မာတိကာသို့ ခုန်သွားရန်

လူသေလူဖြစ် ဝါဒါနုဝါဒ ဝိနိစ္ဆယ/သဘာပတိဆရာတော်ဘုရားကြီး၏ ရှင်းလင်းလျှောက်ထားလွှာ

ဝီကီရင်းမြစ် မှ
လူသေလူဖြစ် ဝါဒါနုဝါဒ ဝိနိစ္ဆယ (ထေရဝါဒ စွယ်စုံကျမ်း)
by သာသနာရေးဝန်ကြီးဌာန
၉-၅။ သဘာပတိဆရာတော်ဘုရားကြီး၏ ရှင်းလင်းလျှောက်ထားလွှာ
3144လူသေလူဖြစ် ဝါဒါနုဝါဒ ဝိနိစ္ဆယ (ထေရဝါဒ စွယ်စုံကျမ်း) — ၉-၅။ သဘာပတိဆရာတော်ဘုရားကြီး၏ ရှင်းလင်းလျှောက်ထားလွှာသာသနာရေးဝန်ကြီးဌာန

ဝိနိစ္ဆယစာမူကို နိုင်ငံတော် သံဃမဟာနာယက၏ လက်သို့ အပ်နှံရာ၌
သီးခြား ဝိနည်းဓိုရ်အဖွဲ့ အမှတ်(၂)
သဘာပတိ ဆရာတော်ဘုရားကြီး၏ ရှင်းလင်း လျှောက်ထားလွှာ

ရက်စွဲ။ ၁၃၄၃-ခု၊ တန်ဆောင်မုန်း လဆန်း ၂- ရက်။
၁၉၈၁-ခု၊ အောက်တိုဘာလ ၂၉-ရက်(ကြာသပတေးနေ့)

သို့။
နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၊
ဇမ္ဗုဒီပကျောင်းဆောင်၊
ကမ္ဘာအေးကုန်းမြေ၊ ရန်ကုန်မြို့။

အကြောင်းအရာ။။နိုင်ငံတော် သီးခြား ဝိနည်းဓိုရ်အဖွဲ့အမှတ်(၂)၏ ဓမ္မ အဓမ္မ မှုခင်း အမှတ်(၂) ဆုံးဖြတ်ချက်ကို ဆက်ကပ်ခြင်း ကိစ္စပါ ဘုရား -

ရည်ညွှန်းချက်။ ။၁၃၄၃-ခု၊ နယုန်လဆုတ် ၉-ရက်၊ ၁၉၈၁-ခု၊ ဇွန်လ ၂၆-ရက် နေ့စွဲပါ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့မှ ရွေးချယ်သည့် နိုင်ငံတော် ဗဟို သံဃာ့ဝန်ဆောင် ဆရာတော်များသာ ပါဝင်သော သီးခြား ဝိနည်းဓိုရ်အဖွဲ့ အမှတ်(၂) ဖွဲ့စည်းခြင်း အမိန့်စာကို ရည်ညွှန်းပါသည်။

ရိုသေစွာ လျှောက်ထားအပ်ပါသည်။ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ဝင် ဆရာတော်များ ဘုရား-

အထက်ဖော်ပြပါ အမိန့်အရ လုပ်ထုံးလုပ်နည်း အပိုဒ် ၂၅-၂၆-၃၅ တို့နှင့်အညီ သဘာပတိ ဆရာတော် ရွေးချယ်ပြီးလျှင် ပုံစံ ၅-ဖြင့် စောဒက စုဒိတက ဆရာတော်များနှင့် စုဒိတက လူပုဂ္ဂိုလ်များကို ဆင့်ခေါ်၍ ၁၃၄၃-ခု၊ နယုန် လဆုတ် ၁၃-ရက်၊ ၁၉၈၁-ခု၊ ဇွန်လ(၃၀) ရက်နေ့၊ နံနက် ၈-နာရီ အချိန်မှ စ၍ ရန်ကုန်မြို့၊ ကမ္ဘာအေးကုန်းမြေ၊ အပရဂေါယာန ကျောင်းဆောင် အထက်ထပ် သီးခြား ဝိနိစ္ဆယ ရုံးခန်း၌ စောဒကဆရာတော်များ၏ ပထမ တင်သွင်းသော စောဒနာကို ကြားနာခဲ့ကြပါသည် ဘုရား၊ ၁၃၄၃-ခု ဝါဆိုလဆန်း(၃)ရက်၊ ၁၉၈၁-ခု၊ ဇူလိုင်လ ၄-ရက်နေ့ နံနက် ၈-နာရီ အချိန်မှစ၍ စောဒနာဆရာတော်များ နောက်ဆုံးတင်သွင်းသော ဝိသေသ စောဒနာကို ကြားနာခဲ့ကြပါသည် ဘုရား။

၁၃၄၃-ခု ဝါဆိုလဆန်း(၇)ရက် (၈)ရက်၊ ၁၉၈၁-ခုနှစ်၊ ဇူလိုင်လ(၈)ရက် (၉)ရက်နေ့များတွင် နံနက် (၈) နာရီမှ စ၍ စုဒိတက ပုဂ္ဂိုလ်တို့ တင်သွင်းသော သောဓနာချေပလွှာများကို ကြားနာခဲ့ကြပါသည် ဘုရား၊ စောဒက စုဒိတက ပုဂ္ဂိုလ်တို့ တင်သွင်းလွှာများကို စာမူဖြင့် တင်သွင်းစေခဲ့ပါသည်၊ ယင်းစောဒနာ သောဓနာ စာမူများနှင့်တကွ သက်သေခံအဖြစ် တင်ပြထားသော လူသေလူဖြစ်ဝါဒ၊ သမ္မာဒိဋ္ဌိဝါဒ၊ ရွှေအဘိဓမ္မာဝါဒဆိုင်ရာ စာအုပ် စာတမ်း တိတ်ခွေ ဓာတ်ပုံများကို ၁၃၄၃-ခု၊ ဝါဆိုလဆန်း (၈)ရက်နေ့ညနေမှစ၍ နေ့စဉ် နေ့တိုင်း ကြည့်ရှုနားထောင် သုံးသပ်ကြလျက် ဂန္ထန္ထရများ အပါအဝင်ဆိုင်ရာ ပိဋကတ်တော်များနှင့် ညှိနှိုင်းတိုက်ဆိုင်၍ ဤဝိနိစ္ဆယ စာတမ်းကို ရေးသားခဲ့ကြပါသည်။

ယင်းသို့ ရေးသားကြပြီးနောက် ၁၃၄၃-ခု၊ သီတင်းကျွတ် လပြည့်ကျော် ၁၁-ရက်၊ ၁၂-ရက်၊ ၁၃-ရက်၊ ၁၄-ရက်နှင့် တန်ဆောင်မုန်းလဆန်း ၁-ရက်၊ ၂-ရက် နေ့တို့၌ ဝိနည်းဓိုရ် ဆရာတော်များ အစုံအညီ ကြွရောက်တော်မူကြ၍ စောဒက စုဒိတကတို့၏ ရှေ့မှောက်၌ ဤဆုံးဖြတ်ကို ဖတ်ကြားချမှတ်ခဲ့ကြပါသည် ဘုရား၊ နိုင်ငံတော် သီးခြား ဝိနည်းဓိုရ်အဖွဲ့ အမှတ်(၂)၏ ဆုံးဖြတ်ချက် ဝိနိစ္ဆယ စာတမ်း စာမူကို ယခု စာနှင့်အတူ ပူးတွဲ ဆက်ကပ်ပါသည် ဘုရား။

နိုင်ငံတော် သီးခြား ဝိနည်းဓိုရ် အဖွဲ့ အမှတ် (၂) ဆရာတော်များ
၁။ ဘဒ္ဒန္တဃောသိတာဘိဝံသ ဃောသိတာရုံကျောင်းတိုက်၊ ထားဝယ်မြို့။
၂။ဘဒ္ဒန္တဇဝနာဘိဝံသ ဇဝနာဘိဝံသာရုံကျောင်းတိုက်၊ ကြို့ပင်ကောက်မြို့။
၃။ဘဒ္ဒန္တဓမ္မာဘိဝရ ကန်တွင်းဆုတောင်းပြည့်ကျောင်း၊ ပြည်မြို့။
၄။ဘဒ္ဒန္တကုမာရ မဟာဝိသုတာရာမတိုက်၊ မကွေးမြို့။
၅။ဘဒ္ဒန္တဉာနိက ပဇ္ဇောတာရုံကျောင်းတိုက်၊ မြောင်းမြမြို့။