မာတိကာသို့ ခုန်သွားရန်

မဟာသတိပဋ္ဌာနသုတ် နိဿယ

ဝီကီရင်းမြစ် မှ
မဟာသတိပဋ္ဌာနသုတ် နိဿယ
by ဆရာတော်ဦးဗုဓ်
မဟာသတိပဋ္ဌာနသုတ် နိဿယ
6037မဟာသတိပဋ္ဌာနသုတ် နိဿယ — မဟာသတိပဋ္ဌာနသုတ် နိဿယဆရာတော်ဦးဗုဓ်

စက္ကိန္ဒာဘိ သိရီသဒ္ဓမ္မဓဇ မဟာဓမ္မ ရာဇာဓိရာဇဂုရု” ဘွဲ့တံဆိပ်တော်ရ

ဆရာတော်ဦးဗုဓ် အနက်မြန်မာ ပြန်ဆိုအပ်သော

မဟာသတိပဋ္ဌာနသုတ် နိဿယ

မာတိကာ

မဟာသတိပဋ္ဌာနသုတ် နိဿယ

(က) ပဏာမ
(ခ) မဟာသတိပဋ္ဌာနသုတ် အမွှန်း
(ဂ) မဟာသတိပဋ္ဌာနသုတ် အကျိုးပြဝတ္ထု
၁။ နိဒါန်း
၂။ ဥဒ္ဒေသ
၃။ ကာယာနုပဿနာ အာနာပါနပိုင်း
၄။ ကာယာနုပဿနာ ဣရိယာပထအပိုင်း
၅။ ကာယာနုပ၁သနာ သမ္ပဇညပိုင်း
၆။ ကာယာနုပဿနာ ပဋိကူလမနသိကာရပိုင်း
၇။ ကာယာနုပဿနာ ဓာတုမနသိကာရပိုင်း
၈။ ကာယာနုပဿနာ နဝသိဝထိကပိုင်း
၉။ ဝေဒနာနုပဿနာ
၁၀။ စိတ္တာနုပဿနာ
၁၁။ ဓမ္မာနုပဿနာ နီဝရဏပိုင်း
၁၂။ ဓမ္မာနုပဿနာ ခန္ဓပိုင်း
၁၃။ ဓမ္မာနုပဿနာ အာယတနပိုင်း
၁၄။ ဓမ္မာနုပဿနာ ဗောဇ္ဈင်ပိုင်း
၁၅။ ဓမ္မာနုပဿနာ သစ္စာပိုင်း
၁၆။ ဒုက္ခသစ္စ နိဒ္ဒေသ
၁၇။ သမုဒယသစ္စ နိဒ္ဒေသ
၁၈။ နိရောဓသစ္စ နိဒ္ဒေသ
၁၉။ မဂ္ဂသစ္စ နိဒ္ဒေသ
၂၀။ အာနိသင်ပြ မိန့်ခွန်းတော်
၂၁။ နိဂုံးချုပ် မိန့်ခွန်းတော်
ဥဒ္ဒါန်း
ကျမ်းပြီးနိဂုံး

မဟာသတိပဋ္ဌာန် အဓိပ္ပါယ်ကောက်
ပဏာမ-ပဋိညာဉ်
၁။ နိဒါန်း
၂။ ဥဒ္ဒေသ
၃။ ကာယာနုပဿနာ အာနာပါနပိုင်း
၄။ ကာယာနုပဿနာ ဣရိယာပထပိုင်း
၅။ ကာယာနုပဿနာ သမ္ပဇာနပိုင်း
၆။ ကာယာနုပဿနာ ပဋိကူလမနသိကာရပိုင်း
၇။ ကာယာနုပဿနာ ဓာတုမနသိကာရပိုင်း
၈။ ကာယာနုပဿနာ နဝသိပထိကပိုင်း
၉။ ဝေဒနာနုပဿနာ
၁၀။ စိတ္တာနုပဿနာ
၁၁။ ဓမ္မာနုပဿနာ နီဝရဏပိုင်း
၁၂။ ဓမ္မာနုပဿနာ ခန္ဓာပိုင်း
၁၃။ ဓမ္မာနုပဿနာ အာယတနပိုင်း
၁၄။ ဓမ္မာနုပဿနာ ဗောဇ္ဈင်ပိုင်း
၁၅၊ ဓမ္မာနုပဿနာ သစ္စာပိုင်း
၁၆။ အာနိသင်ပြ မိန့်ခွန်းတော်
၁၇။ နိဂုံးချုပ် မိန့်ခွန်းတော်
သတိပဋ္ဌာန်၌ အထူးမှတ်ဘွယ်
ကျမ်းပြီးနိဂုံး

စက္ကိန္ဒာဘိ သိရီသဒ္ဓမ္မဓဇ မဟာဓမ္မ ရာဇာဓိရာဇဂုရု” ဘွဲ့တံဆိပ်တော်ရ ဆရာတော်ဦးဗုဓ် အနက်မြန်မာ ပြန်ဆိုအပ်သော

မဟာသတိပဋ္ဌာနသုတ် နိဿယ

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

ပဏာမ

ပဉ္စ နီဝရဏေ ဟိတွာ၊
ကတွာ သတိံ သုပဋ္ဌိတံ။
ဘာဝယိတွာန ဗောဇ္ဈင်္ဂေ၊
ပတွာ တံ ဒေသကံ နမေ။

ယော ဗုဒ္ဓေါ = အကြင်မြတ်စွာဘုရားသည်၊
ပဉ္စနီဝရဏေ = ငါးပါးသော နီဝရဏတို့ကို၊
ဟိတွာ = ပယ်တော်မူ၍၊
သတိံ = သတိကို၊
သုပဋ္ဌိတံ = လွန်စွာထင်သည်ကို၊
ကတွာ = ပြုတော်မူ၍၊
ဗောဇ္ဈင်္ဂေ = ဗောဇ္ဈင်ခုနစ်ပါးတို့ကို၊
ဘာဝယိတွာန = ပွားစေတော်မူ၍၊
ဗောဓိံ = အရဟတ္တမဂ်ဉာဏ်, သဗ္ဗညုတဉာဏ်သို့၊
ပတ္တော = ရောက်တော်မူပြီ၊
ပတွာ = ရောက်တော်မူပြီး၍၊
တံဒေသကံ = ထိုနီဝရဏငါးပါးကို ပယ်ခြင်း, သတိကို ထင်စွာပြုခြင်း, ဗောဇ္ဈင် ခုနစ်ပါးကို ပွားစေခြင်းကို ပြတတ်သော ဒေသနာကို ဟောတော်မူတတ်သော၊
တံ ဗုဒ္ဓံ = ထိုမြတ်စွာဘုရားကို၊
အဟံ = အကျွနု်ပ်သည်၊
နမေ - နမာမိ = ရှိခိုးပါ၏။

ပဏာမပြီး၏။

မဟာသတိပဋ္ဌာနသုတ်အမွှန်း

(က) လဒ္ဓါ ပေါသော သုမဉ္ဇူသံ၊
ရတနာနီ ဓ နိဒ္ဒဟေ။
ဧဝံ ဒေသေသိ ဂမ္ဘီရံ၊
ဘဂဝါ ကုရုဝါသိနံ။ ။

(ခ) ဧကဝီသတိဌာနေသု၊
အရဟတ္တေ သုခေပိယ။
သောကာဒုပဒ္ဒဝဂ္ဃါတံ၊
ဝိသုဒ္ဓဒိဋ္ဌမာဝဟံ။ ။

(ဂ) ပဏ္ဍုကမ္ဗလဝေဿောဝ၊
သတ္တဝဏ္ဏံ ပကာသယံ။
စရိတာဒိနုလောမေန၊
စတုဓာ တံ ပဏာမ ဟေ။ ။

(က) သဓနော = ဥစ္စာရှိသော၊
ပေါသော = ဥစ္စာရှင်သည်၊
သုမဉ္ဇူသံ = ရွှေအတိပြီးသော သေတ္တာကို၊
လဒ္ဓါ = ရ၍၊
ဣဓ သုမဉ္ဇူသေ = ရွှေအတိပြီးသော သေတ္တာ၌၊
ရတနာနိ = ရတနာ ခုနစ်ပါးတို့ကို၊
နိဒ္ဒဟေ ယထာ = ထည့်သွင်း သိုမှီးရာသကဲ့သို့၊
ဧဝံ တထာ = ထို့အတူ၊
သဓနပေါသောသဒိသော = ဥစ္စာရှင်နှင့်တူသော၊
ဘဂဝါ = မြတ်စွာဘုရားသည်၊
သုမဉ္ဇူသသဒိသံ = ရွှေအတိပြီးသော သေတ္တာနှင့်တူသော၊
ကုရုဝါသိနံ = ကုရုတိုင်းသား လေးပါးသော ပရိသတ်ကို၊
လဒ္ဓါ = ရတော်မူ၍ -

(ခ-ဂ) ပဏ္ဍုကမ္ဗလဝေဿော = ရိုးရဲရောင်စွေး တွေးတွေး နီမြန်းသော ကမ္ဗလာ ကုန်သည်သည်၊
ဝဏ္ဏံ = ကမ္ဗလာ၏ဖြစ်ရာ ဇာတိအစရှိသော ဂုဏ်ကို၊
ပကာသယမိဝ = ပြသကဲ့သို့၊
သတ္တဝဏ္ဏံ = သတ္တာနံ ဝိသုဒ္ဓိယာ စသော ခုနစ်ပါးသော ဂုဏ်ကို၊
ပကာသယံ-ပကာသယန္တော = ပြတော်မူလျက်၊
ဧကဝီသတိဌာနေသု = အာနာပါနပဗ္ဗ စသော နှစ်ဆယ့်တစ်ပါးသော အရာတို့၌၊
ကမ္မဋ္ဌာနံ = ဘာဝနာကံ၏ဖြစ်ရာ အာနာပါနစသော ကမ္မဋ္ဌာန်းကို၊
အရဟတ္တေ = အရဟတ္တဖိုလ်၌၊
သုခေပိယ = ကောင်းစွာ ထည့်သွင်း၍၊
သောကာဒုပဒ္ဒဝဂ္ဃါတံ = စိုးရိမ်ခြင်း, မြည်တမ်းခြင်း, ကိုယ်၏ဆင်းရဲခြင်း, စိတ်နှလုံး မသာယာခြင်းဟူသော လေးပါး သော ဥပဒ္ဒဝေါကို ပယ်ဖျောက်တတ်သော၊
ဝိသုဒ္ဓဒိဋ္ဌမာဝဟံ = ကိလေသာမှ စင်ကြယ်ခြင်း, အရိယာမဂ်ကို ရခြင်း, နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်းဟူသော အကျိုးသုံးပါးကို ဆောင်တတ်သော၊
ဂမ္ဘီရံ = ပါဠိ၏နက်နဲခြင်း, အနက်၏နက်နဲခြင်း, ဒေသနာ၏ နက်နဲခြင်း, အသိဉာဏ်၏ နက်နဲခြင်းဟူသော လေးပါးသော နက်နဲခြင်းတို့ဖြင့် နက်နဲသော၊
ရတနသဒိသံ = ရတနာ ခုနစ်ပါးနှင့်တူသော၊
ယံသတိပဋ္ဌာနသုတ္တံ = အကြင်မဟာသတိပဋ္ဌာနသုတ် ဒေသနာတော်ကို၊
နိဓာနဝသေန = ဝေနေယျတို့ သန္တာန်၌ သိုမှီးသည်၏အစွမ်းအားဖြင့်၊
စရိတာဒိနုလောမေန = တဏှာစရိတ မန္ဒပုဂ္ဂိုလ် အားလျော်သော ကာယာနုပဿနာ သတိပဋ္ဌာန်, တဏှာစရိတ တိက္ခပုဂ္ဂိုလ် အားလျော်သော ဝေဒနာနုပဿနာ- သတိပဋ္ဌာန်, ဒိဋ္ဌိစရိတ မန္ဒပုဂ္ဂိုလ် အားလျော်သော စိတ္တာနုပဿနာသတိပဋ္ဌာန်, ဒိဋ္ဌိစရိတ တိက္ခပုဂ္ဂိုလ် အားလျော်သော ဓမ္မာနုပဿနာ သတိပဋ္ဌာန်, သုဘ သုခ နိစ္စ အတ္တ ဟူသော ဝိပလ္လာသ လေးပါး, သြဃလေးပါး, ယောဂလေးပါး, အာသဝလေးပါး, ဂန္ထလေးပါး, ဥပါဒါန်လေးပါး, အဂတိလေးပါးကို ပယ်ခြင်း အားလျော်စွာ၊
စတုဓာ = ကာယာနုပဿနာ စသော လေးပါးသော အပြားဖြင့်၊
ဒေသေသိ = ဟောတော်မူပြီ၊
တံသတိပဋ္ဌာန သုတ္တံ = ထိုမဟာသတိပဋ္ဌာနသုတ် ဒေသနာတော်ကို၊
ဟေ = အို အရှင်တို့၊
မယံ = ငါတို့သည်၊
ပဏာမ = ရွတ်ကြကုန်အံ့။

မဟာသတိပဋ္ဌာနသုတ်အမွှန်းပြီး၏။

“မဟာသတိပဋ္ဌာနသုတ်ကို နာရခြင်း၏ အကျိုးပြဝတ္ထု”

မဟာသတိပဋ္ဌာနသုတ် ဒေသနာသည် မြတ်သည်, နိဗ္ဗာန်တိုင်အောင် အကျိုးကို ပြီးစေတတ်သည်၏ အဖြစ်ကို ဤသို့ ဆိုလတ္တံ့သော ဝတ္ထုသက်သေ အမြွက်ဖြင့် သိအပ်၏။

လင်းနို့သားငါးရာဝတ္ထု

သီဟိုဠ်ကျွန်း၌ ကုမ္ဘိလတိဿ အမည်ရှိသော တောကျောင်းဝယ် တစ်ခုသော တောင်ဝှမ်းလိုဏ်၌ ငါးရာကုန်သော လင်းနို့တို့သည် နေကုန်၏။ ထိုအခါ ထိုတောင်ဝှမ်း လိုဏ်၌ နေလျက် တစ်ပါးသော ရဟန်းသည် မဟာသတိပဋ္ဌာနသုတ်ကို သရဇ္ဈာယ်၏။ လင်းနို့သား ငါးရာတို့သည် ထိုရဟန်း၏ သတိပဋ္ဌာန်ကို သရဇ္ဈာယ် သော အသံ၌ တရားဟူသော အာရုံကို ယူ၍ စိတ်ကို ကြည်ညိုစေလျက် သေလွန်သည်ရှိသော် ထိုကျောင်း၏ ဆွမ်းခံရွာ၌ ထိုထို အမျိုးဝယ်ဖြစ်၍ ကြီးသောအခါ ထိုကျောင်းသို့ သွား၍ အရိယဝံသတရားကို နာရလျှင် ကြည်ညိုသော စိတ်ရှိကုန်သည်ဖြစ်၍ အိမ်သို့ ပြန်ကုန်၏။

တစ်ဘန် တစ်နေ့သ၌ --

ကျောင်းသို့ သွား၍ မဟာသတိပဋ္ဌာနသုတ်ကို နာရလျှင် လူတို့ဘောင်၌ ငြီးငွေ့သဖြင့် ငါးရာသော အမျိုးသားတို့သည် ရဟန်းပြု၍ ရှေး၌ နေဖူးသော ဝါသနာအားဖြင့် ထိုတောင်ဝှမ်းလိုဏ်၌လျှင် နေကုန်၏။ တစ်နေ့သ၌ ထိုငါးရာသော ရဟန်းတို့တွင် တစ်ပါးသော ရဟန်းသည် “ဤလိုဏ်ကား လင်းနို့နံ့ နံ၏”ဟု ဆို၏။

သံဃာ့ထေရ်သည်-

“ငါရှင်တို့ … ရှေးသော ကိုယ်၏အဖြစ်၌ လင်းနို့ဖြစ်ကုန်၍ ငါ့ရှင်တို့နေရာ လိုဏ်ပင်တည်း”ဟု ဆို၏။ ထို စကားကို ကြား၍ ထိုရဟန်းတို့သည် သံဝေဂ ရကုန်သဖြင့် နောက်အဘို့၌ မဟာသတိပဋ္ဌာန သုတ်ကိုပင် နာ၍ ငါးရာသော ရဟန်းတို့သည် သောတာပန်ဖြစ်ကုန်၏။ တစ်ဘန် တစ်နေ့သ၌ မဟာသတိပဋ္ဌာန သုတ်ကိုပင် နာပြန်၍ အထက်မဂ်သုံးတန်ကို ရလေကုန်၏

[သဟဿဝတ္ထုကျမ်းအထွက်။]

လှည်းကုန်သည် ၀တ္ထု

သီဟိုဠ်ကျွန်း ရောဟဏဇနပုဒ်၌ တစ်ဦးသော လှည်းကုန်သည်သည် လဲဝါဂွမ်းဖြင့် ပြည့်သော လှည်းကို ဆောင်ယူ၍ နက်စွာသော ညွန်ပျောင်းသို့ လှည်းသည် ညွန်၏ အလယ်၌ ကျွံနစ်၏။ ထိုလှည်းကုန်သည်၏ မဟာဒတ္တမည်သော နွားလားသည် ညွန်၌ ကျွံနစ်သော လှည်းကို ငင်ထုတ်ခြင်းငှါ မစွမ်းနိုင်။

ထိုအခါ လှည်းကုန်သည်သည် -

“နွားလား ဒတ္တ …၊ သင်သည် ယနေ့ နက်စွာသောညွှန်မှ လှည်းကို အကယ်၍ ထုတ်ငြားအံ့၊ တစ်ဖန် သင့်ကို လှည်းထမ်းပိုး၌ မကပြီ”ဟု ဆို၏။

ထိုစကားကို ကြား၍ မဟာဒတ္တ နွားလားသည် လှည်းကို ညွန်မှ ထုတ်ခြင်းငှါ လွန်စွာ လုံ့လပြု၏။ ကုန်သည်လည်း နွားကို သုံးသပ်၍ နှင်၏။ နွားလားသည် အားကုန် ထုတ်သဖြင့် လှည်းကို ဆောင်၏။ ဤသို့နှင်နှင် ခြောက်ကြိမ်တိုင်အောင် မဟုတ်မှန် သော စကားကို ဆိုလျက် ညွန်မှ လှည်းကို ထုတ်စေ၍၊ တစ်ဖန် ခုနစ်ကြိမ်တိုင် ရောက်လတ်သော် နွားလားသည် အလွန်အကျူး အားထုတ်သော်လည်း အို၍ အားနည်းခြင်းကြောင့် မစွမ်းနိုင်၊ တစ်ဖန် ပြင်းစွာသော အဟုန်ဖြင့် လှည်းကို ငင်ထုတ် သော် နွားလား၏ ရင်သည် ကွဲသဖြင့် သွေးအန်၍ ထိုအရပ်၌ပင် လဲ၏။ ကုန်သည် လည်း မဟာဒတ္တ နွားလားကို စွန့်၍ တစ်ပါးသော နွားကို က၍ သွား၏။

(က) ထိုအခါ တစ်ယောက်သော အိုးထိန်းသည်သည် လာလတ်၍ မြေကြီးနယ်ရန် အသက်ရှင်စဉ်ပင် နွား၏ အရေကို ခွါယူ၍ သွား၏
(ခ) စောင်းသမားတစ်ယောက် လာလတ်၍ စောင်းကြိုး ပြုခြင်းငှါ အကြောကို နုတ်ယူ၍ သွား၏
(ဂ) မုဆိုးတစ်ယောက် ခွေးနှင့်တကွ လာလတ်၍ အသားကို လှီး၍ ခွေးတို့အား ပေး၏
(ဃ) ထိုခွေးတို့လည်း နှုတ်သီးတို့ဖြင့် ကိုက်ဖြတ်၍ စားကုန်၏။
(င) အသက်ရှင်စဉ်ပင် နွားလား၏ ကိုယ်ကို ပိုးရွ, ခြပုန်းတို့သည် ကိုက်ခဲကုန်၏။ “မဟာဒတ္တ” နွားလားသည် ကြီးစွာ သော ဆင်းရဲသို့ ရောက်လျက် ဝပ်၏။

ထိုအခါ “စူဠပိဏ္ဍပါတိကတိဿ” မထေရ်သည် ရဟန်းငါးရာတို့နှင့်တကွ ထိုလမ်း ခရီးဖြင့် သွားသည်ရှိသော် မဟာဒတ္တ နွားလားကို မြင်လျှင် သနားခြင်းဖြစ်ရကား သပိတ်နှင့်ရေကို ဆောင်ယူ၍ တိုက်၏။ နွားလည်း အလိုရှိတိုင်း သောက်၍ သက်သာရာကို ရ၏။ မထေရ်လည်း နွား၏အနီး၌ နေ၍ မဟာသတိပဋ္ဌာနသုတ်ကို ဟော၏။ သရဏဂုံကို ပေး၏။

သီလပေးစဉ် သေလွန်ခဲ့သော် မဟာသတိပဋ္ဌာနသုတ်၌ ဤကား တရားတော် ပင်တည်း-ဟု အာရုံကိုယူ၍ တာဝတိံသာ နတ်ပြည်၌ ယူဇနာ သုံးဆယ်ရှိသော ရွှေဗိမာန်ဝယ် နတ်သမီးတစ်ထောင် ခြံရံလျက် ဖြစ်လေသော် ရှေးဘဝကို မြင်၍ “စူဠပိဏ္ဍပါတိကတိဿ”ထေရ်သည် ပြုအပ်သော ကျေးဇူးကို သိသည်၏အဖြစ်ကို ပြခြင်းငှါ သန်းခေါင်ယံအခါ နတ်သမီးတစ်ထောင် ခြံရံလျက် ရွှေဗိမာန်နှင့်တကွ လာ၍ မထေရ်၏ ခြေရင်း၌ ရှိခိုးပြီးလျှင် တင့်အပ်လျောက်ပတ် သော အရပ်၌ နေ၏။

မထေရ်သည် -

“အချင်း နတ်သား … သင်ကား အလွန်လှသော အဆင်းရှိ၏၊ ရှုစဖွယ် ရှိ၏၊ အရပ် မျက်နှာတို့ကို အရောင်အဝါဖြင့် တောက်ပစေ၏၊ နတ်သမီးအပေါင်း ခြံရံအပ်၏၊ အဘယ်နတ်သားနည်း”ဟု မသိဟန်ပြု၍ မေး၏။

နတ်သားလည်း -

“အရှင်ဘုရား ... အကျွန်ုပ်သည် ရှေးဘဝ၌ အပါယ်ပဋိသန္ဓေ နေသော နွားလား ဖြစ်၏။ မိုက်သောအမျိုးသို့ ရောက်၏။ ကုသိုလ်ကောင်းမှုကို မသိ၊ အကျွန်ုပ်ကို နက်စွာသော ညွန်၏အလယ် ကျွံနစ်သောလှည်း၌ ကကုန်၏။ လှည်းကို ထုတ်ဆောင် သော် အကျွန်ုပ်၏ရင်သည် ကွဲရကား ထိုအရပ်၌ပင် လဲ၍ အားနည်းသော အကျွန်ုပ်ကို မြင်လျှင် အရှင်သည် စွန့်ပစ်၍ သွား၏။

(က) ကရုဏာ မရှိကုန်သော အချို့သော သူတို့သည် အသက်ရှင်စဉ်ပင် အကျွန်ုပ် အရေကို ခွါယူ၍ သွားကုန်၏
(ခ) အချို့သော သူတို့သည် အကြောကို နုတ်ယူ၍ သွားကုန်၏
(ဂ) အချို့သော သူတို့သည် အသားကို လှီး၍ သွားကုန်၏

သို့စင် ပင်ပန်းဆင်းရဲခြင်းသို့ ရောက်သော အကျွန်ုပ်ကို ရဟန်းမြတ် ဖြစ်သော အရှင်ဘုရားသည် မြင်တော်မူ၍ သနားတော်မူသဖြင့် သတိပဋ္ဌာန်တရားကို ဟောပေ၏။ တရားတော် ဟောပြီးသည်၏အဆုံး၌ သရဏဂုံကို ပေးတော်မူ၏သီလကို ပေးစဉ်ပင် အကျွန်ုပ် သေလွန်၍ တာဝတိံသာ၌ ဖြစ်၏

သီလကို ပေးမိပါသော် ယာမာဘုံ၌ ဖြစ်ရာ၏။ နတ်ပြည်သို့ ရောက်ငြားသော်လည်း ရှေးအမည် မပျောက်မကွယ် သည်ဖြစ်၍ သိကြားနှင့်တကွသော နတ်တို့သည် အကျွန်ုပ်ကို “မဟာဒတ္တ နတ်သား”ဟု ဆိုကြကုန်၏ဟု နားတော်လျှောက်၍ -

အရှင်ဘုရား … အကျွန်ုပ်သည် ရှေးအခါ အလွန်ကြမ်းကြုတ် ဆင်းရဲခြင်းသို့ ရောက်သော နွားသတ္တဝါ ဖြစ်၏။ အကျွန်ုပ်အား အရှင်ဘုရားသည် သတိပဋ္ဌာန်ကို ဟောတော်မူ၍ သရဏဂုံကိုလည်း ပေးတော်မူ၏။ နားသို့ဝင်သော သတိပဋ္ဌာန်သုတ်၏ ဤကဲ့သို့သော ကောင်းကျိုးကို ရှုပါလော့။ ဤတစ်ထောင်သော နတ်သမီးတို့သည် အကျွန်ုပ်ကို ခြံရံကုန်၏။

သတိပဋ္ဌာနသုတ်ကို နာရ၍ ဆင်းရဲလှစွာသော နွားသတ္တဝါဖြစ်သော အကျွန်ုပ် စင်လျက် ဤကဲ့သို့သော အသရေကို ရတုံသေး၏။ အကြင် သူတို့သည်ကား စည်းစိမ်ဥစ္စာ ရှင်ကုန်၍ မြတ်သောချမ်းသာကို ရကုန်သောသူတို့၏ လျောက်ပတ်သော ကာလ၌ သာသနာတော်ကို ဆည်းကပ်ခြင်းကို ပြုရာ၌ကား ဆိုဖွယ်မရှိပေ”ဟု တရားကို ချီးမွမ်း၍လည်း လျှောက်၏။

ယင်းသို့ လျှောက်ပြီး၍ ဘဝပဋိသန္ဓေ၌ တပ်စွန်းခြင်းကင်းသော မဟာဒတ္တ နတ်သားသည် -

“အရှင်ဘုရား၊ သရဏဂုံ သီလကို ပေးတော်မူ၍ ထိုသတိပဋ္ဌာနသုတ်ကိုပင် ဟောတော်မူပါ။ အကျွန်ုပ်ကို တရားသင်္ဘောလှေသို့ တင်၍ ဘဝသမုဒ္ဒရာမှ နိဗ္ဗာန် ဟူသော ကမ်းတစ်ဘက်သို့ ဆောင်တော်မူပါ။ အကျွန်ုပ်သည် သတိပဋ္ဌာနသုတ်၏ တန်ခိုးအားဖြင့်လည်းကောင်း၊ သီလ သရဏဂုံအားဖြင့်လည်းကောင်း၊ အပါယ်ဆင်းရဲ၌ ကိုယ်၏အဖြစ်ကို ဖြတ်၍ နတ်၌ဖြစ်သော ကိုယ်အဖြစ်ကို ရလေပြီ”ဟု တရားဟော စိမ့်သောငှါ တောင်းပန်လေ၏။

မထေရ်သည် သရဏဂုံ သီလကို ပေး၍ သတိပဋ္ဌာနသုတ်ကိုပင် ဟောတော်မူ၏။ နတ်သားနှင့်တကွ တစ်ထောင်သော နတ်သမီးတို့သည် သောတာပတ္တိဖိုလ်၌ တည်၍ မထေရ်ကို ရှိခိုးပြီးလျှင် ကောင်းကင်ပြင်ဝယ် ဟင်္သာမင်းကဲ့သို့ တာဝတိံသာ နတ်ပြည်သို့ ပြန်တက်ကြကုန်၏။

[သီဟဠဝတ္ထုကျမ်းအထွက်။]

ကြက်မဝတ္ထု

ကကုသန် မြတ်စွာဘုရား လက်ထက်တော်၌ တစ်ခုသော ကြက်မသည် ဆွမ်းစား စရပ်အနီး၌ နေ၏။ ထိုကြက်မသည် တစ်ပါးသော ဝိပဿနာကမ္မဋ္ဌာန်းကို စီးဖြန်း သော ရဟန်း၏ ကမ္မဋ္ဌာန်းသံကို ကြား၍ “ဤကား တရားတော်တည်း”ဟု အာရုံကို ယူလျက်နေစဉ် တစ်ခုသော စွန်သုတ်ခဲ့ရကား သေလွန်၍ --

ဥပရိမည်သော မင်းသမီးဖြစ်လျှင် ပရိဗိုဇ် ရဟန်းမိန်းမ အထံ၌ ရဟန်းပြု၏။ ထိုရဟန်းမိန်းမသည် ဝစ္စကုဋီသို့ ဝင်သည်ရှိသော် ပိုးလောက်အစုကို မြင်သဖြင့် ပုဠုဝကသညာကို ဖြစ်စေ၍ ပဌမဈာန်ကိုရလျှင် ထိုကိုယ်၏အဖြစ်မှ စုတေ့သော်-

ဗြဟ္မာ့ပြည်၌ ဖြစ်၏။ ဗြဟ္မာ့ပြည်မှ စုတေ့သော်-

သူဌေးမျိုးဖြစ်လျှင် မကြာမြင့်မီပင် စုတေ့ပြန်၍-

ငါတို့ဘုရား ဖြစ်တော်မူသောအခါ ရာဇဂြိုဟ်ပြည်ဝယ် ဝက်မငယ် ဖြစ်၏။ မြတ်စွာဘုရားသည် ဝက်မငယ်ကို မြင်၍ ပြုံးတော်မူ၏။ အရှင်အာနန္ဒာသည် ပြုံးတော်မူကြောင်းကို လျှောက်လတ်သော် အလုံးစုံသော အကြောင်းကို မိန့်တော်မူ၍ “ယထာပိ မူလေ အနုပဒ္ဒဝေ”အစရှိသော ဂါထာကို ဟောတော်မူ၏။ ဂါထာ၏ အဆုံး၌ များစွာသော တရားနာပရိသတ်တို့သည် သောတာပတ္တိဖိုလ် စသည်တို့ကို ရလေကုန်၏

ထိုဝက်မငယ်သည် ထိုကိုယ်၏အဖြစ်မှ စုတေ့၍ သုဝဏ္ဏဘုမ္မိ၌ မင်းသမီးဖြစ်၏။

ထိုမှစုတေ့၍ ဝနဝါသီအရပ်၌ ဖြစ်၏။

ထိုမှစုတေ့၍ ဗာရာဏသီပြည်၌ ဖြစ်၏။

ထိုမှစုတေ့၍ သုပ္ပါရကသင်္ဘောဆိပ်၌ မြင်းကုန်သည်သမီးဖြစ်၏။

ထိုမှစုတေ့၍ ကာဝီရသင်္ဘောဆိပ်၌ သင်္ဘောသူကြီး၏ သမီး ဖြစ်၏။

ထိုမှစုတေ့၍ အနုရာဓပြည်၌ မင်းသမီး ဖြစ်၏။

ထိုမှစုတေ့၍ အနုရာဓပြည်၏ တောင်အရပ်၌ ဘောက္ကန္တမည်သော ရွာဝယ် သုမန မည်သော သူကြွယ်၏ သုမနမည်သော သမီးဖြစ်၏။

ထိုအခါ သမီးတို့၏ အဘသည် ဒီဃဝါပီတိုင်းသို့ သွား၍ မဟာသုမနမည်သော ရွာ၌ ဒုဋ္ဌဂါမဏိမင်း၏ လကုဏ္ဍက အတိမ္ပရ မည်သော အမတ်သည် တစ်စုံတစ်ခုပြုဖွယ် ကိစ္စကြောင့် ရောက်၍ သုမနသတို့သမီးကို မြင်လျှင် ကြီးစွာသော မင်္ဂလာကိုပြု၍ ဆောင်ယူ၍ မဟာဂါမသို့ သွား၏။

ထိုအခါ ကောဋတောင်ကျောင်းကြီး၌ သီတင်းသုံးနေသော မဟာအနုရုဒ္ဓါထေရ်သည် မဟာဂါမ၌ ဆွမ်းခံကြွသည်ရှိသော် ထိုအမတ်၏ အိမ်တံခါး၌ ရပ်လျက် သုမနကို မြင်၍ “ငါ့ရှင်တို့ … ဝက်မငယ်သည် အတိမ္ပရ အမတ်ကြီး၏ မယားအဖြစ်သို့ ရောက်သည်ကား အံ့ဖွယ်ရှိစွ”ဟု ရဟန်းတို့နှင့် ပြောဆိုတော်မူ၏။

သုမနသည် ထိုစကားကို ကြား၍ အတိတ်ဘဝကို ဖွင့်လှစ်၍ မြင်နိုင်စွမ်းသော ဇာတိဿရဉာဏ်ကို ရ၏။ ထိုခဏ၌ပင်လျှင် သံဝေဂရ၍ လင်ကိုတောင်းပန်၍ ရဟန်းမိန်းမတို့ အထံ၌ ရဟန်းပြု၍ တိဿ အမည်ရှိသော ကျောင်းကြီး၌ မဟာ သတိပဋ္ဌာနသုတ်ကို နာရ၍ သောတာပတ္တိဖိုလ်၌ တည်လေ၏။

နောက်ကာလ၌ ဒုဋ္ဌဂါမဏိမင်းကြီးသည် ကျည်းတို့ကို နှိပ်နင်းပြီးသည်ဖြစ်၍ ဆွေမျိုးတို့၏နေရာ ဘောက္ကန္တရွာသို့ သွား၍ နေလေသော် ကလ္လကမည်သော ကျောင်းကြီး၌ အာသီဝိသူပမသုတ်ကို နာရ၍ ရဟန္တာ ဖြစ်၏။

ထိုသုမနမည်သော ရဟန္တာမသည် ပရိနိဗ္ဗာန်ပြုသည့်နေ့၌ ရဟန်းယောက်ျား, ရဟန်း မိန်းမတို့သည် မေးအပ်သည်ဖြစ်၍ အလုံးစုံသော အကြောင်းကို အခြားမရှိ ပြောဆို၍ စည်းဝေးသော ရဟန်းသံဃာ၏ အလယ်၌ မဏ္ဍလာရာမ၌ သီတင်းသုံးနေသော ဓမ္မပဒကို ဆောင်သော မဟာတိဿထေရ်နှင် နှီးနှော၍-

၁။ ငါသည် ရှေးဘဝ၌ လူ၏အဖြစ် စုတေ့၍ -
၂။ ကြက်မ ဖြစ်၏၊ ကြက်ဘဝ၌ စွန်၏ အထံမှာ ဦးခေါင်းပြတ်ခြင်းသို့ ရောက်၍-
၃။ မင်းမျိုး၌ ဖြစ်လေသော် ပရိဗိုဇ် ရဟန်းမိန်းမတို့၏ အထံ၌ ရဟန်းပြု၍-
၄။ ပထမဈာန်ကို ရသဖြင့် ဗြဟ္မာ့ပြည်၌ ဖြစ်၏။
၅။ ဗြဟ္မာအဖြစ်မှ စုတေ့သော် သူဌေးမျိုး၌ ဖြစ်၏။
၆။ မကြာမြင့်မီ စုတေ့၍ ဝက်မျိုး၌ ဖြစ်၏။
၇။ ထိုမှစုတေ့၍ သုဝဏ္ဏဘုမ္မိ၌ ဖြစ်၏။
၈။ ထိုမှစုတေ့၍ ဝနဝါသီအရပ်၌ ဖြစ်၏။
၉။ ထိုမှစုတေ့၍ ဗာရာဏသီပြည်၌ ဖြစ်၏။
၁၀။ ထိုမှစုတေ့၍ သုပ္ပါရကသင်္ဘောဆိပ်၌ ဖြစ်၏။
၁၁။ ထိုမှစုတေ့၍ ကာဝီရသင်္ဘောဆိပ်၌ ဖြစ်၏။
၁၂။ ထိုမှစုတေ့၍ အနုရာဓပြည်၌ ဖြစ်၏။
၁၃။ ထိုမှစုတေ့၍ ဘောက္ကန္တရွာ၌ ဖြစ်၏။

ဤသို့လျှင် အနိမ့်အမြင့် အမြတ်အယုတ်ဖြစ်ကုန်သော တစ်ဆယ့်သုံးဘဝတို့သို့ ရောက်၍ ယခုအခါ ငြီးငွေ့ရကား ရဟန်းပြု၍ အရဟတ္တဖိုလ်ကို ရပြီး ခပ်သိမ်း ကုန်သော သူတော်ကောင်းတို့သည် အပ္ပမာဒတရားနှင့် ပြည့်စုံစေကြကုန်လော့ဟု ဆုံးမ၍ လေးပါးသော ပရိသတ်တို့ကို ထိပ်လန့်စေ၍ ပရိနိဗ္ဗာန်ပြုလေ၏။

ဆောင်ပုဒ်လင်္ကာ

လူ, ကြက်, မင်းမှာ၊ ဗြဟ္မာ, သူကြွယ်၊
ဝက်ငယ်ဖြစ်ဘိ၊ ဘုမ္မိ-ဝန၊
ဗာရဏမှာ၊ သုပ္ပါရက၊
ကာဝီရနှင့် ၊ ပြည်အနုရာ၊
ရွာဘောက္ကန္တ၊ ဖြစ်လေရသည် …
ဘဝဆယ့်သုံး ယုတ်မြတ်တည်း။

[ဓမ္မပဒအဋ္ဌကထာထွက်။]

ဤသို့ သတိပဋ္ဌာနသုတ္တန် ဒေသနာတော်သည် နိဗ္ဗာန်တိုင်အောင် ဆောင်တတ်သော ကြောင့် နိဗ္ဗာန် တိုင်အောင်သော ကောင်းကျိုး ချမ်းသာကို အလိုရှိကုန်သော သူတော်ကောင်းတို့သည် မဟာသတိပဋ္ဌာနသုတ္တန် ဒေသနာတော်မြတ်ကို နာခြင်း, သင်ခြင်း, လေ့ကျက် ဆောင်ရွက်ခြင်း အစရှိသည်ဖြင့် အဖန်တလဲလဲ အားထုတ် ကုန်ရာ၏။

မဟာသတိပဋ္ဌာနသုတ်ကို နာရခြင်း၏ အကျိုးပြဝတ္ထု ပြီး၏။

စက္ကိန္ဒာဘိ သိရီသဒ္ဓမ္မဓဇ မဟာဓမ္မ ရာဇာဓိရာဇဂုရု
ဘွဲ့တံဆိပ်တော်ရ

ဆရာတော်ဦးဗုဓ်

အနက်မြန်မာ ပြန်ဆိုအပ်သော

မဟာသတိပဋ္ဌာနသုတ် ပါဠိတော် နိဿယ

နိဒါန်း

၁။ ဧဝံ မေ သုတံ -- ဧကံ သမယံ ဘဂဝါ ကုရူသု ဝိဟရတိ ကမ္မာသဓမ္မံ နာမ ကုရူနံ နိဂမော။ တတြ ခေါ ဘဂဝါ ဘိက္ခူ အာမန္တေသိ ဘိက္ခဝေါတိ။ ဘဒန္တေတိ တေ ဘိက္ခူ ဘဂဝတော ပစ္စဿောသုံ။ ဘဂဝါ ဧတဒဝေါစ။

၁။ ဘန္တေ ကဿပ = အရှင်မဟာကဿပ၊
ဣဒံ သုတ္တံ = ဤမဟာသတိပဋ္ဌာနသုတ်ကို၊
မေ-မယာ = အကျွန်ုပ် အာနန္ဒာသည်၊
ဘဂဝတော = မြတ်စွာဘုရား၏၊
သမ္မုခါ = မျက်မှောက်တော်မှ၊
ဧဝံ = ဤသို့၊
သုတံ-ဥပလက္ခိတံ = မှတ်လိုက်ရ၏၊
ဧကံ = တစ်ပါးသော၊
သမယံ = အခါ၌၊
ဘဂဝါ = မြတ်စွာဘုရားသည်၊
ကုရူသု = ကုရုတိုင်းတို့၌။
ကမ္မာသဓမ္မံ နာမ = ပြောက်ကျားသော ခြေရှိသော ပေါရိသာဒကို ဆုံးမရာဖြစ်၍ ကမ္မာသဓမ္မ အမည်ရှိသော၊
ကုရူနံ = ကုရုတိုင်းသူတို့၏၊
နိဂမော = နိဂုံးသည်၊
အတ္ထိ = ရှိ၏၊
တတ္ထ = ထိုနိဂုံး၌၊
ဝိဟရတိ = နေတော်မူ၏၊
တတြ ခေါ = ထိုကမ္မာသဓမ္မ နိဂုံးဝယ် နေတော်မူသော အခါ၌လျှင်၊
ဘဂဝါ = မြတ်စွာဘုရားသည်၊
ဘိက္ခူ = ရဟန်းတို့ကို၊
ဘိက္ခဝေါတိ = ရဟန်းတို့ဟူ၍၊
အာမန္တေသိ = ခေါ်တော်မူ၏၊
ဘဒန္တေတိ = အရှင်ဘုရားဟူ၍၊
တေ ဘိက္ခူ = ထိုရဟန်းတို့သည်၊
ဘဂဝတော = မြတ်စွာဘုရားအား၊
ပစ္စဿောသုံ = ရိုသေစွာ စကားတုံ့ကြားလျှောက်ကုန်၏၊
ဘဂဝါ = မြတ်စွာဘုရားရှင်သည်၊
ဧတံ-ဝစနံ = ဤ ဆိုလတ္တံ့သော စကားတော်ကို၊
အဝေါစ = မိန့်တော်မူ၏၊

ဥဒ္ဒေသ

၂။ ဧကာယနော အယံ ဘိက္ခဝေ မဂ္ဂေါ သတ္တာနံ ဝိသုဒ္ဓိယာ, သောကပရိဒေဝါနံ သမတိက္ကမာယ, ဒုက္ခဒေါမနဿာနံ အတ္ထင်္ဂမာယ, ဉာယဿ အဓိဂမာယ, နိဗ္ဗာနဿ သစ္ဆိကိရိယာယ၊ ယဒိဒံ စတ္တာရော သတိပဋ္ဌာနာ။ ကတမေ စတ္တာရော -

၂။ ဘိက္ခဝေ = ရဟန်းတို့၊
သတ္တာနံ = သတ္တဝါတို့၏၊
ဝိသုဒ္ဓိယာ = အထူးထူးသော ကိလေသာတို့မှ အထူးသဖြင့် စင်ကြယ်ခြင်းငှါ၊
သောကပရိဒေဝါနံ = စိုးရိမ်ခြင်း, ငိုကြွေး မြည်တမ်းခြင်းတို့ကို၊
သမတိက္ကမာယ = လွန်ခြင်းငှါ၊
ဒုက္ခဒေါမနဿာနံ = ကိုယ်၏ဆင်းရဲခြင်း, စိတ်နှလုံး မသာယာခြင်းတို့၏။
အတ္ထင်္ဂမာယ = ချုပ်ခြင်းသို့ ရောက်ခြင်းငှါ၊
ဉာယဿ = အရိယာမဂ်ကို၊
အဓိဂမာယ = ရခြင်းငှါ၊
နိဗ္ဗာနဿ = နိဗ္ဗာန်ကို၊
သစ္ဆိကိရိယာယ = မျက်မှောက် ပြုရခြင်းငှါ၊
ပဝတ္တော = ဖြစ်သော၊
ဧကာယနော = တစ်ကြောင်းတည်းသော ခရီးဖြစ်သော၊
ဧကာယနော = တစ်ယောက် အထီးတည်းသာလျှင် သွားအပ်သော၊
ဧကာယနော = မြတ်သော ဘုရားသဗ္ဗညု၏ ခရီးဖြစ်သော၊
ဧကာယနော = မြတ်သော သာသနာတော်၌ သာလျှင်ဖြစ်သော၊
ဧကာယနော = မြတ်သော နိဗ္ဗာန်သို့သာလျှင် သွားတတ်သော၊
အယံ ဤဒိသော = ဤသို့ သဘောရှိသော၊
မဂ္ဂေါ = ခရီးသည်၊
စတ္တာရော = လေးပါးကုန်သော။
ယဒိဒံ-ယေ ဣမေ သတိပဋ္ဌာနာ = အကြင် သတိပဋ္ဌာန်တို့တည်း။
စတ္တာရော = လေးပါးကုန်သော သတိပဋ္ဌာန်တို့သည်၊
ကတမေ = အဘယ်သည်တို့နည်း။

ဣဓ ဘိက္ခဝေ ဘိက္ခု ကာယေ ကာယာနုပဿီ ဝိဟရတိ, အာတာပီ သမ္ပဇာနော သတိမာ, ဝိနေယျ လောကေ အဘိဇ္ဈာဒေါမနဿံ၊

(က) ဘိက္ခဝေ = ရဟန်းတို့၊
ဣဓ = ဤသာသနာတော်၌၊
ဘိက္ခု = ရဟန်းသည်၊
အာတာပီ = ရူပကာယကို အာရုံပြု၍ ဖြစ်သော ကိလေသာကို လွန်စွာပူပန်စေ တတ်သော သမ္မပ္ပဓာန် လုံ့လရှိသည်ဖြစ်၍၊
သမ္ပဇာနော = ရူပကာယကို ကောင်းစွာ အပြားအားဖြင့် သိတတ်သော ပညာ အဆင်အခြင်နှင့် ပြည့်စုံသည်ဖြစ်၍၊
သတိမာ = ရူပကာယကို အောက်မေ့တတ်သော သတိနှင့် ပြည့်စုံသည်ဖြစ်၍၊
လောကေ = ရူပုပါဒါနက္ခန္ဓာ ဟူသော လောက၌၊
အဘိဇ္ဈာဒေါမနဿံ = ရူပကာယကို တပ်သောအားဖြင့် ရှေးရှုကြံခြင်း ဟူသော လောဘ, ရှေးရှုကြံတိုင်း မရခြင်းကြောင့် နှလုံးမသာယာခြင်း ဟူသော ဒေါမနဿကို၊
ဝိနေယျ = တဒင်္ဂ, ဝိက္ခမ္ဘနအားဖြင့် ဖျောက်၍၊
ကာယေ = အင်္ဂါကြီးငယ်အပေါင်း, ဆံအမွေး စသည်အပေါင်း, ဘူတရုပ် ဥပါဒါရုပ် အပေါင်း, ပထဝီကာယ စသည် အပေါင်းဖြစ်သော ရူပကာယခန္ဓာကိုယ်၌၊
ကာယာနုပဿီ = အင်္ဂါကြီးငယ်အပေါင်း, ဆံအမွေး စသည်အပေါင်း, ဘူတရုပ် ဥပါဒါရုပ်အပေါင်း, ပထဝီကာယစသော အပေါင်းကို အဖန်တလဲလဲ ရှုသည်ဖြစ်၍၊ ကာယာနုပဿီ = အနိစ္စ, ဒုက္ခ, အနတ္တ, အသုဘ အခြင်းအရာ အပေါင်းကို အဖန်တလဲလဲရှုသည်ဖြစ်၍၊ “အဖန်တလဲလဲရှုသော ဝိပဿနာဉာဏ်ရှိသည်ဖြစ်၍၊”
ဝိဟရတိ = နေ၏။

ဝေဒနာသု ဝေဒနာနုပဿီ ဝိဟရတိ အာတာပီ သမ္ပဇာနော သတိမာ ဝိနေယျ လောကေ အဘိဇ္ဈာဒေါမနဿံ၊

(ခ) ဘိက္ခု = ရဟန်းသည်၊
အာတာပီ = ဝေဒနာကို အာရုံပြု၍ဖြစ်သော ကိလေသာကို လွန်စွာ ပူပန်စေတတ်သော သမ္မပ္ပဓာန် လုံ့လရှိသည်ဖြစ်၍၊
သမ္ပဇာနော = ဝေဒနာကို ကောင်းစွာ အပြားအားဖြင့် သိတတ်သော ပညာ အဆင်အခြင်နှင့် ပြည့်စုံ သည်ဖြစ်၍၊
သတိမာ = ဝေဒနာကို အောက်မေ့တတ်သော သတိနှင့်ပြည့်စုံသည်ဖြစ်၍၊
လောကေ = ဝေဒနုပါဒါနက္ခန္ဓာဟူသော လောက၌၊
အဘိဇ္ဈာဒေါမနဿံ = ဝေဒနာကိုတပ်သောအားဖြင့် ရှေးရှုကြံခြင်းဟူသောလောဘ, ရှေးရှုကြံတိုင်း မရခြင်းကြောင့် နှလုံးမသာယာခြင်းဟူသော ဒေါမနဿကို၊
ဝိနေယျ = တဒင်္ဂ, ဝိက္ခမ္ဘနအားဖြင့် ဖျောက်၍။
ဝေဒနာသု = သုခစသော ဝေဒနာတို့၌၊
ဝေဒနာနုပဿီ = ဣဋ္ဌာရုံကို အာရုံပြု၍ သုခဝေဒနာ ဖြစ်၏ - စသည်ဖြင့် အဖန် တလဲလဲရှုသည်ဖြစ်၍၊
ဝေဒနာနုပဿီ = သုခ ဝေဒနာကို ဒုက္ခအားဖြင့်, ဒုက္ခဝေဒနာကို ငြောင့်တံသင်းနှင့် တူသောအားဖြင့်, ဥပေက္ခာဝေဒနာကို အနိစ္စအားဖြင့် အဖန်တလဲလဲ ရှုသည်ဖြစ်၍၊
ဝေဒနာနုပဿီ = ဝေဒနာကို အနိစ္စ ဒုက္ခ အနတ္တ ဟု အဖန်တလဲလဲရှုသည်ဖြစ်၍၊
ဝိဟရတိ = နေ၏။

စိတ္တေ စိတ္တာနုပဿီ ဝိဟရတိ အာတာပီ သမ္ပဇာနော သတိမာ ဝိနေယျ လောကေ အဘိဇ္ဈာဒေါမနဿံ၊

(ဂ) ဘိက္ခု = ရဟန်းသည်၊
အာတာပီ = စိတ်ကို အာရုံပြု၍ဖြစ်သော ကိလေသာကို လွန်စွာ ပူပန်စေတတ်သော သမ္မပ္ပဓာန် လုံ့လရှိသည်ဖြစ်၍၊
သမ္ပဇာနော = စိတ်ကို ကောင်းစွာအပြားအားဖြင့် သိတတ်သော ပညာ အဆင်အခြင် နှင့် ပြည့်စုံသည်ဖြစ်၍၊
သတိမာ = စိတ်ကို အောက်မေ့တတ်သော သတိနှင့်ပြည့်စုံသည်ဖြစ်၍၊
လောကေ = ဝိညာဏုပါဒါနက္ခန္ဓာ ဟူသော လောက၌၊
အဘိဇ္ဈာဒေါမနဿံ = စိတ်ကို တပ်သောအားဖြင့် ရှေးရှုကြံခြင်းဟူသော လောဘ, ရှေးရှုကြံတိုင်း မရခြင်းကြောင့် နှလုံးမသာယာခြင်းဟူသော ဒေါမနဿကို၊
ဝိနေယျ = တဒင်္ဂ, ဝိက္ခမ္ဘနအားဖြင့် ဖျောက်၍။
စိတ္တေ = သရာဂစိတ် စသည်၌၊
စိတ္တာနုပဿီ = သရာဂစိတ် စသည်ကို အဖန်တလဲလဲ ရှုသည်ဖြစ်၍၊
စိတ္တာနုပဿီ = သရာဂစိတ် စသည်ကို အနိစ္စ စသည်ဖြင့် အဖန်တလဲလဲရှုသည်ဖြစ်၍၊
ဝိဟရတိ = နေ၏။

ဓမ္မေသု ဓမ္မာနုပဿီ ဝိဟရတိ အာတာပီ သမ္ပဇာနော သတိမာ ဝိနေယျ လောကေ အဘိဇ္ဈာဒေါမနဿံ။

(ဃ) ဘိက္ခု = ရဟန်းသည်၊
အာတာပီ = နီဝရဏစသော တရားကို အာရုံပြု၍ဖြစ်သော ကိလေသာကို လွန်စွာ ပူပန်စေ တတ်သော သမ္မပ္ပဓာန် လုံ့လရှိသည်ဖြစ်၍၊
သမ္ပဇာနော = နီဝရဏ စသောတရားကို ကောင်းစွာ အပြားအားဖြင့် သိတတ်သော ပညာအဆင်အခြင်နှင့် ပြည့်စုံသည်ဖြစ်၍၊
သတိမာ = နီဝရဏစသောတရားကို အောက်မေ့တတ်သော သတိနှင့် ပြည့်စုံသည်ဖြစ် ၍၊
လောကေ = နီဝရဏစသောတရား, သညုပါဒါနက္ခန္ဓာ, သင်္ခါရုပါဒါနက္ခန္ဓာ တရား ဟူသော လောက၌၊
အဘိဇ္ဈာဒေါမနဿံ = နီဝရဏစသော တရားကို တပ်သောအားဖြင့် ရှေးရှုကြံခြင်း ဟူသော လောဘ, ရှေးရှုကြံတိုင်း မရခြင်းကြောင့် နှလုံးမသာယာခြင်း ဟူသော ဒေါမနဿကို၊
ဝိနေယျ = တဒင်္ဂ, ဝိက္ခမ္ဘနအားဖြင့် ဖျောက်၍။
ဓမ္မေသု = နီဝရဏစသော တရားတို့၌၊
ဓမ္မာနုပဿီ = နီဝရဏ စသောတရားကို အဖန်တလဲလဲ ရှုသည်ဖြစ်၍၊
ဓမ္မာနုပဿီ = နီဝရဏစသောတရားကို အနိစ္စစသည်ဖြင့် အဖန်တလဲလဲ ရှုသည်ဖြစ်၍၊
ဝိဟရတိ = နေ၏။

ဥဒ္ဒေသော = သတိပဋ္ဌာန် ၄-ပါးကို အကျဉ်းသရုပ် ထုတ်၍ ဟောတော်မူအပ်သော စကားအစဉ်သည်။
နိဋ္ဌိတော = ပြီးပြီ။

ကာယာနုပဿနာ

အာနာပါနပိုင်း

၃။ ကထဉ္စ ပန ဘိက္ခဝေ ဘိက္ခု ကာယေ ကာယာနုပဿီ ဝိဟရတိ

၃။ ဘိက္ခဝေ = ရဟန်းတို့၊ ကထဉ္စ = အသို့လျှင်၊ ဘိက္ခု = ရဟန်းသည်၊ ကာယေ = ရူပကာယ ခန္ဓာကိုယ်၌၊
ကာယာနုပဿီ = ရူပကာယကို အဖန်တလဲလဲရှုသည်ဖြစ်၍၊ ဝိဟရတိ = နေသနည်း၊

ဣဓ ဘိက္ခဝေ ဘိက္ခု အရညဂတော ဝါ ရုက္ခမူလဂတော ဝါ သုညာဂါရဂတော ဝါ နိသီဒတိ ပလ္လင်္ကံ အာဘုဇိတွာ ဥဇုံ ကာယံ ပဏိဓာယ ပရိမုခံ သတိံ ဥပဋ္ဌပေတွာ

(က) ဘိက္ခဝေ = ရဟန်းတို့၊
ဣဓ = ဤသာသနာတော်၌၊
ဘိက္ခု = ရဟန်းသည်၊
အရညဂတော ဝါ = တောအရပ်သို့ ကပ်၍လည်းကောင်း၊
ရုက္ခမူလဂတော ဝါ = သစ်ပင်ရင်းသို့ ကပ်၍လည်းကောင်း၊
သုညာဂါရဂတော ဝါ = ဆိတ်ငြိမ်ရာအရပ်သို့ ကပ်၍လည်းကောင်း၊
ပလ္လင်္ကံ = ထက်ဝယ်ကို၊
အာဘုဇိတွာ = ဖွဲ့ခွေ၍၊
ဥဇုံ = ဖြောင့်မတ်စွာ၊
ကာယံ = ကိုယ်ကို၊
ပဏိဓာယ = ထား၍၊
သတိံ = သတိကို၊
ပရိမုခံ = ကမ္မဋ္ဌာန်းသို့ ရှေးရှု၊
ဥပဋ္ဌပေတွာ = ဖြစ်စေ၍၊
နိသီဒတိ = နေ၏။

သော သတောဝ အဿသတိ၊ သတောဝ ပဿသတိ
ဒီဃံ ဝါ အဿသန္တော ဒီဃံ အဿာသာမီတိ ပဇာနာတိ
ဒီဃံ ဝါ ပဿသန္တော ဒီဃံ ပဿာသာမီတိ ပဇာနာတိ
ရဿံ ဝါ အဿသန္တော ရဿံ အဿသာမီတိ ပဇာနာတိ
ရဿံ ဝါ ပဿသန္တော ရဿံ ပဿာသာမီတိ ပဇာနာတိ

(ခ) သော ဘိက္ခု = ထိုရဟန်းသည်၊
သတောဝ = သတိနှင့်ပြည့်စုံသည်ဖြစ်၍သာလျှင်၊
အဿသတိ = ထွက်သက်ကို ဖြစ်စေ၏ (ဝါ)
အဿသတိ = ထွက်သက်ရှူ၏၊
သတောဝ = သတိနှင့်ပြည့်စုံသည်ဖြစ်၍သာလျှင်၊
ပဿသတိ = ဝင်သက်ကို ဖြစ်စေ၏၊ (ဝါ)
ပဿသတိ = ဝင်သက်ရှိုက်၏။
ဒီဃံ ဝါ = ရှည်စွာမူလည်း၊
အဿသန္တော = ထွက်သက်ရှူလတ်သော်၊
ဒီဃံ = ရှည်စွာ၊
အဿသာမီတိ = ထွက်သက် ရှူ၏ဟူ၍၊
ပဇာနာတိ = သိ၏၊
ဒီဃံ ဝါ = ရှည်စွာမူလည်း၊
ပဿသန္တော = ဝင်သက် ရှိုက်လတ်သော်၊
ဒီဃံ = ရှည်စွာ၊
ပဿသာမီတိ = ဝင်သက် ရှိူက်၏ဟူ၍၊
ပဇာနာတိ = သိ၏၊
ရဿံ ဝါ = တိုစွာမူလည်း၊
အဿသန္တော = ထွက်သက် ရှူလတ်သော်၊
ရဿံ = တိုစွာ၊
အဿသာမီတိ = ထွက်သက် ရှူ၏ဟူ၍၊
ပဇာနာတိ = သိ၏၊
ရဿံ ဝါ = တိုစွာမူလည်း၊
ပဿသန္တော = ဝင်သက်ရှိုက်လတ်သော်၊
ရဿံ = တိုစွာ၊
ပဿသာမီတိ = ဝင်သက် ရှိူက်၏ဟူ၍၊
ပဇာနာတိ = သိ၏။

သဗ္ဗကာယပဋိသံဝေဒီ အဿသိဿာမီတိ သိက္ခတိ၊ သဗ္ဗကာယပဋိသံဝေဒီ ပဿသိဿာမီတိ သိက္ခတိ
ပဿမ္ဘယံ ကာယသင်္ခါရံ အဿသိဿာမီတိ သိက္ခတိ၊ ပဿမ္ဘယံ ကာယသင်္ခါရံ ပဿသိဿာမီတိ သိက္ခတိ

(ဂ) သဗ္ဗကာယပဋိသံဝေဒီ = အလုံးစုံသော ထွက်သက်၏ အစ, အလယ်, အဆုံး သုံးပါးအပေါင်းကို ထင်စေလျက်၊
အဿသိဿာမီတိ = ထွက်သက် ရှူအံ့ဟူ၍၊
အဿာသာမီတိ - အဿ + သံ + ဣဿာမီတိ = ထွက်သက်ကို ဖြစ်စေအံ့ဟူ၍၊”
သိက္ခတိ = အားထုတ်သဖြင့် ကျင့်၏။
သဗ္ဗကာယပဋိသံဝေဒီ = အလုံးစုံသော ဝင်သက်၏ အစ, အလယ်, အဆုံး သုံးပါး အပေါင်း ကို ထင်စေလျက်၊
ပဿသိဿာမီတိ = ဝင်သက် ရှိုက်အံ့ဟူ၍၊
ပဿာသာမီတိ - ပဿ + သံ + ဣဿာမီတိ = ဝင်သက်ကို ဖြစ်စေအံ့ဟူ၍”၊
သိက္ခတိ = အားထုတ်သဖြင့် ကျင့်၏၊
ကာယသင်္ခါရံ = အရှူပြင်း၍ ရုန့်ရင်းသော ထွက်သက်ကို။
ပဿမ္ဘယံ - ပဿမ္ဘယန္တော = သာယာဖြည်းညှင်း ရှူခြင်းဖြင့် ငြိမ်းစေလျက်၊
အဿသိဿာမီတိ = ထွက်သက် ရှူအံ့ဟူ၍၊
သိက္ခတိ = အားထုတ်သဖြင့် ကျင့်၏၊
ကာယသင်္ခါရံ = အရှိုက်ပြင်း၍ ရုန့်ရင်းသော ဝင်သက်ကို၊
ပဿမ္ဘယံ - ပဿမ္ဘယန္တော = သာယာဖြည်းညှင်း ရှိုက်ခြင်းဖြင့် ငြိမ်းစေလျက်၊
ပဿသိဿာမီတိ = ဝင်သက် ရှိုက်အံ့ဟူ၍၊
သိက္ခတိ = အားထုတ်သဖြင့် ကျင့်၏။

သေယျထာပိ ဘိက္ခဝေ ဒက္ခော ဘမကာရော ဝါ ဘမကာရန္တေဝါသီ ဝါ ဒီဃံ ဝါ အဉ္ဆန္တော ဒီဃံ အဉ္ဆာမီတိ ပဇာနာတိ၊ ရဿံ ဝါ အဉ္ဆေန္တော ရဿံ အဉ္ဆာမီတိ ပဇာနာတိ

(ဃ) ဘိက္ခဝေ = ရဟန်းတို့၊
သေယျထာပိ = ရှည်တိုထင်စွာ ငြိမ်းစေရာဝယ် ပမာသမှု အတန္တုကား၊
ဒက္ခော = လိမ္မာသော၊
ဘမကာရော ဝါ = ပွတ်သမားသည် လည်းကောင်း၊
ဘမကာရန္တေဝါသီ ဝါ = ပွတ်သမား၏ တပည့်သည် လည်းကောင်း၊
ဒီဃံ ဝါ = ရှည်စွာမူလည်း၊
အဉ္ဆန္တော = ပွတ်ကြိုးကို ဆွဲငင်သည်ရှိသော်၊
ဒီဃံ = ရှည်စွာ၊
အဉ္ဆာမီတိ = ငင်၏-ဟူ၍၊
ပဇာနာတိ = သိ၏၊
ရဿံ ဝါ = တိုစွာမူလည်း၊
အဉ္ဆန္တော = ဆွဲငင် သည်ရှိသော်၊
ရဿံ = တိုစွာ၊
အဉ္ဆာမီတိ = ငင်၏-ဟူ၍၊
ပဇာနာတိ = သိ၏။

[သဗ္ဗကာယပဋိသံဝေဒီ = အလုံးစုံသော ပွတ်ကို ထင်စေလျက်၊
အဉ္ဆန္တော = ငင်သည်ရှိသော်၊
သဗ္ဗကာယပဋိသံဝေဒီ = အလုံးစုံသော ပွတ်ကို ထင်စေလျက်၊
အဉ္ဆာမီတိ = ငင်၏-ဟူ၍၊
ပဇာနာတိ = သိ၏၊
ဖရုသဉ္ဆံ = ရုန့်ရင်းသော ငင်ခြင်းကို၊
ပဿမ္ဘယံ - ပဿမ္ဘယန္တော = သာယာဖြည်းညှင်း ငင်ခြင်းဖြင့် ငြိမ်းစေလျက်၊
အဉ္ဆန္တော = ငင်သည်ရှိသော်၊
ဖရုသဉ္ဆံ = ရုန့်ရင်းသော ငင်ခြင်းကို၊
ပဿမ္ဘယံ - ပဿမ္ဘယန္တော = သာယာဖြည်းညှင်း ငင်ခြင်းဖြင့် ငြိမ်းစေလျက်၊
အဉ္ဆာမီတိ = ငင်၏-ဟူ၍၊
ပဇာနာတိ = သိ၏။]

ဧဝမေဝ ခေါ ဘိက္ခဝေ ဘိက္ခု ဒီဃံ ဝါ အဿသန္တော ဒီဃံ အဿသာမီတိ ပဇာနာတိ၊ ဒီဃံ ဝါ ပဿသန္တော ဒီဃံ ပဿသာမီတိ ပဇာနာတိ၊ ရဿံ ဝါ အဿသန္တော ရဿံ အဿသာမီတိ ပဇာနာတိ၊ ရဿံ ဝါ ပဿသန္တော ရဿံ ပဿသာမီတိ ပဇာနာတိ

(င) ဘိက္ခဝေ = ရဟန်းတို့၊
ဧဝမေဝခေါ = ရှည်တိုထင်စွာ ငြိမ်းစေကာလျှင် ဆွဲငင်တတ်ငြား ပွတ်သမား အတူ ပင်လျှင်၊
ဘိက္ခု = အာနာပါနကမ္မဋ္ဌာန်းကို စီးဖြန်းသော ရဟန်းသည်၊
ဒီဃံ ဝါ အဿသန္တော = ရှည်စွာ ထွက်သက် ရှူသော်လည်း၊
ဒီဃံ အဿာသာမီတိ = ရှည်စွာ ထွက်သက် ရှူ၏-ဟူ၍၊
ပဇာနာတိ = သိ၏၊
ဒီဃံ ဝါ ပဿသန္တော = ရှည်စွာ ဝင်သက် ရှိုက်သော်လည်း၊
ဒီဃံ ပဿာသာမီတိ = ရှည်စွာ ဝင်သက် ရှိုက်၏-ဟူ၍၊
ပဇာနာတိ = သိ၏၊
ရဿံ ဝါ အဿသန္တော = တိုစွာ ထွက်သက် ရှူသော်လည်း၊
ရဿံ အဿာသာမီတိ = တိုစွာ ထွက်သက် ရှူ၏-ဟူ၍၊
ပဇာနာတိ = သိ၏၊
ရဿံ ဝါ ပဿသန္တော = တိုစွာ ဝင်သက် ရှိုက်သော်လည်း၊
ရဿံ ပဿာသာမီတိ = တိုစွာ ဝင်သက် ရှိုက်၏-ဟူ၍၊
ပဇာနာတိ = သိ၏။

သဗ္ဗကာယပဋိသံဝေဒီ အဿသိဿာမီတိ သိက္ခတိ၊ သဗ္ဗကာယပဋိသံဝေဒီ ပဿသိဿာမီတိ သိက္ခတိ
ပဿမ္ဘယံ ကာယသင်္ခါရံ အဿသိဿာမီတိ သိက္ခတိပဿမ္ဘယံ ကာယသင်္ခါရံ ပဿသိဿာမီတိ သိက္ခတိ

(စ) သဗ္ဗကာယပဋိသံဝေဒီ = အလုံးစုံသော ထွက်သက်၏ အစ, အလယ်, အဆုံး သုံးပါးအပေါင်းကို ထင်စေလျက်၊
အဿသိဿာမီတိ = ထွက်သက် ရှူအံ့ဟူ၍၊
အဿာသာမီတိ - အဿ + သံ + ဣဿာမီတိ = ထွက်သက်ကို ဖြစ်စေအံ့ဟူ၍”၊
သိက္ခတိ = အားထုတ်သဖြင့် ကျင့်၏။
သဗ္ဗကာယပဋိသံဝေဒီ = အလုံးစုံသော ဝင်သက်၏ အစ, အလယ်, အဆုံး သုံးပါး အပေါင်းကို ထင်စေလျက်၊
ပဿသိဿာမီတိ = ဝင်သက် ရှိုက်အံ့ဟူ၍၊
ပဿာသာမီတိ - ပဿ + သံ + ဣဿာမီတိ = ဝင်သက် ကို ဖြစ်စေအံ့ဟူ၍၊”
သိက္ခတိ = အားထုတ်သဖြင့် ကျင့်၏၊
ကာယသင်္ခါရံ = အရှူပြင်း၍ ရုန့်ရင်းသော ထွက်သက်ကို။
ပဿမ္ဘယံ - ပဿမ္ဘယန္တော = သာယာ ဖြည်းညှင်း ရှူခြင်းဖြင့် ငြိမ်းစေလျက်၊
အဿသိဿာမီတိ = ထွက်သက် ရှူအံ့ဟူ၍၊
သိက္ခတိ = အား ထုတ်သဖြင့် ကျင့်၏၊
ကာယသင်္ခါရံ = အရှိုက်ပြင်း၍ ရုန့်ရင်းသော ဝင်သက်ကို။
ပဿမ္ဘယံ - ပဿမ္ဘယန္တော = သာယာ ဖြည်းညှင်း ရှိုက်ခြင်းဖြင့် ငြိမ်းစေလျက်၊
ပဿသိဿာမီတိ = ဝင်သက် ရှိုက်အံ့ဟူ၍၊
သိက္ခတိ = အားထုတ်သဖြင့် ကျင့်၏။

ဣတိ အဇ္ဈတ္တံ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ၊ ဗဟိဒ္ဓါ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ၊ အဇ္ဈတ္တဗဟိဒ္ဓါ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ
သမုဒယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟရတိ၊ ဝယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟရတိ၊ သမုဒယဝယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟာရတိ

(ဆ) ဣတိ-ဧဝံ ဝုတ္တပ္ပကာရေန = ဤဆိုအပ်ခဲ့ပြီးသော အပြားအားဖြင့်၊
အဇ္ဈတ္တံ ဝါ = မိမိသန္တာန်၌လည်း၊
အဇ္ဈတ္တံ ဝါ = နိယကဇ္ဈတ္တလည်းဖြစ်သော၊”
ကာယေ = ထွက်သက်ဝင်သက်အပေါင်း၌၊
ကာယာနုပဿီ = ထွက်သက် ဝင်သက် အပေါင်းကို အဖန်တလဲလဲ ရှုသည်ဖြစ်၍၊
ဝိဟရတိ = နေ၏၊
ဗဟိဒ္ဓါ ဝါ = အပသန္တာန်၌လည်း၊
ကာယေ = ထွက်သက်ဝင်သက် အပေါင်း၌၊
ကာယာနုပဿီ = ထွက်သက် ဝင်သက် အပေါင်းကို အဖန်တလဲလဲ ရှုသည်ဖြစ်၍၊
ဝိဟရတိ = နေ၏၊
အဇ္ဈတ္တဗဟိဒ္ဓါ ဝါ = ရံခါ မိမိသန္တာန်, ရံခါ အပသန္တာန်၌လည်း၊
ကာယေ = ထွက်သက်ဝင်သက် အပေါင်း၌၊
ကာယာနုပဿီ = ထွက်သက် ဝင်သက်အပေါင်း ကို အဖန်တလဲလဲ ရှုသည်ဖြစ်၍၊
ဝိဟရတိ = နေ၏၊

(ဇ) ကာယသ္မိံ = ထွက်သက်ဝင်သက် အပေါင်း၌၊
သမုဒယဓမ္မာနုပဿီ ဝါ = ကိုယ်, နှာခေါင်း, စိတ်ဟူသော ဖြစ်ကြောင်း သဘောကို အဖန်တလဲလဲ ရှုသည်ဖြစ်၍လည်း၊
ဝိဟရတိ = နေ၏၊
ကာယသ္မိံ = ထွက်သက်ဝင်သက်အပေါင်း၌၊
ဝယဓမ္မာနုပဿီ ဝါ = ကိုယ်, နှာခေါင်း, စိတ်တို့၏ ချုပ်ခြင်းဟူသော ပျက်စီးကြောင်း သဘောကို အဖန်တလဲလဲ ရှုသည်ဖြစ်၍လည်း၊
ဝိဟရတိ = နေ၏၊
ကာယသ္မိံ = ထွက်သက်ဝင်သက်အပေါင်း၌၊
သမုဒယဝယဓမ္မာနုပဿီ ဝါ = ဖြစ်ကြောင်းသဘော, ပျက်စီးကြောင်း သဘောကို အဖန်တလဲလဲ ရှုသည်ဖြစ်၍လည်း၊
ဝိဟရတိ = နေ၏၊

အတ္ထိ ကာယောတိ ဝါ ပနဿ သတိ ပစ္စုပဋ္ဌိတာ ဟောတိ၊ ယာဝဒေဝ ဉာဏမတ္တာယ ပဋိဿတိမတ္တာယ၊ အနိဿိတော စ ဝိဟရတိ၊ န စ ကိဉ္စိ လောကေ ဥပါဒိယတိ
ဧဝမ္ပိ ခေါ ဘိက္ခဝေ ဘိက္ခု ကာယေ ကာယာနုပဿီ ဝိဟရတိ

(ဈ) ကာယော = ထွက်သက်ဝင်သက် အပေါင်းသည်သာလျှင်၊
အတ္ထိ = ရှိ၏၊
ဣတိ = ဤသို့၊
အဿ = ထိုရဟန်း၏၊
သတိ ဝါ ပန = အာနာပါနသတိ သည်မူလည်း၊
ပစ္စုပဋ္ဌိတာ = ရှေးရှုထင်သည်၊
ဟောတိ = ဖြစ်၏၊
သာ = ထိုအာနာပါနဿတိသည်၊
ယာဝဒေဝ = အကြင်မျှလောက်၊
ဉာဏမတ္တာယ = အဆင့်ဆင့် ကာယာနုပဿနာဉာဏ်၏ ပွားခြင်း အတိုင်းအရှည် အကျိုးငှါလည်းကောင်း၊
ပဋိဿတိမတ္တာယ = အဆင့်ဆင့် အာနာပါနဿတိ၏ ပွားခြင်း အတိုင်းအရှည် အကျိုး ငှါလည်းကောင်း၊
ဟောတိ = ဖြစ်၏။

(ဉ) သော ဘိက္ခု = ထိုရဟန်းသည်၊
အနိဿိတော စ = ထွက်သက်ဝင်သက်ကို တဏှာ ဒိဋ္ဌိဖြင့် မမှီမူ၍လည်း၊
ဝိဟရတိ = နေ၏၊
လောကေ = ဥပါဒါနက္ခန္ဓာ ဟူသော လောက၌၊
ကိဉ္စိ = တစ်စုံတစ်ခုသော ရုပ်, ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ်ကို၊
အတ္တာတိ ဝါ = ငါအစိုးရသော ကိုယ်ဟူ၍ ဒိဋ္ဌိအားဖြင့် လည်းကောင်း၊
အတ္တနိယန္တိ ဝါ = ငါ၏ ဥစ္စာဟူ၍ တဏှာအားဖြင့် လည်းကောင်း၊
န စ ဥပါဒိယတိ = မစွဲလမ်း၊
ဘိက္ခဝေ = ရဟန်းတို့၊
ဧဝမ္ပိ = ဤသို့လည်း၊
ဘိက္ခု = ရဟန်းသည်၊
ကာယေ = ရူပကာယ၌၊
ကာယာနုပဿီ = ရူပကာယကို အဖန်တလဲလဲ ရှုသည်ဖြစ်၍၊
ဝိဟရတိ = နေ၏။

---

အာနာပါနပိုင်း၌ အထူးမှတ်ဖွယ်

၁။ ထွက်သက် အစကား - ချက်၊
၂။ အလယ်ကား - ရင်ချိုင့်နှလုံးသား၊
၃။ အဆုံးကား - နှာသီးဖျား, နှုတ်ခမ်းဖျား၊
၄။ ဝင်သက် အစကား နှာသီးဖျား, နှုတ်ခမ်းဖျား၊
၅။ အလယ်ကား - ရင်ချိုင့်နှလုံးသား၊
၆။ အဆုံးကား - ချက်။
ဤသို့ အစ အလယ် အဆုံးသို့ ရောက်တိုင်း ရောက်တိုင်းသော ထွက်သက် ဝင်သက်ကို သတိပြု၍ ဉာဏ်၌ ထင်အောင် ဆင်ခြင်ရာ၏

၁။ ထွက်သက်ဝင်သက်၏ မှီရာကိုယ်ကား ရုပ်မည်၏။

၂။ ထွက်သက်ဝင်သက်၏ အာရုံပြုသော စိတ် စေတသိက်ကား နာမ်မည်၏။

၃။ ထိုရုပ်နာမ်၏ အကြောင်းကား အဝိဇ္ဇာ စသော ပဋိစ္စသမုပ္ပါဒ်တရားတည်း။

အကြောင်းတရားကို စွဲ၍ အကျိုးတရားဖြစ်ခြင်းမျှသာ၊ ဤတရားမှတစ်ပါး သတ္တဝါ, ပုဂ္ဂိုလ်မည်သည် မရှိ-ဟု အကြောင်းနှင့်တကွသော ရုပ်နာမ်တရားကို “အနိစ္စ, ဒုက္ခ, အနတ္တ” လက္ခဏာရေး သုံးပါးသို့ တင်၍ ဝိပဿနာကို ပွားစေသည်ရှိသော် အစဉ် ပွားစေသဖြင့် အရဟတ္တဖိုလ်သို့ ရောက်၏။

သစ္စာ (၄)ပါး ခွဲပြချက်

၁။ ဤ၌ ထွက်သက်, ဝင်သက်ကို သိမ်းဆည်းတတ်သော သတိသည် ဒုက္ခသစ္စာ မည်၏။

၂။ ထိုဒုက္ခသစ္စာကို ဖြစ်စေတတ်သော ရှေးဘဝ၌ဖြစ်သော တဏှာသည် သမုဒယ သစ္စာမည်၏။

၃။ ဒုက္ခသမုဒယတို့၏ မဖြစ်ရာ နိဗ္ဗာန်သည် နိရောဓသစ္စာမည်၏။

၄။ ဒုက္ခကို ပိုင်းခြား၍ သိတတ်သော သမုဒယကို ပယ်တတ်သော နိဗ္ဗာန်ကို အာရုံပြုတတ်သော မဂ္ဂင်ရှစ်ပါးသည် မဂ္ဂသစ္စာမည်၏။

ဤသစ္စာလေးပါးသည် ထွက်သက်၏ ၀င်သက်၏ အစွမ်းဖြင့် နှလုံးသွင်းသောသူ၏ အရဟတ္တဖိုလ်တိုင်အောင် ဝဋ်မှ ထွက်မြောက် ကြောင်း ဖြစ်၏။

အာနာပါနပဗ္ဗံ = ထွက်သက် ဝင်သက်အားဖြင့် နှလုံးသွင်းရာသော အပိုင်းသည်၊
နိဋ္ဌိတံ = ပြီးပြီ။

---

ကာယာနုပဿနာ

ဣရိယာပထပိုင်း

၄။ ပုန စပရံ ဘိက္ခဝေ ဘိက္ခု ဂစ္ဆန္တော ဝါ ဂစ္ဆာမီတိ ပဇာနာတိ

၄။ (က) ဘိက္ခဝေ = ရဟန်းတို့၊
ပုန စ = တစ်ဖန်လည်း၊
အပရံ = တစ်ပါးတုံ၊
ဘိက္ခု = ရဟန်းသည်၊
ဂစ္ဆန္တော ဝါ = သွားလျက်မူလည်း, သွားစဉ်မူလည်း, သွားဆဲ သွားခိုက် သွားတုန်း မူလည်း၊
ဂစ္ဆာမီတိ = သွား၏ ဟူ၍၊
ပဇာနာတိ = သိ၏။

ဌိတော ဝါ ဌိတောမှီတိ ပဇာနာတိ

(ခ) ဌိတော ဝါ = ရပ်လျက်, ရပ်စဉ်, ရပ်သည်ဖြစ်၍, ရပ်သည်ရှိသော်, ရပ်သောကြောင့် မူလည်း, ရပ်ဆဲ, ရပ်ခိုက်, ရပ်တုန်းမူလည်း၊
ဌိတော = ရပ်သည်၊
အမှိ = ဖြစ်၏၊
ဣတိ = ဤသို့၊
ပဇာနာတိ = သိ၏။

နိသိန္နော ဝါ နိသိန္နောမှီတိ ပဇာနာတိ

(ဂ) နိသိန္နော ဝါ = ထိုင်လျက်, ထိုင်စဉ်, ထိုင်သည်ဖြစ်၍, ထိုင်သည်ရှိသော်, ထိုင်သောကြောင့်မူလည်း, ထိုင်ဆဲ, ထိုင်ခိုက်, ထိုင်တုန်းမူလည်း၊
နိသိန္နော = ထိုင်သည်၊
အမှိ = ဖြစ်၏၊
ဣတိ = ဤသို့၊
ပဇာနာတိ = သိ၏။

သယာနော ဝါ သယာနောမှီတိ ပဇာနာတိ

(ဃ) သယာနော ဝါ = လျောင်းလျက်, လျောင်းစဉ်, လျောင်းသည်ဖြစ်၍, လျောင်းသည်ရှိသော်, လျောင်းသောကြောင့်မူလည်း, လျောင်းဆဲ, လျောင်းခိုက်, လျောင်းတုန်းမူလည်း၊
သယာနော = လျောင်းသည်၊
အမှိ = ဖြစ်၏၊
ဣတိ = ဤသို့၊
ပဇာနာတိ = သိ၏။

ယထာ ယထာ ဝါ ပနဿ ကာယော ပဏိဟိတော ဟောတိ၊ တထာ တထာ နံ ပဇာနာတိ

(င) ဝါ ပန = ဣရိယာပုထ်ကို ပဓာနပြု၍ ဆင်ခြင်သည် မှတစ်ပါး ကိုယ်ကို ပဓာနပြု၍ ဆင်ခြင်ခြင်းဖြင့်ကား၊
ယထာ ယထာ = အကြင်အကြင် သွားခြင်းစသော အခြင်းအရာအားဖြင့်၊
အဿ = ထိုဣရိယာပုထ်ကို သိမ်းဆည်းသော ရဟန်း၏၊
ကာယော = ရူပကာယ ခန္ဓာကိုယ်သည်၊
ပဏိဟိတော = ထားအပ်သည်။
ဟောတိ = ဖြစ်၏၊
တထာ တထာ = ထိုထိုသွားခြင်း စသော အခြင်းအရာအားဖြင့်၊
နံ ကာယံ = ထိုသွားခြင်း စသည်ဖြင့် ဖြစ်သောကိုယ်ကို၊
ပဇာနာတိ = သိ၏၊

ဣတိ အဇ္ဈတ္တံ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ၊ ဗဟိဒ္ဓါ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ၊ အဇ္ဈတ္တဗဟိဒ္ဓါ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ
သမုဒယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟရတိ၊ ဝယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟရတိ၊ သမုဒယဝယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟာရတိ

(စ) ဣတိ = ဤသို့၊
အဇ္ဈတ္တံ ဝါ = မိမိသန္တာန်၌လည်း၊
ကာယေ = ရူပကာယ၌၊
ကာယာနုပဿီ = ရူပကာယကို အဖန် တလဲလဲ ရှုသည်ဖြစ်၍၊
ဝိဟရတိ = နေ၏၊
ဗဟိဒ္ဓါ ဝါ = အပသန္တာန်၌လည်း၊
ကာယေ = ရူပကာယ၌၊
ကာယာနုပဿီ = ရူပ ကာယကို အဖန်တလဲလဲ ရှုသည်ဖြစ်၍၊
ဝိဟရတိ = နေ၏၊
အဇ္ဈတ္တဗဟိဒ္ဓါ ဝါ = ရံခါ မိမိသန္တာန်, ရံခါ အပသန္တာန်၌လည်း၊
ကာယေ = ရူပကာယ၌၊
ကာယာနုပဿီ = ရူပကာယကို အဖန်တလဲလဲ ရှုသည်ဖြစ်၍၊
ဝိဟရတိ = နေ၏၊
ကာယသ္မိံ = ရူပကာယ၌၊
သမုဒယဓမ္မာနုပဿီ ဝါ = ဖြစ်ကြောင်း သဘောကို အဖန်တလဲလဲ ရှုသည် ဖြစ်၍လည်း၊
ဝိဟရတိ = နေ၏၊
ကာယသ္မိံ = ရူပကာယ၌၊
ဝယဓမ္မာနုပဿီ ဝါ = ပျက်စီးကြောင်း သဘောကို အဖန်တလဲလဲ ရှုသည် ဖြစ်၍လည်း၊
ဝိဟရတိ = နေ၏၊
ကာယသ္မိံ = ရူပ ကာယ၌၊
သမုဒယဝယ ဓမ္မာနုပဿီ ဝါ = ဖြစ်ကြောင်းသဘော, ပျက်စီးကြောင်း သဘောကို အဖန်တလဲလဲ ရှုသည်ဖြစ်၍လည်း၊
ဝိဟရတိ = နေ၏၊

အတ္ထိ ကာယောတိ ဝါ ပနဿ သတိ ပစ္စုပဋ္ဌိတာ ဟောတိ၊ ယာဝဒေဝ ဉာဏမတ္တာယ ပဋိဿတိမတ္တာယ

(ဆ) ကာယော = ရူပကာယသည်သာလျှင်၊
အတ္ထိ = ရှိ၏၊
ဣတိ = ဤသို့၊
အဿ = ထိုရဟန်း၏၊
သတိ ဝါ ပန = ကာယဂတာသတိ သည်မူလည်း၊
ပစ္စုပဋ္ဌိတာ = ရှေးရှုထင်သည်၊
ဟောတိ = ဖြစ်၏၊
သာ = ထိုကာယဂတာသတိသည်၊
ယာဝဒေဝ = အကြင်မျှလောက်၊
ဉာဏမတ္တာယ = အဆင့်ဆင့် ကာယာနုပဿနာဉာဏ်၏ ပွားခြင်း အတိုင်းအရှည် အကျိုးငှါလည်းကောင်း၊
ပဋိဿတိမတ္တာယ = အဆင့်ဆင့် ကာယဂတာသတိ၏ ပွားခြင်း အတိုင်းအရှည် အကျိုးငှါ လည်းကောင်း၊
ဟောတိ = ဖြစ်၏။

အနိဿိတော စ ဝိဟရတိ၊ န စ ကိဉ္စိ လောကေ ဥပါဒိယတိ
ဧဝမ္ပိ ခေါ ဘိက္ခဝေ ဘိက္ခု ကာယေ ကာယာနုပဿီ ဝိဟရတိ

(ဇ) သော ဘိက္ခု = ထိုရဟန်းသည်၊
အနိဿိတော စ = ရူပကာယကို တဏှာဒိဋ္ဌိဖြင့် မမှီမူ၍လည်း၊
ဝိဟရတိ = နေ၏၊
လောကေ = ဥပါဒါနက္ခန္ဓာဟူသော လောက၌၊
ကိဉ္စိ = တစ်စုံတစ်ခုသော ရုပ်, ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ်ကို၊
အတ္တာတိ ဝါ = ငါအစိုးရသော ကိုယ်ဟူ၍ ဒိဋ္ဌိအားဖြင့်လည်းကောင်း၊
အတ္တနိယန္တိ ဝါ = ငါ၏ ဥစ္စာဟူ၍ တဏှာအားဖြင့်လည်းကောင်း၊
န စ ဥပါဒိယတိ = မစွဲလမ်း၊
ဘိက္ခဝေ = ရဟန်းတို့၊
ဧဝမ္ပိ ခေါ = ဤသို့လည်း၊
ဘိက္ခု = ရဟန်းသည်၊
ကာယေ = ရူပကာယ၌၊
ကာယာနုပဿီ = ရူပကာယကို အဖန်တလဲလဲ ရှုသည်ဖြစ်၍၊
ဝိဟရတိ = နေ၏။

---

ဣရိယာပထပိုင်း၌ အထူးမှတ်ဖွယ်

ခွေးစသော သတ္တဝါတို့ပင်သော်လည်း 'သွားလျှင် သွား၏' ဟု သိကုန်၏။ ယင်းသို့ သိခြင်းသည် -

(က) ငါဟူသော အယူကို မစွန့်
(ခ) သတိပဋ္ဌာန်ကို ပွားစေခြင်း မဖြစ်

ထို့ကြောင့် ငါဟူသော အမှတ်သညာကို စွန့်၍ သတိပဋ္ဌာန်ကို ပွားစေခြင်း ဖြစ်သော သိခြင်း အထူးကိုသာ လိုအပ်၏။ လှည်း၌ နွား ၄-ခု က၍ လှည်းသမား နှင်သည်ရှိသော် လှည်းသွား၏, လှည်းရပ်၏ဟု ခေါ်ဝေါ်ခြင်းမျှသာ ဖြစ်သကဲ့သို့ လှည်းသမားနှင့်တူသော သွားလို, ရပ်လို, ထိုင်လို, လျောင်းလိုသော စိတ်သည် နွားနှင့် တူသော စိတ္တဇဝါယောဓာတ် ဝိညတ်ကို ဖြစ်စေသည်ရှိသော် ထိုစိတ္တဇဝါယောဓာတ် ပျံ့နှံ့သဖြင့် လှည်းနှင့်တူသော ကိုယ်သည် ရှေ့သို့ တက်သည်ကို သွား၏, တစ်ကိုယ်လုံး ထောင်၍နေသည်ကို ရပ်၏, အောက်သို့ တစ်ပိုင်းကွေးလျက် အထက်သို့ တစ်ပိုင်း ထောင်လျက်ရှိသည်ကို ထိုင်၏, တစ်ကိုယ်လုံး ဖီလာဆန့်လျက် ရှိသည်ကို လျောင်း၏ - ဟု ဆိုအပ်၏။ တစ်စုံတစ်ယောက် သွားတတ်သော သတ္တဝါမည်သည် မရှိ-ဟု သိခြင်း အထူးကို ဆိုအပ်၏။

ဣရိယာပထပြ-ဂါထာ

၁။ နာဝါ မာလုတဝေဂေန၊
ဇိယာဝေဂေန တေဇနံ။
ယထာ ယာတိ တထာ ကာယော၊
ယာတိ ဝါတာဟတော အယံ

၁။ နာဝါ = လှေသည်၊
မာလုတဝေဂေန = လေ၏အဟုန်ကြောင့်၊
ဒေသန္တရံ = အရပ်တစ်ပါးသို့၊
ယာတိ ယထာ = သွားသကဲ့သို့၊
တေဇနံ = မြားသည်၊
ဇိယာဝေဂေန = လေးအညှို့အဟုန်ကြောင့်၊
ဒေသန္တရံ = အရပ်တစ်ပါးသို့၊
ယာတိ ယထာ = သွားသကဲ့သို့၊
တထာ = ထို့အတူ၊
အယံ ကာယော = ဤကိုယ်သည်၊
ဝါတာဟတော = စိတ်ကြောင့်ဖြစ်သော ဝါယောဓာတ် ဆောင်အပ်သည်ဖြစ်၍၊
ဒေသန္တရံ = အရပ်တစ်ပါးသို့၊
ယာတိ = ရောက်၏။

၂။ ယန္တံ သုတ္တဝသေနေဝ၊
စိတ္တသုတ္တဝသေနိဒံ။
ပယုတ္တံ ကာယယန္တံပိ၊
ယာတိ ဌာတိ နိသီဒတိ

၂။ ယန္တံ = ယန္တရားရုပ်သည်၊
သုတ္တဝသေနေဝ = ယန္တရားကြိုး၏ အစွမ်းဖြင့်သာလျှင်၊
ယာတိ . ဌာတိ . နိသီဒတိ ယထာ = သွားလာ, ရပ်, ထိုင်သကဲ့သို့၊
တထာ = ထိုအတူ၊
ပယုတ္တံ = သွားလိုသော စိတ်စသော အကြောင်းတရား တို့သည် သွားခြင်း ကိရိယာ စသည်၏ အစွမ်းဖြင့် ယှဉ်အပ်သော၊
ဣဒံ ကာယယန္တံပိ = ဤကိုယ်ဟူသော ယန္တရားရုပ်သည်လည်း။
စိတ္တသုတ္တဝသေန = စိတ်ကြောင့်ဖြစ်သော ဝါယောဓာတ် ဟူသော ယန္တရားကြိုး၏ အစွမ်းဖြင့်၊
ယာတိ = သွား၏၊
ဌာတိ = ရပ်၏၊
နိသီဒတိ = ထိုင်၏။

၃။ ကော နာမ ဧတ္ထ သော သတ္တော၊
ယော ဝိနာ ဟေတုပစ္စယေ။
အတ္တနော အာနုဘာဝေန၊
တိဋ္ဌေ ဝါ ယဒိ ဝါ ဝဇေ

၃။ ဧတ္ထလောကေ = ဤလောက၌၊
ယော သတ္တော = အကြင်မိန်းမ, ယောက်ျားအပြားရှိသော သတ္တဝါသည်၊
ဟေတုပစ္စယေ = သွားလိုစိတ်ဟူသော အကြောင်း, ထိုစိတ်ကြောင့်ဖြစ်သော ဝါယော ဓာတ်စသော အထောက်အပံ့တို့ကို၊
ဝိနာ = ကြဉ်၍၊
အတ္တနော = ကိုယ်၏၊
အာနုဘာဝေန = အစွမ်းဖြင့်၊
ယဒိတိဋ္ဌေ ဝါ = အကယ်၍ ရပ်မူလည်း ရပ်ရာ၏၊
ယဒိ ဝဇေ ဝါ = အကယ်၍ သွားမူလည်း သွားရာ၏၊
သော သတ္တော = အကြောင်းကြဉ်ငြား ကိုယ်အစွမ်းအားဖြင့် သွား, ရပ် သော ထိုသတ္တဝါသည်၊
ကော နာမ = အဘယ်သတ္တဝါပေနည်း၊
ပစ္စယာဓီနဓမ္မပ္ပဝတ္တိ ဧဝ = အကြောင်းနှင့်စပ်သော သဘောတရား ဖြစ်ခြင်းမျှ သာတည်း၊
ကော နာမ = အဘယ်သတ္တဝါ ရှိရှာအံ့နည်း၊
နတ္ထေဝ = အကြောင်းကြဉ်ငြား ကိုယ်စွမ်းအားဖြင့် သွား, ရပ်သော သတ္တဝါ မည်သည် မရှိ။

သစ္စာလေးပါး ရှင်းပြချက်

၁။ ဤ၌ ဣရိယာပုထ်ကို သိမ်းဆည်းတတ်သော သတိသည် ဒုက္ခသစ္စာ

၂။ ထိုဒုက္ခကို ဖြစ်စေတတ်သော ရှေးဘဝ၌ ဖြစ်သော တဏှာသည် သမုဒယသစ္စာ

၃။ ဒုက္ခ-သမုဒယ နှစ်ပါး၏ မဖြစ်ရာ နိဗ္ဗာန်သည် နိရောဓသစ္စာ

၄။ နိဗ္ဗာန်ကို အာရုံပြုသော မဂ္ဂင်ရှစ်ပါးသည် မဂ္ဂသစ္စာမည်၏။

ဣရိယာပထပဗ္ဗံ = ဣရိယာပုထ်အားဖြင့် နှလုံးသွင်းရာသော အပိုင်းသည်၊
နိဋ္ဌိတံ = ပြီးပြီ။

---

ကာယာနုပဿနာ

သမ္ပဇညပိုင်း

၅။ ပုန စ ပရံ ဘိက္ခဝေ ဘိက္ခု အဘိက္ကန္တေ ပဋိက္ကန္တေ သမ္ပဇာနကာရီ ဟောတိ

၅ (က) ဘိက္ခဝေ = ရဟန်းတို့၊
ပုန စ = တဖန်လည်း၊
အပရံ = တစ်ပါးတုံ၊
ဘိက္ခု = ရဟန်းသည်၊
အဘိက္ကန္တေ = ရှေ့သို့ တက်သည်ရှိသော်၊
ပဋိက္ကန္တေ = နောက်သို့ ဆုတ်သည်ရှိသော်၊
သမ္ပဇာနကာရီ = ပညာဖြင့် ဆင်ခြင်၍ ရှေ့သို့တက်ခြင်း, နောက်သို့ ဆုတ်ခြင်းကို ပြုလေ့ရှိသည်၊
ဟောတိ = ဖြစ်၏။

အာလောကိတေ ဝိလောကိတေ သမ္ပဇာနကာရီ ဟောတိ

(ခ) အာလောကိတေ = တူရူကြည့်သည်ရှိသော်၊
ဝိလောကိတေ = တစောင်း ကြည့်သည်ရှိသော်၊
သမ္ပဇာနကာရီ = ပညာဖြင့် ဆင်ခြင်၍ တူရူကြည့်ခြင်း, တစောင်း ကြည့်ခြင်းကို ပြုလေ့ရှိသည်၊
ဟောတိ = ဖြစ်၏၊

သမိဉ္ဇိတေ ပသာရိတေ သမ္ပဇာနကာရီ ဟောတိ

(ဂ) သမိဉ္ဇိတေ = ဆန့်သော လက်ခြေကို ကွေးသည်ရှိသော်၊
ပသာရိတေ = ကွေးသော လက်ခြေကို ဆန့်သည်ရှိသော်၊
သမ္ပဇာနကာရီ = ပညာဖြင့် ဆင်ခြင်၍ ကွေးခြင်း, ဆန့်ခြင်းကို ပြုလေ့ရှိသည်၊
ဟောတိ = ဖြစ်၏။

သင်္ဃာဋိပတ္တစီဝရဓာရဏေ သမ္ပဇာနကာရီ ဟောတိ

(ဃ) သင်္ဃာဋိပတ္တစီဝရဓာရဏေ = ဒုကုဋ် သပိတ် သင်္ကန်းကို ဆောင်သည်ရှိသော်၊
သမ္ပဇာနကာရီ = ပညာဖြင့် ဆင်ခြင်၍ ဒုကုဋ် သပိတ် သင်္ကန်းကို ဆောင်ခြင်းကို ပြုလေ့ရှိသည်။
ဟောတိ = ဖြစ်၏။

အသိတေ ပီတေ ခါယိတေ သာယိတေ သမ္ပဇာနကာရီ ဟောတိ

(င) အသိတေ = စားသည်ရှိသော်၊
ပီတေ = သောက်သည်ရှိသော်၊
ခါယိတေ = ခဲသည်ရှိသော်၊
သာယိတေ = လျက်သည်ရှိသော်၊
သမ္ပဇာနကာရီ = ပညာဖြင့် ဆင်ခြင်၍ စားခြင်းစသည်ကို ပြုလေ့ရှိသည်။
ဟောတိ = ဖြစ်၏၊

ဥစ္စာရပဿာဝကမ္မေ သမ္ပဇာနကာရီ ဟောတိ

(စ) ဥစ္စာရပဿာဝကမ္မေ = ကျင်ကြီး ကျင်ငယ်ကို ပြုသည်ရှိသော်၊
သမ္ပဇာနကာရီ = ပညာဖြင့် ဆင်ခြင်၍ ကျင်ကြီး ကျင်ငယ်ကို ပြုလေ့သည်၊
ဟောတိ = ဖြစ်၏၊

ဂတေ ဌိတေ နိသိန္နေ သုတ္တေ ဇာဂရိတေ ဘာသိတေ တုဏှီဘာဝေ သမ္ပဇာနကာရီ ဟောတိ

(ဆ) ဂတေ = သွားသည်ရှိသော်၊
ဌိတေ = ရပ်သည်ရှိသော်၊
နိသိန္နေ = ထိုင်သည်ရှိသော်၊
သုတ္တေ = အိပ်သည်ရှိသော်၊
ဇာဂရိတေ = နိုးသည်ရှိသော်၊
ဘာသိတေ = စကားဆိုသည်ရှိသော်၊
တုဏှီဘာဝေ = ဆိတ်ဆိတ်နေသည်ရှိသော်၊
သမ္ပဇာနကာရီ = ပညာဖြင့် ဆင်ခြင်၍ သွားခြင်းစသည်ကို ပြုလေ့ရှိသည်၊
ဟောတိ = ဖြစ်၏၊

ဣတိ အဇ္ဈတ္တံ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ၊ ဗဟိဒ္ဓါ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ၊ အဇ္ဈတ္တဗဟိဒ္ဓါ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ
သမုဒယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟရတိ၊ ဝယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟရတိ၊ သမုဒယဝယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟာရတိ

အတ္ထိ ကာယောတိ ဝါ ပနဿ သတိ ပစ္စုပဋ္ဌိတာ ဟောတိ၊ ယာဝဒေဝ ဉာဏမတ္တာယ ပဋိဿတိမတ္တာယ၊ အနိဿိတော စ ဝိဟရတိ၊ န စ ကိဉ္စိ လောကေ ဥပါဒိယတိ
ဧဝမ္ပိ ခေါ ဘိက္ခဝေ ဘိက္ခု ကာယေ ကာယာနုပဿီ ဝိဟရတိ

(ဇ) ဣတိ = ဤသို့၊
အဇ္ဈတ္တံ ဝါ = မိမိသန္တာန်၌လည်း၊
ကာယေ = ရူပကာယ၌၊
ကာယာနုပဿီ = ရူပကာယကို အဖန် တလဲလဲရှုသည်ဖြစ်၍၊
ဝိဟရတိ = နေ၏။ပ။

ဘိက္ခဝေ = ရဟန်းတို့၊
ဧဝမ္ပိ = ဤသို့လည်း၊
ဘိက္ခု = ရဟန်းသည်၊
ကာယေ = ရူပကာယ၌၊
ကာယာနုပဿီ = ရူပကာယကို အဖန်တလဲလဲ ရှုသည်ဖြစ်၍၊
ဝိဟရတိ = နေ၏။

---

သမ္ပဇာနပိုင်း၌ အထူးမှတ်ဖွယ်

တက်အံ့, ဆုတ်အံ့-ဟု စိတ်ဖြစ်သည်ရှိသော် ထိုစိတ်ကြောင့်ဖြစ်သော ဝါယောဓာတ် ပျံ့သဖြင့် ကိုယ်ဟု သမုတ်အပ်သော အရိုးစုသာ ရှေ့သို့ တက်၏၊ နောက်သို့ ဆုတ်၏။ တက်တတ်, ဆုတ်တတ်သော သတ္တဝါမည်သည် မရှိ

ရှေ့သို့ တက်အံ့ဟု ခြေချီစဉ် ကာလဖြစ်သော ရုပ်နာမ်သည် ခြေချသည်တိုင်အောင် မတည်၊ ထိုခဏ၌ပင် ချုပ်လေ၏။

တူရူ, တစောင်းကြည့်အံ့ဟု စိတ်ဖြစ်သည်ရှိသော် ထိုစိတ်ကြောင့်ဖြစ်သော ဝါယောဓာတ် ပျံ့သဖြင့် အောက်မျက်လွှာ အောက်သို့ ကျ၏။ အထက်မျက်လွှာ အထက်သို့ တက်၏။ တစ်စုံတစ်ယောက်မျှ ယန္တရားဖြင့် မျက်လွှာကို ဖွင့်လှစ်သည် မရှိ

ကွေးလို, ဆန့်လိုသော စိတ်ဖြစ်သည်ရှိသော် ထိုစိတ်ကြောင့်ဖြစ်သော ဝါယောဓာတ် ပျံ့သဖြင့် ကြိုးဖြင့် ဆွဲငင်သော ယန္တရားရုပ်၏ လက်ခြေ ကွေးခြင်း, ဆန့်ခြင်းကဲ့သို့သာ ကွေးခြင်း, ဆန့်ခြင်းဖြစ်သည်။

ဒုကုဋ်, သင်္ကန်း, အဝတ်ပုဆိုး ဝတ်အံ့ဟု စိတ်ဖြစ်သည်ရှိသော် ထိုစိတ်ကြောင့် ဖြစ်သော ဝါယောဓာတ် ပျံ့သဖြင့် ဝတ်ရုံခြင်း ဖြစ်သည်။ အဝတ်ပုဆိုးကလည်း ငါသည် ကိုယ်ကို ဝတ်ရုံ ဖုံးလွမ်း၏ဟု မသိ၊ ကိုယ်ကလည်း ငါ့ကို အဝတ်ပုဆိုးသည် ဝတ်ရုံ ဖုံးလွမ်း၏ဟု မသိ၊ ယမင်းရုပ်ကို ပုဆိုးလွမ်းသကဲ့သို့ တစ်ခုသော ဓာတ်အပေါင်းသည် တစ်ခုသော ဓာတ်အပေါင်းကို ဖုံးလွှမ်းရုံမျှသာတည်း

စားသောက်လိုသော စိတ်ဖြစ်သည်ရှိသော် ထိုစိတ်ကြောင့်ဖြစ်သော ဝါယောဓာတ် ပျံ့သဖြင့် ထမင်းခွက်ကို ခံယူခြင်း ဖြစ်၏။ ဝါယောဓာတ် ပျံ့နှံ့သဖြင့် ထမင်းခွက်၌ လက်ချခြင်း, ထမင်းလုတ်ကို ပြုခြင်း, ထမင်းလုတ်ကို ချီခြင်း, ခံတွင်းသို့ သွင်းခြင်း ဖြစ်၏။ တစ်စုံတစ်ယောက်သောသူမျှ သံကောက်ယန္တရားဖြင့် မေးရိုးကို ဖွင့်လှစ်သည် မရှိ။ ဝါယောဓာတ် ပျံ့နှံ့သဖြင့် ထမင်းလုတ်ကို ခံတွင်း၌ ထည့်ခြင်း, အထက်သွားတို့၏ ကျည်ပွေ့ ကိစ္စကို ပြီးစေခြင်း, အောက်သွားတို့၏ ဆုံကိစ္စကို ပြီးစေခြင်း, လျှာ၏ လျက်ကိစ္စကို ပြီးစေခြင်း ဖြစ်၏။

ခံတွင်းသို့ ရောက်သော ထမင်းလုတ်ကို လျှာဖျား၌ ကျဲသော, လျှာရင်း၌ ချွဲသော တံတွေးဖြင့် လိမ်းကျံ၍ အောက်သွား တည်းဟူသော ဆုံ၌ လျှာတည်းဟူသော လက်ဖြင့် ပြန်လှန်၍ တံတွေးတည်းဟူသော ရေဖြင့် ဆွတ်လျက် အထက်သွားတည်း ဟူသော ကျည်ပွေ့ဖြင့် မှုန့်မှုန့်ညက်ညက် ကြိတ်ပြီးသည်ကို တစ်စုံတစ် ယောက်မျှ ဟင်းချို ယောက်မဖြင့် ဝမ်းတွင်းသို့ မသွင်း၊ ဝါယောဓာတ် ကြောင့်သာ ဝင်လေ၏။ ဝင်သမျှကိုလည်း တစ်စုံတစ်ယောက်မျှ ကောက်ရိုးနှီး ခင်း၍ ခံသူမရှိ ပထဝီဓာတ်၏ အစွမ်းဖြင့်သာ တည်၏

တည်သမျှကိုလည်း တစ်စုံတစ်ယောက် ခုံလောက် ဆောက်ပြီးလျှင် မီးညှိ၍ ချက်ပြုတ်သူမရှိ၊ တေဇောဓာတ်ဖြင့်သာ ကျက်၏။ ကျက်သမျှကို တစ်စုံတစ်ယောက် လက်ဖြင့် ထုတ်သူမရှိ၊ ဝါယောဓာတ်ဖြင့်သာ ထွက်၏

ဤသို့လျှင် --
(က) ပထဝီဓာတ်သည် တည်ခြင်းကိစ္စ၊
(ခ) အာပေါဓာတ်သည် စွတ်စိုခြင်းကိစ္စ၊
(ဂ) တေဇောဓာတ်သည် ကျက်စေခြင်းကိစ္စ၊
(ဃ) ဝါယောဓာတ်သည် ဆောင်ခြင်းကိစ္စ၊
(င) အာကာသဓာတ်သည် လမ်းခရီးကိစ္စ၊
(စ) ဝိညာဏဓာတ်သည် ထိုထိုပယောဂ၌ နှလုံးသွင်းခြင်းကိစ္စ
ကို ပြုသဖြင့် စားသောက်ခြင်းစသည် ဖြစ်၏။

အိုင်းအမာမှည့်၍ ပေါက်သည်ရှိသော် သွေးပြည်ယို ထွက်သကဲ့သို့ အစာအိမ်, ကျင်ငယ် အိမ်၌ စုဝေးသော ကျင်ကြီး, ကျင်ငယ်သည် ဝါယောဓာတ် အဟုန်ကြောင့် ထွက်လို လတ်သော် ရေဗူး၌ ဟောင်းမြင်းသော ရေကို စွန့်သကဲ့သို့ ကိုယ်၏ အကျိုးဆက် ဖြစ်သော ကျင်ကြီး, ကျင်ငယ်ကို စွန့်ပစ်ခြင်းမျှသာ ဖြစ်၏

စင်္ကြံသွားခြင်း, အတန်ငယ်ရပ်ခြင်း, ထိုင်ခြင်း, လျောင်းခြင်းကို ပြုခဲ့သော် ထို စိတ်ကြောင့်ဖြစ်သော ဝါယောဓာတ် ပျံ့နှံ့သဖြင့် သွားခြင်းစသည် ဖြစ်၏

[ရှေ့ဣရိယာပထပဗ္ဗ-၌ အရှည်သွားခြင်း စသည်ကိုယူ။ ဤ၌ အတန်ငယ်သွားခြင်း စသည်ကိုယူ။]

သွားခြင်း စသည်၌ ဖြစ်သော ရုပ်နာမ်သည် ရပ်ခြင်းစသည်သို့ မရောက်၊ ထိုခဏ၌ပင် ချုပ်လေ၏။ ဝီထိစိတ် အခြားမရှိ၊ ဘဝင်စိတ်ဖြစ်သည်ကို အိပ်၏ဟု ဆိုအပ်၏။ အာရုံထင်၍ ဘဝင်စိတ် ပြတ်သဖြင့် ဝီထိစိတ် ဖြစ်သည်ကို နိုး၏ဟု ဆိုအပ်၏။

အိပ်စဉ်ကာလဖြစ်သော ရုပ်နာမ်သည် အိပ်စဉ်ကာလပင် ချုပ်လေ၏။ နိုးစဉ်ခဏ ဖြစ်သော ရုပ်နာမ်သည် နိုးစဉ်ခဏပင် ချုပ်လေ၏။ လည်, အာ, လျှာ, သွား, နှုတ်ခမ်း စကားဆိုခြင်းငှါ လျောက်ပတ်သော ပယောဂကို စွဲ၍ အသံဖြစ်ခြင်းသည် စကား ဆိုသည် မည်၏။ အသံကို မပြုခြင်းသည် ဆိတ်ဆိတ်နေသည် မည်၏။

စကားဆိုစဉ်ဖြစ်သော ရုပ် နာမ်သည် ထိုခဏ၌ပင် ချုပ်လေ၏။ ဆိတ်ဆိတ်နေစဉ် ရုပ်နာမ်သည် ထိုခဏ၌ပင် ချုပ်လေ၏။ ဤသို့ ပညာဖြင့် ဆင်ခြင်ခြင်းသည် သမ္ပဇဉ် မည်၏

သမ္ပဇဉ် (၄)ပါး

(၁) အကျိုးရှိ မရှိကို သိသော သာတ္ထက သမ္ပဇဉ်

(၂) လျောက်ပတ်သည် မလျောက်ပတ်သည်ကို သိသော သပ္ပါယ သမ္ပဇဉ်

(၃) ကမ္မဋ္ဌာန်းကို မစွန့်သော ဂေါစရ သမ္ပဇဉ်

(၄) ရုပ်နာမ်တရားမျှသာဟု မတွေမဝေ သိသော အသမ္မောဟ သမ္ပဇဉ် -

ဟူ၍ လေးပါး အပြားရှိ၏။

ထို့ကြောင့် အကျိုးရှိ၊ မရှိကို ဆင်ခြင်၍ အကျိုးရှိမှသာ ရှေ့သို့တက်ခြင်း စသည်ကို ပြုခြင်း, အကျိုးပင် ရှိသော်လည်း လျောက်ပတ်သည် မလျောက်ပတ်သည်ကို ဆင်ခြင်၍ လျောက်ပတ်သည်ဖြစ်မှ ပြုခြင်း, အကျိုးရှိ၍ လျောက်ပတ်၍ ရှေ့သို့ တက် ခြင်းစသည်ကို ပြုရာ၌ ကမ္မဋ္ဌာန်းကို မစွန့်ခြင်း, ရှေ့သို့ တက်ခြင်းစသည်ကို ပြုတတ် သောသတ္တဝါ မရှိ၊ ထိုအခြင်းအရာဖြင့် ဖြစ်သော ရုပ်နာမ်မျှသာဟု သိခြင်းကို ပြုရာ၏။

သစ္စာလေးပါး ခွဲပြချက်

(၁) သမ္ပဇဉ်ကို သိမ်းဆည်းတတ်သော သတိသည် ဒုက္ခသစ္စာ

(၂) ထိုဒုက္ခ၏ အကြောင်းဖြစ်သော တဏှာသည် သမုဒယသစ္စာ

(၃) ဒုက္ခ, သမုဒယနှစ်ပါး၏ မဖြစ်ရာ နိဗ္ဗာန်သည် နိရောဓသစ္စာ

(၄) နိဗ္ဗာန်ကို အာရုံပြုသော မဂ္ဂင်ရှစ်ပါးသည် မဂ္ဂသစ္စာ မည်၏။

သမ္ပဇာနပဗ္ဗံ = ရှေ့သို့တက်ခြင်း စသော ခုနစ်ပါးသော အရာ၌ လေးပါးသော သမ္ပဇဉ်ဖြင့် ပြုရသည်ကို ဆိုသော အပိုင်းသည်၊
နိဋ္ဌိတံ = ပြီးပြီ။

ကာယာနုပဿနာ

ပဋိကူလမနသိကာရပိုင်း

၆။ ပုန စပရံ ဘိက္ခဝေ ဘိက္ခု ဣမမေဝ ကာယံ ဥဒ္ဓံ ပါဒတလာ အဓော ကေသမတ္ထကာ တစပရိယန္တံ ပူရံ နာနာပကာရဿ အသုစိနော ပစ္စဝေက္ခတိ -

၆ (က) ဘိက္ခဝေ = ရဟန်းတို့၊
ပုန စ = တဖန်လည်း၊
အပရံ = တစ်ပါးတုံ၊
ဘိက္ခု = ရဟန်းသည်၊
ပါဒတလာ = ခြေဖဝါးအပြင်မှ၊
ဥဒ္ဓံ = အထက်ဖြစ်သော၊
ကေသမတ္ထကာ = ဆံဖျားမှ၊
အဓော = အောက်ဖြစ်သော၊
တစပရိယန္တံ = အပေါ်ရေလျှင် အဆုံးရှိသော၊
နာနာပကာရဿ = အထူးထူး အပြားပြားရှိသော၊
အသုစိနော = မစင်မကြယ် ရွံရှာဖွယ်သော ဝတ္ထုဖြင့်၊
ပူရံ = ပြည့်သော၊
ဣမမေဝ ကာယံ = ဤရူပကာယ ခန္ဓာကိုယ်ကိုသာလျှင်၊
ပစ္စဝေက္ခတိ = ဆင်ခြင်၏၊

အတ္ထိ ဣမသ္မိံ ကာယေ -
ကေသာ လောမာ နခါ ဒန္တာ တစော
မံသံ နှာရု အဋ္ဌိ အဋ္ဌိမိဉ္ဇံ ဝက္ကံ
ဟဒယံ ယကနံ ကိလောမကံ ပိဟကံ ပပ္ဖါသံ
အန္တံ အန္တဂုဏံ ဥဒရိယံ ကရီသံ မတ္ထလုင်္ကံ
ပိတ္တံ သေမှံ ပုဗ္ဗော လောဟိတံ သေဒေါ မေဒေါ
အဿု ဝသာ ခေဠော သိင်္ဃာဏိကာ လသိကာ မုတ္တ”န္တိ။

ဣမသ္မိံ ကာယေ = ဤတစ်လံမျှလောက်သော ရူပကာယ ခန္ဓာကိုယ်၌၊

(၁) ကေသာ = ဆံ၊
လောမာ = အမွေး၊
နခါ = လက်သည်း ခြေသည်း၊
ဒန္တာ = သွား၊
တစော = အရေ၊

(၂) မံသံ = အသား၊
နှာရု = အကြော၊
အဋ္ဌိ = အရိုး၊
အဋ္ဌိမိဉ္ဇံ = ရိုးတွင်းခြင်ဆီ၊
ဝက္ကံ = အညှို့၊

(၃) ဟဒယံ = နှလုံး၊
ယကနံ = အသည်း၊
ကိလောမကံ = အမြှေး၊
ပိဟကံ = အဖျဉ်း၊
ပပ္ဖါသံ = အဆုတ်၊

(၄) အန္တံ = အူမ၊
အန္တဂုဏံ = အူသိမ်အူဖွဲ့၊
ဥဒရိယံ = အစာသစ်၊
ကရီသံ = အစာဟောင်း၊
မတ္ထလုင်္ဂံ = ဦးနှောက် ဦးနှစ်၊

(၅) ပိတ္တံ = သည်းခြေ၊
သေမှံ = သလိပ်၊
ပုဗ္ဗော = ပြည်၊
လောဟိတံ = သွေး၊
သေဒေါ = ချွေး၊
မေဒေါ = အဆီခဲ၊

(၆) အဿု = မျက်ရည်၊
ဝသာ = ဆီကြည်၊
ခေဠော = တံတွေး၊
သိင်္ဃာဏိကာ = နှပ်၊
လသိကာ = အစေး၊
မုတ္တံ = ကျင်ငယ်။

ဣတိ-ဣမေ ဒွတ္တိံသာကာရာ = ဤသုံးဆယ့်နှစ်ပါးသော အခြင်းအရာအစုံတို့သည်၊
အတ္ထ-သန္တိ = ရှိကုန်၏၊
ဣတိ = ဤသို့၊
ပစ္စဝေက္ခတိ = ဆင်ခြင်၏။

သေယျထာပိ ဘိက္ခဝေ ဥဘတော မုခါ ပုတောဠိ ပူရာ နာနာဝိဟိတဿ ဓညဿ
သေယျထိဒံသာလီနံ ဝိဟီနံ မုဂ္ဂါနံ မာသာနံ တိလာနံ တဏ္ဍုလာနံ

(ခ) ဘိက္ခဝေ = ရဟန်းတို့၊
သေယျထာပိ = ဥပမာမည်သည်ကား၊
ဥဘတော မုခါ = အောက်, အထက် နှစ်ဖက်၌ မျက်နှာဝရှိသော၊
ပုတောဠိ = အိတ်သည်၊
နာနာဝိဟိတဿ = အထူးထူး အပြားပြား ထည့်အပ်သော၊
ဓညဿ = စပါးဖြင့်၊
ပူရာ = ပြည့်သည်၊
ဟောတိ = ဖြစ်၏၊
ဣဒံ = ဤအထူးထူး အပြားပြား ထည့်အပ်သော စပါးတို့ဖြင့် ပြည့်၏ဟူသည်၊
သေယျထာ ကတမံ = အဘယ်နည်း ဟူမူကား၊
သာလီနံ = သလေးတို့ဖြင်၊
ဝိဟီနံ = သလေးမှတစ်ပါးသော စပါးတို့ဖြင့်၊
မုဂ္ဂါနံ = ပဲနောက်တို့ဖြင့်၊
မာသာနံ = ပဲကြီးတို့ဖြင့်၊
တိလာနံ = နှမ်းတို့ဖြင့်၊
တဏ္ဍုလာနံ = ဆန်တို့ဖြင့်၊
ပူရာ = ပြည့်သည်၊
ဟောတိ = ဖြစ်၏၊

တမေနံ စက္ခုမာ ပုရိသော မုဉ္စိတွာ ပစ္စဝေက္ခယျ “ဣမေ သာလီ ဣမေ ဝိဟီ ဣမေ မုဂ္ဂါ ဣမေ မာသာ ဣမေ တိလာ ဣမေ တဏ္ဍုလာ”တိ

(ဂ) တမေနံ = ထိုအထူးထူး အပြားပြားစသည်ဖြင့် ပြည့်သော အိတ်ကို၊
မုဉ္စိတွာ = ဖြေ၍၊
စက္ခုမာ = မျက်စိအမြင်ရှိသော၊
ပုရိသော = ယောကျ်ားသည်၊
ဣမေ = ဤသည်တို့ကား၊
သာလီ = သလေးတို့တည်း၊
ဣမေ = ဤသည်တို့ကား၊
ဝီဟီ = စပါးတို့တည်း ၊
ဣမေ = ဤသည်တို့ကား၊
မုဂ္ဂါ = ပဲနောက်တို့တည်း၊
ဣမေ = ဤသည်တို့ကား၊
မာသာ = ပဲကြီးတို့တည်း၊
ဣမေ = ဤသည်တို့ကား၊
တိလာ = နှမ်းတို့တည်း၊
ဣမေ = ဤသည်တို့ကား၊
တဏ္ဍုလာ = ဆန်တို့တည်း၊
ဣတိ = ဤသို့၊
ပစ္စဝေက္ခယျ = ဆင်ခြင်ရာ၏

ဧဝမေဝ ခေါ ဘိက္ခဝေ ဘိက္ခု ဣမမေဝ ကာယံ ဥဒ္ဓံ ပါဒတလာ, အဓော ကေသမတ္ထကာ, တစပရိယန္တံ ပူရံ နာနပ္ပကာရဿ အသုစိနော ပစ္စဝေက္ခတိ - “အတ္ထိ ဣမသ္မိံ ကာယေ -

(ဃ) ဘိက္ခဝေ = ရဟန်းတို့၊
ဧဝမေဝ ခေါ = ဤအတူလျှင်၊
ဘိက္ခု = ရဟန်းသည်၊
ပါဒတလာ = ခြေဖဝါးအပြင်မှ၊
ဥဒ္ဓံ = အထက်ဖြစ်သော၊
ကေသမတ္ထကာ = ဆံဖျားမှ၊
အဓော = အောက်ဖြစ်သော၊
တစပရိယန္တံ = အပေါ်ရေလျှင် အဆုံးရှိသော၊
နာနာပကာရဿ = အထူးထူး အပြားပြားရှိသော၊
အသုစိနော = မစင်မကြယ် ရွံရှာဖွယ်သော ဝတ္ထုဖြင့်၊
ပူရံ = ပြည့်သော၊
ဣမမေဝ ကာယံ = ဤရူပကာယ ခန္ဓာကိုယ်ကိုသာလျှင်၊
ပစ္စဝေက္ခတိ = ဆင်ခြင်၏၊
ဣမသ္မိံ ကာယေ = ဤ တစ်လံမျှလောက်သော ရူပကာယ ခန္ဓာကိုယ်၌ -

ကေသာ လောမာ နခါ ဒန္တာ တစော
မံသံ နှာရု အဋ္ဌိ အဋ္ဌိမိဉ္ဇံ ဝက္ကံ
ဟဒယံ ယကနံ ကိလောမကံ ပိဟကံ ပပ္ဖါသံ
အန္တံ အန္တဂုဏံ ဥဒရိယံ ကရီသံ မတ္ထလုင်္ကံ
ပိတ္တံ သေမှံ ပုဗ္ဗော လောဟိတံ သေဒေါ မေဒေါ
အဿု ဝသာ ခေဠော သိင်္ဃာဏိကာ လသိကာ မုတ္တ”န္တိ။

(၁) ကေသာ = နှစ်ကုဋေ ငါးသန်းသော ဆံတို့လည်းကောင်း၊

(၂) လောမာ = ကိုးသိန်းကိုးသောင်းသော အမွေးတို့လည်းကောင်း၊

(၃) နခါ = ငါးကြင်းကြေးသဖွယ် နှစ်ဆယ်သော လက်သည်း ခြေသည်းတို့ လည်းကောင်း၊

(၄) ဒန္တာ = သုံးဆယ့်နှစ်ချောင်းသော သွားတို့လည်းကောင်း၊

(၅) တစော = တစ်ကိုယ်လုံးကို ခွါ၍ လုံးသည်ရှိသော် ဆီးစေ့ခန့်မျှရှိသော အထူးထူး သော အဆင်းရှိသော ပါးသော အပေါ်အရေ, အဆင်းဖြူသော ထူသော အတွင်းရေ လည်းကောင်း၊

(၆) မံသံ = တိုက်နံရံကို လိမ်းကျံသော မြေစိုင်ကဲ့သို့ အရိုးကို လိမ်းကျံသော ကိုးရာသော အသားလည်းကောင်း၊

(၇) နှာရု = နံရံကို ဖွဲ့သော ကြိမ်နွယ်ကဲ့သို့ အရိုးကို ဖွဲ့သော ကိုးရာသော အကြော, အရသာကို ဆောင်သော ခုနစ် ထောင်သော အကြောလည်းကောင်း၊

(၈) အဋ္ဌိ = သုံးရာသော အရိုးလည်းကောင်း၊

(၉) အဋ္ဌိမိဉ္ဇံ = ကျက်စွာပေါင်း၍ ဝါးကျည်၌ ထည့်အပ်သော ကြိမ်ညွန့်နှင့် သဏ္ဌာန် တူသော အဆင်းရှိသော ရိုးတွင်း ခြင်ဆီ၊

(၁၀) ဝက္ကံ = ရေမျိုမှဆက်သော အကြော၏အဆုံး နှလုံးသားကို ခြံရံ၍ တည်လျက် သရက်သီးပွတ်နှင့် သဏ္ဌာန်တူသော စဉ်းငယ် နီသော အဆင်းရှိသော အသားစိုင် နှစ်ခုဟု ဆိုအပ်သော အညှို့လည်းကောင်း၊

(၁၁) ဟဒယံ = သားမြတ်နှစ်ခုအလယ်, ကိုယ်အတွင်း ရင်အချိုင့် အညှို့နှစ်ခုအကြား၌ တွဲလျား ဦးစောက် တည်သော ပညာရှိအား စဉ်းငယ် ပွင့်သော ပညာမဲ့အား ငုံသော အပေါ်ဖတ်ကို ခွါ၍ ပစ်အပ်သော ပဒုမ္မာ ကြာငုံတမျှ အပကား ပြေပြစ်သန့်ရှင်း အတွင်းကား သပွတ်ခါးအူသဖွယ် အလယ်၌ ပုန်းညက်စေ့ဆန်လောက်သောတွင်း၌ -

“စရိုက်နှင့်အညီ၊ နီမြန်းရာဂ၊ ဒေါသမည်းငြား၊ သားဆေးရည်မောဟ၊ တက္ကပဲပြုတ်ရည်၊ ဝါသည်သဒ္ဓါ၊ ပညာပြိုးပြက်၊ ဇောတချက်သွင်၊ အရောင် တင်သော”

မနောဓာတ်, မနောဝိညာဏဓာတ်, စိတ်, စေတသိက် တို့၏ မှီရာ ဟဒယဝတ္ထုရုပ် တည်းသော တစ်လက်ဖက်မျှလောက်သော နှလုံးသွေးရှိသော နှလုံးလည်းကောင်း၊

(၁၂) ယကနံ = သားမြန်နှစ်ခုတို့၏ အလယ်၌ လက်ယာနံပါးကို မှီလျက် ကသစ်ရွက်နှင့် သဏ္ဌာန်တူသော ဖျော့တော့သော နီသော အဆင်းရှိသော ပညာရှိအား ငယ်သည်ဖြစ်၍ နှစ်ခု သုံးခု, ပညာမဲ့အား ကြီးသည်ဖြစ်၍ တစ်ခုတည်းသော အသည်းလည်းကောင်း၊

(၁၃) ကိလောမကံ = ဖြူသော အဆင်းရှိသော အသားတစ်ရစ်ကို ရစ်သော အဝတ် ကဲ့သို့ အညှို့, နှလုံးကို ဖုံး၍တည်သော အမြှေး၊ ကိုယ်အလုံး၌ အရေ၏ အောက်မှ တည်သော အမြှေးအားဖြင့် နှစ်ပါးသော အမြှေးလည်းကောင်း၊

(၁၄) ပိဟကံ = နှလုံးသား၏ လက်ဝဲနံပါး၌ မှီလျက် လက်ခုနစ်သစ်ခန့်မျှ နွားလျှာဖျား သဏ္ဌာန် ညိုသော အဆင်းရှိသော ဝမ်းလျှာသရက်ရွက်ဟု ဆိုအပ်သော အသားဖျဉ်း လည်းကောင်း၊

(၁၅) ပပ္ဖါသံ = အညှို့, နှလုံးကို ဖုံး၍ တည်လျက် မုန့်ယှက်ပြတ်သဏ္ဌာန် နီသော အဆင်းရှိသော သုံးဆယ့်နှစ်ခုသော အသားလွှာ တည်းဟူသော ကလအုန်း ဆောင်းထပ် ဟု ဆိုအပ်သော အဆုတ်လည်းကောင်း၊

(၁၆) အန္တံ = သွေးပြည့်သော ကျင်း၌ အရေကို ဆုတ်၍ ထည့်အပ်သော မြွေခွေကဲ့သို့ လည်ချောင်းမှ ဝစ္စမဂ်တိုင်အောင် ကိုယ်တွင်း၌ တည်သော ယောက်ျားအား သုံးဆယ့် နှစ်တောင်, မိန်းမအား နှစ်ဆယ့်ရှစ်တောင်ရှိသော နှစ်ဆယ့်တစ်ပတ် ခွေ၍ နေသော ဖြူသော အဆင်း ရှိသော အူမလည်းကောင်း၊

(၁၇) အန္တဂုဏံ = ခြေသုတ် ကြိုးဝန်းကို ဖွဲ့သော ကြိုးသေးကဲ့သို့ နှစ်ဆယ့်တစ်ပတ် ခွေရာ၌ အူကိုဖွဲ့သော မှော်မြစ်အတူ ဖြူသော အူသိမ်ကို လည်းကောင်း၊

(၁၈) ဥဒရိယံ = အစွန်းနှစ်ဘက်၌ ကိုင်၍ညှစ်အပ်သော စိုသောပုဆိုး၏ အလယ်အဖု ကဲ့သို့ နှစ်ဆဲ့တပတ်ခွေသော အူမ၏ အလယ် အဖုဟုဆိုအပ်သော သုံးဆဲ့နှစ်ပါးသော ပိုးမျိုးတို့၏နေရာ အစာသစ်အိမ်၌ တည်သော ခွေးစားကျင်း၌ ခွေးအန်ဘတ် ကဲ့သို့ မျိုအပ်သောအစာသစ် လည်းကောင်း၊

(၁၉) ကရီသံ = ကျည်တောက်၌ထည့်အပ်သော မြေညက်ကဲ့သို့ အူမ၏အဆုံး အစောက် ရှစ်သစ်ခန့်ရှိသော အစာဟောင်းအိမ် ၌တည်သော အစာသစ်မှကျက်၍ ကျသော အစာဟောင်း တည်းဟူသော ကျင်ကြီးလည်းကောင်း၊

(၂၀) မတ္ထလုင်္ကံ = ဘူးအုံ၌ထည့်အပ်သော မုံ့ညက်စိုင် သဏ္ဌာန် ခေါင်းခွံတွင်း၌ ချုပ်ကြောင်း လေးခုကိုမှီ၍ တည်သော မုံ့ညက်စိုင်အတူ ဖြူသောဦးနှောက် လည်းကောင်း၊ ၊

(၂၁) ပိတ္တံ = ရေပြည့်သော သပွတ်ခါးသီးသဏ္ဌာန် နှလုံးအဆုတ် တို့၏အလယ် အသည်းကို မှီ၍တည်သော နောက်ကျုသော သစ်မည်စည်ဆီနှင့်တူသော အအိမ်ဖြင့် ဘွဲ့အပ်သောဗဒ္ဓသည်းခြေ၊ ဆံ အမွေးမှ ခြေသည်း လက်သည်း သွားတို့၏ အသားမှ လွတ်ရာအရပ် ခြောက်ထပ် ကြမ်းထမ်းသော အရေကိုထားလျက် မုံ့ရှက်၌ဆီကဲ့သို့ တကိုယ်လုံး နှံ့၍တည်သော ညှိုးနွမ်းသော ပန်းအဆင်းရှိသော အအိမ်ဖြင့် မဖွဲ့အပ် သော အဗဒ္ဓသည်းခြေအားဖြင့် နှစ်ပါးသော သည်းခြေလည်းကောင်း၊

(၂၂) သေမှံ = မစင်တွင်းကို ပိတ်သော ပျဉ်ကြီး တန်စီးတွင်း အထက် မြှေးယှက်သော အမြှုပ်လွှာအသွင် ရေအပြင်ကိုလွှမ်းသော ရေညှိပမာ အစာသစ်ကို ပိတ်လျက် အူမ၌တည်သော ဖြူသော အဆင်းရှိသော တကွမ်းစားမျှလောက်သော သလိပ် လည်းကောင်း၊

(၂၃) ပုဗ္ဗော = အစေးရှိသော သစ်ပင်၏ ဓားခုတ်ရာ စသည်၌ စုဝေးသော အစေးကဲ့သို့ အမာပေါက်ရာ, ခလုတ်ထိရာ,ဆူးငြိရာ, မီးလျှံသင့်ရာ စသည်တို့၌ သွေးပုပ်စုဝေး၍ ဖြစ်သော ဖြော့တော့သော အဆင်းရှိသော ပြည်လည်းကောင်း၊

(၂၄) လောဟိတံ = ကြည်လင်သော ချိပ်ရည်အဆင်းကဲ့သို့ ကိုယ်လုံး အနှံ့ အကြောကိုလျှောက်၍ ရွေ့ရှားသော တပြည်သားမျှ လောက်သော ရွေ့ရှားသောသွေး၊ ပြစ်ချွဲသော ချိပ်ရည် အဆင်းကဲ့သို့ အသည်းတည်ရာ၏ အောက်အဘို့ကိုပြည့်စေ၍ နှလုံး အညှို့ အဆုတ်အထက် တစက်စက် ယိုစီးလျက် နှလုံး အညှို့ အဆုတ်တို့ကို စွတ်စေ၍ တည်သော တကွမ်းစားမျှ လောက်သာ မရွေ့ရှားသော သွေးအားဖြင့် နှစ်ပါးသော သွေးလည်းကောင်း၊

(၂၅) သေဒေါ = ရေမှနုတ်အပ်သော ကြာရိုးမှ ယိုစီးသော ရေကဲ့သို့ ကိုယ်စိတ် ပူပန်သောအခါ အမွေးတွင်းတို့မှ ယိုစီးသော ဆီကြည်အဆင်းရှိသော အာပေါဓာတ် တည်းဟူသော ချွေးလည်းကောင်း၊

(၂၆) မေဒေါ = ဆူသသူအား တကိုယ်လုံး, ကြုံသသူအား မြင်းခေါင်းသား စသည်၌ တည်သော နနွင်းဆိုးသော ပုဆိုးကဲ့သို့ ဝါသော အဆင်းရှိသော အဆီခဲလည်းကောင်း၊

(၂၇) အဿု = ငိုကြွေးမြည်တမ်း ရယ်ပန်းကြီးသောအခါ၊ မလျောက်ပတ်သော ဥတု အာဟာရမျိုး, မီးခိုး, မြေမှုန့် ထိပါးသော အခါစသည်တို့၌ မျက်စိမှ ယိုစီးသော ဆီကြည်အဆင်းရှိသော အာပေါဓာတ် တည်းဟူသော မျက်ရည်လည်းကောင်း၊

(၂၈) ဝသာ = ထမင်းချိုး၌ သွန်းလောင်းသော ဆီကဲ့သို့ မီးပူသောအခါ စသည်တို့၌ များသောအားဖြင့် လက်ဘမိုး, လက်ဘဝါး, ခြေဘမိုး ခြေဘဝါး, နှာသီးဖျား, နဖူးပြင်, ပခုံးစွန်း တည်သော အုန်းဆီအဆင်းနှင့် တူသောဆီကြည်လည်းကောင်း၊

(၂၉) ခေဠော = ချဉ်သီးစသည်ကို မြင်သောအခါ လက်ယက်တွင်းမှ ထွက်သော လက်ယက်ရေကဲ့သို့ ပါးစောင်နှစ်ဘက်မှသက်၍ လျှာ၌တည်သော လျှာဖျား၌ ကျသော လျှာရင်း၌ချွဲသော အမြှုပ်နှင့်ရောသော အာပေါဓာတ် တည်းဟူသော တံတွေး လည်းကောင်း၊

(၃၀) သိင်္ဃာဏိကာ = ငိုကြွေးမြည်တမ်းခြင်း, မလျောက်ပတ်သော ဥတုအာဟာရ၏ အစွမ်းဖြင့် ဓာတ်ချောက်ချား ခြင်းကြောင့်ဖြစ်သော နုသော ထန်းသီးဆန်နှင့်တူသော ဦးနှောက်မှယိုသော အာပေါဓာတ်တည်းဟူသော နှပ်လည်းကောင်း၊

(၃၁) လသိကာ = ဝင်ရိုးကို နယ်ဆီသုတ်သကဲ့သို့ တရာ့ရှစ်ဆယ်သော အရိုးဆက်တို့၏ အကြားဝယ် နယ်ဆီကိစ္စကိုပြီးစေ၍ တည်သော မဟာလှေကားစေး နှင့်တူသော ပြစ်ချွဲသော အစေးလည်းကောင်း၊

(၃၂) မုတ္တံ = တန်စီးတွင်း၌ မှောက်ခုံပစ်အပ်သော အဝကျဉ်းသော အိုးတွင်း၌ ဝင်သော တန်စီးရေကဲ့သို့ စည်ပေါင်းတွင်း၌ တည်သော ပဲကြီးပြာရည် အဆင်းရှိသော ကျင်ငယ် လည်းကောင်း၊

ဣတိ = ဤသို့၊
ဣမေဒွတ္တိံသာကာရာ = ဤသုံးဆဲ့နှစ်ပါးသောအခြင်းအရာ အစုတို့သည်၊

(က) ဝဏ္ဏပိ = အဆင်းအားဖြင့်လည်းကောင်း၊

(ခ) သဏ္ဌာနတောပိ = လုံးလုံးလျောင်းလျောင်း ပေါင်း၍ တည်ဟန် သဏ္ဍာန်အားဖြင့် လည်းကောင်း၊

(ဂ) ဂန္ဓတောပိ = ညှီနံ ညှော်လှောင်း မကောင်းသောရနံ့အားဖြင့်လည်းကောင်း၊

(ဃ) အာသယတောပိ = ဖြစ်ရာအကြောင်းအားဖြင့်လည်းကောင်း၊

(င) ဩကာသတောပိ = တည်ရာအရပ်အားဖြင့်လည်းကောင်း၊

(စ) အသုစိဘာဝေန = မစင်ကြယ်သည်၏အဖြစ်ဖြင့်၊

(ဆ) ဇေဂုစ္ဆိဘာဝေန = ဆက်ဆုပ်ဘွယ်၏အဖြစ်ဖြင့်၊

(ဇ) ပဋိကူလဘာဝေန = ရွံရှာဘွယ်၏အဖြစ်ဖြင့်၊

(ဈ) ဒုဂ္ဂန္ဓဘာဝေန = ညှီနံ ညှော်လှောင်း မကောင်းသော ရနံ့၏ အဖြစ်ဖြင့်၊

(ဉ) အသုဘဘာဝေန = မတင့်တယ်သည်၏အဖြစ်ဖြင့်၊

ပညာယမာနာ = ထင်ကုန်လျက်၊
အတ္ထိ = ရှိကုန်၏၊
ဣတိ = ဤသို့၊
ပစ္စဝေက္ခတိ = ဆင်ခြင်၏၊

ဣတိ အဇ္ဈတ္တံ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ၊ ဗဟိဒ္ဓါ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ၊ အဇ္ဈတ္တဗဟိဒ္ဓါ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ။ သမုဒယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟရတိ၊ ဝယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟရတိ၊ သမုဒယဝယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟာရတိ၊

အတ္ထိ ကာယောတိ ဝါ ပနဿ သတိ ပစ္စုပဋ္ဌိတာ ဟောတိ၊ ယာဝဒေဝ ဉာဏမတ္တာယ ပဋိဿတိမတ္တာယ၊ အနိဿိတော စ ဝိဟရတိ၊ န စ ကိဉ္စိ လောကေ ဥပါဒိယတိ။ ဧဝမ္ပိ ခေါ ဘိက္ခဝေ ဘိက္ခု ကာယေ ကာယာနုပဿီ ဝိဟရတိ

ဣတိ = ဤသို့၊
အဇ္ဈတ္တံ ဝါ = မိမိသန္တာန်၌လည်း၊
ကာယေ = ဆံ, အမွေးစသော အပေါင်းအစု၌၊
ကာယာနုပဿီ = ဆံ, အမွေးစသော အပေါင်းအစုကို အဖန်တလဲလဲရှုသည်ဖြစ်၍၊
ဝိဟရတိ = နေ၏၊
ဗဟိဒ္ဓါ ဝါ = အပသန္တာန်၌လည်း၊
ကာယေ = ဆံ, အမွေးစသော အပေါင်းအစု၌၊
ကာယာနုပဿီ = ဆံ, အမွေးစသော အပေါင်းအစုကို အဖန်တလဲလဲရှုသည်ဖြစ်၍၊
ဝိဟရတိ = နေ၏။ပ။

ဘိက္ခဝေ = ရဟန်းတို့၊
ဧဝမ္ပိ ခေါ = ဤသို့လည်း၊
ဘိက္ခု = ရဟန်းသည်၊
ကာယေ = ရူပကာယ၌၊
ကာယာနုပဿီ = ရူပကာယကို အဖန်တလဲလဲရှုသည်ဖြစ်၍၊
ဝိဟရတိ = နေ၏။

ပဋိကူလ မနသိကာရပိုင်း၌ အထူးမှတ်ဖွယ်

ဤသို့ ဆံ အမွေးစသည်ကို အဆင်း, သဏ္ဌာန်ဖြစ်ကြောင်း, တည်ရာ, အနံ့ - ဟူသော ငါးပါးသော အခြင်းအရာဖြင့်လည်းကောင်း၊ ဤကောဋ္ဌာသသည် ဤအရပ်တည်၏ ဟူ၍ လည်းကောင်း၊ ဤကောဋ္ဌာသကို ရှေ့ နောက် အောက် အထက် လက်ဝဲ လက်ယာမှ ဤကောဋ္ဌာသဖြင့် ပိုင်းခြား၏ဟူ၍လည်းကောင်း ဆင်ခြင်ရာ၏။

[ဥဒရိယ, ကရီသ, ပုဗ္ဗ, မုတ္တ - ဤလေးပါးကား ဥတုကြောင့် ဖြစ်၏။ သေဒ, အဿု, ခေဠ, သိင်္ဃာဏိက - ဤလေးပါးကား စိတ်, ဥတုကြောင့် ဖြစ်၏။ အကြွင်း နှစ်ဆယ့် လေးပါးကား ကံ, စိတ်, ဥတု, အာဟာရဟူသော အကြောင်းတရားလေးပါးကြောင့် ဖြစ်၏။]

သုံးရာသော အရိုးပြ ဂါထာ

(၁) ဟတ္ထပါဒမံသဿိတာ၊
စတုသဋ္ဌိ ဒွိပဏှိကာ။
စတုဂေါပ္ဖကဇင်္ဃဋ္ဌိ၊
ဒွေ ဇာဏူရူ ကဋိဋ္ဌိ စ

(၁) စတုသဋ္ဌိ ဟတ္ထပါဒမံသဿိတာ = လက်ရိုး ခြောက်ဆယ့်လေး, ခြေရိုး ခြောက်ဆယ့်လေး, အသားကို မှီသော အရိုးနု ခြောက်ဆယ့်လေး၊
ဒွိပဏှိကာ = ဖနှောင့်ရိုးနှစ်ခု၊
စတုဂေါပ္ဖကဇင်္ဃဋ္ဌိ = ခြေတစ်ဖက်လျှင် နှစ်ခုစီဖြစ်၍ ဖမျက်ရိုးလေးခု, မြင်းခေါင်းရိုး လေးခု၊
ဒွေ ဇာဏူရူ ကဋိဋ္ဌိ စ = ပုဆစ်ရိုးနှစ်ခု, ပေါင်ရိုးနှစ်ခု, ခါးရိုးနှစ်ခု။

(၂) အဋ္ဌာရသ ပိဋ္ဌိဋ္ဌီနိ၊
စတုဝီသတိ ဖာသုကာ။
စုဒ္ဒသုရာ ဟဒယေကံ၊
ဒွေက္ခကကောဋ္ဋဗာဟုကံ

(၂) အဋ္ဌာရသ ပိဋ္ဌိဋ္ဌီနိ = ကျောက်ဆူးရိုး တစ်ဆယ့်ရှစ်ခု၊
စတုဝီသတိ ဖာသုကာ = နံရိုး နှစ်ဆယ့်လေးခု၊
စုဒ္ဒသုရာ = ရင်ရိုး တစ်ဆယ့်လေးခု၊
ဟဒယေကံ = နှလုံးရိုး တစ်ခု၊
ဒွေက္ခကကောဋ္ဋဗာဟုကံ = ညှပ်ရိုး နှစ်ခု, လက်ပြင်ရိုး နှစ်ခု, မောင်ရိုး နှစ်ခု။

(၃) စတုရော အဂ္ဂဗာဟုဋ္ဌီ၊
သတ္တ ဂီဝါ ဒွိဟနုကံ။
နာသိကေကံ ဒွေက္ခိကဏ္ဏာ၊
နဠာဋမုဒ္ဓမေကကံ။
နဝသီသကပါလဋ္ဌိ၊
ဧဝံ တိသတအဋ္ဌိကာ

(၃) စတုရော အဂ္ဂဗာဟုဋ္ဌီ = မောင်းဖျား လက်ဖျံရိုး လေးခု၊
သတ္တ ဂီဝါ = လည်ကုပ်ရိုး ခုနစ်ခု၊
ဒွိဟနုကံ = မေးရိုး နှစ်ခု၊
နာသိကေကံ = နှာခေါင်းရိုး တစ်ခု၊
ဒွေက္ခိကဏ္ဏာ = မျက်ကွင်းရိုး နှစ်ခု၊
နဠာဋမုဒ္ဓမေကကံ = နဖူးရိုး တစ်ခု, ထိပ်ရိုး တစ်ခု၊
နဝ သီသကပါလဋ္ဌိ = ခေါင်းခွံရိုး ကိုးခု၊
ဧဝံ = ဤသို့၊
တိသတအဋ္ဌိကာ = သုံးရာသော အရိုးတို့သည်၊
ဟောန္တိ = ဖြစ်ကုန်၏။

ဆောင်ပုဒ်လင်္ကာ

လက်, ခြေ, ရိုးနု၊ စတုသဋ္ဌိ
ဒွေပဏှီ ထက်၊ ဖမျက်မြင်းခေါင်း၊
လေးချောင်းစီဖြစ်၊ ပုဆစ် ပေါင် ခါး၊
နှစ်ပါးစီသာ၊ ကျောက်မှာဆယ့်ရှစ်ခု၊
စတုဝီသ၊ နံရိုးကျလိမ့်၊
စုဒ္ဒသရင်ဖုံး၊ နှလုံးတစ်မျိုး၊
ညှပ်ရိုး-လက်ပြင်၊ မောင်းတွင် နှစ်ပါး၊
မောင်းဖျားလေးသာ၊ လည်မှာခုနစ်ခု၊
နှစ်ခုမေးရိုး၊ တစ်မျိုးနှာတွင်း၊
မျက်ကွင်းနှစ်ပါး၊ နားတွင်းနှစ်ခါ၊
နဠာဋေကမုဒ္ဓဧကံ
ခေါင်းခွံကားကိုး၊ မော်ကွန်းထိုးသည်၊
အရိုးသုံးရာ ပြည့်သတည်း။

နှလုံးသား၌မှတ်သားဖွယ်

နှလုံးသားကား အပ၌ ပြေပြစ်ချောမော၏၊ အတွင်း၌ကား သပွတ်ခါးအူနှင့် တူ၏၊ ထိုနှလုံးသား၏ အတွင်း၌ ပုန်းညက်စေ့ ခန့်မျှလောက်သောတွင်း၌ တစ်လက်ဖက် မျှလောက်သော နှလုံးသွေးရှိ၏။ ထိုနှလုံးသွေး၌ ဟဒယဝတ္ထုရုပ် တည်၏၊ ထို ဟဒယဝတ္ထုရုပ်မနောဓာတ်, မနောဝိညာဏဓာတ်, စိတ်, စေတသိက်မှီ၌ ဖြစ်၏။ ထိုစိတ်, စေတသိက်ကြောင့်ဖြစ်သော စိတ္တဇရုပ်နှင့် ထိုနှလုံးသွေး ရောနှောသော ကြောင့် -

(၁) ရာဂပြောသသူအား နီ၏။
(၂) ဒေါသပြောသသူအား မည်းနက်၏။
(၃) မောဟ ပြောသသူအား သားဆေးရည်နှင့် တူ၏။
(၄) ဝိတက်ပြောသသူအား ကုလားပဲပြုတ်ရည်နှင့် တူ၏။
(၅) သဒ္ဓါပြောသသူအား မဟာလှေကားပွင့်ကဲ့သို့ ဝါ၏။
(၆) ပညာပြောသသူအား ပတ္တမြားကဲ့သို့ ပြိုးပြိုးပြက် အရောင်ထင်၏။

ဆောင်ပုဒ်လင်္ကာ

(က) နီမြန်းရာဂဒေါသမည်းငြား၊ သားဆေးမောဟ၊ တက္က ပဲရည်၊ ဝါသည်သဒ္ဓါပညာပြိုးပြက်၊ ဇောတမျက်သို့ … ထိန်လက်ရောက်လျှံ ထင်သတည်း။

(ခ) သောမနဿ၊ နီမြန်လှ၏၊ ဒေါသမည်းစွာ၊ ဥပေက္ခာမူ၊ နှမ်းဆီတူဟု၊ မှတ်ယူ တစ်နည်း ကျမ်းလာတည်း။

အသည်း၌မှတ်ဖွယ်

အသည်းကား ပညာရှိအား နှစ်ခု, သုံးခု ဟူရကား - ဒွိဟိတ်မှာ နှစ်ခု, တိဟိတ်မှာ သုံးခု ဖြစ်ဖွယ် ရှိ၏။ အစွန်းနှစ်ဘက်၌ ကိုင်၍ ညှစ်အပ်သော စိုသော ပုဆိုး၏ အလယ်အဖုကဲ့သို့ အူမ၏ အလယ်အဖုသည် အစာသစ်အိမ် မည်၏။ ထိုအဖုမှ တစ်ဘက်တစ်ချက် ကြက်တွန့်တက် သကဲ့သို့ အစာသစ်အိမ်မှ အောက်အထက် အူမခွေ၍ နေ၏။ ထိုအစာသစ်အိမ်၌ တည်သော အစာကို ငါးစုပြု၍ -

(၁) တစ်စုကို ပိုးစား၏။
(၂) တစ်စုကို ဝမ်းမီးတေဇောလောင်၏။
(၃) တစ်စုကား ကျင်ကြီး
(၄) တစ်စုကား ကျင်ငယ်
(၅) တစ်စုကား အသွေးအသား ဖြစ်၏။

ဆောင်ပုဒ်လင်္ကာ

ပိုးစား-လောင်မီး၊ ကျင်ကြီး-ကျင်ငယ်
တစ်သွယ်သွေးသား၊ ဖြစ်လေငြားသည်၊
ငါးပါးအစာ ခွဲဝေတည်း။

သည်းခြေ၌ မှတ်ဖွယ်

ဘာဝရုပ်, ကာယပသာဒ, ရွေ့လျားသော သွေး, ဇီဝိတိန္ဒြေ, အဗဒ္ဓ သည်းခြေ, သုက် - ဤခြောက်ပါးကား အသားမှ လွတ်သော ဆံ, အမွေး, ခြေသည်း လက်သည်း, သွား, ခြောက်သွေ့ ကြမ်းတမ်းသော အရေမှတစ်ပါး တစ်ကိုယ်လုံး နှံ့၍ တည်၏။ ပုဗ္ဗ, သေဒ, မေဒ, ဝသာတို့လည်း ယခင်နည်း တည်ကောင်းသည်ပင်။

ဆောင်ပုဒ်လင်္ကာ

ဘော-ပသာဒ၊ လောဟိတ၊
ဇီဝ-သည်းခြေ-သုက်
၊ ကိုယ်လုံးနှံ့ဖြာ၊
တည်နေရာ၊ ကျမ်းလာမှန်သမုတ်။

[အဗဒ္ဓ သည်းခြေ ပျက်သော် မျက်စိဝါ၏။ မျက်လုံး လှည့်လည်၏။ ကိုယ်လုံး တုန်လှုပ်၏၊ ကိုယ် ယားယံ၏။ ဆေးကု၍ သော်ကား ချမ်းသာသေး၏။ ဗဒ္ဓ သည်းခြေ ပျက်သော် ရူးသွပ်၏။ ဆေးမရှိပြီ။]

သလိပ်၌ မှတ်ဖွယ်

သလိပ်ကား မစင်တွင်းကို ပိတ်သော ပျဉ်းကဲ့သို့, ရေအပြင်ကို လွှမ်းသော မှော်ရေညှိ ကဲ့သို့ အစာသစ်ကို ပိတ်ဖုံး၍ တည်၏။ မှော်ရေညှိအထက် အုတ်ကျောက်လှံကန် ကျလတ်သော် မှော်ရေညှိကို ခွဲ၍ ရေထဲသို့ အုတ် ကျောက်ဝင်လျှင် မှော်ရေညှိ တစ်ဖန် လွှမ်းပြန်သကဲ့သို့ ခဲဖွယ်ဘောဇဉ်ကို မျိုလတ်သော် သလိပ်ကို ခွဲ၍ အစာသစ်အိမ်သို့ ခဲဖွယ် ဘောဇဉ်ဝင်လျှင် လွှမ်းမြဲ လွှမ်း၏။ ထိုသလိပ်အားနည်းသောအခါ ခံတွင်းမှ ရနံ့ မကောင်း ဖြစ်၏။

[မရွေ့သော သွေးကား - အသည်း၏ အောက်အဖို့ကို ပြည့်စေလျက် နှလုံး, အညှို့, အဆုတ်အထက် တစ်စက်စက် ယိုစီးလျက် အညှို့ စသည်ကို စွတ်စေ၍ တည်၏။ ထိုသွေး, ထိုအညှို့ စသည်ကို မစွတ်သော် သတ္တဝါတို့ ရေသိပ်ကုန်၏။]

အစေး၌ မှတ်ဖွယ်

အစေးနည်းသသူအား ထခြင်း, ထိုင်ခြင်း, သွားခြင်း, လာခြင်း, ကွေးခြင်း, ဆန့်ခြင်း တို့၌ အရိုးဆက် ဖျစ်ဖျစ်မည်ကုန်၏။ တစ်ယူဇနာ, နှစ်ယူဇနာ သွားသော် လေပျက်၏။ ကိုယ်ဆင်းရဲ၏။ အစေးများသသူအား ထိုအပြစ် မရှိ။

သစ္စာ ၄-ပါး ခွဲပြချက်

(၁) ဆံစသည်ကို ရွံရှာဖွယ်ဟု သိမ်းဆည်းတတ်သော သတိသည် ဒုက္ခသစ္စာ

(၂) ထိုဒုက္ခ၏အကြောင်းဖြစ်သော တဏှာသည် သမုဒယသစ္စာ

(၃) ထိုဒုက္ခ, သမုဒယနှစ်ပါး၏ မဖြစ်ရာ နိဗ္ဗာန်သည် နိရောဓသစ္စာ

(၄) ထိုနိဗ္ဗာန်ကို အာရုံပြုသော မဂ္ဂင်ရှစ်ပါးသည် မဂ္ဂသစ္စာ မည်၏။

ပဋိကူလမနသိကာရပဗ္ဗံ = စက်ဆုပ်ရွံရှာဖွယ်ဟု နှလုံးသွင်းရာသော အပိုင်းသည်၊
နိဋ္ဌိတံ = ပြီးပြီ။

ကာယာနုပဿနာ

ဓာတုမနသိကာရပိုင်း

၇။ ပုန စပရံ ဘိက္ခဝေ ဘိက္ခု ဣမမေဝ ကာယံ ယထာဌိတံ ယထာပဏိဟိတံ ဓာတုသော ပစ္စဝေက္ခတိ၊ “အတ္ထိ ဣမသ္မိံ ကာယေ ပထဝီဓာတု အာပေါဓာတု တေဇောဓာတု ဝါယောဓာတူ”တိ

၇ (က) ဘိက္ခဝေ = ရဟန်းတို့၊
ပုန စ = တစ်ဖန်လည်း၊
အပရံ = တစ်ပါးတုံ၊
ဘိက္ခု = ရဟန်းသည်၊
ယထာဌိတံ = တည်မြဲတိုင်းသော၊
ယထာပဏိဟိတံ = ထားမြဲတိုင်းသော၊
ဣမမေဝ ကာယံ = ဤရူပကာယ ခန္ဓာကိုယ်ကိုသာလျှင်၊
ဓာတုသော = ဓာတ်အားဖြင့်၊
ပစ္စဝေက္ခတိ = ဆင်ခြင်၏၊

ဣမသ္မိံကာယေ = ဤရူပကာယ ခန္ဓာကိုယ်၌ -

(၁) ပထဝီဓာတု = ကြမ်းတမ်းခက်မာခြင်း လက္ခဏာရှိသော ပထဝီဓာတ်သည်၊

(၂) အာပေါဓာတု = ပျော့ပျောင်းခြင်း, ဖွဲ့ခြင်း လက္ခဏာရှိသော အာပေါဓာတ်သည်၊

(၃) တေဇောဓာတု = ရင့်ကျက်စေခြင်း, ပူခြင်း လက္ခဏာရှိသော တေဇောဓာတ်သည်၊

(၄) ဝါယောဓာတု = ရွေ့ခြင်း, ပြည့်စေ ပျံ့စေခြင်း လက္ခဏာရှိသော ဝါယောဓာတ် သည်၊

အတ္ထိ = ရှိ၏၊
ဣတိ = ဤသို့၊
ပစ္စဝေက္ခတိ = ဆင်ခြင်၏။

သေယျထာပိ ဘိက္ခဝေ ဒက္ခော ဂေါဃာတကော ဝါ ဂေါဃာတကန္တေဝါသီ ဝါ ဂါဝိံ ဝဓိတွာ စတုမဟာပထေ ဗိလသော ဝိဘဇိတွာ နိသိန္နော အဿ

(ခ) ဘိက္ခဝေ = ရဟန်းတို့၊
သေယျထာပိ = ဥပမာ မည်သည်ကား၊
ဒက္ခော = လိမ္မာသော၊
ဂေါဃာတကော ဝါ = နွားသတ်ယောကျ်ားသည် လည်းကောင်း၊
ဂေါဃာတကန္တေဝါသီ ဝါ = နွားသတ်ယောကျ်ား၏ တပည့်သည်လည်းကောင်း၊
ဂါဝိံ = နွားကို၊
ဝဓိတွာ = သတ်၍၊
စတုမဟာပထေ = လမ်းမလေးဖြာ ပေါင်းဆုံရာ၌၊
ဗိလသော = အဖို့အစုအားဖြင့်၊
ဝိဘဇိတွာ = အရိုး, အသား သီးခြား ဝေဖန်၍၊
နိသိန္နော = နေသည်၊
အဿ = ဖြစ်ရာ၏။

ဧဝမေဝ ခေါ ဘိက္ခဝေ ဘိက္ခု ဣမမေဝ ကာယံ ယထာဌိတံ ယထာပဏိဟိတံ ဓာတုသော ပစ္စဝေက္ခတိ၊ “အတ္ထိ ဣမသ္မိံ ကာယေ ပထဝီဓာတု အာပေါဓာတု တေဇောဓာတု ဝါယောဓာတူတိ

(ဂ) ဘိက္ခဝေ = ရဟန်းတို့၊
ဧဝမေဝ ခေါ = ဤအတူသာလျှင်၊
ဘိက္ခု = ရဟန်းသည်၊
ယထာဌိတံ = ရပ်သော ဣရိယာပုထ်အားဖြင့် တည်တိုင်းသော၊
ယထာပဏိဟိတံ = တပါးသော ဣရိယာပုထ်အားဖြင့် ထားတိုင်းသော၊
ယထာဌိတံ = ထိုထို ခဏ၌ မိမိကိစ္စ၏အစွမ်းဖြင့် တည်တိုင်းသော၊
ယထာပဏိဟိတံ = ထိုထို အကြောင်းတရားတို့သည် အပြားအားဖြင့် ဆောင်အပ်သော၊”
ဣမမေဝ ကာယံ = ဤရူပကာယ ခန္ဓာကိုယ်ကိုသာလျှင်၊
ဓာတုသော = ဓာတ်အားဖြင့်၊
ပစ္စဝေက္ခတိ = အသီးအသီး ဆင်ခြင်၏၊

ဣတိ အဇ္ဈတ္တံ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ၊ ဗဟိဒ္ဓါ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ၊ အဇ္ဈတ္တဗဟိဒ္ဓါ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ။ သမုဒယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟရတိ၊ ဝယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟရတိ၊ သမုဒယဝယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟာရတိ၊

အတ္ထိ ကာယောတိ ဝါ ပနဿ သတိ ပစ္စုပဋ္ဌိတာ ဟောတိ၊ ယာဝဒေဝ ဉာဏမတ္တာယ ပဋိဿတိမတ္တာယ၊ အနိဿိတော စ ဝိဟရတိ၊ န စ ကိဉ္စိ လောကေ ဥပါဒိယတိ။ ဧဝမ္ပိ ခေါ ဘိက္ခဝေ ဘိက္ခု ကာယေ ကာယာနုပဿီ ဝိဟရတိ

(ဃ) ဣတိ = ဤသို့၊
အဇ္ဈတ္တံ ဝါ = မိမိသန္တာန်၌လည်း၊
ကာယေ = ဓာတ်လေးပါးအပေါင်း၌၊
ကာယာနုပဿီ = ဓာတ်လေးပါးအပေါင်းကို အဖန်တလဲလဲ ရှုသည်ဖြစ်၍၊
ဝိဟရတိ = နေ၏။ပ။

ဘိက္ခဝေ = ရဟန်းတို့၊
ဧဝမ္ပိ ခေါ = ဤသို့လည်း၊
ဘိက္ခု = ရဟန်းသည်၊
ကာယေ = ရူပကာယ၌၊
ကာယာနုပဿီ = ရူပကာယကို အဖန်တလဲလဲရှုသည်ဖြစ်၍၊
ဝိဟရတိ = နေ၏။

ကောဋ္ဌာသကို ဓာတ်လေးပါးဖြင့် ခွဲဝေပြဂါထာ

(၁) ကေသာဒိ မတ္ထလုင်္ဂန္တာ၊
ပထဝံသာတိ ဝီသတိ။
ပိတ္တာဒိ မုတ္တကန္တာ တေ၊
ဇလံသာ ဒွါဒသီရိတာ

(၁) ကေသာဒိ မတ္ထလုင်္ဂန္တာ = ကေသာ အစ မတ္ထလုင်္ဂံ အဆုံးရှိကုန်သော၊
ဝီသတိ = နှစ်ဆယ်ကုန်သော၊
တေ ကောဋ္ဌာသာ = ထိုအစုတို့ကို၊
ပထဝံသာတိ = ပထဝီဓာတု ကောဋ္ဌာသတို့ဟူ၍၊
ဤရိတာ = ဆိုအပ်ကုန်၏၊
ပိတ္တာဒိ မုတ္တကန္တာ = ပိတ္တံ အစ မုတ္တံ အဆုံးရှိကုန်သော၊
ဒွါဒသ = တစ်ဆယ့်နှစ်ပါးကုန်သော၊
တေ ကောဋ္ဌာသာ = ထိုအစုတို့ကို၊
ဇလံသာတိ = အာပေါဓာတု ကောဋ္ဌာသတို့ဟူ၍၊
ဤရိတာ = ဆိုအပ်ကုန်၏။

(၂) ယေန သန္တာပနံ ယေန၊
ဇီရဏံ ဒဟနံ တထာ။
ယေနာသိတာဒိပါကောတိ၊
စတုရံသာနလာဓိကာ

(၂) ယေန = အကြင် သန္တာပနတေဇောကြောင့်၊
သန္တာပနံ = တစ်ရက်ချန် ဖျားခြင်းစသည်ဖြင့် ပြင်းစွာ ပူပန်ခြင်းသည်၊
ဟောတိ = ဖြစ်၏၊
ယေန = အကြင် ဇီရဏတေဇောကြောင့်၊
ဇီရဏံ = ဆံဖြူခြင်း, သွားကျိုးခြင်း စသည်ဖြင့် အရွယ်မှ ယုတ်ခြင်းသည်၊
ဟောတိ = ဖြစ်၏၊
ယေန = အကြင် ဒါဟတေဇောကြောင့်၊
ဒဟနံ = လွန်စွာပူလောင်ခြင်းသည်၊
ဟောတိ = ဖြစ်၏၊
ယေန = အကြင် ပါစကတေဇောကြောင့်၊
အသိတာဒိပါကော = စားသောက် ခဲလျက်အပ်သော အစာ၏ ကျက်ခြင်းသည်၊
ဟောတိ = ဖြစ်၏၊
ဣတိ - ဣမေ စတုရံသာ = ဤလေးပါးသော အစုတို့သည်၊
အနလာဓိကာ = တေဇောဓာတ်လွန်သော အစုတို့တည်း။

(၃) ဥဒ္ဓါဓောဂမကုစ္ဆိဋ္ဌာ၊
ကောဋ္ဌာသယင်္ဂသာရိ စ။
အဿာသောတိစ ဝိညေယျာ၊
ဆဠံသာ ဝါယုနိဿိတာ

(၃) ဥဒ္ဓါဓောဂမကုစ္ဆိဋ္ဌာ = အထက်သို့ ဆန်တက်သော ဥဒ္ဓင်္ဂမလေ, အောက်သို့ စုန်သွားသော အဓောဂမလေ, အူ၏အပ ဝမ်း၌တည်သော ကုစ္ဆိဋ္ဌ လေတို့လည်း ကောင်း၊
ကောဋ္ဌာသယာ = အူတွင်း၌ တည်သော ကောဋ္ဌာသ လေလည်းကောင်း၊
အင်္ဂသာရိ စ = အင်္ဂါကြီးငယ်သို့ လျှောက်၍ ကွေးခြင်း, ဆန့်ခြင်းစသည်ဖြင့်ဖြစ်သော အင်္ဂမင်္ဂါနုသာရီ လေလည်းကောင်း၊
အဿာသော စ = ထွက်သက် ဝင်သက်လေလည်းကောင်း၊
ဣတိ - ဣမေ ဆဠံသာ = ဤခြောက်ပါးသော အစုတို့ကို၊
ဝါယုနိဿိတာ = ဝါယောဓာတ်ကို မှီသော အစုတို့ဟူ၍၊
ဝိညေယျာ = သိအပ်ကုန်၏။

ဓာတုမနသိကာရပိုင်း၌ အထူးမှတ်ဖွယ်

နွားသတ်ယောကျ်ားသည် နွားကို အစာပေး၍ မွေးသော်လည်းကောင်း, သတ်ရာ အရပ်သို့ ဆောင်သော်လည်းကောင်း, သတ်ရာအရပ်၌ ချည်၍ ထားသော်လည်း ကောင်း, သတ်သော် လည်းကောင်း, သတ်၍ သေသည်ကို မြင်သည် လည်းကောင်း ထိုခဏ၌ နွားဟူသော အမှတ်သညာ မကွယ်မပျောက်သေး။

အတုံးအပိုင်း ခုတ်ဖြတ် လှီးဖျက်၍ အဖို့အစု ပြုပြီးသော်မူကား နွားဟူသော အမှတ် သညာ ကွယ်ပျောက်၍ အမဲဟူသော အမှတ်သညာသာ ဖြစ်၏။

ယင်းသို့ အမဲဖြစ်ပြီးသောအခါ ငါအမဲရောင်း၏၊ ဤသူတို့ကား အမဲဝယ်ကြ၏ဟူသော အမှတ်သညာသာ ဖြစ်သကဲ့သို့ ဓာတ်လေးပါးအားဖြင့် ပိုင်းခြားဝေဖန်၍ မဆင်ခြင် မအောက်မေ့သောအခါ သတ္တဝါဟူသော အမှတ်, ငါဟူသောအမှတ်သညာ ဖြစ်၏။

ဓာတ်လေးပါးအားဖြင့် ပိုင်းခြားဝေဖန်၍ ဆင်ခြင်အောက်မေ့သောအခါ သတ္တဝါ ဟူသော အမှတ်, ငါဟူသော အမှတ်သညာ ကွယ်ပျောက်၍ ဓာတ်လေးပါးမျှသာ ဟူသော အမှတ်သညာ ဖြစ်၏။

သစ္စာလေးပါး ခွဲပြချက်

(၁) ဓာတ်လေးပါးကို သိမ်းဆည်းတတ်သော သတိသည် ဒုက္ခသစ္စာ

(၂) ထိုဒုက္ခ၏ အကြောင်းဖြစ်သော တဏှာသည် သမုဒယသစ္စာ

(၃) ထိုဒုက္ခ, သမုဒယနှစ်ပါး၏ မဖြစ်ရာ နိဗ္ဗာန်သည် နိရောဓသစ္စာ

(၄) ထိုနိဗ္ဗာန်ကို အာရုံပြုသော မဂ္ဂင်ရှစ်ပါးသည် မဂ္ဂသစ္စာမည်၏။

ဓာတုမနသိကာရပဗ္ဗံ = ဓာတ်အားဖြင့် နှလုံးသွင်းရာသော အပိုင်းသည်၊
နိဋ္ဌိတံ = ပြီးပြီ။

ကာယာနုပဿနာ

နဝသိဝထိကပဗ္ဗ - ၁

၈။ ပုန စပရံ ဘိက္ခဝေ ဘိက္ခု သေယျထာပိ ပဿေယျ သရီရံ သိဝထိကာယ ဆဍ္ဍိတံ ဧကာဟမတံ ဝါ ဒွီဟမတံ ဝါ တီဟမတံ ဝါ ဥဒ္ဓုမာတကံ ဝိနီလကံ ဝိပုဗ္ဗကဇာတံ၊

(၈။ က) ဘိက္ခဝေ = ရဟန်းတို့၊
ပုန စ = တစ်ဖန်လည်း၊
အပရံ = တစ်ပါးတုံ၊
ဘိက္ခု = ရဟန်းသည်၊
သိဝထိကာယ = သုသာန်၌၊
ဆဍ္ဍိတံ = စွန့်ပစ်အပ်သော၊
ဧကာဟမတံ ဝါ = သေ၍ ၁-ရက် ရှိပြီးသည်လည်း ဖြစ်သော၊
ဒွီဟမတံ ဝါ = သေ၍ ၂- ရက် ရှိပြီးသည်လည်း ဖြစ်သော၊
တီဟမတံ ဝါ = သေ၍ ၃-ရက် ရှိပြီးသည်လည်း ဖြစ်သော၊
ဥဒ္ဓုမာတကံ = ဖူးဖူးရောင်သော၊
ဝိနီလကံ = အဖြူအနီ ရောသည်ဖြစ်၍ များသောအားဖြင့် ညိုသော အဆင်းရှိသော၊
ဝိပုဗ္ဗကဇာတံ = စီးယိုသော ပြည်ရှိသော၊
သရီရံ = အကောင်ကို။
ပဿေယျ = မြင်ရာ၏၊

သော ဣမမေဝ ကာယံ ဥပသံဟရတိ အယမ္ပိ ခေါ ကာယော ဧဝံဓမ္မော ဧဝံဘာဝီ ဧဝံအနတီတောတိ။

သောဘိက္ခု = ထိုရဟန်းသည်၊
သေယျထာပိ = မြင်သော အကောင်ကိုကဲ့သို့၊
အယမ္ပိခေါ ကာယော = ဤငါ၏ ခန္ဓာကိုယ်သည်လည်း၊
ဧဝံဓမ္မော = ဤသို့ ဖူးဖူးရောင်ခြင်း စသော သဘောရှိ၏၊
ဧဝံဘာဝီ = ဤသို့ ဖူးဖူးရောင်ခြင်းစသည် ဖြစ်လတ္တံ့၊
ဧဝံအနတီတော = ဤသို့ ဖူးဖူးရောင်ခြင်း စသော သဘောကို မလွန်နိင်၊
ဣတိ = ဤသို့၊
ဣမမေဝ ကာယံ = ဤမိမိခန္ဓာကိုယ်ကိုသာလျှင်၊
ဥပသံဟရတိ = ထပ်တူ ဆောင်၏။

ဣတိ အဇ္ဈတ္တံ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ၊ ဗဟိဒ္ဓါ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ၊ အဇ္ဈတ္တဗဟိဒ္ဓါ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ။ သမုဒယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟရတိ၊ ဝယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟရတိ၊ သမုဒယဝယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟာရတိ၊

အတ္ထိ ကာယောတိ ဝါ ပနဿ သတိ ပစ္စုပဋ္ဌိတာ ဟောတိ၊ ယာဝဒေဝ ဉာဏမတ္တာယ ပဋိဿတိမတ္တာယ၊ အနိဿိတော စ ဝိဟရတိ၊ န စ ကိဉ္စိ လောကေ ဥပါဒိယတိ။ ဧဝမ္ပိ ခေါ ဘိက္ခဝေ ဘိက္ခု ကာယေ ကာယာနုပဿီ ဝိဟရတိ။

ဣတိ = ဤသို့၊
အဇ္ဈတ္တံ ဝါ = မိမိသန္တာန်၌လည်း၊
ကာယေ = ရူပကာယ၌၊
ကာယာနုပဿီ = ရူပကာယကို အဖန် တလဲလဲ ရှုသည်ဖြစ်၍၊
ဝိဟရတိ = နေ၏ ။ပ။

ဘိက္ခဝေ = ရဟန်းတို့၊
ဧဝမ္ပိ ခေါ = ဤသို့လည်း၊
ဘိက္ခု = ရဟန်းသည်၊
ကာယေ = ရူပကာယ၌၊
ကာယာနုပဿီ = ရူပကာယကို အဖန်တလဲလဲ ရှုသည်ဖြစ်၍၊
ဝိဟရတိ = နေ၏။

ကာယာနုပဿနာ

နဝသိဝထိကပဗ္ဗ - ၂

ပုန စပရံ ဘိက္ခဝေ ဘိက္ခု သေယျထာပိ ပဿေယျ သရီရံ သိဝထိကာယ ဆဍ္ဍိတံ ကာကေဟိ ဝါ ခဇ္ဇမာနံ ကုလလေဟိ ဝါ ခဇ္ဇမာနံ ဂိဇ္ဈေဟိ ဝါ ခဇ္ဇမာနံ ကင်္ကေဟိ ဝါ ခဇ္ဇမာနံ သုနခေဟိ ဝါ ခဇ္ဇမာနံ ဗျဂ္ဃေဟိ ဝါ ခဇ္ဇမာနံ ဒီပီဟိ ဝါ ခဇ္ဇမာနံ သိင်္ဂါလေဟိ ဝါ ခဇ္ဇမာနံ ဝိဝိဓေဟိ ဝါ ပါဏကဇာတေဟိ ခဇ္ဇမာနံ။

(ခ) ဘိက္ခဝေ = ရဟန်းတို့၊
ပုန စ = တစ်ဖန်လည်း၊
အပရံ = တစ်ပါးတုံ၊
ဘိက္ခု = ရဟန်းသည်၊
သိဝထိကာယ = သုသာန်၌၊
ဆဍ္ဍိတံ = စွန့်ပစ်အပ်သော၊
ကာကေဟိ ဝါ = ကျီးတို့သည်မူလည်း၊
ခဇ္ဇမာနံ = ခဲအပ်သော၊
ကုလလေဟိ ဝါ = စွန်ရဲတို့သည်မူလည်း၊
ခဇ္ဇမာနံ = ခဲအပ်သော၊
ဂိဇ္ဈေဟိ ဝါ = လင်းတတို့သည်မူလည်း၊
ခဇ္ဇမာနံ = ခဲအပ်သော၊
ကင်္ကေဟိ ဝါ = ဘုံးပတီးငှက်တို့သည်မူလည်း၊
ခဇ္ဇမာနံ = ခဲအပ်သော၊
သုနခေဟိ ဝါ = အိမ်ခွေးတို့သည်မူလည်း၊
ခဇ္ဇမာနံ = ခဲအပ်သော၊
ဗျဂ္ဃေဟိ ဝါ = ကျားတို့သည်မူလည်း၊
ခဇ္ဇမာနံ = ခဲအပ်သော။
ဒီပီဟိ ဝါ = သစ်တို့သည်မူလည်း၊
ခဇ္ဇမာနံ = ခဲအပ်သော၊
သိင်္ဂါလေဟိ ဝါ = မြေခွေးတောခွေး တို့သည်မူလည်း၊
ခဇ္ဇမာနံ = ခဲအပ်သော၊
ဝိဝိဓေဟိ = အထူးထူး အပြားပြား များစွာကုန်သော၊
ပါဏကဇာတေဟိ ဝါ = ပိုးလောက်တို့သည်မူလည်း၊
ခဇ္ဇမာနံ = ခဲအပ်သော၊
သရီရံ = အကောင်ကို။
ပဿေယျ = မြင်ရာ၏။

သော ဣမမေဝ ကာယံ ဥပသံဟရတိ အယမ္ပိ ခေါ ကာယော ဧဝံဓမ္မော ဧဝံဘာဝီ ဧဝံအနတီတောတိ။

သောဘိက္ခု = ထိုရဟန်းသည်၊
သေယျထာပိ = မြင်သော အကောင်ကိုကဲ့သို့၊
အယမ္ပိ ခေါ ကာယော = ဤငါ၏ ခန္ဓာကိုယ်သည်လည်း၊
ဧဝံဓမ္မော = ဤသို့ ကျီး, စွန်, လင်းတစသည် ခဲအပ်သော သဘောရှိ၏၊
ဧဝံဘာဝီ = ဤသို့ ကျီး, စွန်, လင်းတစသည် ခဲအပ်သည် ဖြစ်လတ္တံ့၊
ဧဝံအနတီတော = ဤသို့ ကျီး, စွန်, လင်းတ စသည် ခဲအပ်သော သဘောကို မလွန်နိင်၊
ဣတိ = ဤသို့၊
ဣမမေဝ ကာယံ = ဤမိမိခန္ဓာကိုယ်ကိုသာလျှင်၊
ဥပသံဟရတိ = ထပ်တူဆောင်၏။

ဣတိ အဇ္ဈတ္တံ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ၊ ဗဟိဒ္ဓါ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ၊ အဇ္ဈတ္တဗဟိဒ္ဓါ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ။ သမုဒယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟရတိ၊ ဝယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟရတိ၊ သမုဒယဝယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟာရတိ၊

အတ္ထိ ကာယောတိ ဝါ ပနဿ သတိ ပစ္စုပဋ္ဌိတာ ဟောတိ၊ ယာဝဒေဝ ဉာဏမတ္တာယ ပဋိဿတိမတ္တာယ၊ အနိဿိတော စ ဝိဟရတိ၊ န စ ကိဉ္စိ လောကေ ဥပါဒိယတိ။ ဧဝမ္ပိ ခေါ ဘိက္ခဝေ ဘိက္ခု ကာယေ ကာယာနုပဿီ ဝိဟရတိ။

ဣတိ = ဤသို့၊
အဇ္ဈတ္တံ ဝါ = မိမိသန္တာန်၌လည်း၊
ကာယေ = ရူပကာယ၌၊
ကာယာနုပဿီ = ရူပကာယကို အဖန် တလဲလဲ ရှုသည်ဖြစ်၍၊
ဝိဟရတိ = နေ၏ ။ပ။

ဘိက္ခဝေ = ရဟန်းတို့၊
ဧဝမ္ပိ ခေါ = ဤသို့လည်း၊
ဘိက္ခု = ရဟန်းသည်၊
ကာယေ = ရူပကာယ၌၊
ကာယာနုပဿီ = ရူပကာယကို အဖန်တလဲလဲ ရှုသည်ဖြစ်၍၊
ဝိဟရတိ = နေ၏။

ကာယာနုပဿနာ

နဝသိဝထိကပဗ္ဗ - ၃

ပုန စပရံ ဘိက္ခဝေ ဘိက္ခု သေယျထာပိ ပဿေယျ သရီရံ သိဝထိကာယ ဆဍ္ဍိတံ အဋ္ဌိကသင်္ခလိကံ သမံသလောဟိတံ နှာရုသမ္ဗန္ဓံ။ သော ဣမမေဝ ကာယံ ဥပသံဟရတိ အယမ္ပိ ခေါ ကာယော ဧဝံဓမ္မော ဧဝံဘာဝီ ဧဝံအနတီတောတိ။

(ဂ) ဘိက္ခဝေ = ရဟန်းတို့၊
ပုန စ = တစ်ဖန်လည်း၊
အပရံ = တစ်ပါးတုံ၊
ဘိက္ခု = ရဟန်းသည်၊
သိဝထိကာယ = သုသာန်၌၊
ဆဍ္ဍိတံ = စွန့်ပစ်အပ်သော၊
အဋ္ဌိကသင်္ခလိကံ = အရိုးဆက်ရှိသော၊
သမံသလောဟိတံ = အသား, အသွေးနှင့် တကွသော၊
နှာရုသမ္ဗန္ဓံ = အကြောဖြင့် ဖွဲ့အပ်သော၊
သရီရံ = အကောင်ကို၊
ပဿေယျ = မြင်ရာ၏ ။ပ။

ဣတိ အဇ္ဈတ္တံ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ၊ ဗဟိဒ္ဓါ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ၊ အဇ္ဈတ္တဗဟိဒ္ဓါ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ။ သမုဒယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟရတိ၊ ဝယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟရတိ၊ သမုဒယဝယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟာရတိ၊

အတ္ထိ ကာယောတိ ဝါ ပနဿ သတိ ပစ္စုပဋ္ဌိတာ ဟောတိ၊ ယာဝဒေဝ ဉာဏမတ္တာယ ပဋိဿတိမတ္တာယ၊ အနိဿိတော စ ဝိဟရတိ၊ န စ ကိဉ္စိ လောကေ ဥပါဒိယတိ။ ဧဝမ္ပိ ခေါ ဘိက္ခဝေ ဘိက္ခု ကာယေ ကာယာနုပဿီ ဝိဟရတိ။

ဘိက္ခဝေ = ရဟန်းတို့၊
ဧဝမ္ပိ ခေါ = ဤသို့လည်း၊
ဘိက္ခု = ရဟန်းသည်၊
ကာယေ = ရူပကာယ၌၊
ကာယာနုပဿီ = ရူပကာယကို အဖန်တလဲလဲ ရှုသည်ဖြစ်၍၊
ဝိဟရတိ = နေ၏။

ကာယာနုပဿနာ

နဝသိဝထိကပဗ္ဗ - ၄

ပုန စပရံ ဘိက္ခဝေ ဘိက္ခု သေယျထာပိ ပဿေယျ သရီရံ သိဝထိကာယ ဆဍ္ဍိတံ အဋ္ဌိကသင်္ခလိကံ နိမံသ လောဟိတမက္ခိတံ နှာရုသမ္ဗန္ဓံ။ သော ဣမမေဝ ကာယံ ဥပသံဟရတိ အယမ္ပိ ခေါ ကာယော ဧဝံဓမ္မော ဧဝံဘာဝီ ဧဝံအနတီတောတိ။

(ဃ) ဘိက္ခဝေ = ရဟန်းတို့၊
ပုန စ = တစ်ဖန်လည်း၊
အပရံ = တစ်ပါးတုံ၊
ဘိက္ခု = ရဟန်းသည်၊
သိဝထိကာယ = သုသာန်၌၊
ဆဍ္ဍိတံ = စွန့်ပစ်အပ်သော၊
အဋ္ဌိကသင်္ခလိကံ = အရိုးဆက်ရှိသော၊
နိမံသလောဟိတမက္ခိတံ = အသားမရှိ, အသွေးဖြင့် လိမ်းကျံအပ်သော၊
နှာရုသမ္ဗန္ဓံ = အကြောဖြင့် ဖွဲ့အပ်သော၊
သရီရံ = အကောင်ကို၊
သရီရံ = အကောင်ကို၊
ပဿေယျ = မြင်ရာ၏ ။ပ။

ဣတိ အဇ္ဈတ္တံ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ၊ ဗဟိဒ္ဓါ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ၊ အဇ္ဈတ္တဗဟိဒ္ဓါ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ။ သမုဒယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟရတိ၊ ဝယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟရတိ၊ သမုဒယဝယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟာရတိ၊

အတ္ထိ ကာယောတိ ဝါ ပနဿ သတိ ပစ္စုပဋ္ဌိတာ ဟောတိ၊ ယာဝဒေဝ ဉာဏမတ္တာယ ပဋိဿတိမတ္တာယ၊ အနိဿိတော စ ဝိဟရတိ၊ န စ ကိဉ္စိ လောကေ ဥပါဒိယတိ။ ဧဝမ္ပိ ခေါ ဘိက္ခဝေ ဘိက္ခု ကာယေ ကာယာနုပဿီ ဝိဟရတိ။

ဘိက္ခဝေ = ရဟန်းတို့၊
ဧဝမ္ပိ ခေါ = ဤသို့လည်း၊
ဘိက္ခု = ရဟန်းသည်၊
ကာယေ = ရူပကာယ၌၊
ကာယာနုပဿီ = ရူပကာယကို အဖန်တလဲလဲ ရှုသည်ဖြစ်၍၊
ဝိဟရတိ = နေ၏။

ကာယာနုပဿနာ

နဝသိဝထိကပဗ္ဗ - ၅

ပုန စပရံ ဘိက္ခဝေ ဘိက္ခု သေယျထာပိ ပဿေယျ သရီရံ သိဝထိကာယ ဆဍ္ဍိတံ အဋ္ဌိကသင်္ခလိကံ အပဂတမံသလောဟိတံ နှာရုသမ္ဗန္ဓံ။ သော ဣမမေဝ ကာယံ ဥပသံဟရတိ အယမ္ပိ ခေါ ကာယော ဧဝံဓမ္မော ဧဝံဘာဝီ ဧဝံအနတီတောတိ။

(င) ဘိက္ခဝေ = ရဟန်းတို့၊
ပုန စ = တစ်ဖန်လည်း၊
အပရံ = တစ်ပါးတုံ၊
ဘိက္ခု = ရဟန်းသည်၊
သိဝထိကာယ = သုသာန်၌၊
ဆဍ္ဍိတံ = စွန့်ပစ်အပ်သော၊
အဋ္ဌိကသင်္ခလိကံ = အရိုးဆက်ရှိသော၊
အပဂတမံသလောဟိတံ = အသား အသွေး ကင်းသော၊
နှာရုသမ္ဗန္ဓံ = အကြောဖြင့် ဖွဲ့အပ်သော၊
သရီရံ = အကောင်ကို၊
သရီရံ = အကောင်ကို၊
ပဿေယျ = မြင်ရာ၏ ။ပ။

ဣတိ အဇ္ဈတ္တံ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ၊ ဗဟိဒ္ဓါ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ၊ အဇ္ဈတ္တဗဟိဒ္ဓါ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ။ သမုဒယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟရတိ၊ ဝယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟရတိ၊ သမုဒယဝယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟာရတိ၊

အတ္ထိ ကာယောတိ ဝါ ပနဿ သတိ ပစ္စုပဋ္ဌိတာ ဟောတိ၊ ယာဝဒေဝ ဉာဏမတ္တာယ ပဋိဿတိမတ္တာယ၊ အနိဿိတော စ ဝိဟရတိ၊ န စ ကိဉ္စိ လောကေ ဥပါဒိယတိ။ ဧဝမ္ပိ ခေါ ဘိက္ခဝေ ဘိက္ခု ကာယေ ကာယာနုပဿီ ဝိဟရတိ။

ဘိက္ခဝေ = ရဟန်းတို့၊
ဧဝမ္ပိ ခေါ = ဤသို့လည်း၊
ဘိက္ခု = ရဟန်းသည်၊
ကာယေ = ရူပကာယ၌၊
ကာယာနုပဿီ = ရူပကာယကို အဖန်တလဲလဲ ရှုသည်ဖြစ်၍၊
ဝိဟရတိ = နေ၏။

ကာယာနုပဿနာ

နဝသိဝထိကပဗ္ဗ - ၆

ပုန စပရံ ဘိက္ခဝေ ဘိက္ခု သေယျထာပိ ပဿေယျ သရီရံ သိဝထိကာယ ဆဍ္ဍိတံ အဋ္ဌိကာနိ အပဂတသမ္ဗာန္ဓာနိ ဒိသာ ဝိဒိသာ ဝိက္ခိတ္တာနိ၊

(စ) ဘိက္ခဝေ = ရဟန်းတို့၊
ပုန စ = တစ်ဖန်လည်း၊
အပရံ = တစ်ပါးတုံ၊
ဘိက္ခု = ရဟန်းသည်၊
သိဝထိကာယ = သုသာန်၌၊
ဆဍ္ဍိတံ = စွန့်ပစ်အပ်သော၊
ဒိသာ ဝိဒိသာ = တူရူဖြစ်သော အရပ်မျက်နှာ, အထောင့်ဖြစ်သော အရပ်မျက်နှာတို့၌၊
ဝိက္ခိတ္တာနိ = ပစ်အပ်ကုန်သော၊
အပဂတသမ္ဗန္ဓာနိ = အကြောပြတ်၍ အစပ်ကင်းကုန်သော၊
အဋ္ဌိကာနိ = အရိုးဖြစ်ကုန်သော၊
သရီရံ - သရီရာနိ = အကောင်တို့ကို၊
ပဿေယျ = မြင်ရာ၏။

အညေန ဟတ္ထဋ္ဌိကံ အညေန ပါဒဋ္ဌိကံ အညေန ဂေါပ္ဖကဋ္ဌိကံ အညေန ဇင်္ဃဋ္ဌိကံ အညေန ဦရုဋ္ဌကံ အညေန ကဋိဋ္ဌိကံ အညေန ဖာသုကဋ္ဌိကံ အညေန ပိဋ္ဌိဋ္ဌိကံ အညေန ခန္ဓဋ္ဌိကံ အညေန ဂီဝဋ္ဌိကံ အညေန ဟနုကဋ္ဌိကံ အညေန ဒန္တဋ္ဌိကံ အညေန သီသကဋာဟံ။ သော ဣမမေဝ ကာယံ ဥပသံဟရတိ အယမ္ပိ ခေါ ကာယော ဧဝံဓမ္မော ဧဝံဘာဝီ ဧဝံအနတီတောတိ။

ကီဒိသံ = အဘယ်သို့သော အကောင်ကို၊
ပဿေယျ = မြင်ရာသနည်း၊
အညေန = တစ်ပါးသော အရပ်မျက်နှာအဖို့ဖြင့်၊
ဟတ္ထဋ္ဌိကံ၊ လက်ရိုးကို၊
အညေန = တစ်ပါးသော အရပ်မျက်နှာ အဖို့ဖြင့်၊
ပါဒဋ္ဌိကံ = ခြေရိုးကို၊
အညေန = တစ်ပါး သော အရပ်မျက်နှာ အဖို့ဖြင့်၊
ဂေါပ္ဖကဋ္ဌိကံ = ဖမျက်ရိုးကို၊
အညေန = တစ်ပါးသော အရပ်မျက်နှာ အဖို့ဖြင့်၊
ဇင်္ဃဋ္ဌိကံ = မြင်းခေါင်းရိုးကို၊
အညေန = တစ်ပါးသော အရပ်မျက်နှာ အဖို့ဖြင့်၊
ဦရုဋ္ဌိကံ = ပေါင်ရိုးကို၊
အညေန = တစ်ပါးသော အရပ်မျက်နှာအဖို့ဖြင့်၊
ကဋိဋ္ဌိကံ = ခါးရိုးကို၊
အညေန = တစ်ပါးသော အရပ်မျက်နှာ အဖို့ဖြင့်၊
ဖာသုကဋ္ဌိကံ = နံရိုးကို။
အညေန = တစ်ပါးသော အရပ် မျက်နှာအဖို့ဖြင့်၊
ပိဋ္ဌိဋ္ဌိကံ = ကျောက်ဆူးရိုးကို၊
အညေန = တစ်ပါးသော အရပ်မျက်နှာ အဖို့ဖြင့်၊
ခန္ဓဋ္ဌိကံ = ပခုံးရိုးကို၊
အညေန = တစ်ပါးသော အရပ်မျက်နှာ အဖို့ဖြင့်၊
ဂီဝဋ္ဌိကံ = လည်ကုပ်ရိုးကို၊
အညေန = တစ်ပါးသော အရပ်မျက်နှာအဖို့ဖြင့်၊
ဟနုကဋ္ဌိကံ = မေးရိုးကို၊
အညေန = တစ်ပါးသော အရပ်မျက်နှာ အဖို့ဖြင့်၊
ဒန္တဋ္ဌိကံ = သွားရိုးကို၊
အညေန = တစ်ပါးသော အရပ်မျက်နှာအဖို့ဖြင့်၊
သီသကဋာဟံ = ခေါင်းခွံရိုးကို၊
ဣတိ = ဤသို့သော အကောင်ကို၊
ပဿေယျ = မြင်ရာ၏။

ဣတိ အဇ္ဈတ္တံ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ၊ ဗဟိဒ္ဓါ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ၊ အဇ္ဈတ္တဗဟိဒ္ဓါ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ။ သမုဒယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟရတိ၊ ဝယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟရတိ၊ သမုဒယဝယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟာရတိ၊

အတ္ထိ ကာယောတိ ဝါ ပနဿ သတိ ပစ္စုပဋ္ဌိတာ ဟောတိ၊ ယာဝဒေဝ ဉာဏမတ္တာယ ပဋိဿတိမတ္တာယ၊ အနိဿိတော စ ဝိဟရတိ၊ န စ ကိဉ္စိ လောကေ ဥပါဒိယတိ။ ဧဝမ္ပိ ခေါ ဘိက္ခဝေ ဘိက္ခု ကာယေ ကာယာနုပဿီ ဝိဟရတိ။

ဘိက္ခဝေ = ရဟန်းတို့၊
ဧဝမ္ပိ ခေါ = ဤသို့လည်း၊
ဘိက္ခု = ရဟန်းသည်၊
ကာယေ = ရူပကာယ၌၊
ကာယာနုပဿီ = ရူပကာယကို အဖန်တလဲလဲ ရှုသည်ဖြစ်၍၊
ဝိဟရတိ = နေ၏။

ကာယာနုပဿနာ

နဝသိဝထိကပဗ္ဗ - ၇

ပုန စပရံ ဘိက္ခဝေ ဘိက္ခု သေယျထာပိ ပဿေယျ သရီရံ သိဝထိကာယ ဆဍ္ဍိတံ အဋ္ဌိကာနိ သေတာနိ သင်္ခဝဏ္ဏပဋိဘာဂါနိ။ သော ဣမမေဝ ကာယံ ဥပသံဟရတိ အယမ္ပိ ခေါ ကာယော ဧဝံဓမ္မော ဧဝံဘာဝီ ဧဝံအနတီတောတိ။

(ဆ) ဘိက္ခဝေ = ရဟန်းတို့၊
ပုန စ = တစ်ဖန်လည်း၊
အပရံ = တစ်ပါးတုံ၊
ဘိက္ခု = ရဟန်းသည်၊
သိဝထိကာယ = သုသာန်၌၊
ဆဍ္ဍိတံ-ဆဍ္ဍိတာနိ = စွန့်ပစ်အပ်ကုန်သော၊
သေတာနိ = ဖြူကုန်သော၊
သင်္ခဝဏ္ဏပဋိဘာဂါနိသေတာနိ = ခရုသင်း အဆင်းနှင့်တူကုန်သော။
အဋ္ဌိကာနိ = အရိုးဖြစ်ကုန်သော၊
သရီရံ-သရီရာနိ = အကောင်တို့ကို၊
ပဿေယျ = မြင်ရာ၏။

ဣတိ အဇ္ဈတ္တံ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ၊ ဗဟိဒ္ဓါ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ၊ အဇ္ဈတ္တဗဟိဒ္ဓါ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ။ သမုဒယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟရတိ၊ ဝယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟရတိ၊ သမုဒယဝယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟာရတိ၊

အတ္ထိ ကာယောတိ ဝါ ပနဿ သတိ ပစ္စုပဋ္ဌိတာ ဟောတိ၊ ယာဝဒေဝ ဉာဏမတ္တာယ ပဋိဿတိမတ္တာယ၊ အနိဿိတော စ ဝိဟရတိ၊ န စ ကိဉ္စိ လောကေ ဥပါဒိယတိ။ ဧဝမ္ပိ ခေါ ဘိက္ခဝေ ဘိက္ခု ကာယေ ကာယာနုပဿီ ဝိဟရတိ။

ဘိက္ခဝေ = ရဟန်းတို့၊
ဧဝမ္ပိ ခေါ = ဤသို့လည်း၊
ဘိက္ခု = ရဟန်းသည်၊
ကာယေ = ရူပကာယ၌၊
ကာယာနုပဿီ = ရူပကာယကို အဖန်တလဲလဲ ရှုသည်ဖြစ်၍၊
ဝိဟရတိ = နေ၏။

ကာယာနုပဿနာ

နဝသိဝထိကပဗ္ဗ - ၈

ပုန စပရံ ဘိက္ခဝေ ဘိက္ခု သေယျထာပိ ပဿေယျ သရီရံ သိဝထိကာယ ဆဍ္ဍိတံ အဋ္ဌိကာနိ ပုဉ္ဇကိတာနိ တေရောဝဿိကာနိ။ သော ဣမမေဝ ကာယံ ဥပသံဟရတိ အယမ္ပိ ခေါ ကာယော ဧဝံဓမ္မော ဧဝံဘာဝီ ဧဝံအနတီတောတိ။

(ဇ) ဘိက္ခဝေ = ရဟန်းတို့၊
ပုန စ = တစ်ဖန်လည်း၊
အပရံ = တစ်ပါးတုံ၊
ဘိက္ခု = ရဟန်းသည်၊
သိဝထိကာယ = သုသာန်၌၊
ဆဍ္ဍိတံ-ဆဍ္ဍိတာနိ = စွန့်ပစ်အပ်ကုန်သော၊
ပုဉ္ဇကိတာနိ - ရာသိဝိက္ကိရဏာနိ = အစု ဖရိုဖရဲ ကြဲကုန်သော၊
တေရောဝဿိကာနိ = ခါကျူးနှစ်လည် မိုးရည်စွတ်ကာ ကြာမြင့်စွာ ဖြစ်ကုန်သော “တေရောဝဿိကာနိ - တိသြဝဿိကာနိ = သုံးနှစ် မိုးစွတ်ကုန်ပြီးသော”၊
အဋ္ဌိကာနိ = အရိုးဖြစ်ကုန်သော၊
သရီရံ-သရီရာနိ = အကောင်တို့ကို၊
ပဿေယျ = မြင်ရာ၏။

ဣတိ အဇ္ဈတ္တံ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ၊ ဗဟိဒ္ဓါ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ၊ အဇ္ဈတ္တဗဟိဒ္ဓါ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ။ သမုဒယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟရတိ၊ ဝယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟရတိ၊ သမုဒယဝယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟာရတိ၊

အတ္ထိ ကာယောတိ ဝါ ပနဿ သတိ ပစ္စုပဋ္ဌိတာ ဟောတိ၊ ယာဝဒေဝ ဉာဏမတ္တာယ ပဋိဿတိမတ္တာယ၊ အနိဿိတော စ ဝိဟရတိ၊ န စ ကိဉ္စိ လောကေ ဥပါဒိယတိ။ ဧဝမ္ပိ ခေါ ဘိက္ခဝေ ဘိက္ခု ကာယေ ကာယာနုပဿီ ဝိဟရတိ။

ဘိက္ခဝေ = ရဟန်းတို့၊
ဧဝမ္ပိ ခေါ = ဤသို့လည်း၊
ဘိက္ခု = ရဟန်းသည်၊
ကာယေ = ရူပကာယ၌၊
ကာယာနုပဿီ = ရူပကာယကို အဖန်တလဲလဲ ရှုသည်ဖြစ်၍၊
ဝိဟရတိ = နေ၏။

ကာယာနုပဿနာ

နဝသိဝထိကပဗ္ဗ - ၉

ပုန စပရံ ဘိက္ခဝေ ဘိက္ခု သေယျထာပိ ပဿေယျ သရီရံ သိဝထိကာယ ဆဍ္ဍိတံ အဋ္ဌိကာနိ ပူတီနိ စုဏ္ဏကဇာတာနိ။ သော ဣမမေဝ ကာယံ ဥပသံဟရတိ အယမ္ပိ ခေါ ကာယော ဧဝံဓမ္မော ဧဝံဘာဝီ ဧဝံအနတီတောတိ။

(ဈ) ဘိက္ခဝေ = ရဟန်းတို့၊
ပုန စ = တစ်ဖန်လည်း၊
အပရံ = တစ်ပါးတုံ၊
ဘိက္ခု = ရဟန်းသည်၊
သိဝထိကာယ = သုသာန်၌၊
ဆဍ္ဍိတံ-ဆဍ္ဍိတာနိ = စွန့်ပစ်အပ်ကုန်သော၊
ပူတီနိ = ဆွေးမြည့်ကုန်ပြီးသော၊
စုဏ္ဏကဇာတာနိ = မှုန့်မှုန့်ညက်ညက်ဖြစ်၍ ဖရိုဖရဲ ကြဲကုန်သော၊
အဋ္ဌိကာနိ = အရိုးဖြစ်ကုန်သော၊
သရီရံ-သရီရာနိ = အကောင်တို့ကို၊
ပဿေယျ = မြင်ရာ၏။

ဣတိ အဇ္ဈတ္တံ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ၊ ဗဟိဒ္ဓါ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ၊ အဇ္ဈတ္တဗဟိဒ္ဓါ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ။ သမုဒယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟရတိ၊ ဝယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟရတိ၊ သမုဒယဝယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟာရတိ၊

အတ္ထိ ကာယောတိ ဝါ ပနဿ သတိ ပစ္စုပဋ္ဌိတာ ဟောတိ၊ ယာဝဒေဝ ဉာဏမတ္တာယ ပဋိဿတိမတ္တာယ၊ အနိဿိတော စ ဝိဟရတိ၊ န စ ကိဉ္စိ လောကေ ဥပါဒိယတိ။ ဧဝမ္ပိ ခေါ ဘိက္ခဝေ ဘိက္ခု ကာယေ ကာယာနုပဿီ ဝိဟရတိ။

ဘိက္ခဝေ = ရဟန်းတို့၊
ဧဝမ္ပိ ခေါ = ဤသို့လည်း၊
ဘိက္ခု = ရဟန်းသည်၊
ကာယေ = ရူပကာယ၌၊
ကာယာနုပဿီ = ရူပကာယကို အဖန်တလဲလဲ ရှုသည်ဖြစ်၍၊
ဝိဟရတိ = နေ၏။

သစ္စာလေးပါး ခွဲပြချက်

(၁) သိဝထိကကို သိမ်းဆည်းတတ်သော သတိသည် ဒုက္ခသစ္စာ
(၂) ထိုဒုက္ခ၏ အကြောင်းဖြစ်သော တဏှာသည် သမုဒယသစ္စာ
(၃) ထိုဒုက္ခ, သမုဒယ နှစ်ပါးတို့၏ မဖြစ်ရာ နိဗ္ဗာန်သည် နိရောဓသစ္စာ
(၄) ထိုနိဗ္ဗာန်ကို အာရုံပြုသော မဂ္ဂင်ရှစ်ပါးသည် မဂ္ဂသစ္စာမည်၏။

နဝသိဝထိကပဗ္ဗံ = သိဝထိက ၉-ပိုင်းသည်။
နိဋ္ဌိတံ = ပြီးပြီ။

စုဒ္ဒသကာယာနုပဿာနာ = ၁၄-ပါးကုန်သော ကာယာနုပဿနာတို့သည်။
နိဋ္ဌိတာ၊ ပြီးကုန်ပြီ။

ဝေဒနာနုပဿနာ

၉။ ကထဉ္စ ပန ဘိက္ခဝေ ဘိက္ခု ဝေဒနာသု ဝေဒနာနုပဿီ ဝိဟရတိ။

၉။ ဘိက္ခဝေ = ရဟန်းတို့၊
ကထဉ္စ = အသို့လျှင်၊
ဘိက္ခု = ရဟန်းသည်၊
ဝေဒနာသု = ဝေဒနာတို့၌၊
ဝေဒနာနုပဿီ = ဝေဒနာကို အဖန်တလဲလဲ ရှုသည်ဖြစ်၍၊
ဝိဟရတိ = နေသနည်း၊

ဣဓ ဘိက္ခဝေ ဘိက္ခု သုခံ ဝါ ဝေဒနံ ဝေဒယမာနော သုခံ ဝေဒနံ ဝေဒယာမီတိ ပဇာနာတိ။

(က) ဘိက္ခဝေ = ရဟန်းတို့၊
ဣဓ = ဤသာသနာတော်၌၊
ဘိက္ခု = ရဟန်းသည်၊
သုခံ ဝါ ဝေဒနံ = ဣဋ္ဌာရုံကို ခံစားခြင်း လက္ခဏာရှိသော သုခ သောမနဿ ဝေဒနာ ကိုမူလည်း၊
ဝေဒယမာနော = ခံစားလျက်, ခံစားစဉ်, ခံစားသည်ဖြစ်၍, ခံစားသည်ရှိသော်, ခံစားခြင်းကြောင့်, ခံစားဆဲ, ခံစားခိုက်, ခံစားတုန်း၊
သုခံ ဝေဒနံ = သုခ ဝေဒနာကို၊
ဝေဒယာမီတိ = ခံစား၏ဟူ၍။
ပဇာနာတိ = သိ၏။

ဒုက္ခံ ဝါ ဝေဒနံ ဝေဒယမာနော ဒုက္ခံ ဝေဒနံ ဝေဒယာမီတိ ပဇာနာတိ။

(ခ) ဒုက္ခံ ဝါ ဝေဒနံ = အနိဋ္ဌာရုံကို ခံစားခြင်း လက္ခဏာရှိသော ဒုက္ခ ဒေါမနဿ ဝေဒနာကိုမူလည်း၊
ဝေဒယမာနော = ခံစားသည်ရှိသော်၊
ဒုက္ခံ ဝေဒနံ = ဒုက္ခ ဝေဒနာကို၊
ဝေဒယာမီတိ = ခံစား၏ဟူ၍။
ပဇာနာတိ = သိ၏။

အဒုက္ခမသုခံ ဝါ ဝေဒနံ ဝေဒယမာနော အဒုက္ခမသုခံ ဝေဒနံ ဝေဒယာမီတိ ပဇာနာတိ။

(ဂ) အဒုက္ခမသုခံ ဝါ ဝေဒနံ = ဣဋ္ဌမဇ္ဈတ္တာရုံကို ခံစားခြင်း လက္ခဏာရှိသော သုခမှလည်းတစ်ပါး ဒုက္ခ မှလည်း တစ်ပါး သော ဥပေက္ခာဝေဒနာ ကိုမူလည်း၊
ဝေဒယမာနော = ခံစားသည်ရှိသော်၊
အဒုက္ခမသုခံ ဝေဒနံ = ဥပေက္ခာဝေဒနာကို၊
ဝေဒယာမီတိ = ခံစား၏ဟူ၍။
ပဇာနာတိ = သိ၏။

သာမိသံ ဝါ သုခံ ဝေဒနံ ဝေဒယမာနော သာမိသံ သုခံ ဝေဒနံ ဝေဒယာမီတိ ပဇာနာတိ။

(ဃ) သာမိသံ ဝါ သုခံ ဝေဒနံ = ကာမဂုဏ်၌မှီသော သုခဝေဒနာကိုမူလည်း၊
ဝေဒယမာနော = ခံစားသည်ရှိသော်၊
သာမိသံ သုခံ ဝေဒနံ = ကာမဂုဏ်၌မှီသော သုခဝေဒနာကို၊
ဝေဒယာမီတိ = ခံစား၏ဟူ၍၊
ပဇာနာတိ = သိ၏။

နိရာမိသံ ဝါ သုခံ ဝေဒနံ ဝေဒယမာနော နိရာမိသံ သုခံ ဝေဒနံ ဝေဒယာမီတိ ပဇာနာတိ။

(င) နိရာမိသံ ဝါ သုခံ ဝေဒနံ = ကာမဂုဏ်၌မမှီသော သုခဝေဒနာကိုမူလည်း၊
ဝေဒယမာနော = ခံစားသည်ရှိသော်၊
နိရာမိသံ သုခံ ဝေဒနံ = ကာမဂုဏ်၌မမှီသော သုခဝေဒနာကို။
ဝေဒယာမီတိ = ခံစား၏ဟူ၍၊
ပဇာနာတိ = သိ၏။

သာမိသံ ဝါ ဒုက္ခံ ဝေဒနံ ဝေဒယမာနော သာမိသံ ဒုက္ခံ ဝေဒနံ ဝေဒယာမီတိ ပဇာနာတိ။

(စ) သာမိသံ ဝါ ဒုက္ခံ ဝေဒနံ = ကာမဂုဏ်၌မှီသော ဒုက္ခဝေဒနာကို၊
ဝေဒယမာနော = ခံစားသည်ရှိသော်၊
သာမိသံ ဒုက္ခံ ဝေဒနံ = ကာမဂုဏ်၌မှီသော ဒုက္ခဝေဒနာကို၊
ဝေဒယာမီတိ = ခံစား၏ဟူ၍၊
ပဇာနာတိ = သိ၏။

နိရာမိသံ ဝါ ဒုက္ခံ ဝေဒနံ ဝေဒယမာနော နိရာမိသံ ဒုက္ခံ ဝေဒနံ ဝေဒယာမီတိ ပဇာနာတိ။

(ဆ) နိရာမိသံ ဝါ ဒုက္ခံ ဝေဒနံ = ကာမဂုဏ်၌မမှီသော ဒုက္ခဝေဒနာကို၊
ဝေဒယမာနော = ခံစားသည်ရှိသော်၊
နိရာမိသံ ဒုက္ခံ ဝေဒနံ = ကာမဂုဏ်၌မမှီသော ဒုက္ခဝေဒနာကို၊
ဝေဒယာမီတိ = ခံစား၏ဟူ၍၊
ပဇာနာတိ = သိ၏။

သာမိသံ ဝါ အဒုက္ခမသုခံ ဝေဒနံ ဝေဒယမာနော သာမိသံ အဒုက္ခမသုခံ ဝေဒနံ ဝေဒယာမီတိ ပဇာနာတိ။

(ဇ) သာမိသံ ဝါ အဒုက္ခမသုခံ ဝေဒနံ = ကာမဂုဏ်၌မှီသော ဥပေက္ခာဝေဒနာ ကိုမူလည်း၊
ဝေဒယမာနော = ခံစားသည် ရှိသော်၊
သာမိသံ အဒုက္ခမသုခံ ဝေဒနံ = ကာမဂုဏ်၌မှီသော ဥပေက္ခာဝေဒနာကို၊
ဝေဒယာမီတိ = ခံစား၏ဟူ၍၊
ပဇာနာတိ = သိ၏။

နိရာမိသံ ဝါ အဒုက္ခမသုခံ ဝေဒနံ ဝေဒယမာနော နိရာမိသံ အဒုက္ခမသုခံ ဝေဒနံ ဝေဒယာမီတိ ပဇာနာတိ။

(ဈ) နိရာမိသံ ဝါ အဒုက္ခမသုခံ ဝေဒနံ = ကာမဂုဏ်၌မမှီသော ဥပေက္ခာဝေဒနာ ကိုမူလည်း၊
ဝေဒယမာနော = ခံစားသည်ရှိသော်၊
နိရာမိသံ အဒုက္ခမသုခံ ဝေဒနံ = ကာမဂုဏ်၌မမှီသော ဥပေက္ခာဝေဒနာကို၊
ဝေဒယာမီတိ = ခံစား၏ဟူ၍၊
ပဇာနာတိ = သိ၏။

ဣတိ အဇ္ဈတ္တံ ဝါ ဝေဒနာသု ဝေဒနာနုပဿီ ဝိဟရတိ၊ ဗဟိဒ္ဓါ ဝါ ဝေဒနာသု ဝေဒနာ- နုပဿီ ဝိဟရတိ၊ အဇ္ဈတ္တဗဟိဒ္ဓါ ဝါ ဝေဒနာသု ဝေဒနာနုပဿီ ဝိဟရတိ။

(ဉ) ဣတိ = ဤသို့၊
အဇ္ဈတ္တံ ဝါ = မိမိသန္တာန်၌လည်း၊
ဝေဒနာသု = ဝေဒနာတို့၌၊
ဝေဒနာနုပဿီ = ဝေဒနာကို အဖန် တလဲလဲရှုသည်ဖြစ်၍၊
ဝိဟရတိ = နေ၏၊
ဗဟိဒ္ဓါ ဝါ = အပသန္တာန်၌လည်း၊
ဝေဒနာသု = ဝေဒနာတို့၌၊
ဝေဒနာနုပဿီ = ဝေဒနာ ကို အဖန်တလဲလဲရှုသည်ဖြစ်၍၊
ဝိဟရတိ = နေ၏၊
အဇ္ဈတ္တဗဟိဒ္ဓါ ဝါ = ရံခါ မိမိသန္တာန်, ရံခါ အပသန္တာန်၌လည်း၊
ဝေဒနာသု = ဝေဒနာတို့၌၊
ဝေဒနာနုပဿီ = ဝေဒနာကို အဖန်တလဲလဲရှုသည်ဖြစ်၍၊
ဝိဟရတိ = နေ၏၊

သမုဒယဓမ္မာနုပဿီ ဝါ ဝေဒနာသု ဝိဟရတိ၊ ဝယဓမ္မာနုပဿီ ဝါ ဝေဒနာသု ဝိဟရတိ၊ သမုဒယဝယဓမ္မာနုပဿီ ဝါ ဝေဒနာသု ဝိဟရတိ။

(ဋ) ဝေဒနာသု = ဝေဒနာတို့၌၊
သမုဒယဓမ္မာနုပဿီ ဝါ = အဝိဇ္ဇာ - တဏှာ - သမ္ဖဿ ဟူသော ဖြစ်ကြောင်း သဘောကို အဖန်တလဲလဲရှုသည်ဖြစ်၍လည်း၊
ဝိဟရတိ = နေ၏၊
ဝေဒနာသု = ဝေဒနာ၌၊
ဝယဓမ္မာနုပဿီ ဝါ = အဝိဇ္ဇာ - တဏှာ - သမ္ဖဿတို့၏ ပျက်စီးကြောင်းသဘောကို အဖန်တလဲလဲ ရှုသည်ဖြစ်၍လည်း၊
ဝိဟရတိ = နေ၏၊
ဝေဒနာသု = ဝေဒနာတို့၌၊
သမုဒယဝယဓမ္မာနုပဿီ ဝါ = ဖြစ်ကြောင်း သဘော, ပျက်စီးကြောင်း သဘောကို အဖန်တလဲလဲ ရှုသည်ဖြစ်၍လည်း၊
ဝိဟရတိ = နေ၏၊

အတ္ထိ ဝေဒနာတိ ဝါ ပနဿ သတိ ပစ္စုပဋ္ဌိတာ ဟောတိ။ ယာဝဒေဝ ဉာဏမတ္တာယ ပဋိဿတိ မတ္တာယ၊

(ဌ) ဝေဒနာဝ = အာရုံကိုခံစားခြင်း သဘောတရားသည်သာလျှင်၊
အတ္ထိ = ရှိ၏၊
ဣတိ = ဤသို့၊
အဿ = ထိုရဟန်း၏၊
သတိ ဝါ ပန = သတိသည်မူလည်း၊
ပစ္စုပဋ္ဌိတာ = ရှေးရှုထင်သည်၊
ဟောတိ = ဖြစ်၏၊
သာ = ထိုဝေဒနာကို အောက်မေ့ခြင်း သတိသည်၊
ယာဝဒေဝ = အကြင်မျှလောက်၊
ဉာဏမတ္တာယ = အဆင့်ဆင့် ဝေဒနာနုပဿနာဉာဏ်၏ ပွားခြင်း အတိုင်းအရှည် အကျိုးငှါ လည်းကောင်း၊
ပဋိဿတိမတ္တာယ = အဆင့်ဆင့် အောက်မေ့ခြင်း သတိ၏ ပွားခြင်းအတိုင်းအရှည် အကျိုးငှါလည်းကောင်း၊
ဟောတိ = ဖြစ်၏။

အနိဿိတော စ ဝိဟရတိ၊ န စ ကိဉ္စိ လောကေ ဥပါဒိယတိ။ ဧဝမ္ပိ ခေါ ဘိက္ခဝေ ဘိက္ခု ဝေဒနာသု ဝေဒနာနုပဿီ ဝိဟရတိ။

(ဍ) သော ဘိက္ခု = ထိုရဟန်းသည်၊
အနိဿိတော စ = ဝေဒနာကို တဏှာ ဒိဋ္ဌိဖြင့် မမှီမူ၍လည်း၊
ဝိဟရတိ = နေ၏၊
လောကေ = ဥပါဒါနက္ခန္ဓာဟူသော လောက၌၊
ကိဉ္စိ = တစ်စုံတစ်ခုသော တရားကို၊
အတ္တာတိ ဝါ = ငါအစိုးရသော ကိုယ်ဟူ၍ ဒိဋ္ဌိအားဖြင့်လည်းကောင်း၊
အတ္တနိယန္တိ ဝါ = ငါ၏ ဥစ္စာဟူ၍ တဏှာအားဖြင့် လည်းကောင်း၊
န စ ဥပါဒိယတိ = မစွဲလမ်း၊
ဘိက္ခဝေ = ရဟန်းတို့၊
ဧဝမ္ပိ ခေါ = ဤသို့လည်း၊
ဘိက္ခု = ရဟန်းသည်၊
ဝေဒနာသု = အာရုံကို ခံစားခြင်း သဘောတရား တို့၌၊
ဝေဒနာနုပဿီ = အာရုံကို ခံစားခြင်းသဘောတရားကို အဖန်တလဲလဲရှုသည်ဖြစ်၍၊
ဝိဟရတိ = နေ၏။

ဝေဒနာနုပဿနာ၌ အထူးမှတ်ဖွယ်

အလိုရှိအပ်သော ရူပါရုံစသည်ကိုသာလျှင် ငါရပေသည်ဟူ၍ လည်းကောင်း, ရှေး၌ ရဖူးပြီးသည်ကိုလည်း ငါရလေပြီဟူ၍ လည်းကောင်း အောက်မေ့သောသူအား ဖြစ်သော သုခဝေဒနာသည် ကာမဂုဏ် ငါးပါးဟူသော သာမိသနှင့်စပ်ကြောင့် သာမိသ သုခဝေဒနာ မည်၏။

ရူပါရုံ စသည်တို့၏ အနိစ္စစသော သဘောကို မြင်၍ဖြစ်ဆဲ, ဖြစ်ပြီးသော ရူပါရုံ စသည်တို့သည် အနိစ္စ, ဒုက္ခ သဘော ရှိကုန်၏ဟု ရှုသောသူအား ဖြစ်သော သုခဝေဒနသည်ကား ကာမဂုဏ်ငါးပါးဟူသော အာမိသနှင့် မစပ်သောကြောင့် နိရာမိသ သုခဝေဒနာ မည်၏။

အလိုရှိအပ်သော ရူပါရုံစသည်ကို မရလျှင် ငါ မရပါလေဟူ၍ လည်းကောင်း, ရပြီး၍ ပျောက်ပျက်သည်ကိုလည်း ပျောက်ပျက်ခဲ့ပြီဟူ၍ လည်းကောင်း အောက်မေ့သောသူ အား ဖြစ်သော ဒုက္ခဝေဒသနာသည် ကာမဂုဏ်ငါးပါးဟူသော အာမိသ နှင့် စပ်သော ကြောင့် သာမိသဒုက္ခဒေဝဒနာ မည်၏။

ရူပါရုံစသည်တို့၏ အနိစ္စ စသော သဘောကို အရိယာ ဖိုလ်ကို တောင့်တ၍ ရအောင် အနိစ္စစသည်ဖြင့် စီးဖြန်းလျက် မရသောကြောင့် နှလုံးမသာယာသော သူအား ဖြစ်သော ဒုက္ခဝေဒနသည် ကာမဂုဏ်ငါးပါးဟူသော အာမိသနှင့် မစပ်သောကြောင့် နိရာမိသ ဒုက္ခဝေဒနာ မည်၏။

အလိုရှိအပ်သော ရူပါရုံစသည်ကို အာရုံပြု၍ ပုထုဇဉ်မိုက်အား ဖြစ်သော ဥပေက္ခာ ဝေဒနာသည် ကာမဂုဏ်ငါးပါးဟူသော သာမိသနှင့်စပ်ကြောင့် သာမိသ ဥပေက္ခာ ဝေဒနာ မည်၏။

ရူပါရုံစသည်တို့၏ အနိစ္စစသော သဘောကို မြင်၍ဖြစ်ဆဲ, ဖြစ်ပြီးသော ရူပါရုံစသည်တို့သည် အနိစ္စ, ဒုက္ခ သဘော ရှိကုန်၏ဟု ရှုသောသူအား ဖြစ်သော ဥပေက္ခာဝေဒနသည် ကာမဂုဏ်ငါးပါးဟူသော အာမိသနှင့် မစပ်သောကြောင့် နိရာမိသ ဥပေက္ခာဝေဒနာ မည်၏။

ပက်လက်အိပ်တတ်ကာမျှသော သူငယ်သည်ပင် အမိနို့ကို စို့သောအခါ ငါ သုခ ဝေဒနာကို ခံစား၏ဟု သိ၏။ ထိုသို့ သိခြင်းကို သတ္တဝါဟူသော အမှတ်သညာ မကင်း သောကြောင့် မလိုအပ်

(က) ဣဋ္ဌာရုံကို အာရုံပြု၍ သုခဝေဒနာ ဖြစ်ခြင်းမျှသာ၊
(ခ) အနိဋ္ဌာရုံကို အာရုံပြု၍ ဒုက္ခဝေဒနာ ဖြစ်ခြင်းမျှသာ၊
(ဂ) ဣဋ္ဌမဇ္ဈတ္တာရုံကို အာရုံပြု၍ ဥပေက္ခာဝေဒန ဖြစ်ခြင်းမျှသာ။

ဝေဒနာကို ခံစားတတ်သော သတ္တဝါ မရှိဟု သိခြင်းကို သတ္တဝါဟူသော အမှတ်သညာ ကင်းသောကြောင့် လိုအပ်၏

တစ်နည်းလျှင် -
(က) သုခဖြစ်သောအခါ ဒုက္ခ, ဥပေက္ခာ မဖြစ်၊
(ခ) ဒုက္ခဖြစ်သောအခါ သုခ, ဥပေက္ခာ မဖြစ်၊
(ဂ) ဥပေက္ခာဖြစ်သောအခါ သုခ, ဒုက္ခ မဖြစ်။

ဝေဒနာတို့သည် ကုန်ခြင်း, ဖောက်ပြန်ပျက်စီးခြင်း သဘော ရှိကုန်၏ဟု ဆင်ခြင် အောက်မေ့ ကြံစည်ခြင်းကိုသာ သုခ ဝေဒနာကို ခံစားသောအခါ ငါ သုခဝေဒနာကို ခံစား၏ ဟူ၍ လိုအပ်၏

သစ္စာလေးပါးခွဲပြချက်

(၁) ဝေဒနာကို သိမ်းဆည်းတတ်သော သတိသည် ဒုက္ခသစ္စာ
(၂) ထိုဒုက္ခ၏ အကြောင်းဖြစ်သော တဏှာသည် သမုဒယသစ္စာ
(၃) ထိုသစ္စာနှစ်ပါး၏ ချုပ်ရာ နိဗ္ဗာန်သည် နိရောဓသစ္စာ
(၄) ထိုနိဗ္ဗာန်ကို အာရုံပြုသော မဂ္ဂင် ရှစ်ပါးသည် မဂ္ဂသစ္စာ မည်၏။

ဝေဒနာနုပဿနာ = ဝေဒနာကို ရှုရာသော အပိုင်းသည်၊
နိဋ္ဌိတာ = ပြီးပြီ။

စိတ္တာနုပဿနာ

၁၀။ ကထဉ္စ ပန ဘိက္ခဝေ ဘိက္ခု စိတ္တေ စိတ္တာနုပဿီ ဝိဟရတိ
၁၀။ ဘိက္ခဝေ = ရဟန်းတို့၊ ကထဉ္စ = အသို့လျှင်၊ ဘိက္ခု = ရဟန်းသည်၊ စိတ္တေ = စိတ်၌၊ စိတ္တာနုပဿီ = စိတ်ကို အဖန်တလဲလဲ ရှုသည်ဖြစ်၍၊ ဝိဟရတိ = နေသနည်း၊

ဣဓ ဘိက္ခဝေ ဘိက္ခု သရာဂံ ဝါ စိတ္တံ သရာဂံ စိတ္တန္တိ ပဇာနာတိ

(က) ဘိက္ခဝေ = ရဟန်းတို့၊
ဣဓ = ဤသာသနာတော်၌၊
ဘိက္ခု = ရဟန်းသည်၊
သရာဂံ ဝါ = တပ်ခြင်း ရာဂနှင့် တကွမူလည်း ဖြစ်သော၊ စိတ္တံ = လောဘမူစိတ်ကို၊
သရာဂံ စိတ္တန္တိ = တပ်ခြင်း ရာဂနှင့် တကွ ဖြစ်သောစိတ်ဟူ၍၊
ပဇာနာတိ = သိ၏၊

ဝီတရာဂံ ဝါ စိတ္တံ ဝီတရာဂံ စိတ္တန္တိ ပဇာနာတိ

(ခ) ဝီတရာဂံ ဝါ = ရာဂကင်းသည်မူလည်းဖြစ်သော၊
စိတ္တံ = လောကီ ကုသိုလ် အဗျာကတစိတ်ကို၊
ဝီတရာဂံ စိတ္တန္တိ = ရာဂ ကင်းသောစိတ်ဟူ၍၊
ပဇာနာတိ = သိ၏။

သဒေါသံ ဝါ စိတ္တံ သဒေါသံ စိတ္တန္တိ ပဇာနာတိ

(ဂ) သဒေါသံ ဝါ = ဒေါသနှင့်တကွမူလည်းဖြစ်သော၊
စိတ္တံ = ဒေါသမူစိတ်ကို၊
သဒေါသံ စိတ္တန္တိ = ဒေါသနှင့်တကွ ဖြစ်သော စိတ်ဟူ၍၊
ပဇာနာတိ = သိ၏။

ဝီတဒေါသံ ဝါ စိတ္တံ ဝီတဒေါသံ စိတ္တန္တိ ပဇာနာတိ

(ဃ) ဝီတဒေါသံ ဝါ = ဒေါသကင်းသည်မူလည်း ဖြစ်သော၊
စိတ္တံ = လောကီ ကုသိုလ် အဗျာကတစိတ်ကို၊
ဝီတဒေါသံ စိတ္တန္တိ = ဒေါသကင်းသောစိတ်ဟူ၍၊
ပဇာနာတိ = သိ၏။

သမောဟံ ဝါ စိတ္တံ သမောဟံ စိတ္တန္တိ ပဇာနာတိ

(င) သမောဟံ ဝါ = မောဟနှင့်တကွမူလည်းဖြစ်သော၊
စိတ္တံ = မောဟမူစိတ်ကို၊
သမောဟံ စိတ္တန္တိ = မောဟနှင့်တကွ ဖြစ်သော စိတ်ဟူ၍၊
ပဇာနာတိ = သိ၏။

ဝီတမောဟံ ဝါ စိတ္တံ ဝီတမောဟံ စိတ္တန္တိ ပဇာနာတိ

(စ) ဝီတမောဟံ ဝါ = မောဟကင်းသည် မူလည်းဖြစ်သော၊
စိတ္တံ = လောကီ ကုသိုလ် အဗျာကတစိတ်ကို၊
ဝီတမောဟံ စိတ္တန္တိ = မောဟကင်းသောစိတ် ဟူ၍၊
ပဇာနာတိ = သိ၏။

သံခိတ္တံ ဝါ စိတ္တံ သံခိတ္တံ စိတ္တန္တိ ပဇာနာတိ

(ဆ) သံခိတ္တံ ဝါ = အိပ်ခြင်း, ငိုက်မြည်းခြင်းဖြင့် တွန့်သည်မူလည်းဖြစ်သော၊
စိတ္တံ = လောဘမူ, ဒေါသမူ သသင်္ခါရိက စိတ်ငါးခုစိတ်ကို၊
သံခိတ္တံ စိတ္တန္တိ = တွန့်သောစိတ်ဟူ၍၊
ပဇာနာတိ = သိ၏။

ဝိက္ခိတ္တံ ဝါ စိတ္တံ ဝိက္ခိတ္တံ စိတ္တန္တိ ပဇာနာတိ

(ဇ) ဝိက္ခိတ္တံ ဝါ = မတည်မတံ့ ပျံ့လွင့်သည်မူလည်းဖြစ်သော၊
စိတ္တံ = ဥဒ္ဓစ္စသဟဂုတ် အကုသိုလ်စိတ်ကို၊
ဝိက္ခိတ္တံ စိတ္တန္တိ = မတည်မတံ့ ပျံ့လွင့်သောစိတ်ဟူ၍၊
ပဇာနာတိ = သိ၏။

မဟဂ္ဂတံ ဝါ စိတ္တံ မဟဂ္ဂတံ စိတ္တန္တိ ပဇာနာတိ

(ဈ) မဟဂ္ဂတံ ဝါ = မြတ်သောအဖြစ်သို့ ရောက်သည်မူလည်းဖြစ်သော၊
စိတ္တံ = ရူပါဝစရ, အရူပါဝစရစိတ်ကို၊
မဟဂ္ဂတံ စိတ္တန္တိ = မဟဂ္ဂုတ်စိတ်ဟူ၍၊
ပဇာနာတိ = သိ၏။

အမဟဂ္ဂတံ ဝါ စိတ္တံ အမဟဂ္ဂတံ စိတ္တန္တိ ပဇာနာတိ

(ည) အမဟဂ္ဂတံ ဝါ = မြတ်သောအဖြစ်သို့ မရောက်သည်မူလည်း ဖြစ်သော၊
စိတ္တံ = ကာမာဝစရစိတ်ကို၊
အမဟဂ္ဂတံ စိတ္တန္တိ = ကာမာဝစရစိတ်ဟူ၍၊
ပဇာနာတိ = သိ၏။

သဥတ္တရံ ဝါ စိတ္တံ သဥတ္တရံ စိတ္တန္တိ ပဇာနာတိ

(ဋ) သဥတ္တရံ ဝါ = မိမိထက် လွန်မြတ်သော တရားရှိသည်မူလည်း ဖြစ်သော၊
စိတ္တံ = ကာမာဝစရစိတ်ကို၊
သဥတ္တရံ စိတ္တန္တိ = မိမိထက် လွန်မြတ်သော တရားရှိသော စိတ်ဟူ၍၊
ပဇာနာတိ = သိ၏။

အနုတ္တရံ ဝါ စိတ္တံ အနုတ္တရံ စိတ္တန္တိ ပဇာနာတိ

(ဌ) အနုတ္တရံ ဝါ = မိမိထက် လွန်မြတ်သော လောကီတရား မရှိသည် မူလည်းဖြစ်သော၊
စိတ္တံ = ရူပါဝစရ, အရူပါဝစရစိတ်ကို၊
အနုတ္တရံ စိတ္တန္တိ = မိမိထက်လွန်မြတ်သော တရားမရှိသော စိတ်ဟူ၍၊
ပဇာနာတိ = သိ၏။

သမာဟိတံ ဝါ စိတ္တံ သမာဟိတံ စိတ္တန္တိ ပဇာနာတိ

(ဍ) သမာဟိတံ ဝါ = ဥပစာရသမာဓိ, အပ္ပနာ သမာဓိအားဖြင့် တည်ကြည်သည် မူလည်းဖြစ်သော၊
စိတ္တံ = ကသိုဏ်း ပညတ်စသော ပဋိဘာဂနိမိတ်လျှင် အာရုံရှိသော မဟာကုသိုလ် မဟာကိရိယာစိတ်, မဟဂ္ဂုတ်ကုသိုလ် မဟဂ္ဂုတ်ကိရိယာစိတ်ကို၊
သမာဟိတံ စိတ္တန္တိ = တစ်ခုတည်းသော အာရုံကိုသာ ယူသည်ဖြစ်၍ တည်ကြည်သော စိတ်ဟူ၍၊
ပဇာနာတိ = သိ၏။

အသမာဟိတံ ဝါ စိတ္တံ အသမာဟိတံ စိတ္တန္တိ ပဇာနာတိ

(ဎ) အသမာဟိတံ ဝါ = ဥပစာရသမာဓိ, အပ္ပနာသမာဓိ အားဖြင့် မတည်ကြည် သည်မူလည်းဖြစ်သော၊
စိတ္တံ = မဟဂ္ဂုတ်ကုသိုလ် မဟဂ္ဂုတ်ကိရိယာ မှတစ်ပါးသော လောကီစိတ်ကို၊
အသမာဟိတံ စိတ္တန္တိ = ဥပစာရသမာဓိ, အပ္ပနာသမာဓိဖြင့် မတည်ကြည်သော စိတ်ဟူ၍၊
ပဇာနာတိ = သိ၏။

ဝိမုတ္တံ ဝါ စိတ္တံ ဝိမုတ္တံ စိတ္တန္တိ ပဇာနာတိ

(ဏ) ဝိမုတ္တံ ဝါ = တဒင်္ဂပဟာန်, ဝိက္ခမ္ဘနပဟာန်၏ အစွမ်းဖြင့် ကိလေသာမှ လွတ်သည်မူလည်းဖြစ်သော၊
စိတ္တံ = လောကီကုသိုလ်စိတ်ကို၊
ဝိမုတ္တံ စိတ္တန္တိ = တဒင်္ဂ, ဝိက္ခမ္ဘန၏ အစွမ်းဖြင့် ကိလေသာမှ လွတ်သော စိတ်ဟူ၍၊
ပဇာနာတိ = သိ၏။

အဝိမုတ္တံ ဝါ စိတ္တံ အဝိမုတ္တံ စိတ္တန္တိပဇာနာတိ

(တ) အဝိမုတ္တံ ဝါ = တဒင်္ဂပဟာန်, ဝိက္ခမ္ဘနပဟာန်၏ အစွမ်းဖြင့် ကိလေသာမှ မလွတ်သည်မူလည်းဖြစ်သော၊
စိတ္တံ = လောကီကုသိုလ် ကိရိယာမှတစ်ပါးသော အကုသိုလ်, လောကီဝိပါက် အဗျာကတစိတ်ကို၊
အဝိမုတ္တံ စိတ္တန္တိ = တဒင်္ဂ, ဝိက္ခမ္ဘန၏ အစွမ်းဖြင့် ကိလေသာမှ မလွတ်သောစိတ်ဟူ၍၊
ပဇာနာတိ = သိ၏။

ဣတိ အဇ္ဈတ္တံ ဝါ စိတ္တေ စိတ္တာနုပဿီ ဝိဟရတိ၊ ဗဟိဒ္ဓါ ဝါ စိတ္တေ စိတ္တာနုပဿီ ဝိဟရတိ၊ အဇ္ဈတ္တဗဟိဒ္ဓါ ဝါ စိတ္တေ စိတ္တာနုပဿီ ဝိဟရတိ

(ထ) ဣတိ = ဤသို့၊
အဇ္ဈတ္တံ ဝါ = မိမိသန္တာန်၌လည်း၊ စိတ္တေ = စိတ်၌၊ စိတ္တာနုပဿီ = သရာဂစိတ် စသည်ကို အဖန်တလဲလဲ ရှုသည်ဖြစ်၍၊ ဝိဟရတိ = နေ၏၊
ဗဟိဒ္ဓါ ဝါ = အပသန္တာန်၌လည်း၊ စိတ္တေ = စိတ်၌၊ စိတ္တာနုပဿီ = သရာဂစိတ်စသည်ကို အဖန်တလဲလဲ ရှုသည်ဖြစ်၍၊ ဝိဟရတိ = နေ၏၊
အဇ္ဈတ္တဗဟိဒ္ဓါ ဝါ = ရံခါ မိမိသန္တာန်, ရံခါ အပသန္တာန်၌လည်း၊ စိတ္တေ = စိတ်၌၊ ဝေဒနာနုပဿီ = သရာဂစိတ်စသည်ကို အဖန်တလဲလဲ ရှုသည်ဖြစ်၍၊ ဝိဟရတိ = နေ၏၊

သမုဒယဓမ္မာနုပဿီ ဝါ စိတ္တသ္မိံ ဝိဟရတိ၊ ဝယဓမ္မာနုပဿီ ဝါ စိတ္တသ္မိံ ဝိဟရတိ၊ သမုဒယဝယဓမ္မာနုပဿီ ဝါ စိတ္တသ္မိံ ဝိဟရတိ

(ဒ) စိတ္တသ္မိံ = စိတ်၌၊
သမုဒယဓမ္မာနုပဿီ ဝါ = အဝိဇ္ဇာ, တဏှာ, ကံ, နာမ် ရုပ်ဟူသော ဖြစ်ကြောင်း သဘောကို အဖန်တလဲလဲ ရှုသည်ဖြစ်၍လည်း၊ ဝိဟရတိ = နေ၏၊
စိတ္တသ္မိံ = စိတ်၌၊
ဝယဓမ္မာနုပဿီ ဝါ = အဝိဇ္ဇာ, တဏှာ, ကံ, နာမ် ရုပ်တို့၏ ချုပ်ခြင်းဟူသော ပျက်စီးကြောင်း သဘောကို အဖန်တလဲလဲ ရှုသည်ဖြစ်၍လည်း၊ ဝိဟရတိ = နေ၏၊
စိတ္တသ္မိံ = စိတ်၌၊
သမုဒယဝယဓမ္မာနုပဿီ ဝါ = ဖြစ်ကြောင်း သဘော, ပျက်စီးကြောင်း သဘောကို အဖန်တလဲလဲ ရှုသည်ဖြစ်၍လည်း၊ ဝိဟရတိ = နေ၏၊

အတ္ထိ စိတ္တန္တိ ဝါ ပနဿ သတိ ပစ္စုပဋ္ဌိတာ ဟောတိ။ ယာဝဒေဝ ဉာဏမတ္တာယ ပဋိဿတိမတ္တာယ

(ဓ) စိတ္တံ = အာရုံကို သိခြင်း သဘောတရား သည်သာလျှင်၊ အတ္ထိ = ရှိ၏၊ ဣတိ = ဤသို့၊
အဿ = ထိုရဟန်း၏၊ သတိ ဝါ ပန = သတိသည်မူလည်း၊ ပစ္စုပဋ္ဌိတာ = ရှေးရှုထင်သည်၊ ဟောတိ = ဖြစ်၏၊
သာ = ထိုစိတ်ကို အောက်မေ့ခြင်း သတိသည်၊ ယာဝဒေဝ = အကြင်မျှလောက်၊
ဉာဏမတ္တာယ = အဆင့်ဆင့် စိတ္တာနုပဿနာဉာဏ်၏ ပွားခြင်းအတိုင်းအရှည် အကျိုးငှါလည်းကောင်း၊
ပဋိဿတိမတ္တာယ = အဆင့်ဆင့် စိတ်ကို အောက်မေ့ခြင်း သတိ၏ ပွားခြင်း အတိုင်းအရှည် အကျိုးငှါလည်းကောင်း၊ ဟောတိ = ဖြစ်၏။

အနိဿိတော စ ဝိဟရတိ၊ န စ ကိဉ္စိ လောကေ ဥပါဒိယတိ။ ဧဝမ္ပိ ခေါ ဘိက္ခဝေ ဘိက္ခု စိတ္တေ စိတ္တာနုပဿီ ဝိဟရတိ

(န) သော ဘိက္ခု = ထိုရဟန်းသည်၊ အနိဿိတော စ = စိတ်ကို တဏှာ ဒိဋ္ဌိဖြင့် မမှီမူ၍လည်း၊ ဝိဟရတိ = နေ၏၊
လောကေ = ဥပါဒါနက္ခန္ဓာဟူသော လောက၌၊ ကိဉ္စိ = တစ်စုံတစ်ခုသော တရားကို၊
အတ္တာတိ ဝါ = ငါအစိုးရသော ကိုယ်ဟူ၍ ဒိဋ္ဌိအားဖြင့် လည်းကောင်း၊ အတ္တနိယန္တိ ဝါ = ငါ၏ ဥစ္စာဟူ၍ တဏှာအားဖြင့် လည်းကောင်း၊ န စ ဥပါဒိယတိ = မစွဲလမ်း၊
ဘိက္ခဝေ = ရဟန်းတို့၊ ဧဝမ္ပိ ခေါ = ဤသို့လည်း၊ ဘိက္ခု = ရဟန်းသည်၊
စိတ္တေ = အာရုံကို သိခြင်း လက္ခဏာရှိသော စိတ်၌၊ ဝေဒနာနုပဿီ = အာရုံကို သိခြင်း သဘောတရားကို အဖန်တလဲလဲရှုသည်ဖြစ်၍၊
ဝိဟရတိ = နေ၏။

သစ္စာလေးပါးခွဲပြချက်

(၁) စိတ်ကို သိမ်းဆည်းတတ်သော သတိသည် ဒုက္ခသစ္စာ
(၂) ထိုဒုက္ခ၏ အကြောင်းဖြစ်သော တဏှာသည် သမုဒယသစ္စာ
(၃) ထိုသစ္စာနှစ်ပါး၏ ချုပ်ရာ နိဗ္ဗာန်သည် နိရောဓသစ္စာ
(၄) ထိုနိဗ္ဗာန်ကို အာရုံပြုသော မဂ္ဂင် ရှစ်ပါးသည် မဂ္ဂသစ္စာ မည်၏။

စိတ္တာနုပဿနာ = စိတ်ကိုရှုရာသော အပိုင်းသည်၊ နိဋ္ဌိတာ = ပြီးပြီ။

ဓမ္မာနုပဿနာ (နီဝရဏပိုင်း)

၁၁။ ကထဉ္စ ပန ဘိက္ခဝေ ဘိက္ခု ဓမ္မေသု ဓမ္မာနုပဿီ ဝိဟရတိ
၁၁။ (က) ဘိက္ခဝေ = ရဟန်းတို့၊ ကထဉ္စ = အသို့လျှင်၊ ဘိက္ခု = ရဟန်းသည်၊ ဓမ္မေသု = ရုပ်နာမ်တရားတို့၌၊
ဓမ္မာနုပဿီ = ရုပ်နာမ်တရားကို အဖန်တလဲလဲရှုသည်ဖြစ်၍၊ ဝိဟရတိ = နေသနည်း။

ဣဓ ဘိက္ခဝေ ဘိက္ခု ဓမ္မေသု ဓမ္မာနုပဿီ ဝိဟရတိ ပဉ္စသု နီဝရဏေသု

ဘိက္ခဝေ = ရဟန်းတို့၊ ဣဓ = ဤသာသနာတော်၌၊ ဘိက္ခု = ရဟန်းသည်၊ ပဉ္စသု = ငါးပါးကုန်သော၊
နီဝရဏေသု = ပိတ်ပင်ဖုံးလွှမ်း တတ်သောကြောင့် နီဝရဏ မည်ကုန်သော၊ ဓမ္မေသု = သင်္ခါရက္ခန္ဓာ တရားတို့၌၊
ဓမ္မာနုပဿီ = နီဝရဏ တည်းဟူသော သင်္ခါရက္ခန္ဓာတရားကို အဖန်တလဲလဲ ရှုသည်ဖြစ်၍၊ ဝိဟရတိ = နေ၏။

ကထဉ္စ ပန ဘိက္ခဝေ ဘိက္ခု ဓမ္မေသု ဓမ္မာနုပဿီ ဝိဟရတိ ပဉ္စသု နီဝရဏေသု

(ခ) ဘိက္ခဝေ = ရဟန်းတို့၊ ကထဉ္စ = အသို့လျှင်၊ ဣဓ = ဤသာသနာတော်၌၊ ဘိက္ခု = ရဟန်းသည်၊
ပဉ္စသု = ငါးပါး ကုန်သော၊ နီဝရဏေသု = ပိတ်ပင်ဖုံးလွှမ်း တတ်သောကြောင့် နီဝရဏ မည်ကုန်သော၊ ဓမ္မေသု = သင်္ခါရက္ခန္ဓာ တရားတို့၌၊
ဓမ္မာနုပဿီ = နီဝရဏ တည်းဟူသော သင်္ခါရက္ခန္ဓာ တရားကို အဖန်တလဲလဲ ရှုသည်ဖြစ်၍၊ ဝိဟရတိ = နေသနည်း။

ဣဓ ဘိက္ခဝေ ဘိက္ခု သန္တံ ဝါ အဇ္ဈတ္တံ ကာမစ္ဆန္ဒံ အတ္ထိ မေ အဇ္ဈတ္တံ ကာမစ္ဆန္ဒောတိ ပဇာနာတိ

(၁) ဘိက္ခဝေ = ရဟန်းတို့၊ ဣဓ = ဤသာသနာတော်၌၊ ဘိက္ခု = ရဟန်းသည်၊
အဇ္ဈတ္တံ = မိမိသန္တာန်၌၊ သန္တံ ဝါ = မပြတ်ဖြစ်သဖြင့် ထင်ရှားရှိသည် မူလည်းဖြစ်သော၊
ကာမစ္ဆန္ဒံ = ကာမဂုဏ်၌ တပ်တတ်သော လောဘကို၊ မေ = ငါ၏၊ အဇ္ဈတ္တံ = အတွင်းသန္တာန်၌၊
ကာမစ္ဆန္ဒော = ကာမစ္ဆန္ဒသည်၊ အတ္ထိ = ရှိ၏၊ ဣတိ = ဤသို့၊ ပဇာနာတိ = သိ၏။

အသန္တံ ဝါ အဇ္ဈတ္တံ ကာမစ္ဆန္ဒံ နတ္ထိ မေ အဇ္ဈတ္တံ ကာမစ္ဆန္ဒောတိ ပဇာနာတိ

အဇ္ဈတ္တံ = မိမိသန္တာန်၌၊ အသန္တံ ဝါ = မပြတ်မဖြစ်ခြင်း, ပယ်ခြင်းကြောင့် ထင်ရှားမရှိသည် မူလည်းဖြစ်သော၊
ကာမစ္ဆန္ဒံ = ကာမစ္ဆန္ဒကို၊ မေ = ငါ၏၊ အဇ္ဈတ္တံ = အတွင်းသန္တာန်၌၊ ကာမစ္ဆန္ဒော = ကာမစ္ဆန္ဒသည်၊
နတ္ထိ = မရှိ၊ ဣတိ = ဤသို့၊ ပဇာနာတိ = သိ၏။

ယထာ စ အနုပ္ပန္နဿ ကာမစ္ဆန္ဒဿ ဥပ္ပါဒေါ ဟောတိ တဉ္စ ပဇာနာတိ

ယထာ စ = အကြင်ရှေးရှေးသော ကာမစ္ဆန္ဒ သုဘအာရုံ၌ မသင့်သော နှလုံးသွင်းခြင်း ကြောင့်လည်း၊
အနုပ္ပန္နဿ = ဥပါဒ်သို့ မရောက်သော၊ ကာမစ္ဆန္ဒဿ = ကာမစ္ဆန္ဒ၏၊ ဥပ္ပါဒေါ = ဥပါဒ်ခြင်းသည်၊ ဟောတိ = ဖြစ်၏။၊
တဉ္စ = ထို ရှေးရှေးသော ကာမစ္ဆန္ဒ သုဘအာရုံ၌ မသင့်သော နှလုံးသွင်းခြင်း ဟူသော အကြောင်းကိုလည်း၊ ပဇာနာတိ = သိ၏။

ယထာ စ ဥပ္ပန္နဿ ကာမစ္ဆန္ဒဿ ပဟာနံ ဟောတိ တဉ္စ ပဇာနာတိ

ယထာ စ = အကြင်အသုဘ စသည်ကို အသုဘစသည်ဖြင့် သင်တင့်သော နှလုံး သွင်းခြင်းကြောင့်လည်း၊
ဥပ္ပန္နဿ = ဖြစ်သော၊ ကာမစ္ဆန္ဒဿ = ကာမစ္ဆန္ဒကို၊ ပဟာနံ = တဒင်္ဂ, ဝိက္ခမ္ဘနအားဖြင့် ပယ်ခြင်းသည်၊
ဟောတိ = ဖြစ်၏၊ တဉ္စ = ထို အသုဘအာရုံ၌ အသင့်နှလုံးသွင်းခြင်းဟူသော အကြောင်းကိုလည်း၊ ပဇာနာတိ = သိ၏။

ယထာ စ ပဟီနဿ ကာမစ္ဆန္ဒဿ အာယတိံ အနုပ္ပါဒေါ ဟောတိ တဉ္စ ပဇာနာတိ

ယထာ စ = အကြင်တဒင်္ဂ, ဝိက္ခမ္ဘနအားဖြင့်လည်း၊ ပဟီနဿ = ပယ်အပ်ပြီးသော၊ ကာမစ္ဆန္ဒဿ = ကာမစ္ဆန္ဒ၏၊
အာယတိံ = နောင်အခါ၌၊ အနုပ္ပါဒေါ = အရဟတ္တမဂ်ဖြင့် မဖြစ်ခြင်းသည်၊ ဟောတိ = ဖြစ်၏၊ တဉ္စ = ထိုအသစ်တစ်ဖန် မဖြစ်ခြင်း အကြောင်းကိုလည်း၊ ပဇာနာတိ = သိ၏။

သန္တံ ဝါ အဇ္ဈတ္တံ ဗျာပါဒံ အတ္ထိ မေ အဇ္ဈတ္တံ ဗျာပါဒေါတိ ပဇာနာတိ

(၂) အဇ္ဈတ္တံ = မိမိသန္တာန်၌၊ သန္တံ ဝါ = မပြတ်ဖြစ်သဖြင့် ထင်ရှားရှိသည်မူလည်းဖြစ်သော၊ ဗျာပါဒံ = ဒေါသကို၊
မေ = ငါ၏၊ အဇ္ဈတ္တံ = အတွင်းသန္တာန်၌၊ ဗျာပါဒေါ = ဒေါသသည်၊ အတ္ထိ = ရှိ၏၊ ဣတိ = ဤသို့၊ ပဇာနာတိ = သိ၏။

အသန္တံ ဝါ အဇ္ဈတ္တံ ဗျာပါဒံ နတ္ထိ မေ အဇ္ဈတ္တံ ဗျာပါဒေါတိ ပဇာနာတိ

အဇ္ဈတ္တံ = မိမိသန္တာန်၌၊ အသန္တံ ဝါ = မပြတ်မဖြစ်ခြင်း, ပယ်ခြင်းကြောင့် ထင်ရှားမရှိသည် မူလည်းဖြစ်သော၊
ဗျာပါဒံ = ဒေါသကို၊ မေ = ငါ၏၊ အဇ္ဈတ္တံ = အတွင်းသန္တာန်၌၊ ဗျာပါဒေါ = ဒေါသသည်၊ နတ္ထိ = မရှိ၊ ဣတိ = ဤသို့၊ ပဇာနာတိ = သိ၏။

ယထာ စ အနုပ္ပန္နဿ ဗျာပါဒဿ ဥပ္ပါဒေါ ဟောတိ တဉ္စ ပဇာနာတိ

ယထာ စ = အကြင်ရှေးရှေးသော ဒေါသပဋိဃအာရုံ၌ မသင့်သော နှလုံးသွင်းခြင်း ဟူသော အကြောင်းကြောင့်လည်း၊
အနုပ္ပန္နဿ = ဥပါဒ်သို့ မရောက်သော၊ ဗျာပါဒဿ = ဒေါသ၏၊ ဥပ္ပါဒေါ = ဥပါဒ်ခြင်းသည်၊ ဟောတိ = ဖြစ်၏၊
တဉ္စ = ထိုရှေး ရှေးသော ဒေါသ ပဋိဃအာရုံ၌ မသင့်သော နှလုံးသွင်းခြင်းဟူသော အကြောင်းကိုလည်း၊ ပဇာနာတိ = သိ၏။

ယထာ စ ဥပ္ပန္နဿ ဗျာပါဒဿ ပဟာနံ ဟောတိ၊ တဉ္စ ပဇာနာတိ

ယထာ စ = အကြင် မေတ္တာ, စေတောဝိမုတ္တိ, အသင့်နှလုံးသွင်းခြင်း ဟူသော အကြောင်းကြောင့်လည်း၊
ဥပ္ပန္နဿ = ဖြစ်သော၊ ဗျာပါဒဿ = ဒေါသကို၊ ပဟာနံ = တဒင်္ဂ, ဝိက္ခမ္ဘနအားဖြင့် ပယ်ခြင်းသည်၊ ဟောတိ = ဖြစ်၏၊
တဉ္စ = ထိုမေတ္တာ, စေတောဝိမုတ္တိ, အသင့် နှလုံးသွင်းခြင်း ဟူသော အကြောင်း ကိုလည်း၊ ပဇာနာတိ = သိ၏။

ယထာ စ ပဟီနဿ ဗျာပါဒဿ အာယတိံ အနုပ္ပါဒေါ ဟောတိ တဉ္စ ပဇာနာတိ

ယထာ စ = အကြင်တဒင်္ဂ, ဝိက္ခမ္ဘနအားဖြင့်လည်း၊ ပဟီနဿ = ပယ်အပ်ပြီးသော၊ ဗျာပါဒဿ = ဒေါသ၏၊
အာယတိံ = နောင်အခါ၌၊ အနုပ္ပါဒေါ = အနာဂါမိမဂ်ဖြင့် မဖြစ်ခြင်းသည်၊ ဟောတိ = ဖြစ်၏၊
တဉ္စ = ထိုအသစ်တစ်ဖန် မဖြစ်ခြင်းဟူသော အကြောင်းကိုလည်း၊ ပဇာနာတိ = သိ၏။

သန္တံ ဝါ အဇ္ဈတ္တံ ထိနမိဒ္ဓံ အတ္ထိ မေ အဇ္ဈတ္တံ ထိနမိဒ္ဓန္တိ ပဇာနာတိ

(၃) အဇ္ဈတ္တံ = မိမိသန္တာန်၌၊ သန္တံ ဝါ = မပြတ်ဖြစ်သဖြင့် ထင်ရှားရှိသည်မူလည်းဖြစ်သော၊ ထိနမိဒ္ဓံ = အိပ်ခြင်း, ငိုက်မျဉ်းခြင်းကို၊
မေ = ငါ၏၊ အဇ္ဈတ္တံ = အတွင်းသန္တာန်၌၊ ထိနမိဒ္ဓံ = ထိနမိဒ္ဓသည်၊ အတ္ထိ = ရှိ၏၊ ဣတိ = ဤသို့၊
ပဇာနာတိ = သိ၏။

အသန္တံ ဝါ အဇ္ဈတ္တံ ထိနမိဒ္ဓံ နတ္ထိ မေ အဇ္ဈတ္တံ ထိနမိဒ္ဓန္တိ ပဇာနာတိ

အဇ္ဈတ္တံ = မိမိသန္တာန်၌၊ အသန္တံ ဝါ = မပြတ်မဖြစ်ခြင်း, ပယ်ခြင်းကြောင့် ထင်ရှားမရှိသည်မူလည်းဖြစ်သော၊
ထိနမိဒ္ဓံ = ထိနမိဒ္ဓကို၊ မေ = ငါ၏၊ အဇ္ဈတ္တံ = အတွင်းသန္တာန်၌၊ ထိနမိဒ္ဓံ = ထိနမိဒ္ဓသည်၊ နတ္ထိ = မရှိ၊ ဣတိ = ဤသို့၊ ပဇာနာတိ = သိ၏။

ယထာ စ အနုပ္ပန္နဿ ထိနမိဒ္ဓဿ ဥပ္ပါဒေါ ဟောတိ တဉ္စ ပဇာနာတိ

ယထာ စ = အကြင်မမွေ့လျော်ခြင်း, ပျင်းရိခြင်း, ကိုယ်တစန့်စန့် လူးလွန့်ခြင်း, ထမင်းဆီယစ်ခြင်း, စိတ်စက်မခံ့ခြင်း, မသင့်သော နှလုံးသွင်းခြင်း ဟူသော အကြောင်း ၏ကြောင့်လည်း၊
အနုပ္ပန္နဿ = ဥပါဒ်သို့ မရောက်သော၊ ထိနမိဒ္ဓဿ = ထိနမိဒ္ဓ၏၊ ဥပ္ပါဒေါ = ဥပါဒ်ခြင်းသည်၊ ဟောတိ = ဖြစ်၏၊
တဉ္စ = ထိုမမွေ့လျော်ခြင်းစသော အကြောင်းကိုလည်း၊ ပဇာနာတိ = သိ၏။

ယထာ စ ဥပ္ပန္နဿ ထိနမိဒ္ဓဿ ပဟာနံ ဟောတိ တဉ္စ ပဇာနာတိ

ယထာ စ = အကြင် ရှေးဦးအစ အားထုတ်ခြင်း အာရမ္ဘဓာတ်, ပျင်းရိခြင်းမှ ထွက်မြောက်ခြင်း နိက္ကမဓာတ်, အဆင့်ဆင့် အားထုတ်ခြင်း ပရက္ကမဓာတ်၌ အသင့် နှလုံးသွင်းခြင်းဟူသော အကြောင်းကြောင့်လည်း၊
ဥပ္ပန္နဿ = ဖြစ်သော၊ ထိနမိဒ္ဓဿ = ထိနမိဒ္ဓကို၊
ပဟာနံ = တဒင်္ဂ, ဝိက္ခမ္ဘနအားဖြင့် ပယ်ခြင်းသည်၊ ဟောတိ = ဖြစ်၏၊ တဉ္စ = ထိုအာရမ္ဘဓာတ်စသော အကြောင်းကိုလည်း၊ ပဇာနာတိ = သိ၏။

ယထာ စ ပဟီနဿ ထိနမိဒ္ဓဿ အာယတိံ အနုပ္ပါဒေါ ဟောတိ တဉ္စ ပဇာနာတိ

ယထာ စ = အကြင် တဒင်္ဂ, ဝိက္ခမ္ဘနအားဖြင့်လည်း၊ ပဟီနဿ = ပယ်အပ်ပြီးသော၊ ထိနမိဒ္ဓဿ = ထိနမိဒ္ဓ၏၊
အာယတိံ = နောင်အခါ၌၊ အနုပ္ပါဒေါ = အရဟတ္တမဂ်ဖြင့် မဖြစ်ခြင်းသည်၊ ဟောတိ = ဖြစ်၏၊
တဉ္စ = ထိုအသစ်တစ်ဖန် မဖြစ်ခြင်းဟူသော အကြောင်းကိုလည်း၊ ပဇာနာတိ = သိ၏။

သန္တံ ဝါ အဇ္ဈတ္တံ ဥဒ္ဓစ္စကုက္ကုစ္စံ အတ္ထိ မေ အဇ္ဈတ္တံ ဥဒ္ဓစ္စကုက္ကုစ္စန္တိ ပဇာနာတိ

(၄) အဇ္ဈတ္တံ = မိမိသန္တာန်၌၊ သန္တံ ဝါ = မပြတ်ဖြစ်သဖြင့် ထင်ရှားရှိသည်မူလည်းဖြစ်သော၊
ဥဒ္ဓစ္စကုက္ကုစ္စံ = စိတ်၏ မငြိမ်သက်ခြင်း လက္ခဏာရှိသော၊ ဥပ္ပန္နံ = ပြုအပ်ပြီးသော ဒုစရိုက်, မပြုခဲ့မိသော သုစရိုက်တို့၌ အဖန်တလဲလဲ စိုးရိမ်ခြင်း လက္ခဏာရှိသော ကုက္ကုစ္စကို၊
မေ = ငါ၏၊ အဇ္ဈတ္တံ = အတွင်းသန္တာန်၌၊ ဥဒ္ဓစ္စကုက္ကုစ္စံ = ဥဒ္ဓစ္စကုက္ကုစ္စသည်၊ အတ္ထိ = ရှိ၏၊ ဣတိ = ဤသို့၊
ပဇာနာတိ = သိ၏။

အသန္တံ ဝါ အဇ္ဈတတံ ဥဒ္ဓစ္စကုက္ကုစ္စံ နတ္ထိ မေ အဇ္ဈတ္တံ ဥဒ္ဓစ္စကုက္ကုစ္စန္တိ ပဇာနာတိ

အဇ္ဈတ္တံ = မိမိသန္တာန်၌၊ အသန္တံ ဝါ = မပြတ်မဖြစ်ခြင်း, ပယ်ခြင်းကြောင့် ထင်ရှားမရှိသည်မူလည်းဖြစ်သော၊
ဥဒ္ဓစ္စကုက္ကုစ္စံ = ဥဒ္ဓစ္စကုက္ကုစ္စကို၊ မေ = ငါ၏၊ အဇ္ဈတ္တံ = အတွင်းသန္တာန်၌၊ ဥဒ္ဓစ္စကုက္ကုစ္စံ = ဥဒ္ဓစ္စကုက္ကုစ္စသည်၊
နတ္ထိ = မရှိ၊ ဣတိ = ဤသို့၊ ပဇာနာတိ = သိ၏။

ယထာ စ အနုပ္ပန္နဿ ဥဒ္ဓစ္စကုက္ကုစ္စဿ ဥပ္ပါဒေါ ဟောတိ တဉ္စ ပဇာနာတိ

ယထာ စ = အကြင်စိတ်၏ မငြိမ်သက်သော အခြင်းအရာ, မသင့်သော နှလုံးသွင်းခြင်း ဟူသော အကြောင်းကြောင့်လည်း၊
အနုပ္ပန္နဿ = ဥပါဒ်သို့ မရောက်သော၊ ဥဒ္ဓစ္စကုက္ကုစ္စဿ = ဥဒ္ဓစ္စကုက္ကုစ္စ၏၊ ဥပ္ပါဒေါ = ဥပါဒ်ခြင်းသည်၊ ဟောတိ = ဖြစ်၏၊
တဉ္စ = ထိုစိတ်၏ မငြိမ်သက်သော အခြင်းအရာဟူသော အကြောင်းကိုလည်း၊ ပဇာနာတိ = သိ၏။

ယထာ စ ဥပ္ပန္နဿ ဥဒ္ဓစ္စကုက္ကုစ္စဿ ပဟာနံ ဟောတိ တဉ္စ ပဇာနာတိ

ယထာ စ = အကြင်စိတ်၏ မငြိမ်သက်သော အခြင်းအရာ, အသင့်နှလုံးသွင်းခြင်း ဟူသော အကြောင်းကြောင့်လည်း၊
ဥပ္ပန္နဿ = ဖြစ်သော၊ ဥဒ္ဓစ္စကုက္ကုစ္စဿ = ဥဒ္ဓစ္စကုက္ကုစ္စကို၊ ပဟာနံ = တဒင်္ဂ, ဝိက္ခမ္ဘနအားဖြင့် ပယ်ခြင်းသည်၊
ဟောတိ = ဖြစ်၏၊ တဉ္စ = ထိုစိတ်၏ မငြိမ်သက်ခြင်းဟူသော အကြောင်းကိုလည်း၊ ပဇာနာတိ = သိ၏။

ယထာ စ ပဟီနဿ ဥဒ္ဓစ္စကုက္ကုစ္စဿ အာယတိံ အနုပ္ပါဒေါဟောတိ တဉ္စ ပဇာနာတိ

ယထာ စ = အကြင် တဒင်္ဂ, ဝိက္ခမ္ဘနအားဖြင့်လည်း၊ ပဟီနဿ = ပယ်အပ်ပြီးသော၊ ဥဒ္ဓစ္စကုက္ကုစ္စဿ = ဥဒ္ဓစ္စကုက္ကုစ္စ ၏၊
အာယတိံ = နောင်အခါ၌၊ အနုပ္ပါဒေါ = ဥဒ္ဓစ္စ၏ အနာဂါမိမဂ်ဖြင့် မဖြစ်ခြင်း, ကုက္ကုစ္စ၏ အရဟတ္တမဂ်ဖြင့် မဖြစ်ခြင်းသည်၊
ဟောတိ = ဖြစ်၏၊ တဉ္စ = ထိုအသစ်တစ်ဖန် မဖြစ်ခြင်းဟူသော အကြောင်းကိုလည်း၊ ပဇာနာတိ = သိ၏။

သန္တံ ဝါ အဇ္ဈတ္တံ ဝိစိကိစ္ဆံ အတ္ထိ မေ အဇ္ဈတ္တံ ဝိစိကိစ္ဆာတိ ပဇာနာတိ

(၅) အဇ္ဈတ္တံ = မိမိသန္တာန်၌၊ သန္တံ ဝါ = မပြတ်ဖြစ်သဖြင့် ထင်ရှားရှိသည်မူလည်းဖြစ်သော၊
ဝိစိကိစ္ဆံ = သို့လော သို့လော တွေးတော ရွံရှာ သင်္ကာမကင်း ယုံမှားခြင်း လက္ခဏာရှိသော ဝိစိကိစ္ဆာကို၊
မေ = ငါ၏၊ အဇ္ဈတ္တံ = အတွင်းသန္တာန်၌၊ ဝိစိကိစ္ဆံ = အာရုံကို မဆုံးဖြတ်နိုင်ခြင်း ဝိစိကိစ္ဆာသည်၊
အတ္ထိ = ရှိ၏၊ ဣတိ = ဤသို့၊ ပဇာနာတိ = သိ၏။

အသန္တံ ဝါ အဇ္ဈတ္တံ ဝိစိကိစ္ဆံ နတ္ထိ မေ အဇ္ဈတ္တံ ဝိစိကိစ္ဆာတိ ပဇာနာတိ

အဇ္ဈတ္တံ = မိမိသန္တာန်၌၊ အသန္တံ ဝါ = မပြတ်မဖြစ်ခြင်း, ပယ်ခြင်းကြောင့် ထင်ရှားမရှိသည်မူလည်းဖြစ်သော၊
ဝိစိကိစ္ဆံ = ဝိစိကိစ္ဆာကို၊ မေ = ငါ၏၊ အဇ္ဈတ္တံ = အတွင်းသန္တာန်၌၊ ဝိစိကိစ္ဆာ = အာရုံကို မဆုံးဖြတ်နိုင်ခြင်း ဝိစိကိစ္ဆာသည်၊
နတ္ထိ = မရှိ၊ ဣတိ = ဤသို့၊ ပဇာနာတိ = သိ၏။

ယထာ စ အနုပ္ပန္နာယ ဝိစိကိစ္ဆာယ ဥပ္ပါဒေါ ဟောတိ တဉ္စ ပဇာနာတိ

ယထာ စ = အကြင် ရှေးရှေးဖြစ်သော ဝိစိကိစ္ဆာ, မသင့်သော နှလုံးသွင်းခြင်းဟူသော အကြောင်းကြောင့်လည်း၊
အနုပ္ပန္နာယ = ဥပါဒ်သို့ မရောက်သော၊ ဝိစိကိစ္ဆာယ = ဝိစိကိစ္ဆာ၏၊ ဥပ္ပါဒေါ = ဥပါဒ်ခြင်းသည်၊ ဟောတိ = ဖြစ်၏၊
တဉ္စ = ထိုရှေးရှေးဖြစ်သော ဝိစိကိစ္ဆာ ဟူသော အကြောင်းကိုလည်း၊ ပဇာနာတိ = သိ၏။

ယထာ စ ဥပ္ပန္နာယ ဝိစိကိစ္ဆာယ ပဟာနံ ဟောတိ တဉ္စ ပဇာနာတိ

ယထာ စ = အကြင်ကုသိုလ် အကုသိုလ်တရား စသည်၌ အသင့်နှလုံးသွင်းခြင်းဟူသော အကြောင်းကြောင့်လည်း၊
ဥပ္ပန္နာယ = ဖြစ်သော၊ ဝိစိကိစ္ဆာယ = ဝိစိကိစ္ဆာကို၊ ပဟာနံ = တဒင်္ဂ, ဝိက္ခမ္ဘနအားဖြင့် ပယ်ခြင်းသည်၊
ဟောတိ = ဖြစ်၏၊ တဉ္စ = ထိုကုသိုလ် အကုသိုလ်တရား စသည်၌ အသင့်နှလုံး သွင်းခြင်းဟူသော အကြောင်းကို လည်း၊ ပဇာနာတိ = သိ၏။

ယထာ စ ပဟီနာယ ဝိစိကိစ္ဆာယ အာယတိံ အနုပ္ပါဒေါ ဟောတိ တဉ္စပဇာနာတိ

ယထာ စ = အကြင် တဒင်္ဂ, ဝိက္ခမ္ဘနအားဖြင့်လည်း၊ ပဟီနဿ = ပယ်အပ်ပြီးသော၊ ဝိစိကိစ္ဆာယ = ဝိစိကိစ္ဆာ၏၊
အာယတိံ = နောင်အခါ၌၊ အနုပ္ပါဒေါ = သောတာပတ္တိမဂ်ဖြင့် မဖြစ်ခြင်းသည်၊ ဟောတိ = ဖြစ်၏၊
တဉ္စ = ထိုအသစ်တစ်ဖန် မဖြစ်ခြင်းဟူသောအကြောင်းကိုလည်း၊ ပဇာနာတိ = သိ၏။

ဣတိ အဇ္ဈတ္တံ ဝါ ဓမ္မေသု ဓမ္မာနုပဿီ ဝိဟရတိ၊ ဗဟိဒ္ဓါ ဝါ ဓမ္မေသု ဓမ္မာနုပဿီ ဝိဟရတိ၊ အဇ္ဈတ္တဗဟိဒ္ဓါ ဝါ ဓမ္မေသု ဓမ္မာနုပဿီ ဝိဟရတိ

(ဂ) ဣတိ = ဤသို့၊
အဇ္ဈတ္တံ ဝါ = မိမိသန္တာန်၌လည်း၊ ဓမ္မေသု = နီဝရဏတရားတို့၌၊ ဓမ္မာနုပဿီ = နီဝရဏတရားကို အဖန်တလဲလဲရှုသည်ဖြစ်၍၊ ဝိဟရတိ = နေ၏၊
ဗဟိဒ္ဓါ ဝါ = အပသန္တာန်၌လည်း၊ ဓမ္မေသု = နီဝရဏတရားတို့၌၊ ဓမ္မာနုပဿီ = နီဝရဏတရားကို အဖန်တလဲလဲရှုသည်ဖြစ်၍၊ ဝိဟရတိ = နေ၏၊
အဇ္ဈတ္တဗဟိဒ္ဓါ ဝါ = ရံခါ မိမိသန္တာန်, ရံခါ အပသန္တာန်၌လည်း၊ ဓမ္မေသု = နီဝရဏတရားတို့၌၊
ဓမ္မာနုပဿီ = နီဝရဏ တရားကို အဖန်တလဲလဲရှုသည်ဖြစ်၍၊ ဝိဟရတိ = နေ၏၊

သမုဒယဓမ္မာနုပဿီ ဝါ ဓမ္မေသု ဝိဟရတိ၊ ဝယဓမ္မာနုပဿီ ဝါ ဓမ္မေသု ဝိဟရတိ၊ သမုဒယဝယဓမ္မာနုပဿီ ဝါ ဓမ္မေသု ဝိဟရတိ

(ဃ) ဓမ္မေသု = နီဝရဏတရားတို့၌၊
သမုဒယဓမ္မာနုပဿီ ဝါ = သုဘအာရုံ စသည်၌ မသင့်သော နှလုံးသွင်းခြင်း စသော ဖြစ်ကြောင်း သဘောကို အဖန် တလဲလဲ ရှုသည်ဖြစ်၍ လည်း၊ ဝိဟရတိ = နေ၏၊
ဓမ္မေသု = နီဝရဏတရားတို့၌၊
ဝယဓမ္မာနုပဿီ ဝါ = အသုဘအာရုံ စသည်၌ သင့်သော နှလုံးသွင်းခြင်း စသော ပျက်စီးကြောင်း သဘောကို အဖန်တလဲလဲ ရှုသည် ဖြစ်၍လည်း၊ ဝိဟရတိ = နေ၏၊
ဓမ္မေသု = နီဝရဏတရားတို့၌၊
သမုဒယဝယဓမ္မာနုပဿီ ဝါ = ဖြစ်ကြောင်း သဘော, ပျက်စီးကြောင်း သဘောကို အဖန်တလဲလဲ ရှုသည်ဖြစ်၍လည်း၊ ဝိဟရတိ = နေ၏၊

အတ္ထိ ဓမ္မာတိ ဝါ ပနဿ သတိ ပစ္စုပဋ္ဌိတာ ဟောတိ။ ယာဝဒေဝ ဉာဏမတ္တာယ ပဋိဿတိမတ္တာယ

(င) ဓမ္မာ = နီဝရဏတရားတို့သည်သာလျှင်၊ အတ္ထိ-သန္တိ = ရှိကုန်၏၊ ဣတိ = ဤသို့၊
အဿ = ထို ရဟန်း၏၊ သတိ ဝါ ပန = သတိသည်မူလည်း၊ ပစ္စုပဋ္ဌိတာ = ရှေးရှုထင်သည်၊ ဟောတိ = ဖြစ်၏၊
သာ = ထို နီဝရဏတရားကို အောက်မေ့ခြင်း သတိသည်၊ ယာဝဒေဝ = အကြင်မျှလောက်၊
ဉာဏ-မတ္တာယ = အဆင့်ဆင့် ဓမ္မာနုပဿနာဉာဏ်၏ ပွားခြင်း အတိုင်းအရှည် အကျိုးငှါလည်းကောင်း၊
ပဋိဿတိ-မတ္တာယ = အဆင့်ဆင့် နီဝရဏတရားကို အောက်မေ့ခြင်း သတိ၏ ပွားခြင်း အတိုင်းအရှည် အကျိုးငှါလည်းကောင်း၊ ဟောတိ = ဖြစ်၏။

အနိဿိတော စ ဝိဟရတိ၊ န စ ကိဉ္စိ လောကေ ဥပါဒိယတိ။ ဧဝမ္ပိ ခေါ ဘိက္ခဝေ ဘိက္ခု ဓမ္မေသု ဓမ္မာနုပဿီ ဝိဟရတိ ပဉ္စသု နီဝရဏေသု

(စ) သော ဘိက္ခဳ = ထိုရဟန်းသည်၊ အနိဿိတော စ = နီဝရဏတရားကို တဏှာ ဒိဋ္ဌိဖြင့် မမှီမူ၍လည်း၊ ဝိဟရတိ = နေ၏၊
လောကေ = ဥပါဒါနက္ခန္ဓာ ဟူသော လောက၌၊ ကိဉ္စိ = တစ်စုံတစ်ခုသော တရားကို၊
အတ္တာတိ ဝါ = ငါအစိုးရသော ကိုယ်ဟူ၍ ဒိဋ္ဌိအားဖြင့်လည်းကောင်း၊ အတ္တနိယန္တိ ဝါ = ငါ၏ ဥစ္စာဟူ၍ တဏှာအားဖြင့် လည်းကောင်း၊ န စ ဥပါဒိယတိ = မစွဲလမ်း၊
ဘိက္ခဝေ = ရဟန်းတို့၊ ဧဝမ္ပိ ခေါ = ဤသို့လည်း၊ ဘိက္ခု = ရဟန်းသည်၊
ပဉ္စသု = ငါးပါးကုန်သော၊ နီဝရဏေသု = နီဝရဏဖြစ်ကုန်သော၊ ဓမ္မေသု = တရားတို့၌၊
ဓမ္မာနုပဿီ = နီဝရဏတရားကို အဖန်တလဲလဲ ရှုသည်ဖြစ်၍၊ ဝိဟရတိ = နေ၏။

ဆ-ဓမ္မဖြင့် ကာမစ္ဆန္ဒကိုပယ်ရန်

ဥဂ္ဂဟော ဘာဝနာ ဂုတ္တံ၊
မိတ္တတာ သုမိတ္တတာ။
သပ္ပါယကထာ ဆ ဓမ္မာ၊
ကာမစ္ဆန္ဒပ္ပဟာယိနော

(၁) ဥဂ္ဂဟော = ဆယ်ပါးသော အသုဘနိမိတ်ကို ယူခြင်းလည်းကောင်း၊
(၂) ဘာဝနာ = အသုဘသညာကို ပွားစေခြင်းလည်းကောင်း၊
(၃) ဂုတ္တံ = ဣန္ဒြေခြောက်ပါးတို့၌ လုံခြုံသော ဒွါရသည်၏ အဖြစ်လည်းကောင်း၊
(၄) မတ္တညုတာ = ဘောဇဉ်၌ အတိုင်းအရှည်ကို သိ၏အဖြစ်လည်းကောင်း၊
(၅) သုမိတ္တတာ = အသုဘကို ပွားစေခြင်း၌ မွေ့လျော်သော အဆွေခင်ပွန်းကောင်း ရှိသည်၏ အဖြစ်လည်းကောင်း၊
(၆) သပ္ပါယကထာ = ရပ်ခြင်း, ထိုင်ခြင်း စသည်တို့၌ အသုဘ၌ မှီသော လျောက်ပတ်သော စကားကို ဆိုခြင်းလည်းကောင်း၊

ဣတိ = ဤသို့၊ ဆ ဓမ္မာ = ခြောက်ပါးကုန်သော တရားတို့သည်၊ ကာမစ္ဆန္ဒပ္ပဟာယိနော = ကာမစ္ဆန္ဒကို ပယ်တတ် ကုန်၏။

ဆ-ဓမ္မဖြင့် ဗျာပါဒကိုပယ်ရန်

ဥဂ္ဂဟော ဘာဝနာ ဝေက္ခာ၊
ပဋိသံခါ သုမိတ္တတာ။
သပ္ပါယကထာ ဆဓမ္မာ၊
ဗျာပါဒဿ ပဟာယကာ

(၁) ဥဂ္ဂဟော = သြဓိသကမေတ္တာ စသည်ကို ယူခြင်း၊
(၂) ဘာဝနာ = မေတ္တာကို ပွားစေခြင်း၊
(၃) အဝေက္ခာ = ကံသာလျှင် ဥစ္စာရှိ၏ဟု ဆင်ခြင်ခြင်း၊
(၄) ပဋိသံခါ = ထိုသို့ ဆင်ခြင်ခြင်း၌ တည်ခြင်း၊
(၅) သုမိတ္တတာ = မေတ္တာကို ပွားစေခြင်း၌ မွေ့လျော်သော အဆွေခင်ပွန်းကောင်း ရှိသည်၏ အဖြစ်၊
(၆) သပ္ပါယကထာ = ရပ်ခြင်း, ထိုင်ခြင်း စသည်တို့၌ မေတ္တာ၌မှီသော လျောက်ပတ်သော စကားကို ဆိုခြင်း၊

ဣတိ = ဤသို့၊ ဆ ဓမ္မာ = ခြောက်ပါးကုန်သော တရားတို့သည်၊ ဗျာပါဒဿ = ဒေါသကို၊ ပဟာယကာ = ပယ်တတ် ကုန်၏။

ဆ-ဓမ္မဖြင့် ထိနမိဒ္ဓ ပယ်ရန်

မိတာဟာရိရိယာလောကော၊
အဗ္ဘောကာသော သုမိတ္တတာ။
သပ္ပါယကထာ ဆဓမ္မာ၊
ထိနမိဒ္ဓပ္ပဟာယိနော

(၁) မိတာဟာရော = အာဟာရ၌ အတိုင်းအရှည်ကို ယူခြင်း၊
(၂) ဣရိယာ = ထိနမိဒ္ဓဖြစ်သော ဣရိယာပုထ်မှ တစ်ပါးသော ဣရိယာပုထ်သို့ ပြောင်းခြင်း၊
(၃) အာလောကော = အရောင်အလင်းကို နှလုံးသွင်းခြင်း၊
(၄) အဗ္ဘောကာသော = ဟင်းလင်းအပြင် လွင်အရပ်၌ နေခြင်း၊
(၅) သုမိတ္တတာ = ပယ်အပ်ပြီးသော ထိနမိဒ္ဓ ရှိသော အဆွေခင်ပွန်းကောင်း ရှိသည်၏ အဖြစ်၊
(၆) သပ္ပါယကထာ = ရပ်ခြင်း, ထိုင်ခြင်း စသည်တို့၌ ဓုတင်၌မှီသော လျောက်ပတ် သော စကားကို ဆိုခြင်း၊

ဣတိ = ဤသို့၊ ဆ ဓမ္မာ = ခြောက်ပါးကုန်သော တရားတို့သည်၊ ထိနမိဒ္ဓပ္ပဟာယိနော = ထိနမိဒ္ဓကို ပယ်တတ်ကုန်၏။

ဆ-ဓမ္မဖြင့် ဥဒ္ဓစ္စကုက္ကုစ္စ ပယ်ရန်

သုတံ ပုစ္ဆာ ဝိနယညူ၊
ဗုဒ္ဓသေဝီ သုမိတ္တတာ။
သပ္ပါယကထာ ဆဓမ္မာ၊
ဥဒ္ဓစ္စာဒိပ္ပဟာယိနော

(၁) သုတံ = အကြားအမြင် များခြင်း၊
(၂) ပုစ္ဆာ = အပ် မအပ်ကို မေးမြန်းခြင်း၏ များခြင်း၊
(၃) ဝိနယညူ = ဝိနည်း၌ လိမ္မာခြင်း၊
(၄) ဗုဒ္ဓသေဝီ = သီတင်းကြီးကို မှီဝဲခြင်း၊
(၅) သုမိတ္တတာ = ဝိနည်းတတ်သော အဆွေခင်ပွန်းကောင်း ရှိသည်၏ အဖြစ်၊
(၆) သပ္ပါယကထာ = ရပ်ခြင်း, ထိုင်ခြင်း စသည်တို့၌ အပ် မအပ်ကိုမှီသော လျောက်ပတ်သော စကားကို ဆိုခြင်း၊

ဣတိ = ဤသို့၊ ဆ ဓမ္မာ = ခြောက်ပါးကုန်သော တရားတို့သည်၊ ဥဒ္ဓစ္စာဒိပ္ပဟာယိနော = ဥဒ္ဓစ္စ, ကုက္ကုစ္စကို ပယ်တတ်ကုန်၏။

ဆ-ဓမ္မဖြင့် ဝိစိကိစ္ဆာ ပယ်ရန်

သုတံ ပုစ္ဆာ ဝိနယညူ၊
အဓိမောက္ခာ သုမိတ္တတာ။
သပ္ပါယကထာ ဆ ဓမ္မာ၊
ဝိစိကိစ္ဆာ ပဟာယကာ

(၁) သုတံ = အကြားအမြင် များခြင်း၊
(၂) ပုစ္ဆာ = ရတနာသုံးပါးကို အကြောင်းပြု၍ မေးမြန်းခြင်း၏ များခြင်း၊
(၃) ဝိနယညူ = ဝိနည်း၌ လိမ္မာခြင်း၊
(၄) အဓိမောက္ခာ = ရတနာသုံး၌ သက်ဝင်၍ ကြည်ညိုခြင်း၊
(၅) သုမိတ္တတာ = သဒ္ဓါတရားရှိသော အဆွေခင်ပွန်းကောင်း ရှိသည်၏ အဖြစ်၊
(၆) သပ္ပါယကထာ = ရပ်ခြင်း, ထိုင်ခြင်း စသည်၌ ရတနာသုံးဂုဏ်၌မှီသော လျောက်ပတ်သော စကားကို ဆိုခြင်းလည်းကောင်း၊

ဣတိ = ဤသို့၊ ဆ ဓမ္မာ = ခြောက်ပါးကုန်သော တရားတို့သည်၊ ဝိစိကိစ္ဆာပဟာယိနော = ယုံမှားခြင်းကို ပယ်တတ်ကုန်၏။

သစ္စာလေးပါးခွဲပြချက်

(၁) နီဝရဏကို သိမ်းဆည်းတတ်သော သတိသည် ဒုက္ခသစ္စာ
(၂) ထိုဒုက္ခ၏ အကြောင်းဖြစ်သော တဏှာသည် သမုဒယသစ္စာ
(၃) ထိုသစ္စာနှစ်ပါး၏ ချုပ်ရာ နိဗ္ဗာန်သည် နိရောဓသစ္စာ
(၄) ထိုနိဗ္ဗာန်ကို အာရုံပြုသော မဂ္ဂင် ရှစ်ပါးသည် မဂ္ဂသစ္စာ မည်၏။

နီဝရဏပဗ္ဗံ = နီဝရဏအားဖြင့် နှလုံးသွင်းရာသော အပိုင်းသည်၊ နိဋ္ဌိတံ = ပြီးပြီ။

ဓမ္မာနုပဿ ခန္ဓပဗ္ဗ

၁၂။ ပုန စပရံ ဘိက္ခဝေ ဘိက္ခု ဓမ္မေသု ဓမ္မာနုပဿီ ဝိဟရတိ ပဉ္စသု ဥပါဒါနက္ခန္ဓေသု
ကထဉ္စ ပန ဘိက္ခဝေ ဘိက္ခု ဓမ္မေသု ဓမ္မာနုပဿီ ဝိဟရတိ ပဉ္စသု ဥပါဒါနက္ခန္ဓေသု

၁၂။ ဘိက္ခဝေ = ရဟန်းတို့၊
ကထဉ္စ = အသို့လျှင်၊
ဘိက္ခု = ရဟန်းသည်၊
ပဉ္စသု = ငါးပါးကုန်သော၊
ဥပါဒါနက္ခန္ဓေသု = ဥပါဒါန်၏ အာရုံဖြစ်သော ခန္ဓာဟုဆိုအပ်ကုန်သော၊
ဓမ္မေသု = တရားတို့၌၊
ဓမ္မာနုပဿီ = ဥပါဒါနက္ခန္ဓာတရားကို အဖန်တလဲလဲ ရှုသည်ဖြစ်၍၊
ဝိဟရတိ = နေ၏၊

ဘိက္ခဝေ = ရဟန်းတို့၊
ကထဉ္စ = အသို့လျှင်၊
ဘိက္ခု = ရဟန်းသည်၊
ပဉ္စသု = ငါးပါးကုန်သော၊
ဥပါဒါနက္ခန္ဓေသု = ဥပါဒါန်၏ အာရုံဖြစ်သော ခန္ဓာဟုဆိုအပ်ကုန်သော၊
ဓမ္မေသု = တရားတို့၌၊
ဓမ္မာနုပဿီ = ဥပါဒါနက္ခန္ဓာ တရားကို အဖန်တလဲလဲ ရှုသည်ဖြစ်၍၊
ဝိဟရတိ = နေသနည်း။

ဣဓ ဘိက္ခဝေ ဘိက္ခု ဣတိ ရူပံ၊ ဣတိ ရူပဿ သမုဒယော၊ ဣတိ ရူပဿ အတ္ထင်္ဂမော

(က) ဘိက္ခဝေ = ရဟန်းတို့၊
ဣဓ = ဤသာသနာတော်၌၊
ဘိက္ခု = ရဟန်းသည်၊
ရူပံ = ရူပက္ခန္ဓာကား၊
ဣတိဧတ္တကံ - ဣတိဧဝံဇာတိကံ = ဤမျှ နှစ်ဆယ့်ရှစ်ပါး - ဤသို့ ဖောက်ပြန်ခြင်း သဘော ရှိ၏၊
ရူပဿ = ရူပက္ခန္ဓာ၏၊
သမုဒယော = ဖြစ်ကြောင်းကား၊
ဣတိ-ဧတ္တကော = ဤမျှ အဝိဇ္ဇာ, တဏှာ, ကံ, အာဟာရ ဖြစ်ခြင်း လက္ခဏာအားဖြင့် ငါးပါးအတိုင်းအရှည်ရှိ၏
ရူပဿ = ရူပက္ခန္ဓာရုပ်၏၊
အတ္ထင်္ဂမော = ချုပ်ကြောင်းကား၊
ဣတိ-ဧတ္တကော = ဤမျှ အဝိဇ္ဇာ, တဏှာ, ကံ, အာဟာရ၏ ချုပ်ခြင်း ပျက်ခြင်း လက္ခဏာ အားဖြင့် ငါးပါးအတိုင်းအရှည် ရှိ၏

ဣတိ ဝေဒနာ၊ ဣတိ ဝေဒနာယ သမုဒယော၊ ဣတိ ဝေဒနာယ အတ္ထင်္ဂမော

(ခ) ဝေဒနာ = ဝေဒနာက္ခန္ဓာကား၊
ဣတိဧတ္တကာ - ဣတိဧဝံဇာတိကာ = ဤမျှသုံးပါး - ဤသို့ခံစားခြင်း သဘောရှိ၏၊
ဝေဒနာယ = ဝေဒနာက္ခန္ဓာ၏၊
သမုဒယော = ဖြစ်ကြောင်းကား၊
ဣတိ-ဧတ္တကော = ဤမျှ အဝိဇ္ဇာ, တဏှာ, ကံ, ဖဿ ဖြစ်ခြင်း လက္ခဏာအားဖြင့် ငါးပါး အတိုင်းအရှည်ရှိ၏
ဝေဒနာယ = ဝေဒနာက္ခန္ဓာ၏၊
အတ္ထင်္ဂမော = ချုပ်ကြောင်းကား၊
ဣတိဧတ္တကော = ဤမျှ အဝိဇ္ဇာ, တဏှာ, ကံ, ဖဿ၏ ချုပ်ခြင်း ပျက်ခြင်း လက္ခဏာအားဖြင့် ငါးပါးအတိုင်းအရှည်ရှိ၏

ဣတိ သညာ၊ ဣတိ သညာယ သမုဒယော၊ ဣတိ သညာယ အတ္ထင်္ဂမော

(ဂ) သညာ = သညာက္ခန္ဓာကား၊
ဣတိဧတ္တကာ - ဣတိဧဝံဇာတိကာ = ဤမျှ ရူပသညာ စသောအားဖြင့် ခြောက်ပါး - ဤသို့ ရူပါရုံစသည်ကို မှတ်ခြင်းသဘောရှိ၏၊
သညာယ = သညာက္ခန္ဓာ၏၊
သမုဒယော = ဖြစ်ကြောင်းကား၊
ဣတိ-ဧတ္တကော = ဤမျှ အဝိဇ္ဇာ, တဏှာ, ကံ, ဖဿ ဖြစ်ခြင်း လက္ခဏာအားဖြင့် ငါးပါး အတိုင်းအရှည် ရှိ၏
သညာယ = သညာက္ခန္ဓာ၏၊
အတ္ထင်္ဂမော = ချုပ်ကြောင်းကား၊
ဣတိ-ဧတ္တကော = ဤမျှ အဝိဇ္ဇာ, တဏှာ, ကံ, ဖဿ၏ ချုပ်ခြင်း ပျက်ခြင်း လက္ခဏာအားဖြင့် ငါးပါး အတိုင်းအရှည် ရှိ၏

ဣတိ သင်္ခါရာ၊ ဣတိ သင်္ခါရာနံ သမုဒယော၊ ဣတိ သင်္ခါရာနံ အတ္ထင်္ဂမော

(ဃ) သင်္ခါရာ = သင်္ခါရက္ခန္ဓာကား၊
ဣတိဧတ္တကာ - ဣတိဧဝံဇာတိကာ = ဤမျှ ငါးဆယ် - ဤသို့ ပြုပြင်ခြင်း သဘောရှိ၏၊
သင်္ခါရာနံ = သခါရက္ခန္ဓာတို့၏၊
သမုဒယော = ဖြစ်ကြောင်းကား၊
ဣတိ-ဧတ္တကော = ဤမျှ အဝိဇ္ဇာ, တဏှာ, ကံ, ဖဿ ဖြစ်ခြင်း လက္ခဏာအားဖြင့် ငါးပါး အတိုင်းအရှည်ရှိ၏
သင်္ခါရာနံ = သင်္ခါရက္ခန္ဓာတို့၏၊
အတ္ထင်္ဂမော = ချုပ်ကြောင်းကား၊
ဣတိ- ဧတ္တကော = ဤမျှ အဝိဇ္ဇာ, တဏှာ, ကံ, ဖဿ၏ ချုပ်ခြင်း ပျက်ခြင်း လက္ခဏာအားဖြင့် ငါးပါးအတိုင်းအရှည်ရှိ၏

ဣတိ ဝိညာဏံ၊ ဣတိ ဝိညာဏဿ သမုဒယော၊ ဣတိ ဝိညာဏဿ အတ္ထင်္ဂမောတိ

(င) ဝိညာဏံ = ဝိညာဏက္ခန္ဓာကား၊
ဣတိဧတ္တကံ - ဣတိဧဝံဇာတိကံ = ဤမျှ လောကီစိတ် ရှစ်ဆယ့်တခု ဤသို့ အာရုံကို သိခြင်းသဘောရှိ၏၊
ဝိညာဏဿ = ဝိညာဏက္ခန္ဓာ၏၊
သမုဒယော = ဖြစ်ကြောင်းကား၊
ဣတိ-ဧတ္တကော = ဤမျှ အဝိဇ္ဇာ, တဏှာ, ကံ, နာမ်ရုပ် ဖြစ်ခြင်း လက္ခဏာအားဖြင့် ငါးပါး အတိုင်းအရှည်ရှိ၏
ဝိညာဏဿ = ဝိညာဏက္ခန္ဓာ၏၊
အတ္ထင်္ဂမော = ချုပ်ကြောင်းကား၊
ဣတိ-ဧတ္တကော = ဤမျှ အဝိဇ္ဇာ, တဏှာ, ကံ, နာမ်ရုပ်၏ ချုပ်ခြင်း ပျက်ခြင်း လက္ခဏာအားဖြင့် ငါးပါးအတိုင်းအရှည်ရှိ၏
ဣတိ = ဤသို့၊
ပဇာနာတိ = သိ၏။

ဣတိ အဇ္ဈတ္တံ ဝါ ဓမ္မေသု ဓမ္မာနုပဿီ ဝိဟရတိ၊ ဗဟိဒ္ဓါ ဝါ ဓမ္မေသု ဓမ္မာနုပဿီ ဝိဟရတိ၊ အဇ္ဈတ္တဗဟိဒ္ဓါ ဝါ ဓမ္မေသု ဓမ္မာနုပဿီ ဝိဟရတိ

(စ) ဣတိ = ဤသို့၊
အဇ္ဈတ္တံ ဝါ = မိမိသန္တာန်၌လည်း၊
ဓမ္မေသု = ဥပါဒါနက္ခန္ဓာတရားတို့၌၊
ဓမ္မာနုပဿီ = ဥပါဒါနက္ခန္ဓာ တရားကို အဖန်တလဲလဲ ရှုသည်ဖြစ်၍၊
ဝိဟရတိ = နေ၏၊
ဗဟိဒ္ဓါ ဝါ = အပသန္တာန်၌လည်း၊
ဓမ္မေသု = ဥပါဒါနက္ခန္ဓာတို့၌၊
ဓမ္မာနုပဿီ = ဥပါဒါနက္ခန္ဓာကို အဖန်တလဲလဲ ရှုသည်ဖြစ်၍၊
ဝိဟရတိ = နေ၏၊
အဇ္ဈတ္တဗဟိဒ္ဓါ ဝါ = ရံခါ မိမိသန္တာန်, ရံခါ အပသန္တာန်၌လည်း၊
ဓမ္မေသု = ဥပါဒါနက္ခန္ဓာတရားတို့၌၊
ဓမ္မာနုပဿီ = ဥပါဒါနက္ခန္ဓာတရားကို အဖန်တလဲလဲ ရှုသည်ဖြစ်၍၊
ဝိဟရတိ = နေ၏၊

သမုဒယဓမ္မာနုပဿီ ဝါ ဓမ္မေသု ဝိဟရတိ၊ ဝယဓမ္မာနုပဿီ ဝါ ဓမ္မေသု ဝိဟရတိ၊ သမုဒယဝယဓမ္မာနုပဿီ ဝါ ဓမ္မေသု ဝိဟရတိ

(ဆ) ဓမ္မေသု = ဥပါဒါနက္ခန္ဓာ တရားတို့၌၊
သမုဒယဓမ္မာနုပဿီ ဝါ = ဖြစ်ကြောင်းသဘောကို အဖန်တလဲလဲ ရှုသည်ဖြစ်၍လည်း၊
ဝိဟရတိ = နေ၏၊
ဓမ္မေသု = ဥပါဒါနက္ခန္ဓာတရားတို့၌၊
ဝယဓမ္မာနုပဿီ ဝါ = အဝိဇ္ဇာ၏ ချုပ်ခြင်း စသော ပျက်စီးကြောင်း သဘောကို အဖန် တလဲလဲ ရှုသည် ဖြစ်၍လည်း၊
ဝိဟရတိ = နေ၏၊
ဓမ္မေသု = ဥပါဒါနက္ခန္ဓာတရားတို့၌၊
သမုဒယဝယဓမ္မာနုပဿီ ဝါ = ဖြစ်ကြောင်း သဘော, ပျက်စီးကြောင်း သဘောကို အဖန်တလဲလဲ ရှုသည်ဖြစ်၍လည်း၊
ဝိဟရတိ = နေ၏၊

အတ္ထိ ဓမ္မာတိ ဝါ ပနဿ သတိ ပစ္စုပဋ္ဌိတာ ဟောတိ
ယာဝဒေဝ ဉာဏမတ္တာယ ပဋိဿတိမတ္တာယ

(ဇ) ဓမ္မာ = ဥပါဒါနက္ခန္ဓာတရား တို့သည်သာလျှင်၊
အတ္ထိ-သန္တိ = ရှိကုန်၏၊
ဣတိ = ဤသို့၊
အဿ = ထိုရဟန်း၏၊
သတိဝါပန = သတိသည်မူလည်း၊
ပစ္စုပဋ္ဌိတာ = ရှေးရှုထင်သည်၊
ဟောတိ = ဖြစ်၏၊
သာ = ထို ဥပါဒါနက္ခန္ဓာတရားကို အောက်မေ့ခြင်း သတိသည်၊
ယာဝဒေဝ = အကြင်မျှလောက်၊
ဉာဏမတ္တာယ = အဆင့်ဆင့် ဓမ္မာနုပဿနာဉာဏ်၏ ပွားခြင်း အတိုင်းအရှည် အကျိုးငှါလည်းကောင်း၊
ပဋိဿတိမတ္တာယ = အဆင့်ဆင့် ဥပါဒါနက္ခန္ဓာ တရားကို အောက်မေ့ခြင်း သတိ၏ ပွားခြင်း အတိုင်းအရှည် အကျိုးငှါလည်းကောင်း၊
ဟောတိ = ဖြစ်၏။

အနိဿိတော စ ဝိဟရတိ၊ န စ ကိဉ္စိ လောကေ ဥပါဒိယတိ
ဧဝမ္ပိ ခေါ ဘိက္ခဝေ ဘိက္ခု ဓမ္မေသု ဓမ္မာနုပဿီ ဝိဟရတိ ပဉ္စသု ဥပါဒါနက္ခန္ဓေသု

(ဈ) သော ဘိက္ခု = ထိုရဟန်းသည်၊
အနိဿိတော စ = ဥပါဒါနက္ခန္ဓာကို တဏှာ ဒိဋ္ဌိဖြင့် မမှီမူ၍လည်း၊
ဝိဟရတိ = နေ၏၊
လောကေ = ဥပါဒါနက္ခန္ဓာဟူသော လောက၌၊
ကိဉ္စိ = တစ်စုံတစ်ခုသော တရားကို၊
အတ္တာတိ ဝါ = ငါအစိုးရသော ကိုယ်ဟူ၍ ဒိဋ္ဌိအားဖြင့် လည်းကောင်း၊
အတ္တနိယန္တိ ဝါ = ငါ၏ ဥစ္စာဟူ၍ တဏှာအားဖြင့် လည်းကောင်း၊
န စ ဥပါဒိယတိ = မစွဲလမ်း၊
ဘိက္ခဝေ = ရဟန်းတို့၊
ဧဝမ္ပိ ခေါ = ဤသို့လည်း၊
ဘိက္ခု = ရဟန်းသည်၊
ပဉ္စသု = ငါးပါးကုန်သော၊
ဥပါဒါနက္ခန္ဓေသု = ဥပါဒါန်၏ အာရုံဖြစ်သော ခန္ဓာဟုဆိုအပ်ကုန်သော၊
ဓမ္မေသု = တရားတို့၌၊
ဓမ္မာနုပဿီ = ဥပါဒါနက္ခန္ဓာတရားကို အဖန်တလဲလဲ ရှုသည်ဖြစ်၍၊
ဝိဟရတိ = နေ၏။

ခန္ဓာပိုင်း၌အထူးမှတ်ဖွယ်

ရူပက္ခန္ဓာ၏ ဖြစ်ကြောင်းကား အဝိဇ္ဇာ, တဏှာ, ကံ, အာဟာရဟူ၍ လေးပါး၊ မိမိ၏ဖြစ်ခြင်း လက္ခဏာအားဖြင့် ငါးပါးတည်း။ ချုပ်ခြင်း၌လည်း အဝိဇ္ဇာ၏ချုပ်ခြင်း စသည်ဖြင့် လေးပါး၊ မိမိ၏ ပျက်ခြင်း လက္ခဏာအားဖြင့် ငါးပါးတည်း
ဝေဒနာ, သညာ, သင်္ခါရက္ခန္ဓာ၏ ဖြစ်ကြောင်းကား အဝိဇ္ဇာ, တဏှာ, ကံ, ဖဿ ဟူ၍ လေးပါး၊ မိမိ၏ ဖြစ်ခြင်းလက္ခဏာအားဖြင့် ငါးပါးတည်း
ဝိညာဏက္ခန္ဓာ၏ ဖြစ်ကြောင်းကား အဝိဇ္ဇာ, တဏှာ, ကံ, နာမ်ဟူ၍ လေးပါး၊ မိမိ၏ ဖြစ်ခြင်း လက္ခဏာအားဖြင့် ငါးပါးတည်း
ဝေဒနာက္ခန္ဓာစသည်၏ ချုပ်ကြောင်း၌လည်း နည်းတူပင်။

ခန္ဓာဖြစ်ကြောင်းပြဂါထာ

(၁) အဝိဇ္ဇာတဏှုပါဒါနံ၊ ကမ္မံ ဟေတု စတုဗ္ဗိဓော
ဧတဿ ရူပကာယဿ၊ အာဟာရော ပစ္စယော ဘဝေ

(၁) အဝိဇ္ဇာ = အဝိဇ္ဇာလည်းကောင်း၊
တဏှာ = တဏှာလည်းကောင်း၊
ဥပါဒါနံ = ဥပါဒါန်လည်းကောင်း၊
ကမ္မံ = ကံလည်းကောင်း၊
ဣတိ = ဤသို့၊
ဧတဿ ရူပကာယဿ = ထိုရူပကာယ၏၊၊
ဟေတု = ဖြစ်စေတတ်သော အကြောင်းသည်၊
စတုဗ္ဗိဓော = လေးပါးအပြားရှိ၏၊
အာဟာရော = အာဟာရ သြဇာဓာတ်သည်၊
ပစ္စယော = ထောက်ပံ့တတ်သော အကြောင်းသည်၊
ဘဝေ = ဖြစ်၏။

(၂) ဇနကော ဟေတု အက္ခာတော၊ ပစ္စယော အနုပါလကော
ဟေတင်္ကုရဿ ဗီဇန္တု၊ ပစ္စယာ ပထဝါဒယော

(၂) ဇနကော = ဖြစ်စေတတ်သော အကြောင်းကို၊
ဟေတု = ဟေတုအကြောင်းဟူ၍၊
အက္ခာတော = ဆိုအပ်၏၊
အနုပါလကော = စောင့်တတ်သော အကြောင်းကို၊
ပစ္စယော = ပစ္စယ အကြောင်းဟူ၍၊
အက္ခာတော = ဆိုအပ်၏၊
တု = ဥပမာမည်သည်ကား၊
ဗီဇံ = မျိုးစေ့သည်၊
အင်္ကုရဿ = အညွန့်၏၊
ဟေတု = ဟေတု အကြောင်းဖြစ်သကဲ့သို့။
ပထဝါဒယော = ပထဝီရသ စသည်တို့သည်၊
ပစ္စယာ = ပစ္စယ အကြောင်းဖြစ်ကုန်သကဲ့သို့တည်း။

(၃) ဣတိမေ ပဉ္စဓမ္မာ ဟိ၊ ဟေတုပစ္စယတံ ဂတာ
အဝိဇ္ဇာဒယော တယော တတ္ထ၊ မာတာဝ ဥပနိဿယာ

(၃) ဣတိ = ဤသို့၊
အဝိဇ္ဇာဒယော = အဝိဇ္ဇာ အစရှိကုန်သော၊
ဣမေ ပဉ္စ ဓမ္မာ ဟိ = ဤငါးပါးသော တရားတို့သည်သာလျှင်၊
ဟေတုပစ္စယတံ = ဟေတုအကြောင်း, ပစ္စယအကြောင်း၏ အဖြစ်သို့၊
ဂတာ = ရောက်ကုန်၏၊
တတ္ထ = ထိုအကြောင်းတရား ငါးပါးတို့တွင်၊
အဝိဇ္ဇာဒယော = အဝိဇ္ဇာ အစရှိကုန်သော၊
တယော = သုံးပါးကုန်သော တရားတို့သည်၊
မာတာဝ = အမိကဲ့သို့၊
ဥပနိဿယာ = မှီရာဖြစ်၍ ကျေးဇူးပြုတတ်သော ပစ္စယ = အကြောင်း မည်ကုန်၏။

(၄) ဇနကံ ပန ကမ္မန္တု၊ ပုတ္တဿ ဟိ ပိတာ ဝိယ
ဓာတီ ဝိယ ကုမာရဿ၊ အာဟာရော ပစ္စယော ဘဝေ

(၄) ဟိ = ထိုမှတစ်ပါး၊
ဇနကံ ပန ကမ္မန္တု = ဖြစ်စေတတ်သော ကံသည်ကား၊
ပုတ္တဿ = သားကို၊
ဇနကော = ဖြစ်စေတတ်သော၊
ပိတာ ဝိယ = အဘကဲ့သို့၊
ဇနကော = ဖြစ်စေတတ်သော၊
ဟေတု = အကြောင်းသည်၊
ဘဝေ = ဖြစ်၏၊
ကုမာရဿ = သူငယ်ကို၊
အနုပါလိကာ = စောင့်ရှောက်တတ်သော၊
ဓာတီဝိယ = အထိန်းကဲ့သို့၊
အာဟာရော = အစာ အာဟာရသည်၊
ပစ္စယော = စောင့်ရှောက် ထောက်ပံ့တတ်သော ပစ္စယ အကြောင်းသည်၊
ဘဝေ = ဖြစ်၏။

သစ္စာလေးပါးခွဲပြချက်

(၁) ခန္ဓာငါးပါးကို သိမ်းဆည်းတတ်သော သတိသည် ဒုက္ခသစ္စာ
(၂) ထိုဒုက္ခ၏ အကြောင်းဖြစ်သော တဏှာသည် သမုဒယသစ္စာ
(၃) ထိုသစ္စာနှစ်ပါး၏ ချုပ်ရာ နိဗ္ဗာန်သည် နိရောဓသစ္စာ
(၄) ထိုနိဗ္ဗာန်ကို အာရုံပြုသော မဂ္ဂင် ရှစ်ပါးသည် မဂ္ဂသစ္စာ မည်၏။

ခန္ဓပဗ္ဗံ = ခန္ဓာအားဖြင့် နှလုံးသွင်းရာသော အပိုင်းသည်၊
နိဋ္ဌိတံ = ပြီးပြီ။

ဓမ္မာနုပဿနာ အာယတနပဗ္ဗ

၁၃။ ပုန စပရံ ဘိက္ခဝေ ဘိက္ခု ဓမ္မေသု ဓမ္မာနုပဿီ ဝိဟရတိ ဆသု အဇ္ဈတ္တိကဗာဟိရေသု အာယတနေသု
ကထဉ္စ ပန ဘိက္ခဝေ ဘိက္ခု ဓမ္မေသု ဓမ္မာနုပဿီ ဝိဟရတိ ဆသု အဇ္ဈတ္တိကဗာဟိရေသု အာယတနေသု

၁၃။ ဘိက္ခဝေ = ရဟန်းတို့၊
ပုန စ = တစ်ဖန်လည်း၊
အပရံ = တစ်ပါးတုံ၊
ဘိက္ခု = ရဟန်းသည်၊
ဆသု = ခြောက်ပါးကုန်သော၊
အဇ္ဈတ္တိကဗာဟိရေသု = အတွင်းသန္တာန်, အပသန္တာန်၌ဖြစ်ကုန်သော၊
အာယတနေသု = အာယတန ဖြစ်ကုန်သော၊
ဓမ္မေသု = တရားတို့၌၊
ဓမ္မာနုပဿီ = အာယတနတရားကို အဖန်တလဲလဲ ရှုသည်ဖြစ်၍၊
ဝိဟရတိ = နေ၏၊

ဘိက္ခဝေ = ရဟန်းတို့၊
ကထဉ္စ = အသို့လျှင်၊
ဘိက္ခု = ရဟန်းသည်၊
ဆသု = ခြောက်ပါးကုန်သော၊
အဇ္ဈတ္တိကဗာဟိရေသု = အတွင်းသန္တာန်, အပသန္တာန်၌ ဖြစ်ကုန်သော၊
အာယတနေသု = အာယတန ဖြစ်ကုန်သော၊
ဓမ္မေသု = တရားတို့၌၊
ဓမ္မာနုပဿီ = အာယတနတရားကို အဖန်တလဲလဲ ရှုသည်ဖြစ်၍၊
ဝိဟရတိ = နေသနည်း။

ဣဓ ဘိက္ခဝေ ဘိက္ခု စက္ခုဉ္စ ပဇာနာတိ၊ ရူပေ စ ပဇာနာတိ
ယဉ္စ တဒုဘယံ ပဋိစ္စ ဥပ္ပဇ္ဇတိ သံယောဇနံ တဉ္စ ပဇာနာတိ

(က) ဘိက္ခဝေ = ရဟန်းတို့၊
ဣဓ = ဤသာသနာတော်၌၊
ဘိက္ခု = ရဟန်းသည်၊
စက္ခုဉ္စ = စက္ခုပသာဒကိုလည်း၊
ပဇာနာတိ = သိ၏၊
ရူပေ စ = ရုပါရုံတို့ကိုလည်း၊
ပဇာနာတိ = သိ၏၊
တဒုဘယံ = ထိုစက္ခုပသာဒ, ရူပါရုံ နှစ်ပါးကို၊
ပဋိစ္စ = စွဲ၍၊
ယဉ္စ သံယောဇနံ = အကြင် ကာမရာဂစသော သံယောဇဉ် ဆယ်ပါးသည်လည်း၊
ဥပ္ပဇ္ဇတိ = ဖြစ်၏၊
တဉ္စ = ထိုသံယောဇဉ် ဆယ်ပါးကိုလည်း၊
ပဇာနာတိ = သိ၏။

ယထာ စ အနုပ္ပန္နဿ သံယောဇနဿ ဥပ္ပါဒေါ ဟောတိ တဉ္စ ပဇာနာတိ

ယထာ စ = အကြင် မသင့်သော နှလုံးသွင်းခြင်း ဟူသော အကြောင်းကြောင့်လည်း၊
အနုပ္ပန္နဿ = မဖြစ်သေးသော၊
သံယောဇနဿ = သံယောဇဉ်၏၊
ဥပ္ပါဒေါ = ဖြစ်ခြင်းသည်၊
ဟောတိ = ဖြစ်၏၊
တဉ္စ = ထို သံယောဇဉ် ဖြစ်ခြင်းဟူသော အကြောင်းကိုလည်း၊
ပဇာနာတိ = သိ၏။

ယထာ စ ဥပ္ပန္နဿ သံယောဇနဿ ပဟာနံ ဟောတိ တဉ္စ ပဇာနာတိ

ယထာ စ = အကြင် သင့်သောနှလုံးသွင်းခြင်းဟူသော အကြောင်းကြောင့်လည်း၊
ဥပ္ပန္နဿ = ဖြစ်သော၊
သံယောဇနဿ = သံယောဇဉ်ကို၊
ပဟာနံ = တဒင်္ဂ, ဝိက္ခမ္ဘနအားဖြင့် ပယ်ခြင်းသည်၊
ဟောတိ = ဖြစ်၏၊
တဉ္စ = ထိုသံယောဇဉ်ကို ပယ်ခြင်းဟူသော အကြောင်းကိုလည်း၊
ပဇာနာတိ = သိ၏။

ယထာ စ ပဟီနဿ သံယောဇနဿ အာယတိံ အနုပ္ပါဒေါ ဟောတိ တဉ္စ ပဇာနာတိ

ယထာ စ = အကြင် တဒင်္ဂ, ဝိက္ခမ္ဘနအားဖြင့်လည်း၊
ပဟီနဿ = ပယ်အပ်ပြီးသော၊
သံယောဇနဿ = သံယောဇဉ်၏၊
အာယတိံ = နောင်အခါ၌၊
အနုပ္ပါဒေါ = မဂ်ဖြင့် မဖြစ်ခြင်းသည်၊
ဟောတိ = ဖြစ်၏၊
တဉ္စ = ထိုနောင်တစ်ဖန် မဖြစ်ကြောင်းဖြစ်သော မဂ်ကိုလည်း၊
ပဇာနာတိ = သိ၏။

သောတဉ္စ ပဇာနာတိ၊ သဒ္ဒေ စ ပဇာနာတိ
ယဉ္စ တဒုယယံ ပဋိစ္စ ဥပ္ပဇ္ဇတိ သံယောဇနံ တဉ္စ ပဇာနာတိ
ယထာ စ အနုပ္ပန္နဿ သံယောဇနဿ ဥပ္ပါဒေါ ဟောတိ တဉ္စ ပဇာနာတိ
ယထာ စ ဥပ္ပန္နဿ သံယောဇနဿ ပဟာနံ ဟောတိ တဉ္စ ပဇာနာတိ
ယထာ စ ပဟီနဿ သံယောဇနဿ အာယတိံ အနုပ္ပါဒေါ ဟောတိ တဉ္စ ပဇာနာတိ

(ခ) သောတဉ္စ = သောတပသာဒကိုလည်း၊
ပဇာနာတိ = သိ၏၊
သဒ္ဒေ စ = သဒ္ဒါရုံတို့ကိုလည်း၊
ပဇာနာတိ = သိ၏၊
တဒုဘယံ = ထိုသောတပသာဒ, သဒ္ဒါရုံ နှစ်ပါးကို၊
ပဋိစ္စ = စွဲ၍၊
ယဉ္စ သံယောဇနံ = အကြင်ကာမရာဂစသော သံယောဇဉ်ဆယ် ပါးသည်လည်း၊
ဥပ္ပဇ္ဇတိ = ဖြစ်၏၊
တဉ္စ = ထိုသံယောဇဉ်ဆယ်ပါး ကိုလည်း၊
ပဇာနာတိ = သိ၏ ။ပ။
တဉ္စ = ထိုနောင်တစ်ဖန် မဖြစ်ကြောင်းဖြစ်သော မဂ်ကိုလည်း၊
ပဇာနာတိ = သိ၏။

ဃာနဉ္စ ပဇာနာတိ၊ ဂန္ဓေ စ ပဇာနာတိ
ယဉ္စ တဒုဘယံ ပဋိစ္စ ဥပ္ပဇ္ဇတိ သံယောဇနံ တဉ္စ ပဇာနာတိ
ယထာ စ အနုပ္ပန္နဿ သံယောဇနဿ ဥပ္ပါဒေါ ဟောတိ တဉ္စ ပဇာနာတိ
ယထာ စ ဥပ္ပန္နဿ သံယောဇနဿ ပဟာနံ ဟောတိ တဉ္စ ပဇာနာတိ
ယထာ စ ပဟီနဿ သံယောဇနဿ အာယတိံ အနုပ္ပါဒေါ ဟောတိ တဉ္စ ပဇာနာတိ

(ဂ) ဃာနဉ္စ = ဃာနတပသာဒကိုလည်း၊
ပဇာနာတိ = သိ၏၊
ဂန္ဓေ စ = ဂန္ဓာရုံတို့ကိုလည်း၊
ပဇာနာတိ = သိ၏၊
တဒုဘယံ = ထိုဃာနပသာဒ, ဂန္ဓာရုံ နှစ်ပါးကို၊
ပဋိစ္စ = စွဲ၍၊
ယဉ္စ သံယောဇနံ = အကြင် ကာမရာဂစသော သံယောဇဉ်ဆယ်ပါး သည်လည်း၊
ဥပ္ပဇ္ဇတိ = ဖြစ်၏၊
တဉ္စ = ထိုသံယောဇဉ်ဆယ်ပါးကိုလည်း၊
ပဇာနာတိ = သိ၏ ။ပ။
တဉ္စ = ထိုနောင်တစ်ဖန် မဖြစ်ကြောင်းဖြစ်သော မဂ်ကိုလည်း၊
ပဇာနာတိ = သိ၏။

ဇိဝှဉ္စ ပဇာနာတိ၊ ရသေ စ ပဇာနာတိ
ယဉ္စ တဒုဘယံ ပဋိစ္စ ဥပ္ပဇ္ဇတိ သံယောဇနံ တဉ္စ ပဇာနာတိ
ယထာ စ အနုပ္ပန္နဿ သံယောဇနဿ ဥပ္ပါဒေါ ဟောတိ တဉ္စ ပဇာနာတိ
ယထာ စ ဥပ္ပန္နဿ သံယောဇနဿ ပဟာနံ ဟောတိ တဉ္စ ပဇာနာတိ
ယထာ စ ပဟီနဿ သံယောဇနဿ အာယတိံ အနုပ္ပါဒေါ ဟောတိ တဉ္စ ပဇာနာတိ

(ဃ) ဇိဝှဉ္စ = ဇိဝှါပသာဒကိုလည်း၊
ပဇာနာတိ = သိ၏၊
ရသေ စ = ရသာရုံတို့ကိုလည်း၊
ပဇာနာတိ = သိ၏၊
တဒုဘယံ = ထိုဇိဝှါပသာဒ, ရသာရုံနှစ်ပါးကို၊
ပဋိစ္စ = စွဲ၍၊
ယဉ္စ သံယောဇနံ = အကြင် ကာမရာဂ စသော သံယောဇဉ် ဆယ်ပါးသည်လည်း၊
ဥပ္ပဇ္ဇတိ = ဖြစ်၏၊
တဉ္စ = ထိုသံယောဇဉ်ဆယ်ပါးကိုလည်း၊
ပဇာနာတိ = သိ၏ ။ပ။
တဉ္စ = ထိုနောင်တစ်ဖန် မဖြစ်ကြောင်းဖြစ်သော မဂ်ကိုလည်း၊
ပဇာနာတိ = သိ၏။

ကာယဉ္စ ပဇာနာတိ၊ ဖောဋ္ဌဗ္ဗေ စ ပဇာနာတိ
ယဉ္စ တဒုဘယံ ပဋိစ္စ ဥပ္ပဇ္ဇတိ သံယောဇနံ တဉ္စ ပဇာနာတိ
ယထာ စ အနုပ္ပန္နဿ သံယောဇနဿ ဥပ္ပါဒေါ ဟောတိ တဉ္စ ပဇာနာတိ
ယထာ စ ဥပ္ပန္နဿ သံယောဇနဿ ပဟာနံ ဟောတိ တဉ္စ ပဇာနာတိ
ယထာ စ ပဟီနဿ သံယောဇနဿ အာယတိံ အနုပ္ပါဒေါ ဟောတိ တဉ္စ ပဇာနာတိ

(င) ကာယဉ္စ = ကာယပသာဒကိုလည်း၊
ပဇာနာတိ = သိ၏၊
ဖောဋ္ဌဗ္ဗေ စ = ဖောဋ္ဌဗ္ဗာရုံတို့ကိုလည်း၊
ပဇာနာတိ = သိ၏၊
တဒုဘယံ = ထိုကာယပသာဒ, ဖောဋ္ဌဗ္ဗာရုံ နှစ်ပါးကို၊
ပဋိစ္စ = စွဲ၍၊
ယဉ္စ သံယောဇနံ = အကြင် ကာမရာဂ စသော သံယောဇဉ် ဆယ်ပါးသည်လည်း၊
ဥပ္ပဇ္ဇတိ = ဖြစ်၏၊
တဉ္စ = ထိုသံယောဇဉ် ဆယ်ပါးကိုလည်း၊
ပဇာနာတိ = သိ၏ ။ပ။
တဉ္စ = ထိုနောင်တစ်ဖန် မဖြစ်ကြောင်း ဖြစ်သော မဂ်ကိုလည်း၊
ပဇာနာတိ = သိ၏။

မနဉ္စ ပဇာနာတိ၊ ဓမ္မေ စ ပဇာနာတိ
ယဉ္စ တဒုဘယံ ပဋိစ္စ ဥပ္ပဇ္ဇတိ သံယောဇနံ တဉ္စ ပဇာနာတိ

(စ) မနဉ္စ = မနာယတနကိုလည်း၊
ပဇာနာတိ = သိ၏၊
ဓမ္မေ စ = ဓမ္မာရုံတို့ကိုလည်း၊
ပဇာနာတိ = သိ ၏၊
တဒုဘယံ = ထိုမနာယတန, ဓမ္မာရုံ နှစ်ပါးကို၊
ပဋိစ္စ = စွဲ၍၊
ယဉ္စ သံယောဇနံ = အကြင် ကာမရာဂ စသော သံယောဇဉ် ဆယ်ပါးသည်လည်း၊
ဥပ္ပဇ္ဇတိ = ဖြစ်၏၊
တဉ္စ = ထိုသံယောဇဉ် ဆယ်ပါးကိုလည်း၊
ပဇာနာတိ = သိ၏။

ယထာ စ အနုပ္ပန္နဿ သံယောဇနဿ ဥပ္ပါဒေါ ဟောတိ တဉ္စ ပဇာနာတိ

ယထာ စ = အကြင် မသင့်သော နှလုံးသွင်းခြင်း ဟူသော အကြောင်းကြောင့်လည်း၊
အနုပ္ပန္နဿ = မဖြစ်သေးသော၊
သံယောဇနဿ = သံယောဇဉ်၏၊
ဥပ္ပါဒေါ = ဖြစ်ခြင်းသည်၊
ဟောတိ = ဖြစ်၏၊
တဉ္စ = ထိုသံယောဇဉ် ဖြစ်ခြင်းဟူသော အကြောင်းကိုလည်း၊
ပဇာနာတိ = သိ၏။

ယထာ စ ဥပ္ပန္နဿ သံယောဇနဿ ပဟာနံ ဟောတိ တဉ္စ ပဇာနာတိ

ယထာ စ = အကြင်သင့်သောနှလုံးသွင်းခြင်းဟူသော အကြောင်းကြောင့်လည်း၊
ဥပ္ပန္နဿ = ဖြစ်သော၊
သံယောဇနဿ = သံယောဇဉ်ကို၊
ပဟာနံ = တဒင်္ဂ, ဝိက္ခမ္ဘနအားဖြင့် ပယ်ခြင်းသည်၊
ဟောတိ = ဖြစ်၏၊
တဉ္စ = ထိုသံယောဇဉ်ကို ပယ်ခြင်း ဟူသော အကြောင်းကိုလည်း၊
ပဇာနာတိ = သိ၏။

ယထာ စ ပဟီနဿ သံယောဇနဿ အာယတိံ အနုပ္ပါဒေါ ဟောတိ တဉ္စ ပဇာနာတိ

ယထာ စ = အကြင် တဒင်္ဂ, ဝိက္ခမ္ဘနအားဖြင့် အားဖြင့်လည်း၊
ပဟီနဿ = ပယ်အပ်ပြီးသော၊
သံယောဇနဿ = သံယောဇဉ်၏၊
အာယတိံ = နောင်အခါ၌၊
အနုပ္ပါဒေါ = မဂ်ဖြင့် မဖြစ်ခြင်းသည်၊
ဟောတိ = ဖြစ်၏၊
တဉ္စ = ထိုနောင်တစ်ဖန် မဖြစ်ကြောင်းဖြစ်သော မဂ်ကိုလည်း၊
ပဇာနာတိ = သိ၏။

ဣတိ အဇ္ဈတ္တံ ဝါ ဓမ္မေသု ဓမ္မာနုပဿီ ဝိဟရတိ၊ ဗဟိဒ္ဓါ ဝါ ဓမ္မေသု ဓမ္မာနုပဿီ ဝိဟရတိ၊ အဇ္ဈတ္တဗဟိဒ္ဓါ ဝါ ဓမ္မေသု ဓမ္မာနုပဿီ ဝိဟရတိ

(ဆ) ဣတိ = ဤသို့၊
အဇ္ဈတ္တံ ဝါ = မိမိသန္တာန်၌လည်း၊
ဓမ္မေသု = အာယတနတရားတို့၌၊
ဓမ္မာနုပဿီ = အာယတန တရားကို အဖန်တလဲလဲ ရှုသည်ဖြစ်၍၊
ဝိဟရတိ = နေ၏၊
ဗဟိဒ္ဓါ ဝါ= အပသန္တာန်၌လည်း၊
ဓမ္မေသု = အာယတနတရားတို့၌၊
ဓမ္မာနုပဿီ = အာယတနတရားကို အဖန်တလဲလဲရှုသည်ဖြစ်၍၊
ဝိဟရတိ = နေ၏၊
အဇ္ဈတ္တဗဟိဒ္ဓါ ဝါ = ရံခါ မိမိသန္တာန်, ရံခါ အပသန္တာန်၌လည်း၊
ဓမ္မေသု = အာယတနတရားတို့၌၊
ဓမ္မာနုပဿီ = အာယတနတရားကို အဖန်တလဲလဲရှုသည်ဖြစ်၍၊
ဝိဟရတိ = နေ၏။

သမုဒယဓမ္မာနုပဿီ ဝါ ဓမ္မေသု ဝိဟရတိ၊ ဝယဓမ္မာနုပဿီ ဝါ ဓမ္မေသု ဝိဟရတိ၊ သမုဒယဝယဓမ္မာနုပဿီ ဝါ ဓမ္မေသု ဝိဟရတိ

ဓမ္မေသု = အာယတနတရားတို့၌၊
သမုဒယဓမ္မာနုပဿီ ဝါ = စက္ခာယတန စသည်၏ ဖြစ်ကြောင်းဖြစ်သော အဝိဇ္ဇာ စသော တရားကို အဖန်တလဲလဲ ရှုသည်ဖြစ်၍လည်း၊
ဝိဟရတိ = နေ၏၊
ဓမ္မေသု = အာယတနတရားတို့၌၊
ဝယဓမ္မာနုပဿီ ဝါ = ပျက်စီးကြောင်း သဘောကို အဖန်တလဲလဲ ရှုသည် ဖြစ်၍လည်း၊
ဝိဟရတိ = နေ၏၊
ဓမ္မေသု = အာယတနတရားတို့၌၊
သမုဒယဝယဓမ္မာနုပဿီ ဝါ = ဖြစ်ကြောင်းသဘော, ပျက်စီးကြောင်း သဘောကို အဖန်တလဲလဲ ရှုသည်ဖြစ်၍လည်း၊
ဝိဟရတိ = နေ၏။

အတ္ထိ ဓမ္မာတိ ဝါ ပနဿ သတိ ပစ္စုပဋ္ဌိတာ ဟောတိ
ယာဝဒေဝ ဉာဏမတ္တာယ ပဋိဿတိမတ္တာယ

ဓမ္မာ = အာယတနတရားတို့သည်သာလျှင်၊
အတ္ထိ-သန္တိ = ရှိကုန်၏၊
ဣတိ = ဤသို့၊
အဿ = ထို ရဟန်း၏၊
သတိဝါပန = သတိသည်မူလည်း၊
ပစ္စုပဋ္ဌိတာ = ရှေးရှုထင်သည်၊
ဟောတိ = ဖြစ်၏၊
သာ = ထို အာယတနတရားကို အောက်မေ့ခြင်း သတိသည်၊
ယာဝဒေဝ = အကြင်မျှလောက်၊
ဉာဏမတ္တာယ = အဆင့်ဆင့် ဓမ္မာနုပဿနာဉာဏ်၏ ပွားခြင်း အတိုင်းအရှည် အကျိုး ငှါလည်းကောင်း၊
ပဋိဿတိမတ္တာယ = အဆင့်ဆင့် ဥပါဒါနက္ခန္ဓာ တရားကို အောက်မေ့ခြင်း သတိ၏ ပွားခြင်း အတိုင်းအရှည် အကျိုးငှါလည်းကောင်း၊
ဟောတိ = ဖြစ်၏။

အနိဿိတော စ ဝိဟရတိ၊ န စ ကိဉ္စိ လောကေ ဥပါဒိယတိ
ဧဝမ္ပိ ခေါ ဘိက္ခဝေ ဘိက္ခု ဓမ္မေသု ဓမ္မာနုပဿီ ဝိဟရတိ ဆသုအဇ္ဈတ္တိကဗာဟိရေသု အာယတေနသု

သော ဘိက္ခု = ထိုရဟန်းသည်၊
အနိဿိတော စ = ဥပါဒါနက္ခန္ဓာတရားကို တဏှာ ဒိဋ္ဌိဖြင့် မမှီမူ၍လည်း၊
ဝိဟရတိ = နေ၏၊
လောကေ = ဥပါဒါနက္ခန္ဓာဟူသော လောက၌၊
ကိဉ္စိ = တစ်စုံတစ်ခုသော တရားကို၊
အတ္တာတိ ဝါ = ငါအစိုးရသော ကိုယ်ဟူ၍ ဒိဋ္ဌိအားဖြင့်လည်းကောင်း၊
အတ္တနိယန္တိ ဝါ = ငါ၏ ဥစ္စာဟူ၍ တဏှာအားဖြင့် လည်းကောင်း၊
န စ ဥပါဒိယတိ = မစွဲလမ်း၊

ဘိက္ခဝေ = ရဟန်းတို့၊
ဧဝမ္ပိ ခေါ = ဤသို့လည်း၊
ဘိက္ခု = ရဟန်းသည်၊
ဆသု = ခြောက်ပါးကုန်သော၊
အဇ္ဈတ္တိကဗာဟိရေသု = အတွင်းသန္တာန်, အပသန္တာန်၌ ဖြစ်ကုန်သော၊
အာယတနေသု = အာယတနဖြစ်ကုန်သော၊
ဓမ္မေသု = တရားတို့၌၊
ဓမ္မာနုပဿီ = အာယတနတရားကို အဖန်တလဲလဲ ရှုသည်ဖြစ်၍၊
ဝိဟရတိ = နေ၏။

အာယတနပိုင်း၌ အထူးမှတ်ဖွယ်

စက္ခုသည် သသမ္ဘာရစက္ခု, ပသာဒစက္ခုဟူ၍ နှစ်ပါးပြား၏။ ထိုနှစ်ပါးတို့တွင် မျက်ကွင်းရိုးဖြင့် ပိုင်းခြားအပ်သော အသားစိုင်သည် သသမ္ဘာရစက္ခု မည်၏။ ထို သသမ္ဘာရစက္ခု၏ အလယ်၌ ဝါဂွမ်းစိုင်ဝယ် ဆီပေါက်ကဲ့သို့ မျက်လွှာခုနစ်ထပ်ကို နှံ့၍ တည်သော ပရမာဏုမြူ လောက်သော ပသာဒရုပ်သည် ပသာဒစက္ခု မည်၏။

သောတ စသည်တို့သည်လည်း သသမ္ဘာရု, ပသာဒဟူ၍ နှစ်ပါးစီချည်း ပြားကုန်၏
ထိုအပြားတို့တွင် နားပေါက်အတွင်း လက်စွပ်ကွင်း သဏ္ဍာန် အသားစိုင်၌ နီသော အဆင်းရှိသော အမွေးကို မှီ၍ သောတပသာဒ တည်၏
နှာခေါင်းအတွင်း ဆိတ်ခွါ သဏ္ဍာန်ရှိသောအရပ်၌ ဃာနပသာဒ တည်၏

လျှာ၏အလယ် ကြာရွက်ဖျားမျှလောက်သော အရပ်၌ ဇိဝှါပသာဒ တည်၏

ဝါဂွမ်းစိုင်၌ ဆီကဲ့သို့ တစ်ကိုယ်လုံး၌ ကာယပသာဒ တည်၏

ဟဒယဝတ္ထုရုပ်အတွင်း နှလုံးသွေး၌ မနာယတန တည်၏

ဤစက္ခု စသော အဇ္ဈတ္တိကာယတန ခြောက်ပါး၌ ရူပါရုံ စသော ဗာဟိရာယတန ခြောက်ပါး ထင်သည်ကို စွဲ၍ဖြစ်သော သံယောဇဉ်ကား ကာမရာဂ သံယောဇဉ်, ပဋိဃ, မာန, ဒိဋ္ဌိ, ဝိစိကိစ္ဆာ, ဘဝရာဂ, သီလဗ္ဗတပရာမာသ, ဣဿာ, မစ္ဆရိယ, အဝိဇ္ဇာသံယောဇဉ် ဟူ၍ ဆယ်ပါးတည်း

ထိုသံယောဇဉ်သည် အဘယ်သို့ ဖြစ်သနည်းဟူမူကား -

(၁) စက္ခုဒွါရ၌ ဣဋ္ဌဖြစ်သော ရူပါရုံ၊
(၂) သောတဒွါရ၌ ဣဋ္ဌဖြစ်သော သဒ္ဒါရုံ၊
(၃) ဃာနဒွါရ၌ ဣဋ္ဌဖြစ်သော ဂန္ဓာရုံ၊
(၄) ဇိဝှါဒွါရ၌ ဣဋ္ဌဖြစ်သော ရသာရုံ၊
(၅) ကာယဒွါရ၌ ဣဋ္ဌဖြစ်သော ဖောဋ္ဌဗ္ဗာရုံ၊
(၆) မနောဒွါရ၌ ဣဋ္ဌဖြစ်သော ဓမ္မာရုံ ထင်သည်ရှိသော် -

(၁) ထိုအာရုံကို သာယာနှစ်သက် မက်မောသူအား ကာမရာဂ သံယောဇဉ် ဖြစ်၏
(၂) အနိဋ္ဌာရုံ ထင်သည်ရှိသော် အမျက်ထွက်သသူအား ပဋိဃသံယောဇဉ်
(၃) ဤကဲ့သို့သော ဣဋ္ဌာရုံကို ရသသူအား ငါ့ပြင် မရှိ - စသည်ဖြင့် ထောင်လွှား မှတ်ထင် အောက် မေ့သသူအား မာနသံယောဇဉ်
(၄) ဤရူပါရုံ စသည်သည် မြဲ၏ - စသည်ဖြင့် ယူသသူအား ဒိဋ္ဌိသံယောဇဉ်
(၅) ဤအာရုံကား သတ္တဝါ ဖြစ်လေသလောဟု တွေးတော ယုံမှားသသူအား ဝိစိကိစ္ဆာသံယောဇဉ်
(၆) သမ္ပတ္တိဘဝ၌ ဤသို့သော အာရုံကို ရလွယ်၏ဟု ဘဝကို တောင့်တသသူအား ဘဝရာဂသံယောဇဉ်
(၇) ဤသို့သော အလေ့အကျင့်ကို ဆောက်တည်၍ နောင်အခါလည်း ဤသို့သော ဣဋ္ဌာရုံကို ရခြင်းငှါ တတ်ကောင်း၏ဟု နွာ, ခွေးစသည်တို့ အလေ့အကျင့်ကို ဆောက်တည်သသူအား သီလဗ္ဗတ ပရာမာသ သံယောဇဉ်
(၈) ဣဋ္ဌာရုံကို ငါမှတစ်ပါး အခြားသူ မရပါစေလင့်ဟု ငြူစူသသူအား ဣဿာ သံယောဇဉ်
(၉) မိမိရသော စည်းစိမ်ချမ်းသာအာရုံကို သူတစ်ပါးနှင့် မစပ်စေလို ဝန်တိုသသူအား မစ္ဆရိယသံယောဇဉ်
(၁၀) ကာမရာဂစသော သံယောဇဉ်နှင့် အတူတကွဖြစ်သော မောဟ၏အစွမ်းဖြင့် အဝိဇ္ဇာသံယောဇဉ်ဖြစ်၏

ထိုသံယောဇဉ်တို့တွင် -

(၁) ဒိဋ္ဌိ, ဝိစိကိစ္ဆာ, သီလဗ္ဗတပရာမာသ, ဣဿာ, မစ္ဆရိယ-ဤသံယောဇဉ် ငါးပါးသည် သောတာပတ္တိမဂ်ဖြင့် နောင်တစ်ဖန် မဖြစ်ပြီ
(၂) ရုန့်ရင်းသော ကာမရာဂ, ပဋိဃ သံယောဇဉ် နှစ်ပါးသည် သကဒါဂါမိမဂ်ဖြင့် နောင်အခါ မဖြစ်
(၃) သိမ်မွေ့သော ကာမရာဂ, ပဋိဃ သံယောဇဉ် နှစ်ပါးသည် အနာဂါမိမဂ်ဖြင့် နောင်အသစ် မဖြစ်
(၄) မာန, ဘဝရာဂ, အဝိဇ္ဇာ သံယောဇဉ် သုံးပါးသည် အရဟတ္တမဂ်ဖြင့် နောင်အသစ် မဖြစ်ပြီ

သစ္စာလေးပါးခွဲပြချက်

(၁) အာယတနကို သိမ်းဆည်းတတ်သော သတိသည် ဒုက္ခသစ္စာ
(၂) ထိုဒုက္ခ၏ အကြောင်းဖြစ်သော တဏှာသည် သမုဒယသစ္စာ
(၃) ထိုသစ္စာနှစ်ပါး၏ ချုပ်ရာ နိဗ္ဗာန်သည် နိရောဓသစ္စာ
(၄) ထိုနိဗ္ဗာန်ကို အာရုံပြုသော မဂ္ဂင် ရှစ်ပါးသည် မဂ္ဂသစ္စာ မည်၏။

အာယတနပဗ္ဗံ = အာယတနအားဖြင့် နှလုံးသွင်းရာသောအပိုင်းသည်၊
နိဋ္ဌိတံ = ပြီးပြီ။

ဓမ္မာနုပဿနာ ဗောဇ္ဈင်္ဂပဗ္ဗ

၁၄။ ပုန စပရံ ဘိက္ခဝေ ဘိက္ခု ဓမ္မေသု ဓမ္မာနုပဿီ ဝိဟရတိ သတ္တသု ဗောဇ္ဈင်္ဂေသု
ကထဉ္စ ပန ဘိက္ခဝေ ဘိက္ခု ဓမ္မေသု ဓမ္မာနုပဿီ ဝိဟရတိ သတ္တသု ဗောဇ္ဈင်္ဂေသု

၁၄။ ဘိက္ခဝေ = ရဟန်းတို့၊
ပုန စ = တစ်ဖန်လည်း၊
အပရံ = တစ်ပါးတုံ၊
ဘိက္ခု = ရဟန်းသည်၊
သတ္တသု = ခုနစ်ပါးကုန်သော၊
ဗောဇ္ဈင်္ဂေသု = ဗောဇ္ဈင်ဖြစ်ကုန်သော။
ဓမ္မေသု = တရားတို့၌၊
ဓမ္မာနုပဿီ = ဗောဇ္ဈင်တရားကို အဖန်တလဲလဲ ရှုသည်ဖြစ်၍၊
ဝိဟရတိ = နေ၏၊
ဘိက္ခဝေ = ရဟန်းတို့၊
ကထဉ္စ = အသို့လျှင်၊
ဘိက္ခု = ရဟန်းသည်၊
သတ္တသု = ခုနစ်ပါးကုန်သော၊
ဗောဇ္ဈင်္ဂေသု = ဗောဇ္ဈင်ဖြစ်ကုန်သော၊
ဓမ္မေသု = တရားတို့၌၊
ဓမ္မာနုပဿီ = ဗောဇ္ဈင်တရားကို အဖန်တလဲလဲရှု သည်ဖြစ်၍၊
ဝိဟရတိ = နေသနည်း။

ဣဓ ဘိက္ခဝေ ဘိက္ခု သန္တံ ဝါ အဇ္ဈတ္တံ သတိသမ္ဗောဇ္ဈင်္ဂံ အတ္ထိ မေ အဇ္ဈတ္တံ သတိသမ္ဗောဇ္ဈင်္ဂေါတိ ပဇာနာတိ
အသန္တံ ဝါ အဇ္ဈတ္တံ သတိသမ္ဗောဇ္ဈင်္ဂံ နတ္ထိ မေ အဇ္ဈတ္တံ သတိသမ္ဗောဇ္ဈင်္ဂေါတိ ပဇာနာတိ

(က) ဘိက္ခဝေ = ရဟန်းတို့၊
ဣဓ = ဤသာသနာတော်၌၊
ဘိက္ခု = ရဟန်းသည်၊
အဇ္ဈတ္တံ = မိမိ သန္တာန်၌၊
သန္တံ ဝါ = ရသည်ဖြစ်၍ ထင်ရှားရှိသည်မူလည်းဖြစ်သော၊
သတိသမ္ဗောဇ္ဈင်္ဂံ = ကုသိုလ်တရားကို အောက်မေ့တတ်သော သတိသမ္ဗောဇ္ဈင်ကို၊
မေ = ငါ၏၊
အဇ္ဈတ္တံ = အတွင်းသန္တာန်၌၊
သတိသမ္ဗောဇ္ဈင်္ဂေါ = သတိသမ္ဗောဇ္ဈင်သည်၊
အတ္ထိ = ရှိ၏၊
ဣတိ = ဤသို့၊
ပဇာနာတိ = သိ၏။
အဇ္ဈတ္တံ = မိမိသန္တာန်၌၊
အသန္တံ ဝါ = မရသည်ဖြစ်၍ ထင်ရှားမရှိသည်မူလည်းဖြစ်သော၊
သတိ သမ္ဗောဇ္ဈင်္ဂံ = သတိသမ္ဗောဇ္ဈင်ကို၊
မေ = ငါ၏၊
အဇ္ဈတ္တံ = အတွင်းသန္တာန်၌၊
သတိသမ္ဗောဇ္ဈင်္ဂေါ = သတိ သမ္ဗောဇ္ဈင်သည်၊
နတ္ထိ = မရှိ၊
ဣတိ = ဤသို့၊
ပဇာနာတိ = သိ၏။

ယထာ စ အနုပ္ပန္နဿ သတိသမ္ဗောဇ္ဈင်္ဂဿ ဥပ္ပါဒေါ ဟောတိ တဉ္စ ပဇာနာတိ

ယထာ စ = အကြင် အသင့် နှလုံးသွင်းခြင်းကြောင့်လည်း၊
အနုပ္ပန္နဿ = မဖြစ်သေးသော၊
သတိ သမ္ဗောဇ္ဈင်္ဂဿ = သတိသမ္ဗောဇ္ဈင်၏၊
ဥပ္ပါဒေါ = ဖြစ်ခြင်းသည်၊
ဟောတိ = ဖြစ်၏၊
တဉ္စ = ထိုသတိသမ္ဗောဇ္ဈင် ဖြစ်ကြောင်းကိုလည်း၊
ပဇာနာတိ = သိ၏။

ယထာ စ ဥပ္ပန္နဿ သတိသမ္ဗောဇ္ဈင်္ဂဿ ဘာဝနာယ ပါရိပူရီ ဟောတိ တဉ္စ ပဇာနာတိ

ယထာ စ = အကြင် အရဟတ္တမဂ်ကြောင့်လည်း၊
ဥပ္ပန္နဿ = ဖြစ်သော၊
သတိသမ္ဗောဇ္ဈင်္ဂဿ = သတိသမ္ဗောဇ္ဈင်၏၊
ဘာဝနာယ = ပွားခြင်းဖြင့်, ပွားခြင်းငှါ, ပွားခြင်း၏၊
ပါရိပူရီ = ပြည့်စုံခြင်းသည်၊
ဟောတိ = ဖြစ်၏၊
တဉ္စ = ထို အရဟတ္တမဂ်ကိုလည်း၊
ပဇာနာတိ = သိ၏။

သန္တံ ဝါ အဇ္ဈတ္တံ ဓမ္မဝိစယသမ္ဗောဇ္ဈင်္ဂံ အတ္ထိ မေ အဇ္ဈတ္တံ ဓမ္မဝိစယသမ္ဗောဇ္ဈင်္ဂေါတိ ပဇာနာတိ
အသန္တံ ဝါ အဇ္ဈတ္တံ ဓမ္မဝိစယသမ္ဗောဇ္ဈင်္ဂံ နတ္ထိ မေ အဇ္ဈတ္တံ ဓမ္မဝိစယသမ္ဗောဇ္ဈင်္ဂေါတိ ပဇာနာတိ
ယထာ စ အနုပ္ပန္နဿ ဓမ္မဝိစယသမ္ဗောဇ္ဈင်္ဂဿ ဥပ္ပါဒေါ ဟောတိ တဉ္စ ပဇာနာတိ
ယထာ စ ဥပ္ပန္နဿ ဓမ္မဝိစယသမ္ဗောဇ္ဈင်္ဂဿ ဘာဝနာယ ပါရိပူရီ ဟောတိ တဉ္စ ပဇာနာတိ

(ခ) အဇ္ဈတ္တံ = မိမိသန္တာန်၌၊
သန္တံ ဝါ = ရသည်ဖြစ်၍ ထင်ရှားရှိသည်မူလည်းဖြစ်သော၊
ဓမ္မဝိဇယ သမ္ဗောဇ္ဈင်္ဂံ = သဘောတရားကို စုံစမ်းဆင်ခြင်တတ်သော ပညာတည်း ဟူသော ဓမ္မဝိဇယသမ္ဗောဇ္ဈင်ကို၊
မေ = ငါ၏၊
အဇ္ဈတ္တံ = အတွင်းသန္တာန်၌၊
ဓမ္မဝိဇယသမ္ဗောဇ္ဈင်္ဂေါ = ဓမ္မဝိဇယသမ္ဗောဇ္ဈင်သည်၊
အတ္ထိ = ရှိ၏၊
ဣတိ = ဤသို့၊
ပဇာနာတိ = သိ၏ ။ပ။
တဉ္စ = ထို အရဟတ္တမဂ်ကိုလည်း၊
ပဇာနာတိ = သိ၏။

သန္တံ ဝါ အဇ္ဈတ္တံ ဝီရိယသမ္ဗောဇ္ဈင်္ဂံ အတ္ထိ မေ အဇ္ဈတ္တံ ဝီရိယသမ္ဗောဇ္ဈင်္ဂေါတိ ပဇာနာတိ
အသန္တံ ဝါ အဇ္ဈတ္တံ ဝီရိယသမ္ဗောဇ္ဈင်္ဂံ နတ္ထိ မေ အဇ္ဈတ္တံ ဝီရိယသမ္ဗောဇ္ဈင်္ဂေါတိ ပဇာနာတိ
ယထာ စ အနုပ္ပန္နဿ ဝီရိယသမ္ဗောဇ္ဈင်္ဂဿ ဥပ္ပါဒေါ ဟောတိ တဉ္စ ပဇာနာတိ
ယထာ စ ဥပ္ပန္နဿ ဝီရိယသမ္ဗောဇ္ဈင်္ဂဿ ဘာဝနာယ ပါရိပူရီ ဟောတိ တဉ္စ ပဇာနာတိ

(ဂ) အဇ္ဈတ္တံ = မိမိသန္တာန်၌၊
သန္တံ ဝါ = ရသည်ဖြစ်၍ ထင်ရှားရှိသည်မူလည်းဖြစ်သော၊
ဝီရိယ သမ္ဗောဇ္ဈင်္ဂံ = ကုသိုလ် တရားကို အားထုတ်ခြင်း တည်းဟူသော ဝီရိယ သမ္ဗောဇ္ဈင်ကို ။ပ။
တဉ္စ = ထို အရဟတ္တမဂ်ကိုလည်း၊
ပဇာနာတိ = သိ၏။

သန္တံ ဝါ အဇ္ဈတ္တံ ပီတိသမ္ဗောဇ္ဈင်္ဂံ အတ္ထိ မေ အဇ္ဈတ္တံ ပီတိသမ္ဗောဇ္ဈင်္ဂေါတိ ပဇာနာတိ
အသန္တံ ဝါ အဇ္ဈတ္တံ ပီတိသမ္ဗောဇ္ဈင်္ဂံ နတ္ထိ မေ အဇ္ဈတ္တံ ပီတိသမ္ဗောဇ္ဈင်္ဂေါတိ ပဇာနာတိ
ယထာ စ အနုပ္ပန္နဿ ပီတိသမ္ဗောဇ္ဈင်္ဂဿ ဥပ္ပါဒေါ ဟောတိ တဉ္စ ပဇာနာတိ
ယထာ စ ဥပ္ပန္နဿ ပီတိသမ္ဗောဇ္ဈင်္ဂဿ ဘာဝနာယ ပါရိပူရီ ဟောတိ တဉ္စ ပဇာနာတိ

(ဃ) အဇ္ဈတ္တံ = မိမိသန္တာန်၌၊
သန္တံ ဝါ = ရသည်ဖြစ်၍ ထင်ရှားရှိသည်မူလည်းဖြစ်သော၊
ပီတိသမ္ဗောဇ္ဈင်္ဂံ = ရတနာ သုံးပါးဂုဏ်ကို နှစ်သက်ခြင်း တည်းဟူသော ပီတိ သမ္ဗောဇ္ဈင်ကို ။ပ။
တဉ္စ = ထို အရဟတ္တမဂ်ကိုလည်း၊
ပဇာနာတိ = သိ၏။

သန္တံ ဝါ အဇ္ဈတ္တံ ပဿဒ္ဓိသမ္ဗောဇ္ဈင်္ဂံ အတ္ထိ မေ အဇ္ဈတ္တံ ပဿဒ္ဓိသမ္ဗောဇ္ဈင်္ဂေါတိ ပဇာနာတိ
အသန္တံ ဝါ အဇ္ဈတ္တံ ပဿဒ္ဓိသမ္ဗောဇ္ဈင်္ဂံ နတ္ထိ မေ အဇ္ဈတ္တံ ပဿဒ္ဓိသမ္ဗောဇ္ဈင်္ဂေါတိ ပဇာနာတိ
ယထာ စ အနုပ္ပန္နဿ ပဿဒ္ဓိသမ္ဗောဇ္ဈင်္ဂဿ ဥပ္ပါဒေါ ဟောတိ တဉ္စ ပဇာနာတိ
ယထာ စ ဥပ္ပန္နဿ ပဿဒ္ဓိသမ္ဗောဇ္ဈင်္ဂဿ ဘာဝနာယ ပါရိပူရီ ဟောတိ တဉ္စ ပဇာနာတိ

(င) အဇ္ဈတ္တံ = မိမိသန္တာန်၌၊
သန္တံ ဝါ = ရသည်ဖြစ်၍ ထင်ရှားရှိသည်မူလည်းဖြစ်သော၊
ပဿဒ္ဓိသမ္ဗောဇ္ဈင်္ဂံ = ကိုယ်စိတ်၏ ငြိမ်းခြင်း တည်းဟူသော ပဿဒ္ဓိသမ္ဗောဇ္ဈင်ကို ။ပ။
တဉ္စ = ထိုအရဟတ္တမဂ်ကိုလည်း၊
ပဇာနာတိ = သိ၏။

သန္တံ ဝါ အဇ္ဈတ္တံ သမာဓိသမ္ဗောဇ္ဈင်္ဂံ အတ္ထိ မေ အဇ္ဈတ္တံ သမာဓိသမ္ဗောဇ္ဈင်္ဂေါတိ ပဇာနာတိ
အသန္တံ ဝါ အဇ္ဈတ္တံ သမာဓိသမ္ဗောဇ္ဈင်္ဂံ နတ္ထိ မေ အဇ္ဈတ္တံ သမာဓိသမ္ဗောဇ္ဈင်္ဂေါတိ ပဇာနာတိ
ယထာ စ အနုပ္ပန္နဿ သမာဓိသမ္ဗောဇ္ဈင်္ဂဿ ဥပ္ပါဒေါ ဟောတိ တဉ္စ ပဇာနာတိ
ယထာ စ ဥပ္ပန္နဿ သမာဓိသမ္ဗောဇ္ဈင်္ဂဿ ဘာဝနာယ ပါရိပူရီ ဟောတိ တဉ္စ ပဇာနာတိ

(စ) အဇ္ဈတ္တံ = မိမိသန္တာန်၌၊
သန္တံ ဝါ = ရသည်ဖြစ်၍ ထင်ရှားရှိသည်မူလည်းဖြစ်သော၊
သမာဓိသမ္ဗောဇ္ဈင်္ဂံ = တည်ကြည်ခြင်း, မပျံ့လွင့်ခြင်း တည်းဟူသော သမာဓိသမ္ဗောဇ္ဈင် ကို ။ပ။
တဉ္စ = ထိုအရဟတ္တမဂ်ကိုလည်း၊
ပဇာနာတိ = သိ၏။

သန္တံ ဝါ အဇ္ဈတ္တံ ဥပေက္ခာသမ္ဗောဇ္ဈင်္ဂံ အတ္ထိ မေ အဇ္ဈတ္တံ ဥပေက္ခာသမ္ဗောဇ္ဈင်္ဂေါတိ ပဇာနာတိ

(ဆ) အဇ္ဈတ္တံ = မိမိသန္တာန်၌၊
သန္တံ ဝါ = ရသည်ဖြစ်၍ ထင်ရှားရှိသည်မူလည်းဖြစ်သော၊
ဥပေက္ခာသမ္ဗောဇ္ဈင်္ဂံ = လျစ်လျူရှုခြင်း တည်းဟူသော ဥပေက္ခာသမ္ဗောဇ္ဈင်ကို၊
မေ = ငါ၏၊
အဇ္ဈတ္တံ = အတွင်းသန္တာန်၌၊
ဥပေက္ခာသမ္ဗောဇ္ဈင်္ဂေါ = ဥပေက္ခာသမ္ဗောဇ္ဈင်သည်၊
အတ္ထိ = ရှိ၏၊
ဣတိ = ဤသို့၊
ပဇာနာတိ = သိ၏။

အသန္တံ ဝါ အဇ္ဈတ္တံ ဥပေက္ခာသမ္ဗောဇ္ဈင်္ဂံ နတ္ထိ မေ အဇ္ဈတ္တံ ဥပေက္ခာသမ္ဗောဇ္ဈင်္ဂေါတိ ပဇာနာတိ

အဇ္ဈတ္တံ = မိမိသန္တာန်၌၊
အသန္တံ ဝါ = မရသည်ဖြစ်၍ ထင်ရှားမရှိသည်မူလည်းဖြစ်သော၊
ဥပေက္ခာသမ္ဗောဇ္ဈင်္ဂံ = ဥပေက္ခာသမ္ဗောဇ္ဈင်ကို၊
မေ = ငါ၏၊
အဇ္ဈတ္တံ = အတွင်းသန္တာန်၌၊
ဥပေက္ခာသမ္ဗောဇ္ဈဂေါ = ဥပေက္ခာသမ္ဗောဇ္ဈင်သည်၊
နတ္ထိ = မရှိ၊
ဣတိ = ဤသို့၊
ပဇာနာတိ = သိ၏။

ယထာ စ အနုပ္ပန္နဿ ဥပေက္ခာသမ္ဗောဇ္ဈင်္ဂဿ ဥပ္ပါဒေါ ဟောတိ တဉ္စ ပဇာနာတိ

ယထာ စ = အကြင် အသင့်နှလုံးသွင်းခြင်းကြောင့်လည်း၊
အနုပ္ပန္နဿ = မဖြစ်သေးသော၊
ဥပေက္ခာသမ္ဗောဇ္ဈင်္ဂဿ = ဥပေက္ခာသမ္ဗောဇ္ဈင်၏၊
ဥပ္ပါဒေါ = ဖြစ်ခြင်းသည်၊
ဟောတိ = ဖြစ်၏၊
တဉ္စ = ထိုဥပေက္ခာသမ္ဗောဇ္ဈင်ဖြစ်ကြောင်းကိုလည်း၊
ပဇာနာတိ = သိ၏။

ယထာ စ ဥပ္ပန္နဿ ဥပေက္ခာသမ္ဗောဇ္ဈင်္ဂဿ ဘာဝနာယ ပါရိပူရီ ဟောတိ တဉ္စ ပဇာနာတိ

ယထာ စ = အကြင် အရဟတ္တမဂ်ကြောင့်လည်း၊
ဥပ္ပန္နဿ = ဖြစ်သော၊
ဥပေက္ခာသမ္ဗောဇ္ဈင်္ဂဿ = ဥပေက္ခာ သမ္ဗောဇ္ဈင်၏၊
ဘာဝနာယ = ပွားခြင်းဖြင့်, ပွားခြင်းငှါ, ပွားခြင်း၏၊
ပါရိပူရီ = ပြည့်စုံခြင်းသည်၊
ဟောတိ = ဖြစ်၏၊
တဉ္စ = ထို အရဟတ္တမဂ်ကိုလည်း၊
ပဇာနာတိ = သိ၏။

ဣတိ အဇ္ဈတ္တံ ဝါ ဓမ္မေသု ဓမ္မာနုပဿီ ဝိဟရတိ၊ ဗဟိဒ္ဓါ ဝါ ဓမ္မေသု ဓမ္မာနုပဿီ ဝိဟရတိ၊ အဇ္ဈတ္တဗဟိဒ္ဓါ ဝါ ဓမ္မေသု ဓမ္မာနုပဿီ ဝိဟရတိ
သမုဒယဓမ္မာနုပဿီ ဝါ ဓမ္မေသု ဝိဟရတိ၊ ဝယဓမ္မာနုပဿီ ဝါ ဓမ္မေသု ဝိဟရတိ၊ သမုဒယဝယဓမ္မာနုပဿီ ဝါ ဓမ္မေသု ဝိဟရတိ

အတ္ထိ ဓမ္မာတိ ဝါ ပနဿ သတိ ပစ္စုပဋ္ဌိတာ ဟောတိ
ယာဝဒေဝ ဉာဏမတ္တာယ ပဋိဿတိမတ္တာယ
အနိဿိတော စ ဝိဟရတိ၊ န စ ကိဉ္စိ လောကေ ဥပါဒိယတိ
ဧဝမ္ပိ ခေါ ဘိက္ခဝေ ဘိက္ခု ဓမ္မေသု ဓမ္မာနုပဿီ ဝိဟရတိ သတ္တသု ဗောဇ္ဈင်္ဂသု

(ဇ) ဣတိ = ဤသို့၊
အဇ္ဈတ္တံ ဝါ = မိမိသန္တာန်၌လည်း၊
ဓမ္မေသု = ဗောဇ္ဈင်တရားတို့၌၊
ဓမ္မာနုပဿီ = ဗောဇ္ဈင်တရားကို အဖန်တလဲလဲရှုသည်ဖြစ်၍၊
ဝိဟရတိ = နေ၏၊
ဗဟိဒ္ဓါ ဝါ = အပသန္တာန်၌လည်း၊
ဓမ္မေသု = ဗောဇ္ဈင်တရားတို့၌၊
ဓမ္မာနုပဿီ = ဗောဇ္ဈင်တရားကို အဖန်တလဲလဲရှုသည်ဖြစ်၍၊
ဝိဟရတိ = နေ၏၊
အဇ္ဈတ္တ ဗဟိဒ္ဓါ ဝါ = ရံခါ မိမိသန္တာန်, ရံခါ အပသန္တာန်၌လည်း၊
ဓမ္မေသု = ဗောဇ္ဈင်တရားတို့၌၊
ဓမ္မာနုပဿီ = ဗောဇ္ဈင်တရားကို အဖန်တလဲလဲ ရှုသည်ဖြစ်၍၊
ဝိဟရတိ = နေ၏ ။ပ။
ဘိက္ခဝေ = ရဟန်းတို့၊
ဧဝမ္ပိ ခေါ = ဤသို့လည်း၊
ဘိက္ခု = ရဟန်းသည်၊
သတ္တသု = ခုနစ်ပါးကုန်သော၊
ဗောဇ္ဈင်္ဂေသု = ဗောဇ္ဈင်ဖြစ်ကုန်သော၊
ဓမ္မေသု = တရားတို့၌၊
ဓမ္မာနုပဿီ = ဗောဇ္ဈင် တရားကို အဖန် တလဲလဲ ရှုသည်ဖြစ်၍၊
ဝိဟရတိ = နေ၏။

ဗောဇ္ဈင်ပိုင်း၌ အထူးမှတ်ဖွယ်

▬▬▬▬▬▬▬▬▬▬

သတိသမ္ဗောဇ္ဈင်ဖြစ်ကြောင်းကား-
(၁) အဘိက္ကန္တ စသော ခုနစ်ပါးသောအရာတို့၌ သတိသမ္ပဇဉ်နှင့် ယှဉ်ခြင်း၊
(၂) လွတ်သော သတိရှိသောသူကို ကြဉ်ခြင်း၊
(၃) ထင်သော သတိရှိသောသူကို မှီဝဲခြင်း၊
(၄) ရပ်ခြင်းစသည်၌ သတိဖြစ်စေခြင်းငှါ ညွတ်ကိုင်းရှိုင်းဝှမ်းသော စိတ်ရှိခြင်း-ဟူ၍ လေးပါးတည်း။

ဆောင်ပုဒ်လင်္ကာ
သတိသမ္ပဇဉ်၊ အမြဲယှဉ်၍၊
ကြဉ်လေမုဋ္ဌ၊ မှီရ သတိမာ၊
ဓိမုတ္တာဟူ၊ လေးဖြာသတိ ပွားကြောင်းတည်း။

ဓမ္မဝိဇယသမ္ဗောဇ္ဈင်ဖြစ်ကြောင်းကား -
(၁) ခန္ဓာ, အာယတန, ဓာတ် စသည်ကို မေးမြန်းဖန်များခြင်း၊
(၂) ကိုယ်တွင်းကိုယ်ပ၌ ဖြစ်သော ဝတ္ထု သန့်ရှင်းစင်ကြယ်ခြင်း၊
(၃) သဒ္ဓါလွန်လျှင် ကွန့်သည်၊ ပညာလွန်လျှင် ဆွံ့သည်၊ ဝီရိယလွန်လျှင် ပျံ့သည်၊ သမာဓိလွန်လျှင် တွန့်သည်၊ သတိမူကား လွန်သည်မရှိ၊ လိုသည်သာ ရှိသည်ဟူရကား သဒ္ဓါနှင့်ပညာ, ဝီရိယနှင့် သမာဓိကို မျှစေခြင်း၊
(၄) ပညာမဲ့ကို ကြဉ်ခြင်း၊
(၅) ပညာရှိကို ယှဉ်ခြင်း၊
(၆) နက်နဲသော ခန္ဓာ စသည်၌ဖြစ်သော နက်နဲသော ပညာအပြားကို ဆင်ခြင်ခြင်း၊
(၇) ရပ်ခြင်း စသည်၌ ဓမ္မဝိဇယသမ္ဗောဇ္ဈင်ဖြစ်စေခြင်းငှါ ညွတ်ကိုင်း ရှိုင်းဝှမ်းသော စိတ်ရှိခြင်း-ဟူ၍ ခုနစ်ပါးတည်း။

ဆောင်ပုဒ်လင်္ကာ
ဖန်ဖန်မေးမှု၊ ဝတ္ထုစင်စေ၊
ဣန္ဒြေမျှ၊ ဗာလကိုကြဉ်၊
ဉာဏ်ရှိယှဉ်မှ၊ ဆင်ခြင်နက်လှ၊
ဓိမုတ္တဟု၊ ဉာဏ်ပွားကြောင်း ခုနစ်တည်း။

ဝီရိယသမ္ဗောဇ္ဈင်ဖြစ်ကြောင်းကား-
(၁) အပါယ်လေးပါးကို ဆင်ခြင်ခြင်း၊
(၂) ဝီရိယ၏အကျိုးကို ရှုမြင်ခြင်း၊
(၃) ဘုရားစသော သူတော်ကောင်းတို့ သွားရာလမ်းခရီးသို့ လိုက်သင့်၏ဟု ဆင်ခြင်ခြင်း၊
(၄) တရားကို အားထုတ်ခြင်းဖြင့် ဆွမ်းကို ပူဇော်ခြင်း၊
(၅) သူတော်ကောင်းဥစ္စာဟူသော အမွေခံမြတ်သည်ကို ဆင်ခြင်ခြင်း၊
(၆) ဘုရား၏ မြတ်သည်၏အဖြစ်ကို ဆင်ခြင်ခြင်း၊
(၇) ဘုရားသားတော်အဖြစ်တည်းဟူသော အမျိုးမြတ်သည်ကို ဆင်ခြင်ခြင်း၊
(၈) သီတင်းသုံးဖော်မြတ်သည်ကို ဆင်ခြင်ခြင်း၊
(၉) ပျင်းရိသောသူကို ကြဉ်ခြင်း၊
(၁၀) အားထုတ်အပ်သော ဝီရိယရှိသူကို ယှဉ်ခြင်း၊
(၁၁) ရပ်ခြင်းစသည်၌ ဝိရိယကို ဖြစ်စေခြင်းငှါ ညွတ်ကိုင်းရှိုင်းဝှမ်းသော စိတ်ရှိခြင်း
ဟူ၍ (၁၁)ပါးတည်း။

ဆောင်ပုဒ်လင်္ကာ
ပါယ်ဘေးဆင်ခြင်၊ မြင်သည်အကျိုး၊
လမ်းရိုးလိုက်ရာ၊ ပိဏ္ဍပစာယ၊
ဒါယဇ္ဇဟု၊ သတ္ထုမြတ်ဘိ၊
ဇာတိ မဟတ္တ၊ သဗြဟ္မစာရီ၊
မမှီလူပျင်း၊ မှီတင်းအာရဒ္ဓ၊
ဝိမုတ္တဟု၊ လုံ့လပွားကြောင်း ဆယ့်တစ်တည်း။

ပီတိသမ္ဗောဇ္ဈင်ဖြစ်ကြောင်းကား -
(၁) ဗုဒ္ဓါနုဿတိ၊
(၂) ဓမ္မာနုဿတိ၊
(၃) သံဃာနုဿတိ၊
(၄) သီလာနုဿတိ၊
(၅) စာဂါနုဿတိ၊
(၆) ဒေဝတာနုဿတိ၊
(၇) ဥပသမာနုဿတိ-ဟူ၍ အနုဿတိ ခုနစ်ပါး ဘုရားစသည်၌ ကြည်ညိုခြင်း၊
(၈) သဒ္ဓါအစေးကင်း၍ ခြောက်သွေ့သောသူကို ကြဉ်ခြင်း၊
(၉) သဒ္ဓါတရားများသောသူကို မှီဝဲခြင်း၊
(၁၀) ကြည်ညိုဖွယ်သော သုတ္တန်ကို ဆင်ခြင်ခြင်း၊
(၁၁) ရပ်ခြင်း စသည်၌ ပီတိဖြစ်စေခြင်းငှါ ညွတ်ကိုင်း ရှိုင်းဝှမ်းသော စိတ်ရှိခြင်း-
ဟူ၍ (၁၁)ပါးတည်း။

ဆောင်ပုဒ်လင်္ကာ
သတ္တာနုဿတိ၊ ကြဉ်ဘိလူခ၊
သိနိဒ္ဓရှာ၊ ပသာဒသုတ်၊
အဓိမုတ်ဟု … မယုတ်ပီတိ ဆယ့်တစ်တည်း။

ပဿဒ္ဓိသမ္ဗောဇ္ဈင်ဖြစ်ကြောင်းကား -
(၁) မွန်မြတ်သော ဘောဇဉ်ကို မှီဝဲခြင်း၊
(၂) လျောက်ပတ်သော ဥတုကို မှီဝဲခြင်း၊
(၃) ချမ်းသာသော ဣရိယာပုထ်ကို မှီဝဲခြင်း၊
(၄) မိမိ၏လည်းကောင်း, သူတစ်ပါး၏လည်းကောင်း ကံသာလျှင် ဥစ္စာရှိသည်ကို ဆင်ခြင်ခြင်း၊
(၅) သူတစ်ပါးအား ညှဉ်းဆဲသဖြင့် ပူပန်သော ကိုယ်ရှိသသူကို ကြဉ်ခြင်း၊
(၆) ငြိမ်းချမ်းသော ကိုယ်စိတ်ရှိသသူကို မှီဝဲခြင်း၊
(၇) ရပ်ခြင်းစသည်၌ ပဿဒ္ဓိဖြစ်စေခြင်းငှါ ညွတ်ကိုင်းရှိုင်းဝှမ်းသော စိတ်ရှိခြင်း
အားဖြင့် (၇)ပါးတည်း။

ဆောင်ပုဒ်လင်္ကာ
ဘောဇဉ်မွန်မြတ်၊ လျောက်ပတ်ဥတု၊
သုခဣရိယာ၊ မဇ္ဈာပယောဂ၊
သာရဒ္ဓကြဉ်၊ ယှဉ်အသာရဒ်၊
ဓိမုတ် မှတ်သည်၊ ပဿဒ် ပွားကြောင်း ခုနစ်တည်း။

သမာဓိသမ္ဗောဇ္ဈင်ဖြစ်ကြောင်းကား-
(၁) အတွင်းအပ ဝတ္ထုစင်ကြယ်ခြင်း၊
(၂) သဒ္ဓါနှင့်ယှဉ်သော ဝီရိယနှင့် သမာဓိကို မျှစေခြင်း၊
(၃) သမာဓိ၏အာရုံဖြစ်သော ကသိုဏ်းနိမိတ်ကို ယူခြင်း၌ လိမ္မာခြင်း၊
(၄) ဝီရိယလျော့ခြင်း စသည်ဖြင့် တွန့်သော စိတ်ရှိသောအခါ ဓမ္မဝိစယ, ဝီရိယ, ပီတိဖြင့် စိတ်ကို ချီးပင့်ခြင်း၊
(၅) ဝီရိယ လွန်ခြင်း စသည်ဖြင့် ပျံ့လွင့်သော စိတ်ရှိသောအခါ ပဿဒ္ဓိ, သမာဓိ, ဥပေက္ခာဖြင့် စိတ်ကို နှိပ်ခြင်း၊
(၆) ပညာပယောဂ နုံ့ခြင်းကြောင့် လည်းကောင်း, ငြိမ်သက်သော ချမ်းသာကို မရခြင်းကြောင့် လည်းကောင်း, စိတ်မသက်သာသောအခါ သံဝေဂဝတ္ထုကို ဆင်ခြင်၍ လည်းကောင်း, ရတနာသုံးပါးဂုဏ်ကို အောက်မေ့၍လည်းကောင်း, စိတ်ကို ရွှင်စေခြင်း၊
(၇) တွန့်ခြင်း, ပျံ့လွင့်ခြင်းကင်း၍ အာရုံ၌ အမျှဖြစ်သောအခါ မြှောက်ခြင်း, နှိပ်ခြင်း, ရွှင်စေခြင်းတို့၌ ကြောင့်ကြ မပြုမူ၍ လျစ်လျူရှုခြင်း၊
(၈) ပျံ့လွင့်သသူကို ကြဉ်ခြင်း၊
(၉) တည်ကြည်သသူကို ယှဉ်ခြင်း၊
(၁၀) ဈာန်ဝိမောက္ခကို ဆင်ခြင်ခြင်း၊
(၁၁) ရပ်ခြင်းစသည်၌ သမာဓိကို ဖြစ်စေခြင်းငှါ ညွတ်ကိုင်းရှိုင်းဝှမ်းသော စိတ်ရှိခြင်း-
ဟူ၍ (၁၁)ပါးတည်း။

ဆောင်ပုဒ်လင်္ကာ
ဝတ္ထုစင်စေ၊ ဣန္ဒြေမျှစွာ၊
လိမ္မာနိမိတ္တ၊ ပဂ္ဂဟ-နိဂ္ဂဟံ၊
သမ္ပဟံသ၊ ဥပေက္ခနှင့်၊
ပျံ့လွင့်သူကြဉ်၊ တည်ကြည်ယှဉ်မှ၊
ဈာနဝိမောက်၊ ဓိမုတ် လှောက်သည်၊
ပွင့်မြောက်ဓိတိ ဆယ့်တစ်တည်း။

ဥပေက္ခာသမ္ဗောဇ္ဈင် ဖြစ်ကြောင်းကား -
(၁) မိမိ၏လည်းကောင်း, သူတစ်ပါး၏လည်းကောင်း, ကံသာလျှင် ဥစ္စာရှိ၏ဟု ဆင်ခြင်၍ လည်းကောင်း, ပရမတ္ထအားဖြင့် သတ္တဝါ မည်သည်မရှိ၊ သင်သည် အဘယ်သူကို ချစ်ခင်သနည်းဟု နိဿတ္တအဖြစ်ကို ဆင်ခြင်၍လည်းကောင်း သတ္တဝါကို လျစ်လျူရှုခြင်း၊
(၂) သင်္ကန်းစသော သင်္ခါရသည် အစဉ်ဖြင့် အဆင်းဖောက်ပြန်၍ ဆိုးရွားဟောင်းမြင်း စုတ်ပြတ်ခြင်းသို့ ရောက်လတ္တံ့, ဤသင်္ကန်းစသည်တို့ကို အစိုးရဘိမူကား ဤကဲ့သို့ မဖြစ်ရာဟု အသာမိကအဖြစ်ကို ဆင်ခြင်၍လည်းကောင်း, ဤသင်္ကန်းစသည်လည်း အရှည်မခံ အခိုက်အတန့်သာဟု တာဝကာလိကအဖြစ်ကို ဆင်ခြင်၍ လည်းကောင်း သင်္ခါရကို လျစ်လျူရှုခြင်း၊
(၃) သားသမီးစသော သတ္တဝါ, ဥစ္စာ ခမ်းနားစသော သင်္ခါရကို ချစ်ခင်မြတ်နိုးတတ် သသူကို ကြဉ်ခြင်း၊
(၄) သတ္တဝါ သင်္ခါရကို လျစ်လျူရှုတတ်သသူကို ယှဉ်ခြင်း၊
(၅) ရပ်ခြင်း စသည်၌ ဥပေက္ခာဖြစ်စေခြင်းငှါ ညွတ်ကိုး ရှိုင်းဝှမ်းသော စိတ်ရှိခြင်း-
ဟူ၍ ငါးပါးတည်း။

ဆောင်ပုဒ်လင်္ကာ
ကမ္မဿက၊ နိဿတ္တဖြင့်၊
သတ္တမဇ္ဈာ၊ အသာမိက၊
အနုဒ္ဓဖြင့်၊ သင်္ခါရမဇ္ဈာ၊
သင်္ခါရ-သတ်၊ ချစ်တတ်သူကြဉ်၊
လျစ်လျူယှဉ်မှ၊ ဝိမုတ္တဟု၊
မဇ္ဈပွားကြောင်း ငါးပါးတည်း။

ဖြစ်ကြောင်းအင်္ဂါ၏
သင်္ချာပြ ဆောင်ပုဒ်လင်္ကာ
သတိ-ဓမ္မ၊ ဝိစယနှင့်၊
ဝီရိယ-ပီတိ၊ ပဿဒ္ဓိဟု၊
သမာဓုပေက္ခာ၊ ခုနစ်ဖြာတွင်၊
ကြောင်းခြာမှန်ဘိ၊ သတိ စတု
ပဉ္စုပေက္ခဝိစယ-ပဿဒ်
ပွားမှတ်-သတ္တဝီရိယ-ပီတိ
သမာဓိကားပွားဘိဆယ့်တစ်စီပင်တည်း။

သစ္စာလေးပါးခွဲပြချက်

▬▬▬▬▬▬▬▬

(၁) ဗောဇ္ဈင်ကို သိမ်းဆည်းတတ်သော သတိသည် ဒုက္ခသစ္စာ
(၂) ထိုဒုက္ခ၏ အကြောင်းဖြစ်သော တဏှာသည် သမုဒယသစ္စာ
(၃) ထိုသစ္စာနှစ်ပါး၏ ချုပ်ရာ နိဗ္ဗာန်သည် နိရောဓသစ္စာ
(၄) ထိုနိဗ္ဗာန်ကို အာရုံပြုသော မဂ္ဂင် ရှစ်ပါးသည် မဂ္ဂသစ္စာ မည်၏။

ဗောဇ္ဈင်္ဂပဗ္ဗံ = ဗောဇ္ဈင်အားဖြင့် နှလုံးသွင်းရာသောအပိုင်းသည်၊
နိဋ္ဌိတံ = ပြီးပြီ။

ဓမ္မာနုပဿနာ သစ္စပဗ္ဗ

▬▬▬▬▬▬▬▬▬

၁၅။ ပုန စပရံ ဘိက္ခဝေ ဘိက္ခု ဓမ္မေသု ဓမ္မာနုပဿီ ဝိဟရတိ စတူသု အရိယသစ္စေသု။ ကထဉ္စ ပန ဘိက္ခဝေ ဘိက္ခု ဓမ္မေသု ဓမ္မာနုပဿီ ဝိဟရတိ စတူသု အရိယသစ္စေသု။

ဘိက္ခဝေ = ရဟန်းတို့၊
ပုန စ = တစ်ဖန်လည်း၊
အပရံ = တစ်ပါးတုံ၊
ဘိက္ခု = ရဟန်းသည်၊
စတူသု = လေးပါးကုန်သော၊
အရိယသစ္စေသု = အရိယသစ္စာ မည်ကုန်သော၊
ဓမ္မေသု = တရားတို့၌၊
ဓမ္မာနုပဿီ = သစ္စာတရားကို အဖန်တလဲလဲ ရှုသည်ဖြစ်၍၊
ဝိဟရတိ = နေ၏၊
ဘိက္ခဝေ = ရဟန်းတို့၊
ကထဉ္စ = အသို့လျှင်၊
ဘိက္ခု = ရဟန်းသည်၊
စတူသု = လေးပါးကုန်သော၊
အရိယသစ္စေသု = အရိယသစ္စာ ဖြစ်ကုန်သော၊
ဓမ္မေသု = တရားတို့၌၊
ဓမ္မာနုပဿီ = သစ္စာတရားကို အဖန်တလဲလဲ ရှုသည်ဖြစ်၍၊
ဝိဟရတိ = နေသနည်း။

ဣဓ ဘိက္ခဝေ ဘိက္ခု

ဘိက္ခဝေ = ရဟန်းတို့၊
ဣဓ = ဤသာသနာတော်၌၊
ဘိက္ခု = ရဟန်းသည် -

ဣဒံ ဒုက္ခန္တိ ယထာဘူတံ ပဇာနာတိ၊

(က) ဣဒံ = ဤတဏှာကြဉ်သော တေဘူမကတရားသည်၊
ဒုက္ခံ = ဒုက္ခသစ္စာတည်း၊
ဣတိ = ဤသို့၊
ယထာဘူတံ = မဖောက်မပြန်ဟုတ်မှန်တိုင်း၊
ပဇာနာတိ = သိ၏။

အယံ ဒုက္ခသမုဒယောတိ ယထာဘူတံ ပဇာနာတိ၊

(ခ) အယံ = ဤတဏှာသည်၊
ဒုက္ခသမုဒယော = ဒုက္ခ၏ အကြောင်းတည်း၊
ဣတိ = ဤသို့၊
ယထာဘူတံ = မဖောက်မပြန် ဟုတ်မှန်တိုင်း၊
ပဇာနာတိ = သိ၏။

အယံ ဒုက္ခနိရောဓောတိ ယထာဘူတံ ပဇာနာတိ၊

(ဂ) အယံ = ဤနိဗ္ဗာန်သည်၊
ဒုက္ခနိရောဓော = ဒုက္ခ၏ ချုပ်ရာတည်း၊
ဣတိ = ဤသို့၊
ယထာဘူတံ = မဖောက်မပြန် ဟုတ်မှန်တိုင်း၊
ပဇာနာတိ = သိ၏။

အယံ ဒုက္ခနိရောဓဂါမိနီပဋိပဒါတိ ယထာဘူတံ ပဇာနာတိ။

(ဃ) အယံ = ဤမဂ္ဂင်ရှစ်ပါးသည်၊
ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ = ဒုက္ခ၏ချုပ်ရာ နိဗ္ဗာန်သို့ ရောက်စေတတ်သော အကျင့် တည်း၊
ဣတိ = ဤသို့၊
ယထာဘူတံ = မဖောက်မပြန်ဟုတ်မှန်တိုင်း၊
ပဇာနာတိ = သိ၏။

ပဌမဘာဏဝါရော = ပဌမဘာဏဝါရသည်၊
နိဋ္ဌိတော = ပြီးပြီ။

ဒုက္ခသစ္စနိဒ္ဒေသ

▬▬▬▬▬▬

၁၆။ ကတမဉ္စ ဘိက္ခဝေ ဒုက္ခံ အရိယသစ္စံ။

၁၆။ ဘိက္ခဝေ = ရဟန်းတို့၊
ဒုက္ခံ = ဖြစ်သော၊
အရိယသစ္စံ = အရိယသစ္စာသည်၊
ကတမဉ္စ = အဘယ်နည်း၊

ဇာတိပိ ဒုက္ခာ၊ ဇရာပိ ဒုက္ခာ၊ မရဏံပိ ဒုက္ခံ၊ သောကပရိဒေဝဒုက္ခ ဒေါမနဿုပါယာသာပိ ဒုက္ခာ၊ အပ္ပိယေဟိ သမ္ပယောဂေါပိ ဒုက္ခော၊ ပိယေဟိ ဝိပ္ပယောဂေါပိ ဒုက္ခော၊ ယမ္ပိစ္ဆံ န လဘတိ၊ တမ္ပိ ဒုက္ခံ၊ သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ။

(က) ဇာတိပိ = ပဋိသန္ဓေ နေခြင်းသည်လည်း၊
ဒုက္ခာ = ဆင်းရဲ၏။
(ခ) ဇရာပိ = ဆိုးရွားဟောင်းမြင်း, အိုမင်းမှည့်ပျော်, ရင့်ရော်ခြင်းသည်လည်း၊
ဒုက္ခာ = ဆင်းရဲ၏။
(ဂ) မရဏမ္ပိ = စုတ်ပြတ်ကြွေ သေလွန်ခြင်းသည်လည်း၊
ဒုက္ခံ = ဆင်းရဲ၏။
(ဃ) သောကပရိဒေဝဒုက္ခ ဒေါမနဿုပါယာသာပိ = စိုးရိမ်ခြင်း, ငိုကြွေးမြည်တမ်းခြင်း ,ကိုယ်၏ ဆင်းရဲခြင်း, နှလုံး မသာယာခြင်း, စိတ်၏လွန်စွာ ပင်ပန်းခြင်းတို့သည် လည်း၊
ဒုက္ခာ = ဆင်းရဲ ကုန်၏။
(င) အပ္ပိယေဟိ = မချစ်အပ်ကုန်သော အာရုံ, သင်္ခါရ, သတ္တဝါတို့နှင့်၊
သမ္ပယောဂေါ = တကွတွေ့ကြုံ ပေါင်းဆုံခြင်းသည်၊
ဒုက္ခော = ဆင်းရဲ၏။
(စ) ပိယေဟိ = ချစ်အပ်ကုန်သော အာရုံ, သင်္ခါရ, သတ္တဝါတို့နှင့်၊
ဝိပ္ပယောဂေါ = ကွေကွင်း ကင်းကွာခြင်းသည်၊
ဒုက္ခော = ဆင်းရဲ၏။
(ဆ) ယမ္ပိ-ယေနပိဓမ္မေန = အကြင်မဂ်ကို ပွားစေခြင်းမှတစ်ပါးသော တောင့်တခြင်း ဟူသော အကြောင်းဖြင့်လည်း၊
အလဗ္ဘနေယျဝတ္ထုံ = ပဋိသန္ဓေနေခြင်း သဘော၏ မရှိခြင်းစသော မရအပ်သော ဝတ္ထုကို၊
ဣစ္ဆံ-ဣစ္ဆန္တော = တောင့်တသောသူသည်၊
န လဘတိ = မရ၊
တမ္ပိ-ဣစ္ဆနံ = ထိုမဂ်ကို ပွားစေခြင်းမှတစ်ပါးသော အကြောင်းဖြင့် မရအပ်သော ဝတ္ထုကို တောင့်တခြင်းသည်လည်း၊
ဒုက္ခံ = ဆင်းရဲ၏။
(ဇ) သံခိတ္တေန = အကျဉ်းအားဖြင့်၊
ပဉ္စ = ငါးပါးကုန်သော၊
ဥပါဒါနက္ခန္ဓာ = ဥပါဒါန်၏ အာရုံဖြစ်ကုန်သော ခန္ဓာတို့သည်၊
ဒုက္ခာ = ဆင်းရဲကုန်၏။

ကတမာ စ ဘိက္ခဝေ ဇာတိ။ ယာ တေသံ တေသံ သတ္တာနံ တမှိ တမှိ သတ္တနိကာယေ ဇာတိ သဉ္ဇာတိ သြက္ကန္တိ အဘိနိဗ္ဗတ္တိ ခန္ဓာနံ ပါတုဘာဝေါ အာယတနာနံ ပဋိလာဘော။ အယံ ဝုစ္စတိ ဘိက္ခဝေ ဇာတိ။

(၁) ဘိက္ခဝေ = ရဟန်းတို့၊
ကတမာ စ = အဘယ်တရားသည်ကား၊
ဇာတိ = ဇာတိမည်သနည်း၊
ဘိက္ခဝေ = ရဟန်းတို့၊
တေသံ တေသံ သတ္တာနံ = ထိုထိုသတ္တဝါတို့၏၊
တမှိ တမှိ သတ္တနိကာယေ = ထိုထို သတ္တဝါတို့၏ နေရာ၌၊
ယာ ဇာတိ = အကြင်ခန္ဓာတို့၏ ရှေးဦးစွာ ဖြစ်ခြင်းသည်၊
ယာ သဉ္ဇာတိ = အကြင်ပြည့်စုံစွာ ဖြစ်ခြင်းသည်၊
ယာ သြက္ကန္တိ = အကြင်အဏ္ဍဇတို့၏ ဥခွံတွင်း၌, ဇလာဗုဇတို့၏ ဝမ်းတွင်းသို့ သက်ဝင်သော အခြင်းအရာအားဖြင့် ဖြစ်ခြင်းသည်၊
ယာ အဘိနိဗ္ဗတ္တိ = အကြင်သံသေဒဇ ဥပပါတ်တို့၏ ဘဝသစ်၌ ကိုယ်ထင်ဖြစ်ခြင်း သည်၊
ခန္ဓာနံ = တစ်ပါး, လေးပါး, ငါးပါးကုန်သော ဝိပါက်နာမက္ခန္ဓာ ကဋတ္တာရုပ်တို့၏၊
ယော ပါတုဘာဝေါ = အကြင်ထင်ရှားခြင်းသည်၊
အာယတနာနံ = စက္ခုစသော အာယတနတို့ကို၊
ယော ပဋိလာဘော = အကြင်ရခြင်းသည်၊
အတ္ထိ = ရှိ၏၊
ဘိက္ခဝေ = ရဟန်းတို့၊
အယံ = ဤတရားကို၊
ဇာတိ = ပဋိသန္ဓေ နေခြင်းဟူ၍၊
ဝုစ္စတိ = ဆိုအပ်၏။

ကတမာ စ ဘိက္ခဝေ ဇရာ။ ယာ တေသံ တေသံ သတ္တာနံ တမှိ တမှိ သတ္တနိကာယေ ဇရာ ဇိရဏတာ ခဏ္ဍိစ္စံ ပါလိစ္စံ ဝလိတ္တစတာ အာယုနော သံဟာနိ ဣန္ဒြိယာနံ ပရိပါကော။ အယံ ဝုစ္စတိ ဘိက္ခဝေ ဇရာ။

(၂) ဘိက္ခဝေ = ရဟန်းတို့၊
ကတမာ စ = အဘယ်တရားသည်ကား၊
ဇရာ = ဇရာမည်သနည်း၊
တေသံ တေသံ သတ္တာနံ = ထိုထိုသတ္တဝါတို့၏၊
တမှိ တမှိ သတ္တနိကာယေ = ထိုထိုသတ္တဝါတို့၏ နေရာ၌၊
ယာ ဇရာ = အကြင် အိုခြင်းသည်၊
ယာ ဇိရဏတာ = အကြင် အိုသော အခြင်းအရာသည်၊
ယံ ခဏ္ဍိစ္စံ = အကြင် သွားကျိုးသည်၏ အဖြစ်သည်၊
ယံ ပါလိစ္စံ = အကြင် ဆံဖြူသည်၏ အဖြစ်သည်၊
ယာ ဝလိတ္တစတာ = အကြင် အရေတွန့်သည်၏ အဖြစ်သည်၊
အာယုနော = ရုပ်ဇီဝိတိန္ဒြေ, နာမ်ဇီဝိတိန္ဒြေ၏၊
ယာ သံဟာနိ = အကြင် ဆုတ်ယုတ်ခြင်းသည်၊
ဣန္ဒြိယာနံ = စက္ခုစသော ဣန္ဒြေတို့၏၊
ယော ပရိပါကော = အကြင် ရင့်ခြင်းသည်၊
အတ္ထိ = ရှိ၏၊
ဘိက္ခဝေ = ရဟန်းတို့၊
အယံ = ဤတရားကို၊
ဇရာ = အိုခြင်းဟူ၍၊
ဝုစ္စတိ = ဆိုအပ်၏။

ကတမဉ္စ ဘိက္ခဝေ မရဏံ။ ယာ တေသံ တေသံ သတ္တာနံ တမှာ တမှာ သတ္တနိကာယာ စုတိ စဝနတာ ဘေဒေါ အန္တရဓာနံ မစ္စု မရဏံ ကာလံကိရိယာ ခန္ဓာနံ ဘေဒေါ ကဠေဝရဿ နိက္ခေပေါ ဇီဝိတိန္ဒြိယဿုပစ္ဆေဒေါ။ ဣဒံ ဝုစ္စတိ ဘိက္ခဝေ မရဏံ။

(၃) ဘိက္ခဝေ = ရဟန်းတို့၊
ကတမဉ္စ = အဘယ်တရားသည်ကား၊
မရဏံ = မရဏ မည်သနည်း၊
တေသံ တေသံ သတ္တာနံ = ထိုထိုသတ္တဝါတို့၏၊
တမှိ တမှိ သတ္တနိကာယာ = ထိုထိုသတ္တဝါတို့၏ နေရာ၌၊
ယာ စုတိ = အကြင် ရွေ့လျောခြင်းသည်၊
ယာ စဝနတာ = အကြင် ရွေ့လျောသော အခြင်းအရာသည်၊
ယော ဘေဒေါ = အကြင် ခန္ဓာပျက်ခြင်းသည်၊
ယံ အန္တရဓာနံ = အကြင် ခန္ဓာကွယ်ခြင်းသည်၊
ယော မစ္စု = အကြင် သေခြင်းသည်၊
ယံ မရဏံ = အကြင် အသက်ကို စွန့်ခြင်းသည်၊
ယာ ကာလံ ကိရိယာ = အကြင် သေခြင်းကိုပြုခြင်းသည်၊
ခန္ဓာနံ = ခန္ဓာတို့၏၊
ယော ဘေဒေါ = အကြင် ပျက်ခြင်းသည်၊
ကဠေဝရဿ = အကောင်ကို၊
ယော နိက္ခေပေါ = အကြင် ပစ်ချခြင်းသည်၊
ဇီဝိတိန္ဒြိယဿ = ဇီဝိတိန္ဒြေ၏၊
ယော ဥပစ္ဆေဒေါ = အကြင် ချုပ်ပြတ်ခြင်းသည်၊
အတ္ထိ = ရှိ၏၊
ဘိက္ခဝေ = ရဟန်းတို့၊
ဣဒံ = ဤတရားကို၊
မရဏံ = သေခြင်းဟူ၍၊
ဝုစ္စတိ = ဆိုအပ်၏။

ကတမော စ ဘိက္ခဝေ သောကော။ ယော ခေါ ဘိက္ခဝေ အညတရညတရေန ဗျသနေန သမန္နာဂတဿ အညတရညတရေန ဒုက္ခဓမ္မေန ဖုဋ္ဌဿ သောကော သောစနာ သောစိတတ္တံ အန္တောသောကော အန္တောပရိသောကော။ အယံ ဝုစ္စတိ ဘိက္ခဝေ သောကော။

(၄) ဘိက္ခဝေ = ရဟန်းတို့၊
ကတမော စ = အဘယ်တရားသည်ကား၊
သောကော = သောကမည်သနည်း၊
ဘိက္ခဝေ = ရဟန်းတို့၊
အညတရညတရေန = အမှတ်မဲ့တစ်ပါးပါးသော၊
ဗျသနေန = ဆွေမျိုးပျက်စီးခြင်း စသည်ဖြင့်။
သမန္နာဂတဿ- အဘိဘူတဿ = နှိပ်စက်အပ်သော၊
အညတရညတရေန = အမှတ်မဲ့ တစ်ပါးပါးသော၊
ဒုက္ခဓမ္မေန = ဆင်းရဲခြင်း၏ အကြောင်းသည် “ဆင်းရဲခြင်းသဘောဖြင့်”၊
ဖုဋ္ဌဿ = တွေ့အပ်သော၊
သတ္တဿ = သတ္တဝါ၏၊
ယော ခေါ သောကော = အကြင်စိုးရိမ်ခြင်းသည်၊
ယာ သောစနာ = အကြင်စိုးရိမ်သော အခြင်းအရာသည်၊
ယံ သောစိတတ္တံ = အကြင်စိုးရိမ်သည်၏ အဖြစ်သည်၊
ယော အန္တောသောကော = အကြင်အတွင်း၌ စိုးရိမ်ခြင်းသည်၊
ယော အန္တောပရိသောကော = အကြင်အတွင်း၌ ပြင်းစွာ စိုးရိမ်ခြင်းသည်၊
အတ္ထိ = ရှိ၏၊
ဘိက္ခဝေ = ရဟန်းတို့၊
အယံ = ဤတရားကို၊
သောကော = သောကဟူ၍၊
ဝုစ္စတိ = ဆိုအပ်၏။

ကတမော စ ဘိက္ခဝေ ပရိဒေဝေါ။ ယော ခေါ ဘိက္ခဝေ အညတရညတရေန ဗျသနေန သမန္နာဂတဿ အညတရညတရေန ဒုက္ခဓမ္မေန ဖုဋ္ဌဿ အာဒေဝေါ ပရိဒေဝေါ အာဒေဝနာ ပရိဒေဝနာ အာဒေဝိတတ္တံ ပရိဒေဝိတတ္တံ။ အယံ ဝုစ္စတိ ဘိက္ခဝေ ပရိဒေဝေါ။

(၅) ဘိက္ခဝေ = ရဟန်းတို့၊
ကတမော စ = အဘယ်တရားသည်ကား၊
ပရိဒေဝေါ = ပရိဒေဝမည်သနည်း၊
ဘိက္ခဝေ = ရဟန်းတို့၊
အညတရညတရေန = အမှတ်မဲ့တစ်ပါးပါးသော
ဗျသနေန = ဆွေမျိုးပျက်စီးခြင်း စသည်ဖြင့်၊
သမန္နာဂတဿ- အဘိဘူတဿ = နှိပ်စက်အပ်သော၊
အညတရညတရေန = အမှတ်မဲ့တစ်ပါးပါးသော၊
ဒုက္ခဓမ္မေန = ဆင်းရဲခြင်း၏ အကြောင်းသည်၊
ဖုဋ္ဌဿ = တွေ့အပ်သော၊
သတ္တဿ = သတ္တဝါ၏၊
ယော ခေါ အာဒေဝေါ = သားသမီးစသည်ကို ရည်ညွှန်း၍ ငိုမြည်တမ်းခြင်းသည်၊
ယော ပရိဒေဝေါ = အကြင်ဂုဏ်ကျေးဇူးကို ဆို၍ ငိုမြည်တမ်းခြင်းသည်၊
ယာ အာဒေဝနာ = အကြင် ရည်ညွှန်း၍ ငိုမြည်တမ်းသော အခြင်းအရာသည်၊
ယာ ပရိဒေဝနာ = အကြင်ဂုဏ်ကျေးဇူးကို ဆို၍ ငိုမြည်တမ်းသည်၏ အဖြစ်သည်၊
ယံ အာဒေဝိတတ္တံ = အကြင်သားသမီး စသည်ကို ရည်ညွှန်း၍ ငိုမြည်တမ်းသည်၏ အဖြစ်သည်၊
ယံ ပရိဒေဝိတတ္တံ = အကြင်ဂုဏ်ကျေးဇူးကို ဆို၍ ငိုမြည်တမ်းသည်၏ အဖြစ်သည်၊
အတ္ထိ = ရှိ၏၊
ဘိက္ခဝေ = ရဟန်းတို့၊
အယံ = ဤတရားကို၊
ပရိဒေဝေါ = ပရိဒေဝဟူ၍၊
ဝုစ္စတိ = ဆိုအပ်၏။

ကတမဉ္စ ဘိက္ခဝေ ဒုက္ခံ။ ယံ ခေါ ဘိက္ခဝေ ကာယိကံ ဒုက္ခံ ကာယိကံ အသာတံ ကာယသမ္ဖဿဇံ ဒုက္ခံ အသာတံ ဝေဒယိတံ။ ဣဒံ ဝုစ္စတိ ဘိက္ခဝေ ဒုက္ခံ။

(၆) ဘိက္ခဝေ = ရဟန်းတို့၊
ဒုက္ခံ = ကိုယ်၏ဆင်းရဲသည်၊
ကတမဉ္စ = အဘယ်နည်းဟူမူကား၊
ဘိက္ခဝေ = ရဟန်းတို့၊
ကာယိကံ = ကာယပသာဒ၌ မှီသော၊
ယံ ခေါ ဒုက္ခံ = အကြင် ဆင်းရဲသည်၊
ကာယိကံ = ကာယပသာဒ၌ မှီသော၊
ယံ အသာတံ = အကြင် မသာယာခြင်းသည်၊
ကာယသမ္ဖဿဇံ = ကာယပသာဒ၌မှီသော ဖဿကြောင့်ဖြစ်သော၊
ယံ ဝေဒယိတံ = အကြင် ဝေဒနာသည်၊
အတ္ထိ = ရှိ၏၊
ဘိက္ခဝေ = ရဟန်းတို့၊
ဣဒံ = ဤတရားကို၊
ဒုက္ခံ = ကိုယ်၏ဆင်းရဲဟူ၍၊
ဝုစ္စတိ = ဆိုအပ်၏။

ကတမဉ္စ ဘိက္ခဝေ ဒေါမနဿံ။ ယံ ခေါ ဘိက္ခဝေ စေတသိကံ ဒုက္ခံ စေတသိကံ အသာတံ မနောသမ္ဖဿဇံ ဒုက္ခံ အသာတံ ဝေဒယိတံ။ ဣဒံ ဝုစ္စတိ ဘိက္ခဝေ ဒေါမနဿံ။

(၇) ဘိက္ခဝေ = ရဟန်းတို့၊
ဒေါမနဿံ = နှလုံး မသာယာခြင်းသည်၊
ကတမဉ္စ = အဘယ်နည်းဟူမူကား၊
ဘိက္ခဝေ = ရဟန်းတို့၊
စေတသိကံ = စိတ်၌မှီသော၊
ယံ ခေါ ဒုက္ခံ = အကြင်ဆင်းရဲသည်၊
စေတသိကံ = စိတ်၌မှီသော၊
ယံ အသာတံ၊ အကြင် မသာယာခြင်းသည်၊
မနောသမ္ဖဿဇံ = စိတ်၌မှီသော ဖဿကြောင့်ဖြစ်သော၊
ဒုက္ခံ = ဆင်းရဲသော၊
အသာတံ = မသာယာအပ်သော၊
ယံ ဝေဒယိတံ = အကြင်ဝေဒနာသည်၊
အတ္ထိ = ရှိ၏၊
ဘိက္ခဝေ = ရဟန်းတို့၊
ဣဒံ = ဤတရားကို၊
ဒေါမနဿံ = ဒေါမနဿဟူ၍၊
ဝုစ္စတိ = ဆိုအပ်၏။

ကတမော စ ဘိက္ခဝေ ဥပါယာသော။ ယော ခေါ ဘိက္ခဝေ အညတရညတရေန ဗျသနေန သမန္နာဂတဿ အညတရညတရေန ဒုက္ခဓမ္မေန ဖုဋ္ဌဿ အာယာသော ဥပါယာသော အာယာသိတတ္တံ ဥပါယာသိတတ္တံ။ အယံ ဝုစ္စတိ ဘိက္ခဝေ ဥပါယာသော။

(၈) ဘိက္ခဝေ = ရဟန်းတို့၊
ဥပါယာသော = စိတ်၏ ပင်ပန်းခြင်းသည်၊
ကတမော စ = အဘယ်နည်းဟူမူကား၊
ဘိက္ခဝေ = ရဟန်းတို့၊
အညတရညတရေန = အမှတ်မဲ့တစ်ပါးပါးသော၊
ဗျသနေန = ဆွေမျိုး ပျက်စီးခြင်း စသည်ဖြင့်၊
သမန္နာဂတဿ- အဘိဘူတဿ = နှိပ်စက်အပ်သော၊
အညတရညတရေန = အမှတ်မဲ့တစ်ပါးပါးသော၊
ဒုက္ခဓမ္မေန = ဆင်းရဲခြင်းသဘောဖြင့်၊
ဖုဋ္ဌဿ = တွေ့အပ်သော၊
သတ္တဿ = သတ္တဝါ၏၊
ယော ခေါ အာယာသော၊ အကြင်စိတ်၏ ပင်ပန်းခြင်းသည်၊
ယော ဥပါယာသော = အကြင်စိတ်၏ လွန်စွာပင်ပန်းခြင်းသည်၊
ယံ အာယာသိတတ္တံ = အကြင်စိတ်၏ ပင်ပန်းသည်၏အဖြစ်သည်။
ယံ ဥပါယာသိတတ္တံ = အကြင်စိတ်၏ လွန်စွာ ပင်ပန်းသည်၏ အဖြစ်သည်၊
အတ္ထိ = ရှိ၏၊
ဘိက္ခဝေ = ရဟန်းတို့၊
အယံ = ဤတရားကို၊
ဥပါယာသော = ဥပါယာသဟူ၍၊
ဝုစ္စတိ = ဆိုအပ်၏။

ကတမော စ ဘိက္ခဝေ အပ္ပိယေဟိ သမ္ပယောဂေါ ဒုက္ခော။ ဣဓ ယဿ တေ ဟောန္တိ အနိဋ္ဌာ အကန္တာ အမနာပါ ရူပါ သဒ္ဒါ ဂန္ဓာ ရသာ ဖောဋ္ဌဗ္ဗာ ဓမ္မာ၊

(၉) ဘိက္ခဝေ = ရဟန်းတို့၊
အပ္ပိယေဟိ = မချစ်အပ်ကုန်သော အာရုံ, သင်္ခါရ, သတ္တဝါတို့နှင့်၊
သမ္ပယောဂေါ = ပေါင်းဖော်ရခြင်းကြောင့်ဖြစ်သော၊
ဒုက္ခော = ဆင်းရဲသည်၊
ကတမော စ = အဘယ်နည်းဟူမူကား၊
ဣဓ = ဤလောက၌၊
ယေ ရူပါ = အကြင်မြင်အပ်သော ရူပါရုံတို့သည်၊
ယေ သဒ္ဒါ = အကြင် ကြားအပ်သော သဒ္ဒါရုံတို့သည်၊
ယေ ဂန္ဓာ = အကြင် နမ်းအပ်သော ဂန္ဓာရုံတို့သည်၊
ယေ ရသာ = အကြင်လျက်အပ်သော ရသာရုံတို့သည်၊
ယေ ဖောဋ္ဌဗ္ဗာ = အကြင် တွေ့အပ်သော ဖောဋ္ဌဗ္ဗာရုံတို့သည်၊
ယေ ဓမ္မာ = အကြင်သိအပ်သော ဓမ္မာရုံတို့သည်၊
သန္တိ = ရှိကုန်၏၊
တေ = ထိုအာရုံခြောက်ပါးတို့သည်၊
အဿ = ထိုပုဂ္ဂိုလ်၏၊
အနိဋ္ဌာ = အလိုမရှိအပ်သော အာရုံတို့သည်၊
အကန္တာ = မနှစ်သက်အပ်သော အာရုံတို့သည်၊
အမနာပါ = နှလုံးမပွားစေတတ်သော အာရုံတို့သည်၊
ဟောန္တိ = ဖြစ်ကုန်၏။

ယေ ဝါ ပနဿ တေ ဟောန္တိ အနတ္ထကာမာ အဟိတကာမာ အဖာသုကာမာ အယောဂက္ခေမကာမာ၊ ယာ တေဟိ သဒ္ဓိံ သင်္ဂတိ သမာဂမော သမောဓာနံ မိဿီဘာဝေါ။ အယံ ဝုစ္စတိ ဘိက္ခဝေ အပ္ပိယေဟိ သမ္ပယောဂေါ ဒုက္ခော။

ယေ ဝါ ပန = အကြင်သတ္တဝါတို့သည်မူလည်း၊
သန္တိ = ရှိကုန်၏၊
တေ = ထိုသတ္တဝါသည်၊
အဿ = ထိုသူ၏၊
အနတ္ထကာမာ = အကျိုးမဲ့ကို အလိုရှိကုန်သည်၊
အဟိတကာမာ = အစီးအပွားမဲ့ကို အလိုရှိကုန်သည်၊
အဖာသုကကာမာ = မချမ်းသာခြင်းကို အလိုရှိကုန်သည်၊
အယောဂက္ခေမကာမာ = ဘေးမကင်းခြင်းကို အလိုရှိကုန်သည်၊
ဟောန္တိ = ဖြစ်ကုန်၏၊
တေဟိ = ထိုမချစ်အပ်ကုန်သော အာရုံ သတ္တဝါတို့နှင့်၊
သဒ္ဓိံ = တကွ၊
ယာ သင်္ဂတိ = အကြင်တစ်ပေါင်းတည်း ဖြစ်ခြင်းသည်၊
ယော သမာဂမော = အကြင်အတူစည်းဝေးခြင်းသည်၊
ယံ သမောဓာနံ = အကြင်ပေါင်းဖော်ခြင်းသည်၊
ယော မိဿီဘာ ဝေါ = အကြင်ရောနှောခြင်းသည်၊
အတ္ထိ = ရှိ၏၊
ဘိက္ခဝေ = ရဟန်းတို့၊
အယံ = ဤတရားကို၊
အပ္ပိယေဟိ = မချစ်အပ်ကုန်သော အာရုံ, သင်္ခါရ, သတ္တဝါတို့နှင့်၊
သမ္ပယောဂေါ = ပေါင်းဖော်ရခြင်းကြောင့်ဖြစ်သော၊
ဒုက္ခော = ဆင်းရဲဟူ၍၊
ဝုစ္စတိ = ဆိုအပ်၏။

ကတမော စ ဘိက္ခဝေ ပိယေဟိ ဝိပ္ပယောဂေါ ဒုက္ခော။ ဣဓ ယဿ တေ ဟောန္တိ ဣဋ္ဌာ ကန္တာ မနာပါ ရူပါ သဒ္ဒါ ဂန္ဓာ ရသာ ဖောဋ္ဌဗ္ဗာ ဓမ္မာ၊

(၁၀) ဘိက္ခဝေ = ရဟန်းတို့၊
ပိယေဟိ = ချစ်အပ်ကုန်သော အာရုံ, သင်္ခါရ,သတ္တဝါတို့နှင့်၊
ဝိပ္ပယောဂေါ = ကွေကွင်း ကင်းကွာခြင်းသည်၊
ဒုက္ခော = ဆင်းရဲသည်၊
ကတမော စ = အဘယ်နည်းဟူမူကား၊
ဣဓ = ဤလောက၌၊
ယေ ရူပါ = အကြင်ရူပါရုံတို့သည်၊
ယေ သဒ္ဒါ = အကြင်သဒ္ဒါရုံတို့သည်၊
ယေ ဂန္ဓာ = အကြင်ဂန္ဓာရုံ တို့သည်၊
ယေ ရသာ = အကြင်ရသာရုံတို့သည်၊
ယေ ဖောဋ္ဌဗ္ဗာ = အကြင်ဖောဋ္ဌဗ္ဗာရုံတို့သည်၊
ယေ ဓမ္မာ = အကြင်ဓမ္မာရုံတို့သည်၊
သန္တိ = ရှိကုန်၏၊
တေ = ထို အာရုံခြောက်ပါးတို့သည်၊
အဿ = ထိုသူ၏၊
ဣဋ္ဌာ = အလိုရှိအပ်သော အာရုံတို့သည်၊
ကန္တာ = နှစ်သက်အပ်သော အာရုံတို့သည်၊
အမနာပါ = နှလုံးကို ပွားစေတတ်သော အာရုံတို့သည်၊
ဟောန္တိ = ဖြစ်ကုန်၏။

ယေ ဝါ ပနဿ တေ ဟောန္တိ အတ္ထကာမာ ဟိတကာမာ ဖာသုကကာမာ ယောဂက္ခေမကာမာ မာတာ ဝါ ပိတာ ဝါ ဘာတာ ဝါ ဘဂိနီ ဝါ မိတ္တာ ဝါ အမစ္စာ ဝါ ဉာတိသာလောဟိတာ ဝါ၊

မာတာ ဝါ = အမိမူလည်းဖြစ်သော၊
ပိတာ ဝါ = အဖမူလည်းဖြစ်သော၊
တာတာ ဝါ = ညီ, အစ်ကို, မောင်မူလည်းဖြစ်သော၊
ဘဂိနီ ဝါ = ညီမ, အစ်မ, နှမမူလည်းဖြစ်သော၊
မိတ္တာ ဝါ = အဆွေခင်ပွန်းမူလည်းဖြစ်သော၊
အမစ္စာ ဝါ = တကွဖြစ်ဖက်မူလည်းဖြစ်ကုန်သော၊
ဉာတိသာလောဟိတာ ဝါ = မိထွေး, မိကြီးစသော အမိမျိုး၊ ဘထွေး, ဘကြီးစသော အဘမျိုးမူလည်းဖြစ်ကုန်သော၊
ယေ ဝါ ပန = အကြင်သတ္တဝါတို့သည်မူလည်း၊
သန္တိ = ရှိကုန်၏၊
တေ = ထိုမိဘစသော သတ္တဝါတို့သည်၊
အဿ = ထိုသူ၏၊
အတ္ထကာမာ = အကျိုးကို အလိုရှိကုန်သည်၊
ဟိတကာမာ = အစီးအပွားကို အလိုရှိကုန်သည်၊
ဖာသုကကာမာ = ချမ်းသာခြင်းကို အလိုရှိကုန်သည်၊
ယောဂက္ခေမကာမာ = ဘေးကင်းခြင်းကို အလိုရှိကုန်သည်၊
ဟောန္တိ = ဖြစ်ကုန်၏၊

ယာ တေဟိ သဒ္ဓိံ အသင်္ဂတိ အသမာဂမော အသမောဓာနံ အမိဿီဘာဝေါ။ အယံ ဝုစ္စတိ ဘိက္ခဝေ ပိယေဟိ ဝိပ္ပယောဂေါ ဒုက္ခော။

တေသံ = ထိုချစ်အပ်ကုန်သော အာရုံ, သင်္ခါရ, သတ္တဝါတို့နှင့်၊
သဒ္ဓိံ = တကွ၊
ယာ အသင်္ဂတိ = အကြင်တစ်ပေါင်းတည်း မဖြစ်ခြင်းသည်၊
ယော အသမာဂမော = အကြင်အတူ မစည်းဝေးခြင်းသည်၊
ယံ အသမောဓာနံ = အကြင်မပေါင်းဖော်ခြင်းသည်၊
ယော အမိဿီဘာဝေါ = အကြင်မရောနှောသည်၏အဖြစ်သည်၊
အတ္ထိ = ရှိ၏၊
ဘိက္ခဝေ = ရဟန်းတို့၊
အယံ = ဤတရားကို၊
ပိယေဟိ = ချစ်အပ်ကုန်သော အာရုံ, သင်္ခါရ, သတ္တဝါတို့နှင့်၊
ဝိပ္ပယောဂေါ = ကွေကွင်း ကင်းကွားခြင်း ကြောင့်ဖြစ်သော၊
ဒုက္ခော = ဆင်းရဲဟူ၍၊
ဝုစ္စတိ = ဆိုအပ်၏။

ကတမဉ္စ ဘိက္ခဝေ ယမ္ပိစ္ဆံ န လဘတိ တမ္ပိ ဒုက္ခံ။

(၁၁) ဘိက္ခဝေ = ရဟန်းတို့၊
ယမ္ပိ-ယေနပိ ဓမ္မေန = အကြင်မဂ်ကို ပွားစေခြင်းမှတစ်ပါးသော တောင့်တခြင်း ဟူသော အကြောင်းဖြင့်လည်း၊
အလဗ္ဘနေယျဝတ္ထုံ = ပဋိသန္ဓေနေခြင်းသဘော၏ မရှိခြင်းစသော မရအပ်သော ဝတ္ထုကို၊
ဣစ္ဆံ-ဣစ္ဆန္တော = တောင့်တသောသူသည်၊
န လဘတိ = မရ၊
တမ္ပိ-ဣစ္ဆနံ = ထိုမဂ်ကို ပွားစေခြင်းမှတစ်ပါးသော အကြောင်းဖြင့် မရအပ်သော ဝတ္ထုကို အလိုရှိသည်လည်းဖြစ်သော၊
ဒုက္ခံ = ဆင်းရဲသည်၊
ကတမဉ္စ = အဘယ်နည်းဟူမူကား၊

ဇာတိဓမ္မာနံ ဘိက္ခဝေ သတ္တာနံ ဧဝံ ဣစ္ဆာ ဥပ္ပဇ္ဇတိ အဟော ဝတ မယံ န ဇာတိဓမ္မာ အဿာမ၊ န စ ဝတ နော ဇာတိ အာဂစ္ဆေယျာတိ။ န ခေါ ပနေတံ ဣစ္ဆာယ ပတ္တဗ္ဗံ၊ ဣဒမ္ပိ ယမ္ပိစ္ဆံ နလဘတိ တမ္ပိ ဒုက္ခံ။

ဘိက္ခဝေ = ရဟန်းတို့၊
ဇာတိဓမ္မာနံ = ပဋိသန္ဓေနေခြင်း သဘောရှိကုန်သော၊
သတ္တာနံ = သတ္တဝါတို့အား၊
မယံ = ငါတို့သည်၊
ဇာတိဓမ္မာ = ပဋိသန္ဓေနေခြင်း သဘောရှိကုန်သည်၊
န အဿာမ = မဖြစ်ပါကုန်ငြားအံ့၊
အဟော ဝတ = သြ … ကောင်းလေစွ၊
နော = ငါတို့သို့၊
ဇာတိ = ပဋိသန္ဓေနေခြင်းသည်၊
န စဝတ အာဂစ္ဆေယျ = စင်စစ် မလာသည်မူလည်း ဖြစ်ငြားအံ့၊
အဟော ဝတ = သြ - ကောင်းလေစွ၊
ဣတိ-ဧဝံ ဣစ္ဆာ = ဤသို့သော အလိုရှိသည်၊
ဥပ္ပဇ္ဇတိ = ဖြစ်၏၊
ဣစ္ဆာယ = လိုချင်တောင့်တခြင်းဖြင့်၊
ဧတံ = ဤပဋိသန္ဓေနေခြင်း သဘော၏ မရှိခြင်းစသော မရအပ်သော ဝတ္ထုကို၊
န ခေါ ပန ပတ္တဗ္ဗံ = မရအပ်သည်သာတည်း၊
ဣဒမ္ပိ = ဤမရအပ်သည်ကို တောင့်တခြင်းသည်လည်း၊
ယမ္ပိစ္ဆံ န လဘတိ တမ္ပိ ဒုက္ခံ = မရအပ်သည်ကို တောင့်တခြင်း ဒုက္ခမည်၏။

ဇရာဓမ္မာနံ ဘိက္ခဝေ သတ္တာနံ ဧဝံ ဣစ္ဆာ ဥပ္ပဇ္ဇတိ အဟော ဝတ မယံ န ဇရာဓမ္မာ အဿာမ၊ န စ ဝတ နော ဇရာ အာဂစ္ဆေယျာတိ။ န ခေါ ပနေတံ ဣစ္ဆာယ ပတ္တဗ္ဗံ၊ ဣဒမ္ပိ ယမ္ပိစ္ဆံ န လဘတိ တမ္ပိ ဒုက္ခံ။

ဘိက္ခဝေ = ရဟန်းတို့၊
ဇရာဓမ္မာနံ = အိုခြင်းသဘောရှိကုန်သော၊
သတ္တာနံ = သတ္တဝါတို့အား၊
မယံ = ငါတို့သည်၊
ဇရာဓမ္မာ = အိုခြင်းသဘောရှိကုန်သည်၊
န အဿာမ = မဖြစ်ပါကုန်ငြားအံ့၊
အဟော ဝတ = သြ - ကောင်းလေစွ၊
နော = ငါတို့သို့၊
ဇရာ = အိုခြင်းသည်၊
နော = ငါတို့ဆီသို့၊
န စ ဝတ အာဂစ္ဆေယျ = စင်စစ် မလာသည်မူလည်း ဖြစ်ငြားအံ့၊
အဟော ဝတ = သြ - ကောင်းလေစွ၊
ဣတိ-ဧဝံ ဣစ္ဆာ = ဤသို့သော အလိုရှိသည်၊
ဥပ္ပဇ္ဇတိ = ဖြစ်၏၊
ဣစ္ဆာယ = လိုချင် တောင့်တခြင်းဖြင့်၊
ဧတံ = ဤအိုခြင်း သဘော၏ မရှိခြင်းစသော မရအပ်သော ဝတ္ထုကို၊
န ခေါ ပန ပတ္တဗ္ဗံ = မရအပ်သည်သာတည်း၊
ဣဒမ္ပိ = ဤတရားသည်လည်း၊
ယမ္ပိစ္ဆံ န လဘတိ တမ္ပိ ဒုက္ခံ = မရအပ်သည်ကို တောင့်တခြင်း ဒုက္ခမည်၏။

ဗျာဓိဓမ္မာနံ ဘိက္ခဝေ သတ္တာနံ ဧဝံ ဣစ္ဆာ ဥပ္ပဇ္ဇတိ အဟော ဝတ မယံ န ဗျာဓိဓမ္မာ အဿာမ၊ န စ ဝတ နော ဗျာဓိ အာဂစ္ဆေယျာတိ။ န ခေါ ပနေတံ ဣစ္ဆာယ ပတ္တဗ္ဗံ၊ ဣဒမ္ပိ ယမ္ပိစ္ဆံ န လဘတိ တမ္ပိ ဒုက္ခံ။

ဘိက္ခဝေ = ရဟန်းတို့၊
ဗျာဓိဓမ္မာနံ = ဖျားနာခြင်း သဘောရှိကုန်သော၊
သတ္တာနံ = သတ္တဝါတို့အား၊
မယံ = ငါတို့သည်၊
ဗျာဓိဓမ္မာ = ဖျားနာခြင်းသဘော ရှိကုန်သည်၊
န အဿာမ = မဖြစ်ပါကုန်ငြားအံ့၊
အဟော ဝတ = သြ - ကောင်းလေစွ၊
နော = ငါတို့သို့၊
ဗျာဓိ = ဖျားနာခြင်းသည်၊
နော = ငါတို့ဆီသို့၊
န စ ဝတ အာဂစ္ဆေယျ = စင်စစ် မလာသည်မူလည်း ဖြစ်ငြားအံ့၊
အဟော ဝတ = သြ - ကောင်းလေစွ၊
ဣတိ-ဧဝံဣစ္ဆာ = ဤသို့သော အလိုရှိသည်၊
ဥပ္ပဇ္ဇတိ = ဖြစ်၏၊
ဣစ္ဆာယ = လိုချင်တောင့်တခြင်းဖြင့်၊
ဧတံ = ဤဖျားနာခြင်း သဘော၏ မရှိခြင်းစသော မရအပ်သော ဝတ္ထုကို၊
န ခေါ ပန ပတ္တဗ္ဗံ = မရအပ်သည်သာတည်း၊
ဣဒမ္ပိ = ဤတရားသည်လည်း၊
ယမ္ပိစ္ဆံ န လဘတိ တမ္ပိ ဒုက္ခံ = မရအပ်သည်ကို တောင့်တခြင်း ဒုက္ခမည်၏။

မရဏဓမ္မာနံ ဘိက္ခဝေ သတ္တာနံ ဧဝံ ဣစ္ဆာ ဥပ္ပဇ္ဇတိ အဟော ဝတ မယံ န မရဏဓမ္မာ အဿာမ၊ န စ ဝတ နော မရဏံ အာဂစ္ဆေယျာတိ။ န ခေါ ပနေတံ ဣစ္ဆာယ ပတ္တဗ္ဗံ၊ ဣဒမ္ပိ ယမ္ပိစ္ဆံ န လဘတိ တမ္ပိ ဒုက္ခံ။

ဘိက္ခဝေ = ရဟန်းတို့၊
မရဏဓမ္မာနံ = သေခြင်းသဘောရှိကုန်သော၊
သတ္တာနံ = သတ္တဝါတို့အား၊
မယံ = ငါတို့သည်၊
မရဏဓမ္မာ = သေခြင်းသဘောရှိကုန်သည်၊
န အဿာမ = မဖြစ်ပါကုန်ငြားအံ့၊
အဟောဝတ = သြ - ကောင်းလေစွ၊
နော = ငါတို့သို့၊
မရဏံ = သေခြင်းသည်၊
နော = ငါတို့ဆီသို့၊
န စ ဝတ အာဂစ္ဆေယျ = စင်စစ် မလာသည်မူလည်း ဖြစ်ငြားအံ့၊
အဟော ဝတ = သြ - ကောင်းလေစွ၊
ဣတိ-ဧဝံ ဣစ္ဆာ = ဤသို့သော အလိုရှိသည်၊
ဥပ္ပဇ္ဇတိ = ဖြစ်၏၊
ဣစ္ဆာယ = လိုချင်တောင့်တခြင်းဖြင့်၊
ဧတံ = ဤသေခြင်းသဘော၏ မရှိခြင်းစသော မရအပ်သော ဝတ္ထုကို၊
န ခေါ ပန ပတ္တဗ္ဗံ = မရအပ်သည်သာတည်း၊
ဣဒမ္ပိ = ဤတရားသည်လည်း၊
ယမ္ပိစ္ဆံ န လဘတိ တမ္ပိ ဒုက္ခံ = မရအပ်သည်ကို တောင့်တခြင်း ဒုက္ခမည်၏။

သောကပရိဒေဝဒုက္ခဒေါမနဿုပါယာသဓမ္မာနံ ဘိက္ခဝေ သတ္တာနံ ဧဝံ ဣစ္ဆာ ဥပ္ပဇ္ဇတိ အဟော ဝတ မယံ န သောကပရိဒေဝဒုက္ခဒေါမနဿုပါယာသဓမ္မာ အဿာမ၊ န စ ဝတ နော သောကပရိဒေဝဒုက္ခဒေါမနဿုပါယာသဓမ္မာ အာဂစ္ဆေယျုန္တိ။ န ခေါ ပနေတံ ဣစ္ဆာယ ပတ္တဗ္ဗံ၊ ဣဒမ္ပိ ယမ္ပိစ္ဆံ န လဘတိ တမ္ပိ ဒုက္ခံ။

ဘိက္ခဝေ = ရဟန်းတို့၊
သောကပရိဒေဝ ဒုက္ခဒေါမနဿုပါယာသဓမ္မာနံ = စိုးရိမ်ခြင်း, ငိုကြွေး မြည် တမ်းခြင်း, ကိုယ်၏ ဆင်းရဲခြင်း, နှလုံး မသာယာခြင်း, စိတ်၏ လွန်စွာပင်ပန်းခြင်း သဘော ရှိကုန်သော၊
သတ္တာနံ = သတ္တဝါတို့အား၊
မယံ = ငါတို့သည်၊
သောကပရိဒေဝ ဒုက္ခဒေါမနဿုပါယာသဓမ္မာ = စိုးရိမ်ခြင်း, ငိုကြွေးမြည်တမ်းခြင်း, ကိုယ်၏ဆင်းရဲခြင်း, နှလုံးမသာယာခြင်း, စိတ် ၏လွန်စွာပင်ပန်းခြင်း သဘော ရှိကုန်သည်၊
န အဿာမ = မဖြစ်ပါကုန်ငြားအံ့၊
အဟောဝတ = သြ - ကောင်းလေစွ၊
နော = ငါတို့သို့၊
သောကပရိဒေဝဒုက္ခ- ဒေါမနဿုပါယာသဓမ္မာ = စိုးရိမ်ခြင်း, ငိုကြွေးမြည်တမ်းခြင်း, ကိုယ်၏ဆင်းရဲခြင်း, နှလုံး မသာယာခြင်း, စိတ်၏ လွန်စွာပင်ပန်းခြင်းသဘော တို့သည်၊
နော = ငါတို့ဆီသို့၊
န စ ဝတ အာဂစ္ဆေယျ = စင်စစ် မလာသည်မူ လည်း ဖြစ်ငြားအံ့၊
အဟောဝတ = သြ - ကောင်းလေစွ၊
ဣတိ-ဧဝံ ဣစ္ဆာ = ဤသို့သော အလိုရှိသည်၊
ဥပ္ပဇ္ဇတိ = ဖြစ်၏၊
ဣစ္ဆာယ = လိုချင် တောင့်တခြင်းဖြင့်၊
ဧတံ = ဤသောက စသည်၏ မရှိခြင်းစသော မရအပ် သော ဝတ္ထုကို၊
န ခေါ ပန ပတ္တဗ္ဗံ = မရအပ်သည်သာတည်း၊
ဣဒမ္ပိ = ဤတရားသည်လည်း၊
ယမ္ပိစ္ဆံ န လဘတိ တမ္ပိ ဒုက္ခံ = မရအပ်သည်ကို တောင့်တခြင်း ဒုက္ခမည်၏။

ကတမေ စ ဘိက္ခဝေ သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ။ သေယျထိဒံ၊

(၁၂) ဘိက္ခဝေ = ရဟန်းတို့၊
သံခိတ္တေန = အကျဉ်းအားဖြင့်၊
ပဉ္စ = ငါးပါးကုန်သော၊
ဥပါဒါနက္ခန္ဓာ = ဥပါဒါန်၏ အာရုံ ဖြစ်သော ခန္ဓာဟု ဆိုအပ်ကုန်သော၊
ဒုက္ခာ = ဒုက္ခတို့သည်၊
ကတမေ စ = အဘယ်သည်တို့ နည်း၊
ဣဒံ-ဣမေ ပဉ္စုပါဒါနက္ခန္ဓာ = ဤငါးပါးကုန်သော ဥပါဒါန်၏ အာရုံဖြစ်သော ခန္ဓာ တို့သည်၊
သေယျထာ ကတမေ = အဘယ်သည်တို့နည်း။

ရူပုပါဒါနက္ခန္ဓော၊ ဝေဒနုပါဒါနက္ခန္ဓော၊ သညုပါဒါနက္ခန္ဓော၊ သင်္ခါရုပါဒါနက္ခန္ဓော၊ ဝိညာဏုပါဒါနက္ခန္ဓော။ ဣမေ ဝုစ္စန္တိ ဘိက္ခဝေ သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ။

ရူပုပါဒါနက္ခန္ဓော = ရုပ်ဟူသော ဥပါဒါန်၏ အာရုံဖြစ်သော ခန္ဓာလည်းကောင်း၊
ဝေဒနုပါဒါနက္ခန္ဓော = ဝေဒနာဟူသော ဥပါဒါန်၏ အာရုံဖြစ်သော ခန္ဓာလည်းကောင်း၊
သညုပါဒါနက္ခန္ဓော = သညာဟူသော ဥပါဒါန်၏အာရုံဖြစ်သော ခန္ဓာလည်းကောင်း၊
သင်္ခါရုပါဒါနက္ခန္ဓော = သင်္ခါရဟူသော ဥပါဒါန်၏အာရုံဖြစ်သော ခန္ဓာလည်းကောင်း၊
ဝိညာဏုပါဒါနက္ခန္ဓော = ဝိညာဏ်ဟူသော ဥပါဒါန်၏အာရုံဖြစ်သော ခန္ဓာ လည်းကောင်း၊
ဣတိ-ဣမေ = ဤသည်တို့တည်း၊
ဘိက္ခဝေ = ရဟန်းတို့၊
ဣမေ = ဤငါးပါးကုန်သော ဥပါဒါန်၏အာရုံဖြစ်ကုန်သော ခန္ဓာတို့ကို၊
သံခိတ္တေန = အကျဉ်းအားဖြင့်၊
ပဉ္စ = ငါးပါးကုန်သော၊
ဥပါဒါနက္ခန္ဓာ = ဥပါဒါန်၏ အာရုံဖြစ်ကုန်သော၊
ဒုက္ခာ = ဒုက္ခတို့ဟူ၍၊
ဝုစ္စန္တိ = ဆိုအပ်ကုန်၏။

ဣဒံ ဝုစ္စတိ ဘိက္ခဝေ ဒုက္ခံ အရိယသစ္စံ။

ဘိက္ခဝေ = ရဟန်းတို့၊
ဣဒံ = ဤဆိုအပ်ပြီးသော တရားအပေါင်းကို၊
ဒုက္ခံ = ဒုက္ခဖြစ်သော၊
အရိယသစ္စံ = အရိယသစ္စာဟူ၍၊
ဝုစ္စတိ = ဆိုအပ်၏။

ဒုက္ခသစ္စာ၏ အထူးမှတ်ဖွယ်

ဤ ဒုက္ခသစ္စာအရာဝယ် ဤသုတ်၌ လည်းကောင်း, ဤ သတိပဋ္ဌာနဝိဘင်း၌ လည်း ကောင်း ဗျာဓိပိဒုက္ခော-ဟု ဟောတော်မမူ။ ဓမ္မစကြာ၌ ဥဒ္ဒေသမျှကိုသာ ဟောတော် မူ၍ နိဒ္ဒေသကို မဟောရကား ဂိရိမာနန္ဒသုတ် မဟာနိဒ္ဒေသမှ ဆောင်၍ ဤအရာဝယ် ဗျာဓိဒုက္ခကို မှတ်ရာ၏။

ဗဟုဒုက္ခော အယံ ကာယော ဗဟု အာဒီနဝေါ။ ဣတိ ဣမသ္မိံ ကာယော ဝိဝိဓာ အာဗာဓာ ဥပ္ပဇ္ဇန္တိ။ သေယျထိဒံ၊
စက္ခုရောဂေါ သောတရောဂေါ ဃာနရောဂေါ ဇိဝှါ ရောဂေါ ကာယရောဂေါ သီသရောဂေါ ကဏ္ဏရောဂေါ မုခရောဂေါ ဒန္တရောဂေါ သြဋ္ဌရောဂေါ ကာသော သာသော ပိနာသော ဍာဟော ဇရော ကုစ္ဆိရောဂေါ မုစ္ဆာ ပက္ခန္ဒိကာ သူလာ ဝိသူစိကာ ကုဋ္ဌံ ဂဏ္ဍော ကိလာသော သောသော အပမာရော ဒဒ္ဒု ကဏ္ဍု ကစ္ဆု နခသာ ဝိတစ္ဆိကာ လောဟိတံ ပိတ္တံ မဓုမေဟော အံသာ ပိဠကာ ဘဂန္ဒလာ ပိတ္တသမုဋ္ဌာနာ အာဗာဓာ သေမှသမုဋ္ဌာနာ အာဗာဓာ ဝါတသမုဋ္ဌာနာ အာဗာဓာ သန္နိပါတိကာအာဗာဓာ ဥတုပရိဏာမဇာ အာဗာဓာ ဝိသမပရိဟာရဇာ အာဗာဓာ သြပက္ကမိကာ အာဗာဓာ ကမ္မဝိပါကဇာ အာဗာဓာ သီတံ ဥဏှံ ဇိဃစ္ဆာ ပိပါသာ ဥစ္စာရော ပဿာဝေါတိ။

ပါဠိတော်အနက်

အယံ ကာယော = ဤခန္ဓာကိုယ်သည်၊
ဗဟုဒုက္ခော = များစွာသော ဆင်းရဲခြင်းရှိ၏၊
ဗဟုအာဒီနဝေါ = များစွာသော အပြစ်ရှိ၏၊
ဣတိ-ဣမသ္မိံ ကာယေ = ဤခန္ဓာကိုယ်၌၊
ဝိဝိဓာ အာဗာဓာ = အထူးထူး အပြားပြား များစွာသော အနာတို့သည်၊
ဥပ္ပဇ္ဇန္တိ = ဖြစ်ကုန်၏။
သေယျထိဒံ = ထိုအထူးထူး အပြားပြား များစွာသော အနာဟူသည် အဘယ်နည်း။

၁။ စက္ခုရောဂေါ = မျက်စိနာ၊
၂။ သောတရောဂေါ = နားနာ၊
၃။ ဃာနရောဂေါ = နှာခေါင်းနာ။
၄။ ဇိဝှါရောဂေါ = လျှာနာ၊
၅။ ကာယရောဂေါ = ကိုယ်နာ၊
၆။ သီသရောဂေါ = ဦးခေါင်းနာ၊
၇။ ကဏ္ဏရောဂေါ = နားနာ၊
၈။ မုခရောဂေါ = ခံတွင်းနာ၊
၉။ ဒန္တရောဂေါ = သွားနာ၊
၁၀။ သြဋ္ဌရောဂေါ = နှုတ်ခမ်းနာ၊
၁၁။ ကာသော = ချောင်းဆိုးနာ၊
၁၂။ သာသော = ကုတ်ဟီးနာ, ရှူနာ, ပန်းနာ၊
၁၃။ ပိနာသော = နှာခေါင်းနာ, ဆောင်းမေးခါးနာ၊
၁၄။ ဍာဟော = ပူလောင်သော အနာ၊
၁၅။ ဇရော = ဖျားသော အနာ၊
၁၆။ ကုစ္ဆိရောဂေါ = ဝမ်း အနာ၊
၁၇။ မုစ္ဆာ = မူးဝေမိန်းမောသော အနာ၊
၁၈။ ပက္ခန္ဒိကာ = ဝမ်းသွေးကျသော အနာ၊
၁၉။ သူလာ = ထိုးကျင်ကိုက်ခဲသော အနာ၊
၂၀။ ဝိသူစိကာ = သည်းစွာ ဝမ်းလားသော အနာ၊
၂၁။ ကုဋ္ဌံ = နူနာ၊
၂၂။ ဂဏ္ဍော = အိုင်းနာ၊
၂၃။ ကိလာသော = ခရုသင်း သမင်ယက်နာ၊
၂၄။ သောသော = သွေးသားခန်းခြောက်သော ခယရုပ်နာ၊
၂၅။ အပမာရော = ဝက်ရူးနာ၊
၂၆။ ဒဒ္ဒု = ဆိတ်လည်နူနာ၊
၂၇။ ကဏ္ဍု = ယားနာ၊
၂၈။ ကစ္ဆု = ဝဲနာ၊
၂၉။ နခသာ = လက်သည်းခြစ်မိရာ၌ ဖြစ်သော အနာ၊
၃၀။ ဝိတစ္ဆိကာ = ပွေးနာ၊
၃၁။ လောဟိတံ = သွေးအနာ၊
၃၂။ ပိတ္တံ = သည်းခြေနာ၊
၃၃။ မဓုမေဟော = ပြောသောဒူလာ မြင်းသရိုက်နာ၊
၃၄။ အံသာ = အရိယိုသော အနာ၊
၃၅။ ပိဠကာ = ကိုယ်ရောင်သော အနာ, ဝက်ခြင်နာ၊
၃၆။ ဘဂန္ဒလာ = အသားတိုးနာ, ဘဂန္ဒိုလ်နာ၊
၃၇။ ပိတ္တသမုဋ္ဌာနာ အာဗာဓာ = သည်းခြေကြောင့်ဖြစ်သော အနာ၊
၃၈။ သေမှသမုဋ္ဌာနာ အာဗာဓာ = သလိပ်ကြောင့်ဖြစ်သော အနာ၊
၃၉။ ဝါတသမုဋ္ဌာနာ အာဗာဓာ = လေကြောင့်ဖြစ်သော အနာ၊
၄၀။ သန္နိပါတိကာ အာဗာဓာ = သလိပ်, သည်းခြေ, လေစုဝေး၍ ဖြစ်သော ငန်းသန္နိပါတ်နာ၊
၄၁။ ဥတုပရိဏာမဇာ အာဗာဓာ = သဘောမတူသော ဥတုကြောင့်ဖြစ်သော အနာ၊
၄၂။ ဝိသမပရိဟာရဇာ အာဗာဓာ = မညီညွတ်သော ဣရိယာပုထ်ကြောင့်ဖြစ်သော အနာ၊
၄၃။ သြပက္ကမိကာ အာဗာဓာ = မိမိပယောဂ, သူတစ်ပါးပယောဂကြောင့်ဖြစ်သော အနာ၊
၄၄။ ကမ္မဝိပါကဇာ အာဗာဓာ = အပဖြစ်သော အကြောင်းမဖက် သက်သက် ကံကြောင့်သာဖြစ်သော အနာ၊
၄၅။ သီတံ = ချမ်းအေးသော အနာ၊
၄၆။ ဥဏှံ = ပူပန်သော အနာ၊
၄၇။ ဇိဃစ္ဆာ = အစာငတ်မွတ်သော အနာ၊
၄၈။ ပိပါသာ = ရေသိပ်သော အနာ၊
၄၉။ ဥစ္စာရော = ကျင်ကြီးစွန့်ချင်သော အနာ၊
၅၀။ ပဿာဝေါ = ကျင်ငယ်စွန့်ချင်သော အနာ၊

ဣတိ-ဧဝမာဒယော = ဤသို့ အစရှိကုန်သော၊
ဝိဝိဓာ အာဗာဓာ = ထွေလည်ထူးပြား များစွာသော အနာတို့သည်၊
ဣမသ္မိံ ကာယေ = ဤခန္ဓာကိုယ်၌၊
ဥပ္ပဇ္ဇန္တိ = ကပ်ရောက်နှိပ်စက်သဖြင့် ဖြစ်ကုန်၏။

ဒုက္ခသစ္စနိဒ္ဒေသသည် ပြီးပြီ။

ဓမ္မာနုပဿနာ
သမုဒယသစ္စ နိဒ္ဒေသ

၁၇။ ကတမဉ္စ ဘိက္ခဝေ ဒုက္ခသမုဒယံ အရိယသစ္စံ။ ယာယံ တဏှာ ပေါနောဗ္ဘဝိကာ နန္ဒီရာဂသဟဂတာ တတြ တတြာဘိနန္ဒိနီ။ သေယျထိဒံ၊ ကာမတဏှာ ဘဝတဏှာ ဝိဘဝတဏှာ။

၁၇။ (က) ဘိက္ခဝေ = ရဟန်းတို့၊
ဒုက္ခာသမုဒယံ = ဒုက္ခ၏အကြောင်းဖြစ်သော၊
အရိယသစ္စံ = အရိယသစ္စာသည်၊
ကတမဉ္စ = အဘယ်နည်းဟူမူကား၊
ယာယံ တဏှာ = အကြင်တဏှာသည်၊
ပေါနောဗ္ဘဝိကာ = တစ်ဖန်ဘဝသစ်ကို ဖြစ်စေတတ်သော အလေ့ရှိ၏၊
နန္ဒီရာဂသဟဂတာ = ပြင်းစွာ တပ်စွန်းသောအားဖြင့် ဖြစ်၏၊
တတြ တတြ = ထိုထိုအတ္တဘော, အာရုံ၌၊
အဘိနန္ဒိနီ = လွန်စွာ မရက်မစက် နှစ်သက်တတ်၏၊
ဣဒံ-ဧသာ တဏှာ = ဤတဏှာသည်၊
သေယျထာ ကတမာ = အဘယ်နည်းဟူမူကား၊
ကာမတဏှာ = ကာမဘုံ၌ တပ်တတ်သော ကာမတဏှာ၎င်း၊
ဘဝတဏှာ = ရူပဘဝ, အရူပဘဝ၌ တပ်တတ်သော တဏှာ၎င်း၊
ဝိဘဝ တဏှာ = ဥစ္ဆေဒဒိဋ္ဌိနှင့်တကွဖြစ်သော တဏှာ၎င်း၊
ဣတိ-ဧသာ = ဤတရားတည်း။

သာ ခေါ ပနသာ ဘိက္ခဝေ တဏှာ ကတ္ထ ဥပ္ပဇ္ဇမာနာ ဥပ္ပဇ္ဇတိ၊ ကတ္ထ နိဝိသမာနာ နိဝိသတိ။ ယံ လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ဥပ္ပဇ္ဇမာနာ ဥပ္ပဇ္ဇတိ၊ ဧတ္ထ နိဝိသမာနာ နိဝိသတိ။

(ခ) ဘိက္ခဝေ = ရဟန်းတို့၊
သာ ခေါ ပနေသာ တဏှာ = ထိုတဏှာသည်၊
ကတ္ထ = အဘယ်အာရုံ၌၊
ဥပ္ပဇ္ဇမာနာ = ရှေးဦးစွာ ဖြစ်သည်ဖြစ်၍၊
ဥပ္ပဇ္ဇတိ = ဖြစ်သနည်း၊
ကတ္ထ = အဘယ်အာရုံ၌၊
နိဝိသမာနာ = အဖန်တလဲလဲဖြစ်သောအားဖြင့် တည်သည်ဖြစ်၍၊
နိဝိသတိ = တည်သနည်း၊
လောကေ = ဥပါဒါနက္ခန္ဓာဟူသော လောက၌၊
ယံ ပိယရူပံ သာတရူပံ = အကြင် ချစ်အပ်, သာယာအပ်သော သဘောရှိသော အာရုံသည်၊
အတ္ထိ = ရှိ၏၊
ဧတ္ထ = ထိုချစ်အပ်, သာယာအပ်သော သဘောရှိသော အာရုံ၌၊
ဧသာ တဏှာ = ဤတဏှာသည်၊
ဥပ္ပဇ္ဇမာနာ = ရှေးဦးစွာဖြစ်သည်ဖြစ်၍၊
ဥပ္ပဇ္ဇတိ = ဖြစ်၏၊၊
ဧတ္ထ = ဤချစ်အပ်, သာယာအပ်သော သဘောရှိသော အာရုံ၌၊
နိဝိသမာနာ = အဖန်တလဲလဲဖြစ်သောအားဖြင့် တည်သည်ဖြစ်၍၊
နိဝိသတိ = တည်၏။

ကိဉ္စ လောကေ ပိယရူပံ သာတရူပံ။

(ဂ) လောကေ = ဥပါဒါနက္ခန္ဓာဟူသော လောက၌၊
ပိယရူပံ = ချစ်အပ်သော သဘောရှိသော အာရုံသည်၊
သာတရူပံ = သာယာအပ်သော သဘောရှိသော အာရုံသည်၊
ကိဉ္စ = အဘယ်နည်း။

စက္ခု လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ဥပ္ပဇ္ဇမာနာ ဥပ္ပဇ္ဇတိ၊ ဧတ္ထ နိဝိသမာနာ နိဝိသတိ။

လောကေ = ဥပါဒါနက္ခန္ဓာဟူသော လောက၌၊
စက္ခု = စက္ခုပသာဒသည်၊
ပိယရူပံ = ချစ်အပ်သော သဘော ရှိသော အာရုံတည်း၊
သာတရူပံ = သာယာအပ်သော သဘောရှိသော အာရုံတည်း၊
ဧတ္ထ = ဤချစ်အပ်, သာယာအပ်သော သဘောရှိသော စက္ခုပသာဒ၌၊
ဧသာ တဏှာ = ဤတဏှာသည်၊
ဥပ္ပဇ္ဇမာနာ = ရှေးဦးစွာဖြစ်သည်ဖြစ်၍၊
ဥပ္ပဇ္ဇတိ = ဖြစ်၏၊၊
ဧတ္ထ = ဤချစ်အပ်, သာယာအပ်သော သဘောရှိသော စက္ခုပသာဒ၌၊
နိဝိသမာနာ = အဖန်တလဲလဲဖြစ်သောအားဖြင့် တည်သည်ဖြစ်၍၊
နိဝိသတိ = တည်၏။

သောတံ လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ဥပ္ပဇ္ဇမာနာ ဥပ္ပဇ္ဇတိ၊ ဧတ္ထ နိဝိသမာနာ နိဝိသတိ။ ဃာနံ လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ဥပ္ပဇ္ဇမာနာ ဥပ္ပဇ္ဇတိ၊ ဧတ္ထ နိဝိသမာနာ နိဝိသတိ။ ဇိဝှါ လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ဥပ္ပဇ္ဇမာနာ ဥပ္ပဇ္ဇတိ၊ ဧတ္ထ နိဝိသမာနာ နိဝိသတိ။ ကာယော လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ဥပ္ပဇ္ဇမာနာ ဥပ္ပဇ္ဇတိ၊ ဧတ္ထ နိဝိသမာနာ နိဝိသတိ။ မနော လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ဥပ္ပဇ္ဇမာနာ ဥပ္ပဇ္ဇတိ၊ ဧတ္ထ နိဝိသမာနာ နိဝိသတိ။

(ဃ) လောကေ = ဥပါဒါနက္ခန္ဓာဟူသော လောက၌၊
သောတံ = သောတပသာဒသည်၊
ပိယရူပံ = ချစ်အပ်သော သဘော ရှိသော အာရုံတည်း ။ပ။
လောကေ = လောက၌၊
ဃာနံ = ဃာနပသာဒသည်၊
ပိယရူပံ = ချစ်အပ်သော သဘော ရှိသော အာရုံတည်း ။ပ။
လောကေ = လောက၌၊
ဇိဝှါ = ဇိဝှါပသာဒသည်၊
ပိယရူပံ = ချစ်အပ်သော သဘော ရှိသော အာရုံတည်း ။ပ။
လောကေ = လောက၌၊
ကာယော = ကာယပသာဒသည်၊
ပိယရူပံ = ချစ်အပ်သော သဘော ရှိသော အာရုံတည်း ။ပ။
လောကေ = လောက၌၊
မနော = စိတ်သည်၊
ပိယရူပံ = ချစ်အပ်သော သဘောရှိသော အာရုံတည်း၊
သာတရူပံ = သာယာအပ်သော သဘောရှိသော အာရုံတည်း၊
ဧတ္ထ = ဤချစ်အပ်, သာယာအပ်သော သဘောရှိသော စိတ်အာရုံ၌၊
ဧသာ တဏှာ = ဤတဏှာသည်၊
ဥပ္ပဇ္ဇမာနာ = ရှေးဦးစွာဖြစ်သည်ဖြစ်၍၊
ဥပ္ပဇ္ज्जတိ = ဖြစ်၏၊၊
ဧတ္ထ = ဤ ချစ်အပ်, သာယာအပ်သော သဘောရှိသော စိတ်အာရုံ၌၊
နိဝိသမာနာ = အဖန်တလဲလဲဖြစ်သောအားဖြင့် တည်သည်ဖြစ်၍၊
နိဝိသတိ = တည်၏။

ရူပါ လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ဥပ္ပဇ္ဇမာနာ ဥပ္ပဇ္ဇတိ၊ ဧတ္ထ နိဝိသမာနာ နိဝိသတိ။ သဒ္ဒါ လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ဥပ္ပဇ္ဇမာနာ ဥပ္ပဇ္ဇတိ၊ ဧတ္ထ နိဝိသမာနာ နိဝိသတိ။ ဂန္ဓာ လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ဥပ္ပဇ္ဇမာနာ ဥပ္ပဇ္ဇတိ၊ ဧတ္ထ နိဝိသမာနာ နိဝိသတိ။ ရသာ လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ဥပ္ပဇ္ဇမာနာ ဥပ္ပဇ္ဇတိ၊ ဧတ္ထ နိဝိသမာနာ နိဝိသတိ။ ဖောဋ္ဌဗ္ဗာ လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ဥပ္ပဇ္ဇမာနာ ဥပ္ပဇ္ဇတိ၊ ဧတ္ထ နိဝိသမာနာ နိဝိသတိ။ ဓမ္မာ လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ဥပ္ပဇ္ဇမာနာ ဥပ္ပဇ္ဇတိ၊ ဧတ္ထ နိဝိသမာနာ နိဝိသတိ။

(င) လောကေ = လောက၌၊
ရူပါ = ရူပါရုံတို့သည် ။ပ။
သဒ္ဒါ = သဒ္ဒါရုံတို့သည် ။ပ။
ဂန္ဓာ = ဂန္ဓာရုံတို့သည် ။ပ။
ရသာ = ရသာရုံတို့သည် ။ပ။
ဖောဋ္ဌဗ္ဗ = ဖောဋ္ဌဗာရုံတို့သည် ။ပ။
ဓမ္မာ = ဓမ္မာရုံတို့သည် ။ပ။
ပိယရူပံ = ချစ်အပ်သော သဘောရှိသော အာရုံတည်း၊
သာတရူပံ = သာယာအပ်သော သဘောရှိသော အာရုံတည်း၊
ဧတ္ထ = ဤချစ်အပ်, သာယာအပ်သော သဘောရှိသော ဓမ္မာရုံ၌၊
ဧသာ တဏှာ = ဤတဏှာသည်၊
ဥပ္ပဇ္ဇမာနာ = ရှေးဦးစွာဖြစ် သည်ဖြစ်၍၊
ဥပ္ပဇ္ဇတိ = ဖြစ်၏၊၊
ဧတ္ထ = ဤအာရုံ၌၊
နိဝိသမာနာ = အဖန်တလဲလဲဖြစ်သောအားဖြင့် တည်သည်ဖြစ်၍၊
နိဝိသတိ = တည်၏။

စက္ခုဝိညာဏံ လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ဥပ္ပဇ္ဇမာနာ ဥပ္ပဇ္ဇတိ၊ ဧတ္ထ နိဝိသမာနာ နိဝိသတိ။ သောတဝိညာဏံ လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ဥပ္ပဇ္ဇမာနာ ဥပ္ပဇ္ဇတိ၊ ဧတ္ထ နိဝိသမာနာ နိဝိသတိ။ ဃာနဝိညာဏံ လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ဥပ္ပဇ္ဇမာနာ ဥပ္ပဇ္ဇတိ၊ ဧတ္ထ နိဝိသမာနာ နိဝိသတိ။ ဇိဝှါဝိညာဏံ လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ဥပ္ပဇ္ဇမာနာ ဥပ္ပဇ္ဇတိ၊ ဧတ္ထ နိဝိသမာနာ နိဝိသတိ။ ကာယဝိညာဏံ လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ဥပ္ပဇ္ဇမာနာ ဥပ္ပဇ္ဇတိ၊ ဧတ္ထ နိဝိသမာနာ နိဝိသတိ။ မနောဝိညာဏံ လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ဥပ္ပဇ္ဇမာနာ ဥပ္ပဇ္ဇတိ၊ ဧတ္ထ နိဝိသမာနာ နိဝိသတိ။

(စ) လောကေ = လောက၌၊
စက္ခုဝိညာဏံ = စက္ခုဝိညာဏ်သည် ။ပ။
သောတဝိညာဏံ = သောတဝိညာဏ်သည်။ပ။
ဃာနဝိညာဏံ = ဃာနဝိညာဏ်သည် ။ပ။
ဇိဝှါဝိညာဏံ = ဇိဝှါဝိညာဏ်သည် ။ပ။
ကာယဝိညာဏံ = ကာယဝိညာဏ်သည် ။ပ။
မနောဝိညာဏံ = မနောဝိညာဏ်သည် ။ပ။
ပိယရူပံ = ချစ်အပ်သော သဘောရှိသော အာရုံတည်း၊
သာတရူပံ = သာယာအပ်သော သဘောရှိသော အာရုံတည်း၊
ဧတ္ထ = ဤချစ်အပ်, သာယာအပ်သော သဘောရှိသော ဓမ္မာရုံ၌၊
ဧသာ တဏှာ = ဤတဏှာသည်၊
ဥပ္ပဇ္ဇမာနာ = ရှေးဦးစွာဖြစ် သည်ဖြစ်၍၊
ဥပ္ပဇ္ဇတိ = ဖြစ်၏၊၊
ဧတ္ထ = ဤအာရုံ၌၊
နိဝိသမာနာ = အဖန်တလဲလဲဖြစ်သောအားဖြင့် တည်သည်ဖြစ်၍၊
နိဝိသတိ = တည်၏။

စက္ခုသမ္ဖဿော လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ဥပ္ပဇ္ဇမာနာ ဥပ္ပဇ္ဇတိ၊ ဧတ္ထ နိဝိသမာနာ နိဝိသတိ။ သောတသမ္ဖဿော လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ဥပ္ပဇ္ဇမာနာ ဥပ္ပဇ္ဇတိ၊ ဧတ္ထ နိဝိသမာနာ နိဝိသတိ။ ဃာနသမ္ဖဿော လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ဥပ္ပဇ္ဇမာနာ ဥပ္ပဇ္ဇတိ၊ ဧတ္ထ နိဝိသမာနာ နိဝိသတိ။ ဇိဝှါသမ္ဖဿော လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ဥပ္ပဇ္ဇမာနာ ဥပ္ပဇ္ဇတိ၊ ဧတ္ထ နိဝိသမာနာ နိဝိသတိ။ ကာယသမ္ဖဿော လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ဥပ္ပဇ္ဇမာနာ ဥပ္ပဇ္ဇတိ၊ ဧတ္ထ နိဝိသမာနာ နိဝိသတိ။ မနောသမ္ဖဿော လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ဥပ္ပဇ္ဇမာနာ ဥပ္ပဇ္ဇတိ၊ ဧတ္ထ နိဝိသမာနာ နိဝိသတိ။

(ဆ) လောကေ = လောက၌၊
စက္ခုသမ္ဖဿော = စက္ခုပသာဒ၌မှီသော ဖဿသည် ။ပ။
သောတသမ္ဖဿော = သောတပသာဒ၌မှီသော ဖဿသည် ။ပ။
ဃာနသမ္ဖဿော = ဃာနတပသာဒ၌မှီသော ဖဿသည် ။ပ။
ဇိဝှါသမ္ဖဿော = ဇိဝှါပသာဒ၌မှီသော ဖဿသည် ။ပ။
ကာယသမ္ဖဿော = ကာယပသာဒ၌မှီသော ဖဿသည် ။ပ။
မနောသမ္ဖဿော = မနောဝိညာဏ်နှင့်တကွဖြစ်သော ဖဿသည် ။ပ။
ပိယရူပံ = ချစ်အပ်သော သဘောရှိသော အာရုံတည်း၊
သာတရူပံ = သာယာအပ်သော သဘောရှိသော အာရုံတည်း၊
ဧတ္ထ = ဤချစ်အပ်, သာယာအပ်သော သဘောရှိသော ဓမ္မာရုံ၌၊
ဧသာ တဏှာ = ဤတဏှာသည်၊
ဥပ္ပဇ္ဇမာနာ = ရှေးဦးစွာဖြစ် သည်ဖြစ်၍၊
ဥပ္ပဇ္ဇတိ = ဖြစ်၏၊၊
ဧတ္ထ = ဤအာရုံ၌၊
နိဝိသမာနာ = အဖန်တလဲလဲဖြစ်သောအားဖြင့် တည်သည်ဖြစ်၍၊
နိဝိသတိ = တည်၏။

စက္ခုသမ္ဖဿဇာ ဝေဒနာ လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ဥပ္ပဇ္ဇမာနာ ဥပ္ပဇ္ဇတိ၊ ဧတ္ထ နိဝိသမာနာ နိဝိသတိ။ သောတသမ္ဖဿဇာ ဝေဒနာ လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ဥပ္ပဇ္ဇမာနာ ဥပ္ပဇ္ဇတိ၊ ဧတ္ထ နိဝိသမာနာ နိဝိသတိ။ ဃာနသမ္ဖဿဇာ ဝေဒနာ လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ဥပ္ပဇ္ဇမာနာ ဥပ္ပဇ္ဇတိ၊ ဧတ္ထ နိဝိသမာနာ နိဝိသတိ။ ဇိဝှါသမ္ဖဿဇာ ဝေဒနာ လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ဥပ္ပဇ္ဇမာနာ ဥပ္ပဇ္ဇတိ၊ ဧတ္ထ နိဝိသမာနာ နိဝိသတိ။ ကာယသမ္ဖဿဇာ ဝေဒနာ လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ဥပ္ပဇ္ဇမာနာ ဥပ္ပဇ္ဇတိ၊ ဧတ္ထ နိဝိသမာနာ နိဝိသတိ။ မနောသမ္ဖဿဇာ ဝေဒနာ လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ဥပ္ပဇ္ဇမာနာ ဥပ္ပဇ္ဇတိ၊ ဧတ္ထ နိဝိသမာနာ နိဝိသတိ။

(ဇ) လောကေ = လောက၌၊
စက္ခုသမ္ဖဿဇာ ဝေဒနာ = စက္ခုပသာဒ၌မှီသော ဖဿကြောင့်ဖြစ်သော ဝေဒနာသည် ။ပ။
သောတသမ္ဖဿဇာ ဝေဒနာ = သောတပသာဒ၌မှီသော ဖဿကြောင့်ဖြစ်သော ဝေဒနာသည် ။ပ။
ဃာနသမ္ဖဿဇာ ဝေဒနာ = ဃာနပသာဒ၌မှီသော ဖဿကြောင့်ဖြစ်သော ဝေဒနာသည် ။ပ။
ဇိဝှါသမ္ဖဿဇာ ဝေဒနာ = ဇိဝှါပသာဒ၌မှီသော ဖဿကြောင့်ဖြစ်သော ဝေဒနာသည် ။ပ။
ကာယသမ္ဖဿဇာ ဝေဒနာ = ကာယပသာဒ၌မှီသော ဖဿကြောင့်ဖြစ်သော ဝေဒနာသည် ။ပ။
မနောသမ္ဖဿဇာ ဝေဒနာ = မနောဝိညာဏ်နှင့်တကွဖြစ်သော ဖဿ ကြောင့်ဖြစ်သော ဝေဒနာသည် ။ပ။
ပိယရူပံ = ချစ်အပ်သော သဘောရှိသော အာရုံတည်း၊
သာတရူပံ = သာယာအပ်သော သဘောရှိသော အာရုံတည်း၊
ဧတ္ထ = ဤချစ်အပ်, သာယာအပ်သော သဘောရှိသော ဓမ္မာရုံ၌၊
ဧသာ တဏှာ = ဤတဏှာသည်၊
ဥပ္ပဇ္ဇမာနာ = ရှေးဦးစွာဖြစ် သည်ဖြစ်၍၊
ဥပ္ပဇ္ဇတိ = ဖြစ်၏၊၊
ဧတ္ထ = ဤအာရုံ၌၊
နိဝိသမာနာ = အဖန်တလဲလဲဖြစ်သောအားဖြင့် တည်သည်ဖြစ်၍၊
နိဝိသတိ = တည်၏။

ရူပသညာ လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ဥပ္ပဇ္ဇမာနာ ဥပ္ပဇ္ဇတိ၊ ဧတ္ထ နိဝိသမာနာ နိဝိသတိ။ သဒ္ဒသညာ လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ဥပ္ပဇ္ဇမာနာ ဥပ္ပဇ္ဇတိ၊ ဧတ္ထ နိဝိသမာနာ နိဝိသတိ။ ဂန္ဓသညာ လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ဥပ္ပဇ္ဇမာနာ ဥပ္ပဇ္ဇတိ၊ ဧတ္ထ နိဝိသမာနာ နိဝိသတိ။ ရသသညာ လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ဥပ္ပဇ္ဇမာနာ ဥပ္ပဇ္ဇတိ၊ ဧတ္ထ နိဝိသမာနာ နိဝိသတိ။ ဖောဋ္ဌဗ္ဗသညာ လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ဥပ္ပဇ္ဇမာနာ ဥပ္ပဇ္ဇတိ၊ ဧတ္ထ နိဝိသမာနာ နိဝိသတိ။ ဓမ္မသညာ လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ဥပ္ပဇ္ဇမာနာ ဥပ္ပဇ္ဇတိ၊ ဧတ္ထ နိဝိသမာနာ နိဝိသတိ။

(ဈ) လောကေ = လောက၌၊
ရူပသညာ = ရူပါရုံလျှင် အာရုံရှိသော သညာသည် ။ပ။
သဒ္ဒသညာ = သဒ္ဒါရုံလျှင် အာရုံရှိသော သညာသည် ။ပ။
ဂန္ဓသညာ = ဂန္ဓာရုံလျှင် အာရုံရှိသော သညာသည် ။ပ။
ရသသညာ = ရသာရုံလျှင် အာရုံရှိသော သညာသည် ။ပ။
ဖောဋ္ဌဗ္ဗသညာ = ဖောဋ္ဌဗ္ဗာရုံလျှင် အာရုံရှိသော သညာသည် ။ပ။
ဓမ္မသညာ = ဓမ္မာရုံလျှင် အာရုံရှိသော သညာသည် ။ပ။
ပိယရူပံ = ချစ်အပ်သော သဘောရှိသော အာရုံတည်း၊
သာတရူပံ = သာယာအပ်သော သဘောရှိသော အာရုံတည်း၊
ဧတ္ထ = ဤချစ်အပ်, သာယာအပ်သော သဘောရှိသော ဓမ္မာရုံ၌၊
ဧသာ တဏှာ = ဤတဏှာသည်၊
ဥပ္ပဇ္ဇမာနာ = ရှေးဦးစွာဖြစ် သည်ဖြစ်၍၊
ဥပ္ပဇ္ဇတိ = ဖြစ်၏၊၊
ဧတ္ထ = ဤအာရုံ၌၊
နိဝိသမာနာ = အဖန်တလဲလဲဖြစ်သောအားဖြင့် တည်သည်ဖြစ်၍၊
နိဝိသတိ = တည်၏။

ရူပသေဉ္စတနာ လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ဥပ္ပဇ္ဇမာနာ ဥပ္ပဇ္ဇတိ၊ ဧတ္ထ နိဝိသမာနာ နိဝိသတိ။ သဒ္ဒသေဉ္စတနာ လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ဥပ္ပဇ္ဇမာနာ ဥပ္ပဇ္ဇတိ၊ ဧတ္ထ နိဝိသမာနာ နိဝိသတိ။ ဂန္ဓသေဉ္စတနာ လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ဥပ္ပဇ္ဇမာနာ ဥပ္ပဇ္ဇတိ၊ ဧတ္ထ နိဝိသမာနာ နိဝိသတိ။ ရသသေဉ္စတနာ လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ဥပ္ပဇ္ဇမာနာ ဥပ္ပဇ္ဇတိ၊ ဧတ္ထ နိဝိသမာနာ နိဝိသတိ။ ဖောဋ္ဌဗ္ဗသေဉ္စတနာ လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ဥပ္ပဇ္ဇမာနာ ဥပ္ပဇ္ဇတိ၊ ဧတ္ထ နိဝိသမာနာ နိဝိသတိ။ ဓမ္မသေဉ္စတနာ လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ဥပ္ပဇ္ဇမာနာ ဥပ္ပဇ္ဇတိ၊ ဧတ္ထ နိဝိသမာနာ နိဝိသတိ။

(ဉ) လောကေ = လောက၌၊
ရူပသေဉ္စတနာ = ရူပါရုံလျှင် အာရုံရှိသော စေတနာသည် ။ပ။
သဒ္ဒသေဉ္စတနာ = သဒ္ဒါရုံလျှင် အာရုံရှိသော စေတနာသည် ။ပ။
ဂန္ဓသေဉ္စတနာ = ဂန္ဓာရုံလျှင် အာရုံရှိသော စေတနာသည် ။ပ။
ရသသေဉ္စတနာ = ရသာရုံလျှင် အာရုံရှိသော စေတနာသည် ။ပ။
ဖောဋ္ဌဗ္ဗသေဉ္စတနာ = ဖောဋ္ဌဗ္ဗာရုံလျှင် အာရုံရှိသော စေတနာသည် ။ပ။
ဓမ္မသေဉ္စတနာ = ဓမ္မာရုံလျှင် အာရုံရှိသော စေတနာသည် ။ပ။
ပိယရူပံ = ချစ်အပ်သော သဘောရှိသော အာရုံတည်း၊
သာတရူပံ = သာယာအပ်သော သဘောရှိသော အာရုံတည်း၊
ဧတ္ထ = ဤချစ်အပ်, သာယာအပ်သော သဘောရှိသော ဓမ္မာရုံ၌၊
ဧသာ တဏှာ = ဤတဏှာသည်၊
ဥပ္ပဇ္ဇမာနာ = ရှေးဦးစွာဖြစ် သည်ဖြစ်၍၊
ဥပ္ပဇ္ဇတိ = ဖြစ်၏၊၊
ဧတ္ထ = ဤအာရုံ၌၊
နိဝိသမာနာ = အဖန်တလဲလဲဖြစ်သောအားဖြင့် တည်သည်ဖြစ်၍၊
နိဝိသတိ = တည်၏။

ရူပတဏှာ လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ဥပ္ပဇ္ဇမာနာ ဥပ္ပဇ္ဇတိ၊ ဧတ္ထ နိဝိသမာနာ နိဝိသတိ။ သဒ္ဒတဏှာ လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ဥပ္ပဇ္ဇမာနာ ဥပ္ပဇ္ဇတိ၊ ဧတ္ထ နိဝိသမာနာ နိဝိသတိ။ ဂန္ဓတဏှာ လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ဥပ္ပဇ္ဇမာနာ ဥပ္ပဇ္ဇတိ၊ ဧတ္ထ နိဝိသမာနာ နိဝိသတိ။ ရသတဏှာ လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ဥပ္ပဇ္ဇမာနာ ဥပ္ပဇ္ဇတိ၊ ဧတ္ထ နိဝိသမာနာ နိဝိသတိ။ ဖောဋ္ဌဗ္ဗတဏှာ လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ဥပ္ပဇ္ज्जမာနာ ဥပ္ပဇ္ဇတိ၊ ဧတ္ထ နိဝိသမာနာ နိဝိသတိ။ ဓမ္မတဏှာ လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ဥပ္ပဇ္ဇမာနာ ဥပ္ပဇ္ဇတိ၊ ဧတ္ထ နိဝိသမာနာ နိဝိသတိ။

(ဋ) လောကေ = လောက၌၊
ရူပတဏှာ = ရူပါရုံ၌ တပ်သော တဏှာသည် ။ပ။
သဒ္ဒတဏှာ = သဒ္ဒါရုံ၌ တပ်သော တဏှာသည် ။ပ။
ဂန္ဓတဏှာ = ဂန္ဓာရုံ၌ တပ်သော တဏှာသည် ။ပ။
ရသတဏှာ = ရသာရုံ၌ တပ်သော တဏှာသည် ။ပ။
ဖောဋ္ဌဗ္ဗတဏှာ = ဖောဋ္ဌဗ္ဗာရုံ၌ တပ်သော တဏှာသည် ။ပ။
ဓမ္မတဏှာ = ဓမ္မာရုံ၌ တပ်သော တဏှာသည် ။ပ။
ပိယရူပံ = ချစ်အပ်သော သဘောရှိသော အာရုံတည်း၊
သာတရူပံ = သာယာအပ်သော သဘောရှိသော အာရုံတည်း၊
ဧတ္ထ = ဤချစ်အပ်, သာယာအပ်သော သဘောရှိသော ဓမ္မာရုံ၌၊
ဧသာ တဏှာ = ဤတဏှာသည်၊
ဥပ္ပဇ္ဇမာနာ = ရှေးဦးစွာဖြစ် သည်ဖြစ်၍၊
ဥပ္ပဇ္ဇတိ = ဖြစ်၏၊၊
ဧတ္ထ = ဤအာရုံ၌၊
နိဝိသမာနာ = အဖန်တလဲလဲဖြစ်သောအားဖြင့် တည်သည်ဖြစ်၍၊
နိဝိသတိ = တည်၏။

ရူပဝိတက္ကော လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ဥပ္ပဇ္ဇမာနာ ဥပ္ပဇ္ဇတိ၊ ဧတ္ထ နိဝိသမာနာ နိဝိသတိ။ သဒ္ဒဝိတက္ကော လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ဥပ္ပဇ္ဇမာနာ ဥပ္ပဇ္ဇတိ၊ ဧတ္ထ နိဝိသမာနာ နိဝိသတိ။ ဂန္ဓဝိတက္ကော လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ဥပ္ပဇ္ဇမာနာ ဥပ္ပဇ္ဇတိ၊ ဧတ္ထ နိဝိသမာနာ နိဝိသတိ။ ရသဝိတက္ကော လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ဥပ္ပဇ္ဇမာနာ ဥပ္ပဇ္ဇတိ၊ ဧတ္ထ နိဝိသမာနာ နိဝိသတိ။ ဖောဋ္ဌဗ္ဗဝိတက္ကော လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ဥပ္ပဇ္ဇမာနာ ဥပ္ပဇ္ဇတိ၊ ဧတ္ထ နိဝိသမာနာ နိဝိသတိ။ ဓမ္မဝိတက္ကော လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ဥပ္ပဇ္ဇမာနာ ဥပ္ပဇ္ဇတိ၊ ဧတ္ထ နိဝိသမာနာ နိဝိသတိ။

(ဌ) လောကေ = လောက၌၊
ရူပဝိတက္ကော = ရူပါရုံကို ကြံခြင်းသည် ။ပ။
သဒ္ဒဝိတက္ကော = သဒ္ဒါရုံကို ကြံခြင်းသည် ။ပ။
ဂန္ဓဝိတက္ကော = ဂန္ဓာရုံကို ကြံခြင်းသည် ။ပ။
ရသဝိတက္ကော = ရသာရုံကို ကြံခြင်းသည် ။ပ။
ဖောဋ္ဌဗ္ဗဝိတက္ကော = ဖောဋ္ဌဗ္ဗာရုံကို ကြံခြင်းသည် ။ပ။
ဓမ္မဝိတက္ကော = ဓမ္မာရုံကို ကြံခြင်းသည် ။ပ။
ပိယရူပံ = ချစ်အပ်သော သဘောရှိသော အာရုံတည်း၊
သာတရူပံ = သာယာအပ်သော သဘောရှိသော အာရုံတည်း၊
ဧတ္ထ = ဤချစ်အပ်, သာယာအပ်သော သဘောရှိသော ဓမ္မာရုံ၌၊
ဧသာ တဏှာ = ဤတဏှာသည်၊
ဥပ္ပဇ္ဇမာနာ = ရှေးဦးစွာဖြစ် သည်ဖြစ်၍၊
ဥပ္ပဇ္ဇတိ = ဖြစ်၏၊၊
ဧတ္ထ = ဤအာရုံ၌၊
နိဝိသမာနာ = အဖန်တလဲလဲဖြစ်သောအားဖြင့် တည်သည်ဖြစ်၍၊
နိဝိသတိ = တည်၏။

ရူပဝိစာရော လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ဥပ္ပဇ္ဇမာနာ ဥပ္ပဇ္ဇတိ၊ ဧတ္ထ နိဝိသမာနာ နိဝိသတိ။ သဒ္ဒဝိစာရော လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ဥပ္ပဇ္ဇမာနာ ဥပ္ပဇ္ဇတိ၊ ဧတ္ထ နိဝိသမာနာ နိဝိသတိ။ ဂန္ဓဝိစာရော လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ဥပ္ပဇ္ဇမာနာ ဥပ္ပဇ္ဇတိ၊ ဧတ္ထ နိဝိသမာနာ နိဝိသတိ။ ရသဝိစာရော လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ဥပ္ပဇ္ဇမာနာ ဥပ္ပဇ္ဇတိ၊ ဧတ္ထ နိဝိသမာနာ နိဝိသတိ။ ဖောဋ္ဌဗ္ဗဝိစာရော လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ဥပ္ပဇ္ဇမာနာ ဥပ္ပဇ္ဇတိ၊ ဧတ္ထ နိဝိသမာနာ နိဝိသတိ။ ဓမ္မဝိစာရော လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ဥပ္ပဇ္ဇမာနာ ဥပ္ပဇ္ဇတိ၊ ဧတ္ထ နိဝိသမာနာ နိဝိသတိ။

(ဍ) လောကေ = လောက၌၊
ရူပဝိစာရော = ရူပါရုံကို သုံးသပ်ခြင်းသည် ။ပ။
သဒ္ဒဝိစာရော = သဒ္ဒါရုံကို သုံးသပ်ခြင်းသည် ။ပ။
ဂန္ဓဝိစာရော = ဂန္ဓာရုံကို သုံးသပ်ခြင်းသည် ။ပ။
ရသဝိစာရော = ရသာရုံကို သုံးသပ်ခြင်းသည် ။ပ။
ဖောဋ္ဌဗ္ဗဝိစာရော = ဖောဋ္ဌဗ္ဗာရုံကို သုံးသပ်ခြင်းသည် ။ပ။
ဓမ္မဝိစာရော = ဓမ္မာရုံကို သုံးသပ်ခြင်းသည် ။ပ။
ပိယရူပံ = ချစ်အပ်သော သဘောရှိသော အာရုံတည်း၊
သာတရူပံ = သာယာအပ်သော သဘောရှိသော အာရုံတည်း၊
ဧတ္ထ = ဤချစ်အပ်, သာယာအပ်သော သဘောရှိသော ဓမ္မာရုံ၌၊
ဧသာ တဏှာ = ဤတဏှာသည်၊
ဥပ္ပဇ္ဇမာနာ = ရှေးဦးစွာဖြစ် သည်ဖြစ်၍၊
ဥပ္ပဇ္ဇတိ = ဖြစ်၏၊၊
ဧတ္ထ = ဤအာရုံ၌၊
နိဝိသမာနာ = အဖန်တလဲလဲဖြစ်သောအားဖြင့် တည်သည်ဖြစ်၍၊
နိဝိသတိ = တည်၏။

ဣဒံ ဝုစ္စတိ ဘိက္ခဝေ ဒုက္ခသမုဒယံ အရိယသစ္စံ။
ဘိက္ခဝေ = ရဟန်းတို့၊
ဣဒံ = ဤဆိုအပ်ပြီးသော အာရုံဖြစ်သော တဏှာကို၊
ဒုက္ခသမုဒယံ = ဒုက္ခ၏ အကြောင်းဖြစ်သော၊
အရိယသစ္စံ = အရိယသစ္စာဟူ၍၊
ဝုစ္စတိ = ဆိုအပ်၏။

သမုဒယသစ္စနိဒ္ဒေသော၊ သမုဒယသစ္စနိဒ္ဒေသသည်။
နိဋ္ဌိတော၊ ပြီးပြီ။

ဓမ္မာနုပဿနာ
နိရောဓသစ္စ နိဒ္ဒေသ

၁၈။ ကတမဉ္စ ဘိက္ခဝေ ဒုက္ခနိရောဓံ အရိယသစ္စံ၊

၁၈။ (က) ဘိက္ခဝေ = ရဟန်းတို့၊
ဒုက္ခနိရောဓံ = ဒုက္ခ၏ ချုပ်ရာဖြစ်သော၊
အရိယသစ္စံ = အရိယသစ္စာသည်၊
ကတမဉ္စ = အဘယ်နည်းဟူမူကား။

ယော တဿာယေဝ တဏှာယ အသေသဝိရာဂနိရောဓော စာဂေါ ပဋိနိဿဂ္ဂေါ မုတ္တိ အနာလယော။

တဿာယေဝ တဏှာယ = ထိုတဏှာ၏သာလျှင်၊
ယော အသေသဝိရာဂနိရောဓော = အကြင် အကြွင်းမဲ့ တပ်ခြင်း ကင်းသောအားဖြင့် ချုပ်ရာ နိဗ္ဗာန်သည်၊
ယော စာဂေါ = အကြင်စွန့်ရာ နိဗ္ဗာန်သည်၊
ယော ပဋိနိဿဂ္ဂေါ = အကြင်ဝေးစွာ စွန့်ရာ နိဗ္ဗာန်သည်၊
ယာ မုတ္တိ = အကြင်လွတ်ရာ နိဗ္ဗာန်သည်၊
ယော အနာလယော = အကြင်မကပ်ငြိရာ နိဗ္ဗာန်သည်၊
အတ္ထိ = ရှိ၏။

သာ ခေါ ပနသာ ဘိက္ခဝေ တဏှာ ကတ္ထ ပဟီယမာနာ ပဟီယတိ၊ ကတ္ထ နိရုဇ္ဈမာနာ နိရုဇ္ဈတိ။ ယံ လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ပဟီယမာနာ ပဟီယတိ၊ ဧတ္ထ နိရုဇ္ဈမာနာ နိရုဇ္ဈတိ။

ဘိက္ခဝေ = ရဟန်းတို့၊
သာ ခေါ ပနေသာ တဏှာ = ထိုတဏှာသည်၊
ကတ္ထ = အဘယ်အာရုံ၌၊
ပဟီယမာနာ = ပယ်အပ်သည်ဖြစ်၍၊
ပဟီယတိ = ပျောက်သနည်း၊
ကတ္ထ = အဘယ်အာရုံ၌၊
နိရုဇ္ဈမာနာ = ချုပ်သည်ဖြစ်၍၊
နိရုဇ္ဈတိ = ချုပ်သနည်း၊
လောကေ = ဥပါဒါနက္ခန္ဓာဟူသော လောက၌၊
ယံ ပိယရူပံ = အကြင်ချစ်အပ်သော သဘောရှိသော အာရုံသည်၊
ယံ သာတရူပံ = အကြင်သာယာအပ်သော သဘောရှိသော အာရုံသည်၊
အတ္ထိ = ရှိ၏၊
ဧတ္ထ = ဤချစ်အပ်, သာယာအပ်သော သဘောရှိသော အာရုံ၌၊
ဧသာ-တဏှာ = ဤ တဏှာသည်၊
ပဟီယမာနာ = ပယ်အပ်သည်ဖြစ်၍၊
ပဟီယတိ = ပျောက်၏၊၊
ဧတ္ထ = ဤချစ်အပ်, သာယာအပ် သော သဘောရှိသော အာရုံ၌၊
နိရုဇ္ဈမာနာ = ချုပ်သည်ဖြစ်၍၊
နိရုဇ္ဈတိ = ချုပ်၏။

ကိဉ္စ လောကေ ပိယရူပံသာတရူပံ။

(ခ) လောကေ = လောက၌၊
ပိယရူပံ = ချစ်အပ်သော သဘောရှိသော အာရုံသည်၊
သာတရူပံ = သာယာအပ်သော သဘောရှိသော အာရုံသည်၊
ကိဉ္စ = အဘယ်နည်း။

စက္ခု လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ပဟီယမာနာ ပဟီယတိ၊ ဧတ္ထ နိရုဇ္ဈမာနာ နိရုဇ္ဈတိ။

လောကေ = လောက၌၊
စက္ခု = စက္ခုပသာဒသည်၊
ပိယရူပံ = ချစ်အပ်သော သဘောရှိသော အာရုံတည်း၊
သာတရူပံ = သာယာအပ်သော သဘောရှိသော အာရုံတည်း၊
ဧတ္ထ = ဤချစ်အပ်, သာယာအပ်သော သဘောရှိသော အဇ္ဈတ္တိကာယတန အာရုံ၌၊
ဧသာ-တဏှာ = ဤတဏှာသည်၊
ပဟီယမာနာ = ပယ်အပ်သည်ဖြစ်၍၊
ပဟီယတိ = ပျောက်၏၊၊
ဧတ္ထ = ဤချစ်အပ်, သာယာအပ်သော သဘောရှိသော အဇ္ဈတ္တိကာယတန အာရုံ၌၊
နိရုဇ္ဈမာနာ = ချုပ်သည်ဖြစ်၍၊
နိရုဇ္ဈတိ = ချုပ်၏။

သောတံ လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ပဟီယမာနာ ပဟီယတိ၊ ဧတ္ထ နိရုဇ္ဈမာနာ နိရုဇ္ဈတိ။ ဃာနံ လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ပဟီယမာနာ ပဟီယတိ၊ ဧတ္ထ နိရုဇ္ဈမာနာ နိရုဇ္ဈတိ။ ဇိဝှါ လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ပဟီယမာနာ ပဟီယတိ၊ ဧတ္ထ နိရုဇ္ဈမာနာ နိရုဇ္ဈတိ။ ကာယော လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ပဟီယမာနာ ပဟီယတိ၊ ဧတ္ထ နိရုဇ္ဈမာနာ နိရုဇ္ဈတိ။ မနော လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ပဟီယမာနာ ပဟီယတိ၊ ဧတ္ထ နိရုဇ္ဈမာနာ နိရုဇ္ဈတိ။

(ဂ) လောကေ = လောက၌၊
သောတံ = သောတပသာဒသည် ။ပ။
ဃာနံ = ဃာနပသာဒသည် ။ပ။
ဇိဝှါ = ဇိဝှါပသာဒသည် ။ပ။
ကာယော= ကာယပသာဒသည် ။ပ။
မနော = စိတ်သည် ။ပ။
ပိယရူပံ = ချစ်အပ်သော သဘောရှိသော အာရုံ တည်း၊
သာတရူပံ = သာယာအပ်သော သဘောရှိသော အာရုံတည်း၊
ဧတ္ထ = ဤချစ်အပ်, သာယာအပ်သော သဘောရှိသော အဇ္ဈတ္တိကာယတန အာရုံ၌၊
ဧသာ-တဏှာ = ဤတဏှာသည်၊
ပဟီယမာနာ = ပယ်အပ်သည်ဖြစ်၍၊
ပဟီယတိ = ပျောက်၏၊၊
ဧတ္ထ = ဤချစ်အပ်, သာယာအပ်သော သဘောရှိသော အဇ္ဈတ္တိကာယတန အာရုံ၌၊
နိရုဇ္ဈမာနာ = ချုပ်သည်ဖြစ်၍၊
နိရုဇ္ဈတိ = ချုပ်၏။

ရူပါ လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ပဟီယမာနာ ပဟီယတိ၊ ဧတ္ထ နိရုဇ္ဈမာနာ နိရုဇ္ဈတိ။ သဒ္ဒါ လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ပဟီယမာနာ ပဟီယတိ၊ ဧတ္ထ နိရုဇ္ဈမာနာ နိရုဇ္ဈတိ။ ဂန္ဓာ လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ပဟီယမာနာ ပဟီယတိ၊ ဧတ္ထ နိရုဇ္ဈမာနာ နိရုဇ္ဈတိ။ ရသာ လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ပဟီယမာနာ ပဟီယတိ၊ ဧတ္ထ နိရုဇ္ဈမာနာ နိရုဇ္ဈတိ။ ဖောဋ္ဌဗ္ဗာ လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ပဟီယမာနာ ပဟီယတိ၊ ဧတ္ထ နိရုဇ္ဈမာနာ နိရုဇ္ဈတိ။ ဓမ္မာ လောကေ ပိယရူပံသာတရူပံ၊ ဧတ္ထေသာ တဏှာ ပဟီယမာနာ ပဟီယတိ၊ ဧတ္ထ နိရုဇ္ဈမာနာ နိရုဇ္ဈတိ။

(ဃ) လောကေ = လောက၌၊
ရူပါ = ရူပါရုံတို့သည် ။ပ။
သဒ္ဒါ = သဒ္ဒါရုံတို့သည် ။ပ။
ဂန္ဓာ = ဂန္ဓာရုံတို့သည် ။ပ။
ရသာ = ရသာရုံတို့သည် ။ပ။
ဖောဋ္ဌဗ္ဗာ = ဖောဋ္ဌဗ္ဗာရုံတို့သည် ။ပ။
ဓမ္မာ = ဓမ္မာရုံတို့သည် ။ပ။
ပိယရူပံ = ချစ်အပ်သော သဘောရှိသော အာရုံတည်း၊
သာတရူပံ = သာယာအပ်သော သဘောရှိသော အာရုံတည်း၊
ဧတ္ထ = ဤချစ်အပ်, သာယာအပ်သော သဘောရှိသော ဗာဟိရာယတန အာရုံ၌၊
ဧသာ-တဏှာ = ဤတဏှာသည်၊
ပဟီယမာနာ = ပယ်အပ်သည်ဖြစ်၍၊
ပဟီယတိ = ပျောက်၏၊၊
ဧတ္ထ = ဤချစ်အပ်, သာယာအပ်သော သဘောရှိသော ဗာဟိရာယတန အာရုံ၌၊
နိရုဇ္ဈမာနာ = ချုပ်သည်ဖြစ်၍၊
နိရုဇ္ဈတိ = ချုပ်၏။

စက္ခုဝိညာဏံ လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ပဟီယမာနာ ပဟီယတိ၊ ဧတ္ထ နိရုဇ္ဈမာနာ နိရုဇ္ဈတိ။ သောတဝိညာဏံ လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ပဟီယမာနာ ပဟီယတိ၊ ဧတ္ထ နိရုဇ္ဈမာနာ နိရုဇ္ဈတိ။ ဃာနဝိညာဏံ လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ပဟီယမာနာ ပဟီယတိ၊ ဧတ္ထ နိရုဇ္ဈမာနာ နိရုဇ္ဈတိ။ ဇိဝှါဝိညာဏံ လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ပဟီယမာနာ ပဟီယတိ၊ ဧတ္ထ နိရုဇ္ဈမာနာ နိရုဇ္ဈတိ။ ကာယဝိညာဏံ လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ပဟီယမာနာ ပဟီယတိ၊ ဧတ္ထ နိရုဇ္ဈမာနာ နိရုဇ္ဈတိ။ မနောဝိညာဏံ လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ပဟီယမာနာ ပဟီယတိ၊ ဧတ္ထ နိရုဇ္ဈမာနာ နိရုဇ္ဈတိ။

(င) လောကေ = လောက၌၊
စက္ခုဝိညာဏံ = စက္ခုဝိညာဏ်သည် ။ပ။
သောတဝိညာဏံ = သောတဝိညာဏ်သည် ။ပ။
ဃာနဝိညာဏံ = ဃာနဝိညာဏ်သည် ။ပ။
ဇိဝှါဝိညာဏံ = ဇိဝှါဝိညာဏ်သည် ။ပ။
ကာယဝိညာဏံ = ကာယဝိညာဏ်သည် ။ပ။
မနောဝိညာဏံ = မနောဝိညာဏ်သည် ။ပ။
ပိယရူပံ = ချစ်အပ်သော သဘောရှိသော အာရုံတည်း၊
သာတရူပံ = သာယာအပ်သော သဘောရှိသော အာရုံတည်း၊
ဧတ္ထ = ဤချစ်အပ်, သာယာအပ်သော သဘောရှိသော ဗာဟိရာယတန အာရုံ၌၊
ဧသာ-တဏှာ = ဤတဏှာသည်၊
ပဟီယမာနာ = ပယ်အပ်သည်ဖြစ်၍၊
ပဟီယတိ = ပျောက်၏၊၊
ဧတ္ထ = ဤချစ်အပ်, သာယာအပ်သော သဘောရှိသော ဗာဟိရာယတန အာရုံ၌၊
နိရုဇ္ဈမာနာ = ချုပ်သည်ဖြစ်၍၊
နိရုဇ္ဈတိ = ချုပ်၏။

စက္ခုသမ္ဖဿော လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ပဟီယမာနာ ပဟီယတိ၊ ဧတ္ထ နိရုဇ္ဈမာနာ နိရုဇ္ဈတိ။ သောတသမ္ဖဿော လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ပဟီယမာနာ ပဟီယတိ၊ ဧတ္ထ နိရုဇ္ဈမာနာ နိရုဇ္ဈတိ။ ဃာနသမ္ဖဿော လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ပဟီယမာနာ ပဟီယတိ၊ ဧတ္ထ နိရုဇ္ဈမာနာ နိရုဇ္ဈတိ။ ဇိဝှါသမ္ဖဿော လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ပဟီယမာနာ ပဟီယတိ၊ ဧတ္ထ နိရုဇ္ဈမာနာ နိရုဇ္ဈတိ။ ကာယသမ္ဖဿော လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ပဟီယမာနာ ပဟီယတိ၊ ဧတ္ထ နိရုဇ္ဈမာနာ နိရုဇ္ဈတိ။ မနောသမ္ဖဿော လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ပဟီယမာနာ ပဟီယတိ၊ ဧတ္ထ နိရုဇ္ဈမာနာ နိရုဇ္ဈတိ။

(စ) လောကေ = လောက၌၊
စက္ခုသမ္ဖဿော = စက္ခုပသာဒ၌မှီသော ဖဿသည် ။ပ။
သောတသမ္ဖဿော = သောတပသာဒ၌မှီသော ဖဿသည် ။ပ။
ဃာနသမ္ဖဿော = ဃာနပသာဒ၌မှီသော ဖဿသည် ။ပ။
ဇိဝှါသမ္ဖဿော = ဇိဝှါပသာဒ၌မှီသော ဖဿသည် ။ပ။
ကာယသမ္ဖဿော = ကာယပသာဒ၌မှီသော ဖဿသည် ။ပ။
မနောသမ္ဖဿော = မနောဝိညာဏ်နှင့်တကွဖြစ်သော ဖဿသည် ။ပ။
ပိယရူပံ = ချစ်အပ်သော သဘောရှိသော အာရုံတည်း၊
သာတရူပံ = သာယာအပ်သော သဘောရှိသော အာရုံတည်း၊
ဧတ္ထ = ဤချစ်အပ်, သာယာအပ်သော သဘောရှိသော ဗာဟိရာယတန အာရုံ၌၊
ဧသာ-တဏှာ = ဤတဏှာသည်၊
ပဟီယမာနာ = ပယ်အပ်သည်ဖြစ်၍၊
ပဟီယတိ = ပျောက်၏၊၊
ဧတ္ထ = ဤချစ်အပ်, သာယာအပ်သော သဘောရှိသော ဗာဟိရာယတန အာရုံ၌၊
နိရုဇ္ဈမာနာ = ချုပ်သည်ဖြစ်၍၊
နိရုဇ္ဈတိ = ချုပ်၏။

စက္ခုသမ္ဖဿဇာ ဝေဒနာ လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ပဟီယမာနာ ပဟီယတိ၊ ဧတ္ထ နိရုဇ္ဈမာနာ နိရုဇ္ဈတိ။ သောတသမ္ဖဿဇာ ဝေဒနာ လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ပဟီယမာနာ ပဟီယတိ၊ ဧတ္ထ နိရုဇ္ဈမာနာ နိရုဇ္ဈတိ။ ဃာနသမ္ဖဿဇာ ဝေဒနာ လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ပဟီယမာနာ ပဟီယတိ၊ ဧတ္ထ နိရုဇ္ဈမာနာ နိရုဇ္ဈတိ။ ဇိဝှါသမ္ဖဿဇာ ဝေဒနာ လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ပဟီယမာနာ ပဟီယတိ၊ ဧတ္ထ နိရုဇ္ဈမာနာ နိရုဇ္ဈတိ။ ကာယသမ္ဖဿဇာ ဝေဒနာ လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ပဟီယမာနာ ပဟီယတိ၊ ဧတ္ထ နိရုဇ္ဈမာနာ နိရုဇ္ဈတိ။ မနောသမ္ဖဿဇာ ဝေဒနာ လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ပဟီယမာနာ ပဟီယတိ၊ ဧတ္ထ နိရုဇ္ဈမာနာ နိရုဇ္ဈတိ။

(ဆ) လောကေ = လောက၌၊
စက္ခုသမ္ဖဿဇာ ဝေဒနာ = စက္ခုပသာဒ၌မှီသော ဖဿကြောင့်ဖြစ်သော ဝေဒနာသည် ။ပ။
သောတသမ္ဖဿဇာ ဝေဒနာ = သောတပသာဒ၌မှီသော ဖဿကြောင့် ဖြစ်သော ဝေဒနာသည် ။ပ။
ဃာနသမ္ဖဿဇာ ဝေဒနာ = ဃာနပသာဒ၌မှီသော ဖဿကြောင့်ဖြစ်သော ဝေဒနာသည် ။ပ။
ဇိဝှါသမ္ဖဿဇာ ဝေဒနာ = ဇိဝှါပသာဒ၌မှီသော ဖဿကြောင့်ဖြစ်သော ဝေဒနာသည် ။ပ။
ကာယသမ္ဖဿဇာ ဝေဒနာ = ကာယပသာဒ၌မှီသော ဖဿကြောင့်ဖြစ်သော ဝေဒနာသည် ။ပ။
မနောသမ္ဖဿဇာ ဝေဒနာ = မနောဝိညာဏ်နှင့်တကွဖြစ်သော ဖဿ ကြောင့်ဖြစ်သော ဝေဒနာသည် ။ပ။
ပိယရူပံ = ချစ်အပ်သော သဘောရှိသော အာရုံတည်း၊
သာတရူပံ = သာယာအပ်သော သဘောရှိသော အာရုံတည်း၊
ဧတ္ထ = ဤချစ်အပ်, သာယာအပ်သော သဘောရှိသော ဗာဟိရာယတန အာရုံ၌၊
ဧသာ-တဏှာ = ဤတဏှာသည်၊
ပဟီယမာနာ = ပယ်အပ်သည်ဖြစ်၍၊
ပဟီယတိ = ပျောက်၏၊၊
ဧတ္ထ = ဤချစ်အပ်, သာယာအပ်သော သဘောရှိသော ဗာဟိရာယတန အာရုံ၌၊
နိရုဇ္ဈမာနာ = ချုပ်သည်ဖြစ်၍၊
နိရုဇ္ဈတိ = ချုပ်၏။

ရူပသညာ လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ပဟီယမာနာ ပဟီယတိ၊ ဧတ္ထ နိရုဇ္ဈမာနာ နိရုဇ္ဈတိ။ သဒ္ဒသညာ လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ပဟီယမာနာ ပဟီယတိ၊ ဧတ္ထ နိရုဇ္ဈမာနာ နိရုဇ္ဈတိ။ ဂန္ဓသညာ လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ပဟီယမာနာ ပဟီယတိ၊ ဧတ္ထ နိရုဇ္ဈမာနာ နိရုဇ္ဈတိ။ ရသသညာ လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ပဟီယမာနာ ပဟီယတိ၊ ဧတ္ထ နိရုဇ္ဈမာနာ နိရုဇ္ဈတိ။ ဖောဋ္ဌဗ္ဗသညာ လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ပဟီယမာနာ ပဟီယတိ၊ ဧတ္ထ နိရုဇ္ဈမာနာ နိရုဇ္ဈတိ။ ဓမ္မသညာ လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ပဟီယမာနာ ပဟီယတိ၊ ဧတ္ထ နိရုဇ္ဈမာနာ နိရုဇ္ဈတိ။

(ဇ) လောကေ = လောက၌၊
ရူပသညာ = ရူပါရုံလျှင် အာရုံရှိသော သညာသည် ။ပ။
သဒ္ဒသညာ = သဒ္ဒါရုံလျှင် အာရုံရှိသော သညာသည် ။ပ။
ဂန္ဓသညာ = ဂန္ဓာရုံလျှင် အာရုံရှိသော သညာသည် ။ပ။
ရသသညာ = ရသာရုံလျှင် အာရုံရှိသော သညာသည် ။ပ။
ဖောဋ္ဌဗ္ဗသညာ = ဖောဋ္ဌဗ္ဗာရုံလျှင် အာရုံရှိသော သညာသည် ။ပ။
ဓမ္မသညာ = ဓမ္မာရုံလျှင် အာရုံရှိသော သညာသည် ။ပ။
ပိယရူပံ = ချစ်အပ်သော သဘောရှိသော အာရုံတည်း၊
သာတရူပံ = သာယာအပ်သော သဘောရှိသော အာရုံတည်း၊
ဧတ္ထ = ဤချစ်အပ်, သာယာအပ်သော သဘောရှိသော ဗာဟိရာယတန အာရုံ၌၊
ဧသာ-တဏှာ = ဤတဏှာသည်၊
ပဟီယမာနာ = ပယ်အပ်သည်ဖြစ်၍၊
ပဟီယတိ = ပျောက်၏၊၊
ဧတ္ထ = ဤချစ်အပ်, သာယာအပ်သော သဘောရှိသော ဗာဟိရာယတန အာရုံ၌၊
နိရုဇ္ဈမာနာ = ချုပ်သည်ဖြစ်၍၊
နိရုဇ္ဈတိ = ချုပ်၏။

ရူပသေဉ္စတနာ လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ပဟီယမာနာ ပဟီယတိ၊ ဧတ္ထ နိရုဇ္ဈမာနာ နိရုဇ္ဈတိ။ သဒ္ဒသေဉ္စတနာ လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ပဟီယမာနာ ပဟီယတိ၊ ဧတ္ထ နိရုဇ္ဈမာနာ နိရုဇ္ဈတိ။ ဂန္ဓသေဉ္စတနာ လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ပဟီယမာနာ ပဟီယတိ၊ ဧတ္ထ နိရုဇ္ဈမာနာ နိရုဇ္ဈတိ။ ရသသေဉ္စတနာ လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ပဟီယမာနာ ပဟီယတိ၊ ဧတ္ထ နိရုဇ္ဈမာနာ နိရုဇ္ဈတိ။ ဖောဋ္ဌဗ္ဗသေဉ္စတနာ လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ပဟီယမာနာ ပဟီယတိ၊ ဧတ္ထ နိရုဇ္ဈမာနာ နိရုဇ္ဈတိ။ ဓမ္မသေဉ္စတနာ လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ပဟီယမာနာ ပဟီယတိ၊ ဧတ္ထ နိရုဇ္ဈမာနာ နိရုဇ္ဈတိ။

(ဈ) လောကေ = လောက၌၊
ရူပသေဉ္စတနာ = ရူပါရုံလျှင် အာရုံရှိသော စေတနာသည် ။ပ။
သဒ္ဒသေဉ္စတနာ = သဒ္ဒါရုံလျှင် အာရုံရှိသော စေတနာသည် ။ပ။
ဂန္ဓသေဉ္စတနာ = ဂန္ဓာရုံလျှင် အာရုံရှိသော စေတနာသည် ။ပ။
ရသသေဉ္စတနာ = ရသာရုံလျှင် အာရုံရှိသော စေတနာသည် ။ပ။
ဖောဋ္ဌဗ္ဗသေဉ္စတနာ = ဖောဋ္ဌဗ္ဗာရုံလျှင် အာရုံရှိသော စေတနာသည် ။ပ။
ဓမ္မသေဉ္စတနာ = ဓမ္မာရုံလျှင် အာရုံရှိသော စေတနာသည် ။ပ။
ပိယရူပံ = ချစ်အပ်သော သဘောရှိသော အာရုံတည်း၊
သာတရူပံ = သာယာအပ်သော သဘောရှိသော အာရုံတည်း၊
ဧတ္ထ = ဤချစ်အပ်, သာယာအပ်သော သဘောရှိသော ဗာဟိရာယတန အာရုံ၌၊
ဧသာ-တဏှာ = ဤတဏှာသည်၊
ပဟီယမာနာ = ပယ်အပ်သည်ဖြစ်၍၊
ပဟီယတိ = ပျောက်၏၊၊
ဧတ္ထ = ဤချစ်အပ်, သာယာအပ်သော သဘောရှိသော ဗာဟိရာယတန အာရုံ၌၊
နိရုဇ္ဈမာနာ = ချုပ်သည်ဖြစ်၍၊
နိရုဇ္ဈတိ = ချုပ်၏။

ရူပတဏှာ လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ပဟီယမာနာ ပဟီယတိ၊ ဧတ္ထ နိရုဇ္ဈမာနာ နိရုဇ္ဈတိ။ သဒ္ဒတဏှာ လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ပဟီယမာနာ ပဟီယတိ၊ ဧတ္ထ နိရုဇ္ဈမာနာ နိရုဇ္ဈတိ။ ဂန္ဓတဏှာ လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ပဟီယမာနာ ပဟီယတိ၊ ဧတ္ထ နိရုဇ္ဈမာနာ နိရုဇ္ဈတိ။ ရသတဏှာ လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ပဟီယမာနာ ပဟီယတိ၊ ဧတ္ထ နိရုဇ္ဈမာနာ နိရုဇ္ဈတိ။ ဖောဋ္ဌဗ္ဗတဏှာ လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ပဟီယမာနာ ပဟီယတိ၊ ဧတ္ထ နိရုဇ္ဈမာနာ နိရုဇ္ဈတိ။ ဓမ္မတဏှာ လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ပဟီယမာနာ ပဟီယတိ၊ ဧတ္ထ နိရုဇ္ဈမာနာ နိရုဇ္ဈတိ။

(ဉ) လောကေ = လောက၌၊
ရူပတဏှာ = ရူပါရုံ၌ တပ်သော တဏှာသည် ။ပ။
သဒ္ဒတဏှာ = သဒ္ဒါရုံ၌ တပ်သော တဏှာသည် ။ပ။
ဂန္ဓတဏှာ = ဂန္ဓာရုံ၌ တပ်သော တဏှာသည် ။ပ။
ရသတဏှာ = ရသာရုံ၌ တပ်သော တဏှာသည် ။ပ။
ဖောဋ္ဌဗ္ဗတဏှာ = ဖောဋ္ဌဗ္ဗာရုံ၌ တပ်သော တဏှာသည် ။ပ။
ဓမ္မတဏှာ = ဓမ္မာရုံ၌ တပ်သော တဏှာသည် ပ။
ပိယရူပံ = ချစ်အပ်သော သဘောရှိသော အာရုံတည်း၊
သာတရူပံ = သာယာအပ်သော သဘောရှိသော အာရုံတည်း၊
ဧတ္ထ = ဤချစ်အပ်, သာယာအပ်သော သဘောရှိသော ဗာဟိရာယတန အာရုံ၌၊
ဧသာ-တဏှာ = ဤတဏှာသည်၊
ပဟီယမာနာ = ပယ်အပ်သည်ဖြစ်၍၊
ပဟီယတိ = ပျောက်၏၊၊
ဧတ္ထ = ဤချစ်အပ်, သာယာအပ်သော သဘောရှိသော ဗာဟိရာယတန အာရုံ၌၊
နိရုဇ္ဈမာနာ = ချုပ်သည်ဖြစ်၍၊
နိရုဇ္ဈတိ = ချုပ်၏။

ရူပဝိတက္ကော လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ပဟီယမာနာ ပဟီယတိ၊ ဧတ္ထ နိရုဇ္ဈမာနာ နိရုဇ္ဈတိ။ သဒ္ဒဝိတက္ကော လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ပဟီယမာနာ ပဟီယတိ၊ ဧတ္ထ နိရုဇ္ဈမာနာ နိရုဇ္ဈတိ။ ဂန္ဓဝိတက္ကော လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ပဟီယမာနာ ပဟီယတိ၊ ဧတ္ထ နိရုဇ္ဈမာနာ နိရုဇ္ဈတိ။ ရသဝိတက္ကော လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ပဟီယမာနာ ပဟီယတိ၊ ဧတ္ထ နိရုဇ္ဈမာနာ နိရုဇ္ဈတိ။ ဖောဋ္ဌဗ္ဗဝိတက္ကော လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ပဟီယမာနာ ပဟီယတိ၊ ဧတ္ထ နိရုဇ္ဈမာနာ နိရုဇ္ဈတိ။ ဓမ္မဝိတက္ကော လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ပဟီယမာနာ ပဟီယတိ၊ ဧတ္ထ နိရုဇ္ဈမာနာ နိရုဇ္ဈတိ။

(ဋ) လောကေ = လောက၌၊
ရူပဝိတက္ကော = ရူပါရုံကို ကြံခြင်းသည် ။ပ။
သဒ္ဒဝိတက္ကော = သဒ္ဒါရုံကို ကြံခြင်းသည် ။ပ။
ဂန္ဓဝိတက္ကော = ဂန္ဓာရုံကို ကြံခြင်းသည် ။ပ။
ရသဝိတက္ကော = ရသာရုံကို ကြံခြင်းသည် ။ပ။
ဖောဋ္ဌဗ္ဗဝိတက္ကော = ဖောဋ္ဌဗ္ဗာရုံကို ကြံခြင်းသည် ။ပ။
ဓမ္မဝိတက္ကော = ဓမ္မာရုံကို ကြံခြင်းသည် ။ပ။
ပိယရူပံ = ချစ်အပ်သော သဘောရှိသော အာရုံတည်း၊
သာတရူပံ = သာယာအပ်သော သဘောရှိသော အာရုံတည်း၊
ဧတ္ထ = ဤချစ်အပ်, သာယာအပ်သော သဘောရှိသော ဗာဟိရာယတန အာရုံ၌၊
ဧသာ-တဏှာ = ဤတဏှာသည်၊
ပဟီယမာနာ = ပယ်အပ်သည်ဖြစ်၍၊
ပဟီယတိ = ပျောက်၏၊၊
ဧတ္ထ = ဤချစ်အပ်, သာယာအပ်သော သဘောရှိသော ဗာဟိရာယတန အာရုံ၌၊
နိရုဇ္ဈမာနာ = ချုပ်သည်ဖြစ်၍၊
နိရုဇ္ဈတိ = ချုပ်၏။

ရူပဝိစာရော လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ပဟီယမာနာ ပဟီယတိ၊ ဧတ္ထ နိရုဇ္ဈမာနာ နိရုဇ္ဈတိ။ သဒ္ဒဝိစာရော လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ပဟီယမာနာ ပဟီယတိ၊ ဧတ္ထ နိရုဇ္ဈမာနာ နိရုဇ္ဈတိ။ ဂန္ဓဝိစာရော လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ပဟီယမာနာ ပဟီယတိ၊ ဧတ္ထ နိရုဇ္ဈမာနာ နိရုဇ္ဈတိ။ ရသဝိစာရော လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ပဟီယမာနာ ပဟီယတိ၊ ဧတ္ထ နိရုဇ္ဈမာနာ နိရုဇ္ဈတိ။ ဖောဋ္ဌဗ္ဗဝိစာရော လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ပဟီယမာနာ ပဟီယတိ၊ ဧတ္ထ နိရုဇ္ဈမာနာ နိရုဇ္ဈတိ။ ဓမ္မဝိစာရော လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ပဟီယမာနာ ပဟီယတိ၊ ဧတ္ထ နိရုဇ္ဈမာနာ နိရုဇ္ဈတိ။

(ဌ) လောကေ = လောက၌၊
ရူပဝိစာရော = ရူပါရုံကို သုံးသပ်ခြင်းသည် ။ပ။
သဒ္ဒဝိစာရော = သဒ္ဒါရုံကို သုံးသပ်ခြင်းသည် ။ပ။
ဂန္ဓဝိစာရော = ဂန္ဓာရုံကို သုံးသပ်ခြင်းသည် ။ပ။
ရသဝိစာရော = ရသာရုံကို သုံးသပ်ခြင်းသည် ။ပ။
ဖောဋ္ဌဗ္ဗဝိစာရော = ဖောဋ္ဌဗ္ဗာရုံကို သုံးသပ်ခြင်းသည် ။ပ။
ဓမ္မဝိစာရော = ဓမ္မာရုံကို သုံးသပ်ခြင်းသည် ။ပ။
ပိယရူပံ = ချစ်အပ်သော သဘောရှိသော အာရုံတည်း၊
သာတရူပံ = သာယာအပ်သော သဘောရှိသော အာရုံတည်း၊
ဧတ္ထ = ဤချစ်အပ်, သာယာအပ်သော သဘောရှိသော ဗာဟိရာယတန အာရုံ၌၊
ဧသာ-တဏှာ = ဤတဏှာသည်၊
ပဟီယမာနာ = ပယ်အပ်သည်ဖြစ်၍၊
ပဟီယတိ = ပျောက်၏၊၊
ဧတ္ထ = ဤချစ်အပ်, သာယာအပ်သော သဘောရှိသော ဗာဟိရာယတန အာရုံ၌၊
နိရုဇ္ဈမာနာ = ချုပ်သည်ဖြစ်၍၊
နိရုဇ္ဈတိ = ချုပ်၏။

ဣဒံ ဝုစ္စတိ ဘိက္ခဝေ ဒုက္ခနိရောဓံ အရိယသစ္စံ။

ဘိက္ခဝေ = ရဟန်းတို့၊
ဣဒံ = ဤဆိုအပ်ပြီးသော တဏှာ၏ ချုပ်ရာ နိဗ္ဗာန်ကို၊
ဒုက္ခနိရောဓံ = ဒုက္ခ၏ ချုပ်ရာဖြစ်သော၊
အရိယသစ္စံ = အရိယသစ္စာဟူ၍၊
ဝုစ္စတိ = ဆိုအပ်၏။

နိရောဓသစ္စနိဒ္ဒေသော၊ နိရောဓသစ္စနိဒ္ဒေသသည်။
နိဋ္ဌိတော၊ ပြီးပြီ။

နိရောဓသစ္စာ၌ အထူးမှတ်ဖွယ်

ဤနိရောဓသစ္စာအရာဝယ် ဥဒ္ဒေသ၌ ဒုက္ခ၏ ချုပ်ရာဟူ၍ ဆိုပြီးလျက် နိဒ္ဒေသ၌ တဏှာ၏ချုပ်ရာကို ဝေဖန်ခြင်းဖြင့် အကြောင်းဖြစ်သော သမုဒယ၏ ချုပ်သဖြင့် အကျိုးဖြစ်သော ဒုက္ခ၏ချုပ်ခြင်းကို ပြတော်မူ၏။ နိဗ္ဗာန်ကို အာရုံပြု၍ မဂ်ဖြင့် ဖြတ်အပ်သော တဏှာသည် အကြင်စက္ခုစသော ဝတ္ထု၌ ထိုတဏှာ၏ဖြစ်ခြင်းကို ပြအပ်၏။ ထိုစက္ခုစသော ဝတ္ထု၌ပင် ထိုတဏှာ၏မဖြစ်ခြင်းကို ပြတော်မူလို၍ စက္ခု စသည်၌ ချုပ်ခြင်းကို ဟောတော်မူသည်။

ဥပမာကား - တောအုပ်မှ ခိုးသူကို ဖမ်းယူ၍ မြို့တောင်တံခါး၌ ကွပ်သည်ရှိသော် တောအုပ်၌ ခိုးသူ သေလေပြီ ဆိုသကဲ့သို့တည်း။

စက္ခု စသည်နှင့် တောအုပ်တူ၏။
စက္ခုစသည်၌ ဖြစ်သော တဏှာနှင့် တောအုပ် ခိုးသူသည် တူ၏။
မြို့နှင့် နိဗ္ဗာန် တူ၏။
မြို့တောင်၌ ခိုးသူသေခြင်းနှင့် နိဗ္ဗာန်ကို အာရုံပြု၍ တဏှာချုပ်ခြင်းသည် တူ၏။

ယင်းသို့ နိဗ္ဗာန်ကို အာရုံပြု၍ ချုပ်သော တဏှာသည် တောအုပ်သို့ ခိုးသူ မထင်သကဲ့သို့၊ အကြင်စက္ခုစသည်၌ ဖြစ်၏။ ထိုစက္ခုစသည်၌ ထိုတဏှာ၏ ချုပ်ခြင်းကို စက္ခုလောကေ စသည်ဖြင့် ပြတော်မူ၏။

နိရောဓသစ္စနိဒ္ဒေသော၊ နိရောဓသစ္စနိဒ္ဒေသသည်။
နိဋ္ဌိတော၊ ပြီးပြီ။

ဓမ္မနုပဿနာ

မဂ္ဂသစ္စနိဒ္ဒေသ

၁၉။ ကတမဉ္စ ဘိက္ခဝေ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စံ

၁၉။ ဘိက္ခဝေ = ရဟန်းတို့၊
ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ = ဒုက္ခ၏ချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်း အကျင့်ဖြစ်သော၊
အရိယသစ္စံ = အရိယသစ္စာသည်၊
ကတမဉ္စ = အဘယ်နည်းဟူမူကား။

အယမေဝ အရိယော အဋ္ဌင်္ဂိကော မဂ္ဂေါ။ သေယျထိဒံ၊ သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပေါ၊ သမ္မာဝါစာ၊ သမ္မာကမ္မန္တော၊ သမ္မာအာဇီဝေါ၊ သမ္မာဝါယာမော၊ သမ္မာသတိ၊ သမ္မာသမာဓိ

အရိယော = ကိလေသာတို့မှ ဝေးသော၊
အရိယော = အရိယာ၏အဖြစ်ကို ပြုတတ်သော၊”
အဋ္ဌင်္ဂိကော = အင်္ဂါရှစ်ပါး နှင့်ပြည့်စုံသော၊
အယမေဝ မဂ္ဂေါ = ဤမဂ်ပင်လျှင်တည်း၊
ဣဒံ-ဣမေ မဂ္ဂါ = ဤမဂ်တို့သည်၊
သေယျထာ ကတမေ = အဘယ်သည်တို့နည်း။
သမ္မာဒိဋ္ဌိ = ကောင်းစွာ သစ္စာတရားကိုမြင်ခြင်း၊
သမ္မာသင်္ကပ္ပေါ = ကောင်းစွာ ကြံခြင်း၊
သမ္မာဝါစာ = ကောင်းစွာဆိုခြင်း၊
သမ္မာကမ္မန္တော = ကောင်းစွာ ပြုခြင်း၊
သမ္မာအာဇီဝေါ = ကောင်းစွာ အသက်မွေးခြင်း၊
သမ္မာဝါယာမော = ကောင်းစွာ အားထုတ်ခြင်း၊
သမ္မာသတိ = ကောင်းစွာ အောက်မေ့ခြင်း၊
သမ္မာသမာဓိ = ကောင်းစွာ စိတ်တည်ကြည်ခြင်း၊
ဣမေ = ဤသည်တို့တည်း။

ကတမာ စ ဘိက္ခဝေ သမ္မာဒိဋ္ဌိ။ ယံ ခေါ ဘိက္ခဝေ ဒုက္ခေ ဉာဏံ ဒုက္ခသမုဒယေ ဉာဏံ ဒုက္ခနိရောဓေ ဉာဏံ ဒုက္ခနိရောဓဂါမိနိယာ ပဋိပဒါယ ဉာဏံ။ အယံ ဝုစ္စတိ ဘိက္ခဝေ သမ္မာဒိဋ္ဌိ

(က) ဘိက္ခဝေ = ရဟန်းတို့၊
သမ္မာဒိဋ္ဌိ = သမ္မာဒိဋ္ဌိသည်၊
ကတမာ စ = အဘယ်နည်းဟူမူကား၊
ဘိက္ခဝေ = ရဟန်းတို့၊
ဒုက္ခေ = ဒုက္ခသစ္စာ၌၊
ယံ ခေါ ဉာဏံ = အကြင်သိတတ်သောဉာဏ်သည်၊
ဒုက္ခသမုဒယေ = သမုဒယသစ္စာ၌၊
ယံ ခေါ ဉာဏံ = အကြင်သိတတ်သောဉာဏ်သည်၊
ဒုက္ခနိရောဓေ = ဒုက္ခ၏ ချုပ်ရာဖြစ်သော နိရောဓသစ္စာ၌၊
ယံ ခေါ ဉာဏံ = အကြင်သိတတ်သော ဉာဏ်သည်၊
ဒုက္ခနိရောဓဂါမိနိယာ ပဋိပဒါယ = ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ ရောက်စေတတ်သော အကျင့်၌၊
ယံ ခေါ ဉာဏံ = အကြင်သိတတ်သော ဉာဏ်သည်၊
အတ္ထိ = ရှိ၏၊
ဘိက္ခဝေ = ရဟန်းတို့၊
အယံ = ဤတရားကို၊
သမ္မာဒိဋ္ဌိ = သမ္မာဒိဋ္ဌိဟူ၍၊
ဝုစ္စတိ = ဆိုအပ်၏။

ကတမော စ ဘိက္ခဝေ သမ္မာသင်္ကပ္ပေါ၊ နေက္ခမ္မသင်္ကပ္ပေါ အဗျာပါဒသင်္ကပ္ပေါ အဝိဟိံသာ- သင်္ကပ္ပေါ။ အယံ ဝုစ္စတိ ဘိက္ခဝေ သမ္မာသင်္ကပ္ပေါ

(ခ) ဘိက္ခဝေ = ရဟန်းတို့၊
သမ္မာသင်္ကပ္ပေါ = သမ္မာသင်္ကပ္ပသည်၊
ကတမော စ = အဘယ်နည်းဟူမူကား၊
နေက္ခမ္မ သင်္ကပ္ပေါ = ကာမမှ ထွက်မြောက်သော ဝိတက်သည်၊
အဗျာပါဒသင်္ကပ္ပေါ = ဒေါသမှ ကင်းသော ဝိတက်သည်။
အဝိဟိံသာသင်္ကပ္ပေါ = ညှင်းဆဲခြင်း၏ ဆန့်ကျင်ဘက်ဖြစ်သော ဝိတက်သည်၊
အတ္ထိ = ရှိ၏၊
ဘိက္ခဝေ = ရဟန်းတို့၊
အယံ = ဤ တရားကို၊
သမ္မာသင်္ကပ္ပေါ = သမ္မာသင်္ကပ္ပဟူ၍၊
ဝုစ္စတိ = ဆိုအပ်၏။

ကတမာ စ ဘိက္ခဝေ သမ္မာဝါစာ။ မုသာဝါဒါ ဝေရမဏီ ပိသုဏဝါစာ ဝေရမဏီ ဖရုသဝါစာ ဝေရမဏီ သမ္ဖပ္ပလာပါ ဝေရမဏီ။ အယံ ဝုစ္စတိ ဘိက္ခဝေ သမ္မာဝါစာ

(ဂ) ဘိက္ခဝေ = ရဟန်းတို့၊
သမ္မာဝါစာ = သမ္မာဝါစာသည်၊
ကတမာ စ = အဘယ်နည်းဟူမူကား၊
မုသာဝါဒါ = မဟုတ်မမှန်သော စကားကို ဆိုခြင်းမှ၊
ဝေရမဏီ = ကြဉ်ခြင်းသည်၊
ပိသုဏာယ ဝါစာယ = ချောပစ်ကုန်းတိုက်သော စကားပြောဆိုခြင်းမှ၊
ဝေရမဏီ = ကြဉ်ခြင်းသည်၊
ဖရုသာယ ဝါစာယ = ကြမ်းကြုတ်သော စကားမှ၊
ဝေရမဏီ = ကြဉ်ခြင်းသည်၊
သမ္ဖပ္ပလာပါ = အကျိုးမရှိ အပြိန်အဖျင်း ပြောဆိုခြင်းမှ၊
ဝေရမဏီ = ကြဉ်ခြင်းသည်၊
အတ္ထိ = ရှိ၏၊
ဘိက္ခဝေ = ရဟန်းတို့၊
အယံ = ဤတရားကို။
သမ္မာဝါစာ = သမ္မာဝါစာဟူ၍၊
ဝုစ္စတိ = ဆိုအပ်၏။

ကတမော စ ဘိက္ခဝေ သမ္မာကမ္မန္တော။ ပါဏာတိပါတာ ဝေရမဏီ အဒိန္နာဒါနာ ဝေရမဏီ ကာမေသုမိစ္ဆာစာရာ ဝေရမဏီ။ အယံ ဝုစ္စတိ ဘိက္ခဝေ သမ္မာကမ္မန္တော

(ဃ) ဘိက္ခဝေ = ရဟန်းတို့၊
သမ္မာကမ္မန္တော = သမ္မာကမ္မန္တသည်၊
ကတမော စ = အဘယ်နည်းဟူမူကား၊
ပါဏာတိပါတာ = သူ၏အသက်ကို သတ်ခြင်းမှ၊
ဝေရမဏီ = ကြဉ်ခြင်းသည်၊
အဒိန္နာဒါနာ = အရှင်မပေးသော သူ၏ဥစ္စာကို ခိုးယူခြင်းမှ၊
ဝေရမဏီ = ကြဉ်ခြင်းသည်၊
ကာမေသုမိစ္ဆာစာရာ = ကာမတို့၌ မှားယွင်းသော အကျင့်မှ၊
ဝေရမဏီ = ကြဉ်ခြင်းသည်၊
အတ္ထိ = ရှိ၏၊
ဘိက္ခဝေ = ရဟန်းတို့၊
အယံ = ဤတရားကို၊
သမ္မာကမ္မန္တော = သမ္မာကမ္မန္တဟူ၍၊
ဝုစ္စတိ = ဆိုအပ်၏။

ကတမော စ ဘိက္ခဝေ သမ္မာအာဇီဝေါ။ ဣဓ ဘိက္ခဝေ အရိယသာဝကော မိစ္ဆာအာဇီဝံ ပဟာယ သမ္မာအာဇီဝေန ဇီဝိတံ ကပ္ပေတိ။ အယံ ဝုစ္စတိ ဘိက္ခဝေ သမ္မာအာဇီဝေါ

(င) ဘိက္ခဝေ = ရဟန်းတို့၊
သမ္မာအာဇီဝေါ = သမ္မာအာဇီဝသည်၊
ကတမော စ = အဘယ်နည်းဟူမူကား၊
ဘိက္ခဝေ = ရဟန်းတို့၊
ဣဓ = ဤသာသနာတော်၌၊
အရိယသာဝကော = အရိယာဖြစ်သော ငါဘုရား၏ တပည့်သည်၊
မိစ္ဆာအာဇီဝံ = မှားသော အသက်မွေးခြင်းကို၊
ပဟာယ = ပယ်၍၊
သမ္မာအာဇီဝေန = ကောင်းသော အသက်မွေးခြင်းဖြင့်၊
ဇီဝိတံ = အသက်ကို၊
ကပ္ပေတိ = မွေး၏၊
ဘိက္ခဝေ = ရဟန်းတို့၊
အယံ = ဤ တရားကို၊
သမ္မာအာဇီဝေါ = သမ္မာအာဇီဝဟူ၍၊
ဝုစ္စတိ = ဆိုအပ်၏။

ကတမော စ ဘိက္ခဝေ သမ္မာဝါယာမော

(စ) ဘိက္ခဝေ = ရဟန်းတို့၊
သမ္မာဝါယာမော = သမ္မာဝါယာမသည်၊
ကတမော စ = အဘယ်နည်းဟူမူကား၊

ဣဓ ဘိက္ခဝေ ဘိက္ခု အနုပ္ပန္နာနံ ပါပကာနံ အကုသလာနံ ဓမ္မာနံ အနုပ္ပါဒါယ ဆန္ဒံ ဇနေတိ ဝါယမတိ ဝီရိယံ အာရဘတိ စိတ္တံ ပဂ္ဂဏှာတိ ပဒဟတိ

ဘိက္ခဝေ = ရဟန်းတို့၊
ဣဓ = ဤသာသနာတော်၌၊
ဘိက္ခု = ရဟန်းသည်၊
အနုပ္ပန္နာနံ = မဖြစ်ကုန်သေးသော၊
ပါပကာနံ = ယုတ်မာကုန်သော၊
အကုသလာနံ ဓမ္မာနံ = အကုသိုလ်ဖြစ်ကုန်သော တရားတို့ကို၊
အနုပ္ပါဒါယ = မဖြစ်စေခြင်းငှါ၊
ဆန္ဒံ ဇနေတိ = ဆန္ဒကို ဖြစ်စေ၏၊
ဝါယမတိ = လုံ့လပြု၏၊
ဝီရိယံ အာရဘတိ-ပဝတ္တေတိ = ဝီရိယကို ဖြစ်စေ၏၊
စိတ္တံ ပဂ္ဂဏှာတိ = စိတ်ကို ချီးမြှောက်၏၊
ပဒဟတိ = စတုရင်္ဂ ဝီရိယကို ဆောက်တည်၏။

ဥပ္ပန္နာနံ ပါပကာနံ အကုသလာနံ ဓမ္မာနံ ပဟာနာယ ဆန္ဒံ ဇနေတိ ဝါယမတိ ဝီရိယံ အာရဘတိ စိတ္တံ ပဂ္ဂဏှာတိ ပဒဟတိ

ဥပ္ပန္နာနံ = လေ့ကျက်သဖြင့် ဖြစ်ကုန်သော၊
ပါပကာနံ = ယုတ်မာကုန်သော၊
အကုသလာနံ ဓမ္မာနံ = အကုသိုလ်ဖြစ်ကုန်သော တရားတို့ကို၊
ပဟာနာယ = ပယ်ခြင်းငှါ၊
ဆန္ဒံ ဇနေတိ = ဆန္ဒကို ဖြစ်စေ၏၊
ဝါယမတိ = လုံ့လပြု၏၊
ဝီရိယံ အာရဘတိ-ပဝတ္တေတိ = ဝီရိယကို ဖြစ်စေ၏၊
စိတ္တံ ပဂ္ဂဏှာတိ = စိတ်ကို ချီးမြှောက်၏၊
ပဒဟတိ = စတုရင်္ဂဝီရိယကို ဆောက်တည်၏၊

အနုပ္ပန္နာနံ ကုသလာနံ ဓမ္မာနံ ဥပ္ပါဒါယ ဆန္ဒံ ဇနေတိ ဝါယမတိ ဝီရိယံ အာရဘတိ စိတ္တံ ပဂ္ဂဏှာတိ ပဒဟတိ

အနုပ္ပန္နာနံ = မဖြစ်ကုန်သေးသော၊
ကုသလာနံ ဓမ္မာနံ = ကုသိုလ်ဖြစ်ကုန်သော တရားတို့ကို၊
ဥပ္ပါဒါယ = ဖြစ်စေခြင်းငှါ၊
ဆန္ဒံ ဇနေတိ = ဆန္ဒကို ဖြစ်စေ၏၊
ဝါယမတိ = လုံ့လပြု၏၊
ဝီရိယံ အာရဘတိ-ပဝတ္တေတိ = ဝီရိယကို ဖြစ်စေ၏၊
စိတ္တံ ပဂ္ဂဏှာတိ = စိတ်ကို ချီးမြှောက်၏၊
ပဒဟတိ = စတုရင်္ဂဝီရိယကို ဆောက်တည်၏။

ဥပ္ပန္နာနံ ကုသလာနံ ဓမ္မာနံ ဌိတိယာ အသမ္မောသာယ ဘိယျောဘာဝါယ ဝေပုလ္လာယ ဘာဝနာယ ပါရိပူရိယာ ဆန္ဒံ ဇနေတိ ဝါယမတိ ဝီရိယံ အာရဘတိ စိတ္တံ ပဂ္ဂဏှာတိ ပဒဟတိ

ဥပ္ပန္နာနံ = ဖြစ်ကုန်ပြီးသော၊
ကုသလာနံ ဓမ္မာနံ = ကုသိုလ်ဖြစ်ကုန်သော တရားတို့ကို၊
ဌိတိယာ = အစဉ်မပြတ် တည်စေခြင်းငှါ၊
အသမ္မောသာယ = မပျက်စီးခြင်းငှါ၊
ဘိယျောဘာဝါယ = လွန်စွာ အဆင့်ဆင့် ပွားများစေခြင်းငှါ၊
ဝေပုလ္လာယ = ပြန့်ပြောစေခြင်းငှါ၊
ဘာဝနာယ = ပွားခြင်းငှါ၊
ပါရိပူရိယာ = ပြည့်စုံစေခြင်းငှါ၊
ဆန္ဒံ ဇနေတိ = ဆန္ဒကို ဖြစ်စေ၏၊
ဝါယမတိ = လုံ့လပြု၏၊
ဝီရိယံ အာရဘတိ-ပဝတ္တေတိ = ဝီရိယကို ဖြစ်စေ၏၊
စိတ္တံ ပဂ္ဂဏှာတိ = စိတ်ကို ချီးမြှောက်၏၊
ပဒဟတိ = စတုရင်္ဂဝီရိယကို ဆောက်တည်၏၊

အယံ ဝုစ္စတိ ဘိက္ခဝေ သမ္မာဝါယာမော

ဘိက္ခဝေ = ရဟန်းတို့၊
အယံ = ဤတရားကို၊
သမ္မာဝါယာမော = သမ္မာဝါယာမဟူ၍၊
ဝုစ္စတိ = ဆိုအပ်၏။

ကတမာ စ ဘိက္ခဝေ သမ္မာသတိ။ ဣဓ ဘိက္ခဝေ ဘိက္ခု ကာယေ ကာယာနုပဿီ ဝိဟရတိ အာတာပီ သမ္ပဇာနော သတိမာ ဝိနေယျ လောကေ အဘိဇ္ဈာဒေါမနဿံ၊ ဝေဒနာသု ဝေဒနာနုပဿီ ဝိဟရတိ, အာတာပီ သမ္ပဇာနော သတိမာ ဝိနေယျ လောကေ အဘိဇ္ဈာဒေါမနဿံ၊ စိတ္တေ စိတ္တာနုပဿီ ဝိဟရတိ အာတာပီ သမ္ပဇာနော သတိမာ ဝိနေယျ လောကေ အဘိဇ္ဈာဒေါမနဿံ၊ ဓမ္မေသု ဓမ္မာနုပဿီ ဝိဟရတိ အာတာပီ သမ္ပဇာနော သတိမာ ဝိနေယျ လောကေ အဘိဇ္ဈာဒေါမနဿံ၊ အယံ ဝုစ္စတိ ဘိက္ခဝေ သမ္မာသတိ

(ဆ) ဘိက္ခဝေ = ရဟန်းတို့၊
သမ္မာသတိ = သမ္မာသတိသည်၊
ကတမာ စ = အဘယ်နည်းဟူမူကား၊
ဘိက္ခဝေ = ရဟန်းတို့၊
ဣဓ = ဤ သာသနာတော်၌၊
ဘိက္ခု = ရဟန်းသည်၊
အာတာပီ = ကိလေသာကို လွန်စွာ ပူပန်စေတတ်သော သမ္မပ္ပဓာန်လုံ့လရှိသည်ဖြစ်၍၊
သမ္ပဇာနော = ကောင်းစွာအပြားအားဖြင့် သိတတ်သော ပညာအဆင်အခြင်နှင့် ပြည့်စုံသည်ဖြစ်၍၊
သတိမာ = သတိနှင့်ပြည့်စုံသည်ဖြစ်၍၊
လောကေ = ဥပါဒါနက္ခန္ဓာ ဟူသော လောက၌၊
အဘိဇ္ဈာဒေါမနဿံ = လောဘ, ဒေါသကို၊
ဝိနေယျ = ဖျောက်၍။
ကာယေ = ရူပ ကာယခန္ဓာကိုယ်၌၊
ကာယာနုပဿီ = ရူပကာယကို အဖန်တလဲလဲရှုသည်ဖြစ်၍၊
ဝိဟရတိ = နေ၏၊
ဝေဒနာသု = ဝေဒနာတို့၌၊
ဝေဒနာနုပဿီ = ဝေဒနာကို အဖန်တလဲလဲရှုသည်ဖြစ်၍၊
ဝိဟရတိ = နေ၏၊
စိတ္တေ = စိတ်၌၊
စိတ္တာနုပဿီ = စိတ်ကို အဖန်တလဲလဲရှုသည်ဖြစ်၍၊
ဝိဟရတိ = နေ၏၊
ဓမ္မေသု = နီဝရဏစသော တရားတို့၌၊
ဓမ္မာနုပဿီ = နီဝရဏ စသောတရားကို အဖန်တလဲလဲရှုသည်ဖြစ်၍၊
ဝိဟရတိ = နေ၏၊
ဘိက္ခဝေ = ရဟန်းတို့၊
အယံ = ဤတရားကို၊
သမ္မာသတိ = သမ္မာသတိဟူ၍၊
ဝုစ္စတိ = ဆိုအပ်၏။

ကတမော စ ဘိက္ခဝေ သမ္မာသမာဓိ

(ဇ) ဘိက္ခဝေ = ရဟန်းတို့၊
သမ္မာသမာဓိ = သမ္မာသမာဓိသည်၊
ကတမာ စ = အဘယ်နည်းဟူမူကား၊

ဣဓ ဘိက္ခဝေ ဘိက္ခု ဝိဝိစ္စေဝ ကာမေဟိ ဝိဝိစ္စ အကုသလေဟိ ဓမ္မေဟိ သဝိတက္ကံ သဝိစာရံ ဝိဝေကဇံ ပီတိသုခံ ပဌမံ ဈာနံ ဥပသမ္ပဇ္ဇ ဝိဟရတိ

ဘိက္ခဝေ = ရဟန်းတို့၊
ဣဓ = ဤသာသနာတော်၌၊
ဘိက္ခု = ရဟန်းသည်၊
ကာမေဟိ = ဝတ္ထုကာမ ကိလေသာကာမတို့မှ၊
ဝိဝိစ္စေဝ = ဆိတ်၍သာလျှင်၊
အကုသလေဟိ ဓမ္မေဟိ = အကုသိုလ်ဖြစ်ကုန်သော တရားတို့မှ၊
ဝိဝိစ္စေဝ = ဆိတ်၍သာလျှင်၊
သဝိတက္ကံ = ဝိတက်နှင့်တကွဖြစ်သော၊
သဝိစာရံ = ဝိစာရနှင့်တကွ ဖြစ်သော၊
ဝိဝေကဇံ = နီဝရဏတို့မှ ဆိတ်ခြင်းကြောင့်ဖြစ်သော
“နီဝရဏမှထိုက်သော သမ္ပယုတ် တရားအပေါင်း၌ ဖြစ်သော၊”
ပီတိသုခံ = ပီတိ, သုခရှိသော၊
ပဌမံ ဈာနံ = ပဌမဈာန်ကို၊
ဥပသမ္ပဇ္ဇ = ပြည့်စုံစေ၍၊
ဝိဟရတိ = နေ၏။

ဝိတက္ကဝိစာရာနံ ဝူပသမာ အဇ္ဈတ္တံ သမ္ပသာဒနံ စေတသော ဧကောဒိဘာဝံ အဝိတက္ကံ အဝိစာရံ သမာဓိဇံ ပီတိသုခံ ဒုတိယံ ဈာနံ ဥပသမ္ပဇ္ဇ ဝိဟရတိ

ဝိတက္ကဝိစာရာနံ = ဝိတက် ဝိစာရတို့၏၊
ဝူပသမာ = ငြိမ်းခြင်းကြောင့်၊
အဇ္ဈတ္တံ = မိမိသန္တာန်၌ဖြစ်သော၊
စေတသော = စိတ်ကို၊
သမ္ပသာဒနံ = ကြည်စေတတ်သော၊
စေတသော = စိတ်၏၊
ဧကောဒိဘာဝံ = မြတ်သော သမာဓိကိုပွါးစေတတ်သော၊
အဝိတက္ကံ = ဝိတက်မရှိသော၊
အဝိစာရံ = ဝိစာရမရှိသော၊
သမာဓိဇံ = ပဌမဈာန်သမာဓိ, သမ္ပယုတ်သမာဓိကြောင့်ဖြစ်သော၊
ပီတိသုခံ = ပီတိ, သုခရှိသော၊
ဒုတိယံ ဈာနံ = ဒုတိယဈာန်ကို၊
ဥပသမ္ပဇ္ဇ = ပြည့်စုံစေ၍၊
ဝိဟရတိ = နေ၏။

ပီတိယာ စ ဝိရာဂါ ဥပေက္ခကော စ ဝိဟရတိ၊ သတော စ သမ္ပဇာနော၊ သုခဉ္စ ကာယေန ပဋိသံဝေဒေတိ၊ ယံ တံ အရိယာ အာစိက္ခန္တိ ဥပေက္ခကော သတိမာ သုခဝိဟာရီတိ၊ တတိယံ ဈာနံ ဥပသမ္ပဇ္ဇ ဝိဟရတိ

ပီတိယာ = ပီတိ၏၊
ဝိရာဂါ စ = ကင်းခြင်းကြောင့်လည်း၊
ပီတိယာ = ပီတိကို၊
ဝိရာဂါ စ = စက်ဆုပ်ခြင်းကြောင့်လည်း၊”
ဥပေက္ခကော စ = လျစ်လျူရှုသည်ဖြစ်၍လည်း၊
ဝိဟရတိ = နေ၏၊
သတော စ = သတိနှင့် ပြည့်စုံသည်ဖြစ်၍လည်း၊
သမ္ပဇာနော စ = ပညာအဆင်အခြင်နှင့် ပြည့်စုံသည်ဖြစ်၍လည်း၊
သုခဉ္စ = သုခဝေဒနာကိုလည်း၊
ကာယေန = နာမကာယဖြင့်၊
ပဋိသံဝေဒေတိ = ခံစား၏၊
ယံ ယေန တတိယဇ္ဈာနဟေတု = အကြင် တတိယဈာန် ဟူသော အကြောင်းကြောင့်၊
တံ တတိယဇ္ဈာနသမင်္ဂီပုဂ္ဂလံ = ထိုတတိယဈာန်နှင့်ပြည့်စုံသော ပုဂ္ဂိုလ်ကို၊
အရိယာ = ဘုရားအစရှိသော သူတော်ကောင်းတို့သည်၊
ဥပေက္ခကော = လျစ်လျူရှုတတ်သောသူ၊
သတိမာ = သတိရှိသောသူ၊
သုခဝိဟာရီ = ချမ်းသာစွာ နေလေ့ရှိသောသူ၊
ဣတိ = ဤသို့၊
အာစိက္ခန္တိ = ချီးမွမ်းကုန်၏၊
တံ တတိယံ ဈာနံ = ထိုတတိယဈာန်ကို၊
ဥပသမ္ပဇ္ဇ = ပြည့်စုံစေ၍၊
ဝိဟရတိ = နေ၏။

သုခဿ စ ပဟာနာ ဒုက္ခဿ စ ပဟာနာ ပုဗ္ဗေဝ သောမနဿဒေါမနဿာနံ အတ္ထင်္ဂမာ အဒုက္ခမသုခံ ဥပေက္ခာသတိပါရိသုဒ္ဓိံ စတုတ္ထံ ဈာနံ ဥပသမ္ပဇ္ဇ ဝိဟရတိ။ အယံ ဝုစ္စတိ ဘိက္ခဝေ သမ္မာသမာဓိ

သုခဿ စ ပဟာနာ = သုခိန္ဒြေကိုလည်း ပယ်ခြင်းကြောင့်၊
ဒုက္ခဿ စ ပဟာနာ = ဒုက္ခိန္ဒြေကိုလည်း ပယ်ခြင်းကြောင့်၊
ပုဗ္ဗေဝ = ရှေးဥပစာရခဏ၌ပင်လျှင်၊
သောမနဿဒေါမနဿာနံ အတ္ထင်္ဂမာ = သောမနဿိန္ဒြေ, ဒေါမနဿိန္ဒြေတို့၏ ချုပ်ခြင်းကြောင့်၊
အဒုက္ခမသုခံ = ဒုက္ခမှလည်းတစ်ပါး သုခမှလည်းတစ်ပါးသော ဥပေက္ခာဝေဒနာနှင့် ယှဉ်သော၊
ဥပေက္ခာ သတိပါရိသုဒ္ဓိံ = တတြမဇ္ဈတ္တုပေက္ခာသည် ဖြစ်စေအပ်သော သတိ၏ စင်ကြယ်ခြင်းရှိသော၊
စတုတ္ထံ ဈာနံ = စတုတ္ထဈာန်ကို၊
ဥပသမ္ပဇ္ဇ = ပြည့်စုံစေ၍၊
ဝိဟရတိ = နေ၏။
ဘိက္ခဝေ = ရဟန်းတို့၊
အယံ = ဤတရားကို၊
သမ္မာသမာဓိ = သမ္မာသမာဓိဟူ၍၊
ဝုစ္စတိ = ဆိုအပ်၏။

ဣဒံ ဝုစ္စတိ ဘိက္ခဝေ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စံ

ဘိက္ခဝေ = ရဟန်းတို့၊
ဣဒံ = ဤဆိုအပ်ပြီးသော တရားအပေါင်းကို၊
ဒုက္ခနိရောဓဂါမိနီပဋိပဒါ အရိယသစ္စံ = ဒုက္ခ၏ ချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်း အကျင့်ဖြစ်သော အရိယသစ္စာဟူ၍၊
ဝုစ္စတိ = ဆိုအပ်ပေ၏။

မဂ္ဂသစ္စနိဒ္ဒေသော၊ မဂ္ဂသစ္စနိဒ္ဒေသသည်။
နိဋ္ဌိတော၊ ပြီးပြီ။

ဣတိ အဇ္ဈတ္တံ ဝါ ဓမ္မေသု ဓမ္မာနုပဿီ ဝိဟရတိ၊ ဗဟိဒ္ဓါ ဝါ ဓမ္မေသု ဓမ္မာနုပဿီ ဝိဟရတိ၊ အဇ္ဈတ္တဗဟိဒ္ဓါ ဝါ ဓမ္မေသု ဓမ္မာနုပဿီ ဝိဟရတိ

(ဈ) ဣတိ = ဤသို့၊
အဇ္ဈတ္တံ ဝါ = မိမိသန္တာန်၌လည်း၊
ဓမ္မေသု = သစ္စာတရားတို့၌၊
ဓမ္မာနုပဿီ = သစ္စာတရားကို အဖန်တလဲလဲရှုသည်ဖြစ်၍၊
ဝိဟရတိ = နေ၏၊
ဗဟိဒ္ဓါ ဝါ = အပသန္တာန်၌လည်း၊
ဓမ္မေသု = သစ္စာတရားတို့၌၊
ဓမ္မာနုပဿီ = နီဝရဏတရားကို အဖန်တလဲလဲရှုသည်ဖြစ်၍၊
ဝိဟရတိ = နေ၏၊
အဇ္ဈတ္တဗဟိဒ္ဓါ ဝါ = ရံခါ မိမိသန္တာန်, ရံခါ အပသန္တာန်၌လည်း၊
ဓမ္မေသု = သစ္စာတရားတို့၌၊
ဓမ္မာနုပဿီ = သစ္စာတရားကို အဖန်တလဲလဲရှုသည်ဖြစ်၍၊
ဝိဟရတိ = နေ၏၊

သမုဒယဓမ္မာနုပဿီ ဝါ ဓမ္မေသု ဝိဟရတိ၊ ဝယဓမ္မာနုပဿီ ဝါ ဓမ္မေသု ဝိဟရတိ၊ သမုဒယဝယဓမ္မာနုပဿီ ဝါ ဓမ္မေသု ဝိဟရတိ

(ည) ဓမ္မေသု = သစ္စာတရားတို့၌၊
သမုဒယဓမ္မာနုပဿီ ဝါ = ဖြစ်ကြောင်းသဘောကို အဖန်တလဲလဲ ရှုသည်ဖြစ်၍ လည်း၊
ဝိဟရတိ = နေ၏၊
ဓမ္မေသု = သစ္စာတရားတို့၌၊
ဝယဓမ္မာနုပဿီ ဝါ = ပျက်စီးကြောင်း သဘောကို အဖန်တလဲလဲ ရှုသည် ဖြစ်၍လည်း၊
ဝိဟရတိ = နေ၏၊
ဓမ္မေသု = သစ္စာတရားတို့၌၊
သမုဒယဝယဓမ္မာနုပဿီ ဝါ = ဖြစ်ကြောင်းသဘော, ပျက်စီးကြောင်းသဘောကို အဖန် တလဲလဲရှုသည်ဖြစ်၍လည်း၊
ဝိဟရတိ = နေ၏၊

အတ္ထိ ဓမ္မာတိ ဝါ ပနဿ သတိ ပစ္စုပဋ္ဌိတာ ဟောတိ။ ယာဝဒေဝ ဉာဏမတ္တာယ ပဋိဿတိမတ္တာယ

(ဋ) ဓမ္မာ = သစ္စာတရားတို့သည်သာလျှင်၊
အတ္ထိ-သန္တိ = ရှိကုန်၏၊
ဣတိ = ဤသို့၊
အဿ = ထို ရဟန်း၏၊
သတိ ဝါ ပန = သတိသည်မူလည်း၊
ပစ္စုပဋ္ဌိတာ = ရှေးရှုထင်သည်၊
ဟောတိ = ဖြစ်၏၊
သာ = ထို သစ္စာတရားကို အောက်မေ့ခြင်း သတိသည်၊
ယာဝဒေဝ = အကြင်မျှလောက်၊
ဉာဏမတ္တာယ = အဆင့်ဆင့် သစ္စာနုပဿနာဉာဏ်၏ ပွားခြင်းအတိုင်းအရှည် အကျိုးငှါလည်းကောင်း၊
ပဋိဿတိမတ္တာယ = အဆင့်ဆင့် သစ္စာတရားကို အောက်မေ့ခြင်း သတိ၏ ပွားခြင်း အတိုင်းအရှည် အကျိုးငှါလည်းကောင်း၊
ဟောတိ = ဖြစ်၏။

အနိဿိတော စ ဝိဟရတိ၊ န စ ကိဉ္စိ လောကေ ဥပါဒိယတိ

(ဌ) သော ဘိက္ခု = ထိုရဟန်းသည်၊
အနိဿိတော စ = သစ္စာတရားကို တဏှာ ဒိဋ္ဌိဖြင့် မမှီမူ၍လည်း၊
ဝိဟရတိ = နေ၏၊
လောကေ = ဥပါဒါနက္ခန္ဓာဟူသော လောက၌၊
ကိဉ္စိ = တစ်စုံတစ်ခုသော တရားကို၊
အတ္တာတိ ဝါ = ငါအစိုးရသော ကိုယ်ဟူ၍ ဒိဋ္ဌိအားဖြင့်လည်းကောင်း၊
အတ္တနိယန္တိ ဝါ = ငါ၏ ဥစ္စာဟူ၍ တဏှာ အားဖြင့်လည်းကောင်း၊
န စ ဥပါဒိယတိ = မစွဲလမ်း၊

ဧဝမ္ပိ ခေါ ဘိက္ခဝေ ဘိက္ခု ဓမ္မေသု ဓမ္မာနုပဿီ ဝိဟရတိ စတူသု အရိယသစ္စေသု

ဘိက္ခဝေ = ရဟန်းတို့၊
ဧဝမ္ပိ ခေါ = ဤသို့လည်း၊
ဘိက္ခု = ရဟန်းသည်၊
စတူသု = လေးပါးကုန်သော၊
အရိယသစ္စေသု = အရိယသစ္စာဖြစ်ကုန်သော၊
ဓမ္မေသု = တရားတို့၌၊
ဓမ္မာနုပဿီ = သစ္စာလေးပါးကို အဖန်တလဲလဲရှုသည်ဖြစ်၍၊
ဝိဟရတိ = နေ၏။

သစ္စာလေးပါးခွဲပြချက်

(၁) သစ္စာလေးပါးကို သိမ်းဆည်းတတ်သော သတိသည် ဒုက္ခသစ္စာ၊

(၂) ထိုဒုက္ခ၏ အကြောင်းဖြစ်သော တဏှာသည် သမုဒယသစ္စာ၊

(၃) ထိုသစ္စာနှစ်ပါး၏ ချုပ်ရာ နိဗ္ဗာန်သည် နိရောဓသစ္စာ၊

(၄) ထိုနိဗ္ဗာန်ကို အာရုံပြုသော မဂ္ဂင် ရှစ်ပါးသည် မဂ္ဂသစ္စာ မည်၏။

သစ္စပဗ္ဗံ = သစ္စာအားဖြင့် နှလုံးသွင်းရာသော အပိုင်းသည်၊
နိဋ္ဌိတံ = ပြီးပြီ။

ဓမ္မာနုပဿနာ = ရုပ်နာမ်တရားတို့ကို ရှုရာအပိုင်းသည်၊
နိဋ္ဌိတံ = ပြီးပြီ။

အာနိသံသကထာ
အကျိုးအာနိသင်ပြ မိန့်ခွန်းတော်

၂၀။ ယော ဟိ ကောစိ ဘိက္ခဝေ ဣမေ စတ္တာရော သတိပဋ္ဌာနေ ဧဝံ ဘာဝေယျ သတ္တ ဝဿာနိ၊ တဿ ဒွိန္နံ ဖလာနံ အညတရံ ဖလံ ပါဋိကင်္ခံ ဒိဋ္ဌေဝ ဓမ္မေ အညာ သတိ ဝါ ဥပါဒိသေသေ အနာဂါမိတာ

၂၀။ (က) ဘိက္ခဝေ = ရဟန်းတို့၊
ယော ဟိ ကောစိ = အကြင်အမှတ်မရှိသော ရဟန်းယောက်ျား, ရဟန်းမိန်းမ, သီတင်းသည်ယောက်ျား, သီတင်းသည် မိန်းမဖြစ်သောသူသည်၊
သတ္တဝဿာနိ = ခုနစ်နှစ်တို့ပတ်လုံး၊
ဣမေ စတ္တာရော သတိပဋ္ဌာနေ = ဤသတိပဋ္ဌာန်လေးပါးတို့ကို၊
ဧဝံ = ဤသို့ ဟောတော်မူတိုင်း၊
ဘာဝေယျ = ပွါးစေငြားအံ့၊
တဿ = ရဟန်း ယောက်ျား, ရဟန်းမိန်းမ, သီတင်းသည်ယောက်ျား, သီတင်းသည် မိန်းမဖြစ်သောသူအား၊
ဒိဋ္ဌေဝ ဓမ္မေ = မျက်မှောက်သော ကိုယ်၏အဖြစ်၌လျှင်၊
အညာ ဝါ = အရဟတ္တဖိုလ်သည်မူလည်း၊
ဘဝိဿတိ = ဖြစ်လတ္တံ့၊
ဥပါဒိသေသေ = ဥပါဒါန်တရား အကြွင်းသည်၊
သတိ = ရှိသော်၊
အနာဂါမိတာ ဝါ = အနာဂါမ်၏ အဖြစ်သည်မူလည်း၊
ဘဝိဿတိ = ဖြစ်လတ္တံ့၊
ဣတိ = ဤသို့၊
ဒွိန္နံ = နှစ်ပါးကုန်သော၊
ဖလာနံ = ဖိုလ်တို့တွင်၊
အညတရံ = တစ်ပါးပါးသော၊
ဖလံ = ဖိုလ်ကို၊
ပါဋိကင်္ခံ = အလိုရှိအပ်၏။

တိဋ္ဌန္တု ဘိက္ခဝေ သတ္တဝဿာနိ။ ယော ဟိ ကောစိ ဘိက္ခဝေ ဣမေ စတ္တာရော သတိပဋ္ဌာနေ ဧဝံ ဘာဝေယျ ဆ ဝဿာနိ ။ပ။ ပဉ္စ ဝသာနိ။ စတ္တာရိ ဝဿာနိ။ တီဏိ ဝဿာနိ။ ဒွေ ဝဿာနိ။ ဧကံ ဝဿံ။ တိဋ္ဌတု ဘိက္ခဝေ ဧကံ ဝဿ။ ယောဟိ ကောစိ ဘိက္ခဝေ ဣမေ စတ္တာရော သတိပဋ္ဌာနေ ဧဝံ ဘာဝေယျ သတ္တမာသာနိ၊ တဿ ဒွိန္နံ ဖလာနံ အညတရံ ဖလံ ပါဋိကင်္ခံ ဒိဋ္ဌေဝ ဓမ္မေ အညာ သတိ ဝါ ဥပါဒိသေသေ အနာဂါမိတာ

(ခ) ဘိက္ခဝေ = ရဟန်းတို့၊
သတ္တ ဝဿာနိ = ခုနစ်နှစ်တို့သည်၊
တိဋ္ဌန္တု = ရှိစေကုန်ဦး၊
ဘိက္ခဝေ = ရဟန်းတို့၊
ယော ဟိ ကောစိ = အကြင်အမှတ်မရှိသော သူသည်၊
ဆ ဝဿာနိ = ခြောက်နှစ်တို့ပတ်လုံး။ပ။
ပဉ္စ ဝဿာနိ = ငါးနှစ်တို့ပတ်လုံး ။ပ။
စတ္တာရိ ဝဿာနိ = လေးနှစ်တို့ပတ်လုံး ။ပ။
တီဏိ ဝဿာနိ = သုံးနှစ်တို့ပတ်လုံး ။ပ။
ဒွေ ဝဿာနိ = နှစ်နှစ်တို့ပတ်လုံး ။ပ။
ဧကံ ဝဿံ = တစ်နှစ်ပတ်လုံး၊
ဣမေ စတ္တာရော သတိပဋ္ဌာနေ = ဤသတိပဋ္ဌာန်လေးပါးတို့ကို၊
ဧဝံ = ဤသို့ ဟောတော်မူတိုင်း၊
ဘာဝေယျ = ပွါးစေငြားအံ့၊
တဿ = ထိုသူအား၊
ဒိဋ္ဌေဝ ဓမ္မေ = မျက်မှောက်သော ကိုယ်၏အဖြစ်၌်လျှင်၊
အညာ ဝါ = အရဟတ္တဖိုလ်သည်မူလည်း၊
ဘဝိဿတိ = ဖြစ်လတ္တံ့၊
ဥပါဒိသေသေ = ဥပါဒါန်တရားအကြွင်းသည်၊
သတိ = ရှိသော်၊
အနာဂါမိတာ ဝါ = အနာဂါမ်၏ အဖြစ်သည်မူလည်း၊
ဘဝိဿတိ = ဖြစ်လတ္တံ့၊
ဣတိ = ဤသို့၊
ဒွိန္နံ = နှစ်ပါးကုန်သော၊
ဖလာနံ = ဖိုလ်တို့တွင်၊
အညတရံ = တစ်ပါးပါးသော၊
ဖလံ = ဖိုလ်ကို၊
ပါဋိကင်္ခံ = အလိုရှိအပ်၏။

တိဋ္ဌန္တု ဘိက္ခဝေ သတ္တမာသာနိ။ ယော ဟိ ကောစိ ဘိက္ခဝေ ဣမေ စတ္တာရော သတိပဋ္ဌာနေ ဧဝံ ဘာဝေယျ ဆ မာသာနိ။ပ။ ပဉ္စ မာသာနိ။ စတ္တာရိ မာသာနိ။ တီဏိ မာသာနိ။ ဒွေ မာသာနိ။ ဧကံ မာသံ။ အဍ္ဎမာသံ။ တိဋ္ဌတု ဘိက္ခဝေ အဍ္ဎမာသော၊ ယော ဟိ ကောစိ ဘိက္ခဝေ ဣမေ စတ္တာရော သတိပဋ္ဌာနေ ဧဝံ ဘာဝေယျ သတ္တာဟံ၊ တဿ ဒွိန္နံ ဖလာနံ အညတရံ ဖလံ ပါဋိကင်္ခံ ဒိဋ္ဌေဝ ဓမ္မေ အညာ သတိ ဝါ ဥပါဒိသေသေ အနာဂါမိတာတိ

(ဂ) ဘိက္ခဝေ = ရဟန်းတို့၊
သတ္တ မာသာနိ = ခုနစ်လတို့်သည်၊
တိဋ္ဌန္တု = ရှိစေကုန်ဦး၊
ဘိက္ခဝေ = ရဟန်းတို့၊
ယော ဟိ ကောစိ = အကြင်အမှတ်မရှိသော သူသည်၊
ဆ မာသာနိ = ခြောက်လတို့ပတ်လုံး၊
ပဉ္စ မာသာနိ = ငါးလတို့ပတ်လုံး၊
စတ္တာရိ မာသာနိ = လေးလတို့ပတ်လုံး၊
တီဏိ မာသာနိ = သုံးလတို့ပတ်လုံး၊
ဒွေ မာသာနိ = နှစ်လတို့ပတ်လုံး၊
ဧကံ မာသံ = တစ်လပတ်လုံး၊
အဍ္ဎမာသံ = လခွဲပတ်လုံး၊
ဣမေ စတ္တာရော သတိပဋ္ဌာနေ = ဤသတိပဋ္ဌာန်လေးပါးတို့ကို၊
ဧဝံ = ဤသို့ ဟောတော်မူတိုင်း၊
ဘာဝေယျ = ပွါးစေငြားအံ့၊
ဘိက္ခဝေ = ရဟန်းတို့၊
အဍ္ဎမာသံ = လခွဲသည်၊
တိဋ္ဌတု = ရှိစေဦး၊
ဘိက္ခဝေ = ရဟန်းတို့၊
ယော ဟိ ကောစိ = အကြင်အမှတ်မရှိသော သူသည်၊
သတ္တာဟံ = ခုနစ်ရက်ပတ်လုံး၊
ဣမေ စတ္တာရော သတိပဋ္ဌာနေ = ဤသတိပဋ္ဌာန် လေးပါးတို့ကို၊
ဧဝံ = ဤသို့ ဟောတော် မူတိုင်း၊
ဘာဝေယျ = ပွါးစေငြားအံ့၊
တဿ = ထိုသူအား၊
ဒိဋ္ဌေဝ ဓမ္မေ = မျက်မှောက်သော ကိုယ်၏အဖြစ်၌လျှင်၊
အညာ ဝါ = အရဟတ္တဖိုလ်သည်မူလည်း၊
ဘဝိဿတိ = ဖြစ်လတ္တံ့၊
ဥပါဒိသေသေ = ဥပါဒါန်တရားအကြွင်းသည်၊
သတိ = ရှိသော်၊
အနာဂါမိတာ ဝါ = အနာဂါမ်၏ အဖြစ်သည်မူလည်း၊
ဘဝိဿတိ = ဖြစ်လတ္တံ့၊
ဣတိ = ဤသို့၊
ဒွိန္နံ = နှစ်ပါးကုန်သော၊
ဖလာနံ = ဖိုလ်တို့တွင်၊
အညတရံ = တစ်ပါးပါးသော၊
ဖလံ = ဖိုလ်ကို၊
ပါဋိကင်္ခံ = အလိုရှိအပ်၏။
ဣတိ = ဤတွင် အကျိုးအာနိသင်ကို ပြဆိုရာ စကားရပ် အပြီးသတ်တည်း။

အကျိုးအာနိသင်ပြ မိန့်ခွန်းတော် ပြီး၏

နိဂမနကထာ
နိဂုံးချုပ်မိန့်ခွန်းတော်

၂၁။ ဧကာယနော အယံ ဘိက္ခဝေ မဂ္ဂေါ သတ္တာနံ ဝိသုဒ္ဓိယာ သောကပရိဒေဝါနံ သမတိက္ကမာယ ဒုက္ခဒေါမနဿာနံ အတ္ထင်္ဂမာယ ဉာယဿ အဓိဂမာယ နိဗ္ဗာနဿ သစ္ဆိကိရိယာယ ယဒိဒံ စတ္တာရော သတိပဋ္ဌာနာတိ ဣတိ ယံ တံ ဝုတ္တံ၊ ဣဒမေတံ ပဋိစ္စ ဝုတ္တန္တိ။ ဣဒမဝေါစ ဘဂဝါ။ အတ္တမနာ တေ ဘိက္ခူ ဘဂဝတော ဘာသိတံ အဘိနန္ဒုန္တိ

၂၁။ ဘိက္ခဝေ = ရဟန်းတို့၊
သတ္တာနံ = သတ္တဝါတို့၏၊
ဝိသုဒ္ဓိယာ = အထူးထူးသော ကိလေသာတို့မှ အထူးသဖြင့် စင်ကြယ်ခြင်းငှါ၊
သောကပရိဒေဝါနံ သမတိက္ကမာယ = စိုးရိမ်ခြင်း, ငိုကြွေးမည်တမ်းခြင်းတို့ကို လွန်ခြင်းငှါ၊
ဒုက္ခဒေါမနဿာနံ အတ္ထင်္ဂမာယ = ကိုယ်၏ဆင်းရဲခြင်း, စိတ်နှလုံးမသာယာခြင်းတို့၏ ချုပ်ခြင်းသို့ ရောက်ခြင်းငှါ၊
ဉာယဿ အဓိဂမာယ = အရိယာမဂ်ကို ရခြင်းငှါ၊
နိဗ္ဗာနဿ သစ္ဆိကိရိယာယ = နိဗ္ဗာန်ကို မျက်မှောက်ပြုရခြင်းငှါ၊
ပဝတ္တော = ဖြစ်သော၊
ဧကာယနော အယံ မဂ္ဂေါ = တစ်ကြောင်းတည်းသော ခရီးဖြစ်သော ဤခရီးသည်၊
စတ္တာရော ယဒိဒံ-ယေ ဣမေ သတိပဋ္ဌာနာတိ = အကြင်သတိ ပဋ္ဌာန်တို့တည်းဟူ၍ လေးပါးကုန်သော ဟူသော၊
ဣတိ = ဤသို့၊
ယံ တံ ဝစနံ = အကြင်သတိပဋ္ဌာန်၏ အကျိုးကို ပြသော စကားကို၊
မယာ = ငါသည်၊
ဝုတ္တံ = ဟောတော်မူအပ်ပြီ၊
ဧတံ ဝစနံ = ထိုသတိပဋ္ဌာန်၏ အကျိုးကို ပြသော စကားကို၊
ဣဒံ အတ္ထဝသံ = ဤမျက်မှောက်သော ကိုယ်၏အဖြစ်၌ မချွတ်ဖြစ်လတ္တံ့သော ဖိုလ်နှစ်ပါးဟူသော အကျိူးထူးကို၊
ဘဂဝါ = မြတ်စွာဘုရားသည်၊
အဝေါစ = မိန့်တော်မူ၏၊
တေ ဘိက္ခူ = ထိုရဟန်းတို့သည်၊
အတ္တမနာ = နှစ်သက်အားရ ဝမ်းမြောက်သော စိတ်ရှိကုန်သည်ဖြစ်၍၊
ဘဂဝတော ဘာသိတံ = မြတ်စွာဘုရား၏ သတိပဋ္ဌာန်တရားတော်ကို၊
အဘိနန္ဒုံ = ရိုသေစွာ သာဓု, သာဓုဟု အနုမောဒနာ ပြုကုန်၏၊
ဣတိ = ဤတွင် မဟာသတိပဋ္ဌာနသုတ်တော်ကြီး အပြီးသတ်တည်း။

ဣမသ္မိဉ္စ ပန ဝေယျာကရဏသ္မိံ ဘညမာနေ တိံသမတ္တာနံ ဘိက္ခုသဟဿာနံ အနုပါဒါယ အာသဝေဟိ စိတ္တာနိ ဝိမုစ္စိံသူတိ

ဣမသ္မိံ စ ပန ဝေယျာကရဏသ္မိံ = ဤဂါထာမဖက် သက်သက် အမေး အဖြေဖြစ်သော ဗျာကရိုဏ်းကို၊
ဘညမာနေ = ဟောမူအပ်သည်ရှိသော်၊
တိံသမတ္တာနံ ဘိက္ခုသဟဿာနံ = သုံးသောင်းမျှလောက်သော ရဟန်းတို့အား၊
အနုပါဒါယ = တစ်စုံတစ်ခုသော တရားကို တဏှာအားဖြင့် ငါ၏ဥစ္စာ, မာနအားဖြင့် ငါတကား, ဒိဋ္ဌိအားဖြင့် ငါ့ကိုယ်ဟု မစွဲလမ်းမူ၍၊
အာသဝေဟိ = အာသဝေါတရား လေးပါးတို့မှ၊
စိတ္တာနိ = စိတ်တို့သည်၊
ဝိမုစ္စိံသု = စွန့်လွှတ်အပ်ကုန်၏။
အာသဝေဟိ = အာသဝေါတရား လေးပါးတို့သည်၊
စိတ္တာနိ = စိတ်တို့ကို၊
ဝိမုစ္စိံသု = စွန့်လွှတ်အပ်ကုန်၏။”

မဟာသတိပဋ္ဌာနသုတ္တံ = မဟာသတိပဋ္ဌာနသုတ်သည်၊
နိဋ္ဌိတံ = ပြီးပြီ။

ဥဒ္ဒါန်း

တဿ = ထိုမဟာသတိပဋ္ဌာနသုတ်၏၊
ဥဒ္ဒါနံ = ဥဒ္ဒါန်းကို၊
ဧဝံ = ဤသို့၊
ဝေဒိတဗ္ဗံ = သိအပ်၏။

ဥဒ္ဒေသ ဥဒ္ဒါန်း

(က) ကာယေ ကာယာနုပဿနာ = ရူပကာယ၌ ရူပကာယကို အဖန်တလဲလဲရှုခြင်းလည်းကောင်း၊
ဝေဒနာယ အနုပဿနာ = သုခစသော ဝေဒနာ၌ သုခစသော ဝေဒနာကို အဖန်တလဲလဲရှုခြင်းလည်းကောင်း၊
စိတ္တေ စိတ္တာနုပဿနာ = စိတ်၌ စိတ်ကို အဖန်တလဲလဲရှုခြင်းလည်းကောင်း၊
ဓမ္မေ ဓမ္မာနုပဿနာ = နီဝရဏစသောတရား၌ နီဝရဏ စသောတရားကို ဝေဒနာကို အဖန်တလဲလဲ ရှုခြင်း လည်းကောင်း။

(ခ) ဣတိ = ဤသို့၊
စတ္တာရော သတိပဋ္ဌာနာ = လေးပါးကုန်သော သတိပဋ္ဌာန်တို့ကို၊
သမ္ဗုဒ္ဓေန = မြတ်စွာဘုရားသည်၊
သုဒေသိတာ = ကောင်းစွာ ဟောတော်မူအပ်ကုန်၏၊
ဧတေ = ထိုလေးပါးကုန်သော သတိပဋ္ဌာန်တို့ကို၊
ဘာဝယန္တော = ပွားစေသော၊
ဘိက္ခု = သံသရာဘေးကို ရှုလေ့ရှိသောသူသည်၊
ဝိသုဒ္ဓိံ = နိဗ္ဗာန်သို့၊
အဓိဂစ္ဆတိ = ရောက်၏။

ကာယာနုပဿနာ ဥဒ္ဒါန်း

(ဂ) အာနာပါနံ = အာနာပါနပဗ္ဗလည်းကောင်း၊
ဣရိယာပထံ = ဣရိယာပထပဗ္ဗလည်းကောင်း၊
သမ္ပဇာနံ = သမ္ပဇာနဗ္ဗ လည်းကောင်း၊
ပဋိကူလံ = ပဋိကူလမနသိကာရပဗ္ဗလည်းကောင်း၊
ဓာတု = ဓာတုမနသိကာရပဗ္ဗလည်းကောင်း၊
နဝ သိဝထိကာ = ကိုးပါးကုန်သော သိဝထိကပဗ္ဗတို့လည်းကောင်း၊
ဣတိ = ဤသို့၊
စုဒ္ဒသ ကာယာနုပဿနာ = တစ်ဆယ့်လေးပါး ကုန်သော ကာယာနုပဿနာတို့သည်၊
ဟောန္တိ = ဖြစ်ကုန်၏။

နဝသိဝထိက ဥဒ္ဒါန်း

(ဃ) မတံ = သေ၍ တစ်ရက်, နှစ်ရက်ရှိပြီးသော အကောင်လည်းကောင်း၊
ခဇ္ဇံ = ကျီးစသည်တို့သည် ခဲအပ်သော အကောင်လည်းကောင်း၊
သမံသဉ္စ = အသားအသွေးနှင့်တကွ အကြောတို့ဖြင့် ဖွဲ့အပ်သော အရိုးဆက်ရှိသော အကောင်လည်းကောင်း၊
နိမံသဉ္စ = အသားမရှိ သွေးဖြင့် လိမ်းကျံသော အကြောတို့ဖြင့် ဖွဲ့အပ်သော အရိုး ဆက်ရှိသော အကောင်လည်းကောင်း၊
အပဂတံ = အသားအသွေးကင်းသော အကြောတို့ဖြင့် ဖွဲ့အပ်သော အရိုးဆက်ရှိသော အကောင် လည်းကောင်း၊
တထာ ဝိက္ခိတ္တာနိ စ = ထိုမှတစ်ပါး ထိုထိုအရပ်၌ ပစ်အပ်သော အစပ်ကင်းသော အရိုးဖြစ်သော အကောင်တို့ လည်းကောင်း၊
သေတာနိ = ခရုသင်းအဆင်းကဲ့သို့ ဖွေးဖွေးဖြူသော အရိုးဖြစ်သော အကောင်တို့ လည်းကောင်း၊
ပုဉ္ဇကိတာနိ = အစုစု ဖရိုဖရဲကြဲကုန်သော ကြာမြင့်စွာ ကာလပတ်လုံး မိုးစွတ်ခြင်းသို့ ရောက်ကုန်သော အရိုးဖြစ်သော အကောင်တို့လည်းကောင်း၊
ပူတိနိ = ဆွေးမြည့်ကုန်ပြီးသော မှုန့်မှုန့်ညက်ညက်ဖြစ်၍ ဖရိုဖရဲကြဲသော ရိုးဖြစ်သော အကောင်တို့လည်းကောင်း၊
ဣတိ = ဤသို့၊
နဝ သိဝထိကေ = ကိုးပါးကုန်သော သုသာန်၌ ပစ်အပ်ကုန်သော အကောင်တို့ကို၊
ဒိသွာ = မြင်သည်ရှိသော်၊
ဘိက္ခု = သံသရာဘေးကို ရှုလေ့ရှိသောသူသည်၊
တထာ ဥပသံဟရေ = ထိုသုသာန်၌ ပစ်အပ်သော အကောင်နှင့်ထပ်တူ ငါလည်း ထိုကဲ့သို့ ဖြစ်လတ္တံ့ဟု မိမိကိုယ်ကို ဆောင်ရာ၏။

ဒုတိယသိဝထိက ဥဒ္ဒါန်း

(င) ကာကာကုလလဂိဇ္ဈေဟိ = ကျီး, စွန်, လင်းတတို့သည်လည်းကောင်း၊
ကင်္ကေဟိ ဝါ = ဘုံးမတီးငှက်တို့သည်လည်းကောင်း၊
သုနခေဟိ ဝါ = အိမ်ခွေးတို့သည်လည်းကောင်း၊
ဗျဂ္ဃဒီပိသိင်္ဂါလေဟိ = ကျား, သစ်, မြေခွေးတို့သည်လည်းကောင်း၊
ဝိဝိဓေဟိ စ ပါဏကာ = အထူးထူးသော ပိုးတို့သည်လည်းကောင်း၊
ခဇ္ဇမာနံ ဒိသွာ = ခဲအပ်သည်ကို မြင်သည်ရှိသော်၊
တထာ ဥပသံဟရေ = ထိုအကောင်အတူ ငါလည်း ထိုကဲ့သို့ ဖြစ်လတ္တံ့ဟု မိမိ ကိုယ်ကို ဆောင်ရာ၏။

ဆဋ္ဌသိဝထိကဥဒ္ဒါန်း

(စ) ဟတ္ထပါဒဂေါပ္ဖကဋ္ဌိ = လက်ရိုး, ခြေရိုး, ဖမျက်ရိုးကိုလည်းကောင်း၊
ဇင်္ဃူရှုကဋိဖာသုကံ = မြင်းခေါင်းရိုး, ပေါင်းရိုး, ခါးရိုး, နံရိုးကိုလည်းကောင်း၊
ပိဋ္ဌိခန္ဓဂီဝဟနုဒန္တသီသကဋာဟကံ = ကျောက်ရိုး, ပခုံးရိုး, လည်ကုပ်ရိုး, မေးရိုး, သွားရိုး, ခေါင်းခွံရိုး ကိုလည်းကောင်း၊
ဒိသွာ = မြင်သည်ရှိသော်၊
ဘိက္ခု = သံသရာဘေးကို ရှုလေ့ရှိသောသူသည်၊
တထာ ဥပသံဟရေ = ထိုအကောင်အတူ ငါလည်း ထိုကဲ့သို့ ဖြစ်လတ္တံ့ဟု မိမိကိုယ်ကို ဆောင်ရာ၏။

ဝေဒနာနုပဿနာ ဥဒ္ဒါန်း

(ဆ) သုခံ ဝေဒနံ ဝါ = သုခ ဝေဒနာကိုလည်းကောင်း၊
ဒုက္ခံ ဝေဒနံ ဝါ = ဒုက္ခ ဝေဒနာကိုလည်းကောင်း၊
တဒညံ ဝါ ဝေဒနံ = ထိုသုခ ဒုက္ခမှတစ်ပါးသော ဥပေက္ခာဝေဒနာကိုလည်းကောင်း၊
သာမိသံ ဝါ ဝေဒနံ = ကာမဂုဏ်နှင့်စပ်သော သုခ, ဒုက္ခ, ဥပေက္ခာဝေဒနာ ကိုလည်းကောင်း၊
နိရာမိသံ ဝေဒနံ = ကာမဂုဏ်နှင့် မစပ်သော သုခ, ဒုက္ခ, ဥပေက္ခာ ဝေဒနာကိုလည်း ကောင်း၊
ဝေဒမာနော သော = ခံစားသော ထိုသူသည်၊
တဒါကာရံ အနုပဿယေ = ထိုသုခစသော ဝေဒနာကို ခံစားသော အခြင်းအရာကို အဖန်တလဲလဲ ရှုရာ၏။

စိတ္တာနုပဿနာ ဥဒ္ဒါန်း

(ဇ) ရာဂံ = သရာဂ, ဝီတရာဂစိတ်လည်းကောင်း၊
ဒေါသံ = သဒေါသ, ဝီတဒေါသ စိတ်လည်းကောင်း၊
မောဟံ = သမောဟ, ဝီတမောဟ စိတ်လည်းကောင်း၊
ခိတ္တံ = သံခိတ္တ, ဝိက္ခိတ္တစိတ်လည်းကောင်း၊
မဟဂ္ဂတဉ္စ = မဟဂ္ဂတ, အမဟဂ္ဂတ စိတ်လည်းကောင်း၊
ဥတ္တရံ = သဥတ္တရ, အနုတ္တရစိတ်လည်းကောင်း၊
သမာဟိတံ = သမာဟိတ, အသမာဟိတစိတ်လည်းကောင်း၊
ဝိမုတ္တံ = ဝိမုတ္တ, အဝိမုတ္တစိတ်လည်းကောင်း၊
ဣတိ = ဤသို့၊
ယတိ = စိတ္တာနုပဿနာ ဘာဝနာကို အားထုတ်သောသူသည်၊
စိတ္တံ အနုပဿယေ = အဇ္ဈတ္တ, ဗဟိဒ္ဓ စိတ်ကို အဖန်တလဲလဲ ရှုရာ၏။

ဓမ္မာနုပဿနာ ဥဒ္ဒါန်း

(ဈ) နီဝရဏေသု = ကာမစ္ဆန္ဒစသော နီဝရဏတရားတို့၌လည်းကောင်း၊
ခန္ဓေသု = ရူပက္ခန္ဓာစသည်တို့၌လည်းကောင်း၊
အာယတနေသု = စက္ခုစသော အာယတနတို့၌လည်းကောင်း၊
ဗောဇ္ဈင်္ဂေ = သတိ သမ္ဗောဇ္ဈင်စသည်၌လည်းကောင်း၊
သစ္စေသု = ဒုက္ခသစ္စာစသည်တို့၌လည်းကောင်း၊
အဇ္ဈတ္တဗာဟိရေ ဓမ္မေ = အဇ္ဈတ္တသန္တာန်, ဗဟိဒ္ဓသန္တာန်၌ ဖြစ်ကုန်သော နီဝရဏ စသော တရားတို့ကို၊
ဘိက္ခု အနုပဿယေ = သံသရာဘေးကို ရှုလေ့ရှိသောသူသည် အဖန်တလဲလဲ ရှုရာ၏။

နီဝရဏ, အာယတန၌ ဖြစ်သော ဥဒ္ဒါန်း

(ည) သန္တံ ဝါပိ = ထင်ရှားရှိသော ကာမစ္ဆန္ဒ စသည်, ကာမရာဂ စသော သံယောဇဉ် စသည်ကိုလည်းကောင်း၊
အသန္တံ ဝါ = ထင်ရှားမရှိသော ကာမစ္ဆန္ဒ စသည်ကိုလည်းကောင်း၊
အနုပ္ပန္နဿ ဥပ္ပါဒေါ = မဖြစ်သေးသော ကာမစ္ဆန္ဒစသည်၏ ဖြစ်ခြင်းသည်၊
ဟောတိ = ဖြစ်၏၊
ဥပ္ပန္နဿ ပဟာနဉ္စ = ဖြစ်သော ကာမစ္ဆန္ဒ စသည်ကို ပယ်ခြင်းသည်လည်း၊
ဟောတိ = ဖြစ်၏၊
တဿ အာယတိံ အနုပ္ပါဒေါ = ထိုပယ်ပြီးသော ကာမစ္ဆန္ဒစသည်၏ နောင်အခါ၌ မဖြစ်ခြင်းသည်၊
ဟောတိ = ဖြစ်၏။

ဓမ္မာနုပဿနာ ဥဒ္ဒါန်း

(ဋ) စက္ခု = စက္ခု စသော အဇ္ဈတ္တိကာယတန ခြောက်ပါးသည်လည်းကောင်း၊
ရူပါဒိ = ရူပါရုံစသော ဗာဟိရာယတန ခြောက်ပါးသည်လည်းကောင်း၊
ဝိညာဏံ = စက္ခုဝိညာဏ်စသော ဝိညာဏ်ခြောက်ပါးသည်လည်းကောင်း၊
ဖဿော စ = စက္ခုသမ္ဖဿစသော ဖဿခြောက်ပါးသည်လည်းကောင်း၊
တဇ္ဇာ ဝေဒနာ စ = ထိုစက္ခု သမ္ဖဿ စသည်ကြောင့်ဖြစ်သော စက္ခသမ္ဖဿဇာ ဝေဒနာစသော ဝေဒနာခြောက်ပါးသည်လည်းကောင်း၊
သညာ စ = ရူပသညာစသော သညာခြောက်ပါးသည် လည်းကောင်း၊
စေတနာ စ = ရူပသေဉ္စတနာစသော စေတနာခြောက်ပါးသည်လည်ကောင်း၊
တဏှာ စ = ရူပတဏှာစသော တဏှာ ခြောက်ပါးသည်လည်းကောင်း၊
ဝိတက္ကော စ = ရူပဝိတက်စသော ဝိတက်ခြောက်ပါးသည်လည်းကောင်း။
ဝိစာရကော စ = ရူပဝိစာရစသော ဝိစာရခြောက်ပါးသည်လည်းကောင်း၊
ပိယရူပံ = ချစ်အပ်သော သဘောရှိသော တရားမည်၏၊
ဧတ္ထ = ဤ ချစ်အပ်သော သဘောရှိသော စက္ခုပသာဒစသည်၌၊
ဧသာ-တဏှာ ဥပ္ပဇ္ဇတိ = ဤတဏှာသည် ဖြစ်၏၊
ဧတ္ထ ဧသာ-တဏှာ နိရုဇ္ဈတိ = ဤချစ်အပ်သော သဘောရှိသော စက္ခုပသာဒစသည်၌ ဤတဏှာသည် ချုပ်၏၊
ဣတိ = ဤသည်လျှင် ဥဒ္ဒါန်း အပြီးတည်း။

ကျမ်းပြီးနိဂုံး

ဣတိ မဟိဋ္ဌကာဝါသနိဝါသိနာ မဟာထေရေန ရစိတောယံ သတိပဋ္ဌာနနိဿယော -

(က) သဟဿသတနဝုတိ၊
ပဉ္စမေ မာဃဇုဏှကေ။
စုဒ္ဒသေ ဇီဝဝါရမှိ၊
ဝိကာလေ သတ္တပါဒကေ။

ဣတိ-ဣမိနာ အနုက္ကမေန = ဤသို့သော အစဉ်ဖြင့်၊
မဟိဋ္ဌကာဝါသနိဝါသိနာ = မဟာအောင်မြေဘုံစံ အုတ်ကျောင်း တော်ကြီး၌ သီတင်း သုံးနေသော၊
မဟာထေရေန = “စက္ကိန္ဒာဘိ သိရီသဒ္ဓမ္မဓဇ မဟာဓမ္မရာဇာဓိ ရာဇဂုရု” မဟာထေရ်သည်၊
ရစိတော = စီရင်အပ်သော၊
အယံ သတိပဋ္ဌာနနိဿယော = ဤ “သတိပဋ္ဌာနသုတ်နိဿယ”သည်၊
သဟဿသတ နဝုတိပဉ္စမေ = သက္ကရာဇ် ၁၁၉၅-ခု
မာဃဇုဏှကေ = တပို့တွဲလဆန်း၊
စုဒ္ဒသေ ဇီဝဝါရမှိ = ၁၄-ရက် ကြာသပတေးနေ့
ဝိကာလေ သတ္တပါဒကေ = နေလွဲ ခုနစ်ဖဝါးပြည့်အခါ၌၊
နိဋ္ဌိတော = ပြီးခြင်းသို့ ရောက်၏။

(ခ) ဣမိနာ လိခပုညေန၊
သဗ္ဗတ္ထ သဗ္ဗဒါ သမာ။
ယထာ ဗုဒ္ဓေန ဒေသေတာ၊
ဧတံ ဘဝါမသေ ဣမေ။

ဣမိနာ လိခပုညေန = ဤသတိပဋ္ဌာန် နိဿယကို ရေးသားရသော ကောင်းမှုကြောင့်၊
သဗ္ဗတ္ထ = ခပ်သိမ်းသော ဘဝတို့၌၊
သဗ္ဗဒါ = ခပ်သိမ်းသောအခါ၌၊
သမာ = မယုတ်မလွန် အညီအမျှ၊
ဗုဒ္ဓေန = မြတ်စွာဘုရားသည်၊
ယထာ = အကြင် အခြင်းဖြင့်၊
ဧတံ = ဤသတိပဋ္ဌာန်တရားတော်ကို၊
ဒေသေတာ = ဟောတော်မူအပ်၏၊
တထာ = ထိုအခြင်းဖြင့်၊
ဣမေ = ဤ သတိပဋ္ဌာန်တရားတို့ကို၊
ဘဝါမသေ = ပွားများနိုင်လို၏။

မဟာသတိပဋ္ဌာန် နိဿယ
ဤတွင်ရွေ့ ပြီး၏


မုံတောဆရာတော် စီရင် ရေးသားအပ်သော

မဟာသတိပဋ္ဌာန် အဓိပ္ပါယ်ကောက်

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

ပဏာမ-ပဋိညာဉ်

(က) ဝန္ဒိတွာသတိပ္ပဋ္ဌာန၊
သုတ္တံ သုဒေသကံ ဇိနံ။
ဧကေနောပါသကေနာဟံ၊
သုဘာဝေတုံ သုယာစိတော။
[ပဌမ မကာ ဝိပုလာဂါထာ]

(ခ) မဟာသတိပဋ္ဌာနဿ၊
သာဓူနံ သုခကာမာနံ။
သုလိက္ခိဿံ အဓိပ္ပါယ-
ပကာသနံ သမာသေန။
[ဝတ္တဂါထာ]

(က) အဟံ = ငါသည်၊
သတိပ္ပဋ္ဌာနသုတ္တံ = မဟာသတိပဋ္ဌာနသုတ်ကို၊
သုဒေသကံ = ကောင်းစွာ ဟောတော်မူတတ်သော၊
ဇိနံ = မြတ်စွာဘုရားကို၊
ဝန္ဒိတွာ-ဝန္ဒာမိ = အလွန်ရိုသေစွာ ရှိခိုးပါ၏
ဝန္ဒိတွာ = အလွန်ရိုသေစွာ ရှိခိုးပြီး၍၊
ဧကေန = တစ်ယောက်သော၊
သန္တေန = သူတော်ကောင်း ဖြစ်သော၊
ဥပါသကေန = "တကာ စံမှတ်" အမည်ရှိသော ဥပါသကာသည်၊၊
သုယာစိတော = ရိုသေစွာ တောင်းပန်အပ်သည်ဖြစ်၍၊

(ခ) သုခကာမနံ = မဂ်ဖိုလ်နိဗ္ဗာန်ချမ်းသာကို အလိုရှိကုန်သော၊
သာဓူနံ = သူတော်ကောင်း တို့အား၊
သုဘာဝေတုံ = သတိပဋ္ဌာန်လေးပါးကို ပွားလွယ်စေခြင်းငှါ၊
မဟာသတိပဋ္ဌာနဿ = မဟာသတိပဋ္ဌာနသုတ်၏၊
သမာသေန = အကျဉ်းအားဖြင့်၊
အဓိပ္ပါယပကာသနံ = သဘောအဓိပ္ပါယ်မျှကို ပြရာပြကြောင်း ဖြစ်သောကြောင့် "အဓိပ္ပါယ် ပကာသနီ" အမည်ရှိသော နိဿယည်းကျမ်းကို၊
သုလိက္ခိဿမိ = ကောင်းစွာ ရေးပေအံ့

နိဒါန်း

သုလိက္ခိဿံ-ဟူသော ပဋိညာဉ်၏ ပဋိညာတဗ္ဗဖြစ်သော အဓိပ္ပါယပကာသနံ-ပါဌ်၌ အဓိပ္ပါယ်ကား-

၁။ ကုရုတိုင်းတွင် ကျားကြောင်သော ခြေရှိသော လူသားစား ပေါရိသာဒ ဘီလူးကို ဆုံးမရာဖြစ် သောကြောင့် ကမ္မာသဒမ္မ အမည်ရှိသော နိဂုံး၌ သဗ္ဗညုမြတ်စွာဘုရား သီတင်းသုံးနေတော်မူသော အခါ၌ -

ဥဒ္ဒေသ

၂။ (၁) ရာဂအစရှိသော အညစ်အကြေးတို့ဖြင့်လည်းကောင်း, အဘိဇ္ဈာ ဝိသမ လောဘ အစရှိကုန်သော ကိလေသာတရားတို့ဖြင့်လည်းကောင်း ညစ်ညူးသော စိတ်ရှိ ကုန်သော သတ္တဝါတို့၏ စိတ်အညစ်အကြေးကို အထူးသဖြင့် စင်ကြယ်စေခြင်း အကျိုး
(၂) စိုးရိမ်သောကမီးကို လွန်ခြင်း, ပယ်ဖျောက်ခြင်းအကျိုး
(၃) ငိုကြေးမြည်တမ်းခြင်း ပရိဒေဝမီးကို လွန်ခြင်း ပယ်ဖျောက်ခြင်းအကျိုး
(၄) ကိုယ်၏ ဆင်းရဲခြင်း, ဒုက္ခမီးကို ငြိမ်းစေ, ချုပ်စေခြင်းအကျိုး
(၅) စိတ်နှလုံးမသာယာခြင်း, ထိတ်လန့်ခြင်း ဒေါမနဿ မီးကို ငြိမ်းစေခြင်းအကျိုး
(၆) အရိယာမဂ်ကို ရစေခြင်းအကျိုး
(၇) အသင်္ခတဓာတ်နိဗ္ဗာန်ကို မျက်မှောက်ပြုရခြင်းအကျိုး- အားဖြင့် ခုနစ်ပါး အပြား ရှိသော အကျိုးထူး အကျိုးမြတ်တို့ကို ရစေ, ပြည့်စုံစေတတ်သော ဟောကြားတော်မူ အပ်သော သတိပဋ္ဌာန်သည် -

(၁) ကာယာနုပဿနာ သတိပဋ္ဌာန်
(၂) ဝေဒနာနုပဿနာ သတိပဋ္ဌာန်
(၃) စိတ္တာနုပဿနာ သတိပဋ္ဌာန်
(၄) ဓမ္မာနုပဿနာ သတိပဋ္ဌာန်-

အားဖြင့် လေးပါးအပြားရှိ၏။ ထိုလေးပါးတို့တွင် -

(က) လက်ခြေ အင်္ဂါကြီးငယ်အစရှိသောအပေါင်း, မကောင်း စက်ဆုပ်ရွံရှာဖွယ် ဆံ,အမွေး, ခြေသည်း လက် သည်း, သွား, အရေထူ အရေပါး စသော သုံးဆယ့် နှစ်ပါးသော စက်ဆုပ်ရွံရှာဖွယ် အစုတို့၏ဖြစ်ရာ ရူပကာယ ခန္ဓာကိုယ်ကို အောက်မေ့ သိမ်းဆည်းခြင်း သတိသည် ကာယာ နုပဿနာ သတိပဋ္ဌာန်မည်၏။

(ခ) သုခဝေဒနာ, ဒုက္ခဝေဒနာ, ဥပေက္ခာဝေဒနာ အားဖြင့်သုံးပါးသော အပြားရှိသော လောကီ ဖြစ်သော ဝေဒနာကို အောက်မေ့ သိမ်းဆည်းခြင်း သတိသည် ဝေဒနာနုပဿနာ သတိပဋ္ဌာန် မည်၏။

(ဂ) သရာဂစိတ် စသော တစ်ဆယ့်ခြောက်ပါးအပြားရှိသော လောကီဖြစ်သော စိတ်ကို အောက်မေ့ သိမ်းဆည်းခြင်း သတိသည် စိတ္တာနုပဿနာ သတိပဋ္ဌာန် မည်၏။

(ဃ) နီဝရဏငါးပါးအစ သစ္စာလေးပါးတရား အဆုံးရှိသော ငါးပါးအပြားရှိသော တရားကို အောက်မေ့ သိမ်းဆည်းခြင်း သတိသည် ဓမ္မာနုပဿနာ သတိပဋ္ဌာန်မည်၏ ဟူလို။

သတိပဋ္ဌာန်လေးပါးအကျဉ်းသရုပ် ဥဒ္ဒေသ ပြီး၏။

ကာယာနုပဿနာ ၁-
အာနာပါနပိုင်း

၁။ ထိုဆိုအပ်ပြီးသော သတိပဋ္ဌာန်လေးပါးတို့တွင် ကာယာနုပဿနာ သတိပဋ္ဌာန်၌ -
၁။ အာနာပါနပဗ္ဗ
၂။ ဣရိယာပထပဗ္ဗ
၃။ သမ္ပဇာနပဗ္ဗ
၄။ ပဋိကူလမနသိကာရပဗ္ဗ
၅။ ဓာတုမနသိကာပဗ္ဗ
၆-၁၄။ နဝသိဝထိကာရပဗ္ဗ -
အားဖြင့် တစ်ဆယ့်လေးပိုင်း အပြားရှိသည်သာလျှင် ဖြစ်၏။ ထိုတစ်ဆယ့် လေးပိုင်း တို့တွင်-

၁။ အာနာပါနပဗ္ဗ၌ -

(က) ဥပမာကား လိမ္မာသော ပန်းပွတ်သမားသည် စည်ကြီး အစရှိသည်ကို ပွတ်လုပ်သောအခါ ပွတ်ကြိုးကို ရှည်ရှည် ဆွဲငင်သကဲ့သို့ ဆံထိုး ဆံကျင် အစ ရှိသည်ကို ပွတ်လုပ်သောအခါ ပွတ်ကြိုးကို တိုတိုဆွဲငင်သကဲ့သို့ ထို့အတူ ထွက်သက် ဝင်သက်ကို ရှည်ရှည်ဖြစ်စေသည် တိုတို ဖြစ်စေသည်ဟု အောက်မေ့ခြင်းသတိကို ပြုရာ၏

(ခ) ထိုသို့ ထွက်သက် ဝင်သက်ကိုအရှည်အတိုအားဖြင့် အောက်မေ့ သိမ်းဆည်းခြင်း သတိရှိပြီး သော် -
(၁) ငါ၏ထွက်သက် ဝင်သက်သည် အဘယ်ကိုအစွဲ အမှီပြုသနည်း။ လေးပါးသော မဟာဘုတ်, ဥပါဒါရုပ်ဟူသော ကရဇကာယကို စွဲမှီ၍ ဖြစ်၏။ ထို ထွက်သက် ဝင်သက် အဿာသ ပဿာသ ကရဇကာယသည် ရုပ်မည်၏။
(၂) ထိုရုပ်ကို အာရုံပြု၍ဖြစ်သော အာရုံကို တွေ့တတ်သော ဖဿ, အာရုံကို ခံစားတတ်သော ဝေဒနာ, အာရုံကို မှတ်၍ သိတတ်သော သညာ, အာရုံသို့ရှေ့ရှု တင်တတ် စေ့ဆော်တတ်သော စေတနာ, အာရုံကို အထူးသဖြင့် သိတတ်သော ဝိညာဏ်အားဖြင့် ဖဿပဉ္စကတရား ငါးပါးသည် နာမ်မည်၏ ဟု ရုပ်နာမ်တရားကို သိမ်းဆည်း ပြီး၍ -
(၃) ရုပ်နာမ်၏အကြောင်းကား အဘယ်နည်း။ အဝိဇ္ဇာ တဏှာ ကံ အာဟာရစသော တရားသာ လျှင်တည်းဟု သိမြင်ပြီးလျှင် အကြောင်းအကျိုး ပစ္စည်း ပစ္စယုပ္ပန်မျှသာ ဖြစ်သည်။ သတ္တဝါ ပုဂ္ဂိုလ်ဟူ၍ တရားကိုယ် အသီး အခြား မရှိပြီဟု ယုံမှားခြင်း မရှိမူ၍
(၁) ရုပ်နာမ်တရားတို့ ဖြစ်ပြီး၍ ဖြစ်တိုင်းမတည်၊ ကုန်တတ် ကင်းတတ်သော သဘောကြောင့် အနိစ္စ သာတည်း။
(၂) ဖြစ်ခြင်း ပျက်ခြင်းတို့ဖြင့် မပြတ်နှိပ်စက်တတ်သော ဘေးဟူသော သဘောကြောင့် ဒုက္ခ သာတည်း။
(၃) အစိုးမရ, အစိုးမပိုင်, ကိုယ်မဟုတ်, အနှစ်မရှိသော သဘောကြောင့် အနတ္တသာတည်း -
ဟု လက္ခဏာရေးသုံးပါးသို့တင်၍ ဝိပဿနာကို ပွားစေ၍ အစဉ်သဖြင့် အရဟတ္တဖိုလ်သို့ ရောက်သည်သာလျှင် ဖြစ်၏ ဟူလိုသည်။

သစ္စာလေးပါး ခွဲပြချက်

(၁) အဿာသ ပဿာသဟူသော ထွက်သက် ဝင်သက်ကိုအောက်မေ့ သိမ်းဆည်း တတ်သော သတိသည် ဒုက္ခသစ္စာမည်၏။
(၂) ထိုဒုက္ခ၏အကြောင်းရင်း၏ အဖြစ်အားဖြင့် ဖြစ်စေတတ်သော ရှေးဘဝ၌ ပြီးပြီးသော လောဘသည် သမုဒယသစ္စာ မည်၏။
(၃) ထိုသစ္စာနှစ်ပါးတို့၏ မဖြစ်ရာ ချုပ်ရာဖြစ်သော အသင်္ခတဓာတ်နိဗ္ဗာန်သည် နိရောဓသစ္စာ မည်၏။
(၄) ဒုက္ခသစ္စာကို ပိုင်းခြား၍ သိတတ်သော သမုဒယသစ္စာကို ပယ်တတ်သော နိရောဓသစ္စာလျှင် အာရုံရှိသော ကောင်းမွန် လွန်မြတ်သော အကျင့်ဖြစ်သော သမ္မာဒိဋ္ဌိ, သမ္မာသင်္ကပ္ပ, သမ္မာဝါစာ, သမ္မာကမ္မန္တ, သမ္မာအာဇီဝ, သမ္မာဝါယာမ, သမ္မာသတိ, သမ္မာသမာဓိဟုဆိုအပ်သော အရိယာ မဂ္ဂင် တရားကိုယ်ရှစ်ပါးသည် မဂ္ဂသစ္စာ မည်၏။

ဤသို့ သစ္စာလေးပါးတို့၏အစွမ်းအားဖြင့် လုံ့လပြု၍ နိဗ္ဗာန်သို့ ရောက်သည်သာလျှင် ဖြစ်၏။ ထို့ကြောင့် သစ္စာလေးပါးသို့ တင်၍လည်း စီးဖြန်းရာ, ပွားများစေရာသည်။

[ဤကား အာနပါနပဗ္ဗ၌ အကျဉ်းဖြစ်သော အဓိပ္ပါယ်တည်း။]

ကာယာနုပဿနာ ၂-
ဣရိယာပထပိုင်း

၂။ ဣရိယာပထပဗ္ဗ၌ -

(က) ခွေး, မြေခွေး အစရှိသော သတ္တဝါတို့သည် သွားကုန် ရပ်ကုန် ထိုင်ကုန် လျောင်းကုန်သည် ရှိသော် သွားကုန် ရပ်ကုန် ထိုင်ကုန် လျောင်းကုန်သည်ဟု အကယ်၍ကား သိကုန်၏၊ ထိုသို့ သိကုန် သော်လည်း ထိုခွေး, မြေခွေးစသည်တို့၏ သိခြင်းကိုရည်၍ ဂစ္ဆန္တော စသည်ကို ဟောတော်မမူအပ်၊ ဤခွေး, မြေခွေး စသည်တို့၏ သိခြင်းသည် သတ္တဝါဟူသော အယူကိုလည်း မစွန့်၊ သတ္တဝါဟူသော အမှတ်ကိုလည်း မခွါ၊ ကမ္မဋ္ဌာန်းလည်း မဖြစ်၊ သတိပဋ္ဌာန်ကို ပွားစေသည်လည်း မဖြစ်။

(ခ) ဣရိယာပုတ်လေးပါးကို အောက်မေ့သိမ်းဆည်းသော ယောဂီပုဂ္ဂိုလ်၏ သိခြင်းသည်ကား သတ္တဝါဟူသော အယူကို စွန့်၏။ သတ္တဝါဟူသော အမှတ်ကိုလည်း စွန့်၏။ ကမ္မဋ္ဌာန်းလည်း ဖြစ်၏။ သတိပဋ္ဌာန်ကို ပွားစေသည်လည်း ဖြစ်၏။ ထို့ကြောင့် သွားလျှင် သွား၏။ ရပ်လျှင် ရပ်၏။ ထိုင်လျှင် ထိုင်၏။ လျောင်းလျှင် လျောင်း၏။ အောက်မေ့သိမ်းဆည်းခြင်း သတိကို ဖြစ်စေရာသည်

အဘယ်သို့ ဖြစ်စေရာသနည်းဟူမူကား။

(ဂ) သွား၏, ရပ်၏, ထိုင်၏, လျောင်း၏ ဟူသည် တစ်စုံတစ်ယောက်သော သတ္တဝါတို့သည် သွားသည်, ရပ်သည်, ထိုင်သည်, လျောင်းသည် မရှိပြီ။ သွားမည်, ရပ်မည်, ထိုင်မည်, လျောင်းမည်ဟု ဖြစ်သော စိတ်သည် ဝါယောဓာတ်ကို ဖြစ်စေ တတ်သည်။ ထိုစိတ္တဇဝါယောဓာတ် ပျံ့သဖြင့် တစ်ကိုယ် လုံး ရှေ့သို့ တက်သည်ကို သွားသည်။ တစ်ကိုယ်လုံး ထောင်၍ နေသည်ကို ရပ်သည်။ အောက်တစ်ပိုင်း ကွေးလျက် အထက်တစ်ပိုင်း ထောင်လျက်ရှိသည်ကိုသာ ထိုင်သည်။ တစ်ကိုယ်လုံး ဖီလာဆန့် လျက်ရှိ သည်ကိုသာ လျောင်းသည် ဆိုရချေသည်။

(ဃ) ဥပမာကား နွားလေးခုက၍ လှည်းသမား လှည်းနှင်သည်ရှိသော် လှည်းသွား သည်, လှည်း ရပ်သည်ဟူ၍ ခေါ်ဝေါ်သမုတ်ခြင်းမျှသာ ဖြစ်သကဲ့သို့ ထို့အတူ လှည်းသမားနှင့်တူသော သွားလို, ရပ်လို, ထိုင်လို, လျောင်းလိုသော စိတ်သည် နွားနှင့်တူသော စိတ္တဇဝါယောဓာတ်ကို ဖြစ်စေသည်ရှိသော်
၁။ ထို စိတ္တဇဝါယောဓာတ် ပျံ့သဖြင့် လှည်းနှင့်တူသော တစ်ကိုယ်လုံးရှေ့သို့ တက်သည်ကို သွားသည်
၂။ တစ်ကိုယ်လုံး ထောင်၍နေသည်ကိုသာ ရပ်သည်
၃။ အောက်တစ်ပိုင်း ကွေးလျက် အထက်ပိုင်း ထောင်လျက် ရှိသည်ကိုသာ ထိုင်သည်
၄။ တစ်ကိုယ်လုံး ဖီလာဆန့်လျက် ရှိသည်ကိုသာ လျောင်းသည် ဆိုရချေသည်။
တစ်စုံတစ်ယောက်သော သတ္တဝါ ပုဂ္ဂိုလ် သွားသည်, ရပ်သည်, ထိုင်သည်, လျောင်းသည် မရှိဟု အောက်မေ့ခြင်း သတိကိုဖြစ်စေရာသည်။

သစ္စာလေးပါး ခွဲပြချက်

(၁) ဣရိယာပုထ်လေးပါးကို သိမ်းဆည်းတတ်သောသတိသည် ဒုက္ခသစ္စာ မည်၏။
(၂) ထိုဒုက္ခ၏ အကြောင်းရင်း၏ အဖြစ်အားဖြင့် ဖြစ်စေတတ်သော ရှေးဘဝ၌ ပြီးပြီးသော လောဘသည် သမုဒယသစ္စာ မည်၏။
(၃) ထိုသစ္စာနှစ်ပါးတို့၏ မဖြစ်ရာ ချုပ်ရာဖြစ်သော အသင်္ခတဓာတ်နိဗ္ဗာန်သည် နိရောဓသစ္စာ မည်၏။
(၄) ထိုနိရောဓသစ္စာကို အာရုံပြု၍ ဖြစ်သော ကောင်းမွန်လွန်မြတ်သော အကျင့်ဟု ဆိုအပ်သောမဂ္ဂင် တရားကိုယ်ရှစ်ပါးသည် မဂ္ဂသစ္စာ မည်၏။

ဤသို့ သစ္စာလေးပါးတို့၏ အစွမ်းအားဖြင့်လည်း လုံ့လပြု၍ ဘေးငြိမ်းရာနိဗ္ဗာန်သို့ ရောက်သည် သာလျှင် ဖြစ်၏။ ထို့ကြောင့် စတုသစ္စ ကမ္မဋ္ဌာန်းကိုလည်း စီးဖြန်း အားထုတ် ပွားစေရာ၏ ဟူလိုသည်။

[ဤကား ဣရိယာပထပဗ္ဗ၌ အကျဉ်းဖြစ်သော အဓိပ္ပါယ်တည်း။]

ကာယာနုပဿနာ ၃-
သမ္ပဇာနပိုင်း

၃။ သမ္ပဇာနပဗ္ဗ၌ -
(၁) ရှေ့သို့တက်သည်, နောက်သို့ ဆုတ်သည်
(၂) ရှေ့တူရူကြည့်သည်, တစောင်းကြည့်သည်
(၃) ကွေးသည်, ဆန့်သည်
(၄) အဝတ်ပုဆိုး ဝတ်သည်
(၅) စားသည်, သောက်သည်, ခဲသည်, လျက်သည်
(၆) ကျင်ကြီး ကျင်ငယ်စွန့်သည်
(၇) သွားသည်, ရပ်သည်, ထိုင်သည်, အိပ်သည်, နိုးသည်, စကားပြောဆိုသည်, ဆိတ်ဆိတ်နေသည်တို့၏ အစွမ်းအားဖြင့် ဤခုနစ်ပါးသော အရာတို့၌ ပညာ အဆင်အခြင်ဖြင့် ပြုရာသည်။

အဘယ်သို့ ပြုရာသနည်းဟူမူကား -

(က) အလွန်မိုက်သော ပုထုဇဉ်သည် ရှေ့သို့တက်ခြင်း အစရှိသည်တို့၌ ငါသည် ရှေ့သို့ တက်ခြင်းကိုဖြစ်စေတတ်သည်။ ငါသည် ရှေ့သို့တက်သည်။ ငါသည် ရှေ့သို့တက်ခြင်း ကို ဖြစ်စေအပ် သည်ဟု တွေဝေသကဲ့သို့၊ ထို့အတူ မတွေမဝေဘဲ ရှေ့သို့တက်သည်, နောက်သို့ ဆုတ်သည်, တစ်စုံ တစ်ယောက်သောပုဂ္ဂိုလ်သည် မရှိပြီ။ ရှေ့သို့တက်မည်, နောက်သို့ ဆုတ်မည် စိတ်ဖြစ်သည်ရှိသော် ထိုစိတ်နှင့်အတူဖြစ်သော ဝါယောဓာတ် ပျံ့သောအားဖြင့် ကိုယ်ဟု ခေါ်ဝေါ်သမုတ်အပ်သော အရိုးစုသာ ရှေ့သို့ တက်ရ လေသည်။ နောက်သို့ ဆုတ်ရလေသည်။
(၁) ရှေ့သို့ တက်မည်, နောက်သို့ ဆုတ်မည်ဟု ခြေကို ချီကြွခြင်း - ဥဒ္ဓရဏ
(၂) ခြေကို ရှေ့သို့ ဆောင်ခြင်း - အတိဟရဏ
(၃) ခြေကို ထိုမှသည်မှ ဆောင်ခြင်း - ဝီတိဟရဏ
[ကာလသုံးပါးတို့၌ ပထဝီဓာတ်, အာပေါဓာတ်နှစ်ပါးတို့သည် ညံ့ကုန်, အားနည်း ကုန်သည်။ တေဇောဓာတ်, ဝါယောဓာတ် နှစ်ပါးတို့သည် လွန်ကုန်, အားကြီး ကုန်သည်။]
(၄) ခြေကို စွန့်လွတ်ခြင်း - ဝေါသဇ္ဇန
(၅) ခြေကို ချခြင်း - သန္နိက္ခေပန
(၆) ခြေကို မြေနှင့်တကွ ကြပ်ကြပ်နင်းခြင်း - သန္နိရုဇ္ဈန
[ကာလသုံးပါးတို့၌ တေဇောဓာတ်, ဝါယောဓာတ် နှစ်ပါးတို့သည် ညံ့ကုန်, အားနည်း ကုန်သည်။ ပထဝီဓာတ်, အာပေါဓာတ်နှစ်ပါးတို့သည် လွန်ကုန်, အားကြီးကုန်သည်။]

ထိုခြေတစ်လှမ်းကို ခြောက်စု ပြုရာတွင် -
တစ်စုဖြစ်သော ဥဒ္ဓရဏကာလဖြစ်သော နာမ်ရုပ်တရားတို့သည် အတိဟရဏ ကာလသို့ မရောက်ကုန်။
အတိဟရဏကာလ၌ ဖြစ်သော နာမ်ရုပ်တရားသည် ဝီတိဟရဏ, ဝေါသဇ္ဇန, သန္နိက္ခေပနကာလ သို့ မရောက်ကုန်။
သန္နိက္ခေပန ကာလ၌ဖြစ်သော နာမ်ရုပ်တရားတို့သည် သန္နိရုဇ္ဈနကာလသို့ မရောက်ကုန် မူ၍ ထိုထိုသို့သော အဖို့အစုတို့၌သာလျှင် အဆစ်အဆစ် အစပ်အစပ် အဖို့အဖို့ ဖြစ်ကုန်၏။ လောလော ပူသော အိုးကင်း၌ထည့်အပ်သောနှမ်းကဲ့သို့ ဖျစ်ဖျစ်အသံ ပြုကုန်လျက် ပျက်လေ, ချုပ်လေ, ပျောက်လေ ကုန်ရာသည်

(ခ) ရှေ့တူရူကြည့်သည်, တစောင်းကြည့်သည်ကာလ၌လည်း ရှေ့တူရူ ကြည့်သည်, တစောင်း ကြည့်သည် အတွင်း၌ ကိုယ်ဟူ၍ မရှိပြီ။ ရှေ့တူရူ ကြည့်မည်, တစောင်းကြည့်မည်ဟု စိတ်ဖြစ်သည် ရှိသော် ထိုစိတ်နှင့် အတူတကွဖြစ်သော ဝါယောဓာတ်ပျံ့သောအားဖြင့် အောက်မျက်လွှာသည် အောက်သို့ ကျသည်၊ အထက် မျက်လွှာသည် အထက်သို့ တက်သည်ကို ရှေ့တူရူ ကြည့်သည်, တစောင်းကြည့် သည်ဟု ဆိုရချေသည်။ ယန္တရား လှံတံဖြင့် တစ်စုံတစ်ယောက် မျက်လွှာကို ဖွင့်လှစ် ရသည် မရှိပြီ။ စက္ခုဝိညာဉ်ဖြင့် ဒဿနကိစ္စ ကို ပြီးစေလျက် ဖြစ်လေသည်။

(ဂ) လက်ခြေတို့ကို ကွေးသည်, ဆန့်သည်၌လည်း လက်ခြေကို ကွေးတတ်, ဆန့်တတ်သော တစ်စုံတစ်ခုသော ကိုယ်ဟူ၍ မရှိပြီ။ လက်ခြေတို့ကို ကွေးမည်, ဆန့်မည်ဟု စိတ်ဖြစ်သည်ရှိသော် ထိုစိတ်နှင့် အတူတကွဖြစ်သော ဝါယောဓာတ် ပျံ့သောအားဖြင့် ဆွဲငင်သော ယန္တရား ရုပ်သေးလက်ခြေ လှုပ်သကဲ့သို့ ကွေးခြင်း, ဆန့်ခြင်း ဖြစ်လေသည်

(ဃ) အဝတ်ပုဆိုး ဝတ်ရုံသည်၌လည်း အဝတ်ပုဆိုးကို ဝတ်တတ်, ရုံတတ်သော သတ္တဝါကိုယ် မည်သည် မရှိပြီ။ အဝတ်ပုဆိုး ဝတ်လို၌ရုံလိုသော စိတ်ဖြစ်သည် ရှိသော် ထိုစိတ်နှင့် အတူတကွဖြစ် သော စိတ္တဇဝါယောဓာတ် ပျံ့သောအားဖြင့် အဝတ် ပုဆိုး ဝတ်သည်, ရုံသည်ဟု ဖြစ်လေသည်။ အဝတ်ပုဆိုး ကလည်း ငါသည် ကိုယ်ကို ဝတ်ရုံဖုံးလွှမ်းသည်ဟု မသိ၊ ကိုယ်ကလည်း ငါ့ကို အဝတ်ပုဆိုး ဝတ်ရုံဖုံးလွှမ်း လေသည်ဟူ၍ မသိ၊ ညွှန်တစ်စိ ရွှံ့ရုပ်ကို ပုဆိုးကြမ်း ဖုံးလွှမ်းသကဲ့သို့ တစ်ခုသော ဓာတ် သည် တစ်ခုသောဓာတ်ကို ဖုံးလွှမ်းလေသည်

(င) စားသည်, သောက်သည်, ခဲသည်, လျက်သည်၌လည်း စားတတ်, သောက်တတ်, ခဲတတ်, လျက်တတ်သော ကိုယ်, ပုဂ္ဂိုလ်, သတ္တဝါ မည်သည် တစ်စုံတစ်ယောက်မျှ ရှိသည်မဟုတ်။ စားလို, သောက်လို, ခဲလို, လျက်လိုသော စိတ်ဖြစ်သည် ရှိသော် ထိုစိတ်နှင့် အတူတကွဖြစ်သော စိတ္တဇ ဝါယောဓာတ်ပျံ့သဖြင့်သာလျှင် ထမင်းစသည် ကိုယူခြင်းဖြစ်လေသည်။ စိတ္တဇ ဝါယောဓာတ် ပျံ့သဖြင့် ထမင်းခွက်၌ လက်ကိုချခြင်း, ထမင်းလုပ်ကိုဆုပ်ခြင်း, ထမင်းလုပ်ကို ချီကြွခြင်း, ခံတွင်းသို့ ခွံ့သွတ်ခြင်း ဖြစ်လေသည်။ တစ်စုံတစ်ယောက် သံကောက် ယန္တရား လှံတံဖြင့် မေးရိုးကို ဖွင့်မည့်သူရှိသည်မဟုတ်
စိတ္တဇဝါယောဓာတ် ပျံ့သဖြင့်သာလျှင် ထမင်းလုပ် ခံတွင်းဝယ်ထည့်ခြင်း, အထက်သွား တို့၏ ကျည်ပွေ့ကိစ္စကို ပြီးစေခြင်း, အောက်သွားတို့၏ ဆုံကိစ္စကို ပြီးစေခြင်း, လျှာ၏ လက်ကိစ္စကိုပြီးစေ ခြင်းသာ ဖြစ်လေသည်။ ခံတွင်းသို့ ရောက်သော ထမင်းလုပ်ကို အောက်သွားတည်းဟူသော ဆုံ၌ လျှာတည်းဟူသော လက်ဖြင့် လှန်လှော၍ တံတွေးတည်းဟူသော ရေဖြင့် ဆွတ်၍ အထက်သွားတည်း ဟူသော ကျည်ပွေ့ဖြင့် မှုန့်မှုန့်ညက်ညက် ကြိတ်ပြီးလျှင် တစ်စုံတစ်ယောက် ဟင်းချို ယောက်မဖြင့် ဝမ်းတွင်းသို့ သွင်းတတ်သူ ရှိသည်မဟုတ်
စိတ္တဇဝါယောဓာတ် ကြောင့်သာလျှင် ဝင်လေသည်။ ဝင်လေသမျှကိုလည်း တစ်စုံ တစ်ယောက် ကောက်ရိုးခင်း၍ ခံတတ်သူရှိသည်မဟုတ်စိတ္တဇဝါယောဓာတ်၏ အစွမ်းဖြင့်သာ တည်၏။ ဝင်လေ သောထမင်းလုပ်ကိုလည်း တစ်စုံတစ်ယောက် ခုံလောက် ဆောက်ပြီးလျှင် မီးထည့်၍ ချက်ပြုတ်သူရှိ သည်မဟုတ်တေဇော ဓာတ်ဖြင့်သာလျှင် ကျက်ရလေသည်။ ကျက်လေ သမျှကိုလည်း တစ်စုံ တစ်ယောက် တုတ်လှံတံဖြင့် အပသို့ ထုတ်ဆောင် တတ်သူရှိသည်မဟုတ်စိတ္တဇဝါယောဓာတ် သာလျှင် ထုတ်ဆောင်လေသည်။

(စ) ကျင်ကြီးကျင်ငယ် စွန့်သည်၌လည်း ကျင်ကြီးကျင်ငယ် စွန့်တတ်သော ကိုယ်, ပုဂ္ဂိုလ်, သတ္တဝါမည်သည် တစ်စုံ တစ်ယောက်မျှ ရှိသည်မဟုတ်။ ဥပမာကား မှည့်ပြီးသော အိုင်းအမာ ပေါက်ကွဲသည်ရှိသော် သွေး, ပြည် အလိုလိုထွက်သကဲ့သို့၊ ထို့အတူ အစာကျက်အိမ်, ကျင်ငယ်အိမ်၌ စုတေသော ကျင်ကြီးကျင်ငယ်တို့သည် ဝါယောဓာတ် အဟုတ် ဖြစ်သာ အလိုလို အပသို့ ထွက်လေသည်

(ဆ) သွားသည်, ရပ်သည်, ထိုင်သည်၌လည်း တစ်စုံတစ်ယောက် သွားတတ်, ရပ်တတ်, ထိုင်တတ်သော သတ္တဝါ ပုဂ္ဂိုလ် ရှိသည်မဟုတ်။ သွားလို, ရပ်လို, ထိုင်လိုသော စိတ်ကြောင့်ဖြစ်သော ဝါယောဓာတ်ပျံ့သောအားဖြင့် တစ်ကိုယ်လုံး ရှေ့သို့ တက်သည်ကို သွားသည်၊ တစ်ကိုယ်လုံး ထောင်၍ နေသည်ကိုသာ ရပ်သည်၊ အောက်ကိုယ်တစ်ပိုင်းကွေးလျက် အထက်ကိုယ်တစ်ပိုင်း ထောင်လျက်ရှိ သည်ကိုသာ ထိုင်သည်ဟု ဆိုရလေသည်။ သွားဆဲကာလဖြစ်သော ရုပ်နာမ်တရား တို့သည် သွားဆဲ ခဏ ကပင်၊ ရပ်ဆဲကာလဖြစ်သော ရုပ်နာမ်တရားတို့သည် ရပ်ဆဲခဏကပင် ချုပ်လေ ကုန်သည်

(ဇ) အိပ်သည်, နိုးသည်၌လည်း အိပ်တတ်, နှိုးတတ်သော သတ္တဝါ ပုဂ္ဂိုလ် ရှိသည်မဟုတ်ဝီထိစိတ် အခြားမရှိ ဘဝင်စိတ် သက်သက်ဖြစ်သည်ကသာ အိပ်သည်ဘဝင်စိတ်ခြား၍ ဝီထိစိတ်ဖြစ် သည်ကိုသာ နိုးသည် ဆိုရလေသည်။ အိပ်ဆဲ ကာလ ဖြစ်သော နာမ်ရုပ်တရားတို့သည် အိပ်ဆဲခဏ ကပင်, နိုးဆဲ ကာလဖြစ်သော နာမ်ရုပ်တရားတို့သည် အိပ်ဆဲ ခဏကပင် ချုပ်လေကုန်သည်

(ဈ) စကားပြောဆိုသည်, ဆိတ်ဆိတ် နေသည်၌လည်း စကားပြောဆိုတတ်, ဆိတ်ဆိတ်နေ တတ်သော သတ္တဝါ, ပုဂ္ဂိုလ် ရှိသည်မဟုတ်၊ နှုတ်ခမ်း, သွား, လျှာ, အာစောက်, စိတ်အားလျောက်ပတ် သော ပယောဂကိုစွဲ၍ အသံဖြစ်သည်ကိုသာ စကားပြောဆိုသည်, အသံမဖြစ်သည်ကိုသာ ဆိတ်ဆိတ် နေသည် ဆိုရလေသည်။ စကားပြောဆိုသည့် ကာလဖြစ်သော နာမ်ရုပ်တရား တို့သည် စကားပြော ဆိုဆဲခဏကပင်, ဆိတ်ဆိတ်နေသည့် ကာလဖြစ်သော နာမ်ရုပ်တရားတို့သည် ဆိတ်ဆိတ် နေဆဲ ခဏကပင် ချုပ်လေကုန်သည်ဟု ပညာ အဆင်အခြင်ကို ပြုရာသည်။

[ဂတေဌိတေနိသိန္နေ သုတ္တေ ဇာဂရိတေ ဘာသိတေ တုဏှီဘာဝေတို့ကို တစ်ခုသော ကောဋ္ဌသဌာန ယူလေ။]

သမ္ပဇဉ် လေးပါး

သမ္ပဇညတရားကား -
(၁) သာတ္ထကသမ္ပဇည
(၂) သပ္ပါယသမ္ပဇည
(၃) ဂေါစရသမ္ပဇည
(၄) အသမ္မောဟသမ္ပဇည -
ဟူ၍ လေးပါး အပြားရှိသည်။ ထိုလေးပါးတို့တွင် -
(၁) အကျိုးရှိသည် မရှိသည်ကို ဆင်ခြင်ခြင်းသည် သာတ္ထကသမ္ပဇည
(၂) လျောက်ပတ်သည် မလျောက်ပတ်သည်ကို ဆင်ခြင်ခြင်းသည် သပ္ပါယသမ္ပဇည
(၃) ရှေ့သို့တက်ခြင်း, နောက်သို့ ဆုတ်ခြင်း စသော ခုနစ်ပါးသော ဌာနတို့၌ ကမ္မဋ္ဌာန်းနှင့် မကင်းခြင်း သည် ဂေါစရ သမ္ပဇည
(၄) ရှေ့သို့တက်ခြင်း, နောက်သို့ ဆုတ်ခြင်း စသော ခုနစ်ဌာနတို့၌ ရှေ့သို့ တက်တတ်, နောက်သို့ ဆုတ်တတ်သော သတ္တဝါ, ပုဂ္ဂိုလ် ရှိသည်မဟုတ် အစ ရှိသည်ဖြင့် အောက်က ဆိုခဲ့ပြီးသည့်အတိုင်း မတွေ မဝေ ဆင်ခြင်ခြင်းသည် အသမ္မောဟသမ္ပဇည မည်၏။

ထို့ကြောင့် အကျိုးရှိသည် မရှိသည်ကို ဆင်ခြင်၍ အကျိုးရှိမှသာ ရှေ့သို့ တက်ခြင်းစသည် ကိုပြုရာသည်။ အကျိုးပင်ရှိသော်လည်း လျောက်ပတ်သည်, မလျောက်ပတ်သည်ကို ဆင်ခြင်၍ လျောက်ပတ်မှသာ ပြုရာသည်။ အကျိုးရှိသည်, လျောက်ပတ်သည်ဖြစ်၍ ရှေ့သို့တက်ခြင်းစသည်ကို ပြုရာ၌လည်း ကမ္မဋ္ဌာန်းနှင့် မကင်းပြုရာသည်။ ရှေ့သို့တက်တတ်သော ပုဂ္ဂိုလ် သတ္တဝါရှိသည်မဟုတ်
ရှေ့သို့ တက်လိုသော စိတ်ကြောင့်ဖြစ်သော ဝါယောဓာတ် ပျံ့သောအားဖြင့်သာ တစ်ကိုယ်လုံး ရှေ့သို့ တက်ရလေသည် အစရှိသည်ဖြင့် အောက်ကဆိုခဲ့ပြီးသောအတိုင်း မတွေမဝေ ပညာအဆင် အခြင်ကို ပြုရာသည်

သစ္စာလေးပါး ခွဲပြချက်

(၁) သမ္ပဇညကို သိမ်းဆည်းတတ်သော သတိသည် ဒုက္ခသစ္စာမည်၏။
(၂) ထိုဒုက္ခ၏ အကြောင်းရင်း၏ အဖြစ်အားဖြင့် ဖြစ်စေတတ်သော ရှေးဘဝ၌ ပြီးပြီးသော လောဘ သည် သမုဒယသစ္စာ မည်၏။
(၃) ထိုသစ္စာနှစ်ပါးတို့၏ မဖြစ်ရာ ချုပ်ရာဖြစ်သော အသင်္ခတဓာတ် နိဗ္ဗာန်သည် နိရောဓသစ္စာမည်၏။
(၄) ထိုနိရောဓ သစ္စာကို အာရုံပြု၍ ဖြစ်သော ကောင်းမွန် လွန်မြတ်သော အကျင့်ဟု ဆိုအပ်သော မဂ္ဂင် တရားကိုယ်ရှစ်ပါးသည် မဂ္ဂသစ္စာ မည်၏။

ဤသို့ သစ္စာလေးပါးတို့၏ အစွမ်းအားဖြင့် သစ္စကမ္မဋ္ဌာန်းကို လုံ့လပြုရာသည်၊ သစ္စကမ္မဋ္ဌာန်းကို လုံ့လပြု၍လည်း နိဗ္ဗာန်သို့ ရောက်သည်သာလျှင် ဖြစ်၏-ဟူလို သည်။

[ဤကား သမ္ပဇာနပဗ္ဗ၌ အကျဉ်းဖြစ်သော အဓိပ္ပါယ်တည်း။]

ကာယာနုပဿနာ ၄-
ပဋိကူလ မနသိကာရပိုင်း

၆။ ပဋိကူလမနသိကာရပဗ္ဗ ၌ ဆင်ခြင် အောက်မေ့ရာသည်ကား -

(က) အောက်ခြေဖဝါး အပြင်မှသည် အထက်ဆံဖျားတိုင်အောင် ကိုယ်ကို ဆင်ခြင်သည်ရှိသော် အကျော်, ကရမက် အစရှိသော တစ်စုံတစ်ခု အမွှေးအကြိုင်ကို မမြင်။
စင်စစ်သော်ကား -
၁။ ဆံ, အမွှေး, ခြေသည်းလက်သည်, သွား, အရေ
၂။ အသား, အကြော, အရိုး, ခြင်ဆီ, အညှို့
၃။ နှလုံးသား, အသည်း, အမြှေး, အဖျဉ်း, အဆုတ်
၄။ အူမ, အူသိမ်, အစာသစ်, အစာဟောင်း, ဦးနှောက်
၅။ သည်းခြေ, သလိပ်, ပြည်, သွေး, ချွေး, အဆီခဲ
၆။ မျက်ရည်, ဆီကြည်, တံတွေး, နှပ်, အစေး, ကျင်ငယ် -
အားဖြင့် သုံးဆယ့်နှစ်ပါးသော စက်ဆုပ်ရွံရှာဖွယ်အစုအတိသာ ပြည့်လေသည်ဟု ဆင်ခြင်အောက်မေ့ ရာသည်။

(ခ) ဥပမာကား - ကောက်မျိုး, ပဲ, နှမ်း, ဆန်တို့ဖြင့် ပြည့်သော အောက်အထက် အဝနှစ်ဖက် ရှိသော အိတ်ကို ဖြေ၍ ကြည့်သည်ရှိသော် မျက်စိအမြင်ရှိသော ယောကျ်ားသည် "ဤကား သလေး, ဤကား ကောက်, ဤကား ပဲနောက်, ဤကား ပဲလွန်း, ဤကား နှမ်း, ဤကား ဆန်'ဟူ၍ ဆင်ခြင် အောက်မေ့ရာသကဲ့သို့ ထို့အတူ အိတ်ကို ဖြေ၍ ကြည့်သော ယောက်ျားနှင့် တူသော ကမ္မဋ္ဌာန်းကို အားထုတ်စီးဖြန်းသော ယောဂီ သူတော်ကောင်းသည် အဝနှစ်ဖက်ရှိသော အိတ်နှင့် တူသော ကိုယ်ကို အောက်ခြေဖဝါးအပြင်မှသည် အထက်ဆံဖျားတိုင်အောင် ဆင်ခြင်အောက်မေ့သည်ရှိသော် -
၁။ ဤကား ဆံ, ဤကား အမွှေး, ဤကား ခြေသည်းလက်သည်း, ဤကား သွား, ဤကား အရေ
၂။ ဤကား အသား, ဤကား အကြော, ဤကား အရိုး, ဤကား ခြင်ဆီ, ဤကား အညှို့
၃။ ဤကား နှလုံးသား, ဤကား အသည်း, ဤကား အမြှေး, ဤကား အဖျဉ်း, ဤကား အဆုတ်
၄။ ဤကား အူမ, ဤကား အူသိမ်, ဤကား အစာသစ်, ဤကား အစာဟောင်း, ဤကား ဦးနှောက်
၅။ ဤကား သည်းခြေ, ဤကား သလိပ်, ဤကား ပြည်, ဤကား သွေး, ဤကား ချွေး, ဤကား အဆီခဲ
၆။ ဤကား မျက်ရည်, ဤကား ဆီကြည်, ဤကား တံတွေး, ဤကား နှပ်, ဤကား အစေး, ဤကား ကျင်ငယ်- ဟု သုံးဆယ့်နှစ်ပါးသော စက်ဆုပ်ရွံရှာဖွယ် အစုအတိသာ ပြည့်လေသည်ဟု ဆင်ခြင် အောက်မေ့ရာသည်။

သစ္စာလေးပါး ခွဲပြချက်

(၁) ထိုသုံးဆယ့်နှစ်ပါးသော စက်ဆုပ်ရွံရှာဖွယ်အစုကို သိမ်းဆည်းတတ်သော သတိသည် ဒုက္ခသစ္စာ မည်၏။
(၂) ထိုဒုက္ခ၏ အကြောင်းရင်း၏ အဖြစ်အားဖြင့် ဖြစ်စေတတ်သော ရှေးဘဝ၌ ပြီးပြီးသော လောဘ သည် သမုဒယသစ္စာမည်၏။
(၃) ထိုသစ္စာနှစ်ပါးတို့၏ မဖြစ်ရာ ချုပ်ရာဖြစ်သော အသင်္ခတဓာတ်နိဗ္ဗာန်သည် နိရောဓသစ္စာမည်၏။
(၄) ထိုနိရောဓသစ္စာကို အာရုံပြု၍ ဖြစ်သော ကောင်းမွန်လွန်မြတ်သော အကျင့်ဟု ဆိုအပ်သော မဂ္ဂင် တရားကိုယ် ရှစ်ပါးသည် မဂ္ဂသစ္စာမည်၏။

ဤသို့ သစ္စကမ္မဋ္ဌာန်း၏ အစွမ်းအားဖြင့်လည်း အားထုတ်ရာသည်၊ အားထုတ်သည် ရှိသော် ဘေးအပေါင်းငြိမ်းရာ နိဗ္ဗာန်သို့ ရောက်သည်သာလျှင် ဖြစ်၏ - ဟူလိုသတည်း။

[ဤကား ပဋိကူလမနသိကာရပဗ္ဗ၌ အကျဉ်းဖြစ်သော အဓိပ္ပါယ်တည်း။]

ကာယာနုပဿနာ

၅-ဓာတုမနသိကာရပိုင်း

၇။ ဓာတုမနသိကာရပဗ္ဗ၌ ဆင်ခြင်အောက်မေ့သည်ရာသည်ကား -

(က) နွားသတ်သမားတို့သည် နွားကို သတ်ပြီးလျှင် ခရီးလမ်းအဆုံ၌ အပိုင်းပိုင်း လှီးဖြတ် ဝေဖန်ပိုင်းခြား သကဲ့သို့ ထို့အတူ သွားခြင်း, ရပ်ခြင်း, ထိုင်ခြင်း, လျောင်းခြင်း ဣရိယာပုထ် လေးပါးအားဖြင့် တည်သော ငါ၏ကိုယ်၌ -

(၁) ကြမ်းတမ်းခက်ထန်ခြင်းလက္ခဏာ အဆုံးရှိသော ပထဝီဓာတ်
(၂) ပျောင်းညံ့ခြင်း လက္ခဏာရှိသော အာပေါဓာတ်
(၃) ရင့်ခြင်း ကျက်ခြင်းလက္ခဏာရှိသော တေဇောဓာတ်
(၄) တုန်လှုပ် ထောက်ပံ့ခြင်း လက္ခဏာရှိသော ဝါယောဓာတ် -

အားဖြင့် ဤလေးပါးသော ဓာတ်သာရှိသည်ဟု ဓာတ်လေးပါးအားဖြင့် ဆင်ခြင် အောက်မေ့ရာ သည်။ ထိုသို့ အောက်မေ့သည်ရှိသော် သတ္တဝါ, ပုဂ္ဂိုလ်ဟူသော အမှတ် သညာကင်း၍ ဓာတ်လေးပါး ဟူသော အမှတ် သညာသာလျှင် ဖြစ်၏။

(ခ) ဥပမာကား - နွားသတ်သမားတို့သည် နွားမွေးသည့် ကာလ, နွားကို သတ်ရာ အရပ်သို့ ဆောင်ယူသည့် ကာလ, သတ်ရာ အရပ်တွင် ချည်ထားသည့်ကာလ, သတ်သည့် ကာလ, သတ်၍ သေသည့်ကာလ, နွားဟူသော အမှတ်သညာသာ ရှိလေသကဲ့သို့, လှီးဖြတ်၍ အပိုင်းပိုင်း ဝေဖန်ခြားနား သည့်ကာလမှ နွားဟူသော အမှတ်သညာကင်း၍ အမဲဟူသော အမှတ်သညာ, ငါ အမဲရောင်းသည် ဟူသော အမှတ်သညာ, အမဲဝယ်ကြ သည်ဟူသော အမှတ်သညာသာ ရှိသကဲ့သို့၊ ထို့အတူ ဓာတ် လေးပါး အားဖြင့် ဝေဖန်ပိုင်းခြား၍ မဆင်ခြင် မအောက်မေ့မီ သတ္တဝါ, ပုဂ္ဂိုလ်ဟူသော အမှတ်သညာ, ငါဟူသော အမှတ်သညာသာ ရှိလေသည်။ ဓာတ် လေးပါးအားဖြင့် ဝေဖန်ပိုင်းခြားသည့် ကာလမူကား သတ္တဝါ, ပုဂ္ဂိုလ်ဟူသော အမှတ်သညာ, ငါဟူသော အမှတ်သညာ ကင်းပျောက်၍ ဓာတ်လေးပါး ဟူသော အမှတ်သညာသာ ဖြစ်လေသည်။

(၁) ဓာတ်လေးပါးအားဖြင့် ဆင်ခြင် သိမ်းဆည်းတတ်သော သတိသည် ဒုက္ခသစ္စာမည်၏။
(၂) ထိုဒုက္ခ၏အကြောင်းရင်း၏ အဖြစ်အားဖြင့် ဖြစ်စေတတ်သော ရှေးဘဝ၌ ပြီးပြီးသော လောဘ သည် သမုဒယသစ္စာမည်၏။
(၃) ထိုသစ္စာနှစ်ပါးတို့၏ မဖြစ်ရာ ချုပ်ရာဖြစ်သော အသင်္ခတဓာတ်နိဗ္ဗာန်သည် နိရောဓသစ္စာမည်၏။
(၄) ထိုနိရောဓသစ္စာကို အာရုံပြု၍ ဖြစ်သော ကောင်းမွန်လွန်မြတ်သော အကျင့်ဟု ဆိုအပ်သော မဂ္ဂင် တရားကိုယ် ရှစ်ပါးသည် မဂ္ဂသစ္စာမည်၏။

ဤသို့ သစ္စကမ္မဋ္ဌာန်း၏ အစွမ်းအားဖြင့် အားထုတ်၍လည်း ဘေးအပေါင်းငြိမ်းရာ နိဗ္ဗာန်သို့ ရောက်ရာ၏။ ထို့ကြောင့် စတုသစ္စ ကမ္မဋ္ဌာန်း၏ အစွမ်းအားဖြင့်လည်း အားထုတ်ရာသည်။

[ဤကား ဓာတုမနသိကာရပဗ္ဗ၌ အကျဉ်းဖြစ်သော အဓိပ္ပါယ်တည်း။]

ကာယာနုပဿနာ (၆-၁၄)

နဝသိဝထိကပိုင်း

၈။ နဝသိဝထိကပဗ္ဗ ကိုးပါး၌ ဆင်ခြင်အောက်မေ့ရာသည်ကား -

(က) ၁. သေ၍ တစ်ရက်, နှစ်ရက်, သုံးရက်ရှိ၍ သင်္ချိုင်းဝယ်စွန့်ပစ်အပ်သော ဖူးဖူး ရောင်သော အကောင်၊
၂. အဖြူအနီစသော အဆင်းတို့ဖြင့် ရောသော အဆင်းရှိသော များသောအားဖြင့် ညိုသော အဆင်းရှိသော စက်ဆုပ်ဖွယ်ရှိသော အကောင်၊
၃. ပေါက်ပြဲပျက်စီးသော အရပ်တို့မှလည်းကောင်း, ကိုးပါးသော အမာဝ အပေါက် တို့မှ လည်းကောင်း ယိုစီးသော ပြည်ရှိသော စက်ဆုပ်ဖွယ်ရှိသော အကောင်ကို မြင်သည့် ကာလ, ငါ၏ကိုယ်သည်လည်း ဇီဝိတိန္ဒြေ, ကမ္မဇတေဇောဓာတ် ဝိညာဏ် ဟူသော ဤ တရားသုံးပါးတို့၏ထင်ရှားရှိသည့်ကာလ သွားခြင်း, ထိုင်ခြင်း, ရပ်ခြင်း, လျောင်းခြင်း စသည်ကို ပြုခြင်းငှါ တတ်နိုင်ချေသည်။ ဇီဝိတိန္ဒြေ, ကမ္မဇ တေဇောဓာတ်, ဝိညာဏ် ဟူသောတရားသုံးပါး ကင်းသည်ရှိသော် ဤကဲ့သို့ အကောင် ပုပ်အဖြစ်သို့ မချွတ်ရောက် အံ့သည်။ ဤကဲ့သို့ ဥဒ္ဓုမာတကစသည် အပြားရှိသော အဖြစ်စသည် မချွတ်ဖြစ်အံ့သည်၊ ဤကဲ့သို့ ဖူးဖူးရောင်သော အကောင်ပုပ်အဖြစ်သည် အပြားရှိသောအဖြစ်ကို မလွန်ဆန် နိုင်ချေ။ စင်စစ် အကောင်ပုပ် အဖြစ်သို့ ရောက်အံ့ သည်ဟု ဆင်ခြင် အောက်မေ့ရာသည်။

(ခ) သင်္ချိုင်းဝယ်စွန့်ပစ်၍ ကျီး, လင်းတ, ခွေး, မြေခွေးအစရှိသော သတ္တဝါတို့ ထိုးဆွကိုက်ခဲ သော အကောင်ကို မြင်သည့်ကာလလည်း ငါ၏ကိုယ်သည် တရား သုံးပါးရှိသည်ကာလ သွားခြင်းစသည် ကိုပြုခြင်းငှါ တတ်နိုင်ချေသည်။ တရားသုံးပါး ကင်းသည်ရှိသော် ဤကဲ့သို့ အကောင်ပုပ်အဖြစ် ဥဒ္ဓုမာတက စသည်အဖြစ်ကို မချွတ်ဖြစ်အံ့, ရောက်အံ့, မလွန်ဆန်နိုင်ချေအံ့ ဟု ဆင်ခြင်အောက်မေ့ ရာသည်။

(ဂ) သင်္ချိုင်းဝယ်စွန့်ပစ်အပ်သော အသွေး, အသားနှင့်တကွ အကြောမပြတ်သေးသော အရိုးစု သာရှိသော အကောင်ကို မြင်သည် ကာလလည်း ငါ၏ကိုယ်သည်လည်း တရားသုံးပါးရှိစဉ် ကာလသာ လျှင် သွားခြင်းစသည်ကို ဖြစ်စေနိုင်ချေသည်။ တရား သုံးပါးကင်းသည့်ကာလ ဤကဲ့သို့ မချွတ်ဖြစ်အံ့ သည်ဟု ဆင်ခြင် အောက်မေ့ ရာသည်။

(ဃ) သင်္ချိုင်းဝယ်စွန့်ပစ်အပ်သော အသားမကပ်, အသွေးလိမ်းကျံ၍ အကြောမပြတ် သေးသော အရိုးစုကို မြင်သည့်ကာလလည်း ဤကဲ့သို့ မချွတ်ဖြစ်အံ့သည်ဟု ဆင်ခြင်အောက်မေ့ရာသည်။

(င) သင်္ချိုင်းဝယ်စွန့်ပစ်အပ်သော အသား, အသွေးမကပ် အကြောမပြတ်သေးသော အရိုးစုကို မြင်သည့်ကာလလည်း ငါ၏ကိုယ်သည်လည်း ဤကဲ့သို့ မချွတ်ဖြစ်အံ့ သည်ဟု ဆင်ခြင် အောက်မေ့ခြင်း သတိ တရားကို ဖြစ်စေရာသည်။

(စ) သင်္ချိုင်းဝယ် စွန့်ပစ်အပ်သော -
(၁) ခြောက်ဆယ့်လေးချောင်းသော လက်ရိုး၊
(၂) ခြောက်ဆယ့်လေးချောင်းသော ခြေရိုး၊
(၃) တစ်ဘက်တစ်ဘက်သော ခြေ၌နှစ်ချောင်း, နှစ်ချောင်းသော ဖမျက်ရိုး၊
(၄) နှစ်ချောင်း, နှစ်ချောင်းသော မြင်းခေါင်းရိုး၊
(၅) တစ်ချောင်း, တစ်ချောင်းသော ပုဆစ်ရိုး၊
(၆) တစ်ချောင်း, တစ်ချောင်းသော ပေါင်ရိုး၊
(၇) နှစ်ချောင်း, နှစ်ချောင်းသော ခါးရိုး၊
(၈) နှစ်ဆယ့်လေးချောင်းသော နံရိုး၊
(၉) တစ်ဆယ့်နှစ်ချောင်းသော ကျောရိုး၊
(၁၀) နှစ်ချောင်းသော လက်ပြင်ရိုး၊
(၁၁) ခုနစ်ဆစ်သော လည်ရိုး၊
(၁၂) နှစ်ချောင်းသော မေးရိုး၊
(၁၃) သုံးဆယ့်နှစ်ချောင်းသော သွားရိုး၊
(၁၄) ကိုးချောင်းသော ဦးခေါင်းခွံရိုး၊
ဖရိုဖရဲ အသီးသီး အကွဲကွဲရှိသော အရိုးတို့ကို မြင်သည့်ကာလလည်း ငါ၏ ကိုယ်သည်လည်း ဤကဲ့သို့ မချွတ်ဖြစ်အံ့ သည်ဟု ဆင်ခြင်အောက်မေ့ရာသည်။

(ဆ) သင်္ချိုင်းဝယ် စွန့်ပစ်အပ်သော ခရုသင်းနှင့်အတူ ဖွေးဖွေးဖြူသော အရိုးစုကို မြင်သည့် ကာလလည်း ငါ၏ကိုယ်သည်လည်း ဤကဲ့သို့ မချွတ်ဖြစ်အံ့သည်ဟု ဆင်ခြင်အောက်မေ့ သိမ်းဆည်း ခြင်း သတိတရားကို ဖြစ်စေရာသည်။

(ဇ) သင်္ချိုင်းဝယ် စွန့်ပစ်အပ်သော နှစ်လည်ခါကျူး လွင်တီးခေါင်၌ လေနေပူ အတွေ့တို့ဖြင့် တွေ့ကုန်လျက် ဟောင်းမြင်း၍ စုပုံထားအပ်သော အရိုးစုကို မြင်သည့် ကာလလည်း ငါ၏ကိုယ်သည် လည်း ဤကဲ့သို့ မချွတ်ဖြစ်အံ့သည်ဟု ဆင်ခြင် အောက်မေ့ရာသည်။

(ဈ) သင်္ချိုင်းဝယ်စွန့်ပစ်အပ်သော ပုပ်ဆွေး၍ မှုန့်မှုန့်ညက်ညက် ဖြစ်လေပြီးသော အရိုးစုကို မြင်သည့်ကာလလည်း ငါ၏ကိုယ်သည်လည်း ဤကဲ့သို့ ပုပ်ဆွေး၍ မှုန့်မှုန့် ညက်ညက် မချွတ်ဖြစ်အံ့ သည်ဟု ဆင်ခြင် သိမ်းဆည်းခြင်း သတိတရားကိုဖြစ်ပွား စေရာသည်။

သစ္စာလေးပါး ခွဲပြချက် (နဝသိဝထိက)

(၁) နဝသိဝထိက ကိုးပါးကို အောက်မေ့ သိမ်းဆည်းတတ်သောသတိသည် ဒုက္ခသစ္စာမည်၏။
(၂) ထိုဒုက္ခ၏အကြောင်းရင်း၏ အဖြစ်အားဖြင့် ဖြစ်စေတတ်သော ရှေးဘဝ၌ ပြီးပြီးသော လောဘ သည် သမုဒယသစ္စာမည်၏။
(၃) ထိုသစ္စာနှစ်ပါးတို့၏ မဖြစ်ရာ ချုပ်ရာဖြစ်သော အသင်္ခတဓာတ်နိဗ္ဗာန်သည် နိရောဓသစ္စာမည်၏။
(၄) ထိုနိရောဓသစ္စာကို အာရုံပြု၍ဖြစ်သော ကောင်းမွန် လွန်မြတ်သော အကျင့်ဟု ဆိုအပ်သော မဂ္ဂင် တရားကိုယ် ရှစ်ပါးသည် မဂ္ဂသစ္စာမည်၏။

ထိုသစ္စာလေးပါးတို့၏ အစွမ်းအားဖြင့်လည်း လုံ့လပြု၍ ဘေးအပေါင်းငြိမ်းရာ နိဗ္ဗာန်သို့ ရောက် သည်သာ ဖြစ်၏။ ထို့ ကြောင့် သစ္စကမ္မဋ္ဌာန်း၏ အစွမ်းအားဖြင့် လည်း လုံ့လပြုရာသည်။

[ဤကား နဝသိဝထိကပဗ္ဗ ကိုးပါး၌ အကျဉ်းဖြစ်သော အဓိပ္ပါယ်တည်း။]

တစ်ဆယ့်လေးပါး အပြားရှိသော ကာယာနုပဿနာ သတိပဋ္ဌာန်ပြီး၏။

ဝေဒနာနုပဿနာ

၉။ ဝေဒနာနုပဿနာ သတိပဋ္ဌာန်၌ -

(က) ဥပမာကား ပက်လက် အိပ်တတ်ကာမျှဖြစ်သော သူငယ်သည် နို့ကိုစို့ခြင်းစသော ကာလ၌ ချမ်းသာကိုခံစားရသည်ရှိသော် ငါသည် ချမ်းသာခြင်းသုခဝေဒနာကို ခံစား၏ဟု အကယ်၍ကား သိ၏။ ထိုသို့သိငြားသော်လည်း ထိုသူငယ်၏ သိခြင်း သည် သတ္တဝါဟူသော အယူကိုလည်း မစွန့်၊ သတ္တဝါ ဟူသော အမှတ်သညာကိုလည်း မခွါ၊ ကမ္မဋ္ဌာန်းလည်း မဖြစ်၊ သတိပဋ္ဌာန်ကို ပွားစေသည်လည်း မမည်။

သုခဝေဒနာစသော ကိုးပါးသော ဝေဒနာကို အောက်မေ့ သိမ်းဆည်းသော ယောဂီ ပုဂ္ဂိုလ်၏ သုခဝေဒနာစသည်ကို ခံစားသည်ရှိသော် ငါ သုခဝေဒနာ စသည်ကို ခံစား၏ဟု သိခြင်းသည် သတ္တဝါ ဟူသော အယူဝါဒကိုလည်း စွန့်သည်။ သတ္တဝါ ဟူသော အမှတ်သညာကိုလည်း ခွါသည်။ ကမ္မဋ္ဌာန်းလည်း ဖြစ်သည်။ သတိပဋ္ဌာန် တရားကို ပွားစေသည်လည်း မည်သည်။

(ခ) ထိုဝေဒနာသည်ကား သုခဝေဒနာ, ဒုက္ခဝေဒနာ, ဥပေက္ခာဝေဒနာဟူ၍ သုံးပါးအပြား ရှိသည်သာလျှင် ဖြစ်၏။ ထိုသုံးပါးတို့တွင် -

(၁) ဣဋ္ဌာရုံကို ခံစားခြင်းလက္ခဏာရှိသော ဝေဒနာသည် သုခဝေဒနာ မည်၏။
(၂) အနိဋ္ဌာရုံကို ခံစားခြင်း လက္ခဏာရှိသော ဝေဒနာသည် ဒုက္ခဝေဒနာ မည်၏။
(၃) ဣဋ္ဌမဇ္ဈတ္တာရုံကို ခံစားခြင်း လက္ခဏာရှိသော ဝေဒနာသည် ဥပေက္ခာဝေဒနာ မည်၏။

(ဂ) သုခဝေဒနာသည်လည်း သာမိသသုခဝေဒနာ, နိရာမိသသုခဝေဒနာဟူ၍ နှစ်ပါး အပြားရှိ၏။ ထိုနှစ်ပါးတို့တွင် -
(၁) အလိုရှိအပ်သော ရူပါရုံအစရှိသည်ကို ရလျှင် ငါရပေသည်။ ရပြီးသည်ကို ငါလည်း ရပေပြီဟု အောက်မေ့သော သူအား ဖြစ်သော သုခဝေဒနာသည် ကာမဂုဏ် ငါးပါးဟူသော အာမိသနှင့် စပ်ယှဉ်သော ကြောင့် သာမိသသုခ ဝေဒနာမည်၏။
(၂) ရူပါရုံ စသည်တို့၏အနိစ္စသဘောကို မြင်၍ ယခုဖြစ်ဆဲ ရှေးက ဖြစ်ပြီးသော ရူပါရုံစသည်တို့သည် အနိစ္စ သဘောရှိကုန်၏ဟု အောက်မေ့သောသူအားဖြစ်သော သုခဝေဒနာသည် ကာမဂုဏ် ငါးပါး ဟူသော အာမိသနှင့် မစပ်ယှဉ်သောကြောင့် နိရာမိသသုခဝေဒနာ မည်၏။

(ဃ) ဒုက္ခဝေဒနာသည်လည်း သာမိသဒုက္ခဝေဒနာ, နိရာမိသဒုက္ခဝေဒနာ ဟူ၍နှစ်ပါး အပြားရှိ၏။ ထိုနှစ်ပါးတို့တွင် -
(၁) အလိုရှိအပ်သော ရူပါရုံ အစရှိသည်ကိုမရလျှင် မရပါလေ၊ ရပြီး၍ ပျောက်ပျက် သည်ကိုလည်း ပျောက်ပျက်ခဲ့သည်ဟု အောက်မေ့သော သူအား ဖြစ်သော ဒုက္ခ ဝေဒနာသည် ကာမဂုဏ်ငါးပါး ဟူသော အာမိသနှင့် စပ်ယှဉ်သောကြောင့် သာမိသဒုက္ခဝေဒနာမည်၏။
(၂) ရူပါရုံ စသည်တို့၏ အနိစ္စသဘောကို မြင်၍ အရိယဖိုလ်ကို တောင့်တ၍ရအောင် အနိစ္စ သဘောအားဖြင့် စီးဖြန်းအားထုတ်၍ မရနိုင်သောကြောင့် နှလုံးမသာယာခြင်း ရှိသောသူ အားဖြစ်သော ဒုက္ခဝေဒနာသည် ကာမဂုဏ်ငါးပါးဟူသော အာမိသနှင့် မစပ်ယှဉ်သောကြောင့် နိရာမိသဒုက္ခဝေဒနာ မည်၏။

(င) ဥပေက္ခာဝေဒနာသည်လည်း သာမိသဥပေက္ခာဝေဒနာ, နိရာမိသဥပေက္ခာဝေဒနာ ဟူ၍ နှစ်ပါးအပြား ရှိ၏။ ထိုနှစ်ပါး တို့တွင်-
(၁) အလိုရှိအပ်သော ရူပါရုံ အစရှိသည်တို့ကို အာရုံပြု၍ ဗာလပုထုဇဉ်အား ဖြစ်သော ဥပေက္ခာဝေဒနာ သည် ကာမဂုဏ်ငါးပါးဟူသော အာမိသနှင့် စပ်ယှဉ် သောကြောင့် သာမိသဥပေက္ခာ ဝေဒနာ မည်၏။
(၂) ရူပါရုံ အစရှိသည်တို့၏အနိစ္စသဘောကို မြင်၍ ယခုဖြစ်ဆဲ ရှေးက ဖြစ်ပြီးသော ရူပါရုံ အစရှိ သည်တို့သည် အနိစ္စသဘောသာ ရှိကုန်၏ဟု အောက်မေ့သောသူအား ဖြစ်သော ဥပေက္ခာဝေဒနာသည် ကာမဂုဏ်ငါးပါး ဟူသော အာမိသနှင့် မစပ်ယှဉ်သောကြောင့် နိရာမိသဥပေက္ခာ ဝေဒနာမည်၏။

(စ) ထိုဆိုခဲ့ပြီးသော သုခဝေဒနာ စသော ကိုးပါးအပြားရှိသော ဝေဒနာတို့တွင် တစ်ပါးပါးသော ဝေဒနာကို ခံစားသည့် ကာလ တစ်စုံတစ်ယောက်သော ဝေဒနာကို ခံစားတတ်သောသတ္တဝါ၊ ပုဂ္ဂိုလ် မည်သည် မရှိ၊ သုခဝေဒနာရှိသော ဝေဒနာတို့၏ အာရုံပြု၍ ဝေဒနာခံစားလေသည်။ ထိုသို့ ဝေဒနာ ဖြစ်သည်ဟုသာစွဲ၍ ငါ ဝေဒနာ ခံစားသည်ဟု ခေါ်ဝေါ် သမုတ်ခြင်း ဖြစ်လေသည်။

တစ်နည်းကား -
(၁) သုခဝေဒနာကို ခံစားသည့်ကာလ ဒုက္ခဝေဒနာ, ဥပေက္ခာဝေဒနာကို မခံစား။
(၂) ဒုက္ခဝေဒနာကို ခံစားသည့်ကာလ သုခဝေဒနာ, ဥပေက္ခာဝေဒနာကို မခံစား။
(၃) ဥပေက္ခာဝေဒနာကို ခံစားသည့်ကာလ သုခဝေဒနာ, ဒုက္ခဝေဒနာကို မခံစား။

ထို့ကြောင့် သုခဝေဒနာ, ဒုက္ခဝေဒနာ, ဥပေက္ခာဝေဒနာတို့သည် ကုန်ခြင်း, ပျက်ခြင်း, ဖောက်ပြန်ခြင်း သဘော ရှိကုန်သည် ဖြစ်၍ အနိစ္စသဘောသာ ဖြစ်ကုန်၏ဟု ဆင်ခြင် အောက်မေ့ရာသည်။ ထို့သို့ ဆင်ခြင် အောက်မေ့သည်ကိုသာ -

(၁) သုခဝေဒနာကို ခံစားသည်ရှိသော် ငါ သုခဝေဒနာကို ခံစားသည်ဟု သိ၏။
(၂) ဒုက္ခဝေဒနာကို ခံစားသည်ရှိသော် ငါ ဒုက္ခဝေဒနာကို ခံစားသည်ဟု သိ၏။
(၃) ဥပေက္ခာဝေဒနာကို ခံစားသည်ရှိသော် ငါ ဥပေက္ခာဝေဒနာကို ခံစားသည်ဟု သိ၏။
(၄) သာမိသသုခဝေဒနာကို ခံစားသည်ရှိသော် ငါ သာမိသသုခဝေဒနာကို ခံစား သည်ဟု သိ၏။
(၅) သာမိသဒုက္ခဝေဒနာကို ခံစားသည်ရှိသော် ငါသာမိသဒုက္ခဝေဒနာကို ခံစား သည်ဟု သိ၏။
(၆) သာမိသဥပေက္ခာဝေဒနာကို ခံစားသည်ရှိသော် ငါ သာမိသဥပေက္ခာဝေဒနာကို ခံစားသည်ဟု သိ၏။
(၇) နိရာမိသသုခဝေဒနာကို ခံစားသည်ရှိသော် ငါ နိရာမိသသုခဝေဒနာကို ခံစား သည်ဟု သိ၏။
(၈) နိရာမိသဒုက္ခဝေဒနာကို ခံစားသည်ရှိသော် ငါ နိရာမိသဒုက္ခဝေဒနာကို ခံစား သည်ဟု သိ၏။
(၉) နိရာမိသဥပေက္ခာဝေဒနာကို ခံစားသည်ရှိသော် ငါ နိရာမိသဥပေက္ခာ ဝေဒနာ ကို ခံစားသည်ဟု သိ၏ ဆိုလေသတည်း။

(ဆ) ထို့ကြောင့် သုခဝေဒနာ အစရှိသည်တို့ကို ခံစားသည်ရှိသော် ငါ ခံစား၏ဟု သိကာမျှကို မဆိုလို။ ထိုသို့ သိခြင်း သည်ကား ပက်လက်အိပ်တတ်ကာမျှသာဖြစ်သော သူငယ်သည်ပင် အမိနို့ကို စို့သောကာလ ငါ သုခဝေဒနာကို ခံစားသည်ဟု သိ၏။ ထိုသို့ သိခြင်းကိုသတ္တဝါဟူသော အယူအမှတ် သညာ မကင်းသောကြောင့် မလိုအပ်။ သုခဝေဒနာ အစရှိသော ဝေဒနာကို ခံစားသည့်ကာလ တစ်စုံတစ်ယောက်သော ဝေဒနာကို ခံစားတတ်သောသတ္တဝါ ပုဂ္ဂိုလ်မည်သည် မရှိသည်ကိုပင် အောက်က ပြဆိုခဲ့သည့်အတိုင်း ဆင်ခြင်အောက်မေ့သည်ကိုသာ သတ္တဝါ, ပုဂ္ဂိုလ်ဟူသော အမှတ် သညာ အယူကင်းသောကြောင့် လိုအပ်သည်။

သစ္စာလေးပါး ခွဲပြချက် (ဝေဒနာနုပဿနာ)

(၁) ဝေဒနာကို အောက်မေ့ သိမ်းဆည်းတတ်သောသတိသည် ဒုက္ခသစ္စာမည်၏။
(၂) ထိုဒုက္ခ၏အကြောင်းရင်း၏ အဖြစ်အားဖြင့် ဖြစ်စေတတ်သော ရှေးဘဝ၌ ပြီးပြီးသော လောဘ သည် သမုဒယသစ္စာ မည်၏။
(၃) ထိုသစ္စာနှစ်ပါးတို့၏ မဖြစ်ရာ ချုပ်ရာဖြစ်သော အသင်္ခတဓာတ်နိဗ္ဗာန်သည် နိရောဓသစ္စာ မည်၏။
(၄) ထိုနိရောဓသစ္စာကို အာရုံပြု၍ ဖြစ်သော ကောင်းမွန် လွန်မြတ်သော အကျင့်ဟု ဆိုအပ်သော မဂ္ဂင်တရားကိုယ် ရှစ်ပါးသည် မဂ္ဂသစ္စာ မည်၏။

ဤသို့ သစ္စာလေးပါးတို့၏ အစွမ်းအားဖြင့် အားထုတ်၍လည်း နိဗ္ဗာန်သို့ ရောက်သည် သာလျှင် ဖြစ်၏။ ထို့ကြောင့် စတုသစ္စကမ္မဋ္ဌာန်း အစွမ်းအားဖြင့်လည်း အားထုတ် ရာသည်။

[ဤကား ကိုးပါးအပြားရှိသော ဝေဒနာနုပဿနာ သတိပဋ္ဌာန်၏ အကျဉ်းဖြစ်သော အဓိပ္ပါယ်တည်း။]

ဝေဒနာနုပဿနာသတိပဋ္ဌာန် ပြီး၏။

စိတ္တာနုပဿနာ

၁၀။ စိတ္တာနုပဿနာ သတိပဋ္ဌာန်၌ စိတ်သည် -

(က) သရာဂစိတ်ဝီတရာဂစိတ်
(ခ) သဒေါသစိတ်ဝီတဒေါသစိတ်
(ဂ) သမောဟစိတ်ဝီတမောဟစိတ်
(ဃ) သံခိတ္တစိတ်ဝိက္ခိတ္တစိတ်
(င) မဟဂ္ဂတစိတ်အမဟဂ္ဂတစိတ်
(စ) သဥတ္တရစိတ်အနုတ္တရစိတ်
(ဆ) သမာဟိတစိတ်အသမာဟိတစိတ်
(ဇ) ဝိမုတ္တစိတ်အဝိမုတ္တစိတ် -

ဟူ၍ တစ်ဆယ့်ခြောက်ပါး အပြားရှိသည် သာလျှင် ဖြစ်၏။ ထိုတစ်ဆယ့်ခြောက်ပါး တို့သည် -

(၁) ရာဂနှင့်ယှဉ်သော လောဘမူစိတ်ရှစ်ခုသည် သရာဂစိတ် မည်၏။
(၂) ရာဂနှင့်ကင်းသော လောကီကုသိုလ် သတ္တရသ, လောကီဝိပါက် ဗာတ္တိံသ, ကြိယာစိတ် ဝီသ အားဖြင့် တစ်ခုယုတ် ခုနစ်ဆယ်သော လောကီကုသိုလ် အဗျာကတ စိတ်သည် ဝီတရာဂစိတ် မည်၏။

ဤစိတ်ကို အောက်မေ့ သိမ်းဆည်းခြင်း သည်ကား အကြင့်ကြောင့် လောကီဖြစ်သော စိတ်တို့၏ အပေါင်းသည်သာလျှင် ဖြစ်၏။ ထို့ကြောင့် စိတ္တာနုပဿနာ သတိပဋ္ဌာန် အရာဝယ် တစ်ခုသော ပုဒ်၌မျှသော်လည်း လောကုတ္တရာစိတ်ကို မရအပ်သည်သာ လျှင်တည်း။ လောဘမူစိတ်ရှစ်ခုမှ ကြွင်းသော ဒေါသမူဒွေ, မောဟမူဒွေ အားဖြင့် ဤလေးပါးသော အကုသိုလ်စိတ်တို့သည် သရာဂပုဒ်သို့လည်း မဆည်းမကပ် မဝင်ကုန်၊ ဝီတရာဂပုဒ်သို့လည်း မဆည်းမကပ် မဝင်ကုန်ဟု မှတ်အပ်၏ ဟူလိုသည်။

(၃) ဒေါသနှင့်ယှဉ်သော ဒေါမနဿသဟဂုတ်စိတ်နှစ်ခုသည် သဒေါသစိတ် မည်၏။
(၄) ဒေါသနှင့် မယှဉ်သော ဆိုအပ်ပြီးသော လောကီကုသိုလ် အဗျာကတစိတ်သည် ဝီတဒေါသစိတ် မည်၏။ သဒေါသစိတ်မှကြွင်းသော လောဘမူစိတ်ရှစ်ခု မောဟမူစိတ် နှစ်ခုအားဖြင့် ဤဆယ်ခု သော အကုသိုလ်စိတ်တို့သည် သဒေါသပုဒ်, ဝီတဒေါသပုဒ် နှစ်ပါးတို့သို့ မဆည်းမကပ် မဝင်ကုန် ဟူလို။
(၅) မောဟနှင့်ယှဉ်သော အကုသိုလ်စိတ် တစ်ဆယ့်နှစ်ခုတို့သည် သမောဟစိတ် မည်၏။
(၆) မောဟနှင့်ကင်းသော ဆိုခဲ့ပြီးသော လောကီကုသိုလ် အဗျာကတစိတ်သည် ဝီတမောဟစိတ် မည်၏။
(၇) ထိနမိဒ္ဓနှင့်ယှဉ်သော အကုသိုလ်စိတ် သသင်္ခါရိကစိတ် ငါးခုသည် သံခိတ္တစိတ် မည်၏။
(၈) ပျံ့လွင့်သော ဥဒ္ဓစ္စသဟဂုတ်စိတ်သည် ဝိက္ခိတ္တစိတ် မည်၏။
(၉) ရူပါဝစရစိတ် ပန္နရသ အရူပါဝစရစိတ် ဒွါဒသအားဖြင့် ဤနှစ်ဆယ့်ခုနစ်ခုသော စိတ်သည် မဟဂ္ဂတစိတ် မည်၏။
(၁၀) ငါးဆယ့်လေးပါး အပြားရှိသော ကာမာဝစရစိတ်သည် အမဟဂ္ဂတစိတ် မည်၏။
(၁၁) ဆိုခဲ့ပြီးသော အပြားရှိသော ကာမာဝစရစိတ်သည် သဥတ္တရစိတ် မည်၏။
(၁၂) ဆိုခဲ့ပြီးသော အပြားရှိသော ရူပါဝစရစိတ်, အရူပါဝစရစိတ်သည် အနုတ္တရစိတ် မည်၏။

[ရူပါဝစရစိတ်, အရူပါဝစရစိတ်တို့တွင် ရူပါဝစရစိတ်သည် သဥတ္တရစိတ် မည်၏။ အရူပါဝစရ စိတ်သည် အနုတ္တရစိတ်မည်၏။]

(၁၃) အပ္ပနာသမာဓိ, ဥပစာရသမာဓိနှင့် ယှဉ်သောစိတ်သည် သမာဟိတစိတ် မည်၏။
(၁၄) ဆိုခဲ့ပြီးသော သမာဓိနှင့် မယှဉ်သောစိတ်သည် အသမာဟိတစိတ်မည်၏။
(၁၅) တဒင်္ဂဝိမုတ္တိ, ဝိက္ခမ္ဘနဝိမုတ္တိအားဖြင့် ကိလေသာတို့မှ လွတ်သောစိတ်သည် ဝိမုတ္တစိတ် မည်၏။
(၁၆) တဒင်္ဂဝိမုတ္တိ, ဝိက္ခမ္ဘနဝိမုတ္တိအားဖြင့် ကိလေသာတို့မှ မလွတ်သော စိတ်သည် အဝိမုတ္တစိတ် မည်၏။

ထိုဆိုခဲ့ပြီးသော တစ်ဆယ့်ခြောက်ပါးအပြားရှိသော စိတ်တို့တွင် -

(က) သရာဂစိတ်ကို ဤကား သရာဂစိတ်
(ခ) ဝီတရာဂစိတ်ကို ဤကား ဝီတရာဂစိတ်
(ဂ) သဒေါသစိတ်ကို ဤကား သဒေါသစိတ်
(ဃ) ဝီတဒေါသစိတ်ကို ဤကား ဝီတဒေါသစိတ်
(င) သမောဟစိတ်ကို ဤကား သမောဟစိတ်
(စ) ဝီတမောဟစိတ်ကို ဤကား ဝီတမောဟစိတ်
(ဆ) သံခိတ္တစိတ်ကို ဤကား သံခိတ္တစိတ်
(ဇ) ဝိက္ခိတ္တစိတ်ကို ဤကား ဝိက္ခိတ္တစိတ် -

ဤသို့ စသည်ဖြင့် ဆင်ခြင်အောက်မေ့ရာသည်။

သစ္စာလေးပါး ခွဲပြချက် (စိတ္တာနုပဿနာ)

(၁) တစ်ဆယ့်ခြောက်ပါး အပြားအားဖြင့် စိတ်ကိုအောက်မေ့ သိမ်းဆည်း တတ်သော သတိသည် ဒုက္ခသစ္စာမည်၏။
(၂) ထိုဒုက္ခ၏ အကြောင်းရင်း၏ အဖြစ်အားဖြင့် ဖြစ်စေတတ်သော ရှေးဘဝ၌ ပြီးပြီးသော လောဘသည် သမုဒယသစ္စာမည်၏။
(၃) ထိုသစ္စာနှစ်ပါးတို့၏ မဖြစ်ရာချုပ်ရာဖြစ်သော အသင်္ခတ ဓာတ်နိဗ္ဗာန်သည် နိရောဓသစ္စာ မည်၏။
(၄) ထိုနိရောဓ သစ္စာကို အာရုံပြု၍ ဖြစ်သော ကောင်းမွန် လွန်မြတ်သော အကျင့်ဟု ဆိုအပ်သော မဂ္ဂင်တရားကိုယ်ရှစ်ပါးသည် မဂ္ဂသစ္စာမည်၏။

သစ္စာလေးပါးတို့၏ အစွမ်းအားဖြင့် လုံ့လပြု၍ နိဗ္ဗာန်သို့ ရောက်သည်သာလျှင် ဖြစ်၏။ ထို့ကြောင့် သစ္စာလေးပါးတို့၏ အစွမ်းအားဖြင့်လည်း စီးဖြန်း အားထုတ် ရာသည်။

[ဤကား စိတ္တာနုပဿနာ သတိပဋ္ဌာန်၏ အကျဉ်းဖြစ်သောအဓိပ္ပါယ်တည်း။]

စိတ္တာနုပဿနာ သတိပဋ္ဌာန် ပြီး၏။

ဓမ္မာနုပဿနာ

၁-နီဝရဏပိုင်း

၁၁။ ဓမ္မာနုပဿနာ သတိပဋ္ဌာန်၌ -

(၁) နီဝရဏပဗ္ဗ
(၂) ခန္ဓပဗ္ဗ
(၃) အာယတနပဗ္ဗ
(၄) ဗောဇ္ဈင်္ဂပဗ္ဗ -

ဟူ၍ ငါးပါးအပြားရှိသည်သာလျှင် ဖြစ်၏။ ( မှတ်ချက်။ ပေးထားသည့်စာတွင် ၄ ပါးသာပါသော်လည်း စာသားအတိုင်း "ငါးပါးအပြား" ဟု ဖော်ပြထားပါသည်။ )

ထိုငါးပါးသော ပဗ္ဗတို့တွင် နီဝရဏပဗ္ဗနီဝရဏတရားသည် -

(၁) ကာမစ္ဆန္ဒနီဝရဏ
(၂) ဗျာပါဒနီဝရဏ
(၃) ထိနမိဒ္ဓနီဝရဏ
(၄) ဥဒ္ဓစ္စကုက္ကုစ္စနီဝရဏ
(၅) ဝိစိကိစ္ဆာနိဝရဏ -

အားဖြင့် ငါးပါးအပြား ရှိ၏။ ထိုငါးပါးတို့တွင် -

(၁) ကာမစ္ဆန္ဒနီဝရဏသည် ဝတ္ထုကာမကိုအလိုရှိခြင်း, တောင့်တခြင်း လက္ခဏာရှိ၏။
(၂) ဗျာပါဒနီဝရဏသည် သူတစ်ပါးကို ပျက်စီးစေခြင်း လက္ခဏာရှိ၏။
(၃) ထိနမိဒ္ဓနီဝရဏသည် ပျံ့လွင့်ခြင်း, မခံ့ခြင်း, ပျင်းရိခြင်း လက္ခဏာ ရှိ၏။
(၄) ဥဒ္ဓစ္စကုက္ကုစ္စနီဝရဏသည် ပျံ့လွင့်ခြင်း, နောင်တပူပန်ခြင်း လက္ခဏာရှိ၏။
(၅) ဝိစိကိစ္ဆာနီဝရဏသည် အာရုံကို မဆုံးဖြတ်နိုင်ခြင်း လက္ခဏာရှိ၏။

(က) ထိုနီဝရဏငါးပါးတို့တွင် အစဉ်မပြတ်သောအားဖြင့် ကာမစ္ဆန္ဒနီဝရဏ မိမိ သန္တာန်၌ ဖြစ်သည်ရှိသော် ငါ၏သန္တာန်၌ ဖြစ်သည်ရှိသော် ငါ၏သန္တာန်၌ ကာမစ္ဆန္ဒနီဝရဏ ဖြစ်၏။ အစဉ်မပြတ် သောအားဖြင့် လည်းကောင်း, ပယ်ပြီးသော အားဖြင့်လည်းကောင်း မဖြစ်သည်ရှိသော် ငါ၏သန္တာန်၌ ကာမစ္ဆန္ဒနီဝရဏ မဖြစ်၊

သုဘ အာရုံ၌ အနိစ္စကို နိစ္စ, ဒုက္ခကို သုခ, အနတ္တကိုအတ္တ, အသုဘကို သုဘဟု မသင့်သောအားဖြင့် နှလုံးသွင်းခြင်းကြောင့် မဖြစ်သေးသော ကာမစ္ဆန္ဒနီဝရဏ ဖြစ်၏။ ဖြစ်ပြီးသော ကာမစ္ဆန္ဒနီဝရဏ အတိုင်းထက်အလွန် ပွားများ၏။

အသုဘအာရုံ၌ အနိစ္စကို အနိစ္စ, ဒုက္ခကို ဒုက္ခ, အနတ္တကို အနတ္တ, အသုဘကို အသုဘဟု အသင့်သောအားဖြင့် နှလုံးသွင်းခြင်းကြောင့် မဖြစ်သေးသော ကာမစ္ဆန္ဒ နီဝရဏသည် အရဟတ္တမဂ်ဉာဏ်ဖြင့် နောင်အသစ်တစ်ဖန် မဖြစ်ပြန်ပြီဟု ဆင်ခြင် အောက်မေ့ရာသည်။

(ခ) မိမိသန္တာန်၌ ဗျာပါဒနီဝရဏ ဖြစ်သည်ကိုလည်း ဖြစ်၏၊ မဖြစ်သည်ကိုလည်း မဖြစ်၊ ပဋိဃ အာရုံကို မသင့်သောအားဖြင့် နှလုံးသွင်းခြင်းကြောင့် မဖြစ်သေးသော ဗျာပါဒနီဝရဏ ဖြစ်၏။ ဖြစ်ပြီးသော ဗျာပါဒနီဝရဏ အတိုင်းထက်အလွန် ပွားများ၏။ မေတ္တာကို နှလုံးသွင်းခြင်းကြောင့် မဖြစ်သေးသော ဗျာပါဒ နီဝရဏသည် အနာဂါမိမဂ်ဖြင့် နောက်တစ်ဖန် မဖြစ်ပြန်ပြီဟု ဆင်ခြင် အောက်မေ့ရာသည်။

(ဂ) ထိနမိဒ္ဓနီဝရဏ ဖြစ်သည်ကိုလည်း ဖြစ်၏၊ မဖြစ်သည်ကိုလည်း မဖြစ်၊ မမွေ့လျော်ခြင်း, ပျင်းရိခြင်း, ထမင်းဆီယစ်ခြင်း အစရှိသည်တို့၌ မသင့်သောအားဖြင့် နှလုံးသွင်းခြင်းကြောင့် မဖြစ်သေးသော ထိနမိဒ္ဓ နီဝရဏ ဖြစ်၏။ ဖြစ်ပြီးသော ထိနမိဒ္ဓနီဝရဏအတိုင်းထက် အလွန်ပွားများ၏။

လုံ့လ ဝီရိယ၌ အသင့်သောအားဖြင့် နှလုံးသွင်းခြင်းကြောင့် မဖြစ်သေးသော ထိနမိဒ္ဓ နီဝရဏ မဖြစ်။ ဖြစ်ပြီးသော ထိနမိဒ္ဓနီဝရဏကို ပယ်၏။ ပယ်ပြီးသော ထိနမိဒ္ဓ နီဝရဏသည် အရဟတ္တမဂ်ဉာဏ်ဖြင့် နောက် အသစ်တစ်ဖန် မဖြစ်ပြန်ပြီဟု ဆင်ခြင် အောက်မေ့ရာသည်။

(ဃ) ဥဒ္ဓစ္စကုက္ကုစ္စနီဝရဏ ဖြစ်သည်ကိုလည်း ဖြစ်၏၊ မဖြစ်သည်ကိုလည်း မဖြစ်၊ စိတ်မငြိမ်ခြင်း, ပျံ့လွင့်ခြင်း၌ မသင့်သောအားဖြင့် နှလုံးသွင်းခြင်းကြောင့် မဖြစ်သေး သော ဥဒ္ဓစ္စကုက္ကုစ္စနီဝရဏ ဖြစ်၏။ ဖြစ်ပြီးသော ဥဒ္ဓစ္စကုက္ကုစ္စနီဝရဏ အတိုင်းထက် အလွန် ပွားများ၏။ သမာဓိ၌ အသင့်သောအားဖြင့် နှလုံးသွင်းခြင်းကြောင့် မဖြစ် သေးသော ဥဒ္ဓစ္စကုက္ကုစ္စနီဝရဏ မဖြစ်။ ဖြစ်ပြီးသော ဥဒ္ဓစ္စကုက္ကုစ္စနီဝရဏကို ပယ်၏။ ပယ်ပြီးသော ဥဒ္ဓစ္စကုက္ကုစ္စနီဝရဏသည် အရဟတ္တမဂ်ဉာဏ်ဖြင့် နောက်အသစ် တစ်ဖန် မဖြစ်ပြန်ပြီဟု ဆင်ခြင် အောက်မေ့ရာသည်။

(င) မိမိသန္တာန်၌ ဝိစိကိစ္ဆာနီဝရဏ ဖြစ်သည်ကိုလည်း ဖြစ်၏၊ မဖြစ်သည်ကိုလည်း မဖြစ်၊ ဝိစိကိစ္ဆာ၏ အာရုံရှိသော တရားတို့၌ မသင့်သောအားဖြင့် နှလုံးသွင်းခြင်း ကြောင့် မဖြစ်သေးသော ဝိစိကိစ္ဆာနီဝရဏ ဖြစ်၏။ ဖြစ်ပြီးသော ဝိစိကိစ္ဆာ နီဝရဏ အတိုင်းထက်အလွန် ပွားများ၏။

ကုသိုလ်အစရှိ သောတရားတို့၌ အသင့်သော အားဖြင့် နှလုံးသွင်းခြင်းကြောင့် မဖြစ်သေးသော ဝိစိကိစ္ဆာနီဝရဏ မဖြစ်။ ဖြစ်ပြီးသော ဝိစိကိစ္ဆာနီဝရဏကို ပယ်၏။ ပယ်ပြီးသော ဝိစိကိစ္ဆာနီဝရဏသည် သောတာပတ္တိမဂ် ဉာဏ်ဖြင့်နောက်အသစ်တစ်ဖန် မဖြစ်ပြန်ပြီဟု ဆင်ခြင်အောက်မေ့ရာသည်။

သစ္စာလေးပါး ခွဲပြချက် (နီဝရဏ)

(၁) နီဝရဏငါးပါးကိုအောက်မေ့ သိမ်းဆည်းတတ်သော သတိသည် ဒုက္ခသစ္စာ မည်၏။
(၂) ထိုဒုက္ခ၏အကြောင်းရင်း၏ အဖြစ်အားဖြင့် ဖြစ်စေတတ်သော ရှေးဘဝ၌ ပြီးပြီးသော လောဘ သည် သမုဒယ သစ္စာမည်၏။
(၃) ထိုသစ္စာနှစ်ပါးတို့၏ မဖြစ်ရာ ချုပ်ရာဖြစ်သော အသင်္ခတဓာတ်နိဗ္ဗာန်သည် နိရောဓသစ္စာမည်၏။
(၄) ထိုနိရောဓသစ္စာကို အာရုံပြု၍ဖြစ်သော ကောင်းမွန် လွန်မြတ်သော အကျင့်ဟု ဆိုအပ်သော မဂ္ဂင် တရားကိုယ် ရှစ်ပါးသည် မဂ္ဂသစ္စာမည်၏။

ဤသို့သစ္စာလေးပါးတို့၏ အစွမ်းအားဖြင့် အားထုတ်၍လည်း ဘေးအပေါင်းငြိမ်းရာ နိဗ္ဗာန်သို့ ရောက်သည်သာလျှင် ဖြစ်၏။ ထို့ကြောင့် သစ္စာလေးပါးတရားတို့၏ အစွမ်း အားဖြင့် လုံ့လပြုရာသည်။

[ဤကား နီဝရဏပဗ္ဗ၌ အကျဉ်းဖြစ်သော အဓိပ္ပါယ်တည်း။]

ဓမ္မာနုပဿနာ

၂-ခန္ဓပိုင်း
▬▬▬▬▬

၁၂။ ခန္ဓပဗ္ဗ၌ ဥပါဒါန်၏အာရုံဖြစ်သော ခန္ဓာသည် -

(၁) ရူပက္ခန္ဓာ,
(၂) ဝေဒနာက္ခန္ဓာ,
(၃) သညာက္ခန္ဓာ,
(၄) သင်္ခါရက္ခန္ဓာ,
(၅) ဝိညာဏက္ခန္ဓာ -

ဟူ၍ ငါးပါးအပြားရှိ၏။ ထိုငါးပါးတို့တွင် -

၁။ ဘူတရုပ်, ဥပါဒါရုပ်အားဖြင့် ပြားသော ရုပ်နှစ်ဆယ့်ရှစ်ခုသည် ရူပက္ခန္ဓာ မည်၏။
၂။ လောကီစိတ်ရှစ်ဆယ့်တစ်ခုနှင့် ယှဉ်သော ဝေဒနာသည် ဝေဒနာက္ခန္ဓာ မည်၏။
၃။ သညာသည် သညာက္ခန္ဓာ မည်၏။
၄။ ဝေဒနာ, သညာမှကြွင်းသော ဖဿ, ဝေဒနာစသော စေတသိက် ငါးဆယ်သည် သင်္ခါရက္ခန္ဓာ မည်၏။
၅။ လောကီစိတ်ရှစ်ဆယ့်တစ်ခုသည် ဝိညာဏက္ခန္ဓာ မည်၏။

ဤမှတစ်ပါး ဥပါဒါန်၏အာရုံဖြစ်သော ခန္ဓာ မရှိပြီ။

ထိုခန္ဓာငါးပါးသည် အဝိဇ္ဇာ, တဏှာ, ကံ, အာဟာရ, နိဗ္ဗတ္တိလက္ခဏာအားဖြင့် ငါးပါး သော အကြောင်းတရား ဖြစ်သည်ရှိသော် ဖြစ်၏၊ အဝိဇ္ဇာ စသော အကြောင်း တရား ငါးပါး ချုပ်သည်ရှိသော် ချုပ်၏ဟု ဆင်ခြင်အောက်မေ့ရာသည်။

သစ္စာလေးပါး ခွဲပြချက်

(၁) ဥပါဒါနက္ခန္ဓာ ငါးပါးကိုအောက်မေ့ သိမ်းဆည်းတတ်သောသတိသည် ဒုက္ခသစ္စာ မည်၏။
(၂) ထိုဒုက္ခ၏အကြောင်းရင်း၏ အဖြစ်အားဖြင့် ဖြစ်စေတတ်သော ရှေးဘဝ၌ ပြီးပြီးသော လောဘသည် သမုဒယသစ္စာမည်၏။
(၃) ထိုသစ္စာနှစ်ပါးတို့၏ မဖြစ်ရာ ချုပ်ရာဖြစ်သော အသင်္ခတဓာတ်နိဗ္ဗာန်သည် နိရောဓသစ္စာ မည်၏။
(၄) ထိုနိရောဓသစ္စာသာလျှင် အာရုံရှိသောမဂ္ဂင် တရားကိုယ်ရှစ်ပါးသည် မဂ္ဂသစ္စာ မည်၏။

ဤသို့ သစ္စာလေးပါး တို့၏အစွမ်းအားဖြင့် အားထုတ်၍ ဘေးအပေါင်း ငြိမ်းရာ နိဗ္ဗာန်သို့ ရောက်သည်သာလျှင် ဖြစ်၏။ ထို့ကြောင့် သစ္စကမ္မဋ္ဌာန်းကို စီးဖြန်း အားထုတ်ရာ, ပွားစေ, လုံ့လပြုရာ သည်။

[ဤကား ခန္ဓပဗ္ဗ၌ အကျဉ်းဖြစ်သော အဓိပ္ပါယ်တည်း။]

ဓမ္မာနုပဿနာ ၃- အာယတနပိုင်း

▬▬▬▬▬▬▬

၁၃။ အာယတနပဗ္ဗ၌ အာယတနသည် -

(က) စက္ခာယတန, သောတာယတန, ဃာနာယတန, ဇိဝှါယတန, ကာယာယတန, မနာယတနဟူ၍ အဇ္ဈတ္တိအာယတန ခြောက်ပါး၊
(ခ) ရူပါယတန, သဒ္ဒါယတန, ဂန္ဓာယတန, ရသာယတန, ဖောဋ္ဌဗ္ဗာယတန, ဓမ္မာယတနဟူ၍ ဗာဟိရာယတန ခြောက်ပါး -

အားဖြင့် အာယတန တစ်ဆယ့်နှစ်ပါး အပြားရှိသည် သာလျှင် ဖြစ်၏။ ထိုတစ်ဆယ့် နှစ်ပါးတို့တွင် -

၁။ စက္ခုပသာဒသည် စက္ခာယတန မည်၏။
၂။ သောတပသာဒသည် သောတာယတန မည်၏။
၃။ ဃာနပသာဒသည် ဃာနာယတန မည်၏။
၄။ ဇိဝှါပသာဒသည် ဇိဝှါယတန မည်၏။
၅။ ကာယပသာဒသည် ကာယာယတန မည်၏။
၆။ လောကီစိတ်ရှစ်ဆယ့်တစ်ခုသည် မနာယတန မည်၏။
၇။ ရူပါရုံသည် ရူပါယတန မည်၏။
၈။ သဒ္ဒါရုံသည် သဒ္ဒါယတန မည်၏။
၉။ ဂန္ဓာရုံသည် ဂန္ဓာယတန မည်၏။
၁၀။ ရသာရုံသည် ရသာယတန မည်၏။
၁၁။ ဖောဋ္ဌာဗ္ဗာရုံသည် ဖောဋ္ဌဗ္ဗာယတန မည်၏။
၁၂။ ရူပါရုံစသော ငါးပါးမှ တစ်ပါးသော ရုပ်နာမ် ပညတ်သည် ဓမ္မာယတန မည်၏။

စက္ခု, ရူပါရုံသောတ, သဒ္ဒါရုံ အစရှိသော အဇ္ဈတ္တိက, ဗဟိဒ္ဓါယတန နှစ်ပါးကို စွဲ၍ဖြစ်သော သံယောဇဉ်သည် ကာမရာဂသံယောဇဉ်, ပဋိဃသံယောဇဉ်, မာနသံယောဇဉ်, ဒိဋ္ဌိသံယောဇဉ်, ဝိစိကိစ္ဆာသံယောဇဉ်, ဘဝရာဂသံယောဇဉ်, သီလဗ္ဗတပရာမာသသံယောဇဉ်, ဣဿာသံယောဇဉ်, မစ္ဆရိယသံယောဇဉ်, အဝိဇ္ဇာသံယောဇဉ်ဟူ၍ ဆယ်ပါးအပြားရှိသည်သာလျှင် ဖြစ်၏။

ထိုဆယ်ပါးသော သံယောဇဉ်တို့သည် အဘယ်သို့ ဖြစ်သနည်းဟူမူကား -

၁။ စက္ခုဒွါရဣဋ္ဌဖြစ်သော ရူပါရုံ,
၂။ သောတဒွါရဣဋ္ဌဖြစ်သော သဒ္ဒါရုံ,
၃။ ဃာနဒွါရဣဋ္ဌဖြစ်သော ဂန္ဓာရုံ,
၄။ ဇီဝှါဒွါရဣဋ္ဌဖြစ်သော ရသာရုံ,
၅။ ကာယဒွါရဣဋ္ဌဖြစ်သော ဖောဋ္ဌဗ္ဗာရုံ,
၆။ မနောဒွါရဣဋ္ဌဖြစ်သော ဓမ္မာရုံ ထင်ရှားဖြစ်သည်ရှိသော် -

၁။ သာယာနှစ်သက်သောသူအား ကာမရာဂသံယောဇဉ်,
၂။ အနိဋ္ဌာရုံ ထင်ရှားဖြစ်သည်ရှိသော် အမျက်ထွက်သောသူအား ပဋိဃသံယောဇဉ်,
၃။ ငါ့ပြင် မရှိ၊ ငါသာလျှင် မြတ်၏ဟုထောင်လွှား အောက်မေ့သော သူအား မာနသံယောဇဉ်,
၄။ ရူပါရုံ စသည် အမြဲရှိ၏ဟု ယူသောသူအား ဒိဋ္ဌိသံယောဇဉ်,
၅။ ဤအာရုံသည် သတ္တဝါတည်းဖြစ်သလောဟု တွေးတောယုံမှားရှိသောသူအား ဝိစိကိစ္ဆာသံယောဇဉ်,
၆။ ပြည့်စုံချမ်းသာသောဘဝကို ငါရမည်ဟု တောင့်တသောသူအား ဘဝရာဂသံယောဇဉ်,
၇။ နောင်လည်း ဤသို့အကျင့်ကို ကျင့်ဆောက်တည် လိုသောသူအား သီလဗ္ဗတသံယောဇဉ်,
၈။ ငါကဲ့သို့ သူတစ်ပါးအား မဖြစ်ပါစေလင့်ဟု ငြူစူသောသူအား ဣဿာသံယောဇဉ်,
၉။ မိမိရပြီးသော စည်းစိမ်ချမ်းသာကို သူတစ်ပါးတို့နှင့် မစပ်ယှက်စေလို ဝန်တို သောသူအား မစ္ဆရိယသံယောဇဉ်,
၁၀။ ကာမရာဂသံယောဇဉ်အစရှိသည်တို့နှင့်အတူတကွမသိသောသူအား အဝိဇ္ဇာသံယောဇဉ် ဖြစ်၏။

စက္ခုအစရှိသော ဒွါရခြောက်ပါး၌ ရူပါရုံအစရှိသော အာရုံခြောက်ပါး ထင်ရှား ဖြစ်သည်ရှိသော် အသင့်အားဖြင့် နှလုံး သွင်း၍ တဒဂ်ပဟာန်, ဝိက္ခမ္ဘနပဟာန်အားဖြင့် မဖြစ်သော သံယောဇဉ် မဖြစ်၊ ဖြစ်ပြီးသော သံယောဇဉ်ကို ပယ်၏။ ပယ်ပြီးသော သံယောဇဉ်တို့တွင် -

၁။ ဒိဋ္ဌိသံယောဇဉ်, ဝိစိကိစ္ဆာသံယောဇဉ်, သီလဗ္ဗတပရာမသသံယောဇဉ်, ဣဿာသံယောဇဉ်, မစ္ဆရိယသံယောဇဉ်အားဖြင့် သံယောဇဉ်ငါးပါးသည် သောတာပတ္တိမဂ်ဖြင့် နောင်အသစ် တစ်ဖန် မဖြစ်ပြန်ပြီ။
၂။ ရုန့်ရင်းသော ကာမရာဂသံယောဇဉ်, ပဋိဃသံယောဇဉ် အားဖြင့် သံယောဇဉ် နှစ်ပါးသည် သကဒါဂါမိမဂ်ဖြင့် နောင်အသစ်တစ်ဖန် မဖြစ်ပြန်ပြီ။
၃။ သိမ်မွေ့သော ကာမရာဂသံယောဇဉ်, ပဋိဃသံယောဇဉ်အားဖြင့် သံယောဇဉ် နှစ်ပါးသည် အနာဂါမိမဂ်ဖြင့် နောင်အသစ်တစ်ဖန် မဖြစ်ပြန်ပြီ။
၄။ မာနသံယောဇဉ်, ဘဝရာဂသံယောဇဉ်, အဝိဇ္ဇာသံယောဇဉ်အားဖြင့် ဤ သံယောဇဉ် သုံးပါးသည် အရဟတ္တမဂ်ဉာဏ်ဖြင့် နောင်အသစ်တစ်ဖန် မဖြစ်ပြန်ပြီ ဟု ဆင်ခြင်အောက်မေ့ရာသည်။

သစ္စာလေးပါး ခွဲပြချက်

(၁) အာယတနကို အောက်မေ့ သိမ်းဆည်းတတ်သောသတိသည် ဒုက္ခသစ္စာမည်၏။
(၂) ထိုဒုက္ခ၏အကြောင်းရင်း၏ အဖြစ်အားဖြင့် ဖြစ်စေတတ်သော ရှေးဘဝ၌ ပြီးပြီးသော လောဘ သည် သမုဒယသစ္စာ မည်၏။
(၃) ထိုသစ္စာနှစ်ပါးတို့၏ မဖြစ်ရာ ချုပ်ရာဖြစ်သော အသင်္ခတဓာတ်နိဗ္ဗာန်သည် နိရောဓသစ္စာ မည်၏။
(၄) ထိုနိရောဓသစ္စာကို အာရုံပြု၍ဖြစ်သော ကောင်းမွန်လွန်မြတ်သော အကျင့်ဟု ဆိုအပ်သော မဂ္ဂင် တရားကိုယ် ရှစ်ပါးသည် မဂ္ဂသစ္စာမည်၏။

ဤသို့ သစ္စာလေးပါးတို့၏အစွမ်းအားဖြင့် အားထုတ်၍လည် နိဗ္ဗာန်သို့ ရောက်သည် သာလျှင် ဖြစ်၏။ ထို့ကြောင့် စတုသစ္စကမ္မဋ္ဌာန်းကိုလည်း စီးဖြန်း အားထုတ်ရာသည်။

[ဤကား အာယတနပဗ္ဗ၌ အကျဉ်းဖြစ်သော အဓိပ္ပါယ်တည်း။]

ဓမ္မာနုပဿနာ ၄- ဗောဇ္ဈင်္ဂပိုင်း

▬▬▬▬▬▬

၁၄။ ဗောဇ္ဈင်္ဂပဗ္ဗ၌ ဗောဇ္ဈင်တရားသည် -

၁။ သတိသမ္ဗောဇ္ဈင်,
၂။ ဓမ္မဝိစယသမ္ဗောဇ္ဈင်,
၃။ ဝီရိယသမ္ဗောဇ္ဈင်,
၄။ ပီတိသမ္ဗောဇ္ဈင်,
၅။ ပဿဒ္ဓိသမ္ဗောဇ္ဈင်,
၆။ သမာဓိသမ္ဗောဇ္ဈင်,
၇။ ဥပေက္ခာသမ္ဗောဇ္ဈင်-

ဟူ၍ ခုနစ်ပါးအပြားရှိသည်သာလျှင် ဖြစ်၏။ ထိုခုနစ်ပါးတို့တွင် -

၁။ အာရုံထင်ခြင်း, မမေ့မလျော့ခြင်း လက္ခဏာရှိသော သတိသည် သတိသမ္ဗောဇ္ဈင်မည်၏။
၂။ အနိစ္စ အစရှိသော တရားကို အောက်မေ့ဆင်ခြင်သော လက္ခဏာရှိသော ပညာသည် ဓမ္မဝိစယသမ္ဗောဇ္ဈင် မည်၏။
၃။ အားထုတ်ခြင်း ထောက်ပံ့ခြင်း လက္ခဏာရှိသော ဝီရိယသည် ဝီရိယသမ္ဗောဇ္ဈင် မည်၏။
၄။ သမ္ပယုတ်တရားတို့ကို ပျို့စေခြင်း နှစ်သက်စေခြင်း လက္ခဏာရှိသော ပီတိသည် ပီတိသမ္ဗောဇ္ဈင် မည်၏။
၅။ စိတ်၏ငြိမ်းခြင်း လက္ခဏာရှိသော ပဿဒ္ဓိသည် ပဿဒ္ဓိသမ္ဗောဇ္ဈင် မည်၏။
၆။ အာရုံ၌မတုန်မလှုပ် တည်ကြည်ခြင်း လက္ခဏာရှိသော ဧကဂ္ဂတာသည် သမာဓိသမ္ဗောဇ္ဈင် မည်၏။
၇။ ထိုသို့အာရုံကို လျစ်လျူရှုခြင်းလက္ခဏာရှိသော တတြမဇ္ဈတ္တတာသည် ဥပေက္ခာသမ္ဗောဇ္ဈင် မည်၏။

ထို့ကြောင့် ဗောဇ္ဈင် ခုနစ်ပါးတို့တွင် -

၁။ ရအပ်သောအားဖြင့် မိမိသန္တာန်၌ သတိသမ္ဗောဇ္ဈင် ထင်ရှားဖြစ်သည်ကိုလည်း ထင်ရှားဖြစ်၏၊ မရသောအားဖြင့် ထင်ရှားမဖြစ်သည်ကိုလည်း ထင်ရှား မဖြစ်။

(က) သတိသမ္ဗောဇ္ဈင်၏ အကြောင်းတရားတို့၌ အသင့်အားဖြင့် နှလုံးသွင်းခြင်း ကြောင့်လည်းကောင်း,
(ခ)
    ၁။ ရှေ့သို့ တက်ခြင်းစသော ခုနစ်ပါးသော သတိသမ္ပဇညအရာတို့၌ သတိသမ္ပဇညနှင့် ပြည့်စုံခြင်း,
    ၂။ လွတ်သော သတိရှိသောပုဂ္ဂိုလ်ကို ကြဉ်ခြင်း,
    ၃၊ ထင်သော သတိရှိသောပုဂ္ဂိုလ်ကို မှီဝဲခြင်း,
    ၄။ ရပ်ခြင်း, ထိုင်ခြင်း စသည်တို့၌ သတိသမ္ဗောဇ္ဈင်ကို ဖြစ်စေခြင်းငှါ ညွတ်သော, ကိုင်းသော, ရှိုင်းသောစိတ် ရှိသည်၏ အဖြစ်အားဖြင့် ဤလေးပါးသော အကြောင်း တရားတို့နှင့် ပြည့်စုံခြင်းကြောင့်လည်းကောင်း, မဖြစ်သေးသော သတိသမ္ဗောဇ္ဈင် ဖြစ်၏။ ဖြစ်ပြီးသော သတိသမ္ဗောဇ္ဈင် အတိုင်းထက် အလွန် ပွားများ၏။ အရဟတ္တမဂ်ဉာဏ်ဖြင့် ဖြစ်ပြီးသော သတိသမ္ဗောဇ္ဈင်ကို ပွားစေခြင်းသည် ဘာဝနာနှင့် ပြည့်စုံ၏ဟု ဆင်ခြင်အောက်မေ့ရာ သည်။

၂။ မိမိသန္တာန်၌ ဓမ္မဝိစယသမ္ဗောဇ္ဈင် ထင်ရှားဖြစ်သည်ကိုလည်း ထင်ရှားဖြစ်၏၊ ထင်ရှားမဖြစ်သည် ကိုလည်း ထင်ရှား မဖြစ်။

(က) ကုသိုလ် စသော တရားတို့၌ အသင့်အားဖြင့် နှလုံးသွင်းခြင်းကြောင့် လည်းကောင်း,
(ခ)
    ၁။ ခန္ဓာ, အာယတန, ဓာတ်, ဣန္ဒြေ စသည်တို့၏အနက်ကိုမှီသော ပါဠိ အဋ္ဌကထာ သင်ခြင်း, မေးမြန်းခြင်း များသည်အဖြစ်,
    ၂။ အဇ္ဈတ္တ ဗဟိဒ္ဓဖြစ်ကုန်သော ဝတ္ထုတို့၏ သန့်ရှင်းသည်၏ အဖြစ်ကိုပြုခြင်း,
    ၃။ သဒ္ဓိန္ဒြေစသော ဣန္ဒြေတို့၏ တူမျှသည်၏ အဖြစ်ကိုပြုခြင်း,
    ၄။ ခန္ဓာစသည် အပြားရှိသော ပရမတ္ထဓမ္မ၌ သက်ဝင်သော ဉာဏ်မရှိသော ပုဂ္ဂိုလ် တို့ကို ဝေးစွာကြဉ်ခြင်း,
    ၅။ အမြင်ငါးဆယ်ရှိသော လက္ခဏာကို သိမ်းဆည်းတတ်သော ဥဒယဗ္ဗယပညာနှင့် ပြည့်စုံ သောပုဂ္ဂိုလ်ကို မှီဝဲခြင်း,
    ၆။ နက်နဲသော ခန္ဓာစသည်တို့၌ ဖြစ်သော နက်နဲသော ပညာအပြားကို ဆင်ခြင်ခြင်း,
    ၇။ ရပ်ခြင်း, ထိုင်ခြင်း စသည်တို့၌ ဓမ္မဝိစယသမ္ဗောဇ္ဈင်ကို ဖြစ်စေခြင်းငှါ ညွတ်သော, ကိုင်းသော, ရှိုင်းသော စိတ်ရှိသည်၏ အဖြစ်အားဖြင့် ခုနစ်ပါးသော အကြောင်းတရားတို့ နှင့် ပြည့်စုံခြင်းကြောင့်လည်းကောင်း, မဖြစ်သေးသော ဓမ္မဝိစယသမ္ဗောဇ္ဈင် ဖြစ်၏။ ဖြစ်ပြီးသော ဓမ္မဝိစယသမ္ဗောဇ္ဈင် အတိုင်းထက်အလွန် ပွားများ၏။ အရဟတ္တမဂ်ဉာဏ် ဖြင့် ဖြစ်ပြီးသော ဓမ္မဝိစယသမ္ဗောဇ္ဈင်ကို ပွားစေခြင်းသည် ဘာဝနာနှင့် ပြည့်စုံ၏ဟု ဆင်ခြင် အောက်မေ့ရာသည်။

၃။ မိမိသန္တာန်၌ ဝီရိယသမ္ဗောဇ္ဈင် ထင်ရှားဖြစ်သည်ကိုလည်း ထင်ရှားဖြစ်၏၊ ထင်ရှား မဖြစ်သည်ကိုလည်း ထင်ရှားမဖြစ်။

(က) လုံ့လအားထုတ်ခြင်း အသင့်အားဖြင့် နှလုံးသွင်းခြင်းကြောင့်လည်းကောင်း,
(ခ)
    ၁။ အပါယ်ဘေးကို ဆင်ခြင်သည်၏အဖြစ်,
    ၂။ အကျိုးဆက်ကို မြင်လေ့ရှိသည်၏အဖြစ်,
    ၃။ ဘုရား, ပစ္စေကဗုဒ္ဓါ စသည်တို့သည် သွားအပ်သောခရီးကို ဆင်ခြင်ခြင်း ရှိသည်၏အဖြစ်,
    ၄။ ဆွမ်းထမင်းကို ရိုသေခြင်း ရှိသည်၏အဖြစ်,
    ၅။ အမွေခံ၏ မြတ်သည်၏အဖြစ်ကို ဆင်ခြင်ခြင်းရှိသည်၏အဖြစ်,
    ၆။ ဘုရား၏ မြတ်သည်၏အဖြစ်ကို ဆင်ခြင်ခြင်းရှိသည်၏အဖြစ်,
    ၇။ အမျိုးမြတ်သည်၏အဖြစ်ကို ဆင်ခြင်ခြင်းရှိသည်၏အဖြစ်,
    ၈။ သီတင်းသုံးဖော်၏ မြတ်သည်၏အဖြစ်ကို ဆင်ခြင်ခြင်းရှိသည်၏အဖြစ်,
    ၉။ ပျင်းရိသော ပုဂ္ဂိုလ်၏ ကြဉ်ခြင်းရှိသည်၏အဖြစ်,
    ၁၀။ အားထုတ်ခြင်းလုံ့လရှိသော ပုဂ္ဂိုလ်ကို မှီဝဲခြင်း ရှိသည်၏အဖြစ်,
    ၁၁။ ရပ်ခြင်း, ထိုင်ခြင်း စသည်တို့၌ ဝီရိယသမ္ဗောဇ္ဈင်ကို ဖြစ်စေခြင်းငှါ ညွတ်သော, ကိုင်းသော, ရှိုင်းသော စိတ်ရှိသည်၏ အဖြစ်အားဖြင့် ဤ တစ်ဆယ့်တစ်ပါးသော အကြောင်းတရားတို့နှင့် ပြည့်စုံခြင်းကြောင့် လည်းကောင်း, မဖြစ်သေးသော ဝီရိယသမ္ဗောဇ္ဈင် ဖြစ်၏။ ဖြစ်ပြီးသော ဝီရိယသမ္ဗောဇ္ဈင် အတိုင်းထက်အလွန် ပွားများ၏။ အရဟတ္တမဂ်ဉာဏ်ဖြင့် ဖြစ်ပြီးသော ဝီရိယသမ္ဗောဇ္ဈင်ကို ပွားစေခြင်းသည် ဘာဝနာနှင့် ပြည့်စုံ၏ဟု ဆင်ခြင်အောက်မေ့ရာသည်။

၄။ မိမိသန္တာန်၌ ပီတိသမ္ဗောဇ္ဈင် ထင်ရှားဖြစ်သည်ကိုလည်း ထင်ရှားဖြစ်၏၊ ထင်ရှားမဖြစ်သည်ကိုလည်း ထင်ရှားမဖြစ်။

(က) ပီတိသမ္ဗောဇ္ဈင်တို့၏ အကြောင်းတရားတို့၏ အသင့်အားဖြင့် နှလုံးသွင်းခြင်း ကြောင့်လည်းကောင်း,
(ခ)
    ၁။ ဘုရားဂုဏ်ကျေးဇူးကို အောက်မေ့ခြင်း,
    ၂။ တရားဂုဏ်ကျေးဇူးကို အောက်မေ့ခြင်း,
    ၃။ သံဃာ့ဂုဏ်ကျေးဇူးကို အောက်မေ့ခြင်း,
    ၄။ ရဟန်းတို့အား စတုပါရိသုဒ္ဓိသီလ, လူတို့အား ဒသသီလ ပဉ္စသီလကို ဆင်ခြင်ခြင်း,
    ၅။ စွန့်ကြဲခြင်း စာဂကို ဆင်ခြင်ခြင်း,
    ၆။ နတ်တို့ကို သက်သေအရာထား၍ မိမိ၏ဂုဏ်ကို ဆင်ခြင်ခြင်း,
    ၇။ သမာပတ်ဖြင့် ခွါအပ်ပြီးသော ကိလေသာတို့သည် အနှစ်ခြောက်ဆယ်, ခုနစ်ဆယ်တို့ ပတ်လုံး မဖြစ်ကုန်သဖြင့် ကိလေသာငြိမ်းခြင်းကိုဆင်ခြင်ခြင်း,
    ၈။ ကြမ်းတမ်းသော ပုဂ္ဂိုလ်ကို ကြဉ်ခြင်း,
    ၉။ နူးညံ့သော စိတ်ရှိသောပုဂ္ဂိုလ်ကို မှီဝဲခြင်း,
    ၁၀။ ရတနာသုံးပါးတို့ ဂုဏ်ကျေးဇူးကို ပြတတ်သော သုတ္တန်တို့ကို ဆင်ခြင်ခြင်း,
    ၁၁။ ရပ်ခြင်း, ထိုင်ခြင်း စသည်တို့၌ ပီတိသမ္ဗောဇ္ဈင်ကိုဖြစ်စေခြင်းငှါ ညွတ်သော, ကိုင်းသော, ရှိုင်းသော စိတ်ရှိသည်၏ အဖြစ်အားဖြင့် ဤတစ်ဆယ့်တစ်ပါးသော အကြောင်းတရားတို့နှင့် ပြည့်စုံခြင်းကြောင့်လည်းကောင်း, မဖြစ်သေးသော ပီတိသမ္ဗောဇ္ဈင် ဖြစ်၏။ ဖြစ်ပြီး သော ပီတိသမ္ဗောဇ္ဈင် အတိုင်းထက်အလွန် ပွားများ၏။ အရဟတ္တမဂ်ဉာဏ်ဖြင့် ဖြစ်ပြီး သော ပီတိသမ္ဗောဇ္ဈင်ကို ပွားစေခြင်းသည် ဘာဝနာနှင့် ပြည့်စုံ၏ဟု ဆင်ခြင်အောက်မေ့ ရာသည်။

၅။ မိမိသန္တာန်၌ ပဿဒ္ဓိသမ္ဗောဇ္ဈင် ထင်ရှားဖြစ်သည်ကိုလည်း ထင်ရှားဖြစ်၏၊ ထင်ရှားမဖြစ် သည်ကိုလည်း ထင်ရှား မဖြစ်။

(က) ကိုယ်စိတ်ငြိမ်းခြင်း၌ အသင့်အားဖြင့် နှလုံးသွင်းခြင်းကြောင့်လည်းကောင်း,
(ခ)
    ၁။ မွန်မြတ်သော ဘောဇဉ်ကို မှီဝဲခြင်းရှိသည်၏အဖြစ်,
    ၂။ ချမ်းသာစွာ လျောက်ပတ်သော ဥတု ဘောဇဉ်ကို မှီဝဲခြင်းရှိသည်၏အဖြစ်,
    ၃။ ချမ်းသာစွာ လျောက်ပတ်သောဣရိယာပုထ်ကို မှီဝဲခြင်းရှိသည်၏အဖြစ်,
    ၄။ လျစ်လျူရှုသော လုံ့လရှိသည်၏အဖြစ်,
    ၅။ ပူပန်သော ကိုယ်ရှိသော ပုဂ္ဂိုလ်ကို ကြဉ်ခြင်းရှိသည်၏အဖြစ်,
    ၆။ ငြိမ်းချမ်းသော ကိုယ်ရှိသော ပုဂ္ဂိုလ်ကို မှီဝဲခြင်းရှိသည်၏အဖြစ်,
    ၇။ ရပ်ခြင်း, ထိုင်ခြင်း အစရှိသည်တို့၌ ပဿဒ္ဓိသမ္ဗောဇ္ဈင်ကို ဖြစ်စေခြင်းငှါ ညွတ်သော, ကိုင်းသော, ရှိုင်းသော စိတ်ရှိသည်၏ အဖြစ်အားဖြင့် ဤခုနစ်ပါးသော အကြောင်းတရား တို့နှင့် ပြည့်စုံခြင်းကြောင့် လည်းကောင်း, မဖြစ်သေးသော ပဿဒ္ဓိသမ္ဗောဇ္ဈင် ဖြစ်၏။ ဖြစ်ပြီးသော ပဿဒ္ဓိသမ္ဗောဇ္ဈင်အတိုင်းထက် အလွန်ပွားများ၏။ အရဟတ္တမဂ်ဉာဏ်ဖြင့် ဖြစ်ပြီးသော ပဿဒ္ဓိသမ္ဗောဇ္ဈင်ကို ပွားစေခြင်းသည် ဘာဝနာနှင့် ပြည့်စုံ၏ဟု ဆင်ခြင် အောက်မေ့ရာသည်။

၆။ မိမိသန္တာန်၌ သမာဓိသမ္ဗောဇ္ဈင် ထင်ရှားဖြစ်သည်ကိုလည်း ထင်ရှားဖြစ်၏၊ ထင်ရှားမဖြစ် သည်ကိုလည်း ထင်ရှား မဖြစ်။

(က) သမာထအာရုံ၌ အသင့်အားဖြင့် နှလုံးသွင်းခြင်းကြောင့်လည်းကောင်း,
(ခ)
    ၁။ အဇ္ဈတ္တဗဟိဒ္ဓ၌ဖြစ်သော ဝတ္ထုတို့၏ သန့်ရှင်းသည်၏အဖြစ်ကို ပြုခြင်း,
    ၂။ သဒ္ဓိန္ဒြေစသော ဣန္ဒြေတို့၏ တူမျှညီညွတ်သည်၏အဖြစ်ကို ပြုခြင်း,
    ၃။ ကသိုဏ်းအာရုံကိုသင်ခြင်း၌ လိမ္မာခြင်းရှိသည်၏အဖြစ်,
    ၄။ ချီးမြှောက်သင့်သောအခါ၌ စိတ်ကို ချီးမြှောက်ခြင်း,
    ၅။ နှိပ်သင့်သောအခါ၌ စိတ်ကို နှိပ်ခြင်း,
    ၆။ ရွှင်စေသောအခါ၌ သံဝေဂဝတ္ထုရှစ်ပါးကို ဆင်ခြင်၍ ထိတ်လန့်စေသဖြင့် စိတ်ကို ရွှင်စေခြင်း,
    ၇။ လျစ်လျူရှုသင့်သောအခါ၌ စိတ်ကို လျစ်လျူရှုခြင်း,
    ၈။ ပျံ့လွင့်သောပုဂ္ဂိုလ်ကို ကြဉ်ခြင်း,
    ၉။ တည်ကြည်ငြိမ်သက်သော စိတ်ရှိသော ပုဂ္ဂိုလ်ကို မှီဝဲခြင်း,
    ၁၀။ ဈာန်ဝိမောက္ခတရားကို ဆင်ခြင်ခြင်း,
    ၁၁။ ရပ်ခြင်း, ထိုင်ခြင်း စသည်တို့၌ သမာဓိသမ္ဗောဇ္ဈင်ကို ဖြစ်စေခြင်းငှါ ညွတ်သော, ကိုင်းသော, ရှိုင်းသော စိတ်ရှိသည်၏ အဖြစ်အားဖြင့် တစ်ဆယ့်တစ်ပါးသော အကြောင်းတရားတို့နှင့် ပြည့်စုံခြင်းကြောင့် လည်းကောင်း, မဖြစ်သေးသော သမာဓိသမ္ဗောဇ္ဈင် ဖြစ်၏။ ဖြစ်ပြီးသော သမာဓိသမ္ဗောဇ္ဈင် အတိုင်းထက်အလွန် ပွားများ၏။ အရဟတ္တမဂ်ဉာဏ်ဖြင့် ဖြစ်ပြီးသော သမာဓိသမ္ဗောဇ္ဈင်ကို ပွားစေခြင်းသည် ဘာဝနာနှင့် ပြည့်စုံ၏ဟု ဆင်ခြင်အောက်မေ့ရာသည်။

၇။ မိမိသန္တာန်၌ ဥပေက္ခာသမ္ဗောဇ္ဈင် ထင်ရှားဖြစ်သည်ကိုလည်း ထင်ရှားဖြစ်၏၊ ထင်ရှား မဖြစ်သည်ကိုလည်း ထင်ရှား မဖြစ်။

(က) ဥပေက္ခာသမ္ဗောဇ္ဈင်တို့၏အကြောင်းတရားတို့၌ အသင့်အားဖြင့် နှလုံးသွင်း ခြင်းကြောင့် လည်းကောင်း,
(ခ)
    ၁။ သတ္တဝါ၌ လျစ်လျူရှုခြင်း ရှိသည်၏အဖြစ်,
    ၂။ သင်္ခါရတို့၌ လျစ်လျူရှုခြင်း ရှိသည်၏အဖြစ်, တရားဂုဏ် ကျေးဇူးကို အောက်မေ့ခြင်း,
    ၃။ သတ္တဝါ သင်္ခါရတို့၌ ချစ်မြတ်နိုးခြင်း ရှိသောပုဂ္ဂိုလ်ကို ကြဉ်ခြင်း ရှိသည်၏ အဖြစ်,
    ၄။ သတ္တဝါ သင်္ခါရတို့၌ လျစ်လျူရှုခြင်း ရှိသော ပုဂ္ဂိုလ်ကို မှီဝဲဆည်းကပ်ခြင်း ရှိသည်၏အဖြစ်,
    ၅။ ရပ်ခြင်း, ထိုင်ခြင်း စသည်တို့၌ ဥပေက္ခာသမ္ဗောဇ္ဈင်ကို ဖြစ်စေခြင်းငှါ ညွတ်သော, ကိုင်းသော, ရှိုင်းသော စိတ်ရှိသည်၏ အဖြစ်အားဖြင့် ဤတစ်ဆယ့် တစ်ပါးသော အကြောင်းတရားတို့နှင့် ပြည့်စုံခြင်းကြောင့် လည်းကောင်း, မဖြစ်သေး သော ဥပေက္ခာသမ္ဗောဇ္ဈင် ဖြစ်၏။ ဖြစ်ပြီးသော ဥပေက္ခာသမ္ဗောဇ္ဈင် အတိုင်း ထက်အလွန် ပွားများ၏။ အရဟတ္တမဂ်ဉာဏ်ဖြင့် ဖြစ်ပြီးသော ဥပေက္ခာသမ္ဗောဇ္ဈင်ကို ပွားစေခြင်းသည် ဘာဝနာ နှင့် ပြည့်စုံ၏ဟု ဆင်ခြင်အောက်မေ့ရာသည်။

သစ္စာလေးပါး ခွဲပြချက်

(၁) ဗောဇ္ဈင် ခုနစ်းပါးကို အောက်မေ့ သိမ်းဆည်းတတ်သော သတိသည် ဒုက္ခသစ္စာ မည်၏။
(၂) ထိုဒုက္ခ၏ အကြောင်းရင်း၏ အဖြစ်အားဖြင့် ဖြစ်စေတတ်သော ရှေးဘဝ၌ ပြီးပြီးသော လောဘသည် သမုဒယသစ္စာ မည်၏။
(၃) ထိုသစ္စာနှစ်ပါးတို့၏ မဖြစ်ရာ ချုပ်ရာဖြစ်သော အသင်္ခတဓာတ်နိဗ္ဗာန်သည် နိရောဓသစ္စာ မည်၏။
(၄) ထိုနိရောဓသစ္စာကို အာရုံပြု၍ဖြစ်သော ကောင်းမွန် လွန်မြတ်သော အကျင့်ဟု ဆိုအပ်သော မဂ္ဂင်တရားကိုယ် ရှစ်ပါးသည် မဂ္ဂသစ္စာ မည်၏။

ဤသို့ သစ္စာလေးပါးတို့၏ အစွမ်းအားဖြင့် အားထုတ်၍လည်း ဘေးအပေါင်း ငြိမ်းရာ နိဗ္ဗာန်သို့ ရောက်သည်သာလျှင် ဖြစ်၏။ ထို့ကြောင့် စတုသစ္စကမ္မဋ္ဌာန်းကို စီးဖြန်း အားထုတ်ရာ, ပွားစေရာ, လုံ့လပြုရာသည်။

[ဤကား ဗောဇ္ဈင်္ဂပဗ္ဗ၌ အကျဉ်းဖြစ်သော အဓိပ္ပါယ်တည်း။]

ဓမ္မာနုပဿနာ

၅-သစ္စာပိုင်း
▬▬▬▬▬

၁၅။ သစ္စပဗ္ဗ၌ သစ္စာသည် -

(၁) ဒုက္ခသစ္စာ,
(၂) သမုဒယသစ္စာ,
(၃) နိရောဓသစ္စာ,
(၄) မဂ္ဂသစ္စာ -

ဟူ၍ လေးပါးအပြားရှိသည်သာလျှင် ဖြစ်၏။ ထိုလေးပါးတို့တွင်

(က) ဇာတိ, ဇရာ, မရဏ, သောက, ပရိဒေဝ, ဒုက္ခ, ဒေါမနဿ, ဥပါယာသ, အပ္ပိယသမ္ပယောဂ, ပိယဝိပ္ပယောဂ, ဣစ္ဆာအပဋိလာဘ, ဥပါဒါနက္ခန္ဓာ ဤအလုံးစုံ သည် ဒုက္ခသစ္စာ မည်၏။

တစ်နည်းလည်း တဏှာကြဉ်သော တေဘူမိက ဝဋ်တရားအပေါင်းသည် ဒုက္ခသစ္စာ မည်၏။

ထိုတရား အပေါင်းတို့တွင် -

(၁) သတ္တဝါအပေါင်းတို့၏ ထိုထိုဘဝ၌ ဖောက်ပြန်ခြင်း ရှိကုန်သော ရှေးဦးစွာ ဖြစ်သော ခန္ဓာငါးပါးတို့၏ သဘောသည် ဇာတိ မည်၏။
(၂) အိုခြင်း, သွားကျိုးခြင်း, ဆံဖြူခြင်း, အရေတွန့်ခြင်း, မျက်စိသီခြင်း, နားထိုင်း ခြင်း ဤအလုံးစုံ သည် ဇရာ မည်၏။
(၃) ထိုထိုဘဝမှ စုတေ သေလွန်ခြင်းသည် မရဏ မည်၏။
(၄) အဆွေအမျိုး ပျက်စီးခြင်း, သတ်ခြင်း, နှောင်ဖွဲ့ခြင်း အစရှိသည်ကို တွေ့၍ စိုးရိမ်ခြင်း သည် သောက မည်၏။
(၅) ငါ့သမီး, ငါ့သား အစရှိသည်ဖြင့် ငိုကြွေး မြည်တမ်းခြင်းသည် ပရိဒေဝ မည်၏။
(၆) ကိုယ်ကိုမှီ၍ ဆင်းရဲခြင်း ဝေဒနာသည် ဒုက္ခ မည်၏။
(၇) စိတ်ကို မှီ၍ ဆင်းရဲခြင်း ဝေဒနာသည် ဒေါမနဿ မည်၏။
(၈) အဆွေအမျိုး ပျက်စီးခြင်း, သတ်ခြင်း, နှောင်ဖွဲ့ခြင်း အစရှိသည်ကိုတွေ့၍ သက်ကြီး ရှိုက်တငင် ပြင်းစွာ ပင်ပန်းခြင်းသည် ဥပါယာသ မည်၏။
(၉) မချစ်မနှစ်လိုသော သတ္တဝါအာရုံနှင့် တွေ့ကြုံ ပေါင်းဖက်ရခြင်းသည် အပ္ပိယ သမ္ပယောဂ မည်၏။
(၁၀) ချစ်နှစ်လိုသော သတ္တဝါ အာရုံနှင့် ကွေကွင်း ရခြင်းသည် ပိယဝိပ္ပယောဂ မည်၏။
(၁၁) ငါ့အား ဇာတိစသည် မဖြစ်မူကား ကောင်းလေစွ၊ ဤသို့ တောင့်တသော ဆန္ဒအလို မပြည့်စုံခြင်း သည် ဣစ္ဆာအပဋိလာဘ မည်၏။
(၁၂) ဥပါဒါန်တရားလေးပါး၏ အာရုံဖြစ်သောရူပက္ခန္ဓာ, ဝေဒနာက္ခန္ဓာ, သညာက္ခန္ဓာ, သင်္ခါရက္ခန္ဓာ, ဝိညာဏက္ခန္ဓာသည် ဥပါဒါနက္ခန္ဓာ မည်၏။

(ခ) ထိုထိုဘဝအာရုံတို့၌ နှစ်သက်တတ်သောကာမတဏှာ, ဘဝတဏှာ, ဝိဘဝတဏှာ သည် သမုဒယသစ္စာ မည်၏။

ထိုတဏှာသုံးပါးတို့တွင် -

(၁) ရူပါရုံ, သဒ္ဒါရုံ, ဂန္ဓာရုံ, ရသာရုံ, ဖောဋ္ဌဗ္ဗာရုံအားဖြင့် ကာမဂုဏ်ငါးပါးကို တပ်သော တဏှာသည် ကာမတဏှာ မည်၏။
(၂) ဘဝကို တောင့်တသော အားဖြင့် ဖြစ်သော သဿတဒိဋ္ဌိနှင့် တကွဖြစ်သော ရူပဘဝ, အရူပဘဝကို တပ်သော ရာဂ၊ ဈာန်ကို တပ်သော တဏှာသည် ဘဝတဏှာ မည်၏။
(၃) ဥစ္ဆေဒဒိဋ္ဌိနှင့်တကွဖြစ်သော တဏှာသည် ဝိဘဝတဏှာ မည်၏။

ထိုတဏှာသုံးပါးသည် အဘယ်၌ ဖြစ်သနည်း ဟူမူကား - ပိယရုပ်, သာတရုပ်၌ ဖြစ်၏။ ပိယရုပ်, သာတရုပ်ဟူသည် အဘယ်နည်း။

၁။ စက္ခု, သောတ, ဃာန, ဇိဝှါ, ကာယ, မန
၂။ ရူပါရုံ, သဒ္ဒါရုံ, ဂန္ဓာရုံ, ရသာရုံ, ဖောဋ္ဌဗ္ဗာရုံ, ဓမ္မာရုံ
၃။ စက္ခုဝိညာဏ်, သောတဝိညာဏ်, ဃာနဝိညာဏ်, ဇိဝှါဝိညာဏ်, ကာယ ဝိညာဏ်, မနော ဝိညာဏ်
၄။ စက္ခုသမ္ဖဿ, သောတသမ္ဖဿ, ဃာနသမ္ဖဿ, ဇိဝှါသမ္ဖဿ, ကာယသမ္ဖဿ, မနောသမ္ဖဿ
၅။ စက္ခုသမ္ဖဿဇာ ဝေဒနာ, သောတသမ္ဖဿဇာ ဝေဒနာ, ဃာနသမ္ဖဿဇာ ဝေဒနာ, ဇိဝှါသမ္ဖဿဇာ ဝေဒနာ, ကာယသမ္ဖဿဇာ ဝေဒနာ, မနောသမ္ဖဿဇာ ဝေဒနာ
၆။ ရူပသညာ, သဒ္ဒသညာ, ဂန္ဓသညာ, ရသသညာ, ဖောဋ္ဌဗ္ဗသညာ, ဓမ္မသညာ
၇။ ရူပသေဉ္စတနာ, သဒ္ဒသေဉ္စတနာ, ဂန္ဓသေဉ္စတနာ, ရသသေဉ္စတနာ, ဖောဋ္ဌဗ္ဗသေဉ္စတနာ, ဓမ္မသေဉ္စတနာ
၈။ ရူပတဏှာ, သဒ္ဒတဏှာ, ဂန္ဓတဏှာ, ရသတဏှာ, ဖောဋ္ဌဗ္ဗတဏှာ, ဓမ္မတဏှာ
၉။ ရူပဝိတက်, သဒ္ဒဝိတက်, ဂန္ဓဝိတက်, ရသဝိတက်, ဖောဋ္ဌဗ္ဗဝိတက်, ဓမ္မဝိတက်
၁၀။ ရူပဝိစာရ, သဒ္ဒဝိစာရ, ဂန္ဓဝိစာရ, ရသဝိစာရ, ဖောဋ္ဌဗ္ဗဝိစာရ, ဓမ္မဝိစာရ

ဤအလုံးစုံသည် သတ္တဝါတို့၏ ချစ်အပ်, သာယာအပ်သော သဘောရှိသောကြောင့် ပိယရုပ်, သာတရုပ်မည်၏။ ထို ပိယရုပ်, သာတရုပ်တို့၌ဆိုအပ်ခဲ့ပြီးသော တဏှာသုံးပါး ဖြစ်၏။
ဒုက္ခသစ္စာ၏ အကြောင်းရင်းဖြစ်သောကြောင့် ကာမတဏှာ, ဘဝတဏှာ, ဝိဘဝတဏှာ သုံးပါးကိုသာ အကျဉ်းအား ဖြင့် ဟောတော်မူသည်။

အကျယ်အားဖြင့်ကား တဏှာ အပြားသည် တစ်ရာ့ရှစ်ပါး အပြားရှိသည်သာလျှင် ဖြစ်၏။ အဘယ်သို့ တစ်ရာ့ရှစ်ပါး ဖြစ်သနည်းဟူမူကား -

အာရုံအားဖြင့် ရူပတဏှာ, သဒ္ဒတဏှာ, ဂန္ဓတဏှာ, ရသတဏှာ, ဖောဋ္ဌဗ္ဗတဏှာ, ဓမ္မတဏှာဟူ၍ ခြောက်ပါး အပြားရှိ၏။

ထိုခြောက်ပါးတို့တွင် တစ်ပါးပါးသောတဏှာ၌ -

ပဝတ္တိအာကာရအားဖြင့် ကာမတဏှာ, ဘဝတဏှာ, ဝိဘဝတဏှာ အားဖြင့် အသီး အသီး သုံးပါး သုံးပါးစီ ဖြစ်သောကြောင့် တစ်ဆယ့်ရှစ်ပါးအပြားရှိသော တဏှာသည် ဖြစ်၏။ ထိုတစ်ဆယ့်ရှစ်ပါးသော တဏှာတို့တွင်လည်း တစ်ပါးတစ်ပါးသော တဏှာ၌ -

သန္တာန်၏ အစွမ်းအားဖြင့် အဇ္ဈတ္တိကတဏှာ, ဗဟိဒ္ဓတဏှာအားဖြင့် အသီးအသီး နှစ်ပါးနှစ်ပါးစီ ဖြစ်သော ကြောင့် သုံးဆယ့်ခြောက်ပါး အပြားရှိသော တဏှာ သည်ဖြစ်၏။

ထိုသုံးဆယ့်ခြောက်ပါးသော တဏှာတို့တွင် တစ်ပါးတစ်ပါးသော တဏှာ၌ -

ကာလအားဖြင့် အတီတတဏှာ, အနာဂတတဏှာ, ပစ္စုပ္ပန္နတဏှာဟူ၍ အသီးအသီး သုံးပါး သုံးပါးစီဖြစ်သောကြောင့် တစ်ရာ့ရှစ်ပါး အပြားရှိသော တဏှာသည်ဖြစ်၏ ဟူလိုသည်။

(ဂ) ထိုတဏှာသုံးပါး၏ အကြွင်းမဲ့ချုပ်ရာ အသင်္ခတဓာတ် နိဗ္ဗာန်သည် နိရောဓသစ္စာ မည်၏။

ထိုတဏှာသုံးပါးသည် အဘယ်ဝတ္ထုမှီရာ၌ ချုပ်သနည်း။ ပိယရုပ်, သာတရုပ်ဟူသည် အဘယ်နည်း ဟူမူကား -

၁။ စက္ခု, သောတ, ဃာန, ဇိဝှါ, ကာယ, မန
၂။ ရူပါရုံ, သဒ္ဒါရုံ, ဂန္ဓာရုံ, ရသာရုံ, ဖောဋ္ဌဗ္ဗာရုံ, ဓမ္မာရုံ
၃။ စက္ခုဝိညာဏ်, သောတဝိညာဏ်, ဃာနဝိညာဏ်, ဇိဝှါဝိညာဏ်, ကာယ ဝိညာဏ်, မနော ဝိညာဏ်
၄။ စက္ခုသမ္ဖဿ, သောတသမ္ဖဿ, ဃာနသမ္ဖဿ, ဇိဝှါသမ္ဖဿ, ကာယသမ္ဖဿ, မနောသမ္ဖဿ
၅။ စက္ခုသမ္ဖဿဇာ ဝေဒနာ, သောတသမ္ဖဿဇာ ဝေဒနာ, ဃာနသမ္ဖဿဇာ ဝေဒနာ, ဇိဝှါ သမ္ဖဿဇာ ဝေဒနာ, ကာယသမ္ဖဿဇာ ဝေဒနာ, မနောသမ္ဖဿဇာ ဝေဒနာ
၆။ ရူပသညာ, သဒ္ဒသညာ, ဂန္ဓသညာ, ရသသညာ, ဖောဋ္ဌဗ္ဗသညာ, ဓမ္မသညာ
၇။ ရူပသေဉ္စတနာ, သဒ္ဒသေဉ္စတနာ, ဂန္ဓသေဉ္စတနာ, ရသသေဉ္စတနာ, ဖောဋ္ဌဗ္ဗသေဉ္စတနာ, ဓမ္မသေဉ္စတနာ
၈။ ရူပတဏှာ, သဒ္ဒတဏှာ, ဂန္ဓတဏှာ, ရသတဏှာ, ဖောဋ္ဌဗ္ဗတဏှာ, ဓမ္မတဏှာ
၉။ ရူပဝိတက်, သဒ္ဒဝိတက်, ဂန္ဓဝိတက်, ရသဝိတက်, ဖောဋ္ဌဗ္ဗဝိတက်, ဓမ္မဝိတက်
၁၀။ ရူပဝိစာရ, သဒ္ဒဝိစာရ, ဂန္ဓဝိစာရ, ရသဝိစာရ, ဖောဋ္ဌဗ္ဗဝိစာရ, ဓမ္မဝိစာရ

ဤအလုံးစုံသည် သတ္တဝါတို့၏ ချစ်အပ်, သာယာအပ်သော သဘောရှိသောကြောင့် ပိယရုပ်, သာတရုပ် မည်၏။ ထို ပိယရုပ်, သာတရုပ်တို့၌ ဆိုအပ်ခဲ့ပြီးသော တဏှာ သုံးပါးအကြွင်းမဲ့ ချုပ်၏။

သမ္မာဒိဋ္ဌိ, သမ္မာသင်္ကပ္ပ, သမ္မာဝါစာ, သမ္မာကမ္မန္တ, သမ္မာအာဇီဝ, သမ္မာသတိ, သမ္မာသမာဓိ အားဖြင့် ဤမဂ္ဂင်တရားကိုယ် ရှစ်ပါးတို့တွင် -

၁။ ဒုက္ခသစ္စာ,သမုဒယသစ္စာ, နိရောဓသစ္စာ, မဂ္ဂသစ္စာအားဖြင့် လေးပါးသော သစ္စာ တို့ကို သိတတ် သောဉာဏ်သည် သမ္မာဒိဋ္ဌိ မည်၏။
၂။ ကာမဂုဏ်မှ ထွက်မြောက်သည်ကို ကြံခြင်း, သူတစ်ပါးတို့အား မပျက်စီး စိမ့်သောငှါ ကြံခြင်း, သူတစ်ပါးတို့အာ မညှဉ်းဆဲအံ့ သည်ကို ကြံခြင်းသည် သမ္မာသင်္ကပ္ပ မည်၏။
၃။ အာဇီဝ အကြောင်းမရှိဘဲ မုသာဝါဒ, ပိသုဏဝါစာ, ဖရူသဝါစာ, သမ္ဖပ္ပလာပ အားဖြင့် ဤ ဝစီဒုစရိုက်လေးပါးမှကြဉ်ခြင်းသည် သမ္မာဝါစာ မည်၏။
၄။ အာဇီဝ အကြောင်းရှိသော ပါဏာတိပါတ, အဒိန္နာဒါန, ကာမေသုမိစ္ဆာစာရ အားဖြင့် ကာယ ဒုစရိုက်သုံးပါးမှ ကြဉ်ခြင်းသည် သမ္မာကမ္မန္တ မည်၏။
၅။ အာဇီဝ အကြောင်းမရှိဘဲ မုသာဝါဒ, ပိသုဏဝါစာ, ဖရူသဝါစာ, သမ္ဖပ္ပလာပ ဟူသော ဝစီဒုစရိုက် လေးပါး၊ ပါဏာတိပါတ, အဒိန္နာဒါန, ကာမေသုမိစ္ဆာစာရဟူသော ကာယဒုစရိုက် သုံးပါးအားဖြင့် ဒုစရိုက်ခုနစ်ပါးမှ ကြဉ်ခြင်းသည် သမ္မာအာဇီဝ မည်၏။
၆။ မဖြစ်သေးသော အကုသိုလ်တရားတို့ကို မဖြစ်စိမ့်သောငှါ, ဖြစ်ပြီးသော အကုသိုလ်တရားတို့ကို ပယ်အံ့သောငှါ, မဖြစ်သေးသော ကုသိုလ်တရားတို့ကို ဖြစ်စိမ့် သောငှါ, ဖြစ်ပြီးသော ကုသိုလ် တရားတို့ကို လွန်စွာ ပွားစေခြင်းငှါ အားထုတ်ခြင်း သည် သမ္မာဝါယာမ မည်၏။
၇။ လက်ခြေအစရှိသော အင်္ဂါကြီးငယ်အပေါင်း မကောင်းရွံရှာဖွယ် ဆံ, အမွေး, လက်သည်း ခြေသည်းစသော သုံးဆယ့်နှစ်ပါးသော ကောဋ္ဌာသအစုတို့၏ တည်ရာဖြစ်ရာ ရူပကာယခန္ဓာ ကိုယ်ကို အောက်မေ့ခြင်း၊ သုခ, ဒုက္ခ, ဥပေက္ခာ အားဖြင့် ပြားသော ဝေဒနာကို အောက်မေ့ခြင်း၊ သရာဂစသော စိတ်ကို အောက်မေ့ခြင်း၊ နီဝရဏငါးပါး စသော တရားကို အောက်မေ့ခြင်းသည် သမ္မာသတိ မည်၏။
၈။ ဝိတက်, ဝိစာရ, ပီတိ, သုခ, ဧကဂ္ဂတာ တည်းဟူသော ဈာန်အင်္ဂါ ငါးပါးနှင့်ယှဉ်သော ပထမ ဈာန်၊ ပီတိ, သုခ, ဧကဂ္ဂတာတည်းဟူသော ဈာန်အင်္ဂါ သုံးပါးနှင့်ယှဉ်သော ဒုတိယဈာန်၊ သုခ, ဧကဂ္ဂတာတည်းဟူသော ဈာန်အင်္ဂါ နှစ်ပါးနှင့် ယှဉ်သော တတိယဈာန်၊ ဥပေက္ခာ, ဧကဂ္ဂတာ တည်းဟူသော ဈာန်အင်္ဂါနှစ်ပါးနှင့် ယှဉ်သော စတုတ္ထ ဈာန်သည် သမ္မာသမာဓိ မည်၏။

.

သစ္စာလေးပါး ခွဲပြချက်

၁။ သစ္စာလေးပါးကို သိမ်းဆည်းတတ်သော သတိသည် ဒုက္ခသစ္စာ မည်၏။
၂။ အကြောင်းရင်း၏ အဖြစ်အားဖြင့် ဖြစ်စေတတ်သော ရှေးဘဝ၌ ပြီးပြီးသော လောဘသည် သမုဒယသစ္စာ မည်၏ ။
၃။ ထိုသစ္စာနှစ်ပါးတို့၏ မဖြစ်ရာ ချုပ်ရာဖြစ်သော အသင်္ခတဓာတ်နိဗ္ဗာန်သည် နိရောဓသစ္စာ မည်၏။
၄။ ဒုက္ခသစ္စာကို ပိုင်းခြားတတ်သော သမုဒယသစ္စာကို ပယ်တတ်သော နိရောဓ သစ္စာလျှင် အာရုံ ရှိသော ကောင်းမွန်လွန်မြတ်သော အကျင့်ဟုဆိုအပ်သော မဂ္ဂင် တရားကိုယ်ရှစ်ပါးသည် မဂ္ဂသစ္စာ မည်၏။

ဤသို့ သစ္စာလေးပါးတို့၏အစွမ်းအားဖြင့် အားထုတ်လုံ့လပြု၍ ဘေးအပေါင်းငြိမ်းရာ နိဗ္ဗာန်သို့ ရောက်သည်သာလျှင် ဖြစ်၏။ ထို့ကြောင့် စတုသစ္စကမ္မဋ္ဌာန်းကိုစီးဖြန်း အားထုတ်ရာ, ပွားစေရာ, အားထုတ်ရာသည်။

.

သစ္စာလေးပါး၌

အထူးမှတ်ဖွယ်
▬▬▬▬▬▬

ကတမာ စ ဘိက္ခဝေ ဒုက္ခေ ဉာဏံ ဒုက္ခသမုဒယေ ဉာဏံ ဒုက္ခနိရောဓေ ဉာဏံ ဒုက္ခနိရောဓဂါမိနိယာ ပဋိပဒါယ ဉာဏံ၊ အယံ ဝုစ္စတိ သမ္မာဒိဋ္ဌိ - ပါဠိတော်ဖြင့် စတုသစ္စကမ္မဋ္ဌာန်းကို ပြတော်မူသည်သာလျှင် ဖြစ်၏။ ထိုသို့ပြတော်မူသော သစ္စာ လေးပါး တို့တွင်-

၁။ ရှေးဖြစ်သော ဒုက္ခသစ္စာ, သမုဒယသစ္စာနှစ်ပါးတို့သည် ဝဋ်နှင့်ယှဉ်သောကြောင့် ဝဋ္ဋသစ္စာ မည်၏။
၂။ နောက်ဖြစ်သော နိရောဓသစ္စာ, မဂ္ဂသစ္စာနှစ်ပါးတို့သည် ဝဋ်နှင့် မယှဉ် ဝဋ်မှ ကင်းသောကြောင့် ဝိဝဋ္ဋသစ္စာ မည်၏။

ထို့ကြောင့် ထိုသစ္စာလေးပါးတို့တွင် ယောဂီပုဂ္ဂိုလ်အား ဝဋ်နှင့်ယှဉ်သော သစ္စာနှစ်ပါး တို့၌ ကမ္မဋ္ဌာန်းကို နှလုံးသွင်းခြင်းသည် ဖြစ်၏။ ဝဋ်မှကင်းသော သစ္စာနှစ်ပါးတို့၌ ကမ္မဋ္ဌာန်းကို နှလုံးသွင်းခြင်း သည် မရှိ။

ထိုစကား မှန်၏။ ရှေးဖြစ်သော သစ္စာနှစ်ပါးတို့ကို -

၁။ ပဉ္စက္ခန္ဓော ဒုက္ခံတဏှာ သမုဒယော - ဤသို့ အကျဉ်းအားဖြင့်လည်းကောင်း,
၂။ ကတမေ ပဉ္စက္ခန္ဓာရူပက္ခန္ဓော စသော အကျယ်အားဖြင့်လည်းကောင်း,

ဆရာ့၏အထံ၌ သင်၍ နှုတ်ဖြင့် အဖန်တလဲလဲ တပြောင်းပြန်ပြန် စီးဖြန်းရွတ်ဖတ် သရဇ္ဈာယ်၍ ယောဂီပုဂ္ဂိုလ်သည် အမှုကို ပြုရာ၏။

ဤ ဝဋ်နှင့် ယှဉ်သော သစ္စာနှစ်ပါးတို့မှ တစ်ပါးသောဝဋ်နှင့် မယှဉ်သော ဝဋ်မှ ကင်းသော နိရောဓသစ္စာ, မဂ္ဂသစ္စာနှစ်ပါး တို့တွင်-

၁။ နိရောဓသစ္စာသည် အလွန် အလိုရှိအပ်, နှစ်လိုအပ်, နှလုံးဖြင့် ရောက်အပ် နှလုံးကို ပွားစေတတ် သည်ဖြစ်၏။ ဣဋ္ဌ, ကန္တ,မနာပ ဖြစ်၏။
၂။ မဂ္ဂသစ္စာသည်လည်း ဣဋ္ဌ, ကန္တ, မနာပ ဖြစ်၏-ဟု ဤသို့ နာခြင်း သဝန၏အစွမ်းအားဖြင့် အမှုကို ပြုရာ၏။

ဤသို့ သဝနဖြင့် အမှုကိုပြုသော ယောဂီပုဂ္ဂိုလ်သည် -

၁။ သစ္စာလေးပါးတို့ကို တစ်ခုသော ထိုးထွင်းခြင်း ဧကပဋိဝေဓဖြင့် ထိုးထွင်း၍ သိ၏။
၂။ တစ်ခုသော သိခြင်း ဧကာဘိသမယဖြင့် အလွန်သိ၏။
၃။ ဒုက္ခသစ္စာကို ပိုင်းခြား၍ သိ၏။
၄။ သမုဒယသစ္စာကို ပယ်၍ ထိုးထွင်းခြင်းဖြင့် ထိုးထွင်း၍ သိ၏။
၅။ နိရောဓသစ္စာကို မျက်မှောက်ပြု၍ ထိုးထွင်းခြင်းဖြင့် ထိုးထွင်း၍ သိ၏။
၆။ မဂ္ဂ သစ္စာကို ပွားစေ၍ ထိုးထွင်းခြင်းဖြင့် ထိုးထွင်း၍ သိ၏။
၇။ ဒုက္ခသစ္စာကိုပိုင်းခြား၍သိခြင်း ပရိညာဘိသမယဖြင့်, သမုဒယ သစ္စာကို ပယ်၍ သိခြင်း ပဟာနာ ဘိသမယဖြင့် နိရောဓသစ္စာကို မျက်မှောက်ပြု၍ သိခြင်း သစ္ဆိကိရိယာဘိသမယဖြင့်, မဂ္ဂသစ္စာ ကို ပွားစေ၍ သိခြင်း ဘာဝနာဘိသမယဖြင့် အလွန်အထူးသဖြင့် သိ၏။

ဤသို့ ထိုယောဂီပုဂ္ဂိုလ်အား ရှေးရှေးအဖို့၌ -

(က) နှစ်ပါးသော ဒုက္ခသစ္စာ, သမုဒယသစ္စာတို့၌ ပါဠိသင်ခြင်း, အဋ္ဌကထာသင်ခြင်း, နာခြင်း, ဆောင်ခြင်း, သုံးသပ်ခြင်းဖြင့် ထိုးထွင်းခြင်း ဥဂ္ဂဟ, ပရိပုစ္ဆာ, သဝန, ဓာရဏ, သမ္မသနပဋိဝေဓ ဖြစ်သည်သာလျှင် ဖြစ်၏။
(ခ) နှစ်ပါးသော နိရောဓသစ္စာ, မဂ္ဂသစ္စာတို့၌ကား နာသဖြင့်ထိုးထွင်းခြင်း သဝနပဋိဝေဓ ဖြစ်သည် သာလျှင် ဖြစ်၏။
(ဂ) နောက်အခါ၌ သုံးပါးသောဒုက္ခ, သမုဒယ, မဂ္ဂသစ္စာတို့၌ ကိစ္စအားဖြင့် ပဋိဝေဓ ဖြစ်၏။ နိရောဓ သစ္စာအာရမ္မဏပဋိဝေဓ ဖြစ်၏။

ပစ္စဝေက္ခဏာဉာဏ်သည်ကား ရောက်အပ်သော သစ္စာရှိသော ယောဂီပုဂ္ဂိုလ်အား ဖြစ်၏။ ဤသို့ ဖြစ်ခြင်းသည်လည်း အာဒိကမ္မိကပုဂ္ဂိုလ်နှင့်ယှဉ်၏။ ထို့ကြောင့် ထိုပစ္စဝေက္ခဏာဉာဏ်ကို ဤအရာ၌ ဟောအပ်၏။

ဤယောဂီပုဂ္ဂိုလ်အား သိမ်းဆည်းခြင်းမှ ရှေ့အဖို့၌ -

၁။ ဒုက္ခသစ္စာကို ပိုင်းခြား၍ သိ၏။
၂။ သမုဒယသစ္စာကို ပယ်၍ သိ၏။
၃။ နိရောဓသစ္စာကို မျက်မှောက်ပြု၏။
၄။ မဂ္ဂသစ္စာကို ပွားစေ၏။

ထို့ကြောင့် နှလုံးဆောင်ခြင်း, နှလုံးသွင်းခြင်း, ဆင်ခြင်ခြင်းတို့သည် မရှိကုန်။ ထိုသို့သော်လည်း သိမ်းဆည်းခြင်းမှ စ၍မူကား ဖြစ်သည်သာလျှင် ဖြစ်၏။

၁။ ငါသည် ဒုက္ခသစ္စာကို ပိုင်းခြားအပ်သည်သာလျှင်,
၂။ သမုဒယသစ္စာကို ပယ်အပ်သည်သာလျှင်,
၃။ နိရောဓသစ္စာကို မျက်မှောက်ပြုအပ်သည်သာလျှင်,
၄။ မဂ္ဂသစ္စာကို ပွားစေအပ်သည်သာလျှင် ဖြစ်၏။

ထိုသစ္စာလေးပါးတို့တွင်လည်း -

(၁) ရှေ့သစ္စာနှစ်ပါးတို့သည် မြင်နိုင်ခဲသည်၏ အဖြစ်ကြောင့် နက်နဲခြင်း ဂမ္ဘီရ ဖြစ်ကုန်၏။
(၂) နောက်သစ္စာနှစ်ပါးတို့သည် နက်နဲသည်၏အဖြစ်ကြောင့် သိမြင်နိုင်ခဲခြင်း ဒုဒ္ဒသ ဖြစ်ကုန်၏။

ထိုစကားမှန်၏။ သစ်ငုတ် ထိခြင်း,ဆူးငြောင့် စူးခြင်း အစရှိသည်တို့၌ သြော် - အလွန် ဆင်းရဲစွဟု ဆိုအပ်သည်၏ အဖြစ်သို့လည်း ရောက်သည်၏ အဖြစ်ကြောင့် ဒုက္ခသစ္စာသည်, ဖြစ်ခြင်း ဥပ္ပတ္တိအားဖြင့် ထင်ရှားသည်သာလျှင် ဖြစ်၏။ သမုဒယ သစ္စာသည်လည်း ခဲခြင်းငှါ အလိုရှိသည်၏အဖြစ်, စားခြင်းငှါ အလိုရှိသည်၏အဖြစ် စသည်၏စွမ်းအားဖြင့် ဖြစ်သောကြောင့် ထင်ရှား၏။ လက္ခဏာကို ထိုးထွင်း၍ သိခြင်းဖြင့်ကား ထိုသစ္စာနှစ်ပါးစုံသည်လည်း ဂမ္ဘီရ ဖြစ်၏။ ထို့ကြောင့် သစ္စာနှစ်ပါး တို့သည် ဒုဒ္ဒသ, ဂမ္ဘီရ ဖြစ်ကုန်၏။

ဤသစ္စာနှစ်ပါးမှ တစ်ပါးသော နိရောသစ္စာ, မဂ္ဂသစ္စာ နှစ်ပါးတို့ကို မြင်ခြင်းငှါ လုံ့လပြုခြင်းသည် ဘဝဂ်ဘုံကိုလွန်ခြင်း ကိုင်ခြင်းငှါ အလိုရှိအပ်သော သူသည် မိမိလက်ကိုဆန့်သကဲ့သို့ အဝီစိငရဲကြီးဘုံကို သိခြင်းငှါ အလိုရှိသောသူသည် ခြေကို ဆန့်သကဲ့သို့ အစိတ်တစ်ရာ စိတ်အပ်သော သားမြီးဖျား တစ်ခုဖြင့် သားမြီးဖျား တစ်ခုကို ထိုးတိုက်မိခြင်းကဲ့သို့ ဖြစ်၏။ ထို့ကြောင့် သစ္စာနှစ်ပါးတို့သည် ဂမ္ဘီရ, ဒုဒ္ဒသ ဖြစ်ကုန်၏။

ဤသို့ ဆိုခဲ့ပြီးသောနည်းဖြင့် မြင်နိုင်ခဲသည်၏အဖြစ်ကြောင့် နက်နဲကုန်သော, နက်နဲသည်၏ အဖြစ်ကြောင့် မြင်နိုင်ခဲကုန်သော လေးပါးသော သစ္စာတို့၌ ဥဂ္ဂဟ, ပရိပုစ္ဆာ စသည်တို့၏ အစွမ်းဖြင့် ပဋိဝေဒက္ခဏမှ ရှေ့အဖို့၌-

၁။ ဒုက္ခသစ္စာကို သိသောဉာဏ်,
၂။ သမုဒယသစ္စာကို သိသောဉာဏ်,
၃။ နိရောဓသစ္စာကို သိသောဉာဏ်,
၄။ မဂ္ဂသစ္စာကို သိသောဉာဏ်-

ဟူ၍ အသီးအသီး သစ္စာဉာဏ်လေးပါးဖြစ်ခြင်းကိုရည်၍ "ဒုက္ခေ ဉာဏံ" စသော ဤပါဠိတော်ကို ဟောတော်မူအပ်သည်၊ ပဋိဝေဒက္ခဏ၌ကား ထိုသစ္စာလေးပါးကို သိသောဉာဏ်သည် တစ်ပါး တည်းသာလျှင်ဖြစ်၏။

ထို့ကြောင့် ဤလေးပါး၌ တစ်ပါး အပြားသော ဉာဏ်သည် သမ္မာဒိဋ္ဌိ မည်၏ ဟူလို သတည်း။

ထို့ကြောင့် မဟာသတိပဋ္ဌာနသုတ် အဋ္ဌကထာ၌ -

ဒုက္ခေ ဉာဏန္တိအာဒိနာ စတုသစ္စကမ္မဋ္ဌာနံ ဒဿိတံ၊ တတ္ထ ပုရိမာနိ ဒွေ သစ္စာနိ ဝဋ္ဋံ၊ ပစ္ဆိမာနိ (ဒွေ သစ္စာနိ) ဝိဝဋ္ဋံ၊ တေသု ဘိက္ခုနော ဝဋ္ဋေ ကမ္မဋ္ဌာနာဘိနိဝေသော ဟောတိ၊ ဝိဝဋ္ဋေ နတ္ထိ အဘိနိဝေသော။ (ဒီ ဋ္ဌ ၂၊ ၃၉၁) စသည်ဖြင့် မိန့်အပ်ပြီ။

.

အဋ္ဌကထာ အနက်

ဒုက္ခေ ဉာဏန္တိအာဒိနာ = ဒုက္ခေ ဉာဏံ အစရှိသော ပါဠိတော်ဖြင့်၊
စတုသစ္စကမ္မဋ္ဌာနံ = စတုသစ္စ ကမ္မဋ္ဌာန်းကို၊
ဒဿိတံ = ပြအပ်၏၊
တတ္ထ = ထိုလေးပါးသော သစ္စာတို့တွင်၊
ပုရိမာနိ = ရှေး၌ ဖြစ်ကုန်သော၊
ဒွေ သစ္စာနိ = နှစ်ပါးသော သစ္စာတို့သည်၊
ဝဋ္ဋံ = ဝဋ်နှင့်ယှဉ်သောကြောင့် ဝဋ္ဋသစ္စာမည်၏၊
ပစ္ဆိမာနိ = နောက်၌ ဖြစ်ကုန်သော၊
ဒွေ သစ္စာနိ = နှစ်ပါးသော သစ္စာတို့သည်၊
ဝိဝဋ္ဋံ = ဝဋ်မှကင်းသောကြောင့် ဝိဝဋ္ဋ သစ္စာမည်၏၊
တေသု = ထိုသစ္စာလေးပါးတို့တွင်၊
ဘိက္ခုနော = ယောဂီ ဖြစ်သော လူ, ရဟန်းအား၊
ဝဋ္ဋေ = ဝဋ္ဋသစ္စာ၌၊
ကမ္မဋ္ဌာနာဘိနိဝေသော = ကမ္မဋ္ဌာန်းကို နှလုံးသွင်းခြင်းသည်၊
ဟောတိ = ဖြစ်၏၊
ဝိဝဋ္ဋေ = ဝိဝဋ္ဋသစ္စာ၌၊
အဘိနိဝေသော = ကမ္မဋ္ဌာန်းကို နှလုံးသွင်းခြင်းသည်၊
နတ္ထိ = မရှိ။

နေက္ခမ္မသင်္ကပ္ပ အစရှိသည်တို့ကား -

ကာမ, ဗျာပါဒ, ဝိဟိံသတို့မှ ကြဉ်ခြင်းအမှတ် ဝိရမဏသညာတို့၏ အသီးအသီး ဖြစ်သည်၏ အဖြစ်ကြောင့် လောကုတ္တရာမဂ်မှ ရှေးဖြစ်သော လောကီမဂ်အဖို့၌ အသီးအသီး သုံးပါးအပြားရှိကုန် သော နေက္ခမ္မသင်္ကပ္ပ စသည်တို့သည် ဖြစ်ကုန်၏။ လောကုတ္တရာမဂ် ခဏ၌ကား သုံးပါးသော အရာတို့၌ဖြစ်သော အကုသလသင်္ကပ္ပ၏ အကြောင်းကို ဖြတ်ခြင်းကြောင့် တစ်ဖန် မဖြစ်ပြန်ခြင်းကို ပြီးစေသည်၏ အစွမ်း အားဖြင့် မဂ္ဂအင်္ဂါကို ပြည့်စုံစေလျက် တစ်ပါးတည်း သာလျှင်ဖြစ်သော ကုသလသင်္ကပ္ပ သည် ဖြစ်၏။ ဤသုံးပါး၌ တစ်ပါးအပြားရှိသော သင်္ကပ္ပသည် သမ္မာသင်္ကပ္ပ မည်သည်သာလျှင် ဖြစ်၏ ဟူလိုသတည်း။

ထို့ကြောင့် အဋ္ဌကထာ၌ -

နေက္ခမ္မသင်္ကပ္ပါဒယော ကာမဗျာပါဒဝိဟိံ သာဝိရမဏသညာနံ နာနတ္တာ ပုဗ္ဗဘာဂေ နာနာ (ဒီ ဋ္ဌ ၂၊ ၃၉၂) စသည်ဖြင့် မိန့်အပ်ပြီ။

.

အဋ္ဌကထာ အနက်

နေက္ခမ္မသင်္က ပ္ပါဒယော = ကာမမှ ထွက်မြောက်ခြင်း အစရှိသည်တို့သည်၊
ကာမဗျာပါဒ ဝိဟိံသာ-ဝိရမဏသညာနံ = ကာမဝိတက်, ဗျာပါဒဝိတက်, ဝိဟိံသာ ဝိတက်တို့မှ ကြဉ်ခြင်းအမှတ်တို့၏၊
နာနာတ္တာ = အသီးအသီးကြဉ်ခြင်းရှိသည်၏အဖြစ်ကြောင့်၊
ပုဗ္ဗဘာဂေ = မဂ်၏ရှေးအဖို့၌၊
နာနာ = အသီးအသီး ဖြစ်ကုန်၏။

ချွတ်ယွင်းစေသော စကားမှ ကြဉ်ခြင်း အစရှိသည်တို့သည်လည်း -

မုသာဝါဒ အစရှိသည်တို့မှ ကြဉ်ခြင်း အမှတ်တို့၏ အသီးအသီး ဖြစ်ခြင်း ရှိသည်၏ အဖြစ်ကြောင့် မဂ်၏ ရှေးအဖို့ အသီး အသီးဖြစ်၍ လောကုတ္တရာမဂ် ခဏ၌ကား ဤ လေးပါးသော အရာတို့၌ ဖြစ်သော အကုသိုလ် ဒုဿီလ စေတနာ၏ အကြောင်းကို ဖြတ်ခြင်းကြောင့် တစ်ဖန် မဖြစ်ပြန်ခြင်းကို ပြီးစေသည် ၏အစွမ်းအားဖြင့် မဂ္ဂအင်္ဂါကို ပြည့်စုံစေလျက် တစ်ပါးတည်းသာလျှင်ဖြစ်သော ကုသိုလ်ဝေရမဏိသည် ဖြစ်၏။ ဤလေးပါး၌ တစ်ပါးအပြားရှိသော ဝိရတီသည် သမ္မာဝါစာမည်၏ ဟူလိုသတည်း။

ထို့ကြောင့် အဋ္ဌကထာ၌ -

မုသာဝါဒါ ဝေရမဏိအာဒယောပိ မုသာဝါဒါဒီဟိ ဝိရမဏသညာနံ နာနတ္တာ ပုဗ္ဗဘာဂေ နာနာ - (ဒီ ဋ္ဌ ၂၊ ၃၉၂) စသည်ဖြင့် မိန့်အပ်ပြီ။

.

အဋ္ဌကထာ အနက်

မုသာဝါဒါ = ချွတ်ယွင်းသော စကားကို ဆိုခြင်းမှ၊
ဝေရမဏိအာဒယောပိ = ကြဉ်ခြင်းအစရှိသည် တို့သည်လည်း၊
မုသာဝါဒါဒီဟိ = မုသာဝါဒ အစရှိသည်တို့မှ၊
ဝိရမဏသညာနံ = ဝိရမဏသညာတို့၏၊
နာနတ္တာ = အသီးအသီးဖြစ်ခြင်း အစရှိသည်တို့၏အဖြစ်ကြောင့်၊
ပုဗ္ဗဘာဂေ = လောကုတ္တရာမဂ်မှ ရှေးဖြစ်သော လောကီမဂ်အဖို့၌၊
နာနာ = အသီးအသီး ဖြစ်ကုန်၏၊

ပါဏာတိပါတမှ ကြဉ်ခြင်း အစရှိသည်တို့သည်လည်း -

သူ့အသက်ကိုသတ်ခြင်း အစရှိသည်တို့မှ ကြဉ်ခြင်းအမှတ်, ဝိရမဏသညာတို့၏ အသီး အသီး ဖြစ်ခြင်း ရှိသည်၏ အဖြစ်ကြောင့် လောကုတ္တရာမဂ် ခဏ၌ကား ဤသုံးပါးသော အရာတို့၌ဖြစ်သော အကုသိုလ်ဒုဿီလ စေတနာကို မပြုခြင်းကြောင့် လည်းကောင်း, အကုသိုလ်ဒုဿီလ စေတနာ၏ အကြောင်းကို ဖြတ်ခြင်းကြောင့် လည်းကောင်း တစ်ဖန်မဖြစ်ပြန်ခြင်းကို ပြီးစေသည်၏အစွမ်းအားဖြင့် မဂ္ဂအင်္ဂါကို ပြည့်စုံစေလျက် တစ်ပါးတည်းသာလျှင်ဖြစ်သော ကုသိုလ်ဝေရမဏိသည် ဖြစ်၏။

ဤသုံးပါး၌ တစ်ပါးအပြားရှိသော လောကီ လောကုတ္တရာ ဝေရမဏိသည် သမ္မာကမ္မန္တ မည်၏ ဟူလိုသတည်း။

ထို့ကြောင့် အဋ္ဌကထာ၌ -

ပါဏာတိပါတာ ဝေရမဏိအာဒယောပိ ပါဏာတိပါတာဒီဟိ ဝိရမဏသညာနံ နာနတ္တာပုဗ္ဗဘာဂေ နာနာ မဂ္ဂက္ခဏေ ပန ဣမေသု တီသု ဌာနေသု ဥပ္ပန္နာယ - (ဒီ ဋ္ဌ ၂၊ ၃၉၂)စသည်ဖြင့် မိန့်အပ်ပြီ။

.

အဋ္ဌကထာ အနက်

ပါဏာတိပါတာ = သူ၏အသက်ကိုသတ်ခြင်းမှ၊၊
ဝေရမဏိအာဒယောပိ = ကြဉ်ခြင်းအစရှိသည် တို့သည်လည်း၊
ပါဏာတိပါတာဒီဟိ = ပါဏာတိပါတ အစရှိသည်တို့မှ၊
ဝိရမဏသညာနံ = ကြဉ်ခြင်း အမှတ် ဝိရမဏသညာတို့၏၊
နာနတ္တာ = အသီးအသီးဖြစ်ခြင်း အစရှိသည်တို့၏ အဖြစ်ကြောင့်၊
ပုဗ္ဗဘာဂေ = လောကုတ္တရာမဂ်မှ ရှေးဖြစ်သော လောကီမဂ်အဖို့၌၊
နာနာ = အသီးအသီး ဖြစ်ကုန်၏၊
မဂ္ဂက္ခဏေ ပန = လောကုတ္တရာမဂ် ခဏ၌ကား၊
ဣမေသု တီသု ဌာနေသု = ဤသုံးပါးသောအရာတို့၌၊
ဥပ္ပန္နာယ = ဖြစ်သော။

သမ္မာအာဇီဝ ဟူသည်လည်း -

ခဲဖွယ်ဘောဇဉ် အစရှိသည်တို့၏အကျိုးငှါ ဖြစ်စေတတ်သော ကာယဒုစရိုက်သုံးပါး, ဝစီဒုစရိုက် လေးပါးကိုကြဉ်၍ မြတ်စွာဘုရားသည် ချီးမွမ်းအပ်သော အသက်မွေးခြင်း ဖြင့် အသက်မွေးခြင်းကို ဖြစ်စေ၏။

ကုဟုနအစရှိသည်တို့မှ ကြဉ်ခြင်း အမှတ်တို့၏ အသီးအသီးဖြစ်ခြင်း ရှိသည်၏ အဖြစ် ကြောင့် ရှေးဖြစ်သော လောကီမဂ်အဖို့၌ အသီးအသီး ဖြစ်ကုန်၏။ လောကုတ္တရာ မဂ်ခဏ၌ကား ဤ ခုနစ်ပါးသော အရာဌာန အကြောင်းတို့၌ဖြစ်သော မှားသော အသက်မွေးခြင်း အကုသိုလ်ဒုဿီလ စေတနာ၏ အကြောင်းကို ဖြတ်ခြင်းကြောင့် တစ်ဖန်မဖြစ်ပြန်ခြင်းကို ပြီးစေသည်၏ အစွမ်းအားဖြင့် မဂ္ဂအင်္ဂါကို ပြည့်စုံစေလျက် တစ်ပါးတည်းသာလျှင်ဖြစ်သော ကုသိုလ်ဝေရမဏိသည် ဖြစ်၏။ ဤ ခုနစ်ပါး၌ တစ်ပါး အပြားရှိသော လောကီ လောကုတ္တရာ ဝေရမဏိသည် သမ္မာအာဇီဝမည်၏ ဟူလိုသတည်း။

ထို့ကြောင့် အဋ္ဌကထာ၌ -

မိစ္ဆာအာဇီဝန္တိ ခါဒနီယဘောဇနီယာဒီနံ အတ္ထာယ ပဝတ္ထိတံ ကာယဝစီဒုစ္စရိတံ - (ဒီ ဋ္ဌ ၂၊ ၃၉၂) စသည်ဖြင့်မိန့်အပ်ပြီ။

.

အဋ္ဌကထာ အနက်

မိစ္ဆာအာဇီဝန္တိ = မိစ္ဆာအာဇီဝံ ဟူသည်ကား၊
ခါဒနီယဘောဇနီယာဒီနံ = ခဲဖွယ်ဘောဇဉ် အစ ရှိသည်တို့၏၊
အတ္ထာယ = အကျိုးငှါ၊
ပဝတ္တိတံ = ဖြစ်စေအပ်သော၊
ကာယဝစီဒုစ္စရိတံ = ကာယဒုစရိုက်, ဝစီဒုစရိုက် တည်း။

သမ္မာဝါယာမ ဟူသည်ကား -

(၁) ကာယဒုစရိုက်ကို တစ်ခုသော ဘဝ၌လည်းကောင်း, ထိုသို့ သဘောရှိသော အာရုံ၌ လည်းကောင်း, မိမိသန္တာန်၌ဖြစ်ကုန်သော အကုသိုလ်တရားတို့ကိုလည်းကောင်း, သူတစ်ပါး၏ သန္တာန် ၌ဖြစ်ကုန်သော အကုသိုလ်တရားတို့ကို လည်းကောင်း ဖြစ်စေ၍ ဤသို့သဘော ရှိကုန်သော ယုတ်မာသော အကုသိုလ်တရားတို့သည် ငါ့အား မဖြစ်ပါ မူကား ကောင်းလေစွ၊ ဤသို့ မဖြစ်သေးသော ယုတ်မာသောအကုသိုလ်တရားတို့ကို မဖြစ်စေတတ်သော လုံ့လပြုခြင်း အလိုကို ဖြစ်စေ၏။ လုံ့လကို ပြု၏။ လုံ့လကို ဖြစ်စေ၏။ ဝီရိယစိတ်ကို ချီးမြှောက်ခြင်းကိုပြု၏။ စင်စစ် အရေ အကြော အရိုး အသား ကြွင်းစေ, အသွေးအသား ခြောက်စေဟု အားထုတ်ခြင်းကိုဖြစ်စေ၏။
(၂) ဖြစ်သည်၏အစွမ်းအားဖြင့် မိမိကား ဖြစ်ကုန်ဖြစ်ကုန်ပြီးသော အကုသိုလ် တရားတို့ကို ယခုအခါ၌ ထိုသို့သဘောရှိသော အကုသိုလ်တရားတို့ကို မဖြစ်စေအံ့ဟု ထိုအကုသိုလ်တရားတို့ကို ပယ်ခြင်းငှါ အလိုကိုသာ ဖြစ်စေ၏။
(၃) မရအပ်ကုန်သေးသော ပထမဈာန် အစရှိသည်ကိုဖြစ်စေ, ရစေခြင်းငှါ လုံ့လ ပြုခြင်း အလိုကို ဖြစ်စေခြင်း၊
(၄) ရအပ်ပြီးသော ထိုပထမဈာန် အစရှိသည်တို့ကို အဖန်တလဲလဲ ဖြစ်စေခြင်း, ဖွဲ့ခြင်း၏ အစပ်ဖြင့်တည်စေခြင်း, မပျက်စေခြင်း, အထက်၌ ဖြစ်စေခြင်းငှါ လုံ့လ ပြုခြင်း, အလိုကို ပြန့်ပြောစွာ ဖြစ်စေခြင်း, ဘာဝနာကိုပြည့်စေခြင်းငှါ အလိုဆန္ဒကို ပြည့်စေခြင်း ဖြစ်၏။

ဤသို့ ဆိုခဲ့ပြီးသော သမ္မာဝါယာမ သည်လည်း မဖြစ်ကုန်သော အကုသိုလ်တို့ကို မဖြစ်စေခြင်းငှါ လုံ့လပြုခြင်းစသော စိတ်တို့၏ အသီးအသီး ဖြစ်ခြင်း ရှိသည်၏ အဖြစ်ကြောင့် လောကုတ္တရာ မဂ်မှ ရှေးဖြစ်သော လောကီမဂ်အဖို့၌ အသီးအသီး ဖြစ်ကုန်၏။ လောကုတ္တရာမဂ်ခဏ၌ကား ဤလေးပါးသော အရာတို့၌ ကိစ္စကိုပြီးစေ သည်၏ အစွမ်းအားဖြင့် မဂ္ဂအင်္ဂါကို ပြည့်စုံစေလျက် တစ်ပါးတည်း သာလျှင် ဖြစ်သော ကုသိုလ်ဝီရိယသည် ဖြစ်၏။ ဤလေးပါး၌ တစ်ပါးအပြားရှိသော လောကီ, လောကုတ္တရာ ကုသိုလ် ဝီရိယသည် သမ္မာဝါယာမ မည်၏ ဟူလိုသတည်း။

ထို့ကြောင့် အဋ္ဌကထာ၌ -

(က) အနုပ္ပန္နာနန္တိ ဧကသ္မိံ ဝါ ဘဝေ တထာရူပေ ဝါ အာရမ္မဏေ အတ္တနောဥပ္ပန္နာနံ - (ဒီ ဋ္ဌ ၂၊ ၃၉၂) စသည်ဖြင့်လည်းကောင်း၊
(ခ) အယမ္ပိ သမ္မာဝါယာမော အနုပ္ပန္နာနံ အကုသလာနံ အနုပ္ပါဒနာဒိစိတ္တာနံ နာနတ္တာပုဗ္ဗဘာဂေ နာနာ၊ မဂ္ဂက္ခဏေ ပန ဣမေသုယေဝ စတူသု ဌာနေသု ကိစ္စသာဓနဝသေန မဂ္ဂင်္ဂံ ပူရယမာနံ ဧကမေဝ ကုသလဝီရိယံ ဥပ္ပဇ္ဇတိ။ အယံ သမ္မာဝါယာမော နာမ - (ဒီ ဋ္ဌ ၂၊ ၃၉၃)ဟူ၍လည်းကောင်း မိန့်အပ်ပြီ။

.

အဋ္ဌကထာ အနက်

(က) အနုပ္ပန္နာနန္တိ = အနုပ္ပန္နာနံ ဟူသည်ကား၊
ဧကသ္မိံ ဘဝေ ဝါ = တစ်ခုသော ဘဝ၌ လည်းကောင်း၊
တထာရူပေ = ထိုသို့သဘောရှိကုန်သော၊
အာရမ္မဏေ ဝါ = အာရုံ၌လည်းကောင်း၊
အတ္တနော = မိမိအား၊
ဥပ္ပန္နာနံ = ဖြစ်ကုန်သော။
(ခ) အယမ္ပိ သမ္မာဝါယာမော = ဤသမ္မာဝါယာမသည်လည်း၊
အနုပ္ပန္နာနံ = မဖြစ်ကုန်သော၊
အကုသလာနံ = အကုသိုလ်တရားတို့ကို၊
အနုပ္ပါဒနာဒိစိတ္တာနံ = မဖြစ်စေခြင်းငှါ လုံ့လပြုခြင်းစသော စိတ်တို့၏၊
နာနတ္တာ = အသီးအသီး ဖြစ်ခြင်း ရှိသည်၏အဖြစ်ကြောင့်၊
ပုဗ္ဗဘာဂေ = ရှေးအဖို့၌၊
နာနာ = အသီးအသီးဖြစ်ကုန်၏၊
မဂ္ဂက္ခဏေ ပန = မဂ်ခဏ၌ကား၊
ဣမေသုယေဝ စတူသု ဌာနေသု = ဤ လေးပါးသော အရာတို့၌သာလျှင်၊
ကိစ္စသာဓနဝသေန = ကိစ္စကို ပြီးစေသည်၏အစွမ်း အားဖြင့်၊
မဂ္ဂင်္ဂံ = မဂ္ဂအင်္ဂါကို၊
ပူရယမာနံ = ပြည့်စုံစေလျက်၊
ဧကမေဝ ကုသလဝီရိယံ = တစ်ပါးတည်း သာလျှင်ဖြစ် သော ကုသိုလ်ဝီရိယသည်၊
ဥပ္ပဇ္ဇတိ = ဖြစ်၏၊
အယံ = ဤလေးပါး၌ တစ်ပါးအပြားရှိသော လောကီ, လောကုတ္တရာ ကုသိုလ် ဝီရိယ သည်၊
သမ္မာဝါယာမော နာမ = သမ္မာဝါယာမ မည်၏ ဟူလိုသတည်း။

ထို့ကြောင့် အဋ္ဌကထာ၌ သမ္မာသတိသည်လည်း -

ကာယ, ဝေဒနာ, စိတ္တ, ဓမ္မာနုပဿနာ သတိပဋ္ဌာန်တို့ကို အောက်မေ့ သိမ်းဆည်း တတ်သော စိတ်၏ အသီးအသီး ဖြစ်ခြင်းရှိသည်၏အဖြစ်ကြောင့် လောကုတ္တရာမဂ်မှ ရှေးဖြစ်သော လောကီမဂ် အဖို့၌ အသီးအသီး ဖြစ်ကုန်၏။ လောကုတ္တရာမဂ် ခဏ၌ကား ဤလေးပါးသော အရာတို့၌ ကိစ္စကိုပြီးစေ သည်၏အစွမ်းအားဖြင့် မဂ္ဂအင်္ဂါကိုပြည့်စုံစေလျက် တစ်ပါးတည်းသာလျှင်ဖြစ်သော သတိသည် ဖြစ်၏။ ဤလေးပါး၌ တစ်ပါးအပြားရှိသော လောကီ, လောကုတ္တရာ သတိသည် သမ္မာသတိ မည်၏ ဟူလို သတည်း။

ထို့ကြောင့် အဋ္ဌကထာ၌ -

သမ္မာသတိပိ ကာယာဒိပရိဂ္ဂါဟကစိတ္တာနံ နာနတ္တာ ပုဗ္ဗဘာဂေ နာနာ - (ဒီ ဋ္ဌ ၂၊ ၃၉၃) စသည်ဖြင့် မိန့်တော်မူအပ်ပြီ။

အဋ္ဌကထာ အနက်

သမ္မာသတိပိ = သမ္မာသတိသည်လည်း၊
ကာယာဒိပရိဂ္ဂါဟကစိတ္တာနံ = ကာယ, ဝေဒနာ စသည်တို့ကို အောက်မေ့ သိမ်းဆည်း တတ်သော စိတ်တို့၏၊
နာနတ္တာ = အသီးအသီးဖြစ်ခြင်းရှိသည်၏ အဖြစ်ကြောင့်၊
ပုဗ္ဗဘာဂေ = လောကီဖြစ်သော ပုဗ္ဗဘာဂမဂ်အဖို့၌၊
နာနာ = အသီးအသီး ဖြစ်ကုန်၏။

ဈာန်စသည်တို့နှင့် ယှဉ်သော သမာဓိတို့သည် -

ရှေးအဖို့၌လည်းကောင်း, မဂ်ခဏ၌လည်းကောင်း အသီးအသီး ဖြစ်ကုန်၏။ ရှေး အဖို့၌ ရှစ်ပါးသော သမာပတ်တို့၏အစွမ်းအားဖြင့် အသီးအသီးဖြစ်ကုန်၏။ မဂ်ခဏ၌ မဂ်လေးပါးတို့၏အစွမ်းအားဖြင့် အသီးအသီး ဖြစ်ကုန်၏။ ထိုစကား မှန်၏

(၁) တစ်ယောက်သော ပုဂ္ဂိုလ်၏ ပထမမဂ်သည် ပထမဈာန်နှင့် ယှဉ်သည်သာလျှင် ဖြစ်၏။ ဒုတိယမဂ်အစရှိသည်တို့လည်း ပထမဈာန်နှင့် ယှဉ်ကုန်သည်မူလည်း ဖြစ်ကုန်၏။ ဒုတိယဈာန်အစ ရှိသည်တို့တွင်လည်း အမှတ်မရှိ တစ်ပါးပါးသော ဈာန်နှင့် ယှဉ်ကုန်သည်မူလည်း ဖြစ်ကုန်၏။
(၂) တစ်ယောက်သော ပုဂ္ဂိုလ်၏ ပထမမဂ်နှင့် ဒုတိယဈာန် စသည်တို့တွင် တစ်ပါးပါး သော ဈာန်နှင့် ယှဉ်သည်သာလျှင် ဖြစ်၏။ ဒုတိယမဂ် စသည်တို့သည်လည်း ဒုတိယဈာန် စသည်တို့တွင် တစ်ပါးပါးသောဈာန်နှင့် ယှဉ်ကုန်သည် မူလည်း, ပထမ ဈာန်နှင့် ယှဉ်ကုန်သည်မူလည်း ဖြစ်ကုန်၏။ ဒုတိယဈာန်အစရှိသည် တို့တွင်လည်း အမှတ်မရှိ တစ်ပါးပါးသော ဈာန်နှင့် ယှဉ်ကုန်သည်မူလည်း ဖြစ်ကုန်၏။

ဤသို့ ဆိုခဲ့ပြီးသောနည်းဖြင့် လေးပါးလည်းဖြစ်ကုန်သော မဂ်တို့သည် ဈာန်၏ အစွမ်းဖြင့် တူကုန်သည်မူလည်း, မတူ ကုန်သည်မူလည်း, တစ်စိတ်တူကုန်သည် မူလည်း ဖြစ်ကုန်၏ဟူလိုသတည်း။

[ဤတွင် များစွာဆိုရန် ရှိလေသေး၏။ ကျယ်လွန်းစိုးအံ့၍ အားမထုတ်လိုက်ပြီ။]

ဤသို့ ဆိုခဲ့ပြီးသော အပြားရှိသော သမာဓိသည် လောကုတ္တရာ၏ ရှေးအဖို့၌ လောကီ သမာဓိသာတည်း။ နောက်အဖို့၌ကား လောကုတ္တရာဖြစ်သော သမ္မာသမာဓိမည်၏ ဟူ၍ဆိုအပ်၏ ဟူလို သတည်း။

သစ္စာလေးပါး ခွဲပြချက်

(၁) သစ္စာလေးပါးကို အောက်မေ့ သိမ်းဆည်းတတ်သော သတိသည် ဒုက္ခသစ္စာ မည်၏။

(၂) ထိုဒုက္ခသစ္စာ၏ အကြောင်းရင်း၏ အဖြစ်အားဖြင့် ဖြစ်စေတတ်သော ရှေးဘဝ၌ ပြီးပြီးသော လောဘသည် သမုဒယသစ္စာ မည်၏။

(၃) ထိုသစ္စာနှစ်ပါးတို့၏ မဖြစ်ရာ ချုပ်ရာဖြစ်သော အသင်္ခတဓာတ်နိဗ္ဗာန်သည် နိရောဓသစ္စာ မည်၏။

(၄) ထိုနိရောဓသစ္စာလျှင် အာရုံရှိသော ကောင်းမွန် လွန်မြတ်သော အကျင့်ဟု ဆိုအပ်သော မဂ္ဂင် တရားကိုယ်ရှစ်ပါး သည် မဂ္ဂသစ္စာမည်၏။

ဤသို့ သစ္စာလေးပါးတို့၏အစွမ်းအားဖြင့် အားထုတ်၍ နိဗ္ဗာန်သို့ရောက်သည်သာလျှင် ဖြစ်၏။ ထို့ကြောင့် စတုသစ္စကမ္မဋ္ဌာန်းကိုလည်း အဖန်တလဲလဲ စီးဖြန်း အားထုတ်ရာ, ပွားစေရာ, အားထုတ်ရာ သည်။

[ဤ၌ကား သစ္စပဗ္ဗ၌ အကျဉ်းဖြစ်သော အဓိပ္ပါယ်တည်း။]

ဓမ္မာနုပဿနာသတိပဋ္ဌာန် ပြီး၏။

အာနိသင်ပြ မိန့်ခွန်းတော်

၁၆။ လောကုတ္တရာမဂ်၏ ရှေးအဖို့၌ ခုနှစ်နှစ်အစ, ခုနစ်ရက်အဆုံးရှိသော ကာလ ပတ်လုံး မပြတ် အဖန်တလဲလဲ ဖြစ်စေ, ပွားစေအပ်သော လောကီဖြစ်သော ဤသတိပဋ္ဌာန် တည်းဟူသော မဂ်သည် လောကုတ္တရာမဂ်ကို ရခြင်းငှါ ကောင်းစွာ ဖြစ်၏ ဟူလိုသတည်း။

ထို့ကြောင့် မဟာသတိပဋ္ဌာနသုတ် အဋ္ဌကထာ၌ -

အယံ ဟိပုဗ္ဗဘာဂေ လောကိယော သတိပဋ္ဌာနမဂ္ဂေါ ဘာဝိတော လောကုတ္တရမဂ္ဂဿ အဓိဂမာယ သံဝတ္တတိ - (ဒီ ဋ္ဌ ၂၊ ၃၄၂) စသည်ဖြင့်မိန့်တော်မူအပ်ပြီ။

အဋ္ဌကထာ အနက်

ဟိ - သစ္စံ = မှန်၏၊
ပုဗ္ဗဘာဂေ = လောကုတ္တရာမဂ်၏ ရှေးအဖို့၌၊
ဘာဝိတော = ခုနစ်နှစ်အစ, ခုနစ်ရက် အဆုံးရှိသော ကာလပတ်လုံး မပြတ် အဖန် တလဲလဲ ဖြစ်စေ, ပွားစေအပ်သော၊
လောကိယော = လောကီ ဖြစ်သော၊
အယံ သတိပဋ္ဌာနမဂ္ဂေါ = ဤသတိပဋ္ဌာန်တည်းဟူသော မဂ်သည်၊
လောကုတ္တရ မဂ္ဂဿ = လောကုတ္တရာမဂ်ကို၊
အဓိဂမာယ = ရခြင်းငှါ၊
သံဝတ္တတိ = ကောင်းစွာ ဖြစ်၏။

ထို့ကြောင့် ပါဠိတော်၌ -

(၁) ဉာယဿအဓိဂမာယ - ဟူ၍လည်းကောင်း၊
(၂) သြဃဿ သမတိက္ကမာယ - ဟူ၍လည်းကောင်း ဟောတော်မူပြီ။

ပါဠိတော် အနက်

(၁) ဉာယဿ= မြတ်သော အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော လောကုတ္တရာမဂ်ကို၊
အဓိဂမာယ = ရခြင်းဖြစ်စေခြင်းငှါ၊
သံဝတ္တတိ = ကောင်းစွာ ဖြစ်၏။

(၂) သြဃဿ = သံသရာတည်းဟူသော ရေအယာဉ်ကို၊ (ဝါ) လေးပါးသောသြဃကို၊
သမတိက္ကမာယ = ကောင်းစွာ လွန်မြောက်ခြင်းငှါ၊
သံဝတ္တတိ = ဖြစ်၏။

ပွားစေအပ်သော လောကီဖြစ်သော ပုဗ္ဗဘာဂ သတိပဋ္ဌာနမဂ်သည် အရိယအဋ္ဌင်္ဂိက မဂ်ကိုသာ ရစေတတ်သည် မဟုတ်သေး။

(၁) သုံးပါးသော ဘဝတို့တွင် တစ်ပါးသော ဘဝမှသည် တစ်ပါးသော ဘဝသို့၊
(၂) လေးပါးသော ယောနိတို့တွင် တစ်ပါးသော ယောနိမှသည် တစ်ပါးသော ယောနိသို့၊
(၃) ငါးပါးသော ဂတိတို့တွင် တစ်ပါးသော ဂတိမှသည် တစ်ပါးသော ဂတိသို့၊
(၄) ခုနစ်ပါးသော ဝိညာဏဋ္ဌိတိတို့တွင် တစ်ပါးသော ဝိညာဏဋ္ဌိတိမှသည် တစ်ပါးသော ဝိညာဏ- ဋ္ဌိတိသို့၊
(၅) ကိုးပါးသော သတ္တာဝါသတို့တွင် တစ်ပါးသော သတ္တာဝါသမှသည် တစ်ပါးသော သတ္တာဝါသသို့ -

သတ္တဝါတို့ကို တပြောင်းပြန်ပြန် စုန်ဆန်မျောပါစေတတ်, ကျင်လည်စေတတ်သော တောင့်တ ခြင်း, တပ်ခြင်း, ကပ်ငြိခြင်း, နှစ်သက်ခြင်း, သာယာခြင်း, မက်မောခြင်း ကြောင့် တဏှာဟု ဆိုအပ်သော ဝါနမှ ကင်းသည်၏အဖြစ်ကြောင့် နိဗ္ဗာန်ဟု ရအပ်သော အမည်ရှိသော အမြိုက်အမတကို မိမိ၏ မျက်မှောက်ပြုခြင်းငှါလည်း ဖြစ်၏။

ထိုစကား မှန်၏။ ဆိုခဲ့ပြီးသော ကာလပတ်လုံး မပြတ်အဖန်တလဲလဲဖြစ်စေ, ပွားစေအပ်သော လောကီဖြစ်သော ဤ ပုဗ္ဗဘာဂသတိပဋ္ဌာန်တည်းဟူသော မဂ်သည် အစဉ်သဖြင့် နိဗ္ဗာန်ကို မျက်မှောက် ပြုခြင်းကိုလည်း ပြီးစေတတ်သည်သာလျှင်ဖြစ်၏ ဟူလိုသတည်း။

ထို့ကြောင့် အဋ္ဌကထာ၌ -

နိဗ္ဗာနဿသစ္ဆိကိရိယာယာတိ တဏှာဝါနဝိရဟိတတ္တာ နိဗ္ဗာနန္တိ လဒ္ဓနာမဿအမ- တဿ သစ္ဆိကိရိယာယ အတ္တပစ္စက္ခတာယာတိ ဝုတ္တံ ဟောတိ။ အယံ ဟိ မဂ္ဂေါ ဘာဝိတော အနုပုဗ္ဗေန နိဗ္ဗာန သစ္ဆိကိရိယံ သာဓေတိ၊ တေနာဟ "နိဗ္ဗာနဿ သစ္ဆိကိရိယာယာ"တိ - (ဒီ ဋ္ဌ ၂၊ ၃၄၂) ဟု မိန့်တော်မူအပ်ပြီ။

အဋ္ဌကထာ အနက်

နိဗ္ဗာနဿသစ္ဆိကိရိယာယာတိ = နိဗ္ဗာနဿ သစ္ဆိကိရိယာယ ဟူသည်ကား၊
တဏှာဝါန -ဝိရဟိတတ္တာ = တဏှာဝါနမှ ကင်းသည်၏အဖြစ်ကြောင့်၊
နိဗ္ဗာနန္တိ = နိဗ္ဗာန်ဟူ၍၊
လဒ္ဓနာမဿ = ရအပ်သော အမည်ရှိသော၊
အမတဿ= အမြိုက်နိဗ္ဗာန်ကို၊
သစ္ဆိကိရိယာယ = မျက်မှောက်ပြုခြင်းငှါ၊
အတ္တပစ္စက္ခတာယ = မိမိ၏ ဉာဏ်မျက်စိကိုမှီ၍ဖြစ်ခြင်း ရှိသည်၏အဖြစ်၌၊
ဣတိ = ဤသို့၊
ဝုတ္တံ = ဟောအပ်သည်၊
ဟောတိ = ဖြစ်၏၊
ဟိ-သစ္စံ = မှန်၏၊
ဘာဝိတော = ဆိုခဲ့ပြီးသော ကာလပတ်လုံး မပြတ် အဖန်တလဲလဲ ပွားစေအပ်သော၊
အယံ မဂ္ဂေါ = ဤလောကီဖြစ်သော၊
ပုဗ္ဗဘာဂ = သတိပဋ္ဌာနမဂ်သည်၊
အနုပုဗ္ဗေန = အစဉ်သဖြင့်၊
နိဗ္ဗာန-သစ္ဆိကိရိယံ = နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်းကို၊
သာဓေတိ = ပြီးစေတတ်၏၊
တေန = ထို့ ကြောင့်၊
"နိဗ္ဗာနဿ သစ္ဆိကိရိယာယာ"တိ = နိဗ္ဗာနဿ သစ္ဆိကိရိယာယ ဟူ၍၊
အာဟ = ဟောတော်မူပြီ။

[ဤကား အာနိသင်ပြ မိန့်ခွန်းတော်၌ အကျဉ်းဖြစ်သော အဓိပ္ပါယ်တည်း။]

နိဂုံးချုပ် မိန့်ခွန်းတော်

၁၇။ ဧကာယနော အယံ ဘိက္ခဝေ မဂ္ဂေါ - ဟူသော ပါဠိတော်၌ ရှေးကာလဝယ်လည်း မဟာထေရ်တို့အား ဆွေးနွေးမေးမြန်းခြင်းသည် ဖြစ်သည်သာလျှင်တည်း။ အသို့ ဖြစ်ဖူးသနည်း ဟူမူကား -

(က) တပည့်ဖြစ်သော တိပိဋက စူဠနာဂမထေရ်သည် "ပုဗ္ဗဘာဂသတိပဋ္ဌာနမဂ်" ဟူ၍ ဆို၏။

(ခ) ဆရာဖြစ်သော တိပိဋက စူဠသုမမထေရ်သည်ကား "မိဿကမဂ်"ဟူ၍ ဆို၏။

(က) တစ်ဖန် တိပိဋက စူဠနာဂမထေရ်ကား "ပုဗ္ဗဘာဂေါ ဘန္တေ"ဟု ဆိုပြန်၏။

(ခ) ဆရာကလည်း "မိဿကော အာဝုသော" ဟုဆိုပြန်၏။

ဤသို့ ဆရာသည်ကား အဖန်တလဲလဲ ဆိုသည်ရှိသော် ထိုဆရာဆိုအပ်သော စကားကို မမြစ် မတားမူ၍ တပည့်က ဆိတ်ဆိတ်နေသည်သာလျှင် ဖြစ်၏။ ထိုပြဿနာကို မဆုံးမဖြတ်မူ၍သာလျှင် ထ၍ ကြွသွားလေကုန်သတည်း။

တပည့်တို့နောက်မှ ဆရာဖြစ်သော တိပိဋကစူဠသုမမထေရ်သည် ရေချိုးအံ့ဟု သွားသည်ရှိသော်

(က) ငါသည် "မိဿကမဂ်"ဟု ဆိုအပ်၏။

(ခ) တိပိဋက စူဠာနာဂ စသည်ကား "ပုဗ္ဗဘာဂမဂ်"ဟူ၍ဆို၏။

ဤ မိဿကမဂ်, ပုဗ္ဗဘာဂမဂ်ဟု ဆိုသော အရာ၌ အဆုံးအဖြတ်ကား အဘယ်သို့ ဖြစ်သနည်း ဟူမူ -

သတိပဋ္ဌာန် ပါဠိတော်ကို အစမှစ၍ တပြောင်းပြန်ပြန် ဖြစ်စေသည်ရှိသော် -

ယောဟိ ကောစိ ဘိက္ခယေ ဣမေ စတ္တာရော သတိပဋ္ဌာနေ ဧဝံ ဘာဝေယျ သတ္တ ဝဿာနိ - ဟူသော ပါဠိတော်အရာ၌ ကောင်းစွာမှတ်မိလေ၏။ လောကုတ္တရာမဂ်သည် ဖြစ်ပြီး၍ ခုနစ်နှစ်ပတ်လုံးတည်သော မည်သည် မရှိ။ ထို့ကြောင့် ငါဆိုအပ် သော မိဿကမဂ်ကို မရအပ်ချေ။ တိပိဋက စူဠနာဂမထေရ်သည် သိမြင်အပ်သော ပုဗ္ဗဘာဂ မဂ်ကိုသာလျှင် ရအပ်ဟု သိမြင်ပြီး၍ ရှစ်ရက်မြောက်သောနေ့၌ တရားနာခြင်း ကို ကြွေးကြော်သည်ရှိသော် သွားလေ၏။

ရှေး၌ဖြစ်သောမထေရ်ကြီးတို့သည် တရားနာခြင်းတို့သည် ဖြစ်ကုန်သတတ်။

တရားနာကြွေးကြော် သံကိုကြား၍ ငါသည် ရှေးဦးစွာနာအံ့ဟု တစ်ပြိုင်နက်ဖြင့် သာလျှင် စည်းဝေးကုန်၏။ ထိုနေ့၌လည်း တိပိဋက စူဠနာဂမထေရ်၏ အလှည့် ဖြစ်၏။ ထို့ကြောင့် တရားဟောနေရာ၌ နေ၍ ယပ်ကိုကိုင်၍ ရှေးဖြစ်သော တရားစကားတို့ကို ဟောအပ်ကုန်သည်ရှိသော် တိပိဋက စူဠနာဂမထေရ်၏နေရာ၌ နောက် အဖို့၌နေသော တိပိဋက စူဠသုမမထေရ်အား ငါသည် ဆိတ်ကွယ်ရာအရပ်၌ မဆိုအံ့။ ဤသို့သော စိတ်အကြံသည် ဖြစ်၏။

ထိုစကား မှန်၏။ ရှေး၌ဖြစ်သော မထေရ်ကြီးတို့သည် ငြူစူခြင်းမရှိကုန်သည်သာလျှင် ဖြစ်၏။ မိမိအလိုကိုသာလျှင် ကြံ့ကဲ့သို့ ဝန်ကိုချီ၍ မသွားကုန်၊ အကြောင်းကိုသာလျှင် လျစ်လျူရှုကုန်၏။ အကြောင်း ဟုတ်မှန်သည်ကိုသာလျှင် သွားကုန်၏။ အကြောင်း မဟုတ်မမှန်သည်ကို စွန့်လွှတ်ကုန်၏။ ထို့ကြောင့် -

(က) ဆရာဖြစ်သော တိပိဋက စူဠသုမမထေရ်သည် "အာဝုသော စူဠနာဂ"ဟု ဆို၏။ ထိုအခါ -

(ခ) တပည့်ဖြစ်သော စူဠနာဂသည်လည်း ဆရာ၏ ချစ်ဖွယ်သော အသံတည်းဟု သိ၍ တရားဟော ခြင်းကို ထား၍ "ကိံဘန္တေ"ဟု လျှောက်ဆိုသည်ရှိသော် -

(က) ငါ့ရှင် စူဠနာဂ, ငါသည်ဆိုအပ်ပြီးသော မိဿကမဂ်ကို မရအပ်၊ သင်သည် ဆိုအပ်သော ပုဗ္ဗဘာဂ သတိပဋ္ဌာနမဂ်ကိုသာလျှင် ရအပ်၏ဟု ဆို၏။ ထိုသို့ဆိုသည် ရှိသော်

(ခ) တပည့်ဖြစ်သော တိပိဋက စူဠနာဂမထေရ်သည် ကြံ၏၊ ငါတို့၏ဆရာသည် အလုံးစုံသော ပရိယတ်နှင့် ပြည့်စုံသော ပိဋကတ်သုံးပုံကို တတ်သော သုတဗုဒ္ဓတည်း။ ဤသို့သဘောရှိသော ရဟန်းစင်လျက်လည်း ဤပြဿနာကို ချောက်ချား နှောင့်ယှက် စေဘိ၏။

နောင်အခါ၌ ငါ၏ညီဖြစ်ကုန်သော သူတို့သည် ဤပြဿနာကို မွှေနှောက် ချောက်ချား စေကုန် လတ္တံ့ဟု ပါဠိကို ယူ၍ ဤပြဿနာကို တုန်လှုပ်ခြင်း မရှိသည်ကို ပြုအံ့ဟု ကြံပြီး၍ -

အဋ္ဌကထာ၌ -

(က) "ဧကာယနမဂ္ဂေါ ဝုစ္စတိ ပုဗ္ဗဘာဂသတိပဋ္ဌာနမဂ္ဂေါ။"

(ခ) မဂ္ဂါနဋ္ဌင်္ဂီကော သေဋ္ဌော၊ သစ္စာနံ စတုရော ပဒါ။ ဝိရာဂေါ သေဋ္ဌော ဓမ္မာနံ၊ ဒွိပဒါနဉ္စ စက္ခုမာ။

(ဂ) ဧသေဝ မဂ္ဂေါနတ္ထညော၊ ဒဿနဿ ဝိသုဒ္ဓိယာ။
ဧတဉှိ တုမှေ ပဋိပဇ္ဇထ၊ မာရသေနပ္ပမဒ္ဒနံ။
ဧတဉှိ တုမှေ ပဋိပန္နာ၊ ဒုက္ခဿန္တံ ကရိဿထ။ ( ဒီ ဋ္ဌ -၂၊ ၃၃၇)
ဟူသော ပါဠိကို ဆောင်၍ ထားပေ၏ ဟူလိုသတည်း။

အဋ္ဌကထာ အနက်

(က) ပုဗ္ဗဘာဂသတိပဋ္ဌာနမဂ္ဂေါ = လောကုတ္တရာမဂ်၏ ရှေးအဖို့၌ပွားစေအပ်သော လောကီ ဖြစ်သော ပုဗ္ဗဘာဂသတိပဋ္ဌာနမဂ်ကို၊
ဧကာယနမဂ္ဂေါ = နှစ်ပါးသော ခရီး မဟုတ်သည်ဖြစ်၍ တစ်ကြောင်းတည်းသော နိဗ္ဗာန်သို့ သွားရာခရီးဖြစ်သောကြောင့် ဧကာယနမဂ်ဟူ၍၊
ဝုစ္စတိ = ဆိုအပ်၏။

(ခ) မဂ္ဂါနံ = မဂ်တို့တွင်၊
အဋ္ဌင်္ဂီကော = အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော မဂ်သည်၊
သေဋ္ဌော = မြတ်၏၊
သစ္စာနံ = သစ္စာတို့ တွင်၊
စတုရောပဒါ = လေးပါးသောပုဒ်ရှိကုန်သော သစ္စာတို့သည်၊
သေဋ္ဌာ = မြတ်ကုန်၏၊
ဓမ္မာနံ = တရားတို့တွင်၊
ဝိရာဂေါ= ရာဂကင်းရာဖြစ်သော နိဗ္ဗာန်တရားသည်၊
သေဋ္ဌော = မြတ်၏၊၊
ဒွိပဒါနဉ္စ = အခြေနှစ်ချောင်းရှိကုန်သော သတ္တဝါတို့တွင်လည်း၊
စက္ခုမာ = စက္ခုငါးပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားသည်၊
သေဋ္ဌော = မြတ်၏။

(ဂ) ဧသေဝ - ဧသော ဧဝ မဂ္ဂေါ = ထိုအဋ္ဌင်္ဂီက လောကီဖြစ်သော ပုဗ္ဗဘာဂသတိပဋ္ဌာန မဂ်သည် သာလျှင်၊
ဝိသုဒ္ဓိယာ = အထူးသဖြင့် စင်ကြယ်ရာဖြစ်သော နိဗ္ဗာန်ကို၊
ဒဿနဿ = မြင်ခြင်း၏၊
မဂ္ဂေါ = အကြောင်းတည်း၊
အညော = တစ်ပါးသော မဂ်သည်၊
နတ္ထိ = မရှိ၊
မာရသေနပ္ပမဒ္ဒနံ = ကိလေသာ မာရ်စစ်သည်အပေါင်းကို နှိမ်နင်းဖျက်ဆီးကြောင်း ဖြစ်ထသော၊
ဧတဥှိ - ဧတံ ဧဝ = ထိုပုဗ္ဗဘာဂ သတိ ပဋ္ဌာန်တည်းဟူသော လောကီမဂ်ကိုသာလျှင်၊
တုမှေ = သင်တို့သည်၊
ပဋိပဇ္ဇထ = ကျင့်ကုန်လော့၊
ဧတဉှိ = ထိုလောကီဖြစ်သောပွားစေအပ်သော ပုဗ္ဗဘာဂသတိပဋ္ဌာန်ဟူသော လောကီမဂ်ကို သာလျှင်၊
တုမှေ = သင်တို့သည်၊
ပဋိပန္နာ =ကျင့်ကုန်သည်ဖြစ်၍၊၊
ဒုက္ခဿ = ဝဋ်ဆင်းရဲအပေါင်း၏၊
အန္တံ = အဆုံးဖြစ်သော နိဗ္ဗာန်ကို၊
ကရိဿထ = ပြုကုန်လော့။

မေးမြန်းချက်

မေး။ ။ အဘယ်ကြောင့် မဂ်မည်သနည်း ဟူမူကား -

ဖြေ။ ။ နိဗ္ဗာန်သို့ သွားတတ်သော အနက်ကြောင့်လည်းကောင်း, နိဗ္ဗာန်ကို အလိုရှိကုန်သော သူတို့သည် ရှာမှီးအပ်သော အနက်ကြောင့်လည်းကောင်း မဂ်မည်၏ ဟူလိုသတည်း။

ထို့ကြောင့် အဋ္ဌကထာ၌ -

(က) ပုဗ္ဗေပိ စဣမသ္မိံ ပဒေ မဟာထေရာနံ သာကစ္ဆာ အဟောသိယေဝ၊ တိပိဋက စူဠနာဂတ္ထေရော ပုဗ္ဗဘာဂသတိပဋ္ဌာနမဂ္ဂေါတိ အာဟ၊ အာစရိယော ပနဿ တိပိဋကစူဠသုမတ္ထေရော မိဿကမဂ္ဂေါတိ အာဟ (ဒီ-ဋ္ဌ ၂၊ ၃၃၆-၃၃၇) - စသည်ဖြင့် လည်းကောင်း၊

(ခ) မဂ္ဂေါတိ ကေနဋ္ဌေန မဂ္ဂေါ၊ နိဗ္ဗာနဂမနဋ္ဌေန မဂ္ဂေါ၊ နိဗ္ဗာနတ္ထိကေဟိ မဂ္ဂနီယဋ္ဌေန စ (ဒီ-ဋ္ဌ ၂၊ ၃၃၈)-ဟူ၍လည်းကောင်း မိန့်အပ်ပြီ။

အဋ္ဌကထာ အနက်

(က) ပုဗ္ဗေပိ စ = ရှေးကာလ၌လည်း၊
ဣမသ္မိံ ပဒေ = ဤဧကာယနော ပုဒ်၌၊
မဟာထေရာနံ = မဟာထေရ်တို့အား၊
သာကစ္ဆာ = ဆွေးနွေးမေးမြန်းခြင်းသည်၊
အဟောသိယေဝ = ဖြစ်ဖူးသည်သာလျှင်တည်း၊
တိပိဋကစူဠနာဂတ္ထေရော = တိပိဋကစူဠနာဂထေရ်သည်၊
ပုဗ္ဗဘာဂသတိပဋ္ဌာနမဂ္ဂေါ = လောကုတ္တရာမဂ်၏ ရှေးအဖို့၌ ပွားစေအပ်သော လောကီ ဖြစ်သော သတိပဋ္ဌာန်တည်းဟူသော မဂ်တည်း၊
ဣတိ = ဤသို့၊
အာဟ = မိန့်ဆို၏၊
အဿ = ထို တိပိဋကစူဠနာဂမထေရ၏၊
အာစရိယော = ဆရာဖြစ်သော၊
တိပိဋကစူဠသုမတ္ထေရော ပန = တိပိဋကစူဠသုမမထေရ်သည်ကား၊
မိဿက-မဂ္ဂေါတိ = မိဿကမဂ်ဟူ၍၊
အာဟ = ဆို၏။

(ခ) မဂ္ဂေါတိ = မဂ္ဂေါဟူသည်ကား၊
ကေနဋ္ဌေန = အဘယ်အနက်ကြောင့်၊
မဂ္ဂေါ = မဂ်မည်သနည်း၊
နိဗ္ဗာနဂမနဋ္ဌေန စ = နိဗ္ဗာန်သို့ သွားတတ်သော အနက်ကြောင့်လည်းကောင်း၊
နိဗ္ဗာနတ္ထိကေဟိ = နိဗ္ဗာန်ကို အလိုရှိကုန်သောသူတို့သည်၊
မဂ္ဂနီယဋ္ဌေန စ = ရှာမှီးအပ်သော အနက်ကြောင့်လည်း ကောင်း၊
မဂ္ဂေါ = မဂ်မည်၏။

မဂ္ဂေါဟူသောပုဒ်၌ မဂ်ကို ပွားစေအပ်သော လောကီဖြစ်သော ပုဗ္ဗဘာဂ သတိပဋ္ဌာန် မဂ်ကို သာလျှင် လိုအပ်၏။

လောကုတ္တရာမဂ်ကို မလိုအပ် ဟူလိုသတည်း။

ထိုကြောင့် အဋ္ဌကထာ၌ -

ကာယာဒိစတုရာရမ္မဏပ္ပဝတ္တော ဟိ ပုဗ္ဗဘာဂသတိပဋ္ဌာနမဂ္ဂေါ ဣဓ အဓိပ္ပေတော န လောကုတ္တရော - (ဒီ ဋ္ဌ ၂၊ ၃၃၆) ဟူ၍လည်းကောင်း မိန့်အပ်ပြီ။

အဋ္ဌကထာ အနက်

ဟိ-သစ္စံ = မှန်၏၊
ကာယာဒိစတုရာရမ္မဏပ္ပဝတ္တော = ကာယ, ဝေဒနာစသော လေးပါးသော အာရုံ၌ ဖြစ်သော၊
ပုဗ္ဗဘာဂ သတိပဋ္ဌာနမဂ္ဂေါ = လောကုတ္တရာမဂ်၏ ရှေးအဖို့၌ဖြစ်သော သတိပဋ္ဌာန် တည်းဟူသောမဂ်ကို၊
ဣဓ = ဤဧကာယနမဂ် အရာ၌၊
အဓိပ္ပေတော = လိုအပ်၏၊
လောကုတ္တရော = လောကုတ္တရာဖြစ်သောမဂ်ကို၊
န အဓိပ္ပေတော = မလိုအပ်။

[ဤကား နိဂုံးချုပ်မိန့်ခွန်းတော်၌ အကျဉ်းဖြစ်သော အဓိပ္ပါယ်တည်း။]

သတိပဋ္ဌာန်၌ အထူးမှတ်ဖွယ်

ဤမျှအတိုင်းအရှည်ရှိသော စကားအစဉ်ဖြင့် အာနာပါနပဗ္ဗ, ဣရိယာပထပဗ္ဗ, စတုသမ္ပဇာနပဗ္ဗ, ပဋိကူလမနသိကာရပဗ္ဗ, ဓတုမနသိကာရပဗ္ဗ, နဝသိဝထိကပဗ္ဗ, ဝေဒနာနုပဿနာ, စိတ္တာနုပဿနာ, နီဝရဏပဗ္ဗ, ခန္ဓပဗ္ဗ, အာယတနပဗ္ဗ, ဗောဇ္ဈင်္ဂပဗ္ဗ, သစ္စပဗ္ဗအားဖြင့် နှစ်ဆယ့်တစ်ပါးအပြားရှိသော ကမ္မဋ္ဌာန်းတို့သည် ဖြစ်ကုန်၏။

ထိုကမ္မဋ္ဌာန်းတို့တွင် -

အာနာပါနကမ္မဋ္ဌာန်း, ဒွတ္တိံသာကာရကမ္မဋ္ဌာန်း, နဝသိဝထိက ကမ္မဋ္ဌာန်းအားဖြင့် ဤ တစ်ဆယ့် တစ်ပါးသော ကမ္မဋ္ဌာန်းတို့သည် အပ္ပနာကို ဖြစ်စေတတ်သော ကမ္မဋ္ဌာန်းတို့သည်သာလျှင် ဖြစ်ကုန်၏။

ဒီဃနိကာယ်ကို တတ်သော ဒီဃဘာဏကမဟာသိဝမထေရ်သည်ကား -

ကိုးပါးသော နဝသိဝထိက ကမ္မဋ္ဌာန်းတို့ကို အာဒီနဝါနုပဿနာ၏ အစွမ်းအားဖြင့် ဟောအပ် ကုန်၏ဟု ဆို၏။ ထို ဒီဃဘာဏက မဟာသိဝမထေရ်၏ အလိုအားဖြင့် အာနာပါနကမ္မဋ္ဌာန်း, ဒွတ္တိံသာကာရကမ္မဋ္ဌာန်းနှစ်ပါး တို့သည်သာလျှင် အပ္ပနာကို ဖြစ်စေတတ်သော ကမ္မဋ္ဌာန်းတို့တည်း။ ဤကမ္မဋ္ဌာန်း နှစ်ပါးတို့မှ ကြွင်းကုန်သော တစ်ဆယ့်ကိုးပါးသော ကမ္မဋ္ဌာန်းတို့သည် ဥပစာရ ကမ္မဋ္ဌာန်းတို့သည် သာလျှင်တည်း။

မေးမြန်းဖွယ်

မေး။ ။ ထိုအလုံးစုံသော ကမ္မဋ္ဌာန်းတို့၌ နှလုံးသွင်းခြင်းသည် ဖြစ်သလောဟု စောဒနာ ရှိသည်ရှိသော် -

ဖြေ။ ။ မဖြစ်ဟု ဖြေရန်ရှိ၏။

ထိုစကား မှန်၏ဣရိယာပထကမ္မဋ္ဌာန်း, သမ္ပဇညကမ္မဋ္ဌာန်း, နီဝရဏကမ္မဋ္ဌာန်း, ဗောဇ္ဈင်္ဂ ကမ္မဋ္ဌာန်းတို့၌ နှလုံးသွင်းခြင်းသည် မဖြစ်။ ထိုလေးပါးသောကမ္မဋ္ဌာန်းတို့မှ ကြွင်းသော တစ်ဆယ့်ခုနစ် ပါးသော ကမ္မဋ္ဌာန်းတို့၌ နှလုံးသွင်းခြင်းသည် ဖြစ်၏ဟု ဆို၏။

မဟာသိဝမထေရ်သည်ကား -

ထိုလေးပါးသော ကမ္မဋ္ဌာန်းတို့၌လည်း နှလုံးသွင်းခြင်းသည် ဖြစ်၏ဟု ဆို၏။ ထိုစကား မှန်၏

  1. ငါ့အား လေးပါးသောဣရိယာပုထ်တို့သည် ရှိကုန်သလော၊ထိုသို့ မဟုတ်မူကား မရှိကုန်သလော။
  2. ငါ့အား လေးပါးသော သမ္ပဇညတို့သည် ရှိကုန်သလော၊ ထိုသို့ မဟုတ်မူကားမရှိကုန်သလော။
  3. ငါ့အား နီဝရဏတို့သည် ရှိကုန်သလော၊ ထိုသို့ မဟုတ်မူကား မရှိကုန်သလော။
  4. ငါ့အား ခုနစ်ပါးသော ဗောဇ္ဈင်တို့သည် ရှိကုန်သလော၊ ထိုသို့ မဟုတ်မူကား မရှိကုန်သလော။

ဤသို့ အောက်မေ့ သိမ်းဆည်း၏။ ထို့ကြောင့် အလုံးစုံသော ကမ္မဋ္ဌာန်းတို့၌ နှလုံး သွင်းခြင်း သည် ဖြစ်၏ ဟူလိုသတည်း။

ထို့ကြောင့် အဋ္ဌကထာ၌-

ဧတ္တာဝတာအာနာပါနပဗ္ဗံ စတုဣရိယာပထပဗ္ဗံ စတုသမ္ပဇာနပဗ္ဗံ (စတုသမ္ပဇညပဗ္ဗံ) (ဒီ ဋ္ဌ ၂၊ ၃၉၄) စသည်ဖြင့် မိန့်အပ်ပြီ။

အဋ္ဌကထာ အနက်

ဧတ္တာဝတာ = ဤမျှအတိုင်းအရှည်ရှိသော စကားအစဉ်ဖြင့်၊
အာနာပါနပဗ္ဗံ = အာနာပါနအပိုင်း လည်းကောင်း၊
စတု - ဣရိယာပထပဗ္ဗံ = လေးပါးသော ဣရိယာပထအပိုင်း လည်းကောင်း၊
စတုသမ္ပဇာနပဗ္ဗံ = လေးပါးသော သမ္ပဇာနအပိုင်းလည်းကောင်း၊

ယော ဟိ ကောစိ ဘိက္ခဝေ - ဟူသော ပါဠိတော်၌ -

အကြင်အမှတ်မရှိ ရဟန်းယောက်ျား သည်လည်းကောင်း, ရဟန်းမိန်းမသည် လည်းကောင်း, ဥပါသကာယောက်ျား သည်လည်းကောင်း, ဥပါသိကာမိန်းမ သည်လည်းကောင်း ယော ဟိ ကောစိ အရဖြစ်သော ယောဂီပုဂ္ဂိုလ် မည်၏။

ဧဝံ ဘာဝေယျ - ဟူသည်ကား မဟာသတိပဋ္ဌာန်သုတ် ပါဠိတော်၏ အစမှစ၍ ဟောတော်မူအပ် သော ဘာဝနာအစဉ်ဖြင့် ပွားစေရာ၏ဟူလို့သည်။

ပါဋိကင်္ခံ - ဟူသည်ကား အလိုရှိအပ်၏၊ မချွတ်ဖြစ်လတ္တံ့သော အဖို့ရှိ၏ ဟူလိုသည်။

အညာ - ဟူသည်ကား အရဟတ္တဖိုလ်တည်း။

သတိ ဝါ ဥပါဒိသေသေ - ဟူသည်ကား အနာဂါမ်ပုဂ္ဂိုလ်၏အဖြစ် ဟူလိုသည်။

ဤသို့လျှင် ခုနစ်နှစ်တို့၏ အစွမ်းအားဖြင့် သာသနာတော်၏ ဝဋ်ဆင်းရဲမှ ထွက်မြောက်ခြင်း ကြောင့် နိယျာနိကအဖြစ်ကို ပြတော်မူပြီး၍ တစ်ဖန် ထိုခုနစ်နှစ် အောက် နည်းယုတ်သည်လည်း ဖြစ်ကုန်သော ကာလတို့ကို ပြတော်မူလိုသည်ဖြစ်၍ "တိဋ္ဌန္တုဘိက္ခဝေ"အစရှိသော ပါဠိတော်ကို ဟော တော်မူ၏။

အဓိပ္ပါယ်ကား - သတ္တဝဿ အစ, သတ္တာဟ အဆုံးရှိသော ကာလပတ်လုံး ပုဗ္ဗဘာဂသတိပဋ္ဌာန် မဂ်ကို ပွားစေရာ၏ ဟူသော ထိုအလုံးစုံသော စကားကိုလည်း အလတ်ဖြစ်သော ကျွတ်ထိုက်သော ပုဂ္ဂိုလ်ဟု ဆိုအပ်သော မဇ္ဈိမဝေနေယျပုဂ္ဂိုလ်၏ အစွမ်းအားဖြင့် ဟောတော်မူအပ်၏ ဟူလိုသည်။ ထက်သော ပညာရှိသောပုဂ္ဂိုလ်ကို ရည်၍မူကား နံနက်စောစောကသာလျှင် ဆုံးမအပ်သည်ရှိသော် ညအခါ တရား အထူးကို ရလတ္တံ့သတည်း။ ညအခါ ဆုံးမအပ်သည်ရှိသော် နံနက်စောစော တရား အထူးကို ရလတ္တံ့ သတည်းဟု ဟောတော်မူအပ်၏ ဟူလိုသတည်း။

ဤသို့လျှင် သဗ္ဗညုမြတ်စွာဘုရားသည် "နိယျာနိကံ ဘိက္ခဝေ မမ သာသနံ"ဟု ပြတော်မူပြီး၍ နှစ်ဆယ့်တစ်ပါးအပြားရှိသည်လည်း ဖြစ်ကုန်သောအရာတို့၌ အရဟတ္တဖိုလ် တည်းဟူသော အထွတ်ဖြင့် ဟောတော်မူအပ်သော ဒေသနာတော်ကို" ဤတွင်ဆုံး၏, ပြီး၏ဟု နိဂုံးအုပ်သဖြင့် နှင်းတော်မူလိုသည် ဖြစ်၍ "ဧကာယနော အယံ ဘိက္ခဝေ မဂ္ဂေါ" စသည်ကို ဟောတော်မူ၏။

ဤမဟာသတိပဋ္ဌာနသုတ်ကို ဟောတော်မူသည်၏ အဆုံး၌ သုံးသောင်းသော ရဟန်း တို့သည် အရဟတ္တဖိုလ်၌ တည်ကုန်၏ ဟူလိုသတည်း။

ထို့ကြောင့် အဋ္ဌကထာ၌ -

ယော ဟိ ကောစိ ဘိက္ခဝေတိ ယော ကောစိ ဘိက္ခဝေ ဘိက္ခု ဝါ ဘိက္ခုနီ ဝါ ဥပါသကော ဝါ ဥပါသိကာ ဝါ - (ဒီ ဋ္ဌ ၂၊ ၃၉၅) စသည်ဖြင့်လည်းကောင်း၊ ဒေသနာပရိယောသာနေ ပန တိံသ ဘိက္ခုသဟဿာနိ အရဟတ္တေ ပတိဋ္ဌဟိံသု -
(ဒီ ဋ္ဌ ၂၊ ၃၉၅)ဟူ၍လည်းကောင်း မိန့်အပ်ပြီ။

အဋ္ဌကထာ အနက်

ယော ဟိ ကောစိ ဘိက္ခဝေတိ = ယော ဟိ ကောစိ ဘိက္ခဝေဟူသည်ကား၊
ဘိက္ခဝေ = ရဟန်းတို့၊
ယော ဟိ ကောစိ = အကြင်အမှတ်မရှိသော၊
ဘိက္ခုဝါ = ရဟန်းသည်လည်းကောင်း၊
ဘိက္ခုနီ ဝါ = ဘိက္ခုနီ သည်လည်းကောင်း၊
ဥပါသကော ဝါ = ဥပါသကာသည်လည်းကောင်း၊
ဥပါသိကာ ဝါ = ဥပါသိကာသည်လည်းကောင်း၊
ဒေသနာပရိယောသာနေ ပန = မဟာသတိပဋ္ဌာနသုတ်ကို ဟောတော်မူသည်၏ အဆုံး ၌ကား၊
တိံသ ဘိက္ခုသဟဿာနိ = သုံးသောင်းသော ရဟန်းတို့သည်၊
အရဟတ္တေ = အရဟတ္တဖိုလ်၌၊
ပတိဋ္ဌဟိံသု = တည်ကုန်၏။

ဤတွင်ရွေ့ မဟာသတိပဋ္ဌာနသုတ်၏ အကျဉ်းဖြစ်သော အဓိပ္ပါယ်ပြီး၏။

အာသီသ ပတ္ထနာ

ဤသို့ ပါဠိ, အဋ္ဌကထာတို့နှင့်အညီ သတိပဋ္ဌာန် လေးပါးတို့ကို သဘောကျကျ ဆင်ခြင်အောက်မေ့ ပွားစေရာသော အကျဉ်းအနက်အဓိပ္ပါယ်ကို ပညာမျက်စိဖြင့် အဖန်တလဲလဲ ဆင်ခြင်၍ မဂ်, ဖိုလ်, နိဗ္ဗာန်ချမ်းသာကို အလိုရှိကုန်သော သူတော်ကောင်း တို့သည် အခါခပ်သိမ်း မမေ့မလျော့ အထူးသဖြင့် ကြည်ညို လှစွာသော စိတ်ဖြင့်ဖြစ်စေ, ပွားစေသတည်း။

ကျမ်းပြီးနိဂုံး

(က) သဗ္ဗသိက္ခာပဒါဝိတထာစာရေန ဝိသုဒ္ဓသီလာဒိဂုဏသောဘိတေန ဝံသာဒိ - လေဉ္ဆန မဟာ ထေရေန -

(ခ) သုခကာမာနံ သာဓူနံ စတ္တာရော သတိပဋ္ဌာနေ ယာထာဝတော သုဘာဝေတုံ ကေဝလံ သင်္ခေပါဓိပ္ပါယမတ္တေန ယထာပါဠိယဋ္ဌကထာဂတနယံ သုလိခိတော အယံ ဂန္ထော -

(ဂ) ဇိနစက္ကေ ကဝိဂီရေ ကလိယုဂေ ဓိမက္ကကေ သမ္ပတ္တေ ဖေဂ္ဂုဏပုဏ္ဏမ ဂုရုပုဗ္ဗဏှ စတုပ္ပဟာရာတိက္ကမ သတ္တရသ ပါဒသင်္ခါတေ ဧကာဒသဂုၤလိဒ္ဓိယဝဋ္ဌတိလေကကေသ စတုနာဋီက တေပါဒဆဗ္ဗီဇနာ တိပြန္နဋ္ဌက္ခရယုတ္တေ မိန္နတြင်္ဂမကာရနဝင်္ဂဆဗ္ဗီသနက္ခတ္တ ဒွိပါဒလက္ခဏာဂတေ မူလဋ္ဌနက္ခတ္တ စုဒ္ဒသတိထီမိန္န လက္ခဏောဒါသီကာလေ ဧဝ နိဋ္ဌင်္ဂေါ ဟောတိ။

(ဃ) ယထာ အယံ ဂန္ထော အန္တရာယံ ဝိနာနိဋ္ဌံ ဥပါဂတော။ တထာ သဗ္ဗသတ္တာနံ ဓမ္မနိဿိတာ သင်္ကပ္ပါသမိဇ္ဈန္တု။

(င) ဣမံ ဂန္ထံ သာဓူ သဒ္ဓမ္မေ ဂါရ ကတွာသဒါ ပညာစက္ခုနာပုနပ္ပုနံ ပဿိတွာ ဘာဝေန္တု၊ ဝါ စုဂ္ဂတဉ္စ ကတွာ ဓာရေန္တု။

(စ) ဣဒံ မေပုညဉ္စ အညပုညဉ္စ သဗ္ဗညုတဉာဏပဋိဝေဓဿ ပစ္စယော ဟောတု။

အဋ္ဌကထာ အနက်

(က) သဗ္ဗသိက္ခာပဒါဝိတထာစာရေန = ခပ်သိမ်းသော သိက္ခာပုဒ်တို့၌ မချွတ်မယွင်း ဖြည့်ကျင့် လေ့ရှိထသော၊
ဝိသုဒ္ဓ - သီလာဒိဂုဏသောဘိတေန = အထူးသဖြင့်စင်ကြယ်သော သီလစသောဂုဏ် တို့ဖြင့် တင့်တယ်ခြင်းလည်းရှိထသော၊
ဝံသာဒိ - လေဉ္ဆန = "ဝံသာလင်္ကာရ သဒ္ဓမ္မာဘိဓဇ မဟာဓမ္မရာဇဂုရု" ဟုရအပ်သော တံဆိပ်နာမံ ရှိထသော၊
မဟာထေရေန = မထေရ်လည်းဖြစ်ထသော၊
မယာ = "မုံတောဆရာတော်"ဟု ခေါ်ဝေါ်အပ်သော ငါသည်၊

(ခ) သုခကာမာနံ = မဂ်, ဖိုလ်, နိဗ္ဗာန် ချမ်းသာတို့ကိုအလိုရှိကုန်သော၊
သာဓူနံ = သူတော်ကောင်းတို့အား၊
စတ္တာရော သတိပဋ္ဌာနေ = လေးပါးသော သတိပဋ္ဌာန်တို့ကို၊
ယာထာဝတော = မဖောက်မပြန် ဟုတ်မှန်သော သဘောအားဖြင့်၊
သုဘာဝေတုံ = ကောင်းစွာ ပွားလွယ်စေခြင်းငှါ၊
ကေဝလံ = သက်သက်၊
သင်္ခေပါ-ဓိပ္ပါယမတ္တေန = အကျဉ်းအဓိပ္ပါယ်မျှဖြင့်သာလျှင်၊
ယထာပါဠိယဋ္ဌ -ကထာဂတနယံ = ပါဠိ, အဋ္ဌကထာ တို့၌လာသော နည်းအတိုင်း၊
သုလိခိတော = ကောင်းစွာ ရေးသားအပ်သော၊
အယံ ဂန္ထော = ဤသတိပဋ္ဌာန်လေးပါးတို့ကို မဖောက်မပြန် ဟုတ်မှန်စွာ ပရမတ္ထ အားဖြင့် သဘောကျကျပွားစေရာ, ဆင်ခြင်အောက်မေ့ရာ အကျဉ်း အဓိပ္ပါယ် သက်သက်ကို ပြရာ ပြကြောင်းဖြစ်သောကြောင့် “အဓိပ္ပါယ် ပကာသနီ” အမည် ရှိသော နိဿယည်း ကျမ်းသည်၊

(ဂ) ဇိနစက္ကေ = ဘုရားသခင် သာသနာတော်သည်၊
ကဝိဂီရေ = နှစ်ထောင့်သုံးရာ့လေးဆယ့် တစ် (၂၃၄၁) ခုနှစ်သည် လည်းကောင်း၊
ကလိယုဂေ = ကောဇာသက္ကရာဇ်သည်၊
ဓိမက္ကကေ = တစ်ထောင့်တစ်ရာ့ငါးဆယ့်ကိုး (၁၁၅၉) ခုသည် လည်းကောင်း၊
သမ္ပတ္တေ = ရောက်သည်ရှိသော်၊
ဖေဂ္ဂုဏပုဏ္ဏမ ဂုရုပုဗ္ဗဏှ စတုပ္ပဟာရာတိက္ကမ သတ္တရသ ပါဒသင်္ခါတေ = တပေါင်းလပြည့် တနင်္ဂနွေနေ့ နံနက် လေးချက်တီးကျော် တစ်ဆယ့်ခုနစ်ဖဝါး ဟု ဆိုအပ်သော၊
ဧကာဒသင်္ဂုလိဒ္ဓိယဝဋ္ဌ တိလေကကေသ စတုနာဋီက တေပါဒ ဆဗ္ဗီဇနာ တိပြန္နဋ္ဌက္ခရယုတ္တေ = တစ်ဆယ့်တစ်လက်သစ်, နှစ်မုယော, ရှစ်နှမ်း, တစ်ဆံခြည်, လေးနာရီ, သုံးပါဒ်, ခြောက်ဗီဇနာ, သုံးပြန်, ရှစ်ခရာနှင့်ယှဉ်သော၊ (အချို့စာမူတို့၌ ဝါခေါင် လပြည့်ကျော် ၁၅-ရက်ဟု ရှိ၏။)
မိန္နတြင်္ဂမကာရနဝင်္ဂ ဆဗ္ဗီသနက္ခတ္တ ဒွိပါဒလက္ခဏာဂတေ မူလဋ္ဌနက္ခတ္တ စုဒ္ဒသ တိထီမိန္န လက္ခဏောဒါသီကာလေ ဧဝ = မိန်တြင်း, မကာရ နဝင်း, နက္ခတ် နှစ်ဆယ့်ခြောက်လုံး, နှစ်ပါဒ်ထက် လဂ်စီးလျက် မူလနက္ခတ်ရှစ်လုံး, တိထီ တစ်ဆယ့်လေးလုံး, မိန်လဂ်နှင့်ယှဉ်သော အလွန်ကောင်းမြတ်သော ဥဒါသိန် အခါ၌ သာလျှင်၊
နိဋ္ဌင်္ဂေါ = အပြီးသို့ ရောက် သည်၊
ဟောတိ = ဖြစ်၏။

(ဃ) အယံ ဂန္ထော =ဤ “အဓိပ္ပါယပ္ပကာသနီ” အမည်ရှိသော နိဿရည်းကျမ်းသည်၊
အန္တရာယံ = အန္တရာယ်ကို၊
ဝိနာ = ကြဉ်၍၊
နိဋ္ဌံ = ပြီးခြင်းသို့၊
ဥပါဂတော ယထာ = ရောက်သကဲ့သို့၊
တထာ = ထို့အတူ၊
သဗ္ဗသတ္တာနံ = ခပ်သိမ်းသော သတ္တဝါတို့၏၊
ဓမ္မနိဿိတာ = တရားကို မှီကုန်သော၊
သင်္ကပ္ပါ = အကြံတို့သည်၊
သမိဇ္ဈန္တု = ပြည့်စေကုန်သတည်း။

(င) ဣမံ ဂန္ထံ = ဤ “အဓိပ္ပါယပ္ပကာသနီ” အမည်ရှိသောကျမ်းကို၊
သာဓူ = သူတော်ကောင်း တို့သည်၊
သဒ္ဓမ္မေ = သူတော်ကောင်းတရား၌၊
ဂါရဝံ ကတွာ = ရိုသေခြင်းကို ပြု၍၊
သဒါ = အခါခပ်သိမ်း၊
ပညာစက္ခုနာ = ပညာမျက်စိဖြင့်၊
ပုနပ္ပုနံ = အဖန်တလဲလဲ၊
ပဿိတွာ= ကြည့်ရှု၍၊
ဘာဝေန္တု = ပွားစေကုန်သတည်း၊
ဝါစုဂ္ဂတံ ကတွာ = နှုတ်ဆိုတက်သည်ကို ပြု၍၊
ဓာရေန္တု စ = ဆောင်လည်း ဆောင်စေကုန် သတည်း။

(စ) မေ = ငါ၏၊
ဣဒံပုညဉ္စ = ဤကောင်းမှုသည်လည်းကောင်း၊
အညပုညဉ္စ = တစ်ပါးသော ကောင်းမှုသည်လည်းကောင်း၊
သဗ္ဗညုတဉာဏပဋိဝေဓဿ = သဗ္ဗညုတဉာဏ်ကို ထိုးထွင်းခြင်း၏၊
ပစ္စယော = အကြောင်းသည်၊
ဟောတု = ဖြစ်ပါစေသတည်း။

မဟာသတိပဋ္ဌာန် အဓိပ္ပါယ်ကောက် ဤတွင်ရွေ့ ပြီး၏။