မာတိကာသို့ ခုန်သွားရန်

ရသေ့ကြီး ဦးခန္တီ ဘုရားရှိခိုးဂါထာ

ဝီကီရင်းမြစ် မှ
ရသေ့ကြီး ဦးခန္တီ ဘုရားရှိခိုးဂါထာ
by ရသေ့ကြီး ဦးခန္တီ
2967ရသေ့ကြီး ဦးခန္တီ ဘုရားရှိခိုးဂါထာရသေ့ကြီး ဦးခန္တီ

အရဟံ ဗဟိအန္တဇယံ၊ သုဂတံ အမိတံ ၀ိရဇံ

လလိတံ အတုလံ စရဏံ တိဘဝူပသမံ ယမကံ

သုခဒံ သရဏံ ပဏမာမိ ဇိနံ

အရဟံ = လူမင်း, နတ်မင်း, ဗြဟ္မာမင်းတို့၏ ဝပ်စင်းကော်ရော် ပူဇော်အထူးကို ခံယူတော်မူထိုက်ပါပေထသော။ အရဟံ =လူ, နတ်, ဗြဟ္မာသတ္တဝါတို့၏ ကြည်ဖြူကော်ရော် ပူဇော်အထူးကို ခံယူတော်မူထိုက်ပါပေထသော။ အရဟံ =မကောင်းမှုအကုသိုလ်ပြုရန် ဆိတ်ကွယ်သော နေရာရှိတော်မမူထသော။ ဗဟိအန္တဇယံ = အတွင်းရန် အပြင်ရန် ယင်းနှစ်တန်ကို တွန်းလှန်ဖြိုဖျက် အောင်ပွဲဆက်တော်မူပြီးထသော။ သုဂတံ = ကောင်းသောစကား ကိုသာ ဆိုတော်မူတတ်ပါပေထသော။ သုဂတံ = ကောင်းသောနိဗ္ဗာန်ချမ်းသာသို့ ကြွသွားတော်မူပြီးထသော။ အမိတံ = မနှိုင်းယှဉ်အပ်သော ဂုဏ်တော်အပေါင်းနှင့် ပြည့်စုံတော်မူပါပေထသော။ ဝိရဇံ = ကိလေသာမြူမွေး အညစ်အကြေးတို့မှ ကင်းဝေးတော်မူပါပေထသော။ လလိတံ = ရောင်ခြည်တော်ခြောက်သွယ်တို့ဖြင့် ကွန့်မြူးစမ္ပါယ် တင့်တယ်တော်မူပါပေထသော။ အတုလံ = သီလ စသောဂုဏ်တော်တို့ကြောင့် ပြိုင်ဘက် ရည်တူ ရှိတော်မမူထသော။ စရဏံ = နိဗ္ဗာန်ရောက်ကြောင်း အကျင့်ကောင်း အကျင့်မြတ်နှင့် ပြည့်စုံတော် မူပါပေထသော။ တိဘဝူပသမံ = ဘဝသုံးပါး ဘုံသုံးပါးတို့၌ ကိလေသာအပူမီးတို့ကို ငြိမ်းအေးတော်မူပြီး ထသော။ ယမကံ = ရေ, မီးအစုံအစုံ တန်ခိုးပြာဋိဟာတို့ကို ပြစွမ်းတော်မူနိူင်ပါပေထသော။ သုခဒံ = လူချမ်းသာ နတ်ချမ်းသာ နိဗ္ဗာန်ချမ်းသာတော်မြတ် တို့ကို ပေးစွမ်းတော်မူနိူင်ပါပေထသော။ သရဏံ = လူ, နတ်, နဂါး, သိကြား, ဗြဟ္မာ သတ္တဝါဝေနေ များဗိုလ်ခြေတို့၏ အားထားကိုးကွယ်ရာအစစ် ဧကန်ဖြစ်တော်မူသော။ ဇိနံ = ငါးမာရ်အောင်မြင် သဗ္ဗညုတဘုရားရှင်ကို။ အဟံ = တပည့်တော်သည်။ ပဏမာမိ = ကိုယ်, နှုတ်, နှလုံးသုံးပါး လုံးဖြင့် ကိုင်းညွှတ်ရိုကျိုး လက်စုံမိုးလျှက် ရှိခိုးကန်တော့ပါ၏ အရှင်ဘုရား။


ဤလုပ်ဆောင်မှုသည် ဇန်နဝါရီ ၁၊ ၁၉၃၁ မတိုင်မီ ဖြန့်ချိခဲ့ပြီး ဖြစ်ပြီး ဖန်တီးသူ ကွယ်လွန်ခဲ့သည်မှာ အနည်းဆုံး နှစ် ၁၀၀ ရှိခဲ့ပြီး ဖြစ်သဖြင့် ယခုအခါ တစ်ကမ္ဘာလုံးတွင် အများပြည်သူပိုင် ဖြစ်သည်။