မာတိကာသို့ ခုန်သွားရန်

ပုခုံးတစ်ဖက်

ဝီကီရင်းမြစ် မှ

ပုခုံးတစ်ဖက် သီချင်းစာသား

[ပြင်ဆင်ရန်]

သီချင်း - ပခုံးတစ်ဖက်

တေးဆို - လင်းနစ်

ငေးမောနေဆဲ ကြေကွဲရိပ်တို့မင်းမျက်ဝန်းမှာ

မကြာခင်သူငိုချတော့မှာ ကြိုသိနှင့်လည်းနှစ်သိမ့်ရန်မလွယ်ပါ

မင်း ပြောပါကွယ်

ဘယ်လိုအကြောင်းအကျိုးနဲ့ အကောင်းအဆိုးလဲကွာ

အချိန်တွေကျော်လွန်သွားတဲ့အခါ သံသယမေးခွန်းများနဲ့ငါရင်ပူလာ

ငါ့ ပခုံးထက်မှီတွယ်ရင်း မင်းကြိတ်ရှိုက်ငိုသံကြားတဲ့ခဏ

ဘယ်လိုများလဲကွာ ဒီမေးခွန်းအတွက်မကြားဝံ့တယ်အဖြေကိုငါ

မင်းဘဝနဲ့ယုံကြည်ရင်း ပေးဆပ်ချစ်သူတောင် ထားခဲ့မှ

မငိုတော့နဲ့ကွာ ဒီလိုပြောရင်းနဲ့ပွေ့ဖက်မင်းအတွက်ငါကြေကွဲတာ

မင်း တိတ်ပါကွယ် ကိုယ်နှစ်သိမ့်စရာစကားလည်းမရှိပါ

နင်ငိုရင် ငါလည်းဝမ်းနည်းတာ

နင်ကတော့ဖြင့်သိလိမ့်မယ်မထင်ပါ

ခွင့်ပြုပါတယ် လိုအပ်တဲ့အခါ ပခုံးတစ်ဖက်အသင့်ပါ

ဘယ်သူတွေ ဘာပြောဦးမလဲကွာ

မျှော်လင့်ချက်နဲ့ မင်းဘဝကိုရင်ဆိုင်ပါ

ငါ့ ပခုံးထက်မှီတွယ်ရင်း မင်းကြိတ်ရှိုက်ငိုသံကြားတဲ့ခဏ

ဘယ်လိုများလဲကွာ ဒီမေးခွန်းအတွက်မကြားဝံ့တယ်အဖြေကိုငါ

မင်းဘဝနဲ့ယုံကြည်ရင်း ပေးဆပ်ချစ်သူတောင်ထားခဲ့မှ

မငိုတော့နဲ့ကွာ ဒီလိုပြောရင်းနဲ့ပွေ့ဖက်မင်းအတွက်ငါကြေကွဲတာ

ငါ့ ပခုံးထက်မှီတွယ်ရင်း မင်းကြိတ်ရှိုက်ငိုသံကြားတဲ့ခဏ

ဘယ်လိုများလဲကွာ ဒီမေးခွန်းအတွက်မကြားဝံ့တယ်အဖြေကိုငါ

မင်းဘဝနဲ့ယုံကြည်ရင်း ပေးဆပ်ချစ်သူတောင်ထားခဲ့မှ

မငိုတော့နဲ့ကွာ ဒီလိုပြောရင်းနဲ့ပွေ့ဖက်မင်းအတွက်ငါကြေကွဲတာ

ထားခဲ့မှ မငိုတော့နဲ့ကွာ

ဘယ်လိုပြောလည်းပဲ မင်းကနောက်ထပ် ငိုနေဦးမှာ…