မာတိကာသို့ ခုန်သွားရန်

ရွှေပြည်စိုး

ဝီကီရင်းမြစ် မှ
ရွှေပြည်စိုး (၁၉၄၇)
by နန်းတော်ရှေ့ဆရာတင်
5653ရွှေပြည်စိုး၁၉၄၇နန်းတော်ရှေ့ဆရာတင်

စိမ်း ....လဲ့လဲ့ညိုပြာ နေခြည်ကလဲ မထိုးရပါကလား ဪ.နေခြည်ကလဲ မထိုးရပါကလား တို့ရွာ ကန်မှာ မြမြနေတဲ့ .. ရွာ ..ရွာ ...ရွာ မမြရင် ဟိုယခင်နေခဲ့တဲ့ .ရွာ

စိမ်း ..လဲ့လဲ့ညိုပြာ ယိမ်းနွဲ့နွဲ့ဆိုကာ ရေနဒီကလည်းတိုးလို့ပါကလား ရွှေပြည်စိုး ရွှေပြည်စိုး ရွှေပြည်စိုး လွမ်းပိုဖွယ်ရာ

မြနဲ့မောင်နဲ့ ခုမှတွေ့တာ လူပါးမဝခင်တုန်းက ပြောကြတော့ရယ်စရာပါ အာ အာ အာ မြနဲ့မောင်နဲ့ ခုမှတွေ့တာ လူပါးမဝခင်တုန်းက ပြောကြတော့ရယ်စရာပါ ထမိန်လေးတိုတိုဝတ်ခါမြငယ်စဉ်မှာ လူထဲမဝင်ခင်သေးတော့ အလှပြင်ဆင်ရှာ ရင်ရင်ကုန်ကုန်ပြောမယ် တောတသက်မို့ဘယက်ဒွါဒယာ ရွှံ့တွေ ကပ်စီး ကပ်စီး ပုတီးလုပ်ခါ သုံးတတ်ပါတယ် အုန်းမှုတ်ခွက်ကိုရှာရှာ ဒေါ်လာပြားက ၁၅ ပြားလောက်ဆွဲတတ်တာ ကိုကိုများကမြှောက်စားပေမယ့် ဟိုတုန်းကလောက် မပျော်ပါ ကိုကိုများကမြှောက်စားပေမယ့် ဟိုတုန်းကလောက် မပျော်ပါ ကျမတို့စီကို လိုက်လို့ပို့ပါ လိုက်လို့ပို့မယ် ပြောလို့ သူညာ မရောက်တာကြာတော့ လွမ်းတဲ့နေရာ အတောဘယ်လိုပြောပြော အဆန်းဘယ်လိုပြောပြော နားဝင်ချိုအောင်ဘယ်လိုပြောပြော သဘောအကြိုက်ကိုဖြင့် မလိုက်နိုင်ပါပြီ တစ်ခါ

ရွှေပြည်စိုး ရွှေပြည်စိုး ရွှေပြည်စိုး လွမ်းပိုဖွယ်ရာ

ခရာသံစုံ ကြူးကြော်ညံဟုန် တိုင်းဘုံ လက်ယာ စက္ကဝါ လက်ယာ ပန်းညို ပန်းနီ ပန်းပြာ ပန်းဝါ အို..ပေါတဲ့နေရာ တောနဲ့ဟေမဝါ ရွှေပြည်စိုး ရွှေပြည်စိုး ရွှေပြည်စိုး လွမ်းပိုဖွယ်ရာ..

နန်းရှေ့တင်က မန္တလေး သဘင်ကွ ပြော ပြော ပြလို့ တပြေသူ နန်းရှေ့တင်တင့် မန္တလေးသဘင်ရှင့် သင်းသင်းမွှေးလို့ ရွှေမဉ္ဇူ လေ.. လေယူသွေး မွှေး ..မွှေးလို့ကြူ ရွှေပြည်စိုး ရွှေပြည်စိုး ရွှေပြည်စိုး လွမ်းပိုဖွယ်ရာ