မာတိကာသို့ ခုန်သွားရန်

ဝိနည်း ပရိဝါအရသာ

ဝီကီရင်းမြစ် မှ
6093ဝိနည်း ပရိဝါအရသာ — ပရိဝါ ပါဠိတော်ညောင်လေးပင်တောရဆရာတော်

ပရိဝါအရသာ

ညောင်လေးပင်တောရဆရာတော်

မာတိကာ

ပထမပါရာဇိက
ဇီဋီ---သာဋီ---ဝိဋီ----ကြွင်းပါရာဇိက
သံဃာဒိသေသ်-အနိယတ-နိဿဂ္ဂိပါစိတ်၊
ကထိနဝဂ်
ကောသိယဝဂ်-ပတ္တဝဂ်
သုဒ္ဓပါစိတ်-မုသာဝါဒမဂ်-ဘူတဂါမဝဂ်
ဩဝါဒဝဂ်-ဘောဇနဝဂ်-အစေလကဝဂ်
သုရာပါနဝဂ်-သပ္ပါဏကဝဂ်-သဟဓမ္မိကဝဂ်
ရာဇဝဂ်-ပါဋိဒေသနီ---သေခိယ၊ ပရိမဏ္ဍလဝဂ်
ဥဇ္ဇဂ္ဃိကဝဂ်-ခမ္ဘကတဝဂ်-ပိဏ္ဍပါတဝဂ်-ကဗဠဝဂ်
သုရုသုရုဝဂ်-ပါဒုကဝဂ်-အဋ္ဌဝါရ၌

၂-ကတာပတ္တိဝါရ
ပါရာဇိက-သံဃာဒိသေသ်-
နိဿဂ္ဂိပါစိတ်-ကထိနဝဂ်-ကောသိယဝဂ်-ပတ္တဝဂ်
သုဒ္ဓပါစိတ်-မုသာဝါဒဝဂ်-ဘူကဂါမဝဂ်
ဩဝါဒဝဂ်--ဘောဇနဝဂ်-အစေလကဝဂ်
သုရာမေရယ၀ဂ်-သပ္ပါဏကဝဂ်-သဟဓမ္မိကပဂ်
ရာဇဝဂ်-ပါဋိဒေသနီ
သေခိယ ပရိမဏ္ဍလဝဂ်- ဥဇ္ဇဂ္ဃိကဝဂ်-ခမ္ဘကတစ်
ပိဏ္ဍပါတဝဂ်- ကဗဠဝဂ်-သုရုသုရုဝဂ်-ပါဒုကဝဂ်
ဝိဋီ၊ အဋ္ဌဝါရ

၃-ဝိပတ္တိဝါရ
၄-သင်္ဂဟိတဝါရ
၅-သပုဋ္ဌာနဝါရ
၆-အဓိကရဏဝါရ
၇-သမထဝါရ
၈-သမုစ္စယဝါရ

အဋ္ဌပစ္စယဝါရ၌
၁-ကတ္ထပညတ္တိဝါရ၊ ၂-ကတာပတ္တိဝါရ၊ ၃-ဝိပတ္တိဝါရ၊ ၄-သင်္ဂဟိတဝါရ၊ ၅-သမုဋ္ဌာနဝါရ
၆-အဓိကရဏဝါရ၊ ၇-သမထဝါရ၊ ၈-သမုစ္စယဝါရ

၁-ကတ္ထပညတ္တိဝါရ၊ ကြွင်းပါရာဇိက၊ သံဃာဒိသေသ်
နိဿဂ္ဂိ၊ သုဒ္ဓပါစိတ်--လသုဏဝဂ်၊ ရတ္တန္ဓကာရဝဂ်၊
နဟာန၀ဂ်၊ တုဝဋ္ဋဝဂ်၊ စိတ္တာဝါရဝဂ်၊ အာရာမဝဂ်
ဂမ္ဘိနိဝဂ်-ကုမာရိဘူတဝဂ်-ဆတ္တုပါဟနဝဂ်
ပါဋိဒေသနီ၊ အဋ္ဌဝါရ၌-

၂-ကတာပတ္တိဝါရ
ပါရာဇိက၊ သံဃာဒိသေသ်-နိဿဂ္ဂိ
သုဒ္ဓပါစိတ်-လသုဏဝဂ်-ရတ္တန္ဓကာရဝဂ်--နှာနဝဂ်
တုဝဋ္ဋဝဂ်-စိတ္တာဝါရဝဂ်- အာရာမဝဂ်--ဂမ္ဘိနိဝဂ်
ကုမာရိဘူတဝဂ်--ဆတ္တုပါဟနဝဂ်
အဋ္ဌပါရ၌-

၃--ဝိပတ္တိဝါရ--သင်္ဂဟဝါရ
၅-သမုဋ္ဌာနဝါရ-
၆-အဓိကရဏဝါရ-သမထဝါရ-သမုစ္စယဝါရ

အဋ္ဌပစ္စယဝါရ၌-
၁-ကတ္ထပညတ္တိဝါရ၊ ၂-ကတာပတ္တိဝါရ၊ ၃-ဝိပတ္တိဝါရ၊ ၄-သင်္ဂဟဝါရ
၅-သမုဌာနဝါရ၊ ၆-အဓိကရဏဝါရ၊ ၇-သမထဝါရ၊ ၈-သမုစ္စယဝါရ

၃-သမုဋ္ဌာနသီသသင်္ခေပ
သမုဋ္ဌာန ၁၃-ပါး၊
၁-ပထမပါရာဇိက-၁-စမေထုနာ(၇၆)
၂-ဒုတိယပါရာဇိက၊ ၃-သဉ္စာ-သဗ္ဗ၊ ၄-သမနုဘာသနသမုဋ္ဌာန်၊ ၅--ကထိနသမုဋ္ဌာန် ၂၉
၆-ဧဠကလောမသမုဋ္ဌာန်၊ ၇-ပဒသောဓမ္မသမုဋ္ဌာန်၊ ၈-အဒ္ဓါနသမုဋ္ဌာန်၊ ၉-ထေယျသတ္ထသမုဋ္ဌာန်
၁ဝ-ဓမ္မဒေသနာသမုဋ္ဌာန်၊ ၁၁-ဘူတာရောစနသမုဋ္ဌာန်၊ ၁၂-စောရီဝုဋ္ဌာပနသမုဋ္ဌာန်၊ ၁၃-အနနုညာတသမုဋ္ဌာန်

(၄) ကတိပုစ္ဆာဝါရ၊ အယူမှတ်--ဘေဒကရ စသည်အကျယ်
(၅) ဝီသတိဝါရ၌
၁-ဆအာပတ္တိသမုဋ္ဌာန်ဝါရ၊ ၂-ဆန္နံအာပတ္တိသမုဋ္ဌာနာနံကတာပတ္တိဝါရ
၃-အာပတ္တိသမုဋ္ဌာနဝါရ၊ ၄-ဝိပတ္တိပစ္စယဝါရ၊ ၅-အဓိကရဏပစ္စယဝါရ
၆-အဓိကရဏပရိယာယဝါရ၊ ၇-သာဓာရဏဝါရ၊ ၈-တဗ္ဘာဂိယဝါရ
၉-သမထာသမထဿသာဓာရဏဝါရ၊ ၁၀-သမထာသမထဿတဗ္ဘာဂိယဝါရ
၁၁-သမထ သမ္မုခါဝိနယဝါရ၊ ၁၂-ဝိနယဝါရ၊ ၁၃-ကုသလဝါရ၊ ၁၄-ယတ္ထဝါရ
၁၅-သမထဝါရ၊ ၁၆-သံသဋ္ဌဝါရ၊ ၁၇-သမ္မတိဝါရ၊ ၁၈-သမ္မန္တိ နသမန္တိဝါရ
၁၉-သမထာဓိကရဏဝါရ၊ ၂ဝ-သမုဋ္ဌာပနဝါရ၊ သမထဘေဒ

(၆) ခန္ဓကပုစ္ဆာဝါရ
(၇) ဧကုတ္တရိက (၁၁-ခု)၊ ၁-ဧကက-၆၃
၁။ ဧကက ၁၂-မှ -၅။ ဧကက ၁၁-အထိ
ဧကုတ္တရိက၌ ၂၊ ဒုက ၁၁၂-မှ ၁၁၊ ဒုက ၃၇-အထိ
၃-တိက ၉၂-မှ-၁၈၊ တိက ၁၆-အထိ
၄။ စတုက္က-၇၁၊ ၁၉။ စတုက္က-၆-မှ ၂၅-စတုက္က-၂၁-အထိ
၅။ ပဉ္စက-၉၆၊ ၂၆-ပဉ္စက ၁၆မှ ၃၃-ပဉ္စက ၉-အထိ
၆-ဆက္က--၃၃၊ ၃၄-ဆက္က ၈-မှ ၃၆-ဆက္က ၉-အထိ
၇-သတ္တက--၃၃၊ ၃၇-သတ္တ၂၃၊ ၃၈- သတ္တက ၁ဝ
၈-အဋ္ဌက--၃၃၊ ၃၉-အဋ္ဌက ၁၁၊ ၄၀- အဋ္ဌက ၂၂
၉-နဝက ၂၆၊ ၄၁-နဝက ၁၄၊ ၄၂-နဝက ၁၂
၁၀-ဒသက ၅ဝ၊ ၄၃-ဒသက ၁၄၊ ၄၄-ဒသက ၈၊ ၄၅-ဒသက ၂၈
၁၁-ဧကာဒသက-၂ဝ၊ ၄၆-ဧကာဒသက ၁၈၊ ၄၇-ဧကာဒသက ၂

(၈) ဥပေါသထာဒိပုစ္ဆာဝိသဇ္ဇနာ၊ ၄၈။ ပုဒ် ၃၀-၏ပုစ္ဆာ
(၉) အတ္ထဝသပကရဏ၊ ၄၉-အကျိုးထူးဆယ်ပါး၊ ၅ဝ-ဗဒ္ဒစက်ဖွဲ့ခြင်း၊ ၅၁-ခဏ္ဍစက်
(၁၀) ဂါထာသင်္ဂဏိက၊ ၅၂-သတ္တနဂရေသုပညတ္တံ၊ ၅၃-ပုစ္ဆာ ၁၁-ချက်၊ ၅၄-ဂရုကာဒိဝိသဇ္ဇနာ
၅၅-ကြားဖြတ်ပြဿနာ၊ ၅၆-သာဓာရဏာဒိဝိသဇ္ဇနာ၊ ၅၇-ဝိပတ္တိအဖြေ၊ ၅၈-အပိုဖြေဆိုသောအာပတ္တိနိဗ္ဗစနာ

(၁၁) အဓိကရဏဘေဒ
၅၉-အဓိကရဏ၊ ၆၀-ဥက္ကောဋ၊ ၆၁-အာကာရပုဂ္ဂလ
၆၂-နိဒါန၊ ဟေတူ၊ ပစ္စယ၊ ၆၃။ မူလ၊ သမုဋ္ဌာန၊ ၆၄-အာပတ္တိ၊
အဓိကရဏအဓိပ္ပါယ်၊ ၆၅-ဟောတိ-ဖြစ်သလော
၆၆-ယတ္ထ၊ ၆၇-သံသဋ္ဌ၊ ၆၈-သမထ၏နိဒါန၊ ဟေဟု၊ ပစ္စယ၊
၆၉-မူလ၊ သမုဋ္ဌာန၊ ၇ဝ-နာနာတ္ထဗျန

၁၂-အပရဂါထာသင်္ဂဏိက၊ ၇၁-စောဒနာဒိအတ္ထ၊ ၇၂-အလဇ္ဇီစသည်၏လက္ခဏာ
၁၃-စောဒနာကဏ္ဍ၊ ၇၃-အနုဝိဇ္ဇကကိစ္စ၊ ၇၄-စော-အာဒိ၊ မူလစသည်၊ ၇၅-ဥပုသ်စသည်၊ ၇၆-စောဒက၏အလား-ဂတိ
၁၄-စူဠသင်္ဂါမ၊ ၇၇-စစ်ပွဲဝင်သူ၊ ၇၈-အနုဝိဇ္ဇကမမေးအပ်၊ ၇၉-အနုဝိဇ္ဇကကျင့်ဝတ်၊ ၈ဝ-သုတ္တသံသန္ဒနတ္ထ၊ ၈၁-သံဝရတ္ထာယ၊ ၈၂-ကြီးကဲ-ထိုက် မထိုက်
၁၅-မဟာသင်္ဂါမ၊ ၈၃-စစ်ပွဲဝင်သူ၊ ၈၄-ဝတ္ထုစသည်အကျယ်၊ ၈၅-အဂတိလေးပါး၊ ၈၆- သိစေအပ်စသည်၊ ၈၇-အနုဝိဇ္ဇကကိစ္စ၊ ၈၈-ပုစ္ဆာခွဲခြင်း

ဘယ်သူအားဘယ်သို့၊ သဟဇာတ(၁၅)
ကျေးဇူးပြုခြင်းပုစ္ဆာ၊ ကျေးဇူးပြုခြင်းအဖြေ
နိဒါန၊ ဟေတု၊ ပစ္စယ၊ သင်္ဂဟဝါရ
မူလစသည်၊ ပုဂ္ဂလ၊ ဇနိတဗ္ဗ-တစ်ဆယ်
ကထိန်ခင်းပုံ၊ မာတိကာရှစ်ပါး ပလိဗောဓပြတ်ခြင်း
အဓိန၊ သိမ်တွင်း သိမ်ပ၊ ဥပ္ပါဒ-နိရောဓ
သာဋီ၊ နိသျည်းလွတ်အင်္ဂါ၊ ကျောင်းထိုင်အင်္ဂါ
ကံထိုက်ကြောင်းများ၊ ကံမငြိမ်းကြောင်းများ
သင်္ဂါမာဝစရ ကိုယ်တွင်းပဉ္စက၊ ဝေါဟရန္တပဉ္စကများ
ဝိနည်းသင်ကျိုးပဉ္စက
ဆုံးဖြတ်သူဖြစ်ထိုက် မဖြစ်ထိုက်
ဒေသနာကြားသုံးပါးအထိ၊ အကပ်ခံခြင်း
အတိရိက်ဝိနည်းကံ၊ ပဝါရိတ်သင့်ခြင်း
ပရိညာတကရဏ၊ သြကာသကမ္မ
ဝိနည်းဆွေးနွေးအပ်သူ၊ ပဥှာပုစ္ဆာ
အညဗျာကရဏ၊ ဝိသုဒ္ဓိ၊ ဘောဇန
စောဒကအဇ္ဈတ္တ၊ သြကာသကမ္မ၊ အတ္ထာဒါန
ဗဟုပကာရ၊ စီစစ်အပ်သူ၊ဓုတင်သာမဏေ၊ မုသာငါးပါး
ဩမဒ္ဒိတွာ၊ အနုယောဂ၊ အာပတ်သင့်ကြောင်း
ဝေရ ဝေရမဏိ၊ ဗျသန သမ္ပဒါ၊ အဝန္ဒိယကံ၊
ကံထိုက်သောဘိက္ခုနီ
သြဝါဒမထားနိုင်သောရဟန်း၊ သြဝါဒကိုမယူနိုင်သောရဟန်း
မဆွေးနွေးအပ်၊ ဥဗ္ဗာဟိက၊ ဗာလပဏ္ဍိတ
အဓိကရုဏ်းကိုငြိမ်းစေသူ၊ သံဃာကွဲကြောင်း
သံဃရာဇီ၊ အတေကိစ္ဆ၊ နအတေကိစ္ဆ၊
အာဝါသိကငရဲကျခြင်း၊ ဝိနယဗျာကရဏ
ဆွမ်းညွှန်းစသည်ငရဲကျခြင်း၊ ကထိန်အာနိသင်
မေ့လျော့စွာအိပ်သူ၊ ရှိမခိုးထိုက်သူများ၊
ရှိခိုးထိုက်သူ၊ ရှိခိုးခြင်းအင်္ဂါ၊
အာပတ်ရောက်ခြင်းထခြင်း
သံဃာဒိသေသ်စသည်၊ အပေါင်းသမုဋ္ဌာန်

၁-ပုစ္ဆာလေးခု၊ ၂-ပုစ္ဆာလေးခု၊ ၃-ပုစ္ဆာသုံးခု၊ ၄-ပုစ္ဆာလေးခု၊ ၅-ပုစ္ဆာလေးခု၊ ၆-ပုစ္ဆာသုံးခု
၇-ပုစ္ဆာလေးခု၊ ၈-ပုစ္ဆာလေးခု၊ ၉-ပုစ္ဆာလေးခု၊ ၁၀-ပုစ္ဆာလေးခု၊ ၁၁-ပုစ္ဆာလေးခု၊ ၁၂-ပုစ္ဆာလေးခု
၁၃-ပုစ္ဆာသုံးခု၊ ၁၄-ပုစ္ဆာနှစ်ခု၊ ၁၅-ပုစ္ဆာလေးခု၊ ၁၆-ပုစ္ဆာတစ်ခု၊ ၁၇-ပုစ္ဆာတစ်ခု၊ ၁၈-ပုစ္ဆာတစ်ခု
၁၉-ပုစ္ဆာတစ်ခု၊ ၂၀-ပုစ္ဆာတစ်ခု၊ ၂၁-ပုစ္ဆာတစ်ခု၊ ၂၂-ပုစ္ဆာလေးခု-မှ-၅၄-ပုစ္ဆာတစ်ခု အထိ

နိဂုံး ဂါထာ၊
၁-သားသယ်အမေဝတ္ထု၊ ၂-ဂရုဘဏ်လဲခြင်း၊ ၃-နဂ္ဂ၊ ၄-ဆတ္တာသည်၊ ၅- နိမ္မိတဗုဒ္ဓ၊ ၆-ကဗန္ဓပြိတ္တာ၊ ၇-တိဏကုဋိ၊ ၈-မြေကျောင်း၊ ၉-အပြစ်ဖုံးသူ
၁၀-ပဏ္ဍကစသည်၊ ၁၁-မုသာဝါဒ၊ ၁၂-ဘိက္ခုနီ၊ ၁၃-ဧကတောနှစ်မျိုး၊ ၁၄-ပယောဂချင်းမတူလျှင်မပေါင်းရ၊ ၁၅-ဥဿကုဋိ၊ ၁၆-လိင်ပြန်ခြင်း
၁၇-ညွတ်စေခြင်း၊ ၁၈-ဂါမသိမ်ကြီး၊ ၁၉-အောင်သွယ်မှု၊ ၂၀-သင်္ကန်းဖွတ်ခိုင်းမှု၊ ၂၁-မိထွေးတော်ဂေါတမီ ရဟန်းဖြစ်ပုံ
၂၂-လိင်ပြန်သူတို့၊ ၂၃-တိရစ္ဆာန်၊ ၂၄-တမန်စေ၍ ရဟန်းပြုခြင်း၊ ၂၅-အဘဗ္ဗပုဂ္ဂိုလ်များ၊ ၂၆- ဖြတ်သူ၊ ဖုံးသူ၊ ၂၇-အမှန်၊အမှား၊ ၂၈-နိဿဂ္ဂိပစ္စည်း
၂၉-စားမြုံ့ပြန်သူ၊ ၃၀-သံဃဘေဒက၊ ၃၁-ကြီးစွာသောသစ်ပင်ကြီး၊ ၃၂-မိန်းမများစွာ၊ ၃၃-မိန်းမများစွာ၊ ၃၄-အဋ္ဌဝတ္ထုက၊ ၃၅-မိုဃ်းရေခံသင်္ကန်း
၃၆-တိတ္ထိကျင့်ဝတ်၊ ၃၇-တိတ္ထိကျင့်ဝတ်၊ ၃၈-ဘိက္ခုနီ၊ ၃၉-တန်ခိုးကြီးသောသာမဏေ၊ ၄၀-သင်္ကန်းခိုးသူ အလုခံရသူ၊ ၄၁-တိုက်တွန်းသူ
၄၂-တိုက်တွန်းသူ၊ ၄၃-ဥက္ခိတ္တက၊ ကံလေးပါး

ဝတ္ထုကြောင့်ကံပျက်ပုံ၊ ဉာတ်ကြောင့်ကံပျက်ပုံ၊ ကမ္မဝါစာကြောင့်ကံပျက်ပုံ၊ သိမ်ကြောင့်ကံပျက်ပုံ
ပရိသတ်ကြောင့်ကံပျက်ပုံ၊ ကမ္မပ္ပတ္တ၊ ဆန္ဒာရဟ
တဖန်ကံလေးပါး၊ ဝတ္ထုကြောင့်ကံပျက်ပုံ၊ ဉာတ်ကြောင့်၊ ကမ္မဝါစာကြောင့်၊ သိမ်ကြောင့်
ပရိသတ်ကြောင့်၊ ကံတို့၏ဌာန၊ ပန်-ငါးဌာန၊ ဉာတ်-နဝ၊ ဒု-ခုနစ်၊ စတု-ခုနစ်၊ ကမ္မပ္ပတ္တ၊ ဆန္ဒာရဟ
ထုတ်ခြင်း၊ သွင်းခြင်း၊ ဆံရိပ်ခြင်း၊ ဗြဟ္မဒဏ်၊ ကမ္မလက္ခဏာ
သွင်းခြင်း၊ ထုတ်ခြင်း၊ ဥပေါသထ၊ ပဝါရဏာ၊ သမ္မုတိ
ပေးခြင်း၊ ခံယူခြင်း၊ ငင်ခြင်း၊ ကမ္မလက္ခဏစသည်၊ ပြောကြားခြင်း- မှ-ပန်ရာဌာနအထိ

၁- အစ္ဆိန္နစီဝရာဒိ၊ ၂-အပ္ပမတ္တကဝိဿဇ္ဇက၊ ၃- ဂိလာနဘေသဇ္ဇ၊ ၄- ပေသလစသည်
၅-ပစ္စည်းလေးပါးစွမ်း၊ ၆-စေတီပြုပြင်ခြင်း၊ ၇-အသီးပင်ပန်ကြားပုံ
၈-သီးခြားကတိကဝတ်၊ ၉-မြေဆီခဆယ်ဘို့တစ်ဘို့၊ ၁၀-လဇ္ဇီတို့၏ ကျောင်းဟောင်း၊ ၁၁-ဒုဗ္ဘိက္ခအခါ
၁၂- ဖာတိကမ္မ၊ ၁၃-လူတို့လာတောင်းခြင်း၊ ၁၄- ဝေဖန်ခိုက်ရောက်သူ၊ ၁၅-ပုဂ္ဂလိကကျောင်း၌၊ ၁၆-သံဃိကဥယျာဉ်
မပညတ်သည်၌ ပညတ်၏

မာတိကာ ပြီးပါပြီ။

ပရိဝါအရသာ

နမော တဿဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

(၁) မဟာဝိဘင်း၊ သောဠသ မဟာဝါရ၊

အဋ္ဌဝါရ၌
၁။ ကတ္ထပညတ္တိဝါရ
၁။ ပါရာဇိက
မေခွန်း(၂၆)ရပ်။

၁။ သိတော်မူပြီးသော မြင်တော်မူပြီးသော ပူဇော်အထူး ခံတော်မူထိုက်သော အလုံးစုံသော တရားတို့ကို မဖောက်မပြန် ကိုယ်တော်တိုင် သိတော်မူပြီးသော မြတ်စွာဘုရားသည် အကြင် ပဌမပါရာဇိကကို ပညတ်တော်မူပြီ။

ထိုပဌမပါရာဇိကကို အဘယ်၌ ပညတ်သနည်း။
အဘယ်သူကို အကြောင်းပြု၍နည်း။
အဘယ် ဝတ္ထုကြောင့်နည်း။
ထိုပဌမပါရာဇိက၌ ပညတ် ရှိသလော၊ အနုပညတ်ရှိသလော၊ အနုပ္ပန္နပညတ်ရှိသလော၊ သဗ္ဗတ္ထပညတ်လော၊ ပဒေသပညတ်လော။
သာဓာရဏပညတ်လော၊ အသာဓာရဏပညတ်လော၊ ဧကတောပညတ်လော၊ ဥဘတောပညတ်လော၊
ငါးပါးသော ပါတိမောက္ခုဒ္ဒေသတို့တွင် အဘယ်၌ အတွင်းဝင်သနည်း၊
အဘယ်ဥဒ္ဒေသဖြင့် ရွတ်ဆိုအပ်သည် အဖြစ်သို့ရောက်သနည်း၊
လေးပါးသော ဝိပတ္တိတို့တွင် အဘယ်ဝိပတ္တိနည်း။
ခုနှစ်ပါးသော အာပတ်အစုတို့တွင် အဘယ်အာပတ်အစုနည်း၊
ခြောက်ပါးသော အာပတ္တိသမုဋ္ဌာန်တို့တွင် အဘယ်သမုဋ္ဌာန်တို့ကြောင့်ဖြစ်သနည်း၊
လေးပါးသော အဓိကရုဏ်းတို့တွင် အဘယ်အဓိကရုဏ်းနည်း၊
ခုနစ်ပါးသောသမထတို့တွင် အဘယ်သမထတို့ဖြင့် ငြိမ်းသနည်း၊
ထိုပဌမပါရာဇိက၌ ဝိနယသည် အဘယ်နည်း၊
အဘိဝိနယသည် အဘယ်နည်း။
ထို ပဌမပါရာဇိက၌ ပါတိမောက္ခသည် အဘယ်နည်း၊
အဓိပါမောက္ခသည် အဘယ်နည်း၊

ဝိပတ္တိသည် အဘယ်နည်း၊
သမ္ပတ္တိသည် အဘယ်နည်း၊
ပဋိပတ္တိသည် အဘယ်နည်း၊
အဘယ်မျှသော အကျိုးထူးတို့ကိုစွဲ၍ ပဌမပါရာဇိကကို ပညတ်သနည်း။
အဘယ်သူတို့သည် ကျင့်ကုန်သနည်း၊
အဘယ်သူတို့သည် ကျင့်ပြီးသောအကျင့် ရှိကုန်သနည်း၊
အဘယ်သူ၌ တည်သနည်း၊
အဘယ်သူတို့သည် ဆောင်ကုန်သနည်း၊
အဘယ် သူ၏စကားနည်း၊
အဘယ်ဆရာအဆက်ဆက်သည် အဆက်ဆက် ဆောင်သနည်း။

ဤကား မေးခွန်း -၂၆-ရပ်တည်း။

[ပုစ္ဆာ--၂၆-ရပ်၌ အနက်ကျဉ်းကား-

သာသနာ ကြာရှည်တည်စေခြင်း အကျိုးငှာ အရှင်သာရိပုတြာသည် သူတော်ကောင်းတရား၌ ရိုသေ မြတ်နိုးခြင်းအဟုန်ဖြင့် မြှောက်ချီအပ်သော လက်အုပ်ကို ဥုးခေါင်း၌တည်စေ၍ တောင်းပန်ခြင်းကြောင့် အကြင် ဘုရားရှင်သည် ဆယ်ပါးသော အကျိုးထူးတို့ကိုစွဲ၍ ဝိနည်းပညတ်ကို ပညတ်တော်မူလေပြီ။

ထိုဘုရားရှင်သည် ထိုထိုသိက္ခာပုဒ်၏ ပညတ်အပ်သော အခါကိုသိ၍ ထိုထိုသိက္ခာပုဒ်ပညတ်ခြင်း၊ ဆယ်ပါးသော အကျိုးထူးတို့ကိုမြင်၍၊ တစ်နည်း (သုတ္တန်နည်းဖြင့်ကား)

ပုဗ္ဗေနိဝါသ စသည်တို့ဖြင့်သိ၍၊
ဒိဗ္ဗစက္ခုဖြင့်မြင်၍ (ဝိဇ္ဇာသုံးပါးကိုချိန်သည်)၊
ဝါ- ဝိဇ္ဇာသုံးပါး အဘိညာခြောက်ပါး တို့ဖြင့်သိ၍၊
အပိတ်အပင်မရှိသော သမန္တစက္ခုဖြင့်မြင်၍၊
ဝါ-အလုံးစုံကိုသိစွမ်းနိုင်သော ပညာဖြင့်သိ၍၊
သတ္တဝါတို့၏ မျက်စိ အာရုံကိုလွန်သော နံရံ စသည်ခြားသော အဆင်းတို့ကိုသော်လည်း အလွန်စင်ကြယ်သော မံသစက္ခုဖြင့်သာမြင်၍၊
ဝါ- အတ္တဟိတ ပြီးစီးကြောင်း သမာဓိလျှင် နီးစွာသော အကြောင်းရင်းရှိသော ပဋိဝေဓပညာ ဖြင့်သိ၍၊
ပရဟိတပြီးစီးကြောင်း ကရုဏာလျှင် နီးစွာသောအကြောင်းရင်းရှိသော ဒေသနာပညာဖြင့်မြင်၍ (ဒုက လေးခု)
အကြင် ပဌမ ပါရာဇိကကို ပညတ်ပြီ။

ထို ပဌမပါရာဇိကကို အဘယ်အရပ်၌ ပညတ်သနည်း၊
အဘယ်သူကို အကြောင်းပြု၍ ပညတ်သနည်း၊
အဘယ်ဝတ္ထုကြောင့် ပညတ်သနည်း၊
ထို ပဌမပါရာဇိက၌ ပညတ်သည် ရှိသလော၊ (ပ)။
အဘယ် ဆရာအဆက်ဆက်သည် အဆက်ဆက်ဆောင်သနည်း၊
ဤကား အနက်ကျဉ်းတည်း။]

ဇီဋီ။ ။ ဝိနည်းဖြစ်၍ဖြစ်သောပညတ်သည် ဝိနည်း ပညတ်မည်၏။
ပညတ်အပ်သော အခါကိုသိ၍ စသော ဒုကနယဖြင့်ဆိုပြီး၍ တဖန် သုတ္တန်နည်းဖြင့် ဆိုခြင်း - တစ်နည်း ပုဗ္ဗေနိဝါသ စသည်တို့ဖြင့် စသည်ကိုဆိုသည်- စသည်။

သာဋီ။ ။ ဝိနည်းပညတ်ဟူသည် ဝိနယဘူတ ပညတ်တည်း။
ဉာဏနှင့် ဒဿနသည် ပညာ၏ဝေဝုစ် ဖြစ်သော်လည်း ထိုထိုဝိသေသနဖြင့် ဝိသယအထူး၌ ဖြစ် သည်ကို ပြခြင်းငှါ ဝိဇ္ဇာသုံးပါးစွမ်းဖြင့်လည်းကောင်း၊ အဘိညာအနာ၀ရဏ ဉာဏ်စွမ်းဖြင့် လည်းကောင်း၊ သဗ္ဗညုတ ဉာဏ်နှင့် မံသစက္ခုစွမ်းဖြင့် လည်းကောင်း၊ ပဋိဝေဓဉာဏ် ဒေသနာဉာဏ်စွမ်းဖြင့် လည်းကောင်း (နည်းလေးခုဖြင့်) သုတ္တန်နည်းယှဉ်ပြလို၍ တစ်နည်း စသည်ကို ဆိုသည်။

ပဌမနည်း၌ ပုဗ္ဗေနိဝါသ စသည်တို့ဖြင့် ဟူသည် ပုဗ္ဗေနိဝါသ, အာသဝက္ခယ ဉာဏ်နှစ်ပါးတို့ဖြင့်တည်း။
စတုတ္ထနည်း၌ ပဋိဝေဓပညာသည် အရိယမဂ္ဂပညာတည်း။
ဒေသနာပညာဖြင့် မြင်ခြင်းသည် ဒေသေတဗ္ဗ (ဟောအပ်သော) ဓမ္မတို့၏ ဟောအပ်သော ခြင်းရာကို လည်းကောင်း၊ ကျွတ်တိုက်သူတို့၏ အာသယ, အနုသယ, စရိုက်, နှလုံးသွင်း စသော အပြားကို လည်းကောင်း ဓမ္မဒေသနာပညာဖြင့် ဟုတ်တိုင်းမှန်စွာ မြင်ခြင်းတည်း။

အရိ + ဟတ- ကိလေသာရန်သူကို + သတ်သောကြောင့် အရဟန္တ
အရ + ဟတ- သံသရာစက်၏ အကန့်တို့ကို + ဖျက်ဆီးသောကြောင့် အရဟန္တ
အရဟ- ပူဇော် အထူးကို ခံထိုက်သောကြောင့် အရဟန္တ
သမ္မာ + သံ + ဗုဒ္ဓ- မဖောက်မပြန် လည်းကောင်း + ကိုယ်တော်တိုင် လည်းကောင်း + သစ္စာလေးပါး သိသောကြောင့် သမ္မာသမ္ဗုဒ္ဓ မည်၏။

ဇာနတာ ပဿတာ စသော ပါဠိကို စတုဝေသာရဇ္ဇစွမ်းဖြင့်လည်း ယောဇနာအပ်၏။ ယောဇနာပုံကား--

ဇာနတာ- အန္တရာယိက ဓမ္မတို့ကို သိတော်မူသော။
ပဿဟာ- နိယျာနိက ဓမ္မတို့ကို မြင်တော်မူသော။
အရဟတာ- ကိလေသာရန်သူကို သတ်တော်မူသော။
သမ္မာသမ္ဗုဒ္ဓေန- မဖောက်မပြန် ကိုယ်တိုင် သစ္စာလေးပါး သိတော်မူသော။
ဘဂဝတာ- မြတ်စွာဘုရားသည်။
(အန္တရာယနိယျာနအာသဝက္ခယဗုဒ္ဓတ္တ- လေးပါး၌ ရဲရင့်သော ဉာဏ်လေးပါးသည် စတုဝေသာရဇ္ဇဉာဏ်မည်၏။)

ဒသဗလဂုဏ်စွမ်းဖြင့်လည်း---

ဇာနတာ- ဌာနာဌာန, ဝိပါက စသော ဝေဘန်ခြင်းကို သိတော်မူသော။
ပဿတာ- ကံအားလျော်စွာဖြစ်သော သတ္တဝါတို့ကို ဒိဗ္ဗစက္ခုဖြင့် မြင်တော်မူသော။
အရဟတာ- ဝါသနာနှင့်တကွသော အာသဝေါတို့ကို ဖျက်ဆီးတော်မူသော။
သမ္မာသမ္ဗုဒ္ဓေန- အဘိညေယျ, ပဟာတဗ္ဗ စသောဓမ္မတို့ကို သိအပ် ပယ်အပ် စသည်ဖြင့် မဖောက်မပြန် ထိုးထွင်း သိတော်မူသော။
ဘဂဝတာ- မြတ်စွာဘုရားသည်။ ဟူ၍ လည်းကောင်း။

အဋ္ဌာရသ အာဝေဏိက ဗုဒ္ဓဓမ္မစွမ်းဖြင့်လည်း--

ဇာနတာ- ကာလသုံးပါး၌ မပိတ်ပင်အပ်သောဉာဏ်ဖြင့် သိတော် မူသော။
ပဿတာ- ကာယကံစသော ကံသုံးပါးတို့၏ ဉာဏ်တော်သို့ အစဉ်လိုက်ခြင်းကြောင့် ကောင်းစွာ ပြုခြင်းဖြင့် မြင်တော်မူသော။
အရဟတာ- ဒ၀, ရဝ စသည် မရှိခြင်းကို ပြီးစေသော ပဟာနသမ္ပဒါဖြင့် အရဟန္တဖြစ်တော်မူသော။
သမ္မာသမ္ဗုဒ္ဓေန- ဆန္ဒ, ဝီရိယ စသည်၏ မဆုတ်ယုတ်ကြောင်း မကုန်ခန်းသော ပဋိဘာန်ကို ပြီးစေသော သဗ္ဗညုတဉာဏ်ဖြင့် သမ္မာသမ္ဗုဒ္ဓ ဖြစ်တော်မူသော။
ဘဂဝတာ- မြတ်စွာဘုရားသည်။ ဟူ၍လည်းကောင်း ယောဇနာအပ်၏။

ဝိဋီ။ ။ သမန္တစက္ခုသည် သဗ္ဗညုတဉာဏ်တည်း။
အလွန်စင်ကြယ်သော မံသစက္ခု ဟူသည် ညဥ့်, နေ့ ဝန်းကျင် ယူဇနာအတွင်း အလွန်သိမ်မွေ့သော အဆင်းကို သော်လည်း မြင်နိုင်သော မံသစက္ခုဖြစ်၏။)

ပဌမပါရာဇိက

၂။ သိတော်မူပြီးသော (ပ) မြတ်စွာဘုရားသည် အကြင် ပဌမပါရာဇိကကို ပညတ်တော်မူပြီ။
ထို ပဌမပါရာဇိကကို အဘယ်၌ပညတ်သနည်း၊ ဤသို့သော အမေး၌ ဝေသာလီ၌ ပညတ်သည်။ ဤသို့သော အဖြေဖြစ်၏၊
အဘယ်သူကို အကြောင်းပြု၍နည်း၊ ကလန္ဒသူဌေးသား ရှင်သုဒိန်ကို အကြောင်းပြု၍တည်း။
အဘယ်ဝတ္ထုကြောင့်နည်း၊ ရှင်သုဒိန်သည် မယားဟောင်း၌ မေထုန်ကျင့်။ ထိုဝတ္ထုကြောင့်တည်း။

ထို ပဌမပါရာဇိက၌ ပညတ်ရှိသလော၊ အနုပညတ်ရှိသလော၊ အနုပ္ပန္န ပညတ်ရှိသလော၊ ပညတ် တစ်ခုရှိ၏။ အနုပညတ် နှစ်ခုရှိ၏။ အနုပ္ပန္နပညတ် မရှိ။
သဗ္ဗတ္ထပညတ်လော၊ ပဒေသပညတ်လော၊ သဗ္ဗတ္ထ ပညတ်ဖြစ်၏။
သာဓာရဏပညတ်လော၊ အသာဓာရဏပညတ်လော၊ သာဓာရဏ ပညတ်ဖြစ်၏။
ဧကတောပညတ်လော၊ ဥဘတောပညတ်လော၊ ဥဘတော ပညတ်ဖြစ်၏။

ငါးပါးသော ပါတိမောက္ခုဒ္ဒေသတို့တွင် အဘယ်၌အတွင်း ၀င်သနည်း၊ နိဒါန်း၌အတွင်းဝင်၏။
အဘယ်ဥဒ္ဒေသဖြင့် ရွတ်ဆိုအပ်သည် အဖြစ်သို့ ရောက်သနည်း၊ ဒုတိယ ဥဒ္ဒေသဖြင့် ရွတ်ဆိုအပ်သည် အဖြစ်သို့ရောက် ၏။
လေးပါးသောဝိပတ္တိတို့တွင် အဘယ်ဝိပတ္တိနည်း၊ သီလဝိပတ္တိဖြစ်၏၊
ခုနှစ်ပါးသောအာပတ်အစုတို့တွင် အဘယ်အာပတ်အစုနည်း၊ ပါရာဇိက အာပတ်အစုဖြစ်၏။

ခြောက်ပါးသော အာပတ္တိသမုဋ္ဌာန်တို့တွင် အဘယ်သမုဋ္ဌာန်တို့ကြောင့်ဖြစ်သနည်း၊ တစ်ခုသောသမုဋ္ဌာန်ကြောင့် ဖြစ်၏။ ကာယကြောင့် လည်းကောင်း, စိတ္တကြောင့်လည်းကောင်း ဖြစ်သည်။ ဝါစာကြောင့်မဖြစ်။ ဝါ- ကာယ, စိတ္တ ဟူသော စတုတ္ထသမုဋ္ဌာန် တစ်ခုကြောင့်ဖြစ်၏။ (စတုတ္ထသည် မေထုနသမုဋ္ဌာန်တည်း။ စ-မေထုနာ ဟု အကျဉ်းသိ။)

လေးပါးသော ဟု အဓိကရုဏ်းတို့တွင် အဘယ်အဓိကရုဏ်းနည်း၊ အာပတ္တာဓိကရုဏ်းဖြစ်၏။
ခုနှစ်ပါးသော သမထတို့တွင် အဘယ်သမထတို့ဖြင့် ငြိမ်းသနည်း၊ သမ္မုခါဝိနည်း, ပဋိညာတကရဏ ဟူသော သမထနှစ်ပါးတို့ဖြင့်ငြိမ်း၏။

ထို ပဌမ ပါရာဇိက၌ ဝိနယသည် အဘယ်နည်း၊ အဘိဝိနယသည် အဘယ်နည်း၊
ပညတ္တိ (ပညတ်) သည် ဝိနယဖြစ်၏။ ဝိဘတ္တိ (ဝေဘန်ခြင်း) သည် အဘိဝိနယ ဖြစ်၏။
ပါတိမောက္ခသည် အဘယ်နည်း၊ အဓိပါတိမောက္ခသည် အဘယ်နည်း၊
ပညတ္တိသည် ပါတိမောက္ခဖြစ်၏။ ဝိပတ္တိသည် အဓိပါတိမောက္ခ ဖြစ်၏၊

ဝိပတ္တိသည်အဘယ်နည်း၊ မစောင့်စည်းခြင်းသည် ဝိပတ္တိဖြစ်၏။
သမ္ပတ္တိသည် အဘယ်နည်း၊ စောင့်စည်းခြင်းသည် သမ္ပတ္တိဖြစ်၏။
ပဋိပတ္တိသည် အဘယ်နည်း၊ ဤသို့သောအကျင့်ကို မလွန်ကျူးပါအံ့-ဟု အသက်ထက်ဆုံး ဆောက်တည်၍ ကျင့်ခြင်းသည် ပဋိပတ္တိဖြစ်၏။

ဆယ်ပါးသောအကျိုးထူး

အဘယ်မျှသော အကျိုးထူးတို့ကိုစွဲ၍ ပဌမပါရာဇိကကို ပညတ်သနည်း၊ ဆယ်ပါးသော အကျိုးထူးတို့ကိုစွဲ၍ ပညတ်သည်။

၁။ သံဃာသည် “ကောင်းပါပြီ၊ လိုက်နာပါမည်” ဟု ဝန်ခံစေခြင်းငှါ လည်းကောင်း၊
၂။ သံဃာသည် ဝန်ခံခြင်းတူ အသက်မွေးတူသဖြင့် ချမ်းသာစွာ နေရခြင်းငှါ လည်းကောင်း၊
၃။ အလဇ္ဇီဒုဿီလတို့ကို နှိမ်နင်းနိုင်ခြင်းငှါ လည်းကောင်း၊
၄။ လဇ္ဇီပေသလတို့ ကျင့်စရာသိ၍ ကျင့်လွယ်ခြင်းငှါ လည်းကောင်း၊
၅။ မျက်မှောက်အာသဝဘေးကို စောင့်စည်းခြင်းငှါ လည်းကောင်း၊
၆။ တမလွန် အာသဝဘေးကို တားခြင်းငှါလည်းကောင်း၊
၇။ မကြည်ညိုသူ ကြည်ညိုခြင်းငှါ လည်းကောင်း၊
၈။ ကြည်ညိုသူ လွန်စွာကြည်ညိုခြင်းငှါလည်းကောင်း၊
၉။ သဒ္ဓမ္မ သုံးပါး တည်ခြင်းငှါလည်းကောင်း၊
၁၀။ ဝိနည်းလေးပါး ချီးမြှောက်ခြင်းငှါ လည်းကောင်း၊

ဤအကျိုးထူး ဆယ်ပါးကိုစွဲ၍ ပညတ်သည်။

အဘယ်သူတို့သည် ကျင့်ကုန်သနည်း၊ သေက္ခပုဂ္ဂိုလ်, ကလျာဏ ပုထုဇဉ်ပုဂ္ဂိုလ်တို့သည် ကျင့်ကုန်၏။
အဘယ်သူတို့သည် ကျင့်ပြီးသော အကျင့်ရှိကုန်သနည်း၊ ရဟန္တာတို့သည် ကျင့်ပြီးသောအကျင့် ရှိကုန်၏။
အဘယ်သူ၌ တည်သနည်း၊ သိက္ခာကာမပုဂ္ဂိုလ်တို့၌တည်၏။
အဘယ်သူတို့သည် ဆောင်ကုန်သနည်း၊ လေ့လာသူတို့သည် ဆောင်ကုန်၏။
အဘယ်သူ၏ စကားနည်း၊ မြတ်စွာဘုရား၏စကားဖြစ်၏။
ကေနာဘတံ- အဘယ်ဆရာ အဆက်ဆက်သည် အဆက်ဆက်ဆောင်သနည်း၊ ပရမ္ပရာဘတံ- ဥပါလိ မထေရ်, ဒါသကမထေရ် စသည်တို့သည် အဆက်ဆက် ဆောင်ကုန်၏။

၃။ ဥပါလိဒါသကသောဏကသိဂ္ဂဝမောဂ္ဂလိပုတ္တတိဿ- ဤ ရဟန္တာငါးပါးသည် ဇမ္ဗူဒိပ်ကျွန်း၌ အဆက်ဆက် တတိယသင်္ဂါယနာတိုင်အောင် မပြတ်ဆောင်ကုန်၏။ (သီဟိုဠ်အထိ ဤ မထေရ်ဆက်တို့ကို နောက်ဆရာများ ဆက်ကြသည်။ ဤပရိဝါကို ရှင်ဥပါလိ ဟောကြောင်း နောက်၌ ထင်ရှားလတံ့။)

ထို့နောင် မဟိန္ဒဣဋ္ဋိယဥဋ္ဋိယသမ္ဗလဘဒ္ဒနာမ- ဤရဟန္တာ ငါးပါးသည် ဇမ္ဗူဒိပ်မှ သီဟိုဠ်သို့ကြွလာ၍ ဝိနည်း ပိဋကတ်ပို့ချကုန်၏။ နိကာယ်ငါးကျမ်း၊ အဘိဓမ္မာခုနစ်ကျမ်း တို့ကိုလည်း ပို့ချကုန်၏။

ထို့နောင် အရိဋ္ဌတိဿဒတ္တကာဠသုမနဒီဃဒီဃသုမနကာဠသုမနနာဂဗုဒ္ဓရက္ခိတတိဿဒေဝသုမနစူဠနာဂဓမ္မပါလိတခေမဥပတိဿဖုဿဒေဝသုမနပုပ္ဖနာမ ဟူသော မဟာပဒုမမဟာသိ၀ဥပါလိမဟာနာဂအဘယတိဿပုပ္ဖနာမ ဟူသော သုမန၊ (ဤ ပုပ္ဖနာမ မထေရ်ကား သာသနာစောင့်ရှောက်လျက် ဇမ္ဗူဒိပ်၌ နေသည်။) စူဠာဘယတိဿစူဠဒေဝသိဝ ဤရဟန္တာ ၂၈-ပါးတို့သည် သီဟိုဠ်ကျွန်း၌ အဆက်ဆက် ဝိနည်းပိဋကတ် ပို့ချကုန်၏။

[ပညတ်တစ်ခုကား- ယော ပန ဘိက္ခု မေထုနံ ဓမ္မံ ပဋိသေဝေယျ ပါရာဇိကော ဟောတိ အသံဝါသော - ဤကား ပညတ်တစ်ခုဖြစ်၏။ ဝါ- မူလပညတ်ဖြစ်၏။

အနုပညတ်နှစ်ခုကား - အန္တမသော တိရစ္ဆာနဂတာယပိ- သည်လည်းကောင်း၊ သိက္ခံ အပစ္စက္ခာယ- သည် လည်းကောင်း မက္ကဋိဝတ္ထု ဝဇ္ဇီပုတ္တကဝတ္ထုစွမ်းဖြင့် အနုပညတ် နှစ်ခုဖြစ်၏။ ဤသို့ နှစ်ဘို့ကို ဖြေသည်။

တတိယအဘို့ကို ဖြေခြင်းငှါ အနုပ္ပန္နပညတ်မရှိဟု ဆိုသည်။

အနုပ္ပန္နပညတ် မည်သည်ကို အပြစ်မဖြစ်မီ ပညတ်သည်။ အဋ္ဌဂရုဓမ္မစွမ်းဖြင့် ဘိက္ခုနီတို့အားသာ လာသည်။ တခြား၌မရှိ။ ထို့ကြောင့် အနုပ္ပန္နပညတ် မရှိဟုဆိုသည်။

သဗ္ဗတ္ထပညတ်ဟူသည် - မဇ္ဈိမဒေသ၌လည်းကောင်း၊ ပစ္စန္တိမ ဇနပုဒ်တို့၌ လည်းကောင်း အရပ်အားလုံး၌ ပညတ်ခြင်းတည်း။

၁။ ဝိနယဓရပဉ္စမဂဏဖြင့် ဥပသမ္ပဒကံဆောင်ခြင်း၊
၂။ သုံးထပ်ထက်လွန်သော အထပ်များသော ဘိနပ်စီးခြင်း၊
၃။ နေ့တိုင်းရေချိုးခြင်း၊
၄။ သားရေအခင်း ခင်းခြင်း-
ဤသိက္ခာပုဒ် လေးခုသည် မဇ္ဈိမဒေသ၌သာပညတ်၍ မဇ္ဈိမဒေသ၌သာ အာပတ်ကိုဖြစ်စေ၏။ ပစ္စန္တရာဇ်၌ အာပတ်မသင့်စေ။

ငါးပါးရဟန်းခံ၊ သုံးထပ်လွန်ဘိနပ်၊ မပြတ်ရေချိုး၊ သားရေမျိုးခင်း၊
ပယ်ရှင်းမဇ္ဈတ်၊ ပစ္စန်အပ်၊ လေးရပ် ပဒေသ ပညတ်တည်း။

ဤလေးခုမှ ကြွင်းသမျှအားလုံးသည် သဗ္ဗတ္ထပညတ် မည်၏။

သာဓာရဏပညတ်သည်- ဘိက္ခုတို့အားလည်းကောင်း၊ ဘိက္ခုနီတို့အားလည်းကောင်း ဆက်ဆံသော ပညတ်ခြင်းဖြစ်၏။

ဘိက္ခုသက်သက်အားလည်းကောင်း၊ ဘိက္ခုနီသက်သက်အား လည်းကောင်း ပညတ်သောသိက္ခာပုဒ်သည် အသာဓာရဏပညတ် မည်၏။

ဤ ပဌမပါရာဇိကကိုကား ဘိက္ခုကိုအကြောင်းပြု၍ ဖြစ်သော ဝတ္ထု၌ ယာ ပန ဘိက္ခုနီ ဆန္ဒသော မေထုနံဓမ္မံ ပဋိသေဝေယျ အန္တမသော တိရစ္ဆာန ဂတေနာပိ ပါရာဇိကာ ဟောတိ အသံဝါသာ ဟု ဘိက္ခုနီတို့အားလည်း ပညတ်တော်မူ၏။ ဘိက္ခုနီတို့အား ဝိနီတကထာမျှသာ မရှိ၊ သိက္ခာပုဒ်ကား ရှိ၏။

ထို့ကြောင့် သာဓာရဏပညတ်ဟုဆိုသည်။ ဥဘတော ပညတ်၌လည်း ဤနည်းသာတည်း။ သဒ္ဒါမျှထူး၏။ နှစ်ဦးလုံးတို့အား ဆက်ဆံသောကြောင့် သာဓာရဏပညတ်၊ နှစ်ဦးလုံးတို့အား ပညတ်သောကြောင့် ဥဘတော ပညတ်။ ဤသို့ အနက်၌ကား ထူးခြင်းမရှိ။

နိဒါန်း၌အတွင်းဝင်၏ ဟူသည်- ‘ယဿ သိယာ အာပတ္တိ သော အာဝိကရေယျ’- ဟူသော နိဒါန်းပါဠိ၌ အာပတ် အားလုံး (၇- ပါးလုံး) ဝင်သောကြောင့် နိဒါန်း၌ အတွင်းဝင်သည်မည်၏။

ဒုတိယဥဒ္ဒေသဖြင့်ဟူသည် နိဒါန်း၌ အတွင်းဝင်သော်လည်း တတြိ မေ စတ္တာရော ပါရာဇိကာဓမ္မာ - စသော ဒုတိယဥဒ္ဒေသဖြင့်သာ ရွတ်ဆိုအပ်သည် အဖြစ်သို့ရောက်၏။ (ဝါ-လပြည့် လကွယ် သိမ်တွင်း၌ ဥပုသ်ပြုသော အခါ ရွတ်ဆိုအပ်၏။)

လေးပါးသော ဝိပတ္တိကား- သီလဝိပတ္တိ စသည်တည်း။ ပဌမ အာပတ်အစုနှစ်ခုသည် သီလဝိပတ္တိမည်၏။ ကြွင်းငါးခုသည် အာစာရ ဝိပတ္တိမည်၏။ မိစ္ဆာဒိဋ္ဌိ၊ အန္တဂ္ဂါဟိကဒိဋ္ဌိ တို့သည် ဒိဋ္ဌိဝိပတ္တိ မည်၏။ အာဇီဝကြောင့်ပညတ်သော သိက္ခာပုဒ်ခြောက်ခုသည် အာဇီဝဝိပတ္တိ မည်၏။ ထိုတွင် ဤပါရာဇိကသည် သီလဝိပတ္တိမည်၏။

(မိစ္ဆာဒိဋ္ဌိသည် နတ္ထိဒိန္နံနတ္ထိယိဋ္ဌံ စသောဝတ္ထုဆယ်ပါးရှိသော ဒသဝတ္ထုကာ ဒိဋ္ဌိဖြစ်၏၊ အကျိုးပယ်သော နတ္ထိကဒိဋ္ဌိတည်း။)

(အန္တဂ္ဂါဟိကဒိဋ္ဌိသည် ဟောတိ တထာဂတော ပရမ္မရဏာ- စသော သဿတ ဥစ္ဆေဒ အစွန်းနှစ်ခုယူသော ဒိဋ္ဌိဖြစ်၏။)

တစ်ခုသော သမုဋ္ဌာန်ဟူသည်- ကာယ၊ စိတ္တ အင်္ဂါနှစ်ပါး ရှိသော (စတုတ္ထ) သမုဋ္ဌာန်တစ်ခုဖြစ်၏။ ထိုတွင် စိတ္တသည် အင်္ဂါဖြစ်၏။ ကာယကြောင့် အာပတ်သို့ရောက်၏။ ထို့ကြောင့် ကာယကြောင့် လည်းကောင်း, စိတ္တကြောင့် လည်းကောင်း ဖြစ်သည်ဟုဆိုသည်။

သမထနှစ်ပါးတို့ဖြင့်ဟူသည် “သင် အာပတ်သို့ ရောက်သလော” ဟု မျက်မှောက်မေး၍ ရောက်မိပါသည်ဟု ဝန်ခံအံ့၊ ထိုခဏတွင် ငြင်းခုံခြင်းတို့သည် ငြိမ်းကုန်၏။ ထို ပုဂ္ဂိုလ်ကိုဖယ်၍ ဥပုသ် ပဝါရဏာကိုလည်း ပြုနိုင်၏။ ဤသို့ သမ္မုခါဝိနည်း, ပဋိညာတကရဏဝိနည်း နှစ်ပါးတို့ဖြင့်ငြိမ်း၏။ ထိုအကြောင်းကြောင့် တစ်စုံ တစ်ခုသော ဘေးရန်မဖြစ်။ အထက် ပညတ္တိဝဂ်၌ န ကတမေန သမယေန သမ္မတိ ဟူသော စကားကိုကား သမထသို့ ချသွင်း၍ အနာပတ္တိပြုခြင်းငှါ မတတ်ကောင်းဟူသော ဤအနက်ကို ရည်ဆိုသည်။

ပညတ္တိသည် ဝိနယဖြစ်၏ဟူသည်- ယော ပန ဘိက္ခု စသော နည်းဖြင့်ဟောသော မာတိကာပညတ္တိသည် ဝိနယဖြစ်၏ ဟူလို။

ဝိဘတ္တိဟူသည် ပဒဘာဇနဖြစ်၏။ ဝိဘတ္တိသည် ဝိဘင်္ဂ၏ အမည်သာတည်း။

မစောင့်စည်းခြင်းသည်- လွန်ကျူးခြင်းတည်း။

စောင့်စည်းခြင်းသည်- မလွန်ကျူးခြင်းတည်း။

လေ့လာသူတို့ဟူသည် ဝိနည်းပိဋကပါဠိကို လည်းကောင်း၊ အဋ္ဌကထာကို လည်းကောင်း အလုံးစုံ လေ့လာ သူတို့တည်း။ အလုံးစုံသော ဝိနည်းပိဋကကိုမသိလျှင် ထိုသိက္ခာပုဒ်၏ အနက်ကို မသိနိုင်။

ကေနာဘတံ ဟူသည် ဤ ပဌမပါရာဇိကကို ပါဠိစွမ်း အနက်စွမ်းဖြင့် ယနေ့တိုင်အောင် အဘယ်သူ ဆောင်သနည်း။

ပရမ္ပရာဘတံ ဟူသည် ဆရာအဆက်ဆက်သည် ဆောင်၏။ ထိုအဆက်ဆက်ကို ပြခြင်းငှါ ‘ဥပါလိ ဒါသကော စေဝ’စသည်ဖြင့် ရှေးမထေရ်များ ဂါထာတို့ကို ထားကုန်၏။

ဤနည်းဖြင့် ဒုတိယပါရာဇိက စသည်တို့၏ ပုစ္ဆာ, ဝိဿဇ္ဇနာ တို့၌လည်း အဆုံးအဖြတ်ကို သိအပ်၏။]

(ဇီဋီ။ ။ မိစ္ဆာဒိဋ္ဌိ ဟူသည် နတ္ထိကဒိဋ္ဌိဖြစ်၏။ (ပဝါရဏက္ခန္ဓကဋီကာတို့၌ နတ္ထိဒိန္နံ စသော ဒသဝတ္ထုကာသည် မိစ္ဆာဒိဋ္ဌိ။ ဟောတိ တထာဂတော ပရမ္မဏာန ဟောတိ တထာဂတော ပရမ္မဏာ စသည်ဖြင့် သဿတ, ဥစ္ဆေဒ ဟူသော အစွန်းကိုယူသော ဒိဋ္ဌိသည် အန္တဂ္ဂါဟိကာ-ဟု ဖွင့်သည်။)
အာဇီဝကြောင့် ပညတ်သောဟု ဆိုသောကြောင့် ဤ သိက္ခာပုဒ်ခြောက်ခုမှ ကြွင်းသမျှသည် အာစာရဝိပတ္တိ မည်၏သု သိအပ်၏၊ စသည်။

သာဋီ။ ။ မဇ္ဈိမဒေသ၌သာ ဟူသည်- ဆိုပြီးသော သိက္ခာပုဒ်လေးခုကို လွန်ကျူးလျှင် ထိုမဇ္ဈိမဒေသ၌သာ အာပတ်ဖြစ်သောကြောင့်တည်း။
ဝိနီတကထာသည်- ဝိနီတ ဝတ္ထုကလာဖြစ်၏။
ကာယကြောင့် အာပတ်သို့ရောက်၏ ဟူသည်- ရှေ့အဘို့၌ မှီဝဲလိုသောစိတ်ကို အင်္ဂါပြု၍ ကာယဒွါရ ဟူသော ဝိညတ်ကို ဖြစ်စေ၍ဖြစ်သော စိတ္တုပ္ပါဒ် ဟူသော အာပတ်သို့ရောက်၏။ ဝိညတ်သည် စိတ်ကြောင့်ဖြစ်သော် လည်း စိတ်ဖြင့် လိုအပ်သောအကျိုးသည် ကာယဝိညတ်ဖြင့် ပြီးစီး၏။ ထို့ ကြောင့် ကာယ ဒွါရေန အာပတ္တိံ အာပဇ္ဇတိ ဟု ဆိုသည်။
ဤအနက်ကို ရည်ဆိုသည် ဟူသည်- ရောက်သော အာပတ်၏ အနာပတ္တိဘာဝသို့ ရောက်စေခြင်းငှါ မတတ်နိုင် ခြင်းမျှကို ရည်ဆိုသည်။ ဘဏ္ဍာနာဒိ၀ူပသမကို ရည်သည် မဟုတ်။
ရှေးမထေရ်များ ဟူသည်- သီဟိုဠ်ကျွန်းနေ မထေရ်များတည်း။
ထားကုန်၏ ဟူသည်- ပေါတ္ထကသင်္ဂဟာရောဟန ကာလ၌ ထားကုန်၏၊
ပေါတ္ထကာရောဟသင်္ဂီတိသည် စကုတ္ထသင်္ဂီတိသဒိသ ဖြစ်၏။

ဝိဋီ။ ။ ဝိနီတကထာသည်- ဝိနီတ၀တ္ထုကထာတည်း။ အယ မေဝ ဝါ ပါဌော
အင်္ဂါနှစ်ပါးရှိသော သမုဋ္ဌာန်တစ်ခုဟူသည်- နှစ်ခု ပေါင်းသော တစ်ခုတည်း။ နှစ်ခုမှ တစ်ခုခုကင်းလျှင် ဤ အာပတ်မဖြစ်။ ထိုနှစ်ပါးတို့တွင် ပဋ္ဌာနအင်္ဂါကား စိတ်ဖြစ်၏၊
မဂ်ဖြင့် မဂ်သွင်းခြင်း ဟူသော ကာယဝိဉာတ်သည် သေဝနစိတ်ကြောင့်သာ ဖြစ်သော်လည်း ထိုအင်္ဂါဒွယကိုစွဲ၍ ဤအာပတ် ဟူသော အမည်သည်ဖြစ်၏။ ထို့ကြောင့် စိတ္တသည် ကာယ၏ အကြောင်းဖြစ်၏။ အာပတ်၏ အကြောင်းမဟုတ်၊ စိတ်ကြောင့်ဖြစ်သော ကာယသည်သာလျှင် အာပတ်၏ အကြား မရှိသော အကြောင်းဖြစ်၏။ စိတ်သည် အကြောင်း၏ အကြောင်းဖြစ်၏။ ဤကား အဓိပ္ပါယ် တည်း။
အထက်၌ စိတ္တအင်္ဂါရှိသော သမုဋ္ဌာန်အားလုံးတို့၌လည်း ဤအတူသိအပ်၏။ ဧကေန သမုဋ္ဌာနေန သမုဋ္ဌာတိ စသော ပရိဝါရ ဝစနဖြင့်သာ အာပတ်ကို အကုသလစသော ပရမတ်သဘောဖြင့် ပါဠိ အဋ္ဌကထာတို့၌ ပရိယာယ်ဖြင့်သာ ဆိုသည်။ သမ္မုတိသဘာဝသာ အာပတ်ဟူ၍ ပြီးစီး၏။ အကြောင်းကား သမုဋ္ဌာနနှင့် သမုဋ္ဌိကတို့၏ (ဝါ-သမုဋ္ဌာန်နှင့် အာပတ်တို့၏) ကွဲပြားခြင်း ထင်ရှားသောကြောင့်တည်း ဟု ယူအပ်၏။
ဤအနက်ကို ရည်ဆိုသည် ဟူသည်- ရောက်သော ပါရာဇိကအာပတ်၏ သမထ တစ်ခုခုဖြင့်သော်လည်း အနာပတ္တိ မဖြစ်နိုင်ခြင်းမျှကို ရည်ဆိုသည်။
ရှေးမထေရ်များ ဟူသည်- သင်္ဂါယနာသုံးတန်မှ နောက်၌ ပေါတ္ထကသင်္ဂီတိကိုပြုသော ဆဠဘိည ပဋိသမ္ဘိဒါပတ္တ မထေရ်များဖြစ်ကုန်၏။ စတုတ္ထသင်္ဂီတိ သဒိသ ဟိ ပေါတ္ထကာ ရောဟ သင်္ဂီတိ။)

ပဌမပါရာဇိက

၂။ သိတော်မူပြီးသော (ပ) မြတ်စွာဘုရားသည် အကြင် ပဌမပါရာဇိကကို ပညတ်တော်မူပြီ။
ထို ပဌမပါရာဇိကကို အဘယ်၌ပညတ်သနည်း၊ ဤသို့သော အမေး၌ ဝေသာလီ၌ ပညတ်သည်။ ဤသို့သော အဖြေဖြစ်၏၊
အဘယ်သူကို အကြောင်းပြု၍နည်း၊ ကလန္ဒသူဌေးသား ရှင်သုဒိန်ကို အကြောင်းပြု၍တည်း။
အဘယ်ဝတ္ထုကြောင့်နည်း၊ ရှင်သုဒိန်သည် မယားဟောင်း၌ မေထုန်ကျင့်။ ထိုဝတ္ထုကြောင့်တည်း။

ထို ပဌမပါရာဇိက၌ ပညတ်ရှိသလော၊ အနုပညတ်ရှိသလော၊ အနုပ္ပန္န ပညတ်ရှိသလော၊ ပညတ် တစ်ခုရှိ၏။ အနုပညတ် နှစ်ခုရှိ၏။ အနုပ္ပန္နပညတ် မရှိ။
သဗ္ဗတ္ထပညတ်လော၊ ပဒေသပညတ်လော၊ သဗ္ဗတ္ထ ပညတ်ဖြစ်၏။
သာဓာရဏပညတ်လော၊ အသာဓာရဏပညတ်လော၊ သာဓာရဏ ပညတ်ဖြစ်၏။
ဧကတောပညတ်လော၊ ဥဘတောပညတ်လော၊ ဥဘတော ပညတ်ဖြစ်၏။

ငါးပါးသော ပါတိမောက္ခုဒ္ဒေသတို့တွင် အဘယ်၌အတွင်း ၀င်သနည်း၊ နိဒါန်း၌အတွင်းဝင်၏။
အဘယ်ဥဒ္ဒေသဖြင့် ရွတ်ဆိုအပ်သည် အဖြစ်သို့ ရောက်သနည်း၊ ဒုတိယ ဥဒ္ဒေသဖြင့် ရွတ်ဆိုအပ်သည် အဖြစ်သို့ရောက် ၏။
လေးပါးသောဝိပတ္တိတို့တွင် အဘယ်ဝိပတ္တိနည်း၊ သီလဝိပတ္တိဖြစ်၏၊
ခုနှစ်ပါးသောအာပတ်အစုတို့တွင် အဘယ်အာပတ်အစုနည်း၊ ပါရာဇိက အာပတ်အစုဖြစ်၏။

ခြောက်ပါးသော အာပတ္တိသမုဋ္ဌာန်တို့တွင် အဘယ်သမုဋ္ဌာန်တို့ကြောင့်ဖြစ်သနည်း၊ တစ်ခုသောသမုဋ္ဌာန်ကြောင့် ဖြစ်၏။ ကာယကြောင့် လည်းကောင်း, စိတ္တကြောင့်လည်းကောင်း ဖြစ်သည်။ ဝါစာကြောင့်မဖြစ်။ ဝါ- ကာယ, စိတ္တ ဟူသော စတုတ္ထသမုဋ္ဌာန် တစ်ခုကြောင့်ဖြစ်၏။ (စတုတ္ထသည် မေထုနသမုဋ္ဌာန်တည်း။ စ-မေထုနာ ဟု အကျဉ်းသိ။)

လေးပါးသော ဟု အဓိကရုဏ်းတို့တွင် အဘယ်အဓိကရုဏ်းနည်း၊ အာပတ္တာဓိကရုဏ်းဖြစ်၏။
ခုနှစ်ပါးသော သမထတို့တွင် အဘယ်သမထတို့ဖြင့် ငြိမ်းသနည်း၊ သမ္မုခါဝိနည်း, ပဋိညာတကရဏ ဟူသော သမထနှစ်ပါးတို့ဖြင့်ငြိမ်း၏။

ထို ပဌမ ပါရာဇိက၌ ဝိနယသည် အဘယ်နည်း၊ အဘိဝိနယသည် အဘယ်နည်း၊
ပညတ္တိ (ပညတ်) သည် ဝိနယဖြစ်၏။ ဝိဘတ္တိ (ဝေဘန်ခြင်း) သည် အဘိဝိနယ ဖြစ်၏။
ပါတိမောက္ခသည် အဘယ်နည်း၊ အဓိပါတိမောက္ခသည် အဘယ်နည်း၊
ပညတ္တိသည် ပါတိမောက္ခဖြစ်၏။ ဝိပတ္တိသည် အဓိပါတိမောက္ခ ဖြစ်၏၊

ဝိပတ္တိသည်အဘယ်နည်း၊ မစောင့်စည်းခြင်းသည် ဝိပတ္တိဖြစ်၏။
သမ္ပတ္တိသည် အဘယ်နည်း၊ စောင့်စည်းခြင်းသည် သမ္ပတ္တိဖြစ်၏။
ပဋိပတ္တိသည် အဘယ်နည်း၊ ဤသို့သောအကျင့်ကို မလွန်ကျူးပါအံ့-ဟု အသက်ထက်ဆုံး ဆောက်တည်၍ ကျင့်ခြင်းသည် ပဋိပတ္တိဖြစ်၏။

ဆယ်ပါးသောအကျိုးထူး

အဘယ်မျှသော အကျိုးထူးတို့ကိုစွဲ၍ ပဌမပါရာဇိကကို ပညတ်သနည်း၊ ဆယ်ပါးသော အကျိုးထူးတို့ကိုစွဲ၍ ပညတ်သည်။

၁။ သံဃာသည် “ကောင်းပါပြီ၊ လိုက်နာပါမည်” ဟု ဝန်ခံစေခြင်းငှါ လည်းကောင်း၊
၂။ သံဃာသည် ဝန်ခံခြင်းတူ အသက်မွေးတူသဖြင့် ချမ်းသာစွာ နေရခြင်းငှါ လည်းကောင်း၊
၃။ အလဇ္ဇီဒုဿီလတို့ကို နှိမ်နင်းနိုင်ခြင်းငှါ လည်းကောင်း၊
၄။ လဇ္ဇီပေသလတို့ ကျင့်စရာသိ၍ ကျင့်လွယ်ခြင်းငှါ လည်းကောင်း၊
၅။ မျက်မှောက်အာသဝဘေးကို စောင့်စည်းခြင်းငှါ လည်းကောင်း၊
၆။ တမလွန် အာသဝဘေးကို တားခြင်းငှါလည်းကောင်း၊
၇။ မကြည်ညိုသူ ကြည်ညိုခြင်းငှါ လည်းကောင်း၊
၈။ ကြည်ညိုသူ လွန်စွာကြည်ညိုခြင်းငှါလည်းကောင်း၊
၉။ သဒ္ဓမ္မ သုံးပါး တည်ခြင်းငှါလည်းကောင်း၊
၁၀။ ဝိနည်းလေးပါး ချီးမြှောက်ခြင်းငှါ လည်းကောင်း၊

ဤအကျိုးထူး ဆယ်ပါးကိုစွဲ၍ ပညတ်သည်။

အဘယ်သူတို့သည် ကျင့်ကုန်သနည်း၊ သေက္ခပုဂ္ဂိုလ်, ကလျာဏ ပုထုဇဉ်ပုဂ္ဂိုလ်တို့သည် ကျင့်ကုန်၏။
အဘယ်သူတို့သည် ကျင့်ပြီးသော အကျင့်ရှိကုန်သနည်း၊ ရဟန္တာတို့သည် ကျင့်ပြီးသောအကျင့် ရှိကုန်၏။
အဘယ်သူ၌ တည်သနည်း၊ သိက္ခာကာမပုဂ္ဂိုလ်တို့၌တည်၏။
အဘယ်သူတို့သည် ဆောင်ကုန်သနည်း၊ လေ့လာသူတို့သည် ဆောင်ကုန်၏။
အဘယ်သူ၏ စကားနည်း၊ မြတ်စွာဘုရား၏စကားဖြစ်၏။
ကေနာဘတံ- အဘယ်ဆရာ အဆက်ဆက်သည် အဆက်ဆက်ဆောင်သနည်း၊ ပရမ္ပရာဘတံ- ဥပါလိ မထေရ်, ဒါသကမထေရ် စသည်တို့သည် အဆက်ဆက် ဆောင်ကုန်၏။

၃။ ဥပါလိ၊ ဒါသက၊ သောဏက၊ သိဂ္ဂဝ၊ မောဂ္ဂလိပုတ္တတိဿ- ဤ ရဟန္တာငါးပါးသည် ဇမ္ဗੂဒိပ်ကျွန်း၌ အဆက်ဆက် တတိယသင်္ဂါယနာတိုင်အောင် မပြတ်ဆောင်ကုန်၏။ (သီဟိုဠ်အထိ ဤ မထေရ်ဆက်တို့ကို နောက်ဆရာများ ဆက်ကြသည်။ ဤပရိဝါကို ရှင်ဥပါလိ ဟောကြောင်း နောက်၌ ထင်ရှားလတံ့။)

ထို့နောင် မဟိန္ဒ၊ ဣဋ္ဋိယ၊ ဥဋ္ဋိယ၊ သမ္ဗလ၊ ဘဒ္ဒနာမ- ဤရဟန္တာ ငါးပါးသည် ဇမ္ဗူဒိပ်မှ သီဟိုဠ်သို့ကြွလာ၍ ဝိနည်း ပိဋကတ်ပို့ချကုန်၏။ နိကာယ်ငါးကျမ်း၊ အဘိဓမ္မာခုနစ်ကျမ်း တို့ကိုလည်း ပို့ချကုန်၏။

ထို့နောင် အရိဋ္ဌ၊ တိဿဒတ္တ၊ ကာဠသုမန၊ ဒီဃ၊ ဒီဃသုမန၊ ကာဠသုမန၊ နာဂ၊ ဗုဒ္ဓရက္ခိတ၊ တိဿ၊ ဒေဝ၊ သုမန၊ စူဠနာဂ၊ ဓမ္မပါလိတ၊ ခေမ၊ ဥပတိဿ၊ ဖုဿဒေဝ၊ သုမန၊ ပုပ္ဖနာမ ဟူသော မဟာပဒုမ၊ မဟာသိ၀၊ ဥပါလိ၊ မဟာနာဂ၊ အဘယ၊ တိဿပုပ္ဖနာမ ဟူသော သုမန၊ (ဤ ပုပ္ဖနာမ မထေရ်ကား သာသနာစောင့်ရှောက်လျက် ဇမ္ဗူဒိပ်၌ နေသည်။) စူဠာဘယ၊ တိဿ၊ စူဠဒေဝ၊ သိဝ ဤရဟန္တာ ၂၈-ပါးတို့သည် သီဟိုဠ်ကျွန်း၌ အဆက်ဆက် ဝိနည်းပိဋကတ် ပို့ချကုန်၏။

ဒုတိယပါရာဇိက

၄။ မြတ်စွာဘုရားသည် ဒုတိယပါရာဇိကကို အဘယ်၌ ပညတ်သနည်း။ ရာဇဂြိုဟ်၌ပညတ်သည်။ ကံ အာရဗ္ဘ။ ကုမ္ဘကာရပုတ္တ ဖြစ်သော ရှင်ဓနိယကိုအကြောင်းပြု၍တည်း။

ကိသ္မိံ ဝတ္ထုသ္မိံ။ ရှင်ဓနိယသည် မင်းကြီး၏ သစ်တော်တို့ကို အရှင် မပေးဘဲယူ၏။ ထိုဝတ္ထုကြောင့်တည်း။

ပညတ်တစ်ခု၊ အနုပညတ်တစ်ခုရှိ၏။

ကတိဟိ သမုဋ္ဌာနေဟိ သမုဋ္ဌာတိ။ သုံးပါးသောသမုဋ္ဌာန်တို့ကြောင့် ဖြစ်၏။

ရံခါ ကာယကြောင့်လည်းကောင်း စိတ္တကြောင့် လည်းကောင်း ဖြစ်၏။ ဝါစာကြောင့် မဖြစ်။
ရံခါ ဝါစာကြောင့် လည်းကောင်း စိတ္တကြောင့် လည်းကောင်း ဖြစ်၏။ ကာယကြောင့်မဖြစ်။
ရံခါ ကာယကြောင့်လည်းကောင်း ဝါစာကြောင့်လည်းကောင်း စိတ္တကြောင့်လည်းကောင်း ဖြစ်၏။ ဝါ- သစိတ္တက သုံးပါးကြောင့် ဖြစ်၏။ အကြွင်းတူပြီ။

(သစိတ္တကသုံးခု- အဒိန္နာဒါနသမုဋ္ဌာန်။)

တတိယပါရာဇိက

၅။ တတိယပါရာဇိကကို အဘယ်၌ ပညတ်သနည်း။ ဝေသာလီ၌ ပညတ်သည်။

ကံ အာရဗ္ဘ။ များစွာသောရဟန်းတို့ကို အကြောင်းပြု၍တည်း။ များစွာသောရဟန်းတို့သည် အချင်းချင်း ဇီဝိတိန္ဒြေမှ ချကုန်၏။

ပညတ်တစ်ခု။ အနုပညတ်တစ်ခုရှိ၏။

သစိတ္တကသမုဋ္ဌာန်သုံးပါး တို့ကြောင့်ဖြစ်၏။

စတုတ္ထပါရာဇိက

၆။ စတုတ္ထပါရာဇိကကို အဘယ်၌ပညတ်သနည်း။ ဝေသာလီ၌ ပညတ်သည်။ ဝဂ္ဂုမုဒါမြစ်ကမ်းနား၌နေသော ရဟန်းတို့ကို အကြောင်းပြု၍တည်း။ ထိုရဟန်းတို့သည် လူတို့ထံ၌ အချင်းချင်း ဥတ္တရိမနုဿဓမ္မ (ဈာန်မဂ်ဖိုလ်) ၏ ကျေးဇူးကို ဆိုကုန်၏။ ဝါ- ဈာန်မဂ်ဖိုလ်ရသည်ဟု ဝါကြွားကုန်၏။

ပညတ်တစ်ခု၊ အနုပညတ်တစ်ခုရှိ၏။
သစိတ္တကသမုဋ္ဌာန်သုံးပါးတို့ကြောင့် ဖြစ်၏။။
ပါရာဇိကလေးပါး ပြီးပြီ။

၂။ သံဃာဒိသေသ်

၇။ ရှေးဦးစွာ မေးခွန်း ၂၆-ရပ်ထား၍ အမေးအဖြေပြုသည်။

၈။ လုံ့လပြု၍ သုက်ကိုလွတ်စေသော ရဟန်းအား သံဃာဒိသေသ်ကို အဘယ်၌ ပညတ်သနည်း။ သာဝတ္ထိ၌ ပညတ်သည်။
ရှင်သေယျကကို အကြောင်းပြု၍တည်း။ ရှင်သေယျကသည် လုံ့လပြု၍ သုက်ကိုလွတ်စေ၏။

ပညတ်တစ်ခု၊ အနုပညတ်တစ်ခုရှိ၏။ အနုပ္ပန္နပညတ်မရှိ။ သဗ္ဗတ္ထပညတ် ဖြစ်၏။ အသာဓာရဏပညတ်၊ ဧကတောပညတ်ဖြစ်၏။ နိဒါန်း၌ အတွင်းဝင်၏။ တတိယဥဒ္ဒေသဖြင့် ရွတ်ဆိုအပ်၏။ သီလဝိပတ္တိဖြစ်၏။

သံဃာဒိသေသ်အာပတ်အစုဖြစ်၏။ ကာယစိတ္တသမုဋ္ဌာန် တစ်ခုကြောင့်ဖြစ်၏။ အာပတ္တာဓိကရုဏ်းဖြစ်၏။ သမ္မုခါ, ပဋိညာ- သမထနှစ်ပါးဖြင့် ငြိမ်း၏။ ပညတ္တိသည် ဝိနယ၊ ဝိဘတ္တိသည် အဘိဝိနယဖြစ်၏။ ပညတ္တိသည် ပါတိမောက္ခ၊ ဝိဘတ္တိသည် အဓိပါတိမောက္ခဖြစ်၏။

အသံ၀ရသည် ဝိပတ္တိ၊ သံ၀ရသည် သမ္ပတ္တိ ဖြစ်၏။ “န ဧဝရူပံ ကရိဿာမိ” ဟု အသက်ထက်ဆုံး ဆောက်တည်၍ ကျင့်ခြင်းသည် ပဋိပတ္တိ ဖြစ်၏၊ ဆယ်ပါးသော အကျိုးထူးတို့ကိုစွဲ၍ ပညတ်အပ်၏။ သေက္ခနှင့် ပုထုဇဉ်ကလျာဏတို့သည် ကျင့်ကုန်၏၊ ရဟန္တာတို့သည် ကျင့်ပြီး ဖြစ်ကုန်၏။ သိက္ခာတာပုဂ္ဂိုလ်တို့၌ တည်၏။ လေ့လာသူတို့သည် ဆောင်ကုန်၏။ မြတ်စွာဘုရား၏ စကားဖြစ်၏။ ဥပါလိမထေရ် ဒါသကမထေရ် စသည် တို့သည် အဆက်ဆက် ဆောင်ကုန်၏။

၉။ မာတုဂါမနှင့် ကိုယ်လက်နှီးနှောသော ရဟန်းအား သံဃာဒိသေသ်ကို အဘယ်၌ ပညတ်သနည်း။ သာဝတ္ထိ၌--။ ရှင်ဥဒါယီကိုအကြောင်းပြု၍။ ရှင်ဥဒါယီသည် မာတုဂါမနှင့် ကိုယ်လက်နှီးနေခြင်းကြောင့်တည်း။

ပညတ်တစ်ခုရှိ၏၊ (အနုပညတ်မရှိ။) ကာယစိတ္တသမုဋ္ဌာန် တစ်ခုကြောင့်ဖြစ်၏။

၁၀။ မာတုဂါမကို ရုန့်ရင်းသော စကားတို့ဖြင့် ပြက်ရယ်ဆိုသော ရဟန်းအား သံဃာဒိသေသ်ကို အဘယ်၌ ပညတ်နည်း၊ သာဝတ္ထိ၌ ပညတ်သည်။ ရှင်ဥဒါယီ --။ မာတုဂါမကို ရုန်ရင်းသော စကားတို့ဖြင့် ပြက်ရယ်ဆိုခြင်း ကြောင့်တည်း။

ပညတ်တစ်ခု၊ သစိတ္တသမုဋ္ဌာန်သုံးခု။

၁၁။ မာတုဂါမထံ၌ မိမိအကျိုးငှါ မေထုန်အားဖြင့် လုပ်ကျွေးခြင်း၏ ကျေးဇူးကိုဆိုသော ရဟန်းအား သံဃာဒိသေသ်ကို အဘယ်၌ ပညတ်သနည်း။ သာဝတ္ထိ၌---။ ရှင်ဥဒါယီ---။ မာတုဂါမထံ ထိုသို့ ဆိုခြင်းကြောင့်တည်း။

ပညတ်တစ်ခု၊ သစိတ္တကသမုဋ္ဌာန်သုံးခု။

၁၂။ အောင်တမန်သွားလာသော ရဟန်းအား သံဃာဒိသေသ်ကို အဘယ်၌ ပညတ်သနည်း။ သာဝတ္ထိ၌-----။ ရှင်ဥဒါယီ--။ အောင်တမန်သွားလာ ခြင်းကြောင့်တည်း။

ပညတ်တစ်ခု၊ အနုပညတ်တစ်ခု၊ သမုဋ္ဌာန်ခြောက်ခုတို့ကြောင့်ဖြစ်၏။ ရံခါ ကာယစိတ္တကြောင့်၊ ရံခါ ဝါစာ စိတ္တကြောင့်၊ ရံခါ ကာယဝါစာစိတ္တကြောင့်။ ဝါ- အစိတ္တကသုံးပါး။ သစိတ္တကသုံးပါး၊ သဗ္ဗသမုဋ္ဌာန် ကြောင့်ဖြစ်၏။ (သဗ္ဗ- သဉ္စရိတသမုဋ္ဌာန်။)

၁၃။ ကိုယ်တိုင်တောင်းအပ်သော အဆောက်အဦဖြင့် ကုဋီကို၊ (ဝါ) ကျောင်းငယ်ကို ပြုစေသောရဟန်းအား သံဃာဒိသေသ်ကို အဘယ်၌--၊ အာဠဝီ၌--။ အာဠဝီတိုင်းသားရဟန်းတို့--၊ ထိုသို့ပြုစေကုန်သောကြောင့်တည်း။

ပညတ်တစ်ခု၊ သမုဋ္ဌာန်ခြောက်ခု။

၁၄။ ကြီးစွာသောဝိဟာရကိုပြုစေသောရဟန်းအား သံဃာဒိသေသ်ကို အဘယ်၌--၊ ကောသမ္ဗီ၌ --။ ရှင်ဆန္ဒ --။ ဝိဟာရဝတ္ထုသုတ်သင်စဉ် (စေတိယရုက္ခ) အများပူဇော်သော စေတီသစ်ပင်ကို ဖြတ်စေသောကြောင့်တည်း။

ပညတ်တစ်ခု၊ သမုဋ္ဌာန်ခြောက်ခု။

၁၅။ ရဟန်းကို အရင်းမရှိသော ပါရာဇိကဖြင့် စွပ်စွဲသော ရဟန်းအား သံဃာဒိသေသ်ကို အဘယ်၌--၊ ရာဇဂြိုဟ်၌--။ မေတ္တိယ၊ ဘူမဇက ရဟန်းတို့--။ မလ္လာမင်းသား ရှင်ဒဗ္ဗကို ထိုသို့စွပ်စွဲကုန်သောကြောင့်တည်း။

ပညတ်တစ်ခု၊ သစိတ္တကသမုဋ္ဌာန်သုံးခု။

၁၆။ ရဟန်းကို တပါးသောအဖို့ရှိသော တည်ရာပုဂ္ဂိုလ်တစ်ယောက်၏ အမည်, အနွယ်စသော အမြွက်ကိုစွဲယူ၍ ပါရာဇိကဖြင့် စွပ်စွဲသောရဟန်းအား သံဃာဒိသေသ်ကို အဘယ်၌--၊ ရာဇဂြိုဟ်၌--။ မေတ္တိယဘူမဇက ရဟန်းတို့-။ ရှင်ဒဗ္ဗကို ထိုနည်းဖြင့် စွပ်စွဲကုန်သောကြောင့်တည်း။

ပညတ်တစ်ခု၊ သစိတ္တကသမုဋ္ဌာန်သုံးခု။

၁၇။ သံဃာသင်းခွဲသောရဟန်းအား သုံးကြိမ်ဆုံးမလျက် မစွန့်လျှင် သံဃာဒိသေသ်ကို အဘယ်၌--၊ ရာဇဂြိုဟ်၌။ ဒေဝဒတ်--။ ညီညွတ်သော သံဃာကို ကွဲစေခြင်းငှါ အားထုတ်သောကြောင့်တည်း။

ပညတ်တစ်ခုရှိ၏။ သမုဋ္ဌာန်တစ်ခုကြောင့်ဖြစ်၏။ ကိုယ်ကြောင့်, နှုတ်ကြောင့်, စိတ်ကြောင့်ဖြစ်၏၊ (ဝါ) ဆဋ္ဌသမုဋ္ဌာန် တစ်ခုကြောင့်ဖြစ်၏။ (ဆဋ္ဌ- သမနုဘာသနသမုဋ္ဌာန်= ဓုရနိက္ခေပ ဟူ၍လည်းခေါ်သည်။)

၁၈။ သင်းခွဲသောရဟန်းသို့ အတုလိုက်သော ရဟန်းတို့အား သုံးကြိမ် ဆုံးမလျက် မစွန့်လျှင် သံဃာဒိသေသ်ကို အဘယ်၌--၊ ရာဇဂြိုဟ်၌--။ များစွာသောရဟန်းတို့--။ သင်းခွဲသောဒေဝဒတ်သို့ အတုလိုက်၍ မညီမညွတ် ဆိုကြသောကြောင့်တည်း။

ပညတ်တစ်ခု၊ ဆဋ္ဌသမုဋ္ဌာန်တစ်ခု။

၁၉။ ဆိုနိုင်ခက်သော ဒုဗ္ဗစရဟန်းအား သုံးကြိမ်ဆုံးမလျက် မစွန့်လျှင် သံဃာဒိသေသ်ကို အဘယ်၌--၊ ကောသမ္ဗီ၌--။ ရှင်ဆန္ဒ--။ ရဟန်းတို့ သိက္ခာပုဒ်ဖြင့်ဆိုသောအခါ မိမိကို မဆိုနိုင်အောင်ပြုသောကြောင့်တည်း။

ပညတ်တစ်ခု၊ ဆဋ္ဌသမုဋ္ဌာန်တစ်ခု။

၂၀။ ဒါယကာတို့၏ သဒ္ဓါတရားကို ဖျက်ဆီးသော ကုလဒူသက ရဟန်းအား သုံးကြိမ် ဆုံးမလျက် မစွန့်လျှင် သံဃာဒိသေသ်ကို အဘယ်၌--၊ သာဝတ္ထိ၌--။ အဿဇိပုနဗ္ဗသုကရဟန်းတို့--။ သံဃာနှင်ထုတ်သောအခါ ရဟန်းတို့ကို ဆန္ဒာဂတိ စသော အဂတိလေးပါး လိုက်သည်ဟု ဆိုသောကြောင့်တည်း။

ပညတ်တစ်ခု၊ ဆဋ္ဌသမုဋ္ဌာန်တစ်ခု။
သံဃာဒိသေသ် ၁၃-ပါး ပြီး၏။

၃။ အနိယတ

၂၁။ ပဋ္ဌမအနိယတကို အဘယ်၌--၊ သာဝတ္ထိ၌--။ ရှင်ဥဒါယီ--။ မာတုဂါမနှင့် တစ်ယောက်ချင်းချင်း ဆိတ်ကွယ်သော၊ ဖုံးလွှမ်းအပ်သော၊ အမှုကြီးပြုခြင်းငှါ ခန့်သောနေရာ၌ နေထိုင်ခြင်းကြောင့်တည်း။

ပညတ်တစ်ခု၊ သဗ္ဗတ္ထပညတ်။ အသာဓာရဏပညတ်၊ ဧကတောပညတ်။ နိဒါန်း၌ အတွင်းဝင်၏။ စတုတ္ထ ဥဒ္ဒေသဖြင့် ရွတ်ဆိုအပ်၏။ ရံခါ သီလဝိပတ္တိ၊ ရံခါ အာစာရဝိပတ္တိ၊ ရံခါ ပါရာဇိကအစု၊ ရံခါ သံဃာဒိသေသ် အစု၊ ရံခါ ပါစိတ်အစု။ ကာယစိတ္တသမုဋ္ဌာန်တစ်ခု။ အာပတ္တာဓိကရုဏ်း၊ ရံခါ သမ္မုခါ, ပဋိညာ။ ရံခါ သမ္မုခါ, တိဏဝတ္ထာရက- သမထသုံးပါးဖြင့်ငြိမ်း ၏။ ဝိနယ, အဘိဝိနယ စသော အကြွင်းတူပြီ။

၂၂။ ဒုတိယအနိယတကို အဘယ်၌--၊ သာဝတ္ထိ၌--။ ရှင်ဥဒါယီ--။ မာတုဂါမနှင့် တစ်ယောက်ချင်းချင်း ဆိတ်ကွယ်သောနေရာ၌ နေထိုင်ခြင်းကြောင့်တည်း။
ပညတ်တစ်ခု၊ ရံခါ သံဃာဒိသေသ်အစု၊ ရံခါ ပါစိတ်အစု။ သစိတ္တကသမုဋ္ဌာန်သုံးခု။ ရံခါ သမ္မုခါ, ပဋိညာ။ ရံခါ သမ္မုခါ, တိဏဝတ္ထာရက- သမထသုံးပါး။ အကြွင်းတူပြီ။

အနိယတ ၂-ပါး ပြီး၏။

၄။ နိဿဂ္ဂိပါစိတ်

ကထိနဝဂ်

၂၃။ ပိုလွန်သောသင်္ကန်းကို ဆယ်ရက်လွန်စေသောရဟန်းအား နိဿဂ္ဂိပါစိတ်ကို အဘယ်၌--။ ဝေသာလီ၌--။ ဆဗ္ဗဂ္ဂီရဟန်းတို့--။ ပိုလွန်သော သင်္ကန်းကို ဆောင်ခြင်းကြောင့်တည်း။

ပညတ်တစ်ခု၊ အနုပညတ်တစ်ခု၊ ရံခါ ကာယ, ဝါစာကြောင့်၊ ရံခါ ကာယ, ဝါစာ, စိတ္တကြောင့်။ (ဝါ- တတိယ။) ဆဋ္ဌသမုဋ္ဌာန်နှစ်ခုကြောင့် ဖြစ်၏။ (တ၊ ဆ- ကထိနသမုဋ္ဌာန်။)

၂၄။ တစ်ညဥ့်မျှ တိစီဝရိတ်နှင့်ကင်းသော ရဟန်းအား နိဿဂ္ဂိပါစိတ်ကို အဘယ်၌--။ သာဝတ္ထိ၌--။ များစွာသောရဟန်းတို့--။ ရဟန်းတို့၏ လက်၌။ သင်္ကန်းထား၍ သင်းပိုင် ကိုယ်ရုံမျှဖြင့် ဇနပုဒ် လှည့်လည်ခြင်းကြောင့်တည်း။

ပညတ်တစ်ခု၊ အနုပညတ်တစ်ခု၊ တတိယ၊ ဆဋ္ဌသမုဋ္ဌာန်နှစ်ခု။

၂၅။ အကာလသင်္ကန်းကိုခံယူ၍ တစ်လကိုလွန်စေသောရဟန်းအား နိဿဂ္ဂိပါစိတ်ကို အဘယ်၌--။ သာဝတ္ထိ၌-။ များစွာသောရဟန်းတို့ကို--။ အကာလသင်္ကန်းကိုခံယူ၍ တစ်လကိုလွန်စေခြင်းကြောင့်တည်း။

ပညတ်တစ်ခု၊ အနုပညတ်တစ်ခု၊ တတိယ၊ ဆဋ္ဌသမုဋ္ဌာန်နှစ်ခု။

၂၆။ အမျိုးမတော်သော ဘိက္ခုနီအား သင်္ကန်းဟောင်းကိုဖွပ်စေသော ရဟန်းအား နိဿဂ္ဂိပါစိတ်ကို အဘယ်၌--။ သာဝတ္ထိ၌--။ ရှင်ဥဒါယီ--။ ထိုသို့ပြုခြင်းကြောင့်တည်း။

ပညတ်တစ်ခု၊ သမုဋ္ဌာန်ခြောက်ခု။

၂၇။ အမျိုးမတော်သော ဘိက္ခုနီ၏လက်မှသင်္ကန်းကို ခံယူသူအား နိဿဂ္ဂိပါစိတ်ကို အဘယ်၌--။ ရာဇဂြိုဟ်၌-။ ရှင်ဥဒါယီ--။ ထိုသို့ပြုခြင်း ကြောင့်တည်း။

ပညတ်တစ်ခု၊ အနုပညတ်တစ်ခု၊ သမုဋ္ဌာန်ခြောက်ခု။

၂၈။ အမျိုးမတော်သော ဒါယကာ ဒါယိကာမထံ သင်္ကန်းတောင်းသူအား နိဿဂ္ဂိပါစိတ်ကို အဘယ်၌--။ သာဝတ္ထိ၌--။ ရှင်ဥပနန္ဒ--။ အမျိုး မတော်သော သူဌေးသားထံ သင်္ကန်းတောင်းခြင်းကြောင့်တည်း။

ပညတ်တစ်ခု၊ အနုပညတ်တစ်ခု၊ သမုဋ္ဌာန်ခြောက်ခု။

၂၉။ အမျိုးမတော်သော ဒါယကာ ဒါယိကာမထံ သင်းပိုင်, ကိုယ်ရုံ နှစ်ထည်ထက်အလွန် သင်္ကန်းတောင်းသူအား နိဿဂ္ဂိပါစိတ်ကို အဘယ်၌--။ သာဝတ္ထိ၌--။ ဆဗ္ဗဂ္ဂီတို့--။ အတိုင်းအရှည်မသိ သင်္ကန်းများစွာ တောင်းခြင်း ကြောင့်တည်း။

ပညတ်တစ်ခု၊ သမုဋ္ဌာန်ခြောက်ခု။

၃၀။ ရှေး၌ ဘိတ်ကြားအပ်သူ မဟုတ်ဘဲ အမျိုးမတော်သော ဒါယကာထံ ချဉ်းကပ်၍ သင်္ကန်း၌ အလွန် စီရင်သူအား နိဿဂ္ဂိပါစိတ်ကို အဘယ်၌ သာဝတ္ထိ၌ --။ ရှင်ဥပနန္ဒ--။ ထိုသို့ပြုခြင်းကြောင့်တည်း။

ပညတ်တစ်ခု၊ သမုဋ္ဌာန်ခြောက်ခု။

၃၁။ ရှေး၌ ဘိတ်ကြားအပ်သူ မဟုတ်ဘဲ အမျိုးမတော်သော ဒါယကာတို့ထံ ချဉ်းကပ်၍ သင်္ကန်း၌ အလွန် စီရင်သူအား နိဿဂ္ဂိပါစိတ်ကို အဘယ်၌--၊ သာဝတ္ထိ၌--။ ရှင်ဥပနန္ဒ--။ ထိုသို့ပြုခြင်းကြောင့်တည်း။

ပညတ်တစ်ခု၊ သမုဋ္ဌာန်ခြောက်ခု။ (ဒါယကာများခြင်းမျှ ထူး၏။)

၃၂။ သုံးကြိမ်ထက်အလွန်တောင်းခြင်း၊ ခြောက်ကြိမ်ထက် အလွန်ရပ်ခြင်းဖြင့် သင်္ကန်းကို ပြီးစေသူအား နိဿဂ္ဂိပါစိတ်ကို အဘယ်၌--။ သာဝတ္ထိ၌--။ ရှင်ဥပနန္ဒ--။ “ယနေ့တစ်ရက်ဆိုင်းပါဦး”ဟု ဒါယကာဆိုလျက် မဆိုင်းခြင်းကြောင့်တည်း။

ပညတ်တစ်ခု၊ သမုဋ္ဌာန်ခြောက်ခု။
ကထိနဝဂ္ဂေါ ပဌမော။

ကောသိယဝဂ်

၃၃။ ပိုးချည်ရောသော သန္ထတအခင်းကို ပြုစေသူအား နိဿဂ္ဂိပါစိတ်ကို အဘယ်၌--။ အာဠဝီ၌--။ ဆဗ္ဗဂ္ဂီတို့--။ ပိုးချည်ပြုသူတို့ကို--။ `ဒါယကာတို့ အိမ်ဖွဲ့သော ပိုးကောင်များစွာတို့ကို ပြုတ်ကြလော၊ ငါတို့အားလည်း လှူကြလော၊ ပိုးချည်ရောသောအခင်းကို ပြုလိုကြသည်”ဟု ဆိုကြသောကြောင့်တည်း။

ပညတ်တစ်ခု၊ သမုဋ္ဌာန်ခြောက်ခု။

၃၄။ အမည်းသက်သက် သိုးမွေးအခင်းကိုပြုစေသူအား နိဿဂ္ဂိပါစိတ်ကို အဘယ်၌- -။ ဝေသာလီ၌--။ ဆဗ္ဗဂ္ဂီတို့။ ထိုသို့ ပြုသောကြောင့်တည်း။

ပညတ်တစ်ခု၊ သမုဋ္ဌာန်ခြောက်ခု။

၃၅။ သိုးမွေး အဖြူတစ်ချိန်၊ အကြောင်တစ်ချိန်ကို မယူဘဲ အခင်းသစ် ပြုစေသူအား နိဿဂ္ဂိပါစိတ်ကို အဘယ်၌။ သာဝတ္ထိ၌--။ ဆဗ္ဗဂ္ဂီတို့--။ အဖြူအနည်းငယ်သာ အစွန်၌ထည့်၍ ရှေးအတူ အမည်းသက်သက် အခင်းပြုသော ကြောင့်တည်း။

ပညတ်တစ်ခု၊ သမုဋ္ဌာန်ခြောက်ခု။

၃၆။ နှစ်တိုင်းနှစ်တိုင်း သန္ထတအခင်းကို ပြုစေသူအား နိဿဂ္ဂိပါစိတ်ကို အဘယ်၌--။ သာဝတ္ထိ၌--။ များစွာသောရဟန်းတို့--။ ထိုသို့ပြုသော ကြောင့်တည်း။

ပညတ်တစ်ခု၊ အနုပညတ်တစ်ခု၊ သမုဋ္ဌာန်ခြောက်ခု။

၃၇။ အခင်းဟောင်း၏ နံပါးမှ ဘုရားရှင်တစ်ထွာမျှကို မယူဘဲ နိသီဒန သန္ထတအခင်းသစ်ကို ပြုစေသူအား နိဿဂ္ဂိပါစိတ်ကို အဘယ်၌--။ သာဝတ္ထိ၌--။ ချားစွာသောရဟန်းတို့--။ အခင်းတို့ကိုစွန့်၍ အာရညကင်, ပိဏ္ဍပါတ်, ပံသုကူဓုတင် ဆောင်ကြသောကြောင့်တည်း။

ပညတ်တစ်ခု၊ သမုဋ္ဌာန်ခြောက်ခု။

၃၈။ သိုးမွေးတို့ကိုခံယူ၍ သုံးယူဇနာကို လွန်စေသူအား နိဿဂ္ဂိပါစိတ်ကို အဘယ်၌--။ သာဝတ္ထိ၌--။ ရဟန်းတစ်ပါး--။ ထိုသို့ပြုသောကြောင့်တည်း။

ပညတ်တစ်ခု၊ ရံခါ ကာယကြောင့်၊ ရံခါ ကာယစိတ္တကြောင့်၊ (ဝါ) ပဌမ၊ စတုတ္ထ သမုဋ္ဌာန်နှစ်ခုကြောင့်ဖြစ်၏။ (ပ၊ ၈- ဧဠကလောမသမုဋ္ဌာန်။)

၃၉။ အမျိုးမတော်သော ဘိက္ခုနီကို သိုးမွေးဖွပ်စေသူအား နိဿဂ္ဂိပါစိတ်ကို အဘယ်၌--။ သက္ကတိုင်းတို့၌--။ ဆဗ္ဗဂ္ဂီတို့--။ ထိုသို့ပြုသောကြောင့်တည်း။

ပညတ်တစ်ခု၊ သမုဋ္ဌာန်ခြောက်ခု။

၄၀။ ရွှေ, ငွေ ခံယူသူအား နိဿဂ္ဂိပါစိတ်ကို အဘယ်၌--။ ရာဇဂြိုဟ်၌--။ ရှင်ဥပနန္ဒ--။ ထိုသို့ပြုသော ကြောင့်တည်း။

ပညတ်တစ်ခု၊ သမုဋ္ဌာန်ခြောက်ခု။

၄၁။ အထူးထူး အပြားပြားသော ရွှေ, ငွေဖြင့် ဖလှယ်သူအား နိဿဂ္ဂိပါစိတ်ကို အဘယ်၌--။ သာဝတ္ထိ၌--။ ဆဗ္ဗဂ္ဂီတို့---။ ထိုသို့ပြုသောကြောင့်တည်း။

ပညတ်တစ်ခု၊ သမုဋ္ဌာန်ခြောက်ခု။

၄၂။ အထူးထူး အပြားပြားသော ကပ္ပိယဘဏ္ဍာချင်း ဖလှယ်သူအား နိဿဂ္ဂိပါစိတ်ကို အဘယ်၌---။ သာဝတ္ထိ၌-။ ရှင်ဥပနန္ဒ----။ ပရိဗိုဇ်နှင့် အဝတ်သင်္ကန်း လဲလှယ်ခြင်းကြောင့်တည်း။

ပညတ်တစ်ခု၊ သမုဋ္ဌာန်ခြောက်ခု။
ကောသိယဝဂ္ဂေါ ဒုတိယော။

ပတ္တဝဂ်

၄၃။ ပိုလွန်သောသပိတ်ကို ဆယ်ရက်ကို လွန်စေသူအား နိဿဂ္ဂိပါစိတ်ကို အဘယ်၌--။ သာဝတ္ထိ၌--။ ဆဗ္ဗဂ္ဂီတို့။ ပိုလွန်သော သပိတ်ကို ဆောင်ခြင်းကြောင့်တည်း။

ပညတ်တစ်ခု၊ အနုပညတ်တစ်ခု၊ တတိယ၊ ဆဋ္ဌသမုဋ္ဌာန်နှစ်ခု။

၄၄။ ငါးဖွဲ့မပြည့်သောသပိတ်ဖြင့် သပိတ်အသစ်တောင်းသူအား နိဿဂ္ဂိ ပါစိတ်ကို အဘယ်၌--။ သက္ကတိုင်းတို့၌။ ဆဗ္ဗဂ္ဂီတို့--။ အနည်းငယ်ကွဲရာ, ပဲ့ရာ, ခြစ်ရာမျှဖြင့် သပိတ်များစွာ တောင်းခြင်းကြောင့်တည်း။

ပညတ်တစ်ခု၊ သမုဋ္ဌာန်ခြောက်ခု။

၄၅။ ထောပတ်စသော ဆေးငါးမျိုးတို့ကို အကပ်ခံ၍ ခုနစ်ရက်ကို လွန်စေသူအား နိဿဂ္ဂိပါစိတ်ကို အဘယ်၌--။ သာဝတ္ထိ၌-။ ရဟန်းများစွာ--။ ထိုသို့ပြုခြင်းကြောင့်တည်း။

ပညတ်တစ်ခု၊ တတိယ၊ ဆဋ္ဌသမုဋ္ဌာန်နှစ်ခု။ (ဝါ) ကထိနသမုဋ္ဌာန် နှစ်ခု။

၄၆။ တစ်လထက်အလွန် ကြွင်းသော နွေဥတု၌၊ (ဝါ) နွေဥတု တစ်လကြွင်း မတိုင်မီ (ဝါ) နယုန် လပြည့်ကျော်တစ်ရက် မရောက်မီ မိုးရေခံသင်္ကန်း ရှာသူအား နိဿဂ္ဂိပါစိတ်ကို အဘယ်၌--။ သာဝတ္ထိ၌--။ ဆဗ္ဗဂ္ဂီတို့--။ ထိုသို့ ပြုခြင်းကြောင့်တည်း။

ပညတ်တစ်ခု၊ သမုဋ္ဌာန်ခြောက်ခု။

၄၇။ ရဟန်းအား ကိုယ်တိုင်သင်္ကန်းပေး၍ အမျက်ထွက်သဖြင့် ပြန်လုယူသူအား နိဿဂ္ဂိပါစိတ်ကို အဘယ်၌--။ သာဝတ္ထိ၌---။ ရှင်ဥပနန္ဒ--။ ထိုသို့ ပြုခြင်းကြောင့်တည်း။

ပညတ်တစ်ခု၊ သမုဋ္ဌာန်သုံးခု။ (ဝါ) သစိတ္တကသုံးခု။

၄၈။ ကိုယ်တိုင်ချည်ကိုတောင်း၍ ရက်ကန်းသည်တို့ကို သင်္ကန်းရက်စေသူအား နိဿဂ္ဂိပါစိတ်ကို အဘယ်၌--။ ရာဇဂြိုဟ်၌--။ ဆဗ္ဗဂ္ဂီတို့--။ ထိုသို့ပြုခြင်းကြောင့်တည်း။

ပညတ်တစ်ခု၊ သမုဋ္ဌာန်ခြောက်ခု။

၄၉။ ရှေး၌ ဘိတ်ကြားအပ်သူ မဟုတ်ဘဲ အမျိုးမတော်သော ဒါယကာ၏ ရက်ကန်းသည်ထံ ချဉ်းကပ်၍ သင်္ကန်း၌ အလွန် စီရင်သူအား နိဿဂ္ဂိပါစိတ်ကို အဘယ်၌--။ သာဝတ္ထိ၌--။ များစွာသောရဟန်းတို့--။ ထိုသို့ ပြုခြင်းကြောင့်တည်း။

ပညတ်တစ်ခု၊ ကထိန၊ ဝါ- တတိယ၊ ဆဋ္ဌသမုဋ္ဌာန်နှစ်ခု။ (ထိနာ-တ၊ ဆ)

၅၂။ သင်္ကန်းသုံးထည်တို့တွင် တစ်ထည်ထည်ကို ရွာတွင်း၌ ထား၍ ခြောက်ညဥ့်ထက်အလွန် ကင်းသူအား နိဿဂ္ဂိပါစိတ်ကို အဘယ်၌--။ သာဝတ္ထိ၌--။ များစွာသောရဟန်းတို့ကို--။ ထိုသို့ပြုခြင်းကြောင့်တည်း။

ပညတ်တစ်ခု၊ ကထိနသမုဋ္ဌာန်နှစ်ခု။

၅၃။ သံဃာသို့ ညွတ်ပြီးသောလာဘ်ကို သိလျက် မိမိသို့ ညွတ်စေသူအား နိဿဂ္ဂိပါစိတ်ကို အဘယ်၌--။ သာဝတ္ထိ၌--။ ဆဗ္ဗဂ္ဂီတို့---။ ထိုသို့ပြုခြင်း ကြောင့်တည်း။

ပညတ်တစ်ခု၊ သမုဋ္ဌာန်သုံးခု- သစိတ္တက။

ပတ္တဝဂ္ဂေါ တတိယော။
နိဿဂ္ဂိပါစိတ်သုံးဆယ် ပြီး၏။

၅။ သုဒ္ဓပါစိတ်

မုသာဝါဒဝဂ်

၅၄။ သိလျက် မုသားဆိုခြင်းကြောင့် ပါစိတ်ကို အဘယ်၌--။ သာဝတ္ထိ၌--။ ရှင်ဟတ္ထက--။ တိတ္ထိတို့နှင့် စကားဆိုသောအခါ ပယ်၍ဝန်ခံခြင်း၊ ဝန်ခံ၍ပယ်ခြင်းကြောင့်တည်း။

ပညတ်တစ်ခု၊ သမုဋ္ဌာန်သုံးခု- သစိတ္တက။

၅၅။ နှုတ်လှံထိုးခြင်းကြောင့်၊ (ဝါ) နာကျည်းအောင် ဆဲဆိုခြင်းကြောင့် ပါစိတ်ကို အဘယ်၌--။ သာဝတ္ထိ၌--။ ဆဗ္ဗဂ္ဂီတို့--။ လဇ္ဇီပေသလရဟန်းတို့နှင့် ငြင်းခုံလျက် ဆဲဆိုခြင်းကြောင့်တည်း။

ပညတ်တစ်ခု၊ သမုဋ္ဌာန်သုံးခု။

၅၆။ ရဟန်းတို့ကို ဂုံးတိုက်ခြင်းကြောင့် ပါစိတ်ကို အဘယ်၌--။ သာဝတ္ထိ၌--။ ဆဗ္ဗဂ္ဂီတို့--။ တိုးတိုးတိုင်ပင်သူ, ခိုက်ရန်ဖြစ်သူ, ငြင်းခုံသူတို့၏ ဂုံးစကားကို ဆောင်ခြင်းကြောင့်တည်း။

ပညတ်တစ်ခု၊ သမုဋ္ဌာန်သုံးခု။

၅၇။ လူ, သာမဏေကို ပုဒ်ပြိုင် ပါဠိ, အဋ္ဌကထာဓမ္မကို (မဂဓဘာသာ ဖြင့်) ပို့ချသူအား ပါစိတ်ကို အဘယ်၌--။ သာဝတ္ထိ၌ --။ ဆဗ္ဗဂ္ဂီတို့--။ ဒါယကာတို့ကို ပုဒ်ပြိုင် ဓမ္မပို့ချခြင်းကြောင့်တည်း။

ပညတ်တစ်ခု၊ ရံခါ နှုတ်ကြောင့်၊ ရံခါ နှုတ် စိတ်ကြောင့်၊ (ဝါ) ဒုတိယ၊ ပဉ္စမသမုဋ္ဌာန်နှစ်ခုကြောင့်ဖြစ်၏။ (ဒု၊ မ - ပဒသောဓမ္မသမုဋ္ဌာန်။)

၅၈။ လူ, သာမဏေနှင့် နှစ်ညဥ့်သုံးညဥ့်ထက်အလွန် တစ်မိုးတစ်ရံတည်း အတူအိပ်သူအား ပါစိတ်ကို အဘယ်၌။ အာဠဝီ၌---။ ရဟန်းများစွာ--။ ထိုသို့အိပ်ခြင်းကြောင့်တည်း။

ပညတ်တစ်ခု၊ အနုပညတ်တစ်ခု၊ ကာယ၊ ကာယစိတ္တသမုဋ္ဌာန်နှစ်ခု။

၅၉။ မာတုဂါမ- လူမိန်းမနှင့် တစ်မိုးတစ်ရံတည်း အတူအိပ်သူအား ပါစိတ်ကို အဘယ်၌--။ သာဝတ္ထိ၌--။ ရှင်အနုရုဒ္ဓါ--။ ထိုသို့အိပ်ခြင်းကြောင့်တည်း။

ပညတ်တစ်ခု၊ ဧဠကလောမ -ပ၊ စ- သမုဋ္ဌာန်နှစ်ခု။

၆၀။ မာတုဂါမအား ငါးခွန်း, ခြောက်ခွန်းထက်အလွန် ပါဠိ, အဋ္ဌကထာ ဓမ္မကို (မဂဓဘာသာဖြင့်) တရား ဟောသူအား ပါစိတ်ကို အဘယ်၌--။ သာဝတ္ထိ၌--။ ရှင်ဥဒါယီ--။ ထိုသို့ဟောခြင်းကြောင့်တည်း။

ပညတ်တစ်ခု၊ အနုပညတ်နှစ်ခု၊ ပဒသောဓမ္မ-ဒု၊ မ-သမုဋ္ဌာန်နှစ်ခု။

၆၁။ လူ, သာမဏေအား ဥတ္တရိမနုဿဓမ္မ- ဈာန်, မဂ်, ဖိုလ်ကို ဟုတ်မှန်တိုင်း ပြောသူအား ပါစိတ်ကို အဘယ်၌။ ဝေသာလီ၌--။ ဝဂ္ဂုမုဒါမြစ်ကမ်းနား ရဟန်းတို့ လူတို့အား အချင်းချင်း ဈာန်မဂ်ဖိုလ်ကို ပြောခြင်းကြောင့်တည်း။

ပညတ်တခု၊ ကာယတစ်ခု၊ ဝါစာတစ်ခု၊ ကာယဝါစာတစ်ခု၊ သမုဋ္ဌာန် သုံးခု၊ (သစိတ္တကသုံးခု - ဘူတာရောစန သမုဋ္ဌာန်။ ဤသိက္ခာပုဒ်တစ်ခုသာ။)

၆၂။ ရဟန်း၏ သံဃာဒိသေသ်အာပတ်ကို လူ, သာမဏေအား ပြောသူအား ပါစိတ်ကို အဘယ်၌--။ သာဝတ္ထိ၌-။ ဆဗ္ဗဂ္ဂီတို့--။ ထိုသို့ပြောခြင်းကြောင့်တည်း။

ပညတ်တစ်ခု၊ သမုဋ္ဌာန်သုံးခု။ (သမုဋ္ဌာန်သုံးခုဟု သာမညဆိုလျှင် သစိတ္တက သုံးခုသာတည်း။)

၆၃။ မြေကိုတူးဆွသူအား ပါစိတ်ကို အဘယ်၌--။ အာဠဝီ၌--။ အာဠဝီတိုင်းသားရဟန်းတို့--။ မြေတူးခြင်းကြောင့် တည်း။

ပညတ်တစ်ခု၊ သမုဋ္ဌာန်သုံးခု။
မုသာဝါဒဝဂ္ဂေါ ပဌမော။

ဘူတဂါမဝဂ်

၆၄။ ကြီးပွားဆဲ ဘူတဂါမ်ကို၊ (ဝါ) နတ်တို့၏နေရာ မြက်သစ်ပင်ကို ဖျက်ဆီးသူအား ပါစိတ်ကို အဘယ်၌--။ အာဠဝီ၌--။ အာဠဝီတိုင်းသား ရဟန်းတို့--။ သစ်ပင်ကိုဖြတ်ခြင်းကြောင့်တည်း။

ပညတ်တစ်ခု၊ သမုဋ္ဌာန်သုံးခု။

၆၅။ မေးသည်မှ တစ်ပါးကိုဖြေသူ၊ ဆိတ်ဆိတ်နေ၍ သံဃာကိုညှင်းဆဲသူအား ပါစိတ်ကို အဘယ်၌--။ ကောသမ္ဗီ၌--။ ရှင်ဆန္န--။ သံဃာအလယ်၌ အာပတ်ဖြင့် မေးစစ်သောအခါ တပါးဖြင့်တပါးကို ဖြေခြင်းကြောင့် တည်း။

ပညတ်တစ်ခု၊ အနုပညတ်တစ်ခု၊ သမုဋ္ဌာန်သုံးခု။

၆၆။ ကဲ့ရဲ့သူ၊ ရှုတ်ချသူအား ပါစိတ်ကို အဘယ်၌--။ ရာဇဂြိုဟ်၌--။ မေတ္တိယဘူမဧကရဟန်းတို့--။ ရှင်ဒဗ္ဗကို ကဲ့ရဲ့ခြင်းကြောင့်တည်း။

ပညတ်တစ်ခု၊ အနုပညတ်တစ်ခု၊ သမုဋ္ဌာန်သုံးခု။

၆၇။ သံဃိကညောင်စောင်း, အင်းပျဉ်, ဘုံလျှို, ခတ်အခင်းကို လွင်တီးခေါင်၌ခင်း၍ မသိမ်းဆည်းဘဲ၊ မပန်ကြားဘဲ ဖဲသွားသူအား ပါစိတ်ကို အဘယ်၌--။ သာဝတ္ထိ၌--။ ရဟန်းများစွာတို့--။ သံဃိကသေနာသနကို ထိုသို့ ပြုခြင်းကြောင့်တည်း။

ပညတ်တစ်ခု၊ အနုပညတ်တစ်ခု၊ ကထိနသမုဋ္ဌာန်နှစ်ခု-တ၊ ဆ။

၆၈။ သံဃိကကျောင်း၌ အိပ်ရာကိုခင်း၍ မသိမ်းဘဲ, မပန်ဘဲ ဖဲသွားသူ အား ပါစိတ်ကို အဘယ်၌--။ သာဝတ္ထိ၌။ သတ္တရသဝဂ္ဂီရဟန်းတို့--။ ထိုသို့ပြု၍ ဖဲသွားခြင်းကြောင့်တည်း။

ပညတ်တစ်ခု၊ ကထိနသမုဋ္ဌာန်နှစ်ခု။

၆၉။ သံဃိကကျောင်း၌ သိလျက် ရှေးဦးစွာနေသောရဟန်းကို တိုးဝှေ့၍ အိပ်သူအား ပါစိတ်ကို အဘယ်၌--။ သာဝတ္ထိ ၌--။ ဆဗ္ဗဂ္ဂီတို့--။ မထေရ် ကြီးတို့ကို တိုးဝှေ့၍အိပ်ခြင်းကြောင့်တည်း။

ပညတ်တစ်ခု၊ ကာယစိတ္တသမုဋ္ဌာန်တစ်ခု။

၇၀။ ရဟန်းကို အမျက်ထွက်၍ သံဃိကကျောင်းမှ နှင်ထုတ်သူအား ပါစိတ်ကို အဘယ်၌--။ သာဝတ္ထိ၌--။ ဆဗ္ဗဂ္ဂီတို့--။ ထိုသို့ နှင်ထုတ်ခြင်း ကြောင့်တည်း။

ပညတ်တစ်ခု၊ သမုဋ္ဌာန်သုံးခု။

၇၁။ သံဃိကကျောင်း၌ အထက်ဟင်းလင်းရှိသော ကုဋိ၌၊ (ဝါ) ဟင်းလင်းရှိသော ကုဋိ၏အထက်၊ ရက်မ, ဆင့်ထက်၌ထားသော အပေါင်၌ အခြေတပ်သော ညောင်စောင်း, အင်းပျဉ်ကို တက်ထိုင်သူအား ပါစိတ်ကို အဘယ်၌--။သာဝတ္ထိ၌---။ ရဟန်းတစ်ပါး--။ ထိုသို့ လျင်စွာ တက်ထိုင်ခြင်းကြောင့်တည်း။

ပညတ်တစ်ခု၊ ကာယစိတ္တသမုဋ္ဌာန်နှစ်ခု။

၇၂။ နှစ်စဉ်, သုံးစဉ် (လည်၍) မိုးခြင်းကို စီရင်၍ ထိုထက်အလွန် စီရင်သူအား ပါစိတ်ကို အဘယ်၌--။ ကောသမ္ဗီ၌--။ ရှင်ဆန္ဒ--။ ပြုပြီးသော ကျောင်းကို ဖန်ဖန်မိုးစေ၊ လိမ်းကျံစေ၍ ဝန်လေးသောကျောင်း ပြိုကျခြင်း ကြောင့် တည်း။

ပညတ်တစ်ခု၊ ဆသမုဋ္ဌာန်၊ (ဝါ) သဗ္ဗသမုဋ္ဌာန်ခြောက်ခု။

၇၃။ သိလျှက် ပိုးရှိသောရေကို မြက်၌လည်းကောင်း၊ မြေ၌လည်းကောင်း သွန်းလောင်းသူအား ပါစိတ်ကို အဘယ်၌--။ အာဠဝီ၌--။ အာဠဝီ တိုင်းသား ရဟန်းတို့--။ ထိုသို့လောင်းခြင်းကြောင့်တည်း။

ပညတ်တစ်ခု၊ သမုဋ္ဌာန်သုံးခု။
ဘူတဂါမဝဂ္ဂေါ ဒုတိယော။

ဩဝါဒဝဂ်

၇၄။ သမ္မုတိမရဘဲ ဘိက္ခုနီတို့ကို (ဂရုဓမ္မဖြင့်) ဆုံးမသူအား ပါစိတ်ကို အဘယ်၌--။ သာဝတ္ထိ၌--။ ဆဗ္ဗဂ္ဂီတို့--။ ထိုသို့ဆုံးမခြင်းကြောင့်တည်း။

ပညတ်တစ်ခု၊ အနုပညတ်တစ်ခု၊ ဝါစာ၊ ဝါစာစိတ္တသမုဋ္ဌာန်နှစ်ခု၊ (ဝါ) ပဒသောဓမ္မ။ ဒုတိယ၊ ပဉ္စမ။

၇၅။ နေဝင်သောအခါ ဘိက္ခုနီတို့ကို ဆုံးမသူအား ပါစိတ်ကို အဘယ်၌--။ သာဝတ္ထိ၌--။ ရှင်စူဠပန်--။ ထိုသို့ဆုံးမခြင်းကြောင့်တည်း။

ပညတ်တစ်ခု၊ သမုဋ္ဌာန်နှစ်ခု။ ပဒသောဓမ္မ။

၇၆။ ဘိက္ခုနီ၏ ကျောင်းသို့ချဉ်းကပ်၍ ဘိက္ခုနီတို့ကို ဆုံးမသူအား ပါစိတ်ကို အဘယ်၌--။ သက္ကတိုင်း၌--။ ဆဗ္ဗဂ္ဂီတို့--။ ထိုသို့ဆုံးမခြင်း ကြောင့်တည်း။

ပညတ်တစ်ခု၊ အနုပညတ်တစ်ခု၊ ကထိနသမုဋ္ဌာန်နှစ်ခု။ ဝါ- တတိယ၊ ဆဋ္ဌ။

၇၇။ အာမိသဟူသော အကြောင်းကြောင့် ရဟန်းတို့သည် ဘိက္ခုနီတို့ကို ဆုံးမကုန်၏ဟု ဆိုသူအား ပါစိတ်ကို အဘယ်၌--။ သာဝတ္ထိ၌--။ ဆဗ္ဗဂ္ဂီတို့--။ ထိုသို့ ဆိုခြင်းကြောင့်တည်း။

ပညတ်တစ်ခု၊ သမုဋ္ဌာန်သုံးခု။

၇၈။ အမျိုးမတော်သော ဘိက္ခုနီကို သင်္ကန်းပေးသူအား ပါစိတ်ကို အဘယ်၌--။ သာဝတ္ထိ၌--။ ရဟန်းတစ်ပါး--။ ထိုသို့ပေးခြင်းကြောင့်တည်း။

ပညတ်တစ်ခု၊ အနုပညတ်တစ်ခု၊ သမုဋ္ဌာန်ခြောက်ခု။

၇၉။ အမျိုးမတော်သော ဘိက္ခုနီ၏ သင်္ကန်းကို ချုပ်သူအား ပါစိတ်ကို အဘယ်၌--။ သာဝတ္ထိ၌ --။ ရှင်ဥဒါယီ --။ ထိုသို့ချုပ်ခြင်းကြောင့်တည်း။

ပညတ်တစ်ခု၊ သမုဋ္ဌာန်ခြောက်ခု။

၈၀။ ဘိက္ခုနီနှင့်တိုင်ပင်၍ ခရီးရှည်အတူသွားသူအား ပါစိတ်ကို အဘယ်၌--။ သာဝတ္ထိ၌--။ ဆဗ္ဗဂ္ဂီတို့--။ ထိုသို့ သွားခြင်းကြောင့်တည်း။

ပညတ်တစ်ခု၊ အနုပညတ်တစ်ခု၊ ကာယကြောင့်၊ ကာယဝါစာကြောင့် ကာယစိတ္တကြောင့်၊ ကာယ ဝါစာ စိတ္တကြောင့်၊ သမုဋ္ဌာန်လေးခု။ (ဝါ) ပဌမ တတိယ၊ စတုတ္ထ၊ ဆဋ္ဌ= ပ, တ, စ, ဆ၊ အဒ္ဓါနသမုဋ္ဌာန်။

၈၁။ ဘိက္ခုနီနှင့်တိုင်ပင်၍ လှေတစ်စင်းတည်း စီးသူအား ပါစိတ်ကို အဘယ်၌--။ သာဝတ္ထိ၌--။ ဆဗ္ဗဂ္ဂီတို့--။ ထိုသို့ စီးခြင်းကြောင့်တည်း။

ပညတ်တစ်ခု၊ အနုပညတ်တစ်ခု၊ သမုဋ္ဌာန်လေးခု။ အဒ္ဓါန။

၈၂။ သိလျက် ဘိက္ခုနီစီရင်သော ဆွမ်းကိုစားသူအား ပါစိတ်ကို အဘကယ်၌--။ ရာဇဂြိုဟ်၌--။ ရှင်ဒေဝဒတ်--။ ထိုသို့စားခြင်းကြောင့်တည်း။

ပညတ်တစ်ခု၊ အနုပညတ်တစ်ခု၊ ကာယစိတ္တသမုဋ္ဌာန်တစ်ခု။

၈၃။ ဘိက္ခုနီနှင့်အတူ တစ်ယောက်ချင်းချင်း ဆိတ်ကွယ်ရာ၌ နေထိုင်သူအား ပါစိတ်ကို အဘယ်၌--။ သာဝတ္ထိ၌။ ရှင်ဥဒါယီ--။ ထိုသို့နေထိုင်ခြင်းကြောင့်တည်း။

ပညတ်တစ်ခု၊ ကာယစိတ္တသမုဋ္ဌာန်တစ်ခု။
ဩဝါဒဝဂ္ဂေါ တတိယော။

ဘောဇနဝဂ်

၈၄။ အဝစားတစ်ကြိမ်ထက်၊ (ဝါ) တစ်နေ့ထက်အလွန် ဇရပ် စသည်၌ တည်သောဆွမ်းကို စားသူအား ပါစိတ်ကို အဘယ်၌--။ ရှင်ဥဒါယီ--။ နေ့တိုင်းနေ၍ ထိုဆွမ်းကို စားခြင်းကြောင့်တည်း။

ပညတ်တစ်ခု၊ အနုပညတ်တစ်ခု၊ ဧဠကလောမသမုဋ္ဌာန်နှစ်ခု။

၈၅။ ဂဏဘောဇဉ်ကို စားခြင်းကြောင့် ပါစိတ်ကို အဘယ်၌--။ ရာဇဂြိုဟ်၌--။ ရှင်ဒေဝဒတ်--။ ပရိသတ်နှင့် တစ်ကွ ဒါယကာတို့ထံ တောင်းစားခြင်းကြောင့်တည်း။

ပညတ်တစ်ခု၊ အနုပညတ်ခုနစ်ခု၊ ဧဠကလောမသမုဋ္ဌာန်နှစ်ခု။

၈၆။ နောက်နောက်ဘိတ်သူ၏ ပရမ္ပရဘောဇဉ်ကို စားခြင်းကြောင့် ပါစိတ်ကို အဘယ်၌--။ ဝေသာလီ၌--။ ရဟန်းများစွာ --။ တစ်အိမ်၌ဘိတ်လျက် တစ်အိမ်၌စားခြင်းကြောင့်တည်း။

ပညတ်တစ်ခု၊ အနုပညတ်လေးခု၊ ကထိနသမုဋ္ဌာန်နှစ်ခု။ (အနုပညတ် သုံးခုဟု အချို့ဆို၏။)

၈၇။ နှစ်သပိတ်, သုံးသပိတ်အပြည့် မုန့်ခံ၍ ထိုထက်အလွန် ခံသူအား ပါစိတ်ကို အဘယ်၌--။ သာဝတ္ထိ၌--။ ရဟန်းများစွာ--။ အတိုင်းအရှည်မသိ ခံခြင်းကြောင့်တည်း။

ပညတ်တစ်ခု၊ သမုဋ္ဌာန်ခြောက်ခု။

၈၈။ ဆွမ်းစားစဉ် တန်ပြီဟု တားမြစ်မိလျက် အတိရိက်ဝိနည်းကံ မပြုသော ခဲဘွယ်ဘောဇဉ်ကို စားသူအား ပါစိတ်ကို အဘယ်၌--။ သာဝတ္ထိ၌--။ ရဟန်းများစွာ--။ ဆွမ်းစားစဉ်တားလျက် တစ်အိမ်၌စားခြင်းကြောင့် တည်း။

ပညတ်တစ်ခု၊ အနုပညတ်တစ်ခု၊ ကထိနသမုဋ္ဌာန်နှစ်ခု။

၈၉။ ဆွမ်းစားစဉ် တန်ပြီဟု တားမြစ်မိသောရဟန်းကို အတိရိက်ဝိနည်းကံ မပြုသော ခဲဘွယ်ဘောဇဉ်ဖြင့် ဆောင်၍ဘိတ်သူအား ပါစိတ်ကို အဘယ်၌---။ သာဝတ္ထိ၌--။ ရဟန်းတစ်ပါး--။ ထိုသို့ ဘိတ်ခြင်းကြောင့်တည်း။

ပညတ်တစ်ခု၊ သမုဋ္ဌာန်သုံးခု။

၉၀။ နေလွဲသောအခါ ခဲဘွယ်ဘောဇဉ် စားသူအား ပါစိတ်ကို အဘယ်၌--။ ရာဇဂြိုဟ်၌--။ သတ္တရသဝဂ္ဂီတို့--။ ထိုသို့စားခြင်းကြောင့်တည်း။

ပညတ်တစ်ခု၊ ဧဠကလောမသမုဋ္ဌာန်နှစ်ခု။

၉၁။ သိုမှီးခြင်းပြုသော ခဲဘွယ်ဘောဇဉ်ကို စားသူအား ပါစိတ်ကို အဘယ်၌--။ သာဝတ္ထိ၌--။ ရှင်ဗေလဋ္ဌသီသ--။ ထိုသို့စားခြင်းကြောင့်တည်း။

ပညတ်တစ်ခု၊ ဧဠကလောမသမုဋ္ဌာန်နှစ်ခု။

၉၂။ ထောပတ်စသော ပဏီတနှင့်ရောသော ဘောဇဉ်ကို မိမိအလို့ငှါ တောင်းစားသူအား ပါစိတ်ကို အဘယ်၌--။ သာဝတ္ထိ၌--။ ဆဗ္ဗဂ္ဂီတို့---။ ထိုသို့ တောင်းစားခြင်းကြောင့်တည်း။

ပညတ်တစ်ခု၊ အနုပညတ်တစ်ခု၊ သမုဋ္ဌာန်လေးခု။ (ဝါ) အဒ္ဓါနသမုဋ္ဌာန်။

၉၃။ အကပ်မခံဘဲ ခံတွင်းဝသို့ အာဟာရဆောင်သူအား ပါစိတ်ကို အဘယ်၌--။ ဝေသာလီ၌--။ ရဟန်းတစ်ပါး-။ ထိုသို့ဆောင်ခြင်းကြောင့်တည်း။

ပညတ်ဟစ်ခု၊ အနုပညတ်တစ်ခု၊ ဧဠကလောမသမုဋ္ဌာန်နှစ်ခု။
ဘောဇနဝဂ္ဂေါ စတုတ္ထော။

အစေလကဝဂ်

၉၄။ အဝတ်မဝတ်သော တက္ကတွန်း၊ ပရိဗိုဇ်ထီး၊ ပရိဗိုဇ်မတို့အား မိမိလက်ဖြင့် ခဲဘွယ်ဘောဇဉ် ပေးသူအား ပါစိတ်ကို အဘယ်၌--။ ဝေသာလီ၌--။ ရှင်အာနန္ဒာ--။ ပရိဗိုဇ်မအား တစ်ခု အထင်ဖြင့် မုန့်နှစ်ခု ပေးခြင်းကြောင့် တည်း။

ပညတ်တစ်ခု၊ ဧဠကလောမသမုဌာန်နှစ်ခု။

၉၅။ ရဟန်းတို့ “ငါ့ရှင်လာလော၊ ရွာနိဂုံးသို့ ဆွမ်းခံဝင်ကုန်အံ့” ဟု ခေါ်သွား၍ (စားဘွယ်တစ်ခုခု) ပေးစေ၍ လည်းကောင်း၊ မပေးစေမူ၍လည်းကောင်း ပြန်လွှတ်သူအား ပါစိတ်ကို အဘယ်၌--။ သာဝတ္ထိ၌--။ ရှင်ဥပနန္ဒ--။ ထိုသို့လွှတ်လိုက်ခြင်းကြောင့်တည်း။

ပညတ်တစ်ခု၊ သမုဋ္ဌာန်သုံးခု။

၉၆။ လင်မယားနှစ်ယောက် ရှိသောအိမ်၌ တိုးဝှေ့၍နေထိုင်သူအား ပါစိတ်ကို အဘယ်၌--။ သာဝတ္ထိ၌--။ ရှင်ဥပနန္ဒ--။ ထိုသို့ထိုင်ခြင်းကြောင့်တည်း။

ပညတ်တစ်ခု၊ ကာယစိတ္တသမုဋ္ဌာန်တစ်ခု။

၉၇။ မာတုဂါမနှင့် ဆိတ်ကွယ်သော၊ ဖုံးလွှမ်းသောနေရာ၌ နေထိုင်သူအား ပါစိတ်ကို အဘယ်၌--။ သာဝတ္ထိ၌--။ ရှင်ဥပနန္ဒ--။ ထိုသို့ထိုင်ခြင်း ကြောင့်တည်း။

ပညတ်တစ်ခု၊ ကာယစိတ္တသမုဋ္ဌာန်တစ်ခု။

၉၈။ မာတုဂါမနှင့် တစ်ယောက်ချင်းချင်း ဆိတ်ကွယ်ရာ၌နေထိုင်သူအား ပါစိတ်ကို အဘယ်၌---။ သာဝတ္ထိ၌--။ ရှင်ဥပနန္ဒ---။ ထိုသို့ထိုင်ခြင်းကြောင့်တည်း။

ပညတ်တစ်ခု၊ ကာယစိတ္တသမုဋ္ဌာန်တစ်ခု။

၉၉။ ပင့်ဘိတ်အပ်သော ဘတ္တ- ထမင်းရှိသော ရဟန်းဖြစ်လျက် ထင်ရှားရှိသော ရဟန်းကို မပန်ကြားဘဲ ဘတ္တမစားမီ လည်းကောင်း၊ စားပြီးမှ လည်းကောင်း ဒါယကာတို့ထံ လှည့်လည်သူအား ပါစိတ်ကို အဘယ်၌--။ ရာဇဂြိုဟ်၌--။ ရှင်ဥပနန္ဒ--။ ထိုသို့လှည့်လည်ခြင်းကြောင့်တည်း။

ပညတ်တစ်ခု၊ အနုပညတ်လေးခု၊ ကထိနသမုဋ္ဌာန်နှစ်ခု။

၁၀၀။ ဘိတ်ကြားသော အပိုင်းအခြားထက် အလွန် ဆေးကိုတောင်းသူအား ပါစိတ်ကို အဘယ်၌--။ သက္ကတိုင်းတို့၌--။ ဆဗ္ဗဂ္ဂီတို့--။ ယနေ့တစ်ရက် ဆိုင်းကြပါဥိးဟု မဟာနာမ်သာကီဝင် ဆိုလျက် မဆိုင်းခြင်း ကြောင့်တည်း။

ပညတ်တစ်ခု၊ သမုဋ္ဌာန်ခြောက်ခု။

၁၀၁။ တိုင်းပြည်မှထွက်သော စစ်သည်ကို ကြည့်ရှုခြင်းငှါ သွားသူအား ပါစိတ်ကို အဘယ်၌--။ သာဝတ္ထိ၌--။ ဆဗ္ဗဂ္ဂီတို့--။ ထိုသို့သွားခြင်းကြောင့်တည်း။

ပညတ်တစ်ခု၊ အနုပညတ်တစ်ခု၊ ဧဠကလောမသမုဋ္ဌာန်နှစ်ခု။

၁၀၂။ သုံးညဥ့်ထက်အလွန် စစ်သည်ဆောင်၌ နေသူအား ပါစိတ်ကို အဘယ်၌--။ သာဝတ္ထိ၌--။ ဆဗ္ဗဂ္ဂီတို့---။ ထိုသို့နေခြင်းကြောင့်တည်း။

ပညတ်တစ်ခု၊ ဧဠကလောမသမုဋ္ဌာန်နှစ်ခု။

၁၀၃။ တက်၍ တက်၍ စစ်ထိုးရာသို့ သွားသူအား ပါစိတ်ကို အဘယ်၌--။ သာဝတ္ထိ၌--။ ဆဗ္ဗဂ္ဂီတို့--။ ထိုသို့ သွားခြင်းကြောင့်တည်း။

ပညတ်တစ်ခု၊ ဧဠကလောမသမုဋ္ဌာန်နှစ်ခု။
အစေဠကဝဂ္ဂေါ ပဉ္စမော။

သုရာမေရယဝဂ်

၁ဝ၄။ သုရာမေရယကို သောက်ခြင်းကြောင့် ပါစိတ်ကို အဘယ်၌--။ ကောသမ္ဗီ၌--။ ရှင်သာဂဟ--။ သေသောက်ခြင်းကြောင့်တည်း။
ပညတ်တစ်ခု၊ ကာယကြောင့်, ကာယစိတ္တကြောင့်။ (ဝါ) ဧဠကလောမ သမုဋ္ဌာန်နှစ်ခု။

၁၀၅။ ချိုင်း (ဂျိုင်း) ထိုးခြင်းကြောင့် ပါစိတ်ကို အဘယ်၌--။ သာဝတ္ထိ၌--။ ဆဗ္ဗဂ္ဂီတို့---။ ရဟန်းကို ချိုင်း (ဂျိုင်း) ထိုး၍ ရယ်စေခြင်းကြောင့်တည်း။
ပညတ်တစ်ခု၊ ကာယစိတ္တသမုဋ္ဌာန်တစ်ခု။

၁၀၆။ ရေ၌ မြူးတူးကစားခြင်းကြောင့် ပါစိတ်ကို အဘယ်၌--။ သာ၀တ္ထိ၌--။ သတ္တရသဝဂ္ဂီတို့--။ အစိရဝတီမြစ်၌ ရေကစားခြင်းကြောင့်တည်း။
ပညတ်တစ်ခု၊ ကာယစိတ္တသမုဋ္ဌာန်တစ်ခု။

၁၀၇။ ပုဂ္ဂလဓမ္မကို မရိုသေခြင်းကြောင့် ပါစိတ်ကို အဘယ်၌--။ ကောသမ္ဗီ၌--။ ရှင်ဆန္န--။ မရိုမသေ ပြုခြင်းကြောင့်တည်း။
ပညတ်တစ်ခု၊ သမုဋ္ဌာန်သုံးခု။

၁၀၈။ ရဟန်းကို ကြောက်လန့်စေသူအား ပါစိတ်ကို အဘယ်၌--။ သာဝတ္ထိ၌--။ ဆဗ္ဗဂ္ဂီတို့--။ ရဟန်းကို ကြောက်လန့်စေခြင်းကြောင့်တည်း။
ပညတ်တစ်ခု၊ သမုဋ္ဌာန်သုံးခု။

၁၀၉။ မီးကိုတောက်အောင်ထည့်၍ လှုံသူအား ပါစိတ်ကို အဘယ်၌--။ ဘဂ္ဂတိုင်းတို့၌--။ ရဟန်းများစွာ--။ မီးထည့်လှုံခြင်းကြောင့်တည်း။
ပညတ်တစ်ခု၊ အနုပညတ်နှစ်ခု၊ သမုဋ္ဌာန်ခြောက်ခု။

၁၁၀။ လခွဲအတွင်း ရေချိုးသူအား ပါစိတ်ကို အဘယ်၌--။ ရာဇဂြိုဟ်၌--။ ရဟန်းများစွာ--။ မင်းကြီးကိုမြင်လျက် ပမာဏမသိ ရေချိုးခြင်းကြောင့်တည်း။
ပညတ်တစ်ခု၊ အနုပညတ်ခြောက်ခု၊ သဗ္ဗတ္ထပညတ်လော- ပဒေသပညတ်ဖြစ်၏။ ဧဠကလောမသမုဋ္ဌာန်နှစ်ခု။

၁၁၁။ အဆင်းပျက်အောင်ပြုခြင်း သုံးမျိုး တစ်မျိုးမျိုး မယူမူ၍၊ ဝါ- ကပ္ပဗိန္ဒုမထိုးမူ၍ သင်္ကန်းအသစ်ကို သုံးဆောင်သူအား ပါစိတ်ကို အဘယ်၌--။ သာဝတ္ထိ၌--။ ရဟန်းများစွာ--။ မိမိသင်္ကန်းကို မမှတ်မိခြင်းကြောင့် တည်း။
ပညတ်တစ်ခု၊ ဧဠကလောမသမုဋ္ဌာန်နှစ်ခု။

၁၁၂။ ဘိက္ခုအားလည်းကောင်း ဘိက္ခုနီ, သိက္ခမာန်, သာမဏေ, သမဏေမအား လည်းကောင်း ကိုယ်တိုင် သင်္ကန်းကို ဝိကပ္ပနာပြု၍ ပစ္စုဒ္ဓိရ် မပြန်ဘဲ သုံးဆောင်သူအား ပါစိတ်ကို အဘယ်၌--။ သာဝတ္ထိ၌--။ ရှင်ဥပနန္ဒ ကိုယ်တိုင်--။ ရဟန်းအား ဝိကပ္ပနာပြု၍ ပစ္စုဒ္ဓိရ်မပြန်ဘဲ သုံးဆောင်ခြင်းကြောင့်တည်း။
ပညတ်တစ်ခု၊ ကထိနသမုဋ္ဌာန်နှစ်ခု။

၁၁၃။ ရဟန်း၏သပိတ်ကိုလည်းကောင်း၊ သင်္ကန်း, နိသီဒိုင်, အပ်ကျည်, ခါးပန်းကိုလည်းကောင်း ဝှက်သူအား ပါစိတ်ကို အဘယ်၌--။ သာဝတ္ထိ၌--။ ဆဗ္ဗဂ္ဂီတို့--။ ထိုသို့ဝှက်ခြင်းကြောင့်တည်း။
ပညတ်တစ်ခု၊ သမုဋ္ဌာန်သုံးခု။

သုရာမေရယဝဂ္ဂေါ ဆဋ္ဌော။

သပ္ပါယကဝဂ်

၁၁၄။ တကွအားထုတ်၍ သတ္တဝါကို ဇီဝိတိန္ဒြေမှ ချသူအား ပါစိတ်ကို အဘယ်၌--။ သာဝတ္ထိ၌--။ ရှင်ဥဒါယီ--။ ထိုသို့ချခြင်းကြောင့်တည်း။
ပညတ်တစ်ခု၊ သမုဋ္ဌာန်သုံးခု။

၁၁၅။ သိလျက် ပိုးရှိသောရေကို သုံးဆောင်သူအား ပါစိတ်ကို အဘယ်၌--။ သာဝတ္ထိ၌--။ ဆဗ္ဗဂ္ဂီတို့--။ ထိုသို့ ပြုခြင်းကြောင့်တည်း။
ပညတ်တစ်ခု၊ သမုဋ္ဌာန်သုံးခု။

၁၁၆။ သိလျက် တရားနှင့်အညီ ငြိမ်းပြီးသော အဓိကရုဏ်းကို တဖန် ကံဖြစ်ခြင်းငှါ လှုပ်ချောက်ချားသူအား ပါစိတ်ကို အဘယ်၌--။ သာဝတ္ထိ၌--။ ဆဗ္ဗဂ္ဂီတို့--။ ထိုသို့ပြုခြင်းကြောင့်တည်း။
ပညတ်တစ်ခု၊ သမုဋ္ဌာန်သုံးခု။

၁၁၇။ ရဟန်း၏ ဒုဋ္ဌလ္လအာပတ်ကို သိလျက် ဖုံးသူအား ပါစိတ်ကို အဘယ်၌--။ သာဝတ္ထိ၌--။ ရဟန်းတစ်ပါး--။ ထိုသို့ဖုံးခြင်းကြောင့်တည်း။
ပညတ်တစ်ခု၊ ကာယဝါစာစိတ္တသမုဋ္ဌာန်တစ်ခု။ (ဝါ)ဆဋ္ဌသမုဋ္ဌာန်၊ သမနုဘာသနသမုဋ္ဌာန်။

၁၁၈။ သိလျက် အသက်နှစ်ဆယ် မပြည့်သူကို ရဟန်းပြုပေးသူအား ပါစိတ်ကို အဘယ်၌--။ ရာဇဂြိုဟ်၌--။ ရဟန်းများစွာ---။ ထိုသို့ပြုခြင်းကြောင့်တည်း။
ပညတ်တစ်ခု၊ သမုဋ္ဌာန်သုံးခု။

၁၁၉။ သိလျက် ခိုးသူကုန်သည်နှင့် တိုင်ပင်၍ ခရီးရှည်အတူ သွားသူအား ပါစိတ်ကို အဘယ်၌--။ သာဝတ္ထိ၌ --။ ရဟန်းတစ်ပါး--။ ထိုသို့ပြုခြင်းကြောင့်တည်း။
ပညတ်တစ်ခု၊ ကာယစိတ္တကြောင့်လည်းကောင်း, ကာယဝါစာစိတ္တကြောင့် လည်းကောင်းဖြစ်၏။ ဝါ- စတုတ္ထ၊ ဆသမုဋ္ဌာန်နှစ်ခု။ (စ၊ ဆ ထေယျ သတ္ထသမုဋ္ဌာန်။)

၁၂၀။ မာတုဂါမနှင့်တိုင်ပင်၍ ခရီးရှည်အတူ သွားသူအား ပါစိတ်ကို အဘယ်၌--။ သာဝတ္ထိ၌--။ ရဟန်းတစ်ပါး--။ ထိုသို့သွားခြင်းကြောင့်တည်း။
ပညတ်တစ်ခု၊ သမုဋ္ဌာန်လေးခု။ (ပ, တ, စ, ဆ၊ အဒ္ဓါနသမုဋ္ဌာန်)

၁၂၁။ ယုတ်မာသောအယူကို သုံးကြိမ်ဆုံးမလျက် မစွန့်သူအား ပါစိတ်ကို အဘယ်၌--။ သာဝတ္ထိ၌--။ ရှင်အရိဋ္ဌ-။ ထိုသို့မစွန့်ခြင်းကြောင့်တည်း။
ပညတ်တစ်ခု၊ ကာယဝါစာစိတ္တသမုဋ္ဌာန်တစ်ခု။

၁၂၂။ သိလျက် ထိုအယူမစွန့်သော အရိဋ္ဌရဟန်းနှင့် သမ္ဘောဂပြုသူအား ပါစိတ်ကို အဘယ်၌--။ သာဝတ္ထိ၌---။ ဆဗ္ဗဂ္ဂီတို့--။ ထိုသို့ပြုခြင်းကြောင့်တည်း။
ပညတ်တစ်ခု၊ သမုဋ္ဌာန်သုံးခု။

၁၂၃။ သိလျက် ထိုသို့ဖျက်ဆီးအပ်သော သာမဏေကို ဖြားယောင်းယူအား ပါစိတ်ကို အဘယ်၌--။ သာဝတ္ထိ၌--။ ဆဗ္ဗဂ္ဂီတို့--။ ထိုသို့ပြုခြင်းကြောင့်တည်း။
ပညတ်တစ်ခု၊ သမုဋ္ဌာန်သုံးခု။

သပ္ပါဏကဝဂ္ဂေါ သတ္တမော။

သဟဓမ္မိကဝဂ်

၁၂၄။ ရဟန်းတို့သည် သိက္ခာပုဒ်နှင့်အညီ ပြောဆိုသောအခါ “တပါးသော ဝိနည်းဓိုရ်ကို မမေးရသေးမီ ဤ သိက္ခာပုဒ်၌ ငါမကျင့်လိုသေး” ဟု ဆိုသူအား ပါစိတ်ကို အဘယ်၌--။ ကောသမ္ဗီ၌--။ ရှင်ဆန္န--။ ဤသို့ ဆိုခြင်းကြောင့်တည်း။
ပညတ်တစ်ခု၊ သမုဋ္ဌာန်သုံးခု။

၁၂၅။ ဝိနည်းကို ကဲ့ရဲ့သူအား ပါစိတ်ကို အဘယ်၌--။ သာဝတ္ထိ၌--။ ဆဗ္ဗဂ္ဂီတို့--။ ထိုသို့ကဲ့ရဲ့ခြင်းကြောင့်တည်း။
ပညတ်တစ်ခု၊ သမုဋ္ဌာန်သုံးခု။

၁၂၆။ ဝိနည်းမသိဟန်ဆောင်ခြင်းကြောင့် ပါစိတ်ကို အဘယ်၌--။ သာဝတ္ထိ၌--။ ဆဗ္ဗဂ္ဂီတို့--။ ထိုသို့ ဟန်ဆောင်ခြင်းကြောင့်တည်း။
ပညတ်တစ်ခု၊ သမုဋ္ဌာန်သုံးခု။

၁၂၇။ ရဟန်းကို အမျက်ထွက်၍ ရိုက်သူအား ပါစိတ်ကို အဘယ်၌--။ သာဝတ္ထိ၌--။ ဆဗ္ဗဂ္ဂီတို့--။ ထိုသို့ ရိုက်ခြင်းကြောင့်တည်း။
ပညတ်တစ်ခု၊ ကာယစိတ္တသမုဋ္ဌာန်တစ်ခု။

၁၂၈။ ရဟန်းကိုအမျက်ထွက်၍ လက်ဝါးပြက်မိုးသူအား ပါစိတ်ကို အဘယ်၌--။ သာဝတ္ထိ၌--။ ဆဗ္ဗဂ္ဂီတို့--။ ထိုသို့ မိုးခြင်းကြောင့်တည်း။
ပညတ်တစ်ခု၊ ကာယစိတ္တသမုဋ္ဌာန်တစ်ခု။

၁၂၉။ ရဟန်းကို အရင်းမရှိသော သံဃာဒိသေသ်ဖြင့် စွပ်စွဲသူအား ပါစိတ်ကို အဘယ်၌--။ သာဝတ္ထိ၌--။ ဆဗ္ဗဂ္ဂီတို့--။ ထိုသို့ စွပ်စွဲခြင်းကြောင့်တည်း။
ပညတ်တစ်ခု၊ သမုဋ္ဌာန်သုံးခု။

၁၃၀။ ရဟန်းအား အားထုတ်၍ ကုက္ကုစ္စသံသယကို ဖြစ်စေသူအား ပါစိတ်ကို အဘယ်၌--။ သာတ္ထိ၌--။ ဆဗ္ဗဂ္ဂီတို့။ ထိုသို့ ဖြစ်စေခြင်းကြောင့်တည်း။
ပညတ်တစ်ခု၊ သမုဋ္ဌာန်သုံးခု။

၁၃၁။ ရဟန်းတို့ တိုးတိုးတိုင်ပင်စဉ်, ခိုက်ရန်ဖြစ်စဉ်, ငြင်းခုံစဉ် ကြားလောက်ရာသို့ကပ်၍ တည်သူအား ပါစိတ်ကို အဘယ်၌--။ သာဝတ္ထိ၌--။ ဆဗ္ဗဂ္ဂီတို့--။ ထိုသို့ တည်ခြင်းကြောင့်တည်း။
ပညတ်တစ်ခု၊ ကာယစိတ္တ၊ ကာယဝါစာစိတ္တသမုဋ္ဌာန်နှစ်ခု။ ထေယျ သတ္ထ။

၁၃၂။ တရားနှင့်ညီသော ကံလေးပါးတို့အား ဆန္ဒပေး၍ နောက်၌ ရှုတ်ချသူအား ပါစိတ်ကို အဘယ်၌--။ သာဝတ္ထိ၌--။ ဆဗ္ဗဂ္ဂီတို့--။ ထိုသို့ ရှုတ်ချခြင်းကြောင့်တည်း။
ပညတ်တစ်ခု၊ သမုဋ္ဌာန်သုံးခု။

၁၃၃။ သံဃာ၌ ဝိနိစ္ဆယကထာ ဖြစ်သောအခါ ဆန္ဒမပေးဘဲ ထသွားသူအား ပါစိတ်ကို အဘယ်၌--။ သာဝတ္ထိ၌-။ ရဟန်းတစ်ပါး--။ ထိုသို့ ထသွားခြင်းကြောင့်တည်း။
ပညတ်တစ်ခု၊ ကာယဝါစာစိတ္တသမုဋ္ဌာန်တစ်ခု။

၁၃၄။ သမဂ္ဂသံဃာနှင့်အတူ သင်္ကန်းပေး၍ နောက်၌ ရှုတ်ချသူအား ပါစိတ်ကို အဘယ်၌--။ ရာဇဂြိုဟ်၌--။ ဆဗ္ဗဂ္ဂီတို့--။ ထိုသို့ ရှုတ်ချခြင်းကြောင့်တည်း။
ပညတ်တစ်ခု၊ သမုဋ္ဌာန်သုံးခု။

၁၃၅။ သိလျက် သံဃာသို့ ညွတ်ပြီးသောလာဘ်ကို ပုဂ္ဂိုလ်သို့ ညွတ်စေသောသူအား ပါစိတ်ကို အဘယ်၌--။ သာဝတ္ထိ၌--။ ဆဗ္ဗဂ္ဂီတို့--။ ထိုသို့ ညွတ်စေခြင်းကြောင့်တည်း။
ပညတ်တစ်ခု၊ သမုဋ္ဌာန်သုံးခု။

သဟဓမ္မိကဝဂ္ဂေါ အဋ္ဌမော။

ရာဇဝဂ်

၁၃၆။ ရှေးဦးစွာမသိစေဘဲ မင်း၏နန်းတော်တွင်းဝင်သူအား ပါစိတ်ကို အဘယ်၌--။ သာဝတ္ထိ၌--။ ရှင်အာနန္ဒာ--။ ထိုသို့ ဝင်ခြင်းကြောင့်တည်း၊
ပညတ်တစ်ခု၊ ကထိနသမုဋ္ဌာန်နှစ်ခု။

၁၃၇။ ရတနာကို ကောက်သိမ်းသူအား ပါစိတ်ကို အဘယ်၌--။ သာဝတ္ထိ၌--။ ရဟန်းတစ်ပါး--။ ထိုသို့ ကောက်သိမ်းခြင်းကြောင့်တည်း။
ပညတ်တစ်ခု၊ အနုပညတ်နှစ်ခု၊ သမုဋ္ဌာန်ခြောက်ခု။ (လူတို့၏အ၀တ် စသော အသုံးအဆောင်သည် ရတနသမ္မတ မည်၏။ ရတနသမ္မတကို ကောက် သိမ်းလျှင်လည်း ဤပါစိတ်တည်း။)

၁၃၈။ ထင်ရှားရှိသောရဟန်းကို မပန်ကြားဘဲ နေလွဲရွာဝင်သူအား ပါစိတ်ကို အဘယ်၌--။သာဝတ္ထိ၌--။ ဆဗ္ဗဂ္ဂီတို့--။ ထိုသို့ ဝင်ခြင်းကြောင့်တည်း။
ပညတ်တစ်ခု၊ အနုပညတ်သုံးခု၊ ကထိနသမုဋ္ဌာန်နှစ်ခု။

၁၃၉။ အရိုး, ဆင်စွယ်, သားချိုဖြင့်ပြုသော အပ်ကျည်ကို ပြုစေသူအား ပါစိတ်ကို အဘယ်၌--။ သက္ကတိုင်း၌--။ ရဟန်းများစွာ--။ ပမာဏမသိ အပ်ကျည်များစွာ ပြုစေခြင်းကြောင့်တည်း။
ပညတ်တစ်ခု၊ သမုဋ္ဌာန်ခြောက်ခု။

၁၄၀။ ပမာဏလွန်သော ညောင်စောင်း, အင်းပျဉ်ကို ပြုစေသူအား ပါစိတ်ကို အဘယ်၌--။ သာဝတ္ထိ၌--။ ရှင်ဥပနန္ဒ--။ မြင့်သောညောင်စောင်း၌ အိပ်ခြင်းကြောင့်တည်း။
ပညတ်တစ်ခု၊ သမုဋ္ဌာန်ခြောက်ခု။

၁၄၁။ ညောင်စောင်း, အင်းပျဉ်ကို လဲဖွဲ့ယှက်ရာ ပြုစေသူအား ပါစိတ်ကို အဘယ်၌---။ သာဝတ္တိ၌--။ ဆဗ္ဗဂ္ဂီတို့--။ ထိုသို့ပြုစေခြင်းကြောင့်တည်း။
ပညတ်တစ်ခု၊ သမုဋ္ဌာန်ခြောက်ခု။

၁၄၂။ ပမာဏလွန်သော နိသီဒိုင်ကို ပြုစေသူအား ပါစိတ်ကို အဘယ်၌--။ သာဝတ္ထိ၌--။ ဆဗ္ဗဂ္ဂီတို့--။ ပမာဏမရှိ နိသီဒိုင်ဆောင်ခြင်းကြောင့်တည်း။
ပညတ်တစ်ခု၊ အနုပညတ်တစ်ခု၊ သမုဋ္ဌာန်ခြောက်ခု။

၁၄၃။ ပမာဏလွန်သော အမာလွှမ်းကို ပြုစေသူအား ပါစိတ်ကို အဘယ်၌--။ သာဝတ္ထိ၌--။ ဆဗ္ဗဂ္ဂီတို့--။ ပမာဏမရှိ အမာလွှမ်း ဆောင်ခြင်းကြောင့်တည်း။
ပညတ်တစ်ခု၊ သမုဋ္ဌာန်ခြောက်ခု။

၁၄၄။ ပမာဏလွန်သော မိုးရေခံသင်္ကန်းကို ပြုစေသူအား ပါစိတ်ကို အဘယ်၌--။ သာဝတ္ထိ၌---။ ဆဗ္ဗဂ္ဂီတို့--။ ပမာဏမရှိ မိုးရေခံသင်္ကန်း ဆောင်ခြင်းကြောင့်တည်း။
ပညတ်တစ်ခု၊ သမုဋ္ဌာန်ခြောက်ခု။

၁၄၅။ မြတ်စွာဘုရား၏ သင်္ကန်းပမာဏရှိသော သင်္ကန်းကို ပြုစေသူအား ပါစိတ်ကို အဘယ်၌--။ သာဝတ္ထိ၌--။ ရှင်နန္ဒ--။ ထိုအနေသင်္ကန်း ဆောင်ခြင်းကြောင့်တည်း။
ပညတ်တစ်ခု၊ သမုဋ္ဌာန်ခြောက်ခု။

ရာဇဝဂ္ဂေါ နဝမော။

သုဒ္ဓပါစိတ် ၉၂-ပါး ပြီး၏။

၆။ ပါဋိဒေသနီ

၁၄၆။ ရွာတွင်းဝင်သော (ရွာတွင်း၌တည်သော) အမျိုးမတော်သော ဘိက္ခုနီ၏လက်မှ ခဲဘွယ်ဘောဇဉ်ကို မိမိလက်ဖြင့်ခံယူ၍ ဘုဉ်းပေးသောရဟန်းအား ပါဋိဒေသနီကို အဘယ်၌--။ သာဝတ္ထိ၌--။ ရဟန်းတစ်ပါး --။ ထိုသူ အာမိသခံယူခြင်းကြောင့်တည်း။
ပညတ်တစ်ခု၊ ကာယ၊ ကာယစိတ္တသမုဋ္ဌာန်နှစ်ခု။ ဧဠက။

၁၄၇။ အကျွမ်းဝင်ရာ၌ စီမံသော ဘိက္ခုနီကို မတားဘဲ ဘုဉ်းပေးသူအား ပါဋိဒေသနီကို အဘယ်၌--။ ရာဇဂြိုဟ်၌--။ ဆဗ္ဗဂ္ဂီတို့---။ ထိုသို့ မတားခြင်းကြောင့်တည်း။
ပညတ်တစ်ခု၊ ကာယဝါစာ၊ ကာယဝါစာစိတ္တသမုဋ္ဌာန်နှစ်ခု၊ ကထိန။

၁၄၈။ သေက္ခသမ္မုတိရသော ဒါယကာတို့အိမ်၌ ခဲဘွယ်ဘောဇဉ်ကို မိမိလက်ဖြင့် ခံယူ၍ ဘုဉ်းပေးသူအား ပါဋိဒေသနီကို အဘယ်၌--။ သာဝတ္ထိ၌--။ ရဟန်းများစွာ--။ ပမာဏမသိ ခံယူခြင်းကြောင့်တည်း။
ပညတ်တစ်ခု၊ အနုပညတ်နှစ်ခု၊ ကာယ၊ ကာယစိတ္တသမုဋ္ဌာန်နှစ်ခု။ ဧဠက။

၁၄၉။ တောကျောင်းတို့၌ ရှေးဦးစွာမသိစေဘဲ ဆောင်ပို့သော ခဲဘွယ်ဘောဇဉ်ကို အာရာမ်တွင်း၌ မိမိလက်ဖြင့် ခံယူ၍ ဘုဉ်းပေးသူအား ပါဋိဒေသနီကို အဘယ်၌--။ သက္ကတိုင်းတို့၌--။ ရဟန်းများစွာ--။ အာရာမ်တွင်း၌ ခိုးသူတို့ ရှိသည်ကို မပြောကြားခြင်းကြောင့်တည်း။
ပညတ်တစ်ခု၊ ကာယဝါစာ၊ ကာယဝါစာစိတ္တသမုဋ္ဌာန်နှစ်ခု။ ကထိန။

ပါဋိဒေသနီ ၄-ပါး ပြီး၏။

၇။ သေခိယ

၁။ ပရိမဏ္ဍလဝဂ်

၁၅၀။ အနာဒရိယ- မရိုသေခြင်းကိုစွဲ၍ ရှေ့၌လည်းကောင်း၊ နောက်၌ လည်းကောင်း တွဲလွဲကျစေလျက် သင်းပိုင်ဝတ်သူအား ဒုက္ကဋ်ကို အဘယ်၌--။ သာဝတ္တိ၌--။ ဆဗ္ဗဂ္ဂီတို့--။ ထိုသို့ဝတ်ခြင်းကြောင့်တည်း။
ပညတ်တစ်ခု၊ ကာယစိတ္တသမုဋ္ဌာန်တစ်ခု။ ပဌမပါရာဇိကသမုဋ္ဌာန်။

အနာဒရိယကိုစွဲ၍ ရှေ့၌လည်းကောင်း၊ နောက်၌လည်းကောင်း တွဲလွဲကျစေလျက် ကိုယ်ရုံကိုရုံသူ၊ (ဝါ) ရမ်းသူအား ဒုက္ကဋ်ကို အဘယ်၌---။ သာဝတ္ထိ၌ --။ ဆဗ္ဗဂ္ဂီတို့--။ ထိုသို့ရမ်းခြင်းကြောင့်တည်း။
ပညတ်တစ်ခု၊ ကာယစိတ္တသမုဌာန်တစ်ခု။

(သေခိယ ၇၅-ခု၌ သာဝတ္ထိ၊ ဆဗ္ဗဂ္ဂီ ၇၂-ပုဒ်။ ပညတ်တစ်ခု သက်သက် ၅၆-ပုဒ်။ ကာယစိတ္တသမုဋ္ဌာန်တစ်ခု ၅၃-ပုဒ်ရှိ၏။ ၎င်းတို့ကိုချန်၍ ထူးရာ၌သာရေးတော့အံ့။ အနာဒရိယံပဋိစ္စ-ကား ၇၅-ပုဒ်လုံးတည်း။)

မရိုသေခြင်းကိုစွဲ၍ ကိုယ်ကိုဖွင့်၍ (ဝါ-လည်ပင်း၊ လက်ကောက်ဝတ်တို့ကို မဖုံးဘဲ။ (ဝါ) သင်္ကန်းမရုံဘဲ ရွာတွင်း၌ သွားသူအား ဒုက္ကဋ်ကို အဘယ်၌---။

ကိုယ်ကိုဖွင့်၍ ရွာတွင်း၌ထိုင်သူအား ဒုက္ကဋ်ကို အဘယ်၌--။

လက်ခြေတို့ကိုကစားလျက် ရွာတွင်း၌ သွားသူအား ဒုက္ကဋ်ကို --။

လက်ခြေတို့ကိုကစားလျက် ရွာတွင်း၌ ထိုင်သူအား ဒုက္ကဋ်ကို --။

ထိုထိုအရပ်သို့ကြည့်လျက် ရွာတွင်း၌ သွားသူအား ဒုက္ကဋ်---။

ထိုထိုအရပ်သို့ကြည့်လျက် ရွာတွင်း၌ ထိုင်သူအား ဒုက္ကဋ်ကို --။

သင်္ကန်းကိုပင့်လျက် ရွာတွင်း၌ သွားသူအား ဒုက္ကဋ်ကို --။

သင်္ကန်းကိုပင့်လျက် ရွာတွင်း၌ ထိုင်သူအား ဒုက္ကဋ်ကို --။

ပရိမဏ္ဍလဝဂ္ဂေါပဌမော။

၂။ ဥဇ္ဇဂ္ဃိကဝဂ်

၁၅၁။ မရိုသေခြင်းကိုစွဲ၍ ပြင်းစွာရယ်လျက် ရွာတွင်း၌သွားသူအား ဒုက္ကဋ်ကို --။
ကာယဝါစာစိတ္တသမုဋ္ဌာန်တစ်ခု၊ သမနုဘာသန။

ပြင်းစွာရယ်လျက် ရွာတွင်း၌ ထိုင်သူအား ဒုက္ကဋ်ကို --။
သမနုဘာသန သမုဋ္ဌာန်တစ်ခု။

ကျယ်သောအသံပြုလျက် ရွာတွင်း၌ သွားသူအား ဒုက္ကဋ်ကို--။
သမနုဘာသန။

ကျယ်သောအသံပြုလျက် ရွာတွင်း၌ ထိုင်သူအား ဒုက္ကဋ်ကို--။
သမနုဘာသန။

ကိုယ်ကိုလှုပ်၍ ရွာတွင်း၌ သွားသူအား ဒုက္ကဋ်ကို --။

ကိုယ်ကိုလှုပ်၍ ရွာတွင်း၌ ထိုင်သူအား ဒုက္ကဋ်ကို --။

လက်ရုံးကိုလှုပ်၍ ရွာတွင်း၌ သွားသူအား ဒုက္ကဋ်ကို --။

လက်ရုံးကိုလှုပ်၍ ရွာတွင်း၌ ထိုင်သူအား ဒုက္ကဋ်ကို --။

ဦးခေါင်းကိုလှုပ်၍ ရွာတွင်း၌ သွားသူအား ဒုက္ကဋ်ကို --။

ဦးခေါင်းကိုလှုပ်၍ ရွာတွင်း၌ ထိုင်သူအား ဒုက္ကဋ်ကို --။

ဥဇ္ဇဂ္ဃိကဝဂ္ဂေါ ဒုတိယော။

၃။ ခမ္ဘကတဝဂ်

၁၅၂။ မရိုသေခြင်းကိုစွဲ၍ ခါးထောက်လျက် ရွာတွင်း၌ သွားသူအား ဒုက္ကဋ်ကို --။

ခါးထောက်လျက် ရွာတွင်း၌ ထိုင်သူအား ဒုက္ကဋ်ကို --။

ဦးခေါင်းခြုံလျက် ရွာတွင်း၌ သွားသူအား ဒုက္ကဋ်ကို --။

ဦးခေါင်းခြုံလျက် ရွာတွင်း၌ ထိုင်သူအား ဒုက္ကဋ်ကို --။

ဘဝါးဆွန့်နင်းလျက် ရွာတွင်း၌ သွားသူအား ဒုက္ကဋ်ကို --။

လက်အာယောဂပတ်, ပုဆိုးအာယောဂပတ် ဖွဲ့လျက် ရွာတွင်း၌ ထိုင်သူအား ဒုက္ကဋ်ကို --။

မရိုမသေဆွမ်းခံသူအား ဒုက္ကဋ်ကို--။

ထိုထိုအရပ်ကြည့်လျက် ဆွမ်းခံသူအား ဒုက္ကဋ်ကို--။

ပဲဟင်းကိုသာ များစွာခံသူအား ဒုက္ကဋ်ကို--။

စုန့်စုန့်မောက်အောင် ဆွမ်းခံသူအား ဒုက္ကဋ်ကို--။

ခမ္ဘကတဝဂ္ဂေါ တတိယော။

၄။ ပိဏ္ဍပါတဝဂ်

၁၅၃။ အနာဒရိယကိုစွဲ၍ မရိုမသေ ဆွမ်းစားသူအား ဒုက္ကဋ်ကို---။

ထိုထိုအရပ်ကြည့်လျက် ဆွမ်းစားသူအား ဒုက္ကဋ်ကို--။

ထိုထိုနေရာကိုသုံးသပ်လျက် ဆွမ်းစားသူအား ဒုက္ကဋ်ကို--။

ပဲဟင်းကိုသာ များစွာ စားသူအား ဒုက္ကဋ်ကို--။

ဆွမ်းဦးမှနှိပ်၍ ဆွမ်းစားသူအား ဒုက္ကဋ်ကို--။

ဟင်း, ဟင်းလျာကို ဆွမ်းဖြင့်ဖုံးသူအား ဒုက္ကဋ်ကို--။

ဟင်းကိုလည်းကောင်း, ထမင်းကိုလည်းကောင်း မနာမဖျားဘဲ မိမိအကျိုးငှါ တောင်း၍ စားသူအား ဒုက္ကဋ်ကို--။
ပညတ်တစ်ခု၊ အနုပညတ်တစ်ခု၊ ကာယစိတ္တ၊ ကာယဝါစာစိတ္တ သမုဋ္ဌာန် နှစ်ခု။ (ဝါ) စတုတ္ထ၊ ဆဋ္ဌ- ထေယျသတ္ထသမုဋ္ဌာန်နှစ်ခု။

ကဲ့ရဲ့လိုသော အမှတ်ဖြင့် သူတပါး၏ သပိတ်ကိုကြည့်သူအား ဒုက္ကဋ်ကို--။

ကြီးစွာသောဆွမ်းလုပ်ကိုပြုသူအား ဒုက္ကဋ်ကို--။

ရှည်သောဆွမ်းလုပ်ကိုပြုသူအား ဒုက္ကဋ်ကို--။

ပိဏ္ဍပါတဝဂ္ဂေါ စတုတ္ထော။

၅။ ကဗဠဝဂ်

၁၅၄။ မရိုသေခြင်းကိုစွဲ၍ ဆွမ်းလုတ်မရောက်မီ ခံတွင်းဖွင့်သူအား ဒုက္ကဋ်ကို--။

ဆွမ်းစားစဉ် အလုံးစုံသောလက်ကို (ဝါ- ဘယ်လက်ချောင်း မဆို) ခံတွင်း၌ ထည့်သူအား ဒုက္ကဋ်ကို--။

ဆွမ်းလုတ်နှင့်တကွစကားဆိုသူအား ဒုက္ကဋ်ကို--။
ကာယဝါစာစိတ္တသမုဋ္ဌာန်တစ်ခု။

ဆွမ်းလုတ်ကိုမြှောက်၍ မြှောက်၍ စားသူအား ဒုက္ကဋ်ကို--။

ဆွမ်းလုတ်ကိုကိုက်ဖြတ်၍ စားသူအား ဒုက္ကဋ်ကို--။

မျောက်ကဲ့သို့ ပါးစောင်၌ထား၍ စားသူအား ဒုက္ကဋ်ကို--။

လက်ကိုခါ၍ခါ၍ စားသူအား ဒုက္ကဋ်ကို--။

ဆွမ်းလုံးကို ကြဲ၍ ကြဲ၍ စားသူအား ဒုက္ကဋ်ကို--။

လျှာထုတ်၍ စားသူအား ဒုက္ကဋ်ကို--။

စပ်စပ်အသံပြု၍ စားသူအား ဒုက္ကဋ်ကို---။

ကဗဠဝဂ္ဂေါ ပဉ္စမော။

၆။ သုရုသုရုဝဂ်

၁၅၅။ မရိုသေခြင်းကိုစွဲ၍ ရှုတ်ရှုတ်သံပြုလျက် စားသူများ ဒုက္ကဋ်ကို အဘယ်၌---။ ကောသမ္ဗီ၌---။ ရဟန်းများစွာ--။ ရှုတ်ရှုတ်သံပြု၍ နို့သောက် ခြင်းကြောင့်တည်း။

လက်ကိုလျက်၍ လျက်၍စားသူအား ဒုက္ကဋ်ကို --။

သပိတ်ကို ခြစ်၍ခြစ်၍စားသူအား ဒုက္ကဋ်ကို --။

နှုတ်ခမ်းကိုလျက်၍လျက်၍စားသူအား ဒုက္ကဋ်ကို --။

အာမိသနှင့်တကွသောလက်ဖြင့် ရေခွက်ကိုကိုင်သူအား ဒုက္ကဋ်ကိုအဘယ်၌---။ ဘဂ္ဂတိုင်းတို့၌--။ ရဟန်းများစွာ---။ ထိုသို့ကိုင်ခြင်းကြောင့်တည်း။

ဆွမ်းလုံးနှင့်တကွသော သပိတ်ဆေးရေကို ရွာတွင်း၌၊ (ဝါ) အိမ်တွင်း၌ စွန့်သူအား ဒုက္ကဋ်ကို အဘယ်၌--။ ဘဂ္ဂတိုင်းတို့၌--။ ရဟန်းများစွာ--။ ထိုသို့စွန့်ခြင်းကြောင့်တည်း။

ထီးလက်၌ရှိသူကို ပါဠိ, အဋ္ဌကထာတရား (မဂဓဘာသာဖြင့်) ဟောသူအား ဒုက္ကဋ်ကို အဘယ်၌--။
ပညတ်တစ်ခု၊ အနုပညတ်တစ်ခု၊ ဝါစာစိတ္တသမုဋ္ဌာန်တစ်ခု။ (ပဉ္စမ ဓမ္မဒေသနာသမုဋ္ဌာန်။)

တုတ် တောင်ဝှေး (မဇ္ဈိမလေးတောင်အရှည်) လက်ရှိသူကို တရားဟောသူအား ဒုက္ကဋ်ကို အဘယ်၌--။
ပညတ်တစ်ခု၊ အနုပညတ်တစ်ခု၊ ဝါစာစိတ္တသမုဋ္ဌာန်တစ်ခု။

လက်နက်လက်၌ရှိသူကို တရားဟောသူအား ဒုက္ကဋ်ကို အဘယ်၌--။
ပညတ်တစ်ခု၊ အနုပညတ်တစ်ခု၊ ဝါစာစိတ္တသမုဋ္ဌာန်တစ်ခု။

လေးလက်၌ရှိသူကို တရားဟောသူအား ဒုက္ကဋ်ကို အဘယ်၌--။
ပညတ်တစ်ခု၊ အနုပညတ်တစ်ခု၊ ဝါစာစိတ္တသမုဋ္ဌာန်တစ်ခု။

သုရုသုရုဝဂ္ဂေါ ဆဋ္ဌော။

၇။ ပါဒုကဝဂ်

၁၅၆။ မရိုသေခြင်းကိုစွဲ၍ ခြေနင်းစီးသူကို--။

ဘိနပ်စီးသူကို--။

ယာဉ်စီးသူကို--။

အိပ်ရာ၌နေသူကို--။

လက်အာယောဂပတ်, ပုဆိုးအာယောဂပတ်ဖွဲ့နေသူကို--။

ဦးရစ်ပေါင်းသော ဦးခေါင်းရှိသူကို--။

ခြုံသောဦးခေါင်းရှိသူကို တရားဟောသူအား ဒုက္ကဋ်ကို --။
ပညတ်တစ်ခု၊ အနုပညတ်တစ်ခု၊ ဝါစာစိတ္တသမုဋ္ဌာန်တစ်ခု။ (အလားတူ ၁၁-ခု တဆက်တည်း။)

မြေ၌နေ၍ နေရာ၌နေသူကို တရားဟောသူအား ဒုက္ကဋ်ကို--။
ပညတ်တစ်ခု၊ အနုပညတ်တစ်ခု၊ ကာယဝါစာစိတ္တသမုဋ္ဌာန်တစ်ခု။

နိမ့်သောနေရာ၌နေ၍ မြင့်သောနေရာ၌နေသူကို --။

ရပ်လျက် ထိုင်သောသူကို --။

နောက်မှသွား၍ ရှေ့၌သွားသူကို --။

လမ်းဘေးကသွား၍ လမ်း၌သွားသူကို တရားဟောသူအား ဒုက္ကဋ်ကို--။
ပညတ်တစ်ခု၊ အနုပညတ်တစ်ခု၊ ကာယဝါစာစိတ္တသမုဋ္ဌာန်တစ်ခု။ (အလားတူ ၅-ခု တဆက်တည်း။)

ရပ်လျက် ကျင်ကြီး, ကျင်ငယ်စွန့်သူအား ဒုက္ကဋ်ကို--။
ပညတ်တစ်ခု၊ အနုပညတ်တစ်ခု၊ ကာယစိတ္တသမုဋ္ဌာန်တစ်ခု။

စိမ်းသောမြက်သစ်ပင်ရှိရာ၌ ကျင်ကြီး, ကျင်ငယ်, တံတွေး စွန့်သူအား ဒုက္ကဋ်ကို--။

သုံးဆောင်ကောင်းသောရေ၌ ကျင်ကြီး, ကျင်ငယ်, တံတွေး စွန့်သူအား ဒုက္ကဋ်ကို--။
ပညတ်တစ်ခု၊ အနုပညတ်တစ်ခု၊ ကာယစိတ္တသမုဋ္ဌာန်တစ်ခု။ (အလားဘူ ၃-ခု တဆက်တည်း။)

ပါဒုကဝဂ္ဂေါ သတ္တမော။

သေခိယ ၇၅-ပါး ပြီး၏၊

မဟာဝိဘင်း၌ ကတ္ထပညတ္တိဝါရ ပြီး၏။

အဋ္ဌဝါရ၌

၂။ ကတာပတ္တိဝါရ

၁။ ပါရာဇိက

၁၅၇။ မေထုနဓမ္မကို မှီဝဲသူသည် အဘယ်မျှသောအာပတ်တို့ကို ရောက်သနည်း။ မေထုနဓမ္မကို မှီဝဲသူသည် သုံးမျိုးသောအာပတ်တို့ကို ရောက်၏။ ခွေး, မြေခွေး မခဲသေးသော (မဂ်ရှိသော) ကိုယ်၌ မှီဝဲအံ့ ပါရာဇိက။ များစွာ ခဲပြီးသောကိုယ်၌ မှီဝဲအံ့ ထုလ္လစ္စည်း။ ဟင်းလင်းပွင့်သောခံတွင်း၌ မထိမခိုက် အင်္ဂါဇာတ်ကိုသွင်းအံ့ ဒုက္ကဋ်

မေထုနဓမ္မကိုမှီဝဲသူသည် ဤသုံးမျိုးသော အာပတ်တို့သို့ ရောက်၏။ (မဂ်ကို ထက်ဝက်ခဲလျှင် ထုလ္လစ္စည်း။)

၁၅၈။ အရှင်မပေးသော ဥစ္စာကိုယူသူသည် အဘယ်တို့သို့--။ သုံးမျိုးတို့သို့--။ ငါးပဲ, ပါးပဲထက်အလွန်ထိုက်သော အရှင်မပေးသောဥစ္စာကို ခိုးလိုသော စိတ်ဖြင့်ယူအံ့ ပါရာဇိက။ တစ်ပဲထက်အလွန်, ငါးပဲအောက်ကိုခိုးယူအံ့ ဒုလ္လစ္စည်း။ တစ်ပဲ, တစ်ပဲအောက်ကိုခိုးယူအံ့ ဒုက္ကဋ်။ (သုံးမျိုး။)

၁၅၉။ တကွအားထုတ်၍ လူဇာတ်ဖြစ်သူကို ဇီဝိတိန္ဒြေမှချသူသည်--။ သုံးမျိုးတို့သို့--။ လူကိုရည်၍ “ကျသေလတံ့ “ ဟု တွင်းတူးအံ့ ဒုက္ကဋ်။ ကျ၍ ဒုက္ခဖြစ်အံ့ ထုလ္လစ္စည်း။ သေအံ့ ပါရာဇိက။ (သုံးမျိုး။)

၁၆၁။ မိမိ၌ရှိဘဲ ဈာန်, မဂ်, ဖိုလ်ကို ဝါကြွားပြောဆိုသူသည်--။ သုံးမျိုးတို့သို့--။ ယုတ်မာသောအလိုဆိုးဖြင့် မရှိသော ဈာန်, မဂ်, ဖိုလ်ကို ဝါကြွားပြောဆိုအံ့ ပါရာဇိက။ “ သင်၏ကျောင်းနေရဟန်းသည် ရဟန္တာ “ ဟု နယ်ဝိုက်၍ ပြောဆိုအံ့ (နားထောင်သူ) သိလျှင် ထုလ္လစ္စည်း။ မသိလျှင် ဒုက္ကဋ်(သုံးမျိုး။)

ပါရာဇိက ၄-ပါး ပြီး၏။

၂။ သံဃာဒိသေသ်

၁၆၁၊ လုံ့လပြု၍ သုက်ကိုလွတ်စေသူသည်--။ သုံးမျိုး--။ စေတနာရှိအံ့၊ အားထုတ်အံ့၊ လွတ်အံ့- သံဃာဒိသေသ်။ မလွတ်အံ့ ထုလ္လစ္စည်း။ ပယောဂတိုင်း ဒုက္ကဋ်

မာတုဂါမနှင့် ကိုယ်လက်နှီးနှောသူသည်---။ သုံးမျိုး--။ ကိုယ်ဖြင့် ကိုယ်ကိုသုံးသပ်အံ့ သံဃာဒိသေသ်ကာယပဋိဗဒ္ဓကိုသုံးသပ်အံ့ ထုလ္လစ္စည်းကာယပဋိဗဒ္ဓဖြင့် ကာယပဋိဗုဒ္ဓကို သုံးသပ်အံ့ ဒုက္ကဋ်

မာတုဂါမကို ရုန့်ရင်းသောစကားတို့ဖြင့် ပြက်ရယ်ဆိုသူသည်--။ သုံးမျိုး--။ ဝစ္စမဂ်, ပဿာဝမဂ်ကိုရည်၍ ချီးမွမ်းအံ့, ကဲ့ရဲ့အံ့ သံဃာဒိသေသ်။ မဂ်နှစ်ခုဖယ်၍ ညှပ်ရိုးအောက် ဒူးဝန်းအထက်ကိုရည်၍ ချီးမွမ်းအံ့, ကဲ့ရဲ့အံ့ ထုလ္လစ္စည်းကာယပဋိဗဒ္ဓကိုရည်၍ ချီးမွမ်းအံ့, ကဲ့ရဲ့အံ့ ဒုက္ကဋ်

အတ္တကာမလုပ်ကျွေးခြင်း ကျေးဇူးဆိုသူသည်--။ သုံးမျိုး--။ မာတုဂါမထံဆိုအံ့ သံဃာဒိသေသ်။ ပဏ္ဍုက်ထံဆိုအံ့ ထုလ္လစ္စည်း။ ကိရစ္ဆာန်ထံ ဆိုအံ့ ဒုက္ကဋ်

အောင်တမန်သွားလာသူသည်--။ သုံးမျိုး--။ ဝန်ခံအံ့, စုံစမ်းအံ့, ပြန်ဆောင်အံ့ (၃-ပါးဖြင့်) သံဃာဒိသေသ်။ ပြန်မဆောင်အံ့ (၂-ပါးဖြင့်) ထုလ္လစ္စည်း။ ဝန်ခံခြင်းသာပြုအံ့ (၁-ပါးဖြင့်) ဒုက္ကဋ်

ကိုယ်တိုင်တောင်းသော အဆောက်အဦဖြင့် ကုဋိကိုပြုစေသူသည်--။ သုံးမျိုး--။ ပြုစေအံ့ ပယောဂတိုင်း ဒုက္ကဋ်။ နောက်ဆုံး တစ်ခုသောမြေဆိုင် မရောက်မီ ထုလ္လစ္စည်း။ ထိုမြေဆိုင်ရောက်လျှင် သံဃာဒိသေသ်

မဟလ္လကဝိဟာရကို ပြုစေသူသည်--။ သုံးမျိုး--။ (ရှေးအတူတည်း။)

ရဟန်းကို အမူလကပါရာဇိကဖြင့် စွပ်စွဲသူသည်--။ သုံးမျိုး--။ ခွင့်မပြုစေဘဲ သာသနာမှ ရွေ့စေလိုခြင်းဖြင့်ဆိုအံ့ သံဃာဒိသေသ်နှင့် ဒုက္ကဋ်။ ခွင့်ပြုစေ၍ ဆဲလိုခြင်းဖြင့်ဆိုအံ့ ဩမသဝါဒပါစိတ်

ရဟန်းကို အညဘာဂိယ၏ လေသကိုစွဲ၍ ပါရာဇိကဖြင့်စွပ်စွဲသူသည် သုံးမျိုး---။ (ရှေးအတူတည်း။)

သံဃာသင်းခွဲသူသည် သုံးကြိမ်ဆုံးမလျက် မစွန့်လျှင်--။သုံးမျိုး --။
ဉာတ်ဖြင့် ဒုက္ကဋ်။ ကမ္မဝါစာနှစ်ကြိမ်တို့ဖြင့် ထုလ္လစ္စည်း။ ကမ္မဝါစာအဆုံး သံဃာဒိသေသ်

သင်းခွဲသူသို့ အတူလိုက်သူသည် သုံးကြိမ်ဆုံးမလျက် မစွန့်လျှင်--။ သုံးမျိုး--။ (တူပြီ။)

ဒုဗ္ဗစရဟန်းသည် သုံးကြိမ်ဆုံးမလျက် မစွန့်လျှင်--။ သုံးမျိုး--(တူပြီ။)

ကုလဒူသကရဟန်းသည် သုံးကြိမ်ဆုံးမလျက် မစွန့်လျှင်--။ သုံးမျိုး--။ (တူပြီ။)

သံဃာဒိသေသ် ၁၃-ပါး ပြီး၏။

(အနိယတမပြ။)

၄။ နိဿဂ္ဂိပါစိတ်

၁။ ကထိနဝဂ်

၁၆၂။ ပိုလွန်သော အတိရေကသင်္ကန်းကို ဆယ်ရက်ကိုလွန်စေသူသည် တစ်မျိုးသော အာပတ်သို့ရောက်၏။
နိဿဂ္ဂိပါစိတ်-တစ်မျိုး။

တစ်ညဥ့်မျှ တိစီဝရိတ်နှင့်ကင်းသူသည်--။
နိဿဂ္ဂိပါစိတ်-တစ်မျိုး။

အကာလ သင်္ကန်းကို ခံယူ၍ တစ်လကိုလွန်စေသူသည်-- တစ်မျိုး။

အမျိုးမတော်သော ဘိက္ခုနီအား သင်္ကန်းဟောင်း ဖွပ်ခိုင်းသူသည်-- နှစ်မျိုး။
ဖွပ်ခိုင်းအံ့ ပယောဂတိုင်း ဒုက္ကဋ်။ ဖွပ်ပြီးလျှင် နိဿဂ္ဂိပါစိတ်

အမျိုးမတော်သော ဘိက္ခုနီ၏လက်မှ သင်္ကန်းကိုခံယူသူသည်-- နှစ်မျိုး။
ယူအံ့ ပယောဂတိုင်း ဒုက္ကဋ်။ ယူပြီးလျှင် နိဿဂ္ဂိပါစိတ်

အမျိုးမတော်သော ဒါယကာ ဒါယိကာမကို သင်္ကန်းတောင်းသူသည်--။ နှစ်မျိုး။
တောင်းအံ့ ပယောဂတိုင်း ဒုက္ကဋ်။ တောင်းပြီးလျှင် နိဿဂ္ဂိပါစိတ်

အမျိုးမတော်သော ဒါယကာ ဒါယိကာမကို သင်းပိုင်, ကိုယ်ရုံ နှစ်ထည်ထက်အလွန် သင်္ကန်းတောင်းသူသည်--။ နှစ်မျိုး။
တောင်းအံ့ ပယောဂတိုင်း ဒုက္ကဋ်။ တောင်းပြီးလျှင် နိဿဂ္ဂိပါစိတ်

ရှေး၌ ဘိတ်ကြားအပ်သူ မဟုတ်ဘဲ အမျိုးမတော်သော ဒါယကာထံ ချဉ်းကပ်၍ သင်္ကန်း၌ အလွန်စီရင်သူသည်--နှစ်မျိုး။
အလွန်စီရင်အံ့ ပယောဂတိုင်း ဒုက္ကဋ်။ အလွန်စီရင်ခြင်းသို့ရောက်ပြီးလျှင် နိဿဂ္ဂိပါက်

ရှေး၌ ဘိတ်ကြားအပ်သူမဟုတ်ဘဲ အမျိုးမတော်သော ဒါယကာတို့ထံ။ (တူပြီ)

သုံးကြိမ်ထက် အလွန်တောင်းခြင်း၊ ခြောက်ကြိမ်ထက် အလွန်ရပ်ခြင်းဖြင့် သင်္ကန်းကိုပြီးစေသူသည်--နှစ်မျိုး။
--ပြီးစေအံ့ ပယောဂတိုင်း ဒုက္ကဋ်။ ပြီးစေပြီးလျှင် နိဿဂ္ဂိပါစိတ်

ကထိနဝဂ္ဂေါ ပဌမော

၂။ ကောသိယဝဂ်

၁၆၃။ ပိုးချည်ရောသော သန္ထတအခင်းကို ပြုစေသူသည်--- နှစ်မျိုး။
ပြုစေအံ့ ပယောဂတိုင်း ဒုက္ကဋ်။ ပြုစေပြီးလျှင် နိဿဂ္ဂိပါစိတ်

အမည်းသက်သက် သိုးမွေးအခင်းကို ပြုစေသူသည်--နှစ်မျိုး၊ (တူပြီ။)

သိုးမွေးအဖြူတစ်ချိန်, အကြောင်တစ်ချိန်ကို မယူဘဲ အခင်းသစ်ပြုသူသည်--နှစ်မျိုး။

နှစ်တိုင်း သန္ထတအခင်းကိုပြုစေသူသည် --နှစ်မျိုး။

အခင်းဟောင်း၏ နံပါးမှ ဘုရားရှင်တစ်ထွာမျှကိုမယူဘဲ နိသီဒနသန္ထတ အခင်းသစ်ပြုသူသည်--နှစ်မျိုး။

သိုးမွေးတို့ကို ခံယူ၍ သုံးယူဇနာကို လွန်စေသူသည်--နှစ်မျိုး။
ပဌမ ဘဝါးကိုလွန်စေအံ့ ဒုက္ကဋ်။ ဒုတိယ ဘဝါးကိုလွန်စေအံ့ နိဿဂ္ဂိပါစိတ်

အမျိုးမတော်သော ဘိက္ခုနီကို သိုးမွေးဖွပ်စေသူသည်--နှစ်မျိုး။
ဖွပ်စေအံ့ ပယောဂတိုင်း ဒုက္ကဋ်။ ဖွပ်စေပြီးလျှင် နိဿဂ္ဂိပါစိတ်

ရွှေ, ငွေခံယူသူသည်--နှစ်မျိုး။ ပယောဂ ဒုက္ကဋ်။ ပြီး-နိဿဂ္ဂိ ပါစိတ်

နာနာပ္ပကာရက” ရွှေ, ငွေဖြင့် ဖလှယ်သူသည်--နှစ်မျိုး။ ဒုက္ကဋ်။ ပြီး နိဿဂ္ဂိပါစိတ်

နာနာပ္ပကာရက ကပ္ပိယဘဏ္ဍာချင်း လဲသူသည်--နှစ်မျိုး။ ပယောဂ ဒုက္ကဋ်။ ပြီး နိဿဂ္ဂိပါစိတ်

ကောသိယဝဂ္ဂေါ ဒုတိယော

၃။ ပတ္တဝဂ်

၁၆၄။ ‘အတိရေက’သပိတ်ကို ဆယ်ရက်ကိုလွန်စေသူသည်--တစ်မျိုး။ နိဿဂ္ဂိပါစိတ်

ငါးဖွဲ့မပြည့်သောသပိတ်ဖြင့် သပိတ်အသစ် တောင်းသူသည်--နှစ်မျိုး။
ပယောဂ ဒုက္ကဋ်။ ပြီး နိဿဂ္ဂိ

ဆေးငါးမျိုးကို အကပ်ခံ၍ ခုနှစ်ရက်ကိုလွန်စေသူသည်--တစ်မျိုး။ နိဿဂ္ဂိ

တစ်လထက်အလွန်ကြွင်းသော နွေဥတု၌ မိုးရေခံသင်္ကန်းရှာသူသည်--နှစ်မျိုး။
ပယောဂ ဒုက္ကဋ်။ ပြီး နိဿဂ္ဂိ

ရဟန်းအား ကိုယ်တိုင်သင်္ကန်းပေး၍ အမျက်ထွက်သဖြင့် လုယူသူသည်--နှစ်မျိုး။

ကိုယ်တိုင် ချည်တောင်း၍ ရက်ကန်းသည်တို့ကို သင်္ကန်းရက်စေသူသည်--နှစ်မျိုး။

ရှေး၌ ဘိတ်ကြားအပ်သူမဟုတ်ဘဲ အမျိုးမတော်သော ဒါယကာ၏ ရက်ကန်းသည်ထံ ချဉ်းကပ်၍ သင်္ကန်း၌ အလွန်စီရင်သူသည်--နှစ်မျိုး။

အစ္စေကစီဝရ’ ကို ခံယူ၍ စီဝရကာလကိုလွန်စေသူသည်--တစ်မျိုး။ နိဿဂ္ဂိပါစိတ်

သင်္ကန်းသုံးထည်တို့တွင် တစ်ထည်ထည်ကို ရွာတွင်း၌ထား၍ ခြောက်ညဥ့်ထက်အလွန် ကင်းသူသည်--တစ်မျိုး။ နိဿဂ္ဂိပါစိတ်

သံဃာသို့ ညွတ်ပြီးသောလာဘ်ကို သိလျက် မိမိသို့ညွတ်စေသူသည်-- နှစ်မျိုး။
ညွတ်စေအံ့ ပယောဂတိုင်း ဒုက္ကဋ်။ ညွတ်စေပြီးလျှင် နိဿဂ္ဂိပါစိတ်

ပတ္တဝဂ္ဂေါ တတိယော

(နိဿဂ္ဂသုံးဆယ်၌ ရက်လွန် ညဥ့်ကင်း ၇-သည် နိဿဂ္ဂိတစ်မျိုးသ သာ ကြွင်း ၂၃-သည် ပယောဂ ဒုက္ကဋ်။ ပြီး---နိဿဂ္ဂိ၊ နှစ်မျိုးစီ။)

နိဿဂ္ဂိပါစိတ် ၃၀- ပြီး၏။

၅။ သုဒ္ဓပါစိတ်

၁။ မုသာဝါဒဝဂ်

၂၆၂။ သိလျက် မုသာဆိုသူသည်--ငါးမျိုး။
အလိုဆိုးဖြင့် မဟုတ်မမှန် ဥတ္တရိမနုဿဓမ္မကို ဝါကြွားအံ့ ပါရာဇိက
အမူလကပါရာဇိကဖြင့် ရဟန်းကို စွပ်စွဲအံ့ သံဃာဒိသေသ်
“သင်၏ကျောင်းနေရဟန်းသည် ရဟန္တာ” ဟု သွယ်ဝိုက်အံ့သိလျှင် ထုလ္လစ္စည်း။ မသိလျှင် ဒုက္ကဋ်
သမ္ပဇာနမုသာဝါဒကြောင့် ပါစိတ်၊ ငါးမျိုး။

နှုတ်လှံထိုးသူသည်--နှစ်မျိုး။
ရဟန်းကိုဆဲအံ့ ပါစိတ်။ ရဟန်းမဟုတ် သူကိုဆဲအံ့ ဒုက္ကဋ်

ဂုံးစကားဆောင်သူသည်--နှစ်မျိုး။
ရဟန်း၏ ဂုံးစကားဆောင်အံ့ ပါစိတ်။ ရဟန်းမဟုတ်သူ၏ ဂုံးစကားဆောင်အံ့ ဒုက္ကဋ်

အနုပသမ္ပန္နကို ပုဒ်ပြိုင် ပါဠိ, အဋ္ဌကထာဓမ္မ မှုပို့ချသူသည်---နှစ်မျိုး။
ပယောဂတိုင်း ဒုက္ကဋ်။ ပဒတိုင်း ပါစိတ်

အနုပသမ္ပန္နနှင့် နှစ်ညဥ့်သုံးညဥ့်ထက်အလွန် သဟသေယျပြုသူသည်- နှစ်မျိုး။
ပယောဂတိုင်း ဒုက္ကဋ်၊ အိပ်လျှင် ပါစိတ်

မာတုဂါမနှင့် သဟသေယျပြုသူသည်--နှစ်မျိုး။ (တူပြီ။)

မာတုဂါမအား ငါးခွန်း ခြောက်ခွန်းထက်အလွန် ပါဠိ, အဋ္ဌကထာဓမ္မ ဟောသူသည်--နှစ်မျိုး။
ပယောဂတိုင်း ဒုက္ကဋ်။ ပဒတိုင်း ပါစိတ်

အနုပသမ္ပန္နအား ဥတ္တရိမနုဿဓမ္မကို ဟုတ်တိုင်းမှန်စွာပြောသူသည်- နှစ်မျိုး၊
ပယောဂတိုင်း ဒုက္ကဋ်။ ပြောလျှင် ပါစိတ်

ရဟန်း၏ သံဃာဒိသေသ်အာပတ်ကို အနုပသမ္ပန္နအား ပြောသူသည်- နှစ်မျိုး။
ပယောဂတိုင်း ဒုက္ကဋ်။ ပြောလျှင် ပါစိတ်

မြေကိုတူးဆွသူသည်--နှစ်မျိုး။
ပယောဂဟိုင်း ဒုက္ကဋ်။ ပုတ်ခတ်တိုင်း ပါစိတ်

မုသာဝါဒဝဂ္ဂေါ ပဌမော

၂။ ဘူတဂါမဂ်

၁၆၆။ ဘူတဂါမ်ကို ဖျက်ဆီးသူသည်--နှစ်မျိုး။
ပယောဂတိုင်း ဒုက္ကဋ်၊ ပုတ်ခတ်တိုင်း ပါစိတ်

မေးသည်မှတပါး ဖြေသူသည်--နှစ်မျိုး။
အညဝါဒကကံသို့ မတင်သေးမီ အဖြင်းဖြင်း ဆိုအံ့ ဒုက္ကဋ်
အညဝါဒကကံသို့တင်ပြီးနောက် အဖြင်းဖြင်း ဆိုအံ့ ပါစိတ်၊ (တလွဲဖြေခြင်းသည် အဖြင်းဖြင်းဆိုခြင်းမည်၏။)

ရဟန်းကို ကဲ့ရဲ့သူသည်---နှစ်မျိုး။
ပယောဂတိုင်း ဒုက္ကဋ်။ ကဲ့ရဲ့လျှင် ပါစိတ်

သံဃိကညောင်စောင်း, အင်းပျဉ်, ဘုံလျှို, မတ်အခင်းကို လွင်တီးခေါင်၌ ခင်း၍ မသိုမှီး မပန်ကြား ဖဲသွားသူသည်--နှစ်မျိုး။
ပဌမဘဝါးကို ခဲတစ်ကျကို လွန်စေအံ့ ဒုက္ကဋ်။ ဒုတိယဘဝါးကိုလွန်စေအံ့ ပါစိတ်

(ဇီဋီ။ ။ လွင်တီးခေါင် ဖြစ်သောကြောင့် ကျောင်းကွင်း၌ သော်လည်း အာပတ်သို့ ရောက်၏။ ထို့ကြောင့် ခဲတစ်ကျ လွန်ခြင်းအစွမ်းဖြင့် ဆိုသည်။)

သံဃိကကျောင်း၌ အိပ်ရာကိုခင်း၍ မသိုမှီး မပန်ကြား ဖဲသွားသူသည် - နှစ်မျိုး။
ပဌမဘဝါးကို အရံကိုလွန်စေအံ့ ဒုက္ကဋ်။ ဒုတိယ ဖဝါးကိုလွန်စေအံ့။ ပါစိတ်

(ဇီဋီ။ ။ ကျောင်းအခန်းတွင်း၌ ခင်းခြင်းကြောင့် ကျောင်းမှပြင်ပသို့ သွားသော်လည်း ထိုနေ့ ပြန်မလာမှ အာပတ် သို့ရောက်၏။ ထို့ကြောင့် အရံကိုလွန်စေအံ့ဟု ဆိုလည်။)

သံဃိကကျောင်း၌ သိလျက် ရှေးဦးစွာနေသောရဟန်းကို တိုးဝှေ့၍ အိပ်သူသည်--နှစ်မျိုး၊
ပယောဂတိုင်း ဒုက္ကဋ်။ အိပ် ပါစိတ်

ရဟန်းကို အမျက်ထွက်၍ သံဃိကကျောင်းမှ နှင်ထုတ်သူသည် နှစ်မျိုး။
ပယောဂ ဒုက္ကဋ်။ နှင်- ပါစိတ်

သံဃိကကျောင်း၌ ဟင်းလင်းရှိသော ကုဋိ၏အထက် ရက်မ, ဆင့်ထက်၌ထားသော အပေါင်၌အခြေတပ်သော ညောင်စောင်း, အင်းပျဉ်ကို တက်ထိုင်သူသည်--နှစ်မျိုး၊
ပယောဂ ဒုက္ကဋ်။ ထိုင်- ပါစိတ်

နှစ်စဉ်, သုံးစဉ် မိုးခြင်းကို စီရင်၍ ထိုထက်အလွန် စီရင်သူသည်-- နှစ်မျိုး။
ပယောဂ ဒုက္ကဋ်။ စီရင်- ပါစိတ်

သိလျက် ပိုးရှိသောရေကို မြက်၌လောင်းသူသည်--နှစ်မျိုး။
ပယောဂ ဒုက္ကဋ်။ လောင်း- ပါစိတ်

ဘူတဂါမဝဂ္ဂေါ ဒုတိယော

၃။ သြဝါဒဝဂ်

၁၆၇။ သမ္မုတိမရဘဲ ဘိက္ခုနီတို့ကို ဂရုဓမ္မဖြင့် ဆုံးမသူသည်--နှစ်မျိုး။
ပယောဂ ဒုက္ကဋ်။ ဆုံးမ- ပါစိတ်

နေဝင်သောအခါ ဘိက္ခုနီတို့ကိုဆုံးမသူသည်--နှစ်မျိုး။ (တူပြီ။)

ဘိက္ခုနီ၏ကျောင်းသို့ ချဉ်းကပ်၍ ဘိက္ခုနီတို့ကိုဆုံးမသူသည်-- နှစ်မျိုး။

အာမိသကြောင့် ရဟန်းတို့သည် ဘိက္ခုနီတို့ကို ဆုံးမကုန်၏ဟု ဆိုသူသည်---နှစ်မျိုး။
ပယောဂ ဒုက္ကဋ်။ ဆို- ပါစိတ်

အမျိုးမတော်သော ဘိက္ခုနီအား သင်္ကန်းပေးသူသည် --နှစ်မျိုး။
ပယောဂ ဒုက္ကဋ်။ ပေး- ပါစိတ်

အမျိုးမတော်သော ဘိက္ခုနီ၏သင်္ကန်းကို ချုပ်သူသည် --နှစ်မျိုး။
ပယောဂ ဒုက္ကဋ်။ အပ်နှုတ်တိုင်း- ပါစိတ်

ဘိက္ခုနီနှင့်တိုင်ပင်၍ ခရီးရှည်အတူသွားသူသည် --နှစ်မျိုး။
ပယောဂ ဒုက္ကဋ်။ သွား- ပါစိတ်

ဘိက္ခုနီနှင့်တိုင်ပင်၍ လှေတစ်စင်းတည်း စီးသူသည် --နှစ်မျိုး။
ပယောဂ - ဒုက္ကဋ်။ စီး- ပါစိတ်

သိလျက် ဘိက္ခုနီစီရင်သောဆွမ်းကို စားသူသည် ---နှစ်မျိုး။
စားမည် ဟုခံယူအံ့ - ဒုက္ကဋ်။ မျိုတိုင်း- ပါစိတ်

ဘိက္ခုနီနှင့်အတူ တစ်ယောက်ချင်းချင်း ဆိတ်ကွယ်ရာ၌ နေထိုင်သူသည် --နှစ်မျိုး။
ပယောဂ - ဒုက္ကဋ်။ ထိုင်- ပါစိတ်

ဩဝါဒဝဂ္ဂေါ တတိယော

၄။ ဘောဇနဝဂ်

၁၆၈။ အဝစားတစ်ကြိမ်ထက်၊ (ဝါ) တစ်နေ့ထက်အလွန် ဇရပ် စသည်၌ တည်သောဆွမ်းကို စားသူသည် --နှစ်မျိုး။
စားမည်ဟုခံယူအံ့ -ဒုက္ကဋ်။ မျိုတိုင်း- ပါစိတ်

ဂဏဘောဇဉ်ကိုစားသူသည် --နှစ်မျိုး။ (တူပြီ။)

ပရမ္ပရဘောဇဉ်ကိုစားသူသည် --နှစ်မျိုး။ (တူပြီ။)

နှစ်သပိတ်, သုံးသပိတ်အပြည့် မုန့်ခံ၍ ထိုထက်အလွန်ခံသူသည် --- နှစ်မျိုး။
ပယောဂ- ဒုက္ကဋ်။ ခံ- ပါစိတ်

ဆွမ်းစားစဉ်-တန်ပြီဟု တားမြစ်မိလျက် အတိရိတ်ဝိနည်းကံ မပြုသော ခဲဘွယ်ဘောဇဉ်ကို စားသူသည် --နှစ်မျိုး။
စားမည်ဟုခံယူအံ့ - ဒုက္ကဋ်။ မျိုတိုင်း - ပါစိတ်

ဆွမ်းစားစဉ် တန်ပြီဟု တားမြစ်မိသော ရဟန်းကို အတိရိတ် ဝိနည်းကံ မပြုသော ခဲဘွယ်ဘောဇဉ်ဖြင့်ဆောင်၍ ဘိတ်သူသည် --နှစ်မျိုး။
ထိုရဟန်း ၏စကားဖြင့် စားမည်ဟုခံအံ့--ဒုက္ကဋ်။ စားခြင်းအဆုံး--ပါစိတ်

နေလွဲသောအခါ ခဲဘွယ်ဘောဇဉ်စားသူသည် --နှစ်မျိုး။
စားမည်ဟု ခံအံ့--ဒုက္ကဋ်။ မျိုတိုင်း- ပါစိတ်

သိုမှီးခြင်းပြုသော ခဲဘွယ်ဘောဇဉ်ကို စားသူသည် --နှစ်မျိုး။ (တူပြီ။)

ပဏီတနှင့်ရောသော ဘောဇဉ်ကို မိမိအလို့ငှါ တောင်းစားသူသည်-- နှစ်မျိုး။

အကပ်မခံဘဲ ခံတွင်းဝသို့ အာဟာရ ဆောင်သူသည် --နှစ်မျိုး။

ဘောဇနဝဂ္ဂေါ စတုတ္ထော

၅။ အစေလကဝဂ်

၁၆၉။ အစေလက, ပရိဗိုဇ်ထီး, ပရိဗိုဇ်မတို့အား မိမိလက်ဖြင့် ခဲဘွယ် ဘောဇဉ်ပေးသူသည် --နှစ်မျိုး။
ပယောဂ- ဒုက္ကဋ်။ ပေး- ပါစိတ်

ရဟန်းကို ငါ့ရှင် လာလော့၊ ရွာနိဂုံးသို့ ဆွမ်းခံဝင်ကုန်အံ့ - ဟု ခေါ်သွား၍ ထိုရဟန်းအား ပေးစေ၍လည်းကောင်း၊ မပေးစေ၍လည်းကောင်း ပြန်လွှတ်သူသည် နှစ်မျိုး၊
ပယောဂ- ဒုက္ကဋ်။ ပြန်လွှတ်- ပါစိတ်

လင်မယားနှစ်ယောက်ရှိသောအိမ်၌ တိုးဝှေ့၍နေထိုင်သူသည် -- နှစ်မျိုး။
ပယောဂ- ဒုက္ကဋ်။ နေထိုင်- ပါစိတ်

မာတုဂါမနှင့် ဆိတ်ကွယ်သော၊ ဖုံးလွှမ်းသောနေရာ၌ နေထိုင်သူသည် နှစ်မျိုး။ (တူပြီ။)

မာတုဂါမနှင့် တစ်ယောက်ချင်းချင်း ဆိတ်ကွယ်ရာ၌ နေထိုင်သူသည် -- နှစ်မျိုး။

ပင့်ဘိတ်အပ်သော ဘတ္တရှိသော ရဟန်းဖြစ်လျက် ထင်ရှားရှိသော ရဟန်းကို မပန်ကြားဘဲ ဘတ္တမစားမီ လည်းကောင်း၊ စားပြီးမှလည်းကောင်း ဒါယကာတို့ထံ လှည့်လည်သူသည်--နှစ်မျိုး။
ပဌမဘဝါးကို တံခါးခုံ (ဥမ္မာရ) ကိုလွန်စေအံ့ ဒုက္ကဋ်။ ဒုတိယဘဝါးကို လွန်စေအံ့-ပါစိတ်

ဘိတ်ကြားသော အပိုင်းအခြားထက်အလွန် ဆေးကိုတောင်းသူသည် နှစ်မျိုး။
ပယောဂ- ဒုက္ကဋ်။ တောင်း- ပါစိတ်

တိုင်းပြည်မှထွက်သောစစ်သည်ကို ကြည့်ရခြင်းငှါ သွားသူသည် - နှစ်မျိုး။
သွားအံ့-- ဒုက္ကဋ်။ တစ်နေရာ၌ ရပ်၍ကြည့်အံ့-- ပါစိတ်

သုံးညဥ့်ထက် အလွန် စစ်သည်ဆောင်၌နေသူသည်- နှစ်မျိုး၊
ပယောဂ- ဒုက္ကဋ်။ နေ - ပါစိတ်

တက်၍တက်၍ စစ်ထိုးရာသို့ သွားသူသည် -နှစ်မျိုး၊
သွားအံ့ ပယောဂတိုင်း - ဒုက္ကဋ်။ တစ်နေရာ၌ ရပ်၍ ကြည့်အံ့- ပါစိတ်

အစေလကဝဂ္ဂေါ ပဉ္စမော

၆။ သုရာမေရယဝဂ်

၁၇၀။ သုရာမေရယကိုသောက်သူသည် --နှစ်မျိုး။
သောက်အံ့ဟု ခံယူအံ့- ဒုက္ကဋ်၊ မျိုတိုင်း- ပါစိတ်

ရဟန်းကို ချိုင်း (ဂျိုင်း) ထိုးခြင်းဖြင့် ရယ်စေသူသည်--နှစ်မျိုး။
ပယောဂ- ဒုက္ကဋ်။ ရယ်စေလျှင် - ပါစိတ်။ (ရယ်စေလို၍ထိလျှင်-ပါစိတ် ဟူလို။)

ရေ၌ မြူးတူးကစားသူသည် --နှစ်မျိုး။
ဖမျက်အောက်ရေ၌ မြူးတူးအံ့- ဒုက္ကဋ်။ ဖမျက်အထက်ရေ၌ မြူးတူးအံ့- ပါစိတ်

ပုဂ္ဂလဓမ္မ မရိုမသေပြုသူသည်--နှစ်မျိုး။
ပယောဂ-ဒုက္ကဋ်၊ ပြု- ပါစိတ်

ရဟန်းကို ကြောက်စေသူသည် -- နှစ်မျိုး။
ပယောဂ - ဒုက္ကဋ်။ ခြောက်လှန့်လျှင်- ပါစိတ်

မီးဟတာက်စေ၍ လှုံသူသည် --နှစ်မျိုး။
ပယောဂ-ဒုက္ကဋ်။ မီးလျှံတောက်လျှင်- ပါစိတ်

လခွဲအတွင်း ရေချိုးသူသည်--နှစ်မျိုး။
ပယောဂ-ဒုက္ကဋ်။ ချိုး၍အပြီး - ပါစိတ်

အဆင်းပျက်အောင် ပြုခြင်းသုံးမျိုး တစ်မျိုးမျိုး မယူမူ၍ သင်္ကန်းအသစ် သုံးဆောင်သူသည် --နှစ်မျိုး။
ပယောဂ-ဒုက္ကဋ်။ သုံးဆောင်- ပါစိတ်

ဘိက္ခုအား လည်းကောင်း၊(ပ)။ သာမဏေမအား လည်းကောင်း ကိုယ်တိုင် သင်္ကန်းကို ဝိကပ္ပနာပြု၍ ပစ္စုဒ္ဓိရ် မပြန်ဘဲ သုံးဆောင်သူသည် -- နှစ်မျိုး။ (တူပြီ။)

ရဟန်း၏သပိတ်ကိုလည်းကောင်း။ (ပ)။ ခါးပန်းကိုလည်းကောင်း ဝှက်သူသည် --နှစ်မျိုး။
ပယောဂ - ဒုက္ကဋ်။ ဝှက်- ပါစိတ်

သုရာမေရယဝဂ္ဂေါ ဆဋ္ဌော

၇။ သပ္ပါဏကဝဂ်

၁၇၁။ တကွအားထုတ်၍ သတ္တဝါကို ဇီဝိတိန္ဒြေမှချသူသည် --လေးမျိုးသော အာပတ်သို့ရောက်၏။
အမှတ်မရှိ ကျ၍သေလတံ့ဟု မရည်ဘဲ တွင်းတူးအံ့- ဒုက္ကဋ်
လူ ကျ၍သေအံ့- ပါရာဇိက
ဘီလူး, ပြိတ္တာ, လူအသွင်တိရစ္ဆာန် ကျ၍ သေအံ့ ထုလ္လစ္စည်း
တိရစ္ဆာန်ကျ၍သေအံ့ ပါစိတ်။ (လေးမျိုး။)

(ဇီဋီ။ ။ ဤသိက္ခာပုဒ်၌ တိရစ္ဆာန်ပါဏသာ လိုရင်း ဖြစ်သော်လည်း ပါဏ - သတ္တဝါဟူသော ဝေါဟာရ သာမညဖြင့် အနက်ထုတ်ခြင်းကြောင့် အာပတ်လေးမျိုးဟုဆိုသည်။ ဤနေရာမျိုး၌ ဤနည်းကိုသိအပ်၏။)

သိလျက် ပိုးရှိသောရေကို သုံးဆောင်သူသည် ... နှစ်မျိုး။
ပယောဂ- ဒုက္ကဋ်။ သုံးဆောင်- ပါစိတ်

သိလျက် တရားနှင့်အညီ ငြိမ်းပြီးသော အဓိကရုဏ်းကို တဖန်ကံဖြစ်ခြင်းငှါ လှုတ်ချောက်ချားသူသည် --နှစ်မျိုး။
ပယောဂ- ဒုက္ကဋ်၊ ချောက်ချား- ပါစိတ်

ရဟန်း၏ ဒုဋ္ဌုလ္လအာပတ်ကို သိလျက်ဖုံးသူသည်--တစ်မျိုး၊ ပါစိတ်သို့ရောက်၏။

သိလျက် အသက်နှစ်ဆယ် မပြည့်သူကို ရဟန်းပြုပေးသူသည် နှစ်မျိုး။
ပယောဂ-- ဒုက္ကဋ်။ ရဟန်းပြုပေး-- ပါစိတ်

သိလျက် ခိုးသူ, ကုန်သည်နှင့်တိုင်ပင်၍ ခရီးသွားသူသည် --နှစ်မျိုး။
ပယောဂ- ဒုက္ကဋ်။ သွား- ပါစိတ်

မာတုဂါမနှင့်တိုင်ပင်၍ ခရီးရှည်အတူ သွားသူသည် နှစ်မျိုး (တူပြီ။)

ယုတ်မာသောအယူကို သုံးကြိမ်ဆုံးမလျက် မစွန့်သူသည် နှစ်မျိုး။
ဉာတ်ဖြင့်- ဒုက္ကဋ်။ ကမ္မဝါစာအဆုံး- ပါစိတ်

သိလျက် ထိုအယူမစွန့်သော ရဟန်းနှင့် သမ္ဘောဂပြုသူသည် ---နှစ်မျိုး။
ပယောဂ- ဒုက္ကဋ်သမ္ဘောဂပြု- ပါစိတ်

သိလျက် ထိုသို့ဖျက်ဆီးအပ်သော သာမဏေကို ဖြားယောင်းသူသည်--နှစ်မျိုး။
ပယောဂ- ဒုက္ကဋ်။ ဖြားယောင်း- ပါစိတ်

သပ္ပါဏကာဂ္ဂေါ သတ္တမော

၈။ သဟဓမ္မိကဝဂ်

၁၇၂။ ရဟန်းတို့သည် သိက္ခာပုဒ်နှင့်အညီ ပြောဆိုသောအခါ “တပါးသော ဝိနည်းဓိုရ်ကို မမေးရသေးမီ ဤသိက္ခာပုဒ်၌ ငါမကျင့်သေး”ဟု ဆိုသူသည်--နှစ်မျိုး။
ပယောဂ- ဒုက္ကဋ်။ ဆို- ပါစိတ်

ဝိနည်းကို ကဲ့ရဲ့သူသည် --နှစ်မျိုး။
ပယောဂ- ဒုက္ကဋ်။ ကဲ့ရဲ့- ပါစိတ်

ဝိနည်း မသိဟန်ဆောင်သူသည်--နှစ်မျိုး။
မောဟကံသို့မတင်မီ မသိဟန်ဆောင်အံ့- ဒုက္ကဋ်
မောဟကံတင်ပြီးမှ ဆောင်လျှင်- ပါစိတ်

ရဟန်းကို အမျက်ထွက်၍ ရိုက်သူသည် ---နှစ်မျိုး။
ပယောဂ- ဒုက္ကဋ်။ ရိုက်- ပါစိတ်

ရဟန်းကို အမျက်ထွက်၍ လက်ဝါးပြက်မိုးသူသည် --နှစ်မျိုး။
ပယောဂ- ဒုက္ကဋ်။ မိုး- ပါစိတ်

ရဟန်းကို အမူလကသံဃာဒိသေသ်ဖြင့် စွပ်စွဲသူသည် --နှစ်မျိုး။
ပယောဂ- ဒုက္ကဋ်။ စွပ်စွဲ- ပါစိတ်

ရဟန်းအား အားထုတ်၍ ကုက္ကုစ္စဖြစ်စေသူသည် --နှစ်မျိုး။
ပယောဂ- ဒုက္ကဋ်။ ဖြစ်စေ- ပါစိတ်

ရဟန်းတို့ တိုးတိုးတိုင်ပင်စဉ်, ခိုက်ရန်ဖြစ်စဉ်, ငြင်းခုံစဉ် ကြားလောက်ရာသို့ ကပ်၍တည်သူသည်--နှစ်မျိုး။
နားထောင်မည်ဟုသွားအံ့- ဒုက္ကဋ်။ ရပ်၍ နားထောင်အံ့- ပါစိတ်

ဓမ္မကံတို့အား ဆန္ဒပေး၍ နောက်၌ ရှုတ်ချသူသည် --နှစ်မျိုး။
ပယောဂ- ဒုက္ကဋ်။ ရှုတ်ချ- ပါစိတ်

သံဃာ၌ ဝိနိစ္ဆယကထာ ဖြစ်သောအခါ ဆန္ဒမပေးဘဲ ထသွားသူသည်---နှစ်မျိုး။
ပရိသတ်၏ ဟတ္ထပါသ်ကို စွန့်စဉ်- ဒုက္ကဋ်။ စွန့်ပြီး- ပါစိတ်

သမဂ္ဂသံဃာနှင့်အတူ သင်္ကန်းပေး၍ နောက်၌ ရှုတ်ချသူသည် -နှစ်မျိုး။
ပယောဂ- ဒုက္ကဋ်။ ရှုတ်ချ- ပါစိတ်

သိလျက် သံဃာသို့ ညွတ်ပြီးသောလာဘ်ကို ပုဂ္ဂိုလ်သို့ ညွတ်စေသူသည်- နှစ်မျိုး။
ပယောဂ- ဒုက္ကဋ်။ ညွတ်စေ- ပါစိတ်

သဟဓမ္မိကဝဂ္ဂေါ အဋ္ဌမော

၉။ ရာဇဝဂ်

၁၀၃။ ရှေးဦးစွာမသိစေဘဲ မင်း၏နန်းတော်တွင်း ဝင်သူသည်--နှစ်မျိုး။
ပဌမဘဝါးကို တံခါးခုံကို လွန်စေအံ့- ဒုက္ကဋ်။ ဒုတိယဘဝါးကို လွန်စေအံ့- ပါစိတ်

ရတနာကို ကောက်သိမ်းသူသည်--နှစ်မျိုး။
ပယောဂ- ဒုက္ကဋ်။ ကောက်ယူ- ပါစိတ်

ထင်ရှားရှိသောရဟန်းကို မပန်ကြားဘဲ နေလွဲရွာဝင်သူသည်--နှစ်မျိုး။
ပဌမဘဝါးကို အာရာမ်ကို လွန်စေအံ့- ဒုက္ကဋ်။ ဒုတိယဘဝါးကို လွန်စေအံ့- ပါစိတ်

(ဇီဋီ။ ။ အာရာမ် (ပရိက္ခေပ) ကိုလွန်စေအံ့ ဟု ဆိုသောကြောင့် ဥပစာရ၌ အာပတ်သို့ မရောက်။ ပရိက္ခေပကို လွန်မှသာ ရောက်ခြင်း ထင်ရှား၏ - ဟုဆိုကုန်၏။)

အရိုး, ဆင်စွယ်, သားချိုဖြင့်ပြုသော အပ်ကျည်ကို ပြုစေသူသည်--နှစ်မျိုး။
ပယောဂ- ဒုက္ကဋ်။ ပြုစေ- ပါစိတ်

ပမာဏလွန်သောညောင်စောင်း, အင်းပျဉ်ကိုပြုစေသူသည် --။

ညောင်စောင်း, အင်းပျဉ်ကို လဲဖွဲ့ယှက်ရာ ပြုစေသူသည် --။

ပမာဏလွန်သော နိသီဒိုင်ကို ပြုစေသူသည်--။

ပမာဏလွန်သော အမာလွှမ်းသင်္ကန်းကို ပြုစေသူသည်--နှစ်မျိုး။

ပမာဏလွန်သော မိုးရေခံသင်္ကန်းကို ပြုသူသည်--။

သုဂတစီဝရပ္ပမာဏသင်္ကန်းကို ပြုစေသူသည်--နှစ်မျိုး။
ပယောဂ- ဒုက္ကဋ်။ ပြုစေ- ပါစိတ်

ရာဇဝဂ္ဂေါ နဝမော

သုဒ္ဓပါစိတ် ၉၂-ပါး ပြီး၏။

၆။ ပါဋိဒေသနီ

၁၇၄။ ရွာတွင်းတည်သော အမျိုးမတော်သော ဘိက္ခုနီ၏လက်မှ ခဲဘွယ် ဘောဇဉ်ကို မိမိလက်ဖြင့်ခံ၍ ဘုဉ်းပေးသူသည်--နှစ်မျိုး။
ဘုဉ်းပေးမည်ဟု ခံအံ့- ဒုက္ကဋ်။ မျိုတိုင်း- ပါဋိဒေသနီ

အကျွမ်းဝင်ရာ၌ စီမံသော ဘိက္ခုနီကို မတားဘဲ ဘုဉ်းပေးသူသည် --။

သေက္ခသမ္မုတိရသော ဒါယကာ၏အိမ်၌ ခဲဘွယ်ဘောဇဉ်ကို မိမိလက်ဖြင့်ခံ၍ ဘုဉ်းပေးသူသည်--။

တောကျောင်းတို့၌ ရှေးဦးစွာမသိစေဘဲ ဆောင်ပို့သော ခဲဘွယ်ဘောဇဉ်ကို အာရာမ်တွင်း၌ မိမိလက်ဖြင့်ခံ၍ ဘုဉ်းပေးသူသည်--နှစ်မျိုး။
ဘုဉ်းပေးမည်ဟု ခံအံ့- ဒုက္ကဋ်။ မျိုတိုင်း- ပါဋိဒေသနီ

ပါဋိဒေသနီ ၄-ပါး ပြီး၏။

၇။ သေခိယ

၁။ ပရိမဏ္ဍလဝဂ်

၁၇၅။ မရိုသေခြင်းကိုစွဲ၍ ရှေ့၌လည်းကောင်း, နောက်၌လည်းကောင်း တွဲလွဲကျစေလျက် သင်းပိုင်ဝတ်သူသည် အဘယ်မျှသော အာပတ်သို့ရောက်သနည်း။
တစ်မျိုးသော အာပတ်သို့ရောက်၏။--ဒုက္ကဋ်

*တွဲလွဲကျစေလျက် ကိုယ်ရုံကိုရမ်းသူသည်--။
*ကိုယ်ကိုဖွင့်၍ ရွာတွင်း၌သွားသူသည်--။
*ကိုယ်ကိုဖွင့်၍ ရွာတွင်း၌ထိုင်သူသည်--။
*လက်ခြေတို့ကို ကစားလျက် ရွာတွင်း၌သွားသူသည်--။
*လက်ခြေတို့ကို ကစားလျက် ရွာတွင်း၌ထိုင်သူသည်---။
*ထိုထိုအရပ်သို့ကြည့်လျက် ရွာတွင်း၌သွားသူသည်--။
*ထိုထိုအရပ်သို့ကြည့်လျက် ရွာတွင်း၌ထိုင်သူသည်---။
*သင်္ကန်းကိုပင့်လျက် ရွာတွင်း၌ သွားသူသည်--။
*သင်္ကန်းကိုပင့်လျက် ရွာတွင်း၌ထိုင်သူသည်--။ --တစ်မျိုး။ --ဒုက္ကဋ် အာပတ်သို့ရောက်၏။

ပရိမဏ္ဍလဝဂ္ဂေါ ပဌမော

၂။ ဥဇ္ဇဂ္ဃိကဝဂ်

၁၇၆။ မရိုသေခြင်းကိုစွဲ၍ *ပြင်းစွာရယ်လျက် ရွာတွင်း၌ သွားသူသည်--။
*ပြင်းစွာရယ်လျက် ရွာတွင်း၌ထိုင်သူသည်--
* ကျယ်သောအသံပြုလျက် ရွာတွင်း၌သွားသူသည်--။
*ကျယ်သောအသံပြုလျက် ရွာတွင်း၌ထိုင်သူသည်--။
ကိုယ်ကိုလှုပ်၍ ရွာတွင်း၌သွားသူသည်--။ ထိုင်သူသည်--။
လက်ရုံးကိုလှုပ်၍ ရွာတွင်း၌သွားသူသည်-။ ထိုင်သူသည်--။
ဦးခေါင်းကိုလှုပ်၍ ရွာတွင်း၌သွားသူသည်--။ ထိုင်သူသည်--။ တစ်မျိုး။ ဒုက္ကဋ်အာပတ်သို့ရောက်၏။

ဥဇ္ဇဂ္ဂိကဝဂ္ဂေါ ဒုတိယော

၃။ ခမ္ဘကကဝဂ်

၁၇၇။ မရိုသေခြင်းကိုစွဲ၍ ခါးထောက်လျက် ရွာတွင်း၌သွားသူသည်-။ ထိုင်သူသည်--။
ဦးခေါင်းခြုံလျက် ရွာတွင်း၌သွားသူသည်-။ ထိုင်သူသည်-။
*ဖဝါးဆွံ့နင်းလျက် ရွာတွင်း၌သွားသူသည်--။
*လက်အာယောဂပတ်, ပုဆိုးအာယောဂပတ်ဖွဲ့လျက် ရွာတွင်း၌ထိုင်သူသည်--။
*မရိုမသေ ဆွမ်းခံယူသူသည်---။
*ထိုထိုအရပ်ကြည့်လျက် ဆွမ်းခံယူသူသည်--။
“ပဲဟင်းကိုသာ များစွာ ခံယူသူသည်--။
*စုန့်စုန့်မောက်အောင် ဆွမ်းခံယူသူသည်-တစ်မျိုး။ ဒုက္ကဋ်အာပတ်သို့ ရောက်၏။

ခမ္ဘကဝဂ္ဂေါ တတိယော

၄။ ပိဏ္ဍပါတဝဂ်

၁၇၈။ အနာဒရိယကိုစွဲ၍ မရိုမသေ ဆွမ်းစားသူသည်--။
*ထိုထိုအရပ်ကြည့်လျက် ဆွမ်းစားသူသည်--။
*ထိုထိုနေရာကို သုံးသပ်လျက် ဆွမ်းစားသူသည်--။
“ပဲဟင်းကိုသာ များစွာစားသူသည်--။
*ဆွမ်းဦးမှနှိပ်၍ ဆွမ်းစားသူသည်--။
*ဟင်း, ဟင်းလျာကို ဆွမ်းဖြင့် ဖုံးသူသည်--။
*ဟင်းကိုလည်းကောင်း, ထမင်းကိုလည်းကောင်း မနာမဖျားဘဲ မိမိ အကျိုးငှါ တောင်း၍ စားသူသည်--။
*ကဲ့ရဲ့လိုသောအမှတ်ဖြင့် သူတပါး၏သပိတ်ကိုကြည့်သူသည်---။
*ကြီးစွာသော ဆွမ်းလုတ်ကိုပြုသူသည်--။
*ရှည်သောဆွမ်းလုတ်ကိုပြုသူသည်--။--တစ်မျိုး၊ --ဒုက္ကဋ်အာပတ်သို့ ရောက်၏။

ပိဏ္ဍပါဏ၀ဂ္ဂေါ စတုတ္ထော

၅။ ကဗဠဝဂ်

၁၇၉။ မရိုသေခြင်းကိုစွဲ၍ ဆွမ်းလုတ်မရောက်မီ ခံတွင်းဖွင့်သူသည်--။
*ဆွမ်းစားစဉ် အလုံးစုံသောလက်ကို ခံတွင်း၌ထည့်သူသည် --။
*ဆွမ်းလုတ်နှင့်တကွ စကားဆိုသူသည်--။
*ဆွမ်းလုတ်ကို မြောက်၍မြှောက်၍စားသူသည်--။
*ဆွမ်းလုတ်ကို ကိုက်ဖြတ်၍စားသူသည်--။
*မျောက်ကဲ့သို့ ပါးစောင်၌ထား၍ စားသူသည်--။
*လက်ကိုခါ၍ခါ၍စားသူသည်--။
*ဆွမ်းလုံးကို ကြဲ၍ကြဲ၍စားသူသည်---။
*လျှာကိုထုတ်၍စားသူသည်--။
*စပ်စပ်သံပြု၍စားသူသည်--။ --တစ်မျိုး။ --ဒုက္ကဋ်အာပတ်သို့ ရောက်၏။

ကဗဠဝဂ္ဂေါ ပဉ္စမော

၆။ သုရုသုရုဝဂ်

၁၈၀။ မရိုသေခြင်းကိုစွဲ၍ ရှုတ်ရှုတ်သံပြု၍ စားသူသည်--။
*လက်ကိုလျက်၍လျက်၍ စားသူသည်--။
*သပိတ်ကိုခြစ်၍ခြစ်၍ စားသူသည်--။
*နှုတ်ခမ်းကိုလျက်၍လျက်၍ စားသူသည်--။
*အာမိသနှင့်တကွသောလက်ဖြင့် ရေခွက်ကိုကိုင်သူသည်--။
*ဆွမ်းလုံးနှင့်တကွသော သပိတ်ဆေးရေကို ရွာတွင်း, အိမ်တွင်း၌ စွန့်သူသည်။
*ထီး လက်၌ရှိသူကို ပါဠိ, အဋ္ဌကထာဓမ္မ တရားဟောသူသည်--။
*တုတ်, တောင်ဝှေး လက်၌ရှိသူကို တရားဟောသူသည်--။
*လက်နက် လက်၌ရှိသူကို တရားဟောသူသည်--။
*လေး လက်၌ရှိသူကို တရားဟောသူသည်----တစ်မျိုး။ -- ဒုက္ကုဋ် အာပတ်သို့ရောက်၏။

သုရုသုရုဝဂ္ဂေါ ဆဋ္ဌော

၇။ ပါဒုကဝဂ်

၁၈၁။ မရိုသေခြင်းကိုစွဲ၍ ခြေနင်းစီးသူကို--။
*ဘိနပ်စီးသူကို--။
*ယာဉ်စီးသူကို--။
*အိပ်ရာ၌နေသူကို---။
*လက်အာယောဂပတ်, ပုဆိုးအာယောဂပတ် ဖွဲ့၍နေသူကို--။
*ဦးရစ်ပေါင်းသော ဦးခေါင်းရှိသူကို--။
*ခြုံသောဦးခေါင်းရှိသူကို--။
*မြေ၌နေ၍ နေရာ၌နေသူကို--။
*နိမ့်သောနေရာ၌နေ၍ မြင့်သောနေရာ၌နေသူကို--။
*ရပ်လျက် ထိုင်သောသူကို--။
*နောက်မှသွား၍ ရှေ့၌သွားသူကို--။
*လမ်းဘေးကသွား၍ လမ်း၌သွားသူကို တရားဟောသူသည်----။
*ရပ်လျက် ကျင်ကြီး, ကျင်ငယ်စွန့်သူသည်--။
*စိမ်းသောမြက်သစ်ပင်ရှိရာ၌ ကျင်ကြီး, ကျင်ငယ်, ကံတွေးစွန့်သူသည် --။
*သုံးဆောင်ကောင်းသောရေ၌ ကျင်ကြီး, ကျင်ငယ်, တံတွေးစွန့်ရာ၌-။---တစ်မျိုး။--ဒုက္ကဋ်အာပတ်သို့ရောက်၏

ပါဒုကဝဂ္ဂေါ သတ္တမော

သေခိယ ၇၅-ပါး ပြီး၏။

[ကတိ အာပတ္တိယော အာပဇ္ဇတိ - အဘယ်မျှသော အာပတ်သို့ ရောက်သနည်း- စသည်အပြားရှိသော ဤဝါရသည် ကတာပတ္တိဝါရ မည်၏။ နောက်၌ --

၁။ ကတိဝိပတ္တိယော ဘဇန္တိ- စသည်ဖြင့်ပြားသော ဝိပတ္တိဝါရ၊
၂။ ကတိဟိ အာပတ္တိက္ခန္တေဟိ သင်္ဂဟိတာ- စသည်ဖြင့်ပြားသော သင်္ဂဟဝါရ၊
၃။ ကတိဟိ သမုဋ္ဌာနေဟိ သမုဋ္ဌဟန္တိ စသည်ဖြင့်ပြားသော သမုဋ္ဌာနဝါရ၊
၄။ ကတမံ အဓိ ကရဏံ- စသည်ဖြင့် ပြားသော အဓိကရဏဝါရ၊
၅။ ကတိဟိ သမထေဟိ သမ္မန္တိ- စသည်ဖြင့် ပြားသော သမထဝါရ၊
၆။ ထိုနောက် (ဝါရခြောက်မျိုးပေါင်းပေါင်းသော) သမုစ္စယဝါရ- ဤသို့ အစဉ်အတိုင်းပြ၍ အဋ္ဌဝါရ ပြီး၏။

ထို့နောက် ပစ္စယစွမ်းဖြင့်လည်း ပညတ္တိဝါရ၊ ကတာပတ္တိဝါရ စသည်ဖြင့် ရှစ်ဝါရ ပြ၏။ ဤသို့ မဟာဝိဘင်း၌ သောဠသဝါရကိုပြသည်။

ဘိက္ခုနီဝိဘင်း၌လည်း ထိုနည်းဖြင့် သောဠသဝါရကိုပြသည်။

ဤသို့ ဥဘတော ဝိဘင်း၌ ဒွတ္တိံသပါရကို ပါဠိတော်နည်းဖြင့် သိအပ်၏။ အနက်အဓိပ္ပါယ် မဆုံးဖြတ် အပ်သေးသောမည်သည် တစ်စုံတစ်ခုမရှိ။]

(ဝိဋီ။ ။ မဟာဝိဘင်းဟူသည် ဘိက္ခုဝိဘင်းတည်း။ ထို၌ အာဒိဘူတဖြစ်သော သောဠသဝါရဟူသော ဝါရတို့ဖြင့် မှတ်အပ်သောကြောင့် ဤပရိဝါရ အားလုံးကိုလည်း သောဠသပရိဝါရဟူ၍ ခေါ်ဝေါ်အပ်၏၊)

ကတာပတ္တိဝါရ ပြီး၏။

အဋ္ဌဝါရ၌

၃။ ဝိပတ္တိဝါရ

၁၈၂။ မေထုနဓမ္မ မှီဝဲသူ၏ အာပတ်တို့သည် လေးပါးသော ဝိပတ္တိတို့တွင် အဘယ်မျှသော ဝိပတ္တိတို့သို့ သက်ဝင်ကုန်သနည်း။ နှစ်ပါးသော ဝိပတ္တိတို့သို့ သက်ဝင်ကုန်၏။ အချို့ သီလဝိပတ္တိ။ အချို့ အာစာရဝိပတ္တိ။ (ပ)။

မရိုမသေ ရေ၌ ကျင်ကြီး, ကျင်ငယ်, တံတွေးစွန့်သူ၏ အာပတ်သည် အဘယ်မျှသော ဝိပတ္တိတို့သို့ သက်ဝင် သနည်း။ တစ်ပါးသော ဝိပတ္တိသို့ သက်ဝင်၏။ အာစာရဝိပတ္တိ။

ဝိပတ္တိဝါရ ပြီး၏။

၄။ သင်္ဂဟိတဝါရ

၁၈၃။ မေထုနဓမ္မ မှီဝဲသူ၏ အာပတ်တို့သည် ခုနစ်ပါးသော အာပတ်အစုတို့တွင် အဘယ်အစုတို့ဖြင့် ရေတွက် အပ်ကုန်သနည်း။ သုံးပါသောအစုတို့ဖြင့် ရေတွက်အပ်ကုန်၏။ အချို့ ပါရာဇိက၊ အချို့ ထုလ္လစ္စည်း။ အချို့ ဒုက္ကဋ်။ (ပ)။
မရိုမသေ ရေ၌ (ပ) စွန့်သူ၏ အာပတ်သည် အဘယ်အစုတို့ဖြင့် ရေတွက်အပ်သနည်း။ တစ်ပါးသောအစုဖြင့် ရေတွက်အပ်၏။ ဒုက္ကဋ်

သင်္ဂဟိတဝါရ ပြီး၏။

၅။ သမုဋ္ဌာနဝါရ

၁၈၄။ မေထုနဓမ္မ မှီဝဲသူ၏ အာပတ်တို့သည် ခြောက်ပါးသော အာပတ္တိသမုဋ္ဌာန်တို့တွင် အဘယ် သမုဋ္ဌာန်တို့ကြောင့် ဖြစ်ကုန်သနည်း။ တစ်ခုသော သမုဋ္ဌာန်ကြောင့် ဖြစ်ကုန်၏။ ကာယစိတ္တသမုဋ္ဌာန်တစ်ခု။ (ပ)။

မရိုမသေ ရေ၌ (ပ) စွန့်သူ၏ အာပတ်သည် အဘယ်သမုဋ္ဌာန်တို့ကြောင့် ဖြစ်သနည်း။ တစ်ခုသော သမုဋ္ဌာန်ကြောင့် ဖြစ်၏။ ကာယစိတ္တ။

သမုဋ္ဌာနဝါရ ပြီး၏။

၆။ အဓိကရဏဝါရ

၁၈၅။ မေထုနဓမ္မ မှီဝဲသူ၏ အာပတ်တို့သည် လေးပါးသော အဓိကရုဏ်းတို့တွင် အဘယ်အဓိကရုဏ်းနည်း။ အာပတ္တာဓိကရုဏ်းတည်း။ (ပ)။

မရိုမသေ ရေ၌ (ပ) စွန့်သူ၏ အာပတ်သည် အဘယ် အဓိကရုဏ်းနည်း။ အာပတ္တာဓိကရုဏ်းတည်း။

အဓိကရဏဝါရ ပြီး၏။

၇။ သမထဝါရ

၁၈၆။ မေထုနဓမ္မ မှီဝဲသူ၏ အာပတ်တို့သည် ခုနစ်ပါးသော သမထတို့တွင် အဘယ်မျှသော သမထတို့ဖြင့် ငြိမ်းကုန်သနည်း။ သုံးပါးသော သမထတို့ဖြင့် ငြိမ်းကုန်၏။
ရံခါ သမ္မုခါဝိနယပဋိညာတကရဏဖြင့်။ ရံခါ အချို့ သမ္မုခါဝိနယတိဏဝတ္ထာရကဖြင့် (ပ)။

မရိုမသေ ရေ၌ (ပ) စွန့်သူ၏ အာပတ်သည် အဘယ်မျှသော သမထဖြင့် ငြိမ်းသနည်း။ သုံးပါးတို့ဖြင့်ငြိမ်း၏။ ရံခါ သမ္မုခါ၊ ပဋိညာဖြင့်။ ရံခါ သမ္မုခါ၊ တိဏဖြင့်။

သမထဝါရ ပြီး၏။

၈။ သမုစ္စယဝါရ

၁၈၇။ မေထုနဓမ္မ မှီဝဲသူသည် အဘယ်မျှသော အာပတ်တို့သို့ ရောက်သနည်း။ သုံးမျိုးသော အာပတ်ကဲ့သို့ ရောက်၏။ (မဂ်) မခဲသေးသောကိုယ်၌ ပါရာဇိက။ များစွာခဲသောကိုယ်၌ ထုလ္လစ္စည်း၊ ဟင်းလင်းပွင့်သော ခံတွင်း၌ မထိမခိုက်လျှင် ဒုက္ကဋ်

ထိုသုံးမျိုးသော အာပတ်တို့သည် လေးပါးသော ဝိပတ္တိတို့တွင် အဘယ် ဝိပတ္တိတို့သို့ သက်ဝင်ကုန်သနည်း။ နှစ်ပါးသော ဝိပတ္တိသို့ သက်ဝင်ကုန်၏။ အချို့ သီလဝိပတ္တိ။ အချို့ အာစာရဝိပတ္တိ

ခုနှစ်ပါးသော အာပတ်အစုတို့တွင် အဘယ်အစုတို့ဖြင့် ရေတွက်အပ်ကုန်သနည်း။ သုံးပါးသောအာပတ် အစုတို့ဖြင့် ရေတွက်အပ်ကုန်၏။ အချို့ ပါရာဇိက၊ အချို့ ထုလ္လစ္စည်း။ အချို့ ဒုက္ကဋ်

ခြောက်ပါးသော သမုဋ္ဌာန်တို့တွင် အဘယ်သမုဋ္ဌာန်တို့ကြောင့် ဖြစ်ကုန်သနည်း။ တစ်ခုသော သမုဋ္ဌာန်ကြောင့် ဖြစ်ကုန်၏။ ကာယစိတ္တသမုဋ္ဌာန်တစ်ခု။

လေးပါးသော ... အဓိကရုဏ်းတို့တွင် အဘယ်အဓိကရုဏ်းနည်း။ အာပတ္တာဓိကရုဏ်းတည်း။

ခုနစ်ပါးသော သမထတို့တွင် အဘယ်မျှသော သမထတို့ဖြင့် ငြိမ်းကုန်သနည်း။ သုံးပါးသော သမထတို့ဖြင့် ငြိမ်းကုန်၏။ ရံခါ သမ္မုခါပဋိညာဖြင့်။ ရံခါ အချို့သမ္မုခါတိဏဖြင့်။ (ပ)။

မရိုမသေ ရေ၌ (ပ) စွန့်သူသည် အဘယ်မျှသော အာပတ်တို့သို့ -။ တစ်မျိုးသော အာပတ်သို့ရောက်၏။ - ဒုက္ကဋ်

တစ်ပါးသောဝိပတ္တိသို့ သက်ဝင်၏။ အာစာရဝိပတ္တိ

တစ်ပါးသောအာပတ်အစုဖြင့် ရေတွက်အပ်၏၊ ဒုက္ကဋ် မရ။

တစ်ခုသောသမုဋ္ဌာန်ကြောင့်ဖြစ်၏။ ကာယစိတ္တအာပတ္တာဓိကရုဏ်းတည်း။

သုံးပါးသော သမထတို့ဖြင့် ငြိမ်း၏၊ ရံခါ သမ္မုခါပဋိညာဖြင့်။ ရံခါ သမ္မုခါတိဏဖြင့်။

သမုစ္စယဝါရ ပြီး၏။
အဋ္ဌဝါရ ပြီး၏။

အဋ္ဌပစ္စယဝါရ-၌

၁။ ကတ္ထပညတ္တိဝါရ

၁။ ပါရာဇိက

၁၈၈။ မြတ်စွာဘုရားသည် မေထုနဓမ္မကို မှီဝဲခြင်းအကြောင်းကြောင့် ပါရာဇိကကို အဘယ်၌ ပညတ်သနည်း။ အဘယ်သူကိုအကြောင်းပြု၍နည်း။ (ပ) အဘယ်သည် အဆက်ဆက် ဆောင်သနည်း။

မေထုနဓမ္မကို မှီဝဲခြင်းအကြောင်းကြောင့် ပါရာဇိကကို အဘယ်၌ပညတ်သနည်း။ ဝေသာလီ၌ ပညတ်သည်။

အဘယ်သူကိုအကြောင်းပြု၍နည်း။ ကလန္ဒသူဌေးသား ရှင်သုဒိန်ကို အကြောင်းပြု၍တည်း။ (ပ)။

အဘယ်သည် အဆက်ဆက်ဆောင်သနည်း။ ဥပါလိမထေရ်, ဒါသက မထေရ် စသည်သည် အဆက်ဆက် ဆောင်၏။

ဥပါလိဒါသကသောဏကသိဂ္ဂဝမောဂ္ဂလိပုတ္တတိဿ ဤရဟန္တာ ငါးပါးသည် ဇမ္ဗူဒိ၌ အဆက်ဆက် (ပ) ၂၈-ပါးတို့သည် သီဟိုဠ်ကျွန်း၌ အဆက်ဆက် ဝိနည်းပိဋကတ် ပို့ချကုန်၏။

၁၈၉။ အရှင်မပေးသောဥစ္စာကို ယူခြင်း အကြောင်းကြောင့် ပါရာဇိကကို။
၁၉၀။ တကွအားထုတ်၍ လူဇာတ်ဖြစ်သောသူကို ဇီဝိတိန္ဒြေမှချခြင်း အကြောင်းကြောင့် ပါရာဇိကကို--။
၁၉၁။ မိမိ၌မရှိသော ဥတ္တရိမနုဿဓမ္မကို ဝါကြွားခြင်းအကြောင်းကြောင့် ပါရာဇိကကို--။
၁၉၂။ လုံ့လပြု၍ သုက်ကိုလွတ်စေခြင်းအကြောင်းကြောင့် သံဃာဒိသေသ်ကို (ပ)။

ကုလဒူသက ရဟန်းအား သုံးကြိမ်ဆုံးမလျက် မစွန့်လျှင် မစွန့်ခြင်း အကြောင်းကြောင့် သံဃာဒိသေသ်ကို (ပ)။

မရိုမသေ ရေ၌ (ပ) စွန့်ခြင်း အကြောင်းကြောင့် ဒုက္ကဋ်ကို---။

(ဇီဋီ။ ။ ပစ္စယဝါရ၌ ရှေ့ဝါရမှ အထူးကား- မေထုနဓမ္မကို မှီဝဲသူသည် အဘယ်မျှသော အာပတ်သို့ ရောက်သနည်း-ဟု ပုဂ္ဂလနိဒ္ဒေသဖြင့် ဟောရာ၌ စတုမဋ္ဌက၏ အရာမဟုတ်။ ဤ ပစ္စယဝါရ၌ကား မှီဝဲခြင်း အကြောင်းကြောင့်-ဟု ပုဂ္ဂလ နိဒ္ဒေသ မရှိခြင်းကြောင့် ဇတုမဋ္ဋကလည်း ပါဝင်၏။ ဤသို့သော နေရာ၌ ဤသို့ အထူးရှိ၏။)

ကတ္ထပညတ္တိဝါ ပြီး၏။

၂။ ကတာပတ္တိဝါရ

၁။ ပါရာဇိက

၁၉၃။ မေထုနဓမ္မကို မှီဝဲခြင်းအကြောင်းကြောင့် အဘယ်မျှသော အာပတ်တို့သို့ ရောက်သနည်း။ လေးမျိုးသော အာပတ်သို့ရောက်၏။

(မဂ်) မခဲသေးသောကိုယ်၌ ပါရာဇိက
များစွာခဲသောကိုယ်၌ ထုလ္လစ္စည်း
ဟင်းလင်း ပွင့်သော ခံတွင်း၌ မထိမခိုက်လျှင် ဒုက္ကဋ်
ဇကုမဋ္ဌက- ပြေပြစ်သော ချိပ်တောင့်ဖြင့် ပဿာဝမဂ်သို့ဆောင်သောဘိက္ခုနီ-ပါစိတ်
ဤလေးမျိုးတို့သို့ ရောက်၏။

၁၉၄။ ကာယသံသဂ္ဂသို့ရောက်ခြင်း အကြောင်းကြောင့် အဘယ်မျှသော အာပတ်တို့သို့ ရောက်သနည်း။ ငါးမျိုးသော အာပတ်သို့ရောက်၏။

ရာဂစွတ်သောဘိက္ခုနီသည် ရာဂစွတ်သောပုရိသ၏ ညှပ်ရိုးအောက် ဒူး၀န်းအထက် ကိုင်ခြင်းကို သာယာအံ့ ပါရာဇိက
ဘိက္ခုသည် ကာယဖြင့် ကာယကို သုံးသပ်ခဲ့ -သံဃာဒိသေသ်
ကာယပဋိဗဒ္ဓကိုသုံးသပ်အံ့ ထုလ္လစ္စည်း
ပဋိဗဒ္ဓဖြင့် ပဋိဗဒ္ဓကို သုံးသပ်အံ့ ဒုက္ကဋ်
အင်္ဂုလိပကောဒက- ချိုင်း (ဂျိုင်း) ထိုးခြင်းကြောင့် ပါစိတ်
ဤငါးမျိုးတို့သို့ ရောက်၏။

(ဤ၌ မာတုဂါမေန ကာယသံသဂ္ဂံ ဟုမဆိုဘဲ ကာယသံသဂ္ဂံ ဟု သာမညဆိုသည်။) (ပ)။

မရိုမသေ ရေ၌ (ပ) စွန့်ခြင်းအကြောင်းကြောင့် အဘယ်မျှသော အာပတ်တို့သို့ ရောက်သနည်း။ တစ်မျိုးသော အာပတ်သို့ရောက်၏။ ဒုက္ကဋ်

ကတာပတ္တိဝါရ ပြီး၏။

၃။ ဝိပတ္တိဝါရ

၁၉၅။ မေထုနဓမ္မကို မှီဝဲခြင်းအကြောင်းကြောင့် အာပတ်တို့သည် လေးပါးသော ဝိပတ္တိတို့တွင် အဘယ်မျှသော ဝိပတ္တိသို့ သက်ဝင်ကုန်သနည်း။ နှစ်ပါးသော ဝိပတ္တိသို့ သက်ဝင်ကုန်၏။ အချို့ သီလဝိပတ္တိ။ အချို့ အာစာရ ဝိပတ္တိ။ (ပ)။

ဝိပတ္တိဝါရ ပြီး၏။

၄။ သင်္ဂဟိတဝါရ

၁၉၆။ မေထုနဓမ္မမှီဝဲခြင်း အကြောင်းကြောင့် အာပတ်တို့သည် ခုနစ်ပါးသော အဝတ်အစုတို့တွင် အဘယ် အစုတို့ဖြင့် ရေတွက်အပ်ကုန်သနည်း။ လေးပါးသော အစုတို့ဖြင့် ရေတွက်အပ်ကုန်၏။ အချို့ ပါရာဇိက။ အချို့ထုလ္လစ္စည်းပါစိတ်ဒုက္ကဋ်

(ကာယသံသဂ္ဂသို့ရောက်ခြင်း အကြောင်းကြောင့် ငါးပါး။ ပါရာဇိကသံဃာဒိသေသ်ထုလ္လစ္စည်းပါစိတ်ဒုက္ကဋ်။) (ပ)။

သင်္ဂဟိတဝါရပြီး၏။

၅။ သမုဋ္ဌာနဝါရ
၆။ အဓိကရဏဝါရ
၇။ သမထဝါရ
၈။ သမုစ္စယဝါရ--တူပြီ။

အဋ္ဌပစ္စယဝါရ ပြီး၏။

မဟာဝိဘင်း၌ သောဠသ မဟာဝါရ ပြီး၏။

(၂) ဘိက္ခုနီဝိဘင်္ဂ သောဠသ မဟာဝါရ

အဋ္ဌဝါရ ၌

၁။ ကတ္ထပညတ္တိဝါရ

၁။ ပါရာဇိက (ပဉ္စမပါရာဇိက)

၂၀။ သိတော်မူပြီးသော မြင်တော်မူပြီးသော အရဟန္တသမ္မာသမ္ဗုဒ္ဓ မြတ်စွာဘုရားသည် ဘိက္ခုနီတို့အား အကြင် ပဉ္စမပါရာဇိကကို ပညတ်တော် မူပြီ။ ထို ပဉ္စမပါရာဇိကကို အဘယ်၌ ပညတ်သနည်း။ အဘယ်သူကို အကြောင်း ပြု၍နည်း - စသည်ဖြင့် မေးခွန်း ၂၆-ရပ် တူပြီ။

၂၀၂။ အဘယ်၌ ပညတ်သနည်း။ သာဝတ္ထိ၌ပညတ်သည်။ တံ အာရဗ္ဘ သုန္ဒရီနန္ဒာဘိက္ခုနီကို အကြောင်း ပြု၍တည်း။ ကိသ္မိံ ဝတ္ထုသ္မိံ- သုန္ဒရီနန္ဒာသည် ရာဂစွတ်လျက် ရာဂစွတ်သောပုရိသ၏ ကိုယ်လက် နှီးနှောခြင်းကို သာယာ၏။ ထိုဝတ္ထုကြောင့်တည်း။ အတ္ထိ တတ္ထပညတ္တိ အနုပညတ္တိ အနုပ္ပန္နပညတ္တိ၌ ပညတ်တစ်ခုရှိ၏။ အနုပညတ် အနုပ္ပန္နပညတ်မရှိ။ သဗ္ဗတ္ထပညတ္တိ ပဒေသပညတ္တိ၌ သဗ္ဗတ္ထပညတ်ဖြစ်၏။

သာဓာရဏပညတ္တိ အသာဓာရဏပညတ္တိ၌ အသာဓာရဏပညတ် ဖြစ်၏။ ဧကတောပညတ္တိ ဥဘတောပညတ္တိ၌ ဧကတောပညတ်ဖြစ်၏။ စတုန္နံ ပါတိမောက္ခုဒ္ဒေသာနံ ကတ္ထောဂဓံ- နိဒါန်း၌ အတွင်းဝင်၏။ ကတမေန ဥဒ္ဒေသေန ဥဒ္ဒေသံ အာဂစ္ဆတိ- ဒုတိယဥဒ္ဒေသဖြင့် ရွတ်ဆိုအပ်သည်အဖြစ်သို့ ရောက်၏။ စတုန္နံ ဝိပတ္တီနံ ကတမာဝိပတ္တိ- သီလဝိပတ္တိ ဖြစ်၏။

သတ္တန္နံ အာပတ္တိက္ခာန္ဓာနံ ကတမော အာပတ္တိက္ခန္ဓောပါရာဇိက အာပတ်အစု ဖြစ်၏။ ဆန္နံအာပတ္တိသမုဋ္ဌာနာနံ ကတိဟိသမုဋ္ဌာနေဟိ သမုဋ္ဌာတိ။ တစ်ခုသော သမုဋ္ဌာနံကြောင့်ဖြစ်၏။ ကာယကြောင့် လည်းကောင်း စိတ္တကြောင့် လည်းကောင်း ဖြစ်သည်။ ဝါစာကြောင့်မဖြစ်။ စတုန္နံ သမထာနံ ကတိဟိ သမထေဟိ သမ္မတိ- နှစ်ပါးသော သမထတို့ဖြင့်ငြိမ်း၏။ သမ္မုခါ ဝိနည်း ပဋိညာတကရဏဖြင့်။ ကော တတ္ထဝိနယော ကောတတ္ထအဘိဝိနယော- ပညတ္တိသည် ဝိနယ၊ ဝိဘတ္တိသည် အဘိဝိနယ ဖြစ်၏။

ကိံ တတ္ထ ပါတိမောက္ခံ ကိံ တတ္ထ အဓိပါတိမောက္ခံ- ပညတ်သည် ပါတိမောက် ဝိဘတ္တိသည် အဓိပါတိမောက်ဖြစ်၏။ ကာ ဝိပတ္တိ- အသံ၀ရသည် ဝိပတ္တိ ဖြစ်၏။ ကာ သမ္ပတ္တိ - သံ၀ရသည် သမ္ပတ္တိဖြစ်၏။ ကာ ပဋိပတ္တိ - “န ဧ၀ရူပံ ကရိဿာမိ” ဟု အသက်ထက်ဆုံး ဆောက်တည်၍ ကျင့်ခြင်းသည် ပဋိပတ္တိဖြစ်၏။ ကတိ အတ္ထဝသေ ပဋိစ္စ ဘဂဝတာ ဘိက္ခုနီနံ ပဌမံ ပါရာဇိကံ ပညတ္တံ - ဆယ်ပါးသော အကျိုးထူးတို့ကိုစွဲ၍ ပညတ်သည်။

သုဋ္ဌုဘန္တေ ဟု ဝန်ခံစေခြင်းငှါ၊ ချမ်းသာစွာနေရခြင်းငှါ၊ အလဇ္ဇီနှိမ်နင်းနိုင်ခြင်းငှါ၊ လဇ္ဇီတို့ ကျင့်လွယ်စေခြင်းငှါ၊ မျက်မှောက်အာသဝ စောင့်စည်းခြင်းငှါ၊ တစ်မလွန် အာသဝ တားခြင်းငှါ၊ မကြည်ညိုသူ ကြည်ညိုခြင်းငှါ၊ ကြည်ညိုသူ လွန်စွာကြည်ညိုခြင်းငှါ၊ သဒ္ဓမ္မသုံးပါး တည်ခြင်းငှါ၊ ဝိနည်းလေးပါး တည်စေခြင်းငှါ- ဤ ဆယ်ပါး တို့ကိုစွဲ၍ ပညတ်သည်။

ကာ သိက္ခန္တိ- သေက္ခ, ပုထုဇဉ်ကလျာဏတို့သည် ကျင့်ကုန်၏။
ကာသိက္ခိတသိက္ခာ- ရဟန္တာမတို့သည် ကျင့်ပြီးသောအကျင့်ရှိကုန်၏။
ကတ္ထ ဌိတံတိ- သိက္ခာကာမ ဘိက္ခုနီတို့၌တည်၏။
ကာ ဓာရေန္တိ- လေ့လာသူ ဘိက္ခုနီသည် ဆောင်ကုန်၏။
ကဿ ဝစနံ- မြတ်စွာဘုရား၏ စကားဖြစ်၏။
ကေန အာဘတံ- ဥပါလိမထေရ် စသည်တို့သည် အဆက်ဆက် ဆောင်ကုန်၏။

ဥပါလိဒါသက (ပ) သီဟိုဠ်ကျွန်း၌ အဆက်ဆက် ၂၈-ပါးတို့သည် ဝိနည်းပိဋကတ် ပို့ချကုန်၏။

ကြွင်းပါရာဇိက

၂၀၃။ မြတ်စွာဘုရားသည် ဘိက္ခုနီတို့အား ဆဋ္ဌပါရာဇ်ကကို အဘယ်၌ ပညတ်သနည်း။ သာဝတ္ထိ၌ ပညတ်သည်။ ထုလ္လနန္ဒာဘိက္ခုနီကို အကြောင်းပြု၍ ပညတ်သည်။ တုလ္လနန္ဒာဘိက္ခုနီသည် သိလျက် ပါရာဇိကသို့ရောက်သည်ကို ဘိက္ခုနီကို ကိုယ်တိုင် မစောဒနာ၊ ဂဏအားလည်းမပြောကြား၊ ထိုဝတ္ထုကြောင့် တည်း။

ပညတ်တစ်ခု၊ ကာယဝါစာစိတ္တသမုဋ္ဌာန်တစ်ခု။ (ဓုရနိက္ခေပလည်း ခေါ်သည်။)

၂၀၄။ ဘိက္ခုနီတို့အား သတ္တမပါရာဇိကကို အဘယ်၌--။ သာ၀တ္ထိ၌--။ အဘယ်ပုဂ္ဂိုလ်၌---။ ထုလ္လနန္ဒာ--။ သမဂ္ဂသံဃာ--။ နှင်ထားသော အရိဋ္ဌရဟန်းတို့နှင့် အတူလိုက်ခြင်းကြောင့်တည်း။

ပညတ်တစ်ခု၊ ဓုရနိက္ခေပသမုဋ္ဌာန်တစ်ခု။ (ကာယဝါစာစိတ္တသမုဋ္ဌာန်တည်း။)

၂ဝ၅။ အဋ္ဌမပါရာဇိကကို အဘယ်၌---။ သာဝတ္ထိ၌---။ ဆဗ္ဗဂ္ဂီဘိက္ခုနီတို့။ ရှစ်ခုမြောက်ဝတ္ထုကို ပြည့်စေခြင်း ကြောင့်တည်း။

ပညတ်တစ်ခု၊ ဓုရနိက္ခေပသမုဋ္ဌာန်တစ်ခု။

ပါရာဇိက ၈-ပါး ပြီး၏။

၂။ သံဃာဒိသေသ်

၂ဝ၆။ မာန, ဒေါသစွမ်းဖြင့် တရားစွဲသော ဘိက္ခုနီအား သံဃာဒိသေသ် - အဘယ်၌--။ သာဝတ္တိ၌-။ ထုလ္လနန္ဒာ-။ မာန, ဒေါသစွမ်းဖြင့် တရားစွဲကာ နေခြင်းကြောင့်တည်း။

ပညတ်တစ်ခု, သမုဋ္ဌာန်နှစ်ခု၊ ရံခါ ကာယဝါစာ၊ ရံခါ ကာယဝါစာစိတ္တ။ တ၊ ဆ-ကထိနသမုဋ္ဌာန်တည်း။)

၂၁၈။ ခိုးသူမကို ရဟန်းပြုပေးသူအား သံဃာဒိသေသ်ကို အဘယ်၌--။ သာဝတ္တိ၌-။ ထုလ္လနန္ဒာ--။ ခိုးသူမကို ရဟန်းပြုပေးခြင်းကြောင့်တည်း။

ပညတ်တစ်ခု၊ ရံခါ ဝါစာစိတ္တကြောင့်၊ ရံခါ ကာယဝါစာစိတ္တကြောင့် သမုဋ္ဌာန်နှစ်ခု။ (ပဉ္စမ၊ ဆဋ္ဌ- စောရီဝုဋ္ဌာပနသမုဋ္ဌာန်၊ ဤတစ်ခုသာ။)

၂၀၉။ တစ်ယောက်တည်း ရွာတပါးသွားသူအား သံဃာဒိသေသ်ကို အဘယ်၌--။ သာဝတ္ထိ၌---။ ဘိက္ခုနီ တစ်ယောက်--။ ထိုသို့သွားခြင်းကြောင့်တည်း။

ပညတ်တစ်ခု၊ အနုပညတ်သုံးခု၊ ပဌမပါရာဇိကသမုဋ္ဌာန်တစ်ခု။

၂၁၀။ သမဂ္ဂသံဃာသည် ဓမ္မဝိနယသတ္ထုသာသနဖြင့် နှင်ထုတ်ထားသော ဘိက္ခုနီကို ကံပြုသောသံဃာကို မပန်ဘဲ ဂိုဏ်း၏ဆန္ဒကို သိအောင်မပြုဘဲ ပြန်သွင်းသူအား သံဃာဒိသေသ်ကို အဘယ်၌--။သာဝတ္ထိ၌--။ ထုလ္လနန္ဒာ --။ ထိုသို့ သွင်းခြင်းကြောင့်တည်း။

ပညတ်တစ်ခု၊ သမုဋ္ဌာန်တစ်ခု ဓုရနိက္ခေပ

၂၁၁။ ရာဂစွတ်လျက် ရာဂစွတ်သောပုရိသ၏လက်မှ ခဲဘွယ် ဘောဇဉ်ကို မိမိလက်ဖြင့်ခံ၍ စားသူအား သံဃာဒိသေသ်ကို အဘယ်၌---။သာဝတ္ထိ၌--။ သုန္ဒရီနန္ဒာ--။ ထိုသို့ ခံယူခြင်းကြောင့်တည်း။

ပညတ်တစ်ခု၊ သမုဋ္ဌာန်တစ်ခု၊ ပဌမပါရာဇိက

၂၁၂။ ကိန္တေ အယျေ စသည်ဖြင့် ထိုယောက်ျားသည် သင် ရာဂမစွတ်ခြင်းကြောင့် အဘယ်သို့ ပြုနိုင်အံ့နည်း။ ထိုသူလှူသော ခဲဘွယ်ဘောဇဉ်ကို ကိုယ်တိုင်ခံယူ၍ ခဲပါလော စားပါလော ဟု တိုက်တွန်းသူအား သံဃာဒိသေသ် ကို အဘယ်၌--။ သာဝတ္ထိ၌---။ ဘိက္ခုနီတစ်ယောက်- -။ ထိုသို့ တိုက်တွန်းခြင်းကြောင့်တည်း။

ပညတ်တစ်ခု၊ သမုဋ္ဌာန်သုံးခု။

၂၁၃။ အမျက်ထွက်သောဘိက္ခုနီအား သုံးကြိမ်ဆုံးမလျက် မစွန့်လျှင် သံဃာဒိသေသ်ကို အဘယ်၌--။ သာဝတ္ထိ၌ ---။ စဏ္ဍကာဠီ- -။ အမျက်ထွက်၍ ဗုဒ္ဓံပစ္စာစိက္ခာမိ စသည်ဖြင့် ဆိုခြင်းကြောင့်တည်း။

ပညတ်တစ်ခု၊ သမုဋ္ဌာန်တစ်ခု- ဓုရနိက္ခေပ

၂၁၄။ တစ်စုံတစ်ခုသော အဓိကရုဏ်း၌ ရှုံး၍ အမျက်ထွက်သူအား သုံးကြိမ် ဆုံးမလျက် မစွန့်လျှင် သံဃာဒိသေသ်ကို အဘယ်၌--။ သာဝတ္ထိ၌---။ စဏ္ဍကာဠီ---။ ထိုသို့ ရှုံး၍ ဆန္ဒဂါမိနိယော စ ဘိက္ခုနီယော စသည်ဖြင့် ဆိုခြင်းကြောင့်တည်း။

ပညတ်တစ်ခု၊ ဓုရနိက္ခေပသမုဋ္ဌာန်တစ်ခု။

၂၁၅။ လူတို့နှင့် ရောနှောသော ဘိက္ခုနီတို့အား သုံးကြိမ်ဆုံးမလျက် မစွန့်ကြလျှင် သံဃာဒိသေသ်ကို အဘယ်၌--။ သာဝတ္တိ၌--။ ဘိက္ခုနီများစွာ--။ ထိုသို့ ရောနှောခြင်းကြောင့်တည်း။

ပညတ်တစ်ခု၊ ဓုရနိက္ခေပတစ်ခု။

၂၁၆။ သံသဋ္ဌာဝအယျေ စသည်ဖြင့် ရောနှော၍သာ နေကြပါလော၊ တစ်သီးတစ်ခြား မနေကြနှင့်ဟု တိုက်တွန်းသူအား သံဃာဒိသေသ်ကို အဘယ်၌--။သာဝတ္ထိ၌--။ ထုလ္လနန္ဒာ--။ ထိုသို့ တိုက်တွန်းခြင်းကြောင့် တည်း။

ပညတ်တစ်ခု၊ ဓုရနိက္ခေပတစ်ခု။

ဒသ သံဃာဒိသေသာ နိဋ္ဌိတာ။

၃။ နိဿဂ္ဂိ

၂၁၇။ သပိတ်သိုမှီးခြင်းကိုပြုသူအား နိဿဂ္ဂိပါစိတ်ကို အဘယ်၌--။ သာဝတ္ထိ၌--။ ဆဗ္ဗဂ္ဂီဘိက္ခုနီတို့ --။ ထိုသို့ ပြုခြင်းကြောင့်တည်း။

ပညတ်တစ်ခု၊ ကထိနသမုဋ္ဌာန်နှစ်ခု။

အကာလသင်္ကန်းကို ကာလသင်္ကန်းဟု စီရင်၍ ဝေဘန်စေသူအား နိဿဂ္ဂိပါစိတ်ကို အဘယ်၌--။ သာဝတ္ထိ၌။ ထုလ္လနန္ဒာ --။ ထိုသို့ ဝေဘန်စေသောကြောင့်တည်း။

ပညတ်တစ်ခု၊ သမုဋ္ဌာန်သုံးခု။

ဘိက္ခုနီနှင့်သင်္ကန်းလဲ၍ ပြန်လုသူအား နိဿဂ္ဂိပါစိတ်ကို အဘယ်၌--။ သာဝတ္ထိ၌--။ ထုလ္လနန္ဒာ--။ ထိုသို့ လုခြင်းကြောင့်တည်း။

ပညတ်တစ်ခု၊ သမုဋ္ဌာန်သုံးခု။

တစ်မျိုးတောင်း၍ တစ်မျိုးပြင်တောင်းသူအား နိဿဂ္ဂိပါစိတ်ကို အဘယ်၌--။ သာဝတ္ထိ၌--။ ထုလ္လနန္ဒာ --။ ထိုသို့ တောင်းခြင်းကြောင့်တည်း။

ပညတ်တစ်ခု၊ သမုဋ္ဌာန်ခြောက်ခု။

တစ်မျိုးဝယ်စေ၍ (လဲစေ၍) တစ်မျိုးပြင်ဝယ်စေသူအား နိဿဂ္ဂိပါစိတ် ကို အဘယ်၌--။ သာဝတ္ထိ၌--။ ထုလ္လနန္ဒာ --။ ထိုသို့ ဝယ်စေခြင်းကြောင့်တည်း။

ပညတ်တစ်ခု၊ သမုဋ္ဌာန်ခြောက်ခု။

တစ်မျိုးအတွက်ညွှန်း၍ လှူထားသော သံဃိကဘဏ္ဍာဖြင့် တစ်မျိုးကို ဝယ်စေသူအား နိဿဂ္ဂိပါစိတ်ကို အဘယ်၌--။ သာဝတ္တိ၌--။ ဘိက္ခုနီများစွာ --။ ထိုသို့ ဝယ်စေခြင်းကြောင့်တည်း။

ပညတ်တစ်ခု၊ သမုဋ္ဌာန်ခြောက်ခု။

တစ်မျိုးအတွက်ညွှန်း၍ လှူထားသော သံဃိကဘဏ္ဍာဖြင့် လည်းကောင်း၊ ကိုယ်တိုင်တောင်းအပ်သော ဘဏ္ဍာဖြင့် လည်းကောင်း တစ်မျိုးကိုဝယ်စေသူအား နိဿဂ္ဂိပါစိတ်ကို---။

တစ်မျိုးအတွက်ညွှန်း၍လှူထားသော ဂိုဏ်း၏ဘဏ္ဍာဖြင့် တစ်မျိုးကို ဝယ်စေသူအား နိဿဂ္ဂိပါစိတ်ကို---။

တစ်မျိုးအတွက်ညွှန်း၍ လှူထားသော ဂိုဏ်း၏ဘဏ္ဍာဖြင့် လည်းကောင်း၊ ကိုယ်တိုင်တောင်းအပ်သော ဘဏ္ဍာဖြင့်လည်းကောင်း တစ်မျိုးကိုဝယ်စေသူအား နိဿဂ္ဂိပါစိတ်ကို အဘယ်၌--။ သာဝတ္ထိ၌--။ ဘိက္ခုနီများစွာ--။ ထိုသို့ ၀ယ်စေခြင်းကြောင့်တည်း။

ပညတ်တစ်ခု၊ သမုဋ္ဌာန်ခြောက်ခု။ (တစ်ဆက်တည်း လေးခုတူသည်။)

တစ်မျိုးအတွက်ညွှန်း၍ လှူထားသော ပုဂ္ဂလိကဘဏ္ဍာဖြင့် လည်းကောင်း၊ ကိုယ်တိုင်တောင်းအပ်သော ဘဏ္ဍာဖြင့်လည်းကောင်း တစ်မျိုးကိုဝယ်စေသူအား နိဿဂ္ဂိပါစိတ်ကို အဘယ်၌--။ သာဝတ္ထိ၌။ ထုလ္လနန္ဒာ---။ ထိုသို့ ဝယ်စေခြင်းကြောင့်တည်း။

ပညတ်တစ်ခု၊ သမုဋ္ဌာန်ခြောက်ခု။

လေးကံသထက်အလွန်ထိုက်သော လေးသောအရုံကို တောင်းသူအား --။

နှစ်ကံသခွဲထက် အလွန်ထိုက်သော ပေါ့ပါးသောအရုံကို တောင်းသူအား နိဿဂ္ဂိပါစိတ်ကို အဘယ်၌--။ သာဝတ္ထိ၌--။ ထုလ္လနန္ဒာ---။ မင်းကြီးကို --။ ကမ္ဗလာကို-။ ခေါမအဝတ်ကို--။ တောင်းခြင်းကြောင့်တည်း။

ပညတ်တစ်ခု၊ သမုဋ္ဌာန်ခြောက်ခု။ (တစ်ဆက်တည်းသုံးခု။)

ဒွါဒသ နိဿဂ္ဂိယာပါစိတ္တိယာ နိဋ္ဌိတာ။

၄။ သုဒ္ဓပါစိတ်

၁။ လသုဏဝဂ်

၂၁၈။ လသုဏကြက်သွန်ကို ခဲသူအား ပါစိတ်ကို အဘယ်၌--။ သာဝတ္ထိ၌--။ ထုလ္လနန္ဒာ--။ အတိုင်းမသိ ကြက်သွန် ဆောင်ခြင်းကြောင့်တည်း။

ပညတ်တစ်ခု၊ ဧဠကလောမသမုဋ္ဌာန်နှစ်ခု။

ဖုံးကွယ်ရာအရပ်၌ ပေါက်သောအမွေးကို ပယ်စေသူအား ပါစိတ်ကို အဘယ်၌--။ သာဝတ္ထိ၌--။ ဆဗ္ဗဂ္ဂီမတို့--။ ထိုသို့ပယ်စေခြင်းကြောင့်တည်း။

ပညတ်တစ်ခု၊ သမုဋ္ဌာန်လေးခု။ အဒ္ဓါန (လေးခု သာမညဆိုလျှင် အဒ္ဓါန)

ပဿာဝမဂ်အပြင်ကို ပုတ်ခတ်ခြင်းကြောင့် ပါစိတ်ကို အဘယ်၌--။ သာဝတ္ထိ၌--။ ဘိက္ခုနီနှစ်ယောက် --။ ထိုသို့ ပုတ်ခတ်ခြင်းကြောင့်တည်း။

ပညတ်တစ်ခု၊ ပဌမပါရာဇိကသမုဋ္ဌာနတစ်ခု။

ပြေပြစ်သော ချိပ်တောင့်ဖြင့် သွင်းခြင်းကြောင့် ပါစိတ်ကို အဘယ်၌---၊ သာဝတ္ထိ၌---။ ဘိက္ခုနီတစ်ယောက်---။ ထိုသို့သွင်းခြင်းကြောင့်တည်း။

ပညတ်တစ်ခု၊ ပဌမပါရာဇိကသမုဋ္ဌာန်တစ်ခု။

လက်ချောင်း နှစ်ဆစ်ထက်အလွန် ရေဆေးသူအား ပါစိတ်ကို အဘယ်၌--။ သက္ကတိုင်းတို့၌--။ ဘိက္ခုနီတစ်ယောက်--။ အလွန်နက်စွာ ရေဆေးခြင်းကြောင့်တည်း။

ပညတ်တစ်ခု၊ ပဌမပါရာဇိကသမုဋ္ဌာန်တစ်ခု။

ဘောဇဉ်စားသော ရဟန်းအနီး သောက်ရေ, ယပ်လေဖြင့် တည်သူအား ပါစိတ်ကို အဘယ်၌--။ သာဝတ္ထိ၌--။ ဘိက္ခုနီတစ်ယောက်--။ ထိုသို့ တည်ခြင်းကြောင့်တည်း။

ပညတ်တစ်ခု၊ ဧဠကလောမသမုဋ္ဌာန်နှစ်ခု။

စပါးစိမ်းကို တောင်းစားသူအား ပါစိတ်ကို အဘယ်၌--။ သာ၀တ္ထိ၌--။ ဘိက္ခုနီများစွာ--။ ထိုသို့ တောင်းစားခြင်း ကြောင့်တည်း။

ပညတ်တစ်ခု၊သမုဋ္ဌာန်လေးခု။

ကျင်ကြီး, ကျင်ငယ်, အမှိုက်, စားကြွင်းတို့ကို တံတိုင်းတစ်ဘက်သို့ စွန့်သူအား ပါစိတ်ကို အဘယ်၌--။ သာဝတ္ထိ၌--။ ဘိက္ခုနီတစ်ယောက်--။ ထိုသို့စွန့်ခြင်းကြောင့်တည်း။

ပညတ်တစ်ခု၊ သမုဋ္ဌာန်ခြောက်ခု။

ကျင်ကြီး, ကျင်ငယ်, အမှိုက်, စားကြွင်းတို့ကို စိမ်းသော မြက်သစ်ပင် ရှိရာ၌ စွန့်သူအား ပါစိတ်ကို အဘယ်၌--။ သာဝတ္ထိ၌--။ ဘိက္ခုနီများစွာ --။ ထိုသို့စွန့်ခြင်းကြောင့်တည်း။

ပညတ်တစ်ခု၊ သမုဋ္ဌာန်ခြောက်ခု။

ကခြင်း, သီခြင်း, တီးမှုတ်ခြင်းကို ကြည့်ရှုခြင်းငှါ သွားသူအား ပါစိတ်ကို အဘယ်၌--။ ရာဇဂြိုဟ်၌--။ ဆဗ္ဗဂ္ဂီမတို့။ ထိုသို့သွားခြင်းကြောင့်တည်း။

ပညတ်တစ်ခု၊ ဧဠကလောမသမုဋ္ဌာန်နှစ်ခု။

လသုဏဝဂ္ဂေါ ပဌမော။

၂။ ရတ္တန္ဓကာရဝဂ်

၂၁၉။ ညဥ့်မှောင်ချိန် အလင်းရောင် ကင်းသောအရပ်၌ ပုရိသနှင့် တစ်ယောက်ချင်းချင်း အနီး၌တည်သူအား ပါစိတ်ကို --။

ဖုံးကွယ်သောအရပ်၌ ပုရိသနှင့် တစ်ယောက်ချင်းချင်း အနီး၌တည်သူအား ပါစိတ်ကို--။

လွင်တီးခေါင်၌ ထိုအတူတည်သူအား ပါစိတ်ကို အဘယ်၌--။ သာဝတ္ထိ၌--။ ဘိက္ခုနီတစ်ယောက်--။ ထိုသို့ တည်ခြင်းကြောင့်တည်း။

ပညတ်တစ်ခု၊ ထေယျသတ္ထသမုဋ္ဌာန်နှစ်ခု။ (တစ်ဆက်တည်း သုံးခု တူသည်။)

ခရီးရှည်, ခရီးတို, ခရီးဆုံတို့၌ ပုရိသနှင့် တစ်ယောက်ချင်းချင်း အနီး၌ တည်သူအား ပါစိတ်ကို အဘယ်၌--။ သာဝတ္ထိ၌--။ ထုလ္လနန္ဒာ--။ ထိုသို့ တည်ခြင်းကြောင့်တည်း။

ပညတ်တစ်ခု၊ ထေယျသတ္ထသမုဋ္ဌာန်နှစ်ခု။

ပုရေဘတ္တ- နံနက်အချိန် ဒါယကာတို့ထံချဉ်းကပ်၍ နေရာ၌ထိုင်၍ သခင်တို့ကိုမပန်ဘဲ ဖဲသွားသူအား ပါစိတ်ကို အဘယ်၌--။ သာဝတ္ထိ၌--။ ဘိက္ခုနီတစ်ယောက်--။ ထိုသို့ဖဲခြင်းကြောင့်တည်း။

ပညတ်တစ်ခု၊ ကထိနသမုဋ္ဌာန်နှစ်ခု။

ပစ္ဆာဘတ္တ-နေလွဲအချိန် ဒါယကာတို့ထံ ချဉ်းကပ်၍ သခင်တို့ကိုမပန်ဘဲ နေရာ၌ထိုင်သူအား ပါစိတ်ကို အဘယ်၌---။ သာဝတ္ထိ၌--။ ထုလ္လနန္ဒာ---။ ထိုသို့ပြုခြင်းကြောင့်တည်း။

ပညတ်တစ်ခု၊ ကထိနသမုဋ္ဌာန်နှစ်ခု။

ဝိကာလ-နေဝင်ပြီးအချိန် ဒါယကာတို့ထံချဉ်းကပ်၍ သခင်တို့ကို မပန်ဘဲ အိပ်ရာကိုခင်း၍ ခင်းစေ၍ ထိုင်သူအား ပါစိတ်ကို အဘယ်၌--။ သာဝတ္ထိ၌--။ ဘိက္ခုနီများစွာ--။ ထိုသို့ ပြုခြင်းကြောင့်တည်း။

ပညတ်တစ်ခု၊ ကထိနသမုဋ္ဌာန်နှစ်ခု။

အယူအဆမှားခြင်း, အမှတ်မှားခြင်းဖြင့် တစ်ပါးသောဘိက္ခုနီထံ၊ (ဝါ) ဘိက္ခုနီကို ကဲ့ရဲ့စေသူအား ပါစိတ်ကို အဘယ်၌--။ သာဝတ္ထိ၌--။ ဘိက္ခုနီ တစ်ယောက်--။ ထိုသို့ ပြုခြင်းကြောင့်တည်း။

ပညတ်တစ်ခု၊ သမုဋ္ဌာန်သုံးခု။

မိမိကို သူတပါးကို ငရဲဖြင့်, သာသနာဖြင့် ကျိန်ဆဲသူအား ပါစိတ်ကို အဘယ်၌--။ သာဝတ္ထိ၌--။ စဏ္ဍကာဠီ--။ ထိုသို့ကျိန်ဆဲခြင်းကြောင့်တည်း။

ပညတ်တစ်ခု၊ သမုဋ္ဌာန်သုံးခု။

မိမိကိုယ်ကို ထု၍ထု၍ ငိုသူအား ပါစိတ်ကို အဘယ်၌---။ သာဝတ္ထိ၌--။ စဏ္ဍကာဠီ--။ ထိုသို့ထု၍ ငိုခြင်းကြောင့်တည်း။

ပညတ်တစ်ခု၊ သမုဋ္ဌာန်တစ်ခု- ဓုရနိက္ခေပ

ရတ္တန္ဓကာရဝဂ္ဂေါ ဒုတိယော။

၃။ နဟာနဝဂ်

၂၂ဝ။ အဝတ်အရုံ မဝတ်မဆီး အချည်းနှီး ရေချိုးသူအား ပါစိတ်ကို အဘယ်၌--။ သာဝတ္ထိ၌--။ ဘိက္ခုနီများစွာ--။ ထိုသို့ရေချိုးခြင်းကြောင့်တည်း။

ပညတ်တစ်ခု၊ ဧဠကလောမသမုဋ္ဌာန်နှစ်ခု။

ပမာဏထက်လွန်သော ရေသနုပ်ကို ပြုစေသူအား ပါစိတ်ကို အဘယ်၌--။ သာဝတ္ထိ၌--။ ဆဗ္ဗဂ္ဂီမတို့--။ ပမာဏမရှိ ရေသနုပ်ဆောင်ခြင်းကြောင့်တည်း။

ပညတ်တစ်ခု၊ သမုဋ္ဌာန်ခြောက်ခု။

ဘိက္ခုနီ၏ သင်္ကန်းကို ချုပ်ရိုးဖြေ၍၊ ဖြေစေ၍ မချုပ်သူ၊ ချုပ်စေခြင်းငှါ အားမထုတ်သူအား ပါစိတ်ကို အဘယ်၌။ သာဝတ္ထိ၌--။ ထုလ္လနန္ဒာ--။ ထိုသို့ပြုခြင်းကြောင့်တည်း။

ပညတ်တစ်ခု၊ ဓုရနိက္ခေပသမုဋ္ဌာန်တစ်ခု။

ငါးရက် သင်္ကန်းငါးထည်လှည့်ခြင်းကို လွန်စေသူအား ပါစိတ်ကို အဘယ်၌--။ သာဝတ္ထိ၌--။ ဘိက္ခုနီများစွာ--။ ဘိက္ခုနီတို့၏လက်၌ သင်္ကန်းထား၍ သင်းပိုင် ကိုယ်ရုံမျှဖြင့် ဇနပုဒ်လှည့်လည်ခြင်းကြောင့်တည်း။

ပညတ်တစ်ခု၊ ကထိနသမုဋ္ဌာန်နှစ်ခု။

ပြန်ပေးအပ်သော သူတပါး၏သင်္ကန်းကို ဆောင်သူအား ပါစိတ်ကို အဘယ်၌--။ သာဝတ္ထိ၌--။ ဘိက္ခုနီ တစ်ယောက်--။ သူတပါး၏သင်္ကန်းကို မပန်ကြားဘဲ ရုံခြင်းကြောင့်တည်း။

ပညတ်တစ်ခု၊ ကထိနသမုဋ္ဌာန်နှစ်ခု။

ဘိက္ခုနီသံဃာ၏ သင်္ကန်းလာဘ်ကို အန္တရာယ်ပြုသူအား ပါစိတ်ကို အဘယ်၌--။ သာဝတ္ထိ၌--။ လုလ္လနန္ဒာ--။ ထိုသို့ပြုခြင်းကြောင့်တည်း။

ပညတ်တစ်ခု၊ သမုဋ္ဌာန်သုံးခု။

တရားနှင့်ညီသောသင်္ကန်း ဝေဘန်ခြင်းကို တားသူအား ပါစိတ်ကို အဘယ်၌---။ သာဝတ္ထိ၌--။ ထုလ္လနန္ဒာ--။ ထိုသို့ ပြုခြင်းကြောင့်တည်း။

ပညတ်တစ်ခု၊ သမုဋ္ဌာန်သုံးခု။

လူ, ပရိဗိုဇ်တို့အား သမဏစီဝရကို (ဝါ- ဗိန္ဒုထိုးပြီးကို) ပေးသူအား ပါစိတ်ကို အဘယ်၌--။ သာဝတ္ထိ၌--။ ထုလ္လနန္ဒာ--။ ထိုသို့ ပြုခြင်းကြောင့်တည်း။

ပညတ်တစ်ခု၊ သမုဋ္ဌာန်ခြောက်ခု။

အားနည်းသောသင်္ကန်း ရလိုခြင်းဖြင့် စီဝရကာလကို လွန်စေသူအား ပါစိတ်ကို အဘယ်၌--။ သာဝတ္ထိ၌--။ ထုလ္လနန္ဒာ--။ ထိုသို့ ပြုခြင်းကြောင့်တည်း။

ပညတ်တစ်ခု၊ သမုဋ္ဌာန်သုံးခု။

တရားနှင့်ညီသော ကထိန်နုတ်ခြင်းကို တားသူအား ပါစိတ်ကို အဘယ်၌--။ သာဝတ္ထိ၌--။ ထုလ္လနန္ဒာ---။ ထိုသို့ ပြုခြင်းကြောင့်တည်း။

ပညတ်တစ်ခု၊ သမုဋ္ဌာန်သုံးခု။

နုဟာနပဂ္ဂေါ တတိယော။

၄။ တုဝဋ္ဋဝဂ်

၂၂၁။ ဘိက္ခုနီနှစ်ယောက် တစ်ညောင်စောင်းတည်း အိပ်သူတို့အား ပါစိတ်ကို--။

ဘိက္ခုနီနှစ်ယောက် အခင်းအရုံတစ်ခုတည်း အိပ်သူတို့အား ပါစိတ်ကို အဘယ်၌--။ သာဝတ္ထိ၌--။ ဘိက္ခုနီများစွာ--။ ထိုသို့ အိပ်ခြင်းကြောင့်တည်း။

ပညတ်တစ်ခု၊ ဧဠကလောမသမုဋ္ဌာန်နှစ်ခု။ (တစ်ဆက်တည်းနှစ်ခု။)

ဘိက္ခုနီအား တကွအားထုတ်၍ မချမ်းသာအောင် ပြုသူအား ပါစိတ်ကို အဘယ်၌---။ သာဝတ္ထိ၌--။ ထုလ္လနန္ဒာ-။ ထိုသို့ ပြုခြင်းကြောင့်တည်း။

ပညတ်တစ်ခု၊ သမုဋ္ဌာန်သုံးခု။

နာဖျားသော သဒ္ဓိဝိဟာရီနီ တပည့်မကို မလုပ်ကျွေးသူ, အားမထုတ်သူအား ပါစိတ်ကို အဘယ်၌--။ သာဝတ္ထိ၌။ သုလ္လနန္ဒာ--။ ထိုသို့ ပြုခြင်းကြောင့်တည်း။

ပညတ်တစ်ခု၊ ဓုရနိက္ခေပသမုဋ္ဌာန်တစ်ခု။

ဘိက္ခုနီအား ကျောင်းပေး၍ အမျက်ထွက်သဖြင့် နှင်သူအား ပါစိတ်ကို အဘယ်၌---။ သာဝတ္ထိ၌--။ ထုလ္လနန္ဒာ--။ ထိုသို့ ပြုခြင်းကြောင့်တည်း။

ပညတ်တစ်ခု၊ သမုဋ္ဌာန်သုံးခု။

ရောနှောလျက်နေသူအား သုံးကြိမ်ဆုံးမလျက် မစွန့်လျှင် ပါစိတ်ကို အဘယ်၌--။ သာဝတ္ထိ၌--။ စဏ္ဍကာဠီ--။ ထိုသို့ ပြုခြင်းကြောင့်တည်း။

ပညတ်တစ်ခု၊ ဓုရနိက္ခေပသမုဋ္ဌာန်တစ်ခု။

တိုင်းနိုင်ငံအတွင်း၌ ဘေးရန်တွေးတောဘွယ်အရပ်၌ အဖော်မပါဘဲ လှည့်လည်သူအား ပါစိတ်ကို--။

တပါးသောတိုင်းနိုင်ငံ၌ ဘေးရန်တွေးတောဘွယ် အရပ်၌ အဖော်မပါဘဲ လှည့်လည်သူအား ပါစိတ်ကို အဘယ်၌--။ သာဝတ္ထိ၌--။ ဘိက္ခုနီများစွာတို့--။ ထိုသို့ ပြုခြင်းကြောင့်တည်း။

ပညတ်တစ်ခု၊ ဧဠကလောမသမုဋ္ဌာန်နှစ်ခု။ (တဆက်တည်းနှစ်ခု။)

ဝါတွင်း၌ လှည့်လည်သူအား ပါစိတ်ကို အဘယ်၌--။ ရာဇဂြိုဟ်၌--။ ဘိက္ခုနီများစွာ--။ ထိုသို့ ပြုခြင်းကြောင့် တည်း။

ပညတ်တစ်ခု၊ ဧဠကလောမသမုဋ္ဌာန်နှစ်ခု။

ဝါကျွတ်သောအခါ မလှည့်လည်သူအား ပါစိတ်ကို အဘယ်၌--။ ရာဇဂြိုဟ်၌---။ ဘိက္ခုနီများစွာ--။ ထိုသို့ ပြုခြင်းကြောင့်တည်း။

ပညတ်တစ်ခု၊ ပဋ္ဌမပါရာဇိကသမုဋ္ဌာန်တစ်ခု။

တုဝဋ္ဋဂ္ဂေါ စတုတ္ထော။

၅။ စိတ္တာဂါရဝဂ်

၂၂၂။ မင်းကွန်း, ပန်းချီဆေးရေးဇရပ်, မြို့တွင်းအာရာမ်, မြို့ပဥယျာဉ်, ရေကန်တို့ကို ကြည့်ရှုခြင်းငှါ သွားသူအား ပါစိတ်ကို အဘယ်၌--။ သာဝတ္ထိ၌ --။ ဆဗ္ဗဂ္ဂီမတို့--။ ထိုသို့ သွားခြင်းကြောင့်တည်း။

ပညတ်တစ်ခု၊ ဧဠကလောမသမုဋ္ဌာန်နှစ်ခု။

ပမာဏလွန်သော ညောင်စောင်း, သားရဲရုပ်တပ်သော ပလ္လင်တို့ကို သုံးဆောင်သူအား ပါစိတ်ကို အဘယ်၌--။ သာဝတ္ထိ၌--။ ဘိက္ခုနီများစွာ--။ ထိုသို့ သုံးဆောင်ခြင်းကြောင့်တည်း။

ပညတ်တစ်ခု၊ ဧဠကလောမသမုဋ္ဌာန်နှစ်ခု။

ချည်ကိုဝင့်သူအား ပါစိတ်ကို အဘယ်၌--။ သာဝတ္ထိ၌--။ ဆဗ္ဗဂ္ဂီမတို့--။ ထိုသို့ ပြုခြင်းကြောင့်တည်း။

ပညတ်တစ်ခု၊ ဧဠကလောမ သမုဋ္ဌာန်နှစ်ခု။

လူတို့၏ အမှုကြီးငယ်ကို ပြုသူအား ပါစိတ်ကို အဘယ်၌--။ သာဝတ္ထိ၌--။ ဘိက္ခုနီများစွာ--။ ထိုသို့ ပြုခြင်းကြောင့်တည်း။

ပညတ်တစ်ခု၊ ဧဠကလောမသမုဋ္ဌာန်နှစ်ခု။

ဤအဓိကရုဏ်းကို လာ၍ငြိမ်းစေပါဟု ဆိုလတ်သော် ကောင်းပြီဟု ဝန်ခံပြီးမှ မငြိမ်းစေသူ, ငြိမ်းစေခြင်းငှါ အားမထုတ်သူအား ပါစိတ်ကို အဘယ်၌--။ သာဝတ္ထိ၌--။ ထုလ္လနန္ဒာ--။ ထိုသို့ ပြုခြင်းကြောင့်တည်း။

ပညတ်တစ်ခု၊ ဓုရနိက္ခေပသမုဋ္ဌာန်တစ်ခု။

လူ, ပရိဗိုဇ်တို့အား မိမိလက်ဖြင့် ခဲဘွယ်ဘောဇဉ် ပေးသူအား ပါစိတ်ကို အဘယ်၌--။ သာဝတ္ထိ၌--။ ထုလ္လနန္ဒာ-။ ထိုသို့ ပြုခြင်းကြောင့်တည်း။

ပညတ်တစ်ခု၊ ဧဠကလောမသမုဋ္ဌာန်နှစ်ခု။

ဥတုနှီးသင်္ကန်းကို မစွန့်ဘဲ သုံးဆောင်သူအား ပါစိတ်ကို--။

ကျောင်းကိုမစွန့်ဘဲ ခရီးသွားသူအား ပါစိတ်ကို အဘယ်၌--။ သာဝတ္ထိ၌--။ ထုလ္လနန္ဒာ--။ ထိုသို့ ပြုခြင်းကြောင့် တည်း။

ပညတ်တစ်ခု၊ ကထိနသမုဋ္ဌာန်နှစ်ခု။

တိရစ္ဆာနဝိဇ္ဇာကို သင်ယူသူအား ပါစိတ်ကို--။

တိရစ္ဆာနဝိဇ္ဇာကို ပို့ချသူအား ပါစိတ်ကို အဘယ်၌--။ သာဝတ္ထိ၌--။ ဆဗ္ဗဂ္ဂီမတို့--။ ထိုသို့ ပြုခြင်းကြောင့်တည်း။

ပညတ်တစ်ခု၊ ပဒသောဓမ္မသမုဋ္ဌာန်နှစ်ခု။

စိတ္တာဝါရ၀ဂ္ဂေါ ပဉ္စမော။

၆။ အာရာမဝဂ်

၂၂၃။ သိလျက် ရဟန်းရှိသော အာရာမ်သို့ မပန်ဘဲ ဝင်သူအား ပါစိတ်ကို အဘယ်၌--။ သာဝတ္ထိ၌--။ ဘိက္ခုနီများစွာ--။ ထိုသို့ ပြုခြင်းကြောင့်တည်း။

ပညတ်တစ်ခု၊ အနုပညတ်နှစ်ခု၊ ဓုရနိက္ခေပသမုဋ္ဌာန်တစ်ခု။

ရဟန်းကိုဆဲသူအား ပါစိတ်ကို အဘယ်၌---။ ဝေသာလီ၌--။ ဆဗ္ဗဂ္ဂီမတို့--။ ရှင်ဥပါလိကို ဆဲခြင်းကြောင့်တည်း။

ပညတ်တစ်ခု၊ သမုဋ္ဌာန်သုံးခု။

အမျက်ထွက်၍ ဘိက္ခုနီသံဃာကို ရေရွတ်သူအား ပါစိတ်ကို အဘယ်၌--။ သာဝတ္ထိ၌--။ ထုလ္လနန္ဒာ--။ ထိုသို့ ပြုခြင်းကြောင့်တည်း။

ပညတ်တစ်ခု၊ သမုဋ္ဌာန်သုံးခု။

ဘောဇဉ်ဖြင့် ဖိတ်အပ်သူဖြစ်လျက် (ဘိတ်သည်ကို လက်ခံထားသည် ဖြစ်လျက်) တခြား၌ ခဲဘွယ်ဘောဇဉ် စားသူအားလည်းကောင်း၊ ပဝါရိတ်သင့်လျက် တခြား၌ ခဲဘွယ်ဘောဇဉ်စားသူအား လည်းကောင်း ပါစိတ်ကို အဘယ်၌--။ သာဝတ္ထိ၌--။ ဘိက္ခုနီများစွာ--။ စားစဉ် တန်ပြီဟု တားပြီးမှ တခြား၌စားခြင်းကြောင့်တည်း။

ပညတ်တစ်ခု၊ သမုဋ္ဌာန်လေးခု။ (ပရမ္ပရ၊ ပဝါရဏာ နှစ်ခု ပေါင်းထားသည့်အလား။ ။ အထူးကား ဘိက္ခုနီတို့၌ အတိရိတ်ဝိနည်းကံပြု၍စားလည်း ပါစိတ်။)

အမျိုးလေးပါး ဝန်တိုသူအား ပါစိတ်ကို အဘယ်၌--။ သာဝတ္ထိ၌---။ ဘိက္ခုနီတစ်ယောက်--။ ထိုသို့ ပြုခြင်းကြောင့်တည်း။

ပညတ်တစ်ခု၊ သမုဋ္ဌာန်သုံးခု။

ရဟန်းမရှိသောကျောင်း၌ ဝါဆိုသူအား ပါစိတ်ကို အဘယ်၌--။ သာဝတ္ထိ၌--။ ဘိက္ခုနီများစွာ--။ ထိုသို့ ပြုခြင်းကြောင့်တည်း။

ပညတ်တစ်ခု၊ သမုဋ္ဌာန်နှစ်ခု၊ ဧဠကလောမ။

ဝါကျွက်သောအခါ ဥဘတောသံဃာ၌ သုံးဌာနဖြင့် မဘိတ်သူအား ပါစိတ်ကို အဘယ်၌--။ သာဝတ္ထိ၌---။ ဘိက္ခုနီများစွာ --။ ထိုသို့ မဘိတ်ခြင်းကြောင့်တည်း။

ပညတ်တစ်ခု၊ သမုဋ္ဌာန်တစ်ခု။ ဓုရနိက္ခေပ။

သြဝါဒ (ဂရုဓမ်) နာခံခြင်းငှါ ဥပုသ်နေ့မေးခြင်း, ပဝါရဏာပြုခြင်းငှါ မသွားသူအား ပါစိတ်ကို အဘယ်၌--။ သက္ကတိုင်းတို့၌--။ ဆဗ္ဗဂ္ဂီမတို့---။ သြဝါဒသို့ မသွားခြင်းကြောင့်တည်း။

ပညတ်တစ်ခု၊ သမုဋ္ဌာနတစ်ခု။ ပဌမပါရာဇိက။

ဥပုသ်မမေး သြဝါမတောင်းသူအား ပါစိတ်ကို အဘယ်၌--။ သာဝတ္ထိ၌--။ ဘိက္ခုနီများစွာ--။ ထိုသို့ ပြုခြင်းကြောင့်တည်း။

ပညတ်တစ်ခု၊ သမုဋ္ဌာန်တစ်ခု။ ဓုရနိက္ခေပ။

ခက်မ၌ပေါက်သော ဂဏ္ဍအနာ, ရုဓိတအနာကို သံဃ, ဂဏ မပန်ကြားဘဲ ယောက်ျားနှင့် တစ်ယောက်ချင်းချင်း ခွဲစေသူအား ပါစိတ်ကို အဘယ်၌--။ သာဝတ္ထိ၌--။ ဘိက္ခုနီတစ်ယောက်--။ ထိုသို့ ပြုခြင်းကြောင့်တည်း။

ပညတ်တစ်ခု၊ သမုဋ္ဌာန်နှစ်ခု။ ကထိန။

အာရာမဝဂ္ဂေါ ဆဋ္ဌော

၇။ ဂဗ္ဘိနိဝဂ်

၂၂၄။ ကိုယ်ဝန်ဆောင်မိန်းမကို ရဟန်းပြုပေးသူအား ပါစိတ်ကို အဘယ်၌ --။
နို့တိုက်သောမိန်းမကို--။
နှစ်နှစ် ဓမ္မခြောက်ပါး မကျင့်သော သိက္ခမာန်ကို--။
နှစ်နှစ် ကျင့်ပြီး၍ မသမုတ်အပ်သော သိက္ခမာန်ကို--။
တစ်ဆယ့်နှစ်နှစ်မပြည့်သော ဂိဟိဂတကို--။
တစ်ဆယ့်နှစ်နှစ်ပြည့်သော နှစ်နှစ်မကျင့်သေးသော ဂိဟိဂတကို--။
တစ်ဆယ်နှစ်နှစ်ပြည့်သော နှစ်နှစ်ကျင့်ပြီးသော မသမုတ်အပ်သော ဂိဟိဂတကို ရဟန်းပြုပေးသူအား ပါစိတ်ကို အဘယ်၌--။ သာဝတ္ထိ၌--။ ဘိက္ခုနီ များစွာ--။ ထိုသို့ ပြုခြင်းကြောင့်တည်း။

ပညတ်တစ်ခု၊ သမုဋ္ဌာန်သုံးခု။ (တစ်ဆက်တည်း ခုနစ်ခု။)

အတူနေတပည့်မကို ရဟန်းပြုပေး၍ နှစ်နှစ် မချီးမြှောက်၊ မချီးမြှောက်စေသူအား ပါစိတ်ကို အဘယ်၌--။ သာဝတ္ထိ၌--။ ထုလ္လနန္ဒာ--။ ထိုသို့ ပြုခြင်းကြောင့်တည်း။

ပညတ်တစ်ခု၊ သမုဋ္ဌာန်တစ်ခု၊ ဓုရနိက္ခေပ။

ရဟန်းပြုပေးသော ဥပဇ္ဈာယ်မကို နှစ်နှစ်လိုက်၍ မလုပ်ကျွေးသူအား ပါစိတ်ကို အဘယ်၌--။ သာဝတ္ထိ၌--။ ဘိက္ခုနီများစွာ--။ ထိုသို့ ပြုခြင်း ကြောင့်တည်း။

ပညတ်တစ်ခု၊ သမုဋ္ဌာန်တစ်ခု၊ ပဌမပါရာဇိက။

အတူနေတပည့်မကို ရဟန်းပြုပေး၍ ခေါ်မသွားသူ၊ ခေါ်မသွားစေသူအား ပါစိတ်ကို အဘယ်၌--။ သာဝတ္ထိ၌--။ ထုလ္လနန္ဒာ--။ ထိုသို့ ပြုခြင်း ကြောင့်တည်း။

ပညတ်တစ်ခု၊ သမုဋ္ဌာန်တစ်ခု၊ ဓုရနိက္ခေပ။

ဂဗ္ဘိနိဝဂ္ဂေါ သတ္တမော

၈။ ကုမာရိဘူတဝဂ်

၂၂၅။ အသက်နှစ်ဆယ်မပြည့်သော ကုမာရိဘူတကို---။
အသက်နှစ်ဆယ်ပြည့်သော နှစ်နှစ်မကျင့်သော ကုမာရိဘူတကို---။
အသက်နှစ်ဆယ်ပြည့်သော နှစ်နှစ်ကျင့်ပြီးသော မသမုတ်အပ်သော ကုမာရိဘူတကို ရဟန်းပြုပေးသူအား ပါစိတ်ကို အဘယ်၌--။
တစ်ဆယ့်နှစ်ဝါမပြည့်ဘဲ ဥပဇ္ဈာယ်မပြုသူအား ပါစိတ်ကို --။
တစ်ဆယ့်နှစ်ဝါပြည့်၍ သမ္မုတိမရဘဲ ဥပဇ္ဈာယ်မပြုသူအား ပါစိတ်ကို အဘယ်၌--။ သာဝတ္ထိ၌--။ ဘိက္ခုနီ များစွာ--။ ထိုသို့ပြုခြင်းကြောင့်တည်း။

ပညတ်တစ်ခု၊ သမုဋ္ဌာန်သုံးခု၊ အဒိန္နာဒါန။ (တစ်ဆက်တည်း ငါးခု။ ဧဠကလောမကေ ဟု ချွတ်တတ်သည်။)

သင်အား ဥပဇ္ဈာယ်မအဖြစ်ဖြင့် မတော်သေးဟု ဆိုသောအခါ ကောင်းပါပြီဟုဝန်ခံ၍ နောက်၌ ရှုတ်ချသူအား ပါစိတ်ကို အဘယ်၌--။ သာဝတ္ထိ၌--။ စဏ္ဍကာဠီ--။ ထိုသို့ ပြုခြင်းကြောင့်တည်း။

ပညတ်တစ်ခု၊ သမုဋ္ဌာန်သုံးခု။

သိက္ခမာန်ကို ငါ့အား သင်္ကန်းပေးလျှင် ရဟန်းပြုပေးမည်ဟု--။
သိက္ခမာန်ကို ငါ့ကို နှစ်နှစ်လုပ်ကျွေးလျှင် ရဟန်းပြုပေးမည်ဟု ဆို၍ ပြုမပေးသူ၊ ပြုပေးခြင်းငှါ အားမထုတ်သူအား ပါစိတ်ကို အဘယ်၌--။ သာဝတ္ထိ၌---။ ထုလ္လနန္ဒာ--။ ထိုသို့ ပြုခြင်းကြောင့်တည်း။

ပညတ်တစ်ခု၊ သမုဋ္ဌာန်တစ်ခု၊ ဓုရနိက္ခေပ။ (တစ်ဆက်တည်း နှစ်ခု။)

ယောက်ျားကြီး, သူတို့သားငယ်တို့နှင့် ရောနှောသော, ကိုယ်တွင်း သောက သွင်းသော သိက္ခမာန်ကြမ်းကို ရဟန်းပြုပေးသူအား ပါစိတ်ကို အဘယ်၌--။ သာဝတ္ထိ၌--။ ထုလ္လနန္ဒာ--။ ထိုသို့ ပြုခြင်းကြောင့်တည်း။

ပညတ်တစ်ခု၊ သမုဋ္ဌာန်သုံးခု။

မိဘ, လင် ခွင့်မပြုသော သိက္ခမာန်ကို ရဟန်းပြုပေးသူအား ပါစိတ်ကို အဘယ်၌--။ သာဝတ္ထိ၌--။ ထုလ္လနန္ဒာ--။ ထိုသို့ ပြုခြင်းကြောင့်တည်း။

ပညတ်တစ်ခု၊ သမုဋ္ဌာန်လေးခု၊ ဝါစာကြောင့်၊ ကာယဝါစာကြောင့် ဝါစာစိတ္တကြောင့်၊ ကာယဝါစာစိတ္တကြောင့်။ (ဒု-တ၊ စ-ဆ အနနုညာတသမုဋ္ဌာန် ဤတစ်ခုသာတည်း။)

သိုးပြီး, စွန့်ပြီးသော ဆန္ဒပေးခြင်းဖြင့် သိက္ခမာန်ကို ရဟန်းပြုပေးသူအား ပါစိတ်ကို အဘယ်၌--။ သာဝတ္ထိ၌--။ ထုလ္လနန္ဒာ--။ ထိုသို့ ပြုခြင်းကြောင့်တည်း။

ပညတ်တစ်ခု၊ သမုဋ္ဌာန်သုံးခု၊

နှစ်တိုင်း ရဟန်းပြုပေးသူအား ပါစိတ်ကို--။
တစ်နှစ်-နှစ်ယောက် ရဟန်းပြုပေးသူအား ပါစိတ်ကို အဘယ်၌--။ သာဝတ္ထိ၌--။ ဘိက္ခုနီများစွာ--။ ထိုသို့ ပြုခြင်းကြောင့်တည်း။

ပညတ်တစ်ခု၊ သမုဋ္ဌာန်သုံးခု၊ (တစ်ဆက်တည်း နှစ်ခု။)

ကုမာရိဘူတဝဂ္ဂေါ အဋ္ဌမော

၉။ ဆတ္တုပါဟနဝဂ်

၂၂၆။ ထီး, ဘိနပ်ကို ဆောင်သူအား ပါစိတ်ကို--။
ယာဉ်ဖြင့်သွားသူအား ပါစိတ်ကို အဘယ်၌--။ သာဝတ္ထိ၌---။ ဆဗ္ဗဂ္ဂီမတို့--။ ထိုသို့ ပြုခြင်းကြောင့်တည်း။

ပညတ်တစ်ခု၊ အနုပညတ်တစ်ခု၊ သမုဋ္ဌာန်နှစ်ခု၊ ဧဠကလောမ။ (နှစ်ခု။)

ခါးတန်ဆာကို ဆောင်သူအား ပါစိတ်ကို အဘယ်၌---။ သာဝတ္ထိ၌--။ ဘိက္ခုနီတစ်ယောက်--။ ထိုသို့ ပြုခြင်းကြောင့်တည်း၊

ပညတ်တစ်ခု၊ သမုဋ္ဌာန်နှစ်ခု၊ ဧဠကလောမ။

မိန်းမတို့ဆင်သော တန်ဆာကိုဆောင်သူအား ပါစိတ်ကို---။
အနံ့ရည်, အဆင်းရည်ဖြင့် ရေချိုးသူအား ပါစိတ်ကို--။
အနံ့ထုံသော နှမ်းမှုန့်ညက်ဖြင့် ရေချိုးသူအား ပါစိတ်ကို ဘယ်၌--။ သာဝတ္ထိ၌--။ ဆဗ္ဗဂ္ဂီမတို့--။ ထိုသို့ ပြုခြင်းကြောင့်တည်း

ပညတ်တစ်ခု၊ သမုဋ္ဌာန်နှစ်ခု၊ ဧဠကလောမ။ (သုံးခု။)

ဘိက္ခုနီကို, သိက္ခမာန်ကို, သာမဏေကို, လူမိန်းမကို ပွတ်သပ်ခိုင်း ဆုပ်နယ်ခိုင်းသူအား ပါစိတ်ကို အဘယ်၌--။ သာဝတ္ထိ၌--။ ဘိက္ခုနီများစွာ--။ ထိုသို့ ပြုခြင်းကြောင့်တည်း။

ပညတ်တစ်ခု၊ သမုဋ္ဌာန်နှစ်ခု၊ ဧဠကလောမ။ (လေးပုဒ်ပေါင်းလိုက်သည်။)

ရဟန်း၏ရှေ့၌၊ ဝါ-အနီးဝန်းကျင် တစ်ဆယ့်နှစ်တောင်အတွင်း၌ မပန်ဘဲ ထိုင်သူအား ပါစိတ်ကို အဘယ်၌--။ သာဝတ္ထိ၌--။ ဘိက္ခုနီများစွာ--။ ထိုသို့ ပြုခြင်းကြောင့်တည်း။

ပညတ်တစ်ခု၊ သမုဌာန်နှစ်ခု၊ ကထိန။

ခွင့်ပန်ခြင်းမပြုသောရဟန်းကို ပုစ္ဆာကိုမေးသူအား ပါစိတ်ကို အဘယ်၌--။ သာဝတ္ထိ၌--။ ဘိက္ခုနီများစွာ--။ ထိုသို့ ပြုခြင်းကြောင့်တည်း။

ပညတ်တစ်ခု၊ သမုဋ္ဌာန်နှစ်ခု၊ ပဒသောဓမ္မ။

ရင်လွှမ်းတဘက်မပါဘဲ ရွာဝင်သူအား ပါစိတ်ကို အဘယ်၌--။ သာဝတ္ထိ၌--။ ဘိက္ခုနီတစ်ယောက်--။ ထိုသို့ ပြုခြင်းကြောင့်တည်း။

ပညတ်တစ်ခု၊ သမုဋ္ဌာန်နှစ်ခု၊ အ စ ဧဠကလောမ။

ဆတ္တုပါဟနဝဂ္ဂေါ နဝမော

နဝဝဂ္ဂခုဒ္ဒက နိဋ္ဌိတာ

၅။ ပါဋိဒေသနီ

၂၂၇။ ထောပတ်ကို တောင်းစားသူအား ပါဋိဒေသနီကို အဘယ်၌--။ သာ၀တ္ထိ၌---။ ဆဗ္ဗဂ္ဂီမတို့--။ ထိုသို့ တောင်းစားခြင်းကြောင့်တည်း။

ပညတ်တစ်ခု၊ အနုပညတ်တစ်ခု၊ သမုဋ္ဌာန်လေးခု။

ဆီကို-၊ ပျားကို-၊ တင်လဲကို-၊ ငါးကို-၊ အမဲကို-၊ နို့ကို-၊ နို့ဓမ်းကို တောင်းစားသူအား ပါဋိဒေသနီကို အဘယ်၌--။ သာဝတ္ထိ၌--။ ဆဗ္ဗဂ္ဂီမတို့ -။ ထိုသို့ တောင်းစားခြင်းကြောင့်တည်း။

ပညတ်တစ်ခု၊ အနုပညတ်တစ်ခု၊ သမုဋ္ဌာန်လေးခု။

အဋ္ဌပါဠိဒေသနီယာ နိဋ္ဌိတာ

သာဓာရဏပညတ်, ဥဘတောပညတ် သိက္ခာပုဒ်တို့ကို ဘိက္ခုဝိင်း၌ ချဲ့ပြီးကုန်ပြီ။

ထိုတို့ကို ဘိက္ခုနီဝိဘင်း၌ ချုံး၍သိအပ်ကုန်၏။

ကတ္ထပညတ္တိဝါရ ပြီး၏

အဋ္ဌဝါရ ၌

၂။ ကတာပတ္တိဝါရ

၁။ ပါရာဇိက

၂၂၈။ ရာဂစွတ်သော ဘိက္ခုနီသည် ရာဂစွတ်သောပုရိသ၏ ကာယသံသဂ္ဂကို သာယာသည်ရှိသော် အဘယ်မျှသော အာပတ်တို့သို့ ရောက်သနည်း။ သုံးမျိုးသော အာပတ်တို့သို့ ရောက်၏။ ညှပ်ရိုးအောက်, ဒူးဝန်းအထက်၌ ကိုင်သည်ကို သာယာအံ့ ပါရာဇိက။ ညှပ်ရိုးအထက်, ဒူးဝန်းအောက်၌ ကိုင်သည်ကို သာယာအံ့ ထုလ္လစ္စည်း။ ကာယပဋိဗဒ္ဓကိုကိုင်သည်ကို သာယာအံ့ ဒုက္ကဋ်။ ဤ သုံးမျိုးတို့သို့ရောက်၏။

ဝဇ္ဇပဋိစ္ဆာဒိကာဘိက္ခုနီသည် အပြစ်ဖုံးသည်ရှိသော် အဘယ်မျှတို့သို့--။ သုံးမျိုးတို့သို့--။ သိလျက် ပါရာဇိကဖုံးအံ့ ပါရာဇိက။ ယုံမှားလျက်ဖုံးအံ့ ထုလ္လစ္စည်း။ အာစာရဝိပတ္တိကိုဖုံးအံ့ ဒုက္ကဋ်

ဥက္ခိတ္တာနုဝတ္တိကာဘိက္ခုနီသည် သုံးကြိမ်ဆုံးမလျက် မစွန့်လတ်သော်--။ သုံးမျိုးတို့သို့--။ ဉာတ်ဖြင့် ဒုက္ကဋ်။ ကမ္မဝါစာနှစ်ကြိမ်ဖြင့် ထုလ္လစ္စည်း။ ကမ္မဝါစာအဆုံး၌ ပါရာဇိက

အဋ္ဌမဝတ္ထုကို ပြည့်စေလတ်သော်--။ သုံးမျိုးတို့သို့--။ ယောက်ျားခေါ်ရာသို့ သွားအံ့ ဒုက္ကဋ်။ ယောက်ျား၏ ဟတ္ထပါသ်တွင်းဝင်အံ့ ထုလ္လစ္စည်း။ ရှစ်ခုမြောက်ဝတ္ထုပြည့်စေအံ့ ပါရာဇိက

ပါရာဇိက ပြီး၏

၂။ သံဃာဒိသေသ်

၂၂၉။ ဥဿယဝါဒိကာဘိက္ခုနီသည် တရားစွဲလတ်သော်--။ သုံးမျိုးတို့၌--။ တစ်ယောက်ယောက်၏ စကားကို ဆိုအံ့ ဒုက္ကဋ်။ နှစ်ယောက်မြောက်၏ စကားကိုဆိုအံ့ ထုလ္လစ္စည်း။ တရားအဆုံး၌ သံဃာဒိသေသ်

ခိုးသူမကို ရဟန်းပြုပေးသူသည် သုံးမျိုးတို့သို့--။ ဉာတ်ဖြင့် ဒုက္ကဋ်။ ကမ္မဝါစာ နှစ်ကြိမ်ဖြင့် ထုလ္လစ္စည်း။ ကမ္မဝါစာ အဆုံး၌ သံဃာဒိသေသ်

တစ်ယောက်တည်း ရွာတပါးသို့ သွားသူသည် သုံးမျိုးတို့သို့--။ သွားအံ့ ပဌမဖဝါးကို ရွာတပါး၏ အာရာမ်ကိုလွန်စေအံ့ ထုလ္လစ္စည်း။ ဒုတိယ ဖဝါးကို လွန်စေအံ့ သံဃာဒိသေသ်

သမဂ္ဂသံဃာသည် ဓမ္မဝိနယသတ္ထုသာသနဖြင့် နှင်ထုတ်ထားသော ဘိက္ခုနီကို ကံပြုသော သံဃာကိုမပန်ဘဲ ဂိုဏ်း၏ဆန္ဒကို သိအောင်မပြုဘဲ ပြန်သွင်းသူသည် သုံးမျိုးတို့သို့--။ ဉာတ်ဖြင့် ဒုက္ကဋ်။ ကမ္မဝါစာဖြင့် ထုလ္လစ္စည်း။ ကမ္မဝါစာအဆုံး၌ သံဃာဒိသေသ်

ရာဂစွတ်လျက် ရာဂစွတ်သောပုရိသ၏လက်မှ ခဲဘွယ်ဘောဇဉ်ကို မိမိလက်ဖြင့်ခံ၍ စားသူသည် သုံးမျိုးတို့သို့-။ ခဲအံ့, စားအံ့ဟု ခံအံ့ ထုလ္လစ္စည်း။ မျိုတိုင်း သံဃာဒိသေသ်။ ရေ, ဒန်ပူကိုခံအံ့ ဒုက္ကဋ်

ကိန္တေ အယျေ စသည်ဖြင့် တိုက်တွန်းသူသည် သုံးမျိုးတို့သို့ --။ ထိုတိုက်တွန်းသူ၏စကားဖြင့် ခဲအံ့ စားအံ့ဟု ခံအံ့ ဒုက္ကဋ်။ မျိုတိုင်း ထုလ္လစ္စည်း။ စားပြီးသောအခါ သံဃာဒိသေသ်

အမျက်ထွက်သူသည် သုံးကြိမ်ဆုံးမလျက် စွန့်လျှင် သုံးမျိုးတို့သို့--။ ဉာတ်ဖြင့် ဒုက္ကဋ်။ ကမ္မဝါစာနှစ်ကြိမ်ဖြင့် ထုလ္လစ္စည်း။ ကမ္မပါစာအဆုံး၌ သံဃာဒိသေသ်

တစ်စုံတစ်ခုသော အဓိကရုဏ်း၌ ရှုံး၍ အမျက်ထွက်သူ- သုံးကြိမ် ဆုံးမလျက် မစွန့်လျှင်--။

လူတို့နှင့်ရောနှောသော ဘိက္ခုနီတို့- သုံးကြိမ်ဆုံးမလျက် မစွန့်လျှင် သုံးမျိုးတို့သို့--။ ဉာတ်ဖြင့် ဒုက္ကဋ်။ ကမ္မဝါစာနှစ်ကြိမ်ဖြင့် ထုလ္လစ္စည်း။ ကမ္မဝါစာ အဆုံး၌ သံဃာဒိသေသ်

သံဃာဒိသေသ် ပြီး၏

၃။ နိဿဂ္ဂိ

၂၃၀။ သပိတ်သိုမှီးခြင်းပြုသူသည် တစ်မျိုးသော နိဿဂ္ဂိပါစိတ်သို့ ရောက်၏။

အကာလသင်္ကန်းကို ကာလသင်္ကန်းဟု စီရင်၍ ဝေဘန်စေသူသည် နှစ်မျိုးသော--။ ပယောဂ ဒုက္ကဋ်။ ဝေဘန်စေပြီး နိဿဂ္ဂိပါစိတ်

ဘိက္ခုနီနှင့် သင်္ကန်းလဲ၍ ပြန်လုသူသည် နှစ်မျိုး- -။ ပယောဂ ဒုက္ကဋ်။ လုပြီး နိဿဂ္ဂိပါစိတ်

တစ်မျိုးတောင်း၍ တစ်မျိုးပြင်တောင်းသူသည် နှစ်မျိုး--။
တစ်မျိုးဝယ်စေ၍ တစ်မျိုးပြင်ဝယ်စေသူသည် နှစ်မျိုး--။
တစ်မျိုးအတွက်ညွှန်း၍ လှူထားသော သံဃိကဘဏ္ဍာဖြင့် တစ်မျိုး၀ယ်စေသူသည် နှစ်မျိုး--။
တစ်မျိုးအတွက် ညွှန်း၍လှူသော သံဃိကဘဏ္ဍာဖြင့် လည်းကောင်း၊ ကိုယ်တိုင်တောင်းအပ်သော ဘဏ္ဍာဖြင့် လည်းကောင်း တစ်မျိုးဝယ်စေသူသည် နှစ်မျိုး--။
တစ်မျိုးအတွက်ညွှန်း၍လှူသော ဂိုဏ်း၏ဘဏ္ဍာဖြင့် တစ်မျိုးဝယ်စေသူသည် နှစ်မျိုး--။
တစ်မျိုးအတွက် ညွှန်း၍လှူသော ဂိုဏ်း၏ ဘဏ္ဍာဖြင့်လည်းကောင်း၊ ကိုယ်တိုင်တောင်းအပ်သော ဘဏ္ဍာဖြင့် လည်းကောင်း တစ်မျိုး၀ယ်စေသူသည် နှစ်မျိုး --။
လေးကံသထက်အလွန်ထိုက်သော လေးသောအရုံကို တောင်းသူသည် နှစ်မျိုး--။
နှစ်ကံသခွဲထက်အလွန်ထိုက်သော ပေါ့ပါးသောအရုံကို တောင်းသူသည် နှစ်မျိုးတို့သို့--။ ပယောဂ ဒုက္ကဋ်။ ပြီး နိဿဂ္ဂိပါစိတ်

နိဿဂ္ဂိပါစိတ် ပြီး၏

၄။ သုဒ္ဓပါစိတ်

၁။ လသုဏဝဂ်

၂၃၁။ လသုဏကြက်သွန်ကို ခဲသူသည် နှစ်မျိုးတို့သို့ --။ ခဲအံ့ဟု ခဲအံ့ ဒုက္ကဋ်။ မျိုတိုင်း ပါစိတ်

ဖုံးကွယ်ရာ၌ပေါက်သောအမွေးကို ပယ်စေသူသည် နှစ်မျိုး--။ ပယောဂ ဒုက္ကဋ်။ ပယ်- ပါစိတ်

ပဿာဝမဂ်အပြင်ကို ပုတ်ခတ်သူသည်--နှစ်မျိုး-။ (တူပြီ။)

ပြေပြစ်သော ချိပ်တောင့်ဖြင့် သွင်းသူသည်- -နှစ်မျိုး။

လက်ချောင်းနှစ်ဆစ်ထက်အလွန် ရေဆေးသူသည်--နှစ်မျိုး။

ဘောဇဉ်စားသောရဟန်းအနီး သောက်ရေ, ယပ်လေဖြင့် တည်သူ- နှစ်မျိုး၊ ဟတ္ထပါသ်တွင်း တည်အံ့ ပါစိတ်။ ဟတ္ထပါသ်လွတ်၍တည်အံ့ ဒုက္ကဋ်

စပါးစိမ်းတောင်းစားသူသည် နှစ်မျိုး--။ စားမည်ဟု ခံအံ့- ဒုက္ကဋ်။ မျိုတိုင်း- ပါစိတ်

ကျင်ကြီး စသည်ကို တံတိုင်းတစ်ဘက် စွန့်သူသည် နှစ်မျိုး။ ပယောဂ- ဒုက္ကဋ်။ စွန့် - ပါစိတ်

ကျင်ကြီး စသည်ကို စိမ်းသော မြက်သစ်ပင်ရှိရာ၌ စွန့်သူသည် နှစ်မျိုး။ ပယောဂ- ဒုက္ကဋ်။ စွန့် - ပါစိတ်

နစ္စ ဂီတ ဝါဒိတကို ကြည့်ရှုခြင်းငှါသွားသူ--။ နှစ်မျိုး- -။ သွားအံ့ ဒုက္ကဋ်။ မြင်ရာ, ကြားရာ၌ ရပ်၍ကြည့်အံ့, နားထောင်အံ့- ပါစိတ်

လသုဝဂ္ဂေါ ပဌမော

၂။ ရတ္တနဋ္ဌကာရဝဂ်

၂၃၂။ ညဥ့်မှောင်ချိန် အလင်းရောင်ကင်းသောအရပ်၌ ပုရိသနှင့် တစ်ယောက်ချင်းချင်း အနီး၌တည်သူ ---။ နှစ်မျိုး---။ ဟတ္ထပါသ်၌တည်တံ့ ပါစိတ်။ ဟတ္ထပါသ်လွတ်၍တည်အံ့-ဒုက္ကဋ်

ဖုံးကွယ်သောအရပ်၌ ပုရိသနှင့်--(တူပြီ။)

လွင်တီးခေါင်၌--။

ခရီးရှည်စသည်၌--။

နံနက်အချိန် ဒါယကာတို့ထံချဉ်းကပ်၍ နေရာ၌ထိုင်၍ သခင်တို့ကို မပန်ဘဲ ဖဲသွားသူ--။ နှစ်မျိုး-။ ပဌမဘပါးကို မိုးမစွတ်သောအရပ်ကို လွန်စေအံ့-ဒုက္ကဋ်။ ဒုတိယဘဝါးကို လွန်စေအံ့- ပါစိတ်

နေလွဲအချိန် ဒါယကာတို့ထံချဉ်းကပ်၍ သခင်တို့ကို မပန်ဘဲ နေရာ၌ ထိုင်သူ--။ နှစ်မျိုး--။ ပယောဂ-ဒုက္ကဋ်။ ထိုင်- ပါစိတ်

နေဝင်ပြီးအချိန် ဒါယကာတို့ထံချဉ်းကပ်၍ သခင်တို့ကို မပန်ဘဲ အိပ်ရာကိုခင်း၍ ခင်းစေ၍ ထိုင်သူ--။ နှစ်မျိုး-။ (တူပြီ။)

အယူမှား, အမှတ်မှားဖြင့် တပါးသောဘိက္ခုနီကို ကဲ့ရဲ့စေသူ နှစ်မျိုး- ပယောဂ- ဒုက္ကဋ်။ ကဲ့ရဲ့စေ- ပါစိတ်

မိမိကို သူတပါးကို ငရဲဖြင့်, သာသနာဖြင့် ကျိန်ဆဲသူ- နှစ်မျိုး--။ ပယောဂ- ဒုက္ကဋ်။ ကျိန်ဆဲ- ပါစိတ်

မိမိကိုယ်ကို ထု၍ထု၍ ငိုသူ-။ နှစ်မျိုး-။ ထုအံ့, ငိုအံ့- ပါစိတ်။ ထုသာထု၍ မငိုအံ့- ဒုက္ကဋ်

ရတ္တန္ဓကာရဝဂ္ဂေါ ဒုတိယော

၃။ နဟာနဝဂ်

၂၃၃။ အဝတ်အရုံ မဝတ်မဆီး အချည်းနှီးရေချိုးသူ-။ နှစ်မျိုး--။ ပယောဂ- ဒုက္ကဋ်။ ရေချိုးပြီး- ပါစိတ်

ပမာဏထက်လွန်သော ရေသနုပ်ကို ပြုစေသူ-။ နှစ်မျိုး--။ ပယောဂ - ဒုက္ကဋ်။ ပြီး- ပါစိတ်

ဘိက္ခုနီ၏သင်္ကန်းကို ချုပ်ရိုးဖြေ၍၊ ဖြေစေ၍ မချုပ်သူ၊ ချုပ်စေခြင်းငှါ အားမထုတ်သူသည်-။ တစ်မျိုး- ပါစိတ်

ငါးရက် သင်္ကန်းငါးထည် လှည့်ခြင်းကို လွန်စေသူ--။ တစ်မျိုး- ပါစိတ်

ပြန်ပေးအပ်သော သူတပါး၏သင်္ကန်းကို ဆောင်သူ--။ နှစ်မျိုး--။ ပယောဂ- ဒုက္ကဋ်။ ဆောင်ပြီး- ပါစိတ်

ဘိက္ခုနီသံဃာ၏ သင်္ကန်းကို, လာဘ်ကို အန္တရာယ်ပြုသူ-။ နှစ်မျိုး--။(တူပြီ။)

တရားနှင့်ညီသော သင်္ကန်းဝေဘန်ခြင်းကိုတားသူ။ နှစ်မျိုး--။

လူ, ပရိဗိုဇ်တို့အား သမဏစီဝရကိုပေးသူ--။ နှစ်မျိုး--။

အားနည်းသော သင်္ကန်းရနိုးခြင်းဖြင့် စီဝရကာလကို လွန်စေသူ---။

တရားနှင့်ညီသော ကထိန်နှုတ်ခြင်းကိုတားသူ--။

နဟာနဝဂ္ဂေါ တတိယော

၄။ တုဝဋ္ဋဝဂ်

၂၃၄။ ဘိက္ခုနီနှစ်ယောက် တစ်ညောင်စောင်းတည်းအိပ်သူတို့။ နှစ်မျိုး--။ ပယောဂ- ဒုက္ကဋ်။ အိပ်- ပါစိတ်

ဘိက္ခုနီနှစ်ယောက် အခင်းအရုံတစ်ခုတည်းအိပ်သူတို့။ နှစ်မျိုး--။ ပယောဂ- ဒုက္ကဋ်။ အိပ်- ပါစိတ်

ဘိက္ခုနီအား တကွအားထုတ်၍ မချမ်းသာအောင်ပြုသူ---။ (တူပြီ။)

နာဖျားသော သဒ္ဓိဝိဟာရိနီတပည့်မကို မလုပ်ကျွေးသူ၊ အားမထုတ်သူသည်-။ တစ်မျိုး--။ ပါစိတ်

ဘိက္ခုနီအား ကျောင်းပေး၍ အမျက်ထွက်သဖြင့် နှင်သူ။ နှစ်မျိုး--။ ပယောဂ- ဒုက္ကဋ်။ နှင်- ပါစိတ်

ရောနှောလျက်နေသူ-။ သုံးကြိမ်ဆုံးမလျက် မစွန့်လျှင် နှစ်မျိုး--။ ဉာတ်- ဒုက္ကဋ်။ ကမ္မဝါစာအဆုံး- ပါစိတ်

တိုင်းနိုင်ငံတွင်း၌ ဘေးရန်တွေးတောဘွယ် အရပ်၌ အဖော်မပါဘဲ လှည့်လည်သူ--။ နှစ်မျိုး--။ ပယောဂ- ဒုက္ကဋ်။ သွား- ပါစိတ်

တပါးသောတိုင်းနိုင်ငံ၌ ဘေးရန်တွေးတောဘွယ်အရပ်၌--။ (တူပြီ။)

ဝါတွင်း၌ လှည့်လည်သူ---။

ဝါကျွတ်သောအခါ မလှည့်လည်သူ--။ တစ်မျိုး--။ ပါစိတ်--။

တုဝဋ္ဋဝဂ္ဂေါ စတုတ္ထော

၅။ စိတ္တာဂါရဝဂ်

၂၃၅။ မင်းကွန်း, ပန်းချီဇရပ် စသည်တို့သို့ ကြည့်ရှုခြင်းငှါ သွားသူ--။ နှစ်မျိုး--။ ပယောဂ- ဒုက္ကဋ်။ မြင်ရာ၌ ရပ်ကြည့်အံ့- ပါစိတ်

အာသန္ဒိကိုလည်းကောင်း, ပလ္လင်ကိုလည်းကောင်း သုံးဆောင်သူ--။ နှစ်မျိုး--။ ပယောဂ- ဒုက္ကဋ်။ သုံးဆောင် ပါစိတ်

ချည်ကိုဝင့်သူ--နှစ်မျိုး--။ ပယောဂ- ဒုက္ကဋ်။ လက်တစ်ငင်ရစ်ပြီးတိုင်း- ပါစိတ်

(ဥဇ္ဇဗုဇ္ဇဝေတိ ယတ္ထကံ ဟတ္ထေန အဉ္ဆိတံ ဟောတိ။ တသ္မိံ တက္ကမှိ ဝေဌိတေ- ဟု ဝိဘင်းအဋ္ဌကထာ၌ ဆိုသည်။)

လူတို့၏အမှုကြီးငယ်ကို ပြုသူ-။ နှစ်မျိုး--။ ပယောဂ- ဒုက္ကဋ်။ ပြီး- ပါစိတ်

ဧဟာယျေ- စသည်ဖြင့် ခေါ်သောအခါ သာဓုဟု ဝန်ခံပြီးမှ မငြိမ်းစေသူ၊ အားမထုတ်သူသည်--။ တစ်မျိုး--။ ပါစိတ်

လူ, ပရိဗိုဇ်တို့အား မိမိလက်ဖြင့် ခဲဘွယ်ဘောဇဉ်ပေးသူ-။ နှစ်မျိုး--။ ပယောဂ- ဒုက္ကဋ်။ ပေး- ပါစိတ်

ဥတုနှီးသင်္ကန်းကို မစွန့်ဘဲ သုံးသူ-။ နှစ်မျိုး--။ ပယောဂ- ဒုက္ကဋ်။ သုံး- ပါစိတ်

ကျောင်းကိုမစွန့်ဘဲ ခရီးသွားသူ--။ နှစ်မျိုး--။ ပဌမဘဝါးကို အာရာမ်ကိုလွန်စေအံ့- ဒုက္ကဋ်။ ဒုတိယဘဝါးကို လွန်စေအံ့- ပါစိတ်

တိရစ္ဆာနဝိဇ္ဇာကို သင်ယူသူ--။ နှစ်မျိုး--။ ပယောဂ- ဒုက္ကဋ်။ ပုဒ်တိုင်း- ပါစိတ်

တိရစ္ဆာနဝိဇ္ဇာကို ပို့ချသူ--။ နှစ်မျိုး--။ ပယောဂ- ဒုက္ကဋ်။ ပို့ချ- ပါစိတ်

စိတ္တာဂါရဝဂ္ဂေါ ပဉ္စမော

၆။ အာရာမဝဂ်

၂၃၆။ သိလျက် ရဟန်းရှိသော အာရာမ်သို့ မပန်ဘဲ၀င်သူ--။ နှစ်မျိုး--။ ပဌမ ဘဝါးကို အာရာမ်ကိုလွန်စေအံ့- ဒုက္ကဋ်။ ဒုတိယဘဝါး လွန်- ပါစိတ်

ရဟန်းကိုဆဲသူ--။ နှစ်မျိုး--။ ပယောဂ- ဒုက္ကဋ်၊ ဆဲ- ပါစိတ်

အမျက်ထွက်၍ ဘိက္ခုနီသံဃာကို ရေရွတ်သူ--။ နှစ်မျိုး-- (တူပြီ။)

နိမန္တိတာသော် လည်းကောင်း၊ ပဝါရိတာသော် လည်းကောင်း ဖြစ်လျက် (တခြား၌) ခဲဘွယ်ဘောဇဉ်စားသူ--။ နှစ်မျိုး--။ စားအံ့ဟုခဲ- ဒုက္ကဋ်။ မျိုတိုင်း- ပါစိတ်

အမျိုးလေးပါးဝန်တိုသူ--။ နှစ်မျိုး--။ ပယောဂ- ဒုက္ကဋ်။ ဝန်တို- ပါစိတ်

ရဟန်းမရှိသောကျောင်း၌ ဝါဆိုသူ--။ နှစ်မျိုး --။ ဝါဆိုမည်ဟု အိပ်ရာ နေရာခင်း၊ သောက်ရေသုံးရေတည်အံ့၊ ကျောင်းငယ်အတွင်း တံမြက်လှည်းအံ့- ဒုက္ကဋ်။ အရုဏ်တက်သည်နှင့်တကွ- ပါစိတ်

ဝါကျွတ်သောအခါ ဥဘတောသံဃာ၌ သုံးဌာနဖြင့် မဘိတ်သူသည်-။ တစ်မျိုး--။ ပါစိတ်သို့ရောက်၏။

သြဝါဒနာခံခြင်းငှါ ဥပုသ်နေ့မေးခြင်း၊ ပဝါရဏာပြုခြင်းငှါ မသွားသူသည်-။ တစ်မျိုး--။ ပါစိတ်သို့ရောက်၏။

ဥပုသ်မမေး၊ သြဝါဒ မတောင်းသူသည် တစ်မျိုး--။ ပါစိတ်

ခက်မ၌ပေါက်သော ဂဏ္ဍရုဓိတကို သံဃ, ဂဏ မပန်ဘဲ ယောက်ျားနှင့် တစ်ယောက်ချင်းချင်း ခွဲစေသူ--။ နှစ်မျိုး။ ပယောဂ- ဒုက္ကဋ်။ ခွဲ- ပါစိတ်

အာရာမဝဂ္ဂေါ ဆဋ္ဌော

၇။ ဂမ္ဘိနီဝဂ်

၂၃၇။ ကိုယ်ဝန်ဆောင်မိန်းမကို ရဟန်းပြုပေးသူ--- နှစ်မျိုး။ ပယောဂ- ဒုက္ကဋ်။ ပြီး- ပါစိတ်

နို့တိုက်သော မိန်းမကို ရဟန်းပြုပေးသူ--နှစ်မျိုး--။ (တူပြီ။)

နှစ်နှစ် ဓမ္မခြောက်ပါး မကျင့်သော သိက္ခမာန်ကို--။
နှစ်နှစ်ကျင့်ပြီး၍ မသမုတ်အပ်သော သိက္ခမာန်ကို--။
တစ်ဆယ့်နှစ်နှစ်မပြည့်သော ဂိဟိဂတကို--။
တစ်ဆယ့်နှစ်နှစ်ပြည့်သော နှစ်နှစ်မကျင့်သေးသော ဂိဟိဂတကို--။
တစ်ဆယ့်နှစ်နှစ်ပြည့်သော နှစ်နှစ်ကျင့်ပြီးသော မသမုတ်အပ်သော ဂိဟိဂတကို ရဟန်းပြုပေးသူ--။ နှစ်မျိုး--။ (တူပြီ။)

အတူနေ တပည့်မကို ရဟန်းပြုပေး၍ နှစ်နှစ်မချီးမြှောက်၊ မချီးမြှောက်စေသူသည်--။ တစ်မျိုး--။ ပါစိတ်

ရဟန်းပြုပေးသော ဥပဇ္ဈာယ်မကို နှစ်နှစ်လိုက်၍ မလုပ်ကျွေးသူသည်- တစ်မျိုး--။ ပါစိတ်

အတူနေတပည့်မကို ရဟန်းပြုပေး၍ ခေါ်မသွး၊ ခေါ်မသွားစေသူသည်-။ တစ်မျိုး--။ ပါစိတ်

ဂဗ္ဘိနီဝဂ္ဂေါ သတ္တမော

၈။ ကုမာရီဘူတဝဂ်

၂၃၈၊ အသက်နှစ်ဆယ်မပြည့်သော ကုမာရီဘူတကို ရဟန်းပြုပေးသူ- နှစ်မျိုး--။ ပယောဂ- ဒုက္ကဋ်။ ပြီး- ပါစိတ်

အသက်နှစ်ဆယ်ပြည့်သော နှစ်နှစ်မကျင့်သော ကုမာရီဘူတကို --။-
အသက်နှစ်ဆယ်ပြည့်သော နှစ်နှစ်ကျင့်ပြီးသော မသမုတ်အပ်သော ကုမာရီဘူတကို ရဟန်းပြုပေးသူ--။ နှစ်မျိုး---။ (တူပြီ။)

တစ်ဆယ့်နှစ်ဝါမရဘဲ ဥပဇ္ဈာယ်မ ပြုသူ--။ နှစ်မျိုး----။

သင်အား ဥပဇ္ဈာယ်မ အဖြစ်ဖြင့် မတော်သေးဟု ဆိုသောအခါ သာဓုဟု ဝန်ခံ၍ နောက်၌ ရှုတ်ချသူ--။ နှစ်မျိုး--။ (တူပြီ။)

သိက္ခမာန်ကို ငါ့အား သင်္ကန်းပေးလျှင် ရဟန်းပြုမည်ဆို၍ ပြုမပေးသူ၊ ပြုပေးခြင်းငှါ အားမထုတ်သူသည်--။ တစ်မျိုးသို့-။ ပါစိတ်

သိက္ခာန်ကို ငါ့ကို နှစ်နှစ်လုပ်ကျွေးလျှင် ရဟန်းပြုပေးမည်ဟု ဆို၍ ပြုမပေးသူ၊ ပြုပေးခြင်းငှါ အားမထုတ်သူသည်...။ တစ်မျိုးသို့--။ ပါစိတ်

ယောက်ျားကြီး, သူတို့သားငယ်တို့နှင့် ရောနှောသော၊ ကိုယ်တွင်း သောက သွင်းသော သိက္ခမာန်ကြမ်းကို ရဟန်းပြုပေးသူ--။ နှစ်မျိုး--။

မိဘ, လင် ခွင့်မပြုသော သိက္ခမာန်ကို ရဟန်းပြုပေးသူ--။ နှစ်မျိုး--။

သိုးပြီး, စွန့်ပြီးသော ဆန္ဒပေးခြင်းဖြင့် သိက္ခမာန်ကို ရဟန်းပြုပေး သူ--။ နှစ်မျိုး--။

နှစ်တိုင်း ရဟန်းပြုပေးသူ--နှစ်မျိုး--။

တစ်နှစ် နှစ်ယောက် ရဟန်းပြုပေးသူ--နှစ်မျိုး။ ပယောဂ-ဒုက္ကဋ်။ ပြီး-ပါစိတ်

ကုမာရိဘူတဝဂ္ဂေါ အဋ္ဌမော

၉။ ဆတ္တုပါဟနဝဂ်

၂၃၉။ ထီး, ဘိနပ်ကို ဆောင်သူ--။ နှစ်မျိုး --။ ပယောဂ--ဒုက္ကဋ်။ ဆောင်--ပါစိတ်

ယာဉ်ဖြင့်သွားသူ--။ နှစ်မျိုး---။ ပယောဂ--ဒုက္ကဋ်။ သွား--ပါစိတ်

ဓါး တန်ဆာကိုဆောင်သူ--။ နှစ်မျိုး--။

မိန်းမတို့ဆင်သော တန်ဆာကိုဆောင်သူ--။ နှစ်မျိုး--။

အနံ့ရည်, အဆင်းရည်ဖြင့် ရေချိုးသူ---။ နှစ်မျိုး--။

ရနံ့ထုံသော နှမ်းမှုန့်ညက်ဖြင့် ရေချိုးသူ--။ နှစ်မျိုး--။

ဘိက္ခုကို, သိက္ခမာန်ကို, သာမဏေမကို, လူမိန်းမကို ပွတ်သပ်ခိုင်း ဆုပ်နယ်ခိုင်းသူ ---။ နှစ်မျိုး--။ (သိက္ခာပုဒ်လေးခု။)

ရဟန်း၏ရှေ့၌ မပန်ဘဲ ထိုင်သူ--။ နှစ်မျိုး --။

ခွင့်ပန်ခြင်းမပြုသောရဟန်းကို ပုစ္ဆာကိုမေးသူ--။ နှစ်မျိုး--။

ရင်လွှမ်းတဘက်မပါဘဲ ရွာဝင်သူ--။ နှစ်မျိုး--။ ပဋ္ဌမဘဝါးကို အာရာမ်ကို လွန်စေအံ့--ဒုက္ကဋ်။ ဒုတိယဘဝါးကို လွန်စေအံ့--။ ပါစိတ်

ဆတ္တုပါဟနဝဂ္ဂေါ နဝမော

နဝဝဂ္ဂခုဒ္ဒကံ နိဋ္ဌိတံ

၅။ ပါဋိဒေသနီ

၂၄၀။ ထောပတ်ကို တောင်းစားသူ--။ နှစ်မျိုး--။ စားမည်ဟု ခံအံ့- ဒုက္ကဋ်။ မျိုတိုင်း- ပါဋိဒေသနီ

ဆီကို-၊ ပျားကို-၊ တင်လဲကို-၊ ငါးကို-၊ အမဲကို-၊ နို့ကို-၊ နို့ဓမ်းကို တောင်းစားသူ-။ နှစ်မျိုး--။ စားမည်ဟု ခံအံ့ ဒုက္ကဋ်---။ မျိုတိုင်း- ပါဋိဒေသနီ

အဋ္ဌပါဋိဒေသနီယာ နိဋ္ဌိတာ
ကတာပတ္တိဝါရံ နိဋ္ဌိတံ ဒုတိယံ

အဋ္ဌဝါရ ၌

၃။ ဝိပတ္တိဝါရ

၂၄၁။ ရာဂစွတ်သောပုရိသ၏ ကာယသံသဂ္ဂကို သာယာသော ရာဂစွတ်သော ဘိက္ခုနီ၏ အာပတ်တို့သည် လေးပါးသော ဝိပတ္တိတို့တွင် အဘယ်မျှသော ဝိပတ္တိတို့သို့ သက်ဝင်ကုန်သနည်း။ နှစ်ပါးသော ဝိပတ္တိတို့သို့ သက်ဝင်ကုန်၏။ အချို့ သီလဝိပတ္တိ၊ အချို့ အာစာရဝိပတ္တိ။ (ပ)။

နို့ဓမ်းကို တောင်း၍စားသူ၏ အာပတ်တို့သည် အဘယ်မျှသို့ သက်ဝင် ကုန်သနည်း။ တစ်ပါးသို့ သက်ဝင်ကုန်၏။ အာစာရဝိပတ္တိ။
ဝိပတ္တိဝါရ ပြီး၏။

၄။ သင်္ဂဟဝါရ

၂၄၂။ ရာဂစွတ်သော (ပ) ဘိက္ခုနီ၏ အာပတ်တို့သည် ခုနစ်ပါးသော အာပတ်အစုတို့တွင် အဘယ်တို့ဖြင့် ရေတွက်အပ်ကုန်သနည်း။ သုံးပါးသောအစုတို့ဖြင့် ရေတွက်အပ်ကုန်၏။ အချို့ ပါရာဇိက။ အချို့ ထုလ္လစ္စည်း။ အချို့ ဒုက္ကဋ်။ (ပ)။

နို့ဓမ်းတောင်းစားသူ၏ အာပတ်တို့--နှစ်စု--အချို့ ပါဋိဒေသနီ။ အချို့ ဒုက္ကဋ်။
သင်္ဂဟဝါရ ပြီး၏။

၅။ သမုဋ္ဌာနဝါရ

၂၄၃။ ရာဂစွတ် (ပ) အာပတ်တို့သည် ခြောက်ပါးသော သမုဋ္ဌာန်တို့တွင် အဘယ်သမုဋ္ဌာန်တို့ကြောင့်--။ တစ်ခုသောသမုဋ္ဌာန်ကြောင့်--။ ကာယ စိတ္တ။ (ပ)။

နို့ဓမ်းတောင်းစားသူ၏ အာပတ်သည် လေးခုသော သမုဋ္ဌာန်ကြောင့် ကာယ၊ ကာယဝါစာ၊ ကာယစိတ္တ၊ ကာယဝါစာစိတ္တ။
သမုဋ္ဌာနဝါရ ပြီး၏။

၆။ အဓိကရဏဝါရ

၂၄၄။ ရာဂစွတ် (ပ) အာပတ်တို့သည် လေးပါးသော အဓိကရုဏ်းတို့တွင် အဘယ်အဓိကရုဏ်းနည်း။ အာပတ္တာဓိကရုဏ်းတည်း။ (ပ)။

နို့ဓမ်းတောင်းစားအာပတ်သည် အာပတ္တာဓိကရုဏ်းတည်း။
အဓိကရဏဝါရ ပြီး၏။

၇။ သမထဝါရ

၂၄၅။ ရာဂစွတ်သော (ပ) အာပတ်တို့သည် ခုနစ်ပါးသော သမထတို့တွင် အဘယ်မျှသော သမထတို့ဖြင့် ငြိမ်းကုန်သနည်း။ သုံးပါးတို့ဖြင့် ငြိမ်းကုန်၏။ ရံခါ သမ္မုခါ, ပဋိညာဖြင့်။ ရံခါ အချို့ သမ္မုခါ, တိဏဖြင့်။ (ပ)။

နို့ဓမ်းတောင်းစားအာပတ်သည် သုံးပါးတို့ဖြင့်--။ ရံခါ သမ္မုခါ, ပဋိညာဖြင့်။ ရံခါ သမ္မုခါ, တိဏဖြင့်။
သမထဝါရ ပြီး၏။

၈။ သမုစ္စယဝါရ

၂၄၆။ ရာဂစွတ်သော (ပ) ဘိက္ခုနီသည် အဘယ်မျှသောအာပတ်တို့သို့ ရောက်သနည်း။ သုံးမျိုးတို့သို့ရောက်၏။ ညှပ်ရိုးအောက်, ဒူးဝန်းအထက် ကိုင်သည်ကို သာယာအံ့ ပါရာဇိက၊ ညှပ်ရိုးအထက်, ဒူးဝန်းအောက် ကိုင်သည်ကို သာယာအံ့ ထုလ္လစ္စည်း၊ ကာယပဋိဗဒ္ဓသာယာအံ့ ဒုက္ကဋ်။

ထိုအာပတ်တို့သည် အဘယ်ဝိပတ္တိသို့ သက်ဝင်ကုန်သနည်း။ အဘယ် အာပတ်အစုဖြင့် ရေတွက် အပ်ကုန် သနည်း။ အဘယ်သမုဋ္ဌာန်တို့ကြောင့် ဖြစ်ကုန်သနည်း။ အဘယ် အဓိကရုဏ်းနည်း။ အဘယ်သမထတို့ဖြင့် ငြိမ်းကုန်သနည်း။

ဝိပတ္တိ နှစ်ပါး- သီလဝိပတ္တိ၊ အာစာရဝိပတ္တိ။ အာပတ်အစုသုံးပါး- ပါရာဇိက၊ ထုလ္လစ္စည်း၊ ဒုက္ကဋ်။ သမုဋ္ဌာန်တစ်ပါး- ကာယစိတ္တ။ အာပတ္တာဓိကရုဏ်း။ သမထသုံးပါး- ရံခါ သမ္မုတိ, ပဋိညာ။ ရံခါအချို့ သမ္မုခါ, တိဏ။ (ပ)။

နို့ဓမ်းတောင်းစားသူသည် --
အာပတ်နှစ်မျိုး- ခံ- ဒုက္ကဋ်။ မျို- ပါဋိဒေသနီ။
ဝိပတ္တိတစ်ပါး- အာစာရဝိပတ္တိ။
အာပတ်အစုနှစ်ပါး- ပါဋိဒေသနီ။ ဒုက္ကဋ်။
သမုဋ္ဌာန်လေးပါး- ပ, တ, စ, ဆ။
အာပတ္တာဓိကရုဏ်း - သမထ သုံးပါး- ရံခါ သမ္မုတိ, ပဋိညာ။ ရံခါ သမ္မုခါ, တိဏ။

သမုစ္စယဝါရ ပြီး၏။

အဋ္ဌပစ္စယဝါရ ၌

၁။ ကတ္ထပညတ္တိဝါရ

၂၄၇-၂၄၈။ မြတ်စွာဘုရားသည် ကာယသံသဂ္ဂကို သာယာခြင်း အကြောင်းကြောင့် ပါရာဇိကကို အဘယ်၌ ပညတ်သနည်း၊ အဘယ်သူကို အကြောင်းပြု၍နည်း၊ (ပ) အဘယ်သည် အဆက်ဆက်ဆောင်သနည်း၊

ကာယသံသဂ္ဂကို သာယာခြင်း အကြောင်းကြောင့် ပါရာဇိကကို အဘယ်၌ ပညတ်သနည်း။ သာဝတ္ထိ၌ ပညတ်သည်။ အဘယ်သူကို အကြောင်း ပြု၍နည်း။ သုန္ဒရီနန္ဒာဘိက္ခုနီကို အကြောင်းပြု၍တည်း။ (ပ) အဘယ်သည် အဆက်ဆက်ဆောင်သနည်း။ ဥပါလိမထေရ် စသည်သည် အဆက်ဆက် ဆောင်၏။

ဥပါလိ၊ ဒါသက စသော ငါးပါး (ပ) ၂၈-ပါးတို့သည် သီဟိုဠ်ကျွန်း၌ အဆက်ဆက် ဝိနည်းပိဋကတ် ပို့ချကုန်၏၊

အပြင်ဖုံးလွှမ်းခြင်းအကြောင်းကြောင့် ပါရာဇိကကို- (ပ)။

နို့ဓမ်းတောင်း၍စားခြင်းအကြောင်းကြောင့်ပါဋိဒေသနီကို---။
ကတ္ထပညတ္တိဝါရ ပြီး၏၊

၂။ ကတာပတ္တိဝါရ

၂၄၉-၂၅ဝ။ ကာယသံသဂ္ဂကို သာယာခြင်း အကြောင်းကြောင့် အဘယ်မျှသော အာပတ်တို့သို့ ရောက်သနည်း။ ငါးမျိုးသော အာပတ်တို့သို့ရောက်၏။ ဘိက္ခုနီသည် ညှပ်ရိုးအောက်၊ ဒူးဝန်းအထက် ကိုင်သည်ကို သာယာအံ့ ပါရာဇိက၊ ဘိက္ခုသည် ကာယဖြင့် ကာယကိုသုံးသပ်အံ့ သံဃာဒိသေသ်။ ကာယဖြင့် ကာယပဋိဗဒ္ဓကို---ထုလ္လစ္စည်း။ ပဋိဗဒ္ဓဖြင့် ပဋိဗုဒ္ဓကို--ဒုက္ကဋ်။ အင်္ဂုလိ ပတောဒကကြောင့် ပါစိတ်

အပြစ်ကိုဖုံးလွှမ်းခြင်း အကြောင်းကြောင့်--။ လေးမျိုးသို့ --။ ဘိက္ခုနီသည် သိလျက် ပါရာဇိကကိုဖုံးအံ့ ပါရာဇိက။ ယုံမှားလျက်ဖုံးတဲ့ ထုလ္လစ္စည်း။ ဘိက္ခုသည် သံဃာဒိသေသ်ကိုဖုံးအံ့ ပါစိတ်။ အာစာရဝိပတ္တိကိုဖုံးအံ့ ဒုက္ကဋ်

သုံးကြိမ်ဆုံးမလျက် မစွန့်ခြင်းအကြောင်းကြောင့်--၊ ငါးမျိုးသို့---။ ဥက္ခိတ္တာနုဝိတ္တိကာဘိက္ခုနီသည် မစွန့်အံ့ ဉာတ်ဖြင့် ဒုက္ကဋ်၊ ကမ္မဝါစာနှစ်ကြိမ်တို့ဖြင့် ထုလ္လစ္စည်း၊ ကမ္မဝါစာအဆုံး၌ ပါရာဇိက။ ဘေဒကာနုဝတ္တိကာ ဘိက္ခုနီသည် (သင်းခွဲနောက်လိုက်အယူကို) မစွန့်အံ့ သံဃာဒိသေသ်။ ယုတ်မာသောအယူကိုမစွန့်အံ့ ပါစိတ်

အဋ္ဌမဝတ္ထုကို ပြည့်စေခြင်းအကြောင်းကြောင့်--။ သုံးမျိုးသို့ (ပ)၊

နို့ဓမ်းတောင်း၍ စားခြင်းအကြောင်းကြောင့် နှစ်မျိုး--။
ကတာပတ္တိဝါရ ပြီး၏၊

၃။ ဝိပတ္တိဝါရ

၂၅၁။ ကာယသံသဂ္ဂကို သာယာခြင်း အကြောင်းကြောင့် အာပတ်တို့သည် အဘယ်ဝိပတ္တိသို့--။ နှစ်ပါးသော ဝပတ္တိသို့--။ သီလဝိပတ္တိ၊ အာစာရဝိပတ္တိ။ (ပ)။
ဝိပတ္တိဝါရ ပြီး၏။

၄။ သင်္ဂဟဝါရ၊ ၅။ သမုဋ္ဌာနဝါရ၊ ၆။ အဓိကရဏဝါရ၊ ၇။ သမထဝါရ၊ ၈။ သမုစ္စယဝါရ--(တူပြီ။)

ဘိက္ခုနီဝိဘင်း၌ သောဠသ မဟာဝါရ ပြီး၏။

သမုဋ္ဌာနသီသသင်္ခေပ

၂၅၇။ အနိစ္စာ သဗ္ဗ သင်္ခါရာ၊ ဒုက္ခာနတ္တာ စ သင်္ခတာ။
နိဗ္ဗာန ပညတ္တိ၊ အနတ္တာ ဣတိ နိစ္ဆယာ။

သဗ္ဗေသင်္ခါရာ၊ အလုံးစုံသောသင်္ခါရသည်။
အနိစ္စာ၊ အမြဲမရှိကုန်။
ဒုက္ခာ၊ ဆင်းရဲကုန်၏။
အနတ္တာ၊ ကြံဆအပ်သောအတ္တမှ ကင်းကုန်၏။
သင်္ခတာ၊ ပြုပြင်အပ်ကုန်၏၊
နိဗ္ဗာနဉ္စေဝပညတ္တိ၊ နိဗ္ဗာန်နှင့်ပညတ်ကိုလည်း။
အနတ္တာတိ၊ အတ္တမှကင်း၏ဟူ၍။
နိစ္ဆယာ၊ ဆုံးဖြတ်အပ်၏။။

(နိဗ္ဗာန်သည် သန္တိလက္ခဏာဖြင့် ထင်ရှားရှိသောအသင်္ခ။ ပညတ်သည် ထင်ရှားရှိသော ပရမတ်ကိုစွဲမြှောင်သော အသင်္ခတ။)

ဗုဒ္ဓစန္ဒေအနုပ္ပန္နေ၊ ဗုဒ္ဓါဒိစ္စေ အနုဂ္ဂတေ။
တေသံ သဘာဂဓမ္မာနံ၊ နာမမတ္တံ န နာယတိ။

ဗုဒ္ဓစန္ဒေ၊ ဘုရား လဝန်းသည်။
အနုပန္နေ၊ မဖြစ်သည်ရှိသော်။
ဗုဒ္ဓါဒိစ္စေ၊ ဘုရား နေဝန်းသည်။
အနုဂ္ဂတေ၊ မတည်ရှိသော်။
တေသံ သဘာဂဓမ္မာနံ၊ ထို အနိစ္စ, ဒုက္ခ စသည်ဖြင့်တူသော ဂတိရှိသော သင်္ခတတရားတို့၏။
နာမတ္တံ၊ အမည်မျှကို။
နာယတိ၊ မသိရှိနိုင်။

(ကရုဏာဖြင့် ဧချမ်းသောကြောင့် လည်းကောင်း၊ ကိလေသာမှောင် ကင်းပျောက် ပညာရောင်တောက်သော ကြောင့်လည်းကောင်း၊ လ၀န်း, နေဝန်း ဟု နှိုင်းသည်။)

ဒုက္ကရံ ဝိဝိဓံ ကတွာ၊ ပူရယိတွာန ပါရမီ။
ဥပ္ပဇ္ဇန္တိ မဟာဝီရာ၊ စက္ခုဘူတာ သဗြဟ္မကေ။

မဟာဝီရာ၊ ကြီးသောလုံ့လရှိသောဘုရားရှင်တို့သည်။
ဒုက္ကရံ၊ ခဲယဉ်းစွာပြုအပ်သောအကျင့်ကို။
ဝိဝိဓံ၊ အထူးထူးအပြားပြားကို။
ကတွာ၊ ပြု၍။
ပါရမီ၊ ပါရမီတို့ကို။
ပူရယိတွာန၊ ပြည့်စေ၍။
သဗြဟ္မကေ၊ ဗြဟ္မာနှင့်တကွသော လောက၌။
စက္ခုဘူတာ၊ မျက်စိသဘွယ်ဖြစ်ကုန်၍။
ဥပ္ပဇ္ဇန္တိ၊ ပွင့်တော်မူကုန်၏။

ထိုဘုရားရှင်တို့သည် ဒုက္ခပယ်ကြောင်း သူတော်ကောင်းတရားကို ကောင်းစွာ ဟောကြားကုန်၏။ ငါတို့ သာကီဝင်မင်းသား မြတ်ဘုရားသည်လည်း ဝိနည်း, သုတ္တန်, အဘိဓမ္မ သုံးဖြာသောပိဋကတ်ကို ကောင်းစွာ ဟောကြား၏။ ဝိနည်းပရိယတ်တည်လျှင် ပဋိပတ်, ပဋိဝေဓလည်း ကောင်းစွာတည်၏။

ဥဘတောဝိဘင်း၊ ခန္ဓက၊ မာတိကာ ဟူသော ဝိနည်းကို ပရိဝါရပါဠိဖြင့် သီကုံးထား၏။ ပရိဝါရပါဠိ၌ နိယတသမုဋ္ဌာန်၊ သမ္ဘိန္နသမုဋ္ဌာန်၊ နိဒါန်း၊ ပုဂ္ဂိုလ်၊ ဝတ္ထု စသည် ထင်ရှား။ ထို့ကြောင့် ဓမ္မကာမ-သုပေသန ပုဂ္ဂိုလ်သည် ပရိဝါရ ပါဠိကို ကောင်းစွာသင်ကြား မှတ်သားရာ၏။

ဤကား ဥယျောဇဉ်တည်း။

[နိယတသမုဋ္ဌာန်သည် ဘူတာရောစန၊ စောရိ၀ုဋ္ဌာပန၊ အနနုညာတဟု သုံးခုရှိ၏။ တပါးသောသိက္ခာပုဒ်နှင့် မရော၊ အသမ္ဘိန္န သမုဋ္ဌာန်လည်း မည်၏။ ကြွင်းသိက္ခာပုဒ်တို့သည် သမ္ဘိန္နသမုဋ္ဌာန်တို့ မည်ကုန်၏။ နိဒါန်းသည် သိက္ခာပုဒ်ပညတ်ရာအရပ်ဖြစ်၏၊ ဝေသာလီ၊ ရာဇဂြိုဟ်၊ သာဝတ္ထိ၊ အာဠဝီ၊ ကောသမ္ဗီ၊ သက္ကတိုင်း၊ ဘဂ္ဂတိုင်း ဟု အရပ်ဌာန ခုနစ်ခု ဖြစ်၏။]

(ပရိဝါရ ရှိလျှင် ဝိနည်းတည်၏။ ဝိနည်း တည်လျှင် သဒ္ဓမ္မကောင်းစွာတည်၏။)

သမုဋ္ဌာန် ၁၃-ပါး

နှစ်ခုသောဝိဘင်း၌ ပညတ်သော သိက္ခာပုဒ်တို့ကို ဥပုသ်နေ့တို့၌ ဘိက္ခု ဘိက္ခုနီတို့ပြကုန်၏။ ထို သိက္ခာပုဒ်တို့၏ သမုဋ္ဌာန်ကို သိထိုက်သည်အလျောက် ဆိုပေအံ့။ နာကြား မှတ်သားကြကုန်လော။

၁။ ပဌမပါရာဇိကသမုဋ္ဌာန်၊
၂။ ဒုတိယပါရာဇိကသမုဋ္ဌာန်၊
၃။ သဉ္စရိတ္တ--၊
၄။ သမနုဘာသန--၊
၅။ ကထိန--။
၆။ ဧဠကလောမ--၊
၇။ ပဒသောဓမ္မ--၊
၈။ အဒ္ဓါန--၊
၉။ ထေယျေသတ္ထ--၊
၁၀။ ဓမ္မဒေသနာ--၊
၁၁။ ဘူတာရောစန--၊
၁၂။ စောရိဝုဋ္ဌာပန--၊
၁၃။ အနနုညာတသမုဋ္ဌာန်-ဟု သမုဋ္ဌာန် ၁၃-ခုရှိ၏။

ဤ အဦး, အစ, ဦးခေါင်း ၁၃-ခု ၌ တူရာတို့သည် ပေါင်း၀င်ကုန်၏။

ကာယ, ဝါစာ, ကာယဝါစာ (အစိတ္တကသုံးခု။)
ကာယစိတ္တ, ဝါစာစိတ္တ, ကာယဝါစာစိတ္တ (သစိတ္တကသုံးခု။)
ဤခြောက်ခုကို ပဌမ ဒုတိယ အစဉ်အတိုင်း ဆဋ္ဌအထိမှတ်သားအပ်၏။

ဧကသမုဋ္ဌာန် သုံးခု ရှိ၏ - စတုတ္ထကြောင့်၊ ပဉ္စမကြောင့်၊ ဆဋ္ဌကြောင့်။

ဒွိသမုဋ္ဌာန် ငါးခုရှိ၏- ပဌမစတုတ္ထကြောင့်၊ ဒုတိယပဉ္စမကြောင့်၊ တတိယဆဋ္ဌကြောင့်၊ စတုတ္ထဆဋ္ဌကြောင့်၊ ပဉ္စမဆဋ္ဌကြောင့်။

တိသမုဋ္ဌာန် နှစ်ခုရှိ၏။ ရှေ့ အစိတ္တကသုံးခုကြောင့်၊ နောက် သစိတ္တကသုံးခုကြောင့်။

စတု သမုဋ္ဌာန်နှစ်ခုရှိ၏။ ပ, တ, စ, ဆ ကြောင့်၊ ဒု, တ, စ, ဆ ကြောင့်။

ပဉ္စမ မရှိ။

ဆသမုဋ္ဌာန်တစ်ခုရှိ၏- ခြောက်ခုလုံးကြောင့်။

(သုံး ငါး, နှစ် နှစ် သုည တစ်၊ ပေါင်းလစ်တစ်ဆယ့်သုံး။)

ထိုတို့တွင် စတုတ္ထတစ်ခုတည်းကြောင့်ဖြစ်လျှင် ပဌမပါရာဇိကသမုဋ္ဌာန် မည်၏။ မေထုန သမုဋ္ဌာန်လည်းခေါ်၏၊ ထိုသိက္ခာမျိုး ၇၆-ခု ရှိ၏။

သစိတ္တက သုံးခုကြောင့်ဖြစ်လျှင် ဒုတိယပါရာဇိကမည်၏။ အဒိန္နာဒါန ဟုလည်းခေါ်၏။ ၇၁-ခုရှိ၏။

ခြောက်ခုလုံးကြောင့်ဖြစ်လျှင် သဉ္စရိတ္တ ၅ဝ ရှိ၏။

ဆဋ္ဌတစ်ခုတည်းကြောင့်ဖြစ်လျှင် သမနုဘာသနမည်၏။ ဓုရနိက္ခေပလည်း ခေါ်၏။ ၃၇-ခုရှိ၏။

တ ဆ နှစ်ခုကြောင့်ဖြစ်လျှင် ကထိန ၂၉-ရှိ၏။

ပ စ နှစ်ခုကြောင့်ဖြစ်လျှင် ဧဠကလောမ ၄၄ ရှိ၏။

ဒု, မ နှစ်ခုကြောင့်ဖြစ်လျှင် ပဒသောဓမ္မ ၇-ရှိ၏။

ပ တ စ ဆ လေးခုကြောင့်ဖြစ်လျှင် အဒ္ဓါန ၁၅-ရှိ၏။

စ, ဆ နှစ်ခုကြောင့်ဖြစ်လျှင် ထေယျသတ္ထ ၇-ရှိ၏။

ပဉ္စမတစ်ခုတည်းကြောင့်ဖြစ်လျှင် ဓမ္မဒေသနာ ၁၁-ရှိ၏။

ရှေ့ အစိတ္တက သုံးခုကြောင့်ဖြစ်လျှင် ဘူတာရောစန ၁-ရှိ၏။

မ, ဆ နှစ်ခုကြောင့်ဖြစ်လျှင် စောရိဝုဋ္ဌာပန ၁- ရှိ၏။

ဒု, တ, မ, ဆ လေးခုကြောင့်ဖြစ်လျှင် အနုနုညာတ ၁-ရှိ၏။

သိက္ခာပုဒ်ပေါင်း ၃၅၀။

စ-မေထုနာ၊ သစိတ္တာသုံး စုရုံး-ဒိန္နာ၊ သဉ္စာ-သဗ္ဗ သမနုဆာ၊ ထိနာ တ-ဆ၊ ပ-စ ဧဠံ၊ ဒု မ-ပဒ၊ ပ, တ, စ, ဆာ ယူပါအဒ္ဓ၊ စ-ဆ-ထေယျာ၊ ဓမ္မာ-ပဉ္စမ၊ ရှေ့ကတယော ဘူတာရောမှီ၊ စောရီ-မ ဆာ၊ နာနုညာတ ဒု-တ-မ-ဆ၊ သွင်းထည့်ပြန်၊ မှတ်ရန် သမုဋ္ဌာန်အကျဉ်းတည်း။

၁။ ပဌမပါရာဇိကသမုဋ္ဌာန်-၇၆

၂၅၈။ စ-မေထုနာ(၇၆)

မေထုန-၁။ သုက္ကဝိဿဋ္ဌိကာယသံသဂ္ဂ-၂။ ပဌမအနိယတ-၁။ ဘူတဂါမဝဂ် ရှေးဦးစွာနေသော ရဟန်းကို တိုးဝှေ့၍ –၁။ ဘိက္ခုနီစီရင်သောဆွမ်းဘိက္ခုနီနှင့်ဆိတ်ကွယ်ရာ-၂။ လင်မယား နှစ်ယောက်ရှိသောအိမ်ဆိတ်ကွယ်ရာ နှစ်ခုနှင့်-၃။ ချိုင်းထိုးရေ၌ မြူးတူး -၂။ ရိုက်လက်ဝါးပြက်မိုး -၂။ သေခိယ -၅၃။ (ဝါ- ပြင်းစွာရယ်- ၂။ အသံကျယ် -၂။ ဟင်းထမင်းတောင်းစား-၁။ ဆွမ်းလုပ်နှင့်စကားပြော –၁။ တရားဟော-၁။ ပေါင်း -၂၂ ကိုဖယ်၍ ၅၃။) ဘိက္ခု၌ -၆၇။

ဘိက္ခုနီညှပ်ရိုး အောက်ပါရာဇိက -၁။ သံဃာဒိသေသ်၌ ရွာတပါးသွားရာဂစွတ်လျက် ခံယူစား -၂။ ပါစိတ်၌ မဂ်အပြင်ပုတ်ခတ်ချိပ်ကြောင့်နှစ်သစ် ရေဆေး -၃။ ဝါကျွတ်မလှည့်လည် -၁။ သြဝါဒသံဝါသအလို့ငှါမသွား -၁။ နှစ်နှစ်လိုက်၍ မလုပ်ကျွေး-၁၊ ဘိက္ခုနီ၌-၉။ ပေါင်း-၇၆။

ဤ ၇၆- ခုသောသိက္ခာပုဒ်တို့သည် ကာယစိတ္တ သမုဋ္ဌာန်တစ်ခုကြောင့် ဖြစ်ကုန်၏။ ပဌမပါရာဇိကကဲ့သို့တည်း။

(ပဌမပါရာဇိကသည် သမုဌာနသီသတစ်ခုဖြစ်၏။ ကြွင်းတို့သည် ထိုနှင့်တူကုန်၏။)

၂။ ဒုတိယပါရာဇိကသမုဋ္ဌာန်-၇၁

၂၅၉။ သစိတ္တာသုံး၊ စုရုံး-ဒိန္နာ (၇၁)

အဒိန္နာဒါနလူသတ်ဈာန်, မဂ်, ဖိုလ်-၃။ မာတုဂါမကို ရုန့်ရင်းသောစကားတို့ဖြင့်မေထုန်ကာမ လုပ်ကျွေးအရင်းမရှိစွပ်စွဲတပါးသောအဘို့ရှိသောတည်ရာ-၄။ ဒုတိယ အနိယတ−၁။ နိဿဂ္ဂိ၌ သင်္ကန်းပြန်လုသံဃာသို့ညွတ်ပြီး-၂။ မုသာနှုတ်လှံထိုးဂုံးတိုက်သံဃာဒိသေသ်ကို လူသာမဏေအားပြောမြေတူး-၅။ ဘူတဂါမ်မေးသည်မှတပါးဖြေကဲ့ရဲ့နှင်ထုတ်ပိုးရှိသောရေလောင်း-၅။ အာမိသ ဟူသောအကြောင်းကြောင့်- ၁။ ပဝါရိတ်သင့်သူကို ဝိနည်းကံမပြုသောအစာဖြင့် ဘိတ်သူ-၁။ ငါ့ရှင်လာလော-၁။ ပုဂ္ဂလဓမ္မကိုမရိုသေကြောက်လန့်စေသပိတ် သင်္ကန်းဝှက်-၃။ သတ္တဝါကိုသတ်သူပိုးရှိသောရေသုံးဆောင်ငြိမ်းပြီးကို တဖန် ကံဖြစ်ခြင်းငှါအသက်နှစ်ဆယ်မပြည့်သူကို-၄။ သမ္ဘောဂပြုသူဖျက်ဆီးအပ်သော သာမဏေကိုဖြားယောင်း-၂။ တပါးသောဝိနည်းဓိုရ်ကို မမေးရသေးမီဝိနည်းကိုကဲ့ရဲ့မသိဟန်ဆောင်သံဃာဒိသေသ်ဖြင့်စွပ်စွဲကုက္ကုစ္စ ဖြစ်စေသူဆန္ဒပေး၍နောက်၌ ရှုတ်ချသင်္ကန်းပေး၍ရှုတ်ချပုဂ္ဂိုလ်သို့လာဘ်ညွတ်စေသူ-၈။ ဘိက္ခု၌-၄ဝ။

ဘိန္တေ အယျေ-၁။ အကာလသင်္ကန်းကို ကာလသင်္ကန်းဟု လဲ၍ပြန်လုသူ-၂။ အယူအဆမှားငရဲဖြင့်ကျိန်ဆဲ-၂။ သံဃာ၏ သင်္ကန်းလာဘ်အန္တရာယ်သင်္ကန်းဝေဘန်ခြင်းကိုတားအားနည်းသောသင်္ကန်းရနိုးခြင်းကထိန်နုတ် တား-၄။ မချမ်းသာအောင်ပြုကျောင်းပေး၍နှင်သူ-၂။ ရဟန်းကိုဆဲသူဘိက္ခုနီ သံဃာကိုရေရွတ်သူဝန်တိုသူ-၃။ ဂဗ္ဘိနိဝဂ် ကိုယ်၀န်ဆောင်မှ ဂိဟိဂတ အထိ-၇။ ကုမာရီသုံးခုနှင့် တစ်ဆယ့်နှစ်ဝါနှစ်ခုနှင့်သင်အား ဥပဇ္ဈာယ်အဖြစ် မတော်သေးသောကသွင်းသူစွန့်ပြီးသိုးပြီးသောဆန္ဒပေးနှစ်တိုင်းတစ်နှစ် နှစ်ယောက်-၁၀။ ဘိက္ခုနီ၌-၃၁။ ပေါင်း -၇၁။

ဤ ၇၁-ခုသည် သစိတ္တက သုံးခုကြောင့်ဖြစ်၏။ ဒုတိယပါရာဇိကကဲ့သို့တည်း။

(ပါဠိတော်၌- သိက္ခာပဒါ သတ္တတိမေ၊ သမုဋ္ဌာနာတိ ကာကတာ- ရှိ၏။ ဧကတ္တတိ- ဆိုလိုလျက် ဧက ကျေသည်။)

၃။ သဉ္စရိတ္တသမုဋ္ဌာန်-၅၀

၂၆ဝ။ သဉ္စာ သဗ္ဗ (၅၀)

သဉ္စရိတ္တ အောင်တမန်၊ ကုဋိကိုကြီးစွာသောကျောင်းကို-၃။ သင်္ကန်းဟောင်းဖွပ်ဘိက္ခုနီလက်မှသင်္ကန်းခံအမျိုးမတော်သူထံ သင်္ကန်းတောင်းသင်းပိုင်ကိုယ်ရုံထက်အလွန်သင်္ကန်း အလွန်စီရင်နှစ်ခုနှင့် သုံးကြိမ် ခြောက်ကြိမ်ထက်အလွန်-၇။ ပိုးချည်လဲ-၉။ ငါးဖွဲ့မပြည့်မိုးရေခံသင်္ကန်းရှာကိုယ်တိုင်ချည်တောင်း၍ရက်ကန်းသည်ထံ၌ အလွန်စီရင်-၄။ နှစ်စဉ်သုံးစဉ်မိုးခြင်းထက်-၁။ ဘိက္ခုနီအားသင်္ကန်းပေးသင်္ကန်းချုပ်-၂။ နှစ်သပိတ်သုံးသပိတ်မုန့် -၁။ ဆေးပစ္စည်း-၁။ မီးတောက်အောင် ထည့်လှုံ-၁။ ရတနာကောက်သိမ်းအရိုးအပ်ကျည်ပမာဏလွန်သော ညောင်စောင်းလဲဖွဲ့ယှက်ရာနိသီဒိုင်အမာလွှမ်းမိုးရေခံမြတ်စွာဘုရား သင်္ကန်းပမာဏ-၈၊ ဘိက္ခု၌ -၃၇။

တစ်မျိုးပြင်တောင်းမှ ပေါ့ပါးသောအရုံအထိ-၉။ အမှိုက်စားကြွင်း စွန့်-၂။ ရေသနုပ်သမဏစီဝရပေးခြင်း-၂။ ဘိက္ခုနီ၌-၁၃။ ပေါင်း ၅၀။

ဤ ၅၀-သည် သမုဋ္ဌာန်ခြောက်ခုကြောင့်ဖြစ်၏။ သဉ္စရိတ္တကဲ့သို့တည်း။

၄။ သမနုဘာသနသမုဋ္ဌာန်-၃၇

၂၆၁။ သမနု-ဆာ(၃၇)

သံဃာသင်းခွဲအတုလိုက်ဒုဗ္ဗစကုလဒူသန-၄။ ဒုဋ္ဌလ္လအာပတ်ဖုံးသူယုတ်မာသောအယူမစွန့် -၂။ ဆန္ဒ မပေးဘဲ ထသွားသူ-၁။ ပြင်းစွာရယ်နှစ်ခုအသံကျယ်နှစ်ခုနှင့် ဆွမ်းလုတ်နှင့်စကားဆိုမြေ၌နေ၍နိမ့်သောနေရာ၌ရပ်လျက်နောက်မှသွား၍လမ်းဘေးက သွား၍−၁၀။ ဘိက္ခု၌ -၁၇။

ပါရာဇိကဖုံးသူနှင်ထားသူသို့အတုလိုက်ဝတ္ထုရှစ်ပါးပြည့်စေ-၃။ နှင်ထားသောဘိက္ခုနီတို့ ပြန်သွင်းသူအမျက်ထွက်သောဘိက္ခုနီ “ပစ္စာသိက္ခာမိ” ဟု ဆိုခြင်းအဓိကရုဏ်း၌ရှုံး၍ရောနှောသောဘိက္ခုနီတို့ရောနှောကြဟုတိုက်တွန်းသူ-၅။ ထု၍ငိုသူ-၁။ ချုပ်ရိုးဖြေ၍–၁။ နာဖျားသောတပည့်မကိုရောနှောလျက် နေသူ-၂။ အဓိကရုဏ်းမငြိမ်းစေ-၁။ ရဟန်းရှိသောအာရာမ်ဥဘတောသံဃာ၌ သုံးဌာနဖြင့်ဥပုသ်မမေး သြဝါဒ မတောင်း-၃။ နှစ်နှစ်မချီးမြှောက်ခေါ်မသွား -၂။ သင်္ကန်းပေးလျှင်နှစ်နှစ်လုပ်ကျွေးလျှင်-၂။ ဘိက္ခုနီ၌ -၂၀။ ပေါင်း -၃၇။

ဤ ၃၇-သည် ကာယဝါစာစိတ္တသမုဋ္ဌာန်တစ်ခုကြောင့်ဖြစ်၏။ သမနုဘာသန ကဲ့သို့တည်း။

၅။ ကထိနသမုဋ္ဌာန်-၂၉

၂၆၂။ ထိနာ-တ, ဆ (၂၉)

နိဿဂ္ဂအစ ဥဗ္ဘတကထိန-၁။ ပိုလွန်သောသပိတ်ထောပတ်စသောဆေးအစ္စေကသင်္ကန်းရွာတွင်းသင်္ကန်း ခြောက်ညဥ့်-၄။ လွင်တီးခေါင်၌ခင်း၍ဖဲသွားသံဃိကကျောင်း၌ခင်း၍ဖဲသွား-၂။ ဘိက္ခုနီကျောင်းသို့ချဉ်းကပ်-၁။ ပရမ္ပရဘောဇဉ်အတိရိတ်ဝိနည်းကံမပြု-၂။ ပင့်ဘိတ်အပ်သောဆွမ်းရှိလျက်-၁။ အဝတ်သင်္ကန်းပိကပ္ပနာပြု၍-၁။ မင်း၏ နန်းတော်တွင်းနေလွဲရွာဝင်-၂။ အကျွမ်းဝင်ရာ၌စီမံသော ဘိက္ခုနီတောကျောင်း ဆောင်ပို့သော ဘောဇဉ်-၂။ ဘိက္ခု၌-၁၈။

မာန, ဒေါသစွမ်းဖြင့် တရားစွဲ-၁။ သပိတ်သိုမှီး-၁။ ပုရေဘတ္တပစ္ဆာဘတ္တဝိကာလ-၃။ ငါးရက် သင်္ကန်းငါးထည်ပြန်ပေးအပ်သောသင်္ကန်း-၂။ ဥတုနှီးသင်္ကန်းကျောင်းကိုမစွန့် မအပ်နှံဘဲ-၂။ ခက်မ၌-၁။ ရဟန်း၏ရှေ့၌ ထိုင်- ၁။ ဘိက္ခုနီ၌ -၁၁။ ပေါင်း ၂၉။

ဤ ၂၉-သည် ကာယဝါစာ၊ ကာယဝါစာစိတ္တ သမုဋ္ဌာန်နှစ်ခုကြောင့်ဖြစ်၏။ ကထိနကဲ့သို့တည်း။

၆။ ဧဠက လောမသမုဋ္ဌာန်-၄၄

၂၆၃။ ပ, စ ဧဠံ (၄၄)

သိုးမွေးတို့ကို သုံးယူဇနာ-၁။ သဟသေယျ -၁။ ဟင်းလင်းကုဋိ၌ အပေါင်၌အခြေတပ်-၁။ ဇရပ်၌တည်ထားသော ဆွမ်းဂဏဘောဇဉ်နေလွဲဘောဇဉ်သိုမှီးသောသန္နိဓိအကပ်မခံ−၅။ အဝတ် မဝတ်သော အစေလကအားတိုင်းပြည်မှထွက်သောစစ်သည်စစ်သည်ဆောင်၌တက်၍တက်၍-၄။ သုရာမေရယလခွဲအတွင်းရေချိုးကပ္ပဗိန္ဓုမထိုး-၃။ ရွာတွင်း ဘိက္ခုနီ၏လက်မှသေက္ခသမ္မုတိ-၂။ ဘိက္ခု၌ -၁၈။

လသုဏကြက်သွန်သောက်ရေယပ်လေကခြင်း-၃။ အချည်းနှီး ရေချိုး-၁။ တစ်ညောင်စောင်းတည်းအခင်းအရုံတစ်ခုတည်းတိုင်းနိုင်ငံတွင်းတစ်ပါးသောတိုင်းနိုင်ငံငါတွင်းလှည့်လည်-၅။ ပန်းချီဆေးရေးဇရပ်ပမာဏ လွန်သောညောင်စောင်း, ပလ္လင်ချည်ကိုဝင့်လူတို့၏အမှုကြီးငယ်လူ, ပရိဗိုဇ် တို့အား မိမိလက်ဖြင့်-၅။ ရဟန်းမရှိသောကျောင်း၌-၁။ ထီး, ဘိနပ်ယာဉ်ဖြင့်ခါးတန်ဆာမိန်းတို့ဆင်သောအနံ့အဆင်းရည်အနံ့ထုံပွတ်သပ်ခိုင်းလေးခုနှင့်ရင်လွှမ်းတဘက်မပါဘဲ-၁၁။ ဘိက္ခုနီ၌-၂၆။ ပေါင်း ၄၄။

ဤ ၄၄-သည် ကာယ၊ ကာယစိတ္တသမုဋ္ဌာန် နှစ်ခုကြောင့်ဖြစ်၏။ ဧဠကလောမ ကဲ့သို့တည်း။

၇။ ပဒသောဓမ္မသမုဋ္ဌာန်-၇

၂၆၄။ ဒု မ ပဒ (၇)

ပုဒ်ပြိုင်ပို့ချငါးခွန်းခြောက်ခွန်းထက် အလွန်-၂။ သမ္မုတိမရဘဲ ဘိက္ခုနီတို့ကိုနေဝင်သောအခါ ဘိက္ခုနီတို့ကို-၂။ ဘိက္ခု၌-၄။

တိရစ္ဆာနဝိဇ္ဇာသင်ယူပို့ချ-၂။ ခွင့်မပန်ဘဲ ပုစ္ဆာမေး-၁။ ဘိက္ခုနီ၌ ၃။ ပေါင်း-၇။

ဤ ၇-ခုသည် ဝါစာ၊ ဝါစာစိတ္တသမုဋ္ဌာန်နှစ်ခုကြောင့် ဖြစ်သော ပဒသောဓမ္မကဲ့သို့တည်း။

၈။ အဒ္ဓါနသမုဋ္ဌာန်-၁၅

၂၆၅။ ပ, တ, စ, ဆာ၊ ယူပါအဒ္ဓ (၁၅)

ဘိက္ခုနီနှင့် တိုင်ပင်၍ ခရီးရှည်လှေတစ်စင်တည်း--၂။ ပဏီတနှင့်ရောသော ဘောဇဉ်-၁။ မာတုဂါမနှင့်တိုင်ပင်၍--၁။ ဘိက္ခု၌-၄။

အမွေးပယ်စေသူစပါးစိမ်း-၂။ ဖိတ်အပ်လျက် ပဝါရိတ်သင့်လျက်-၁။ ပါဋိဒေသနီ-၈။ ဘိက္ခုနီ၌-၁၁။ ပေါင်း ၁၅။

ဤ ၁၅-သည် ကာယ၊ ကာယဝါစာ၊ ကာယစိတ္တ၊ ကာယဝါစာစိတ္တသမုဋ္ဌာန် လေးခုကြောင့်ဖြစ်၏။ အဒ္ဓါန ကဲ့သို့တည်း။

၉။ ထေယျသတ္ထသမုဋ္ဌာန်-၇

၂၆၆။ စ, ဆ ထေယျာ (၇)

ခိုးသူကုန်သည်နှင့်−၁။ ကြားလောက်ရာသို့ ကပ်၍-၁။ ဟင်းထမင်း မနာဘဲ တောင်း၍-၁။ ဘိက္ခု၌-၃။

ညဥ့်မှောင်မိုက်ဖုံးကွယ်သောအရပ်လွင်တီးခေါင်ခရီးရှည် ခရီးတို−၄။ ဘိက္ခုနီ၌ -၄။ ပေါင်း-၇။

ဤ ၇-ခုသည် ကာယစိတ္တ၊ ကာယဝါစာစိတ္တ သမုဋ္ဌာန်နှစ်ခုကြောင့်ဖြစ်၏။ ထေယျသတ္ထကဲ့သို့တည်း။

၁၀။ ဓမ္မဒေသနာသမုဋ္ဌာန်-၁၁

၂၆၇။ ဓမ္မာ ပဉ္စမ (၁၁)

ထီးလက်၌ရှိသူတုတ်, တောင်ဝှေး, လက်နက်, လေးရှိသူ-၄။ ခြေနင်းစီးသူကိုစ၍ ခြုံသောဦးခေါင်းရှိသူအထိ-၇။ ဘိက္ခု၌ ဝါ-သေခိယ၌-၁၁။ ဘိက္ခုနီ၌မရှိ။

ဤ ၁၁-ခုသည် ဝါစာစိတ္တ သမုဋ္ဌာန်တစ်ခုကြောင့်ဖြစ်၏။ ဓမ္မဒေသနာကဲ့သို့တည်း။

(ဘုရားရှင်တို့သည် ဤသူတို့အား သူတော်ကောင်းတရားဟောခြင်းကို မဟောလိုကြကုန်။)

၁၁။ ဘူတာရောစနသမုဋ္ဌာန်-၁

၂၆၈။ ရှေ့ကတယော၊ ဘူတာရောမှီ(၁)

ဈာန်မဂ်ဖိုလ်ကို ဟုတ်တိုင်းမှန်စွာ-၁။

ဤ တစ်ခုသည် ကာယ၊ ဝါစာ၊ ကာယဝါစာ သမုဋ္ဌာန် သုံးခုကြောင့် ဖြစ်၏။ ဘူတာရောစနမည်၏။

၁၂။ စောရီဝုဋ္ဌာပနသမုဋ္ဌာန်-၁

၂၆၉။ စောရီ မ, ဆာ (၁)

ခိုးသူမကို-၁။

ဘိက္ခုနီ၌ ဤ တစ်ခုသည် ဝါစာစိတ္တ၊ ကာယဝါစာစိတ္တသမုဋ္ဌာန်နှစ်ခုကြောင့်ဖြစ်၏။ စောရီဝုဋ္ဌာပနမည်၏။

၁၃။ အနုနုညာတသမုဋ္ဌာန်-၁

၂၇ဝ။ နာနုညာတ ဒု, တ, မ, ဆံ(၁)

မိဘ, လင် ခွင့်မပြုသော သိက္ခမာန်-၁။

ဘိက္ခုနီ၌ ဤတစ်ခုသည် ဝါစာ၊ ကာယဝါစာ၊ ဝါစာစိတ္တ၊ ကာယဝါစာစိတ္တသမုဋ္ဌာန်လေးခုကြောင့်ဖြစ်၏။ အနုနုညာတ မည်၏။

ဤ တစ်ဆယ့်သုံးခုသည် ဝိနယပါဠိအားလျော်၏။ ဆောင်နိုင်သူသည် သမုဋ္ဌာန်၌ မတွေဝေနိုင်။

သမုဋ္ဌာနသီသသင်္ေပ ပြီး၏၊

(၄) ကတိပုစ္ဆာဝါရ

၂၇၁။ မာတိကာ

၁။ အာပတ် အဘယ်မျှ
၂။ အာပတ္တိက္ခန္ဓ အဘယ်မျှ၊
၃။ ဝိနီတဝတ္ထု အဘယ်မျှ၊
၄။ အဝါရဝ အဘယ်မျှ၊
၅။ ဂါရဝ အဘယ်မျှ၊
၆။ ဝိနီတဝတ္ထု အဘယ်မျှ၊
၇။ ဝိပတ္တိ အဘယ်မျှ၊
၈။ အာပတ္တိသမုဋ္ဌာန အဘယ်မျှ၊
၉။ ဝိဝါဒမူလ အဘယ်မျှ၊
၁၀။ အနုဝါဒမူလ အဘယ်မျှ၊
၁၁။ သာရဏီယဓမ္မ အဘယ်မျှ၊
၁၂။ ဘေဒကရဝတ္ထု အဘယ်မျှ၊
၁၃။ အဓိကရဏ အဘယ်မျှ၊
၁၄။ သမထ အဘယ်မျှ။ (ပုစ္ဆာ-၁၄-)

အာပတ်စသော အဖို့အစုတို့၌ လိမ္မာခြင်းအကျိုးငှါ မာတိကာ ပုစ္ဆာ (၁၄-ခု) ထား၍ နိဒ္ဒေသ ပဋိနိဒ္ဒေသဖြင့် ဝိဘင်္ဂကိုဟောသည်။

အာပတ်အဘယ်မျှ ဟူသည် မာတိကာ၌လည်းကောင်း ဝိဘင်း၌ လည်းကောင်း လာသောအာပတ်ကို မေးသော ပုစ္ဆာဖြစ်၏။

ဒုတိယပုဒ်လည်း ဤနည်းသာတည်း။ အထူးကား အာပတ်တို့သည် သာလျှင် ရာသိ-အပေါင်းအစုအစွမ်းဖြင့် ခန္ဓာတို့မည်ကုန်၏။

ဝိနီတဝတ္ထုသည် ထိုအာပတ်တို့၏ ဝိနယဖြစ်၏။ ဝိနီတ၊ ဝိနယ၊ ဝူပသမ ဤသုံးခု အနက်တူ၏။ ဝိနီတသည်ပင် ဝိနီတဝတ္ထုမည်၏။ (အာပတ်တို့၏ ငြိမ်းခြင်း ပီတိပါမောဇ္ဇဖြစ်ကြောင်းဟူလို။)

အာပတ်သင့်ကြောင်းကိုပြခြင်းငှါ အဝါရဝအဘယ်မျှ ဟု ပုစ္ဆာထုတ်သည်။ အဝါရဝရှိလျှင် အာပတ်သင့်၏။ မရှိလျှင် မသင့်။

ဤ၌ ဝိနီတဝတ္ထုသည် အဝါရ၀တို့၏ ငြိမ်းခြင်းဝိနယ ဖြစ်၏။

ဝိပတ္တိသို့ မရောက်သော အာပတ်မည်သည်မရှိ။

ထို့ကြောင့် ဝိပတ္တိအဘယ်မျှဟု အာပတ်တို့၏ဝိပတ္တိ အဖြစ်ကို မေးသည်။ ထို အာပတ်တို့၏သာလျှင် သမုဋ္ဌာန်ကို နောက်ပုဒ်ဖြင့် မေးသည်။

ဝိဝါဒမူလအဘယ်မျှ စသည်ဖြင့် အဓိကရုဏ်း ဖြစ်သော ဝိဝါဒ အနုဝါဒတို့၏ မူလကိုမေးသည်။

သာရဏီယ ဓမ္မဖြင့် ထိုဝါဒ အနုဝါဒတို့၏ မူလမရှိခြင်းကို ပြုနိုင်သော ဓမ္မတို့ကို မေးသည်။

ဘေဒကရဖြင့် ကွဲပြားခြင်းကိုဖြစ်စေတတ်သော အကြောင်းကိုမေးသည်။

အဓိကရဏဖြင့် ကွဲပြားကြောင်း ဓမ္မတို့ကြောင့် ဖြစ်စကောင်းသော ဓမ္မတို့ကို မေးသည်။

သမထဖြင့် ထိုအဓိကရုဏ်း ဘို့၏ ငြိမ်းအေးကြောင်းဓမ္မတို့ကို မေးသည်။

(ဝိဋီ။ ။ အာပတ်အဘယ်မျှ ဟူသောစကားဖြင့် ငါးပါးသော အာပတ်တို့၌ မေထုန အဒိန္နာဒါနတို့ကို အန္တောဂဓဘေဒကို မငဲ့ဘဲ ဇာတိစွမ်းဖြင့် တူသည်အဖြစ်သို့ တင်၍မေးသည်။ အာပတ္တိက္ခန္ဓ အန္တောဂဓဘေဒကို မငဲ့ဘဲ အသီးသီး ပေါင်းစုခြင်း အနက်ဖြင့်မေးသည်။ အာပတ်မှကြဉ်ခြင်းသည်ပင် ဝမ်းမြောက်ကြောင်း ဝတ္ထုဖြစ်သောကြောင့် ဝိနီတသည်ပင် ဝိနီတဝတ္ထု မည်၏။)

အကျဉ်းအဖြေ

အာပတ်ငါးပါး၊ အာပတ္တိက္ခန္ဓငါးပါး၊ ဝိနီတ ဝတ္ထု ငါးပါး၊ အာပတ်ခုနှစ်ပါး၊ အာပတ္တိက္ခန္ဓ ခုနစ်ပါး၊ ဝိနီတဝတ္ထု ခုနစ်ပါး၊ အဝါရဝ ခြောက်ပါး၊ ဝါရဝခြောက်ပါး၊ ဝိနီတဝတ္ထု ခြောက်ပါး၊ ဝိပတ္တိ လေးပါး၊ အာပတ္တိ သမုဋ္ဌာန် ခြောက်ပါး၊ ဝိဝါဒမူလခြောက်ပါး၊ အနုဝါဒမူလ ခြောက်ပါး၊ သာရဏီယဓမ္မ ခြောက်ပါး၊ ဘေဒကရဝတ္ထု၊ တစ်ဆယ့်ရှစ်ပါး၊ အဓိကရဏ လေးပါး၊ သမထ ခုနစ်ပါး။ (ဝိဿဇ္ဇနာ-၁၇။)

[အာပတ်ငါးပါးကို မာတိကာ၌လာသည် အစွမ်းဖြင့်ဆိုသည်။
အာပတ် ခုနစ်ပါးကို ဝိဘင်း၌လာသည် အစွမ်းဖြင့်ဆိုသည်။]

(ထို့ကြောင့် ပုစ္ဆာ-၁၄-ခု၌ ဝိဿဇ္ဇနာ-၁၇-ခုဖြစ်သည်။)

အာပတ်စသည်အကျယ်

ထိုတွင် အာပတ်ငါးပါးသည် အဘယ်နည်း။ ပါရာဇိကအာပတ်၊ သံဃာဒိသေသ်အာပတ်၊ ပါစိတ်အာပတ်၊ ပါဋိဒေသနီအာပတ်၊ ဒုက္ကဋ်အာပတ်တည်း။

အာပတ္တိက္ခန္ဓ ငါးပါးသည် အဘယ်နည်း။ ပါရာဇိကအာပတ်အစု (ပ) ဒုက္ကဋ်အာပတ်အစု တည်း။

ဝိနီတဝတ္ထုငါးပါးသည် အဘယ်နည်း။ ငါးပါးသော အာပတ်အစုတို့မှ အာရတိ- အဝေးမှကြဉ်ခြင်း၊ ဝိရတိ- ကင်းအောင်ကြဉ်ခြင်း၊ ပဋိဝိရတိ- တစ်ခုစီကြဉ်ခြင်း၊ ဝေရမဏိ- ရန်သူကိုဖျက်ဆီးခြင်း၊ အကိရိယာ, အကရဏံ- မပြုကျင့်ခြင်း, အနဇ္ဈာပတ္တိ- မရောက်ခြင်း, ဝေလာအနတိက္ကမော- ကမ်းကို မလွန်ခြင်း, သေတု ဃာတော- အကြောင်းကိုဖျက်ခြင်း ဤ အာပတ်ငါးပါး အစုမှ ကြဉ်ခြင်းသည် ဝိနီတဝတ္ထုငါးပါးတည်း။

အာပတ်ခုနစ်ပါးသည် အဘယ်နည်း။ ပါရာဇိက အာပတ်။ သံဃာဒိသေသ်။ ထုလ္လစ္စည်း။ ပါစိတ်။ ပါဋိဒေသနီ။ ဒုက္ကဋ်။ ဒုဗ္ဘာသီ အာပတ်တည်း။

အာပတ္တိက္ခန္ဓခုနစ်ပါးသည် အဘယ်နည်း။ ပါရာဇိကအာပတ် အစု။ (ပ) ဒုဗ္ဘာသိ အာပတ်အစုတည်း။

ဝိနီတဝတ္ထုခုနစ်ပါးသည် အဘယ်နည်း။ ခုနစ်ပါးသော အာပတ်အစုမှ ကြဉ်ခြင်း။ (ပ) အကြောင်းကိုဖျက်ခြင်း။

အာ သည် အာရကာ, အာ ဘူသောဝ နှစ်နက်ဟော၏၊ ဝေးစွာ ကြဉ်ခြင်း။ ဝါ- လွန်စွာကြဉ်ခြင်းသည် အာရတိမည်၏။

ဝိ သည် ဝိနာအနက်၊ ကင်းအောင်ကြဉ်ခြင်းသည် ဝိရတိမည်၏။

ပဋိ သည် ပစ္စေကအနက်၊ အသီးသီး ကင်းအောင်ကြဉ်ခြင်းသည် ပဋိဝိရတိမည် ၏။

ဝေရံ မဏတိ ဝိနာသေတီတိ ဝေရမဏိ၊ ရန်သူကိုဖျက်ဆီးခြင်းသည် ဝေရမဏိမည်၏။

အာပတ်ကိုမပြုကြောင်း ဝိရတိအကျင့်သည် အကြိယာ

အာပတ်သင့်ကြောင်းကို မရှိအောင် ဆန့်ကျင်ခြင်းသည် အကရဏ

အာပတ်သို့ရောက်ခြင်း၏ ဆန့်ကျင်ဘက်သည် အနဇ္ဈာပတ္တိ

ဝေလာနတော ဝေလာ ဝိနာသနတော အနက်။

သိနောတီတိ သေတု- ထွက်မြောက်ကြောင်း, နိယျာနကို တားတတ်သောအာပတ်သည် သေတု မည်၏။

သေတုကိုဖျက်ဆီးကြောင်းပညတ်တော်သည် သေတုဃာတ မည်၏။

ကြွင်းသော ဝိနီတဝတ္ထုနိဒ္ဒေသ၌လည်း ဤနည်းသာတည်း။

(ဝိဋီ။ ။ အာရကာကို “နိဝတ္တိ” အနက်ဖြင့်ဆိုခဲ့သောကြောင့် တဖန်သရုပ်ဖြင့်ဆိုလို၍ “ဘုသော” ဟုဆိုသည်။ ဓူမေန ပုဏ္ဏံ ဂေဟံ - မီးခိုးဖြင့်ပြည့်သောအိမ်ကို အာဓုမိတ ဟု ဆိုသကဲ့သို့တည်း။)

(ရှောင်ကြည်ခြင်းဖြင့် ပြည့်သော လွန်ကဲခြင်းကိုလည်း အာရတိ ဟုဆိုသည်။)

ဝေရသည် ရာဂစသောရန်သူတည်း။

ဝေလဓာတ်သည် စလနေ တုန်လှုပ်ခြင်း၌ ဖြစ်၏။

နိယျာနသည် မဂ္ဂဖြစ်၏။

လွန်ကျူးခြင်း၏ ဆန့်ကျင်ဘက် ဝိရတိသည် သေတုဃာတ မည်၏။ ထိုအကျိုးဖြစ်အောင်ပြုသော စိတ္တုပ္ပါဒ်သာ တည်း။

သာဋီ … ဝေရံမဏတိသည် ရာဂစသော ရန်သူကို ဖျက်ဆီး၏။

နိယျာနသည် မဂ်။

ဝိဋီ … အာပတ်မှရှောင်ကြဉ်သော ဝိရမဏတို့သည်သာလျှင် ဝမ်းမြောက်ခြင်း စသည်တို့၏အကြောင်းဖြစ်သော ကြောင့် ဝတ္ထုမည်၏။ ထို့ကြောင့် ဝိနီတဝတ္ထုမည်၏။ ဝိရတိ စသော အနဝဇ္ဇဓမ္မတို့သာတည်း။

ဝေရမဏိသည် ဝေရ၏ အကြောင်းဖြစ်သောကြောင့် ဝေရမည်သော ရာဂစသော အကုသိုလ်ကို ဖျက်ဆီး၏။)

အဝါရဝ စသည်အကျယ်

ထိုတွင် အဂါရဝခြောက်ပါးသည် အဘယ်နည်း။

၁။ ဗုဒ္ဓအဂါရဝ- ဘုရား၌မရိုသေခြင်း။
၂။ ဓမ္မအဂါရဝ- တရား၌မရိုသေခြင်း။
၃။ သံဃအဂါရဝ- သံဃာ၌မရိုသေခြင်း။
၄။ သိက္ခာအဂါရဝ- သိက္ခာ၌မရိုသေခြင်း။
၅။ အပ္ပမာဒအဂါရဝ- မမေ့မလျော့၌ မရိုသေခြင်း။
၆။ ပဋိသန္ဓာရအဂါရဝ- အစေ့အစပ်ပြုခြင်း၌ မရိုသေခြင်းတည်း။

ဂါရဝခြောက်ပါးသည် အဘယ်နည်း၊

ဗုဒ္ဓဂါရဝ၊ ဓမ္မဂါရဝ၊ သံဃဂါရ၀၊ သိက္ခာဂါရဝ၊ အပ္ပမာဒဂါရဝ၊ ပဋိသန္ဓာရဂါရဝတည်း။

ဝိနီတဝတ္ထု ခြောက်ပါးသည်အဘယ်နည်း။

အဂါရ၀ ခြောက်ပါးတို့မှ ဝေးစွာကြဉ်ခြင်း၊ (ပ) အကြောင်းကိုဖျက်ခြင်းတည်း။

မြတ်စွာဘုရား ထင်ရှားရှိလျက် အခစားမသွားသူ၊ ပရိနိဗ္ဗာန် စံပြီးနောက် စေတီနေရာ၊ ဗောဓိပင်နေရာသို့ မသွားသူ၊ ရှိမခိုးသူ၊ စေတီရင်ပြင်၌ ထီးဆောင်းသူ၊ ဘိနပ်စီးသူ ဤသို့သောသူအား ဘုရား၌ ရိုသေခြင်းမရှိဟု သိအပ်၏။

စွမ်းနိုင်လျက် တရားနာရာသို့ မသွားသူ၊ သရဘည- ပါဠိရွတ်ဆိုခြင်း မပြုသူ၊ တရားစကား မဟောကြားသူ၊ တရားနာရာကို ဖျက်၍ ထသွားသူ၊ ပျံ့လွင့်သောစိတ်ဖြင့် ထိုင်သူ၊ မရိုမသေထိုင်သူ ဤသို့သော သူအား တရား၌ ရိုသေခြင်းမရှိ။

ထေရ နဝ မဇ္ဈိမတို့၌ အလေးပြုခြင်းဖြင့် ခရီးဦးမကြိုဆိုသူ၊ ဥပုသ်အိမ်၊ ကြံစည်ရာတန်ဆောင်း စသည်တို့၌ ကိုယ်အမူအရာ ခက်ထန်ကြမ်းကြုတ်ခြင်း ပြုသူ၊ သီဟင်းကြီးစဉ် ရှိမခိုးသူ ဤသို့သောသူအား သံဃာ၌ ရိုသေခြင်းမရှိ။

သုံးပါးသောသိက္ခာတို့ကို ကောင်းစွာဆောက်တည်၍ မကျင့်သူကိုသာလျှင် သိက္ခာ၌ မရိုသေသူဟု သိအပ်၏။

ပမာဒဟူသော သတိလွတ်ကင်းခြင်း၌ တည်သူကိုသာ အပ္ပမာဒ လက္ခဏာကို မပွားသူ ဖြစ်ခြင်းကြောင့် အပ္ပမာဒ၌ မရိုသေသူဟု သိအပ်၏။

အာမိသပဋိသန္ဓာရ၊ ဓမ္မပဋိသန္ဓာရ နှစ်ပါးကို မပြုသူကိုသာလျှင် ပဋိသန္ဓာရ၌ မရိုသေသူဟု သိအပ်၏။

ဂါရဝခြောက်ပါးကို ထိုမှပြန်၍ သိအပ်၏။

(ဇီဋီ။ ။ တရားနာရာ- ဓမ္မဿဝနဂ္ဂသည် တရားနာသူတို့၏ အပေါင်းဖြစ်၏။
ကိုယ်အမူအရာ ခက်ထန်ကြမ်းကြုတ်ခြင်း- ကာယပ္ပါဂဗ္ဘိယသည် ကာယဒုစ္စရိတဖြစ်၏။
ပမာဒသည် သတိဝိပ္ပဝါသပင်တည်း။)

သာဋီ။ ။ ကာယပ္ပါဂဗ္ဘိယသည် ကာယပ္ပါဂဗ္ဘိယစွမ်းဖြင့်ဖြစ်သော ကာယဒုစ္စရိတတည်း။

ဝိဋီ။ ။ တရားနာရာကိုဖျက်၍ ထသွားသူ ဟူသည် အများ တပေါင်းတည်းထိုင်၍ တရးနာစဉ် ထိုတရားနာ အစည်းအဝေးကိုဖျက်၍ ထသွား၏။

မရိုမသေထိုင်သူ ဟူသည် နှစ်သက်အပ်သောအရာ၌ နှစ်သက်ခြင်းကို လည်းကောင်း၊ ထိတ်လန့်အပ်သော အရာ၌ ထိတ်လန့်ခြင်း သံဝေဂကို လည်းကောင်း သိသာအောင် မပြုသူသာဖြစ်၏။

ကာယပ္ပါဂဗ္ဘိယသည် ထောင်လွှားခြင်း အစွမ်းဖြင့်ဖြစ်သော ကိုယ်အကျင့်တည်း။

ဝိပတ္တိသမုဋ္ဌာန်အကျယ်

ထိုတွင် ဝိပတ္တိလေးပါးသည် အဘယ်နည်း။

သီလဝိပတ္တိ၊ အာစာရဝိပတ္တိ၊ ဒိဋ္ဌိဝိပတ္တိ၊ အာဇီဝဝိပတ္တိ ဖြစ်၏။

အာပတ္တိသမုဋ္ဌာန်ခြောက်ပါးသည် အဘယ်နည်း။

၁။ ဝါစာစိတ္တ ကင်းလျက် ကာယကြောင့်ဖြစ်သော အာပတ်ရှိ၏။
၂။ ကာယစိတ္တကင်းလျက် ဝါစာကြောင့်ဖြစ်သော အာပတ်ရှိ၏။
၃။ စိတ္တကင်းလျက် ကာယဝါစာကြောင့်ဖြစ်သော အာပတ်ရှိ၏။
၄။ ဝါစာကင်းလျက် ကာယစိတ္တကြောင့်ဖြစ်သော အာပတ်ရှိ၏။
၅။ ကာယကင်းလျက် ဝါစာစိတ္တကြောင့်ဖြစ်သော အာပတ်ရှိ၏။
၆။ ကာယဝါစာစိတ္တ သုံးပါးလုံးကြောင့်ဖြစ်သော အာပတ်ရှိ၏။

၂၇၂။ ဝိဝါဒါဒိမူလအကျယ်

ထိုတွင် ဝိဝါဒမူလခြောက်ပါးသည် အဘယ်နည်း။ ဤသာသနာ၌ ရဟန်းသည် ကောဓနော- အမျက်ကြီး၏။ ဥပနာဟိ- ရန်ငြိုးဖွဲ့၏။ ဤတရား နှစ်ပါး (တစ်စုံ) ရှိသူသည် ဘုရား၌ ရိုသေတုပ်ဝပ်ခြင်းမရှိ၊ တရား၌ ရိုသေ တုပ်ဝပ်ခြင်းမရှိ။ သံဃာ၌ ရိုသေတုပ်ဝပ်ခြင်းမရှိ။ သိက္ခာ၌ ဖြည့်ကျင့်ခြင်း မရှိ။ ဤတရားလေးပါး ရှိသူသည် သံဃာ၌ ဝိဝါဒငြင်းခုံခြင်းကို ဖြစ်စေ၏။

ထိုငြင်းခုံခြင်းသည် များစွာသော လူ, နတ်တို့၏ အကျိုးမဲ့ ဆင်းရဲခြင်းငှါ ဖြစ်၏။ “ဤသို့သော ငြင်းခုံကြောင်း ကောဓ၊ ဥပနာဟ ဟူသော ဝိဝါဒမူလကို အဇ္ဈတ္တ၌ ဗဟိဒ္ဓ၌ မြင်လျှင် ပယ်ခြင်းငှါ အားထုတ်ရာ၏။ မမြင်လျှင် နောင် မဖြစ်စိမ့်သောငှါ အားထုတ်ရာ၏။” ဤသို့လျှင် ဝိဝါဒမူလကိုပယ်ခြင်းသည် ဖြစ်၏။ နောင်မဖြစ်ခြင်းသည် ဖြစ်၏။

ထိုမှတပါး ရဟန်းသည် --
မက္ခီ - သူ့ကျေးဇူးကို ချေဖျက်၏။ ပလာသီ- အင်တူပြု၏။ (နှစ်-စုံ)။
ဣဿုကီ- ငြူစူ၏။ မစ္ဆရီ- ဝန်တို၏။ (သုံး-စုံ)။
သဋ္ဌော- စဉ်းလဲ၏။ မာယာဝီ- လှည့်စား၏။ (လေး-စုံ)။
ပါပိစ္ဆော- ယုတ်မာသောအလိုရှိ၏။ မိစ္ဆာဒိဋ္ဌိ- မှားသောအယူ ရှိ၏။ (ငါး-စုံ)။
သညိဋ္ဌိပရာမာသီ- မိမိအယူကို မှားသောအားဖြင့်သုံးသပ်၏။ အာဓာနဂ္ဂါဟီ ဒုပ္ပဋိနိဿဂ္ဂီ- မြဲစွာယူ၍ စွန့်နိုင်ခဲ၏။ (ခြောက်-စုံ)။

ဤတရားနှစ်ပါး (တစ်စုံ) ရှိသူသည် ဘုရား၌ရိုသေတုပ်ဝပ်ခြင်းမရှိ။ (ပ)။ နောင်မဖြစ်ခြင်းသည်ဖြစ်၏။

၂၇၃။ အနုဝါဒမူလခြောက်ပါးသည် အဘယ်နည်း။ ဤသာသနာ၌ ရဟန်းသည် ကောဓနော (ပ)။ ဤ တရားနှစ်ပါး (တစ်စုံ) ရှိသူသည် ဘုရား၌၊ တရား၌၊ သံဃာ၌၊ သိက္ခာ၌ ရိုသေတုပ်ဝပ်ခြင်း မရှိ။ ဤ လေးပါးရှိသူသည် သံဃာ၌ အနုဝါဒ- စွပ်စွဲခြင်းကိုဖြစ်စေ၏။

ထိုစွပ်စွဲခြင်းသည် များစွာသော လူ, နတ်တို့၏ အကျိုးမဲ့ ဆင်းရဲခြင်းငှါ ဖြစ်၏။ ဤသို့သော စွပ်စွဲကြောင်း ကောဓ၊ (ပ) အားထုတ်ရာ၏။ ပယ်ခြင်းသည် ဖြစ်၏၊ နောင်မဖြစ်ခြင်းသည်ဖြစ်၏။ ထိုမှတပါး ရဟန်းသည် မက္ခီ၊ ပလာသီ-၂။ ဣဿုကီ၊ မစ္ဆရီ-၃။ သဌော၊ မာယာဝီ-၄။ ပါပိစ္ဆော- မိစ္ဆာဒိဋ္ဌိ-၅။ သန္ဒိဋ္ဌိပရာမာသီ၊ အာဓာနဂ္ဂါဟီဒုပ္ပဋိနိဿဂ္ဂီ-၇။ (ပ) နောင်မဖြစ်ခြင်းသည်ဖြစ်၏။

(ပါပိစ္ဆော၊ မိစ္ဆာဒိဋ္ဌိပါပိစ္ဆော, မဟိစ္ဆော ဟုတွဲမိတတ်သည် သတိပြု။)

[ဘုရား၌ ရိုသေတုပ်ဝပ်ခြင်းမရှိ ဟူသည်ကို ဆိုပြီးသောနည်းဖြင့် သိအပ်၏။

တုပ်ဝပ်ခြင်းမရှိ - အပ္ပတိဿ ဟူသည် အနီဝဝုတ္တိ- နှိမ့်ချသောဖြစ်ခြင်း မရှိ။ ဘုရားကို အကြီးအကဲပြု၍ မနေ။ အဇ္ဈတ္တံဝါတိ အတ္တနောသန္တာနေ ဝါ အတ္တနောပက္ခေ ဝါ။ မိမိသန္တာန်၊ မိမိပရိသတ်၌ ဟူလို။

ဗဟိဒ္ဓါ ဝါတိ ပရ သန္တာနေ ဝါ ပရပက္ခေ ဝါ။ သူတပါးသန္တာန် ပရိသတ်၌ပယ်ခြင်းငှါ ဟူသည် မိမိပရိသတ်၊ သူတပါးပရိသတ်၌ မြင်လျှင် မေတ္တာဘာဝနာ စသောနည်းတို့ဖြင့် ပယ်ခြင်းငှါ အားထုတ်ရာ၏။ မေတ္တာဘာဝနာ စသောနည်းဖြင့် အဇ္ဈတ္တ ဗဟိဒ္ဓ၌ ထိုမူလကို ပယ်အပ်၏။

အနုဝဿဝါယသည် အပ္ပဝတ္တိဘာဝါယ-မဖြစ်စိမ့်သောငှါတည်း။

သန္ဒိဋ္ဌိပရာမာသီသည် မိမိ၏အယူကိုသာ သုံးသပ်၏။ ဤအယူသည် မှန်သည်ဟုယူ၏။

အာဓာနဂ္ဂါဟီသည် ဒဠဂ္ဂါဟီ- မြဲစွာယူ၏။

အနုဝါဒမူလသည် ဝိဝါဒမူလနှင့်တူ၏။ တူသော်လည်း ဘေဒကရဝတ္ထု ၁၈-ပါးကိုမှီ၍ ငြင်းခုံသူတို့၏ ကောဓ, ဥပနာဟ စသည်တို့သည် ဝိဝါဒ မူလတို့မည်ကုန်၏။ ထိုသို့ (၁၈-ပါးကို မှီ၍) ငြင်းခုံကြသဖြင့် သီလဝိပတ္တိ စသည်တို့သို့ ရောက်လတ်သော် ဤသူသည် ဤမည်သော အာပတ်သို့ရောက်၏ စသည်ဖြင့်စွပ်စွဲကုန်၏။ ထိုစွပ်စွဲသူတို့၏ ကောဓ, ဥပနာဟ စသည်တို့သည် အနုဝါဒမူလတို့ မည်ကုန်၏။ ဤကား အထူးတည်း။)

၂၇၄။ သာရဏီယဓမ္မအကျယ်

ထိုတွင် သာရဏီယဓမ္မ ခြောက်ပါးသည် အဘယ်နည်း။ ဤ သာသနာ၌ ရဟန်းအား မေတ္တာကာယကံသည် သီတင်းသုံးဘော်တို့၌ မျက်မှောက်, မျက်ကွယ် ရှေးရှုတည်အံ့။ ဤတရားသည် သာရဏီယ- တစ်သက်လုံး အောက်မေ့အပ်သောတရား။ ပိယကရဏ- ချစ်အပ်သည်ကို ပြုတတ်သော တရား။ ဂရုကရဏ- အလေးပြု အပ်သောတရားဖြစ်၏။ ချီးမြှောက်ခြင်းငှါ, မငြင်းခုံခြင်းငှါ, ညီညွတ်ခြင်းငှါ, တပေါင်းတည်းဖြစ်ခြင်းငှါဖြစ်၏။

ထိုမှတပါး မေတ္တာဝစီကံသည် ရှေးရှုတည်အံ့၊ မေတ္တာမနောကံသည် ရှေးရှုတည်အံ့ တရားသဖြင့်ရသော ပစ္စည်းကို အာမိသ ပုဂ္ဂလ မခွဲခြမ်းဘဲ ဆွမ်းခံ၍ ရသမျှကိုပင်သော်လည်း သီလဝန္တသီတင်းသုံးဘော်တို့နှင့် ဆက်ဆံစွာ သုံးဆောင်အံ့၊ အကြင်သီလတို့သည် ကျိုး ပြတ်ခြင်းမရှိ၊ ပေါက်ထွင်းခြင်းမရှိ၊ ကြောင်ကြားခြင်း မရှိ၊ ပြောက်ကွက်ခြင်းမရှိ၊ တော်လှန်ကုန်၏။ ပညာရှိတို့ချီးမွမ်းအပ်ကုန်၏။ တဏှာဒိဋ္ဌိဖြင့်မသုံးသပ်အပ်ကုန်။ သမာဓိကိုဖြစ်စေတတ်ကုန်၏။

ထိုသို့သော သီလတို့၌ သီတင်းသုံးဘော်တို့နှင့် တူမျှသည်ဖြစ်အံ့၊ အကြင် သမ္မာဒိဋ္ဌိသည် အပြစ်မရှိ၊ နိယျာနိက- ဝဋ်ဆင်းရဲမှ ထုတ်ဆောင်တတ်၏။ ကျင့်သူကို ဒုက္ခကုန်အောင် ကောင်းစွာထုတ်ဆောင်၏။ ထိုသို့သော သမ္မာဒိဋ္ဌိ၌ သီတင်းသုံးဘော်တို့နှင့်တူမျှသည်ဖြစ်အံ့။ ဤတရားသည် သာရဏီယ-(ပ)-တပေါင်းတည်း ဖြစ်ခြင်းငှါ ဖြစ်၏။

[မေတ္တာစိတ်ဖြင့်ပြုသော ကာယကံသည် မေတ္တာကာယကံ မည်၏။ ရဟန်းငယ်တို့ သင်္ကန်းချုပ်ရာ စသည်၌ အဘော်အဖြစ်ဖြင့် ချဉ်းကပ်၍ ကူညီခြင်းသည် လည်းကောင်း၊ မထေရ်ကြီးတို့အား ခြေဆေးခြင်း ယပ်လေ ခပ်ခြင်း စသည်ဖြင့် ရိုသေသမှုပြုခြင်းသည် လည်းကောင်း၊ မျက်မှောက်မေတ္တာကာယကံမည်၏။

မကောင်းသဖြင့်ထားသော ဘဏ္ဍာတို့ကိုမြင်လျှင် ထားသူတို့၌ မထီမဲ့မြင်မပြုဘဲ မိမိထားမိသည့်ပမာ ကောင်းစွာ သိုမှီးခြင်းသည် မျက်ကွယ် မေတ္တာကာယကံ မည်၏။

သာရဏီယ ဟူသည် သတိဖြစ်စေအပ်သောတရားတည်း။ ဤသို့ ပြုသူကို တပါးသော ပုဂ္ဂိုလ်တို့သည် ကြည်ညိုသောစိတ်ဖြင့် “သူတော် ကောင်းဖြစ်ပါပေသည်” ဟု အောက်မေ့ကြကုန်၏ ဟူလို။

သရိတဗ္ဗောတိ သာရဏီယော- အောက်မေ့အပ်သောတရား။

ပိယံ ကရောတီတိ ပိယကရဏော- သီတင်းသုံးဘော်တို့ ချစ်အပ်သောပုဂ္ဂိုလ် ဟု ပြုတတ်သောတရား။

ဂရုံကရောတီတိ ဂရုကရဏော- သီတင်းသုံးဘော်တို့ အလေးပြုအပ်သူဟု ပြုကတ်သော တရားဖြစ်၏။

ချီးမြှောက်ခြင်းငှါ စသည်ကား သီဟင်းသုံးဘော်တို့၏ ချီးမြှောက်ခံရသူဖြစ်ခြင်းကြောင့် သီတင်းသုံးဘော်တို့နှင့် မငြင်းခုံခြင်းငှါ, ညီညွတ်ခြင်းငှါ, တပေါင်းတည်းဖြစ်ခြင်းငှါ ဖြစ်သော တရားတည်း။

မေတ္တာဝစီကံစသည်၌ ဒေဝမထေရ်၊ တိဿမထေရ် စသည်ဖြင့် မြှောက်၍ ဆိုခြင်းသည် မျက်မှောက် မေတ္တာဝစီကံမည်၏။ ငါတို့၏ ဒေဝမထေရ် အဘယ်မှာနည်း။ ငါတို့၏ တိဿမထေရ် အဘယ်အခါမှာ ရောက်လာမည်နည်း စသည်ဖြင့် မျက်ကွယ်၌ မြတ်နိုးစွာဆိုခြင်းသည် မျက်ကွယ် မေတ္တာဝစီကံမည်၏။

မေတ္တာအဆီစိမ့်သော နူးညံ့သော မျက်လုံးတို့ကိုဖွင့်လျက် ကြည်လင်သော မျက်နှာထားဖြင့် ကြည့်ရှုခြင်းသည် မျက်မှောက်မေတ္တာမနောကံမည်၏။

ဒေဝမထေရ်, တိဿမထေရ် ရောဂါကင်းပါစေ၊ ပင်ပမ်းခြင်းကင်းပါစေ ဟု တောင့်တခြင်းသည် မျက်ကွယ် မေတ္တာမနောကံ မည်၏။

မခွဲခြမ်းဘဲ ဟူသည်-ရသောလာဘ်ကို ဤအနေမျှ သူတစ်ပါးအား ပေးမည်၊ ဤအနေမျှ ငါသုံးဆောင်မည်ဟု အာမိသကို ခွဲခြမ်းသော သူသည်လည်းကောင်း၊ ဤသူ ဤသူအား ဤမျှပေးမည်၊ ငါ ဤမျှသုံးဆောင်မည်ဟု ပုဂ္ဂိုလ်ကိုခွဲခြမ်းသော သူသည်လည်းကောင်း၊ ပဋိဝိဘတ္တ ယောဂီမည်၏။ ဤသို့ မခွဲခြမ်းမူ၍ မထေရ်ကြီး နေရာမှစ၍ လှူပြီးလျှင် ယူကြွင်းမျှကို သုံးဆောင်၏။

သီလဝန္တတို့နှင့် ဆိုသောကြောင့် ဒုဿီလ မပေးလှူသော်လည်း အပြစ်မရှိ။ သို့ရာတွင် သာရဏီယဓမ္မကို ဖြည့်ကျင့်သူကား အလုံးစုံတို့အား ပေးလှူအပ်သည်သာတည်းဟု ဆိုအပ်၏။ ဂီလာန- ဂိလာနအလုပ်အကျွေး, အာဂန္တု, ခရီးသွား, သင်္ကန်း ချုပ်တတ်သူ စသည်တို့အား ရွေးချယ်၍ လှူခြင်းငှါလည်း အပ်၏။ ဤ သူတို့ကို ရွေးချယ်၍လှူလျှင် ပုဂ္ဂိုလ်ကို ခွဲခြမ်းသည်မမည်။ လာဘ်ရခဲသူတို့ ဖြစ်သောကြောင့် အထူးပြုအပ်သည် သာတည်း။

ကျိုးပြတ်ခြင်းမရှိ စသည်၌ ခုနစ်ပါးသော အာပတ်အစုတို့၌ …
အစသိက္ခာပုဒ် အဆုံးသိက္ခာပုဒ်ပျက်လျှင် ခဏ္ဍ- ကျိုးပြတ်သည်မည်၏။
စုတ်သောပုဆိုးနှင့်တူ၏။
အလယ်သိက္ခာပုဒ်ပျက်လျှင် ဆိဒ္ဒ- ပေါက်ထွင်းသည်မည်၏။
ပေါက်သော ပုဆိုးနှင့်တူ၏။
အစဉ်အတိုင်း နှစ်ခုသုံးခုပျက်လျှင် ကြောင်ကျားသည် မည်၏။
သဘောမတူသောအဆင်းဖြင့် ကျောက်ကုန်း ဝမ်းပိုက် ကြောင်ကျားသောနွားနှင့်တူ၏။
အကြားအကြား သိက္ခာပုဒ် ပျက်လျှင် ကမ္မာသ- ပြောက်ကွက်သည်မည်၏။
အဆင်းကူး အပြောက် အကွက်ဖြင့် ဆန်းကြယ်သောနွားနှင့်တူ၏။

စ, ဆုံးနှစ်ရပ်၊ ပျက်စီးလတ်၊ ကျိုးပြတ်ခေါ် ခဏ္ဍ
အလယ်အတွင်း ပျက်စီးခြင်း၊ ပေါက်ထွင်းမည် ဆိဒ္ဒ
စဉ်တိုင်းအများ၊ ပျက်စီးငြား၊ ကြောင်ကျား သဗလ
အကြားအကြားကွက်၊ ပျက်စီးလျက်၊ ပြောက်ကွက် ကမ္မာသ

အခြင်းခပ်သိမ်း မပျက်သောသီလတို့ကား အက္ခဏ္ဍ၊ အစ္ဆိဒ္ဒ၊ အသဗလ၊ အကမ္မာသတို့မည်ကုန်၏။ ထို သီလတို့သည် တော်လှန်သည်အဖြစ်ကို ပြုတတ်ကုန်၏။ ပညာရှိတို့ချီးမွန်းကုန်၏။ တဏှာဒိဋ္ဌိတို့ဖြင့် မသုံးသပ်အပ်ကုန်။ ဥပစာရသမာဓိ အပ္ပနာသမာဓိကို ဖြစ်စေနိုင်ကုန်၏။

တူမျှပုံကား- ထိုထို အရပ်၌နေသော ကောင်းသောသီလရှိသော ရဟန်းတို့နှင့်အတူတကွ သီလအားဖြင့် တူမျှခြင်းသို့ ရောက်လေ့ရှိ၏။

အကြင်သမ္မာဒိဋ္ဌိ ဟူသည် မဂ်နှင့်ယှဉ်သော သမ္မာဒိဋ္ဌိဖြစ်၏။ အရိယာတိနိဒ္ေသာ-အပြစ်မရှိသော သမ္မာဒိဋ္ဌိဖြစ်၏။

နိယျာတီတိ, နိယျာနိကာ-ထုတ်ဆောင်တတ်၏။ ထိုအတိုင်း ကျင့်သူကို ဒုက္ခအားလုံး၏ ကုန်ခြင်းအကျိုးငှါ ထုတ်ဆောင်တတ်၏။

(ဇီဋီ။ ။ ဒုဿီလအား မပေးလှူသော်လည်း အပြစ် မရှိဟုဆိုခြင်းကြောင့်သာလျှင် အလဇ္ဇီပရိဘောဂကို တားမြစ် အပ်၏။ အလုံးစုံတို့အား ပေးလှူအပ်သည်သာတည်း ဟူသော အဆုံးသတ် စကားဖြင့် မသိသူသည် ခွဲခြမ်းခြင်း မပြုဘဲ ပေးအပ်သည် အဖြစ်ကိုပြသည်ဟု ဧကေတို့ ဆိုကုန်၏။

သဗ္ဗေသံ ဒါတဗ္ဗမေဝ ဟု အဋ္ဌကထာတို့၌ဆိုအပ်ပြီ။

အလဇ္ဇီနှင့် ဥက္ခိတ္တကတို့အား ပရိဘောဂကို အဦးပြုခြင်းဖြင့် ကိုယ်တိုင် မပေးအပ်။ ပေးခိုင်းအပ်၏ဟု အပရေတို့ဆိုကုန်၏။

မသုံးသပ်အပ် ဟူသည် ဤမည်သောအပြစ်သို့ရောက်သည်ဟု သူတစ်ပါးတို့ မသုံးသပ်အပ်။

နိယျာတိသည် နိဗ္ဗာန်ကို အာရုံပြု၍ ထုတ်ဆောင်၏။

ဝိဋီ။ ။ မေတ္တာယ သမ္ဘူတံ မေတ္တံ။ မေတ္တာကြောင့် ဖြစ်သော ကာယကံတည်း။

တော်လှန်သည်အဖြစ်ကို ပြုခြင်းကား- တဏှာ၏ ကျွန်အဖြစ်မှ လွတ်စေ၍ သမထဝိပဿနာတို့၌ လွတ်လပ်စွာနေနိုင်ခြင်းကို ပြုခြင်းတည်း။

နိယျာတိ-သည် ပဝတ္တတိ-ကောင်းစွာ ဒုက္ခကုန်ခြင်းငှါဖြစ်၏ ဟူလို။ သာဋီ၌- သာရဏီယကျင့်ဝတ်၊ အာနိသင်တို့ဖြင့်ကျယ်ဝန်း၏။

သာဋီ … သာရဏီယ ဟူသည် အောက်မေ့အပ်သည် နှင့်ယှဉ်၏။ အောက်မေ့ထိုက်၏။ ကာလကြာသော်လည်း မမေ့အပ်။

မေတ္တာ ဧတဿ အတ္တီတိ မေတ္တံ- မေတ္တာရှိသော ကာယကံတည်း။ မေတ္တာယှဉ်သောစိတ်ကြောင့်ဖြစ်၏။

အာဝိ, ပကာသ, ပစ္စက္ခ (သမ္မုခါ)အနက်တူ၊
(ရဟော, အပကာသ, အပစ္စက္ခ, အသမ္မုခါ- အနက်တူ။)

ပိယံ- ပိယာယိတဗ္ဗံ ကရောတီတိ ပိယကရဏောဂရုံ- ဂရုဌာနိယံ ကရောတီတိ ဂရုကရဏော

ချီးမြှောက်၍ဆိုခြင်း ဟူသည် ဒေဝ, တိဿဟု (ဂုဏ်ကင်းအောင်) မဆိုဘဲ ဒေဝမထေရ်ဟု ဂုဏ်တို့ဖြင့် မြှင့်၍ ဆိုခြင်းတည်း။

မြတ်နိုးစွာဆိုခြင်းဟူသည် မြတ်နိုးသည်၏အဖြစ်ကို သိစေသောစကားတည်း။

မနောကံသည် မျက်ကွယ်သာ ဧကန်စင်စစ်ဖြစ်၏။

ဝိညတ်စွမ်းဖြင့် မျက်မှောက် မည်၏။ ထိုဝိညတ်ကိုလည်း ကာယကံဟု ထင်ရှားသော လက်အမူအရာ စသည်ကို မသုံးဘဲပြလို၍ မျက်လုံးတို့ကိုဖွင့်လျက် စသည်ကိုဆိုသည်။ ထိုသို့ ကြည့်ရှုခြင်းလည်း မေတ္တာ ကာယကံသာ တည်း။

မျက်လုံးနူးညံ့ကြောင်း မျက်နှာ ကြည်လင်ကြောင်း စိတ်ကိုရည်၍သာ မေတ္တာမနောကံဟု ဆိုသည်။

မေတ္တာသုံးဝ

မေတ္တာစိတ်ဖြင့် ဆရာဝတ် ဥပဇ္ဈာယ်ဝတ် စသော အာဘိသမာစာရိကဓမ္မကို ဖြည့်ကျင့်ခြင်းသည် မေတ္တာကာယကံမည်၏။ အပြစ်မရှိသော ကာယကံဟူ သမျှသည် အာဘိသမာစာရိက အမှု၌ အတွင်းဝင်၏။ လူတို့အားလည်း ဘုရားဖူးသွားခြင်း, သံဃာကိုပင့်ဘိတ်ရန်သွားခြင်း, ဆွမ်းခံ ရဟန်းကိုမြင်လျှင် ခရီးဦးကြိုဆို၍ သပိတ်လှမ်းယူခြင်း နေရာခင်းပေးခြင်း, လိုက်ပို့ခြင်း စသည်သည် မေတ္တာကာယကံ မည်၏။

မေတ္တာစိတ်ဖြင့် ကျင့်စရာ ဝိနည်းပညတ်, ကမ္မဋ္ဌာန်းတို့ ကို ဟောပြောခြင်း၊ မေးမြန်းခြင်း၊ ဖွင့်ဆိုခြင်း စသည်ဖြင့် ဖြစ်စေအပ်သော တေပိဋကဗုဒ္ဓဝစနသည် မေတ္တာဝစီကံ မည်၏။ လူတို့အားလည်း ဘုရားဖူးသွားကြစို့၊ တရားနာသွားကြစို့၊ ဝါဆိုသင်္ကန်းလှူကြစို့၊ သံဃာတော်ကို ခရီးဦးကြိုဆိုကြလော၊ နေရာပေးကြလော၊ ရိုသေစွာ လုပ်ကျွေးကြလော စသည်ဖြင့်ဆိုသောအခါ မေတ္တာဝစီကံမည်၏။

နံနက်စောစောထ၍ ကိုယ်လက်သုတ်သင်၍ စေတီယင်္ဂဏဝတ် စသည်ကိုပြု၍ ဆိတ်ငြိမ်ရာ၌ ထိုင်လျက် ဤကျောင်းရှိ ရဟန်းတို့သည် ချမ်းသာကြစေကုန်သတည်း။ ဣမသ္မိံ ဝိဟာရေ ဘိက္ခူ သုခီဟောန္တု- စသည်ဖြင့် ကြံစည်ခြင်းသည် မေတ္တာမနောကံမည်၏။ လူတို့အားလည်း အရှင်ကောင်းတို့သည် ချမ်းသာကြပါစေ စသည်ဖြင့် ကြံစည်စိတ်ကူးခြင်းသည် မေတ္တာမနောကံမည်၏။

လာဘ်ရဆက်သွယ်

တရားသဖြင့် ရသောပစ္စည်း ဟူသည် ကုဟန, လပန စသော မိစ္ဆာဇီဝကိုကြဉ်၍ တရားနှင့်အညီ ဆွမ်းခံ သွားခြင်းဖြင့်ဖြစ်သောပစ္စည်းတည်း။

နှစ်ဇွန်း သုံးဇွန်းမျှရသော ဆွမ်းကိုသော်လည်း လှူဘွယ်ကို လည်းကောင်း၊ အလှူခံကို လည်းကောင်း မခွဲခြမ်းဘဲ သုံးဆောင်လျှင် အပဋိ ဝိဘတ္တဘောဂီမည်၏။

ဤမျှကိုလှူမည်၊ ဤမျှကိုမလှူဟု စိတ်ဖြင့်ခွဲလျှင် အာမိသပဋိဝိဘတ္တမည်၏။

ဤသူအားလှူမည်၊ ဤသူအား မလှူဟု စိတ်ဖြင့် ခွဲလျှင် ပုဂ္ဂလပဋိဝိဘတ္တမည်၏။

ထိုနှစ်ပါးကိုလည်း မပြုဘဲသုံးဆောင်မှ အပ္ပဋိဝိဘတ္တဘောဂီ မည်၏။

ဒုဿီလအား မပေးလှူသော်လည်း၌ ဝိသဒ္ဒါဖြင့် ပေးလှူသော်လည်း အပြစ်မရှိဟုပြသည်။ ဒါနမည်သည်ကို တစ်စုံ တစ်ယောက်အား မတားအပ်။ ထို့ကြောင့် ဒုဿီလအားလည်း အလိုရှိလျှင် သနားခြင်းအားဖြင့် ပေးအပ်၏။ ဝတ်ဖြည့်ကျင့်ခြင်း အစွမ်းဖြင့် မပေးအပ်။

သာရဏီယဓမ္မ ဖြည့်ကျင့်သူသည် အပ္ပဋိဝိဘတ္တဘောဂီ ဖြစ်ခြင်းကြောင့် အလုံးစုံတို့အား ပေးလှူအပ်သည် သာတည်း ဟုဆိုသည်။ ဂိလာန စသည်တို့အား ရည်စူး၍ပေးခြင်းသည် အပ္ပဋိဝိဘာဂအဘို့ရှိ၏။ ဤသူအား မပေးအံ့ ဟု ပယ်ခြင်းမရှိသောကြောင့်တည်း။ ဗျတိရေက ပြဓာန်းမှ ပဋိဝိဘာဂဖြစ်သည်။

ဆက်ဆံစွာ သုံးဆောင်ရာ၌ လက္ခဏာကား “ရသောလာဘ်ကို လာဘ်ဖြင့် လာဘ်ရှာ နည်းမျိုးဖြင့် လူတို့အား မပေးဘဲ မိမိ၏ အာဇီဝသုဒ္ဓိကို စောင့်၏။ အသာဓာရဏဘောဂီ မဖြစ်ပါစေလင့်ဟု မိမိလည်း မသုံးဆောင်။ အလှူခံစဉ်အခါကပင် သံဃာနှင့်ဆက်ဆံခြင်း ဖြစ်ပါစေဟု နှလုံးသွင်း၍ ခံယူပြီးသောအခါ ကျောက်စည်, ခေါင်းလောင်းထိုး၍ ဝေဘန်အပ်သော သံဃာ့ဥစ္စာကဲ့သို့ရှု၏”။

ဤစကားဖြင့် ကာလသုံးပါးလုံး၌ ဆက်ဆံခြင်းဖြင့် ထိုလာဘ်၏ဖြစ်ခြင်းကို ပြသည်။ အလှူခံဆဲ၊ အလှူခံပြီး ဆက်ဆံခြင်း နှစ်ပါးသည် ထိုသို့သော ပုဗ္ဗဘာဂနှင့်ကင်း၍ မဖြစ်။ ထို့ကြောင့် အလှူမခံမီလည်း ဆက်ဆံခြင်း ရှိ၏။ ဤသို့ လက္ခဏာသုံးပါးနှင့်ပြည့်စုံသောလာဘ်ကို မခွဲမခြမ်း မထေရ်ကြီးနေရာမှစ၍ လူပြီးလျှင် ယူကြွင်းမျှကို သုံးဆောင်သူသည် သာဓာရဏဘောဂီ၊ အပ္ပဋိဝိဘတ္တဘောဂီဖြစ်၏။

(သီလ, ဒိဌိ နှစ်ပါးကျန်သေး၏။)

သာရဏီယဓမ္မဖြည့်ကျင့်နည်း

ဤသာရဏီယဓမ္မကို အဘယ်သူ ပြည့်စေသနည်း၊ အဘယ်သူမပြည့်စေသနည်း။

ဒုဿီလသည် မပြည့်စေနိုင်။ သူ၏ပစ္စည်းကို သီလဝန္တတို့ မခံယူသောကြောင့်တည်း။
သီလစင်ကြယ်သူသည် ကျင့်ဝတ်မကျိုးလျှင်ပြည့်စေနိုင်၏။

ကျင့်ဝတ်ကား-

ရည်စူး၍ မိဘ, ဆရာ, ဥပဇ္ဈာယ်တို့အား လှူအံ့၊ လှူအပ်သူကို လှူစေကာမူ သာရဏီယဓမ္မကား မဖြစ်။ ပလိဗောဓ ဇဂ္ဂနကြောင့်ကြဘွယ်ကို သုတ်သင်သည်မည်၏။

သာရဏီယဓမ္မသည် ပလိဗောဓလွတ်သူအားသာ သင့်လျော်၏။

ရည်စူး၍ပေးလိုလျှင် ဂိလာန, ဂိလာနအလုပ်အကျွေး, အာဂန္တု, ခရီးသွား သပိတ် သင်္ကန်းမကိုင်တတ်သေးသော သင်္ကန်းဝတ်စတို့အား ပေးအပ်၏။ ထိုသူတို့အားပေး၍ အကြွင်းကို မထေရ်ကြီး နေရာမှစ၍ အနည်းငယ်စီ မပေးဘဲ ယူသလောက် ပေးအပ်၏။ မကျန်လျှင် တဖန်ဆွမ်းခံသွား၍ မထေရ်ကြီးနေရာမှစ၍ မွန်မြတ်သည်ကိုလှူ၍ အကြွင်းကိုဘုဉ်းပေးအပ်၏။

သာရဏီယဓမ္မအစီအရင် ကျွမ်းကျင်သောပရိသတ်၌ ပြည့်လွယ်၏။ ကျွမ်းကျင်သူသည် အခြားမှရပြီးလျှင်မယူ၊ မရ၍ယူလျှင်လည်း ပမာဏသင့်ရုံ ယူ၏။ အပိုအလွန်မယူ၊ ဤသို့အကြိမ်ကြိမ် ဆွမ်းခံသွား၍ ရတိုင်းလှူသူအား တစ်ဆယ့်နှစ်နှစ်ဖြင့် ကျင့်ဝတ်သည်ပြည့်၏။ ယုတ်လျှင် မပြည့်။

တစ်ဆယ့်နှစ်နှစ် ပြည့်အံ့သောနေ့ရက်၌ ဆွမ်းအပြည့်သပိတ်ကို ဆွမ်းစားကျောင်း၌ ထား၍ ရေချိုး သွားခိုက်တွင် အားလုံးယူ၍ စီရင်၍ သုံးဆောင်၍ သပိတ်ချည်းသက်သက်ထားအံ့။ ရေချိုးရာမှပြန်လာသော အခါ “ငါ့ဘို့မျှ မချန်ဘဲ အကုန်စားကြသည်” ဟု စိတ်မချမ်း မသာဖြစ်အံ့၊ သာရဏီယဓမ္မသည် ကွဲပျက်၏။ တဖန် တစ်ဆယ့်နှစ်နှစ် ကျင့်အပ်၏။

တိတ္တိယပရိဝါသ်ကဲ့သို့ တစ်ကြိမ်ပျက်လျှင် ပြန်၍ ဖြည့်ကျင့်အပ်၏၊ ထိုသို့မဟုတ်ဘဲ ရေချိုးရာမှ ပြန်လာသောအခါ အချည်းနှီးသပိတ် ကိုမြင်လတ်သော် လာဘာ ဝတ မေ သုလဒ္ဓံ ဝတ မေ - ငါ့အား အရ တော်လေစွ၊ ရဟန်းဖြစ်ရကျိုးနပ်လေစွ။ ငါ့ဆွမ်းကို မပန်မကြား အကုန်စားကုန်၏။ သီတင်းသုံးဘော်တို့သည် ငါ့အားချစ်ကျွမ်းဝင်ကုန်စွ” ဟု ဝမ်းမြောက်ဝမ်းသာဖြစ်အံ့ ဝတ်ပြည့်သည်မည်၏။

ဤသို့ သာရဏီယဓမ္မ ပြည့်သူအား ဣဿာမရှိ၊ မစ္ဆရိယမရှိ၊ လူတို့ချစ်ကုန်၏။ ပစ္စည်း ရလွယ်၏။ သပိတ်၌ ရှိသမျှကို ပေး၍မကုန်။ ဘဏ္ဍာဝေဘန်ရာ၌ အကောင်းဆုံး ဘဏ္ဍာရ၏။ ဘေးရန်ရှိသောအခါ ငတ်မွတ်သော အခါတို့၌ နတ်တို့သည် ကြောင့်ကြစိုက်ကုန်၏။

ပေး၍မကုန်သောဝတ္ထု

လေဏဂီရိဝါသီတိဿမထေရ်သည် မဟာခီရရွာကို မှီ၍နေ၏။ နာဂဒီပသို့ ဘုရားဖူးသွားသော မထေရ် ငါးဆယ်တို့သည် ထိုရွာ၌ ဆွမ်းခံ၍ တစ်စုံတစ်ခုမျှမရဘဲ ထွက်လာကုန်၏။ တိဿမထေရ်သည် ထို အကြောင်းကိုသိ၍ အရှင်ဘုရားတို့ ဤနေရာ၌ ခေတ္တဆိုင်းကြပါဦးဟုဆို၍ ဆွမ်းခံဝင်၏။

ရွာဦး အိမ်တစ်အိမ်မှ ဒါယိကာမကြီးသည် နို့ဆွမ်းကိုစီမံ၍ မြှော်လင့်ကာနေခိုက် အိမ်ရှေ့သို့ရောက်သောအခါ သပိတ်အပြည့် လှူ၏။ မထေရ်သည် ထိုဆွမ်းကိုယူ၍ မထေရ်ငါးဆယ်ထံ သွား၍ အလှူခံတော်မူကြပါဟုဆို၏။ မထေရ်တို့သည် ငါတို့ ငါးဆယ် အချိန်ကြာသွားလျက် ဘာမျှမရ။ ဤရဟန်းကား ရလွယ်လှ၏။ အဘယ်သို့သော ဆွမ်းနည်းဟု တစ်ပါးကိုတစ်ပါး ကြည့်ကာနေကုန်၏။

မထေရ်သည် ထိုအခြင်းအရာဖြင့် ရိပ်မိ၍ အရှင်ဘုရားတို့ တရားသဖြင့် ရသောဆွမ်း ဖြစ်ပါသည်။ ကုက္ကုစ္စ သံသယ ရှိတော်မမူကြပါနှင့်ဟု အစမှစ၍ မထေရ် ငါးဆယ်အား အလိုရှိတိုင်းပေးလှူ၍ မိမိလည်း အလိုရှိတိုင်း ဘုဉ်းပေး၏။ ဆွမ်းကိစ္စပြီးသောအခါ မထေရ်တို့သည် ဤသို့ မေးကုန်၏။ ငါ့ရှင် လောကုတ္တရာတရားကို အဘယ်အခါ၌ ရသနည်း။ လောကုတ္တရာတရား အကျွန်ုပ်အားမရှိပါ။ ဈာန်ရသလော။ ဈာန်လဲမရှိပါ။ တန်ခိုး ပြာဋိဟာမဟုတ်လော။

အရှင်ဘုရားတို့ အကျွန်ုပ်သည် သာရဏီယဓမ္မကို ဖြည့်ကျင့်ပါသည်။ ထိုဓမ္မ ပြည့်သောအခါမှစ၍ ရဟန်းတစ်ရာ, တစ်ထောင်, တစ်သိန်းဖြစ်စေကာမူ သပိတ်၌ရသောဆွမ်း မကုန်ပါဘုရား ဟု လျှောက်၏။ သာဓု, သာဓု သပ္ပုရိသ သင့်အား ဤဓမ္မသည်လျှောက်ပတ်လေစွ-ဟုဆိုကုန်၏။

လာဘ်ကောင်းရသောဝတ္ထု

ဤတိဿမထေရ်သည်သာလျှင် စေတိယတောင် ပူဇော်ပွဲအလှူသို့ ကြွသွား၍ ဤအမှု၌ အကောင်းဆုံး ဘဏ္ဍာ အဘယ်နည်းဟုမေး၏။ ဤအဝတ်နှစ်ထည်သည် အကောင်းဆုံးဟု ဆိုလတ်သော် ငါ၏အထံသို့ ရောက်ကုန် လတ္တံ့ဟုမိန့်ဆို၏။ အမတ်သည် ထိုစကားကို မင်းကြီးအား လျှောက်၏။ မင်းကြီးသည် ဤရဟန်းငယ်အား ဤသို့ စိတ်ဖြစ်သော်လည်း မထေရ်ကြီးတို့အားသာ သင့်လျော်ကုန်၏။ မထေရ်ကြီးတို့အားလှူမည်ဟု ဖယ်ထား၏။

မင်းကြီးသည် အစဉ်အတိုင်းတည်သော မထေရ်တို့ကို လှူသောအခါ လက်သို့ ရောက်သော အဝတ်တို့ကိုလှူ၍ ထိုရဟန်းငယ်အား လှူအံ့သောအခါ ဦးခေါင်းထက်၌ တင်ထားသော အဝတ် နှစ်ထည်တို့သည် လက်သို့ ရောက်လာ၍ ထိုရဟန်း၏လက်၌ ထား၍ အမတ်ကို ကြည့်ပြီးလျှင် ရဟန်းငယ်ကို ထိုင်စေ၏။

အလှူပြီး၍ သံဃာအပေါင်းကို ကြွစေပြီးလျှင် ရဟန်းငယ်အား အရှင်သည် ဤတရားကို အဘယ်အခါ၌ ရပါသနည်းဟု လျှောက်၏၊ မင်းကြီး ငါ့အား လောကုတ္တရာတရားမရှိဟု ဆို၏။ ရှေးမဆွက ပြောထားသည် မဟုတ်ပါလော။ မင်းကြီး ပြောသည်မှတ်၏။ ငါသည် သာရဏီယဓမ္မကို ဖြည့်ကျင့်၏။ ထိုဓမ္မပြည့်သော အခါမှစ၍ ဘဏ္ဍာဝေဘန်တိုင်း အကောင်းဆုံးဘဏ္ဍာသည် ငါ့အထံသို့ ရောက်၏ဟု ဆိုလတ်သော် သာဓု, သာဓု သပ္ပုရိသ။ အရှင်မြတ်တို့အား ဤဓမ္မသည် လျှောက်ပတ်လေစွဟု ရှိခိုး၍ ဖဲသွား၏။

နတ်တို့ကြောင့်ကြစိုက်သောဝတ္ထု

စဏ္ဍာလတိဿဘေးကြီး ဆိုက်ရောက်သောအခါ ဘာတရရွာသားတို့သည် နာဂထေရီမကို မပြောကြားဘဲ ထွက်ပြေးကုန်၏။ ထေရီမသည် နံနက်စောစော၌ “ ရွာ၌ အသံဆိတ်လွန်းသည်” ဟု စူးစမ်းစေ၍ သိလတ်သော် ဘိက္ခုနီငယ်ရွယ်သူတို့ကို “သင်တို့သည် ရွာသားတို့ ထွက်သွားသည်ကို မကြံကြလင့်၊ သရဇ္ဈာယ်ခြင်း နှလုံးသွင်းခြင်းတို့၌သာ အားထုတ်မြဲအားထုတ်ကြလော” ဟုဆို၍ ဆွမ်းခံချိန်ရောက်သောအခါ သင်္ကန်းရုံ၍ မိမိနှင့် တစ်ဆယ့်နှစ်ပါး ရွာတံခါး၌ နိဂြောဓညောင်ပင်အောက်၌ ရပ်၏။

ညောင်ပင်စိုးအုပ်သော ရုက္ခဇိုးနက်သည် ဘိက္ခုနီ တစ်ဆယ့်နှစ်ပါးအား ဆွမ်းလှူ၍ အရှင်မတို့ အရပ်တပါးသို့ မသွားကြပါနှင့်၊ ဤအရပ်သို့သာ အမြဲ ဆွမ်းခံကြွကြပါ ဟု ဆို၏။ မထေရ်မ၏ မောင်ငယ် နာဂမထေရ် သည်လည်း မမျှတသဖြင့် ကမ်းတစ်ဘက်သို့သွားမည်ဟု မိမိနှင့်အတူ တစ်ဆယ့်နှစ်ပါး ထွက်ခဲ့၍ ဘာတရရွာသို့ ရောက်လာ၏။

ထေရီမသည် တစ်ရက်မျှဆိုင်းစေ၍ သစ်ပင်၌ဆွမ်းခံ၍ “ဤဆွမ်းကို ဘုဉ်းပေးကြပါ” ဟု လျှောက်၏။ မထေရ်သည် “ဝဋ္ဋိဿကီ ထေရီ အပ်ပေလတံ့ “ ဟုဆို၍ ဆိတ်ဆိတ်နေ၏။ “မောင်တော် ဓမ္မိကပိဏ္ဍပါတ ဖြစ်သည်၊ ကုက္ကုစ္စမပြုမူ၍ ဘုဉ်းပေးပါ” ဟု ဆိုလတ်သော် “ဝဋ္ဋိဿကီ ထေရီ “ ဟုဆို၏။ ထေရီမသည် သပိတ်ကို ကောင်းကင်သို့ပစ်လိုက်၏။ သပိတ်သည် ကောင်းကင်၌တည်၏။

မထေရ်သည် “ အရှင်မ ထန်းခုနှစ်ဆင့်မျှ၌ တည်သော်လည်း ဘိက္ခုနီ၏ ဘတ္တသာတည်း” ဟုဆို၍ ဘေးသည် အခါခပ်သိမ်းဖြစ်သည်မဟုတ် ဘေးကင်းသောအခါ အရိယဝံသတရားကိုဟောစဉ် ဘိက္ခုနီ ဆွမ်းစား၍ ကာလကို လွန်စေခဲ့ပြီဟု သတိရလျှင် စိတ်သက်သာမည်မဟုတ်။ မမေ့မလျော့နေကြပါလော ဟုဆို၍ ခရီးကြွသွားကုန်၏။

ရုက္ခဇိုးနတ်သည်လည်း ဘိက္ခုနီ၏ဆွမ်းကို မဘုဉ်းပေးကြဟုသိ၍ သစ်ပင်ရင်း၍ သပိတ်တောင်း၍ သစ်ပင် အောက်သို့ပင့်၍ ဆွမ်းလှူ၏။ ဆွမ်းကိစ္စပြီးလတ်သော် ပဋိညာ ပြုစေ၍ ရဟန်းတစ်ကျိပ်နှစ်ပါးကို လည်းကောင်း၊ ဘိက္ခုနီ တစ်ကျိပ်နှစ်ပါးကို လည်းကောင်း ခုနစ်နှစ်ပတ်လုံး လုပ်ကျွေး၏။ ထို၌ မထေရ်မသည် သာရဏီယဓမ္မပြည့်သူဖြစ်၏။

စင်ကြယ်သီလံ

ရဟန်းသီလဖြစ်လျှင် ဥဒ္ဒေသ အစဉ်ဖြင့် အစကိုအဆုံးကို သိအပ်၏။ ထို့ကြောင့် ခုနစ်ပါးသော အာပတ်အစုတို့၌ စသည်ကို ဆိုသည်။ အနုပသမ္ပန္န၏သီလဖြစ်လျှင် ဆောက်တည်သော အစဉ်ဖြင့်လည်း အစကို အဆုံးကို သိအပ်ကုန်၏။

စုတ်သော ပုဆိုးနှင့်တူ၏ဟူသည်- အဝတ်၏အစွန်း၌ လည်းကောင်း၊ အဆာ၏အပွါး၌လည်းကောင်း ပြတ်သော အ၀တ်နှင့်တူ၏။

မတူသောအဆင်းဖြင့် ထက်ဝက် လည်းကောင်း၊ သုံးဘို့တစ်ဘို့ လည်းကောင်း အဆင်းကွဲလျှင် သဗလမည်၏။

အဆင်းမတူသော အပြောက်တို့ဖြင့် အကြား အကြား၌ရောလျှင် ကမ္မာသမည်၏။

ဝိဝဋ္ဋူပနိဿယအဖြစ်သို့ ရောက်သော သီလသည် တဏှာ၏ကျွန်အဖြစ်မှ လွတ်စေ၏။ တော်လှန်သည် အဖြစ်ကို ပြု၏။ ဘုဇိဿကရ ဟုဆိုအပ်လျက် နောက်ပုဒ်ချေ၍ ဘုဇိဿ ဟုညွှန်းပြသည်။ ထိုသီလနှင့် ပြည့်စုံသူ သည် သေရီ-သယံဝသီ- လွတ်လပ်စွာနေနိုင်၏။ ဘုဇိဿမည်၏။ ထို့ကြောင့်လည်း ဘုဇိဿ ဟု ညွှန်းပြသည်။

စင်ကြယ်သည်အဖြစ်ဖြင့် ချီးမွမ်းအပ်သောကြောင့် ဝိညုပ္ပသတ္တမည်၏။ အဝိညူ၏ ချီးမွမ်းခြင်း ပမာဏ မဟုတ်သောကြောင့် ဝိညူသဒ္ဒါ ဖြင့်ဆိုသည်။, ဤသီလဖြင့် နတ် ဗြဟ္မာဖြစ်လို၏ဟု တဏှာ သုံးသပ်ခြင်းဖြင့် လည်းကောင်း၊ ဤသီလဖြင့် နတ် ဗြဟ္မာဖြစ်လျှင် နိစ္စ, ဓုဝ, သဿတ ဖြစ်ရလတံ့ဟု ဒိဋ္ဌိသုံးသပ်ခြင်းဖြင့် လည်းကောင်း မသုံးသပ်အပ်သောကြောင့် အပရာမဋ္ဌ မည်၏။ တစ်နည်း- သင်၏သီလ၌ ဤအပြစ်ရှိသည်ဟု ဝိပတ္တိလေးပါး တစ်ပါးပါးပြ၍ စွပ်စွဲခြင်းငှါ မတတ်ကောင်း သောကြောင့် အပရာမဋ္ဌမည်၏။

သီလ မည်သည် နှလုံး သာယာခြင်း စသော အဆက်ဆက်ဖြင့် သမာဓိကို ပြီးစေနိုင်သောကြောင့် သမာဓိသံဝတ္တနိကမည်၏။ သမာဓိဖြစ်ခြင်း အကျိုးရှိ၏။ သမာနဘာဝေါ သာမညံ = (တူမျှခြင်း) စတုပါရိသုဒ္ဓိသီလ ပြည့်စုံသဖြင့် အလယ်၌ဖြတ်သော ရွှေသား ကဲ့သို့ ကွဲပြားခြင်း မရှိခြင်းကြောင့် သီလအားဖြင့် တူ၏။

သောတာပန် စသည်တို့၏ သီလသည် သမုဒ္ဒရာခြား၍နေသော် လည်းကောင်း၊ နတ်ပြည်၌နေသော် လည်းကောင်း တစ်ပါးသော သောတာပန်စသည်တို့၏ သီလနှင့် တူသည်သာတည်း။ မဂ်သီလ၌ အထူးမရှိ။ ပုထုဇဉ်တို့အား စတုပါရိသုဒ္ဓိသီလချင်း တူသော်လည်း ဧကန္တိက မဟုတ်။ မဂ်သီလကား နိယတ ဖြစ်ခြင်းကြောင့် ဧကန္တိကဖြစ်၏။ ထို့ကြောင့် ဤ၌ မဂ်သီလကို (တူမျှခြင်း ဟု) ရည်ဆိုသည်။

အယူမှတ်

အကြင်သမ္မာဒိဋ္ဌိဟူသည် သင်တို့ ငါတို့၏ ပစ္စက္ခဖြစ်သော မဂ္ဂသမ္မာဒိဋ္ဌိ ဖြစ်၏။ ခါတွက်အပ်သော အပြစ် ရှိသောကြောင့်၊ ဝါ-အပြစ်ကိုခါပစ်ပြီး ဖြစ်သောကြောင့် နိဒ္ဒေါသမည်၏။ ရာဂစသော ပါပဓမ္မကို အမြစ်ရင်း ဖြတ်ပြီးသော သမ္မာဒိဋ္ဌိဟူလို။ နိယျာတိ ဟူသည် ဝဋ်ဆင်းရဲမှထွက်သွား၏။

ထိုသမ္မာဒိဋ္ဌိသည် ကိုယ်တိုင် ထွက်လျက် မဂ္ဂသမင်္ဂီပုဂ္ဂိုလ်ကို ဝဋ်ဆင်းရဲမှ ထွက်စေသည်ဟု ဆိုအပ်၏။ တံ ကရောတီတိ တက္ကရော- ဘုရား၏အဆုံးအမကို ပြုသူ။ ဆုံးမတိုင်းကျင့်သူဟူလို။ သစ္စာလေးပါး ထိုးထွင်း၍ သိခြင်းဖြင့် အယူတူသောသူ၏အဖြစ်သို့ ရောက်၏။

၂၇၅။ ဘေဒကရ စသည်အကျယ်

ထိုတွင်ဘေဒကရဝတ္ထု တစ်ဆယ့်ရှစ်ပါးသည် အဘယ်နည်း။ ဤသာသနာ၌ ရဟန်းသည် အဓမ္မကို ဓမ္မဟုပြ၏။ ဓမ္မကို အဓမ္မဟုပြ၏။ (တစ်စုံ)။

အဝိနယကို ဝိနယဟု--။ ဝိနယကို အဝိနယဟု--။(တစ်စုံ)။

ဘုရားမဟောသည်ကို ဘုရားဟောသည်ဟု--။ (အပြန်အလှန်တစ်စုံ)။

ဘုရား အလေ့အကျင့် မဟုတ်သည်ကို အလေ့အကျင့်ဟု--(တစ်စုံ)။

မပညတ်သည်ကို ပညတ်သည်ဟု--(တစ်စုံ)။

အာပတ္တိကို အနာပတ္တိဟု--(တစ်စုံ)။

လဟုက အာပတ်ကို ဂရုကအာပတ်ဟု--(တစ်စုံ)။

သာဝသေသအာပတ်ကို အနာဝသေသ အာပတ်ဟု--(တစ်စုံ)။

ဒုဋ္ဌုလ္လအာပတ်ကို အဒုဋ္ဌုလ္လအာပတ်ဟု--(တစ်စုံ)။

ပေါင်း ကိုးစုံ။ ဤကား ဘေဒကရဝတ္ထု ၁၈-ပါးတည်း။

ဓမ္မ, ဝိနယ-၂၊ ဘာသိတ-၁၊ စိဏ္ဏ, ပညတ်ဒုက်-၂။
အာပတ်, လဟုက-၂၊ ဒုဋ္ဌုလ္လ-၁၊ သာဝသေသဒုက်-၁။
တစ်ဆယ့်ရှစ်ခု၊ ကွဲပြားမှု၊ ဝတ္ထု ကိုးခုဒုက်။

အဓိကရဏလေးပါးသည် အဘယ်နည်း။ ဝိဝါဒါဓိကရုဏ်း၊ အနုဝါဒါဓိကရုဏ်း၊ အာပတ္တာဓိကရုဏ်း၊ ကိစ္စာဓိကရုဏ်းတည်း။

သမထခုနစ်ပါးသည် အဘယ်နည်း။ သမ္မုခါဝိနည်း၊ အမူဠဝိနည်း၊ ပဋိညာတကရဏ၊ ယေဘုယျသိကာ၊ တဿပါပိယျသိကာ၊ တိဏဝတ္ထာရကတည်း။

ကတိပုစ္ဆာဝါရပြီး၏။

၅။ ဝီသတိဝါရ၌

၁။ ဆအာပတ္တိသမုဋ္ဌာနဝါရ

၂၇၆။ ပဌမအာပတ္တိသမုဋ္ဌာန်ကြောင့် (ဝါ- ကာယကြောင့်) ပါရာဇိကသို့ ရောက်ရာသလော။
နဟိ- မရောက်ဟု ဆိုအပ်၏။
သံဃာဒိသေသ်သို့ ရောက်ရာသလော။ သိယာ- အချို့ရောက်သည်ဟု ဆိုအပ်၏။
ထုလ္လစ္စည်းသို့ ရောက်ရာသလော။ သိယာ- ဟုဆိုအပ်၏။
ပါစိတ်သို့ ရောက်ရာသလော။ သိယာ - ဟု ဆိုအပ်၏။
ပါဋိဒေသနီသို့ ရောက်ရာသလော။ သိယာ- ဟုဆိုအပ်၏။
ဒုက္ကဋ်သို့ ရောက်ရာသလော။ သိယာ- ဟုဆိုအပ်၏။
ဒုဗ္ဘာသီသို့ ရောက်ရာသလော။ နဟိ- မရောက်ဟုဆိုအပ်၏။ (သိယာ-၅)

ဒုတိယသမုဋ္ဌာန် (ဝါစာ)ကြောင့် ပါရာဇိကသို့ ရောက်ရာသလော၊ နဟိ။ သံဃာဒိသေသ်သို့။ သိယာ။ ထုလ္လစ္စည်း။ သိယာ။ ပါစိတ်။ သိယာ။ ပါဋိဒေသနီ။ နဟိ။ ဒုက္ကဋ်။ သိယာ။ ဒုဗ္ဘာသီ။ နဟိ။ (သိယာ-၄)

တတိယသမုဋ္ဌာန် (ကာယဝါစာ)ကြောင့် ပါရာဇိက။ နဟိ။ သံဃာဒိသေသ်, ထုလ္လစ္စည်း, ပါစိတ်, ပါဋိဒေသနီ, ဒုက္ကဋ်။ သိယာ။ ဒုဗ္ဘာသီ။ နဟိ။ (သိယာ-၅)

စတုတ္ထသမုဋ္ဌာန်(ကာယစိတ္တ)ကြောင့် ပါရာဇိက, သံဃာဒိသေသ်, ထုလ္လစ္စည်း, ပါစိတ်, ပါဋိဒေသနီ, ဒုက္ကဋ်။ သိယာ။ ဒုဗ္ဘာသီ။ နဟိ။ (သိယာ-၆)

ပဉ္စမသမုဋ္ဌာန် (ဝါစာစိတ္တ)ကြောင့် ပါရာဇိက, သံဃာဒိသေသ်, ထုလ္လစ္စည်း, ပါစိတ်။ သိယာ။ ပါဋိဒေသနီ။ နဟိ။ ဒုက္ကဋ်, ဒုဗ္ဘာသီ။ သိယာ။ (သိယာ-၆)

ဆသမုဋ္ဌာန် (ကာယဝါစာစိတ္တ)ကြောင့် ပါရာဇိက, သံဃာဒိသေသ်, ထုလ္လစ္စည်း, ပါစိတ်, ပါဋိဒေသနီ, ဒုက္ကဋ်။ သိယာ။ ဒုဗ္ဘာသီ။ နဟိ။ (သိယာ-၆)

(ဇီဋီ။ ။ ပဌမသမုဋ္ဌာန်ကြောင့် ဒုဗ္ဘာသိ- နဟိ ဟူသည်ကား ဝါစာစိတ္တစွမ်းဖြင့်သာ ဒုဗ္ဘာသီသို့ရောက်သောကြောင့် တည်း။

ဝိဋီ။ ။ ပဌမအာပတ္တိသမုဋ္ဌာန်ကြောင့် ဟူသည် ကာယသက်သက်ကြောင့်တည်း။
ပါရာဇိကအာပတ်သည် ဧကန္တသစိတ္တကသမုဋ္ဌာန်ဖြစ်၏။ ထို့ကြောင့် နဟိ- ဟုဆိုသည်။
သံဃာဒိသေသ်မှ ဒုက္ကဋ်အထိ ငါးပါးကား အစိတ္တကလည်းဖြစ်၏။ ထို့ကြောင့် သိယာ- ဟုဆိုသည်။
အယုတ်, အမြတ်, ဇာတ် စသည်တို့ဖြင် ဆဲရာ၌သာ ဒုဗ္ဘာသီကို ပညတ်၏။ ထို့ကြောင့် ဒုဗ္ဘာသီသည် ဧကန္တ ဝါစာစိတ္တသမုဋ္ဌာန် သာတည်း။
ဒုတိယသမုဋ္ဌာန်၌ ဝါစာသက်သက်ဖြင့် ပါဋိဒေသနီ ရောက်ခြင်းမရှိ။ ထို့ကြောင့် နဟိ- ဟုဆိုသည်။
တတိယသမုဋ္ဌာန်ကြောင့် အကျွမ်းဝင်ရာ၌ စီရင်သော ဘိက္ခုနီကို ကာယဝါစာတို့ဖြင့် မမောင်းမဲလျှင် ပါဋိဒေသနီဖြစ်သည်။ ထို့ကြောင့် သိယာ- ဟု ဆိုသည်။
ဩမသနပါစိတ်သည် အဒိန္နာဒါနသမုဋ္ဌာန် ရှိသော်လည်း ဆဲခြင်းကြောင့် ပညတ်သော ဒုဗ္ဘာသီသည် ပဉ္စမသမုဋ္ဌာန် ဝါစာစိတ္တကြောင့်သာ ဖြစ်သည်ဟု ပြခြင်းငှါ စတုတ္ထသမုဋ္ဌာန်၌ ဒုဗ္ဘာသီကို နဟိ- ဟုဆို၍ ပဉ္စမသမုဋ္ဌာန်၌ သိယာ- ဟုဆိုသည်။
ကာယဝိကာရ သက်သက်ဖြင့်ဆဲသူအား ဒုဗ္ဘာသီ မသင့်သော်လည်း ကာယဝိကာရ ရှိခြင်းကြောင့် ဒုက္ကဋ်သာ သင့်သည် ဟု မှတ်အပ်၏။
ဆဋ္ဌသမုဋ္ဌာန်၌ရှိသော ကာယသည် ဒုဗ္ဘာသီ၏ အင်္ဂါမဖြစ်။ ပဉ္စမ၌သာ ဆဋ္ဌဝင်သည်ဟု ပြခြင်းငှါ နဟိ-ဟု ပယ်သည်။ ဒုဗ္ဘာသီ အလျင်းမရှိဟုပြခြင်းငှါ ပယ်သည်မဟုတ်။ မြူးတူးလို၍ ကာယဝါစာတို့ဖြင့်ဆဲလျှင် ဒုဗ္ဘာသီမသင့်သည်မဟုတ်။ ပဉ္စမကြောင့်သင့်သော အာပတ်သည် ဆဋ္ဌကြောင့်လည်း သင့်သည်သာတည်း။ ဓမ္မဒေသနာအာပတ်ကဲ့သို့ဟု ယူအပ်၏။)

၂။ ဆန္နံအာပတ္တိသမုဋ္ဌာနာနံ ကတာပတ္တိဝါရ

၂၇၇။ ပဌမအာပတ္တိသမုဋ္ဌာန်ကြောင့် အဘယ်မျှသော အာပတ်တို့သို့ ရောက်သနည်း။ ပဌမကြောင့် ငါးပါးသော အာပတ်တို့သို့ရောက်၏။

ရဟန်းသည် ကပ္ပိယသညာဖြင့် သညာစိကာကုဋိကို နေရာမကြားဘဲ ပမာဏ လွန်အောင် ဘေးရန်ရှိလျက် ဥပစာမရှိလျက် ပြုလုပ်အံ့။ ပယောဂတိုင်း ဒုက္ကဋ်။ နောက်ဆုံး မြေဆိုင်မရောက်မီ ကုလ္လစ္စည်း။ ထိုမြေဆိုင်ရောက်လျင် သံဃာဒိသေသ်။ ကပ္ပိယသညာဖြင့် နေလွဲဘောဇဉ်စားလျှင် ပါစိတ်။ ကပ္ပိယသညာဖြင့် ရွာတွင်း၌တည်သော အညာတိကာ ဘိက္ခုနီ၏လက်မှ ခဲဘွယ်ဘောဇဉ်ကို မိမိလက်ဖြင့် ခံ၍စားလျှင် ပါဋိဒေသနီ။ ဤသို့ ငါးပါးသောအာပတ်ကို သို့ရောက်၏။

၁။ ထိုငါးပါးသော အာပတ်တို့သည် လေးပါးသောပိပတ္တိတို့တွင် အဘယ် ဝိပတ္တိသို့ သက်ဝင်ကုန်သနည်း။
၂။ ခုနစ်ပါးသော အာပတ်အစုတို့တွင် အဘယ်အစုဖြင့် ရေတွက်အပ်ကုန်သနည်း။
၃။ ခြောက်ပါးသော အာပတ္တိသမုဋ္ဌာန်တို့တွင် အဘယ်သမုဋ္ဌာန်တို့ကြောင့် ဖြစ်ကုန်သနည်း။
၄။ လေးပါးသောအဓိကရုဏ်းကိုတွင် အဘယ်အဓိကရုဏ်းနည်း။
၅။ ခုနစ်ပါးသော သမယတို့တွင် အဘယ်သမထတို့ဖြင့် ငြိမ်းကုန်သနည်း။ (ပုစ္ဆာငါးခု)။

ထိုငါးပါးသော အာပတ်တို့သည် ဝိပတ္တိနှစ်ပါးသို့ သက်ဝင်ကုန်၏။ အချို့ သီလဝိပတ္တိ၊ အချို့အာစာရပတ္တိ။ ငါးပါးသော အာပတ်အစုတို့ဖြင့် ရေတွက်အပ်ကုန်၏။ အချို့ သံဃာဒိသေသ်၊ အချို့ ထုလ္လစ္စည်း၊ ပါစိတ်၊ ပါဋိဒေသနီ၊ ဒုက္ကဋ်။ တစ်ခုသော သမုဋ္ဌာန်ကြောင့်ဖြစ်၏- ကာယကြောင့်။ အာပတ္တာဓိကရုဏ်းတည်း။ သုံးပါးသော သမထတို့ဖြင့် ငြိမ်းကုန်၏။ ရံခါ သမ္မုခါဝိနည်း ပဋိညာတကရဏဖြင့်။ ရံခါ သမ္မုခါဝိနည်း တိဏဝတ္တာရကဖြင့်။

၂၇၈။ ဒုတိယသမုဋ္ဌာန်ကြောင့် အဘယ်မျှသို့။ လေးပါးသော အာပတ်တို့သို့ရောက်၏။

ရဟန်းသည် ကပ္ပိယသညာဖြင့် ငါ့အတွက် ကုဋိကိုပြုကြလောဟု ညွှန်း၍ နေရာမကြား၊ ပမာဏလွန်၊ ဘေးရန်ရှိ၊ ဥပစာမရှိသော ကုဋိကိုပြုလုပ်ကုန်အံ့၊ ပယောဂတိုင်း ဒုက္ကဋ်။ နောက်ဆုံးမြေဆိုင် မရောက်မီ ထုလ္လစ္စည်း။ ထို မြေဆိုင်ရောက်လျှင် သံဃာဒိသေသ်။ ကပ္ပိယသညာဖြင့် အနုပသမ္ပန္နကို ပုဒ်ပြိုင် ဓမ္မပို့ချအံ့ ပါစိတ်။

ထို လေးပါးတို့သည် ဝိပတ္တိလေးပါးတို့တွင် အဘယ်သို့။ (ပ)။ သမထခုနစ်ပါးတို့တွင် အဘယ်ဖြင့် ငြိမ်းကုန်သနည်း။ ထိုလေးပါးသော အာပတ်တို့သည် ဝိပတ္တိနှစ်ပါး သီလဝိပတ္တိ၊ အာစာရဝိပတ္တိ။ လေးပါးသော အာပတ်အစု- သံဃာဒိသေသ်၊ ထုလ္လစ္စည်း၊ ပါစိတ်၊ ဒုက္ကဋ်။ တစ်ခုသောသမုဋ္ဌာန်- ဝါစာကြောင့်။ အာပတ္တာ ဓိကရုဏ်း။ သမထသုံးပါး- ရံခါ သမ္မုခါ၊ ပဋိညာ။ ရံခါ သမ္မုခါတိဏ။

၂၇၉။ တတိယသမုဋ္ဌာန်ကြောင့် အဘယ်မျှသို့။ ငါးပါးတို့သို့ရောက်၏။

ရဟန်းသည် ကပ္ပိယသညာဖြင့် စီမံ၍ ကုဋိကို (ပ) ပြုလုပ်အံ့၊ ပယောဂတိုင်း ဒုက္ကဋ်။ နောက်ဆုံး မြေဆိုင် မရောက်မီ တုလ္လစ္စည်း။ ထိုမြေဆိုင်ရောက်လျှင် သံဃာဒိသေသ်။ ကပ္ပိယသညာဖြင့် ပဏီတဘောဇဉ်ကို မိမိ အလို့ငှါ တောင်းစားအံ့ ပါစိတ်။ အကျွမ်းဝင်ရာ စီမံသောဘိက္ခုနီကို မတားဘဲ စားးအံ့ ပါဋိဒေသနီ။

ထိုပါးပါးသည် နှစ်ပါးသော ဝိပတ္တိ။ ငါးပါးသော အာပတ်အစု။ တစ်ခ သော ကာယဝါစာသမုဋ္ဌာန်။ အာပတ္တာ ဓိကရုဏ်း။ သုံးပါးသော သမထတို့ဖြင့် --။

၂၈၀။ စတုတ္ထသမုဋ္ဌာန်ကြောင့် အဘယ်မျှသို့။ ခြောက်ပါးတို့သို ရောက်၏။

ရဟန်းသည် မေထုနဓမ္မကို မှီဝဲအံ့ ပါရာဇိက။ အကပ္ပိယသညာဖြင့် သညာစိဟာကုဋိပြုလုပ်အံ့-ဒုက္ကဋ်၊ ထုလ္လစ္စည်း၊ သံဃာဒိသေသ်။ နေလွဲ ဘောဇဉ်စားအံ့ ပါစိတ်။ ရွာတွင်း ဘိက္ခုနီလက်မှ ခဲဘွယ်ဘောဇဉ်ကို မိမိလက်ဖြင့် ခံစားအံ့ ပါဋိဒေသနီ။

ထိုခြောက်ပါးတို့သည် နှစ်ပါးသော ဝိပတ္တိ။ ခြောက်ပါးသော အာပတ်အစု။ တစ်ခုသော ကာယစိတ္တသမုဋ္ဌာန်။ အာပတ္တာ ဓိကရုဏ်း။ သုံးပါးသောသမဏတို့ဖြင့် --။

၂၈၁။ ပဉ္စမသမုဋ္ဌာန်ကြောင့် အဘယ်မျှသို့။ ခြောက်ပါးတို့သို့ ရောက်၏။

ရဟန်းသည် အလိုဆိုးဖြင့် ဈာန်မဂ်ဖိုလ် ဝါကြွားအံ့ ပါရာဇိက။ အကပ္ပိယသညာဖြင့် ငါ့အတွက် ကုဋိကို ပြုကြလောဟုညွှန်၍ (ပ) ပြုလုပ်ကုန်အံ့ ဒုက္ကဋ်၊ တုလ္လစ္စည်း၊ သံဃာဒိသေသ်။ အနုပသမ္ပန္နကို ပုဒ်ပြိုင်ဓမ္မပို့ချအံ့ ပါစိတ်။ မရှုတ်ချလိုဘဲ မြူးထူးခြင်းဖြင့် ဆဲအံ့ ဒုဗ္ဘာသီ။

ထိုခြောက်ပါးတို့သည် နှစ်ပါးသော ဝိပတ္တိ။ ခြောက်ပါးသော အာပတ်အစု။ တစ်ခုသော ဝါစာစိတ္တသမုဋ္ဌာန်။ အာပတ္တာ ဓိကရုဏ်း။ သုံးပါးသော သမထတို့ဖြင့် --။

၂၈၂။ ဆဋ္ဌသမုဋ္ဌာန်ကြောင့် အဘယ်မျှသို့။ ခြောက်ပါးတို့သို့ ရောက်၏။

ရဟန်းသည် တိုင်ပင်၍ ဘဏ္ဍာကိုခိုးအံ့ ပါရာဇိက။ အကပ္ပိယသညာဖြင့် စီမံ၍ ကုဋိကိုပြုလုပ်အံ့ ဒုက္ကဋ်၊ ထုလ္လစ္စည်း၊ သံဃာဒိသေသ်။ ပဏီတဘောဇဉ် တောင်းစားအံ့ ပါစိတ်။ အကျွမ်းဝင်ရာစီမံသော ဘိက္ခုနီကို မတားဘဲ စားအံ့ ပါဋိဒေသနီ။

ထိုခြောက်ပါးတို့သည် နှစ်ပါးသော ဝိပတ္တိ။ ခြောက်ပါးသော အာပတ်အစု။ တစ်ခုသော ကာယဝါစာစိတ္တ သမုဋ္ဌာန်။ အာပတ္တာဓိကရုဏ်း။ သုံးပါးသော သမထတို့ဖြင့်--။

(ဇီဋီ။ ။ ကုဋိကိုပြုလုပ်ရာ၌ သဉ္စရိတ္တကိုမဆိုဘဲ ဒုက္ကဋ် ထုလ္လစ္စည်း သံဃာဒိသေသ်တို့၏ ဝတ္ထုတစ်ခုတည်း၌ အစဉ်အတိုင်းဖြစ်ပုံကို ပြခြင်းငှါ ဆိုသည်။ သဉ္စရိတ္တ၌သာ ရောက်သည်မဟုတ်။ ဤနည်းဖြင့် အစဉ်အတိုင်း မယူရာ၌ အကြောင်း ကိုသိအပ်၏။

ဝိဋီ။ ။ ပဌမသမုဋ္ဌာန်ကြောင့်သင့်သော အာပတ်တို့ကို လျင်စွာမြင်လွယ်စေခြင်းငှါ ကုဋီပြုလုပ်ခြင်း စသည် တို့ကို ထုတ်ပြသည်။ သဉ္စရိတ္တ စသည်တို့အားလည်း ထို အာပတ်မျိုးရှိ၏။ ဒုတိယသမုဋ္ဌာန် စသည်တို့၌လည်း ဤအတူတည်း။
ကပ္ပိယသညီဟူသော စကားဖြင့် အစိတ္တက အဖြစ်ကိုပြသည်။ ကုဋိံကရောတိဖြင့် ဝစီပယောဂမရှိခြင်းကို ပြသည်။ နှစ်ပုဒ်လုံးဖြင့်လည်း ကာယသက်သက်ကြောင့်သာ ဒုက္ကဋ် စသည်တို့၏ ဖြစ်ခြင်းကိုပြသည်။ နောက်၌လည်း ဤသို့ ထိုက်သလိုပြုအပ်၏။
တိဏဝတ္ထာရကကြောင့် ဟူသည်ကို သံဃာဒိသေသ်ဖယ်၍ ကြွင်းသော အာပတ်လေးခု စွမ်းဖြင့် ဆိုသည်။ စီမံ၍ ကုဋီပြုရာ၌ နှုတ်ဖြင့်စီရင်သည်၊ ကိုယ်တိုင်လည်း ကိုယ်ဖြင့်ပြုသည်။)

ဆန္နံ အာပတ္တိ သမုဋ္ဌာနာနံ ကတာ ပတ္တိ ဝါရပြီး၏။

၃။ အာပတ္တိသမုဋ္ဌာနဂါထာ

၂၈၃။ သမုဋ္ဌာနာ ကာယိကာ အနန္တဒဿိနာ၊
အက္ခာတာ လောကဟိတေန ဝိဝေကဒဿိနာ။
အာပတ္တိယော တေန သမုဋ္ဌိတာ ကတိ၊
ပုစ္ဆာမိ တံ ဗြူဟိ ဝိဘင်္ဂ ကောဝိဒ။

အနန္တဒဿိနာ၊ ကောင်းကင်အနန္တ စကြဝဠာအနန္တ သတ္တဝါအနန္တကို ဉာဏ်တော်အနန္တဖြင့် မြင်လေ့ရှိသော။
ဝိဝေကဒဿိနာ၊ ဝိဝေကငါးပါးကို ဝါ- နိဗ္ဗာန်ကိုမြင်လေ့ရှိသော။
လောကဟိတေန၊ သတ္တလောက အစီးအပွားကိုဆောင်သော မြတ်စွာဘုရားသည်။
ကာယိကာ သမုဋ္ဌာနာ၊ ကာယသမုဋ္ဌာန်တို့ကို။
အက္ခာတာ၊ ဟောကြားအပ်ကုန်ပြီ။
တေန၊ ထိုကာယသမုဋ္ဌာန်ကြောင့်။
ကတိအာပတ္တိယော၊ အဘယ်မျှသောအာပတ်တို့သည်။
သမုဋ္ဌိတာ၊ ဖြစ်ကုန်သနည်း။
ဝိဘင်္ဂကောဝိဒ၊ ဝိဘင်း၌ လိမ်မာသောသုခမိန်။
တံ၊ သင့်ကို။
ပုစ္ဆာမိ၊ ငါမေး၏။
ဗြူဟိ၊ ဖြေဆိုပါလော။

သမုဋ္ဌာနာ ကာယိကာ အနန္တ ဒဿိနာ၊
အက္ခာတာ လောကဟိတေန ဝိဝေကဒဿိနာ။
အာပတ္တိယော တေန သမုဋ္ဌိတာ ပဉ္စ၊
ဧတံ တေ အက္ခာမိ ဝိဘင်္ဂ ကောဝိဒ။

အနန္တဒဿိနာ၊ ကောင်းကင်အနန္တ စကြဝဠာအနန္တ သတ္တဝါအနန္တကို ဉာဏ်တော်အနန္တဖြင့် မြင်လေ့ရှိသော။
ဝိဝေကဒဿိနာ၊ ဝိဝေကငါးပါးကို ဝါ- နိဗ္ဗာန်ကိုမြင်လေ့ရှိသော။
လောကဟိတေန၊ သတ္တလောက အစီးအပွားကိုဆောင်သော မြတ်စွာဘုရားသည်။
ကာယိကာသမုဋ္ဌာနာ၊ ကာယသမုဋ္ဌာန်တို့ကို။
အက္ခာတာ၊ ဟောကြားအပ်ကုန်ပြီ။
တေန၊ ထိုသမုဋ္ဌာန်ကြောင့်။
ပဉ္စအာပတ္တိယော၊ ငါးပါးသော အာပတ်တို့သည်။
သမုဋ္ဌိတာ၊ ဖြစ်ကုန်၏။
ဝိဘင်္ဂကောဝိဒ၊ ဝိဘင်းဉာဏ်ထိန် သုခမိန်။
တေ၊ သင်၏။
ဧတံ၊ ဤပြဿနာကို။
အက္ခာမိ၊ ငါဖြေဆိုပါ၏။

ကာယကြောင့် အာပတ်အဘယ်မျှဖြစ်သနည်း။ ငါးပါးဖြစ်၏။
ဝါစာကြောင့် အာပတ်အဘယ်မျှဖြစ်သနည်း။ လေးပါးဖြစ်၏။
ကာယဝါစာကြောင့် အဘယ်မျှဖြစ်သနည်း။ ငါးပါးဖြစ်၏။
သစိတ္တကြောင့် အဘယ်မျှဖြစ်သနည်း။ ခြောက်ပါးဖြစ်၏။
ဝါစာစိတ္တကြောင့် အဘယ်မျှဖြစ်သနည်း။ ခြောက်ပါးဖြစ်၏။
ကာယဝါစာစိတ္တကြောင့် အဘယ်မျှဖြစ်သနည်း။ ခြောက်ပါး ဖြစ်၏။

အာပတ္တိသမုဋ္ဌာနဂါထာပြီး၏။

ငါး, လေး, ငါး, ခြောက်၊ ခြောက်နှင့် ခြောက်၊ ခြောက်ကြောင့် စဉ်တိုင်းတည်း။

(ဇီဋီ။ ။ ဝိဝေကဒဿိနာ - တဒင်္ဂဝိဝေကစသော ငါးပါးသော ဝိဝေကကို မြင်လေ့ရှိသော။

ဝိဋီ။ ။ တတိယကထာဝါရကို ဒုတိယဝါရဖြင့် ဆိုပြီးသောအနက်ကိုသာ ရေတွက်၍ ပြခြင်းငှါဆိုသည်။
ကာယောဂ၊ ကာယိကော - ဟုဆိုအပ်လျက် ဝစနဝိပလ္လာသဖြင့် ကာယိကာ ဟု (ဗဟုဝုစ်) ဆိုသည်။ (လိင်္ဂဝိပလ္လာသ မဟုတ်။) ထို့ကြောင့် တေနသမုဋ္ဌိတာဟုဆိုသည်။
ကာယောသမုဋ္ဌာနံ - ကာယသမုဋ္ဌာန်ကို။ အက္ခာတော၊ ဟောကြားအပ်၏ဟု အနက် ဖြစ်၏။
ဝိဝေကဒဿိနာ - နိဗ္ဗာန်ကိုမြင်လေ့ရှိသော သင်္ခတအားလုံးမှဆိတ်သောကြောင့် နိဗ္ဗာန်သည် ဝိဝေကမည်၏။ နီဝရဏကင်းသောဈာန်လည်း ဝိဝေကမည်၏။
ဝိဘင်္ဂကောဝိဒ - ဥဘတောဝိဘင်း၌ လိမ္မာသူ-ဟူသော အာလုပ်။ ဤဝါရ၌ ပုစ္ဆာတစ်ပါး မေးသည်မရှိ။ ရှင်ဥပါလိမထေရ်သည် ကိုယ်တိုင်သာလျှင် အနက်ပေါ်လွင်အောင် ပြုခြင်းငှါ အမေး အဖြေကိုလည်း ပြုတော်မူသည်။ ဤနည်းဖြင့် နေရာတိုင်း၌ အနက်သိအပ်၏။)

(ဤ၌ဆိုသော ဝိဋီစကားဖြင့် ဤပရိဝါပါဠိတော်ကို ရှင်ဥပါလိ စီစဉ်သည်ဟုသိသာ၏။)

၄။ ဝိပတ္တိပစ္စယဝါရ

၂၈၄။ သီလဝိတ္တိ ဟူသောအကြောင်းကြောင့် (ဝါ-အကြောင်းခံ၍) အဘယ်မျှသော အာပတ်တို့သို့ ရောက်သနည်း။ သီလဝိပတ္တိ အကြောင်းကြောင့် လေးပါးသော အာပတ်တို့သို့ရောက်၏။

ဘိက္ခုနီသည် သိလျှက်ပါရာဇိကကို ဖုံးအံ့။ ယုံမှားလျှက်ဖုံးအံ့ ထုလ္လစ္စည်း။ ရဟန်းသည် သံဃာဒိသေသ်ကို ဖုံးအံ့ ပါစိတ်။ ဒုဋ္ဌုလ္လ၊ သံဃာဒိသေသ်ကိုဖုံးအံ့ ဒုက္ကဋ်။ ဤသို့လေးပါးသော အာပတ် တို့သို့ရောက်၏။

ထိုလေးပါးသော အာပတ်တို့သည် လေးပါးသောဝိပတ္တိ တို့တွင် (ပ) ခုနှစ်ပါးသော သမထတို့တွင် -- (ပုစ္ဆာငါးခု) ထိုလေးပါးသော အာပတ်တို့သည် နှစ်ပါးသော ဝိပတ္တိသို့ သက်ဝင်ကုန်၏။ လေးပါးသော အာပတ်အစုဖြင့် ရေတွက်အပ်ကုန်၏။ ကာယဝါစာစိတ္တသမုဋ္ဌာန်တစ်ခုကြောင့် ဖြစ်ကုန်၏။ အာပတ္တာဓိကရုဏ်းဖြစ်၏။ သုံးပါးသော သမထတို့ဖြင့် ငြိမ်းကုန်၏။

၂၈၅။ အာစာရဝိပတ္တိ အကြောင်းကြောင့် အဘယ်မျှတို့သို့။ တစ်ပါးသော အာပတ်သို့ရောက်၏။

အာစာရဝိပတ္တိကို ဖုံးအံ့ ဒုက္ကဋ်။

ထိုတစ်ပါးသော အာပတ်သည် တစ်ပါးသော အာစာရဝိပတ္တိ။ တစ်ပါးသောအာပတ်အစု။ ကာယဝါစာစိတ္တ သမုဋ္ဌာန်တစ်ခု။ အာပတ္တာဓိကရုဏ်း။ သုံးပါးသောသမထတို့ဖြင့် --။

၂၈၆။ ဒိဋ္ဌိဝိပတ္တိအကြောင်းကြောင့် အဘယ်မျှတို့သို့။ နှစ်ပါးတို့သို့ ရောက်၏။

ယုတ်မာသောအယူကို သုံးကြိမ်ဆုံးမလျက် မစွန့်အံ့။ ဉာတ်ဖြင့် ဒုက္ကဋ်။ ကမ္မဝါစာအဆုံး၌ ပါစိတ်။

ထိုနှစ်ပါးတို့သည် အာစာရဝိပတ္တိတစ်ပါး အာပတ်နှစ်စု၊ ကာယဝါစာစိတ္တသမုဋ္ဌာန်တစ်ခု။ အာပတ္တာဓိကရုဏ်း၊ သုံးပါးသောသမထတိုဖြင့် ---။

၂၈၇။ အာဇီဝဝိပတ္တိ အကြောင်းကြောင့် အဘယ်မျှတို့သို့။ ခြောက်ပါးတို့သို့ရောက်၏။

အသက်မွေးခြင်းဟူသော အကြောင်းကြောင့် မဟုတ်မမှန် ဈာန်မဂ်ဖိုလ်ဝါကြွားအံ့ ပါရာဇိက။ အသက်မွေး လိုသောကြောင့် အောင်တမန် သွားလာအံ့ သံဃာဒိသေသ်။ သင်၏ ကျောင်းနေရဟန်းသည် ရဟန္တာဟု သွယ်ဝိုက်၍ပြောအံ့ နားထောင်သူသိလျှင် ထုလ္လစ္စည်း။ ပဏီတဘောဇဉ်ကို တောင်းစားအံ့ ပါစိတ်။ အသက်မွေးလိုသောကြောင့် (ဝါ - လာဘ်ရလိုသောကြောင့်) ဘိက္ခုနီသည် ပဏီတဘောဇဉ် တောင်းစားအံ့ ပါဋိဒေသနီ။ အသက်မွေးလိုသောကြောင့် သူပသြဒန တောင်းစားအံ့ ဒုက္ကဋ်။

ထိုခြောက်ပါးတို့သည် ဝိပတ္တိနှစ်ပါး။ အာပတ်ခြောက်ခု။ သမုဋ္ဌာန်ခြောက်ခု။ အာပတ္တာဓိကရုဏ်း။ သုံးပါးသော သမထတို့ဖြင့်--။

(ဇီဋီ။ ။ မိမိ၏ ဒုဋ္ဌုလ္လသည် သံဃာဒိသေသ်ဖြစ်။)

ဝိဋီ။ ။ သီလဝိပတ္တိဟူသော အကြောင်းကြောင့် ဟူသည် သီလဝိပတ္တိကို ဖုံးခြင်းအကြောင်းကြောင့်တည်း။
ဒိဋ္ဌိဝိပတ္တိ အကြောင်းကြောင့် ဟူသည် ဒိဋ္ဌိဝိပတ္တိကို မစွန့်ခြင်း အကြောင်းကြောင့်တည်း။
အာဇီဝဝိပတ္တိ အကြောင်းကြောင့် ဟူသည်၌ အာဂမ္မဇီဝန္တိဧတေနာတိအာဇီဝေါ - အသက်မွေးကြောင်း ပစ္စည်း လေးပါးရ၏။ အာဇီဝေါဝဝိပတ္တိ - အာဇီဝဝိပတ္တိ - ထိုပစ္စည်းလေးပါးသည်သာလျှင် မိစ္ဆာအကျင့်ဖြင့် ပျက်စီး၏။ ထိုပျက်စီးသောပစ္စည်းလေးပါးကို ဖြစ်စေခြင်း သုံးဆောင်ခြင်း အကြောင်းကြောင့်တည်း။)

ဝိပတ္တိပစ္စယဝါရပြီး၏။

၅။ အဓိကရဏပစ္စယဝါရ

၂၈၈။ ဝိဝါဒါဓိကရဏ အကြောင်းကြောင့် အဘယ်မျှသော အာပတ်တို့သို့ ရောက်သနည်း။ ဝိဝါဒါဓိကရဏ အကြောင်းကြောင့် နှစ်ပါးသော အာပတ်တို့သို့ရောက်၏။

ဥပသမ္ပန္နကိုဆဲအံ့ ပါစိတ်။ အနုပသမ္ပန္နကိုဆဲအံ့ ဒုက္ကဋ်။

ထိုနှစ်ပါးတို့သည် လေးပါးသော ဝိပတ္တိတို့တွင် - (ပုစ္ဆာငါးခု)။။ ထိုနှစ်ပါးသော အာပတ်တို့သည် အာစာရ-ဝိပတ္တိတစ်ခု။ အာပတ်အစုနှစ်ခု။ ကာယစိတ္တ၊ ဝါစာစိတ္တ၊ ကာယဝါစာစိတ္တသမုဋ္ဌာန်သုံးခု။ အာပတ္တာဓိကရုဏ်း။ သုံးပါးသော သမထတို့ဖြင့် --။

၂၈၉။ အနုဝါဒါဓိကရဏ အကြောင်းကြောင့် အဘယ်မျှတို့သို့။ သုံးပါး တို့သို့ ရောက်၏။

ရဟန်းကို အမူလကပါရာဇိကဖြင့် စွပ်စွဲအံ့ သံဃာဒိသေသ်။ အမူလကသံဃာဒိသေသ်ဖြင့် စွပ်စွဲအံ့ ပါစိတ်။ အမူလကအာစာရဝိပတ္တိဖြင့် စွပ်စွဲအံ့ ဒုက္ကဋ်။

ထိုသုံးပါးတို့သည် ဝိပတ္တိနှစ်ပါး။ အာပတ်အစုသုံးခု။ ကာယစိတ္တ၊ ဝါစာစိတ္တ၊ ကာယဝါစာစိတ္တသမုဋ္ဌာန်သုံးခု။ အာပတ္တာဓိကရုဏ်း။ သုံးပါးသော သမထတို့ဖြင့် --။

၂၉၀။ အာပတ္တာဓိကရဏ အကြောင်းကြောင့် အဘယ်မျှတို့သို့။ လေးပါးတို့သို့ရောက်၏။

ဘိက္ခုနီသည်သိလျက် ပါရာဇိကကို ဖုံးအံ့ ပါရာဇိက။ ယုံမှားလျှက်ဖုံးအံ့ ထုလ္လစ္စည်း။ ဘိက္ခုသည် သံဃာဒိသေသ်ကို ဖုံးအံ့ပါစိတ်။ အာစာရဝိပတ္တိကိုဖုံးအံ့ ဒုက္ကဋ်။

ထိုလေးပါးတို့သည် ဝိပတ္တိနှစ်ပါး။ အာပတ်အစုလေးခု။ ကာယဝါစာစိတ္တသမုဋ္ဌာန်တစ်ခု။ အာပတ္တာဓိကရုဏ်း။ သုံးပါးသောသမထတို့ဖြင့် --။

၂၉၁။ ကိစ္စာဓိကရဏ အကြောင်းကြောင့် အဘယ်မျှတို့သို့။ ငါးပါးတို့သို့ ရောက်၏။

ဥက္ခိတ္တာနုဝတ္တိကာဘိက္ခုနီသည် သုံးကြိမ်ဆုံးမလျှက် မစွန်အံ့၊ ဉာတ္တိ ဒုက္ကဋ်။ ကမ္မဝါစာနှစ်ချက် ထုလ္လစ္စည်း။ ကမ္မဝါစာအဆုံး၌ ပါရာဇိက။ ဘေဒါနုဝတ္တကရဟန်းသည် သုံးကြိမ်ဆုံးမလျက် မစွန့်လျှင် သံဃာဒိသေသ်။ ယုတ်မာသောအယူကို သုံးကြိမ်ဆုံးမလျက် မစွန့်လျှင် ပါစိတ်။။

ထိုငါးပါးတို့သည် ဝိပတ္တိနှစ်ပါး။ အာပတ်အစုငါးခု၊ ကာယဝါစာစိတ္တသမုဋ္ဌာန်တစ်ခု။ အာပတ္တာဓိကရုဏ်း။ သုံးပါးသော သမထတို့ဖြင့် --။

ခုနှစ်ပါးသောအာပတ်၊ အာပတ္တိက္ခန္ဓတို့ကိုဖယ်ထား၍ကြွင်းသော အာပတ္တိတို့သည် လေးပါးသော ဝိပတ္တိတို့တွင် အဘယ်ဝိပတ္တိသို့။ (ပုစ္ဆာ ငါးခု)။

ကြွင်းသော အာပတ္တိတို့သည် အဘယ်ဝိပတ္တိမျှသို့ မဝင်ကုန်။
အဘယ် အာပတ္တိက္ခန္ဓမျှဖြင့် မရေတွက်အပ်ကုန်။
အဘယ်သမုဋ္ဌာန်မျှကြောင့် မဖြစ်ကုန်။
အဘယ်အဓိကရုဏ်းမျှ မဖြစ်။
အဘယ်သမထမျှတို့ဖြင့် မငြိမ်းကုန်။
တံ ကိဿ ဟေတု။ ခုနှစ်ပါးသော အာပတ်။ အာပတ္တိက္ခန္ဓတို့ကိုဖယ်ထား၍ တစ်ပါးသော အာပတ္တိ မရှိ။ ထို့ကြောင့်တည်း။

(ဇီဋီ။ ။ ဝိဝါဒါဓိကရဏ အကြောင်းကြောင့်ဟူသည် သူတစ်ပါးဖြစ်စေ၊ မိမိဖြစ်စေ ရှေးအဘို့၌ ရောက်ခြင်း အကြောင်းကြောင့်ဟူလို။
ဆဲအံ့ဟူသည် ဤကားဓမ္မ၊ ဤကား ဝိနယဟု ငြင်းခုန်သူသည် “နင်ဘာကိုသိသလဲ “စသည်ဖြင့် ဆဲတတ်၏။
သုံးပါးသောသမထသည် သမ္မုခါ၊ ပဋိညာ၊ တိဏဖြစ်၏။
သမ္မုခါဝိနယကို နေရာတိုင်း၌ အလိုရှိအပ်သောကြောင့် သမ္မုခါ၊ ပဋိညာဖြင့် စသည်ဖြင့် နှစ်ပုဒ်လုံးနှင့် တွဲရသည်။ နေရာတိုင်း ဤနည်းတည်း ဟုဆိုအပ်၏။
ခုနှစ်ပါးသောအာပတ် အာပတ္တိက္ခန္ဓတို့ကို ဖယ်ထား၍ ဟူသည်၌ ကြွင်းသော အာပတ္တိ မရှိသော်လည်း အစဉ်အတိုင်းဖြင့် လိမ္မာ ထက်မြက်စိမ့်သောငှါ ပုစ္ဆာပြု။

ဝိဋီ။ ။ ကိစ္စာဓိကရဏအကြောင်းကြောင့် ဟူသည် အပလောကနစကားကြောင့် ဉာတ်ကမ္မဝါစာဟူသော ကံပြု စကားကြောင့်တည်း။
ငါးပါးဟူသည်၌ အဓိမ္မိက ကထိက စသည်ကို ပန်ကြား၍ ပြုသူတို့အား အကြောင်းမဟုတ်ဟုလို။
ပဉ္စမအဓိကရဏပစ္စယဝါရ၌ ကိစ္စာဓိကရဏအကြောင်းကြောင့် အပလောကနအဆုံး၌ ဒုက္ကဋ်ကိုလည်းကောင်း၊ အဓိပ္ပါယစသည် ဖြင့် ဉာတ္တိကံစသည်ကို ပြုသူတို့အား ထုလ္လစ္စည်း စသည်ကို လည်းကောင်း ရေတွက်သည်ဟု မှတ်အပ်၏။
ကြွင်းသော အာပတ္တိတို့ ဟူသည် သောတာပတ္တိ၊ ဖလသမာပတ္တိ စသည်တို့တည်း။ တစ်ပါးသော အာပတ္တိ မရှိသည်မဟုတ်။ ထို့ကြောင့် ဤဝေဖန်ခြင်းကို အပြစ်ရှိအာပတ် သာဝဇ္ဇာပတ္တိတို့ကို ရည်ဆိုသည်။)

အဓိကရဏပစ္စယဝါရပြီး၏။
အန္တရပေယျာလပြီး၏။

သမထဘေဒ

၆။ အဓိကရဏပရိယာယဝါရ

၂၉၂။ ဝိဝါဒါဓိကရဏ၏ပုဗ္ဗင်္ဂမသည် အဘယ်နည်း။ ဌာနတို့သည် အဘယ်မျှတို့နည်း။ ဝတ္ထုတို့သည် --။ ဘူမိတို့သည်--။ ဟေတုတို့သည်--။ မူလတို့သည် အဘယ်မျှတို့နည်း။ အဘယ်အခြင်းအရာတို့ဖြင့် ငြင်းခုံသနည်း။ အဘယ် သမထတို့ဖြင့် ငြိမ်းသနည်။ (ပုစ္ဆာရှစ်ခုစီ။)

အနုဝါဒါစသော သုံးခု၌ အဘယ်အခြင်းအရာတို့ဖြင့် စွပ်စွဲသနည်း။ အာပတ်သို့ရောက်သနည်း။ ကိစ္စ ဖြစ်သနည်း။ (ဤမျှထူး၏ ပုစ္ဆာရှစ်ခုစီ)

၂၉၃။ ဝိဝါဒါဓိကရဏ၏ ပုဗ္ဗင်္ဂမသည် အဘယ်နည်း။ လောဘသည်၊ ဒေါသသည်၊ မောဟသည်၊ အလောဘသည်၊ အဒေါသသည်၊ အမောဟသည် ပုဗ္ဗင်္ဂမ - ရှေ့သွားဖြစ်၏။

ကတိဌာနာနိ - ဘေဒကရဝတ္ထု (၁၈) ပါးတို့သည် ဌာနတို့ဖြစ်ကုန်၏။

ကတိဝတ္ထူနိ - ဘေဒကရဝတ္ထု (၁၈) ပါးတို့သည် ဝတ္ထုတို့ ဖြစ်ကုန်၏။

ကတိဘူမိယော - ဘေဒကရဝတ္ထု (၁၈) ပါးတို့သည် ဘူမိဖြစ်ကုန်၏။

ကတိဟေတု - ကိုးပါးသော ဟေတုတို့ ဖြစ်ကုန်၏။

ကုသလဟိတ် သုံးပါး၊ အကုသလဟိတ်သုံးပါး၊ အဗျာကတဟိတ် သုံးပါး။ ကတိမူလာနိ တစ်ဆယ့်နှစ်ပါးသော မူလတို့ဖြစ်ကုန်၏။

ကတိဟာကာရေဟိ ဝိဝဒတိ နှစ်ပါးသော အခြင်းအရာတို့ဖြင့် ငြင်းခုံ၏။ ဓမ္မဒိဋ္ဌိဖြစ်စေ၊ အဓမ္မဒိဋ္ဌိဖြစ်စေ၊ ဤ နှစ်ပါးဖြင့် ငြင်းခုံ၏။

ကတိဟိ သမထေဟိ သမ္မတိ - ဝိဝါဒါဓိကရုဏ်းသည် နှစ်ပါးသော သမထတို့ဖြင့် ငြိမ်း၏။ သမ္မုခါဝိနည်းဖြင့် လည်းကောင်း၊ ယေဘုယျသိကာဖြင့် လည်းကောင်းတည်း။

၂၉၄။ အနုဝါဒါဓိကရဏ၏ ပုဗ္ဗင်္ဂမသည် အဘယ်နည်း။
လောဘ၊ ဒေါသ၊ မောဟ၊ အလောဘ၊ အဒေါသ၊ အမောဟသည် ပုဗ္ဗင်္ဂမဖြစ်၏။
လေးပါးသော ဝိပတ္တိတို့သည် ဌာနတို့ ဖြစ်ကုန်၏။ ဝတ္ထုတို့ဖြစ်ကုန်၏။ ဘူမိတို့ ဖြစ်ကုန်၏။ ကိုးပါးသော ဟေတုတို့ ဖြစ်ကုန်၏။
တစ်ဆယ့်လေးပါးသော မူလတို့ဖြစ်ကုန်၏။
နှစ်ပါးသော အခြင်းအရာတို့ဖြင့် စွပ်စွဲ၏။
ဝတ္ထုဖြင့်လည်းကောင်း၊ အာပတ်ဖြင့်လည်းကောင်းတည်း။ လေးပါးသော သမထတို့ဖြင့်ခြိမ်း ၏။
သမ္မုခါဝိနည်း၊ သတိဝိနည်း၊ အမူဠဝိနည်း၊ တဿပါပိသျသိကာဖြင့်တည်း။

၂၉၅။ အာပတ္တာဓိကရဏ၏ ပုဗ္ဗင်္ဂမသည် အဘယ်နည်း။
လောဘ (ပ) အမောဟသည် ပုဗ္ဗင်္ဂမဖြစ်၏။
ခုနှစ်ပါးသော အာပတ္တိက္ခန္ဓတို့သည် ဌာန၊ ဝတ္ထု၊ ဘူမိတို့ဖြစ်ကုန်၏။ ခြောက်ပါးသော ဟေဟုတို့ဖြစ်ကုန်၏၊
အကုသလဟိတ်သုံးပါး၊ အဗျာကတဟိတ်သုံးပါး၊ (ကုသလဟိတ်သုံးပါး မရှိ) ခြောက်ပါးသော အာပတ္တိသမုဋ္ဌာန် တို့သည် မူလတို့ဖြစ်ကုန်၏။
ခြောက်ပါးသော ခြင်းရာတို့ဖြင့် အာပတ်သို့ရောက်၏။
မရှက်ခြင်း၊ မသိခြင်း၊ ကုက္ကုစ္စနှိပ်စက်ခြင်း၊ အကပ္ပိယ၌ ကပ္ပိယသညာရှိခြင်း၊ ကပ္ပိယ၌ အကပ္ပိယသညာရှိခြင်း၊ သတိ မေ့လျော့ခြင်းတို့ဖြင့်တည်း။
သုံးပါးသောသမထတို့ဖြင့်ငြိမ်း၏။ သမ္မုခါ၊ ပဋိညာ၊ တိဏဝတ္ထာရကဖြင့်တည်း။

၂၉၆။ ကိစ္စာဓိကရဏ၏ ပုဗ္ဗင်္ဂမသည် အဘယ်နည်း။
လောဘ (ပ) အမောဟသည် ပုဗ္ဗင်္ဂမဖြစ်၏။
လေးပါးသော ကံတို့သည် ဌာန --၊ ဝတ္ထု--၊ ဘူမိတို့ဖြစ်ကုန်၏။ ကိုးပါးသော ဟေတုတို့ဖြစ်ကုန်၏။
သံဃာသည် မူလ တစ်ပါးဖြစ်၏။
နှစ်ပါးသောခြင်းရာတို့ဖြင့် ကိစ္စဖြစ်၏။ ဉာတ်ဖြင့် ပန်ကြားခြင်းဖြင့်တည်း။
တစ်ပါးသော သမထဖြင့်ငြိမ်း၏။ သမ္မုခါဝိနည်းဖြင့်တည်း။

သမထတို့သည် အဘယ်မျှတို့နည်း။

ခုနှစ်ပါးတို့တည်း။ သမ္မုခါ၊ သတိ၊ အမူဠ၊ ပဋိညာ၊ ယေဘုယျ၊ တဿပါပိ၊ တိဏ၊ ဤခုနှစ်ပါးတို့သည် ဆယ်ပါးကို ဖြစ်ကုန်၏။ ဆယ်ပါးတို့သည် ခုနှစ်ပါးတို့ဖြစ်ကုန်၏။ ဝတ္ထုလေးပါးစွမ်းဖြင့် လည်းကောင်း၊ ပရိယာယ - ဟောစဉ်ဖြင့် လည်းကောင်းတည်း။

ဖြစ်ပုံကား -- ဝိဝါဒ၏ သမထနှစ်ပါး၊ အနုဝါဒ၏ သမထလေးပါး၊ အာပတ္တိ၏ သမထသုံးပါး၊ ကိစ္စ၏ သမထတစ်ပါး၊ ဤသို့ ခုနှစ်ပါးသည် ဆယ်ပါးဖြစ်၏။ ဆယ်ပါးသည် ခုနှစ်ပါး ဖြစ်၏။

(ဝိဝါဒစသော လေးနေရာ၌ ဟောစဉ်ဖြင့် တစ်ဆယ် အတူဖယ်လျှင် ခုနှစ်။)

ဇီဋီ။ ။ လောဘအကြောင်းခံ၍ ငြင်းခုံသောကြောင့် လောဘသည် ပုဗ္ဗင်္ဂမ ဖြစ်၏။ အကြွင်းတူပြီ။
တိဋ္ဌန္တိဧတ္ထာတိ ဌာနံ- တည်ရာ၊ ဝသန္တိ ဧတ္ထာတိဝတ္ထု - နေရာ။ ဘဝန္တိ ဇတ္တာတိ ဘူမိ - ဖြစ်ရာ။ ဤသုံးခုသည် ကာရဏ၏ဝေဝုစ်တည်း။ ဝိဝါဒစသော လေးပါးတို့၏ တည်ရာ နေရာ ဖြစ်ရာအကြောင်း ဖြစ်၏။
ကုသိုလ် အကုသိုလ် အဗျာကတ စိတ်ရှိ၍ ငြင်းခုံသောကြောင့် နဝဟေတူ ဟုဆိုသည်။
ကောဓ, ဥပနာဟ စသော တစ်ဆယ့် နှစ်ပါးသည် ဒွါဒသမူလတည်း။
အက္ကောသန္တ - ဆဲသောပုဂ္ဂိုလ်သည် ဝိပတ္တိလေးပါး တစ်ပါးပါးဖြင့် စွပ်စွဲ၏။ (ဝါ-ဆဲ၏) ထို့ကြောင့် ဝိပတ္တိ လေးပါးသည် ဌာနဖြစ်၏။
ကောဓ စသော တစ်ဆယ့်နှစ်ပါးနှင့် ကာယ, ဝါစာသည် စုဒ္ဒသမူလတည်း။
ခုနစ်ပါးသော အာပတ္တိက္ခန္ဓတို့သည် ဌာနဟူသည်၌ အာပတ်သို့ရောက်၍ ဖုံးလျှင် နောက်အာပတ်တစ်ခု ဖြစ်၏။ ရှေ့အာပတ်သည် နောက်အာပတ်၏ အကြောင်းဖြစ်၏။
နတ္ထိ အာပတ္တာဓိကရဏံ ကုသလံ - ကုသိုလ်အာပတ်မရှိဟု ဟောသည်။ ကုသိုလ်ကြောင့် အာပတ်မသင့်။ အကြောင်းအင်္ဂါကား ဖြစ်၏။ (ကုသိုလ်စိတ် ဖြစ်ခိုက် အာပတ်သင့်နိုင်သော်လည်း ကုသိုလ်ကြောင့်မဟုတ် ရုပ်- အဗျာကတကြောင့်. ဟူလို။)
လေးပါးသောကံတို့သည် ဌာန ဟူသည်၌ ဤသို့ပြုအပ်၏ဟု တည်သော ပါဠိသည် ကံမည်၏။
တည်ရှိတိုင်း ပါဠိစွမ်းဖြင့် ပြုသူတို့၏ ကြိယာသည် ကိစ္စာဓိကရဏမည်၏ဟု ဟောသည်။ ပါဠိသို့ အစဉ်လျှောက်၍ ပြုသော လက္ခဏာသည်လည်း ကံ မည်၏။ ထိုအတိုင်းပြုခြင်းသည် ကိစ္စာဓိကရုဏ်းမည်၏။
ဉာတ္တိ စသော ကံသုံးပါးသည် ဉာတ်ဖြင့်ဖြစ်၏။
အပလောကနကံသည် ပန်ကြားခြင်းဖြစ်၏။ တပါးသော သမထဖြင့်ငြိမ်း၏။ ပြည့်စုံ၏။
ဝိဝါဒ၏သမထ နှစ်ပါးဟူသည်၌ ထိုနှစ်ပါးကိုဖယ်ထား၍ တပါးသော သမထ တို့ဖြင့် မငြိမ်း။

သာဋီ။ ။ လောဘအကြောင်းခံ၍ ငြင်းခုံသောကြောင့် လောဘသည် ပုဗ္ဗင်္ဂမဖြစ်၏။ အကြွင်းတူပြီ။
ဌာနသည် ကာရဏတည်း။ ဝိဝါဒ စသည်တို့၏တည်ရာ နေရာ ဖြစ်ရာအကြောင်းတည်း။
ကုသိုလ် အကုသိုလ် အဗျာကတစိတ်ရှိလျှက် ငြင်းခုံသောကြောင့် နဝဟေတူ ဟုဆိုသည်။
(ဒွါဒသမူလ, စုဒ္ဒသမူလ, အာပတ္တိက္ခန္ဓခုနစ်ပါးဌာနတို့သည် ဇီဋီနှင့်တူစွာဆို၏။)
နတ္ထိ အာပတ္တာဓိကရဏံ ကုသလံ ဟု ဟောသောကြောင့် အကုသိုလ် အဗျာကတစွမ်းဖြင့် ခြောက်ပါးသော ဟေတုတို့ကိုဟောသည်။ ကုသိုလ်စိတ်ကား အင်္ဂါဟုတ်၏။ ဟေတုမဟုတ်။
ကံလေးပါးဌာနဖြစ်ရာ၌ ဤသို့ပြုအပ်၏ဟု ပြုအပ်သည် အဖြစ်ကိုပြသည် အစွမ်းဖြင့်ဖြစ်သောပါဠိသည် ကံမည်၏။
တည်ရှိတိုင်း ပါဠိစွမ်းဖြင့်ပြုသူတို့၏ ကြိယာသည် ကိစ္စာဓိကရဏမည်၏။
ဉာတ္တိ စသော ကံသုံးပါးသည် ဉာတ်အားဖြင့် ဖြစ်၏။
အပလောကနကံသည် ပန်ကြားခြင်းအားဖြင့်သာ ဖြစ်၏။ ထို့ကြောင့် ဉာတ်ဖြင့် ပန်ကြားခြင်းဖြင့် -ဟုဆိုသည်။
ကိစ္စာဓိကရုဏ်းသည် တစ်ခုသော သမထဖြင့်ငြိမ်း၏။ ပြည့်စုံ၏အနက်။

ဝိဋီ။ ။ အလောဘပုဗ္ဗင်္ဂမ စသည်ကို သာသနာ၏ တည်စိမ့်သောငှါ ကောင်းစွာ ဓမ္မဝါဒီ၏ ငြင်းခုံခြင်းကို ရည်ဆိုသည်။
ဓမ္မ စသည်၌ အဓမ္မ စသည်ဖြင့်ယူ၍ပြခြင်းတို့သည် ဘေဒကရဝတ္ထုတို့တည်း။ ထိုတို့သည်သာလျှင် ကလဟ, ဝိပါဒ၏အကြောင်းဌာန၊ နေရာဝတ္ထု၊ တည်ရာဘူမိတို့ ဖြစ်ကုန်၏။
အဗျာကတ ဟိတ်သုံးပါးကို ရဟန္တာတို့၏ ငြင်းခုံခြင်းကို ရည်ဆိုသည်။
တစ်ဆယ့်နှစ်ပါးသော မူလကား ကောဓ, ဥပနာဟ, မက္ခ, ပလာသ, ဣဿာ, မစ္ဆရိယ, မာယာ, သာဌေယျ, ပါပိစ္ဆတာ, မိစ္ဆာဒိဋ္ဌိ, သန္ဒိဋ္ဌိပရာမာသိတာ, အာဓာနဂ္ဂါဟီ ဒုပ္ပဋိနိဿဇ္ဇိတာ ဟု ခြောက်စုံစွမ်းဖြင့် ခြောက်ပါး။ လောဘ စသော ခြောက်ပါးအားဖြင့် တစ်ဆယ့်နှစ်ပါးတို့သည် ဝိဝါဒါဓိကရုဏ်း၏ မူလတို့ဖြစ်ကုန်၏။
ထိုတစ်ဆယ့်နှစ်ပါးသည် ကာယ, ဝါစာနှင့် တစ်ဆယ့်လေးပါးသော အနုဝါဒမူလဖြစ်၏။
မြေတူးခြင်း စသော ပဏ္ဏတ္တိဝဇ္ဇတို့၌ ကုသိုလ် အဗျာကတစိတ် အရင်းရှိသော အာပတ်သည်ဖြစ်၏ ဟု ပြခြင်းငှါ အလောဘ စသည်ကို အာပတ်ပုဗ္ဗင်္ဂမဟု ဟောသည်။
ခုနစ်ပါးသော အာပတ်အစုသည် မိမိကိုဖုံးလျှင် အာပတ်ကို ဖြစ်စေသောကြောင့် ဌာနမည်၏။ အာပတ္တာဓိကရဏ အကြောင်းကြောင့် အာပတ်လေးမျိုးသို့ ရောက်သည်ဟု ဟောပြီ။ ကုသိုလ်ကို အာပတ်၏ ဟေတုဟု မခေါ်ဝေါ်သင့်သောကြောင့် ဟေတုခြောက်ပါးဟု ဆိုသည်။ ကုသလ ဟေတု မရှိသောကြောင့် မဟုတ်။ အလောဘ စသည်ကို ပုဗ္ဗင်္ဂမ ဟု ဟောအပ်ပြီ။ အာပတ်၏ အကြောင်းတို့ကိုသာ ပုဗ္ဗင်္ဂမ အမည်ဖြင့် ဟောသည်။
ကံလေးပါးဌာနဖြစ်ရာ၌ ပန်ကြားသောစကား, ဉာတ် စသောစကားတို့သည် ကံမည်ကုန်၏။ ထို စကားဟူသော ကံလေးပါးတို့သည်သာလျှင် တစ်သိမ်တည်း၌ ဟတ္ထပါသ်ရောက်သော ကမ္မပ္ပတ္တ ရဟန်းတို့၏ အလိုဖြင့် နာကြားခြင်း ကြိယာပြီးခြင်း ဟူသော သံဃဂဏကိစ္စသဘောရှိသော ကိစ္စာဓိကရဏ၏တည်ရာဌာန၊ ဝတ္ထု၊ ဘူမိ တို့ဖြစ်ကုန်၏။
သံဃာသည် မူလတစ်ပါး ဟူသည်ကို ယေဘုယျစွမ်းဖြင့် ဆိုသည်။ ဂဏဉာတ်, အပလောကနတို့၏ ဂဏသည်လည်း မူလဖြစ်၏။
ဉာတ်ဖြင့်ဟူသည် ဥတ္တိဉာတ်၊ ဒုတိယဉာတ်၊ စတုတ္ထဉာတ်စကားတို့၏ ဉာတ်သဘောရှိခြင်း၊ ဉာတ်ရှေးရှိခြင်း ကြောင့် ဆိုသောစကားတည်း။ ကမ္မဉာတ်၊ ကမ္မဝါစာဉာတ်စွမ်းဖြင့် နှစ်ပါး၏ ထိုဉာတ်တို့၌ ကမ္မဝါစာသည်လည်း ကမ္မမူလကသာတည်း။
ဝတ္ထုစွမ်းဖြင့် သမထခုနှစ်ပါးသည် ဆယ်ပါးဖြစ်၏။ ပရိယာယဖြင့် ဆယ်ပါးသည် ခုနှစ်ပါးဖြစ်၏။ အဓိကရုဏ်းလေးပါးဟူသော ၀တ္ထုစွမ်းဖြင့်လည်းကောင်း၊ ဒေသနာက္ကမ ဟူသော ပရိယာယစွမ်းဖြင့် လည်းကောင်း ဤကား အနက်တည်း။)

ပရိယာယဝါရပြီး၏။

၇။ သာဓာရဏဝါရ

၂၉၇။ အဘယ်မျှသော သမထတို့သည် ဝိဝါဒါဓိကရဏနှင့် ဆက်ဆံကုန်သနည်း။
အဘယ်မျှသည် ဝိဝါဒါဓိကရဏနှင့် မဆက်ဆံကုန်သနည်း။

အဘယ်မျှ အနုဝါဒါဓိကရဏနှင့် ဆက်ဆံကုန်သနည်း။
အဘယ်မျှမဆက်ဆံကုန်သနည်း။

အဘယ်မျှအာပတ္တာဓိကရဏနှင့် ဆက်ဆံကုန်သနည်း။
အဘယ်မျှ မဆက်ဆံကုန်သနည်း။

အဘယ်မျှ ကိစ္စာဓိကရဏနှင့် ဆက်ဆံကုန်သနည်း။
အဘယ်မျှ မဆက်ဆံကုန်သနည်း။ (မေးခွန်း - ၂ စီ)

နှစ်ပါးသော သမထတို့သည် ဝိဝါဒါဓိကရဏနှင့် ဆက်ဆံကုန်၏။
သမ္မုခါ + ယေဘုယျသိကာ။ ငါးပါးမဆက်ဆံ - သတိ၊ အမူဠ၊ ပဋိညာ၊ တဿပါပိ၊ တိဏ။

လေးပါးသည် အနုဝါဒါဓိကရဏနှင့် ဆက်ဆံ၏။ သမ္မုခါ၊ သတိ၊ အမူဠ၊ တဿပါပိ
သုံးပါးမဆက်ဆံ - ယေဘုယျ၊ ပဋိညာ၊ တိဏ။

သုံးပါးသည် အာပတ္တာဓိကရဏနှင့် ဆက်ဆံ၏။ သမ္မုခါ၊ ပဋိညာ၊ တိဏ
လေးပါးမဆက်ဆံ - ယေဘုယျ၊ သတိ၊ အမူဠ၊ တဿပါပိ။

တစ်ပါးသည် ကိစ္စာဓိကရဏနှင့်ဆက်ဆံ၏ - သမ္မုခါ
ခြောက်ပါး မဆက်ဆံ - ယေဘုယျ၊ သတိ၊ အမူဠ၊ ပဋိညာ၊ တဿပါပိ၊ တိဏ။

(ဇီဋီ။ ။ ဆက်ဆံဟူသည် ထိုအဓိကရုဏ်းကို ငြိမ်းစေနိုင်ကုန်၏။
သာဋီ။ ။ ထိုသမထတို့ဖြင့် ငြိမ်းစေအပ်သောကြောင့် ဆက်ဆံကုန်၏ဟုဆိုသည်။
ဝိဋီ။ ။ ဆက်ဆံဟူသည် ထိုအဓိကရုဏ်း၏ ငြိမ်းခြင်းကိစ္စနှင့် ဆက်ဆံကုန်၏။)

သာဓာရဏဝါရပြီး၏။

၈။ တဗ္ဘာဂိယဝါရ

၂၉၈။ အဘယ်မျှသော သမထတို့သည် ဝိဝါဒါဓိကရဏ၏ တဗ္ဘာဂိယတို့၏ အဘို့ဖြစ်ကုန် ရှိကုန်သနည်း။
အဘယ်မျှတို့သည် အညဘာဂိယ - တစ်ပါး၏ အဘို့ဖြစ်ကုန် ရှိကုန်သနည်း။

အဘယ်မျှသည် အနုဝါဒါ၏ တဗ္ဘာဂိယ ဖြစ်ကုန်သနည်း။
အဘယ်မျှသည် အညဘာဂိယ ဖြစ်ကုန်သနည်း။

အဘယ်မျှသည် အာပတ္တာ၏ တဗ္ဘာဂိယ ဖြစ်ကုန်သနည်း။
အဘယ်မျှသည် အညဘာဂိယ ဖြစ်ကုန်သနည်း။

အဘယ်မျှသည် ကိစ္စာ၏ တဗ္ဘာဂိယ ဖြစ်ကုန်သနည်း။
အဘယ်မျှသည် အညဘာဂိယ ဖြစ်ကုန်သနည်း။ (နှစ်စီ။)

နှစ်ပါးသော သမထတို့သည် ဝိဝါဒါ၏ တမ္ဘာဂိယဖြစ်ကုန်၏။ သမ္မုခါ၊ ယေဘုယျသိ
ငါးပါး အညာဘာဂိယ - သတိ၊ အမူဠ၊ ပဋိညာ၊ တဿပါပိ၊ တိဏ။

လေးပါးသည် အနုဝါဒါ၏ တဗ္ဘာဂိယ - သမ္မုခါ၊ သတိ၊ အမူဠ၊ ပါပိ
သုံးပါး အညာဘာဂိယ-ယေဘု၊ ပဋိညာ၊ တိဏ။

သုံးပါးသည် အာပတ္တာ၏ တဗ္ဘာဂိယ - သမ္မုခါ၊ ပဋိညာ၊ တိဏ
လေးပါး အညဘာဂိယ-ယေဘု၊သတိ၊ အမူဠ၊ ပါပိ။

တစ်ပါးသည် ကိစ္စာ၏တဗ္ဘာဂိယ - သမ္မုခါ
ခြောက်ပါး အညဘာဂိယ - ယေဘု၊ သတိ၊ အမူဠ၊ ပဋိညာ၊ ပါပိ၊ တိဏ။

(ဇီဋီ။ ။ တဗ္ဘာဂိယာတိ တံကောဋ္ဌာသာ - ထိုအဘို့ ရှိကုန်၏။
သာဋီ။ ။ ဝူပသမတော တပက္ခိကာ - ငြိမ်းခြင်းကြောင့် ထိုအဘို့ ရှိကုန်၏။
ဝိဋီ။ ။ ဝူပသမနတော တပက္ခိကာ။)

တဗ္ဘာဂိယဝါရ ပြီး၏။

၉။ သမထာ သမထဿ သာဓာရဏဝါရ

၂၉၉။ သမထတို့သည် သမထတို့နှင့် ဆက်ဆံကုန်သလော၊ မဆက် ဆံကုန်သလော။
အချို့ ဆက်ဆံ၏၊ အချို့ မဆက်ဆံ။

အဘယ်သို့ဆက်ဆံကုန်သနည်း။ အဘယ်သို့ မဆက်ဆံကုန်သနည်း။
ယေဘုယျသိကာသည် သမ္မုခါနှင့် ဆက်ဆံ၏။
သတိအမူဠပဋိညာပါပိတိဏနှင့် မဆက်ဆံ။

သတိသည် သမ္မုခါနှင့်ဆက်ဆံ၏။ ကြွင်းငါးပါးနှင့် မဆက်ဆံ။

အမူဠသည် သမ္မုခါနှင့် --။ ပဋိညာသည် သမ္မုခါနှင့် --။ တဿပါပိသည် သမ္မုခါနှင့် --။ တိဏသည် သမ္မုခါနှင့် ဆက်ဆံ၏။ ကြွင်းငါးပါးနှင့် မဆက်ဆံ။

ဤသို့ အချို့ ဆက်ဆံ၏။ အချို့ မဆက်ဆံ။

(ဇီဋီ။ ။ တစ်ခုသော အဓိကရုဏ်းကို သမထအားလုံး ညီညွတ်၍ ငြိမ်းစေခြင်းငှါ ထိုက်သလော ဟုမေးလို၍ တို့သည် စသည်ကိုဆိုသည်။ နောက်တဗ္ဘာဂိယဝါရ၌လည်း ဤနည်းတည်း။

သာဋီ။ ။ တစ်ခုသော အဓိကရုဏ်းကို သမထအားလုံး တပေါင်းတည်း ငြိမ်းစေခြင်းငှါ စွမ်းနိုင်သလော ဟုမေးလို၍ သမထတို့သည် စသည်ကိုဆိုသည်။

ယေဘုယျသိကာဖြင့် ငြိမ်းရာ၌ သမ္မုခါဝိနည်း ကင်း၍မဖြစ်။ ထို့ကြောင့် ယေဘုယျသိကာသည် သမ္မုခါနှင့် ဆက်ဆံ၏ဟုဆိုသည်။

သတိစသည်တို့ဖြင့် ငြိမ်းရာ၌ ယေဘုယျသိကာဖြင့် ပြုကွယ်ကိစ္စမရှိ။ ထိုကြောင့် သတိ (ပ) တိဏနှင့် မဆက်ဆံဟုဆိုသည်။ အကြွင်း တို့၌လည်း ဤအတူတည်း။ တဗ္ဘာဂိယဝါ၌လည်း ဤနည်းတည်း။

ဝိဋီ။ ။ အလုံးစုံသော သမဏတို့သည် တပေါင်းတည်းဖြင့်သာလျှင် အဓိကရုဏ်းကို ငြိမ်းစေကုန်သလော။ အသီးသီးလောဟုမေးလို၍ သမထတို့သည် စသည်ကိုဆိုသည်။

ဝိဝါဒ စသော အဓိကရုဏ်းအစဉ်ဖြင့် ငြိမ်းကြောင်း သမထတို့ကိုထုတ်လို၍ ယေဘုယျသိကာသည် စသည်ကို ဆိုသည်။

သမ္မုခါ ဝိနည်းကင်း၍ တစ်စုံတစ်ခုသော သမထ၏ မဖြစ်နိုင်သောကြောင့် ကြွင်းခြောက်ပါးလုံးသည် သမ္မုခါနှင့် ဆက်ဆံ၏ ဟု ဆိုအပ်၏။ ထိုခြောက်ပါးတို့ကား အချင်းချင်း မငဲ့ခြင်းကြောင့် အချင်းချင်း မဆက်ဆံဟု ဆိုအပ်၏။ တဗ္ဘာဂိယဝါရ၌လည်း ဤနည်းတည်း။)

သမထာသမထဿသာဓာရဏဝါရပြီး၏။

၁၀။ သမထာသမထဿတဗ္ဘာဂိယဝါရ

၃၀၀။ သမထတို့သည် သမထ၏ တဗ္ဘာဂိယတို့လော၊ အညဘာဂိယတို့လော။
အချို့တဗ္ဘာဂိယ၊ အချို့ အညဘာဂိယတို့ ဖြစ်ကုန်၏။

အဘယ်သို့ တဗ္ဘာဂိယ၊ အဘယ်သို့ အညဘာဂိယ ဖြစ်ကုန်သနည်း။
ယေဘုသည် သမ္မုခါတဗ္ဘာဂိယဖြစ်၏။ ကြွင်းပါးပါး၏ အညဘာဂိယဖြစ်၏။

သတိသည် သမ္မုခါ၏--။ အမူဠသည် --။ ပဋိညာသည် --။ တဿပါပိသည် --။ တိဏသည် သမ္မုခါတဗ္ဘာဂိယဖြစ်၏။ ကြွင်းငါးပါး၏ အညဘာဂိယဖြစ်၏။

ဤသို့ အချို့ တဗ္ဘာဂိယ၊ အချို့ အညဘာဂိယတို့ ဖြစ်ကုန်၏။

သမထာသမထဿတဗ္ဘာဂိယဝါရပြီး၏။

၁၁။ သမထ သမ္ဗုခါဝိနယဝါရ

၃၀၁။ သမထမည်၏ - သမ္မုခါဝိနယ မည်သလော။
သမ္မုခါဝိနယ မည်၏ - သမထ မည်သလော ၂။
သမထမည်၏ - ယေဘု မည်သလော။
ယေဘုမည်၏ - သမထ မည်သလော ၂။
သမထမည်၏ - သတိဝိနယ မည်သလော ၂။
အမူဠမည်သလော ၂။
ပဋိညာမည်သလော ၂။
တဿပါပိ မည်သလော ၂။
တိဏသည် သမထ မည်သလော ၂။ (ပုစ္ဆာ -၇-စုံ။ ၁၄ - ပုစ္ဆာ)။

ယေဘုသတိအမူဠပဋိညာပါပိတိဏ ခြောက်ပါးသည် သမထ မည်၏။ သမ္မုခါဝိနည်း မမည်။ သမ္မုခါဝိနယသည် သမထလည်းမည်၏။ သမ္မုခါ ဝိဇယလည်းမည်၏။

သတိ။ (ပ) တိဏသမ္မုခါခြောက်ပါးသည် သမထမည်၏။ ယေဘု မမည်။
ယေဘုသည် သမထလည်း မည်၏။ ယေဘုလည်း မည်၏။

အမူဠစသောခြောက်ပါးသည် သမထမည်၏။ သတိမမည်။

ပဋိညာ စသော ပါပိစသော တိဏစသော သမ္မုခါစသော ခြောက်ပါးသည် သမထမည်၏။ တိဏ မမည်။
တိဏသည် သမထလည်း မည်၏။ တိဏလည်း မည်၏။

သမထသမ္မုခါဝိနယဝါရ ပြီး၏။

၁၂။ ဝိနယဝါရ

၃ဝ၂။ ဝိနယမည်၏ - သမ္မုခါဝိနယမည်သလော။
သမ္မုခါဝိနယ မည်၏- ဝိနယမည်သလော ၂။
(ပုစ္ဆာ - ၇ - စုံ၊ ၁၄ - ပုစ္ဆာ)

ဝိနယသည် အချို့ သမ္မုခါဝိနယ မည်၏။ အချို့ သမ္မုခါဝိနယ မမည်။
သမ္မုခါ ဝိနယသည် ဝိနယလည်း မည်၏။ သမ္မုခါဝိနယလည်း မည်၏။ (ပ)

ဝိနယသည် အချို့တိဏ မည်၏။ အချို့တိဏ မမည်။
တိဏသည် ဝိနယလည်း မည်၏။ တိဏဝတ္ထာရကလည်း မည်၏။

(ဇီဋီ။ ။ သမထတို့ကို ဝိနယတို့ဟူ၍လည်း ဆိုအပ်ကုန်၏။ ထို့ကြောင့် ဤဝိနယဝါရကို ထုတ်သည်။

အချို့ သမ္မုခါဝိနယမမည် ဟူသည် သမ္မုခါဝိနယကို ဖယ်ထား၍ ကြွင်း သတိဝိနယသမထတို့သည် သမ္မုခါဝိနယ မမည်။

သာဋီ။ ။ သမထ အားလုံးသည် ဝိနယ-ဟူသော ပရိယာယ်ကိုရ၏။ ထို့ကြောင့် ဤဝိနယဝါရကို ထုတ်သည်။

အချို့ သမ္မုခါဝိနယမမည် ဟူသည်ဖြင့် သတိစသော ကြွင်းခြောက်ပါးကို အလိုရှိအပ်၏။ အကြွင်းတို့၌လည်း ဤနည်းတည်း။)

ဝိနယဝါရပြီး၏။

၁၃။ ကုသလဝါရ

၃ဝ၃။ သမ္မုခါဝိနယသည် ကုသိုလ်လော၊ အကုသိုလ်လော၊ အဗျာကတလော ၃။
ယေဘုသည် (ပ)။ တိဏသည် ကုသိုလ်လော၊ အကုသိုလ်လော အဗျာကတလော။ (၃-ပုစ္ဆာ တိက ခုနှစ်ခု။)

သမ္မုခါဝိနယသည် အချို့ကုသိုလ်၊ အချို့အဗျာကတ၊ အကုသိုလ် မရှိ။
ယေဘုသည် အချို့ကုသိုလ်၊ အချို့ အကုသိုလ်၊ အချို့ အဗျာကတ။
သတိသည် -- တူပြီ။
အမူဠသည် (ပ) တိဏသည် အချို့ကုသိုလ်၊ အချို့အကုသိုလ်၊ အချို့ အဗျာကတ။

ဝိဝါဒါဓိကရဏသည် ကုသိုလ်လော၊ အကုသိုလ်လော၊ အဗျာကတလော ၃။
အနုဝါဒါသည် --။ အာပတ္တာသည် --။ ကိစ္စာသည် --။ (ပုစ္ဆာတိက လေးခု။)

ဝိဝါဒါဓိကရဏသည် အချို့ကုသိုလ်၊ အချို့ အကုသိုလ်၊ အချို့ အဗျာကတ။
အနုဝါဒါ -- ထို့အတူ။
အာပတ္တာသည် အချို့အကုသိုလ်၊ အချို့ အဗျာကတ။ ကုသိုလ်မရှိ။
ကိစ္စာသည် အချို့ကုသိုလ်၊ အချို့အကုသိုလ်၊ အချို့အဗျာကတ။
(သမ္မုခါဝိနယ၌ အကုသိုလ်မရှိ။ အာပတ္တာဓိကရဏ၌ ကုသိုလ်မရှိ)။

ဇီဋီ။ ။ သံဃာ့မျက်မှောက် ဝန်ခံရာ၌ ထိုဝန်ခံခြင်းသည် သံဃသမ္မုခတာမည်၏။ ထိုဝန်ခံသောစိတ်ကိုရည်၍ သမ္မုခါဝိနယသည် ကုသိုလ်လော စသည်ကိုဆိုသည်ဟု မိန့်ဆိုကုန်၏။

အကုသိုလ်မရှိ ဟူသည်ကား - ဓမ္မဝိနယပုဂ္ဂလ မျက်မှောက်ဖြစ်ခြင်းတို့ဖြင့် အင်္ဂါသုံးပါးရှိမှ သမ္မုခါ ဝိနယ ဖြစ်သည်။ ထိုတို့နှင့်ကင်း၍ မရှိ။ ထိုတိဝင်္ဂကသမ္မုခါ၌ ကုသိုလ်စိတ်ဖြင့် ပြုလျှင် ကုသိုလ်ဖြစ်၏။ ရဟန္တာတို့ ပြုလျှင် အဗျာကတဖြစ်၏။

သံဃဓမ္မဝိနယပုဂ္ဂလ - မျက်မှောက် လေးခုလုံးသည် အကုသိုလ်နှင့် ဆန့်ကျင်၏။ ထို့ကြောင့် အကုသိုလ် မရှိဟုဆိုသည်။

ယေဘုသည် အဓမ္မဝါဒီတို့ကို ငြိမ်းစေသောအခါ၊ စာရေးတံပေးသောအခါ၊ ဓမ္မဝါဒီ၌ကုသိုလ်။ ဓမ္မဝါဒီတို့အား သော်လည်း စာရေးတံပေးသောအခါ၊ အဓမ္မဝါဒီ၌ အကုသိုလ်။ နေရာတိုင်း ရဟန္တာစွမ်းဖြင့် အဗျာကတ။ ရဟန္တာမဟုတ်သူအား အားထုတ်၍ သတိဝိနည်း ပေးသောအခါ၊ မရူးသူအား အမူဠပေးသောအခါ၊ တွေဝေသူ မသိသူအား ပဋိညာဖြင့်ပြုသောအခါ၊ စင်ကြယ်သူအား တဿပါပိယျ ပြုသောအခါ၊ ကြီးကျယ်စွာငြင်းခုံရာ၌ တိဏဝတ္ထာရက ပြုသောအခါ၊ အကုသိုလ်။

သာဋီ။ ။ ဇီဋီအတိုင်း။

ဝိဋီ။ ။ သမ္မုခါဝိနယသည် အချို့ ကုသိုလ်စသည်တို့၌- ထိုထိုဝိနယကမ္မ၌ဖြစ်စေ၊ ဝိဝါဒစသည်၌ဖြစ်စေ ယှဉ်သောပုဂ္ဂိုလ်တို့အားဖြစ်သော ကုသိုလ်စသည်စွမ်းဖြင့် သမ္မုခါဝိနယ စသည်တို့၏ လည်းကောင်း၊ ဝိဝါဒ စသည်တို့၏ လည်းကောင်း ကုသိုလ်စသော အဖြစ်ကို ထိုထိုဥပစာရဖြင့်ဆိုအပ်၏။ ထိုယှဉ်သော ပုဂ္ဂိုလ်၏ သမ္မုခါဝိနည်းမည်သည် သံဃသမ္မုခတာ စသည်တို့ ဖြစ်ကုန်၏။ ထိုတို့၏ အနဝဇ္ဇသဘော ရှိခြင်းကြောင့် အကုသိုလ် ရှိသော်လည်း အကုသိုလ်အဖြစ်ဖြင့် တင်စားခြင်းသည်မသင့်။ အာပတ္တာဓိကရဏကို ကုသိုလ် အဖြစ်ဖြင့် တင်စားခြင်းသည် မသင့်သကဲ့သို့တည်း။ ထို့ကြောင့် သမ္မုခါ ဝိနည်း၌ အကုသိုလ်မရှိ။)

ကုသလဝါရပြီး၏။

၁၄။ ယတ္ထဝါရ

၃ဝ၄။ ယတ္ထ ယေဘုယျသိကာ လဗ္ဘတိ၊ တတ္ထသမ္မုခါဝိနယော လဗ္ဘတီတိ အာဒိပုစ္ဆာ။
ယသ္မိံ သမယေ သမ္မုခါဝိနယေနစာတိ အာဒိ တဿဝိဿဇ္ဇနံ။ ။ ဇီဋီ-သာဋီတို့၌ဆိုသည်။)

အကြင်အဓိကရုဏ်း၌ ယေဘုယျသိကာကို ရအပ်၏။ ထိုအဓိကရုဏ်း၌ သမ္မုခါဝိနယကို ရအပ်သလော။ အကြင်၌ သမ္မုခါရ၏။ ထို၌ ယေဘု ရသလော။ ထို၌ သတိမရသလော၊ ထို၌ အမူဠပဋိညာပါပိတိဏ မရသလော။

အကြင်အဓိကရုဏ်း၌ သတိဝိနယကိုရအပ်၏။ ထိုအဓိကရုဏ်း၌ သမ္မုခါဝိနယကို ရအပ်သလော။ အကြင်၌ သမ္မုခါရ၏။ ထို၌ သတိရသလော။ ထို၌ အမူဠ မရသလော။ ထို၌ ပဋိညာပါပိတိဏယေဘု မရသလော။

အကြင်၌ အမူဠရ၏။ -- တူပြီ။ ။ အကြင်၌ ပဋိညာရ၏။ --။ အကြင်၌ တဿပါပိရ၏။ --။ အကြင်၌ တိဏရ၏။ --။ တူပြီ။ (၆- ဋ္ဌာနလုံး သမ္မုခါကို မူလပြုသည်။)

အကြင်အဓိကရုဏ်း၌ ယေဘုဖြစ်၏။ ထို၌ သမ္မုခါဖြစ်သလော။
အကြင်၌ သမ္မုခါဖြစ်၏။ ထို၌ ယေဘုဖြစ်သလော။
ထို၌ သတိစသော ငါးပါး မဖြစ်သလော။

အကြင်၌ သတိဖြစ်၏။ ထို၌ သမ္မုခါဖြစ်သလော --- တူပြီ။

အကြင်၌အမူဠဖြစ်၏။ --။(ပ)။ အကြင်၌ တိဏဖြစ်၏။ ---တူပြီ။ စက္ကပေယျာလံ။

ယတ္ထဝါရပြီး၏။

၁၅။ သမထဝါရ

၃ဝ၅။ အကြင်အခါ၌ သမ္မုခါဖြင့်လည်းကောင်း ယေဘုဖြင့်လည်းကောင်း အဓိကရုဏ်းသည် ငြိမ်း၏။ ထိုအခါ အကြင်အဓိကရုဏ်း၌ ယေဘု ရ၏။ ထိုအဓိကရုဏ်း၌ သမ္မုခါ ရ၏။ အကြင်၌ သမ္မုခါရ၏။ ထို၌ယေဘုရ၏။ ထို၌ သတိမရ။ ထို၌ အမူဠပဋိညာပါပိတိဏ မရ။

အကြင်အခါ သမ္မုခါဖြင့် လည်းကောင်း၊ သတိဝိနယဖြင့် လည်းကောင်း အဓိကရုဏ်းသည်ငြိမ်း၏။ ထိုအခါ အကြင်အဓိကရုဏ်း၌ သတိရ၏။ ထို၌ သမ္မုခါရ၏။ အကြင်၌ သမ္မုခါရ၏။ ထို၌ သတိရ၏။ ထို၌ အမူဠ-- စသော ကြွင်းငါးပါးမရ။

အကြင်အခါ သမ္မုခါဖြင့် လည်းကောင်း၊ အမူဠဖြင့် လည်းကောင်း --- တူပြီ။ သမ္မုခါဖြင့် လည်းကောင်း၊ ပဋိညာဖြင့် လည်းကောင်း၊ သမ္မုခါဖြင့် လည်းကောင်း --- တဿပါပိဖြင့် လည်းကောင်း---။ သမ္မုခါဖြင့် လည်းကောင်း တိဏဖြင့်လည်းကောင်း --- တူပြီ။။

(ဇီဋီ။ သာဋီ။ ။ သမ္မုခါ - ပဋိညာဝါရ၌ အကြင်၌ ပဋိညာရ၏။ ထို၌ သမ္မုခါရပုံကား – အာပတ်တစ်ခု နှစ်ခုသို ဖြစ်စေ၊ အများသို့ဖြစ်စေ ရောက်သောရဟန်းသည် “ဤမည်သော အာပတ်သို့ ရောက်သလော” ဟုမေးသော အခါ အာမ- ဟုဝန်ခံအံ့၊ ထိုဝန်ခံခြင်း၌ ပဋိညာသမ္မုခါ နှစ်ပါးလုံးရ၏။

သံဃာ၏ရှေ့၌ ဝန်ခံလျှင် သံဃသမ္မုခတာ။ ထို၌ပင် ဒေသနာ ကြားလျှင် ဓမ္မသမ္မုခတာဝိနယသမ္မုခတာတို့ကို ရ၏။ မငြင်းခုံဘဲ အချင်းချင်း ဝန်ခံလျှင် ပုဂ္ဂလသမ္မုခတာ။ ထို၌ ဒေသနာကြားလျှင် ဓမ္မဝိနယသမ္မုခတာ တို့ကိုရ၏။ တစ်ပါး၏အာပတ်ကို တစ်ပါးထံ ဒေသနာကြားရာ၌လည်း ပဿသိပဿာမိ - ဟု ဆိုသောအခါ ဓမ္မဝိနယ ပုဂ္ဂလ - သမ္မုခတာဟူသော သမ္မုခါဝိနယကိုလည်းကောင်း၊ ပဋိညာတ ကရဏကို လည်းကောင်း ရ၏။

ဝိဋီ။ ။ အကြင်အဓိကရုဏ်း၌ ယေဘုယျသိကာကို ရအပ်၏ စသည်ကို သမ္မုခါဝိနယ၏ တစ်ပါးသော သမထ တို့နှင့် အမြဲဆက်ဆံခြင်းကို လည်းကောင်း၊ ကြွင်းခြောက်ပါးတို့၏ အချင်းချင်း အဆက်အဆံမရှိခြင်းကို လည်းကောင်း၊ ပြခြင်းငှါဆိုသည်။)

သမထဝါရ ပြီး၏။

၁၆။ သံသဋ္ဌဝါရ

၃ဝ၆။ အဓိကရဏဟူ၍ လည်းကောင်း၊ သမထဟူ၍ လည်းကောင်း ဤတရားတို့သည် သံသဋ္ဌ- ရောနှောကုန် သလော။ ဥဒါဟု- ဝိသံသဋ္ဌ - မရောနှောကုန်သလော။ ဤတရားတို့ကို ခွဲ၍ခွဲ၍ တစ်ခြားစီဖြစ်အောင် ပညတ်ခြင်းငှါ, သိစေခြင်းငှါ ရအပ်သလော။

အဓိကရဏနှင့် သမထ နှစ်ခုတို့သည် ဝိသံသဋ္ဌ ဖြစ်ကုန်၏။ သံသဋ္ဌမဖြစ်ကုန်။ ဤနှစ်ခုကိုခွဲ၍ တစ်ခြားစီ ဖြစ်အောင် သိစေခြင်းငှါ ရအပ်ကုန်၏ ဟု ဖြေဆိုအံ့၊ ဝိသံသဋ္ဌ မဖြစ်ကုန်၊ ခွဲ၍မရစကောင်းကုန်။

အကြောင်းကား --
ချစ်သားတို့ …
အဓိကရဏတို့သည် လေးပါးဖြစ်ကုန်၏။
သမထတို့သည် ခုနစ်ပါးဖြစ်ကုန်၏။
အဓိကရဏတို့သည် သမထတို့ဖြင့် ငြိမ်းကုန်၏။
သမထတို့သည် အဓိကရဏတို့ဖြင့်ငြိမ်းကုန်၏။
ဤသို့ ဘုရားဟောသည်မဟုတ်လော။
ထို့ကြောင့် ဤနှစ်ခုတို့သည် သံသဋ္ဌဖြစ်ကုန်၏။ ခွဲ၍မရစကောင်းကုန်။

(ဇီဋီ။ သာဋီ။ ။ အဓိကရုဏ်းတို့၏ ငြိမ်းခြင်းသည် သာလျှင် သမထမည်၏။
အဓိကရဏကင်းသော သမထ မရှိ။ ထို့ကြောင့် မာဟေဝံ- ဟု တားအပ်၏။

ဝိဋီ။ ။ သမထတို့၏ ဖြစ်ခြင်းသည် အဓိကရဏတို့၌သာ ထိုက်သည်အလျောက်ဖြစ်၏။ အဓိကရဏကင်း၍ သမထ နေရာသီးခြားမရှိဟု ပြခြင်းငှါ ဤဝါရကို ဟောသည်။

အဓိကရဏမှ သမထတို့ကို မယှဉ်တွဲအောင်ပြု၍ နာနာကရဏဖြစ်အောင်၊ မရောမယှက်ဖြစ်အောင် အသီးသီး ပြခြင်းငှါ “အဓိကရုဏ်း ငြိမ်းဆဲခဏ၌သာလျှင် ထိုနှစ်ခုတို့၏ မရောယှက်ခြင်းကို ပြခြင်းငှါ တတ်ကောင်း အံ့လော” ဟုမေးသည်။

ဝိသံသဋ္ဌဖြစ်ကုန်၏ စသည်ကား ဝါရယှဝါရပြခြင်းတည်း။ ထိုသို့ဆိုသူကို ဤသို့မဆိုနှင့်ဟု တားအပ်၏။ သမထတို့အား အဓိကရုဏ်း ငြိမ်းခြင်းလက္ခဏာကို မရအပ်ဟု-ပယ်သောအခိုက်ဟူသော နာနာကရဏကို တားသည်။ လက္ခဏာအားဖြင့်ကား အဓိကရဏတို့နှင့် သမထတို့အား နာနာကရဏ ရှိသည်သာတည်းဟု မှတ်အပ်၏။)

သံသဋ္ဌဝါရပြီး၏။

၁၇။ သမ္မတိဝါရ

၃ဝ၇။ ဝိဝါဒါဓိကရဏသည် အဘယ်မျှသော သမထတို့ဖြင့် သမ္မတိ ငြိမ်းသနည်း။
အနုဝါဒါသည် အဘယ်မျှသော --။ အာပတ္တာသည် -- ကိစ္စာ ---။

ဝိဝါဒါဓိကရဏသည် နှစ်ပါးသော သမထတို့ဖြင့်ငြိမ်း၏။
သမ္မုခါဝိနယဖြင့် လည်းကောင်း၊ ယေဘုယျသိကာဖြင့် လည်းကောင်းတည်း။

အနုဝါဒါသည် လေးပါးတို့ဖြင့် -- သမ္မုခါသတိအမူဠပါပိဖြင့်။

အာပတ္တာသည် သုံးပါးတို့ဖြင့် -- သမ္မုခါပဋိညာတိဏဖြင့်။

ကိစ္စာသည် တစ်ပါးဖြင့် --- သမ္မုခါဖြင့်။

ဒုက။ ။ ဝိဝါဒါအနုဝါဒါသည် အဘယ်မျှဖြင့် ငြိမ်းသနည်း။
ငါးပါး ဖြင့်-- သမ္မုခါယေဘုသတိအမူဠပါပိဖြင့်။

ဝိဝါဒါအာပတ္တာသည် -- လေးပါးဖြင့် -- သမ္မုခါယေဘုပဋိညာတိဏဖြင့်။

ဝိဝါဒါကိစ္စာသည် -- နှစ်ပါးဖြင့် -- သမ္မုခါယေဘုဖြင့်။

အနုဝါဒါအာပတ္တာသည်-- ခြောက်ပါးဖြင့်--- သမ္မုခါသတိအမူဠပဋိညာပါပိတိဏဖြင့်။

အနုဝါဒါကိစ္စာသည် -- လေးပါးဖြင့် -- သမ္မုခါသတိအမူဠပါပိဖြင့်။

အာပတ္တာကိစ္စာသည် -- သုံးပါးဖြင့် -- သမ္မုခါပဋိညာတိဏဖြင့်။

တိက။ ။ ဝိနုအာပတ္တာသည် -- ခုနှစ်ပါးဖြင့် - သမ္မုခါယေဘုသတိအမူဠပဋိညာပါပိတိဏဖြင့်။

ဝိနုကိစ္စာသည် -- ငါးပါးဖြင့် -- သမ္မုခါယေဘုသမ္မုခါသတိအမူဠပါပိဖြင့်။

နုပတ္တာကိစ္စာသည် -- ခြောက်ပါးဖြင့် -- သမ္မုခါသတိအမူဠပဋိညာပါပိတိဏဖြင့်။

စတုက္က။ ။ ဝိနုပတ္တာကိစ္စာသည် ခုနှစ်ပါးဖြင့် -- သမ္မုခါယေဘုသတိအမူဠပဋိညာပါပိတိဏဖြင့်။

သမ္မတိဝါရပြီး၏။

၁၈။ သမ္မန္တိ န သမ္မန္တိဝါရ

၃၀၈။ ဝိဝါဒါဓိကရဏသည် အဘယ်မျှသော သမထဖြင့် သမ္မတိ-ငြိမ်းသနည်း။ အဘယ်မျှဖြင့် န သမ္မတိ မငြိမ်းသနည်း။ အနုဝါဒါသည် --၊ အာပတ္တာသည်--၊ ကိစ္စာသည် --။

ဝိဝါဒါဓိကရဏသည် နှစ်ပါးဖြင့်ငြိမ်း၏။ သမ္မုခါဝိနယဖြင့်၊ ယေဘုယျသိကာဖြင့် --။
ငါးပါးဖြင့်မငြိမ်း - သတိအမူဠပဋိညာပါပိတိဏဖြင့်။

အနုဝါဒါသည် လေးပါးဖြင့်ငြိမ်း၏။ သမ္မုခါသတိအမူဠပါပိဖြင့်--။
သုံးပါးဖြင့်မငြိမ်း – ယေဘုပဋိညာတိဏဖြင့် --။

အာပတ္တာသည် သုံးပါးဖြင့်ငြိမ်း၏ - သမ္မုခါပဋိညာတိဏဖြင့်---။
လေးပါးဖြင့်မငြိမ်း – ယေဘုသတိအမူဠပါပိဖြင့်။

ကိစ္စာသည် တစ်ပါးဖြင့်ငြိမ်း၏ - သမ္မုခါဖြင့် --။
ခြောက်ပါးဖြင့် မငြိမ်း -- ယေဘုသတိအမူဠပဋိညာပါပိတိဏဖြင့်။

ဒုက။ ။ ဝိဝါနုဝါသည် ငါးပါးဖြင့်ငြိမ်း၏ -- သမ္မုခါယေဘုသတိအမူဠပါပိဖြင့် --။
နှစ်ပါးဖြင့်မငြိမ်း - ပဋိညာတိဏဖြင့်။

ဝိဝါပတ္တာသည် လေးပါးဖြင့်ငြိမ်း၏ -- သမ္မုခါယေဘုပဋိညာတိဏဖြင့် --။
သုံးပါးဖြင့်မငြိမ်း -- သတိအမူဠပါပိဖြင့်။

ဝိဝါကိစ္စာသည် နှစ်ပါးဖြင့်ငြိမ်း၏ - သမ္မုခါယေဘုဖြင့် --။
ငါးပါးဖြင့်မငြိမ်း သတိအမူဠပဋိညာပါပိတိဏဖြင့်။

နုဝါပတ္တာသည် ခြောက်ပါးဖြင့်ငြိမ်း၏ -- သမ္မုခါ (ပ) တိဏဖြင့်။
တစ်ပါးဖြင့်မငြိမ်း -- ယေဘုဖြင့်။

နုဝါကိစ္စာသည် လေးပါးဖြင့်ငြိမ်း၏ -- သမ္မုခါသတိအမူဠပါပိဖြင့်။
သုံးပါးဖြင့်မငြိမ်း -- ယေဘုပဋိညာတိဏဖြင့်။

ပတ္တာကိစ္စာသည် သုံးပါးဖြင့်ငြိမ်း၏ -- သမ္မုခါပဋိညာတိဏဖြင့်။
လေးပါးဖြင့်မငြိမ်း -- ယေဘုသတိအမူဠပါပိဖြင့်။

တိက။ ။ ဝိနုပတ္တာသည် ခုနစ်ပါးဖြင့်ငြိမ်း၏ -- သမ္မုခါ (ပ) တိဏဖြင့်။ (မငြိမ်းမရှိ)

ဝိနုကိစ္စာသည် ငါးပါးဖြင့်ငြိမ်း၏ -- သမ္မုခါယေဘုသတိအမူဠပါပိဖြင့်။
နှစ်ပါးဖြင့်မငြိမ်း --- ပဋိညာတိဏဖြင့်။

နုပတ္တာကိစ္စာသည် ခြောက်ပါးဖြင့်ငြိမ်း၏ -- သမ္မုခါ (ပ) တိဏဖြင့်။
တစ်ပါးဖြင့် မငြိမ်း - ယေဘုဖြင့်။

စတုက္က။ ။ ဝိနုပတ္တာကိစ္စာသည် ခုနစ်ပါးဖြင့်ငြိမ်း၏။ (မငြိမ်းမရှိ။)၊

သမ္ဗန္တိ န သန္တိဝါရပြီး၏။

၁၉။ သမထာဓိကရဏဝါရ

၃ဝ၉။ သမထတို့သည် သမထတို့ဖြင့် ငြိမ်းကုန်သလော။
သမထတို့သည် အဓိကရဏတို့ဖြင့် ငြိမ်းကုန်သလော။
အဓိကရဏတို့သည် သမထတို့ဖြင့် ငြိမ်းကုန်သလော။
အဓိကရဏတို့သည် အဓိကရဏတို့ဖြင့် ငြိမ်းကုန်သလော။

အချို့ သမထတို့သည် သမထတို့ဖြင့်ငြိမ်းကုန်၏။
အချို့ သမထတို့သည် သမထတို့ဖြင့်မငြိမ်းကုန်။
အချို့ သမထတို့သည် အဓိကရဏတို့ဖြင့်ငြိမ်းကုန်၏။ အချို့ မငြိမ်းကုန်။

အချို့ အဓိကရဏတို့သည် သမထတို့ဖြင့်ငြိမ်းကုန်၏။ အချို့မငြိမ်းကုန်။
အချို့အဓိကရဏတို့သည် အဓိကရဏတို့ဖြင့်ငြိမ်းကုန်၏။ အချို့မငြိမ်းကုန်။

ထသည် ထဖြင့်

အဘယ်သို့လျှင် အချို့ သမထတို့သည် သမထတို့ဖြင့် ငြိမ်းကုန်သနည်း။
အဘယ်သို့လျှင် အချို့ သမထတို့သည် မငြိမ်းကုန်သနည်း။

ယေဘုသည် သမ္မုခါဖြင့်ငြိမ်း၏။ သတိဖြင့်မငြိမ်း။ အမူဠပဋိညာပါပတိဏဖြင့်မငြိမ်း။

သတိသည် သမ္မုခါဖြင့်ငြိမ်း၏။ ကြွင်းငါးခုဖြင့် မငြိမ်း။

အမူဠသည် သမ္မုခါဖြင့်ငြိမ်း၏။ ကြွင်းငါးခုဖြင့်မငြိမ်း။

ပဋိညာသည် သမ္မုခါဖြင့် ငြိမ်း၏။ ကြွင်းငါးခုဖြင့်မငြိမ်း။

ပါပိသည် သမ္မုခါဖြင့်ငြိမ်း၏။ ကြွင်းငါးခုဖြင့် မငြိမ်း။

တိဏသည် သမ္မုခါဖြင့်ငြိမ်း၏။ ကြွင်းငါးခုဖြင့် မငြိမ်း။

ဤသို့လျှင် အချို့ သမထတို့သည် သမထတို့ဖြင့်ငြိမ်းကုန်၏။
ဤသို့လျှင် အချို့ သမထတို့သည် သမထတို့ဖြင့်မငြိမ်းကုန်။

ထသည် ဓိဖြင့်

အဘယ်သို့လျှင် အချို့ သမထတို့သည် အဓိကရဏတို့ဖြင့် ငြိမ်းကုန်သနည်း။ အဘယ်သို့လျှင် မငြိမ်းကုန် သနည်း။

သမ္မုခါဝိနယသည် ဝိဝါဒါဓိကရဏဖြင့်မငြိမ်း။ နုဝါဖြင့်မငြိမ်း။ ပတ္တာဖြင့်မငြိမ်း။ ကိစ္စာဖြင့် မငြိမ်း။

ယေဘုသည် ဝိဝါနုဝါပတ္တာဖြင့်မငြိမ်း။ ကိစ္စာဖြင့်ငြိမ်း၏၊

သတိသည် နုဝါဝိဝါပတ္တာဖြင့်မငြိမ်း၊ ကိစ္စာဖြင့်ငြိမ်း၏။

အမူဠသည် နုဝါ ဝိဝါပတ္တာဖြင့် မငြိမ်း။ ကိစ္စာဖြင့်ငြိမ်း၏။

ပဋိညာသည် တူပြီ။ ပါပိသည် တူပြီ။ တိဏသည် တူပြီ။ ကိစ္စာဖြင့်သာငြိမ်း၏။

မိသည် ထဖြင့်

အဘယ်သို့လျှင် အချို့အဓိကရဏတို့သည် သမထတို့ဖြင့်ငြိမ်းကုန်သနည်း။ အဘယ်သို့လျှင် မငြိမ်းကုန်သနည်း၊

ဝိဝါသည် သမ္မုခါယေဘုဖြင့်ငြိမ်း၏၊
သတိအမူဠပဋိညာပါပိတိဏဖြင့်မငြိမ်း။

နုဝါသည် သမ္မုခါသတိအမူဠပါပိဖြင့်ငြိမ်း၏။
ယေဘုပဋိညာတိဏဖြင့်မငြိမ်း။

ပတ္တာသည် သမ္မုခါပဋိညာတိဏဖြင့်ငြိမ်း၏။
ယေဘု သတိအမူဠဝါပိဖြင့် မငြိမ်း။

ကိစ္စာသည် သမ္မုခါဖြင့်ငြိမ်း၏။
ယေဘုစသော ခြောက်ပါးဖြင့်မငြိမ်း။

ဓိသည် ဓိဖြင့်

အဘယ်သို့လျှင် အချို့ အဓိကရဏတို့သည် အဓိကရဏတို့ဖြင့် ငြိမ်းကုန်သနည်း။
အဘယ်သို့မငြိမ်းကုန်သနည်း။

ဝိဝါသည် ဝိဝါဖြင့် မငြိမ်း။ နုဝါဖြင့်မငြိမ်း။ ပတ္တာဖြင့်မငြိမ်း။ ကိစ္စာဖြင့်ငြိမ်း၏။

နုဝါသည် ဝိဝါ နုဝါပတ္တာဖြင့်မငြိမ်း၊ ကိစ္စာဖြင့်ငြိမ်း၏။

ပတ္တာသည် ဝိဝါနုဝါပတ္တာဖြင့် မငြိမ်း။ ကိစ္စာဖြင့်ငြိမ်း၏။

ကိစ္စာသည် ဝိဝါနုဝါပတ္တာဖြင့်မငြိမ်း၊ ကိစ္စာဖြင့် ငြိမ်း၏။

ခြောက်ပါးသော သမထတို့သည် လည်းကောင်း၊ လေးပါးသော အဓိကရဏတို့သည် လည်းကောင်း၊ သမ္မုခါဖြင့်ငြိမ်းကုန်၏။

သမ္မုခါဝိနယသည် တစ်စုံတစ်ခုဖြင့်မငြိမ်း။

(ဇီဋီ။ သာဋီ။ ။ သမထတို့သည် သမထကို ငြိမ်းကုန်၏ ဟူသည်၌ သမ္မန္တိ သမ္ပဇ္ဇန္တိ - ပြည့်စုံကုန်၏။ အဓိကရဏတို့သော်လည်း သမ္မန္တိဝူပသမ္ပန္တိ - ငြိမ်းချုပ်ကုန်၏။ အနက်။

ထို့ကြောင့် ယေဘုသည် သမ္မုခါဖြင့်ငြိမ်း၏ ဟူရာ၌ ယေဘုသည် သမ္မုခါနှင့်တကွ ပြည့်စုံ၏။ သတိစသည်တို့နှင့် တကွ မပြည့်စုံ။ သတိစသည်တို့သည် ယေဘုအား ကျေးဇူး မပြုသောကြောင့်တည်း။

သမထတို့သည် အဓိကရဏတို့ ဖြင့် ငြိမ်းကုန်၏ ဟူရာ၌ သမထတို့သည် အဘာဝံဂစ္ဆန္တိ မရှိခြင်းသို့ ရောက်ကုန်၏။ အနက်။

သမ္မုခါဝိနယသည် ဝိဝါဒါဓိကရဏဖြင့်ငြိမ်း၏” ဟု အချို့စာရှိတတ်၏။ အဆုံး၌ “တစ်စုံတစ်ခုဖြင့်မငြိမ်း”ဟု ဆိုသောကြောင့် သမထ၊ အဓိကရဏတို့ဖြင့် ငြိမ်းစေအပ်သော သမ္မုခါမဟုတ်။

ဝိဝါသည် ကိစ္စာဖြင့် ငြိမ်းရာ၌ -- သုဏာတု မေ ဘန္တေ (ပ) ပဌမံ သလာကံ နိက္ခိပါမိ - ဟုငြိမ်း၏။

ဝိဋီ။ ။ သမဏတို့သည် အဓိကရဏတို့ဖြင့် ငြိမ်းကုန်သလော ဟူသည် အပလာကနစသော လေးပါးသော ကိစ္စာဓိကရဏတို့ဖြင့် အလုံးစုံသော သမထတို့သည် ငြိမ်းကုန်၏။ ထိုမှ တပါးတို့ဖြင့် မငြိမ်းကုန်။ ဤသို့သော အနက်ကို ရည်ဆိုသည်။ ထို့ကြောင့် သမ္မုခါဝိနယသည် ဝိဝါဒါဓိကရဏဖြင့် မငြိမ်း။ နုဝါဖြင့်၊ ပတ္တာဖြင့်၊ ကိစ္စာဖြင့် မငြိမ်း စသည်ကို ဆိုလတ္တံ့။

သမ္မတိဝါရကိုလည်းကောင်း၊ သမ္မတိနသမ္မတိဝါရကို လည်းကောင်း အဓိကရဏတို့ကြောင့်ဖြစ်သော သံသဋ္ဌ အဖြစ်၊ ဝိသံသဋ္ဌအဖြစ်ကို ပြခြင်းငှါ ဟောသည်။ ဤသမထာဓိကရဏဝါရကို သမထတို့၏ အချင်းချင်း လည်းကောင်း အဓိကရဏတို့ဖြင့် လည်းကောင်း၊ အဓိကရဏတို့၏ အချင်းချင်း လည်းကောင်း၊ သမထတို့ဖြင့် လည်းကောင်း ငြိမ်းခြင်း၊ မငြိမ်းခြင်းကို ပြခြင်းငှါဟောသည်။

၂ဝ။ သမုဋ္ဌာပနဝါရ

၁၄။ ဝိဝါဒါဓိကရဏသည် လေးပါးသော အဓိကရဏတို့တွင် အဘယ်အဓိကရဏကို သမုဋ္ဌာပေတိ- ဖြစ်စေသနည်း။ ဝိဝါဒါသည် လေးပါးတို့တွင် အဘယ်အဓိကရုဏ်းကိုမျှမဖြစ်စေ။ သို့ရာတွင် ဝိဝါဒါဓိကရဏ အကြောင်းကြောင့် အဓိကရဏ လေးပါးလုံးဖြစ်ကုန်၏။

ဖြစ်ပုံကား--
ဤသာသနာ၌ ရဟန်းတို့သည် ဓမ္မဟူ၍ အဓမ္မဟူ၍ ငြင်းခုံကုန်အံ့၊ ဝိနယ အဝိနယဟူ၍ စသည်ဖြင့် ငြင်းခုံကုန်အံ့၊ ထို၌ --

ဘဏ္ဍန - မိမိအသင်း၌ တိုးတိုးတိုင်ပင်ခြင်း။
ကလဟ- ကိုယ်နှုတ်လွန်ကျူးခြင်း။
ဝိဂ္ဂဟ- ရှေ့ရှေ့ ငြင်းခုံခြင်း။
ဝိဝါဒ - နောက်နောက်ငြင်းခုံခြင်း။
နာနာဝါဒ အထူးထူး ဆိုခြင်း။
အညထာဝါဒ- ဖောက်ပြန်စွာဆိုခြင်း။
ဝိပစ္စတာယဝေါဟာရ – စိတ်နာအောင် ဆိုခြင်း။
မေဓက - ငြင်းခုံခြင်း -
ဤအလုံးစုံသည် ဝိဝါဒါဓိကရဏမည်၏။

ဝိဝါဒါဓိကရဏ၌ တည်၍ (ဝါ- အကြောင်းခံ၍ သံဃာသည် ငြင်းခုံအံ့) ဝိဝါဒါဓိကရဏ
ငြင်းခုံခြင်း အကြောင်းခံ၍ စွပ်စွဲအံ့ - အနုဝါဒါဓိကရဏ
စွပ်စွဲခြင်းအကြောင်းခံ၍ အာပတ်သို့ရောက်အံ့ - အာပတ္တာဓိကရဏ
ထိုအာပတ်ကြောင့် သံဃာသည် ကံပြုအံ့ - ကိစ္စာဓိကရဏ
ဤသို့လျှင် ဝိဝါဒါဓိကရဏ အကြောင်းကြောင့် အဓိကရဏလေးပါးလုံးဖြစ်ကုန်၏။

အနုဝါဒါသည် အဘယ် အဓိကရုဏ်းကို ဖြစ်စေသနည်း။ အဘယ်ကိုမျှ မဖြစ်စေ။
အနုဝါဒါ အကြောင်းကြောင့်ကား လေးပါးလုံးဖြစ်ကုန်၏။

ဖြစ်ပုံကား -
ဤသာသနာ၌ ရဟန်းတို့သည် ရဟန်းကို သီလဝိပတ္တိစသည်ဖြင့် စွပ်စွဲကုန်အံ့။ ထို၌ --
အနုဝါဒ - အနုဝဒနာအနုလ္လပနာအနုဘဏနာ - စွပ်စွဲသောစကားကိုဆိုခြင်း။
အနုသမ္မဝင်္ကတာ - ကောက်ကျစ်စဉ်းလဲခြင်း။
အဗ္ဘုဿဟနတာ - ရှေးရှုအားထုတ်ခြင်း။
အနုဗလပ္ပဒါန - အားအဆင့် ပေးခြင်း။
ဤအလုံးစုံသည် အနုဝါဒါမည်၏။

ဤ၌တည်၍ ငြင်းခုံအံ့ - ဝိဝါ။
ငြင်းခုံ၍စွပ်စွဲအံ့ - နုဝါ။
စွပ်စွဲ၍ အာပတ်သင့်အံ့ - ပတ္တာ။
ထိုအာပတ်ကြောင့် သံဃာကံပြုအံ့ - ကိစ္စာ။
ဤသို့ နုဝါဒါအကြောင်းကြောင့် ဓိကရဏ လေးပါး ဖြစ်ကုန်၏။

အာပတ္တာသည် အဘယ်ကိုမျှမဖြစ်စေ။ အကြောင်းကြောင့်ကား လေးပါးလုံး ဖြစ်ကုန်၏။

ဖြစ်ပုံကား -
ငါးပါးသော အာပတ်အစု၊ ခုနှစ်ပါးသော အာပတ်အစုသည် အာပတ္တာဓိကရဏ မည်၏။
အာပတ်၌တည်၍ သံဃာသည် ငြင်းခုံအံ့၊ ငြင်းခုံ၍ စွပ်စွဲအံ့ -- တူပြီ။

ကိစ္စာသည် အဘယ်ကိုမျှမဖြစ်စေ။ အကြောင်းကြောင့်ကား လေးပါးလုံး ဖြစ်ကုန်၏။

ဖြစ်ပုံကား -
ကိစ္စယတာကရဏီယတာ - သံဃာသည် ပြုအပ်သော သံဃကိစ္စဖြစ်သော အပလောကနဉာတ္တိဉာတ္တိဒုတိယဉာတ္တိစတုတ္တကံသည် ကိစ္စာဓိကရဏမည်၏။ ကိစ္စာ၌တည်၍ သံဃာသည် ငြင်းခုံအံ့ - ငြင်းခုံ၍ စွပ်စွဲအံ့။ တူပြီ။

ဇီဋီ။ သာဋီ။ ။ ဝိဝါသည် အဘယ်အဓိကရုဏ်းကိုမျှ မဖြစ်စေ ဟူသည် - ဓမ္မဟုတ်-မဟုတ်ဟု ဆိုကာမျှဖြင့် အဘယ်အဓိကရုဏ်းကိုမျှ မဖြစ်စေနိုင်ဟူလို။

ဝိဋီ။ ။ ဤသမုဋ္ဌာပေတိဝါရကို ဓိကရုဏ်းတို့ကြောင့် ဓိကရုဏ်းတို့၏ ဖြစ်ပုံပြခြင်းငှါ ဟောသည်။

အဘယ် ဓိကရုဏ်းကိုမျှ မဖြစ်စေ ဟူသည် မိမိဖြစ်ကာမျှဖြင့် ဓိကရုဏ်း တစ်ခုကို မဖြစ်စေနိုင်ဟူလို။ အဘယ်သို့လျှင် ဖြစ်စေသနည်း ဟု မေးဘွယ်ရှိသောကြောင့် အပိစ - သို့ရာတွင် စသည်ကို မိန့်ဆိုသည်။

ထို၌ ဇာယန္တိလေးပါးလုံးဖြစ်ကုန်၏ ဟူသည် အခြားမဲ့တွင်မဖြစ်ဘဲ အကြောင်း အဆက်ဆက်ကြောင့် ဖြစ်ကုန်၏။ ဤကား ဇယန္တိ အဓိပ္ပါယ်တည်း။

ဓမ္မ၊ အဓမ္မ စသည်ဖြင့် နှစ်ဦးတို့ ငြင်းခုံခြင်း ဟူသော အကြောင်းကြောင့် အချင်းချင်း ဘေးမဲ့၏ ပျက်စီးခြင်း တို့သည် ဖြစ်ကုန်၏။

ငြင်းခုံခြင်း အကြောင်းကြောင့် အပင်းအသင်း စုဆောင်း၍ ကိုယ်နှုတ်လွန်ကျူး တိုးပွား သူတို့၏ ငြင်းခုံခြင်းသည် ပရိသတ်များသော သံဃာ့ဦးစီး လဇ္ဇီမထေရ်ကြီးထံ ရောက်လျှင် ငြိမ်း၏။ ထိုသို့မငြိမ်းလျှင် တိုးပွား၍ သံဃဝိဝါဒကိုသော်လည်း ဖြစ်စေ၏။ ထို့နောက် အနုဝါဒါ စသည်တို့ကိုဖြစ်စေနိုင်၏။ ဤသို့အစဉ်အဆက် ငြိမ်းအေးကြောင်း မရလျှင် ဓိကရုဏ်းလေးပါးလုံး ဖြစ်ကုန်၏။ ထိုကိုရည်၍ “သံဃာသည် ငြင်းခုံအံ့” စသည်ကို ဟောသည်။

သမုဋ္ဌာပနဝါရပြီး၏။

၂၁။ သမထဘေဒ

၃၁၈။ ဝိဝါဒါဓိကရဏသည် လေးပါးသော အဓိကရုဏ်းတို့တွင် အဘယ်အဓိကရဏသို့ သက်ဝင်သနည်း။
အဘယ်အဓိကရဏကို မှီသနည်း။
အဘယ်အဓိကရုဏ၌ အကျုံးဝင်သနည်း။
အဘယ်အဓိကရဏဖြင့် ရေတွက်အပ်သနည်း။

-- နုဝါသည် -- ပတ္တာသည် -- ကိစ္စာသည် -- ထို့အတူ ပုစ္ဆာ လေးခုစီ။

ဝိဝါဒါဓိကရဏသည် လေးပါးသော အဓိကရုဏ်းတို့တွင် -
ဝိဝါဒါ ဓိကရဏသို့သက်ဝင်၏။
ဝိဝါဒါဓိကရဏကိုမှီ၏။
ဝိဝါဒါဓိကရဏ၌ အကျုံးဝင်၏။
ဝိဝါဒါဓိကရဏဖြင့် ရေတွက်အပ်၏။

နုဝါသည် နုဝါသို့ --။ ပတ္တာသည် ပတ္တာသို့ --။ ကိစ္စာသည် ကိစ္စာသို့ -- တူပြီ။

ဝိဝါဒါဓိကရဏသည် ခုနှစ်ပါးသော သမထတို့တွင် အဘယ်သမထတို့သို့ သက်ဝင်သနည်း။ -- မှီ - အကျုံးဝင် -- ရေတွက်အပ်သနည်း။ အဘယ်မျှသော သမထဖြင့် ငြိမ်းသနည်း။။ နုဝါသည် -- ပတ္တာသည် -- ကိစ္စာသည် ထို့အတူ ပုစ္ဆာငါးခုစီ။

ဝိဝါဒါဓိကရဏသည် ခုနှစ်ပါးသော သမထတို့တွင် နှစ်ပါးသော သမထတို့သို့ သက်ဝင်၏။ နှစ်ပါးကိုမှီ၏။ နှစ်ပါး၌ အကျုံးဝင်၏။ နှစ်ပါးဖြင့် ရေတွက်အပ်၏။ နှစ်ပါးဖြင့်ငြိမ်း၏။ သမ္မုခါဖြင့် လည်းကောင်း ယေဘုယျသိကာ ဖြင့်လည်းကောင်းတည်း။

နုဝါသည် လေးပါးတို့သို့ --။ သမ္မုခါသတိအမူဠပါပိဖြင့်။၊

ပတ္တာသည် သုံးပါးတို့သို့ --။ သမ္မုခါပဋိညာတိဏဖြင့်။

ကိစ္စာသည် တစ်ပါးသို့ --။ သမ္မုခါဖြင့်။

(ဇီဋီ။ သာဋီ။ ။ ဝိဝါသည် ဝိဝါသို့ သက်ဝင်၏ ဟူသည် ပဌမဖြစ်သော ဝိဝါဒသို့ နောက်ဖြစ် ဝိဝါဒသည် သက်ဝင်၏။

ဝိဝါသည် နှစ်ပါးသော သမထတို့သို့ သက်ဝင်၏ဟူသည်ကား - အကျွန်ုပ်ကို ငြိမ်းအေးစိမ့်သောငှါ စွမ်းနိုင် သူတို့ကား “သင်တို့ဖြစ်ကုန်၏ “ဟုဆိုသကဲ့သို့ ဆည်းကပ်၏။

နှစ်ပါးဖြင့် ရေတွက်အပ်၏-ဟူသည်- “ငါတို့ သည် သင်ကို ငြိမ်းအေးစေကုန်အံ့” ဟုဆိုသကဲ့သို့ နှစ်ခုသော သမထတို့သည် ချီးမြှောက်အပ်၏။

ဝိဋီ။ ။ အချင်းချင်း ကျေးဇူးပြုသောအဖြစ် ရှိသော်လည်း သံသဂ္ဂအဖြစ်ကို ပြခြင်းငှါ ဤဝါရကိုဟောသည်။

ဝိဝါသည် ဝိဝါသို့သက်ဝင်၏ စသည်တို့၌ ဝိဝါသည် ဝိဝါ၏ အဖြစ်သို့သက်ဝင်၏။ တစ်ပါးသော အဓိကရဏ၏ အဖြစ်သို့ မသက်ဝင်။ ဝိဝါ၏အဖြစ်ကိုသာမှီ၏။ ဝိဝါကိုသာ အကျုံးဝင်၏။ ဝိဝါအဖြစ်ဖြင့်သာ ရေတွက်အပ်၏။- ဤသို့ အနက်ယူအပ်၏။။

သမထတို့သို့ သက်ဝင်ခြင်း စသည်ကိုကား ဓိကရုဏ်းတို့၏ ငြိမ်းခြင်းဖြစ်သောအခါ နိယတသမထ- မြဲသော သမထတို့ကို ပြခြင်းငှါ ဟောသည်။

ဘဇတိ - သက်ဝင် ဟူသည် မိမိငြိမ်းအေးခြင်းငှါ အဘယ်မျှသော သမထတို့သို့ သက်ဝင်သနည်း။ အဘယ်မျှတို့သို့ရောက်လျှင် ငြိမ်းအေးပါအံ့ နည်းဟူလို။

ပရိယာပန္နံ - အကျုံးဝင်ဟူသည် မိမိငြိမ်းအေးခြင်းငှါ အဘယ်မျှသော သမထတို့၌ ထိုတို့နှင့်တူသည် အစွမ်းဖြင့် ဝင်ရပါအံ့နည်း။

သင်္ဂဟိတ - ရေတွက်ဟူသည် ငြိမ်းအေးခြင်းကိုပြုသော အဘယ်မျှသောသမထတို့သည် ငြိမ်းအေးခြင်းကို ပြုခြင်းငှါ ရေတွက်အပ်သနည်း။

သမထဘေဒပြီး၏။

၆။ ခန္ဓကပုစ္ဆာဝါရ

ဥပသမ္ပဒံ ပုစ္ဆိဿံ သနိဒါနံ သနိဒ္ဒေသံ။
သမုက္ကဋ္ဌပဒါနံ ကတိအာပတ္တိယော။

၃၂၀။ သနိဒါနံ၊ နိဒါန်းနှင့်တကွသော။
သနိဒ္ဒေသံ၊ နိဒ္ဒေသနှင့်တကွသော။
ဥပသမ္ပဒံ၊ ဥပသမ္ပဒက္ခန္ဓကကို။
ပုစ္ဆိဿံ၊ ငါမေးအံ့။
တတ္ထ၊ ထိုခန္ဓက၌။
သမုက္ကဋ္ဌပဒါနံ၊ မြတ်သောပုဒ်တို့၏။
အာပတ္တိယော၊ အာပတ်တို့သည်။
ကတိ၊ အဘယ်မျှတို့နည်း။

ဥပသမ္ပဒံ ဝိဿဇ္ဇိဿံ သနိဒါနံ သနိဒ္ဒေသံ။
သမုက္ကဋ္ဌပဒါနံ ဒွေ အာပတ္တိယော။

သနိဒါနံ - သနိဒ္ဒေသံ - ဥပသမ္ပဒံ - ဝိဿဇ္ဇိဿံ၊ ငါဖြေဆိုအံ့။
တတ္ထ - သမုက္ကဋ္ဌ ပဒါနံ - အာပတ္တိယော - ဒွေ၊ နှစ်ပါးတို့သည်။
ဟောန္တိ၊ ဖြစ်ကုန်၏။

[ဥပသမ္ပဒသည် ဥပသမ္ပဒက္ခန္ဓကဖြစ်၏။ နိဒါနေန သဟ နိဒ္ဒေသေန သဟ - တကွဖြစ်သော ထိုခန္ဓကကိုမေးအံ့။

သမုက္ကဋ္ဌပဒသည် ဥတ္တမပဒတည်း။

ဘုရားဟောအပ်သောကြောင့် ပုဒ်မြတ်တို့ ဖြစ်ကုန်၏။ ထိုပုဒ်မြတ်တို့၏ အာပတ်တို့သည် အကျဉ်းအားဖြင့် အဘယ်မျှတို့နည်း။ အကြင်ပုဒ်ဖြင့် အကြင်အာပတ်ကို ပညတ်၏။ ထို အာပတ်ကို ထိုပုဒ်၏အာပတ်ဟု ဆိုခြင်းတည်း။

ဒွေကား အသက်နှစ်ဆယ် မပြည့်သူကို ရဟန်းပြုပေးသူအား ပါစိတ်။ ကြွင်းပုဒ်တို့၌ ဒုက္ကဋ်။]

(ဇီဋီ။) နိဒါန်းဟူသည် ကာလသည်လည်းကောင်း၊ နဂရသည်လည်းကောင်း၊ ဒေသသည်လည်းကောင်း၊ ဘဂဝါ သည်လည်းကောင်း လေးမျိုးတည်း။

ဝတ္ထု ပုဂ္ဂိုလ်စသည်တို့သည် နိဒ္ဒေသမည်၏။

ဤခန္ဓက၌ န ဘိက္ခဝေ ဦနဝီသတိဝဿော - စသည်ဖြင့် မြတ်သော ပုဒ်တို့ကို ဟောအပ်ကုန်၏။ ထိုပုဒ်မြတ်ဖြင့် ပညတ်သော အာပတ်ကို ထိုပုဒ်မြတ်၏ အာပတ်ဟုဆိုသည်။

(သာဋီ။) သိက္ခာပုဒ်ပညတ်ရာ ဒေသသည် နိဒါန်း မည်၏။ ပုဂ္ဂိုလ်စသည်သည် နိဒ္ဒေသမည်၏။ ထိုနှစ်ပုဒ်ဖြင့် ထိုထိုသိက္ခာပုဒ်၏ ဝတ္ထုကိုပြသည်။ ထို့ကြောင့် ဝတ္ထုနှင့်တကွ ခန္ဓကကို မေးအံ့ဟူလို။ ဤခန္ဓက၌ န ဘိက္ခဝေ ဦနဝီသတိဝဿော - စသည်ဖြင့် ဥတ္တမပဒတို့ကို ဟောသည်။

(ဝိဋီ။) ဥပသမ္ပဒက္ခန္ဓကသည် ပဗ္ဗဇ္ဇက္ခန္ဓကတည်း။

ပညတ်ရာဌာန ပုဂ္ဂိုလ်စသည်ကိုပြသော နိဒါန်းစကားသည် နိဒါန မည်၏။ ထိုနိဒါနကိုစွဲ၍ ညွှန်ပြသော သိက္ခာပုဒ်တို့သည် နိဒ္ဒေသမည်၏။ ထိုအစိတ်အစိတ်နှင့် တကွဖြစ်သော အပေါင်း ခန္ဓကကို မေးမည်ဟူလို။

အာပတ်ပညတ်သော စကားတို့ကို ဥတ္တမပဒဟု အလိုရှိအပ်ကုန်၏။ ထိုဥတ္တမပဒတို့ဖြင့် ပညတ်ခြင်းတို့သည် အဘယ်အာပတ်တို့နည်းဟူလို။ ပုဂ္ဂိုလ်၏ အာပတ်သာ ဖြစ်သင့်သည်မဟုတ်လော။ ပုဒ်၏အာပတ် မဖြစ်သင့်။ အဘယ်ကြောင့် သမုက္ကဋ္ဌပဒါနံ ကတိအာအတ္တိယော - ဟု သာမိစွမ်းဖြင့် ညွှန်းသနည်းဟု မေးဘွယ် ရှိသောကြောင့် “အကြင်ပုဒ်ဖြင့် အကြင်အာပတ်ကို ပညတ်၏” စသည်ကို ဖွင့်ဆိုသည်။

နိဒါန်းနိဒ္ဒေသ၌ တကွသော မဟာက္ခန္ဓက၌ ဟောသောပုဒ်တို့၏ အာပတ်တို့သည် အဘယ်မျှတို့နည်း။ နှစ်ပါးတို့တည်း။

(အသက်မပြည့်ဘဲ ရဟန်းပြုပေးသူအား ပါစိတ်၊ အကြွင်းတို့၌ ဒုက္ကဋ်

ဥပေါသထက္ခန္ဓက၌ အာပတ်တို့သည် အဘယ်မျှကိုလည်း။ သုံးပါးတို့တည်း။

[ကွဲပြားခြင်းရှေးရှု၍ ဥပုသ်ပြုသူ - ထုလ္လစ္စည်း။ ဥက္ခိတ္တကနှင့် ဥပုသ်ကံပြုသူ ပါစိတ်။ အကြွင်းတို့၌ ဒုက္ကဋ်။]

ဝဿူပနာယိကက္ခန္ဓက၌ -- တစ်ပါး (ဒုက္ကဋ်တစ်ခုသာတည်း။)

ပဝါရဏက္ခန္ဓက၌ -- သုံးပါး။ (ကွဲပြားခြင်းရှေးရှု၍ ပဝါရဏာပြုသူ - ထုလ္လစ္စည်း။ ဥက္ခိတ္တကနှင့် ပါဝါရဏာပြုသူ ပါစိတ်။ အကြွင်း၌ ဒုက္ကဋ်

ဓမ္မသညုတ္တ ဟူသော ဓမ္မက္ခန္ဓက၌ သုံးပါး။ (နွားငယ်ကို ရေနှစ်သတ်သူတို့အား ပါစိတ်။ တပ်သောစိတ်ဖြင့် အင်္ဂါဇာတ် တို့ရာ၌ ထုလ္လစ္စည်း။ အကြွင်း၌ ဒုက္ကဋ်။)

ဘေသဇ္ဇက္ခန္ဓက၌ -- သုံးပါး (ဝစ္စမဂ်) အနီးဝန်းကျင်နှစ်သစ်၌ ထုလ္လစ္စည်း။ ဘေသဇ္ဇယာဂု၌ ပါစိတ်။ အကြွင်း၌ ဒုက္ကဋ်

ကထိနက္ခန္ဓက၌ -- တစ်ပါးမျှမရှိ။ (ကထိန်ခွင့်ပြုခြင်းသက်သက်သာတည်း။)

စီဝရက္ခန္ဓက၌ -- သုံးပါး။ (ကုသစီ၀ရ - သမန်းမြက်သင်္ကန်း၊ ဝါကစီ၀ရ - လျှော်မျှင်သင်္ကန်းတို့၌ ထုလ္လစ္စည်း။ အတိရေကသင်္ကန်း၌ နိဿဂ္ဂိ ပါစိတ်။ အကြွင်း၌ ဒုက္ကဋ်။)

စမ္ပေယျက္ခန္ဓက၌ - တစ်ပါး။ ကောသမ္ဗကက္ခန္ဓက၌ တစ်ပါး။ (ဒုက္ကဋ်သာ။)

မ၊ ဥ၊ ဝသ်၊ ပ ၄။ စမ်၊ ဘေ၊ က ၃။ (ဒသ) - စီ၊ စမ်၊ ကော ၃။

ကမ္မက္ခန္ဓက၌ -- တစ်ပါး။ ပါရိဝါသိကက္ခန္ဓက၌တစ်ပါး။ သမုစ္စယက္ခန္ဓက၌ -- တစ်ပါး။ (ဒုက္ကဋ်ချည်းသာတည်း)

သမထက္ခန္ဓက၌ -- နှစ်ပါး။ (ဆန္ဒပေး၍ ရှုတ်ချသူ ခိယျနကပါစိတ်။ အကြွင်း ဒုက္ကဋ်။)

ခုဒ္ဒကဝတ္ထုက္ခန္ဓက၌ -- သုံးပါး။ (အင်္ဂါဇတ်ဖြတ်သူ ထုလ္လစ္စည်း။ စားမြုံ့ပြန်သူ ပါစိတ်။ အကြွင်း၌ ဒုက္ကဋ်။)

သေနာသနက္ခန္ဓက၌ သုံးပါး (ဂရုဘဏ်စွန့်သူ ထုလ္လစ္စည်း။ သံဃိကကျောင်းမှနှင်ချသူ ပါစိတ်။ အကြွင်း၌ ဒုက္ကဋ်။)

သံဃဘေဒကက္ခန္ဓက၌ -- နှစ်ပါး။ (ဘေဒါနုဝတ္တက - ထုလ္လစ္စည်း။ ဂဏဘောဇန - ပါစိတ်။)

သမာစာရဟူသော ဝတ္တက္ခန္ဓက၌ -- တစ်ပါး။

ပါတိမောက္ခဌပနက္ခန္ဓက၌ -- တစ်ပါး။

(သမာစာရသည် ဝတ္တက္ခန္ဓကဖြစ်၏။ အနာဒရိယဖြင့် ဝတ်အားလုံး၌ ဒုက္ကဋ်သာ။ ။ ပါတိမောက္ခဌပန၌လည်း ထို့အတူတည်း။)

ဘိက္ခုနိက္ခန္ဓက၌ -- နှစ်ပါး။ (ပဝါရဏာမပြုသူ ပါစိတ်။ အကြွင်း၌ ဒုက္ကဋ်။)

ပဉ္စသတိကက္ခန္ဓက၌ -- မရှိ။

သတ္တသတိကက္ခန္ဓက၌ -- မရှိ။

(သက်သက်ဓမ္မကို သင်္ဂါယနာတင်သည်။ ထိုခန္ဓကတို့၌ အာပတ်မရှိ။)

ကံ၊ ပါ၊ သ၊ ထံ (၄)။ ခုဒ်၊ သေ၊ သံ (၃)။ စတ္ထံ၊ ပါ၊ ဘိက်၊ ပဉ္စ၊ သတ် (၅)။

ခန္ဓကပုစ္ဆာဝါရပြီး၏။

(၇) ဧကုတ္ထရိက (၁၁-ခု)

၁။ ဧကက-၆၃

၃၂၁။ ဧကက ၁၂။

၁။ အာပတ္တိကရဓမ္မ - အာပတ်ကိုပြုတတ်သော ဓမ္မကိုသိအပ်၏။
၂။ အနာပတ္တိကရဓမ္မ – အနာပတ္တိကိုပြုတတ်သော ဓမ္မကို သိအပ်၏။
၃။ အာပတ္တိကို သိအပ်၏။
၄။ အနာပတ္တိကို သိအပ်၏။
၅။ လဟုကာအာပတ်ကို--။
၆။ ဂရုကာအာပတ်ကို-။
၇။ သာဝသေသ- သိက္ခာပုဒ်ကြွင်း ရှိသော အာပတ်ကို--။
၈။ အနဝသေသ- သိက္ခာပုဒ်ကြွင်း မရှိသော အာပတ်ကို--။
၉။ ဒုဋ္ဌုလ္လ- ရုန့်ရင်းသော အာပတ်ကို--။
၁၀။ အဒုဋ္ဌုလ္လ- မရုန့်ရင်းသော အာပတ်ကို--။
၁၁။ သပ္ပဋိကမ္မ- ကုစားခြင်းရှိသော အာပတ်ကို--။
၁၂။ အပ္ပဋိကမ္မ- ကုစားခြင်းမရှိသောအာပတ်ကို သိအပ်၏။

[အာပတ္တိကရဓမ္မ မည်သည် ဆ အာပတ္တိသမုဋ္ဌာန်ဖြစ်၏။ ဤ ခြောက်ပါးစွမ်းဖြင့် ပုဂ္ဂိုလ်သည် အာပတ်သို့ ရောက်၏။ ထို့ကြောင့် အာပတ္တိကရ ဟု ဟောသည်။

အနာပတ္တိကရမည်သည် ခုနစ်ပါးသော သမထတည်း။

အာပတ္တိဟူသည် ထိုထိုသိက္ခာပုဒ်၌လည်းကောင်း၊ ဝိဘင်း၌လည်းကောင်း ဟောသော အာပတ်တည်း။

အနာပတ္တိသည် ‘အနာပတ္တိဘိက္ခု အသာဒိယန္တဿ' စသည်ဖြင့်ဟောသော အနာပတ္တိ တည်း။

လဟုကာသည် လဟုကဝိနည်းကံဖြင့် စင်ကြယ်သောအာပတ် ငါးခုဖြစ်၏။

ဂရုကာသည် ဂရုကဝိနည်းကံဖြင့် စင်ကြယ်သော သံဃာဒိသေသ်လည်းကောင်း၊ တစ်စုံတစ်ခုသောခြင်းရာဖြင့် အနာပတ္တိ အဖြစ်သို့ ရောက်အောင် မတတ်ကောင်းသော ပါရာဇိကလည်းကောင်း၊ ဤ အာပတ်နှစ်ခုဖြစ်၏။

သာဝသေသသည် ပါရာဇိကမှကြွင်းသော အာပတ်ဖြစ်၏။

အနဝသေသသည် ပါရာဇိကဖြစ်၏။

နှစ်ပါးသော အာပတ်အစုသည် ဒုဋ္ဌုလ္လမည်၏။

အကြွင်းသည် အဒုဋ္ဌလ္လမည်၏။ (ဒုဋ္ဌုလ္လနှင့်ဂရုကာ၊ အဒုဋ္ဌုလ္လနှင့်လဟုကာ တူ၏။)

သပ္ပဋိကမ္မဒုက်သည် သာဝသေသဒုက်နှင့်တူ၏။]

(ဇီဋီ။) အာပတ်သည် ပရမတ်လော၊ န ဝတ္တဗ္ဗ ပညတ်လော စသည်ဖြင့် သမထက္ခန္ဓက စသည်တို့နှင့်တွဲ၍ အကျယ် မိန့်ဆို၏။

ဧကက ၁၃

၁။ ဒေသနာဂါမ်အာပတ်ကို သိအပ်၏။
၂။ အဒေသနာဂါမ်အာပတ်ကိုသိအပ်၏။
၃။ အန္တရာယိကအာပတ်ကို --၊
၄။ အနန္တရာယိကအာပတ်ကို --၊
၅။ သာဝဇ္ဇပညတ္တိ အာပတ်ကို --၊
၆။ အနဝဇ္ဇပညတ္တိ အာပတ်ကို --၊
၇။ ကိရိယသမုဋ္ဌာန်အာပတ်ကို--၊
၈။ အကရိယသမုဋ္ဌာန်အာပတ်ကို --။
၉။ ကိရိယာကိရိယ သမုဋ္ဌာန် အာပတ်ကို --၊
၁၀။ ပုဗ္ဗာပတ္တိ - ရှေ့အာပတ်ကို --။
၁၁။ အပရာပတ္တိ - နောက်အာပတ်ကို --၊
၁၂။ ပုဗ္ဗာပတ္တိတို့၏ အန္တရာပတ်ကို --၊
၁၃။ အပရာပတ္တိတို့၏ အန္တရာပတ်ကိုသိအပ်၏။

[ဒေသနာဂါမ်သည် လဟုကာအာပတ်၊ အဒေသနာဂါမ်သည် ဂရုကာအာပတ်ပင်တည်း။

အန္တရာယိကသည် အာပတ်ခုနှစ်ခုလုံးပင်တည်း။ အားထုတ်၍ လွန်ကျူးလျှင် သဂ္ဂ - နတ်ရွာ အန္တရာယ်ကို လည်းကောင်း။ မောက္ခ - မဂ်ဖိုလ်နိဗ္ဗာန် အန္တရာယ်ကို လည်းကောင်း ပြုသောကြောင့် အန္တရာယိကမည်၏။ မသိမူ၍ လွန်ကျူးသော ပဏ္ဏတ္တိဝဇ္ဇ အာပတ်ကား သဂ္ဂ၊ မောက္ခအန္တရာယ် မပြုသောကြောင့် အနန္တရာယိက မည်၏။

အန္တရာယိကအာပတ်သို့ ရောက်သော်လည်း ဒေသနာကြား၍ ပရိဝါသ် မာနတ် အဗ္ဘာန်ဖြင့်ထ၍ စင်ကြယ်သူအား လည်းကောင်း၊ သဏေအဖြစ်၌ တည်သူအားလည်းကောင်း၊ သဂ္ဂ၊ မောက္ခ အန္တရာယ်မဖြစ်။

သာဝဇ္ဇပညတ္တိသည် လောကဝဇ္ဇအာပတ်ဖြစ်၏။

အနဝဇ္ဇပညတ္တိသည် ပဏ္ဏတ္တိဝဇ္ဇ အာပတ်ဖြစ်၏။

ကိရိယသမုဋ္ဌာန်သည် ပါရာဇိကကဲ့သို့ ပြုသူသာရောက်သော အာပတ်ဖြစ်၏။

အကိရိယ သမုဋ္ဌာန်သည် သင်္ကန်းအဓိဋ္ဌာန်မတင်သော အာပတ်ကဲ့သို့ မပြုသူသာ ရောက်သော အာပတ်ဖြစ်၏။

ကိရိယာ ကိရိယသမုဋ္ဌာန်သည် ကုဋိကာရ အာပတ်ကဲ့သို့ပြု-မပြုကြောင့် ရောက်သောအာပတ်ဖြစ်၏။

ပုဗ္ဗာပတ္တိသည် ပဌမရောက်သော အာပတ်ဖြစ်၏။

အပရာပတ္တိသည် ပရိဝါသ်ကျင့်သူ စသည်တို့ နောက်၌ ရောက်သောအာပတ်ဖြစ်၏။

ပုဗ္ဗာပတ္တိတို့၏ အန္တရာပတ် မည်သည် မူလဝိသုဒ္ဓိ- မူလာယပဋိကဿနာဖြင့် စင်ကြယ်အောင်ကျင့်စဉ်၊ ဝါ- မူလကတည်းက ပရိဝါသ်, မာနတ်ဖြင့် စင်ကြယ်အောင်ကျင့်စဉ် အကြား၌ သင့်သော အာပတ်ဖြစ်၏။

အပရာပတ္တိတို့၏ အန္တရာပတ်မည်သည် အဂ္ဃ ဝိသုဒ္ဓိ- အဂ္ဃသမောဓာန်ဖြင့် စင်ကြယ်အောင် ကျင့်စဉ်၊ ဝါ- မာနတ်ကျင့်စဉ် သင့်သော အာပတ် ဖြစ်၏။

ကုရုန္ဒီ၌ကား ပုဗ္ဗာပတ္တိသည် ပဌမရောက်သော အာပတ်တည်း။ ပရာပတ္တိသည် မာနတ်ထိုက်သောအခါ ရောက်သော အာပတ်တည်း။ ပုဗ္ဗာပတ္တိတို့၏ အန္တရာပတ်သည် ပရိဝါသ်၌ရောက်သော အာပတ်တည်း။ အပရာပတ္တိတို့၏ အန္တရာပတ်သည် မာနတ်ကျင့်စဉ် ရောက်သော အာပတ်တည်းဟု ဆို၏။ တစ်ခုသောနည်းဖြင့် သင့်၏။]

(ဇီဋီ။ သာဋီ။) မူလဝိသုဒ္ဓိအန္တရာပတ် ဟူသည် အန္တရာပတ်ကြောင့် မူလာယပဋိကဿနပြု၍ တည်သူ ရောက်သော အာပတ်တည်း။

အဂ္ဃဝိသုဒ္ဓိအန္တရာပတ်သည် အာပတ်အများတို့တွင် သဗ္ဗစိရပ္ပဋိစ္ဆန္န အာပတ်စွမ်းဖြင့် အဂ္ဃသမောဓာန်ယူ၍နေစဉ် သင့်သောအာပတ်တည်း။

(ဝိဋီ။) မသိမူ၍ လွန်ကျူးခြင်းကား ပညတ်တော်ကို လည်းကောင်း၊ လွန်ကျူးအပ်သော ဝတ္ထုကိုလည်းကောင်း၊ မသိဘဲ လွန်ကျူးမိသော ပထဝီခဏန, သဟသေယျ စသော အာပတ်တည်း။ ထိုအာပတ်ကိုသော်လည်း နောင်အခါ၌ အာပတ်ဟုသိလျက် မကုစားသူအား အန္တရာယိကသာတည်း။

ပရိဝါသ်နေသူ စသည်တို့ နောက်၌ ရောက်သော အာပတ် ဟူသည်ကို ဝတ္တဘေဒဒုက္ကဋ်တို့ကို ရည်ဆိုသည်။ ကေစိတို့ကား ထိုခဏ၌ရောက်သော အန္တရာပတ်တို့ကို ရည်ဆိုသည်ဟု ဆိုကုန်၏။ ထိုအန္တရာပတ်ကို ပုဗ္ဗာပတ္တိတို့၏ အန္တရာပတ်ဖြင့်သာ ဆိုလတံ့ဖြစ်သောကြောင့် ဝတ္တစောဒဒုက္ကဋ်သာ ယုတ္တတရ ဖြစ်၏။

မူလဝိသုဒ္ဓိ အန္တရာပတ် ဟူသည် မူလာယပဋိကဿန စသည်တို့ကို မပြုဘဲ သဗ္ဗပဌမပရိဝါသ်, မာနတ်ဖြင့် စင်ကြယ်အောင် ကျင့်စဉ်ကာလရောက်သော သံဃာဒိသေသ် အန္တရာပတ်ဖြစ်၏။

အဂ္ဃဝိသုဒ္ဓိ အန္တရာပတ်ကား အန္တရာပတ်ကြောင့် အရင်းငင်၍ ဩဓာနသမော တစ်ခုစွမ်းဖြင့် ချေဖျက်၍ ရှေးအာပတ်၌ပေါင်း၍, ထိုအာပတ်တို့အားလိုက်သော အဂ္ဃစွမ်းဖြင့်, တဖန်ပေးသော ပရိဝါသ် စသည်ဖြင့် စင်ကြယ်အောင် ကျင့်စဉ် တဖန်ရောက်သော အန္တရာပတ် ဖြစ်၏။

ဧကက ၁၃

၁။ ဒေသိတာ ဂဏနုပဂါ- ဒေသနာကြားသည်ဟု ရေတွက်ခြင်းသို့ရောက်သော အာပတ်ကိုသိအပ်၏။
၂။ ဒေသိတာ န ဂဏနုပဂါ - ဒေသနာကြားသော်လည်း ကြားသည်ဟု ရေတွက်ခြင်းသို့ မရောက်သော အာပတ်ကို သိအပ်၏။
၃။ ပညတ္တိကို--။
၄။ အနုပညတ္တိကို--။
၅။ အနုပ္ပန္နပညတ္တိကို--။
၆။ သဗ္ဗတ္ထပညတ်ကို--။
၇။ ပဒေသပညတ်ကို--။
၈။ သာဓာရဏပညတ်ကို--။
၉။ အသာဓာရဏပညတ်ကို--။
၁၀။ ဧကတောပညတ်ကို--။
၁၁။ ဥဘတောပညတ်ကို--။
၁၂။ ထုလ္လဝဇ္ဇအာပတ်ကို--။
၁၃။ အထုလ္လဝဇ္ဇအာပတ်ကို သိအပ်၏။

[ဒေသိတာဂဏနုပဂါ မည်သည် ဘိက္ခုနီသည် ဓုရနိက္ခေပပြု၍ တဖန်မရောက်စေတော့အံ့ဟု ကြားသော အာပတ်ဖြစ်၏။

အဂဏနုပိကာ ဟူသည် ဓုရနိက္ခေပ မပြုဘဲ သဥဿာဟစိတ်ဖြင့် မစင်မကြယ်ကြားသော အာပတ်ဖြစ်၏။ ဤအာပတ်သည် ဒေသနာကြားသော်လည်း ကြားအပ်သည်မမည်။ ဒေသိတဂဏန သို့မရောက်။ အဋ္ဌမဝတ္ထု ပြည့်သောအခါ ထိုဘိက္ခုနီအား ပါရာဇိကသာတည်း။

ပညတ္တိ စသောကိုးခု အဆုံးအဖြတ်ကို ပဌမပါရာဇိကပုစ္ဆာ၌ ဆိုပြီးပြီ။

ထုလ္လဝဇ္ဇသည် ရုန့်ရင်းသောအပြစ်ကြောင့် ပညတ်အပ်သော ဂရုကာပတ္တိဖြစ်၏။

အထုလ္လဝဇ္ဇသည် လဟုကာပတ္တိဖြစ်၏။]

(ဇီဋီ။) တဖန်လည်း ရောက်စေဦးမည်ဟု သဥဿာဟစိတ်ဖြင့်သာ ဒေသနာကြားခြင်းကို ဘိက္ခုနီစွမ်းဖြင့်သာ ဆိုအပ်၏။ ဤသို့ကြားလျှင် မည်သည့်အာပတ်မဆို မထဟု အပရေတို့ ဆိုကုန်၏။ မမှတ်အပ်။

(သာဋီ။) သဥဿာဟစိတ်ဟူသည် တဖန် ရောက်စေဦးမည်ဟု အားထုတ်သောစိတ်တည်း။ ဘိက္ခုနီ အဋ္ဌဝတ္ထုကာစွမ်းဖြင့်ဆိုသည်။

(ဝိဋီ။) သဥဿာဟစိတ်ဟူသည် တဖန်လည်း ထိုအာပတ်သို့ ရောက်လိုသော စိတ်တည်း။ ဤသို့လျှင် ကြားသော်လည်း အာပတ်မထ။ ဓုရနိက္ခေပ မပြုခြင်းကြောင့် အာပတ်သို့ ရောက်ရာ၌ သိခါပတ္တဒေါသကို ပါရာဇိကသာတည်းဟု ပြသည်။ ဘိက္ခုနီအားသာ သက်သက်ဟု မမှတ်အပ်။ ဘိက္ခုတို့အားလည်း ဓုရနိက္ခေပ မပြုဘဲ အနည်းငယ် အနည်းငယ် ထောပတ်စသည်ကို ခိုးယူလျှင် တစ်မတ်ဘိုး ပြည့်သောအခါ ပါရာဇိကသာတည်း။

ကေစိတို့ကား အဋ္ဌမဝတ္ထု ပြည့်သောအခါ ထိုဘိက္ခုနီအား စသည်ဆိုခြင်းကြောင့် အဋ္ဌဝတ္ထုကကိုသာ ရည်ဆိုသည်ဟု ဆိုကုန်၏။]

(ထိုမှကြွင်းသမျှသည် သံဝရ မရှိသော်လည်း ဒေသနာသုဒ္ဓိဖြင့် အာပတ်မှထ၏။)

ဧကက ၁၄

၁။ ဂိဟိပဋိသံယုတ္တ - လူနှင့်စပ်သောအာပတ်ကို သိအပ်၏။
၂။ န ဂိဟိပဋိသံယုတ္တ - လူနှင့်မစပ်သောအာပတ်ကို သိအပ်၏။
၃။ နိယတ - မြဲသောအာပတ်ကို--။
4။ အနိယတ - မမြဲသောအာပတ်ကို---။
၅။ အာဒိကရ - အစပြုသူကို --။
၆။ အနာဒိကရ - နောက်မှလိုက်၍ပြုသူကို--။
၇။ အဓိစ္စာပတ္တိက - ရံခါအာပတ်သို့ရောက်သူကို--။
၈။ အဘိဏှာပတ္တိက - မပြတ်အာပတ်သို့ရောက်သူကို--။
၉။ စောဒကပုဂ္ဂိုလ်ကို--။
၁၀။ စုဒိတကပုဂ္ဂိုလ်ကို--။
၁၁။ အဓမ္မစောဒကကို--။
၁၂။ အဓမ္မစုဒိတကကို--။
၁၃။ ဓမ္မစောဒကကို--။
၁၄။ ဓမ္မစုဒိတကကို သိအပ်၏။

[ဂိဟိပဋိသံယုတ္တကား သုဓမ္မမထေရ်၏ အာပတ်တည်း။ တရားသဖြင့် ဝန်ခံသော ဓမ္မိကပဋိဿဝကို မမှန်ကန်စေ။ ချွတ်ယွင်းစေခြင်းကြောင့် ရောက်သော အာပတ်သည်လည်း ဂိဟိပဋိသံယုတ္တသာတည်း။

အကြွင်းသည် န ဂိဟိပဋိသံယုတ္တမည်၏။

ပဉ္စာနန္တရိယကံအာပတ်သည် နိယတမည်၏။ အကြွင်းသည် အနိယတ

အာဒိကရသည် ရှင်သုဒိန်စသော အာဒိကမ္မိကဖြစ်၏။

အနာဒိကရသည် မက္ကဋိသမဏ စသော အနုပညတ္တိကာရကဖြစ်၏။

အဓိစ္စာပတ္တိက ဟူသည် တစ်ရံတစ်ခါ အာပတ်သို့ရောက်သူဖြစ်၏။

အဘိဏှာပတ္တိကသည် အမြဲ အာပတ်သို့ရောက်သူတည်း။

စောဒကမည်သည် ဝတ္ထုဖြင့် လည်းကောင်း၊ အာပတ်ဖြင့်လည်းကောင်း သူတပါးကိုအပြစ်တင်သူ ဖြစ်၏။

အပြစ်တင်ခံရသူကား စုဒိတကမည်၏။

၁၅-ပါးသော ကာလေန ဝက္ခာမိ-စသော ဓမ္မတို့၌ မတည်မူ၍ မယုတ်သောဝတ္ထုဖြင့် စောဒနာသူသည် အဓမ္မစောဒကမည်၏။

ထိုအတိုင်း စောဒနာခံရသူသည် အဓမ္မစုဒိတကမည်၏။

ထိုမှပြန်၍ ဓမ္မ စော-စုတို့ကို သိအပ်ကုန်၏။]

(ဇီဋီ။ သာဋီ။) ဓမ္မိကဿ ပဋိဿဝဿ အသစ္စာပနေ ဟု ဆိုခြင်းကြောင့် အဓမ္မိက ပဋိဿဝ၌ ဒုက္ကဋ်မဖြစ်။ စင်ကြယ်သောစိတ်ရှိသူအား “အရှင်ဘုရားတို့ လူထွက်တော်မူကြပါ” ဟုဆို၍ ကောင်းပြီဟု ဝန်ခံပြီးနောက် လူမထွက်အံ့- အနာပတ္တိ။ နေရာတိုင်း ဤအတူတည်း။

၁၅-ပါးသော ဓမ္မတို့ကား - ကာလေနဝက္ခာမိနော အကာလေန စသော ဓမ္မတို့တည်း။

(ဝိဋီ။) ဓမ္မိကပဋိဿဝ ဟူသည် “ဣဓ ဝဿံ ဝသိဿာမိ” စသည်ဖြင့် လူတို့၏ မျက်မှောက်၌ပြုသော တရားနှင့်ညီသော ဝန်ခံခြင်းတည်း။ ဤမည်သောသူကို ရိုက်ပါမည်, သတ်ပါမည်, ခိုးပါမည် စသော မတရားသော ဝန်ခံခြင်းကို ချွတ်ယွင်းစေရာ၌ အာပတ်မရှိ။

သစ္စ, အကုပ္ပ၌ မတည်ဘဲ အပြစ်ဖုံးသူသည်လည်း အဓမ္မစုဒိတကသာတည်း။)

ဧကက ၁၁

၁။ နိယတပုဂ္ဂိုလ်ကို သိအပ်၏။
၂။ အနိယတပုဂ္ဂိုလ်ကို သိအပ်၏။
၃။ အဘဗ္ဗာပတ္တိက - အာပတ်နှင့်မထိုက်တန်သူကို--။
၄။ ဘဗ္ဗာပတ္တိက - အာပတ်နှင့်ထိုက်တန်သူကို--။
၅။ ဥက္ခိတ္တကပုဂ္ဂိုလ်ကို--။
၆။ အနုက္ခိတ္တကပုဂ္ဂိုလ်ကို--။
၇။ နာသိတက - ဖျက်ဆီးအပ်သူကို--။
၈။ အနာသိတက - မဖျက်ဆီးအပ်သူကို--။
၉။ သမာနသံဝါသကပုဂ္ဂိုလ်ကို--။
၁၀။ အသမာနသံဝါသကပုဂ္ဂိုလ်ကို--။
၁၁။ ဌပန - ပါတိမောက်ထားခြင်းကို သိအပ်၏။

[မိစ္ဆတ္တနိယတဓမ္မနှင့် ပြည့်စုံသူ၊ သမ္မတ္တနိယတဓမ္မနှင့် ပြည့်စုံသူသည် နိယတမည်၏။

မပြည့်စုံလျှင် အနိယတမည်၏။

သာဝကတို့သည် ဘဗ္ဗာပတ္တိကတို့ မည်ကုန်၏။

ဘုရားရှင်နှင့် ပစ္စေကဗုဒ္ဓါတို့သည် အဘဗ္ဗာပတ္တိကတို့ မည်ကုန်၏။

ဥက္ခေပနိယ ကံသုံးခု တစ်ခုခု အပြုခံရသူသည် ဥက္ခိတ္တကမည်၏။

တဇ္ဇနီယ စသော ကြွင်းသော ကံလေးခု အပြုခံရသူသည် အနုက္ခိတ္တကမည်၏။ ဤ အနုက္ခိတ္တကသည် ဥပုသ်, ပဝါရဏာ, ဓမ္မပရိဘောဂ, အာမိသ ပရိဘောဂကို မဖျက်။

‘မေတ္တိယံ ဘိက္ခုနီ နာသေထ' စသည်ဖြင့် ဖျက်ဆီးအပ်သူသည် နာသိတကမည်၏။ လိင်္ဂဖြင့်, ဒဏ္ဍကမ္မဖြင့်, သံဝါသဖြင့် နာသိတကသုံးမျိုးရှိ၏။

ထိုမှတပါးသည် အနာသိတက မည်၏။

သံဝါ, လိင်္ဂ၊ ဒဏ်ကမ္မ၊ သုံးဝ နာသနာ။

ဥပုသ်ကံစသော သံဝါသ အတူတကွရှိသူသည် သမာနသံဝါသကမည်၏။

ထိုမှတပါးသည် နာနာသံဝါသကမည်၏။

ထိုသည် ကမ္မနာနာသံဝါသက, လဒ္ဓိနာနာသံဝါသက ဟု နှစ်မျိုးပြား၏။

ဌပန ဟူသည်ကား “ဧကံ ဘိက္ခဝေ အဓမ္မိကံ ပါတိမောက္ခတ္ထပနံ” စသည်ဖြင့် ဟောသော ပါတိမောက် ထားခြင်းတည်း။]

(ဇီဋီ။ သာဋီ။) အာပတ်သို့ရောက်ခြင်းငှါ ထိုက်ခြင်းကြောင့် ဘဗ္ဗာပတ္တိကတို့ မည်ကုန်၏။

(ဝိဋီ။) ပဉ္စာနန္တရိယ၊ နိယတမိစ္ဆာဒိဋ္ဌိသည်သာလျှင် မိစ္ဆတ္တနိယတမည်၏။

မဂ်လေးပါးတို့သည် သမ္မတ္တနိယတတို့ မည်ကုန်၏။]

ဧကက ပြီး၏။

ဧကုတ္တရိက၌

၂။ ဒုက ၁၁၂

၃၂၂။ ဒုက ၁၀

သညာဝိမောက္ခအာပတ်သည် ရှိ၏။ နောသညာဝိမောက္ခအာပတ်သည် ရှိ၏။
သမာပတ် ရသူ၏အာပတ်၊ သမာပတ်မရသူ၏ အာပတ်သည်ရှိ၏။
သဒ္ဓမ္မပဋိသညုတ္တအာပတ်၊ အသဒ္ဓမ္မပဋိသညုတ္တအာပတ်၊
သပရိက္ခာရပဋိသညုတ္တအာပတ်၊ ပရပရိက္ခာရ ပဋိသညုတ္တအာပတ်၊
သပုဂ္ဂလပဋိသညုတ္တအာပတ်၊ ပရပုဂ္ဂလပဋိသညုတ္တအာပတ် ၅။

သစ္စာဆိုလျှင် ဂရုကအာပတ်၊ မုသာဆိုလျှင် လဟုက အာပတ်၊
မုသာ ဆိုလျှင် ဂရုကအာပတ်၊ သစ္စာဆိုလျှင် လဟုကအာပတ်၊
ဘူမိ-မြေ၌သာသင့်၍၊ ဝေဟာသ-ကောင်းကင်၌ မသင့်သောအာပတ်၊
ဝေဟာသ-ကောင်းကင်၌သာသင့်၍၊ ဘူမိ-မြေ၌ မသင့်သောအာပတ်။
ထွက်သူသင့်၍ ဝင်သူ မသင့်သောအာပတ်၊ ဝင်သူသင့်၍ ထွက်သူမသင့်သောအာပတ်။
ယူသူ သင့်သောအာပတ်၊ မယူသူသင့်သောအာပတ်ရှိ၏ ၅။

သစိတ္တကအာပတ်သည် သညာဝိမောက္ခမည်၏။

အစိတ္တကသည် နောသညာဝိမောက္ခမည်၏။

သမာပတ်ရသူ၏အာပတ်သည် ဈာန်မဂ်ဖိုလ်ပြောသော ဘူတာရောစနာပတ္တိ
မရသူ၏အာပတ်သည် အဘူကာရောစနာပတ္တိ

သဒ္ဓမ္မပဋိသံယုတ္တသည် ပဒသောဓမ္မစသည်။

အသဒ္ဓမ္မပဋိသံယုတ္တသည် ဒုဋ္ဌုလ္လဝါစာပတ္တိ။

သပရိက္ခာရပဋိသံယုတ္တသည် နိဿဂ္ဂိယဝတ္ထုကိုမစွန့်ဘဲ သုံးဆောင်ခြင်းကြောင့် လည်းကောင်း၊ သပိတ် သင်္ကန်းကို ကြာမြင့်စွာနေလှန်းခြင်းကြောင့်လည်းကောင်း၊ သင်္ကန်းညစ် မဖွပ်ခြင်းကြောင့်လည်းကောင်း၊ ညစ်ကြေးကပ်သော သပိတ် မဖုတ်ခြင်းကြောင့်လည်းကောင်း ဤသို့သော အယုတ္တပရိဘောဂ အာပတ်တည်း။

ပရရိက္ခာရပဋိသံယုတ္တသည် သံဃိကညောင်စောင်း, အင်းပျဉ် စသည်ကို လွင်တီးခေါင်၌ ခင်း၍ မပန်ဘဲ ဖဲသွားခြင်း စသည်ကြောင့် သင့်သော အာပတ်တည်း။

သပုဂ္ဂလပဋိသံယုတ္တသည် ကျောက်ကုန်းနူးညံ့သောရဟန်း၊ လိင်ရှည်သော ရဟန်း၊ ပေါင်ဖြင့်အင်္ဂါဇာတ်ကို ညှပ်သော ရဟန်း စသည်တို့အား ဟောသော အာပတ်တည်း။

ပရပုဂ္ဂလပဋိသံယုတ္တသည် မေထုနဓမ္မ၊ ကာယသံသဂ္ဂ၊ ရိုက်ပုတ်ခြင်း စသည်ကြောင့် ဟောသော အာပတ်တည်း။

သိခရဏီသီ အသားစွန်းရှည်၏-ဟု မှန်သည့်အတိုင်း (မာတုဂါမကို) ဆိုလျှင် ဂရုက- သံဃာဒိသေသ်သို့ ရောက်၏။

သမ္ပဇာနမုသာဝါဒေ ပါစိတ္တိယံ - မုသာဆိုသူသည် လဟုကပါစိတ်သို့ ရောက်၏။

အဘူတာရောစန၌ မုသာဆိုသူ ဂရုက- ပါရာဇိက၊ ဘူတာရောစန၌ အမှန်ဆိုသူ လဟုက- ပါစိတ်။

သံဃာကံကို ဝဂ္ဂပြုမည်ဟု သိမ်တွင်းတစ်နေရာ၌နေလျှင် မြေ၌ အာပတ်သို့ရောက်၏။ အကယ်၍ တစ်သစ်မျှ သော်လည်း ကောင်းကင်၌ တည်အံ့ အာပတ်သို့မရောက်။ ထို့ကြောင့် ဘူမိ၌သာသင့်၍ ဝေဟာသ၌ မသင့်ဟု ဆိုသည်။ ဝေဟာသကုဋီ၌ အပေါင်၌ အခြေစွပ်သော မဉ္စ, ပီဌ၌ ထိုင်သူသည် ဝေဟာသ ကောင်းကင်၌ သင့်၏။ မြေ၌ခင်း၍အိပ်လျှင် မသင့်။ ထို့ကြောင့် ဝေဟာသ၌သင့်၍ ဘူမိ၌မသင့်ဟု ဆိုသည်။

ဂမိယဝတ် မဖြည့်ကျင့်မူ၍ ခရီးသွားလျှင် ထွက်သူသင့်၏၊ ဝင်သူမသင့်။

အာဂန္တုကဝတ်မဖြည့်ကျင့်မူ၍ ထီး, ဘိနပ်စီးလျက်ဝင်လာလျှင် ဝင်သူသင့်၏၊ ထွက်သူမသင့်။

ယူသူသင့်သော အာပတ်ကား အလွန်နက်နက် ရေဆေးခြင်းကိုယူသော ဘိက္ခုနီ၏ အာပတ်တည်း။

မယူသူအာပတ်ကား- ဒုဗ္ဗဏ္ဏကရဏံ အနာဒိယိတွာ - ကပ္ပဗိန္ဒု မထိုးယူဘဲ သင်္ကန်းသုံးဆောင်သူ၏ အာပတ်တည်း။

(ဝိဋီ။) သပုဂ္ဂလပဋိသံယုတ္တ၌ မိမိသည်ပင်လျှင် သပုဂ္ဂလဖြစ်၏။ ထို့ကြောင့် ကျောက်ကုန်းနူးညံ့သောရဟန်း စသည်ကိုဆိုသည်။ အာဒိသဒ္ဒါဖြင့် အင်္ဂဇာတစ္ဆေဒ- အင်္ဂါဇာတ်ဖြတ်သူ၊ အတ္တဃာတ- မိမိကိုယ်မိမိညှင်းဆဲသူ စသည်တို့၏ အာပတ်တို့ကိုယူအပ်ကုန်၏။

ဒုက ၁၁

ဆောက်တည်သူသင့်သောအာပတ်၊ မဆောက်တည်သူ သင့်သောအာပတ်၊
ပြုသူအာပတ်၊ မပြုသူအာပတ်၊
ပေးသူအာပတ်၊ မပေးသူအာပတ်၊
ဒေသန္တော - ဒေသနာကြားသူအာပတ်၊ မကြားသူအာပတ်၊ (အချို့စာ၌ ဤဒုကမရှိ၊ ထာ၌လည်းမဖွင့်၊ သာဋီ, ဝိဋီ၌ကား အဖွင့်ရှိ၏။)
ယူသူအာပတ်၊ မယူသူအာပတ် ၅၊

သုံးဆောင်မှုအာပတ်၊ မသုံးဆောင်မှုအာပတ်၊
ညဥ့်သင့်၍ နေ့မသင့်သောအာပတ်၊ နေ့သင့်၍ ညဥ့်မသင့်သောအာပတ်၊
အရုဏ်တက်ချိန်သင့်သောအာပတ်၊ မတက်ချိန်သင့်သော အာပတ်၊
ဖြတ်သူအာပတ်၊ မဖြတ်သူအာပတ်၊
ဖုံးသူအာပတ်၊ မဖုံးသူအာပတ်၊
ဆောင်သူအာပတ်၊ မဆောင်သူအာပတ် ၆။

[မူဂဗ္ဗတ - သူအ အကျင့်စသော တိတ္ထိအကျင့်ကို ဆောက်တည်လျှင် ဆောက်တည်သူ အာပတ်သို့ရောက်၏။

ပါရိဝါသိကရဟန်း စသည်တို့သည် လည်းကောင်း၊ တဇ္ဇနီယ စသော ကံပြုခံရသူတို့သည် လည်းကောင်း၊ မိမိ၏ဝတ်ကိုမဆောက်တည်လျှင် မဆောက်တည်သူတို့အာပတ်သို့ရောက်ကုန်၏။ တေ သန္ဓာယ ဝုတ္တံ

ဘိက္ခုနီ၏ သင်္ကန်းကိုချုပ်သူ၊ ဆေးကုသူ၊ ဘဏ္ဍာဂါရိကကမ္မ -- လူတို့ပစ္စည်းကောက်ယူ သိမ်းဆည်းမှုပြုသူ၊ စိတ္တကမ္မ - အရုပ်ရေးသူ ထိုသူတို့၏ အာပတ်သည် ပြုသူ၏အာပတ်တို့ဖြစ်ကုန်၏။

ဥပဇ္ဈာယဝတ် စသည်တို့ကိုမပြုလျှင် မပြုသူ၏ အာပတ်တို့ ဖြစ်ကုန်၏။

ဘိက္ခုနီအား သင်္ကန်းပေးလျှင် ပေးသူအာပတ်။

သုဒ္ဓိဝိဟာရိက, အန္တေဝါသိကတို့အား သင်္ကန်းစသည် မပေးလျှင် မပေးသူအာပတ်။

ဘိက္ခုနီသင်္ကန်းကိုယူလျှင် ယူသူအာပတ်။

န ဘိက္ခဝေ ဩဝါဒေါ ဂဟေတဗ္ဗော - ဟု ဘိက္ခုနီက္ခန္ဓက၌ ဟောသောကြောင့် ဘိက္ခုနီတို့ တောင်းပန် သောကြောင့် ဩဝါဒကိုမယူလျှင် မယူယူအာပတ်။

နိဿဂ္ဂိယဝတ္ထုကိုမစွန့်ဘဲ သုံးဆောင်လျှင် သုံးဆောင်မှုအာပတ်။

ပဉ္စာတိက သင်္ဃာဋိစာရ - ငါးရက်သင်္ကန်း လှည့်ခြင်းကိုလွန်သော ဘိက္ခုနီအား မသုံးဆောင်မှုအာပတ်။

သဟသေယျ ဖြစ်လျှင် ညဥ့်သင့်၍ နေ့မသင့်။

တံခါးမကြီးကို မပိတ်ဘဲအိပ်လျှင် နေ့သင့်၍ ညဥ့် မသင့်။

တစ်ညဥ့်လွန်၍သင့်သော၊ ခြောက်ညဥ့်လွန်၍သင့်သော၊ ခုနစ်ရက်၊ ဆယ်ရက်၊ တစ်လလွန်၍သင့်သော အာပတ်သည် အရုဏ်တက်ချိန်သင့်၏။

ပဝါရိတ်သင့်လျှက်စားသော အာပတ်သည် အရုဏ်မတက်ချိန် သင့်၏။

ဘူတဂါမ်ကို၊ အင်္ဂါဇာတ်ကိုဖြတ်လျှင် ဖြတ်သူအာပတ်။

ဆံပင်, လက်သည်း ခြေသည်း မဖြတ်လျှင် မဖြတ်သူအာပတ်။

အာပတ်ကိုဖုံးလျှင် ဖုံးသူအာပတ်။

သင်္ကန်းခိုးသူ အလုခံရလျှက် မြက်သစ်ရွက်ဖြင့် မဖုံးဘဲ နဂ္ဂအဖြစ်ဖြင့် မိမွေးတိုင်းလာလျှင် မဖုံးသူ အာပတ်။

ကုသစီဝရ-သမန်းမြက်သင်္ကန်း စသည်ကိုဆောင်လျှင် ဆောင်သူအာပတ်။

အယံ တေ ဘိက္ခု ပတ္တော ယာ၀ဘေဒနာယ ဓာရေတဗ္ဗော - ဟူသည်၌ ထိုအစွန်ဆုံးသပိတ်ကို မဆောင်လျှင် မဆောင်သူအာပတ်။]

(ဇီဋီ။) တစ်ညဥ့်လွန် စသည်သည် ဧကရတ္တမ္ပိ ဘိက္ခု တိစိဝရေန ဝိပ္ပဝသေယျဆာရတ္တပရမံ တေန ဘိက္ခုနာ - စသည်ဖြင့်ဟောသောအာပတ်တည်း။

(သာဋီ။) ဝတ္ထုသဘာဂအာပတ်ကို ဒေသနာကြားလျှင် ဒေသနာကြားသူအာပတ်။

သင့်သောအာပတ်ကို ဒေသနာ မကြားတော့အံ့ဟု ဓုရနိက္ခေပပြု၍ မကြားလျှင် မကြားသူအာပတ်။

(ဝိဋီ။) ဘဏ္ဍာဂါရိကကမ္မသည် ဂဟဋ္ဌတို့၏ ဘဏ္ဍာကို သိုမှီးသိမ်းဆည်းပေးခြင်းဖြစ်၏။

စိတ္တကမ္မသည် ဣတ္ထိ, ပုရိသ စသောအရုပ် ပြုလုပ်ခြင်းဖြစ်၏။

တပည့်တို့အား သင်္ကန်းစသည် မပေးလျှင် ဟူသော အာပတ်ကို သဒ္ဓိဝိဟာရိကဝတ်၌ မရိုသေခြင်းဖြင့် အာမိသ မချီးမြှောက်သောရဟန်း၏ ဒုက္ကဋ်၊ ဘိက္ခုနီ၏ ပါစိတ်တို့ကို ရည်ဟောသည်။

စွန့်သောသင်္ကန်း စသည်ကို ပြန်မပေးသောအာပတ်ကိုလည်း ယူအပ်၏။

ပါဠိတော်၌ ဒေသေန္တော ဟူသည် သဘာဂအာပတ်ကို အဒေသနာဂါမ်အာပတ် စသည်ကို ဒေသနာကြားသူ ဖြစ်၏။

နိဒါနုဒ္ဒေသပြစဉ် အာပတ်ကို ထင်စွာ မပြုသူသည် ဒေသနာမကြားသူ အာပတ်သို့ ရောက်၏ (ထာ၌ မဖွင့်သော်လည်း ပါဠိတော်၌ ရှိသည်ဟူလို။)

သြဝါဒ မယူသူသည် ဘိက္ခုနီတို့ သြဝါဒအလို့ငှါ လျှောက်ထားသော စကားကို မယူသော ဗာလ, ဂိလာန, ဂမိယ မဟုတ်သောသူဖြစ်၏။

မိမိသုံးဆောင်ခြင်းငှါ လှူသောပစ္စည်းကို သူတပါးအားပေးသောအာပတ်၊ ဒုကုဋ်ကိုမရုံဘဲ သင်းပိုင် ကိုယ်ရုံမျှဖြင့် ရွာတွင်းဝင်သောအာပတ် စသည်တို့သည်လည်း မသုံးဆောင်မှု အာပတ်တို့သာဖြစ်ကုန်၏။

(စီဝရက္ခန္ဓက၌ သင်္ကန်းထားစရာလုံခြုံရာမရှိလျှင် ဒုကုဋ်ကိုမရုံဘဲ ကျောင်း၌မထားခဲ့ရ၊ လုံခြုံရာရှိလျှင် မရုံဘဲ ထားခဲ့နိုင်သည်။)

ဒုက ၂၄

ဥပုသ်တို့သည် နှစ်ခုရှိကုန်၏။ စာတုဒ္ဒသီ, ပန္နရသီ
ပဝါရဏာနှစ်ခု - စာတုဒ္ဒသီ, ပန္နရသီ
ကံနှစ်ခု - အပလောကနကံ, ဉာတ္တိကံ
ထို့ပြင် ကံနှစ်ခု - ဉာတ္တိဒုတိယကံ, ဉာတ္တိစတုတ္ထကံ
ကမ္မဝတ္ထုနှစ်ခု - အပလောကကံ၏ဝတ္ထု, ဉာတ္တိကံ၏ဝတ္ထု။ ၅

ထို့ပြင် ကမ္မဝတ္ထုနှစ်ခု - ဉာတ္တိဒုတိယကံ၏ဝတ္ထု, ဉာတ္တိစတုတ္ထကံ၏ဝတ္ထု
ကံအပြစ်နှစ်ခု - အပလောကနကံ၏အပြစ်ဉာတ္တိကံ၏အပြစ်
ထို့ပြင် နှစ်ခု - ဉာတ္တိဒုတိယကံ၏အပြစ်, ဉာတ္တိစတုတ္ထကံ၏အပြစ်
ကမ္မသမ္ပတ္တိ နှစ်ခု- အပလောကနကံ၏သမ္ပတ္တိ, ဉာတ္တိကံ၏သမ္ပတ္တိ
ထို့ပြင်နှစ်ခု- ဉာတ္တိဒုတိယကံ၏သမ္ပတ္တိ, ဉာတ္တိစတုတ္ထကံ၏သမ္ပတ္တိ။ ၅

နာနာသံဝါသကဘူမိနှစ်ခု - မိမိကိုယ်တိုင် မိမိကိုယ်ကို နာနာသံဝါသက ပြုခြင်း၊ သမဂ္ဂသံဃာသည် မစွန့်, မကု, မရှုကြောင့် နှင်ထုတ်ခြင်း။
သမာနသံဝါသကဘူမိနှစ်ခု - မိမိကိုယ်တိုင် မိမိကိုယ်ကို သမာနသံဝါသကပြုခြင်း၊ သမဂ္ဂသံဃာသည် စွန့်, ကု, ရှုကြောင့် နှင်ထုတ်ထားသူကို သွင်းခြင်း။
ပါရာဇိက နှစ်ခု - ဘိက္ခု ပါရာဇိကဘိက္ခုနီ ပါရာဇိက
သံဃာဒိသေသ် နှစ်ခု။
ထုလ္လစ္စည်း နှစ်ခု။ ၅

ပါစိတ်နှစ်ခု။ ပါဋိဒေသနီနှစ်ခု။ ဒုက္ကဋ်နှစ်ခု။ ဒုဗ္ဗာသီနှစ်ခု။ အာပတ် ခုနစ်ပါး။ အာပတ္တိက္ခန္ဓကခုနစ်ပါး။ ၅

နှစ်ပါးသော ခြင်းရာတို့ဖြင့် သံဃာကွဲ၏။ ကမ္မဖြင့်, သလာကဂ္ဂါဟဖြင့်။
နှစ်ယောက်သောသူကို ရဟန်းပြုမပေးအပ်- အဒ္ဓါနဟီန, အင်္ဂဟီန
ထို့ပြင် နှစ်ယောက်- ဝတ္ထုဝိပန္န, ကရဏဒုက္ကဋ
ထို့ပြင်နှစ်ယောက်- မပြည့်စုံသူ, ပြည့်စုံလျှက် မတောင်းပန်သူ။ ၄

မိမိကိုယ်တိုင် မိမိကိုယ်ကို နာနာသံဝါသက ပြုခြင်းကား- တစ်သိမ်တည်း သံဃာအပေါင်းနှစ်ခုတို့ ထိုင်ကြသောအခါ တစ်ခုသောပက္ခ၌ထိုင်လျှက် ပရပက္ခ၏ အယူကိုယူသူသည် မိမိကိုယ်တိုင် မိမိကိုယ်ကို ထိုင်ရာပက္ခရဟန်းတို့၏ နာနာသံဝါသကပြုသည်မည်၏။ ထိုင်ရာရဟန်းတို့အား ဂဏပူရက အဖြစ်ဖြင့် ကံကိုပျက်စေ၏။ (အယူမတူသော နာနာသံဝါသက ဖြစ်ခြင်းကြောင့်တည်း။)

တစ်ပါးသော ရဟန်းတို့အားလည်း ကံကိုပျက်စေ၏။ ဟတ္ထပါသ်သို့ မကပ်ရောက်ခြင်းကြောင့်တည်း။ သမာနသံဝါသက၌လည်း ဤနည်းတည်း။ ထိုသူသည် အကြင်ရဟန်းတို့၏အယူကို နှစ်သက်အံ့ ထိုရဟန်းတို့၏ သမာနသံဝါသကဖြစ်၏။ တစ်ပါးသောရဟန်းတို့၏ နာနာသံဝါသကဖြစ်၏။ ရောက်အပ်သောကြောင့် အာပတ်။ ပေါင်းစုခြင်းအနက်ကြောင့် ခန္ဓ။ အမည် နှစ်မျိုးစွမ်းဖြင့် ဒုကတစ်ခုကို ပြသည်။

ကမ္မဖြင့် သလာကဂ္ဂါဟဖြင့် ဟူသည်၌ ဥဒ္ဒေသသည် လည်းကောင်း၊ ကမ္မသည် လည်းကောင်း တစ်ခု၊ ဝေါဟာရသည် လည်းကောင်း၊ အနုဿာဝနာသည် လည်းကောင်း၊ သလာကဂ္ဂါဟသည် လည်းကောင်း တစ်ခု။ ဝေါဟာရ စသော သုံးခုသည် ပုဗ္ဗဘာဂကမ္မဥဒ္ဒေသပမာဏဖြစ်၏။

အဒ္ဓါနဟီနသည် အသက် ၂၀-မပြည့်သူ၊ အင်္ဂဟီနသည် လက်ပြတ်သူ စသည်။

ဝတ္ထုဝိပန္နသည် ပဏ္ဍုက်, တိရစ္ဆာန်, ဥဘတောဗျည်း ဖြစ်၏။

ထေယျသံဝါသက စသော ကြွင်း အဘဗ္ဗပုဂ္ဂိုလ်ရှစ်ယောက်သည် ကရဏဒုက္ကဋမည်၏။ မကောင်းမှုပြုမိသူတို့ ဖြစ်ကုန်၏။ ဤဘဝ၌ပြုသော မိမိကံကြောင့် အဘဗ္ဗဌာနသို့ ရောက်ကုန်၏ ဟူလို။

မပြည့်စုံသူကား သပိတ်သင်္ကန်း မပြည့်စုံသူ။

မတောင်းပန်သူကား ရဟန်းအဖြစ်ကိုမတောင်းပန်သူ။

(ဇီဋီ။ ။ ဂဏပူရက ဖြစ်သော်လည်း ကံကိုပျက်စေ၏၊ နာနာသံဝါသ ဖြစ်ခြင်းကြောင့်တည်း။

သာဋီ။ ။ ဥဒ္ဒေသသည်လည်းကောင်း၊ ကမ္မသည် လည်းကောင်း တစ်ခုဟူရာ၌ ပါတိမောက္ခုဒ္ဒေသသည် လည်းကောင်း၊ ကမ္မသည်လည်းကောင်း အနက်အားဖြင့်တစ်ခုသာတည်း။ ထိုနှစ်ခုတို့တွင် တစ်ခုခုပြုလျှင် သံဃာကွဲ၏ဟူလို။

ပုဗ္ဗဘာဂသည် သံဃဘေဒမှ ပုဗ္ဗဘာဂဖြစ်၏။ ပမာဏဟူသည် ဤနှစ်ခုတို့တွင် တစ်ခုခုဖြင့် သံဃဘေဒဖြစ်၏။

ဝိဋီ။ ။ ပမာဏဟူသည် သံဃဘေဒါနန္တရိယဖြစ်ခြင်း၏ လက္ခဏာတည်း။)

ဒုက ၉

နှစ်ယောက်သော ပုဂ္ဂိုလ်တို့ထံ မှီ၍မနေအပ်- အလဇ္ဇီထံ, ဗာလထံ။
နှစ်ယောက်သော ပုဂ္ဂိုလ်တို့အား နိဿယည်းမပေးအပ်-အလဇ္ဇီအား, လဇ္ဇီဖြစ်၍ မတောင်းသူအား။
နှစ်ယောက် တို့အား နိဿယည်း ပေးအပ်၏- ဗာလအား, တောင်းသောလဇ္ဇီအား။
အာပတ်သို့ရောက်ခြင်းငှါ မထိုက်သူနှစ်ယောက်- ဘုရား, ပစ္စေကဗုဒ္ဓါ
ထိုက်သူနှစ်ယောက်- ဘိက္ခု, ဘိက္ခုနီ။ ၅

စေတနာနှင့်အားထုတ်၍ အာပတ်သို့ရောက်ခြင်းငှါမထိုက်သူ နှစ်ယောက်- အရိယာဖြစ်သောဘိက္ခုဘိက္ခုနီတို့။
ထိုက်သူနှစ်ယောက်- ပုထုဇဉ်ဖြစ်သော ဘိက္ခု, ဘိက္ခုနီတို့။
အားထုတ်၍ သာတိသာရ- အပြစ်ရှိသော ဝတ္ထုကို လွန်ကျူးခြင်းငှါ မထိုက်သူနှစ်ယောက် အရိယာဘိက္ခု, ဘိက္ခုနီ
ထိုက်သူနှစ်ယောက် ပုထုဇဉ်ဘိက္ခု, ဘိက္ခုနီ။ ၄

(အလဇ္ဇီထံ, ဗာလထံ ဟူသည်- အလဇ္ဇီသည် ပိဋကတ်သုံးပုံဆောင် ဖြစ်စေကာမူ မှီ၍မနေအပ်၊ ဗာလသည် ဝါ ခြောက်ဆယ် ရှိစေကာမူ မှီ၍မနေအပ်။

နိဿယည်း ပေးအပ်ရာ၌ ဗာလအား- သင်သည် နိဿယည်းကိုယူလော ဟု အာဏာဖြင့်သော်လည်း နိဿယည်းပေးခပ်၏။ လဇ္ဇီအား တောင်းမှသာ ပေးအပ်၏။

သာတိသာရသည် သဒေါသဖြစ်၏။ ယင်း သာတိသာရကို လွန်ကျူးလျှင် အာပတ်သို့ရောက်၏။)

(ဝိဋီ။ ။ ဗာလအား ဟူသည် နိဿယည်းယူပုံ အစီအရင်ကို မသိသော လဇ္ဇီဗာလအားသာ နိဿယည်းပေးအပ် ၏။

လဇ္ဇီအားဟူသည် ဗျတ္တဖြစ်၍ နိဿယည်းဆရာကို လဇ္ဇီ ဟုတ်-မဟုတ် စူးစမ်းသော လဇ္ဇီအား တောင်းမှ ပေးအပ်၏။)

ဒုက ၂၁

ပဋိက္ကောသ - တားမြစ်ခြင်းနှစ်ခု - ကိုယ်ဖြင့်တားခြင်း၊ နှုတ်ဖြင့်တားခြင်း။

နိဿာရဏ - မနှင်ထုတ်ထိုက်ဘဲ နှင်ထုတ်ခြင်းနှစ်မျိုး - သံဃာသည် နှင်ထုတ်အံ့၊ အချို့ကောင်းသော နှင်ထုတ်ခြင်း၊ အချို့ မကောင်းသော နှင်ထုတ်ခြင်း။

ဩသာရဏာ - သံဃာ့ဘောင်သို့ မသွင်းထိုက်ဘဲ သွင်းခြင်းနှစ်မျိုး - သံဃာသည်သွင်းအံ့၊ အချို့ ကောင်းသော သွင်းခြင်း၊ အချို့ မကောင်းသော သွင်းခြင်း။

ပဋိညာနှစ်မျိုး- ကိုယ်ဖြင့်ဝန်ခံခြင်း၊ နှုတ်ဖြင့် ဝန်ခံခြင်း။

ပဋိဂ္ဂဟနှစ်မျိုး- ကာယဖြင့်အကပ်ခံခြင်း၊ ကာယပဋိဗဒ္ဓဖြင့် အကပ်ခံခြင်း။ ၅

ပဋိက္ခေပနှစ်မျိုး - ကိုယ်ဖြင့်ပယ်ခြင်း၊ နှုတ်ဖြင့်ပယ်ခြင်း။
ဥပဃာတိက နှစ်မျိုး - သိက္ခာကိုဖျက်ဆီးခြင်း၊ အသုံးအဆောင်ကိုဖျက်ဆီးခြင်း။
စောဒနာ နှစ်ပါး - ကိုယ်ဖြင့်စွပ်စွဲခြင်း၊ နှုတ်ဖြင့်စွပ်စွဲခြင်း။
ကထိန်ပလိဗောဓ နှစ်ပါး - အာဝါသပလိဗောဓစီဝရပလိဗောဓ
အ ပလိဗောဓနှစ်ပါး - အာဝါသ အပလိဗောဓစီဝရ အပလိဗောဓ။ ၅

စီ၀ရနှစ်မျိုး- (ဂဟပတိက) ဒါယကာလှူသင်္ကန်း၊ ပံသုကူသင်္ကန်း။
သပိတ်နှစ်မျိုး- သံသပိတ်၊ မြေသပိတ်။
(မဏ္ဍလ) သပိတ်ခံအဝန်းနှစ်မျိုး- (တိပု) သလွဲဖြူအဝန်း၊ (သိသ) သလွဲမည်းအဝန်း။
သပိတ်အဓိဋ္ဌာန်တင်ခြင်းနှစ်မျိုး- ကိုယ်ဖြင့်၊ နှုတ်ဖြင့်။
သင်္ကန်းအဓိဋ္ဌာန်တင်ခြင်းနှစ်မျိုး- ကိုယ်ဖြင့်၊ နှုတ်ဖြင့်။ ၅

ဝိကပ္ပနာပြုခြင်းနှစ်မျိုး - မျက်မှောက်၊ မျက်ကွယ်။
ဝိနယနှစ်မျိုး - ဘိက္ခု ဝိနယဘိက္ခုနီ ဝိနယ
(ဝေနယိက) ဝိနည်း၌ ထင်ရှားသောအနက် နှစ်မျိုး - (ပညတ္တိ) အပ်, မအပ်ပညတ်ခြင်း၊ (ပညတ္တာနုလောမ) ပညတ္တအား လျော်သော မဟာပဒေသ လေးပါး။
ဝိနယသလ္လေခနှစ်ပါး - မအပ်သည်၌ အကြောင်းသက်ခြင်း၊ အပ်သည်၌ပမာဏဖြင့်ပြုခြင်း။
အာပတ်သို့ရောက်ကြောင်း နှစ်ပါး - ကိုယ်ကြောင့်၊ နှုတ်ကြောင့်။
အာပတ်မှထကြောင်းနှစ်ပါး - ကိုယ်ဖြင့်၊ နှုတ်ဖြင့်။ ၆

[ကိုယ်ဖြင့်တားခြင်း ဟူသည် လက်အမူအရာ စသည်ဖြင့်တားခြင်းတည်း။ ကိုယ်ဖြင့်ဝန်ခံခြင်းလည်း ဤ အတူတည်း။

ဥပဃာတိကသည် ဥပဃာတပင်တည်း။ သိက္ခာသုံးပါး မကျင့်သူအား သိက္ခာဖျက်ဆီးခြင်းသိအပ်၏။

သံဃိကပစ္စည်း, ပုဂ္ဂလိကပစ္စည်းကို မကောင်းသုံး သုံးဆောင်ခြင်းဖြင့် သုံးဆောင်သူအား ပရိဘောဂ ဖျက်ဆီးခြင်းကို သိအပ်၏။

ဝေနယိကသည် ဝိနယသိဒ္ဓအတ္ထတို့ ဖြစ်ကုန်၏။

ပညတ္တသည် အလုံးစုံသော ဝိနယပိဋက၌ အပ်-မအပ်စွမ်းဖြင့်ပညတ်ခြင်းတည်း။

ပညတ္တာနုလောမ မည်သည် ထိုလေးပါးသောမဟာပဒေသတို့၌ ရှုအပ်၏။

သေတုဃာတောတိ ပစ္စယဃာတော - အကြင်စိတ်ဖြင့် မအပ်သည်ကိုပြုရာ၏၊ ထိုစိတ်ကိုမျှသော်လည်း မဖြစ်စေရအောင် အကြောင်းကို သတ်အပ်၏ ဟူလို။

မတ္တကာရိတာတိ မတ္တာယပမာဏေ နကရဏံပမာဏေ ဌာနံ - ပမာဏ၌တည်ခြင်း ဟူလို၊

ကာယဒွါရိကအာပတ်သို့ ကိုယ်ကြောင့်ရောက်၏။ ဝစီဒွါရိကအာပတ်သို့ နှုတ်ကြောင့်ရောက်၏။

တိဏဝတ္ထာရကသမထ၌ ဒေသနာမကြားဘဲ ကိုယ်ဖြင့်သာထ၏။ ဒေသနာကြား၍ထသူကား နှုတ်ဖြင့်ထ၏။]

(ဇီဋီ။ ။ ဝိနယေသိဒ္ဓါ ဝေနယိကာ

ဝိဋီ။ ။ ဝိနယေ အာဂတာအတ္တာ ဝေနယိကာ၊ ထို့ကြောင့် ဒွေ အတ္ထာ ဝိနယေသိဒ္ဓါ-ဟု ဆိုသည်။

ပါဠိတော်၌ မနှင်ထုတ်ထိုက်ဘဲ စသည်၌ ကျောင်းမှနှင်ထုတ်သော ပဗ္ဗာဇနိယကံကို နိဒရဏဟု အလိုရှိအပ်၏။ ကုလဒူသနအမှု မပြုဘဲ အာပတ်များသူသည် အာဝေဏိကလက္ခဏာဖြင့် ထိုကံ မထိုက်။ ထို့ကြောင့် မနှင်ထုတ်ထိုက်သူဖြစ်၏။ သို့ရာတွင် အာပတ်များသူအား အလိုရှိလျှင် သံဃာသည် ပဗ္ဗာဇနိယကံ ပြုရာ၏ဟု ဟောသောကြောင့် ကောင်းသောနှင်ထုတ်ခြင်း ဖြစ်၏။ အာပတ်မရှိ စင်ကြယ်သူကို နှင်ထုတ်လျှင်ကား မကောင်းသော နှင်ထုတ်ခြင်းဖြစ်၏။

မသွင်းထိုက်ဘဲ စသည်၌ ဥပသမ္ပဒကံကို ဩသာရဏဟု အလိုရှိအပ်၏။ ဟတ္ထစ္ဆိန္န စသည်ကို ပယ်တော်မူသောကြောင့် မသွင်းထိုက်သော်လည်း သွင်းလျှင် (သောသာရိတ) ကောင်းသောသွင်းခြင်း ဖြစ်၏။ ပဏ္ဍကစသည်ကိုသွင်းလျှင် ဒေါသာရိတ ဖြစ်၏။)

ဒုက ၃၇

ပရိဝါသ်နှစ်မျိုး - ပဋိစ္ဆန္နအပ္ပဋိစ္ဆန္န
ထို့ပြင်နှစ်မျိုး- သုဒ္ဓန္တသမောဓာန
မာနတ်နှစ်မျိုး - ပဋိစ္ဆန္နအပ္ပဋိစ္ဆန္န
ထို့ပြင်နှစ်မျိုး- ပက္ခမာနတ်သမောဓာနမာနတ်
ရတ္တိစ္ဆေဒနှစ်မျိုး- ပရိဝါသ် ကျင့်သူ၏ ညဥ့်ပြတ်ခြင်း၊ မာနတ်ကျင့်သူ၏ ညဥ့်ပြတ်ခြင်း။ ၅

အနာဒရိယနှစ်မျိုး- ပုဂ္ဂလအား မရိုသေခြင်း၊ ဓမ္မအား မရိုသေခြင်း။
လောဏနှစ်မျိုး- (ဇာတိမ) တွင်းထွက်ဆား၊ (ကာရိမ) ချက်ဆား။
ထို့ပြင်- (သာမုဒ္ဒ) ပင်လယ်ဆား၊ (ကာဠလောဏ) ပကတိဆား။
ထို့ပြင် (သိန္ဓဝ) သိန္ဓောဆား၊ (ဥဗ္ဘိရ) မြေပေါက်ဆား။
ထို့ပြင် (ရောမက) ရောမဇနပုဒ်၌ဖြစ်သောဆား၊ (ပတ္တာလကံ) မုယောပြာဆား။ ၅

ပရိဘောဂနှစ်ပါး - (အဗ္ဘန္တရ) ကိုယ်တွင်းသုံးဆောင်ခြင်း၊ (ဗာဟိရ) ကိုယ်ပ၌သုံးဆောင်ခြင်း။
အက္ကောသနှစ်မျိုး - (ဟီန) ယုတ်သောဆဲခြင်း၊ (ဥက္ကဋ္ဌ) မြတ်သောဆဲခြင်း။
ဂုံးတိုက်ကြောင်းနှစ်မျိုး - ချစ်စေလို၊ ကွဲစေလို။
ဂဏဘောဇဉ်တိုးပွားကြောင်းနှစ်မျိုး - ဖိတ်ခြင်းဖြင့်၊ တောင်းခြင်းဖြင့်။
ဝါကပ်ခြင်း နှစ်မျိုး - ပုရိမဝါကပ်ခြင်းပစ္ဆိမဝါကပ်ခြင်း။ ၅

ပါတိမောက်ထားခြင်း - ဓမ္မိကနှစ်မျိုး။ အဓမ္မိကနှစ်မျိုး။
ဗာလ နှစ်ယောက် - မရောက်သေးသောဝန်ကိုဆောင်သူ၊ ရောက်သောဝန်ကို မဆောင်သူ။
ပဏ္ဍိက နှစ်ယောက် - မရောက်သေးသောဝန်ကိုမဆောင်သူ၊ ရောက်သော ဝန်ကိုဆောင်သူ။
ထို့ပြင် ဗာလနှစ်ယောက် - မအပ်သည်၌ အပ်သည်ဟုထင်သူ၊ အပ်သည်၌ မအပ်ထင်သူ။ ၅

ပဏ္ဍိတနှစ်ယောက် - မအပ်သည်၌ မအပ်ထင်သူ၊ အပ်သည်၌ အပ်သည် ထင်သူ။
ထို့ပြင် ဗာလနှစ်ယောက် - အနာပတ္တိအာပတ္တိထင်သူ စသည်။
ပဏ္ဍိတနှစ်ယောက် - အာပတ္တိအာပတ္တိထင်သူ စသည်။
ထို့ပြင် ဗာလ နှစ်ယောက် - အဓမ္မဓမ္မထင်သူ စသည်။
ပဏ္ဍိတနှစ်ယောက် - အဓမ္မအဓမ္မထင်သူ စသည်။ ၅

ထို့ပြင် အဝိနယဝိနယထင်သူ စသည်။
အဝိနယအဝိနယထင်သူ စသည်။
အာသဝ တိုးပွားသူနှစ်ယောက် - ကုက္ကုစ္စမဖြစ်ထိုက်သည်ကို ကုက္ကုစ္စ ဖြစ်သူ။ ဖြစ်ထိုက်သည်ကို မဖြစ်သူ။
အာသဝ မတိုးပွားသူနှစ်ယောက် - မဖြစ်ထိုက် မဖြစ်သူ၊ ဖြစ်ထိုက်ဖြစ်သူ။
ထို့ပြင်နှစ်ယောက် - အကပ္ပိယကပ္ပိယထင်သူ၊ ကပ္ပိယအကပ္ပိယထင်သူ။ ၅

မတိုးပွားသူနှစ်ယောက် - အကပ္ပိယအကပ္ပိယထင်သူ၊ ကပ္ပိယကပ္ပိယ ထင်သူ။
ထို့ပြင်- အနာပတ္တိအာပတ္တိထင်သူ စသည်။
အနာပတ္တိအနာပတ္တိ ထင်သူ စသည်။
ထို့ပြင် အဓမ္မဓမ္မထင်သူ စသည်။
အဓမ္မအဓမ္မထင်သူ စသည်။ ၅

ထို့ပြင် အဝိနယဝိနယထင်သူ စသည်။
အဝိနယအဝိနယ ထင်သူ စသည်။ ၂

[အဗ္ဘန္တရပရိဘောဂသည် အဇ္စျောဟရဏ -- မျိုသော သုံးဆောင်ခြင်းတည်း။

ဗာဟိရပရိဘောဂသည် ဦးခေါင်းဆီလိမ်းခြင်း စသည်တည်း။

မရောက်သေးသော ဝန်ကိုဆောင်သူ ဟူသည် မထေရ်ကြီးမဟုတ်ဘဲလျက် မထေရ်ကြီးတို့ဆောင်အပ်သော ယပ်ကိုကိုင်၏။ (တရားဟောယပ်အထူးဟူလို။) တရားဟော တိုက်တွန်းခြင်း စသော ဝန်ကိုဆောင်၏။ ထိုဝန်ကို ဆောင်ရန် လွန်စွာအားထုတ်၏။

ရောက်သောဝန်ကိုမဆောင်သူ ဟူသည် မထေရ်ကြီးဖြစ်လျက် မထေရ်ကြီးကိစ္စကို မပြု၊ ကိုယ်တိုင် တရား ဟောခြင်းငှါ, သူတပါးကို တိုက်တွန်းခြင်းငှါ ဘုရားရှင် ခွင့်ပြုထားသည်ကို ချွတ်ယွင်းစေ၏။ ထေရာဓေယျံ ပါတိမောက္ခ ဟုခွင့်ပြုခြင်း စသည်တို့ကို ချွတ်ယွင်းစေ၏။

ကုက္ကုစ္စ မဖြစ်သင့်ရာ၌ ကုက္ကုစ္စဖြစ်လျက်ပြုသူ၊ ကုက္ကုစ္စဖြစ်သင့်ရာ၌ ကုက္ကုစ္စမဖြစ်ဘဲပြုသူ ဤနှစ်ယောက် တို့အား နေ့ညဥ့်မပြတ် အာသဝတို့ တိုးပွားကုန်၏ ဟူလို။

(ဇီဋီသာဋီ၊၊ ။ ရောမဇနပုဒ်၌ဖြစ်သောဆားသည် ရောမကမည်၏။

ပက္ကလ္လက-ဟူသည် ယဝက္ခာရ - မုယောပြာဖြစ်၏၊ ခွင့်ပြုသောဆားတို့ဖြစ်သောကြောင့် ဒုက၌ဟောသည်။)

ဒုက ပြီး၏။

၃- တိက ၉၂

၃၂၃။ တိက ၅

မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ် ရောက်၍ ပရိနိဗ္ဗာန်စံပြီးနောက် မရောက်သော အာပတ်သည် ရှိ၏။
နိဗ္ဗာန်စံပြီးနောက် ရောက်၍ ထင်ရှားရှိစဉ် မရောက်သော အာပတ်သည်ရှိ၏။
ထင်ရှားရှိစဉ်လည်းကောင်း၊ နိဗ္ဗာန်စံပြီးနောက်လည်းကောင်း ရောက်သောအာပတ်ရှိ၏။

နံနက်၌ ရောက်၍ နေလွဲမရောက်သော အာပတ်၊
နေလွဲ၌ရောက်၍ နံနက်မရောက်သောအာပတ်၊
နံနက်၌လည်းကောင်း နေလွဲ၌ လည်းကောင်း ရောက်သောအာပတ်။

ညဥ့်၌ရောက်၍ နေ့မရောက်သော အာပတ်၊
နေ့၌ရောက်၍ ညဥ့် မရောက် သောအာပတ်၊
ညဥ့်၌လည်းကောင်း နေ့၌လည်းကောင်း ရောက်သောအာပတ်။

ဆယ်ဝါပြည့်သူရောက်သော အာပတ်၊
ဆယ်ဝါမပြည့်သူ ရောက်သောအာပတ်၊
ဆယ်ဝါပြည့်သူ မပြည့်သူ ရောက်သောအာပတ်။

ငါးဝါပြည့်သူ အာပတ်၊ မပြည့်သူအာပတ်၊ ပြည့်သူ မပြည့်သူအာပတ်။ : ၅

[လောဟိတုပ္ပါဒအာပတ်သို့ သက်တော်တင်ရှားရှိစဉ်သာ ရောက်၏။ ဧတရဟိ ခေါ ပနာနန္ဒ ဘိက္ခု အညမညံ အာဝုသော ဝါဒေန သမုဒါ စရန္တိ၊ န ဝေါ မမစ္စယေန ဧဝံ သမုဒါစရိတဗ္ဗံ၊ န၀ကေန အာနန္ဒ ဘိက္ခုနာ ထေရာဘိက္ခု ဘန္တေဟိ ဝါ အာယသ္မာတိ ဝါ သမုဒါစရိတဗ္ဗော

ချစ်သားအာနန္ဒာ ယခုအခါ ရဟန်းချင်းချင်း အာဝုသော-ဟု ခေါ်ကုန်၏၊ ငါဘုရား ကွယ်သောအခါ ဤသို့ မခေါ်အပ်၊ ငယ်သူသည် ကြီးသူကို ဘန္တေ, အာယသ္မာ ဟု ခေါ်အပ်၏ ဟု မဟာပရိနိဗ္ဗာနသုတ်၌ မိန့်မှာခြင်း ကြောင့် မထေရ်ကြီးကို အာဝုသော ဟု ခေါ်ခြင်း အာပတ်သို့ နိဗ္ဗာန်စံပြီးမှရောက်၏။
ထိုနှစ်ခုမှ ကြွင်းသော အာပတ်သို့သို့ ရှိစဉ်လည်းကောင်း၊
နိဗ္ဗာန်စံပြီးနောက် လည်းကောင်း ရောက်၏။

ပဝါရိတ်သင့်သူသည် အတိရိတ်ဝိနည်းကံမပြုသော အစာကို စားအံ့ နံနက်၌ အာပတ်သင့်၏၊ နေလွဲလျှင်မသင့်။
ဝိကာလဘောဇန ကိုစားအံ့ နေလွဲ၍သင့်၏၊ နံနက်၌မသင့်။
အကြွင်းသည် ကာလ, ဝိကာလ၌သင့်၏။

သဟသေယျအာပတ်- ညဥ့်အခါသင့်၏။
တံခါးကြီးမပိတ်ဘဲအိပ်သောအာပတ် နေ့အခါသင့်၏။
အကြွင်း နေ့ ညဥ့် သင့်၏။

ဆယ်ဝါရှိပြီး၊ ဆယ်ပါလွန်ပြီဟု ဗာလ အဗျတ္တ ဖြစ်လျက် ပရိသတ်ကို လုပ်ကျွေးစေအံ့ (ဝါ) ပရိသတ်မွေးအံ့ ဆယ်ဝါပြည့်သူ အာပတ်သင့်၏။ ဆယ်ဝါမပြည့်သူ မသင့်။
ငါသည် ပဏ္ဍိတဗျတ္တ ဟု န၀က, မဇ္ဈိမ ဖြစ်လျက် ပရိသတ်မွေးအံ့ ဆယ်ဝါမပြည့်သူ အာပတ်သင့်၏။
အကြွင်း ဆယ်ဝါပြည့်၊ မပြည့်သင့်၏။

ငါးဝါပြည့်ပြီ ဟု ဗာလ, အဗျတ္တဖြစ်လျက် နိဿယည်း မယူဘဲနေအံ့၊ ငါးဝါပြည့်သူ အာပတ်သင့်၏။
ငါသည် ပဏ္ဍိတဗျတ္တဟု နဝကဖြစ်လျက် နိဿယည်း မယူဘဲနေအံ့ ငါးဝါမပြည့်သူ အာပတ်သင့်၏။
အကြွင်း ငါးဝါပြည့်၊ မပြည့် အာပတ်သင့်၏။

(ဝိဋီ။ ။ ရုဟိရုပ္ပါဒအာပတ် ဟူသည် ပါရာဇိကအာပတ်ဖြစ်၏။

အာဝုသော ဟုခေါ်ခြင်း အာပတ်သည် ဒုက္ကဋ်အာပတ်ဖြစ်၏၊

အကြွင်း နေ့, ညဥ့်သင့်ရာ၌ အရုဏ်တက်ချိန်ရောက်သော ကထိန စသော အာပတ်တို့သည်လည်း ညဥ့်, နေ့တို့၏ အလယ်၌ သာရောက်ခြင်းကြောင့် တတိယကောဋ္ဌာသ- နေ့, ညဥ့်သို့ ဝင်ကုန်၏။ တစ်နည်း အရုဏ်တက်မှ ရောက်ခြင်းကြောင့် နေ့သင့်တို့၌သာ ဝင်ကုန်၏။

နေဝင်သည်တိုင်အောင် ဘိက္ခုနီတို့ကို ဆုံးမသောအာပတ်၊ ရတ္တန္ဓကာရ၌ ယောက်ျားအနီး ရပ်သော ဘိက္ခုနီအာပတ်တို့လည်း ညဥ့်သင့်တို့သာတည်း။ ပုရေဘတ္တံ ကုလာနိ ဥပသင်္ကမနအနတိရိတ္တဘောဇန စသည်တို့သည် နေ့သင့်တို့သာတည်း။

ကေစိတို့ကား ဘောဇန သံယုတ္တ သေခိယတို့သည်လည်းကောင်း၊ ဂဏဘောဇန စသည်တို့ သည်လည်းကောင်း နေ့သာသင့်ကုန်၏ဟု ဆိုကုန်၏။ ထို့ကြောင့် ဤသို့သော အာပတ်တို့ကိုလွှတ်၍ အကြွင်းတို့သည် တတိယ ကောဋ္ဌာသသို့ ဝင်ကုန်၏ဟု မှတ်အပ်၏။

ဆယ်ဝါမပြည့်သူ မသင့် ဟူသည်ကို ဆယ်ဝါပြည့် ဗာလကိုသာ ပညတ်ခြင်းကြောင့်ဆိုသည်။ သဒ္ဓိဝိဟာရိက တို့၌ ကောင်းစွာမကျင့်သောအာပတ်၊ အလဇ္ဇီတို့အား နိဿယည်းပေးသော အာပတ်တို့လည်း ဆယ်ဝါပြည့် အာပတ်တို့တည်း။

ဥပဇ္ဈာယ်မကို နှစ်နှစ်မလုပ်ကျွေးခြင်း စသည်တို့သည် ဆယ်ဝါမပြည့် အာပတ်တို့တည်း။)

(အဋ္ဌကထာ၌ သိတန်ရုံ သာမညဆိုသည်ကို တစ်ထစ်ချ မငြင်းခုံနှင့်၊ ဉာဏ်ထုတ်၍ ကြံစည်ဦးဟု တိုက်တွန်းခြင်းဖြင့် လမ်းပေါက်ကို ဝိဋီ ဖွင့်ပေးတော်မူသလော၊ စာရိတ္တသိက္ခာပုဒ်- နံနက်ကာလ၌သာ အာပတ်သင့်သည်၊ နေလွဲမသင့်၊ ဝိကာလ ဂါမပ္ပဝေသန - နေလွဲမှသင့်သည်၊ နံနက်မသင့်၊ “ဧတရဟိ ခေါ ပနာနန္ဒာ” စသည်သည် ဝိနည်းပါဠိတော်တို့၌ မထင်၊ သုတ္တန်၌ထင်၏။)

တိက ၁၁

ကုသိုလ်စိတ်ရှိသူ ရောက်သောအာပတ်၊
အကုသိုလ်စိတ်ရှိသူ ရောက်သောအာပတ်၊
အဗျာကတစိတ်ရှိသူ ရောက်သောအာပတ်၊

သုခဝေဒနာပြည့်စုံခိုက် ရောက်သောအာပတ်၊
ဒုက္ခဝေဒနာ ပြည့်စုံခိုက် ရောက်သောအာပတ်၊
အဒုက္ခမသုခဝေဒနာပြည့်စုံခိုက် ရောက်သောအာပတ်။

စောဒနာဝတ္ထုသုံးပါး - ဒိဋ္ဌဖြင့်၊ သုတဖြင့်၊ ပရိသင်္ကိတဖြင့်၊

သလာကဂ္ဂါဟ- ဓမ္မဝါဒီများအောင် စာရေးတံပေးခြင်း သုံးမျိုး -
ဂုဠက- အလဇ္ဇီများရာ၌ လျှို့ဝှက်၍ ယူစေခြင်း၊
ဝိဝဋက- လဇ္ဇီများရာ၌ ဟင်းလင်းဖွင့်၍ယူစေခြင်း၊
သကဏ္ဏဇပ္ပန- ဗာလများရာ၌ နားအနီး တိုးတိုးပြော၍ ယူစေခြင်း။

ပဋိက္ခေပ - ပယ်အပ်သောတရားသုံးပါး --
မဟိစ္ဆတာ- အလိုကြီးခြင်း၊
အသန္တုဋ္ဌိတာ- မရောင့်ရဲခြင်း၊
အသလ္လေခတာ- ကိလေသာခေါင်းပါးအောင် မကျင့်ခြင်း။ ၅

(အနုညာတ) ခွင့်ပြုအပ်သောတရားသုံးပါး -
အပိစ္ဆတာ- အလိုနည်းခြင်း၊
သန္တုဋ္ဌိတာ- ရောင့်ရဲခြင်း၊
သလ္လေခတာ- ကိလေသာခေါင်းပါးအောင် ကျင့်ခြင်း။

ထို့ပြင် ပဋိက္ခေပသုံးပါး -
မဟိစ္ဆတာအသန္တုဋ္ဌိတာအမတ္တညုတာ- ခံယူခြင်း အတိုင်းအရှည် သုံးဆောင်ခြင်း အတိုင်းအရှည်မသိခြင်း။

အနုညာတ သုံးပါး - အပိစ္ဆတာသန္တုဋ္ဌိတာမတ္တညုတာ- အတိုင်းအရှည်သိခြင်း၊

ပညတ္တိသုံးပါး - မူလပညတ်အနုပညတ်အနုပ္ပန္နပညတ်

ထို့ပြင်သုံးပါး - သဗ္ဗတ္ထပညတ်ပဒေသပညတ်သာဓာရဏပညတ်

ထို့ပြင်သုံးပါး - အသာဓာရဏပညတ်ဧကတောပညတ်ဥဘတောပညတ်။ ၆

[ပဒသောဓမ္မအာပတ်၊ မာတုဂါမအား ခြောက်ခွန်းထက်အလွန် တရားဟောသောအာပတ်၊ ဤသို့သော အာပတ်သို့ ကုသိုလ်စိတ်ရှိသူ ရောက်၏။ (ကုသိုလ်ကား အာပတ်မမည်။)

ပါရာဇိကသုက္ကဝိဿဋ္ဌိ- စသော အာပတ်၊ ရိုက်ပုတ်ခြင်း၊ လက်ပါးပြက်မိုးခြင်း စသောအာပတ်တို့သို့ အကုသိုလ်စိတ်ရှိသူ ရောက်၏။

တကွအားမထုတ်ဘဲ သဟသေယျ စသော အာပတ်သို့ အဗျာကတစိတ်ရှိသူ ရောက်၏။ ရဟန္တာသာ ရောက်နိုင်သော အာပတ်ဟူသမျှလည်း အဗျာကတစိတ်ရှိသူသာ ရောက်သော အာပတ်ဖြစ်၏။

မေထုနဓမ္မစသော အာပတ်သို့ သုခဝေဒနာ ပြည့်စုံခိုက် ရောက်၏။

ဒုဋ္ဌဒေါသ စသောအာပတ်သို့ ဒုက္ခဝေဒနာပြည့်စုံခိုက် ရောက်၏။

သုခဝေဒနာ ပြည့်စုံခိုက်ရောက်သော အာပတ်သို့သာလျှင် မဇ္ဈတ္တဖြစ်လျှင် အဒုက္ခမသုခဝေဒနာ ပြည့်စုံခိုက် ရောက်၏။

ပဋိက္ခေပသည် ဘုရားရှင် ပယ်သော တရားဖြစ်၏။ ပစ္စည်းလေးပါးတို့၌ အလိုကြီးခြင်း၊ မရောင့်ရဲခြင်း၊ ကိလေသာ ခေါင်းပါးစေသောအကျင့်ကို မစောင့်ရှောက်ခြင်း- ဤတရားတို့ကိုပယ်သည်၊ အပိစ္ဆတာ စသည် တို့ကို ခွင့်ပြုသည်။]

(ဇီဋီ။ ။ အဗျာကတစိတ်ရှိသူဟူသည်ကို အိပ်ပျော် သ၏ဘဝင်စိတ်ကို ရည်ဆိုသည်။)

တိက ၁၀

ဗာလသာရောက်၍ ပဏ္ဍိတမရောက်သောအာပတ်၊
ပဏ္ဍိတသာရောက်၍ ဗာလမရောက်သောအာပတ်၊
ဗာလလည်းကောင်း ပဏ္ဍိတလည်းကောင်း ရောက်သောအာပတ်။

ကာဠ- လဆုတ်အာပတ်၊ ဇိဏှ- လဆန်းအာပတ်၊ လဆုတ် လဆန်း အာပတ်။

လဆုတ်၌သာအပ်သည်၊ လဆန်း၌သာအပ်သည်၊ လဆုတ် လဆန်းအပ်သည်။

ဆောင်းအာပတ်၊ နွေအာပတ်၊ မိုးအာပတ်။

သံဃအာပတ်ဂဏအာပတ်ပုဂ္ဂလအာပတ်။ ၅

သံဃာအားသာ အပ်သည်၊ ဂဏအားသာ အပ်သည်၊ ပုဂ္ဂလအားသာ အပ်သည်။

(ဆာဒနာ) ဖုံးခြင်းသုံးပါး- ဝတ္ထုကိုဖုံးခြင်း၊ အာပတ်ကိုဖုံးခြင်း၊ ဝတ္ထု အာပတ်ကိုဖုံးခြင်း။

(ပဋိစ္ဆာဒီ) ရေချိုးရာ၌ ဖုံးခြင်းသုံးပါး--
ဇန္တာဃရ- စရုံးအိမ်ဖြင့်ဖုံးခြင်း၊
ဥဒက- ရေဖြင့်ဖုံးခြင်း၊
ဝတ္ထ- အဝတ်ဖြင့်ဖုံးခြင်း။

ဖုံးမှ ကဲ့ရဲ့လွတ်သည်၊ ဖွင့်လျှင်ကဲ့ရဲ့မလွတ်သုံးမျိုး--
မာတုဂါမ၊ ပုဏ္ဏားတို့၏ (မန္တာ) မန္တရားဗေဒင်တိုင်ပင်ခြင်း၊ မိစ္ဆာဒိဋ္ဌိ

ဖွင့်မှတင့်တယ်သည် ဖုံးလျှင်မတင့်တယ် သုံးမျိုး -- လဝန်း၊ နေဝန်း၊ ဘုရားဟောတရား။ ၅

[ဆယ်ဝါရ၍ ပရိသတ်မွေးသောအာပတ်၊ ငါးဝါရ၍ နိဿယည်း မယူသောအပတ်သို့ ဗာလရောက်သည်။
ဗျတ္တ၊ ဗဟုဿုတဖြစ်၍ ဆယ်ဝါမရဘဲ ပရိသတ်မွေးသောအာပတ်၊ ငါးဝါ မရဘဲ နိဿယည်း မယူသော အာပတ်သို့ ပဏ္ဍိတရောက်သည်။
အကြွင်း ဗာလ, ပဏ္ဍိက ရောက်၏။

ဝါမကပ်သောအာပတ်သို့ လဆုတ်၌ရောက်၏။
မဟာပဝါရဏာ မပြုသောအာပတ်သို့ လဆန်း၌ ရောက်၏။
အကြွင်း လဆုတ် လဆန်း ရောက်၏။

ဝါကပ်ခြင်းသည် လဆုတ်၌သာအပ်သည်။
မဟာပဝါရဏာပြုခြင်းသည် လဆန်း၌သာ အပ်သည်။
ကြွင်းသော အနုညာတကသည် လဆုတ် လဆန်းအပ်သည်။

တန်ဆောင်မုန်း လပြည့်ကျော် တစ်ရက်နေ့တွင် ဝိကပ္ပနာပြု၍ ထားအပ်သော မိုးရေခံ သင်္ကန်းကိုဝတ်လျှင် ဆောင်းအာပတ်သင့်၏။ ကုရုန္ဒီ၌ တန်ဆောင်မုန်း လပြည့်နေ့၌ ပစ္စုဒ္ဓိရ် မပြုလျှင်(ဝါ- မိုးရေခံအဖြစ်မှ ပယ်၍ ဝိကပ္ပနာမပြုလျှင်) ဆောင်းအာပတ်ဟုဆို၏။ ကောင်းသော ဆိုခြင်းတည်း။ (မိုး) လေးလအဓိဋ္ဌာန် တင်ခြင်းငှါ ထို့နောက် ဝိကပ္ပနာပြုခြင်းငှါ ခွင့်ပြုသောကြောင့်တည်း။

တစ်လကျော်ကြွင်းသော နွေဥတု၌ (ဝါ) နယုန်လဆုတ်တစ်ရက် မရောက်မီ မိုးရေခံသင်္ကန်း ရှာလျှင် လည်းကောင်း၊ လခွဲကျော် ကြွင်းသော နွေဥတု၌ (ဝါ) ဝါဆိုလမဆန်းမီ ဝတ်လျှင်လည်းကောင်း နွေအာပတ်သင့်၏။

မိုးရေခံသင်္ကန်း ရှိလျှက် နဂ္ဂအဖြစ်ဖြင့် ကိုယ်ကိုမိုးစွတ်စေလျှင် မိုးအာပတ်သင့်၏။

သံဃာဖြစ်လျှက် ပါရိသုဒ္ဓိဥပုသ်ကို လည်းကောင်း၊ အဓိဋ္ဌာန် ဥပုသ်ကို လည်းကောင်း ပြုလျှင် သံဃာအာပတ် သင့်၏။ ဂဏဖြစ်လျှက် သုတ္တုဒ္ဒေသ, အဓိဋ္ဌာန်ပြုလျှင် ဂဏအာပတ် သင့်၏။ တစ်ပါးတည်း သုတ္တုဒ္ဒေသ, ပါရိသုဒ္ဓိပြုလျှင် ပုဂ္ဂလအာပတ်သင့်၏။

ပဝါရဏာပြုရာ၌လည်း ဤနည်းသာတည်း။

သံဃဥပုသ်, သံဃပဝါရဏာသည် သံဃာအားသာအပ်သည်။
ဂဏဥပုသ်, ဂဏပဝါရဏာသည် ဂဏအားသာအပ်သည်။
အဓိဋ္ဌာန်ဥပုသ်, အဓိဋ္ဌာန်ပဝါရဏာသည် ပုဂ္ဂိုလ်အားသာအပ်သည်။

ပါရာဇိကသို့ ငါရောက်သည်ဟုဆိုလျှင် ဝတ္ထုကိုဖုံး၏ အာပတ်ကိုမဖုံး။
မေထုနဓမ္မကို ငါမှီဝဲသည်ဟုဆိုလျှင် အာပတ်ကိုဖုံး၏ ဝတ္ထုကိုမဖုံး။
ဝတ္ထုကို, အာပတ်ကို နှစ်ခုလုံး မပြောလျှင် ဝတ္ထု, အာပတ်ဖုံး၏။

ပဋိစ္ဆာဒေဟီတိ ပဋိစ္ဆာဒိ- ဖုံးလွှမ်းတတ်သောဝတ္ထု (ဝါ) ဖုံးလွှမ်းစေတတ်သောဝတ္ထု၊ ဇန္တာဃရ မေဝ ပဋိစ္ဆာဒိ- ဇန္တာဃရ ပဋိစ္ဆာဒိ- ဖုံးလွှမ်းစေတတ်သော စရုံးအိမ်၊ ဤနည်းဖြင့်ဖုံးစေတတ်သောရေ၊ ဖုံးစေတတ်သောအဝတ် ဖြစ်၏။ (ဖုံးကြောင်း အဝတ်စသည်ဖြင့်ဆိုလျှင်လည်း ဖုံးစေတတ်က ဖုံးကြောင်း ရသောကြောင့်သင့်၏။)

တံခါးကိုပိတ်၍ စရုံးအိမ်၌တည်သူသည် ချေးတွန်းခြင်း ပရိကံကို ပြုကောင်း၏။
ရေ၌ဝင်သူလည်း ချေးတွန်းခြင်းပရိကံကို ပြုကောင်း၏။
ထိုနေရာနှစ်ခု၌ ခဲခြင်း, စားခြင်းငှါမအပ်၊ အဝတ်ဖုံးကား အားလုံးအပ်၏။

ကဲ့ရဲ့လွတ်ခြင်းသည် ကဲ့ရဲ့မခံရ၊ တားမြစ်ခြင်းမခံရ။ တိမ်, ဆီးနှင်း, မီးခိုး, မြူ, ရာဟု မှ လွတ်၍ ထင်ရှားမှသာ လဝန်း တင့်တယ်သည်။ တစ်ခုခုဖြင့်ဖုံးလျှင် မတင့်တယ်။ နေဝန်းလည်း ထိုအတူတည်း။
ဓမ္မဝိနယကိုလည်း ဖွင့်၍, ဝေဘန်၍ ဟောအပ်မှသာ တင့်တယ်သည်။ ဖုံးလျှင် မတင့်တယ်။]

(ဇီဋီ။ ။ ဆောင်းအာပတ် ကုရုန္ဒီနည်း၌ ဝိကပ္ပနာ ပြုခြင်းငှါ ဟု ခွင့်ပြုခြင်းရှိလျက် ဝိကပ္ပနာမပြုခြင်းကြောင့် ဆောင်းအာပတ်သင့်သည်။ ဝိကပ္ပနာကို တန်ဆောင်မုန်းလပြည့်နေ့၌ ပြုအပ်၏ဟုပြခြင်းငှါဆိုသည်။

ဝိဋီ။ ။ မဟာပဝါရဏာနေ့၌ အနာဒရိယဖြင့် ပဝါရဏာမပြုလျှင် လဆန်း၌ အာပတ်သင့်၏။ တစ်စုံတစ်ခုကြောင့် သီတင်းကျွတ်လကွယ်၌ သံဃပဝါရဏာ ပြုသောအခါ အနာဒရိယဖြင့် ပဝါရဏာမပြုလျှင် ထိုအာပတ်သို့ လဆုတ်၌ လည်းရောက်၏။ လဆန်းသာဟု အမြဲမထင်။ ပစ္ဆိမဝါကျွတ်သူကား တန်ဆောင်မုန်းလပြည့်၌သာ ပဝါရဏာ ပြုခွင့်ရသည်။ ထိုနေ့၌ ပဝါရဏာ မပြုခြင်းကြောင့် သင့်သော အာပတ်၊ လဆန်း သာဟု အမြဲမှတ်အပ်၏။ လဆန်းအပ်ခြင်း၌လည်း ဤနည်းတည်း။

ပစ္စုဒ္ဓိရ်မပြုလျှင် ဆောင်းအာပတ်ဟူသော စကားဖြင့် ပစ္စုဒ္ဓိရ်မပြုသူအား ဒုက္ကဋ်ဟုပြ၏။

ဝါမကပ်ခြင်း၊ ဝါတွင်း ကိစ္စမရှိဘဲ ဖဲသွားခြင်းစသည်ကြောင့်လည်း မိုးအာပတ် သင့်သည် သာတည်း။)

တိက ၁၅

သေနာသနဂ္ဂါဟ သုံးမျိုး --
(ပုရိမက) ပုရိမဝါကပ်သောနေ့၌ နေရာယူခြင်း၊
(ပစ္ဆိမက) ပစ္ဆိမဝါကပ်သောနေ့၌ နေရာယူခြင်း၊
(အန္တရာမုတ္တက) နောင်နှစ်ဝါဆိုခြင်းငှါ သီတင်းကျွတ် လဆုတ်တစ်ရက်နေ့၌ နေရာယူခြင်း။

ဂိလာနအာပတ်, အဂိလာနအာပတ်, ဂိလာနာဂိလာန အာပတ်။

ပါတိမောက်ထားခြင်း အဓမ္မိကသုံးမျိုး။ ဓမ္မိက သုံးမျိုး။

ပရိဝါသ် သုံးမျိုး- ပဋိစ္ဆန္နပရိဝါသ်အပ္ပဋိစ္ဆန္နပရိဝါသ်သုဒ္ဓန္တ ပရိဝါသ်။ ၅

မာနတ်သုံးမျိုး- ပဋိစ္ဆန္နမာနတ်အပ္ပဋိစ္ဆန္နမာနတ်ပက္ခမာနတ်

ပရိဝါသ်ညဥ့်ပျက်ကြောင်းသုံးမျိုး -
(သဟဝါသ) တစ်မိုးတည်း၌အိပ်ခြင်း
(ဝိပ္ပဝါသ) ပကတတ်နှင့် အရုဏ်ကင်းခြင်း၊
(အနာရောစနာ) ဝတ်မကြားခြင်း။

(အန္တော) ကျောင်းတွင်းအာပတ်၊
(ဗဟိ) ကျောင်းပြင်အာပတ်၊
(အန္တောဗဟိ) ကျောင်းတွင်းကျောင်းပြင်အာပတ်။

အန္တောသီမာအာပတ်၊ ဗဟိသီမာအာပတ်၊ အန္တောဗဟိသီမာအာပတ်။

အာပတ်ရောက်ကြောင်းသုံးပါး - ကာယကြောင့်၊ ဝါစာကြောင့်၊ ကာယဝါစာကြောင့်။ ၅

ထို့ပြင်သုံးပါး - သံဃာ့အလယ်၊ ဂဏအလယ်၊ ပုဂ္ဂလထံ။
အာပတ်မှ ထကြောင်းသုံးပါး - ကာယကြောင့်၊ ဝါစာကြောင့်၊ ကာယဝါစာကြောင့်။
ထို့ပြင် သုံးပါး - သံဃာ့အလယ်၊ ဂဏအလယ်၊ ပုဂ္ဂလထံ။
အမူဠဝိနည်းပေးခြင်း -- အဓမ္မိကသုံးပါး။ ဓမ္မိကသုံးပါး။ ၅

[တစ်ပါးသောဆေးအတွက် ဘဏ္ဍာဖြင့် တစ်ပါးသောဆေးကို တောင်းအံ့ ဂိလာနအာပတ်
ဆေးကိစ္စမရှိဘဲ ဆဆေးကိုတောင်းအံ့ အင်္ဂလာန အာပတ်
အကြွင်းသည် ဂိလာနာဂိလာနအာပတ်

တိုးဝှေ့၍ အိပ်ခြင်းကိုပြုအံ့ ကျောင်းတွင်းအာပတ်၊
သံဃိကညောင်စောင်း စသည်ကို လွင်တီးခေါင်၌ခင်း၍ ဖဲသွားအံ့ ကျောင်းပြင်အာပတ်၊
အကြွင်း ကွင်းပြင် အာပတ်။

အာဂန္တုကဝတ်ကို မပြဘဲ ထီးဆောင်းလျက်, ဘိနပ်စီးလျက် ကျောင်းဝန်းအတွင်းသို့ဝင်သော အာဂန္တုသည် ဥပစာရသိမ်သို့ သက်ကာမျှတွင် အန္တောသီမာအာပတ်၊ (ဝါ) သိမ်တွင်းအာပတ်၊
ဂမိကဝတ်ကိုမဖြည့်ကျင့်ဘဲ ဖဲသွားသော ဂဓိကသည် ဥပစာရသိမ်ကို လွန်ကာမျှတွင် ဗဟိသီမာ အာပတ်၊ (ဝါ) သိမ်ပြင်အာပတ်၊
အကြွင်း သိမ်တွင်း သိမ်ပြင်အာပတ်။

မထေရ်ကြီးရှိလျက် မတိုက်တွန်းအပ်ဘဲ တရားဟောအံ့ သံဃာအလယ် အာပတ်၊
ဂဏအလယ်၌၊ ပုဂ္ဂလထံ၌ ထို့အတူ။

တိဏဝတ္ထာရကသမထဖြင့် အာပတ်မှထအံ့ ကာယကြောင့် ထ၏၊
ကိုယ်ကိုမလှုပ်စေဘဲ နှုတ်ဖြင့် ဒေသနာကြားအံ့ ဝါစာကြောင့် ထ၏၊
ဝစီနှင့်ယှဉ်သောကိုယ်အမူအရာကိုပြု၍ ဒေသနာကြားအံ့ ကာယဝါစာကြောင့်ထ၏။

သံဃာ့အလယ်၌ ဒေသနာဂါမ်သည်လည်းကောင်း၊ ဝုဋ္ဌာနဂါမ်သည်လည်းကောင်း ထ၏။
ဂဏ, ပုဂ္ဂလအလယ်၌ ဒေသနာဂါမ် အာပတ်သာထ၏။]

(ဇီဋီ- သာဋီ။ ။ ဝစီနှင့်ယှဉ်သော ကိုယ်အမူအရာကို ပြု၍ဟူသည် ကိုယ်ဖြင့် အရိုအသေကိုင်းခြင်းကိုပြု၍တည်း။

ဝိဋီ။ ။ (ဝတ္ထိကမ္မ) ကျဉ်းမြောင်းရာအရပ်၌ အနာကို ကျပ်ထုတ်ထိုးခြင်း စသည်သည်လည်း ဂိလာန အာပတ်သာတည်း။

မဆေးသောခြေတို့ဖြင့် နင်းခြင်း စသည်တို့လည်း ကျောင်းတွင်း၌သာ အာပတ်တည်း။

ဘိက္ခုနီ၏ မပန်ကြားဘဲ အရံတွင်းဝင်ခြင်းသည်လည်း သိမ်တွင်းအာပတ်တည်း။

နိဿယည်းမငြိမ်းသူ- မပန်မကြား အရပ်တစ်ပါး ဖဲသွားခြင်း စသည်လည်း သိမ်ပြင်အာပတ်တည်း။

ပါတိမောက် ပြသောအခါ ထင်ရှားရှိသော အာပတ်ကို အာဝိကရဏ မပြုခြင်း၊ သမနုဘာသနကံပြုခြင်း၊ အသက်မပြည့်သူကို ရဟန်းပြုပေးခြင်းစသော အဓမ္မကံအာပတ်တို့လည်း သံဃာ့အလယ်အာပတ်တို့တည်း။

အဓမ္မဖြင့် ဂဏဥပုသ် စသည်တို့၌လည်း ဂဏအလယ် အာပတ်တို့တည်း။

အလဇ္ဇီထံ နိဿယည်းယူခြင်း စသည်လည်း ပုဂ္ဂိုလ်ထံအာပတ်တည်း။

အမူဠဝိနည်းပေးခြင်း အဓမ္မိကသုံးပါးကား- ဥမ္မတ္တက ဖြစ်သော်လည်း လွန်ကျူးသောအခါ မရူးဘဲ စေတနာနှင့် အာပတ်သို့ရောက်၍ ရဟန်းတို့ မေးသောအခါ သတိရလျက် သတိမရဟုဆိုသူ၊ အိပ်မက်သလို သတိရပါ၏ဟု မုသာဆိုသူ၊ အပ်သောကြောင့် ပြုသည်ဟု ရူးဟန်ဆောင်၍ ပန်ခံသူ၊ ဤသုံးယောက်အား ပေးသော အမူဠဝိနည်းသည် အမမ္မိက ဖြစ်၏။)

တိက ၁၇

သုံးပါးသောအင်္ဂါနှင့်ပြည့်စုံသောရဟန်းအား အလိုရှိလျှင် သံဃာသည် တဇ္ဇနီယကံပြုရာ၏။ (ဝါ) တဇ္ဇနီယကံ ပြုကြောင်းသုံးပါး -
ခိုက်ရန်ငြင်းခုံများသူ၊ ဗာလ အဗျတ္တဖြစ်၍ အာပတ်များသူ၊ လူတို့နှင့်မသင့်မတော် ရောနှောသူ။

နိယသကံပြုကြောင်း သုံးပါး - ရန်ဖြစ်သူ၊ အာပတ်များသူ၊ လူတို့နှင့်ရောနှောသူ၊

ပဗ္ဗာဇနီယကံပြုကြောင်းသုံးပါး- ရန်ဖြစ်သူ၊ အာပတ်များသူ၊ ကုလဒူသနပြုသူ။

ပဋိသာရဏီယ ကံပြုကြောင်းသုံးပါး - ရန်ဖြစ်သူ၊ အာပတ်များသူ၊ လူကိုဆဲသူ။

(မရှုမှု) ဥက္ခေပနီယကံပြုကြောင်း သုံးပါး- ရန်ဖြစ်သူ၊ အာပတ်များသူ၊ သင့်သော အာပတ်ကို မရှုလိုသူ။ ၅

(မကုမှု) ဥက္ခေပနီယကံပြုကြောင်းသုံးပါး- ရန်ဖြစ်သူ၊ အာပတ်များသူ၊ သင့်သောအာပတ်ကိုမကုစားလိုသူ။

(မစွန့်မှု) ဥက္ခေပနီယကံပြုကြောင်းသုံးပါး- ရန်ဖြစ်သူ၊ အာပတ်များသူ၊ ယုတ်မာသောအယူကိုမစွန့်လိုသူ။

သုံးပါးသော အင်္ဂါနှင့်ပြည့်စုံသောရဟန်းအား အလိုရှိလျှင် သံဃာသည် အာဂါဠာယစေတေယျ- မြဲမြံအောင် အားထုတ်ရာ၏။ (ဝါ) ဥက္ခေပနီယကံပြုရာ၏ ရန်ဖြစ်သူ၊ အာပတ်များသူ၊ လူတို့နှင့် ရောနှောသူ။

သုံးပါးသောအင်္ဂါနှင့်ပြည့်စုံသော ရဟန်းအား ကံပြုအပ်၏။ (ဝါ) ကံပြုကြောင်းသုံးပါး -
(အလဇ္ဇီ) မရှက်သူ၊ (ဇာလ) မိုက်သူ၊ (အပကတတ္တ) အာပတ်နာပတ်ဝိနည်းမသိသူ။

ထို့ပြင် ကံပြု ကြောင်းသုံးပါး - အဓိသီလပျက်သူ၊ အဇ္ဈာစာရပျက်သူ၊ အတိဒိဋ္ဌိပျက်သူ။ ၅

ထို့ပြင်သုံးပါး- ကိုယ်မြူးတူးသူ၊ နှုတ်မြူးတူးသူ၊ ကိုယ်နှုတ်မြူးတူးသူ၊ (ဒ၀ သုံးမျိုး)။

ထို့ပြင် ကိုယ်ကျင့်ပျက်သူ၊ နှုတ်ကျင့်ပျက်သူ၊ ကိုယ်နှုတ်ကျင့် ပျက်သူ။
(သိက္ခာပုဒ်လွန်ကျူးခြင်းဖြင့် အနာစာရသုံးမျိုး။)

ထို့ပြင် ကိုယ်ကျင့် ချွတ်သူ၊ နှုတ်ကျင့်ချွတ်သူ၊ ကိုယ်နှုတ်ကျင့်ချွတ်သူ။
(သိက္ခာပုဒ်မဖြည့်ကျင့်ခြင်း ဖြင့် ဥပဃာတကသုံးမျိုး။)။

ထို့ပြင် ကိုယ်မိစ္ဆာဇီဝရှိသူ၊ နှုတ်မိစ္ဆာဇီဝရှိသူ၊ ကိုယ် နှုတ်မိစ္ဆာဇီ၀ရှိသူ။
(အသက်မွေးမှားသော မိစ္ဆာဇီဝသုံးမျိုး။)။

ထို့ပြင် အာပတ်သို့ရောက်၍ ကံပြုခံရလျက် ရဟန်းပြုပေးသူ၊ နိဿယည်းပေးသူ၊ သာမဏေမွေးသူ။ ၅

ထို့ပြင် ကံပြုကြောင်းအာပတ်သို့ ရောက်သူ၊ အလားတူအာပတ်သို့ ရောက်သူ၊ ထို့ထက်ယုတ်မာသော အာပတ်သို့ ရောက်သူ။

ထို့ပြင်သုံးပါး - ဘုရားကျေးဇူးမဲ့ဆိုသူ၊ တရားကျေးဇူးမဲ့ဆိုသူ၊ သံဃာကျေးဇူးမဲ့ဆိုသူ။ ၂

[အာဂါဠာယစေတေယျ ဟူသည် ဒဋ္ဌဘာဝါယစေတေယျ - တဇ္ဇနီယကံ စသည် မပြုခံရလျက် ကျင့်ဝတ် မဖြည့်ကျင့်သူအား အလိုရှိလျှင် သံဃာသည် ဥက္ခေပနီယကံပြုရာ၏ ဟူလို။

ဗာလသည် ဓမ္မ, အဓမ္မကိုမသိ၊ အပကတတ္တသည် အာပတ္တိ, အနာပတ္တိကိုမသိ၊ ဤမျှဖြင့် ကံကိုမပြုအပ်။ ဗာလ၏အဖြစ်ကြောင့် ပကတတ္တ၏အဖြစ်ကြောင့် အာပတ်သို့ရောက်မှ ကံပြုအပ်၏။

အဓိသီလပျက်သူသည် အာပတ်အစု နှစ်ခုသို့ရောက်၏။

အဇ္ဈာစာရပျက်သူသည် အာပတ်အစု ငါးခုသို့ရောက်၏။

အတိဒိဋ္ဌိပျက်သူသည် အန္တဂ္ဂါဟိကာဒိဋ္ဌိနှင့် (ဝါ) သဿတစွန်း၊ ဥစ္ဆေဒစွန်းယူခြင်းနှင့်ပြည့်စုံ၏။ ထိုအာပတ်ကို မရှုသူ၊ မကုသူ၊ ဒိဋ္ဌိမစွန့်သူတို့အားသာ ကံကိုပြုအပ်၏။

(ဒဝ-သုံးမျိုး၌) ကိုယ်မြူးတူးသူသည် ပါသက- အန်, လက်ပစ် စသည်တို့ဖြင့် ဇုတကီဠန- အန်ကစားခြင်းစသော အနာစာရ ရှိ၏။

နှုတ်မြူးထူးသူသည် မုခါဠမ္ပရ ကရဏ - နှုတ်သီး စည်တီးခြင်း, ပါးစပ်ဆိုင်းတီးခြင်း စသော အနာစာရရှိ၏။

ကိုယ်နှုတ်မြူးကူးသူသည် ဒွါရနှစ်ပါးဖြင့် နစ္စန, ဂါယန စသော အနာစာရရှိ၏။

ကိုယ်ကျင့်ပျက်သူ စသော အနာစာရ သုံးယောက်သည် ကာယ၌၊ ၀စီ၌၊ ကာယဝစီ၌ ပညတ်သောသိက္ခာပုဒ်ကို လွန်ကျူး၏။

ကိုယ်ကျင့်ချွတ်သူစသော ဥပဃာတိက သုံးယောက်သည် ကာယ၌၊ ဝစီ၌၊ ကာယဝစီ၌ ပညတ်သော သိက္ခာပုဒ်ကို မကျင့်၊ မကျင့်လျှင် ထိုသိက္ခာပုဒ်ကို ဖြတ်တောက်သည်, ဖျက်ဆီးသည်ဟု ဆိုအပ်၏။ ထို့ကြောင့် မကျင့်, ချွတ်သူကို ဥပဃာကိကဟုဟောသည်။

ကိုယ် မိစ္ဆာဇီဝရှိသူသည် (ဇင်္ဃပေသနိက) မြင်းခေါင်းဖြင့် ခိုင်းစေရာခံခြင်း စသည်ဖြင့် လည်းကောင်း၊ အနာခွဲခြင်း စသည်ဖြင့် လည်းကောင်း၊ ဆေးကုခြင်းဖြင့် လည်းကောင်း - အသက်မွေး၏။

နှုတ် မိစ္ဆာဇီဝ ရှိသူသည် သတင်းစကား ဆောင်ခြင်း၊ ပြောခြင်း စသည်ဖြင့် အသက်မွေး၏။

ကိုယ်နှုတ် မိစ္ဆာဇီဝ ရှိသူသည် ထိုနှစ်မျိုးလုံး ဖြင့်အသက်မွေး၏。

(သာဋီ။ ။ မုခဠမ္ပရ-ကရဏသည် မုခဘေရီ-ဝါဒနတည်း၊ ဥပဃာတေတီတိ ဥပဃာတိကောဝိနာသေတီတိ အတ္ထော

ဝိဋီ။ ။အပကတတ္တသည် ဝိနည်း၌ မလိမ္မာ၊ ထို့ကြောင့် အာပတ္တိအနာပတ္တိကိုမသိ၊ ဒိဋ္ဌိမစွန့်သူတို့အားသာ ကံပြုအပ်၏ဟူသည် ထိုရဟန်းတို့ ဆုံးမသောအခါ အယူမစွန့်ခြင်းကြောင့် ဒုက္ကဋ်, ပါစိတ် တစ်ခုခု မချွတ်ဖြစ်သောကြောင့် ဆိုသည်။

မုခဠမ္ပရ-ကရဏသည် မုခဘေရီ-ဝါဒနတည်း။ ဥပဃာတေတီတိ ဝိနာသေတိ။)]

အလဇ္ဇီဗာလ တိက ၁၈

သုံးပါးသောအင်္ဂါနှင့် ပြည့်စုံသော သံဃာ့ အလယ်၌ ဥပုသ်တားသော ရဟန်းအား “ရဟန်း သင်သည် ဘဏ္ဍန, ကလဟ စသည်ကို မပြုလင့်” ဟု နှိပ်၍ သံဃာသည် ဥပုသ်ပြုအပ်၏။ အလဇ္ဇီဗာလအပကတတ္တ

သံဃာ့အလယ်၌ ပဝါရဏာ ထားသော အင်္ဂါသုံးပါးရှိသော ရဟန်းအား “ဘဏ္ဍနစသည်မပြုလင့်” ဟု နှိပ်၍ သံဃာသည် ပဝါရဏကိုပြုအပ်၏။ အလဇ္ဇီဗာလအပကတတ္တ

သုံးပါးသောအင်္ဂါနှင့် ပြည့်စုံသောရဟန်းအား တစ်စုံတစ်ခုသော သမ္မုတိကို မပေးအပ် (ဝါ) သမ္မုတိ မပေးအပ်သူ သုံးယောက်- အလဇ္ဇီဗာလအပကတတ္တ

န ဝေါ ဟရိ တဗ္ဗံ - တစ်စုံတစ်ခုမပြောအပ်သူ သုံးယောက် (ဝါ) သုံးယောက်သည် သံဃာ၌ စကားမဆိုအပ်၊ အလဇ္ဇီဗာလအပကတတ္တ

တစ်စုံတစ်ခု အကြီးအကဲ မခန့်အပ်သူ သုံးယောက်၊ အလဇ္ဇီဗာလအပကတတ္တ။ ၅

မှီ၍မနေအပ်သူသုံးယောက်- ၎င်းသုံးယောက်ပင်တည်း။
နိဿယည်း မပေးအပ်သူသုံးယောက်-- ၎င်း။
ခွင့်တောင်းလျှင် ခွင့်မပြုအပ်သူသုံးယောက်-- ၎င်း။
ဆိုဖွယ်ရှိသည်ဟုဆိုသော်လည်း နားမထောင်အပ်သူသုံးယောက်-- ၎င်း။
ဝိနည်းမမေးအပ်သူသုံးယောက် (ဝါ) သုံးယောက်အား မမေးအပ်-- ၎င်း။ ၅

ဝိနည်းမမေးအပ်သူသုံးယောက် (ဝါ) သုံးယောက်သည် မမေးအပ်-- ၎င်း။
ဝိနည်းမဖြေအပ်သူသုံးယောက် (ဝါ) သုံးယောက်အား ဝိနည်းမဖြေအပ်-- ၎င်း။
ဝိနည်းမဖြေအပ်သူသုံးယောက် (ဝါ) သုံးယောက်သည် ဝိနည်းမဖြေအပ်-- ၎င်း။
(အနုယောဂ) မေးခွင့်ကိုမပေးအပ်သူသုံးယောက် (ဝါ) သုံးယောက်အား ခွင့်မပေးအပ်-- ၎င်း။
ဝိနည်း မဆွေးနွေးအပ်သူသုံးယောက် (ဝါ) သုံးယောက်နှင့် မဆွေးနွေးအပ်-- ၎င်း။ ၅

ဥပဇ္ဈာယ်ပြု၍ ရဟန်းပြုမပေးအပ်သူသုံးယောက် (ဝါ) သုံးယောက် သည် ဥပဇ္ဈာယ်မပြုအပ်-- ၎င်း။
သုံးယောက်သည် နိဿယည်း မပေးအပ်-- ၎င်း။
သုံးယောက်သည် သာမဏေမမွေးအပ်-- အလဇ္ဇီဗာလအပကတတ္တ။ ၃

[န ဝေါဟရိတဗ္ဗံသည် နကိဉ္စိ ဝတ္တဗ္ဗံ၊ တစ်စုံတစ်ခုကို မပြောအပ်၊ ပြောဆိုလျှင် ထိုသို့သောသူ၏စကားကို နားထောင်အပ်၏ဟု မထင်ကြကုန်။

တစ်စုံတစ်ခု အကြီးအကဲမခန့်အပ် ဟူသည် ယပ်ကို စွဲကိုင်ခြင်း အစရှိသော ဇေဋ္ဌကဌာန တစ်ခုခု၌မထားအပ်။

ခွင့်တောင်းလျှင် ခွင့်မပြုအပ်ဟူသည်- “အရှင်ဘုရား ခွင့်ပြုပါ အရှင့်ကို စကား ဆိုလိုပါသည်” ဟု ခွင့်တောင်းလျှင် “ သင် ဘာကိုမျှပြုတတ်သူ မဟုတ်” ဟုဆိုအပ်၏။ ခွင့်မပြုအပ်။ ဆိုဘွယ်ရှိသည်ဟု ဆိုသော်လည်း ထိုစကားကို မယူအပ်၊ နားမျှပင်မထောင်အပ်၊ အကြင် ဝိနည်းဓိုရ် ထံခေါ်၍ သွားလိုအံ့၊ ထို ဝိနည်းဓိုရ်ထံသို့ မလိုက်အပ်ဟူလို။

သုံးယောက်အား မမေးအပ်ဟူသည် ထိုသုံးယောက်အား သိသမျှ ဝိနည်းကို မမေးအပ်။

မေးခွင့်မပြုအပ် ဟူသည် ဤအမှုအပ်ပါသလောဟု မေးခွင့်မပေးအပ်။ “သူတပါးကိုမေးလော” ဟု ဆိုအပ်၏။ ထိုသုံးယောက်ကိုမမေးအပ်၊ ထိုသုံးယောက်၏အမေးကို နားမထောင်အပ်ဟူလို။

မဆွေးနွေးအပ်ဟူသည် ဝိနည်းသဘောမဆွေးနွေးအပ်၊ အပ်-မအပ် စကားမနှီးနှောအပ်။]

(ဇီဋီ။ ။ ဒုက၌ ဗာလအား နိဿယည်းပေးအပ်၏ လာသည်၊ ဤ တိက၌ မပေးအပ်ဟုဆိုသည်၊ အာပတ် များခြင်းကို ရည်၍မပေးအပ်။) (လဇ္ဇီဗာလအား ပေးအပ်၏။)

သာဋီ။ ။ ထိုစကားကို မယူအပ်ဟူသည် “ဤ ကျောင်းမှ တခြားသို့မသွားပါနှင့်၊ ဝိနည်းဓိုရ်ထံ အဆုံးအဖြတ် ပေးရန်လာပါ” ဟု ဆိုသောစကားကို မယူအပ်။

ဝိဋီ။ ။ ယပ်ကိုစွဲကိုင်ခြင်း စသော ဇေဋ္ဌကဌာနသည် ဆန်းကြယ်သောယပ်ကို ကိုင်စေ၍ အနုမောဒနာပြုရာ ဌာန စသည်ဖြစ်၏။)

တိက ၁၆

ဥပုသ်သုံးမျိုး - စာတုဒ္ဒသီပန္နရသီသာမဂ္ဂီ

ထို့ပြင် ဥပုသ်သုံမျိုး- သံဃဥပုသ်ဂဏဥပုသ်ပုဂ္ဂလဥပုသ်

ထို့ပြင်သုံးမျိုး- သုတ္တုဒ္ဒေသပါရိသုဒ္ဓိအဓိဋ္ဌာန်

ပဝါရဏာသုံးမျိုး- စာတုဒ္ဒသီပန္နရသီသာမဂ္ဂီ

ထို့ပြင်သုံးမျိုး - သံဃပဝါရဏာဂဏပဝါရဏာပုဂ္ဂလပဝါရဏာ။ ၅

ထို့ပြင်သုံးမျိုး- တေဝါစိကာဒွေဝါစိကာသမာနဝဿိကာ

အယူမစွန့်လျှင် အပါယ်ငရဲရောက်ထိုက်သူ သုံးယောက်--
မမြတ်သောအကျင့်ကို ကျင့်လျက် မြတ်သောအကျင့်ရှိသည်ဟုဝန်ခံသူ၊
မစင်ကြယ်သောအကျင့်ကိုကျင့်လျက် အကျင့်စင်ကြယ်သူကို အမူလကအဗြဟ္မစရိယဖြင့်စွပ်စွဲသူ၊
ကာမတို့၌ အပြစ်မရှိဟူသောအယူဖြင့် ကာမဂုဏ်ခံစားသူ။

အကုသိုလ်မူလသုံးပါး- လောဘဒေါသမောဟ

ကုသိုလ်မူလသုံးပါး- အလောဘအဒေါသအမောဟ

ဒုစရိုက် သုံးပါး- ကာယဒုစရိုက်ဝစီဒုစရိုက်မနောဒုစရိုက်။ ၅

သုစရိုက်သုံးပါး - ကာယသုစရိုက်ဝစီသုစရိုက်မနောသုစရိုက်

သုံးပါးသော အကျိုးထူးတို့ကို စွဲ၍ မြတ်စွာဘုရားသည် ဒါယကာတို့၌ တိကဘောဇဉ်ကို ခွင့်ပြု၏။ တိက ဘောဇဉ် ခွင့်ပြုကြောင်းသုံးပါး --
အလဇ္ဇီတို့ကို နှိမ်နင်း ခြင်းငှါ၊
ယုတ်မာသူတို့သည် အပင်းအသင်းကိုမှီ၍ သံဃာကို မခွဲကြစေလင့်ဟု. လဇ္ဇီပေသလတို့၏ ချမ်းသာစွာ နေရခြင်းငှါ၊
ဒါယကာတို့၏ ကြည်ညိုခြင်းကို စောင့်ရှောက်ခြင်းငှါ။

သုံးပါးသော မသူတော်တရား နှိပ်စက်ခြင်းကြောင့် ဒေဝဒတ် အပါယ်ငရဲကျ - ကပ်လုံးတည်- ကုစားမရဖြစ်၏။ (ဝါ) ဒေဝဒတ်၏ အပါယ်ရောက်ကြောင်းသုံးပါး –-
(ပါပိစ္ဆတာ) အလိုဆိုးရှိခြင်း၊
(ပါပမိတ္တတာ) ယုတ်မာသော မိတ်ဆွေရှိခြင်း၊
(အန္တရာဝေါသာန) ဈာန် အဘိညာတရားထူး အနည်းငယ်ရခြင်းဖြင့် အကြား၌ အပြီးသို့ရောက်ခြင်း။

သမ္မုတိသုံးပါး- (ဒဏ္ဍ) တောင်ဝှေး သမ္မုတိ၊ (သိက္ကာ) ဆိုင်းသမ္မုတိ၊ တောင်ဝှေး, ဆိုင်း သမ္မုတိ

မရွှေ့ပြောင်းအပ်သော နေရာမြဲသော ခြေနင်း သုံးမျိုး--
(ဝစ္စပါဒုကာ) ကျင်ကြီး အိမ်ခြေနင်း၊
(ပဿာဝပါဒုကာ) ကျင်ငယ်အိမ် ခြေနင်း၊
(အာစမနပါဒုကာ) သန့်သက် အိမ်ခြေနင်း။

(ပါဒယံသနီ) ခြေပွတ်သုံးမျိုး--
(သက္ခရာ) ကျောက်စစ်၊ (ကထလာ) အိုးခြမ်း၊ (သမုဒ္ဒဖေဏက) ပင်လယ် ရေမြှုပ်ကျောက်။ ၆

[အယူမစွန့်လျှင် ဟူသည် မြတ်သောအကျင့်ရှိသည်ဟု ဝန်ခံခြင်း စသော အယူကိုမစွန့်လျှင်တည်း。

အကျင့်စင်ကြယ်သူသည် ခီဏာသဝ ဘိက္ခု- ရဟန္တာဖြစ်၏။

ကာမဂုဏ်ခံစားသူ၏ ခံစားခြင်း- ပါတဗျတာသည် ပါတဗျတာ ပဋိသေဝန ဖြစ်၏။ (ပဋိသေဝနကို ပါတဗျာတာလည်း ခေါ်သည်၊ ပိဝတီတိ ပါတဗျော- ကာမဂုဏ် အရသာကို သောက်စို့သူ၊ ပါတဗျဿတာ ဝေါ ပါတဗျတာ- သောက် စို့ခြင်း၊ ပဋိသေဝန - မှီဝဲခြင်း၊ ခံစားခြင်းဟူလို)။

အယူမစွန့်သူ သုံးယောက်သည် မြတ်သောအကျင့် ရှိသည်ဟု ဝန်ခံခြင်းကို စွန့်သော် လည်းကောင်း၊ ရဟန္တာကို မုသာ ဆိုမိပါသည်၊ သည်းခံတော်မူပါကုန်ဟု ကန်တော့၍သော်လည်းကောင်း ကာမတို့၌အပြစ်မရှိဟူသော အယူကို စွန့်၍သော်လည်းကောင်း၊ ဂတိ၏ သုတ်သင်ခြင်းကိုပြုရာ၏။

အကုသိုလ်မူလသည် အကုသိုလ်လည်း ဟုတ်၏၊ မူလလည်းဟုတ်၏။ တစ်နည်း-- အကုသိုလ်တို့၏ အမြစ်မူလ ဖြစ်၏။ ကုသိုလ်မူလလည်း ထို့အတူတည်း。

ဒုစရိုက်၌ ဒုသည် ဒုဋ္ဌုဝိရုပအနက်ရှိ၏။ မကောင်းသောအကျင့် ဖောက်ပြန်သောအကျင့်ဟူလို။

သုစရိုက်၌ သုသည် သုဋ္ဌုသုန္ဒရ အနက်ရှိ၏။ ကောင်းသောအကျင့် တင့်တယ်သောအကျင့်ဟူလို။

ကရိုဏ်းဖြစ်သော ကာယဖြင့်ပြုသော ဒုစရိုက်သည် ကာယ ဒုစရိုက်မည်၏။ အကြွင်း နည်းတူ။

(ဇီဋီ။ ။ တိကဘောဇဉ်မည်သည် သုံးပါးအတူတကွ ဖြစ်၍ စားကြလျှင် ဂဏဘောဇနဖြင့် အနာပတ္တိ၊ ဤကိုရည် သည်။

သာဋီ။ ။ ကာယဒွါရ၌ပညတ်သော သိက္ခာပုဒ်ကို လွန်ကျူးလျှင် ကာယဒုစရိုက်၊ မလွန်ကျူးလျှင် ကာယ သုစရိုက်၊ ဝစီ၌ တူပြီ။

ဒွါရနှစ်ခု၌ပညတ်သော သိက္ခာပုဒ်ကို လွန်ကျူးခြင်းသည် မနောဒုစရိုက်မည်၏။ မနောဒွါရ၌ပညတ်သော သိက္ခာပုဒ် မရှိခြင်းကြောင့်တည်း။ ထိုမနောဒုစရိုက်ကို အကိရိယသမုဋ္ဌာန် အာပတ်စွမ်းဖြင့် သိအပ်၏။ မလွန်ကျူးလျှင် မနောသုစရိုက်မည်၏။ ဤကား ပဏ္ဏတ္တိကထာတည်း။

ပါဏာတိပါတ စသော စေတနာသုံးခုသည် ကာယဒွါရ၌ဖြစ် သောကြောင့် ကာယဒုစရိုက်မည်၏။ ဝစီဒွါရ၌ဖြစ်သော်လည်း ယေဘုယျနည်း၊ တဗ္ဗဟုလနည်းဖြင့် အမည်ဟောင်းကို မစွန့်၊ မုသာဝါဒစသော စေတနာ လေးခုသည် ကာယဒွါရ၌ ဖြစ်သော်လည်း ဝစီဒုစရိုက်သာ မည်၏။

အဘိဇ္ဈာ, ဗျာပါဒ, မိစ္ဆာဒိဋ္ဌိတို့သည် မနောကံဖြစ်သော စေတနာနှင့်ယှဉ်သော ကြောင့် မနောဒုစရိုက်မည်၏။ ကာယကံ ဝစီကံ စေတနာနှင့်ယှဉ်သော အဘိဇ္ဈာတို့ကား ထိုထို ယှဉ်သောကံ၏ အသင်းဝင်ဖြစ်ကုန်၏။ (ဝါ) အဗ္ဗောဟာရိက - မပြောဆိုလောက်ဖြစ်ကုန်၏။

ပါဏာတိပါတ စသည်မှ ရှောင်ကြဉ်သူ၏ စေတနာ သုံးခုသည် လည်းကောင်း၊ ရှောင်ခြင်း ဝိရတိတို့သည် လည်းကောင်း၊ ကာယ သုစရိုက်မည်၏။ ကိုယ်ဖြင့် သိက္ခာပုဒ် ဆောက်တည်သောအခါ သီလသည် ကာယသုစရိုက် ဖြစ်ခြင်း၌ ဆိုဘွယ်မရှိ။ ကာယသုစရိုက် ဖြစ်ခြင်း ထင်ရှား၏။

မုသာဝါဒ စသည်မှ ရှောင်ကြဉ်သောသူ၏ စေတနာလေးခုသည်လည်းကောင်း၊ ဝိရတိတို့သည်လည်းကောင်း၊ ဝစီသုစရိုက် မည်၏။ အနဘိဇ္ဈာ, အဗျာပါဒ, သမ္မာဒိဋ္ဌိ သုံးပါး တို့သည် မနောကံ စေတနာနှင့်ယှဉ်သောကြောင့် မနော သုစရိုက်မည်၏။ ဤကား ကမ္မပထကထာတည်း။)]

၄- စတုက္က -၇၁

၃၂၄။ စတုက္က ၆။

မိမိစကားဖြင့်ရောက်၍ သူတပါးစကားဖြင့် ထသောအာပတ်၊
သူတပါးစကားဖြင့် ရောက်၍ မိမိစကားဖြင့် ထသောအာပတ်၊
မိမိစကားဖြင့်ရောက်၍ မိမိ စကားဖြင့်ထသောအာပတ်၊
သူတပါး စကားဖြင့်ရောက်၍ သူတပါးစကားဖြင့် ထသောအာပတ်။

ကိုယ်ဖြင့် ရောက်၍ နှုတ်ဖြင့်ထသောအာပတ်၊
နှုတ်ဖြင့် ရောက်၍ ကိုယ်ဖြင့်ထသောအာပတ်၊
ကိုယ်ဖြင့် ရောက်၍ ကိုယ်ဖြင့်ထသော အာပတ်၊
နှုတ်ဖြင့်ရောက်၍ နှုတ်ဖြင့် ထသောအာပတ်။

အိပ်ခိုက်ရောက်၍ နိုးခိုက်ထသောအာပတ်၊
နိုးခိုက်ရောက်၍ အိပ်ခိုက်ထသော အာပတ်၊
အိပ်ခိုက်ရောက်၍ အိပ်ခိုက်ထသောအာပတ်၊
နိုးခိုက်ရောက်၍ နိုးခိုက် ထသောအာပတ်။

အစိတ္တကဖြင့်ရောက်၍ သစိတ္တကဖြင့်ထသောအာပတ်၊
သစိတ္တကဖြင့်ရောက်၍ အစိတ္တကဖြင့်ထသောအာပတ်၊
အစိတ္တကဖြင့်ရောက်၍ အစိတ္တကဖြင့်ထသောအာပတ်၊
သစိတ္တကဖြင့်ရောက်၍ သစိတ္တကဖြင့်ထသော အာပတ်။

အာပတ်တစ်ခုသို့ရောက်လျက် တစ်ခုကိုကြား၏။
တစ်ခုကြားလျှက် တစ်ခုသို့ရောက်၏။
တစ်ခုသို့ရောက်လျှက် တစ်ခုမှထ၏။
တစ်ခုမှထလျှက် တစ်ခုသို့ရောက်၏။

ကမ္မဖြင့်ရောက်၍ အကမ္မဖြင့်ထသောအာပတ်၊
အကမ္မဖြင့် ရောက်၍ ကမ္မဖြင့်ထသောအာပတ်၊
ကမ္မဖြင့်ရောက်၍ ကမ္မဖြင့်ထသောအာပတ်၊
အကမ္မဖြင့်ရောက်၍ အကမ္မဖြင့် ထသောအာပတ်။ ၆

[ပဒသောဓမ္မပို့ချ၍ တိဏဝတ္ထာရကသမထ ပြုရာသို့သွားသော သူသည် မိမိစကားဖြင့် အာပတ်သို့ရောက်၏။ သူတပါး၏ကမ္မဝါစာ စကားဖြင့် အာပတ်မှထ၏၊

ယုတ်မာသောအယူကို မစွန့်လျှင် သူတပါး၏ ကမ္မဝါစာ စကားဖြင့် အာပတ်သို့ရောက်၏။ တပါးပါးထံ ဒေသနာ ကြားလျှင် မိမိစကားဖြင့်ထ၏။

ပဒသောဓမ္မပို့ချ၍ ဒေသနာကြားလျှင် မိမိစကားဖြင့်ရောက်၏။ မိမိစကားဖြင့်ထ၏။

ယာဝတတိယက သံဃာဒိသေသ်ကို ဝတ်စောင့်၍ အဗ္ဘန်သွင်းလျှင် သူတပါးစကားဖြင့် ရောက်၏။ သူတပါးစကားဖြင့်ထ၏။

ကာယဒွါရိကအာပတ်သို့ရောက်၍ ဒေသနာကြားအံ့ ကိုယ်ဖြင့်ရောက်၍ နှုတ်ဖြင့်ထ၏။

ဝစီဒွါရိကအာပတ်သို့ ရောက်၍ တိဏဝတ္ထာရကသို့သွားအံ့ နှုတ်ရောက်-ကိုယ်ထ၊

ကာယဒွါရိက အာပတ်သို့ရောက်၍ တိဏဝတ္ထာရကသို့သွားအံ့ ကိုယ်ရောက်- ကိုယ်ထ၊

ဝစီဒွါရိကအာပတ်သို့ရောက်၍ ဒေသနာကြားအံ့ နှုတ်ရောက်-နှုတ်ထ။

သံဃိကညောင်စောင်းကို မိမိ၏အခင်းမခင်းဘဲ အိပ်အံ့၊ ကိုယ်ထိရာ၌ အမွှေးအရေအတွက် အာပတ်သို့ ရောက်၏။ ထိုအာပတ်မျိုး သဟသေယျ အာပတ်မျိုးတို့သို့ အိပ်ခိုက် ရောက်၏၊ နိုး၍ သိ၍ ဒေသနာကြားအံ့ နိုးခိုက် ထ၏၊

နိုးခိုက် အာပတ် တစ်ခုသို့ရောက်၍ တိဏဝတ္ထာရကကံပြုရာ၌ သွား၍အိပ်နေအံ့ နိုးရောက် အိပ်ထ၊ နောက်နှစ်ပုဒ်ကို နည်းယူ၍ သိအပ်၏။

အစိတ္တကအာပတ်သို့ရောက်၍ ဒေသနာကြားလျှင် အစိတ္တကရောက် သစိတ္တကထ၏။

သစိတ္တကအာပတ်သို့ရောက်၍ တိဏထံ၌ သွား၍ အိပ်နေလျှင် သစိတ္တကရောက်- အစိတ္တကထ၏။ အကြွင်းကို နည်းယူ၍ သိအပ်၏။

ရဟန်းနှစ်ပါးတို့သည် ဝိကာလဘောဇန လွန်ကျူး၍ ဝတ္ထုတူ သဘာဂပါစိတ်သို့ရောက်၍ ထို့နောက်အချင်းချင်း ဒေသနာကြားသောအခါ ထိုသဘာဂပါစိတ်ကို ကြားနေစဉ်အခိုက်တွင် အသစ်ဒုက္ကဋ် တစ်ခုသို့ရောက်လျက် အဟောင်းပါစိတ်ကိုကြားခြင်းလည်းဖြစ် ၁။

အဟောင်း ပါစိတ်ကြားလျက် အသစ်ဒုက္ကဋ်သို့ရောက်ခြင်းလည်းဖြစ်၏ ၂။

အသစ် ဒုက္ကဋ်သို့ရောက်လျက် အဟောင်းပါစိတ်မှထခြင်းလည်း ဖြစ်၏ ၃။

အဟောင်း ပါစိတ်မှထလျှက် အသစ်ဒုက္ကဋ်သို့ ရောက်ခြင်းလည်း ဖြစ်၏ ၄။

ဤသို့ ပုဂ္ဂိုလ်တစ်ယောက်တည်း၏ တစ်ကြိမ်တည်း ပယောဂ ကိုရည်၍ ဤစတုက္ကကိုဟောသည်။

ယုတ်မာသောအယူကိုမစွန့်ခြင်းကြောင့် ပါစိတ်သို့ ကမ္မဖြင့် ရောက်၏၊ ဒေသနာကြားလျှင် အကမ္မဖြင့်ထ၏။

သုက္ကဝိဿဋ္ဌိအာပတ် သို့ရောက်၍ ဝုဋ္ဌာနဂါမ်ပြုလျှင် အကမ္မဖြင့်ရောက်- ကမ္မဖြင့်ထ၏၊

သမနု ဘာသန သံဃာဒိသေသ်ကား ကမ္မဖြင့်ရောက်- ကမ္မဖြင့် ထ၏။

အကြွင်းသည် အကမ္မဖြင့်ရောက်- အကမ္မဖြင့်ထ၏။]

(ဇီဋီ။ ။ (သဟသေယျမျိုးတို့သို့) အိပ်ခိုက်ဟူသော စကားကို အများအားဖြင့်ဆိုသည်၊ တစ်နည်း လျောင်းခိုက်ဟု အနက်ယူအပ်၏။)

စတုက္က ၉

အနရိယ ဝေါဟာရ လေးပါး -- မမြင်ဘဲ မြင်၏ ဆိုခြင်း၊ မကြားဘဲ ကြား၏ဆိုခြင်း၊ မထိဘဲ ထိ၏ဆိုခြင်း၊ မသိဘဲ သိ၏ဆိုခြင်း။

အရိယဝေါဟာရလေးပါး -- မမြင်၌ မမြင် ဆိုခြင်း၊ မကြား၌ မကြားဆိုခြင်း၊ မထိ၌ မထိဆိုခြင်း၊ မသိ၌ မသိဆိုခြင်း။

ထို့ပြင် အနရိယ ဝေါဟာရလေးပါး -- အမြင်၌ မမြင်ဆိုခြင်း၊ အကြား၌ မကြား ဆိုခြင်း၊ အထိ၌ မထိဆိုခြင်း၊ အသိ၌ မသိဆိုခြင်း။

ထို့ပြင် အရိယဝေါဟာရ လေးပါး -- အမြင်၌ အမြင်ဆိုခြင်း၊ အကြား၌ အကြားဆိုခြင်း၊ အထိ၌ အထိဆိုခြင်း၊ အသိ၌ အသိဆိုခြင်း။

ဘိက္ခုပါရာဇိကလေးပါးသည် ဘိက္ခုနီတို့ နှင့် ဆက်ဆံ၏။ ၅

ဘိက္ခုနီပါရာဇိက လေးပါးသည် ဘိက္ခုတို့နှင့် မဆက်ဆံ။

ပရိက္ခရာ လေးမျိုး --
စောင့်ရှောက်လုံစေအပ်၊ မြတ်နိုးအပ်၊ သုံးဆောင်အပ်သော ပရိက္ခရာ (မိမိ)။
စောင့်ရှောက်လုံစေအပ်၊ မြတ်နိုးအပ်၊ မသုံးဆောင်အပ်သော ပရိက္ခရာ(သံဃိက)။
စောင့်ရှောက်လုံစေအပ်၊ မမြတ်နိုးအပ်၊ မသုံးဆောင်အပ်သောပရိက္ခရာ (စေတိယ)။
မစောင့်ရှောက်မလုံစေအပ်၊ မမြတ်နိုးအပ်၊ မသုံးဆောင်အပ်သော ပရိက္ခရာ(ဂိဟီ)။

မျက်မှောက်ရောက်၍ မျက်ကွယ် ထသောအာပတ်၊
မျက်ကွယ်ရောက်၍ မျက်မှောက်ထသော အာပတ်၊
မျက်မှောက်ရောက်၍ မျက်မှောက်ထသော အာပတ်၊
မျက်ကွယ်ရောက်၍ မျက်ကွယ်ထသော အာပတ်။

မသိခိုက်ရောက်၍ သိခိုက်ထသော အာပတ်၊
သိခိုက်ရောက်၍ မသိခိုက်ထသော အာပတ်၊
မသိခိုက်ရောက်၍ မသိခိုက်ထသော အာပတ်၊
သိခိုက်ရောက်၍ သိခိုက်ထသော အာပတ်။ ၄

[ပရိက္ခရာ စတုက္က၌ ပဌမသည် မိမိပရိက္ခရာဖြစ်၏၊ ဒုတိယသည် သံဃိကဖြစ်၏ မသုံးဆောင်အပ်၊ တတိယသည် စေတိယ သန္ထကဖြစ်၏။ စောင့်ရှောက်ရုံ စောင့်ရှောက်အပ်၏။ စတုတ္ထသည် လူတို့၏ ပရိက္ခရာဖြစ်၏။ စောင့်ရှောက်ခြင်းမျှပင်မပြုအပ်။ ထိုလူ၏ ပရိက္ခရာကို သပိတ် သင်္ကန်း နဝကမ္မ ဆေး စသည် အလို့ငှါ ဆောင်ယူ လာသည်ဖြစ်အံ့ သံကောက်ကို ပေးခြင်းငှါ လည်းကောင်း၊ အတွင်း၌ ထားစေခြင်းငှါ လည်းကောင်း အပ်၏။

မျက်မှောက်စတုက္က၌ ယုတ်မာသော အယူမစွန့်သော ပါစိတ်သို့ သံဃာ့မျက်မှောက် ရောက်၏၊ ဒေသနာ ကြားသောအခါ သံဃာ့မျက် ကွယ်ထ၏။

ဝိဿဋ္ဌိစသည်ကား သံဃာ့မျက်ကွယ်ရောက်-မျက်မှောက် ထ၏။

သမနုဘာသနသံဃာဒိသေသ်ကား သံဃာ့မျက်မှောက်ရောက်- မျက်မှောက်ထ၏။

သမ္ပဇာနံမုသာဝါဒစသည်ကား သံဃာ့မျက်ကွယ်ရောက် - မျက်ကွယ်ထ၏။

မသိခိုက်စတုက္ကကသည် အစိတ္တကစတုက္က နှင့်တူ၏။

(သာဋီ။ ။ အရိယာမဟုတ်သော လာမက ပုထုဇဉ်တို့၏စကားသည် အနရိယဝေါဟာရမည်၏။

အရိယာ သပ္ပုရိသတို့၏ စကားသည် အရိယဝေါဟာရမည်၏။

ဒိဋ္ဌိမယာတိ ဧဝံဝါဒိတာ - ဒိဋ္ဌဝါဒိတာ - ပြင်သည်ဟုဆိုခြင်း စကားရ၏။ ဤ၌ ထိုထိုစကားကိုဖြစ်စေသော စေတနာစွမ်းဖြင့် အနက်ကို သိအပ်၏။

ဝိဋီ … သံကောက်ကိုပေးခြင်းငှါ ဟူသည် တိုက်ခန်းကို ဖွင့်၍ အတွင်း၌ ပရိက္ခရာထားခြင်းငှါ ဖွင့်ရာသော့ကို ပေးခြင်း ဖြစ်၏။

သံဃာအလို့ငှါ ဆောင်လာသော ပရိက္ခရာကို ကိုယ်တိုင်သော်လည်း အတွင်း၌ သိမ်းဆည်းခြင်းငှါ အပ်၏။ ထို့ကြောင့် အတွင်း၌ ထားစေခြင်းငှါ - ဟုဆိုသည်။)]

စတုက္က ၆

အာပတ်သို့ရောက်ကြောင်းလေးပါး -- ကာယကြောင့်၊ - ဝါစာကြောင့်၊ ကာယဝါစာကြောင့်၊ ကမ္မဝါစာကြောင့်။

ထို့ပြင်လေးပါး -- သံဃာ့အလယ်၊ ဂဏအလယ်၊ ပုဂ္ဂလထံ၊ လိင်ပြန်ခြင်းကြောင့်။ အာပတ်မှထကြောင်းလေးပါး ကာယ၊ ဝါစာ၊ ကာယဝါစာ၊ ကမ္မဝါစာကြောင့်။

ထို့ပြင်လေးပါး -- သံဃာ့အလယ်၊ ဂဏအလယ်၊ ပုဂ္ဂလထံ၊ လိင်ပြန်ခြင်းကြောင့်၊

လိင်သစ်ရသည်နှင့်တကွ ထိုရဟန်းအား ပုရိမလိင်ကိုစွန့်၏ ပစ္ဆိမထိုလိင်၌ တည်၏။ ဝိညတ်ကိုငြိမ်းကုန်၏။ ပညတ်တို့လည်း ချုပ်ကုန်၏။

လိင်သစ်ရသည်နှင့်တကွ ထိုဘိက္ခုနီအား ပစ္ဆိမလိင်ကိုစွန့်၏။ ပုရိမလိင်၌တည်၏။ ဝိညတ်တို့ငြိမ်းကုန်၏။ ပညတ်တို့လည်း ချုပ်ကုန်၏။ ၆

[လိင်ပြန်ခြင်းကြောင့် အာပတ်သင့်ခြင်းကား ဘိက္ခုဖြစ်စေ၊ ဘိက္ခုနီဖြစ်စေ အပေါင်းအဖော်တို့နှင့် တစ်မိုး တစ်ရံတည်း အိပ်ပျော်စဉ် လိင်ပြန်အံ့ သဟသေယျ ပါစိတ်သင့်၏။ ထပုံကား - အသာဓာရဏအာပတ်တို့သည် လိင်ပြန်ခြင်းကြောင့် အနာပတ္တိဖြစ်ကုန်၏။။

ရသည်နှင့်တကွ ဟူသော စတုက္က၌ ပုရိမလိင်သည် ပုရိသလိင်ဖြစ်၏။ ပဋ္ဌမဖြစ်သောကြောင့်လည်းကောင်း၊ သေဋ္ဌဘာဝကြောင့် လည်းကောင်း ပုရိမမည်၏။ ဘိက္ခုအားလိင်ပြန်သောအခါ ပုရိသလိင်ကိုစွန့်၏။ ပစ္ဆိမ မည်သော ဣတ္ထိလိင်၌တည်၏။ ပုရိသကုတ္တ - ယောက်ျားအပြုအမူ၊ ပုရိသာကာရ - ယောက်ျားအခြင်းအရာ စသည် စွမ်းဖြင့်ဖြစ်သော ကာယဝိညတ်၊ ဝစီဝိညတ်တို့သည် ငြိမ်းကုန်၏။ ဘိက္ခု၊ ပုရိသဟူသော အမည်ပညတ်တို့သည် ချုပ်ကုန်၏။ ဘိက္ခုနီတို့နှင့် မဆက်ဆံသော ၄၆-ခုသော ဘိက္ခာပုဒ်တို့ဖြင့် အနာပတ္တိသာ ဖြစ်၏။

ဒုတိယစတုက္က၌ ဣတ္ထိလိင်္ဂသည် နောက်၌ ဖြစ်ခြင်းကြောင့် လည်းကောင်း၊ တိနဘာဝကြောင့်လည်းကောင်း ပစ္ဆိမ မည်၏။ ဘိက္ခုနီ လိင်ပြန်သောအခါ ပစ္ဆိမ မည်သော ဣတ္ထိလိင်ကို စွန့်၏။ ပုရိမမည်သော ပုရိသလိင်၌ တည်၏။ ဣတ္ထိကုတ္တဣတ္ထိအာကာရ စသည်စွမ်းဖြင့်ဖြစ်သော ဝိညတ်တို့သည် ငြိမ်းကုန်၏။ ဘိက္ခုနီ၊ ဣတ္ထိ - ဟူသော အမည်ပညတ်တို့လည်း ချုပ်ကုန်၏။ ဘိက္ခုတို့နှင့် မဆက်ဆံသော ၁၃၀ သောသိက္ခာပုဒ်တို့ဖြင့် အနာပတ္တိသာ ဖြစ်၏။

(ဋီတို့၌ … ပဋ္ဌမကပ္ပိက - အာဒိကပ္ပိက ဟူသော ကမ္ဘာဦးတို့၌ ရှေးဦးစွာ ပုရိသလိင်ဖြစ်၏။ ထို့ကြောင့် ပဋ္ဌမဖြစ်သောကြောင့်လည်းကောင်းဟု ဆိုသည်။)

(သမထချန်၍ ဘိက္ခုပါတိမောက်သိက္ခာပုဒ် ၂၂၀ တို့တွင် ၄၆ သည် ဘိက္ခုနီတိုနှင့် မဆက်ဆံ၊
ဘိက္ခုနီပါတိမောက် ၃၈၄ တို့တွင် ၁၃၀ သည် ဘိက္ခု တို့နှင့် မဆက်ဆံ၊ ၁၇၄ - သာဆက်ဆံ၏။ သမထ ၇ - ပါး လည်းဆက်ဆံ၏။
ဆက်ဆံ ၁၈၁ နှင့် မဆက်ဆံ ၁၇၆ = ပေါင်း ၃၅၇။)]

စတုက္က ၁၅ - ခု

စောဒနာလေးမျိုး --
သီလဝိပတ္တိဖြင့် စောဒနာ၏။
အာစာရဝိပတ္တိဖြင့် စောဒနာ၏。
ဒိဋ္ဌိဝိပတ္တိဖြင့် စောဒနာ၏。
အာဇီဝဝိပတ္တိဖြင့် စောဒနာ၏ ။

ပရိဝါသ်လေးမျိုး -- ပဋိစ္ဆန္နပရိဝါသ်အပ္ပဋိစ္ဆန္နပရိဝါသ်သုဒ္ဓန္တပရိဝါသ်သမောဓာနပရိဝါသ်။။

မာနတ်လေးမျိုး -- ပဋိစ္ဆန္နမာနတ်အပ္ပဋိစ္ဆန္နမာနတ်ပက္ခမာနတ်သမောဓာနမာနတ်

မာနတ် ညဥ့်ပျက်ကြောင်း လေးပါး --
သဟဝါသ - တစ်မိုးတည်း အိပ်ခြင်း၊
ပတတတ်နှင့် အရုဏ်ကင်းခြင်း၊
အနာရောစနာ - မာနတ်မကြားခြင်း၊
ဦနေဂဏေစရတိ - လေးပါးအောက်ယုတ်သောဂဏ၌ မာနတ်ကျင့်ခြင်း၊ ဝါ-ကြားခြင်း။

သာမုက္ကံသ ဟူသော − မဟာပဒေသလေးပါး။ ၅

ပဋိဂ္ဂဟိတ ပရိဘောဂ - အကပ်ခံ၍ မျိုအပ်သောပရိဘောဂလေးပါး --
ယာဝတာလိက - မွန်းတည့်ကာလတွင်း မျိုအပ်သောအစာ၊
ယာမကာလိက - ပစ္ဆိမယာမအတွင်း မျိုအပ်သောအစာ၊
သတ္တာဟကာလိယ - ခုနစ်ရက်အတွင်း မျိုအပ်သောအစာ၊
ယာဝဇီဝိက - တသက်လုံး မျိုအပ်သောအစာ။

မဟာဝိကဋ - ဆေးကြီး လေးမျိုး -- ဂုတ - ကျင်ကြီး၊ မုတ္တ - ကျင်ငယ်၊ ဆာရိကာ - ပြာ၊ မတ္တိကာ - မြေကြီး၊။

ကံလေးပါး -- အပလောကနကံဉာတ္တိတံဉာတ္တိဒုတိယကံဉာတ္တိစတုတ္ထကံ

ထို့ပြင်လေးပါး - အဓမ္မဝဂ္ဂကံအဓမ္မသမဂ္ဂကံဓမ္မဝဂ္ဂကံဓမ္မသမဂ္ဂကံ

ဝိပတ္တိလေးပါး - သီလဝိပတ္တိအာစာရဝိပတ္တိဒိဋ္ဌိဝိပတ္တိအာဇီဝဝိပတ္တိ။ ၅

အဓိကရုဏ်းလေးပါး - ဝိဂါဒါဓိကရုဏ်းအနုဝါဒါဓိကရုဏ်းအာပတ္တာဓိကရုဏ်းကိစ္စာဓိကရုဏ်း။။

ပရိသဒူသန- ပရိသတ်ဖျက်ဆီးသူ လေးယောက်-
ဘိက္ခုဒုဿီလ၊ ဘိက္ခုနီဒုဿီလ၊ ဥပါသက ဒုဿီလ၊ ဥပါသိကာဒုဿီလ။

ပရိသသောဘဏ- ပရိသတ်၌ တင့်တယ်သူ လေးယောက်--
ဘိက္ခုသီလပန္တ၊ ဘိက္ခုနီသီလဝန္တ၊ ဥပါသကသီလဝန္တ၊ ဥပါသိကာ သီလဝန္တ။

အာဂန္တုသာ ရောက်သောအာပတ်၊
အာဝါသိကသာ ရောက်သော အာပတ်၊
အာဂန္တုအာဝါသိက နှစ်ဦးလုံး ရောက်သောအာပတ်၊
နှစ်ဦးလုံး မရောက်သောအာပတ်။

ဂမိကသာရောက်သောအာပတ်၊
အာဝါသိကသာ ရောက်သော အာပတ်၊
နှစ်ဦးလုံးရောက်သောအာပတ်၊
နှစ်ဦးလုံးမရောက်သော အာပတ်။ ၅

[သာမုက္ကံသ ဟူသည် မဟာပဒေသလေးပါးတည်း၊ ဝတ္ထု၊ ကြောင်းအင်မရှိဘဲ ဘုရားရှင် ကိုယ်တော်တိုင် ချီးမြှောက်၍ ဟောကြား ထားသောကြောင့် သာမုက္ကံသတို့ မည်ကုန်၏။ သယံ + ဥက္ကံသိက္ခာ - ဥက္ခိပိတွာ + ထပိယန္တိ

ပဋိဂ္ဂဟိတ ပရိဘောသည် အဇ္ဈောဟရဏီယ ပရိဘောဂတို့ဖြစ်ကုန်၏။

ဥဒကသည် ကလိက လေးပါးမှ လွတ်၏။ ထို့ကြောင့် အကပ်မခံဘဲအပ်၏။ (မြူကင်းသော ရေကိုဆိုသည်။)

ယာဝကာလိက စသည်တို့ကား အကပ်မခံလျှင် မျိုခြင်းငှါ မအပ်ကုန်။

မဟာဝိကဋ ဆေးကြီးလေးမျိုးသည် ကာလောဒိဿ ဖြစ်၏။ မြွေကိုက်သောအခါတို့၌ အပ်ကုန်၏။

ဥပါသက သီလဝန္တ ဟူသည် ငါးပါးသီလ၊ ဆယ်ပါးသီလကို လုံခြုံစေသူဖြစ်၏။

ထီး၊ ဘိနပ်နှင့်တကွ ဦးခေါင်း ခြုံလျက် ကျောင်းသို့ဝင်အံ့၊ ထိုကျောင်း၌သော်လည်း လှည့်လည်အံ့ အာဂန္တု သာလျှင် အာပတ်သို့ရောက်၏။ (နေစရာ အာဝါသ ရပြီးမှ အာဝါသိက ဖြစ်သည်၊ ထိုအခါမှစ၍ အာဂန္တုကဝတ်ကို ပြုဘွယ်မရှိ။) အာဝါသိက ဝတ်ကိုမပြုအံ့ - အာဝါသိကသည် အာပတ်သို့ရောက်၏။ ကြွင်းသော ကာယဝစီဒွါရိက အာပတ်သို့ နှစ်ဦးလုံး ရောက်နိုင်၏။ အသာဓာရဏ အာပတ်သို့ နှစ်ဦးလုံး မရောက်နိုင်။

ဂမိယဝတ်ကို မဖြည့်ကျင့်ဘဲသွားလျှင် ဂမိကအာပတ်အာဝါသိကဝတ်ကိုမပြုလျှင် အာဝါသိကအာပတ်၊ အကြွင်း နှစ်ဦးလုံး အာပတ်၊ အသာဓာရဏ - နှစ်ဦးလုံးမရောက်သောအာပတ်။]

စတုက္က -၈

ဝတ္ထုသာထူး၍ အာပတ်မထူး၊
အာပတ်သာထူး၍ ဝတ္ထုမထူး၊
ဝတ္ထုလည်းထူး အာပတ်လည်းထူး၊
ဝတ္ထုလည်းမထူး အာပတ်လည်းမထူး။

ဝတ္ထုသာသဘောတူ၍ အာပတ် သဘောမတူ၊
အာပတ်သာ သဘောတူ၍ ဝတ္ထု သဘောမတူ၊
ဝတ္ထုလည်း သဘောတူ အာပတ်လည်းသဘောတူ၊
ဝတ္ထုလည်း သဘောမတူ အာပတ်လည်း သဘောမတူ။။

ဥပဇ္ဈာယ်သာရောက်သော အာပတ်၊
သဒ္ဓိဝိဟာရိကသာ ရောက်သောအာပတ်၊
နှစ်ဦးလုံးရောက်သောအာပတ်၊
နှစ်ဦးလုံးမရောက်သော အာပတ်။

အာစရိယသာ ရောက်သောအာပတ်၊
အန္တေဝါသိကသာ ရောက်သော အာပတ်၊
နှစ်ဦးလုံး ရောက်သောအာပတ်၊
နှစ်ဦးလုံး မရောက်သောအာပတ်။

လေးပါးသောအကြောင်းကြာင့် ဝါဖြတ်သူအား အနာပတ္တိ -
သံဃာသည်ကွဲ၏။ သံဃာကိုခွဲလိုကုန်၏။ အသက်အန္တရာယ်ဖြစ်၏။ သာသနာ အန္တရာယ်ဖြစ်၏။

ဝစီဒုစရိုက်လေးပါး - မုသာဝါဒပိသုဏဝါစာဖရုသဝါစာသမ္ဖပ္ပလာပ

ဝစီသုစရိုက်လေးပါး- သစ္စဝါစာအပိသုဏဝါစာသဏှဝါစာမန္တဘာသာ ပညာဖြင့်ဆိုသော အသမ္ဖပ္ပလာပ

ယူသူ ဂရုက အာပတ် --
ယူသူဂရုက အာပတ် - တိုက်တွန်းသူ လဟုကအာပတ်၊
ယူသူလဟုက- တိုက်တွန်းသူဂရုက
ယူသူလည်း ဂရုက တိုက်တွန်းသူလည်း ဂရုက
ယူသူလည်းလဟုက - တိုက်တွန်းသူလည်း လဟုက။ ၈

[ပါရာဇိကလေးပါးသည် ဝတ္ထုသာထူးသည် အာပတ် မထူး - ပါရာဇိကသာတည်း။ သံဃာဒိသေသ် စသည် တို့၌လည်း ဤနည်းတည်း။

ဘိက္ခုနှင့် ဘိက္ခုနီ အချင်းချင်း ကာယသံသဂ္ဂပြုအံ့ ဘိက္ခုအား သံဃာဒိသေသ်၊ ဘိက္ခုနီအား ပါရာဇိက၊ အာပတ်သာထူး၍ ဝတ္ထုမထူး။

လသုဏ- ကြက်သွန်စားရာ၌လည်း ဘိက္ခုနီအားပါစိတ်၊ ဘိက္ခုအား ဒုက္ကဋ်။ ဤနည်းတည်း။

ပါရာဇိကနှင့် သံဃာဒိသေသ် တို့သည် ဝတ္ထုလည်းထူး - အာပတ်လည်းထူး၏။ သံဃာဒိသေသ်နှင့် အနိယတ စသည်တို့အတူတည်း။

အစပါရာဇိက လေးပါးတို့သို့ အတူ ရောက်လျှင် ဘိက္ခုအားလည်းကောင်း၊ ဘိက္ခုနီအားလည်းကောင်း ဝတ္ထု လည်းမထူး၊ အာပတ်လည်းမထူး။

အသီးသီးရောက်သော်လည်း ကြွင်းသော သာဓာရဏအာပတ်တို့၌လည်း တူသည်သာတည်း။

ဘိက္ခုနှင့် ဘိက္ခုနီတို့၏ ကာယသံသဂ္ဂ၌ ဝတ္ထုသာ သဘောတူ၍ အာပတ်သဘောမတူ၊
ပါရာဇိကလေးပါး၌ အာပတ်သာ သဘောတူ၍ ဝတ္ထုသဘောမတူ၊
ဘိက္ခုနှင့် ဘိက္ခုနီတို့၏ (သာဓာရဏ) ပါရာဇိကလေးပါး၌ ဝတ္ထုလည်းသဘောတူ၊ အာပတ်လည်းသဘောတူ၊
သာဓာရဏအားလုံး၌ ထို့အတူတည်း၊
အသာဓာရဏအာပတ်၌ ဝတ္ထုလည်း သဘောမတူ၊ အာပတ်လည်း သဘောမတူ။

ယခင်စတုက္က၌ ပဋ္ဌမပညာသည် ဤစတုက္က၌ ဒုတိယဖြစ်၏။
ယခင်၌ ဒုတိယသည် ဤ၌ ပဋ္ဌမဖြစ်၏၊
တတိယနှင့် စတုတ္ထတို့၌ အကြောင်းထူးမရှိ။

သဒ္ဓိဝိဟာရိကအား ပြုသင့်သော ဝတ်မပြုလျှင် ဥပဇ္ဈာယ်သာ အာပတ် သို့ရောက်၏။ သဒ္ဓိဝိဟာရိကမရောက်၊ ဥပဇ္ဈာယ်ပြုသင့်သော ဝတ်မပြုလျှင် သဒ္ဓိဝိဟာရိကသာ ရောက်၏။ ဥပဇ္ဈာယ်မရောက်၊ အကြွင်း နှစ်ဦးလုံး ရောက်၏။ အသာဓာရဏ- နှစ်ဦးလုံး မရောက်။ အာစရိယစတုက္က၌လည်း ဤနည်းတည်း။

တစ်မတ်၊ တစ်မတ်ထက် အလွန်ကို ကိုယ်တိုင်ယူလျှင် ယူသူ ဂရုကသို့ ရောက်၏။ တစ်မတ် အောက်ကို ယူလောဟုစေခိုင်းလျှင် တိုက်တွန်းသူ လဟုကသို့ရောက်၏။ ဤနည်းဖြင့် အကြွင်းသုံးခုသိအပ်၏။]

(ဇီဋီ။ ။ မန္တဘာသာတိ မထိယာဘာသိ

သာဋီ။ ။ ဝါဖြတ်သူအား အနာပတ္တိဟူသည်၌ ဝါဖြတ်ခြင်းကြောင့် အာပတ္တိမရှိ၊ ထို၏အကြောင်းလေးပါးတည်း။

မန္တာဘာသာဟူသည် ပညာဖြင့်စူးစမ်း၍ ဆိုသောကြောင့် အသပ္ပလာပဝါစာကို မန္တာဘာသာဟုဆိုသည်။

ဝိဋီ။ ။ ဝါဖြတ်သူသာ အနာပတ္တိဟူသည် ဝါဖြတ်ခြင်းနှင့်စပ်သော အနာပတ္တိဖြစ်၏။

မန္တာဘာသာတိ မန္တာယ ပညာယ ကထနံ။)

စတုက္က ၆

ရှိခိုးခြင်းငှါထိုက်၍ ခရီးဦး မကြိုဆိုထိုက်သူ (နေရာမှထ၍ မကြိုဆိုအပ်ဟူလို။)
ခရီးဦးကြိုဆိုထိုက်၍ ရှိခိုးမထိုက်သူ၊
ရှိခိုးလည်းထိုက်၍ ခရီးဦးလည်း ကြိုဆိုတိုက်သူ၊
ရှိခိုးလည်း မထိုက် ခရီးဦးလည်း မကြိုဆိုထိုက်သူ။

နေရာသာပေးထိုက်၍ ရှိခိုးမထိုက်သူ၊
ရှိခိုးထိုက်၍ နေရာမပေးထိုက်သူ၊
နေရာလည်းပေးထိုက်၍ ရှိခိုးလည်းထိုက်သူ၊
နေရာလည်းမပေးထိုက် ရှိခိုးလည်းမထိုက်သူ။

နံနက်ကာလ၌သာရောက်၍ နေလွဲကာလ၌ မရောက်သောအာပတ်၊
နေလွဲ၌သာ ရောက်၍ နံနက်၌မရောက်သော အာပတ်၊
နံနက်လည်းကောင်း၊ နေလွဲ လည်းကောင်း ရောက်သောအာပတ်၊
နံနက် နေလွဲ မရောက်သောအာပတ်။

အကပ်ခံပြီးလျှင် နံနက်သာအပ်သည် - နေလွဲမအပ်သော အာမိသ၊
နေလွဲသာ အပ်သည် နံနက်မအပ်သော အာမိသ၊
နံနက် နေလွဲ အပ်သော အာမိသ၊
နံနက် နေလွဲ မအပ်သော အာမိသ။

ပစ္စန္တရာဇ်၌သာရောက်၍ မဇ္ဈိမ၌ မရောက်သော အာပတ်၊
မဇ္ဈိမ၌သာရောက်၍ ပစ္စန္တရာဇ်၌ မရောက်သော အာပတ်၊
နှစ်ရပ်လုံး၌ ရောက်သောအာပတ်၊
နှစ်ရပ်လုံး၌မရောက်သောအာပတ်။

ပစ္စန္တရာဇ်၌သာအပ်၍ မဇ္ဈိမ၌ မအပ်စသည်။ ၆

[ဘိက္ခုနီတို့အား ဘတ္တဂ္ဂ၌ သီတင်းကြီးစဉ်ဖြင့် ရှစ်ပါးထိုင်ပြီးနောက် နဝမဘိက္ခုနီမှစ၍ ဥပဇ္ဈာယ်မကို သော်လည်း ရှိခိုးခြင်းငှါသာ ထိုက်သည်၊ နေရာမှထ၍ ခရီးဦး မကြိုဆိုထိုက်။

သာမညအားဖြင့် အမှတ်မရှိ မထေရ်ကြီးသည် ဆွမ်းစားဆဲရဟန်း၏ ထ၍ခရီးဦးကြိုဆိုခြင်းကို ထိုက်၏။ ရှိခိုးခြင်းငှါမထိုက်။

ဝါခြောက်ဆယ်ရှိစေကာမူ ပါရိဝါသိက ရဟန်း၏ အနီးသို့ရောက်လာသော ရဟန်းငယ်သည် ရဟန်းပြုစ ဖြစ်သော်လည်း ထ၍ ခရီးဦးကြိုဆိုထိုက်၏။ ရှိခိုးခြင်းငှါ မထိုက်။

မပယ်အပ်သောနေရာတို့၌ သီတင်းကြီးသည် သီတင်းငယ်၏ ရှိခိုးလည်းထိုက်၏။ ခရီးဦးလည်းကြိုဆိုထိုက်၏။

သီတင်းငယ်သည် သီတင်းကြီး၏ ရှိခိုးလည်းမထိုက်၊ ထ၍ ခရီးဦးလည်းမကြိုဆိုထိုက်။

ဝါခြောက်ဆယ်ရှိသော မုပါရိဝါသိက ရဟန်း၏ အနီးသို့ ရောက်လာသော ရဟန်းငယ်သည် ရဟန်းပြုစ ဖြစ်သော်လည်း ထ၍ ခရီးဦးကြိုဆိုထိုက်၏။ ရှိခိုးခြင်းငှါမထိုက်။ (သီတင်းငယ်သည် သီတင်းကြီး၏ နိဿယည်းဆရာ၊ စာချဆရာဖြစ်သော်လည်း ရှိခိုးအပ်သော ဆရာ မဟုတ်ဟု ဥပါလိပဉ္စကဝိဋီ၌ ဆိုလတ္တံ့။)

နေရာပေးထိုက်သော စတုက္က၏ ပဋ္ဌမပုဒ်သည် ယခင်စတုက္က ဒုတိယပုဒ်နှင့်တူ၏။ ဒုတိယပုဒ်သည်လည်း ပဋ္ဌမပုဒ်နှင့်တူ၏။

ပဝါရိတ်သင့်လျက် ဆွမ်းစားလျှင် နံနက်၌သာအာပတ် - နေလွဲ အာပတ် မဟုတ်၊
ဝိကာလဘောဇနအာပတ်သည် နေလွဲအာပတ်ဖြစ်၏။ နံနက် အာပတ်မဟုတ်၊
ကြွင်း- နံနက် နေလွဲအာပတ်၊
အသာဓာရဏ- နံနက် နေလွဲ မရောက်သောအာပတ်။

နံနက်အကပ်ခံသော အာမိသသည် နံနက်၌သာအပ်၏ - နေလွဲမအပ်၊
အဖျော်သည် နေလွဲ၌ အပ်သည်၊ နောက်နေ့ နံနက်မအပ်၊
သတ္တာဟကာလိကယာဝဇီဝိကသည် နံနက်လည်းကောင်း၊ နေလွဲလည်းကောင်းအပ်၏။
မိမိကာလကိုလွန်သော အကပ်ခံပြီးသော ယာဝယာမသတ္တာဟ - သုံးခုသည် လည်းကောင်း၊ အကပ္ပိယမံသ သည်လည်းကောင်း၊ ဥဂ္ဂဟိတက - အကပ်မခံဘဲ ကိုယ်တိုင် ကောက်ယူသော အကပ်ပျက် အာမိသသည် လည်းကောင်း၊ အပ္ပဋိဂ္ဂဟိတက - အကပ်မခံရသေးသော အာမိသသည် လည်းကောင်း၊ နံနက်လည်းမအပ်၊ နေလွဲလည်း မအပ်။

သမုဒြာ၌ သိမ်သမုတ်လျှင် ပစ္စန္တရာဇ် အာပတ်သာ၊ ငါးပါးဖြင့် ရဟန်းပြုပေးလျှင်၊ အထပ်ထပ်ဘိနပ်စီးလျှင်၊ နေ့တိုင်းရေချိုးလျှင်၊ သားရေ အခင်းခင်းလျှင် မဇ္ဈိမအာပတ်သာ၊
ဤလေးပါး ဤအရပ်၌ မအပ်ဟုဆိုလျှင် ပစ္စန္တရာဇ်ဆိုသူ၏ အာပတ်တည်း။ ဤ၌အပ်၏ ဟုဆိုလျှင် မဇ္ဈိမ၌ ဆိုသူ၏ အာပတ်တည်း။
အကြွင်း နှစ်ရပ်လုံးအာပတ်။
အသာဓာရဏ - နှစ်ရပ်လုံးမရောက်သောအာပတ်။

ငါးပါးဖြင့်ရဟန်းပြုပေးခြင်း စသော လေးခုသော ဝတ္ထုသည် ပစ္စန္တရာဇ်၌အပ်၏။

ဤလေးပါးအပ်၏-ဟုပြလိုလျှင်လည်း ပစ္စန္တရာဇ်၌သာ ပြလျှင်အပ်သည်၊ မဇ္ဈိမ၌ပြလျှင်မအပ်။

ဤလေးပါး မအပ်-ဟုပြလိုလျှင် မဇ္ဈိမ၌ ပြမှအပ်သည်၊ ပစ္စန္တရာဇ်ပြလျှင် မအပ်။

အကြွင်းခွင့်ပြုသော ဆားငါးမျိုး စသော အနုညာဟူသမျှသည် - နှစ်ရပ်လုံးအပ်၏၊ မအပ်ဟု ပယ်အပ်သမျှ ပဋိက္ခိတ္တသည် နှစ်ရပ်လုံး မအပ်။]

(ဇီဋီ။ ။ အဝိသေ သေနာတိ ဥပဇ္ဈာယဿ ဣတရဿ ဝါဝိပ္ပကတ ဘောဇနဿ - (ဤဖွင့်ပုံ အသိခက်၏။) ဆွမ်းစား၍ မပြီးသေးသောရဟန်းသည်လည်း နေရာမှထ၍ နေရာကိုပေးအပ်၏ စသည်။

သာဋီ။ ။ အနုဇာနာမိဘိက္ခဝေ ဘတ္တဂ္ဂေ အဋ္ဌန္နံ ဘိက္ခုနီနံ ယထာ ဝုဍ္ဎံ၊ အဝသေသာနံ ယထာဂတိကံ - ဟုဟောတော်မူခြင်းဖြင့် ဆွမ်းစားဇရပ်၌ အစမှ ရှစ်ပါးသီဟင်းကြီးစဉ်ဖြင့် ခွင့်ပြု၏။ အကြွင်းတို့အား ရောက်လာစဉ်ဖြင့် ခွင့်ပြု၏။ ထို့ကြောင့် နဝမဘိက္ခုနီမှစ၍ နောက်မှရောက်လာလျှင် ဥပဇ္ဈာယ် မဖြစ်စေကာမူ ထ၍ ခရီးဦးကြိုဆိုထိုက်သူမဟုတ်၊ ထိုင်နေနှင့်သော ဘိက္ခုနီတို့သည် ဦးခေါင်းကိုချီ၍ ရှိခိုးအပ်သောကြောင့် အဘိဝါဒနာရဟသာ ဖြစ်၏။

ရှစ်ပါးအတွင်းဝင် သီတင်းကြီးဖြစ်မူကား မိမိအောက် ငယ်သူကိုထစေ၍ ထိုင်ခြင်းငှါရ၏။ ထိုထစေသော ဘိက္ခုနီကြီးသည် ရှစ်ပါးတို့က ပြုသော ခရီးဦးကြိုဆိုခြင်းကိုထိုက်၏။ ရှစ်ပါးအောက်ငယ်သူကား ဝါ - ၆ဝ ရစေကာမူ ရောက်လာစဉ်ဖြင့်သာ ထိုင်ခြင်းငှါရ၏။

ဤအရပ်၌ မအပ်ဟုဆိုလျှင် စသည်၌ ပစ္စန္တရာဇ်၌နေ၍ “ဤ၌ မအပ်” ဟု ဆိုသူသည် ဝိနယာတိသာရဒုက္ကဋ်သို့ ရောက်၏။ အပ်သည်ကို မအပ်ဟု ဆိုခြင်းကြောင့် ပညတ်တော်ကို ဖျက်ဆီးသူမည်၏၊

ဝိဋီ။ ။ အနုဇာနာမိဘိက္ခဝေ အဋ္ဌန္နံ ဘိက္ခုနီနံ ယထာ ဝုဍ္ဎံ၊ အဝသေသာနံ ယထာဂတိကံ - ဟု ဟောသောကြောင့် အစရှစ်ပါးတို့ကိုသာ ခရီးဦး ကြိုဆိုအပ်သည်အဖြစ်ကို အပ်၏။

ဤအရပ်၌ မအပ်ဟုဆိုလျှင် စသည်ဖြင့် အပ်သည်ကို မအပ်ဟူ၍လည်းကောင်း၊ မအပ်သည်ကို အပ်သည်ဟူ၍ လည်းကောင်း စေတနာနှင့်တကွဆိုလျှင် နေရာမရွေး ဒုက္ကဋ် ဟုပြသည်။)

စတုက္က ၂၁

အတွင်း၌သာရောက်၍ ပြင်ပ၌ မရောက်သောအာပတ်၊
အပြင်၌သာ ရောက်သောအာပတ်၊
တွင်းပ ရောက်သော အာပတ်၊
တွင်းပ မရောက်သောအာပတ်။

သိမ်တွင်း၌သာရောက်သော အာပတ်။
သိမ်ပ၌သာ စသည် …။

ရွာတွင်း၌သာရောက်သောအာပတ်၊
တော၌သာ စသည် …။

စောဒနာလေးပါး -- ဝတ္ထုပြခြင်း၊ အာပတ်ပြခြင်း၊ သံဝါသပယ်ခြင်း၊ ရိုသေသမှုပြုခြင်းကိုပယ်ခြင်း။

ပုဗ္ဗကိစ္စလေးပါး။ ၅

ပတ္တကလ္လလေးပါး။

အနုညပါစိတ်လေးပါး။

ဘိက္ခု သမ္မုတိလေးပါး။

အဂတိလိုက်ခြင်းလေးပါး --
ဆန္ဒာဂတိလိုက်ခြင်း၊ ဒေါသာဂတိလိုက်ခြင်း၊ မောဟာဂတိလိုက်ခြင်း၊ ဘယာဂတိလိုက်ခြင်း။

အဂတိမလိုက်ခြင်လေးပါး – ဆန္ဒာဂတိမလိုက်ခြင်း။ (ပ)။ ဘယာဂတိ မလိုက်ခြင်း။ ၅

လေးပါးသောအင်္ဂါနှင့်ပြည့်စုံသော အလဇ္ဇီရဟန်းသည် သံဃာကိုခွဲ၏။ (ဝါ) သံဃာကိုခွဲကြောင်းလေးပါး -–
ဆန္ဒာဂတိလိုက်ခြင်းစသည်။

လေးပါးသော အင်္ဂါနှင့်ပြည့်စုံသော ပေသလရဟန်းသည် ကွဲသော သံဃာကိုညီညွတ်အောင်ပြု၏။ (ဝါ) ညီညွတ်အောင်ပြုကြောင်းလေးပါး -- ဆန္ဒာဂတိမလိုက်ခြင်းစသည်။

အင်္ဂါလေးပါးရှိသော ရဟန်းအား ဝိနည်းမမေးအပ်။

၎င်းအင်္ဂါလေးပါးရှိသော ရဟန်းသည် ဝိနည်းမမေးအပ်။

အင်္ဂါလေးပါးရှိသော ရဟန်းအား ဝိနည်းမဖြေအပ်။ ၅

အင်္ဂါလေးပါးရှိသော ရဟန်းသည် ဝိနည်းမဖြေအပ်။

အင်္ဂါလေးပါးရှိသော ရဟန်းအား အနုယောဂ - ပုစ္ဆာမေးခွင့် မပေးအပ်။

အင်္ဂါလေးပါးရှိသော ရဟန်းနှင့် ဝိနည်းမဆွေးနွေးအပ်။

ဂိလာနသာ ရောက်သော အာပတ်၊ အဂိလာနသာ စသည်။

ပါတိမောက်ထားခြင်း အဓမ္မိကလေးပါး။ ၅

ဓမ္မိကလေးပါး။ ၁

[အနုပခဇ္ဇသေယျ စသည်သည် အန္တောအာပတ်၊ လွင်တီးခေါင်၌ သံဃိကညောင်စောင်းခင်း၍ ဖဲသွားခြင်းသည် ဗဟိအာပတ်။

အကြွင်း - အန္တောဗဟိအာပတ်၊ အသာဓာရဏ - နေဝအန္တော န ဗဟိ အာပတ်။ ကျင့်ဝတ်မဖြည့်ကျင့်သော အာဂန္တုသည် အန္တောသီမာ အာပတ်၊ ဂမိယသည် ဗဟိသီမာအာပတ်၊ မုသာဝါဒါသည် အိမ်ကွင်း သိမ်ပ အာပတ်၊ အသာဓာရဏသည် နကတ္ထစိ အာပတ်။

အန္တရယရနှင့်စပ်သော သေခိယပညတ်သည် ရွာတွင်းအာပတ်- အရည၌ အာပတ် မသင့်။

ဘိက္ခုနီသည် အရုဏ်ကိုတက်စေအံ့ အရည၌သာ အာပတ်သို ရောက်သည် - ဂါမ၌ မရောက်၊ မုသာဝါဒါဒိ --။

အသာဓာရဏ

ပုဗ္ဗကိစ္စလေးပါးကား - သမ္မဇ္ဇနီ၊ ပဒီပေါစ၊ ဥဒကံ၊ အာသနေ နစ - လေးပါးသည် -- ပုဗ္ဗကရဏမည်ဟုဆိုအပ်၏။

ဆန္ဒပါရိသုဒ္ဓိ၊ ဥတုက္ခာနံ၊ ဘိက္ခုဂဏနာစ၊ ဩဝါဒေါ -ဤ လေးပါးသည် ပုဗ္ဗကိစ္စမည်၏။

ပတ္တကလ္လလေးပါးကား -- ဥပေါသထော၊ ယာဝတိကာစ ဘိက္ခုကမ္မပ္ပတ္တာ တေအာဂတာဟောန္တိ၊ သဘာဂါပတ္တိ ယောစ နဝိဇ္ဇန္တိ၊ ဝဇ္ဇနီယာစ ပုဂ္ဂလာ တသ္မိံ နဟောန္တိ၊ ပတ္တကလ္လန္တိ ဝုစ္စတိ

အနညပါစိတ်လေးပါးကား --
ဧတဒေ၀ပစ္စယံ ကရိတွာ အနညံ ပါစိတ္တိယံ ဟုဟောသော တိုးဝှေ့၍အိပ်သော အနုပခဇ္ဇသိက္ခာပုဒ်
ဧဟာဝုသောဂါမံ ဝါ နိဂမံဝါ – ဟူသောသိက္ခာပုဒ်၊
သဉ္စိစ္စ ကုက္ကုစ္စ ဥပဒဟန သိက္ခာပုဒ်
ဥပဿုတိ တိဋ္ဌန သိက္ခာပုဒ် - ဤလေးခုတည်း။

ဘိက္ခုနီသမ္မုတိ လေးပါးကား --

ဧကရတ္တမ္ပိစေ ဘိက္ခုတိစီ၀ရေန ဝိပ္ပဝသေယျ အညတြဘိက္ခုသမ္မုတိယာ - တစ်ခု၊
အညံ နဝံ သန္တတံ ကာရာပေယျ အညတြ ဘိက္ခုသမ္မုတိယာ - တစ်ခု၊
တတောစေ ဥတ္တရိဝိပ္ပဝသေယျ အညတြဘိက္ခုသမ္မုတိယာ – တစ်ခု၊
ဒုဋ္ဌုလ္လ အာပတ္တိံ အနုပသမ္ပန္နဿ အာရောစေယျ အညတြဘိက္ခုသမ္မုတိယာ - တစ်ခု၊

ဤသို့ တေရသမ္မုတိမှ လွတ်သော သမ္မုတိလေးတို့တည်း။

တပါးသော ဆေးပြုဘွယ်ဖြင့် လော်လည်၍ တပါးကိုဟောင်းအံ့- ဂိလာနအာပတ်၊
ဆေးကိစ္စမရှိဘဲ ဆေးကိုတောင်းအံ့ - အဂိလာန အာပတ်၊
မုသာဝါဒစသည် - ဥဘောအာပတ်၊
အသာဓာရဏ - ဥဘော အနာပတ်။]

(ဇီဋီ။ ။ ဝိနယာဂတဘိက္ခု ဝိနယောပုစ္ဆိတဗ္ဗောတိ အတ္ထော

ဝိဋီ။ ။ ပုဗ္ဗကရဏန္တိ ဝုစ္စတိ တိအဋ္ဌကထာသုဝုတ္တံ၊ တာနိဣဓပရိဝါရေဥဒ္ဓဋာနိတိအဓိပ္ပါယော၊ ဤ၌လိုအပ်သော ပုဗ္ဗကိစ္စတို့ကို ပြလို၍ ဆန္ဒပါရိသုဒ္ဓိစသည်ကို မိန့်ဆိုသည်၊

(ပုဗ္ဗကိစ္စငါးပါးကို ဆန္ဒနှင့် ပါရိသုဒ္ဓိပေါင်း၍ လေးပါးဟု ဆိုသည်။)