ယဉ်ကျေးလိမ္မာဖတ်စာ
ယဉ်ကျေးလိမ္မာဖတ်စာ
ဓမ္မစကူးလ်သွားကြမယ်
*လာပါသူငယ်ချင်း ဓမ္မစကူးလ်သွားကြမယ်။
*ဘုန်းဘုန်းတွေ့မယ် ဆရာလေးတွေ့မယ် ကုသိုလ်တွေရမယ်။
*လာပါသူငယ်ချင်း ဓမ္မစကူးလ်သွားကြမယ်။
*ယဉ်ကျေးရမယ် သိမ်မွေ့ရမယ် ပျော်ရွှင်သွားရမယ်။
*လာပါသူငယ်ချင်း ဓမ္မစကူးလ်သွားကြမယ်။
*ဆေးရောင်ခြယ်မယ် ပုံပြောပြမယ် သီချင်းတွေဆိုကြမယ်။
*လာပါသူငယ်ချင်း ဓမ္မစကူးလ်သွားကြမယ်။
*ယဉ်ကျေးရမယ် သိမ်မွေ့ရမယ် ပျော်ရွှင်သွားရမယ်။
ဓမ္မစကူးလ်သွားကြစို့
ဓမ္မစကူးလ် ဓမ္မစကူးလ်
*တရားတွေ သင်တဲ့ ဓမ္မစကူးလ်
*ဓမ္မစကူးလ် သွားမှသာ တရားတွေသင်ရမှာ
*တရားတွေ သင်ယူဖို့ ဓမ္မစကူးလ်သွားကြစို့။
ဘုရားအလောင်းတော်ဖွားတော်မူခန်း
သုဒ္ဓေါဓန ဖခင်ပါ မိခင်မယ် မာယာ
*ထူးခြားစွာ ဆင်အိပ်မက်၊ မယ်မာယာ မြင်မက်။
*အင်ကြင်းတောဘက် မွေးဖွားမြင်
*ဘုရားလောင်း တို့အရှင် ဖွားမြင်စဉ် နတ်အပေါင်း
*ပူဇော်တသောင်းသောင်း။
ဘုရားလောင်းမင်းသား
*အများအကျိုးဆောင်လို့ပါ သိဒ္ဓတ္ထခေါ်တာ
*လောကမှာ ရှေ့ဆောင်ကောင်း ငါတို့ဘုရားအလောင်း။
အောင်ပွဲ
*ဘုရားအလောင်းတော် မင်းသားဟာ တရားကျင့်ကြံတာ
*တောထဲမှာ လွန်ခက်ခဲ မလျှော့သော သူ့ဇွဲ
*မာရ်နတ်ကလဲ နှောင့်ယှက်ပြန် မေတ္တာနှင့်သူတွန်းလှန်
*မာရ်နတ်ရန် အောင်မြင်သွား တို့ရဲ့မြတ်ဘုရား။
ဘုရားဖူးသွားကြစို့
*ဘယ်သွားမှာလဲ ကိုကြီးရယ် ညီလေးလိုက်ချင်တယ်
*ကုန်းမြင့်ပေါ်ဝယ် တည်လို့ထား စေတီတော်သို့သွား
*အဝတ်အစား သပ်ရပ်စွာ ဝတ်ဆင်ခဲ့ပါကွာ
*ရေချမ်းလှူကာ ပန်းကပ်လို့
ဘုရားရှိခိုးစို့။
ညီပုလေးရဲ့
*ညီပုလေး ညီပုလေး ဘုရားရှိခိုးတဲ့ ညီပုလေး
*ညီပုလေး ညီပုလေး မေတ္တာပို့တဲ့ ညီပုလေး
*ညီပုလေးက မေတ္တာဝေ ကျမ်းမာချမ်းသာကြပါစေ
*မေတ္တာဝေတဲ့ ညီပုလေး မျက်နှာရွှင်ချိုအေး။
မင်္ဂလာနေ့ပါ
*ပျော်ပျော်ရွှင်ရွှင် စာသင်မယ် ဆရာစကားနားထောင်မယ်။
*ပြုံးပြကာ နှုတ်ဆက်မယ် မင်္ဂလာနေ့ပါကွယ်
*ပျော်ပျော်ရွှင်ရွှင် စာသင်မယ် သူငယ်ချင်းတွေနဲ့ချစ်ခင်ဖွယ်
*သီချင်းတွေဆို ကကြမယ် မင်္ဂလာနေ့ပါကွယ်။
တို့ဘုန်းဘုန်း
*တို့ဘုန်းဘုန်း တို့ဘုန်းဘုန်း သားတို့တွေ့ရင် တစ်ပြုံးပြုံး
*သမီးတို့တွေ့ရင် တစ်ပြုံးပြုံး တို့ဘုန်းဘုန်းက စာအုပ်ကိုင်
*ကျောင်းကြီးပေါ်မှာထိုင်၊ ဝေယျာဝေစ္စလုပ်ကိုင်ရေး
*ငှက်ပျောသီးတွေကျွေး လိမ်လိမ်မာမာနေထိုင်ရေး
*အဆုံးအမလည်းပေး။
ဘုန်းကြီးကျောင်းသွားကြမယ်
*ဘုန်းဘုန်းကျောင်းကို သွား သွား သွား တော့
*သားသားမီးမီး လိုက်ကြမယ်
*ပြောဆိုနေထိုင် လွန်ယဉ်ကျေးလို့ သန့်ရှင်းရေးလည်း လုပ်ပါ့မယ်
*ဘုန်းဘုန်းဘုရားကို ဦးနှိပ်ချလို့ လှူစရာများလှူပါ့မယ်
*အလှူဒါန လှူပြီးက အမျှပေးဝေမယ်
*ကျောင်းကိုသွားက ကုသိုလ်ရ သွားကြ သွားကြမယ်။
တံမြက်စည်းလှည်းခြင်းအကျိုး
*ကိုယ်စိတ် သူစိတ် ယိုစိတ် ကြည်လင်
*နတ်တို့ချစ်လျှက် နှစ်သက်ပျော်ရွှင်
*လှကြောင်းကံနှင့် နတ်ဖြစ်ဂုဏ်ရှင်
*တံမြက်လှည်း ရမြဲကျိုးငါးအင်။
သန့်ရှင်းရေး
*အမှိုက်တစ်စ တွေ့ရှိက
*ချက်ချင်းကောက်လိုက်ကြ သန့်ရှင်းကြမှ တို့ဝန်းကျင်
*လှပရောဂါစင် မြင်မြင်သမျှ ကြည်လင်အေး
*စုပေါင်းသန့်ရှင်းရေး။
ဝိသာခါလေး
*သမီးအလိမ္မာ ဝိသာခါ နေ့စဉ်တရားနာ
*သီလယူကာ ကုသိုလ်ပွား ချစ်သူခင်သူများ
*ဘုန်းကြီးကျောင်းကိုသွားတဲ့အခါ သူငယ်ချင်းလည်းပါ
*ဘိုးဘွားတို့မှာ ချစ်ခင်ကြ အမြဲပျော်ရွှင်ရ။
ဇနကမင်းသား ဘုရားလောင်းတော်
*ဘုရားအလောင်းတော် ဘုရားအလောင်းတော် ဝီရိယကောင်းတဲ့ ဘုရားလောင်း
*ဘုရားအလောင်းရဲ့ သူ့နာမည် ဇနကလို့ ခေါ်ပါတယ်။
*ပင်လယ်ထဲမှာ လက်ပစ်ကူး ဇွဲသတ္တိကထူး
*ချီးကျူးထိုက်တဲ့ သူ့လိုကွယ် တို့တွေကြိုးစားမယ်
*ပျင်းတယ်ဆိုတာ ဒို့အနား မလာခဲ့နဲ့သွား။
မိဘဦးတော်တင်
*ညစဉ်ညစဉ် အိပ်ယာဝင် မိဘဦးတော်တင်
*ဦးတော်တင်ကာ အိပ်ပျော်က အိပ်မက်လှလှ မြင်မက်ရ
*အိပ်မက်ထဲက နတ်သမီးတွေ အလှမျိုးစုံပေ။
*ပန်းရောင်တွေ မျိုးစုံကြား ပြေးပြေးလွှားလွှား အတူကစား
*ပျော်ပျော်ပါးပါး တဟားဟား။
မိဘကူသူ မောင်သုဝဏ်
*မောင်သုဝဏ်လေး အလိမ္မာ မိဘကူညီကာ
*သစ်သီးဖွေရှာ ရေခပ်ဆင်း ရံထားဖော်တသင်း
*မြားတံစင်းက ဝင်လာပြန် မောင်သုဝဏ်ကိုမှန်
*မြားဒဏ်ရာ အဆိပ်ပြယ်ပျက် မိဘကူသည့်တွက်။
အဘိုးအဘွားများကို ကူညီမယ်
*ဘိုးဘိုးကြီးက လမ်းလျှောက်ချင် အားနည်းနေလို့ မပျော်ရွှင်
*လက်တွဲကြင်နာ ကူညီပေး ဘိုးဘိုးကျန်းမာရေး
*ဘွားဘွားကြီးက အိပ်ယာဝင် ညောင်းညာနေလို့ မပျော်ရွှင်
*ဆေးလိမ်းကာ နှိပ်နယ်ပေး ဘွားဘွားကျန်းမာရေး။
ခွေးလိမ္မာလေး၏ ကုသိုလ်
*နွားကျောင်းသားလေး သွားလေရာ ခွေးလိမ္မာလေး အမြဲပါ
*ပစ္စေကာဗုဒ္ဓါ အပင့်သွား နေ့စဉ်သူလိုက်သွား
*သားရဲတိရစ္ဆာန် အန္တရာယ် အသံပေးလို့ သူကာကွယ်
*လမ်းမှန်ပြကာ သတိပေး ကုသိုလ်ယူတဲ့ခွေးကလေး။
ကိုရင်ကိုရင်
*ကိုရင် ကိုရင် ပြုံးရွှင်ရွှင် မြို့ထဲဆွမ်းခံဝင်
*ကိုရင်မြင်လို့ လှူမယ်တွေး မလေးဆွမ်းက မနပ်သေး
*ကိုရင်လေး ဘုရား ခဏတာ ရပ်တော်မူလိုက်ပါ။
*လွယ်အိတ်ထဲက သကြားလုံး လှူဖွယ်အဖြစ်ယူကာသုံး
*တစ်လုံးနှစ်လုံးသုံးလေးလုံး မလေးရေတွက်တုံး
*ကိုရင်လေးက တစ်ပြုံးပြုံး ပျော်လို့မော်လို့မဆုံး။
အလှဆုံး
*စကားပြောဆို ချိုချိုသာ သမီးအလိမ္မာ
*စကားပြောဆို ချိုချိုသာ သားသားအလိမ္မာ
*ယဉ်ကျေးသူမှာ မျက်နှာပြုံး သမီးအလှဆုံး
*ယဉ်ကျေးသူမှာ မျက်နှာပြုံး သားသားအလှဆုံး။
လိမ္မာတဲ့ ကလေးလေး
*လိမ္မာတဲ့ကလေးလေး ဖြစ်အောင်ကွယ် တို့တတွေအမြဲ ကြိုးစားမယ်
*အဖေအမေရဲ့စကား နားထောင်မယ် ရိုသေလို့ချစ်ပါ့မယ်
*လိမ္မာတဲ့ကလေးလေး ဖြစ်အောင်ကွယ် တို့တတွေ အမြဲကြိုးစားမယ်
*ဆရာ ဆရာမစကား နားထောင်မယ် ရိုသေလို့ချစ်ပါ့မယ်။
ယဉ်ကျေးသူလေးများ
*ထမင်းစားစို့ ညီမလေး (ညီငယ်လေး)
*လက်ကို စင်အောင်ဆေး
*ယဉ်ယဉ်ကျေးကျေး ဟန်မူရာ ထမင်းစေ့မကျပါ
*ပါးစပ်မှာ ပလုပ်ပလောင်း ဒီလိုမစားကောင်း
*ဟင်းရည်တောင်းလည်း သပ်ရပ်စွာ
*မညစ်ပေစေရာ သန့်ရှင်းလိမ္မာအစာစား
*ယဉ်ကျေးသူလေးများ။
တစ်ကိုယ်ရေ သန့်ရှင်းရေး
*ခြေသည်းလက်သည်းလှီးပါ့မယ် ချေးညှော်ကင်းအောင်ကွယ်
*မျက်နှာသစ်ကာ ရေချိုးစို့ ဆပ်ပြာတိုက်ပါလို့
*ကိုယ်လက်သန့်ရှင်းထားပါ့မယ် သွားကိုတိုက်ကာရယ်
*ခေါင်းကိုဖြီးကာ ဆီလိမ်းလို့ မွှေးကြိုင်လန်းစေဖို့။
သူငယ်ချင်းကောင်း
*အစာစားလည်း အတူတူ ကစားအတူတူ
*လဲကျသူကို ထူလို့ပေး သူငယ်ချင်းကောင်းလေး
*နွေးနွေးထွေးထွေး ချစ်ချစ်ခင် ကူညီကြပါလျှင်
*ဘေးရန်ကင်းစင် ထာဝရ တို့များပျော်ရွှင်ကြ။
စည်းလုံးခြင်း
*ချစ်ချစ်ခင်ခင် ပျော်ပျော်ရွှင် ငါးလေးများအသွင်
*အကူညီလိုရင် ညီညာမနှေး ဝိုင်းဝန်းကူညီပေး
*ဖေးဖေးမမ ညီအစ်ကို မောင်နှမတွေလို
*ကြိုဆိုကာ လက်ချင်းဆက် စည်းလုံးခြင်းအတွက်။
မနာလိုခြင်းကင်းကြပါစေ
*သူလိုအပ်တာ ကိုယ်ကပေး ကူညီပေးစို့ တို့တတွေ
*စိတ်ထားကောင်းကို ထူထောင်သွားလို့ ဖြူအောင်ထားစို့ အမြဲပေ
*ကိုယ့်ထက်သာရင် သူငယ်ချင်းတို့ မနာလိုခြင်းကင်းကြစေ
*ဝန်တိုစိတ်များ သတိထား ရှောင်ရှားကြမယ်လေ
*အဲဒါမှ တို့လူငယ်များ စိတ်ထားမြတ်မယ်လေး။
မနောဇ ခြင်္သေ့လေး
*မနောဇတဲ့ ခြင်္သေ့ငယ် မြေခွေးမိုက်နဲ့ ပေါင်းမိတယ်
*မိဘစကား သူပယ်ရှား ဘေးဒဏ်သင့်မှ နောင်တပွား
*ဖေဖေ မေမေတို့စကား ခြင်္သေ့ငယ်လို မပယ်ရှား
*တို့တတွေ လွန်လေးစား။
အားနည်းသူကို ကူညီပါ
*သားတို့တွေ သမီးတို့တွေ လိမ္မာပါတယ်လေ
*အားနည်းသူကို ဖေးမကူ အနိုင်မယူရဘူးလေ
*ဆိုးသွမ်းကာ ရိုင်းစိုင်းတာ ရှောင်ကြဉ်ပါ့မယ်လေ
*ကြမ်းတမ်းစွာ မပြုကြပါ ယဉ်ကျေးကြမယ်လေ။
ညောင်ရေသွန်းပွဲ
*ညောင်ရေလောင်းမယ် ဆုတောင်းမယ်
*ထိုနေ့ရောက်ရင်ကွယ်
*ဘုရားမွေးတယ် ထိုနေ့ရက်
*တို့တွေ ဘယ်မမေ့
*လပြည့်နေ့ပါ နွေကဆုန် ပူလို့ဆွေ့ဆွေ့ခုန်
*ချမ်းမြေ့ရုံ ဆင်ကာနွှဲ ညောင်ရေသွန်းတဲ့ပွဲ။
ဝါဆိုပွဲ
*လမြတ်ဝါဆို သည်ကာလမို့ ပန်းခူးကြစို့ ကပ်လှူရန်
*မလေးအသံ ညံညံပေးတော့ မြန်မြန်ပြေးပေါ့ မထွေးစုစံ
*စေတီမြတ်ထံ ပန်းကပ်ပြီးသော် ဘုန်းကြီးကျောင်းပေါ်သွားမယ့်ဟန်
*သင်္ကန်းလှူရန် အတူနွှဲလို့ အလှူပွဲမို့ ပျော်ကြပြန်
*ပျော်ကြပြန် ပျော်ကြပြန်။
မီးထွန်းပွဲတော်
*သီတင်းကျွတ်ပြီ မီးထွန်းမည် မီးပူဇော်ပွဲ နွှဲကြမည်
*လမြတ်ရာသီ ချိန်ခါပဲ ဘိုးဘွားမိဘကန်တော့ပွဲ
*မီးရောင်စုံထဲ အလှပြိုင် ဖြူနီဝါပြာ ဘယ်သူနိုင်
*မြိုင်မြိုင်ဆိုင်ဆိုင် ကူညီလို့ မီးပုံးပျံကြီး လွှတ်ကြစို့။
အိမ်ပြန်မယ်
*ဓမ္မစကူးလ်ကကွယ် အိမ်ပြန်မယ် ဘုရားဝတ်ပြုကြစို့ကွယ်
*ဘုန်းဘုန်းကိုလည်း ကန်တော့မယ်
*ဆရာမကိုလည်း ကန်တော့မယ် နှုတ်ဆက်ကြစို့ကွယ်
*ဓမ္မစကူးလ်ကကွယ် အိမ်ပြန်မယ် ပစ္စည်းတွေလည်း သိမ်းစို့ကွယ်
*ဟိုဟိုဒီဒီလည်း မသွားဘူးကွယ် ရန်လည်း မဖြစ်ဘူးကွယ်
*အိမ်ကို အရောက်ပြန်မယ်
*ဓမ္မစကူးလ်ကကွယ် အိမ်ပြန်မယ် သူငယ်ချင်းတွေလဲ နှုတ်ဆက်မယ်
*ကျောင်းလည်းမပျက်ဘူးကွယ် နောက်တစ်ပတ်တွေ့ကြမယ်
*တာ့တာ တာ့တာကွယ်-------အို တာ့တာ တာ့တာကွယ်။
ဘုရားဂုဏ်တော် ၉-ပါးကဗျာ
၁။ ဗြဟ္မာနတ်လူ ပူဇော်အပ်တဲ့၊ ဂုဏ်တော်မြတ်နဲ့ပြည့်စုံတယ်။ (အရဟံ)
၂။ တရားအလုံးစုံ ကိုယ်တိုင်သိလို့၊ ဆရာမရှိသူ ဖြစ်ပါတယ်။ (သမ္မာသမ္ဗုဒ္ဓေါ)
၃။ သုံးရှစ်ဝိဇ္ဇာ စရဏများ၊ ဆယ့်ငါးပါးနဲ့ ပြည့်စုံတယ်။ (ဝိဇ္ဇာစရဏသမ္ပန္နော)
၄။ ကောင်းတဲ့စကားကို မိန့်ဆိုတတ်လို့၊ နိဗ္ဗာန်မြတ်သို့ကြွသွားတယ်။ (သုဂတော)
၅။ သတ္တ သင်္ခါ ဩကာသတဲ့၊ လောကသုံးပါးခွဲသိတယ်။ (လောကဝိဒူ)
၆။ မယဉ်ကျေးသူ ယဉ်အောင်ပြုတဲ့၊ ဆုံးမမှု၌ သာလွန်တယ်။ (အနုတ္တရောပုရိသဒမ္မသာရထိ)
၇။ လူ နတ် ဗြဟ္မာ သတ္တဝါများရဲ့၊ ဆရာတစ်ပါးဖြစ်ပါတယ်။ (သတ္တာဒေဝ မနုဿာနံ)
၈။ လေးပါးသစ္စာ ခွဲခြားသိတဲ့၊ ဉာဏ်မြင်ရှိသူ ဖြစ်ပါတယ်။ (ဗုဒ္ဓေါ)
၉။ ဘုန်းတော်ခြောက်စုံ ဂုဏ်တော်မြတ်နဲ့၊ အကုန်မလပ် ပြည့်စုံတယ်။ (ဘဂဝါ)
တရားဂုဏ်တော် ၆-ပါးကဗျာ
၁။ ဘုရားကောင်းစွာ၊ ဟောညွှန်အပ်လို့၊ အမှတ်မြတ်တဲ့ဂုဏ်ရှိတယ်။ (သွက္ခါတော)
၂။ ကိုယ်တိုင်ကျင့်ရင်၊ ကိုယ်သိရလို့၊ သန္ဒိဋ္ဌိက ဂုဏ်ရှိတယ် (သန္ဒိဋ္ဌိကော)
၃။ ချက်ချင်းအမြန်၊ အကျိုးရလို့၊ အကာလိက ဂုဏ်ရှိတယ်။ (အကာလိကော)
၄။ လာပါ ကျင့်ပါ၊ ဖိတ်ခေါ်အပ်လို၊ အမှန်မြတ်တဲ့ ဂုဏ်ရှိတယ်။ (ဧဟိပဿိကော)
၅။ ကိုယ်နဲ့စိတ်မှာ မြဲအောင်အပ်လို၊ အမှန်မြတ်တဲ့ဂုဏ်ရှိတယ်။ (ဩပနေယျိကော)
၆။ အရိယဆို ကိုယ်စီသိလို၊ ခံစားအပ်သည့် ဂုဏ်ရှိတယ်။ (ပစ္စတ္တံဝေဒိတဗ္ဗောဝိညူဟိ)
ခြောက်ပါးဂုဏ်တော်၊ အဲဒါပဲကွယ့်၊ အသည်းစွဲအောင် မှတ်ကြကွယ်၊ မှတ်ကွယ် မှတ်ကွယ်။
သံဃာဂုဏ်တော် ၉-ပါးကဗျာ
၁။ ကောင်းမွန်မှန်စွာ၊ အကျင့်မြတ်ကို၊ ကျင့်ကြံတတ်တဲ့ ဂုဏ်ရှိတယ်။ (သုပ္ပဋိပန္နော)
၂။ ဖြောင့်မတ်မှန်စွာ၊ အကျင့်မြတ်ကို၊ ကျင့်ကြံတတ်တဲ့ ဂုဏ်ရှိတယ်။ (ဥဇုပ္ပဋိပန္နော)
၃။ နိဗ္ဗာန်ရောက်ရန်၊ အကျင့်မြတ်ကို၊ ကျင့်ကြံတတ်တဲ့ ဂုဏ်ရှိတယ်။ (ဉာယပ္ပဋိပန္နော)
၄။ ရိုသေထိုက်အောင်၊ အကျင့်မြတ်ကို၊ ကျင့်ကြံတတ်တဲ့ ဂုဏ်ရှိတယ်။ (သာမိစိပ္ပဋိပန္နော)
၅။ အဝေးကယူလာ၊ ပစ္စည်းများကို၊ ခံယူစားအပ် ဂုဏ်ရှိတယ်။ (အာဟုနေယျော)
၆။ လက်ဆောင်အလို့ငှာ၊ ပစ္စည်းများကို၊ ခံယူထိုက်တဲ့ ဂုဏ်ရှိတယ်။ (ပါဟုနေယျော)
၇။ နောင်အကျိုးကို၊ မျှော်ကာပြုတဲ့၊ ကောင်းမှုကံထိုက် ဂုဏ်ရှိတယ်။ (ဒက္ခိနေယျော)
၈။ လက်အုပ်ချီကာ၊ ရှိခိုးအပ်ဖို့၊ ကျင့်ကြံတတ်တဲ့ ဂုဏ်ရှိတယ်။ (အဉ္ဇလီကရဏီယျော)
၉။ ကောင်းမှုစိုက်ရာ၊ မြေယာကောင်းလို့၊ နှိုင်းယှဉ်တူကြောင်း ဂုဏ်ရှိတယ်။ (အနုတ္တရံပုညခေတ္တံ လောကဿ)
ကိုးပါးဂုဏ်တော်၊ အဲဒါပဲကွယ့်၊ အသည်းစွဲအောင် မှတ်ကြကွယ်၊ မှတ်ကွယ်၊ မှတ်ကွယ်။
ဗုဒ္ဓကဗျာ
ဗုဒ္ဓကြောင်းရာ ကောင်းစွာသိမှ၊
ဗုဒ္ဓကိုလည်း ကြည်ညိုမယ်၊
ကြည်ညိုသူတွေ ဟောညွှန်ပြမှ၊
စိတ်ကနှစ်ခြိုက် လိုက်ကြသည်၊
ဂုဏ်တော်တန်တန် မှန်မှန်ရလို့၊
ခဏ ခဏ ရွတ်သင့်တယ်၊
အကျိုးနှင့်ကံ ဝေဖန်တတ်မှ၊
ကံကောင်းကံမြတ် ပြုလိုက်တယ်၊
ပြုမည် ….. ပြုမည်။
ဗုဒ္ဓပွင့်ပေါ်ကျေးဇူးတော်
၁။ ဘုရားရှင်တော်၊ မပွင့်ပေါ်လျှင်၊
လူတော်အများ၊ စိတ်ကောင်းထားလည်း၊
ဤကား ကုသိုလ်၊ အကုသိုလ်နှင့်၊
ထိုထိုဘုံဘဝ၊ မသိရ များလှအပြစ်တွေ။
၂။ ဘုရားရှင်တော် ပွင့်ထွန်းပေါ်၍
ဟောဖော်ညွှန်ကြား မြတ်တရားကြောင့်
ဤကားကုသိုလ်၊ အ ကုသိုလ်နှင့်
ထိုထိုဘုံဘဝ သိကြရ များလှကျေးဇူးတွေ။
သဗ္ဗညုတဉာဏ်တော်၏ အစွမ်းသုံးပါး
၁။ သိရန်မှန်က၊ မကျန်ရအောင်၊
လုံးဝ စုံလင် အကုန်မြင်
သဗ္ဗဉ်ဉာဏ်တော် အစွမ်းတည်း။
၂။ သိသည့်တရား များအပြား၌၊
ဟောထားစဖွယ်၊ နည်းသွယ်သွယ်ကို
ချယ်မလှည်စုံလင် အကုန် မြင်
သဗ္ဗဉ်ဉာဏ်တော် အစွမ်းတည်း။
၃။ ကျွတ်ထိုက်ကြပေ၊ များဝေနေ၏
ဣန္ဒြေစရိုက် သူ့အကြိုက်ကို
နှိုက်ချွတ်စုံလင် အကုန်မြင်
သဗ္ဗဉ်ဉာဏ်တော် အစွမ်းတည်း။
၄။ သဗ္ဗဉ်ဉာဏ်အား စွမ်းသုံးပါးကြောင့်
အများဝေနေ ကျွတ်လွတ်စေဖို့
မနေမနား သက်တော်အား ဖြင့်
ကြီးမားလေဘိ ရှစ်ဆယ်ရှိ၍
ပရိနိဗ္ဗာန်စံသည့်တိုင်အောင်
သယ်ယူဆောင် ဘုန်းခေါင်
ငါ တို့ဘုရားတည်း။
ငါတို့ဘုရား
- ကဆုန်လပြည့် နေ့သောကြာ ဘုရားဖွားတဲ့နေ့မြတ်ပါ။
- သက္ကရာဇ်မှာ ခြောက်ဆယ့်ရှစ် သုဒ္ဓေါမင်းစဖြစ်
- မာယာဒေဝီ မွေးမယ်တော် ကပိလဝတ် နေပြည်တော်
- သာကီမျိုးနော် ထင်ရှားလှ နွယ်တော် ဂေါတမ
- နှစ်ဆယ့်ကိုးမှန် တောထွက်သွား ခြောက်နှစ်ကျင့်တရား၊
- သုံးဆယ့်ငါးနှစ် ပြည့်လေတုံ တရားသုံးခုကြုံ
- လပြည့်ကဆုန် ဗုဒ္ဓဟူး ဘုရားဖြစ်တဲ့ နေ့အထူး
- တရားဦးမြတ် ဓမ္မစက္ကေ ဝါဆိုလပြည့် ဟောစနေ
- သက်ရှစ်ဆယ်လေ တိုင်အောင်ထိ သတ္တဝါကျိုးသယ်ပိုး၏
- သောင်းတိုက်မှူးကြီး တို့မြတ်စွာ ဘုံသုံးပါးလုံးထင်ရှားပါ။
- လူနတ်ဗြဟ္မာ လွန်ကျော်ကြား (ငါတို့ဘုရား တို့ဘုရား)။
အနှိုင်းမဲ့
တစ်လောကလုံး တစ်လောကလုံး တို့ဘုရား အမြတ်ဆုံး
- သုံးဖြာဆယ်လီ ပါရမီတွေ တို့ဘုရားဖြည့်ခဲ့ပေ။
ကိလေသာတွေ လုံးဝကင်း မဟာကရုဏာ ရှင်တော်မင်း
လုံးစုံခပင်း အကုန်သိတာ တို့ရဲ့ဘုရားပါ
- ဒီငါးဖြာ ပြည့်စုံမှ တို့ဘုရား အစစ်ဗျ။
ရှိခိုး
- ညီမလေးငယ်၊ ညီလေးငယ် ဘုရားရှိခိုး အိပ်ပါကွယ်၏
- ဘုရားမှာ ဘာတွေရှိ ဂုဏ်တော် (၉) ပါးရှိ
- ဂုဏ်တော်ရှိဖို့ တို့ဘုန်းကြွယ် ဘာတွေ ဖြည့်ကျင့်တယ်
- စွန့်ခြင်း (၅) သွယ် အကျင့် (၃) ပါး ပါရမီတွေဖြည့်ကျင့်ပွား
- လောကသားတို့ အကျိုးငှာ ဗုဒ္ဓလမ်းစဉ် အတုခိုးပါ
ဂုဏ်ရှိတာကို အတုခိုးတော့ ရှိခိုးတယ်လို့ခေါ်တာပေါ့
သရဏဂုံရွတ်ကြမယ်
အိပ်ယာဝင်သော် သတိရလို့ ဗုဒ္ဓ ဓမ္မ သံဃာရယ်
- ကိုးကွယ်ပါကွယ် စိတ်မှာညွတ်လို့ နှုတ်ပါတွတ်တွတ် ရွတ်ရတယ်။
အိပ်ယာထပြန် တဖန်ထပ်လို့ မှန်မှန်မပြတ်ရွတ်ပါကွယ်
- ဘေးအန္တရာယ် ရန်စွယ်ကင်းလို့ ကောင်းခြင်းသုခရလိမ့်မယ်။
သရဏအကျိုး (၁၀)ပါး
- သရဏဂုံ တကယ်မြဲရင် အပါယ် ငရဲ ကြောက်ဖို့မလို
နတ်ဖြစ်သော်ပင် တူနိုင်ရိုးလား ဆယ်မျိုးဂုဏ်စု သူ့ထက်ပို
ငါးဖြာအာရုံ လာမတုနှင့် အာယုဝဏ္ဏသုခဆို
- အာဏာပိုင်စိုး ခြွေရံတိုး ဆယ်မျိုးဂုဏ်ကဲမို
- အဲဒါကြောင့် သရဏဂုံပန်း အစဉ်လန်း ဆင်မြန်းပန်စေလို။
သရဏဂုံ (၃)ပါး
- မိုးချုပ်နေဝင် ပြင်မထွက်နဲ့ သရဲသဘက် ဆွဲတတ်တယ်
- မဆွဲနိုင်အောင် ဘုရားပေးတဲ့ တရားဆေးနဲ့ ပေါက်လိုက်မယ်။
- တရားဆေးဟာ ဘယ်မှာလဲကွယ် တို့လဲပေးဦး မောင်မောင်ရယ်။
- ဗုဒ္ဓံ ဓမ္မံ သံဃံ ရွတ်ကွယ့် သရဲထွက်လို့ ပြေးလိမ့်မယ်။
သရဏဂုံတည်ခြင်းအကျိုး
- ဘေးရန်ပယ်ရှား ကောင်းကျိုးပွား သုံးပါးသရဏ
- မမှိတ်မသုန် ရွတ်ပွားထုံ ပုံ၍အားကိုးကြ
အပါယ်ရှောင်လွဲ နတ်ဖြစ်လည်း လွန်ကဲ ဂုဏ်ဆယ်ဝ
ဓာတ်စုံ နတ်စုံ ဘိုးတော်စုံ ညှိုးကြုံ သရဏ
တရားဆိုတာ
- တရားဆိုတာ ကျင့်ဖို့ပါ ကျင့်တယ်ဆိုတာ ပြင်ဖို့ပါ။
- ပြင်တယ်ဆိုတာ ပြောင်းဖို့ပါ ပြောင်းတယ်ဆိုတာ ကောင်းဖို့ပါ
- ကောင်းတယ်ဆိုတာ တရားပါ။
ထိခြင်းငါးပါး ရှိခိုးပုံ
လက်အုပ်ကိုပင် ကြာငုံသွင် အရင်ချီပါလေ
လက်အုပ်ကိုပင် နဖူးတွင် ဦးတင်မြှောက်ပင့်စေ
မျက်ခုံး လက်မ ညှိုးဆံစ ထိရ လက်အုပ်ပ
- ခြေလက်နဖူး တံတောင်ဒူး ငါးဦးညီညွတ်စေ
- လက်ချ ဒူးချ တံတောင်ချ နဖူးကျစေ ဦးချလေ။
ဘုရားဂုဏ်တော် (၉)ပါး
ဘုရားဂုဏ်တော် သေချာမှတ်ဖို့ ကဗျာစပ်လို့ဆိုကြမယ်။
၁။ အရဟံ = (ဘာသာပြန်) ကိလေသာတွေ ကင်းစင်ပြတ်လို့ လူနတ်ဗြဟ္မာ ပူဇော်တယ်
၂။ သမ္မာသမ္ဗုဒ္ဓေါ = (ဘာသာပြန်) တရားအလုံးစုံ ကိုယ်တိုင်သိလို့ ဆရာမရှိသူ ဖြစ်ပါတယ်။
၃။ ဝိဇ္ဇာစရဏ သမ္ပန္နော = (ဘာသာပြန်) ထူးတဲ့အသိဉာဏ် အကျင့်မှန်မှားလည်း ကောင်းစွာထင်ရှား ပြည့်စုံ တယ်။
၄။ သုဂတော = (ဘာသာပြန်) ကောင်းတဲ့စကားကို မိန့်ဆိုတတ်လို့ နိဗ္ဗာန်မြတ်သို့ ကြွသွားတယ်။
၅။ လောကဝိဒူ = (ဘာသာပြန်) သတ္တ သင်္ခါ ဩကာသတဲ့ လောကသုံးပါး သိမြင်တယ်။
၆။ အနုတ္တရော ပုရိသ ဓမ္မသာရတိ = (ဘာသာပြန်) မယဉ်ကျေးသူကို ယဉ်ကျေးအောင်ပြုတဲ့ ဆုံးမမှုမှာ သာလွန်တယ်။
၇။ သတ္တာဒေဝ မနုဿာနံ = (ဘာသာပြန်) လူနတ်ဗြဟ္မာ သတ္တဝါများရဲ့ ဆရာထင်ရှားဖြစ်ပါတယ်။
၈။ ဗုဒ္ဓေါ = (ဘာသာပြန်) လေးပါးသစ္စာ စိတ်ဖြာသိတဲ့ ဉာဏ်မြင်ရှိသူ ဖြစ်ပါတယ်။
၉။ ဘဂဝါ = (ဘာသာပြန်) ဘုန်းတော်ခြောက်စုံ ဂုဏ်တော်မြတ်နဲ့ တစမလပ် ပြည့်စုံတယ်။
ဘုရားဂုဏ်တော် ကိုးဖြာပဲကွယ် အသဲစွဲအောင်မှတ်ကြကွယ် မှတ်ကွယ် မှတ်ကွယ်။
သံဃာ့ဂုဏ်တော် (၉)ပါး
သံဃာ့ဂုဏ်တော် သေချာမှတ်ဖို့ ကဗျာစပ်လို့ ဆိုကြမယ်။
၁။ သုပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော - (ဘာသာပြန်) ကောင်းကောင်းမွန်မွန် ကျင့်ကြံကြတဲ့ ဘုရားသားတော်ဖြစ်ပါတယ်။
၂။ ဥဇုပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော - (ဘာသာပြန်) ဖြောင့်ဖြောင့်မှန်မှန် ကျင့်ကြံကြတဲ့ ဘုရားသားတော်ဖြစ်ပါတယ်။
၃။ ဉာယပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော - (ဘာသာပြန်) နိဗ္ဗာန်ရည်သန် ကျင့်ကြံကြတဲ့ ဘုရားသားတော်ဖြစ်ပါတယ်။
၄။ သာမီစိပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော ယံဒိဒံ စတ္တာရိ ပုရိသ ယုဂါနိ အဋ္ဌပုရိသပုဂ္ဂလာ ဧသ ဘဂဝတော သာဝကသံဃော - (ဘာသာပြန်) ရိုသေထိုက်အောင် ကျင့်ကြံကြတဲ့ ဘုရားသားတော်ဖြစ်ပါတယ်။
မဂ်ဖိုလေးစုံ ရှစ်ပုံဖြာတဲ့ ဘုရားသားတော် အရိယာကွယ်
၅။ အာဟုနေယျော - (ဘာသာပြန်) ရပ်ဝေးသယ်လာ ဥစ္စာများကို ဦးဦးဖျားဖျားခံထိုက်တယ်။
၆။ ပါဟုနေယျော - (ဘာသာပြန်) ဧည့်သည်ဖို့ရာ ဥစ္စာများကို ဦးဦးဖျားဖျားခံထိုက်တယ်။
၇။ ဒက္ခိဏေယျော - (ဘာသာပြန်) နောင်ဖို့လှူရာ ဥစ္စာများကို ဦးဦးဖျားဖျားခံထိုက်တယ်။
၈။ အဉ္စလီကရဏီယော - (ဘာသာပြန်) ရှိခိုးပူဇော် ဖူးမြော်အထူးကို ဦးဦးဖျားဖျားခံထိုက်တယ်။
၉။ အနုတ္တရံပုညက္ခေတ္တံ လောကဿ - (ဘာသာပြန်) လူနတ်ဗြဟ္မာ ကောင်းမှုမျိုးကို အပျိုးထိုက်ဆုံး ယာမြေလယ်။
သံဃာ့ဂုဏ်တော်ကိုးဖြာပဲကွယ် အသဲစွဲအောင်မှတ်ကြကွယ် မှတ်ကွယ် မှတ်ကွယ်
ဘုရားရှိခိုးမယ်
သာသာယာယာ ညအခါ
- ဘုရားရှိခိုးမှာ၊ မေတ္တာဝေကာ
ဆုခြွေတောင်း
- ကျန်းမာကြစေကြောင်း၊
- ရွာဦးကျောင်းက စေတီသာ၊
- အေးမြလရောင်ဖြာ
ကြည်ညိုကာ ဦးနှိမ်
- ဆီမီးပန်းလှူကြ။
ရတနာသုံးပါး
ရတနာ ရတနာ
- နှစ်သက်ရာ ရတနာ၊
- ရတနာ ရတနာ
- တန်ဖိုးကြီးတာ ရတနာ
ရတနာ ရတနာ
- အမြတ်ဆုံးဖြစ်တာ ရတနာ၊
ရတနာ ရတနာ
- တွေ့ခဲလှတာ ရတနာ
ရတနာ ရတနာ
- မြတ်သူ သုံးတာ ရတနာ
- ဘုရား တရား မြတ်သံဃာ
အမြတ်ဆုံး ရတနာ
ဘုရားဖူးသွားကြစို့
ဘယ်သွားမှာလဲ ကိုကြီးရယ်
- ညီလေးလိုက်ချင်တယ်
ကုန်းမြင့်ပေါ်ဝယ်
- တည်လို့ထား စေတီတော်သို့သွား
အဝတ်အစား သပ်ရပ်စွာ
ဝတ်ဆင်ခဲ့ပါကွာ
- ရေချမ်းလှူကာ ပန်းကပ်လို့
ဘုရားရှိခိုးစို့
ရဟန်းသာမဏေတို့ရိုသေ
ဘုရားသားတော် ရဟန်းသံဃာ
- ရိုသေလေးစားမှာ
လက်အုပ်ချီကာ
ဦးနှိမ်ချ အမြဲရှိခိုးကြ
ငယ်စဉ်ကတည်းက
- ကျင့်ကြံပေ ထူးတဲ့ရှင်သာမဏေ
တို့တစ်တွေ ရှိခိုးလို့
- ကုသိုလ်ယူကြစို့။
ရတနာသုံးပါး တို့အားထား
- ဘုရားတရားမြတ်သံဃာ၊
- ဦးထိပ်ပန်ဆင်ကာ။
- ရိုသေစွာမြတ်နိုးလို့၊
- တို့တစ်တွေဆည်းကပ်စို့။
ဆည်းကပ်ကြတဲ့တို့တစ်တွေ
- ကောင်းကျိုးများလှပေ။
- အန္တရာယ်တွေကင်းစေသည့်၊
သရဏဂုံ ရွတ်ဆိုကြည့်
ဗုဒ္ဓံသရဏံဂစ္ဆာမိ၊
- ဓမ္မံသရဏံဂစ္ဆာမိ၊
- သံဃံသရဏံဂစ္ဆာမိ။
တံမျက်စည်းလှည်းကြစို့
- တောင်ကုန်းပေါ်က စေတီသာ၊
- ဖူးကြရအောင်ကွာ။
- ထုံးသင်္ကန်းမှာ ဖြူဖြူဖွေး၊
- ပန်းတွေတမွှေးမွှေး။
- ရင်ပြင်သာက အုတ်တွင်၊
- သစ်ရွက်ခြောက်တွေတင်။
ပတ်ဝန်းကျင်သန့်ရှင်းဖို့
- တံမြတ်စည်းလှည်းကြစို့။
မိသားစု
- အမေကြီးက ထမင်းချက်
တို့မိသားစုတွက်
- အဖေကြီးဝတ်တက် အမျှဝေသံ၊
သာဓုခေါ်ရပြန်
- စာအံသံ ဆူညံသွား၊
- ညီပုစာကြိုးစား။
- စျေးသွားတော့မယ့် မမဟန်
- နေ့စဉ်အချိန်မှန်
အပြန်အလှန်ကျေးဇူးပြု
- ငါတို့မိသားစု။
ယဉ်ကျေးကြစို့
စကားပြောဆို နားဝင်ချို
- သိမ်မွေ့ကြစေလို့။
လိမ်ညာတာကို တို့ရှောင်ရှား
မမှန်တဲ့မုသား
- ထောင်လွှားမာနအပြစ်တွေ၊
- မဖြစ်ကြအောင်နေ။
- ရိုသေထိုက်သူ ရိုသေလို့၊
- ယဉ်ကျေးကြပါစို့။
စည်းလုံးခြင်း
- ချစ်ချစ်ခင်ခင်ပျော်ပျော်ရွှင်၊
- ငုံးကလေးများအသွင်။
- အကူအညီလိုရင် ညီညာမနှေး၊
- ဝိုင်းဝန်းကူညီပေး
- ဖေးဖေးမမ ညီအစ်ကို
- မောင်နှမတွေလို။
- ကြိုဆိုကာ လက်ချင်းဆက်၊
- စည်းလုံးခြင်းအတွက်။
အလှူဒါနပြုကြမယ်
- ပေးကမ်းစွန့်ကြဲ လှူဒါန်းတာ၊
- မြတ်သောဒါနပါ။
- စေတနာကောင်းစွာထား
ကုသိုလ်အလွန်များ
သူတစ်ပါးလည်း စိတ်ချမ်းသာ
- ကိုယ်လည်းစိတ်ချမ်းသာ။
အကျိုးမှာ ဘယ်မနှေး
- ဧကန်မုချပေး။
သန့်ရှင်းရေး
- အမှိုက်တစ်စ တွေ့ရှိက၊
ချက်ချင်းကောက်လိုက်ကြ
- သန့်ရှင်းကြမှ တို့ဝန်းကျင်၊
လှပရောဂါစင်
- မြင်မြင်သမျှ ကြည်လင်အေး
- စုပေါင်းသန့်ရှင်းရေး။
ယဉ်ကျေးကြစို့
- စကားပြောဆို နားဝင်ချို၊
သိမ်မွေ့ကြစေလို
- လိမ်ညာတာကို တို့ရှောင်ရှား၊
- မမှန်တဲ့မုသား
- ထောင်လွှားမာနအပြစ်တွေ၊
မဖြစ်ကြအောင်နေ
- ရိုသေထိုက်သူရိုသေလို့၊
- ယဉ်ကျေးကြပါစို့။
မွေးနေ့
- ကဆုန်လပြည့် နေ့သောကြာ၊
- ဗုဒ္ဓ ဘုရားမွေးနေ့ပါ။
- ထိုနေ့မှာပင် တရားတွေ့၊
ဘုရားဖြစ်လို့ထူးတဲ့နေ့
- တို့တစ်တွေလည်း မွေးနေ့မှာ၊
- ကောင်းမှုများစွာပြုလုပ်ကာ
- အမှတ်ရစရာ ကုသိုလ်များ၊
- မွေးနေ့တိုင်းမှာ အမြဲပွား
လူ့ယဉ်ကျေး
- လိမ္မာသူကို အတုယူ၊
ကိုယ်လည်း လိမ္မာသူ
အမူအရာအကျင့်ကောင်း
တို့လူငယ်အပေါင်း
- မရွဲ့မစောင်း လမ်းကြောင်းမှန်၊
တို့များလျှောက်နိုင်ရန်
ဟန်ပန်မူရာ ယဉ်ကျေးဖို့
- ကြိုးစားကြပါစို့။
အလှဆုံး
စကားပြောဆို ချိုချိုသာ
သမီးအလိမ္မာ
စကားပြောဆိုချိုချိုသာ
သားသားအလိမ္မာ
ယဉ်ကျေးသူမှာ မျက်နှာပြုံး
- သမီးအလှဆုံး/သားသားအလှဆုံး။
ဘုရားရှိခိုးရကျိုး
- ဘုရားရှိခိုးအကျိုးမှာ၊
- ဘုရားရိုသေလာ။
- ကျိုးနွံကာ သဒ္ဓါပွား၊
သတိပညာများ
- ပီတိတဖွားဖွားဖြစ်ကာရယ်၊
- ဒုက္ခခံနိုင်တယ်။
- စိတ်ထဲဝယ် ဘုရားအထံပါး၊
- နေတယ်လို့ခံစား
- ဘုရားရှိခိုးတဲ့ ကိုယ်ခန္ဓာ၊
- စေတီထိုက်သည်သာ
- အကျိုးများစွာရတာမို့၊ ဘုရားရှိခိုးစို့။
ပညာရေးမင်္ဂလာ
တတ်ကောင်းတတ်ရာ ဟူသမျှကို
ကြားမြင်သုတရှိပါစေ
အိုးအိမ်တည်ထောင် ဝမ်းစာရေးနဲ့
- အသက်မွေးဖို့ အတတ်သင်လေ။
လူနှင့်ဆိုင်ရာ ကျင့်ဝတ်များကို
- ကောင်းစွာ သင်ကြား နားလည်စေ
မှန်ကန်ယဉ်ကျေး ချိုသာအေး
ဆိုရေးတတ်ပါစေ
- အဲဒါမှ ဗုဒ္ဓဝါဒ ကမ္ဘာ့မင်္ဂလာတွေ။
ပြုစုလုပ်ကျွေးရေးနှင့် အသက်မွေးမှုမင်္ဂလာ
- မြင့်မိုရ်ရွှေတောင် မိဘကြွေးကို
- ကောင်းစွဆပ်ပေး ဝတ်ကျေကျေ။
- ကြွေးသစ်ချကာ သားနှင့်မယားကို
- မြှောက်စားချီးမြှင့်ဝတ်ကုန်စေ
အလုပ်တာဝန် မလစ်ဟင်းနဲ့
- အပြစ်ကင်းအောင် လုပ်ပါလေ။
- စည်းစိမ်ကိုပေး ပြုစုရေး။
- မျှော်တွေး သုံးချက်ပေး။
- အဲဒါမှ ဗုဒ္ဓဝါဒ ကမ္ဘာ့မင်္ဂလာတွေ။
ရဟန်းသာမဏေ တို့ရိုသေ
ဘုရားသားတော် ရဟန်းသံဃာ
- ရိုသေလေးစားမှာ
လက်အုပ်ချီကာ ဦးနှိမ်ချ
အမြဲရှိခိုးကြ
- ငယ်စဉ်ကတည်းက ကျင့်ကြံပေ။
ထူးတဲ့ရှင်သာမဏေ
တို့တစ်တွေ ရှိခိုးလို့
- ကုသိုလ်ယူကြစို့။
ဆရာကျင့်ဝတ်
အတတ်လည်းသင် ပဲ့ပြင်ဆုံးမ
- သိပ္ပမချန် ဘေးရန်ဆီးကာ
သင့်ရာအပ်ပို့ ဆရာတို့
- ကျင့်ဖို့ ဝတ်ငါးဖြာ။
တပည့်ကျင့်ဝတ်
ညီညာထကြွ
ဆုံးမနာယူ လာမူကြိုဆီး
- ထံနီးလုပ်ကျွေး၊ သင်တွေးအံရွတ်
- တပည့်ဝတ် မချွတ်ငါးခုသာ။
မိတ်ဆွေကျင့်ဝတ်ငါးပါး
- ပေးကမ်းချီးမြှင့်၊ ကိုယ်နှင့်ယှဉ်ထား
- စီးပွားဆောင်ရွက်၊ နှုတ်မြွတ်ချိုသာ
- သစ္စာမှန်စေ၊ ဝတ်ငါးထွေ
- ကျင့်လေမိတ်သဟာ။
မျှဝေသုံးစွဲခြင်း
ကိုယ်မှာရှိတာ မျှဝေပါ
ကိုယ်လည်းချမ်းသာ စိတ်ချမ်းသာ
ခင်မင်စရာ သူငယ်ချင်း
- ပေးကမ်းမှုသည် အောင်မြင်ခြင်း
- ပင်ကိုယ်စိတ်ရင်း ဖြူဖြူစင်
အရာရာတွင် ကူညီလျှင်
- ပျော်ရွှင်ရမယ် တစ်သက်လုံး
ကြည်နူးပီတိ မျက်နှာပြုံး
- ဝမ်းသာလို့ မဆုံး။
ဒါရကောဝါဒဆုံးမစာ
၁။ ရတနာသုံးပါးထွဋ်မြတ်ဖျား ဝတ်တွားဦးနှိမ့်ကာ။
၂။ ဒါရကောဝါဒ ဆိုမိန့်ဟ ချိုဆိမ့်ကြကွဲ့ နားမှာတဲ့။
၃။ ပညာမရှိ၊ မိုက်ခေါင်ထိ၊ မသိအရာရာ။
၄။ ပညာသုတ ရှိပါမှ သိရအဖြာဖြာ။
၅။ ပညာရှိအောင် သတိဆောင် အမောင်ကြိုးစားပါ။
၆။ လိမ်လိမ်မာမာ အရာရာ ပညာရှေ့သွားပါ။
၇။ ဘုရားဟောကြား မြတ်တရား ကြိုးစားသင်ကြပါ။
၈။ ရတနာသုံးပါး မိဘများ ဝပ်တွားရိုသေကြ။
၉။ မထီမဲ့မြင် ဘမိခင် မင်းလျှင်မပြုနဲ့။
၁၀။ လူကြီးသူမ ဆိုသမျှ မင်းကမလှန်နဲ့။
၁၁။ ခေါ်လျှင် မကြာ၊ ဗျာ၊ ခင်ဗျာ ထိုက်ရာ ထူးပါကွယ်။
၁၂။ ခင်ဗျာ၊ ကျွန်တော် လူကြီးပေါ် ကောင်းကောင်းနေကွယ့် ပြောပါတဲ့။
၁၃။ ကိုယ့်ထက်နည်းနည်းကြီးကလည်း ခေါ်လည်းခင်ဗျာထူး။
၁၄။ ရဟန်း ကိုရင် ခေါ်ပြန်လျှင် အရှင်ဘုရားထူး။
၁၅။ အင်ဗျို့ ဝူဝေ ဘာတုံး ဟေ့ အေးဟေ့ ဟူလည်း မထူးနဲ့။
၁၆။ ဘာလဲခင်ဗျာ ဘယ်နှယ့်ဟာ ဘာပြုမယ်လို့တုံး။
၁၇။ ဤသို့ နှုတ်လှန် လူကြီးထံ ပြန်၍ မင်းကမအော်နဲ့။
၁၈။ ဘာတုံး နင်ဗျို့ အေး ငါ့ကို ပြောဆိုမရိုင်းကြစေနဲ့။
၁၉။ နွားကျောင်းသားလား မင်းကျောင်းသားစိတ်ထား ပြောဆိုယဉ်စေကွယ်။
၂၀။ကိုယ့်အောက်ငယ်သော် “မောင်” ထည့်ခေါ် ကြီးသော် “ကို” ထည့်ခေါ်။
၂၁။ မင်းအောက်သူငယ် မင်းနိုင်တယ် မကျယ်လေနဲ့ကွယ်။
၂၂။ အိမ်သို့ပြန်သွား လမ်းအကြား ကစား၍ကွယ်မနေနဲ့။
၂၃။ အိမ်သို့ရောက်က မိနှင့်ဖ ဝပ်ချရိုသေ ရှိခိုးလေး။
၂၄။ အမေမိဘမှာသမျှ မှတ်ခဲ့ကြကွယ် မမေ့နဲ့။
၂၅။ ကျောင်းထဲဝင်လာ ပုဆိုးဟာ ပြင်ကာဝတ်ခဲ့ကောင်းကောင်းကွဲ့။
၂၆။ ခါးတောင်ကျိုက်လျှင် ကျောင်းဝိုင်းပြင် ကွင်းကာ ရှောင်ကွဲ့မမိုက်နဲ့။
၂၇။ ငယ်လှကိုရင် တွေ့လေလျှင် သံဃာတော်ကွဲ့ရိုသေကွယ်။
၂၈။ လမ်း၌သံဃာတွေ့သောအခါ အသာလက်အုပ်ချီ ထိုင်ကွယ်။
၂၉။ ဝပ်မချသာ လမ်းသွားရာ တိမ်းကာရှောင်ကွယ် လက်အုပ်နဲ့။
၃၀။ ရဟန်းကိုရင် အိပ်ရာပြင် ဝင်၍ မတက်ကြလေနဲ့။
ငါးပါးသီလကဗျာ
၁။ သူ့အသက်ကို သိလျက်သားနှင့် ဒေါသစိတ်ထား သေစေလို့ လုံ့လပြုကာ သေအောင်သတ်တော့ ပါဏာတိပါတ် အကုသိုလ် လွန်ကျူးမိလျှင် တကယ်ပဲပေါ့ အပါယ်ငရဲကျမည်ဆို လွတ်လာပြန်လည်း ရောဂါစွဲ ဆင်းရဲအသက်တို အဲဒါကြောင့် ပဉ္စသီလ တည်ကြပါစေလို။
၂။ သူ့ဥစ္စာကို သိလျက်သားနှင့် လောဘစိတ်ထား ခိုးယူလို့ လုံ့လပြုကာ ခိုးယူပြန်က အဒိန္နဒါန် အကုသိုလ်လွန်ကျူးမိ လျှင် တကယ်ပဲပေါ့ အပါယ်ငရဲ ကျမည်ဆို လွတ်လာပြန်လည်း ဥစ္စာမွဲ ဆင်းရဲဖြစ်တိုင်း ကိုယ် အဲဒါကြောင့် ပဉ္စာသီလ တည်ကြပါစေလို့။
၃။ ရှောင်ရှားအပ်သူ မိန်းမများ၌ ရာဂစိတ်ထား ပေါင်းဖော်လို လုံ့လပြုကာ ကျူးလွန်ပြုကာ ကာမေသုတဲ့ အကုသိုလ် လွန်ကျူးမိလျှင် တကယ်ပဲပေါ့ အပါယ်ငရဲ ကျမည်ဆို လွတ်လာပြန်ကာ နပုန်းပ မိန်းမ ဖြစ်ရသကို အဲဒါကြောင့် ပဉ္စသီလ တည်ကြပါစေလို့။
၄။ မဟုတ်မမှန် တစ်ဖက်သားကို ယွင်းချွတ်လှည့်စား မုသာဆို အဓိပ္ပာယ်ကို ထိုသူသိ၍ အကျိုးကိုသိ အကုသိုလ်လွန် ကျူးမိလျှင် တကယ်ပဲပေါ့ အပါယ်ငရဲ ကျမည်ဆို လွတ်လာပြန်လည်း ပါစပ်ပြဲ သွားကျဲ နှုတ်ခမ်းတို အဲဒါကြောင့် ပဉ္စသီလ တည်ကြပါစေလို။
၅။ ယစ်မူးတက်စွာ သေရည်များကို မူးယစ်သောက်စား ဘိန်းရှုမျို၊ ဒုစရိုက်တွေ ဖြစ်ပေါ်ကြောင်းမို့ မကောင်းစင်စစ် အကုသိုလ်လွန်ကျူးမိလျှင် တကယ်ပဲပေါ့ အပါယ်ငရဲ ကျမည်ဆို လွတ်လာစေဦး လူမေ့မူး အရူးဆက်တိုင်းကိုယ် အဲဒါကြောင့် ပဉ္စသီလ တည်ကြပါစေလို။
သီလအကျိုးဆင့်ဆင့်တိုး
သီလခေါ်ဆို ကိုယ်ကျင့်ကောင်းမှ
- တောင်းတိုင်း တတိုင်း ရနိုင်တယ်
- ပဒေသာပင် အိမ်မှာပေါက်သလို
- ကောက်ယူသုံးလို့ မကုန်နိုင်တယ်
- ဥစ္စာစုပုံ ကုန်မယွင်း ဂုဏ်သတင်းလည်း သင်းပျံ့မယ်
- ရောက်လာရာရာ ပွဲလယ်တင့်လို့ ရဲရင့်ရွှင်ပျ ခင်ကြမယ်
- သေရသော်ပင် သတိကောင်းလို့ ဂတိပြောင်းတော့ နတ်ပြည်ဝယ်
- သီလကောင်းကျိုး ချက်ချင်းတိုး အားကိုးလောက်ပေတယ်
- အဲဒါကြောင့် ကိုယ်ကျင့်သီလ ဒီဘဝတည်စေမယ်။
မြတ်ဒါနစိတ်ချကိုးကွယ်ရာ
- ချမ်းသာအပေါင်း ဆိုကြောင်းမှန်စွာ စည်းစိမ်ဘောဂ ဖြစ်တည်ရာ
- အောက်တန်းမကျ ကယ်မသူမှာ မြတ်ဒါန စိတ်ချကိုးကွယ်ရာ။
မြတ်သီလ စိတ်ချကိုးကွယ်ရာ
- သီလရနံ့ မွှေးပျံ့ကြိုင်စွာ သီလဆင်တိုင်း ရှုတိုင်းလှပါ
- သီလစောင့်ငြား မလားပါယ်ရွာ မြတ်သီလစိတ်ချကိုးကွယ်ရာ။
နှုတ်ဆက်ပါသည်
- မလိမ္မာတာတွေ နှုတ်ရမည် အလိမ္မာတွေနှင့် ဆက်ပါမည်
- နှုတ်မည်ဆက်မည် နှုတ်ဆက်ပါသည်
- မကောင်းမှု့တွေကို နှုတ်ရမည် ကောင်းမှုတွေနှင့် ဆက်ပါမည်
- နှုတ်မည် ဆက်မည် နှုတ်ဆက်ပါသည်
- ပျင်းရိတာတွေ နှုတ်ရမည် ကြိုးစားမှုနှင့် ဆက်ပါမည်
- နှုတ်မည် ဆက်မည် နှုတ်ဆက်ပါသည်
- အကုသိုလ်တရားကို နှုတ်ရမည် ကုသိုလ်တရားနှင့် ဆက်ပါမည်။
- နှုတ်မည် ဆက်မည် နှုတ်ဆက်ပါသည်။
အလှဆုံးအပြုံး
ပြုံး ပြုံး ပြုံး ကုသိုလ်စိတ်နဲ့ပြုံး ကုသိုလ်စိတ်နဲ့ပြုံးသူဟာ
- ဒီကမ္ဘာမှာ အလှဆုံးပါ စိတ်ကောင်းလေးနဲ့ ပြုံးရင်တော့ ပို၍လှမှာပေါ့
- စိတ်ကောင်းမရှိ ထိုသူတွေ ရုပ်လှပေမယ့် စိတ်မလှပေ
အလှဆုံးသူဖြစ်ဖို့ရာ စိတ်ယုတ်မာများ ဖယ်ရှားကာ
- မေတ္တာများစွာ လွှမ်းခြုံလို့ ကုသိုလ်စိတ်နဲ့ ပြုံးပါစို့
လိမ္မာတဲ့ကလေးလေး
- လိမ္မာတဲ့ကလေးလေး ဖြစ်အောင်ကွယ် တို့တွေအမြဲကြိုးစားမယ်
- အဖေအမေရဲ့ စကားနားထောင်မယ် (ဆရာ ဆရာမစကားနားထောင်မယ် ရိုသေလို့ ချစ်ပါ့မယ်)
- သားတို့သမီးတို့ရယ် အစားစားတိုင်းကွယ် (ကစားပြီးတိုင်းကွယ်၊ အိမ်သာက ဆင်းတိုင်းကွယ်) လက်ကို
စင်စင်ဆေး ကျန်းမာရေးနဲ့ ညီညွတ်တယ် တူပျော်ပျော် တူပျော်ပျော် လက်ဆေးကြစို့
- မေမေခေါ် လက်ဆေးကြစို့နော် ဟေ့ လက်ဆေးကြစို့နော်
- ခြေသည်းလက်သည်းရှည်တဲ့သူ ဝက်ဝံကြီးနဲ့တူ
- ဝက်ဝံကြီးက မောင်ရုပ်ဆိုး သူဘယ်တော့မှ ရေမချိုး
- ရေမချိုးတဲ့ မောင်ညစ်ပတ် နံတယ် နံတယ် အနားမကပ်
အိုဘယ့်ကလေးငယ် အိုဘယ့်ကလေးငယ်
- ဆေးလိပ်မသောက်နဲ့ ဆေးလိပ်မသောက်နဲ့
- ဆေးလိပ်သောက်တာ အန္တရာယ် ဆေးလိပ်သောက်တာ အန္တရာယ်
မသောက်ပါနဲ့ မသောက်ပါနဲ့
မေ့မေ့ကျေးဇူး
- မေမေ့ကျေးဇူး မမေ့ဘူးကွယ် ငယ်ငယ်တည်းက သိမှတ်မယ်
- သားသမီးပေါ်ဝယ် မေတ္တာကြွယ် ချစ်ခင်ကြင်နာလွန်းလှတယ်
စကားမှာချိုချို ပျားသကာလိုလို အနားမှာဆိုဆို သင်းလို့ရယ်
လိမ္မာစေချင်လွန်းလှတယ်
- မေမေ့မျက်နှာ အစဉ်ချိုပြုံး မေမေ့မျက်နှာ အကြည်လင်ဆုံး
- သားသားအချစ်ဆုံး မီးမီးအချစ်ဆုံး။
ရုပ်လှချင်သလား
- ရုပ်လှချင်သလား ကလေးတို့ရယ် စိတ်ကလေးလှပါကွယ်
- စိတ်ကလေးလှတော့ စိတ်ဆိုးမဖြစ် အားလုံးဝိုင်း၍ချစ်
ချစ်စရာကောင်းတဲ့ကလေးငယ် ဘုန်းတွေကြီးလို့ တန်ခိုးကြွယ်
- တန်ခိုးကြွယ်တော့ လိုတရ ယဉ်ကျေးလိမ္မာ နေထိုင်ကြ
စိတ်ကောင်းထားကြစို့
စိတ်ကောင်းထားကြစို့
ကံကောင်းချင်သလား ကလေးတို့ရယ် စိတ်ကောင်းထားပါကွယ်
- စိတ်ကောင်းထားရင် နှုတ်လည်းကောင်း ကိုယ်ဟန်မူယာကြည့်လို့ကောင်း
- ကိုယ်ကောင်း နှုတ်ကောင်း စိတ်ကောင်းရင်
- ဖြစ်လာသမျှ ကောင်းမည်ပင် ဖြစ်လာသမျှကောင်းစေဖို့
စိတ်ကောင်းထားကြစို့
စိတ်ကိုလည်းပြင် ရုပ်လည်းပြင်
၁။ တန်းတူတွေ့လျှင် မေတ္တာဝင် မဝင်နိုင်က ပြိုင်တက်တယ်။
ပြိုင်မယ့်အစား မေတ္တာပွား စိတ်ထားပြုပြင်ပြောင်းပါ့မယ်။
၂။ ကိုယ့်အောက်တွေ့လျှင် ကရုဏာဝင် မဝင်နိုင်က နိုင်တက်တယ်။
နိုင်မယ့်အစား ကရုဏာပွား စိတ်ထားပြုပြင်ပြောင်းပါ့မယ်။
၃။ ကိုယ့်ထက်သာလျှင် မုဒိတာဝင် မဝင်နိုင်က ယိုင်တက်တယ်။
ယိုင်မယ့်အစား မုဒိတာပွား စိတ်ထားပြုပြင် ပြောင်းပါ့မယ်။
၄။ စိတ်ကိုလည်းပြင် ရုပ်လည်းပြင် ပြင်ဆင်တိုင်းလှ
ပြုတိုင်းရ သုခနိဗ္ဗာန်တိုင်လိမ့်မယ်။
စိတ်ဓာတ်
- စိတ်ကောင်းမှ ဓာတ်ကောင်းမည် ဓာတ်ကောင်းမှ ကံကောင်းမည်။
- ကံကောင်းမှ ဉာဏ်ကောင်းမှ ဘဝကောင်းမည်။
အမြတ်ဆုံးသူတော်ကောင်း
သူတော်ကောင်း သူတော်ကောင်း သူတော်လာအောင် ကိုယ်ကကောင်း
သူမကောင်းလည်း ကိုယ်ကကောင်း ဒါမှ သူတော်ကောင်း
- သူတော်ကောင်းလေး ဖြစ်စေချင် စိတ်ထားလှဖို့ပြင်
- နေ့စဉ်လစဉ်ခန္တီသုံး ဒါမှအမြတ်ဆုံး။
ကုသိုလ်ပြုကြစို့
- သရဏာဂုံ တည်ရုံမျှဖြင့် ဥပသကာ ဖြစ်ပါပြီ
ကိုယ်ကျင့်သိက္ခာ လုံခြုံကြဖို့ ငါးပါးသီလ ပဉ္စသီ
- ဒုစရိုက်တွေ ရှောင်သွေလွှဲလို့ သုစရိုက်လည်း စုံအညီ
- ဆွမ်းပန်းရေတော် မီးတော်ကပ်လို့ နေစဉ်မပြတ် ပြုသင့်သည်။
ပန်းပန်မှ လှမယ်
ပန်းလက်ဆောင် ပန်းလတ်ဆောင်ပေးချင်ပါတဲ့ ပန်းလတ်ဆောင်
ပန်းလက်ဆောင်ယူမလား ပန်းကြိုက်ပါတဲ့ ကလေးများ
- ဘာပန်းများလည်း မေးရင်ကွယ် နှင်းဆီသဇင် ဟုတ်ဖူးကွယ်
- စံပါယ်ခရေ မြတ်လေးလား ဒါလည်းမဟုတ်ဖူး ကလေးများ၏
ဒါနသီလ ပန်းပွင့်ပါ ဘာဝနာလည်းပါ
- အပ္ပစာယန ဝေယျာဝေစ္စ ပတ္တိဒါန ပန်းပွင့်လား
ပတ္တာနုမောဒန ပန်းပွင့်ရယ် ဓမ္မဿဝနလည်းပါ ပါတယ်
ဓမ္မဒေသနာရယ် မှတ်လိုက်ကြ ဒိဋ္ဌိဇုကမ္မ
ထာဝရကွယ်ပန်ရမယ် ဆယ်ပွင့်ရှိပါတယ်
ကလေးတို့ရယ်ပန်လိုက်ကြ အလှသရဖူဆောင်းမယ်ပ
- တစ်သံသရာလုံးလှ။
နှုတ်ဆက်ပါသည်
- မလိမ္မာတာတွေ နှုတ်ရမည် အလိမ္မာတွေနှင့် ဆက်ပါမည်
- နှုတ်မည်ဆက်မည် နှုတ်ဆက်ပါသည်
- မကောင်းမှု့တွေကို နှုတ်ရမည် ကောင်းမှုတွေနှင့် ဆက်ပါမည်
- နှုတ်မည် ဆက်မည် နှုတ်ဆက်ပါသည်
- ပျင်းရိတာတွေ နှုတ်ရမည် ကြိုးစားမှုနှင့် ဆက်ပါမည်
- နှုတ်မည် ဆက်မည် နှုတ်ဆက်ပါသည်
- အကုသိုလ်တရားကို နှုတ်ရမည် ကုသိုလ်တရားနှင့် ဆက်ပါမည်။
- နှုတ်မည် ဆက်မည် နှုတ်ဆက်ပါသည်။
အလှဆုံးအပြုံး
ပြုံး ပြုံး ပြုံး ကုသိုလ်စိတ်နဲ့ပြုံး ကုသိုလ်စိတ်နဲ့ပြုံးသူဟာ
- ဒီကမ္ဘာမှာ အလှဆုံးပါ စိတ်ကောင်းလေးနဲ့ ပြုံးရင်တော့ ပို၍လှမှာပေါ့
- စိတ်ကောင်းမရှိ ထိုသူတွေ ရုပ်လှပေမယ့် စိတ်မလှပေ
အလှဆုံးသူဖြစ်ဖို့ရာ စိတ်ယုတ်မာများ ဖယ်ရှားကာ
- မေတ္တာများစွာ လွှမ်းခြုံလို့ ကုသိုလ်စိတ်နဲ့ ပြုံးပါစို့
လိမ္မာတဲ့ကလေးလေး
- လိမ္မာတဲ့ကလေးလေး ဖြစ်အောင်ကွယ် တို့တွေအမြဲကြိုးစားမယ်
- အဖေအမေရဲ့ စကားနားထောင်မယ် (ဆရာ ဆရာမစကားနားထောင်မယ် ရိုသေလို့ ချစ်ပါ့မယ်)
- သားတို့သမီးတို့ရယ် အစားစားတိုင်းကွယ် (ကစားပြီးတိုင်းကွယ်၊ အိမ်သာက ဆင်းတိုင်းကွယ်) လက်ကို
စင်စင်ဆေး ကျန်းမာရေးနဲ့ ညီညွတ်တယ် တူပျော်ပျော် တူပျော်ပျော် လက်ဆေးကြစို့
- မေမေခေါ် လက်ဆေးကြစို့နော် ဟေ့ လက်ဆေးကြစို့နော်
- ခြေသည်းလက်သည်းရှည်တဲ့သူ ဝက်ဝံကြီးနဲ့တူ
- ဝက်ဝံကြီးက မောင်ရုပ်ဆိုး သူဘယ်တော့မှ ရေမချိုး
- ရေမချိုးတဲ့ မောင်ညစ်ပတ် နံတယ် နံတယ် အနားမကပ်
အိုဘယ့်ကလေးငယ် အိုဘယ့်ကလေးငယ်
- ဆေးလိပ်မသောက်နဲ့ ဆေးလိပ်မသောက်နဲ့
- ဆေးလိပ်သောက်တာ အန္တရာယ် ဆေးလိပ်သောက်တာ အန္တရာယ်
မသောက်ပါနဲ့ မသောက်ပါနဲ့
မေ့မေ့ကျေးဇူး
- မေမေ့ကျေးဇူး မမေ့ဘူးကွယ် ငယ်ငယ်တည်းက သိမှတ်မယ်
- သားသမီးပေါ်ဝယ် မေတ္တာကြွယ် ချစ်ခင်ကြင်နာလွန်းလှတယ်
စကားမှာချိုချို ပျားသကာလိုလို အနားမှာဆိုဆို သင်းလို့ရယ်
လိမ္မာစေချင်လွန်းလှတယ်
- မေမေ့မျက်နှာ အစဉ်ချိုပြုံး မေမေ့မျက်နှာ အကြည်လင်ဆုံး
- သားသားအချစ်ဆုံး မီးမီးအချစ်ဆုံး။
ရုပ်လှချင်သလား
- ရုပ်လှချင်သလား ကလေးတို့ရယ် စိတ်ကလေးလှပါကွယ်
- စိတ်ကလေးလှတော့ စိတ်ဆိုးမဖြစ် အားလုံးဝိုင်း၍ချစ်
ချစ်စရာကောင်းတဲ့ကလေးငယ် ဘုန်းတွေကြီးလို့ တန်ခိုးကြွယ်
- တန်ခိုးကြွယ်တော့ လိုတရ ယဉ်ကျေးလိမ္မာ နေထိုင်ကြ
စိတ်ကောင်းထားကြစို့
စိတ်ကောင်းထားကြစို့
ကံကောင်းချင်သလား ကလေးတို့ရယ် စိတ်ကောင်းထားပါကွယ်
- စိတ်ကောင်းထားရင် နှုတ်လည်းကောင်း ကိုယ်ဟန်မူယာကြည့်လို့ကောင်း
- ကိုယ်ကောင်း နှုတ်ကောင်း စိတ်ကောင်းရင်
- ဖြစ်လာသမျှ ကောင်းမည်ပင် ဖြစ်လာသမျှကောင်းစေဖို့
စိတ်ကောင်းထားကြစို့
စိတ်ကိုလည်းပြင် ရုပ်လည်းပြင်
၁။ တန်းတူတွေ့လျှင် မေတ္တာဝင် မဝင်နိုင်က ပြိုင်တက်တယ်။
ပြိုင်မယ့်အစား မေတ္တာပွား စိတ်ထားပြုပြင်ပြောင်းပါ့မယ်။
၂။ ကိုယ့်အောက်တွေ့လျှင် ကရုဏာဝင် မဝင်နိုင်က နိုင်တက်တယ်။
နိုင်မယ့်အစား ကရုဏာပွား စိတ်ထားပြုပြင်ပြောင်းပါ့မယ်။
၃။ ကိုယ့်ထက်သာလျှင် မုဒိတာဝင် မဝင်နိုင်က ယိုင်တက်တယ်။
ယိုင်မယ့်အစား မုဒိတာပွား စိတ်ထားပြုပြင် ပြောင်းပါ့မယ်။
၄။ စိတ်ကိုလည်းပြင် ရုပ်လည်းပြင် ပြင်ဆင်တိုင်းလှ
ပြုတိုင်းရ သုခနိဗ္ဗာန်တိုင်လိမ့်မယ်။
စိတ်ဓာတ်
- စိတ်ကောင်းမှ ဓာတ်ကောင်းမည် ဓာတ်ကောင်းမှ ကံကောင်းမည်။
- ကံကောင်းမှ ဉာဏ်ကောင်းမှ ဘဝကောင်းမည်။
အမြတ်ဆုံးသူတော်ကောင်း
သူတော်ကောင်း သူတော်ကောင်း သူတော်လာအောင် ကိုယ်ကကောင်း
သူမကောင်းလည်း ကိုယ်ကကောင်း ဒါမှ သူတော်ကောင်း
- သူတော်ကောင်းလေး ဖြစ်စေချင် စိတ်ထားလှဖို့ပြင်
- နေ့စဉ်လစဉ်ခန္တီသုံး ဒါမှအမြတ်ဆုံး။
ကုသိုလ်ပြုကြစို့
- သရဏာဂုံ တည်ရုံမျှဖြင့် ဥပသကာ ဖြစ်ပါပြီ
ကိုယ်ကျင့်သိက္ခာ လုံခြုံကြဖို့ ငါးပါးသီလ ပဉ္စသီ
- ဒုစရိုက်တွေ ရှောင်သွေလွှဲလို့ သုစရိုက်လည်း စုံအညီ
- ဆွမ်းပန်းရေတော် မီးတော်ကပ်လို့ နေစဉ်မပြတ် ပြုသင့်သည်။
ပန်းပန်မှ လှမယ်
ပန်းလက်ဆောင် ပန်းလတ်ဆောင်ပေးချင်ပါတဲ့ ပန်းလတ်ဆောင်
ပန်းလက်ဆောင်ယူမလား ပန်းကြိုက်ပါတဲ့ ကလေးများ
- ဘာပန်းများလည်း မေးရင်ကွယ် နှင်းဆီသဇင် ဟုတ်ဖူးကွယ်
- စံပါယ်ခရေ မြတ်လေးလား ဒါလည်းမဟုတ်ဖူး ကလေးများ၏
ဒါနသီလ ပန်းပွင့်ပါ ဘာဝနာလည်းပါ
- အပ္ပစာယန ဝေယျာဝေစ္စ ပတ္တိဒါန ပန်းပွင့်လား
ပတ္တာနုမောဒန ပန်းပွင့်ရယ် ဓမ္မဿဝနလည်းပါ ပါတယ်
ဓမ္မဒေသနာရယ် မှတ်လိုက်ကြ ဒိဋ္ဌိဇုကမ္မ
ထာဝရကွယ်ပန်ရမယ် ဆယ်ပွင့်ရှိပါတယ်
ကလေးတို့ရယ်ပန်လိုက်ကြ အလှသရဖူဆောင်းမယ်ပ
- တစ်သံသရာလုံးလှ။
မေမေချစ်တဲ့သား
လိမ္မာသိမြင် ပညာရှင် သားလေးဖြစ်စေချင်
- နေ့စဉ်မှန်မှန် ကျောင်းကိုသွား မေမေချစ်တဲ့သား
- လေးစားထိုက်တဲ့ မြတ်ဆရာ သားလေးရိုသေပါ
ဆရာပြောတာ ဂရုစိုက် သားလေး စူးစူးစိုက်
ငိုက်မနေနဲ့ သားလေးရာ စာရေးစာဖတ်ကွာ
- တွေးပါမေးပါ စိတ်ဝင်စား သားလေးစာကြိုးစား
တရားနာတဲ့အချိန်မှာ သားလေးတရားနာ
- စာသင်ချိန်မှာ စာကိုချစ် ဒါမှ မေ့သားချစ်။။
ကြိုက် ကြိုက် ကြိုက်
လိမ်တယ်ညာတယ် ဆိုတာရယ် မကောင်းပါဘူးကွယ်
ဘုရားကလည်း မကြိုက် မိဘဆရာလည်း မကြိုက်
- ဆွေမျိုးတွေရော သူငယ်ချင်းတွေရော
အားလုံး အားလုံး မကြိုက် မကြိုက် မကြိုက်
လိမ်လိမ်မာမာနေတာရယ် အလွန်ကောင်းတာပေါ့ကွယ်
ဘုရားကလည်းကြိုက် မိဘဆရာလည်းကြိုက်
- ဆွေမျိုးတွေရော သူငယ်ချင်းတွေရော
အားလုံး အားလုံး ကြိုက် ကြိုက် ကြိုက်
အနန္တတာဝန် တို့အဓိဋ္ဌာန်
- ဘုရားကျေးဇူး မြင့်မိုရ်ဦး အထူးကျေအောင်ဆပ်ပါမည်။
- တရားကျေးဇူး မြင့်မိုရ်ဦး အထူးကျေးအောင်ဆပ်ပါမည်။
- သံဃာ့ကျေးဇူး မြင့်မိုရ်ဦး အထူးကျေးအောင်ဆပ်ပါမည်။
- မိဘ မြင့်မိုရ်ဦး အထူးကျေးအောင်ဆပ်ပါမည်။
- ဆရာ မြင့်မိုရ်ဦး အထူးကျေးအောင်ဆပ်ပါမည်။
- တိုင်းပြည်ကျေးဇူး စိတ်ကြည်နူး အထူးကျေးအောင်ဆပ်ပါ့မည်။
- ကျေးဇူးမကျေ လူမိုက်တွေ မသွေဖြစ်မှာ ဆိုရသည်။
- တိုင်းပြည်လူမျိုး များကောင်းကျိုး သယ်ပိုးရွက်ဆောင်ပြုပါမည်။
- တိုင်းပြည်လူမျိုး ဘာသာအကျိုး သယ်ပိုးရွက်ဆောင်ပြုပါမည်။
ကျေးဇူးကို သိရမယ်
- ရှေးရှေးတုန်းက ရေကန်မှာ သစ်ပင်တစ်ပင် ရှိနေတာ
- သစ်ကိုင်းပေါ်မှာ ရွှေချိုးငှက် နေစဉ် နားခိုလျက်
သစ်ပင်ထက်က ပျားတစ်အုံ ချိုးငှက် နည်းတူ သူခိုလှုံ
- လေအဟုန်ပြင်းတဲ့နေ့တစ်နေ့ ပျားလေးကန်ထဲ ကျပြီဟေ့
ချိုးငှက်တွေ့တော့ သစ်ရွက်ခြွေ ပျားလေးနားမှာကြွေ
- သစ်ရွက်လှေပေါ် ပျားတွယ်တက် သေးဘေးလွတ်လို့ အသက်ဆက်
တစ်နေ့တစ်ရက် တစ်ခါဝယ် မုဆိုး ချိုးကိုလေးနဲ့ရွယ်
ပျားသူငယ် သူဝင်တုတ် မုဆိုးလေးမြှားပြုတ်
- (ညီလေး/ညီမလေး) ဝတုတ် မှတ်သားဖွယ် သူ့ကျေးဇူးကို သိရမယ်
- အတုန့်အလှည့် သူ့ကျေးဇူး ခွင့်ခါသင့်ရင်ဆပ်လေဦး။
ဖြူ-မဲ (ဖော့နှင့်ခဲ)
- ကုသိုလ်ဖြူဖြူ ဖော့နှင့်တူ အထက်လမ်းကို သူဆွဲယူ
- အကုသိုလ်မဲ ခဲလိုပဲ အောက်ဖတ်လမ်းကို သွားမှာပဲ
- အထက်လမ်း အောက်လမ်း လမ်းနှစ်သွယ်
ဘယ်လမ်းကြိုက်သလဲကွယ် ကုသိုလ်ဖော့ကို ဖတ်တွယ်လို့
- ပေါ်လမ်းကိုပဲ သွားကြစို့။
ကုသိုလ်ရေးမို့ ကြိုးစားမည်
- ဗုဒ္ဓမြတ်စွာလေားလျှာတုန်းက နောက်ဆုံးအထိ ပါရမီ
- လူနတ်များစွာ ချမ်းသာရေးမို့ အသက်ပေး၍ ဖြည့်ခဲ့သည်
ဗုဒ္ဓမြတ်စွာ သာသနာအတွက်တော့ ငါပါအသက်ဆုံးစေမည်
- နောက်မဆုတ်ပေါင်ခိုလိုတွေးလို့ ကုသိုလ်ရေးမို့ ကြိုးစားမည်။
ဘာသာရေးကြောင့် အေးဆေးမည်
တရားစစ်မှန် ကျင့်ကြံကြမှ ချမ်းသာသုခ ရနိုင်မည်
- တရားတုတွေ ကျင့်နေကြလို့ ဆင်းရဲဒုက္ခ ရောက်ရသည်
ယခုတဖန် အမှန်လမ်းသို့ အမြန်လှမ်းဖို့ ချိန်တန်ပြီ
သို့မှ တိုင်းပြည် ဘာသာရေးကြောင့် သာယာအေးဆေးရှိလိမ့်မည်
ဘာသာသွေး နွေးကြပါစို့
ဗုဒ္ဓဘာသာရှင်လူများတို့ အသိတရား ထားသင့်ပြီ
- အခြားဘာသာ တိုးတက်ရေးကို အခြားသူများ ဆောင်ရွက်နေ
- ဗုဒ္ဓဘာသာ သူတွေအဖို့ သွေးအေးနေဖို့ မသင့်ပြီ
- သွေးအေးနေရင် သာသနာပျောက်လို့ လူမျိုးပျောက်ဖို့ ကြုံလိမ့်မည်
- အဲဒါကြောင့် ဘာသာတရား ပြန့်ပွားအောင်ကူညီ
ငါးသီလ ကဗျာဆောင်ပုဒ်
၁။ သူ့အသက်ကို သိလျက်သားနှင့် ဒေါသစိတ်ထားသေစေလို။
လုံ့လပြုကာ သေအောင်သတ်တော့၊ ပါဏာတိပါတ် အကုသိုလ်။
လွန်ကျူးမိလျှင် တကယ်ပဲပေါ့၊ အပါယ်ငရဲ ကျမည်ဆို။
အဲဒါကြောင့်၊ ပဉ္စသီ တည်ကြပါစေလို့။
၂။ သူ့ဥစ္စာကို သိလျက်သားနှင့်၊ လောဘစိတ်ထား ခိုးယူလို။
လုံ့လပြုကာ ခိုးယူပြန်က၊ အဒိန္ဒာဒါန်အကုသိုလ်။
လွန်ကျူးမိလျှင် တကယ်ပဲပေါ့၊ အပါယ်ငရဲကျမည်ဆို။
လွတ်လာပြန်လည်း ဥစ္စာမွဲ၊ ဆင်းရဲဖြစ်တိုင်းကိုယ်။
အဲဒါကြောင့်၊ ပဉ္စသီလ တည်ကြပါစေလို။
၃။ ရှောင်ရှားအပ်သူ မိန်းမများ၌၊ ရာဂစိတ်ထားပေါင်းဖော်လို။
လုံ့လပြုကနပုန်းပ၊ မိန်းမဖြစ်ရသကို
အဲဒါကြောင့်၊ ပဉ္စသီလတည်ကြပါစေလို။
၄။ မဟုတ်မမှန်တစ်ဖက်သားကို၊ ယွင်းချွတ်လှည့်စား မုသားဆို
အဓိပ္ပာယ်ကို ထိုသူသိ၍၊ အကျိုးကိုထိ အကုသိုလ်။
လွန်ကျူးမိလျှင်တကယ်ပဲပေါ့၊ အပါယ်ငရဲ ကျမည်ဆို။
လွတ်လာပြန်လည်းပါးစပ်ပြဲ၊ သွားကြဲနှုတ်ခမ်းတို
၅။ ယစ်မူးတတ်စွာ သေရည်များကို၊ မူးယစ်သောက်စားဘိန်းရူးမျို။
ဒုစရိုက်တွေ ဖြစ်ပေါ်ကြောင်းမို့၊ မကောင်းစင်စစ် အကုသိုလ်။
လွတ်လာစေဦး လူမေ့မူး၊ အရူးဆက်တိုက်ကိုယ်။
အဲဒါကြောင့် ပဉ္စသီလ တည်ကြပါစေလို။
ကမ္ဘာကသိပါစေ ကဗျာ
- လူအခြေခံကျင့်ဝတ်တရား၊ ပျက်ပြားနေကြ ကမ္ဘာမြေ။
- ဟိုတိုင်းဒီပြည် ရန်စစ်ခင်းလို့၊ လူနဲ့လူချင်း သတ်ခါနေ။
- ငြိမ်းချမ်းပါစေ အာသီသနဲ့၊ စွမ်းနိုင်ရာက ကူညီသလေ။
- ကျင့်ဝတ်တရား သီလငါး၊ မှတ်သားကျင့်သုံးစေ။
- အဖိုးတန်တဲ့ ဗုဒ္ဓဝါဒ ကမ္ဘာကသိပါစေ။
ဆွမ်းလှူဒါန်းရအကျိုးငါးပါး
- သက်ရှည်ဆင်းလှ၊ ချမ်းသာရ၊ ဗလဉာဏ်ပညာ။
- ဆွမ်းလှူအကျိုး၊ ဤငါးမျိုး၊ တန်ခိုးကြီးလှစွာ။
ရေလှူဒါန်းရကျိုး (၁၀)ပါးကဗျာ
- သက်ရှည်ဆင်းလှ၊ ချမ်းသာရ၊ ဗလဉာဏ်ပညာ။
- စင်ကြယ်သန့်ရှင်း၊ ကျော်စောခြင်း၊ ခပင်းခြွေရံကာ။
- ရေမငတ်ငြား၊ လျင်မြန်သွား၊ ဆယ်ပါးရကျိုလာ။
ပန်းလှူဒါန်းရကျိုး (၃)ပါးကဗျာ
- ပန်းလိုလှပ၊ ဘဝရုပ်ရည်၊ ခန္ဓာကိုယ်တွင်း သန့်ရှင်းပေသည်။
- နံစော်ကင်းလို့၊ ခံတင်းမွှေးကြည်၊ ပန်းလှူကျိုး သုံးမျိုးရနိုင်သည်။
ဆီမီးလှူဒါန်းရခြင်း၏ အကျိုးကဗျာ
- ဘုရားရှင်အားစိတ်ထားကြည်ဖြူ၊ ဆီမီးလျှပ်လှူဒါန်းသောသူ။
- စက္ခုမံသ၊ ဉာဏနှစ်ဆူ၊ ကြည်လင်၏ ဖြစ်ဘိဉာဏ်ကြီးဆူ
တံမြက်စည်းလှည်းရခြင်းအကျိုးကဗျာ
- ကိုယ်စိတ်သူ့စိတ်ယိုဖိတ်ကြည်လင်၊ နတ်တို့လေးစား၊ လွန်ပွားချစ်ခင်
- ကြည်ညိုဖွယ်ကောင်း၊ ဂုဏ်ပေါင်းမြတ်ရှင်၊ နတ်ပြည်ရောက်၊ ထွန်းတောက်ကျိုးငါးအင်
မေတ္တာပို့က ရွှင်လန်းနေ
- လုံးစုံများစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ။
- မိဘနှစ်ဖြာ၊ မြတ်ဆရာ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ။
- ဆွေမျိုးသူငါ၊ မိတ်သဟာ ချမ်းသာကိုယ်စိတ်မြဲပါစေ။
- တို့အိမ်တွင်းမှာ၊ များသတ္တဝါ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ။
- မြို့ရွာအတွင်းမှာ၊ များသတ္တဝါ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ။
- တို့ကမ္ဘာလုံးမှာ၊ များသတ္တဝါ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ။
- ထက်ကောင်းကင်မှာ၊ နတ်ဗြဟ္မာ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ။
- အပါယ်လေးရပ်မှာ၊ များသတ္တဝါ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ။
- မေတ္တာနှလုံး ကိုယ်စီသုံး ရွှင်ပြုံး အေးမြကြပါစေ။
- မေတ္တာရေချမ်း ထွက်ကာဖျန်း အေးချမ်းကြပါစေ။
- တို့မေတ္တာစွမ်း ကမ္ဘာလွှမ်း ငြိမ်းချမ်းသာယာရှိပါစေ။
- ဗုဒ္ဓရှင်တော်၊ မြတ်ဘုရားနဲ့
- မြတ်တရားတဲ့၊ မြတ်သံဃာ
- ဂုဏ်တော်အနန္တာ၊ စိတ်ရည်မှန်းလို့
- ဆွမ်းရေချမ်းနဲ့၊ ပန်းနံ့သာ
- ဆီမီးတစ်ဖြာ၊ ပူဇော်ကပ်လို့
- အမြတ်ရည်စူး၊ နိဗ္ဗူတာ
- မေတ္တာပို့ကာ၊ အမျှဝေတော့
စိတ်မှာငြိမ်းအေး ပီတိဖြာ
ကျန်းမာ ချမ်းသာ
ဆွမ်းတော်ကပ်နှင့် ဆုတောင်း
အရဟတာဒိနဝဂုဏေဟိ၊ အရဟံ အစရှိသော ကိုးပါးသော ဂုဏ်တော်တို့နှင့် သမန္နဂတံ၊ ပြည့်စုံတော်မူသော၊ နာထံ- လူနတ်တို့၏ကိုးကွယ်ရာဖြစ်တော်မူသော၊ ဗုဒ္ဓံ-သက်တော်ထင်ရှား သဗ္ဗညုမြတ်စွာဘုရားကို၊ ဥဒ္ဒိဿ-ရည်မှတ်၍၊ စေတိယဿ-ဓာတုစေတီ၊ ဓမ္မစေတီ၊ ဥဒ္ဒိဿစေတီ၊ ပရိဘောဂစေတီတော်မြတ်အား ဝဏ္ဏဂန္ဓရသသမ္ပန္နံ-အဆင်းအနံအရသာနှင့်ပြည့်စုံသော၊ဣမံပိဏ္ဍပါတခါဒနီယ ဘောဇနီယိံ-ဤဆွမ်း ခဲဖွယ် ဘောဇဉ် ချိုချဉ်အရသာ အဖြာဖြာကို၊ သက္ကစ္စံ-ရိုရိုသေသေ၊ ဒေမိ-နိဗ္ဗာန်ရည်မှန်း လှူဒါန်းပါ၏ဘုရား၊ ပူဇေမိ-နိဗ္ဗန်ကိုမျှော်ပူဇော်ပါ၏ဘုရား၊ မေ-တပည့်တော်၏ ဣဒံပုညံ-ဤကောင်းမူသည်၊ အာသဝက္ခယာဝဟံ-အာသဝေါတရားလေးပါးတို့၏ ကုန်ရာကုန်ကြောင်းဖြစ်သော မဂ်ဉာဏ်မြတ်နိဗ္ဗန်ကို ဧကန်ရောက်အောင် ရွက်ဆောင်နိုင်သည်။ ဟောတု-ဖြစ်ပါစေသတည်း။
ပန်းတော်ကပ်နှင့် ဆုတောင်း
အရဟတာဒိနဝဂုဏေဟိ-အရဟံအစရှိသော ဂုဏ်တော်တို့နှင့် သမန္နဂတံ-ပြည့်စုံတော်မူသော၊ နာထံ-လူနတ်တို့၏ ကိုးကွယ်ရာဖြစ်တော်မူသော၊ ဗုဒ္ဓံ-သက်တော်ထင်ရှား သဗ္ဗညုမြတ်စွာဘုရားကို၊ ဥဒ္ဒဿ-ရည်မှတ်၍၊ စေတီယဿ-ဓာတုစေတီ၊ ဓမ္မ စေတီ၊ ဥဒ္ဒဿစေတီ၊ ပရိဘောဂစေတီတော်မြတ်အား ဝဏ္ဏဂန္ဓသမ္ပန္နံ-အဆင်းအနံနှင့်ပြည့်စုံသော၊ ဣမံပုပ္ဖ-ဤပန်းကို၊ သက္က စံ၊ ရိုရိုသေသေ၊ ဒေမိ-နိဗ္ဗန်ရည်မှန်းလှူဒါန်းပါ၏ဘုရား၊ ပူဇေမိ-နိဗ္ဗန်ရည်မှန်းလှူဒါန်းပါ၏ဘုရား၊ ပူဇေမိ-နိဗ္ဗာန်ကိုမျှော်ပူဇော် ပါ၏ဘုရား၊ မေ-တပည့်တော်၏၊ ဣဒံပုညံ-ဤကောင်းမူသည်၊ အာသဝက္ခယာဝဟံ-အာသဝေါတရားလေးပါးတို့၏ ကုန်ရာ ကုန်ကြောင်းဖြစ်သော မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်၊ မြတ်နိဗ္ဗာန်ကို ဧကန်ရောက်အောင်ရွက်ဆောင်နိုင်သည်၊ ဟောတု-ဖြစ်ပါစေ သတည်း။
ရေတော်ကပ်နှင့်ဆုတောင်း
အရဟတာဒိနဝဂုဏေဟိ-အရဟံ အစရှိသော ကိုးပါးသောဂုဏ်တော်တို့နှင့်၊ သမန္နာဂတံ-ပြည့်စုံတော်မူသော၊ နာထံ-လူနတ်တို့၏ ကိုးကွယ်ရာဖြစ်တော်မူသော၊ ဗုဒ္ဓံ-သက်တော်ထင်ရှား သဗ္ဗညုမြတ်စွာဘုရားကို၊ ဥဒ္ဒဿ-ရည်မှတ်၍၊ စေတိယဿ-ဓာတုစေတီ၊ ဓမ္မစေတီ၊ ဥဒ္ဒိဿစေတီ၊ ပရိဘောဂစေတီမြတ်အား သုဒ္ဓသီတလပသန္နံ-သန့်ရှင်းအေးမြကြည်လင်လှသော၊ ဣဒံပုညံ-ဤကောင်းမူသည်၊ အာသဝက္ခယာဝဟံ-အာသဝေါတရားလေးပါးတို့၏ ကုန်ရာကုန်ကြောင်းဖြစ်သော မဂ်ဉာဏ်၊ မြတ်နိဗ္ဗာန်ကို ဧကန်ရောက်အောင် ရွက်ဆောင်နိုင်သည်၊ ဟောတု-ဖြစ်ပါစေသတည်း။
ဆီမီးတော်ကပ်နှင့် ဆုတောင်း
အရဟတာဒိနဝဂုဏေဟိ-အရဟံအစရှိသော ကိုးပါးသောဂုဏ်တော်တို့နှင့်၊ သမန္နာဂတံ-ပြည့်စုံတော်မူသော၊ သဗ္ဗညုတာနာဝရဏဉာဏေဟိ-သဗ္ဗညုတဉာဏ်-အနာဝရဏဉာဏ်တော်တို့ဖြင့်-အဝိဇ္ဇာတည်းဟူသော အမိုက်မှောင်ကို၊ ဝိဓမိတွာ-ပယ် ဖျောက်၍၊ ဇလံဇလန္တော-ထွန်းလင်းတော်ပတော်မူစေနိုင်သော၊ ဗုဒ္ဓံ-သက်တော်ထင်ရှားသဗ္ဗညုမြတ်စွာဘုရားကို၊ ဥဒ္ဒဿ- ရည်မှတ်၍၊ စေတိယဿ-ဓာတုစေတီ၊ ဓမ္မစေတီ၊ ဥဒ္ဒိဿစေတီ၊ ပရိဘောဂစေတီမြတ်အား ပဘာဝဏ္ဏေဟိ-အရောင်အ ဆင်းတို့ဖြင့်၊ အန္ဓကာရံ-အမိုက်မှောင်ကို၊ ဝိနာသကံ-ပယ်ဖျောက်တတ်သော၊ ဣမံဒီပဇာလံ-ဤဆီမီလျှံကို၊ ဒေမိ-နိဗ္ဗာန် ရည်မှန်း လှူဒါန်းပါ၏အရှင်ဘုရား၊ ပူဇေမိ-နိဗ္ဗာန်ရည်မျှော်ပူဇော်ပါ၏။ ကုန်ရာကုန်ကြောင်ဖြစ်သော မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်မြတ်နိဗ္ဗာန်ကို ဧကန်ရောက်အောင် ရွက်ဆောင်နိုင်သ်။ ဟောတု-ဖြစ်ပါစေသတည်း။
စေတီလေးမျိုးအဓိပ္ပါယ်
ရဟန်းရှင်လူတို့ အမြတ်တနိုး ကိုးကွယ်ရာဌာနကို စေတီဟု ခေါ်သည်။
၁။ ဓာတုစေတီ ……. မြတ်စွာဘုရား၏ အရိုး(ဓာတ်တော်)ကို ဓာတုစေတီဟုခေါ်သည်။
၂။ ဓမ္မစေတီ ……. တရားစာပေ ပိဋကတ်တော်များကို ဓမ္မစေတီ ဟုခေါ်သည်။
၃။ ဥဒ္ဒိဿစေတီ ...... သက်တော်ထင်ရှားမြတ်စွာဘုရားကို ရည်မှန်း၍ ထုလုပ်ထားသော ရပ်တော်မူ၊ ထိုင်တော်
မူ၊ လျောင်းတော်မူ ရုပ်ပွားတော်များကို ဥဒ္ဒိဿစေတီ ဟုခေါ်သည်။
၄။ ပရိဘောဂစေတီ ...... မြတ်စွာဘုရား၏ အသုံးအဆောင်ဖြစ်သော သပိတ်၊ သင်္ကန်း၊ ရေစစ်၊ ဗောဓိပင် စသည်
များကို ပရိဘောဂစေတီဟု ခေါ်သည်။
ဒဏ်ဆယ်ပါး
၁။ ဥစ္စာပျက်စီးခြင်း ၂။ ဆွေမျိုးပျက်စီးခြင်း ၃။ ကိုယ်ခန္ဓာပျက်စီးခြင်း။ ၄။ ရူးခြင်း ၅။ နူခြင်း
၆။ အစွပ်စွဲခံရခြင်း ၇။ မီးလောင်ခံရခြင်း ၈။ ဖျားနာခြင်း ၉။ ဒဏ်ထားခံရခြင်း။ ၁၀။ တရားရှုးခြင်း
ဥစ္စာ၊ ဆွေ၊ ကိုယ်၊ ပျက်ပြို၊ ရူးနူ၊ သူကစွပ်စွဲ၊ မီးစွဲ၊ ဖျားနာ၊ ဒဏ်ထား ရှုံးမှတ်၊ ဤဆယ်ရပ်၊ သူမြတ်ပြစ်မှာဒဏ်။
အပါယ်လေးပါး
ချမ်းသာကင်း၍ ကုသိုလ်ကောင်းမှု ပြုခွင့်မရသောအရပ်ကို အပါယ်ခေါ်သည်။။
၁။ ငရဲ…..ချမ်းသာသုခဝေးကွာ၍ ဒုက္ခအတိပြီးသော ဘုံဌာန။
၂။ တိရိစ္ဆာန်…..မဂ်ဖိုလ်မကပ် ထောင့်ဖြတ်ဖီလာသွားတတ်သော သတ္တဝါ။
၃။ ပြိတ္တာ….ချမ်းသာအပေါင်းမှ ဝေးကွာသောသတ္တဝါ။
၄။ အသူရကာယ်…..နတ်များကဲ့သို့ မရဲရင့် မတင့်တယ် မတောက်ပသော သတ္တဝါ
လောဘစိတ်နှင့် သေခဲ့လျှင် ပြိတ္တာဘုံသို့ဝင်။
ဒေါသကြီးလျှင် ပါယ်ငရဲ ဖြစ်ရအမှန်ပဲ။
မောဟစိတ်နဲ့ သေခဲ့ပြန် ဖြစ်ရတိရိစ္ဆာန်။
ဆိုးသွမ်းလေဟန် စိတ်သုံးမျိုး စွန့်ခွာပါယ်လို့ချိုး။
ကပ်သုံးပါး
ပျက်စီးခြင်းကို ပါဠိလို ကပ္ပ မြန်မာလို ကပ် ဟုခေါ်သည်။
၁။ ဒုဗ္ဘိက္ကန္တရကပ် ...... ငတ်မွတ်ဘေးကြောင့် ပျက်စီးခြင်း။
၂။ သတ္တန္တရကပ် ...... လက်နက်ဘေးကြောင့် ပျက်စီးခြင်း။
၃။ ရောဂန္တရကပ် ...... ရောဂါဘေးကြောင့် ပျက်စီးခြင်း။
လောဘကြီးက
ငတ်မွတ်ရ
ဒုက္ခကပ်ကြီးဆိုက်
ဒေါသကြီးက
သတ်ဖြတ်ရ
သတ္တကပ်ကြီးဆိုက်
မောဟကြီးက
ရောဂါထ
နာရကပ်ကြီးဆိုက်
ရပ်ပြစ်ရှစ်ပါး
မဂ်ဖိုလ်တရားရအောင် အားထုတ်ခွင့်မရသောအရပ်ဖြစ်၍ “ရပ်ပြစ်” ဟုခေါ်သည်။
၁။ ငရဲ
၂။ တိရိစ္ဆာန်
၃။ ပြိတ္တာ
၄။ အသညသတ်နှင့် အရူပဗြဟ္မာ
၅။ ပစ္စန္တရစ်အရပ်
၆။ မိစ္ဆာဒိဋ္ဌိ
၇။ ဉာဏ်ပညာမရှိသူ
၈။ ဘုရားမပွင့်ရာအခါ၌ လူဖြစ်ရခြင်း
ရန်သူမျိုးငါးပါး
၁။ ရေ
၂။ မီး
၃။ မင်း
၄။ သူခိုး
၅။ အမွေခံသား/သမီးဆိုး
ဝိပတ္တိတရားလေးပါး
ဖောက်ပြန်ချွတ်ယွင်းခြင်းကို ဝိပတ္တိ ဟုခေါ်သည်။
၁။ ဂတိ ဝိပတ္တိ …… အပါယ်ဘုံ၌ ဖြစ်ရခြင်း။
၂။ ဥပဓိ ဝိပတ္တိ …… ရုပ်ဆင်းအင်္ဂါချို့တဲ့ခြင်း။
၃။ ကာလ ဝိပတ္တိ …… တရားမစောင့်သူတို့ လက်ထက်၌ ဖြစ်ရခြင်း။
၄။ ပယောဂ ဝိပတ္တိ …… အကုသိုလ်တရားကိုသာ အားထုတ်၍ အကျင့်ပျက်စီးခြင်း။
ဗျသနတရားငါးပါး
ပျက်စီးခြင်း “ဗျသန” ဟုခေါ်သည်။
၁။ ဉာတိ ဗျသန ….. ဆွေမျိုးပျက်စီးခြင်း
၂။ ဘောဂ ဗျသန ….. စည်းစိမ်ပျက်စီးခြင်း။
၃။ ဒိဋ္ဌိ ဗျသန ….. ရောဂါနှိပ်စက်၍ ပျက်စီးခြင်း။
၄။ ဒိဋ္ဌိ ဗျသန ….. အယူလွဲမှား၍ ပျက်စီးခြင်း။
၅။ သီလ ဗျသန ….. အကျင့်သီလ ပျက်စီးခြင်း။
ဆွေမျိုး ဥစ္စာ၊ ရောဂါ၊ အယူ၊ အကျင့်ဟူ ကျင်မှုငါးဝ ဗျသန။
ပူဇော်ထိုက်သူများ
ဘုရား ပစ္စေကာ မြတ်သံဃာနှင့် ဆရာ မိဘ ယောက္ခမဆို အစ်ကို အစ်မ ဂုဏဝုဍ္ဎ၊ သက်ကြီးဘိနှင့်၊ ကိုယ်၏လင်သား၊ ဆယ့်သုံးပါးကို မမှားမှန်စွာ၊ ပူဇော်ရာသည်၊ မင်္ဂလာမောင်/မယ်တို့ သိဖွယ်တည်း။
မိဘကျေးဇူး ဥပမာ
၁။ ဤမြေကြီးမှာ ဝါးရွက်သာ ပမာနှိုင်းဆိုရ။
၂။ မြင်းမိုရ်တောင်မှာ၊ နွားချိုသာ၊ ပမာနှိုင်းဆိုရ။
၃။ စကြာဝဠာ၊ အပ်နဖားသာ၊ ပမာနှိုင်းဆိုရ။
၄။ သမုဒ္ဒရာ၊ မိုးပေါက်သာ၊ ပမာနှိုင်းဆိုရ။
ကျေးဇူးမိဘ အနန္တ များလှ ဤပုံပြ
မိဘကျေးဇူး မြင့်မိုရ်ဦး အထူးသိမှ ဆပ်လို့ရ။
ရတနာသုံးဂုဏ်တို့လွှမ်းခြုံ
အိပ်ယာဝင်သော် သတိရလို့
ဗုဒ္ဓ ဓမ္မ သံဃာရယ် ကိုးကွယ်ပါတယ်….
စိတ်မှာ ညွတ်လို့
နှုတ်ပါတွတ်တွတ်ရွတ်ရတယ်။
အိပ်ယာထပြန် တစ်ဖန်ထပ်၍၊
မှန်မှန်မပြတ်ရွတ်ပါကွယ်။
ဘေးအန္တရာယ်
ရန်စွယ်ကင်းလို့
ကောင်းခြင်းသုခရလိမ့်မယ်။
ကံအကျိုးပေးကွဲပုံ
၁။ သူ့ကိုသတ်ဖြတ် သက်တိုတတ်၊ မသတ်အသက်ရှည်။
၂။ ညှဉ်းဆဲသူကား အနာများ၊ သနား ကျန်းမာသည်။
၃။ ဒေါသမီးလျှံ အကျည်းတန်၊ သည်းခံလှပသည်။
၄။ မနာလိုမှ ခြွေရံကွာ၊ ကြည်သာ ခြွေရံစည်။
၅။ မပေးလှူက ပွဲပြာကျ၊ လှူမှာ ပေါကြွယ်သည်။
၆။ မရိုမသေ မျိုးယုတ်ချေ။ ရိုသေ မျိုးမြတ်သည်။
၇။ မမေးမမြန်း ဉာဏ်မြင်ကန်း၊ စုံစမ်း ဉာဏ်ကြီးသည်။
၈။ ဆိုးတာပြုက ဆိုးတာရ၊ ကောင်းမှ ကောင်းစားသည်။
၉။ ဆိုးကောင်းနှစ်တန် ကံစီမံ ခံစံကြရသည်။
အကျိုးနှင့်ကံ ဝေဖန်တတ်မှ ကဗျာ
- ဗုဒ္ဓကြောင်းရာ ကောင်းစွာသိမှ ဗုဒ္ဓကိုလည်း ကြည်ညိုမည်။
- ကြည်ညိုသူက ဟောညွန်ပြမှ စိတ်က နှစ်ခြိုက်လိုက်ကြသည်။
- ဂုဏ်တော်တန်တန် မှန်မှန်ရလို့ ခဏခဏ ရွတ်သင့်သည်။
- အကျိုးနှင့်ကံ ဝေဖန်တတ်မှ ကံကောင်းကံမြတ် ပြုလိမ့်မည်။
ဥပါသကာဖြစ်ပုံပြကဗျာ
- သရဏဂုံ တည်ရုံမျှဖြင့် ဥပါသက ဖြစ်ပါပြီ။
- ကိုယ်ကျင့်သိက္ခာ လုံခြုံကြဖို့ ငါးပါးသီလ ပဉ္စသီ၊
- ဒုစရိုက်တွေ ရှောင်သွေလွှဲလို့ သုစရိုက်လည်း စုံအညီ။
- ဆွမ်း ပန်း ရေတော် မီးတော်ကပ်၍ နေ့စဉ်မလပ်ပြုသင့်သည်။
ဒါန၏ ဂုဏ်ကျေးဇူးများ
- ချမ်းသာအပေါင်းရကြောင်းမှန်စွာ စည်းစိမ်ဘောဂမြစ်မတည်ရာ၊
- အောက်တန်းမကျကယ်မသူမှာ မြတ်ဒါနစိတ်ချကိုးကွယ်ရာ။
တရားအစစ်အတု ကျင့်ကြံရကျိုးကဗျာ
- တရားစစ်မှန် ကျင့်ကြံကြမှ ချမ်းသာသုခရနိုင်သည်။
- တရားတုတွေ ကျင့်နေကြလို့ ဆင်းရဲဒုက္ခရောက်ရသည်။
- ယခုတဖန် အမှန်လမ်းကို အမြန်လှမ်းဖို့ချိန်တော်ပြီ၊
- သို့မှတိုင်းပြည်ဘာသာရေးကြောင့် သာယာအေးဆေးရှိလိမ့်မည်။
လူမှူရေးရာ ကျင့်ဝတ်အဖြာဖြာ
အလေးအမြတ်ပြု အရပ်ခြောက်မျက်နှာ
- အရှေ့မိဘ၊ တောင် ဆရာ၊ နောက်မှာ မယား၊ မြောက်ကား မိတ်ဆွေ
- အောက်ခြေကျွန်မှ၊ ထက်ရပ်သံဃာ၊ မှတ်သားပါ ခြောက်ဖြာတံခါးပေါက်
သားသမီးကျင့်ဝတ်ငါးပါး
၁။ ကျွေးမွေးမပျက်
၂။ ဆောင်ရွက်စီမံ
၃။ မွေခံတိုက်စေ
၄။ လူမျှဝေ၍
၅။ စောင့်လေမျိုးနွယ်
ဝတ်ငါးသွယ် ကျင့်ဖွယ်သားတို့တာ (ကျင့်ဖွယ်သမီးတို့တာ)
မိဘကျင့်ဝတ်ငါးပါး
၁။ မကောင်းမေတ္တာ
၂။ ကောင်းရာညွန်လတ်
၃။ အတတ်သင်စေ
၄။ ပေးဝေနှီးရင်း
၅။ ထိမ်းမြားခြင်းလျှင်
ဝတ်ငါးအင် ဖခင်မယ်တို့တာ
ဆရာကျင့်ဝတ်ငါးပါး
၁။ အတတ်လည်းသင်
၂။ ပဲ့ပြင်ဆုံးမ
၃။ သိပ္ပမချန်
၄။ ဘေးရန်ဆီးကာ
၅။ သင့်ရာအပ်ပို့
ဆရာတို့ ကျင့်ဖို့ဝတ်ငါးဖြာ
တပည့်ကျင့်ဝတ်ငါးပါး
၁။ ညီညာထကြွ
၂။ ဆုံးမနာယူ
၃။ လာမူကြိုဆီး
၄။ ထံနီးလုပ်ကျွေး
၅။ သင်ထွေးအံရွတ်
တပည့်ဝတ် မချွတ်ငါးခုသာ
လင်ကျင့်ဝတ်ငါးပါး
၁။ မထီမဲ့ကင်း
၂။ အပ်နှင်းဥစ္စာ
၃။ မိစ္ဆာမမှား
၄။ ဝတ်စားဆင်ယင်
၅။ မြတ်နိုးကြင်
ငါးအင်လင်ကျင့်ရာ။
မယားကျင့်ဝတ်ငါးပါး
၁။ အိမ်တွင်းမှုလုပ်
၂။ သိမ်းထုတ်သေချာ
၃။ မိစ္ဆာရှောင်ကြဉ်
၄။ လျှော်အောင်ဖြန့်ချိ
၅။ ပျင်းရိမမူ
ဝတ်ငါးဆူ အိမ်သူကျင့်အပ်စွာ
မိတ်ဆွေကျင့်ဝတ်ငါးပါး
၁။ ပေးကမ်းချီးမြှင့်
၂။ ကိုယ်နှင့်ယှဉ်ထား
၃။ စီးပွားဆောင်ရွက်
၄။ နှုတ်မြွက်ချိုသာ
၅။ သစ္စာမှန်စေ
ဝတ်ငါးထွေ ကျင့်လေ မိတ်သဟာ
အလုပ်ရှင်ကျင့်ဝတ်ငါးပါး
၁။ ဝစွာကျွေးမွေး
၂။ ပြုရေးစီရင်
၃။ နာလျှင်ကုစေ
၄။ ငှဝေရသာ
၅။ အခါကိုလွှတ်
အရှင့်ဝတ် မချွတ်ငါးခုသာ
အလုပ်သမားကျင့်ဝတ်ငါးပါး
၁။ အိပ်သော်နောက်ကျ
၂။ ထသော်ကားရှေး
၃။ ပေးမှယူအင်
၄။ စေ့စပ်ဆောင်ရွက်
၅။ ကျေးဇူးမြွက်
ငါးချက်လုပ်သားဝက်
ဒါယကာကျင့်ဝတ်ငါးပါး
၁။ မေတ္တာစိတ်သက်
၂။ ဆောင်ရွက်ချစ်ခင်
၃။ ခင်မင်နှုတ်ချို
၄။ လိုလျှင် ဖိတ်ထား
၅။ တတ်အားလှူစေ
ဝတ်ငါးထွေ ပြုလေ ဒါယကာ
ရဟန်းကျင့်ဝတ်ခြောက်ပါး
၁။ မကောင်းမြစ်တာ
၂။ ကောင်းရာညွှန်လစ်
၃။ အသစ်ဟောကျူး
၄။ နာဖူးထပ်မံ
၅။ နတ်ထံတင်ရာ
၆။ မေတ္တာလည်းပြု
ရဟန်းမှု ခြောက်ခုလွန်သေချာ
အဂတိတရား (၄)ပါး
၁။ ဆန္ဒဂတိ - ချစ်သောကြောင့် (မျက်နှာလိုက်) မတရားပြုခြင်း
၂။ ဒေါသာဂတိ - မုန်းသောကြောင့် မတရားပြုခြင်း
၃။ မောဟာဂတိ - မသိသောကြောင့် မတရားပြုခြင်း
၄။ ဘယာဂတိ - ကြောက်သောကြောင့် မတရားပြုခြင်း
ဤတရားလေးပါးလိုက်စားလျှင် လဆုတ်ပက္ခလလိုဆုတ်ယုတ်မည်၊ ရှောင်ရှားလျှင် လဆန်းပက္ခလကို တနေ့တခြား ထွန်းလင်းမည်။
ဥစ္စာပျက်ကြောင်း (၆)ပါး
၁။ သေစာသောက်စား
၂။ လမ်းသွားခါမဲ့
၃။ ရှုငဲ့သဘင်
၄။ ပျော်ရွှင်အန်လောင်း
၅။ မကောင်းမိတ်ဖျင်း
၆။ ပျင်းရိခြင်းကား ယိုယွင်းဥစ္စာ
အချိန်မဲ့သွားခြင်း အပြစ် (၆)ပါး
၁။ ကိုယ့်သားမယား
၂။ တခြားဥစ္စာ
၃။ လုံရာမဲ့ရှောင်
၄။ မကောင်းအရာ ရွံရှာလေအပ်
၅။ ယိုးစွပ်ရောက်မှု
၆။ ဆင်းရဲစုဟု
ခြောက်စုခါမဲ့ သွားပြစ်တည်း။
မိတ်ဆွေတုလေးယောက်
၁။ အယူသာရှိ၍ အပေးမရှိသော မိတ်ဆွေတု
၂။ နှုတ်သာပါ၍ လက်မပါသော မိတ်ဆွေတု
၃။ ရှေ့တွင်သာ အကောင်းပြောသော မိတ်ဆွေတု
၄။ ယုတ်မာမှုတွင် အဖော်ညှိသော မိတ်ဆွေတု
မိတ်ကောင်းမိတ်စစ် (၄)ယောက်
၁။ မိမိအား ကျေးဇူးပြုသော မိတ်ဆွေစစ်
၂။ ချမ်းသာအတူ ဆင်းရဲအတူဖြစ်သော မိတ်ဆွေစစ်
၃။ အကျိုးစီးပွားကို ပြောကြားတတ်သော ဆရာနှင့်တူသော မိတ်ဆွေစစ်
၄။ ညှာညှာတာတာ စောင့်ရှောက်တတ်သော မိတ်ဆွေစစ်
ကြီးသူကျင့်ဝတ် နာယကဂုဏ် (၆)ပါး
ထကြွနိုးကြား သနားသည်းခံ ဝေဖန်ထောက်ရှု ဤခြောက်ခုအား ကြီးသူကျင့်ရာ တရားတည်း။
၁။ ထကြွလုံ့လရှိခြင်း - ဥဋ္ဌာနဂုဏ်
၂။ နိုးကြားခြင်း - ဇာဂရိယဂုဏ်
၃။ သနားခြင်း - ဒယဂုဏ်
၄။ သည်းခံခြင်း - ခမာဂုဏ်
၅။ ဝေဖန်ခွဲခြားတတ်ခြင်း - သံဝိဘာဂဂုဏ်
၆။ အမျှော်အမြင်ကြီးခြင်း - ဣက္ခဏဂုဏ်
သာဓုနတရား (၄)ပါး
၁။ ရှေးသူတော်ကောင်းတို့ သွားရာလမ်းကို လိုက်ခြင်း
၂။ စိုသောလက်ကို အခြောက်မခံခြင်း (ရှိပြီး မိတ်ဆွေကို မပျက်မခံခြင်း)
၃။ မိတ်ဆွေကို မပြစ်မှားခြင်း
၄။ မိန်းမ မလိုက်စားခြင်း
ဗြဟ္မစိုရ်တရား (၄)ပါး
၁။ မေတ္တာ-ချစ်ခင်ခြင်း
၂။ မုဒိတာ-ဝမ်းမြောက်ခြင်း
၃။ ကရုဏာ-သနားကြင်နာခြင်း
၄။ ဥပေက္ခာ-ကံတရားအတိုင်း လစ်လျူရှုခြင်း
လောကပါလတရား (၂)ပါး
ဟိရိ၊ ဩတ္တပ္ပ (အရှက်နှင့်အကြောက် တရားနှစ်ပါး ကိန်းဝပ်သော ကမ္ဘာသူ ကမ္ဘာသားများ ကိုယ်နှုတ် စိတ် ယဉ်ကျေးလိမ္မာနိုင်၏။ အရှက်နှင့်အကြောက် တရား(၂)ပါး ပျက်ပြားသော် လူတို့၏၏ အမူယာများ ရိုင်းပျတတ် ၏။ ထို့ကြောင့် ဟိရိဩတ္တပ္ပတရားနှစ်ပါးကို စောင့်ထိန်းရန် အရေးကြီး၏။ လောကကြီး မပျက်ဆီးအောင် စောင့်ရှောက်တတ်၍ ဤတရားနှစ်ပါးကို လောကပါလ ကမ္ဘာစောင့်တရားဟု ခေါ်၏။
၁။ ဝက်သည် မစင်ကို မရွံသကဲ့သို့ အရှက်တရားမရှိသူသည် ဒုစရိုက်အမှုကိုပြုရန် ဝန်မလေး။
၂။ ပိုးဖလံသည် မီးပုံကိုတိုးရန် မကြောက်သကဲ့သို့ ဩတ္တပ္ပတရားမရှိသူသည် ဒုစရိုက်အမှုကိုပြုရန် ဝန်မလေးချေ။
နာယကမတင်ထိုက်သူ အနာယက (၆)ဦး
ဂဏန်း၊ ပုတ်သင်၊ ကိုင်းပင်၊ နွားသိုး၊ လိပ်မျိုး၊ ခွေးအ ဤခြောက်ဝနာယက မတင်ထိုက်
၁။ ဂဏန်းကဲ့သို့ အမြဲလက်မထောင်လေ့ရှိသူ
၂။ ပုတ်သင်ကဲ့သို့ သူတစ်ပါးလုပ်သမျှ အမြဲ ခေါင်းညိတ်တတ်သူ
၃။ လေလာရာ ယိမ်းပါးတတ်သော ကိုင်းပင်ကဲ့သို့ ဟိုဘက်သည်ဘက် ယိမ်းပါးတတ်သူ
၄။ နွားကဲ့သို့ ရူးရူးဒိုင်းဒိုင်း ပြုမူ၍ စိတ်တိုတတ်သူ
၅။ လိပ်ကဲ့သို့ ကိုယ့်ဘက် ကိုယ်ယက်တတ်သူ
၆။ ခွေးအကဲ့သို့ စားပိုးနင့်အောင်စားပြီး ဇိမ်ခံတတ်သူ
ကြွယ်ဝချမ်းသာကြောင်း လောကီသမ္ပဒါ (၄)ပါး
၁။ ဥဋ္ဌာန သမ္ပဒါ - ထကြွလုံ့လ ဝီရိယ ရှိခြင်း
၂။ အာရက္ခသမ္ပဒါ - ရရှိပြီး စည်းစိမ်ဥစ္စာကို မပျက်စီးအောင် ထိန်းသိမ်းစောင့်ရှောက်ခြင်း
၃။ ကလျာဏမိတ္တသမ္ပဒါ - မိတ်ဆွေကောင်းနှင့်ပြည့်စုံခြင်း
၄။ သမဇိဝသမ္ပဒါ - ဥစ္စာအင်အား ဝင်ငွေ ထွက်ငွေ မျှတတိုင်းထွာ၍ အသက်မွေးခြင်း
ထကြွ သိမ်းဆဲ မျှသုံးစွဲ ပေါင်းမြဲ မိတ်ဆွေကောင်း
လောကီရေးမှာ ပြည့်စုံပါ မှန်စွာကြီးပွားကြောင်း
အသင်းအဖွဲ့ပျက်စီးကြောင်းတရား (၆)ပါး
၁။ အမျက်ထွက်လွယ်ခြင်း
၂။ ရန်ငြိုးဖွဲ့ခြင်း
၃။ ကျေးဇူးမဲကိုသာ ဆိုခြင်း
၄။ ဂုဏ်တုဂုဏ်ပြိုင်ပြုခြင်း
၅။ ငြူစူခြင်း
၆။ ဝန်တိုခြင်း
လူတန်းစား ကွဲပြားရကြောင်းများ
၁။ ပါဏာတိပါတ ပြုခဲ့သောကြောင့် အသက်တို
၂။ ပါဏာတိပါတ ကင်းသောကြောင့် အသက်ရှည်
၃။ သူတစ်ပါးကို ညှင်းဆဲခဲ့သောကြောင့် ရောဂါများ
၄။ သူတစ်ပါးကို မညှင်းဆဲခဲ့သောကြောင့် ရောဂါနည်း
၅။ ဒေါသကြီးသောကြောင့် အဆင်းမလှ
၆။ ဒေါသမကြီးသောကြောင့်(မေတ္တာပွား၍) အဆင်းလှ
၇။ ဣဿာ(ငြူစူခြင်းကြောင့်) တန်ခိုးဩဇာအခြွေအရံနည်း
၈။ ဣဿ(ကင်းသောကြောင့်) တန်ခိုးဩဇာအခြွေအရံများ
၉။ ဒါန နည်းသောကြောင့် ဆင်းရဲ
၁၀။ ဒါန များသောကြောင့် ချမ်းသာ
၁၁။ မာန ရှိသောကြောင့် (ဂါရဝနိဝါတကင်း၍) အမျိုးယုတ်ညံ့။
၁၂။ မာန ကင်းသောကြောင့် (ဂါရဝနိဝါတရှိ၍) အမျိုးမြတ်။
၁၃။ ပညာရှိကို မမှီဝဲသောကြောင့် ပညာဉာဏ်ခေါင်းပါး။
၁၄။ ပညာရှိကို မှီဝဲသောကြောင့် ပညာဉာဏ်ကြီးမား။
ယုတ်မြတ်နှစ်ပါး ကံတရား
၁။ ကံလျှင်ဥစ္စာ၊ သတ္တဝါ၊ သူငါရှိကြသည် (ကမ္မဿကာ)။
၂။ ကံလျှင်အမွေ ခံစံပေ ခွဲဝေယူရသည် (ကမ္မဒါယာဒ)။
၃။ ကံလျှင်အကြောင်း၊ ဆိုးအကောင်း အပေါင်းမှန်လှသည် (ကမ္မယောနိ)။
၄။ ကံလျှင်ဆွေမျိုး၊ ကောင်းအဆိုး ကြောင်းကျိုးမှန်လှသည်။။
၅။ ကောင်းဆိုးကံသာ ကိုးကွယ်ရာ သေချာမှန်လှသည်။ (ကမ္မပရိသရဏာ)။
၆။ ယုတ်မြတ်နှစ်ပါး ကံတရား ခွဲခြားကျိုးပေးသည်။။
(ကမ္မ သတ္တေ ဝိဘဇ္ဇတိ ယဒိဒံ ဟိနပ္ပဏိတတာယ)။
၇။ ဗြဟ္မာနတ်လူ ဖန်ဆင်းသူ ဘယ်သူမဟုတ်ပြီ။
နောင်တ (၁၀)မျိုး
၁။ အချိန်ရှိငယ်စဉ်က ပညာမသင် မိခဲ့လေခြင်း။
၂။ ဥစ္စာမစုဆောင်းမိခဲ့လေခြင်း။
၃။ သူတပါးအချစ်ကို ဖျက်ဆီးမိခဲလေခြင်း။
၄။ သူတပါးအသက်ကို သတ်မိခဲ့လေခြင်း။
၅။ သူတပါးသားမယားကို ပစ်မှားမိခဲ့လေခြင်း။
၆။ ဥစ္စာပစ္စည်းရှိလျက် မလှူမိခဲ့လေခြင်း။
၇။ ဆုံးမစကားကို နားမထောင်မိခဲ့လေခြင်း။
၈။ မိဘကို မလုပ်ကျွေးခဲ့မိလေခြင်း။
၉။ ပညာရှိထံ နည်းခံ၍ ပညာမသင်ကြားမိခဲ့လေခြင်း။
၁၀။ မြတ်သောအကျင့်ကို မကျင့်မိလေခြင်း။
မီး (၁၁)ပါး
၁။ လောဘမီး
တပ်နှစ်သက်ရသဖြင့် ပူလောင်ခြင်း
၂။ ဒေါသမီး
စိတ်ဆိုးရသဖြင့် ပူလောင်ခြင်း
၃။ မောဟမီး
အဟုတ်အမှန်မသိရသဖြင့် ပူလောင်ခြင်း
၄။ ဇာတိမီး
- ဘဝသစ်ဖြစ်ရသဖြင့် ပူလောင်ခြင်း
၅။ ဇရာမီး
အိုမင်းရသဖြင့် ပူလောင်ခြင်း
၆။ မရဏမီး
- သေရသဖြင့် ပူလောင်ခြင်း
၇။ သောကမီး
- စိုးရိမ်ကြောင့်ကြရသဖြင့် ပူလောင်ခြင်း
၈။ ပရိဒေဝမီး
- ငိုကြွေးရသဖြင့် ပူလောင်ခြင်း
၉။ ဒုက္ခမီး
- ကိုယ်ကို မှီ၍ မသာယာသဖြင့် ပူလောင်ခြင်း
၁၀။ ဒေါမနုဿမီး
- စိတ်ကိုမှီ၍ မသာယာသဖြင့် ပူလောင်ခြင်း
၁၁။ ဥပါယာသမီး
- ပြင်းထန်စွာ စိတ်ပင်ပန်းဆင်းရဲသဖြင့် ပူလောင်ခြင်း
လယ်တီဆရာတော် ရေးသားအပ်သော ဗုဒ္ဓဝင်ဘုရားရှိခိုး လင်္ကာ
- မ-သိ-ကြ-လတ်-တွေး-ဆ အပ် နေ့မြတ် ခုနှစ်ထွေ
- သန်-ဖွား-တော-ပွင့်-စက်-ဆု-သင့်-ရှင်ပင့် - သာကီဆွေ
သန္ဓေယူသောနေ့ (မ-သန်)
- သုံးလူရှင်ပင်၊ ကျွန်းထိပ်တင်၊ သောင်းခွင် စကြဝဠာ။
- နတ်ဗြဟ္မာတို့၊ ညီညာရုံးစု၊ တောင်းပန်မှုကြောင့် ရတုနဂို
- ရွှန်းရွှန်းစိုသည်၊ ဝါဆိုလပြည့်၊ ကြွက်မင်းနေ့ဝယ်၊ ချမ်းမြေ့ကြည်ဖြူ
- သန္ဓေယူသည်၊ နတ်လူငြိမ်းဖို့၊ ကိန်းပါကို
ဖွားတော်မူတော်နေ့ (သိ-ဖွား)
- သန္ဓေယူကာ ဆယ်လကြာသော် မဟာသက္ကရာဇ် ခြောက်ဆယ့်ရှစ်ကြုံ
- ကဆုန်လပြည့် သောကြာနေ့ဝယ် ချမ်းမြေ့စုံစီ လုမ္ပိနီ၌ မဟီလှိုက်ဆူ
ဖွားတော်မူသည် နတ်လူအောင်မြို့ လမ်းပါကို
တောထွက်သောနေ့ (ကြ-တော)
- ဖွားမြင်မြောက်သော်၊ ဆယ့်ခြောက်နှစ်ရွယ်၊ ပျိုနုနယ်၌၊
- သုံးသွယ်ရွှေနန်း၊ သိမ်းမြန်းပြီးလစ်၊ ဆယ့်သုံးနှစ်လျှင်
- ဘုန်းသစ်လျှံလူ၊ စံတော်မူ၍၊ ရွယ်မူနုဖြိုး နှစ်ဆယ့်ကိုးဝယ်
- လေးမျိုးနိမိတ်၊ နတ်ပြဟိတ်ကြောင့်၊ ရွှေစိတ်ငြင်ငြို၊ သံဝေပိုကာ
- ဝါဆိုလပြည့် ကျားမင်းနေ့ဝယ် ချမ်းမြေ့ရဘုံ တောရပ်လှုံသည်
- စုံမြိုင်ပင်ရိပ် ခန်းမှာကို။
ဘုရားဖြစ်သောနေ့ (လတ်-ပွင့်)
- တောရပ်မြိုင်ပေါ်၊ ခြောက်နှစ်ပျော်၍၊ ခါတော်တဖုံ
ပွင့်ချိန်ကြုံက၊ ကဆုန်လပြည့်၊ ဆင်မင်းနေ့ဝယ်၊ မြေ့ပရမေ
- ပလ္လင်ဗွေထက်၊ ရွှေညောင်တော်ကြီး၊ ဗိထန်တီးနှင့် မငြီးကြည်ဖြူ
- နေတော်မူလျှက်၊ ရန်မြူခပင်း အမိုက်သင်းကို အရှင်းပယ်ဖျောက်
- အလင်းပေါက်ကာ၊ ထွန်းတောက်ဘုန်းတော် သောင်းလုံးကျော်သည်
- သုံးဖော်လူတို့ ငြိမ်းပါကို။
ဓမ္မစကြာဟောသောနေ့ (တွေး-စက်)
- ဘုရားဖြစ်ခါ မိဂဒါတို့ စကြာရွှေ့သွား ဖြန့်ချီသွား၍
ငါးပါးဝဂ္ဂီ စုံအညီနှင့် မဟီတသောင်း တိုက်အပေါင်းမှ
ခညောင်းကပ်လာ နတ်ဗြဟ္မာအား ဝါဆိုလပြည့် စနေနေ့ဝယ်
- ကြွေ့ကြွေ့လျှံတက် ဓမ္မစက်ကို၊ မိန့်မြွတ်ထွေပြား
-ဟောဖော်ကြားသည် တရားနတ်စည် ရွှမ်းတယ်ကို
ပရိနိဗ္ဗာန်စံသောနေ့ (ဆ-ဆု)
- တရားနတ်စည်၊ ဆော်ရွှမ်းသည်က သုံးမည်ဘုံသိုက်
- တသောင်းတိုက်ဝယ်၊ ကျွတ်ထိုက်သသူ နတ်လူဗြဟ္မာ သတ္တဝါကို
- ခေမာသောင်သို့ ဖောင်ကုတို့ဖြင့် ဆောင်ပို့ပြီးကာ ဝါလေးဆယ့်ငါး
သက်ကားရှစ်ဆယ် စုံပြည့်ကြွယ်က ရာလေးဆယ့်ရှစ်
သက္ကရာဇ်ဝယ် နယ်မလ္လာတိုင်း စံနှိုင်းမယုတ် ကုသိန္နာရုံ
- အင်ကြင်းစုံ၌ ကဆုန်လပြည့် အင်္ဂါနေ့ဝယ် ချမ်းမြေ့နိဗ္ဗူ
- စံတော်မူသည် ဝှန်းဆူသောင်းလုံး ကျော်တယ်ကို။
တေဇောဓာတ်လောင်သောနေ့ (အင်္ဂ-သင်)
- နိဗ္ဗူစံပြီး ရှုမအီသား သိင်္ဂီရွှေလှော် အလောင်းတော်ကို
- ထိုရော်ကဆုန် လဆုတ်ကြုံ၍ ဂဠုန်နေ့ဝယ် ခိုးငွေ့မနှော
- ဓာတ်တေဇောလျှင်၊ ရှင်စော ဉာဏ်စက် ဓိဋ္ဌာန်ချက်ဖြင့်
- လျှံတက်ကော်ရော် မီးပူဇော်သည် မွေတော်ရှစ်စိတ် ကြွင်းတယ်ကို။
ရှိခိုးဆုတောင်း
- ထိုခုနှစ်နေ့ သာချမ်းမြေ့ကို ဆွေ့ဆွေ့ကြည့်ဖြူ အာရုံယူလျှက်
- သုံးလူတို့နတ် မြတ်ထက်မြတ်သား အထွတ်ခေါင်ဖြား
- ကိုယ်တော်ဘုရားကို သုံးပါးမှန်စွာ ဝန္ဒနာဖြင့် သဒ္ဓါဖြိုးဖြိုး
- ကျွန်ရှိခိုးသည် ကောင်းကျိုးခပ်သိမ်း ကြွယ်စေသော်။
ဗုဒ္ဓဝင်အကျဉ်း
၁။ ဗျာဒိတ်ခံယူသောဘဝ
- သုမေဓာ ရှင်ရသေ့ဘဝ
၂။ ဗျာဒိတ်ခံယူသောနေ့
- ကဆုန်လပြည့်
၃။ ဗျာဒိတ်ပေးသော ဘုရား
- ဒီပင်္ကရာဘုရား
၄။ ပါရမီဖြည့်ဖက်
သုမိတ္တာ အမျိုးသမီး
၅။ ပါရမီဖြည့်ရာကာလ
- လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း (သုမေဓာဘဝ မှ ဝေဿန္တရာဘဝ အထိ)
၆။ ဖြည့်ခဲ့သော ပါရမီများ
- ဒါနစသော ပါရမီ (၁၀) ပါး
၇။ ပါရမီဖြည့်ခြင်းရည်ရွယ်ချက်
- သတ္တဝါများ အကျိုးဆောင်ရွက်ရန်။
၈။ နောက်ဆုံးစံခဲ့သောနတ်ပြည်
သုတိတာနတ်ပြည်
၉။ နတ်သားအမည်
- သေတကေတု မည်သောနတ်သား
၁၀။ ဘုရားဖြစ်ရန် တောင်းပန်သူ - နတ် ဗြဟ္မာများ
၁၁။ ကြည့်ခြင်းငါးပါး
လူသက်တမ်း (ကာလ)
- ဘုရားဖြစ်ရန်ဇဗ္ဗူဒီပကျွန်း (ဒီပ)
- ဘုရားဖြစ်ရန်အရပ် (ဒေသ)
- ဘုရားဖြစ်ရန် အနွယ် (ကုလ)
- အမိအသက်အပိုင်းအခြား(မာတုအာယာပရိစ္ဆေ)
၁၂။ မယ်တော်အိပ်မက်
- နတ်မင်းများက အနောဂတက်အိုင် သယ်ပြီး ရေချိုးပေး၊ ကျောက်ဖျာမှာ အိပ်၊ ဆင်ဖြူတော်ဝင်သည်ဟုမက်။
၁၃။ သန္ဓေယူသောနေ့
- မဟာသက္ကရာဇ်(၆၇)၊ ဝါဆိုလပြည့် ကြာသပတေးနေ့
၁၄။ မိဘအမည်
သုဒ္ဓေါဓနဘုရင်+မာယာဒေဝီမိဖုရား
၁၅။ နေပြည်တော်
ကပိလဝတ်ပြည် (သက္ကတိုင်း)
၁၆။ အမျိုးအနွယ်
- သာကီဝင်မင်းမျိုး
၁၇။ ဖွားသောနေ့
- မဟာသက္ကရာဇ်(၆၈) ကဆုန်လပြည့်၊ သောကြာနေ့
၁၈။ ဖွားရာဌာန
- လုမ္ဗိနီဥယျာဉ် (ကပိလဝတ်နှင့် ဒေဝဒဟကြားရှိ)
၁၉။ ဖွားစကား
- အဂ္ဂေါဟမသ္မိ လောကဿ
- ဇေဋ္ဌောဟမသ္မိ လောကဿ
- သေဋ္ဌောဟမသ္မိ လောကဿ
၂၀။ မွေးစခြေလှမ်း
- မြောက်အရပ်သို့ (၇)လှမ်း
၂၁။ ဘုရားဖြစ်မည်ဟု ဧကန်ဟောသူ
- ကောဏ္ဍညပုဏ္ဏား
၂၂။ မိထွေးအမည်
- ဂေါတမီ
၂၃။ မင်းသားအမည်
သိဒ္ဓတ္ထ
၂၄။ ဖွားဖက်တော်များ
- ယသောဓရာ၊ အာနန္ဒာမင်းသား၊ ဆန္ဒ အမတ်၊ ကာဠုဒါယီအမတ်၊ ကဏ္ဍကမြင်း၊ ဗောဓိပင်၊ ရွှေအိုးကြီး(၄)လုံး
၂၅။ မင်းသားငယ်ကို မြင်၍ ငိုသောရသေ့
- ဒေဝီလရသေ့
၂၆။ ပြသောအတတ်ပညာ
- လေးအတတ်ပညာ
၂၇။ ကြင်ယာတော်
ယသော်ဓရာ (ဘဒ္ဒကဉ္ဇနာ)
၂၈။ စံသောနန်းပြဿဒ်
- နွေရာသီစံ ဘုံငါးဆင့်ရှိ ရမ္မ ဆောင်းရာသီစံ ဘုံခုနှစ်ဆင့်ရှိ သုရမ္မ မိုးရာသီစံ ဘုံကိုးဆင့်ရှိ သုဘ
၂၉။ ရင်သွေးတော်
- ရာဟုလာ
၃၀။ နန်းစံသောနှစ်
- ၁၃ နှစ် (၁၆ နှစ်မှ ၂၉ နှစ်အထိ)
၃၁။ မြင်သောနိမိတ်
- သူအို၊ သူနာ၊ သူသေ၊ ရဟန်း
၃၂။ တောထွက်သောအသက်
- ၂၉ နှစ်
၃၃။ တောထွက်သောနေ့
- မဟာသက္ကရာဇ်(၉၇)၊ ဝါဆိုလပြည့်၊ တနင်္လာနေ့
၃၄။ တောထွက်ချိန်ပါသူ
- ကဏ္ဍကမြင်း နှင့် မြင်းမြီးဆွဲ မောင်ဆန်
၃၅။ ဖြတ်ကူးသောမြစ်
အနောမာမြစ်
၃၆။ ပယ်သောအရာ
ဆံတော်နှင့်အဝတ်
၃၇။ ဆံတော်တည်ရာစေတီ
တာဝတိံသာနတ်ပြည် စူဠာမဏိစေတီ
၃၈။ အဝတ်တော်စေတီ
- ဗြဟ္မပြည် ဒုဿစေတီ
၃၉။ သင်္ကန်းပရိက္ခရာလှူသူ
- ဃဋိကာရ ဗြဟ္မာ
၄၀။ တောထွက်ပြီးစ ဦးစွာဆရာ
- အာဠာရ ရသေ့၊ ဥဒက ရသေ့
၄၁။ ဒုက္ကရစရိယ ကျင့်ရာဌာန
ဥရုဝေဠတော
၄၂။ ဒုက္ကရစရိယ ကျင့်သောနှစ်
- ၆ နှစ်
၄၃။ ဘုရားဖြစ်သောနှစ်
- မဟာသက္ကရာဇ် ၁၀၃ ခု၊ ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့
၄၄။ ဘုရားဖြစ်ချိန်အသက်
- ၃၅ နှစ်
၄၅။ ဘုရားဖြစ်ချိန်လူတို့သက်တမ်း
- ၁၀၀ တမ်း
၄၆။ ဒုက္ကရစရိယကျင့်ချိန်အလုပ်အကြွေး
- ပဉ္စဝဂ္ဂီငါးဦး
၄၇။ ဃနာနို့ဆွမ်းကပ်လှူသူ
- သုဇာတာအမျိုးသမီး (သေနနိဂုံးရွာ)
၄၈။ ရွှေခွက်မျှောသောမြစ်
- နေရဉ္ဇရာမြစ်
၄၉။ ရွှေခွက်သိမ်းသူ
- ကာလနဂါး
၅၀။ ဗောဓိပင်အသွားမြက်လှူသူ
- သောတ္ထိယ မြတ်ရိတ်သမား
၅၁။ မြက်မှဖြစ်သောအရာ
- ရွှေပလ္လင်
၅၂။ ဘုရားအောင်မြင်သောအရာ
- ဗောဓိပင်နှင့်ရွှေပလ္လင်
၅၃။ ဘုရားဘက်မှ သက်သေပြုသူ
- ဝသုန္ဒြေမြေစောင့်နတ်
၅၄။ ဘုရားကိုလာ၍ဖြားယောင်းသူ
- တဏှာ၊ အရတီ၊ ရာဂါ မာန်နတ်သမီး
၅၅။ ဘုရားဦးစွာရသောဉာဏ်များ
- ပထမယာမ်၌-ပုဗ္ဗေနိဝါသာနုဿတိဉာဏ်
- ဒုတိယယာမ်၌-ဒိဗ္ဗစက္ခုဉာဏ်
- တတိယယာမ်၌-အာသဝက္ခယဉာဏ်
၅၆။ ဘုရားရှင်၏ပထမဗုဒ္ဓဝစန စိတ်ထဲမှာ ဆင်ခြင်သောစကား
- အနေကဇိတိသံသရံစသော-
၅၇။ ခုနှစ်ရက်၊ ခုနှစ်လီ၊ သတ္တာဟများ
- ပလ္လင်္ကသတ္တာဟ၊ အနိမိသသတ္တာဟ၊ ရတနစင်္ကမသတ္တာဟ၊ အဇပါလသတ္တာဟ၊ မုစလိန္ဒသတ္တာဟ၊ လင်းလွန်းပင်သတ္တာဟ၊ ရတနဃရ သတ္တာဟ၊
၅၈။ မာန်နတ်သမီးများ လာဖြားယောင်းသော သတ္တာဟ
- အဇပါလသတ္တာဟ
၆၀။ သုတ်၊ အဘိဓမ္မာ၊ ဝိနည်းဆင်ခြင်သော သတ္တာဟ
ရတနဃရ သတ္တာဟ
၆၁။ တပုဿ၊ ဘလ္လိကတို့ကို ဆံတော်ပေးသောသတ္တာဟ
- လင်းလွန်းပင် သတ္တာဟ
၆၂။ ဘုရားရှင်တရားဟောရန်တောင်းပန်သူ
သဟမ္ပတိဗြဟ္မာ
၆၃။ ဘုရားရှင်ဗောဓိပင် အကြွလမ်းမှာ တွေ့သူ တက္ကတွန်
- ဥပက
၆၄။ ဓမ္မစကြာဟောသောနေရာ
မိဂဒါဝုန်တော
၆၅။ ဓမ္မစကြာဟောသောနေ့
- ၁၀၃-ခု ဝါဆိုလပြည့်-စနေနေ့
၆၆။ ပထမဦးဆုံးရဟန္တာဖြစ်သူ
ရှင်ကောဏ္ဍည
၆၇။ ဒွေဝါစိကသရဏဂုံတည်သူ
တပုဿနှင့်ဘလ္လိက
၆၈။ တေဝါစိတသရဏဂုံတည်သူ
၆၉။ လက်ယာရံအဂ္ဂသာဝက
- ရှင်သာရိပုတ္တရာ
၇၀။ လက်ဝဲရံအဂ္ဂသာဝက
- ရှင်မဟာမောဂ္ဂလန်
၇၁။ ဘုရားရှင်အဆုံးအမ
- ပရိယတ္တိ ပဋိပတ္တိ၊ ပဋိဝေဓ
၇၂။ ကျင့်စဉ်သိက္ခာ
- သီလ သမာဓိ ပညာ
၇၃။ ချမှတ်ထားသောလမ်းစဉ်
- မဂ္ဂင်ရှစ်ပါး မဇ္ဈိမ ပဋိပဒါလမ်းစဉ်
၇၄။ တရားဟောခဲ့သောနှစ်
- ၄၅ ဝါ
၇၅။ ဟောခဲ့သောတရားပေါင်း
- ဓမ္မက္ခန္ဓာပေါင်း (၈၄၀၀၀)
၇၆။ ဘုရားရှင်ကို လုပ်ကျွေးသူ
- ရှင်အာနန္ဒာ
၇၇။ နောက်ဆုံးဆွမ်းလှူသူ
စုန္ဒ
၇၈။ နောက်ဆုံးကျွတ်သူ
သုဘဒ္ဒပရိဗ္ဗိုဇ်
၇၉။ နောက်ဆုံးစကား
- ဟန္နဒါနိဘိက္ခဝေ အာမန္တယာမိဝေါ ဝယဓမ္မာ သင်္ခါရ အပ္ပမာဒေန သမ္ပဒေထ
၈၀။ ပရိရိဗ္ဗာန်ပြုသောအသက်
- သက်တော်(၈၀)
၈၁။ ပရိနိဗ္ဗာန်စံသောနေ့
- မဟာသက္ကရာဇ် ၁၄၈ ခု။ ကဆုန်လပြည့်၊ အင်္ဂါနေ့
၈၂။ ပရိနိဗ္ဗာန်ပြုရာအရပ်
- မလ္လာတိုင်း၊ မလ္လာမင်းဥယျာဉ်
၈၃။ တေဇောဓာတ်လောင်သောနေ့
- ၁၄၈ ခု၊ ကဆုန်လဆုတ် (၁၂) ရက်၊ တနင်္ဂနွေနေ့
၈၄။ ဓာတ်တော်ဝေသောပုဏ္ဏား
- ဒေါနပုဏ္ဏား
၈၅။ ကြွင်းသောဓာတ်တော်
- ၈ စိတ်
၈၆။ မပြိုကွဲသောဓာတ်တော်
စွယ်တော်လေးဆူ ညှပ်ရိုးတော်နှစ်ဆူ နဖူးသင်းကျစ် တစ်ဆူ
ပါရမီဆယ်ပါး
မြင့်မြတ်သော လူတို့ ကျင့်ကြံအားထုတ်မှုကို ပါရမီဟု ခေါ်သည်။
၁။ ဒါနပါရမီ
အလှူပေးခြင်း
၂။ သီလပါရမီ
- ကိုယ်ကျင့်သီလ စောင့်ထိန်းခြင်း
၃။ နိက္ခမပါရမီ
- တောထွက်ခြင်း
၄။ ပညာပါရမီ
- ပညာဖြင့် အများအကျိုးသယ်ပိုးခြင်း
၅။ ဝိရိယပါရမီ
ကြိုးစားအားထုတ်ခြင်း
၆။ ခန္တီပါရမီ
သီးခံခြင်း
၇။ သစ္စာပါရမီ
သစ္စာပြုခြင်း
၈။ အဓိဋ္ဌာန်ပါရမီ
စိတ်ခိုင်အောင် တည်ဆောက်ခြင်း
၉။ မေတ္တာပါရမီ
- မေတ္တာထားခြင်း
၁၀။ ဥပေက္ခာပါရမီ
လျစ်လျူရှုခြင်း
အောင်ခြင်း (၈)ပါး
၁။ ဘုရားဖြစ်သောနေ့ မာရ်နတ်ကို အောင်သည်။
၂။ ၅-ဝါ၌ ဝေသာလီ၌ သစ္စကပုရိဗိုရ်ကို အောင်သည်။
၃။ ၁၁-ဝါ၌ နန္ဒောပနန္ဒနဂါးနှင့် ဗကဗြဟ္မာကို အောင်သည်။
၄။ ၁၄-ဝါ၌ အင်္ဂုလိမာလနှင့်စိဉ္ဇမာဏကို အောင်သည်။
၅။ ၁၆-ဝါ၌ အာဠဝီ၌ အာဠဝက ဘီလူးကိုအောင်သည်။
၆။ ၂၀-ဝါ၌ ရာဇဂြိုဟ်၌ နာဠာဂီရိဆင်ကို အောင်သည်။
သံဝေဇနိယ(၄)ဌာန
၁။ ဖွားမြင်ရာ လုမ္ဗိနိဥယျာဉ်
၂။ ဘုရားဖြစ်ရာ ဗောဓိပင်
၃။ ဓမ္မစကြာဟောရာ မိဂဒါဝန်
၄။ ပရိနိဗ္ဗာန်စံရာဌာန
မင်္ဂလာပါဠိနှင့် မင်္ဂလာကဗျာ
၁။ အသေဝနာစ ဗလာနံ
- လူမိုက်ဆိုလျှင် ရှောင်သွေလွဲလို့ု မမှီဝဲနဲ့ ကင်းအောင်နေ
၂။ ပဏ္ဍိတာနဉ္စသေဝနာ
- ပညာရှိကို အရှည်တွဲလို့ မှီဝဲဆည်းကပ်နည်းယူစေ
၃။ ပူဇာစ ပူဇနေယျာနံ
- သုံးပါးရတနာ မိဘများနှင့် ဆရာသမားကို ပူဇော်လေ
၄။ ပဋိရူပဒေသဝါသောစ
- ကုသိုလ်ပညာဥစ္စာရဖို့ သင့်ရာဒေသအမြဲနေ
၅။ ပုဗ္ဗေစကတပုညတာ
- ရှေးကတင်ကြို ပြုခဲ့ဖူးသည့် ကောင်းမှုအထူးရှိပါစေ။
၆။ အတ္တသမ္မာပဏိဓိစ
- မိမိကိုယ်ကို ကောင်းအောင်ထိန်းလို့ မတိမ်းစေနဲ့ဆောက်တည်လေ
၇။ ဗာဟုသစ္စဉ္စ
- တတ်ကောင်းတတ်ရာဟူသမျှကို ကြားမြင်သုတရှိပါစေ။
၈။ သိပ္ပဉ္စ
- အိုးအိမ်တည်ထောင် ဝမ်းစာရေးနဲ့ အသက်မွေးဖို့ အတတ်သင်လေ။
၉။ ဝိနယောစသူသိက္ခိတော
- လူနှင့်ဆိုင်ရာကျင့်ဝတ်များကို ကောင်းစွာသင်ကြားနားလည်စေ
၁၀။ သုဘာသိတာစယာဝါစ
- မှန်ကန်ယဉ်ကျေးချိုသာအေး ဆိုရေးတတ်ပါစေ။
၁၁။ မာတာပိတုဥပဌာနံ
- မြင့်မိုရ်ရွှေတောင် မိဘကြွေးကို ကောင်းစွာဆပ်ပေးဝတ်ကျေကျေ
၁၂။ ပုတ္တဒါရဿ သင်္ဂဟော
- ကြွေးသစ်ချကာ သားနှင့်မယား မြှောက်စားချီးမြှင့်ဝတ်ကုန်စေ။
၁၃။ အနာကုလာစ ကမ္မန္တာ
- အလုပ်တာဝန် မလစ်ဟင်းနဲ့ အပြစ်ကင်းအောင်လုပ်ပါလေ။
၁၄။ ဒါနဉ္စ
- သုံးတန်စေတနာ ဖြူစင်လန်းလို့ ပေးကမ်းဝေမျှ လှူနိုင်စေ။
၁၅။ ဓမ္မစရိယာစ
- ကိုယ်နှုတ်စိတ်ကြံ မမိုက်မှားနဲ့ သုစရိုက်တရားကို ကျင့်ပါလေ။
၁၆။ ဉာတကာနဉ္စသင်္ဂဟော
- ဆွေမျိုးများကို ပြင်ပမထားနဲ့ သင်္ဂဟတရားနဲ့ချီးမြှောက်လေ။
၁၇။ အနဝဇ္ဇာနိကမ္မညနိ
- သန့်စင်ပြစ်မျိုး လူထုအကျိုး သယ်ပိုးဆောင်ရွက်စေ။
၁၈။ အာရတီပါပါ
- မကောင်းမှုတွေဟူသမျှကို မတွေ့ခင်က ရှောင်ကြဉ်လေ
၁၉။ ဝိရတီပါပါ
- တွေ့ကြုံလာလျှင် မလွန်ကြူးနဲ့ အထူးသဖြင့် စောင့်စည်းလေ
၂၀။ မဇ္ဇပါနာစသံယမော
- အရက်သေစာမသောက်စားနဲ့ မှောက်မှားတတ်တဲ့အရာတွေ
၂၁။ အပ္ပမာဒေါစ ဓမ္မေသု
- လုပ်ကိုင်ပြောကြား သတိထား တရားမမေ့စေ
၂၂။ ဂါရဝေါစ
- အသက်ဂုဏ်ဝါကိုယ့်ထက်ကြီးက ဆည်းကပ်ခစား ရိုသေလေ။
၂၃။ နိဝါတောစ
- မာနတံခွန်ဂုဏ်မကြွနဲ့ ကိုယ်ကိုနှိမ်ချ အမြဲနေ
၂၄။ သန္တုဋ္ဌီစ
- လောဘအလိုကိုမလိုက်နဲ့ ကိုယ်ထိုက်တာနဲ့ကျေနပ်လေ။
၂၅။ ကတညုတာ
- ကိုယ့်ပေါ်ပြုဖူး သူ့ကျေးဇူး အထူးသိတတ်စေ။
၂၆။ ကာလေနဓမ္မဿဝနံ
- ကောင်းမျိုးဆင့်ပွား မြတ်တရား နာကြားမပြတ်ပေ။
၂၇။ ခန္တီစ
- ဝတ်စားနေထိုင် ရန်ခပ်သိမ်း စိတ်ကို ထိန်းချုပ်သီးခံလေ။
၂၈။ သောဝစဿတာ
- ကျိုးကြောင်းပြညွှန် ဆုံးမစကားကို ပြောကြားလာက နားလည်စေ
၂၉။ သမဏာနိဉ္စဒဿနံ
- သူမြတ်ပုဂ္ဂိုလ်ဟူသမျှ မကြာခဏ တွေ့ဆုံလေ
၃၀။ ကာလေန ဓမ္မသာကစ္ဆာ
- သဘာဝတွေး မှန်ကန်ရေး ဆွေးနွေးမပြတ်ပေ
၃၁။ တပေါစ
- လောကီအာရုံ ဇိမ်ယစ်မူးလို့ အပျော်မကြူးနဲ့ ခြိုးခြံလေ။
၃၂။ ဗြဟ္မစရိယာစ
- မေတ္တာဗြဟ္မစိုရ် လက်ကိုင်သုံးလို့ သူမြတ်ကျင့်ထုံးယွင်းမသွေ။
၃၃။ အရိယသစ္စနဒဿနံ
- လေးပါးသစ္စာဉာဏ်မြင်ကြည့်လို့ အမှန်သိအောင် ကြိုးစားပေ။
၃၄။ နိဗ္ဗာနသစ္ဆိကိရိယာစ
- ဒုက္ခလွတ်ကင်း နိဗ္ဗာန်ချဉ်း အလင်းပေါက်နိုင်စေ။
၃၅။ ဖုဌဿ လောကဓမ္မေစိ စိတ္တံယဿနကမ္ပတိ
- ဆင်းရဲချမ်းသာ သဘာဝ တွေ့ကြုံနေကြ လူတိုင်းပေ
- ကောင်းဆိုးနှစ်တန် အစုံတွဲလို့ တစ်လှည့်စီလဲ အမြဲနေ
- လောကဓံကြုံ မဖြုန်တမ်းပေါ့ မတုန်စမ်းနဲ့စိတ်ခိုင်စေ
၃၆။ အသောကံ
- သောကကိုထိန်း
၃၇။ ဝိရဇံ
- ရမ္မက်သိမ်း
- အဲဒါမှ ဗုဒ္ဓဝါဒ ကမ္ဘာ့မင်္ဂလာတွေ။
ဒသာ ဒိသာနိ ကတွာန
သုံးဆယ့်ရှစ်ဖြာ မင်္ဂလာကုံးကို
သဗ္ဗတ္ထ မပ္ပရာဇိတာ
လိုက်နာကျင့်သုံးပန်သူတွေ
သဗ္ဗတ္ထသောတ္ထိံ ဂစ္ဆန္တိ
ကြီးပွားချမ်းသာ ကျက်သရေတိုးလို့
တံတေသံ မင်္ဂလမုတ္တမံ
- ကောင်းကျိုးစီပွင့်တဝေဝေ
- ဘေးကင်းရန်ကွာ ချစ်သူပေါလို့
စိတ်ရော ကိုယ်ရော ချမ်းသာမလေ
- ပြောဆိုကြံဆ ဆောင်သမျှ အောင်ရမည်ကိန်းသေ
အဲဒါကြောင့် ပန်ကြဆင်ကြ မင်္ဂလာပန်းခိုင်တွေ
ဘုရားဂုဏ်တော် (၉)ပါး ပါဠိ၊ အနက်
ဣတိပိသော၊ ဘဂဝါ၊ အရဟံ၊ သမ္မာသမ္ဗုဒ္ဓေါ၊ ဝိဇ္ဇာစရဏ သမ္ပန္နော၊ သုဂတော၊ လောကဝိဒူ၊ အနုတ္တ ရော ပုရိသဓမ္မသာရထိ၊ သတ္ထာဒေဝမနုဿနံ၊ ဗုဒ္ဓေါ၊ ဘဂဝါ။
အနက်ရှိခိုး
၁။ သောဘဂဝါ - ထိုမြတ်စွာဘုရားသည်၊ ဣတိပိ ဣမိနာ ကာရဏေန ဤသို့နတ်လူတို့၏ ပူဇော် အထူးကို ခံတော်မူထိုက်သောကြောင့်၊ အရဟံ-အရဟံမည်တော်မူပါ၏။
၂။ သောဘဂဝါ - ထို(ပ)သည် ဣတိပိ ဣမိနာ ကာရဏေန - ဤသို့အလုံးစုံသော ဓမ္မတရား တို့ကို ကိုယ်တော်တိုင် မဖောက်မပြန် မှန်ကန်စွာ သိတော်မူသောကြောင့် သမ္မာသမ္ဗုဒ္ဓေါ - သမ္မာသမ္ဗူဒ္ဓမည်တော်မူပါ၏။
၃။ သောဘဂဝါ - ထို- သည် ဣတိပိ ဣမိနာ ကာရဏေန - ဤသို့ ဝိဇ္ဇာသုံးပါး ဝိဇ္ဇာရှစ်ပါး စရဏ တစ်ဆယ့်ငါးပါးတို့နှင့်ပြည့်စုံတော်မူသောကြောင့် ဝိဇ္ဇာစရဏသမ္ပန္နော - ဝိဇ္ဇာစရဏ သမ္ပန္န မည်တော်မူပါ၏။
၄။ သောဘဂဝါ - ထို - သည် ဣတိပိ ဣမိနာ ကာရဏေန - ဤသို့ကောင်းမြတ်သောစကားကို ဆိုတော်မူခြင်း၊ ကောင်းသောနိဗ္ဗာန်သို့ ဦးတည်ကြွတော်မူခြင်းတို့ကြောင့်၊ သုဂတော - သုဂတ မည်တော်မူပါ၏။
၅။ သောဘဂဝါ - ထို - သည် ဣတိပိ ဣမိနာ ကာရဏေန - ဤသို့ သတ္တလောကသဩကာသ လောကတည်းဟူသော လောကသုံးပါးကို ကောင်းစွာသိတော်မူသောကြောင့် လောကဝိဒူ၊ လောကဝိဒူ မည်တော်မူပါ၏။
၆။ သောဘဂဝါ - ထို - သည် ဣတိပိ ဣမိနာ ကာရဏေန - ဤသို့ မယဉ်ကျေးသော လူနတ်ဗြဟ္မာသတ္တဝါတို့ကို ယဉ်ကျေးအောင် ဆုံးမတော်မူတတ်သောကြောင့် အနုတ္တရောပုရိသ ဓမ္မသာရထိ အနုတ္တရော ပုရိသ ဓမ္မသာရထိ မည်တော်မူပါ၏။
၇။ သောဘဂဝါ - ထို - သည် ဣတိပိ ဣမိနာ ကာရဏေန - ဤသို့ နတ်လူတို့၏ဆရာတစ်ဆူဖြစ် တော်မူသောကြောင့်၊ သတ္ထာဒေဝမနုဿနံ၊ သတ္ထာဒေဝ မနုဿန - မည်တော်မူပါ၏။
၈။ သောဘဂဝါ - ထိုမြတ်စွာဘုရားသည် ဣတိပိ ဣမိနာ ကာရဏေန - ဤသို့ သစ္စာလေးပါး မြတ်တရားကို ပိုင်းခြားထင်ထင် သိမြင်တော်မူသောကြောင့်၊ ဗုဒ္ဓေါ - ဗုဒ္ဓမည်တော်မူပါ၏။
၉။ သောဘဂဝါ - ထို - သည် - ဣတိပိ - န- ဤသို့ ဣဿရိယ ဓမ္မယသသိရီကာမပယတ္ထလီ - ဘုန်းတော်ခြောက်လီနှင့်ပြည့်စုံတော်မူသောကြောင့်၊ ဘဂဝါ - ဘဂဝါ မည်တော်မူပါ၏။
တရားဂုဏ်တော် (၆)ပါး ပါဠိ၊ အနက်
သွာက္ခတော၊ ဘဂဝတောဓဓမ္မာ၊ သိဒ္ဓိဋ္ဌိကော အကာကိကော၊ ဧဟိပဿိဏေ ဩပါနေယျိကော ပစ္စံတ္တံ ဝေဒိဗ္ဗော ဝိညူဟီတိ
အနက်ရှိခိုး
၁။ ဘဂဝတော - ဘုရားရှင်သည်။ ဓမ္မော - မဂ်လေးတန်၊ ဖိုလ်လေးတန်၊ နိဗ္ဗာန်ပရိယတ်၊ ဆယ် ပါးသောတရားတော်မြတ်ကို၊ သွက္ခာတော၊ ကောင်းစွာဟောကြားတော်မူသောကြောင့်၊ သွက္ခ တာဂုဏ်နှင့်ပြည့်စုံပါပေ၏။
၂။ ဘဂဝတော - မြတ်စွာဘုရား၏။ ဓမ္မော - မဂ်ဖိုလ်နိဗ္ဗာန်၊ ကိုးတန်သော တရားသည် သန္ဒိဋ္ဌိတော - ကျင့်ကြံသူတို့ ကိုယ်တိုင်ကောင်းစွာ သိမြင်နိုင်သောကြောင့် သိန္ဒိဋ္ဌိတော၊ သန္ဒိဋ္ဌိတ ဂုဏ်နှင့် ပြည့်စုံပါပေ၏။
၃။ ဘဂဝတော - မြတ်စွာဘုရား၏။ ဓမ္မော - အမြတ်တရား မဂ်လေးပါးသည် အကာလိကော - အ ခါမလင့် အကျိုးပေးတတ်သောကြောင့်၊ အကာလိက ဂုဏ်နှင့်ပြည့်စုံပါပေ၏။
၄။ ဘဂဝတော - မြတ်စွာဘုရား၏။ ဓမ္မော - မဂ်ဖိုလ်နိဗ္ဗာန်၊ ကိုးတန်သောတရားသည်၊ ဧဟိပဿိကော - လာပါ ရှုပါ - ကျင့်ကြံပါဟု တိုက်တွန်းခြင်းငှာထိုက်သောကြောင့်၊ ဧဟိပဿိကဂုဏ် နှင့်ပြည့်စုံပါပေ၏။
၅။ ဘဂဝတော - မြတ်စွာဘုရား၏။ ဓမ္မော - တရားတော်သည်။ ဩပါနေယျိကော - အာရုံထင်၍ ဆင်ခြင်များစွာ စွဲမှတ်ဆောင်ထားထိုက်သောကြောင့်၊ ဩပါနေယျိက - ဂုဏ်နှင့်ပြည့်စုံပါပေ၏။
၆။ ဘဂဝတော - မြတ်စွာဘုရား၏။ ဓမ္မော - တရားတော်မြတ်သည်၊ ဝိညူဟိ - ပညာရှိ ရှင် လူ အပေါင်း သူတော်ကောင်းတို့သည်၊ ပစ္စတ္တံ - ကိုယ်စီကိုယ်ငှ၊ ဝေဒိတဗ္ဗော - သိအပ်ခံစားအပ်၍ ပစ္စတ္တံဝေဒိတဗ္ဗ - ဂုဏ်နှင့်ပြည့်စုံပါပေ၏။
သံဃာဂုဏ်တော် (၉)ပါး ပါဠိ၊ အနက်
သုပ္ပဋိပန္နော ဘဂဝတော သာဝက သံဃော
ဥဇုပ္ပဋိပန္နော ဘဂဝတော သာဝက သံဃော
ဉာယပ္ပဋိပန္နော ဘဂဝတော သာဝက သံဃော
သာမိစိပ္ပဋိပန္နော ဘဂဝတော သာဝက သံဃော
ယဒိဒံ စတ္တာရိ ပုရိသယုဂါနိ အဋ္ဌပုရိသပုဂ္ဂလာ ဧသာ ဘဂဝတော သာဝကသံဃော
အာဟုနေယျော
ပါဟုနေယျော
ဒက္ခိဏေယျော
အဉ္စလီကရဏိယျော
- အနုတ္တရံ ပုညံက္ခေတ္တံ လောကဿထိ
အနက်ရှိခိုး
ဘဂဝတော - မြတ်စွာဘုရား၏၊ သာဝကသံဃော - တပည့်သားသံဃာတော်မြတ်သည်၊ သုပ္ပဋိပန္နော - နိဗ္ဗာန်ရောက်ကြောင်း ကောင်းမြတ်သော အကျင့်ကို ကျင့်တော်မူတတ်ပါ၏။
ဥဇုပ္ပဋိပန္နော - နိဗ္ဗာန်မျက်မှောက်ပြုရေး အလေးပေး၍ ကျင့်တတ်ပါ၏။
သာမိစိပ္ပဋိပန္နော - အကျင့်မြတ်ကို လေးမြတ်ရိုသေစွာ ကျင့်တတ်ပါ၏။
ယဒိဒံစတ္တာရိ ပုရိသယုဂါနိ - မဂ်ဖိုလ်ရဆဲ အကြင် လေးစုံတွဲတို့သည်၊ အဋ္ဌပုရိသပုဂ္ဂလာ - ရှစ်ယောက်တို့သည်၊ ဟောန္တိ - ဖြစ်ကုန်ပေကုန်၏။
ဘဂဝတော - မြတ်စွာဘုရား၏ ဧသဧသော သာဝကသံဃော - ဤတပည့်သား သံဃာတော်သည် အာဟုနေယျော - တကူးတကအဝေးမှ ဆောင်ယူပူဇော်မှုကို ခံယူတော်မူထိုက်ပါ၏။
ပါဟုနေယျော-ဧည့် သည်ရည်စူး အလှူထူးကို ခံယူတော်မူထိုက်ပါ၏။ ဒက္ခိဏေယျေ - ထွတ်ထွတ်မြတ်မြတ် သတ်မှတ် ရည်စူး အလှူထူးကို ခံယူတော်မူထိုက်ပါ၏။
အဉ္ဇလီကရဏီယျော - လက်အုပ်ချီမိုး ရှိခိုးခြင်းကိုလည်း ခံယူတော်မူထိုက်ပါ၏။
လောကဿ - လူအများအပေါင်း၏ အနုတ္တရံ - အတုမရှိဖြစ်သော၊ ပုညက္ခေတ္တံ - ကောင်းမှု တည်းဟူသော မျိုးစေ့ကို စိုက်ပျိုးချရာ လယ်ယာမြေကောင်းသဖွယ်လည်းဖြစ်တော်မူပါ၏။
ဘုရားဂုဏ်တော်ပွားများရကျိုး
၁။ ဘုရားရှင်ပေါ် ကိုင်းညွတ်စိတ် အမြဲရှိလာခြင်း
၂။ ယုံကြည်မှု လေးနက်လာခြင်း
၃။ သတိပို၍ ကောင်းလာခြင်း
၄။ ပညာဉာဏ်ထက်မြက်လာခြင်း
၅။ ကောင်းမှုတိုးပွားလာခြင်း
၆။ စိတ်ညစ်မှုကင်းပြီး နှစ်သက်ကြည်နူးစွာ နေရခြင်း
၇။ ကြောက်ရွံ့ထိတ်လန့်ဖွယ်ကြုံသော်လည်း မကြောက်မလန့် စိတ်တည်တံ့ခြင်း
၈။ မတော်တဆ ဆင်းရဲဒုက္ခတွေ့လျှင် သည်းခံနိုင်ရည်ရှိခြင်း
၉။ ဘုရားရှင်နှင့် နေရသကဲ့သို့ စိတ်တွင် ထင်မှတ်နေခြင်း
၁၀။ ဗုဒ္ဓါနုဿတိဘာဝနာအစွမ်းကြောင့် မိမိကိုယ်သည် စေတီထိုက်၍ သူတစ်ပါးတို့၏ ပူဇော်ချီး မြှောက်မှုကို ကောင်းစွာခံယူနိုင်ခြင်း
၁၁။ မိမိစိတ်သည် သမ္မာသဗ္ဗောဓိဉာဏ်၌ ကိုင်းညွတ်လာခြင်း
၁၂။ မကောင်းမှုများ ပက်ပင်းကြုံလာသောအခါတွင် မိမိကိုယ်ကို ကောင်းစွာ ထိန်းသိမ်းနိုင်ခြင်း
၁၃။ သေလျှင် အပါယ်လေးပါးကင်း၍ နတ်ရွာသုဂတိသို့ လားရခြင်း
ဗုဒ္ဓဝင်အမေးအဖြေ ပထမအခန်း
၁။ ကိုးကွယ်ရာကို၊ ဘုရားဆို၊ ဘယ်လိုဖြစ်မှ၊ ဘုရားနည်း။
- လူ တန် ဗြဟ္မာ၊ အားလုံးသာအောင်၊ ပါရမီဟုန်၊ ညီညာစုံ၊ သိရ်ဂုဏ်ပြည့်မှ ဘုရားတည်း။
၂။ ဘယ်လိုမှန်းကာ၊ ပြုမှသာ၊ ပါရမီဟု ခေါ်သနည်း။
- မြတ်သူ့လုပ်ငန်း၊ သူ့ကျိုးမှန်၍၊ ကျွတ်တမ်းရွယ်ကာ၊ ပြုမှသာ၊ ပါရမီဟု ခေါ်သတည်း။
၃။ ပါရမီကား၊ ဘယ်လောက်များ၊ အပြားဘယ်သို့ ရှိသနည်း။
- ပါရမီကား၊ မြတ်ဆယ်ပါး၊ အပြားသုံးဆယ် ရှိသတည်း။
၄။ ဆယ်ပါးဆိုတာ၊ ဘယ်ဘယ်ဟာ၊ လွယ်စွာသိရပါမည်နည်း။
- ဒါနသီလ၊ နေက္ခမ္မနှင့်၊ ပညာဝီရိယာ၊ ခန္ဓီပါတည်း၊ သစ္စာတစ်တန်း၊ အဓိဋ္ဌာန်ဟု၊ စိတ်မှန်မေတ္တာ ဥပေက္ခာ လွယ်စွာသိရပါသတည်း။
၅။ ဆယ်ပါးကိုးကွယ်၊ ပြားသုံးဆယ်၊ အဘယ်အဘယ်ဖြစ်သနည်း။
- ပါရမီမျိုး၊ ဥပမျိုးနှင့် မျိုးပရမတ်၊ ဤသုံးရပ်၊ မြှောက်လတ်သုံးဆယ်ပြားသတည်း။
၆။ ပါရမီမျိုး၊ ဥပမျိုးနှင့် မျိုးပရမတ်၊ ဤသုံးရပ်၊ ပြားလတ်ဘယ်သို့ထူးသနည်း။
- ရိုးရိုးရာရာ၊ ဖြည့်ကျင့်ကာနှင့် အင်္ဂါခြေလက်၊ အပျက်ခံဖြည့်၊ အသက်၏လျှင်၊ ကယ်တင်စွန့် လတ်၊ ထိုသုံးရပ်၊ ပြားလတ် ဤသို့ထူးသတည်း။
၇။ ဗုဒ္ဓလောင်းလျာ၊ ထိုများစွာ၊ ချိန်ခါမည်မျှ၊ ဖြည့်ရသနည်း။
- ဗုဒ္ဓလောင်းလျာ၊ ထိုများစွာကို ကမ္ဘာ ကမ္ဘာ လေးအင်္ချေနှင့် ရေတွက်မတိမ်း၊ ကပ်တစ်သိန်း၊ စောင့်ထိန်းဖြည့်ရပါသတည်း။
၈။ ကပ်တစ်သိန်းလာ၊ တစ်ကပ်မှာ ချိန်ခါမည်မျှ၊ ကြာသနည်း။
- တစ်ကပ်ဆိုရာ၊ ချိန်အခါကား၊ တစ်ယူဇနာပြည့်၊ မုန့်ညင်းစေ့မှ၊ တရွေးရွေးပစ်၊ အနှစ်တစ်ရာ၊ တစ်စေ့သာ၊ ကုန်ခါမကကြာသတည်း။
၉။ လေးအသင်္ချေလာ၊ တစ်သင်္ချေမှာ၊ ချိန်ခါ မည်မျှကြာသနည်း။
- ကပ်ပေါင်းမည်မျှ၊ တွက်မရ၍၊ ဗုဒ္ဓဘုရား၊ နှစ်ဆူအကြား၌ ခေါ်ထားရလေ၊ တစ်သင်္ချေ၊ တွက် ရေမရ၊ ကြာသတည်း။
ဗုဒ္ဓအမေးအဖြေ ဒုတိယအခန်း
၁။ အကျဉ်းဆယ်ပါး၊ အပြားသုံးဆယ်၊ များကျယ်အညီ၊ ပါရမီ၊ သာကီဘယ်က စသနည်း။
- အကျဉ်းဆယ်ပါး၊ အပြားသုံးဆယ်၊ များကျယ်လှစွာ၊ ပါရမီမှာ၊ သုမေဓာကစသတည်း။
၂။ ဘယ်ချိန် ဘယ်ခါ ဘယ်မြို့မှာ လောင်းလျာဘယ်သို့ဖြစ်သနည်း။
- လေးသင်္ချေပေါ်၊ ကပ်သိန်းကျော်ဝယ်၊ မြို့တော်အမရာ၊ သုမေဓာ လောင်းလျာထိုသို့ ဖြစ်သတည်း။
၃။ အမျိုးအရိုး၊ ဘယ်လိုစိုး၊ ဟိုးဟိုးကျော်ခဲ့ပါသနည်း။
- မိဘဘေးဘိုး၊ သူဌေးမျိုး၊ ဟိုးဟိုးကျော်ခဲ့ပါသတည်း။
၄။ ဘယ်ချိန်ခါလောက်၊ အရွယ်ရောက်၊ တတ်မြောက်ပညာ စုံသနည်း။
- ဆယ်ခြောက်နှစ်လောက်၊ အရွ့ယ်ရောက်၊ တတ်မြောက်ပညာစုံသနည်း။
၅။ ဥစ္စာကုံလုံ၊ ပညာစုံ၊ ဘယ်ပုံဘယ်သို့၊ လုပ်သနည်း။
- မိဘနှစ်ပါး၊ ကွယ်လွန်သွားက ထားခဲ့ဥစ္စာ၊ စဉ်းစားကာ၊ စွန့်ခွာရသေ့လုပ်သတည်း။
၆။ ရသေ့ဖြစ်ငြား၊ ဘယ်လိုများ၊ ကြိုးစားဘယ်သို့ ဖြစ်သနည်း။
- ရသေ့ဖြစ်ငြား၊ လွန်ကြိုးစား၊ ထက်ဖျားစျာန်ယာဉ် မွေ့သတည်း။
၇။ စျာဉ်ယာဉ်မွေ့ကာ၊ နေသောခါ၊ ဘယ်မှာ ဘာများဖြစ်သနည်း။
- မွေ့၍စျာဉ်ယာဉ်၊ နေချိန်တွင်ဝယ်၊ ဒီပင်္ကရာ၊ မယ်တော်သား၊ မြတ်စွာပွင့်၍လာသတည်း။
၈။ မြတ်စွာဘုရားလျှင်၊ ရသေ့ရှင်၊ ဘယ်တွင် ဘယ်သို့ကြုံသနည်း။
- ရမ္မာမြို့တွင် ဘုရားရှင်၊ ကြွဝင်ခါနီး၊ ကြုံသတည်း။
၉။ ကြွဝင်ခါနီး၊ ဘယ်လိုဆီး၊ ခရီးဦးကြိုပြုသနည်း။
- ညွန်ပျောင်းအသွင်၊ တံတားသွင်၊ တို့ရှင်းခင်း၍ ကြိုသတည်း။
၁၀။ လှူဖွယ်များကော၊ လှူသလော၊ မိန့်ဟောဘယ်သို့ ရှိသနည်း။
- ယသော်အလောင်း၊ ဆုမြတ်တောင်း၍ ခညောင်းဆက်ကမ်း၊ ငါးစည်းပန်း၊ လှူဒါန်းပူဇော်ပါသ တည်း။
၁၁။ တံတားခင်းစဉ်၊ တို့အရှင်၊ စိတ်တွင် ဘယ်သို့ကြံသနည်း။
- ထေရ်ရှင်အများ၊ နောက်တော်နားက၊ တစ်ပါးရဟန္တာ၊ ဖြစ်နိုင်ပါလည်း၊ များစွာကယ်တင်၊ အစွမ်းမြင်၍၊ ဒီပင်ဘုရား၊ ပုံအလားသို့၊ ဘုရားတစ်ဆူ၊ ဖြစ်အံ့ဟု၊ ဆုယူဓိဋ္ဌာန်ပြုသတည်း။
၁၂။ ဒီပင်္ကရာ၊ စောမြတ်စွာ၊ ထိုခါဘယ်သို့၊ မိန့်သနည်း။
- တံတားခင်း၍ အလှူမွေ့သည်၊ ရသေ့မြတ်ကား၊ ငါအလားသို့၊ ဘုရားတစ်ဆူ၊ ဖြစ်မည်သူဟု၊ ဗိုလ်လှူကျိတ်ကျိတ်၊ ကောင်းချီးဟိတ်၊ ဗျာဒိတ်ပေးတော်မူသတည်း။
ဒါရကောဝါဒဆုံးမစာ
၁။ ရတနာသုံးပါး ထွဋ်မြတ်ဖျား ဝတ်တွား ဦးနှိမ်ကာ။
၂။ ဒါရကော့ဝါဒ ဆိုမိန့်ဟ ချိုသိမ့်ကြကွဲ့နားမှာတဲ့။
၃။ ပညာမရှိ၊ မိုက်ခေါင်ထိ၊ မသိအရာရာ။
၄။ ပညာ သုတ ရှိပါမှ သိရအဖြာဖြာ။
၅။ ပညာရှိအောင် သတိဆောင် အမောင်ကြိုးစားပါ။
၆။ လိမ်လိမ်မာမာ အရာရာ ပညာရှေ့သွားပါ။
၇။ ဘုရားဟောကြား မြတ်တရား ကြိုးစားသင်ကြပါ။
၈။ ရတနာသုံးပါး မိဘများ ဝပ်တွားရိုသေကြ။
၉။ မထီမဲ့မြင် ဘမိခင် မင်းလျှင် မပြုနဲ့။
၁၀။ လူကြီးသူမဆိုသမျှ မင်းက မလှန်နဲ့။
၁၁။ ခေါ်လျှင် မကြာ၊ ဗျာ၊ ခင်ဗျာ ထိုက်ရာ ထူးပါကွယ်။
၁၂။ ခင်ဗျာ၊ ကျွန်တော် လူကြီးပေါ် ကောင်းကောင်းနေကွယ့် ပြောပါတဲ့။
၁၃။ ကိုယ့်ထက်နည်းနည်းကြီးကလည်း ခေါ်လည်းခင်ဗျာထူး။
၁၄။ ရဟန်း ကိုရင် ခေါ်ပြန်လျှင် အရှင်ဘုရားထူး။
၁၅။ အင်ဗျို့ ဝူဝေ ဘာတုံး ဟေ့ အေးဟေ့ ဟူလည်း မထူးနဲ့။
၁၆။ ဘာလဲခင်ဗျာ ဘယ်နှယ့်ဟာ ဘာပြုမယ်လို့တုံး။
၁၇။ ဤသို့ နှုတ်လှန် လူကြီးထံ ပြန်၍ မင်းကမအော်နဲ့။
၁၈။ ဘာတုံး နင်ဗျို့ အေး ငါ့ကို ပြောဆိုမရိုင်းကြစေနဲ့။
၁၉။ နွားကျောင်းသားလား မင်းကျောင်းသားစိတ်ထား ပြောဆိုယဉ်စေကွယ်။
၂၀။ကိုယ့်အောက်ငယ်သော် “မောင်” ထည့်ခေါ် ကြီးသော် “ကို” ထည့်ခေါ်။
၂၁။ မင်းအောက်သူငယ် မင်းနိုင်တယ် မကျယ်လေနဲ့ကွယ်။
၂၂။ အိမ်သို့ပြန်သွား လမ်းအကြား ကစား၍ကွယ်မနေနဲ့။
၂၃။ အိမ်သို့ရောက်က မိနှင့်ဖ ဝပ်ချရိုသေ ရှိခိုးလေး။
၂၄။ အမေမိဘမှာသမျှ မှတ်ခဲ့ကြကွယ် မမေ့နဲ့။
၂၅။ ကျောင်းထဲဝင်လာ ပုဆိုးဟာ ပြင်ကာဝတ်ခဲ့ကောင်းကောင်းကွဲ့။
၂၆။ ခါးတောင်ကျိုက်လျှင် ကျောင်းဝိုင်းပြင် ကွင်းကာ ရှောင်ကွဲ့မမိုက်နဲ့။
၂၇။ ငယ်လှကိုရင် တွေ့လေလျှင် သံဃာတော်ကွဲ့ရိုသေကွယ်။
၂၈။ လမ်း၌သံဃာတွေ့သောအခါ အသာလက်အုပ်ချီ ထိုင်ကွယ်။
၂၉။ ဝပ်မချသာ လမ်းသွားရာ တိမ်းကာရှောင်ကွယ် လက်အုပ်နဲ့။
၃၀။ ရဟန်းကိုရင် အိပ်ရာပြင် ဝင်၍ မတက်ကြလေနဲ့။
၃၁။ ရဟန်း သံဃာ အနီးမှာ လက်အုပ်ချီကာ ခစားကွယ်။
၃၂။ လက်ကန်တော့ဆင် စံပယ်တင် ဦးလျှင် သုံးကြိမ်ချနေကွယ်။
၃၃။ သွားဆိုကာမှ ဦးနှိမ်ချ သွားကြလေကွယ် နောက်ဆုတ်တဲ့။
၃၄။ သင်ရာကျတည့် မျက်နှာလှည့် ကြည့်ရှုလိုရာ သွားလေကွယ့်။
၃၅။ မကုန်းမတ်တတ်နီးမကပ် သိတတ်စေကွယ့် မရိုင်းနဲ့။
၃၆။ ဧည့်ပရိတ်သတ်များ ရှိခဲ့ငြား တစ်ခြားမှာကွယ့် မနေနဲ့။
၃၇။ လက်ကန်တော့တင် ဝတ်ပြီးလျှင် အနီးတင်ကွယ်နေပါဟဲ့။
၃၈။ တို့ဆိတ် ဟာကွယ် ကျီစယ် မြေဝယ်ခြစ်ချုပ်မနေနဲ့။
၃၉။ တစ်စုံတစ်ရာ လှူဒါန်းလာ လှဲလှယ်ပါကွယ့် ကြည့်၍တဲ့။
၄၀။ မင်းသွားမောင်သွား သည်နှယ်များ စကားတွတ်၍ မနေနဲ့။
၄၁။ ကောင်ကောင်ထပြီး လဲ၍ပြီး အနီးတွင်ကွယ့်နေပါတဲ့။
၄၂။ ဆွမ်း ကွမ်း စသော ကပ်လို့ပါ ဒူးတုပ်ကာကွယ် ကပ်ပါတဲ့။
၄၃။ ရေတည်ခွက်တွင် ရေထည့်လျှင် ထွေးအင်နဲ့ကွယ် ထည့်ပါတဲ့။
၄၄။ လက်သုတ်ပဝါအနားမှာ ထားပါလေကွယ် တံပူနဲ့။
၄၅။ အနီးပါတွင် လက်အုပ်ဆင် ကုန်လျှင်လိုက်ကွယ် ဆွမ်းဟင်းတဲ့။
၄၆။ ကပ္ပိစရာ ရှိခဲ့ပါ။အသာဆိတ်ကွယ့် ဖြတ်ရုံတဲ့။
၄၇။ ကပ္ပိယံ ကရောဟိ ဆိုလိုရှိ ကပ္ပံယံ ဘန္တေဆိုဆိတ်လေး။
၄၈။ ပရမ်ပတာ သူ့ထက်ငါ လုယက်ကာကွယ့်မစားနဲ့။
၄၉။ ထမင်းစားရာ တစာစာ များစွာ စကားမပြောနဲ့။
၅၀။ ငြိမ်သက်သာနား သတိထား ကောင်းကောင်းစားကွယ် ဖိတ်စေနဲ့။
၅၁။ စားပြီးသောခါ စင်ကြယ်စွာ ဆေးကြပါတဲ့ ကောင်းကောင်းကွယ့်။
၅၂။ လက်ရမ်းကိုင်တွယ် တရံကွယ် ပုန်ကွယ်၍ မဆော့နဲ့။
၅၃။ ထောင့်ကြို ထောင့်ကြား ဟိုအနား စကားဆူလောင် မပြောနဲ့။
၅၄။ နှစ်ယောက်တစ်မြူး သုံးယောက်တွဲ ဟိုခန်းထဲရယ်ပွဲခင်း၍ မနေနဲ့။
၅၅။ သုံးရေ သောက်ရေ မရှိချေ ရေကို ငင်ကွယ့် မတွက်နဲ့။
၅၆။ အတက်အဆင်း ဖြည်းဖြည်းနင်း ကြမ်းနင်းမပြင်းကြစေနဲ့။
၅၇။ ဆရာသမား ကျိန်းစက်ငြား စကားများ၍ မနေနဲ့။
၅၈။ ဒိုးဒေါက်ညိုးညံ ဗလောင်ဆန် ကျိန်ပြန်လျှင်ကွယ့် မဆော့နဲ့။
၅၉။ ထိုးခေါက်ပုတ်ခတ်ရိုက်နှက်တတ် သတ်ဖြတ်ခိုက်ရန် မဖြစ်နဲ့။
၆၀။ ဆဲရေးတိုင်းထွာ ဖရုသာ ဘယ်နေရာမှာ မပြောနဲ့။
၆၁။ လက်ရေးရေးကာ ကိုယ့်ထက်သာ ခံကာရေးကွယ့် မပေါ့နဲ့။
၆၂။ အပေါ်လက်ရေးကြည့်၍ရေး၊ ကောင်းကောင်းရေးကွဲ့ မဆော့နဲ့။
၆၃။ လက်ရေးရေးခြင်း အချင်းချင်း အဖြင်တို့ကွယ် မပြောနဲ့။
၆၄။ လက်ရေးစာများ ရေးပြီးငြား နှုတ်ဖျားရအောင် ကျက်ပါကွယ်။
၆၅။ မပျင်းမရိ လုံ့လရှိ စာကို ထိအောင်ဖတ်ပါ့ကွယ်။
၆၆။ လုံ့လရှိမှ ပညာရ မုချမှတ်ကွယ့် တပည့်ရဲ့။
၆၇။ ကျောင်းအောက်ဆင်းသွား ဟိုအနား ကစား၍ကွယ့်မနေနဲ့။
၆၈။ တပိုတပါးဆရာသွား တခြားမှာကွယ့်မနေနဲ့။
၆၉။ အရပ်တပါးရောက်ပြန်ငြား ကစားဆော့အော်မနေနဲ့။
၇၀။ ဆရာခေါ်က အမြန်ထ လာခဲ့ကြကွဲ့ အနီးကိုတဲ့။
၇၁။ ဆရာသံဃာ မေးသောအခါ ရိုသေစွာတဲ့ လျှောက်ပါဟဲ့။
၇၂။ တင်ပါ မှန်ပါ ဦးတင်ပါ ပါတစ်လုံးကို သုံးပါကွဲ့။
၇၃။ ဆရာပြသဆိုဆုံးမ မင်းက ပြန်လို့ မပြောနဲ့။
၇၄။ ပညာရှိလို့ ဖြည်းငြင်းဆို သူ့ကိုမင်းက မတင်းနဲ့။
၇၅။ စကားဘောက်ဆက် ပြောဆိုတတ်၊ မုန်းတတ်တယ်ကွဲ့ ရန်စကားတဲ့။
၇၆။ ချိုသာလည်ပတ် ပြောဆိုတတ်၊ ရန်ပြတ်စဲတဲ့ စကားကွဲ့။
၇၇။ ရေရေရာရာ ချက်ချက်ချာချာ လိမ္မာစေကွယ့် ပါးစေကွယ့်။
၇၈။ ပညာသတိရှိစေဘိ၊ သိတတ်စေကွယ့် တပည့်ရဲ့။
၇၉။ အရာရာတွင် လိမ္မာလျှင် ကြားခင်ဘူးကွဲ့ ကြီးပွားရဲ့။
၈၀။ စည်း ကုလားတက်ခေါက် ဝတ်တတ်ရောက် နောက်ကျရင်ကွဲ့ ဒဏ်တမ်းတဲ့။
၈၁။ နံနက်အများတူ မဝေမှု၊ တို့တူ ဒဏ်ကို ထမ်းဆောင်တဲ့။
၈၂။ ဆရာသမားနိုင်လို့ငြား ကြိုးစားလိုကွယ့် ဝတ်ပြုတဲ့။
၈၃။ ဆရာသခင် မေတ္တာဝင် ကြားခင်ဘူးကွဲ့ တတ်လိမ့်မည်။
၈၄။ ထို့ကြောင့်ကြိုးစား ငါ့ချစ်သား အားပါးထုတ်၍ သင်ကြားကွယ့်။
၈၅။ စကားခေါ်ရယ် ချေးသမ်းကျယ် ကျယ်ငါးပါးကို ပယ်ရမယ်။
၈၆။ ကျောင်းသို့ရောက်လျှင် ဆရာရှင် အလျင် ဦးချကြရမည်။
၈၇။ ဦးချကာလ ကတိဋ္ဌိတ အင်းငါးဝလုံး စုံးရမည်။
၈၈။ ဆရာသမား ပြောစကား ကြားချပ် ဖြတ်သန်းကင်းရမည်။
၈၉။ သောဝစဿာ မင်္ဂလာ များစွာ နှလုံးသွင်းရမည်။
၉၀။ မျက်မှောက်တစ်သွယ် မျက်ကွယ်တခြား အကျင့်များ ရှောင်ရှားစွန့်ပယ်ကြရမည်။
၉၁။ တရားဟောရာ ရိုသေစွာ လက်အုပ်ချီကာ နာရမည်။
၉၂။ ဂါထာရွတ်ပြီး နက်ပေးပြီး ကောင်းချီးသာဓုခေါ်ရမည်။
၉၃။ အရှင်ဘုရား ထိုစကား များများသုံးနိုင်ကြရမည်။
၉၄။ ဤလို ဆုံးမဩဝါဒ အရကျက်၍ ဆောင်ရမည်။
၉၅။ တစ်သက်ပတ်လုံး ဤနည်းထုံး နှလုံးထား၍ ကျင့်ရမည်။
၉၆။ တပည့်ကျင့်တမ်း ဆုံးမခန်း နည်းလမ်းဤတွင် ပြီးတော့သည်။
အမျှဝေစာတမ်း
ဤသို့ပြုရ မြတ်ပုညကို ကြီးထမြင့်ခေါင် မြင့်မိုရ်တောင်ဦး မကကြူးသား ကျေးဇူးအရှင် မွေးမိခင်နှင့် ဖခင်တို့အား ရငြားပါစေ အမျှဝေ၏။
မသွေနိစ္စ၊ ဤကာယကို စောင့်ထပေလတ်၊ ကိုယ်စောင့်နတ် လည်း မလပ်စေရ၊ ပေးဝေငှ၏။
မိတ္တဆွေညာ ဆရာသမား ဘိုးဘွားကစ ယမရာဇာ ဒေဝါယက္ခ ဣန္ဒ ဘုမ္မာ၊ အာကာသနတ်၊ အထူးမှတ်၍ မပြတ်ပုည၊ ကုသလကို ရကြပါစေ အမျှဝေ၏။
သဗ္ဗေသတ္တာ၊ သတ္တဝါဟု နာနာလောက အနန္တတွင် မပြတ်စဉ်ကာ သတ္တဝါသ ဘုံကိုးဝနှင့် ဝိညာဏဋ္ဌိတိ တည်ရှိခုနှစ်ပါး များစွာလုံးစုံ ဘုံသုံးဆယ့်တစ် ဖြစ်ဖြစ်သမျှ ဝေနေယျအား အမျှကုသိုလ်ပေး ဝေလို၏။
ထိုကုသလ ဤပုညကို အမျှရသည်ဖြစ်စေသော်။
ဝသုန္ဒရေ၊ ဤမြေပံသု သီလထုလည်း သက်သေအမှုတည်စေသော်။
အမျှ … အမျှ … အမျှ ယူတော်မူကြပါကုန်လော့။
သာဓု … သာဓု … သာဓု
အမျိုးဖျက်မယ့် မျိုးဆက်
ဘာသာမတူ၊ အိမ်ထောင်မှု၊ အယူပျက်လိမ့်မယ်
အယူပျက်ရာ၊ ထိုအခါ၊ ဘုရားကွယ်လိမ့်မည်
ဘုရားကွယ်ရာ၊ ထိုအခါ၊ ချမ်းသာကွယ်လိမ့်မည်
ချမ်းသာကွယ်ရာ၊ ထိုအခါ၊ မျိုးပါပျောက်လိမ့်မည်
လူမျိုးပျောက်ရာ၊ ထိုအခါ၊ ပြည်ပါပျောက်လိမ့်မည်
ပြည်မပျောက်ရေး၊ အိမ်ထောင်ရေး၊ မနှေးရှောင်ရမည်
လူမျိုးမပျောက်ရေး၊ အိမ်ထောင်ရေး၊ မနှေးရှောင်ရမည်
ချမ်းသာမပျောက်ရေး၊ အိမ်ထောင်ရေး၊ မနှေးရှောင်ရမည်
ဘုရားမကွယ်ရေး၊ အိမ်ထောင်ရေး၊ မနှေးရှောင်ရမည်
အယူမပျက်ရေး၊ အိမ်ထောင်ရေး၊ မနှေးရှောင်ရမည်