဥက္ခေပနီယ ကံကို ပြုသော အဓမ္မကံ၊
၁၁။ ဥက္ခေပနီယကံထိုက်သူအား ပရိဝါသ်ကို ပေးသော အဓမ္မကံ၊
၁၂။ ပရိဝါသ်ထိုက်သူအား အရင်းသို့ ငင်ခြင်းကို ပေးသော အဓမ္မကံ၊
၁၃။ အရင်းသို့ ငင်ထိုက် သူအား မာနတ်ကို ပေးသော အဓမ္မကံ၊
၁၄။ မာနတ်ထိုက်သူကို အဗ္ဘာန်သွင်းသော အဓမ္မကံ၊
၁၅။ အဗ္ဘာန်ထိုက်သူကို ပဉ္စင်းခံသော အဓမ္မကံ၊
၁၆။ ဥပုသ်နေ့ မဟုတ်သော နေ့၌ ဥပုသ် ပြုသော အဓမ္မကံ၊
၁၇။ ပဝါရဏာ မဟုတ်သော နေ့၌ ပဝါရဏာ ပြုသော အဓမ္မကံ။ (ဝိ၊၅၊၃၈၀။) (ဝိ၊မြန်၊၅။၄၈၄။)♦
အဓမ္မစောဒကရဟန်းအား နှလုံးမသာယာခြင်းကို ဖြစ်စေနိုင်သော အခြင်းအရာ ၅ မျိုး
၁။ ငါ့ရှင်သည် မသင့်လျော်သော အခါ၌ စောဒနာ၏၊ သင့်လျော်သော အခါ၌ မစောဒနာ၊
၂။ ငါ့ရှင်သည် မမှန်သော စကားတို့ဖြင့် စောဒနာ၏၊ မှန်သော စကားတို့ဖြင့် မစောဒနာ၊
၃။ ငါ့ရှင်သည် ကြမ်းတမ်းသော စကားတို့ဖြင့် စောဒနာ၏၊ သိမ်မွေ့သော စကားတို့ဖြင့် မစောဒနာ၊
၄။ ငါ့ရှင်သည် အကျိုးစီးပွားနှင့် မစပ်သော စကားတို့ဖြင့် စောဒနာ၏၊ အကျိုး စီးပွားနှင့် စပ်သော စကားတို့ဖြင့် မစောဒနာ၊
၅။ ငါ့ရှင်သည် ဒေါသစိတ်ထားဖြင့် စောဒနာ၏၊ မေတ္တာစိတ်ထားဖြင့် မစောဒနာ၊ ထို့ကြောင့် သင့်အား နှလုံးမသာယာခြင်းငှာ သင့်၏ဟု နှလုံးမသာယာခြင်းကို ဖြစ်စေရခြင်း။ (ဝိ၊၄၊၄၃၈။) (ဝိ၊မြန်၊၄၊၄၃၈။)♦
အဓမ္မဝတ္ထု ၁၀ ပါး (ဝဇ္ဇီတိုင်းသား ရဟန်းများ၏ အဓမ္မဝတ္ထု)
၁။ သိင်္ဂီလောဏကပ္ပေါ- သားဦးချိုဖြင့် ဆားကို ဆောင်၍ ထားသိုအပ်သော အခါ ယာဝကာလိကဘောဇဉ်နှင့် ရော၍ စားခြင်းသည် အပ်၏ဟု ယူခြင်း၊
၂။ ဒွင်္ဂုလကပ္ပေါ- နေမွန်းတည့်ပြီးနောက် အရိပ်လက်နှစ်သစ်လွန် သော်လည်း ဘောဇဉ်ကို စားခြင်းသည် အပ်၏ဟု ယူခြင်း၊
၃။ ဂါမန္တရကပ္ပေါ- ပဝါရိတ် သင့်ပြီးသော ရဟန်းသည် ရွာတစ်ပါးသို့ သွားအံ့ဟု ကြံ၍ အတိရိတ်ဝိနည်းကံ မပြုဘဲ ခဲဖွယ်ဘောဇဉ်ကို စားခြင်းသည် အပ်၏ဟု ယူခြင်း၊
၄။ အာဝါသကပ္ပေါ- မဟာသိမ်ကြီး တစ်ခုတည်းဝယ် အသီးသီးသော ကျောင်း၌ သံဃာ့ကံပြုခြင်းသည် အပ်၏ဟု ယူခြင်း၊
၅။ အနူမတိကပ္ပေါ- သံဃာ့ကံပြုစဉ် မရောက်လာသေးသော ရဟန်းတို့၏ဆန္ဒကို ရောက်လာမှ ယူမည်ဟု ကြံ၍ ဝဂ်ဖြစ်သော သံဃာဖြင့် ကံပြုပြီးနောက်မှ ဆန္ဒကို ယူခြင်းသည် အပ်၏ဟု ယူခြင်း၊
၆။ အာစိဏ္ဏကပ္ပေါ- မိမိဆရာသမားများ၏ အလေ့အကျက် ဟူသမျှသည် ဝိနည်းနှင့် ညီညီ မညီညီ အပ်၏ဟု ယူခြင်း၊
၇။ အမထိတကပ္ပေါ- နို့ရည် အဖြစ်ကိုလည်း စွန့်, နို့ဓမ်းအဖြစ်သို့လည်း မရောက်သေးသော နို့ရည်ကို ပဝါရိတ် သင့်ပြီးသော ရဟန်းသည် သောက်ကောင်း၏ဟု ယူခြင်း၊
၈။ ကပ္ပတိ ဇဠောဂိံ ပါတုံ- သေရည်အဖြစ်သို့ မရောက်သေးသော သေနုကို သောက်ခြင်းငှာ အပ်၏ဟု ယူခြင်း၊
၉။ ကပ္ပတိ အဒသကံ နိသီဒနံ- အမြိတ်ဆာမရှိသော နိသီဒိုင်သည် အပ်၏ဟု ယူခြင်း၊
၁၀။ ကပ္ပတိ ဇာတရူပရဇတံ- ရွှေငွေသည် အပ်၏ဟု ယူခြင်း။ (ဝိ၊ဋ္ဌ၊၁၊၂၆။)♦
အဓမ္မဝါဒီပုဂ္ဂိုလ်ဟု သိနိုင်ကြောင်း ၁၈ ပါး
၁။ တရားမဟုတ်သည်ကို တရားဟု ပြခြင်း၊
၂။ တရားကို တရားမဟုတ်ဟု ပြခြင်း၊
၃။ ဝိနည်းမဟုတ်သည်ကို ဝိနည်းဟု ပြခြင်း၊
၄။ ဝိနည်းကို ဝိနည်းမဟုတ်ဟု ပြခြင်း၊
၅။ မြတ်စွာဘုရား မဟောအပ် မပြောအပ်သည်ကို မြတ်စွာဘုရား ဟောအပ် ပြောအပ်၏ဟု ပြခြင်း၊
၆။ မြတ်စွာဘုရား ဟောအပ် ပြောအပ် သည်ကို မြတ်စွာဘုရား မဟောအပ် မပြောအပ်ဟု ပြခြင်း၊
၇။ မြတ်စွာဘုရား၏ အလေ့ အကျင့် မဟုတ်သည်ကို မြတ်စွာဘုရား၏ အလေ့အကျင့်ဟု ပြခြင်း၊
၈။ မြတ်စွာဘုရား၏ အလေ့အကျင့်ကို မြတ်စွာဘုရား၏ အလေ့အကျင့်မဟုတ်ဟု ပြခြင်း၊
၉။ မြတ်စွာဘုရား မပညတ်အပ်သည်ကို မြတ်စွာဘုရား ပညတ်အပ်၏ဟု ပြခြင်း၊
၁၀။ မြတ်စွာဘုရား ပညတ်အပ် သည်ကို မြတ်စွာဘုရား မပညတ်အပ်ဟု ပြခြင်း၊
၁၁။ အာပတ်မသင့်သည်ကို အာပတ် သင့်၏ဟု ပြခြင်း၊
၁၂။ အာပတ်သင့်သည်ကို အာပတ်မသင့်ဟု ပြခြင်း၊
၁၃။ ပေါ့သော အာပတ်ကို လေးသော အာပတ်ဟု ပြခြင်း၊
၁၄။ လေးသော အာပတ်ကို ပေါ့သောအာပတ်ဟု ပြခြင်း၊
၁၅။ အကြွင်းရှိသော အာပတ်ကို အကြွင်းမရှိသော အာပတ်ဟု ပြခြင်း၊
၁၆။ အကြွင်း မရှိသော အာပတ်ကို အကြွင်းရှိသော အာပတ်ဟု ပြခြင်း၊
၁၇။ ရုန့်ရင်းကြမ်းတမ်းသော အာပတ်ကို မရုန့်ရင်း မကြမ်းတမ်းသော အာပတ်ဟု ပြခြင်း၊
၁၈။ မရုန့်ရင်း မကြမ်း တမ်းသော အာပတ်ကို ရုန့်ရင်းကြမ်းတမ်းသော အာပတ်ဟု ပြခြင်း။ (ဝိ၊၃၊၅၀၁-၅၀၂။) (ဝိ၊မြန်၊၃။၅၀၈။)♦
အဓွန့် ၂ မျိုး
၁။ ခရီးခဲအဓွန့်၊
၂။ ဝဋ်အဓွန့်။ (ဓမ္မ၊ဋ္ဌ၊၁၊၃၈၃။)♦
အဓွန့်ကာလ ၃ ပါး
၁။ အတိတ်အဓွန့် (ကာလ)၊
၂။ ပစ္စုပ္ပန်အဓွန့်(ကာလ)၊
၃။ အနာဂတ်အဓွန့် (ကာလ) ။ (ပဋိသံ၊ဋ္ဌ၊၁၊၂၂၅။)♦
အဓွန့်ရှည်စွာ တည်သော ဘုရားသာသနာ ၃ မျိုး
၁။ ကကုသန္ဓ (ကကုသန်) ဘုရားရှင်၏ သာသနာ၊
၂။ ကောဏာဂမန (ကောဏာဂုံ) ဘုရားရှင်၏ သာသနာ၊
၃။ ကဿပဘုရားရှင်၏ သာသနာ။ (ဝိ၊၁၊၈။) (ဝိ၊မြန်၊၁။၁၀။)♦
အဓွန့်ရှည်စွာ မတည်သော ဘုရားသာသနာ ၃ မျိုး
၁။ ဝိပဿီဘုရား၏ သာသနာ၊
၂။ သိခီ ဘုရားရှင်၏ သာသနာ၊
၃။ ဝေဿဘူဘုရားရှင်၏ သာသနာ။ (ဝိ၊၁၊၈။) (ဝိ၊မြန်၊၁။၁၀။)♦
အဓိကရဏသမထ ၇ ပါး
၁။ သမ္မုခါဝိနယ အဓိကရဏ သမထ- ဖြစ်ပေါ်လာတိုင်းသော အဓိကရုဏ်းတို့ကို ငြိမ်းစေခြင်းငှာ သမ္မုခါဝိနည်းကို ပေးရခြင်း၊ ၂။သတိဝိနယ အဓိကရဏ သမထ- ရဟန္တာပုဂ္ဂိုလ်အား သတိပေးရသော သတိဝိနည်းကို ပေးရခြင်း၊
၃။ အမူဠှဝိနယ အဓိကရဏ သမထ- ရူးသွပ်သော ရဟန်းတို့အား သတိရခိုက်ပေးရသော အမူဠှဝိနည်းကို ပေးရခြင်း၊
၄။ ဝန်ခံသဖြင့် ပြုအပ်သော သမထ (ပဋိညာယ ကာရေတဗ္ဗ သမထ) ကို ပြုရခြင်း၊
၅။ ဓမ္မဝါဒီပုဂ္ဂိုလ်များရာသို့ လိုက်၍ ဆုံးဖြတ်ရသော သမထ (ယေဘုယျသိကသမထ) ကို ပြုရခြင်း၊
၆။ ယုတ်မာသော ရဟန်းအား ပြုရသော ဝိနည်း (တဿ ပါပိယသိကာ သမထ) ကို ပြုရခြင်း၊
၇။ မစင်ကို မြက်ဖြင့် ဖုံးလွှမ်းသကဲ့သို့ အာပတ်ကို ဖုံးဖိထားရသော ဝိနည်းကံ (တိဏဝတ္ထာရကသမထ) ကို ပြုရခြင်း။ (ဝိ၊၂၊၂၇၂။) (အပ၊ဋ္ဌ၊၁၊၃၃၃။)♦
အဓိကရုဏ်း ၄ ပါး
၁။ ဝိဝါဒအဓိကရုဏ်း- ငြင်းခုံ ခိုက်ရန်ဖြစ်ခြင်းကို ဝိနည်းကံတို့ဖြင့် ငြိမ်းစေ အပ်သော အမှု၊
၂။ အနုဝါဒအဓိကရုဏ်း- ကဲ့ရဲ့စွပ်စွဲခြင်းကို ဝိနည်းကံတို့ဖြင့် ငြိမ်းစေ အပ်သော အမှု၊
၃။ အာပတ္တာဓိကရုဏ်း- အာပတ်ခုနစ်ဖုံတို့ကို ဝိနည်းကံတို့ဖြင့် ငြိမ်းစေ အပ်သော အမှု၊
၄။ ကိစ္စာဓိကရုဏ်း- အပလောကနကံ ဉတ္တိကံ စသော သံဃကံ လေးပါး တို့ကို သမထတို့ဖြင့် ငြိမ်းစေအပ်သော အမှု။ (ဝိ၊၁၊၂၅၀၊၂၆၀။) (ဝိ၊၂၊၁၆၆။) (ဝိ၊၂၊၃၀၈။) (ဝိ၊၄၊၂၁၁။) (ဝိ၊၅၊၁၆၉။) (ဝိ၊၅၊၂၂၆။) (ဝိ၊၅၊၂၆၄။) (မ၊၃၊၃၅။) (အံ၊ဋ္ဌ၊၂၊၁၁။) (အပ၊ဋ္ဌ၊၁၊၃၃၂။) (ဝိ၊မြန်၊၁။၂၆၅၊၂၇၆။) (ဝိ၊မြန်၊၂။၁၈၇။) (ဝိ၊မြန်၊၂။၃၄၇။) (ဝိ၊မြန်၊၄။၂၀၇။) (ဝိ၊မြန်၊၅။၂၄၉။) (ဝိ၊မြန်၊၅။၃၁၄။) (ဝိ၊မြန်၊၅။၃၅၆။) (မ၊မြန်၊၃။၃၆။)♦
အဓိကရုဏ်း ငြိမ်းကြောင်းတရား ၇ ပါး
၁။ သမ္မုခါဝိနည်းကို ပေးအပ်ခြင်း၊
၂။ သတိဝိနည်းကို ပေးအပ်ခြင်း၊
၃။ အမူဠှဝိနည်းကို ပေးအပ်ခြင်း၊
၄။ ဝန်ခံသဖြင့် ပြုလုပ်သော ကံကို ပေးအပ်ခြင်း၊
၅။ ယေဘုယျသိကကံကို ပေးအပ်ခြင်း၊
၆။ တဿဝါပိယသိကကံကို ပေးအပ်ခြင်း၊
၇။ မြက်ဖြင့် ဖုံးလွှမ်းသကဲ့သို့သော ကံကို ပေးအပ်ခြင်း။ (အံ၊၂၊၅၀၇။) (အံ၊မြန်၊၂။၆၃၃။)♦
အဓိကရုဏ်း ငြိမ်းစေသင့်သော ရဟန်း၏ အင်္ဂါ ၅ ပါး
၁။ အာပတ်ကို သိခြင်း၊
၂။ အာပတ် ဖြစ်ကြောင်း သမုဋ္ဌာန်ကို သိခြင်း၊
၃။ အာပတ်၏ ပယောဂကို သိခြင်း၊
၄။ အာပတ်၏ ငြိမ်းခြင်းကို သိခြင်း၊
၅။ အာပတ်အဆုံးအဖြတ်၌ လိမ္မာကျွမ်းကျင်ခြင်း။ (ဝိ၊၅၊၃၄၆။) (ဝိ၊မြန်၊၅။၄၅၀။)♦
အဓိကရုဏ်း ငြိမ်းစေသင့်သော ရဟန်း၏ အင်္ဂါ ၅ ပါး (တစ်နည်း)
၁။ အဓိကရုဏ်းကို သိခြင်း၊
၂။ အဓိကရုဏ်းဖြစ်ကြောင်း သမုဋ္ဌာန်ကို သိခြင်း၊
၃။ အဓိကရုဏ်း၏ ပယောဂကို သိခြင်း၊
၄။ အဓိကရုဏ်း၏ ငြိမ်းခြင်းကို သိခြင်း၊
၅။ အဓိကရုဏ်းအဆုံးအဖြတ်၌ လိမ္မာ ကျွမ်းကျင်ခြင်း။ (ဝိ၊၅၊၃၄၇) (ဝိ၊မြန်၊၅။၄၅၀။)♦
အဓိကရုဏ်း ငြိမ်းစေသင့်သော ရဟန်း၏ အင်္ဂါ ၅ ပါး (တစ်နည်း)
၁။ ဆန္ဒာဂတိသို့ မလိုက်ခြင်း၊
၂။ ဒေါသာဂတိသို့ မလိုက်ခြင်း၊
၃။ မောဟာဂတိသို့ မလိုက်ခြင်း၊
၄။ ဘယာဂတိသို့ မလိုက်ခြင်း၊
၅။ အရှက်ရှိခြင်း။ (ဝိ၊၅၊၃၄၇။) (ဝိ၊မြန်၊၅။၄၅၁။)♦
အဓိကရုဏ်း ငြိမ်းစေသင့်သော ရဟန်း၏ အင်္ဂါ ၅ ပါး (တစ်နည်း)
၁။ ဆန္ဒာဂတိသို့ မလိုက်ခြင်း၊
၂။ ဒေါသာဂတိသို့ မလိုက်ခြင်း၊
၃။ မောဟာဂတိသို့ မလိုက်ခြင်း၊
၄။ ဘယာဂတိသို့ မလိုက်ခြင်း၊
၅။ အကြားအမြင် ဗဟုသုတနှင့် ပြည့်စုံခြင်း။ (ဝိ၊၅၊၃၄၇။) (ဝိ၊မြန်၊၅။၄၅၁။)♦
အဓိကရုဏ်း ငြိမ်းစေသင့်သော ရဟန်း၏ အင်္ဂါ ၅ ပါး (တစ်နည်း)
၁။ဝတ္ထုကို သိခြင်း၊
၂။ နိဒါန်းကို သိခြင်း၊
၃။ ပညတ်ချက်ကို သိခြင်း၊
၄။ မျက်မှောက်ဖြစ်သော ပုဒ်ကို သိခြင်း၊
၅။ ရှေ့နောက် စကားစပ်ကို သိခြင်း။ (ဝိ၊၅၊၃၄၈။) (ဝိ၊မြန်၊၅။၄၅၁။)♦
အဓိကရုဏ်း ငြိမ်းစေသင့်သော ရဟန်း၏ အင်္ဂါ ၅ ပါး (တစ်နည်း)
၁။ဝတ္ထုကို သိခြင်း၊
၂။ နိဒါန်းကို သိခြင်း၊
၃။ ပညတ်ချက်ကို သိခြင်း၊
၄။ မျက်မှောက်ဖြစ်သော ပုဒ်ကို သိခြင်း၊
၅။ ရှေ့နောက် စကားစပ်ကို သိခြင်း။ (ဝိ၊၅၊၃၄၈။)♦
အဓိကရုဏ်း ငြိမ်းစေသင့်သော ရဟန်း၏ အင်္ဂါ ၅ ပါး (တစ်နည်း)
၁။ ဆန္ဒာဂတိသို့ မလိုက်ခြင်း၊
၂။ ဒေါသာဂတိသို့ မလိုက်ခြင်း၊
၃။ မောဟာဂတိသို့ မလိုက်ခြင်း၊
၄။ ဘယာ ဂတိသို့ မလိုက်ခြင်း၊
၅။ သူတော်ကောင်းတရားကို အလေးပြု၍ အာမိသကို အလေးဂရု မပြုခြင်း။ (ဝိ၊၅၊၃၄၉။) (ဝိ၊မြန်၊၅။၄၅၂။)♦
အဓိကရုဏ်း လေးပါးတို့၏ ဖြစ်ကြောင်း သမုဋ္ဌာန် ၃၃ ပါး
၁။ ဝိဝါဒါဓိကရုဏ်းဖြစ်ကြောင်း (သမုဋ္ဌာန်) ကား ဘေဒကရဝတ္ထု (၁၈) ပါး၊
၂။ အနုဝါဒါဓိကရုဏ်းဖြစ်ကြောင်း သမုဋ္ဌာန်ကား ဝိပတ္တိ (၄) ပါး၊
၃။ အာပတ္တာဓိကရုဏ်းဖြစ်ကြောင်း သမုဋ္ဌာန်အာပတ် အစု (၇) ပါး၊
၄။ ကိစ္စာဓိကရုဏ်းဖြစ်ကြောင်း သမုဋ္ဌာန် ကံ ၄ ပါး ပေါင်း ၃၃ ပါး ဖြစ်ကုန်၏။ (ဝိ၊၅၊၂၆၆။) (ဝိ၊မြန်၊၅။၃၅၉။)♦
အဓိကရုဏ်း လေးပါးတို့၏ မူလ ၃၃ ပါး
၁။ ဝိဝါဒါဓိကရုဏ်း၏ မူလ (၁၂) ပါး၊
၂။ အနုဝါဒါဓိ ကရုဏ်း၏ မူလ ၁၄ ပါး၊
၃။ အာပတ္တာဓိကရုဏ်း၏ မူလ (၆) ပါး၊
၄။ ကိစ္စာဓိကရုဏ်း၏ မူလသည် သံဃာ ၁ ပါးသာ၊ ပေါင်း ၃၃ ပါး ဖြစ်၏။ (ဝိ၊၅၊၂၆၆။) (ဝိ၊မြန်၊၅။၃၅၉။)♦
အဓိကရုဏ်း အင်္ဂါ ၅ ပါး (မယူအပ်သော အဓိကရုဏ်း၏ အင်္ဂါ ၅ ပါး)
၁။ အဓိကရုဏ်းကို ယူခြင်းငှာ အခါမဟုတ်ဟု သိအံ့၊ အဓိကရုဏ်းကို မယူအပ်၊
၂။ မိမိ ယူအပ်သော အဓိ ကရုဏ်းသည် မထင်ရှား မဟုတ်မှန်ဟု သိအံ့၊ အဓိကရုဏ်းကို မယူအပ်၊
၃။ မိမိယူအပ်သော အဓိကရုဏ်းသည် အကျိုးစီးပွားနှင့် မစပ်ဟု သိအံ့၊ အဓိကရုဏ်းကို မယူအပ်၊
၄။ အဓိ ကရုဏ်းကို ယူသည်ရှိသော် ဓမ္မဝိနယအားဖြင့် အဆွေခင်ပွန်းဖြစ်သော အသင်းအပင်း ရဟန်းတို့ မရအံ့ဟု သိအံ့၊ အဓိကရုဏ်းကို မယူအပ်၊
၅။ အဓိကရုဏ်းကို ယူခြင်းကြောင့် သံဃာကွဲပြားခြင်း စသည် ဖြစ်လတ္တံ့ဟု သိအံ့၊ ထိုအဓိကရုဏ်းကို မယူအပ်။ (ဝိ၊၅၊၃၃၁။) (ဝိ၊မြန်၊၅။၄၃၃။)♦
အဓိကရုဏ်းကို ငြိမ်းစေခြင်းငှာ မသင့်သော ရဟန်း၏အင်္ဂါ ၅ ပါး
၁။ အာပတ်ကို မသိခြင်း၊
၂။ အာပတ်ဖြစ်ကြောင်း (သမုဋ္ဌာန်) ကို မသိခြင်း၊
၃။ အာပတ်၏ ပယောဂကို မသိခြင်း၊
၄။ အာပတ်၏ ငြိမ်းခြင်းကို မသိခြင်း၊
၅။ အာပတ် အဆုံးဖြတ်၌ မကျွမ်းကျင်ခြင်း။ (ဝိ၊၅၊၃၄၆။) (ဝိ၊မြန်၊၅။၄၅၀။)♦
အဓိကရုဏ်းကို ငြိမ်းစေခြင်းငှာ မသင့်သော ရဟန်း၏အင်္ဂါ ၅ ပါး (တစ်နည်း)
၁။ အဓိကရုဏ်းကို မသိခြင်း၊
၂။ အဓိကရုဏ်းဖြစ်ကြောင်း (သမုဋ္ဌာန်) ကို မသိခြင်း၊
၃။ အဓိကရုဏ်း၏ ပယောဂကို မသိခြင်း၊
၄။ အဓိကရုဏ်း၏ ငြိမ်းခြင်းကို မသိခြင်း၊
၅။ အဓိကရုဏ်း အဆုံးဖြတ်၌ မကျွမ်းကျင်ခြင်း။ (ဝိ၊၅၊၃၄၇။) (ဝိ၊မြန်၊၅။၄၅၀။)♦
အဓိကရုဏ်းကို ငြိမ်းစေခြင်းငှာ မသင့်သော ရဟန်း၏အင်္ဂါ ၅ ပါး (တစ်နည်း)
၁။ ဆန္ဒာ ဂတိသို့ လိုက်ခြင်း၊
၂။ ဒေါသာဂတိသို့ လိုက်ခြင်း၊
၃။ မောဟာဂတိသို့ လိုက်ခြင်း၊
၄။ ဘယာဂတိသို့ လိုက်ခြင်း၊
၅။ အရှက်မရှိခြင်း။ (ဝိ၊၅၊၃၄၇။) (ဝိ၊မြန်၊၅။၄၅၀။)♦
အဓိကရုဏ်းကို ငြိမ်းစေခြင်းငှာ မသင့်သော ရဟန်း၏အင်္ဂါ ၅ ပါး (တစ်နည်း)
၁။ ဆန္ဒာ ဂတိသို့ လိုက်ခြင်း၊
၂။ ဒေါသာဂတိသို့ လိုက်ခြင်း၊
၃။ မောဟာဂတိသို့ လိုက်ခြင်း၊
၄။ ဘယာဂတိသို့ လိုက်ခြင်း၊
၅။ အကြားအမြင် နည်းပါးခြင်း။ (ဝိ၊၅၊၃၄၇။) (ဝိ၊မြန်၊၅။၄၅၁။)♦
အဓိကရုဏ်းကို ငြိမ်းစေခြင်းငှာ မသင့်သော ရဟန်း၏အင်္ဂါ ၅ ပါး (တစ်နည်း)
၁။ဝတ္ထုကို မသိခြင်း၊
၂။ နိဒါန်းကို မသိခြင်း၊
၃။ ပညတ်ချက်ကို မသိခြင်း၊
၄။ မျက်မှောက် ဖြစ်သော ပုဒ်ကို မသိခြင်း၊
၅။ ရှေ့နောက် ဆက်စပ်ကို မသိခြင်း။ (ဝိ၊၅၊၃၄၈။) (ဝိ၊မြန်၊၅။၄၅၁။)♦
အဓိကရုဏ်းကို ငြိမ်းစေခြင်းငှာ မသင့်သော ရဟန်း၏အင်္ဂါ ၅ ပါး (တစ်နည်း)
၁။ ဆန္ဒာဂတိသို့ လိုက်ခြင်း၊
၂။ ဒေါသာဂတိသို့ လိုက်ခြင်း၊
၃။ မောဟာဂတိသို့ လိုက်ခြင်း၊
၄။ ဘယာဂတိသို့ လိုက်ခြင်း၊
၅။ ဝိနည်း၌ မကျွမ်းကျင် မလိမ္မာခြင်း။ (ဝိ၊၅၊၃၄၈။) (ဝိ၊မြန်၊၅။၄၅၁။)♦
အဓိကရုဏ်းကို ငြိမ်းစေခြင်းငှာ မသင့်သော ရဟန်း၏အင်္ဂါ ၅ ပါး (တစ်နည်း)
၁။ ဆန္ဒာဂတိသို့ လိုက်ခြင်း၊
၂။ ဒေါသာဂတိသို့ လိုက်ခြင်း၊
၃။ မောဟာဂတိသို့ လိုက်ခြင်း၊
၄။ ဘယာ ဂတိသို့ လိုက်ခြင်း၊
၅။ အာမိသကိုသာ အလေးပြု၍ သူတော်ကောင်းတရားကို အလေးမပြုခြင်း။ (ဝိ၊၅၊၃၄၈။) (ဝိ၊မြန်၊၅။၄၅၂။)♦
အဓိကရုဏ်းကို ငြိမ်းစေခြင်းငှာ မသင့်သော ရဟန်း၏အင်္ဂါ ၅ ပါး(တစ်နည်း)
၁။ ဆန္ဒာဂတိသို့ လိုက်ခြင်း၊
၂။ ဒေါသာဂတိသို့ လိုက်ခြင်း၊
၃။ မောဟာဂတိသို့ လိုက်ခြင်း၊
၄။ ဘယာဂတိသို့ လိုက်ခြင်း၊
၅။ ပုဂ္ဂိုလ်ကိုသာ အလေးပြု၍ သံဃာကို အလေးမပြုခြင်း။ (ဝိ၊၅၊၃၄၈။) (ဝိ၊မြန်၊၅။၄၅၁။)♦
အဓိကရုဏ်းကို ငြိမ်းစေတတ်သော တရား ၇ ပါး
၁။ သမ္မုခါဝိနည်းကို ပေးအပ်ခြင်း၊
၂။ သတိဝိနည်းကို ပေးအပ်ခြင်း၊
၃။ အမူဠှဝိနည်းကို ပေးအပ်ခြင်း၊
၄။ ဝန်ခံခြင်းဖြင့် ပြုအပ်ခြင်း၊
၅။ ယေဘုယျသိကာကံကို ပြုအပ်ခြင်း၊
၆။ တဿပါပိယသိကာကံကို ပြုအပ်ခြင်း၊
၇။ တိဏဝတ္ထာရကကံကို ပြုအပ်ခြင်း။ (ဒီ၊၃၊၂၁၀။) (ဒီ၊မြန်၊၃။၂၃၃။)♦
အဓိကရုဏ်းကို တစ်ဖန် ကံပြုဖို့ လှုံ့ဆော်ပုံ ၁၂ မျိုး (တရားနည်းလမ်းနှင့် အညီ နှိမ်နင်းအပ် ပြီးသော အဓိကရုဏ်းကို တစ်ဖန် ကံပြုဖို့ လှုံ့ဆော်ပုံ ၁၂ မျိုး)
၁။ ကံကို မပြုရသေးဟု လှုံ့ဆော်ခြင်း၊
၂။ ကံကို မကောင်းသဖြင့် ပြုထား၏ဟု လှုံ့ဆော်ခြင်း၊
၃။ ကံကို နောက်ထပ် ပြုထိုက်၏ဟု လှုံ့ဆော်ခြင်း၊
၄။ ကံကို မနှိမ်နင်းရသေးဟု လှုံ့ဆော်ခြင်း၊
၅။ ကံကို မကောင်းသဖြင့် နှိမ်နင်းထား၏ဟု လှုံ့ဆော်ခြင်း၊
၆။ ကံကို နောက်ထပ် နှိမ်နင်းထိုက်၏ဟု လှုံ့ဆော်ခြင်း၊
၇။ ကံကို မဆုံးဖြတ်ရသေးဟု လှုံ့ဆော်ခြင်း၊
၈။ ကံကို မကောင်းသဖြင့် ဆုံးဖြတ်ထား၏ဟု လှုံ့ဆော်ခြင်း၊
၉။ ကံကို နောက်ထပ် ဆုံးဖြတ်ထိုက်၏ဟု လှုံ့ဆော်ခြင်း၊
၁၀။ အဓိကရုဏ်းကို မငြိမ်းသေးဟု လှုံ့ဆော်ခြင်း၊
၁၁။ အဓိကရုဏ်းကို မကောင်းသဖြင့် ငြိမ်းထား၏ဟု လှုံ့ဆော်ခြင်း၊
၁၂။ အဓိကရုဏ်းကို နောက်ထပ် ငြိမ်းစေထိုက်၏ဟု လှုံ့ဆော်ခြင်း။ (ဝဇိရ၊၃၃၁။)♦
အဓိကရုဏ်းကို တားမြစ်သော ပုဂ္ဂိုလ်၏ အင်္ဂါ ၄ ပါး
၁။ ဆန္ဒာဂတိသို့ လိုက်သည် ဖြစ်၍ အဓိကရုဏ်းကို တားမြစ်ခြင်း၊
၂။ ဒေါသာဂတိကို လိုက်သည် ဖြစ်၍ တားမြစ်ခြင်း၊
၃။ မောဟာဂတိသို့ လိုက်သည်ဖြစ်၍ တားမြစ်ခြင်း၊
၄။ ဘယာဂတိသို့ လိုက်သည် ဖြစ်၍ တားမြစ်ခြင်း။ (ဝိ၊၅၊၂၆၅။) (ဝိ၊မြန်၊၅။၃၅၇။)♦
အဓိကရုဏ်းကို တားမြစ်သော် အာပတ်သင့်သော ပုဂ္ဂိုလ် ၄ မျိုး
၁။ ထိုနေ့ ပဉ္စင်းခံသော ရဟန်းသည် တားမြစ်အံ့ ပါစိတ်အာပတ် သင့်၏၊
၂။ အာဂန္တုရဟန်းသည် တားမြစ်အံ့ ပါစိတ်အာပတ် သင့်၏၊
၃။ ဝိနည်းဓိုရ် (ကာရက) သည် တားမြစ်အံ့ ပါစိတ်အာပတ် သင့်၏၊
၄။ ဆန္ဒပေးသော ရဟန်းသည် တားမြစ်အံ့ ပါစိတ်အာပတ် သင့်၏။ (ဝိ၊၅၊၂၆၅။) (ဝိ၊မြန်၊၅။၃၅၇။)♦
အဓိကရုဏ်းကို ဖြစ်စေသော ရဟန်း၏ အပြစ် ၅ ပါး
၁။ မရသေးသော တရားထူးကို မရခြင်း၊
၂။ ရပြီးသော တရားထူးမှ ယုတ်လျော့ခြင်း၊
၃။ မကောင်းသော ကျော်စောသတင်း ပျံ့နှံ့ခြင်း၊
၄။ တွေတွေဝေဝေ သေရခြင်း၊
၅။ သေလွန်ပြီးနောက် ငရဲသို့ ကျရောက်ရခြင်း။ (အံ၊၂၊၂၂၀။) (အံ၊မြန်၊၂။၂၇၈။)♦
အဓိကရုဏ်းငြိမ်းကြောင်း သမထ ၇ မျိုး
၁။ သမ္မုခါဝိနည်း သမထ၊
၂။ သတိဝိနည်း သမထ၊
၃။ အမူဠှဝိနည်း သမထ၊
၄။ ပဋိညာယကာရဏ၊
၅။ ယေဘုယျသိကာ၊
၆။ တဿ ပါပိယသိကာ၊
၇။ တိဏဝတ္ထာရက။ (မ၊၃၊၃၅။) (မ၊မြန်၊၃။၃၆။)♦
အဓိကရုဏ်းငြိမ်းစေသင့်သော ရဟန်း၏ အင်္ဂါ ၅ ပါး (တစ်နည်း)
၁။ ဆန္ဒာဂတိသို့ မလိုက်ခြင်း၊
၂။ ဒေါသာဂတိသို့ မလိုက်ခြင်း၊
၃။ မောဟာဂတိသို့ မလိုက်ခြင်း၊
၄။ ဘယာ ဂတိသို့ မလိုက်ခြင်း၊
၅။ ဝိနည်း၌ ကျွမ်းကျင် လိမ္မာခြင်း။ (ဝိ၊၅၊၃၄၈။) (ဝိ၊မြန်၊၅။၄၅၁။)♦
အဓိကရုဏ်းငြိမ်းစေသင့်သော ရဟန်း၏ အင်္ဂါ ၅ ပါး (တစ်နည်း)
၁။ ဆန္ဒာဂတိသို့ မလိုက်ခြင်း၊
၂။ ဒေါသာဂတိသို့ မလိုက်ခြင်း၊
၃။ မောဟာဂတိသို့ မလိုက်ခြင်း၊ ။၄။ ဘယာဂတိသို့ မလိုက်ခြင်း၊
၅။ သံဃာကို အလေးပြု၍ ပုဂ္ဂိုလ်ကို အလေးမပြုခြင်း။ (ဝိ၊၅၊၃၄၈။) (ဝိ၊မြန်၊၅။၄၅၁။)♦
အဓိကရုဏ်းဖြစ်သော ရဟန်းတို့အား ကျေးဇူးများသော ရဟန်း အင်္ဂါ ၅ ပါး
၁။ ပါတိမောက္ခ သံဝရ သီလနှင့် ပြည့်စုံလျက် အနည်းငယ်မျှသော အပြစ်တို့၌ ဘေးဟု ရှုလေ့ရှိခြင်း၊
၂။ စ-လယ် ဆုံး သုံးပါးလုံး ကောင်းခြင်းရှိသော တရားတို့၌ အကြားအမြင် ဗဟုဿုတနှင့် ပြည့်စုံခြင်း၊
၃။ ပါတိမောက် နှစ်ပါးတို့ကို အကျယ်အားဖြင့် ဝေဖန် ဆုံးဖြတ်နိုင်ခြင်း၊
၄။ ဝိနည်း တရား၌ တည်ခြင်း၊
၅။ တရားဖြစ်ဘက် (အမှုဖြစ်ဘက်) ရဟန်းနှစ်ပါးတို့အား သက်သာရာ ရစေခြင်း ကြည်ညိုစေခြင်းငှာ စွမ်းနိုင်ခြင်း။ (ဝိ၊၅၊၃၃၃။) (ဝိ၊မြန်၊၅။၄၃၄။)♦
အဓိကရုဏ်းဖြစ်သော ရဟန်းတို့အား ကျေးဇူးများသော ရဟန်း အင်္ဂါ ၅ ပါး (တစ်နည်း)
၁။ စင်ကြယ်သော ကိုယ်အကျင့် ရှိခြင်း၊
၂။ စင်ကြယ်သော နှုတ်အကျင့် ရှိခြင်း၊
၃။ စင်ကြယ်သော အသက်မွေးမှု ရှိခြင်း၊
၄။ ပညာရှိခြင်း၊
၅။ မေးစစ်ခြင်းငှာ စွမ်းနိုင်ခြင်း။ (ဝိ၊၅၊၃၃၃။) (ဝိ၊မြန်၊၅။၄၃၅။)♦
အဓိကရုဏ်းဖြစ်သော ရဟန်းတို့အား ကျေးဇူးများသော ရဟန်း အင်္ဂါ ၅ ပါး (တစ်နည်း)
၁။ဝတ္ထုကို သိခြင်း၊
၂။ နိဒါန်းကို သိခြင်း၊
၃။ ပညတ်ကို သိခြင်း၊
၄။ မျက်မှောက်ဖြစ်သော ပုဒ်ကို သိခြင်း၊
၅။ ရှေ့နောက် စကားအစပ်ကို သိခြင်း။ (ဝိ၊၅၊၃၃၃။) (ဝိ၊မြန်၊၅။၄၃၅။)♦
အဓိစိတ္တသိက္ခာကို အားထုတ်သော ရဟန်း နှလုံးသွင်းအပ်သော နိမိတ် ၃ ပါး
၁။ သမာဓိ နိမိတ်ကို ရံဖန်ရံခါ နှလုံးသွင်းအပ်ခြင်း၊
၂။ ပဂ္ဂဟနိမိတ်ကို ရံဖန်ရံခါ နှလုံးသွင်းအပ်ခြင်း၊
၃။ ဥပေက္ခာနိမိတ်ကို ရံဖန်ရံခါ နှလုံးသွင်းအပ်ခြင်း။ (အံ၊၁၊၂၅၈။) (အံ၊မြန်၊၁။၂၇၇။)♦
အဓိစ္စသမုပ္ပန္နဒိဋ္ဌိ ၂ မျိုး
၁။ ပထမ အဓိစ္စသမုပ္ပန္နဒိဋ္ဌိဝါဒ- အသညသတ်ဗြဟ္မာ တစ်ဘဝမျှကိုသာ အောက်မေ့နိုင်သဖြင့် အတ္တသည်လည်းကောင်း လောကသည်လည်းကောင်း အကြောင်း မရှိဘဲ ဖြစ်၏ဟု ယူခြင်း၊
၂။ ဒုတိယ အဓိစ္စသမုပ္ပန္နဒိဋ္ဌိဝါဒ- အတ္တသည်လည်းကောင်း လောကသည် လည်းကောင်း အကြောင်းမရှိဘဲ ဖြစ်၏ဟု ကြံဆခြင်း ဉာဏ်အတုဖြင့် စူးစမ်းခြင်း။ (ဒီ၊၁၊၂၆၊၂၇။) (ဒီ၊မြန်၊၁။၃၁။)♦
အဓိဋ္ဌာန် ၄ မျိုး
၁။ သစ္စာဓိဋ္ဌာန်၊
၂။ စာဂါဓိဋ္ဌာန်၊
၃။ ဥပသမာဓိဋ္ဌာန်၊
၄။ ပညာဓိဋ္ဌာန်။ (စရိယာ၊ဋ္ဌ၊၃၁၄။)♦
အဓိဋ္ဌာန် တည်ရာ ၄ ပါး
၁။ ပညာသာလျှင် အဓိဋ္ဌာန်တည်ရာ၊
၂။ သစ္စာသာလျှင် အဓိဋ္ဌာန် တည်ရာ၊
၃။ စွန့်ကြဲခြင်းသာလျှင် အဓိဋ္ဌာန်တည်ရာ၊
၄။ ကိလေသာငြိမ်းခြင်းသာလျှင် အဓိဋ္ဌာန် တည်ရာ။ (ဒီ၊၃၊၁၉၁။) (ဒီ၊မြန်၊၃။၂၁၄။)♦
အဓိဋ္ဌာန်တင်ထိုက်သော သင်္ကန်း ၁၁ မျိုး
၁။ ဒုကုဋ်၊
၂။ ဧကသီ၊
၃။ သင်းပိုင်၊
၄။ မိုးရေခံ သင်္ကန်း၊
၅။ နိသီဒိုင်၊
၆။ အပေါ်လွှမ်းသင်္ကန်း၊
၇။ အမာလွှမ်းသင်္ကန်း၊
၈။ မျက်နှာသုတ်ပုဝါ၊
၉။ ပရိက္ခရာအဝတ်၊
၁၀။ ရေသနုပ်၊
၁၁။ ရင်စည်းတဘက်။ (ဝိ၊ဋ္ဌ၊၄၊၁၈၃။)♦
အဓိဋ္ဌာန်တော်ကြီး ၅ ပါး (ဘုရားရှင်၏ အဓိဋ္ဌာန်တော်ကြီး ၅ ပါး)
၁။ သီဟိုဠ်ကျွန်း၌ မဟာဗောဓိပင် တည်စေခြင်းငှာ အသောကမင်းကြီး မဟာဗောဓိပင် လာယူသောအခါ မဟာ ဗောဓိပင်၏ လက်ယာအကိုင်းသည် အလိုလိုပြတ်၍ ရွှေဖျင်းအိုး၌ တည်စေခြင်း၊
၂။ ထိုရွှေဖျင်းအိုး၌ တည်သော အခါ၌လည်း မဟာဗောဓိသည် ရှေးဦးစွာ ဆီးနှင်းပြည့်သော တိမ်တိုက်သို့ ၇ ရက် ဝင်ပြီးမှ တည်စေခြင်း၊
၃။ ရွှေဖျင်းအိုး၌ တည်ပြီးနောက် အရွက်အသီးတို့မှ ရောင်ခြည်တော် (၆) ပါးကို လွှတ်စေခြင်း၊
၄။ ထူပါရုံစေတီ၌ လက်ယာညှပ်ရိုး ဓာတ်တော်တည်သော နေ့တွင် ရေမီးအစုံတန်ခိုးပြာဋိဟာကို ပြုစေခြင်း၊
၅။ မဟာစေတီတည်သောအခါ ဓာတ်တော် များသည် ဘုရားရှင်၏ အသွင်တော်ကို ယူ၍ ကောင်းကင်သို့ ပျံတက်ပြီးလျှင် ရေမီးအစုံ တန်ခိုး ပြာဋိဟာကို ပြုစေခြင်း။ (ဝိ၊ဋ္ဌ၊၁၊၆၈-၆၉။)♦
အဓိပညတ္တိ ၆ ပါး
၁။ ခန္ဓပညတ္တိ၊
၂။ ဓာတုပညတ္တိ၊
၃။ အာယတနပညတ္တိ၊
၄။ ဣန္ဒြိယပညတ္တိ၊
၅။ သစ္စပညတ္တိ၊
၆။ ပုဂ္ဂလပညတ္တိ။ (ဒီ၊ဋ္ဌ၊၃၊၁၀၀။)♦
အဓိပတိ တရား ၄ ပါး
၁။ ဆန္ဒာဓိပတိ- ဆန္ဒသာလျှင်ဖြစ်သော အကြီးအမှူး၊
၂။ ဝီရိယာဓိပတိ- လုံ့လသာလျှင်ဖြစ်သော အကြီးအမှူး၊
၃။ စိတ္တာဓိပတိ- စိတ်သာလျှင် ဖြစ်သော အကြီးအမှူး၊
၄။ ဝီမံသာဓိပတိ- ပညာသာလျှင်ဖြစ်သော အကြီးအမှူး။ (ဝိသုဒ္ဓိ၊၂၊၁၆၅။)♦
အဓိပတိပစ္စည်း ၂ မျိုး
၁။ သဟဇာတာဓိပတိ၊
၂။ အာရမ္မဏာဓိပတိ။ (ပဋ္ဌာန၊၁၊၁၃၆၊၁၃၇၊၃၁၀၊ ၃၆၇၊၄၁၀၊၄၄၆။) (ပဋ္ဌာန၊၂၊၄၅၊၄၆၊၁၁၇၊၁၂၀၊၁၆၁၊၁၆၃၊၂၆၁၊၂၆၂၊၂၉၁-၂၊၃၂၅၊၃၅၀၊၃၇၄၊ ၃၉၄၊ ၄၀၆၊၄၁၃၊၄၂၅၊၄၄၄၊၄၅၀၊၄၇၉။) (ပဋ္ဌာန၊၃၊၉၊၄၁၊၆၀၊၇၅၊၈၈၊၉၇၊၁၁၂၊၁၂၈၊၁၄၁၊၁၆၂၊၁၈၆၊၂၁၅၊၄၁၅၊၄၃၂၊၄၅၀။) (အဘိ၊ဋ္ဌ၊၃၊၃၄၅။) (ဝိသုဒ္ဓိ၊၂၊၁၆၅။)♦
အဓိမုတ္တိ ၂ မျိုး
၁။ ဟီနာဓိမုတ္တိ- ယုတ်သော နှလုံးသွင်းခြင်း၊
၂။ ပဏီတာဓိမုတ္တိ- မြတ်သော နှလုံးသွင်းခြင်း။ (သာရတ္ထ၊ဋီ၊၁၊၂၅၀။) (ဝိမတိ၊၁၊၅၄။) (ဝိသုဒ္ဓိ၊ဋီ၊၁၊၂၄၀။)♦
အနက်သဒ္ဒါ ကုန်ဆုံးခြင်းအားဖြင့် ပြောဆိုတတ်သော ပုဂ္ဂိုလ် ၄ မျိုး
၁။ အနက်အားဖြင့်သာ ကုန်ဆုံးခြင်းသို့ ရောက်၍ သဒ္ဒါအားဖြင့် ကုန်ဆုံးခြင်းသို့ မရောက်ဘဲ ပြောဆိုတတ်သော ပုဂ္ဂိုလ်၊
၂။ သဒ္ဒါအားဖြင့်သာ ကုန်ဆုံးခြင်းသို့ ရောက်၍ နက်အားဖြင့် ကုန်ဆုံးခြင်းသို့ မရောက်ဘဲ ပြောဆိုတတ်သော ပုဂ္ဂိုလ်၊
၃။ အနက်အားဖြင့်လည်းကောင်း သဒ္ဒါအားဖြင့် လည်းကောင်း ကုန်ဆုံးခြင်းသို့ ရောက်၍ ပြောဆိုတတ်သော ပုဂ္ဂိုလ်၊
၄။ အနက်အားဖြင့် လည်းကောင်း သဒ္ဒါအားဖြင့်လည်းကောင်း ကုန်ဆုံးခြင်းသို့ မရောက်ဘဲ ပြောဆို တတ်သော ပုဂ္ဂိုလ်။ (အံ၊၁၊၄၅၅-၄၅၆။) (အံ၊မြန်၊၁။၄၆၈။)♦
အနညပါစိတ် ၄ မျိုး
၁။ ဧတဒေဝ ပစ္စယံ ကရိတွာ အနညံ ပါစိတ္တိယံ-ဟူ၍ ဟောတော်မူ အပ်သော အနုပခဇ္ဇသေယျကပ္ပန သိက္ခာပုဒ်အရ သင့်သော ပါစိတ်အာပတ်၊
၂။ ဧဟာဝုသော ဂါမံ ဝါ နိဂမံ ဝါ ဟူသော သိက္ခာပုဒ်အရ သင့်သော ပါစိတ်အာပတ်၊
၃။ သဉ္စိစ္စကုက္ကုစ္စ ဥပဒဟန သိက္ခာပုဒ်အရ သင့်သော ပါစိတ်အာပတ်၊
၄။ ဥပဿုတိတိဋ္ဌန သိက္ခာပုဒ်အရ သင့်သော ပါစိတ်အာပတ်။ (ဝိ၊ဋ္ဌ၊၄၊၁၇၂။)♦
အနတိရိက် ဝိနည်းကံ ၅ ပါး
၁။ မအပ်သော သစ်သီး စသည်ကို အတိရိက်ပြုခြင်း၊
၂။ အကပ် မခံအပ်သောဝတ္ထုကို အတိရိက်ပြုခြင်း၊
၃။ မချီ, မကြွ, မ မနိုင်သောဝတ္ထုကို အတိရိက် ပြုခြင်း၊
၄။ ဟတ္ထပါသ်တွင်း မဟုတ်သည်ကို အတိရိက်ပြုခြင်း၊
၅။ ဤအလုံးစုံကို တော်ပြီဟု မဆိုခြင်း။ (ဝိ၊၅၊၃၂၅။) (ဝိ၊မြန်၊၅။၄၂၆။)♦
အနတ္တမည်ကြောင်း ၄ ပါး
၁။ ပုဂ္ဂိုလ်, သတ္တဝါတို့မှ ဆိတ်သုဉ်းခြင်း အနက်သဘောကြောင့် အနတ္တ မည်၏၊
၂။ အရှင်မရှိခြင်း အနက်သဘောကြောင့် အနတ္တ မည်၏၊
၃။ အစိုးမရခြင်း အနက်သဘောကြောင့် အနတ္တ မည်၏၊
၄။ အတ္တ၏ အဖြစ်ကို ပယ်ခြင်းဟူသော အနက် သဘောကြောင့် အနတ္တ မည်၏။ (မ၊ဋ္ဌ၊၂၊၁၉။) (အဘိ၊ဋ္ဌ၊၂၊၄၅။) (သာရတ္ထ၊ဋီ၊၃၊၁၈၃။)♦
အနတ္တလက္ခဏာ ၃ ပါး
၁။ ပရတော- မိမိဥစ္စာ မဟုတ်သော အနက်သဘောအားဖြင့် ဖြစ်ခြင်း၊
၂။ သုညတော- ပိုင်ရှင်မရှိသော ကင်းဆိတ်သော အနက်သဘောအားဖြင့် ဖြစ်ခြင်း၊
၃။ အနတ္တတော- မိမိအလိုသို့ မလိုက်သော အနက်သဘောအားဖြင့် ဖြစ်ခြင်း။ (အံ၊ဋ္ဌ၊၃၊၂၇၈။)♦
အနတ္တသညာကို ဖြစ်စေသော ရဟန်း၏ အကျိုး ၆ မျိုး
၁။ အလုံးစုံသော လောက၌ တဏှာဒိဋ္ဌိတို့မှ ကင်းရလိမ့်မည်ဟု မြင်ခြင်း၊
၂။ ငါဟူသော စွဲယူမှု အခြင်းအရာ ဒိဋ္ဌိသည်လည်း ငါ့အား ချုပ်ကုန်လိမ့်မည်ဟု မြင်ခြင်း၊
၃။ ငါ၏ ဥစ္စာဟု စွဲမက်မှု တဏှာတို့ သည်လည်း ငါ့အား ချုပ်ကုန်လိမ့်မည်ဟု မြင်ခြင်း၊
၄။ ငါသည် ပုထုဇဉ်နှင့် မဆက်ဆံသော ဉာဏ်နှင့် ပြည့်စုံလိမ့်မည်ဟု မြင်ခြင်း၊
၅။ အကြောင်းတရားတို့ကို ကောင်းစွာ မြင်ရ လိမ့်မည်ဟု သိခြင်း၊
၆။ အကြောင်းကြောင့် ဖြစ်သော အကျိုးတရားတို့ကိုလည်း ကောင်းစွာ မြင်ရလိမ့်မည်ဟု သိခြင်း။ (အံ၊၂၊၃၈၆။) (အံ၊မြန်၊၂။၄၈၅။)♦
အနတ္တာနုပဿနာဉာဏ် လွတ်ရာ ဥပါဒါန် ၃ ပါး
၁။ ဒိဋ္ဌုပါဒါန်၊
၂။ သီလဗ္ဗတုပါဒါန်၊
၃။ အတ္တဝါဒုပါဒါန်။ (ပဋိသံ၊၂၄၃။) (ပဋိသံ၊မြန်။၃၀၀။)♦
အနန္တ ၃ မျိုး
၁။ အကာသာနန္တ- မိုးကောင်းကင်ဟူသော အနန္တ၊
၂။ စက္ကဝဠာနန္တ- စကြဝဠာ ဟူသော အနန္တ၊
၃။ သတ္တနိကာယာနန္တ- သတ္တဝါအပေါင်း ဟူသော အနန္တ။ (အဘိ၊ဋ္ဌ၊၁၊၂၀၄။) (ဝိသုဒ္ဓိ၊ဋီ၊၁၊၂၄၃။)♦
အနန္တရ ၂ မျိုး
၁။ အာသန္နအနန္တရ- ဝိပဿနာသည် မဂ်၏ အာသန္နာနန္တရ၊
၂။ ဒူရအနန္တရ- ဝိပဿနာသည် ဖိုလ်၏ ဒူရာနန္တရ။ (သံ၊ဋ္ဌ၊၂၊၂၅၄။)♦
အနန္တဝါဒိဋ္ဌိကို ဖြစ်စေသော တရား ၅ ပါး
၁။ ရုပ်ကို အမှား နှလုံးသွင်းသောကြောင့် အနန္တဝါ ဒိဋ္ဌိ ဖြစ်၏၊
၂။ ဝေဒနာကို အမှား နှလုံးသွင်းသောကြောင့် အနန္တဝါဒိဋ္ဌိ ဖြစ်၏၊
၃။ သညာကို အမှား နှလုံးသွင်းသောကြောင့် အနန္တဝါဒိဋ္ဌိ ဖြစ်၏၊
၄။ သင်္ခါရကို အမှား နှလုံးသွင်း သောကြောင့် အနန္တဝါဒိဋ္ဌိ ဖြစ်၏၊
၅။ ဝိညာဏ်ကို အမှား နှလုံးသွင်းသောကြောင့် အနန္တဝါ ဒိဋ္ဌိ ဖြစ်၏။ (သံ၊၂၊၁၇၆။) (သံ၊မြန်၊၂။၁၆၇။)♦
အနရိယဝေါဟာရ ၈ မျိုး
အရိယာမဟုတ်သူတို့၏ စကား ၈ မျိုးနှင့် တူသည်။ ♦
အနရိယဝေါဟာရ ၈ မျိုး
အရိယာမဟုတ်သူတို့၏ အသုံးအနှုန်း ၈ မျိုးနှင့် တူသည်။ ♦
အနဝတတ်အိုင်၏ ဘေး၌ ရေစီးထွက်ရာ အပေါက် ၄ မျိုး
၁။ သီဟမည်သော အပေါက်အဝ (သီဟမုခ)၊
၂။ ဟတ္ထိမည်သော အပေါက်အဝ (ဟတ္ထိမုခ)၊
၃။ အဿမုခမည်သော အပေါက်အဝ (အဿမုခ)၊
၄။ ဥသဘမည်သော အပေါက်အဝ (ဥသဘမုခ)။ (မ၊ဋ္ဌ၊၃၊၂၅။) (အံ၊ဋ္ဌ၊၃၊၂၁၉။) (ဥဒါန၊ဋ္ဌ၊၂၇၃။) (သာရတ္ထ၊ဋီ၊၁၊၂၅၆။) (သုတ္တနိဋ္ဌ၊၂။၁၆၁။)♦
အနဝတတ်အိုင်ကို ခြံရံထားသော တောင်ထွဋ် ၅ လုံး
၁။ သုဒဿနကူဋတောင်၊
၂။ စိတ္တကူဋ တောင်၊
၃။ ကာဠကူဋတောင်၊
၄။ ဂန္ဓမာဒနကူဋတောင်၊
၅။ ကေလာသကူဋတောင်။ (မ၊ဋ္ဌ၊၃၊၂၅။) (အံ၊ဋ္ဌ၊၃၊၂၁၈။) (ဥဒါန၊ဋ္ဌ၊၂၇၂။) (သုတ္တနိဋ္ဌ၊၂။၁၆၀။)♦
အနွယ် ၂ မျိုး
၁။ ကဲ့ရဲ့ရှုတ်ချအပ်သော ယုတ်ညံ့သော အနွယ်၊
၂။ မကဲ့ရဲ့ မရှုတ်ချအပ်သော ဂေါတမအနွယ်, မောဂ္ဂလ္လာနအနွယ်စသော မြင့်မြတ်သော အနွယ်။ (ဝိ၊၂၊၈။) (ဝိ၊မြန်၊၂။၁၀။)♦
အနွယ် ၈ မျိုး
၁။ ခတ္တိယ အနွယ်၊
၂။ ပုဏ္ဏား အနွယ်၊
၃။ ကုန်သည် အနွယ်၊
၄။ သူဆင်းရဲ အနွယ်၊
၅။ ရဟန်း အနွယ်၊
၆။ အမျိုး အနွယ်၊
၇။ မင်း အနွယ်၊
၈။ အရိယာ အနွယ်။ (ဒီ၊ဋ္ဌ၊၃၊၁၉၁။) (စူဠနိ၊ဋ္ဌ၊၁၁၆။)♦
အနှစ် ၄ မျိုး
၁။ သီလအနှစ်၊
၂။ သမာဓိအနှစ်၊
၃။ ပညာအနှစ်၊
၄။ ဝိမုတ္တိအနှစ်၊
၅။ ဝိမုတ္တိဉာဏ ဒဿနအနှစ်။ (ဝိ၊ဋ္ဌ၊၁၊၁၆၂။)♦
အနှစ်မည်သောတရား ၅ ပါး
၁။ သီလအနှစ်၊
၂။ သမာဓိအနှစ်၊
၃။ ပညာအနှစ်၊
၄။ အရဟတ္တဖိုလ်အနှစ်။ (အံ၊၁၊၄၅၈။)♦
အနှစ်မည်သောတရား ၈ ပါး
၁။ ဒသဝတ္ထုကသမ္မာဒိဋ္ဌိ၊
၂။ ၎င်းဒိဋ္ဌိ၏ အားကြီးသော အကြောင်းဖြစ်သော ဓမ္မဒေသနာ၊
၃။ သီလ၊
၄။ သမာဓိ၊
၅။ ပညာ၊
၆။ ဝိမုတ္တိ၊
၇။ ဝိမုတ္တိဉာဏဒဿန၊
၈။ နိဗ္ဗာန်။ (ဓမ္မ၊ဋ္ဌ၊၁၊၇၃။)♦
အနှိုင်းမဲ့ပညာ ရကြောင်း တရား ၄ ပါး
၁။ သူတော်ကောင်းကို မှီဝဲခြင်း၊
၂။ သူတော်ကောင်း တရားကို ကြားနာခြင်း၊
၃။ သင့်လျော်သောအားဖြင့် နှလုံးသွင်းခြင်း၊
၄။ တရားအား လျော်သော အကျင့်ကို ကျင့်ခြင်း။ (သံ၊၃၊၃၅၉။) (သံ၊၃၊၃၆၁။) (သံ၊မြန်၊၃။၃၆၄ ၃၆၇။) (သံ၊မြန်၊၃။၃၆၄ ၃၆၇။)♦
အနှောင့်ယှက် ၇ မျိုး
၁။ ရာဂကိဉ္စန- သတ္တဝါတို့ကို နှိပ်နင်းနှောင့်ယှက် နှောင်ဖွဲ့တတ်သည့် ရာဂ၊
၂။ ဒေါသကိဉ္စန- သတ္တဝါတို့ကို နှိပ်နင်းနှောင့်ယှက် နှောင်ဖွဲ့တတ်သည့် ဒေါသ၊
၃။ မောဟကိဉ္စန- သတ္တဝါတို့ကို နှိပ်နင်းနှောင့်ယှက် နှောင်ဖွဲ့တတ်သည့် မောဟ၊
၄။ မာန ကိဉ္စန- သတ္တဝါတို့ကို နှိပ်နင်းနှောင့်ယှက် နှောင်ဖွဲ့တတ်သည့် မာန၊
၅။ ဒိဋ္ဌိကိဉ္စန- သတ္တဝါ တို့ကို နှိပ်နင်းနှောင့်ယှက် နှောင်ဖွဲ့တတ်သည့် ဒိဋ္ဌိ၊
၆။ ကိလေသကိဉ္စန- သတ္တဝါတို့ကို နှိပ်နင်းနှောင့်ယှက် နှောင်ဖွဲ့တတ်သည့် ကိလေသာ၊
၇။ ဒုစ္စရိတကိဉ္စန- သတ္တဝါတို့ကို နှိပ်နင်း နှောင့်ယှက် နှောင်ဖွဲ့တတ်သည့် ဒုစရိုက်။ (စူဠနိ၊၈၄။) (စူဠနိ၊၉၂။) (စူဠနိ၊၁၃၃။) (စူဠနိ၊၁၄၅။)♦
အနှောင်အဖွဲ့ ၁၀ မျိုး
၁။ အမိ၊
၂။ အဖ၊
၃။ ဇနီးမယား၊
၄။ သားသမီး၊
၅။ ဆွေမျိုး၊
၆။ မိတ်ဆွေ၊
၇။ စည်းစိမ်ဥစ္စာ၊
၈။ လာဘ်ပူဇော်သက္ကာရ၊
၉။ အစိုးရခြင်း၊
၁၀။ ကာမဂုဏ် ငါးပါး။ (မိလိန္ဒ၊၂၇၈။) (မိလိန္ဒ၊မြန်။၂၉၈။)♦
အနှောင်အဖွဲ့ ဖြစ်ကြောင်း တရား ၅ ပါး
အတ္တဒိဋ္ဌိ ဖြစ်ကြောင်း တရား ၅ ပါးနှင့် တူသည်။ ♦
အနှောင်အဖွဲ့တရား ၅ ပါး
၁။ ကာမဂုဏ်၌ မကင်းသေးသော ရာဂရှိခြင်း၊
၂။ ကိုယ်၌ မကင်း သေးသော ရာဂရှိခြင်း၊
၃။ ရုပ်၌ မကင်းသေးသော ရာဂရှိခြင်း၊
၄။ အလိုရှိတိုင်း ဝမ်းဗိုက် ပြည့်အောင် စားပြီး ငိုက်မျဉ်းအိပ်ပျော်၍ နေခြင်း၊
၅။ အမှတ်မထား တစ်ပါးပါးသော နတ်ပြည်ကို တောင့်တလျက် မြတ်သော ဗြဟ္မစရိယအကျင့်ကို ကျင့်ခြင်း။ (ဝိသုဒ္ဓိ၊ဋီ၊၁၊၂၅၄။)♦
အနာဂတံသဉာဏ် ဖြစ်ရာ အာရုံ ၈ ပါး
၁။ ပရိတ္တအာရုံ၊
၂။ မဟဂ္ဂတအာရုံ၊
၃။ အပ္ပမာဏအာရုံ၊
၄။ မဂ္ဂအာရုံ၊
၅။ အနာဂတ်အာရုံ၊
၆။ အဇ္ဈတ္တအာရုံ၊
၇။ ဗဟိဒ္ဓအာရုံ၊
၈။ နဝတ္တဗ္ဗအာရုံ။ (ဝိသုဒ္ဓိ၊၂၊၆၄။)♦
အနာဂတ်ကာလကို အကြောင်းပြု၍ ဖြစ်သော ယုံမှားခြင်း ၅ မျိုး
၁။ ငါသည် အနာဂတ် ကာလ၌ ဖြစ်ဦးမည်လော၊
၂။ ငါသည် အနာဂတ်ကာလ၌ မဖြစ်တော့မည်လော၊
၃။ ငါသည် အနာဂတ်ကာလ၌ အဘယ်သို့အဘယ်ကြောင့် ဖြစ်ဦးမည်လော၊
၄။ ငါသည် အနာဂတ် ကာလ၌ အဘယ်ပုံ အဘယ်နည်းဖြင့် ဖြစ်ဦးမည်လော၊
၅။ ငါသည် အနာဂတ်ကာလ၌ အဘယ်သို့ဖြစ်၍ အဘယ်သို့ ဖြစ်ဦးမည်နည်း။ (စူဠနိ၊ဋ္ဌ၊၉၄။)♦
အနာဂတ်ဘေး ၂ မျိုး
၁။ ယခု မျက်မှောက်ဘဝ၌ ဖြစ်အံ့သော ဘေး၊
၂။ တမလွန်ဘဝ၌ ဖြစ်လတ္တံ့သော ဘေး။ (ဇာ၊ဋ္ဌ၊၃၊၃၃၃။)♦
အနာဂတ်ဘေး ၅ မျိုး (တစ်နည်း)
၁။ အိုခြင်း ‘‘ဇရာ’’ဘေး မရောက်မီ တရားအားထုတ်အံ့၊
၂။ နာခြင်း ‘‘ဗျာဓိ’’ဘေး မရောက်မီ တရားအားထုတ်အံ့၊
၃။ ငတ်မွတ်ခေါင်းပါးသောဘေး မရောက်မီ သာယာဝပြောချိန်၌ တရားအားထုတ်အံ့၊
၄။ လူတို့ မညီညွတ်ဘဲ စစ်မက် ဖြစ်ပွားသော ဘေး မရောက်မီ တရားအားထုတ်အံ့၊
၅။ သံဃာများ မညီမညွတ် ကွဲပြားသော ဘေး မရောက်မီ တရားအားထုတ်အံ့။ (အံ၊၂၊၉၀။) (အံ၊မြန်၊၂။၁၁၀-၁၁၂။)♦
အနာဂတ်ဘေး ၅ မျိုး (တစ်နည်း)
၁။ အနာဂတ်ကာလ၌ ကိုယ်ကို မပွားသူ၊ သီလကို မပွားသူ၊ စိတ်ကို မပွားသူ ပညာကို မပွားများသူတို့က သူတစ်ပါးကို ဥပဇ္ဈာယ်ပြု၍ ရဟန်းခံ ပေးမည့်ဘေး၊
၂။ အနာဂတ်ကာလ၌ ကိုယ်ကို မပွားသူ၊ သီလကို မပွားသူ၊ စိတ်ကို မပွားသူ ပညာကို မပွားများသူတို့က သူတစ်ပါးအား နိဿယည်း ပေးမည့်ဘေး၊
၃။ အနာဂတ် ကာလ၌ ကိုယ်ကို မပွားသူ၊ သီလကို မပွားသူ၊ စိတ်ကို မပွားသူ ပညာကို မပွားများသူတို့က သူတစ်ပါးအား အဘိဓမ္မာကထာနှင့် ဝေဒလ္လကထာကို ဟောပြော ပို့ချမည့်ဘေး၊
၄။ အနာဂတ် ကာလ၌ ကိုယ်ကို မပွားသူ၊ သီလကို မပွားသူ၊ စိတ်ကို မပွားသူ ပညာကို မပွားများသူတို့က သူတစ်ပါးအား သုတ္တန်တရားကို ဟောကြားမည့်ဘေး၊
၅။ အနာဂတ်ကာလ၌ ကိုယ်ကို မပွားသူ၊ သီလကို မပွားသူ၊ စိတ်ကို မပွားသူ ပညာကို မပွားများသူတို့က သူတစ်ပါးအား ပညာကို မပွားများသော မထေရ်ကြီးတို့က ပစ္စည်းများရန်သာ ကျင့်ကြံကြမည့်ဘေး။ (အံ၊၂၊ ၉၃။) (အံ၊မြန်၊၂။၁၁၃-၁၁၅။)♦
အနာဂတ်ဘေး ၅ မျိုး (တစ်နည်း)
၁။ အနာဂတ်၌ ပံသုကူဓုတင် ဆောင်ခြင်းနှင့် တောကျောင်း၌ နေခြင်းတို့ကို စွန့်လွှတ်၍ သင်္ကန်းကောင်းနှင့် မြို့ကျောင်းတို့၌ ဝင်ရောက်၍ နေခြင်း၊ မအပ်သော ပစ္စည်း ရှာမှီးခြင်း၊
၂။ ပိဏ္ဍပါတ်ဓုတင် ဆောင်ခြင်းနှင့် တောကျောင်း၌ နေခြင်း တို့ကို စွန့်လွှတ်၍ ဆွမ်းကောင်းကောင်းနှင့် မြို့ကျောင်းတို့၌ ဝင်ရောက်၍ နေခြင်း၊ မအပ်သော ပစ္စည်း ရှာမှီးခြင်း၊
၃။ ရုက္ခမူဓုတင် ဆောင်ခြင်းနှင့် တောကျောင်း၌ နေခြင်းတို့ကို စွန့်လွှတ်၍ မြို့ကျောင်းတို့၌ ဝင်ရောက်၍ နေခြင်း၊ မအပ်သော ပစ္စည်း ရှာမှီးခြင်း၊
၄။ ရဟန်း တို့သည် ဘိက္ခုနီ သိက္ခမာန် သာမဏေတို့နှင့် ရောနှော၍ နေထိုင်ကြခြင်း၊ ညစ်နွမ်းသော အာပတ်တစ်ခုခုသို့ ရောက်ခြင်း သိက္ခာချ၍ လူထွက်ခြင်း၊
၅။ ရဟန်းတို့သည် အရာမ်စောင့် သာမဏေတို့နှင့် ရောနှော၍ နေခြင်း သိုမှီး သုံးဆောင်ခြင်း။ (အံ၊၂၊၉၅။) (အံ၊မြန်၊၂။၁၁၆-၁၁၇။)♦
အနာဂတ်ဘေး ၅ မျိုး (တောနေရဟန်းနှင့် အနာဂတ်ဘေး ၅ မျိုး)
၁။ တစ်ယောက်တည်း တောနေရဟန်းကို မြွေ ကင်းတို့ ကိုက်ခဲ့သဖြင့် သေနိုင်ရာ၏၊ မသေမီ ယခုအခါ နိဗ္ဗာန်ကို မျက်မှောက်ပြုရန် လုံ့လကို အားထုတ်အံ့၊ ဤကား ပထမ အနာဂတ်ဘေး၊
၂။ ချွတ်ချော်၍ မူလည်း ကျရာ၏၊ စားပြီးသော အစာကြောင့် ဖောက်ပြန်ရာ၏၊ သည်းခြေ သလိပ်မူလည်း ပျက်ရာ၏၊ လေသင်တုန်းမူလည်း ဖြတ်သဖြင့် သေနိုင်ရာ၏၊ မသေမီ ယခုအခါ နိဗ္ဗာန်ကို မျက်မှောက်ပြုရန် လုံ့လကို အားထုတ်အံ့၊ ဤကား ဒုတိယ အနာဂတ်ဘေး၊
၃။ သားရဲ သတ္တဝါတို့သည် ငါ့အား သတ်သဖြင့် သေဆုံးခြင်း ဖြစ်ရာ၏၊ မသေမီ ယခုအခါ နိဗ္ဗာန်ကို မျက်မှောက်ပြုရန် လုံ့လကို အားထုတ်အံ့၊ ဤကား တတိယ အနာဂတ်ဘေး၊
၄။ လူဆိုး တို့နှင့် တွေ့ဆုံမိသောအခါ ငါ့ကို သတ်သဖြင့် သေဆုံးခြင်း ဖြစ်ရာ၏၊ မသေမီ ယခုအခါ နိဗ္ဗာန်ကို မျက်မှောက်ပြုရန် လုံ့လကို အားထုတ်အံ့၊ ဤကား စတုတ္ထ အနာဂတ်ဘေး၊
၅။ တောအုပ်၌ရှိသော ဘီလူးတို့သည် ငါ့ကို သတ်သဖြင့် သေဆုံးခြင်း ဖြစ်ရာ၏၊ မသေမီ ယခုအခါ နိဗ္ဗာန်ကို မျက်မှောက်ပြုရန် လုံ့လကို အားထုတ်အံ့၊ ဤကား ပဉ္စမ အနာဂတ်ဘေး။ (အံ၊၂၊၈၈-၈၉။) (အံ၊မြန်၊၂။၁၀၈ ၁၁၀။)♦
အနာဂါမိဖိုလ် မျက်မှောက်ပြုကြောင်း တရား ၄ ပါး
၁။ သူတော်ကောင်းကို မှီဝဲခြင်း၊
၂။ သူတော် ကောင်းတရားကို ကြားနာခြင်း၊
၃။ သင့်လျော်သောအားဖြင့် နှလုံးသွင်းခြင်း၊
၄။ တရားအား လျော်သော အကျင့်ကို ကျင့်ခြင်း။ (သံ၊၃၊၃၅၉။) (သံ၊၃၊၃၆၁။) (သံ၊မြန်၊၃။၃၆၄-၃၆၇။) (သံ၊မြန်၊၃။၃၆၄ ၃၆၇။)♦
အနာဂါမိဖိုလ် မျက်မှောက်ပြုကြောင်း တရား ၆ ပါး
၁။ ယုံကြည်မှု သဒ္ဓါတရားမရှိခြင်းကို ပယ်ခြင်း (သဒ္ဓါတရား ရှိခြင်း)၊
၂။ ဒုစရိုက်မှ မရှက်မှုကို ပယ်ခြင်း (ဒုစရိုက်မှ ရှက်ခြင်း)၊
၃။ ဒုစရိုက်မှ မကြောက်လန့်မှုကို ပယ်ခြင်း (ဒုစရိုက်မှ ကြောက်လန့်ခြင်း)၊
၄။ ပျင်းရိမှုကို ပယ်ခြင်း၊
၅။ အသိကင်းလွတ်မှုကို ပယ်ခြင်း၊
၆။ ပညာကင်းမှုကို ပယ်ခြင်း။ (အံ၊၂၊၃၆၈။) (အံ၊မြန်၊၂။၄၆၂။)♦
အနာဂါမိဖိုလ် မျက်မှောက်မပြုကြောင်း တရား ၆ ပါး
၁။ ယုံကြည်မှု သဒ္ဓါတရား မရှိခြင်းကို မပယ်ခြင်း (သဒ္ဓါတရား မရှိခြင်း)၊
၂။ ဒုစရိုက်မှ မရှက်ခြင်းကို မပယ်ခြင်း (ဒုစရိုက်မှ မရှက်ခြင်း)၊
၃။ ဒုစရိုက်မှ မကြောက်မလန့်ခြင်းကို မပယ်ခြင်း (ဒုစရိုက်မှ မကြောက်လန့်ခြင်း)
၄။ ပျင်းရိခြင်းကို မပယ်ခြင်း၊
၅။ သတိကင်းလွတ်ခြင်းကို မပယ်ခြင်း၊
၆။ ပညာမဲ့ခြင်းကို မပယ်ခြင်း။ (အံ၊၂၊၃၆၈။) (အံ၊မြန်၊၂။၄၆၂။)♦
အနာဂါမိဖိုလ် မရကြောင်း တရား ၆ ပါး
၁။ ယုံကြည်ခြင်း သဒ္ဓါ မရှိခြင်း၊
၂။ မရှက်ခြင်း၊
၃။ မကြောက်မလန့်ခြင်း၊
၄။ ပျင်းရိခြင်း၊
၅။ သတိလွတ်ကင်းခြင်း၊
၆။ ပညာမဲ့ခြင်း။ (အံ၊၂၊၃၆၈။) (အံ၊မြန်၊၂။၄၆၂။)♦
အနာဂါမိမဂ် ပယ်အပ်သော သံယောဇဉ် ၂ ပါး
၁။ သိမ်မွေ့သော ကာမရာဂသံယောဇဉ်၊
၂။ သိမ်မွေ့သော ပဋိဃသံယောဇဉ်။ (ပဋိသံ၊၂၈၅။) (ပဋိသံ၊မြန်။၃၄၃။)♦
အနာဂါမိမဂ် ပယ်အပ်သော ဥပက္ကိလေသာ ၄ ပါး
၁။ ကိုးပါးသော ရန်ငြိုးဖွဲ့ခြင်း အကြောင်း အားဖြင့် ဖြစ်သော ဒေါသ၊
၂။ ဆယ်ပါးသော ရန်ငြိုးဖွဲ့ခြင်း အကြောင်းဝတ္ထုအားဖြင့် ဖြစ်သော ဒေါသ၊
၃။ အဖန်ဖန် စိတ်ကို ဖွဲ့ယှက်သောအားဖြင့် ဖြစ်သော ဒေါသ၊
၄။ ကာမဂုဏ် ငါးပါးတို့၌ စိတ်ကို လွှတ်ထားသည်၏ အစွမ်းဖြင့် ဖြစ်သော မေ့လျော့ခြင်း ပမာဒ။ (မ၊ဋ္ဌ၊၁၊၁၇၅။)♦
အနာဂါမိမဂ်ကြောင့် ကင်းသော အနုသယ ၂ ပါး
၁။ သိမ်မွေ့သော ကာမရာဂါနုသယ၊
၂။ သိမ်မွေ့သော ပဋိဃာနုသယ။ (ပဋိသံ၊၂၈၅။) (ပဋိသံ၊မြန်။၃၄၃။)♦
အနာဂါမိမဂ်ဖြင့် ကောင်းစွာ ဖြတ်အပ်သော တရား ၄ ပါး
၁။ သေးဖွဲသော ကာမရာဂ သံယောဇဉ်၊
၂။ ပဋိဃသံယောဇဉ်၊
၃။ သေးဖွဲသော ကာမရာဂါနုသယ၄။ ပဋိဃာနုသယ။(ဤတရား လေးပါးတို့မှ စိတ်သည် လွတ်မြောက်၏)။ (ပဋိသံ၊၇၀။) (ပဋိသံ၊မြန်။၉၂။)♦
အနာဂါမ် ၅ မျိုး (တစ်နည်း)
၁။ အဝိဟာ အနာဂါမ်၊
၂။ အတပ္ပါ အနာဂါမ်၊
၃။ သုဒဿာ အနာဂါမ်၊
၄။ သုဒဿီ အနာဂါမ်၊
၅။ အကနိဋ္ဌာ အနာဂါမ်။ (ဣတိဝုတ်၊ဋ္ဌ၊၄၈။)♦
အနာဂါမ်ပုဂ္ဂိုလ် ၄ မျိုး
၁။ ဥဒ္ဓံသောတ အကနိဋ္ဌဂါမီ အနာဂါမ်ပုဂ္ဂိုလ်၊
၂။ ဥဒ္ဓံသောတ န အကနိဋ္ဌဂါမီ အနာဂါမ်ပုဂ္ဂိုလ်၊
၃။ န ဥဒ္ဓံသောတ အကနိဋ္ဌဂါမီ အနာဂါမ်ပုဂ္ဂိုလ်၊
၄။ န ဥဒ္ဓံ သောတ န အကနိဋ္ဌဂါမီ အနာဂါမ်ပုဂ္ဂိုလ်။ (အံ၊ဋ္ဌ၊၂၊၂၁၇။)♦
အနာဂါမ်ပုဂ္ဂိုလ် ၄၈ ယောက်
၁။ အဝိဟာဘုံ၌ အသင်္ခါရ အန္တရာပရိနိဗ္ဗာယီ ပုဂ္ဂိုလ် သုံးယောက်၊ အသင်္ခါရ ဥပဟစ္စပရိနိဗ္ဗာယီ ပုဂ္ဂိုလ် တစ်ယောက်၊ အသင်္ခါရ ဥဒ္ဓံသောတ အကနိဋ္ဌဂါမိပုဂ္ဂိုလ် တစ်ယောက် ပေါင်း ငါးယောက်၊ ထို့အတူ သသင်္ခါရ ပရိနိဗ္ဗာယီလည်း ငါးယောက် စုစုပေါင်း ဆယ်ယောက်၊
၂။ အတပ္ပါဘုံ၌လည်း အထက်ပါ နည်းတူ ဆယ်ယောက်၊
၃။ သုဒဿာဘုံ ၌လည်း အထက်ပါအတိုင်းပင် ဆယ်ယောက်၊
၄။ သုဒဿီဘုံ၌လည်း အထက်ပါနည်းတူ ဆယ်ယောက်၊
၅။ အကနိဋ္ဌဘုံ၌ ဥဒ္ဓံသောတကြဉ် အသင်္ခါရ ပရိနိဗ္ဗာယီ လေးယောက်, သသင်္ခါရ ပရိနိဗ္ဗာယီ လေးယောက် ပေါင်း ရှစ်ယောက် စုစုပေါင်း ၄၈ ယောက် ဖြစ်၏။ (သံ၊ဋ္ဌ၊၃၊၁၈၁။) (အံ၊ဋ္ဌ၊၂၊၂၁၈။)♦
အနာဂါမ်ပုဂ္ဂိုလ် ၅ မျိုး
၁။ အသက်တမ်းအလယ်ကို မလွန်မူ၍ ပရိနိဗ္ဗာန်ပြုသော အန္တရာပရိနိဗ္ဗာယီ အနာဂါမ်၊
၂။ အသက်တမ်းအလယ်ကို လွန်၍ ပရိနိဗ္ဗာန်ပြုသော ဥပဟစ္စ ပရိနိဗ္ဗာယီ အနာဂါမ်၊
၃။ အားမထုတ်ရမူ၍ ချမ်းသာစွာ ပရိနိဗ္ဗာန်ပြုသော အသင်္ခါရ ပရိနိဗ္ဗာယီ အနာဂါမ်၊
၄။ အားထုတ်လျက် ချမ်းသာစွာ ပရိနိဗ္ဗာန်ပြုသော သသင်္ခါရ ပရိနိဗ္ဗာယီ အနာဂါမ်၊
၅။ အထက် အကနိဋ္ဌဘုံသို့ ရောက်၍ ပရိနိဗ္ဗာန်ပြုသော ဥဒ္ဓံသောတ အကနိဋ္ဌဂါမီ အနာဂါမ်။ (ဒီ၊၃၊၁၉၈။) (ဝိသုဒ္ဓိ၊၂၊၃၅၂။) (ဒီ၊မြန်၊၃။၂၂၁။)♦
အနာဂါရိကရတနာ ၂ မျိုး
၁။ အရိယာရတနာ၊
၂။ ပုထုဇဉ်ရတနာ။ (ခုဒ္ဒက၊ဋ္ဌ၊၁၄၉။)♦
အနာစာရ ၂ မျိုး
၁။ ကာယိက အနာစာရ- ကိုယ်၌ဖြစ်သော မကောင်းသော အကျင့်၊
၂။ ဝါစသိက အနာစာရ- နှုတ်၌ဖြစ်သော မကောင်းသော အကျင့်။ (ဝိသုဒ္ဓိ၊၁၊၁၈။)♦
အနာဒရိယသိက္ခာပုဒ်၌ အင်္ဂါ ၂ မျိုး
၁။ ရဟန်း၏ ပညတ်အပ်သော သိက္ခာပုဒ်ဖြင့် ပြောဆိုခြင်း၊
၂။ ရိုသေလေးစားမှု မပြုခြင်း။ (သာရတ္ထ၊ဋီ၊၃၊၈၀။) (ဝိမတိ၊၂၊၄၃။)♦
အနာပုစ္ဆာပက္ကမနသိက္ခာပုဒ်၌ အင်္ဂါ ၂ ပါး
၁။ ပုရေဘတ်အချိန် ရွာတွင်း၌ တင်ပလ္လင်ဖွဲ့ခွေ၍ ထိုင်လောက်သော အခင်း၌ ထိုင်ခြင်း၊
၂။ ခွင့်ပြုထားသော အကြောင်းမရှိဘဲ ပန်မပြောဘဲ တစ်ဆယ့်နှစ်တောင် အပိုင်းအခြားကို ကျော်လွန်ခြင်း။ (ဝိမတိ၊၂၊၇၇။)♦
အနာပုစ္ဆာပက္ကမနသိက္ခာပုဒ်၌ အင်္ဂါ ၅ ပါး
၁။ အရုဏ်တက်ချိန်မှ စ၍ မွန်းမတည့်ခင် ပုရေဘတ် အချိန် ဖြစ်ခြင်း၊
၂။ အိမ်အတွင်း၌ ထိုင်နေခြင်း၊
၃။ တင်ပလ္လင် ဖွဲ့ခွေ၍ ထိုင် လောက်သော အခင်း, ထိုင်ခုံ ဖြစ်ခြင်း၊
၄။ ခွင့်ပြုထားသော အကြောင်းကို ကြဉ်ထား၍ မပန်ပြောခြင်း၊
၅။ တစ်ဆယ့်နှစ်တောင် ဥပစာကို ကျော်လွန်ခြင်း။ (သာရတ္ထ၊ဋီ၊၃၊၁၂၅။)♦
အနာရောဂါ ၄၉ မျိုး
၁။ မျက်စိရောဂါ၊
၂။ နားရောဂါ၊
၃။ နှာခေါင်းရောဂါ၊
၄။ လျှာရောဂါ၊
၅။ ကိုယ်၌ ဖြစ်သော အနာ၊
၆။ ဦးခေါင်း၌ ဖြစ်သော အနာ၊
၇။ နားရွက်ရောဂါ၊
၈။ ခံတွင်း ရောဂါ၊
၉။ သွားရောဂါ၊
၁၀။ နှုတ်ခမ်းရောဂါ၊
၁၁။ ချောင်းဆိုးရောဂါ၊
၁၂။ ကုတ်ဟီးနာ၊
၁၃။ ဖွတ်စအိုနာ၊
၁၄။ ကိုယ်ပူနာ၊
၁၅။ ဖျားနာ၊
၁၆။ ဝမ်း၌ ဖြစ်သော ရောဂါ၊
၁၇။ မိန်း မောသော အနာ၊
၁၈။ မြင်းသရိုက်နာ၊
၁၉။ လေထိုးလေအောင့်နာ၊
၂၀။ ဝမ်းလျောနာ၊
၂၁။ နူနာ၊
၂၂။ အိုင်းနာ၊
၂၃။ ညှင်းနာ၊
၂၄။ ခယရုတ်နာ၊
၂၅။ ဝက်ရူးနာ၊
၂၆။ ပွေးနာ၊
၂၇။ ဝဲနာ၊
၂၈။ ယားနာ၊
၂၉။ လက်သည်း ခြေသည်းနာ၊
၃၀။ လက်ဖဝါး ခြေဖဝါး၌ ပေါက်သော အနာ၊
၃၁။ ရတ္တပိတ်နာ၊
၃၂။ ဆီးချိုနာ၊
၃၃။ ဒူလာ လိပ်ခေါင်းနာ၊
၃၄။ ထွတ်မြင်းနာ၊
၃၅။ ဘဂန္ဒိုရ်နာ၊
၃၆။ သည်းခြေနာ၊
၃၇။ သလိပ်ကြောင့် ဖြစ်သော အနာ၊
၃၈။ လေကြောင့် ဖြစ်သော အနာ၊
၃၉။ သည်းခြေ သလိပ် လေ သုံးမျိုးကြောင့် ဖြစ်သော အနာ၊
၄၀။ ဥတုဖောက်ပြန်သောကြောင့် ဖြစ်သောအနာ၊
၄၁။ ဣရိယာပုတ် မညီညွတ်သောကြောင့် ဖြစ်သော အနာ၊
၄၂။ သူတစ်ပါးလုံ့လကြောင့် ဖြစ်သော အနာ၊
၄၃။ ကံအကျိုးပေးမှုကြောင့် ဖြစ်သော အနာ၊
၄၄။ အအေးနာ၊
၄၅။ အပူနာ၊
၄၆။ ထမင်းဆာ လောင်သော ရောဂါ၊
၄၇။ ရေမွတ်သိပ်သော ရောဂါ၊
၄၈။ ကျင်ကြီးစွန့်လိုသော ရောဂါ၊
၄၉။ ကျင်ငယ်စွန့်လိုသော ရောဂါ။ (အံ၊၃၊၃၄၃။) (အံ၊မြန်၊၃။၃၄၂။)♦
အနာရောဂါ ငြိမ်းကြောင်း သညာ ၁၀ မျိုး
၁။ အနိစ္စသညာ- မမြဲဟု ပွားများသော ပုဂ္ဂိုလ်အား ဖြစ်သော သညာ၊
၂။ အနတ္တသညာ- အစိုးမရဟု ပွားများသော ပုဂ္ဂိုလ်အား ဖြစ်သော သညာ၊
၃။ အသုဘသညာ- မတင့်တယ်ဟု ပွားများသော ပုဂ္ဂိုလ်အား ဖြစ်သော သညာ၊
၄။ အာဒီနဝသညာ- ရုပ်နာမ် သင်္ခါရ တရားတို့၏ မမြဲခြင်း, ဆင်းရဲခြင်း, ဖောက်ပြန် ပျက်စီးခြင်းဟူသော အပြစ်တို့ကို ရှု ဆင်ခြင်တတ်သော ဝိပဿနာဉာဏ် အမှတ်သညာ၊
၅။ ပဟာနသညာ- တဒင်္ဂပဟာန် စသည်ဖြင့် ပယ်ခြင်း၌ ဖြစ်သော အမှတ်သညာ၊
၆။ ဝိရာဂ သညာ- နှစ်သက်တပ်မက်မှုကင်းသော အမှတ်သညာ, နိဗ္ဗာန်ကို အာရုံပြု၍ ဖြစ်သော သညာ၊
၇။ နိရောဓသညာ- နိရောဓဟု အဖန်ဖန် ရှုကြောင်းဖြစ်သော ဝိပဿနာဉာဏ်၌ ဖြစ်သော အမှတ်သညာ၊
၈။ သဗ္ဗလောကေ အနဘိရတိသညာ- အလုံးစုံသော လောက၌ ပျင်းရိငြီးငွေ့ သည်၏ အစွမ်းအားဖြင့် ဖြစ်သော သညာ၊
၉။ သဗ္ဗသင်္ခါရေသု အနိစ္ဆာသညာ- အလုံးစုံသော သင်္ခါရတို့၌ အလိုမရှိဟု ဖြစ်သော သညာ၊
၁၀။ အာနာပါနဿတိ- ထွက်သက်, ဝင်သက်ကို အာရုံပြု၍ ဖြစ်သော သတိ။ (အံ၊၃၊၃၄၂။) (အံ၊မြန်၊၃။၃၄၁။)♦
အနာရောဂါ ဖြစ်ကြောင်း ၈ မျိုး
၁။ ပိတ္တသမုဋ္ဌာနာ အာဗာဓာ- သည်းခြေကြောင့် ဖြစ်သော အနာရောဂါ၊
၂။ သေမှသမုဋ္ဌာနာ- သလိပ်ကြောင့် ဖြစ်သော အနာရောဂါ၊
၃။ ဝါတသမုဋ္ဌာနာ- လေကြောင့် ဖြစ်သော အနာရောဂါ၊
၄။ သန္နိပါတိကာ- သည်းခြေ သလိပ် လေ သုံးခု ပေါင်းစု၍ ဖြစ်သော အနာရောဂါ၊
၅။ ဥတုဝိပရိဏာမဇာ- ဥတုဖောက်ပြန်သောကြောင့် ဖြစ်သော အနာရောဂါ၊
၆။ ဝိသမပရိဟာရဇာ- ဣရိယာပုတ် မညီညွတ်သောကြောင့် ဖြစ်သော အနာရောဂါ၊
၇။ ဩပက္ကမိကာ- သူတစ်ပါးတို့၏ လုံ့လပယောဂကြောင့် ဖြစ်သော အနာရောဂါ၊
၈။ ကမ္မဝိပါကဇာ- ကံ၏ အကျိုးပေးခြင်းကြောင့် ဖြစ်သော အနာရောဂါ၊ ကံနာ ဝဋ်နာ။ (အံ၊ဋ္ဌ၊၂၊၁၅၆။)♦
အနာရောဂါကြီး ၅ မျိုး
၁။ ကုဋ္ဌံ- နူနာရောဂါ၊
၂။ ဂဏ္ဍော- အိုင်းအမာ မြင်းဖုနာ၊
၃။ ကိလာသော- သမင်ဖြူ ခရုသင်း ဆင်ညှင်းကြီးမျိုး အနာ၊
၄။ သောသော- ချောင်းဆိုး သွေးပါ မြစ်ခြောက်နာ၊
၅။ အပမာရော- ဝက်ရူး ကြက်ရူးနာ။ (ဝိ၊၃၊၁၀၁။) (ဝိ၊မြန်၊၃။၁၀၂။)♦
အနိစ္စ ဒုက္ခ အနတ္တ တရား ၅ ပါး
၁။ ရုပ်၊
၂။ ဝေဒနာ၊
၃။ သညာ၊
၄။ သင်္ခါရ၊
၅။ ဝိညာဏ်။ (သံ၊၂၊၁၄၆။၁၅၉-၁၆၁) (မြန်၊၁၅၀-၁၅၄။)♦
အနိစ္စမည်ကြောင်း ၄ ပါး
၁။ ဖြစ်ခြင်း ချုပ်ခြင်း၏ အစွမ်းအားဖြင့် ဖြစ်ခြင်းကြောင့်လည်းကောင်း၊
၂။ ဖောက်ပြန်ခြင်းသဘောကြောင့်လည်းကောင်း၊
၃။ အခိုက်အတန့်မျှသာ တည်သော သဘောကြောင့်လည်းကောင်း၊
၄။ မြဲသော သဘောကို ပယ်ခြင်း အနက်သဘောကြောင့် လည်းကောင်း။ (မ၊ဋ္ဌ၊၂၊၁၉။)♦
အနိစ္စမည်ကြောင်း ၄ မျိုး
၁။ ဖြစ်ခြင်းဟူသော အစအပိုင်းအခြား, ပျက်ခြင်းဟူသော အဆုံး အပိုင်းအခြားရှိသည် ဖြစ်ခြင်း၊
၂။ အိုခြင်း, သေခြင်းဟူသော နှစ်ပါးသောအားဖြင့် ဖောက်ပြန် ခြင်း၊
၃။ ဥပါဒ်, ဌီ, ဘင်ဟူသော ကာလ, အခိုက်အတန့်မျှ ရှိခြင်း၊
၄။ မြဲသည်၏ အဖြစ်ကို ပယ်ခြင်း။ (အဘိ၊ဋ္ဌ၊၂၊၄၅။)♦
အနိစ္စလက္ခဏာ ၂ ပါး
၁။ အနိစ္စတော- ဖြစ်ပြီးလျှင် မရှိတော့ခြင်း၊
၂။ ပလောကတော- ဖောက်ပြန်သောအားဖြင့် ပျက်စီးတတ်ခြင်း။ (အံ၊ဋ္ဌ၊၃၊၂၇၈။)♦
အနိစ္စသညာ ပွားများရကျိုး ၅ ပါး
၁။ အလုံးစုံသော ကာမရာဂကို ကုန်ခန်းစေနိုင်ခြင်း၊
၂။ အလုံးစုံသော ရူပရာဂကို ကုန်ခန်းစေနိုင်ခြင်း၊
၃။ အလုံးစုံသော ဘဝရာဂကို ကုန်ခန်း စေနိုင်ခြင်း၊
၄။ အလုံးစုံသော အဝိဇ္ဇာကို ကုန်ခန်းစေနိုင်ခြင်း၊
၅။ အလုံးစုံသော ငါဟူသော အသ္မိမာနကို ပယ်နှုတ်နိုင်ခြင်း။ (သံ၊၂၊၁၂၆။) (သံ၊မြန်၊၂။၁၁၇။)♦
အနိစ္စသညာကို ဖြစ်စေသော ရဟန်း၏ အကျိုး ၆ ပါး
၁။ အလုံးစုံသော သင်္ခါရတို့သည် အပိုင်းအခြားမရှိဟူ၍ ငါ့အား ထင်ကျန်လတ္တံ့ဟု မြင်ခြင်း၊
၂။ အလုံးစုံသော လောက၌ ငါ၏ စိတ်သည် မွေ့လျော်လိမ့်မည်မဟုတ်ဟု မြင်ခြင်း၊
၃။ အလုံးစုံသော လောကမှလည်း ငါ၏ စိတ်သည် ထမြောက်လိမ့်မည်ဟု မြင်ခြင်း၊
၄။ ငါ၏ စိတ်သည် နိဗ္ဗာန်သို့ ညွှတ်လိမ့်မည်ဟု မြင်ခြင်း၊
၅။ သံယောဇဉ်နှောင်ကြိုးတို့သည် ပယ်ခြင်းသို့ ရောက်လိမ့်မည်ဟု မြင်ခြင်း၊
၆။ အလွန်မြတ်သော အရိယာမဂ်တည်းဟူသော ရဟန်းအဖြစ်နှင့် ပြည့်စုံရလိမ့်မည်ဟု မြင်ခြင်း။ (အံ၊၂၊၃၈၅။)♦
အနိစ္စာနုပဿနာဉာဏ် လွတ်ရာ ဥပါဒါန် ၃ ပါး
၁။ ဒိဋ္ဌုပါဒါန်၊
၂။ သီလဗ္ဗတုပါဒါန်၊
၃။ အတ္တ ဝါဒုပါဒါန်။ (ပဋိသံ၊၂၄၃။) (ပဋိသံ၊မြန်။၂၉၉။)♦
အနိမိတ္တ စေတောဝိမုတ္တိ တရား ၁၃ ပါး
၁။ ဝိပဿနာ၊
၂။ အာရုပ္ပဈာန် လေးပါး၊
၃။ မဂ် လေးပါး၊
၄။ ဖိုလ် လေးပါး ပေါင်း (၁၃) ပါး။ (မ၊ဋ္ဌ၊၂၊၂၅၄။) (သံ၊ဋ္ဌ၊၃၊၁၃၇။)♦
အနိမိတ္တ စေတောဝိမုတ္တိသမာပတ် တည်တံ့ကြောင်း ၃ ပါး
၁။ အလုံးစုံသော အာရုံနိမိတ် တို့ကို နှလုံးမသွင်းခြင်း၊
၂။ သင်္ခါရနိမိတ်မရှိရာ နိဗ္ဗာန်ကို နှလုံးသွင်းခြင်း၊
၃။ ရှေးဦးကပင် အချိန်အခါပိုင်းခြားမှု ပြုစီရင်ပြီးခြင်း။ (မ၊၁၊၃၇၁။) (မ၊မြန်၊၁။၃၈၃။)♦
အနိမိတ္တ စေတောဝိမုတ္တိသမာပတ် ဖြစ်ကြောင်း၂ ပါး
၁။ အလုံးစုံသော အာရုံနိမိတ်တို့ကို နှလုံးမသွင်းခြင်း၊
၂။ သင်္ခါရနိမိတ်မရှိရာ နိဗ္ဗာန်ဓာတ်ကို နှလုံးသွင်းခြင်း။ (မ၊၁၊၃၇၀။) (မ၊မြန်၊၁။၃၈၂။)♦
အနိမိတ္တ စေတောဝိမုတ္တိသမာပတ်မှ ထကြောင်း ၂ ပါး
၁။ အလုံးစုံသော အာရုံနိမိတ်တို့ကို နှလုံးသွင်းခြင်း၊
၂။ သင်္ခါရနိမိတ်မရှိရာ နိဗ္ဗာန်ဓာတ်ကို နှလုံးမသွင်းခြင်း။ (မ၊၁၊၃၇၁။) (မ၊မြန်၊၁။၃၈၃။)♦
အနိမိတ္တာနုပဿနာဉာဏ် လွတ်ရာ ဥပါဒါန် ၃ ပါး
၁။ ဒိဋ္ဌုပါဒါန်၊
၂။ သီလဗ္ဗတုပါဒါန်၊
၃။ အတ္တဝါဒုပါဒါန်။ (ပဋိသံ၊ပါ၂၄၃။) (ပဋိသံ၊မြန်။၃၀၀။)♦
အနိယတသိက္ခာပုဒ် ၂ ပါး
၁။ ဆိတ်ကွယ်ရာ အရပ်၌ မေထုန်အမှုကို ပြုခြင်းငှာ ခံ့သော အလံကမ္မနိယေ ဟူသောပုဒ်ဖြင့် မှတ်အပ်သော (ပထမအနိယတ) သိက္ခာပုဒ်၊
၂။ ဆိတ်ကွယ်ရာ အရပ်၌ မာတုဂါမနှင့် အတူထိုင်နေခြင်းဟူသော နဟေဝ ခေါ ဟူသော ပုဒ်ဖြင့် မှတ်အပ်သော (ဒုတိယအနိယတ) သိက္ခာပုဒ်။ (ဝိ၊၅၊၁၄။) (ဝိ၊မြန်၊၅။၂၄။)♦
အနိယတအာပတ် ဖြစ်ကြောင်း သမုဋ္ဌာန်း ၃ ပါး
၁။ ရံခါ ကိုယ်ကြောင့်လည်းကောင်း စိတ်ကြောင့် လည်းကောင်း ဖြစ်ကုန်၏ နှုတ်ကြောင့် မဖြစ်ကုန်၊
၂။ ရံခါ နှုတ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်း ဖြစ်ကုန်၏ ကိုယ်ကြောင့် မဖြစ်ကုန်၊
၃။ ရံခါ ကိုယ်ကြောင့် လည်းကောင်း နှုတ်ကြောင့်လည်းကောင်း စိတ်ကြောင့်လည်းကောင်း ဖြစ်ကုန်၏။ (ဝိ၊၅၊၃၆၂။) (ဝိ၊မြန်၊၅။၄၆၄။)♦
အနီး ၂ မျိုး
၁။ ခန္ဓသာမန္တ- အာပတ်အစု၏ အနီး၊
၂။ အာပတ္တိသာမန္တ- အာပတ်၏ အနီး။ (မ၊ဋ္ဌ၊၄၊၃၂။)♦
အနီး၌ လှည့်လည်သူ ၃ ဦး
၁။ လုပ်ကျွေးပြုစုသူ ဖြစ်၍ အနီး၌ လှည့်လည်သူ၊
၂။ အပေါက် အကြား ရှာလိုသည် ဖြစ်၍ အနီး၌ လှည့်လည်သူ၊
၃။ စုံစမ်းလိုသည် ဖြစ်၍ အနီး၌ လှည့်လည်သူ။ (ဒီ၊ဋ္ဌ၊၁၊၃၁၉။) (ဒီ၊ဋ္ဌ၊မြန်၊၁။၆၁၈။)♦
အနီးနေတပည့်အား နှင်ထုတ်ကြောင်း အင်္ဂါ ၅ ပါး
အတူနေတပည့်အား နှင်ထုတ်ကြောင်း အင်္ဂါ ၅ ပါးနှင့် တူသည်။ ♦
အနီးနေတပည့်အား နှင်မထုတ်ကြောင်း အင်္ဂါ ၅ ပါး
အတူနေတပည့်အား နှင်မထုတ်ကြောင်း အင်္ဂါ ၅ ပါးနှင့် တူသည်။ ♦
အနုကမ္ပက မိတ်ဆွေ၏ အင်္ဂါ ၄ ပါး
၁။ မိမိ မိတ်ဆွေ သူငယ်ချင်း၏ စီးပွားဥစ္စာ ဆုတ်ယုတ် မှုကို မလိုလား မနှစ်သက်ခြင်း၊
၂။ မိမိမိတ်ဆွေ သူငယ်ချင်း၏ စီပွားဥစ္စာ ကြီးပွား တိုးတက်မှု ကိုသာ လိုလား နှစ်သက်ခြင်း၊
၃။ မိမိမိတ်ဆွေ သူငယ်ချင်းအား ကဲ့ရဲ့ရှုတ်ချသူများကို တွေ့လျှင် တားမြစ်ခြင်း၊
၄။ မိမိ၏ မိတ်ဆွေသူငယ်ချင်းအား ချီးမွမ်းစကား ပြောကြား သူများကို မိမိက ချီးမွမ်းခြင်း။ (အပ၊ဋ္ဌ၊၁၊၁၇၆။)♦
အနုတ္တရပုညက္ခေတ္တ ၇ မျိုး
လယ်မြေကောင်းနှင့် တူသော ပုဂ္ဂိုလ် ၇ မျိုးနှင့် တူသည်။ ♦
အနုတ္တရိယ တရား ၆ ပါး
၁။ ဒဿနာနုတ္တရိယ- ဘုရားရှင်အား ဖူးမြော်ခွင့် ရခြင်း ဟူသော အမြတ်ဆုံးဖြစ်သော ဖူးမြင်မှု၊
၂။ သဝနာနုတ္တရိယ- ဘုရားရှင်၏ တရားတော်ကို နာကြားခွင့် ရခြင်းဟူသော အမြတ်ဆုံးဖြစ်သော နာကြားမှု၊
၃။ လာဘာနုတ္တရိယ- ဘုရားရှင်၌ ယုံကြည်မှု သဒ္ဓါတရားကို ရခြင်းဟူသော အမြတ်ဆုံးဖြစ်သော လာဘ်ရမှု၊
၄။ သိက္ခာနုတ္တရိယ-ဘုရား သာသနာတော်၌ သိက္ခာသုံးပါးကို ကျင့်သုံးရခြင်းဟူသော အမြတ်ဆုံးဖြစ်သော အကျင့် သိက္ခာ၊
၅။ ပါရိစရိယာနုတ္တရိယ- ဘုရားရှင်အား အမြဲမပြတ် ပြုစုလုပ်ကျွေးခွင့် ရခြင်း ဟူသော အမြတ်ဆုံးဖြစ်သော ပြုစုလုပ်ကျွေးမှု၊
၆။ အနုဿတာနုတ္တရိယ- ဘုရားရှင်၏ ဂုဏ်တော်တို့ကို အဖန်တလဲလဲ အောက်မေ့ခြင်းဟူသော အမြတ်ဆုံးဖြစ်သော အောက်မေ့မှု။ (အံ၊၂၊၂၅၁။) (အံ၊၂၊၂၈၆။) (အံ၊ဋ္ဌ၊၁၊၉၁။) (အံ၊မြန်၊၂။၃၂၆။) (အံ၊မြန်၊၂။၃၂၆။)♦
အနုတ္တရိယတရား ၆ ပါး
အမြတ်ဆုံးတရား ၆ ပါးနှင့် တူသည်။ ♦
အနုပခဇ္ဇသိက္ခာပုဒ်၌ အင်္ဂါ ၄ မျိုး ၅ မျိုး
၁။ သံဃိကကျောင်း ဖြစ်ခြင်း၊
၂။ မထစေအပ်, မထစေထိုက်သော ပုဂ္ဂိုလ်ဖြစ်သည်ကို သိခြင်း၊
၃။ ကျဉ်းကြပ်ခြင်းငှာ အလိုရှိသူ ဖြစ်ခြင်း၊
၄။ နှစ်တောင့်တစ်ထွာ ဥပစာ၌ ထိုင်ခြင်း, အိပ်ခြင်း၊ (မာတိကာ အဋ္ဌကထာအလို (၄) မျိုး။)၊
၅။ ဖျားနာမှု မရှိသူ ဖြစ်ခြင်း။ (သာရတ္ထဋီအလို ထပ်ထည့် (၅) မျိုး)။ (သာရတ္ထ၊ဋီ၊၃၊၃၁။) (ဝိမတိ၊၂၊၁၇။)♦
အနုပညတ် ၂ မျိုး
၁။ မက္ကဋီဝတ္ထု, ဝဇ္ဇီပုတ္တကဝတ္ထုတို့၏ အစွမ်းအားဖြင့် ဟောကြားအပ်သော အန္တမသော တိရစ္ဆာနဂတာယပိ- ဟူသော အနုပညတ် တစ်မျိုး၊
၂။ သိက္ခံ အပစ္စက္ခာယ- ဟူသော အနုပညတ် တစ်မျိုး။ (ဝိ၊ဋ္ဌ၊၄၊၁၃၈။)♦
အနုပဿနာ ၂ မျိုး (လောကီ လောကုတ္တရာ ရောသော အနုပဿနာ ၂ မျိုး)
၁။ နိရောဓာ နုပဿနာ၊
၂။ ပဋိနိဿဂ္ဂါနုပဿနာ။ (သံ၊ဋ္ဌ၊၃၊၁၁၈။)♦
အနုပဿနာ ၃ မျိုး (လောကီ ပုဗ္ဗဘာဂ အနုပဿနာ ၃ မျိုး)
၁။ အနိစ္စာနုပဿနာ- တေဘူမက သင်္ခါရတရားတို့ကို မမြဲ-အနိစ္စဟု အဖန်တလဲလဲ ရှုတတ်သော ဉာဏ်၊
၂။ ဝယာနုပဿနာ- ချုပ်ခြင်းပျက်ခြင်းကို အဖန်တလဲလဲ ရှုတတ်သော ဉာဏ်၊
၃။ ဝိရာဂါနုပဿနာ- (သင်္ခါရတရား တို့၏) ကင်းပျောက်ချုပ်ငြိမ်းခြင်းကို အဖန်တလဲလဲရှုတတ်သော ဉာဏ်။ (သံ၊ဋ္ဌ၊၃၊၁၁၈။)♦
အနုပဿနာ ၇ မျိုး
၁။ အနိစ္စာနုပဿနာ- တေဘူမက တရားအပေါင်းကို အနိစ္စဟု အဖန်ဖန် ရှုခြင်း၊
၂။ ဒုက္ခာနုပဿနာ- တေဘူမကတရားအပေါင်းကို ဒုက္ခဟု အဖန်ဖန် ရှုခြင်း၊
၃။ အနတ္တာနုပဿနာ- တေဘူမကတရားအပေါင်းကို အနတ္တဟု အဖန်ဖန် ရှုခြင်း၊
၄။ နိဗ္ဗိဒါ နုပဿနာ- မြင်ပြီးသော လက္ခဏာရေးရှိသော တေဘူမကတရားအပေါင်း၌ ငြီးငွေ့သော အခြင်းအရာအားဖြင့် ဖြစ်၍ အဖန်ဖန် ရှုခြင်း၊
၅။ ဝိရာဂါနုပဿနာ- ငြီးငွေ့ပြီးသော သင်္ခါရ တို့၌ တပ်ခြင်းကင်းသော အခြင်းအရာအားဖြင့် ဖြစ်၍ အဖန်ဖန် ရှုခြင်း၊
၆။ နိရောဓာ နုပဿနာ- သင်္ခါရတို့၏ ချုပ်ခြင်းကို အဖန်ဖန် ရှုခြင်း၊ ဝါ- နိဗ္ဗာန်ကို အဖန်ဖန် ရှုခြင်း၊
၇။ ပဋိနိဿဂ္ဂါနုပဿနာ- တေဘူမက သင်္ခါရအပေါင်းကို စွန့်ခြင်း၏ အစွမ်းဖြင့် အဖန်ဖန် ရှုခြင်း။ (မ၊ဋ္ဌ၊၁၊၁၆၁။) (ဣတိဝုတ်၊ဋ္ဌ၊၁၆၀။) (ပဋိသံ၊ဋ္ဌ၊၁၊၈၆။)♦
အနုပုဗ္ဗနိရောဓ တရား ၉ မျိုး
အစဉ်အတိုင်း ချုပ်ခြင်း ၉ မျိုး၊ မျက်မှောက်ပြုအပ်သော တရား ၉ ပါး၊ သစ္ဆိကာတဗ္ဗတရား ၉ ပါး တို့နှင့် တူသည်။ ♦
အနုပုဗ္ဗဝိဟာရ ၉ ပါး
၁။ ပဌမဈာန်သို့ ရောက်၍နေခြင်း၊
၂။ ဒုတိယဈာန်သို့ ရောက်၍နေခြင်း၊
၃။ တတိယဈာန်သို့ ရောက်၍နေခြင်း၊
၄။ စတုတ္ထဈာန်သို့ ရောက်၍နေခြင်း၊
၅။ အာကာသာ နဉ္စာယတနဈာန်သို့ ရောက်၍နေခြင်း၊
၆။ ဝိညာဏဉ္စာယတနဈာန်သို့ ရောက်၍နေခြင်း၊
၇။ အာကိဉ္စာညာယတနဈာန်သို့ ရောက်၍နေခြင်း၊
၈။ နေဝသညာနာသညာယတနဈာန်သို့ ရောက်၍ နေခြင်း၊
၉။ သညာဝေဒနာတို့၏ ချုပ်ခြင်းသို့ ရောက်၍နေခြင်း။ (ဒီ၊၃၊၂၂၀။) (ပေဋကော၊၂၅၉။) (ပဋိသံ၊ဋ္ဌ၊၁၊၇၁။) (ဒီ၊မြန်၊၃။၂၄၃-၂၄၄။)♦
အနုပုဗ္ဗဝိဟာရ တရား ၉ ပါး
ထူးသော ဉာဏ်ဖြင့် သိအပ်သော တရား ၉ ပါး၊ အဘိညေယျ တရား ၉ ပါး နှင့် အစဉ်အတိုင်း ဝင်စားအပ်သော သမာပတ် ၉ ပါး တူသည်။ ♦
အနုပုဗ္ဗီကထာ ၄ မျိုး
၁။ ဒါနနှင့် စပ်သော တရားစကား (ဒါနကထာ)၊
၂။ ဒါန၏ အခြားမဲ့၌ သီလနှင့် စပ်သော တရားစကား (သီလကထာ)၊
၃။ သီလ၏ အခြားမဲ့၌ နတ်ပြည်နှင့် စပ်သော တရားစကား (သဂ္ဂကထာ)၊
၄။ နတ်ပြည်နှင့် စပ်သော တရားစကား၏ အခြားမဲ့၌ မဂ်နှင့် စပ်သော တရားစကား (မဂ္ဂကထာ)။ (ဒီ၊ဋ္ဌ၊၂၊၆၂။) (ဒီ၊ဋ္ဌ၊မြန်၊၂။၁၁၅။)♦
အနုပုဗ္ဗီကထာ ၇ မျိုး
၁။ ဒါနနှင့် စပ်သော စကား၊
၂။ သီလနှင့် စပ်သော စကား၊
၃။ နတ်ပြည်နှင့် စပ်သော စကား၊
၄။ ကာမဂုဏ်တို့၏ အပြစ်ကို ပြသော စကား၊
၅။ ကာမဂုဏ်၏ ယုတ်ညံ့ ခြင်းကို ပြသော စကား၊
၆။ ကာမဂုဏ်တို့၏ ညစ်ညူးခြင်းကို ပြသော စကား၊
၇။ ကာမဂုဏ် တို့မှ ထွက်မြောက်ခြင်း၌ အကျိုးကို ပြသော စကား။ (ဒီ၊၁၊၁၀၂။) (ဒီ၊၁၊၁၄၁။) (ဒီ၊မြန်၊၁။၁၂၁။) (ဒီ၊မြန်၊၁။၁၂၁။)♦
အနုမောဒနာ ၃ မျိုး
၁။ သံဃာအား ဆွမ်းကပ်ရာ၌ ဒါနအကျိုးနှင့် စပ်သော အနုမောဒနာ၊
၂။ ကျောင်းအလှူ စသော မင်္ဂလာ၌ မင်္ဂလသုတ် စသည်တို့ကို ဟောပြောခြင်း အနုမောဒနာ၊
၃။ ကွယ်လွန်သူအတွက် ဆွမ်းသွပ်ခြင်း အစရှိသော အဝမင်္ဂလာ၌ တိရောကုဋ္ဋသုတ် စသည် တို့ကို ဟောပြောခြင်း အနုမောဒနာ။ (သာရတ္ထ၊ဋီ၊၃၊၃၉။) (ဝိမတိ၊ဋီ၊၂၊၂၀။)♦
အနုလောမသင်္ကန်း ၆ မျိုး
၁။ ဒုကူလ- ဘွဲ့ဖြူအဝတ်သင်္ကန်း၊
၂။ ပတ္တုဏ္ဏ- ပတ္တုဏ္ဏတိုင်း၌ ဖြစ်သော အဝတ်သင်္ကန်း၊
၃။ စိနပဋ္ဋ- စိန့်တိုင်း၌ ဖြစ်သော အဝတ်သင်္ကန်း၊
၄။ သောမာရပဋ္ဋ- သောမာရအရပ်၌ ဖြစ်သော အဝတ်သင်္ကန်း၊
၅။ ဣဒ္ဓိမယိက- ရှေးကံ၏ ဘုန်းတန်ခိုးကြောင့် ဖြစ်သော အဝတ်သင်္ကန်း၊
၆။ ဒေဝဒတ္တိယ- နတ်သည် ပေးလှူအပ်သော အဝတ် သင်္ကန်း။ (ဝိ၊ဋ္ဌ၊၃၊၃၈၅။)♦
အနုလောမိကဉာဏ်ကို ရကြောင်း အခြင်းအရာ ၄၀ ပါး (မဂ်နှင့် လျော်သော အနုလောမိက ဉာဏ်ကို ရကြောင်း အခြင်းအရာ ၄၀ နှင့် မိမိအခြားမဲ့၌ အကျိုးပေးမြဲခြင်းသို့ သက်ဝင်ကြောင်း အခြင်းအရာ ၄၀)
၁။ ခန္ဓာငါးပါးတို့ကို မမြဲဟု ရှုခြင်း၊
၂။ ခန္ဓာ ငါးပါးတို့ကို ဆင်းရဲ၏ဟု ရှုခြင်း၊
၃။ ခန္ဓာ ငါးပါးတို့ကို ရောဂါဟု ရှုခြင်း၊
၄။ ခန္ဓာ ငါးပါးတို့ကို အိုင်းအမာဟု ရှုခြင်း၊
၅။ ခန္ဓာ ငါးပါးတို့ကို ဆူးငြောင့်ဟု ရှုခြင်း၊
၆။ ခန္ဓာငါးပါးတို့ကို ညှဉ်းဆဲ တတ်၏ဟု ရှုခြင်း၊
၇။ ခန္ဓာငါးပါးတို့ကို အနာဟု ရှုခြင်း၊
၈။ ခန္ဓာငါးပါးတို့ တစ်ပါး တစ်ခြားဟု ရှုခြင်း၊
၉။ ခန္ဓာငါးပါးတို့သည် ပျက်စီးတတ်၏ဟု ရှုခြင်း၊
၁၀။ ခန္ဓာ ငါးပါး တို့ကို ဘေးရန်ဟု ရှုခြင်း၊
၁၁။ ခန္ဓာငါးပါးတို့ကို ဥပါဒ်ဟု ရှုခြင်း၊
၁၂။ ခန္ဓာ ငါးပါးတို့ကို ဘေးဟု ရှုခြင်း၊
၁၃။ ခန္ဓာငါးပါးတို့သည် နှိပ်စက်တတ်၏ဟု ရှုခြင်း၊
၁၄။ ခန္ဓာ ငါးပါး တို့သည် တုန်လှုပ်တတ်၏ဟု ရှုခြင်း၊
၁၅။ ခန္ဓာငါးပါးတို့သည် ကျိုးပျက်တတ်၏ဟု ရှုခြင်း၊
၁၆။ ခန္ဓာငါးပါးတို့သည် ခိုင်ခံ့ခြင်းမရှိဟု ရှုခြင်း၊
၁၇။ ခန္ဓာငါးပါးတို့သည် မှီခိုရာ မဟုတ်ဟု ရှုခြင်း၊
၁၈။ ခန္ဓာငါးပါးတို့သည် ပုန်းအောင်းရာ မဟုတ်ဟု ရှုခြင်း၊
၁၉။ ခန္ဓာငါးပါးတို့သည် ကိုးကွယ်ရာ မဟုတ်ဟု ရှုခြင်း၊
၂၀။ ခန္ဓာငါးပါးတို့သည် ကင်းဆိတ် ၏ဟု ရှုခြင်း၊
၂၁။ ခန္ဓာငါးပါးတို့သည် အချည်းနှီးဟု ရှုခြင်း၊
၂၂။ ခန္ဓာငါးပါးတို့သည် သုဉ်း၏ဟု ရှုခြင်း၊
၂၃။ ခန္ဓာငါးပါးတို့သည် အတ္တမဟုတ်ဟု ရှုခြင်း၊
၂၄။ ခန္ဓာငါးပါးတို့ကို အပြစ်ဟု ရှုခြင်း၊
၂၅။ ခန္ဓာငါးပါးတို့ကို ဖောက်ပြန်တတ်သော သဘောဟု ရှုခြင်း (ဝိပရိဏာမ ဓမ္မတော)၊
၂၆။ ခန္ဓာငါးပါးတို့ကို အနှစ်မဲ့ဟု ရှုခြင်း၊
၂၇။ ခန္ဓာငါးပါးတို့ကို ညှဉ်းဆဲ ခြင်း၏ အရင်းခံဟု ရှုခြင်း၊
၂၈။ ခန္ဓာငါးပါးတို့သည် သတ်တတ်၏ဟု ရှုခြင်း၊
၂၉။ ခန္ဓာငါးပါး တို့သည် အထူးထူး ဖြစ်တတ်၏ဟု ရှုခြင်း၊
၃၀။ ခန္ဓာငါးပါးတို့သည် အာသဝေါတရား တို့၏ အာရုံဟု ရှုခြင်း၊
၃၁။ ခန္ဓာငါးပါးတို့ကို ပြုစီရင်အပ်၏ဟု ရှုခြင်း၊
၃၂။ ခန္ဓာငါးပါး တို့သည် မာရ်နှင့် စပ်၏ဟု ရှုခြင်း၊
၃၃။ ခန္ဓာငါးပါးတို့သည် ဖြစ်ခြင်းသဘော ရှိ၏ဟု ရှုခြင်း၊
၃၄။ ခန္ဓာငါးပါးတို့သည် အိုခြင်းသဘော ရှိ၏ဟု ရှုခြင်း (ဇရာဓမ္မတော)၊
၃၅။ ခန္ဓာငါးပါး တို့သည် နာခြင်းသဘော ရှိ၏ဟု ရှုခြင်း (ဗျာဓိဓမ္မတော)၊
၃၆။ ခန္ဓာငါးပါးတို့သည် သေခြင်းသဘော ရှိ၏ဟု ရှုခြင်း(မရဏဓမ္မတော)၊
၃၇။ ခန္ဓာငါးပါးတို့သည် စိုးရိမ်ခြင်း သဘော ရှိ၏ဟု ရှုခြင်း (သောကဓမ္မတော)၊
၃၈။ ခန္ဓာငါးပါးတို့သည် ငိုကြွေးခြင်းသဘော ရှိ၏ဟု ရှုခြင်း (ပရိဒေဝဓမ္မတော)၊
၃၉။ ခန္ဓာငါးပါးတို့သည် ပြင်းစွာ ပူပန်ခြင်းသဘော ရှိ၏ဟု ရှုခြင်း (ဥပါယာသဓမ္မတော)၊
၄၀။ ခန္ဓာငါးပါးတို့သည် ညစ်နွမ်းခြင်း သဘော ရှိ၏ဟု ရှုခြင်း။ (ပဋိသံ၊၄၁၁။) (အပ၊မြန်၊၁။၄၇၃။)♦
အနုဝါဒမူလ ၆ ပါး
၁။ အမျက် ထွက်လေ့ရှိခြင်း၊
၂။ ရန်ငြိုး ဖွဲ့လေ့ရှိခြင်း၊
၃။ ဘုရားရှင်၌ မရိုသေခြင်း၊
၄။ တရားတော်၌ မရိုသေခြင်း၊
၅။ သံဃာတော်၌ မရိုသေခြင်း၊
၆။ သိက္ခာ သုံးပါးကို ဖြည့်ကျင့်လေ့ မရှိခြင်း။ (ဝိ၊၅၊၁၆၅။) (ဝိ၊မြန်၊၅။၂၄၅-၂၄၆။)♦
အနုဝါဒါဓိကရုဏ်း ငြိမ်းကြောင်း သမထ ၄ ပါး
၁။ သမ္မုခါဝိနယသမထ၊
၂။ သတိဝိနယ သမထ၊
၃။ အမူဠှဝိနယသမထ၊
၄။ တဿပါပိယသိကသမထ။ (ဝိ၊၅၊၁၉၅။) (ဒီ၊ဋ္ဌ၊၃၊၂၂၄။) (ဝိ၊မြန်၊၅။၂၈၀။)♦
အနုဝါဒါဓိကရုဏ်း ဖြစ်ကြောင်း ၆ ပါး
၁။ အမျက်ထွက်လေ့ ရှိလျက် ရန်ငြိုးဖွဲ့တတ်ခြင်း၊
၂။ သူ့ကျေးဇူးကို ချေဖျက်လျက် ဂုဏ်တုဂုဏ်ပြိုင် ပြုလုပ်တတ်ခြင်း၊
၃။ ငြူစူစောင်းမြောင်း လျက် မနာလိုဝန်တိုတတ်ခြင်း၊
၄။ ကောက်ကျစ်စဉ်းလဲလျက် မာယာများပြီး လိမ်လည် လှည့်ပတ်တတ်ခြင်း၊
၅။ ယုတ်မာသော အလိုဆိုးရှိလျက် မှားသော အယူကို ယူခြင်း၊
၆။ မိမိ၏ အယူကို မှားသောအားဖြင့် သုံးသပ်တတ်လျက် ခိုင်မြဲစွာ ယူ၍ စွန့်ပယ်နိုင်ခဲခြင်း။ (ဝိ၊၄၊ ၂၁၄။) (ဝိ၊မြန်၊၄။၂၁၀။)♦
အနုဝါဒါဓိကရုဏ်း ဖြစ်ခြင်း၏ အကုသလမူလ အကြောင်း ၃ ပါး
၁။ တပ်မက်သော စိတ်ရှိ၍ စွပ်စွဲခြင်း၊
၂။ ဖျက်ဆီးလိုသော စိတ်ရှိ၍ စွပ်စွဲခြင်း၊
၃။ တွေဝေသော စိတ်ရှိ၍ စွပ်စွဲခြင်း။ (ဝိ၊၄၊၂၁၅။) (ဝိ၊မြန်၊၄။၂၁၁။)♦
အနုဝါဒါဓိကရုဏ်း ဖြစ်ရခြင်း၏ ကုသလမူလ အကြောင်း ၃ ပါး
၁။ တပ်မက်သော စိတ် မရှိဘဲ စွပ်စွဲခြင်း၊
၂။ ဖျက်ဆီးလိုသော စိတ်မရှိဘဲ စွပ်စွဲခြင်း၊
၃။ တွေဝေသော စိတ်မရှိဘဲ စွပ်စွဲခြင်း။ (ဝိ၊၄၊၂၁၅။) (ဝိ၊မြန်၊၄။၂၁၁။)♦
အနုဝါဒါဓိကရုဏ်း မူလတရား ၁၄ ပါး
၁။ ကောဓ, ဥပနာဟ စသော အစုံတရား ၆ ပါး၊
၂။ လောဘစသော ဟိတ်တရား ၆ ပါး၊
၃။ ကာယ, ဝါစာအားဖြင့် ၂ ပါး၊ ပေါင်း ၁၄ ပါး။ (ဝိမတီ၊ဋီ၊၂၊၂၇၉။)♦
အနုဝါဒါဓိကရုဏ်း အာပတ္တာဓိကရုဏ်း ကိစ္စာဓိကရုဏ်းတို့ ငြိမ်းအေးကြောင်း သမထ ၆ ပါး
၁။ သမ္မုခါဝိနယသမထ၊
၂။ သတိဝိနယသမထ၊
၃။ အမူဠှဝိနယသမထ၊
၄။ ပဋိညာတ ကရဏသမထ၊
၅။ တဿပါပိယသိကာသမထ၊
၆။ တိဏဝတ္ထာရကသမထ။ (ဝိ၊၅၊၁၉၇။) (ဝိ၊မြန်၊၅။၂၈၁။)♦
အနုဝါဒါဓိကရုဏ်း အာပတ္တာဓိကရုဏ်းနှင့်ကိစ္စာဓိကရုဏ်းတို့ကို မငြိမ်းစေနိုင်သော သမထ ၁ ပါး
၁။ ယေဘုယျသိကာသမထ။ (ဝိ၊၅၊၁၉၉။) (ဝိ၊မြန်၊၅။၂၈၄။)♦
အနုဝါဒါဓိကရုဏ်းကြောင့် သင့်သော အာပတ် ၃ မျိုး
၁။ ရဟန်းကို အရင်းမရှိသော ပါရာဇိက အာပတ်ဖြင့် စွပ်စွဲအံ့၊ သံဃာဒိသိသ် အာပတ်သို့ ရောက်၏၊
၂။ အရင်းမရှိသော သံဃာဒိသိသ် အာပတ်ဖြင့် စွပ်စွဲအံ့၊ ပါစိတ်အာပတ်သို့ ရောက်၏၊
၃။ အရင်းမရှိသော အာစာရဝိပတ္တိဖြင့် စွပ်စွဲအံ့၊ ဒုက္ကဋ်အာပတ်သို့ ရောက်၏။ (ဝိ၊၅၊၁၈၀။) (ဝိ၊၅၊၂၆၇။) (ဝိ၊မြန်၊၅။၂၆၃။) (ဝိ၊မြန်၊၅။၃၆၀။)♦
အနုဝါဒါဓိကရုဏ်းကို တားမြစ်ခြင်းဖြင့် တားမြစ်အပ်သော သမထ ၄ ပါး
၁။ သမ္မုခါဝိနယသမထ၊
၂။ အမူဠှဝိနယသမထ၊
၃။ သတိဝိနယသမထ၊
၄။ တဿပါပိယသိကသမထ။ (ဝိ၊ဋ္ဌ၊၄၊၁၉၄။)♦
အနုဝါဒါဓိကရုဏ်းကို မငြိမ်းစေနိုင်သော သမထ ၃ ပါး
၁။ ယေဘုယျသိကာ သမထ၊
၂။ ပဋိညာတ ကရဏ သမထ၊
၃။ တိဏဝတ္ထာရက သမထ။ (ဝိ၊၅၊၁၉၇။) (ဝိ၊မြန်၊၅။၂၈၂။)♦
အနုဝါဒါဓိကရုဏ်းနှင့် ဆက်ဆံသော သမထ ၄ ပါး
၁။ သမ္မုခါဝိနယသမထ၊
၂။ သတိဝိနယ သမထ၊
၃။ အမူဠှဝိနယသမထ၊
၄။ တဿပါပိယသိကာသမထ။ (ဝိ၊၅၊၁၈၅။) (ဝိ၊မြန်၊၅။၂၇၀။)♦
အနုဝါဒါဓိကရုဏ်းနှင့် တူသော အဖို့ရှိသော သမထ ၄ ပါး
၁။ သမ္မုခါဝိနယသမထ၊
၂။ သတိ ဝိနယသမထ၊
၃။ အမူဠှဝိနယသမထ၊
၄။ တဿပါပိယသိကာသမထ။ (ဝိ၊၅၊၁၈၆။) (ဝိ၊မြန်၊၅။၂၇၁။)♦
အနုဝါဒါဓိကရုဏ်းနှင့် မဆက်ဆံသော သမထ ၃ ပါး
၁။ ယေဘုယျသိကာသမထ၊
၂။ ပဋိညာတ ကရဏသမထ၊
၃။ တိဏဝတ္ထာရကသမထ။ (ဝိ၊၅၊၁၈၅။) (ဝိ၊မြန်၊၅။၂၇၀။)♦
အနုဝါဒါဓိကရုဏ်းနှင့် အာပတ္တာဓိကရုဏ်းတို့ ငြိမ်းအေးကြောင်း သမထ ၆ ပါး
၁။ သမ္မုခါ ဝိနယသမထ၊
၂။ သတိဝိနယသမထ၊
၃။ အမူဠှဝိနယသမထ၊
၄။ ပဋိညာတကရဏသမထ၊
၅။ တဿပါပိယသိကာသမထ၊
၆။ တိဏဝတ္ထာရကသမထ။ (ဝိ၊၅၊၁၉၆။) (ဝိ၊မြန်၊၅။၂၈၀။)♦
အနုဝါဒါဓိကရုဏ်းနှင့်ကိစ္စာဓိကရုဏ်းတို့ ငြိမ်းအေးကြောင်း သမထ ၄ ပါး
၁။ သမ္မုခါဝိနယ သမထ၊
၂။ သတိဝိနယသမထ၊
၃။ အမူဠှဝိနယသမထ၊
၄။ တဿပါပိယသိကာသမထ။ (ဝိ၊၅၊၁၉၆။) (ဝိ၊မြန်၊၅။၂၈၀။)♦
အနုဝါဒါဓိကရုဏ်းနှင့်ကိစ္စာဓိကရုဏ်းတို့ကို မငြိမ်းအေးစေနိုင်သော သမထ ၃ ပါး
၁။ ယေဘုယျသိကာ သမထ၊
၂။ ပဋိညာတကရဏ သမထ၊
၃။ တိဏဝတ္ထာရက သမထ။ (ဝိ၊၅၊၁၉၈။) (ဝိ၊မြန်၊၅။၂၈၃။)♦
အနုဝါဒါဓိကရုဏ်းနှင့်အာပတ္တာဓိကရုဏ်းတို့ကို မငြိမ်းအေးစေနိုင်သော သမထ ၁ ပါး
၁။ ယေဘုယျသိကာသမထ။ (ဝိ၊၅၊၁၉၈။) (ဝိ၊မြန်၊၅။၂၈၃။)♦
အနုဝါဒါဓိကရုဏ်းမှ တစ်ပါးသော အဖို့ရှိသော သမထ ၃ ပါး
၁။ ယေဘုယျသိကာသမထ၊
၂။ ပဋိညာတကရဏသမထ၊
၃။ တိဏဝတ္ထာရကသမထ။ (ဝိ၊၅၊၁၈၆။) (ဝိ၊မြန်၊၅။၂၇၁။)♦
အနုဝါဒါဓိရုဏ်း ၄ ပါး
၁။ သီလပျက်စီးမှုဖြင့် စွပ်စွဲခြင်း၊
၂။ အကျင့်ပျက်စီးမှုဖြင့် စွပ်စွဲခြင်း၊
၃။ အယူပျက်စီးမှုဖြင့် စွပ်စွဲခြင်း၊
၄။ အသက်မွေးမှု ပျက်စီးခြင်းဖြင့် စွပ်စွဲခြင်း။ (ဝိ၊၄၊၂၁၂။) (ဝိ၊မြန်၊၄။၂၀၈။)♦
အနုသန္ဓေ ၃ မျိုး
၁။ ပုစ္ဆာသည် ပြုအပ်သော ဆက်စပ်ခြင်း (ပုစ္ဆာနုသန္ဓေ)၊
၂။ အဇ္ဈာသယသည် ပြုအပ်သော ဆက်စပ်ခြင်း (အဇ္ဈာသယာနုသန္ဓေ)၊
၃။ အကြင် အကြင် ဆက်စပ်အပ်သော ပါဠိရပ်။ (ဒီ၊ဋ္ဌ၊၁၊၁၁၂။) (မ၊ဋ္ဌ၊၁၊၁၈၀။) (မ၊ဋ္ဌ၊၁၊၃။) (ဗုဒ္ဓဝံ၊ဋ္ဌ၊၇၈။) (ဒီ၊ဋီ၊၁၊၁၉၅။) (ဒီ၊ဋ္ဌ၊မြန်၊၁။၂၁၈။)♦
အနုသယ ၇ ပါး
ပယ်အပ်သော တရား ၇ ပါး၊ ပဟာတဗ္ဗ တရား ၇ ပါးတို့နှင့် တူသည်။ ♦
အနုသယတရား ၇ မျိုး (သတ္တဝါကို သန္တာန်၌ အစဉ်တစိုက် ကိန်းအောင်းလျက် ဥပါဒ်, ဌီ, ဘင်အားဖြင့် ဖြစ်ပေါ်သည် မဟုတ်ဘဲ ဆိုင်ရာအာရုံနှင့် ပေါင်းဆုံမိလျှင် ဖြစ်ပေါ်နိုင်သော တရား)
၁။ ကာမရာဂအနုသယ- သတ္တဝါတို့သန္တာန်၌ ကိန်းဝပ်တည်နေတတ်, အဖန်ဖန် ဖြစ်တတ်သော ကာမရာဂ၊
၂။ ပဋိဃအနုသယ- သတ္တဝါတို့သန္တာန်၌ ကိန်းဝပ်တည်နေ တတ်သော ဒေါသ၊
၃။ ဒိဋ္ဌိအနုသယ- သတ္တဝါတို့သန္တာန်၌ ကိန်းဝပ်တည်နေတတ်သော ဒိဋ္ဌိ၊
၄။ ဝိစိကိစ္ဆာအနုသယ- သတ္တဝါတို့သန္တာန်၌ ကိန်းဝပ်တည်နေတတ်သော ဝိစိကိစ္ဆာ၊
၅။ ဘဝရာဂအနုသယ- သတ္တဝါတို့သန္တာန်၌ ကိန်းဝပ်တည်နေတတ်သော ဘဝ၌ တပ်မက်မှု၊
၆။ မာနအနုသယ- သတ္တဝါတို့သန္တာန်၌ ကိန်းဝပ်တည်နေတတ်သော မာန၊
၇။ အဝိဇ္ဇာ အနုသယ- သတ္တဝါတို့သန္တာန်၌ ကိန်းဝပ်တည်နေတတ်သော မသိမှု မောဟ။ (ဒီ၊၃၊၂၁၀။) (ဒီ၊၃၊၂၄၁။) (သံ၊၃၊၅၅။) (အံ၊၂၊၄၀၁-၄၀၂။) (အဘိ၊ဝိ၊၃၅၃။) (အဘိ၊ဝိ၊၃၉၇။) (ယမက၊၂၊၅၅။) (ပဋိသံ၊၁၁၉။) (ပဋိသံ၊ဋ္ဌ၊၁၊၁၁၁။) (သာရတ္ထ၊ဋီ၊၁၊၃၀၈။) (သာရတ္ထ၊ဋီ၊၁၊၇၅။) (ဝိသုဒ္ဓိ၊ဋီ၊၁၊၂၅၄။) (ဒီ၊မြန်၊၃။၂၃၃။) (ဒီ၊မြန်၊၃။၂၆၄။) (သံ၊မြန်၊၃။၅၉။) (အံ၊မြန်၊၂။၅၀၈။) (အဘိ၊ဝိ၊မြန်၊၂။၄၃၇။) (အဘိ၊ဝိ၊မြန်၊၂။၅၀၄။) (ပဋိသံ၊မြန်။၁၅၅။)♦
အနုသယတို့၏ ဖြစ်ခြင်းကို သိကြောင်း၂ မျိုး
၁။ ကိလေသာ၏ အစဉ်အားဖြင့်လည်းကောင်း၊
၂။ မဂ်၏ အစဉ်အားဖြင့်လည်းကောင်း (အနုသယတို့၏ ဖြစ်ခြင်းကို သိထိုက်၏)။ (သုတ္တနိ၊ဋ္ဌ၊၁၊၂၁။)♦
အနုသာသနဝိဓာ ၄ ပါး
မြတ်စွာဘုရား ဆုံးမနည်း ၄ မျိုးနှင့် တူသည်။ ♦
အနုဿတိ ၁၀ ပါး
၁။ ဗုဒ္ဓါနုဿတိ- ဘုရားရှင်၏ အရဟတာ အစရှိသော ဂုဏ်တော်များကို အဖန် တလဲလဲ အောက်မေ့ခြင်း၊
၂။ ဓမ္မာနုဿတိ- သွာက္ခာတတာ စသော တရားဂုဏ်တော်များကို အဖန်တလဲလဲ အောက်မေ့ခြင်း၊
၃။ သံဃာနုဿတိ- သုပ္ပဋိပန္နတာ စသော သံဃာ့ ဂုဏ်တော် များကို အဖန်တလဲလဲ အောက်မေ့ခြင်း၊
၄။ သီလာနုဿတိ- မကျိုးမပေါက် မပြောက် မကျားသော အလွန်သန့်ရှင်းစင်ကြယ်သော မိမိ၏သီလဂုဏ်ကို အဖန်တလဲလဲ အောက်မေ့ခြင်း၊
၅။ စာဂါနုဿတိ- မစ္ဆေရအညစ်အကြေးမှ ကင်းသော မိမိ၏ ပေးကမ်း စွန့်ကြဲ လှူဒါန်းခြင်းဂုဏ်ကို အဖန်တလဲလဲ အောက်မေ့ခြင်း၊
၆။ ဒေဝတာနုဿတိ- နတ်ဗြဟ္မာ တို့ကို သက်သေအရာ၌ ထားလျက် မိမိ၏ သဒ္ဓါ စသော ဂုဏ်ကို အဖန်တလဲလဲ အောက်မေ့ခြင်း၊
၇။ မရဏာနုဿတိ- သေရဦးမည်ကို အဖန်တလဲလဲ အောက်မေ့ခြင်း၊
၈။ အာနာပါနဿတိ- ထွက်သက်, ဝင်သက်, ထွက်လေ, ဝင်လေလျှင် အာရုံရှိသော သတိ၊
၉။ ကာယဂတာ သတိ- ဆံပင်, မွေးညင်း စသော သုံးဆယ့်နှစ်ကောဋ္ဌာသ၌ အာရုံပြုသော အားဖြင့် ဖြစ်သော သတိ၊
၁၀။ ဥပသမာနုဿတိ- ဆင်းရဲခပ်သိမ်းတို့၏ ချုပ်ငြိမ်းရာ နိဗ္ဗာန်၏ ဂုဏ်ကို အဖန်တလဲလဲ အောက်မေ့ခြင်း။ (ဝိသုဒ္ဓိ၊၁၊၁၀၇။) (သာရတ္ထ၊ဋီ၊၂၊၂၀၃။)♦
အနုဿတိဌာန ၆ ပါး
၁။ ဗုဒ္ဓါနုဿတိ- ဘုရားဂုဏ်တော်များကို အဖန်ဖန် အောက်မေ့ခြင်း၊
၂။ ဓမ္မာနုဿတိ- တရားဂုဏ်တော်များကို အဖန်ဖန် အောက်မေ့ခြင်း၊
၃။ သံဃာနုဿတိ-သံဃာ့ဂုဏ်တော်များကို အဖန်ဖန် အောက်မေ့ခြင်း၊
၄။ သီလာနုဿတိ- သီလဂုဏ်ကို အဖန်ဖန် အောက်မေ့ခြင်း၊
၅။ စာဂါနုဿတိ- စွန့်ကြဲ ပေးကမ်းခြင်း ဂုဏ်ကို အဖန်ဖန် အောက်မေ့ခြင်း၊
၆။ ဒေဝတာနုဿတိ- နတ်တို့၏ သဒ္ဓါ စသော ဂုဏ်နှင့် တူသော မိမိ၏ သဒ္ဓါ စသော ဂုဏ်ကို အဖန်ဖန် အောက်မေ့ခြင်း။ (ဒီ၊၃၊၂၀၇။) (အံ၊၂၊၂၅၁။) (အံ၊၂၊၂၇၆-၂၇၇။) (ပဋိသံ၊ဋ္ဌ၊၁၊၁၁၈။) (ဒီ၊မြန်၊၃။၂၃၀။) (အံ၊မြန်၊၂။၃၂၆။) (အံ၊မြန်၊၂။၃၅၄။)♦
အနုဿတိဌာန ၆ ပါး
အမြဲမပြတ် အောက်မေ့ထိုက်သော တရား ၆ ပါးနှင့် တူသည်။ ♦
အနေကဓာတု ၁၈ ပါး
၁။ စက္ခုဓာတု- မျက်စိအကြည်ဓာတ်၊ ရူပဓာတု- အဆင်းဓာတ် (ရူပါရုံ)၊ စက္ခုဝိညာဏဓာတု-မြင်သိစိတ်သဘောတရား၊
၂။ သောတဓာတု- နားအကြည်ဓာတ်၊ သဒ္ဒ ဓာတု- အသံဓာတ် (သဒ္ဒါရုံ)၊ သောတဝိညာဏဓာတု- ကြားသိစိတ်သဘောတရား၊
၃။ ဃာန ဓာတု- နှာခေါင်းအကြည်ဓာတ်၊ ဂန္ဓဓာတု- အနံ့ဓာတ်သဘာဝ (ဂန္ဓာရုံ)၊ ဃာနဝိညာဏ ဓာတု- နံသိစိတ်သဘောတရား၊
၄။ ဇိဝှါဓာတု- လျှာအကြည်ဓာတ်၊ ရသဓာတု- ရသ ဓာတ်၊ ဇိဝှါဝိညာဏဓာတု- လျက်သိစိတ်သဘောတရား၊
၅။ ကာယဓာတု- ကိုယ်အကြည် ဓာတ်၊ ဖောဋ္ဌဗ္ဗဓာတု- တွေ့ထိခြင်းဓာတ်သဘော၊ ကာယဝိညာဏဓာတု- တွေ့ထိသိ စိတ်သဘော တရား၊
၆။ မနောဓာတု- သိကာမျှဖြစ်သော ဓာတ်, မနောဓာတ်၊ ဓမ္မဓာတု- မိမိ သဘောကို ဆောင်တတ်သော ဓာတ်သဘော၊ မနောဝိညာဏဓာတု- အထူးသိခြင်း သဘော, မနောဝိညာဏ ဓာတ်။ (နေတ္တိ၊ဋ္ဌ၊၄၆။)♦
အနေသန ၂၁ ပါး
၁။ လူ ဒါယကာတို့အား ဝါးပေးခြင်း၊
၂။ သစ်ရွက်ပေးခြင်း၊
၃။ ပန်းပေးခြင်း၊
၄။ သစ်သီးပေးခြင်း၊
၅။ ဒန်ပူပေးခြင်း၊
၆။ မျက်နှာသစ်ရေ ပေးခြင်း၊
၇။ ရေချိုးဆပ်ပြာ ပေးခြင်း၊
၈။ ကသယ်မှုန့် ပေးခြင်း၊
၉။ မြေညက်ပေးခြင်း၊
၁၀။ ပျူငှာစွာ ပြောဆိုခြင်း၊
၁၁။ ပဲနောက်ဟင်းနှင့် တူစွာ အမှန်နည်းသော စကားကို ပြောဆိုခြင်း၊
၁၂။ ဒါယကာတို့၏ ကလေးငယ်ကို ချီပိုးထိန်းကျောင်းခြင်း၊
၁၃။ ဒါယကာတို့၏ အမှာစကားကို ပို့ဆောင်ကာ ခြေသလုံး အစေအပါးခံခြင်း၊
၁၄။ ဆေးကုပေးခြင်း၊
၁၅။ တမန်အမှုကို ပြုလုပ်ခြင်း၊
၁၆။ ဒါယကာတို့ စေခိုင်းသော အမှုကို ပြုခြင်း၊
၁၇။ ဆွမ်းအပေးအယူ လုပ်ခြင်း၊
၁၈။ လယ်ယာမြေအတတ် သင်ယူပြသခြင်း၊
၁၉။ နက္ခတ်အတတ် သင်ယူပြသခြင်း၊
၂၀။ အင်္ဂ ဝိဇ္ဇာအတတ် သင်ယူပြသခြင်း၊
၂၁။ မလှည့်လည် မကျက်စားရာ အရပ်ခြောက်ပါး၌ လှည့်လည် ကျက်စားခြင်း။ (ခုဒ္ဒက၊ဋ္ဌ၊၂၀၂။) (သုတ္တနိ၊ဋ္ဌ၊၁၊၁၇၈။) (မူလဋီ၊၁၊၉၇။)♦
အနောဓိသ မေတ္တာ ၅ ပါး
အပိုင်းအခြားမဲ့ မေတ္တာ ၅ ပါးနှင့် တူသည်။ ♦
အနောမဒဿီဘုရားရှင်၏ ဓမ္မာဘိသမယ ၃ ကြိမ်
၁။ ရှေးဦးစွာ ဓမ္မစကြာတရားဦး ဟောတော် မူသောအခါ၌ ကုဋေတစ်ရာသော လူနတ်ဗြဟ္မာတို့ ကျွတ်တမ်းဝင်ကြသည်၊
၂။ ဒုတိယအကြိမ် တရားမိုး ရွာသွန်းဖြိုးသော အခါ၌ ကုဋေရှစ်ဆယ်သော လူနတ်ဗြဟ္မာတို့ ကျွတ်တမ်း ဝင်ကြသည်၊
၃။ သတ္တဝါတို့အား နှစ်သက်စေလျက် တတိယအကြိမ် တရားဟောတော်မူသော အခါ၌ ခုနစ်ဆယ့်ရှစ်ကုဋေသော လူနတ်ဗြဟ္မာတို့ ကျွတ်တမ်းဝင်ကြသည်။ (အပ၊၂၊၃၃၆။) (အပ၊မြန်၊၂။၃၃၃။)♦
အနောမဒဿီဘုရားရှင်၏ သာဝကအစည်းအဝေး ၃ ကြိမ်
၁။ ပထမအကြိမ် အစည်းအဝေး၌ ရဟန္တာ ရှစ်သိန်း၊
၂။ ဒုတိယအကြိမ် အစည်းအဝေး၌ ရဟန္တာ ခုနစ်သိန်း၊
၃။ တတိယအကြိမ် အစည်းအဝေး၌ ရဟန္တာ ခြောက်သိန်းတို့ စည်းဝေးကြသည်။ (အပ၊၂၊၃၃၇။) (အဘိ၊ဋ္ဌ၊၁၊၆၃။) (အပ၊မြန်၊၂။၃၃၃။)♦
အနောမဒဿီဘုရားရှင်၏ အဂ္ဂသာဝက ၂ ပါး
၁။ နိသဘထေရ်၊
၂။ အနောမထေရ်။ (အဘိ၊ဋ္ဌ၊၁၊၆၃။) (ဗုဒ္ဓဝံ၊ဋ္ဌ၊၂၁၀။)♦
အနောမဒဿီဘုရားရှင်၏ အဂ္ဂသာဝိကာမ ၂ ပါး
၁။ သုန္ဒရီထေရီ၊
၂။ သုမနာထေရီ၊ (အဘိ၊ဋ္ဌ၊၁၊၆၃။) (ဗုဒ္ဓဝံ၊ဋ္ဌ၊၂၁၀။)♦
အနောမဒဿီဘုရားလောင်း၏ ပြာသာဒ် ၃ ဆောင်
၁။ သိရီမည်သော ပြာသာဒ်ဆောင်၊
၂။ ဥပသိရီ မည်သော ပြာသာဒ်ဆောင်၊
၃။ ဝဍ္ဎမည်သော ပြာသာဒ်ဆောင်။ (အပ၊ ၂။၃၃၇။) (အပ၊မြန်၊ ၂။၃၃၄။)♦
အန္တ ၄ မျိုး
၁။ အဆုံးစွန်ဖြစ်သော အပိုင်းအခြားဟူသော အန္တိမမရိယာဒအန္တ၊
၂။ ယုတ်သော အပိုင်းအခြားဟူသော လာမကအန္တ၊
၃။ အဖို့ဟူသော အစွန်း ကောဋ္ဌာသအန္တ၊
၄။ အစွန်း ဟူသော အဆုံး, ကောဋိအန္တ။ (မ၊ဋ္ဌ၊၁၊၉၀။)♦
အန္တဂ္ဂါဟိကဒိဋ္ဌိ ၁၀ မျိုး
တစ်ဖက်စွန်းရောက် မှားသော အယူ ၁၀ ပါးနှင့် တူသည်။ ♦
အန္တဂ္ဂါဟိကဒိဋ္ဌိ ၁၀ မျိုး (သဿတအဖို့ ဥစ္ဆေဒအဖို့ကို ယူတတ်သော အန္တဂ္ဂါဟိကဒိဋ္ဌိ ၁၀ မျိုး)
၁။ လောကသည် မြဲ၏၊
၂။ လောကသည် မမြဲ၊
၃။ အတ္တလောကသည် အဆုံးအပိုင်းအခြား ရှိ၏၊
၄။ အတ္တလောကသည် အဆုံးအပိုင်းအခြား မရှိ၊
၅။ ထိုအထည်ကိုယ်သည် ဇီဝမည်၏၊ ထိုအသက်ကောင်သည် သရီရ မည်၏၊
၆။ အသက်ကောင်သည် အထည်ကိုယ်မှ တစ်မျိုး တစ်ခြားတည်း၊ အထည်ကိုယ်သည် အသက်ကောင်မှ တစ်မျိုးတစ်ခြားတည်း၊
၇။ သတ္တဝါ သည် သေရာအခါမှ နောက်၌ ရှိ၏၊
၈။ သတ္တဝါသည် သေရာအခါမှ နောက်၌ မရှိ၊
၉။ သတ္တဝါသည် သေရာအခါမှ နောက်၌ ရှိလည်းရှိ၏၊ မရှိလည်း မရှိ၊
၁၀။ သတ္တဝါသည် သေရာအခါမှ နောက်၌ ရှိသည်လည်း မဟုတ်၊ မရှိသည်လည်း မဟုတ်။ (ဝိမတိ၊၂၊၂၉၁။)♦
အန္တဂ္ဂါဟိကဒိဋ္ဌိဖြင့် နှလုံးသွင်းပုံ ၅၀
၁။ ရုပ်သည် လောကလည်း မည်၏၊ သဿတလည်း ဖြစ်၏ဟု မှားသော နှလုံးသွင်းခြင်း၊
၂။ ဝေဒနာသည် လောကလည်း မည်၏၊ သဿတလည်း ဖြစ်၏ဟု မှားသော နှလုံးသွင်းခြင်း၊
၃။ သညာသည် လောကလည်း မည်၏၊ သဿတလည်း ဖြစ်၏ဟု မှားသော နှလုံးသွင်းခြင်း၊
၄။ သင်္ခါရတို့သည် လောကလည်း မည်၏၊ သဿတလည်း ဖြစ်၏ဟု မှားသော နှလုံးသွင်းခြင်း၊
၅။ ဝိညာဏ်သည် လောကလည်း မည်၏၊ သဿတလည်း ဖြစ်၏ဟု သဿတလောကအားဖြင့် အမှားနှလုံးသွင်းခြင်း ငါးပါး၊
၆။ ရုပ်သည် လောကလည်း မည်၏၊ အသဿတလည်း မည်၏ဟု မှားသော နှလုံး သွင်းခြင်း၊
၇။ ဝေဒနာသည် လောကလည်း မည်၏၊ အသဿတလည်း မည်၏ဟု မှားသော နှလုံးသွင်းခြင်း၊
၈။ သညာသည် လောကလည်း မည်၏၊ အသဿတလည်း မည်၏ဟု မှားသော နှလုံးသွင်းခြင်း၊
၉။ သင်္ခါရတို့သည် လောကလည်း မည်၏၊ အသဿတလည်း မည်၏ဟု မှားသော နှလုံးသွင်းခြင်း၊
၁၀။ ဝိညာဏ်သည် လောကလည်း မည်၏၊ အသဿတလည်း မည်၏ဟု အသဿတလောကအားဖြင့် အမှား နှလုံးသွင်းခြင်း ငါးပါး၊
၁၁။ ဤလောက၌ အချို့သော သူသည် အနည်းငယ်သော အရပ် ‘အညို’အားဖြင့် နှံ့၏၊ ထိုပုဂ္ဂိုလ်အား ဤလောကသည် အဆုံး ရှိ၏၊ ထက်ဝန်းကျင် အပိုင်းအခြား ရှိ၏ဟု မှားသောအားဖြင့် နှလုံးသွင်းခြင်း သုံးသပ်ခြင်း၊
၁၂။ ဤလောက၌ အချို့သော သူသည် အနည်းငယ်သော အရပ် ‘အရွှေ’အားဖြင့် နှံ့၏၊ ထိုပုဂ္ဂိုလ်အား ဤလောကသည် အဆုံးရှိ၏၊ ထက်ဝန်းကျင် အပိုင်းအခြားရှိ၏ဟု မှားသောအားဖြင့် နှလုံးသွင်းခြင်း သုံးသပ်ခြင်း၊
၁၃။ ဤလောက၌ အချို့သော သူသည် အနည်းငယ်သော အရပ် ‘အနီ’အားဖြင့် နှံ့၏၊ ထိုပုဂ္ဂိုလ်အား ဤလောကသည် အဆုံးရှိ၏၊ ထက်ဝန်းကျင် အပိုင်းအခြားရှိ၏ဟု မှားသော အားဖြင့် နှလုံးသွင်းခြင်း သုံးသပ်ခြင်း၊
၁၄။ ဤလောက၌ အချို့သော သူသည် အနည်း ငယ်သော အရပ် ‘အဖြူ’အားဖြင့် နှံ့၏၊ ထိုပုဂ္ဂိုလ်အား ဤလောကသည် အဆုံးရှိ၏၊ ထက်ဝန်းကျင် အပိုင်းအခြားရှိ၏ဟု မှားသောအားဖြင့် နှလုံးသွင်းခြင်း သုံးသပ်ခြင်း၊
၁၅။ ဤလောက၌ အချို့သော သူသည် အနည်းငယ်သော အရပ် ‘အရောင်အလင်း’အားဖြင့် နှံ့၏၊ ထိုပုဂ္ဂိုလ်အား ဤလောကသည် အဆုံးရှိ၏၊ ထက်ဝန်းကျင် အပိုင်းအခြားရှိ၏ဟု မှားသောအားဖြင့် နှလုံးသွင်းခြင်း သုံးသပ်ခြင်း၊
၁၆။ ဤလောက၌ အချို့သော သူသည် အနည်းငယ်သော အရပ် အညိုအားဖြင့် နှံ့၏၊ ထိုပုဂ္ဂိုလ်အား ဤလောကသည် အဆုံးရှိ၏၊ ထက်ဝန်းကျင် အပိုင်းအခြားရှိ၏ဟု မှားသောအားဖြင့် နှလုံးသွင်းခြင်း သုံးသပ်ခြင်း၊
၁၇။ ဤလောက၌ အချို့သော သူသည် အနည်းငယ်သော အရပ် အရွှေအားဖြင့် နှံ့၏၊ ထိုပုဂ္ဂိုလ်အား ဤလောကသည် အဆုံးရှိ၏၊ ထက်ဝန်းကျင် အပိုင်းအခြားရှိ၏ဟု မှားသော အားဖြင့် နှလုံးသွင်းခြင်း သုံးသပ်ခြင်း၊
၁၈။ ဤလောက၌ အချို့သော သူသည် အနည်း ငယ်သော အရပ် အနီအားဖြင့် နှံ့၏၊ ထိုပုဂ္ဂိုလ်အား ဤလောကသည် အဆုံးရှိ၏၊ ထက်ဝန်းကျင် အပိုင်းအခြားရှိ၏ဟု မှားသောအားဖြင့် နှလုံးသွင်းခြင်း သုံးသပ်ခြင်း၊
၁၉။ ဤလောက၌ အချို့သော သူသည် အနည်းငယ်သော အရပ် အဖြူအားဖြင့် နှံ့၏၊ ထိုပုဂ္ဂိုလ်အား ဤလောကသည် အဆုံးရှိ၏၊ ထက်ဝန်းကျင် အပိုင်းအခြားရှိ၏ဟု မှားသော အားဖြင့် နှလုံးသွင်းခြင်း သုံးသပ်ခြင်း၊
၂၀။ ဤလောက၌ အချို့သော သူသည် အနည်း ငယ်သော အရပ် အရောင်အလင်းအားဖြင့် နှံ့၏၊ ထိုပုဂ္ဂိုလ်အား ဤလောကသည် အဆုံး ရှိ၏၊ ထက်ဝန်းကျင် အပိုင်းအခြားရှိ၏ဟု မှားသောအားဖြင့် နှလုံးသွင်းခြင်း သုံးသပ်ခြင်း၊
၂၁။ ရုပ်သည် ဇီဝလည်း မည်၏၊ သရီရလည်း မည်၏၊ ဇီဝသည် သရီရ မည်၏၊ သရီရသည် ဇီဝမည်၏ဟု အမှား နှလုံးသွင်းခြင်း၊
၂၂။ ဝေဒနာသည် ဇီဝလည်း မည်၏၊ သရီရလည်း မည်၏၊ ဇီဝသည် သရီရ မည်၏၊ သရီရသည် ဇီဝမည်၏ဟု အမှား နှလုံးသွင်းခြင်း၊
၂၃။ သညာသည် ဇီဝလည်း မည်၏၊ သရီရလည်း မည်၏၊ ဇီဝသည် သရီရ မည်၏၊ သရီရသည် ဇီဝမည်၏ဟု အမှား နှလုံးသွင်းခြင်း၊
၂၄။ သင်္ခါရတို့သည် ဇီဝလည်း မည်၏၊ သရီရလည်း မည်၏၊ ဇီဝသည် သရီရ မည်၏၊ သရီရသည် ဇီဝမည်၏ဟု အမှား နှလုံး သွင်းခြင်း၊
၂၅။ ဝိညာဏ်သည် ဇီဝလည်း မည်၏၊ သရီရလည်း မည်၏၊ ဇီဝသည် သရီရ မည်၏၊ သရီရသည် ဇီဝမည်၏ဟု အမှားနှလုံးသွင်းခြင်း၊
၂၆။ ရုပ်သည် သရီရ မည်၏၊ ဇီဝ မမည်၊ ဇီဝသည် သရီရမမည်၊ ဇီဝသည် တခြား၊ သရီရသည် တခြားဟု အမှားနှလုံး သွင်းခြင်း၊
၂၇။ ဝေဒနာသည် သရီရ မည်၏၊ ဇီဝ မမည်၊ ဇီဝသည် သရီမမည်၊ ဇီဝသည် တခြား၊ သရီရသည် တခြားဟု အမှား၌ နှလုံးသွင်းခြင်း၊
၂၈။ သညာသည် သရီရ မည်၏၊ ဇီဝ မမည်၊ ဇီဝသည် သရီရမမည်၊ ဇီဝသည် တခြား၊ သရီရသည် တခြားဟု အမှား နှလုံးသွင်းခြင်း၊
၂၉။ သင်္ခါရတို့သည် သရီရ မည်ကုန်၏၊ ဇီဝမမည်၊ ဇီဝသည် သရီရ မမည်၊ ဇီဝသည် တခြား၊ သရီရသည် တခြားဟု အမှားနှလုံးသွင်းခြင်း၊
၃၀။ ဝိညာဏ် သည် သရီရ မည်၏၊ ဇီဝ မမည်၊ ဇီဝသည် သရီရမမည်၊ ဇီဝသည် တခြား၊ သရီရသည် တခြားဟု အမှားနှလုံးသွင်းခြင်း၊
၃၁။ ရုပ်သည် ဤအတ္တဘော၌သာလျှင် သေတတ်သော သဘောရှိ၏၊ သတ္တဝါသည် ကိုယ်ခန္ဓာပျက်သည်၏ နောက်၌ရှိလည်းရှိ၏၊ တည်လည်း တည်၏၊ ဖြစ်လည်း ဖြစ်၏ဟု အမှားနှလုံးသွင်းခြင်း၊
၃၂။ ဝေဒနာသည် ဤအတ္တဘော၌ သာလျှင် သေတတ်သော သဘောရှိ၏၊ သတ္တဝါသည် ကိုယ်ခန္ဓာ ပျက်သည်၏နောက် ရှိလည်း ရှိ၏၊ တည်လည်း တည်၏၊ ဖြစ်လည်း ဖြစ်၏ဟု အမှားနှလုံးသွင်းခြင်း၊
၃၃။ သညာသည် ဤအတ္တဘော၌သာလျှင် သေတတ်သော သဘောရှိ၏၊ သတ္တဝါသည် ကိုယ်ခန္ဓာ ပျက်သည်၏နောက် ရှိလည်း ရှိ၏၊ တည်လည်း တည်၏၊ ဖြစ်လည်း ဖြစ်၏ဟု အမှား နှလုံးသွင်းခြင်း၊
၃၄။ သင်္ခါရတို့သည် ဤအတ္တဘော၌သာလျှင် သေတတ်သော သဘောရှိ၏၊ သတ္တဝါသည် ကိုယ်ခန္ဓာ ပျက်သည်၏နောက် ရှိလည်း ရှိ၏၊ တည်လည်း တည်၏၊ ဖြစ်လည်း ဖြစ်၏ဟု အမှား နှလုံးသွင်းခြင်း၊
၃၅။ သင်္ခါရတို့သည် ဤအတ္တဘော၌ သာလျှင် သေတတ်သော သဘောရှိ၏၊ သတ္တဝါသည် ကိုယ်ခန္ဓာ ပျက်သည်၏နောက် ရှိလည်း ရှိ၏၊ တည်လည်း တည်၏၊ ဖြစ်လည်း ဖြစ်၏ဟု အမှားနှလုံးသွင်းခြင်း၊
၃၆။ ရုပ်သည် ဤအတ္တဘော၌သာလျှင် သေတတ်သော သဘောရှိ၏၊ သတ္တဝါ ရှိ၏၊ သတ္တဝါသည် ခန္ဓာကိုယ်ပျက်သည်၏နောက် ပြတ်၏ ပျက်စီး၏၊ သေပြီးနောက် မဖြစ်ဟု အမှားနှလုံးသွင်းခြင်း၊
၃၇။ ဝေဒနာသည် ဤအတ္တဘော၌သာလျှင် သေတတ်သော သဘော ရှိ၏၊ သတ္တဝါရှိ၏၊ သတ္တဝါသည် ခန္ဓာကိုယ် ပျက်သည်၏နောက် ပြတ်၏ ပျက်စီး၏၊ သေပြီးနောက် မဖြစ်ဟု အမှား နှလုံးသွင်းခြင်း၊
၃၈။ သညာသည် ဤအတ္တဘော၌သာလျှင် သေတတ်သော သဘောရှိ၏၊ သတ္တဝါရှိ၏၊ သတ္တဝါသည် ခန္ဓာကိုယ် ပျက်သည်၏နောက် ပြတ်၏ ပျက်စီး၏၊ သေပြီးနောက် မဖြစ်ဟု အမှားနှလုံးသွင်းခြင်း၊
၃၉။ သင်္ခါရတို့သည် ဤအတ္တဘော၌သာလျှင် သေတတ်သော သဘောရှိ၏၊ သတ္တဝါရှိ၏၊ သတ္တဝါသည် ခန္ဓာကိုယ် ပျက်သည်၏နောက် ပြတ်၏၊ ပျက်စီး၏၊ သေပြီးနောက် မဖြစ်ဟု အမှားနှလုံးသွင်းခြင်း၊
၄၀။ ဝိညာဏ်သည် ဤအတ္တဘော၌သာလျှင် သေတတ်သော သဘောရှိ၏၊ သတ္တဝါရှိ၏၊ သတ္တဝါသည် ခန္ဓာကိုယ်ပျက်သည်၏နောက် ပြတ်၏၊ ပျက်စီး၏၊ သေပြီးနောက် မဖြစ်ဟု အမှားနှလုံးသွင်းခြင်း၊
၄၁။ ရုပ်သည် ဤအတ္တဘော၌သာလျှင် သေတတ်သော သဘောရှိ၏၊ သတ္တဝါသည် ကိုယ်ခန္ဓာပျက်သည့်နောက် ဖြစ်လည်းဖြစ်၏၊ မဖြစ်လည်း မဖြစ်ဟု အမှား နှလုံးသွင်းခြင်း၊
၄၂။ ဝေဒနာသည် ဤအတ္တဘော၌သာလျှင် သေတတ်သော သဘောရှိ၏၊ သတ္တဝါသည် ကိုယ်ခန္ဓာပျက်သည့်နောက် ဖြစ်လည်းဖြစ်၏၊ မဖြစ်လည်း မဖြစ်ဟု အမှား နှလုံးသွင်းခြင်း၊
၄၃။ သညာသည် ဝေဒနာသည် ဤအတ္တဘော၌သာလျှင် သေတတ်သော သဘောရှိ၏၊ သတ္တဝါသည် ကိုယ်ခန္ဓာပျက်သည့်နောက် ဖြစ်လည်းဖြစ်၏၊ မဖြစ်လည်း မဖြစ်ဟု အမှားနှလုံးသွင်းခြင်း၊
၄၄။ သင်္ခါရတို့သည် ဝေဒနာသည် ဤအတ္တဘော၌သာလျှင် သေတတ်သော သဘောရှိ၏၊ သတ္တဝါသည် ကိုယ်ခန္ဓာပျက်သည့်နောက် ဖြစ်လည်း ဖြစ်၏၊ မဖြစ်လည်း မဖြစ်ဟု အမှားနှလုံးသွင်းခြင်း၊
၄၅။ ဝိညာဏ်သည် ဝေဒနာသည် ဤအတ္တ ဘော၌သာလျှင် သေတတ်သော သဘောရှိ၏၊ သတ္တဝါသည် ကိုယ်ခန္ဓာပျက်သည့်နောက် ဖြစ်လည်းဖြစ်၏၊ မဖြစ်လည်း မဖြစ်ဟု အမှားနှလုံးသွင်းခြင်း၊
၄၆။ ရုပ်သည် ဤအတ္တဘော ၌သာလျှင် သေတတ်သော သဘောရှိ၏၊ သတ္တဝါသည် ကိုယ်ခန္ဓာ ပျက်သည့်နောက် ဖြစ်သည်လည်း မဟုတ် မဖြစ်သည်လည်း မဟုတ်ဟု အမှားနှလုံးသွင်းခြင်း၊
၄၇။ ဝေဒနာ သည် ဤအတ္တဘော၌သာလျှင် သေတတ်သော သဘောရှိ၏၊ သတ္တဝါသည် ကိုယ်ခန္ဓာ ပျက်သည့်နောက် ဖြစ်သည်လည်း မဟုတ် မဖြစ်သည်လည်း မဟုတ်ဟု အမှား နှလုံးသွင်းခြင်း၊
၄၈။ သညာသည် ဤအတ္တဘော၌သာလျှင် သေတတ်သော သဘော ရှိ၏၊ သတ္တဝါသည် ကိုယ်ခန္ဓာပျက်သည့်နောက် ဖြစ်သည်လည်း မဟုတ် မဖြစ်သည်လည်း မဟုတ်ဟု အမှား နှလုံးသွင်းခြင်း၊
၄၉။ သင်္ခါရတို့သည် ဤအတ္တဘော၌သာလျှင် သေတတ်သော သဘော ရှိ၏၊ သတ္တဝါသည် ကိုယ်ခန္ဓာပျက်သည့်နောက် ဖြစ်သည်လည်း မဟုတ် မဖြစ်သည်လည်း မဟုတ်ဟု အမှားနှလုံးသွင်းခြင်း၊
၅၀။ ဝိညာဏ်သည် ဤအတ္တဘော၌သာလျှင် သေတတ်သော သဘောရှိ၏၊ သတ္တဝါသည် ကိုယ်ခန္ဓာပျက် သည့်နောက် ဖြစ်သည်လည်းမဟုတ် မဖြစ် သည်လည်း မဟုတ်ဟု အမှား နှလုံးသွင်းခြင်း။ (ပဋိသံ၊၁၄၉-၁၅၄။) (ပဋိသံ၊မြန်။၁၉၂-၁၉၈။)♦
အန္တရကပ် ၃ ပါး
၁။ ဒုဗ္ဘိက္ခန္တရကပ်- ငတ်မွတ်ခြင်းဖြင့် သံဝဋ္ဋကပ်သို့ မရောက်မီ ကြားကာလ၌ သတ္တဝါအပေါင်း သေကျေပျက်စီးခြင်း၊
၂။ ရောဂန္တရကပ်- အနာရောဂါဖြင့် သံဝဋ္ဋကပ်သို့ မရောက်မီ ကြားကာလ၌ သတ္တဝါအပေါင်း သေကျေပျက်စီးခြင်း၊
၃။ သတ္ထန္တရကပ်- လက်နက်ဖြင့် သံဝဋ္ဋကပ်သို့ မရောက်မီ ကြားကာလ၌ သတ္တဝါအပေါင်း သေကျေ ပျက်စီးခြင်း။ (ဒီ၊ဋ္ဌ၊၃၊၃၈။)♦
အန္တရဓာန ၃ မျိုး
ပျောက်ကွယ်ခြင်း ၃ မျိုးနှင့် တူသည်။ ♦
အန္တရာပရိနိဗ္ဗာယီ အနာဂါမ် ၃ မျိုး
၁။ အဝိဟာဘုံတို့၌ ဖြစ်၍ ကမ္ဘာတစ်ရာ အထက်၌ ပရိနိဗ္ဗာန် ပြုမည့် အန္တရာပရိနိဗ္ဗာယီ အနာဂါမ်၊
၂။ ကပ်ကမ္ဘာ နှစ်ရာအထက်၌ ပရိနိဗ္ဗာန်ပြုမည့် အန္တရာ ပရိနိဗ္ဗာယီ အနာဂါမ်၊
၃။ ကပ်ကမ္ဘာငါးရာ မရောက်မီကာလ၌ ပရိနိဗ္ဗာန်ပြုမည့် အန္တရာ ပရိနိဗ္ဗာယီ အနာဂါမ်။(ပဋိသံ၊ဋ္ဌ၊၂။၆၈။) (ဣတိဝုတ်၊ဋ္ဌ၊၄၉။) ♦
အန္တရာယ် ၁၀ မျိုး
၁။ မင်းအန္တရာယ်၊
၂။ ခိုးသူအန္တရာယ်၊
၃။ မီးအန္တရာယ်၊
၄။ ရေအန္တရာယ်၊
၅။ လူအန္တရာယ်၊
၆။ ဘီလူးအန္တရာယ်၊
၇။ သားရဲအန္တရာယ်၊
၈။ မြွေကင်းသန်းအန္တရာယ်၊
၉။ အသက်အန္တရာယ်၊
၁၀။ မြတ်သော အကျင့် အန္တရာယ်။ (ဝိ၊၄၊၄၂၉။) (ဝိ၊မြန်၊၄၊၄၃၀။)♦
အန္တရာယ် ၅ မျိုး
၁။ ကမ္မန္တရာယ်- (ပဉ္စာနန္တရိယကံ, ဘိက္ခုနီဒူသကကံ။)၊
၂။ ကိလေသန္တရာယ်- (နိယတမိစ္ဆာဒိဋ္ဌိကံ။)၊
၃။ ဝိပါကန္တရာယ်- (ပဏ္ဍုက်, ဥဘတောဗျည်း, တိရစ္ဆာန်တို့၏ ဝိပါက် ပဋိသန္ဓေ။)၊
၄။ ဥပဝါဒန္တရာယ်- (အရိယာပုဂ္ဂိုလ်တို့ကို စွပ်စွဲ ပြောဆိုကြောင်း ဒေါသ ပြဋ္ဌာန်းသော အကုသိုလ် စိတ္တုပ္ပါဒ်။)၊
၅။ အာဏာဝီတိက္ကမန္တရာယ်- ဝိနည်းပညတ်ချက် အမိန့်အာဏာတော်ကို လွန်ကျူးကြောင်း အကုသိုလ်စိတ္တုပ္ပါဒ်။)။ (ဝိ၊ဋ္ဌ၊၃၊၁၃၈။) (မ၊ဋ္ဌ၊၂၊၉။) (သာရတ္ထ၊ဋီ၊၁၊၈၇။) (သာရတ္ထ၊ဋီ၊၁၊၈၈။)♦
အန္တရာယ်ပြု၍ မရသော အရာ ၄ မျိုး
၁။ ဘုရားရှင်အတွက် ရည်ရွယ်သော ဆွမ်းစသော ပစ္စည်းဝတ္ထု၊
၂။ ဘုရားရှင်၏ အသက်တော် (ဇီဝိတိန္ဒြေ။)၊
၃။ ဘုရားရှင်၏ ရှစ်ဆယ်သော လက္ခဏာ တော်ငယ်နှင့် တစ်လံမျှလောက်သော ကိုယ်ရောင်တော်၊
၄။ ဘုရားရှင်၏ သဗ္ဗညုတဉာဏ်တော်။ (ဝိ၊ဋ္ဌ၊၁၊၁၄၇။)♦
အန္တဝါဒိဋ္ဌိကို ဖြစ်စေသော တရား ၅ ပါး
၁။ ရုပ်ကို အမှား နှလုံးသွင်းသောကြောင့် အန္တဝါ ဒိဋ္ဌိ ဖြစ်၏၊
၂။ ဝေဒနာကို အမှား နှလုံးသွင်းသောကြောင့် အန္တဝါဒိဋ္ဌိ ဖြစ်၏၊
၃။ သညာကို အမှား နှလုံးသွင်းသောကြောင့် အန္တဝါဒိဋ္ဌိ ဖြစ်၏၊
၄။ သင်္ခါရကို အမှားနှလုံးသွင်း သောကြောင့် အန္တဝါဒိဋ္ဌိ ဖြစ်၏၊
၅။ ဝိညာဏ်ကို အမှား နှလုံးသွင်းသောကြောင့် အန္တဝါဒိဋ္ဌိ ဖြစ်၏။ (သံ၊၂၊၁၇၆။) (သံ၊မြန်၊၂။၁၆၇)♦
အန္တာနန္တဒိဋ္ဌိ ၄ မျိုး
၁။ အန္တာနန္တဒိဋ္ဌိ ပဌမဝါဒ- လောကသည် အဆုံးရှိသည်ဟု ယူသော ဝါဒ၊
၂။ အန္တာနန္တ ဒုတိယဝါဒ- လောကသည် အဆုံးမရှိဟု ယူသော ဝါဒ၊
၃။ အန္တာနန္တ တတိယဝါဒ- လောကသည် အဆုံးရှိသည်လည်း ဟုတ်၏၊ လောကအဆုံး မရှိသည်လည်း ဟုတ်၏ဟု ယူသော ဝါဒ၊
၄။ အန္တာနန္တ စတုတ္ထဝါဒ- လောကသည် အဆုံးရှိသည်လည်း မဟုတ်၊ လောကသည် အဆုံးမရှိသည်လည်း မဟုတ်ဟု ယူသော ဝါဒ။ (ဒီ၊၁၊၂၁၊၂၃။) (ဒီ၊မြန်၊၁။၂၃။)♦
အန္တာနန္တဝါဒီပုဂ္ဂိုလ် ၄ မျိုး
၁။ ပဋိဘာဂနိမိတ်ကို စကြာဝဠာအဆုံး အပိုင်းအခြားရှိသည်တိုင်အောင် မပွားစေမူ၍ ထိုပဋိဘာဂနိမိတ်ကို လောကဟု ယူ၍ ပဋိဘာဂနိမိတ်ဟူသော လောက အဆုံး၌ သညာရှိသူ အန္တဝါဒီပုဂ္ဂိုလ်၊
၂။ စကြာဝဠာဆုံးအောင် ပြု၍ တိုးပွားစေအပ်သော ကသိုဏ်းရှိသော ပုဂ္ဂိုလ်သည် မဆုံး၌ အမှတ်သညာရှိသော အနန္တဝါဒီပုဂ္ဂိုလ်၊
၃။ ပဋိဘာဂ နိမိတ်၏ အထက်ပိုင်း၌လည်းကောင်း၊ ပဋိဘာဂနိမိတ်၏ အောက်ပိုင်း၌လည်းကောင်း၊ မတိုးပွားစေမူ၍ ဖီလာဝန်းကျင်၌ တိုးပွားစေ၍ ပဋိဘာဂနိမိတ် အထက်ပိုင်း၌လည်းကောင်း ပဋိဘာဂနိမိတ်၏ အောက်ပိုင်း၌လည်းကောင်း အဆုံး၌ ဖြစ်သော အမှတ်သညာရှိသည် ဖြစ်၍ ပဋိဘာဂနိမိတ်၏ ဖီလာ ပတ်ဝန်းကျင်၌ အဆုံး၌ ဖြစ်သော သညာရှိသော အန္တာနန္တ ဝါဒီပုဂ္ဂိုလ်၊
၄။ အဆုံးလည်းမဟုတ် မဆုံးလည်းမဟုတ် အယူရှိသော နေဝန္တဝါနာနန္တဝါဒီ ပုဂ္ဂိုလ်။ (သာရတ္ထ၊ဋီ၊၁၊၁၄၅။)♦
အန္တေပုရသိက္ခာပုဒ်၌ အင်္ဂါ ၃ ပါး
၁။ အဘိသိက် သွန်းလောင်းထားပြီးသော ခတ္တိယမင်း ဖြစ်ခြင်း၊
၂။ မင်းနှင့် မိဖုရား နှစ်ပါးလုံး အိပ်ရာခန်းဆောင်မှ ထွက်မလာသေးခြင်း၊
၃။ ကြိုတင်၍ မသိစေအပ်သူ ဖြစ်လျက် အိပ်ရာခန်းဆောင်၏ တံခါးခုံကို ကျော်လွန်ခြင်း။ (ဝိမတိ၊၂၊၅၄။)♦
အန္တေပုရသိက္ခာပုဒ်၌ အင်္ဂါ ၅ မျိုး
၁။ ခတ္တိယမင်း ဖြစ်ခြင်း၊
၂။ အဘိသိက် သွန်းလောင်း ထားပြီးသူ ဖြစ်ခြင်း၊
၃။ မင်း မိဖုရား နှစ်ဦးလုံး အိပ်ရာခန်းဆောင်မှ မထွက်သေးခြင်း၊
၄။ ကြိုတင်၍ မသိစေအပ်သူ ဖြစ်ခြင်း၊
၅။ အိပ်ရာခန်းဆောင်၏ တံခါးခုံကို ကျော်လွန်ခြင်း။ (သာရတ္ထ၊ဋီ၊၃၊၉၇။)♦
အန္ဓပုထုဇဉ် ၂ မျိုး
၁။ ပသာဒမျက်စိဖြင့် မြင်လေ့မရှိသော အန္ဓပုထုဇဉ်ပုဂ္ဂိုလ်၊
၂။ ဉာဏ် မျက်စိဖြင့် မြင်လေ့မရှိသော အန္ဓပုထုဇဉ်ပုဂ္ဂိုလ်။ (မ၊ဋ္ဌ၊၁၊၂၂။)♦
အပရန္တာနုဒိဋ္ဌိ နှလုံးသွင်းပုံ ၄၄ မျိုး
၁။ သညာရှိ၏ဟု ယူသော သညီဝါဒဒိဋ္ဌိ (၁၆) ပါး၊
၂။ သညာမရှိဟု ယူသော အသညီဝါဒဒိဋ္ဌိ (၈) ပါး၊
၃။ သညာရှိသည်လည်း မဟုတ်၊ မရှိသည်လည်း မဟုတ်ဟု ယူသော နေဝသညီနာသညီဝါဒ (၈) ပါး၊
၄။ ပြတ်စဲ၏ဟု ယူသော ဥစ္ဆေဒဒိဋ္ဌိ (၇) ပါး၊
၅။ မျက်မှောက်ချမ်းသာမှုကို နိဗ္ဗာန်ဟု ယူသော ဒိဋ္ဌဓမ္မ နိဗ္ဗာနဝါဒ (၅) ပါး ပေါင်း (၄၄) ပါး ဖြစ်သတည်း။ (ဒီ၊၁၊၂၈။) (ပဋိသံ၊၁၅၄။) (ဒီ၊မြန်၊၁။၃၃။) (ပဋိသံ၊မြန်။၁၉၈။)♦
အပရိယာပန္နဟိတ် ၆ ပါး
၁။ ကုသိုလ်ဟိတ် သုံးပါး၊
၂။ အဗျာကတဟိတ် သုံးပါး ပေါင်း (၆) ပါး။ (အဘိ၊ဓ၊၂၁၇။) (အဘိ၊ဓ၊မြန်။၃၉၆။)♦
အပရိဟာနိယ တရား ၄ ပါး
မဆုတ်ယုတ်ကြောင်း တရား ၄ ပါးနှင့် တူသည်။ ♦
အပရိဟာနိယ တရား ၇ ပါး (တစ်နည်း)
၁။ ဘုရားရှင်၌ ရိုသေခြင်း၊
၂။ တရားတော်၌ ရိုသေခြင်း၊
၃။ သံဃာတော်၌ ရိုသေခြင်း၊
၄။ သိက္ခာပုဒ်၌ ရိုသေမှု ရှိခြင်း၊
၅။ သမာဓိ တရား၌ ရိုသေမှု ရှိခြင်း၊
၆။ မိတ်ကောင်းရှိသူ ဖြစ်ခြင်း၊
၇။ ပြောဆိုလွယ်ကူသူ ဖြစ်ခြင်း။ (သာရတ္ထ၊ဋီ၊၁၊၄။)♦
အပရိဟာနိယတရား ၆ ပါး (ဘိက္ခုအပရိဟာနိယတရား ၆ ပါး)
၁။ ရဟန်းတို့သည် သီတင်း သုံးဖော်တို့အား မေတ္တာစိတ်ဖြင့် ပြုသော ကိုယ်အမူအရာကို မျက်မှောက်မျက်ကွယ် နှစ်ပါးလုံး၌ ရှေးရှုထင်စေခြင်း၊
၂။ ရဟန်းတို့သည် သီတင်းသုံးဖော်တို့အား မေတ္တာစိတ်ဖြင့် ပြုသော နှုတ်အမူအရာကို မျက်မှောက်မျက်ကွယ် နှစ်ပါးလုံး၌ ရှေးရှုထင်စေခြင်း၊
၃။ ရဟန်းတို့သည် သီတင်းသုံးဖော်တို့အား မေတ္တာစိတ်ဖြင့် ပြုသော စိတ်အမူအရာကို မျက်မှောက် မျက်ကွယ် နှစ်ပါးလုံး၌ ရှေးရှု ထင်စေခြင်း၊
၄။ ရဟန်းတို့သည် တရားနှင့် အညီရသော ဓမ္မိယလာဘ်တို့ကို အယုတ်အားဖြင့် သပိတ်တွင်းရှိ ဆွမ်းမျှကိုသော်လည်း သီးခြားခွဲ၍ မသုံးဆောင်ဘဲ သီလရှိသော သီတင်းသုံးဖော်တို့နှင့် စုပေါင်းသုံးဆောင်ခြင်း၊
၅။ ရဟန်းတို့သည် မျက်မှောက် မျက်ကွယ် နှစ်ပါးလုံး၌ သီတင်းသုံးဖော်တို့နှင့် သီလချင်း တူမျှလျက် နေကြခြင်း၊
၆။ ရဟန်း တို့သည် မျက်မှောက် မျက်ကွယ် နှစ်ပါးလုံး၌ သီတင်းသုံးဖော်တို့နှင့် အရိယာပညာချင်း တူမျှလျက် နေကြခြင်း၊ ဤမဆုတ်ယုတ်ကြောင်း ‘အပရိဟာနိယ’ တရား ခြောက်ပါးတို့ကို ကျင့်သုံးနေကြသမျှ ကာလပတ်လုံး ရဟန်းတို့အား ကြီးပွားရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန် မရှိဟု ဘုရားရှင် ဟောတော်မူ၏။ (ဒီ၊၂၊၆၈။) (ဒီ၊မြန်၊၂။၇၉။)♦
အပရိဟာနိယတရား ၇ ပါး (တစ်နည်း) (ဘိက္ခုအပရိဟာနိယတရား ၇ ပါး)
၁။ ရဟန်း တို့သည် အမှုကြီးငယ်၌ မွေ့လျော်ပျော်ပိုက် လုံ့လစိုက်၍ မနေခြင်း၊
၂။ ရဟန်းတို့သည် စကားပြောခြင်းအမှု၌ မွေ့လျော်ပျော်ပိုက် လုံ့လစိုက်၍ မနေခြင်း၊
၃။ ရဟန်းတို့သည် အိပ်စက်ခြင်း၌ မွေ့လျော်ပျော်ပိုက် လုံ့လစိုက်၍ မနေခြင်း၊
၄။ ရဟန်းတို့သည် အပေါင်း အဖော်တို့နှင့် စုရုံးနေထိုင်ခြင်း၌ မွေ့လျော်ပျော်ပိုက် လုံ့လစိုက်၍ မနေခြင်း၊
၅။ ရဟန်း တို့သည် အလိုဆိုးကင်းကုန်လျက် အလိုဆိုး၏ ဆွဲဆောင်ရာသို့ မလိုက်ခြင်း၊
၆။ ရဟန်း တို့သည် ယုတ်ညံ့သော အဆွေခင်ပွန်း အပေါင်းအဖော် မရှိမူ၍ ယုတ်ညံ့သူတို့၌ စိတ် မညွတ်ခြင်း၊
၇။ ရဟန်းတို့သည် အနည်းငယ်သော တရားထူး ရရုံမျှဖြင့် အရဟတ္တဖိုလ်သို့ မရောက်မီ လမ်းခုလတ်၌ ရပ်စဲ၍ မနေခြင်း၊ ဤရဟန်းတို့၏ မဆုတ်ယုတ်ကြောင်း (အပရိဟာနိယ) တရား ခုနစ်ပါးတို့ကို ကျင့်ကြံနေသမျှ ကာလပတ်လုံး ရဟန်းတို့အား ကြီးပွားရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန် မရှိဟု ဘုရားရှင် ဟောတော်မူ၏။ (ဒီ၊၂၊၆၆။) (ဒီ၊မြန်၊၂။၇၆။)♦
အပရိဟာနိယတရား ၇ ပါး (တစ်နည်း) (ဘိက္ခုအပရိဟာနိယတရား ၇ ပါး)
၁။ ရဟန်း တို့သည် မဂ်၏ အကြောင်းဖြစ်သော အောက်မေ့မှု ‘သတိသမ္ဗောဇ္ဈင်’ ကို ပွားများနေခြင်း၊
၂။ ရဟန်းတို့သည် မဂ်၏ အကြောင်းဖြစ်သော ပညာ ‘ဓမ္မဝိစယသမ္ဗောဇ္ဈင်’ ကို ပွားများ နေခြင်း၊
၃။ ရဟန်းတို့သည် မဂ်၏ အကြောင်းဖြစ်သော လုံ့လ ‘ဝီရိယသမ္ဗောဇ္ဈင်’ ကို ပွားများနေခြင်း၊
၄။ ရဟန်းတို့သည် မဂ်၏ အကြောင်းဖြစ်သော နှစ်သက်မှု ‘ပီတိ သမ္ဗောဇ္ဈင်’ကို ပွားများနေခြင်း၊
၅။ ရဟန်းတို့သည် မဂ်၏ အကြောင်းဖြစ်သော ငြိမ်းအေးမှု ‘ပဿဒ္ဓိသမ္ဗောဇ္ဈင်’ ကို ပွားများနေခြင်း၊
၆။ ရဟန်းတို့သည် မဂ်၏ အကြောင်းဖြစ်သော တည်ကြည်မှု ‘သမာဓိသမ္ဗောဇ္ဈင်’ကို ပွားများနေခြင်း၊
၇။ ရဟန်းတို့သည် မဂ်၏အကြောင်း ဖြစ်သော လျစ်လျူရှုှုမှု ‘ဥပေက္ခာသမ္ဗောဇ္ဈင်’ ကို ပွားများ နေခြင်း၊ ဤမဆုတ်ယုတ်ကြောင်း ‘အပရိဟာနိယ’ တရား ခုနစ်ပါးကို ကျင့်သုံးနေကြသမျှ ကာလပတ်လုံး ရဟန်းတို့အား ကြီးပွား ရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန် မရှိဟု ဘုရားရှင် ဟောတော်မူ၏။ (ဒီ၊၂၊၆၇။) (ဒီ၊မြန်၊၂။၇၈။)♦
အပရိဟာနိယတရား ၇ ပါး (တစ်နည်း) (ဘိက္ခုအပရိဟာနိယတရား ၇ ပါး)
၁။ ရဟန်းတို့သည် မကြာမကြာ စည်းဝေးခြင်း၊ အကြိမ်များစွာ စည်းဝေးခြင်း၊
၂။ ရဟန်းတို့သည် သံဃကိစ္စ တို့ကို အညီအညွတ် ဆောင်ရွက်ကြခြင်း၊
၃။ ရဟန်းတို့သည် ဘုရားရှင် မပညတ်သော အရာကို မပညတ်ဘဲ ပညတ်ပြီးသော အရာကို မပယ်ဖျက်ဘဲ ပညတ်ထားသမျှသော သိက္ခာပုဒ်တို့ကို ကောင်းစွာ ကျင့်ခြင်း၊
၄။ ရဟန်းတို့သည် သံဃာ့ဦးစီးဖြစ်သော ထေရ်ကြီး ဝါကြီးရဟန်းတို့ကို အရိုအသေအလေးအမြတ် မြတ်နိုးပူဇော်လျက် ထိုထေရ်ကြီး တို့၏ ဩဝါဒကိုလည်း နာယူသင့်သည်ဟု ထင်မှတ် ယုံကြည်ခြင်း၊
၅။ ရဟန်းတို့သည် တဏှာ၏ အလိုသို့ မလိုက်ကြခြင်း၊
၆။ ရဟန်းတို့သည် တောကျောင်း၌ မွေ့လျော်သော စိတ်ရှိခြင်း၊
၇။ ရဟန်းတို့သည် သီလကို ချစ်မြတ်နိုးသော သီတင်းသုံးဖော်တို့ လာရောက် ခြင်းငှာ လာရောက်ပြီးသော သီတင်းသုံးဖော်တို့ ချမ်းသာစွာ နေရခြင်းငှာ ကိုယ်စီကိုယ်င သတိပြု နေခြင်း၊ ဤရဟန်းတို့၏ မဆုတ်ယုတ်ကြောင်း (အပရိဟာနိယ) တရား ခုနစ်ပါးကို ကျင့်သုံး နေသမျှ ကာလပတ်လုံး ရဟန်းတို့အား ကြီးပွားရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန် မရှိဟု ဟောတော်မူ၏။ (ဒီ၊၂၊၆၅။) (ဒီ၊မြန်၊၂။၇၅။)♦
အပရိဟာနိယတရား ၇ ပါး (တစ်နည်း) (ဘိက္ခုအပရိဟာနိယတရား ၇ ပါး)
၁။ ရဟန်းတို့သည် ယုံကြည်ခြင်း ‘သဒ္ဓါ’ တရားနှင့် ပြည့်စုံခြင်း၊
၂။ ရဟန်းတို့သည် မကောင်းမှုမှ ရှက်ခြင်း ‘ဟိရီ’ တရားရှိခြင်း၊
၃။ ရဟန်းတို့သည် မကောင်းမှုမှ ကြောက်ခြင်း ‘ဩတ္တပ္ပ’ တရားရှိခြင်း၊
၄။ ရဟန်းတို့သည် များသော အကြားအမြင် ‘ဗဟုသုတ’ ရှိခြင်း၊
၅။ ရဟန်းတို့သည် အားထုတ်သော လုံ့လ ‘ဝီရိယ’ ရှိခြင်း၊
၆။ ရဟန်းတို့သည် စွဲမြဲသော ‘သတိ’ ရှိခြင်း၊
၇။ ရဟန်း တို့သည် ဝိပဿနာ ‘ပညာ’နှင့် ပြည့်စုံခြင်း၊ ဤမဆုတ်ယုတ်ကြောင်း (အပရိဟာနိယ) တရားတို့ကို ကျင့်သုံးနေကြသမျှ ကာလပတ်လုံး ရဟန်းတို့အား ကြီးပွားရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန် မရှိဟု ဘုရားရှင် ဟောတော်မူ၏။ (ဒီ၊၂၊၆၆။) (ဒီ၊မြန်၊၂။၇၇။)♦
အပရိဟာနိယတရား ၇ ပါး (တစ်နည်း) (ဘိက္ခုအပရိဟာနိယတရား ၇ ပါး)
၁။ ရဟန်းတို့သည် မမြဲဟု မှတ်မှု ‘အနိစ္စသညာ’ ကို ပွားများနေခြင်း၊
၂။ ရဟန်းတို့သည် အတ္တ မဟုတ်ဟု မှတ်မှု ‘အနတ္တသညာ’ ကို ပွားများနေခြင်း၊
၃။ ရဟန်းတို့သည် မတင့်တယ်ဟု မှတ်မှု ‘အသုဘ သညာ’ ကို ပွားများနေခြင်း၊
၄။ ရဟန်းတို့သည် အပြစ်ဟု မှတ်မှု ‘အာဒီနဝ သညာ’ ကို ပွားများ နေခြင်း၊
၅။ ရဟန်းတို့သည် ပယ်ရန်မှတ်မှု ‘ပဟာနသညာ’ကို ပွားများနေခြင်း၊
၆။ ရဟန်း တို့သည် တပ်မက်ခြင်းကင်းရန် မှတ်မှု ‘ဝိရာဂသညာ’ ကို ပွားများနေခြင်း၊
၇။ ရဟန်းတို့သည် ချုပ်ခြင်းကို မှတ်မှု ‘နိရောဓသညာ’ ကို ပွားများနေခြင်း၊ ဤမဆုတ်ယုတ်ကြောင်း ‘အပရိ ဟာနိယ’ တရား ခုနစ်ပါးတို့ကို ကျင့်သုံးနေကြသမျှ ကာလပတ်လုံး ရဟန်းတို့အား ကြီးပွား ရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန် မရှိဟု ဘုရားရှင် ဟောတော် မူ၏။ (ဒီ၊၂၊၆၇။) (ဒီ၊မြန်၊၂။၇၈။)♦
အပရိဟာနိယတရား ၇ ပါး (ရာဇအပရိဟာနိယ ရ ပါး)
၁။ မင်းတို့သည် မကြာမကြာ စည်းဝေးခြင်း၊ အကြိမ်များစွာ စည်းဝေးခြင်း၊
၂။ မင်းတို့သည် အညီအညွတ် စည်းဝေးလျက် တိုင်းရေး ကိစ္စတို့ကို ဆောင်ရွက်ခြင်း၊
၃။ မင်းတို့သည် မပညတ်ခဲ့သော အရာကို မပညတ်ဘဲ၊ ပညတ်ပြီးသော အရာကို မပယ်ဖျက်ဘဲ၊ ပညတ်ထားသမျှသော ရှေးဟောင်းကျင့်ထုံးတို့ကို လိုက်နာခြင်း၊
၄။ မင်းတို့သည် အသက်ကြီးသော မင်းတို့ကို အရိုအသေ အလေးအမြတ် ပူဇော်လျက် အသက်ကြီးသူတို့၏ စကားကိုလည်း နာယူသင့်သည်ဟု ထင်မှတ်ခြင်း၊
၅။ မင်းတို့သည် အမျိုးသမီးကြီးငယ်တို့ကို အနိုင်အထက် မသိမ်းပိုက်ခြင်း၊
၆။ မင်းတို့သည် မြို့တွင်းမြို့ပြင်ရှိ နတ်ကွန်း (စေတီ) တို့ကို အရိုအသေ အလေးအမြတ် ပူဇော်လျက် ရှေးက ပေးလှူမြဲဖြစ်သော တရားနှင့်လျော်သော ဗလိနတ်စာကို မဆုတ်ယုတ်စေခြင်း၊
၇။ မင်းတို့သည် ရဟန္တာပုဂ္ဂိုလ်တို့အား တရားနှင့်အညီ စောင့်ရှောက်ကာကွယ်လျက် လုံခြုံမှုကို ကောင်းစွာ စီမံပေးခြင်း ဤတရားခုနစ်ပါးနှင့် ပြည့်စုံနေသမျှ ထိုမင်းတို့အား ကြီးပွားရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန် အကြောင်းမရှိ၊ ဤတရားကို မဂဓတိုင်းရှင် အဇာတသတ်မင်းသည် ဝဇ္ဇီမင်းတို့ကို နှိမ်နင်းရန် သွားလိုကြောင်းကို ဝဿကာရပုဏ္ဏားက လျှောက်ထားသော စကားစပ်ဖြင့် ဟောကြားခြင်း ဖြစ်၏။ (ဒီ၊၂၊၆၂။) (ဒီ၊မြန်၊၂။၇၂။)♦
အပြင်အာယတန ၆ ပါး
ဗာဟိရာယတန ၆ ပါးနှင့် တူသည်။ ♦
အပြစ် ၂ မျိုး
၁။ မျက်မှောက်ဘဝ၌ ဖြစ်သော အပြစ်၊
၂။ တမလွန်ဘဝ၌ ဖြစ်လတ္တံ့သော အပြစ်။ (အံ၊၁၊၄၉။) (အံ၊မြန်၊၁။၅၉။)♦
အပြစ်တင်ထိုက်သော ဆရာ ၃ ဦး
၁။ ရဟန်းပြုခြင်း အကျိုးနှင့် ပြည့်စုံခြင်းငှာ သာသနာ့ ဘောင်သို့ ဝင်ရောက်လာပြီး ရဟန်းပြုရကျိုးနှင့် မပြည့်စုံသေးသော ဆရာက တပည့်တို့အား ‘‘ဤတရားသည် သင်တို့၏ အစီးအပွားအလို့ငှာ ဖြစ်သည်၊ ဤတရားသည် သင်တို့၏ ချမ်းသာအလို့ငှာ ဖြစ်သည်’’ဟု ဆုံးမသောအခါ ထိုဆရာ့အဆုံးအမကို မခံယူ နားမထောင်ဘဲ ဖဲခွါသွားသဖြင့် အမှန်အတိုင်းပြန်၍ စောဒနာထိုက် အပြစ်တင်ထိုက်သော ဆရာ၊
၂။ ရဟန်း ပြုရကျိုးနှင့် ပြည့်စုံစေခြင်းငှာ သာသနာဘောင်သို့ ဝင်ရောက်လာပြီး ရဟန်း ပြုရကျိုးနှင့် မပြည့်စုံသေးသော ဆရာက တပည့်တို့အား ‘‘ဤတရားသည် သင်တို့၏ အစီးအပွား အလို့ငှာ ချမ်းသာခြင်းငှာ ဖြစ်၏’’ ဟု ဆုံးမသောအခါ ဆရာ့အဆုံးအမကို နာယူကြလျက် ဆရာအဆုံးအမအတိုင်း ကျင့်သဖြင့် အပြစ်တင်ထိုက် စောဒနာထိုက်သော ဆရာ၊
၃။ ရဟန်း ပြုရကျိုးနှင့် ပြည့်စုံခြင်းငှာ သာသနာ့ဘောင်သို့ ဝင်ရောက်လာပြီး ရဟန်းပြုရကျိုးနှင့် ပြီးပြည့်စုံသွားသော ဆရာက တပည့်တို့အား ‘‘ဤတရားသည် သင်တို့၏ အစီးအပွားအလို့ငှာ ချမ်းသာခြင်းငှာ ဖြစ်၏’’ ဟု ဆုံးမသောအခါ ထိုဆရာ၏ အဆုံးအမကို နားမထောင် မခံယူဘဲ ဖဲခွါသွားသဖြင့် အပြစ်တင်ထိုက် စောဒနာထိုက်သော ဆရာ။ (ဒီ၊၁၊၂၁၉။) (ဒီ၊ဋီ၊၁၊၃၉၆။) (ဒီ၊မြန်၊၁။၂၇၁။)♦
အပြစ်မတင်ထိုက်သော ဆရာ ၃ ဦး
၁။ မိမိသည် သီလ စသည်နှင့် ပြည့်စုံပြီး ပထမဈာန်ကို ရသည်ဖြစ်၍ တပည့်တို့အားလည်း သီလ စသည်နှင့် ပြည့်စေလျက် ပထမဈာန်တရားထူးကို ရစေနိုင်သော ဆရာ၊
၂။ မိမိသည် ဒုတိယဈာန်, တတိယဈာန်, စတုတ္ထဈာန်တို့ကို ရသည် ဖြစ်၍ တပည့်တို့အားလည်း ဒုတိယဈာန်, တတိယဈာန်, စတုတ္ထဈာန်တရားထူးတို့ကို ဖြစ်စေနိုင်သော ဆရာ၊
၃။ မိမိသည် ဝိပဿနာဉာဏ် စသည်တို့ဖြင့် ကိလေသာတို့ကို ကုန်ခန်းစေလျက် အရဟတ္တမဂ်, အရဟတ္တဖိုလ်သို့ ရောက်သည်ဖြစ်၍ တပည့်တို့အားလည်း အရဟတ္တမဂ် အရဟတ္တဖိုလ် တရားထူးကို ဖြစ်စေနိုင်သော ဆရာ။ (ဒီ၊၁၊၂၂၀။)♦
အပြစ်မရှိသော တရား ၁၀ ပ ါး
၁။ သူ့အသက် သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း၊
၂။ သူ့ဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြဉ်ခြင်း၊
၃။ ကာမတို့၌ မှားယွင်းသော အကျင့်မှ ရှောင်ကြဉ်ခြင်း၊
၄။ မဟုတ်မမှန် ပြောမှုမှ ရှောင်ကြဉ်ခြင်း၊
၅။ ကုန်းချောမှုမှ ရှောင်ကြဉ်ခြင်း၊
၆။ ရုန့်ရင်း ကြမ်းတမ်းစွာ ပြောဆိုမှုမှ ရှောင်ကြဉ်ခြင်း၊
၇။ ပြိန်ဖျင်းသော စကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း၊
၈။ သူတစ်ပါးဥစ္စာကို ရှေးရှုကြံစည်မှုမှ ရှောင်ကြဉ်ခြင်း၊
၉။ သတ္တဝါ တို့အား ဖျက်ဆီးလိုမှုမှ ရှောင်ကြဉ်ခြင်း၊
၁၀။ မှန်သော အမြင်ရှိခြင်း။ (အံ၊၃၊၄၈၂-၄၈၇။) (အံ၊မြန်၊၃။၄၇၂-၄၇၈။)♦
အပြစ်ရှိခြင်း ဆိုင်ရာ ပုဂ္ဂိုလ် ၄ မျိုး
၁။ အပြစ်ရှိသော ပုဂ္ဂိုလ်၊
၂။ အပြစ်များသော ပုဂ္ဂိုလ်၊
၃။ အပြစ် နည်းသော ပုဂ္ဂိုလ်၊
၄။ အပြစ်မရှိသော ပုဂ္ဂိုလ်။ (အံ၊၁၊၄၅၂။) (အံ၊မြန်၊၁။၄၆၅။)♦
အပြစ်ရှိသော တရား ၁၀ ပါး
၁။ သူ့အသက် သတ်ခြင်း၊
၂။ သူ့ဥစ္စာခိုးခြင်၊
၃။ ကာမတို့၌ မှားယွင်းစွာ ကျင့်ခြင်း၊
၄။ မဟုတ်မမှန် ပြောဆိုခြင်း၊
၅။ ကုန်းချောခြင်း၊
၆။ ရုန့်ကြမ်းသော စကားကို ပြောဆိုခြင်း၊
၇။ ပြိန်ဖျင်းသော စကားကို ပြောဆိုခြင်း၊
၈။ သူတစ်ပါး ဥစ္စာကို ရှေးရှု ကြံစည်ခြင်း၊
၉။ သတ္တဝါတို့အား ဖျက်ဆီးလိုခြင်း၊
၁၀။ မှားသော အမြင်ရှိခြင်း။ (အံ၊၃၊၄၈၂-၄၈၇။) (အံ၊မြန်၊၃။၄၇၂-၄၇၈။)♦
အပလောကနကံ ရောက်သော အရာ ၅ ပါး
၁။ ထုတ်သော သူကို သွင်းခြင်း ကံ၊
၂။ ထုတ်ခြင်း ကံ၊
၃။ ဆံရိတ်ခြင်း ကံ၊
၄။ ဗြဟ္မဒဏ်ပေးခြင်း ကံ၊
၅။ အဝန္ဒိယစသော ကံ။ (ဝိ၊၅၊၃၈၄။) (ဝိ၊မြန်၊၅။၄၈၈။)♦
အပသန္တာန်ကို စွဲ၍ ဖြစ်သော တဏှာ ၁၈ ပါး
၁။ ဤရုပ် စသည်ဖြင့် ငါဖြစ်၏ဟု တဏှာ ဖြစ်ခြင်း၊
၂။ ဤရုပ်စသည်ဖြင့် ဤအပြားအားဖြင့် ငါဖြစ်၏ဟု တဏှာဖြစ်ခြင်း၊
၃။ ဤရုပ် စသည်ဖြင့် ဤသို့ ငါဖြစ်၏ဟု တဏှာဖြစ်ခြင်း၊
၄။ ဤရုပ်စသည်ဖြင့် တစ်ပါးသော အခြင်းအရာအားဖြင့် ငါဖြစ်၏ဟု တဏှာဖြစ်ခြင်း၊
၅။ ဤရုပ်စသည်ဖြင့် ငါဖြစ် လိမ့်မည်ဟု တဏှာဖြစ်ခြင်း၊
၆။ ဤရုပ်စသည်ဖြင့် ဤအပြားအားဖြင့် ငါဖြစ်လိမ့်မည်ဟု တဏှာဖြစ်ခြင်း၊
၇။ ဤရုပ်စသည်ဖြင့် ဤသို့ဖြစ်လိမ့်မည်ဟု တဏှာဖြစ်ခြင်း၊
၈။ ဤရုပ် စသည်ဖြင့် ငါ တစ်ပါးသော အခြင်းအရာအားဖြင့် ဖြစ်လိမ့်မည်ဟု တဏှာဖြစ်ခြင်း၊
၉။ ဤရုပ်စသည်ဖြင့် အမြဲဖြစ်ဟု တဏှာဖြစ်ခြင်း၊
၁၀။ ဤရုပ်စသည်ဖြင့် အမြဲမဖြစ်ဟု တဏှာဖြစ်ခြင်း၊
၁၁။ ဤရုပ်စသည်ဖြင့် ငါဖြစ်ရာသည်ဟု တဏှာဖြစ်ခြင်း၊
၁၂။ ဤရုပ် စသည်ဖြင့် ငါ ဤအပြားအားဖြင့် ဖြစ်ရာ၏ဟု တဏှာဖြစ်ခြင်း၊
၁၃။ ဤရုပ်စသည်ဖြင့် ဤသို့ ငါဖြစ်ရာ၏ဟု တဏှာဖြစ်ခြင်း၊
၁၄။ ဤရုပ်စသည်ဖြင့် တစ်ပါးသော အခြင်းအရာ အားဖြင့် ငါဖြစ်ရာ၏ဟု တဏှာဖြစ်ခြင်း၊
၁၅။ ဤရုပ်စသည်ဖြင့် စင်စစ် ငါဖြစ်၏ဟု တဏှာဖြစ်ခြင်း၊
၁၆။ ဤရုပ်စသည်ဖြင့် စင်စစ် ငါဤအပြားအားဖြင့် ဖြစ်ရာ၏ဟု တဏှာ ဖြစ်ခြင်း၊
၁၇။ ဤရုပ်စသည်ဖြင့် စင်စစ် ငါ ဤသို့ဖြစ်ရာသည်ဟု တဏှာဖြစ်ခြင်း၊
၁၈။ ဤရုပ်စသည်ဖြင့် စင်စစ် ငါတစ်ပါးသော အခြင်းအရာအားဖြင့် ဖြစ်ရာသည်ဟု တဏှာ ဖြစ်ခြင်း။ (အဘိ၊ဝိ၊၄၁၀။) (အဘိ၊ဝိ၊မြန်၊၂။၅၁၈။)♦
အပါယ် ၄ ပါး
၁။ ငရဲ၊
၂။ တိရစ္ဆာန်၊
၃။ ပြိတ္တာ၊
၄။ အသူရကာယ်။ (အံ၊၃၊၁၈၄) (ပဋိသံ၊ဋ္ဌ။၁၊၂၈၀)♦
အပါယ်ကျမည့် ပုဂ္ဂိုလ် ၂ မျိုး
၁။ မြတ်သော ဗြဟ္မစရိယအကျင့်ကို မကျင့်ဘဲလျက် ကျင့်၏ဟု ဝန်ခံသော ပုဂ္ဂိုလ်၊
၂။ စင်ကြယ်စွာဖြင့် မြတ်သော ဗြဟ္မစရိယအကျင့်ကို ကျင့်နေသော ပုဂ္ဂိုလ်ကို အခြေအမြစ်မရှိသော မမြတ်သော အဗြဟ္မစရိယ အကျင့်ဖြင့် စွပ်စွဲ ဖျက်ဆီးသော ပုဂ္ဂိုလ်။ (ခုဒ္ဒက၊၂၂၃။) (ခုဒ္ဒက၊မြန်။၂၀၇။)♦
အပါယ်ကျမည့် မယား ၃ မျိုး
၁။ လူသတ်သမားနှင့် တူသော မယား၊
၂။ ခိုးသူမနှင့် တူသော မယား၊
၃။ သခင်မနှင့် တူသော မယား။ (ဇာ၊ဋ္ဌ၊၂၊၃၁၅။)♦
အပါယ်ငရဲသို့ ကျရောက်စေတတ်သော အလှူ ၁၀ မျိုး
မလှူထိုက်သော အလှူ ၁၀ မျိုးနှင့်တူသည်။ ♦
အပါယ်မကျကြောင်း တရား ၅ ပါး
၁။ သူ့အသက် သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း၊
၂။ သူ့ဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြဉ်ခြင်း၊
၃။ ကာမဂုဏ်၌ မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင်ကြဉ်ခြင်း၊
၄။ မုသားပြောခြင်းမှ ရှောင်ကြဉ်ခြင်း၊
၅။ သေအရက်သောက်ခြင်းမှ ရှောင်ကြဉ်ခြင်း။ (အံ၊၂၊၁၈၃။) (အံ၊မြန်၊၂။၂၃၇။)♦
အပါယ်မှ လွတ်စေသော တရား ၄ မျိုး
၁။ မြတ်စွာဘုရား၌ မတုန်မလှုပ် ကြည်ညိုခြင်းနှင့် ပြည့်စုံခြင်း၊
၂။ တရားတော်၌ မတုန်မလှုပ် ကြည်ညိုခြင်းနှင့် ပြည့်စုံခြင်း၊
၃။ သံဃာတော်၌ မတုန်မလှုပ် ကြည်ညိုခြင်းနှင့် ပြည့်စုံခြင်း၊
၄။ မကျိုးမပေါက် မပြောက်မကျားကုန်သော, တဏှာကျွန်အဖြစ်မှ လွတ်မြောက်စေကုန်သော, ပညာရှိတို့ ချီးမွမ်းအပ်ကုန်သော, မှားသော အားဖြင့် မသုံးသပ်အပ်ကုန်သော, တည်ကြည်သော သမာဓိကို ဖြစ်စေကုန်သော, အရိယာတို့ နှစ်သက်အပ်ကုန်သော သီလနှင့် ပြည့်စုံခြင်း။ (သံ၊၃၊၂၉၈။) (သံ၊မြန်၊၃။၂၉၉။)♦
အပါယ်သို့ လားရမည့်သူ ၃ ဦး
၁။ မမြတ်သော အကျင့်ကို ကျင့်သည်ဖြစ်ပါလျက် မြတ်သော အကျင့်ကို ကျင့်၏ဟု ဝန်ခံသူ၊
၂။ မြတ်သော အကျင့်ကို ကျင့်သော စင်ကြယ်သော ပုဂ္ဂိုလ်ကို အခြေအမြစ် မရှိသော မမြတ်သော အကျင့်ဖြင့် စွပ်စွဲသူ၊
၃။ ကာမဂုဏ်တို့၌ အပြစ် မရှိဟု ပြောလေ့ ယူလေ့ရှိပြီး ထိုအယူဖြင့် ကာမဂုဏ်တို့ကို ခံစားသူ။ (အံ၊၁၊၂၆၉။) (အံ၊မြန်၊၁။၂၈၆။)♦
အပိုင်းအခြား ၁၀ မျိုး (ပါဠိတော်သို့ မတင်အပ်သော အပိုင်းအခြား ပရိစ္ဆေဒ ၁၀ မျိုး)
၁။ အဂါရဝါသ ပရိစ္ဆေဒ- အိမ်တော်၌ နေခြင်း အပိုင်းအခြား၊
၂။ ပါသာဒတ္တယပရိစ္ဆေဒ- ပြာသာဒ်သုံးဆောင် အပိုင်းအခြား၊
၃။ နာဋကိတ္ထိပရိစ္ဆေဒ- ကချေသည်မတို့ အပိုင်းအခြား၊
၄။ အဂ္ဂမဟေသိ ပရိစ္ဆေဒ- မိဖုရားကြီးအပိုင်းအခြား၊
၅။ ပုတ္တပရိစ္ဆေဒ- သားတော် အပိုင်းအခြား၊
၆။ ယာန ပရိစ္ဆေဒ- စီးတော်ယာဉ်အပိုင်းအခြား၊
၇။ အဘိနိက္ခမနပရိစ္ဆေဒ- တောထွက်ခြင်း အပိုင်းအခြား၊
၈။ ပဓာနပရိစ္ဆေဒ- ကမ္မဋ္ဌာန်းအားထုတ်ခြင်း အပိုင်းအခြား၊
၉။ ဥပဋ္ဌာက ပရိစ္ဆေဒ- အလုပ်အကျွေးရဟန်း အပိုင်းအခြား၊
၁၀။ ဝိဟာရပရိစ္ဆေဒ- စံကျောင်းတော် အပိုင်းအခြား။ (ဗုဒ္ဓဝံ၊ဋ္ဌ၊၃။)♦
အပိုင်းအခြား ၂ မျိုး
၁။ ကာလအပိုင်းအခြား (ကာလဝေလာ)၊
၂။ သီလအပိုင်းအခြား (သီလ ဝေလာ)။ (မဟာနိ၊၄၀၅။)♦
အပိုင်းအခြား ၂ မျိုး (တစ်နည်း)
၁။ ကိလေသာ ဟူသော အပိုင်းအခြား- (ကိလေသောဓိ။)၊
၂။ မဂ်ဟူသော အပိုင်းအခြား- (မဂ္ဂေါဓိ။) ။ (မ၊ဋ္ဌ၊၁၊၁၇၇။)♦
အပိုင်းအခြား ၂ မျိုး (တစ်နည်း)
၁။ ကိလေသမရိယာဒ- ပယ်အပ် မပယ်အပ်သော ကိလေသာဖြင့် ပိုင်းခြားခြင်း၊
၂။ ဝဋ္ဋမရိယာဒ- ပယ်အပ် မပယ်အပ်သော ဝဋ်ဖြင့် ပိုင်းခြားခြင်း။ (သံ၊ဋ္ဌ၊၂၊၁၄၄။)♦
အပိုင်းအခြား ၂၂ မျိုး
၁။ ကပ္ပပရိစ္ဆေဒ- ကပ်ကမ္ဘာအပိုင်းအခြား၊
၂။ နာမပရိစ္ဆေဒ- အမည်နာမ အပိုင်းအခြား၊
၃။ ဂေါတ္တပရိစ္ဆေဒ- အနွယ်အပိုင်းအခြား၊
၄။ ဇာတိပရိစ္ဆေဒ- အမျိုးဇာတ် အပိုင်းအခြား၊
၅။ နဂရပရိစ္ဆေဒ- မြို့, ပြည်အပိုင်းအခြား၊
၆။ ပိတုပရိစ္ဆေဒ- ခမည်းတော် အပိုင်းအခြား၊
၇။ မာတုပရိစ္ဆေဒ- မယ်တော်အပိုင်းအခြား၊
၈။ ဗောဓိရုက္ခပရိစ္ဆေဒ- ဗောဓိပင် အပိုင်းအခြား၊
၉။ ဓမ္မစက္ကပ္ပဝတ္တနပရိစ္ဆေဒ- ဓမ္မစကြာဟောကြားခြင်း အပိုင်းအခြား၊
၁၀။ အဘိသမယပရိစ္ဆေဒ- တရားထိုးထွင်းသိပုံ အပိုင်းအခြား၊
၁၁။ သာဝကသန္နိပါတပရိစ္ဆေဒ- သာဝကအစည်းအဝေး အပိုင်းအခြား၊
၁၂။ အဂ္ဂသာဝကသန္နိပါတပရိစ္ဆေဒ- အဂ္ဂသာဝက အစည်းအဝေး အပိုင်းအခြား၊
၁၃။ ဥပဋ္ဌာကပရိစ္ဆေဒ- အလုပ်အကျွေးရဟန်း အပိုင်းအခြား၊
၁၄။ အဂ္ဂသာဝိကာမ ပရိစ္ဆေဒ- အဂ္ဂသာဝိကာမအပိုင်းအခြား၊
၁၅။ ပရိဝါရဘိက္ခု ပရိစ္ဆေဒ- အခြံအရံရဟန်း အပိုင်းအခြား၊
၁၆။ ရံသိပရိစ္ဆေဒ- ရောင်ခြည်တော်အပိုင်းအခြား၊
၁၇။ သရီရပ္ပမာဏပရိစ္ဆေဒ- ကိုယ်တော်အတိုင်းအရှည် အပိုင်းအခြား၊
၁၈။ ဗောဓိသတ္တာဓိ ကာရပရိစ္ဆေဒ- ဘုရားအလောင်းတို့၏ လွန်ကဲသော ကောင်းမှုတို့၏ အပိုင်းအခြား၊
၁၉။ ဗျာကရဏပရိစ္ဆေဒ- ဗျာဒိတ်တော်အပိုင်းအခြား၊
၂၀။ ဗောဓိသတ္တပဓာနပရိစ္ဆေဒ- ဘုရား အလောင်းတို့၏ ကမ္မဋ္ဌာန်းအားထုတ်ခြင်း အပိုင်းအခြား၊
၂၁။ အာယုပရိစ္ဆေဒ- အသက် အပိုင်းအခြား၊
၂၂။ ပရိနိဗ္ဗာနပရိစ္ဆေဒ- ပရိနိဗ္ဗာန်အပိုင်းအခြား။ (ဗုဒ္ဓဝံ၊ဋ္ဌ၊၃။)♦
အပိုင်းအခြား ၃ မျိုး
ဝေလ ၃ မျိုးနှင့် တူသည်။ ♦
အပိုင်းအခြား ၃ မျိုး(တစ်နည်း)
၁။ ဟေတုအဝတ္ထာ- အကြောင်းအပိုင်းအခြား၊
၂။ ဖလအဝတ္ထာ- အကျိုးအပိုင်းအခြား၊
၃။ သတ္တာနံ ဥပကာရာဝတ္ထာ- သတ္တဝါတို့အား ကျေးဇူးပြုခြင်း အပိုင်း အခြား။ (ဒီ၊ဋီ၊၂၊၂၂၀။)♦
အပိုင်းအခြား တရား ၄ ပါး
၁။ ပဌမသီမာ (သက္ကာယဒိဋ္ဌိ၊ ဝိစိကိစ္ဆာ၊ သီလဗ္ဗတ၊ ပရာမာသ၊ ဒိဋ္ဌာနုသယ၊ ဝိစိကိစ္ဆာနုသယ ယင်းတို့နှင့် တကွတည်ကုန်သော တရားများ)၊
၂။ ဒုတိယသီမာ (ရုန့်ရင်းသော ကာမရာဂသံယောဇဉ် ပဋိဃသံယောဇဉ်၊ ရုန့်ရင်းသော ကာမရာဂါနုသယ ပဋိဃာနုသယနှင့် ယင်းတို့နှင့် တကွ တည်ကုန်သော ကိလေသာ)၊
၃။ တတိယသီမာ (သိမ်မွေ့စွာသော ကာမရာသံယောဇဉ် ပဋိဃသံယောဇဉ်၊ သိမ်မွေ့စွာသော ကာမရာဂါ နုသယ ပဋိဃာနုသယ၊ ယင်းတို့နှင့် တကွ တည်ကုန်သော ကိလေသာ)၊
၄။ စတုတ္ထသီမာ (ရူပရာဂ၊ အရူပရာဂ၊ မာန၊ ဥဒ္ဓစ္စ၊ အဝိဇ္ဇာ၊ မာနာနုသယ၊ ဘဝရာဂါနုသယ၊ အဝိဇ္ဇာနုသယ တို့နှင့်တကွ တည်သော ကိလေသာ)။ (မဟာနိ၊၇၇။)♦
အပိုင်းအခြား၂ မျိုး (တစ်နည်း)
၁။ ကိလေသာတည်းဟူသော အပိုင်းအခြား (ကိလေသ မရိယာဒ)၊
၂။ အာရုံတည်းဟူသော အပိုင်းအခြား (အာရမ္မဏမရိယာဒ)။ (မ၊ဋ္ဌ၊၄၊၆၁။)♦
အပိုင်းအခြား၂ မျိုး (တစ်နည်း)
၁။ ဝိက္ခမ္ဘနမရိယာဒ- ခွာခြင်းတည်းဟူသော အပိုင်းအခြား၊
၂။ သမုစ္ဆေဒမရိယာဒ- အကြွင်းမဲ့ဖြတ်ခြင်းတည်းဟူသော အပိုင်းအခြား။ (မ၊ဋ္ဌ၊၄၊၆၁။)♦
အပိုင်းအခြားတရား ၄ ပါး (တစ်နည်း)
၁။ သီလကို စောင့်ရှောက်ခြင်း (သီလသံဝရပရိယန္တ)၊
၂။ ဣန္ဒြေကို စောင့်ရှောက်ခြင်း (ဣန္ဒြိယသံဝရပရိယန္တ)၊
၃။ ဘောဇဉ်၌ အတိုင်းရှည်ကို သိခြင်း (ဘောဇနေ မတ္တညုတာပရိယန္တ)၊
၄။ နိုးကြားခြင်းနှင့် ယှဉ်သော အပိုင်းခြား (ဇာဂရိယာနုယောဂပရိယန္တ)။ (မဟာနိ၊၃၈၅။)♦
အပိုင်းအခြားမဲ့ မေတ္တာ ၅ ပါး
၁။ သတ္တဝါအားလုံးတို့သည် ‘ရန်ကင်းကုန်သည်၊ ကြောင့်ကြ ဗျာပါဒ ကင်းကုန်သည်၊ ဆင်းရဲ မရှိကုန်သည်၊ မိမိကိုယ်ကို ချမ်းသာစွာ ဆောင်နိုင်ကြသည် ဖြစ်ကြပါစေ’ဟု ပွားခြင်း၊
၂။ ထွက်သက် ဝင်သက်ရှိသော သတ္တဝါအားလုံးတို့သည် ‘ရန်ကင်းကုန်သည်၊ ကြောင့်ကြဗျာပါဒကင်းကုန်သည်၊ ဆင်းရဲမရှိကုန်သည်၊ မိမိကိုယ်ကို ချမ်းသာစွာ ဆောင်နိုင်ကြသည် ဖြစ်ကြပါစေ’ဟု ပွားခြင်း၊
၃။ ကိုယ်ထင်ရှားရှိသော သတ္တဝါ အားလုံးတို့သည် ထွက်သက်ဝင်သက်ရှိသော သတ္တဝါအားလုံးတို့သည် ‘ရန်ကင်းကုန်သည်၊ ကြောင့်ကြဗျာပါဒ ကင်းကုန်သည်၊ ဆင်းရဲမရှိကုန်သည်၊ မိမိကိုယ်ကို ချမ်းသာစွာ ဆောင်နိုင် ကြသည် ဖြစ်ကြပါစေ’ဟု ပွားခြင်း၊
၄။ ပုဂ္ဂိုလ်အားလုံးတို့သည် ‘ရန်ကင်းကုန်သည်၊ ကြောင့်ကြဗျာပါဒ ကင်းကုန်သည်၊ ဆင်းရဲမရှိကုန်သည်၊ မိမိကိုယ်ကို ချမ်းသာစွာ ဆောင်နိုင် ကြသည် ဖြစ်ကြပါစေ’ဟု ပွားခြင်း၊
၅။ အတ္တဘောရှိသော သတ္တဝါအားလုံးတို့သည် ‘ရန်ကင်း ကုန်သည်၊ ကြောင့်ကြဗျာပါဒ ကင်းကုန်သည်၊ ဆင်းရဲမရှိကုန်သည်၊ မိမိကိုယ်ကို ချမ်းသာစွာ ဆောင်နိုင်ကြသည် ဖြစ်ကြပါစေ’ဟု ပွားခြင်း။ (ပဋိသံ၊၃၁၄။) (ပဋိသံ၊မြန်။၃၇၅။)♦
အပိုင်းအခြားရှိ နေခြင်း၌ အကျိုး ၅ ပါး
၁။ များစွာသော ဘဏ္ဍာတို့ကို မစုဆောင်းရသဖြင့် ဘဏ္ဍာများစွာ မရှိခြင်း၊
၂။ များစွာသော ဆေးပစ္စည်းတို့ကို မစုဆောင်းရသဖြင့် ဆေးများစွာ မရှိခြင်း၊
၃။ ပြုဖွယ်ကိစ္စမများခြင်း၊
၄။ ကိစ္စကြီးငယ်တို့၌ မငြိကပ် မတွယ်တာသည်ဖြစ်၍ လူတို့၏ နှီးနှောဆက်ဆံမှုမျိုးဖြင့် နှီးနှောဆက်ဆံလျက် မနေခြင်း၊
၅။ ထိုနေထိုင်ရာ ကျောင်းမှ ဖဲခွာသွားရသည်ရှိသော် ငဲ့ကွက်ခြင်း မရှိသည်ဖြစ်၍ ဖဲသွားရခြင်း။ (အံ၊၂၊၂၂၅။) (အံ၊မြန်၊၂။၂၈၅။)♦
အပိုင်းအခြားရှိ နေခြင်း၌ အကျိုး ၅ ပါး (တစ်နည်း)
၁။ ကျောင်း၌ ဝန်တိုမှု မရှိခြင်း၊
၂။ အမျိုး ဒါယကာတို့၌ ဝန်တိုမှု မရှိခြင်း၊
၃။ လာဘ်လာဘ၌ ဝန်တိုမှု မရှိခြင်း၊
၄။ ဂုဏ်အဆင်း၌ ဝန်တိုမှု မရှိခြင်း၊
၅။ တရား၌ ဝန်တိုမှု မရှိခြင်း။ (အံ၊၂၊၂၂၆။) (အံ၊မြန်၊၂။၂၈၆။)♦
အပိုင်းအခြားရှိသော ခရီးကို သွားသော ရဟန်း၏ အကျိုး ၅ ပါး
၁။ မကြားဖူးသည်ကို ကြားနာ ရခြင်း၊
၂။ ကြားနာဖူးသည်ကို ဖြူစင်စေခြင်း၊
၃။ ကြားဖူးပြီးသော အချို့သော တရားဖြင့် ရဲရင့်ခြင်း၊
၄။ ပြင်းထန်သော ရောဂါဝေဒနာ မစွဲကပ်ခြင်း၊
၅။ အဆွေခင်ပွန်း ရှိခြင်း။ (အံ၊၂၊၂၂၄။) (အံ၊မြန်၊၂။၂၈၄။)♦
အပိုင်းအခြားရှိသော မေတ္တာ ၇ ပါး
၁။ မိန်းမအားလုံးတို့သည် ‘ရန်ကင်းကုန်သည်၊ ကြောင့်ကြ ဗျာပါဒ ကင်းကုန်သည်၊ ဆင်းရဲမရှိကုန်သည်၊ မိမိကိုယ်ကို ချမ်းသာစွာ ဆောင်နိုင်ကြကုန်သည် ဖြစ်ကြပါစေ’ဟု ပွားခြင်း၊
၂။ ယောကျ်ားအားလုံးတို့သည် ‘ရန်ကင်းကုန်သည်၊ ကြောင့်ကြ ဗျာပါဒ ကင်းကုန်သည်၊ ဆင်းရဲမရှိကုန်သည်၊ မိမိကိုယ်ကို ချမ်းသာစွာ ဆောင်နိုင် ကြကုန်သည် ဖြစ်ကြပါစေ’ဟု ပွားခြင်း၊
၃။ အရိယာပုဂ္ဂိုလ် အားလုံးတို့သည် ‘ရန်ကင်းကုန်သည်၊ ကြောင့်ကြ ဗျာပါဒ ကင်းကုန်သည်၊ ဆင်းရဲမရှိကုန်သည်၊ မိမိကိုယ်ကို ချမ်းသာစွာ ဆောင်နိုင်ကြ ကုန်သည် ဖြစ်ကြပါစေ’ဟု ပွားခြင်း၊
၄။ ပုထုဇဉ်ပုဂ္ဂိုလ် အားလုံးတို့သည် ‘ရန်ကင်းကုန်သည်၊ ကြောင့်ကြဗျာပါဒ ကင်းကုန်သည်၊ ဆင်းရဲမရှိကုန်သည်၊ မိမိကိုယ်ကို ချမ်းသာစွာ ဆောင်နိုင် ကြကုန်သည် ဖြစ်ကြပါစေ’ဟု ပွားခြင်း၊
၅။ နတ်ဗြဟ္မာအားလုံးတို့သည် ‘ရန်ကင်းကုန်သည်၊ ကြောင့်ကြဗျာပါဒ ကင်းကုန်သည်၊ ဆင်းရဲမရှိကုန်သည်၊ မိမိကိုယ်ကို ချမ်းသာစွာ ဆောင်နိုင်ကြ ကုန်သည် ဖြစ်ကြပါစေ’ဟု ပွားခြင်း၊
၆။ လူသားအားလုံးတို့သည် ‘ရန်ကင်းကုန်သည်၊ ကြောင့်ကြ ဗျာပါဒ ကင်းကုန်သည်၊ ဆင်းရဲ မရှိကုန်သည်၊ မိမိကိုယ်ကို ချမ်းသာစွာ ဆောင်နိုင်ကြ ကုန်သည် ဖြစ်ကြပါစေ’ဟု ပွားခြင်း၊
၇။ ဝိနိပါတိက အသုရာအားလုံးတို့သည် ‘ရန်ကင်း ကုန်သည်၊ ကြောင့်ကြ ဗျာပါဒ ကင်းကုန်သည်၊ ဆင်းရဲမရှိကုန်သည်၊ မိမိကိုယ်ကို ချမ်းသာစွာ ဆောင်နိုင်ကြကုန်သည် ဖြစ်ကြ ပါစေ’ဟု ပွားခြင်း။ (ပဋိသံ၊၃၁၄။) (ပဋိသံ၊မြန်။၃၇၆။)♦
အပုဂ္ဂလနိဒ္ဒေသပညတ် ၂ မျိုး
၁။ ဒဿိတာပတ္တိပညတ်၊
၂။ အဒဿိတာပတ္တိပညတ်။ (ဝဇိရ၊၆၉။)♦
အပ္ပဋိကူလ ၂ မျိုး
၁။ သတ္တအပ္ပဋိကူလ- သတ္တဝါတို့၌ မစက်ဆုပ် မရွံရှာခြင်း၊
၂။ သင်္ခါရ အပ္ပဋိကူလ- သင်္ခါရတို့၌ မစက်ဆုပ် မရွံရှာခြင်း။ (သံ၊ဋ္ဌ၊၃၊၂၀၇။)♦
အပ္ပဏိဟိတာနုပဿနာဉာဏ် လွတ်ရာ ဥပါဒါန် ၁ ပါး
၁။ ကာမုပဒါန်။ (ပဋိသံ၊၂၄၄။) (ပဋိသံ၊မြန်။၃၀၀။)♦
အပ္ပနာ၌ လိမ္မာကျွမ်းကျင်ကြောင်း အစီအရင် ၁၀ ပါး
၁။ ခန္ဓာကိုယ်၏ အတွင်းအပြင်၌ ဖြစ်သောဝတ္ထုတို့၏ သန့်ရှင်းစင်ကြယ်မှုကို ပြုလုပ်ရခြင်း၊
၂။ သဒ္ဓါစသော ဣန္ဒြေတို့၏ ညီမျှသည်၏ အဖြစ်ကို ပြုလုပ်ရခြင်း၊
၃။ ကသိုဏ်းနိမိတ်၌ ကျွမ်းကျင်လိမ္မာရခြင်း၊
၄။ စိတ်ကို ပင့်မြှောက်သင့်သော အခါ၌ ပင့်မြှောက်ရခြင်း၊
၅။ စိတ်ကို နှိပ်ကွပ်သင့်သော အခါ၌ နှိပ်ကွပ်ရခြင်း၊
၆။ စိတ်ကို ရွှင်စေသင့်သောအခါ၌ ရွှင်စေရခြင်း၊
၇။ စိတ်ကို လျစ်လျူ ရှုသင့်သော အခါ၌ လျစ်လျူရှုရခြင်း၊
၈။ သမာဓိကင်းသော ပုဂ္ဂိုလ်ကို ရှောင်ကြဉ်ရခြင်း၊
၉။ သမာဓိရှိသော ပုဂ္ဂိုလ်ကို မှီဝဲရခြင်း၊
၁၀။ ထိုအပ္ပနာသမာဓိ၌ စိတ်ညွတ်ထားရခြင်း။ (ဝိသုဒ္ဓိ၊၁၊၁၂၅။)♦
အပ္ပနာဈာန် ဖြစ်ပေါ်စေကြောင်း ၁၀ မျိုး
၁။ဝတ္ထုဝိသဒကိရိယာ- ခန္ဓာကိုယ်၏ အတွင်းအပ နှစ်ဌာနတို့၌ သန့်ရှင်းအောင် ပြုခြင်း၊
၂။ ဣန္ဒြိယမတ္တပဋိပါဒနတာ- သဒ္ဓါစသော ဣန္ဒြေတို့ ညီမျှခြင်းရှိသည်၏ အဖြစ်ကို ပြီးစေခြင်း၊
၃။ နိမိတ္တကုသလတာ- ရပြီးသော ပဋိဘာဂ နိမိတ်ကို စောင့်ရှောက်ခြင်း၌ ကျွမ်းကျင်ခြင်း၊
၄။ စိတ္တပဂ္ဂဏှနာ- ဆုတ်နစ်နေသော စိတ်ကို ချီးမြှောက်ပေးခြင်း၊
၅။ စိတ္တနိဂ္ဂဏှနာ- ပျံ့လွင့်တက်ကြွနေသော စိတ်ကို နှိမ်ပေးရခြင်း၊
၆။ စိတ္တသမ္ပဟံသနာ- မသာမယာဖြစ်နေသော စိတ်ကို ရွှင်လန်းစေခြင်း၊
၇။ စိတ္တအဇ္ဈုပေက္ခနာ- အညီအမျှဖြစ်နေသော စိတ်ကို ဗျာပါရမပြု လျစ်လျူရှုခြင်း၊
၈။ အသမာဟိတပုဂ္ဂလပရိဝဇ္ဇနာ- သမာဓိမရှိသော ပုဂ္ဂိုလ်ကို ရှောင်ကြဉ်ရခြင်း၊
၉။ သမာဟိတပုဂ္ဂလ သေဝနာ- သမာဓိရှိသော ပုဂ္ဂိုလ်ကို မှီဝဲရခြင်း၊
၁၀။ တဒဓိမုတ္တတာ- ထိုအပ္ပနာသမာဓိ၌ ကိုင်းညွတ်ရခြင်း။ (ဝိ၊ဋ္ဌ၊၂၊၃၁။)♦
အပ္ပနာဈာန်သို့ ရောက်စေနိုင်သော ကမ္မဋ္ဌာန်း ၃၀
၁။ ကသိုဏ်း ဆယ်ပါး၊
၂။ အသုဘ ဆယ်ပါး၊
၃။ ကာယဂတာသတိ၊
၄။ အာနာပါနဿတိ၊
၅။ ဗြဟ္မဝိဟာရကမ္မဋ္ဌာန်း လေးပါး၊
၆။ အာရုပ္ပ ကမ္မဋ္ဌာန်း လေးပါး ပေါင်း သုံးဆယ်။ (ဝိသုဒ္ဓိ၊၁၊၁၀၇။)♦
အပ္ပနာဝဟကမ္မဋ္ဌာန်း ၃၀
အပ္ပနာဈာန်သို့ ရောက်စေနိုင်သော ကမ္မဋ္ဌာန်း ၃ဝနှင့် တူသည်။ ♦
အပ္ပမညာ ၄ ပါး
၁။ မေတ္တာ- အရပ်ဆယ်မျက်နှာတို့၌ သတ္တဝါအားလုံးအပေါ် ချမ်းသာစေ လိုခြင်း၊ မေတ္တာနှင့် ယှဉ်သော စိတ်ဖြင့် ဖြန့်နှံ့၍ (ပျံ့နှံ့စေ၍) နေခြင်း၊
၂။ ကရုဏာ- အရပ်ဆယ်မျက်နှာတို့၌ သတ္တဝါအားလုံးတို့အပေါ် သနားကြင်နာခြင်း၊ ကရုဏာနှင့် ယှဉ်သော စိတ်ဖြင့် ဖြန့်နှံ့၍ နေခြင်း၊
၃။ မုဒိတာ- အရပ်ဆယ်မျက်နှာတို့၌ သတ္တဝါ အားလုံးတို့အပေါ် ရန်မရှိသော ကြောင့်ကြမရှိသော ဝမ်းမြောက်မှု မုဒိတာနှင့် ယှဉ်သော စိတ်ဖြင့် ဖြန့်နှံ့၍ နေခြင်း၊
၄။ ဥပေက္ခာ- အရပ်ဆယ်မျက်နှာတို့၌ သတ္တဝါအားလုံးတို့အပေါ် ဘေးရန်ကြောင့်ကြမရှိသော လျစ်လျူရှုခြင်း ဥပေက္ခာနှင့် ယှဉ်သော စိတ်ဖြင့် ဖြန့်နှံ့၍ နေခြင်း။ (ဒီ၊၃၊၁၈၇။) (အဘိ၊ဝိ၊၂၈၄။) (ပဋိသံ၊ဋ္ဌ၊၁၊၂၇၁။) (ဒီ၊မြန်၊၃။၂၀၇။) (အဘိ၊ဝိ၊မြန်၊၂။၃၁၇။) (အဘိ၊ဝိ၊မြန်၊၂။၃၁၇။) (အဘိ၊ဝိ၊၂၈၉။) (အဘိ၊ဝိ၊မြန်၊၂။၃၁၇။) (အဘိ၊ဝိ၊၂၉၅။)♦
အပ္ပမာဏ စေတောဝိမုတ္တိ တရား ၁၂ ပါး
၁။ မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာဟု ဆိုအပ်သော ဗြဟ္မဝိဟာရတရား လေးပါး၊
၂။ မဂ် လေးပါး၊
၃။ ဖိုလ် လေးပါး ပေါင်း (၁၂) ပါး။ (မ၊ဋ္ဌ၊၂၊၂၅၃။) (သံ၊ဋ္ဌ၊၃၊၁၃၆။)♦
အပ္ပိစ္ဆာ ၄ မျိုး
အလိုနည်းခြင်း ၄ မျိုးနှင့် တူသည်။ ♦
အပ် လှူရကျိုး ၅ ပါး
၁။ ယုံမှားသံသယ မဖြစ်ခြင်း၊
၂။ ယုံမှားသံသယကို ဖြတ်တောက်နိုင်သူ ဖြစ်ခြင်း၊
၃။ အလွန် ရုပ်အဆင်း လှပသူ ဖြစ်ခြင်း၊
၄။ စည်းစိမ်ဥစ္စာနှင့် ပြည့်စုံသူ ဖြစ်ခြင်း၊
၅။ ထက်မြက်သော ဉာဏ်ပညာ ရှိခြင်း။ (အပ၊၁၊၃၆၀။) (အပ၊မြန်၊၁။၃၆၈။)♦
အပ်ကျည်, အပ်ဘူး လှူရကျိုး ၃ ပါး
၁။ စိတ်ချမ်းသာမှုကို ရရှိခြင်း၊၂။ ကိုယ်ချမ်းသာမှုကို ရရှိခြင်း၊၃။ဣရိယာပုတ်ကြောင့် ဖြစ်သော ချမ်းသာမှုကို ရရှိခြင်း။ (အပ၊၁၊၃၆၁။) (အပ၊မြန်၊၁။၃၇၀။)♦
အပ်သော ပစ္စည်း ၅ မျိုး
သုံးဆောင်ထိုက်သော ပစ္စည်း ၅ မျိုးနှင့် တူသည်။ ♦
အပ်သော သင်္ကန်း ၁၂ မျိုး
၁။ ခေါမတိုင်း၌ ဖြစ်သော ချည်တို့ဖြင့် ရက်ထားသော သင်္ကန်း၊
၂။ ဝါချည်တို့ဖြင့် ရက်ထားအပ်သော သင်္ကန်း၊
၃။ ပိုးချည်တို့ဖြင့် ရက်ထားသော သင်္ကန်း၊
၄။ ကမ္ဗလာ သင်္ကန်း၊
၅။ ပိုက်ဆံချည်တို့ဖြင့် ရက်ထားသော သင်္ကန်း၊
၆။ ခေါမစသော ချည်ငါးမျိုးတို့ကို ရော၍ ရက်ထားသော သင်္ကန်း၊
၇။ ဘွဲ့ဖြူပုဆိုး သင်္ကန်း၊
၈။ ပတ္တုဏ္ဏ တိုင်း၌ ဖြစ်သော အဝတ်သင်္ကန်၊
၉။ သောမရတိုင်း၌ ဖြစ်သော အဝတ်သင်္ကန်၊
၁၀။ စိန့် တိုင်း၌ ဖြစ်သော အဝတ်သင်္ကန်း၊
၁၁။ ဘုန်းကံကြောင့်ဖြစ်သော သင်္ကန်း၊
၁၂။ နတ်သည် ပေးလှူအပ်သော သင်္ကန်း။ (ဒီ၊ဋ္ဌ၊၃၊၁၉၂။) (စူဠနိ၊ဋ္ဌ၊၁၁၀။)♦
အဖန်ဖန် ရှုဆင်ခြင်ခြင်း ၂ မျိုး
၁။ ‘‘ရုပ်ကို အတ္တအားဖြင့် အဖန်ဖန် ရှုတတ်၏’’ အစရှိသည် အားဖြင့် လာသော မိစ္ဆာအယူနှင့် တကွဖြစ်သော အဖန်ဖန် ရှုဆင်ခြင်ခြင်း၊
၂။ ‘‘မမြဲသော အနိစ္စအားဖြင့် အဖန်ဖန် ရှုတတ်၍ မြဲသော နိစ္စအားဖြင့် အဖန်ဖန် မရှုတတ်’’ အစရှိ သည်အားဖြင့် လာသောဉာဏ်ဖြင့် ကောင်းစွာ အဖန်ဖန် ရှုဆင်ခြင်ခြင်း။ (ဣတိဝုတ်၊ဋ္ဌ၊၅၃။)♦
အဖန်ဖန် ရှုမှတ်ခြင်း တရား ၇ ပါး
အနုပဿနာ ၇ မျိုးနှင့် တူသည်။ ♦
အဖန်ဖန် အောက်မေ့အပ်သော ဌာန ၆ ပါး
ပွားများအပ်သော တရား ၆ ပါး၊ ဘာဝေတဗ္ဗတရား ၆ ပါး နှင့် တူသည်။ ♦
အဖျော်ရည် ၈ မျိုး
၁။ သရက်သီးအဖျော် (အမ္ဗပါန)၊
၂။ သပြေသီးအဖျော် (ဇမ္ဗုပါန)၊
၃။ တောငှက်ပျောသီးအဖျော် (စောခပါန)၊
၄။ အိမ်ငှက်ပျော်သီးအဖျော် (မောခပါန)၊
၅။ သစ်မည်စည်သီးအဖျော် (မဓုပါန)၊
၆။ မုဒရက်သီးအဖျော် (မုဒ္ဒိကပါန)၊
၇။ ကြာစွယ် အဖျော် (သာလူကပါန)၊
၈။ ဖက်သက်တရော်သီးအဖျော် (ဖာရူသကပါန)။ (မဟာနိ၊၂၉၀။)♦
အဖျော်ရည် ၈ မျိုး (တစ်နည်း)
၁။ ကြို့သီးအဖျော်ရည်(ကောသမ္ဗ)၊
၂။ သီးသီးအဖျော်ရည် (ကောလပါန)၊
၃။ ဆီးသီးအဖျော်ရည် (ဗဒရပါန)၊
၄။ ထောပတ် အဖျော်ရည် (ဃတပါန)၊
၅။ ဆီ အဖျော်ရည် (တေလပါန)၊
၆။ နို့ အဖျော်ရည် (ပယောပါန)၊
၇။ ယာဂု အဖျော်ရည် (ယာဂုပါန)၊
၈။ သစ်ရွက်ရည် အဖျော်။ (မဟာနိ၊၂၉၀။)♦
အဖသတ်မင်း ၅ ဆက်
၁။ အဇာတသတ်မင်းက ဖခင် ဗိမ္ဗိသာရမင်းကို သတ်၏၊
၂။ ဥဒယမင်းသားက ဖခင် အဇာတသတ်မင်းကို သတ်၏၊
၃။ မဟာမုဏ္ဍိကမင်းသားက ဖခင် ဥဒယမင်းကို သတ်၏၊
၄။ အနုရုဒ္ဓမင်းသားက ဖခင် မဟာမုဏ္ဍိကမင်းကို သတ်၏၊
၅။ နာဂဒါသ မင်းသားက ဖခင် အနုရုဒ္ဓမင်းကို သတ်၏။ (ဒီ၊ဋ္ဌ၊၁၊၁၃၉။) (ဒီ၊ဋ္ဌ၊မြန်၊၁။၂၇၀။)♦
အဖို့အစု ၃ ပါး
၁။ ဥပါဒါနက္ခန္ဓာ ငါးပါးဟူသော အစု၊
၂။ ဥပါဒါနက္ခန္ဓာ ငါးပါး၏ အကြောင်း ဟူသော အစု၊
၃။ ဥပါဒါနက္ခန္ဓာ ငါးပါး ချုပ်ခြင်း ဟူသော အစု။ (ဒီ၊၃၊၁၈၁။) (ဒီ၊မြန်၊၃။၂၀၁။)♦
အဖို့အစု ၄ ပါး
၁။ သက္ကာယန္တ- ဥပါဒါနက္ခန္ဓာ ဟူသော သက္ကာယအဖို့အစု၊
၂။ သက္ကာယ သမုဒယန္တ- ကာမ၌ တပ်မက်မှု ကာမတဏှာ, ဘဝ၌ တပ်မက်မှု ဘဝတဏှာ, ဘဝပြတ်ခြင်း၌ တပ်မက်မှု ဝိဘဝတဏှာဟူသော သက္ကာယဖြစ်ပေါ်ကြောင်း အဖို့အစု၊
၃။ သက္ကာယ နိရောဓန္တ- တဏှာ၏ ကင်းပြတ်ချုပ်ငြိမ်းရာ နိဗ္ဗာန်ဟူသော သက္ကာယချုပ်ရာ အဖို့အစု၊
၄။ သက္ကာယနိရောဓ ဂါမိနီပဋိပဒန္တ- အရိယမဂ်ဟူသော သက္ကာယချုပ်ရာသို့ ရောက်ကြောင်းအကျင့် အဖို့အစု။ (သံ၊၂၊၁၂၈ ၉။) (သံ၊မြန်၊၂။၁၁၉။)♦
အဖုံးအမိုး ၅ မျိုး
၁။ တဏှာဆဒန- တဏှာတည်းဟူသော အဖုံးအမိုး၊
၂။ ဒိဋ္ဌိဆဒန- ဒိဋ္ဌိတည်း ဟူသော အဖုံးအမိုး၊
၃။ ကိလေသဆဒန- ကိလေသာတည်းဟူသော အဖုံးအမိုး၊
၄။ ဒုစ္စရိတ ဆဒန- ဒုစရိုက်တည်းဟူသော အဖုံးအမိုး၊
၅။ အဝိဇ္ဇာဆဒန- အဝိဇ္ဇာတည်းဟူသော အဖုံး အမိုး။ (စူဠနိ၊၂၂၄။)♦
အဖုံးအလွှမ်း ၃ ပါး
၁။ ဇရုံးအိမ် အဖုံးအလွှမ်း၊
၂။ ရေ အဖုံးအလွှမ်း၊
၃။ ရေသနုပ် အဖုံး အလွှမ်း။ (ဝိ၊၅၊၂၁၈။) (ဝိ၊မြန်၊၅။၃၀၅။)♦
အဖော်သဟာယ်ဖြစ်သော တရား ၁၁ မျိုး
၁။ စူဠသီလ၊
၂။ မဇ္ဈိမသီလ၊
၃။ မဟာသီလ၊
၄။ ကထာဝတ္ထု ဆယ်မျိုး၊
၅။ ဓုတင်ကျေးဇူး တစ်ဆယ့်သုံးမျိုး၊
၆။ ဝိပဿနာဉာဏ်၊
၇။ မဂ် လေးပါး၊
၈။ ဖိုလ် (၄) ပါး၊
၉။ ဝိဇ္ဇာ (၃) ပါး၊
၁၀။ အဘိညာဉ် (၆) ပါး၊
၁၁။ အမြိုက်နိဗ္ဗာန်မြတ်။ (သာရတ္ထ၊ဋီ၊၃၊၃၅၂။)♦
အဗျာကတ ကိစ္စာဓိကရုဏ်း ၄ ပါး
၁။ သံဃာက အဗျာကတစိတ်ရှိလျက် ပြုလုပ်အပ်သော အပ လောကနကံ၊
၂။ သံဃာက အဗျာကတစိတ်ရှိလျက် ပြုလုပ်အပ်သော ဉတ္တိကံ၊
၃။ သံဃာက အဗျာကတစိတ်ရှိလျက် ပြုလုပ်အပ်သော ဉတ္တိဒုတိယကံ၊
၄။ သံဃာက အဗျာကတစိတ် ရှိလျက် ပြုလုပ်အပ်သော ဉတ္တိစတုတ္ထကံ။ (ဝိ၊၄၊၂၁၈။) (ဝိ၊မြန်၊၄။၂၁၄။)♦
အဗျာကတ တရား ၄ ပါး
၁။ ဝိပါက်အဗျာကတ၊
၂။ ကြိယာအဗျာကတ၊
၃။ ရူပအဗျာကတ၊
၄။ နိဗ္ဗာနအဗျာကတ။ (အဘိ၊ဋ္ဌ၊၁၊၃၀၃။) (အဘိ၊ဋ္ဌ၊၃၊၂၄၃။) (ပဋိသံ၊ဋ္ဌ၊၂၊၁၉၉။)♦
အဗျာကတဟိတ် ၃ ပါး
၁။ ဝိပါကာဗျာကတ ကြိယာဗျာကတဖြစ်သော အလောဘ၊
၂။ ဝိပါကာ ဗျာကတ ကြိယာဗျာကတဖြစ်သော အဒေါသ၊
၃။ ဝိပါကာဗျာကတ ကြိယာဗျာကတ ဖြစ်သော အမောဟ။ (အဘိ၊ဓ၊၂၁၆။) (အဘိ၊ဓ၊၂၁၈။) (အဘိ၊ဝိ၊၄၁၆။) (အဘိ၊ဓ၊မြန်။၃၉၅၊၃၉၇။) (အဘိ၊ဓ၊ မြန်။၃၉၅၊၃၉၇။) (အဘိ၊ဝိ၊မြန်၊၂။၅၂၅။)♦
အဗြဟ္မစရိယကံ မြောက်ကြောင်း ၄ ပါး
၁။ မှီဝဲ လွန်ကြူးအပ်သောဝတ္ထုဖြစ်ခြင်း၊
၂။ မှီဝဲ လွန်ကြူး လိုသော စိတ်ရှိခြင်း၊
၃။ မှီဝဲလွန်ကြူးခြင်း၊
၄။ သာယာခြင်း။ (ခုဒ္ဒက၊ဋ္ဌ၊၂၁။)♦
အဗြဟ္မစရိယဝါသ ၄ မျိုး
မမြတ်သော အကျင့်ဖြင့် နေခြင်း ၄ မျိုးနှင့် တူသည်။ ♦
အဗ္ဘာန်သွင်းခြင်း စ လယ် ဆုံး ၃ ပါး
၁။ဝတ္ထုနှင့် ပုဂ္ဂိုလ်တို့သည် အဗ္ဘာန်သွင်းခြင်း၏ အစတည်း၊
၂။ ဉတ်သည် အဗ္ဘာန်သွင်းခြင်း၏ အလယ်တည်း၊
၃။ ကမ္မဝါစာသည် အဗ္ဘာန်သွင်းခြင်း၏ အဆုံးတည်း။ (ဝိ၊၅၊၂၅၂။) (ဝိ၊မြန်၊၅။၃၄၄။)♦
အဗ္ဘာန်သွင်းထိုက်သော ရဟန်းတို့၏ ကျင့်ဝတ် ၉၄ ပါး
ပရိဝါသ်ဆောက်တည်သော ရဟန်း၏ ကျင့်ဝတ် ၉၄ ပါး (ဝိ၊ ၄။၈၃။) နှင့် တူ၏။ ပရိဝါသ်ဆောက်တည်သော ရဟန်းအစား အဗ္ဘာန်သွင်းထိုက်သော ရဟန်းဟု လဲလှယ်ရမည်။ (ဝိ၊၄၊၁၀၀။) (ဝိ၊မြန်၊၄။၉၅-၉၆။)♦
အဗ္ဘာန်သွင်းထိုက်သော ရဟန်းတို့အား ခွင့်ပြုအပ်သော အမှုကိစ္စ ၁၅ ပါး
ပရိဝါသ် ဆောက်တည်သော ရဟန်းတို့အား ခွင့်ပြုအပ်သော အမှုကိစ္စ ၁၅ ပါးနှင့် တူ၏။ ♦
အဗ္ဘောကာသိကဓုတင် ၃ မျိုး
၁။ ဥက္ကဋ္ဌ အဗ္ဘောကာသိက ဓုတင်၊
၂။ မဇ္ဈိမ အဗ္ဘောကာသိက ဓုတင်၊
၃။ မုဒုက အဗ္ဘောကာသိက ဓုတင်။ (ဝိသုဒ္ဓိ၊၁၊၇၃။)♦
အဗ္ဘောကာသိကဓုတင် ဆောက်တည်ရကျိုး ၆ ပါး
၁။ အာဝါသပလိဗောဓ ပြတ်စဲခြင်း၊
၂။ ထိနမိဒ္ဓကို ပယ်ဖျောက်နိုင်ခြင်း၊
၃။ နတ်တို့၏ ချီးမွမ်းခြင်းအားလျော်စွာ ဖြစ်ခြင်း၊
၄။ အရိပ်အာဝါသ၌ ငြိကပ် တွယ်တာမှု မရှိခြင်း၊
၅။ အရပ်လေးမျက်နှာတို့၌ အပိတ်အပင် မရှိ သွားလာနိုင်ခြင်း၊
၆။ အပ္ပိစ္ဆတာ စသည်တို့အားလျော်သော အကျင့်ရှိခြင်း။ (ဝိသုဒ္ဓိ၊၁၊၇၃။)♦
အဗ္ဘောကာသိကဓုတင် ဆောက်တည်သူ ၅ မျိုး
၁။ ပညာနုံ့၍ မိုက်မဲ တွေဝေသောကြောင့် ဆောက်တည်ခြင်း၊
၂။ ယုတ်မာသော အလိုဆိုး နှိပ်စက်သောကြောင့် ဆောက်တည်ခြင်း၊
၃။ စိတ်ပျံ့လွင့် ရူးသွပ်သောကြောင့် ဆောက်တည်ခြင်း၊
၄။ ဘုရားရှင်နှင့် ဘုရားရှင်၏ တပည့်တို့သည် ချီးမွမ်းအပ်၏ဟု ဆောက်တည်ခြင်း၊
၅။ အလိုနည်းမှု, ရောင့်ရဲမှု, ခေါင်းပါးမှု, ဆိတ်ငြိမ်မှုတို့ကို အမှီပြု၍ ကောင်းသော အကျင့်ကို အလိုရှိသောကြောင့် ဆောက်တည်ခြင်း။ (ဝိ၊၅၊၂၃၃။) (ဝိ၊၅၊၃၃၅။) (အံ၊၂၊၁၉၄။) (ဝိ၊မြန်၊၅။၃၂၃။) (ဝိ၊မြန်၊၅။၄၃၈။) (အံ၊မြန်၊၂။၂၄၇။)♦
အဗ္ဘောကာသိကဓုတင်ဆောင် ရဟန်း ၅ မျိုး
၁။ ပညာနုံ၍ တွေဝေသောကြောင့် ဆောက် တည်သော ရဟန်း၊
၂။ ယုတ်မာသော အလိုဆိုး နှိပ်စက်အပ်သောကြောင့် ဆောက်တည်သော ရဟန်း၊
၃။ စိတ်ပျံ့လွင့်သည်ဖြစ်၍ ရူးသွပ်သောကြောင့် ဆောက်တည်သော ရဟန်း၊
၄။ ဘုရားရှင်နှင့် တပည့်သာဝကတို့သည် ချီးမွမ်းအပ်၏ဟု နှလုံးသွင်းသောကြောင့် ဆောက် တည်သော ရဟန်း၊
၅။ အလိုနည်းခြင်း, ရောင့်ရဲခြင်း, ခေါင်းပါးခြင်း, ကောင်းသော အကျင့်ကို အလိုရှိခြင်းဟူသော အကြောင်းကြောင့် ဆောက်တည်သော ရဟန်း။ (အဘိ၊ပု၊ ၁၈၀။) (အဘိ၊ပု၊မြန်။၈၄။)♦
အဘယမင်းသားအား ဘုရားရှင် ဟောကြားခဲ့သော စကား ၆ ခွန်း
၁။ မဟုတ်မမှန် အကျိုး မရှိသော သူတစ်ပါး မချစ် မနှစ်သက်သော စကား၊
၂။ ဟုတ်မှန် အကျိုးမရှိသော, သူတစ်ပါး မချစ်မနှစ်သက်သော စကား၊
၃။ ဟုတ်မှန် အကျိုးရှိသော, သူတစ်ပါး မချစ် မနှစ်သက်သော စကား၊
၄။ မဟုတ် မမှန်၊ အကျိုးမရှိသော, သူတစ်ပါး ကြိုက်နှစ်သက်သော စကား၊
၅။ ဟုတ်မှန် အကျိုးမရှိသော, သူတစ်ပါး ကြိုက်နှစ်သက်သော စကား၊
၆။ ဟုတ်မှန် အကျိုး ရှိသော, သူတစ်ပါး ကြိုက်နှစ်သက်သော စကား။ (မ၊၂၊၅၇။) (မ၊မြန်၊၂။၆၂။)♦
အဘိဇာတိ ၆ မျိုး
၁။ ကဏှာဘိဇာတိ- မည်းညစ်သော အမှု၏ ရှေးရှုဖြစ်ရာ ပုဂ္ဂိုလ်ဘုံ၊
၂။ နီလာဘိဇာတိ- ညိုသော အမှု၏ ရှေးရှုဖြစ်ရာ ပုဂ္ဂိုလ်ဘုံ၊
၃။ လောဟိတာဘိဇာတိ- နီသော အမှု၏ ရှေးရှုဖြစ်ရာ ပုဂ္ဂိုလ်ဘုံ၊
၄။ ဟလိဒ္ဒါဘိဇာတိ- ဝါသော အမှု၏ ရှေးရှုဖြစ်ရာ ပုဂ္ဂိုလ်ဘုံ၊
၅။ သုက္ကာဘိဇာတိ- ဖြူသော အမှု၏ ရှေးရှုဖြစ်ရာ ပုဂ္ဂိုလ်ဘုံ၊
၆။ ပရမသုက္ကာဘိ ဇာတိ- အလွန်ဖြူသော အမှု၏ ရှေးရှုဖြစ်ရာ ပုဂ္ဂိုလ်ဘုံ။ (သံ၊ဋ္ဌ၊၂၊၃၁၄။)♦
အဘိဇ္ဈာ အထမြောက်ကြောင်း အင်္ဂါ ၂ ပါး
၁။ သူတစ်ပါး ဥစ္စာဘဏ္ဍာ ဖြစ်ခြင်း၊
၂။ မိမိသို့ စိတ်ဖြင့်သာ ညွတ်စေခြင်း။ (ဒီ၊ဋ္ဌ၊၃၊၂၃၁။) (မ၊ဋ္ဌ၊၁၊၂၀၅။) (သံ၊ဋ္ဌ၊၂၊၁၃၇။) (အဘိ၊ဋ္ဌ၊၁၊၁၄၄။) (ပဋိသံ၊ဋ္ဌ၊၁။၂၀၆။) (မဟာနိ၊ဋ္ဌ၊၁၀၁။) (သာရတ္ထ၊ဋီ၊၁၊၃၄၆။)♦
အဘိညာဉ် ၅ ပါး (လောကီအဘိညာဉ် ၅ ပါး)
၁။ ဣဒ္ဓိဝိဓ အဘိညာဉ်၊
၂။ ဒိဗ္ဗသောတဓာတုဉာဏ အဘိညာဉ်၊
၃။ စေတောပရိယဉာဏ အဘိညာဉ်၊
၄။ ပုဗ္ဗေနိဝါသာနုဿတိဉာဏ အဘိညာဉ်၊
၅။ စုတူပပါတဉာဏ အဘိညာဉ်။ (ဝိသုဒ္ဓိ၊၂၊၁။)♦
အဘိညာဉ် ၆ ပါး
မျက်မှောက်ပြုအပ်သော တရား ၆ ပါး၊ သစ္ဆိကာတဗ္ဗ တရား ၆ ပါးတို့နှင့် တူသည်။ ♦
အဘိညာဉ် ၆ ပါး (တစ်နည်း)
၁။ ဣဒ္ဓိဝိဓအဘိညာဉ်၊
၂။ ဒိဗ္ဗသောတအဘိညာဉ်၊
၃။ စေတောပရိယ အဘိညာဉ်၊
၄။ ပုဗ္ဗေနိဝါသအဘိညာဉ်၊
၅။ ဒိဗ္ဗစက္ခုအဘိညာဉ်၊
၆။ အာသဝက္ခယ အဘိညာဉ်။ (ပဋိသံ၊ဋ္ဌ၊၂၊၂၅၀။) (အပ၊ဋ္ဌ၊၁၊၃၃၄။)♦
အဘိညာပါဒက စိတ်၏ အင်္ဂါ ၈ ပါး
၁။ စတုတ္ထဈာန်စိတ်သည် ကောင်းစွာ အာရုံ၌ ထားအပ် ပြီးခြင်း, တည်ကြည်ခြင်း၊
၂။ ထက်ဝန်းကျင် စင်ကြယ်ခြင်း၊
၃။ ထက်ဝန်းကျင် ဖြူစင်ခြင်း၊
၄။ ကိလေသာ အညစ်အကြေး မရှိခြင်း၊
၅။ ဥပက္ကိလေသ ကင်းခြင်း၊
၆။ နူးညံ့သည် ဖြစ်၍ ဖြစ်ခြင်း၊
၇။ အဘိညာဉ်အမှု၌ ခံ့ခြင်း၊
၈။ ထက်ဝန်းကျင် စင်ကြယ် ခြင်းစသော ဂုဏ်၌ မြဲမြံခိုင်ခန့် တည်တံ့ခြင်း၊ (မှတ်ချက်) နောက်တစ်နည်း ကောင်းစွာ အာရုံ၌ တည်ကြည်ခြင်းကို ပယ်၍ တုန်လှုပ်ခြင်း မရှိသည်၏ (သာရတ္ထ၊ ဋီ၊၁။၃၈၅။)♦
အဘိညေယျ တရား ၁၀ ပါး
ထူးသော ဉာဏ်ဖြင့် သိအပ်သော တရား ၁၀ ပါး၊ ပျက်စီးခြင်း အကြောင်း ၁၀ ပါးတို့နှင့် တူသည်။ ♦
အဘိညေယျတရား ၂ ပါး
ဖြစ်စေထိုက်သော တရား ၂ ပါးနှင့် တူသည်။ ♦
အဘိညေယျတရား ၃ ပါး
ထူးသော ဉာဏ်ဖြင့် သိအပ်သော တရား ၃ ပါးနှင့် တူသည်။ ♦
အဘိညေယျတရား ၄ ပါး
ထူးသော ဉာဏ်ဖြင့် သိအပ်သော တရား ၄ ပါးနှင့် သစ္စာ ၄ ပါးတူသည်။ ♦
အဘိညေယျတရား ၅ ပါး
ထူးသော ဉာဏ်ဖြင့် သိအပ်သော တရား ၅ ပါး၊ ကိလေသာမှ လွတ်ခြင်း အကြောင်း ၅ ပါးတို့နှင့် တူသည်။ ♦
အဘိညေယျတရား ၆ ပါး
ထူးသော ဉာဏ်ဖြင့် သိအပ်သော တရား ၆ ပါး၊ အမြတ်ဆုံး တရား ၆ ပါးတို့နှင့် တူသည်။ ♦
အဘိညေယျတရား ၇ ပါး
ထူးသော ဉာဏ်ဖြင့် သိအပ်သော တရား ၇ ပါး၊ ရဟန္တာဖြစ်ကြောင်း ၇ ပါးတို့နှင့် တူသည်။ ♦
အဘိညေယျတရား ၈ ပါး
ထူးသော ဉာဏ်ဖြင့် သိအပ်သော တရား ၈ ပါး၊ အဘိဘာယတနဈာန် ၈ ပါးတို့နှင့် တူသည်။ ♦
အဘိညေယျတရား ၉ ပါး
ထူးသော ဉာဏ်ဖြင့် သိအပ်သော တရား ၉ ပါး၊ အစဉ်အတိုင်း ဝင်စား အပ်သော သမာပတ် ၉ ပါး၊ အနုပုဗ္ဗဝိဟာရ တရား ၉ ပါးတို့နှင့် တူသည်။ ♦
အဘိဏှ ပစ္စဝေက္ခိတဗ္ဗ ဌာန ၅ ပါး
၁။ ငါသည် အိုခြင်းသဘော ရှိ၏၊ အိုခြင်းသဘောကို မလွန်ဆန်နိုင်ဟု ဆင်ခြင်ရခြင်း၊
၂။ ငါသည် နာခြင်းသဘော ရှိ၏၊ နာခြင်းသဘောကို မလွန်ဆန်နိုင်ဟု ဆင်ခြင်ရခြင်း၊
၃။ ငါသည် သေခြင်းသဘော ရှိ၏၊ သေခြင်းသဘောကို မလွန်ဆန်နိုင်ဟု ဆင်ခြင်ရခြင်း၊
၄။ ချစ်ခင်မြတ်နိုးအပ်သော အရာအားလုံးနှင့် ရှင်ကွဲ သေကွဲ ကွဲရခြင်း၊
၅။ ကံသာလျှင် မိမိဥစ္စာ ရှိခြင်း။ (အံ၊၂၊၆၃။) (အံ၊မြန်၊၂။၇၇။)♦
အဘိဓမ္မပိဋက ၇ ကျမ်း
၁။ ဓမ္မသင်္ဂဏီကျမ်း၊
၂။ ဝိဘင်းကျမ်း၊
၃။ ဓာတုကထာကျမ်း၊
၄။ ပုဂ္ဂလ ပညတ်ကျမ်း၊
၅။ ကထာဝတ္ထု၊
၆။ ယမက၊
၇။ ပဋ္ဌာန်း။ (ဝိ၊ဋ္ဌ၊၁၊၁၅။) (ဒီ၊ဋ္ဌ၊၁၊၁၇။) (အဘိ၊ဋ္ဌ၊၁၊၄။) (သာရတ္ထ၊ဋီ၊၁၊၆၃။) (ဒီ၊ဋ္ဌ၊မြန်၊၁။၂၉။)♦
အဘိဓမ္မပိဋက နိဒါန်း ၂ မျိုး
၁။ အဓိဂမနိဒါန်း- ဒီပင်္ကရဘုရားရှင်မှ စ၍ မဟာဗောဓိပလ္လင် အထိ၊
၂။ ဒေသနာနိဒါန်း- ဒီပင်္ကရဘုရားရှင်မှ ဓမ္မစကြာတရား ဟောကြားသည်အထိ။ (အဘိ၊ဋ္ဌ၊၁၊၃၂။)♦
အဘိဓမ္မပိဋက နိဒါန်း ၃ မျိုး
၁။ ဒီပင်္ကရဘုရား ခြေရင်းမှ စ၍ တုသိတာနတ်ပြည်တိုင်အောင် ဒူရေနိဒါန်း၊
၂။ တုသိတာနတ်ပြည်မှ ဗောဓိမဏ္ဍိုင်တိုင်အောင် အဝိဒူရေနိဒါန်း၊
၃။ ‘‘တစ်နေ့ သ၌ ဘုရားရှင်သည် တာဝတိံသာနတ်ပြည် ။ပ။ အဘိဓမ္မာတရားစကားကို ဟောတော်မူ၏’’ ဟူသော နိဒါန်းသည် သန္တိကေနိဒါန်း။ (အဘိ၊ဋ္ဌ၊၁၊၇၈။)♦
အဘိဓမ္မာ ၇ ကျမ်း
အဘိဓမ္မပိဋက ၇ ကျမ်းနှင့် တူသည်။ ♦
အဘိနိဝေသ ၂ ပါး (လောကုတ္တရာတရားကို ဖြစ်စေရာ၌ အဘိနိဝေသ ၂ ပါး)
၁။ သဒ္ဓါ ဘိနိဝေသ၊
၂။ ပညာဘိနိဝေသ။ (သံ၊ဋ္ဌ၊၃၊၂၇၂။)♦
အဘိဘာယတန ဈာန် ၈ ပါး (ဆန့်ကျင်ဘက်တရားနှင့် ကသိုဏ်းအာရုံတို့ကို ဖိစီးလွှမ်းမိုး တတ်သော ပရိကမ်, ဉာဏ် ဟူသော အကြောင်းရှိသော အဘိဘာယတန ဈာန် ၈ မျိုး)
၁။ မိမိ၏ ဆံပင် စသည်တို့၏ ညိုနက်အရောင် စသော ကသိုဏ်းရုပ်တို့ကို ရှုမှတ်စီးဖြန်းမှု ပရိကမ်ပြုပြီးနောက် ကျဉ်းငယ်သော တင့်တယ်သော အဆင်း, မတင့်တယ်သော အဆင်း ရှိကုန်သော ပြင်ပကသိုဏ်းရုပ်တို့ကို ပဋိဘာဂနိမိတ် ထင်ပေါ်အောင် ဖိစီးလွှမ်းမိုး၍ ရှုခြင်းကြောင့် ဖြစ်ပေါ်လာသော ယောဂီပုဂ္ဂိုလ်၏ အပ္ပနာဈာန်၊
၂။ မိမိ၏ဆံပင်စသည်တို့၏ ညိုနက်ရောင်စသော ကသိုဏ်းရုပ်တို့ကို ရှုမှတ်စီးဖြန်းမှု ပရိကမ်ပြုပြီးနောက် ကျယ်ပြန့်သော ပမာဏရှိကုန်သော တင့်တယ်သော အဆင်း, မတင့်တယ်သော အဆင်းရှိကုန်သော ပြင်ပ ကသိုဏ်းရုပ်တို့ကို ပဋိဘာဂနိမိတ် ထင်ပေါ်အောင် ဖိစီးလွှမ်းမိုး၍ ရှုခြင်းကြောင့် ဖြစ်ပေါ် လာသော ယောဂီ၏ အပ္ပနာဈာန်၊
၃။ မိမိ၏ ဆံပင်စသည်တို့၏ ညိုနက်ရောင် စသော ကသိုဏ်းရုပ်၌ ရှုမှတ်စီးဖြန်းမှု ပရိကမ်မပြုမူ၍ ကျဉ်းငယ်သော တင့်တယ်သော အဆင်း, မတင့်တယ်သော အဆင်းဖြစ်သော ပြင်ပကသိုဏ်းရုပ်တို့ကို ပဋိဘာဂနိမိတ်ထင်ပေါ်အောင် ဖိစီး လွှမ်းမိုး၍ ရှုခြင်းကြောင့် ဖြစ်ပေါ်လာသော ယောဂီ၏ အပ္ပနာဈာန်၊
၄။ မိမိ၏ဆံပင် စသည်တို့၏ ညိုနက်ရောင် စသော ကသိုဏ်းရုပ်၌ ရှုမှတ်စီးဖြန်းမှု ပရိကမ်မပြု မူ၍ ကျယ်ပြန့်သော တင့်တယ်သော အဆင်း, မတင့်တယ်သော အဆင်းဖြစ်သော ပြင်ပ ကသိုဏ်းရုပ်တို့ကို ပဋိဘာဂနိမိတ်ထင်ပေါ်အောင် ဖိစီးလွှမ်းမိုး၍ ရှုခြင်းကြောင့် ဖြစ်ပေါ် လာသော ယောဂီ၏ အပ္ပနာဈာန်၊
၅။ မိမိ၏ ဆံပင် စသည်တို့၏ ညိုနက်ရောင် စသော ကသိုဏ်းရုပ်၌ ရှုမှတ် စီးဖြန်းမှု ပရိကမ်မပြုဘဲ ပြင်ပ၌ ညိုကုန်သော အညိုရောင်သန်း ကုန်သော အညိုပြောင် ဖြစ်ကုန်သော ကသိုဏ်းရုပ်တို့ကို ပဋိဘာဂနိမိတ်ထင်ပေါ်အောင် ဖိစီးလွှမ်းမိုး၍ ရှုခြင်းကြောင့် ဖြစ်ပေါ်လာသော ယောဂီ၏ အပ္ပနာဈာန်၊
၆။ မိမိ၏ ဆံပင် စသည်တို့၏ညိုနက်ရောင် စသော ကသိုဏ်းရုပ်၌ ရှုမှတ်စီးဖြန်းမှု ပရိကမ်မပြုဘဲ ပြင်ပ၌ ဝါရွှေကုန်သော ဝါရွှေအဆင်း ရှိကုန်သော ဝါရွှေပြောင်ဖြစ်ကုန်သော ကသိုဏ်းရုပ်တို့ကို ပဋိဘာဂနိမိတ် ထင်ပေါ်အောင် ဖိစီးလွှမ်းမိုး၍ ရှုခြင်းကြောင့် ဖြစ်ပေါ်လာသော ယောဂီ၏ အပ္ပနာဈာန်၊
၇။ မိမိ၏ဆံပင် စသည်တို့၏ ညိုနက်ရောင်စသော ကသိုဏ်းရုပ်၌ ရှုမှတ် စီးဖြန်းမှု ပရိကမ်မပြုဘဲ ပြင်ပ၌ နီကုန်သော အနီပြောင်ဖြစ်ကုန်သော ကသိုဏ်းရုပ် တို့ကို ပဋိဘာဂနိမိတ် ထင်ပေါ်အောင် ဖိစီးလွှမ်းမိုး၍ ရှုခြင်းကြောင့် ဖြစ်ပေါ်လာသော ယောဂီ၏ အပ္ပနာဈာန်၊
၈။ မိမိ၏ ဆံပင် စသည်တို့၏ ညိုနက်ရောင် စသော ကသိုဏ်း ရုပ်၌ ရှုမှတ်စီးဖြန်းမှု ပရိကမ်မပြုဘဲ ပြင်ပ၌ ဖြူကုန်သော အဖြူပြောင်ဖြစ်ကုန်သော ကသိုဏ်းရုပ်တို့ကို ပဋိဘာဂနိမိတ် ထင်ပေါ်အောင် ဖိစီးလွှမ်းမိုး၍ ရှုခြင်းကြောင့် ဖြစ်ပေါ် လာသော ယောဂီတစ်ဦး၏ အပ္ပနာဈာန်။ (ဒီ၊၂၊၉၂။) (မ၊၂၊၂၀၅။) (အံ၊၃၊၁၂၅။) (အံ၊၃၊၃၀၄။) (ဒီ၊မြန်၊၂။၁၀၆။) (မ၊မြန်၊၂။၂၁၇-၂၁၈။) (အံ၊မြန်၊၃။၁၂၆၊၃၀၃။) (အံ၊မြန်၊၃။၁၂၆၊၃၀၃။)♦
အဘိဘာယတန ဈာန် ၈ ပါး (ဆန့်ကျင်ဘက်အာရုံတို့ကို လွှမ်းမိုးနိုင်သော အဘိဘာယတန ဈာန် ၈ မျိုး)
၁။ တစ်ယောက်သော ပုဂ္ဂိုလ်သည် မိမိသန္တာန်၌ အဆင်းရုပ်တို့ကို ရှုမှတ်၍ အပသန္တာန်၌ ကောင်း, မကောင်းသော အဆင်းရှိသော ငယ်သော ကသိုဏ်းရုပ်တို့ကို ရှု၏၊ ထိုရုပ်တို့ကို လွှမ်းမိုး၍ ငါသိသည် ငါမြင်သည်ဟု အမှတ်ရှိခြင်း၊
၂။ တစ်ယောက်သော ပုဂ္ဂိုလ်သည် မိမိသန္တာန်၌ အဆင်းရုပ်တို့ကို ရှုမှတ်၍ အပသန္တာန်၌ ကောင်း, မကောင်းသော အဆင်းရှိသော ကြီးသော ကသိုဏ်းရုပ်တို့ကို ရှု၏၊ ထိုရုပ်တို့ကို လွှမ်းမိုး၍ ငါသိသည် ငါမြင်သည်ဟု အမှတ်ရှိခြင်း၊
၃။ တစ်ယောက်သော ပုဂ္ဂိုလ်သည် မိမိသန္တာန်၌ အဆင်းရုပ် တို့ကို မရှုမှတ်တော့ဘဲ အပသန္တာန်၌ ကောင်း, မကောင်းသော အဆင်းရှိသော ငယ်သော ကသိုဏ်းရုပ်တို့ကို ရှုမှတ်၏၊ ထိုရုပ်တို့ကို လွှမ်းမိုး၍ ငါသိသည် ငါမြင်သည်ဟု အမှတ် ရှိခြင်း၊
၄။ တစ်ယောက်သော ပုဂ္ဂိုလ်သည် မိမိသန္တာန်၌ အဆင်းရုပ်တို့ကို မရှုမှတ်တော့ဘဲ အပသန္တာန်၌ ကောင်း, မကောင်းသော အဆင်းရှိသော ကြီးသော ကသိုဏ်းရုပ်တို့ကို ရှု၏၊ ထိုရုပ်တို့ကို လွှမ်းမိုး၍ ငါသိသည် ငါမြင်သည်ဟု အမှတ်ရှိခြင်း၊
၅။ တစ်ယောက်သော ပုဂ္ဂိုလ်သည် မိမိသန္တာန်၌ အဆင်းရုပ်တို့ကို မရှုမှတ်တော့ဘဲ အပသန္တာန်၌ ညိုသော အရောင်, အသွေး, အဆင်းရှိသော ကသိုဏ်းရုပ်တို့ကို ရှု၏၊ ထိုရုပ်တို့ကို လွှမ်းမိုး၍ ငါသိသည် ငါမြင်သည်ဟု အမှတ်ရှိခြင်း၊
၆။ တစ်ယောက်သော ပုဂ္ဂိုလ်သည် မိမိသန္တာန်၌ အဆင်းရုပ် တို့ကို မရှုမှတ်တော့ဘဲ အပသန္တာန်၌ ဝါရွှေသော အရောင်, အသွေး, အဆင်း ရှိသော ကသိုဏ်းရုပ်တို့ကို ရှု၏၊ ထိုရုပ်တို့ကို လွှမ်းမိုး၍ ငါသိသည် ငါမြင်သည်ဟု အမှတ် ရှိခြင်း၊
၇။ တစ်ယောက်သော ပုဂ္ဂိုလ်သည် မိမိသန္တာန်၌ အဆင်းရုပ်တို့ကို မရှုမှတ်တော့ဘဲ အပသန္တာန်၌ နီသော အရောင်, အသွေး, အဆင်းရှိသော ကသိုဏ်းရုပ်တို့ကို ရှု၏၊ ထိုရုပ် တို့ကို လွှမ်းမိုး၍ ငါသိသည် ငါမြင်သည်ဟု အမှတ်ရှိခြင်း၊
၈။ တစ်ယောက်သော ပုဂ္ဂိုလ် သည် မိမိသန္တာန်၌ အဆင်းရုပ်တို့ကို မရှုမှတ်တော့ဘဲ အပသန္တာန်၌ ဖြူသော အရောင်, အသွေး, အဆင်းရှိသော ကသိုဏ်းရုပ်တို့ကို ရှု၏၊ ထိုရုပ်တို့ကို လွှမ်းမိုး၍ ငါသိသည် ငါမြင်သည်ဟု အမှတ်ရှိခြင်း။ (ဒီ၊၃၊၂၁၅မှ၂၁၇။) (ဒီ၊၃၊၂၅၀။) (ပဋိသံ၊ဋ္ဌ၊၁၊၆၉။) (ဒီ၊မြန်၊၃။၂၃၈-၂၃၉-၂၄၀။) (ဒီ၊မြန်၊၃။၂၇၃။)♦
အဘိဘာယတနဈာန် ၈ ပါး
ထူးသော ဉာဏ်ဖြင့် သိအပ်သော တရား ၈ ပါး၊ အဘိညေယျတရား ၈ ပါးတို့နှင့် တူသည်။ ♦
အဘိသမယ ၄ မျိုး
၁။ ပရိညာဘိသမယ- ပိုင်းခြား၍ သိခြင်း၏ အစွမ်းတရားတို့ကို မျက်မှောက် အားဖြင့် ထိုးထွင်းသိခြင်း၊
၂။ ပဟာနာဘိသမယ- ကိလေသာတို့ကို ပယ်ခြင်း၏ အစွမ်း တရားတို့ကို မျက်မှောက်အားဖြင့် ထိုးထွင်းသိခြင်း၊
၃။ သစ္ဆိကိရိယာဘိသမယ- မျက်မှောက် ပြုခြင်း၏ အစွမ်းတရားတို့ကို မျက်မှောက်အားဖြင့် ထိုးထွင်းသိခြင်း၊
၄။ ဘာဝနာဘိ သမယ- မိမိသန္တာန်၌ ဖြစ်စေခြင်း, ပွားစေခြင်း၏ အစွမ်းတရားတို့ကို မျက်မှောက်အားဖြင့် ထိုးထွင်း၍ သိခြင်း။ (ပေဋကော၊၂၅၇။)♦
အဘိသိက်သွန်းခြင်းနှင့် စပ်သော ပုဂ္ဂိုလ် ၃ မျိုး
၁။ အဘိသိက်သွန်းခြင်း၌ တောင့်တခြင်းမရှိသော ဒွန်းစဏ္ဍား စသော ယုတ်နိမ့်သော ပုဂ္ဂိုလ်၊
၂။ အဘိသိက်သွန်းခြင်း၌ တောင့်တခြင်းရှိသော ပြည့်ရှင်မင်း၏ အဘိသိက်မသွန်းရသေးသော အဘိသိက်သွန်းထိုက်သော သားကြီးပုဂ္ဂိုလ်၊
၃။ အဘိသိက်သွန်းခြင်း၌ တောင့်တခြင်းကင်းသော ပုဂ္ဂိုလ် (အသိသိက်သွန်း၍ မင်းဖြစ် ပြီးသော ပြည့်ရှင်မင်း)။ (အံ၊၁၊၁၀၆။) (အံ၊မြန်၊၁။၁၂၄။)♦
အမတ်အဖြစ် ရေတွက်အပ်သူ ၆ ဦး
၁။ စစ်သူကြီး၊
၂။ ပုရောဟိတ်၊
၃။ တရားသူကြီး၊
၄။ ဘဏ္ဍာစိုး၊
၅။ ထီးတော်မိုး၊
၆။ သန်လျက်စွဲကိုင်သော သက်တော်စောင့်။ (မိလိန္ဒ၊၁၁၉။) (မိလိန္ဒ၊မြန်။၁၂၉။)♦
အမျက်ထွက်ကြောင်း ၁၀ ပါး
၁။ ဤသူသည် ငါ၏ အကျိုးစီးပွားမဲ့ကို ပြုကျင့်ခဲ့ဖူး၏ ဟူ၍ အမျက်ထွက်ခြင်း၊
၂။ ဤသူသည် ငါ၏ အကျိုးစီးပွားမဲ့ကို ပြုကျင့်ဆဲဖြစ်၏ ဟူ၍ အမျက် ထွက်ခြင်း၊
၃။ ဤသူသည် ငါ၏ အကျိုးစီးပွားမဲ့ကို ပြုကျင့်လတ္တံ့ဟူ၍ အမျက်ထွက်ခြင်း၊
၄။ ဤသူသည် ငါချစ်ခင်မြတ်နိုးအပ်သူ၏ အကျိုးစီးပွားမဲ့ကို ပြုကျင့်ခဲ့ဖူး၏ ဟူ၍ အမျက် ထွက်ခြင်း၊
၅။ ဤသူသည် ငါချစ်ခင်မြတ်နိုးအပ်သူ၏ အကျိုးစီးပွားမဲ့ကို ပြုကျင့်ဆဲဖြစ်၏ ဟူ၍ အမျက်ထွက်ခြင်း၊
၆။ ဤသူသည် ငါချစ်ခင်မြတ်နိုးအပ်သူ၏ အကျိုးစီးပွားမဲ့ကို ပြုကျင့်လတ္တံ့ ဟူ၍ အမျက်ထွက်ခြင်း၊
၇။ ဤသူသည် ငါမချစ်အပ်သူ၏ အကျိုးစီးပွားကို ပြုကျင့်ခဲ့ဖူး၏ဟု အမျက်ထွက်ခြင်း၊
၈။ ဤသူသည် ငါမချစ်အပ်သူ၏ အကျိုးစီးပွားကို ပြုကျင့်ဆဲဖြစ်၏ ဟူ၍ အမျက်ထွက်ခြင်း၊
၉။ ဤသူသည် ငါမချစ်အပ်သူ၏ အကျိုး စီးပွားကို ပြုကျင့်လတံ့ဟူ၍ အမျက်ထွက်ခြင်း၊
၁၀။ အကြောင်းမဟုတ်, အရာဌာနမဟုတ် သည်၌ အမျက်ထွက်ခြင်း။ (မဟာနိ၊၁၆၅။) (မဟာနိ၊၃၃၂။) (မဟာနိ၊၃၃၃။) (စူဠနိ၊၆၀။)♦
အမျက်ထွက်သူအား ဖြစ်သော အလို ၇ မျိုး
၁။ အဆင်းမလှမူကား ကောင်း၏ဟု အလို ရှိခြင်း၊
၂။ ဆင်းရဲစွာ အိပ်ရ နေရပါမူကား ကောင်း၏ဟု အလိုရှိခြင်း၊
၃။ အကျိုးစီးပွား ဖြစ်ထွန်းသူ မဖြစ်ပါမူ ကောင်း၏ဟု အလိုရှိခြင်း၊
၄။ စည်းစိမ်ဥစ္စာ မရှိမူ ကောင်း၏ဟု အလိုရှိခြင်း၊
၅။ အခြံအရံမရှိသူ ဖြစ်မူ ကောင်း၏ဟု အလိုရှိခြင်း၊
၆။ အဆွေခင်ပွန်း မရှိမူ ကောင်း၏ဟု အလိုရှိခြင်း၊
၇။ ခန္ဓာကိုယ် ပျက်စီး သေပြီးနောက် ငရဲကျမူ ကောင်း၏ဟု အလိုရှိခြင်း။ (အံ၊၂၊၄၆၉။) (အံ၊မြန်၊၂။၅၈၉။)♦
အမျိုးကြီး ၃ မျိုး
၁။ ခတ္တိယမင်းမျိုး၊
၂။ ပုဏ္ဏားမျိုး၊
၃။ ကုန်သည်မျိုး။ (မ၊ဋ္ဌ၊၄၊၆၇။)♦
အမျိုးကြီး ၄ ပါး
၁။ မင်းမျိုး၊
၂။ ပုဏ္ဏားမျိုး၊
၃။ ကုန်သည်မျိုး၊
၄။ သူဆင်းရဲမျိုး။ (ဝိ၊၁၊၂၈၁။) (ဝိ၊၂၊၁၀၈-၁၃၄။) (ဒီ၊၃၊၆၇။) (မ၊၂၊၃၂၉။) (ဝိ၊မြန်၊၁။၂၉၇။) (ဝိ၊မြန်၊၂။၁၂၄၊၁၅၂။) (ဒီ၊မြန်၊၃။၇၂။) (မ၊မြန်၊၂။၃၃၃။) (ဝိ၊၂၊၃၅၉၊၃၆၁၊၄၁၁) (ဝိ၊မြန်၊၁။၂၉၇။) (ဝိ၊မြန်၊၂။၄၀၇၊၄၀၈၊၄၆၄။)♦
အမျိုးကောင်းသား ၂ မျိုး
၁။ မြင့်မြတ်သော အမျိုး၌ ဖြစ်သော အမျိုးကောင်းသား (ဇာတိကုလ ပုတ္တ။)၊
၂။ အကျင့်အာစာရနှင့် ပြည့်စုံသော အမျိုးကောင်းသား (အာစာရကုလပုတ္တ။)။ (မ၊ဋ္ဌ၊၁၊၁၁၅။) (မ၊ဋ္ဌ၊၁၊၁၈၄။) (သံ၊ဋ္ဌ၊၂၊၄၆။)♦
အမျိုးကောင်းသား ၂ မျိုး
ကုလပုတ္တ ၂ မျိုးနှင့် တူသည်။ ♦
အမျိုးဇာတ် ၂ မျိုး
၁။ ယုတ်ညံ့အောက်တန်းကျသော ဒွန်းစဏ္ဍား စသော အမျိုးဇာတ်၊
၂။ မြင့်မြတ်၍ အထက်တန်းကျသော မင်းမျိုး, ပုဏ္ဏားမျိုး ဟူသော အမျိုးဇာတ်။ (ဝိ၊၂၊၂၀။) (ဝိ၊၂၊၈။) (ဝိ၊မြန်၊၂။၂၄။) (ဝိ၊မြန်၊၂။၂၄။)♦
အမျိုးဇာတ် ၄ မျိုး
၁။ အဏ္ဍဇ- အဥ၌ ဖြစ်သော အမျိုးဇာတ်၊
၂။ ဇလာဗုဇ- သားအိမ်၌ ဖြစ်သော အမျိုးဇာတ်၊
၃။ သံသေဒဇ- အညှိ၌ ဖြစ်သော အမျိုးဇာတ်၊
၄။ ဩပပါတိက- ကိုယ်ခန္ဓာ ထင်ရှားဖြစ်သော အမျိုးဇာတ်။ (မိလိန္ဒ၊၁၃၀။) (မိလိန္ဒ၊မြန်။၁၄၁။)♦
အမျိုးဇာတ် ၆ မျိုး (တစ်နည်း)
၁။ မည်းသော အမျိုးဇာတ်ရှိသည် ဖြစ်၍ မည်းသော တရားကို ဖြစ်စေခြင်း၊
၂။ မည်းသော အမျိုးဇာတ်ရှိသည် ဖြစ်၍ ဖြူသော တရားကို ဖြစ်စေခြင်း၊
၃။ မည်းသော အမျိုးဇာတ်ရှိသည် ဖြစ်၍ မမည်း မဖြူသော နိဗ္ဗာန်ကို ဖြစ်စေခြင်း၊
၄။ ဖြူသော အမျိုးဇာတ်ရှိသည် ဖြစ်၍ ဖြူသော တရားကို ဖြစ်စေခြင်း၊
၅။ ဖြူသော အမျိုး ဇာတ်ရှိသည် ဖြစ်၍ မည်းသော တရားကို ဖြစ်စေခြင်း၊
၆။ ဖြူသော အမျိုးဇာတ်ရှိသည် ဖြစ်၍ မဖြူမမည်းသော နိဗ္ဗာန်ကို ဖြစ်စေခြင်း။ (ဒီ၊၃၊၂၀၇။) (အံ၊၂၊၃၃၆။) (ဒီ၊မြန်၊၃။၂၃၁။) (အံ၊မြန်၊၂။၄၂၇။)♦
အမျိုးဇာတ် ၆ မျိုး (တစ်နည်း)
၁။ မည်းညစ်သော အမျိုးဇာတ်၊
၂။ ညိုသော အမျိုးဇာတ်၊
၃။ နီသော အမျိုးဇာတ်၊
၄။ ဝါသော အမျိုးဇာတ်၊
၅။ ဖြူသော အမျိုးဇာတ်၊
၆။ အလွန် ဖြူစင်သော အမျိုးဇာတ်။ (မ၊ဋ္ဌ၊၃၊၈၄။)♦
အမျိုးဇာတ် ၆ မျိုး (မက္ခလိဂေါသာလဝါဒ)
၁။ မည်းညစ်သော အမျိုးဇာတ် (ကဏှာဘိဇာတိ)၊
၂။ ညိုသော အမျိုးဇာတ် (နီလာဘိဇာတိ)၊
၃။ နီသော အမျိုးဇာတ် (လောဟိတာဘိဇာတိ)၊
၄။ ဝါသော အမျိုးဇာတ် (ဟလိဒ္ဒါဘိဇာတိ)၊
၅။ ဖြူသော အမျိုးဇာတ် (သုက္ကာဘိဇာတိ)၊
၆။ အလွန်ဖြူသော အမျိုးဇာတ် (ပရမသုက္ကာဘိဇာတိ)။ (ဒီ၊ဋ္ဌ၊၁၊၁၄၇။) (ဒီ၊ဋ္ဌ၊မြန်၊၁။၂၈၄။)♦
အမျိုးတို့၌ တိကဘောဇဉ် ပညတ်ရကျိုး ၃ မျိုး
၁။ ဒုဿီလပုဂ္ဂိုလ်တို့အား နှိပ်ကွပ်ရခြင်း၊
၂။ သီလကို ချစ်မြတ်နိုးကုန်သော ပုဂ္ဂိုလ်တို့၏ ချမ်းသာစွာ နေရခြင်း၊
၃။ အမျိုးတို့အား အစဉ် သနား စောင့်ရှောက်ခြင်း။ (သံ၊၁၊၄၁၈။) (သံ၊မြန်၊၁။၄၀၇။)♦
အမျိုးလေးပါးတို့၏ တရား ၄ ပါး
၁။ လာဘော- လာဘ်ရခြင်း၊
၂။ အလာဘော- လာဘ် မရခြင်း၊
၃။ အယသော- အခြွေအရံ မရှိခြင်း၊
၄။ ယသော- အခြွေအရံရှိခြင်း။ (ဇာတက၊၂၊ ၂၄၀။)♦
အမျိုးသမီးများ လွှတ်ရုံးသဘင်၌ မနေရခြင်း၏ အကြောင်း ၄ ပါး
၁။ အမျက်ထွက်တတ်ခြင်း၊
၂။ ငြူစူတတ်ခြင်း၊
၃။ ဝန်တိုတတ်ခြင်း၊
၄။ ပညာမရှိခြင်း။ (အံ၊၁၊၃၉၄။) (အံ၊မြန်၊၁။၄၀၉။)♦
အမျိုးအနွယ် ၈ မျိုး
အနွယ် ၈ မျိုးနှင့်တူသည်။ ♦
အမရဝတီ မင်းနေပြည်တော်၏ အသံ ၁၀ မျိုး
၁။ ဆင်အသံ၊
၂။ မြင်းအသံ၊
၃။ စည်ကြီးအသံ၊
၄။ ခရုသင်းအသံ၊
၅။ ရထားအသံ၊
၆။ စားကြပါကုန်ဟု ကြွေးကြော်သော အသံ၊
၇။ သောက်ကြပါကုန်ဟု ကြွေးကြော်သော အသံ၊
၈။ ထမင်းနှင့် စပ်သော ကြွေးကြော်သံ၊
၉။ အဖျော်နှင့်စပ်သော ကြွေးကြော်သံ၊
၁၀။ စားဖွယ်သောက်ဖွယ်နှင့် ယှဉ်သော အသံ။ (အပ၊၂၊၃၀၆။) (အပ၊မြန်၊၂။၃၀၁။)♦
အမရဝတီမြို့၏ အသံ ၁၀ မျိုး
၁။ ဆင်အသံ၊
၂။ မြင်းအသံ၊
၃။ ရထားအသံ၊
၄။ စည်ကြီး အသံ၊
၅။ မုရိုးစည်အသံ၊
၆။ စောင်းအသံ၊
၇။ သီချင်းအသံ၊
၈။ ခရုသင်းအသံ၊
၉။ မောင်း, ကြေးနင်း, ခွက် ခွင်း စသော တူရိယာအသံ၊
၁၀။ စားကြပါ, သောက်ကြပါ စသော အသံ။ (အပ၊ဋ္ဌ၊၁၊၃။) (ဗုဒ္ဓဝံ၊ဋ္ဌ၊၈၇။) (မ၊ဋီ၊၁၊၁၄၀။)♦
အမရာဝိက္ခေပ ဒိဋ္ဌိ ၄ မျိုး
၁။ အမရာဝိက္ခေပဒိဋ္ဌိ ပဌမဝါဒ- မုသာဝါဒမှ ကြောက်သောကြောင့် တစ်စုံတစ်ယောက်က မေးသောအခါ ဤသို့ဟုလည်း ငါမယူဟု အဆုံးမရှိ ပစ်လွှင့်သော ဝါဒ၊
၂။ အမရာဝိက္ခေပဒုတိယဝါဒ- ဥပါဒါန်မှ ကြောက်သောကြောင့် တစ်စုံတစ်ယောက်က မေးသောအခါ ထိုသို့ဟုလည်း ငါမယူဟု အဆုံးမရှိပစ်လွှင့်သော ဝါဒ၊
၃။ အမရာဝိက္ခေပ တတိယဝါဒ- မေးစိစစ်ခြင်းမှ ကြောက်ခြင်း မေးစိစစ်ခြင်းကို စက်ဆုပ်ခြင်းကြောင့် တစ်စုံ တစ်ယောက်က မေးသောအခါ အခြားသို့ဟုလည်း ငါမယူဟု အဆုံးမရှိပစ်လွှင့်သော ဝါဒ၊
၄။ အမရာဝိက္ခေပစတုတ္ထဝါဒ- နုံ့သည်၏အဖြစ် အလွန်တွေဝေသည်၏အဖြစ်ကြောင့် တစ်စုံ တစ်ယောက်က မေးသောအခါ ဤသို့ ထိုသို့ အခြားသို့ မဟုတ်သည်မဟုတ်ဟုလည်း ငါမယူဟု အဆုံးမရှိ ပစ်လွှင့်သော ဝါဒ။ (ဒီ၊၁၊၂၃။) (ဒီ၊၁၊၂၆။) (ဒီ၊မြန်၊၁။၂၆။) (ဒီ၊မြန်၊၁။၂၆။)♦
အမြင်၂ မျိုး
၁။ စက္ခုဒဿန- မျက်စိအမြင်၊
၂။ ဉာဏဒဿန- ဉာဏ်အမြင်။ (ဣတိဝုတ်၊ဋ္ဌ၊၃၁၄။)♦
အမြတ်ဆုံး ၃ မျိုး
၁။ သတ္တဝါအားလုံးတို့တွင် ဘုရားရှင်သည် အမြတ်ဆုံး၊
၂။ တရားအားလုံး တို့တွင် ရာဂကင်းရာ နိဗ္ဗာန်သည် အမြတ်ဆုံး၊
၃။ ဂိုဏ်းဂဏအားလုံးတို့တွင် သံဃာသည် အမြတ်ဆုံး။ (ပေဋကော၊၂၀၆။) (နေတ္တိ၊ဋ္ဌ၊၁၆၂။)♦
အမြတ်ဆုံး ၃ မျိုး (တစ်နည်း)
၁။ ဒဿနာနုတ္တရိယ- အမြတ်ဆုံးအမြင်၊
၂။ ပဋိပဒါနုတ္တရိယ- အမြတ်ဆုံးအကျင့်၊
၃။ ဝိမုတ္တာနုတ္တရိယ- အမြတ်ဆုံးလွတ်မြောက်မှု။ (မ၊၁၊၂၉၈။)(မ၊မြန်၊၁။၃၀၆။)♦
အမြတ်ဆုံး ကုသိုလ်တရား ၃၇ ပါး
၁။ သတိပဋ္ဌာန် လေးပါး၊
၂။ သမ္မပ္ပဓာန် လေးပါး၊
၃။ ဣဒ္ဓိပါဒ် လေးပါး၊
၄။ ဣန္ဒြေ ငါးပါး၊
၅။ ဗိုလ် ငါးပါး၊
၆။ ဗောဇ္ဈင် ခုနစ်ပါး၊
၇။ မဂ္ဂင် ရှစ်ပါး။ (ဒီ၊၃၊၈၄။) (ဒီ၊မြန်၊၃။၉၀။)♦
အမြတ်ဆုံး တရား ၆ ပါး
ထူးသော ဉာဏ်ဖြင့် သိအပ်သော တရား ၆ ပါး၊ အဘိညေယျတရား ၆ ပါးတို့နှင့် တူသည်။ ♦
အမြတ်ဆုံးတရား ၃ ပါး
၁။ ဝိပဿနာဉာဏ်ဟူသော မြတ်သော သဘောတရား၊
၂။ မဂ်ဉာဏ် ဟူသော မြတ်သော သဘောတရား၊
၃။ ဖိုလ်ဉာဏ်ဟူသော မြတ်သော သဘောတရား။ (ဒီ၊၃၊၁၈၄။) (ဒီ၊မြန်၊၃။၂၀၄။)♦
အမြတ်ဆုံးတရား ၆ ပါး
၁။ အမြတ်ဆုံးဖြစ်သော မြင်တွေ့မှု- ဒဿနာနုတ္တရိယ၊
၂။ အမြတ်ဆုံး ဖြစ်သော ကြားနာမှု- သဝနာနုတ္တရိယ၊
၃။ အမြတ်ဆုံးဖြစ်သော လာဘ်ရမှု- လာဘာနုတ္တရိယ၊
၄။ အမြတ်ဆုံးဖြစ်သော သိက္ခာရှိမှု- သိက္ခာနုတ္တရိယ၊
၅။ အမြတ်ဆုံးဖြစ်သော လုပ်ကျွေးမှု- ပါရိစရိယာနုတ္တရိယ၊
၆။ အမြတ်ဆုံးဖြစ်သော အောက်မေ့မှု-အနုဿတာ နုတ္တရိယ။ (ဒီ၊၃၊၂၀၇။) (ဒီ၊၃၊၂၃၉။) (အံ၊၂၊၂၅၁။) (အံ၊၂၊၂၈၆။) (ပဋိသံ၊ဋ္ဌ၊၁၊၆၅။) (ဒီ၊မြန်၊၃။၂၃၀။) (ဒီ၊မြန်၊၃။၂၆၂။) (အံ၊မြန်၊၂။၃၂၆။) (အံ၊မြန်၊၂။၃၆၈။)♦
အမြတ်ဆုံးဘုံ ၃ ဘုံ
၁။ ဝေဟပ္ဖလဘုံ၊
၂။ အကနိဋ္ဌဘုံ၊
၃။ နေဝသညာနာသညာယတနဘုံ။ (အံ၊ဋီ၊၂၊၃၃၀။)♦
အမြှေး ၂ မျိုး
၁။ ပဋိစ္ဆန္နကိလောမက- ဖုံးလွှမ်းအပ်သော အမြှေး၊
၂။ အပဋိစ္ဆန္နကိလောမက- မဖုံးလွှမ်းအပ်သော အမြှေး။ (ခုဒ္ဒက၊ဋ္ဌ၊၄၃။) (ဝိသုဒ္ဓိ၊၁၊၂၄၈။)♦
အမြိုက်၂ မျိုး
၁။ ဝိပဿနာမတ- ခန္ဓာငါးပါး၌ ဖြစ်ပျက်ကိုမြင်ခြင်း၏အစွမ်းဖြင့်ရသော ဝိပဿနာအမြိုက်အရသာ၊
၂။ နိဗ္ဗာနာမတ- နိဗ္ဗာန်အမြိုက်အရသာ။ (ခုဒ္ဒက၊ဋ္ဌ၊၆၉။)♦
အမြဲမပြတ် အောက်မေ့ထိုက်သော တရား ၆ ပါး
၁။ သီတင်းသုံးဖော်တို့၏ အပေါ်ဝယ် မျက်မှောက်မျက်ကွယ်တို့၌ ကာယကံမေတ္တာဖြင့် ရှေးရှုတည်ခြင်း၊
၂။ သီတင်းသုံးဖော်တို့၏ အပေါ်ဝယ် မျက်မှောက်မျက်ကွယ်တို့၌ ဝစီကံ မေတ္တာဖြင့် ရှေးရှုတည်ခြင်း၊
၃။ သီတင်း သုံးဖော်တို့အပေါ်ဝယ် မျက်မှောက်မျက်ကွယ်တို့၌ မနောကံမေတ္တာဖြင့် ရှေးရှုတည်ခြင်း၊
၄။ တရားသဖြင့် ရအပ်သော ပစ္စည်းလေးပါးတို့ကို ခွဲခြားခွဲခြား မပြုဘဲ သီလရှိသော သီတင်းသုံးဖော်တို့နှင့် အတူတကွ သုံးဆောင်ခြင်း၊
၅။ မိမိ၏ မကျိုးပေါက် မပြောက်ကျား ကုန်သော သမာဓိကို ဖြစ်စေတတ်သော သီလတို့ဖြင့် မျက်မှောက်မျက်ကွယ်၌ သီတင်း သုံးဖော်တို့၏ သီလနှင့် တူညီမျှသည်၏အဖြစ်သို့ ရောက်၍ နေခြင်း၊
၆။ ဝဋ်ဆင်းရဲမှ ထုတ်ဆောင်တတ်သော နိယျာနိက အရိယဒိဋ္ဌိဖြင့် မျက်မှောက်မျက်ကွယ်၌ သီတင်းသုံးဖော် တို့၏ အယူနှင့် တူညီမျှသည်၏ အဖြစ်သို့ ရောက်၍ နေခြင်း။ (အံ၊၂၊၂၅၅။) (အံ၊မြန်၊၂။၃၃၁။)♦
အမြဲမပြတ် အောက်မေ့ထိုက်သော တရား ၆ ပါး (တစ်နည်း)
၁။ အရဟံ စသော ဘုရားဂုဏ်တော် များကို အဖန်ဖန်အောက်မေ့မှု ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းကို ပွားများခြင်း၊
၂။ သွာက္ခာတတာ စသော တရားဂုဏ်တော်များကို အဖန်ဖန်အောက်မေ့မှု ဓမ္မာနုဿတိကမ္မဋ္ဌာန်းကို ပွားများခြင်း၊
၃။ သုပ္ပဋိပန္နတာ စသော သံဃဂုဏ်တော်များကို အဖန်ဖန်အောက်မေ့မှု သံဃာနုဿတိ ကမ္မဋ္ဌာန်းကို ပွားများခြင်း၊
၄။ မကျိုးပေါက် မပြောက်ကျားသော မိမိသီလကို အဖန်ဖန် အောက်မေ့မှု သီလာနုဿတိကမ္မဋ္ဌာန်းကို ပွားများခြင်း၊
၅။ မိမိ၏ စွန့်ကြဲ ပေးကမ်းခြင်း စာဂဂုဏ်ကို အဖန်ဖန်အောက်မေ့မှု စာဂါနုဿတိကမ္မဋ္ဌာန်းကို ပွားများခြင်း၊
၆။ နတ်တို့ကို သက်သေထား၍ မိမိ၏ သဒ္ဓါစသော ဂုဏ်ကို အဖန်ဖန်အောက်မေ့မှု ဒေဝတာနုဿတိကို ပွားများခြင်း။ (အံ၊၂၊၂၇၆-၂၇၇။) (အံ၊မြန်၊၂။၃၅၄။)♦
အမွှေးတိုင် လှူရကျိုး ၁၀ ပါး
၁။ ခန္ဓာကိုယ်အနံ့ မွှေးကြိုင်သူ ဖြစ်ခြင်း၊
၂။ အခြံအရံပေါများသူ ဖြစ်ခြင်း၊
၃။ လျင်သော ဉာဏ်ပညာရှိသူ ဖြစ်ခြင်း၊
၄။ ကျော်ဇောခြင်းရှိသူ ဖြစ်ခြင်း၊
၅။ ထက်မြက်သော ပညာရှိသူ ဖြစ်ခြင်း၊
၆။ မြေကြီးအထုနှင့် တူသော ဉာဏ်ပညာရှိသူ ဖြစ်ခြင်း၊
၇။ ဟာသဉာဏ်ရှိသူ ဖြစ်ခြင်း၊
၈။ နက်နဲသော ဉာဏ်ပညာရှိသူ ဖြစ်ခြင်း၊
၉။ ပြန့်ပြောသော ပညာရှိသူ ဖြစ်ခြင်း၊
၁၀။ ဇဝနဉာဏ်ရှိသူ ဖြစ်ခြင်း။ (အပ၊၁၊၃၇၀။) (အပ၊မြန်၊၁။၃၇၉။)♦
အမွေခံ ၂ မျိုး
၁။ ဓမ္မဒါယာဒ- တရားအမွေခံ၊
၂။ အာမိသဒါယာဒ- ပစ္စည်းအမွေခံ။ (မ၊၁၊၁၅။) (မ၊မြန်၊၁။၁၇။)♦
အမှတ်မရထိုက်သော တရား ၁၀ ပါး
၁။ သူ့အသက် သတ်ခြင်း၊
၂။ သူ့ဥစ္စာခိုးခြင်၊
၃။ ကာမတို့၌ မှားယွင်းစွာ ကျင့်ခြင်း၊
၄။ မဟုတ်မမှန် ပြောဆိုခြင်း၊
၅။ ကုန်းချောခြင်း၊
၆။ ရုန့်ရင်း ကြမ်းတမ်းသော စကားကို ပြောဆိုခြင်း၊
၇။ ပြိန်ဖျင်းသော စကားကို ပြောဆိုခြင်း၊
၈။ သူတစ်ပါးဥစ္စာကို ရှေးရှုကြံစည်ခြင်း၊
၉။ သတ္တဝါတို့အား ဖျက်ဆီးလိုခြင်း၊
၁၀။ မှားသော အမြင်ရှိခြင်း။ (အံ၊၃၊၄၈၂-၄၈၇။) (အံ၊မြန်၊၃။၄၇၂-၄၇၈။)♦
အမှတ်ရထိုက်သော တရား ၁၀ ပါး
၁။ သူ့အသက် သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း၊
၂။ သူ့ဥစ္စာ ခိုးယူ ခြင်းမှ ရှောင်ကြဉ်ခြင်း၊
၃။ ကာမတို့၌ မှားယွင်းသော အကျင့်မှ ရှောင်ကြဉ်ခြင်း၊
၄။ မဟုတ် မမှန် ပြောမှုမှ ရှောင်ကြဉ်ခြင်း၊
၅။ ကုန်းချောမှုမှ ရှောင်ကြဉ်ခြင်း၊
၆။ ရုန့်ရင်း ကြမ်းတမ်းစွာ ပြောဆိုမှုမှ ရှောင်ကြဉ်ခြင်း၊
၇။ ပြိန်ဖျင်းသော စကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း၊
၈။ သူတစ်ပါးဥစ္စာကို ရှေးရှုကြံစည်မှုမှ ရှောင်ကြည်ခြင်း၊
၉။ သတ္တဝါ တို့အား ဖျက်ဆီးလိုမှုမှ ရှောင်ကြဉ်ခြင်း၊
၁၀။ မှန်သော အမြင်ရှိခြင်း။ (အံ၊၃၊၄၈၂-၄၈၇။) (အံ၊မြန်၊၃။၄၇၂-၄၇၈။)♦
အမှီ နိဿယည်းဆရာ မရှိဘဲ နေနိုင်သော ရဟန်း,ရဟန်းမတို့ အင်္ဂါ ၅ ပါး
၁။ ပဝါရဏာကို သိခြင်း၊
၂။ ပဝါရဏာကံကို သိခြင်း၊
၃။ ပါတိမောက်ကို သိခြင်း၊
၄။ ပါတိမောက်ပြခြင်းကို သိခြင်း၊
၅။ ငါးဝါ, ငါးဝါထက် ကျော်လွန်ခြင်း။ (ဝိ၊၅၊၂၃၄။) (ဝိ၊မြန်၊၅။၃၂၄။)♦
အမှီ နိဿယည်းဆရာ မရှိဘဲ နေနိုင်သော ရဟန်း,ရဟန်းမတို့၏ အင်္ဂါ ၅ ပါး (တစ်နည်း)
၁။ အာပတ်ဟုတ်သည် မဟုတ်သည်ကို သိခြင်း၊
၂။ ပေါ့သောအာပတ် လေးသောအာပတ်ကို သိခြင်း၊
၃။ အကြွင်းရှိသော အာပတ်, အကြွင်းမရှိသော အာပတ်ကို သိခြင်း၊
၄။ ရုန့်ရင်းသော အာပတ်, မရုန့်ရင်းသော အာပတ်ကို သိခြင်း၊
၅။ ငါးဝါ, ငါးဝါထက် ကျော်လွန်ခြင်း။ (ဝိ၊၅၊၂၃၄။) (ဝိ၊မြန်၊၅။၃၂၄။)♦
အမှီ နိဿယည်းဆရာ မရှိဘဲ အသက်ထက်ဆုံး နေနိုင်သော ရဟန်း အင်္ဂါ ၅ ပါး
၁။ အာပတ် ဟုတ်သည် မဟုတ်သည်ကို သိခြင်း၊
၂။ ပေါ့သော အာပတ်, လေးသော အာပတ်ကို သိခြင်း၊
၃။ အကြွင်းရှိသော အာပတ်, အကြွင်းမရှိသော အာပတ်ကို သိခြင်း၊
၄။ ရုန့်ရင်းသော အာပတ် မရုန့်ရင်းသော အာပတ်ကို သိခြင်း၊
၅။ ငါးဝါ, ငါးဝါအထက် ကျော်လွန်ခြင်း။ (ဝိ၊၅၊၃၁၄။) (ဝိ၊မြန်၊၅။၄၁၂။)♦
အမှီပြု၍ ပယ်အပ်သော တရား ၄ ပါး
၁။ အာဟာရကြောင့် ဖြစ်သော ကိုယ်၌ အာဟာရကို အမှီပြု၍ အာဟာရကို ပယ်အပ်ခြင်း၊
၂။ တဏှာကြောင့် ဖြစ်သော ကိုယ်၌ တဏှာကို အမှီ ပြု၍ တဏှာကို ပယ်အပ်ခြင်း၊
၃။ မာနကြောင့် ဖြစ်သော ကိုယ်၌ မာနကို အမှီပြု၍ မာနကို ပယ်အပ်ခြင်း၊
၄။ မေထုန်ကြောင့် ဖြစ်သော ကိုယ်၌ မေထုန်ကို မဂ်ဖြင့် အကြွင်းမဲ့ ပယ်အပ်ခြင်း။ (အံ၊၁၊၄၆၃။) (အံ၊မြန်၊၁။၄၇၅။)♦
အမှီသဟဲ ၃ မျိုး
၁။ ဒါနသာလျှင်ဖြစ်သော ကောင်းမှုကုသိုလ်ဟူသော ပြုသင့်ပြုထိုက်သော အမှီသဟဲ၊
၂။ သီလသာလျှင်ဖြစ်သော ကောင်းမှုကုသိုလ်ဟူသော ပြုထိုက်သော အမှီသဟဲ၊
၃။ ဘာဝနာသာလျှင်ဖြစ်သော ကောင်းမှုကုသိုလ်ဟူသော ပြုထိုက်သော အမှီသဟဲ။ (ဣတိဝုတ်၊ဋ္ဌ၊၇၀။)♦
အမှောင်အလင်း ဆိုင်ရာ ပုဂ္ဂိုလ် ၄ မျိုး
၁။ အမှောင်၌ ဖြစ်၍ အမှောင်လျှင်လည်း လျောင်းရာ ရှိသော ပုဂ္ဂိုလ်၊
၂။ အမှောင်၌ ဖြစ်၍ အလင်းလျှင်လည်း လျောင်းရာရှိသော ပုဂ္ဂိုလ်၊
၃။ အလင်း၌ ဖြစ်၍ အမှောင်လျှင်လည်း လျောင်းရာရှိသော ပုဂ္ဂိုလ်၊
၄။ အလင်း၌ ဖြစ်၍ အလင်းလျှင်လည်း လျောင်းရာရှိသော ပုဂ္ဂိုလ်။ (အံ၊၁၊၃၉၇။) (အံ၊မြန်၊၁။၄၁၁။)♦
အမိဝမ်း၌ ဖြစ်ခြင်း ၄ မျိုး
၁။ ဤလောက၌ အချို့သူသည် ပညာအဆင်အခြင်မဲ့သည် ဖြစ်၍ အမိဝမ်းသို့ သက်၏၊ ပညာအဆင်အခြင်နှင့်ပြည့်စုံသည် ဖြစ်၍ အမိဝမ်း၌ တည်၏၊ ပညာအဆင်အခြင် မဲ့သည်ဖြစ်၍ အမိဝမ်းမှ ထွက်၏၊
၂။ ဤလောက၌ အချို့သူသည် ပညာ အဆင်အခြင်နှင့် ပြည့်စုံသည် ဖြစ်၍ အမိဝမ်းသို့ သက်၏၊ ပညာအဆင်အခြင်မဲ့သည် ဖြစ်၍ အမိဝမ်း၌ တည်၏၊ ပညာအဆင်အခြင်မဲ့သည် ဖြစ်၍ အမိဝမ်းမှ ထွက်၏၊
၃။ ဤလောက၌ အချို့သူသည် ပညာအဆင်အခြင်နှင့် ပြည့်စုံသည်ဖြစ်၍ အမိဝမ်းသို့ သက်၏၊ ပညာ အဆင်အခြင်နှင့် ပြည့်စုံသည်ဖြစ်၍ အမိဝမ်း၌ တည်၏၊ ပညာအဆင်အခြင်မဲ့သည် ဖြစ်၍ အမိဝမ်းမှ ထွက်၏၊
၄။ ဤလောက၌ အချို့သူသည် ပညာအဆင်အခြင်နှင့် ပြည့်စုံသည်ဖြစ်၍ အမိဝမ်းသို့ သက်၏၊ အမိဝမ်း၌ တည်၏၊ အမိဝမ်းမှ ထွက်၏။ (မ၊ဋ္ဌ၊၄၊၁၂၆။)♦
အမိုး ၅ မျိုး
၁။ အုတ်အမိုး၊
၂။ ကျောက်အမိုး၊
၃။ သစ်ရွက်အမိုး၊
၄။ အင်္ဂတေအမိုး၊
၅။ မြက် အမိုး။ (သာရတ္ထ၊ဋီ၊၃၊၇။) (ဝိမတိ၊၂၊၅။)♦
အမိုက်မှောင် ၃ မျိုး
၁။ အတိတ်ကာလကို အကြောင်းပြု၍ သို့လောသို့လော ယုံမှား တွေးတောလျက် မကြည်လင် မဆုံးဖြတ်နိုင်ခြင်း၊
၂။ အနာဂတ်ကာလကို အကြောင်းပြု၍ သို့လောသို့လော ယုံမှားတွေးတောလျက် မကြည်လင် မဆုံးဖြတ်နိုင်ခြင်း၊
၃။ ပစ္စုပ္ပန် ကာလကို အကြောင်းပြု၍ သို့လောသို့လော ယုံမှားတွေးတောလျက် မကြည်လင် မဆုံးဖြတ်နိုင်ခြင်း။ (အဘိ၊ဝိ၊၃၈၂။) (အဘိ၊ဝိ၊မြန်၊၂။၄၇၈။)♦
အမိုက်မှောင် အင်္ဂါ ၄ ပါး
၁။ လဆုတ်ပက္ခ ၁၄ ရက် ဖြစ်ခြင်း၊
၂။ ယင်းလဆုတ် ၁၄ ရက် ညသန်းခေါင်အချိန် ဖြစ်ခြင်း၊
၃။ သစ်ပင်တို့ဖြင့် ပိတ်ဖုံးနေသော တစ်ခဲနက် တောအုပ် ဖြစ်ခြင်း၊
၄။ မိုးတိမ်အုပ်ခြင်း။ (မဟာနိ၊၃၅၆။) (ဝိ၊ဋ္ဌ၊၁၊၁၄၀။) (ဒီ၊ဋ္ဌ၊၁၊၂၀၄။) (မ၊ဋ္ဌ၊၁၊၁၃၄။) (သံ၊ဋ္ဌ၊၁၊၁၂၅။) (ဒီ၊ဋ္ဌ၊မြန်၊၁။၄၀၁။)♦
အမိုးအကာ ၇ မျိုး
၁။ ရာဂအမိုးအကာ၊
၂။ ဒေါသအမိုးအကာ၊
၃။ မောဟအမိုးအကာ၊
၄။ မာန အမိုးအကာ၊
၅။ ဒိဋ္ဌိအမိုးအကာ၊
၆။ အဝိဇ္ဇာအမိုးအကာ၊
၇။ ဒုစရိုက်အမိုးအကာ။ (ဒီ၊ဋ္ဌ၊၁၊၂၂၃။) (ဒီ၊ဋ္ဌ၊မြန်၊၁။၄၄၀။)♦
အမူလကသိက္ခာပုဒ်၌ အင်္ဂါ ၄ မျိုး
၁။ ရဟန်းဖြစ်ခြင်း၊
၂။ သံဃာဒိသိသ်အာပတ် အခြေအမြစ် မရှိခြင်း၊
၃။ စွပ်စွဲ ဖျက်ဆီးခြင်း၊
၄။ ထိုစွပ်စွဲသော ခဏ၌ပင် သိခြင်း။ (သာရတ္ထ၊ဋီ၊၃၊၉၄။)♦
အမေး ၅ မျိုး
၁။ ပင်ကိုအားဖြင့် မမြင်, မသိ, နားမလည်သော လက္ခဏာကို မြင်အောင်, သိနားလည်အောင် မေးမြန်းခြင်း- အဒိဋ္ဌဇောတနာပုစ္ဆာ၊
၂။ ပင်ကိုအားဖြင့် သိမြင်ပြီး, နားလည် ပြီးသော လက္ခဏာကို အခြားပညာရှိတို့နှင့် နှီးနှောရန် မေးမြန်းခြင်း- ဒိဋ္ဌသံသန္ဒနာပုစ္ဆာ၊
၃။ ပင်ကိုအားဖြင့် ယုံမှားသံသယ ဖြစ်သော အရာကို ယုံမှားခြင်းကို ပယ်ဖျောက်ရန် မေးမြန်းခြင်း- ဝိမတိစ္ဆေဒနာပုစ္ဆာ၊
၄။ တရားဟောရာအခါ၌ တရားနာသူတို့၏ အလိုကို ယူ၍ မေးမြန်းခြင်း- အနုမတိပုစ္ဆာ၊
၅။ ကိုယ်တိုင်မေး၍ ကိုယ်တိုင်ဖြေကြားလိုသော သူ၏ မေးမြန်းခြင်း- ကထေတုကမျတာပုစ္ဆာ။ (မ၊ဋ္ဌ၊၂၊၂၃၅။)♦
အမ္ဗဋ္ဌလုလင်၏ ကျွမ်းကျင်မှု ၁၂ မျိုး
၁။ ဝေဒကျမ်းလာ ဂါထာတို့ကို ရွတ်ဆိုတတ်ခြင်း၊
၂။ ဝေဒကျမ်းတို့ကို အာဂုံအလွတ်ဆောင်ထားနိုင်ခြင်း၊
၃။ အဘိဓာန် (နိဃဏ္ဍု) ကျမ်း အရာ၌ တစ်ဖက်ကမ်းခပ် တတ်မြောက်ခြင်း၊
၄။ အလင်္ကာ (ကေဋုဘ) ကျမ်းအရာ၌ တစ်ဖက် ကမ်းခပ် တတ်မြောက်ခြင်း၊
၅။ သဒ္ဒါ (အက္ခရပ္ပဘေဒ) ကျမ်းအရာ တစ်ဖက်ကမ်းခပ် တတ်မြောက်ခြင်း၊
၆။ ရှေးဟောင်းသမိုင်း (ဣတိဟာသ) ကျမ်းအရာ၌ တစ်ဖက်ကမ်းခပ် တတ်မြောက်ခြင်း၊
၇။ ဗေဒင်သုံးပုံအရာ၌ တစ်ဖက်ကမ်းခပ် တတ်မြောက်ခြင်း၊
၈။ ဝေဒကျမ်းလာ ပုဒ်ရင်းတို့ကို ထုတ်နုတ်စီရင်ပြသော ပဒကျမ်းကို တတ်မြောက်ခြင်း၊
၉။ ဓာတ် ပစ္စည်း ဝိဘတ်တို့ဖြင့် ဝေဖန်၍ ပုဒ်တို့၏ ပြီးစီးပုံကို ပြဆိုသော ဗျာကရုဏ်းကျမ်းကို တတ်မြောက်ခြင်း၊
၁၀။ မျက်မြင် လောက အကြောင်းအရာကို ပြဆိုသော လောကာယတကျမ်းကို တတ်မြောက်ခြင်း၊
၁၁။ ယောကျ်ားမြတ်တို့၏ လက္ခဏာကို ပြဆိုသော မဟာပုရိသလက္ခဏာကျမ်းတို့ကို တတ်မြောက်ခြင်း၊
၁၂။ ဗေဒင်သုံးပုံကျမ်းလာ စကားအရာတွင် ဆရာဖြစ်သူက ငါသိသည်ကို သင်သိသည်၊ သင်သိသည်ကို ငါသိသည်ဟု အသိမှတ်ပြုခြင်း ခံထားရသည့်အပြင် သူကိုယ်တိုင်ကလည်း ဝန်ခံထားခြင်း။ (ဒီ၊၁၊၈၂။) (ဒီ၊မြန်၊၁။၉၈။)♦
အယုဇ္ဈပုရပြည် ၂ ပြည်
၁။ အသုရာပြည်၊
၂။ တာဝတိံသာနတ်ပြည်။ (ဇာ၊ဋ္ဌ၊၁၊၂၂၀။)♦
အယုတ် ၃ မျိုး
၁။ သားကောင်တို့တွင် မြေခွေး၊
၂။ ငှက်တို့တွင် ကျီးငှက်၊
၃။ သစ်ပင်တို့တွင် ကြက်ဆူပင်။ (ဇာ၊ဋ္ဌ၊၂၊၃၉၈။)♦
အယုတ်ဆုံး ဒိဋ္ဌိ ၃ မျိုး
၁။ ကုသိုလ်, အကုသိုလ် မရှိ စသည်ဖြင့် ယူသော အယူမှား၊
၂။ ကုသိုလ်, အကုသိုလ်ကို မပြုသင့် ဟူသော အယူမှား၊
၃။ တမလွန်လောက မရှိ စသည်ဖြင့် ယူသော အယူမှား။ (ဣတိဝုတ်၊ဋ္ဌ၊၉၉။)♦
အယူ ၁၀ မျိုး (မကောင်းမှု တိုးပွားစေသော အယူ ၁၀ မျိုး)
၁။ ပေးလှူခြင်း၏ အကျိုးမရှိ ဟူသော အယူ၊
၂။ ယဇ်အလှူကြီး၏ အကျိုး မရှိဟူသော အယူ၊
၃။ ယဇ်အလှူငယ်၏ အကျိုးမရှိ ဟူသော အယူ၊
၄။ ကောင်းမှုကံ မကောင်းမှုကံတို့၏ အကျိုးဖျား အကျိုးရင်းမရှိ ဟူသော အယူ၊
၅။ ဤပစ္စုပ္ပန်လောက မရှိဟူသော အယူ၊
၆။ တမလွန်လောက မရှိဟူသော အယူ၊
၇။ အမိ၌ အကောင်းအဆိုး ပြုကျိုးသည် မရှိဟူသော အယူ၊
၈။ အဖ၌ အကောင်းအဆိုး ပြုကျိုးသည် မရှိဟူသော အယူ၊
၉။ စုတေပြီး၍ ပဋိသန္ဓေနေရကုန်သော သတ္တဝါတို့ မရှိ ဟူသော အယူ၊
၁၀။ ဤပစ္စုပ္ပန်လောကကိုလည်းကောင်း တမလွန်လောကကိုလည်းကောင်း ထူးသောဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက်ပြု၍ သိစေကုန်သော ကောင်းစွာ သိကုန်သော ကောင်းစွာ ကျင့်ကုန်သော ရဟန်းပုဏ္ဏားတို့သည် မရှိဟူသော အယူ။ (မ၊၃၊၉၉။) (မ၊မြန်၊၃။၁၀၃။)♦
အယူကို မစွန့်မူ၍ အပါယ်ငရဲ၌ ဖြစ်လတ္တံ့သော သူ ၃ ယောက်
၁။ မြတ်သော အကျင့်ကို မကျင့် ဘဲလျက် ကျင့်၏ဟု ဝန်ခံသော သူ၊
၂။ ရဟန္တာကို မမြတ်သော အကျင့်ဖြင့် စွပ်စွဲသော သူ၊
၃။ ကာမဂုဏ်၌ အပြစ်မရှိဟု ဆိုလေ့ရှိသည် ဖြစ်၍ ကာမဂုဏ်မှီဝဲခြင်းသို့ ရောက်သော သူ။ (ဝိ၊၅၊၂၂၂။) (ဝိ၊မြန်၊၅။၃၁၀။)♦
အယူပျက်သော ပုဂ္ဂိုလ် ၃ ဦး
၁။ တိတ္ထိများ၊
၂။ တိတ္ထိ၏ တပည့်များ၊
၃။ မိစ္ဆာအယူရှိသူများ။ (ပဋိသံ၊၁၅၉။) (ပဋိသံ၊မြန်။၂၀၄။)♦
အယူမှန် ပုဂ္ဂိုလ် ၃ ဦး
၁။ ဘုရားရှင်၊
၂။ ဘုရားရှင်၏ တပည့်သာဝက၊
၃။ သမ္မာအယူရှိသူများ။ (ပဋိသံ၊၁၅၉။) (ပဋိသံ၊မြန်။၂၀၄။)♦
အယူမှား ၃ မျိုး
၁။ ချမ်းသာခြင်း သုခ, ဆင်းရဲခြင်း ဒုက္ခ, ချမ်းသာ ဆင်းရဲ မဟုတ်သော လျစ်လျူရှုခြင်း ဥပေက္ခာ ဟူသော ခံစားမှုအားလုံး ရှေးက ပြုခဲ့ဖူးသော အကြောင်းကြောင့်သာ ဖြစ်သည်ဟု ယူသော အယူမှား၊
၂။ ချမ်းသာခြင်း သုခ, ဆင်းရဲခြင်း ဒုက္ခ, ချမ်းသာဆင်းရဲ မဟုတ်သော လျစ်လျူရှုခြင်း ဥပေက္ခာ ဟူသော ခံစားမှုအားလုံး လောကကို အစိုးရသူ ဖန်ဆင်းမှု ဟူသော အကြောင်းကြောင့် ဖြစ်သည် ဟူသော အယူမှား၊
၃။ ချမ်းသာခြင်း သုခ, ဆင်းရဲခြင်း ဒုက္ခ, ချမ်းသာဆင်းရဲ မဟုတ်သော လျစ်လျူရှုခြင်း ဥပေက္ခာဟူသော ခံစားမှု အားလုံး မည်သည့်အကြောင်း အထောက်အပံ့မျှ မရှိဘဲ ဖြစ်သည် ဟူသော အယူမှား။ (အံ၊၁၊၁၇၄။) (အံ၊မြန်၊၁။၁၉၂။)♦
အယောနိသော မနသိကာရ ၄ မျိုး
၁။ မမြဲသော တရားတို့ကို မြဲ၏ဟု နှလုံးသွင်းခြင်း၊
၂။ ဆင်းရဲသော တရားတို့ကို ချမ်းသာ၏ဟု နှလုံးသွင်းခြင်း၊
၃။ အတ္တမဟုတ်သော တရားတို့ကို အတ္တဟု နှလုံးသွင်းခြင်း၊
၄။ မတင့်တယ်သော တရားတို့ကို တင့်တယ်၏ဟု နှလုံးသွင်းခြင်း။ (သံ၊ဋ္ဌ၊၃၊၁၇၇။)♦
အယောနိသော မနသိကာရ စသည် ဖြစ်ကြောင်း တရား ၃ ပါး
၁။ မုဋ္ဌဿစ္စ- သတိ မေ့ပျောက်ခြင်း၊
၂။ အသမ္ပဇည- ဆင်ခြင်ဉာဏ် ကင်းခြင်း၊
၃။ စေတသောဝိက္ခေပ- စိတ်ပျံ့လွင့်ခြင်း။ (အံ၊၃၊၃၇၁။) (အံ၊မြန်၊၃။၃၆၈။)♦
အယောနိသောမနသိကာရကြောင့် ပြည့်သော တရား၂ ပါး
၁။ အဝိဇ္ဇာ- သစ္စာလေးပါးတို့၌ မသိခြင်း၊
၂။ ဘဝတဏှာ- ဘဝ၌ စွဲလမ်းတပ်မက်ခြင်း။ (မ၊ဋ္ဌ၊၁၊၆၇။)♦
အရက် ၅ မျိုး
၁။ ပုပ္ဖါသဝ- အပွင့်ဖြင့် ပြုလုပ်အပ်သော အရက်၊
၂။ ဖလာသဝ- အသီးဖြင့် ပြုလုပ်အပ်သော အရက်၊
၃။ မဓာါသဝ- ပျားရည်ဖြင့် ပြုလုပ်အပ်သော အရက် (မယ်ဇယ် ပွင့်ဖြင့် ပြုလုပ်အပ်သော အရက်)၊
၄။ ဂုဠာသဝ- ထန်းလျက်ဖြင့် ပြုလုပ်အပ်သော အရက်၊
၅။ သမ္ဘာရသံယုတ္တာ- အမျိုးမျိုးသော အရက်ပြုလုပ်မည့် အဆောက်အဦများကို ထည့်၍ ပြုလုပ်အပ်သော အရက်။ (ဝိ၊၂၊၁၄၆။) (ဣတိဝုတ်၊ဋ္ဌ၊၂၂၁။) (ဝိမာန၊ဋ္ဌ၊၆၆။) (သာရတ္ထ၊ဋီ၊၃၊၂၅၂။) (ဝိ၊မြန်၊၂။၁၆၄။)♦
အရင်းသို့ ငင်ထိုက်သော ရဟန်းတို့၏ ကျင့်ဝတ် ၉၄ ပါး
ပရိဝါသ်ဆောက်တည်သော ရဟန်း၏ ကျင့်ဝတ် ၉၄ ပါးနှင့် တူသည်။ ♦
အရင်းသို့ ငင်ထိုက်သော ရဟန်းတို့အား ခွင့်ပြုအပ်သော အမှုကိစ္စ ၁၅ ပါး
၁။ အရင်းသို့ ငင်ထိုက်သော ရဟန်းတို့အား အချင်းချင်း သီတင်းကြီးစဉ်အတိုင်း ရှိခိုးခြင်း၊
၂။ ခရီးဦး ကြိုဆိုခြင်း၊
၃။ လက်အုပ်ချီခြင်း၊
၄။ အရိုအသေပြုခြင်း၊
၅။ နေရာခင်းခြင်း၊
၆။ အိပ်ရာ ခင်းခြင်း၊
၇။ ခြေဆေးရေ တည်ထားခြင်း၊
၈။ ခြေဆေးအင်းပျဉ်နှင့် ခြေပွတ်အိုးခြမ်း ထားခြင်း၊
၉။ သပိတ်သင်္ကန်းကို လှမ်းယူခြင်း၊
၁၀။ ရေချိုးရာ၌ ကျောက်ကုန်းကို ကြေးပွတ်ခြင်း၊
၁၁။ ဥပုသ်ပြုခြင်း၊
၁၂။ ပဝါရဏာပြုခြင်း၊
၁၃။ မိုးရေခံသင်္ကန်းကို ခံယူခြင်း၊
၁၄။ ဥဒ္ဒေသ ဘတ်စသော ဆွမ်းဝတ်ကို စွန့်ခြင်း၊
၁၅။ သံဃဘတ်စသည်ကို ခံယူခြင်း။ (ဝိ၊၄၊၈၈။) (ဝိ၊မြန်၊၄။၈၃။)♦
အရဏဝိဟာရဉာဏ် ၃ ပါး
၁။ ဝိပဿနာ- အနိစ္စ စသည်အားဖြင့် တရားတို့ကို အထူးထူးသော အခြင်းအရာဖြင့် ရှုခြင်း၊
၂။ ဖလသမာပတ္တိ- ဖိုလ်သို့ ကောင်းစွာ ရောက်ခြင်း, ဖိုလ်ဝင်စားခြင်း၊
၃။ ပဏီတာဓိမုတ္တိ- ကောင်းမြတ်သော အလိုဆန္ဒ နှလုံးသွင်းခြင်း။ (ပဋိသံ၊ဋ္ဌ၊၁၊၂၈၂။)♦
အရတ္တဖိုလ်ကို ပြောကြားခြင်း ၅ မျိုး
၁။ ပညာနုံ့သည် တွေဝေသည်၏ အဖြစ်ကြောင့် အရဟတ္တ ဖိုလ်ကို ပြောကြားခြင်း၊
၂။ ယုတ်ညံ့သော အလိုဆိုး နှိပ်စက်သည် ဖြစ်၍ ပြောကြားခြင်း၊
၃။ ရူးသွပ် စိတ်ပျံ့လွင့်သောကြောင့် ပြောကြားခြင်း၊
၄။ အထင်ကြီးလိုသောကြောင့် ပြောကြားခြင်း၊
၅။ ဟုတ်မှန်သည့် အတိုင်း အရဟတ္တဖိုလ်ကို ပြောကြားခြင်း။ (ဝိ၊၅၊၃၂၇။) (ဝိ၊မြန်၊၅။၄၂၉။)♦
အရပ် လေးမျက်နှာတို့၌ အပိတ်အပင်မရှိ လှည့်လည်နိုင်ကြောင်း တရား ၅ ပါး
၁။ သီလရှိ၍ ပါတိမောက္ခသံဝရသီလကို စောင့်ထိန်းခြင်း၊
၂။ အကြားအမြင် များခြင်း၊
၃။ ရတတ်သမျှ သင်္ကန်း ဆွမ်း ကျောင်း ဆေးဖြင့် ရောင့်ရဲခြင်း၊
၄။ မျက်မှောက်ဘဝ၌ ချမ်းသာစွာ နေကြောင်း ဖြစ်သော ဈာန် ၄ ပါးကို လိုတိုင်းရခြင်း၊
၅။ အာသဝေါကင်းသော လွတ်မြောက်မှု အရဟတ္တ ဖိုလ် ပညာကို ယခုဘဝ၌ပင် မျက်မှောက်ပြုလျက် နေခြင်း။ (အံ၊၂၊၁၁၉။) (အံ၊မြန်၊၂။၁၄၆။)♦
အရပ်မျက်နှာ ၆ ပါး (သိင်္ဂါလသတို့သားအား ဘုရားဟောသော အရပ်မျက်နှာ ၆ ပါး)
၁။ အမိအဘ တို့ကို အရှေ့အရပ်၊
၂။ ဆရာသမားတို့ကို တောင်အရပ်၊
၃။ သားမယားကို အနောက်အရပ်၊
၄။ ချစ်သော အဆွေခင်ပွန်းကို မြောက်အရပ်၊
၅။ အစေအပါးတို့ကို အောက်အရပ်၊
၆။ သမဏ ဗြာဟ္မဏတို့ကို အထက်အရပ်။ (ဒီ၊၃၊၁၅၃-၁၅၄။) (ဒီ၊မြန်၊၃။၁၇၁။)(ဇာ၊ဋ္ဌ၊၃၊၂၂၀။)♦
အရဟတ္တဖိုလ် မရကြောင်း တရား ၆ ပါး
၁။ စိတ်၏ ထိုင်းမှိုင်းခြင်း၊
၂။ စေတသိက်တို့၏ လေးလံခြင်း၊
၃။ နောင်တ ပူပန်ခြင်း၊
၄။ ယုံကြည်ခြင်း သဒ္ဓါ မရှိခြင်း၊
၅။ မေ့လျော့ခြင်း၊
၆။ ပျံ့လွင့်ခြင်း။ (အံ၊၂၊၃၆၈။) (အံ၊မြန်၊၂။၄၆၂-၄၆၃။)♦
အရဟတ္တဖိုလ် မရကြောင်း တရား ၆ ပါး
၁။ မာန်မူမှု မပယ်ခြင်း၊
၂။ ယုတ်သော မာန်မူမှုကို မပယ်ခြင်း၊
၃။ အလွန်မာန်မူမှုကို မပယ်ခြင်း၊
၄။ အထင်ကြီးမှုကို မပယ်ခြင်း၊
၅။ ခက်ထန် မှုကို မပယ်ခြင်း၊
၆။ အလွန်နိမ့်ကျမှုကို မပယ်ခြင်း။ (အံ၊၂၊၃၇၅။) (အံ၊မြန်၊၂။၄၇၃။)♦
အရဟတ္တဖိုလ် မရကြောင်းတရား ၁၀ ပါး
၁။ ရာဂ၊
၂။ ဒေါသ၊
၃။ မောဟ၊
၄။ အမျက်ထွက်မှု၊
၅။ ရန်ငြိုးဖွဲ့မှု၊
၆။ သူ့ကျေးဇူးကို ချေဖျက်မှု၊
၇။ ဂုဏ်တု ဂုဏ်ပြိုင်ပြုမှု၊
၈။ ငြူစူ စောင်းမြောင်းမှု၊
၉။ ဝန်တိုမှု၊
၁၀။ မာနထောင်မှု။ (အံ၊၃၊၄၂၆။) (အံ၊မြန်၊၃။၄၁၇။)♦
အရဟတ္တဖိုလ်ကျွန်းကို ပြုသော ပညာရှိတို့ ပြည့်စုံရမည့် တရား ၄ ပါး
၁။ လုံ့လပြုခြင်းဟု ဆိုအပ်သော ထကြွကြောင့်ကြမှုနှင့် ပြည့်စုံရခြင်း၊
၂။ သတိနှင့် မကင်းကွာသော အခြင်း အရာဟု ဆိုအပ်သော မမေ့မလျော့ခြင်းနှင့် ပြည့်စုံရခြင်း၊
၃။ လေးပါးသော ပါရိသုဒ္ဓိသီလဟု ဆိုအပ်သော စောင့်စည်းခြင်းနှင့် ပြည့်စုံရခြင်း၊
၄။ ဣန္ဒြေကို ဆုံးမခြင်းနှင့် ပြည့်စုံရခြင်း။ (ဓမ္မ၊ဋ္ဌ၊၁၊၁၆၂။)♦
အရဟတ္တဖိုလ်ကို ဆန့်ကျင်ဘက်တရားတို့ မဖျက်ဆီးနိုင်ကြောင်း ၂ မျိုး
၁။ မဂ်တည်း ဟူသော အကြောင်းကြောင့်လည်းကောင်း၊
၂။ နိဗ္ဗာန်တည်းဟူသော အာရုံကြောင့်လည်းကောင်း။ (သာရတ္ထ၊ဋီ၊၃၊၁၈၀။)♦
အရဟတ္တဖိုလ်ကို ပြောဆိုခြင်း ၅ မျိုး
၁။ ပညာနုံ့သည်၏ အဖြစ် တွေဝေသည်၏ အဖြစ်ကြောင့် ပြောဆိုခြင်း၊
၂။ ယုတ်ညံ့သော အလိုဆိုးကြောင့် ပြောဆိုခြင်း၊
၃။ ရူးသွပ်ခြင်းကြောင့် ပြောဆိုခြင်း၊
၄။ စိတ်ပျံ့လွင့်ခြင်းကြောင့် ပြောဆိုခြင်း၊
၅။ အထင်ကြီးသဖြင့် ပြောဆိုခြင်း။ (အံ၊၂၊၁၀၄။) (အံ၊မြန်၊၂။၁၂၇-၁၂၈။)♦
အရဟတ္တဖိုလ်ကို မျက်မှောက် မပြုကြောင်း တရား ၆ ပါး
၁။ စိတ်၏ ထိုင်းမှိုင်းမှုကို မပယ်ခြင်း၊
၂။ စေတသိက်တို့၏ လေးလံမှုကို မပယ်ခြင်း၊
၃။ စိတ်ပျံ့လွင့်မှုကို မပယ်ခြင်း၊
၄။ နောင်တ တစ်ဖန် ပူပန်မှုကို မပယ်ခြင်း၊
၅။ ယုံကြည်မှု သဒ္ဓါတရား မရှိခြင်းကို မပယ်ခြင်း (သဒ္ဓါတရား မရှိခြင်း)၊
၆။ မေ့လျော့မှုကို မပယ်ခြင်း။ (အံ၊၂၊၃၆၈။) (အံ၊မြန်၊၂။၄၆၂။)♦
အရဟတ္တဖိုလ်ကို မျက်မှောက်ပြုကြောင်း တရား ၄ ပါး
၁။ သူတော်ကောင်းကို မှီဝဲခြင်း၊
၂။ သူတော် ကောင်းတရားကို ကြားနာခြင်း၊
၃။ သင့်လျော်သောအားဖြင့် နှလုံးသွင်းခြင်း၊
၄။ တရားအား လျော်သော အကျင့်ကို ကျင့်ခြင်း။ (သံ၊၃၊၃၅၉။) (သံ၊၃၊၃၆၁။) (သံ၊မြန်၊၃။၃၆၄-၃၆၇။) (သံ၊မြန်၊၃။၃၆၄-၃၆၇။)♦
အရဟတ္တဖိုလ်ကို မျက်မှောက်ပြုကြောင်း တရား ၆ ပါး
၁။ စိတ်၏ ထိုင်းမှိုင်းမှုကို ပယ်ခြင်း၊
၂။ စေတသိက်တို့၏ လေးလံမှုကို ပယ်ခြင်း၊
၃။ စိတ်ပျံ့လွင့်မှုကို ပယ်ခြင်း၊
၄။ နောင်တ တစ်ဖန် ပူပန်မှုကို ပယ်ခြင်း၊
၅။ ယုံကြည်မှု သဒ္ဓါတရားမရှိခြင်းကို ပယ်ခြင်း (သဒ္ဓါတရား ရှိခြင်း။)၊
၆။ မေ့လျော့မှုကို ပယ်ခြင်း။ (အံ၊၂၊၃၆၈။) (အံ၊မြန်၊၂။၄၆၃။)♦
အရဟတ္တဖိုလ်ကို မျက်မှောက်ပြုရန် ပယ်ရမည့် တရား ၁၀ ပါး
၁။ ရာဂ၊
၂။ ဒေါသ၊
၃။ မောဟ၊
၄။ အမျက်ထွက်မှု၊
၅။ ရန်ငြိုးဖွဲ့မှု၊
၆။ သူ့ကျေးဇူးကို ချေဖျက်မှု၊
၇။ ဂုဏ်ပြိုင်မှု၊
၈။ ငြူစူမှု၊
၉။ ဝန်တိုမှု၊
၁၀။ မာန်ထောင်မှု။ (အံ၊၃၊၂၄၉။) (အံ၊မြန်၊၃။၂၄၉။)♦
အရဟတ္တဖိုလ်ကို မျက်မှောက်ပြုရန် ပယ်ရမည့် တရား ၉ ပါး
၁။ တပ်မက်မှု ရာဂ၊
၂။ ပြစ်မှားမှု ဒေါသ၊
၃။ တွေဝေမှု မောဟ၊
၄။ အမျက်ထွက်မှု ကောဓ၊
၅။ ရန်ငြိုးဖွဲ့မှု ဥပနာဟ၊
၆။ သူ့ ကျေးဇူးကို ချေဖျက်မှု မက္ခ၊
၇။ ဂုဏ်တုဂုဏ်ပြိုင်ပြုမှု ပဠာသ၊
၈။ ငြူစူ စောင်းမြောင်းမှု ဣဿာ၊
၉။ မနာလိုဝန်တိုမှု မစ္ဆရိယ။ (အံ၊၃၊၂၄၉။) (အံ၊မြန်၊၃။၂၄၉။)♦
အရဟတ္တဖိုလ်ကို ရင့်ကျက် ပြီးစေတတ်သော တရား ၁၅ ပါး (တစ်နည်း)
ဝိမုတ္တိပရိပါစနိယ တရား ၁၅ ပါးနှင့် တူသည်။ ♦
အရဟတ္တဖိုလ်ကို ရင့်ကျက်စေတတ်သော အကြောင်းတရား ၁၅ ပါး
၁။ သဒ္ဓါမဲ့သော ပုဂ္ဂိုလ်တို့ကို ရှောင်ကြဉ်ခြင်း၊
၂။ ပျင်းရိသော ပုဂ္ဂိုလ်တို့ကို ရှောင်ကြဉ်ခြင်း၊
၃။ သတိလွတ်သော ပုဂ္ဂိုလ် တို့ကို ရှောင်ကြဉ်ခြင်း၊
၄။ စိတ်သမာဓိ မတည်ကြည်သော ပုဂ္ဂိုလ်တို့ကို ရှောင်ကြဉ်ခြင်း၊
၅။ ပညာမဲ့သော ပုဂ္ဂိုလ်တို့ကို ရှောင်ကြဉ်ခြင်း၊
၆။ သဒ္ဓါတရားရှိသော ပုဂ္ဂိုလ်တို့ကို မှီဝဲ ဆည်းကပ်ခြင်း၊
၇။ လုံ့လဝီရိယရှိသော ပုဂ္ဂိုလ်တို့ကို မှီဝဲဆည်းကပ်ခြင်း၊
၈။ သတိတည်မြဲသော ပုဂ္ဂိုလ်တို့ကို မှီဝဲဆည်းကပ်ခြင်း၊
၉။ သမာဓိတည်ကြည်သော ပုဂ္ဂိုလ်တို့ကို မှီဝဲဆည်းကပ်ခြင်း၊
၁၀။ ပညာရှိသော ပုဂ္ဂိုလ်တို့ကို မှီဝဲဆည်းကပ်ခြင်း၊
၁၁။ ကြည်ညိုဖွယ်သော သုတ္တန်တို့ကို ဆင်ခြင်ခြင်း၊
၁၂။ သမ္မပ္ပဓာန်တို့ကို ဆင်ခြင်ခြင်း၊
၁၃။ သတိပဋ္ဌာန်တို့ကို ဆင်ခြင်ခြင်း၊
၁၄။ ဈာန်ဝိမောက္ခတို့ကို ဆင်ခြင်ခြင်း၊
၁၅။ ဉာဏ်၏ ကျက်စားရာ ဖြစ်သော ခန္ဓာ အာယတန စသော တရားကို ဆင်ခြင်ခြင်း။ (မ၊ဋ္ဌ၊၄၊၂၄၃။)♦
အရဟတ္တဖိုလ်ကို ရင့်ကျက်စေတတ်သော အကြောင်းတရား ၁၅ ပါး (တစ်နည်း)
၁။ သဒ္ဓိန္ဒြေ, ဝီရိယိန္ဒြေ, သတိန္ဒြေ, သမာဓိန္ဒြေ, ပညိန္ဒြေ ၅ ပါး၊
၂။ အနိစ္စသညာ, အနိစ္စလက္ခဏာဖြစ်သော တေဘူမကတရား၌ ဖြစ်သော ဒုက္ခသညာ, ဒုက္ခလက္ခဏာဖြင့် မှတ်အပ်သော တေဘူမက တရား၌ ဖြစ်သော အနတ္တသညာ, ပဟာနသညာ, ဝိရာဂသညာဟူသော ဝိပဿနာအဖို့၌ ဖြစ်ကုန်သော သညာ ၅ ပါး၊
၃။ မေဃိယမထေရ်အား ဟောအပ်သော မိတ်ကောင်းရှိသူ၏ အဖြစ် စသော တရား ၅ ပါး, ပေါင်း (၁၅။) ပါး။ (မ၊ဋ္ဌ၊၄၊၂၄၄။)♦
အရဟတ္တဖိုလ်ကို ရင့်စေတတ်သော သညာ ၅ ပါး
၁။ မမြဲ ‘‘အနိစ္စ’’ဟု မှတ်သော သညာ၊
၂။ အနိစ္စ၌ ဆင်းရဲ ‘‘ဒုက္ခ’’ဟု မှတ်သော သညာ၊
၃။ ဒုက္ခ၌ အတ္တမဟုတ် ‘‘အနတ္တ’’ဟု မှတ်သော သညာ၊
၄။ ပယ်ခြင်း၌ ဖြစ်သော သညာ၊
၅။ ရာဂကင်းခြင်း၌ ဖြစ်သော သညာ။ (ဒီ၊၃၊၂၀၁။) (ဒီ၊မြန်၊၃။၂၂၄။)♦
အရဟတ္တဖိုလ်နှင့် စပ်သော ပုဂ္ဂိုလ် ၃ မျိုး
၁။ အရဟတ္တဖိုလ်ကို တောင့်တခြင်းမရှိ သီလမရှိ၊ ယုတ်မာသော သဘောရှိခြင်း စသော မကောင်းသော အကျင့်ရှိသော ပုဂ္ဂိုလ်၊
၂။ အရဟတ္တဖိုလ်ကို တောင့်တခြင်းရှိသော သီလရှိခြင်း စသော ကောင်းသော အကျင့်ရှိသော ပုဂ္ဂိုလ်၊
၃။ အရဟတ္တ ဖိုလ်ကို တောင့်တခြင်း ကင်းပြီးသော အာသဝေါကုန်ခန်း ရဟန္တာ ဖြစ်ပြီးသော ပုဂ္ဂိုလ်။ (အံ၊၁၊၁၀၇။) (အံ၊မြန်၊၁။၁၂၄။)♦
အရဟတ္တဖိုလ်သို့ ရောက်စေနိုင်သော ဌာန ၂၁ ပါး
၁။ ကာယာနုပဿနာ၏ အစွမ်းအားဖြင့် ဌာန ၁၄ ပါး၊
၂။ ဝေဒနာနုပဿနာ၏ အစွမ်းအားဖြင့် ဌာန ၁ ပါး၊
၃။ စိတ္တာနုပဿနာ၏ အစွမ်း အားဖြင့် ဌာန ၁ ပါး၊
၄။ ဓမ္မာနုပဿနာ၏ အစွမ်းအားဖြင့် ဌာန ၅ ပါး ပေါင်း (၂၁) ပါး။ (ဒီ၊ဋီ၊၂၊၂၇၉။)♦
အရဟတ္တမဂ် ပယ်အပ်သော စိတ် ၅ ပါး၊
၁။ ဒိဋ္ဌိဂတဝိပ္ပယုတ်စိတ် ၄ ပါး၊
၂။ ဥဒ္ဓစ္စသဟဂုတ် စိတ် ၁ ပါး။ (အဘိ၊ဋ္ဌ၊၁၊၂၇၇။)♦
အရဟတ္တမဂ် ပယ်အပ်သော သံယောဇဉ် ၅ ပါး
၁။ ရူပရာဂသံယောဇဉ်။
၂။ အရူပရာဂ သံယောဇဉ်၊
၃။ မာနသံယောဇဉ်၊
၄။ ဥဒ္ဓစ္စသံယောဇဉ်၊
၅။ အဝိဇ္ဇာသံယောဇဉ်။ (ပဋိသံ၊ ၂၈၅။) (ပဋိသံ၊မြန်။၃၄၃။)♦
အရဟတ္တမဂ် ပယ်အပ်သော ဥပက္ကိလေသာ ၆ ပါး
၁။ အဘိဇ္ဈာဝိသမလောဘ-အဘိဇ္ဈာဟု ဆိုအပ်သော မသင့်တော်သော တပ်မက်မောမှု၊
၂။ ထောင်လွှားသော သဘောရှိသော ထမ္ဘ၊
၃။ သူ့ထက် သာလွန်လိုသော သဘောရှိသော သာရမ္ဘ၊
၄။ မာန်မာန၊
၅။ လွန်စွာ မာန်တက် သည်၏ အစွမ်းဖြင့် ဖြစ်သော အတိမာန၊
၆။ ယစ်ခြင်းကို စွဲလမ်းသော အခြင်းအရာအားဖြင့် ဖြစ်သော မဒ။ (မ၊ဋ္ဌ၊၁၊၁၇၅။)♦
အရဟတ္တမဂ်ကြောင့် ကင်းသော အနုသယ ၃ ပါး
၁။ မာနာနုသယ၊
၂။ ဘဝရာဂါနုသယ၊
၃။ အဝိဇ္ဇာနုသယ။ (ပဋိသံ၊၂၈၅-၂၈၆။) (ပဋိသံ၊မြန်။၃၄၃-၃၄၄။)♦
အရဟတ္တမဂ်ဖြင့် ကောင်းစွာ ဖြတ်အပ်သော တရား ၈ ပါး
၁။ ရူပရာဂ- ရူပဘဝ၌ တပ်မက် တတ်သော ရာဂ၊
၂။ အရူပရာဂ- အရူပဘဝ၌ တပ်မက်တတ်သော ရာဂ၊
၃။ မာန၊
၄။ ဥဒ္ဓစ္စ- စိတ်၏ မငြိမ်သက်ခြင်း, ပျံ့လွင့်ခြင်း၊
၅။ အဝိဇ္ဇာ- သစ္စာလေးပါးကို မသိခြင်း၊
၆။ မာနာနုသယ- အစဉ်မပြတ် ကိန်းဝပ် တည်နေတတ်သော မာန၊
၇။ ဘဝရာဂါနုသယ-သတ္တဝါတို့ သန္တာန်၌ အစဉ်မပြတ် ကိန်းဝပ်တည်နေတတ်သော ဘဝ၌ တပ်မက်မှု၊
၈။ အဝိဇ္ဇာ နုသယ- အဝိဇ္ဇာဟူသော အဖန်ဖန်ဖြစ်တတ် ကိန်းတတ်သော တရား (ဤတရား ရှစ်ပါးတို့မှ စိတ်သည် လွတ်မြောက်၏)။ (ပဋိသံ၊၇၀။) (ပဋိသံ၊မြန်။၉၂။)♦
အရဟာမည်ကြောင်း တရား ၇ ပါး
၁။ ထင်ရှားရှိသော ခန္ဓာငါးပါး၌ အမြင်မှားမှု ‘သက္ကာယ ဒိဋ္ဌိ’ မှ ဝေးကွာရခြင်း၊
၂။ မဝေခွဲနိုင်မှု ‘ဝိစိကိစ္ဆာ’မှ ဝေးကွာရခြင်း၊
၃။ ခွေး နွား စသည်တို့၏ အလေ့အကျင့်ကို အမှန်ဟု မှားသောအားဖြင့် သုံးသပ်မှု ‘‘သီလဗ္ဗတပရာမာသ’’မှ ဝေးကွာ ရခြင်း၊
၄။ စွဲမက်မှု ‘‘ရာဂ’’မှ ဝေးကွာရခြင်း၊
၅။ အမျက်ထွက်မှု ‘‘ဒေါသ’’မှ ဝေးကွာရခြင်း၊
၆။ တွေဝေမှု ‘‘မောဟ’’မှ ဝေးကွာရခြင်း၊
၇။ ထောင်လွှားမှု ‘‘မာန’’မှ ဝေးကွာရခြင်း။ (အံ၊၂၊ ၅၀၉။) (အံ၊မြန်၊၂။၆၃၄။)♦
အရှက်မဲ့သော ရဟန်း လက္ခဏာ ၃ မျိုး
၁။ စေတနာ စေ့ဆော်၍ အာပတ်သင့်ခြင်း၊
၂။ သင့်သော အာပတ်ကို ဖုံးကွယ်ခြင်း၊
၃။ ချစ်ခြင်း အစရှိသော အဂတိသို့ လိုက်ခြင်း။ (သာရတ္ထ၊ဋီ၊၃၊၂၆၇။)♦
အရှက်ရှိသော ရဟန်း လက္ခဏာ ၃ မျိုး
၁။ စေတနာနှင့် တကွ စေ့ဆော်၍ အာပတ် မသင့်ခြင်း၊
၂။ သင့်သော အာပတ်ကို မဖုံးကွယ်ခြင်း၊
၃။ အဂတိလိုက်စားမှု မရှိခြင်း။ (သာရတ္ထ၊ဋီ၊၁၊၁၉၀။)♦
အရှင်သခင် ကျင့်ဝတ် ၅ ပါး
၁။ ခွန်အားအလျောက် အလုပ်ကိစ္စကို ခိုင်းစေခြင်း၊
၂။ ထမင်း ရိက္ခာ ပေးခြင်း၊
၃။ မကျန်းမာသောအခါ ပြုစုခြင်း၊
၄။ ထူးဆန်းသော အရသာများကို ခွဲဝေ ပေးခြင်း၊
၅။ အခါအားလျော်စွာ အားလပ်ခွင့်ပေးခြင်း အဝတ်တန်ဆာစသည် ပေးခြင်း။ (ဒီ၊၃၊၁၅၅။) (ဒီ၊မြန်၊၃။၁၇၄။)♦
အရှုပ်အထွေး ၃ မျိုး
၁။ ရာဂတည်းဟူသော အရှုပ်အထွေး၊
၂။ ဒေါသတည်းဟူသော အရှုပ် အထွေး၃။ မောဟ တည်းဟူသော အရှုပ်အထွေး။ (နေတ္တိ၊ဝိဘာ၊၂၇၅။)♦
အရိဋ္ဌသိက္ခာပုဒ်၌ အင်္ဂါ ၂ ပါး
၁။ ဓမ္မကံ ဖြစ်ခြင်း၊
၂။ ဉတ်ကမ္မဝါစာဖြင့် အဖန်ဖန် ပြောဆို သော်လည်း အယူကို မစွန့်ခြင်း။ (ဝိမတိ၊၂၊၄၈။)♦
အရိဋ္ဌသိက္ခာပုဒ်၌ အင်္ဂါ ၃ ပါး
၁။ ဓမ္မကံ ဖြစ်ခြင်း၊
၂။ ဉတ်ကမ္မဝါစာဖြင့် အဖန်ဖန် ပြောဆိုခြင်း၊
၃။ အယူကို မစွန့်ခြင်း။ (သာရတ္ထ၊ဋီ၊၃၊၈၈။)♦
အရိပ် အမြွက် ဆင်တူရိုးမှား ၁၀ မျိုး
လေသ ၁၀ မျိုးနှင့် တူသည်။ ♦
အရိယ ဝေါဟာရ ၈ မျိုး
အရိယာပုဂ္ဂိုလ်တို့၏ စကားနှင့် တူသည်။ ♦
အရိယမဂ် အင်္ဂါ ၂ ပါး
၁။ သူတော်ကောင်းကို မှီခြင်း, သူတော်ကောင်းတရားကို နာခြင်းတည်း ဟူသော ပြင်ပအင်္ဂါ၊
၂။ အကြောင်းသင့် နှလုံးသွင်းခြင်း, လောကုတ္တရာနှင့် အညီ တရား ကျင့်ခြင်း တည်းဟူသော အတွင်းအင်္ဂါ။ (ဣတိဝုတ်၊ဋ္ဌ၊၃၀၉။)♦
အရိယဝံသတရား ၄ ပါး
၁။ စီဝရသန္တောသော- သင်္ကန်း၌ ရောင့်ရဲခြင်း၊
၂။ ပိဏ္ဍပါတသန္တောသော- ဆွမ်း၌ ရောင့်ရဲခြင်း၊
၃။ သေနာသနသန္တောသော- ကျောင်း၌ ရောင့်ရဲခြင်း၊
၄။ ဘာဝနာ ရာမတာ- ဘာဝနာ၌ မွေ့လျော်ခြင်း။ (ဒီ၊၃၊၁၈၈။) (အံ၊၁၊၃၃၆။) (ပဋိသံ၊ဋ္ဌ၊၁၊၂၇၁။) (ဒီ၊မြန်၊၃။၂၀၈။) (အံ၊မြန်၊၁။၃၅၁။)♦
အရိယာ ၄ မျိုး
၁။ အာစာရအရိယာ- ကောင်းသော အကျင့်၌ တည်သော အရိယာ၊
၂။ လိင်္ဂ အရိယာ- ဝတ်ခြင်းရုံခြင်းဟူသော ရဟန်း၏ အသွင်အပြင်ကို ယူခြင်းဖြင့် ရဟန်းနှင့် တူစွာ နေထိုင်သူ၊
၃။ ဒဿနအရိယာ- ရှုချင်ဖွယ်ကောင်းသော အဆင်းသဏ္ဌာန် ကိုယ်ဟန်ရှိသူ၊
၄။ ပဋိဝေဓအရိယာ- (သစ္စာ ၄ ပါးကို) ထိုးထွင်းသိမြင်သော အရိယာ။ (ဇာ၊ဋ္ဌ၊၂၊၃၈။)♦
အရိယာ တပည့် ဒါယိကာမတို့ ကြီးပွား တိုးတက်ခြင်း ၅ မျိုး
၁။ သဒ္ဓါတရားအားဖြင့် ကြီးပွား တိုးတက်ခြင်း၊
၂။ သီလအားဖြင့် ကြီးပွားတိုးတက်ခြင်း၊
၃။ သုတအားဖြင့် ကြီးပွား တိုးတက်ခြင်း၊
၄။ စာဂအားဖြင့် ကြီးပွားတိုးတက်ခြင်း၊
၅။ ပညာအားဖြင့် ကြီးပွားတိုးတက်ခြင်း။ (သံ၊၂၊ ၄၄၆။) (သံ၊မြန်၊၂။၄၄၂။)♦
အရိယာ တပည့်မ၏ မြတ်သော ကြီးပွားခြင်း ၅ မျိုး
၁။ သဒ္ဓါဖြင့် ကြီးပွားခြင်း၊
၂။ သီလဖြင့် ကြီးပွားခြင်း၊
၃။ သုတဖြင့် ကြီးပွားခြင်း၊
၄။ စာဂဖြင့် ကြီးပွားခြင်း၊
၅။ ပညာဖြင့် ကြီးပွားခြင်း။ (အံ၊၂၊၇၁။) (အံ၊မြန်၊၂။၈၆။)♦
အရိယာ တရား ၁၀ ပါး
၁။ သူ့အသက် သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း၊
၂။ သူ့ဥစ္စာခိုးယူခြင်းမှ ရှောင်ကြဉ်ခြင်း၊
၃။ ကာမတို့၌ မှားယွင်းသော အကျင့်မှ ရှောင်ကြဉ်ခြင်း၊
၄။ မဟုတ်မမှန် ပြောမှုမှ ရှောင်ကြဉ်ခြင်း၊
၅။ ကုန်းချောမှုမှ ရှောင်ကြဉ်ခြင်း၊
၆။ ရုန့်ရင်းကြမ်းတမ်းစွာ ပြောဆိုမှုမှ ရှောင်ကြဉ်ခြင်း၊
၇။ ပြိန်ဖျင်းသော စကား ပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း၊
၈။ သူတစ်ပါးဥစ္စာကို ရှေးရှုကြံစည်မှုမှ ရှောင်ကြည်ခြင်း၊
၉။ သတ္တဝါတို့အား ဖျက်စီးလိုမှုမှ ရှောင်ကြဉ်ခြင်း၊
၁၀။ မှန်သော အမြင်ရှိခြင်း။ (အံ၊၃၊၄၈၂။) (အံ၊မြန်၊၃။၄၇၂။)♦
အရိယာ ဖြစ်ကြောင်း တရား ၆ ပါး
၁။ ဈာန်မဂ်ဖိုလ်ကို တားမြစ်တတ်သော ပဉ္စာနန္တရိယကံနှင့် ပြည့်စုံသူ မဟုတ်ခြင်း၊
၂။ နိယတမိစ္ဆာဒိဋ္ဌိကိလေသာနှင့် ပြည့်စုံသူ မဟုတ်ခြင်း၊
၃။ အဟိတ် ဒွိဟိတ် ပဋိသန္ဓေဝိပါက်နှင့် ပြည့်စုံသူ မဟုတ်ခြင်း၊
၄။ ယုံကြည်မှု သဒ္ဓါတရားရှိခြင်း၊
၈။ ကုသိုလ်ပြုလိုမှု ဆန္ဒရှိခြင်း၊
၉။ ဉာဏ်ပညာနှင့် ပြည့်စုံခြင်း။ (အံ၊၂၊၃၈၀။) (အံ၊မြန်၊၂။၄၇၉။)♦
အရိယာ ဖြစ်ကြောင်း တရား ၆ ပါး (တစ်နည်း)
၁။ ဘုရားရှင် ဟောကြားအပ်သော ဓမ္မဝိနယကို နာယူခြင်း၊
၂။ ဘုရားရှင် ဟောကြားသော ဓမ္မဝိနယကို နားစိုက်ထောင်ခြင်း၊
၃။ ဘုရားရှင် ဟောကြားသော ဓမ္မဝိနယကို သိခြင်းငှာ စိတ်ကို ဖြစ်စေခြင်း၊
၄။ အကျိုး ရှိသည်ကို ယူခြင်း၊
၅။ အကျိုးမရှိသည်ကို စွန့်ခြင်း၊
၆။ ဘုရားသာသနာနှင့် လျော်သော ပညာနှင့် ပြည့်စုံခြင်း။ (အံ၊၂၊၃၈၁။) (အံ၊မြန်၊၂။၄၈၀။)♦
အရိယာ ဖြစ်ကြောင်း တရား ၆ ပါး (တစ်နည်း)
၁။ အမိရင်းကို သတ်သူ မဟုတ်ခြင်း၊
၂။ အဖ ရင်းကို သတ်သူ မဟုတ်ခြင်း၊
၃။ ရဟန္တာကို သတ်သူ မဟုတ်ခြင်း၊
၄။ မြတ်စွာဘုရားအား ပြစ်မှားလိုသော စိတ်ဖြင့် သွေးစိမ်းတည်အောင်ပြုသူ မဟုတ်ခြင်း၊
၅။ သံဃာသင်းခွဲသူ မဟုတ်ခြင်း၊
၆။ ပညာရှိ၍ မိုက်မဲဆွံ့အသူ မဟုတ်ခြင်း။ (အံ၊၂၊၃၈၀။) (အံ၊မြန်၊၂။၄၈၀။)♦
အရိယာ မဖြစ်ကြောင်း တရား ၆ ပါး
၁။ ဈာန်မဂ်ဖိုလ်ကို တားမြစ်တတ်သော ပဉ္စာနန္တရိယ ကံနှင့် ပြည့်စုံခြင်း၊
၂။ နိယတမိစ္ဆာဒိဋ္ဌိ ကိလေသာနှင့် ပြည့်စုံခြင်း၊
၃။ အဟိတ်, ဒွိဟိတ် ပဋိသန္ဓေဝိပါက်နှင့် ပြည့်စုံခြင်း၊
၄။ ယုံကြည်မှု သဒ္ဓါ မရှိခြင်း၊
၅။ ကုသိုလ်ပြုလိုမှု ဆန္ဒ မရှိခြင်း၊
၆။ ဉာဏ်ပညာ ကင်းမဲ့ခြင်း။ (အံ၊၂၊၃၇၉။) (အံ၊မြန်၊၂။၄၇၉။)♦
အရိယာ မဖြစ်ကြောင်း တရား ၆ ပါး
၁။ အမိရင်းကို သတ်သူ ဖြစ်ခြင်း၊
၂။ အဖရင်းကို သတ်သူ ဖြစ်ခြင်း၊
၃။ ရဟန္တာကို သတ်သူ ဖြစ်ခြင်း၊
၄။ မြတ်စွာဘုရားအား ပြစ်မှားလိုသော စိတ်ဖြင့် သွေးစိမ်းတည်အောင် ပြုသူ ဖြစ်ခြင်း၊
၅။ သံဃာသင်းခွဲသူ ဖြစ်ခြင်း၊
၆။ ပညာ မဲ့လျက် မိုက်မဲဆွံ့အခြင်း။ (အံ၊၂၊၃၈၀။) (အံ၊မြန်၊၂။၄၇၉။)♦
အရိယာ မဖြစ်ကြောင်း တရား ၆ ပါး (တစ်နည်း)
၁။ ဘုရားရှင် ဟောကြားအပ်သော ဓမ္မဝိနယကို မနာယူခြင်း၊
၂။ ဘုရားရှင် ဟောကြားအပ်သော ဓမ္မဝိနယကို နားမစိုက်ခြင်း၊
၃။ ဘုရားရှင် ဟောကြားအပ်သော ဓမ္မဝိနယကို သိခြင်းငှာ စိတ်ကို မဖြစ်စေခြင်း၊
၄။ အကျိုးမဲ့ကို ယူခြင်း၊
၅။ အကျိုးရှိသည်ကို စွန့်ခြင်း၊
၆။ ဘုရားသာသနာတော်နှင့် မလျော်သော ပညာနှင့် ပြည့်စုံခြင်း။ (အံ၊၂၊၃၈၁။) (အံ၊မြန်၊၂။၄၈၀။)♦
အရိယာ မဟုတ်သူတို့၏ စကား ၄ မျိုး (တစ်နည်း)
၁။ မြင်သော အရာ၌ မမြင်ဟု ပြောခြင်း၊
၂။ ကြားသော အရာ၌ မကြားဟု ပြောခြင်း၊
၃။ တွေ့သော အရာ၌ မတွေ့ဟု ပြောခြင်း၊
၄။ သိသော အရာ၌ မသိဟု ပြောခြင်း။ (ဒီ၊၃၊၁၉၄။) (ဒီ၊မြန်၊၃။၂၁၆။)♦
အရိယာ မဟုတ်သူတို့၏ စကား ၄ မျိုး (တစ်နည်း)
၁။ မဟုတ်မမှန် ပြောခြင်း၊
၂။ ကုန်းတိုက် စကားကို ပြောခြင်း၊
၃။ အကျိုးမဲ့စကားကို ပြောခြင်း၊
၄။ ကြမ်းတမ်းသော စကားကို ပြောခြင်း။ (ဒီ၊၃၊၁၉၃။) (ဒီ၊မြန်၊၃။၂၁၅။)♦
အရိယာ မဟုတ်သူတို့၏ စကား ၄ မျိုး (တစ်နည်း)
၁။ မမြင်ပဲ မြင်၏ဟု ပြောခြင်း၊
၂။ မကြားဘဲ ကြား၏ဟု ပြောခြင်း၊
၃။ မတွေ့ထိပဲ တွေ့ထိ၏ဟု ပြောခြင်း၊
၄။ မသိပဲ သိ၏ဟု ပြောခြင်း။ (ဒီ၊၃၊၁၉၃။) (ဒီ၊မြန်၊၃။၂၁၆။)♦
အရိယာ မဟုတ်သူတို့၏ ပြောဆိုခြင်း ၈ မျိုး
၁။ စက္ခုဒွါရဖြင့် မမြင်သော အာရုံကို မြင်၏ဟု ပြောဆိုခြင်း၊
၂။ သောတဒွါရဖြင့် မကြားသော အာရုံကို ကြား၏ဟု ပြောဆိုခြင်း၊
၃။ ဃာန, ဇိဝှာ, ကာယဒွါရတို့ဖြင့် မတွေ့ထိအပ်သော အာရုံကို တွေ့ထိအပ်၏ဟု ပြောဆိုခြင်း၊
၄။ မနော ဝိညာဉ်ဖြင့် စိတ်ဖြင့် မသိသော အာရုံကို သိ၏ဟု ပြောဆိုခြင်း၊
၅။ စက္ခုဒွါရဖြင့် မြင်သော အာရုံကို မမြင်ဟု ပြောဆိုခြင်း၊
၆။ သောတဒွါရဖြင့် ကြားသော အာရုံကို မကြားဟု ပြောဆိုခြင်း၊
၇။ ဃာန, ဇိဝှာ, ကာယဒွါရတို့ဖြင့် တွေ့ထိအပ်သော အာရုံကို မတွေ့ထိအပ်ဟု ပြောဆိုခြင်း၊
၈။ မနောဝိညာဉ်ဖြင့် (စိတ်ဖြင့်) သိသော အာရုံကို မသိဟု ပြောဆိုခြင်း။ (ဝိ၊၂၊၂။) (အံ၊၃၊၁၂၇။) (အဘိ၊ဝိ၊၄၀၁။) (ဝိ၊မြန်၊၂။၂။) (အံ၊မြန်၊၃။၁၂၈။) (အဘိ၊ဝိ၊မြန်၊၂။၅၀၈။)♦
အရိယာ သူတော်ကောင်းတို့၏ ဥစ္စာ ၇ မျိုး
၁။ သဒ္ဓါ တည်းဟူသော ဥစ္စာ၊
၂။ သီလတည်းဟူသော ဥစ္စာ၊
၃။ ဟိရီ တည်းဟူသော ဥစ္စာ၊
၄။ ဩတ္တပ္ပတည်းဟူသော ဥစ္စာ၊
၅။ အကြားအမြင် သုတတည်းဟူသော ဥစ္စာ၊
၆။ စွန့်ကြဲပေးကမ်းခြင်း တည်းဟူသော ဥစ္စာ၊
၇။ ပညာတည်း ဟူသော ဥစ္စာ။ (ဒီ၊၃၊၂၀၈။) (ဥဒါန၊ဋ္ဌ၊၂၅၈။) (သာရတ္ထ၊ဋီ၊၃၊၂၅၀။) (ဝိမတိ၊၂၊၁၁၄။) (ဒီ၊မြန်၊၃။၂၃၁။)♦
အရိယာတပည့်၌ ငြိမ်းပြီးသော ဘေးရန် ၅ ပါး
၁။ သူ့အသက် သတ်ခြင်းမှ ရှောင်ကြဉ်သဖြင့် မျက်မှောက်ဘဝ၌ ဖြစ်သော ဘေးရန်, တမလွန်ဘဝ၌ ဖြစ်သော ဘေးရန်တို့ မတိုးပွား, စိတ်ဆင်းရဲခြင်းလည်း မဖြစ်မူ၍, သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်လျှင် ဘေးရန်ငြိမ်းခြင်း၊
၂။ သူ့ဥစ္စာခိုးယူခြင်းမှ ရှောင်ကြဉ်သဖြင့် မျက်မှောက်ဘဝ၌ ဖြစ်သော ဘေးရန်, တမလွန် ဘဝ၌ ဖြစ်သော ဘေးရန်တို့ မတိုးပွား, စိတ်ဆင်းရဲခြင်းလည်း မဖြစ်မူ၍ သူ့ဥစ္စာခိုးယူခြင်းမှ ရှောင်ကြဉ်လျှင် ဘေးရန် ငြိမ်းခြင်း၊
၃။ သူများအိမ်ရာ ကျူးလွန်ခြင်းမှ ရှောင်ကြဉ်သဖြင့် မျက်မှောက်ဘဝ၌ ဖြစ်သော ဘေးရန်, တမလွန်ဘဝ၌ ဖြစ်သော ဘေးရန်တို့ မတိုးပွား, စိတ်ဆင်းရဲခြင်းလည်း မဖြစ်, သူများ အိမ်ရာကျူးလွန်ခြင်းကို ရှောင်ကြဉ်သဖြင့် ဤဘေးရန် ငြိမ်းသည်၊
၄။ မဟုတ်မမှန် ပြောဆိုခြင်းမှ ရှောင်ကြဉ်သဖြင့် မျက်မှောက်ဘဝ၌ ဖြစ်သော ဘေးရန် တမလွန်ဘဝ၌ ဖြစ်သောဘေးရန်တို့ မတိုးပွား၊ စိတ်ဆင်းရဲခြင်းလည်း မဖြစ်၊ မဟုတ်မမှန်ပြောဆိုခြင်းကို ရှောင်ကြဉ်လျှင် ဤဘေးရန် ငြိမ်းသည်၊
၅။ မေ့လျော့ကြောင်း ဖြစ်သော သေရည်သေရက် သောက်စားခြင်းမှ ရှောင်ကြဉ်သဖြင့် မျက်မှောက်ဘဝ၌ ဖြစ်သော ဘေးရန် တမလွန်ဘဝ၌ ဖြစ်သော ဘေးရန်တို့ မတိုးပွား၊ စိတ်ဆင်းရဲခြင်းလည်း မဖြစ်၊ မေ့လျော့ကြောင်းဖြစ်သော သေရည်သေရက် သောက်စားခြင်းကို ရှောင်ကြဉ်လျှင် ဤဘေးရန် ငြိမ်းသည်။ (အံ၊၃၊၄၀၄။) (အံ၊မြန်၊၃။၃၉၇။)♦
အရိယာတို့ နေခြင်း ၁၀ မျိုး
၁။ ကာမစ္ဆန္ဒစသော နီဝရဏတရား ငါးပါးတို့ကို ပယ်ပြီး ဖြစ်ခြင်း၊
၂။ ဒွါရခြောက်ပါး၌ ထင်လာသော အာရုံခြောက်ပါးတို့ကို သတိသမ္ပဇဉ် ဉာဏ်ဖြင့် လျစ်လျူရှု၍ နေခြင်း၊
၃။ သတိ တည်းဟူသော အစောင့်အရှောက် တစ်ခုရှိခြင်း၊
၄။ လောကသည် မြဲ၏ စသည်ဖြင့် ယူသော သမဏဗြာဟ္မဏတို့၏ သီးခြားသစ္စာတို့ကို ပယ်နုတ်အပ်ပြီး စွန့်ပယ်ပြီး ဖြစ်ခြင်း၊
၅။ ဉာဏ်ဖြင့် ဆင်ခြင်၍ မှီဝဲ, သည်းခံ, ရှောင်ကြဉ်, ပယ်ဖျောက်ခြင်းဟု ဆိုအပ်သော မှီရာလေးခု ရှိခြင်း၊
၆။ ရှာမှီးခြင်းအားလုံးကို စွန့်ပယ်ပြီး ဖြစ်ခြင်း၊
၇။ ကာမဂုဏ်၌ ကြံစည်မှု ကာမဝိတက် စသည်တို့ကို ပယ်လျက် မနောက်ကျူသော အကြံရှိခြင်း၊
၈။ ကိုယ်ကို ပြုပြင်မှု ကာယသင်္ခါရငြိမ်းပြီး ဖြစ်ခြင်း၊
၉။ ရာဂ ဒေါသ မောဟတို့မှ ကောင်းစွာ လွတ်မြောက် ပြီးသော စိတ်ရှိခြင်း၊
၁၀။ ကောင်းစွာ လွတ်မြောက်ပြီးသော ပညာရှိခြင်း။ (အံ၊၃၊၂၇၉၊၂၈၁။) (အံ၊မြန်၊၃။၂၈၁။)♦
အရိယာတို့ ပြောဆိုသော စကား ၄ မျိုး
၁။ မမြင်အပ်သည်ကို မမြင်အပ်ဟု ပြောဆိုခြင်း၊
၂။ မကြား အပ်သည်ကို မကြားအပ်ဟု ပြောဆိုခြင်း၊
၃။ မတွေ့ထိအပ်သည်ကို မတွေ့ထိအပ်ဟု ပြောဆိုခြင်း၊
၄။ မသိအပ်သည်ကိုလည်း မသိအပ်ဟု ပြောဆိုခြင်း၊ (တစ်နည်း)
မြင်အပ်သည်ကို မြင်အပ်၏ဟု ပြောဆိုခြင်း၊
၂။ ကြားအပ်သည်ကို ကြားအပ်၏ဟု ပြောဆိုခြင်း၊
၃။ တွေ့ထိ အပ်သည်ကို တွေ့ထိအပ်၏ဟု ပြောဆိုခြင်း၊
၄။ သိအပ်သည်ကို သိအပ်၏ဟု ပြောဆိုခြင်း။ (ဝိ၊၅၊၂၂၄။) (ဝိ၊၅၊၂၂၅။) (ဒီ၊၃၊၁၉၄။) (အံ၊၁၊၅၆၈။) (အံ၊၃၊၁၂၇။) (ဝိ၊မြန်၊၅။၃၁၂။) (ဝိ၊မြန်၊၅။၃၁၂။) (ဒီ၊မြန်၊၃။၂၁၆။) (အံ၊မြန်၊၁။၅၈၂။) (အံ၊မြန်၊၃။၁၂၈။)♦
အရိယာတို့၏ စကား ၄ မျိုး
၁။ မဟုတ်မမှန် ပြောခြင်းမှ ရှောင်ကြဉ်ခြင်း၊
၂။ ကုန်းတိုက်ခြင်းမှ ရှောင်ကြဉ်ခြင်း၊
၃။ ကြမ်းတမ်းသော စကားကို ပြောခြင်းမှ ရှောင်ကြဉ်ခြင်း၊
၄။ အကျိုး မရှိသော စကားကို ပြောခြင်းမှ ရှောင်ကြဉ်ခြင်း။ (ဒီ၊၃၊၁၉၃။) (ဒီ၊မြန်၊၃။၂၁၅။)♦
အရိယာတို့ကို ဖူးမြင်လေ့ မရှိခြင်း ၂ မျိုး
၁။ ပကတိမံသစက္ခုဖြင့် ရှုမြင် ဖူးမြင်လေ့ မရှိခြင်း၊
၂။ ဉာဏ်မျက်စိဖြင့် ရှုမြင်လေ့ မရှိခြင်း။ (ပဋိသံ၊ဋ္ဌ၊၂၊၅၂။)♦
အရိယာတို့အား စွပ်စွဲသော ရဟန်း ပျက်စီးခြင်း ၁၁ ပါး
သီတင်းသုံးဖော်တို့အား ဆဲရေးသော ရဟန်း၏ ပျက်စီးခြင်း ၁၁ ပါးနှင့် တူသည်။ ♦
အရိယာပုဂ္ဂိုလ် ၇ မျိုး
၁။ သဒ္ဓါတရားကို အဖန်တလဲလဲ အောက်မေ့တတ်သည့် သဒ္ဓါနုသာရီ ပုဂ္ဂိုလ်၊
၂။ ယုံကြည်ခြင်းဖြင့် လွတ်မြောက်သည့် သဒ္ဓါဝိမုတ္တပုဂ္ဂိုလ်၊
၃။ ကိုယ်ဖြင့် မျက်မှောက် ပြုခြင်းရှိသည့် ကာယသက္ခိပုဂ္ဂိုလ်၊
၄။ နှစ်ပါးသော အဖို့တို့ဖြင့် လွတ်သော ဥဘတောဘာဂ ဝိမုတ္တပုဂ္ဂိုလ်၊
၅။ ဝိပဿနာ ပညာဖြင့် အရိယမဂ်သို့ ရှေးရှူ ရောက်တတ်သော (ဓမ္မာနုသာရီ) ပုဂ္ဂိုလ်၊
၆။ ဆိုင်ရာ ဉာဏ်ဖြင့် ၄ ပါးသော သစ္စာကို သိမြင်၍ (နိဗ္ဗာန်သို့) ရောက်သော (ဒိဋ္ဌိပ္ပတ္တ) ပုဂ္ဂိုလ်၊
၇။ သစ္စာ ၄ ပါးကို သိသည်ဖြစ်၍ ကိလေသာမှ လွတ်မြောက်သော (ပညာဝိမုတ္တ) ပုဂ္ဂိုလ်။ (ဝိသုဒ္ဓိ၊၂၊၂၉၇။)♦
အရိယာပုဂ္ဂိုလ်တို့ ရှာမှီးခြင်း ၄ မျိုး
၁။ မိမိက အိုခြင်းသဘောရှိသူဖြစ်၍ အိုခြင်းသဘော၌ အပြစ်ကို သိရကား အိုခြင်းမရှိသော နိဗ္ဗာန်ကို ရှာမှီးခြင်း၊
၂။ မိမိက နာခြင်းသဘောရှိသူဖြစ်၍ နာခြင်းသဘော၌ အပြစ်ကို သိရကား နာခြင်းမရှိသော နိဗ္ဗာန်ကို ရှာမှီးခြင်း၊
၃။ မိမိက သေခြင်းသဘောရှိသူဖြစ်၍ သေခြင်းသဘော၌ အပြစ်ကို သိရကား သေခြင်းမရှိသော နိဗ္ဗာန်ကို ရှာမှီးခြင်း၊
၄။ မိမိက ပူပန်စေတတ် နှိပ်စက်တတ်သော သဘောရှိသူဖြစ်၍ ပူပန် စေတတ် နှိပ်စက်တတ်သော သဘော၌ အပြစ်ကို သိရကား မပူပန်စေတတ် မနှိပ်စက် တတ်သော နိဗ္ဗာန်ကို ရှာမှီးခြင်း။ (အံ၊၁၊၅၇၀။) (အံ၊မြန်၊၁။၅၈၄။)♦
အရိယာပုဂ္ဂိုလ်တို့ကို ဖူးမြင်လေ့မရှိသော ပုဂ္ဂိုလ် ၂ မျိုး
၁။ မျက်စိဖြင့် ဖူးမြင်လေ့မရှိသော ပုဂ္ဂိုလ်၊
၂။ ဉာဏ်ဖြင့် ဖူးမြင်လေ့မရှိသော ပုဂ္ဂိုလ်။ (အဘိ၊ဋ္ဌ၊၁၊၃၈၅။)♦
အရိယာပုဂ္ဂိုလ်တို့ကို မမြင်ခြင်း ၂ မျိုး
၁။ မျက်စိဖြင့် မမြင်ခြင်း၊
၂။ ဉာဏ်ပညာဖြင့် မမြင်ခြင်း။ (စူဠနိ၊ဋ္ဌ၊၇၀။)♦
အရိယာပုဂ္ဂိုလ်တို့ကို မမြင်ခြင်း ၃ မျိုး
၁။ အရိယာပုဂ္ဂိုလ်တို့ မြင်အပ်သော အနိစ္စအစရှိသော လက္ခဏာကို မမြင်ခြင်း၊
၂။ အရိယာပုဂ္ဂိုလ်တို့၏ ရအပ်သော တရားကို မရရှိခြင်း၊
၃။ အရိယာ ဖြစ်အောင် ပြုတတ်သော တရားတို့ကိုလည်းကောင်း၊ အရိယာပုဂ္ဂိုလ်အဖြစ်ကို လည်းကောင်း မမြင်ခြင်း။ (စူဠနိ၊ဋ္ဌ၊၇၁။)♦
အရိယာပုဂ္ဂိုလ်တို့အား ဖူးမြော်ရန်အလိုမရှိခြင်း စသည်တို့ ဖြစ်ကြောင်းတရား ၃ ပါး
၁။ စိတ်ပျံ့လွင့်ခြင်း- ဥဒ္ဓစ္စ၊
၂။ မစောင့်စည်းခြင်း- အသံဝရ၊
၃။ သီလမရှိခြင်း- ဒုဿီလ။ (အံ၊၃၊၃၇၁။) (အံ၊မြန်၊၃။၃၆၉။)♦
အရိယာမဟုတ်သူတို့ ပြောဆိုသော စကား ၄ မျိုး
၁။ မမြင်အပ်သည်ကို မြင်အပ်၏ဟု ပြောဆိုခြင်း၊
၂။ မကြားအပ်သည်ကို ကြားအပ်၏ဟု ပြောဆိုခြင်း၊
၃။ မတွေ့ထိအပ်သည်ကို တွေ့ထိအပ်၏ဟု ပြောဆိုခြင်း၊
၄။ မသိအပ်သည်ကို သိအပ်၏ဟု ပြောဆိုခြင်း၊ (တစ်နည်း)
မြင်အပ် သည်ကို မမြင်အပ်ဟု ဆိုခြင်း၊
၂။ ကြားအပ်သည်ကို မကြားအပ်ဟု ပြောဆိုခြင်း၊
၃။ တွေ့ထိ အပ်သည်ကို မတွေ့ထိအပ်ဟု ပြောဆိုခြင်း၊
၄။ သိအပ်သည်ကို မသိအပ်ဟု ပြောဆိုခြင်း။ (အံ၊၁၊၅၆၈။) (အံ၊မြန်၊၁။၅၈၂။)♦
အရိယာမဟုတ်သူတို့၏ ပြောဆိုခြင်း ၄ မျိုး
၁။ မမြင်သည်၌ မြင်၏ဟု ဆိုခြင်း၊
၂။ မကြားသည်၌ ကြား၏ဟု ဆိုခြင်း၊
၃။ မတွေ့သည်၌ တွေ့၏ဟု ဆိုခြင်း၊
၄။ မသိသည်၌ သိ၏ဟု ဆိုခြင်း။ (ဝိ၊၅၊၂၂၄။) (အဘိ၊ဝိ၊၃၉၀။) (ဝိ၊မြန်၊၅။၃၁၂။) (အဘိ၊ဝိ၊မြန်၊၂။၄၉၃။)♦
အရိယာမဟုတ်သူတို့၏ ပြောဆိုခြင်း ၄ မျိုး (တစ်နည်း)
၁။ မြင်သည်၌ မမြင်ဟု ဆိုခြင်း၊
၂။ ကြား သည်၌ မကြားဟု ဆိုခြင်း၊
၃။ တွေ့သည်၌ မတွေ့ဟု ဆိုခြင်း၊
၄။ သိသည်၌ မသိဟု ဆိုခြင်း။ (ဝိ၊၅၊၂၂၄။) (ဝိ၊မြန်၊၅။၃၁၂။)♦
အရိယာမဟုတ်သူတို့၏ ပြောဆိုခြင်း ၄ မျိုး (တစ်နည်း)
၁။ မြင်သည်၌ မမြင်ဟု ဆိုခြင်း၊
၂။ ကြား သည်၌ မကြားဟု ဆိုခြင်း၊
၃။ သိသည်၌ မသိဟု ဆိုခြင်း၊
၄။ တွေ့ထိသည်၌ မတွေ့ထိဟု ဆိုခြင်း။ (အဘိ၊ဝိ၊၃၉၀။) (အဘိ၊ဝိ၊မြန်၊၂။၄၉၃။)♦
အရိယာမဟုတ်သူတို့၏ ရှာမှီးခြင်း ၄ မျိုး
၁။ မိမိက အိုခြင်းသဘောရှိသူဖြစ်လျက် အိုခြင်းသဘော ကိုသာ ရှာမှီးခြင်း၊
၂။ မိမိက နာခြင်းသဘော ရှိသူဖြစ်လျက် နာခြင်းသဘောကိုသာ ရှာမှီးခြင်း၊
၃။ မိမိက သေခြင်းသဘောရှိသူဖြစ်လျက် သေခြင်းသဘောကိုသာ ရှာမှီးခြင်း၊
၄။ မိမိက ပူပန်စေတတ် နှိပ်စက်တတ်သော သဘောရှိသူဖြစ်လျက် ပူပန်စေတတ် နှိပ်စက်တတ်သော သဘောကိုသာ ရှာမှီးခြင်း။ (အံ၊၁၊၅၇၀။) (အံ၊မြန်၊၁။၅၈၄။)♦
အရိယာမဟုတ်သော တရား ၁၀ ပါး
၁။ သူ့အသက် သတ်ခြင်း၊
၂။ သူ့ဥစ္စာခိုးခြင်၊
၃။ ကာမတို့၌ မှားယွင်းစွာ ကျင့်ခြင်း၊
၄။ မဟုတ်မမှန် ပြောဆိုခြင်း၊
၅။ ကုန်းချောခြင်း၊
၆။ ရုန့်ရင်း ကြမ်းတမ်းသော စကားကို ပြောဆိုခြင်း၊
၇။ ပြိန်ဖျင်းသော စကားကို ပြောဆိုခြင်း၊
၈။ သူတစ်ပါး ဥစ္စာကို ရှေးရှုကြံစည်ခြင်း၊
၉။ သတ္တဝါတို့အား ဖျက်ဆီးလိုခြင်း၊
၁၀။ မှားသော အမြင် ရှိခြင်း။ (အံ၊၃၊၄၈၂။) (အံ၊မြန်၊၃။၄၇၂။)♦
အရိယာရတနာ ၂ မျိုး
၁။ သေက္ခရတနာ- ကျင့်ဆဲအရိယာရတနာ၊
၂။ အသေက္ခရတနာ- ဘုရား ရဟန္တာဟု ဆိုအပ်သော ရတနာ။ (ခုဒ္ဒက၊ဋ္ဌ၊၁၄၉။)♦
အရိယာရဟန်းရတနာ ၂ မျိုး
၁။ သေက္ခအရိယာ ရဟန်းရတနာ၊
၂။ အသေက္ခအရိယာ ရဟန်းရတနာ။ (သုတ္တနိ၊ဋ္ဌ၊၁၊၂၇၈။)♦
အရိယာဝါသ တရား ၁၀ ပါး
၁။ ကာမစ္ဆန္ဒ၊ ဒေါသ၊ ထိုင်းမှိုင်းခြင်း၊ ပျံ့လွင့်ခြင်း၊ ယုံမှားခြင်း ဟူသော အင်္ဂါ (၅) ပါးကို ပယ်ခြင်း၊
၂။ မျက်စိဖြင့် ရူပါရုံ၊ နားဖြင့် သဒ္ဒါရုံ၊ နှာခေါင်းဖြင့် ဂန္ဓာရုံ၊ လျှာဖြင့် ရသာရုံ၊ ကိုယ်ဖြင့် ဖောဋ္ဌဗ္ဗာရုံ၊ စိတ်ဖြင့် ဓမ္မာရုံကို သိသော် လျစ်လျူ ရှု၍ နေခြင်းဟူသော အင်္ဂါ (၆) ပါးရှိသော ဥပေက္ခာနှင့် ပြည့်စုံခြင်း၊
၃။ သတိ ဟူသော တစ်ခုသော အစောင့်အရှောက် ရှိခြင်း၊
၄။ ဉာဏ်ဖြင့် ဆင်ခြင်၍ မှီဝဲ၏၊ သည်းခံ၏၊ ပယ်ဖျောက်၏၊ ရှောင်ကြဉ်၏ ဟူသော (၄) ပါးသော မှီရာရှိခြင်း၊
၅။ သမဏဗြာဟ္မဏတို့၏ အသီးသီးသော သစ္စာတို့ကို ပယ်နှုတ်အပ်ခြင်း၊
၆။ ကာမဂုဏ်၌ ရှာမှီးခြင်း, ဘဝ၌ ရှာမှီးခြင်း ဟူသော အလုံး စုံသော ရှာမှီးခြင်းကို စွန့်အပ်ခြင်း၊
၇။ ကာမဂုဏ်၌ ကြံခြင်း၊ ပျက်စီးစေလိုခြင်း၌ ကြံခြင်း၊ ညှဉ်းဆဲခြင်း၌ ကြံခြင်းတို့ကို ပယ်အပ်၏ဟူသော ကြည်လင်သော အကြံရှိ၏၊
၈။ စတုတ္ထ ဈာန်သို့ ရောက်၍ နေခြင်းကြောင့် ငြိမ်းသော ကာယသင်္ခါရရှိခြင်း၊
၉။ စွဲမက်ခြင်း ‘‘ရာဂ’’၊ အမျက်ထွက်ခြင်း ‘‘ဒေါသ’’၊ တွေဝေခြင်း ‘‘မောဟ’’ ဟူသော ကိလေသာမှ ကောင်းစွာ လွတ်သော စိတ်ရှိခြင်း၊
၁၀။ စွဲမက်ခြင်း ‘‘ရာဂ’’၊ အမျက်ထွက်ခြင်း ‘‘ဒေါသ’’၊ တွေဝေခြင်း ‘‘မောဟ’’ကို ပယ်အပ်ပြီးဟူသော ကိလေသာမှ ကောင်းစွာ လွတ်သော ပညာရှိခြင်း။ (ဒီ၊၃၊၂၂၄။) (ဒီ၊မြန်၊၃။၂၄၆-၂၄၇-၂၄၈။)♦
အရိယာဝါသတရား ၁၀ ပါး
အရိယာတို့၏ နေခြင်း ၁၀ မျိုးနှင့် တူသည်။ ♦
အရိုး ၃၀၀ လူ့ခန္ဓာ
၁။ ဟတ္ထဋ္ဌိ- လက်ချောင်းရိုး- ၆၄၊
၂။ ပါဒဋ္ဌိ- ခြေချောင်းရိုး- ၆၄၊
၃။ မုဒုအဋ္ဌိ- အသားကို မှီသော အရိုးနု ၆၄၊
၄။ ပဏှိကဋ္ဌိ- ဖနောင့်ရိုး ၂၊
၅။ ဂေါပ္ဖကဋ္ဌိ- ခြေဖမျက်ရိုး (ခြေမျက်စိရိုး) (ဝဲ ယာ-၂+၂) ၄၊
၆။ ဇင်္ဃဋ္ဌိ- ခြေသလုံးမြင်းခေါင်းရိုး (ဝဲ ယာ-၁+၁) ၂၊
၇။ ဇဏ္ဏုကဋ္ဌိ- ပုဆစ်ရိုး (ဒူးဆစ်ရိုး) (ဝဲ ယာ-၁+၁) ၂၊
၈။ ဦရုဋ္ဌိ- ပေါင်းရိုး (ဝဲ ယာ-၁+၁) ၂၊
၉။ ကဋိဋ္ဌိ- ခါးရိုး (ဝဲ ယာ-၁+၁) ၂၊
၁၀။ ပိဋ္ဌိကဏ္ဋကဋ္ဌိ- ကျောက်ဆစ်ရိုး- ၁၈၊
၁၁။ ဖာသုကဋ္ဌိ- နံရိုး (ဝဲ ယာ-၁၂+၁၂) ၂၄၊
၁၂။ ဥရဋ္ဌိ- ရင်ရိုး (ဝဲ ယာ-၇+၇) ၁၄၊
၁၃။ ဟဒယဋ္ဌိ- ရင်ချိုင့်, ရင်ညွန့်ရိုး ၁၊
၁၄။ အက္ခကဋ္ဌိ- ညှပ်ရိုး (ဝဲ ယာ ၁+၁) ၂၊
၁၅။ ကောဋ္ဋဋ္ဌိ- လက်ပြင်ရိုး (ပခုံးစွန်းရိုး) (ဝဲ ယာ ၁+၁) ၂၊
၁၆။ ဗာဟုဋ္ဌိ- လက်မောင်းရိုး (ဝဲ ယာ-၁+၁) ၂၊
၁၇။ အဂ္ဂဗာဟုဋ္ဌိ- လက်မောင်းအဖျားရိုး (လက်ဖျံရိုး) (ဝဲ ယာ-၂+၂) ၄၊
၁၈။ ဂီဝဋ္ဌိ- လည်ပင်းရိုး ၇၊
၁၉။ ဟနုကဋ္ဌိ- မေးရိုး (အောက် ထက်-၁+၁) ၂၊
၂၀။ နာသိကဋ္ဌိ- နှာခေါင်းရိုး ၁၊
၂၁။ အက္ခိဋ္ဌိ- မျက်ကွင်းရိုး (ဝဲ ယာ-၁+၁) ၂၊
၂၂။ ကဏ္ဏဋ္ဌိ- နားရိုး (ဝဲ ယာ-၁+၁) ၂၊
၂၃။ နလာဋဋ္ဌိ- နဖူးရိုး ၁၊
၂၄။ မုဒ္ဓဋ္ဌိ- ဦးထိပ်ရိုး ၁၊
၂၅။ သီသကပါလဋ္ဌိ- ဦးခေါင်းခွံရိုး ၉။ (ခုဒ္ဒက၊ဋ္ဌ၊၃၈။) (ဝိသုဒ္ဓိ၊၁၊၂၄၅။)♦
အရူး ၂ မျိုး
၁။ ယက္ခုမ္မတ္တက- ဘီးလူးဖမ်းစားခြင်းကြောင့် ရူးခြင်း၊
၂။ ပိတ္တုမ္မတ္တက- သည်းခြေ ပျက်ခြင်းကြောင့် ရူးခြင်း။ (ဝိ၊ဋ္ဌ၊၁၊၂၂၀။)♦
အရူး ၈ ယောက်
၁။ ကာမကြောင့် ရူးသော သူသည် လောဘအလိုသို့ လိုက်၏၊
၂။ အမျက် ဒေါသကြောင့် ရူးသော သူသည် ဒေါသအလိုသို့ လိုက်၏၊
၃။ မိစ္ဆာအယူအကြောင့် ရူးသော သူသည် ဖောက်ပြန်ခြင်းအလိုသို့ လိုက်၏၊
၄။ တွေဝေခြင်း မောဟကြောင့် ရူးသော သူသည် မသိခြင်းအလိုသို့ လိုက်၏၊
၅။ ဘီးလူးကြောင့် ရူးသောသူသည် ဘီလူး၏ အလိုသို့ လိုက်၏၊
၆။ သည်းခြေကြောင့် ရူးသော သူသည် သည်းခြေအလိုသို့ လိုက်၏၊
၇။ အရက်သုရာကြောင့် ရူးသောသူသည် သေသောက်ခြင်းအလိုသို့ လိုက်၏၊
၈။ ဥစ္စာပစ္စည်းစသည်တို့ ပျက်စီး ခြင်းကြောင့် ရူးသော သူသည် စိုးရိမ်ပူပန်ခြင်း သောကအလိုသို့ လိုက်၏။ (ဇာ၊ဋ္ဌ၊၃၊၂၂၈။)♦
အရူပကုသိုလ်သည် အာရမ္မဏသတ္တိဖြင့် ကျေးဇူးပြုနိုင်သော တရားအစု ၈ စု
၁။ ကာမာဝစရ ကုသိုလ်၊
၂။ ရူပါဝစရကုသိုလ်၊
၃။ အရူပါဝစရကုသိုလ်၊
၄။ အကုသိုလ်၊
၅။ အရူပါဝစရ ဝိပါက်၊
၆။ ကာမာဝစရကြိယာ၊
၇။ ရူပါဝစရကြိယာ၊
၈။ အရူပါဝစရကြိယာ။ (အဘိ၊ဋ္ဌ၊၃၊၃၅၉။)♦
အရူပနာမ်သည် မနာယတနအား ကျေးဇူးပြုတတ်သော ပစ္စည်း ၇ မျိုး (အရူပဘုံ၌ ပဋိသန္ဓေ အခါ အယုတ်အလျော့အားဖြင့် နာမ်သည် မနာယတနအား ကျေးဇူးပြုတတ်သော ပစ္စည်း ၇ မျိုး)
၁။ သဟဇာတပစ္စည်း၊
၂။ အညမညပစ္စည်း၊
၃။ နိဿယပစ္စည်း၊
၄။ သမ္ပယုတ္တပစ္စည်း၊
၅။ ဝိပါကပစ္စည်း၊
၆။ အတ္ထိပစ္စည်း၊
၇။ အဝိဂတပစ္စည်း။ (အဘိ၊ဋ္ဌ၊၂၊၁၆၅။)♦
အရူပပဋိသန္ဓေ ခန္ဓာ ၄ ပါး
၁။ ဝေဒနာက္ခန္ဓာ၊
၂။ သညာက္ခန္ဓာ၊
၃။ သင်္ခါရက္ခန္ဓာ၊
၄။ ဝိညာဏ က္ခန္ဓာ။ (အဘိ၊ဝိ၊၄၃၅။) (အဘိ၊ဝိ၊မြန်၊၂။၅၅၃။)♦
အရူပပဋိသန္ဓေ ဓာတ် ၂ ပါး
၁။ မနောဝိညာဏဓာတ်၊
၂။ ဓမ္မဓာတ်။ (အဘိ၊ဝိ၊၄၃၅။) (အဘိ၊ဝိ၊မြန်၊၂။၅၅၃။)♦
အရူပပဋိသန္ဓေ ဟိတ် ၃ ပါး
၁။ အလောဘ ဝိပါက်ဟိတ်၊
၂။ အဒေါသ ဝိပါက်ဟိတ်၊
၃။ အမောဟ ဝိပါက်ဟိတ်။ (အဘိ၊ဝိ၊၄၃၅။) (အဘိ၊ဝိ၊မြန်၊၂။၅၅၃။)♦
အရူပပဋိသန္ဓေ အာယတန ၂ ပါး
၁။ မနာယတန၊
၂။ ဓမ္မာယတန။ (အဘိ၊ဝိ၊၄၃၅။) (အဘိ၊ဝိ၊မြန်၊၂။၅၅၃။)♦
အရူပပဋိသန္ဓေ အာဟာရ ၃ ပါး
၁။ တွေ့ထိမှု ဖဿာဟာရ၊
၂။ စိတ်စေ့ဆော်မှု မနောသေဉ္စတနာ ဟာရ၊
၃။ သိမှု ဝိညာဏာဟာရ။ (အဘိ၊ဝိ၊၄၃၅။) (အဘိ၊ဝိ၊မြန်၊၂။၅၅၄။)♦
အရူပပဋိသန္ဓေ ဣန္ဒြေ ၈ ပါး
၁။ မနိန္ဒြေ၊
၂။ ဇီဝိတိန္ဒြေ၊
၃။ ဥပေက္ခိန္ဒြေ၊
၄။ သဒ္ဓိန္ဒြေ၊
၅။ ဝီရိယိန္ဒြေ၊
၆။ သတိန္ဒြေ၊
၇။ သမာဓိန္ဒြေ၊
၈။ ပညိန္ဒြေ။ (အဘိ၊ဝိ၊၄၃၅။) (အဘိ၊ဝိ၊မြန်၊၂။၅၅၃။)♦
အရူပဘုံ၌ ဖြစ်သော ခန္ဓာ ၄ ပါး
၁။ ဝေဒနာက္ခန္ဓာ၊
၂။ သညာက္ခန္ဓာ၊
၃။ သင်္ခါရက္ခန္ဓာ၊
၄။ ဝိညာဏ က္ခန္ဓာ။ (အဘိ၊ဝိ၊၄၂၁။) (အဘိ၊ဝိ၊မြန်၊၂။၅၃၂။)♦
အရူပဘုံ၌ ဖြစ်သော ဓာတ် ၂ ပါး
၁။ မနောဝိညာဏဓာတ်၊
၂။ ဓမ္မဓာတ်။ (အဘိ၊ဝိ၊၄၂၁။) (အဘိ၊ဝိ၊မြန်၊၂။၅၃၂။)♦
အရူပဘုံ၌ ဖြစ်သော သစ္စာ ၃ ပါး
၁။ ဒုက္ခသစ္စာ၊
၂။ သမုဒယသစ္စာ၊
၃။ မဂ္ဂသစ္စာ။ (အဘိ၊ဝိ၊၄၂၁။) (အဘိ၊ဝိ၊မြန်၊၂။၅၃၃။)♦
အရူပဘုံ၌ ဖြစ်သော ဟိတ် ၈ ပါး
၁။ အလောဘ၊ အဒေါသ၊ အမောဟဟု ဆိုအပ်သော ကုသိုလ် ဟိတ် သုံးပါး၊
၂။ လောဘ၊ မောဟဟု ဆိုအပ်သော အကုသိုလ်ဟိတ် နှစ်ပါး၊
၃။ အလောဘ၊ အဒေါသ၊ အမောဟဟု ဆိုအပ်သော ဝိပါက်အဗျာကတဟိတ် ကိရိယာအဗျာကတဟိတ် သုံးပါး ပေါင်း ၈ ပါး ဖြစ်၏။ (အဘိ၊ဝိ၊၄၂၁။) (အဘိ၊ဝိ၊မြန်၊၂။၅၃၃။)♦
အရူပဘုံ၌ ဖြစ်သော အာယတန ၂ ပါး
၁။ မနာယတန၊
၂။ ဓမ္မာယတန။ (အဘိ၊ဝိ၊၄၂၁။) (အဘိ၊ဝိ၊မြန်၊၂။၅၃၂။)♦
အရူပဘုံ၌ ဖြစ်သော အာဟာရ ၃ ပါး
၁။ တွေ့ထိမှု- ဖဿာဟာရ၊
၂။ စေ့ဆော်မှု- မနော သေဉ္စတနာ ဟာရ၊
၃။ သိမှု- ဝိညာဏာဟာရ။ (အဘိ၊ဝိ၊၄၂၁။) (အဘိ၊ဝိ၊မြန်၊၂။၅၃၃။)♦
အရူပဘုံ၌ ဖြစ်သော ဣန္ဒြေ ၁၁ ပါး
၁။ မနိန္ဒြေ၊
၂။ ဇီဝိတိန္ဒြေ၊
၃။ သောမနဿိန္ဒြေ၊
၄။ ဥပေက္ခိန္ဒြေ၊
၅။ သဒ္ဓိန္ဒြေ၊
၆။ ဝီရိယိန္ဒြေ၊
၇။ သတိန္ဒြေ၊
၈။ သမာဓိန္ဒြေ၊
၉။ ပညိန္ဒြေ၊
၁၀။ အညိန္ဒြေ၊
၁၁။ အညာတာဝိန္ဒြေ။ (အဘိ၊ဝိ၊၄၂၁။) (အဘိ၊ဝိ၊မြန်၊၂။၅၃၃။)♦
အရူပသမာပတ် ၄ ပါး
၁။ အာကာသာနဉ္စာယတနသမာပတ်၊
၂။ အာကိဉ္စညာယတနသမာပတ်၊
၃။ ဝိညာဏဉ္စာယတနသမာပတ်၊
၄။ နေဝသညာနာသညာယတနသမာပတ်။ (ပဋိသံ၊ဋ္ဌ၊၁၊၂၇၁။)♦
အရူပဟိတ် ၆ ပါး
၁။ ကုသိုလ်ဟိတ် သုံးပါး၊
၂။ အဗျာကတဟိတ် သုံးပါး ပေါင်း (၆) ပါး။ (အဘိ၊ဓ၊၂၁၇။) (အဘိ၊ဓ၊မြန်။၃၉၅။)♦
အရေးကြုံလျှင် အကျိုးမပြုနိုင်သော အရာဝတ္ထု ၆ မျိုး
၁။ ညို့မရှိသော လေး၊
၂။ အမျိုး အိမ်၌ နေသော မယား၊
၃။ ကမ်းတစ်ဖက်၌ ရှိသော လှေ၊
၄။ ဝန်ရိုးကျိုးသော လှည်းယာဉ်၊
၅။ ရပ်ဝေး၌ နေသော အဆွေခင်ပွန်း၊
၆။ မိတ်ဆွေယုတ် မကောင်းသော မိတ်ဆွေ။ (ဇာတက၊ ၂။၁၂၀။) (ဇာ၊ဋ္ဌ၊၅၊၄၆၆။)♦
အရေးကြုံသောအခါ အကျိုးမဲ့ကို ပြုတတ်သော အရာ ၆ မျိုး
အရေးကြုံလျှင် အကျိုးမပြု နိုင်သော အရာဝတ္ထု ၆ မျိုးနှင့် တူသည်။ ♦
အရောင် ၄ မျိုး
၁။ နေ့အခါ ထွန်းလင်းသော ‘နေရောင်’၊
၂။ ညအခါ ထွန်းလင်းသော ‘လရောင်’၊
၃။ နေ့ရောညပါ ထွန်းလင်းသော ‘မီးရောင်’၊
၄။ အရောင်တကာထက် မြတ်သော ‘ဘုရားရှင်၏ အရောင်’။ (သံ၊၁၊၁၄။) (သံ၊၁၊၄၄။) (သံ၊မြန်၊၁။၁၄၊၄၄။) (သံ၊မြန်၊၁။၁၄၊၄၄။)♦
အရောင်အလင်း ၄ မျိုး
၁။ လရောင်၊
၂။ နေရောင်၊
၃။ မီးရောင်၊
၄။ ပညာရောင်။ (အံ၊၁၊၄၅၆။) (အံ၊၁၊၄၅၇။) (အဘိ၊ဋ္ဌ၊၁၊၁၉၂။) (အံ၊မြန်၊၁။၄၆၈။) (အံ၊မြန်၊၁။၄၆၉။)♦
အလင်းရောင်ကို ပြုတတ်သော ပုဂ္ဂိုလ် ၃ မျိုး
၁။ ဘုရားရှင်၊
၂။ နေမင်း၊
၃။ လမင်း။ (အပ၊၁၊၂၉၂။) (အပ၊မြန်၊၁။၂၉၈။)♦
အလဇ္ဇီရဟန်း အင်္ဂါ ၃ ပါး
၁။ လွန်ကျူးလိုသော စေတနာနှင့် တကွ စေ့ဆော်၍ အာပတ် သင့်ခြင်း၊
၂။ သင့်ပြီးသော အာပတ်ကို ဖုံးလွှမ်းထားခြင်း၊
၃။ အဂတိ လိုက်စားခြင်း။ (ဝိ၊၅၊၂၇၉။) (ဝိ၊ဋ္ဌ၊၃၊၁၄၁။) (ဝိ၊မြန်၊၅။၃၇၄။)♦
အလွန် အင်အားကြီးမားသော တရား ၄ ပါး
၁။ ကိလေသာ တဏှာ ရာဂတရား၊
၂။ အမျက် ထွက်ခြင်း ဒေါသတရား၊
၃။ မာန်ယစ်ခြင်း မဒတရား၊
၄။ တွေဝေမိုက်မဲခြင်း မောဟတရား။ (ဇာတက၊၁၊၁၉၁။)♦
အလွန်ကြာမြင့်စွာ နေခြင်း အပြစ် ၅ ပါး
၁။ များစွာသော ဘဏ္ဍာတို့ကို စုဆောင်းထားသဖြင့် များသော ဘဏ္ဍာရှိခြင်း၊
၂။ များစွာသော ဆေးပစ္စည်းတို့ကို စုဆောင်းထားသဖြင့် များသော ဆေးရှိခြင်း၊
၃။ များပြားသော ပြုဖွယ်ကိစ္စရှိခြင်း၊
၄။ ကိစ္စကြီးငယ်တို့၌ ငြိကပ် တွယ်တာ သည်ဖြစ်၍ လူတို့၏ နှီးနှောခြင်းမျိုးဖြင့် နှီးနှောဆက်ဆံလျက် နေခြင်း၊
၅။ ထိုကျောင်းနေရာမှ ဖဲသွားသည်ရှိသော် ငဲ့ကွက်ခြင်းရှိသည် ဖြစ်၍ ဖဲသွားရခြင်း။ (အံ၊၂၊ ၂၂၅။) (အံ၊မြန်၊၂။၂၈၅။)♦
အလွန်ကြာမြင့်စွာ နေခြင်း အပြစ် ၅ ပါး (တစ်နည်း)
၁။ ကျောင်း၌ ဝန်တိုမှု ရှိခြင်း၊
၂။ အမျိုး ဒါယကာတို့၌ ဝန်တိုမှု ရှိခြင်း၊
၃။ လာဘ်လာဘ၌ ဝန်တိုမှု ရှိခြင်း၊
၄။ ဂုဏ်အဆင်း၌ ဝန်တိုမှု ရှိခြင်း၊
၅။ တရား၌ ဝန်တိုမှု ရှိခြင်း။ (အံ၊၂၊၂၂၅။) (အံ၊မြန်၊၂။၂၈၆။)♦
အလွန်ချမ်းသာ ကြွယ်ဝသော အမျိုး ၃ မျိုး
၁။ ခတ္တိယမဟာသာလ- အနည်းဆုံး ကုဋေတစ်ရာ သိုမှီးသိမ်းဆည်းထားလျက် နေ့စဉ် ငွေဒင်္ဂါး တင်းနှစ်ဆယ် သုံးစွဲသော မင်းမျိုးသူကြွယ်၊
၂။ ဗြာဟ္မဏမဟာသာလ- အနည်းဆုံး ကုဋေရှစ်ဆယ် သိုမှီးသိမ်းဆည်းထားလျက် နေ့စဉ် ငွေဒင်္ဂါး ဆယ်တင်းသုံးစွဲသော ပုဏ္ဏားမျိုး သူကြွယ်၊
၃။ ဂဟပတိမဟာသာလ- အနည်းဆုံး ကုဋေလေးဆယ် သိုမှီးသိမ်းဆည်းထားလျက် နေ့စဉ် ငွေဒင်္ဂါး ငါးတင်းသုံးစွဲသော အိမ်ရှင် သူကြွယ်မျိုး။ (ပဋိသံ၊ဋ္ဌ၊၂၊၁၇၀။)♦
အလွန့်အလွန် ဝေးသော အရာ ၄ ပါး
၁။ မိုးကောင်းကင်နှင့် ဤမဟာပထဝီမြေကြီး၊
၂။ သမုဒ္ဒရာ၏ ဤမှာဘက်ကမ်းနှင့် ထိုမှာဘက်ကမ်း၊
၃။ နေထွက်ရာ ဖြစ်သော အရပ်နှင့် နေဝင်ရာဖြစ်သော အရပ်၊
၄။ သူတော်ကောင်းတရားနှင့် လူယုတ်မာတို့၏ တရား။ (အဘိ၊က၊ ၃၂၁-၃၂၂။) (အဘိ၊က၊မြန်၊၂။၁၆၂။)♦
အလွှာ ၄ ပါး
၁။ အတိတ်အကြောင်းငါးပါး အကြောင်းတစ်လွှာ၊
၂။ ပစ္စုပ္ပန်အကျိုးငါးပါး အကျိုး တစ်လွှာ၊
၃။ ပစ္စုပ္ပန်အကြောင်းငါးပါး အကြောင်းတစ်လွှာ၊
၄။ အနာဂတ်အကျိုး ငါးပါး အကျိုးတစ်လွှာ။ (ပဋိသံ၊ဋ္ဌ၊၁၊၂၂၅။)♦
အလှူ ၂ မျိုး
၁။ ပစ္စည်းလေးပါး အလှူ- အာမိသဒါန၊
၂။ တရားအလှူ- ဓမ္မဒါန။ (အံ၊၁၊၉၀။) (အံ၊မြန်၊၁။၁၀၅။)♦
အလှူ ၄ မျိုး (လူ့ကျင့်ဝတ်ကို ကျင့်သည်မည်သော အလှူ ၄ မျိုး)
၁။ သင်္ကန်းလှူခြင်း၊
၂။ ဆွမ်းလှူခြင်း၊
၃။ ကျောင်းလှူခြင်း၊
၄။ သူနာအထောက်အပံ့ ဆေးလှူခြင်း။ (အံ၊၁၊၃၇၆။) (အံ၊မြန်၊၁။၃၉၀။)♦
အလှူ ၆ မျိုး (တူညီသော အလှူ ၆ မျိုး)
၁။ စားဖွယ် သောက်ဖွယ် ပေးလှူခြင်းသည် ခွန်အားဗလကို ပေးလှူသည်နှင့် တူခြင်း၊
၂။ အဝတ်အထည် ပေးလှူခြင်းသည် အဆင်းလှပမှုကို ပေးလှူသည်နှင့် တူခြင်း၊
၃။ ယာဉ်ကို ပေးလှူခြင်းသည် ချမ်းသာသုခကို ပေးလှူသည်နှင့် တူခြင်း၊
၄။ ဆီမီးကို ပေးလှူခြင်းသည် မျက်စိပေးလှူသည်နှင့် တူခြင်း၊
၅။ ဇရပ်, တန်ဆောင်း, ကျောင်း စသော အာဝါသကို ပေးလှူခြင်းသည် အထက်ပါ အားလုံးကို ပေးလှူရသည်နှင့် တူခြင်း၊
၆။ တရား ဓမ္မ ဟောပြောပြသဆိုဆုံးမခြင်းသည် အမြိုက်နိဗ္ဗာန်ကို ပေးလှူသည်နှင့် တူခြင်း။ (သံ၊၁၊၂၉။) (သံ၊မြန်၊၁။၂၉။)♦
အလှူ ၆ မျိုး (အမြဲ ကုသိုလ် တိုးပွားနေသော အလှူ ၆ မျိုး)
၁။ သစ်အရံ ပန်းအရံ စိုက်ပျိုး လှူဒါန်းခြင်း၊
၂။ တောကို စိုက်ပျိုးလှူဒါန်းခြင်း၊
၃။ တံတားခင်း လှူဒါန်းခြင်း၊
၄။ သောက်ရေ အိုးစင်, ရေချမ်းစင် လှူဒါန်းခြင်း၊
၅။ ရေတွင်း, ရေကန် တူးဖော် လှူဒါန်းခြင်း၊
၆။ ဇရပ်, တန်ဆောင်း ကျောင်း စသော အာဝါသကို လှူဒါန်းခြင်း။ (သံ၊၁၊၃၀။) (သံ၊မြန်၊၁။၃၀။)♦
အလှူ ၈ မျိုး
ဒါန ၈ မျိုးနှင့် တူသည်။ ♦
အလှူ ၈ မျိုး
၁။ မိမိထံမှောက် ရောက်လာသောကြောင့် ပေးလှူခြင်း၊
၂။ ကြောက်သောကြောင့် ပေးလှူခြင်း၊
၃။ ငါ့အား ပေးလှူဖူး၏ဟု နှလုံးသွင်း၍ ပေးလှူခြင်း၊
၄။ ငါ့အား ပေးလှူလိမ့် မည်ဟု နှလုံးသွင်း၍ ပေးလှူခြင်း၊
၅။ ပေးလှူမှုသည် ကောင်း၏ဟု နှလုံးသွင်း၍ ပေးလှူခြင်း၊
၆။ ချက်ပြုတ်သော ငါသည် မချက်ပြုတ်သော သူတို့အား မပေးလှူဘဲ မနေသင့်ဟု နှလုံး သွင်း၍ ပေးလှူခြင်း၊
၇။ ပေးလှူသော ငါ့အား ကောင်းသော ကျော်စောသံသည် ပျံ့နှံ့၍ တက်လိမ့်မည်ဟု နှလုံးသွင်း၍ ပေးလှူခြင်း၊
၈။ သမထ ဝိပဿနာစိတ်၏ အဆင်တန်းဆာ အခြံအရံအလို့ငှာ ပေးလှူခြင်း။ (ဒီ၊၃၊၂၁၄။) (ဒီ၊မြန်၊၃။၂၃၇။) (အံ၊၃၊၆၈။)♦
အလှူ စင်ကြယ်ခြင်း ၄ ပါး
၁။ အလှူသည် ဒါယကာကြောင့် စင်ကြယ်၍ အလှူခံပုဂ္ဂိုလ်ကြောင့် မစင်ကြယ်ခြင်း၊
၂။ အလှူသည် အလှူခံပုဂ္ဂိုလ်ကြောင့် စင်ကြယ်၍ ဒါယကာကြောင့် မစင်ကြယ်ခြင်း၊
၃။ အလှူသည် ဒါယကာကြောင့်လည်း မစင်ကြယ် အလှူခံပုဂ္ဂိုလ် ကြောင့်လည်း မစင်ကြယ်ခြင်း၊
၄။ အလှူသည် ဒါယကာကြောင့်လည်း စင်ကြယ်၍ အလှူခံ ပုဂ္ဂိုလ်ကြောင့်လည်း စင်ကြယ်ခြင်း။ (ဒီ၊၃၊၁၉၃။) (အံ၊၁၊၃၉၂။) (အဘိ၊က၊၄၀၄။) (ဒီ၊မြန်၊၃။၂၁၅။) (အံ၊မြန်၊၁။၄၀၆။) (အဘိ၊က၊မြန်၊၂။၃၀၆။)♦
အလှူ မခံထိုက်ကြောင်း အင်္ဂါ ၅ ပါး
၁။ အဆင်း ရူပါရုံတို့ကို သည်းမခံနိုင်ခြင်း၊
၂။ အသံ သဒ္ဒါရုံတို့ကို သည်းမခံနိုင်ခြင်း၊
၃။ အနံ့ ဂန္ဓာရုံတို့ကို သည်းမခံနိုင်ခြင်း၊
၄။ အရသာ ရသာရုံ တို့ကို သည်းမခံနိုင်ခြင်း၊
၅။ အတွေ့ ဖောဋ္ဌဗ္ဗာရုံတို့ကို သည်းမခံနိုင်ခြင်း။ (အံ၊၂၊၁၃၉။) (အံ၊မြန်၊၂။၁၇၃-၁၇၄။) (အံ၊မြန်၊၃။၇၀။)♦
အလှူ မခေါ်ဝေါ်ထိုက်သော အလှူ ၄ မျိုး
၁။ ဣတ္ထိဒါနံ- မိန်းမ အလှူ၊
၂။ ဥသဘဒါနံ- နွားလား ဥသဘ အလှူ၊
၃။ မဇ္ဇဒါနံ- သေရည်အရက် အလှူ၊
၄။ သမဇ္ဇဒါနံ- ပွဲလမ်းသဘင် အလှူ။ (အံ၊ဋ္ဌ၊၃၊၂၇၁။)♦
အလှူ သန့်ရှင်း စင်ကြယ်ကြောင်း ၄ ပါး
အလှူ၏ မျက်မှောက်အကျိုးပေးကြောင်း အင်္ဂါ ၄ ပါးနှင့် တူသည်။ ♦
အလှူ အင်္ဂါ ၆ ပါး
၁။ ပေးလှူသူက မလှူမီ ဝမ်းမြောက်ခြင်း၊
၂။ ပေးလှူသူက လှူဆဲအခါ၌ စိတ်ကို ကြည်လင်စေခြင်း၊
၃။ ပေးလှူသူက လှူပြီးသောအခါ နှစ်သက်ခြင်း၊
၄။ ရာဂကင်းရန် ကျင့်ခြင်း၊
၅။ ဒေါသကင်းရန် ကျင့်ခြင်း၊
၆။ မောဟကင်းရန် ကျင့်ခြင်း။ (အံ၊၂၊၂၉၅။) (အံ၊မြန်၊၂။၃၈၀။)♦
အလှူ အင်္ဂါ ၆ ပါး
၁။ အလှူရှင် ဒါယကာသည် မလှူမှီ ဝမ်းမြောက်ဝမ်းသာ ရှိရခြင်း၊
၂။ ပေးလှူနေစဉ် အတွင်း၌ စိတ်ကြည်လင်နေရခြင်း၊
၃။ ပေးလှူပြီးနောက်၌ နှစ်သက်ဝမ်းသာ ရှိရခြင်း၊
၄။ အလှူခံပုဂ္ဂိုလ်သည် တက်မက်မှု ရာဂကင်းခြင်း (သို့မဟုတ်) ရာဂကင်းအောင် ကျင့်နေသူ ဖြစ်ရခြင်း၊
၅။ အမျက်ဒေါသကင်းခြင်း (သို့မဟုတ်) ဒေါသ ကင်းအောင် ကျင့်နေသူ ဖြစ်ရခြင်း၊
၆။ တွေဝေမှု မောဟကင်းခြင်း (သို့မဟုတ်) မောဟ ကင်းအောင် ကျင့်နေသူ ဖြစ်ရခြင်း၊ ဤသို့အားဖြင့် အလှူပေးပုဂ္ဂိုလ်၌ အင်္ဂါသုံးပါး အလှူခံပုဂ္ဂိုလ်၌ အင်္ဂါသုံးပါး ပေါင်း ခြောက်ပါး ဖြစ်သည်။ (အံ၊၂၊၂၉၅။) (အံ၊မြန်၊၂။၃၈၀။)♦
အလှူ၏ မျက်မှောက်အကျိုးပေးကြောင်း အင်္ဂါ ၄ ပါး
၁။ တရားသဖြင့် ဖြစ်ပေါ်လာသော လှူဖွယ်ဝတ္ထု ဖြစ်ခြင်း၊
၂။ ပုဗ္ဗစေတနာ စသည်တို့၏ အစွမ်းဖြင့် စေတနာ၏ ကြီးမြတ်မှု၊
၃။ ရဟန္တာအဖြစ်ဖြင့် ဂုဏ်ကြီးမြတ်မှု၊
၄။ ထိုလှူသောနေ့၌ နိရောဓသမာပတ်မှ ထသည်၏ အဖြစ်ဖြင့်ဝတ္ထု၏ ပြည့်စုံမှု။ (မ၊ဋ္ဌ၊၄၊၂၂၈။) (ဓမ္မ၊ဋ္ဌ၊၂၊၅၉။) (အဘိ၊ဋ္ဌ၊၁၊၂၀၆။)♦
အလှူခံထိုက် လက်အုပ်ချီမှု ပြုထိုက်ကာ လူအပေါင်း၏ လယ်မြေကောင်းသဖွယ်ဖြစ်သော ရဟန်း၏ ပြည့်စုံသော တရား ၁၀ ပါး
၁။ ရဟန္တာ ပုဂ္ဂိုလ်၏ ဥစ္စာဖြစ်သော အရဟတ္တ ဖိုလ်နှင့် ယှဉ်သော ကောင်းသော အမြင်နှင့် ပြည့်စုံခြင်း၊
၂။ ရဟန္တာပုဂ္ဂိုလ်၏ ဥစ္စာဖြစ်သော အရဟတ္တဖိုလ်နှင့် ယှဉ်သော ကောင်းသော အကြံနှင့် ပြည့်စုံခြင်း၊
၃။ ရဟန္တာပုဂ္ဂိုလ်၏ ဥစ္စာဖြစ်သော အရဟတ္တဖိုလ်နှင့် ယှဉ်သော ကောင်းသော စကားနှင့် ပြည့်စုံခြင်း၊
၄။ ရဟန္တာ ပုဂ္ဂိုလ်၏ ဥစ္စာဖြစ်သော အရဟတ္တဖိုလ်နှင့် ယှဉ်သော ကောင်းသော အမှုနှင့် ပြည့်စုံခြင်း၊
၅။ ရဟန္တာပုဂ္ဂိုလ်၏ ဥစ္စာဖြစ်သော အရဟတ္တဖိုလ်နှင့်ယှဉ်သော ကောင်းသော အသက်မွေးမှုနှင့် ပြည့်စုံခြင်း၊
၆။ ရဟန္တာပုဂ္ဂိုလ်၏ ဥစ္စာဖြစ်သော အရဟတ္တ ဖိုလ်နှင့် ယှဉ်သော ကောင်းသော လုံ့လနှင့် ပြည့်စုံခြင်း၊
၇။ ရဟန္တာပုဂ္ဂိုလ်၏ ဥစ္စာဖြစ်သော အရဟတ္တဖိုလ်နှင့်ယှဉ်သော ကောင်းသော သတိနှင့် ပြည့်စုံခြင်း၊
၈။ ရဟန္တာ ပုဂ္ဂိုလ်၏ ဥစ္စာဖြစ်သော အရဟတ္တဖိုလ်နှင့် ယှဉ်သော ကောင်းသော တည်ကြည်ခြင်းနှင့် ပြည့်စုံခြင်း၊
၉။ ရဟန္တာပုဂ္ဂိုလ်၏ ဥစ္စာဖြစ်သော အရဟတ္တဖိုလ်နှင့် ယှဉ်သော ကောင်းသော သိခြင်းနှင့် ပြည့်စုံခြင်း၊
၁၀။ ရဟန္တာပုဂ္ဂိုလ်၏ ဥစ္စာဖြစ်သော အရဟတ္တဖိုလ်နှင့် ယှဉ်သော ကောင်းသော ဝိမုတ္တိနှင့် ပြည့်စုံခြင်း။ (မ၊၂၊၁၁၀။) (မ၊မြန်၊၂။၁၁၉။)♦
အလှူခံထိုက်ကြောင်း တရား ၅ ပါး
၁။ သီလနှင့် ပြည့်စုံခြင်း၊
၂။ သမာဓိနှင့် ပြည့်စုံခြင်း၊
၃။ ပညာနှင့် ပြည့်စုံခြင်း၊
၄။ ပစ္စဝေက္ခဏဉာဏ်နှင့် ပြည့်စုံခြင်း၊
၅။ လွတ်မြောက်မှု အရဟတ္တ ဖိုလ်နှင့် ပြည့်စုံခြင်း။ (အံ၊၂၊၁၁၈။) (အံ၊မြန်၊၂။၁၄၅။)♦
အလှူခံထိုက်ကြောင်း အင်္ဂါ ၅ ပါး
၁။ အဆင်း ရူပါရုံတို့ကို သည်းခံနိုင်ခြင်း၊
၂။ အသံ သဒ္ဒါရုံ တို့ကို သည်းခံနိုင်ခြင်း၊
၃။ အနံ့ ဂန္ဓာရုံတို့ကို သည်းခံနိုင်ခြင်း၊
၄။ အရသာ ရသာရုံတို့ကို သည်းခံနိုင်ခြင်း၊
၅။ အတွေ့ ဖောဋ္ဌဗ္ဗာရုံတို့ကို သည်းခံနိုင်ခြင်း။ (အံ၊၂၊၁၄၂။) (အံ၊မြန်၊၂။ ၁၇၈-၁၇၉။)♦
အလှူခံထိုက်ကြောင်း အင်္ဂါ ၅ ပါး
၁။ နာယူတတ်ခြင်း၊
၂။ သတ်ဖြတ်တတ်ခြင်း၊
၃။ စောင့်ရှောက် တတ်ခြင်း၊
၄။ သည်းခံတတ်ခြင်း၊
၅။ သွားတတ်ခြင်း။ (အံ၊၂၊၁၄၄။) (အံ၊မြန်၊၂။၁၈၁-၁၈၂။)♦
အလှူခံထိုက်သော ပုဂ္ဂိုလ် ၂ မျိုး
၁။ သေက္ခပုဂ္ဂိုလ်၊
၂။ အသေက္ခပုဂ္ဂိုလ်။ (အံ၊၁၊၆၄။) (အံ၊မြန်၊၁။၇၆။)♦
အလှူခံထိုက်သော ပုဂ္ဂိုလ် ၈ မျိုး
၁။ သောတာပန်ပုဂ္ဂိုလ်၊
၂။ သောတာပတ္တိဖိုလ်ကို ရရန် ကျင့်ဆဲ ပုဂ္ဂိုလ်၊
၃။ သကဒါဂါမ်ပုဂ္ဂိုလ်၊
၄။ သကဒါဂါမိဖိုလ်ကို ရရန် ကျင့်ဆဲပုဂ္ဂိုလ်၊
၅။ အနာဂါမ် ပုဂ္ဂိုလ်၊
၆။ အနာဂါမိဖိုလ်ကို ရရန် ကျင့်ဆဲပုဂ္ဂိုလ်၊
၇။ ရဟန္တာပုဂ္ဂိုလ်၊
၈။ အရဟတ္တဖိုလ်ကို ရရန် ကျင့်ဆဲပုဂ္ဂိုလ်။ (ဒီ၊၃၊၂၁၁။) (အံ၊၃၊၁၁၆။) (ဒီ၊မြန်၊၃။၂၃၄။) (အံ၊မြန်၊၃။၁၁၆။)♦
အလှူခံထိုက်သော ရဟန်း၏ အင်္ဂါ ၃ ပါး
၁။ ပါတိမောက္ခသံဝရသီလနှင့် ပြည့်စုံခြင်းဟု ဆိုအပ်သော အဆင်းနှင့် ပြည့်စုံခြင်း၊
၂။ အကုသိုလ်တရားတို့ကို ပယ်ရန်, ကုသိုလ်တရား တို့ကို ပြည့်စုံစေရန် အပြင်းအထန် အားထုတ်ခြင်းဟု ဆိုအပ်သော အားခွန်ဗလနှင့် ပြည့်စုံခြင်း၊
၃။ အာသဝေါတရားတို့ ကုန်ခန်းခြင်းကြောင့် အရဟတ္တဖိုလ်ကို မျက်မှောက် ပြု၍ နေခြင်းဟု ဆိုအပ်သော လျင်မြန်ခြင်းနှင့် ပြည့်စုံခြင်း။ (အံ၊၁၊၂၄၈။) (အံ၊မြန်၊၁။၂၆၆။)♦
အလှူခံထိုက်သော ရဟန်း၏ အင်္ဂါ ၅ ပါး
၁။ ဖြောင့်မတ်ခြင်း၊
၂။ လျင်မြန်ခြင်း၊
၃။ နူးညံ့ခြင်း၊
၄။ သည်းခံခြင်း၊
၅။ အကျင့်စင်ကြယ်ခြင်း။ (အံ၊၂၊၂၁၇။) (အံ၊မြန်၊၂။၂၇၂-၂၇၃။)♦
အလှူခံပုဂ္ဂိုလ် ၇ မျိုး
၁။ နှစ်ဖက်အဖို့မှ လွတ်သော ‘ဥဘတောဘာဂဝိမုတ္တ’ပုဂ္ဂိုလ်၊
၂။ ပညာဖြင့် လွတ်သော ‘ပညာဝိမုတ္တ’ပုဂ္ဂိုလ်၊
၃။ ကာယသက္ခိပုဂ္ဂိုလ်၊
၄။ ဒိဋ္ဌိပ္ပတ္တပုဂ္ဂိုလ်၊
၅။ သဒ္ဓါဝိမုတ္တ ပုဂ္ဂိုလ်၊
၆။ ဓမ္မာနုသာရီပုဂ္ဂိုလ်၊
၇။ သဒ္ဓါနုသာရီပုဂ္ဂိုလ်။ (ဒီ၊၃၊၂၁၀။) (ဒီ၊မြန်၊၃။၂၃၃။)♦
အလှူခံပုဂ္ဂိုလ် ပယ်အပ်သော အင်္ဂါ ၅ ပါး
၁။ ကာမစ္ဆန္ဒ-ကာမဂုဏ်လိုလားမှု၊
၂။ ဗျာပါဒ- ပျက်စီးစေလိုမှု၊
၃။ ထိနမိဒ္ဓ- လေးလံထိုင်းမှိုင်းမှု၊
၄။ ဥဒ္ဓစ္စကုက္ကုစ္စ- ပျံ့လွင့်မှု၊ နောင်တ တစ်ဖန် ပူပန်မှု၊
၅။ ဝိစိကိစ္ဆာ- မဝေခွဲနိုင်မှု။ (သံ၊၁၊၁၀၀။) (သံ၊မြန်၊၁။၉၇။) (အံ၊၁၊၁၆၂။) (အံ၊မြန်၊၁။၁၈၀။)♦
အလှူခံပုဂ္ဂိုလ် ပြည့်စုံရမည့် အင်္ဂါ ၅ ပါး
၁။ ရဟန္တာတို့၏ ဥစ္စာဖြစ်သော သီလဂုဏ်နှင့် ပြည့်စုံခြင်း၊
၂။ ရဟန္တာတို့၏ ဥစ္စာဖြစ်သော သမာဓိဂုဏ်နှင့် ပြည့်စုံခြင်း၊
၃။ ရဟန္တာတို့၏ ဥစ္စာဖြစ်သော ပညာဂုဏ်နှင့် ပြည့်စုံခြင်း၊
၄။ ရဟန္တာတို့၏ ဥစ္စာဖြစ်သော ကိလေသာမှ လွတ်မြောက်မှု ဝိမုတ္တိဂုဏ်နှင့် ပြည့်စုံခြင်း၊
၅။ ရဟန္တာတို့၏ ဥစ္စာဖြစ်သော ကိလေသာမှ လွတ်မြောက်မှု ဉာဏ်အမြင် ဝိမုတ္တိဉာဏဒဿနဂုဏ်နှင့် ပြည့်စုံခြင်း။ (သံ၊၁၊၁၀၀။) (သံ၊မြန်၊၁။၉၇။) (အံ၊၁၊၁၆၂။) (အံ၊မြန်၊၁။၁၈၁။)♦
အလှူပေးရကျိုး ၈ ပါး
၁။ ခတ္တိယ မဟာသာလ စသော လူ့စည်းစိမ်ကို တောင်းတ၍ လှူ၏၊ သီလရှိသူအား ပြည့်စုံခြင်း၊
၂။ စတုမဟာရာဇ်နတ်တို့၏ အပေါင်းအဖော်ဖြစ်ရန် တောင့်တ၍ လှူ၏၊ သီလရှိသူအား ပြည့်စုံခြင်း၊
၃။ တာဝတိံသာနတ်တို့၏ အပေါင်းအဖော်ဖြစ်ရန် တောင့်တ၍ လှူ၏၊ သီလရှိသူအား ပြည့်စုံခြင်း၊
၄။ ယာမာနတ်တို့၏ အပေါင်းအဖော်ဖြစ်ရန် တောင့်တ၍ လှူ၏၊ သီလရှိသူအား ပြည့်စုံခြင်း၊
၅။ တုသိတာနတ်တို့၏ အပေါင်းအဖော် ဖြစ်ရန် တောင်းတ၍ လှူ၏၊ သီလရှိသူအား ပြည့်စုံခြင်း၊
၆။ နိမ္မာနရတိနတ်တို့၏ အပေါင်း အဖော်ဖြစ်ရန် တောင်းတ၍ လှူ၏၊ သီလရှိသူအား ပြည့်စုံခြင်း၊
၇။ ပရိနိမ္မိတဝသဝတ္တီ နတ်တို့၏ အပေါင်းအဖော်ဖြစ်ရန် တောင့်တ၍ လှူ၏၊ သီလရှိသူအား ပြည့်စုံခြင်း၊
၈။ ဗြဟ္မာတို့၏ အပေါင်းအဖော်ဖြစ်ရန် တောင်းတ၍ လှူ၏၊ သီလရှိသူအား ပြည့်စုံခြင်း။ (ဒီ၊၃၊၂၁၄။) (ဒီ၊မြန်၊၃။၂၃၇-၂၃၈။)♦
အလှူရှင်က တင်းတိမ်ရောင့်ရဲစေခြင်းငှာ မတတ်နိုင်သော ပုဂ္ဂိုလ် ၂ မျိုး
၁။ အလုပ်အကျွေး တို့သည် ပေးလှူအပ်သော သင်္ကန်းကို မသုံးစွဲဘဲ သိမ်းထားသော ပုဂ္ဂိုလ်၊
၂။ အလုပ်အကျွေး ဒါယကာတို့သည် ပေးလှူ၍ ရတိုင်း ရတိုင်း သင်္ကန်းကို သူတစ်ပါးအား ပေးလိုက်သော ပုဂ္ဂိုလ်။ (အဘိ၊ဋ္ဌ၊၃၊၅၅။)♦
အလှူရှင်က တင်းတိမ်ရောင်ရဲစေခြင်းငှာ လွယ်ကူသော ပုဂ္ဂိုလ် ၂ မျိုး
၁။ အလုပ်အကျွေး ဒါယကာထံမှ သင်္ကန်းလျာပုဆိုးကို ရ၍ သင်္ကန်းချုပ်ဆိုးသုံးဆောင်သော နောက်တစ်ဖန် ထပ်လှူပြန်သော်လည်း အလျင်အမြန် လက်မခံသော ပုဂ္ဂိုလ်၊
၂။ အလုပ်အကျွေး ဒါယကာ တို့မှ ရအပ်တိုင်း ရအပ်တိုင်းသော သင်္ကန်းကို မိမိသုံးစွဲသော ပုဂ္ဂိုလ်။ (အဘိ၊ဋ္ဌ၊၃၊၅၅။)♦
အလှူရှင်တို့ တောင့်တအပ်သော သမ္ပတ္တိ ၃ မျိုး
၁။ မနုဿသမ္ပတ္တိ- လူ့စည်းစိမ်နှင့် ပြည့်စုံခြင်း၊
၂။ ဒိဗ္ဗသမ္ပတ္တိ- နတ်စည်းစိမ်နှင့် ပြည့်စုံခြင်း၊
၃။ နိဗ္ဗာနသမ္ပတ္တိ- နိဗ္ဗာန်စည်းစိမ်နှင့် ပြည့်စုံခြင်း။ (ဒီ၊ဋီ၊၂၊၃၃၀။)♦
အလှူ့အကျိုး မျက်မှောက်ခံစားရသော ပုဂ္ဂိုလ် ၇ ဦး
၁။ သုမနပန်းသည်၊
၂။ ဧကသာဋက ပုဏ္ဏား၊
၃။ ပုဏ္ဏသူရင်းငှား၊
၄။ မလ္လိကာမိဖုရား၊
၅။ ဂေါပါလမာတာ မိဖုရား၊
၆။ သုပ္ပိယာ ဥပါသိကာမ၊
၇။ ပုဏ္ဏာမည်သော ကျွန်မ။ (မိလိန္ဒ၊၁၂၀။) (မိလိန္ဒ၊မြန်။၁၂၉။)♦
အလို အာသယ ၂ မျိုး
၁။ ဝဋ္ဋာသယ- ဝဋ်၌ ဖြစ်သော အလို (သဿတဒိဋ္ဌိ,ဥစ္ဆေဒဒိဋ္ဌ)၊
၂။ ဝိဝဋ္ဋာ သယ- ဝဋ်မှ ကင်းသော နိဗ္ဗာန်၌ ဖြစ်သော အလို။ (ဝိမတိ၊၁၊၅၄။)♦
အလိုဆန္ဒ ၂ မျိုး
၁။ သမ္ပန္နအဇ္ဈာသယ- ပြည့်စုံသော အလိုဆန္ဒ၊
၂။ ဝိပန္နအဇ္ဈာသယ- မပြည့် စုံသော အလိုဆန္ဒ။ (ဝိသုဒ္ဓိ၊ဋီ၊၁၊၁၃၄။)♦
အလိုနည်းခြင်း ၄ မျိုး
၁။ ပစ္စယအပ္ပိစ္ဆ- ပစ္စည်းလေးပါးတို့၌ အလိုနည်းသူ ဖြစ်ခြင်း၊
၂။ ဓုတင်္ဂ အပ္ပိစ္ဆ- ဓုတင်ဆောင်သူဖြစ်လျက် မိမိကို ဓုတင်ဆောင်သူဟု သူတစ်ပါးတို့ကို မသိစေလိုသော အားဖြင့် ဓုတင်၌ အလိုနည်းသူ ဖြစ်ခြင်း၊
၃။ ပရိယတ္တိအပ္ပိစ္ဆ- ပရိယတ္တိ အကြားအမြင်များသူ ဖြစ်လျက် မိမိကို ပရိယတ္တိ အကြားအမြင်များသူ သူတစ်ပါးတို့ကို မသိစေလိုသောအားဖြင့် ပရိယတ္တိ၌ အလိုနည်းသူ ဖြစ်ခြင်း၊
၄။ အဓိဂမအပ္ပိစ္ဆ- မဂ်ဖိုလ် တရားထူးကို ရပြီးသူ ဖြစ်လျက် မိမိကို မဂ်ဖိုလ်တရားထူး ရပြီးသူဟု သူတစ်ပါးတို့ကို မသိစေလိုသောအားဖြင့် တရားထူး ရခြင်း၌ အလိုနည်းသူ ဖြစ်ခြင်း။ (မ၊ဋ္ဌ၊၂၊၄၆။) (အံ၊ဋ္ဌ၊၁၊၅၈။) (အံ၊ဋ္ဌ၊၃၊၂၂၆။) (ဥဒါန၊ဋ္ဌ၊၂၀၇။) (သုတ္တနိ၊ဋ္ဌ၊၂၊၂၁၂။) (မဟာနိ၊ဋ္ဌ၊၂၈၆။)♦
အလိုနည်းသော ရဟန်း ၄ မျိုး
၁။ ပစ္စည်းလေးပါး၌ အလိုနည်းသော ရဟန်း၊
၂။ ရအပ်သော ဈာန်, မဂ်, ဖိုလ်တရား၌ အလိုနည်းသော ရဟန်း၊
၃။ ပရိယတ္တိ၌ အလိုနည်းသော ရဟန်း၊
၄။ ဆောက်တည်အပ်သော ဓုတင်၌ အလိုနည်းသော ရဟန်း ။ (ဒီ၊ဋ္ဌ၊၃၊၂၄၆။)♦
အလိုပြည့်နိုင်ခဲသူ ၄ ဦး
၁။ သမုဒ္ဒရာ- (ရောက်လာသမျှ ရေတို့ဖြင့် အလိုမပြည့်နိုင်)၊
၂။ ပုဏ္ဏား (ဝေဒကျမ်း, ဣတိဟာသ ကျမ်းတို့ဖြင့် အလိုမပြည့်နိုင်)၊
၃။ မင်း (အားလုံးသော ပထဝီ မြေကို အစိုးရခြင်းဖြင့် အလိုမပြည့်နိုင်)၊
၄။ မိန်းမ (လင်ယောကျာ်းတို့ဖြင့် အလိုမပြည့်နိုင်)။ (ဇာတက၊၂၊၁၂၇။) (ဇာ၊ဋ္ဌ၊၅၊၄၈၇။)♦
အလိုမပြည့်နိုင်သူ ၃ ဦး
၁။ မီးပုံသည် လာသမျှထင်းဖြင့် မရောင့်ရဲနိုင်၊
၂။ သမုဒ္ဒရာသည် ရောက်လာ သမျှသော ရေတို့ဖြင့် မရောင့်ရဲနိုင်၊
၃။ လောဘကြီးသော သူသည် ရရှိသမျှသော ဥစ္စာပစ္စည်း တို့ဖြင့် မရောင့်ရဲနိုင်။ (မ၊ဋ္ဌ၊၂၊၄၅။) (အံ၊ဋ္ဌ၊၁၊၅၇။) (ဣတိဝုတ်၊ဋ္ဌ၊၉၃။) (သာရတ္ထ၊ဋီ၊၂၊၂၄။)♦
အလိုမပြည့်နိုင်သူ ၃ ဦး
မရောင့်ရဲနိုင်သူ ၃ ဦးနှင့် တူသည်။ ♦
အလိုရှိခြင်း ၄ မျိုး
၁။ အတြိစ္ဆတာ- မိမိ၏ လာဘ်လာဘ၌ မရောင့်ရဲနိုင်ဘဲ သူတစ်ပါး၏ လာဘ် လာဘကို အလွန် အလိုရှိခြင်း၊
၂။ ပါပိစ္ဆတာ- မိမိ၌ မရှိသော ဂုဏ်သိက္ခာကို ဝါကြွား ပြောဆိုပြီး ပစ္စည်းလေးပါးကို ခံယူရာ၌ အတိုင်းအရှည် မသိခြင်း၊
၃။ မဟိစ္ဆတာ- မိမိ၌ရှိသော ဂုဏ်သိက္ခာကို ပေါ်လွင်အောင် ပြောဆိုပြီး ပစ္စည်းလေးပါးကို ခံယူရာ၌ အတိုင်းအရှည် မသိခြင်း၊
၄။ အပ္ပိစ္ဆတာ- မိမိ၏ဂုဏ်ကို လျှို့ဝှက်၍ ပစ္စည်းလေးပါးကို ခံယူခြင်း၌ အတိုင်းအရှည် သိခြင်း။ (အံ၊ဋ္ဌ၊၁၊၅၇။)♦
အလုပ် ကိစ္စ ၂ မျိုး
၁။ ကဲ့ရဲ့ရှုတ်ချအပ်သော ပန်းမှိုက်သွန်အလုပ်စသော ယုတ်ညံ့သော အလုပ်၊
၂။ မကဲ့ရဲ့ မရှုတ်ချအပ်သော ကုန်သွယ်, လယ်လုပ် စသော မြင့်မြတ်သော အလုပ်။ (ဝိ၊၂၊၈။) (အဘိ၊ဋ္ဌ၊၂၊၃၉၃။) (ဒီ၊ဋီ၊၃၊၂၀၉။) (ဝိ၊မြန်၊၂။၁၁။)♦
အလုပ်သမား ကျင့်ဝတ် ၅ ပါး
၁။ အရှင်၏ ရှေးဦးစွာ အိပ်ရာမှ ထရခြင်း၊
၂။ အရှင်အိပ်သည်မှ နောက်၌ အိပ်ရခြင်း၊
၃။ ပေးသည်ကိုသာ ယူရခြင်း၊
၄။ အမှုကိစ္စကို ကောင်းစွာ ပြုရခြင်း၊
၅။ အရှင်၏ ဂုဏ်သတင်းကို ဆောင်ရခြင်း။ (ဒီ၊၃၊၁၅၅။) (ဒီ၊မြန်၊၃။၁၇၄။)♦
အလေးပြုခြင်း အလေးမပြုခြင်း ဆိုင်ရာ ပုဂ္ဂိုလ် ၄ မျိုး
၁။ အမျက်ထွက်ခြင်းကို အလေးပြု၍ သူတော်ကောင်းတရားကို အလေးမပြုသော ပုဂ္ဂိုလ်၊
၂။ ကျေးဇူးချေဖျက်ခြင်းကို အလေးပြု၍ သူတော်ကောင်းတရားကို အလေးမပြုသော ပုဂ္ဂိုလ်၊
၃။ လာဘ်ရခြင်းကို အလေးပြု၍ သူတော်ကောင်းတရားကို အလေးမပြုသော ပုဂ္ဂိုလ်၊
၄။ အရိုအသေပြုမှု သက္ကာရကို အလေး ပြု၍ သူတော်ကောင်းတရားကို အလေးမပြုသော ပုဂ္ဂိုလ်၊ (တစ်နည်း)
သူတော်ကောင်း တရားကို အလေးပြု၍ အမျက်ထွက်ခြင်းကို အလေးမပြုသော ပုဂ္ဂိုလ်၊
၂။ သူတော်ကောင်း တရားကို အလေးပြု၍ ကျေးဇူးချေဖျက်ခြင်းကို အလေးမပြုသော ပုဂ္ဂိုလ်၊
၃။ သူတော်ကောင်း တရားကို အလေးပြု၍ လာဘ်ရခြင်းကို အလေးမပြုသော ပုဂ္ဂိုလ်၊
၄။ သူတော်ကောင်း တရားကို အလေးပြု၍ အရိုအသေပြုမှု သက္ကာရကို အလေးမပြုသော ပုဂ္ဂိုလ်။ (အံ၊၁၊၃၅၅။) (အံ၊မြန်၊၁။၃၆၉။)♦
အလေ့အကျင့် ၂ မျိုး
၁။ ဗုဒ္ဓါစိဏ္ဏ- ဘုရားရှင်တို့၏ အလေ့အကျင့်၊
၂။ သာဝကာစိဏ္ဏ- တပည့် သာဝကတို့၏ အလေ့အကျင့်။ (ဝိ၊ဋ္ဌ၊၁၊၁၆၃။)♦
အလေးအမြတ် ပြုထိုက်သူ၌ ရှိသော တရား ၅ ပါး
၁။ သီလရှိခြင်း၊
၂။ အကြားအမြင် များခြင်း၊
၃။ ကောင်းသော စကား ရှိခြင်း၊
၄။ ဈာန် (၄) ပါးတို့ကို အလိုရှိတိုင်း ရခြင်း၊
၅။ အရဟတ္တ ဖိုလ်ကို မျက်မှောက်ပြု၍ နေခြင်း။ (အံ၊၂၊၁၆၈။) (အံ၊မြန်၊၂။၂၁၈။)♦
အလေးအမြတ် ပြုထိုက်သူ၏ တရား ၇ ပါး
၁။ လာဘ်ကို အလိုမရှိခြင်း၊
၂။ အရိုအသေ ပြုမှုကို အလိုမရှိခြင်း၊
၃။ မထီမဲ့မြင်ပြုခြင်းကို အလိုမရှိခြင်း၊
၄။ အရှက်ရှိခြင်း၊
၅။ အကြောက် ရှိခြင်း၊
၆။ အလိုနည်းခြင်း၊
၇။ မှန်ကန်သော အယူရှိခြင်း။ (အံ၊၂၊၃၉၅။) (အံ၊မြန်၊၂။၅၀၀။)♦
အလေးအမြတ် မပြုထိုက်သူ၏ တရား ၇ ပါး
၁။ လာဘ်ကို အလိုရှိခြင်း၊
၂။ အရိုအသေ ပြုမှုကို အလိုရှိခြင်း၊
၃။ မထီမဲ့မြင် မပြုမှုကို အလိုရှိခြင်း၊
၄။ အရှက်မရှိခြင်း၊
၅။ အကြောက် မရှိခြင်း၊
၆။ ယုတ်မာသော အလိုဆိုးရှိခြင်း၊
၇။ မှားသော အယူရှိခြင်း။ (အံ၊၂၊၃၉၅။) (အံ၊မြန်၊၂။၄၉၉။)♦
အဝတ္ထာ ၃ မျိုး
၁။ ဟေတုအဝတ္ထာ၊
၂။ ဖလအဝတ္ထာ၊
၃။ သတ္တူပကာရအဝတ္ထာ။ (နေတ္တိ၊ဝိဘာ၊၂၁။)♦
အဝတ်ပုဆိုး လှူရကျိုး ၈ ပါး
သကန်းလှူရကျိုး ၈ ပါးနှင့်တူသည်။ ♦
အဝတ်ပုဆိုး အပြစ် ၉ မျိုး
၁။ အဝတ်ပုဆိုးသည် အဖိုးများစွာ ထိုက်တန်ခြင်း၊
၂။ သူတစ်ပါးနှင့် စပ်သည်၏အဖြစ်ဖြင့် ဖြစ်ပေါ်ခြင်း၊
၃။ သုံးဆောင်သဖြင့် လျင်စွာ ညစ်နွမ်းလွယ်ခြင်း၊
၄။ သုံးဆောင်သဖြင့် လျင်စွာ ဆွေးမြည့်လွယ်ခြင်း၊
၅။ နောက်တစ်ဖန် ရှာဖွေခြင်းဖြင့် ဖြစ်နိုင် ခဲခြင်း၊
၆။ ရသေ့ ရဟန်းအဖြစ်အား မလျောက်ပတ်ခြင်း၊
၇။ ရန်သူတို့အား ဆက်ဆံနေခြင်း၊
၈။ သုံးဆောင်သော သူ၏ တန်ဆာဆင်ခြင်း၏အကြောင်း ဖြစ်ခြင်း၊
၉။ အဝတ်ပုဆိုးကို ယူ၍ သွားသောသူ၏ ပခုံးဝန်ဖြင့် ကြီးသော အထုပ်အပိုး လိုအပ်ခြင်း။ (အဘိ၊ဋ္ဌ၊၁၊၃၉။) (အပ၊ဋ္ဌ၊၁၊၁၁။) (ဗုဒ္ဓဝံ၊ဋ္ဌ၊၉၈။) (ဇာ၊ဋ္ဌ၊၁၊၁၀။)♦
အဝန်းအဝိုင်း ၂ မျိုး
ပရိမဏ္ဍလ ၂ မျိုးနှင့် တူသည်။ ♦
အဝန်းအဝိုင်း ၃ မျိုး
၁။ မဟာမဏ္ဍလ- ယူဇနာကိုးရာရှိသော ကြီးသော အဝန်းအဝိုင်း၊
၂။ မဇ္ဈိမ မဏ္ဍလ- ယူဇနာခြောက်ရာရှိသော အလည်အလတ်ဖြစ်သော အဝန်းအဝိုင်း၊
၃။ အန္တိမ မဏ္ဍလ- ယူဇနာသုံးရာရှိသော ငယ်သော အဝန်းအဝိုင်း။ (ဝိ၊ဋ္ဌ၊၁၊၁၆၄။)♦
အဝိဇဟိတဋ္ဌာန ၄ မျိုး
ဘုရားရှင်တို့မစွန့်အပ်သော ဌာန ၄ မျိုးနှင့် တူသည်။ ♦
အဝိဇ္ဇာ ၂ မျိုး
၁။ မပြုမကျင့်ခြင်း, မသိခြင်း (အပ္ပဋိပတ္တိ) အဝိဇ္ဇာ၊၂၊ ဝဋ်ဆင်းရဲမှ ထွက်မြောက်ကြောင်း မဟုတ်သော အကျင့် (မိစ္ဆာပဋိပတ္တိ) အဝိဇ္ဇာ။ တစ်နည်း
သသင်္ခါရ အဝိဇ္ဇာ၊
၂။ အသင်္ခါရ အဝိဇ္ဇာ။ (ဝိသုဒ္ဓိ၊၂၊၁၆၀။)♦
အဝိဇ္ဇာ မသိရာဌာန ၈ ပါး
၁။ ဒုက္ခသစ္စာကို မသိခြင်း၊
၂။ ဒုက္ခဖြစ်ကြောင်း သမုဒယသစ္စာကို မသိခြင်း၊
၃။ ဒုက္ခချုပ်ငြိမ်းရာ နိရောဓသစ္စာကို မသိခြင်း၊
၄။ ဒုက္ခချုပ်ငြိမ်းရာ နိဗ္ဗာန် ရောက်ကြောင်း အကျင့်ဖြစ်သော မဂ္ဂသစ္စာကို မသိခြင်း၊
၅။ ပုဗ္ဗန္တကို မသိခြင်း၊
၆။ အပရန္တကို မသိခြင်း၊
၇။ ပုဗ္ဗန္တာပရန္တကို မသိခြင်း၊
၈။ ပဋိစ္စသမုပ္ပါဒ်တရားတို့ကို မသိခြင်း။ (ပဋိသံ၊ဋ္ဌ၊၁၊၁၀၉။)♦
အဝိဇ္ဇာက သင်္ခါရအား ကျေးဇူးပြုပုံ အခြင်းအရာ ၉ မျိုး
၁။ သင်္ခါရတို့၏ တစ်ဘဝ၌ အစစွာ ဖြစ်ကြောင်းသည် ဖြစ်၍ ကျေးဇူးပြုတတ်ခြင်း၊
၂။ သင်္ခါရတို့၏ စ၍ ဖြစ်ပြီးနောက် ဖြစ်တည် ကြောင်းသည် ဖြစ်၍ ကျေးဇူးပြုတတ်ခြင်း၊
၃။ သင်္ခါရတို့၏ ဘဝ စသည်တို့၌ အကျိုးကို ပစ်ချ ကြောင်းသည် ဖြစ်၍ ကျေးဇူးပြုတတ်ခြင်း၊
၄။ သင်္ခါရတို့၏ မိမိအကျိုး ဖြစ်ဖို့ရန် အားထုတ်ကြောင်းသည် ဖြစ်၍ ကျေးဇူးပြုတတ်ခြင်း၊
၅။ သင်္ခါရတို့၏ မိမိ အကျိုးနှင့် စပ်ယှဉ် ကြောင်းသည် ဖြစ်၍ ကျေးဇူးပြုတတ်ခြင်း၊
၆။ သင်္ခါရတို့၏ မိမိကိန်းရာ ခန္ဓာအစဉ်ကို နှောင်ဖွဲ့ ကြောင်းသည်ဖြစ်၍ ကျေးဇူးပြုတတ်ခြင်း၊
၇။ အခြားအကြောင်းတို့နှင့် ပေါင်းမိလတ်သော် သင်္ခါရတို့၏ ဖြစ်ကြောင်းသည် ဖြစ်၍ ကျေးဇူးပြုတတ်ခြင်း၊
၈။ သင်္ခါရတို့၏ ဇနက အကြောင်းသည် ဖြစ်၍ ကျေးဇူးပြုတတ်ခြင်း၊
၉။ သင်္ခါရတို့၏ ဥပတ္ထမ္ဘကအကြောင်းသည် ဖြစ်၍ ကျေးဇူးပြုတတ်ခြင်း(သင်္ခါရအစရှိသော အကြောင်းတရားတို့သည် ဝိညာဏ်အစရှိသော အကျိုးတရားတို့အား ကျေးဇူးပြုတတ်ပုံ အခြင်းအရာ ၉ မျိုးတို့လည်း ဤနည်းအတိုင်း သာတည်း)။ (ဒီ၊ဋ္ဌ၊၉၄။) (ဒီ၊ဋ္ဌ၊မြန်၊၁။၁၈၂။)♦
အဝိဇ္ဇာဒိကနယ စသည်တို့၌ စတုက္က ၄ မျိုး
၁။ ပစ္စယစတုက္က၊
၂။ ဟေတုစတုက္က၊
၃။ သမ္ပယုတ္တ စတုက္က၊
၄။ အညမညစတုက္က။ (အဘိ၊ဋ္ဌ၊၂၊၁၉၀။)♦
အဝိဟာဗြဟ္မာဘုံ၌ ဖြစ်ဖြစ်ချင်း ရဟန္တာဖြစ်သော ပုဂ္ဂိုလ် ၇ ဦး
၁။ ဥပက၊
၂။ ပလဂဏ္ဍ၊
၃။ ပုက္ကုသာတိ၊
၄။ ဘဒ္ဒိယ၊
၅။ ခဏ္ဍဒေဝ၊
၆။ ဗာဟုရဂ္ဂိ၊
၇။ သိင်္ဂိယ။ (မ၊ဋ္ဌ၊၂၊၉၆။) (မ၊ဋ္ဌ၊၄၊၂၁၇။) (သာရတ္ထ၊ဋီ၊၃၊၁၆၆။)♦
အဝိဟာအနာဂါမ် ၅ မျိုး
၁။ အန္တရာပရိနိဗ္ဗာယီ အနာဂါမ်၊
၂။ ဥပဟစ္စပရိနိဗ္ဗာယီ အနာဂါမ်၊
၃။ အသင်္ခါရပရိနိဗ္ဗာယီ အနာဂါမ်၊
၄။ သသင်္ခါရပရိနိဗ္ဗာယီ အနာဂါမ်၊
၅။ ဥဒ္ဓံသောတ အကနိဋ္ဌ ဂါမီအနာဂါမ်။(အတပ္ပါ, သုဒဿာ, သုဒဿီအနာဂါမ်တို့လည်း နည်းတူ)။ (ဣတိဝုတ်၊ဋ္ဌ၊၄၈။)♦
အသံ ၇ မျိုး
၁။ ဥသဘအသံ= နွားတို့ တွန်မြည်သော အသံ၊
၂။ ဆဇ္ဇအသံ= ဥဒေါင်းတို့ တွန်မြည်သော အသံ၊
၃။ ဂန္ဓာရအသံ= ဆိတ်တို့ အော်မြည်သော အသံ၊
၄။ မဇ္ဈိမအသံ= ကြိုးကြာတို့ တွန်မြည်သော အသံ၊
၅။ ပဉ္စမအသံ= ကြိုးကြာတို့ တွန်မြည်သော အသံ၊
၆။ ဓေဝတ အသံ= မြင်းတို့ အော်မြည်သော အသံ (ဟီသောအသံ)၊
၇။ နိသာဒအသံ= ဆင်တို့ အော်မြည်သော အသံ။ (အံ၊ဋီ၊၃၊၁၂၀။) (ဒီ၊ဋီ၊၂၊၂၄၇။)♦
အသံ လှူရကျိုး ၃ ပါး
၁။ သူတော်ကောင်းတရား၌ (သဒ္ဓမ္မသုံးဖြာ သာသနာ၌) ထောက်တည်ရာကို ရရှိခြင်း၊
၂။ ဒုတိယဘဝကို အောက်မေ့နိုင်, သတိရနိုင်, မှတ်မိနိုင်သူ ဖြစ်ခြင်း၊
၃။ ကောင်းသော အသားအရေ ရှိခြင်း။ (အပ၊၁၊၃၆၂။) (အပ၊မြန်၊၁။၃၇၀။)♦
အသက် ၁၂၀ ရှည်သော ပုဂ္ဂိုလ် ၆ ဦး
၁။ မဟာကဿပမထေရ်၊
၂။ အာနန္ဒမထေရ်၊
၃။ ပေါက္ခရ သာတိပုဏ္ဏား၊
၄။ ဗြဟ္မာယုပုဏ္ဏား၊
၅။ ဗာဝရိယပုဏ္ဏား၊
၆။ ဝိသာခါကျောင်းအစ်မ။ (အံ၊ဋီ၊၃၊၁၉၇။)♦
အသက် ရှည်ကြောင်း တိုကြောင်း ၂ မျိုး
၁။ ဥတုကြောင့်၊
၂။ အစားအစာကြောင့်။ (ဒီ၊ဋ္ဌ၊၂၊၇။) (ဒီ၊ဋ္ဌ၊မြန်၊၂။၁၂။)♦
အသက်ကြီးသူ, သီလ စသော ဂုဏ်ကြီးသူတို့အား ရိုသေခြင်း လေးစားခြင်း ရှိခိုး ခြင်းကြောင့် ရရှိသော အကျိုး ၄ မျိုး
၁။ အသက်ရှည်ခြင်း၊
၂။ အဆင်းလှခြင်း၊
၃။ ချမ်းသာမှု ရရှိခြင်း၊
၄။ စွမ်းအားရှိခြင်း။ (သာရတ္ထ၊ဋီ၊၁၊၄။)♦
အသက်တခြား ကိုယ်တခြားဟု အညံ ဇီဝံ အညံ သရီရံ ဒိဋ္ဌိကို ဖြစ်စေသော တရား ၅ ပါး
၁။ ရုပ်ကို အမှား နှလုံးသွင်းသောကြောင့် အသက်လိပ်ပြာ တစ်ခြား ကိုယ်တစ်ခြားဟူသော (အညံ ဇီဝံ အညံ သရီရံ) ဒိဋ္ဌိ ဖြစ်၏၊
၂။ ဝေဒနာကို အမှား နှလုံးသွင်းသောကြောင့် အသက် လိပ်ပြာတစ်ခြား ကိုယ်တစ်ခြားဟူသော (အညံ ဇီဝံ အညံ သရီရံ) ဒိဋ္ဌိ ဖြစ်၏၊
၃။ သညာကို အမှား နှလုံးသွင်းသောကြောင့် အသက်လိပ်ပြာ တစ်ခြား ကိုယ်တစ်ခြား ဟူသော (အညံ ဇီဝံ အညံ သရီရံ) ဒိဋ္ဌိ ဖြစ်၏၊
၄။ သင်္ခါရကို အမှားနှလုံးသွင်းသောကြောင့် အသက် လိပ်ပြာတစ်ခြား ကိုယ်တစ်ခြားဟူသော (အညံ ဇီဝံ အညံ သရီရံ) ဒိဋ္ဌိ ဖြစ်၏၊
၅။ ဝိညာဏ်ကို အမှား နှလုံးသွင်းသောကြောင့် အသက်လိပ်ပြာ တစ်ခြား ကိုယ်တစ်ခြား ဟူသော (အညံ ဇီဝံ အညံ သရီရံ) ဒိဋ္ဌိ ဖြစ်၏။ (သံ၊၂၊၁၇၆။) (သံ၊မြန်၊၂။၁၆၈)♦
အသက်တမ်း ခြောက်သောင်း၌ ဖြစ်ပေါ်သော အနာရောဂါ ၆ မျိုး
၁။ ချမ်းအေးခြင်း အနာရောဂါ၊
၂။ ပူအိုက်ခြင်း အနာရောဂါ၊
၃။ ဆာလောင်ခြင်း အနာရောဂါ၊
၄။ မွတ်သိပ်ခြင်း အနာရောဂါ၊
၅။ ကျင်ကြီးစွန့်ခြင်း အနာရောဂါ၊
၆။ ကျင့်ငယ်စွန့်လိုခြင်း အနာရောဂါ။ (အံ၊၂၊၅၀၃။) (အံ၊မြန်၊၂။၆၂၇။)♦
အသက်တိုကြောင်း ၂ ပါး
၁။ နုံ့နှေးသော ဌိတိလက္ခဏာ ရှိခြင်းကြောင့် အသက်နည်း၏၊
၂။ နည်းသော ကိစ္စရသ သမ္ပတ္တိရသ ရှိခြင်းကြောင့် အသက်နည်း၏။ (မဟာနိ၊၃၂။) (မဟာနိ၊၉၀။)♦
အသက်တိုကြောင်း တရား ၅ ပါး
၁။ မလျောက်ပတ်သည်ကို ပြုလုပ်လေ့ရှိခြင်း၊
၂။ လျောက်ပတ် သည်၌ အတိုင်းအရှည်ကို မသိတတ်ခြင်း၊
၃။ ကြေကျက်မလွယ်သော အစာကို စားလေ့ ရှိခြင်း၊
၄။ အချိန်မဟုတ်သည်၌ သွားလာတတ်ခြင်း၊
၅။ မမြတ်သော (မေထုန်) အကျင့်ကို ကျင့်လေ့ ရှိခြင်း။ (အံ၊၂၊၁၂၈။) (အံ၊မြန်၊၂။၁၅၈- ၁၅၉။)♦
အသက်နှင့် ဆက်စပ်နေသော အရာ ၆ မျိုး
၁။ ထွက်သက်၊
၂။ ဝင်သက်၊
၃။ မဟာဘုတ်လေးပါး၊
၄။ အလုတ်အလွေးပြုအပ်သော အစာအာဟာရ၊
၅။ ကမ္မဇတေဇောဓာတ်၊
၆။ ဝိညာဏ်။ (သုတ္တနိ၊ဋ္ဌ၊၂၊၁၇၈။)♦
အသက်မွေးမှု ဟူသော အကြောင်းရင်းကြောင့် ပညတ်အပ်သော အာပတ်, သိက္ခာပုဒ် ၆ မျိုး
၁။ အသက်မွေးမှုဟူသော အကြောင်းရင်းကြောင့် အသက်မွေးမှုဟူသော အထောက်အပံ့ အကြောင်းကြောင့် အလိုဆိုးဖြစ်၍ အလိုဆိုးသည် နှိပ်စက်အပ်သည်ဖြစ်၍ ထင်ရှားမရှိသော မဟုတ်မမှန်သော လူတို့၏ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက် လွန်သော ဈာန် မဂ်ဖိုလ် တရားကို ဝါကြွား၍ ပြောဆိုအံ့၊ ပါရာဇိကအာပတ်, ဥတ္တရိမနုဿဓမ္မပါရာဇိကသိက္ခာပုဒ်၊
၂။ အသက်မွေးမှုဟူသော အကြောင်းရင်းကြောင့် အသက်မွေးမှုဟူသော အထောက်အပံ့ အကြောင်းကြောင့် အောင်သွယ်မှုကို ပြုအံ့၊ သံဃာဒိသိသ်အာပတ်, သဉ္စရိတ္တသံဃာဒိသိသ် သိက္ခာပုဒ်၊
၃။ အသက်မွေးမှုဟူသော အကြောင်းရင်းကြောင့် အသက်မွေးမှုဟူသော အထောက်အပံ့ အကြောင်းကြောင့် ‘‘အကြင်ရဟန်းသည် သင်၏ကျောင်း၌ နေ၏၊ ထို ရဟန်းသည် ရဟန္တာတည်း’’ဟု ပြောဆိုအံ့၊ အပြောခံရသူ သိမူ ထုလ္လစ္စဉ်းအာပတ်, ဥတ္တရိ မနုဿဓမ္မသိက္ခာပုဒ်၊
၄။ အသက်မွေးမှုဟူသော အကြောင်းရင်းကြောင့် အသက်မွေးမှု ဟူသော အထောက်အပံ့အကြောင်းကြောင့် ရဟန်းယောကျ်ားသည် မွန်မြတ်သော ဘောဇဉ် တို့ကို မိမိ၏အကျိုးငှာ တောင်း၍ စားအံ့၊ ပါစိတ်အာပတ်, ပဏီတဘောဇနသိက္ခာပုဒ်၊
၅။ အသက်မွေးမှုဟူသော အကြောင်းရင်းကြောင့် အသက်မွေးမှုဟူသော အထောက်အပံ့ အကြောင်းကြောင့် ရဟန်းမသည် မွန်မြတ်သော ဘောဇဉ်တို့ကို မိမိ၏ အကျိုးငှာ တောင်း၍ စားအံ့၊ ပါဋိဒေသနီအာပတ်, ၎င်းသိက္ခာပုဒ်၊
၆။ အသက်မွေးမှုဟူသော အကြောင်း ရင်းကြောင့် အသက်မွေးမှုဟူသော အထောက်အပံ့အကြောင်းကြောင့် ဟင်းကိုလည်းကောင်း ထမင်းကိုလည်းကောင်း မနာမဖျားဘဲ မိမိ၏ အကျိုးငှာ တောင်းစားအံ့၊ ဒုက္ကဋ်အာပတ်, သူပေါဒန ဝိညတ္တိ သိက္ခာပုဒ်။ (ဝိသုဒ္ဓိ၊၁၊၂၂။) (သာရတ္ထ၊ဋီ၊၂၊၃၅၀။)♦
အသက်မွေးဝမ်းကျောင်း အတတ်ပညာရှင် ၂၄ မျိုး
၁။ ဟတ္ထာရောဟာ- ဆင်စီးသူရဲ, ဆင်ဆရာ, ဆင်ထိန်း၊
၂။ အဿာရောဟာ- မြင်းစီးသူရဲ, မြင်းဆရာ, မြင်းထိန်း၊
၃။ ရထိကာ- ရထားစီးသူရဲ, ရထားဆရာ, ရထားထိန်း၊
၄။ ဓနုဂ္ဂဟာ- လေးသည်တော်, လေးဆရာ၊
၅။ စေလကာ- အလံကိုင်စစ်သား၊
၆။ စလကာ- စစ်ဆင်တတ်သော စစ်သူကြီး၊
၇။ ပိဏ္ဍဒါယကာ- ရန်သူ၏ ဦးခေါင်းကို ဖြတ်ယူခုန်ထွက်တတ်သော သူရဲ၊
၈။ ဥဂ္ဂါရာဇပုတ္တာ- စစ်တိုက်ရာတွင် ထင်ပေါ် ကျော်ကြားသော မင်းသား၊
၉။ ပက္ခန္ဒိနော- တစ်ဖက် စစ်တပ်သို့ ပြေးဝင်၍ အလိုရှိသော ဦးခေါင်း, လက်နက်တို့ကို ဖြတ်ယူနိုင်သော သူရဲ၊
၁၀။ မဟာနာဂါ- ဆင်ပြောင်ကြီးအလား နောက်မဆုတ်သော စစ်သား၊
၁၁။ သူရာ- စစ်ဝတ်တန်ဆာနှင့်တကွ သမုဒ္ဒရာတစ်ဖက်သို့ ကူးနိုင်သော သူရဲ၊
၁၂။ စမ္မယောဓိနော- သားရေ, သင်တိုင်းကို ဝတ်၍ စစ်တိုက်တတ်သော သူရဲ၊
၁၃။ ဒါသိကပုတ္တာ- အိမ်ကျွန်မ၏ သားဖြစ်သော စစ်သား၊
၁၄။ အာဠာရိကာ- မုန့်လုပ်ခြင်း, ထမင်းချက်အလုပ်ဖြင့် အသက်မွေးသူ၊
၁၅။ ကပ္ပကာ- ဆေတ္တာသည် အလုပ်ဖြင့် အသက် မွေးသူ၊
၁၆။ သူဒါ- စဖိုသည် ဟင်းချက်သမား၊
၁၇။ မာလကာရာ- ပန်းစိုက်သမား ပန်းသည်၊
၁၈။ ရဇကာ- ခဝါသည်၊
၁၉။ ပေသကာရာ- ယက်ကန်းသည်၊
၂၀။ နှာပကာ- အဖိုးအခ ယူ၍ ရေချိုးပေးသူ၊
၂၁။ နဠကာရာ- ကျူထရံသည်၊
၂၂။ ကုမ္ဘကာရာ- အိုးထိန်းသည်၊
၂၃။ ဂဏကာ- ဂဏန်းအတတ်ကို တတ်သူ၊
၂၄။ မုဒ္ဒိကာ- လက်ချောင်းချိုး၍ ရေတွက် တတ်သူ။ (ဒီ၊၁၊၄၈။) (ဒီ၊မြန်၊၁။၅၇။)♦
အသက်ရှည်ကြောင်း တရား ၅ ပါး
၁။ လျောက်ပတ်သည်ကို ပြုလုပ်လေ့ရှိခြင်း၊
၂။ လျောက်ပတ် သည်၌ အတိုင်းအရှည်ကို သိတတ်ခြင်း၊
၃။ ကြေကျက်လွယ်သော အစာကို စားလေ့ရှိခြင်း၊
၄။ အချိန်အခါ၌ သွားလာတတ်ခြင်း၊
၅။ မြတ်သော အကျင့်ကို ကျင့်ခြင်း။ (အံ၊၂၊၁၂၈။) (အံ၊မြန်၊၂။၁၅၈-၁၅၉။)♦
အသက်ရှည်ခြင်းကြောင့် မာန်ယစ်ပုံ ၆ မျိုး
၁။ ငါသည် ကြာမြင့်စွာ အသက်ရှင်ခဲ့ပြီ၊
၂။ ငါသည် ကြာမြင့်စွာ အသက်ရှင်ဆဲ၊
၃။ ငါသည် ကြာမြင့်စွာ အသက်ရှင်လတ္တံ့၊
၄။ ငါသည် ချမ်းသာစွာ အသက်ရှင်ခဲ့ပြီ၊
၅။ ငါသည် ချမ်းသာစွာ အသက်ရှင်ဆဲ၊
၆။ ငါသည် ချမ်းသာစွာ အသက် ရှင်လတ္တံ့။ (သီ၊ဋီ၊သစ်၊၁၊၁၇၉။)♦
အသင်္ချေယျကပ် ၄ မျိုး
၁။ သံဝဋ္ဋကပ်- ကမ္ဘာကြီး ပျက်စီးနေဆဲဖြစ်သော ကပ်၊
၂။ သံဝဋ္ဋ ဋ္ဌာယီကပ်- ပျက်ပြီးနောက် အပျက်အတိုင်း တည်နေသော ကပ်၊
၃။ ဝိဝဋ္ဋကပ်- ကမ္ဘာကြီး ဖြစ်ဆဲ, အဆောက်အဦစသည် တိုးပွားနေဆဲဖြစ်သော ကပ်၊
၄။ ဝိဝဋ္ဋဋ္ဌာယီကပ်- ဖြစ်ပြီး နောက် ဖြစ်ပြီးအတိုင်း တည်နေသော ကပ်။ (အံ၊၁၊၄၆၀။) (ဝိ၊ဋ္ဌ၊၁၊၁၂၈။) (ဣတိဝုတ်၊ဋ္ဌ၊၂၉၈။) (စရိယာ၊ဋ္ဌ၊၁၁။) (ဝိသုဒ္ဓိ၊၂၊၄၄။) (အံ၊မြန်၊၁။၄၇၃။)♦
အသင်္ခတတရား၏ လက္ခဏာ ၃ မျိုး
၁။ ဖြစ်ခြင်း ဥပါဒ်လက္ခဏာ မထင်ရှားခြင်း၊
၂။ ပျက်ခြင်း ဘင်လက္ခဏာ မထင်ရှားခြင်း၊
၃။ ဥပါဒ်အခိုက်အတန့် ပြောင်းလဲခြင်း၏ ဌီလက္ခဏ မထင် ရှားခြင်း။ (အံ၊၁၊၁၅၀။) (အံ၊မြန်၊၁။၁၆၉။)♦
အသင်္ခတဓာတ် ၃ ပါး
၁။ ရာဂက္ခယ- ရာဂကုန်ခြင်းသဘော၊
၂။ ဒေါသက္ခယ-ဒေါသကုန်ခြင်း သဘော၊
၃။ မောဟက္ခယ- မောဟကုန်ခြင်းသဘော။ (အဘိ၊ဝိ၊၉၂။) (အဘိ၊ဝိ၊မြန်၊၁။၃၁၉။)♦
အသင်္ချေယျ ၄ မျိုး
၁။ သတ္တနိကာယ- သတ္တဝါအပေါင်း၊
၂။ အာကာသ- ကောင်းကင်၊
၃။ စက္ကဝဠာ- အဆုံးအပိုင်းအခြား မရှိသော စကြာဝဠာ၊
၄။ ဗုဒ္ဓဉာဏံ- မနှိုင်းယှဉ်အပ်သော ဘုရားရှင်၏ ဉာဏ်တော်။ (အပ၊၂၊၃၀၅။) (ဗုဒ္ဓဝံ၊မြန်။၂၉၉။)♦
အသညီဝါဒ ၈ မျိုး (ဥဒ္ဓမာဃာတနိကအသညီဝါဒ ၈ ပါး)
၁။ အတ္တသည် ရုပ်ရှိ၏၊ သေပြီးနောက် ပျက်စီးခြင်းမရှိ သညာမရှိဟု ယူသော အယူ၊
၂။ အတ္တသည် ရုပ်မရှိ၊ သေပြီးနောက် ပျက်စီးခြင်း မရှိ၊ သညာမရှိဟု ယူသော အယူ၊
၃။ အတ္တသည် ရုပ်ရှိသည်လည်း ဟုတ်၏၊ ရုပ်မရှိ သည်လည်း ဟုတ်၏၊ သေပြီးနောက် ပျက်စီးခြင်းမရှိ၊ သညာ မရှိဟု ယူသော အယူ၊
၄။ အတ္တသည် ရုပ်ရှိသည်လည်း မဟုတ် ရုပ်မရှိသည်လည်း မဟုတ်၊ သေပြီးနောက် ပျက်စီးခြင်း မရှိ သညာမရှိဟု ယူသော အယူ၊
၅။ အတ္တသည် အဆုံးရှိ၏၊ သေပြီးနောက် ပျက်စီးခြင်း မရှိ သညာမရှိဟု ယူသော အယူ၊
၆။ အတ္တသည် အဆုံးမရှိ သေပြီးနောက် ပျက်စီးခြင်းမရှိ သညာမရှိဟု ယူသော အယူ၊
၇။ အတ္တသည် အဆုံးရှိသည်လည်း ဟုတ်၏၊ အဆုံး မရှိသည်လည်း ဟုတ်၏၊ သေပြီးနောက် ပျက်စီးခြင်းမရှိ သညာမရှိဟု ယူသော အယူ၊
၈။ အတ္တသည် အဆုံးရှိသည်လည်း မဟုတ်၊ အဆုံးမရှိ သည်လည်း မဟုတ်၊ သေပြီးနောက် ပျက်စီးခြင်းမရှိ၊ သညာမရှိဟု ယူသော အယူ၊ (ဒီ၊၁၊၂၉။) (အဘိ၊ဝိ၊၄၀၃။) (ဒီ၊မြန်၊၁။၃၄။) (အဘိ၊ဝိ၊မြန်၊၂။၅၀၉။)♦
အသံတော် အင်္ဂါ ၈ ပါး (ဘုရားအသံတော်၏ အင်္ဂါ ၈ ပါး)
၁။ သန့်ရှင်းခြင်း (ဝိဿဋ္ဌ)၊
၂။ သိလွယ်ခြင်း (ဝိညေယျ)၊
၃။ သာယာခြင်း (မဉ္ဇူ)၊
၄။ နားချမ်းသာခြင်း (သဝနီယ)၊
၅။ တစ်ခဲနက် တစ်လုံးတစ်ခဲဖြစ်ခြင်း (ဗိန္ဒု)၊
၆။ မပြန့်ကြဲခြင်း (အဝိသာရီ)၊
၇။ နက်နဲခြင်း (ဂမ္ဘီရ)၊
၈။ ပဲ့တင်ထပ်ခြင်း (နိန္နာဒိ)။ (မဟာနိ၊၃၅၃။)♦
အသဒ္ဓမ္မ ၇ ပါး
သူယုတ်မာတို့၏ တရား ၇ ပါး၊ မသူတော်တရား ၇ ပါးနှင့် တူသည်။ ♦
အသပြာ ၃ မျိုး
၁။ ရွှေဖြင့် ပြုလုပ်အပ်သော အသပြာ၊
၂။ ငွေဖြင့် ပြုလုပ်အပ်သော အသပြာ၊
၃။ ပင်ကိုယ်ရိုးရာ အသပြာ (ယခုခေတ် အများသုံးစွဲနေသော ငွေစက္ကူ စသော အသပြာ။)။ (ဝိ၊ဋ္ဌ၊၂၊၂၆၉။)♦
အသမ္ဘိန္နဓာတ်တော် ၇ ဆူ (ဘုရားရှင်၏ ပြိုကွဲပျက်စီးခြင်းမရှိသော အသမ္ဘိန္နဓာတ်တော် ၇ ဆူ)
၁။ စွယ်တော်မြတ် လေးဆူ၊
၂။ သင်းကျစ်တော် တစ်ဆူ၊
၃။ ညှပ်ရိုးတော် နှစ်ဆူ ပေါင်း ၇ ဆူ။ (အပ၊၂၊၃၈၃။) (အပ၊မြန်၊၂။၃၈၃။)♦
အသမ္ဘိန္နဓာတ်တော် ခုနစ်ဆူတို့ တည်ရာဌာန ၇ မျိုး
၁။ သင်းကျစ်တော်သည် သီဟိုဠ်ကျွန်း၊
၂။ လက်ဝဲညှပ်ရိုးတော်သည် ဗြဟ္မာ့ပြည်၊
၃။ လက်ယာညှပ်ရိုးတော်သည် သီဟိုဠ်ကျွန်း၊
၄။ လက်ယာအထက် စွယ်တော်တစ်ဆူသည် တာဝတိံသာ နတ်ပြည်၊
၅။ လက်ယာအောက် စွယ်တော်တစ်ဆူသည် နဂါးပြည်၊
၆။ လက်ဝဲအထက် စွယ်တော် တစ်ဆူသည် ဂန္ဓာရတိုင်း၊
၇။ လက်ဝဲအောက် စွယ်တော်တစ်ဆူသည် ကလိင်္ဂမင်း၏နိုင်ငံတို့၌ အသီးအသီး တည်ရှိ ကြသည်။ (အပ၊၂၊၃၈၄။) (အပ၊မြန်၊၂။၃၈၄။)♦
အသံဝရ ၅ ပါး
၁။ မယုံကြည်ခြင်း၊
၂။ သည်းမခံခြင်း၊
၃။ ပျင်းရိခြင်း၊
၄။ သတိလွတ်ခြင်း၊
၅။ မသိခြင်း။ (ဓမ္မ၊ဋ္ဌ၊၂၊၃၅၉။)♦
အသံဝရ ၈ ပါး
၁။ စက္ခုအသံဝရ- စက္ခုဒွါရ၌ ဖြစ်သော မစောင့်စည်းခြင်း၊
၂။ သောတ အသံဝရ- သောတဒွါရ၌ ဖြစ်သော မစောင့်စည်းခြင်း၊
၃။ ဃာနအသံဝရ- ဃာနဒွါရ၌ ဖြစ်သော မစောင့်စည်းခြင်း၊
၄။ ဇိဝှာအသံဝရ- ဇိဝှာဒွါရ၌ ဖြစ်သော မစောင့်စည်းခြင်း၊
၅။ ပသာဒကာယ အသံဝရ- ပသာဒကာယ၌ ဖြစ်သော မစောင့်စည်းခြင်း၊
၆။ စောပန ကာယအသံဝရ- စောပနကာယ၌ ဖြစ်သော မစောင့်စည်းခြင်း၊
၇။ ဝါစာအသံဝရ- ဝစီဒွါရ၌ ဖြစ်သော မစောင့်စည်းခြင်း၊
၈။ မနောအသံဝရ- မနောဒွါရ၌ ဖြစ်သော မစောင့် စည်းခြင်း။ (အဘိ၊ဋ္ဌ၊၁၊၁၃၈။)♦
အသံဝရ အရ တရား ၅ မျိုး
၁။ သီလမရှိသူ၏ အဖြစ်၊
၂။ သတိလွတ်သူ၏ အဖြစ်၊
၃။ ဉာဏ်၏ ဆန့်ကျင်ဘက် မောဟ၊
၄။ အချမ်း, အပူ စသည်တို့၌ သည်းမခံနိုင်ခြင်း၊
၅။ ပျင်းရိသော သူ၏ အဖြစ်။ (အဘိ၊ဋ္ဌ၊၁၊၁၃၈။)♦
အသံဝရဒွါရ ၈ ပါး
၁။ စက္ခုတည်းဟူသော အသံဝရဒွါရ၊
၂။ သောတတည်းဟူသော အသံဝရဒွါရ၊
၃။ ဃာနတည်းဟူသော အသံဝရဒွါရ၊
၄။ ဇိဝှာတည်းဟူသော အသံဝရဒွါရ၊
၅။ ပသာဒ ကာယတည်းဟူသော အသံဝရဒွါရ၊
၆။ စောပနကာယတည်းဟူသော အသံဝရဒွါရ၊
၇။ ဝါစာ တည်းဟူသော အသံဝရဒွါရ၊
၈။ မနတည်းဟူသော အသံဝရဒွါရ။ (ဓမ္မ၊ဋ္ဌ၊၂၊၃၅၉။) (အဘိ၊ဋ္ဌ၊၁၊၁၃၉။)♦
အသွင်သဏ္ဌာန် ၂ မျိုး
၁။ ကဲ့ရဲ့ရှုတ်ချအပ်သော မည်းလွန်း, ဖြူလွန်း, တိုလွန်း ရှည်လွန်း စသော ယုတ်ညံ့သော အသွင်သဏ္ဌာန်၊
၂။ မကဲ့ရဲ့ မရှုတ်ချအပ်သော မရှည်လွန်း မတိုလွန်း စသော မြင့်မြတ်သော အသွင်သဏ္ဌာန်။ (ဝိ၊၂၊၉။) (ဝိ၊မြန်၊၂။၁၁။)♦
အသဿတဒိဋ္ဌိ ဖြစ်စေသော တရား ၅ ပါး
၁။ ရုပ်ကို အမှား နှလုံးသွင်းသောကြောင့် အသဿတ ဒိဋ္ဌိအယူ ဖြစ်၏၊
၂။ ဝေဒနာကို အမှားနှလုံးသွင်းသောကြောင့် အသဿတဒိဋ္ဌိအယူ ဖြစ်၏၊
၃။ သညာကို အမှား နှလုံးသွင်းသောကြောင့် အသဿတဒိဋ္ဌိ အယူ ဖြစ်၏၊
၄။ သင်္ခါရကို အမှား နှလုံးသွင်းသောကြောင့် အသဿတဒိဋ္ဌိ အယူ ဖြစ်၏၊
၅။ ဝိညာဏ်ကို အမှား နှလုံးသွင်းသောကြောင့် အသဿတဒိဋ္ဌိ အယူ ဖြစ်၏။ (သံ၊၂၊၁၇၅။) (သံ၊မြန်၊၂။၁၆၆)♦
အသံအပေါင်း ၃ ပါး
၁။ ဆဇ္ဇဂါမ- ဆဇ္ဇမည်သော အသံအပေါင်း၊
၂။ မဇ္ဈိမဂါမ- မဇ္ဈိမ မည်သော အသံအပေါင်း၊
၃။ သာဓာရဏဂါမ- သာဓာရဏမည်သော အသံအပေါင်း။ (ဒီ၊ဋီ၊၂၊၂၄၇။) (အံ၊ဋီ၊၃၊၁၂၀။)♦
အသားကြီး ၁၀ မျိုး (မအပ်သော အသား)
၁။ လူသား၊
၂။ ခွေးသား၊
၃။ မြွေသား၊
၄။ ခြင်္သေ့သား၊
၅။ ကျားသား၊
၆။ ကျားသစ်သား၊
၇။ ဝံသား၊
၈။ အောင်းသား၊
၉။ ဆင်သား၊
၁၀။ မြင်းသား။ (ဝိ၊ဋ္ဌ၊၂၊၂၉၂။)♦
အသာဆုံး ပုဂ္ဂိုလ် ၄ မျိုး
၁။ အတ္တဘောနှင့် ပြည့်စုံသူတို့တွင် ရာဟုအသုရိန်နတ်သည် အသာဆုံး ဖြစ်သည်၊
၂။ ကာမဂုဏ်ခံစားသူတို့တွင် မန္ဓတ်မင်းသည် အသာဆုံး ဖြစ်သည်၊
၃။ အကြီး အမှူးပြုတတ်သော ပုဂ္ဂိုလ်တို့တွင် မာနတ်သည် အသာဆုံး ဖြစ်၏၊
၄။ နတ်လူလောက၌ အလုံးစုံသော တရားတို့ကို ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရားကား အသာဆုံး အမြင့်မြတ်ဆုံး ဖြစ်သည်။ (အံ၊၁၊၃၂၄။) (အံ၊မြန်၊၁။၃၄၀။)♦
အသာဓာရဏ ဒေသနာနိဒါန်း၂ မျိုး
၁။ အဇ္ဈတ္တိကဒေသနာနိဒါန်း၊
၂။ ဗာဟိရဒေသနာနိဒါန်း။ (ဒီ၊ဋီ၊၂၊၂၇၈။)♦
အသာဓာရဏဉာဏ်တော် ၆ ပါး
၁။ ဣန္ဒြိယပရောပရိယတ္တဉာဏ်၊
၂။ အာသယာနုသယဉာဏ်၊
၃။ ယမကပါဋိဟီရဉာဏ်၊
၄။ မဟာကရုဏာသမာပတ္တိဉာဏ်၊
၅။ သဗ္ဗညုတညာဏ်တော်၊
၆။ အနာဝရဏဉာဏ်။ (အံဋီ၊၁။၂၇၆။)(ပဋိသံ၊ဋ္ဌ၊၁၊၅၂။)♦
အသာဓု တရား ၁၁ ပါး
မကောင်းသော တရား ၁၁ ပါးနှင့် တူသည်။ ♦
အသုညကမ္ဘာ ၅ မျိုး
၁။ ဘုရားရှင်တစ်ဆူ ပွင့်ထွန်းသော ကပ်ကမ္ဘာသည် သာရကပ်ကမ္ဘာ၊
၂။ ဘုရားရှင်နှစ်ဆူ ပွင့်ထွန်းသော ကပ်ကမ္ဘာသည် မဏ္ဍကပ်ကမ္ဘာ၊
၃။ ဘုရားရှင်သုံးဆူ ပွင့်ထွန်းသော ကပ်ကမ္ဘာသည် ဝရကပ်ကမ္ဘာ၊
၄။ ဘုရားရှင်လေးဆူ ပွင့်ထွန်းသော ကပ် ကမ္ဘာသည် သာရမဏ္ဍကပ်ကမ္ဘာ၊
၅။ ဘုရားရှင်ငါးဆူ ပွင့်ထွန်းသော ကပ်ကမ္ဘာသည် ဘဒ္ဒကပ် ကမ္ဘာ။ (ဗုဒ္ဓဝံ၊ဋ္ဌ၊၂၂၇။)♦
အသုဘ ၁၀ မျိုး
၁။ ဥဒ္ဓုမာတကအသုဘ- သေပြီးနောက် ဖူးရောင်နေသော အလောင်းကောင်၊
၂။ ဝိနီလကအသုဘ- အဖြူအနီ စသည်ဖြင့် ရောနှောလျက် များသောအားဖြင့် ညိုမဲနေသော အလောင်းကောင်၊
၃။ ဝိပုဗ္ဗကအသုဘ- ပြည်ပုပ်များ ယိုစီးနေသော အလောင်းကောင်၊
၄။ ဝိစ္ဆိဒ္ဒကအသုဘ- အလည်၌ နှစ်ပိုင်းပြတ်နေသော အလောင်းကောင်၊
၅။ ဝိက္ခာယိတက အသုဘ- အိမ်ခွေးတောခွေး စသည်တို့ အမျိုးမျိုးအဖုံဖုံ ခဲစားထားသော အလောင်းကောင်၊
၆။ ဝိက္ခိတ္တကအသုဘ- ခွေးမြေခွေး စသည်တို့သည် အမျိုးမျိုးအဖုံဖုံ ကိုက်ဖြတ်၍ ထိုထို အရပ်၌ ပစ်လွှင့်အပ်သော အလောင်းကောင်၊
၇။ ဟတဝိက္ခိတ္တကအသုဘ- ကျီးခြေသဏ္ဌာန် အစရှိသော အခြင်းအရာအားဖြင့် ဓားဖြင့် ခုတ်ဖြတ်၍ အမျိုးမျိုးအဖုံဖုံ ပစ်လွှင့်အပ်သော အလောင်းကောင်၊
၈။ လောဟိတက အသုဘ- သွေးများယို စီးကျနေသော အလောင်းကောင်၊
၉။ ပုဠုဝက အသုဘ- ပိုးလောက်များ တဖွားဖွား ကျနေသော အလောင်းကောင်၊
၁၀။ အဋ္ဌိက အသုဘ- အရိုးစုမျှသာ ရှိသော အလောင်းကောင်။ (ဝိသုဒ္ဓိ၊၁၊၁၀၇၊၁၇၃။) (သာရတ္ထ၊ဋီ၊၂၊၂၀၃။)♦
အသုဘကမ္မဋ္ဌာန်း ရှုမှတ်ရာ၌ မှတ်ယူထားရမည့် နိမိတ် ၅ မျိုး
၁။ အလောင်းကောင်၏ ပခုံး တစ်တောင်ဆစ် လက်ကောက်ဝတ် စသော အဆက်အစပ်တို့ကို မှတ်သားခြင်း၊
၂။ လက်အကြား၊ ခြေထောက်အကြား စသော အကြားတို့ကို မှတ်သားခြင်း၊
၃။ မျက်တွင်း ခံတွင်း စသော နိမ့်ရာအရပ်တို့ကို မှတ်သားခြင်း၊
၄။ နဖူး ပုဆစ် ဒူးဝန်း စသော မြင့်ရာ အရပ်တို့ကို မှတ်သားခြင်း၊
၅။ အလုံးစုံသော အလောင်းကောင်ကို ထက်ဝန်းကျင်မှ မှတ်သားခြင်း။ (ဝိသုဒ္ဓိ၊၁၊၁၇၉။)♦
အသုဘကမ္မဋ္ဌာန်း ရှုမှတ်ရာ၌ မှတ်သားထားရမည့် နိမိတ် ၆ မျိုး
၁။ အလောင်းကောင်၏ အဖြူ အမဲ စသော အဆင်းကို မှတ်သားခြင်း၊
၂။ ပထမအရွယ် အလောင်းကောင် ဒုတိယအရွယ် အလောင်းကောင် စသည်ဖြင့် အသွင်ကို မှတ်သားခြင်း၊
၃။ အလောင်းကောင်၏ ဦးခေါင်း လက် ခြေ ဝမ်းဗိုက် စသော သဏ္ဌာန်ကို မှတ်သားခြင်း၊
၄။ အလောင်းကောင်၌ ချက်၏ အောက်ဘက်အရပ်နှင့် အထက်ဘက်အရပ်တို့ကို မှတ်သားခြင်း၊
၅။ ဤနေရာ၌ လက်ရှိသည် ဤနေရာ၌ ခြေရှိသည် စသည်ဖြင့် အရပ်ဌာနကို မှတ်သားခြင်း၊
၆။ ဤအလောင်းကောင်ကို အောက်၌ ခြေဖျားအဆုံး အထက်၌ ဆံပင်အဆုံး အရေဖြင့် ပိုင်းခြားအပ်၏၊ ထိုအပိုင်းအခြား အတွင်း၌ သုံးဆယ့်နှစ်မျိုးသော အကောင်ပုပ်တို့ဖြင့် ပြည့်နေသည်သာတည်းဟု အပိုင်းအခြားကို မှတ်သားရခြင်း။ (ဝိသုဒ္ဓိ၊၁၊၁၇၉။)♦
အသုရာနတ်ဆိုင်ရာ ပုဂ္ဂိုလ် ၄ မျိုး
၁။ အသုရာဖြစ်၍ အသုရာအခြံအရံရှိသော ပုဂ္ဂိုလ်၊
၂။ အသုရာ ဖြစ်၍ နတ်အခြံအရံရှိသော ပုဂ္ဂိုလ်၊
၃။ နတ်ဖြစ်၍ အသုရာအခြံအရံရှိသော ပုဂ္ဂိုလ်၊
၄။ နတ် ဖြစ်၍ နတ်အခြံအရံရှိသော ပုဂ္ဂိုလ်။ (အံ၊၁၊၄၀၃။) (အံ၊မြန်၊၁။၄၁၇။)♦
အသုရာပြည်နှင့် တာဝတိံသာနတ်ပြည်တို့အကြားအရပ်၌ သိကြားမင်း ချအပ်ခဲ့သော အစောင့် အရှောက် ၅ ဌာန
၁။ မြင်းမိုရ်တောင်၏ ပထမအဆင့်၌ နဂါးအစောင့်အရှောက်၊
၂။ မြင်းမိုရ် တောင်၏ ဒုတိယအဆင့်၌ ဂဠုန်အစောင့်အရှောက်၊
၃။ မြင်းမိုရ်တောင်၏ တတိယအဆင့်၌ ကုမ္ဘဏ်ဘီလူးအစောင့်အရှောက်၊
၄။ မြင်းမိုရ်တောင်၏ စတုတ္ထအဆင့်၌ စစ်သွေးကြွ ဘီလူး အစောင့်အရှောက်၊
၅။ မြင်းမိုရ်တောင်၏ ပဉ္စမအဆင့်၌ နတ်မင်းကြီး လေးယောက် အစောင့် အရှောက်။ (သာရတ္ထ၊ဋီ၊၁၊၂၇၁။)♦
အသေက္ခဓမ္မ ၁၀ မျိုး
၁။ အသေက္ခဖြစ်သော ဘုရား, ရဟန္တာ, ပစ္စေကဗုဒ္ဓါ ပုဂ္ဂိုလ်တို့၏ သမ္မာဒိဋ္ဌိ၊
၂။ အသေက္ခဖြစ်သော ဘုရား, ရဟန္တာ, ပစ္စေကဗုဒ္ဓါ ပုဂ္ဂိုလ်တို့၏ သမ္မာသင်္ကပ္ပ၊
၃။ အသေက္ခ ဖြစ်သော ဘုရား, ရဟန္တာ, ပစ္စေကဗုဒ္ဓါတို့၏ သမ္မာဝါစာ၊
၄။ အသေက္ခဖြစ်သော ဘုရား, ရဟန္တာ, ပစ္စေကဗုဒ္ဓါ ပုဂ္ဂိုလ်တို့၏ သမ္မာကမ္မန္တ၊
၅။ အသေက္ခဖြစ်သော ဘုရား, ရဟန္တာ, ပစ္စေက ဗုဒ္ဓါ ပုဂ္ဂိုလ်တို့၏ သမ္မာအာဇီဝ၊
၆။ အသေက္ခဖြစ်သော ဘုရား, ရဟန္တာ, ပစ္စေကဗုဒ္ဓါ ပုဂ္ဂိုလ်တို့၏ သမ္မာဝါယာမ၊
၇။ အသေက္ခဖြစ်သော ဘုရား, ရဟန္တာ, ပစ္စေကဗုဒ္ဓါ ပုဂ္ဂိုလ် တို့၏ သမ္မာသတိ၊
၈။ အသေက္ခဖြစ်သော ဘုရား, ရဟန္တာ, ပစ္စေကဗုဒ္ဓါ ပုဂ္ဂိုလ်တို့၏ သမ္မာ သမာဓိ၊
၉။ အသေက္ခဖြစ်သော ဘုရား, ရဟန္တာ, ပစ္စေကဗုဒ္ဓါ ပုဂ္ဂိုလ်တို့၏ သမ္မာဉာဏ၊
၁၀။ အသေက္ခဖြစ်သော ဘုရား, ရဟန္တာ, ပစ္စေကဗုဒ္ဓါ ပုဂ္ဂိုလ်တို့၏ သမ္မာဝိမုတ္တိ။ (သာရတ္ထ၊ ဋီ၊၃။၂၂၃။)♦
အသေက္ခပုဂ္ဂိုလ်၏ ဥစ္စာ ၁၀ မျိုး
၁။ မှန်ကန်သော အမြင်၊
၂။ မှန်ကန်သော အကြံအစည်၊
၃။ မှန်ကန်သော စကား၊
၄။ မှန်ကန်သော အလုပ်၊
၅။ မှန်ကန်သော အသက်မွေးမှု၊
၆။ မှန်ကန်သော အားထုတ်မှု၊
၇။ မှန်ကန်သော အောက်မေ့မှု၊
၈။ မှန်ကန်သော တည်ကြည်မှု၊
၉။ မှန်ကန်သော ဉာဏ်၊
၁၀။ မှန်ကန်သော လွတ်မြောက်မှု။ (အံ၊၃၊၄၃၆။) (အံ၊မြန်၊၃။၄၂၉။)♦
အသေက္ခဘာဂိယပုဂ္ဂိုလ် ၉ ယောက်
၁။ သဒ္ဓါဝိမုတ္တပုဂ္ဂိုလ်၊
၂။ ပညာဝိမုတ္တပုဂ္ဂိုလ်၊
၃။ သုညတ ဝိမုတ္တပုဂ္ဂိုလ်၊
၄။ အနိမိတ္တဝိမုတ္တပုဂ္ဂိုလ်၊
၅။ အပ္ပဏိဟိတဝိမုတ္တပုဂ္ဂိုလ်၊
၆။ ဥဘတောဘာဂ ဝိမုတ္တပုဂ္ဂိုလ်၊ ၇။(အာသဝေါကုန်ခြင်းနှင့် အသက်ကုန်ခြင်းတို့ မရှေးမနှောင်း ဖြစ်သော ပုဂ္ဂိုလ်) သမသီသီပုဂ္ဂိုလ်၊
၈။ ပစ္စေကဗုဒ္ဓါ၊
၉။ သမ္မာသမ္ဗုဒ္ဓဘုရားရှင်။ (နေတ္တိ၊ဋ္ဌ၊၁၆၄။)♦
အသေက္ခရဟန္တာရတနာ ၂ မျိုး
၁။ သုက္ခဝိပဿက အသေက္ခရဟန္တာရတနာ၊
၂။ သမထယာနိက အသေက္ခရဟန္တာရတနာ။ (ခုဒ္ဒက၊ဋ္ဌ၊၁၄၉။) (သုတ္တနိ၊ဋ္ဌ၊၁၊၂၇၈။)♦
အဿဇိပုနဗ္ဗသုက ရဟန်းတို့အား ဘုရားရှင် ဟောကြားခဲ့သော ပုဂ္ဂိုလ် ၇ မျိုး
၁။ ဝိက္ခမ္ဘန ဝိမောက္ခ, သမုစ္ဆေဒဝိမောက္ခ ဟူသော နှစ်ပါးသော အဖို့တို့ဖြင့် ရူပကာယ နာမကာယ ဟူသော နှစ်ပါးသော အဖို့တို့မှ လွတ်သော ပုဂ္ဂိုလ်၊
၂။ မဂ်ပညာဖြင့် ကိလေသာတို့မှ လွတ်သော ပုဂ္ဂိုလ်၊
၃။ တွေ့ထိအပ်သော အရူပဈာန်တို့၏ အဆုံးဖြစ်၍ နာမကာယဖြင့် မျက်မှောက်ပြုသော (ကာယသက္ခိ) ပုဂ္ဂိုလ်၊
၄။ သောတာပတ္တိမဂ်ဉာဏ်၏ အဆုံးဖြစ်၍ မဂ်သို့ ရောက်သော (ဒိဋ္ဌိပ္ပတ္တ) ပုဂ္ဂိုလ်၊
၅။ သဒ္ဓါဖြင့် ကိလေသာတို့မှ လွတ်သော (သဒ္ဓါဝိမုတ္တ) ပုဂ္ဂိုလ်၊
၆။ ပညာတရားကို အစဉ်အောက်မေ့သော (ဓမ္မာနုသာရီ) ပုဂ္ဂိုလ်၊
၇။ သဒ္ဓါကို အစဉ်အောက်မေ့သော (သဒ္ဓါနုသာရီ) ပုဂ္ဂိုလ်။ (မ၊၂၊၁၄၂။) (မ၊မြန်၊၂။၁၅၃။)♦
အဿာဒဒိဋ္ဌိဖြင့် နှလုံးသွင်းပုံ ၃၅ မျိုး
၁။ ရုပ်ကို စွဲ၍ဖြစ်သော ချမ်းသာမှု ဝမ်းမြောက်မှုသည် သာယာဖွယ်မည်၏ဟု မှားသော နှလုံးသွင်း သုံးသပ်ခြင်း၊
၂။ ဝေဒနာကို စွဲ၍ဖြစ်သော ချမ်းသာမှု ဝမ်းမြောက်မှုသည် သာယာဖွယ်မည်၏ဟု မှားသော နှလုံးသွင်း သုံးသပ်ခြင်း၊
၃။ သညာကို စွဲ၍ဖြစ်သော ချမ်းသာမှု ဝမ်းမြောက်မှုသည် သာယာဖွယ်မည်၏ဟု မှားသော နှလုံးသွင်း သုံးသပ်ခြင်း၊
၄။ သင်္ခါရတို့ကို စွဲ၍ဖြစ်သော ချမ်းသာမှု ဝမ်းမြောက်မှုသည် သာယာဖွယ်မည်၏ဟု မှားသော နှလုံးသွင်း သုံးသပ်ခြင်း၊
၅။ ဝိညာဏ်ကို စွဲ၍ဖြစ်သော ချမ်းသာမှု ဝမ်းမြောက်မှုသည် သာယာဖွယ်မည်၏ဟု မှားသော နှလုံးသွင်း သုံးသပ်ခြင်း၊
၆။ မျက်စိကို စွဲ၍ဖြစ်သော ချမ်းသာမှု ဝမ်းမြောက်မှုသည် သာယာဖွယ်မည်၏ဟု မှားသော နှလုံးသွင်း သုံးသပ်ခြင်း၊
၇။ နားကို စွဲ၍ဖြစ်သော ချမ်းသာမှု ဝမ်းမြောက်မှုသည် သာယာဖွယ် မည်၏ဟု မှားသော နှလုံးသွင်း သုံးသပ်ခြင်း၊
၈။ နှာခေါင်းကို စွဲ၍ဖြစ်သော ချမ်းသာမှု ဝမ်းမြောက်မှုသည် သာယာဖွယ်မည်၏ဟု မှားသော နှလုံးသွင်း သုံးသပ်ခြင်း၊
၉။ လျှာကို စွဲ၍ဖြစ်သော ချမ်းသာမှု ဝမ်းမြောက်မှုသည် သာယာဖွယ်မည်၏ဟု မှားသော နှလုံးသွင်း သုံးသပ်ခြင်း၊
၁၀။ ကိုယ်ကို စွဲ၍ဖြစ်သော ချမ်းသာမှု ဝမ်းမြောက်မှုသည် သာယာဖွယ် မည်၏ဟု မှားသော နှလုံးသွင်း သုံးသပ်ခြင်း၊
၁၁။ စိတ်ကို စွဲ၍ဖြစ်သော ချမ်းသာမှု ဝမ်းမြောက်မှုသည် သာယာဖွယ်မည်၏ဟု မှားသော နှလုံးသွင်း သုံးသပ်ခြင်း၊
၁၂။ ရူပါရုံကို စွဲ၍ဖြစ်သော ချမ်းသာမှု ဝမ်းမြောက်မှုသည် သာယာဖွယ်မည်၏ဟု မှားသော နှလုံးသွင်း သုံးသပ်ခြင်း၊
၁၃။ သဒ္ဒါရုံကို စွဲ၍ဖြစ်သော ချမ်းသာမှု ဝမ်းမြောက်မှုသည် သာယာဖွယ် မည်၏ဟု မှားသော နှလုံးသွင်း သုံးသပ်ခြင်း၊
၁၄။ ဂန္ဓာရုံကို စွဲ၍ဖြစ်သော ချမ်းသာမှု ဝမ်းမြောက် မှုသည် သာယာဖွယ်မည်၏ဟု မှားသော နှလုံးသွင်း သုံးသပ်ခြင်း၊
၁၅။ ရသာရုံကို စွဲ၍ ဖြစ်သော ချမ်းသာမှု ဝမ်းမြောက်မှုသည် သာယာဖွယ်မည်၏ဟု မှားသော နှလုံးသွင်း သုံးသပ်ခြင်း၊
၁၆။ ဖောဋ္ဌဗ္ဗာရုံကို စွဲ၍ဖြစ်သော ချမ်းသာမှု ဝမ်းမြောက်မှုသည် သာယာဖွယ် မည်၏ဟု မှားသော နှလုံးသွင်း သုံးသပ်ခြင်း၊
၁၇။ ဓမ္မာရုံကို စွဲ၍ဖြစ်သော ချမ်းသာမှု ဝမ်းမြောက်မှုသည် သာယာဖွယ်မည်၏ဟု မှားသော နှလုံးသွင်း သုံးသပ်ခြင်း၊
၁၈။ စက္ခု ဝိညာဉ်ကို စွဲ၍ဖြစ်သော ချမ်းသာမှု ဝမ်းမြောက်မှုသည် သာယာဖွယ်မည်၏ဟု မှားသော နှလုံးသွင်း သုံးသပ်ခြင်း၊
၁၉။ သောတဝိညာဉ်ကို စွဲ၍ဖြစ်သော ချမ်းသာမှု ဝမ်းမြောက် မှုသည် သာယာဖွယ်မည်၏ဟု မှားသော နှလုံးသွင်း သုံးသပ်ခြင်း၊
၂၀။ ဃာနဝိညာဉ်ကို စွဲ၍ဖြစ်သော ချမ်းသာမှု ဝမ်းမြောက်မှုသည် သာယာဖွယ်မည်၏ဟု မှားသော နှလုံးသွင်း သုံးသပ်ခြင်း၊
၂၁။ ဇိဝှါဝိညာဉ်ကို စွဲ၍ဖြစ်သော ချမ်းသာမှု ဝမ်းမြောက်မှုသည် သာယာဖွယ် မည်၏ဟု မှားသော နှလုံးသွင်း သုံးသပ်ခြင်း၊
၂၂။ ကာယဝိညာဉ်ကို စွဲ၍ဖြစ်သော ချမ်းသာမှု ဝမ်းမြောက်မှုသည် သာယာဖွယ်မည်၏ဟု မှားသော နှလုံးသွင်း သုံးသပ်ခြင်း၊
၂၃။ မနော ဝိညာဉ်ကို စွဲ၍ဖြစ်သော ချမ်းသာမှု ဝမ်းမြောက်မှုသည် သာယာဖွယ်မည်၏ဟု မှားသော နှလုံးသွင်း သုံးသပ်ခြင်း၊
၂၄။ စက္ခုသမ္ဖဿကို စွဲ၍ဖြစ်သော ချမ်းသာမှု ဝမ်းမြောက် မှုသည် သာယာဖွယ်မည်၏ဟု မှားသော နှလုံးသွင်း သုံးသပ်ခြင်း၊
၂၅။ သောတသမ္ဖဿကို စွဲ၍ဖြစ်သော ချမ်းသာမှု ဝမ်းမြောက်မှုသည် သာယာဖွယ်မည်၏ဟု မှားသော နှလုံးသွင်း သုံးသပ်ခြင်း၊
၂၆။ ဃာနသမ္ဖဿကို စွဲ၍ဖြစ်သော ချမ်းသာမှု ဝမ်းမြောက်မှုသည် သာယာဖွယ် မည်၏ဟု မှားသော နှလုံးသွင်း သုံးသပ်ခြင်း၊
၂၇။ ဇိဝှါသမ္ဖဿကို စွဲ၍ ဖြစ်သော ချမ်းသာမှု ဝမ်းမြောက်မှုသည် သာယာဖွယ်မည်၏ဟု မှားသော နှလုံးသွင်း သုံးသပ်ခြင်း၊
၂၈။ ကာယသမ္ဖဿကို စွဲ၍ဖြစ်သော ချမ်းသာမှု ဝမ်းမြောက်မှုသည် သာယာ ဖွယ်မည်၏ဟု မှားသော နှလုံးသွင်း သုံးသပ်ခြင်း၊
၂၉။ မနောသမ္ဖဿကို စွဲ၍ဖြစ်သော ချမ်းသာမှု ဝမ်းမြောက်မှုသည် သာယာဖွယ်မည်၏ဟု မှားသော နှလုံးသွင်း သုံးသပ်ခြင်း၊
၃၀။ စက္ခုသမ္ဖဿကြောင့်ဖြစ်သော ဝေဒနာကို စွဲ၍ဖြစ်သော ချမ်းသာမှု ဝမ်းမြောက် မှုသည် သာယာဖွယ်မည်၏ဟု မှားသော နှလုံးသွင်း သုံးသပ်ခြင်း၊
၃၁။ သောတသမ္ဖဿ ကြောင့်ဖြစ်သော ဝေဒနာကို စွဲ၍ဖြစ်သော ချမ်းသာမှု ဝမ်းမြောက်မှုသည် သာယာဖွယ်မည်၏ဟု မှားသော နှလုံးသွင်း သုံးသပ်ခြင်း၊
၃၂။ ဃာနသမ္ဖဿကြောင့်ဖြစ်သော ဝေဒနာကို စွဲ၍ဖြစ်သော ချမ်းသာမှု ဝမ်းမြောက်မှုသည် သာယာဖွယ်မည်၏ဟု မှားသော နှလုံးသွင်း သုံးသပ်ခြင်း၊
၃၃။ ဇိဝှါသမ္ဖဿကြောင့်ဖြစ်သော ဝေဒနာကို စွဲ၍ဖြစ်သော ချမ်းသာမှု ဝမ်းမြောက်မှုသည် သာယာဖွယ်မည်၏ဟု မှားသော နှလုံးသွင်း သုံးသပ်ခြင်း၊
၃၄။ ကာယ သမ္ဖဿကြောင့်ဖြစ်သော ဝေဒနာကို စွဲ၍ဖြစ်သော ချမ်းသာမှု ဝမ်းမြောက်မှုသည် သာယာ ဖွယ်မည်၏ဟု မှားသော နှလုံးသွင်း သုံးသပ်ခြင်း၊
၃၅။ မနောသမ္ဖဿကြောင့်ဖြစ်သော ဝေဒနာကို စွဲ၍ဖြစ်သော ချမ်းသာခြင်း ဝမ်းမြောက်ခြင်းသည် မနောဿမ္ဖဿကြောင့်ဖြစ်သော ဝေဒနာ၏ သာယာဖွယ်ဟု မှားသောအားဖြင့် သုံးသပ်ခြင်း နှလုံးသွင်းခြင်းသည် ဒိဋ္ဌိမည်၏၊ ဤသာယာဖွယ်နှင့် ဒိဋ္ဌိကို အဿာဒဒိဋ္ဌိဟု ဆိုအပ်၏။ သာယာဖွယ်၌ ဖြစ်သော အဿာဒဒိဋ္ဌိကို ဤသုံးဆယ့်ငါးပါးသော အခြင်းအရာတို့ဖြင့် အမှားနှလုံးသွင်းခြင်းသည် ဖြစ်၏။ (ပဋိသံ၊ ၁၃၄-၁၃၅-၁၃၆။) (ပဋိသံ၊မြန်။၁၇၅။)♦
အဟန္တိ မာနဝိနိဗန္ဓ ဒိဋ္ဌိဖြင့် နှလုံးသွင်းပုံ ၁၈ မျိုး
၁။ မျက်စိသည် ငါဟု အမှား နှလုံး သွင်းခြင်း၊
၂။ နားသည် ငါဟု အမှား နှလုံးသွင်းခြင်း၊
၃။ နှာခေါင်းသည် ငါဟု အမှား နှလုံးသွင်းခြင်း၊
၄။ လျှာသည် ငါဟု အမှား နှလုံးသွင်းခြင်း၊
၅။ ကိုယ်သည် ငါဟု အမှား နှလုံးသွင်းခြင်း၊
၆။ စိတ်သည် ငါဟု အမှား နှလုံးသွင်းခြင်း၊
၇။ ရူပါရုံသည် ငါဟု အမှား နှလုံးသွင်းခြင်း၊
၈။ သဒ္ဒါရုံသည် ငါဟု အမှား နှလုံးသွင်းခြင်း၊
၉။ ဂန္ဓာရုံသည် ငါဟု အမှား နှလုံးသွင်းခြင်း၊
၁၀။ ရသာရုံသည် ငါဟု အမှား နှလုံးသွင်းခြင်း၊
၁၁။ ဖောဋ္ဌဗ္ဗာရုံသည် ငါဟု အမှား နှလုံးသွင်းခြင်း၊
၁၂။ ဓမ္မာရုံသည် ငါဟု အမှား နှလုံးသွင်းခြင်း၊
၁၃။ စက္ခုဝိညာဏ် သည် ငါဟု အမှား နှလုံးသွင်းခြင်း၊
၁၄။ သောတဝိညာဏ်သည် ငါဟု အမှား နှလုံးသွင်းခြင်း၊
၁၅။ ဃာနဝိညာဏ်သည် ငါဟု အမှား နှလုံးသွင်းခြင်း၊
၁၆။ ဇိဝှါဝိညာဏ်သည် ငါဟု အမှား နှလုံးသွင်းခြင်း၊
၁၇။ ကာယဝိညာဏ်သည် ငါဟု အမှား နှလုံးသွင်းခြင်း၊
၁၈။ မနော ဝိညာဏ်သည် ငါဟု အမှား နှလုံးသွင်းခြင်း။ (ပဋိသံ၊၁၅၅။) (ပဋိသံ၊မြန်။၁၉၉။)♦
အဟိတ် အကုသလဝိပါက်စိတ် ၇ ပါး
၁။ အဟိတ် အကုသလဝိပါက် ဥပေက္ခာသဟဂုတ် စက္ခုဝိညာဉ်စိတ်၊
၂။ အဟိတ် အကုသလဝိပါက် ဥပေက္ခာသဟဂုတ် သောတဝိညာဉ်စိတ်၊
၃။ အဟိတ် အကုသလဝိပါက် ဥပေက္ခာသဟဂုတ် ဃာနဝိညာဉ်စိတ်၊
၄။ အဟိတ် အကုသလ ဝိပါက် ဥပေက္ခာသဟဂုတ် ဇိဝှါဝိညာဉ်စိတ်၊
၅။ အဟိတ် အကုသလဝိပါက် ဥပေက္ခာ သဟဂုတ် ကာယဝိညာဉ်စိတ်၊
၆။ အဟိတ် အကုသလဝိပါက် ဥပေက္ခာသဟဂုတ် သမ္ပဋိစ္ဆိုင်း စိတ်၊
၇။ အဟိတ် အကုသလဝိပါက် ဥပေက္ခာသဟဂုတ် သန္တီရဏစိတ်။ (ဝိသုဒ္ဓိ၊၂၊၈၆။)♦
အဦးအလှူ ၅ မျိုး
၁။ စပါးစိုက်ရန် လယ်ယာမြေကို သုတ်သင်ရှင်းလင်းရာကာလ၌ လယ်ဦး အလှူကို လှူခြင်း၊
၂။ တလင်းကို ပြင်ရာကာလ၌ တလင်းဦးအလှူကို လှူခြင်း၊
၃။ တလင်း၌ ကောက်စပါးတို့ကို စုပုံရာကာလ၌ စုပုံဦးအလှူကို လှူခြင်း၊
၄။ ထမင်းချက်ရာကာလ၌ ထမင်းအိုး၏ အဦးကို လှူခြင်း၊
၅။ ပုဂံခွက်၌ ထမင်းခူးသော ကာလ၌ ပုဂံခွက်ဦးအလှူကို လှူခြင်း။ (ဓမ္မ၊ဋ္ဌ၊၂၊၃၆၇။)♦
အံ့ဩခြင်း ၂ မျိုး
၁။ ကဲ့ရဲ့အံ့ဩခြင်း (ဂရဟာအစ္ဆရိယ)၊
၂။ ချီးမွမ်းအံ့ဩခြင်း (ပသံသာအစ္ဆရိယ)။ (မ၊ဋ္ဌ၊၃၊၂။)♦
အား ၂ မျိုး
၁။ ဆင်ခြင်ခြင်းခွန်အား- ပဋိသင်္ခါနဗလ၊
၂။ ပွားများခြင်းခွန်အား- ဘာဝနာဗလ၊ (တစ်နည်း)
အောက်မေ့ခြင်းခွန်အား- သတိဗလ၊
၂။ တည်ကြည်ခြင်းခွန်အား- သမာဓိ ဗလ။ (အံ၊၁၊၉၄။) (အံ၊မြန်၊၁။၁၁၀။)♦
အား ၅ မျိုး
၁။ ယုံကြည်မှု သဒ္ဓါဗလ၊
၂။ အားထုတ်မှု ဝီရိယဗလ၊
၃။ အောက်မေ့မှု သတိဗလ၊
၄။ တည်ကြည်မှု သမာဓိဗလ၊
၅။ သိမှု ပညာဗလ။ (အံ၊၂၊၉-၁၀။) (အံ၊မြန်၊၂။၁၂-၁၃။)♦
အား ၈ မျိုး
၁။ ငိုကြွေးခြင်းသည် ကလေးသူငယ်တို့၏ အား၊
၂။ အမျက်ထွက်ခြင်းသည် မိန်းမ တို့၏ အား၊
၃။ လက်နက်သည် ခိုးသူတို့၏ အား၊
၄။ အစိုးရခြင်းသည် မင်းတို့၏ အား၊
၅။ ကဲ့ရဲ့ခြင်းသည် သူမိုက်တို့၏ အား၊
၆။ အကျိုးရှိ မရှိ ရှုမြင်ခြင်းသည် ပညာရှိတို့၏ အား၊
၇။ ဆင်ခြင်ခြင်းသည် အကြားအမြင် များသူ၏ အား၊
၈။ သည်းခံခြင်း ရဟန်းပုဏ္ဏား (သမဏ ဗြာဟ္မဏ) တို့၏ အား။ (အံ၊၃၊၅၈။) (အံ၊မြန်၊၃။၅၈။)♦
အာကာသ ၃ မျိုး
၁။ ပရိစ္ဆေဒအာကာသ- ရုပ်ကလာပ်နှစ်ခုတို့ကို ပိုင်းခြားတတ်သော အာကာသ ဓာတ်၊
၂။ ကသိဏုဂ္ဃါဋိမာကာသ- ကသိုဏ်းကိုးပါးတို့တွင် တစ်ပါးပါးကို ခွာခြင်းကြောင့် ရအပ်သော ကောင်းကင်ပညတ်၊
၃။ အဇဋာကာသ- အရှုပ်အထွေးမရှိသော အာကာသ။ (အဘိ၊ဋ္ဌ၊၃၊၁၉၄။)♦
အာကာသဓာတ် ၂ မျိုး
၁။ နားပေါက်, နှာခေါင်းပေါက်, ပါးစပ်ပေါက် စသော အတွင်းသန္တာန်၌ ဖြစ်သော အဇ္ဈတ္တအာကာသဓာတ်၊
၂။ အပသန္တာန်၌ ဖြစ်သော ဗဟိဒ္ဓအာကာသဓာတ်။ (မ၊၂၊၈၆။) (အဘိ၊ဝိ၊၈၆။) (မ၊မြန်၊၂။၉၃။) (အဘိ၊ဝိ၊မြန်၊၁။၃၀၄။)♦
အာကာသဓာတ် ၇ မျိုး (မိမိသန္တာန်၌ ဖြစ်သော အာကာသဓာတ် ၇ မျိုး )
၁။ နားပေါက်၊
၂။ နှာခေါင်းပေါက်၊
၃။ ခံတွင်းပေါက်၊
၄။ စားဖွယ် သောက်ဖွယ် ခဲဖွယ် လျက်ဖွယ်ကို မျိုချသော အပေါက်၊
၅။ စားဖွယ် သောက်ဖွယ် ခဲဖွယ် လျက်ဖွယ်တည်ရာ အရပ်၊
၆။ စားဖွယ်၊ သောက်ဖွယ် ခဲဖွယ် လျက်ဖွယ် အောက်အဖို့သို့ ထွက်စေသော အပေါက်၊
၇။ အသားအသွေး တို့ဖြင့် မတွေ့ထိအပ်သော ဟင်းလင်းပွင့်သော အပေါက်အားလုံး။ (မ၊၂၊၈၆။) (မ၊မြန်၊၂။၉၃။)♦
အာကာသာနဉ္စာယတနဈာန်၌ ရှိသော တရား ၁၃ မျိုး
၁။ အာကာသာနဉ္စာယတနဈာန်၌ ဖြစ်သော သညာ၊
၂။ စိတ္တေကဂ္ဂတာ၊
၃။ ဖဿ၊
၄။ ဝေဒနာ၊
၅။ သညာ၊
၆။ စေတနာ၊
၇။ စိတ်၊
၈။ ဆန္ဒ၊
၉။ အဓိမောက္ခ၊
၁၀။ ဝီရိယ
၁၁။ သတိ၊
၁၂။ ဥပေက္ခာ၊
၁၃။ မနသိကာရ။ (မ၊၃၊၇၇။) (မ၊မြန်၊၃။၈၁။)♦
အာကိဉ္စညာစေတောဝိမုတ္တိ မည်သော တရား ၉ ပါး
၁။ အာကိဉ္စညာယတန၊
၂။ မဂ် လေးပါး၊
၃။ ဖိုလ် လေးပါး ပေါင်း (၉) ပါး။ (မ၊ဋ္ဌ၊၂၊၂၅၃။)(သံ၊ဋ္ဌ၊၃၊၁၃၇။)♦
အာကိဉ္စညာယတနဈာန်၌ ရှိသော တရား ၁၃ မျိုး
၁။ အာကိဉ္စညာယတနသညာ၊
၂။ စိတ္တေကဂ္ဂတာ၊
၃။ ဖဿ၊
၄။ ဝေဒနာ၊
၅။ သညာ၊
၆။ စေတနာ၊
၇။ စိတ်၊
၈။ ဆန္ဒ၊
၉။ အဓိမောက္ခ၊
၁၀။ ဝီရိယ၊
၁၁။ သတိ၊
၁၂။ ဥပေက္ခာ၊
၁၃။ မနသိကာရ။ (မ၊၃၊၇၇။) (မ၊မြန်၊၃။၈၂။)♦
အာကိဉ္စညာယတနသမာပတ်နှင့် လျော်သော အကျင့် ၃ မျိုး
၁။ ‘‘မျက်မှောက်မျက်ကွယ်၌ ဖြစ်ကုန်သော ကာမ, ကာမသညာ, ရူပ, ရူပသညာ, အာနေဉ္ဇသညာနှင့် သညာအားလုံး အကြွင်းမဲ့ ချုပ်ရာ အာကိဉ္စညာယတနဈာန်သည် ငြိမ်သက် မွန်မြတ်၏’’ဟု နှလုံးသွင်း ဆင်ခြင်၍ နေသော အရိယာတပည့်သား၏ အကျင့်၊
၂။ တော တောင်, သစ်ပင်ရင်း, ဆိတ်ငြိမ်ရာအရပ် တစ်ခုခုသို့ ချဉ်းကပ်၍ ‘‘ဤအာကိဉ္စညာယတန၏ သမာပတ်သည် အတ္တမှ လည်းကောင်း အတ္တနှင့်စပ်သော အရာမှလည်းကောင်း ဆိတ်သုဉ်း၏’’ဟု နှလုံးသွင်း၍ နေသော အရိယာတပည့်သား၏ အကျင့်၊
၃။ ‘‘ဘယ်မှာမျှ ငါသည် မတည်၊ ဘယ်သူနှင့် စပ်၍မျှလည်း မတည်၊ ဘယ်သူ၏ အဖြစ်ဖြင့်မျှလည်း မတည်ဟူ၍လည်းကောင်း ငါ၏ အတ္တသည် ဘယ်မှာမျှ မတည်၊ ဘယ်သူ့မှာမျှ မတည်၊ ဘာမျှ မတည် ဟူ၍ လည်းကောင်း’’ နှလုံးသွင်း ဆင်ခြင်၍ နေသော အရိယာတပည့်သား၏ အကျင့်။ (မ၊၃၊၅၀။) (မ၊မြန်၊၃။၅၃။)♦
အာဂမန ၂ မျိုး
၁။ ဝိပဿနာအာဂမန- မဂ်ဖိုလ်ဖြစ်ပေါ်ကြောင်း ဝိပဿနာဉာဏ်၊
၂။ မဂ္ဂအာဂမန- ဖြစ်ပေါ်လာကြောင်းမဂ်။ (သာရတ္ထ၊ဋီ၊၂၊၂၈၇။) (ဝိမတိ၊၁၊၂၄၄။။)♦
အာဃာတကို ပယ်ဖျောက်ကြောင်း တရား ၅ ပါး
၁။ ရန်ငြိုးဖွဲ့မှု ဖြစ်ပေါ်လာသော ပုဂ္ဂိုလ် အပေါ်၌ ချစ်ခြင်းမေတ္တာကို ပွားရခြင်း၊
၂။ ရန်ငြိုးဖွဲ့မှု ဖြစ်ပေါ်လာသော ပုဂ္ဂိုလ်အပေါ်၌ သနားခြင်းကရုဏာကို ပွားရခြင်း၊
၃။ ရန်ငြိုးဖွဲ့မှု ဖြစ်ပေါ်လာသော ပုဂ္ဂိုလ်အပေါ်၌ လျစ်လျူ ရှုခြင်း ဥပေက္ခာကို ပွားရခြင်း၊
၄။ ရန်ငြိုးဖွဲ့မှု ဖြစ်ပေါ်လာသော ပုဂ္ဂိုလ်အပေါ်၌ သတိ မထား, နှလုံးမသွင်းရခြင်း၊
၅။ ရန်ငြိုးဖွဲ့မှု ဖြစ်ပေါ်လာသော ပုဂ္ဂိုလ်အပေါ်၌ ကံသာလျှင် မိမိဥစ္စာရှိသည်ကို ဆောက်တည်ရခြင်း။ (အံ၊၂၊၁၆၃။) (အံ၊မြန်၊၂။၂၀၈။)♦
အာဃာတကို ပယ်ဖျောက်ကြောင်း တရား ၅ ပါး (တစ်နည်း)
၁။ ကိုယ်အကျင့် မစင်ကြယ် သော်လည်း နှုတ်အကျင့် စင်ကြယ်ခြင်း၊
၂။ နှုတ်အကျင့် မစင်ကြယ်သော်လည်း ကိုယ်အကျင့် စင်ကြယ်ခြင်း၊
၃။ ကိုယ်နှုတ်အကျင့် မစင်ကြယ်သော်လည်း ရံဖန်ရံခါ စိတ်ကြည်လင်မှုကို ရခြင်း၊
၄။ ကိုယ်နှုတ်အကျင့်လည်း မစင်ကြယ်ဘဲ ရံဖန်ရံခါ စိတ်ကြည်လင်မှုကိုလည်း မရခြင်း၊
၅။ ကိုယ်နှုတ်အကျင့် စင်ကြယ်လျက် ရံဖန်ရံခါ စိတ်ကြည်လင်မှုကို ရခြင်း။ (အံ၊၂၊၁၆၄။) (အံ၊မြန်၊၂။၂၀၉။)♦
အာဃာတဝတ္ထု ၁၀ ပါး
ရန်ငြိုးဖွဲ့ကြောင်း ၁၀ ပါးနှင့် တူသည်။ ♦
အာဃာတဝတ္ထု ၉ ပါး
ရန်ငြိုးဖွဲ့ကြောင်း ၉ ပါးနှင့် တူသည်။ ♦
အာဃာတဝတ္ထု ၉ ပါး
၁။ ဤသူသည် ငါ၏ အကျိုးစီးပွားမဲ့ကို ပြုကျင့်ဖူး၏ဟု ရန်ငြိုးဖွဲ့ခြင်း၊
၂။ ဤသူသည် ငါ၏ အကျိုးစီးပွားမဲ့ကို ပြုကျင့်နေဆဲ ဖြစ်၏ဟု ရန်ငြိုးဖွဲ့ခြင်း၊
၃။ ဤသူသည် ငါ၏ အကျိုးစီးပွားမဲ့ကို ပြုကျင့်လတ္တံ့ဟု ရန်ငြိုးဖွဲ့ခြင်း၊
၄။ ဤသူသည် ငါချစ်ခင် မြတ်နိုး အပ်သော ပုဂ္ဂိုလ်၏ အကျိုးစီးပွားမဲ့ကို ပြုကျင့်ဖူး၏ဟု ရန်ငြိုးဖွဲ့ခြင်း၊
၅။ ဤသူသည် ငါချစ်ခင်မြတ်နိုးအပ်သော ပုဂ္ဂိုလ်၏ အကျိုးစီးပွားမဲ့ကို ပြုကျင့်နေဆဲ ဖြစ်၏ဟု ရန်ငြိုးဖွဲ့ခြင်း၊
၆။ ဤသူသည် ငါချစ်ခင်မြတ်နိုးအပ်သော ပုဂ္ဂိုလ်၏ အကျိုးစီးပွားမဲ့ကို ပြုကျင့်လတ္တံ့ဟု ရန်ငြိုးဖွဲ့ခြင်း၊
၇။ ဤသူသည် ငါမချစ်အပ်သော သူ၏ အကျိုးစီးပွားကို ပြုကျင့်ဖူး၏ဟု ရန်ငြိုးဖွဲ့ခြင်း၊
၈။ ဤသူသည် ငါမချစ်အပ်သော သူ၏ အကျိုးစီးပွားကို ပြုကျင့်နေဆဲ ဖြစ်၏ဟု ရန်ငြိုးဖွဲ့ခြင်း၊
၉။ ဤသူသည် ငါမချစ်အပ်သော သူ၏ အကျိုး စီးပွားကို ပြုကျင့်လတ္တံ့ဟု ရန်ငြိုးဖွဲ့ခြင်း။ (ဝိ၊၅၊၂၉၃။) (အံ၊၃၊၂၀၈။) (အဘိ၊ဝိ၊၄၀၃။) (ပဋိသံ၊ဋ္ဌ၊၂။၃၀။) (ဝိ၊မြန်၊၅။၃၈၈။) (အံ၊မြန်၊၃။၂၀၈။) (အဘိ၊ဝိ၊မြန်၊၂။၅၁၀။)♦
အာစရိယကုလဂိုဏ်း ၆ ဂိုဏ်း
၁။ မဟာသံဃိကာစရိယကုလဂိုဏ်း (မူလဂိုဏ်း)၊
၂။ ဂေါကုလိကာ စရိယဂိုဏ်း (ခွဲထွက်ဂိုဏ်း)၊
၃။ ဧကဗျောဟာရိကာစရိယဂိုဏ်း (ခွဲထွက်ဂိုဏ်း)၊
၄။ ပဏ္ဏတ္တိ ဝါဒဂိုဏ်း (ခွဲထွက်ဂိုဏ်း)၊
၅။ ဗာဟုလိယဂိုဏ်း (ခွဲထွက်ဂိုဏ်း)၊
၆။ စေတိယဝါဒဂိုဏ်း (ခွဲထွက်ဂိုဏ်း)။ (အဘိ၊ဋ္ဌ၊၃၊၁၀၆။)♦
အာစရိယဝါဒဂိုဏ်း ၁၁ ဂိုဏ်း (ထေရဝါဒဂိုဏ်းမှ ခွဲထွက်သော အာစရိယဝါဒဂိုဏ်း ၁၁ ဂိုဏ်း)
၁။ မဟိသာသကဝါဒဂိုဏ်း၊
၂။ ဝဇ္ဇိပုတ္တကဝါဒဂိုဏ်း၊
၃။ ဓမ္မုတ္တရိယဝါဒဂိုဏ်း၊
၄။ ဘဒြယာနိက ဂိုဏ်း၊
၅။ ဆန္နာဂါရိကဂိုဏ်း၊
၆။ သမိတိယဂိုဏ်း၊
၇။ သဗ္ဗတ္ထိဝါဒဂိုဏ်း၊
၈။ ဓမ္မဂုတ္တိကဂိုဏ်း၊
၉။ သဗ္ဗတ္ထိဝါဒဂိုဏ်းမှ ခွဲထွက်သော ကဿပိကာစရိယဝါဒဂိုဏ်း၊
၁၀။ ထိုဂိုဏ်းမှ ခွဲထွက်သော သင်္ကန္တိကဝါဒဂိုဏ်း၊
၁၁။ သင်္ကန္တိကဝါဒဂိုဏ်းမှ ခွဲထွက်သော သုတ္တဝါဒဂိုဏ်း။ (အဘိ၊ဋ္ဌ၊၃၊၁၀၇။)♦
အာစရိယဝါဒဂိုဏ်း ၁၈ ဂိုဏ်း (ဘုရားရှင် ပရိနိဗ္ဗာန်စံဝင်တော်မူပြီး၍ ဒုတိယ နှစ်တစ်ရာ ကာလ၌ ဖြစ်ပေါ်လာသော အာစရိယဝါဒဂိုဏ်း ၁၈ ဂိုဏ်း)
၁။ မဟာသံဃိကဂိုဏ်း၊
၂။ ဂေါကုလိက ဂိုဏ်း၊
၃။ ဧကဗျောဟာရိကဂိုဏ်း၊
၄။ ပဏ္ဏတ္တိဝါဒဂိုဏ်း၊
၅။ ဗာဟုလိယဂိုဏ်း၊
၆။ စေတိယ ဝါဒဂိုဏ်း၊
၇။ ထေရဝါဒဂိုဏ်း၊
၈။ မဟိသာသကဂိုဏ်း၊
၉။ ဝဇ္ဇိပုတ္တက ဂိုဏ်း၊
၁၀။ ဓမ္မုတ္တရိက ဂိုဏ်း၊
၁၁။ ဘဒ္ဒယာနိကဂိုဏ်း၊
၁၂။ ဆန္နာဂါရိကဂိုဏ်း၊
၁၃။ သမိတိကဂိုဏ်း၊
၁၄။ သဗ္ဗတ္ထိ ဝါဒဂိုဏ်း၊
၁၅။ ဓမ္မဂုတ္တိကဂိုဏ်း၊
၁၆။ ကဿပိကဂိုဏ်း၊
၁၇။ သင်္ကန္တိကဂိုဏ်း၊
၁၈။ သုတ္တဝါဒ ဂိုဏ်း။(မဟာသံဃိက ၆ ဂိုဏ်း၊ ထေရဝါဒ ၁၂ ဂိုဏ်း။)။ (သာရတ္ထ၊ဋီ၊၁၊၁၁၆။)♦
အာစရိယဝါဒဂိုဏ်း ၂ ဂိုဏ်း (ထေရဝါဒဂိုဏ်းမှ ခွဲထွက်သော အာစရိယဝါဒဂိုဏ်း ၂ ဂိုဏ်း)
၁။ မဟိသာသကဂိုဏ်း၊
၂။ ဝဇ္ဇိပုတ္တကဂိုဏ်း။ (သာရတ္ထ၊ဋီ၊၁၊၁၁၆။) (အဘိ၊ဋ္ဌ၊၃၊၁၀၆။)♦
အာစရိယဝါဒဂိုဏ်း ၂ ဂိုဏ်း (မဟိသာသကဂိုဏ်းမှ ခွဲထွက်သော အာစရိယဝါဒဂိုဏ်း ၂ ဂိုဏ်း)
၁။ သဗ္ဗတ္ထိဝါဒဂိုဏ်း၊
၂။ ဓမ္မဂုတ္တိကဂိုဏ်း။ (အဘိ၊ဋ္ဌ၊၃၊၁၀၆။) (သာရတ္ထ၊ဋီ၊၁၊၁၁၆။)♦
အာစရိယဝါဒဂိုဏ်း ၄ ဂိုဏ်း (ဝဇ္ဇိပုတ္တကဝါဒဂိုဏ်းမှ ခွဲထွက်သော အာစရိယဝါဒဂိုဏ်း ၄ ဂိုဏ်း)
၁။ ဓမ္မုတ္တရိယဝါဒဂိုဏ်း၊
၂။ ဘဒြယာနိကဂိုဏ်း၊
၃။ ဆန္နာဂါရိကဂိုဏ်း၊
၄။ သမိတိက ဂိုဏ်း။ (အဘိ၊ဋ္ဌ၊၃၊၁၀၆။) (သာရတ္ထ၊ဋီ၊၁၊၁၁၆။)♦
အာစိဏ္ဏ ၂ မျိုး
အလေ့အကျင့် ၂ မျိုးနှင့် တူသည်။ ♦
အာဇာနည် မြင်းကောင်း ၃ မျိုး
၁။ လျင်မြန်ခြင်းနှင့် ပြည့်စုံသော အာဇာနည်မြင်းကောင်း၊
၂။ အဆင်းနှင့် ပြည့်စုံသော အာဇာနည်မြင်းကောင်း၊
၃။ အလုံးအရပ်နှင့် ပြည့်စုံသော အာဇာနည် မြင်းကောင်း။ (အံ၊၁၊၂၉၁။) (အံ၊၁၊၂၉၄။) (အံ၊မြန်၊၁။၃၁၂။) (အံ၊မြန်၊၁။၃၁၂။)♦
အာဇာနည် မြင်းကောင်း ၃ မျိုး (တစ်နည်း)
၁။ လျင်မြန်ခြင်းနှင့်သာ ပြည့်စုံ၍ အဆင်း, အလုံး အရပ်နှင့် မပြည့်စုံသော အာဇာနည်မြင်း၊
၂။ လျင်မြန်ခြင်းနှင့်လည်းကောင်း အဆင်းနှင့် လည်းကောင်း ပြည့်စုံ၍ အလုံးအရပ်နှင့် မပြည့်စုံသော အာဇာနည်မြင်း၊
၃။ လျင်မြန်ခြင်း အဆင်း အလုံးအရပ် သုံးမျိုးလုံးနှင့် ပြည့်စုံသော အာဇာနည်မြင်း။ (အံ၊၃၊၂၀၀။) (အံ၊မြန်၊၃။၂၀၀။)♦
အာဇာနည် မြင်းကောင်း ၄ မျိုး
၁။ နှင်တံ (ကြိမ်လုံး) ၏ အရိပ်ကို မြင်ရုံမျှဖြင့် ထိတ်လန့်လျက် အတုန့်ပြုသော မြင်းအာဇာနည်၊
၂။ နှင်တံ(ကြိမ်လုံး)၏ အရိပ်ကို မြင်ရုံမျှဖြင့် မထိတ် လန့်မူ၍ အမွှေးကျွတ်အောင် ရိုက်နှက်မှ ထိတ်လန့်လျက် အတုန့်ပြုသော မြင်းအာဇာနည်း၊
၃။ နှင်တံ၏ အရိပ်မြင်ရုံမျှဖြင့်လည်း မထိတ်လန့်၊ အမွှေးကျွတ်အောင် ရိုက်နှက်သော်လည်း မထိတ်လန့်မူ၍ အရေစုပ်အောင် ရိုက်နှက်မှသာ ထိတ်လန့်လျက် အတုန့်ပြုသော မြင်း အာဇာနည်၊
၄။ နှင်တံ၏ အရိပ်မြင်ရုံမျှဖြင့်လည်း မထိတ်လန့်, အမွှေးကျွတ်အောင် ရိုက်သော်လည်း မထိန့်လန့် အရေစုပ်အောင် ရိုက်သော်လည်း မထိတ်လန့်မူ၍ အရိုး ပေါက်အောင် ရိုက်မှ ထိတ်လန့်လျက် အတုန့်ပြုသော မြင်းအာဇာနည်။ (အံ၊၁၊၄၂၉။) (အံ၊မြန်၊၁။၄၄၂။)♦
အာဇာနည် မြင်းကောင်း အင်္ဂါ ၄ မျိုး
၁။ အဆင်းနှင့် ပြည့်စုံခြင်း၊
၂။ ခွန်အားဗလနှင့် ပြည့်စုံခြင်း၊
၃။ လျင်မြန်ခြင်းနှင့် ပြည့်စုံခြင်း၊
၄။ အလုံးအရပ် အနံအဝန်းနှင့် ပြည့်စုံခြင်း။ (အံ၊၁၊၅၇၂-၅၇၃။) (အံ၊မြန်၊၁။၅၈၆။)♦
အာဇာနည် ယောကျ်ားကောင်း ၄ မျိုး
၁။ ဤမည်သော ရွာ နိဂုံး၌ ယောကျ်ားသည် လည်းကောင်း, မိန်းမသည်လည်းကောင်း ဆင်းရဲဒုက္ခရောက်လျက် သေဆုံး၏ဟူသော အသံကို ကြားရုံမျှဖြင့် သံဝေဂရပြီး တရားအားထုတ်သဖြင့် ထိုးထွင်း၍ သိကာ မဂ်ဖိုလ်နိဗ္ဗာန်ကို မျက်မှောက်ပြုသော ပုဂ္ဂိုလ်၊
၂။ ဤမည်သော ရွာ နိဂုံး၌ ယောကျ်ားသည်လည်းကောင်း မိန်းမသည်လည်းကောင်း ဆင်းရဲဒုက္ခရောက်လျက် သေဆုံး၏ဟူသော အသံကို မကြားဘဲ ကိုယ်တိုင် တွေ့မြင်လိုက်ရ သဖြင့် သံဝေဂရပြီး တရားအားထုတ် သောကြောင့် ထိုးထွင်းသိကာ မဂ်ဖိုလ်နိဗ္ဗာန်ကို မျက်မှောက်ပြုသော ပုဂ္ဂိုလ်၊
၃။ ဤမည်သော ရွာနိဂုံး၌ ယောကျ်ားသည်လည်းကောင်း မိန်းမသည်လည်းကောင်း ဒုက္ခရောက်လျက် သေဆုံး၏ဟူသော အသံကိုလည်း မကြား, ကိုယ်တိုင်လည်း မတွေ့မြင်ရသော်လည်း မိမိ၏ ဆွေမျိုးသားချင်းများ ကွယ်လွန်အနိစ္စ ရောက်သောအခါ သံဝေဂရပြီး တရားအားထုတ် သဖြင့် မဂ်ဖိုလ်နိဗ္ဗာန် မျက်မှောက်ပြုသော ပုဂ္ဂိုလ်၊
၄။ ဤမည်သော ရွာနိဂုံး၌ ယောကျ်ား သည်လည်းကောင်း မိန်းမသည်လည်းကောင်း ဆင်းရဲဒုက္ခရောက်လျက် သေဆုံး၏ဟူသော အသံကို မကြား, ကိုယ်တိုင်လည်း မတွေ့မြင် ဆွေမျိုးသားချင်းတို့သည်လည်း မကွယ်လွန် သို့သော် မိမိကိုယ်တိုင် ပြင်းထန်သော ရောဂါ ဝေဒနာကို ခံစားရသဖြင့် သံဝေဂရပြီး တရားအားထုတ်သောကြောင့် မဂ်ဖိုလ်နိဗ္ဗာန်ကို မျက်မှောက်ပြုသော ပုဂ္ဂိုလ်။ (အံ၊၁၊၄၃၁။) (အံ၊မြန်၊၁။၄၃၀-၄၃၁။)♦
အာဇာနည်ပုဂ္ဂိုလ် ၆ ယောက်
ခြင်္သေ့၏ဟိန်းဟောက်သံကို မကြောက်သော ပုဂ္ဂိုလ် ၆ မျိုးနှင့် တူသည်။ ♦
အာဇာနည်မြင်း အင်္ဂါ ၃ ပါး
၁။ အဆင်းနှင့် ပြည့်စုံခြင်း၊
၂။ ခွန်အားနှင့် ပြည့်ခြင်း၊
၃။ လျင်မြန် ခြင်းနှင့် ပြည့်စုံခြင်း။ (အံ၊၁၊၂၄၆-၂၄၇-၂၄၈။) (အံ၊မြန်၊၁။၂၆၄။)♦
အာဇာနည်မြင်းကောင်း အင်္ဂါ ၄ မျိုး (တစ်နည်း)
၁။ ဖြောင့်မတ်ခြင်း၊
၂။ လျင်မြန်ခြင်း၊
၃။ သည်းခံခြင်း၊
၄။ အကျင့်ကောင်းခြင်း။ (အံ၊၁၊၄၂၈။) (အံ၊မြန်၊၁။၄၄၁။)♦
အာဇာနည်ယောကျ်ားကောင်း ၃ မျိုး
၁။ လျင်မြန်ခြင်းနှင့် ပြည့်စုံသော အာဇာနည် ယောကျ်ားကောင်း၊
၂။ အဆင်းနှင့် ပြည့်စုံသော အာဇာနည် ယောကျ်ားကောင်း၊
၃။ အလုံးအရပ်နှင့် ပြည့်စုံသော အာဇာနည် ယောကျ်ားကောင်း။ (အံ၊၁၊၂၉၁။) (အံ၊၁၊၂၉၄။) (အံ၊မြန်၊၁။၃၁၂။) (အံ၊မြန်၊၁။၃၁၂။)♦
အာဇီဝ၀ိပတ္တိကြောင့် သင့်သော အာပတ် ၆ ပါး
၁။ ထင်ရှားမရှိသော ဈာန်မဂ်ဖိုလ်တရားကို ဝါကြွား၍ ပြောဆိုအံ့၊ ပါရာဇိကအာပတ်သို့ ရောက်ခြင်း၊
၂။ အသက်မွေးမှု ဟူသော အကြောင်းကြောင့် အောင်သွယ်ခြင်းသို့ ရောက်အံ့၊ သံဃာဒိသိသ်အာပတ် သင့်ရောက်ခြင်း၊
၃။ အသက်မွေးမှုဟူသော အကြောင်းကြောင့် သင်၏ ကျောင်း၌ နေသော ရဟန်းသည် ရဟန္တာ တည်းဟု ပြောအံ့၊ အပြောခံရသူ သိမူ ထုလ္လစ္စဉ်းအာပတ် သင့်ရောက်ခြင်း၊
၄။ အသက်မွေးမှု ဟူသော အကြောင်းကြောင့် ရဟန်းယောကျ်ားသည် မွန်မြတ်သော ဘောဇဉ်ကို တောင်း၍ စားအံ့၊ ပါစိတ်အာပတ် သင့်ရောက်ခြင်း၊
၅။ အသက်မွေးမှုဟူသော အကြောင်းကြောင့် ရဟန်းမသည် မွန်မြတ်သော ဘောဇဉ်ကို တောင်း၍ စားအံ့၊ ပါဋိဒေသနီအာပတ် သင့်ရောက်ခြင်း၊
၆။ အသက်မွေးမှုဟူသော အကြောင်းကြောင့် ဟင်းထမင်းကို မနာဖျားဘဲ တောင်း၍ စားအံ့၊ ဒုက္ကဋ်အာပတ်သို့ သင့်ရောက်ခြင်း။ (ဝိ၊၅၊၁၇၈။) (ဝိ၊မြန်၊၅။၂၅၉-၂၆၂။)♦
အာဇီဝဋ္ဌမကသီလ ၈ ပါး
၁။ သူတစ်ပါးအသက် သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း၊
၂။ သူ့ဥစ္စာ ခိုးယူခြင်းမှ ရှောင်ကြဉ်ခြင်း၊
၃။ သူတစ်ပါးသားမယားကို ပြစ်မှားခြင်းမှ ရှောင်ကြဉ်ခြင်းဟု ဆိုအပ်သော ကောင်းစွာ စင်ကြယ်သော ကာယသုစရိုက် သုံးပါး၊
၄။ လိမ်ညာ၍ ပြောခြင်းမှ ရှောင်ကြဉ်ခြင်း၊
၅။ ချောပစ်ကုန်းတိုက်ခြင်းမှ ရှောင်ကြဉ်ခြင်း၊
၆။ ရုန့်ရင်းကြမ်းတမ်းသော စကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း၊
၇။ ပြိန်ဖျင်းသော စကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်းဟု ဆိုအပ်သော ကောင်းစွာ စင်ကြယ်သော ဝစီသုစရိုက် လေးပါး၊
၈။ ကောင်းစွာ စင်ကြယ်သော အသက်မွေးမှုရှိခြင်း ပေါင်း ရှစ်ပါး။ (ဝိသုဒ္ဓိ၊ဋီ၊၁၊၃၃။)♦
အာဏတ္တိနိယာမက အင်္ဂါ ၆ ပါး
၁။ဝတ္ထု- သတ်အပ်သော သတ္တဝါ၊
၂။ ကာလ- နံနက် ညနေ စသော သတ်ရမည့် အချိန်ကာလ၊
၃။ ဩကာသ- ရွာ နိဂုံး တော လမ်းဆုံစသော သတ်ရမည့် နေရာ၊
၄။ အာဝုဓ- ဓား လှံ စသော သတ်ရမည့် လက်နက်၊
၅။ ဣရိယာပထ- ထိုင်နေစဉ်, အိပ်နေစဉ် စသော သတ်ရမည့် ဣရိယာပုတ်၊
၆။ ကိရိယာဝိသေသ- ထိုးဖောက်ခြင်း, ခုတ်ဖြတ်ခြင်း စသော သတ်ဖြတ်ကြောင်း အမူအရာ ကြိယာအထူး။ (ခုဒ္ဒက၊ဋ္ဌ၊၂၀။)♦
အားတော် ၁၀ ပါး (ဘုရားရှင်၏ အားတော် ၁၀ ပါး)
‘‘ဌာနာဌာနံ ဝိပါကဉ္စ၊ ဉာဏံ သဗ္ဗတ္ထဂါမိနိံ။ အနေကဓာတုယော လောကံ၊ အဓိမုတ္တိဉ္စ ပါဏိနံ။ ။ ‘‘ဇာနာတိ ဣန္ဒြိယာနဉ္စ၊ ပရောပရိယတံ မုနိ။ ဈာနာဒိသံကိလေသာဒိ၊ ဉာဏံ ဝိဇ္ဇတ္တယံ တထာ’’တိ။
မြတ်စွာဘုရားသည် အကြောင်း ဟုတ်သည်ကိုလည်း ဟုတ်သောအားဖြင့် အကြောင်းမဟုတ်သည်ကိုလည်း မဟုတ်သော အားဖြင့် ဟုတ်တိုင်းမှန်စွာ ခွဲခြား၍ သိခြင်း၊
၂။ အတိတ် အနာဂတ် ပစ္စုပ္ပန် ကံတို့၏ အကျိုးတရားကို ဟုတ်တိုင်းမှန်စွာ သိခြင်း၊
၃။ ဂတိငါးပါး (ဘဝငါးမျိုး) သို့ ရောက်ကြောင်း အကျင့် နိဗ္ဗာန်သို့ ရောက်ကြောင်းအကျင့်တို့ကို ဟုတ်တိုင်းမှန်စွာ သိခြင်း၊
၄။ များစွာသော ဓာတ် အမျိုးမျိုးသော ဓာတ်လောကကို ဟုတ်တိုင်းမှန်စွာ သိခြင်း၊
၅။ သတ္တဝါ (သက်ရှိပုဂ္ဂိုလ်) တို့၏ စိတ်ထား အမျိုးမျိုးတို့ကို ဟုတ်တိုင်းမှန်စွာ သိခြင်း၊
၆။ အယုတ်အမြတ် ဖြစ်သော ပုဂ္ဂိုလ်သတ္တဝါတို့၏ ဣန္ဒြေပါရမီ အနုအရင့်တို့ကို ဟုတ်တိုင်းမှန်စွာ သိခြင်း၊
၇။ ဈာန်, ဝိမောက္ခ, သမာဓိ, သမာပတ်တို့၏ ညစ်နွမ်းကြောင်း, ဖြူစင်ကြောင်း ထမြောက်ကြောင်း တို့ကို ဟုတ်တိုင်းမှန်စွာ သိခြင်း၊
၈။ ရှေး၌နေဖူး, ဖြစ်ဖူးသော ဘဝများစွာ ကမ္ဘာများစွာတို့ကို အမျိုး အမည် စသည်တို့နှင့်တကွ အောက်မေ့အမှတ်ရတော်မူနိုင်ခြင်း၊
၉။ ကံအားလျော်စွာ စုတေကြ, ပဋိသန္ဓေ နေကြသော သတ္တဝါ အမျိုးမျိုးတို့ကို ဒိဗ္ဗစက္ခု အဘိညာဉ်ဖြင့် သိမြင်တော် မူခြင်း၊
၁၀။ အာသဝေါတရားတို့၏ ကုန်ခြင်းကြောင့် အရဟတ္တ ဖိုလ်ပညာကို ထူးသော ဉာဏ်ဖြင့် မျက်မှောက်ပြု၍ နေခြင်း။ (မ၊၁၊၉၉။) (အံ၊၃၊၂၈၃၊၂၈၅။) (ဝဇိရ၊၄၁၅။) (မ၊မြန်၊၁။၁၀၇။) (အံ၊မြန်၊၃။၂၈၃၊၂၈၆။)♦
အားထုတ်ကြောင်း ၃ ပါး
၁။ မဖြစ်ကုန်သေးသော အကုသိုလ်တရားတို့ကို မဖြစ်စေခြင်းငှာ အားထုတ်ခြင်း၊
၂။ မဖြစ်သေးသော ကုသိုလ်တရားတို့ကို ဖြစ်စေခြင်းငှာ အားထုတ်ခြင်း။
၃။ ကိုယ်၌ ဖြစ်သော ဆင်းရဲဝေဒနာတို့ကို သည်းခံနိုင်ခြင်းငှာ အားထုတ်ခြင်း။ (အံ၊၁၊၁၅၁။) (အံ၊မြန်၊၁။၁၇၀။)♦
အားထုတ်ခြင်း ၄ မျိုး
၁။ စက္ခုန္ဒြေ စသည်ကို စောင့်စည်းရန် အားထုတ်ခြင်း သံဝရပ္ပဓာန၊
၂။ ကာမ ဝိတက် စသည်တို့ကို ပယ်ရန် အားထုတ်ခြင်း ပဟာနပ္ပဓာန၊
၃။ ဗောဇ္ဈင်ကို ပွားရန် အားထုတ်ခြင်း ဘာဝနာပ္ပဓာန၊
၄။ သမာဓိနိမိတ်ကို စောင့်ရှောက်ရန် အားထုတ်ခြင်း အနုရက္ခဏာပ္ပဓာန။ (အံ၊၁၊၃၂၃။) (အံ၊၁၊၃၈၅။) (အံ၊မြန်၊၁။၃၃၈။) (အံ၊မြန်၊၁။၄၀၀။)♦
အားထုတ်ခြင်း အကြောင်း ၈ ပါး
ထူးသော အဖို့ရှိသော တရား ၈ ပါး၊ ဝိသေသဘာဂိယတရား ၈ ပါးတို့နှင့် တူသည်။ ♦
အားထုတ်ခြင်း အကြောင်း ၈ မျိုး
၁။ ငါသည် အမှုကိစ္စတို့ကို ပြုလုပ်ရလိမ့်မည်၊ အမှုကိစ္စ တို့ကို ပြုလုပ်သော ငါ့အား တရားအားထုတ်ရန် မစွမ်းနိုင်၊ ထို့ကြောင့် စောစောကပင် အားထုတ်ဦးမည်ဟု နှလုံးသွင်းလျက် တရားထူးရရန် အားထုတ်ခြင်း၊
၂။ ငါသည် အမှုကိစ္စ တို့ကို ပြုလုပ်ပြီး ဖြစ်၏၊ အလုပ်လုပ်ပြီးသော ငါသည် တရားအားထုတ်ရန် မစွမ်းနိုင်၊ ထို့ကြောင့် စောစောကပင် ကြိုတင်၍ အားထုတ်ဦးမည်ဟု နှလုံးသွင်းလျက် တရားထူးရရန် အားထုတ်ခြင်း၊
၃။ ငါ ခရီးသွားရလိမ့်မည်၊ ခရီးသွားသော ငါသည် တရားအားထုတ်ရန် မစွမ်းနိုင်၊ ထို့ကြောင့် စောစောကပင် ကြိုတင်၍ အားထုတ်ဦးမည်ဟု နှလုံးသွင်းလျက် တရားထူးရရန် အားထုတ်ခြင်း၊
၄။ ငါသည် ခရီးသွားခဲ့ပြီး ဖြစ်၏၊ ထိုခရီးသွားခဲ့ပြီးသော ငါသည် တရားအားထုတ်ရန် မစွမ်းနိုင်၊ ထို့ကြောင့် စောစောကပင် ကြိုတင်၍ အားထုတ် ဦးမည်ဟု နှလုံးသွင်းလျက် တရားထူးရရန် အားထုတ်ခြင်း၊
၅။ ရွာနိဂုံးသို့ ဆွမ်းခံသွားသော ငါသည် ကောင်း, မကောင်းသော ဘောဇဉ်တို့ကို ပြည့်စုံအောင် မရသဖြင့် ပေါ့ပါး၏၊ တရားအားထုတ်ရန် လျောက်ပတ်၏ဟု နှလုံးသွင်းလျက် တရားထူးရရန် အားထုတ်ခြင်း၊
၆။ ရွာနိဂုံးသို့ ဆွမ်းခံသွားသော ငါသည် ကောင်း, မကောင်းသော ဘောဇဉ်တို့ကို ပြည့်စုံအောင် ရခဲ့သဖြင့် အားရှိ၏၊ တရားအားထုတ်ရန် လျောက်ပတ်၏ဟု နှလုံးသွင်းလျက် တရားထူးရရန် အားထုတ်ခြင်း၊
၇။ ငါ့အား အနည်းငယ်မျှသော အနာရောဂါ ဖြစ်၏၊ ထိုအနာရောဂါသည် တိုးပွားရာသော အကြောင်းသည်ရှိ၏၊ ထို့ကြောင့် စောစောကပင် ကြိုတင်၍ အားထုတ် ဦးမည်ဟု နှလုံးသွင်းလျက် တရားထူးရရန် အားထုတ်ခြင်း၊
၈။ ငါသည် အနာရောဂါမှ ထမြောက်ခါစ ဖြစ်၏၊ ထိုအနာရောဂါသည် တစ်ဖန် ပြန်ဖြစ်ရာသော အကြောင်းသည် ရှိ၏၊ ထို့ကြောင့် စောစောကပင် ကြိုတင်၍ အားထုတ်ဦးမည်ဟု နှလုံး သွင်းလျက် တရားထူးရရန် အားထုတ်ခြင်း။ (ဒီ၊၃၊၂၁၂-၂၁၃။) (ဒီ၊၃၊၂၄၇။) (အံ၊၃၊၁၄၉။) (ဒီ၊မြန်၊၃။၂၃၅-၂၃၆။) (ဒီ၊မြန်၊၃။၂၇၀။) (အံ၊မြန်၊၃။၁၅၁။)♦
အားထုတ်မှု ပြုခြင်း ၄ မျိုး
၁။ မဖြစ်သေးသော အကုသိုလ်တရားတို့သည် ငါ့အား ဖြစ်ပေါ် ကုန်သော် အကျိုးမဲ့အလို့ငှာ ဖြစ်ကုန်ရာ၏ဟု ကြံ၍ အားထုတ်မှုကို ပြုခြင်း၊
၂။ ငါသည် ဖြစ်ပြီးကုန်သော အကုသိုလ်တရားတို့ကို မပယ်အပ်ကုန်သော် အကျိုးမဲ့အလို့ငှာ ဖြစ်ကုန် ရာ၏ဟု ကြံ၍ အားထုတ်မှုကို ပြုခြင်း၊ ၃ မဖြစ်သေးကုန်သော ကုသိုလ်တရားတို့သည် ငါ့အား မဖြစ်ကုန်သော် အကျိုးမဲ့ ဖြစ်ကုန်ရာ၏ဟု ကြံ၍ အားထုတ်မှုကို ပြုခြင်း၊
၄။ ငါ့အား ဖြစ်ပြီးကုန်သော ကုသိုလ်တရားတို့သည် ချုပ်ငြိမ်းကုန်သော် အကျိုးမဲ့ ဖြစ်ကုန်ရာ၏ဟု ကြံ၍ အားထုတ်မှုကို ပြုခြင်း။ (မ၊ဋ္ဌ၊၃၊၁၆၈။)♦
အားထုတ်အပ်ပြီးသော ကံ ၂ မျိုး
၁။ မြဲသော အကျိုးရှိသော အားထုတ်အပ်ပြီးသော ကံ၊
၂။ မမြဲသော အကျိုးရှိသော အားထုတ်အပ်ပြီးသော ကံ။ (အဘိ၊ဋ္ဌ၊၁၊၃၉၃။)♦
အာဒါသမုခမင်း ပညာရှိကြောင်း ပြသောဝတ္ထု ၁၄ဝတ္ထု
၁။ နွားပျောက်ဝတ္ထု၊
၂။ ကိုယ်ဝန် ပျက်၍ သားသေဝတ္ထု၊
၃။ မြင်းခြေကျိုးဝတ္ထု၊
၄။ နှီးသမားဝတ္ထု၊
၅။ ရွာစား တစ်ယောက်၏ သတင်းပါးခြင်းဝတ္ထု၊
၆။ ပြည့်တန်ဆာမ၏ သတင်းပါးခြင်းဝတ္ထု၊
၇။ မိန်းမရွယ်၏ သတင်းပါးခြင်းဝတ္ထု၊
၈။ မြွေ၏ သတင်းပါးခြင်းဝတ္ထု၊
၉။ သမင်၏ သတင်းပါးခြင်းဝတ္ထု၊
၁၀။ ခါငှက်၏ သတင်းပါးခြင်းဝတ္ထု၊
၁၁။ ရုက္ခစိုးနတ်တစ်ဦး၏ သတင်းပါးခြင်းဝတ္ထု၊
၁၂။ မြွေမင်း နဂါးမင်းတစ်ဦး၏ဝတ္ထု၊
၁၃။ ရသေ့တစ်ပါး၏ဝတ္ထု၊
၁၄။ ပုဏ္ဏားလုလင်တို့၏ဝတ္ထု။ (ဇာ၊ဋ္ဌ၊၂၊၂၇၃။)♦
အာဒီနဝဉာဏ် ဖြစ်ရာ ဌာန ၅ ပါး
၁။ ဥပ္ပါဒ- ရှေးကံကြောင့် ဤဘဝ၌ ဖြစ်ခြင်းကို ဒုက္ခဟု မြင်ခြင်း၊
၂။ ပဝတ္တ- ထိုအခြင်းအရာ အားဖြင့် ဖြစ်ပေါ်လာသော ခန္ဓာကိုယ်၏ ဖြစ်ခြင်းကို ဒုက္ခဟု မြင်ခြင်း၊
၃။ နိမိတ္တ- အလုံးစုံသော သင်္ခါရနိမိတ်ကို ဒုက္ခဟု မြင်ခြင်း၊
၄။ အာယူဟန- နောက်ဘဝ၌ ပဋိသန္ဓေနေရခြင်း၏ အကြောင်းဖြစ်သော ကံကို ဒုက္ခဟု မြင်ခြင်း၊
၅။ ပဋိသန္ဓိ- နောက်ဘဝ၌ တစ်ဖန် ဖြစ်ရခြင်းကို ဒုက္ခဟု မြင်ခြင်း။ (ပဋိသံ၊ဋ္ဌ၊၁။၂၄၃။)♦
အာဒေသနာဝိဓာ ၄ ပါး
၁။ နိမိတ်ဖြင့် ‘‘သင်၏ စိတ်သည် ဤသို့ ကြံနေ၏’’ဟု ညွန်၏။ ထိုသူသည် များစွာ ဟောစေကာမူ ဟောသည့်အတိုင်းသာလျှင် မှန်၏။ အမှားမရှိ၊
၂။ နိမိတ်ဖြင့် မဟော၊ လူဘီလူးနတ်တို့၏ အသံကြား၍ ‘‘သင်၏ စိတ်သည် ဤသို့ ကြံနေ၏’’ဟု တိုက်ရိုက် ဟော၏။ ထိုသူသည် များစွာ ဟောစေကာမူ ဟောသည့်အတိုင်းသာလျှင် မှန်၏။ အမှားမရှိ၊
၃။ နိမိတ်ဖြင့်လည်း မဟော၊ အသံကို နားထောင်၍လည်း မဟော၊ ကြံစည်သူ၏ ပျံ့လွင့်သော အကြံအစည်ကြောင့် ဖြစ်သည့်အသံကို ကြား၍ ‘‘သင်၏ စိတ်သည် ဤသို့ ကြံနေ၏’’ဟု တိုက်ရိုက်ဟော၏။ ထိုသူသည် များစွာ ဟောစေကာမူ ဟောသည့်အတိုင်းသာလျှင် မှန်၏။ အမှားမရှိ၊
၄။ နိမိတ်ဖြင့်လည်း မဟော, အသံကို နားထောင်၍လည်း မဟော, ပျံ့လွင့်သော အကြံအစည်ကြောင့်ဖြစ်သော အသံကိုလည်း နားမထောင်၊ ဝိတက် ဝိစာရမှ ကင်းသော သမာဓိစိတ်ဖြင့် သူတစ်ပါး၏ စိတ်ကို ပိုင်းခြား၍ ဤ (ဘာဝနာ) စိတ်၏ အခြားမဲ့၌ ဤမည်သော (ပဌမဈာန်) စိတ်သည် ဖြစ်လတ္တံ့’’ ဟု သိ၏၊ တိုက်ရိုက်ဟော၏၊ ထိုသူသည် များစွာ ဟောစေကာမူ ဟောသည့်အတိုင်းသာလျှင် မှန်၏။ အမှားမရှိ။ (ဒီ၊၃၊၈၅။) (ဒီ၊မြန်၊၃။၉၁-၉၂။)♦
အာနန္တရိကကံ ၅ ပါး
၁။ အမိကို သတ်ခြင်း၊
၂။ အဖကို သတ်ခြင်း၊
၃။ ရဟန္တာကို သတ်ခြင်း၊
၄။ ပြစ်မှားသော စိတ်ဖြင့် ဘုရားရှင်အား သွေးစိမ်းတည်အောင် (သွေးခြည်ဥအောင်) ပြုခြင်း၊
၅။ သံဃာသင်းခွဲခြင်း။ (အဘိ၊ဝိ၊၃၉၂။) (အဘိ၊ဝိ၊မြန်၊၂။၄၉၆။)♦
အာနန္ဒာမထေရ် တောင်းသော ဆု ၄ မျိုး
၁။ ဘုရားရှင်သည် တပည့်တော် လက်ခံထားသော ပင့်ဖိတ်ရာသို့ ကြွတော်မူအံ့၊
၂။ တိုင်း, ဇနပုဒ်တစ်ပါးမှ လာကုန်သော ဘုရားဖူးပရိသတ်ကို လာရောက်သော ခဏ၌ပင် ဘုရားရှင်ကို ဖူးမြင်စေခွင့် ရအံ့၊
၃။ တပည့်တော်အား ယုံမှား သံသယဖြစ်သော ခဏ၌ပင် ဘုရားရှင်ထံ ချဉ်းကပ်ခွင့် ရအံ့၊
၄။ ဘုရားရှင်သည် တပည့် တော်၏ မျက်ကွယ်၌ ဟောကြားအပ်သော တရားကို ပြန်လာ၍ တပည့်တော်အား ဟောကြား တော်မူအံ့၊ တပည့်တော်သည် ဘုရားရှင်ကို လုပ်ကြွေးပြုစုမည်။ (ဒီ၊ဋ္ဌ၊၂၊၁၃။) (အပ၊ဋ္ဌ၊၁၊၃၄၉။) (ဒီ၊ဋ္ဌ၊မြန်၊၂။၂၄-၂၅။)♦
အာနန္ဒာမထေရ် တောင်းသော ဆု ၈ မျိုး
၁။ ဘုရားရှင်သည် မိမိရအပ်သော ကောင်းမြတ်သော သင်္ကန်းကို တပည့်တော်အား ပေးတော်မမူအံ့၊
၂။ ဘုရားရှင်သည် မိမိရအပ်သော ကောင်း မြတ်သော ဆွမ်းကို တပည့်တော်အား ပေးတော်မမူအံ့၊
၃။ ဘုရားရှင်သည် ဂန္ဓကုဋီ တစ်ကျောင်းတည်း၌ တပည့်တော်အား နေခွင့် ပေးတော်မမူအံ့၊
၄။ ဘုရားရှင်သည် ပင့်ဖိတ် ရာသို့ တပည့်တော်ကို ခေါ်ယူ၍ သွားတော်မမူအံ့၊
၅။ ဘုရားရှင်သည် တပည့်တော် လက်ခံ ထားသော ပင့်ဖိတ်ရာသို့ ကြွတော်မူအံ့၊
၆။ တိုင်း, ဇနပုဒ်တစ်ပါးမှ လာကုန်သော ဘုရားဖူး ပရိသတ်ကို လာရောက်သော ခဏ၌ပင် ဘုရားရှင်ကို ဖူးစေခွင့် ရအံ့၊
၇။ တပည့်တော်အား ယုံမှားသံသယဖြစ်သော ခဏ၌ပင် ဘုရားရှင်ထံ ချဉ်းကပ်ခွင့် ရအံ့၊
၈။ တပည့်တော်၏ မျက်ကွယ်၌ ဟောကြားအပ်သော တရားကို ပြန်လာ၍ တပည့်တော်အား ဟောကြားတော်မူအံ့၊ တပည့်တော်သည် ဘုရားရှင်ကို လုပ်ကျွေးမည်။ (ဒီ၊ဋ္ဌ၊၂၊၁၃။) (ဇာ၊ဋ္ဌ၊၄၊၉၆။) (ဒီ၊ဋ္ဌ၊မြန်၊၂။၂၃။)♦
အာနန္ဒာမထေရ် ပယ်မြစ်သော ဆု ၄ မျိုး
၁။ ဘုရားရှင်သည် မိမိ ရအပ်သော ကောင်းမြတ်သော သင်္ကန်းကို တပည့်တော်အား ပေးတော်မမူအံ့၊
၂။ ဘုရားရှင်သည် မိမိရအပ်သော ကောင်း မြတ်သော ဆွမ်းကို တပည့်တော်အား ပေးတော်မမူအံ့၊
၃။ ဘုရားရှင်သည် ဂန္ဓကုဋိ တစ်ကျောင်းတည်း၌ တပည့်တော်အား နေခွင့် ပေးတော်မမူအံ့၊
၄။ ဘုရားရှင်သည် ပင့်ဖိတ် ရာသို့ တပည့်တော်ကို ခေါ်ယူ၍ ကြွတော်မမူအံ့ တပည့်တော်သည် ဘုရားရှင်ကို လုပ်ကျွေး ပြုစုပါမည်။ (ဒီ၊ဋ္ဌ၊၂၊၁၃။) (ဒီ၊ဋ္ဌ၊မြန်၊၂။၂၄။) (အပ၊ဋ္ဌ၊၁၊၃၄၉။)♦
အာနန္ဒာမထေရ်၏ ပြည့်စုံခြင်း ၅ ပါး
၁။ အနက်၌ ကျွမ်းကျင်ခြင်း၊
၂။ ပါဠိ၌ ကျွမ်းကျင် ခြင်း၊
၃။ အက္ခရာ၌ ကျွမ်းကျင်ခြင်း၊
၄။ သဒ္ဒါ၌ ကျွမ်းကျင်ခြင်း၊
၅။ ရှေ့နောက် အစီအစဉ်၌ ကျွမ်းကျင်ခြင်း။ (အံ၊၂၊၁၇၆။) (အံ၊မြန်၊၂။၂၂၄-၂၂၅။)♦
အာနန္ဒာမထေရ်၏ ပြည့်စုံခြင်း ၇ ပါး
၁။ အာဂမသမ္ပဒါ- ပါဠိအာဂုံပြည့်စုံခြင်း၊
၂။ အဓိဂမသမ္ပဒါ- မဂ်ဖိုလ်တရားနှင့်ပြည့်စုံခြင်း၊
၃။ ပုဗ္ဗဟေတုသမ္ပဒါ- ရှေးကောင်းမှုအကြောင်းနှင့် ပြည်စုံခြင်း၊
၄။ အတ္တတ္ထပရိပုစ္ဆာသမ္ပဒါ- မိမိအကျိုးစီးပွား သာသနာတော်၏ ဟုတ်မှန်တိုင်းသော အနက် အဓိပ္ပါယ်ကို မေးမြန်းခြင်းနှင့် ပြည့်စုံခြင်း၊
၅။ တိတ္ထဝါသသမ္ပဒါ- ရေဆိပ်ပမာဖြစ်သော ဆရာ့ထံ၌ နေခြင်းသင်ကြားခြင်း နာယူခြင်း၏ ပြည့်စုံခြင်း၊
၆။ ယောနိသော မနသိကာရ သမ္ပဒါ- သင့်သောအကြောင်းအားဖြင့် ဆင်ခြင်ခြင်းနှင့် ပြည့်စုံခြင်း၊
၇။ ဗုဒ္ဓူပနိဿယသမ္ပဒါ- ဘုရားဟူသောမှီရာနှင့် ပြည့်စုံခြင်း။ (ဇာဋ္ဌ၊၄။၉၇။)♦
အာနန္ဒာမထေရ်၏ အံ့ဖွယ် ၄ ပါး
၁။ ရဟန်းပရိသတ်သည် အာနန္ဒာထေရ်ကို ဖူးမြော်ရသဖြင့် လည်းကောင်း ရှင်အာနန္ဒာဟောသော တရားကို နာကြားရသဖြင့်လည်းကောင်း မရောင့်ရဲ နိုင်ခြင်း၊
၂။ ရဟန်းမ ပရိသတ်သည် ရှင်အာနန္ဒာကို ဖူးမြင်ခြင်း၌လည်းကောင်း ရှင်အာနန္ဒာ ဟောသောတရားကို နာရခြင်း၌လည်းကောင်း မရောင့်ရဲနိုင်ခြင်း၊
၃။ လူဒါယကာ ပရိသတ်သည် ရှင်အာနန္ဒာထေရ်ကို ဖူးမြင်ခြင်း၌လည်းကောင်း ရှင်အာနန္ဒာ ဟောသော တရားကို နာရ ခြင်း၌လည်းကောင်း မရောင့်ရဲနိုင်ခြင်း၊
၄။ လူဒါယိကာမ ပရိသတ်သည် ရှင်အာနန္ဒာထေရ်ကို ဖူးမြင်ခြင်း၌လည်းကောင်း ရှင်အာနန္ဒာ ဟောသော တရားကို နာရခြင်း၌လည်းကောင်း မရောင့်ရဲနိုင်ခြင်း၊ ဤကား ရှင်အာနန္ဒာ၏ အံ့ဖွယ်ဂုဏ် လေးပါးတည်း။ (ဒီ၊၂၊၁၁၉။) (အံ၊၁၊၄၄၈။) (သာရတ္ထ၊ဋီ၊၁၊၁၀၃။) (ဒီ၊မြန်၊၂။၁၃၉။) (အံ၊မြန်၊၁။၄၆၁။)♦
အာနန္ဒာမထေရ်၏ ဧတဒဂ်ဘွဲ့ ၅ မျိုး
၁။ ပိဋကအကြားအမြင်များသူ- ဗဟုဿုတဧတဒဂ်၊
၂။ ပညာကြီးသူ- ဂတိမန္တဧတဒဂ်၊
၃။ သတိကြီးသူ- သတိမန္တဧတဒဂ်၊
၄။ ပိဋကကို ဆောင်နိုင်သော ဝီရိယအားကြီးသူ- ဓိတိမန္တဧတဒဂ်၊
၅။ ဘုရားရှင်အား အမြဲလုပ်ကျွေးသူ- ဥပဋ္ဌာကဧတဒဂ်။ (အံ၊ဋ္ဌ၊၁၊၂၂၃။) (သံ၊ဋ္ဌ၊၁၊၄။)♦
အာနန္ဒာမထေရ်အား ပဋိစ္စသမုပ္ပါဒ်တရား ထင်ရှားပေါ်လွင်ကြောင်း ၄ ပါး
၁။ ပဒုမုတ္တရ ဘုရားရှင် ထံ၌ တောင်းဆု ပြုခဲ့ခြင်းတည်းဟူသော အားကြီးသော မှီရာအကြောင်းနှင့် ပြည့်စုံခြင်း၊
၂။ အလေးပြုအပ်သော ဘုရားစသော ဆရာကောင်းတို့ထံ၌ မှီဝဲဆည်းကပ်ရခြင်း၊
၃။ သောတာပန်ပုဂ္ဂိုလ် ဖြစ်ခြင်း၊
၄။ ပိဋကအကြားအမြင် များခြင်း ဗဟုဿုတနှင့် ပြည့်စုံခြင်း။ (ဒီ၊ဋ္ဌ၊၂၊၇၈။) (သံ၊ဋ္ဌ၊၂၊၈၃။) (ဒီ၊ဋ္ဌ၊မြန်၊၂။၁၄၄။)♦
အာနာပါနဿတိ ပွားများရကျိုး ၇ ပါး
၁။ မျက်မှောက်ဘဝ၌ပင် မသေမီ စောစောက အရဟတ္တ ဖိုလ်အကျိုးကို ရရှိနိုင်, ပြီးစီးနိုင်ခြင်း၊
၂။ ထိုသို့ မရနိုင် မပြီးစီးစေနိုင်မူ သေခါနီးအခါ၌ အရဟတ္တဖိုလ်အကျိုးကို ရရှိနိုင် ပြီးစီးနိုင်ခြင်း၊
၃။ ထိုသို့ မရနိုင်ခဲ့မူ အောက်ပိုင်း သံယောဇဉ် ငါးပါးတို့ ကုန်ခြင်းကြောင့် အသက်တမ်းအလယ်၌ အရဟတ္တဖိုလ်သို့ ရောက်၍ ပရိနိဗ္ဗာန် ပြုရသော အန္တရာပရိနိဗ္ဗာယီမည်သော အနာဂါမ် ဖြစ်နိုင်ခြင်း၊
၄။ ယင်းသို့ မဖြစ်ခဲ့လျှင် အသက်တမ်း၏ ထက်ဝက်ကို လွန်လျက် အရဟတ္တဖိုလ်သို့ ရောက်၍ ပရိနိဗ္ဗာန်ပြုရသော ဥပဟစ္စပနိဗ္ဗာယီမည်သော အနာဂါမ် ဖြစ်နိုင်ခြင်း၊
၅။ ယင်းသို့ မဖြစ်ခဲ့လျှင် ပယောဂလုံ့လ မပါဘဲ (အရဟတ္တဖိုလ်သို့ ရောက်လျက်) ပရိနိဗ္ဗာန်ပြုရသော အသင်္ခါရပရိနိဗ္ဗာယီ မည်သော အနာဂါမ် ဖြစ်နိုင်ခြင်း၊
၆။ ယင်းသို့ မဖြစ်ခဲ့လျှင် ပယောဂလုံ့လနှင့် တကွ (အရဟတ္တဖိုလ်သို့ ရောက်လျက်) ပရိနိဗ္ဗာန်ပြုရသော သသင်္ခါရပရိနိဗ္ဗာယီမည်သော အနာဂါမ် ဖြစ်နိုင်ခြင်း၊
၇။ ယင်းသို့ မဖြစ်လျှင် အထက်အထက်ဘုံသို့ အဆင့်ဆင့် တက်၍ (အကနိဋ္ဌဘုံသို့ ရောက်လျက် အရဟတ္တဖိုလ်သို့ ရောက်သော) ဥဒ္ဓံသောတ အကနိဋ္ဌဂါမီမည်သော အနာဂါမ် ဖြစ်နိုင်ခြင်း။ (သံ၊၃၊၂၇၃။) (သံ၊မြန်၊၃။၂၇၅။)♦
အာနာပါနဿတိကို မှီဝဲသည်ရှိသော် ရဟန္တာ လျင်မြန်စွာ ဖြစ်ကြောင်း တရား ၅ ပါး
၁။ အမှုသစ် အားထုတ်မှု နည်းပါးခြင်း၊
၂။ အစားအသောက် နည်းပါး၍ ဝမ်းရေးကို အားမထုတ်ခြင်း၊
၃။ အအိပ်နည်း၍ နိုးကြားမှု၌ အားထုတ်ခြင်း၊
၄။ အကြားအမြင်များ၍ တရားတော်ကို များစွာ ကြားနာဖူးခြင်း၊
၅။ ကိလေသာမှ လွတ်မြောက်သော အရဟတ္တဖိုလ်စိတ်ကို ဆင်ခြင်ခြင်း။ (အံ၊၂၊၁၀၅။) (အံ၊မြန်၊၂။၁၂၉။)♦
အာနာပါနဿတိကို မှီဝဲသည်ရှိသော် ရဟန္တာ လျင်မြန်စွာ ဖြစ်ကြောင်း တရား ၅ ပါး (တစ်နည်း)
၁။ အမှုသစ်ကို အားထုတ်မှု နည်းပါးခြင်း၊
၂။ အစားအသောက် နည်းပါး၍ ဝမ်းရေးကို အားမထုတ်ခြင်း၊
၃။ အအိပ်နည်း၍ နိုးကြားမှု၌ အားထုတ်ခြင်း၊
၄။ တော၌ နေခြင်း၊
၅။ ကိလေသာမှ လွတ်မြောက်သော အရဟတ္တဖိုလ်စိတ်ကို ဆင်ခြင်ခြင်း။ (အံ၊၂၊၁၀၆။) (အံ၊မြန်၊၂။၁၃၀။)♦
အာနာပါနဿတိကို မှီဝဲသည်ရှိသော် ရဟန္တာ လျင်မြန်စွာ ဖြစ်ကြောင်းတရား ၅ ပါး (တစ်နည်း)
၁။ အမှုသစ်အားထုတ်မှု နည်းပါးခြင်း၊
၂။ အစားအသောက် နည်းပါး၍ ဝမ်းရေးကို အားမထုတ်ခြင်း၊
၃။ အအိပ်နည်း၍ နိုးကြားမှု၌ အားထုတ်ခြင်း၊
၄။ အလိုနည်းမှုနှင့် စပ်သော စကားစသည်ကို အလိုရှိတိုင်း ပြောဆိုခြင်း၊
၅။ ကိလေသာမှ လွတ်မြောက်သော အရဟတ္တ ဖိုလ်စိတ်ကို ဆင်ခြင်ခြင်း။ (အံ၊၂၊၁၀၆။) (အံ၊မြန်၊၂။၁၂၉-၁၃၀။)♦
အာနာပါနဿတိသမာဓိ ညစ်နွမ်းကြောင်း (တတိယ ဥပက္ကိလေသ) ၆ ပါး
၁။ တွေ့ထိရာဌာနကို လွန်၍ ဖြစ်သော စိတ်၊
၂။ တွေ့ထိရာ ဌာနကို တောင့်တသော စိတ်၊
၃။ ဝီရိယလျော့သဖြင့် တွန့်ဆုတ်သော စိတ်၊
၄။ အလွန် ချီးမြှင့်အားထုတ်သော စိတ်၊
၅။ အလွန် ညွတ်သော စိတ်၊
၆။ အလွန် မညွတ်သော စိတ်။ (ပဋိသံ၊၁၆၄-၁၆၅။) (ပဋိသံ၊မြန်။၂၁၁။)♦
အာနာပါနဿတိသမာဓိ ညစ်နွမ်းကြောင်း (ဒုတိယ ဥပက္ကိလေသ) ၆ ပါး (တစ်နည်း)
၁။ နိမိတ်ကို ဆင်ခြင်သော ပုဂ္ဂိုလ်၏ ဝင်သက်၌ ပျံ့လွင်သော စိတ်၊
၂။ ဝင်သက်ကို ဆင်ခြင်သော ပုဂ္ဂိုလ်၏ နိမိတ်၌ တုန်လှုပ်သော စိတ်၊
၃။ နိမိတ်ကို ဆင်ခြင်သော ပုဂ္ဂိုလ်၏ ထွက်သက်၌ ပျံ့လွင့်သော စိတ်၊
၄။ ထွက်သက်၌ ဆင်ခြင်သော ပုဂ္ဂိုလ်၏ နိမိတ်၌ တုန်လှုပ်သော စိတ်၊
၅။ ဝင်သက်ကို ဆင်ခြင်သော ပုဂ္ဂိုလ်၏ ထွက်သက်၌ ပျံ့လွင့်သော စိတ်၊
၆။ ထွက်သက်ကို ဆင်ခြင်သော ပုဂ္ဂိုလ်၏ ဝင်သက်၌ တုန်လှုပ်သော စိတ်။ (ပဋိသံ၊၁၆၄။) (ပဋိသံ၊မြန်။၂၁၀။)♦
အာနာပါနဿတိသမာဓိ ညစ်နွမ်းကြောင်း (ပဌမ ဥပက္ကိလေသ) ၆ ပါး (တစ်နည်း)
၁။ ဝင်သက်သို့ အစဉ်လိုက်သော သတိ၊
၂။ ထွက်သက်သို့ အစဉ်လိုက်သော သတိ၊
၃။ အတွင်းသန္တာန်၌ ပျံ့လွင့်ခြင်းကို တောင့်တသော သတိ၊
၄။ အပသန္တာန်၌ ပျံ့လွင့်ခြင်းကို တောင့်တသော သတိ၊
၅။ ဝင်သက်ဖြင့် နှိပ်စက်အပ်သော ပုဂ္ဂိုလ်အား ထွက်သက်ကို ရခြင်း၏ တပ်မက်သော သတိ၊
၆။ ထွက်သက်ဖြင့် နှိပ်စက်အပ်သော ပုဂ္ဂိုလ်အား ဝင်သက်ကို ရခြင်း၌ တပ်မက်သော သတိ။ (ပဋိသံ၊၁၆၃-၁၆၄။) (ပဋိသံ၊မြန်။၂၀၉-၂၁၀။)♦
အာနေဉ္ဇသမာပတ်နှင့် လျော်သော အကျင့် ၃ မျိုး
၁။ ပစ္စုပ္ပန် တမလွန်၌ ဖြစ်ကုန်သော ကာမဂုဏ်, ကာမသညာ အကုသိုလ်တရားတို့သည် သာသနာတော်၌ မြတ်သော အကျင့်ကို ကျင့်ကုန်သော သူတို့၏ အန္တရာယ်ဖြစ်ကြောင်းကို ကောင်းစွာ သိသော အရိယာတပည့်သား၏ ကာမလောကကို နှိပ်ကွပ်လွှမ်းမိုး၍ ပြန့်ပြောသော မြတ်သော ဈာန်စိတ်ဖြင့် နေထိုင်သော အကျင့်၊
၂။ ပစ္စုပ္ပန် တမလွန် မျက်မှောက်မျက်ကွယ် ကာမဂုဏ်, ကာမသညာ, ရုပ်တရား တို့သည် မမြဲဟု အမြဲ နှလုံးသွင်း ပွားများအားထုတ်သော အရိယာတပည့်သား၏ မြတ်သော အကျင့်၊
၃။ ပစ္စုပ္ပန် တမလွန် မျက်မှောက် မျက်ကွယ် ဖြစ်ကုန်သော ကာမဂုဏ်, ကာမသညာ, ရုပ်နှင့် ရုပ်တို့ကို စွဲ၍ ဖြစ်သော အမှတ်သညာ သဘောတရားတို့သည် မမြဲဟု နှလုံးသွင်း ဆင်ခြင် ပွားများ အားထုတ်သော အရိယာတပည့်သား၏ မြတ်သော အကျင့်။ (မ၊၃၊၄၉။) (မ၊မြန်၊၃။၅၂။)♦
အာပတ္တာဓိကရုဏ်းကြောင့် သင့်သော အာပတ် ၄ မျိုး
၁။ ရဟန်းမသည် သိလျက် ပါရာဇိက အာပတ်ကို ဖုံးလွှမ်းအံ့၊ ပါရာဇိကအာပတ်သို့ ရောက်၏၊
၂။ ယုံမှားရှိသည် ဖြစ်၍ လွှမ်းအံ့၊ ထုလ္လစ္စဉ်းအာပတ်သို့ ရောက်၏၊
၃။ ရဟန်းယောကျ်ားသည် သံဃာဒိသိသ် အာပတ်ကို ဖုံးလွှမ်းအံ့၊ ပါစိတ်အာပတ်သို့ ရောက်၏၊
၄။ အကျင့်ပျက်စီးခြင်း (အာစာရ ဝိပတ္တိ။)ကို ဖုံးလွှမ်းအံ့၊ ဒုက္ကဋ်အာပတ်သို့ ရောက်၏။ (ဝိ၊၅၊၁၈၀။) (ဝိ၊၅၊၂၆၈။) (ဝိ၊မြန်၊၅။ ၂၆၄။) (ဝိ၊မြန်၊၅။၃၆၁။)♦
အာပတ္တာဓိကရုဏ်းကို ငြိမ်းစေသော သမထ ၃ မျိုး
၁။ သမ္မုခါဝိနည်းသမထ၊
၂။ ပဋိညာကရဏ သမထ၊
၃။ တိဏဝတ္ထာရကသမထ (သမထ ၇ ပါးကို ကြည့်)။ (ဝိ၊၅၊၁၉၅။) (ဒီ၊ဋ္ဌ၊၃၊၂၂၅။) (အံ၊ဋီ၊၃၊၂၀၁။) (ဝိ၊မြန်၊၅။၂၈၀။)♦
အာပတ္တာဓိကရုဏ်းကို တားမြစ်ခြင်းဖြင့် တားမြစ်အပ်သော သမထ ၃ ပါး
၁။ သမ္မုခါ ဝိနယ သမထ၊
၂။ ပဋိညာတကရဏ သမထ၊
၃။ တိဏဝတ္ထာရက သမထ (သမထ ၇ ပါးကို ကြည့်)။ (ဝိ၊ဋ္ဌ၊၄၊၁၉၄။)♦
အာပတ္တာဓိကရုဏ်းကို မငြိမ်းစေနိုင်သော သမထ ၄ ပါး
၁။ ယေဘုယျသိကာ သမထ၊
၂။ သတိဝိနယ သမထ၊
၃။ အမူဠှဝိနယ သမထ၊
၄။ တဿပါပိယသိကာ သမထ (သမထ ၇ ပါးကို ကြည့်) ။ (ဝိ၊၅၊၁၉၈။) (ဝိ၊မြန်၊၅။၂၈၂။)♦
အာပတ္တာဓိကရုဏ်းနှင့် ကိစ္စာဓိကရုဏ်းတို့ ငြိမ်းအေးကြောင်း သမထ ၃ ပါး
၁။ သမ္မုခါဝိနယ သမထ၊
၂။ ပဋိညာတကရဏသမထ၊
၃။ တိဏဝတ္ထာရကသမထ(သမထ ၇ ပါးကို ကြည့်)။ (ဝိ၊၅၊၁၉၆။) (ဝိ၊မြန်၊၅။၂၈၁။)♦
အာပတ္တာဓိကရုဏ်းနှင့် ဆက်ဆံသော သမထ ၃ ပါး
၁။ သမ္မုခါဝိနယသမထ၊
၂။ ပဋိညာတကရဏ သမထ၊
၃။ တိဏဝတ္ထာရကသမထ(သမထ ၇ ပါးကို ကြည့်)။ (ဝိ၊၅၊၁၈၆။) (ဝိ၊မြန်၊၅။၂၇၀။)♦
အာပတ္တာဓိကရုဏ်းနှင့် တူသော အဖို့ရှိသော သမထ ၃ ပါး
၁။ သမ္မုခါဝိနယသမထ၊
၂။ ပဋိညာတ ကရဏ သမထ၊
၃။ တိဏဝတ္ထာရကသမထ။ (ဝိ၊၅၊၁၈၆။) (ဝိ၊မြန်၊၅။၂၇၁။)♦
အာပတ္တာဓိကရုဏ်းနှင့် မဆက်ဆံသော သမထ ၄ ပါး
၁။ ယေဘုယျသိကာသမထ၊
၂။ သတိဝိနယ သမထ၊
၃။ အမူဠှဝိနယသမထ၊
၄။ တဿပါပိယသိကာသမထ။ (ဝိ၊၅၊၁၈၆။) (ဝိ၊မြန်၊၅။၂၇၀။)♦
အာပတ္တာဓိကရုဏ်းနှင့်ကိစ္စာဓိကရုဏ်းတို့ကို မငြိမ်းစေနိုင်သော သမထ ၄ ပါး
၁။ ယေဘုယျသိကာ သမထ၊
၂။ သတိဝိနယသမထ၊
၃။ အမူဠှဝိနယသမထ၊
၄။ တဿ ပါပိယသိကာသမထ (သမထ ၇ ပါးကို ကြည့်) ။ (ဝိ၊၅၊၁၉၉။) (ဝိ၊မြန်၊၅။၂၈၃။)♦
အာပတ္တာဓိကရုဏ်းမှ တစ်ပါးသော အဖို့ရှိသော သမထ ၄ ပါး
၁။ ယေဘုယျသိကာသမထ၊
၂။ သတိဝိနယသမထ၊
၃။ အမူဠှဝိနယသမထ၊
၄။ တဿပါပိယသိကာသမထ။ (ဝိ၊၅၊၁၈၆။) (ဝိ၊မြန်၊၅။၂၇၁။)♦
အာပတ် ၂ မျိုး
၁။ ဒေသနာဂါမိနီအာပတ်- ဒေသနာပြောကြား၍ ကုစားအပ်သော ထုလ္လစ္စဉ်း နိဿဂ္ဂိပါစိတ်, သုဒ္ဓပါစိတ်, ဒုက္ကဋ်, ဒုဗ္ဘာသီဟု ဆိုအပ်သော အောက်အာပတ် ငါးဖုံ၊
၂။ ဝုဋ္ဌာန ဂါမိနီအာပတ်- ဝုဋ္ဌာနကံဖြင့် ကုစားအပ်သော ပါရာဇိက သံဃာဒိသိသ်ဟု ဆိုအပ်သော အထက်အာပတ် နှစ်ဖုံ။ (ဝိ၊ဋ္ဌ၊၁၊၂၃၈။)♦
အာပတ် ၂ မျိုး (တစ်နည်း)
၁။ ပေါ့သော လဟုကအာပတ်၊
၂။ လေးသော ဂရုကအာပတ်၊ (တစ်နည်း)
ရုန့်ရင်းသော ဒုဋ္ဌုလ္လအာပတ်၊
၂။ မရုန့်ရင်းသော အဒုဋ္ဌုလ္လအာပတ်၊ (တစ်နည်း)
ကုစားရန် အကြွင်းရှိသော သာဝသေသအာပတ်၊
၂။ ကုစားရန် အကြွင်းမရှိသော အနာဝသေသ အာပတ်။ (အံ၊၁၊၈၇။) (အံ၊မြန်၊၁။၁၀၂။)♦
အာပတ် ၂ မျိုး (တစ်နည်း) (ဥပသမ္ပဒက္ခန္ဓက၌ ဒွေ အာပတ္တိယော အရ အာပတ် ၂ မျိုး)
၁။ အသက် နှစ်ဆယ် မပြည့်သော ပုဂ္ဂိုလ်ကို ရဟန်းပြုပေးခြင်းကြောင့် ပါစိတ်အာပတ်၊
၂။ ကြွင်းသော အကြောင်းတို့ကြောင့် ဒုက္ကဋ်အာပတ်။ (ဝိ၊ဋ္ဌ၊၄၊၁၅၅။)♦
အာပတ် ၂ မျိုး (တစ်နည်း) (ဥပေါသထက္ခန္ဓက၌ တိေဿာ အာပတ္တိယော အရ အာပတ် ၂ မျိုး)
၁။ သံဃာကွဲပြားခြင်းကို ရှေးရှုသော ရဟန်း၏ ဥပုသ်ပြုခြင်းကြောင့် ထုလ္လစဉ်းအာပတ်၊
၂။ ဥက္ခိတ္တကရဟန်းနှင့်အတူ ဥပုသ်ပြုခြင်းကြောင့် ပါစိတ်အာပတ်၊
၃။ ကြွင်းသော အကြောင်း တို့ကြောင့် ဒုက္ကဋ်အာပတ်။ (ဝိ၊ဋ္ဌ၊၄၊၁၅၅။)♦
အာပတ် ၃ မျိုး (တစ်နည်း) (စမ္မက္ခန္ဓက၌ တိေဿာ အာပတ္တိယော အရ အာပတ် ၃ မျိုး)
၁။ နွားမငယ်ကို သတ်ခြင်းကြောင့် ပါစိတ်အာပတ်၊
၂။ တပ်မက်သော စိတ်ဖြင့် အင်္ဂါ ဇာတ်ကို တို့ထိခြင်းကြောင့် ထုလ္လစ္စဉ်းအာပတ်၊
၃။ ကြွင်းသော အကြောင်းတို့ကြောင့် ဒုက္ကဋ်အာပတ်။ (ဝိ၊ဋ္ဌ၊၄၊၁၅၅။)♦
အာပတ် ၃ မျိုး (တစ်နည်း) (စီဝရက္ခန္ဓက၌ တိေဿာ အာပတ္တိယော အရ အာပတ် ၃ မျိုး)
၁။ သမန်းမြက်, လျှော်မြက်တို့ကို ဝတ်ခြင်းကြောင့် ထုလ္လစ္စဉ်းအာပတ်၊
၂။ ပိုလွန်သော သင်္ကန်းကို ထားခြင်းကြောင့် နိဿဂ္ဂိပါစိတ်အာပတ်၊
၃။ ကြွင်းသော အကြောင်းတို့ကြောင့် ဒုက္ကဋ်အာပတ်။ (ဝိ၊ဋ္ဌ၊၄၊၁၅၅။)♦
အာပတ် ၃ မျိုး (တစ်နည်း) (ဘေသဇ္ဇက္ခန္ဓက၌ တိေဿာ အာပတ္တိယော အရ အာပတ် ၃ မျိုး)
၁။ အင်္ဂါဇာတ်အထက် လက်နှစ်သစ် အတိုင်းအရှည်ရှိသော အရပ်၌ ခွဲစိပ်ခြင်း ကြပ်စီး ခြင်းကို ပြုခြင်းကြောင့် ထုလ္လစ္စဉ်းအာပတ်၊
၂။ ဘောဇ္ဇယာဂုကို စားခြင်းကြောင့် ပါစိတ် အာပတ်၊
၃။ ကြွင်းသော အကြောင်းတို့ကြောင့် ဒုက္ကဋ်အာပတ်။ (ဝိ၊ဋ္ဌ၊၄၊၁၅၅။)♦
အာပတ် ၃ မျိုး (ပဝါရဏက္ခန္ဓက၌ တိေဿာ အာပတ္တိယော အရ အာပတ် ၃ မျိုး)
၁။ သံဃာ ကွဲပြားခြင်းကို ရှေးရှု၍ ပဝါရဏာပြုသော ရဟန်းအား ထုလ္လစ္စဉ်းအာပတ်၊
၂။ ဥက္ခိတ္တက ရဟန်းနှင့် အတူ ပဝါရဏာပြုခြင်းကြောင့် ပါစိတ်အာပတ်၊
၃။ ကြွင်းသော အကြောင်း တို့ကြောင့် ဒုက္ကဋ်အာပတ်။ (ဝိ၊ဋ္ဌ၊၄၊၁၅၅။)♦
အာပတ် ၄ မျိုး
၁။ မိမိနှုတ်ဖြင့် သင့်၍ သူတစ်ပါးနှုတ်ဖြင့် ထသော အာပတ်၊
၂။ သူတစ်ပါး နှုတ်ဖြင့် သင့်၍ မိမိနှုတ်ဖြင့် ထသော အာပတ်၊
၃။ မိမိနှုတ်ဖြင့် သင့်၍ မိမိနှုတ်ဖြင့် ထသော အာပတ်၊
၄။ သူတစ်ပါးနှုတ်ဖြင့် သင့်၍ သူတစ်ပါးနှုတ်ဖြင့် ထသော အာပတ်။ (ဝိ၊၅၊၂၂၄။) (ဝိ၊မြန်၊၅။၃၁၁။)♦
အာပတ် ၄ မျိုး (တစ်နည်း)
၁။ ကိုယ်ဖြင့် သင့်၍ နှုတ်ဖြင့် ထသော အာပတ်၊
၂။ နှုတ်ဖြင့် သင့်၍ ကိုယ်ဖြင့် ထသော အာပတ်၊
၃။ ကိုယ်ဖြင့် သင့်၍ ကိုယ်ဖြင့် ထသော အာပတ်၊
၄။ နှုတ်ဖြင့် သင့်၍ နှုတ်ဖြင့် ထသော အာပတ်။ (ဝိ၊၅၊၂၂၄။) (ဝိ၊မြန်၊၅။၃၁၁။)♦
အာပတ် ၄ မျိုး (တစ်နည်း)
၁။ အိပ်သော် သင့်၍ နိုးသော် ထသော အာပတ်၊
၂။ နိုးသော် သင့်၍ အိပ်သော် ထသော အာပတ်၊
၃။ အိပ်သော် သင့်၍ အိပ်သော် ထသော အာပတ်၊
၄။ နိုးသော် သင့်၍ နိုးသော် ထသော အာပတ်။ (ဝိ၊၅၊၂၂၄။) (ဝိ၊မြန်၊၅။၃၁၂။)♦
အာပတ် ၄ မျိုး (တစ်နည်း)
၁။ စိတ်မရှိသော် သင့်၍ စိတ်ရှိသော် ထသော အာပတ်၊
၂။ စိတ် ရှိသော် သင့်၍ စိတ်မရှိသော် ထသော အာပတ်၊
၃။ စိတ်မရှိသော် သင့်၍ စိတ်မရှိသော် ထသော အာပတ်၊
၄။ စိတ်ရှိသော် သင့်၍ စိတ်ရှိသော် ထသော အာပတ်။ (ဝိ၊၅၊၂၂၄။) (ဝိ၊မြန်၊၅။၃၁၂။)♦
အာပတ် ၄ မျိုး (တစ်နည်း)
၁။ အာပတ်သင့်သော် ဒေသနာကြားရသော အာပတ်၊
၂။ ဒေသနာ ကြားသော် သင့်သော အာပတ်၊
၃။ အာပတ်သင့်သော် အာပတ်မှ ထသော အာပတ်၊
၄။ အာပတ်မှ ထသော် သင့်သော အာပတ်။ (ဝိ၊၅၊၂၂၄။) (ဝိ၊မြန်၊၅။၃၁၂။)♦
အာပတ် ၄ မျိုး (တစ်နည်း)
၁။ ကံဖြင့် သင့်၍ ကံနှင့် ကင်းသဖြင့် ထသော အာပတ်၊
၂။ ကံနှင့် ကင်း သဖြင့် သင့်၍ ကံဖြင့် ထသော အာပတ်၊
၃။ ကံဖြင့် သင့်၍ ကံဖြင့် ထသော အာပတ်၊
၄။ ကံနှင့် ကင်းသဖြင့် သင့်၍ ကံနှင့် ကင်းသဖြင့် ထသော အာပတ်။ (ဝိ၊၅၊၂၂၄။) (ဝိ၊မြန်၊၅။ ၃၁၂။)♦
အာပတ် ၄ မျိုး (တစ်နည်း)
၁။ သံဃာ့မျက်ကွယ်၌ သင့်၍ သံဃာ့မျက်ကွယ်၌ ထသော အာပတ်၊
၂။ သံဃာ့မျက်ကွယ်၌ သင့်၍ သံဃာ့မျက်မှောက်၌ ထသော အာပတ်၊
၃။ သံဃာ့ မျက်မှောက်၌ သင့်၍ သံဃာ့မျက်မှောက်၌ ထသော အာပတ်၊
၄။ သံဃာ့မျက်ကွယ်၌ သင့်၍ သံဃာ့ မျက်ကွယ်၌ ထသော အာပတ်။ (ဝိ၊၅၊၂၂၅။) (ဝိ၊မြန်၊၅။၃၁၃။)♦
အာပတ် ၄ မျိုး (တစ်နည်း)
၁။ မသိသော် သင့်၍ သိသော် ထသော အာပတ်၊
၂။ သိသော် သင့်၍ မသိသော် ထသော အာပတ်၊
၃။ မသိသော် သင့်၍ မသိသော် ထသော အာပတ်၊
၄။ သိသော် သင့်၍ သိသော် ထသော အာပတ်။ (ဝိ၊၅၊၂၂၅။) (ဝိ၊မြန်၊၅။၃၁၃။)♦
အာပတ် ၄ မျိုး (တစ်နည်း)
၁။ ဥပဇ္ဈာယ်ဆရာသာ သင့်၍ အတူနေတပည့် (သဒ္ဓိဝိဟာရိက) မသင့်သော အာပတ်၊
၂။ အတူနေတပည့် (သဒ္ဓိဝိဟာရိက) သာ သင့်၍ ဥပဇ္ဈာယ်ဆရာ မသင့်သော အာပတ်၊
၃။ ဥပဇ္ဈာယ်ဆရာလည်း သင့်၊ အတူနေတပည့် (သဒ္ဓိဝိဟာရိက) လည်း သင့်သော အာပတ်၊
၄။ ဥပဇ္ဈာယ်ဆရာလည်း မသင့်၊ အတူနေတပည့် (သဒ္ဓိ ဝိဟာရိက) လည်း မသင့်သော အာပတ်။ (ဝိ၊မြန်၊၅။၃၁၅။) (ဝိ၊၅၊၂၂၆။)♦
အာပတ် ၄ မျိုး (တစ်နည်း)
၁။ ဆရာသာ သင့်၍ အနီးနေတပည့် (အန္တေဝါသိက) မသင့်သော အာပတ်၊
၂။ အနီးနေတပည့် (အန္တေဝါသိက) သာ သင့်၍ ဆရာမသင့်သော အာပတ်၊
၃။ ဆရာလည်း သင့်၊ အနီးနေတပည့် (အန္တေဝါသိက) လည်းသင့်သော အာပတ်၊
၄။ ဆရာလည်း မသင့်၊ အနီးနေတပည့် (အန္တေဝါသိက) လည်း မသင့်သော အာပတ်။ (ဝိ၊၅၊၂၂၆။) (ဝိ၊မြန်၊၅။၃၁၅။)♦
အာပတ် ၄ မျိုး (တစ်နည်း)
၁။ ယူသော ရဟန်းအား လေး၍ တိုက်တွန်းသော ရဟန်းအား ပေါ့သော အာပတ်၊
၂။ ယူသော ရဟန်းအား ပေါ့၍ တိုက်တွန်းသော ရဟန်းအား လေးသော အာပတ်၊
၃။ ယူသော ရဟန်းရော တိုက်တွန်းသော ရဟန်းပါ လေးသော အာပတ်၊
၄။ ယူသော ရဟန်းရော တိုက်တွန်းသော ရဟန်းပါ ပေါ့သော အာပတ်။ (ဝိ၊၅၊၂၂၇။) (ဝိ၊မြန်၊၅။၃၁၅။)♦
အာပတ် ၄ မျိုး (တစ်နည်း) (ခရီးသွားရဟန်းနှင့် ပတ်သက်သော အာပတ် ၄ မျိုး)
၁။ ခရီးသွား (ဂမိက) ရဟန်းသာ သင့်၍ ကျောင်းနေ (အာဝါသိက) ရဟန်း မသင့်သော အာပတ်၊
၂။ ကျောင်းနေ (အာဝါသိက) ရဟန်းသာ သင့်၍ ခရီးသွား (ဂမိက) ရဟန်း မသင့်သော အာပတ်၊
၃။ ခရီးသွား (ဂမိက) ရဟန်းလည်း သင့်၊ ကျောင်းနေ (အာဝါသိက) ရဟန်းလည်း သင့်သော အာပတ်၊
၄။ ခရီးသွား (ဂမိက) ရဟန်းလည်း မသင့်၊ ကျောင်းနေ (အာဝါသိက) ရဟန်းလည်း မသင့်သော အာပတ်။ (ဝိ၊၅၊၂၂၆။) (ဝိ၊မြန်၊၅။၃၁၄။)♦
အာပတ် ၄ မျိုး (တစ်နည်း) (ဇနပုဒ်နှင့် စပ်သော အမှု ၄ မျိုး)
၁။ ပစ္စန္တရစ် ဇနပုဒ်၌ အပ်၍ မဇ္ဈိမတိုက် ဇနပုဒ်၌ မအပ်သော အမှု၊
၂။ မဇ္ဈိမတိုက် ဇနပုဒ်၌ အပ်၍ ပစ္စန္တရစ် ဇနပုဒ်၌ မအပ်သော အမှု၊
၃။ ပစ္စန္တရစ် ဇနပုဒ်၌လည်း အပ်၊ မဇ္ဈိမတိုက် ဇနပုဒ်၌လည်း အပ်သော အမှု၊
၄။ ပစ္စန္တရစ် ဇနပုဒ်၌လည်း မအပ်၊ မဇ္ဈိမတိုက်ဇနပုဒ်၌လည်း မအပ်သော အမှု။ (ဝိ၊၅၊၂၂၇။) (ဝိ၊မြန်၊၅။၃၁၆။)♦
အာပတ် ၄ မျိုး (တစ်နည်း) (ဇနပုဒ်နှင့် စပ်သော အာပတ် ၄ မျိုး)
၁။ ပစ္စန္တရစ် ဇနပုဒ်တို့၌ သင့်၍ မဇ္ဈိမတိုက် ဇနပုဒ်၌ မသင့်သော အာပတ်၊
၂။ မဇ္ဈိမတိုက် ဇနပုဒ်တို့၌ သင့်၍ ပစ္စန္တရစ်ဇနပုဒ်တို့၌ မသင့်သော အာပတ်၊
၃။ ပစ္စန္တရစ် ဇနပုဒ်၌လည်း သင့် မဇ္ဈိမတိုက် ဇနပုဒ်၌လည်း သင့်သော အာပတ်၊
၄။ ပစ္စန္တရစ် ဇနပုဒ်၌လည်း မသင့် မဇ္ဈိမတိုက် ဇနပုဒ် ၌လည်း မသင့်သော အာပတ်။ (ဝိ၊၅၊၂၂၇။) (ဝိ၊မြန်၊၅။၃၁၆။)♦
အာပတ် ၄ မျိုး (တစ်နည်း) (နာဖျားခြင်းနှင့် ပတ်သက်သော အာပတ် ၄ မျိုး)
၁။ နာဖျားသော ရဟန်းသာ သင့်၍ မနာဖျားသော ရဟန်း မသင့်သော အာပတ်၊
၂။ မနာဖျားသော ရဟန်းသာ သင့်၍ နာဖျားသော ရဟန်း မသင့်သော အာပတ်၊
၃။ နာဖျားသော ရဟန်းလည်း သင့်၊ မနာဖျားသော ရဟန်းလည်း သင့်သော အာပတ်၊
၄။ နာဖျားသော ရဟန်းလည်း မသင့်၊ မနာဖျားသော ရဟန်းလည်း မသင့်သော အာပတ်။ (ဝိ၊၅၊၂၂၉။) (ဝိ၊မြန်၊၅။၃၁၈။)♦
အာပတ် ၄ မျိုး (တစ်နည်း) (ရွာ၊ တောနှင့် ပတ်သက်သော အာပတ် ၄ မျိုး)
၁။ ရွာ၌ သင့်၍ တော၌ မသင့်သော အာပတ်၊
၂။ တော၌ သင့်၍ ရွာ၌ မသင့်သော အာပတ်၊
၃။ ရွာ၌ လည်းသင့်၊ တော၌လည်း သင့်သော အာပတ်၊
၄။ ရွာ၌လည်း မသင့်၊ တော၌လည်း မသင့်သော အာပတ်။ (ဝိ၊၅၊၂၂၈။) (ဝိ၊မြန်၊၅။၃၁၆။)♦
အာပတ် ၄ မျိုး (တစ်နည်း) (သိမ်နှင့် ပတ်သက်သော အာပတ် ၄ မျိုး)
၁။ ဥပစာရသိမ်အတွင်း၌ သင့်၍ အပ၌ မသင့်သော အာပတ်၊
၂။ သိမ်အပ၌ သင့်၍ သိမ်အတွင်း၌ မသင့်သော အာပတ်၊
၃။ သိမ်အတွင်း၌လည်း သင့် အပ၌လည်း သင့်သော အာပတ်၊
၄။ သိမ်အတွင်း၌လည်း မသင့်၊ အပ၌လည်း မသင့်သော အာပတ်။ (ဝိ၊၅၊၂၂၈။) (ဝိ၊မြန်၊၅။၃၁၆။)♦
အာပတ် ၄ မျိုး (တစ်နည်း) (အချိန်အခါနှင့် ပတ်သက်သော အာပတ် ၄ မျိုး)
၁။ နံနက် အခါသာ သင့်၍ နေလွဲသော အခါ မသင့်သော အာပတ်၊
၂။ နေလွဲအခါသာ သင့်၍ နံနက်အခါ မသင့်သော အာပတ်၊
၃။ နံနက်အခါလည်း သင့်၊ နေ့လွဲအခါ၌လည်း သင့်သော အာပတ်၊
၄။ နံနက် အခါလည်း မသင့်၊ နေ့လွဲအခါ၌လည်း မသင့်သော အာပတ်။ (ဝိ၊၅၊၂၂၇။) (ဝိ၊မြန်၊၅။၃၁၆။)♦
အာပတ် ၄ မျိုး (တစ်နည်း) (အတွင်းအပနှင့် ပတ်သက်သော အာပတ် ၄ မျိုး)
၁။ အတွင်း၌ သင့်၍ အပ၌ မသင့်သော အာပတ်၊
၂။ အပ၌ သင့်၍ အတွင်း၌ မသင့်သော အာပတ်၊
၃။ အတွင်း၌လည်း သင့်၊ အပ၌လည်း သင့်သော အာပတ်၊
၄။ အတွင်း၌လည်း မသင့်၊ အပ၌လည်း မသင့်သော အာပတ်။ (ဝိ၊၅၊၂၂၈။) (ဝိ၊မြန်၊၅။၃၁၆။)♦
အာပတ် ၄ မျိုး (တစ်နည်း) (အာဂန္တုကနှင့် ပတ်သက်သော အာပတ် ၄ မျိုး)
၁။ ဧည့်သည် (အာဂန္တု) ရဟန်းသာ သင့်၍ ကျောင်းနေ (အာဝါသိက) ရဟန်းအား မသင့်သော အာပတ်၊
၂။ ကျောင်းနေ (အာဝါသိက) ရဟန်းသာ သင့်၍ ဧည့်သည် (အာဂန္တု) ရဟန်းအား မသင့်သော အာပတ်၊
၃။ ဧည့်သည် (အာဂန္တု) ရဟန်းလည်း သင့်၊ ကျောင်းနေ (အာဝါသိက) ရဟန်းလည်း သင့်သော အာပတ်၊
၄။ ဧည့်သည် (အာဂန္တု) ရဟန်းလည်း မသင့်၊ ကျောင်းနေ (အာဝါသိက) ရဟန်းလည်း မသင့်သော အာပတ်။ (ဝိ၊၅၊၂၂၆။) (ဝိ၊မြန်၊၅။၃၁၄။)♦
အာပတ် ၅ မျိုး (မာတိကာနိဒ္ဒေသလာ အာပတ် ၅ မျိုး)
၁။ ပါရာဇိကအာပတ်၊
၂။ သံဃာ ဒိသေသ်အာပတ်၊
၃။ ပါစိတ်အာပတ်၊
၄။ ပါဋိဒေသနီယအာပတ်၊
၅။ ဒုက္ကဋ်အာပတ်။ (အဘိ၊ဋ္ဌ၊၁၊၄၂၃။)♦
အာပတ် ၇ မျိုး
၁။ ပါရာဇိကအာပတ်၊
၂။ သံဃာဒိသိသ်အာပတ်၊
၃။ ထုလ္လစ္စဉ်းအာပတ်၊
၄။ ပါစိတ် အာပတ်၊
၅။ ပါဋိဒေသနီအာပတ်၊
၆။ ဒုက္ကဋ်အာပတ်၊
၇။ ဒုဗ္ဘာသီအာပတ်။ (ဝိ၊၅၊၁၆၄။) (အဘိ၊ဋ္ဌ၊၁၊၄၂၃။) (ဝိ၊မြန်၊၅။၂၄၃။)♦
အာပတ် သင့်ရခြင်းအကြောင်း ၆ မျိုး
၁။ အရှက်ကင်းမဲ့သူ ဖြစ်ခြင်း၊
၂။ ဝိနည်း စည်းကမ်း မသိ နားမလည်သူ ဖြစ်ခြင်း၊
၃။ တစ်ဖန်ပူပန်ခြင်းသည် နှိပ်စက်ခံရသူ ဖြစ်ခြင်း၊
၄။ မအပ်သော အရာ၌ အပ်သည်ဟု မှတ်ထင်သူ ဖြစ်ခြင်း၊
၅။ အပ်သော အရာ၌ အပ်သည်ဟု မှတ်ထင်သူ ဖြစ်ခြင်း၊
၆။ သတိမေ့လျော့တတ်သူ ဖြစ်ခြင်း။ (သာရတ္ထ၊ဋီ၊၁၊၁၉၀။)♦
အာပတ်ကို ဖြစ်စေတတ်သော စိတ် ၃၂ ပါး
၁။ အကုသိုလ်စိတ် (၁၂) ပါး၊
၂။ မဟာကုသိုလ် စိတ် ၈ ပါး၊
၃။ ကာမာဝစရကြိယာစိတ် (၁၀) ပါး၊
၄။ အဘိညာဉ်ဒွေး။ (ဝိ၊ဋ္ဌ၊၁၊၂၃၅။)♦
အာပတ်စုတို့ကို မပြသော သိက္ခာပုဒ် ပညတ် ၆ မျိုး
၁။ ‘‘ယေဘုယျေန ခါယိတံ အာပတ္တိ ထုလ္လစ္စယဿ’’ အစရှိသော ပဒဘာဇနီ၌ တွေ့မြင်ရသော အာပတ်မျိုးသည် ပဒဘာဇန သိက္ခာပုဒ်၊
၂။ ‘‘နတွေဝ နဂ္ဂေန အာဂန္တဗ္ဗံ၊ ယော အာဂစ္ဆေယျ၊ အာပတ္တိ ဒုက္ကဋဿ’’ အစရှိသော အာပတ် မျိုးသည် အန္တရာပတ္တိ သိက္ခာပုဒ်၊
၃။ ‘‘အနုဇာနာမိ ဘိက္ခဝေ ဒိဝါ ပဋိသလ္လီယန္တေန ဒွါရံ သံဝရိတွာ ပဋိသလ္လီယိတုံ’’အစရှိသော ပညတ်ချက်သည် ဝိနီတဝတ္ထု သိက္ခာပုဒ်၊
၄။ ‘‘လောဟိတုပ္ပါဒကော ဘိက္ခဝေ အနုသမ္ပန္နော န ဥပသမ္ပာဒေတဗ္ဗော၊ ဥပသမ္ပန္နော နာသေတဗ္ဗော’’ အစရှိသော ပညတ်ချက်မျိုးသည် ပဋိက္ခေပသိက္ခာပုဒ်၊
၅။ ခန္ဓကတို့၌ ပညတ်အပ်သော ဒုက္ကဋ်, ထုလ္လစ္စဉ်း အာပတ်မျိုးသည် ပညတ္တိသိက္ခာပုဒ်၊
၆။ ‘‘ယာ ပန ဘိက္ခုနီ နစ္စေယျ ဝါ ဂါယေယျ ဝါ ဝါဒေယျ ဝါ ပါစိတ္တိယံ’’ ဤသို့ အစရှိသော အဋ္ဌကထာ၌ မြင်ရသော အာပတ်မျိုးသည်လည်းကောင်း ဝိနည်းကံသည်လည်းကောင်း အဝုတ္တသိဒ္ဓိသိက္ခာပုဒ်။ (ဝဇိရ၊၇၀။)♦
အာပတ်မသင့်သော ပုဂ္ဂိုလ် ၂ မျိုး
၁။ မြတ်စွာဘုရား၊
၂။ ပစ္စေကဗုဒ္ဓါ။ (ဝိ၊၅၊၂၁၄။) (ဝိ၊မြန်၊၅။၂၉၈။)♦
အာပတ်မှ ထကြောင်း အခြင်းအရာ ၂ ပါး
၁။ ကိုယ်ဖြင့် ထခြင်း၊
၂။ နှုတ်ဖြင့် ထခြင်း။ (ဝိ၊၅၊၂၁၅။) (ဝိ၊မြန်၊၅။၃၀၀။)♦
အာပတ်မှ ထကြောင်း အခြင်းအရာ ၃ ပါး
၁။ ကိုယ်ဖြင့် ထခြင်း၊
၂။ နှုတ်ဖြင့် ထခြင်း၊
၃။ ကိုယ် နှုတ် နှစ်ပါးဖြင့် ထခြင်း။ (ဝိ၊၅၊၂၁၉။) (ဝိ၊မြန်၊၅။၃၀၆။)♦
အာပတ်မှ ထကြောင်း အခြင်းအရာ ၃ ပါး (တစ်နည်း)
၁။ သံဃာ့အလယ်၌ ထခြင်း၊
၂။ ဂိုဏ်းအလယ်၌ ထခြင်း၊
၃။ ပုဂ္ဂိုလ်၏ အထံ၌ ထခြင်း။ (ဝိ၊၅၊၂၁၉။) (ဝိ၊မြန်၊၅။၃၀၆။)♦
အာပတ်မှ ထကြောင်း အခြင်းအရာ ၄ ပါး
၁။ ကိုယ်ဖြင့် ထခြင်း၊
၂။ နှုတ်ဖြင့် ထခြင်း၊
၃။ ကိုယ်နှုတ်ဖြင့် ထခြင်း၊
၄။ ကမ္မဝါစာဖြင့် ထခြင်း။ (ဝိ၊၅၊၂၂၅။) (ဝိ၊မြန်၊၅။၃၁၃။)♦
အာပတ်မှ ထကြောင်း အခြင်းအရာ ၄ ပါး (တစ်နည်း)
၁။ သံဃာ့အလယ်၌ ထခြင်း၊
၂။ ဂိုဏ်း အလယ်၌ ထခြင်း၊
၃။ ပုဂ္ဂိုလ်အထံ၌ ထခြင်း၊
၄။ လိင် ထင်ရှားဖြစ်မှုဖြင့် ထခြင်း။ (ဝိ၊၅၊၂၂၅။) (ဝိ၊မြန်၊၅။၃၁၃။)♦
အာပတ်သင့်ကြောင်း ၄ မျိုး
၁။ ကိုယ်ကြောင့် အာပတ်သင့်ခြင်း၊
၂။ နှုတ်ကြောင့် အာပတ် သင့်ခြင်း၊
၃။ ကိုယ်နှုတ်ကြောင့် အာပတ်သင့်ခြင်း၊
၄။ ကမ္မဝါစာကြောင့် အာပတ်သင့်ခြင်း။ (ဝဇိရ၊၁၀၆။)♦
အာပတ်သင့်ကြောင်း ၆ ပါး
၁။ အရှက် မရှိခြင်း၊
၂။ မသိ မိုက်မဲခြင်း၊
၃။ ကုက္ကုစ္စ နှိပ်စက်ခြင်း၊
၄။ မအပ်သောအရာ၌ အပ်သည်ဟု အမှတ်ရှိခြင်း၊
၅။ အပ်သောအရာ၌ မအပ်ဟု အမှတ် ရှိခြင်း၊
၆။ သတိမေ့လျော့ခြင်း။ (ဝိ၊ဋ္ဌ၊၃၊၁၄၁။)♦
အာပတ်သင့်ကြောင်း ၆ ပါး (တစ်နည်း)
၁။ ကိုယ်ကြောင့်သာ ဖြစ်ခြင်း၊
၂။ နှုတ်ကြောင့်သာ ဖြစ်ခြင်း၊
၃။ ကိုယ်ကြောင့် လည်းကောင်း နှုတ်ကြောင့် လည်းကောင်း ဖြစ်ခြင်း၊
၄။ ကိုယ်ကြောင့် လည်းကောင်း စိတ်ကြောင့် လည်းကောင်း ဖြစ်ခြင်း၊
၅။ နှုတ်ကြောင့် လည်းကောင်း စိတ်ကြောင့် လည်းကောင်း ဖြစ်ခြင်း၊
၆။ ကိုယ် နှုတ် စိတ် သုံးပါးလုံးကြောင့် ဖြစ်ခြင်း။ (ဝိ၊၅၊၁၆၅။) (ဝိ၊မြန်၊၅။၂၄၄။)♦
အာပတ်သင့်ကြောင်း ၆ မျိုး (တစ်နည်း)
၁။ ကိုယ်ကြောင့်၊
၂။ နှုတ်ကြောင့်၊
၃။ ကိုယ်နှုတ် ကြောင့်၊
၄။ ကိုယ်စိတ်ကြောင့်၊
၅။ နှုတ်စိတ်ကြောင့်၊
၆။ ကိုယ်နှုတ်စိတ်ကြောင့်။ (သာရတ္ထ၊ ဋီ၊၂။၉၅။)♦
အာပတ်သင့်ကြောင်း အခြင်းအရာ ၂ ပါး
၁။ ကိုယ်ဖြင့် ရောက်ခြင်း၊
၂။ နှုတ်ဖြင့် ရောက်ခြင်း။ (ဝိ၊၅၊၂၁၅။) (ဝိ၊မြန်၊၅။၂၉၉။)♦
အာပတ်သင့်ကြောင်း အခြင်းအရာ ၃ ပါး
၁။ ကိုယ်ဖြင့် ရောက်ခြင်း၊
၂။ နှုတ်ဖြင့် ရောက်ခြင်း၊
၃။ ကိုယ် နှုတ် နှစ်ပါးဖြင့် ရောက်ခြင်း။ (ဝိ၊၅၊၂၁၉။) (ဝိ၊မြန်၊၅။၃၀၆။)♦
အာပတ်သင့်ကြောင်း အခြင်းအရာ ၃ ပါး (တစ်နည်း)
၁။ သံဃာ့အလယ်၌ ရောက်ခြင်း၊
၂။ ဂိုဏ်း အလယ်၌ ရောက်ခြင်း၊
၃။ ပုဂ္ဂိုလ်၏ အထံ၌ ရောက်ခြင်း။ (ဝိ၊၅၊၂၁၉။) (ဝိ၊မြန်၊၅။၃၀၆။)♦
အာပတ်သင့်ကြောင်း အခြင်းအရာ ၄ ပါး
၁။ ကိုယ်ဖြင့် ရောက်ခြင်း၊
၂။ နှုတ်ဖြင့် ရောက်ခြင်း၊
၃။ ကိုယ်နှုတ်ဖြင့် ရောက်ခြင်း၊
၄။ ကမ္မဝါစာဖြင့် ရောက်ခြင်း။ (ဝိ၊၅၊၂၂၅။) (ဝိ၊မြန်၊၅။၃၁၃။)♦
အာပတ်သင့်ကြောင်း အခြင်းအရာ ၄ ပါး (တစ်နည်း)
၁။ သံဃာ့အလယ်၌ ရောက်ခြင်း၊
၂။ ဂိုဏ်းအလယ်၌ ရောက်ခြင်း၊
၃။ ပုဂ္ဂိုလ်အထံ၌ ရောက်ခြင်း၊
၄။ လိင် ထင်ရှားဖြစ်ခြင်းဖြင့် ရောက်ခြင်း။ (ဝိ၊၅၊၂၂၅။) (ဝိ၊မြန်၊၅။၃၁၃။)♦
အာပတ်သင့်ကြောင်း အခြင်းအရာ ၅ ပါး
၁။ အရှက် မရှိခြင်း၊
၂။ မသိခြင်း၊
၃။ တွေးတောမှု (သံသယ ကုက္ကုစ္စ။) နှိပ်စက်ခြင်း၊
၄။ မအပ်သည်၌ အပ်၏ဟု အမှတ်ရှိခြင်း၊
၅။ အပ်သည်၌ မအပ်ဟု အမှတ်ရှိခြင်း။ (ဝိ၊၅၊၃၃၈။) (ဝိ၊မြန်၊၅။၄၄၁။)♦
အာပတ်သင့်ကြောင်း အခြင်းအရာ ၅ ပါး (တစ်နည်း)
၁။ ဝိနည်းဓိုရ်ကို မတွေ့မမြင်ခြင်း၊
၂။ အပ် မအပ်ကို မကြားဖူးခြင်း၊
၃။ အိပ်ပျော်သည်၏ အဖြစ်၌ တည်ခြင်း၊
၄။ မအပ်သည်၌ အပ်၏ဟု အမှတ်ရှိခြင်း၊
၅။ သတိမေ့လျော့ခြင်း။ (ဝိ၊၅၊၃၃၈။) (ဝိ၊မြန်၊၅။၄၄၁။)♦
အာပတ်သင့်ခြင်း ၆ မျိုး
၁။ ကိုယ်ကြောင့်သာ သင့်၍ နှုတ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့် လည်းကောင်း မသင့်သော အာပတ်၊
၂။ နှုတ်ကြောင့်သာ သင့်၍ ကိုယ်ကြောင့် လည်းကောင်း စိတ်ကြောင့်လည်းကောင်း မသင့်သော အာပတ်၊
၃။ ကိုယ်ကြောင့် လည်းကောင်း၊ နှုတ်ကြောင့် လည်းကောင်း သင့်၍ စိတ်ကြောင့် မသင့်သော အာပတ်၊
၄။ ကိုယ်ကြောင့် လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်း သင့်၍ နှုတ်ကြောင့် မသင့်သော အာပတ်၊
၅။ နှုတ်ကြောင့် လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်း သင့်၍ ကိုယ်ကြောင့် မသင့်သော အာပတ်၊
၆။ ကိုယ်ကြောင့်လည်းကောင်း၊ နှုတ်ကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်း သင့်သော အာပတ်။ (ဝိ၊၄၊၂၁၅။) (ဝိ၊မြန်၊၄။၂၁၂။)♦
အာပတ်သင့်ခြင်း အကြောင်း ၅ မျိုး
၁။ သိက္ခာပုဒ် လွန်ကျူးရန် အရှက် မရှိခြင်း၊
၂။ မသိ မိုက်မဲခြင်း၊
၃။ ဝိနယကုက္ကုစ္စ မရှိခြင်း၊
၄။ မအပ်သည်ကို အပ်၏ဟု မှတ်ထင်ခြင်း၊
၅။ အပ်သည်ကို မအပ်ဟု မှတ်ထင်ခြင်း။ (ဝိ၊ဋ္ဌ၊၄၊၁၇၂။)♦
အာပတ်သင့်ထိုက်သော ပုဂ္ဂိုလ် ၂ မျိုး
၁။ ရဟန်းယောကျ်ား၊
၂။ ရဟန်းမ။ (ဝိ၊၅၊၂၁၄။) (ဝိ၊မြန်၊၅။၂၉၈။)♦
အာပတ်အစု ၅ ပါး
၁။ ပါရာဇိကအာပတ်အစု၊
၂။ သံဃာဒိသိသ်အာပတ်အစု၊
၃။ ပါစိတ်အာပတ် အစု၊
၄။ ပါဋိဒေသနီအာပတ်အစု၊
၅။ ဒုက္ကဋ်အာပတ်အစု။ (ဝိ၊၅၊၁၆၄။) (ဝိ၊မြန်၊၅။၂၄၃။)♦
အာပတ်အစု ၇ ပါး
၁။ ပါရာဇိကအာပတ်အစု၊
၂။ သံဃာဒိသိသ်အာပတ်အစု၊
၃။ ထုလ္လစ္စဉ်း အာပတ် အစု၊
၄။ ပါစိတ်အာပတ်အစု၊
၅။ ပါဋိဒေသနီအာပတ်အစု၊
၆။ ဒုက္ကဋ်အာပတ်အစု၊
၇။ ဒုဗ္ဘာသီ အာပတ်အစု။ (ဝိ၊၅၊၁၆၄။) (ဝိ၊မြန်၊၅။၂၄၃။)♦
အာပေါ ၄ မျိုး
၁။ လက္ခဏအာပေါ- တတ္ထ ကတမာ အဇ္စျတ္တိကာ အာပေါဓာတု အစရှိသော ပါဠိရပ်တို့၌ လာသော အာပေါ၊
၂။ သသမ္ဘာရအာပေါ- အာပေါကသိဏံ ဥဂ္ဂဏှန္တော အာပသ္မိံ နိမိတ္တံ ဂဏှာတိ အစရှိသော ပါဠိရပ်၌ လာသော အာပေါ၊
၃။ အာရမ္မဏအာပေါ- အာပေါ ကသိဏမေကော သမ္ပဇာနာတိ အစရှိသော ပါဠိရပ်၌ လာသော အာပေါ၊
၄။ သမ္မုတိအာပေါ- လူတို့သမုတ်အပ်သော ရေဟူသော အမည်ပညတ်။ (မ၊ဋ္ဌ၊၁၊၃၁။)♦
အာပေါဓာတ် ၁၂ ပါး (အဇ္ဈတ္တသန္တာန်၌ ဖြစ်သော အာပေါဓာတ် ၁၂ ပါး)
၁။ ပိတ္တံ- သည်းခြေ၊
၂။ သေမှံ-သလိပ်၊
၃။ ပုဗ္ဗော- ပြည်၊
၄။ လောဟိတံ- သွေး၊
၅။ သေဒေါ- ချွေး၊
၆။ မေဒေါ- အဆီခဲ၊
၇။ အဿု- မျက်ရည်၊
၈။ ဝသာ- အဆီကြည်၊
၉။ ခေဠော- တံတွေး၊
၁၀။ သိင်္ဃာဏိကာ- နှပ်(နှာရည်)၊
၁၁။ သလိကာ- အစေး၊
၁၂။ မုတ္တံ- ကျင်ငယ်။ (မ၊၁၊၂၄၄။) (မ၊၂၊၈၅။) (အဘိ၊ဝိ၊ ၈၄။) (မ၊မြန်၊၁။၂၅၂။) (မ၊မြန်၊၂။၉၂။) (အဘိ၊ဝိ၊မြန်၊၁။၂၉၉။)♦
အာပေါဓာတ် ၂ ပါး
၁။ အတွင်းသန္တာန်၌ ဖြစ်သော အဇ္ဈတ္တ အာပေါဓာတ်၊
၂။ ပြင်ပသန္တာန်၌ ဖြစ်သော ဗဟိဒ္ဓ အာပေါဓာတ်။ (မ၊၂၊၈၅။) (မ၊၁၊၂၄၄။) (အဘိ၊ဝိ၊၈၄။) (မ၊မြန်၊၂။၉၂။) (မ၊မြန်၊၁။၂၅၂။) (အဘိ၊ဝိ၊မြန်၊၁။၂၉၉။)♦
အာမ မခံနိုင်သော တရား ၄ ပါး (လူနတ်ဗြဟ္မာ မည်သူတစ်ဦးတစ်ယောက်မျှ အာမမခံနိုင်သော တရား ၄ ပါး)
၁။ အိုခြင်းတရားကို မအိုပါစေသတည်းဟု လူနတ်ဗြဟ္မာ မည်သူတစ်ဦးမျှ အာမ မခံနိုင်ခြင်း၊
၂။ နာခြင်းတရားကို မနာပါစေသတည်းဟု လူနတ်ဗြဟ္မာ မည်သူ တစ်ဦးမျှ အာမ မခံနိုင်ခြင်း၊
၃။ သေခြင်းတရားကို မသေပါစေသတည်းဟု လူနတ်ဗြဟ္မာ မည်သူ တစ်ဦးမျှ အာမ မခံနိုင်ခြင်း၊
၄။ ရှေး၌ ပြုလုပ်ခဲ့ဖူးသော ယုတ်မာသော အကုသိုလ်ကံတို့၏ အကျိုးသည် မဖြစ်ပါစေသတည်းဟု လူနတ်ဗြဟ္မာ မည်သူတစ်ဦးမျှ အာမ မခံနိုင်ခြင်း။ (အဘိ၊က၊၃၃၂။) (အဘိ၊က၊မြန်၊၂။၁၈၃။)♦
အာမကဓညသိက္ခာပုဒ်၌ အင်္ဂါ ၂ ပါး
၁။ စပါးစိမ်းကို တောင်းခြင်း စသည်၊
၂။ ထိုစပါးစိမ်းကို လှော်ခြင်းစသဖြင့် စားမျိုခြင်း။ (ဝိမတိ၊၂၊၇၆။)♦
အာမကဓညသိက္ခာပုဒ်၌ အင်္ဂါ ၃ မျိုး
၁။ ကောက်စပါး ခုနစ်မျိုးတို့တွင် စပါးတစ်မျိုးမျိုးကို ကိုယ်တိုင် တောင်းခြင်း၊ သူတစ်ပါးကို တောင်းစေခြင်း၊
၂။ ရရှိခြင်း၊
၃။ လှော်ခြင်း အစ ရှိသော အမှုတို့ကို ကိုယ်တိုင် ပြုပြီး၍သော်လည်းကောင်း၊ သူတစ်ပါးကို ပြုစေပြီး၍သော် လည်းကောင်း စားမျိုခြင်း။ (သာရတ္ထ၊ဋီ၊၃၊၁၂၄။)♦
အာမဂန္ဓတရား ၁၄ ပါး
ညှီစော်နံသော တရား ၁၄ ပါးနှင့် တူသည်။ ♦
အာမိသဒါယာဒါ၌ အာမိသ ၂ မျိုး
၁။ သင်္ကန်းစသော ပစ္စည်းလေးပါးသည် နိပ္ပရိယာယ အာမိသ၊
၂။ ဝဋ်ကို ဆုတောင်းလျက် ဘဝစည်းစိမ်ကို တောင့်တကာ ဒါန, သီလ စသော ကောင်းမှုကို ပြုသည်ဖြစ်၍ လူနတ်စည်းစိမ်ကို ပြန်ရသော ကုသိုလ်အာမိသသည် ပရိယာယ အာမိသ။ (မ၊ဋ္ဌ၊၁၊၉၃။) (ဣတိဝုတ်၊ဋ္ဌ၊၃၀၆။)♦
အာမိသသိက္ခာပုဒ်၌ အင်္ဂါ ၄ မျိုး
၁။ ရဟန်းဖြစ်ခြင်း၊
၂။ တရားသဖြင့် သမ္မုတိရထားသူ ဖြစ်ခြင်း၊
၃။ အာမိသဟူသော အကြောင်းကြောင့် မဟုတ်ခြင်း၊
၄။ ကဲ့ရဲ့လိုသောကြောင့် ဤသို့ အာမိသကြောင့် တရားဟော ဆုံးမ၏ဟု ပြောဆိုခြင်း။ (သာရတ္ထ၊ဋီ၊၃၊၄၉။) (ဝိမတိ၊၂၊၂၃။)♦
အာယတန ၁၀ ပါး
ပိုင်းခြား၍ သိအပ်သော တရား ၁၀ ပါး ပရိညေယျ တရား ၁၀ ပါးနှင့် တူသည်။ ♦
အာယတန ၁၂ မျိုး
၁။ စက္ခာယတန- မြင်သိစိတ်ဖြစ်ရာ မျက်စိအကြည်၊
၂။ သောတာယတန-ကြားသိစိတ်ဖြစ်ရာ နားအကြည်၊
၃။ ဃာနာယတန- နံသိစိတ်ဖြစ်ရာ နှာခေါင်းအကြည်၊
၄။ ဇိဝှါယတန- လျက်သိစိတ်ဖြစ်ရာ လျှာအကြည်၊
၅။ ကာယာယတန- တွေ့ထိသိစိတ် ဖြစ်ရာ ကိုယ်အကြည်၊
၆။ မနာယတန- သမ္ပယုတ်တရားတို့၏ ဖြစ်ရာဖြစ်ကြောင်း စိတ်၊
၇။ ရူပါယတန- မြင်သိစိတ်၏ လုံ့လအားထုတ်ရာ တည်နေရာ စုဝေးဖြစ်ပေါ်ရာ အဆင်း အာရုံ၊
၈။ သဒ္ဒါယတန- ကြားသိစိတ်၏ လုံ့လအားထုတ်ရာ တည်နေရာ စုဝေးဖြစ်ပေါ်ရာ အသံအာရုံ၊
၉။ ဂန္ဓာယတန- နံသိစိတ်၏ လုံ့လအားထုတ်ရာ တည်နေရာ စုဝေးဖြစ်ပေါ်ရာ အနံ့အာရုံ၊
၁၀။ ရသာယတန- လျက်သိစိတ်၏ လုံ့လအားထုတ်ရာ တည်နေရာ စုဝေး ဖြစ်ပေါ်ရာ အရသာအာရုံ၊၊
၁၁။ ဖောဋ္ဌဗ္ဗာယတန- တွေ့ထိသိစိတ်၏ လုံ့လအားထုတ်ရာ တည်နေရာ စုဝေးဖြစ်ပေါ်ရာ အတွေ့အထိအာရုံ၊
၁၂။ ဓမ္မာယတန- တရား ဖြစ်တည်ရာ စုဝေးရာ ပေါင်းဆုံရာ တရားအာရုံ။ (အဘိ၊ဓ၊၂၅၉။) (အဘိ၊ဝိ၊၄၁၅။) (အဘိ၊ဝိ၊၄၁၇။) (အဘိ၊ဝိ၊၆၉။) (အဘိ၊ဝိ၊၇၄။) (အဘိ၊ပု၊၁၀၁။) (ယမက၊၁၊၇၁။) (မဟာနိ၊၁၀၃။) (စူဠနိ၊ဋ္ဌ၊၈၁။) (ဝိသုဒ္ဓိ၊၂၊၁၁၂။) (သာရတ္ထ၊ ဋီ၊၁။၂၄၇။) (အဘိ၊ဓ၊မြန်။၄၉၀။) (အဘိ၊ဝိ၊မြန်၊၁။၂၄၇။) (အဘိ၊ဝိ၊မြန်၊၁။၂၄၇။) (အဘိ၊ဝိ၊မြန်၊၂။၅၂၄။) (အဘိ၊ဝိ၊မြန်၊၂။၅၂၄။) (အဘိ၊ပု၊မြန်။၁။)♦
အာယတန ၂ ပါး
၁။ သညာမရှိသော သတ္တဝါတို့၏ နေရာ အာယတန တစ်ပါး၊
၂။ ကြမ်းတမ်း ထင်ရှားသောသညာ မရှိမူ၍ သိမ်မွေ့သော သညာလည်း မကင်းသော သတ္တဝါတို့၏ နေရာ အာယတန တစ်ပါး။ (ဒီ၊၂၊၅၉။) (ဒီ၊မြန်၊၂။၆၈။)♦
အာယတန ၂ ပါး (တစ်နည်း)
၁။ မနာယတန၊
၂။ ဓမ္မာယတန။ (အဘိ၊ဓ၊၂၇။) (အဘိ၊ဓ၊မြန်။၄၃။)♦
အာယတန ၆ ပါး
၁။ မျက်စိအကြည်ဟူသော စိတ်ဖြစ်ရာ စက္ခာယတန၊
၂။ နားအကြည်ဟူသော စိတ်ဖြစ်ရာ သောတာယတန၊
၃။ နှာခေါင်းအကြည်ဟူသော စိတ်ဖြစ်ရာ ဃာနာယတန၊
၄။ လျှာအကြည်ဟူသော စိတ်ဖြစ်ရာ ဇိဝှါယတန၊
၅။ ကိုယ်အကြည်ဟူသော စိတ်ဖြစ်ရာ ကာယာယတန၊
၆။ မနောအကြည်ဟူသော စိတ်ဖြစ်ရာ မနာယတန။ (မ၊၁၊၆၅။) (မ၊မြန်၊၁။၇၁။)♦
အာယတနဝိဘင်း စသည်တို့ကို ဝေဖန်ပုံ ၃ မျိုး
၁။ သုတ္တန္တဘာဇနီယ၊
၂။ အဘိဓမ္မဘာဇနီယ၊
၃။ ပဉှပုစ္ဆက။ (အဘိ၊ဋ္ဌ၊၁၊၈။)♦
အာယောဂပတ် လှူရကျိုး ၅ ပါး (ထိုင်သောအခါ ထောင်နေသော ဒူးနှစ်ဘက်ကို ကိုယ်နှင့် ရစ်သိုင်းပတ်ဖွဲ့ကြောင်း အဝတ် လှူရကျိုး ၅ ပါး)
၁။ ပထမဈာန် သမာဓိ စသည်တို့၌ တုန်လှုပ်မှု မရှိခြင်း၊
၂။ ပထမဈာန်သမာဓိ စသည်တို့၌ ဝသီဘော်ရှိသူ ဖြစ်ခြင်း၊
၃။ ပရိသတ် ပြိုကွဲပျက်စီးမှု မရှိခြင်း၊
၄။ အမြဲတမ်း အားကိုးယုံကြည်ထိုက်သော စကားရှိသူ ဖြစ်ခြင်း၊
၅။ ဘောဂသမ္ပတ္တိနှင့် ပြည့်စုံခြင်း။ (အပ၊၁၊၃၆၅။) (အပ၊မြန်၊၁။၃၇၄။)♦
အာရညကင်ဓုတင် ၃ မျိုး
၁။ ဥက္ကဋ္ဌ အာရညကင်ဓုတင်၊
၂။ မဇ္ဈိမ အာရညကင်ဓုတင်၊
၃။ မုဒုက အာရညကင်ဓုတင်။ (ဝိသုဒ္ဓိ၊၁၊၇၀။)♦
အာရညကင်ဓုတင် ဆောက်တည်ရကျိုး ၇ ပါး
၁။ အာရညကင်ဓုတင် ဆောင်သော ရဟန်းသည် တောဟူသော အမှတ်သညာကို နှလုံးသွင်းလျက် မရနိုင်သေးသော သမာဓိကို ရရှိပြီး ရပြီးသော သမာဓိကို စောင့်ရှောက်ခြင်းငှာ စွမ်းနိုင်ခြင်း၊
၂။ အာရညကင်ဓုတင် ဆောင်သော ရဟန်းအား ဘုရားရှင်ကိုယ်တိုင် အားရနှစ်သက် ဝမ်းမြောက်တော်မူခြင်း၊
၃။ အစွန်အဖျား ကျသော ဝေးကွာသော တောကျောင်း၌နေသော ရဟန်းအား မလျောက်ပတ်သော ရူပါရုံ စသည်တို့သည် စိတ်ကို မပျံ့လွင့်စေနိုင်ခြင်း၊
၄။ ကြောက်ရွံ့ထိတ်လန့်မှု ကင်းခြင်း၊
၅။ အသက်၌ တွယ်တာသော တဏှာကို ပယ်စွန့်နိုင်ခြင်း၊
၆။ ဆိတ်ငြိမ်ရာ အရပ်၌ နေခြင်းကြောင့်ဖြစ်သော ချမ်းသာသုခ၏ အရသာကို ခံစားရခြင်း၊
၇။ ပံသုကူဓုတင် စသော ကြွင်းသော ဓုတင်တစ်ဆယ့်နှစ်ပါးသည်လည်း ထိုတောနေရဟန်းအား လျောက်ပတ်ခြင်း။ (ဝိသုဒ္ဓိ၊၁၊၇၁။)♦
အာရညကင်ဓုတင်ဆောင် ရဟန်း ၅ မျိုး
၁။ ပညာနုံ့၍ မိုက်မဲ တွေဝေခြင်းကြောင့် ဆောက်တည်သူ၊
၂။ ယုတ်မာသော အလိုဆိုးကြောင့် ဆောက်တည်သူ၊
၃။ ရူးသွပ် စိတ်ပျံ့ လွင့်သောကြောင့် ဆောက်တည်သူ၊
၄။ ဘုရား ဘုရား၏ တပည့်သားတို့ ချီးမွမ်းအပ်သည်ဟု ကြံ၍ ဆောက်တည်သူ၊
၅။ ကောင်းသော အကျင့်ဖြင့် အလိုရှိသော တောနေပုဂ္ဂိုလ်အဖြစ်ကို လို၍ ဆောက်တည်သူ။ (ဝိ၊၅၊၂၃၃။) (ဝိ၊၅၊၃၃၅။) (အဘိ၊ပု၊၁၈၀။) (ဝိ၊မြန်၊၅။၃၂၃။) (ဝိ၊မြန်၊၅။၄၃၈။) (အဘိ၊ပု၊မြန်။၈၄။)♦
အာရမ္ဘဝတ္ထု ၈ မျိုး
အားထုတ်ခြင်း၏ အကြောင်း ၈ ပါး၊ ကြိုးစားခြင်း၏ အကြောင်း ၈ ပါး တို့နှင့် တူသည်။ ♦
အာရာမ်ဖြင့် လဲလှယ်ကောင်းသော ထာဝရဝတ္ထု ၄ မျိုး
၁။ အရာမ်၊
၂။ အရာမ်နေရာ၊
၃။ ကျောင်း၊
၄။ ကျောင်းနေရာ။ (ဝိ၊ဋ္ဌ၊၄၊၇၆။)♦
အာရုံ ၄ မျိုး
၁။ ပရိတ္တ ပရိတ္တာရမ္မဏ- နည်းသော အနုဘော်ရှိ၍ ကျဉ်းသော အာရုံ၊
၂။ ပရိတ္တ အပ္ပမာဏာရမ္မဏ- နည်းသော အနုဘော်ရှိ၍ အတိုင်းမသိကျယ်သော အာရုံ၊
၃။ အပ္ပမာဏ ပရိတ္တာရမ္မဏ- အတိုင်းမသိသော အာနုဘော်ရှိ၍ ကျဉ်းသော အာရုံ၊
၄။ အပ္ပမာဏ အပ္ပမာဏာရမ္မဏ- အတိုင်းမသိသော အာနုဘော်ရှိ၍ အတိုင်းမသိကျယ်သော အာရုံ။ (အဘိ၊ဓ၊၅၁။) (ပဋိသံ၊ဋ္ဌ၊၁၊၂၇၁။) (အဘိ၊ဓ၊မြန်။၇၈။)♦
အာရုံ ၆ မျိုး
၁။ ရူပါရုံ၊
၂။ သဒ္ဒါရုံ၊
၃။ ဂန္ဓာရုံ၊
၄။ ရသာရုံ၊
၅။ ဗောဋ္ဌဗ္ဗာရုံ၊
၆။ ဓမ္မာရုံ။ (အဘိ၊ဋ္ဌ၊၃၊၃၅၈။)♦
အာရုံကို ဝေဖန်၍ ဟောကြားအပ်သော တရား ၂၇ ပါး
၁။ အနိစ္စသညာ- မမြဲဟူ၍ ဖြစ်သော သညာ၊
၂။ ဒုက္ခသညာ - ဆင်းရဲဟူ၍ ဖြစ်သောသညာ၊
၃။ အနတ္တသညာ- အတ္တမဟုတ် ဟူ၍ ဖြစ်သောသညာ၊
၄။ အသုဘသညာ- မတင့်တယ်ဟူ၍ ဖြစ်သောသညာ၊
၅။ အာဒီနဝ သညာ- အပြစ်ဟူ၍ ဖြစ်သောသညာ၊
၆။ ပဟာနသညာ- ပယ်သည်၏ အစွမ်းအားဖြင့် ဖြစ်သောသညာ၊
၇။ ဝိရာဂသညာ- ရာဂကင်း၏ဟူ၍ ဖြစ်သောသညာ၊
၈။ နိရောဓသညာ- နိဗ္ဗာန်၌ဖြစ်သော သညာ၊
၉။ သဗ္ဗလောကေ အနဘိရတိသညာ- အလုံးစုံသောလောက၌ မမွေ့လျော်သောသညာ၊
၁၀။ သဗ္ဗသင်္ခါရေသု အနိစ္စသညာ- သင်္ခါရတရားအားလုံးတို့၌ မမြဲဟူ၍ ဖြစ်သော သညာ၊
၁၁။ အာနာပါနဿတိသညာ- ဝင်လေထွက်လေ၌ ဖြစ်သော အမှတ်သညာ၊
၁၂။ ဥဒ္ဓုမာတကသညာ- ဖူးဖူးရောင်နေသော အလောင်းကောင်၌ အသုဘဟူ၍ ဖြစ်သော သညာ၊
၁၃။ ဝိနီလကသညာ- အညိုအမဲစွဲသော အလောင်းကောင်၌ အသုဘဟူ၍ ဖြစ်သောသညာ၊
၁၄။ ဝိပုဗ္ဗကသညာ- ပြည်ပုပ်များ ယိုစီးနေသော အလောင်းကောင်၌ အသုဘဟု ဖြစ်သော သညာ၊
၁၅။ ဝိစ္ဆိဒ္ဒကသညာ- နှစ်ပိုင်းပြတ်သော အလောင်းကောင်၌ အသုဘဟူ၍ ဖြစ်သောသညာ၊
၁၆။ ဝိက္ခာယိတကသညာ- အိမ်ခွေး, တောခွေး စသည်တို့ အမျိုးမျိုး အဖုံဖုံ ခဲစားအပ်သော အလောင်းကောင်၌ ဖြစ်သောသညာ၊
၁၇။ ဝိက္ခိတ္တက သညာ- မြေခွေး, တောခွေး စသည်တို့ အမျိုးမျိုးအဖုံဖုံ ကိုက်ဖြတ် လွင့်ပစ်အပ်သော အလောင်းကောင်၌ ဖြစ်သောသညာ၊
၁၈။ ဟတဝိက္ခိတ္တကသညာ- ကျီးခြေသဏ္ဍာန် အစ ရှိသော အခြင်းအရာအားဖြင့် အပိုင်းပိုင်း ဓားဖြင့် ခုတ်ဖြတ်ပစ်လွင့်အပ်သော အလောင်း ကောင်၌ ဖြစ်သောသညာ၊
၁၉။ လောဟိတကသညာ- သွေးယိုစီးနေသော အလောင်း ကောင်၌ ဖြစ်သောသညာ၊
၂၀။ ပုဠုဝကသညာ- ပိုးလောက်တဖွားဖွား ကျနေသော အလောင်းကောင်၌ ဖြစ်သောသညာ၊
၂၁။ အဋ္ဌိကသညာ- အရိုးစုမျှ ကျန်ရှိသော အလောင်း ကောင်၌ ဖြစ်သောသညာ၊
၂၂။ မေတ္တာသညာ- မေတ္တာပွားများခြင်းဟူသော သညာ၊
၂၃။ ကရုဏာ သညာ- သနားကရုဏာ ပွားခြင်းဟူသော သညာ၊
၂၄။ မုဒိတာသညာ- ဝမ်းမြောက် ခြင်းဟူသော သညာ၊
၂၅။ ဥပေက္ခာသညာ- လျစ်လျူရှုခြင်းဟူသော သညာ၊
၂၆။ မရဏာ နုဿတိ- ငါ သေရအံ့ဟု အဖန်ဖန် သတိရပွားများခြင်း၊
၂၇။ ကာယဂတာသတိ- ဆံပင်, မွေးညှင်းစသော သုံးဆယ့်နှစ်ပါးသော အဖို့အစု ကောဋ္ဌာသတို့၌ အဖန်ဖန် သတိရ ပွားများခြင်း။ (မိလိန္ဒ၊၃၁၆။) (မိလိန္ဒ၊မြန်။၃၃၉။)♦
အာရုပ္ပ ၄ ပါး
၁။ အာကာသာနဉ္စာယတနဘုံသို့ ရောက်၍ နေခြင်း၊
၂။ ဝိညာဏဉ္စာယတန ဘုံသို့ ရောက်၍ နေခြင်း၊
၃။ အာကိဉ္စညာယတနဘုံသို့ ရောက်၍ နေခြင်း၊
၄။ နေဝသညာ နာသညာယတနဘုံသို့ ရောက်၍ နေခြင်း။ (ဒီ၊၃၊၁၈၇။) (ဒီ၊မြန်၊၃။၂၀၈။)♦
အာရုပ္ပကမ္မဋ္ဌာန်း ၄ ပါး
၁။ အာကာသာနဉ္စာယတန ကမ္မဋ္ဌာန်း၊
၂။ ဝိညာဏဉ္စာယတန ကမ္မဋ္ဌာန်း၊
၃။ အာကဉ္စညာယတန ကမ္မဋ္ဌာန်း၊
၄။ နေဝသညာနာသညာယတန ကမ္မဋ္ဌာန်း။ (ဝိသုဒ္ဓိ၊၁၊၁၀၇။) (သာရတ္ထ၊ဋီ၊၂၊၂၀၃။)♦
အာဝသထပိဏ္ဍသိက္ခာပုဒ်၌ အင်္ဂါ ၃ မျိုး
၁။ တည်းခိုရာဇရပ် စသည်၌ ဆွမ်း ဖြစ်ခြင်း၊
၂။ ကျန်းမာသူ ဖြစ်ခြင်း၊
၃။ နေ့စဉ် နေ၍ သုံးဆောင်ခြင်း။ (သာရတ္ထ၊ဋီ၊၃၊၅၃။) (ဝိမတိ၊၂၊၂၆။)♦
အာသဇ္ဇန ၂ ပါး
ကပ်ငြိခြင်း ၂ ပါးနှင့် တူသည်။ ♦
အာသယ ၄ မျိုး
၁။ သဿတဒိဋ္ဌိ- အတ္တလောကသည် မြဲ၏ဟူသော အယူ၊
၂။ ဥစ္ဆေဒဒိဋ္ဌိ-အတ္တကောင် သတ္တဝါကောင်သည်လည်းကောင်း, လောကသည်လည်းကောင်း, သေပြီး နောက် ထပ်၍ မဖြစ်, အဆက်ပြတ်၏ဟူသော အယူမှား၊
၃။ သစ္စာနုလောမိကဉာဏ်- သစ္စာ ၄ ပါး တို့အား လျော်သော ဝိပဿနာဉာဏ်၊
၄။ အမှန်အတိုင်းသိသော ယထာဘူတ ဉာဏ်ဟူသော ကမ္မဿကတဉာဏ်။ (သာရတ္ထ၊ဋီ၊၁၊၇၅။) (သီ၊ဋီ၊သစ်၊၁၊၉၉။)(ဝိသုဒ္ဓိ၊ဋီ၊၁၊၂၃၉။)♦
အာသဝ ၂ ပါး
၁။ မျက်မှောက်ဘဝ၌ ဖြစ်ကုန်သော ဘေးရန်ဒုက္ခဟူသော အာသဝ၊
၂။ တမလွန် ဘဝ၌ ဖြစ်ကုန်သော ဘေးရန်ဒုက္ခဟူသော အာသဝ။ (ဒီ၊ဋ္ဌ၊၃၊၁၇၁။) (မ၊ဋ္ဌ၊၁၊၆၄။) (အဘိ၊ဋ္ဌ၊၁၊၄၀၁။)♦
အာသဝ ၃ ပါး
၁။ ကာမတဏှာ ဟူသော ကာမာသဝ၊
၂။ ဘဝတဏှာ ဟူသော ဘဝါသဝ၊
၃။ မသိမှု အဝိဇ္ဇာသဝ။ (ဒီ၊၃၊၁၈၁။) (မ၊၁၊၆၈။) (သံ၊၃၊၁၆၆။) (သံ၊၃၊၅၂။) (အဘိ၊ဝိ၊၃၇၈။) (ခုဒ္ဒက၊ ၂၂၈-၂၂၉။) (ဒီ၊ဋ္ဌ၊၃၊၁၇၁။) (မ၊ဋ္ဌ၊၁၊၆၄။) (အဘိ၊ဋ္ဌ၊၁၊၄၀၁။) (ဒီ၊မြန်၊၃။၂၀၁။) (မ၊မြန်၊၁။၇၅။) (သံ၊မြန်၊၃။၁၇၂။) (သံ၊မြန်၊၃။၅၅။) (အဘိ၊ဝိ၊မြန်၊၂။၄၇၃။) (ခုဒ္ဒက၊မြန်။၂၁၃။)♦
အာသဝ ၄ ပါး
၁။ ကာမာသဝ- လိုချင်ဖွယ် ကာမ၌ ယိုစီးတတ် မူးယစ်စေတတ်သော သဘော၊
၂။ ဘဝါသဝ- ဘဝ၌ ယိုစီးတတ် မူးယစ်စေတတ်သော သဘော၊
၃။ ဒိဋ္ဌာသဝ- သတ္တဝါတို့၏ သန္တာန်၌ ယိုစီးတတ် မူးယစ်စေတတ်သော အယူမှား၊
၄။ အဝိဇ္ဇာသဝ- သတ္တဝါတို့၏ သန္တာန်၌ ယိုစီးတတ် မူးယစ်စေတတ်သော မသိခြင်း မောဟ။ (အဘိ၊ဓ၊၂၂၁။) (အဘိ၊ဓ၊၂၇၈။) (အဘိ၊ဝိ၊၃၈၈။) (ဒီ၊ဋ္ဌ၊၃၊၁၇၁။) (မ၊ဋ္ဌ၊၁၊၆၄။) (သာရတ္ထ၊ဋီ၊၁၊၃၀၆။) (အဘိ၊ဓ၊ မြန်။၃၀၅၊၅၃၁။) (အဘိ၊ဓ၊မြန်။၃၀၅၊၅၃၁။) (အဘိ၊ဝိ၊မြန်၊၂။၄၉၀။)♦
အာသဝ ၅ ပါး
၁။ ငရဲသို့ ရောက်ကြောင်းဖြစ်သော အာသဝ၊
၂။ တိရစ္ဆာန်ဘဝသို့ ရောက်ကြောင်း ဖြစ်သော အာသဝ၊
၃။ ပြိတ္တာတို့၏ ဖြစ်ရာဘုံဘဝသို့ ရောက်ကြောင်းဖြစ်သော အာသဝ၊
၄။ လူ့ဘဝ, လူ့လောကသို့ ရောက်ကြောင်းဖြစ်သော အာသဝ၊
၅။ နတ်ပြည်လောကသို့ ရောက်ကြောင်းဖြစ်သော အာသဝ။ (ဒီ၊ဋ္ဌ၊၃၊၁၇၁။) (အဘိ၊ဋ္ဌ၊၁၊၄၀၁။)♦
အာသဝ ၆ ပါး/၇ ပါး
၁။ စက္ခုန္ဒြေ စသည်တို့ကို စောင့်ရှောက်ခြင်းဟု ဆိုအပ်သော သတိ သံဝရသည် ပယ်အပ်သော အာသဝ၊
၂။ ပစ္စည်းလေးပါးတို့ကို ဆင်ခြင်၍ သုံးဆောင်ခြင်းဟု ဆိုအပ်သော ဉာဏသံဝရသည် ပယ်အပ်သော အာသဝ၊
၃။ ကြမ်းသော ဆင်, မြင်း စသည် တို့ကို ရှောင်ကြဉ်ခြင်းဟု ဆိုအပ်သော ဉာဏသံဝရသည် ပယ်အပ်သော အာသဝ၊
၄။ အချမ်း, အပူ စသည်တို့ကို သည်းခံခြင်းဟု ဆိုအပ်သော ခန္တီသံဝရသည် ပယ်အပ်သော အာသဝ၊
၅။ ကာမဝိတက် စသည်ကို ပယ်ဖျောက်ခြင်းဟု ဆိုအပ်သော ဝီရိယသံဝရသည် ပယ်အပ်သော အာသဝ၊
၆။ အထက်မဂ် သုံးခုသည် ပယ်အပ်သော အာသဝ၊
၇။ ဒဿန ပဟာတဗ္ဗ အာသဝတို့နှင့် ပေါင်းလျှင် (၇) မျိုး ဖြစ်၏။ (ဒီ၊ဋ္ဌ၊၃၊၁၇၁။)♦
အာသဝ ၆ မျိုး (အာဟုနေယျသုတ္တန်လာ အာသဝ ၆ မျိုး)
၁။ စောင့်ရှောက်ကြောင်းဖြစ်သော သတိသည် ပယ်ထိုက်ကုန်သော အာသဝ၊
၂။ ပစ္စည်းလေးပါးတို့ကို မှီဝဲကြောင်းဖြစ်သော ပစ္စဝေက္ခဏာဉာဏ်သည် ပယ်ထိုက်ကုန်သော အာသဝ၊
၃။ မိမိထက်၌ ဝင်သက် တည်နေ စေတတ်သော ခန္တီတရားသည် ပယ်ထိုက်ကုန်သော အာသဝ၊
၄။ ရှောင်ကြဉ်ကြောင်းဖြစ်သော သီလသံဝရသည် ပယ်အပ်ကုန်သော အာသဝ၊
၅။ အကုသိုလ်ဝိတက်တို့ကို ပယ်ဖျောက် ကြောင်းဖြစ်သော ဝီရိယသည် ပယ်အပ်ကုန်သော အာသဝ၊
၆။ အထက်မဂ်သုံးပါးနှင့် ယှဉ်သော ဗောဇ္ဈင်္ဂဘာဝနာသည် ပယ်အပ်ကုန်သော အာသဝ။ မှတ်ချက်။ ။ သိမြင် တတ်သော သောတာ ပတ္တိမဂ်သည် ပယ်ထိုက်ကုန်သော အာသဝနှင့် ပေါင်းလိုက်လျှင် အာသဝ ၇ မျိုး ဖြစ်၏။]။ (အဘိ၊ဋ္ဌ၊၁၊၄၀၁။)♦
အာသဝ ၇ မျိုး
၁။ မြင်ခြင်းဖြင့် ပယ်အပ်သော အာသဝ၊
၂။ ပိတ်ပင် စောင့်စည်းခြင်းဖြင့် ပယ်အပ်သော အာသဝ၊
၃။ မှီဝဲခြင်းဖြင့် ပယ်အပ်သော အာသဝ၊
၄။ သည်းခံခြင်းဖြင့် ပယ်အပ်သော အာသဝ၊
၅။ ရှောင်ကြဉ်ခြင်းဖြင့် ပယ်အပ်သော အာသဝ၊
၆။ ဖျောက်ဖျက် ခြင်းဖြင့် ပယ်အပ်သော အာသဝ၊
၇။ ပွားများခြင်းဖြင့် ပယ်အပ်သော အာသဝ။ (မ၊၁၊၉။) (မ၊မြန်၊၁။၁၁။)♦
အာသဝက္ခယဉာဏ် စွမ်းအား ၁၂ ပါး
၁။ ဤတရားတို့ကား ဆင်းရဲဟု ဟုတ်မှန်သော အတိုင်း သိခြင်း၊
၂။ ဤတရားတို့ကား ဆင်းရဲဖြစ်ပေါ်ခြင်း၏ အကြောင်းရင်းဟု ဟုတ်မှန်သော အတိုင်း သိခြင်း၊
၃။ ဤတရားကား ဆင်းရဲချုပ်ရာနိဗ္ဗာန်ဟု ဟုတ်မှန်သောအတိုင်း သိခြင်း၊
၄။ ဤတရားကား ဆင်းရဲချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်း အကျင့်ဟု ဟုတ်မှန်သော အတိုင်း သိခြင်း၊
၅။ ဤတရားတို့ကား အာသဝတရားတို့ဟု ဟုတ်မှန်သောအတိုင်း သိခြင်း၊
၆။ ဤတရား တို့ကား အာသဝတရားတို့ ဖြစ်ပေါ်ခြင်းအကြောင်းဟု ဟုတ်မှန်သောအတိုင်း သိခြင်း၊
၇။ ဤတရားကား အာသဝတရားတို့ ချုပ်ရာ နိဗ္ဗာန်ဟု ဟုတ်မှန်သောအတိုင်း သိခြင်း၊
၈။ ဤတရားကား အာသဝတရားတို့ ချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်း အကျင့်ဟု ဟုတ်မှန်သော အတိုင်း သိခြင်း၊
၉။ ဤသို့ သိမြင်ပြီးနောက် ကာမာသဝ ဘဝါသဝ အဝိဇ္ဇာသဝ တို့မှ လွတ်မြောက်ကာ လွတ်မြောက်ပြီးဟု သိသော အသိဉာဏ် ဖြစ်ပေါ်ခြင်း၊
၁၀။ ပဋိသန္ဓေနေမှု ကုန်ပြီဟု သိခြင်း၊
၁၁။ မြတ်သော အကျင့်ကို ကျင့်သုံး ပြီးပြီဟု သိခြင်း၊
၁၂။ မဂ်ကိစ္စကို ပြုပြီးပြီ၊ ဤမဂ်ကိစ္စအတွက် အခြားတစ်ပါး ပြုဖွယ် မရှိတော့ဟု သိခြင်း၊ အာသဝက္ခယဉာဏ်- အာသဝတရားတို့ကို ကုန်စေသော ဉာဏ်။ (ဒီ၊၁၊၇၉။) (ဒီ၊မြန်၊၁။၉၄။)♦
အာသဝက္ခယဉာဏ် အာရုံ ၃ မျိုး
၁။ အတိုင်းအရှည် အပိုင်းအခြား မရှိသော (အပ္ပမာဏ) အာရုံ၊
၂။ ပြင်ပ(ဗဟိဒ္ဓ) အာရုံ၊
၃။ အတိတ်, အနာဂတ်, ပစ္စုပ္ပန်ဟု မဆိုအပ်သော နိဗ္ဗာန် အာရုံ။ (ဒီ၊ဋ္ဌ၊၁၊၂၀၃။) (ဒီ၊ဋ္ဌ၊မြန်၊၁။၃၉၇။)♦
အာသဝေါ ကုန်ကြောင်း ၄ ပါး
၁။ သီလရှိခြင်း၊
၂။ အကြားအမြင် များခြင်း၊
၃။ ထက်သန်သော လုံ့လရှိခြင်း၊
၄။ ပညာရှိခြင်း။ (အံ၊၁၊၃၈၈။) (အံ၊မြန်၊၁။၄၀၂။)♦
အာသဝေါ ကုန်ကြောင်း ၄ ပါး (တစ်နည်း)
၁။ ကာမဂုဏ်မှ ထွက်မြောက်ရန် ကြံခြင်း နေက္ခမ္မ ဝိတက်နှင့် ပြည့်စုံခြင်း၊
၂။ မပျက်စီးစေရန် ကြံခြင်း အဗျာပါဒဝိတက်နှင့် ပြည့်စုံခြင်း၊
၃။ မညှဉ်းဆဲရန် ကြံခြင်း အဝိဟိံသာဝိတက်နှင့် ပြည့်စုံခြင်း၊
၄။ မှန်ကန်သော အမြင် သမ္မာ ဒိဋ္ဌိနှင့် ပြည့်စုံခြင်း။ (အံ၊၁၊၃၈၈။) (အံ၊မြန်၊၁။၄၀၂။)♦
အာသဝေါ ကုန်ခန်းကြောင်း တရား ၁၀ ပါး
၁။ မှန်ကန်သော အမြင်၊
၂။ မှန်ကန်သော အကြံ အစည်၊
၃။ မှန်ကန်သော စကား၊
၄။ မှန်ကန်သော အလုပ်၊
၅။ မှန်ကန်သော အသက်မွေးမှု၊
၆။ မှန်ကန်သော အားထုတ်မှု၊
၇။ မှန်ကန်သော အောက်မေ့မှု၊
၈။ မှန်ကန်သော သမာဓိ၊
၉။ မှန်ကန်သော ဉာဏ်၊
၁၀။ မှန်ကန်သော လွတ်မြောက်မှု။ (အံ၊၃၊၄၅၀။) (အံ၊မြန်၊၃။၄၄၂။)♦
အာသဝေါတရား ကုန်ခြင်းကို တောင့်တနိုင်သော ရဟန်း အင်္ဂါ ၅ ပါး
၁။ သီလရှိခြင်း၊
၂။ အကြားအမြင်များခြင်း၊
၃။ သတိပဋ္ဌာန်တရား ၄ ပါးတို့၌ ကောင်းစွာ တည်ခြင်း၊
၄။ လုံ့လ ဝီရိယရှိခြင်း၊
၅။ ပညာရှိခြင်း။ (အံ၊၂၊၁၃၇။) (အံ၊မြန်၊၂။၁၇၁-၁၇၃။)♦
အာသဝေါတရား တိုးပွားစေသော ပုဂ္ဂိုလ် ၂ မျိုး
၁။ သံသယကုက္ကုစ္စ မပြုအပ်သည်ကို သံသယ ကုက္ကုစ္စ ပြုသော ပုဂ္ဂိုလ်၊
၂။ သံသယကုက္ကုစ္စ ပြုအပ်သည်ကို သံသယကုက္ကုစ္စ မပြုသော ပုဂ္ဂိုလ်။ (ဝိ၊၅၊၂၁၆။) (အံ၊၁၊၈၄-၈၅။) (အဘိ၊ပု၊၁၂၉။) (ဝိ၊မြန်၊၅။၃၀၁။) (အံ၊မြန်၊၁။၉၉။) (အဘိ၊ ပု၊ မြန်။၃၁။)♦
အာသဝေါတရား တိုးပွားစေသော ပုဂ္ဂိုလ် ၂ မျိုး (တစ်နည်း)
၁။ မအပ်သည်၌ အပ်၏ဟု အမှတ် ရှိသော ပုဂ္ဂိုလ်၊
၂။ အပ်သည်၌ မအပ်ဟု အမှတ်ရှိသော ပုဂ္ဂိုလ်။ (ဝိ၊၅၊၂၁၆။) (အံ၊၁၊၈၄-၈၅။) (ဝိ၊မြန်၊၅။၃၀၁။) (အံ၊မြန်၊၁။၉၉။)♦
အာသဝေါတရား တိုးပွားစေသော ပုဂ္ဂိုလ် ၂ မျိုး (တစ်နည်း)
၁။ အာပတ် မသင့်သည်၌ အာပတ် သင့်၏ဟု အမှတ်ရှိသော ပုဂ္ဂိုလ်၊
၂။ အာပတ် သင့်သည်၌ အာပတ် သင့်၏ဟု အမှတ်ရှိသော ပုဂ္ဂိုလ်။ (ဝိ၊၅၊၂၁၆။) (အံ၊၁၊၈၄-၈၅။) (ဝိ၊မြန်၊၅။၃၀၁။) (အံ၊မြန်၊၁။၉၉။)♦
အာသဝေါတရား တိုးပွားစေသော ပုဂ္ဂိုလ် ၂ မျိုး (တစ်နည်း)
၁။ တရား မဟုတ်သည်၌ တရား ဟုတ်၏ဟု အမှတ်ရှိသော ပုဂ္ဂိုလ်၊
၂။ တရား ဟုတ်သည်၌ တရား မဟုတ်ဟု အမှတ်ရှိသော ပုဂ္ဂိုလ်။ (ဝိ၊၅၊၂၁၆။) (အံ၊၁၊၈၄-၈၅။) (ဝိ၊မြန်၊၅။၃၀၂။) (အံ၊မြန်၊၁။၉၉။)♦
အာသဝေါတရား တိုးပွားစေသော ပုဂ္ဂိုလ် ၂ မျိုး (တစ်နည်း)
၁။ ဝိနည်း မဟုတ်သည်၌ ဝိနည်း ဟုတ်၏ဟု အမှတ်ရှိသော ပုဂ္ဂိုလ်၊
၂။ ဝိနည်း ဟုတ်သည်၌ ဝိနည်း မဟုတ်ဟု အမှတ်ရှိသော ပုဂ္ဂိုလ်။ (ဝိ၊၅၊၂၁၆။) (အံ၊၁၊၈၄-၈၅။) (ဝိ၊မြန်၊၅။၃၀၂။) (အံ၊မြန်၊၁။၉၉။)♦
အာသဝေါတရား မတိုးပွားစေသော ပုဂ္ဂိုလ် ၂ မျိုး
၁။ သံသယကုက္ကုစ္စ မပြုအပ်သည်ကို သံသယ ကုက္ကုစ္စ မပြုသော ပုဂ္ဂိုလ်၊
၂။ သံသယကုက္ကုစ္စ ပြုအပ်သည်ကို သံသယကုက္ကုစ္စ ပြုသော ပုဂ္ဂိုလ်။ (ဝိ၊၅၊၂၁၆။) (အံ၊၁၊၈၄-၈၅။) (အဘိ၊ပု၊၁၂၉။) (ဝိ၊မြန်၊၅။၃၀၁။) (အံ၊မြန်၊၁။၉၉။) (အဘိ၊ပု၊မြန်။ ၃၁။)♦
အာသဝေါတရား မတိုးပွားစေသော ပုဂ္ဂိုလ် ၂ မျိုး (တစ်နည်း)
၁။ မအပ်သည်၌ မအပ်ဟု အမှတ် ရှိသော ပုဂ္ဂိုလ်၊
၂။ အပ်သည်၌ အပ်၏ဟု အမှတ်ရှိသော ပုဂ္ဂိုလ်။ (ဝိ၊၅၊၂၁၆။) (အံ၊၁၊၈၄-၈၅။) (ဝိ၊မြန်၊၅။၃၀၁။) (အံ၊မြန်၊၁။၉၉။)♦
အာသဝေါတရား မတိုးပွားစေသော ပုဂ္ဂိုလ် ၂ မျိုး (တစ်နည်း)
၁။ အာပတ် မသင့်သည်၌ အာပတ် မသင့်ဟု အမှတ်ရှိသော ပုဂ္ဂိုလ်၊
၂။ အာပတ် သင့်သည်၌ အာပတ် သင့်၏ဟု အမှတ်ရှိသော ပုဂ္ဂိုလ်။ (ဝိ၊၅၊၂၁၆။) (အံ၊၁၊၈၄-၈၅။) (ဝိ၊မြန်၊၅။၃၀၂။) (အံ၊မြန်၊၁။၉၉။)♦
အာသဝေါတရား မတိုးပွားစေသော ပုဂ္ဂိုလ် ၂ မျိုး (တစ်နည်း)
၁။ တရား မဟုတ်သည်၌ တရား မဟုတ်ဟု အမှတ်ရှိသော ပုဂ္ဂိုလ်၊
၂။ တရား ဟုတ်သည်၌ တရား ဟုတ်၏ဟု အမှတ် ရှိသော ပုဂ္ဂိုလ်။ (ဝိ၊၅၊၂၁၆။) (အံ၊၁၊၈၄-၈၅။) (ဝိ၊မြန်၊၅။၃၀၂။) (အံ၊မြန်၊၁။၉၉။)♦
အာသဝေါတရား မတိုးပွားစေသော ပုဂ္ဂိုလ် ၂ မျိုး (တစ်နည်း)
၁။ ဝိနည်း မဟုတ်သည်၌ ဝိနည်း မဟုတ်ဟု အမှတ်ရှိသော ပုဂ္ဂိုလ်၊
၂။ ဝိနည်း ဟုတ်သည်၌ ဝိနည်း ဟုတ်၏ဟု အမှတ်ရှိသော ပုဂ္ဂိုလ်။ (ဝိ၊၅၊၂၁၆။) (အံ၊၁၊၈၄-၈၅။) (ဝိ၊မြန်၊၅။၃၀၂။) (အံ၊မြန်၊၁။၉၉။)♦
အာသဝေါတရားတို့ ကုန်ခန်းကြောင်း တရား ၅ ပါး
၁။ ခန္ဓာကိုယ်၌ မတင့်တယ်ဟု ရှုလျက် နေခြင်း၊
၂။ မျိုအပ်သော အစာအာဟာရ၌ စက်ဆုပ်ရွံရှာဖွယ်ဟု အမှတ်ရှိခြင်း၊
၃။ လောက အားလုံး၌ မွေ့လျော်ဖွယ် မရှိဟု အမှတ်ရှိခြင်း၊
၄။ အလုံးစုံသော သင်္ခါရတရားတို့၌ မမြဲဟု ရှုလေ့ရှိခြင်း၊
၅။ သေခြင်း၌ ဖြစ်သော အမှတ် ‘‘မရဏသညာ’’သည် ထိုရဟန်း၏ အတွင်း သန္တာန်၌ ကောင်းစွာ တည်ခြင်း။ (အံ၊၂၊၇၃။) (အံ၊မြန်၊၂။၈၉။)♦
အာသဝေါတရားတို့ ကုန်ခြင်းကို တောင့်တနိုင်သော ရဟန်း အင်္ဂါ ၅ ပါး (တစ်နည်း)
၁။ သဒ္ဓါ ယုံကြည်မှု ရှိခြင်း၊
၂။ အနာကင်းခြင်း၊
၃။ စဉ်းလဲမှု မရှိခြင်း၊
၄။ လုံ့လဝီရိယရှိခြင်း၊
၅။ ပညာရှိခြင်း။ (အံ၊၂၊၁၃၅။) (အံ၊မြန်၊၂။၁၆၈-၁၇၁။)♦
အာဟာရ ၄ ပါး
ပိုင်းခြား၍ သိအပ်သော တရား ၄ ပါး၊ ပရိညေယျတရား ၄ ပါးတို့နှင့် တူသည်။ ♦
အာဟာရ ၄ ပါး
၁။ ကဗင်္ဠီကာရအာဟာရ- အကြမ်း, အနုဖြစ်သော အလုတ်အလွေးပြု၍ ဝါးမျို အပ်သော အာဟာရ၊
၂။ ဖဿာဟာရ- တွေ့ထိခြင်း ဟူသော အာဟာရ၊
၃။ မနောသေဉ္စ တနာဟာရ- စိတ်စေ့ဆော်ခြင်း ဟူသော အာဟာရ၊
၄။ ဝိညာဏာဟာရ- သိမှုဝိညာဏ်ဟူသော အာဟာရ။ (ဝိ၊၅၊၂၂၆။) (ဒီ၊၃၊၁၉၀။) (မ၊၁၊၃၂၇။) (မ၊၁၊၅၉။) (သံ၊၁၊၂၅၃-၂၅၄။) (သံ၊၁၊၃၂၂။) (သံ၊၁၊၃၂၅။) (အဘိ၊ဝိ၊၄၁၆။) (အဘိ၊ဝိ၊၄၁၈။) (ပဋိသံ၊ဋ္ဌ၊၁၊၁၀၂။) (ပဋိသံ၊ဋ္ဌ၊၁၊၆၀။) (ခုဒ္ဒက၊ဋ္ဌ၊၁၇၄။) (ဝိသုဒ္ဓိ၊၁၊၃၃၆။) (သာရတ္ထ၊ဋီ၊၁၊၂၄၂။) (ဝိ၊မြန်၊၅။၃၁၄။) (ဒီ၊မြန်၊၃။၂၁၂။) (မ၊မြန်၊၁။၃၃၅။) (မ၊မြန်၊၁။၆၃။) (သံ၊မြန်၊၁။၂၃၇၊၃၀၉၊၃၁၁။) (သံ၊မြန်၊၁။၂၃၇၊၃၀၉၊၃၁၁။) (သံ၊မြန်၊၁။၂၃၇၊၃၀၉၊ ၃၁၁။) (အဘိ၊ဝိ၊မြန်၊၂။၅၂၅။) (အဘိ၊ဝိ၊မြန်၊၂။၅၂၅။)♦
အာဟာရ၌ စက်ဆုပ်ဖွယ်ဟု ဆင်ခြင်ပုံ ၁၀ မျိုး
၁။ ဂမနတော- ဆွမ်းခံသွားရခြင်းအားဖြင့် စက်ဆုပ်ဖွယ်ဟု ဆင်ခြင်ခြင်း၊
၂။ ပရိယေသနတော- အိမ်စဉ်လှည့် ရှာဖွေရခြင်းအားဖြင့် စက်ဆုပ်ဖွယ်ဟု ဆင်ခြင်ခြင်း၊
၃။ ပရိဘောဂတော- သုံးဆောင် စားသောက်ရခြင်းအားဖြင့် စက်ဆုပ်ဖွယ်ဟု ဆင်ခြင်ခြင်း၊
၄။ အာသယတော- သလိပ် သည်းခြေ သွေး ပြည် ဟူသော အာသယ လေးပါးအားဖြင့် စက်ဆုပ်ဖွယ်ဟု ဆင်ခြင်ခြင်း၊
၅။ နိဓာနတော- စုဝေး တည်နေရာ အစာသစ်အိမ်အားဖြင့် စက်ဆုပ်ဖွယ်ဟု ဆင်ခြင်ခြင်း၊
၆။ အပရိပက္ကတော- အစာမကြေ မကျက်မီအားဖြင့် စက်ဆုပ်ဖွယ်ဟု ဆင်ခြင်ခြင်း၊
၇။ ပရိပက္ကတော- အစာကြေညက်ပြီးသော အားဖြင့် စက်ဆုပ်ဖွယ်ဟု ဆင်ခြင်ခြင်း၊
၈။ ဖလတော- ဆံပင် မွှေးညှင်း စသော အကျိုးရင်းအားဖြင့် စက်ဆုပ်ဖွယ်ဟု ဆင်ခြင်ခြင်း၊
၉။ နိဿန္ဒတော- ယိုစီးစိမ့်ထွက်တတ်သော အကျိုးဆက်အားဖြင့် စက်ဆုပ်ဖွယ်ဟု ဆင်ခြင်ခြင်း၊
၁၀။ သမ္မက္ခနတော- အလုံးစုံ အကုန်အစင် ဒွါရတို့၌ လူးလဲခြင်းအားဖြင့် စက်ဆုပ်ဖွယ်ဟု ဆင်ခြင်ခြင်း။ (သံ၊ဋ္ဌ၊၃၊၂၃၂။)♦
အာဟာရလေးပါး၌ ဖြစ်သော ဘေး ၄ မျိုး
၁။ အလုတ်အလွေးပြုအပ်သော အစာအာဟာရ၌ တပ်ခြင်း တဏှာသည်လျှင် ဘေး၊
၂။ အတွေ့, ဖဿာဟာရ၌ စက္ခုသမ္ဖဿအစရှိသော ဖဿ အတွေ့ကို ဖြစ်စေခြင်းသည်လျှင် ဘေး၊
၃။ မနောသေဉ္စတနာ အာဟာရ၌ အားထုတ်ခြင်းလျှင် ဘေး၊
၄။ ဝိညာဏအာဟာရ၌ ရှေးဦးစွာ ပဋိသန္ဓေ နေသောအားဖြင့် ဖြစ်ခြင်းသည်လျှင် ဘေး။ (မ၊ဋ္ဌ၊၁၊၂၁၄။)♦
အာဟာရသမုဋ္ဌာန်ရုပ် ၁၄ ပါး
၁။ ဩဇဋ္ဌမကရုပ် (၈) ပါး၊
၂။ အာကာသဓာတ် (၁) ပါး၊
၃။ လဟုတာရုပ် (၁) ပါး၊
၄။ မုဒုတာရုပ် (၁) ပါး၊
၅။ ကမ္မညတာရုပ် (၁) ပါး၊
၆။ ဥပစယ ရုပ် (၁) ပါး၊
၇။ သန္တတိရုပ် (၁) ပါး ပေါင်း (၁၄) ပါး။ (ဝိသုဒ္ဓိ၊၂၊၂၅၁။)♦
အာဟာရေ ပဋိကူလသညာ ၁၀ မျိုး (ဆွမ်းစားခြင်း, ယာဂုသောက်ခြင်း စသည်တို့၌ စက်ဆုပ် ရွံရှာဖွယ်အဖြစ် ဆင်ခြင်ပုံ ၁၀ မျိုး)
၁။ ဆွမ်းခံသွားရခြင်းအားဖြင့်လည်းကောင်း၊
၂။ အိမ်စဉ် လှည့်ကာ ရှာဖွေရခြင်းအားဖြင့်လည်းကောင်း၊
၃။ သုံးဆောင် စားသောက်ရခြင်းအားဖြင့် လည်းကောင်း၊
၄။ သလိပ်, သည်းခြေ, သွေး, ပြည် ဟူသော အာသယ ၄ ပါးအားဖြင့် လည်းကောင်း၊
၅။ စုဝေးတည်နေရာ အစာသစ်အိမ်အားဖြင့်လည်းကောင်း၊
၆။ မကျေကျက် သေးသောအားဖြင့်လည်းကောင်း၊
၇။ ကျေကျက်ပြီးအားဖြင့်လည်းကောင်း၊
၈။ ဆံပင်, မွေးညင်း စသော အကျိုးရင်းအားဖြင့် လည်းကောင်း၊
၉။ ယိုစီး စိမ့်ထွက်သော အကျိုးဆက် အားဖြင့် လည်းကောင်း၊
၁၀။ အလုံးစုံ အကုန်အစင် လူးလဲခြင်းအားဖြင့်လည်းကောင်း။ (ဒီ၊ဋ္ဌ၊၁၊၁၈၀။) (ဒီ၊ဋ္ဌ၊မြန်၊၁။၃၅၃။)♦
အာဟုနေယျ စသော ဂုဏ်တို့နှင့် ထိုက်တန်သော ရဟန်း၏ အင်္ဂါ ၅ ပါး
၁။ ဖြောင့်မတ် ခြင်းနှင့် ပြည့်စုံခြင်း၊
၂။ လျင်မြန်ခြင်းနှင့် ပြည့်စုံခြင်း၊
၃။ နူးညံ့ခြင်းနှင့် ပြည့်စုံခြင်း၊
၄။ သည်းခံခြင်းနှင့် ပြည့်စုံခြင်း၊
၅။ အကျင့်စင်ကြယ်ခြင်းနှင့် ပြည့်စုံခြင်း။ (အံ၊၂၊၂၁၇။) (အံ၊မြန်၊၂။၂၇၂။)♦
အာဟုနေယျ စသော ဂုဏ်တို့နှင့် ထိုက်တန်သော ရဟန်း၏ အင်္ဂါ ၆ ပါး
၁။ မျက်စိဖြင့် အဆင်းကို မြင်သောအခါ ဝမ်းမသာ ဝမ်းမနည်းဘဲ သတိသမ္ပဇဉ်ဖြင့် ပြည့်စုံသည် ဖြစ်၍ လျစ်လျူရှုလျက် နေခြင်း၊
၂။ နားဖြင့် အသံကို ကြားသောအခါ ဝမ်းမသာ ဝမ်းမနည်းဘဲ သတိသမ္ပဇဉ်ဖြင့် ပြည့်စုံသည်ဖြစ်၍ လျစ်လျူရှုလျက် နေခြင်း၊
၃။ နှာခေါင်းဖြင့် အနံ့ကို နံသောအခါ ဝမ်းမသာ ဝမ်းမနည်းဘဲ သတိသမ္ပဇဉ်ဖြင့် ပြည့်စုံသည်ဖြစ်၍ လျစ်လျူ ရှုလျက် နေခြင်း၊
၄။ လျှာဖြင့် အရသာကို လျက်သောအခါ ဝမ်းမသာ ဝမ်းမနည်းဘဲ သတိသမ္ပဇဉ်ဖြင့် ပြည့်စုံသည်ဖြစ်၍ လျစ်လျူရှုလျက် နေခြင်း၊
၅။ ကိုယ်ဖြင့် အတွေ့အထိကို တွေ့ထိသောအခါ ဝမ်းမသာ ဝမ်းမနည်းဘဲ သတိသမ္ပဇဉ်ဖြင့် ပြည့်စုံသည်ဖြစ်၍ လျစ်လျူရှုလျက် နေခြင်း။ (အံ၊၂၊၂၄၇။) (အံ၊မြန်၊၂။၃၂၀။)♦
အာဟုနေယျ စသော ဂုဏ်တို့နှင့် ထိုက်တန်သော ရဟန်း၏ အင်္ဂါ ၆ ပါး (တစ်နည်း)
၁။ စောင့်စည်း မှုဖြင့် ပယ်ရမည့်, အာသဝေါတရားတို့ကို စောင့်စည်းမှုဖြင့် ပယ်ခြင်း၊
၂။ မှီဝဲမှုဖြင့် ပယ်ရမည့် အာသဝေါတရားတို့ကို မှီးဝဲမှုဖြင့် ပယ်ခြင်း၊
၃။ သည်းခံမှုဖြင့် ပယ်ရမည့် အာသဝေါ တရားတို့ကို သည်းခံမှုဖြင့် ပယ်ခြင်း၊
၄။ ရှောင်ကြဉ်မှုဖြင့် ပယ်ရမည့် အာသဝေါတရား တို့ကို ရှောင်ကြဉ်မှုဖြင့် ပယ်ခြင်း၊
၅။ ပယ်ဖျောက်မှုဖြင့် ပယ်ရမည့် အာသဝေါတရားတို့ကို ပယ်ဖျောက်မှုဖြင့် ပယ်ခြင်း၊
၆။ ပွားများမှုဖြင့် ပယ်ရမည့် အာသဝေါတရားတို့ကို ပွားများ မှုဖြင့် ပယ်ခြင်း။ (အံ၊၂၊၃၄၀။) (အံ၊မြန်၊၂။၄၃၁။)♦
အာဟုနေယျ စသော ဂုဏ်တို့နှင့် ထိုက်တန်သော ရဟန်း၏ အင်္ဂါ ၆ ပါး (တစ်နည်း)
၁။ တန်ခိုး အမျိုးမျိုး ဖန်ဆင်းနိုင်သော ဣဒ္ဓိဝိဓအဘိညာဉ်နှင့် ပြည့်စုံခြင်း၊
၂။ နတ်နားနှင့် တူသော ဒိဗ္ဗသောတ အဘိညာဉ်နှင့် ပြည့်စုံခြင်း၊
၃။ သူတစ်ပါးတို့၏ စိတ်ကို ပိုင်းခြား၍ သိနိုင်စွမ်းသော ပရစိတ္တဝိဇာနန အဘိညာဉ်နှင့် ပြည့်စုံခြင်း၊
၄။ ရှေးရှေး၌ ဖြစ်ခဲ့ဖူးသော ဘဝတို့ကို အောက်မေ့ နိုင်သော ပုဗ္ဗေနိဝါသာနုဿတိ အဘိညာဉ်နှင့် ပြည့်စုံခြင်း၊
၅။ ကံအားလျော်စွာ ဖြစ်ကုန်သော သတ္တဝါတို့ကို ဒိဗ္ဗစက္ခုအဘိညာဉ်ဖြင့် သိမြင်နိုင်ခြင်း၊
၆။ အာသဝေါတရားတို့၏ ကုန်ခန်း ခြင်းကြောင့် အာသဝေါကင်းရာ နိဗ္ဗာန်ကို အရဟတ္တဖိုလ်ပညာဖြင့် မျက်မှောက်ပြု၍ နေခြင်း။ (အံ၊၂၊၂၄၈။) (အံ၊မြန်၊၂။၃၂၀)♦
အာဟုနေယျ စသော ဂုဏ်တို့နှင့် ထိုက်တန်သော ရဟန်း၏ အင်္ဂါ ၆ ပါး (တစ်နည်း)
၁။ သဒ္ဓိန္ဒြေနှင့် ပြည့်စုံခြင်း၊
၂။ ဝီရိယိန္ဒြေနှင့် ပြည့်စုံခြင်း၊
၃။ သတိန္ဒြေနှင့် ပြည့်စုံခြင်း၊
၄။ သမာဓိန္ဒြေနှင့် ပြည့်စုံခြင်း၊
၅။ ပညိန္ဒြေနှင့် ပြည့်စုံခြင်း၊
၆။ အာသဝေါတရားတို့၏ ကုန်ခန်းခြင်းကြောင့် အာသဝေါမရှိသော အရဟတ္တဖိုလ်ပညာကို ယခုဘဝ၌ပင် ထူးသော ဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုလျက် နေခြင်း။ (အံ၊၂၊၂၄၉။) (အံ၊မြန်၊၂။၃၂၂။)♦
အာဟုနေယျ စသော ဂုဏ်တို့နှင့် ထိုက်တန်သော ရဟန်း၏ အင်္ဂါ ၆ ပါး (တစ်နည်း)
၁။ သဒ္ဓါဗိုလ်နှင့် ပြည့်စုံခြင်း၊
၂။ ဝီရိယဗိုလ်နှင့် ပြည့်စုံခြင်း၊
၃။ သတိဗိုလ်နှင့် ပြည့်စုံခြင်း၊
၄။ သမာဓိဗိုလ်နှင့် ပြည့်စုံခြင်း၊
၅။ ပညာဗိုလ်နှင့် ပြည့်စုံခြင်း၊
၆။ အာသဝေါတရားတို့၏ ကုန်ခန်းခြင်းကြောင့် အာသဝေါမရှိသော အရဟတ္တဖိုလ်ပညာကို ယခုဘဝ၌ပင် ထူးသော ဉာဏ်ဖြင့် သိ၍ မျက်မှောက် ပြုလျက် နေခြင်း။ (အံ၊၂၊၂၄၉။) (အံ၊မြန်၊၂။၃၂၃။)♦
အာဟုနေယျ စသော ဂုဏ်တို့နှင့် ထိုက်တန်သော ရဟန်း၏ အင်္ဂါ ၆ ပါး (တစ်နည်း)
၁။ ရူပါရုံကို သည်းခံနိုင်ခြင်း၊
၂။ သဒ္ဒါရုံကို သည်းခံနိုင်ခြင်း၊
၃။ ဂန္ဓာရုံကို သည်းခံနိုင်ခြင်း၊
၄။ ရသာရုံကို သည်းခံနိုင်ခြင်း၊
၅။ ဖောဋ္ဌဗ္ဗာရုံကို သည်းခံနိုင်ခြင်း၊
၆။ ဓမ္မာရုံကို သည်းခံ နိုင်ခြင်း။ (အံ၊၂၊၂၅၀-၂၅၁။) (အံ၊မြန်၊၂။၃၂၃။)♦
အာဟုနေယျ စသော ဂုဏ်တို့နှင့် ပြည့်စုံသော ပုဂ္ဂိုလ် ၁၀ ဦး
၁။ ပူဇော်အထူးကို ခံယူတော်မူ ထိုက်သော သဗ္ဗညုဘုရားရှင်၊
၂။ ပစ္စေကဗုဒ္ဓါ၊
၃။ နှစ်ဖက်အဖို့မှ လွတ်မြောက်သူ ဥဘတောဘာဂ ဝိမုတ္တပုဂ္ဂိုလ်၊
၄။ ပညာဖြင့် လွတ်မြောက်သူ ပညာဝိမုတ္တပုဂ္ဂိုလ်၊
၅။ ကိုယ်ဖြင့် မျက်မှောက် ပြုသူ ကာယသက္ခီပုဂ္ဂိုလ်၊
၆။ ဉာဏ်ဖြင့် အထက်မဂ်ဖိုလ်သို့ ရောက်သူ ဒိဋ္ဌိပ္ပတ္တပုဂ္ဂိုလ်၊
၇။ သဒ္ဓါဖြင့် လွတ်မြောက်မှု သဒ္ဓါဝိမုတ္တပုဂ္ဂိုလ်၊
၈။ သဒ္ဓါသို့ အစဉ်လိုက်သူ သဒ္ဓါနုသာရီ ပုဂ္ဂိုလ်၊
၉။ ပညာတရားသို့ အစဉ်လိုက်သူ ဓမ္မာနုသာရီပုဂ္ဂိုလ်၊
၁၀။ ဂေါတြဘူ ဉာဏ်နှင့် ပြည့်စုံသူ ဂေါတြဘူပုဂ္ဂိုလ်။ (အံ၊၃၊၂၇၄။) (အံ၊မြန်၊၃။၂၇၅။)♦
အာဟုနေယျ စသော ဂုဏ်တို့နှင့် ပြည့်စုံသော ပုဂ္ဂိုလ် ၉ ဦး
၁။ ရဟန္တာ၊
၂။ ရဟန္တာ ဖြစ်ရန် ကျင့်သူ၊
၃။ အနာဂါမ်၊
၄။ အနာဂါမ်ဖြစ်ရန် ကျင့်သူ၊
၅။ သကဒါဂါမ်၊
၆။ သကဒါဂါမ် ဖြစ်ရန် ကျင့်သူ၊
၇။ သောတာပန်၊
၈။ သောတာပန်ဖြစ်ရန် ကျင့်သူ၊
၉။ ပုထုဇဉ်အနွယ်ကို ဖြတ်သူ ဂေါတြဘူပုဂ္ဂိုလ်။ (အံ၊၃၊၁၈၀။) (အံ၊မြန်၊၃။၁၈၂။)♦
အာဟုနေယျ စသော ဂုဏ်တို့နှင့် ပြည့်စုံသော ရဟန်း အင်္ဂါ ၁၀ ပါး
၁။ ပါတိမောက္ခသံဝရ သီလနှင့် ပြည့်စုံခြင်း၊
၂။ အကြားအမြင် ဗဟုသုတနှင့် ပြည့်စုံခြင်း၊
၃။ မိတ်ဆွေကောင်း ရှိလျက် ထိုမိတ်ဆွေ၌ ကိုင်းညွတ်ခြင်း၊
၄။ မှန်သောအယူနှင့် ပြည့်စုံခြင်း၊
၅။ တန်ခိုးအမျိုးမျိုး ဖန်ဆင်းနိုင်ခြင်း၊
၆။ ဒိဗ္ဗသောတအဘိညာဉ်နှင့် ပြည့်စုံခြင်း၊
၇။ သူတစ်ပါးတို့၏ စိတ်ကို သိသော ပရစိတ္တဝိဇာနနအဘိညာဉ်နှင့် ပြည့်စုံခြင်း၊
၈။ ရှေး၌ နေခဲ့ဖူးသော ဘဝများစွာကို အမျိုး အမည် အနွယ် စသည်နှင့်တကွ အောက်မေ့နိုင်ခြင်း၊
၉။ ဒိဗ္ဗစက္ခု အဘိညာဉ်နှင့် ပြည့်စုံခြင်း၊
၁၀။ အရဟတ္တဖိုလ်ပညာကို မျက်မှောက်ပြု၍ နေခြင်း။ (အံ၊၃၊၄၁၇။) (အံ၊မြန်၊၃။၄၀၉။)♦
အာဟုနေယျ စသော ဂုဏ်တို့နှင့် ပြည့်စုံသော ရဟန်း အင်္ဂါ ၄ ပါး
၁။ ဖြောင့်မတ်ခြင်း၊
၂။ လျင်မြန်ခြင်း၊
၃။ သည်းခံခြင်း၊
၄။ အကျင့်ကောင်းခြင်း။ (အံ၊၁၊၄၂၈။)♦
အာဟုနေယျ စသော ဂုဏ်တို့နှင့် ပြည့်စုံသော ရဟန်း အင်္ဂါ ၄ ပါး
၁။ ပါတိမောက္ခ သံဝရ သီလနှင့် ပြည့်စုံခြင်းဟု ဆိုအပ်သော အကြောင်းဟုတ်သည်၌ လိမ္မာခြင်း၊
၂။ ခန္ဓာငါးပါး တို့ကို ဟုတ်တိုင်းမှန်စွာ ဝိပဿနာဉာဏ်ပညာဖြင့် ရှုခြင်းဟု ဆိုအပ်သော အဝေး ရောက်အောင် ပစ်နိုင်ခြင်း၊
၃။ သစ္စာလေးပါးကို ထိုးထွင်း၍ သိခြင်းဟု ဆိုအပ်သော ပစ်မှတ်ကို မလွဲအောင် ပစ်နိုင်ခြင်း၊
၄။ ကြီးစွာသော အဝိဇ္ဇာအစုကို ဖောက်ခွဲခြင်းဟု ဆိုအပ်သော ကြီးမားသော ခန္ဓာကိုယ်ကို ဖောက်ခွဲနိုင်ခြင်း။ (အံ၊၁၊၄၉၀။) (အံ၊မြန်၊၁။၅၀၅။)♦
အာဟုနေယျ စသော ဂုဏ်တို့နှင့် ပြည့်စုံသော ရဟန်း အင်္ဂါ ၈ ပါး
၁။ ပါတိမောက္ခသံဝရ သီလနှင့် ပြည့်စုံခြင်း၊
၂။ များသော အကြားအမြင် ရှိခြင်း၊
၃။ ကောင်းသော အဆွေခင်ပွန်း ရှိခြင်း၊
၄။ မှန်သောအယူ မှန်သောဉာဏ်အမြင်နှင့် ပြည့်စုံခြင်း၊
၅။ မျက်မှောက်ဘဝ၌ ချမ်းသာစွာ နေကြောင်း ဖြစ်သော ဈာန်လေးပါးတို့ကို အလိုရှိတိုင်း ရခြင်း၊
၆။ ရှေး၌ ဖြစ်ဖူးသော ခန္ဓာအစဉ်ကို အောက်မေ့နိုင်ခြင်း၊
၇။ ဒိဗ္ဗစက္ခုဉာဏ်နှင့် ပြည့်စုံခြင်း၊
၈။ အာသဝေါတရားတို့ ကုန်ခန်းခြင်းကြောင့် အရဟတ္တဖိုလ်ကို မျက်မှောက်ပြု၍ နေခြင်း။ (အံ၊၃၊၁၁၄။) (အံ၊မြန်၊၃။၁၁၅။)♦
အာဟုနေယျ စသော ဂုဏ်တို့နှင့် ပြည့်စုံသော ရဟန်း အင်္ဂါ ၈ ပါး (တစ်နည်း)
၁။ ပါတိမောက္ခ သံဝရသီလနှင့် ပြည့်စုံခြင်း၊
၂။ များသော အကြားအမြင် ရှိခြင်း၊
၃။ ကုသိုလ်တရားတို့၌ ထက်သန်သော လုံ့လဝီရိယရှိခြင်း၊
၄။ တောကျောင်း၌ နေလျက် အာရညကင်ဓုတင် ဆောက်တည်ခြင်း၊
၅။ မမွေ့လျော်မှုကို သည်းခံနှိမ်နင်း၍ နေခြင်း၊
၆။ ကြောက်မက်ဖွယ် ဘေးရန်တို့ကိုလည်း သည်းခံနှိမ်နင်း၍ နေခြင်း၊
၆။ မျက်မှောက်ဘဝ၌ ချမ်းသာစွာ နေကြောင်း ဖြစ်သော ဈာန်လေးပါးတို့ကို အလိုရှိတိုင်း ရခြင်း၊
၈။ အာသဝေါတရားတို့ ကုန်ခန်း သောကြောင့် အရဟတ္တဖိုလ်ကို မျက်မှောက်ပြု၍ နေခြင်း။ (အံ၊၃၊၁၁၅။) (အံ၊မြန်၊၃။၁၁၅။)♦
အာဟုနေယျ စသော ဂုဏ်တို့နှင့် ပြည့်စုံသော ရဟန်း အင်္ဂါ ၈ ပါး (တစ်နည်း)
၁။ သောတာပန် ပုဂ္ဂိုလ်၊
၂။ သောတာပတ္တိဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်သော သောတာပတ္တိ မဂ္ဂဋ္ဌာန်ပုဂ္ဂိုလ်၊
၃။ သကဒါဂါမ်ပုဂ္ဂိုလ်၊
၄။ သကဒါဂါမိဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်သော သကဒါဂါမိ မဂ္ဂဋ္ဌာန်ပုဂ္ဂိုလ်၊
၅။ အနာဂါမ်ပုဂ္ဂိုလ်၊
၆။ အနာဂါမိဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်သော အနာဂါမိမဂ္ဂဋ္ဌာန်ပုဂ္ဂိုလ်၊
၇။ ရဟန္တာပုဂ္ဂိုလ်၊
၈။ အရဟတ္တဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်သော အရဟတ္တ မဂ္ဂဋ္ဌာန်ပုဂ္ဂိုလ်။ (အံ၊၃၊၁၁၅၊၁၁၆။) (အံ၊မြန်၊၃။၁၁၆။)♦
အာဟုနေယျ စသောဂုဏ်တို့ ပြည့်စုံသော ရဟန်း အင်္ဂါ ၈ ပါး (တစ်နည်း)
၁။ ပါတိမောက္ခ သံဝရသီလနှင့် ပြည့်စုံလျက် သိက္ခာပုဒ်တို့၌ ဆောက်တည်၍ ကျင့်ခြင်း၊
၂။ ကြမ်းတမ်းသော ဘောဇဉ်ကို ဖြစ်စေ, မွန်မြတ်နူးညံ့သော ဘောဇဉ်ကို ဖြစ်စေ, မညည်းညူဘဲ ရိုရိုသေသေ သုံးဆောင်ခြင်း၊
၃။ ကာယ, ဝစီ, မနော ဒုစရိုက်တို့အား စက်ဆုပ်ခြင်း၊
၄။ အခြားသော ရဟန်း တို့အား မနှင်ထုတ်မူ၍ ချမ်းသာစွာ ပေါင်းသင်းလျက် တင့်တယ်စွာ နေထိုင်ခြင်း၊
၅။ ဆရာ ပညာရှိ သီတင်းသုံးဖော်တို့၌ မိမိ၏ ကောက်ကျစ်မှုတို့ကို ထင်စွာ ပြတတ်ခြင်း၊
၆။ အခြားသော ပုဂ္ဂိုလ်တို့ ကျင့်သည် ဖြစ်စေ မကျင့်သည် ဖြစ်စေ၊ မိမိသည်ကား ကျင့်အံ့ ဟူသော စိတ်ကို ဖြစ်စေခြင်း၊
၇။ မဂ္ဂင်ရှစ်ပါးတည်းဟူသော ဖြောင့်သော လမ်းဖြင့်သာ သွားခြင်း၊
၈။ အရိုး ကြေကြေ, အရေခမ်းခမ်း အားထုတ်အပ်သော လုံ့လဝီရိယနှင့် ပြည့်စုံခြင်း။ (အံ၊၃၊၃၂။) (အံ၊မြန်၊၃။၃၃။)♦
အာဟုနေယျမည်ကြောင်း တရား ၇ ပါး
၁။ စက္ခု၌ ဒုက္ခဟု ရှုရခြင်း၊
၂။ စက္ခု၌ အနတ္တဟု ရှုရခြင်း၊ ၃ ။ စက္ခု၌ ကုန်ခြင်းကို အဖန်ဖန် ရှုရခြင်း၊
၄။ စက္ခု၌ ပျက်ခြင်းကို အဖန်ဖန် ရှုရခြင်း၊
၅။ စက္ခု၌ ပျက်စီးခြင်းကင်းမှုကို အဖန်ဖန် ရှုရခြင်း၊
၆။ စက္ခု၌ ချုပ်မှုကို အဖန်ဖန် ရှုခြင်း၊
၇။ စက္ခု၌ တစ်ဖန် စွန့်မှုကို အဖန်ဖန် ရှုရခြင်း။ (အံ၊၂၊၅၁၁။) (အံ၊မြန်၊၂။၆၃၇။)♦
အာဠဝီပြည်၌ ပညတ်အပ်သော သိက္ခာပုဒ် ၆ ပုဒ်
၁။ ကုဋိကာရ သိက္ခာပုဒ်၊
၂။ ကောသိယ မိဿကသန္ထတ သိက္ခာပုဒ်၊
၃။ အနုပသမ္ပန္န သဟသေယျ သိက္ခာပုဒ်၊
၄။ ပထဝီခဏန သိက္ခာပုဒ်၊
၅။ ဘူတဂါမ သိက္ခာပုဒ်၊
၆။ သပ္ပါဏောဒကသိဉ္စန သိက္ခာပုဒ်။ (ဝိ၊၅၊၂၅၆။) (ဝိ၊မြန်၊၅။၃၄၉။)♦
အာဠာဝကဘီလူး၏ ပုစ္ဆာ ၁၃ မျိုး
၁။ လောက၌ အကောင်းဆုံး အမြတ်ဆုံးသော ဥစ္စာဟူသည် အဘယ်နည်း၊
၂။ ကောင်းစွာ လေ့ကျက်အပ်သည် ရှိသော် အဘယ်တရားသည် ချမ်းသာကို ပေးဆောင်နိုင်သနည်း၊
၃။ အရသာအားလုံးတို့တွင် အဘယ်အရသာသည် အကောင်းဆုံး ဖြစ်သနည်း၊
၄။ အသက်မွေးမှု ပြုသူတို့တွင် အဘယ်နည်းဖြင့် အသက်မွေးသူသည် အမြတ်ဆုံး အကောင်းဆုံး ဖြစ်သနည်း၊
၅။ အဘယ်တရားဖြင့် သံသရာအလျဉ်ဩဃကို ကူးမြောက် သနည်း၊
၆။ အဘယ်တရားဖြင့် သံသရာသမုဒ္ဒရာကို ကူးမြောက်သနည်း၊
၇။ အဘယ် တရားဖြင့် ကာမဂုဏ်ဆင်းရဲကို လွန်မြောက်သနည်း၊
၈။ အဘယ်တရားဖြင့် စင်ကြယ် သနည်း၊
၉။ အဘယ်သို့သော သူသည် ပညာကို ရသနည်း၊
၁၀။ အဘယ်သို့သော သူသည် ဥစ္စာကို ရသနည်း၊
၁၁။ အဘယ်တရားဖြင့် ကျော်စောခြင်းကို ရသနည်း၊
၁၂။ အဘယ် သူသည် အဆွေခင်ပွန်းတို့ကို ရသနည်း၊
၁၃။ အဘယ်သူသည် ဤလောကမှ တမလွန် လောကသို့ ရောက်သဖြင့် မစိုးရိမ်ရသနည်း။ (သံ၊၁၊၂၁၆။)(သံ၊ဋ္ဌ၊၁၊၂၉၉။)♦
အာဠာဝကဘီလူး၏ လက်နက်ကြီး ၉ မျိုး
၁။ ဝါတမဏ္ဍလ- တောင်ထွဋ်များကိုပင် ခြေမှုန်း နိုင်သည့် လေဆင်နှာမောင်း တိုက်ခတ်ခြင်း၊
၂။ မဟာဝဿ- တောစိုးသစ်ပင်များကိုပင် လွှမ်းမိုး ဖျက်ဆီးနိုင်သည့် မိုးကြီး ရွာခြင်း၊
၃။ ပါသာဏဝဿ- တောင်ထွဋ်များ ခြေမွနိုင်သည့် ကျောက်ခဲမိုး ရွာခြင်း၊
၄။ ပဟရဏဝဿ- တစ်ဖက်သွား, နှစ်ဖက်သွားရှိသော သံလျက်မိုး ရွာခြင်း၊
၅။ အင်္ဂါရဝဿ- ပေါက်ပန်းအဆင်းရှိသော မီးကြီးခဲမိုး ရွာခြင်း၊
၆။ ဝါလိကဝဿ- အလွန် မှုန်မွှားသေးငယ် နူးညံ့သော သဲမိုး ရွာခြင်း၊
၇။ ကလလဝဿ- အခိုးအငွေ့ ထွက် နေသော ရွှံ့ညွန်မိုး ရွာခြင်း၊
၈။ ကုက္ကုလဝဿ- အလွန်ပူသော ပြာပူမိုး ရွာခြင်း၊
၉။ အန္ဓကာရ- အင်္ဂါလေးပါးနှင့် ပြည့်စုံသော အမိုက်မှောင်ကို ဖြစ်ပေါ်စေခြင်း။ (သံ၊ဋ္ဌ၊၁၊၂၉၆။)♦
အိပ်ပုံ အိပ်နည်း ၄ မျိုး
၁။ ကာမဘောဂီသေယျ- များသောအားဖြင့် ကာမဂုဏ်ခံစားသော ပုဂ္ဂိုလ်တို့ အိပ်ခြင်းကဲ့သို့ လက်ဝဲဘက်စောင်း၍ အိပ်ခြင်း၊
၂။ ပေတသေယျ- များသော အားဖြင့် ပြိတ္တာသတ္တဝါတို့ အိပ်ခြင်းကဲ့သို့ ပက်လက်အိပ်ခြင်း၊
၃။ သီဟသေယျ- များသော အားဖြင့် ခြင်္သေ့တို့ အိပ်ခြင်းကဲ့သို့ လက်ယာဘက်စောင်း၍ အိပ်ခြင်း၊
၄။ တထာဂတ သေယျ- များသောအားဖြင့် ဘုရားရှင်တို့ အိပ်ခြင်းကဲ့သို့ စတုတ္ထဈာန်ဖြင့် အိပ်ခြင်း။ (အံ၊၁၊၅၆၆။) (ဒီ၊ဋ္ဌ၊၂၊၁၆၅။) (မ၊ဋ္ဌ၊၂၊၂၁၆။) (သံ၊ဋ္ဌ၊၁၊၇၄။) (သံ၊ဋ္ဌ၊၃၊၇၁။) (အဘိ၊ဋ္ဌ၊၂၊၃၃၀။) (ဥဒါန၊ဋ္ဌ၊၃၆၄။) (မဟာနိ၊ဋ္ဌ၊၃၅၈-၃၅၉။) (အံ၊မြန်၊၁။၅၈၁။) (ဒီ၊ဋ္ဌ၊မြန်၊၂။၃၁၀။)♦
အိပ်မက် မြင်မက်ကြောင်း ၄ မျိုး
၁။ ဓာတုက္ခောဘတော- သွေး, သည်းခြေ, လေ, သလိပ် စသော ဓာတ်တို့၏ ချောက်ချားခြင်းကြောင့် အိပ်မက်ခြင်း၊
၂။ အနုဘူတ ပုဗ္ဗတော- ရှေးက ခံစားခဲ့ဘူးသော အာရုံကို အိပ်မက်ခြင်း၊
၃။ ဒေဝတောပသံဟာရတော- အကျိုးစီးပွားကို လိုလား၍လည်းကောင်း၊ မလိုလား၍လည်းကောင်း နတ်တို့သည် အာရုံ အမျိုးမျိုးတို့ကို ဆောင်လာခြင်းကြောင့် အိပ်မက်ခြင်း၊
၄။ ပုဗ္ဗနိမိတ္တတော- ဖြစ်လတ္တံ့သော အကြောင်း နိမိတ်ကြောင့် အိပ်မက်ခြင်း။ (ဝိ၊ဋ္ဌ၊၂၊၁၀၈။) (အံ၊ဋ္ဌ၊၃၊၇၁။) (အဘိ၊ဋ္ဌ၊၂၊၃၈၉။) (မဟာနိ၊ဋ္ဌ၊၃၆၅။)♦
အိပ်မက် မြင်မက်သူ ၆ ယောက်
၁။ လေနာရှိသူ၊
၂။ သည်းခြေနာရှိသူ၊
၃။ သလိပ်နာ ရှိသူ၊
၄။ နတ်တို့ ဆောင်ပြအပ်သောကြောင့် မြင်မက်သူ၊
၅။ ရှေး၌ ကောင်းစွာ လေ့ကျက်အပ် ဖူးသောကြောင့် မြင်မက်သူ၊
၆။ ရှေးပြေးနိမိတ် အနေအားဖြင့် မြင်မက်သူ။ (မိလိန္ဒ၊၂၈၇။) (မိလိန္ဒ၊မြန်။၃၀၈။)♦
အိပ်မက်ကြီး ၅ မျိုး (ဘုရားမဖြစ်မီ ဘုရားအလောင်းဘဝကပင် မြင်မက်ခဲ့သော အိပ်မက်ကြီး ၅ မျိုး)
၁။ ဤမဟာပထဝီမြေကြီးသည် မြတ်သော အိပ်ရာဖြစ်လျက် ဟိမဝန္တာတောင်ကို ခေါင်းအုံးပြု၍ အရှေ့သမုဒ္ဒရာ၌ လက်ဝဲလက်ကို လည်းကောင်း အနောက်သမုဒ္ဒရာ၌ လက်ယာလက်ကို လည်းကောင်း၊ တောင်သမုဒ္ဒရာ၌ ခြေတော်အစုံကိုလည်းကောင်း တင်ထားသည်ဟု မြင်မက်ခြင်း၊
၂။ တိရိယမြက်မျိုးသည် ဘုရားအလောင်း၏ ချက်တော်မှ အထက်သို့ တက်ပြီး ကောင်းကင်အထိ ရောက်သည်ဟု မြင်မက်ခြင်း၊
၃။ မည်းနက်သော ဦးခေါင်းရှိသော မိုးပေါက် အဖြူတို့သည် ခြေတို့မှ တက်၍ ပုဆစ်ဒူးဝန်းတိုင်အောင် ဖုံးလွှမ်းသည်ဟု မြင်မက်ခြင်း၊
၄။ အရောင်အဆင်း အမျိုးမျိုးရှိသော ငှက်လေးမျိုးတို့သည် အရပ်လေးမျက်နှာမှ ရောက်လာကြပြီး ဘုရားအလောင်း၏ ခြေရင်း၌ ကျကုန်လျက် အားလုံး အဖြူချည်းသာ ဖြစ်သည်ဟု မြင်မက်ခြင်း၊
၅။ မစင်တောင်ကြီး၏ အဆင့်ဆင့်၌ မစင်ဖြင့် မလိမ်းကျံ မကပ်ငြိဘဲ စင်္ကြံလျှောက်သွားနေသည်ဟု မြင်မက်ခြင်း။ (အံ၊၂၊၂၀၉။) (အံ၊၂၊ ၂၁၁။) (အံ၊မြန်၊၂။၂၆၄-၂၆၅။) (အံ၊မြန်၊၂။၂၆၅။)♦
အိပ်ရာနေရာ ၁၀ မျိုး
၁။ ညောင်စောင်း၊
၂။ အင်းပျဉ်၊
၃။ ဘုံလျှို၊
၄။ ခေါင်းအုံး၊
၅။ ပုဆိုးကြမ်း၊
၆။ အပေါ်လွှမ်းအခင်း၊
၇။ ခတ်အခင်း၊
၈။ သားရေပိုင်း၊
၉။ နိသီဒိုင်၊
၁၀။ မြက် သစ်ရွက် အသံ။ (ဝိ၊ဋ္ဌ၊၄၊၁၈၃။)♦
အိပ်ရာနေရာ ၁၀ မျိုး (တစ်နည်း)
၁။ ဘုံလျို-(မွေ့ရာ)၊
၂။ ပုဆိုးအခင်း၊
၃။ အပေါ်လွှမ်း အခင်း၊
၄။ မြေအခင်း၊
၅။ ဖျာကြမ်းအခင်း၊
၆။ သားရေပိုင်းအခင်း၊ ၇။(နေရာထိုင်) နိသီဒိုင် အခင်း၊
၈။ အိပ်ရာအခင်း၊
၉။ မြက်အခင်း၊
၁၀။ သစ်ရွက်အခင်း။ (ဝိ၊၂၊၆၁။) (ဝိ၊မြန်၊၂။၆၈။)♦
အိပ်သော ပုဂ္ဂိုလ် ၅ မျိုးှ (အနည်းငယ်သာ အိပ်သော ပုဂ္ဂိုလ် ၅ မျိုးှ )
၁။ မိန်းမသည် ယောကျ်ား၌ အလိုရှိသည်ဖြစ်၍ ညဉ့်၌ အနည်းငယ်သာ အိပ်၍ များစွာ နိုးကြားခြင်း၊
၂။ ယောကျ်ားသည် မိန်းမ၌ အလိုရှိသည်ဖြစ်၍ ညဉ့်၌ အနည်းငယ်သာ အိပ်၍ များစွာ နိုးကြားခြင်း၊
၃။ ခိုးသူသည် ခိုးယူခြင်း၌ အလိုရှိသည်ဖြစ်၍ ညဉ့်၌ အနည်းငယ်သာ အိပ်၍ များစွာ နိုးကြားခြင်း၊
၄။ မင်းသည် မင်းရေးကိစ္စတို့၌ အားထုတ်သည်ဖြစ်၍ ညဉ့်၌ အနည်းငယ်သာ အိပ်၍ များစွာ နိုးကြားခြင်း၊
၅။ ရဟန်းသည် (ကိလေသာတို့နှင့်) မစပ်ယှဉ်ရာ (နိဗ္ဗာန်) ၌ အလိုရှိသည်ဖြစ်၍ ညဉ့်၌ အနည်းငယ်သာ အိပ်၍ များစွာ နိုးကြားခြင်း။ (အံ၊၂၊၁၃၈။) (အံ၊မြန်၊၂။၁၇၃။)♦
အိမ် ဥပစာ အရပ် ၄ မျိုး
၁။ တစ်အိမ်ဟူသော တူသော ဥပစာရှိသော အရပ်၊
၂။ တစ်အိမ် ဟူသော ကွဲပြားသော ဥပစာရှိသော အရပ်၊
၃။ ကွဲပြားသော အိမ်ဟူသော တူသော ဥပစာရှိသော အရပ်၊
၄။ ကွဲပြားသော အိမ်ဟူသော ကွဲပြားသော ဥပစာရှိသော အရပ်။ (ဝိ၊ဋ္ဌ၊၄၊၉၀။)♦
အိမ်ရှေ့မင်းအဖြစ်ကို တောင့်တနိုင်သော သားကြီး အင်္ဂါ ၅ ပါး
၁။ ကောင်းသော အမျိုးဇာတ် ရှိခြင်း၊
၂။ အလွန်အဆင်းလှခြင်း၊
၃။ မိဘတို့ ချစ်မြတ်နိုးခြင်း၊
၄။ ဗိုလ်ပါအပေါင်းတို့ ချစ်မြတ်နိုးခြင်း၊
၅။ ပညာရှိခြင်း။ (အံ၊၂၊၁၃၆။) (အံ၊မြန်၊၂။၁၇၁-၁၇၃။)♦
အိမ်လည် ရဟန်း၏ အပြစ် ၅ ပါး
၁။ မပန်ကြားဘဲ သွားလာခြင်းကြောင့် ပါစိတ်အာပတ် သင့်ခြင်း၊
၂။ ဆိတ်ကွယ်ရာ၌ မာတုဂါမနှင့်အတူ ထိုင်နေခြင်းကြောင့် ပါစိတ်အာပတ် သင့်ခြင်း၊
၃။ ဖုံးလွှမ်းသောနေရာ၌ မာတုဂါမနှင့် အတူနေခြင်းကြောင့် ပါစိတ်အာပတ် သင့်ခြင်း၊
၄။ မာတုဂါမအား ငါးပုဒ် ခြောက်ပုဒ်ထက် အလွန် တရားဟောခြင်းကြောင့် ပါစိတ် အာပတ် သင့်ခြင်း၊
၅။ ကာမဂုဏ် အကြံအစည်များလျက် နေခြင်း။ (အံ၊၂၊၂၂၆။) (အံ၊မြန်၊၂။ ၂၈၆-၂၈၇။)♦
အိမ်လည် ရဟန်း၏ အပြစ် ၅ ပါး (တစ်နည်း)
၁။ မာတုဂါမအား မပြတ် တွေ့မြင်ရခြင်း၊
၂။ နှီးနှောမိခြင်း၊
၃။ အကျွမ်းဝင်ခြင်း၊
၄။ ရာဂသို့ သက်ခြင်း၊
၅။ မမွေ့လျော်ဘဲ မြတ်သော အကျင့်ကို ကျင့်ရတတ်ခြင်း (နောက်ဆုံး သိက္ခာချ လူထွက်ရခြင်း)။ (အံ၊၂၊၂၂၆။) (အံ၊မြန်၊၂။ ၂၈၇။)♦
အိုး ၄ မျိုး
၁။ အတွင်းထဲ၌ အချည်းနှီးဖြစ်လျက် ပိတ်ထားသော အိုး၊
၂။ အတွင်းထဲ၌ ပြည့်လျက် ဖွင့်ထားသော အိုး၊
၃။ အတွင်းထဲ၌ အချည်းနှီးလည်း ဖြစ်လျက် ဖွင့်လည်းဖွင့်ထားသော အိုး၊
၄။ အတွင်းထဲ၌ ပြည့်လည်းပြည့်လျက် ပိတ်လည်း ပိတ်ထားသော အိုး။ (အံ၊၁၊၄၁၈။) (အဘိ၊ပု၊၁၅၂။) (အံ၊မြန်၊၁။၄၃၁။) (အဘိ၊ပု၊မြန်။၅၅။)♦
အိုး လှူရကျိုး ၃ မျိုး
၁။ ရွှေအိုး, ပတ္တမြားအိုး, ဖန်အိုး, ပတ္တမြားနီအိုးတို့ကို ရရှိခြင်း၊
၂။ မယား, ကျွန်ယောကျ်ား, ကျွန်မိန်းမ, ဆင်, မြင်း, ရထား, ခြေလျင်သူရဲ, လင်ယောကျ်ားကို ရိုသေသော (အလိုလိုက်သော) မိန်းမတည်းဟူသော အသုံးဆောင်တို့ကို ရရှိခြင်း၊
၃။ အတတ် ပညာ အမျိုးမျိုး, ဗေဒင်မန္တန် အမျိုးမျိုး, ကျမ်းဂန်အမျိုးမျိုး တို့ကို သင်ယူနိုင်ခြင်း။ (အပ၊၁၊၃၆၂။) (အပ၊မြန်၊၁။၃၇၁။)♦
အိုခြင်း ၂ မျိုး
ဇရာ ၂ မျိုး နှင့် တူသည်။ ♦
အိုခြင်း ၂ မျိုး (တစ်နည်း)
၁။ အကြောင်းတရားတို့ ပြုပြင်စီရင်အပ်သော လက္ခဏာရှိသော အိုခြင်း ဇရာ၊
၂။ သွားကျိုးခြင်း အစရှိသည်တို့ဖြင့် သမုတ်အပ်သော ခန္ဓာအစဉ်၌ တစ်ဘဝ၌ အကျုံးဝင်သော ခန္ဓာတို့၏ ဟောင်းခြင်း ဇရာ။ (မ၊ဋ္ဌ၊၁၊၂၂၁။) (သာရတ္ထ၊ဋီ၊၃၊၁၇၃။)♦
အိုခြင်း ၂ မျိုး (တစ်နည်း)
၁။ ပါကဋဇရာ- ထင်ရှားသော အိုခြင်း၊
၂။ ပဋိစ္ဆန္နဇရာ- ဖုံးကွယ်သော အိုခြင်း။ (အဘိ၊ဋ္ဌ၊၂။၉၃။) (စူဠနိ၊ဋ္ဌ၊၁၆။)♦
အိုခြင်း ၂ မျိုး (တစ်နည်း)
၁။ အဝီစိဇရာ- အခြားမလတ် အိုခြင်း၊ အကြား၌ သိရခက်သော အိုခြင်း၊
၂။ သဝီစိဇရာ- အကြားအကြား၌ သိရလွယ်သော အိုခြင်း။ (အဘိ၊ဋ္ဌ၊၂၊၉၃။) (စူဠနိ၊ဋ္ဌ၊၁၆။)♦
အိုင် ၄ မျိုး
၁။ တိမ်လျက် နက်ယောင်ရှိသော ရေအိုင်၊
၂။ နက်လျက် တိမ်ယောင်ရှိသော ရေအိုင်၊
၃။ တိမ်လျက် တိမ်ယောင်ရှိသော ရေအိုင်၊
၄။ နက်လျက် နက်ယောင်ရှိသော ရေအိုင်။ (အံ၊၁၊၄၁၉။) (အံ၊မြန်၊၁။၄၃၂။)♦
အိုင်ကြီး ၇ အိုင်
၁။ ကဏ္ဏမုဏ္ဍကအိုင်၊
၂။ ရထကာရအိုင်၊
၃။ သီဟပပါတအိုင်၊
၄။ ဆန္ဒန္တအိုင်၊
၅။ တိယဂ္ဂဠအိုင်၊
၆။ အနောတတ္တအိုင်၊
၇။ ကုဏာလဒဟအိုင်။ (ဇာ၊ဋ္ဌ၊၅၊၄၄၄။)♦
အိုင်နှင့် တူသော ပုဂ္ဂိုလ် ၄ မျိုး
၁။ တိမ်လျက် နက်ယောင်ရှိသော ရေအိုင်နှင့် တူသော ပုဂ္ဂိုလ်၊
၂။ နက်လျက် တိမ်ယောင်ရှိသော ရေအိုင်နှင့် တူသော ပုဂ္ဂိုလ်၊
၃။ တိမ်လျက် တိမ်ယောင် ရှိသော ရေအိုင်နှင့် တူသော ပုဂ္ဂိုလ်၊
၄။ နက်လျက် နက်ယောင်ရှိသော ရေအိုင်နှင့် တူသော ပုဂ္ဂိုလ်။ (အံ၊၁၊၄၁၉-၄၂၀။) (အံ၊မြန်၊၁။၄၃၂။)♦
အိုးနှင့် တူသော ပုဂ္ဂိုလ် ၄ မျိုး
၁။ အချည်းနှီးဖြစ်လျက် ပိတ်ထားသော အိုးနှင့် တူသော ပုဂ္ဂိုလ်၊
၂။ ပြည့်လျက် ဖွင့်ထားသော အိုးနှင့် တူသော ပုဂ္ဂိုလ်၊
၃။ အချည်းနှီးဖြစ်လျက် ဖွင့်ထားသော အိုးနှင့် တူသော ပုဂ္ဂိုလ်၊
၄။ ပြည့်လျက် ပိတ်ထားသော အိုးနှင့် တူသော ပုဂ္ဂိုလ်။ (အံ၊၁၊၄၁၈။) (အံ၊မြန်၊၁။၄၃၁။)♦
အိုးနှင့် တူသော ရဟန်း ၄ မျိုး
၁။ အတွင်းထဲ၌ အချည်းနှီးဖြစ်လျက် ပိတ်ထားသော အိုးကဲ့သို့ ရှေ့သို့တက်ခြင်း ဒုကုဋ် သပိတ် သင်္ကန်းဝတ်ရုံ ယူဆောင်ခြင်း စသည်တို့၌ ကြည်ညိုဖွယ် ရှိလျက် သစ္စာလေးပါးတရားကို အမှန်အတိုင်း ထိုးထွင်း၍ မသိသော ရဟန်း၊
၂။ အတွင်း ထဲ၌ ပြည့်လျက် ဖွင့်ထားသော အိုးကဲ့သို့ ရှေ့သို့တက်ခြင်း ဒုကုဋ် သပိတ်သင်္ကန်း ဝတ်ရုံ ယူဆောင်ခြင်း စသည်တို့၌ ကြည်ညိုဖွယ်မရှိသော်လည်း သစ္စာလေးပါးတရားကိုကား အမှန်အတိုင်း ထိုးထွင်း၍ သိသော ရဟန်း၊
၃။ အတွင်းထဲ၌ အချည်းနှီးလည်း ဖြစ်လျက် ဖွင့်လည်းဖွင့်ထားသော အိုးကဲ့သို့ ရှေ့သို့တက်ခြင်း ဒုကုဋ် သပိတ် သင်္ကန်း ဝတ်ရုံ ယူဆောင်ခြင်း စသည်တို့၌လည်း ကြည်ညိုဖွယ် မရှိမူ၍ သစ္စာလေးပါးတရားကိုလည်း အမှန်အတိုင်း ထိုးထွင်း၍ မသိသော ရဟန်း၊
၄။ အတွင်းထဲ၌ ပြည့်လည်းပြည့်လျက် ပိတ်လည်းပိတ်ထားသော အိုးကဲ့သို့ ရှေ့သို့တက်ခြင်း ဒုကုဋ် သပိတ် သင်္ကန်း ဝတ်ရုံ ယူဆောင်ခြင်း စသည်တို့၌လည်း ကြည်ညိုဖွယ်ရှိလျက် သစ္စာလေးပါးတရားကိုလည်း အမှန်အတိုင်း ထိုးထွင်း၍ သိသော ရဟန်း။ (အဘိ၊ပု၊၁၅၂။) (အဘိ၊ပု၊မြန်။၅၅။)♦
အောက်ချင်းငှက်နှင့် ယောဂီ အင်္ဂါ ၂ ပါး
၁။ အောက်ချင်းငှက်မသည် မိမိလင်၏ ငြူစူခြင်းကြောင့် သားငယ်တို့ကို မကျွေးမွေးခြင်း (ထို့အတူ ယောဂီပုဂ္ဂိုလ်သည် မိမိစိတ်၌ ကိလေသာဖြစ်သော် ငြူစူ၍ မနောဒွါရ၌ ကာယဂတာသတိကို ပွားရခြင်း)၊
၂။ အောက်ချင်း ငှက်မသည် တော၌ တစ်နေ့ပတ်လုံး ကျက်စားရာအရပ်သို့ လှည့်လည်၍ ညဉ့်၌ မိမိ၏ လုံခြုံခြင်းငှာ ငှက်အပေါင်းသို့ ကပ်ခြင်း (ထို့အတူ ယောဂီပုဂ္ဂိုလ်သည် သံယောဇဉ်မှ လွတ်ခြင်းငှာ တစ်ယောက်တည်း ဆိတ်ငြိမ်ရာအရပ်ကို မှီဝဲရခြင်း ဆိတ်ငြိမ်ရာအရပ်၌ မွေ့လျော်မှုကို မရသည်ရှိသော် ကဲ့ရဲ့စွပ်စွဲမှု ဘေးမှ စောင့်ထိန်းရန် သံဃာ့ဘောင်သို့ ဝင်၍ သံဃာ အစောင့် အရှောက်ဖြင့် နေရခြင်း)။ (မိလိန္ဒ၊၃၈၇။) (မိလိန္ဒ၊မြန်။၄၀၉။)♦
အောက်မေ့ထိုက်သော တရား ၆ မျိုး
၁။ မေတ္တာရှိသော ကိုယ်အမှု၊
၂။ မေတ္တာရှိသော နှုတ်အမှု၊
၃။ မေတ္တာရှိသော နှလုံးသွင်းမှု၊
၄။ တရားသဖြင့် ရရှိကုန်သော လာဘ်တို့ကို သီတင်း သုံးဖော်တို့နှင့် အတူ ခွဲဝေသုံးဆောင်ခြင်း၊
၅။ လုံးဝ သန့်ရှင်းစင်ကြယ်သော သီလနှင့် ပြည့်စုံခြင်း၊
၆။ ဖြူစင်သော ဝဋ်ဆင်းရဲမှ ထွက်မြောက်တတ်သော မဂ်ဖိုလ်နှင့် ယှဉ်သော ဝိပဿနာသမ္မာဒိဋ္ဌိနှင့် ပြည့်စုံခြင်း။ (မ၊၃၊၃၈။) (မ၊မြန်၊၃။၄၀။)♦
အောက်မေ့အပ်သော တရား ၆ ပါး
၁။ မျက်မှောက်မျက်ကွယ်၌ ကာယကံမေတ္တာ ဖြစ်စေခြင်း၊
၂။ မျက်မှောက်မျက်ကွယ်၌ ဝစီကံမေတ္တာကို ဖြစ်စေခြင်း၊
၃။ မျက်မှောက်မျက်ကွယ်၌ မနောကံ မေတ္တာကို ဖြစ်စေခြင်း၊
၄။ တရားသဖြင့် ရအပ်သော လာဘ်တို့ကို သီတင်းသုံးဖော်တို့နှင့် အတူတကွ သုံးဆောင်ခြင်း၊
၅။ သီလဖြူစင်လျက် မှားသောအားဖြင့် မသုံးသပ်အပ်သော သမာဓိကို ဖြစ်စေခြင်း၊
၆။ မဂ်နှင့် ယှဉ်သော သမ္မာဒိဋ္ဌိဉာဏ်ဖြင့် သီတင်းသုံးဖော်တို့နှင့် ဉာဏ်အမြင်တူခြင်းသို့ ရောက်ခြင်း။ (ဒီ၊၃၊၂၀၃။) (ဒီ၊မြန်၊၃။၂၂၆။)♦
အောင်သွယ်ခြင်းကြောင့် သင့်သော အာပတ် ၃ ပါး
၁။ သံဃာဒိသိသ်အာပတ်၊
၂။ ထုလ္လစ္စဉ်း အာပတ်၊
၃။ ဒုက္ကဋ်အာပတ်။ (ဝိ၊၅၊၉၀။) (ဝိ၊မြန်၊၅။၁၃၁။)♦
ဣဉ္ဇိတ ၅ မျိုး
တုန်လှုပ်ခြင်း ၅ မျိုးနှင့် တူသည်။ ♦
ဣဉ္ဇိတ ၇ မျိုး
တုန်လှုပ်တတ်သော တရား ၇ ပါးနှင့် တူသည်။ ♦
ဣတိဘဝါဘဝကထာ ၆ မျိုး
၁။ တိုးပွားခြင်း ဘဝ၊
၂။ ကာမချမ်းသာ ခံစားခြင်း ကာမသုခတည်း ဟူသော ဘဝ၊
၃။ သဿတ ခိုင်မြဲခြင်း တည်းဟူသော ဘဝ၊
၄။ ဥစ္ဆေဒတည်းဟူသော အဘဝ၊
၅။ ဆုတ်ယုတ်ခြင်းတည်းဟူသော အဘဝ၊
၆။ ကိုယ်ပင်ပန်းခံ ကျင့်ခြင်း အတ္တကိလမထ တည်းဟူသော အဘဝ။ (မ၊ဋ္ဌ၊၃၊၁၅၆။) (သာရတ္ထ၊ဋီ၊၃၊၁၀၀။) (ဝိမတိ၊၂၊၅၅။)♦
ဣဒ္ဓိ ၁၀ မျိုး
တန်ခိုး ၁၀ မျိုးနှင့် တူသည်။ ♦
ဣဒ္ဓိပါဒ် ၄ ပါး (အထူးထူးအပြားပြား တန်ခိုးဖန်ဆင်းစေနိုင်သော အခြေခံ ဣဒ္ဓိပါဒ်တရား)
၁။ ဆန္ဒရှေ့သွားပြုသော သမာဓိနှင့် အားထုတ်ပြုပြင်မှု ပဓာနသင်္ခါရတို့နှင့် ပြည့်စုံ ပြီးစီးခြင်း အခြေခံ ဣဒ္ဓိပါဒ်၊
၂။ ဝီရိယရှေ့သွားပြုသော သမာဓိနှင့် အားထုတ်ပြုပြင်မှု ပဓာန သင်္ခါရတို့နှင့် ပြည့်စုံပြီးစီးခြင်း အခြေခံ ဣဒ္ဓိပါဒ်၊
၃။ စိတ်ရှေ့သွားပြုသော သမာဓိနှင့် အားထုတ်ပြုပြင်မှု ပဓာနသင်္ခါရတို့နှင့် ပြည့်စုံပြီးစီးခြင်း အခြေခံ ဣဒ္ဓိပါဒ်၊
၄။ ပညာ ရှေ့သွားပြုသော သမာဓိနှင့် အားထုတ်ပြုပြင်မှု ပဓာနသင်္ခါရတို့နှင့် ပြည့်စုံပြီးစီးခြင်း အခြေခံ ဣဒ္ဓိပါဒ်။ (ဒီ၊၂၊၁၇၂။) (ဒီ၊၃၊၁၈၅။) (မ၊၂၊၂၀၄။) (သံ၊၃၊၂၂၂။) (သံ၊၃၊၂၂၅။) (သံ၊၃၊၂၃၃။) (အံ၊၃၊၂၅၅။) (အဘိ၊ဝိ၊၂၂၅။) (အဘိ၊ဝိ၊၂၂၉။) (အဘိ၊ဝိ၊၂၃၃။) (သံ၊ဋ္ဌ၊၃၊၂၈၇။) (ပဋိသံ၊ဋ္ဌ၊၁၊၂၇၁။) (ဒီ၊မြန်၊၂။၁၉၆။) (ဒီ၊မြန်၊၃။၂၀၆။) (မ၊မြန်၊၂။၂၁၅။) (သံ၊မြန်၊၃။၂၂၄-၂၂၇။) (သံ၊မြန်၊၃။၂၂၄-၂၂၇။) (သံ၊မြန်၊၃။၂၂၄-၂၂၇။) (သံ၊မြန်၊၃။၂၂၄-၂၂၇။) (သံ၊၃၊၂၄၈။) (အံ၊မြန်၊၃။၂၅၄။) (အဘိ၊ဝိ၊မြန်၊၂။၂၁၀။) (အဘိ၊ဝိ၊မြန်၊၂။၂၁၀။) (အဘိ၊ဝိ၊မြန်၊၂။၂၁၀။)♦
ဣဒ္ဓိပါဒ် ခန္ဓာ ၂ ပါး
၁။ သင်္ခါရက္ခန္ဓာ၊
၂။ ဝိညာဏက္ခန္ဓာ။ (အဘိ၊ဋ္ဌ၊၃၊၆။)♦
ဣဒ္ဓိပါဒ်လေးပါး ပွားများရကျိုး ၇ ပါး
၁။ ယခု မျက်မှောက်ဘဝ၌ပင် အရဟတ္တဖိုလ် အကျိုးကို ရနိုင် ပြီးစီးစေနိုင်ခြင်း၊
၂။ ယင်းသို့ မရခဲ့လျှင် သေခါနီးအခါ၌ အရဟတ္တဖိုလ် အကျိုးကို ရနိုင် ပြီးစီးစေနိုင်ခြင်း၊
၃။ ယင်းသို့ မရခဲ့လျှင် အောက်ပိုင်း သံယောဇဉ်ငါးပါးတို့ ကုန်ခြင်းကြောင့် အသက်တမ်းအလယ်၌ အရဟတ္တဖိုလ်သို့ ရောက်၍ ပရိနိဗ္ဗာန်ပြုရသော အန္တရာပရိနိဗ္ဗာယီ မည်သော အနာဂါမ် ဖြစ်နိုင်ခြင်း၊
၄။ ယင်းသို့ မဖြစ်ခဲ့လျှင် အသက်တမ်း ထက်ဝက်ကို ကျော်လွန်လျက် အရဟတ္တဖိုလ်သို့ ရောက်၍ ပရိနိဗ္ဗာန်ပြုသော ဥပဟစ္စပရိနိဗ္ဗာယီမည်သော အနာဂါမ် ဖြစ်နိုင်ခြင်း၊
၅။ ယင်းသို့ မဖြစ်ခဲ့လျှင် လုံ့လပယောဂ မပါဘဲ အရဟတ္တဖိုလ်သို့ ရောက်၍ ပရိနိဗ္ဗာန်ပြုသော အသင်္ခါရပရိနိဗ္ဗာယီမည်သော အနာဂါမ် ဖြစ်နိုင်ခြင်း၊
၆။ ယင်းသို့ မဖြစ်ခဲ့လျှင် လုံ့လပယောဂနှင့်တကွ အရဟတ္တဖိုလ်သို့ ရောက်၍ ပရိနိဗ္ဗာန် ပြုသော သသင်္ခါရပရိနိဗ္ဗာယီမည်သော အနာဂါမ် ဖြစ်နိုင်ခြင်း၊
၇။ ယင်းသို့ မဖြစ်ခဲ့လျှင် အထက် အထက်ဘုံသို့ အဆင့်ဆင့်တက်၍ အကနိဋ္ဌဘုံ၌ အရဟတ္တဖိုလ်သို့ ရောက်သော ဥဒ္ဓံသောတအကနိဋ္ဌဂါမီမည်သော အနာဂါမ် ဖြစ်နိုင်ခြင်း။ (သံ၊၃၊၂၄၉။) (သံ၊မြန်၊၃။၂၅၂။)♦
ဣဒ္ဓိဝိဓဉာဏ် ဖြစ်ရာ အာရုံ ၇ ပါး
၁။ ပရိတ္တအာရုံ၊
၂။ မဟဂ္ဂတအာရုံ၊
၃။ အတိတ်အာရုံ၊
၄။ အနာဂတ်အာရုံ၊
၅။ ပစ္စုပ္ပန်အာရုံ၊
၆။ အဇ္ဈတ္တအာရုံ၊
၇။ ဗဟိဒ္ဓအာရုံ။ (ဝိသုဒ္ဓိ၊၂၊၆၀။)♦
ဣဒ္ဓိဝိဓဉာဏ်၏ စွမ်းအား ၁၁ ပါး
၁။ တစ်ယောက်တည်းကို အများဖြစ်အောင် ဖန်ဆင်း နိုင်ခြင်း၊
၂။ အများကို တစ်ယောက်တည်းဖြစ်အောင် ဖန်ဆင်းနိုင်ခြင်း၊
၃။ ကိုယ်ကို ထင်ရှား ဖြစ်လာအောင် ဖန်ဆင်းနိုင်ခြင်း၊
၄။ ကိုယ်ကို ပျောက်ကွယ်သွားအောင် ဖန်ဆင်းနိုင်ခြင်း၊
၅။ နံရံတစ်ဖက်၊ တံတိုင် တစ်ဖက်၊ တောင်တစ်ဖက်သို့ ကောင်းကင်မှာကဲ့သို့ မထိမငြိဘဲ သွားလာနိုင်ခြင်း၊
၆။ မြေကြီး၌ ရေမှာကဲ့သို့ ငုပ်နိုင် ပေါ်နိုင်ခြင်း၊
၇။ ရေ၌ မြေကြီးမှာကဲ့သို့ သွားနိုင် လာနိုင်ခြင်း၊
၈။ ကောင်းကင်၌ ထက်ဝယ်ဖွဲ့ခွေနေနိုင်ခြင်း၊
၉။ ကောင်းကင်၌ အတောင်ရှိသော ငှက်ကဲ့သို့ သွားနိုင်ခြင်း၊
၁၀။ တန်ခိုးကြီးသော လ, နေတို့ကို လက်ဖြင့် သုံးသပ်နိုင်၊ ဆုပ်ကိုင်နိုင်ခြင်း၊
၁၁။ ဗြဟ္မာ့ပြည်တိုင်အောင် ကိုယ်ကို မိမိအလိုအတိုင်း ဖြစ်စေ နိုင်ခြင်း။ (ဒီ၊၁၊၇၃။) (ဒီ၊မြန်၊၁။၈၇။)♦
ဣဒ္ဓိဝိဓာ ၂ ပါး
၁။ အပြစ်နှင့် တကွဖြစ်သော ဘေးရန်နှင့် တကွဖြစ်သော မြတ်၏ဟု မဆို အပ်သော တန်ခိုးအစီအရင်၊
၂။ အပြစ်နှင့် တကွမဖြစ်သော ဘေးရန်နှင့် တကွမဖြစ်သော မြတ်၏ဟု ဆိုအပ်သော တန်ခိုးအစီအရင်။ (ဒီ၊၃၊၉၃။) (ဒီ၊မြန်၊၃။၁၀၁။)♦
ဣန္ဒြေ ၂၂ ပါး
၁။ စက္ခုန္ဒြေ၊
၂။ သောတိန္ဒြေ၊
၃။ ဃာနိန္ဒြေ၊
၄။ ဇိဝှိန္ဒြေ၊
၅။ ကာယိန္ဒြေ၊
၆။ မနိန္ဒြေ၊
၇။ ဣတ္ထိန္ဒြေ၊
၈။ ပုရိသိန္ဒြေ၊
၉။ ဇီဝိတိန္ဒြေ၊
၁၀။ သုခိန္ဒြေ၊
၁၁။ ဒုက္ခိန္ဒြေ၊
၁၂။ သောမနဿိန္ဒြေ၊
၁၃။ ဒေါမနဿိန္ဒြေ၊
၁၄။ ဥပေက္ခိန္ဒြေ၊
၁၅။ သဒ္ဓိန္ဒြေ၊
၁၆။ ဝီရိယိန္ဒြေ၊
၁၇။ သတိန္ဒြေ၊
၁၈။ သမာဓိန္ဒြေ၊
၁၉။ ပညိန္ဒြေ၊
၂၀။ အနညာတညဿာမီတိန္ဒြေ၊
၂၁။ အညိန္ဒြေ၊
၂၂။ အညတာဝိန္ဒြေ။ (အဘိ၊ဝိ၊၁၃၁။) (အဘိ၊ဝိ၊၄၁၈။) (ယမက၊၃၊၇၃။) (ဝိသုဒ္ဓိ၊၂၊၁၂၂။)(အဘိ၊ဝိ၊၁၂၈။) (အဘိ၊ဝိ၊မြန်၊၂။၂။) (အဘိ၊ဝိ၊မြန်၊၂။၂။) (အဘိ၊ဝိ၊၄၁၅။) (အဘိ၊ဝိ၊မြန်၊၂။၅၂၄။) (အဘိ၊ဝိ၊မြန်၊၂။၅၂၄။) (အဘိ၊ပု၊၁၀၂။) (အဘိ၊ပု၊မြန်။၂။)♦
ဣန္ဒြေ ၃ ပါး
၁။အနညာတညဿာမီတိန္ဒြေ၊
၂။ အညိန္ဒြေ၊
၃။ အညာတာဝိန္ဒြေ။ (ဒီ၊၃၊၁၈၃။) (သံ၊၃၊၁၇၉။) (ခုဒ္ဒက၊၂၃၁။) (နေတ္တိ၊ဋ္ဌ၊၂၁၄။) (ဒီ၊မြန်၊၃။၂၀၄။) (သံ၊မြန်၊၃။၁၈၅။) (ခုဒ္ဒက၊ မြန်။၂၁၅။)♦
ဣန္ဒြေ ၅ ပါး
၁။ သုခိန္ဒြေ၊
၂။ ဒုက္ခိန္ဒြေ၊
၃။ သောမနဿိန္ဒြေ၊
၄။ ဒေါမနဿိန္ဒြေ၊
၅။ ဥပေက္ခိန္ဒြေ။ (ဒီ၊၃၊၁၉၉။) (ဒီ၊မြန်၊၃။၂၂၂။)♦
ဣန္ဒြေ ၅ ပါး
ထူးသော အဖို့ရှိသော တရား ၅ ပါး၊ ဝိသေသဘာဂိယတရား ၅ ပါးတို့နှင့် တူသည်။ ♦
ဣန္ဒြေ ၅ ပါး (ကျက်စားရာ အာရုံအမျိုးမျိုးရှိသော ဣန္ဒြေ ၅ ပါး)
၁။ စက္ခုန္ဒြေ- မျက်စိဣန္ဒြေ၊
၂။ သောတိန္ဒြေ- နားဣန္ဒြေ၊
၃။ ဃာနိန္ဒြေ- နှာခေါင်းဣန္ဒြေ၊
၄။ ဇိဝှိန္ဒြေ- လျှာဣန္ဒြေ၊
၅။ ကာယိန္ဒြေ- ခန္ဓာကိုယ်ဣန္ဒြေ။ (ဒီ၊၃၊၁၉၉။) (မ၊၁၊၃၆၉။) (သံ၊၃၊၁၉၁။) (ဒီ၊မြန်၊၃။၂၂၂။) (မ၊မြန်၊၁။၃၈၀။) (သံ၊မြန်၊၃။၁၉၇။)♦
ဣန္ဒြေ ၅ ပါး (တစ်နည်း) (မုဒိန္ဒြိယဖြစ်သော သတ္တဝါတို့၏ ဣန္ဒြေ ၅ ပါး)
၁။ ယုံကြည်မှု- သဒ္ဓိန္ဒြေ၊
၂။ အားထုတ်မှု- ဝီရိယိန္ဒြေ၊
၃။ အောက်မေ့မှု- သတိန္ဒြေ၊
၄။ တည်ကြည်မှု- သမာဓိန္ဒြေ၊
၅။ အပြားအားဖြင့် သိမှု- ပညိန္ဒြေ။ (ဒီ၊၃၊၁၉၉။) (မ၊၂၊၂၀၄။) (သံ၊၃၊၁၇၀-၁၇၁။) (သံ၊၃၊၁၇၉။) (သံ၊၃၊၂၀၄။) (သံ၊၃၊၂၀၇။) (အဘိ၊ဓ၊၂၉။) (အဘိ၊ဝိ၊၃၅၄။) (ပဋိသံ၊၁၉၈။) (ပဋိသံ၊၂၀၀။) (ပဋိသံ၊၂၁၀။) (ပဋိသံ၊၂၁၇။) (မ၊ဋ္ဌ၊၂၊၂၄၀။) (ဒီ၊မြန်၊၃။၂၂၂။) (မ၊မြန်၊၂။၂၁၆။) (သံ၊မြန်၊၃။၁၇၅၊၁၈၆။) (သံ၊မြန်၊၃။၁၇၅၊၁၈၆။) (သံ၊မြန်၊၃။၂၀၉။) (သံ၊မြန်၊၃။၂၁၂။) (အဘိ၊ဓ၊ မြန်။၄၅။) (အဘိ၊ဝိ၊မြန်၊၂။၄၃၈။) (ပဋိသံ၊မြန်။၂၄၈၊၂၅၁၊၂၆၁၊၂၆၉။) (ပဋိသံ၊မြန်။၂၄၈၊၂၅၁၊ ၂၆၁၊၂၆၉။) (ပဋိသံ၊မြန်။၂၄၈၊၂၅၁၊၂၆၁၊၂၆၉။) (ပဋိသံ၊မြန်။၂၄၈၊၂၅၁၊၂၆၁၊၂၆၉။)♦
ဣန္ဒြေ ၅ ပါး (ဗိုလ်မည်သော ဣန္ဒြေ ၅ ပါး)
၁။ သဒ္ဓိန္ဒြေ၊
၂။ ဝီရိယိန္ဒြေ၊
၃။ သတိန္ဒြေ၊
၄။ သမာဓိန္ဒြေ၊
၅။ ပညိန္ဒြေ။ (သံ၊၃၊၁၉၃။) (သံ၊မြန်၊၃။၁၉၈။)♦
ဣန္ဒြေကွဲပြားသဖြင့် သောတာပတ္တိဖိုလ်၌ တည်သော ပုဂ္ဂိုလ် ၃ မျိုး
၁။ ဧကဗီဇီသောတာပန် (ဥဂ္ဃါဋိတညူပုဂ္ဂိုလ်)၊
၂။ ကောလံကောလသောတာပန် (ဝိပဉ္စိတညူပုဂ္ဂိုလ်)၊
၃။ သတ္တက္ခတ္တု ပရမသောတာပန် (နေယျပုဂ္ဂိုလ်) ။ (ပေဋကော၊၁၈၉။)♦
ဣန္ဒြေကို ပွားပြီးသော ပုဂ္ဂိုလ် ၃ ယောက်
၁။ ရဟန္တာပုဂ္ဂိုလ်၊
၂။ ပစ္စေကဗုဒ္ဓါ၊
၃။ သမ္မာသမ္ဗုဒ္ဓ မြတ်စွာဘုရား။ (ပဋိသံ၊၂၀၀။) (ပဋိသံ၊မြန်။၂၅၁။)♦
ဣန္ဒြေကို ပွားများဆဲပုဂ္ဂိုလ် ၈ ယောက်
၁။ သောတာပတ္တိမဂ်ပုဂ္ဂိုလ်၊
၂။ သောတာပတ္တိ ဖိုလ်ပုဂ္ဂိုလ်၊
၃။ သကဒါဂါမိမဂ်ပုဂ္ဂိုလ်၊
၄။ သကဒါဂါမိဖိုလ်ပုဂ္ဂိုလ်၊
၅။ အနာဂါမိမဂ်ပုဂ္ဂိုလ်၊
၆။ အနာဂါမိဖိုလ်ပုဂ္ဂိုလ်၊
၇။ အရဟတ္တမဂ်ပုဂ္ဂိုလ်၊
၈။ ကလျာဏပုထုဇဉ်ပုဂ္ဂိုလ်။ (ပဋိသံ၊ ၂၀၀။) (ပဋိသံ၊မြန်။၂၅၁။)♦
ဣန္ဒြေငါးပါးတို့ စင်ကြယ်ကြောင်း ၁၅ ပါး
၁။ သဒ္ဓါတရားမဲ့သော ပုဂ္ဂိုလ်တို့ကို ရှောင် ကြဉ်ခြင်း၊
၂။ သဒ္ဓါတရားရှိသော ပုဂ္ဂိုလ်တို့ကို မှီဝဲဆည်းကပ်ခြင်း၊
၃။ ကြည်ညိုဖွယ် သုတ္တန်တို့ကို ဆင်ခြင်ခြင်း၊ ဤကား သဒ္ဓိန္ဒြေ စင်ကြယ်ရေးအခြင်းအရာ (၃) ပါး၊
၄။ ပျင်းရိသော ပုဂ္ဂိုလ်တို့ကို ရှောင်ကြဉ်ခြင်း၊
၅။ ဝီရိယရှိသော ပုဂ္ဂိုလ်တို့ကို မှီဝဲ ဆည်းကပ်ခြင်း၊
၆။ ဝီရိယနှင့် စပ်သော သုတ္တန်တို့ကို ဆင်ခြင်ခြင်း၊ ဤကား ဝီရိယိန္ဒြေ စင်ကြယ်ရေး အခြင်းအရာ (၃) ပါး၊
၇။ သတိလွတ်သော ပုဂ္ဂိုလ်တို့ကို ရှောင်ကြဉ်ခြင်း၊
၈။ သတိရှိသော ပုဂ္ဂိုလ်တို့ကို မှီဝဲဆည်းကပ်ခြင်း၊
၉။ သတိပဋ္ဌာန်သုတ္တန်တို့ကို ဆင်ခြင် ခြင်း၊ ဤကား သတိန္ဒြေ စင်ကြယ်ရေးအခြင်းအရာ (၃) ပါး၊
၁၀။ မတည်ကြည်သော ပုဂ္ဂိုလ်တို့ကို ရှောင်ကြဉ်ခြင်း၊
၁၁။ တည်ကြည်သော ပုဂ္ဂိုလ်တို့ကို မှီဝဲဆည်းကပ်ခြင်း၊
၁၂။ ဈာန်ဝိမောက္ခတို့ကို ဆင်ခြင်ခြင်း၊ ဤကား သမာဓိန္ဒြေ စင်ကြယ်ရေးအခြင်းအရာ (၃) ပါး၊
၁၃။ ပညာမဲ့သော ပုဂ္ဂိုလ်တို့ကို ရှောင်ကြဉ်ခြင်း၊
၁၄။ ပညာရှိပုဂ္ဂိုလ်တို့ကို မှီဝဲ ဆည်းကပ်ခြင်း၊
၁၅။ နက်နဲသော ဉာဏ်နှင့် စပ်သော တရားကို ဆင်ခြင်ခြင်း၊ ဤကား ပညိန္ဒြေ စင်ကြယ်ရေးအခြင်းအရာ (၃) ပါး။ ဤသို့လျှင် ဣန္ဒြေ (၅) ပါးတို့ စင်ကြယ်ရေး အခြင်းအရာ (၁၅) ပါး ဖြစ်သတည်း။ (ပဋိသံ၊၁၉၈။) (ပဋိသံ၊ မြန်။၂၄၈။)♦
ဣန္ဒြေငါးပါးတို့၏ ဝိဝေက ၅ ပါး
၁။ ခွါသည်၏ အစွမ်းအားဖြင့် ကင်းဆိတ်ခြင်း၊
၂။ တဒင်္ဂ ခဏအားဖြင့် ကင်းဆိတ်ခြင်း၊
၃။ ကောင်းစွာဖြတ်ခြင်း၊
၄။ တစ်ဖန် ငြိမ်းသောအားဖြင့် ကင်းဆိတ်ခြင်း၊
၅။ ထွက်မြောက်သည်၏ အစွမ်းအားဖြင့် ကင်းဆိတ်ခြင်း။ (ပဋိသံ၊၃၉၉- ၄၀၀။) (ပဋိသံ၊မြန်။၄၆၀။)♦
ဣန္ဒြေငါးပါးတို့၏ သာယာဖွယ် ၂၅ မျိုး
၁။ မယုံကြည်ခြင်း၏ မထင်ခြင်း၊
၂။ မယုံကြည်မှု ဟူသော ပူပန်ခြင်း၏ မထင်ခြင်း၊
၃။ အဓိမောက္ခဖြစ်ခြင်းငှာ ရဲရင့်သော အဖြစ်၊
၄။ ငြိမ် သက်သော သမထဝိပဿနာကို ရခြင်း၊
၅။ သဒ္ဓိန္ဒြေကို စွဲ၍ ချမ်းသာခြင်း ဝမ်းမြောက် ခြင်းအားဖြင့် သဒ္ဓိန္ဒြေ၏ သာယာခြင်းဖြစ်ကြောင်း အခြင်းအရာငါးပါး၊
၆။ ပျင်းရိခြင်း၏ မထင်ခြင်း၊
၇။ ပျင်းရိမှုဟူသော ပူပန်ခြင်း၏ မထင်ခြင်း၊
၈။ ချီးမြှောက်ခြင်းငှာ ရဲရင့်သော အဖြစ်၊
၉။ ငြိမ်သက်သော သမထဝိပဿနာကို ရခြင်း၊
၁၀။ ဝီရိယိန္ဒြေကို စွဲ၍ ချမ်းသာခြင်း ဝမ်းမြောက်ခြင်းအားဖြင့် ဝီရိယိန္ဒြေ၏ သာယာခြင်းဖြစ်ကြောင်း အခြင်းအရာငါးပါး၊
၁၁။ မေ့လျော့ခြင်း၏ မထင်ခြင်း၊
၁၂။ မေ့လျော့ခြင်းဟူသော ပူပန်မှု၏ မထင်ခြင်း၊
၁၃။ ထင်မှုဖြစ်ခြင်းငှာ ရဲရင့်သော အဖြစ်၊
၁၄။ ငြိမ်သက်သော သမထဝိပဿနာကို ရခြင်း၊
၁၅။ သတိန္ဒြေကို စွဲ၍ ချမ်းသာခြင်း ဝမ်းမြောက်ခြင်းအားဖြင့် သတိန္ဒြေ၏ သာယာခြင်း ဖြစ်ကြောင်းခြင်းရာ ငါးပါး၊
၁၆။ ပျံ့လွင့်မှု၏ မထင်ခြင်း၊
၁၇။ ပျံ့လွင့်မှုဟူသော ပူပန် ခြင်း၏ မထင်ခြင်း၊
၁၈။ မပျံ့လွင့်မှုဖြစ်ခြင်းငှာ ရဲရင့်သော အဖြစ်၊
၁၉။ ငြိမ်သက်သော သမထဝိပဿနာကို ရခြင်း၊
၂၀။ သမာဓိန္ဒြေကို စွဲ၍ ချမ်းသာခြင်း ဝမ်းမြောက်ခြင်းအားဖြင့် သမာဓိန္ဒြေ၏ သာယာခြင်းဖြစ်ကြောင်း အခြင်းအရာငါးပါး၊
၂၁။ အဝိဇ္ဇာ၏ မထင်ခြင်း၊
၂၂။ အဝိဇ္ဇာဟူသော ပူပန်မှု၏ မထင်ခြင်း၊
၂၃။ မြင်မှုဖြစ်ခြင်းငှာ ရဲရင့်သော အဖြစ်ရှိခြင်း၊
၂၄။ ငြိမ်သက်သော သမထဝိပဿနာကို ရခြင်း၊
၂၅။ ပညိန္ဒြေကို စွဲ၍ ချမ်းသာခြင်း ဝမ်းမြောက်ခြင်းအားဖြင့် ပညိန္ဒြေ၏ သာယာခြင်းဖြစ်ကြောင်း အခြင်းအရာ ငါးပါး ဤသို့လျှင် ဣန္ဒြေငါးပါးတို့၏ သာယာခြင်း (၂၅) ပါး ဖြစ်၏။ (ပဋိသံ၊၂၀၅-၂၀၆။) (ပဋိသံ၊ မြန်။၂၅၅-၂၅၆။)♦
ဣန္ဒြေငါးပါးတို့၏ အပြစ် ဖြစ်ကြောင်း ၂၅ ပါး
၁။ မယုံကြည်ခြင်း၏ ထင်ခြင်း၊
၂။ မယုံ ကြည်ခြင်းဟူသော ပူပန်မှု ထင်ခြင်း၊
၃။ မမြဲသော သဘော၊
၄။ ဆင်းရဲသော သဘော၊
၅။ အနှစ်မရှိအလိုသို့ မလိုက်သော သဘောအားဖြင့် သဒ္ဓိန္ဒြေမှ အပြစ်ဖြစ်ကြောင်းခြင်းရာ ငါးပါး၊
၆။ ပျင်းရိခြင်း၏ ထင်ခြင်း၊
၇။ ပျင်းရိခြင်းဟူသော ပူပန်မှု၏ ထင်ခြင်း၊
၈။ မမြဲသော သဘော၊
၉။ ဆင်းရဲသော သဘော၊
၁၀။ အနှစ်မရှိ အလိုသို့ မလိုက်သော သဘောအားဖြင့် ဝီရိယိန္ဒြေ၏ အပြစ်ဖြစ်ကြောင်းခြင်းရာ ငါးပါး၊
၁၁။ မေ့လျော့ခြင်း၏ ထင်ခြင်း၊
၁၂။ မေ့လျော့ ခြင်းဟူသော ပူပန်မှု၏ ထင်ခြင်း၊
၁၃။ မမြဲသော သဘော၊
၁၄။ ဆင်းရဲသော သဘော၊
၁၅။ အနှစ်မရှိ အလိုသို့ မလိုက်သော သဘောအားဖြင့် သတိန္ဒြေ၏ အပြစ်ဖြစ်ကြောင်းခြင်းရာ ငါးပါး၊
၁၆။ ပျံ့လွင့်ခြင်း၏ ထင်ခြင်း၊
၁၇။ ပျံ့လွင့်ခြင်းဟူသော ပူပန်မှု၏ ထင်ခြင်း၊
၁၈။ မမြဲသော သဘော၊
၁၉။ ဆင်းရဲသော သဘော၊
၂၀။ အနှစ်မရှိ အလိုသို့မလိုက်သော သဘောအားဖြင့် သမာဓိန္ဒြေ၏ အပြစ်ဖြစ်ကြောင်းခြင်းရာ ငါးပါး၊
၂၁။ မသိခြင်း အဝိဇ္ဇာ၏ ထင်ခြင်း၊
၂၂။ အဝိဇ္ဇာဟူသော ပူပန်မှု၏ ထင်ခြင်း၊
၂၃။ မမြဲသော သဘော၊
၂၄။ ဆင်းရဲသော သဘော၊
၂၅။ အနှစ်မရှိ အလိုသို့ မလိုက်သော သဘောအားဖြင့် ပညိန္ဒြေ၏ အပြစ် ဖြစ်ကြောင်းခြင်းရာ (၅) ပါး (ဤသို့လျှင် ဣန္ဒြေတစ်ပါးလျှင် ခြင်းရာ ငါးပါးစီ ရှိသဖြင့် ဣန္ဒြေငါးပါး၌ အခြင်းရာ (၂၅) ပါး ဖြစ်သတည်း) ။ (ပဋိသံ၊၂၀၆။) (ပဋိသံ၊မြန်။၂၅၆-၂၅၇။)♦
ဣန္ဒြေငါးပါးတို့ကို ကောင်းစွာ ပွားများပုံ ၁၀ မျိုး
၁။ မယုံကြည်ခြင်းကို ပယ်ခြင်းကြောင့် သဒ္ဓိန္ဒြေကို ပွားများအပ်ခြင်း၊
၂။ သဒ္ဓိန္ဒြေကို ပွားများအပ်သောကြောင့် မယုံကြည်ခြင်းကို ပယ်အပ်ခြင်း၊
၃။ ပျင်းရိခြင်းကို ပယ်ခြင်းကြောင့် ဝီရိယိန္ဒြေကို ပွားများအပ်ခြင်း၊
၄။ ဝီရိယိန္ဒြေကို ပွားများအပ်ခြင်းကြောင့် ပျင်းရိခြင်းကို ပယ်အပ်ခြင်း၊
၅။ မေ့လျော့ခြင်းကို ပယ်ခြင်းကြောင့် သတိန္ဒြေကို ပွားများအပ်ခြင်း၊
၆။ သတိန္ဒြေကို ပွားများအပ်သောကြောင့် မေ့လျော့ခြင်းကို ပယ်အပ်ခြင်း၊
၇။ ပျံ့လွင့်ခြင်းကို ပယ်ခြင်းကြောင့် သမာဓိန္ဒြေကို ပွားများ အပ်ခြင်း၊
၈။ သမာဓိန္ဒြေကို ပွားများအပ်သောကြောင့် ပျံ့လွင့်ခြင်းကို ပယ်အပ်ခြင်း၊
၉။ အဝိဇ္ဇာကို ပယ်အပ်သောကြောင့် ပညိန္ဒြေကို ပွားများအပ်ခြင်း၊
၁၀။ ပညိန္ဒြေကို ပွားများ အပ်သောကြောင့် အဝိဇ္ဇာကို ပယ်အပ်ခြင်း။ (ပဋိသံ၊၁၉၉။) (ပဋိသံ၊မြန်။၂၄၉။)♦
ဣန္ဒြေငါးပါးတို့ကို ပွားများအပ်ပြီး စသည် ဖြစ်ပုံ ၄ မျိုး
၁။ သောတာပတ္တိမဂ်ခဏ၌ ဣန္ဒြေငါးပါးတို့ကို ပွားများအပ်ခြင်း သောတာပတ္တိဖိုလ်ခဏ၌ ဣန္ဒြေငါးပါးတို့ကို ပွားများ အပ်ပြီးဖြစ်ခြင်း တစ်ဖန် ငြိမ်းစေအပ်ပြီးဖြစ်ခြင်း၊
၂။ သကဒါဂါမိမဂ်ခဏ၌ ဣန္ဒြေ ငါးပါးတို့ကို ပွားများအပ်ခြင်း သောတာပတ္တိဖိုလ်ခဏ၌ ဣန္ဒြေငါးပါးတို့ကို ပွားများအပ် ပြီးဖြစ်ခြင်း တစ်ဖန် ငြိမ်းစေအပ်ပြီးဖြစ်ခြင်း၊
၃။ အနာဂါမိမဂ်ခဏ၌ ဣန္ဒြေငါးပါးတို့ကို ပွားများအပ်ခြင်း သောတာပတ္တိဖိုလ်ခဏ၌ ဣန္ဒြေငါးပါးတို့ကို ပွားများအပ်ပြီးဖြစ်ခြင်း တစ်ဖန် ငြိမ်းစေအပ်ပြီးဖြစ်ခြင်း၊
၄။ အရဟတ္တမဂ်ခဏ၌ ဣန္ဒြေငါးပါးတို့ကို ပွားများ အပ်ခြင်း သောတာပတ္တိဖိုလ်ခဏ၌ ဣန္ဒြေငါးပါးတို့ကို ပွားများအပ်ပြီးဖြစ်ခြင်း တစ်ဖန် ငြိမ်းစေအပ်ပြီးဖြစ်ခြင်း။ (ပဋိသံ၊၁၉၉။) (ပဋိသံ၊မြန်။၂၅၀။)♦
ဣန္ဒြေငါးပါးတို့ဖြစ်ပုံ အခြင်းအရာ ၄၀
၁။ ဆုံးဖြတ်ခြင်းအကျိုးငှာ မနောဒွါရာဝဇ္ဇန်း ဖြစ်ခြင်း၊
၂။ အဓိမောက္ခ၏ အစွမ်းအားဖြင့် ဆန္ဒ၏ ဖြစ်ခြင်း၊
၃။ အဓိမောက္ခ၏ အစွမ်းအားဖြင့် နှလုံး သွင်းမှု ဖြစ်ခြင်း၊
၄။ သဒ္ဓိန္ဒြေ၏ အစွမ်းအားဖြင့် တစ်ခုတည်းသော အာရုံ၌ ထင်ခြင်း အားဖြင့် သဒ္ဓိန္ဒြေဖြစ်ကြောင်း အခြင်းအရာလေးပါး၊
၅။ ချီးမြှောက်ခြင်းအကျိုးငှာ မနော ဒွါရာဝဇ္ဇန်း၏ ဖြစ်ခြင်း၊
၆။ ချီးမြှောက်ခြင်း အစွမ်းအားဖြင့် ဓမ္မစ္ဆန္ဒ၏ ဖြစ်ခြင်း၊
၇။ ချီးမြှောက်ခြင်း အစွမ်းအားဖြင့် နှလုံးသွင်းမှု မနသိကာရ၏ ဖြစ်ခြင်း၊
၈။ ဝီရိယိန္ဒြေ၏ အစွမ်းအားဖြင့် တစ်ခုတည်းသော အာရုံ၌ ထင်ခြင်းအားဖြင့် ဝီရိယိန္ဒြေဖြစ်ကြောင်း အခြင်း အရာလေးပါး၊
၉။ ထင်ခြင်းအကျိုးငှာ မနောဒွါရာဝဇ္ဇန်း၏ ဖြစ်ခြင်း၊
၁၀။ ထင်သည်၏အစွမ်းအားဖြင့် ဓမ္မစ္ဆန္ဒ၏ ဖြစ်ခြင်း၊
၁၁။ ထင်သည်၏ အစွမ်းအားဖြင့် နှလုံးသွင်းမှု ဖြစ်ခြင်း၊
၁၂။ သတိန္ဒြေ၏ အစွမ်းအားဖြင့် တစ်ခုတည်းသော အာရုံ၌ ထင်ခြင်းအားဖြင့် သတိန္ဒြေ ဖြစ်ကြောင်း အခြင်းအရာလေးပါး၊
၁၃။ မပျံ့လွင့်ခြင်းအကျိုးငှာ မနောဒွါရာဝဇ္ဇန်း၏ ဖြစ်ခြင်း၊
၁၄။ မပျံ့လွင့်ခြင်း အစွမ်းအားဖြင့် ဓမ္မစ္ဆန္ဒ၏ ဖြစ်ခြင်း၊
၁၅။ မပျံ့လွင့်ခြင်း အစွမ်းအားဖြင့် နှလုံးသွင်းမှုဖြစ်ခြင်း၊
၁၆။ သမာဓိန္ဒြေ၏ အစွမ်းအားဖြင့် တစ်ခုတည်းသော အာရုံ၌ ထင်ခြင်းအားဖြင့် သမာဓိန္ဒြေဖြစ်ကြောင်း အခြင်းအရာလေးပါး၊
၁၇။ မြင်ခြင်း အကျိုးငှာ အာဝဇ္ဇန်းစိတ်၏ ဖြစ်ခြင်း၊
၁၈။ မြင်သော အစွမ်းအားဖြင့် ဓမ္မစ္ဆန္ဒ၏ ဖြစ်ခြင်း၊
၁၉။ မြင်သော အစွမ်းအားဖြင့် နှလုံးသွင်းမှု မနသိကာရ၏ ဖြစ်ခြင်း၊
၂၀။ ပညိန္ဒြေ၏ အစွမ်း အားဖြင့် တစ်ခုတည်းသော အာရုံ၌ ထင်ခြင်းအားဖြင့် ပညိန္ဒြေဖြစ်ကြောင်း အခြင်းအရာ လေးပါး၊
၂၁။ ဆုံးဖြတ်ခြင်းအကျိုးငှာ အာဝဇ္ဇန်းစိတ်ဖြစ်ခြင်းသည် သဒ္ဓိန္ဒြေဖြစ်ကြောင်း ဖြစ်ခြင်း၊
၂၂။ ချီးမြှောက်ခြင်းငှာ အာဝဇ္ဇန်းဖြစ်ခြင်းသည် ဝိရိယိန္ဒြေဖြစ်ကြောင်း ဖြစ်ခြင်း၊
၂၃။ ထင်ခြင်းအကျိုးငှာ အာဝဇ္ဇန်းစိတ်ဖြစ်ခြင်းသည် သတိန္ဒြေဖြစ်ကြောင်း ဖြစ်ခြင်း၊
၂၄။ မပျံ့လွင့်ခြင်းအကျိုးငှာ အာဝဇ္ဇန်းစိတ်ဖြစ်ခြင်းသည် သမာဓိန္ဒြေဖြစ်ကြောင်း ဖြစ်ခြင်း၊
၂၅။ မြင်ခြင်းအကျိုးငှာ အာဝဇ္ဇန်းစိတ်ဖြစ်ခြင်းသည် ပညိန္ဒြေဖြစ်ကြောင်း အခြင်းအရာ ငါးပါး၊
၂၆။ ဆုံးဖြတ်ခြင်း အဓိမောက္ခအစွမ်းဖြင့် ဓမ္မစ္ဆန္ဒဖြစ်ခြင်းသည် သဒ္ဓိန္ဒြေဖြစ်ကြောင်း ဖြစ်ခြင်း၊
၂၇။ ချီးမြှောက်ခြင်း အစွမ်းအားဖြင့် ဓမ္မစ္ဆန္ဒဖြစ်ခြင်းသည် ဝီရိယိန္ဒြေ ဖြစ်ကြောင်း ဖြစ်ခြင်း၊
၂၈။ ထင်သည့်အစွမ်းအားဖြင့် ဓမ္မစ္ဆန္ဒဖြစ်ခြင်းသည် သတိန္ဒြေ ဖြစ်ကြောင်း ဖြစ်ခြင်း၊
၂၉။ မပျံ့လွင့်ခြင်းအစွမ်းအားဖြင့် ဓမ္မစ္ဆန္ဒဖြစ်ခြင်းသည် သမာဓိန္ဒြေ ဖြစ်ကြောင်း ဖြစ်ခြင်း၊
၃၀။ မြင်ခြင်း၏အစွမ်းအားဖြင့် ဓမ္မစ္ဆန္ဒဖြစ်ခြင်းသည် ပညိန္ဒြေဖြစ်ကြောင်း ဖြစ်ခြင်း အားဖြင့် ဓမ္မစ္ဆန္ဒဖြစ်ကြောင်းခြင်းရာ ငါးပါး၊
၃၁။ ဆုံးဖြတ်ခြင်း အဓိမောက္ခအစွမ်းဖြင့်် နှလုံးသွင်းမှု မနသိကာရဖြစ်ခြင်းသည် သဒ္ဓိန္ဒြေဖြစ်ကြောင်း ဖြစ်ခြင်း၊
၃၂။ ချီးမြှောက်ခြင်း အစွမ်းအားဖြင့် နှလုံးသွင်းမှု မနသိကာရဖြစ်ခြင်းသည် ဝီရိယိန္ဒြေဖြစ်ကြောင်း ဖြစ်ခြင်း၊
၃၃။ ထင်ခြင်း၏ အစွမ်းအားဖြင့် နှလုံးသွင်းမနသိကာရဖြစ်ခြင်းသည် သတိန္ဒြေဖြစ်ကြောင်း ဖြစ်ခြင်း၊
၃၄။ မပျံ့လွင့်ခြင်း အစွမ်းအားဖြင့် နှလုံးသွင်း မနသိကာရ ဖြစ်ခြင်းသည် သမာဓိန္ဒြေဖြစ်ကြောင်း ဖြစ်ခြင်း၊
၃၅။ မြင်ခြင်း၏ အစွမ်းအားဖြင့် နှလုံးသွင်း မနသိကာရ ဖြစ်ခြင်းသည် ပညိန္ဒြေဖြစ်ကြောင်း ဖြစ်ခြင်းအားဖြင့် မနသိကာရဖြစ်ကြောင်း အခြင်းအရာ ငါးပါး၊
၃၆။ သဒ္ဓိန္ဒြေ၏ အစွမ်းအားဖြင့် တစ်ခုတည်းသော အာရုံ၌ ထင်ခြင်းသည် သဒ္ဓိန္ဒြေ ဖြစ်ကြောင်း ဖြစ်ခြင်း၊
၃၇။ ဝီရိယန္ဒြေ၏ အစွမ်းအားဖြင့် တစ်ခုတည်းသော အာရုံ၌ ထင်ခြင်းသည် ဝီရိယိန္ဒြေဖြစ်ကြောင်း ဖြစ်ခြင်း၊
၃၈။ သတိန္ဒြေ၏ အစွမ်းအားဖြင့် တစ်ခုတည်းသော အာရုံ၌ ထင်ခြင်းသည် သတိန္ဒြေဖြစ်ကြောင်း ဖြစ်ခြင်း၊
၃၉။ သမာဓိန္ဒြေ၏ အစွမ်းအားဖြင့် တစ်ခုတည်းသော အာရုံ၌ ထင်ခြင်းသည် သမာဓိန္ဒြေဖြစ်ကြောင်း ဖြစ်ခြင်း၊
၄၀။ ပညိန္ဒြေ၏ အစွမ်းအားဖြင့် တစ်ခုတည်းသော အာရုံ၌ ထင်ခြင်းသည် ပညိန္ဒြေ ဖြစ်ကြောင်း ဖြစ်ခြင်းအားဖြင့် တစ်ခုတည်းသော အာရုံ၌ ထင်ခြင်းအခြင်းအရာ ငါးပါး၊ ဤသို့လျှင် ဣန္ဒြေငါးပါးတို့၏ ဖြစ်ခြင်းသည်လည်းကောင်း၊ ဣန္ဒြေငါးပါးတို့၏ ဖြစ်ခြင်းကို သိခြင်း သည်လည်းကောင်း ဤအခြင်းအရာ (၄၀) တို့ုဖြင့် ဖြစ်ကုန်၏။ (ပဋိသံ၊၂၀၂-၂၀၅။) (ပဋိသံ၊မြန်။ ၂၅၃-၂၅၄-၂၅၅။)♦
ဣန္ဒြေစောင့်စည်းခြင်း ၆ ပါး
၁။ စက္ခုန္ဒြေကို စောင့်စည်းခြင်း၊
၂။ သောတိန္ဒြေကို စောင့်စည်းခြင်း၊
၃။ ဃာနိန္ဒြေကို စောင့်စည်းခြင်း၊
၄။ ဇိဝှိန္ဒြေကို စောင့်စည်းခြင်း၊
၅။ ကာယိန္ဒြေကို စောင့်စည်းခြင်း၊
၆။ မနိန္ဒြေကို စောင့်စည်းခြင်း။ (ဒီ၊၁၊၆၆။) (ဒီ၊မြန်၊၁။၇၉။)♦
ဣန္ဒြေသုံးပါးတို့၏ ဝသီဘော်ပညာသည် အာသဝက္ခယဉာဏ် မည်ကြောင်း အခြင်းအရာ ၆၄ ပါး
ဣန္ဒြေသုံးပါးတို့တွင် အနညာတညဿာမီတိန္ဒြေသည် သောတာပတ္တိမဂ်ဟူသော တစ်ဌာနသို့ ရောက်၏၊ အညိန္ဒြေသည် သောတာပတ္တိဖိုလ်၊ သကဒါဂါမိမဂ်၊ သကဒါဂါမိ ဖိုလ်၊ အနာဂါမိမဂ်၊ အနာဂါမိဖိုလ်၊ အရဟတ္တမဂ်ဟူသော ခြောက်ဌာနသို့ ရောက်၏၊ အညာတာဝိန္ဒြေသည် အရဟတ္တဖိုလ်ဟူသော တစ်ဌာနသို့ ရောက်၏၊
သဒ္ဓိန္ဒြေ၊
၂။ ဝီရိယန္ဒြေ၊
၃။ သတိန္ဒြေ၊
၄။ သမာဓိန္ဒြေ၊
၅။ ပညိန္ဒြေ၊
၆။ မနိန္ဒြေ၊
၇။ သောမနဿိန္ဒြေ၊
၈။ ဇီဝိတိန္ဒြေအားဖြင့် သောတာပတ္တိမဂ်ခဏ၌ အနညာတနညဿာမီတိန္ဒြေ၏ အခြံအရံ ဣန္ဒြေ ရှစ်ပါး၊ အလားတူ အညိန္ဒြေ၏ သောတာပတ္တိဖိုလ်ခဏ၌ အထက်ပါ ဣန္ဒြေ (၈) ပါး၊ သကဒါဂါမိမဂ်ခဏ၌ (၈) ပါး၊ သကဒါဂါမိဖိုလ်ခဏ၌ (၈) ပါး၊ အနာဂါမိမဂ်ခဏ၌ (၈) ပါး၊ အနာဂါမိဖိုလ်ခဏ၌ (၈) ပါး၊ အရဟတ္တမဂ်ခဏ၌ (၈) ပါး၊ အလားတူ အညာတာဝိန္ဒြေ၏ အရဟတ္တဖိုလ်ခဏ၌ (၈) ပါး (ဤသို့အားဖြင့် မဂ်ခဏလေးပါး၊ ဖိုလ်ခဏလေးပါးတို့တွင် တစ်ပါးစီ၌ ဣန္ဒြေ (၈) ပါးစီ ရသောကြောင့် မဂ်ဖိုလ် ၈ ပါး၌၊ ဣန္ဒြေ (၆၄) ပါး ဖြစ်သတည်း) ။ (ပဋိသံ၊၂၂၆-၂၂၇။) (ပဋိသံ၊မြန်။၂၇၉။)♦
ဣရိယာပုတ် ဟူသော စက် ၄ မျိုး
၁။ သွားခြင်း၊
၂။ ရပ်ခြင်း၊
၃။ ထိုင်ခြင်း၊
၄။ အိပ်ခြင်း။ (သာရတ္ထ၊ဋီ၊၂၊၂၇၉။)♦
ဣဿရိယ၂ မျိုး
၁။ လောကိယဣဿရိယ- မင်း၏ အစိုးရခြင်း, လောကီဈာန်အဘိညာဉ်ကို ဖြစ်စေနိုင်သော စိတ်ကို အစိုးရခြင်း၊
၂။ လောကုတ္တရဣဿရိယ- မဂ်ဖိုလ်ကို ရခြင်းလျှင် အကြောင်းရှိသော နိရောဓကို အစိုးရခြင်း။ (ဥဒါန၊ဋ္ဌ၊၁၄၂။)♦
ဥက္ကောဋနသိက္ခာပုဒ်၌ အင်္ဂါ ၃ မျိုး
၁။ တရားနည်းလမ်းအတိုင်း နှိမ်နင်းအပ်ပြီးသော အဓိကရုဏ်း ဖြစ်ခြင်း၊
၂။ သိခြင်း၊
၃။ လှုပ်ရှားစေခြင်း။ (သာရတ္ထ၊ဋီ၊၃၊၈၃။) (ဝိမတိ၊၂၊၄၆။)♦
ဥက္ခိတ္တက ရဟန်း၏ အင်္ဂါ ၃ ပါး
၁။ အာပတ်ကို မရှုခြင်း၊
၂။ အာပတ်ကို မကုစားခြင်း၊
၃။ ယုတ်မာသော အယူကို မစွန့်ခြင်း။ (ဝိ၊၂၊၂၉၈။) (ဝိ၊မြန်၊၂။၃၃၈။)♦
ဥက္ခိတ္တသမ္ဘောဂ သိက္ခာပုဒ်၌ အင်္ဂါ ၂ ပါး
၁။ မပြုရသေးသော ဩသာရဏကံရှိသူ ဖြစ်ခြင်း၊
၂။ ထိုသို့ သိလျက် အတူတကွ သုံးဆောင်ခြင်း အစရှိသော အမှုကို ပြုခြင်း။ (ဝိမတိ၊၂၊၄၉။)♦
ဥက္ခိတ္တသမ္ဘောဂ သိက္ခာပုဒ်၌ အင်္ဂါ ၃ မျိုး
၁။ မပြုအပ်သေးသော ဩသာရဏကံရှိသူ ဖြစ်ခြင်း၊
၂။ သိခြင်း၊
၃။ အမိသသမ္ဘောဂ ဓမ္မသမ္ဘောဂ စသည်ကို ပြုခြင်း။ (သာရတ္ထ၊ဋီ၊၃၊၈၉။)♦
ဥက္ခေပနီယကံ ၁၂ ပါး (တစ်နည်း) (အာပတ်ကို မရှုခြင်းကြောင့် နှင်ထုတ်အပ်သော တရားသော ဥက္ခေပနီယကံ ၁၂ ပါး)
၁။ မျက်မှောက်၌ ပြုလုပ်ခြင်း၊ မေးမြန်း၍ ပြုလုပ်ခြင်း၊ ဝန်ခံသဖြင့် ပြုလုပ်ခြင်း၊
၂။ အာပတ်သင့်သဖြင့် ပြုလုပ်ခြင်း၊ ဒေသနာဂါမ်ဖြစ်သော အာပတ်ဖြင့် ပြုလုပ်ခြင်း၊ ဒေသနာမကြားရသေးသော အာပတ်ဖြင့် ပြုလုပ်ခြင်း၊
၃။ စောဒနာ၍ ပြုလုပ်ခြင်း၊ အောက်မေ့စေ၍ ပြုလုပ်ခြင်း၊ အာပတ်သို့ တင်၍ ပြုလုပ်ခြင်း၊
၄။ မျက်မှောက်၌ ပြုလုပ်ခြင်း၊ တရားသဖြင့် ပြုလုပ်ခြင်း၊ ညီညွတ်သဖြင့် ပြုလုပ်ခြင်း၊
၅။ မေးမြန်း၍ ပြုလုပ်ခြင်း၊ တရားသဖြင့် ပြုလုပ်ခြင်း၊ ညီညွတ်သဖြင့် ပြုလုပ်ခြင်း၊
၆။ ဝန်ခံသဖြင့် ပြုလုပ်ခြင်း၊ တရားသဖြင့် ပြုလုပ်ခြင်း၊ ညီညွတ်သဖြင့် ပြုလုပ်ခြင်း၊
၇။ အာပတ်သင့်သဖြင့် ပြုလုပ်ခြင်း၊ တရားသဖြင့် ပြုလုပ်ခြင်း၊ ညီညွတ်သဖြင့် ပြုလုပ်ခြင်း၊
၈။ ဒေသနာဂါမ် ဖြစ်သော အာပတ်ဖြင့် ပြုလုပ်ခြင်း၊ တရားသဖြင့် ပြုလုပ်ခြင်း၊ ညီညွတ်သဖြင့် ပြုလုပ်ခြင်း၊
၉။ ဒေသနာမကြားရသေးသော အာပတ်ဖြင့် ပြုလုပ်ခြင်း၊ တရားသဖြင့် ပြုလုပ်ခြင်း၊ ညီညွတ် သဖြင့် ပြုလုပ်ခြင်း၊
၁၀။ စောဒနာ၍ ပြုလုပ်ခြင်း၊ တရားသဖြင့် ပြုလုပ်ခြင်း၊ ညီညွတ် သဖြင့် ပြုလုပ်ခြင်း၊
၁၁။ အောက်မေ့စေ၍ ပြုလုပ်ခြင်း၊ တရားသဖြင့် ပြုလုပ်ခြင်း၊ ညီညွတ်သဖြင့် ပြုလုပ်ခြင်း၊
၁၂။ အာပတ်သို့ တင်၍ ပြုလုပ်ခြင်း၊ တရားသဖြင့် ပြုလုပ်ခြင်း၊ ညီညွတ်သဖြင့် ပြုလုပ်ခြင်း။ (ဝိ၊၄၊၅၀။) (ဝိ၊၄၊၆၁။) (ဝိ၊၄၊၇၂။) (ဝိ၊မြန်၊၄။၄၇။) (ဝိ၊မြန်၊၄။၅၇။) (ဝိ၊မြန်၊၄။၆၇-၆၈။)♦
ဥက္ခေပနီယကံ ၁၂ ပါး (အာပတ်ကို မရှုခြင်းကြောင့် နှင်ထုတ်အပ်သော မတရားသော ဥက္ခေပနီယကံ ၁၂ ပါး)
၁။ မျက်ကွယ်၌ ပြုလုပ်ခြင်း၊ မမေးမြန်းဘဲ ပြုလုပ်ခြင်း၊ ဝန်မခံဘဲ ပြုလုပ်ခြင်း၊
၂။ အာပတ်မသင့်ဘဲ ပြုလုပ်ခြင်း၊ ဒေသနာဂါမ်မဟုတ်သော အာပတ်ဖြင့် ပြုလုပ်ခြင်း၊ ဒေသနာကြားပြီးသော အာပတ်ဖြင့် ပြုလုပ်ခြင်း၊
၃။ မစောဒနာဘဲ ပြုလုပ်ခြင်း၊ မအောက်မေ့ဘဲ ပြုလုပ်ခြင်း၊ အာပတ်သို့ မတင်ဘဲ ပြုလုပ်ခြင်း၊
၄။ မျက်ကွယ်၌ ပြုလုပ်ခြင်း၊ မတရားသဖြင့် ပြုလုပ်ခြင်း၊ မညီမညွတ် တကွဲတပြားစီ ပြုလုပ်ခြင်း၊
၅။ မမေးမြန်းဘဲ ပြုလုပ်ခြင်း၊ မတရားသဖြင့် ပြုလုပ်ခြင်း၊ မညီမညွတ် တကွဲတပြားစီ ပြုလုပ်ခြင်း၊
၆။ ဝန်မခံ၍ ပြုလုပ်ခြင်း၊ မတရားသဖြင့် ပြုလုပ်ခြင်း၊ မညီမညွတ် တကွဲတပြားစီ ပြုလုပ်ခြင်း၊
၇။ အာပတ်မသင့်ဘဲ ပြုလုပ်ခြင်း၊ မတရားသဖြင့် ပြုလုပ်ခြင်း၊ မညီမညွတ် တကွဲတပြားစီ ပြုလုပ်ခြင်း၊
၈။ ဒေသနာဂါမ်မဟုတ်သော အာပတ်ဖြင့် ပြုလုပ်ခြင်း၊ မတရား သဖြင့် ပြုလုပ်ခြင်း၊ မညီမညွတ် တကွဲတပြားစီ ပြုလုပ်ခြင်း၊
၉။ ဒေသနာကြား ပြီးသော အာပတ်ဖြင့် ပြုလုပ်ခြင်း၊ မတရားသဖြင့် ပြုလုပ်ခြင်း၊ မညီမညွတ် တကွဲတပြားစီ ပြုလုပ်ခြင်း၊
၁၀။ မစောဒနာဘဲ ပြုလုပ်ခြင်း၊ မတရားသဖြင့် ပြုလုပ်ခြင်း၊ မညီမညွတ် တကွဲတပြားစီ ပြုလုပ်ခြင်း၊
၁၁။ မအောက်မေ့စေဘဲ ပြုလုပ်ခြင်း၊ မတရားသဖြင့် ပြုလုပ်ခြင်း၊ မညီမညွတ် တကွဲတပြားစီ ပြုလုပ်ခြင်း၊
၁၂။ အာပတ်သို့ မတင်ဘဲ ပြုလုပ်ခြင်း၊ မတရားသဖြင့် ပြုလုပ်ခြင်း၊ မညီမညွတ် တကွဲတပြားစီ ပြုလုပ်ခြင်း။ (ဝိ၊၄၊၄၉။) (ဝိ၊၄၊၆၀။) (ဝိ၊၄၊၇၁။) (ဝိ၊မြန်၊၄။၄၆-၄၇။) (ဝိ၊မြန်၊၄။၅၆။) (ဝိ၊မြန်၊၄။၆၇။)♦
ဥက္ခေပနီယကံ ကျင့်ဝတ် ၄၃ ပါး (အာပတ်ကို မကုစားခြင်းကြောင့် နှင်ထုတ်အပ်သော ဥက္ခေပနီယကံ ကျင့်ဝတ် ၄၃ ပါး)
ဥက္ခေပနီယကံ၌ ကျင့်ဝတ် ၄၃ ပါးနှင့် တူသည်။ ♦
ဥက္ခေပနီယကံ ငြိမ်းအေးခြင်း၏ စလယ်ဆုံး ၃ ပါး
နိဿယကံ ငြိမ်းအေးခြင်း၏ စလယ်ဆုံး ၃ ပါး၊ ပဗ္ဗာဇနီယကံ ငြိမ်းအေးခြင်း၏ စလယ်ဆုံး ၃ ပါး နှင့် ပဋိသာရဏီယကံ ငြိမ်းအေးခြင်း၏ စလယ်ဆုံး ၃ ပါးတို့နှင့် တူသည်။ ♦
ဥက္ခေပနီယကံ ပြုလိုက ပြုနိုင်သော အကြောင်း ၆ ပါး
၁။ မျက်ကွယ် မျက်မှောက်၌ ငြင်းခုံလျက် သံဃာ၌ အဓိကရုဏ်းကို ပြုလုပ်ခြင်း၊ အာပတ်များပြား၍ အပိုင်းအခြားမရှိသူ ဖြစ်ခြင်း၊ လူတို့နှင့် ရောယှက်နေထိုင်ခြင်း၊
၂။ မြင့်မြတ်သော သီလအရာ၌ သီလပျက်စီးခြင်း၊ အကျင့်အရာ၌ အကျင့်ပျက်စီးခြင်း၊ အယူဝါဒအရာ၌ အယူဝါဒပျက်စီးခြင်း၊
၃။ ဘုရားရှင်၏ ကျေးဇူးမဲ့ကို ပြောဆိုခြင်း၊ တရားတော်၏ ကျေးဇူးမဲ့ကို ပြောဆိုခြင်း၊ သံဃာတော်၏ ကျေးဇူးမဲ့ကို ပြောဆိုခြင်း၊
၄။ ရဟန်းတစ်မျိုးသည် မျက်မှောက် မျက်ကွယ်၌ ငြင်းခုံလျက် သံဃာ၌ အဓိကရုဏ်းကို ပြုလုပ်တတ်ခြင်း၊ အာပတ်များပြား၍ အပိုင်းအခြားမရှိသူ ဖြစ်ခြင်း၊ လူတို့နှင့် ရောယှက်နေထိုင်ခြင်း၊
၅။ မြင့်မြတ်သော သီလအရာ၌ သီလပျက်စီးခြင်း၊ အကျင့်အရာ၌ အကျင့်ပျက်စီးခြင်း၊ အယူဝါဒအရာ၌ အယူဝါဒပျက်စီးခြင်း၊
၆။ ဘုရားရှင်၏ ကျေးဇူးမဲ့ကို ပြောဆိုခြင်း၊ တရားတော်၏ ကျေးဇူးမဲ့ကို ပြောဆိုခြင်း၊ သံဃာတော်၏ ကျေးဇူးမဲ့ကို ပြောဆိုခြင်း။ (ဝိ၊၄၊၅၁။) (ဝိ၊၄၊၆၂။) (ဝိ၊၄၊၇၃။) (ဝိ၊မြန်၊၄။၄၈။) (ဝိ၊မြန်၊၄။၅၇-၅၈။) (ဝိ၊မြန်၊၄။၆၈-၆၉။)♦
ဥက္ခေပနီယကံ ပြုလိုက ပြုနိုင်သော အကြောင်း ၆ ပါး (အာပတ်ကို မကုစားခြင်းကြောင့် နှင်ထုတ် အပ်သော ဥက္ခေပနီယကံ ပြုလိုက ပြုနိုင်သော အကြောင်း ၆ ပါး)
အာပတ်ကို မရှုခြင်းကြောင့် နှင်ထုတ်အပ်သော ဥက္ခေပနီယကံ ပြုလိုက ပြုနိုင်သော အကြောင်း ၆ ပါးနှင့် တူ၏။ ♦
ဥက္ခေပနီယကံ ပြုလိုက ပြုနိုင်သောအကြောင်း ၆ ပါး (ယုတ်မာသော အယူကို မစွန့် ခြင်းကြောင့် နှင်ထုတ်အပ်သော ဥက္ခေပနီယကံ ပြုလိုက ပြုနိုင်သော အကြောင်း ၆ ပါး)
အာပတ်ကို မရှုခြင်းကြောင့် နှင်ထုတ်အပ်သော ဥက္ခေပနီယကံပြုလိုက ပြုနိုင်သော အကြောင်း ၆ ပါးနှင့် တူ၏။ ♦
ဥက္ခေပနီယကံ၌ ကျင့်ဝတ် ၄၃ ပါး
၁။ ဥပဇ္ဈာယ်ဆရာ ပြုလုပ်၍ ရဟန်းခံ မပေးရခြင်း၊
၂။ နိဿယည်း မပေးရခြင်း၊
၃။ သာမဏေကို မပြုစုမလုပ်ကျွေးစေရခြင်း၊
၄။ ရဟန်းမတို့အား ဆုံးမရန် သမုတ်ခြင်းကို မသာယာရခြင်း၊
၅။ ဩဝါဒသမ္မုတိရသော်လည်း ရဟန်းမတို့ကို မဆုံးမရခြင်း၊
၆။ ဥက္ခေပနီယကံပြုကြောင်း အာပတ်သို့ မလားရောက်ရခြင်း၊
၇။ အလားတူ ဖြစ်သော အခြားအာပတ်သို့လည်း မလားရောက်ရခြင်း၊
၈။ ထို့ထက် ရုန့်ရုင်းကြမ်းတမ်းသော အာပတ်သို့လည်း မလားရောက်ရခြင်း၊
၉။ ဥက္ခေပနီယကံကို မကဲ့ရဲ့ရခြင်း၊
၁၀။ ဥက္ခေပနီယကံ ပြုသော ရဟန်းတို့ကို မကဲ့ရဲ့ရခြင်း၊
၁၁။ ပကတတ်ရဟန်း၏ ရှိခိုး ခြင်းကို မသာယာရခြင်း၊
၁၂။ ပကတတ်ရဟန်း၏ ခရီးဦးကြိုဆိုခြင်းကို မသာယာရခြင်း၊
၁၃။ လက်အုပ်ချီခြင်းကို မသာယာရခြင်း၊
၁၄။ အရိုအသေပြုခြင်းကို မသာယာရခြင်း၊
၁၅။ နေရာခင်းပေးခြင်းကို မသာယာခြင်း၊
၁၆။ အိပ်ရာခင်းပေးခြင်းကို မသာယာရခြင်း၊
၁၇။ ခြေဆေးရေ တည်ထားခြင်းကို မသာယာခြင်း၊
၁၈။ ခြေဆေးအင်းပျဉ်နှင့် ခြေပွတ် အိုးခြမ်းထားခြင်းကို မသာယာရခြင်း၊
၁၉။ သပိတ်သင်္ကန်း လှမ်းယူခြင်းကို မသာယာရခြင်း၊
၂၀။ ရေချိုးရာ၌ ကျောက်ကုန်းကို ကြေးတွန်းကြေးပွတ်ပေးခြင်းကို မသာယာရခြင်း၊
၂၁။ ပကတတ်ရဟန်း၏ သီလပျက်စီးမှုကို မစွပ်စွဲရခြင်း၊
၂၂။ ပကတတ်ရဟန်း၏ အကျင့် ပျက်စီးမှုကို မစွပ်စွဲရခြင်း၊
၂၃။ ပကတတ်ရဟန်းကို အယူပျက်စီးမှုဖြင့် မစွပ်စွဲရခြင်း၊
၂၄။ ပကတတ်ရဟန်းကို အသက်မွေးခြင်း ပျက်စီးမှုဖြင့် မစွပ်စွဲရခြင်း၊
၂၅။ ရဟန်း အချင်းချင်း ကွဲပြားအောင် မပြုလုပ်ရခြင်း၊
၂၆။ လူတို့၏ တံခွန်ဖြစ်သော အဝတ်ကို မဆောင်ရခြင်း၊
၂၇။ တိတ္ထိတို့၏ တံခွန်ဖြစ်သော အဝတ်ကို မဆောင်ရခြင်း၊
၂၈။ တိတ္ထိတို့ကို မမှီဝဲမဆည်းကပ်ရခြင်း၊
၂၉။ ရဟန်းတို့ကိုသာ မှီဝဲဆည်းကပ်ရခြင်း၊
၃၀။ ရဟန်းကျင့်ဝတ်၌ ကျင့်ရခြင်း၊
၃၁။ ပကတတ်ရဟန်းတို့နှင့် တစ်မိုးတည်းသော ကျောင်း၌ မနေရခြင်း၊
၃၂။ တစ်မိုးတည်းသော ဇရပ်,တန်ဆောင်းစသည်၌ မနေရခြင်း၊
၃၃။ တစ်မိုးတည်းသော ကျောင်း၌လည်းကောင်း၊ ဇရပ်,တန်ဆောင်းစသည်၌လည်းကောင်း မနေရခြင်း၊
၃၄။ ပကတတ် ရဟန်းကို မြင်လျှင် နေရာမှ ထရခြင်း၊
၃၅။ ပကတတ်ရဟန်းကို ကျောင်းတွင်း၌ လည်းကောင်း၊ ကျောင်းပြင်၌လည်းကောင်း မချုပ်ချယ်ရခြင်း၊
၃၆။ ပကတတ်ရဟန်း၏ ဥပုသ်ကို ဆိုင်းငံ့မထားရခြင်း၊
၃၇။ ပဝါရဏာကို ဆိုင်းငံ့မထားရခြင်း၊
၃၈။ ဆုံးမမှုကို မပြုလုပ်ရခြင်း၊
၃၉။ အကြီးအမှူးအရာကို မယူရခြင်း၊
၄၀။ အခွင့်ရေး မတောင်းဆိုရခြင်း၊
၄၁။ မစောဒနာ ရခြင်း (အပြစ်မတင်ရခြင်း)၊
၄၂။ မအောက်မေ့စေရခြင်း၊
၄၃။ ပကတတ်ရဟန်းတို့နှင့် မရောယှက်ရခြင်း။ (ဝိ၊၄၊၅၂။) (ဝိ၊၄၊၇၅။) (ဝိ၊မြန်၊၄။၄၉။) (ဝိ၊မြန်၊၄။၆၉။)♦
ဥက္ခေပနီယကံ၌ ကျင့်ဝတ် ၄၃ ပါး (ယုတ်မာသော အယူကို မစွန့်ခြင်းကြောင့် နှင်ထုတ်အပ်သော ဥက္ခေပနီယကံ၌ ကျင့်ဝတ် ၄၃ ပါး)
အာပတ်ကို မရှုခြင်းကြောင့် နှင်ထုတ်အပ်သော ဥက္ခေပနီယကံ၌ ကျင့်ဝတ် ၄၃ပါးနှင့် တူ၏။ ♦
ဥက္ခေပနီယကံ၌ တရားသော ဝိနည်းကံ ၁၂ ပါး (ယုတ်မာသော အယူကို မစွန့်ခြင်းကြောင့် နှင်ထုတ်အပ်သော ဥက္ခေပနီယကံ၌ တရားသော ဝိနည်းကံ ၁၂ ပါး)
အာပတ်ကို မရှု ခြင်းကြောင့် နှင်ထုတ်အပ်သော ဥက္ခေပနီယကံ၌ တရားသော ဝိနည်းကံ ၁၂ ပါးနှင့် တူ၏။ ♦
ဥက္ခေပနီယကံ၌ တရားသော ဝိနည်းကံ ၁၂ ပါး (အာပတ်ကို မကုစားခြင်းကြောင့် နှင်ထုတ်အပ်သော ဥက္ခေပနီယကံ၌ တရားသော ဝိနည်းကံ ၁၂ ပါး)
အာပတ်ကို မရှုခြင်းကြောင့် နှင်ထုတ် အပ်သော တရားသော ဥက္ခေပနီယကံ အင်္ဂါ ၁၂ ပါးနှင့် တူ၏။ ♦
ဥက္ခေပနီယကံ၌ မတရားသော ဝိနည်းကံ ၁၂ ပါး (ယုတ်မာသော အယူကို မစွန့်ခြင်းကြောင့် နှင်ထုတ်အပ်သော ဥက္ခေပနီယကံ၌ မတရားသော ဝိနည်းကံ ၁၂ ပါး)
အာပတ်ကို မရှု ခြင်းကြောင့် နှင်ထုတ်အပ်သော ဥက္ခေပနီယကံ၌ မတရားသော ဝိနည်းကံ ၁၂ ပါးနှင့် တူ၏။ ♦
ဥက္ခေပနီယကံ၌ မတရားသော ဝိနည်းကံ ၁၂ ပါး (အာပတ်ကို မကုစားခြင်းကြောင့် နှင်ထုတ် အပ်သော ဥက္ခေပနီယကံ၌ မတရားသော ဝိနည်းကံ ၁၂ ပါး)
အာပတ်ကို မရှုခြင်းကြောင့် နှင်ထုတ်အပ်သော မတရားသော ဥက္ခေပနီယကံ အင်္ဂါ ၁၂ ပါးနှင့် တူ၏။ ♦
ဥက္ခေပနီယကံကို ငြိမ်းစေသော အကြောင်း ၄၃ ပါး
၁။ ဥပဇ္ဈာယ်ပြုလုပ်၍ ရဟန်းခံ မပေးခြင်း၊
၂။ နိဿယည်း မပေးခြင်း၊
၃။ သာမဏေကို မပြုစုမလုပ်ကျွေးစေခြင်း၊
၄။ ရဟန်းမတို့အား ဆုံးမရန် သမုတ်ခြင်းကို မသာယာ မနှစ်သက်ခြင်း၊
၅။ ဩဝါဒသမ္မုတိရသဖြင့် ရဟန်းမတို့ကို မဆုံးမခြင်း၊
၆။ ဥက္ခေပနီယကံပြုကြောင်း အာပတ်သို့ မသင့်ရောက်ခြင်း၊
၇။ အလားတူ ဖြစ်သော အခြားအာပတ်သို့လည်း မသင့်ရောက်ခြင်း၊
၈။ ထို့ထက် ရုန့်ရင်းကြမ်းတမ်းသော အာပတ်သို့လည်း မသင့်ရောက်ခြင်း၊
၉။ ဥက္ခေပနီယကံကို မကဲ့ရဲ့ခြင်း၊
၁၀။ ဥက္ခေပနီယကံ ပြုသော ရဟန်းတို့ကို မကဲ့ရဲ့ခြင်း၊
၁၁။ ပကတတ်ရဟန်း၏ ရှိခိုးခြင်းကို မသာယာခြင်း၊
၁၂။ ပကတတ်ရဟန်း၏ ခရီးဦးကြိုခြင်းကို မသာယာခြင်း၊
၁၃။ ပကတတ် ရဟန်း၏ လက်အုပ်ချီခြင်းကို မသာယာခြင်း၊
၁၄။ ပကတတ်ရဟန်း၏ အရိုအသေပြုခြင်းကို မသာယာခြင်း၊
၁၅။ ပကတတ်ရဟန်း၏ နေရာခင်းပေးခြင်းကို မသာယာခြင်း၊
၁၆။ ပကတတ် ရဟန်း၏ အိပ်ရာခင်းပေးခြင်းကို မသာယာခြင်း၊
၁၇။ ပကတတ်ရဟန်း၏ ခြေဆေးရေ တည်ထားပေးခြင်းကို မသာယာခြင်း၊
၁၈။ ခြေဆေးအင်းပျဉ်နှင့် ခြေပွတ်အိုးခြမ်း ထားခြင်းကို မသာယာခြင်း၊
၁၉။ သပိတ်သင်္ကန်း လှမ်းယူခြင်းကို မသာယာခြင်း၊
၂၀။ ရေချိုးရာ၌ ကျောက်ကုန်းကို ကြေးတွန်းကြေးပွတ်ပေးခြင်းကို မသာယာခြင်း၊
၂၁။ ပကတတ်ရဟန်း၏ သီလပျက်စီးခြင်းဖြင့် မစွပ်စွဲခြင်း၊
၂၂။ အကျင့်ပျက်စီးခြင်းဖြင့် မစွပ်စွဲခြင်း၊
၂၃။ အယူပျက်စီး ခြင်းဖြင့် မစွပ်စွဲခြင်း၊
၂၄။ အသက်မွေးမှု ပျက်စီးခြင်းဖြင့် မစွပ်စွဲခြင်း၊
၂၅။ ရဟန်း အချင်းချင်း မကွဲပြားစေခြင်း (ကုန်းမတိုက်ခြင်း)၊
၂၆။ လူတို့၏ တံခွန်ဖြစ်သော အဝတ်ကို မဝတ်ခြင်း၊
၂၇။ တိတ္ထိတို့၏ တံခွန်ဖြစ်သော အဝတ်ကို မဝတ်ခြင်း၊
၂၈။ တိတ္ထိတို့ကို မမှီဝဲ မဆည်းကပ်ခြင်း၊
၂၉။ ရဟန်းတို့ကို မှီဝဲဆည်းကပ်ခြင်း၊
၃၀။ ရဟန်းကျင့်ဝတ်၌ ကျင့်ခြင်း၊
၃၁။ ပကတတ်ရဟန်းတို့နှင့် အတူ တစ်မိုးတည်းသော ကျောင်း၌ မနေခြင်း၊
၃၂။ တစ်မိုးတည်းသော ဇရပ်တန်ဆောင်းစသည်၌ မနေခြင်း၊
၃၃။ တစ်မိုးတည်းသော ကျောင်း၌ လည်းကောင်း၊ ဇရပ်,တန်ဆောင်းစသည်၌လည်းကောင်း မနေခြင်း၊
၃၄။ ပကတတ်ရဟန်းကို မြင်လျှင် နေရာမှ ထခြင်း၊
၃၅။ ပကတတ်ရဟန်းကို ကျောင်းတွင်း၌ လည်းကောင်း၊ ကျောင်းပြင်၌ လည်းကောင်း မချုပ်ချယ်ခြင်း၊
၃၆။ ပကတတ်ရဟန်း၏ ဥပုသ်ကို ဆိုင်းငံ့မထားခြင်း၊
၃၇။ ပဝါရဏာကို ဆိုင်းငံ့မထားခြင်း၊
၃၈။ ဆိုဆုံးမမှုကို မပြုလုပ်ခြင်း၊
၃၉။ အကြီးအမှူး အရာကို မယူခြင်း၊
၄၀။ အခွင့်ရေးမတောင်းခြင်း၊
၄၁။ မစောဒနာခြင်း၊
၄၂။ မအောက်မေ့ စေခြင်း၊
၄၃။ ပကတတ်ရဟန်းတို့နှင့် မရောယှက်ခြင်း။ (ဝိ၊၄၊၅၅။) (ဝိ၊၄၊၆၆။) (ဝိ၊၄၊၇၇။) (ဝိ၊မြန်၊၄။၅၂။) (ဝိ၊မြန်၊၄။၆၁-၆၂။) (ဝိ၊မြန်၊၄။၇၁-၇၂။)♦
ဥက္ခေပနီယကံကို ငြိမ်းစေအပ်သော အကြောင်း ၄၃ ပါး (ယုတ်မာသော အယူကို မစွန့် ခြင်းကြောင့် နှင်ထုတ်အပ်သော ဥက္ခေပနီယကံကို ငြိမ်းစေအပ်သော အကြောင်း ၄၃ ပါး)
အာပတ်ကို မရှုခြင်းကြောင့် နှင်ထုတ်အပ်သော ဥက္ခေပနီယကံကို ငြိမ်းစေအပ်သော အကြောင်း ၄၃ပါးနှင့် တူ၏။ ♦
ဥက္ခေပနီယကံကို ပြုလိုက ပြုနိုင်ကြောင်း အင်္ဂါ ၃ ပါး
၁။ သံဃာ၌ အာပတ်ကို မရှု ခြင်းကြောင့် အဓိကရုဏ်းကို ပြုတတ်ခြင်း၊
၂။ မိုက်မဲ မလိမ္မာ အာပတ်အပိုင်းခြား မရှိခြင်း၊
၃။ အာပတ်သို့ ရောက်၍ အာပတ်ကို ရှုခြင်းငှာ အလိုမရှိခြင်း။ (ဝိ၊၅၊၂၂၀။) (ဝိ၊မြန်၊၅။၃၀၇။)♦
ဥက္ခေပနီယကံကို မငြိမ်းစေသော အကြောင်း ၄၃ ပါး
၁။ ဥပဇ္ဈာယ်ပြုလုပ်၍ ရဟန်းခံပေးခြင်း၊
၂။ နိဿယည်းပေးခြင်း၊
၃။ သာမဏေကို ပြုစုလုပ်ကျွေးစေခြင်း၊
၄။ ရဟန်းမတို့အား ဆုံးမရန် သမုတ်ခြင်းကို သာယာ နှစ်သက်ခြင်း၊
၅။ ဩဝါဒသမ္မုတိရသဖြင့် ရဟန်းမတို့ကို ဆုံးမခြင်း၊
၆။ ဥက္ခေပနီယကံပြုကြောင်း အာပတ်သို့ သင့်ရောက်ခြင်း၊
၇။ အလားတူ ဖြစ်သော အခြားအာပတ်သို့လည်း သင့်ရောက်ခြင်း၊
၈။ ထို့ထက် ရုန့်ရင်းကြမ်းတမ်းသော အာပတ်သို့လည်း သင့်ရောက်ခြင်း၊
၉။ ဥက္ခေပနီယကံကို ကဲ့ရဲ့ခြင်း၊
၁၀။ ဥက္ခေပနီယကံ ပြုသော ရဟန်းတို့ကို ကဲ့ရဲ့ခြင်း၊
၁၁။ ပကတတ်ရဟန်း၏ ရှိခိုးခြင်းကို သာယာခြင်း၊
၁၂။ ခရီးဦးကြိုဆိုခြင်းကို သာယာခြင်း၊
၁၃။ လက်အုပ်ချီခြင်းကို သာယာခြင်း၊
၁၄။ အရိုအသေ ပြုခြင်းကို သာယာခြင်း၊
၁၅။ နေရာခင်းပေးခြင်းကို သာယာခြင်း၊
၁၆။ ပကတတ်ရဟန်း၏ အိပ်ရာခင်းပေးခြင်းကို သာယာခြင်း၊
၁၇။ ခြေဆေးရေ တည်ထားခြင်းကို သာယာခြင်း၊
၁၈။ ခြေဆေးအင်းပျဉ်နှင့် ခြေပွတ်အိုးခြမ်းထားခြင်းကို သာယာခြင်း၊
၁၉။ သပိတ်သင်္ကန်း လှမ်းယူခြင်းကို သာယာခြင်း၊
၂၀။ ရေချိုးရာ၌ ကျောက်ကုန်းကို ကြေးတွန်းကြေးပွတ် ပေးခြင်းကို သာယာခြင်း၊
၂၁။ ပကတတ်ရဟန်း၏ သီလပျက်စီး ခြင်းဖြင့် စွပ်စွဲခြင်း၊
၂၂။ ပကတတ်ရဟန်း၏ အကျင့်ပျက်စီးခြင်းဖြင့် စွပ်စွဲခြင်း၊
၂၃။ ပကတတ် ရဟန်းကို အယူပျက်စီးခြင်းဖြင့် စွပ်စွဲခြင်း၊
၂၄။ အသက်မွေးမှု ပျက်စီးခြင်းဖြင့် စွပ်စွဲခြင်း၊
၂၅။ ရဟန်း အချင်းချင်း ကွဲပြားအောင် ကုန်းတိုက်ခြင်း၊
၂၆။ လူတို့၏ တံခွန်ဖြစ်သော အဝတ်ကို ဆောင်ခြင်း (ဝတ်ခြင်း)၊
၂၇။ တိတ္ထိတို့၏ တံခွန်ဖြစ်သော အဝတ်ကို ဆောင်ခြင်း (ဝတ်ခြင်း)၊
၂၈။ တိတ္ထိ တို့ကို မှီဝဲဆည်းကပ်ခြင်း၊
၂၉။ ရဟန်းတို့ကို မမှီဝဲ မဆည်းကပ်ခြင်း၊
၃၀။ ရဟန်း ကျင့်ဝတ်၌ မကျင့်ခြင်း၊
၃၁။ ပကတတ်ရဟန်းတို့နှင့်အတူ တစ်မိုးတည်းသော ကျောင်း၌ နေခြင်း၊
၃၂။ တစ်မိုးတည်းသော ဇရပ်တန်ဆောင်းစသည်၌ နေခြင်း၊
၃၃။ တစ်မိုးတည်းသော ကျောင်း၌လည်းကောင်း၊ ဇရပ်,တန်ဆောင်းစသည်၌လည်းကောင်း နေခြင်း၊
၃၄။ ပကတတ် ရဟန်းကို မြင်လျှင် နေရာမှ မထခြင်း၊
၃၅။ ပကတတ်ရဟန်းကို ကျောင်းတွင်း၌ လည်းကောင်း၊ ကျောင်းပြင်၌လည်းကောင်း ချုပ်ချယ်ခြင်း၊
၃၆။ ပကတတ်ရဟန်း၏ ဥပုသ်ကို ဆိုင်းငံ့ထားခြင်း၊
၃၇။ ပဝါရဏာကို ဆိုင်းငံ့ထားခြင်း၊
၃၈။ ဆိုဆုံးမမှုကို ပြုလုပ်ခြင်း၊
၃၉။ အကြီးအမှူး အရာကို ယူခြင်း၊
၄၀။ အခွင့်ရေး တောင်းခြင်း၊
၄၁။ စောဒနာခြင်း (အပြစ်တင်ခြင်း)၊
၄၂။ အောက်မေ့စေခြင်း၊
၄၃။ ပကတတ်ရဟန်းတို့နှင့် ရောယှက်ခြင်း။ (ဝိ၊၄၊၅၄။) (ဝိ၊၄၊၆၃။) (ဝိ၊၄၊၆၅။) (ဝိ၊၄၊၇၆။) (ဝိ၊မြန်၊၄။၅၀-၅၁။) (ဝိ၊မြန်၊၄။၅၉။) (ဝိ၊မြန်၊၄။၆၀။) (ဝိ၊မြန်၊၄။၇၀-၇၁။)♦
ဥက္ခေပနီယကံကို မငြိမ်းစေအပ်သော အကြောင်း ၄၃ ပါး (ယုတ်မာသော အယူကို မစွန့်ခြင်းကြောင့် နှင်ထုတ်အပ်သော ဥက္ခေပနီယကံကို မငြိမ်းစေအပ်သော အကြောင်း ၄၃ ပါး)
အာပတ်ကို မရှုခြင်းကြောင့် နှင်ထုတ်အပ်သော ဥက္ခေပနီယကံကို မငြိမ်းစေအပ်သော အကြောင်း ၄၃ပါးနှင့် တူ၏။ ♦
ဥက္ခေပနီယကံကို မငြိမ်းစေအပ်သော အကြောင်း ၄၃ ပါး (အာပတ်ကို မကုစားခြင်းကြောင့် နှင်ထုတ်အပ်သော ဥက္ခေပနီယကံကို မငြိမ်းစေသော အကြောင်း ၄၃ ပါး)
ဥက္ခေပနီယကံကို မငြိမ်းစေအပ်သော အကြောင်း ၄၃ ပါးနှင့် တူသည်။ ♦
ဥဂ္ဃါဋိတညူပုဂ္ဂိုလ် ၂ မျိုး
၁။ ထက်သန်သော ဣန္ဒြေရှိသော ဉာဏ်ဖြင့် ဖွင့်ခွာ၍ မဂ်ဖိုလ်ကို သိမြင်သော (တိက္ခိန္ဒြိယ ဥဂ္ဃါဋိတညူ) ပုဂ္ဂိုလ်၊
၂။ နုံ့သော ဣန္ဒြေရှိသော ဉာဏ်ဖြင့် ဖွင့်ခွာ၍ မဂ်ဖိုလ်ကို သိမြင်သော (မုဒိန္ဒြိယ ဥဂ္ဃါဋိတညူ) ပုဂ္ဂိုလ်။ (ပေဋကော၊၁၈၈။)♦
ဥစ္စာ ၁၆ မျိုး
၁။ သဒ္ဓါဓနံ- သဒ္ဓါတရားတည်းဟူသော ဥစ္စာ၊
၂။ သီလဓနံ- သီလတည်းဟူသော ဥစ္စာ၊
၃။ ဟိရီဓနံ- ဟိရီတည်းဟူသော ဥစ္စာ၊
၄။ ဩတ္တပ္ပဓနံ- ဩတ္တပ္ပတည်းဟူသော ဥစ္စာ၊
၅။ သုတဓနံ-အကြားအမြင် ဗဟုသုတတည်းဟူသော ဥစ္စာ၊
၆။ စာဂဓနံ- ပေးကမ်း စွန့်ကြဲခြင်းတည်းဟူသော ဥစ္စာ၊
၇။ ပညာဓနံ- ပညာတည်းဟူသော ဥစ္စာ၊
၈။ သတိပဋ္ဌာန ဓနံ-သတိပဋ္ဌာန်းတရားတည်းဟူသော ဥစ္စာ၊
၉။ သမ္မပ္ပဓာနဓနံ- သမ္မပ္ပဓာန်တရားတည်း ဟူသော ဥစ္စာ၊
၁၀။ ဣဒ္ဓိပါဒဓနံ- ဣဒ္ဓိပါဒ်တရားတည်းဟူသော ဥစ္စာ၊
၁၁။ ဣန္ဒြိယဓနံ- ဣန္ဒြေငါးပါး တရားတည်းဟူသော ဥစ္စာ၊
၁၂။ ဗလဓနံ- ဗိုလ်ငါးပါးတရားတည်းဟူသော ဥစ္စာ၊
၁၃။ ဗောဇ္ဈင်္ဂဓနံ-ဗောဇ္ဈင်တရား ခုနှစ်ပါးတည်းဟူသော ဥစ္စာ၊
၁၄။ မဂ္ဂဓနံ- မဂ်ဉာဏ် လေးပါးတည်းဟူသော ဥစ္စာ၊
၁၅။ ဖလဓနံ- ဖိုလ် လေးပါးတည်းဟူသော ဥစ္စာ၊
၁၆။ နိဗ္ဗာန ဓနံ- နိဗ္ဗာန် တည်းဟူသော ဥစ္စာ။ (စူဠနိ၊၉၃) (စူဠနိ၊၁၀၂။) (စူဠနိ၊၁၃၂။) (စူဠနိ၊၁၇၂။)♦
ဥစ္စာ ၅ မျိုး
၁။ သဒ္ဓါဥစ္စာ၊
၂။ သီလဥစ္စာ၊
၃။ သုတဥစ္စာ၊
၄။ စာဂဥစ္စာ၊
၅။ ပညာဥစ္စာ။ (အံ၊၂၊၄၆။) (အံ၊မြန်၊၂။၅၇။)♦
ဥစ္စာသယနမဟာသယန ၃ မျိုး
၁။ နတ်၌ ဖြစ်သော မြင့်သောနေရာ, မြတ်သောနေရာ- ဒိဗ္ဗ ဥစ္စာသယနမဟာသယန၊
၂။ ဗြဟ္မာ၌ ဖြစ်သော မြင့်သောနေရာ, မြတ်သောနေရာ- ဗြဟ္မ ဥစ္စာသယနမဟာသယန၊
၃။ အရိယာတို့၏ ဥစ္စာဖြစ်သော မြင့်သောနေရာ, မြတ်သော နေရာ- အရိယ ဥစ္စာသယနမဟာသယန။ (အံ၊၁၊၁၈၂။) (အံ၊မြန်၊၁။၂၀၁။)♦
ဥစ္စာသယနမဟာသယန သရုပ် ၂၀ ပါး
မြင့်သောနေရာ မြတ်သောနေရာ ၂၀ မျိုးနှင့် တူသည်။ ♦
ဥစ္ဆေဒဒိဋ္ဌိ ၇ မျိုး (ပြတ်စဲသည်ဟု ယူသော အယူ)
၁။ အတ္တသည် ဤလူ့ဘဝမှ သေပြီးနောက် လုံးဝပြတ်စဲသည်ဟု ယူသော အယူ၊
၂။ အတ္တသည် ကာမာဝစရနတ်ပြည်၌ စုတိစိတ် ကျပြီးနောက် လုံးဝပြတ်စဲသည်ဟု ယူသော အယူ၊
၃။ အတ္တသည် ဗြဟ္မာ့ဘုံသို့ ရောက်ပြီးနောက် စုတိစိတ်ကျပြီး လုံးဝပြတ်စဲသည်ဟု ယူသော အယူ၊
၄။ အတ္တသည် အာကာသာနဉ္စာယတန ဗြဟ္မာ့ဘုံရောက်ပြီးမှ လုံးဝပြတ်စဲသည်ဟု ယူသော အယူ၊
၅။ အတ္တသည် ဝိညာဏဉ္စာ ယတနဗြဟ္မာ့ဘုံသို့ ရောက်ပြီးမှ လုံးဝပြတ်စဲသည်ဟု ယူသော အယူ၊
၆။ အတ္တသည် အာကိဉ္စညာယတနဗြဟ္မာ့ဘုံသို့ ရောက်ပြီးမှ လုံးဝပြတ်စဲသည်ဟု ယူသော အယူ၊
၇။ အတ္တသည် နေဝသညာနာသညာယတနဗြဟ္မာဘုံသို့ ရောက်ပြီးမှ လုံးဝ ပြတ်စဲသည်ဟု ယူသော အယူ၊ (ဒီ၊၁၊၃၀၊၃၃။) (ဒီ၊မြန်၊၁။၃၆။)♦
ဥစ္ဆေဒဒိဋ္ဌိကို ယူသော ပုဂ္ဂိုလ် ၂ မျိုး
၁။ ဒိဗ္ဗစက္ခုအဘိညာဉ်ကို ရရှိသော ပုဂ္ဂိုလ်၊
၂။ ဒိဗ္ဗစက္ခု အဘိညာဉ်ကို မရရှိသော ပုဂ္ဂိုလ်။ (ဒီ၊ဋ္ဌ၊၁၊၁၁၀။) (ဒီ၊ဋ္ဌ၊မြန်၊၁။၂၁၄။)♦
ဥစ္ဆေဒဒိဋ္ဌိဖြင့် နှလုံးသွင်းပုံ ၅ မျိုး
၁။ ပုထုဇဉ်ပုဂ္ဂိုလ်သည် ရုပ်ကို အတ္တအဖြစ် အဖန်ဖန် ရှု၏၊
၂။ ပုထုဇဉ်ပုဂ္ဂိုလ်သည် ဝေဒနာကို အတ္တအဖြစ် အဖန်ဖန်ရှု၏၊
၃။ ပုထုဇဉ်ပုဂ္ဂိုလ်သည် သညာကို အတ္တအဖြစ် အဖန်ဖန်ရှု၏၊
၄။ ပုထုဇဉ်ပုဂ္ဂိုလ်သည် သင်္ခါရတို့ကို အတ္တအဖြစ် အဖန်ဖန်ရှု၏၊
၅။ ပုထုဇဉ်ပုဂ္ဂိုလ်သည် ဝိညာဏ်ကို အတ္တအဖြစ် အဖန်ဖန်ရှု၏။ (ပဋိသံ၊၁၄၈။) (ပဋိသံ၊ မြန်။၁၉၁-၁၉၂။)♦
ဥဇ္ဈာပနကသိက္ခာပုဒ်၌ အင်္ဂါ ၆ မျိုး
၁။ ဓမ္မကံဖြင့် သမ္မုတိရထားသူ ဖြစ်ခြင်း၊
၂။ ရဟန်း ဖြစ်ခြင်း၊
၃။ အဂတိလိုက်မှု မရှိခြင်း၊
၄။ ထိုသမ္မုတိရသော ရဟန်းအား ကဲ့ရဲ့လိုသူ ဖြစ်ခြင်း၊
၅။ အကြင်သူ၏ အထံ၌ ပြော၏၊ ထိုသူသည် ရဟန်း ဖြစ်ခြင်း၊
၆။ ကဲ့ရဲ့ပြောဆိုခြင်း, အပြစ်ကို ပြကာ ရှုတ်ချပြောဆိုခြင်း။ (သာရတ္ထ၊ဋီ၊၃၊၂၅။) (ဝိမတိ၊၂၊၁၄။)♦
ဥဏှီသီသဟု ဆိုရကြောင်း (ဘုရားရှင်သည် သင်းကျစ်ဆောင်းသကဲ့သို့သော ဦးခေါင်းရှိ၏ ဟူသော စကားကို ဆိုရခြင်း အကြောင်း ၂ မျိုး)
၁။ ဘုရားရှင်အား ပြည့်သော နဖူးတော် ရှိခြင်း၊
၂။ ဘုရားရှင်အား ပြည့်သော ဦးခေါင်းတော်ရှိခြင်း။ (မ၊ဋ္ဌ၊၃၊၂၆၄။)♦
ဥတု ၂ မျိုး
၁။ သီတဥတု၊
၂။ ဥဏှဥတု။ (ဝိသုဒ္ဓိ၊၂၊၂၅၁။)♦
ဥတု စိတ် အာဟာရ တို့ကြောင့် ဖြစ်ပေါ်သော ရုပ် ၃ မျိုး
၁။ ရုပ်၏ လျင်မြန်ပေါ့ပါးသည်၏ အဖြစ်၊
၂။ ရုပ်၏ နူးညံ့သည်၏ အဖြစ်၊
၃။ ရုပ်၏ ခံ့ကျန်းသည်၏ အဖြစ်။ (မ၊ဋီ၊၂၊၁၉၅။)♦
ဥတု စိတ်တို့ကြောင့် ဖြစ်သော ရုပ် ၁ မျိုး
၁။ သဒ္ဒရုပ်။ (မ၊ဋီ၊၂၊၁၉၅။)♦
ဥတုသမုဋ္ဌာန်ရုပ် ၁၅ ပါး
၁။ သဒ္ဒနဝကရုပ် (၉) ပါး၊
၂။ အာကာသဓာတ် (၁) ပါး၊
၃။ လဟုတာ ရုပ် (၁) ပါး၊
၄။ မုဒုတာရုပ် (၁) ပါး၊
၅။ ကမ္မညတာရုပ် (၁) ပါး၊
၆။ ဥပစယရုပ် (၁) ပါး၊
၇။ သန္တတိရုပ် (၁) ပါး ပေါင်း (၁၅) ပါး။ (ဝိသုဒ္ဓိ၊၂၊၂၅၂။)♦
ဥတေနမင်း၏ မိဖုရား ၃ ပါး
၁။ သာမာဝတီ၊
၂။ ဝါသုလဒတ္တ၊
၃။ မာဂဏ္ဍီ။ (ဓမ္မ၊ဋ္ဌ၊၁၊၁၃၇။)♦
ဥဒါန်း၌ ဝဂ် ၈ မျိုး
၁။ ဗောဓိဝဂ်၊
၂။ မုစလိန္ဒဝဂ်၊
၃။ နန္ဒဝဂ်၊
၄။ မေဃိယဝဂ်၊
၅။ သောဏဝဂ်၊
၆။ ဇစ္စန္ဓဝဂ်၊
၇။ စူဠဝဂ်၊
၈။ ပါဋလိဂါမိယဝဂ်။ (ဥဒါန၊ဋ္ဌ၊၄။)♦
ဥဒါယိမထေရ် ၃ ပါး
၁။ လာဠုဒါယိမထေရ်၊
၂။ ကာဠုဒါယိမထေရ်၊
၃။ မဟာဥဒါယိမထေရ်။ (ဒီ၊ဋ္ဌ၊၃၊၈၇။)♦
ဥဒါယီရဟန်းအား ဘုရားရှင် ဟောကြားခဲ့သော ပုဂ္ဂိုလ် ၄ မျိုး
၁။ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ဥပဓိလေးပါးတို့ကို ပယ်ခြင်းငှာ ဥပဓိလေးပါးတို့ကို စွန့်ခြင်းငှာ ကျင့်၏။ ထိုပုဂ္ဂိုလ်ကို ဥပဓိလေးပါးနှင့် စပ်ယှဉ်ကုန်သော ကာမဂုဏ်ကို ကြံစည်တတ်သော ဝိတက် တို့သည် လွှမ်းမိုး၍ ဖြစ်ကုန်၏။ ထိုပုဂ္ဂိုလ်သည် ထိုကာမဝိတက်တို့ကို သာယာ၏။ လက်ခံ၏။ မပယ်စွန့်၊ မပယ်ဖျောက်၊ ကင်းသော အပိုင်းအခြားရှိသည်ကို မပြု၊ တစ်ဖန် မဖြစ်ခြင်းသို့ မရောက်စေနိုင်။ ဤပုဂ္ဂိုလ်ကို ကိလေသာတို့နှင့် ယှဉ်စပ်သော ပုဂ္ဂိုလ်ဟူ၍ ငါဘုရား ဟောတော်မူ၏။ ဤပုဂ္ဂိုလ်ကို ကိလေသာတို့မှ ကင်းသော ပုဂ္ဂိုလ်ဟူ၍ ငါဘုရား ဟောတော်မမူ။ အကြောင်းကား ဤပုဂ္ဂိုလ်၌ ဣန္ဒြေအနုအရင့် အမြတ်အယုတ် အထူးထူး ရှိကြောင်းကို ငါဘုရား သိတော်မူသောကြောင့်တည်း၊
၂။ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ဥပဓိလေးပါးတို့ကို ပယ်ခြင်းငှာ ဥပဓိလေးပါးတို့ကို စွန့်ခြင်းငှာ ကျင့်၏။ ထိုသို့ကျင့်သော ပုဂ္ဂိုလ်ကို ဥပဓိလေးပါးနှင့် စပ်ယှဉ်ကုန်သော ကာမဂုဏ်ကို ကြံစည်တတ်သော အကြံ တို့သည် လွှမ်းမိုး၍ ဖြစ်ကုန်၏။ ထိုပုဂ္ဂိုလ်သည် ထိုကာမအကြံတို့ကို မသာယာ၊ လက်မခံ၊ ပယ်စွန့်၏၊ ပယ်ဖျောက်၏၊ ကင်းသော အပိုင်းအခြား ရှိသည်ကို ပြု၏၊ တစ်ဖန် မဖြစ်ခြင်းသို့ ရောက်စေတတ်၏။ ဤပုဂ္ဂိုလ်ကိုလည်း ကိလေသာတို့နှင့် ယှဉ်စပ်သော ပုဂ္ဂိုလ် ဟူ၍ ငါဘုရား ဟောတော်မူ၏။ ကိလေသာတို့မှ ကင်းသော ပုဂ္ဂိုလ်ဟူ၍ ငါဘုရား ဟောတော်မမူ။ အကြောင်းကား- ဤပုဂ္ဂိုလ်၌ ဣန္ဒြေအနုအရင့် အမြတ်အယုတ် အထူးထူး ရှိသောကြောင့်တည်း၊
၃။ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ဥပဓိလေးပါးတို့ကို ပယ်ခြင်းငှာ ဥပဓိလေးပါးတို့ကို စွန့်ခြင်းငှာ ကျင့်၏။ ထိုသို့ကျင့်သော ပုဂ္ဂိုလ်ကို အချိန်များစွာ သတိပျောက်ပျက် တွေဝေ မိန်းမောခြင်းကြောင့် ဥပဓိလေးပါးနှင့် ယှဉ်စပ်ကုန်သော ကာမဂုဏ်ကို ကြံစည်တတ်သော အကြံတို့သည် လွှမ်းမိုး၍ ဖြစ်ကုန်၏။ သတိဖြစ်ခြင်းသည် နှေးကွေး၏။ စင်စစ်သော်ကား ထိုကာမအကြံ စသည်ကို လျင်စွာသာလျှင် ပယ်စွန့်၏၊ ပယ်ဖျောက်၏၊ ကင်းသော အပိုင်းအခြားရှိသည်ကို ပြု၏၊ တစ်ဖန် မဖြစ်ခြင်းသို့ ရောက်စေ တတ်၏။ ဥပမာကား...ယောကျ်ားသည် တစ်နေ့ပတ်လုံး ပူလောင်သော သံအိုးကင်း၌ ရေပေါက် နှစ်ပေါက်တို့ကိုလည်းကောင်း ရေပေါက် သုံးပေါက်တို့ကိုလည်းကောင်း ချရာ၏။ ရေပေါက်တို့၏ ကျခြင်းသည် နှေး၏။ ထိုသို့ကျရာ၌ ထိုရေပေါက်သည် လျင်စွာသာလျှင် ကုန်ခြင်းသို့ အကြွင်းမဲ့ ခန်းခြောက်ခြင်းသို့ ရောက်ရာသကဲ့သို့တည်း။ ဤပုဂ္ဂိုလ်ကိုလည်း ကိလေသာတို့နှင့် စပ်ယှဉ်သော ပုဂ္ဂိုလ်ဟူ၍ ငါဘုရား ဟောတော်မူ၏။ ကိလေသာတို့မှ ကင်းသော ပုဂ္ဂိုလ်ဟူ၍ ငါဘုရား ဟောတော်မမူ။ အကြောင်းကား ဤပုဂ္ဂိုလ်၌ ဣန္ဒြေတို့၏ အနုအရင့်စသဖြင့် အထူးထူး ရှိနေသောကြောင့်တည်း၊
၄။ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ခန္ဓာဟူသော ဥပဓိသည် ဝဋ်ဆင်းရဲ၏ အကြောင်းရင်းဟူ၍ သိသောကြောင့် ကိလေသာတည်းဟူသော ဥပဓိ မရှိ၊ ကိလေသာတည်းဟူသော ဥပဓိ၏ ကုန်ရာ နိဗ္ဗာန်၌ အာရုံပြုသောအားဖြင့် ကိလေသာတို့မှ လွတ်မြောက်၏။ ဤပုဂ္ဂိုလ်ကို ကိလေသာတို့မှ ကင်းသော ပုဂ္ဂိုလ်ဟူ၍ ငါဘုရား ဟောတော်မူ၏။ ကိလေသာတို့နှင့် စပ်ယှဉ်သော ပုဂ္ဂိုလ် ဟူ၍ ငါဘုရား ဟောတော်မမူ။ အကြောင်းကား ဤပုဂ္ဂိုလ်တို့၌ ဣန္ဒြေတို့၏ အနုအရင့် စသည်ဖြင့် အထူးထူး ရှိနေသောကြောင့်တည်း။ (မ၊၂၊၁၁၆။) (မ၊မြန်၊၂။၁၂၅-၁၂၆။)♦
ဥဒေါသိတသိက္ခာပုဒ်၌ အင်္ဂါ ၄ မျိုး
၁။ အဓိဋ္ဌာန် မတင်ရသေးသော သင်္ကန်း ဖြစ်ခြင်း၊
၂။ ကထိန် မခင်းရသေးခြင်း၊
၃။ သမုတိရသော ရဟန်း မဟုတ်ခြင်း၊
၄။ ညဉ့်အခါ၌ သင်္ကန်းနှင့် ကင်း၍ နေခြင်း။ (သာရတ္ထ၊ဋီ၊၂၊၃၉၆။) (ဝိမတိ၊၁၊၃၂၀။)♦
ဥဒ္ဓစ္စကုက္ကုစ္စ ပယ်ကြောင်းတရား ၆ ပါး
၁။ ဗဟုဿုတတာ- အကြားအမြင်များသူ ဖြစ်ခြင်း၊
၂။ ပရိပုစ္ဆ ကထာ- မေးမြန်းမှုများသူ ဖြစ်ခြင်း၊
၃။ ဝိနယေ ပကတညုတာ- ဝိနည်း၌ ကျွမ်းကျင် လိမ္မာသူ ဖြစ်ခြင်း၊
၄။ ဝုဒ္ဓသေဝိတာ- သက်ကြီးဝါကြီးသူတို့ကို မှီဝဲဆည်းကပ်သူ ဖြစ်ခြင်း၊
၅။ ကလျာဏမိတ္တတာ- မိတ်ကောင်း ရှိသူ ဖြစ်ခြင်း၊
၆။ သပ္ပါယကထာ- လျောက်ပတ်သော စကားကို ပြောဆိုခြင်း။ (ဒီ၊ဋ္ဌ၊၂၊၃၇၁။) (မ၊ဋ္ဌ၊၁၊၂၈၉။) (သံ၊ဋ္ဌ၊၃၊၂၀၃။) (အံ၊ဋ္ဌ၊၁၊၃၉။) (အဘိ၊ဋ္ဌ၊၂၊၂၆၁။) (ဣတိဝုတ်၊ဋ္ဌ၊၃၄၂။) (ဒီ၊ဋ္ဌ၊မြန်၊၂။၆၈၈။)♦
ဥဒ္ဓစ္စကုက္ကုစ္စကို ပယ်ကြောင်းတရား ၆ ပါး (တစ်နည်း)
၁။ ဗဟုဿုတတာ- အကြားအမြင် ဗဟုသုတရှိခြင်း၊
၂။ ပရိပုစ္ဆကထာ- အဖန်ဖန် အထပ်ထပ် မေးမြန်းခြင်း၊
၃။ ဝိနယေ ပကတညုတာ- ဝိနည်းအဆုံးအဖြတ်၌ လိမ္မာကျွမ်းကျင်ခြင်း၊
၄။ အဓိမောက္ခဗဟုလတာ- ယုံကြည်မှု သဒ္ဓါဝိမောက္ခများခြင်း၊
၅။ ကလျာဏမိတ္တတာ- ဆရာသမားကောင်းစသော ကလျာဏမိတ္တရှိခြင်း၊
၆။ သပ္ပါယကထာ- လျောက်ပတ်သော စကားကို ပြောဆိုခြင်း။ (ဒီ၊ဋီ၊၁၊၂၆၁။)♦
ဥဒ္ဓမ္ဘာဂိယသံယောဇဉ် ၅ ပါး
၁။ ရူပဘုံ၌ တပ်မက်မှု ရူပရာဂသံယောဇဉ်၊
၂။ အရူပဘုံ၌ တပ်မက်မှု အရူပရာဂသံယောဇဉ်၊
၃။ ထောင်လွှားမှု မာနသံယောဇဉ်၊
၄။ ပျံ့လွင့်မှု ဥဒ္ဓစ္စ သံယောဇဉ်၊
၅။ မသိမှု အဝိဇ္ဇာ သံယောဇဉ်။ (ဒီ၊၃၊၁၉၆။) (သံ၊၃၊၁၂၀။) (သံ၊၃၊၁၆၈။) (သံ၊၃၊၂၁၁၊၂၁၂။) (သံ၊၃၊၅၆။) (အံ၊၃၊၂၅၂။) (အဘိ၊ဝိ၊၃၉၁။) (သံ၊ဋီ၊၁၊၆၇။) (ဒီ၊မြန်၊၃။၂၁၈။) (သံ၊မြန်၊၃။၁၂၅။) (သံ၊မြန်၊၃။၁၂၅။) (သံ၊မြန်၊၃။၁၂၅။) (သံ၊မြန်၊၃။၆၁။) (အံ၊မြန်၊၃။၂၅၁။) (ပေဋကော၊၂၅၈။) (အဘိ၊ဝိ၊မြန်၊၂။၄၉၅။)♦
ဥဒ္ဓံသောတ အနာဂါမ် ၄ မျိုး
၁။ ဥဒ္ဓံသောတအကနိဋ္ဌပါမီ- အဝိဟာဗြဟ္မာ့ဘုံမှ စ၍ အတပ္ပါ စသော အထက် အထက် ဗြဟ္မာဘုံ လေးဘုံတို့ကို သုတ်သင်လျက် အကနိဋ္ဌဗြဟ္မာ့ဘုံသို့ ရောက်ပြီး ပရိနိဗ္ဗာန် ပြုသော ပုဂ္ဂိုလ်၊
၂။ ဥဒ္ဓံသောတ န အကနိဋ္ဌဂါမီ- အဝိဟာ စသော အောက်ဗြဟ္မာဘုံ သုံးဘုံတို့ကို သုတ်သင်လျက် သုဒဿီဗြဟ္မာ့ဘုံ၌ ပရိနိဗ္ဗာန်ပြုသော ပုဂ္ဂိုလ်၊
၃။ နဥဒ္ဓံသောတ အကနိဋ္ဌဂါမီ- ဤလူ့ပြည်မှ အကနိဋ္ဌဗြဟ္မာဘုံသို့ ရောက်၍ ပရိနိဗ္ဗာန်ပြုသော ပုဂ္ဂိုလ်၊
၄။ န ဥဒ္ဓံသောတ န အကနိဋ္ဌဂါမီ- အဝိဟာ စသော ဗြဟ္မာ့ဘုံ လေးဘုံတို့တွင် ထိုထိုဘုံ၌ ဖြစ်ပြီး ထိုဖြစ်ရာဘုံ၌သာလျှင် ပရိနိဗ္ဗာန်ပြုသော ပုဂ္ဂိုလ်။ (ဣတိဝုတ်၊ဋ္ဌ၊၄၈။) (ပဋိသံ၊ဋ္ဌ၊၂၊၆၈။)♦
ဥပကာရ မိတ်ဆွေ၏ အင်္ဂါ ၄ ပါး
၁။ မေ့လျော့နေသော မိတ်ဆွေအား စောင့်ရှောက်ခြင်း၊
၂။ မေ့လျော့နေသော မိတ်ဆွေ၏ ပစ္စည်းဥစ္စာများကို စောင့်ရှောက်ခြင်း၊
၃။ ကြောက်ရွံ့နေသော မိတ်ဆွေ၏ မှီခိုအားကိုးရာ ဖြစ်ခြင်း၊
၄။ အကြောင်းကိစ္စ ဖြစ်ပေါ်လာသည်ရှိသော် မိတ်ဆွေအား လိုအပ်သော ဥစ္စာထက် နှစ်ဆတက်၍ ပေးခြင်း။ (အပ၊ဋ္ဌ၊၁၊၁၇၆။)♦
ဥပက္ကိလေသ ၁၁ ပါး
စိတ်၏ ညစ်နွမ်းကြောင်းတရား ၁၁ ပါးနှင့် တူသည်။ ♦
ဥပစာ အရပ် ၄ မျိုး
၁။ ရွာတံခါးပေါက်၏ ဥပစာအရပ်၊
၂။ လမ်းမ၏ ဥပစာအရပ်၊
၃။ လမ်းလေးခွ ဆုံ၏ ဥပစာအရပ်၊
၄။ အိမ်၏ ဥပစာအရပ်။ (ဝိ၊ဋ္ဌ၊၄၊၈၉။)♦
ဥပစာရဈာန်သို့ ရောက်စေနိုင်သော ကမ္မဋ္ဌာန်း ၁၀ ပါး
၁။ ဗုဒ္ဓါနုဿတိ, ဓမ္မာနုဿတိ, သံဃာ နုဿတိ, သီလာနုဿတိ, စာဂါနုဿတိ, ဒေဝတာနုဿတိ, မရဏာနုဿတိ, ဥပသမာ နုဿတိဟု ဆိုအပ်သော အနုဿတိ ရှစ်ပါး၊
၂။ အာဟာရေ ပဋိကူလသညာ၊
၃။ စတုဓာတု ဝဝတ္ထာန်။ (ဝိသုဒ္ဓိ၊၁၊၁၀၇။)♦
ဥပစာရာဝဟ ကမ္မဋ္ဌာန်း ၁၀ ပါး
ဥပစာရဈာန်သို့ ရောက်စေနိုင်သော ကမ္မဋ္ဌာန်း ၁၀ ပါးနှင့် တူသည်။ ♦
ဥပဇ္ဈာယ်ဆရာ ပြုလုပ်၍ ရဟန်းခံ မပေးအပ််သော ရဟန်း အင်္ဂါ ၃ ပါး
၁။ အရှက်လည်း မရှိခြင်း၊
၂။ မိုက်လည်း မိုက်မဲခြင်း၊
၃။ ပကတတ်ရဟန်းလည်း မဟုတ်ခြင်း။ (ဝိ၊၅၊၂၂၂။) (ဝိ၊မြန်၊၅။၃၀၉။)♦
ဥပဇ္ဈာယ်ဆရာ ဖြစ်ကြောင်း တရား ၅ ပါး
၁။ သီလနှင့် ပြည့်စုံခြင်း၊
၂။ သမာဓိနှင့် ပြည်စုံခြင်း၊
၃။ ပညာနှင့် ပြည့်စုံခြင်း၊
၄။ ဝိမုတ္တိနှင့် ပြည့်စုံခြင်း၊
၅။ ဝိမုတ္တိဉာဏဒဿနနှင့် ပြည့်စုံခြင်း။ (အံ၊၂၊၂၃၈။) (အံ၊မြန်၊၂။၃၀၄။)♦
ဥပဇ္ဈာယ်ဆရာ မလုပ်ထိုက်ကြောင်း အင်္ဂါ ၅ ပါး
၁။ အနီးနေတပည့် အတူနေတပည့်တို့ ဖျားနာသည်ကို မိမိ လုပ်ကျွေးခြင်း, သူတစ်ပါးကို လုပ်ကျွေးစေခြင်းငှာ မစွမ်းနိုင်ခြင်း၊
၂။ မမွေ့လျော်ခြင်းကို ငြိမ်းခြင်း, ငြိမ်းစေခြင်းငှာ မစွမ်းနိုင်ခြင်း၊
၃။ ဖြစ်လာသော သံသယ ကုက္ကုစ္စကို တရားတော်ဖြင့် ပယ်ဖျောက်ခြင်း ပယ်ဖျောက်စေခြင်းငှာ မစွမ်းနိုင်ခြင်း၊
၄။ အဘိဓမ္မာ၌ ဆုံးမခြင်းငှာ မစွမ်းနိုင်ခြင်း၊
၅။ ဝိနည်း၌ ဆုံးမခြင်းငှာ မစွမ်းနိုင်ခြင်း။ (ဝိ၊၅၊၃၁၄။) (ဝိ၊မြန်၊၅။၄၁၂။)♦
ဥပဇ္ဈာယ်ဆရာ မလုပ်ထိုက်ကြောင်း အင်္ဂါ ၅ ပါး (တစ်နည်း)
၁။ အနီးနေတပည့် အတူနေ တပည့်တို့ကို ခန္ဓကဝတ် အကျင့်၌ သင့်စေခြင်းငှာ မစွမ်းနိုင်၊
၂။ မဂ်ဟူသော အကျင့်၏ အစ အာဒိဗြဟ္မစရိယက အကျင့်၌ ဆုံးမခြင်းငှာ မစွမ်းနိုင်၊
၃။ လွန်ကဲသော သီလ (အဓိသီလ) ၌ ဆုံးမ ခြင်းငှာ မစွမ်းနိုင်၊
၄။ လွန်ကဲသော စိတ် (အဓိစိတ္တ) ၌ ဆုံးမခြင်းငှာ မစွမ်းနိုင်၊
၅။ လွန်ကဲသော ပညာ (အဓိပညာ) ၌ ဆုံးမခြင်းငှာ မစွမ်းနိုင်။ မှတ်ချက်။ ။ ဥပဇ္ဈာယ်ပြု၍ ပဉ္စင်းခံပေးကောင်း မှီရာနိဿယည်းလည်းကောင်း၊ သာမဏေကို လုပ်ကျွေးစေအပ်သော ရဟန်း၏ အင်္ဂါ (၅) ပါးကို အထက် အင်္ဂါ (၅) ပါးနှင့် အပြန် ယူအပ်၏။ (ဝိ၊၅၊၃၁၄။) (ဝိ၊မြန်၊၅။၄၁၃။)♦
ဥပဇ္ဈာယ်ဆရာ၏ အင်္ဂါ ၁၀ ပါး
၁။ ပါတိမောက္ခသံဝရသီလနှင့် ပြည့်စုံလျက် သိက္ခာပုဒ်တို့၌ ဆောက်တည်၍ ကျင့်ခြင်း၊
၂။ အကြားအမြင် ဗဟုသုတနှင့် ပြည့်စုံလျက် ဉာဏ်ဖြင့် ထိုးထွင်း သိခြင်း၊
၃။ ပါတိမောက်ကို နှုတ်တက်အာဂုံရ၍ ကောင်းစွာ ဆုံးဖြတ်နိုင်ခြင်း၊
၄။ မကျန်းမာ သူကို ကိုယ်တိုင် လုပ်ကျွေးနိုင်ခြင်း သူတစ်ပါးတို့ကို လုပ်ကျွေးစေခြင်း၊
၅။ မမွေ့လျော် ခြင်းကို ကိုယ်တိုင်ငြိမ်းခြင်းငှာ စွမ်းနိုင်ခြင်း သူတစ်ပါးကိုလည်း ငြိမ်းစေနိုင်ခြင်း၊
၆။ ဖြစ်ပေါ် လာသော သံသယကုက္ကုစ္စကို တရားသဖြင့် ပယ်ဖျောက်ခြင်းငှာ စွမ်းနိုင်ခြင်း၊
၇။ ဖြစ်ပေါ် လာသော မိစ္ဆာအယူကို တရားသဖြင့် ကင်းစေခြင်းငှာ စွမ်းနိုင်ခြင်း၊
၈။ အဓိသီလ၌ တည်စေ ခြင်းငှာ စွမ်းနိုင်ခြင်း၊
၉။ အဓိစိတ္တ၌ တည်စေခြင်းငှာ စွမ်းနိုင်ခြင်း၊
၁၀။ အဓိပညာ၌ တည်စေ ခြင်းငှာ စွမ်းနိုင်ခြင်း။ (အံ၊၃၊၃၁၃။) (အံ၊မြန်၊၃။၃၁၂။)♦
ဥပဇ္ဈာယ်အဖြစ် နေ၍ ရဟန်းခံပေးကောင်းသော ရဟန်း အင်္ဂါ ၆ ပါး
၁။ ရဟန္တာတို့၏ ဥစ္စာ ဖြစ်သော သီလဂုဏ်နှင့် ပြည့်စုံခြင်း သူတစ်ပါးကိုလည်း ထိုသီလဂုဏ်၌ ဆောက်တည် စေခြင်း၊
၂။ ရဟန္တာတို့၏ ဥစ္စာဖြစ်သော သမာဓိဂုဏ်နှင့် ပြည့်စုံခြင်း၊ သူတစ်ပါးကိုလည်း ထိုသမာဓိဂုဏ်၌ ဆောက်တည်စေခြင်း၊
၃။ ရဟန္တာတို့၏ ဥစ္စာဖြစ်သော ပညာဂုဏ်နှင့် ပြည့် စုံခြင်း၊ သူတစ်ပါးကိုလည်း ထိုပညာဂုဏ်၌ ဆောက်တည်စေခြင်း၊
၄။ ရဟန္တာတို့၏ ဥစ္စာ ဖြစ်သော လွတ်မြောက်ခြင်း (ဝိမုတ္တိ) ဂုဏ်နှင့် ပြည့်စုံခြင်း၊ သူတစ်ပါးကိုလည်း ထိုဝိမုတ္တိ ဂုဏ်၌ ဆောက်တည်စေခြင်း၊၊
၅။ ရဟန္တာတို့၏ ဥစ္စာဖြစ်သော လွတ်မြောက်သော ဉာဏ် အမြင် (ဝိမုတ္တိဉာဏဒဿန) ဂုဏ်နှင့် ပြည့်စုံခြင်း၊ သူတစ်ပါးကိုလည်း ထိုဝိမုတ္တိဉာဏ ဒဿနဂုဏ်၌ တည်စေခြင်း၊
၆။ ဆယ်ဝါ ဆယ်ဝါထက် အလွန်ရှိသည် ဖြစ်ခြင်း။ (ဝိ၊၅၊၂၃၇။) (ဝိ၊မြန်၊၅။၃၂၈။)♦
ဥပဇ္ဈာယ်အဖြစ် နေ၍ ရဟန်းခံပေးကောင်းသော ရဟန်း အင်္ဂါ ၆ ပါး (တစ်နည်း)
၁။ အာပတ်ကို သိ၏၊
၂။ အာပတ်မသင့်သည်ကို သိ၏၊
၃။ ပေါ့သော အာပတ်ကို သိ၏၊
၄။ လေးသော အာပတ်ကို သိ၏၊
၅။ ပါတိမောက်နှစ်ပါး (ဥဘတောပါတိမောက်) တို့ ကျေပြွန်စွာ ရ၏၊ ကောင်းစွာ ဆုံးဖြတ်နိုင်၏၊
၆။ ဆယ်ဝါ ဆယ်ဝါအလွန်လည်း ရှိ၏။ (ဝိ၊၅၊၂၃၉။) (ဝိ၊မြန်၊၅။၃၂၉။)♦
ဥပဇ္ဈာယ်အဖြစ် နေ၍ ရဟန်းခံပေးကောင်းသော ရဟန်း၏ အင်္ဂါ ၆ ပါး (တစ်နည်း)
၁။ ရဟန္တာတို့၏ ဥစ္စာဖြစ်သော သီလဂုဏ်နှင့် ပြည့်စုံခြင်း၊
၂။ အလားတူ သမာဓိဂုဏ်နှင့် ပြည့်စုံခြင်း၊
၃။ အလားတူ ပညာဂုဏ်နှင့် ပြည့်စုံခြင်း၊
၄။ အလားတူ လွတ်မြောက်ခြင်း ဝိမုတ္တိ ဂုဏ်နှင့် ပြည့်စုံ၏၊
၅။ အလားတူ လွတ်မြောက်သော ဉာဏ်အမြင် ဝိမုတ္တိဉာဏဒဿန ဂုဏ်နှင့် ပြည့်စုံခြင်း၊
၆။ ဆယ်ဝါအလွန် ရှိခြင်း။ (ဝိ၊၅၊၂၃၇။) (ဝိ၊၅၊၃၁၅။) (ဝိ၊မြန်၊၅။၃၂၈။) (ဝိ၊မြန်၊၅။၄၁၃။)♦
ဥပဇ္ဈာယ်အဖြစ် နေ၍ ရဟန်းခံပေးကောင်းသော ရဟန်း၏ အင်္ဂါ ၆ ပါး (တစ်နည်း)
၁။ ယုံကြည်ခြင်း သဒ္ဓါတရား ရှိ၏၊
၂။ ဒုစရိုက်မှ ရှက်ခြင်း ဟိရီတရား ရှိ၏၊
၃။ ဒုစရိုက်မှ ကြောက်ခြင်း ဩတ္တပ္ပတရား ရှိ၏၊
၄။ လုံ့လဝီရိယ ရှိ၏၊
၅။ သတိ မြဲ၏၊
၆။ ဆယ်ဝါ ဆယ်ဝါထက် အလွန် ရှိ၏။ (ဝိ၊၅၊၂၃၈။) (ဝိ၊မြန်၊၅။၃၂၈။)♦
ဥပဇ္ဈာယ်အဖြစ် နေ၍ ရဟန်းခံပေးကောင်းသော ရဟန်း၏ အင်္ဂါ ၆ ပါး (တစ်နည်း)
၁။ လွန်မြတ်သော သီလပျက်စီးခြင်း မရှိ၊
၂။ လွန်မြတ်သော အကျင့် (အာစာရ) ပျက်စီးခြင်း မရှိ၊
၃။ လွန်မြတ်သော အယူ (ဒိဋ္ဌိ) ပျက်စီးခြင်း မရှိ၊
၄။ အကြားအမြင် များ၏၊
၅။ ပညာ ရှိ၏၊
၆။ ဆယ်ဝါ ဆယ်ဝါ ထက်အလွန် ရှိ၏။ (ဝိ၊၅၊၂၃၈။) (ဝိ၊မြန်၊၅။၃၂၈။)♦
ဥပဇ္ဈာယ်အဖြစ် နေ၍ ရဟန်းခံပေးကောင်းသော ရဟန်း၏ အင်္ဂါ ၆ ပါး (တစ်နည်း)
၁။ နာဖျားသော အနီးနေတပည့်(အန္တေဝါသိက) အတူနေတပည့်(သဒ္ဓိဝိဟာရိက) တို့ကို လုပ်ကျွေးခြင်း လုပ်ကျွေးစေခြင်းငှာ စွမ်းနိုင်၏၊
၂။ မမွေ့လျော်သော တပည့်ကို အရပ် တစ်ပါးသို့ ခေါ် ဆောင်ခြင်း ခေါ်ဆောင်စေခြင်းငှာ စွမ်းနိုင်၏၊
၃။ သံသယကုက္ကုစ္စကို တရားသဖြင့် ပယ်ဖျောက်ခြင်းငှာ စွမ်းနိုင်၏၊
၄။ အာပတ်ကို သိ၏၊
၅။ အာပတ်မှ ထမြောက်ခြင်းကို သိ၏၊
၆။ ဆယ်ဝါ ဆယ်ဝါအလွန် ရှိ၏။ (ဝိ၊၅၊၂၃၈။) (ဝိ၊မြန်၊၅။၃၂၉။)♦
ဥပဇ္ဈာယ်အဖြစ် နေ၍ ရဟန်းခံပေးကောင်းသော ရဟန်း၏ အင်္ဂါ ၆ ပါး (တစ်နည်း)
၁။ တပည့်တို့ကို မြတ်သော ကျင့်ဝတ်သိက္ခာ၌ ကျင့်စေခြင်းငှာ စွမ်းနိုင်၏၊
၂။ အကျင့် မြတ်၏ အစဖြစ်သော သိက္ခာ၌ ဆုံးမခြင်းငှာ စွမ်းနိုင်၏၊
၃။ အဘိဓမ္မာ၌ ဆုံးမခြင်းငှာ စွမ်းနိုင်၏၊
၄။ ဝိနည်းပိဋကတ် (အဘိဝိနယ) ၌ ဆုံးမခြင်းငှာ စွမ်းနိုင်၏၊
၅။ အယူမှားကို ချေချွတ် စိမ့်သောငှာ စွမ်းနိုင်၏၊
၆။ ဆယ်ဝါ ဆယ်ဝါ အလွန်လည်း ရှိ၏။ (ဝိ၊၅၊၂၃၈။) (ဝိ၊မြန်၊၅။၃၂၉။)♦
ဥပဇ္ဈာယ်အဖြစ် နေ၍ ရဟန်းခံပေးနိုင်သော ရဟန်း၏ အင်္ဂါ ၅ ပါး
၁။ အနီးနေတပည့် အတူနေ တပည့်တို့ ဖျားနာနေသည်ကို မိမိကိုယ်တိုင် လုပ်ကျွေးခြင်း, သူတစ်ပါးတို့ကိုလည်း လုပ်ကျွေး စေခြင်းငှာ စွမ်းနိုင်ခြင်း၊
၂။ ထိုတပည့်တို့၏ မမွေ့လျော်ခြင်းကို ကိုယ်တိုင် ငြိမ်းခြင်း, သူတစ်ပါး တို့အား ငြိမ်းစေခြင်းငှာ စွမ်းနိုင်ခြင်း၊
၃။ ဖြစ်ပေါ်လာသော သံသယကုက္ကုစ္စကို တရားဖြင့် ပယ်ဖျောက်ခြင်း, ပယ်ဖျောက်စေခြင်းငါှ စွမ်းနိုင်ခြင်း၊
၄။ အဘိဓမ္မာ၌ ဆုံးမခြင်းငှာ စွမ်းနိုင်ခြင်း၊
၅။ ဝိနည်း ၌ ဆုံးမခြင်းငှာ စွမ်းနိုင်ခြင်း။ (ဝိ၊၅၊၃၁၄။) (ဝိ၊မြန်၊၅။၄၁၂။)♦
ဥပဇ္ဈာယ်အဖြစ် နေ၍ ရဟန်းခံပေးနိုင်သော ရဟန်း၏ အင်္ဂါ ၅ ပါး (တစ်နည်း)
၁။ အနီးနေ တပည့် အတူနေတပည့်တို့ကို ခန္ဓကဝတ်အကျင့်၌ သင်စေခြင်း စွမ်းနိုင်ခြင်း၊
၂။ မဂ်ဖိုလ်အကျင့် ဟူသော အာဒိဗြဟ္မစရိယအကျင့်၌ ဆုံးမခြင်းငှာ စွမ်းနိုင်ခြင်း၊
၃။ လွန်ကဲသော သီလဟူသော အဓိသီလ၌ ဆုံးမခြင်းငှာ စွမ်းနိုင်ခြင်း၊
၄။ လွန်ကဲသော စိတ်ဟူသော အဓိစိတ္တ၌ ဆုံးမခြင်းငှာ စွမ်းနိုင်ခြင်း၊
၅။ လွန်ကဲသော ပညာဟူသော အဓိပညာ၌ ဆုံးမခြင်းငှာ စွမ်းနိုင်ခြင်း။ (ဝိ၊၅၊၃၁၅။) (ဝိ၊မြန်၊၅။၄၁၃။)♦
ဥပဇ္ဈာယ်အဖြစ် နေ၍ ရဟန်းခံပေးနိုင်သော ရဟန်း၏ အင်္ဂါ ၅ ပါး (တစ်နည်း)
၁။ ရဟန္တာ ပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော သီလဂုဏ်နှင့် ပြည့်စုံခြင်း၊
၂။ ရဟန္တာပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော သမာဓိဂုဏ်နှင့် ပြည့်စုံခြင်း၊
၃။ ရဟန္တာပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော ပညာဂုဏ်နှင့် ပြည့်စုံခြင်း၊
၄။ ရဟန္တာပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော ဝိမုတ္တိ=အရဟတ္တဖိုလ်ဂုဏ်နှင့် ပြည့်စုံခြင်း၊
၅။ ရဟန္တာ ပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော ဝိမုတ္တိဉာဏဒဿန=အရဟတ္တဖိုလ်ကို ဆင်ခြင်တတ်သော ပစ္စဝေက္ခဏာဉာဏ်ဂုဏ်နှင့် ပြည့်စုံခြင်း။ (အံ၊ ၂။၂၃၈။) (အံ၊မြန်၊ ၂။၃၀၄။)♦
ဥပတိဋ္ဌနသိက္ခာပုဒ်၌ အင်္ဂါ ၂ မျိုး
၁။ ဆွမ်းစားနေသော ရဟန်း၏ ဟတ္ထပါသ်၌ ရပ်နေခြင်း၊
၂။ သောက်ရေကို လည်းကောင်း ယပ်တောင်ကို လည်းကောင်း ကိုင်ခြင်း။ (သာရတ္ထ၊ဋီ၊၃၊၁၂၃။) (ဝိမတိ၊၂၊၇၆။)♦
ဥပတိဿထေရ်၏ တပည့် ၂ ပါး
၁။ မဟာပဒုမထေရ်၊
၂။ မဟာသုမထေရ်။ (ဝိ၊ဋ္ဌ၊၁၊၂၂၈။)♦
ဥပဓိ ၁၀ ပါး
၁။ တဏှူပဓိ- တဏှာဟူသော ဥပဓိ၊
၂။ ဒိဋ္ဌူပဓိ- သဿတ ဥစ္ဆေဒဒိဋ္ဌိ ဟူသော ဥပဓိ၊
၃။ ကိလေသူပဓိ- ကိလေသာဟူသော ဥပဓိ၊
၄။ ကမ္မူပဓိ- ပုညာဘိသင်္ခါရ စသော ကံဟူသော ဥပဓိ၊
၅။ ဒုစ္စရိတူပဓိ- မကောင်းသော အကျင့်ဟူသော ဥပဓိ၊
၆။ အာဟာရူပဓိ- ကဗဠီကာရ အာဟာရဟူသော ဥပဓိ၊
၇။ ပဋိဃူပဓိ- ပဋိဃ,ဒေါသဟူသော ဥပဓိ၊
၈။ စတေဿာ ဥပါဒိန္န ဓာတုယော ဥပဓိ- လေးပါးကုန်သော ကံကြောင့်ဖြစ်ကုန်သော ပထဝီဓာတ် အစရှိသော ဓာတ်ဟူသော ဥပဓိ၊
၉။ ဆ အဇ္ဈတ္တိကာနိ အာယတနာနိ ဥပဓိ- အဇ္ဈတ္တသန္တာန်၌ ဖြစ်ကုန်သော စက္ခုစသော ခြောက်ပါးသော အာယတနဟူသော ဥပဓိ၊
၁၀။ ဆ ဝိညာဏကာယေဥပဓိ- ခြောက်ပါးသော ဝိညာဏဓာတ်အပေါင်းဟု ဆိုအပ်သော ဥပဓိ။ (စူဠနိ၊၆၉။)♦
ဥပဓိတရား ၄ ပါး
၁။ ကာမူပဓိ- ကာမဂုဏ် ဟူသော (ချမ်းသာ၏) တည်ရာ၊
၂။ ခန္ဓူပဓိ-ခန္ဓာဟူသော (ဆင်းရဲ၏) တည်ရာ, ခန္ဓာသာလျှင် (ဆင်းရဲ၏) တည်ရာ၊
၃။ ကိလေသူပဓိ-ဝဋ်ဆင်းရဲကို တည်ဆောက်တတ်သော ကိလေသာ၊
၄။ အဘိသင်္ခါရူပဓိ- ဘဝဒုက္ခ၏ တည်ရာ ဖြစ်သော ကုသိုလ်,အကုသိုလ်စေတနာ။ (သံ၊ဋ္ဌ၊၁၊၃၀။) (သုတ္တနိ၊ဋ္ဌ၊၁၊၄၀။) (သာရတ္ထ၊ဋီ၊၁၊၃၁၃။) (သာရတ္ထ၊ဋီ၊၃၊၂၁၄။) (ဝိမတိ၊၂၊၉၈။) (အံ၊ဋီ၊၂၊၃။)♦
ဥပနိဿယ ၃ မျိုး
၁။ ဒါန ဟူသော အားကောင်းသော မှီရာအကြောင်း- ဒါနဥပနိဿယ၊
၂။ သီလ ဟူသော အားကောင်းသော မှီရာအကြောင်း- သီလဥပနိဿယ၊
၃။ ဘာဝနာဟူသော အားကောင်းသော မှီရာအကြောင်း- ဘာဝနာဥပနိဿယ။ (သံ၊ဋ္ဌ၊၂၊၂၅၁။)♦
ဥပနိဿယပစ္စည်း ၃ မျိုး
၁။ အာရမ္မဏူပနိဿယ၊
၂။ အနန္တရူပနိဿယ၊
၃။ ပကတူပနိဿယ။ (အဘိ၊ဋ္ဌ၊၃၊၃၄၇။)♦
ဥပပတ္တိ ၂ မျိုး
၁။ ပဋိလာဘ- တစ်ဖန် ရခြင်း၊
၂။ နိဗ္ဗတ္တိ- ရုပ်နာမ်တရားတို့ ဖြစ်ခြင်း။ (သံ၊ဋ္ဌ၊၂၊၁၂၈။)♦
ဥပပတ္တိဘဝ ၉ မျိုး
၁။ ကာမဘဝ- ကာမသတ္တဝါတို့၏ ဖြစ်ရာ ကာမ ၁၁ ဘုံ၊
၂။ ရူပဘဝ- ရူပဗြဟ္မာတို့၏ ဖြစ်ရာ ရူပ ၁၆ ဘုံ၊
၃။ အရူပဘဝ- အရူပဗြဟ္မာတို့၏ ဖြစ်ရာ အရူပ ၄ ဘုံ၊
၄။ သညီဘဝ- နာမ်ရှိသော သတ္တဝါတို့၏ ဖြစ်ရာဘုံ၊
၅။ အသညီဘဝ- နာမ်မရှိသော သတ္တဝါတို့၏ ဖြစ်ရာ ဘုံ၊
၆။ နေဝသညီနာသညီဘဝ- ထင်ရှားသော နာမ်မရှိ၊ သိမ်မွေ့သော နာမ်သာရှိသော သတ္တဝါတို့၏ ဖြစ်ရာဘုံ၊
၇။ ဧကဝေါကာရဘဝ- ခန္ဓာတစ်ပါးတည်းသာ ရှိသော သတ္တဝါတို့၏ ဖြစ်ရာဘုံ၊
၈။ စတုဝေါကာရဘဝ- နာမ်ခန္ဓာ လေးပါးရှိသော သတ္တဝါ တို့၏ ဖြစ်ရာဌာနဘုံ၊
၉။ ပဉ္စဝေါကာရဘဝ- ခန္ဓာငါးပါးရှိသော သတ္တဝါတို့၏ ဖြစ်ရာဘုံ။ (အဘိ၊ဝိ၊၁၄၃။) (အဘိ၊ဋ္ဌ၊၂၊၁၇၅။) (ဝိသုဒ္ဓိ၊၂၊၂၀၆။) (အဘိ၊ဝိ၊မြန်၊၂။၃၇။)♦
ဥပပါရမီ (ကိုယ်အင်္ဂါစွန့်ခြင်း ဥပပါရမီ) ၁၀ ပါး
ဒါနဥပပါရမီ စသည်။ ♦
ဥပမာ ၃ မျိုး (သဗ္ဗညုဘုရားအဖြစ်သို့ မရောက်မီ ဥရုဝေလတော သေနာနိဂုံး၌ တရားအားထုတ် နေစဉ် သဗ္ဗညုဘုရားအလောင်း၏ ဉာဏ်၌ ပေါ်ထင်လာသော ဥပမာ ၃ မျိုး)
၁။ ရေ၌ ချထားသော အစေးရှိသော ထင်းအစိုကို မီးမြှိုက်သူသည် ထင်းမီးမတောက်နိုင်ဘဲ ပင်ပန်း ရုံသာ ဖြစ်ရသကဲ့သို့ ကိုယ်စိတ်ဖြင့်ဝတ္ထုကာမ ကိလေသကာမတို့မှ မကင်းဆိတ်ဘဲ ကာမစ္ဆန္ဒစသည်ကို ကောင်းစွာ မပယ်ဘဲ တရားအားထုတ်သူသည်လည်း မဂ်ဖိုလ် မရနိုင်၊
၂။ ရေမှ ဝေးရာ ကြည်းကုန်း၌ ချထားသော အစေးရှိသော ထင်းစိုကို မီးမြှိုက်သူသည် ထင်းမီးမလောင်နိုင်ဘဲ ပင်ပန်းရုံသာ ဖြစ်ရသကဲ့သို့ ကိုယ်စိတ်ဖြင့်ဝတ္ထုကာမ ကိလေသ ကာမတို့မှ ကင်းဆိတ်အောင် နေသော်လည်း ကာမစ္ဆန္ဒ စသည်ကို ကောင်းစွာ မပယ်ဘဲ တရား အားထုတ်သူသည်လည်း မဂ်ဖိုလ် မရနိုင်၊
၃။ ရေမှ ဝေးသော ကြည်းကုန်း၌ ချထားသော အစေးမရှိသော ထင်းခြောက်ကို မီးမြှိုက်သူသည် ထင်းမီးတောက်နိုင်သကဲ့သို့ ကိုယ်စိတ်ဖြင့်ဝတ္ထုကာမ ကိလေသကာမတို့မှ ကင်းဆိတ်နေလျက် ကာမစ္ဆန္ဒ စသည်ကိုလည်း ကောင်းစွာ ပယ်ဖျောက်၍ တရားအားထုတ်သူသည် မဂ်ဖိုလ်ကို ရနိုင်ခြင်း။ (မ၊၂၊၂၈၃။) (မ၊၂၊၄၃၀။) (မ၊မြန်၊၂။၂၉၁-၂၉၂။) (မ၊မြန်၊၂။၂၉၁-၂၉၂။)♦
ဥပဝိစာရ ၃ မျိုး
၁။ ကာမမှ ထွက်မြောက်ခြင်းနှင့် စပ်သော ဆင်ခြင်သုံးသပ်ခြင်း၊
၂။ အမျက် ဒေါသ ကင်းခြင်းနှင့် စပ်သော ဆင်ခြင် သုံးသပ်ခြင်း၊
၃။ ညှဉ်းဆဲနှိပ်စက်မှု ကင်းခြင်းနှင့် စပ်သော ဆင်းခြင်သုံးသပ်ခြင်း။ (နေတ္တိ၊ဋ္ဌ၊၂၁၄။)♦
ဥပသမ္ပဒကံ၏ စလယ်ဆုံး ၃ ပါး
၁။ ပုဂ္ဂိုလ်သည် ဥပသမ္ပဒကံ၏ အစတည်း၊
၂။ ဉတ်သည် ဥပသမ္ပဒကံ၏ အလယ်တည်း၊
၃။ ကမ္မဝါစာသည် ဥပသမ္ပဒကံ၏ အဆုံးတည်။ (ဝိ၊၅၊၂၅၂။) (ဝိ၊မြန်၊၅။၃၄၄။)♦
ဥပသမ္ပဒါ ၈ မျိုး
ရဟန်းဖြစ်ခြင်း ၈ မျိုး နှင့် တူသည်။ ♦
ဥပဿုတိသိက္ခာပုဒ်၌ အင်္ဂါ ၂ ပါး
၁။ ရဟန်းသည် စောဒနာလိုခြင်း၊
၂။ နားထောင်ခြင်း။ (ဝိမတိ၊ ၂။၅၃။)♦
ဥပဿုတိသိက္ခာပုဒ်၌ အင်္ဂါ ၃ မျိုး
၁။ ရဟန်း ဖြစ်ခြင်း၊
၂။ စောဒနာလိုခြင်း၊
၃။ နားထောင်ခြင်း။ (သာရတ္ထ၊ဋီ၊၃၊၉၅။)♦
ဥပါဒါနက္ခန္ဓာ ၅ ပါး
၁။ ရူပုပါဒါနက္ခန္ဓာ- ရုပ်ဟူသော စွဲလမ်းဖွယ် ခန္ဓာ၊
၂။ ဝေဒနုပါဒါ နက္ခန္ဓာ- ခံစားမှုဟူသော စွဲလမ်းဖွယ် ခန္ဓာ၊
၃။ သညုပါဒါနက္ခန္ဓာ- မှတ်သားမှုဟူသော စွဲလမ်းဖွယ် ခန္ဓာ၊
၄။ သင်္ခါရုပါဒါနက္ခန္ဓာ- ပြုစီရင်မှုဟူသော စွဲလမ်းဖွယ် ခန္ဓာ၊
၅။ ဝိညာဏုပါဒါနက္ခန္ဓာ- အထူးသိမှုဟူသော စွဲလမ်းဖွယ် ခန္ဓာ။ (ဒီ၊၃၊၁၉၅။) (ဒီ၊၃၊၂၃၂။) (မ၊၁၊၃၇၃။) (မ၊၃၊၆၆။) (မ၊၃၊၈၀။) (သံ၊၂၊၁၀၄။) (သံ၊၂၊၁၃၀၊၁၃၁) (သံ၊၂၊၁၃၆။) (သံ၊၂၊၁၅၇။) (သံ၊၂၊၂၁။) (သံ၊၂၊၃၉။) (သံ၊၂၊၄၈။) (သံ၊၂၊၈၂။) (သံ၊၃၊၅၆။) (အံ၊၃၊၂၅၁။) (ခုဒ္ဒက၊ဋ္ဌ၊၆၈။) (စူဠနိ၊ဋ္ဌ၊၈၀။) (ဒီ၊မြန်၊၃။၂၁၇။) (ဒီ၊မြန်၊၃။၂၅၅။) (မ၊မြန်၊၁။၃၈၅။) (မ၊မြန်၊၃။၇၀။) (မ၊မြန်၊၃။၈၄။) (သံ၊မြန်၊၂။၂၁။) (သံ၊မြန်၊၂။၂၁။) (သံ၊မြန်၊၂။၂၁။) (သံ၊မြန်၊၂။၂၁။) (သံ၊မြန်၊၂။၂၁။) (သံ၊မြန်၊၂။၂၁။) (သံ၊မြန်၊၂။၂၁။) (သံ၊မြန်၊၂။၂၁။) (သံ၊မြန်၊၃။၆၀။) (အံ၊မြန်၊၃။၂၅၀။)♦
ဥပါဒါန် ၂ မျိုး
၁။ ကာမုပါဒါန်အစရှိသော စွဲလမ်းတတ်သော ဥပါဒါန်၊၂။ အဝိဇ္ဇာ သင်္ခါရ အစရှိသော အကြောင်းပစ္စည်းဟု ဆိုအပ်သော ပစ္စယဥပါဒါန်။ (မ၊ဋ္ဌ၊၂၊၆၂။)♦
ဥပါဒါန် ၄ ပါး
၁။ ကာမဂုဏ်၌ လွန်စွာ စွဲလမ်းမှု- ကာမုပါဒါန်၊
၂။ ၆၂ ပါးသော မိစ္ဆာအယူကို လွန်စွာ စွဲလမ်းမှု- ဒိဋ္ဌုပါဒါန်၊
၃။ နွား စသည်တို့၏ အလေ့အကျင့်ဖြင့် စင်ကြယ်၏ဟု လွန်စွာ စွဲလမ်းမှု- သီလဗ္ဗတုပါဒါန်၊
၄။ ခန္ဓာငါးပါး၌ အတ္တဟု လွန်စွာ စွဲလမ်းမှု- အတ္တဝါဒု ပါဒါန်။ (ဒီ၊၃၊၁၉၂။) (မ၊၁၊၆၂။) (မ၊၁၊၉၅။) (သံ၊၁၊ပါ၊၂၄၅။) (သံ၊၂၊၄၅၂။) (သံ၊၃၊၅၅။) (အဘိ၊ ဓ။၂၄၀။) (အဘိ၊ဓ၊၂၈၉။) (ပဋိသံ၊ဋ္ဌ၊၁၊၃၂၂။) (ပဋိသံ၊ဋ္ဌ၊၂၊၂၂။) (ဥဒါန၊ဋ္ဌ၊၁၉၃။) (စူဠနိ၊ဋ္ဌ၊၈၀။) (ဝိသုဒ္ဓိ၊၂၊၂၀၃။) (ဒီ၊မြန်၊၃။၂၁၄။) (မ၊မြန်၊၁။၁၀၂။) (မ၊မြန်၊၁။၆၈။) (သံ၊မြန်၊၁။၂၂၉။) (သံ၊မြန်၊၂။၄၄၈။) (သံ၊မြန်၊၃။၅၉။) (အဘိ၊ဓ၊မြန်။၄၄၄၊၅၅၅။) (အဘိ၊ဓ၊မြန်။၄၄၄၊၅၅၅။)♦
ဥပါဒါန်အကြွင်းနှင့်တကွ ကွယ်လွန်သော် ငရဲစသည်မှ လွတ်သော ပုဂ္ဂိုလ် ၉ မျိုး
၁။ သီလ သမာဓိပြည့်စုံ၍ ပညာမပြည့်စုံဘဲ အောက်ပိုင်းသံယောဇဉ်ငါးမျိုးတို့ ကုန်ခြင်းကြောင့် သက်တမ်းအလယ် ကြားကာလ၌ ပရိနိဗ္ဗာန်ပြုသော အန္တရာပရိနိဗ္ဗာယီအနာဂါမ်ပုဂ္ဂိုလ်၊
၂။ သီလ သမာဓိပြည့်စုံ၍ ပညာမပြည့်စုံဘဲ အောက်ပိုင်းသံယောဇဉ်ငါးမျိုးတို့ ကုန်ခြင်းကြောင့် သက်တမ်းအလယ်ကြားကာလကို လွန်၍ ပရိနိဗ္ဗာန်ပြုသော ဥပဟစ္စပရိနိဗ္ဗာယီအနာဂါမ် ပုဂ္ဂိုလ်၊
၃။ သီလ သမာဓိပြည့်စုံ၍ ပညာမပြည့်စုံဘဲ အောက်ပိုင်းသံယောဇဉ် ငါးမျိုးတို့ ကုန်ခြင်းကြောင့် သက်တမ်းအလယ်ကြားကာလကို လွန်၍ အားထုတ်မှုမရှိဘဲ ပရိနိဗ္ဗာန် ပြုသော အသင်္ခါရပရိနိဗ္ဗာယီအနာဂါမ်ပုဂ္ဂိုလ်၊
၄။ သီလ သမာဓိပြည့်စုံ၍ ပညာမပြည့်စုံဘဲ အောက်ပိုင်းသံယောဇဉ်ငါးမျိုးတို့ ကုန်ခြင်းကြောင့် သက်တမ်းအလယ်ကြားကာလကို လွန်၍ အားထုတ်မှုနှင့်တကွ ပရိနိဗ္ဗာန်ပြုသော သင်္ခါရပရိနိဗ္ဗာယီအနာဂါမ်ပုဂ္ဂိုလ်၊
၅။ သီလ သမာဓိ ပြည့်စုံ၍ ပညာမပြည့်စုံဘဲ အောက်ပိုင်းသံယောဇဉ်ငါးမျိုးတို့ ကုန်ခြင်းကြောင့် သက်တမ်း အလယ်ကြားကာလကို လွန်၍ အထက်၌ မဂ်အလျဉ်ရှိသော အကနိဋ္ဌဘုံသို့ ရောက်သော ဥဒ္ဓံသောတအကနိဋ္ဌဂါမီအနာဂါမ်ပုဂ္ဂိုလ်၊
၆။ သီလပြည့်စုံ၍ သမာဓိပညာ မပြည့်စုံဘဲ သံယောဇဉ်သုံးမျိုးတို့ ကုန်ခြင်းကြောင့် ရာဂ ဒေါသ မောဟတို့ ခေါင်းပါးခြင်းကြောင့် ဖြစ်ကာ ဤကာမဘုံသို့ တစ်ကြိမ်သာ လာ၍ ဒုက္ခအဆုံးကို ပြုသော သကဒါဂါမ်ပုဂ္ဂိုလ်၊
၇။ သီလပြည့်စုံ၍ သမာဓိပညာမပြည့်စုံဘဲ သံယောဇဉ်သုံးမျိုးတို့ ကုန်ခြင်းကြောင့် လူ့ဘဝ၌ တစ်ဘဝကိုသာ ဖြစ်စေ၍ ဒုက္ခအဆုံးကို ပြုသော တစ်ကြိမ်သာ ပဋိသန္ဓေမျိုးစေ့ ရှိသူ ဧကဗီဇီသောတာပန်ပုဂ္ဂိုလ်၊
၈။ သီလပြည့်စုံ၍ သမာဓိပညာ မပြည့်စုံဘဲ သံယောဇဉ်သုံးမျိုးတို့ ကုန်ခြင်းကြောင့် နှစ်ဘဝသုံးဘဝတို့ကို ကူးပြောင်း ကျင်လည်ပြီး, ဒုက္ခအဆုံးကို ပြုသော တစ်ဘဝမှ တစ်ဘဝသို့ ကူးပြောင်းသူ ကောလံကောလသောတာပန်ပုဂ္ဂိုလ်၊
၉။ သီလ ပြည့်စုံ၍ သမာဓိပညာမပြည့်စုံဘဲ သံယောဇဉ်သုံးမျိုးတို့ ကုန်ခြင်းကြောင့် ခုနစ်ကြိမ်တိုင်တိုင် လူ့ပြည် နတ်ပြည်တို့ကို ကူးပြောင်း ကျင်လည်ပြီး ဒုက္ခအဆုံးကို ပြုတတ်သော သတ္တက္ခတ္တုပရမသောတာပန်ပုဂ္ဂိုလ်။ (အံ၊၃၊၁၈၄။) (အံ၊မြန်၊၃။၁၈၅။)♦
ဥပါဒါရုပ် ၂၄ ပါး
၁။ စက္ခုပသာဒရုပ်, သောတပသာဒရုပ်, ဃာနပသာဒရုပ်, ဇိဝှါပသာဒရုပ်, ကာယပသာဒရုပ်, ရူပါရုံ, သဒ္ဒါရုံ, ဂန္ဓာရုံ, ရသာရုံ, ဣတ္ထိန္ဒြေ, ပုရိသိန္ဒြေ, ဇီဝိတရုပ်, ဟဒယဝတ္ထုရုပ်, ကာယဝိညတ်ရုပ်, ဝစီဝိညတ်ရုပ်, အာကာသဓာတ်, ကဗဠီကာရ အာဟာရရုပ်, လဟုတာရုပ်, မုဒုတာရုပ်, ကမ္မညတာရုပ်, ဥပစယရုပ်, သန္တတိရုပ်, ဇရတာ ရုပ်, အနိစ္စတာရုပ်, ပေါင်း နှစ်ဆယ့်လေးပါး။ (ဝိသုဒ္ဓိ၊၂၊၇၃။)♦
ဥပါလိဆေတ္တာသည်နှင့် အတူ ရဟန်းပြုကြသော သာကီဝင်မင်းသား ၆ ပါး
၁။ ဘဒ္ဒိယမင်း၊
၂။ အနုရုဒ္ဓမင်းသား၊
၃။ အာနန္ဒမင်းသား၊
၄။ ဘဂုမင်းသား၊
၅။ ကိမိလမင်းသား၊
၆။ ဒေဝဒတ် မင်းသား။ (အံ၊ဋီ၊၁၊၁၈၆။)♦
ဥပါလိမထေရ် ဆုံးဖြတ်သောဝတ္ထု ၃ ခု
၁။ ဘာရုကစ္ဆဝတ္ထု၊
၂။ အဇ္ဇုကဝတ္ထု၊
၃။ ကုမာရကဿပဝတ္ထု။ (အပ၊ဋ္ဌ၊၁၊၃၀၉။)♦
ဥပါသကာ ကြည်ညိုကြောင်း တရား ၈ ပါး
၁။ လူတို့အား လာဘ်မရစေရန် အားမထုတ်ခြင်း၊
၂။ လူတို့အား အကျိုးမဲ့ ဖြစ်စိမ့်သောငှာ အားမထုတ်ခြင်း၊
၃။ လူကို မဆဲရေးခြင်း၊ မရေရွတ် မခြိမ်းခြောက်ခြင်း၊
၄။ လူအချင်းချင်း မကွဲပြားစေခြင်း၊
၅။ မြတ်စွာဘုရား၏ ဂုဏ် ကျေးဇူးကို ပြောဆိုခြင်း၊
၆။ တရားတော်၏ ဂုဏ်ကျေးဇူးကို ပြောဆိုခြင်း၊
၇။ သံဃာတော်၏ ဂုဏ် ကျေးဇူးကို ပြောဆိုခြင်း၊
၈။ ရဟန်းတို့ကို ကျက်စားသင့်သော နေရာ၌ တွေ့မြင်ရခြင်း။ (အံ၊၃၊၁၅၈။) (အံ၊မြန်၊၃။၁၆၀။)♦
ဥပါသကာ ကြောက်ရွံ့ကြောင်း ၅ ပါး
၁။ သူ့အသက်ကို သတ်လေ့ရှိခြင်း၊
၂။ မပေးသည်ကို ယူလေ့ ရှိခြင်း၊
၃။ ကာမဂုဏ်တို့၌ မှားယွင်စွာ ကျင့်လေ့ရှိခြင်း၊
၄။ မဟုတ်မမှန် ပြောလေ့ ရှိခြင်း၊
၅။ သေအရက်ကို သောက်လေ့ရှိခြင်း။ (အံ၊၂၊၁၇၈။) (အံ၊မြန်၊၂။၂၂၇။)♦
ဥပါသကာ ဆုတ်ယုတ်ကြောင်း တရား ၇ ပါး
၁။ ရဟန်းတို့အား ဖူးမြော်မှု ယုတ်လျော့စေခြင်း၊
၂။ သူတော်ကောင်းတရား ကြားနာမှု မေ့လျော့ခြင်း၊
၃။ လွန်မြတ်သော သီလ၌ မဖြည့်ကျင့်ခြင်း၊
၄။ ထေရ်ကြီး ထေရ်လတ် ထေရ်ငယ်တို့၌ မကြည်ညိုခြင်း၊
၅။ ချုပ်ချယ်လို အပေါက်အလမ်း ရှာလို၍ တရားနာခြင်း၊
၆။ သာသနာတော်မှ အပဖြစ်သော အလှူခံကို ရှာမှီးခြင်း၊
၇။ သာသနာ တော်မှ အပ ဖြစ်သော သူတို့၌ ရှေးဦး အလှူကို ပြုခြင်း။ (အံ၊၂၊ ၄၁၆-၄၁၇။) (အံ၊မြန်၊၂။ ၅၂၆။)♦
ဥပါသကာ ပျက်စီးခြင်း ၂ မျိုး
၁။ သီလ ပျက်စီးခြင်း၊
၂။ အသက်မွေးမှု ပျက်စီးခြင်း။ (ဒီ၊ဋ္ဌ၊၁၊၂၁၀။) (မ၊ဋ္ဌ၊၁၊၁၄၀။) (ဒီ၊ဋ္ဌ၊မြန်၊၁။၄၁၂။) (ဒီ၊ဋ္ဌ၊မြန်၊၁။၄၁၂။)♦
ဥပါသကာ ပြည့်စုံခြင်း ၂ မျိုး
၁။ သီလ၏ ပြည့်စုံခြင်း၊
၂။ အသက်မွေးမှု ပြည့်စုံခြင်း။ (ဒီ၊ဋ္ဌ၊၁၊၂၁၀။) (မ၊ဋ္ဌ၊၁၊၁၄၁။) (ဒီ၊ဋ္ဌ၊မြန်၊၁။၄၁၃။) (ဒီ၊ဋ္ဌ၊မြန်၊၁။၄၁၃။)♦
ဥပါသကာ မကြည်ညိုကြောင်း တရား ၈ ပါး
၁။ လူတို့အား လာဘ်မရစေရန် အားထုတ်ခြင်း၊
၂။ လူတို့အား အကျိုးမဲ့ ဖြစ်စေရန် အားထုတ်ခြင်း၊
၃။ လူကို ဆဲရေးခြင်း၊ ရေရွတ် ခြိမ်းခြောက်ခြင်း၊
၄။ လူအချင်းချင်း ကွဲပြားစေခြင်း၊
၅။ မြတ်စွာဘုရား၏ ကျေးဇူးမဲ့ကို ပြောဆိုခြင်း၊
၆။ တရားတော်၏ ဂုဏ်ကျေးဇူးမဲ့ကို ပြောဆိုခြင်း၊
၇။ သံဃာတော်၏ ကျေးဇူး မဲ့ကို ပြောဆိုခြင်း၊
၈။ ရဟန်းတို့ မကျက်စားသင့်သော နေရာ၌ တွေ့မြင်ရခြင်း။ (အံ၊၃၊၁၅၈။) (အံ၊မြန်၊၃။၁၆၀။)♦
ဥပါသကာ မဆုတ်ယုတ်ကြောင်း တရား ၇ ပါး
၁။ ရဟန်းတို့အား ဖူးမြော်မှု မယုတ်လျော့ စေခြင်း၊
၂။ သူတော်ကောင်းတရား ကြားနာမှု၌ မမေ့လျော့ခြင်း၊
၃။ လွန်မြတ်သော သီလ (အဓိသီလ) ၌ ဖြည့်ကျင့်ခြင်း၊
၄။ ထေရ်ကြီး ထေရ်လတ် ထေရ်ငယ် ရဟန်းတို့၌ ကြည်ညိုမှု များခြင်း၊
၅။ ချုတ်ချယ်လိုစိတ် မရှိ, အပေါက်အလမ်း မရှာဘဲ တရားနာခြင်း၊
၆။ သာသနာ တော်မှ အပဖြစ်သော အလှူခံကို မရှာမှီးခြင်း၊
၇။ သာသနာတော်၌သာ ရှေးဦးအလှူကို ပြုခြင်း။ (အံ၊၂၊၄၁၆-၄၁၇။) (အံ၊မြန်၊၂။ ၅၂၇။)♦
ဥပါသကာ ရဲရင့်ကြောင်း ၅ ပါး
၁။ သူ့အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း၊
၂။ မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်ခြင်း၊
၃။ ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင်ကြဉ်ခြင်း၊
၄။ မဟုတ်မမှန် ပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း၊
၅။ သေအရက်ကို သောက်ခြင်းမှ ရှောင်ကြဉ်ခြင်း။ (အံ၊၂၊၁၇၈။) (အံ၊၂၊၁၇၉။) (အံ၊မြန်၊၂။၂၂၈။) (အံ၊မြန်၊၂။၂၂၈။)♦
ဥပါသကာ အညံ့စားဖြစ်ကြောင်း အင်္ဂါ ၅ မျိုး
၁။ သဒ္ဓါတရား မရှိခြင်း၊
၂။ အကျင့်သီလ မရှိခြင်း၊
၃။ အထူးအဆန်းဖြစ်သော မြင်အပ်, ကြားအပ်, သိအပ်သော အရာကို မင်္ဂလာဟု အယူရှိခြင်း၊
၄။ မြင်အပ်, ကြားအပ်, သိအပ်သော အရာကို မင်္ဂလာဟု ယုံကြည်၍ ကံကို မယုံကြည်ခြင်း၊
၅။ ဘုရားသာသနာတော်မှ ပြင်ပ၌ အလှူခံထိုက်သော ပုဂ္ဂိုလ်ကို ရှာမှီး၏၊ ထိုဘုရားသာသနာပ၌ ရှေးဦးစွာ ဒါန စသော ကောင်းမှုကို ပြု၏။ (အံ၊၂၊၁၈၁။) (ဒီ၊ဋ္ဌ၊၁၊၂၁၀။) (မ၊ဋ္ဌ၊၁၊၁၄၀။) (အံ၊မြန်၊၂။၂၃၁။) (ဒီ၊ဋ္ဌ၊မြန်၊၁။၄၁၂-၄၁၃။) (ဒီ၊ဋ္ဌ၊မြန်၊၁။၄၁၂-၄၁၃။)♦
ဥပါသကာ၏ ဂုဏ်အင်္ဂါ ၁၀ ပါး
၁။ သံဃာနှင့် တူမျှသော ချမ်းသာ ဆင်းရဲရှိသူ ဖြစ်ခြင်း၊
၂။ တရားတော်ကိုသာလျှင် အကြီးအမှူးထားသူ ဖြစ်ခြင်း၊
၃။ ဥစ္စာအင်အားအလျောက် ဝေဖန်ခွဲခြားပေးလှူခြင်း၌ မွေ့လျော်သူ ဖြစ်ခြင်း၊
၄။ ဘုရားရှင်၏ သာသနာတော် ဆုတ်ယုတ် ပျက်ပြားနေသည်ကို တွေ့မြင်ရသော် တိုးတက်စည်ပင်စေရန် လုံ့လစိုက်၍ အားထုတ်ခြင်း၊
၅။ သမ္မာဒိဋ္ဌိအယူရှိသူ ဖြစ်၍ ဒိဋ္ဌ သုတ မုတမင်္ဂလာအယူမှ ကင်းလွတ်သူ ဖြစ်ခြင်း၊
၆။ အသက် ဟူသော အကြောင်းကြောင့်လည်း ဘုရားသာသနာမှ တစ်ပါးသောသူကို ဆရာဟူ၍ မညွှန်ပြခြင်း၊
၇။ ကိုယ်အမူအရာ နှုတ်အမူအရာ စောင့်စည်းခြင်း၊
၈။ သင့်တင့်ညီညွတ် ခြင်း၌ မွေ့လျော် ပျော်ပိုက်သူဖြစ်၍ မငြူစူတတ်ခြင်း၊
၉။ ကောက်ကျစ်စဉ်းလဲသည်၏ အစွမ်းအားဖြင့် သာသနာတော်၌ ကျင်လည်ကျက်စားသူ မဟုတ်ခြင်း၊
၁၀။ ဘုရား, တရား, သံဃာ ရတနာသုံးပါးကို ကိုးကွယ် ဆည်းကပ်သူ ဖြစ်ခြင်း။ (မိလိန္ဒ၊၁၀၂။) (မိလိန္ဒ၊မြန်။၁၁၀။)♦
ဥပါသကာကို ကြောက်ရွံ့စေနိုင်သည့် တရား ၅ ပါး
၁။ သူ့အသက်သတ်ခြင်း၊
၂။ သူ့ဥစ္စာ ခိုးခြင်း၊
၃။ ကာမဂုဏ်၌ မှားယွင်းစွာ ကျင့်ခြင်း၊
၄။ မဟုတ်မမှန် ပြောခြင်း၊
၅။ သေအရက် သောက်ခြင်း။ (အံ၊၂၊၁၇၈-၁၇၉။) (အံ၊မြန်၊၂။၂၂၇။)♦
ဥပါသကာတို့ စံပြု တောင့်တထိုက်သော ပုဂ္ဂိုလ် ၂ ယောက်
၁။ စိတ္တသူကြွယ်၊
၂။ ဟတ္ထက အာဠဝကမင်းသား။ (အံ၊၁၊၈၇။) (အံ၊မြန်၊၁။၁၀၃။)♦
ဥပါသကာတို့ မပြုထိုက်သော ကူးသန်းရောင်းဝယ်မှု ၅ မျိုး
၁။ လက်နက် ရောင်းဝယ်ခြင်း၊
၂။ လူသတ္တဝါ ရောင်းဝယ်ခြင်း၊
၃။ တိရစ္ဆာန်တို့ကို မွေးမြူ၍ အသားကို ရောင်းဝယ်ခြင်း၊
၄။ သေရည်အရက်ကို ကူးသန်းရောင်းဝယ်ခြင်း၊
၅။ အဆိပ်ကို ကူးသန်းရောင်းဝယ်ခြင်း။ (အံ၊၂၊၁၈၃။) (ဒီ၊ဋ္ဌ၊၁၊၂၁၀။) (မ၊ဋ္ဌ၊၁၊၁၄၀။) (အံ၊ဋ္ဌ၊၂၊၂၁။) (အံ၊မြန်၊၂။၂၃၃။) (ဒီ၊ဋ္ဌ၊မြန်၊၁။၄၁၂။) (ဒီ၊ဋ္ဌ၊မြန်၊၁။၄၁၂။)♦
ဥပါသကာတို့၏ သီလ ၅ ပါး
၁။ သူ့အသက်ကို သတ်ခြင်းမှု ရှောင်ကြဉ်ခြင်း၊
၂။ ပိုင်ရှင်မပေး အပ်သော သူတစ်ပါးဥစ္စာကို ယူခြင်းမှ ရှောင်ကြဉ်ခြင်း၊
၃။ ကာမမှုတို့၌ ဖောက်ပြန်စွာ ကျင့်ခြင်းမှ ရှောင်ကြဉ်ခြင်း၊
၄။ မုသားစကား ပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း၊
၅။ အရက်သေစာ သောက်စားခြင်းမှ ရှောင်ကြဉ်ခြင်း။ (ဒီ၊ဋ္ဌ၊၁၊၂၀၉။) (မ၊ဋ္ဌ၊၁၊၁၄၀။) (ဒီ၊ဋ္ဌ၊မြန်၊၁။၄၁၂။) (ဒီ၊ဋ္ဌ၊မြန်၊၁။၄၁၂။)♦
ဥပါသကာဒွန်းစဏ္ဍာ၏ အင်္ဂါ ၅ ပါး
၁။ ယုံကြည်မှု သဒ္ဓါတရား မရှိခြင်း၊
၂။ စောင့်ထိန်းမှု သီလ မရှိခြင်း၊
၃။ ကောတုဟလမင်္ဂလာကို ယုံကြည်ခြင်း၊
၄။ မင်္ဂလာကို ယုံကြည်၍ ကံကို မယုံကြည်ခြင်း၊
၅။ သာသနာတော်၏ အပြင်ပဖြစ်သော အလှူခံပုဂ္ဂိုလ်ကို ရှာ၍ ထိုပုဂ္ဂိုလ်၌ ကောင်းမှုပြုခြင်း။ (အံ၊၂၊၁၈၁။) (အံ၊မြန်၊၂။၂၃၁။)♦
ဥပါသကာပဒုမ္မာ၏ အင်္ဂါ ၅ ပါး
ဥပါသကာရတနာ၏ အင်္ဂါ ၅ ပါး၊ ဥပါသကာပုဏ္ဍရိက်၏ အင်္ဂါ ၅ ပါးတို့နှင့် တူသည်။ ♦
ဥပါသကာပုဏ္ဍရိက်၏ အင်္ဂါ ၅ ပါး
ဥပါသကာရတနာ၏ အင်္ဂါ ၅ ပါး၊ ဥပါသကာပဒုမ္မာ၏ အင်္ဂါ ၅ ပါးတို့နှင့် တူသည်။ ♦
ဥပါသကာရတနာ ဖြစ်ကြောင်း တရား ၅ ပါး
၁။ ယုံကြည်မှု သဒ္ဓါတရားရှိခြင်း၊
၂။ စောင့်ထိန်းမှု သီလရှိခြင်း၊
၃။ ကောတုဟလမင်္ဂလာကို မယုံကြည်ခြင်း၊
၄။ ကံကို ယုံကြည်၍ မင်္ဂလာကို မယုံကြည်ခြင်း၊
၅။ သာသနာတော်၏ အပြင်ပဖြစ်သော အလှူခံပုဂ္ဂိုလ်ကို မရှာမှီးဘဲ ဘုရားသာသနာတော်၌သာ ကောင်းမှုကုသိုလ် ပြုလုပ်ခြင်း။ (အံ၊၂၊၁၈၁။) (အံ၊၂၊၁၈၁။) (ဒီ၊ဋ္ဌ၊၁၊၂၁၀။) (မ၊ဋ္ဌ၊၁၊၁၄၁။) (အံ၊မြန်၊၂။၂၃၁။) (အံ၊မြန်၊၂။၂၃၁။) (ဒီ၊ဋ္ဌ၊မြန်၊၁။၄၁၃။) (ဒီ၊ဋ္ဌ၊မြန်၊၁။၄၁၃။)♦
ဥပါသကာရတနာ၏ အင်္ဂါ ၅ ပါး
ဥပါသကာရတနာ ဖြစ်ကြောင်း တရား ၅ ပါးနှင့် တူသည်။ ♦
ဥပါသိကာမ အင်္ဂါ ၁၀ ပါး (တစ်နည်း) (မရဲရင့်မူ၍ အိမ်ကို အုပ်စိုးနေသော ဥပါသိကာမ၏ အင်္ဂါ ၁၀ ပါး)
၁။ သူ့အသက် သတ်လေ့ရှိသူ ဖြစ်ခြင်း၊
၂။ သူ့ဥစ္စာကို ခိုးယူလေ့ရှိခြင်း၊
၃။ ကာမတို့၌ မှားယွင်းစွာ ကျင့်လေ့ရှိခြင်း၊
၄။ မဟုတ်မမှန်သော စကားကို ပြောဆိုလေ့ ရှိခြင်း၊
၅။ ကုန်းချောစကား ပြောကြားလေ့ရှိခြင်း၊
၆။ ရုန့်ရင်းကြမ်းတမ်းသော စကားကို ပြောဆိုလေ့ရှိခြင်း၊
၇။ ပြိန်ဖျင်းသော စကားကို ပြောဆိုလေ့ရှိခြင်း၊
၈။ အဘိဇ္ဈာများသူ သူတစ်ပါးဥစ္စာကို ရှေးရှုကြံစည်လေ့ရှိခြင်း၊
၉။ သူတစ်ပါးတို့အား ပျက်စီးစေလိုစိတ်ရှိခြင်း၊
၁၀။ မှားယွင်းသော အမြင်ရှိသူ ဖြစ်ခြင်း။ (အံ၊၃၊၄၈၈။) (အံ၊မြန်၊၃။၄၇၉။)♦
ဥပါသိကာမ အင်္ဂါ ၁၀ ပါး (ရဲရင့်စွာ အိမ်ကို စိုးအုပ်နေသော ဥပါသိကာမ၏ အင်္ဂါ ၁၀ ပါး)
၁။ သူ့အသက် သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း၊
၂။ သူ့ဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြဉ်ခြင်း၊
၃။ ကာမတို့၌ မှားယွင်းသော အကျင့်မှ ရှောင်ကြဉ်ခြင်း၊
၄။ မဟုတ်မမှန် ပြောမှုမှ ရှောင်ကြဉ်ခြင်း၊
၅။ ကုန်းချောမှုမှ ရှောင်ကြဉ်ခြင်း၊
၆။ ရုန့်ရင်းကြမ်းတမ်းစွာ ပြောဆိုမှုမှ ရှောင်ကြဉ်ခြင်း၊
၇။ ပြိန်ဖျင်းသော စကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း၊
၈။ သူတစ်ပါး ဥစ္စာကို ရှေးရှုကြံစည်မှုမှ ရှောင်ကြည်ခြင်း၊
၉။ သတ္တဝါတို့အား ဖျက်ဆီးလိုမှုမှ ရှောင် ကြဉ်ခြင်း၊
၁၀။ မှန်သော အမြင်ရှိခြင်း။ (အံ၊၃၊၄၈၂-၄၈၇။) (အံ၊မြန်၊၃။၄၇၂-၄၇၈။)♦
ဥပါသိကာမတို့ စံပြု တောင့်တထိုက်သော ဥပါသိကာမ ၂ ယောက်
၁။ ခုဇ္ဇုတ္တရာဥပါသိကာမ၊
၂။ ဝေဠုကဏ္ဍကီရွာသူ နန္ဒသတို့သား၏ မိခင် နန္ဒမာတာ။ (အံ၊၁၊၈၈။) (အံ၊မြန်၊၁။၁၀၃။)♦
ဥပုသ် ၂ မျိုး
၁။ စာတုဒ္ဒသီဥပုသ်၊
၂။ ပန္နရသီဥပုသ်။ (ဝိ၊၅၊၂၁၃။) (ဝိ၊မြန်၊၅။၂၉၇။)♦
ဥပုသ် ၃ မျိုး (တစ်နည်း)
၁။ စာတုဒ္ဒသီဥပုသ်၊
၂။ ပန္နရသီဥပုသ်၊
၃။ သာမဂ္ဂီဥပုသ်။ (ဝိ၊၅၊၂၂၂။) (ဝိ၊မြန်၊၅။၃၀၉။)♦
ဥပုသ် ၃ မျိုး (တစ်နည်း)
၁။ နွားကျောင်းသား (ဂေါပါလက) ဥပုသ်၊
၂။ တက္ကဒွန်း (နိဂဏ္ဌ) ဥပုသ်၊
၃။ အရိယာဥပုသ်။ (အံ၊၁၊၂၀၆။) (အံ၊မြန်၊၁။၂၂၄။)♦
ဥပုသ် ၃ မျိုး (တစ်နည်း) (ကတ္တဗ္ဗာကာရအစွမ်းဖြင့် ဥပုသ် ၃ မျိုး)
၁။ ပါတိမောက်ပါဠိစဉ် တို့ကို ရွတ်ပြခြင်း- သုတ္တုဒ္ဒေသဥပုသ်၊
၂။ ‘‘မိမိမှာ အာပတ်စင်ကြယ်ပါသည်’’ဟု ပြောပြခြင်း- ပါရိသုဒ္ဓိဥပုသ်၊
၃။ ‘‘ယနေ့ ဥပုသ်နေ့’’ဟု အဓိဋ္ဌာန်ခြင်း- အဓိဋ္ဌာနဥပုသ်။ (ဝိ၊၅၊၂၂၂။) (သာရတ္ထ၊ဋီ၊၃၊၂၇၇။) (ဝိ၊မြန်၊၅။၃၀၉။)♦
ဥပုသ် ၃ မျိုး (ဥပုသ်ပြုတတ်သူ ကာရကအစွမ်းဖြင့် ဥပုသ် ၃ မျိုး)
၁။ သံဃာပြုသော ဥပုသ်- သံဃဥပုသ်၊
၂။ ရဟန်း နှစ်ပါးသုံးပါး ပြုသော ဥပုသ်- ဂဏဥပုသ်၊
၃။ ရဟန်းတစ်ပါးတည်း ပြုသော ဥပုသ်- ပုဂ္ဂလဥပုသ်။ (ဝိ၊၅၊၂၂၂။) (သာရတ္ထ၊ဋီ၊၃၊၂၇၇။) (ဝိ၊မြန်၊၅။၃၀၉။)♦
ဥပုသ် ၉ မျိုး
၁။ စာတုဒ္ဒသီဥပုသ်- ၁၄ ရက်မြောက်နေ့၌ ပြုအပ်သော ဥပုသ်၊
၂။ ပန္နရသီဥပုသ်- လပြည့်လကွယ် ၁၅ ရက်မြောက်နေ့၌ ပြုအပ်သော ဥပုသ်၊
၃။ သာမဂ္ဂီဥပုသ်- ညီညွတ်သော သံဃာတို့ပြုအပ်သော ဥပုသ်၊
၄။ သံဃဥပုသ်၊
၅။ ဂဏဥပုသ်၊
၆။ ပုဂ္ဂလဥပုသ်၊
၇။ သုတ္တုဒ္ဒေသ ဥပုသ်၊
၈။ ပါရိသုဒ္ဓိဥပုသ်၊
၉။ အဓိဋ္ဌာန်ဥပုသ်။ (ဝိ၊ဋ္ဌ၊၃၊၁၄၄။) (သာရတ္ထ၊ဋီ၊၃၊၂၇၇။) (ဝိမတိ၊ ၂။၁၇၀။)♦
ဥပုသ် ဆောက်တည်ရကျိုး ၁၃ ပါး
၁။ တာဝတိံသာနတ်ပြည်၌ အမြင့်တစ်ယူဇနာရှိသော ဗိမာန်, အထွတ်တပ်သော မြတ်သော ပြာသာဒ်ဆောင်တို့ဖြင့် နေရခြင်း၊
၂။ တစ်သိန်းသော နတ်သမီးတို့ အမြဲခစားလျက် အခြားနတ်တို့ကို ကျော်လွန်၍ အလွန် တင့်တယ်ခြင်း၊
၃။ ခြောက်ကျိပ်သော နတ်မင်းတို့၏ မိဖုရားအဖြစ်ကို ရရှိခြင်း၊
၄။ ခြောက်ကျိပ် သုံးယောက်သော စကြာမင်းတို့၏ မိဖုရားအဖြစ်ကို ရရှိခြင်း၊
၅။ ရွှေအဆင်းနှင့် တူသော အဆင်းရှိသူအဖြစ်ဖြင့် ဘဝတို့၌ ကျင်လည် ရခြင်း၊
၆။ ဆင်ယာဉ်, မြင်းယာဉ်, ရထားယာဉ်, ထမ်းစင် ဟူသော ယာဉ်အလုံးစုံကို ရရှိခြင်း၊
၇။ ရွှေ, ငွေ, ဖန်, ပတ္တမြားဖြင့် ပြီးသော အရာဝတ္ထုတို့ကို ရခြင်း၊
၈။ အဖိုးများစွာ ထိုက်သော ပိုးထည်, ကမ္ဗလာထည်စသော အဝတ်အထည်တို့ကို ရခြင်း၊
၉။ ထမင်း, အဖျော်, ခဲဖွယ်, အိပ်ရာ နေရာတို့ကို ရခြင်း၊
၁၀။ ကောင်းမြတ်သော ပန်း, နံ့သာ, နံ့သာမှုန့် စသည်တို့ကို ရရှိခြင်း၊
၁၁။ အထွတ်တပ်သော အိမ်, ပြာသာဒ်, မဏ္ဍပ်, လိုဏ်ဂူ (ဥမင်) ပြာသာဒ်ဦးပြည်းတို့ကို ရခြင်း၊
၁၂။ ဥပုသ်စောင့်သည့်အခါမှ စ၍ ကိုးဆယ့်တစ်ကမ္ဘာတိုင်တိုင် ဒုဂ္ဂတိဘဝသို့ မလားရောက်ခြင်း၊
၁၃။ ခုနစ်နှစ်သားအရွယ်၌ ကိလေသာကုန်ခန်း ရဟန္တာ ဖြစ်ခြင်း။ [ဧကူပေါသထိကာရဟန္တာထေရီမအပဒါန်မှလာသည့်အတိုင်း ဖော်ပြခြင်း ဖြစ်သည်]။ (အပ၊၂၊၁၉၉။) (အပ၊မြန်၊၂။၁၉၀။)♦
ဥပုသ် အင်္ဂါ ၈ ပါး (တန်ခိုးအာနိသင်ကြီးမားသော ဥပုသ်၏ အင်္ဂါ ၈ ပါး)
၁။ အရိယာ တပည့်သည် ရဟန္တာပုဂ္ဂိုလ်တို့ကို အတုလိုက်၍ အသက်သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း၊
၂။ အရိယာ တပည့်သည် ရဟန္တာပုဂ္ဂိုလ်တို့ကို အတုလိုက်၍ မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်ခြင်း၊
၃။ အရိယာတပည့်သည် ရဟန္တာပုဂ္ဂိုလ်တို့ကို အတုလိုက်၍ မမြတ်သော အကျင့်မှ ရှောင်ကြဉ်ခြင်း၊
၄။ အရိယာတပည့်သည် ရဟန္တာပုဂ္ဂိုလ်တို့ကို အတုလိုက်၍ မဟုတ်မမှန် ပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း၊
၅။ အရိယာတပည့်သည် ရဟန္တာပုဂ္ဂိုလ်တို့ကို အတုလိုက်၍ သေရည်အရက် မူးယစ်ဆေးဝါး မှီဝဲခြင်းမှ ရှောင်ကြဉ်ခြင်း၊
၆။ အရိယာတပည့်သည် ရဟန္တာပုဂ္ဂိုလ်တို့ကို အတုလိုက်၍ နေလွဲအခါ၌ စားခြင်းမှ ရှောင်ကြဉ်ခြင်း၊
၇။ အရိယာ တပည့်သည် ရဟန္တာပုဂ္ဂိုလ်တို့ကို အတုလိုက်၍ ကခြင်း, သီဆိုခြင်း, တီးမှုတ်ခြင်း စသည်မှလည်းကောင်း ပန်းပန်ခြင်း, နံ့သာလိမ်းခြင်း စသည်မှလည်းကောင်း ရှောင်ကြဉ်ခြင်း၊
၈။ အရိယာတပည့်သည် ရဟန္တာပုဂ္ဂိုလ်တို့ကို အတုလိုက်၍ မြင့်သောနေရာ မြတ်သောနေရာ၌ နေခြင်းမှ ရှောင်ကြဉ်ခြင်း။ (အံ၊၃၊၇၉။) (အံ၊၃၊၈၁။) (အံ၊၃၊၈၄။) (အံ၊၃၊၈၈။) (အံ၊မြန်၊၃။၈၅၊၈၉။) (အံ၊မြန်၊၃။၈၅၊၈၉။) (အံ၊မြန်၊၃။၈၅၊၈၉။) (အံ၊မြန်၊၃။၈၅၊၈၉။)♦
ဥပုသ်ကံ ၄ မျိုး
၁။ အဓမ္မေန ဝဂ္ဂ ဥပုသ်ကံ၊
၂။ အဓမ္မေန သမဂ္ဂ ဥပုသ်ကံ၊
၃။ ဓမ္မေန ဝဂ္ဂ ဥပုသ်ကံ၊
၄။ ဓမ္မေန သမဂ္ဂ ဥပုသ်ကံ။ (သာရတ္ထ၊ဋီ၊၃၊၂၇၇။) (ဝိမတိ၊၂၊၁၇၁။)♦
ဥပုသ်ကံ၌ အရူး ၂ မျိုး
၁။ ဥပုသ်ကံ သံဃာ့ကံကို သတိရ တစ်ချက်, မရ တစ်ချက် ဖြစ်လျက် ရူးသော ရဟန်း၊
၃။ ဥပုသ်ကံ သံဃာ့ကံကို လုံးဝသတိမရဘဲ ရူးသော ရဟန်း။ (ဝိ၊၃၊၁၆၅။) (ဝိ၊မြန်၊၃။၁၆၈။)♦
ဥပုသ်ကံ၏ စ, လယ်, ဆုံး ၃ ပါး
၁။ ဥပုသ်ကံ၏ ညီညွတ်ခြင်း (ကာယသာမဂ္ဂီ) သည် အစတည်း၊
၂။ ပါတိမောက်ပြခြင်း (ကိရိယာ) သည် အလယ်တည်း၊
၃။ ပါတိမောက် ပြီးဆုံးခြင်းသည် အဆုံးတည်း။ (ဝိ၊၅၊၂၅၁။) (ဝိ၊မြန်၊၅။၃၄၄။)♦
ဥပုသ်နေ့ ၃ မျိုး
၁။ လဆန်း, လဆုတ် ရှစ်ရက် အဋ္ဌမီ ဥပုသ်နေ့၊
၂။ လဆုတ်, လကွယ် တစ်ဆယ့် လေးရက်နေ့ စာတုဒ္ဒသီ ဥပုသ်နေ့၊
၃။ လပြည့်, လကွယ် တစ်ဆယ့်ငါးရက် ပန္နရသီ ဥပုသ်နေ့။ (ဒီ၊ဋ္ဌ၊၁။၁၂၈။) (မ၊ဋ္ဌ၊ ၄။၅၀။) (သာရတ္ထ၊ ဋီ၊ ၁။၁၁၃။) (ဒီ၊ဋ္ဌ၊မြန်၊ ၁။၂၄၇။)♦
ဥပုသ်ပြု အန္တရာယ် ၁၀ ပါး
၁။ မင်းအန္တရာယ်၊
၂။ ခိုးသူအန္တရာယ်၊
၃။ မီးအန္တရာယ်၊
၄။ ရေ အန္တရာယ်၊
၅။ လူအန္တရာယ်၊
၆။ ဘီလူးအန္တရာယ်၊
၇။ သားရဲအန္တရာယ်၊
၈။ မြွေ, ကင်း, သန်း အန္တရာယ်၊
၉။ အသက်အန္တရာယ်၊
၁၀။ မြတ်သောအကျင့်၏ အန္တရာယ်။ (ဝိ၊၃၊၁၅၂။) (ဝိ၊မြန်၊၃။၁၅၆။)♦
ဥပုသ်ပြုသော သံဃာ့ဟတ္ထပါသ်မှ ကြဉ်ဖယ်ရမည့် ပုဂ္ဂိုလ် ၂၁ ယောက်
၁။ လူဝတ်ကြောင်၊
၂။ ရဟန်းမ၊
၃။ သိက္ခမာန်၊
၄။ ရှင်သာမဏေ၊
၅။ သာမဏေမ၊
၆။ သိက္ခာချသော သူ၊
၇။ ပါရာဇိကကျသူ၊
၈။ အာပတ်မရှုသော ဥက္ခိတ္တကရဟန်း၊
၉။ အာပတ်မကုစားသော ဥက္ခိတ္တကရဟန်း၊
၁၀။ ယုတ်မာသော အယူကို မစွန့်သော ဥက္ခိတ္တကရဟန်း၊
၁၁။ ပဏ္ဍုက်၊
၁၂။ ထေယျသံဝါသက၊
၁၃။ တိတ္ထိတို့ထံသို့ သွားပူးပေါင်းသူ၊
၁၄။ တိရစ္ဆာန်၊
၁၅။ အမိကို သတ်သူ၊
၁၆။ အဖကို သတ်သူ၊
၁၇။ ရဟန္တာကို သတ်သူ၊
၁၈။ ရဟန်းမကို ဖျက်ဆီးသူ၊
၁၉။ သံဃာကို သင်းခွဲသူ၊
၂၀။ ဘုရားရှင့်ကိုယ်တော်၌ သွေးစိမ်းတည်စေသူ၊
၂၁။ ယောကျ်ား နိမိတ် မိန်းမနိမိတ် နှစ်မျိုး ပါရှိသူ။ (သာရတ္ထ၊ဋီ၊၃၊၂၇၉။)♦
ဥပေက္ခာ ၁၀ ပါး
၁။ ဆဠင်္ဂုပေက္ခာ- ဣဋ္ဌာရုံ အနိဋ္ဌာရုံ ဖြစ်သော အာရုံခြောက်ပါးတို့၌ လျစ်လျူ ရှုခြင်း၊
၂။ ဗြဟ္မဝိဟာရုပေက္ခာ- သတ္တဝါတို့၌ ကမ္မဿကာဟု လျစ်လျူရှုခြင်း၊
၃။ ဗောဇ္ဈင်္ဂု ပေက္ခာ- မဂ်၏ အကြောင်းဖြစ်သော အတူတကွ ဖြစ်ဖက်တရားတို့၏ အပေါ်၌ အလယ် အလတ်၌ တည်သည်၏ အခြင်းအရာအဖြစ် ရှုတတ်သော ဥပေက္ခာ၊
၄။ ဝီရိယုပေက္ခာ- မတင်းလွန်းမလျော့လွန်းသော ဝီရိယဟု ဆိုအပ်သော လျစ်လျူရှုခြင်း၊
၅။ သင်္ခါရုပေက္ခာ- နီဝရဏ စသည်ကို ပယ်ထိုက်သော တရား၏ အဖြစ်ဖြင့် ရှုတတ်သော ပယ်ခြင်းကိစ္စ၌ ဗျာပါရ မပြုဘဲ ကောင်းစွာတည်တတ်သော နီဝရဏ စသည်ကို ယူခြင်း၌ အလယ်အလတ်၌ တည်သော သဘောရှိသည်ဖြစ်၍ ဖြစ်သော ဥပေက္ခာ၊
၆။ ဝေဒနူပေက္ခာ- ဆင်းရဲ ချမ်းသာ တို့၌ အလည်အလတ်အားဖြင့် လျစ်လျူရှုခြင်း၊
၇။ ဝိပဿနုပေက္ခာ- သင်္ခါရတရားတို့ကို စီစစ်ခြင်း၌ အလယ်အလတ်အားဖြင့် လျစ်လျူရှုခြင်း၊
၈။ တတြမဇ္ဈတ္တုပေက္ခာ- တကွ ဖြစ်ဖက် စိတ် စေတသိက်တို့အပေါ်၌ အညီအမျှ အားထုတ်ခြင်းဟု ဆိုအပ်သော လျစ်လျူ ရှုခြင်း၊
၉။ ဈာနုပေက္ခာ- အမြတ်ဆုံးသုခဖြစ်သော တတိယဈာန် ချမ်းသာ၌သော်မှလည်း သုခအဖို့၌ ကျရောက်ခြင်းကို မဖြစ်စေတတ်သော ဥပေက္ခာ၊
၁၀။ ပါရိသုဒ္ဓုပေက္ခာ- အလုံး စုံသော ဆန့်ကျင်ဘက်တို့မှ ထက ်ဝန်းကျင် စင်ကြယ်သော ဆန့်ကျင်ဘက်တရားတို့ကို ငြိမ်းစေခြင်း၌သော်မှလည်း ဗျာပါရ မရှိသည် ဖြစ်၍ ဖြစ်သော ဥပေက္ခာ။ (ဝိ၊ဋ္ဌ၊၁၊၁၂၀။) (အံ၊၂၊၁၈၁။) (ဒီ၊ဋ္ဌ၊၁၊၂၁၀။) (မ၊ဋ္ဌ၊၁၊၁၄၀။) (အဘိ၊ဋ္ဌ၊၁၊၂၁၆။) (ပဋိသံ၊ဋ္ဌ၊၁၊၁၇၃။) (မဟာနိ၊ဋ္ဌ၊၁၁၈။) (ဝိသုဒ္ဓိ၊၁၊၁၅၅။) (ဒီ၊ဋ္ဌ၊မြန်၊၁။၄၁၂-၄၁၃။) (ဒီ၊ဋ္ဌ၊မြန်၊၁။၄၁၂-၄၁၃။) (သာရတ္ထ၊ဋီ၊၁၊၃၆၉။)♦
ဥပေက္ခာ ၂ မျိုး
၁။ သေဝိတဗ္ဗဥပေက္ခာ- ဤဥပေက္ခာကို မှီဝဲသော ပုဂ္ဂိုလ်အား အကုသိုလ်တရားများ ယုတ်လျော့၍ ကုသိုလ်တရားများ တိုးပွားလာသဖြင့် မှီဝဲအပ်သော ဥပေက္ခာ၊
၂။ အသေဝိတဗ္ဗဥပေက္ခာ- ဤဥပေက္ခာကို မှီဝဲသော ပုဂ္ဂိုလ်အား အကုသိုလ်တရားများ တိုးပွား၍ ကုသိုလ်တရားများ ယုတ်လျော့သွားသဖြင့် မမှီဝဲအပ်သော ဥပေက္ခာ။ (ဒီ၊၂၊၂၂၂။) (ဒီ၊မြန်၊၂။၂၄၉။)♦
ဥပေက္ခာ ၆ မျိုး (အင်္ဂါ ၆ ပါးရှိသော ဥပေက္ခာ)
၁။ မျက်စိဖြင့် အဆင်းကို မြင်သော်လည်း ဝမ်းမြောက်ခြင်း နှလုံးမသာခြင်း မဖြစ်၊
၂။ နားဖြင့် အသံကို ကြားသော်လည်း ဝမ်းသာ ဝမ်းနည်း မဖြစ်၊
၃။ နှာခေါင်းဖြင့် အနံ့ကို ရှူမိသော်လည်း ဝမ်းသာဝမ်းနည်း မဖြစ်၊
၄။ လျှာဖြင့် အရသာကို ခံစားသော်လည်း ဝမ်းသာဝမ်းနည်း မဖြစ်၊
၆။ စိတ်ဖြင့် အခြားအာရုံများကို သိသော်လည်း ဝမ်းသာ ဝမ်းနည်း မဖြစ်။ (မဟာနိ၊၁၈၆။) (မဟာနိ၊၂၅၇။)♦
ဥပေက္ခာဝေဒနာနှင့် ယှဉ်သော ဆင်ခြင် သုံးသပ်ခြင်း ၆ ပါး
၁။ မျက်စိဖြင့် ရူပါရုံကို မြင်၍ လျစ်လျူရှုခြင်း ဥပေက္ခာဝေဒနာ၏ အကြောင်းဖြစ်သော ရူပါရုံကို ဆင်ခြင်ခြင်း၊
၂။ နားဖြင့် သဒ္ဒါရုံကို ကြား၍ လျစ်လျူရှုခြင်း ဥပေက္ခာဝေဒနာ၏ အကြောင်းဖြစ်သော သဒ္ဒါရုံကို ဆင်ခြင်ခြင်း၊
၃။ နှာခေါင်းဖြင့် ဂန္ဓာရုံကို နမ်း၍ လျစ်လျူရှုခြင်း ဥပေက္ခာဝေဒနာ၏ အကြောင်းဖြစ်သော ဂန္ဓာရုံကို ဆင်ခြင်ခြင်း၊
၄။ လျှာဖြင့် ရသာရုံကို လျက်၍ လျစ်လျူရှုခြင်း ဥပေက္ခာဝေဒနာ၏ အကြောင်းဖြစ်သော ရသာရုံကို ဆင်ခြင်ခြင်း၊
၅။ ကိုယ်ဖြင့် ဖောဋ္ဌဗ္ဗာရုံကို ထိ၍ လျစ်လျူရှုခြင်း ဥပေက္ခာဝေဒနာ၏ အကြောင်းဖြစ်သော ဖောဋ္ဌဗ္ဗာရုံကို ဆင်ခြင်ခြင်း၊
၆။ စိတ်ဖြင့် ဓမ္မာရုံကို သိ၍ လျစ်လျူရှုခြင်း ဥပေက္ခာဝေဒနာ၏ အကြောင်း ဖြစ်သော ဓမ္မရုံကို ဆင်ခြင်ခြင်း။ (ဒီ၊၃၊၂၀၃။) (ဒီ၊မြန်၊၃။၂၂၆။)♦
ဥပေက္ခာသမ္ဗောဇ္ဈင် ဖြစ်ပေါ်ကြောင်း ၅ မျိုး
၁။ ချစ်အပ်သော အရာ၌ တည်သော သတ္တဝါတို့၌ လျစ်လျူရှုသူ ဖြစ်ခြင်း၊
၂။ အတွင်းအပ သင်္ခါရတို့၌ လျစ်လျူရှုသူ ဖြစ်ခြင်း၊
၃။ သတ္တဝါသင်္ခါရ တို့ကို ငါ့လူ၊ ငါ့ဟာ၊ ငါ့ဥစ္စာဟု ကပ်ငြိစွဲလမ်းကြီးသူကို ရှောင်ကြဉ်သူ ဖြစ်ခြင်း၊
၄။ သတ္တဝါ သင်္ခါရတို့၌ လျစ်လျူရှုသူကို မှီဝဲ ပေါင်းဖက်သူ ဖြစ်ခြင်း၊
၅။ ထိုဥပေက္ခာ သမ္ဗောဇ္ဈင်သို့ ညွတ်သော စိတ်နှလုံးရှိသူ ဖြစ်ခြင်း။ (ဒီ၊ဋ္ဌ၊၂၊၃၈၄။) (မ၊ဋ္ဌ၊၁၊၃၀၂။) (သံ၊ဋ္ဌ၊၃၊၂၀၀။) (အံ၊ဋ္ဌ၊၁၊၄၀၂။) (အဘိ၊ဋ္ဌ၊၂၊၂၇၂။) (ဝိသုဒ္ဓိ၊၁၊၁၃၁။) (သာရတ္ထ၊ဋီ၊၂၊၂၂၆။) (ဒီ၊ဋီ၊၂၊၁၃၀။) (ဒီ၊ဋ္ဌ၊မြန်၊၂။၇၁၄။)♦
ဥပေက္ခုပဝိစာရ ၆ ပါး
၁။ မျက်စိဖြင့် ရူပါရုံကို မြင်သည်ရှိသော် လျစ်လျူရှုမှု၏ အကြောင်း ဖြစ်သော ရူပါရုံကို ဆင်ခြင်ခြင်း၊
၂။ နားဖြင့် သဒ္ဒါရုံကို ကြားသည်ရှိသော် လျစ်လျူရှုမှု၏ အကြောင်းဖြစ်သော သဒ္ဒါရုံကို ဆင်ခြင်ခြင်း၊
၃။ နှာခေါင်းဖြင့် ဂန္ဓာရုံကို နမ်းသည်ရှိသော် လျစ်လျူရှုမှု၏ အကြောင်းဖြစ်သော ဂန္ဓာရုံကို ဆင်ခြင်ခြင်း၊
၄။ လျှာဖြင့် ရသာရုံကို လျက်သည် ရှိသော် လျစ်လျူရှုမှု၏ အကြောင်းဖြစ်သော ရသာရုံကို ဆင်ခြင်ခြင်း၊
၅။ ကိုယ်ဖြင့် ဖောဋ္ဌဗ္ဗာရုံကို တွေ့ထိသည်ရှိသော် လျစ်လျူရှုမှု၏ အကြောင်းဖြစ်သော ဖောဋ္ဌဗ္ဗာရုံကို ဆင်ခြင်ခြင်း၊
၆။ စိတ်ဖြင့် ဓမ္မာရုံကို သိသည်ရှိသော် လျစ်လျူရှုမှု၏ အကြောင်းဖြစ်သော ဓမ္မာရုံကို ဆင်ခြင်ခြင်း။ (အဘိ၊ဝိ၊၃၉၅။) (အဘိ၊ဝိ၊မြန်၊၂။၅၀၁။)♦
ဥပ္ပန္န ၄ မျိုး
၁။ ဝတ္တမာနဥပ္ပန္န- ထင်ရှားရှိကုန်သည်ဖြစ်၍ ဥပါဒ်အစရှိသည်တို့နှင့် ပြည့်စုံသော ကိလေသာ၊
၂။ ဘုတွာ ဝိဂတဥပ္ပန္န- ကုသိုလ်ကံ, အကုသိုလ်ကံသည် ခုနစ်ကြိမ်စောပြီး အပ်သော် အာရုံ၏ အရသာကို ခံစားပြီး၍ တဒါရုံဖြစ်၍ ချုပ်သော ဝိပါက်စိတ်သည် ခံစား၍ ကင်းခြင်းသည်လည်းကောင်း, ဖြစ်ပြီး၍ ချုပ်သော ကုသိုလ်ကံ, အကုသိုလ်ကံသည် ဖြစ်၍ ကင်းခြင်းသည်လည်းကောင်း ထိုနှစ်ပါးစုံသော ကံ၊
၃။ ဩကာသကတဥပ္ပန္န- ကုသိုလ်, အကုသိုလ်ကံသည် တစ်ပါးသော ကံ၏အကျိုးကို တားမြစ်၍ မိမိတည်းဟူသော ကုသိုလ် ကံ, အကုသိုလ်ကံ အကျိုး၏ အခွင့် ပေးသည်ကို ပြုအပ်သော် ဖြစ်ဆဲဖြစ်သော အကျိုးသည် အခွင့်ကို ပြုသည်မှ စ၍ ဖြစ်ပြီးဟူသော အရေအတွက်သို့ ရောက်ခြင်း၊
၄။ ဘူမိလဒ္ဓုပ္ပန္န- ခန္ဓာ ငါးပါးတို့၌ အနုသယကိစ္စတတ်သော ကိလေသာ အပေါင်း။ (မ၊ဋ္ဌ၊၃၊၁၇၃။) (အံ၊ဋ္ဌ၊၁၊၃၈၄။) (အဘိ၊ဋ္ဌ၊၂၊၂၈၅။) (ဝိသုဒ္ဓိ၊၂၊၃၂၈။) (ပဋိသံ၊ဋ္ဌ၊၁၊၁၅၈။)♦
ဥပ္ပန္န ၄ မျိုး (တစ်နည်း)
၁။ သမုဒါစာရဥပ္ပန္န- အကြောင်းတရားတို့သည် ပြုပြင် စီမံအပ်သော ဖြစ်ခြင်းခဏ စသည်တို့နှင့် ပြည့်စုံသော တရားအပေါင်း၊
၂။ အာရမ္မဏာ ဓိဂ္ဂဟိတဥပ္ပန္န- စက္ခုပသာဒ အစရှိသည်တို့အား အာရုံသည် ရှေးရှုထင်ခြင်းသို့ ရောက်လတ်သော် ရှေးကာလအဖို့၌ မဖြစ်ဘူးသေးသော ကိလေသာ၏ ဖြစ်ခြင်း၊
၃။ အဝိက္ခမ္ဘိတဥပ္ပန္န- သမထ ဝိပဿနာတို့တွင် တစ်ပါးပါး၏ အစွမ်းဖြင့် မခွာအပ်သေးသော ကိလေသာ ဖြစ်သော စိတ်အစဉ်သို့ ရှေးရှုမထင်မရှားလာသော ဖြစ်ကြောင်းကို တားမြစ်တတ်သော လောကုတ္တရာ မဂ်တည်းဟူသော အကြောင်းတရား၏ မရှိသောကြောင့် ထိုသမထဝိပဿနာဖြင့် မခွာအပ် သေးသော ကိလေသာ၊
၄။ အသမူဟတဥပ္ပန္န- သမထဝိပဿနာ၏ အစွမ်းဖြင့် ခွာအပ်ပြီးသော ကိလေသာဖြစ်ခြင်းကို အရိယာမဂ်သည် မပယ်, မနုတ်အပ်သေးသည်၏ အဖြစ်ကြောင့် ကိလေသာ၏ ဖြစ်ခြင်းသဘော၏ အဖြစ်ကို မလွန်နိုင်။ (မ၊ဋ္ဌ၊၃၊၁၇၄။) (အံ၊ဋ္ဌ၊၁၊၃၈၅။) (ပဋိသံ၊ဋ္ဌ၊၁၊၁၆၀။) (သုတ္တနိ၊ဋ္ဌ၊၁၊၆။) (ဝိသုဒ္ဓိ၊၂၊၃၃၀။)♦
ဥပ္ပါဒဝါရ၌ အဓွန့်သုံးပါးတို့၏ အစွမ်းဖြင့် ကာလ ၆ မျိုး
၁။ ပစ္စုပ္ပန်ကာလ၊
၂။ အတိတ် ကာလ၊
၃။ အနာဂတ်ကာလ၊
၄။ ပစ္စုပ္ပန်အတိတ်ကာလ၊
၅။ ပစ္စုပ္ပန်အနာဂတ်ကာလ၊
၆။ အတိတ်အနာဂတ်ကာလ။ (အဘိ၊ဋ္ဌ၊၃၊၂၉၆။)♦
ဥပ္ပါဒေတဗ္ဗ တရား ၁၀ ပါး
ဖြစ်စေအပ်သော တရား ၁၀ ပါး၊ သညာ ၁၀ ပါးတို့နှင့် တူသည်။ ♦
ဥပ္ပါဒေတဗ္ဗ တရား ၄ ပါး
ဖြစ်စေအပ်သော တရား ၄ ပါး၊ ဉာဏ် ၄ ပါးတို့နှင့် တူသည်။ ♦
ဥပ္ပါဒေတဗ္ဗ တရား ၅ ပါး
ဖြစ်စေအပ်သော တရား ၅ ပါး၊ ဉာဏ်နှင့် ယှဉ်သော သမ္မာသမာဓိ ၅ ပါးတို့နှင့် တူသည်။ ♦
ဥပ္ပါဒေတဗ္ဗ တရား ၆ ပါး
ဖြစ်စေအပ်သော တရား ၆ ပါး၊ ရဟန္တာပုဂ္ဂိုလ်၏ မြဲသော နေခြင်း ၆ ပါး၊ သတတဝိဟာရ တရား ၆ ပါးတို့နှင့် တူသည်။ ♦
ဥပ္ပါဒေတဗ္ဗ တရား ၈ ပါး
ဖြစ်စေအပ်သော တရား ၈ ပါး၊ ယောကျ်ားမြတ်တို့အကျင့် ၈ ပါး တို့နှင့် တူသည်။ ♦
ဥပ္ပါဒေတဗ္ဗ တရား ၉ ပါး
ဖြစ်စေအပ်သော တရား ၉ ပါး၊ သညာ ၉ ပါးနှင့် တူသည်။ ♦
ဥပ္ပါဒေတဗ္ဗတရား ၂ ပါး
ဖြစ်စေထိုက်သော တရား ၂ ပါးနှင့် တူသည်။ ♦
ဥပ္ပါဒေတဗ္ဗတရား ၃ ပါး
ဖြစ်စေအပ်သောတရား ၃ ပါးနှင့် တူသည်။ ♦
ဥပ္ပါဒေတဗ္ဗတရား ၇ ပါး
ဖြစ်စေအပ်သော တရား ၇ ပါး၊ သညာ ၇ ပါးတို့နှင့် တူသည်။ ♦
ဥဗ္ဗာဟိက ကမ္မဝါစာဖြင့် မသမုတ်အပ်သော ရဟန်း အင်္ဂါ ၅ ပါး
၁။ အဋ္ဌကထာ၌ မကျွမ်း ကျင်ခြင်း၊
၂။ ပါဠိတော်၌ မကျွမ်းကျင်ခြင်း၊
၃။ သဒ္ဒါ၌ မကျွမ်းကျင်ခြင်း၊
၄။ အက္ခရာ၌ မကျွမ်းကျင်ခြင်း၊
၅။ ရှေ့နောက် စကား၌ မကျွမ်းကျင်ခြင်း၊ မှတ်ချက်။ ။ ဥဗ္ဗာဟိက ကမ္မဝါစာဖြင့် သမုတ်အပ်သော ရဟန်း၏ အင်္ဂါ (၅) ပါးကို အထက်က (၅) ပါးနှင့် အပြန် အားဖြင့် သိအပ်၏။ (ဝိ၊၅၊၃၄၂။) (ဝိ၊မြန်၊၅။၄၄၇။)♦
ဥဗ္ဗာဟိက ကမ္မဝါစာဖြင့် မသမုတ်အပ်သော ရဟန်း အင်္ဂါ ၅ ပါး
၁။ ဆန္ဒာဂတိသို့ လိုက်ခြင်း၊
၂။ ဒေါသာဂတိသို့ လိုက်ခြင်း၊
၃။ မောဟာဂတိသို့ လိုက်ခြင်း၊
၄။ ဘယာဂတိသို့ လိုက်ခြင်း၊
၅။ ဝိနည်း၌ မကျွမ်းကျင်ခြင်း၊ (မှတ်ချက်) ဥဗ္ဗာဟိကကမ္မဝါစာဖြင့် သမုတ်အပ်သော ရဟန်း၏ အင်္ဂါ (၅) ပါးကို အထက်က မသမုတ်အပ်သော ရဟန်း၏ အင်္ဂါ (၅) ပါးနှင့် အပြန်ယူလေ။ (ဝိ၊၅၊၃၄၄။) (ဝိ၊မြန်၊၅။၄၄၈။)♦
ဥဗ္ဗာဟိက ကမ္မဝါစာဖြင့် မသမုတ်အပ်သော ရဟန်း အင်္ဂါ ၅ ပါး (တစ်နည်း)
၁။ အမျက် ထွက်တတ်ခြင်း၊
၂။ သူ့ကျေးဇူးကို ချေဖျက်တတ်ခြင်း၊
၃။ ဂုဏ်ပြိုင်တတ်ခြင်း၊
၄။ မနာလို တတ်ခြင်း၊
၅။ မိမိအယူကို စွဲမြဲစွာ ယူလေ့ရှိသည့်ပြင် ပြန်လည်၍ စွန့်လွှတ်နိုင်ခဲခြင်း။ (ဝိ၊၅၊၃၄၃။) (ဝိ၊မြန်၊၅။၄၄၇။)♦
ဥဗ္ဗာဟိက ကမ္မဝါစာဖြင့် မသမုတ်အပ်သော ရဟန်း အင်္ဂါ ၅ ပါး (တစ်နည်း)
၁။ အမျက် ထွက်တတ်ခြင်း၊
၂။ စောင်းမြောင်းတတ်ခြင်း၊
၃။ ဆန့်ကျင်တတ်ခြင်း၊
၄။ အမျက်ကို ဖြစ်စေ တတ်ခြင်း၊
၅။ ဆုံးမစကားကို သည်းမခံတတ်သည် ဖြစ်၍ ကောင်းစွာ မနာယူတတ်ခြင်း။ (ဝိ၊၅၊၃၄၃။) (ဝိ၊မြန်၊၅။၄၄၇။)♦
ဥဗ္ဗာဟိက ကမ္မဝါစာဖြင့် မသမုတ်အပ်သော ရဟန်း အင်္ဂါ ၅ ပါး (တစ်နည်း)
၁။ တွေဝေစေ တတ်ခြင်း၊
၂။ မအောက်မေ့စေတတ်ခြင်း၊
၃။ ခွင့်မပေးစေဘဲ ဆိုတတ်ခြင်း၊
၄။ တရားအတိုင်း ဝိနည်းအတိုင်း အာပတ်အတိုင်း မစောဒနာတတ်ခြင်း၊
၅။ တရားအတိုင်း ဝိနည်းအတိုင်း အာပတ် အတိုင်း မဆုံးဖြတ်တတ်ခြင်း။ မှတ်ချက်။ ။ ဥဗ္ဗာဟိကကမ္မဝါစာဖြင့် မသမုတ်အပ်သော ရဟန်း၏ အင်္ဂါ (၅) ပါးကို အထက်က (၅) ပါးနှင့် အပြန်အားဖြင့် ယူလေ။ (ဝိ၊၅၊၃၄၃။) (ဝိ၊မြန်၊၅။၄၄၇။)♦
ဥဗ္ဗာဟိက ကမ္မဝါစာဖြင့် မသမုတ်အပ်သော ရဟန်း အင်္ဂါ ၅ ပါး (တစ်နည်း)
၁။ ဆန္ဒာဂတိသို့ လိုက်ခြင်း၊
၂။ ဒေါသာဂတိသို့ လိုက်ခြင်း၊
၃။ မောဟာဂတိသို့ လိုက်ခြင်း၊
၄။ ဘယာ ဂတိသို့ လိုက်ခြင်း၊
၅။ အရှက်မရှိခြင်း။ (ဝိ၊၅၊၃၄၄။) (ဝိ၊မြန်၊၅။၄၄၈။)♦
ဥဗ္ဗာဟိက ကမ္မဝါစာဖြင့် သမုတ်အပ်သော ရဟန်း အင်္ဂါ ၅ ပါး
၁။ အမျက်မထွက်တတ်ခြင်း၊
၂။ သူ့ကျေးဇူးကို မချေဖျက်တတ်ခြင်း၊
၃။ ဂုဏ်တုဂုဏ်ပြိုင် မပြုလုပ်တတ်ခြင်း၊
၄။ မနာလိုမှု မရှိခြင်း၊
၅။ မှားသော အယူကို စွဲမြဲစွာ ယူလေ့မရှိဘဲ လွယ်ကူစွာ စွန့်လွှတ်နိုင်ခြင်း။ (ဝိ၊၅၊၃၄၃။) (ဝိ၊မြန်၊၅။၄၄၇။)♦
ဥဗ္ဗာဟိက ကမ္မဝါစာဖြင့် သမုတ်အပ်သော ရဟန်း အင်္ဂါ ၅ ပါး (တစ်နည်း)
၁။ အဋ္ဌကထာ၌ လိမ္မာ ကျွမ်းကျင်ခြင်း၊
၂။ ပါဠိတော်၌ လိမ္မာ ကျွမ်းကျင်ခြင်း၊
၃။ သဒ္ဒါ၌ လိမ္မာကျွမ်းကျင်ခြင်း၊
၄။ အက္ခရာ၌ လိမ္မာကျွမ်းကျင်ခြင်း၊
၅။ ရှေ့နောက်စကား၌ လိမ္မာကျွမ်းကျင်ခြင်း။ (ဝိ၊၅၊၃၄၂။) (ဝိ၊မြန်၊၅။၄၄၇။)♦
ဥဗ္ဗာဟိက ကမ္မဝါစာဖြင့် သမုတ်အပ်သော ရဟန်း အင်္ဂါ ၅ ပါး (တစ်နည်း)
၁။ အမျက် မထွက်တတ်ခြင်း၊ ၂။မစောင်းမြောင်းတတ်ခြင်း၊
၃။ မဆန့်ကျင်တတ်ခြင်း၊
၄။ အမျက်ကို မဖြစ်စေတတ်ခြင်း၊
၅။ ဆုံးမစကားကို သည်းခံတတ်သည် ဖြစ်၍ ကောင်းစွာ နာယူ တတ်ခြင်း။ (ဝိ၊၅၊၃၄၃။) (ဝိ၊မြန်၊၅။၄၄၇။)♦
ဥဗ္ဗာဟိက ကမ္မဝါစာဖြင့် သမုတ်အပ်သော ရဟန်း အင်္ဂါ ၅ ပါး (တစ်နည်း)
၁။ ဆန္ဒာဂတိသို့ မလိုက်ခြင်း၊
၂။ ဒေါသာဂတိသို့ မလိုက်ခြင်း၊
၃။ မောဟာဂတိသို့ မလိုက်ခြင်း၊
၄။ ဘယာ ဂတိသို့ မလိုက်ခြင်း၊
၅။ အရှက်ရှိခြင်း။ (ဝိ၊၅၊၃၄၄။) (ဝိ၊မြန်၊၅။၄၄၈။)♦
ဥဗ္ဗာဟိက ကမ္မဝါစာဖြင့် သမုတ်အပ်သော ရဟန်း အင်္ဂါ ၅ ပါး (တစ်နည်း)
၁။ ဆန္ဒာဂတိသို့ မလိုက်ခြင်း၊
၂။ ဒေါသာဂတိသို့ မလိုက်ခြင်း၊
၃။ မောဟာဂတိသို့ မလိုက်ခြင်း၊
၄။ ဘယာ ဂတိသို့ မလိုက်ခြင်း၊
၅။ ဝိနည်း၌ လိမ္မာကျွမ်းကျင်ခြင်း။ (ဝိ၊၅၊၃၄၄။) (ဝိ၊မြန်၊၅။၄၄၈။)♦
ဥဗ္ဗာဟိက ဉတ်ကမ္မဝါစာဖြင့် အဓိကရုဏ်း ငြိမ်းစေနိုင်သော ရဟန်း အင်္ဂါ ၁၀ ပါး
၁။ ကိုယ်ကျင့် သီလရှိလျက် ပါတိမောက္ခသံဝရသီလကို စောင့်ရှောက်၍ အာစာရဂေါစရနှင့် ပြည့်စုံပြီး အနည်းငယ်မျှသော အပြစ်၌သော်မှလည်း ဘေးဟု ရှုလေ့ရှိကာ သိက္ခာပုဒ်တို့၌ ကောင်းစွာ ကျင့်ခြင်း၊
၂။ အကြားအမြင်များ၍ အနက်သဒ္ဒါနှင့် ပြည့်စုံသော တရားတို့ကို နှုတ်ဖြင့် လေ့ကျက်ပြီး စိတ်ဖြင့် ကောင်းစွာ မှတ်သားလျက် ဉာဏ်ဖြင့် ကောင်းစွာ ထိုးထွင်းသိခြင်း၊
၃။ ပါတိမောက်နှစ်ပါးကို အကျယ်အားဖြင့် ကောင်းစွာ နှုတ်တက်အာဂုံ ဆောင်လျက် အဖွင့် ဥဘတောဝိဘင်းအားဖြင့် ကောင်းစွာ ဆုံးဖြတ်နိုင်ခြင်း၊
၄။ ဝိနည်း၌ လိမ္မာကျွမ်းကျင်လျက် တွန့်ဆုတ်မှု မရှိခြင်း၊
၅။ ရန်သူဖြစ်သော ရဟန်းနှစ်ပါးတို့ကို သိစေခြင်းငှာလည်းကောင်း၊ ကြည့်ရှုစေခြင်းငှာလည်းကောင်း၊ ကြည်ညိုစေခြင်းငှာ လည်းကောင်း စွမ်းနိုင်ခြင်း၊
၆။ အဓိ ကရုဏ်းဖြစ်ကြောင်း, ငြိမ်းကြောင်း၌ လိမ္မာကျွမ်းကျင်ခြင်း၊
၇။ အဓိကရုဏ်းကို သိခြင်း၊
၈။ အဓိကရုဏ်းဖြစ်ကြောင်းကို သိခြင်း၊
၉။ အဓိကရုဏ်း ချုပ်ငြိမ်းခြင်းကို သိခြင်း၊
၁၀။ အဓိ ကရုဏ်းချုပ်ခြင်းသို့ ရောက်ကြောင်း အကျင့်ကို သိခြင်း။ (ဝိ၊၄၊၂၂၃။) (ဝိ၊မြန်၊၄။၂၂၀။)♦
ဥဗ္ဗာဟိကကမ္မဝါစာဖြင့် သမုတ်အပ်သော ရဟန်း အင်္ဂါ ၅ ပါး (တစ်နည်း)
၁။ မတွေဝေစေ တတ်ခြင်း၊
၂။ အောက်မေ့စေတတ်ခြင်း၊
၃။ အခွင့်ပေးစေ၍ ဆိုတတ်ခြင်း၊
၄။ တရားအတိုင်း ဝိနည်းအတိုင်း အာပတ်အားလျော်စွာ စောဒနာတတ်ခြင်း၊
၅။ တရားအတိုင်း ဝိနည်းအတိုင်း အာပတ်အားလျော်စွာ ဆုံးဖြတ်တတ်ခြင်း။ (ဝိ၊၅၊၃၄၃။) (ဝိ၊မြန်၊၅။၄၄၈။)♦
ဥဗ္ဗာဟိကကမ္မဝါစာဖြင့် သမုတ်အပ်သော ရဟန်းတို့ ပြည့်စုံရမည့် အင်္ဂါ ၁၀ ပါး
၁။ သီလ ရှိခြင်း၊
၂။ အကြားအမြင်များခြင်း၊
၃။ အနက်သဒ္ဒါနှင့် ပြည့်စုံသော တရားတို့ကို ကြားနာ ခြင်း၊
၄။ ဥဘတောဝိဘင်း နှုတ်၌ လာခြင်း၊
၅။ အကျင့်အာစာရ၊ ကျက်စားရာ ဂေါစရ ဂါမ်နှင့် ပြည့်စုံခြင်း၊
၆။ အနည်းငယ်မျှသော အပြစ်တို့၌ ဘေးဟု ရှုလေ့ရှိခြင်း၊
၇။ အဓိ ကရုဏ်းဖြစ်ကြောင်း ငြိမ်းကြောင်းတို့၌ ကျွမ်းကျင်ခြင်း၊
၈။ အဓိကရုဏ်း ဖြစ်ကြောင်းကို သိခြင်း၊
၉။ အဓိကရုဏ်းငြိမ်းခြင်းကို သိခြင်း၊
၁၀။ အဓိကရုဏ်းငြိမ်းခြင်းသို့ ရောက်ကြောင်း အကျင့်ကို သိခြင်း။ (အံ၊၃၊၃၁၂။) (အံ၊မြန်၊၃။၃၁၁။)♦
ဥဘတောဗျည်း ၂ မျိုး
၁။ ယောကျ်ား ဥဘတောဗျည်း၊
၂။ မိန်းမ ဥဘတောဗျည်း။ (ဝိ၊ဋ္ဌ၊၃၊၃၀၆။)♦
ဥဘတောဗျည်း ၃ မျိုး
၁။ လူ ဥဘတောဗျည်း၊
၂။ နတ် ဥဘတောဗျည်း၊
၃။ တိရစ္ဆာန် ဥဘတော ဗျည်း။ (ဝိ၊၁၊၃၄။) (ဝိ၊မြန်၊၁။၃၈။) ♦
ဥဘတောဘာဂဝိမုတ္တ ပုဂ္ဂိုလ် ၅ ယောက်
၁။ အရူပသမာပတ် လေးပါးတို့တွင် တစ်ပါးပါးမှ ထ၍ သင်္ခါရတရားတို့ကို သုံးသပ်ပြီး အရဟတ္တဖိုလ်သို့ ရောက်သော ပုဂ္ဂိုလ် လေးယောက်၊
၂။ နိရောဓသမာပတ်မှ ထ၍ အရဟတ္တဖိုလ်သို့ ရောက်သော အနာဂါမ်ပုဂ္ဂိုလ် တစ်ယောက် ပေါင်း ငါးယောက်။ (ဒီ၊ဋ္ဌ၊၃၊၇၂။) (အံ၊ဋ္ဌ၊၃၊၁၄၆။)♦
ဥယျုတ္တသေန သိက္ခာပုဒ်၌ အင်္ဂါ ၂ ပါး
၁။ မြို့မှ ထွက်လာသော စစ်တပ်ကို ကြည့်ရှုခြင်းငှာ အကြောင်း တစ်စုံတစ်ခု မရှိဘဲ သွားခြင်း၊
၂။ ခွင့်မပြုအပ်သော အရပ်၌ ကြည့်ရှုခြင်း။ (ဝိမတိ၊၂၊၄၁။)♦
ဥယျုတ္တသေန သိက္ခာပုဒ်၌ အင်္ဂါ ၄ မျိုး
၁။ မြို့မှ ထွက်လာသော စစ်တပ် ဖြစ်ခြင်း၊
၂။ ကြည့်ရှု ခြင်းငှာ သွားခြင်း၊
၃။ စစ်တပ်သို့ သွားထိုက်သော သဘောရှိသော အကြောင်းနှင့် ဘေးရန် မရှိခြင်း၊
၄။ ခွင့်ပြုထားသော အရပ်မှ အခြားအရပ်၌ ကြည့်ရှုခြင်း။ (သာရတ္ထ၊ဋီ၊၃၊၇၈။)♦
ဥယျောဇန သိက္ခာပုဒ်၌ အင်္ဂါ ၃ မျိုး
၁။ လွန်ကျူးမှုကို ပြုကျင့်လိုသူ ဖြစ်ခြင်း၊
၂။ ထိုအကြောင်း ကြောင့်သာလျှင် ရဟန်းကို ပြန်လွှတ်ခြင်း၊
၃။ ဤသို့ ပြန်လွှတ်သော ရဟန်း၏ တစ်ဆယ့် နှစ်တောင် ဥပစာအရပ်ကို လွန်ခြင်း။ (သာရတ္ထ၊ဋီ၊၃၊၇၆။) (ဝိမတိ၊၂၊၃၉။)♦
ဥယျောဓိက သိက္ခာပုဒ်၌ အင်္ဂါ ၂ ပါး
၁။ စစ်ပွဲစသည်တို့ကို ကြည့်ရှုခြင်းငှာ အကြောင်းမဲ့ သွားခြင်း၊
၂။ ခွင့်မပြုအပ်သော အရပ်၌ ကြည့်ရှုခြင်း။ (ဝိမတိ၊၂၊၄၁။)♦
ဥယျောဓိက သိက္ခာပုဒ်၌ အင်္ဂါ ၃ မျိုး
၁။ စစ်ပွဲ စသည်တို့ကို ကြည့်ရှုခြင်းငှာ သွားခြင်း၊
၂။ ခွင့်ပြု ထားသော အရပ်မှ အခြားအရပ်၌ ကြည့်ရှုခြင်း၊
၃။ သွားထိုက်သော သဘောရှိသော အကြောင်းနှင့် ဘေးရန်တို့ မရှိခြင်း။ (သာရတ္ထ၊ဋီ၊၃၊၇၈။)♦
ဥသဘနွားလား ၄ မျိုး
၁။ ဝသဘ- နွားတစ်ရာတို့၏ အကြီးအကဲ နွားလား၊
၂။ နိသဘ- နွားတစ်ထောင်တို့၏ အကြီးအကဲ နွားလား၊
၃။ ဝိသဘ- နွားတစ်သိန်းတို့၏ အကြီးအကဲ နွားလား၊
၄။ အာသဘ- နွားကုဋေတစ်သိန်းတို့၏ အကြီးအကဲ နွားလား။ (အပ၊ဋ္ဌ၊၂၊၉၁။) (အပ၊ဋ္ဌ၊၂၊၁၉၃။)♦
ဦနပဉ္စဗန္ဓန သိက္ခာပုဒ်၌ အင်္ဂါ ၄ မျိုး
၁။ အဓိဋ္ဌာန်လောက်သော သပိတ်၏ အဖွဲ့အတုပ် ငါးခု ယုတ်လျော့နေခြင်း၊
၂။ မိမိအတွက် ရည်မှန်းထားခြင်း၊
၃။ တောင်းယူမှု ပြုမထားခြင်း၊
၄။ တောင်းယူမှု မပြုဘဲ ရရှိလာခြင်း။ (သာရတ္ထ၊ဋီ၊၂၊၄၃၀။) (ဝိမတိ၊၁၊၃၄၉။)♦
ဦနဝီသတိဝဿ သိက္ခာပုဒ် အင်္ဂါ ၂ ပါး
၁။ အနှစ် ၂၀ အောက် ယုတ်လျော့သူ ဖြစ်ခြင်း၊
၂။ အသက် ၂၀ အောက် ယုတ်လျော့သူကို သိလျက် ဥပဇ္ဈာယ်ပြု၍ ရဟန်းပြုပေးခြင်း။ (ဝိမတိ၊၂၊၄၇။)♦
ဦနဝီသတိဝဿ သိက္ခာပုဒ်၌ အင်္ဂါ ၃ မျိုး
၁။ ယုတ်လျော့သော အနှစ် ၂၀ ရှိသူ ဖြစ်ခြင်း၊
၂။ ယုတ်လျော့သော အနှစ် ၂၀ ရှိသူဟု အမှတ်ရှိခြင်း၊
၃။ မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်စေခြင်း။ (သာရတ္ထ၊ဋီ၊၃၊၈၆။)♦
ဧကစ္စသဿတဒိဋ္ဌိ ၄ မျိုး
၁။ ပထမ ဧကစ္စသဿတဒိဋ္ဌိဝါဒ- ရှေး၌ နေအပ်ခဲ့ဖူးသော ဗြဟ္မာ တစ်ဘဝမျှကိုသာ အောက်မေ့နိုင်သဖြင့် အချို့မြဲ၍ အချို့မမြဲဟု အယူရှိခြင်း၊
၂။ ဒုတိယ ဧကစ္စသဿတဒိဋ္ဌိဝါဒ- ရှေး၌ နေအပ်ခဲ့ဖူးသော ခိဍ္ဍာပဒေါသိကနတ် တစ်ဘဝကိုသာ အောက်မေ့နိုင်သဖြင့် အချို့မြဲ၍ အချို့မမြဲဟု အယူရှိခြင်း၊
၃။ တတိယ ဧကစ္စသဿတ ဒိဋ္ဌိဝါဒ- ရှေး၌ နေအပ်ခဲ့ဖူးသော မနောပဒေါသိကနတ် တစ်ဘဝမျှကိုသာ အောက်မေ့နိုင် သဖြင့် အချို့မြဲ၍ အချို့မမြဲဟု အယူရှိခြင်း၊
၄။ စတုတ္ထ ဧကစ္စသဿတဒိဋ္ဌိဝါဒ-အတ္တသည် လည်းကောင်း လောကသည်လည်းကောင်း အချို့မြဲ၍ အချို့မမြဲဟု ကြံဆခြင်း ဉာဏ် အတုဖြင့် စူးစမ်းခြင်း။ (ဒီ၊၁၊၁၆။) (ဒီ၊၁၊၂၀။) (ဒီ၊မြန်၊၁။၁၈။) (ဒီ၊မြန်၊၁။၁၈။)♦
ဧကစ္စသဿတိက ဒိဋ္ဌိ ၂ မျိုး
၁။ သတ္တဝါတို့၌ အချို့မြဲ, အချို့မမြဲ ဟူသော အယူဝါဒ၊
၂။ သင်္ခါရ တို့၌ အချို့မြဲ အချို့မမြဲ ဟူသော အယူဝါဒ။ (သာရတ္ထ၊ဋီ၊၁၊၁၄၃။)♦
ဧကစ္စသဿတိကပုဂ္ဂိုလ် ၂ မျိုး
၁။ သတ္တဝါတို့တွင် အချို့ မြဲ၏ဟု အယူရှိသော ပုဂ္ဂိုလ် (သတ္တေကစ္စ သဿတိကပုဂ္ဂိုလ်)၊
၂။ သင်္ခါရတို့တွင် အချို့ မြဲ၏ဟု အယူရှိသော ပုဂ္ဂိုလ် (သင်္ခါရေကစ္စ သဿတိကပုဂ္ဂိုလ်) ။ (ဒီ၊ဋ္ဌ၊၁၊၁၀၁။) (ဒီ၊ဋ္ဌ၊မြန်၊၁။၁၉၇။)♦
ဧကဋ္ဌ ၂ မျိုး
၁။ သဟဇေကဋ္ဌ- ဒိဋ္ဌိနှင့် တကွဖြစ်သော ကိလေသာတို့ကို ပယ်ခြင်း၊
၂။ ပဟာနေ ကဋ္ဌ- အပါယ်သို့ လားရောက်စေတတ်သော ကိလေသာတို့ကို ပယ်ခြင်း။ (ပဋိသံ၊ဋ္ဌ၊၁၊၂၅၅။)♦
ဧကန် နိဗ္ဗာန်ရောက်ကြောင်း တရား ၄ ပါး
၁။ ဤကား ဆင်းရဲဟူသော တရား၊
၂။ ဤကား ဆင်းရဲဖြစ်ကြောင်းဟူသော တရား၊
၃။ ဤကား ဆင်းရဲချုပ်ရာ နိဗ္ဗာန်ဟူသော တရား၊
၄။ ဤကား ဆင်းရဲချုပ်ရာ နိဗ္ဗာန်သို့ရောက်ကြောင်း အကျင့်ဟူသော တရား။ (ဒီ၊၁၊၁၇၄။) (ဒီ၊မြန်၊၁။၂၁၂။)♦
ဧကန်နိဗ္ဗာန်ရောက်ကြောင်း မဟုတ်သော တရား ၁၀ ပါး
၁။ လောကသည် မြဲ၏ ဟူသော တရား၊
၂။ လောကသည် မမြဲဟူသော တရား၊
၃။ လောကသည် အဆုံးရှိ၏ဟူသော တရား၊
၄။ လောကသည် အဆုံးမရှိဟူသော တရား၊
၅။ ကိုယ်သည်ပင် အသက်၊ ထိုအသက်သည်ပင် ကိုယ်ဟူသော တရား၊
၆။ အသက်သည် တခြား၊ ကိုယ်သည် တခြားဟူသော တရား၊
၇။ သတ္တဝါသည် သေပြီးနောက် ရှိ၏ဟူသော တရား၊
၈။ သတ္တဝါသည် သေပြီးနောက် မရှိဟူသော တရား၊
၉။ သတ္တဝါသည် သေပြီးသည်နောက် ရှိလည်းရှိ မရှိလည်းမရှိဟူသော တရား၊
၁၀။ သတ္တဝါသည် သေပြီးသည်နောက် ရှိသည်လည်း မဟုတ်၊ မရှိသည်လည်း မဟုတ်ဟူသော တရား။ (ဒီ၊၁၊၁၇၄။) (ဒီ၊မြန်၊၁။၂၁၂။)♦
ဧကဘတ္တိကာ၌ ဆွမ်း ၂ မျိုး
၁။ ပါတရာသဘတ္တ- အရုဏ်တက်ချိန်မှ စ၍ မွန်းတည့်ချိန်အထိ သုံးဆောင်အပ်သော ဆွမ်း၊
၂။ သာယမာသဘတ္တ- နေမွန်းတည့်ချိန်မှ စ၍ နောက်တစ်နေ့ အရုဏ်တက်ချိန်အထိ သုံးဆောင်အပ်သော ဆွမ်း။ (အံ၊ဋ္ဌ၊၂၊၁၉၈။)♦
ဧကသီသင်္ကန်းကို ထားနိုင်ကြောင်း ၅ ပါး (ဓုတင်ဆောင်ရဟန်း ဧကသီသင်္ကန်းကို ထားနိုင်ကြောင်း ၅ ပါး)
၁။ မကျန်းမမာခြင်း၊
၂။ မိုးလေးလ ဖြစ်ခြင်း၊
၃။ မြစ်တစ်ဖက် ကမ်းသို့ သွားလိုခြင်း၊
၄။ လုံခြုံသော တံခါးရွက်ရှိသော ကျောင်း ဖြစ်ခြင်း၊
၅။ ကထိန်ခင်းပြီး ဖြစ်ခြင်း။ (ဝိ၊၃၊၄၁၃။) (ဝိ၊မြန်၊၃။၄၁၇။)♦
ဧကာသနိကဓုတင် ဆောက်တည်သူ ၅ မျိုး
၁။ ပညာနုံ့၍ မိုက်မဲတွေဝေသောကြောင့် ဆောက်တည်ခြင်း၊
၂။ ယုတ်မာသော အလိုဆိုး နှိပ်စက်သောကြောင့် ဆောက်တည်ခြင်း၊
၃။ စိတ်ပျံ့လွင့် ရူးသွပ်သောကြောင့် ဆောက်တည်ခြင်း၊
၄။ ဘုရားရှင်နှင့် ဘုရားရှင်၏ တပည့်တို့ ချီးမွမ်းအပ်၏ဟု ဆောက်တည်ခြင်း၊
၅။ အလိုနည်းမှု, ရောင့်ရဲမှု, ခေါင်းပါးမှု, ဆိတ်ငြိမ်မှုတို့ကို အမှီပြု၍ ကောင်းသော အကျင့်ကို အလိုရှိသောကြောင့် ဆောက်တည်ခြင်း။ (ဝိ၊၅၊၃၃၆။) (အံ၊၂၊၁၉၄။) (အံ၊၃၊(ဝိ၊၅၊၂၃၃။) (အံ၊၃၊၇၉။) (အံ၊၃၊၈၁။) (အံ၊၃၊၈၄။) (အဘိ၊ပု၊ ၁၈၀။) (ဝိ၊မြန်၊၅။၃၂၃။) (ဝိ၊မြန်၊၅။၄၃၈။) (အံ၊မြန်၊၂။၂၄၇။) (အံ၊မြန်၊၃။၈၅၊၈၉။) (အံ၊မြန်၊၃။၈၅၊၈၉။) (အံ၊မြန်၊၃။၈၅၊၈၉။) (အဘိ၊ပု၊မြန်။၈၄။)♦
ဧကာသနိက်ဓုတင် ၃ မျိုး
၁။ ဥက္ကဋ္ဌဧကာသနိက်ဓုတင်၊
၂။ မဇ္ဈိမဧကာသနိက်ဓုတင်၊
၃။ မုဒုက ဧကာသနိက်ဓုတင်။ (ဝိသုဒ္ဓိ၊၁၊၆၆။)♦
ဧကာသနိက်ဓုတင် ဆောက်တည်ရကျိုး ၈ ပါး
၁။ အနာရောဂါ ကင်းခြင်း၊
၂။ ကိုယ်ဆင်းရဲ ကင်းခြင်း၊
၃။ လျင်မြန်စွာ ထနိုင်ခြင်း၊
၄။ ခွန်အားဗလနှင့် ပြည့်စုံခြင်း၊
၅။ ချမ်းသာစွာ နေရခြင်း၊
၆။ အတိရိက်ဝိနည်း ကံ မပြုဘဲ စားခြင်းကြောင့် သင့်ရောက်နိုင်သော အာပတ်မှ လွတ်ခြင်း၊
၇။ ရသတဏှာကို ပယ်ဖျောက်နိုင်ခြင်း၊
၈။ အပ္ပိစ္ဆတာ စသည်တို့အား လျော်သော အကျင့် ရှိခြင်း။ (ဝိသုဒ္ဓိ၊၁၊၆၇။)♦
ဧည့်သည် ၂ မျိုး
၁။ အတိထိ- ပြုအပ်ပြီးသော သိကျွမ်းခြင်းရှိ၍ ပင့်ဖိတ်အပ်သော ဧည့်သည်၊
၂။ အဗ္ဘာဂတ- ပြုအပ်ပြီးသော သိကျွမ်းခြင်းမရှိမူ၍ မပင့်ဖိတ်အပ်သော ဧည့်သည်။ (ဝိမာန၊ဋ္ဌ၊၂၀။)♦
ဧည့်သည်တို့အား ပေးလှူခြင်း ၂ မျိုး
၁။ ဧည့်သည် အာဂန္တုကတို့အား ပစ္စည်းကို ပေးလှူခြင်း- အာမိသာတိထေယျ၊
၂။ ဧည့်သည်အာဂန္တုကတို့အား တရားပေးလှူခြင်း- ဓမ္မာတိထေယျ။ (အံ၊၁၊၉၂။) (အံ၊မြန်၊၁။၁၀၈။)♦
ဧတဒဂ်ဘွဲ့ထူး ပေးရခြင်းအကြောင်း ၄ ပါး
၁။ အတ္ထုပ္ပတ္တိတော- အကြောင်းဝတ္ထု ဖြစ်ပေါ် လာခြင်း၊
၂။ အာဂမနတော- ဧတဒဂ်ဘွဲ့ထူးရရန် အားထုတ်ခဲ့ဖူးသော အကြောင်းရင်း ရှိခြင်း၊
၃။ စိဏ္ဏဝသိတော- လေ့လာအပ် လေ့ကျက်အပ်ပြီးသော ဝသီဘော် အစွမ်းရှိသူ ဖြစ်ခြင်း၊
၄။ ဂုဏာတိရေကတော- ဂုဏ်အားဖြင့် အခြားပုဂ္ဂိုလ်တို့ထက် သာလွန်ခြင်း။ (အံ၊ဋ္ဌ၊၁၊၉၇။)♦
ဧဠကလောမသိက္ခာပုဒ်၌ အင်္ဂါ ၅ မျိုး
၁။ သိုးမွေးတို့ကို ပစ္စည်းတစ်စုံတစ်ခု မပြုလုပ်ထားခြင်း၊
၂။ ရှေးဦးစွာ ရရှိခြင်း၊
၃။ မိမိကိုယ်တိုင် ယူသွား၍ သော်လည်းကောင်း သူတစ်ပါး မသိစဉ် လှည်းယာဉ်၌ ထည့်၍ သော်လည်းကောင်း သုံးယူဇနာကို လွန်စေခြင်း၊
၄။ ထုတ်ဆောင်ခြင်း, ပြန်ဆောင်လာခြင်း၊
၅။ မနေလိုသည် ဖြစ်ခြင်း။ (သာရတ္ထ၊ဋီ၊၂၊၄၁၆။) (ဝိမတိ၊၁၊၃၃၅။)♦
ဩကာသာဓိဂမ ၃ ပါး
၁။ လောက၌ အချို့သော ပုဂ္ဂိုလ်သည် ကာမဂုဏ်တို့နှင့်လည်းကောင်း အကုသိုလ်တရားတို့နှင့် လည်းကောင်း ရောနှော၍ နေ၏၊ တစ်ပါးသော အခါ၌ ထိုသူသည် အရိယဓမ္မကို ကြားနာရပြီး လောကုတ္တရာတရားအား လျော်သော အကျင့်ကို ကျင့်သောကြောင့် ကာမဂုဏ်တရား အကုသိုလ်တရားများနှင့် မရောနှောတော့သဖြင့် နှစ်သက် ဝမ်းမြောက်မှု ချမ်းသာသုခကို ဖြစ်ပေါ်စေခြင်း၊
၂။ လောက၌ အချို့သော ပုဂ္ဂိုလ်သည် ရုန့်ရင်းသော ကာယသင်္ခါရ ဝစီသင်္ခါရ စိတ္တသင်္ခါရတို့ဖြင့် ငြိမ်းအေးမှု မရရှိဘဲ နေထိုင်၏၊ ထိုသူသည် တစ်ပါးသော အခါ၌ အရိယဓမ္မကို ကြားနာရပြီး လောကုတ္တရာတရားအား လျော်သော အကျင့်ကို ကျင့်သောကြောင့် ရုန့်ရင်းကြမ်းတမ်းသော ကာယ ဝစီ စိတ္တသင်္ခါရတို့ ငြိမ်းအေး ကုန်လျက် နှစ်သက်ဝမ်းမြောက်မှု ချမ်းသာသုခကို ဖြစ်ပေါ်စေခြင်း၊
၃။ လောက၌ အချို့သော သူသည် ကုသိုလ်နှင့် အကုသိုလ်, အပြစ်ရှိ မရှိ, အယုတ်နှင့် အမြတ်, မှီဝဲအပ် မမှီဝဲအပ် စသည်တို့ကို ခွဲခြားဝေဖန် မသိ၊ ထိုသူသည် တစ်ပါးသော အခါ၌ အရိယဓမ္မကို ကြားနာ ရပြီးသော် လောကုတ္တရာတရားအား လျော်သော အကျင့်ကို ကျင့်သောကြောင့် ကုသိုလ် အကုသိုလ် စသည်တို့ကို ဟုတ်တိုင်းမှန်စွာ ပိုင်းခြားသိလျက် အဝိဇ္ဇာဉာဏ် ကင်းပျောက်၍ ဝိဇ္ဇာဉာဏ် ဖြစ်ပေါ်လာသဖြင့် နှစ်သက်ဝမ်းမြောက်မှု ချမ်းသာသုခကို ဖြစ်ပေါ်စေခြင်း။ (ဒီ၊၂၊၁၇၃။) (ဒီ၊မြန်၊၂။၁၉၇။)♦
ဩဃ ၄ ပါး
၁။ ကာမောဃ- ကာမဂုဏ်ငါးပါးတို့၌ တပ်မက်ခြင်း၊
၂။ ဘဝေါဃ- ရူပဘုံ အရူပ ဘုံတို့၌ တပ်မက်ခြင်း၊
၃။ ဒိဋ္ဌောဃ- မိစ္ဆာဒိဋ္ဌိ ၆၂ ပါး၊
၄။ အဝိဇ္ဇောဃ- သစ္စာလေးပါးတို့၌ မသိခြင်း။ (ဒီ၊၃၊၁၉၂။) (သံ၊၂၊၄၅၂။) (သံ၊၃၊၅၄။) (သံ၊ဋ္ဌ၊၁၊၁၆။) (ဥဒါန၊ဋ္ဌ၊၃၂၉။) (ပဋိသံ၊ဋ္ဌ၊၁၊၁၁၀။) (ဒီ၊မြန်၊၃။၂၁၄။) (ဒီ၊မြန်၊၃။၂၅၃။) (သံ၊မြန်၊၂။၄၄၈။) (သံ၊မြန်၊၃။၅၈။) (ဒီ၊၃၊၂၃၁။)♦
ဩဃ ၄ ပါး
ပယ်အပ်သော တရား ၄ ပါး၊ ပဟာတဗ္ဗတရား ၄ ပါးတို့နှင့် တူသည်။ ♦
ဩဇာ ၂ မျိုး
၁။ နတ်ဩဇာ၊
၂။ အသုရာဩဇာ။ (ဒီ၊ဋီ၊၂၊၂၇၅။)♦
ဩတ္တပ္ပ ဖြစ်ကြောင်း ၄ ပါး
၁။ မိမိကိုယ်ကို မိမိစွပ်စွဲခြင်းမှ ကြောက်ခြင်း၊
၂။ သူတစ်ပါးတို့၏ စွပ်စွဲခြင်းမှ ကြောက်ခြင်း၊
၃။ ဒဏ်ခံရခြင်းမှ ကြောက်ခြင်း၊
၄။ မကောင်းသော လားရာ ဂတိကို ကြောက်ခြင်း။ (အဘိ၊ဋ္ဌ၊၁၊၁၇၀။)♦
ဩဓိသမေတ္တာ ၇ ပါး
အပိုင်းအခြားရှိသော မေတ္တာ ၇ ပါးနှင့် တူသည်။ ♦
ဩမသဝါဒ သိက္ခာပုဒ်၌ အင်္ဂါ ၃ ပါး
၁။ ရဟန်းကို အမျိုးဇာတ် အစရှိသည်တို့ဖြင့် ဆဲရေးခြင်း၊
၂။ ထိုဆဲရေးခံရသော ရဟန်းသည် သိခြင်း၊
၃။ အနက်အဓိပ္ပါယ်ကို ရှေးရှုပြုသူ၏အဖြစ် အစရှိသည်တို့သည် မဟုတ်ခြင်း။ (ဝိမတိ၊၂၊၃။)♦
ဩမသဝါဒ သိက္ခာပုဒ်၌ အင်္ဂါ ၄ ပါး
၁။ ဆဲရေးခံရသူသည် ရဟန်း ဖြစ်ခြင်း၊
၂။ အမျိုးဇာတ် အစရှိသည်တို့ဖြင့် ဆဲရေးခြင်း၊
၃။ ‘‘ငါ့ကို ဆဲဆို၏’’ဟု သိခြင်း၊
၄။ အနက်အဓိပ္ပါယ်ကို ရှေးရှုပြုသူ၏အဖြစ် အစရှိသည်တို့၏ မဖြစ်ခြင်း။ (သာရတ္ထ၊ဋီ၊၃၊၄။)♦
ဩရပါရမည်သော ဩရမ္ဘာဂိယသံယောဇဉ် ငါးပါးကို ပယ်စွန့်လိုသော ရဟန်း ပယ်စွန့်ပုံ ၄ မျိုး
၁။ မိမိဇာတိ ဖြစ်သော သီလ၌ တည်နေရခြင်း၊
၂။ မိမိအတ္တဘော အစရှိသော ရှိသော ဩရပါရ၏ အပြစ်ကို ရှုမြင်ခြင်းအားဖြင့် အတ္တဘော စသော ဩရပါရ၌ စက်ဆုပ်ခြင်း၊
၃။ မိတ်ကောင်းကို အမှီပြုခြင်း၊
၄။ ကောင်းစွာ အားထုတ်ခြင်းဟု ဆိုအပ်သော လုံ့လကို ပြုရခြင်း။ (သာရတ္ထ၊ဋီ၊၃၊၁၉။)♦
ဩရမ္ဘာဂဂမနီယ သံယောဇဉ် ၅ ပါး
၁။ ကာမစ္ဆန္ဒသံယောဇဉ်၊
၂။ ဗျာပါဒသံယောဇဉ်၊
၃။ သက္ကာယဒိဋ္ဌိသံယောဇဉ်၊
၄။ သီလဗ္ဗတပရာမာသသံယောဇဉ်၊
၅။ ဝိစိကိစ္ဆာသံယောဇဉ်။ (ထေရဂါထာ။၃၉၇။) (ထေရဂါထာ၊မြန်။၂၀၇။)♦
ဩရမ္ဘာဂိယ သံယောဇဉ် ၅ ပါး
၁။ သက္ကာယဒိဋ္ဌိ- ထင်ရှားရှိသော ခန္ဓာငါးပါး၌ အမြင်မှားမှု၊
၂။ ဝိစိကိစ္ဆာ- တွေးတော ယုံမှားမှု၊
၃။ သီလဗ္ဗတပရာမာသ- ခွေး နွား စသည်တို့၏ အလေ့ အကျင့်၌ မှားသော သုံးသပ်မှု၊
၄။ ကာမစ္ဆန္ဒ- ကာမတို့၌ လိုချင်တောင့်တမှု၊
၅။ ဗျာပါဒ- ပြစ်မှား ဖျက်ဆီးမှု။ (ဒီ၊၃၊၁၉၅။) (မ၊၂၊၉၇။) (သံ၊၃၊၅၆။) (အံ၊၃၊၂၅၁။) (အဘိ၊ဝိ၊၃၉၁။) (ပေဋကော၊ ၂၅၈။) (ဣတိဝုတ်၊ဋ္ဌ၊၃၂၉။) (သံ၊ဋီ၊၁၊၆၇။) (ဒီ၊မြန်၊၃။၂၁၈။) (မ၊မြန်၊၂။၁၀၄။) (သံ၊မြန်၊၃။၆၀။) (အံ၊မြန်၊၃။၂၅၁။) (အဘိ၊ဝိ၊မြန်၊၂။၄၉၅။)♦
ဩဝါဒ သိက္ခာပုဒ်၌ အင်္ဂါ ၃ မျိုး
၁။ သမ္မုတိရထားသော ရဟန်း မဟုတ်ခြင်း၊
၂။ ဘိက္ခုနီမသည် သံဃာနှစ်ဘက် ပြည့်စုံစွာဖြင့် ရဟန်းပြုသူ ဖြစ်ခြင်း၊
၃။ ဩဝါဒ၏ အစွမ်းဖြင့် ရှစ်ပါးသော ဂရုဓမ္မကို ဟောပြောခြင်း။ (သာရတ္ထ၊ဋီ၊၃၊၄၅။) (ဝိမတိ၊၂၊၂၂။)♦
ဩဝါဒပါတိမောက် ၃ ဂါထာ
၁။ ခန္တီပရမံ စသော ဂါထာ၊
၂။ သဗ္ဗပါပဿ စသော ဂါထာ၊
၃။ အနုပဝါဒေါ စသော ဂါထာ။ (ဝိ၊ဋ္ဌ၊၁၊၁၅၄-၁၅၅။)♦
ဩဠာရိက ရုပ် ၁၂ ပါး
၁။ စက္ခုပသာဒရုပ်၊
၂။ သောတပသာဒရုပ်၊
၃။ ဃာနပသာဒရုပ်၊
၄။ ဇိဝှာ ပသာဒရုပ်၊
၅။ ကာယပသာဒရုပ်၊
၆။ ရူပါရုံ၊
၇။ သဒ္ဒါရုံ၊
၈။ ဂန္ဓာရုံ၊
၉။ ရသာရုံ၊
၁၀။ ပထဝီ, တေဇော, ဝါယောဟု ဆိုအပ်သော ဖောဋ္ဌဗ္ဗရုပ် သုံးပါး ပေါင်း ၁၂ ပါး။ (ပဋိသံ၊ဋ္ဌ၊၁၊၂၂၈။)♦
ဩဠာရိက ဝိညာဏ ၆ ပါး
၁။ အကုသလဝိညာဏ၊
၂။ ကုသလာကုသလဝိညာဏ၊
၃။ ဒုက္ခ ဝေဒနာနှင့် ယှဉ်သော ဝိညာဏ၊
၄။ သုခဒုက္ခဝေဒနာနှင့် ယှဉ်သော ဝိညာဏ၊
၅။ သမာပတ် မဝင်စားသော ပုဂ္ဂိုလ်၏ ဝိညာဏ၊
၆။ အာသဝတရားနှင့် တကွဖြစ်သော ဝိညာဏ။ (အဘိ၊ဝိ၊ ၁၁။) (အဘိ၊ဝိ၊မြန်၊၁။၂၂။)♦
ဩဠာရိက ဝေဒနာ ၆ ပါး
၁။ အကုသလဝေဒနာ၊
၂။ ကုသလာကုသလဝေဒနာ၊
၃။ ဒုက္ခဝေဒနာ၊
၄။ သုခဒုက္ခာဝေဒနာ၊
၅။ သမာပတ်မဝင်စားသူ၏ ဝေဒနာ၊
၆။ အာသဝေါတရားနှင့် တကွ ဖြစ်သော ဝေဒနာ (သာသဝါ ဝေဒနာ) ။ (အဘိ၊ဝိ၊၄။) (အဘိ၊ဝိ၊မြန်၊၁။၇။)♦
ဩဠာရိက သင်္ခါရ ၆ ပါး
၁။ အကုသလသင်္ခါရ၊
၂။ ကုသလာကုသလသင်္ခါရ၊
၃။ ဒုက္ခ ဝေဒနာနှင့် ယှဉ်သော သင်္ခါရ၊
၄။ သုခဒုက္ခဝေဒနာတို့နှင့် ယှဉ်သော သင်္ခါရ၊
၅။ သမာပတ် မဝင်စားသော ပုဂ္ဂိုလ်၏ သင်္ခါရ၊
၆။ အာသဝတရားနှင့် တကွဖြစ်သော သင်္ခါရ။ (အဘိ၊ဝိ၊၉။) (အဘိ၊ဝိ၊မြန်၊၁။၁၈။)♦