မာတိကာသို့ ခုန်သွားရန်

ဝိဘင်းပါဠိတော်

ဝီကီရင်းမြစ် မှ

အဘိဓမ္မပိဋက

ဝိဘင်္ဂပါဠိတော်

မြန်မာပြန်

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

၁-ခန္ဓဝိဘင်္ဂ

(ခန္ဓာတို့ကို ဝေဖန်ဟောကြားသည့် ခန္ဓဝိဘင်းအခန်း)

၁-သုတ္တန္တဘာဇနီယ

(သုတ္တန်နည်းဖြင့် ဝေဖန်ဟောကြားအပ်သော သုတ္တန္တဘာဇနီယနည်း)

ခန္ဓာငါးပါး

။ ခန္ဓာငါးပါးတို့ကား- ရုပ်အစု ‘ရူပက္ခန္ဓာ’၊ ခံစားမှုအစု ‘ဝေဒနာက္ခန္ဓာ’၊ မှတ်သားမှုအစု ‘သညာက္ခန္ဓာ’၊ ပြုပြင်စီရင်မှုအစု ‘သင်္ခါရက္ခန္ဓာ’၊ သိမှု (စိတ်) အစု ‘ဝိညာဏက္ခန္ဓာ'တို့တည်း။

၁-ရူပက္ခန္ဓ (ရုပ်အစု)

ရူပက္ခန္ဓာ (ရုပ် ၁၁-မျိုး)

။ ထို (ခန္ဓာငါးပါးတို့) တွင် အဘယ်သည် ရုပ်အစု ‘ရူပက္ခန္ဓာ’ မည်သနည်း။

ဖြစ်ပြီး ‘အတီတ'ရုပ်၊ ဖြစ်လတ္တံ့ ‘အနာဂတ'ရုပ်၊ ဖြစ်ဆဲ ‘ပစ္စုပ္ပန္န'ရုပ်၊ အတွင်းသန္တာန်၌ ဖြစ်သော ‘အဇ္ဈတ္တ'ရုပ်၊ အပသန္တာန်၌ဖြစ်သော ‘ဗဟိဒ္ဓ'ရုပ်၊ ကြမ်းတမ်းသော ‘ဩဠာရိက'ရုပ်၊ နူးညံ့သိမ်မွေ့သော ‘သုခုမ'ရုပ်၊ ယုတ်ညံ့သော ‘ဟီန'ရုပ်၊ မြင့်မြတ်သော ‘ပဏီတ'ရုပ်၊ ဝေးသော (အသိခက်သော) ‘ဒူရေ'ရုပ်၊ နီးသော (သိလွယ်သော) ‘သန္တိကေ'ရုပ်တည်းဟူသော အလုံးစုံသော အကြင်ရုပ်သည် ရှိ၏။ ထို (အားလုံးသော ရုပ် ၁၁-မျိုးတို့) ကို တစ်ပေါင်းတည်းပြု၍ ရုံးစု၍ အကျဉ်းချုံး၍ပြသော ဤသဘောကို ရုပ်အစု ‘ရူပက္ခန္ဓာ’ဟု ဆိုအပ်၏။

(၁) အတိက်ရုပ်

။ ထို (၁၁-မျိုးသောရုပ်တို့) တွင် အဘယ်ရုပ်သည် ဖြစ်ပြီးရုပ် ‘အတိက်ရုပ်’ မည်သနည်း။

မဟာဘုတ်လေးပါးနှင့် မဟာဘုတ်လေးပါးတို့ကို စွဲမှီ၍ဖြစ်သော ‘ဥပါဒါ'ရုပ်ဟု ဆိုအပ်သောအကြင်ရုပ်သည် လွန်ပြီးဖြစ်၏ (အတီတံ)၊ ချုပ်ပြီးဖြစ်၏ (နိရုဒ္ဓံ)၊ ကင်းပြီးဖြစ်၏ (ဝိဂတံ)၊ ဖောက်ပြန်ခြင်းသို့ ရောက်ပြီး ဖြစ်၏ (ဝိပရိဏတံ)၊ ချုပ်ခြင်းသို့ ရောက်ပြီးဖြစ်၏ (အတ္ထင်္ဂတံ)၊ အလွန်ချုပ်ခြင်းသို့ရောက်ပြီးဖြစ်၏ (အဗ္ဘတ္ထင်္ဂတံ)၊ ဖြစ်ပြီး၍ ကင်းပျောက်ပြီးဖြစ်၏ (ဥပ္ပဇ္ဇိတွာ ဝိဂတံ)၊ လွန်ပြီးဖြစ်၏ (အတီတံ)၊ လွန်ပြီးသော အတိက်တရားအစုအဖို့ဖြင့် ရေတွက်အပ်၏ (အတီတံသေနသင်္ဂဟိတံ)။ ဤ (ဆိုခဲ့ပြီးသော ရုပ်အပေါင်း) ကို ဖြစ်ပြီးရုပ် ‘အတိက်ရုပ်’ဟု ဆိုအပ်၏။

(၂) အနာဂတ်ရုပ်

ထို (၁၁-မျိုးသောရုပ်တို့) တွင် အဘယ်ရုပ်သည် ဖြစ်လတ္တံ့ရုပ် ‘အနာဂတ်ရုပ်’ မည်သနည်း။

မဟာဘုတ်လေးပါးနှင့် မဟာဘုတ်လေးပါးတို့ကို စွဲမှီ၍ဖြစ်သော ‘ဥပါဒါ'ရုပ်ဟု ဆိုအပ်သောအကြင်ရုပ်သည် မဖြစ်ပေါ်သေး (အဇာတံ)၊ မထင်ရှားသေး (ထင်ရှားမရှိသေး) (အဘူတံ)၊ ကောင်းစွာမဖြစ်မရှိသေး (လုံးဝ မဖြစ်မရှိသေး) (အသဉ္ဇာတံ)၊ မဖြစ်သေး (အနိဗ္ဗတ္တံ)၊ အသစ်မဖြစ်သေး (အနဘိနိဗ္ဗတ္တံ)၊ ထင်ရှားမဖြစ်သေး (အပါတုဘူတံ)၊ မဖြစ်ပေါ်သေး (အနုပ္ပန္နံ)၊ ကောင်းစွာ မဖြစ်ပေါ်သေး (လုံးဝမဖြစ်ပေါ်သေး) (အသမုပ္ပန္နံ)၊ မပေါ်ပေါက်သေး (အနုဋ္ဌိတံ)၊ ကောင်းစွာ မပေါ်ပေါက်သေး (လုံးဝမပေါ်ပေါက်သေး) (အသမုဋ္ဌိတံ)၊ မရောက်လာသေး (အနာဂတံ)၊ မရောက်လာသေးသော အနာဂတ်တရားအစုအဖို့ဖြင့် ရေတွက်အပ်၏ (အနာဂတံသေန သင်္ဂဟိတံ)။ ဤ (ဆိုခဲ့ပြီးသော ရုပ်အပေါင်း) ကို ဖြစ်လတ္တံ့ရုပ် ‘အနာဂတ်ရုပ်’ဟု ဆိုအပ်၏။

(၃) ပစ္စုပ္ပန်ရုပ်

ထို (၁၁-မျိုးသောရုပ်တို့) တွင် အဘယ်ရုပ်သည် ဖြစ်ဆဲရုပ် ‘ပစ္စုပ္ပန်ရုပ်’ မည်သနည်း။

မဟာဘုတ်လေးပါးနှင့် မဟာဘုတ်လေးပါးတို့ကို စွဲမှီ၍ဖြစ်သော ‘ဥပါဒါ'ရုပ်ဟု ဆိုအပ်သောအကြင်ရုပ်သည် ဖြစ်ဆဲဖြစ်၏ (ဇာတံ)၊ ထင်ရှားဖြစ်ဆဲဖြစ်၏ (ဘူတံ)၊ ကောင်းစွာ ဖြစ်ရှိဆဲဖြစ်၏ (သဉ္ဇာတံ)၊ ဖြစ်ဆဲဖြစ်၏ (နိဗ္ဗတ္တံ)၊ အသစ်ဖြစ်ဆဲဖြစ်၏ (အဘိနိဗ္ဗတ္တံ)၊ ထင်ရှားဖြစ်ဆဲဖြစ်၏ (ပါတုဘူတံ)၊ ဖြစ်ပေါ်ဆဲဖြစ်၏ (ဥပ္ပန္နံ)၊ ကောင်းစွာဖြစ်ပေါ်ဆဲဖြစ်၏ (သမုပ္ပန္နံ)၊ ပေါ်ပေါက်ဆဲဖြစ်၏ (ဥဋ္ဌိတံ)၊ ကောင်းစွာ ပေါ်ပေါက်ဆဲဖြစ်၏ (သမုဋ္ဌိတံ)၊ ယခုဖြစ်ပေါ်ဆဲဖြစ်၏ (ပစ္စုပ္ပန္နံ)၊ ယခုဖြစ်ပေါ်ဆဲဖြစ်သော ပစ္စုပ္ပန်တရားအစုအဖို့ဖြင့် ရေတွက်အပ်၏ (ပစ္စုပ္ပန္နံသေန သင်္ဂဟိတံ)။ ဤ (ဆိုခဲ့ပြီးသော ရုပ်အပေါင်း) ကို ဖြစ်ဆဲရုပ် ‘ပစ္စုပ္ပန်ရုပ်’ဟု ဆိုအပ်၏။

--

(၄) အဇ္ဈတ္တရုပ်

။ ထို (ရုပ် ၁၁-မျိုးတို့) တွင် အဘယ်ရုပ်သည် အတွင်းသန္တာန်၌ ဖြစ်သောရုပ် ‘အဇ္ဈတ္တရုပ်’ မည်သနည်း။

မဟာဘုတ်လေးပါးနှင့် မဟာဘုတ်လေးပါးတို့ကို စွဲမှီ၍ဖြစ်သော ‘ဥပါဒါ'ရုပ်ဟု ဆိုအပ်သောအကြင်ရုပ်သည် ထိုထိုသတ္တဝါတို့၏ အတွင်းသန္တာန်၌ဖြစ်၏ (အဇ္ဈတ္တံ)၊ ကိုယ်ကိုစွဲ၍ဖြစ်၏ (ပစ္စတ္တံ)၊ မိမိကိုယ်ပိုင်ဥစ္စာ ဖြစ်၏ (နိယကံ)၊ အသီးအခြားပုဂ္ဂိုလ်ပိုင်ဥစ္စာ ဖြစ်၏ (ပါဋိပုဂ္ဂလိကံ)၊ ခန္ဓာကိုယ်ကို စွဲကပ်၍ဖြစ်၏ (တဏှာဒိဋ္ဌိတို့၏ အာရုံဖြစ်၏) (ဥပါဒိန္နံ၁)။ ဤ (ဆိုခဲ့ပြီးသော ရုပ်အပေါင်း) ကို အတွင်းသန္တာန်၌ဖြစ်သောရုပ် ‘အဇ္ဈတ္တရုပ်’ဟု ဆိုအပ်၏။

(၅) ဗဟိဒ္ဓရုပ်

ထို (ရုပ် ၁၁-မျိုးတို့) တွင် အဘယ်ရုပ်သည် အပသန္တာန်၌ဖြစ်သောရုပ် ‘ဗဟိဒ္ဓရုပ်’ မည်သနည်း။

မဟာဘုတ်လေးပါးနှင့် မဟာဘုတ်လေးပါးတို့ကို စွဲမှီ၍ဖြစ်သော ‘ဥပါဒါ'ရုပ်ဟုဆိုအပ်သော အကြင်ရုပ်သည် ထိုထိုတစ်ပါးသော သတ္တဝါ, တစ်ပါးသော ပုဂ္ဂိုလ်တို့၏ အတွင်းအဇ္ဈတ္တသန္တာန်၌ ဖြစ်၏ (ပရပုဂ္ဂလအဇ္ဈတ္တံ)၊ (တစ်ပါးသော ပုဂ္ဂိုလ်တို့၏) ကိုယ်ကိုစွဲ၍ဖြစ်၏ (ပစ္စတ္တံ)၊ (တစ်ပါးသော ပုဂ္ဂိုလ်တို့၏) ကိုယ်ပိုင်ဥစ္စာဖြစ်၏ (နိယကံ)၊ (တစ်ပါးသော ပုဂ္ဂိုလ်တို့၏) အသီးအခြား ပုဂ္ဂိုလ်ပိုင်ဥစ္စာဖြစ်၏ (ပါဋိပုဂ္ဂလိကံ)၊ ခန္ဓာကိုယ်ကို စွဲကပ်၍ ဖြစ်၏ (တဏှာဒိဋ္ဌိတို့၏ အာရုံဖြစ်၏) (ဥပါဒိန္နံ)။ ဤ (ဆိုခဲ့ပြီးသော ရုပ်အပေါင်း) ကို အပသန္တာန်၌ ဖြစ်သောရုပ် ‘ဗဟိဒ္ဓရုပ်’ဟု ဆိုအပ်၏။

၁။ ဤနေရာ၌ ရုပ်အားလုံးသည်ပင် ‘ဥပါဒိန္န’ ဖြစ်သည်ဟု ဆိုလိုသည်၊ ထို့ကြောင့် ‘ဥပါဒိန္န'ပုဒ်၏ အနက်ကို ‘ခန္ဓာကိုယ်ကို စွဲကပ်၍ ဖြစ်၏’ဟု မြန်မာပြန်ဆိုရမည်ဖြစ်သည်၊ ဥပါဒိန္နတိက် အဖွင့်၌ ‘ဥပါဒိန္န'ပုဒ်၏ အဓိပ္ပါယ်ကို ‘ကမ္မဇ’ဟု ဖွင့်သည်၊ တဏှာဒိဋ္ဌိတို့၏ အာရုံဖြစ်သည့် တရားအားလုံးကိုလည်း ‘ဥပါဒိန္န’ဟု ခေါ်သည်ဟု ဖွင့်ပြသေးသည်။ (စာပိုဒ် ၁၀၅၀၊ အဋ္ဌသာလိနီ၊ မူလဋီကာ)။

(၆) ကြမ်းတမ်းသော ဩဠာရိကရုပ်

။ ထို (ရုပ် ၁၁-မျိုးတို့) တွင် အဘယ်ရုပ်သည် ကြမ်းတမ်းသောရုပ် ‘ဩဠာရိကရုပ်’ မည်သနည်း။

မြင်သိစိတ် စက္ခုဝိညာဏ်ဖြစ်ရာ မျက်စိအကြည် ‘စက္ခာယတနရုပ်’၊ ကြားသိစိတ် သောတဝိညာဏ်ဖြစ်ရာ နားအကြည် ‘သောတာယတနရုပ်’၊ နံသိစိတ် ဃာနဝိညာဏ်ဖြစ်ရာ နှာခေါင်းအကြည် ‘ဃာနာယတနရုပ်’၊ လျက်သိစိတ် ဇိဝှါဝိညာဏ်ဖြစ်ရာ လျှာအကြည် ‘ဇိဝှါယတနရုပ်’၊ ထိသိစိတ် ကာယဝိညာဏ်ဖြစ်ရာ ကိုယ်အကြည် ‘ကာယာယတနရုပ်’။ မြင်သိစိတ် ‘စက္ခုဝိညာဏ်’ ဖြစ်ကြောင်း အဆင်း ‘ရူပါယတနရုပ်’၊ ကြားသိစိတ် ‘သောတဝိညာဏ်’ ဖြစ်ကြောင်း အသံ ‘သဒ္ဒါယတနရုပ်’၊ နံသိစိတ် ‘ဃာနဝိညာဏ်’ ဖြစ်ကြောင်း အနံ့ ‘ဂန္ဓာယတနရုပ်’၊ လျက်သိစိတ် ‘ဇိဝှါဝိညာဏ်’ ဖြစ်ကြောင်း အရသာ ‘ရသာယတနရုပ်’၊ ထိသိစိတ် ‘ကာယဝိညာဏ်’ ဖြစ်ကြောင်း တွေ့ထိမှု ‘ဖောဋ္ဌဗ္ဗာယတနရုပ်'သည် ရှိ၏။ ဤ (ဆိုခဲ့ပြီးသော ရုပ် ၁၂-ပါး) ကို ကြမ်းတမ်းသောရုပ် ‘ဩဠာရိကရုပ်’ဟု ဆိုအပ်၏။

--

(၇) နူးညံ့သိမ်မွေ့သော သုခုမရုပ်

ထို (ရုပ် ၁၁-မျိုးတို့) တွင် အဘယ်ရုပ်သည် နူးညံ့သိမ်မွေ့ သောရုပ် ‘သုခုမရုပ်’ မည်သနည်း။

မိန်းမ (အမ) ဖြစ်ကြောင်း၌ အစိုးရမှု ‘ဣတ္ထိန္ဒြေရုပ်’၊ ယောက်ျား (အထီးအဖို) ဖြစ်ကြောင်း၌ အစိုးရမှု ‘ပုရိသိန္ဒြေရုပ်’၊ အသက်ရှင်ကြောင်း၌ အစိုးတရစောင့်ရှောက်မှု ‘ဇီဝိတိန္ဒြေရုပ်’၊ (မိမိ၏ အလိုဆန္ဒကို) သိစေတတ်သော ကိုယ်အမူအရာ ‘ကာယဝိညတ်ရုပ်’၊ (မိမိ၏အလိုဆန္ဒကို) သိစေတတ်သောနှုတ်မြွက်မှု အမူအရာ ‘ဝစီဝိညတ်ရုပ်’၊ မရေးခြစ်အပ်သော (ရုပ်တစ်ခုနှင့် တစ်ခုကို ပိုင်းခြားသောဟင်းလင်း) သဘော ‘အာကာသဓာတုရုပ်’၊ (နိပ္ဖန္န) ရုပ်၏ ပေါ့ပါးမှု ‘လဟုတာရုပ်’၊ (နိပ္ဖန္န) ရုပ်၏ နူးညံ့မှု ‘မုဒုတာရုပ်’၊ (နိပ္ဖန္န) ရုပ်၏ အလုပ်၌ခံ့မှု (အမှုကိစ္စတို့၌ ပြီးမြောက်အောင် လိုက်လျော ဆောင်ရွက်နိုင်မှု) ‘ကမ္မညတာရုပ်’၊ (နိပ္ဖန္န) ရုပ်၏ ဖြစ်ပေါ်လာစ ‘ဥပစယရုပ်’၊ (နိပ္ဖန္န) ရုပ်၏ ကြီးပွားဆဲအစဉ် ‘သန္တတိရုပ်’၊ (နိပ္ဖန္န) ရုပ်၏ ယိုယွင်းရင့်ရော်လျော့ပါးမှု ‘ဇရတာရုပ်’၊ (နိပ္ဖန္န) ရုပ်၏ ချုပ်ပျက်၍ မမြဲမှု (ပျောက်ပျက်ချုပ်ဆုံးမှု) ‘အနိစ္စတာရုပ်’၊ ဖွဲ့စည်းမှုသဘော ‘အာပေါရုပ်’၊ မနောဓာတ် မနောဝိညာဏဓာတ်တို့၏တည်ရာ ဆောင်ထားတတ်သော သဘော ‘ဟဒယဝတ္ထုရုပ်’၊ အလုပ်အလွေး ပြုအပ်သော အစားအစာ ‘ကဗဠီကာရအာဟာရရုပ်'သည် ရှိ၏။ ဤ (ဆိုခဲ့ပြီးသော ရုပ်အပေါင်း) ကို နူးညံ့သိမ်မွေ့သောရုပ် ‘သုခုမရုပ်’ဟု ဆိုအပ်၏။

(၈) ဟီနရုပ်

။ ထို (ရုပ် ၁၁-မျိုးတို့) တွင် အဘယ်ရုပ်သည် ယုတ်ညံ့သောရုပ် ‘ဟီနရုပ်’ မည်သနည်း။

အဆင်း ‘ရူပ’၊ အသံ ‘သဒ္ဒ’၊ အနံ့ ‘ဂန္ဓ’၊ အရသာ ‘ရသ’၊ တွေ့ထိမှု (အတွေ့) ‘ဖောဋ္ဌဗ္ဗ’ဟု ဆိုအပ်သော အကြင်ရုပ်ကို ထိုထိုသတ္တဝါတို့သည် မထီမဲ့မြင်အားဖြင့် သိအပ်၏ (ဥညာတံ)၊ ရှုတ်ချသောအားဖြင့်သိအပ်၏ (အဝညာတံ)၊ ပစ်ပယ်အပ်၏, စက်ဆုပ်အပ်၏ (ဟီဠိတံ)၊ နှိပ်စက်အပ်၏ (နှိပ်ချကဲ့ရဲ့အပ်၏) (ပရိဘူတံ)၊ အလေးမပြုအပ် (အရိုအသေမပြုအပ်) (အစိတ္တီကတံ)၊ ယုတ်ညံ့၏ (ဟီနံ)၊ ယုတ်ညံ့၏ဟု သိအပ်၏ (ဟီနမတံ)၊ ယုတ်ညံ့၏ဟု သမုတ်အပ်၏ (ဟီနသမ္မတံ)၊ မလိုချင်အပ် (အနိဋ္ဌံ)၊ မနှစ်သက်အပ် (အကန္တံ)၊ စိတ်နှလုံး၌ မသက်ဝင်အပ် (မနှစ်လိုအပ်) (အမနာပံ)။ ဤ (ဆိုခဲ့ပြီးသောရုပ်အပေါင်း) ကို ယုတ်ညံ့သောရုပ် ‘ဟီနရုပ်’ဟု ဆိုအပ်၏ (အကုသိုလ် ကမ္မဇရုပ်၁)။

(၉) ပဏီတရုပ်

ထို (ရုပ် ၁၁-မျိုးတို့) တွင် အဘယ်ရုပ်သည် မြင့်မြတ်သောရုပ် ‘ပဏီတရုပ်’ မည်သနည်း။

ရူပ၊ သဒ္ဒ၊ ဂန္ဓ၊ ရသ၊ ဖောဋ္ဌဗ္ဗဟု ဆိုအပ်သော အကြင်ရုပ်ကို ထိုထိုသတ္တဝါတို့သည် မထီမဲ့မြင်အားဖြင့်မသိအပ် (မထီမဲ့မြင်ပြုအပ်သော ရုပ်မဟုတ်ဟု စိတ်၌ သိအပ်၏) (အနုညာတံ)၊ ရှုတ်ချသောအားဖြင့် မသိအပ် (ရှုတ်ချအပ်သော ရုပ်မဟုတ်ဟု စိတ်၌ သိအပ်၏) (အနဝညာတံ)၊ မပစ်ပယ်အပ်, မစက်ဆုပ်အပ် (အဟီဠိတံ)၊ မနှိပ်စက်အပ် (မနှိပ်ချ မကဲ့ရဲ့အပ်) (အပရိဘူတံ)၊ အလေးပြုအပ် (ရိုသေ အပ်၏) (စိတ္တိကတံ)၊ မြင့်မြတ်၏ (ပဏီတံ)၊ မြင့်မြတ်၏ဟု သိအပ်၏ (ပဏီတမတံ)၊ မြင့်မြတ်၏ဟုသမုတ်အပ်၏ (ပဏီတသမ္မတံ)၊ လိုချင်အပ် ၏ (ဣဋ္ဌံ)၊ နှစ်သက်အပ်၏ (ကန္တံ)၊ စိတ် နှလုံး၌ သက်ဝင်၏ (နှစ်လိုဖွယ်ဖြစ်၏) (မနာပံ)။ ဤ (ဆိုခဲ့ပြီးသော ရုပ်အပေါင်း) ကို မြင့်မြတ်သောရုပ် ‘ပဏီတရုပ်’ဟု ဆိုအပ်၏ (ကုသိုလ်ကမ္မဇရုပ်၂)။ တစ်နည်းကား၊ ထိုထိုရုပ်ကို စွဲ၍ စွဲ၍ ထောက်ဆ၍ ထောက်ဆ၍ (ရုပ်တစ်ခုနှင့်တစ်ခုကို နှိုင်းရှည့်၍ နှိုင်းရှည့်၍) ယုတ်ညံ့သောရုပ် ‘ဟီနရုပ်'နှင့် မြင့်မြတ်သောရုပ် ‘ပဏီတရုပ်'၃ ကို မှတ်အပ်၏။

--

၁။ ၂။ ၃။ ဤနေရာ၌ အကုသိုလ်ကံကြောင့်ဖြစ်သော ကမ္မဇရုပ်ကို ‘ဟီနရုပ်’ဟုလည်းကောင်း၊ ကုသိုလ်ကံကြောင့်ဖြစ်သော ကမ္မဇရုပ်ကို ‘ပဏီတရုပ်’ဟုလည်းကောင်း အရကောက်အားဖြင့် ဦးစားပေး၍ ပြထားခြင်းမှာ ပဓာနနည်းအားဖြင့်သာ ပြခြင်းဖြစ်သည်၊ စင်စစ်မှာ အားလုံးသော စတုဇရုပ်များကိုပင် ယူနိုင်သည်ဟု ဆိုထားသည် (သမ္မောဟဝိနောဒနီ စာမျက်နှာ ၉)။

(၁၀) ဒူရေရုပ်

။ ထို (ရုပ် ၁၁-မျိုးတို့) တွင် အဘယ်ရုပ်သည် ဝေးသောရုပ် (အသိခက်သောရုပ်) ‘ဒူရေရုပ်’ မည်သနည်း။

ဣတ္ထိန္ဒြေရုပ်။ပ။ ကဗဠီကာရအာဟာရရုပ်တို့တည်း (သုခုမရုပ် ၁၆-ပါး)။ ထို့ပြင်လည်း အကြင်ရုပ်သည် မနီးရာ၌ ရှိ၏ (အနာသန္နေ)၊ မကပ်ရာ၌ ရှိ၏ (အနုပကဋ္ဌေ)၊ ဝေးရာ၌ရှိ၏ (ဒူရေ)၊ အနီးမဟုတ်ရာ၌ ရှိ၏ (အသန္တိကေ)။ ဤ (ဆိုခဲ့ပြီးသောရုပ်အပေါင်း) ကို ‘ဒူရေရုပ်’ဟု ဆိုအပ်၏။

(၁၁) သန္တိကေရုပ်

ထို (ရုပ် ၁၁-မျိုးတို့) တွင် အဘယ်ရုပ်သည် နီးသောရုပ် (သိလွယ်သောရုပ်) ‘သန္တိကေရုပ်’ မည်သနည်း။

စက္ခာယတနရုပ်။ပ။ ဖောဋ္ဌဗ္ဗာယတနရုပ်တို့တည်း (ဩဠာရိကရုပ် ၁၂-ပါး)။ ထို့ပြင်လည်း အကြင်ရုပ်သည် နီးရာ၌ ရှိ၏ (အာသန္နေ)၊ ကပ်ရာ၌ ရှိ၏ (ဥပကဋ္ဌေ)၊ မဝေးရာ၌ ရှိ၏ (အဝိဒူရေ)၊ အနီး၌ ရှိ၏ (သန္တိကေ)။ ဤ (ဆိုခဲ့ပြီးသော ရုပ်အပေါင်း) ကို ‘သန္တိကေရုပ်’ဟု ဆိုအပ်၏။

တစ်နည်းကား၊ ထိုထိုရုပ်ကို စွဲ၍ စွဲ၍ ထောက်ဆ၍ ထောက်ဆ၍ (ရုပ်တစ်ခုနှင့်တစ်ခုကို နှိုင်းရှည့်၍ နှိုင်းရှည့်၍) ဝေးသောရုပ် ‘ဒူရေရုပ်'နှင့် နီးသောရုပ် ‘သန္တိကေရုပ်'ကို မှတ်အပ်၏။

--

၂-ဝေဒနာက္ခန္ဓ (ခံစားမှုအစု)

ဝေဒနာက္ခန္ဓာ (ဝေဒနာ ၁၁-မျိုး)

။ ထို (ခန္ဓာငါးပါးတို့) တွင် အဘယ်သည် ခံစားမှုအစု ‘ဝေဒနာက္ခန္ဓာ’ မည်သနည်း။

ဖြစ်ပြီးခံစားမှု ‘အတိက်ဝေဒနာ’၊ ဖြစ်လတ္တံ့ခံစားမှု ‘အနာဂတ်ဝေဒနာ’၊ ဖြစ်ဆဲခံစားမှု ‘ပစ္စုပ္ပန်ဝေဒနာ’၊ အတွင်းသန္တာန်၌ဖြစ်သော ခံစားမှု ‘အဇ္ဈတ္တဝေဒနာ’၊ အပသန္တာန်၌ဖြစ်သော ခံစားမှု ‘ဗဟိဒ္ဓဝေဒနာ’၊ ကြမ်းတမ်းသော ခံစားမှု ‘ဩဠာရိကဝေဒနာ’၊ နူးညံ့သိမ်မွေ့သော ခံစားမှု ‘သုခုမဝေဒနာ’၊ ယုတ်ညံ့သော ခံစားမှု ‘ဟီနဝေဒနာ’၊ မြင့်မြတ်သော ခံစားမှု ‘ပဏီတဝေဒနာ’၊ ဝေးသော ခံစားမှု ‘ဒူရေဝေဒနာ’၊ နီးသော ခံစားမှု ‘သန္တိကေဝေဒနာ'တည်းဟူသော အလုံးစုံသော အကြင်ခံစားမှု ဝေဒနာသည် ရှိ၏။ ထို (အားလုံးသော ခံစားမှု ‘ဝေဒနာ'၁၁-မျိုးတို့) ကို တစ်ပေါင်းတည်းပြု၍ ရုံးစု၍ အကျဉ်းချုံး၍ပြသော ဤသဘောကို ခံစားမှုအစု ‘ဝေဒနာက္ခန္ဓာ’ဟု ဆိုအပ်၏။

(၁) အတိက်ဝေဒနာ

။ ထို (ဝေဒနာ ၁၁-မျိုးတို့) တွင် အဘယ်ခံစားမှု ‘ဝေဒနာ'သည် ဖြစ်ပြီးခံစားမှု ‘အတိက်ဝေဒနာ’ မည်သနည်း။

ချမ်းသာခံစားမှု ‘သုခဝေဒနာ’၊ ဆင်းရဲခံစားမှု ‘ဒုက္ခဝေဒနာ’၊ ဆင်းရဲချမ်းသာ မဟုတ်သောခံစားမှု့ (အလယ်အလတ်ခံစားမှု) ‘အဒုက္ခမသုခဝေဒနာ’ဟု ဆိုအပ်သော အကြင်ခံစားမှုဝေဒနာသည် လွန်ပြီးဖြစ်၏ (အတီတာ)၊ ချုပ်ပြီးဖြစ်၏ (နိရုဒ္ဓါ)၊ ကင်းပြီးဖြစ်၏ (ဝိဂတာ)၊ ဖောက်ပြန်ခြင်းသို့ ရောက်ပြီးဖြစ်၏ (ဝိပရိဏတာ)၊ ချုပ်ခြင်းသို့ ရောက်ပြီးဖြစ်၏ (အတ္ထင်္ဂတာ)၊ အလွန်ချုပ်ခြင်းသို့ ရောက်ပြီးဖြစ်၏ (အဗ္ဘတ္ထင်္ဂတာ)၊ ဖြစ်ပြီး၍ ကင်းပျောက်ပြီးဖြစ်၏ (ဥပ္ပဇ္ဇိတွာ ဝိဂတာ)၊ လွန်ပြီး ဖြစ်၏ (အတီတာ)၊ လွန်ပြီးသော အတိက်တရား အစုအဖို့ဖြင့် ရေတွက်အပ်၏ (အတီတံသေန သင်္ဂဟိတာ)။ ဤ (ဆိုခဲ့ပြီးသောခံစားမှု ‘ဝေဒနာ'အပေါင်း) ကို ဖြစ်ပြီးခံစားမှု ‘အတိက်ဝေဒနာ’ဟု ဆိုအပ်၏။ (ပဒ အမှတ် ၃-ရှု။)

(၂) အနာဂတ်ဝေဒနာ

ထို (ဝေဒနာ ၁၁-မျိုးတို့) တွင် အဘယ်ခံစားမှု ‘ဝေဒနာ'သည် ဖြစ်လတ္တံ့ခံစားမှု ‘အနာဂတ်ဝေဒနာ’ မည်သနည်း။

သုခဝေဒနာ၊ ဒုက္ခဝေဒနာ၊ အဒုက္ခမသုခဝေဒနာဟု ဆိုအပ်သော အကြင်ဝေဒနာသည် မဖြစ်ပေါ်သေး (အဇာတာ)၊ မထင်ရှားသေး (အဘူတာ)၊ ကောင်းစွာ မဖြစ်မရှိသေး (အသဉ္ဇာတာ)၊ မဖြစ်သေး (အနိဗ္ဗတ္တာ)၊ အသစ်မဖြစ်သေး (အနဘိနိဗ္ဗတ္တာ)၊ ထင်ရှားမဖြစ်သေး (အပါတုဘူတာ)၊ မဖြစ်ပေါ်သေး (အနုပ္ပန္နာ)၊ ကောင်းစွာ မဖြစ်ပေါ်သေး (အသမုပ္ပန္နာ)၊ မပေါ်ပေါက်သေး (အနုဋ္ဌိတာ)၊ ကောင်းစွာ မပေါ်ပေါက်သေး (အသမုဋ္ဌိတာ)၊ မရောက်လာသေး (အနာဂတာ)၊ မရောက်လာသေးသော အနာဂတ်တရားအစုအဖို့ဖြင့် ရေတွက်အပ်၏ (အနာဂတံသေန သင်္ဂဟိတာ)။ ဤ (ဆိုခဲ့ပြီးသော ခံစားမှု ‘ဝေဒနာ'အပေါင်း) ကို ဖြစ်လတ္တံ့ခံစားမှု ‘အနာဂတ်ဝေဒနာ’ဟု ဆိုအပ်၏။

--

(၃) ပစ္စုပ္ပန်ဝေဒနာ

ထို (ဝေဒနာ ၁၁-မျိုးတို့) တွင် အဘယ်ခံစားမှု ‘ဝေဒနာ'သည် ဖြစ်ဆဲခံစားမှု ‘ပစ္စုပ္ပန်ဝေဒနာ’ မည်သနည်း။

သုခဝေဒနာ၊ ဒုက္ခဝေဒနာ၊ အဒုက္ခမသုခဝေဒနာဟု ဆိုအပ်သော အကြင်ခံစားမှု ‘ဝေဒနာ'သည်ဖြစ်ဆဲဖြစ်၏ (ဇာတာ)၊ ထင်ရှားဖြစ်ဆဲဖြစ်၏ (ဘူတာ)၊ ကောင်းစွာ ဖြစ်ရှိဆဲဖြစ်၏ (သဉ္ဇာတာ)၊ ဖြစ်ဆဲဖြစ်၏ (နိဗ္ဗတ္တာ)၊ အသစ်ဖြစ်ဆဲဖြစ်၏ (အဘိနိဗ္ဗတ္တာ)၊ ထင်ရှားဖြစ်ဆဲဖြစ်၏ (ပါတုဘူတာ)၊ ဖြစ်ပေါ်ဆဲဖြစ်၏ (ဥပ္ပန္နာ)၊ ကောင်းစွာ ဖြစ်ပေါ်ဆဲဖြစ်၏ (သမုပ္ပန္နာ)၊ ပေါ်ပေါက်ဆဲဖြစ်၏ (ဥဋ္ဌိတာ)၊ ကောင်းစွာပေါ်ပေါက်ဆဲဖြစ်၏ (သမုဋ္ဌိတာ)၊ ယခု ဖြစ်ပေါ်ဆဲဖြစ်၏ (ပစ္စုပ္ပန္နာ)၊ ယခုဖြစ်ပေါ်ဆဲဖြစ်သော ပစ္စုပ္ပန်တရားအစုအဖို့ဖြင့် ရေတွက်အပ်၏ (ပစ္စုပ္ပန္နံသေန သင်္ဂဟိတာ)။ ဤ (ဆိုခဲ့ပြီးသော ခံစားမှု ‘ဝေဒနာ'အပေါင်း) ကို ဖြစ်ဆဲခံစားမှု ‘ပစ္စုပ္ပန်ဝေဒနာ’ဟု ဆိုအပ်၏။ (ရုပ်ပစ္စုပ္ပန်-ပဒ ၃-ကြည့်။)

(၄) အဇ္ဈတ္တဝေဒနာ

၁၀။ ထို (ဝေဒနာ ၁၁-မျိုးတို့) တွင် အဘယ် ‘ဝေဒနာ'သည် အတွင်းသန္တာန်၌ဖြစ်သောခံစားမှု ‘အဇ္ဈတ္တဝေဒနာ’ မည်သနည်း။

သုခဝေဒနာ၊ ဒုက္ခဝေဒနာ၊ အဒုက္ခမသုခဝေဒနာဟု ဆိုအပ်သော အကြင်ဝေဒနာသည် ထိုထိုသတ္တဝါတို့၏ အတွင်းသန္တာန်၌ဖြစ်၏ (အဇ္ဈတ္တံ)၊ ကိုယ်ကိုစွဲ၍ဖြစ်၏ (ပစ္စတ္တံ)၊ မိမိကိုယ်ပိုင်ဥစ္စာဖြစ်၏ (နိယကာ)၊ အသီးအခြား ပုဂ္ဂိုလ်ပိုင်ဥစ္စာဖြစ်၏ (ပါဋိပုဂ္ဂလိကာ)၊ ခန္ဓာကိုယ်ကို စွဲကပ်၍ ဖြစ်၏ (တဏှာဒိဋ္ဌိတို့၏အာရုံဖြစ်၏) (ဥပါဒိန္နာ)။ ဤ (ဆိုခဲ့ပြီးသော ခံစားမှု ‘ဝေဒနာ'အပေါင်း) ကို အတွင်းသန္တာန်၌ဖြစ်သောခံစားမှု ‘အဇ္ဈတ္တဝေဒနာ’ဟု ဆိုအပ်၏။ (ပဒအမှတ် ၄-ကြည့်။)

(၅) ဗဟိဒ္ဓဝေဒနာ

ထို (ဝေဒနာ ၁၁-မျိုးတို့) တွင် အဘယ်ဝေဒနာ'သည် အပသန္တာန်၌ဖြစ်သောခံစားမှု ‘ဗဟိဒ္ဓဝေဒနာ’ မည်သနည်း။

သုခဝေဒနာ၊ ဒုက္ခဝေဒနာ၊ အဒုက္ခမသုခဝေဒနာဟု ဆိုအပ်သော အကြင်ဝေဒနာသည် ထိုထိုတစ်ပါးသော သတ္တဝါ, တစ်ပါးသော ပုဂ္ဂိုလ်တို့၏ အတွင်းသန္တာန်၌ ဖြစ်၏ (ပရပုဂ္ဂလအဇ္ဈတ္တံ)၊ (တစ်ပါးသောပုဂ္ဂိုလ်တို့၏) ကိုယ်ကို စွဲ၍ဖြစ်၏ (ပစ္စတ္တံ)၊ (တစ်ပါးသောပုဂ္ဂိုလ်တို့၏) ကိုယ်ပိုင်ဥစ္စာဖြစ်၏ (နိယကာ)၊ (တစ်ပါးသော ပုဂ္ဂိုလ်တို့၏) အသီးအခြားပုဂ္ဂိုလ်ပိုင်ဥစ္စာဖြစ်၏ (ပါဋိပုဂ္ဂလိကာ)၊ ခန္ဒာကိုယ်ကို စွဲကပ်၍ဖြစ်၏ (တဏှာဒိဋ္ဌိတို့၏ အာရုံဖြစ်၏) (ဥပါဒိန္နာ)။ ဤ (ဆိုခဲ့ပြီးသော ခံစားမှု ‘ဝေဒနာ'အပေါင်း) ကို အပသန္တာန်၌ ဖြစ်သော ခံစားမှု ‘ဗဟိဒ္ဓဝေဒနာ’ဟု ဆိုအပ်၏။

--

(၆) (၇) ဩဠာရိကဝေဒနာနှင့် သုခုမဝေဒနာ

၁၁။ ထို (ဝေဒနာ ၁၁-မျိုးတို့) တွင် အဘယ်ဝေဒနာသည် ကြမ်းတမ်းသော ခံစားမှု ‘ဩဠာရိကဝေဒနာ'နှင့် နူးညံ့ သိမ်မွေ့သောခံစားမှု ‘သုခုမဝေဒနာ’ မည်သနည်း။

အပြစ်နှင့်တကွဖြစ်၍ မကောင်းကျိုးဆင်းရဲကို ပေးတတ်သော ခံစားမှု ‘အကုသိုလ်ဝေဒနာ'သည် ကြမ်းတမ်း၏၊ အပြစ်မရှိမူ၍ ကောင်းကျိုးချမ်းသာကို ပေးတတ်သော ခံစားမှု ‘ကုသိုလ်ဝေဒနာ'နှင့်ကုသိုလ် အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သော ခံစားမှု ‘အဗျာကတဝေဒနာ'သည် နူးညံ့သိမ်မွေ့၏၊ (တစ်နည်းကား) ကုသိုလ်ဝေဒနာနှင့် အကုသိုလ်ဝေဒနာသည် ကြမ်းတမ်း၏၊ အဗျာကတဝေဒနာသည်နူးညံ့သိမ်မွေ့၏။

ဒုက္ခဝေဒနာသည် ကြမ်းတမ်း၏၊ သုခဝေဒနာနှင့် အဒုက္ခမသုခဝေဒနာသည် နူးညံ့သိမ်မွေ့၏၊ (တစ်နည်းကား) သုခဝေဒနာ, ဒုက္ခဝေဒနာသည် ကြမ်းတမ်း၏၊ အဒုက္ခမသုခဝေဒနာသည် နူးညံ့သိမ်မွေ့၏။

သမာပတ်မဝင်စားသူ၏ ဝေဒနာသည် ကြမ်းတမ်း၏၊ သမာပတ်ဝင်စားသူ၏ ဝေဒနာသည် နူးညံ့သိမ်မွေ့၏။

(သတ္တဝါတို့၏ သန္တာန်၌) ယိုစီးဖြစ်ပွားနေတတ်၍ မူးယစ်မိုက်မဲစေတတ်သည့် ‘အာသဝ'၏ (တဏှာ, ဒိဋ္ဌိ, မောဟတို့၏) အာရုံဖြစ်သော ဝေဒနာသည် ကြမ်းတမ်း၏၊ အာသဝ၏ အာရုံမဟုတ်သောဝေဒနာသည် နူးညံ့ သိမ်မွေ့၏။

တစ်နည်းကား၊ ထိုထိုဝေဒနာကို ထောက်ဆ၍ ထောက်ဆ၍ (ဝေဒနာတစ်ခုနှင့် တစ်ခုကို နှိုင်းရှည့်၍နှိုင်းရှည့်၍) ကြမ်းတမ်းသော ခံစားမှု ‘ဩဠာရိကဝေဒနာ'နှင့် နူးညံ့သိမ်မွေ့သော ခံစားမှု ‘သုခုမဝေဒနာ'ကို မှတ်အပ်၏။

(၈) (၉) ဟီနဝေဒနာနှင့် ပဏီတဝေဒနာ

၁၂။ ထို (ဝေဒနာ ၁၁-မျိုးတို့) တွင် အဘယ်ဝေဒနာ'သည်ယုတ်ညံ့သော ခံစားမှု ‘ဟီနဝေဒနာ'နှင့် မြင့်မြတ်သော ခံစားမှု ‘ပဏီတဝေဒနာ’ မည်သနည်း။

အပြစ်နှင့်တကွဖြစ်၍ မကောင်းကျိုးဆင်းရဲကို ပေးတတ်သော ခံစားမှု ‘အကုသိုလ်ဝေဒနာ'သည် ယုတ်ညံ့၏၊ အပြစ်မရှိမူ၍ ကောင်းကျိုးချမ်းသာကို ပေးတတ်သော ခံစားမှု ‘ကုသိုလ်ဝေဒနာ'နှင့် ကုသိုလ်အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သော ခံစားမှု ‘အဗျာကတဝေဒနာ'သည် မြင့်မြတ်၏၊ (တစ်နည်းကား) ကုသိုလ် ဝေဒနာနှင့် အကုသိုလ်ဝေဒနာသည် ယုတ်ညံ့၏၊ အဗျာကတဝေဒနာသည် မြင့်မြတ်၏။

ဒုက္ခဝေဒနာသည် ယုတ်ညံ့၏၊ သုခဝေဒနာနှင့် အဒုက္ခမသုခဝေဒနာသည် မြင့်မြတ်၏၊ (တစ်နည်းကား) သုခဝေဒနာ, ဒုက္ခဝေဒနာသည် ယုတ်ညံ့၏၊ အဒုက္ခမသုခဝေဒနာသည် မြင့်မြတ်၏။

သမာပတ်မဝင်စားသူ၏ ဝေဒနာသည် ယုတ်ညံ့၏၊ သမာပတ်ဝင်စားသူ၏ ဝေဒနာသည် မြင့်မြတ်၏။

--

(သတ္တဝါတို့၏ သန္တာန်၌) ယိုစီးဖြစ်ပွားနေတတ်၍ မူးယစ်မိုက်မဲစေတတ်သည့် ‘အာသဝ'၏ (တဏှာ, ဒိဋ္ဌိ, မောဟတို့၏) အာရုံဖြစ်သော ဝေဒနာသည် ယုတ်ညံ့၏၊ အာသဝ၏ အာရုံမဟုတ်သော ဝေဒနာသည်မြင့်မြတ်၏။

တစ်နည်းကား၊ ထိုထိုဝေဒနာကို ထောက်ဆ၍ ထောက်ဆ၍ (ဝေဒနာတစ်ခုနှင့်တစ်ခုကို နှိုင်းရှည့်၍နှိုင်းရှည့်၍) ယုတ်ညံ့သော ခံစားမှု ‘ဟီနဝေဒနာ'နှင့် မြင့်မြတ်သော ခံစားမှု ‘ပဏီတဝေဒနာ'ကိုမှတ်အပ်၏။

--

(၁၀) ဒူရေဝေဒနာ

၁၃။ ထို (ဝေဒနာ ၁၁-မျိုးတို့) တွင် အဘယ်ဝေဒနာသည် ဝေးသော ခံစားမှု ‘ဒူရေဝေဒနာ’ မည်သနည်း။

အကုသိုလ်ဝေဒနာသည် ကုသိုလ်ဝေဒနာနှင့် အဗျာကတဝေဒနာတို့မှ ဝေး၏၊ ကုသိုလ်ဝေဒနာနှင့်အဗျာကတဝေဒနာတို့သည် အကုသိုလ်ဝေဒနာမှ ဝေးကုန်၏။

ကုသိုလ်ဝေဒနာသည် အကုသိုလ်ဝေဒနာနှင့် အဗျာကတဝေဒနာတို့မှ ဝေး၏၊ အကုသိုက်ဝေဒနာနှင့်အဗျာကတဝေဒနာတို့သည် ကုသိုလ်ဝေဒနာမှ ဝေးကုန်၏။

အဗျာကတဝေဒနာသည် ကုသိုလ်ဝေဒနာနှင့် အကုသိုလ်ဝေဒနာတို့မှ ဝေးကုန်၏။ ကုသိုလ်ဝေဒနာနှင့်အကုသိုလ်ဝေဒနာတို့သည် အဗျာကတဝေဒနာမှ ဝေးကုန်၏။

ဒုက္ခဝေဒနာသည် သုခဝေဒနာနှင့် အဒုက္ခမသုခဝေဒနာတို့မှ ဝေး၏၊ သုခဝေဒနာနှင့် အဒုက္ခမသုခဝေဒနာတို့သည် ဒုက္ခဝေဒနာမှ ဝေးကုန်၏။

သုခဝေဒနာသည် ဒုက္ခဝေဒနာနှင့် အဒုက္ခမသုခဝေဒနာတို့မှ ဝေး၏၊ ဒုက္ခဝေဒနာနှင့် အဒုက္ခမသုခဝေဒနာတို့သည် သုခဝေဒနာမှ ဝေးကုန်၏။

အဒုက္ခမသုခဝေဒနာသည် သုခဝေဒနာနှင့်ဒုက္ခဝေဒနာတို့မှ ဝေး၏၊ သုခဝေဒနာနှင့်ဒုက္ခဝေဒနာ တို့သည်အဒုက္ခမသုခဝေဒနာမှ ဝေးကုန်၏။

သမာပတ်မဝင်စားသူ၏ ဝေဒနာသည် သမာပတ်ဝင်စားသူ၏ ဝေဒနာမှ ဝေး၏၊ သမာပတ် ဝင်စားသူ၏ဝေဒနာသည် သမာပတ်မဝင်စားသူ၏ ဝေဒနာမှ ဝေး၏။

(သတ္တဝါတို့၏ သန္တာန်၌) ယိုစီးဖြစ်ပွားနေတတ်၍ မူးယစ်မိုက်မဲစေတတ်သည့် ‘အာသဝ'၏ (တဏှာ, ဒိဋ္ဌိ, မောဟတို့၏) အာရုံဖြစ်သော ဝေဒနာသည် အာသဝ၏ အာရုံမဟုတ်သော ဝေဒနာမှ ဝေး၏၊ အာသဝ၏ အာရုံမဟုတ်သော ဝေဒနာသည် အာသဝ၏ အာရုံဖြစ်သော ဝေဒနာမှ ဝေး၏။ ဤ (ဆိုခဲ့ပြီးသော ‘ဝေဒနာ'အပေါင်း) ကို ဝေးသောခံစားမှု ‘ဒူရေဝေဒနာ’ဟု ဆိုအပ်၏။

--

(၁၁) သန္တိကေဝေဒနာ

ထို (ဝေဒနာ ၁၁-မျိုးတို့) တွင် အဘယ် ‘ဝေဒနာ'သည် နီးသော ခံစားမှု ‘သန္တိကေဝေဒနာ’ မည်သနည်း။

အကုသိုလ်ဝေဒနာသည် အကုသိုလ်ဝေဒနာနှင့် နီး၏၊ ကုသိုလ်ဝေဒနာသည် ကုသိုလ်ဝေဒနာနှင့် နီး၏၊ အဗျာကတဝေဒနာသည် အဗျာကတဝေဒနာနှင့် နီး၏။

ဒုက္ခဝေဒနာသည် ဒုက္ခဝေဒနာနှင့် နီး၏၊ သုခဝေဒနာသည် သုခဝေဒနာနှင့် နီး၏၊ အဒုက္ခမသုခဝေဒနာသည် အဒုက္ခမသုခဝေဒနာနှင့် နီး၏။

သမာပတ် မဝင်စားသူ၏ ဝေဒနာသည် သမာပတ် မဝင်စားသူ၏ ဝေဒနာနှင့် နီး၏၊ သမာပတ်ဝင်စားသူ၏ ဝေဒနာသည် သမာပတ်ဝင်စားသူ၏ ဝေဒနာနှင့် နီး၏။

အာသဝ၏ အာရုံဖြစ်သော ဝေဒနာသည် အာသဝ၏ အာရုံဖြစ်သော ဝေဒနာနှင့် နီး၏၊ အာသဝ၏အာရုံမဟုတ်သော ဝေဒနာသည် အာသဝ၏ အာရုံမဟုတ်သောဝေဒနာနှင့် နီး၏။ ဤ (ဆိုခဲ့ပြီးသော ‘ဝေဒနာ'အပေါင်း) ကို နီးသောခံစားမှု ‘သန္တိကေဝေဒနာ’ဟု ဆိုအပ်၏။

တစ်နည်းကား၊ ထိုထိုဝေဒနာကို ထောက်ဆ၍ ထောက်ဆ၍ (ဝေဒနာတစ်ခုနှင့် တစ်ခုကို နှိုင်းရှည့်၍ နှိုင်းရှည့်၍) ဝေးသောခံစားမှု ‘ဒူရေဝေဒနာ'နှင့် နီးသောခံစားမှု ‘သန္တိကေဝေဒနာ'ကို မှတ်အပ်၏။

--

၃-သညာက္ခန္ဓ (မှတ်သားမှုအစု)

သညာက္ခန္ဓာ (သညာ ၁၁-မျိုး)

၁၄။ ထို (ခန္ဓာငါးပါးတို့) တွင် အဘယ်သည် မှတ်သားမှုအစု ‘သညာက္ခန္ဓာ’ မည်သနည်း။

ဖြစ်ပြီးမှတ်သားမှု ‘အတိက်သညာ’၊ ဖြစ်လတ္တံ့မှတ်သားမှု ‘အနာဂတ်သညာ’၊ ဖြစ်ဆဲမှတ်သားမှု့ ‘ပစ္စုပ္ပန်သညာ’၊ အတွင်းသန္တာန်၌ဖြစ်သော မှတ်သားမှု ‘အဇ္ဈတ္တသညာ’၊ အပသန္တာန်၌ဖြစ်သောမှတ်သားမှု ‘ဗဟိဒ္ဓသညာ’၊ ကြမ်းတမ်းသော မှတ်သားမှု ‘ဩဠာရိကသညာ’၊ နူးညံ့သိမ်မွေ့သောမှတ်သားမှု ‘သုခုမသညာ’၊ ယုတ်ညံ့သော မှတ်သားမှု ‘ဟီနသညာ’၊ မြင့်မြတ်သော မှတ်သားမှု ‘ပဏီတသညာ’၊ ဝေးသော မှတ်သားမှု ‘ဒူရေသညာ’၊ နီးသော မှတ်သားမှု ‘သန္တိကေသညာ'တည်းဟူသော အလုံးစုံသော အကြင်မှတ်သားမှု သညာသည် ရှိ၏။ ထို (အားလုံးသော သညာ ၁၁-မျိုးတို့) ကို တစ်ပေါင်းတည်းပြု၍ ရုံးစု၍ အကျဉ်းချုံး၍ ပြသော ဤသဘောကို မှတ်သားမှုအစု ‘သညာက္ခန္ဓာ’ဟု ဆိုအပ်၏။

--

(၁) အတိက်သညာ

၁၅။ ထို (သညာ ၁၁-မျိုးတို့) တွင် အဘယ်သညာသည် ဖြစ်ပြီး မှတ်သားမှု ‘အတိက်သညာ’ မည်သနည်း။

မျက်စိအကြည် စက္ခုပသာဒနှင့် အဆင်း ရူပါရုံတို့ တွေ့ထိမှုကြောင့်ဖြစ်သော မှတ်သားမှု ‘သညာ’ (မြင်သိစိတ် ‘စက္ခုဝိညာဉ်’၌ရှိသော တွေ့ထိမှု ‘ဖဿ'ကြောင့်ဖြစ်သော မှတ်သားမှု ‘သညာ') (မျက်စိအတွေ့ကြောင့် ဖြစ်သောသညာ) (စက္ခုသမ္ဖဿဇာသညာ၁)၊ နားအကြည် သောတပသာဒနှင့် အသံသဒ္ဒါရုံတို့တွေ့ထိမှုကြောင့်ဖြစ်သော မှတ်သားမှု ‘သညာ’ (ကြားသိစိတ် ‘သောတဝိညာဉ်’၌ ရှိသော တွေ့ထိမှု ‘ဖဿ'ကြောင့်ဖြစ်သော မှတ်သားမှု ‘သညာ') (နားအတွေ့ကြောင့်ဖြစ်သော သညာ) (သောတသမ္ဖဿဇာသညာ)၊ နှာခေါင်းအကြည် ဃာနပသာဒနှင့် အနံ့ဂန္ဓာရုံတို့ တွေ့ထိမှုကြောင့်ဖြစ်သော မှတ်သားမှု ‘သညာ’ (နံသိစိတ် ‘ဃာနဝိညာဉ်’၌ ရှိသော တွေ့ထိမှု ‘ဖဿ'ကြောင့်ဖြစ်သော မှတ်သားမှုသညာ) (နှာခေါင်းအတွေ့ကြောင့်ဖြစ်သော သညာ) (ဃာနသမ္ဖဿဇာသညာ)၊ လျှာအကြည် ဇိဝှါပသာဒနှင့်အရသာ ရသာရုံတို့ တွေ့ထိမှုကြောင့်ဖြစ်သော မှတ်သားမှု ‘သညာ’ (လျက်သိစိတ် ‘ဇိဝှါဝိညာဉ်’၌ရှိသော တွေ့ထိမှု ‘ဖဿ'ကြောင့်ဖြစ်သော မှတ်သားမှုသညာ) (လျှာအတွေ့ကြောင့်ဖြစ်သော သညာ) (ဇိဝှါသမ္ဖဿဇာသညာ)၊ ကိုယ်အကြည်ကာယပသာဒနှင့် အတွေ့ဖောဋ္ဌဗ္ဗာရုံတို့ တွေ့ထိမှုကြောင့်ဖြစ်သောမှတ်သားမှု ‘သညာ’ (ထိသိစိတ် ‘ကာယဝိညာဉ်’၌ရှိသော တွေ့ထိမှု ‘ဖဿ'ကြောင့်ဖြစ်သော မှတ်သားမှုသညာ) (ကိုယ်အတွေ့ ကြောင့်ဖြစ်သော သညာ) (ကာယသမ္ဖဿဇာသညာ)၊ စိတ်နှင့် ဓမ္မာရုံတို့တွေ့ထိမှုကြောင့် ဖြစ်သော မှတ်သားမှု ‘သညာ’ (ကြံသိစိတ် ‘မနောဝိညာဉ်’၌ရှိသောတွေ့ထိမှု ‘ဖဿ'ကြောင့် ဖြစ်သော မှတ်သားမှု သညာ) (မနောသမ္ဖဿဇာသညာ)ဟု ဆိုအပ်သောအကြင်သညာသည် လွန်ပြီးဖြစ်၏ (အတီတာ)၊ ချုပ်ပြီးဖြစ်၏ (နိရုဒ္ဓါ)၊ ကင်းပြီးဖြစ်၏ (ဝိဂတာ)၊ ဖောက်ပြန်ခြင်းသို့ ရောက်ပြီးဖြစ်၏ (ဝိပရိဏတာ)၊ ချုပ်ခြင်းသို့ ရောက်ပြီးဖြစ်၏ (အတ္ထင်္ဂတာ)၊ အလွန်ချုပ်ခြင်းသို့ ရောက်ပြီးဖြစ်၏ (အဗ္ဘတ္ထင်္ဂတာ)၊ ဖြစ်ပြီး၍ ကင်းပျောက်ပြီးဖြစ်၏ (ဥပ္ပဇ္ဇိတွာ ဝိဂတာ)၊ လွန်ပြီးဖြစ်၏ (အတီတာ)၊ လွန်ပြီးသောအတိက် တရားအစုအဖို့ဖြင့် ရေတွက်အပ်၏ (အတီတံသေနသင်္ဂဟိတာ)။ ဤ (ဆိုခဲ့ပြီးသော မှတ်သားမှု သညာအပေါင်း) ကို ဖြစ်ပြီး မှတ်သားမှု ‘အတိက်သညာ’ဟု ဆိုအပ်၏။

၁။ ‘စက္ခုသမ္ပဿ'ကို သုတ္တန်နည်း, အဘိဓမ္မာနည်း, တိုက်ရိုက်နည်းတို့ဖြင့် အောက်ပါအတိုင်း မြန်မာဘာသာ ပြန်ဆိုထားပါသည်။ ထိုမြန်မာပြန်တို့ကို အချို့နေရာ၌ အားလုံးကို ဖော်ပြထားပါသည်၊ အချို့နေရာ၌မူ အချို့ကိုသာ ဖော်ပြထားပါသည်။

(က) မျက်စိအကြည် ‘စက္ခုပသာဒ'နှင့် အဆင်း ‘ရူပါရုံ'တို့ တွေ့ထိမှု

(ခ) မြင်သိစိတ် ‘စက္ခုဝိညာဉ်’၌ရှိသော တွေ့ထိမှု ‘ဖဿ’၊ မြင်သိစိတ် ‘စက္ခုဝိညာဉ်'နှင့် ယှဉ်သော တွေ့ထိမှု ‘ဖဿ'

(ဂ) မျက်စိအတွေ့ ‘စက္ခုသမ္ဖဿ'

(ဃ) စက္ခုပသာဒ၌မှီသော ‘ဖဿ’ (အချို့ရှေးပညာရှိကြီးများ ပြန်ဆိုနည်း)

(င) ‘စက္ခုသမ္ပဿဇာသညာ'ကို မျက်စိအကြည် ‘စက္ခုပသာဒ'နှင့် အဆင်း ‘ရူပါရုံ'တို့တွေ့ထိမှုကြောင့် ဖြစ်သော မှတ်သားမှု ‘သညာ’ဟု စသည်ဖြင့် ပြန်ဆိုထားသည်။ သောတသမ္ပဿ, ဃာနသမ္ပဿ, စသည်တို့၏ မြန်မာပြန်များကိုလည်း ဤနည်းအတိုင်းပင် ပြန်ဆိုထားပါသည်။

--

(၂) အနာဂတ်သညာ

ထို (သညာ ၁၁-မျိုးတို့) တွင် အဘယ်သညာသည် ဖြစ်လတ္တံ့ မှတ်သားမှု ‘အနာဂတ်သညာ’ မည်သနည်း။

မျက်စိအကြည် စက္ခုပသာဒနှင့် အဆင်း ရူပါရုံတို့ တွေ့ထိမှုကြောင့်ဖြစ်သော သညာ (မျက်စိအတွေ့ကြောင့် ဖြစ်သောသညာ) (စက္ခုသမ္ဖဿဇာသညာ)၊ နားအကြည် သောတပသာဒနှင့် အသံသဒ္ဒါရုံတို့တွေ့ထိမှုကြောင့်ဖြစ်သော သညာ (နားအတွေ့ကြောင့် ဖြစ်သော သညာ) (သောတသမ္ဖဿဇာသညာ)၊ နှာခေါင်းအကြည် ဃာနပသာဒနှင့် အနံ့ဂန္ဓာရုံတို့ တွေ့ထိမှုကြောင့်ဖြစ်သော သညာ (နှာခေါင်းအတွေ့ကြောင့်ဖြစ်သော သညာ) (ဃာနသမ္ဖဿဇာသညာ)၊ လျှာအကြည် ဇိဝှါပသာဒနှင့် အရသာရသာရုံတို့ တွေ့ထိမှုကြောင့်ဖြစ်သော သညာ (လျှာအတွေ့ကြောင့်ဖြစ်သော သညာ) (ဇိဝှါသမ္ဖဿဇာသညာ)၊ ကိုယ်အကြည်ကာယပသာဒနှင့် အတွေ့ဖောဋ္ဌဗ္ဗာရုံတို့ တွေ့ထိမှုကြောင့်ဖြစ်သော သညာ (ကိုယ်အတွေ့ကြောင့်ဖြစ်သော သညာ) (ကာယသမ္ဖဿဇာသညာ)၊ စိတ်နှင့် ဓမ္မာရုံတို့ တွေ့ထိမှုကြောင့်ဖြစ်သော သညာ (မနောသမ္ဖဿဇာသညာ)ဟု ဆိုအပ်သော အကြင်သညာသည် မဖြစ်သေး (အဇာတာ)၊ မထင်ရှားသေး (ထင်ရှားမရှိသေး) (အဘူတာ)၊ ကောင်းစွာ မဖြစ်ရှိသေး (အသဉ္ဇာတာ)၊ မဖြစ်သေး (အနိဗ္ဗတ္တာ)၊ အသစ်မဖြစ်သေး (အနဘိနိဗ္ဗတ္တာ)၊ ထင်ရှားမဖြစ်သေး (အပါတုဘူတာ)၊ မဖြစ်ပေါ်သေး (အနုပ္ပန္နာ)၊ ကောင်းစွာမဖြစ်ပေါ်သေး (အသမုပ္ပန္နာ)၊ မပေါ်ပေါက်သေး (အနုဋ္ဌိတာ)၊ ကောင်းစွာ မပေါ်ပေါက်သေး (အသမုဋ္ဌိတာ)၊ မရောက်လာသေး (အနာဂတာ)၊ မရောက်လာသေးသော အနာဂတ်တရားအစုအဖို့ဖြင့်ရေတွက်အပ်၏ (အနာဂတံသေန သင်္ဂဟိတာ)။ ဤ (ဆိုခဲ့ပြီးသော မှတ်သားမှု သညာအပေါင်း) ကိုဖြစ်လတ္တံ့ ‘အနာဂတ်သညာ’ဟု ဆိုအပ်၏။

(၃) ပစ္စုပ္ပန်သညာ

ထို (သညာ ၁၁-မျိုးတို့) တွင် အဘယ်သညာသည် ဖြစ်ဆဲမှတ်သားမှု ‘ပစ္စုပ္ပန်သညာ’ မည်သနည်း။

မျက်စိအကြည် စက္ခုပသာဒနှင့် အဆင်း ရူပါရုံတို့ တွေ့ထိမှုကြောင့်ဖြစ်သော သညာ (မျက်စိအတွေ့ကြောင့်ဖြစ်သော သညာ) (စက္ခုသမ္ဖဿဇာသညာ)၊ နားအကြည်သောတပသာဒနှင့် အသံသဒ္ဒါရုံတို့တွေ့ထိမှုကြောင့်ဖြစ်သော သညာ (နားအတွေ့ကြောင့်ဖြစ်သော သညာ) (သောတသမ္ဖဿဇာသညာ)၊ နှာခေါင်းအကြည် ဃာနပသာဒနှင့် အနံ့ဂန္ဓာရုံတို့ တွေ့ထိမှုကြောင့်ဖြစ်သော သညာ (နှာခေါင်းအတွေ့ကြောင့်ဖြစ်သော သညာ) (ဃာနသမ္ဖဿဇာသညာ)၊ လျှာအကြည် ဇိဝှါပသာဒနှင့် အရသာရသာရုံတို့တွေ့ထိမှုကြောင့်ဖြစ်သော သညာ (လျှာအတွေ့ကြောင့်ဖြစ်သော သညာ) (ဇိဝှါသမ္ဖဿဇာသညာ)၊ ကိုယ်အကြည်ကာယပသာဒနှင့် အတွေ့ဖောဋ္ဌဗ္ဗာရုံတို့ တွေ့ထိမှုကြောင့်ဖြစ်သော သညာ (ကိုယ်အတွေ့ကြောင့်ဖြစ်သော သညာ) (ကာယသမ္ဖဿဇာသညာ)၊ စိတ်နှင့် ဓမ္မာရုံတို့ တွေ့ထိမှုကြောင့်ဖြစ်သော သညာ (မနောသမ္ဖဿဇာသညာ)ဟု ဆိုအပ်သော အကြင်သညာသည် ဖြစ်ဆဲဖြစ်၏ (ဇာတာ)၊ ထင်ရှားဖြစ်ဆဲဖြစ်၏ (ဘူတာ)၊ ကောင်းစွာ ဖြစ်ရှိဆဲဖြစ်၏ (သဉ္ဇာတာ)၊ ဖြစ်ဆဲဖြစ်၏ (နိဗ္ဗတ္တာ)၊ အသစ်ဖြစ်ဆဲဖြစ်၏ (အဘိနိဗ္ဗတ္တာ)၊ ထင်ရှားဖြစ်ဆဲဖြစ်၏ (ပါတုဘူတာ)၊ ဖြစ်ပေါ်ဆဲဖြစ်၏ (ဥပ္ပန္နာ)၊ ကောင်းစွာ ဖြစ်ပေါ်ဆဲဖြစ်၏ (သမုပ္ပန္နာ)၊ ပေါ်ပေါက်ဆဲဖြစ်၏ (ဥဋ္ဌိတာ)၊ ကောင်းစွာ ပေါ်ပေါက်ဆဲဖြစ်၏ (သမုဋ္ဌိတာ)၊ ယခုဖြစ်ပေါ်ဆဲဖြစ်၏ (ပစ္စုပ္ပန္နာ)၊ ယခုဖြစ်ပေါ်ဆဲဖြစ်သော ပစ္စုပ္ပန်တရား အစုအဖို့ဖြင့် ရေတွက်အပ်၏ (ပစ္စုပ္ပန္နံသေန သင်္ဂဟိတာ)။ ဤ (ဆိုခဲ့ပြီးသော သညာအပေါင်း) ကို ဖြစ်ဆဲမှတ်သားမှု ‘ပစ္စုပ္ပန်သညာ’ဟု ဆိုအပ်၏။

--

(၄) အဇ္ဈတ္တသညာ

၁၆။ ထို (သညာ ၁၁-မျိုးတို့) တွင် အဘယ်သညာသည် အတွင်းသန္တာန်၌ဖြစ်သော မှတ်သားမှု ‘အဇ္ဈတ္တသညာ’ မည်သနည်း။

မျက်စိအကြည် စက္ခုပသာဒနှင့် အဆင်းရူပါရုံတို့ တွေ့ထိမှုကြောင့်ဖြစ်သော ‘သညာ’ (မြင်သိစိတ် ‘စက္ခုဝိညာဉ်’၌ရှိသော တွေ့ထိမှု ‘ဖဿ'ကြောင့်ဖြစ်သော ‘သညာ') (စက္ခုသမ္ဖဿဇာသညာ)၊ နားအကြည် သောတပသာဒနှင့် အသံသဒ္ဒါရုံတို့ တွေ့ထိမှုကြောင့်ဖြစ်သော သညာ (ကြားသိစိတ် ‘သောတဝိညာဉ်’၌ရှိသော တွေ့ထိမှု ‘ဖဿ'ကြောင့်ဖြစ်သော ‘သညာ') (သောတသမ္ဖဿဇာသညာ)၊ နှာခေါင်းအကြည်ဃာနပသာဒနှင့် အနံ့ဂန္ဓာရုံတို့ တွေ့ထိမှုကြောင့်ဖြစ်သော မှတ်သားမှုသညာ (နံသိစိတ် ‘ဃာနဝိညာဉ်’၌ရှိသော တွေ့ထိမှု ‘ဖဿ'ကြောင့်ဖြစ်သော မှတ်သားမှု ‘သညာ') (ဃာနသမ္ဖဿဇာသညာ)၊ လျှာအကြည် ဇိဝှါပသာဒနှင့် အရသာရသာရုံတို့ တွေ့ထိမှုကြောင့်ဖြစ်သော မှတ်သားမှုသညာ (လျက်သိစိတ် ‘ဇိဝှါဝိညာဉ်’၌ရှိသော တွေ့ထိမှု ‘ဖဿ'ကြောင့်ဖြစ်သော မှတ်သားမှု ‘သညာ') (ဇိဝှါသမ္ဖဿဇာသညာ)၊ ကိုယ်အကြည်ကာယပသာဒနှင့် အတွေ့ ဖောဋ္ဌဗ္ဗာရုံတို့ တွေ့ထိမှုကြောင့်ဖြစ်သော မှတ်သားမှု ‘သညာ’ (ထိသိစိတ် ‘ကာယဝိညာဉ်’၌ရှိသော တွေ့ထိမှု ‘ဖဿ'ကြောင့်ဖြစ်သော မှတ်သားမှု ‘သညာ') (ကာယသမ္ဖဿဇာသညာ)၊ စိတ်နှင့်ဓမ္မာရုံတို့ တွေ့ထိမှုကြောင့်ဖြစ်သော မှတ်သားမှုသညာ (ကြံသိစိတ် ‘မနောဝိညာဉ်’၌ရှိသော တွေ့ထိမှု ‘ဖဿ'ကြောင့်ဖြစ်သော ‘သညာ') (မနောသမ္ဖဿဇာသညာ)ဟု ဆိုအပ်သောအကြင်သညာသည် ထိုထိုသတ္တဝါတို့၏ အတွင်းသန္တာန်၌ဖြစ်၏ (အဇ္ဈတ္တံ)၊ ကိုယ်ကိုစွဲ၍ ဖြစ်၏ (ပစ္စတ္တံ)၊ မိမိကိုယ်ပိုင်ဥစ္စာဖြစ်၏ (နိယကာ)၊ အသီးအခြားပုဂ္ဂိုလ်ပိုင် ဥစ္စာဖြစ်၏ (ပါဋိပုဂ္ဂလိကာ)၊ ခန္ဓာကိုယ်ကိုစွဲကပ်၍ ဖြစ်၏၊ (တဏှာဒိဋ္ဌိတို့၏ အာရုံဖြစ်၏) (ဥပါဒိန္နာ)။ ဤ (ဆိုခဲ့ပြီးသော သညာအပေါင်း) ကိုအတွင်းသန္တာန်၌ ဖြစ်သော မှတ်သားမှု ‘အဇ္ဈတ္တသညာ’ဟု ဆိုအပ်၏။

(၅) ဗဟိဒ္ဓသညာ

ထို (သညာ ၁၁-မျိုးတို့) တွင် အဘယ်သညာသည် အပသန္တာန်၌ဖြစ်သောမှတ်သားမှု ‘ဗဟိဒ္ဓသညာ’ မည်သနည်း။

မျက်စိအကြည် စက္ခုပသာဒနှင့် အဆင်း ရူပါရုံတို့ တွေ့ထိမှုကြောင့်ဖြစ်သော သညာ (မျက်စိအတွေ့ကြောင့်ဖြစ်သော သညာ) (စက္ခုသမ္ဖဿဇာသညာ)၊ နားအကြည် သောတပသာဒနှင့်အသံသဒ္ဒါရုံတို့ တွေ့ထိမှုကြောင့်ဖြစ်သော သညာ (နားအတွေ့ကြောင့်ဖြစ်သော သညာ) (သောတသမ္ဖဿဇာသညာ)၊ နှာခေါင်းအကြည် ဃာနပသာဒနှင့် အနံ့ဂန္ဓာရုံတို့ တွေ့ထိမှုကြောင့်ဖြစ်သောသညာ (နှာခေါင်းအတွေ့ ကြောင့်ဖြစ်သော သညာ) (ဃာနသမ္ဖဿဇာသညာ)၊ လျှာအကြည်ဇိဝှါပသာဒနှင့် အရသာရသာရုံတို့ တွေ့ထိမှုကြောင့်ဖြစ်သော သညာ (လျှာအတွေ့ကြောင့်ဖြစ်သောသညာ) (ဇိဝှါသမ္ဖဿဇာသညာ)၊ ကိုယ် အကြည်ကာယပသာဒနှင့် အတွေ့ဖောဋ္ဌဗ္ဗာရုံတို့တွေ့ထိမှုကြောင့်ဖြစ်သော သညာ (ကိုယ်အတွေ့ကြောင့် ဖြစ်သော သညာ) (ကာယသမ္ဖဿဇာသညာ)၊ စိတ်နှင့် ဓမ္မာရုံတို့ တွေ့ထိမှုကြောင့်ဖြစ်သော သညာ (မနောသမ္ဖဿဇာသညာ)ဟု ဆိုအပ်သောအကြင်သညာသည် တစ်ပါးသော သတ္တဝါ, တစ်ပါးသော ပုဂ္ဂိုလ်တို့၏ အတွင်းသန္တာန်၌ ဖြစ်၏ (ပရပုဂ္ဂလအဇ္ဈတ္တံ)၊ (တစ်ပါးသော ပုဂ္ဂိုလ်တို့၏) ကိုယ်ကိုစွဲ၍ ဖြစ်၏ (ပစ္စတ္တံ)၊ (တစ်ပါးသောပုဂ္ဂိုလ်တို့၏) ကိုယ်ပိုင်ဥစ္စာဖြစ်၏ (နိယကာ)၊ (တစ်ပါးသော ပုဂ္ဂိုလ်တို့၏) အသီးအခြားပုဂ္ဂိုလ်ပိုင်ဥစ္စာဖြစ်၏ (ပါဋိပုဂ္ဂလိကာ)၊ ခန္ဓာကိုယ်ကို စွဲကပ်၍ဖြစ်၏ (တဏှာဒိဋ္ဌိတို့၏အာရုံဖြစ်၏) (ဥပါဒိန္နာ)။ ဤ (ဆိုခဲ့ပြီးသော သညာအပေါင်း) ကို အပသန္တာန်၌ ဖြစ်သော မှတ်သားမှု ‘ဗဟိဒ္ဓသညာ’ဟု ဆိုအပ်၏။

--

(၆) (၇) ဩဠာရိကသညာနှင့် သုခုမသညာ

၁၇။ ထို (သညာ ၁၁-မျိုးတို့) တွင် အဘယ်သညာသည်ကြမ်းတမ်းသော မှတ်သားမှု ‘ဩဠာရိကသညာ'နှင့် နူးညံ့သိမ်မွေ့သော မှတ်သားမှု ‘သုခုမသညာ’ မည်သနည်း။

(ပဉ္စဒွါရ၌) ထိခိုက်ခြင်းကြောင့်ဖြစ်သော သညာသည်၁ ကြမ်းတမ်းသော မှတ်သားမှု ‘ဩဠာရိကသညာ’ မည်၏၊ (မနောဒွါရ၌) ထိခိုက်ခြင်းကြောင့်ဖြစ်သော သညာ၂ သည်နူးညံ့သိမ်မွေ့သော မှတ်သားမှု ‘သုခုမသညာ’ မည်၏။ အပြစ်နှင့်တကွဖြစ်၍ မကောင်းကျိုးဆင်းရဲကို ပေးတတ်သော မှတ်သားမှု ‘အကုသိုလ်သညာ'သည်ကြမ်းတမ်း၏၊ အပြစ်မရှိမူ၍ ကောင်းကျိုးချမ်းသာကို ပေးတတ်သော မှတ်သားမှု ‘ကုသိုလ်သညာ'နှင့်ကုသိုလ် အကုသိုလ်ဟု မဟောအပ်သော မှတ်သားမှု ‘အဗျာကတသညာ'သည် နူးညံ့သိမ်မွေ့၏၊ (တစ်နည်းကား) ကုသိုလ်သညာနှင့် အကုသိုလ်သညာသည် ကြမ်းတမ်း၏၊ အဗျာကတသညာသည် နူးညံ့သိမ်မွေ့၏။ ဒုက္ခဝေဒနာနှင့်ယှဉ်သော သညာသည် ကြမ်းတမ်း၏၊ သုခဝေဒနာ အဒုက္ခမသုခဝေဒနာတို့နှင့် ယှဉ်သောသညာသည် နူးညံ့သိမ်မွေ့၏၊ (တစ်နည်းကား) သုခဝေဒနာ, ဒုက္ခဝေဒနာတို့နှင့် ယှဉ်သော သညာသည်ကြမ်းတမ်း၏၊ အဒုက္ခမသုခဝေဒနာနှင့် ယှဉ်သော သညာသည် နူးညံ့သိမ်မွေ့၏။ သမာပတ် မဝင်စားသူ၏ သညာသည် ကြမ်းတမ်း၏၊ သမာပတ် ဝင်စားသူ၏ သညာသည် နူးညံ့သိမ်မွေ့၏။ (သတ္တဝါတို့၏ သန္တာန်၌) ယိုစီးဖြစ်ပွားနေတတ်၍ မူးယစ် မိုက်မဲစေတတ်သည့် ‘အာသဝ'၏ (တဏှာ, ဒိဋ္ဌိ, မောဟတို့၏) အာရုံဖြစ်သော သညာသည် ကြမ်းတမ်း၏၊ အာသဝ၏ အာရုံမဟုတ်သောသညာသည် နူးညံ့သိမ်မွေ့၏။ တစ်နည်းကား၊ ထိုထိုသညာကို ထောက်ဆ၍ ထောက်ဆ၍ (သညာတစ်ခုနှင့်တစ်ခုကို နှိုင်းရှည့်၍နှိုင်းရှည့်၍) ကြမ်းတမ်းသော မှတ်သားမှု ‘ဩဠာရိကသညာ'နှင့် နူးညံ့သိမ်မွေ့သော မှတ်သားမှု ‘သုခုမသညာ'ကို မှတ်အပ်၏။

၁။ ပဋိဃသမ္ပဿဇာ သညာ= ပဉ္စဒွါရိကသညာ= ဩဠာရိကသညာ။

၂။ အဓိဝစန သမ္ပဿဇာ သညာ= မနောဒွါရိကသညာ= သုခုမသညာ (သမ္မော-ဋ္ဌ၊ နှာ-၁၈)

--

(၈) (၉) ဟီနသညာနှင့် ပဏီတသညာ

၁၈။ ထို (သညာ ၁၁-မျိုးတို့) တွင် အဘယ်သညာသည်ယုတ်ညံ့သောမှတ်သားမှု ‘ဟီနသညာ'နှင့် မြင့်မြတ်သော မှတ်သားမှု ‘ပဏီတသညာ’ မည်သနည်း။

အပြစ်နှင့်တကွဖြစ်၍ မကောင်းကျိုးဆင်းရဲကို ပေးတတ်သော ‘အကုသိုလ်သညာ'သည် ယုတ်ညံ့၏၊ အပြစ်မရှိမူ၍ ကောင်းကျိုးချမ်းသာကို ပေးတတ်သော ‘ကုသိုလ်သညာ'နှင့် ကုသိုလ် အကုသိုလ်အဖြစ်ဖြင့်မဟောအပ်သော ‘အဗျာကတသညာ'သည် မြင့်မြတ်၏၊ (တစ်နည်းကား) ကုသိုလ်သညာနှင့် အကုသိုလ်သညာသည် ယုတ်ညံ့၏၊ အဗျာကတသညာသည် မြင့်မြတ်၏။ ဒုက္ခဝေဒနာနှင့် ယှဉ်သော သညာသည် ယုတ်ညံ့၏၊ သုခဝေဒနာ အဒုက္ခမသုခဝေဒနာတို့နှင် ယှဉ်သောသညာသည် မြင့်မြတ်၏၊ (တစ်နည်းကား) သုခဝေဒနာ, ဒုက္ခဝေဒနာတို့နှင့်ယှဉ်သော သညာသည်ယုတ်ညံ့၏၊ အဒုက္ခမသုခဝေဒနာနှင့်ယှဉ်သော သညာသည် မြင့်မြတ်၏။ သမာပတ်မဝင်စားသူ၏ သညာသည် ယုတ်ညံ့၏၊ သမာပတ်ဝင်စားသူ၏ သညာသည် မြင့်မြတ်၏။ အာသဝ၏ အာရုံဖြစ်သော သညာသည် ယုတ်ညံ့၏၊ အာသဝ၏ အာရုံမဟုတ်သော သညာသည်မြင့်မြတ်၏။ တစ်နည်းကား ထိုထိုသညာကို ထောက်ဆ၍ ထောက်ဆ၍ (သညာတစ်ခုနှင့် တစ်ခုကို နှိုင်းရှည့်၍နှိုင်းရှည့်၍) ယုတ်ညံ့သော မှတ်သားမှု ‘ဟီနသညာ'နှင့်မြင့်မြတ်သော မှတ်သားမှု ‘ပဏီတသညာ'ကိုမှတ်အပ်၏။

(၁၀) ဒူရေသညာ

၁၉။ ထို (သညာ ၁၁-မျိုးတို့) တွင် အဘယ်သညာသည် ဝေးသော မှတ်သားမှု ‘ဒူရေသညာ’ မည်သနည်း။

အကုသိုလ်သညာသည် ကုသိုလ်သညာနှင့် အဗျာကတသညာတို့မှ ဝေး၏၊ ကုသိုလ်သညာနှင့်အဗျာကတသညာတို့သည် အကုသိုလ်သညာမှ ဝေးကုန်၏။

ကုသိုလ်သညာသည် အကုသိုလ်သညာနှင့် အဗျာကတသညာတို့မှ ဝေး၏၊ အကုသိုလ်သညာနှင့်အဗျာကတသညာတို့သည် ကုသိုလ်သညာမှ ဝေးကုန်၏။

အဗျာကတသညာသည် ကုသိုလ်သညာနှင့်အကုသိုလ်သညာတို့မှ ဝေး၏။ ကုသိုလ်သညာနှင်အကုသိုလ်သညာတို့သည် အဗျာကတသညာမှ ဝေးကုန်၏။

ဒုက္ခဝေဒနာနှင့် ယှဉ်သော သညာသည် သုခဝေဒနာ အဒုက္ခမသုခဝေဒနာတို့နှင့် ယှဉ်သော သညာ တို့မှဝေး၏၊ သုခဝေဒနာ အဒုက္ခမသုခဝေဒနာတို့နှင့် ယှဉ်သော သညာတို့သည် ဒုက္ခဝေဒနာနှင့် ယှဉ်သောသညာမှ ဝေးကုန်၏။

သုခဝေဒနာနှင့်ယှဉ်သော သညာသည် ဒုက္ခဝေဒနာ အဒုက္ခမသုခဝေဒနာတို့နှင့်ယှဉ်သော သညာတို့မှဝေး၏၊ ဒုက္ခဝေဒနာ အဒုက္ခမသုခဝေဒနာတို့နှင့်ယှဉ်သော သညာတို့သည် သုခဝေဒနာနှင့်ယှဉ်သောသညာမှ ဝေးကုန်၏။

--

အဒုက္ခမသုခဝေဒနာနှင့်ယှဉ်သော သညာသည် သုခဝေဒနာ ဒုက္ခဝေဒနာတို့နှင့်ယှဉ်သော သညာမှဝေး၏၊ သုခဝေဒနာ ဒုက္ခဝေဒနာတို့နှင့်ယှဉ်သော သညာတို့သည် အဒုက္ခမသုခဝေဒနာနှင့်ယှဉ်သောသညာမှ ဝေးကုန်၏။

သမာပတ် မဝင်စားသူ၏ သညာသည် သမာပတ် ဝင်စားသူ၏ သညာမှ ဝေး၏၊ သမာပတ် ဝင်စားသူ၏သညာသည် သမာပတ် မဝင်စားသူ၏ သညာမှ ဝေး၏။

အာသဝ၏ (တဏှာ, ဒိဋ္ဌိ, မောဟတို့၏) အာရုံဖြစ်သော သညာသည် အာသဝ၏ အာရုံမဟုတ်သောသညာမှ ဝေး၏၊ အာသဝ၏ အာရုံမဟုတ်သော သညာသည် အာသဝ၏ အာရုံဖြစ်သော သညာမှဝေး၏။ ဤ (ဆိုခဲ့ပြီးသော သညာ အပေါင်း) ကို ဝေးသော မှတ်သားမှု ‘ဒူရေသညာ’ဟု ဆိုအပ်၏။

(၁၁) သန္တိကေသညာ

ထို (သညာ ၁၁-မျိုးတို့) တွင် အဘယ်သညာသည် နီးသောမှတ်သားမှု ‘သန္တိကေသညာ’ မည်သနည်း။

အကုသိုလ်သညာသည် အကုသိုလ်သညာနှင့် နီး၏၊ ကုသိုလ်သညာသည် ကုသိုလ်သညာနှင့် နီး၏။ အဗျာကတသညာသည် အဗျာကတသညာနှင့် နီး၏။

ဒုက္ခဝေဒနာနှင့် ယှဉ်သော သညာသည် ဒုက္ခဝေဒနာနှင့် ယှဉ်သော သညာနှင့် နီး၏၊ သုခဝေဒနာနှင့်ယှဉ်သော သညာသည် သုခဝေဒနာနှင့် ယှဉ်သော သညာနှင့် နီး၏၊ အဒုက္ခမသုခဝေဒနာနှင့် ယှဉ်သောသညာသည် အဒုက္ခမသုခဝေဒနာနှင့်ယှဉ်သော သညာနှင့် နီး၏။

သမာပတ် မဝင်စားသူ၏ သညာသည် သမာပတ် မဝင်စားသူ၏ သညာနှင့် နီး၏၊ သမာပတ်ဝင်စားသူ၏ သညာသည် သမာပတ်ဝင်စားသူ၏ သညာနှင့် နီး၏။

အာသဝ၏ အာရုံဖြစ်သော သညာသည် အာသဝ၏ အာရုံဖြစ်သော သညာနှင့် နီး၏၊ အာသဝ၏အာရုံမဟုတ်သော သညာသည် အာသဝ၏ အာရုံမဟုတ်သော သညာနှင့် နီး၏။ ဤ (ဆိုခဲ့ပြီးသော သညာ အပေါင်း) ကို နီးသော မှတ်သားမှု ‘သန္တိကေသညာ’ဟု ဆိုအပ်၏။

တစ်နည်းကား၊ ထိုထိုသညာကို ထောက်ဆ၍ ထောက်ဆ၍ (သညာတစ်ခုနှင့် တစ်ခုကို နှိုင်းရှည့်၍နှိုင်းရှည့်၍) ဝေးသော သညာ ‘ဒူရေသညာ'နှင့် နီးသော သညာ ‘သန္တိကေသညာ'ကို မှတ်အပ်၏။

-

၄-သင်္ခါရက္ခန္ဓ (ပြုပြင်စီရင်မှုအစု)

သင်္ခါရက္ခန္ဓာ (သင်္ခါရ ၁၁-မျိုး)

၂၀။ ထို (ခန္ဓာငါးပါးတို့) တွင် အဘယ်သည် ပြုပြင်စီရင်မှုအစု ‘သင်္ခါရက္ခန္ဓာ’ မည်သနည်း။

ဖြစ်ပြီး ပြုပြင်စီရင်မှု ‘အတိက်သင်္ခါရ’၊ ဖြစ်လတ္တံ့ ပြုပြင်စီရင်မှု ‘အနာဂတ်သင်္ခါရ’၊ ဖြစ်ဆဲ ပြုပြင်စီရင်မှု ‘ပစ္စုပ္ပန်သင်္ခါရ’၊ အတွင်းသန္တာန်၌ ဖြစ်သော ပြုပြင်စီရင်မှု ‘အဇ္ဈတ္တသင်္ခါရ’၊ အပသန္တာန်၌ဖြစ်သော ပြုပြင် စီရင်မှု ‘ဗဟိဒ္ဓသင်္ခါရ’၊ ကြမ်းတမ်းသော ပြုပြင်စီရင်မှု ‘ဩဠာရိကသင်္ခါရ’၊ နူးညံ့သိမ်မွေ့သော ပြုပြင်စီရင်မှု ‘သုခုမသင်္ခါရ’၊ ယုတ်ညံ့သော ပြုပြင်စီရင်မှု ‘ဟီနသင်္ခါရ’၊ မြင့်မြတ်သော ပြုပြင်စီရင်မှု ‘ပဏီတသင်္ခါရ’၊ ဝေးသော ပြုပြင်စီရင်မှု ‘ဒူရေသင်္ခါရ’၊ နီးသော ပြုပြင်စီရင်မှု ‘သန္တိကေသင်္ခါရ'တည်းဟူသော အလုံးစုံသော ပြုပြင်စီရင်မှု သင်္ခါရတို့သည် ရှိကုန်၏။ ထို (အားလုံးသောပြုပြင်စီရင်မှု သင်္ခါရ၁၁-မျိုးတို့) ကို တစ်ပေါင်းတည်းပြု၍ ရုံးစု၍ အကျဉ်းချုံး၍ ပြသော ဤသဘောကို ပြုပြင်စီရင်မှုအစု ‘သင်္ခါရက္ခန္ဓာ’ဟု ဆိုအပ်၏။

(၁) အတိက်သင်္ခါရ

၂၁။ ထို (ပြုပြင်စီရင်မှု ‘သင်္ခါရ'၁၁-မျိုးတို့) တွင် အဘယ်သင်္ခါရတို့သည်ဖြစ်ပြီးသော ပြုပြင်စီရင်မှု ‘အတိက်သင်္ခါရ'တို့ မည်ကုန်သနည်း။

မျက်စိအကြည် စက္ခုပသာဒနှင့် အဆင်း ရူပါရုံတို့ တွေ့ထိမှုကြောင့်ဖြစ်သော စေတနာ (မျက်စိအတွေ့ကြောင့်ဖြစ်သော စေတနာ) (စက္ခုသမ္ဖဿဇာစေတနာ)၁၊ နားအကြည် သောတပသာဒနှင့် အသံသဒ္ဒါရုံတို့ တွေ့ထိမှုကြောင့်ဖြစ်သော စေတနာ (နားအတွေ့ကြောင့်ဖြစ်သော စေတနာ) (သောတသမ္ဖဿဇာစေတနာ)၊ နှာခေါင်းအကြည် ဃာနပသာဒနှင့် အနံ့ဂန္ဓာရုံတို့ တွေ့ထိမှုကြောင့်ဖြစ်သောစေတနာ (နှာခေါင်းအတွေ့ကြောင့်ဖြစ်သော စေတနာ) (ဃာနသမ္ဖဿဇာစေတနာ)၊ လျှာအကြည်ဇိဝှါပသာဒနှင့် အရသာရသာရုံတို့ တွေ့ထိမှုကြောင့်ဖြစ်သော စေတနာ (လျှာအတွေ့ကြောင့်ဖြစ်သောစေတနာ) (ဇိဝှါသမ္ဖဿဇာစေတနာ)၊ ကိုယ်အကြည် ကာယပသာဒနှင့် အတွေ့ဖောဋ္ဌဗ္ဗာရုံတို့တွေ့ထိမှုကြောင့် ဖြစ်သော စေတနာ (ကိုယ်အတွေ့ကြောင့်ဖြစ်သော စေတနာ) (ကာယသမ္ဖဿဇာစေတနာ)၊ စိတ်နှင့် ဓမ္မာရုံတို့ တွေ့ထိမှုကြောင့်ဖြစ်သော စေတနာ (မနောသမ္ဖဿဇာစေတနာ)ဟု ဆိုအပ်သော အကြင် ပြုပြင်စီရင်မှု ‘သင်္ခါရ'တို့သည် လွန်ပြီးဖြစ်ကုန်၏ (အတီတာ)၊ ချုပ်ပြီးဖြစ်ကုန်၏ (နိရုဒ္ဓါ)၊ ကင်းပြီး ဖြစ်ကုန်၏ (ဝိဂတာ)၊ ဖောက်ပြန်ခြင်းသို့ ရောက်ပြီးဖြစ်ကုန်၏ (ဝိပရိဏတာ)၊ ချုပ်ခြင်းသို့ ရောက်ပြီး ဖြစ်ကုန်၏ (အတ္ထင်္ဂတာ)၊ အလွန်ချုပ်ခြင်းသို့ရောက်ပြီးဖြစ်ကုန်၏ (အဗ္ဘတ္ထင်္ဂတာ)၊ ဖြစ်ပြီး၍ ကင်း ပျောက်ပြီးဖြစ်ကုန်၏ (ဥပ္ပဇ္ဇိတွာဝိဂတာ)၊ လွန်ပြီးဖြစ်ကုန်၏ (အတီတာ)၊ လွန်ပြီးသော အတိက်တရား အစုအဖို့ဖြင့် ရေတွက်အပ်ကုန်၏ (အတီတံသေန သင်္ဂဟိတာ)။ ဤ (ဆိုခဲ့ပြီးသောသင်္ခါရ) တို့ကို ဖြစ်ပြီး သော ပြုပြင်စီရင်မှု ‘အတိက်သင်္ခါရ'တို့ဟု ဆိုအပ်ကုန်၏။

--

(၂) အနာဂတ်သင်္ခါရ

ထို (သင်္ခါရ ၁၁-မျိုးတို့) တွင် အဘယ်သင်္ခါရတို့သည် ဖြစ်လတ္တံ့သော ပြုပြင်စီရင်မှု ‘အနာဂတ်သင်္ခါရ'တို့ မည်ကုန်သနည်း။

မျက်စိအကြည် စက္ခုပသာဒနှင့် အဆင်း ရူပါရုံတို့ တွေ့ထိမှုကြောင့်ဖြစ်သော စေတနာ (မျက်စိအတွေ့ကြောင့်ဖြစ်သော စေတနာ) (စက္ခုသမ္ဖဿဇာစေတနာ)၊ နားအကြည် သောတပသာဒနှင့် အသံ့သဒ္ဒါရုံတို့ တွေ့ထိမှုကြောင့်ဖြစ်သော စေတနာ (နားအတွေ့ကြောင့်ဖြစ်သော စေတနာ) (သောတသမ္ဖဿဇာစေတနာ)၊ နှာခေါင်းအကြည် ဃာနပသာဒနှင့် အနံ့ဂန္ဓာရုံတို့ တွေ့ထိမှုကြောင့်ဖြစ်သောစေတနာ (နှာခေါင်းအတွေ့ကြောင့်ဖြစ်သော စေတနာ) (ဃာနသမ္ဖဿဇာစေတနာ)၊ လျှာအကြည် ဇိဝှါပသာဒနှင့် အရသာရသာရုံတို့ တွေ့ထိမှုကြောင့်ဖြစ်သော စေတနာ (လျှာအတွေ့ကြောင့်ဖြစ်သောစေတနာ) (ဇိဝှါသမ္ဖဿဇာစေတနာ)၊ ကိုယ်အကြည် ကာယပသာဒနှင့် အတွေ့ဖောဋ္ဌဗ္ဗာရုံတို့တွေ့ထိမှုကြောင့်ဖြစ်သော စေတနာ (ကိုယ်အတွေ့ကြောင့်ဖြစ်သော စေတနာ) (ကာယသမ္ဖဿဇာစေတနာ)၊ စိတ်နှင့် ဓမ္မာရုံတို့ တွေ့ထိမှုကြောင့်ဖြစ်သော စေတနာ (မနောသမ္ဖဿဇာစေတနာ)ဟုဆိုအပ်သော အကြင်ပြုပြင် စီရင်မှု ‘သင်္ခါရ'တို့သည် မဖြစ်ကုန်သေး (အဇာတာ)၊ မထင်ရှားကုန်သေး (အဘူတာ)၊ ကောင်းစွာ မဖြစ်ရှိသေး (အသဉ္ဇာတာ)၊ မဖြစ်ကုန်သေး (အနိဗ္ဗတ္တာ)၊ အသစ်မဖြစ်ကုန်သေး (အနဘိနိဗ္ဗတ္တာ)၊ ထင်ရှား မဖြစ် ကုန်သေး (အပါတုဘူတာ)၊ မဖြစ်ပေါ်ကုန်သေး (အနုပ္ပန္နာ)၊ ကောင်းစွာ မဖြစ်ပေါ်ကုန်သေး (အသမုပ္ပန္နာ)၊ မပေါ်ပေါက်ကုန်သေး (အနုဋ္ဌိတာ)၊ ကောင်းစွာ မပေါ်ပေါက်ကုန်သေး (အသမုဋ္ဌိတာ)၊ မရောက်လာ ကုန်သေး (အနာဂတာ)၊ မရောက်လာကုန်သေးသော အနာဂတ်တရားအစုအဖို့ဖြင့် ရေတွက်အပ်၏ (အနာဂတံသေန သင်္ဂဟိတာ)။ ဤ (ဆိုခဲ့ပြီးသော ပြုပြင်စီရင်မှု ‘သင်္ခါရ') တို့ကို ဖြစ်လတ္တံ့သော ပြုပြင် စီရင်မှု ‘အနာဂတ်သင်္ခါရ’ဟုဆိုအပ်ကုန်၏။

(၃) ပစ္စုပ္ပန်သင်္ခါရ

ထို (သင်္ခါရ ၁၁-မျိုးတို့) တွင် အဘယ်သင်္ခါရတို့သည် ဖြစ်ဆဲဖြစ်သော ပြုပြင်စီရင်မှု ‘ပစ္စုပ္ပန်သင်္ခါရ'တို့မည်ကုန်သနည်း။

မျက်စိအကြည် စက္ခုပသာဒနှင့် အဆင်းရူပါရုံတို့ တွေ့ထိမှုကြောင့်ဖြစ်သောစေတနာ (မျက်စိအတွေ့ကြောင့်ဖြစ်သော စေတနာ) (စက္ခုသမ္ဖဿဇာစေတနာ)၊ နားအကြည် သောတပသာဒနှင့် အသံသဒ္ဒါရုံတို့ တွေ့ထိမှုကြောင့်ဖြစ်သော စေတနာ (နားအတွေ့ကြောင့်ဖြစ်သော စေတနာ) (သောတသမ္ဖဿဇာစေတနာ)၊ နှာခေါင်းအကြည် ဃာနပသာဒနှင့် အနံ့ဂန္ဓာရုံတို့ တွေ့ထိမှုကြောင့်ဖြစ်သောစေတနာ (နှာခေါင်းအတွေ့ကြောင့်ဖြစ်သော စေတနာ) (ဃာနသမ္ဖဿဇာစေတနာ)၊ လျှာအကြည် ဇိဝှါပသာဒနှင့် အရသာရသာရုံတို့ တွေ့ထိမှုကြောင့်ဖြစ်သော စေတနာ (လျှာအတွေ့ကြောင့်ဖြစ်သောစေတနာ) (ဇိဝှါသမ္ဖဿဇာစေတနာ)၊ ကိုယ်အကြည် ကာယပသာဒနှင့် အတွေ့ဖောဋ္ဌဗ္ဗာရုံတို့တွေ့ထိမှုကြောင့်ဖြစ်သော စေတနာ (ကိုယ်အတွေ့ကြောင့်ဖြစ်သော စေတနာ) (ကာယသမ္ဖဿဇာစေတနာ)၊ စိတ်နှင့် ဓမ္မာရုံတို့ တွေ့ထိမှုကြောင့်ဖြစ်သော စေတနာ (မနောသမ္ဖဿဇာစေတနာ)ဟု ဆိုအပ်သော အကြင်ပြုပြင်စီရင်မှု ‘သင်္ခါရ'တို့သည် ဖြစ်ဆဲဖြစ်ကုန်၏ (ဇာတာ)၊ ထင်ရှားဖြစ်ဆဲ ဖြစ်ကုန်၏ (ဘူတာ)၊ ကောင်းစွာ ဖြစ်ရှိဆဲ ဖြစ်ကုန်၏ (သဉ္ဇာတာ)၊ ဖြစ်ဆဲဖြစ်ကုန်၏ (နိဗ္ဗတ္တာ)၊ အသစ်ဖြစ်ဆဲဖြစ်ကုန်၏ (အဘိနိဗ္ဗတ္တာ)၊ ထင်ရှား ဖြစ်ဆဲဖြစ်ကုန်၏ (ပါတုဘူတာ)၊ ဖြစ်ပေါ်ဆဲဖြစ်ကုန်၏ (ဥပ္ပန္နာ)၊ ကောင်းစွာ ဖြစ်ပေါ်ဆဲဖြစ်ကုန်၏ (သမုပ္ပန္နာ)၊ ပေါ်ပေါက်ဆဲဖြစ်ကုန်၏ (ဥဋ္ဌိတာ)၊ ကောင်းစွာ ပေါ်ပေါက်ဆဲဖြစ်ကုန်၏ (သမုဋ္ဌိတာ)၊ ယခုဖြစ်ပေါ်ဆဲဖြစ်ကုန်၏ (ပစ္စုပ္ပန္နာ)၊ ယခုဖြစ်ပေါ်ဆဲဖြစ်သော ပစ္စုပ္ပန်တရားအစုအဖို့ဖြင့် ရေတွက်အပ်ကုန်၏ (ပစ္စုပ္ပန္နံသေန သင်္ဂဟိတာ)။ ဤ (ဆိုခဲ့ပြီးသော ပြုပြင်စီရင်မှု ‘သင်္ခါရ') တို့ကို ဖြစ်ဆဲဖြစ်သော ပြုပြင်စီရင်မှု ‘ပစ္စုပ္ပန်သင်္ခါရ'တို့ဟု ဆိုအပ်ကုန်၏။

၁။ အထူးသတိပြုရန်- ‘သင်္ခါရ'ပုဒ်အရ ပဓာနနည်းအားဖြင့် ‘စေတနာ'ကို ပြဆိုထားသည်။ (သမ္မော-နှာ- ၁၉)

--

(၄) အဇ္ဈတ္တသင်္ခါရ

၂၂။ ထို (သင်္ခါရ ၁၁-မျိုးတို့) တွင် အဘယ်သင်္ခါရတို့သည်အတွင်းသန္တာန်၌ဖြစ်သော ပြုပြင်စီရင်မှု ‘အဇ္ဈတ္တသင်္ခါရ'တို့ မည်ကုန်သနည်း။

မျက်စိအကြည် စက္ခုပသာဒနှင့် အဆင်းရူပါရုံတို့ တွေ့ထိမှုကြောင့်ဖြစ်သောစေတနာ (မျက်စိအတွေ့ကြောင့်ဖြစ်သော စေတနာ) (စက္ခုသမ္ဖဿဇာစေတနာ)၊ နားအကြည်သောတပသာဒနှင့် အသံသဒ္ဒါရုံတို့ တွေ့ထိမှုကြောင့်ဖြစ်သော စေတနာ (နားအတွေ့ကြောင့်ဖြစ်သော စေတနာ) (သောတသမ္ဖဿဇာစေတနာ)၊ နှာခေါင်းအကြည် ဃာနပသာဒနှင့် အနံ့ဂန္ဓာရုံတို့ တွေ့ထိမှုကြောင့်ဖြစ်သောစေတနာ (နှာခေါင်းအတွေ့ကြောင့်ဖြစ်သော စေတနာ) (ဃာနသမ္ဖဿဇာစေတနာ)၊ လျှာအကြည် ဇိဝှါပသာဒနှင့် အရသာရသာရုံတို့ တွေ့ထိမှုကြောင့်ဖြစ်သော စေတနာ (လျှာအတွေ့ကြောင့်ဖြစ်သောစေတနာ) (ဇိဝှါသမ္ဖဿဇာစေတနာ)၊ ကိုယ်အကြည် ကာယပသာဒနှင့် အတွေ့ဖောဋ္ဌဗ္ဗာရုံတို့တွေ့ထိမှုကြောင့် ဖြစ်သော စေတနာ (ကိုယ်အတွေ့ကြောင့်ဖြစ်သော စေတနာ) (ကာယသမ္ဖဿဇာစေတနာ)၊ စိတ်နှင့် ဓမ္မာရုံတို့ တွေ့ထိမှုကြောင့်ဖြစ်သော စေတနာ (မနောသမ္ဖဿဇာစေတနာ)ဟုဆိုအပ်သော အကြင် ပြုပြင် စီရင်မှု ‘သင်္ခါရ'တို့သည် ထိုထိုသတ္တဝါတို့၏အတွင်းသန္တာန်၌ ဖြစ်ကုန်၏ (အဇ္ဈတ္တံ)၊ ကိုယ်ကိုစွဲ၍ ဖြစ်ကုန်၏ (ပစ္စတ္တံ)၊ မိမိကိုယ်ပိုင်ဥစ္စာ ဖြစ်ကုန်၏ (နိယကာ)၊ အသီးအခြား ပုဂ္ဂိုလ်ပိုင်ဥစ္စာ ဖြစ်ကုန်၏ (ပါဋိပုဂ္ဂလိကာ)၊ ခန္ဓာကိုယ်ကိုစွဲကပ်၍ ဖြစ်ကုန်၏ (တဏှာဒိဋ္ဌိတို့၏ အာရုံဖြစ်ကုန်၏) (ဥပါဒိန္နာ)။ ဤ (ဆိုခဲ့ပြီးသော ပြုပြင်စီရင်မှု ‘သင်္ခါရ') တို့ကိုအတွင်းသန္တာန်၌ ဖြစ်သော ပြုပြင်စီရင်မှု ‘အဇ္ဈတ္တသင်္ခါရ'တို့ဟု ဆိုအပ်ကုန်၏။

(၅) ဗဟိဒ္ဓသင်္ခါရ

ထို (သင်္ခါရ ၁၁-မျိုးတို့) တွင် အဘယ်သင်္ခါရတို့သည် အပသန္တာန်၌ ဖြစ်သောပြုပြင်စီရင်မှု ‘ဗဟိဒ္ဓသင်္ခါရ'တို့ မည်ကုန်သနည်း။

မျက်စိအကြည် စက္ခုပသာဒနှင့် အဆင်း ရူပါရုံတို့ တွေ့ထိမှုကြောင့်ဖြစ်သောစေတနာ (မျက်စိအတွေ့ကြောင့်ဖြစ်သော စေတနာ) (စက္ခုသမ္ဖဿဇာစေတနာ)၊ နားအကြည် သောတပသာဒနှင့် အသံသဒ္ဒါရုံတို့ တွေ့ထိမှုကြောင့်ဖြစ်သော စေတနာ (နားအတွေ့ကြောင့်ဖြစ်သော စေတနာ) (သောတသမ္ဖဿဇာစေတနာ)၊ နှာခေါင်းအကြည် ဃာနပသာဒနှင့် အနံ့ဂန္ဓာရုံတို့ တွေ့ထိမှုကြောင့်ဖြစ်သောစေတနာ (နှာခေါင်းအတွေ့ကြောင့်ဖြစ်သော စေတနာ) (ဃာနသမ္ဖဿဇာစေတနာ)၊ လျှာအကြည်ဇိဝှါပသာဒနှင့် အရသာ ရသာရုံတို့ တွေ့ထိမှုကြောင့်ဖြစ်သော စေတနာ (လျှာအတွေ့ကြောင့်ဖြစ်သောစေတနာ) (ဇိဝှါသမ္ဖဿဇာစေတနာ)၊ ကိုယ်အကြည် ကာယပသာဒနှင့် အတွေ့ဖောဋ္ဌဗ္ဗာရုံတို့တွေ့ထိမှုကြောင့် ဖြစ်သော စေတနာ (ကိုယ်အတွေ့ကြောင့်ဖြစ်သော စေတနာ) (ကာယသမ္ဖဿဇာစေတနာ)၊ စိတ်နှင့် ဓမ္မာရုံတို့ တွေ့ထိမှုကြောင့်ဖြစ်သော စေတနာ (မနောသမ္ဖဿဇာစေတနာ)ဟု ဆိုအပ်သော အကြင်ပြုပြင် စီရင်မှု ‘သင်္ခါရ'တို့သည် တစ်ပါးသောသတ္တဝါ, တစ်ပါးသော ပုဂ္ဂိုလ်တို့၏ အတွင်းသန္တာန်၌ ဖြစ်ကုန်၏ (ပရပုဂ္ဂလအဇ္ဈတ္တံ)၊ (တစ်ပါးသောပုဂ္ဂိုလ်တို့၏) ကိုယ်ကို စွဲ၍ဖြစ်ကုန်၏ (ပစ္စတ္တံ)၊ (တစ်ပါးသော ပုဂ္ဂိုလ်တို့၏) ကိုယ်ပိုင်ဥစ္စာဖြစ်ကုန်၏ (နိယကာ)၊ (တစ်ပါးသောပုဂ္ဂိုလ်တို့၏) အသီးအခြားပုဂ္ဂိုလ်ပိုင် ဥစ္စာ ဖြစ်ကုန်၏ (ပါဋိပုဂ္ဂလိကာ)၊ ခန္ဓာကိုယ်ကိုစွဲကပ်၍ ဖြစ်ကုန်၏ (တဏှာဒိဋ္ဌိတို့၏ အာရုံဖြစ်ကုန်၏) (ဥပါဒိန္နာ)။ ဤ (ဆိုခဲ့ပြီးသော ပြုပြင်စီရင်မှု ‘သင်္ခါရ') တို့ကို အပသန္တာန်၌ဖြစ်သော ပြုပြင်စီရင်မှု ‘ဗဟိဒ္ဓ သင်္ခါရ'တို့ဟုဆိုအပ်ကုန်၏။

--

(၆) (၇) ဩဠာရိကသင်္ခါရနှင့် သုခုမသင်္ခါရ

၂၃။ ထို (သင်္ခါရ ၁၁-မျိုးတို့) တွင် အဘယ်သင်္ခါရတို့၁သည် ကြမ်းတမ်းသော ပြုပြင်စီရင်မှု ‘ဩဠာရိကသင်္ခါရ'နှင့် နူးညံ့သိမ်မွေ့သော ပြုပြင်စီရင်မှု ‘သုခုမသင်္ခါရ'တို့ မည်ကုန်သနည်း။

့အပြစ်နှင့်တကွဖြစ်၍ မကောင်းကျိုးဆင်းရဲကို ပေးတတ်သော ပြုပြင်စီရင်မှု ‘အကုသိုလ်သင်္ခါရ'တို့ သည်ကြမ်းတမ်းကုန်၏၊ အပြစ်မရှိမူ၍ ကောင်းကျိုးချမ်းသာကို ပေးတတ်သော ပြုပြင်စီရင်မှု ‘ကုသိုလ်သင်္ခါရ'နှင့် ကုသိုလ် အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သော ‘အဗျာကတသင်္ခါရ'တို့သည် နူးညံ့သိမ်မွေ့ကုန်၏၊ (တစ်နည်းကား) ကုသိုလ်သင်္ခါရနှင့် အကုသိုလ်သင်္ခါရတို့သည် ကြမ်းတမ်းကုန်၏၊ အဗျာကတသင်္ခါရတို့သည် နူးညံ့သိမ်မွေ့ကုန်၏။

ဒုက္ခဝေဒနာနှင့်ယှဉ်သော သင်္ခါရတို့သည် ကြမ်းတမ်းကုန်၏၊ သုခဝေဒနာ အဒုက္ခမသုခဝေဒနာတို့နှင့်ယှဉ်သော သင်္ခါရတို့သည် နူးညံ့သိမ်မွေ့ကုန်၏။ (တစ်နည်းကား) သုခဝေဒနာ, ဒုက္ခဝေဒနာတို့နှင့်ယှဉ်သော သင်္ခါရတို့သည် ကြမ်းတမ်းကုန်၏၊ အဒုက္ခမသုခဝေဒနာနှင့် ယှဉ်သော သင်္ခါရတို့သည် နူးညံ့သိမ်မွေ့ကုန်၏။

သမာပတ် မဝင်စားသူ၏သင်္ခါရတို့သည် ကြမ်းတမ်းကုန်၏၊ သမာပတ် ဝင်စားသူ၏ သင်္ခါရတို့သည်နူးညံ့သိမ်မွေ့ကုန်၏။

(သတ္တဝါတို့၏သန္တာန်၌) ယိုစီးဖြစ်ပွားနေတတ်၍ မူးယစ်မိုက်မဲစေတတ်သည့် ‘အာသဝ'၏ (တဏှာ, ဒိဋ္ဌိ, မောဟတို့၏) အာရုံဖြစ်သော သင်္ခါရတို့သည် ကြမ်းတမ်းကုန်၏၊ အာသဝ၏ အာရုံမဟုတ်သောသင်္ခါရတို့သည် နူးညံ့သိမ်မွေ့ကုန်၏။

တစ်နည်းကား၊ ထိုထိုသင်္ခါရတို့ကို ထောက်ဆ၍ ထောက်ဆ၍ (သင်္ခါရတစ်ခုနှင့် တစ်ခုကို နှိုင်းရှည့်ထောက်ဆခြင်းအားဖြင့်) ကြမ်းတမ်းသော ပြုပြင်စီရင်မှု ‘ဩဠာရိကသင်္ခါရ'နှင့် နူးညံ့သိမ်မွေ့သော ပြုပြင်စီရင်မှု ‘သုခုမသင်္ခါရ'တို့ကို မှတ်အပ်ကုန်၏။

(၈) (၉) ဟီနသင်္ခါရနှင့် ပဏီတသင်္ခါရ

၂၄။ ထို (သင်္ခါရ ၁၁-မျိုးတို့) တွင် အဘယ်သင်္ခါရတို့သည်ယုတ်ညံ့သော ပြုပြင်စီရင်မှု ‘ဟီနသင်္ခါရ'နှင့် မြင့်မြတ် သော ပြုပြင်စီရင်မှု ‘ပဏီတသင်္ခါရ'တို့မည်ကုန်သနည်း။

အပြစ်နှင့်တကွဖြစ်၍ မကောင်းကျိုးဆင်းရဲကို ပေးတတ်သော ‘အကုသိုလ်သင်္ခါရ'တို့သည် ယုတ်ညံ့ကုန်၏၊ အပြစ်မရှိမူ၍ ကောင်းကျိုးချမ်းသာကို ပေးတတ်သော ပြုပြင်စီရင်မှု ‘ကုသိုလ်သင်္ခါရ'နှင့် ကုသိုလ်အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သည့် ပြုပြင်စီရင်မှု ‘အဗျာကတသင်္ခါရ'တို့သည် မြင့်မြတ်ကုန်၏၊ ကုသိုလ် သင်္ခါရနှင့် အကုသိုလ်သင်္ခါရတို့သည် ယုတ်ညံ့ကုန်၏၊ အဗျာကတသင်္ခါရတို့သည် မြင့်မြတ်ကုန်၏။

ဒုက္ခဝေဒနာနှင့် ယှဉ်သော သင်္ခါရတို့သည် ယုတ်ညံ့ကုန်၏၊ သုခဝေဒနာ, အဒုက္ခမသုခဝေဒနာတို့နှင့်ယှဉ်သော သင်္ခါရတို့သည် မြင့်မြတ်ကုန်၏၊ (တစ်နည်းကား) သုခဝေဒနာ, ဒုက္ခဝေဒနာတို့နှင့်ယှဉ်သောသင်္ခါရတို့သည် ယုတ်ညံ့ကုန်၏၊ အဒုက္ခမသုခဝေဒနာနှင့်ယှဉ်သော သင်္ခါရတို့သည် မြင့်မြတ်ကုန်၏၊

--

သမာပတ် မဝင်စားသူ၏ သင်္ခါရတို့သည် ယုတ်ညံ့ကုန်၏၊ သမာပတ်ဝင်စားသူ၏ သင်္ခါရတို့သည်မြင့်မြတ်ကုန်၏။ အာသဝ၏ (တဏှာ, ဒိဋ္ဌိ, မောဟတို့၏) အာရုံဖြစ်သော သင်္ခါရတို့သည် ယုတ်ညံ့ကုန်၏၊ အာသဝ၏အာရုံမဟုတ်သော သင်္ခါရတို့သည် မြင့်မြတ်ကုန်၏၊ တစ်နည်းကား၊ ထိုထိုသင်္ခါရတို့ကို ထောက်ဆ၍ ထောက်ဆ၍ (သင်္ခါရတစ်ခုနှင့် တစ်ခုကို နှိုင်းရှည့်ထောက်ဆခြင်းအားဖြင့်) ယုတ်ညံ့သော ‘ဟီနသင်္ခါရ'နှင့် မြင့်မြတ်သော ‘ပဏီတသင်္ခါရ'တို့ကို မှတ်အပ်ကုန်၏။

၁။ အထူးသတိပြုရန်- ‘သင်္ခါရ'ပုဒ်အရ ပဓာနနည်းအားဖြင့် ‘စေတနာ'ကို ပြဆိုထားသည်။ (ဝိဘင်းအပိုဒ်-၂၁, ၂၂)

(၁၀) ဒူရေသင်္ခါရ

၂၅။ ထို (သင်္ခါရ ၁၁-မျိုးတို့) တွင် အဘယ်သင်္ခါရတို့သည် ဝေးသော အသိခက်သောပြုပြင်စီရင်မှု ‘ဒူရေသင်္ခါရ'တို့ မည်ကုန်သနည်း။

အကုသိုလ်သင်္ခါရတို့သည် ကုသိုလ်သင်္ခါရနှင့် အဗျာကတသင်္ခါရတို့မှ ဝေးကုန်၏၊ ကုသိုလ်သင်္ခါရနှင့်အဗျာကတသင်္ခါရတို့သည် အကုသိုလ်သင်္ခါရတို့မှ ဝေးကုန်၏။ ကုသိုလ်သင်္ခါရတို့သည် အကုသိုလ်သင်္ခါရနှင့် အဗျာကတသင်္ခါရတို့မှ ဝေးကုန်၏၊ အကုသိုလ်သင်္ခါရနှင့်အဗျာကတသင်္ခါရတို့သည် ကုသိုလ်သင်္ခါရမှ ဝေးကုန်၏။ အဗျာကတသင်္ခါရတို့သည် ကုသိုလ်သင်္ခါရနှင့် အကုသိုလ်သင်္ခါရတို့မှ ဝေးကုန်၏။ ကုသိုလ်သင်္ခါရနှင့်အကုသိုလ်သင်္ခါရတို့သည် အဗျာကတသင်္ခါရမှ ဝေးကုန်၏။ ဒုက္ခဝေဒနာနှင့်ယှဉ်သော သင်္ခါရတို့သည် သုခဝေဒနာ အဒုက္ခမသုခဝေဒနာတို့နှင့်ယှဉ်သော သင်္ခါရ တို့မှဝေးကုန်၏၊ သုခဝေဒနာ အဒုက္ခမသုခဝေဒနာတို့နှင့်ယှဉ်သော သင်္ခါရတို့သည် ဒုက္ခဝေဒနာနှင့် ယှဉ်သောသင်္ခါရတို့မှ ဝေးကုန်၏။ သုခဝေဒနာနှင့်ယှဉ်သော သင်္ခါရတို့သည် ဒုက္ခဝေဒနာ အဒုက္ခမသုခဝေဒနာတို့နှင့်ယှဉ်သော သင်္ခါရ တို့မှဝေးကုန်၏၊ ဒုက္ခဝေဒနာ အဒုက္ခမသုခဝေဒနာတို့နှင့်ယှဉ်သော သင်္ခါရတို့သည် သုခဝေဒနာနှင့် ယှဉ်သောသင်္ခါရတို့မှ ဝေးကုန်၏။ အဒုက္ခမသုခဝေဒနာနှင့်ယှဉ်သော သင်္ခါရတို့သည် သုခဝေဒနာ ဒုက္ခဝေဒနာတို့နှင့်ယှဉ်သော သင်္ခါရ တို့မှဝေးကုန်၏၊ သုခဝေဒနာ ဒုက္ခဝေဒနာတို့နှင့်ယှဉ်သော သင်္ခါရတို့သည် အဒုက္ခမသုခဝေဒနာနှင့် ယှဉ်သောသင်္ခါရတို့မှ ဝေးကုန်၏။ သမာပတ် မဝင်စားသူ၏ သင်္ခါရတို့သည် သမာပတ် ဝင်စားသူ၏ သင်္ခါရတို့မှ ဝေးကုန်၏၊ သမာပတ်ဝင်စားသူ၏ သင်္ခါရတို့သည် သမာပတ် မဝင်စားသူ၏ သင်္ခါရတို့မှ ဝေးကုန်၏။ အာသဝ၏ (တဏှာ, ဒိဋ္ဌိ, မောဟတို့၏) အာရုံဖြစ်သော သင်္ခါရတို့သည် အာသဝ၏ အာရုံ မဟုတ် သောသင်္ခါရတို့မှ ဝေးကုန်၏၊ အာသဝ၏ အာရုံမဟုတ်သော သင်္ခါရတို့သည် အာသဝ၏ အာရုံဖြစ်သောသင်္ခါရတို့မှ ဝေးကုန်၏။ ဤ (ဆိုခဲ့ပြီးသော သင်္ခါရ) တို့ကို ဝေးသော ပြုပြင်စီရင်မှု ‘ဒူရေသင်္ခါရ'တို့ဟုဆိုအပ်ကုန်၏။

--

(၁၁) သန္တိကေသင်္ခါရ

ထို (သင်္ခါရ ၁၁-မျိုးတို့) တွင် အဘယ်သင်္ခါရတို့သည် နီးသော ပြုပြင်စီရင်မှု ‘သန္တိကေသင်္ခါရ'တို့ မည်ကုန်သနည်း။

အကုသိုလ်သင်္ခါရတို့သည် အကုသိုလ်သင်္ခါရတို့နှင့် နီးကုန်၏၊ ကုသိုလ်သင်္ခါရတို့သည် ကုသိုလ်သင်္ခါရတို့နှင့် နီးကုန်၏။ အဗျာကတသင်္ခါရတို့သည် အဗျာကတသင်္ခါရတို့နှင့် နီးကုန်၏။ ဒုက္ခဝေဒနာနှင့်ယှဉ်သော သင်္ခါရတို့သည် ဒုက္ခဝေဒနာနှင့်ယှဉ်သော သင်္ခါရတို့နှင့် နီးကုန်၏၊ သုခဝေဒနာနှင့်ယှဉ်သော သင်္ခါရတို့သည် သုခဝေဒနာနှင့်ယှဉ်သော သင်္ခါရတို့နှင့် နီးကုန်၏၊ အဒုက္ခမသုခဝေဒနာနှင့်ယှဉ်သော သင်္ခါရတို့သည် အဒုက္ခမသုခဝေဒနာနှင့်ယှဉ်သော သင်္ခါရတို့နှင့် နီးကုန်၏။ သမာပတ် မဝင်စားသူ၏ သင်္ခါရတို့သည် သမာပတ် မဝင်စားသူ၏ သင်္ခါရတို့နှင့် နီးကုန်၏၊ သမာပတ်ဝင်စားသူ၏ သင်္ခါရတို့သည် သမာပတ် ဝင်စားသူ၏ သင်္ခါရတို့နှင့် နီးကုန်၏။ အာသဝ၏ (တဏှာ, ဒိဋ္ဌိ, မောဟတို့၏) အာရုံဖြစ်သော သင်္ခါရတို့သည် အာသဝ၏ အာရုံဖြစ်သောသင်္ခါရတို့နှင့် နီးကုန်၏၊ အာသဝ၏ အာရုံမဟုတ်သော သင်္ခါရတို့သည် အာသဝ၏ အာရုံမဟုတ်သောသင်္ခါရတို့နှင့် နီးကုန်၏။ ဤ (ဆိုခဲ့ပြီးသောသင်္ခါရ) တို့ကို နီးသော ပြုပြင်စီရင်မှု ‘သန္တိကေသင်္ခါရ'တို့ဟုဆိုအပ်ကုန်၏။ တစ်နည်းကား ထိုထိုသင်္ခါရတို့ကို ထောက်ဆ၍ ထောက်ဆ၍ (သင်္ခါရတစ်ခုနှင့် တစ်ခုကို နှိုင်းရှည့်ထောက်ဆခြင်းအားဖြင့်) ဝေးသော ပြုပြင်စီရင်မှု ‘ဒူရေသင်္ခါရ'နှင့် နီးသော ပြုပြင်စီရင်မှု ‘သန္တိကေ့သင်္ခါရ'တို့ကို မှတ်အပ်ကုန်၏။

--

၅-ဝိညာဏက္ခန္ဓ (သိမှုအစု)

ဝိညာဏက္ခန္ဓာ (ဝိညာဏ် ၁၁-မျိုး)

၂၆။ ထို (ခန္ဓာငါးပါးတို့) တွင် အဘယ်သည် သိမှုအစု ‘ဝိညာဏက္ခန္ဓာ’ မည်သနည်း။

ဖြစ်ပြီးသော သိမှု ‘အတိက်ဝိညာဏ်’၊ ဖြစ်လတ္တံ့သော သိမှု ‘အနာဂတ်ဝိညာဏ်’၊ ဖြစ်ဆဲဖြစ်သော သိမှု ‘ပစ္စုပ္ပန်ဝိညာဏ်’၊ အတွင်းသန္တာန်၌ ဖြစ်သော သိမှု ‘အဇ္ဈတ္တဝိညာဏ်’၊ အပသန္တာန်၌ ဖြစ်သော သိမှု ‘ဗဟိဒ္ဓဝိညာဏ်’၊ ကြမ်းတမ်းသော သိမှု ‘ဩဠာရိကဝိညာဏ်’၊ နူးညံ့သိမ်မွေ့သော သိမှု ‘သုခုမ ဝိညာဏ်’၊ ယုတ်ညံ့သော သိမှု ‘ဟီနဝိညာဏ်"၊ မြင့်မြတ်သော သိမှု ‘ပဏီတဝိညာဏ်’၊ ဝေးသော သိမှု ‘ဒူရေဝိညာဏ်’၊ နီးသော သိမှု ‘သန္တိကေဝိညာဏ်'တည်းဟူသော အလုံးစုံသော ဝိညာဏ်သည် ရှိ၏။ ထို (အားလုံးသော သိမှုဝိညာဏ် ၁၁-မျိုးတို့) ကို တစ်ပေါင်းတည်းပြု၍ ရုံးစု၍ အကျဉ်းချုံး၍ ပြသောဤသဘောကို သိမှုအစု ‘ဝိညာဏက္ခန္ဓာ’ဟု ဆိုအပ်၏။

(၁) အတိက်ဝိညာဏ်

၂၇။ ထို (ဝိညာဏ် ၁၁-မျိုးတို့) တွင် အဘယ်ဝိညာဏ်သည် ဖြစ်ပြီးသော သိမှု ‘အတိက်ဝိညာဏ်’ မည်သနည်း။

မြင်သိစိတ် ‘စက္ခုဝိညာဏ်’၊ ကြားသိစိတ် ‘သောတဝိညာဏ်’၊ နံသိစိတ် ‘ဃာနဝိညာဏ်’၊လျက် သိစိတ် ‘ဇိဝှါဝိညာဏ်’၊ ထိသိစိတ် ‘ကာယဝိညာဏ်’၊ ကြံသိစိတ် ‘မနောဝိညာဏ်’ဟု ဆိုအပ်သော အကြင်ဝိညာဏ်သည် လွန်ပြီးဖြစ်၏ (အတီတံ)၊ ချုပ်ပြီးဖြစ်၏ (နိရုဒ္ဓံ)၊ ကင်းပြီးဖြစ်၏ (ဝိဂတံ)၊ ဖောက်ပြန်ခြင်းသို့ ရောက်ပြီးဖြစ်၏ (ဝိပရိဏတံ)၊ ချုပ်ခြင်းသို့ ရောက်ပြီးဖြစ်၏ (အတ္ထင်္ဂတံ)၊ အလွန်ချုပ်ခြင်းသို့ရောက်ပြီးဖြစ်၏ (အဗ္ဘတ္ထင်္ဂတံ)၊ ဖြစ်ပြီး၍ ကင်းပျောက်ပြီးဖြစ်၏ (ဥပ္ပဇ္ဇိတွာ ဝိဂတံ)၊ လွန်ပြီးဖြစ်၏ (အတီတံ)၊ လွန်ပြီးသော အတိက်တရား အစုအဖို့ဖြင့် ရေတွက်အပ်၏ (အတီတံသေန သင်္ဂဟိတံ)။ ဤ (ဆိုခဲ့ပြီးသော ဝိညာဏ်အပေါင်း) ကို ဖြစ်ပြီးသော သိမှု ‘အတိက်ဝိညာဏ်’ဟု ဆိုအပ်၏။

(၂) အနာဂတ်ဝိညာဏ်

ထို (ဝိညာဏ် ၁၁-မျိုးတို့) တွင် အဘယ်ဝိညာဏ်သည် ဖြစ်လတ္တံ့သော သိမှု ‘အနာဂတ် ဝိညာဏ်’ မည်သနည်း။

စက္ခုဝိညာဏ်၊ သောတဝိညာဏ်၊ ဃာနဝိညာဏ်၊ ဇိဝှါဝိညာဏ်၊ ကာယဝိညာဏ်၊ မနောဝိညာဏ်ဟု ဆိုအပ်သော အကြင်ဝိညာဏ်သည် မဖြစ်ပေါ်သေး (အဇာတံ)၊ မထင်ရှားသေး (အဘူတံ)၊ ကောင်းစွာ မဖြစ်ရှိသေး (အသဉ္ဇာတံ)၊ မဖြစ်သေး (အနိဗ္ဗတ္တံ)၊ အသစ်မဖြစ်သေး (အနဘိနိဗ္ဗတ္တံ)၊ ထင်ရှားမဖြစ်သေး (အပါတုဘူတံ)၊ မဖြစ်ပေါ်သေး (အနုပ္ပန္နံ)၊ ကောင်းစွာမဖြစ်ပေါ်သေး (အသမုပ္ပန္နံ)၊ မပေါ်ပေါက်သေး (အနုဋ္ဌိတံ)၊ ကောင်းစွာ မပေါ်ပေါက်သေး (အသမုဋ္ဌိတံ)၊ မရောက်လာသေး (အနာဂတံ)၊ မရောက်လာ သေးသော အနာဂတ်တရား အစုအဖို့ဖြင့် ရေတွက်အပ်၏ (အနာဂတံသေန သင်္ဂဟိတာ)။ ဤ (ဆိုခဲ့ပြီး သော ဝိညာဏ်အပေါင်း) ကို ဖြစ်လတ္တံ့သော သိမှု ‘အနာဂတ်ဝိညာဏ်’ဟု ဆိုအပ်၏။

--

(၃) ပစ္စုပ္ပန်ဝိညာဏ်

ထို (ဝိညာဏ် ၁၁-မျိုးတို့) တွင် အဘယ်ဝိညာဏ်သည် ဖြစ်ဆဲဖြစ်သော သိမှု ‘ပစ္စုပ္ပန်ဝိညာဏ်’ မည်သနည်း။

စက္ခုဝိညာဏ်၊ သောတဝိညာဏ်၊ ဃာနဝိညာဏ်၊ ဇိဝှါဝိညာဏ်၊ ကာယဝိညာဏ်၊ မနောဝိညာဏ်ဟု ဆိုအပ်သော အကြင်ဝိညာဏ်သည် ဖြစ်ဆဲဖြစ်၏ (ဇာတံ)၊ ထင်ရှားဖြစ်ဆဲဖြစ်၏ (ဘူတံ)၊ ကောင်းစွာ ဖြစ်ရှိ ဆဲဖြစ်၏ (သဉ္ဇာတံ)၊ ဖြစ်ဆဲဖြစ်၏ (နိဗ္ဗတ္တံ)၊ အသစ်ဖြစ်ဆဲဖြစ်၏ (အဘိနိဗ္ဗတ္တံ)၊ ထင်ရှားဖြစ်ဆဲ ဖြစ်၏ (ပါတုဘူတံ)၊ ဖြစ်ပေါ်ဆဲဖြစ်၏ (ဥပ္ပန္နံ)၊ ကောင်းစွာဖြစ်ပေါ်ဆဲဖြစ်၏ (သမုပ္ပန္နံ)၊ ပေါ်ပေါက်ဆဲဖြစ်၏ (ဥဋ္ဌိတံ)၊ ကောင်းစွာ ပေါ်ပေါက်ဆဲဖြစ်၏ (သမုဋ္ဌိတံ)၊ ယခုဖြစ်ပေါ်ဆဲဖြစ်၏ (ပစ္စုပ္ပန္နံ)၊ ယခုဖြစ်ပေါ်ဆဲ့ဖြစ်သော ပစ္စုပ္ပန်တရား အစုအဖို့ဖြင့် ရေတွက်အပ်၏ (ပစ္စုပ္ပန္နံသေနသင်္ဂဟိတံ)။ ဤ (ဆိုခဲ့ပြီးသော ဝိညာဏ်အပေါင်း) ကို ဖြစ်ဆဲဖြစ်သော သိမှု ‘ပစ္စုပ္ပန်ဝိညာဏ်’ဟု ဆိုအပ်၏။

(၄) အဇ္ဈတ္တဝိညာဏ်

၂၈။ ထို (ဝိညာဏ် ၁၁-မျိုးတို့) တွင် အဘယ်ဝိညာဏ်သည် အတွင်းသန္တာန်၌ ဖြစ်သောသိမှု ‘အဇ္ဈတ္တဝိညာဏ်’ မည်သနည်း။

စက္ခုဝိညာဏ်၊ သောတဝိညာဏ်၊ ဃာနဝိညာဏ်၊ ဇိဝှါဝိညာဏ်၊ ကာယဝိညာဏ်၊ မနောဝိညာဏ်ဟု ဆိုအပ်သော အကြင်ဝိညာဏ်သည် ထိုထိုသတ္တဝါတို့၏ အတွင်းသန္တာန်၌ဖြစ်၏ (အဇ္ဈတ္တံ)၊ ကိုယ်ကိုစွဲ၍ ဖြစ်၏ (ပစ္စတ္တံ)၊ မိမိကိုယ်ပိုင်ဥစ္စာဖြစ်၏ (နိယကံ)၊ အသီအခြားပုဂ္ဂိုလ်ပိုင်ဥစ္စာဖြစ်၏ (ပါဋိပုဂ္ဂလိကံ)၊ ခန္ဓာ ကိုယ်ကို စွဲကပ်၍ ဖြစ်၏ (တဏှာဒိဋ္ဌိတို့၏ အာရုံဖြစ်၏) (ဥပါဒိန္နံ)။ ဤ (ဆိုခဲ့ပြီးသော ဝိညာဏ် အပေါင်း) ကို အတွင်းသန္တာန်၌ ဖြစ်သောသိမှု ‘အဇ္ဈတ္တဝိညာဏ်’ဟု ဆိုအပ်၏။

(၅) ဗဟိဒ္ဓဝိညာဏ်

ထို (ဝိညာဏ် ၁၁-မျိုးတို့) တွင် အဘယ်ဝိညာဏ်သည် အပသန္တာန်၌ဖြစ်သော သိမှု ‘ဗဟိဒ္ဓဝိညာဏ်’ မည်သနည်း။

စက္ခုဝိညာဏ်၊ သောတဝိညာဏ်၊ ဃာနဝိညာဏ်၊ ဇိဝှါဝိညာဏ်၊ ကာယဝိညာဏ်၊ မနောဝိညာဏ်ဟု ဆိုအပ်သော အကြင်ဝိညာဏ်သည် တစ်ပါးသော သတ္တဝါ, တစ်ပါးသော ပုဂ္ဂိုလ်တို့၏ အတွင်းသန္တာန်၌ ဖြစ်၏ (ပရပုဂ္ဂလအဇ္ဈတ္တံ)၊ (တစ်ပါးသော ပုဂ္ဂိုလ်တို့၏) ကိုယ်ကိုစွဲ၍ဖြစ်၏ (ပစ္စတ္တံ)၊ (တစ်ပါးသော ပုဂ္ဂိုလ်တို့၏) ကိုယ်ပိုင်ဥစ္စာ ဖြစ်၏ (နိယကံ)၊ (တစ်ပါးသော ပုဂ္ဂိုလ်တို့၏) အသီးအခြား ပုဂ္ဂိုလ်ပိုင်ဥစ္စာ ဖြစ်၏ (ပါဋိပုဂ္ဂလိကံ)၊ ခန္ဒာကိုယ်ကို စွဲကပ်၍ ဖြစ်၏ (တဏှာဒိဋ္ဌိတို့၏ အာရုံဖြစ်၏) (ဥပါဒိန္နံ)။ ဤ (ဆိုခဲ့ပြီးသော ဝိညာဏ်အပေါင်း) ကို အပသန္တာန်၌ ဖြစ်သော သိမှု ‘ဗဟိဒ္ဓဝိညာဏ်’ဟု ဆိုအပ်၏။

--

(၆) (၇) ဩဠာရိကဝိညာဏ်နှင့် သုခုမဝိညာဏ

၂၉။ ထို (ဝိညာဏ် ၁၁-မျိုးတို့) တွင် အဘယ်ဝိညာဏ် သည် ကြမ်းတမ်းသော သိမှု ‘ဩဠာရိကဝိညာဏ်'နှင့် နူးညံ့ သိမ်မွေ့သော သိမှု ‘သုခုမဝိညာဏ်’ မည်သနည်း။

အပြစ်နှင့် တကွဖြစ်၍ မကောင်းကျိုးဆင်းရဲကို ပေးတတ်သော သိမှု ‘အကုသိုလ်ဝိညာဏ်'သည် ကြမ်းတမ်း၏၊ အပြစ်မရှိမူ၍ ကောင်းကျိုးချမ်းသာကို ပေးတတ်သော သိမှု ‘ကုသိုလ်ဝိညာဏ်'နှင့် ကုသိုလ် အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သော သိမှု ‘အဗျာကတဝိညာဏ်'တို့သည် နူးညံ့သိမ်မွေ့ကုန်၏၊ (တစ်နည်းကား) ကုသိုလ်ဝိညာဏ်နှင့် အကုသိုလ်ဝိညာဏ်တို့သည် ကြမ်းတမ်းကုန်၏၊ အဗျာကတ ဝိညာဏ်သည် နူးညံ့သိမ်မွေ့၏။

ဒုက္ခဝေဒနာနှင့်ယှဉ်သော ဝိညာဏ် သည် ကြမ်းတမ်း၏၊ သုခဝေဒနာ, အဒုက္ခမသုခဝေဒနာတို့နှင့် ယှဉ်သော ဝိညာဏ်တို့သည် နူးညံ့သိမ်မွေ့ကုန်၏၊ (တစ်နည်းကား) သုခဝေဒနာ, ဒုက္ခဝေဒနာတို့နှင့် ယှဉ်သော ဝိညာဏ်တို့သည် ကြမ်းတမ်းကုန်၏၊ အဒုက္ခမသုခဝေဒနာနှင့်ယှဉ်သော ဝိညာဏ်သည် နူးညံ့ သိမ်မွေ့၏။

သမာပတ် မဝင်စားသူ၏ ဝိညာဏ်သည် ကြမ်းတမ်း၏၊ သမာပတ်ဝင်စားသူ၏ ဝိညာဏ်သည် နူးညံ့သိမ်မွေ့၏။

အာသဝ၏ (တဏှာ, ဒိဋ္ဌိ, မောဟတို့၏) အာရုံဖြစ်သော ဝိညာဏ်သည် ကြမ်းတမ်း၏၊ အာသဝ၏ အာရုံ မဟုတ်သော ဝိညာဏ်သည် နူးညံ့သိမ်မွေ့၏။

တစ်နည်းကား ထိုထိုဝိညာဏ်ကို ထောက်ဆ၍ ထောက်ဆ၍ (ဝိညာဏ်တစ်ခုနှင့် တစ်ခုကို နှိုင်းရှည့် ထောက်ဆခြင်းအားဖြင့်) ကြမ်းတမ်းသော သိမှု ‘ဩဠာရိကဝိညာဏ်'နှင့် နူးညံ့သိမ်မွေ့သော သိမှု ‘သုခုမဝိညာဏ်'ကို မှတ်အပ်၏။

(၈) (၉) ဟီနဝိညာဏ်နှင့် ပဏီတဝိညာဏ်

၃၀။ ထို (ဝိညာဏ် ၁၁-မျိုးတို့) တွင် အဘယ်ဝိညာဏ် သည် ယုတ်ညံ့သော သိမှု ‘ဟီနဝိညာဏ်'နှင့် မြင့်မြတ် သော သိမှု ‘ပဏီတဝိညာဏ်’ မည်သနည်း။

အပြစ်နှင့်တကွဖြစ်၍ မကောင်းကျိုးဆင်းရဲကို ပေးတတ်သော သိမှု ‘အကုသိုလ်ဝိညာဏ်'သည် ယုတ်ညံ့၏၊ အပြစ်မရှိမူ၍ ကောင်းကျိုးချမ်းသာကို ပေးတတ်သော သိမှု ‘ကုသိုလ်ဝိညာဏ်'နှင့် ကုသိုလ် အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သော သိမှု ‘အဗျာကတဝိညာဏ်'တို့သည် မြင့်မြတ်ကုန်၏၊ (တစ်နည်းကား) ကုသိုလ်ဝိညာဏ်နှင့် အကုသိုလ်ဝိညာဏ်တို့သည် ယုတ်ညံ့ကုန်၏၊ အဗျာကတဝိညာဏ်သည် မြင့်မြတ်၏။

ဒုက္ခဝေဒနာနှင့်ယှဉ်သော ဝိညာဏ်သည် ယုတ်ညံ့၏၊ သုခဝေဒနာ အဒုက္ခမသုခဝေဒနာတို့နှင့် ယှဉ် သော ဝိညာဏ်တို့သည် မြင့်မြတ်ကုန်၏။ (တစ်နည်းကား) သုခဝေဒနာ ဒုက္ခဝေဒနာတို့နှင့် ယှဉ်သော ဝိညာဏ်တို့သည် ယုတ်ညံ့ကုန်၏၊ အဒုက္ခမသုခဝေဒနာနှင့်ယှဉ်သော ဝိညာဏ်သည် မြင့်မြတ်၏။

သမာပတ် မဝင်စားသူ၏ ဝိညာဏ်သည် ယုတ်ညံ့၏၊ သမာပတ် ဝင်စားသူ၏ ဝိညာဏ်သည် မြင့်မြတ်၏၊

အာသဝ၏ (တဏှာ, ဒိဋ္ဌိ, မောဟတို့၏) အာရုံဖြစ်သော ဝိညာဏ်သည် ယုတ်ညံ့၏၊ အာသဝ၏ အာရုံမဟုတ်သော ဝိညာဏ်သည် မြင့်မြတ်၏၊

တစ်နည်းကား၊ ထိုထိုဝိညာဏ်ကို ထောက်ဆ၍ ထောက်ဆ၍ (ဝိညာဏ်တစ်ခုနှင့် တစ်ခုကို နှိုင်းရှည့် ထောက်ဆခြင်းအားဖြင့်) ယုတ်ညံ့သော သိမှု ‘ဟီနဝိညာဏ်'နှင့် မြင့်မြတ်သော သိမှု ‘ပဏီတဝိညာဏ်'ကို မှတ်အပ်၏။

--

(၁၀) ဒူရေဝိညာဏ်

၃၁။ ထို (ဝိညာဏ် ၁၁-မျိုးတို့) တွင် အဘယ်ဝိညာဏ်သည် ဝေးသော သိမှု ‘ဒူရေ ဝိညာဏ်’ မည်သနည်း။

အကုသိုလ်ဝိညာဏ်သည် ကုသိုလ်ဝိညာဏ်နှင့် အဗျာကတဝိညာဏ်တို့မှ ဝေး၏၊ ကုသိုလ်ဝိညာဏ်နှင့် အဗျာကတဝိညာဏ်တို့သည် အကုသိုလ်ဝိညာဏ်မှ ဝေးကုန်၏။

ကုသိုလ်ဝိညာဏ်သည် အကုသိုလ်ဝိညာဏ်နှင့် အဗျာကတဝိညာဏ်တို့မှ ဝေး၏၊ အကုသိုလ် ဝိညာဏ် နှင့် အဗျာကတဝိညာဏ်တို့သည် ကုသိုလ်ဝိညာဏ်မှ ဝေးကုန်၏။

အဗျာကတဝိညာဏ်သည် ကုသိုလ်ဝိညာဏ်နှင့် အကုသိုလ်ဝိညာဏ်တို့မှ ဝေး၏။ ကုသိုလ်ဝိညာဏ်နှင့် အကုသိုလ်ဝိညာဏ်တို့သည် အဗျာကတဝိညာဏ်မှ ဝေးကုန်၏။

ဒုက္ခဝေဒနာနှင့်ယှဉ်သော ဝိညာဏ်သည် သုခဝေဒနာ, အဒုက္ခမသုခဝေဒနာတို့နှင့်ယှဉ်သော ဝိညာဏ် တို့မှ ဝေး၏၊ သုခဝေဒနာ, အဒုက္ခမသုခဝေဒနာတို့နှင့်ယှဉ်သောဝိညာဏ်တို့သည် ဒုက္ခဝေဒနာနှင့်ယှဉ်သော ဝိညာဏ်မှ ဝေးကုန်၏။

သုခဝေဒနာနှင့်ယှဉ်သော ဝိညာဏ်သည် ဒုက္ခဝေဒနာ, အဒုက္ခမသုခဝေဒနာတို့နှင့်ယှဉ်သော ဝိညာဏ် တို့မှ ဝေး၏၊ ဒုက္ခဝေဒနာ, အဒုက္ခမသုခဝေဒနာတို့နှင့်ယှဉ်သော ဝိညာဏ်တို့သည် သုခဝေဒနာနှင့် ယှဉ်သော ဝိညာဏ်မှ ဝေးကုန်၏။

အဒုက္ခမသုခဝေဒနာနှင့်ယှဉ်သော ဝိညာဏ်သည် သုခဝေဒနာ, ဒုက္ခဝေဒနာတို့နှင့်ယှဉ်သော ဝိညာဏ် တို့မှ ဝေး၏၊ သုခဝေဒနာ, ဒုက္ခဝေဒနာတို့နှင့်ယှဉ်သော ဝိညာဏ်တို့သည် အဒုက္ခမသုခဝေဒနာနှင့် ယှဉ်သော ဝိညာဏ်မှ ဝေးကုန်၏။

သမာပတ် မဝင်စားသူ၏ ဝိညာဏ်သည် သမာပတ် ဝင်စားသူ၏ ဝိညာဏ်မှ ဝေး၏၊ သမာပတ် ဝင်စားသူ၏ ဝိညာဏ်သည် သမာပတ် မဝင်စားသူ၏ ဝိညာဏ်မှ ဝေး၏။

အာသဝ၏ (တဏှာ, ဒိဋ္ဌိ, မောဟတို့၏) အာရုံဖြစ်သော ဝိညာဏ်သည် အာသဝ၏ အာရုံမဟုတ်သော ဝိညာဏ်မှ ဝေး၏၊ အာသဝ၏ အာရုံမဟုတ်သော ဝိညာဏ်သည် အာသဝ၏ အာရုံဖြစ်သော ဝိညာဏ်မှ ဝေး၏။ ဤ (ဆိုခဲ့ပြီးသော ဝိညာဏ်အပေါင်း) ကို ဝေးသော သိမှု ‘ဒူရေဝိညာဏ်’ဟု ဆိုအပ်၏။

--

(၁၁) သန္တိကေဝိညာဏ်

ထို (ဝိညာဏ် ၁၁-မျိုးတို့) တွင် အဘယ်ဝိညာဏ်သည် နီးသော သိမှု ‘သန္တိကေဝိညာဏ်’ မည်သနည်း။

အကုသိုလ်ဝိညာဏ်သည် အကုသိုလ်ဝိညာဏ်နှင့် နီး၏၊ ကုသိုလ်ဝိညာဏ်သည် ကုသိုလ်ဝိညာဏ်နှင့် နီး၏။ အဗျာကတဝိညာဏ်သည် အဗျာကတဝိညာဏ်နှင့် နီး၏။

သုခဝေဒနာနှင့် ယှဉ်သော ဝိညာဏ်သည် သုခဝေဒနာနှင့် ယှဉ်သော ဝိညာဏ်နှင့် နီး၏၊ ဒုက္ခ ဝေဒနာနှင့် ယှဉ်သော ဝိညာဏ်သည် ဒုက္ခဝေဒနာနှင့် ယှဉ်သော ဝိညာဏ်နှင့် နီး၏၊ အဒုက္ခမသုခဝေဒနာ နှင့် ယှဉ်သော ဝိညာဏ်သည် အဒုက္ခမသုခဝေဒနာနှင့် ယှဉ်သော ဝိညာဏ်နှင့် နီး၏။

သမာပတ် မဝင်စားသူ၏ ဝိညာဏ်သည် သမာပတ် မဝင်စားသူ၏ ဝိညာဏ်နှင့် နီး၏၊ သမာပတ် ဝင်စားသူ၏ ဝိညာဏ်သည် သမာပတ်ဝင်စားသူ၏ ဝိညာဏ်နှင့် နီး၏။

အာသဝ၏ (တဏှာ, ဒိဋ္ဌိ, မောဟတို့၏) အာရုံဖြစ်သော ဝိညာဏ်သည် အာသဝ၏ အာရုံဖြစ်သော ဝိညာဏ်နှင့် နီး၏၊ အာသဝ၏ အာရုံမဟုတ်သော ဝိညာဏ်သည် အာသဝ၏ အာရုံမဟုတ်သော ဝိညာဏ် နှင့် နီး၏။ ဤ (ဆိုခဲ့ပြီးသော ဝိညာဏ် အပေါင်း) ကို နီးသော သိမှု ‘သန္တိကေဝိညာဏ်’ဟု ဆိုအပ်၏။

တစ်နည်းကား၊ ထိုထိုဝိညာဏ်ကို ထောက်ဆ၍ ထောက်ဆ၍ (ဝိညာဏ်တစ်ခုနှင့် တစ်ခုကို နှိုင်းရှည့် ထောက်ဆခြင်းအားဖြင့်) ဝေးသော သိမှု ‘ဒူရေဝိညာဏ်'နှင့် နီးသော သိမှု ‘သန္တိကေဝိညာဏ်'ကို မှတ်အပ်၏။

ခန္ဓာတို့ကို သုတ္တန်နည်းဖြင့် ဝေဖန်ဟောကြားအပ်သော သုတ္တန္တဘာဇနီယနည်း ပြီး၏။

--

၂-အဘိဓမ္မဘာဇနီယ

(အဘိဓမ္မာနည်းဖြင့် ဝေဖန်ဟောကြားအပ်သော အဘိဓမ္မဘာဇနီယနည်း)

ခန္ဓာငါးပါး

၃၂။ ခန္ဓာငါးပါးတို့ကား- ရုပ်အစု ‘ရူပက္ခန္ဓာ’၊ ခံစားမှုအစု ‘ဝေဒနာက္ခန္ဓာ’၊ မှတ်သားမှုအစု ‘သညာက္ခန္ဓာ’၊ ပြုပြင်စီရင်မှုအစု ‘သင်္ခါရက္ခန္ဓာ’၊ သိမှုအစု ‘ဝိညာဏက္ခန္ဓာ'တို့တည်း။

၁-ရူပက္ခန္ဓာ

ဧကကနည်း ၄၃-ပါး

(တစ်ပါးစီပြားသောနည်းအားဖြင့် ဟောကြားအပ်သော ဧကကနည်း ၄၃-ပါး)

၃၃။ ထို (ခန္ဓာငါးပါးတို့) တွင် အဘယ်သည် ရုပ်အစု ‘ရူပက္ခန္ဓာ’ မည်သနည်း။

တစ်ပါးစီပြားသော နည်းအားဖြင့် ရူပက္ခန္ဓာသည် ၄၃-ပါး ဖြစ်၏။ ရုပ်အားလုံးသည်၁

(၁) အကြောင်းရင်းဟိတ် မမည် (န ဟေတု)။

(၂) အကြောင်းရင်းဟိတ် မရှိ (ဟိတ်နှင့် မယှဉ်) (အဟေတုက)။

(၃) အကြောင်းရင်းဟိတ်နှင့် မယှဉ် မရောနှော (ဟေတုဝိပ္ပယုတ္တ)။

(၄) (ကံ, စိတ်, ဥတု, အာဟာရတည်းဟူသော) အကြောင်းအရာတို့နှင့် တကွ (အကြောင်းတရားတို့ကြောင့်) ဖြစ်၏ (သပ္ပစ္စယ)။

(၅) (ကံ, စိတ်, ဥတု, အာဟာရတည်းဟူသော အကြောင်းအရာတို့သည်) ပြုပြင်စီရင်အပ်၏ (သင်္ခတ)။

(၆) ဆန့်ကျင်ဘက်အကြောင်းအရာတို့ကြောင့် ဖောက်ပြန်တတ်၏ (ရူပ)။

(၇) ဖြစ်တတ် ပျက်တတ်သော လောက၌ အကျုံးဝင်၏ (လောကိယ)။

(၈) (သတ္တဝါတို့၏သန္တာန်၌) ယိုစီးဖြစ်ပွားနေတတ် မူးယစ်မိုက်မဲစေတတ်သော အာသဝေါတရားတို့၏ (လောဘ, ဒိဋ္ဌိ, မောဟတို့၏) အာရုံဖြစ်၏ (သာသဝ)။

(၉) သံယောဇဉ်တို့၏ အစီးအပွား (သံယောဇဉ်တို့၏ အာရုံ) ဖြစ်၏ (သံယောဇနိယ)။

(၁၀) (ဝဋ်ဆင်းရဲ၌) ဆက်စပ်ထုံးဖွဲ့မှု ‘ဂန္ထ'၏ (လောဘ, ဒေါသ, ဒိဋ္ဌိတို့၏) အာရုံဖြစ်၏ (ဂန္ထနိယ)။

(၁၁) (ဝဋ်ဆင်းရဲ၌) နစ်မြုပ်စေမှု ‘ဩဃ'၏ (လောဘ, ဒိဋ္ဌိ, မောဟတို့၏) အာရုံဖြစ်၏ (ဩဃနိယ)။

(၁၂) (ဝဋ်ဆင်းရဲ၌) ယှဉ်စေမှု ‘ယောဂ'၏ (လောဘ, ဒိဋ္ဌိ, မောဟတို့၏) အာရုံဖြစ်၏ (ယောဂနိယ)။

(၁၃) ဈာန် မဂ် ဖိုလ်တို့ကို ပိတ်ပင်မှု ‘နီဝရဏ'တို့၏ အာရုံဖြစ်၏ (နီဝရဏီယ)။

--

(၁၄) (မမြဲသည်ကို မြဲ၏ဟု စသည်ဖြင့်) မှားသောအားဖြင့် သုံးသပ်မှု ‘ပရာမာသ'၏ (ဒိဋ္ဌိတို့၏) အာရုံဖြစ်၏ (ပရာမဋ္ဌ)။

(၁၅) ပြင်းစွာ စွဲလမ်းမှု ‘ဥပါဒါန်'၏ (လောဘ, ဒိဋ္ဌိတို့၏) အာရုံဖြစ်၏ (လောကီတရား) (ဥပါဒါနိယ)။

(၁၆) ပူပန်စေတတ် နှိပ်စက်တတ် ညစ်နွမ်းစေတတ်သည့် ‘ကိလေသာ'တို့၏ အာရုံဖြစ်၏ (သံကိလေသိက)။

(၁၇) ကုသိုလ် အကုသိုလ်အဖြစ်ဖြင့် မဟောကြားအပ် (အဗျာကတ)။

(၁၈) အာရုံပြုခြင်းမရှိ (အာရုံကို ယူနိုင်သော သဘောမရှိ) (အနာရမ္မဏ)။

(၁၉) စိတ်၌ မယှဉ် (အစေတသိက)။

(၂၀) စိတ်နှင့် မယှဉ် (မပေါင်း မစပ် မရောနှော) (စိတ္တဝိပ္ပယုတ္တ)။

(၂၁) အကျိုးဝိပါက်လည်း မဟုတ်မူ၍ အကျိုးဝိပါက်ကို ဖြစ်စေခြင်း သဘော (အကျိုးဝိပါက်ကို ဖြစ်စေတတ်သော သဘော) ရှိသည်လည်း မဟုတ် (နေဝဝိပါက နဝိပါကဓမ္မဓမ္မ)။

(၂၂) ပူပန်စေတတ် နှိပ်စက်တတ်သော ‘ကိလေသာ'တရားတို့သည် မပူပန်စေအပ် မနှိပ်စက်အပ်ကုန်သည်ဖြစ်၍ (ကိလေသာနှင့် မယှဉ်မူ၍) ပူပန်စေတတ် နှိပ်စက်တတ်သော ကိလေသာ တရားတို့ကို ရခြင်းငှါသာ ထိုက်တန်၏ (ကိလေသာနှင့်မယှဉ်မူ၍ ကိလေသာ၏အာရုံသာ ဖြစ်၏) (အသံကိလိဋ္ဌ သံကိလေသိက)။)

(၂၃) ကြံစည်မှု ‘ဝိတက်'နှင့်လည်းတကွ သုံးသပ်မှု ‘ဝိစာရ'နှင့်လည်းတကွ ဖြစ်သည်မဟုတ် (ဝိတက်, ဝိစာရတို့နှင့် မယှဉ်) (န သဝိတက္ကသဝိစာရ)။

(၂၄) ကြံစည်မှု ‘ဝိတက်'မရှိမူ၍ သုံးသပ်မှု ‘ဝိစာရ'မျှသာ ရှိသော တရားမဟုတ် (န အဝိတက္က ဝိစာရမတ္တ)။

(၂၅) ကြံစည်မှု ‘ဝိတက်'လည်း မရှိ, သုံးသပ်မှု ‘ဝိစာရ'လည်း မရှိ (အဝိတက္က အဝိစာရ)။

(၂၆) နှစ်သက်မှု ‘ပီတိ'နှင့် တကွဖြစ်သည် မဟုတ် (ပီတိနှင့်မယှဉ်) (န ပီတိသဟဂတ)။

(၂၇) ချမ်းသာမှု ‘သုခ'နှင့်တကွဖြစ်သည် မဟုတ် (သုခဝေဒနာနှင့် မယှဉ်) (န သုခသဟဂတ)။

(၂၈) လျစ်လျူရှုမှု ‘ဥပေက္ခာ'နှင့် တကွဖြစ်သည် မဟုတ် (ဥပေက္ခာနှင့် မယှဉ်) (န ဥပေက္ခာ သဟဂတ)။

(၂၉) (နိဗ္ဗာန်ကို ရှေးဦးစွာ မြင်သဖြင့် ‘ဒဿန’မည်သော) သောတာပတ္တိမဂ်သည် ပယ်အပ်သည်လည်း မဟုတ်မူ၍ (သောတာပတ္တိမဂ် မြင်ပြီးဖြစ်သော နိဗ္ဗာန်ကို တစ်ဖန်ထပ်၍ မြင်သဖြင့် ‘ဘာဝနာ’မည်သော) အထက်မဂ်သုံးပါးတို့သည် ပယ်အပ်သည်လည်း မဟုတ် (နေဝဒဿ နေန နဘာဝနာယ ပဟာတဗ္ဗ)။

(၃၀) သောတာပတ္တိမဂ်သည် ပယ်အပ်သော ဟိတ်ရှိသည်လည်း မဟုတ်မူ၍ အထက်မဂ်သုံးပါး တို့သည် ပယ်အပ်သော ဟိတ်ရှိသည်လည်း မဟုတ် (သောတာပတ္တိမဂ် ပယ်အပ်သော ဟိတ် တို့နှင့်လည်း မယှဉ်မူ၍ အထက်မဂ်သုံးပါးတို့သည် ပယ်အပ်သော ဟိတ်တို့နှင့်လည်း မယှဉ်ချေ) (နေဝ ဒဿနေန နဘာဝနာယ ပဟာတဗ္ဗဟေတုက)။

(၃၁) ပဋိသန္ဓေစုတိသို့ ရောက်ကြောင်းလည်း မဟုတ်မူ၍ (ပဋိသန္ဓေကို ဖြစ်စေနိုင်သော တရား လည်း မဟုတ်, စုတိကို ဖြစ်စေနိုင်သော တရားလည်း မဟုတ်မူ၍) နိဗ္ဗာန်သို့ ရောက် ကြောင်းလည်း မဟုတ် (နေဝ အာစယဂါမိ န အပစယဂါမိ)။

--

(၃၂) (အရဟတ္တဖိုလ်သို့ရောက်ရန်) ကျင့်ဆဲ ‘သေက္ခ'ပုဂ္ဂိုလ်ခုနစ်ယောက် (မဂ်ပုဂ္ဂိုလ်၄-ယောက်, အောက်ဖိုလ် ၃-ယောက်) တို့၏ ဥစ္စာလည်း မဟုတ်မူ၍ (အရဟတ္တဖိုလ်သို့ ရောက်ပြီး ဖြစ်သော) ကျင့်ပြီး ‘အသေက္ခ’ (ရဟန္တာ) ပုဂ္ဂိုလ်၏ ဥစ္စာလည်း မဟုတ် (နေဝ သေက္ခ နာသေက္ခ)။

(၃၃) နည်းပါးသော အာနုဘော် ရှိ၏ (ကာမတရားဖြစ်၏) (ပရိတ္တ)။

(၃၄) ကာမဘုံ၌ သက်ဝင်၍ ဖြစ်၏ (ကာမတဏှာ၏ ကျင်လည်ကျက်စားရာဖြစ်၏) (ကာမာဝစရ)။

(၃၅) ရူပဘုံ၌ သက်ဝင်၍ မဖြစ် (ရူပတဏှာ၏ ကျင်လည်ကျက်စားရာ မဟုတ်) (န ရူပါဝစရ)။

(၃၆) အရူပဘုံ၌ သက်ဝင်၍ မဖြစ် (အရူပတဏှာ၏ ကျင်လည်ကျက်စားရာ မဟုတ်) (န အရူပါဝစရ)။

(၃၇) ဝဋ်ဆင်းရဲ၌ အကျုံးဝင်၏ (ပရိယာပန္န)။

(၃၈) ဝဋ်ဆင်းရဲ၌ အကျုံးမဝင်သည့် ‘အပရိယာပန္န'တရားမဟုတ် (လောကုတ္တရာတရားမဟုတ်) (နော အပရိယာပန္န)။

(၃၉) စုတိ၏ အခြားမဲ့၌ အကျိုးပေးမြဲသော တရားလည်း မဟုတ်မူ၍ မိမိ၏ အခြားမဲ့၌ အကျိုး ပေးမြဲသော တရားလည်း မဟုတ် (အနိယတ)။

(၄၀) ဝဋ်ဆင်းရဲမှ ထွက်မြောက်ကြောင်း မဟုတ် (အနိယျာနိက)။

(၄၁) ဝိညာဉ်ခြောက်ပါးတို့ဖြင့် သိအပ်သည့် ဖြစ်ဆဲဖြစ်သော တရားဖြစ်၏ (ဥပ္ပန္နံ ဆဟိဝိညာ ဏေဟိ ဝိညေယျံ)။

(၄၂) (ဖြစ်ပြီးသည့်နောက် တည်တံ့ မနေခြင်းကြောင့်) မမြဲ (အနိစ္စ)။

(၄၃) အိုမှု, ရင့်ရော်ဆွေးမြေ့မှု ‘ဇရာ'သည် လွှမ်းမိုးနှိပ်စက်အပ်၏ (ဇရာဘိဘူတ)။ ဤသို့ တစ်ပါးစီပြားသော နည်းအားဖြင့် ရူပက္ခန္ဓာသည် ၄၃-ပါး ဖြစ်၏။

တစ်ပါးစီပြားသော နည်းအားဖြင့် ဟောကြားအပ်သော ဧကကနည်း ၄၃-ပါး ပြီး၏။

၁။ ဓမ္မသင်္ဂဏီ မြန်မာပြန် ပဒ-၅၈၄၊ နှာ ၂၂၅-၂၂၇။

--

ဒုကနည်း ၁၀၄-ပါး

(နှစ်ပါးစီပြားသော နည်းအားဖြင့် ဟောကြားအပ်သော ဒုကနည်း ၁၀၄-ပါး)

ဒုကနည်း ၁၀၄-ပါး၁။ ။ နှစ်ပါးစီပြားသောနည်းအားဖြင့် ရူပက္ခန္ဓာသည် ၁၀၄-ပါး ဖြစ်၏။

၁။ ဓမ္မသင်္ဂဏီ ပဒ ၅၈၄၊ နှာ ၂၂၇-၂၃၃။

ပကိဏ္ဏကဒုကနည်း ၁၄-ပါး

၁ (က)။ ။ (မဟာဘုတ်ကို) မှီ၍ဖြစ်သော ရုပ်သည် ရှိ၏ (ဥပါဒါရုပ် ၂၄-ပါး)။

(ခ)။ ။ (ဥပါဒါရုပ်မှီသကဲ့သို့ မဟာဘုတ်ကို) မမှီမူ၍ ဖြစ်သော ရုပ်သည် ရှိ၏ (နော ဥပါဒါရုပ်) (မဟာဘုတ်လေးပါး)။

၂ (က)။ ။ အာရုံပြုသောအားဖြင့် တဏှာဒိဋ္ဌိတို့သည် ကပ်အပ်သော ကံသည် (တဏှာဒိဋ္ဌိတို့၏ အာရုံဖြစ်သည့်ကံသည်) အကျိုး၏အဖြစ်ဖြင့် စွဲယူအပ်သော ရုပ်သည် ရှိ၏ (တဏှာ ဒိဋ္ဌိတို့၏ အာရုံဖြစ်သည့် ကံကြောင့်ဖြစ်သောရုပ်) (ဥပါဒိန္နရုပ်) (ကမ္မဇရုပ်)။

(ခ)။ ။ အာရုံပြုသောအားဖြင့် တဏှာဒိဋ္ဌိတို့သည် ကပ်အပ်သောကံသည် အကျိုး၏ အဖြစ် ဖြင့် မစွဲယူအပ်သော ရုပ်သည် ရှိ၏ (တဏှာဒိဋ္ဌိတို့၏ အာရုံဖြစ်သည့် ကံကြောင့် မဖြစ်သော စိတ္တဇရုပ်, ဥတုဇရုပ်, အာဟာရဇရုပ်) (အနုပါဒိန္နရုပ်)။

၃ (က)။ ။ အာရုံပြုသောအားဖြင့် တဏှာဒိဋ္ဌိတို့သည် ကပ်အပ်သော ကံသည် အကျိုး၏ အဖြစ် ဖြင့်လည်း စွဲယူအပ်သည်ဖြစ်၍ ဥပါဒါန်၁တို့၏ အစီးအပွား (အာရုံ) လည်း ဖြစ်သော ရုပ်သည် ရှိ၏ (တဏှာ ဒိဋ္ဌိတို့၏ အာရုံဖြစ်သည့် ကံကြောင့်လည်း ဖြစ်၍ ဥပါဒါန်၏ အာရုံလည်း ဖြစ်သောရုပ်) (ဥပါဒိန္နုပါဒါနိယရုပ်) (ကမ္မဇရုပ်)။

(ခ)။ ။ အာရုံပြုသောအားဖြင့် တဏှာဒိဋ္ဌိတို့သည် ကပ်အပ်သော ကံသည် အကျိုး၏ အဖြစ် ဖြင့် မစွဲယူအပ်ကုန်မူ၍ လွန်စွာ စွဲလမ်းတတ်သော ဥပါဒါန်တရားတို့၏ အာရုံသာ ဖြစ်သော ရုပ်သည် ရှိ၏ (တဏှာဒိဋ္ဌိတို့၏ အာရုံဖြစ်သည့် ကံကြောင့် မဖြစ်မူ၍ ဥပါဒါန်၏ အာရုံသာဖြစ်သော စိတ္တဇရုပ်, ဥတုဇရုပ်နှင့် အာဟာရဇရုပ်များ) (အနုပါဒိန္နုပါဒါနိယရုပ်)။

၄ (က)။ ။ မြင်ခြင်းနှင်တကွဖြစ်သော (မြင်အပ်သောသဘောရှိသော) ရုပ်သည် ရှိ၏ (သနိဒဿ နရုပ်) (မြင်အပ်သော ရူပါရုံ)။

(ခ)။ ။ မြင်ခြင်းနှင့်တကွမဖြစ်သော (မြင်အပ်သောသဘောမရှိသော) ရုပ်သည် ရှိ၏ (အနိဒဿ နရုပ်) (ရူပါရုံမှတစ်ပါး အခြားသောရုပ်များ)။

၅ (က)။ ။ ထိပါး (တိုက်ခိုက်) ခြင်းနှင့် တကွဖြစ်သော (ထိပါးတတ်သောသဘောရှိသော) ရုပ်သည် ရှိ၏ (သပ္ပဋိဃရုပ်) (ဩဠာရိကရုပ်)။

(ခ)။ ။ ထိပါး (တိုက်ခိုက်) ခြင်းနှင့်တကွ မဖြစ်သော (ထိပါးတတ်သောသဘောမရှိသော) ရုပ်သည် ရှိ၏ (အပ္ပဋိဃရုပ်) (သုခမရုပ်)။

၆ (က)။ ။ (ဆိုင်ရာကိစ္စ၌) အစိုးရသောရုပ်သည် ရှိ၏ (ဣန္ဒြိယရုပ်)။

(ခ)။ ။ (ဆိုင်ရာကိစ္စ၌) အစိုးရသည် မဟုတ်သော (အစိုးမရသော) ရုပ်သည် ရှိ၏ (န ဣန္ဒြိယရုပ်)။

--

၇ (က)။ ။ ကြီးကျယ်ထင်ရှားသော ရုပ်သည် ရှိ၏ (မဟာဘူတရုပ်)။

(ခ)။ ။ ကြီးကျယ်ထင်ရှားသည် မဟုတ်သော ရုပ်သည် ရှိ၏ (န မဟာဘူတရုပ်) (ဥပါဒါရုပ်)။

၈ (က)။ ။ (မိမိ၏အလိုဆန္ဒကို) သိစေတတ်သည့် အမူအရာဖြစ်သော ရုပ်သည် ရှိ၏ (ဝိညတ္တိရုပ်)။

(ခ)။ ။ (မိမိ၏အလိုဆန္ဒကို) သိစေတတ်သည့် အမူအရာမဟုတ်သောရုပ်သည် ရှိ၏ (နဝိညတ္တိရုပ်) (ဝိညတ်ရုပ်မှ တစ်ပါးသော ရုပ်များ)။

၉ (က)။ ။ စိတ်လျှင်ဖြစ်ကြောင်းရှိသော (စိတ်ကြောင့်ဖြစ်သော) ရုပ်သည် ရှိ၏ (စိတ္တသမုဋ္ဌာန ရုပ်) (စိတ္တဇရုပ်)။

(ခ)။ ။ စိတ်လျှင်ဖြစ်ကြောင်းမရှိသော (စိတ်ကြောင့်မဖြစ်သော) ရုပ်သည် ရှိ၏ (န စိတ္တသမုဋ္ဌာနရုပ်) (ကမ္မဇ, ဥတုဇ, အာဟာရဇရုပ်များ)။

၁၀ (က)။ ။ စိတ်နှင့်တကွဖြစ်သော (စိတ်နှင့်အတူဖြစ်, အတူပျက်သော) ရုပ်သည် ရှိ၏ (စိတ္တသဟဘုရုပ်) (စိတ်နှင့်အတူဖြစ်, အတူပျက်သော ဝိညတ်ရုပ်နှစ်ခု)။

(ခ)။ ။ စိတ်နှင့်တကွဖြစ်သည် မဟုတ်သော (စိတ်နှင့်တကွမဖြစ်သော) ရုပ်သည် ရှိ၏ (န့စိတ္တသဟဘုရုပ်) (ဝိညတ်ရုပ်မှ တစ်ပါးသော ရုပ်များ)။

၁၁ (က)။ ။ စိတ်သို့ အစဉ်လိုက်သော (စိတ်နှင့်အတူဖြစ်, အတူပျက်သော) ရုပ်သည် ရှိ၏ (စိတ္တာနုပရိဝတ္တိရုပ်) (စိတ်နှင့်အတူဖြစ်, အတူပျက်သော ဝိညတ်ရုပ် နှစ်ခု)။

(ခ)။ ။ စိတ်သို့ အစဉ်လိုက်သည် မဟုတ် (စိတ်သို့ အစဉ်မလိုက်) သော ရုပ်သည် ရှိ၏ (နစိတ္တာနုပရိဝတ္တိရုပ်) (ဝိညတ်ရုပ်မှ တစ်ပါးသော ရုပ်များ)။

၁၂ (က)။ ။ အတွင်းသန္တာန်၌ဖြစ်သောရုပ်သည် ရှိ၏ (အဇ္ဈတ္တိကရုပ်) (ပသာဒရုပ်ငါးခု၂)။

(ခ)။ ။ အပသန္တာန်၌ဖြစ်သော ရုပ်သည် ရှိ၏ (ဗာဟိရရုပ်) (ပသာဒရုပ်မှ တစ်ပါးသော ရုပ်များ)။

၁၃ (က)။ ။ ကြမ်းတမ်းသောရုပ်သည် ရှိ၏ (ဩဠာရိကရုပ်) (ဩဠာရိကရုပ် တစ်ဆယ့်နှစ်ခု)။

(ခ)။ ။ သိမ်မွေ့သောရုပ်သည် ရှိ၏ (သုခုမရုပ်) (သုခုမရုပ် ၁၆-ပါး)။

၁၄ (က)။ ။ ဝေးသော (အသိခက်သော) ရုပ်သည် ရှိ၏ (ဒူရေရုပ်) (သုခုမရုပ်များ)။

(ခ)။ ။ နီးကပ်သော (သိလွယ်သော) ရုပ်သည် ရှိ၏ (သန္တိကေရုပ်) (ဩဠာရိကရုပ်များ)။

ပကိဏ္ဏကဒုကနည်း ၁၄-ပါး ပြီး၏။

၁။ ဥပါဒါန်၏တရားကိုယ်မှာ တဏှာ ဒိဋ္ဌိ ၂-ပါး ဖြစ်သည်။

၂။ အဇ္ဈတ္တိကဟူ၍ အမည်ပေးထားခြင်းသည် ကိုယ်ခန္ဓာ၏ အတွင်းသန္တာန်၌ဖြစ်သော အကြောင်းတစ်ခုတည်းကြောင့်သာ ပေးထားခြင်း မဟုတ်၊ စင်စစ်မူကား (ကုသိုလ် အကုသိုလ်ကို ဖြစ်စေ နိုင်သည့်) ထူးခြားသော ကိစ္စ သတ္တိများရှိ၍ ကိုယ်ခန္ဓာအား အလွန်အကျူး အထူးပင် ကျေးဇူး များသောကြောင့် အဇ္ဈတ္တိကဟူ၍ အမည်ပေးထားခြင်း ဖြစ်သည်၊ ထို့ကြောင့် ပသာဒ ရုပ်ငါးခုသည်သာ အဇ္ဈတ္တိကဟူသော အမည်ကို ရ၍ ကျန်သော ဘာဝရုပ် ဇီဝိတရုပ်စသော ရုပ်များသည် အတွင်းသန္တာန်၌ ဖြစ်ကြ သော်လည်း အဇ္ဈတ္တိကဟူသောအမည်ကို မရကြချေ၊ ပသာဒရုပ်ငါးခုမှာ အတွင်းအကျဆုံး ရုပ်များဟု ဆိုလိုသည်။

--

ဝတ္ထု၁ဒုကနည်း ၂၅-ပါး၂

၁ (က)။ ။ မြင်သိစိတ်နှင့်ယှဉ်သော တွေ့ထိမှု ‘ဖဿ'၏ မှီရာတည်ရာရုပ်သည် ရှိ၏ (စက္ခု သမ္ဖဿဿ ဝတ္ထု) (စက္ခုပသာဒ)။

(ခ)။ ။ မြင်သိစိတ်နှင့်ယှဉ်သော တွေ့ထိမှု ‘ဖဿ'၏ မှီရာ တည်ရာ မဟုတ်သော ရုပ်သည် ရှိ၏ (စက္ခုသမ္ဖဿဿ န ဝတ္ထု) (စက္ခုပသာဒမှ တစ်ပါးသောရုပ်များ)။

၂-၄ (က)။ ။ မြင်သိစိတ်နှင့်ယှဉ်သော တွေ့ထိမှု ‘ဖဿ'ကြောင့်ဖြစ်သော ခံစားမှု ‘ဝေဒနာ'၏။ပ။ မှတ်သားမှု ‘သညာ'၏။ပ။ စေ့ဆော်မှု (နှိုးဆော်မှု) ‘စေတနာ'၏။ပ။

၅ (က)။ ။ မြင်သိစိတ်၏ မှီရာတည်ရာရုပ်သည် ရှိ၏ (စက္ခုဝိညာဏဿ ဝတ္ထု) (စက္ခုပသာဒ)။

(ခ)။ ။ မြင်သိစိတ်၏ မှီရာတည်ရာ မဟုတ်သောရုပ်သည် ရှိ၏ (စက္ခုဝိညာဏဿ န ဝတ္ထု) (စက္ခု ပသာဒမှ တစ်ပါးသောရုပ်များ)။

၆-၂၀ (က)။ ။ ကြားသိစိတ်နှင့်ယှဉ်သော တွေ့ထိမှု ‘ဖဿ'၏။ပ။ံသိစိတ်နှင့်ယှဉ်သော တွေ့ထိမှု ‘ဖဿ'၏။ပ။ လျက်သိစိတ်နှင့်ယှဉ်သော တွေ့ထိမှု ‘ဖဿ'၏။ပ။ (သောတဝတ္ထုနည်း ၅-ပါး၊ ဃာနဝတ္ထုနည်း ၅-ပါး၊ ဇိဝှါဝတ္ထုနည်း ၅-ပါးတို့ကို ပေယျာလ ချန်ထားသည်)။

၆-၂၀ (ခ)။ ။ ပေယျာလ

၂၁ (က)။ ။ ထိသိစိတ်နှင့်ယှဉ်သော တွေ့ထိမှု ‘ဖဿ'၏ မှီရာတည်ရာ ရုပ်သည် ရှိ၏ (ကာယ သမ္ဖဿဿ ဝတ္ထု) (ကာယပသာဒရုပ်)။

(ခ)။ ။ ထိသိစိတ်နှင့်ယှဉ်သော တွေ့ထိမှု ‘ဖဿ'၏ မှီရာတည်ရာ မဟုတ်သော ရုပ်သည် ရှိ၏ (ကာယသမ္ဖဿဿ န ဝတ္ထု) (ကာယပသာဒရုပ်မှ တစ်ပါးသောရုပ်များ)။

၂၂-၂၄ (က)။ ။ ထိသိစိတ်နှင့် ယှဉ်သော တွေ့ထိမှု ‘ဖဿ'ကြောင့်ဖြစ်သော ခံစားမှု ‘ဝေဒနာ'၏။ပ။ မှတ်သားမှု ‘သညာ'၏။ပ။ စေ့ဆော်မှု (နှိုးဆော်မှု) စေတနာ'၏။ပ။ (ကျန် ကာယဝတ္ထုနည်း ၃-ပါးကို ပေယျာလ ချန်ထားသည်)။

၂၅ (က)။ ။ ထိသိစိတ်၏ မှီရာတည်ရာရုပ်သည် ရှိ၏ (ကာယဝိညာဏဿဝတ္ထု) (ကာယ ပသာဒရုပ်)။

(ခ)။ ။ ထိသိစိတ်၏ မှီရာတည်ရာ မဟုတ်သော ရုပ်သည် ရှိ၏ (ကာယဝိညာဏဿ န ဝတ္ထု) (ကာယပသာဒရုပ်မှ တစ်ပါးသောရုပ်များ)။

ဝတ္ထုဒုကနည်း ၂၅-ပါး ပြီး၏။

၁။ တည်ရာ မှီရာ၊ မြေပမာ၊ လွန်စွာကျေးဇူးထုတ် (လယ်တီပရမတ္ထသံခိပ်)

၂။ ဝတ္ထုဒုကနည်းမှစ၍ သုခုမရူပဒုကနည်း ၁၁-ပါးအထိ (ဒုကနည်း ၆-မျိုးတို့ကို) ဝိဘင်းပါဠိတော်၌ ပေယျာလ ချန်ထားသည်၊ သို့ရာတွင် ဝိဘင်းမြန်မာပြန်ကျမ်းကို လေ့လာသူများအတွက် ပြည့်စုံစေရန် ဒုကနည်းအားလုံးတို့ကို ထည့်သွင်းဖော်ပြလိုက် ပါသည်။ (ဓမ္မသင်္ဂဏီ မြန်မာပြန် စာပိုဒ်- ၅၈၄၊ နှာ ၂၂၉-၂၃၃- ရှုပါ)

--

အာရမ္မဏ၁ဒုကနည်း ၂၅ ပါး

၁ (က)။ ။ မြင်သိစိတ်နှင့် ယှဉ်သော တွေ့ထိမှု ‘ဖဿ'၏ အာရုံဖြစ်သော ရုပ်သည် ရှိ၏ (စက္ခု သမ္ဖဿဿ အာရမ္မဏ) (ရူပါရုံ)။

(ခ)။ ။ မြင်သိစိတ်နှင့် ယှဉ်သော တွေ့ထိမှု ‘ဖဿ'၏ အာရုံမဟုတ်သော ရုပ်သည်ရှိ၏ (စက္ခုသမ္ဖဿဿ နာရမ္မဏ) (ရူပါရုံမှ တစ်ပါးသောရုပ်များ)။

၂-၄ (က)။ ။ မြင်သိစိတ်နှင့် ယှဉ်သော တွေ့ထိမှု ‘ဖဿ'ကြောင့်ဖြစ်သော ခံစားမှု ‘ဝေဒနာ'၏။ပ။ မှတ်သားမှု ‘သညာ'၏။ပ။ စေ့ဆော်မှု (နှိုးဆော်မှု) ‘စေတနာ'၏။ပ။

၅ (က)။ ။ မြင်သိစိတ်၏ အာရုံဖြစ်သော ရုပ်သည် ရှိ၏ (စက္ခုဝိညာဏဿ အာရမ္မဏ) (ရူပါရုံ)။

(ခ)။ ။ မြင်သိစိတ်၏ အာရုံမဟုတ်သော ရုပ်သည် ရှိ၏ (စက္ခုဝိညာဏဿ နာရမ္မဏ) (ရူပါရုံမှ တစ်ပါးသော ရုပ်များ)။

၆-၂၀ (က)။ ။ ကြားသိစိတ်နှင့်ယှဉ်သော တွေ့ထိမှု ‘ဖဿ'၏။ပ။ နံသိစိတ်နှင့်ယှဉ်သော တွေ့ထိမှု ‘ဖဿ'၏။ပ။ လျက်သိစိတ်နှင့်ယှဉ်သော တွေ့ထိမှု ‘ဖဿ'၏။ပ။ (သဒ္ဒါရုံနည်း ၅-ပါး၊ ရသာရုံနည်း ၅-ပါး။ ဂန္ဓာရုံနည်း ၅-ပါးတို့ကို ပေယျာလ ချန်ထားသည်)။

၆-၂၀ (ခ)။ ။ ပေယျာလ

၂၁ (က)။ ။ ထိသိစိတ်နှင့်ယှဉ်သော တွေ့ထိမှု ‘ဖဿ'၏ အာရုံဖြစ်သော ရုပ်သည် ရှိ၏ (ကာယ သမ္ဖဿဿ အာရမ္မဏ) (ဖောဋ္ဌဗ္ဗာရုံ)။

၂၁ (ခ)။ ။ ထိသိစိတ်နှင့်ယှဉ်သော တွေ့ထိမှု ‘ဖဿ'၏ အာရုံမဟုတ်သော ရုပ်သည် ရှိ၏ (ကာယ သမ္ဖဿဿ နာရမ္မဏ) (ဖောဋ္ဌဗ္ဗာရုံမှ တစ်ပါးသောရုပ်များ)။

၂၂-၂၄ (က)။ ။ ထိသိစိတ်နှင့် ယှဉ်သော တွေ့ထိမှု ‘ဖဿ'ကြောင့်ဖြစ်သော ခံစားမှု ‘ဝေဒနာ'၏။ပ။ မှတ်သားမှု ‘သညာ'၏။ပ။ စေ့ဆော်မှု (နှိုးဆော်မှု) စေတနာ'၏။ပ။ (ကျန် ဖောဋ္ဌဗ္ဗာရုံ ၃-နည်း ပေယျာလ)။

၂၅ (က)။ ။ ထိသိစိတ်၏ အာရုံဖြစ်သော ရုပ်သည် ရှိ၏ (ကာယဝိညာဏဿ အာရမ္မဏ) (ဖောဋ္ဌဗ္ဗာရုံ)။

(ခ)။ ။ ထိသိစိတ်၏ အာရုံမဟုတ်သော ရုပ်သည် ရှိ၏ (ကာယဝိညာဏဿ နာရမ္မဏ) (ဖောဋ္ဌဗ္ဗာရုံမှ တစ်ပါးသောရုပ်များ)။

အာရမ္မဏဒုကနည်း ၂၅-ပါးပြီး၏။

၁။ ‘ဆွဲကိုင်, မှီတွယ်၊ ကျေးဇူးကြွယ်၊ ခြောက်သွယ် ခေါ်အာရုံ’ [လယ်တီပရမတ္ထသံခိပ်]

--

အာယတန ဒုကနည်း ၁၀-ပါး

၁ (က)။ ။ မြင်သိစိတ်ဖြစ်ရာ မျက်စိအကြည်ရုပ် ‘စက္ခာယတန'သည် ရှိ၏ (စက္ခုပသာဒ)။

(ခ)။ ။ မြင်သိစိတ်ဖြစ်ရာ မျက်စိအကြည် မဟုတ်သော ရုပ် ‘န စက္ခာယတန'သည် ရှိ၏ (စက္ခုပသာဒမှ တစ်ပါးသော ရုပ်များ)။

၂ (က-ခ)။ ။ ကြားသိစိတ်ဖြစ်ရာ နားအကြည်ရုပ် ‘သောတာယတန'သည် ရှိ၏ (သောတပသာဒ)။ပ။ (န သောတာယတန)။

၃ (က-ခ)။ ။ နံသိစိတ်ဖြစ်ရာ နှာခေါင်းအကြည်ရုပ် ‘ဃာနာယတန'သည် ရှိ၏ (ဃာနပသာဒ)။ပ။ (နဃာနာယတန)။

၄ (က-ခ)။ ။ လျက်သိစိတ်ဖြစ်ရာ လျှာအကြည်ရုပ် ‘ဇိဝှါယတန'သည် ရှိ၏ (ဇိဝှါပသာဒ)။ပ။ (နဇိဝှါယတန)။

၅ (က)။ ။ ထိသိစိတ်ဖြစ်ရာ ကိုယ်အကြည်ရုပ် ‘ကာယာယတန'သည် ရှိ၏ (ကာယပသာဒ)။

(ခ)။ ။ ထိသိစိတ်ဖြစ်ရာ ကိုယ်အကြည်မဟုတ်သော ရုပ် ‘န ကာယာယတန'သည် ရှိ၏ (ကာယပသာဒမှ တစ်ပါးသော ရုပ်များ)။

၆ (က)။ ။ မြင်သိစိတ်ဖြစ်ကြောင်း အဆင်းရုပ် ‘ရူပါယတန'သည် ရှိ၏ (ရူပါရုံ)။

(ခ)။ ။ မြင်သိစိတ်ဖြစ်ကြောင်း အဆင်းမဟုတ်သော ရုပ် ‘န ရူပါယတန'သည် ရှိ၏ (ရူပါရုံမှ တစ်ပါးသော ရုပ်များ)။

ရ (က-ခ)။ ။ ကြားသိစိတ်ဖြစ်ကြောင်း အသံရုပ် ‘သဒ္ဒါယတန'သည် ရှိ၏ (သဒ္ဒါရုံ)။ပ။

၈ (က-ခ)။ ။ နံသိစိတ်ဖြစ်ကြောင်း အနံ့ရုပ် ‘ဂန္ဓာယတန'သည် ရှိ၏ (ဂန္ဓာရုံ)။ပ။

၉ (က-ခ)။ ။ လျက်သိစိတ်ဖြစ်ကြောင်း အရသာရုပ် ‘ရသာယတန'သည် ရှိ၏ (ရသာရုံ)။ပ။

၁၀ (က)။ ။ ထိသိစိတ်ဖြစ်ကြောင်း အတွေ့ရုပ် ‘ဖောဋ္ဌဗ္ဗာယတန'သည် ရှိ၏ (ဖောဋ္ဌဗ္ဗာရုံ)။ပ။

(ခ)။ ။ ထိသိစိတ်ဖြစ်ကြောင်း အတွေ့ရုပ် မဟုတ်သောရုပ် ‘န ဖောဋ္ဌဗ္ဗာယတန'သည် ရှိ၏ (ဖောဋ္ဌဗ္ဗာရုံမှ တစ်ပါးသော ရုပ်များ)။

အာယတန ဒုကနည်း ၁၀-ပါး ပြီး၏။

--

ဓာတု၁ ဒုကနည်း ၁၀-ပါး

၁ (က)။ ။ မြင်မှုသဘာဝရုပ်သည် ရှိ၏ (စက္ခုဓာတု) (မြင်တတ်သော သဘောရှိသော မျက်စိ အကြည် ‘စက္ခုပသာဒ'ရုပ်)။

(ခ)။ ။ မြင်မှုသဘာဝ မဟုတ်သော ရုပ်သည် ရှိ၏ (န စက္ခုဓာတု) (စက္ခုပသာဒမှ တစ်ပါး အခြားသောရုပ်များ)။

၂ (က-ခ)။ ။ ကြားမှုသဘာဝရုပ်သည် ရှိ၏ (သောတဓာတု) (ကြားတတ်သော သဘောရှိသော နားအကြည် ‘သောတပသာဒ'ရုပ်)။ပ။

၃ (က-ခ)။ ။ နံမှုသဘာဝရုပ်သည် ရှိ၏ (ဃာနဓာတု) (နံတတ်သော သဘောရှိသော နှာခေါင်း အကြည် ‘ဃာနပသာဒ'ရုပ်)။ပ။

၄ (က-ခ)။ ။ လျက်မှုသဘာဝရုပ်သည် ရှိ၏ (ဇိဝှါဓာတု) (လျက်တတ်သော သဘောရှိသော လျှာအကြည် ‘ဇိဝှါပသာဒ'ရုပ်)။ပ။

၅ (က)။ ။ ထိမှုသဘာဝရုပ်သည် ရှိ၏ (ကာယဓာတု) (ထိခိုက်တတ်သော သဘောရှိသော ကိုယ်အကြည် ‘ကာယပသာဒ'ရုပ်)။

(ခ)။ ။ ထိမှုသဘာဝ မဟုတ်သော ရုပ်သည် ရှိ၏ (န ကာယဓာတု) (ကာယပသာဒမှ တစ်ပါး အခြားသော ရုပ်များ)။

၆ (က)။ ။ အဆင်းသဘာဝရုပ်သည် ရှိ၏ (ရူပဓာတု) (ရူပါရုံ)။

(ခ)။ ။ အဆင်းသဘာဝ မဟုတ်သော ရုပ်သည် ရှိ၏ (န ရူပဓာတု) (ရူပါရုံမှတစ်ပါး အခြားသော ရုပ်များ)။

ရ (က-ခ)။ ။ အသံသဘာဝရုပ်သည် ရှိ၏ (သဒ္ဒဓာတု) (သဒ္ဒါရုံ)။ပ။

၈ (က-ခ)။ ။ အနံ့သဘာဝရုပ်သည် ရှိ၏ (ဂန္ဓ္ဒဓာတု) (ဂန္ဓာရုံ)။ပ။

၉ (က-ခ)။ ။ အရသာသဘာဝရုပ်သည် ရှိ၏ (ရသဓာတု) (ရသာရုံ)။ပ။

၁၀ (က)။ ။ အတွေ့သဘာဝရုပ်သည် ရှိ၏ (ဖောဋ္ဌဗ္ဗဓာတု) (ဖောဋ္ဌဗ္ဗာရုံ)။

(ခ)။ ။ အတွေ့သဘော မဟုတ်သော ရုပ်သည် ရှိ၏ (န ဖောဋ္ဌဗ္ဗဓာတု) (ဖောဋ္ဌဗ္ဗာရုံမှ တစ်ပါး အခြားသောရုပ်များ)။

ဓာတုဒုကနည်း ၁၀-ပါး ပြီး၏။

၁။ ‘သတ္တ, ဇီဝ၊ ကင်းစင်ပ၊ ဘာဝ တတ်တိုင်းဖြစ်’ [လယ်တီ ပရမတ္ထသံခိပ်]။

--

ဣန္ဒြိယ၁ ဒုကနည်း ၈-ပါး

၁ (က)။ ။ မြင်ခြင်း၌ အစိုးရမှု (ရှိသော) မျက်စိအကြည်ရုပ်သည် ရှိ၏ (စက္ခုန္ဒြိယ) (စက္ခုပသာဒ)။

(ခ)။ ။ မြင်ခြင်း၌ အစိုးရမှု (ရှိသော) မျက်စိအကြည်မဟုတ်သော ရုပ်သည် ရှိ၏ (န စက္ခုန္ဒြိယ) (စက္ခုပသာဒမှ တစ်ပါးသော ရုပ်များ)။

၂ (က-ခ)။ ။ ကြားခြင်း၌ အစိုးရမှု (ရှိသော) နားအကြည်ရုပ်သည် ရှိ၏ (သောတိန္ဒြိယ) (သောတ ပသာဒ)။ပ။

၃ (က-ခ)။ ။ နံခြင်း၌ အစိုးရမှု (ရှိသော) နှာခေါင်းအကြည်ရုပ်သည် ရှိ၏ (ဃာနိန္ဒြိယ) (ဃာနပသာဒ)။ပ။

၄ (က-ခ)။ ။ လျက်ခြင်း၌ အစိုးရမှု (ရှိသော) လျာအကြည်ရုပ်သည် ရှိ၏ (ဇိဝှိန္ဒြိယ) (ဇိဝှါပသာဒ)။ပ။

၅ (က)။ ။ ထိခြင်း၌ အစိုးရမှု (ရှိသော) ကိုယ်အကြည်ရုပ်သည် ရှိ၏ (ကာယိန္ဒြိယ) (ကာယ ပသာဒ)။

(ခ)။ ။ ထိခြင်း၌ အစိုးရမှု (ရှိသော) ကိုယ်အကြည် မဟုတ်သော ရုပ်သည် ရှိ၏ (န ကာယိန္ဒြိယ) (ကာယပသာဒမှ တစ်ပါးသော ရုပ်များ)။

၆ (က)။ ။ မိန်းမ (အမ) ဖြစ်ကြောင်း၌ အစိုးရမှု (ရှိသော) ရုပ်သည် ရှိ၏ (ဣထ္ထိန္ဒြိယ) (ဣတ္ထိဘာဝရုပ်)။

(ခ)။ ။ မိန်းမ (အမ) ဖြစ်ကြောင်း၌ အစိုးရမှု မဟုတ်သော ရုပ်သည် ရှိ၏ (န ဣတ္ထိန္ဒြိယ)့ (ဣတ္ထိဘာဝရုပ်မှ တစ်ပါးသော ရုပ်များ)။

၇ (က)။ ။ ယောက်ျား (အထီး အဖို) ဖြစ်ကြောင်း၌ အစိုးရမှု (ရှိသော) ရုပ်သည် ရှိ၏ (ပုရိသိန္ဒြိယ) (ပုရိသဘာဝရုပ်)။

(ခ)။ ။ ယောက်ျား (အထီး အဖို) ဖြစ်ကြောင်း၌ အစိုးရမှု မဟုတ်သော ရုပ်သည် ရှိ၏ (န ပုရိသိန္ဒြိယ) (ပုမ္ဘာဝရုပ်မှ တစ်ပါးသော ရုပ်များ)။

၈ (က)။ ။ အစိုးတရစောင့်ရှောက်မှု (ရှိသော) ရုပ်သည် ရှိ၏ (ဇီဝိတိန္ဒြိယ) (ဇီဝိတရုပ်)။

(ခ)။ ။ အစိုးတရစောင့်ရှောက်မှု မဟုတ်သော ရုပ်သည် ရှိ၏ (န ဇီဝိတိန္ဒြိယ) (ဇီဝိတရုပ်မှ တစ်ပါးသော ရုပ်များ)။

ဣန္ဒြိယဒုကနည်း ၈-ပါး ပြီး၏။

၁။ ‘ဆိုင်ရာဌာန၊ စိုးပိုင်ကြ၊ ကိစ္စကိုယ်စီစီ’ [လယ်တီ ပရမတ္ထသံခိပ်]။

--

သုခုမရူပဒုကနည်း ၁၂-ပါး

၁ (က)။ ။ (မိမိ၏ အလိုဆန္ဒကို) သိစေတတ်သည့် ကိုယ်အမူအရာဖြစ်သော ရုပ်သည် ရှိ၏ (ကာယ ဝိညတ္တိ) (ကာယဝိညတ်ရုပ်)။

(ခ)။ ။ (မိမိ၏ အလိုဆန္ဒကို) သိစေတတ်သည့် ကိုယ်အမူအရာ မဟုတ်သော ရုပ်သည် ရှိ၏ (န ကာယဝိညတ္တိ) (ကာယဝိညတ်မှ တစ်ပါးသော ရုပ်များ)။

၂ (က)။ ။ (မိမိ၏ အလိုဆန္ဒကို) သိစေတတ်သည့် နှုတ်မြွက်မှု အမူအရာဖြစ်သော ရုပ်သည် ရှိ၏ (ဝစီဝိညတ္တိ) (ဝစီဝိညတ်ရုပ်)။

(ခ)။ ။ (မိမိ၏ အလိုဆန္ဒကို) သိစေတတ်သည့် နှုတ်မြွက်မှု အမူအရာ မဟုတ်သော ရုပ်သည် ရှိ၏ (န ဝစီဝိညတ္တိ) (ဝစီဝိညတ်မှ တစ်ပါးသော ရုပ်များ)။

၃ (က)။ ။ မရေးခြစ်အပ်သော (ရုပ်တစ်ခုနှင့် တစ်ခုကို ပိုင်းခြားသော ဟင်းလင်း) သဘာဝ ရုပ်သည် ရှိ၏ (အာကာသဓာတု) (ပရိစ္ဆေဒရုပ်)။

(ခ)။ ။ မရေးခြစ်အပ်သော (ရုပ်တစ်ခုနှင့် တစ်ခုကို ပိုင်းခြားသော ဟင်းလင်း) သဘာဝ မဟုတ်သော ရုပ်သည် ရှိ၏ (န အာကာသဓာတု) (ပရိစ္ဆေဒရုပ်မှ တစ်ပါးသော ရုပ်များ)။

၄ (က)။ ။ ဖွဲ့စည်းမှုသဘာဝရုပ်သည် ရှိ၏ (အာပေါဓာတု)။

(ခ)။ ။ ဖွဲ့စည်းမှုသဘာဝ မဟုတ်သော ရုပ်သည် ရှိ၏ (န အာပေါဓာတု) (အာပေါဓာတ်မှ တစ်ပါးသော ရုပ်များ)။

၅ (က)။ ။ (နိပ္ဖန္န) ရုပ်၏ ပေါ့ပါးမှုသဘော ရုပ်သည် ရှိ၏ (ရူပဿ လဟုတာ)။

(ခ)။ ။ (နိပ္ဖန္န) ရုပ်၏ ပေါ့ပါးမှုသဘော မဟုတ်သော ရုပ်သည် ရှိ၏ (ရူပဿ န လဟုတာ) (ရူပဿ လဟုတာရုပ်မှ တစ်ပါးသော ရုပ်များ)။

၆ (က)။ ။ (နိပ္ဖန္န) ရုပ်၏ နူးညံ့မှုသဘော ရုပ်သည် ရှိ၏ (ရူပဿ မုဒုတာ)။

(ခ)။ ။ (နိပ္ဖန္န) ရုပ်၏ နူးညံ့မှုသဘော မဟုတ်သော ရုပ်သည် ရှိ၏ (ရူပဿ န မုဒုတာ) (ရူပဿ မုဒုတာရုပ်မှ တစ်ပါးသော ရုပ်များ)။

၇ (က)။ ။ (နိပ္ဖန္န) ရုပ်၏ အလုပ်၌ ခံ့မှုသဘော (အမှုကိစ္စတို့၌ ပြီးမြောက်အောင် လိုက်လျော ဆောင်ရွက်နိုင်မှုသဘော) ရုပ်သည် ရှိ၏ (ရူပဿ ကမ္မညတာ)။

(ခ)။ ။ (နိပ္ဖန္န) ရုပ်၏ အလုပ်၌ ခံ့မှုသဘော (အမှုကိစ္စတို့၌ ပြီးမြောက်အောင် လိုက်လျောဆောင်ရွက်နိုင်မှုသဘော) မဟုတ်သော ရုပ်သည် ရှိ၏ (ရူပဿ န ကမ္မညတာ) (ရူပဿ ကမ္မညတာရုပ်မှ တစ်ပါးသော ရုပ်များ)။

၈ (က)။ ။ (နိပ္ဖန္န) ရုပ်၏ ဖြစ်ပေါ်လာစ ရုပ်သည် ရှိ၏ (ရူပဿ ဥပစယ)။

(ခ)။ ။ (နိပ္ဖန္န) ရုပ်၏ ဖြစ်ပေါ်လာစ မဟုတ်သော ရုပ်သည် ရှိ၏ (ရူပဿ န ဥပစယ) (ဥပစယရုပ်မှ တစ်ပါးသော ရုပ်များ)။

၉ (က)။ ။ (နိပ္ဖန္န) ရုပ်၏ ကြီးပွားဆဲအစဉ် ရုပ်သည် ရှိ၏ (ရူပဿ သန္တတိ)။

(ခ)။ ။ (နိပ္ဖန္န) ရုပ်၏ ကြီးပွားဆဲအစဉ် မဟုတ်သော ရုပ်သည် ရှိ၏ (ရူပဿ န သန္တတိ) (သန္တတိရုပ်မှ တစ်ပါးသော ရုပ်များ)။

--

၁၀ (က)။ ။ (နိပ္ဖန္န) ရုပ်၏ ယိုယွင်းရင့်ရော် လျော့ပါးမှုသဘော ရုပ်သည် ရှိ၏ (ရူပဿ ဇရတာ)။

(ခ)။ ။ (နိပ္ဖန္န) ရုပ်၏ ယိုယွင်းရင့်ရော်လျော့ပါးမှုသဘော မဟုတ်သော ရုပ်သည် ရှိ၏ (ရူပဿ န ဇရတာ) (ဇရတာရုပ်မှ တစ်ပါးသော ရုပ်များ)။

၁၁ (က)၁။ ။ (နိပ္ဖန္န) ရုပ်၏ (ချုပ်ပျက်၍) မမြဲမှု (ပျောက်ပျက်ချုပ်ဆုံးမှု) သဘောရုပ်သည် ရှိ၏ (ရူပဿ အနိစ္စတာ)။

(ခ)။ ။ (နိပ္ဖန္န) ရုပ်၏ (ချုပ်ပျက်၍) မမြဲမှု (ပျောက်ပျက်ချုပ်ဆုံးမှု) သဘော မဟုတ်သော ရုပ်သည် ရှိ၏ (ရူပဿ န အနိစ္စတာ) (အနိစ္စတာရုပ်မှ တစ်ပါးသော ရုပ်များ)။

၁၂ (က)။ ။ အလုတ်အလွေးပြုအပ်သော အစာအာဟာရ ရုပ်သည် ရှိ၏ (ကဗဠီကာရအာဟာရ)။

(ခ)။ ။ အလုတ်အလွေး ပြုအပ်သော အစာအာဟာရ မဟုတ်သော ရုပ်သည် ရှိ၏ (နကဗဠီကာရ အာဟာရ) (အာဟာရရုပ်မှ တစ်ပါးသော ရုပ်များ)။

ဤသို့ နှစ်ဖို့ (နှစ်စု) အားဖြင့် ရုပ်ကို ရေတွက်အပ်၏။

သုခုမရူပဒုကနည်း ၁၂-ပါး ပြီး၏။

နှစ်ပါးစီပြားသော နည်းအားဖြင့် ဟောကြားအပ်သော ဒုကနည်း ၁၀၄-ပါး ပြီး၏။

၁။ ဝတ္ထုဒုကနည်းမှစ၍ သုခုမဒုကနည်း နံပါတ် ၁၁-အထိ ဒုကနည်း ၆-မျိုးကို ဝိဘင်းပါဠိတော်တွင် ပေယျာလ ချန်ထားခဲ့သည်၊ ယခုမြန်မာပြန်တွင် လေ့လာသူ သုတေသီတို့အတွက် ဖော်ထုတ်ရေးသား ထားသည်။ သုခုမရုပ် ၁၆ ပါး (သောဠသ) ဆိုရိုးဆိုစဉ်မှာ- “အာပေါ၊ ဣတ္ထိန္ဒြေ၊ ပုရိသိန္ဒြေ၊ ဟဒယရုပ်၊ ဇီဝိတရုပ်၊ အာဟာရရုပ်၊ ပရိစ္ဆေဒရုပ်၊ ကာယဝိညတ်၊ ဝစီဝိညတ်၊ (ရူပဿ) လဟုတာ, မုဒုတာ, ကမ္မညတာ, ဥပစယ, သန္တတိ, ဇရတာ, အနိစ္စတာ”ဟု ဖြစ်သည်။

--

တိကနည်း ၁၀၃-ပါး

(သုံးပါးစီပြားသောနည်းအားဖြင့် ဟောကြားသော တိကနည်း ၁၀၃-ပါး)

တိကနည်း ၁၀၃-ပါး။ ။ သုံးပါးစီပြားသောနည်းအားဖြင့် ရူပက္ခန္ဓာသည် (၁၀၃-ပါး) ဖြစ်၏။

ပကိဏ္ဏကတိကနည်း ၁၃-ပါး

(အဇ္ဈတ္တိက ဥပါဒါတိက်)

၁ (က)။ ။ အကြင်အတွင်းသန္တာန်၌ ဖြစ်သော ‘အဇ္ဈတ္တိက'ရုပ်သည် ရှိ၏၊ ထိုရုပ်သည် မှီတတ် သော ‘ဥပါဒါ'ရုပ်သာ ဖြစ်၏ (အဇ္ဈတ္တိကဥပါဒါရုပ်ဖြစ်သော ပသာဒရုပ်ငါးခု)။

(ခ)။ ။ အကြင်အပသန္တာန်၌ ဖြစ်သော ‘ဗာဟိရ'ရုပ်သည် ရှိ၏၊ ထိုရုပ်သည် မှီတတ်သော ‘ဥပါဒါ'ရုပ်လည်း ရှိ၏ (ပသာဒရုပ်မှ တစ်ပါးသော ဗာဟိရဥပါဒါရုပ်ဖြစ်သော ဥပါဒါရုပ်များ)။

(ဂ)။ ။ မမှီတတ်သော ‘နော ဥပါဒါ'ရုပ်လည်း ရှိ၏ (မဟာဘုတ်လေးပါး)။

(အဇ္ဈတ္တိက ဥပါဒိန္နတိက်)

၂ (က)။ ။ အကြင်အတွင်းသန္တာန်၌ဖြစ်သော ‘အဇ္ဈတ္တိက'ရုပ်သည် ရှိ၏၊ ထိုရုပ်သည် တဏှာ, ဒိဋ္ဌိတို့ ကပ်အပ်သော ကံသည် အကျိုး၏အဖြစ်ဖြင့် ယူအပ်သော (တဏှာ, ဒိဋ္ဌိတို့၏ အာရုံဖြစ်သည့် ကံကြောင့်ဖြစ်သော) ‘ဥပါဒိန္န'ရုပ် (ကမ္မဇရုပ်) သာ ဖြစ်၏ (အတွင်း သန္တာန်၌လည်း ဖြစ်၍ တဏှာဒိဋ္ဌိတို့၏ အာရုံဖြစ်သည့် ကံကြောင့်လည်းဖြစ်သော အဇ္ဈတ္တိကဥပါဒိန္နရုပ်= ကမ္မဇပသာဒရုပ် ငါးခု)။

(ခ)။ ။ အကြင်အပသန္တာန်၌ ဖြစ်သော ‘ဗာဟိရ'ရုပ်သည် ရှိ၏၊ ထိုရုပ်သည် တဏှာ, ဒိဋ္ဌိတို့ ကပ်အပ်သော ကံသည် အကျိုး၏အဖြစ်ဖြင့် ယူအပ်သော (တဏှာ, ဒိဋ္ဌိတို့၏ အာရုံ ဖြစ်သည့် ကံ၏ အကျိုးဖြစ်သော) ‘ဥပါဒိန္န'ရုပ်လည်း ရှိ၏ (အပသန္တာန်၌လည်း ဖြစ်၍ ကံကြောင့်လည်းဖြစ်သော ပသာဒရုပ်မှ တစ်ပါး အခြားသော ဗာဟိရ ဥပါဒိန္နရုပ်= ဗာဟိရ ကမ္မဇရုပ်များ)။

(ဂ)။ ။ တဏှာ, ဒိဋ္ဌိတို့ ကပ်အပ်သော ကံသည် အကျိုး၏အဖြစ်ဖြင့် မယူအပ်သော (တဏှာ, ဒိဋ္ဌိတို့၏ အာရုံဖြစ်သည့် ကံကြောင့် မဖြစ်သော) ‘အနုပါဒိန္န'ရုပ် (ကမ္မဇမဟုတ် သောရုပ်) လည်း ရှိ၏ (ကမ္မဇရုပ်မဟုတ်သော စိတ္တဇ, ဥတုဇ, အာဟာရဇရုပ်များ)။

--

(အဇ္ဈတ္တိက ဥပါဒိန္နုပါဒါနိယတိက်)

၃ (က)။ ။ အကြင်အတွင်းသန္တာန်၌ ဖြစ်သော ‘အဇ္ဈတ္တိက'ရုပ်သည် ရှိ၏၊ (ထိုရုပ်သည် တဏှာ, ဒိဋ္ဌိတို့ ကပ်အပ်သော ကံသည် အကျိုး၏အဖြစ်ဖြင့် ယူအပ်၍ တဏှာ, ဒိဋ္ဌိတို့၏ အာရုံဖြစ်သည့် ကံကြောင့်လည်း ဖြစ်၍ (ကမ္မဇရုပ်လည်းဖြစ်၍) လွန်စွာ စွဲလမ်းတတ်သော ‘ဥပါဒါန်'တရား၁တို့၏ အာရုံဖြစ်သော ရုပ်သာ ဖြစ်၏ (အဇ္ဈတ္တိက ဥပါဒိန္နုပါဒါနိယရုပ်= ကမ္မဇပသာဒရုပ်)။

(ခ)။ ။ အကြင်အပသန္တာန်၌ ဖြစ်သော ‘ဗာဟိရ'ရုပ်သည် ရှိ၏၊ ထိုရုပ်သည် တဏှာ, ဒိဋ္ဌိတို့ ကပ်အပ်သော ကံသည် အကျိုး၏အဖြစ်ဖြင့် ယူအပ်၍ (တဏှာ, ဒိဋ္ဌိတို့၏ အာရုံ ဖြစ်သည့် ကံကြောင့်လည်း ဖြစ်၍) (ကမ္မဇရုပ်လည်းဖြစ်၍) လွန်စွာ စွဲလမ်းတတ် သော ‘ဥပါဒါန်'တရားတို့၏ အာရုံဖြစ်သော ရုပ်လည်း ရှိ၏ (ပသာဒရုပ်မှ တစ်ပါးသော ဗာဟိရဥပါဒိန္နုပါဒါနိယ= ကမ္မဇရုပ်များ)။

(ဂ)။ ။ တဏှာဒိဋ္ဌိတို့ ကပ်အပ်သောကံသည် အကျိုး၏အဖြစ်ဖြင့် မယူအပ်မူ၍ (တဏှာဒိဋ္ဌိ တို့၏ အာရုံဖြစ်သည့် ကံကြောင့် မဖြစ်မူ၍) လွန်စွာစွဲလမ်းတတ်သော ‘ဥပါဒါန်'တရားတို့၏ အာရုံသာ ဖြစ်သောရုပ်လည်း ရှိ၏ (ကမ္မဇရုပ် မဟုတ်သော ဗာဟိရ အနုပါဒိန္နုပါဒါနိယ= စိတ္တဇ, ဥတုဇ, အာဟာရဇရုပ်များ)၂။

(အဇ္ဈတ္တိက အနိဒဿနတိက်)

၄ (က)။ ။ အကြင်အတွင်းသန္တာန်၌ဖြစ်သော ‘အဇ္ဈတ္တိက'ရုပ်သည် ရှိ၏၊ ထိုအတွင်းသန္တာန်၌ ဖြစ်သော ‘အဇ္ဈတ္တိက'ရုပ်သည် မမြင်အပ်သော (မြင်အပ်သော သဘောမရှိသော) ‘အနိဒဿန'ရုပ်သာ ဖြစ်၏ (အဇ္ဈတ္တိကအနိဒဿနရုပ်) (အတွင်းသန္တာန်၌ဖြစ်၍ မမြင်အပ်သော ပသာဒ ရုပ်များ)။

(ခ)။ ။ အကြင်အပသန္တာန်၌ ဖြစ်သော ‘ဗာဟိရ'ရုပ်သည် ရှိ၏၊ ထိုရုပ်သည် မြင်အပ်သော သဘော ရှိသော ‘သနိဒဿန'ရုပ်လည်း ရှိ၏၊ (ဗာဟိရသနိဒဿနရုပ်) (အပ သန္တာန်၌ ဖြစ်၍ မြင်အပ်သော ရူပါရုံ)။

(ဂ)။ ။ မမြင်အပ်သော (မြင်အပ်သော သဘောမရှိသော) ‘အနိဒဿန'ရုပ်လည်း ရှိ၏ (ဗာဟိရအနိဒဿနရုပ်) (ရူပါရုံမှ တစ်ပါးသော အပသန္တာန်၌ ဖြစ်၍ မမြင်အပ် သော ‘ဗာဟိရ'ရုပ်များ)။

--

(အဇ္ဈတ္တိက သပ္ပဋိဃတိက်)

၅ (က)။ ။ အကြင်အတွင်းသန္တာန်၌ ဖြစ်သော ‘အဇ္ဈတ္တိက'ရုပ်သည် ရှိ၏၊ ထိုရုပ်သည် ထိပါး (တိုက်ခိုက်) ခြင်းနှင့် တကွဖြစ်သော (ထိပါးတတ်သော သဘောရှိသော) ‘သပ္ပဋိဃ'ရုပ်သာ ဖြစ်၏ (အဇ္ဈတ္တိက သပ္ပဋိဃရုပ်) (အတွင်းသန္တာန်၌ဖြစ်၍ ထိပါးတတ်သော သပ္ပဋိဃရုပ်= ပသာဒရုပ် ၅-ပါး)။

(ခ)။ ။ အကြင်အပသန္တာန်၌ ဖြစ်သော ‘ဗာဟိရ'ရုပ်သည် ရှိ၏၊ ထိုရုပ်သည် ထိပါးခြင်းနှင့် တကွဖြစ်သော (ထိပါးတတ်သော သဘောရှိသော) ‘သပ္ပဋိဃ'ရုပ်လည်း ရှိ၏ (ဗာဟိရ သပ္ပဋိဃရုပ်) (ပသာဒရုပ်မှ တစ်ပါးသော အပသန္တာန်၌ဖြစ်၍ ထိပါးတတ် သော ဩဠာရိကရုပ် ၇-ပါး= အာရုံငါးပါး)။

(ဂ)။ ။ ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့်တကွ မဖြစ်သော (ထိပါးတတ်သော သဘော မရှိသော) ‘အပ္ပဋိဃ'ရုပ်လည်း ရှိ၏ (ဗာဟိရ အပ္ပဋိဃရုပ်) (ထိခိုက်၍ မရသော နူးညံ့သိမ်မွေ့သည့် သုခုမရုပ်)။

(အဇ္ဈတ္တိက ဣန္ဒြိယတိက်)

၆ (က)။ ။ အကြင်အတွင်းသန္တာန်၌ ဖြစ်သော ‘အဇ္ဈတ္တိက'ရုပ်သည် ရှိ၏၊ ထိုရုပ်သည် (မိမိ ဆိုင်ရာ ကိစ္စ၌) အစိုးရသော ‘ဣန္ဒြိယ'ရုပ်သာ ဖြစ်၏ (အဇ္ဈတ္တိက ဣန္ဒြိယရုပ်) (အတွင်းသန္တာန်၌ ဖြစ်၍ မိမိဆိုင်ရာကိစ္စ၌ အစိုးရသော ဣန္ဒြေထိုက်သော ပသာဒရုပ် ၅-ပါး)။

(ခ)။ ။ အကြင်အပသန္တာန်၌ ဖြစ်သော ‘ဗာဟိရ'ရုပ်သည် ရှိ၏၊ ထိုရုပ်သည် (မိမိဆိုင်ရာ ကိစ္စ၌) အစိုးရသော ‘ဣန္ဒြိယ'ရုပ်လည်း ရှိ၏ (ဗာဟိရ ဣန္ဒြိယရုပ်) (အပ သန္တာန်၌ ဖြစ်၍ မိမိဆိုင်ရာကိစ္စ၌ အစိုးရသော ဘာဝရုပ်, ဇီဝိတရုပ်)။

(ဂ)။ ။ (မိမိဆိုင်ရာကိစ္စ၌) အစိုးရသည် မဟုတ်သော (အစိုးမရသော) ‘န ဣန္ဒြိယရုပ်'လည်း ရှိ၏ (ဗာဟိရ န ဣန္ဒြိယရုပ်) (ပသာဒရုပ်ငါးခု၊ ဘာဝရုပ်နှစ်ခု၊ ဇီဝိတရုပ်ဟူသော ဣန္ဒြိယရုပ် ရှစ်ခုမှတစ်ပါး အခြားသော န ဣန္ဒြိယရုပ်များ)။

--

(အဇ္ဈတ္တိက န မဟာဘူတတိက်)

၇ (က)။ ။ အကြင်အတွင်းသန္တာန်၌ ဖြစ်သော ‘အဇ္ဈတ္တိက'ရုပ်သည် ရှိ၏၊ ထိုရုပ်သည် မဟာ ဘုတ် မဟုတ်သော ရုပ်သာ ဖြစ်၏ (အဇ္ဈတ္တိက န မဟာဘူတရုပ်) (အတွင်း သန္တာန်၌ ဖြစ်၍ မဟာဘုတ် မဟုတ်သော ပသာဒရုပ်ငါးပါး)။

(ခ)။ ။ အကြင်အပသန္တာန်၌ ဖြစ်သော ‘ဗာဟိရ'ရုပ်သည် ရှိ၏၊ ထိုရုပ်သည် မဟာဘုတ်ရုပ် လည်း ရှိ၏ (ဗာဟိရ မဟာဘူတရုပ်) (အပသန္တာန်၌ ဖြစ်သော မဟာဘုတ် ၄-ပါး)။

(ဂ)။ ။ မဟာဘုတ် မဟုတ်သော ရုပ်လည်း ရှိ၏ (ဗာဟိရ န မဟာဘူတရုပ်) (အပ သန္တာန်၌ ဖြစ်၍ မဟာဘုတ် မဟုတ်သော ဥပါဒါရုပ်များ)။

(အဇ္ဈတ္တိက န ဝိညတ္တိတိက်)

၈ (က)။ ။ အကြင်အတွင်းသန္တာန်၌ ဖြစ်သော ‘အဇ္ဈတ္တိက'ရုပ်သည် ရှိ၏၊ ထိုရုပ်သည် (မိမိ၏ အလိုဆန္ဒကို) သိစေတတ်သည့် အမူအရာ မဟုတ်သော ‘န ဝိညတ္တိ'ရုပ်သာ ဖြစ်၏ (အဇ္ဈတ္တိက န ဝိညတ္တိရုပ်) (အတွင်းသန္တာန်၌ ဖြစ်၍ မိမိ၏ အလိုဆန္ဒကို သိကြောင်း မဟုတ်သော ပသာဒရုပ် ၅-ခု)။

(ခ)။ ။ အကြင်အပသန္တာန်၌ ဖြစ်သော ‘ဗာဟိရ'ရုပ်သည် ရှိ၏၊ ထိုရုပ်သည် (မိမိ၏ အလို ဆန္ဒကို) သိစေတတ်သည့် အမူအရာဖြစ်သော ‘ဝိညတ္တိ'ရုပ်လည်း ရှိ၏ (ဗာဟိရ ဝိညတ္တိရုပ်) (အပသန္တာန်၌ ဖြစ်၍ မိမိ၏ အလိုဆန္ဒကို သိကြောင်းဖြစ်သော ဝိညတ္တိရုပ် ၂-ခု)။

(ဂ)။ ။ (မိမိ၏ အလိုဆန္ဒကို) သိစေတတ်သည့် အမူအရာ မဟုတ်သော ‘န ဝိညတ္တိ'ရုပ် လည်း ရှိ၏ (ဗာဟိရ န ဝိညတ္တိရုပ်) (ဝိညတ်ရုပ်မှ တစ်ပါးသော အပသန္တာန်၌ ဖြစ်၍ မိမိ၏ အလိုဆန္ဒကို သိစေတတ်သည့် အမူအရာမဟုတ်သော ဗာဟိရ ရုပ်များ)။

--

(အဇ္ဈတ္တိက န စိတ္တသမုဋ္ဌာနတိက်)

၉ (က)။ ။ အကြင်အတွင်းသန္တာန်၌ ဖြစ်သော ‘အဇ္ဈတ္တိက'ရုပ်သည် ရှိ၏၊ ထိုရုပ်သည် စိတ် ကြောင့် မဖြစ်သော ရုပ်သာ ဖြစ်၏ (အဇ္ဈတ္တိက န စိတ္တသမုဋ္ဌာနရုပ်) (အတွင်း သန္တာန်၌သာ ဖြစ်၍ စိတ်ကြောင့်ဖြစ်သည့် စိတ္တဇရုပ် မဟုတ်သော ပသာဒရုပ် ၅-ခု)။

(ခ)။ ။ အကြင်အပသန္တာန်၌ ဖြစ်သော ‘ဗာဟိရ'ရုပ်သည် ရှိ၏၊ ထိုရုပ်သည် စိတ်ကြောင့် ဖြစ်သော ရုပ်လည်း ရှိ၏ (ဗာဟိရစိတ္တသမုဋ္ဌာနရုပ်) (အပသန္တာန်၌လည်း ဖြစ်၍ စိတ်ကြောင့်လည်း ဖြစ်သော စိတ္တဇရုပ်)။

(ဂ)။ ။ စိတ်ကြောင့် ဖြစ်သည် မဟုတ်သော (စိတ်ကြောင့် မဖြစ်သော) ရုပ်လည်း ရှိ၏ (ဗာဟိရ န စိတ္တသမုဋ္ဌာနရုပ်) (ပသာဒရုပ်မှ တစ်ပါးသော အပသန္တာန်၌ဖြစ်၍ စိတ်ကြောင့်ဖြစ်သည့် စိတ္တဇရုပ် မဟုတ်သော ကမ္မဇ, ဥတုဇ, အာဟာရဇရုပ်များ)။

(အဇ္ဈတ္တိက န စိတ္တသဟဘုတိက်)

၁၀ (က)။ ။ အကြင်အတွင်းသန္တာန်၌ဖြစ်သော ‘အဇ္ဈတ္တိက'ရုပ်သည် ရှိ၏၊ ထိုရုပ်သည် စိတ်နှင့် တကွ ဖြစ်သည် မဟုတ်သော (စိတ်နှင့် အတူဖြစ်, အတူပျက် မဟုတ်သော) ‘န စိတ္တသဟဘု'ရုပ်သာ ဖြစ်၏ (အဇ္ဈတ္တိက န စိတ္တသဟဘုရုပ်) (အတွင်း သန္တာန်၌သာ ဖြစ်၍ စိတ်နှင့်အတူဖြစ်, အတူပျက် မဟုတ်သော ပသာဒရုပ် ၅-ခု)။

(ခ)။ ။ အကြင်အပသန္တာန်၌ ဖြစ်သော ‘ဗာဟိရ'ရုပ်သည် ရှိ၏၊ ထိုရုပ်သည် စိတ်နှင့် တကွ ဖြစ်သော (စိတ်နှင့် အတူဖြစ်, အတူပျက်သော) ‘စိတ္တသဟဘု'ရုပ်လည်း ရှိ၏ (ဗာဟိရစိတ္တသဟဘုရုပ်) (အပသန္တာန်၌ ဖြစ်၍ စိတ်နှင့် အတူဖြစ်, အတူ ပျက်သော ဝိညတ္တိရုပ် ၂-ခု)။

(ဂ)။ ။ စိတ်နှင့် တကွဖြစ်သည် မဟုတ်သော (စိတ်နှင့် အတူဖြစ်, အတူပျက် မဟုတ်သော) ‘န စိတ္တသဟဘု'ရုပ်လည်း ရှိ၏ (ဗာဟိရ န စိတ္တသဟဘုရုပ်) (ဝိညတ်ရုပ်မှ တစ်ပါးသော စိတ်နှင့် အတူဖြစ်, အတူပျက် မဟုတ်သော ဗာဟိရရုပ်များ)။

--

(အဇ္ဈတ္တိက န စိတ္တာနုပရိဝတ္တိတိက်)

၁၁ (က)။ ။ အကြင်အတွင်းသန္တာန်၌ ဖြစ်သော ‘အဇ္ဈတ္တိက'ရုပ်သည် ရှိ၏၊ ထိုရုပ်သည် စိတ်သို့ အစဉ်လိုက်သည် မဟုတ်သော (စိတ်နှင့်အတူဖြစ်, အတူပျက် မဟုတ်သော) ‘န စိတ္တာ နုပရိဝတ္တိ'ရုပ်သာ ဖြစ်၏ (အဇ္ဈတ္တိက န စိတ္တာနုပရိဝတ္တိရုပ်) (အတွင်း သန္တာန်၌ ဖြစ်၍ စိတ်နှင့် အတူဖြစ်, အတူပျက် မဟုတ်သော ပသာဒရုပ် ၅-ခု)။

(ခ)။ ။ အကြင်အပသန္တာန်၌ ဖြစ်သော ‘ဗာဟိရ'ရုပ်သည် ရှိ၏၊ ထိုရုပ်သည် စိတ်သို့ အစဉ်လိုက်သော (စိတ်နှင့် အတူဖြစ်, အတူပျက်ဖြစ်သော) ‘စိတ္တာနုပရိဝတ္တို'ရုပ် လည်း ရှိ၏ (ဗာဟိရစိတ္တာနုပရိဝတ္တိရုပ်) (အပသန္တာန်၌ ဖြစ်၍ စိတ်နှင့် အတူဖြစ်, အတူပျက်သော ဝိညတ္တိရုပ် ၂-ခု)။

(ဂ)။ ။ စိတ်သို့ အစဉ်လိုက်သည် မဟုတ်သော (စိတ်နှင့် အတူဖြစ်, အတူပျက် မဟုတ် သော) ရုပ်လည်း ရှိ၏ (ဗာဟိရ န စိတ္တာနုပရိဝတ္တိရုပ်) (စိတ်နှင့် အတူဖြစ်, အတူ ပျက်ဖြစ်သော ဝိညတ်ရုပ်မှ တစ်ပါး အခြားသော ဗာဟိရရုပ်များ)။

(အဇ္ဈတ္တိက ဩဠာရိကတိက်)

၁၂ (က)။ ။ အကြင်အတွင်းသန္တာန်၌ ဖြစ်သော ‘အဇ္ဈတ္တိက'ရုပ်သည် ရှိ၏၊ ထိုရုပ်သည် ကြမ်းတမ်းသော ‘ဩဠာရိက'ရုပ်သာ ဖြစ်၏ (အဇ္ဈတ္တိက ဩဠာရိကရုပ်) (အတွင်း သန္တာန်၌ ဖြစ်သော ကြမ်းတမ်းသော ပသာဒရုပ် ၅-ခု)။

(ခ)။ ။ အကြင်အပသန္တာန်၌ ဖြစ်သော ‘ဗာဟိရ'ရုပ်သည် ရှိ၏၊ ထိုရုပ်သည် ကြမ်းတမ်း သော ‘ဩဠာရိက'ရုပ်လည်း ရှိ၏ (ဗာဟိရ ဩဠာရိကရုပ်) (အပသန္တာန်၌ ဖြစ်၍ ကြမ်းတမ်းသော ပသာဒရုပ်မှ တစ်ပါးသော ဩဠာရိကရုပ် ခုနစ်ခု= အာရုံငါးပါး)။

(ဂ)။ ။ သိမ်မွေ့သော ‘သုခုမ'ရုပ်လည်း ရှိ၏ (ဗာဟိရသုခုမရုပ်) (သိမ်မွေ့သော အာပေါစသော သုခုမရုပ် ၁၆-ပါး)။

--

(အဇ္ဈတ္တိက သန္တိကေတိက်)

၁၃ (က)။ ။ အကြင်အတွင်းသန္တာန်၌ ဖြစ်သော ‘အဇ္ဈတ္တိက'ရုပ်သည် ရှိ၏၊ ထိုရုပ်သည် နီးကပ် သော (သိလွယ်သော) ‘သန္တိကေ'ရုပ်သာ ဖြစ်၏ (အဇ္ဈတ္တိကသန္တိကေရုပ်) (အတွင်းသန္တာန်၌ ဖြစ်၍ နီးကပ်သော (သိလွယ်သော) ပသာဒရုပ် ၅-ခု)။

(ခ)။ ။ အကြင်အပသန္တာန်၌ ဖြစ်သော ‘ဗာဟိရ'ရုပ်သည် ရှိ၏၊ ထိုရုပ်သည် ဝေးကွာသော (အသိခက်သော) ‘ဒူရေ'ရုပ်လည်း ရှိ၏ (ဗာဟိရဒူရေရုပ်) (အပသန္တာန်၌ ဖြစ်၍ ဝေးကွာသော (အသိခက်သော) အာပေါစသော ဒူရေရုပ်= သုခုမရုပ်များ)။

(ဂ)။ ။ နီးကပ်သော (သိလွယ်သော) ‘သန္တိကေ'ရုပ်လည်း ရှိ၏ (ဗာဟိရသန္တိကေရုပ်) (နီးကပ်သော သိလွယ်သော ပသာဒရုပ်မှ တစ်ပါးသော ‘သန္တိကေ'ရုပ်= ဩဠာရိက ရုပ် ခုနစ်ခု)။

ပကိဏ္ဏကတိကနည်း ၁၃-ပါး ပြီး၏။

၁။ ဥပါဒါန်၏ တရားကိုယ်မှာ တဏှာဒိဋ္ဌိတို့ ဖြစ်သည်။

၂။ ဝိဘင်းပါဠိတော်၌ ပကိဏ္ဏကတိကနည်း ၃-နည်းနှင့် သုခုမတိကနည်း နောက်ဆုံးနည်း ၁-နည်းသာ ဖော်ပြထားသည်၊ ပကိဏ္ဏကတိကနည်း အမှတ် ၄-မှစ၍ သုခုမတိကနည်း အမှတ် ၁၁-အထိ ပေယျာလ ချန်ထားခဲ့သည်၊ လေ့လာသူ သုတေသီတို့ အကျိုးငှါဤမြန်မာပြန်၌ ထည့်သွင်း ဖော်ပြလိုက်ပါသည်။ ပေယျာလချန်ထားခဲ့သော နည်းများမှာ ပကိဏ္ဏ ကတိက ၁၀-နည်း၊ ဝတ္ထုတိက ၂၅-နည်း၊ အာရမ္မဏတိက ၂၅-နည်း၊ အာယတနတိက ၁၀-နည်း၊ ဓာတုတိက ၁၀-နည်း၊ ဣန္ဒြိယတိက ၈-နည်း၊ သုခုမတိက ၁၁-နည်းတို့ ဖြစ်သည်။

--

ဝတ္ထုတိကနည်း ၂၅-ပါး၁

(ဗာဟိရစက္ခုသမ္ဖဿဿ န ဝတ္ထုတိက်)

၁ (က)။ ။ အကြင်အပသန္တာန်၌ ဖြစ်သော ‘ဗာဟိရ'ရုပ်သည် ရှိ၏၊ ထိုရုပ်သည် မြင်သိစိတ် (စက္ခုဝိညာဏ်) နှင့်ယှဉ်သော တွေ့ထိမှု ‘ဖဿ'၏ မှီရာ တည်ရာ မဟုတ်သော ‘နဝတ္ထု'ရုပ် ဖြစ်၏ (ဗာဟိရစက္ခုသမ္ဖဿဿ န ဝတ္ထုရုပ်) (ဝိသယရုပ်, သုခုမရုပ်ဟူသော ဗာဟိရရုပ်များ)။

(ခ)။ ။ အကြင် အတွင်းသန္တာန်၌ ဖြစ်သော ‘အဇ္ဈတ္တိက'ရုပ်သည် ရှိ၏၊ ထိုရုပ်သည် မြင်သိ စိတ် (စက္ခုဝိညာဏ်) နှင့် ယှဉ်သော တွေ့ထိမှု ‘ဖဿ'၏ မှီရာ တည်ရာ ဖြစ်သော ‘ဝတ္ထု'ရုပ်လည်း ရှိ၏ (အဇ္ဈတ္တိက စက္ခုသမ္ဖဿဿ ဝတ္ထုရုပ်) စက္ခုပသာဒ။

(ဂ)။ ။ မြင်သိစိတ် (စက္ခုဝိညာဏ်) နှင့်ယှဉ်သော တွေ့ထိမှု ‘ဖဿ'၏ မှီရာ တည်ရာ မဟုတ် သော ‘န ဝတ္ထု'ရုပ်လည်း ရှိ၏ (အဇ္ဈတ္တိက စက္ခုသမ္ဖဿဿ န ဝတ္ထုရုပ်) (သောတ, ဃာန, ဇိဝှါ, ကာယပသာဒရုပ် ၄-ခု)။ (ဗာဟိရစက္ခုသမ္ဖဿဇာဝေဒနာ န ဝတ္ထုတိက် စသည်)

၂ (က-ခ-ဂ) - ၄ (က-ခ-ဂ)။ ။ အကြင်အပသန္တာန်၌ ဖြစ်သော ‘ဗာဟိရ'ရုပ်သည် ရှိ၏၊ ထိုရုပ်သည် မြင်သိစိတ် (စက္ခုဝိညာဏ်) နှင့်ယှဉ်သော တွေ့ထိမှု ‘ဖဿ'ကြောင့်ဖြစ်သော ခံစားမှု ‘ဝေဒနာ'၏။ပ။ မှတ်သားမှု ‘သညာ'၏။ပ။ စေ့ဆော်မှု (နှိုးဆော်မှု) ‘စေတနာ'၏။ပ။

(ဗာဟိရစက္ခုဝိညာဏဿ နဝတ္ထုတိက်)

၅ (က)။ ။ အကြင်အပသန္တာန်၌ ဖြစ်သော ‘ဗာဟိရ'ရုပ်သည် ရှိ၏၊ ထိုရုပ်သည် မြင်သိစိတ် ‘စက္ခုဝိညာဏ်'၏ မှီရာ တည်ရာ ‘ဝတ္ထု'မဟုတ်သောရုပ် ဖြစ်၏ (ဗာဟိရစက္ခု ဝိညာဏဿ န ဝတ္ထုရုပ်) (ပသာဒရုပ်မှ တစ်ပါးသောရုပ်များ)။

(ခ)။ ။ အကြင်အတွင်းသန္တာန်၌ ဖြစ်သော ‘အဇ္ဈတ္တိက'ရုပ်သည် ရှိ၏၊ ထိုရုပ်သည် မြင်သိ စိတ် ‘စက္ခုဝိညာဏ်'၏ မှီရာ တည်ရာ ‘ဝတ္ထု'ရုပ်လည်း ရှိ၏ (အဇ္ဈတ္တိက စက္ခု ဝိညာဏဿ ဝတ္ထုရုပ်) (စက္ခုပသာဒ)။

(ဂ)။ ။ မြင်သိစိတ် ‘စက္ခုဝိညာဏ်'၏ မှီရာ တည်ရာ ‘ဝတ္ထု'မဟုတ်သော ရုပ်လည်း ရှိ၏ (အဇ္ဈတ္တိက စက္ခုဝိညာဏဿ န ဝတ္ထုရုပ်) (သောတ, ဃာန, ဇိဝှါ, ကာယပသာဒ ရုပ် ၄-ခု)။ (ဗာဟိရ သောတသမ္ဖဿဿ နဝတ္ထုတိက် စသည်)

--

၆ (က-ခ-ဂ) -၂၀ (က-ခ-ဂ)။ ။ အကြင်အပသန္တာန်၌ ဖြစ်သော ‘ဗာဟိရ'ရုပ်သည် ရှိ၏၊ ထိုရုပ် သည် ကြားသိစိတ် (သောတဝိညာဏ်) နှင့်ယှဉ်သော တွေ့ထိမှု ‘ဖဿ'၏။ပ။ နံသိစိတ် (ဃာနဝိညာဏ်) နှင့်ယှဉ်သော တွေ့ထိမှု ‘ဖဿ'၏။ပ။ လျက်သိစိတ် (ဇိဝှါဝိညာဏ်) နှင့် ယှဉ်သော တွေ့ထိမှု ‘ဖဿ'၏။ပ။

(ဗာဟိရ ကာယသမ္ဖဿဿ န ဝတ္ထုတိက်)

၂၁ (က)။ ။ အကြင်အပသန္တာန်၌ ဖြစ်သော ‘ဗာဟိရ'ရုပ်သည် ရှိ၏၊ ထိုရုပ်သည် ထိသိစိတ် ‘ကာယဝိညာဏ်'နှင့်ယှဉ်သော တွေ့ထိမှု ‘ဖဿ'၏ မှီရာ တည်ရာ ‘ဝတ္ထု'မဟုတ် သောရုပ် ဖြစ်၏ (ဗာဟိရ ကာယသမ္ဖဿဿ န ဝတ္ထုရုပ်) (ပသာဒရုပ်ငါးခုမှ တစ်ပါးသောရုပ်များ)။

(ခ)။ ။ အကြင်အတွင်းသန္တာန်၌ ဖြစ်သော ‘အဇ္ဈတ္တိက'ရုပ်သည် ရှိ၏၊ ထိုရုပ်သည် ထိသိစိတ် (ကာယဝိညာဏ်) နှင့် ယှဉ်သော တွေ့ထိမှု ‘ဖဿ'၏ မှီရာ တည်ရာ ‘ဝတ္ထု'ရုပ်လည်း ရှိ၏ (အဇ္ဈတ္တိက ကာယသမ္ဖဿဿ ဝတ္ထုရုပ်) (ကာယပသာဒ)။

(ဂ)။ ။ ထိသိစိတ် (ကာယဝိညာဏ်) နှင့် ယှဉ်သော တွေ့ထိမှု ‘ဖဿ'၏ မှီရာ တည်ရာ ‘ဝတ္ထု'မဟုတ်သော ရုပ်လည်း ရှိ၏ (အဇ္ဈတ္တိက ကာယသမ္ဖဿဿ န ဝတ္ထုရုပ်) (စက္ခု, သောတ, ဃာန, ဇိဝှါပသာဒရုပ် ၄-ခု)။ (ဗာဟိရ ကာယသမ္ဖဿဇာ ဝေဒနာယ န ဝတ္ထုတိက် စသည်)

၂၂ (က-ခ-ဂ) -၂၄ (က-ခ-ဂ)။ ။ အကြင်အပသန္တာန်၌ ဖြစ်သော ‘ဗာဟိရ'ရုပ်သည် ရှိ၏၊ ထိုရုပ် သည် ထိသိစိတ် (ကာယဝိညာဏ်) နှင့်ယှဉ်သော တွေ့ထိမှု ‘ဖဿ'ကြောင့်ဖြစ်သော ခံစားမှု ‘ဝေဒနာ'၏။ပ။ မှတ်သားမှု ‘သညာ'၏။ပ။ စေ့ဆော်မှု (နှိုးဆော်မှု) ‘စေတနာ'၏။ပ။

(ဗာဟိရ ကာယဝိညာဏဿ န ဝတ္ထုတိက်)

၂၅ (က)။ ။ အကြင်အပသန္တာန်၌ဖြစ်သော ‘ဗာဟိရ'ရုပ်သည် ရှိ၏၊ ထိုရုပ်သည် ထိသိစိတ် ‘ကာယဝိညာဏ်'၏ မှီရာ တည်ရာ ‘ဝတ္ထု'မဟုတ်သော ရုပ်ဖြစ်၏ (ဗာဟိရ ကာယဝိညာဏဿ န ဝတ္ထုရုပ်) (ပသာဒရုပ်မှ တစ်ပါးသောရုပ်များ)။

(ခ)။ ။ အကြင်အတွင်းသန္တာန်၌ ဖြစ်သော ‘အဇ္ဈတ္တိက'ရုပ်သည် ရှိ၏၊ ထိုရုပ်သည် ထိသိစိတ် (ကာယဝိညာဏ်) ၏ မှီရာ တည်ရာ ‘ဝတ္ထု'ရုပ်လည်း ရှိ၏ (အဇ္ဈတ္တိက ကာယဝိညာဏဿ ဝတ္ထုရုပ်) (ကာယပသာဒ)။

--

(ဂ)။ ။ ထိသိစိတ် (ကာယဝိညာဏ်) ၏ မှီရာ တည်ရာ ‘ဝတ္ထု'မဟုတ်သော ရုပ်လည်း ရှိ၏ (အဇ္ဈတ္တိက ကာယဝိညာဏဿ န ဝတ္ထုရုပ်) (စက္ခု, သောတ, ဃာန, ဇိဝှါပသာဒရုပ် ၄-ခု)။

ဝတ္ထုတိကနည်း ၂၅-ပါး ပြီး၏။

၁။ ဤနည်း၌ ဖဿ, ဝေဒနာ, သညာ, စေတနာ, ဝိညာဉ်တည်းဟူသော ဖဿပဉ္စမကကို မူလီသွင်း၍ ဟောထားသည်။

အာရမ္မဏတိကနည်း ၂၅-ပါး၁

(အဇ္ဈတ္တိက စက္ခုသမ္ဖဿဿ နာရမ္မဏတိက်)

၁ (က)။ ။ အကြင်အတွင်းသန္တာန်၌ ဖြစ်သော ‘အဇ္ဈတ္တိက'ရုပ်သည် ရှိ၏၊ ထိုရုပ်သည် မြင်သိစိတ် (စက္ခုဝိညာဏ်) နှင့်ယှဉ်သော တွေ့ထိမှု ‘ဖဿ'၏ အာရုံမဟုတ်သော ‘နာရမ္မဏ'ရုပ်ဖြစ်၏ (အဇ္ဈတ္တိက စက္ခုသမ္ဖဿဿ နာရမ္မဏရုပ်) (ပသာဒရုပ် ၅-ခု)။

(ခ)။ ။ အကြင်အပသန္တာန်၌ ဖြစ်သော ‘ဗာဟိရ'ရုပ်သည် ရှိ၏၊ ထိုရုပ်သည် မြင်သိစိတ် (စက္ခုဝိညာဏ်) နှင့်ယှဉ်သော တွေ့ထိမှု ‘ဖဿ'၏ အာရုံဖြစ်သော ‘အာရမ္မဏ'ရုပ်လည်းရှိ၏ (ဗာဟိရစက္ခုသမ္ဖဿဿ အာရမ္မဏရုပ်) (ရူပါရုံ)။

(ဂ)။ ။ မြင်သိစိတ် (စက္ခုဝိညာဏ်) နှင့် ယှဉ်သော တွေ့ထိမှု ‘ဖဿ'၏ အာရုံမဟုတ်သော ‘နာရမ္မဏ'ရုပ်လည်း ရှိ၏ (ဗာဟိရစက္ခုသမ္ဖဿဿ နာရမ္မဏရုပ်) (ရူပါရုံမှ တစ်ပါးသော ဗာဟိရရုပ်များ)။

(စက္ခုသမ္ဖဿဇာဝေဒနာယ နာရမ္မဏတိက် စသည်)

၂ (က-ခ-ဂ) -၄ (က-ခ-ဂ)။ ။ အကြင်အတွင်းသန္တာန်၌ဖြစ်သော ‘အဇ္ဈတ္တိက'ရုပ်သည် ရှိ၏၊ ထိုရုပ်သည် မြင်သိစိတ် (စက္ခုဝိညာဏ်) နှင့် ယှဉ်သော တွေ့ထိမှု ‘ဖဿ'ကြောင့် ဖြစ် သော ခံစားမှု ‘ဝေဒနာ'၏။ပ။ မှတ်သားမှု ‘သညာ'၏။ပ။ စေ့ဆော်မှု (နှိုးဆော်မှု) ‘စေတနာ'၏။ပ။

--

(အဇ္ဈတ္တိက စက္ခုဝိညာဏဿ နာရမ္မဏတိက်)

၅ (က)။ ။ (အကြင်အတွင်းသန္တာန်၌ ဖြစ်သော ‘အဇ္ဈတ္တိက'ရုပ်သည် ရှိ၏၊ ထိုရုပ်သည်) မြင်သိစိတ် (စက္ခုဝိညာဏ်) ၏ အာရုံမဟုတ်သော ‘နာရမ္မဏ'ရုပ်ဖြစ်၏ (အဇ္ဈတ္တိက စက္ခု ဝိညာဏဿ နာရမ္မဏရုပ်) (ပသာဒရုပ် ၅-ခု)။

(ခ)။ ။ အကြင်အပသန္တာန်၌ ဖြစ်သော ‘ဗာဟိရ'ရုပ်သည် ရှိ၏၊ ထိုရုပ်သည် မြင်သိစိတ် (စက္ခုဝိညာဏ်) ၏ အာရုံဖြစ်သော ‘အာရမ္မဏ'ရုပ်လည်း ရှိ၏ (ဗာဟိရစက္ခုဝိညာဏဿ အာရမ္မဏရုပ်) (ရူပါရုံ)။

(ဂ)။ ။ မြင်သိစိတ် (စက္ခုဝိညာဏ်) ၏ အာရုံမဟုတ်သော ‘နာရမ္မဏ'ရုပ်လည်း ရှိ၏ (ဗာဟိရစက္ခုဝိညာဏဿ နာရမ္မဏရုပ်) (ရူပါရုံမှ တစ်ပါးသော ဗာဟိရရုပ်များ)။

(အဇ္ဈတ္တိက သောတသမ္ဖဿဿ နာရမ္မဏတိက်စသည်)

၆ (က-ခ-ဂ) -၂၀ (က-ခ-ဂ)။ ။ အကြင်အတွင်းသန္တာန်၌ ဖြစ်သော ‘အဇ္ဈတ္တိက’ရုပ်သည် ရှိ၏၊ ထိုရုပ်သည် ကြားသိစိတ် (သောတဝိညာဏ်) နှင့် ယှဉ်သော တွေ့ထိမှု ‘သောတ သမ္ဖဿ'၏။ပ။ နံသိစိတ် (ဃာနဝိညာဏ်) နှင့်ယှဉ်သော တွေ့ထိမှု ‘ဃာနသမ္ဖဿ'၏။ပ။ လျက်သိစိတ် (ဇိဝှါဝိညာဏ်) နှင့် ယှဉ်သော တွေ့ထိမှု ‘ဇိဝှါသမ္ဖဿ'၏။ပ။

(အဇ္ဈတ္တိက ကာယသမ္ဖဿဿ နာရမ္မဏတိက်)

၂၁ (က)။ ။ (အကြင်အတွင်းသန္တာန်၌ ဖြစ်သော ‘အဇ္ဈတ္တိက'ရုပ်သည် ရှိ၏၊ ထိုရုပ်သည်) ထိသိစိတ် (ကာယဝိညာဏ်) နှင့်ယှဉ်သော တွေ့ထိမှု ‘ကာယသမ္ဖဿ'၏ အာရုံမဟုတ်သော ‘နာရမ္မဏ'ရုပ်ဖြစ်၏ (အဇ္ဈတ္တိက ကာယသမ္ဖဿဿ နာရမ္မဏရုပ်) (ပသာဒရုပ် ၅-ခု)။

(ခ)။ ။ အကြင်အပသန္တာန်၌ ဖြစ်သော ‘ဗာဟိရ'ရုပ်သည် ရှိ၏၊ ထိုရုပ်သည် ထိသိစိတ် (ကာယဝိညာဏ်) နှင့် ယှဉ်သော တွေ့ထိမှု ‘ကာယသမ္ဖဿ'၏ အာရုံဖြစ်သော ‘အာရမ္မဏ'ရုပ်လည်း ရှိ၏ (ဗာဟိရ ကာယသမ္ဖဿဿ အာရမ္မဏရုပ်) (ဖောဋ္ဌဗ္ဗာရုံ)။

(ဂ)။ ။ ထိသိစိတ် (ကာယဝိညာဏ်) နှင့် ယှဉ်သော တွေ့ထိမှု ‘ဖဿ'၏ အာရုံမဟုတ်သော ‘နာရမ္မဏ'ရုပ်လည်း ရှိ၏ (ဗာဟိရ ကာယသမ္ဖဿဿ နာရမ္မဏရုပ်) (ဖောဋ္ဌဗ္ဗာရုံမှ တစ်ပါးသော ဗာဟိရရုပ်များ)။

--

(အဇ္ဈတ္တိက ကာယသမ္ဖဿဇာ ဝေဒနာယ နာရမ္မဏတိက်စသည်)

၂၂ (က-ခ-ဂ) ၂၄ (က-ခ-ဂ)။ ။ အကြင်အတွင်းသန္တာန်၌ ဖြစ်သော ‘အဇ္ဈတ္တိက'ရုပ်သည် ရှိ၏၊ ထိုရုပ်သည် ထိသိစိတ် (ကာယဝိညာဏ်) နှင့် ယှဉ်သော တွေ့ထိမှု ‘ဖဿ'ကြောင့် ဖြစ်သော ခံစားမှု ‘ဝေဒနာ'၏။ပ။ မှတ်သားမှု ‘သညာ'၏။ပ။ စေ့ဆော်မှု (နှိုးဆော်မှု) ‘စေတနာ'၏။ပ။

(အဇ္ဈတ္တိက ကာယဝိညာဏဿ နာရမ္မဏတိက်)

၂၅ (က)။ ။ (အကြင်အတွင်းသန္တာန်၌ ဖြစ်သော ‘အဇ္ဈတ္တိက'ရုပ်သည် ရှိ၏၊ ထိုရုပ်သည်) ထိသိစိတ် (ကာယဝိညာဏ်) ၏ အာရုံမဟုတ်သော ‘နာရမ္မဏ'ရုပ်ဖြစ်၏ (အဇ္ဈတ္တိက ကာယဝိညာဏဿ နာရမ္မဏရုပ်) (ပသာဒရုပ် ၅-ခု)။

(ခ)။ ။ အကြင်အပသန္တာန်၌ ဖြစ်သော ‘ဗာဟိရ'ရုပ်သည် ရှိ၏၊ ထိုရုပ်သည် ထိသိစိတ် ‘ကာယဝိညာဏ်'၏ အာရုံဖြစ်သော ‘အာရမ္မဏ'ရုပ်လည်း ရှိ၏ (ဗာဟိရ ကာယ ဝိညာဏဿ အာရမ္မဏရုပ်) (ဖောဋ္ဌဗ္ဗာရုံ)။

(ဂ)။ ။ ထိသိစိတ် (ကာယဝိညာဏ်) ၏ အာရုံမဟုတ်သော ‘နာရမ္မဏ'ရုပ်လည်းရှိ၏ (ဗာဟိရကာယဝိညာဏဿ နာရမ္မဏရုပ်) (ဖောဋ္ဌဗ္ဗာရုံမှ တစ်ပါးသော ဗာဟိရ ရုပ်များ)။

အာရမ္မဏတိကနည်း ၂၅-ပါး ပြီး၏။

၁။ ဤနည်း၌ အဇ္ဈတ္တိကနှင့် ဗာဟိရ ၂-ပါးတို့ကို မူထား၍ ဖဿ, ဝေဒနာ, သညာ, စေတနာ, ဝိညာဏ်တည်းဟူသော ဖဿပဉ္စမကကို မူလီသွင်းပြီးလျှင် ဟောထားသည်။

--

အာယတနတိကနည်း ၁၀-ပါး

(ဗာဟိရ န စက္ခာယတနတိက်)

၁ (က)။ ။ အကြင်အပသန္တာန်၌ ဖြစ်သော ‘ဗာဟိရ'ရုပ်သည် ရှိ၏၊ ထိုရုပ်သည် မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ရာ မျက်စိအကြည် စက္ခာယတန'မမည်သော ရုပ်ဖြစ်၏ (ဗာဟိရ န စက္ခာယတနရုပ်) (အပသန္တာန်၌ ဖြစ်၍ စက္ခာယတန မမည်သော ဗာဟိရရုပ်များ) (ပသာဒရုပ်မှ တစ်ပါးသော ဗာဟိရရုပ်များ)။

(ခ)။ ။ အကြင်အတွင်းသန္တာန်၌ ဖြစ်သော ‘အဇ္ဈတ္တိက'ရုပ်သည် ရှိ၏၊ ထိုရုပ်သည် မြင်သိ စိတ် (စက္ခုဝိညာဏ်) ဖြစ်ရာ မျက်စိအကြည် ‘စက္ခာယတန’မည်သော ရုပ်လည်း ရှိ၏ (အဇ္ဈတ္တိက စက္ခာယတနရုပ်) (စက္ခုပသာဒရုပ်)။

(ဂ)။ ။ မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ရာ မျက်စိအကြည် ‘စက္ခာယတန'မမည်သော ရုပ် လည်း ရှိ၏ (အဇ္ဈတ္တိက န စက္ခာယတနရုပ်) (သောတ, ဃာန, ဇိဝှါ, ကာယ ပသာဒရုပ် ၄-ပါး)။

(ဗာဟိရ န သောတာယတနတိက်)

၂ (က-ခ-ဂ)။ ။ အကြင်အပသန္တာန်၌ ဖြစ်သော ‘ဗာဟိရ'ရုပ်သည် ရှိ၏၊ ထိုရုပ်သည် ကြားသိစိတ် (သောတဝိညာဏ်) ဖြစ်ရာ နားအကြည် ‘သောတာယတန'မမည်သော ရုပ်ဖြစ်၏။ပ။

(ဗာဟိရ န ဃာနာယတနတိက်)

၃ (က-ခ-ဂ)။ ။ နံသိစိတ် (ဃာနဝိညာဏ်) ဖြစ်ရာ နှာခေါင်းအကြည် ‘ဃာနာယတန'မမည်သော ရုပ်ဖြစ်၏။ပ။

(ဗာဟိရ န ဇိဝှါယတနတိက်)

၄ (က-ခ-ဂ)။ ။ လျက်သိစိတ် (ဇိဝှါဝိညာဏ်) ဖြစ်ရာ လျှာအကြည် ‘ဇိဝှါယတန'မမည်သော ရုပ်ဖြစ်၏။ပ။

--

(ဗာဟိရ န ကာယာယတနတိက်)

၅ (က)။ ။ အကြင်အပသန္တာန်၌ ဖြစ်သော ‘ဗာဟိရ'ရုပ်သည် ရှိ၏၊ ထိုရုပ်သည် ထိသိစိတ် (ကာယဝိညာဏ်) ဖြစ်ရာ ကိုယ်အကြည် ‘ကာယာယတန'မမည်သော ရုပ်ဖြစ်၏ (ဗာဟိရ န ကာယာယတနရုပ်) (ပသာဒရုပ်မှ တစ်ပါးသော ဗာဟိရရုပ်များ)။

(ခ)။ ။ အကြင်အတွင်းသန္တာန်၌ ဖြစ်သော ‘အဇ္ဈတ္တိက'ရုပ်သည် ရှိ၏၊ ထိုရုပ်သည် ထိသိစိတ် (ကာယဝိညာဏ်) ဖြစ်ရာ ကိုယ်အကြည် ‘ကာယာယတန’မည်သော ရုပ်လည်း ရှိ၏ (အဇ္ဈတ္တိက ကာယာယတနရုပ်) (ကာယပသာဒ)။

(ဂ)။ ။ ထိသိစိတ် (ကာယဝိညာဏ်) ဖြစ်ရာ ကိုယ်အကြည် ‘ကာယာယတန'မမည်သော ရုပ်လည်း ရှိ၏ (အဇ္ဈတ္တိက န ကာယာယတနရုပ်) (သောတ, ဃာန, ဇိဝှါ, ကာယ ပသာဒ ရုပ် ၄-ပါး)။

(အဇ္ဈတ္တိက န ရူပါယတနတိက်)

၆ (က)။ ။ အကြင်အတွင်းသန္တာန်၌ ဖြစ်သော ‘အဇ္ဈတ္တိက'ရုပ်သည် ရှိ၏၊ ထိုရုပ်သည် မြင်သိ စိတ် (စက္ခုဝိညာဏ်) ဖြစ်ကြောင်း အဆင်း ‘ရူပါယတန'မမည်သော ရုပ်ဖြစ်၏ (အဇ္ဈတ္တိက န ရူပါယတနရုပ်) (ပသာဒရုပ် ၅-ခု)။

(ခ)။ ။ အကြင်အပသန္တာန်၌ ဖြစ်သော ‘ဗာဟိရ'ရုပ်သည် ရှိ၏၊ ထိုအပသန္တာန်၌ ဖြစ်သော ‘ဗာဟိရ'ရုပ်သည် မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ကြောင်း အဆင်း ‘ရူပါယတန’မည်သော ရုပ်လည်း ရှိ၏ (ဗာဟိရ ရူပါယတနရုပ်) (ရူပါရုံ)။

(ဂ)။ ။ မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ကြောင်း အဆင်း ‘ရူပါယတန'မမည်သော ရုပ် လည်း ရှိ၏ (ဗာဟိရ န ရူပါယတနရုပ်) (ရူပါရုံမှ တစ်ပါးသော ဗာဟိရရုပ်များ)။

(အဇ္ဈတ္တိက န သဒ္ဒါယတနတိက်)

ရ (က-ခ-ဂ)။ ။ အကြင်အတွင်းသန္တာန်၌ ဖြစ်သော ‘အဇ္ဈတ္တိက'ရုပ်သည် ရှိ၏၊ ထိုရုပ်သည် ကြားသိစိတ် (သောတဝိညာဏ်) ဖြစ်ကြောင်း အသံ ‘သဒ္ဒါယတန'မမည်သော ရုပ် ဖြစ်၏။ပ။

--

(အဇ္ဈတ္တိက န ဂန္ဓာယတနတိက်)

၈ (က-ခ-ဂ)။ ။ နံသိစိတ် (ဃာနဝိညာဏ်) ဖြစ်ကြောင်း အနံ့ ‘ဂန္ဓာယတန'မမည်သော ရုပ်ဖြစ်၏။ပ။

(အဇ္ဈတ္တိက န ရသာယတနတိက်)

၉ (က-ခ-ဂ)။ ။ လျက်သိစိတ် (ဇိဝှါဝိညာဏ်) ဖြစ်ကြောင်း အရသာ ‘ရသာယတန'မမည်သော ရုပ်ဖြစ်၏။ပ။

(အဇ္ဈတ္တိက န ဖောဋ္ဌဗ္ဗာယတနတိက်)

၁၀ (က)။ ။ (အကြင်အတွင်းသန္တာန်၌ ဖြစ်သော ‘အဇ္ဈတ္တိက'ရုပ်သည် ရှိ၏၊ ထိုရုပ်သည်) ထိသိ စိတ် (ကာယဝိညာဏ်) ဖြစ်ကြောင်း အတွေ့ ‘ဖောဋ္ဌဗ္ဗာယတန'မမည်သော ရုပ်ဖြစ်၏ (အဇ္ဈတ္တိက န ဖောဋ္ဌဗ္ဗာယတန ရုပ်) (ပသာဒရုပ် ၅-ခု)။

(ခ)။ ။ အကြင်အပသန္တာန်၌ ဖြစ်သော ‘ဗာဟိရ'ရုပ်သည် ရှိ၏၊ ထိုရုပ်သည် ထိသိစိတ် (ကာယဝိညာဏ်) ဖြစ်ကြောင်း အတွေ့ ‘ဖောဋ္ဌဗ္ဗာယတန’မည်သော ရုပ်လည်း ရှိ၏ (ဗာဟိရ ဖောဋ္ဌဗ္ဗာယတနရုပ်) (ဖောဋ္ဌဗ္ဗာရုံ)။

(ဂ)။ ။ ထိသိစိတ် (ကာယဝိညာဏ်) ဖြစ်ကြောင်း အတွေ့ ‘ဖောဋ္ဌဗ္ဗာယတန'မမည်သော ရုပ်လည်း ရှိ၏ (ဗာဟိရ န ဖောဋ္ဌဗ္ဗာယတနရုပ်) (ဖောဋ္ဌဗ္ဗာရုံမှ တစ်ပါးသော ဗာဟိရရုပ်များ)။

အာယတနတိကနည်း ၁၀-ပါး ပြီး၏။

--

ဓာတုတိကနည်း ၁၀-ပါး

(ဗာဟိရ န စက္ခုဓာတုတိက်)

၁ (က)။ ။ အကြင်အပသန္တာန်၌ ဖြစ်သော ‘ဗာဟိရ'ရုပ်သည် ရှိ၏၊ ထိုရုပ်သည် မြင်မှုသဘော (မြင်တတ်သော မျက်စိအကြည်ဓာတ်) ‘စက္ခုဓာတု'မမည်သော ရုပ်ဖြစ်၏ (ဗာဟိရ န စက္ခုဓာတုရုပ်) (ပသာဒရုပ်မှ တစ်ပါးသော ဗာဟိရရုပ်များ)။

(ခ)။ ။ အကြင်အတွင်းသန္တာန်၌ ဖြစ်သော ‘အဇ္ဈတ္တိက'ရုပ်သည် ရှိ၏၊ ထိုရုပ်သည် မြင်မှု သဘော (မြင်တတ်သော မျက်စိအကြည်ဓာတ်) ‘စက္ခုဓာတု’မည်သော ရုပ်လည်း ရှိ၏ (အဇ္ဈတ္တိက စက္ခုဓာတုရုပ်) (စက္ခုပသာဒ)။

(ဂ)။ ။ မြင်မှုသဘော (မြင်တတ်သော မျက်စိအကြည်ဓာတ်) ‘စက္ခုဓာတု'မမည်သော ရုပ် လည်း ရှိ၏ (အဇ္ဈတ္တိက န စက္ခုဓာတုရုပ်) (သောတ, ဃာန, ဇိဝှါ, ကာယပသာဒ ရုပ် ၄-ပါး)။

(ဗာဟိရ န သောတဓာတုတိက်)

၂ (က-ခ-ဂ)။ ။ အကြင်အပသန္တာန်၌ ဖြစ်သော ‘ဗာဟိရ'ရုပ်သည် ရှိ၏၊ ထိုရုပ်သည် ကြားမှု သဘော (ကြားတတ်သော နားအကြည်ဓာတ်) ‘သောတဓာတု'မမည်သော ရုပ်ဖြစ်၏။ပ။

(ဗာဟိရ န ဃာနဓာတုတိက်)

၃ (က-ခ-ဂ)။ ။ နံမှုသဘော (နံတတ်သော နှာခေါင်းအကြည်ဓာတ်) ‘ဃာနဓာတု'မမည်သော ရုပ်ဖြစ်၏။ပ။

(ဗာဟိရ န ဇိဝှါဓာတုတိက်)

၄ (က-ခ-ဂ)။ ။ လျက်မှုသဘော (လျက်တတ်သော လျှာအကြည်ဓာတ်) ‘ဇိဝှါဓာတု'မမည်သော ရုပ်ဖြစ်၏။ပ။

--

(ဗာဟိရ န ကာယဓာတုတိက်)

၅ (က)။ ။ (အကြင်အပသန္တာန်၌ ဖြစ်သော ‘ဗာဟိရ'ရုပ်သည် ရှိ၏၊ ထိုရုပ်သည်) ထိမှုသဘော (ထိတွေ့တတ်သော ကိုယ်အကြည်ဓာတ်) ‘ကာယဓာတု'မမည်သော ရုပ်ဖြစ်၏ (ဗာဟိရ န ကာယဓာတုရုပ်) (ပသာဒရုပ်မှ တစ်ပါးသောဗာဟိရရုပ်များ)။

(ခ)။ ။ အကြင်အတွင်းသန္တာန်၌ ဖြစ်သော ‘အဇ္ဈတ္တိက'ရုပ်သည် ရှိ၏၊ ထိုရုပ်သည် ထိမှု သဘော (ထိတွေ့တတ်သော ကိုယ်အကြည်ဓာတ်) ‘ကာယဓာတု’မည်သော ရုပ် လည်း ရှိ၏ (အဇ္ဈတ္တိက ကာယဓာတုရုပ်) (ကာယပသာဒ)။

(ဂ)။ ။ ထိမှုသဘော (ထိတွေ့တတ်သော ကိုယ်အကြည်ဓာတ်) ‘ကာယဓာတု'မမည်သော ရုပ်လည်း ရှိ၏ (အဇ္ဈတ္တိက န ကာယဓာတုရုပ်) (စက္ခု, သောတ, ဃာန, ဇိဝှါပသာဒရုပ် ၄-ပါး)။

(အဇ္ဈတ္တိက န ရူပဓာတုတိက်)

၆ (က)။ ။ အကြင်အတွင်းသန္တာန်၌ ဖြစ်သော ‘အဇ္ဈတ္တိက'ရုပ်သည် ရှိ၏၊ ထိုရုပ်သည် အဆင်း သဘော ‘ရူပဓာတု'မမည်သော ရုပ်ဖြစ်၏ (အဇ္ဈတ္တိက န ရူပဓာတု) (ပသာဒရုပ် ၅-ခု)။

(ခ)။ ။ အကြင်အပသန္တာန်၌ ဖြစ်သော ‘ဗာဟိရ'ရုပ်သည် ရှိ၏၊ ထိုရုပ်သည် အဆင်း သဘော ‘ရူပဓာတု’မည်သော ရုပ်လည်း ရှိ၏ (ဗာဟိရ ရူပဓာတုရုပ်) (ရူပါရုံ)။

(ဂ)။ ။ အဆင်းသဘော ‘ရူပဓာတု'မမည်သော ရုပ်လည်း ရှိ၏ (ဗာဟိရ န ရူပဓာတုရုပ်) (ရူပါရုံမှ တစ်ပါးသော ဗာဟိရရုပ်များ)။

(အဇ္ဈတ္တိက န သဒ္ဒဓာတုတိက်)

ရ (က-ခ-ဂ)။ ။ အကြင်အတွင်းသန္တာန်၌ ဖြစ်သော ‘အဇ္ဈတ္တိက'ရုပ်သည် ရှိ၏၊ ထိုရုပ်သည် အသံ သဘော ‘သဒ္ဒဓာတု'မမည်သော ရုပ်ဖြစ်၏။ပ။

--

(အဇ္ဈတ္တိက န ဂန္ဓဓာတုတိက်)

၈ (က-ခ-ဂ)။ ။ အနံ့သဘော ‘ဂန္ဓဓာတု'မမည်သော ရုပ်ဖြစ်၏။ပ။

(အဇ္ဈတ္တိက န ရသဓာတုတိက်)

၉ (က-ခ-ဂ)။ ။ အရသာသဘော ‘ရသဓာတု'မမည်သော ရုပ်ဖြစ်၏။ပ။

(အဇ္ဈတ္တိက န ဖောဋ္ဌဗ္ဗဓာတုတိက်)

၁၀ (က)။ ။ (အကြင်အတွင်းသန္တာန်၌ ဖြစ်သော ‘အဇ္ဈတ္တိက'ရုပ်သည် ရှိ၏၊ ထိုရုပ်သည်) အတွေ့သဘော (ထိတွေ့အပ်သော သဘော) ‘ဖောဋ္ဌဗ္ဗဓာတု'မမည်သော ရုပ်ဖြစ်၏ (အဇ္ဈတ္တိက န ဖောဋ္ဌဗ္ဗဓာတုရုပ်) (ပသာဒရုပ် ၅-ခု)။

(ခ)။ ။ အကြင်အပသန္တာန်၌ ဖြစ်သော ‘ဗာဟိရ'ရုပ်သည် ရှိ၏၊ ထိုရုပ်သည် အတွေ့ သဘော (ထိတွေ့အပ်ခြင်းသဘော) ‘ဖောဋ္ဌဗ္ဗဓာတု’မည်သော ရုပ်လည်း ရှိ၏ (ဗာဟိရ ဖောဋ္ဌဗ္ဗ ဓာတုရုပ်) (ဖောဋ္ဌဗ္ဗာရုံ)။

(ဂ)။ ။ အတွေ့သဘော (ထိတွေ့အပ်သော သဘော) ‘ဖောဋ္ဌဗ္ဗဓာတု'မမည်သော ရုပ်လည်း ရှိ၏ (ဗာဟိရ န ဖောဋ္ဌဗ္ဗဓာတုရုပ်) (ဖောဋ္ဌဗ္ဗာရုံမှ တစ်ပါးသော ဗာဟိရရုပ်များ)။

ဓာတုတိကနည်း ၁၀-ပါး ပြီး၏။

--

ဣန္ဒြိယတိကနည်း ၈-ပါး၁

(ဗာဟိရ န စက္ခုန္ဒြိယတိက်)

၁ (က)။ ။ အကြင်အပသန္တာန်၌ ဖြစ်သော ‘ဗာဟိရ’ ရုပ်သည် ရှိ၏၊ ထိုရုပ်သည် မြင်မှု၌ အစိုးရသော မျက်စိအကြည် ‘စက္ခုန္ဒြေ’ မမည်သော ရုပ်ဖြစ်၏ (ဗာဟိရ န စက္ခုန္ဒြိယရုပ်) (ပသာဒရုပ်မှ တစ်ပါးသော ဗာဟိရရုပ်များ)။

(ခ)။ ။ အကြင်အတွင်းသန္တာန်၌ ဖြစ်သော ‘အဇ္ဈတ္တိက’ ရုပ်သည် ရှိ၏၊ ထိုရုပ်သည် မြင်မှု၌ အစိုးရသော မျက်စိအကြည် ‘စက္ခုန္ဒြေ’မည်သော ရုပ်လည်း ရှိ၏ (အဇ္ဈတ္တိက စက္ခုန္ဒြိယရုပ်) (စက္ခုပသာဒ)။

(ဂ)။ ။ မြင်မှု၌ အစိုးရသော မျက်စိအကြည် ‘စက္ခုန္ဒြေ’ မမည်သော ရုပ်လည်း ရှိ၏ (အဇ္ဈတ္တိက န စက္ခုန္ဒြိယ ရုပ်) (သောတ, ဃာန, ဇိဝှါ, ကာယပသာဒရုပ် ၄-ပါး)။ (ဗာဟိရ န သောတန္ဒြိယတိက်စသည်)

၂ (က-ခ-ဂ) ၄ (က-ခ-ဂ)။ ။ အကြင်အပသန္တာန်၌ ဖြစ်သော ‘ဗာဟိရ'ရုပ်သည် ရှိ၏၊ ထိုရုပ်သည် ကြားမှု၌ အစိုးရသော နားအကြည် ‘သောတိန္ဒြေ'မမည်သော ရုပ်ဖြစ်၏။ပ။ နံမှု၌ အစိုးရသော နှာခေါင်းအကြည် ‘ဃာနိန္ဒြေ'မမည်သော ရုပ်ဖြစ်၏။ပ။ လျက်မှု၌ အစိုးရသော လျှာအကြည် ‘ဇိဝှိန္ဒြေ'မမည်သော ရုပ်ဖြစ်၏။ပ။

(ဗာဟိရ န ကာယိန္ဒြိယတိက်)

၅ (က)။ ။ (အကြင်အပသန္တာန်၌ ဖြစ်သော ‘ဗာဟိရ'ရုပ်သည် ရှိ၏၊ ထိုရုပ်သည်) ထိမှု၌ အစိုးရသော ကိုယ်အကြည် ‘ကာယိန္ဒြေ'မမည်သော ရုပ်လည်း ဖြစ်၏ (ဗာဟိရ န ကာယိန္ဒြိယ ရုပ်) (ပသာဒရုပ်မှ တစ်ပါးသော ဗာဟိရရုပ်များ)။

(ခ)။ ။ အကြင်အတွင်းသန္တာန်၌ ဖြစ်သော ‘အဇ္ဈတ္တိက'ရုပ်သည် ရှိ၏၊ ထိုရုပ်သည် ထိမှု၌ အစိုးရသော ကိုယ်အကြည် ‘ကာယိန္ဒြေ’မည်သော ရုပ်လည်း ရှိ၏ (အဇ္ဈတ္တိက ကာယိန္ဒြိယရုပ်) (ကာယပသာဒ)။

(ဂ)။ ။ ထိမှု၌ အစိုးရသော ကိုယ်အကြည် ‘ကာယိန္ဒြေ'မမည်သော ရုပ်လည်း ရှိ၏ (အဇ္ဈတ္တိက န ကာယိန္ဒြိယရုပ်) (စက္ခု, သောတ, ဃာန, ဇိဝှါပသာဒရုပ် ၄-ပါး)။

--

(အဇ္ဈတ္တိက န ဣတ္ထိန္ဒြိယတိက်)

၆ (က)။ ။ အကြင်အတွင်းသန္တာန်၌ ဖြစ်သော ‘အဇ္ဈတ္တိက'ရုပ်သည် ရှိ၏၊ ထိုရုပ်သည် မိန်းမ (အမ) ဖြစ်ကြောင်း၌ အစိုးရမှု ‘ဣတ္ထိန္ဒြေ'မမည်သော ရုပ်ဖြစ်၏ (အဇ္ဈတ္တိက န ဣထ္ထိန္ဒြိယရုပ်) (ပသာဒရုပ် ၅-ခု)။

(ခ)။ ။ အကြင်အပသန္တာန်၌ ဖြစ်သော ‘ဗာဟိရ'ရုပ်သည် ရှိ၏၊ ထိုရုပ်သည် မိန်းမ (အမ) ဖြစ်ကြောင်း၌ အစိုးရမှု ‘ဣတ္ထိန္ဒြေ’မည်သော ရုပ်လည်း ရှိ၏ (ဗာဟိရ ဣတ္ထိန္ဒြိယရုပ်) (ဣတ္ထိဘာဝရုပ်)။

(ဂ)။ ။ မိန်းမ (အမ) ဖြစ်ကြောင်း၌ အစိုးရမှု ‘ဣတ္ထိန္ဒြေ'မမည်သော ရုပ်လည်း ရှိ၏ (ဗာဟိရ န ဣတ္ထိန္ဒြိယရုပ်) (ဣတ္ထိဘာဝရုပ်မှ တစ်ပါးသော ဗာဟိရရုပ်များ)။

(အဇ္ဈတ္တိက န ပုရိသိန္ဒြိယတိက်)

၇ (က)။ ။ အကြင်အတွင်းသန္တာန်၌ ဖြစ်သော ‘အဇ္ဈတ္တိက'ရုပ်သည် ရှိ၏၊ ထိုရုပ်သည် ယောက်ျား (အထီး, အဖို) ဖြစ်ကြောင်း၌ အစိုးရမှု ‘ပုရိသိန္ဒြေ'မမည်သော ရုပ် ဖြစ်၏ (အဇ္ဈတ္တိက န ပုရိသိန္ဒြိယရုပ်) (ပသာဒရုပ် ၅-ခု)။

(ခ)။ ။ အကြင်အပသန္တာန်၌ ဖြစ်သော ‘ဗာဟိရ'ရုပ်သည် ရှိ၏၊ ထိုရုပ်သည် ယောက်ျား (အထီး, အဖို) ဖြစ်ကြောင်း၌ အစိုးရမှု ‘ပုရိသိန္ဒြေ’မည်သော ရုပ်လည်း ရှိ၏ (ဗာဟိရ ပုရိသိန္ဒြိယရုပ်) (ပုမ္ဘာဝရုပ်)။

(ဂ)။ ။ ယောက်ျား (အထီး, အဖို) ဖြစ်ကြောင်း၌ အစိုးရမှု ‘ပုရိသိန္ဒြေ'မမည်သော ရုပ် လည်း ရှိ၏ (ဗာဟိရ န ပုရိသိန္ဒြိယရုပ်) (ပုရိသဘာဝရုပ်မှ တစ်ပါးသော ဗာဟိရ ရုပ်များ)။

--

(အဇ္ဈတ္တိက န ဇီဝိတိန္ဒြိယတိက်)

၈ (က)။ ။ အကြင်အတွင်းသန္တာန်၌ ဖြစ်သော ‘အဇ္ဈတ္တိက'ရုပ်သည် ရှိ၏၊ ထိုရုပ်သည် အသက် ရှင်ကြောင်း၌ အစိုးရမှု ‘ဇီဝိတိန္ဒြေ'မမည်သော ရုပ်ဖြစ်၏ (အဇ္ဈတ္တိက န ဇီဝိတိန္ဒြိယရုပ်) (ပသာဒရုပ် ငါးခု)။

(ခ)။ ။ အကြင်အပသန္တာန်၌ဖြစ်သော ‘ဗာဟိရ'ရုပ်သည် ရှိ၏၊ ထိုရုပ်သည် အသက်ရှင် ကြောင်း၌ အစိုးရမှု ‘ဇီဝိတိန္ဒြေ’မည်သော ရုပ်လည်း ရှိ၏ (ဗာဟိရ ဇီဝိတိန္ဒြိယရုပ်) (ဇီဝိတရုပ်)။

(ဂ)။ ။ အသက်ရှင်ကြောင်း၌ အစိုးရမှု ‘ဇီဝိတိန္ဒြေ'မမည်သော ရုပ်လည်း ရှိ၏ (ဗာဟိရ န ဇီဝိတိန္ဒြိယရုပ်) (ဇီဝိတရုပ်မှ တစ်ပါးသော ဗာဟိရရုပ်များ)။

ဣန္ဒြိယတိကနည်း ၈-ပါး ပြီး၏။

၁။ ဤနည်း၌ အဇ္ဈတ္တိကနှင့် ဗာဟိရ ၂-ပါးတို့ကို မူထား၍ ရုပ်ဣန္ဒြေ ၈-ပါးတို့ကို မူလီသွင်းပြီးလျှင် ဟောထားသည်။

--

သုခုမတိကနည်း ၁၂-ပါး၁

(အဇ္ဈတ္တိက န ကာယဝိညတ္တိတိက်)

၁ (က)။ ။ အကြင်အတွင်းသန္တာန်၌ ဖြစ်သော ‘အဇ္ဈတ္တိက'ရုပ်သည် ရှိ၏၊ ထိုရုပ်သည် (မိမိ၏ အလိုဆန္ဒကို) သိစေတတ်သည့် ကိုယ်အမူအရာ ‘ကာယဝိညတ်'မမည်သော ရုပ် ဖြစ်၏ (အဇ္ဈတ္တိက န ကာယဝိညတ္တိရုပ်) (ပသာဒရုပ် ငါးခု)။

(ခ)။ ။ အကြင်အပသန္တာန်၌ ဖြစ်သော ‘ဗာဟိရ'ရုပ်သည် ရှိ၏၊ ထိုရုပ်သည် (မိမိ၏ အလိုဆန္ဒကို) သိစေတတ်သည့် ကိုယ်အမူအရာ ‘ကာယဝိညတ်’မည်သော ရုပ် လည်း ရှိ၏ (ဗာဟိရ ကာယဝိညတ္တိရုပ်) (ကာယဝိညတ်)။

(ဂ)။ ။ (မိမိ၏အလိုဆန္ဒကို) သိစေတတ်သည့် ကိုယ်အမူအရာ ‘ကာယဝိညတ်'မမည်သော ရုပ်လည်း ရှိ၏ (ဗာဟိရ န ကာယဝိညတ္တိရုပ်) (ကာယဝိညတ်မှ တစ်ပါးသော ဗာဟိရရုပ်များ)။ (အဇ္ဈတ္တိက န ဝစီဝိညတ္တိတိက်)

၁။ ဤနည်း၌ အဇ္ဈတ္တိကနှင့် ဗာဟိရ ၂-ပါးတို့ကို မူတည်၍ ဣန္ဒြေမထိုက်သော အာပေါ, ဝိကာရရုပ် ၅-ပါး, အာကာသရုပ်, အာဟာရရုပ်, လက္ခဏရုပ် ၄-ပါး တည်းဟူသော သုခုမရုပ် ၁၂-ပါးတို့ကို မူလီသွင်းပြီးလျှင် ဟောကြား သည်။ ပကိဏ္ဏကတိကနည်း အမှတ် ၄-မှ သုခုမတိကနည်း အမှတ် ၁၁-အထိ ဝိဘင်းပါဠိတော်၌ ပေယျာလ ချန်ထားခဲ့သည်။ (ပကိဏ္ဏကတိကနည်း၊ အမှတ် ၃- (အဇ္ဈတ္တိကဥပါဒိန္နုပါဒါနိယတိက်) အောက်ခြေ မှတ်ချက် ပြန်ကြည့်ပါ။

၂ (က)။ ။ အကြင်အတွင်းသန္တာန်၌ ဖြစ်သော ‘အဇ္ဈတ္တိက'ရုပ်သည် ရှိ၏၊ ထိုရုပ်သည် (မိမိ၏ အလိုဆန္ဒကို) သိစေတတ်သည့် နှုတ်မြွက်မှု အမူအရာ ‘ဝစီဝိညတ်'မမည်သော ရုပ် ဖြစ်၏ (အဇ္ဈတ္တိက န ဝစီဝိညတ္တိရုပ်) (ပသာဒရုပ် ငါးခု)။

(ခ)။ ။ အကြင်အပသန္တာန်၌ ဖြစ်သော ‘ဗာဟိရ'ရုပ်သည် ရှိ၏၊ ထိုရုပ်သည် (မိမိ၏ အလိုဆန္ဒကို) သိစေတတ်သည့် နှုတ်မြွက်မှု အမူအရာ ‘ဝစီဝိညတ်’မည်သော ရုပ် လည်း ရှိ၏ (ဗာဟိရ ဝစီဝိညတ္တိရုပ်) (ဝစီဝိညတ်)။

(ဂ)။ ။ (မိမိ၏အလိုဆန္ဒကို) သိစေတတ်သည့် နှုတ်မြွက်မှု အမူအရာ ‘ဝစီဝိညတ်'မမည် သော ရုပ်လည်း ရှိ၏ (ဗာဟိရ န ဝစီဝိညတ္တိရုပ်) (ဝစီဝိညတ်မှ တစ်ပါးသော ဗာဟိရရုပ်များ)။ (အဇ္ဈတ္တိက န အာကာသဓာတုတိက်)

--

၃ (က)။ ။ အကြင်အတွင်းသန္တာန်၌ ဖြစ်သော ‘အဇ္ဈတ္တိက'ရုပ်သည် ရှိ၏၊ ထိုရုပ်သည် မရေး ခြစ်အပ်သော သဘော (ရုပ်တစ်ခုနှင့် တစ်ခုကို ပိုင်းခြားမှု ဟင်းလင်းသဘော) ‘အာကာသဓာတ်'မမည်သော ရုပ်ဖြစ်၏ (အဇ္ဈတ္တိက န အာကာသဓာတုရုပ်) (ပသာဒရုပ် ငါးခု)။

(ခ)။ ။ အကြင်အပသန္တာန်၌ ဖြစ်သော ‘ဗာဟိရ'ရုပ်သည် ရှိ၏၊ ထိုရုပ်သည် မရေးခြစ် အပ်သော သဘော (ရုပ်တစ်ခုနှင့် တစ်ခုကို ပိုင်းခြားမှု ဟင်းလင်းသဘော) ‘အာကာသဓာတ်’မည်သော ရုပ်လည်း ရှိ၏ (ဗာဟိရ အာကာသဓာတုရုပ်) (ပရိစ္ဆေဒရုပ်)။

(ဂ)။ ။ မရေးခြစ်အပ်သော သဘော (ရုပ်တစ်ခုနှင့် တစ်ခုကို ပိုင်းခြားမှု ဟင်းလင်းသဘော) ‘အာကာသဓာတ်'မမည်သော ရုပ်လည်း ရှိ၏ (ဗာဟိရ န အာကာသာဓာတုရုပ်) (ပရိစ္ဆေဒရုပ်မှ တစ်ပါးသော ဗာဟိရရုပ်များ)။

(အဇ္ဈတ္တိက န အာပေါဓာတုတိက်)

၄ (က)။ ။ အကြင်အတွင်းသန္တာန်၌ ဖြစ်သော ‘အဇ္ဈတ္တိက'ရုပ်သည် ရှိ၏၊ ထိုရုပ်သည် ဖွဲ့စည်းမှု သဘော ‘အာပေါ(ရေ) ဓာတ်'မမည်သော ရုပ်ဖြစ်၏ (အဇ္ဈတ္တိက န အာပေါဓာတုရုပ်) (ပသာဒရုပ် ငါးခု)။

(ခ)။ ။ အကြင်အပသန္တာန်၌ ဖြစ်သော ‘ဗာဟိရ'ရုပ်သည် ရှိ၏၊ ထိုရုပ်သည် ဖွဲ့စည်းမှု သဘော ‘အာပေါ(ရေ) ဓာတ်’မည်သော ရုပ်လည်း ရှိ၏ (ဗာဟိရအာပေါဓာတု ရုပ်) (အာပေါဓာတ်)။

(ဂ)။ ။ ဖွဲ့စည်းမှုသဘော ‘အာပေါ(ရေ) ဓာတ်'မမည်သော ရုပ်လည်း ရှိ၏ (ဗာဟိရ န အာပေါဓာတုရုပ်) (အာပေါဓာတ်မှ တစ်ပါးသော ဗာဟိရရုပ်များ)။

(အဇ္ဈတ္တိက န ရူပဿ လဟုတာတိက်)

၅ (က)။ ။ အကြင်အတွင်းသန္တာန်၌ ဖြစ်သော ‘အဇ္ဈတ္တိက'ရုပ်သည် ရှိ၏၊ ထိုရုပ်သည် ရုပ်၏ လျင်မြန်ပေါ့ပါးမှု ‘ရူပဿ လဟုတာ'မမည်သော ရုပ်ဖြစ်၏ (အဇ္ဈတ္တိက န ရူပဿ လဟုတာရုပ်) (ပသာဒရုပ် ငါးခု)။

(ခ)။ ။ အကြင်အပသန္တာန်၌ ဖြစ်သော ‘ဗာဟိရ'ရုပ်သည် ရှိ၏၊ ထိုရုပ်သည် ရုပ်၏ လျင်မြန် ပေါ့ပါးမှု ‘ရူပဿ လဟုတာ’မည်သော ရုပ်လည်း ရှိ၏ (ဗာဟိရ ရူပဿ လဟုတာရုပ်) (ရူပဿ လဟုတာ)။

(ဂ)။ ။ ရုပ်၏ လျင်မြန်ပေါ့ပါးမှု ‘ရူပဿ လဟုတာ'မမည်သော ရုပ်လည်း ရှိ၏ (ဗာဟိရ န ရူပဿ လဟုတာရုပ်) (ရူပဿ လဟုတာမှ တစ်ပါးသော ဗာဟိရရုပ်များ)။

--

(အဇ္ဈတ္တိက န ရူပဿ မုဒုတာတိက်)

၆ (က)။ ။ အကြင်အတွင်းသန္တာန်၌ ဖြစ်သော ‘အဇ္ဈတ္တိက'ရုပ်သည် ရှိ၏၊ ထိုရုပ်သည် ရုပ်၏ နူးညံ့မှု ‘ရူပဿ မုဒုတာ'မမည်သော ရုပ်ဖြစ်၏ (အဇ္ဈတ္တိက န ရူပဿ မုဒုတာရုပ်) (ပသာဒရုပ် ငါးခု)။

(ခ)။ ။ အကြင်အပသန္တာန်၌ ဖြစ်သော ‘ဗာဟိရ'ရုပ်သည် ရှိ၏၊ ထိုရုပ်သည် ရုပ်၏ နူးညံ့မှု ‘ရူပဿ မုဒုတာ’မည်သော ရုပ်လည်း ရှိ၏ (ဗာဟိရ ရူပဿ မုဒုတာရုပ်) (မုဒုတာရုပ်)။

(ဂ)။ ။ ရုပ်၏ နူးညံ့မှု ‘ရူပဿ မုဒုတာ'မမည်သော ရုပ်လည်း ရှိ၏ (ဗာဟိရ န ရူပဿ မုဒုတာရုပ်) (မုဒုတာရုပ်မှ တစ်ပါးသော ဗာဟိရရုပ်များ)။

(အဇ္ဈတ္တိက န ရူပဿ ကမ္မညတာတိက်)

၇ (က)။ ။ အကြင်အတွင်းသန္တာန်၌ ဖြစ်သော ‘အဇ္ဈတ္တိက'ရုပ်သည် ရှိ၏၊ ထိုရုပ်သည် ရုပ်၏ ခံ့မှု (အမှုကိစ္စတို့၌ ပြီးမြောက်အောင် လိုက်လျောဆောင်ရွက်နိုင်မှု) ‘ရူပဿ ကမ္မညတာ'မမည်သော ရုပ်ဖြစ်၏ (အဇ္ဈတ္တိက န ရူပဿ ကမ္မညတာရုပ်) (ပသာဒရုပ် ငါးခု)။

(ခ)။ ။ အကြင်အပသန္တာန်၌ ဖြစ်သော ‘ဗာဟိရ'ရုပ်သည် ရှိ၏၊ ထိုရုပ်သည် ရုပ်၏ ခံ့မှု (အမှုကိစ္စတို့၌ ပြီးမြောက်အောင် လိုက်လျောဆောင်ရွက်နိုင်မှု) ‘ရူပဿ ကမ္မညတာ’မည်သော ရုပ်လည်း ရှိ၏ (ဗာဟိရ ရူပဿ ကမ္မညတာရုပ်) (ကမ္မညတာရုပ်)။

(ဂ)။ ။ ရုပ်၏ ခံ့မှု (အမှုကိစ္စတို့၌ ပြီးမြောက်အောင် လိုက်လျောဆောင်ရွက်နိုင်မှု) ‘ရူပဿ ကမ္မညတာ'မမည်သော ရုပ်လည်း ရှိ၏ (ဗာဟိရ န ရူပဿ ကမ္မညတာရုပ်) (ကမ္မညတာရုပ်မှ့တစ်ပါးသော ဗာဟိရရုပ်များ)။

--

(အဇ္ဈတ္တိက န ရူပဿ ဥပစယတိက်)

၈ (က)။ ။ အကြင်အတွင်းသန္တာန်၌ ဖြစ်သော ‘အဇ္ဈတ္တိက'ရုပ်သည် ရှိ၏၊ ထိုရုပ်သည် ရုပ်၏ ဖြစ်စရုပ် (ဦးစွာအစဖြစ်ပေါ်သောရုပ်) ‘ရူပဿ ဥပစယ'မမည်သော ရုပ်ဖြစ်၏ (အဇ္ဈတ္တိက န ရူပဿ ဥပစယရုပ်) (ပသာဒရုပ် ငါးခု)။

(ခ)။ ။ အကြင်အပသန္တာန်၌ ဖြစ်သော ‘ဗာဟိရ'ရုပ်သည် ရှိ၏၊ ထိုရုပ်သည် ရုပ်၏ ဖြစ်စရုပ် (ဦးစွာအစဖြစ်ပေါ်သောရုပ်) ‘ရူပဿ ဥပစယ’မည်သော ရုပ်လည်း ရှိ၏ (ဗာဟိရ ရူပဿ ဥပစယရုပ်) (ဥပစယရုပ်)။

(ဂ)။ ။ ရုပ်၏ ဖြစ်စရုပ် (ဦးစွာအစဖြစ်ပေါ်သောရုပ်) ‘ရူပဿ ဥပစယ'မမည်သော ရုပ် လည်း ရှိ၏ (ဗာဟိရ န ရူပဿ ဥပစယရုပ်) (ရူပဿ ဥပစယမှ တစ်ပါးသော ဗာဟိရရုပ်များ)။

(အဇ္ဈတ္တိက န ရူပဿ သန္တတိတိက်)

၉ (က)။ ။ အကြင်အတွင်းသန္တာန်၌ ဖြစ်သော ‘အဇ္ဈတ္တိက'ရုပ်သည် ရှိ၏၊ ထိုရုပ်သည် ရုပ်၏ ကြီးပွားဆဲအစဉ် ‘ရူပဿ သန္တတိ'မမည်သော ရုပ်ဖြစ်၏ (အဇ္ဈတ္တိက န ရူပဿ သန္တတိရုပ်) (ပသာဒရုပ် ငါးခု)။

(ခ)။ ။ အကြင်အပသန္တာန်၌ ဖြစ်သော ‘ဗာဟိရ'ရုပ်သည် ရှိ၏၊ ထိုရုပ်သည် ရုပ်၏ ကြီးပွားဆဲ အစဉ် ‘ရူပဿ သန္တတိ’မည်သော ရုပ်လည်း ရှိ၏ (ဗာဟိရ ရူပဿ သန္တတိရုပ်) (သန္တတိရုပ်)။

(ဂ)။ ။ ရုပ်၏ ကြီးပွားဆဲအစဉ် ‘ရူပဿ သန္တတိ'မမည်သော ရုပ်လည်း ရှိ၏ (ဗာဟိရ န ရူပဿ သန္တတိရုပ်) (ရူပဿ သန္တတိမှ တစ်ပါးသော ဗာဟိရရုပ်များ)။

(အဇ္ဈတ္တိက န ရူပဿ ဇရတာတိက်)

၁၀ (က)။ ။ အကြင်အတွင်းသန္တာန်၌ ဖြစ်သော ‘အဇ္ဈတ္တိက'ရုပ်သည် ရှိ၏၊ ထိုရုပ်သည် ရုပ်၏ အိုမှု, ရင့်ရော်ဆွေးမြေ့မှု ‘ရူပဿ ဇရတာ'မမည်သော ရုပ်ဖြစ်၏ (အဇ္ဈတ္တိက န ရူပဿ ဇရတာရုပ်) (ပသာဒရုပ် ငါးခု)။

(ခ)။ ။ အကြင်အပသန္တာန်၌ ဖြစ်သော ‘ဗာဟိရ'ရုပ်သည် ရှိ၏၊ ထိုရုပ်သည် ရုပ်၏ အိုမှု, ရင့်ရော်ဆွေးမြေ့မှု ‘ရူပဿ ဇရတာ’မည်သော ရုပ်လည်း ရှိ၏ (ဗာဟိရ ရူပဿ ဇရတာရုပ်) (ဇရတာရုပ်)။

--

(ဂ)။ ။ ရုပ်၏ အိုမှု, ရင့်ရော်ဆွေးမြေ့မှု ‘ရူပဿ ဇရတာ'မမည်သော ရုပ်လည်း ရှိ၏ (ဗာဟိရ န ရူပဿ ဇရတာရုပ်) (ရူပဿ ဇရတာမှ တစ်ပါးသော ဗာဟိရ ရုပ်များ)။

(အဇ္ဈတ္တိက န ရူပဿ အနိစ္စတာတိက်)

၁၁ (က)။ ။ အကြင်အတွင်းသန္တာန်၌ ဖြစ်သော ‘အဇ္ဈတ္တိက'ရုပ်သည် ရှိ၏၊ ထိုရုပ်သည် ရုပ်၏ (ချုပ်ပျက်၍) မမြဲမှု ‘ရူပဿ အနိစ္စတာ'မမည်သော ရုပ်ဖြစ်၏ (အဇ္ဈတ္တိက န ရူပဿ အနိစ္စတာရုပ်) (ပသာဒရုပ် ငါးခု)။

(ခ)။ ။ အကြင်အပသန္တာန်၌ ဖြစ်သော ‘ဗာဟိရ'ရုပ်သည် ရှိ၏၊ ထိုရုပ်သည် ရုပ်၏ (ချုပ်ပျက်၍) မမြဲမှု ‘ရူပဿ အနိစ္စတာ’မည်သော ရုပ်လည်း ရှိ၏ (ဗာဟိရ ရူပဿ အနိစ္စတာရုပ်) (အနိစ္စတာရုပ်)။

(ဂ)။ ။ ရုပ်၏ (ချုပ်ပျက်၍) မမြဲမှု ‘ရူပဿ အနိစ္စတာ'မမည်သော ရုပ်လည်း ရှိ၏ (ဗာဟိရ န ရူပဿ အနိစ္စတာရုပ်) (ရူပဿ အနိစ္စတာမှ တစ်ပါးသော ဗာဟိရ ရုပ်များ)၂။

၂။ ပကိဏ္ဏကတိကနည်း အမှတ် ၄-မှစ၍ သုခုမတိကနည်း အမှတ် ၁၁-အထိ ဝိဘင်းပါဠိတော်၌ ပေယျာလ ချန်ထားခဲ့သည်ကို ဤမြန်မာပြန်၌ သုတေသီတို့ အကျိုးငှါ ထည့်သွင်း ဖော်ပြလိုက်ပါသည်။

(အဇ္ဈတ္တိက န ကဗဠီကာရအာဟာရတိက်)

၁၂ (က)။ ။ အကြင်အတွင်းသန္တာန်၌ ဖြစ်သော ‘အဇ္ဈတ္တိက'ရုပ်သည် ရှိ၏၊ ထိုရုပ်သည် အလုတ် အလွေးပြုအပ်သော အစားအစာ ‘ကဗဠီကာရ အာဟာရ'မမည်သော ရုပ်ဖြစ်၏ (အဇ္ဈတ္တိက န ကဗဠီကာရ အာဟာရရုပ်) (ပသာဒရုပ် ငါးခု)။

(ခ)။ ။ အကြင်အပသန္တာန်၌ ဖြစ်သော ‘ဗာဟိရ'ရုပ်သည် ရှိ၏၊ ထိုရုပ်သည် အလုတ် အလွေးပြုအပ်သော အစားအစာ ‘ကဗဠီကာရ အာဟာရ’မည်သော ရုပ်လည်း ရှိ၏ (ဗာဟိရ ကဗဠီကာရ အာဟာရရုပ်) (ကဗဠီကာရ အာဟာရရုပ်)။

(ဂ)။ ။ အလုတ်အလွေးပြုအပ်သော အစားအစာ ‘ကဗဠီကာရ အာဟာရ'မမည်သော ရုပ်လည်း ရှိ၏ (ဗာဟိရ န ကဗဠီကာရ အာဟာရရုပ်) (ကဗဠီကာရ အာဟာရမှ တစ်ပါးသော ဗာဟိရရုပ်များ)။

သုခုမတိကနည်း ၁၂-ပါး ပြီး၏။

--

ဤသို့ သုံးပါးစီပြားသော နည်းအားဖြင့် ရူပက္ခန္ဓာသည် (၁၀၃-ပါး) ဖြစ်၏။

၁။ ပကိဏ္ဏကတိကနည်း ၁၃-ပါး

၂။ ဝတ္ထုတိကနည်း ၂၅-ပါး

၃။ အာရမ္မဏတိကနည်း ၂၅-ပါး

၄။ အာယတနတိကနည်း ၁၀-ပါး

၅။ ဓာတုတိကနည်း ၁၀-ပါး

၆။ ဣန္ဒြိယတိကနည်း ၈-ပါး

၇။ သုခုမတိကနည်း ၁၂-ပါး

တိကနည်း ၁၀၃-ပါး ပြီး၏။

--

စတုက္ကနည်း ၂၂-ပါး

(လေးပါးစီပြားသော နည်းအားဖြင့် ဟောကြားသော စတုက္ကနည်း ၂၂-ပါး)

လေးပါးစီပြားသော နည်းအားဖြင့် ရူပက္ခန္ဓာသည် (၂၂-ပါး) ဖြစ်၏။

(ဥပါဒါဥပါဒိန္နစတုက္က)

၁ (က)။ ။ အကြင်မှီတတ်သော ‘ဥပါဒါ'ရုပ်သည် ရှိ၏၊ ထိုရုပ်သည် တဏှာဒိဋ္ဌိတို့သည် ကပ်အပ်သောကံသည် (တဏှာဒိဋ္ဌိတို့၏ အာရုံဖြစ်သောကံသည်) အကျိုး၏ အဖြစ် ဖြင့် ယူအပ်သော (တဏှာဒိဋ္ဌိတို့၏ အာရုံဖြစ်သည့် ကံကြောင့်ဖြစ်သော) ‘ဥပါဒိန္န'ရုပ် (ကမ္မဇရုပ်) လည်း ရှိ၏ (ဥပါဒါဥပါဒိန္နရုပ်) (ကမ္မဇဥပါဒါရုပ်)။

(ခ)။ ။ တဏှာဒိဋ္ဌိတို့သည် ကပ်အပ်သောကံသည် အကျိုး၏အဖြစ်ဖြင့် မယူအပ်သော (တဏှာဒိဋ္ဌိတို့၏ အာရုံဖြစ်သည့် ကံကြောင့် မဖြစ်သော) ‘အနုပါဒိန္န'ရုပ် (ကမ္မဇရုပ် မဟုတ်သောရုပ်) လည်း ရှိ၏ (ဥပါဒါအနုပါဒိန္နရုပ်) (စိတ္တဇ, ဥတုဇ, အာဟာရဇ ဥပါဒါရုပ်)။

(ဂ)။ ။ မဟာဘုတ်ကို မမှီတတ်သော အကြင် ‘နော ဥပါဒါ'ရုပ်သည် ရှိ၏၊ ထိုရုပ်သည့်တဏှာဒိဋ္ဌိတို့သည် ကပ်အပ်သော ကံသည် အကျိုး၏ အဖြစ်ဖြင့် ယူအပ်သော (တဏှာဒိဋ္ဌိတို့၏ အာရုံဖြစ်သည့် ကံ၏ အကျိုးဖြစ်သော) ‘ဥပါဒိန္န'ရုပ် (ကမ္မဇရုပ်) လည်း ရှိ၏ (နော ဥပါဒါဥပါဒိန္နရုပ်) (ကမ္မဇ မဟာဘုတ်ရုပ်)။

(ဃ)။ ။ တဏှာဒိဋ္ဌိတို့သည် ကပ်အပ်သော ကံသည် အကျိုး၏အဖြစ်ဖြင့် မယူအပ်သော (တဏှာဒိဋ္ဌိတို့၏ အာရုံဖြစ်သည့် ကံကြောင့် မဖြစ်သော) ‘အနုပါဒိန္န'ရုပ် (ကမ္မဇရုပ် မဟုတ်သော ရုပ်) လည်း ရှိ၏ (နော ဥပါဒါအနုပါဒိန္နရုပ်) (တိဇ မဟာဘုတ်ရုပ်)။

(ဥပါဒါဥပါဒိန္နုပါဒါနိယ စတုက္က)

၂ (က)။ ။ အကြင်မှီတတ်သော ‘ဥပါဒါ'ရုပ်သည် ရှိ၏၊ ထိုရုပ်သည် တဏှာဒိဋ္ဌိတို့သည် ကပ် အပ်သော ကံသည် အကျိုး၏အဖြစ်ဖြင့် ယူအပ်၍ (တဏှာဒိဋ္ဌိတို့၏ အာရုံဖြစ်သည့် ကံကြောင့်လည်းဖြစ်၍) (ကမ္မဇရုပ်လည်းဖြစ်၍) လွန်စွာ စွဲလမ်းတတ်သော ‘ဥပါဒါန်'တရားတို့၏ အာရုံလည်းဖြစ်သော ‘ဥပါဒိန္နုပါဒါနိယ'ရုပ်လည်း ရှိ၏ (ဥပါဒါဥပါဒိန္နုပါဒါနိယရုပ်) (ကမ္မဇဥပါဒါရုပ်)။

--

(ခ)။ ။ တဏှာဒိဋ္ဌိတို့သည် ကပ်အပ်သောကံသည် အကျိုး၏အဖြစ်ဖြင့် မယူအပ်မူ၍ (တဏှာ ဒိဋ္ဌိတို့၏ အာရုံဖြစ်သည့် ကံကြောင့် မဖြစ်မူ၍) (ကမ္မဇရုပ် မဟုတ်မူ၍) လွန်စွာ စွဲလမ်းတတ်သော ‘ဥပါဒါန်'တရားတို့၏ အာရုံသာဖြစ်သော ‘အနုပါဒိန္နုပါဒါနိယ'ရုပ်လည်း ရှိ၏ (ဥပါဒါအနုပါဒိန္နုပါဒါနိယရုပ်) (တိဇဥပါဒါရုပ်)။

(ဂ)။ ။ အကြင်မမှီတတ်သော ‘နော ဥပါဒါ'ရုပ်သည် ရှိ၏၊ ထိုရုပ်သည် တဏှာဒိဋ္ဌိတို့သည် ကပ်အပ်သော ကံသည် အကျိုး၏အဖြစ်ဖြင့်လည်း ယူအပ်၍ (တဏှာဒိဋ္ဌိတို့၏ အာရုံ ဖြစ်သည့် ကံကြောင့်လည်း ဖြစ်၍) (ကမ္မဇရုပ်လည်းဖြစ်၍) လွန်စွာ စွဲလမ်းတတ် သော ‘ဥပါဒါန်'တရားတို့၏ အာရုံလည်းဖြစ်သော ‘ဥပါဒိန္နုပါဒါနိယ'ရုပ်လည်း ရှိ၏ (နော ဥပါဒါဥပါဒိန္နု ပါဒါနိယရုပ်) (ကမ္မဇ မဟာဘူတရုပ်)။

(ဃ)။ ။ တဏှာဒိဋ္ဌိတို့သည် ကပ်အပ်သော ကံသည် အကျိုး၏အဖြစ်ဖြင့် မယူအပ်မူ၍ (တဏှာဒိဋ္ဌိတို့၏ အာရုံဖြစ်သည့် ကံကြောင့် မဖြစ်မူ၍) ‘ဥပါဒါန်'တရားတို့၏ အာရုံသာဖြစ်သော ‘အနုပါဒိန္နုပါဒါနိယ'ရုပ်လည်း ရှိ၏ (နော ဥပါဒါအနုပါဒိန္နု ပါဒါနိယရုပ်) (တိဇ မဟာဘုတ်ရုပ်)။

(ဥပါဒါသပ္ပဋိဃစတုက္က)

၃ (က)။ ။ အကြင်မှီတတ်သော ‘ဥပါဒါ'ရုပ်သည် ရှိ၏၊ ထိုရုပ်သည် ထိပါးခြင်းနှင့် တကွ ဖြစ်သော (ထိပါးတတ်သော သဘောရှိသော) ‘သပ္ပဋိဃ'ရုပ်လည်းရှိ၏ (ဥပါဒါသပ္ပဋိဃရုပ်) (ဩဠာရိက ဥပါဒါရုပ်) (ပသာဒရုပ် ၅-ပါး၊ ရူပ, သဒ္ဒ, ဂန္ဓ, ရသ အာရုံ ၄-ပါး)။

(ခ)။ ။ ထိပါးခြင်းနှင့်တကွမဖြစ်သော (ထိပါးတတ်သော သဘောမရှိသော) ‘အပ္ပဋိဃ'ရုပ် လည်း ရှိ၏ (ဥပါဒါအပ္ပဋိဃရုပ်) (သုခုမ ဥပါဒါရုပ်) (အာပေါကြဉ်သော သုခုမရုပ် ၁၅-ပါး)။

(ဂ)။ ။ အကြင်မမှီတတ်သော ‘နော ဥပါဒါ'ရုပ်သည် ရှိ၏၊ ထိုရုပ်သည် ထိပါးခြင်းနှင့် တကွ ဖြစ်သော (ထိပါးတတ်သော သဘောရှိသော) ‘သပ္ပဋိဃ'ရုပ်လည်းရှိ၏ (နော ဥပါဒါသပ္ပဋိဃရုပ်) (ဩဠာရိက မဟာဘုတ်ရုပ်) (ပထဝီ, တေဇော, ဝါယော၊ ဖောဋ္ဌဗ္ဗာရုံ)။

(ဃ)။ ။ ထိပါးခြင်းနှင့် တကွမဖြစ်သော (ထိပါးတတ်သော သဘောမရှိသော) ‘အပ္ပဋိဃ'ရုပ်လည်း ရှိ၏ (နော ဥပါဒါအပ္ပဋိဃရုပ်) (သုခုမ မဟာဘုတ်ရုပ်) (အာပေါရုပ်)။

--

(ဥပါဒါဩဠာရိကစတုက္က)

၄ (က)။ ။ အကြင်မှီတတ်သော ‘ဥပါဒါ'ရုပ်သည် ရှိ၏၊ ထိုရုပ်သည် ကြမ်းတမ်းသော ‘ဩဠာရိက'ရုပ်လည်း ရှိ၏ (ဥပါဒါဩဠာရိကရုပ်) (ပသာဒရုပ် ၅-ပါး၊ ဖောဋ္ဌဗ္ဗကြဉ်သော ဂေါစရ ရုပ် ၄-ပါး)။

(ခ)။ ။ သိမ်မွေ့သော ‘သုခုမ'ရုပ်လည်း ရှိ၏ (ဥပါဒါသုခုမရုပ်) (အာပေါကြဉ်သော သုခုမရုပ့်၁၅-ပါး)။

(ဂ)။ ။ အကြင်မမှီတတ်သော ‘နော ဥပါဒါ'ရုပ်သည် ရှိ၏၊ ထိုရုပ်သည် ကြမ်းတမ်းသော ‘ဩဠာရိက'ရုပ်လည်း ရှိ၏ (နော ဥပါဒါဩဠာရိကရုပ်) (ဩဠာရိက မဟာဘုတ်ရုပ်) (ပထဝီ, တေဇော, ဝါယော)။

(ဃ)။ ။ သိမ်မွေ့သော ‘သုခုမ'ရုပ်လည်း ရှိ၏ (နော ဥပါဒါသုခုမရုပ်) (သုခုမ မဟာဘုတ်ရုပ်) (အာပေါရုပ်)။

(ဥပါဒါဒူရေစတုက္က)

၅ (က)။ ။ အကြင်မှီတတ်သော ‘ဥပါဒါ'ရုပ်သည် ရှိ၏၊ ထိုရုပ်သည် ဝေးသော (အသိခက်သော) ‘ဒူရေ'ရုပ်လည်း ရှိ၏ (ဥပါဒါဒူရေရုပ်) (သုခုမ ဥပါဒါရုပ်) (အာပေါကြဉ်သော သုခုမရုပ် ၁၅-ပါး)။

(ခ)။ ။ နီးကပ်သော (သိလွယ်သော) ‘သန္တိကေ'ရုပ်လည်း ရှိ၏ (ဥပါဒါသန္တိကေရုပ်) (ဩဠာရိက ဥပါဒါရုပ်) (ပသာဒရုပ် ၅-ပါး၊ ဖောဋ္ဌဗ္ဗကြဉ်သော ဂေါစရရုပ် ၄-ပါး)။

(ဂ)။ ။ အကြင်မမှီတတ်သော ‘နော ဥပါဒါ'ရုပ်သည် ရှိ၏၊ ထိုရုပ်သည် ဝေးသော (အသိခက်သော) ‘ဒူရေ'ရုပ်လည်း ရှိ၏ (နော ဥပါဒါဒူရေရုပ်) (သုခုမ မဟာဘုတ်ရုပ်) (အာပေါရုပ်)။

(ဃ)။ ။ နီးကပ်သော (သိလွယ်သော) ‘သန္တိကေ'ရုပ်လည်း ရှိ၏ (နော ဥပါဒါသန္တိကေရုပ်) (ဩဠာရိက မဟာဘုတ်ရုပ်) (ပထဝီ, တေဇော, ဝါယော)။

--

(ဥပါဒိဏ္ဏ သနိဒဿနစတုက္က)၁

၆ (က)။ ။ အကြင်တဏှာဒိဋ္ဌိတို့သည် ကပ်အပ်သောကံသည် (တဏှာဒိဋ္ဌိတို့၏ အာရုံဖြစ်သော ကံသည်) အကျိုး၏ အဖြစ်ဖြင့် ယူအပ်သော (တဏှာဒိဋ္ဌိတို့၏ အာရုံဖြစ်သည့် ကံကြောင့်ဖြစ်သော) ‘ဥပါဒိန္န'ရုပ် (ကမ္မဇရုပ်) သည် ရှိ၏၊ ထိုရုပ်သည် မြင်ခြင်းနှင့် တကွဖြစ်သော (မြင်အပ်သော) ‘သနိဒဿန'ရုပ်လည်း ရှိ၏ (ဥပါဒိန္န သနိဒဿနရုပ်)၂ (ရူပါရုံဟူသော မြင်အပ်သည့် ကမ္မဇရုပ်)။

(ခ)။ ။ မြင်ခြင်းနှင့် တကွ မဖြစ်သော (မမြင်အပ်သော) ‘အနိဒဿန'ရုပ်လည်းရှိ၏ (ဥပါဒိန္န အနိဒဿန ရုပ်) (မမြင်အပ်သော ကမ္မဇရုပ်များ)။

(ဂ)။ ။ အကြင်တဏှာဒိဋ္ဌိတို့သည် ကပ်အပ်သော ကံသည် အကျိုး၏အဖြစ်ဖြင့်လည်း မယူအပ်သော (တဏှာဒိဋ္ဌိတို့၏အာရုံဖြစ်သည့် ကံကြောင့် မဖြစ်သော) ‘အနုပါဒိန္န'ရုပ် (ကမ္မဇရုပ် မဟုတ်သောရုပ်) သည် ရှိ၏၊ ထိုရုပ်သည် မြင်ခြင်းနှင့် တကွ ဖြစ်သော (မြင်အပ်သော) ‘သနိဒဿန'ရုပ်လည်း ရှိ၏ (အနုပါဒိန္န သနိဒဿန ရုပ်) (သနိဒဿန တိဇရူပါရုံ)။

(ဃ)။ ။ မြင်ခြင်းနှင့် တကွ မဖြစ်သော (မမြင်အပ်သော) ‘အနိဒဿန'ရုပ်လည်းရှိ၏ (အနုပါဒိန္န အနိဒဿနရုပ်) (အနိဒဿန တိဇရုပ်)။

(ဥပါဒိန္န သပ္ပဋိဃစတုက္က)

၇ (က)။ ။ အကြင်တဏှာဒိဋ္ဌိတို့သည် ကပ်အပ်သော ကံသည် (တဏှာဒိဋ္ဌိတို့၏ အာရုံဖြစ်သော ကံသည်) အကျိုး၏အဖြစ်ဖြင့် ယူအပ်သော (တဏှာဒိဋ္ဌိတို့၏ အာရုံဖြစ်သည့် ကံ၏ အကျိုးဖြစ်သော) ‘ဥပါဒိန္န'ရုပ် (ကမ္မဇရုပ်) သည် ရှိ၏၊ ထိုရုပ်သည် ထိပါးခြင်းနှင့် တကွဖြစ်သော (ထိပါးတတ်သော သဘောရှိသော) ‘သပ္ပဋိဃ'ရုပ်လည်းရှိ၏ (ဥပါဒိန္န သပ္ပဋိဃရုပ်) (ကမ္မဇဩဠာရိကရုပ်)။

(ခ)။ ။ ထိပါးခြင်းနှင့် တကွ မဖြစ်သော (ထိပါးတတ်သော သဘောမရှိသော) ‘အပ္ပဋိဃ'ရုပ်လည်း ရှိ၏ (ဥပါဒိန္န အပ္ပဋိဃရုပ်) (ကမ္မဇသုခုမရုပ်)။

(ဂ)။ ။ အကြင် တဏှာဒိဋ္ဌိတို့သည် ကပ်အပ်သော ကံသည် အကျိုး၏အဖြစ်ဖြင့် မယူအပ် သော (တဏှာဒိဋ္ဌိတို့၏ အာရုံဖြစ်သည့်ကံကြောင့် မဖြစ်သော) ‘အနုပါဒိန္န'ရုပ် (ကမ္မဇရုပ်မဟုတ်သော ရုပ်) သည် ရှိ၏၊ ထိုရုပ်သည် ထိပါးခြင်းနှင့် တကွဖြစ်သော (ထိပါးတတ်သော) ‘သပ္ပဋိဃ'ရုပ်လည်း ရှိ၏ (အနုပါဒိန္န သပ္ပဋိဃရုပ်) (ရူပ, သဒ္ဒ, ဂန္ဓ, ရသ, ဖောဋ္ဌဗ္ဗရုပ်)။

(ဃ)။ ။ ထိပါးခြင်းနှင့် တကွမဖြစ်သော (ထိပါးတတ်သော သဘောမရှိသော) ‘အပ္ပဋိဃ'ရုပ် လည်း ရှိ၏ (အနုပါဒိန္န အပ္ပဋိဃရုပ်) (တိဇသုခုမရုပ်)။

--

(ဥပါဒိန္န မဟာဘူတစတုက္က)

၈ (က)။ ။ အကြင်တဏှာဒိဋ္ဌိတို့သည် ကပ်အပ်သော ကံသည် (တဏှာဒိဋ္ဌိတို့၏ အာရုံဖြစ်သော ကံသည်) အကျိုး၏အဖြစ်ဖြင့် ယူအပ်သော (တဏှာဒိဋ္ဌိတို့၏ အာရုံဖြစ်သည့် ကံကြောင့်ဖြစ်သော) ‘ဥပါဒိန္န'ရုပ် (ကမ္မဇရုပ်) သည် ရှိ၏၊ ထိုရုပ်သည် ကြီးကျယ် ထင်ရှားသော ‘မဟာဘုတ်'ရုပ်လည်း ရှိ၏ (ဥပါဒိန္နမဟာဘုတ်ရုပ်) (ကမ္မဇ မဟာဘုတ်ရုပ်)။

(ခ)။ ။ ကြီးကျယ်ထင်ရှားသည် မဟုတ်သော ‘န မဟာဘူတ'ရုပ်လည်း ရှိ၏ (ဥပါဒိန္န န မဟာဘူတရုပ်) (ကမ္မဇဥပါဒါရုပ်)။

(ဂ)။ ။ အကြင် တဏှာဒိဋ္ဌိတို့သည် ကပ်အပ်သော ကံသည် အကျိုး၏အဖြစ်ဖြင့် မယူအပ် သော (တဏှာဒိဋ္ဌိတို့၏ အာရုံဖြစ်သည့် ကံကြောင့်မဖြစ်သော) ‘အနုပါဒိန္န'ရုပ် (ကမ္မဇရုပ်မဟုတ်သောရုပ်) သည် ရှိ၏၊ ထိုရုပ်သည် ကြီးကျယ်ထင်ရှားသော ‘မဟာဘုတ်'ရုပ်လည်း ရှိ၏ (အနုပါဒိန္န မဟာဘုတ်ရုပ်) (ကမ္မဇရုပ် မဟုတ်သော တိဇမဟာဘုတ်ရုပ်)။

(ဃ)။ ။ ကြီးကျယ်ထင်ရှားသည် မဟုတ်သော ‘န မဟာဘူတ'ရုပ်လည်း ရှိ၏ (အနုပါဒိန္န န မဟာဘူတရုပ်) (ကမ္မဇရုပ်မဟုတ်သော တိဇဥပါဒါရုပ်)။

(ဥပါဒိန္န ဩဠာရိကစတုက္က)

၉ (က)။ ။ အကြင်တဏှာဒိဋ္ဌိတို့သည် ကပ်အပ်သော ကံသည် (တဏှာဒိဋ္ဌိတို့၏ အာရုံဖြစ်သော ကံသည်) အကျိုး၏အဖြစ်ဖြင့် ယူအပ်သော (တဏှာဒိဋ္ဌိတို့၏ အာရုံဖြစ်သည့် ကံ ကြောင့်ဖြစ်သော) ‘ဥပါဒိန္န'ရုပ် (ကမ္မဇရုပ်) သည် ရှိ၏၊ ထိုရုပ်သည် ကြမ်းတမ်း သော ‘ဩဠာရိက'ရုပ်လည်း ရှိ၏ (ဥပါဒိန္န ဩဠာရိကရုပ်) (ကမ္မဇဩဠာရိကရုပ်)။

(ခ)။ ။ သိမ်မွေ့သော ‘သုခုမ'ရုပ်လည်း ရှိ၏ (ဥပါဒိန္န သုခုမရုပ်) (ကမ္မဇသုခုမရုပ်)။

(ဂ)။ ။ အကြင်တဏှာဒိဋ္ဌိတို့သည် ကပ်အပ်သော ကံသည် အကျိုး၏အဖြစ်ဖြင့် မယူအပ် သော (တဏှာဒိဋ္ဌိတို့၏ အာရုံဖြစ်သည့် ကံကြောင့် မဖြစ်သော) ‘အနုပါဒိန္န'ရုပ် (ကမ္မဇရုပ်မဟုတ်သောရုပ်) သည် ရှိ၏၊ ထိုရုပ်သည် ကြမ်းတမ်းသော ‘ဩဠာရိက'ရုပ်လည်း ရှိ၏ (အနုပါဒိန္န ဩဠာရိကရုပ်) (ကမ္မဇရုပ် မဟုတ်သော တိဇဩဠာရိက ရုပ်)။

(ဃ)။ ။ သိမ်မွေ့သော ‘သုခုမ'ရုပ်လည်း ရှိ၏ (အနုပါဒိန္နသုခုမရုပ်) (တိဇသုခုမရုပ်)။

--

(ဥပါဒိန္န ဒူရေစတုက္က)

၁၀ (က)။ အကြင်တဏှာဒိဋ္ဌိတို့သည် ကပ်အပ်သော ကံသည် အကျိုး၏ အဖြစ်ဖြင့် ယူအပ် သော (တဏှာဒိဋ္ဌိတို့၏ အာရုံဖြစ်သည့် ကံကြောင့်ဖြစ်သော) ‘ဥပါဒိန္န'ရုပ် (ကမ္မဇရုပ်) သည် ရှိ၏၊ ထိုရုပ်သည် ဝေးကွာသော (အသိခက်သော) ‘ဒူရေ'ရုပ် လည်း ရှိ၏ (ဥပါဒိန္န ဒူရေရုပ်) (ကမ္မဇသုခုမရုပ်)။

(ခ)။ ။ နီးကပ်သော (သိလွယ်သော) ‘သန္တိကေ'ရုပ်လည်း ရှိ၏ (ဥပါဒိန္န သန္တိကေရုပ်) (ကမ္မဇ ဩဠာရိကရုပ်)။

(ဂ)။ ။ အကြင်တဏှာဒိဋ္ဌိတို့သည် ကပ်အပ်သော ကံသည် အကျိုး၏ အဖြစ်ဖြင့် မယူအပ် သော (တဏှာဒိဋ္ဌိတို့၏အာရုံဖြစ်သည့် ကံကြောင့် မဖြစ်သော) ‘အနုပါဒိန္န'ရုပ် (ကမ္မဇရုပ်မဟုတ်သောရုပ်) သည် ရှိ၏၊ ထိုရုပ်သည် ဝေးကွာသော (အသိခက်သော) ‘ဒူရေ'ရုပ်လည်း ရှိ၏ (အနုပါဒိန္န ဒူရေရုပ်) (တိဇသုခုမရုပ်)။

(ဃ)။ ။ နီးကပ်သော (သိလွယ်သော) ‘သန္တိကေ'ရုပ်လည်း ရှိ၏ (အနုပါဒိန္န သန္တိကေရုပ်) (ကမ္မဇရုပ် မဟုတ်သော တိဇဩဠာရိကရုပ်)။

(ဥပါဒိန္နုပါဒါနိယ သနိဒဿန စတုက္က)

၁၁ (က)။ ။ အကြင်တဏှာဒိဋ္ဌိတို့သည် ကပ်အပ်သော ကံသည် အကျိုး၏ အဖြစ်ဖြင့် ယူအပ်၍ (တဏှာဒိဋ္ဌိတို့၏ အာရုံဖြစ်သည့် ကံကြောင့် ဖြစ်၍) (ကမ္မဇရုပ်ဖြစ်၍) လွန်စွာ စွဲလမ်းတတ်သော ‘ဥပါဒါန်'တရား (တဏှာ, ဒိဋ္ဌိ) တို့၏ အာရုံလည်းဖြစ်သော ‘ဥပါဒိန္နုပါဒါနိယ'ရုပ်လည်း ရှိ၏၊ ထိုရုပ်သည် မြင်ခြင်းနှင့် တကွဖြစ်သော (မြင်အပ်သော) ‘သနိဒဿန'ရုပ်လည်း ရှိ၏ (ဥပါဒိန္နုပါဒါနိယ သနိဒဿနရုပ်) (ကမ္မဇရူပါရုံ)။

(ခ)။ ။ မြင်ခြင်းနှင့် တကွမဖြစ်သော (မမြင်အပ်သော) ‘အနိဒဿန'ရုပ်လည်းရှိ၏ (ဥပါဒိန္နု ပါဒါနိယ အနိဒဿနရုပ်) (ရူပါရုံမှ တစ်ပါးသော ကမ္မဇရုပ်များ)။

--

(ဂ)။ ။ အကြင်တဏှာဒိဋ္ဌိတို့ ကပ်အပ်သော ကံသည် အကျိုး၏အဖြစ်ဖြင့် မယူအပ်မူ၍ (တဏှာ ဒိဋ္ဌိတို့၏ အာရုံဖြစ်သည့် ကံကြောင့် မဖြစ်၍) (ကမ္မဇရုပ်မဟုတ်မူ၍) လွန်စွာ စွဲလမ်းတတ်သော ‘ဥပါဒါန်'တရားတို့၏ အာရုံသာ ဖြစ်သော ‘အနုပါဒိန္နုပါဒါနိယ'ရုပ်သည် ရှိ၏၊ ထိုရုပ်သည် မြင်ခြင်းနှင့် တကွဖြစ်သော (မြင်အပ်သော) ‘သနိဒဿန'ရုပ်လည်း ရှိ၏ (အနုပါဒိန္နုပါဒါနိယ သနိဒဿနရုပ်) (ကမ္မဇရုပ် မဟုတ်သော တိဇရူပါရုံ)။

(ဃ)။ ။ မြင်ခြင်းနှင့် တကွမဖြစ်သော (မမြင်အပ်သော) ‘အနိဒဿန'ရုပ်လည်းရှိ၏ (အနုပါဒိန္နု ပါဒါနိယ အနိဒဿနရုပ်) (ရူပါရုံမှ တစ်ပါးသော တိဇရုပ်များ)။

(ဥပါဒိန္နုပါဒါနိယ သပ္ပဋိဃစတုက္က)

၁၂ (က)။ ။ အကြင် တဏှာဒိဋ္ဌိတို့သည် ကပ်အပ်သော ကံသည် အကျိုး၏ အဖြစ်ဖြင့် ယူအပ်၍ (တဏှာဒိဋ္ဌိတို့၏ အာရုံဖြစ်သည့် ကံကြောင့်လည်း ဖြစ်၍) (ကမ္မဇရုပ်လည်းဖြစ်၍) လွန်စွာ စွဲလမ်းတတ်သော ‘ဥပါဒါန်'တရားတို့၏ အာရုံလည်းဖြစ်သော ‘ဥပါဒိန္နုပါဒါနိယ'ရုပ်သည် ရှိ၏၊ ထိုရုပ်သည် ထိပါးခြင်းနှင့် တကွဖြစ်သော (ထိပါးတတ်သော သဘောရှိသော) ‘သပ္ပဋိဃ'ရုပ်လည်း ရှိ၏ (ဥပါဒိန္နုပါဒါနိယ သပ္ပဋိဃရုပ်) (ကမ္မဇဩဠာရိကရုပ်)။

(ခ)။ ။ ထိပါးခြင်းနှင့် တကွမဖြစ်သော (ထိပါးတတ်သော သဘောမရှိသော) ‘အပ္ပဋိဃ'ရုပ်လည်း ရှိ၏ (ဥပါဒိန္နုပါဒါနိယ အပ္ပဋိဃရုပ်) (ကမ္မဇသုခုမရုပ်)။

(ဂ)။ ။ အကြင်တဏှာဒိဋ္ဌိတို့သည် ကပ်အပ်သောကံသည် အကျိုး၏အဖြစ်ဖြင့် မယူအပ်မူ၍ (တဏှာ ဒိဋ္ဌိတို့၏ အာရုံဖြစ်သည့် ကံကြောင့် မဖြစ်မူ၍) (ကမ္မဇရုပ်မဟုတ်မူ၍) လွန်စွာ စွဲလမ်းတတ်သော ‘ဥပါဒါန်'တရားတို့၏ အာရုံသာဖြစ်သော ‘အနုပါဒိန္နုပါဒါနိယ'ရုပ်သည် ရှိ၏၊ ထိုရုပ်သည် ထိပါးခြင်းနှင့် တကွဖြစ်သော (ထိပါးတတ်သော သဘောရှိသော) ‘သပ္ပဋိဃ'ရုပ်လည်း ရှိ၏ (အနုပါဒိန္နုပါဒါနိယ သပ္ပဋိဃရုပ်) (တိဇဩဠာရိကရုပ်)။

(ဃ)။ ။ ထိပါးခြင်းနှင့် တကွမဖြစ်သော (ထိပါးတတ်သော သဘောမရှိသော) ‘အပ္ပဋိဃ'ရုပ် လည်း ရှိ၏ (အနုပါဒိန္နုပါဒါနိယ အပ္ပဋိဃရုပ်) (တိဇသုခုမရုပ်)။

--

(ဥပါဒိန္နုပါဒါနိယ မဟာဘူတစတုက္က)

၁၃ (က)။ ။ အကြင်တဏှာဒိဋ္ဌိတို့သည် ကပ်အပ်သော ကံသည် အကျိုး၏ အဖြစ်ဖြင့် ယူအပ်၍ (တဏှာဒိဋ္ဌိတို့၏ အာရုံဖြစ်သည့် ကံကြောင့်လည်းဖြစ်၍) (ကမ္မဇရုပ်လည်းဖြစ်၍) လွန်စွာ စွဲလမ်းတတ်သော ‘ဥပါဒါန်'တရားတို့၏ အာရုံလည်းဖြစ်သော ‘ဥပါဒိန္နုပါဒါနိယ'ရုပ်သည် ရှိ၏၊ ထိုရုပ်သည် ကြီးကျယ်ထင်ရှားသော ‘မဟာဘူတ'ရုပ်လည်း ရှိ၏ (ဥပါဒိန္နုပါဒါနိယ မဟာဘူတရုပ်) (ကမ္မဇမဟာဘုတ်ရုပ်)။

(ခ)။ ။ ကြီးကျယ်ထင်ရှားသည် မဟုတ်သော ‘န မဟာဘူတ'ရုပ်လည်း ရှိ၏ (ဥပါဒိန္နုပါဒါနိယ န မဟာဘူတရုပ်) (ကမ္မဇဥပါဒါရုပ်)။

(ဂ)။ ။ အကြင်တဏှာဒိဋ္ဌိတို့သည် ကပ်အပ်သော ကံသည် အကျိုး၏ အဖြစ်ဖြင့် မယူအပ် မူ၍ (တဏှာဒိဋ္ဌိတို့၏ အာရုံဖြစ်သည့် ကံကြောင့် မဖြစ်မူ၍) (ကမ္မဇရုပ်မဟုတ်မူ၍) လွန်စွာ စွဲလမ်းတတ်သော ‘ဥပါဒါန်'တရားတို့၏ အာရုံသာဖြစ်သော ‘အနုပါဒိန္နုပါဒါနိယ'ရုပ်သည် ရှိ၏၊ ထိုရုပ်သည် ကြီးကျယ်ထင်ရှားသော ‘မဟာဘူတ'ရုပ်လည်း ရှိ၏ (အနုပါဒိန္နု ပါဒါနိယ မဟာဘူတရုပ်) (တိဇ မဟာဘုတ်ရုပ်)။

(ဃ)။ ။ ကြီးကျယ်ထင်ရှားသည် မဟုတ်သော ‘န မဟာဘူတ'ရုပ်လည်း ရှိ၏ (အနုပါဒိန္နုပါဒါနိယ န မဟာဘူတရုပ်) (တိဇဥပါဒါရုပ်)။

(ဥပါဒိန္နုပါဒါနိယ ဩဠာရိကစတုက္က)

၁၄ (က)။ ။ အကြင်တဏှာဒိဋ္ဌိတို့သည် ကပ်အပ်သော ကံသည် အကျိုး၏ အဖြစ်ဖြင့်လည်း ယူအပ်၍ (တဏှာဒိဋ္ဌိတို့၏ အာရုံဖြစ်သည့် ကံကြောင့်လည်းဖြစ်၍) (ကမ္မဇရုပ် လည်းဖြစ်၍) လွန်စွာ စွဲလမ်းတတ်သော ‘ဥပါဒါန်'တရား (တဏှာ, ဒိဋ္ဌိ) တို့၏ အာရုံလည်းဖြစ်သော ‘ဥပါဒိန္နု ပါဒါနိယ'ရုပ်သည် ရှိ၏၊ ထိုရုပ်သည် ကြမ်းတမ်း သော ‘ဩဠာရိက'ရုပ်လည်း ရှိ၏ (ဥပါဒိန္နုပါဒါနိယ ဩဠာရိကရုပ်) (ကမ္မဇ ဩဠာရိကရုပ်)။

(ခ)။ ။ သိမ်မွေ့သော ‘သုခုမ'ရုပ်လည်း ရှိ၏ (ဥပါဒိဏ္ဏုပါဒါနိယသုခုမရုပ်) (ကမ္မဇ သုခုမရုပ်)။

(ဂ)။ ။ အကြင်တဏှာဒိဋ္ဌိတို့သည် ကပ်အပ်သောကံသည် အကျိုး၏အဖြစ်ဖြင့် မယူအပ်မူ၍ (တဏှာဒိဋ္ဌိတို့၏ အာရုံဖြစ်သည့် ကံကြောင့် မဖြစ်မူ၍) (ကမ္မဇရုပ်မဟုတ်မူ၍) လွန်စွာ စွဲလမ်းတတ်သော ‘ဥပါဒါန်'တရားတို့၏ အာရုံသာဖြစ်သော ‘အနုပါဒိန္နုပါဒါနိယ'ရုပ်သည် ရှိ၏၊ ထိုရုပ်သည် ကြမ်းတမ်းသော ‘ဩဠာရိက'ရုပ်လည်း ရှိ၏ (အနုပါဒိန္နုပါဒါနိယ ဩဠာရိကရုပ်) (တိဇဩဠာရိကရုပ်)။

(ဃ)။ ။ သိမ်မွေ့သော ‘သုခုမ'ရုပ်လည်း ရှိ၏ (အနုပါဒိန္နုပါဒါနိယသုခုမရုပ်) (တိဇသုခုမ ရုပ်)။

--

(ဥပါဒိန္နုပါဒါနိယ ဒူရေစတုက္က)

၁၅ (က)။ ။ အကြင်တဏှာဒိဋ္ဌိတို့သည် ကပ်အပ်သော ကံသည် အကျိုး၏ အဖြစ်ဖြင့်လည်း ယူအပ်၍ (တဏှာဒိဋ္ဌိတို့၏ အာရုံဖြစ်သည့် ကံကြောင့်လည်း ဖြစ်၍) (ကမ္မဇရုပ် လည်းဖြစ်၍) လွန်စွာ စွဲလမ်းတတ်သော ‘ဥပါဒါန်'တရား (တဏှာ, ဒိဋ္ဌိ) တို့၏ အာရုံလည်းဖြစ်သော ‘ဥပါဒိန္နု ပါဒါနိယ'ရုပ်သည် ရှိ၏၊ ထိုဥပါဒိန္နုပါဒါနိယရုပ်သည် ဝေးကွာသော (အသိခက်သော) ‘ဒူရေ'ရုပ်လည်း ရှိ၏ (ဥပါဒိန္နုပါဒါနိယ ဒူရေရုပ်) (ကမ္မဇသုခုမရုပ်)။

(ခ)။ ။ နီးကပ်သော (သိလွယ်သော) ‘သန္တိကေ'ရုပ်လည်း ရှိ၏ (ဥပါဒိန္နုပါဒါနိယ သန္တိကေရုပ်) (ကမ္မဇဩဠာရိကရုပ်)။

(ဂ)။ ။ အကြင်တဏှာဒိဋ္ဌိတို့သည် ကပ်အပ်သောကံသည် အကျိုး၏အဖြစ်ဖြင့် မယူအပ်မူ၍ (တဏှာ ဒိဋ္ဌိတို့၏ အာရုံဖြစ်သည့် ကံကြောင့် မဖြစ်မူ၍) (ကမ္မဇရုပ်မဟုတ်မူ၍) လွန်စွာစွဲလမ်းတတ်သော ‘ဥပါဒါန်'တရားတို့၏ အာရုံသာဖြစ်သော ‘အနုပါဒိန္နု ပါဒါနိယ'ရုပ်သည် ရှိ၏၊ ထို (အနုပါဒိန္နုပါဒါနိယ) ရုပ်သည် ဝေးကွာသော (အသိခက် သော) ‘ဒူရေ'ရုပ်လည်း ရှိ၏ (အနုပါဒိန္နုပါဒါနိယ ဒူရေရုပ်) (တိဇသုခုမ ရုပ်)။

(ဃ)။ ။ နီးကပ်သော (သိလွယ်သော) ‘သန္တိကေ'ရုပ်လည်း ရှိ၏ (အနုပါဒိန္နုပါဒါနိယ သန္တိကေရုပ်) (တိဇဩဠာရိကရုပ်)။

(သပ္ပဋိဃ ဣန္ဒြိယစတုက္က)

၁၆ (က)။ ။ အကြင်ထိပါးခြင်းနှင့် တကွဖြစ်သော (ထိပါးတတ်သော သဘောရှိသော) ‘သပ္ပဋိဃ'ရုပ်သည် ရှိ၏၊ ထို (သပ္ပဋိဃ) ရုပ်သည် (မိမိဆိုင်ရာကိစ္စ၌) အစိုးရမှု ‘ဣန္ဒြေ’မည်သော ရုပ်လည်း ရှိ၏ (သပ္ပဋိဃ ဣန္ဒြိယရုပ်) (ဣန္ဒြိယ ဩဠာရိကရုပ်) (ပသာဒရုပ် ၅-ပါး)။

(ခ)။ ။ (မိမိဆိုင်ရာကိစ္စ၌) အစိုးရမှု ‘ဣန္ဒြေ'မမည်သော ‘န ဣန္ဒြိယ'ရုပ်လည်း ရှိ၏ (သပ္ပဋိဃ န ဣန္ဒြိယရုပ်) (အနိန္ဒြိယ ဩဠာရိကရုပ်) (ဝိသယရုပ် ၇-ပါး)။

(ဂ)။ ။ အကြင်ထိပါးခြင်းနှင့် တကွမဖြစ်သော (ထိပါးတတ်သော သဘောမရှိသော) ‘အပ္ပဋိဃ'ရုပ်သည် ရှိ၏၊ ထိုရုပ်သည် (မိမိဆိုင်ရာကိစ္စ၌) အစိုးရမှု ‘ဣန္ဒြေ’မည် သော ရုပ်လည်း ရှိ၏ (အပ္ပဋိဃ ဣန္ဒြိယရုပ်) (ဣန္ဒြိယ သုခုမရုပ်) (ဘာဝရုပ်၂-ပါး နှင့် ဇီဝိတိန္ဒြေရုပ်)။

(ဃ)။ ။ အစိုးရမှု ‘ဣန္ဒြေ'မမည်သော ‘န ဣန္ဒြိယ'ရုပ်လည်း ရှိ၏ (အပ္ပဋိဃ န ဣန္ဒြိယ ရုပ်) (အနိန္ဒြိယ သုခုမရုပ်)။

--

(သပ္ပဋိဃ မဟာဘူတစတုက္က)

၁၇ (က)။ ။ အကြင်ထိပါးခြင်းနှင့် တကွဖြစ်သော (ထိပါးတတ်သော သဘောရှိသော) ‘သပ္ပဋိဃ'ရုပ်သည် ရှိ၏၊ ထို (သပ္ပဋိဃ) ရုပ်သည် ကြီးကျယ်ထင်ရှားသော ‘မဟာဘုတ်'ရုပ် လည်း ရှိ၏ (သပ္ပဋိဃ မဟာဘူတရုပ်) (မဟာဘူတ ဩဠာရိက ရုပ်) (ပထဝီ, တေဇော, ဝါယော)။

(ခ)။ ။ ကြီးကျယ်ထင်ရှားသည်မဟုတ်သော ‘န မဟာဘူတ'ရုပ်လည်း ရှိ၏ (သပ္ပဋိဃ န မဟာဘူတရုပ်) (ဥပါဒါဩဠာရိကရုပ် ၉-ပါး) (ပသာဒရုပ် ၅-ပါး၊ ရူပ, သဒ္ဒ, ဂန္ဓ, ရသ အာရုံ ၄-ပါး)။

(ဂ)။ ။ အကြင်ထိပါးခြင်းနှင့် တကွမဖြစ်သော (ထိပါးတတ်သော သဘောမရှိသော) ‘အပ္ပဋိဃ'ရုပ်သည် ရှိ၏၊ ထို (အပ္ပဋိဃ) ရုပ်သည် ကြီးကျယ်ထင်ရှားသော ‘မဟာဘူတ'ရုပ်လည်း ရှိ၏ (အပ္ပဋိဃ မဟာဘူတရုပ်) (မဟာဘူတသုခုမရုပ်) (အာပေါဓါတ်)။

(ဃ)။ ။ ကြီးကျယ်ထင်ရှားသည် မဟုတ်သော ‘န မဟာဘူတ'ရုပ်လည်း ရှိ၏ (အပ္ပဋိဃ န မဟာဘူတရုပ်) (ဥပါဒါသုခုမရုပ်)။

(ဣန္ဒြိယ ဩဠာရိကစတုက္က)

၁၈ (က)။ ။ အကြင် (မိမိဆိုင်ရာကိစ္စ၌) အစိုးရမှု ‘ဣန္ဒြေ’မည်သော ရုပ်သည် ရှိ၏၊ ထိုအစိုးရမှု ‘ဣန္ဒြေ’မည်သော ရုပ်သည် ကြမ်းတမ်းသော ‘ဩဠာရိက'ရုပ်လည်း ရှိ၏ (ဣန္ဒြိယဩဠာရိကရုပ်) (ပသာဒရုပ် ၅-ပါး)။

(ခ)။ ။ သိမ်မွေ့သော ‘သုခုမ'ရုပ်လည်း ရှိ၏ (ဣန္ဒြိယသုခုမရုပ်) (ဘာဝရုပ် ၂-ပါး၊ ဇီဝိတိန္ဒြေ ရုပ်)။

(ဂ)။ ။ အကြင် (မိမိဆိုင်ရာကိစ္စ၌) အစိုးရမှု ‘ဣန္ဒြေ'မမည်သော ရုပ်သည် ရှိ၏၊ ထိုအစိုးရမှု ‘ဣန္ဒြေ'မမည်သော ရုပ်သည် ကြမ်းတမ်းသော ‘ဩဠာရိက'ရုပ်လည်း ရှိ၏ (အနိန္ဒြိယ ဩဠာရိကရုပ်) (အာရုံငါးပါး= ဂေါစရရုပ် ၇-ပါး)။

(ဃ)။ ။ သိမ်မွေ့သော ‘သုခုမ'ရုပ်လည်း ရှိ၏ (အနိန္ဒြိယ သုခုမရုပ်)။

--

(ဣန္ဒြိယ ဒူရေစတုက္က)

၁၉ (က)။ ။ အကြင် (မိမိဆိုင်ရာကိစ္စ၌) အစိုးရမှု ‘ဣန္ဒြေ’မည်သော ရုပ်သည် ရှိ၏၊ ထိုရုပ်သည် ဝေးကွာသော (အသိခက်သော) ‘ဒူရေ'ရုပ်လည်း ရှိ၏ (ဣန္ဒြိယ ဒူရေရုပ်) (ဣန္ဒြိယ သုခုမရုပ်) (ဘာဝရုပ် ၂-ပါး၊ ဇီဝိတိန္ဒြေရုပ်)။

(ခ)။ ။ နီးကပ်သော (သိလွယ်သော) ‘သန္တိကေ'ရုပ်လည်း ရှိ၏ (ဣန္ဒြိယ သန္တိကေရုပ်) (ဣန္ဒြိယ ဩဠာရိကရုပ်) (ပသာဒရုပ် ၅-ပါး)။

(ဂ)။ ။ အကြင် (မိမိဆိုင်ရာကိစ္စ၌) အစိုးရမှု ‘ဣန္ဒြေ'မမည်သော ရုပ်သည် ရှိ၏၊ ထိုရုပ် သည် ဝေးကွာသော (အသိခက်သော) ‘ဒူရေ'ရုပ်လည်း ရှိ၏ (န ဣန္ဒြိယ ဒူရေရုပ်) (အနိန္ဒြိယ သုခုမရုပ်)။

(ဃ)။ ။ နီးကပ်သော (သိလွယ်သော) ‘သန္တိကေရုပ်'လည်း ရှိ၏ (န ဣန္ဒြိယသန္တိ ကေရုပ်) (အနိန္ဒြိယ ဩဠာရိကရုပ်) (ဂေါစရရုပ် ၇-ပါး)။

(မဟာဘူတ ဩဠာရိကစတုက္က)

၂၀ (က)။ ။ အကြင်ကြီးကျယ်ထင်ရှားသော ‘မဟာဘုတ်'ရုပ်သည် ရှိ၏၊ ထိုရုပ်သည် ကြမ်းတမ်း သော ‘ဩဠာရိက'ရုပ်လည်း ရှိ၏ (မဟာဘူတ ဩဠာရိကရုပ်) (ပထဝီ, တေဇော, ဝါယော)။

(ခ)။ ။ သိမ်မွေ့သော ‘သုခုမ'ရုပ်လည်း ရှိ၏ (မဟာဘူတ သုခုမရုပ်) (အာပေါဓာတ်)။

(ဂ)။ ။ အကြင်ကြီးကျယ်ထင်ရှားသော ‘မဟာဘုတ်'မမည်သော ရုပ်သည် ရှိ၏၊ ထိုရုပ် သည် ကြမ်းတမ်းသော ‘ဩဠာရိက'ရုပ်လည်း ရှိ၏ (န မဟာဘူတ ဩဠာရိက ရုပ်) (ဥပါဒါဩဠာရိကရုပ်) (ပသာဒရုပ် ၅-ပါး၊ ဖောဋ္ဌဗ္ဗကြဉ်သော ဂေါစရရုပ် ၄-ပါး)။

(ဃ)။ ။ သိမ်မွေ့သော ‘သုခုမ'ရုပ်လည်း ရှိ၏ (န မဟာဘူတ သုခုမရုပ်) (ဥပါဒါသုခုမရုပ်)။

--

(မဟာဘူတ ဒူရေစတုက္က)

၂၁ (က)။ ။ အကြင် ကြီးကျယ်ထင်ရှားသော ‘မဟာဘုတ်'ရုပ်သည် ရှိ၏၊ ထိုမဟာဘုတ်ရုပ်သည် ဝေးကွာသော (အသိခက်သော) ‘ဒူရေ'ရုပ်လည်း ရှိ၏ (မဟာဘူတဒူရေရုပ်) (မဟာဘူတ သုခုမရုပ်) (အာပေါဓာတ်)။

(ခ)။ ။ နီးကပ်သော (သိလွယ်သော) ‘သန္တိကေ'ရုပ်လည်း ရှိ၏ (မဟာဘူတ သန္တိကေရုပ်) (မဟာဘူတဩဠာရိကရုပ်) (ပထဝီ, တေဇော, ဝါယော)။

(ဂ)။ ။ အကြင် ကြီးကျယ်ထင်ရှားသည်မဟုတ်သော ‘န မဟာဘူတ'ရုပ်သည် ရှိ၏၊ ထို (န မဟာဘူတ) ရုပ်သည် ဝေးကွာသော (အသိခက်သော) ‘ဒူရေ'ရုပ်လည်း ရှိ၏ (န မဟာဘူတ ဒူရေရုပ်) (ဥပါဒါသုခုမရုပ်)။

(ဃ)။ ။ နီးကပ်သော (သိလွယ်သော) ‘သန္တိကေ'ရုပ်လည်း ရှိ၏ (န မဟာဘူတ သန္တိကေရုပ်) (ဥပါဒါဩဠာရိကရုပ်)၃။**

(ဒိဋ္ဌာဒိ စတုက္က)

၂၂ (က)။ ။ မြင်အပ်သော ‘ဒိဋ္ဌ'ရုပ်သည် ရှိ၏ (ရူပါရုံ)။

(ခ)။ ။ ကြားအပ်သော ‘သုတ'ရုပ်သည် ရှိ၏ (သဒ္ဒါရုံ)။

(ဂ)။ ။ (ဃာန, ဇိဝှါ, ကာယပသာဒတို့ဖြင့်) တွေ့ထိ၍ သိအပ်သော ‘မုတ'ရုပ်သည် ရှိ၏ (သမ္ပတ္တရုပ်များ ဖြစ်သော ဂန္ဓာရုံ, ရသာရုံ, ဖောဋ္ဌဗ္ဗာရုံ)၄။***

(ဃ)။ ။ (စိတ်ဖြင့်) သိအပ်သော ‘ဝိညာတ'ရုပ်သည် ရှိ၏ (ရုပ်အားလုံး)။

ဤသို့ လေးပါးစီပြားသော နည်းအားဖြင့် ရူပက္ခန္ဓာသည် (၂၂-ပါး) ဖြစ်၏။

စတုက္ကနည်း ၂၂-ပါး ပြီး၏။

၁။ အမှတ်နံပါတ် ၆-မှ ၂၁-အထိ ဝိဘင်းပါဠိတော်၌ ပေယျာလချန်ခဲ့သည်၊ ယခုမြန်မာပြန်၌ လေ့လာသူ သုတေသီတို့ အကျိုးငှါထည့်သွင်းဖော်ပြလိုက်ပါသည်။

၂။ ‘ဥပါဒိဏ္ဏ'- ‘ဥပါဒိန္န’ဟု ၂-မျိုးလုံးပင် ရေးနိုင်သည်။

၃။ ** စတုက္ကနည်း အမှတ် ၆-မှ ၂၁-အထိ ဝိဘင်းပါဠိတော်၌ ပေယျာလချန်ထားခဲ့သည်၊ လေ့လာသူ သုတေသီတို့အကျိုးငှါဤမြန်မာပြန်၌ ထုတ်ဖော်ရေးသားလိုက်သည်။

၄။ *** အဋ္ဌသာလိနီ၊ နှာ-၃၇၃၊ မဟာနိဒ္ဒေသအဋ္ဌကထာ-နှာ-၃၇။

--

ပဉ္စကနည်း

ငါးပါးပြားသော နည်းအားဖြင့် ဟောကြားသော ‘ပဉ္စက'နည်း

ငါးပါးပြားသော နည်းအားဖြင့် ရူပက္ခန္ဓာသည် ဖြစ်၏။

၁-(၁)။ ။ မြေဟူသော ခက်မာမှုသဘော ‘ပထဝီဓာတ်'သည် ရှိ၏။

(၂)။ ။ ရေဟူသော ဖွဲ့စည်းမှုသဘော ‘အာပေါဓာတ်'သည် ရှိ၏။

(၃)။ ။ မီးဟူသော ပူလောင်ရင့်ကျက်စေမှုသဘော ‘တေဇောဓာတ်'သည် ရှိ၏။

(၄)။ ။ လေဟူသော ထောက်ကန်လှုပ်ရှားမှုသဘော ‘ဝါယောဓာတ်'သည် ရှိ၏။

(၅)။ ။ ယင်းသဘာဝ ‘ဓာတ်'လေးပါးကို မှီတတ်သော ‘ဥပါဒါ'ရုပ်သည် ရှိ၏။ ဤသို့ ငါးပါးပြားသောနည်းအားဖြင့် ရူပက္ခန္ဓာသည် ဖြစ်၏။

ပဉ္စကနည်း ပြီး၏။

--

ဆက္ကနည်း

ခြောက်ပါးပြားသော နည်းအားဖြင့် ဟောကြားသော ‘ဆက္က'နည်း

ခြောက်ပါးပြားသော နည်းအားဖြင့် ရူပက္ခန္ဓာသည် ဖြစ်၏။

၁-(၁)။ ။ စက္ခုဝိညာဏ်ဖြင့် သိအပ်သော ‘စက္ခုဝိညေယျ'ရုပ်သည် ရှိ၏ (ရူပါရုံ)။

(၂)။ ။ သောတဝိညာဏ်ဖြင့် သိအပ်သော ‘သောတဝိညေယျ'ရုပ်သည် ရှိ၏ (သဒ္ဒါရုံ)။

(၃)။ ။ ဃာနဝိညာဏ်ဖြင့် သိအပ်သော ‘ဃာနဝိညေယျ'ရုပ်သည် ရှိ၏ (ဂန္ဓာရုံ)။

(၄)။ ။ ဇိဝှါဝိညာဏ်ဖြင့် သိအပ်သော ‘ဇိဝှါဝိညေယျ'ရုပ်သည် ရှိ၏ (ရသာရုံ)။

(၅)။ ။ ကာယဝိညာဏ်ဖြင့် သိအပ်သော ‘ကာယဝိညေယျ'ရုပ်သည် ရှိ၏ (ဖောဋ္ဌဗ္ဗာရုံ)။

(၆)။ ။ မနောဝိညာဏ်ဖြင့် သိအပ်သော ‘မနောဝိညေယျ'ရုပ်သည် ရှိ၏ (ရုပ်အားလုံး)။ ဤသို့ ခြောက်ပါးပြားသောနည်းအားဖြင့် ရူပက္ခန္ဓာသည် ဖြစ်၏။

ဆက္ကနည်း ပြီး၏။

--

သတ္တကနည်း

ခုနစ်ပါးပြားသော နည်းအားဖြင့် ဟောကြားသော ‘သတ္တက'နည်း

ခုနစ်ပါးပြားသော နည်းအားဖြင့် ရူပက္ခန္ဓာသည် ဖြစ်၏။

၁-(၁)။ ။ စက္ခုဝိညာဏ်ဖြင့် သိအပ်သော ‘စက္ခုဝိညေယျ'ရုပ်သည် ရှိ၏ (ရူပါရုံ)။

(၂)။ ။ သောတဝိညာဏ်ဖြင့် သိအပ်သော ‘သောတဝိညေယျ'ရုပ်သည် ရှိ၏ (သဒ္ဒါရုံ)။

(၃)။ ။ ဃာနဝိညာဏ်ဖြင့် သိအပ်သော ‘ဃာနဝိညေယျ'ရုပ်သည် ရှိ၏ (ဂန္ဓာရုံ)။

(၄)။ ။ ဇိဝှါဝိညာဏ်ဖြင့် သိအပ်သော ‘ဇိဝှါဝိညေယျ'ရုပ်သည် ရှိ၏ (ရသာရုံ)။

(၅)။ ။ ကာယဝိညာဏ်ဖြင့် သိအပ်သော ‘ကာယဝိညေယျ'ရုပ်သည် ရှိ၏ (ဖောဋ္ဌဗ္ဗာရုံ)။

(၆)။ ။ (ပဉ္စာရုံကို) သိကာမျှသဘောဖြစ်သည့် ‘မနောဓာတ်’ (ပဉ္စဒွါရာဝဇ္ဇန်း၊ သမ္ပဋိစ္ဆိုန်းဒွေး) ဖြင့် သိအပ်သော ‘မနောဓာတုဝိညေယျ'ရုပ်သည် ရှိ၏ (မနောဓာတုဝိညေယျရုပ်) (ရူပါရုံစသော အာရုံငါးပါး)။

(၇)။ ။ (အာရုံခြောက်ပါးလုံးကို) အထူးသိမှုသဘောဖြစ်သည့် ‘မနောဝိညာဏဓာတ်'ဖြင့် သိအပ်သော ‘မနောဝိညာဏဓာတုဝိညေယျ'ရုပ်သည် ရှိ၏ (ရုပ်အားလုံး)။

ဤသို့ ခုနစ်ပါးပြားသော နည်းအားဖြင့် ရူပက္ခန္ဓာသည် ဖြစ်၏။

သတ္တကနည်း ပြီး၏။

--

အဋ္ဌကနည်း

ရှစ်ပါးပြားသော နည်းအားဖြင့် ဟောကြားသော ‘အဋ္ဌက'နည်း

ရှစ်ပါးပြားသော နည်းအားဖြင့် ရူပက္ခန္ဓာသည် ဖြစ်၏။

၁-(၁)။ ။ စက္ခုဝိညာဏ်ဖြင့် သိအပ်သော ‘စက္ခုဝိညေယျ'ရုပ်သည် ရှိ၏ (ရူပါရုံ)။

(၂)။ ။ သောတဝိညာဏ်ဖြင့် သိအပ်သော ‘သောတဝိညေယျ'ရုပ်သည် ရှိ၏ (သဒ္ဒါရုံ)။

(၃)။ ။ ဃာနဝိညာဏ်ဖြင့် သိအပ်သော ‘ဃာနဝိညေယျ'ရုပ်သည် ရှိ၏ (ဂန္ဓာရုံ)။

(၄)။ ။ ဇိဝှါဝိညာဏ်ဖြင့် သိအပ်သော ‘ဇိဝှါဝိညေယျ'ရုပ်သည် ရှိ၏ (ရသာရုံ)။

(၅)။ ။ ကာယဝိညာဏ်ဖြင့် သိအပ်သော ချမ်းသာသောအတွေ့ရှိသည့် ‘ကာယဝိညေယျသုခ သမ္ဖဿ'ရုပ်သည် ရှိ၏ (နှစ်လိုဖွယ်သော ဖောဋ္ဌဗ္ဗာရုံ)။

(၆)။ ။ ကာယဝိညာဏ်ဖြင့် သိအပ်သော ဆင်းရဲသောအတွေ့ရှိသည့် ‘ကာယဝိညေယျဒုက္ခ သမ္ဖဿ'ရုပ် သည် ရှိ၏ (မနှစ်လိုဖွယ်သော ဖောဋ္ဌဗ္ဗာရုံ)။

(၇)။ ။ (ပဉ္စာရုံကို) သိကာမျှသဘော ‘မနောဓာတ်'ဖြင့် သိအပ်သော ‘မနောဓာတုဝိညေယျ'ရုပ်သည် ရှိ၏ (ရူပါရုံ စသော အာရုံငါးပါး)။

(၈)။ ။ (အာရုံခြောက်ပါးလုံးကို) အထူးသိမှုသဘော ‘မနောဝိညာဏဓာတ်'ဖြင့် သိအပ်သော ‘မနောဝိညာဏဓာတုဝိညေယျ'ရုပ်သည် ရှိ၏ (ရုပ်အားလုံး)။

ဤသို့ ရှစ်ပါးပြားသောနည်းအားဖြင့် ရူပက္ခန္ဓာသည် ဖြစ်၏။

အဋ္ဌကနည်း ပြီး၏။

--

နဝကနည်း

ကိုးပါးပြားသော နည်းအားဖြင့် ဟောကြားသော ‘နဝက'နည်း

ကိုးပါးပြားသော နည်းအားဖြင့် ရူပက္ခန္ဓာသည် ဖြစ်၏။

(၁)။ ။ မြင်မှု၌အစိုးရသော မျက်စိအကြည် ‘စက္ခုန္ဒြေ’မည်သော ရုပ်သည် ရှိ၏ (စက္ခုပသာဒ)။

(၂)။ ။ ကြားမှု၌အစိုးရသော နားအကြည် ‘သောတိန္ဒြေ’မည်သော ရုပ်သည် ရှိ၏ (သောတပသာဒ)။

(၃)။ ။ နံမှု၌အစိုးရသော နှာခေါင်းအကြည် ‘ဃာနိန္ဒြေ’မည်သော ရုပ်သည် ရှိ၏ (ဃာနပသာဒ)။

(၄)။ ။ လျက်မှု၌အစိုးရသော လျှာအကြည် ‘ဇိဝှိန္ဒြေ’မည်သော ရုပ်သည် ရှိ၏ (ဇိဝှါပသာဒ)။

(၅)။ ။ ထိမှု၌အစိုးရသော ကိုယ်အကြည် ‘ကာယိန္ဒြေ’မည်သော ရုပ်သည် ရှိ၏ (ကာယပသာဒ)။

(၆)။ ။ မိန်းမ (အမ) ဖြစ်ကြောင်း၌ အစိုးရမှု ‘ဣတ္ထိန္ဒြေ’မည်သော ရုပ်သည် ရှိ၏ (ဣတ္ထိဘာဝရုပ်)။

(၇)။ ။ ယောက်ျား (အထီးအဖို) ဖြစ်ကြောင်း၌ အစိုးရမှု ‘ပုရိသိန္ဒြေ’မည်သော ရုပ်သည် ရှိ၏ (ပုမ္ဘာဝရုပ်)။

(၈)။ ။ အသက်ရှင်ကြောင်း၌ အစိုးရမှု ‘ဇီဝိတိန္ဒြေ’မည်သောရုပ်သည် ရှိ၏ (ဇီဝိတရုပ်)။

(၉)။ ။ အကြင်ဣန္ဒြေ မမည်သောရုပ်သည် ရှိ၏ (ဣန္ဒြိယရုပ်ရှစ်ခုမှ တစ်ပါး အခြားသော ရုပ်များ)။

ဤသို့ ကိုးပါးပြားသော နည်းအားဖြင့် ရူပက္ခန္ဓာသည် ဖြစ်၏။

နဝကနည်း ပြီး၏။

--

ဒသကနည်း

ဆယ်ပါးပြားသော နည်းအားဖြင့် ဟောကြားသော ‘ဒသက'နည်း

ဆယ်ပါးပြားသော နည်းအားဖြင့် ရူပက္ခန္ဓာသည် ဖြစ်၏။

(၁)။ ။ မြင်မှု၌အစိုးရသော မျက်စိအကြည် ‘စက္ခုန္ဒြေ’မည်သော ရုပ်သည်ရှိ၏ (စက္ခုပသာဒ)။

(၂)။ ။ ကြားမှု၌အစိုးရသော နားအကြည် ‘သောတိန္ဒြေ’မည်သော ရုပ်သည် ရှိ၏ (သောတပသာဒ)။

(၃)။ ။ နံမှု၌အစိုးရသော နှာခေါင်းအကြည် ‘ဃာနိန္ဒြေ’မည်သော ရုပ်သည် ရှိ၏ (ဃာနပသာဒ)။

(၄)။ ။ လျက်မှု၌အစိုးရသော လျှာအကြည် ‘ဇိဝှိန္ဒြေ’မည်သော ရုပ်သည် ရှိ၏ (ဇိဝှါပသာဒ)။

(၅)။ ။ ထိမှု၌အစိုးရသော ကိုယ်အကြည် ‘ကာယိန္ဒြေ’မည်သော ရုပ်သည် ရှိ၏ (ကာယပသာဒ)။

(၆)။ ။ မိန်းမ (အမ) ဖြစ်ကြောင်း၌ အစိုးရမှု ‘ဣတ္ထိန္ဒြေ’မည်သော ရုပ်သည် ရှိ၏ (ဣတ္ထိဘာဝရုပ်)။

(၇)။ ။ ယောက်ျား (အထီးအဖို) ဖြစ်ကြောင်း၌ အစိုးရမှု ‘ပုရိသိန္ဒြေ’မည်သော ရုပ်သည် ရှိ၏ (ပုရိသဘာဝရုပ်)။

(၈)။ ။ အသက်ရှင်ကြောင်း၌ အစိုးရမှု ‘ဇီဝိတိန္ဒြေ’မည်သောရုပ်သည် ရှိ၏ (ဇီဝိတရုပ်)။

(၉)။ ။ ဣန္ဒြေမမည်သော, ထိပါးခြင်းနှင့် တကွဖြစ်သော (ထိပါးတတ်သောသဘောရှိသော) ‘သပ္ပဋိဃ'ရုပ်သည် ရှိ၏ (န ဣန္ဒြိယ သပ္ပဋိဃရုပ်) (ဝိသယရုပ် ခုနစ်ခု)။

(၁၀)။ ။ ဣန္ဒြေမမည်သော, ထိပါးခြင်းနှင့်တကွမဖြစ်သော (ထိပါးတတ်သောသဘောမရှိသော) ‘အပ္ပဋိဃ'ရုပ်သည် ရှိ၏ (န ဣန္ဒြိယအပ္ပဋိဃရုပ်) (ဘာဝရုပ်, ဇီဝိတရုပ်တို့မှ တစ်ပါး အခြားသော သုခုမရုပ်များ)။

ဤသို့ ဆယ်ပါးပြားသော နည်းအားဖြင့် ရူပက္ခန္ဓာသည် ဖြစ်၏။

ဒသကနည်း ပြီး၏။

--

ဧကာဒသကနည်း

တစ်ဆယ့်တစ်ပါးပြားသော နည်းအားဖြင့် ဟောကြားသော ‘ဧကာဒသက'နည်း

တစ်ဆယ့်တစ်ပါးပြားသော နည်းအားဖြင့် ရူပက္ခန္ဓာသည် ဖြစ်၏။

(၁)။ ။ မြင်သိစိတ်ဖြစ်ရာ မျက်စိအကြည် ‘စက္ခာယတန’မည်သော ရုပ်သည် ရှိ၏ (စက္ခုပသာဒ)။

(၂)။ ။ ကြားသိစိတ်ဖြစ်ရာ နားအကြည် ‘သောတာယတန’မည်သော ရုပ်သည် ရှိ၏ (သောတပသာဒ)။

(၃)။ ။ နံသိစိတ်ဖြစ်ရာ နှာခေါင်းအကြည် ‘ဃာနာယတန’မည်သော ရုပ်သည် ရှိ၏ (ဃာနပသာဒ)။

(၄)။ ။ လျက်သိစိတ်ဖြစ်ရာ လျှာအကြည် ‘ဇိဝှါယတန’မည်သော ရုပ်သည် ရှိ၏ (ဇိဝှါပသာဒ)။

(၅)။ ။ ထိသိစိတ်ဖြစ်ရာ ကိုယ်အကြည် ‘ကာယာယတန’မည်သော ရုပ်သည် ရှိ၏ (ကာယာပသာဒ)။

(၆)။ ။ မြင်သိစိတ်ဖြစ်ကြောင်း အဆင်း ‘ရူပါယတန’မည်သော ရုပ်သည် ရှိ၏ (ရူပါရုံ)။

(၇)။ ။ ကြားသိစိတ်ဖြစ်ကြောင်း အသံ ‘သဒ္ဒါယတန’မည်သော ရုပ်သည် ရှိ၏ (သဒ္ဒါရုံ)။

(၈)။ ။ နံသိစိတ်ဖြစ်ကြောင်း အနံ့ ‘ဂန္ဓာယတန’မည်သော ရုပ်သည် ရှိ၏ (ဂန္ဓာရုံ)။

(၉)။ ။ လျက်သိစိတ်ဖြစ်ကြောင်း အရသာ ‘ရသာယတန’မည်သောရုပ်သည် ရှိ၏ (ရသာရုံ)။

(၁၀)။ ။ ထိသိစိတ်ဖြစ်ကြောင်း အတွေ့ ‘ဖောဋ္ဌဗ္ဗာယတန’မည်သော ရုပ်သည် ရှိ၏ (ဖောဋ္ဌဗ္ဗာရုံ)။

(၁၁)။ ။ ဓမ္မာယတန၌ အကျုံးဝင်သော မြင်အပ်သောသဘောလည်း မရှိမူ၍ (မမြင်အပ်မူ၍) ထိပါးတတ်သော သဘောလည်း မရှိသော ‘အနိဒဿန အပ္ပဋိဃ'ရုပ်လည်း ရှိ၏ (အနိဒဿန အပ္ပဋိဃဖြစ်သော သုခုမရုပ်)။

ဤသို့ တစ်ဆယ့်တစ်ပါးပြားသော နည်းအားဖြင့် ရူပက္ခန္ဓာသည် ဖြစ်၏။

ဧကာဒသကနည်း ပြီး၏။

--

ဤဆိုခဲ့ပြီးသော ရုပ်အားလုံးကို ရူပက္ခန္ဓာဟူ၍ ဆိုအပ်၏။

၁-ဧကကနည်း ၄၃-ပါး ရုပ် ၄၃-ပါး

၂-ဒုကနည်း ၁၀၄-ပါး ရုပ် ၂၀၈-ပါး

၃-တိကနည်း ၁၀၃-ပါး ရုပ် ၃၀၉-ပါး

၄-စတုက္ကနည်း ၂၂-ပါး ရုပ် ၈၈-ပါး

၅-ပဉ္စကနည်း ၁-ပါး ရုပ် ၅-ပါး

၆-ဆက္ကနည်း ၁-ပါး ရုပ် ၆-ပါး

၇-သတ္တကနည်း ၁-ပါး ရုပ် ၇-ပါး

၈-အဋ္ဌကနည်း ၁-ပါး ရုပ် ၈-ပါး

၉-နဝကနည်း ၁-ပါး ရုပ် ၉-ပါး

၁၀-ဒသကနည်း ၁-ပါး ရုပ် ၁၀-ပါး

၁၁-ဧကာဒသကနည်း ၁-ပါး ရုပ် ၁၁-ပါး

နည်း- ၂၇၉-ပါး ရုပ်- ၇၀၄-ပါး (ဤနည်းပေါင်း ၂၇၉-နည်းတို့ဖြင့် ပြဆိုခဲ့ပြီးသော ၇၀၄-ပါးသော ရုပ်တို့ကို ရူပက္ခန္ဓာဟု ဆိုအပ်၏)။

(ရူပက္ခန္ဓာကို အဘိဓမ္မာနည်းအားဖြင့် ဝေဖန်ဟောကြားအပ်သော ‘အဘိဓမ္မဘာဇနီယ'နည်း ပြီး၏)။

--

၂-ဝေဒနာက္ခန္ဓာ

(ခံစားမှုအစု)

ဒုကမူလကနည်း

ဒုကမူ-တိကမူလီ

(ဒုက်၅၀-ကို မူထားပြီးလျှင် တိက် ၁၉-ခုကို မူလီသွင်း၍ ဟောသော ဒုကမူလကနည်း ၉၅၀)

(အရကောက်အားဖြင့် ဝေဒနာရကောင်းသော ဒုက် ၅၀-ကို မူတည်ပြီးလျှင် ဝေဒနာရကောင်းသော တိက် ၁၉-တိက်တို့ကို မူလီသွင်းသော် နည်းပေါင်း (၅၀*၁၉) = ၉၅၀ ဖြစ်သည်။ အကယ်၍ အစိတ် အစိတ် ရေတွက်ပါမူ ဝေဒနာက္ခန္ဓာပေါင်း (၉၅၀*၅၅) = ၅၂၂၅၀ ဖြစ်သည်၊ စင်စစ် ရသမျှ ရေတွက်ပါမူ များလှ၏။

ဝေဒနာမရအပ်သော တိက်များမှာ ဝေဒနာတိက်, ပီတိတိက်နှင့် သနိဒဿတိက်များဖြစ်သည်။)

--

၁-သဟေတုက ဒုကမူ-တိကမူလီ ၁၉-နည်း၁

၃၄။ ထို (ခန္ဓာငါးပါးတို့) တွင် အဘယ်သည် ဝေဒနာက္ခန္ဓာ မည်သနည်း။

၁။ ‘သဟေတုကဒုက်ကို မူတည်၍ တိက် ၁၉-ခုကို မူလီသွင်းပြီးလျှင် ဟောသော် ၁၉-နည်း’ ဖြစ်သည်။ အကျဉ်း အားဖြင့် ‘သဟေတုက ဒုကမူ-တိကမူလီ ၁၉-နည်း”ဟု ခေါင်းစဉ်ရေးထားခြင်း ဖြစ်သည်။ ထိုနည်း ၁၉-နည်း၌ တစ်နည်းလျှင် ထပ်မံ၍နည်း ၁၀-နည်းဖြင့် အသေးစိတ်ဝေဖန် ဟောကြား ပြန်သည်။ ကျန် ဒုက် ၄၉-ခုကိုလည်း ဤနည်းအတိုင်း ထားသည်။

(၁) သဟေတုကဒုက်ကို မူထားပြီးလျှင် ကုသလတိက်ကို မူလီသွင်း၍ ဟောသောနည်း ၁၀-ပါး

(သဟေတုကဒုကမူ-ကုသလတိကမူလီ ၁၀-နည်း)၁

ဧကကနည်း, ဒုကနည်း, တိကနည်း, စတုက္ကနည်း, ပဉ္စကနည်း, ဆက္ကနည်း, သတ္တကနည်း, အဋ္ဌကနည်း, နဝကနည်း, ဒသကနည်း

ဧကကနည်း

တစ်ပါးပြားသော နည်းအားဖြင့် ဝေဒနာက္ခန္ဓာသည် ဖြစ်၏။ ။ တွေ့ထိမှု ‘ဖဿ'နှင့် ယှဉ်သော ခံစားမှုအစု ‘ဝေဒနာက္ခန္ဓာ'တည်း။

ဒုကနည်း

နှစ်ပါးပြားသော နည်းအားဖြင့် ဝေဒနာက္ခန္ဓာသည် ဖြစ်၏။ ။ သဟိတ် ဝေဒနာက္ခန္ဓာသည်ရှိ၏၊ အဟိတ် ဝေဒနာက္ခန္ဓာသည် ရှိ၏။

တိကနည်း

သုံးပါးပြားသောနည်းအားဖြင့် ဝေဒနာက္ခန္ဓာသည် ဖြစ်၏။ ။ ကုသိုလ် ဝေဒနာက္ခန္ဓာသည် ရှိ၏၊ အကုသိုလ် ဝေဒနာက္ခန္ဓာသည် ရှိ၏၊ အဗျာကတ ဝေဒနာက္ခန္ဓာသည် ရှိ၏။

စတုက္ကနည်း

လေးပါးပြားသောနည်းအားဖြင့် ဝေဒနာက္ခန္ဓာသည် ဖြစ်၏။ ။ ကာမဘုံ၌ သက်ဝင်၍ ဖြစ်သော (ကာမတဏှာ၏ ဖြစ်ရာ ကျင်လည်ရာ ဖြစ်သော) ဝေဒနာက္ခန္ဓာသည် ရှိ၏၊ ရူပဘုံ၌ သက်ဝင်၍ ဖြစ်သော (ရူပတဏှာ၏ ဖြစ်ရာ ကျင်လည်ရာ ဖြစ်သော) ဝေဒနာက္ခန္ဓာသည် ရှိ၏၊ အရူပဘုံ၌ သက်ဝင်၍ ဖြစ်သော (အရူပတဏှာ၏ ဖြစ်ရာ ကျင်လည်ရာ ဖြစ်သော) ဝေဒနာက္ခန္ဓာသည် ရှိ၏၊ (ကာမ, ရူပ, အရူပ) ဘုံသုံးပါး၌ အကျုံးမဝင်သော ‘အပရိယာပန္န’ (လောကုတ္တရာ) ဝေဒနာက္ခန္ဓာ သည် ရှိ၏။

ပဉ္စကနည်း

ငါးပါးပြားသော နည်းအားဖြင့် ဝေဒနာက္ခန္ဓာသည် ဖြစ်၏။ ။ ကိုယ်ချမ်းသာမှု၌ အစိုးတရ ခံစားခြင်း ‘သုခိန္ဒြေ'သည် ရှိ၏၊ ကိုယ်ဆင်းရဲမှု၌ အစိုးတရခံစားရခြင်း ‘ဒုက္ခိန္ဒြေ'သည် ရှိ၏၊ စိတ်ချမ်းသာမှု၌ အစိုးတရခံစားခြင်း ‘သောမနဿိန္ဒြေ'သည် ရှိ၏၊ စိတ်မချမ်းသာမှု၌ အစိုးတရ ခံစားခြင်း ‘ဒေါမနဿိန္ဒြေ'သည် ရှိ၏၊ လျစ်လျူရှုမှု၌ အစိုးတရခံစားခြင်း ‘ဥပေက္ခိန္ဒြေ'သည် ရှိ၏။ ။ ဤသို့ ငါးပါးပြားသော နည်းအားဖြင့် ဝေဒနာက္ခန္ဓာသည် ငါးပါး ဖြစ်၏။

--

ဆက္ကနည်း

ခြောက်ပါးပြားသောနည်းအားဖြင့် ဝေဒနာက္ခန္ဓာသည် ဖြစ်၏။ ။ မြင်သိစိတ် ‘စက္ခုဝိညာဉ်'နှင့်ယှဉ်သော တွေ့ထိမှု ‘ဖဿ'ကြောင့်ဖြစ်သော ခံစားမှု ‘ဝေဒနာ’ (မျက်စိအကြည် ‘စက္ခုပသာဒ'နှင့် အဆင်း ‘ရူပါရုံ'တို့ တွေ့ထိမှုကြောင့်ဖြစ်သော ခံစားမှု ‘ဝေဒနာ') (မျက်စိအတွေ့ကြောင့် ဖြစ်သော ခံစားမှု ‘ဝေဒနာ') (စက္ခုသမ္ဖဿဇာ ဝေဒနာ)၊ ကြားသိစိတ် ‘သောတဝိညာဉ်'နှင့်ယှဉ်သော တွေ့ထိမှု ‘ဖဿ'ကြောင့်ဖြစ်သော ခံစားမှု ‘ဝေဒနာ’ (နားအကြည် ‘သောတပသာဒ'နှင့် အသံ ‘သဒ္ဒါရုံ'တို့ တွေ့ထိမှုကြောင့်ဖြစ်သော ခံစားမှု ‘ဝေဒနာ') (နား အတွေ့ကြောင့်ဖြစ်သော ခံစားမှု ‘ဝေဒနာ') (သောတသမ္ဖဿဇာဝေဒနာ)၊ နံသိစိတ် ‘ဃာနဝိညာဉ်'နှင့်ယှဉ်သော တွေ့ထိမှု ‘ဖဿ'ကြောင့်ဖြစ်သော ခံစားမှု ‘ဝေဒနာ') (နှာခေါင်းအကြည် ‘ဃာနပသာဒ'နှင့် အနံ့ ‘ဂန္ဓာရုံ'တို့ တွေ့ထိမှုကြောင့်ဖြစ်သော ခံစားမှု ‘ဝေဒနာ') (နှာခေါင်းအတွေ့ကြောင့်ဖြစ်သော ခံစားမှု ‘ဝေဒနာ') (ဃာနသမ္ဖဿဇာဝေဒနာ)၊လျက် သိစိတ် ‘ဇိဝှါဝိညာဉ်'နှင့်ယှဉ်သော တွေ့ထိမှု ‘ဖဿ'ကြောင့်ဖြစ်သော ခံစားမှု ‘ဝေဒနာ’ (လျှာ အကြည် ‘ဇိဝှါပသာဒ'နှင့် အရသာ ‘ရသာရုံ'တို့ တွေ့ထိမှုကြောင့်ဖြစ်သော ခံစားမှု ‘ဝေဒနာ') (လျှာ အတွေ့ကြောင့်ဖြစ်သော ခံစားမှု ‘ဝေဒနာ') (ဇိဝှါသမ္ဖဿဇာဝေဒနာ)၊ ထိသိစိတ် ‘ကာယဝိညာဉ်'နှင့်ယှဉ်သော တွေ့ထိမှု ‘ဖဿ'ကြောင့်ဖြစ်သော ခံစားမှု ‘ဝေဒနာ’ (ကိုယ် အကြည် ‘ကာယပသာဒ'နှင့် အတွေ့ ‘ဖောဋ္ဌဗ္ဗာရုံ'တို့ တွေ့ထိမှုကြောင့်ဖြစ်သော ခံစားမှု ‘ဝေဒနာ') (ကိုယ် အတွေ့ကြောင့်ဖြစ်သော ခံစားမှု ‘ဝေဒနာ') (ကာယသမ္ဖဿဇာဝေဒနာ)၊ ကြံသိစိတ် ‘မနောဝိညာဉ်'နှင့်ယှဉ်သော တွေ့ထိမှု ‘ဖဿ'ကြောင့်ဖြစ်သော ခံစားမှု ‘ဝေဒနာ’ (စိတ်နှင့် ဓမ္မာရုံတို့ တွေ့ထိမှု ‘မနောသမ္ဖဿ'ကြောင့်ဖြစ်သော ခံစားမှု ‘ဝေဒနာ') (မနောသမ္ဖဿဇာဝေဒနာ) သည် ရှိ၏။ ။ ဤသို့ ခြောက်ပါးပြားသော နည်းအားဖြင့် ဝေဒနာက္ခန္ဓာသည် ခြောက်ပါးဖြစ်၏။

သတ္တကနည်း

ခုနစ်ပါးပြားသောနည်းအားဖြင့် ဝေဒနာက္ခန္ဓာသည် ဖြစ်၏။ ။ စက္ခုဝိညာဉ်နှင့်ယှဉ်သော ဖဿကြောင့်ဖြစ်သော ဝေဒနာ (စက္ခုသမ္ဖဿဇာဝေဒနာ)၊ သောတဝိညာဉ်နှင့်ယှဉ်သော ဖဿကြောင့်ဖြစ်သော ဝေဒနာ (သောတသမ္ဖဿဇာဝေဒနာ)၊ ဃာနဝိညာဉ်နှင့်ယှဉ်သော ဖဿကြောင့်ဖြစ် သော ဝေဒနာ (ဃာနသမ္ဖဿဇာ ဝေဒနာ)၊ ဇိဝှါဝိညာဉ်နှင့် ယှဉ်သော ဖဿကြောင့်ဖြစ်သော ဝေဒနာ (ဇိဝှါသမ္ဖဿဇာဝေဒနာ)၊ ကာယဝိညာဉ်နှင့် ယှဉ်သော ဖဿကြောင့်ဖြစ်သော ဝေဒနာ (ကာယသမ္ဖဿဇာ့ဝေဒနာ)၊ မနောဓာတ်နှင့် ယှဉ်သော ဖဿကြောင့်ဖြစ်သော ဝေဒနာ (မနောဓာတုသမ္ဖဿဇာဝေဒနာ)၊ မနောဝိညာဏဓာတ်နှင့် ယှဉ်သော ဖဿကြောင့်ဖြစ်သော ဝေဒနာ (မနောဝိညာဏဓာတုသမ္ဖဿဇာဝေဒနာ) သည် ရှိ၏။ ။ ဤသို့ ခုနစ်ပါးပြားသော နည်းအားဖြင့် ဝေဒနာက္ခန္ဓာသည် ခုနစ်ပါးဖြစ်၏။

အဋ္ဌကနည်း

ရှစ်ပါးပြားသောနည်းအားဖြင့် ဝေဒနာက္ခန္ဒာသည် ဖြစ်၏။ ။ စက္ခုဝိညာဉ်နှင့်ယှဉ်သော ဖဿကြောင့်ဖြစ်သော ဝေဒနာ၊ သောတဝိညာဉ်နှင့်ယှဉ်သော ဖဿကြောင့်ဖြစ်သော ဝေဒနာ၊ ဃာနဝိညာဉ်နှင့် ယှဉ်သော ဖဿကြောင့်ဖြစ်သော ဝေဒနာ၊ ဇိဝှါဝိညာဉ်နှင့်ယှဉ်သော ဖဿ ကြောင့်ဖြစ်သော ဝေဒနာ၊ ကာယဝိညာဉ်နှင့် ယှဉ်သော ဖဿကြောင့်ဖြစ်သော သုခဝေဒနာ၊ ကာယ ဝိညာဉ်နှင့် ယှဉ်သော ဖဿကြောင့်ဖြစ်သော ဒုက္ခဝေဒနာ၊ မနောဓာတ်နှင့် ယှဉ်သော ဖဿကြောင့် ဖြစ်သော ဝေဒနာ၊ မနောဝိညာဏဓာတ်နှင့် ယှဉ်သော ဖဿကြောင့်ဖြစ်သော ဝေဒနာသည် ရှိ၏။ ။ ဤသို့ ရှစ်ပါးပြားသော နည်းအားဖြင့် ဝေဒနာက္ခန္ဓာသည် ရှစ်ပါး ဖြစ်၏။

--

နဝကနည်း

ကိုးပါးပြားသောနည်းအားဖြင့် ဝေဒနာက္ခန္ဓာသည် ဖြစ်၏။ ။ မြင်သိစိတ် စက္ခုဝိညာဉ်နှင့် ယှဉ်သော တွေ့ထိမှု ‘ဖဿ'ကြောင့်ဖြစ်သော ခံစားမှု ‘ဝေဒနာ’ (မျက်စိအကြည် ‘စက္ခု ပသာဒနှင့်အဆင်း ‘ရူပါရုံ'တို့ တွေ့ထိမှု ‘စက္ခုသမ္ဖဿ'ကြောင့်ဖြစ်သော ဝေဒနာ) (မျက်စိ အတွေ့ကြောင့် ဖြစ်သော ခံစားမှု ‘ဝေဒနာ') (စက္ခုသမ္ဖဿဇာဝေဒနာ)။ ကြားသိစိတ် သောတဝိညာဉ်နှင့် ယှဉ်သော တွေ့ထိမှု ‘ဖဿ'ကြောင့်ဖြစ်သော ခံစားမှု ‘ဝေဒနာ’ (နားအကြည် ‘သောတပသာဒ'နှင့် အသံ ‘သဒ္ဒါရုံ'တို့ တွေ့ထိမှု ‘သောတသမ္ဖဿ'ကြောင့်ဖြစ်သော ဝေဒနာ) (နားအတွေ့ကြောင့်ဖြစ်သော ခံစားမှု ‘ဝေဒနာ') (သောတသမ္ဖဿဇာဝေဒနာ)။ နံသိစိတ် ဃာနဝိညာဉ်နှင့် ယှဉ်သော တွေ့ထိမှု ‘ဖဿ'ကြောင့်ဖြစ်သော ခံစားမှု ‘ဝေဒနာ’ (နှာခေါင်းအကြည် ‘ဃာနပသာဒ'နှင့် အနံ့ ‘ဂန္ဓာရုံ'တို့ တွေ့ထိမှု ‘ဃာနသမ္ဖဿ'ကြောင့်ဖြစ်သော ဝေဒနာ) (နှာခေါင်းအတွေ့ကြောင့်ဖြစ်သော ခံစားမှု ‘ဝေဒနာ') (ဃာနသမ္ဖဿဇာ ဝေဒနာ)။ လျက်သိစိတ် ဇိဝှါဝိညာဉ်နှင့် ယှဉ်သော တွေ့ထိမှု ‘ဖဿ'ကြောင့်ဖြစ်သော ခံစားမှု ‘ဝေဒနာ’ (လျှာအကြည် ‘ဇိဝှါပသာဒ'နှင့် အရသာ ‘ရသာရုံ'တို့ တွေ့ထိမှု ‘ဇိဝှါသမ္ဖဿ'ကြောင့်ဖြစ်သော ဝေဒနာ) (လျှာအတွေ့ ကြောင့်ဖြစ်သော ခံစားမှု ‘ဝေဒနာ') (ဇိဝှါသမ္ဖဿဇာဝေဒနာ)။ ထိသိစိတ် ကာယဝိညာဉ်နှင့် ယှဉ်သော တွေ့ထိမှု ‘ဖဿ'ကြောင့်ဖြစ်သော ခံစားမှု ‘ဝေဒနာ’ (ကိုယ်အကြည် ‘ကာယပသာဒ'နှင့် အတွေ့ ‘ဖောဋ္ဌဗ္ဗာရုံ'တို့ တွေ့ထိမှု ‘ကာယသမ္ဖဿ'ကြောင့်ဖြစ်သော ဝေဒနာ) (ကိုယ်အတွေ့ကြောင့်ဖြစ်သော ခံစားမှု ‘ဝေဒနာ') (ကာယသမ္ဖဿဇာဝေဒနာ)။ ပဉ္စရုံကို သိကာမျှသဘော ‘မနောဓာတ်'နှင့်ယှဉ်သော တွေ့ထိမှု ‘ဖဿ'ကြောင့်ဖြစ်သော ခံစားမှု ‘ဝေဒနာ’ (ပဉ္စဒွါရာဝဇ္ဇန်း သမ္ပဋိစ္ဆိုန်းစိတ်တို့နှင့် ပဉ္စာရုံတို့ တွေ့ထိမှု ‘မနောဓာတုသမ္ဖဿ'ကြောင့်ဖြစ်သော ဝေဒနာ) (မနောဓာတ်အတွေ့ကြောင့်ဖြစ်သော ခံစားမှု ‘ဝေဒနာ') (မနောဓာတုသမ္ဖဿဇာ ဝေဒနာ)။ အာရုံကို အထူးသိမှုသဘော မနောဝိညာဏဓာတ်နှင့် ယှဉ်သော တွေ့ထိမှု ‘ဖဿ'ကြောင့်ဖြစ်သော (စိတ်နှင့် ပဉ္စာရုံ ဓမ္မာရုံတို့ တွေ့ထိမှု ‘မနောဝိညာဏဓာတု သမ္ဖဿ'ကြောင့်ဖြစ်သော) (မနောဝိညာဏဓာတ်အတွေ့ကြောင့်ဖြစ်သော) ကုသိုလ်ဝေဒနာ, အကုသိုလ် ဝေဒနာ, အဗျာကတဝေဒနာသည် ရှိ၏။ ။ ဤသို့ ကိုးပါးပြားသော နည်းအားဖြင့် ဝေဒနာက္ခန္ဓာသည် ကိုးပါးဖြစ်၏။

ဒသကနည်း

ဆယ်ပါးပြားသော နည်းအားဖြင့် ဝေဒနာက္ခန္ဓာသည် ဖြစ်၏။ ။ စက္ခုဝိညာဉ်နှင့် ယှဉ်သော ဖဿကြောင့်ဖြစ်သော ဝေဒနာ (မျက်စိအတွေ့ကြောင့်ဖြစ်သော ဝေဒနာ) (စက္ခုသမ္ဖဿဇာဝေဒနာ)၊ သောတဝိညာဉ်နှင့်ယှဉ်သော ဖဿကြောင့်ဖြစ်သော ဝေဒနာ (နားအတွေ့ကြောင့် ဖြစ်သော ဝေဒနာ) (သောတသမ္ဖဿဇာဝေဒနာ)၊ ဃာနဝိညာဉ်နှင့်ယှဉ်သော ဖဿကြောင့်ဖြစ်သော ဝေဒနာ (နှာခေါင်းအတွေ့ကြောင့်ဖြစ်သော ဝေဒနာ) ဃာနသမ္ဖဿဇာဝေဒနာ)၊ ဇိဝှါဝိညာဉ်နှင့်ယှဉ်သော ဖဿကြောင့်ဖြစ်သော ဝေဒနာ (လျှာအတွေ့ကြောင့်ဖြစ်သောဝေဒနာ) (ဇိဝှါသမ္ဖဿဇာဝေဒနာ)၊ ကာယ ဝိညာဉ်နှင့် ယှဉ်သော ဖဿကြောင့်ဖြစ်သော (ကိုယ်အတွေ့ကြောင့်ဖြစ်သော) သုခဝေဒနာနှင့် ဒုက္ခဝေဒနာ၊ မနောဓာတ်နှင့်ယှဉ်သော ဖဿကြောင့်ဖြစ်သော ဝေဒနာ (မနောဓာတ်အတွေ့ကြောင့်ဖြစ်သော ဝေဒနာ)။ မနောဝိညာဏဓာတ်နှင့် ယှဉ်သော ဖဿကြောင့်ဖြစ်သော (မနောဝိညာဏဓာတ် အတွေ့ကြောင့်ဖြစ်သော) ကုသိုလ်ဝေဒနာ, အကုသိုလ်ဝေဒနာ, အဗျာကတဝေဒနာသည် ရှိ၏။ ။ ဤသို့ ဆယ်ပါးပြားသော နည်း အားဖြင့် ဝေဒနာက္ခန္ဓာသည် ဆယ်ပါးဖြစ်၏။

(သဟေတုကဒုက်ကို မူတည်၍ ကုသလတိက်ကို မူလီသွင်းပြီးလျှင် ဟောသောနည်း ၁၀-ပါး ပြီး၏)။

၁။ ဤနည်း ၁၀-နည်း၌ အသေးစိတ်ရေတွက်လျှင် ဝေဒနာက္ခန္ဓာ ၅၅-ပါးရှိသည်။

--

(၂) သဟေတုကဒုက်ကို မူတည်ပြီးလျှင် ဝိပါကတိက်ကို မူလီသွင်း၍ ဟောသောနည်း ၁၀-ပါး

(သဟေတုကဒုကမူ-ဝိပါကတိကမူလီ ၁၀-နည်း)

ဧကကနည်း။ပ။ ဒသကနည်းအထိ

ဧကကနည်း ၃၅

တစ်ပါးပြားသောနည်းအားဖြင့် ဝေဒနာက္ခန္ဓာသည် ဖြစ်၏။ ။ ဖဿနှင့်ယှဉ်သော ဝေဒနာက္ခန္ဓာတည်း။

ဒုကနည်း

နှစ်ပါးပြားသောနည်းအားဖြင့် ဝေဒနာက္ခန္ဓာသည်ဖြစ်၏။ ။ ဟိတ်ရှိသော ဝေဒနာက္ခန္ဓာသည် ရှိ၏၊ ဟိတ်မရှိသော ဝေဒနာက္ခန္ဓာသည်ရှိ၏။

တိကနည်း

သုံးပါးပြားသောနည်းအားဖြင့် ဝေဒနာက္ခန္ဓာသည်ဖြစ်၏။ ။ ကုသိုလ်အကုသိုလ်တို့၏ အကျိုးဝိပါက်ဖြစ်သော ဝေဒနာက္ခန္ဓာသည်ရှိ၏ (ဝိပါက်စိတ်တို့နှင့် ယှဉ်သော ဝေဒနာ)၊ အကျိုးဝိပါက်ကို ဖြစ်စေခြင်း သဘောရှိသော တရားဖြစ်သော (အကျိုးဝိပါက်ကို ဖြစ်စေတတ်သော) ဝေဒနာက္ခန္ဓာသည်ရှိ၏ (ကုသိုလ်, အကုသိုလ်စိတ်တို့၌ရှိသော ဝေဒနာ)၊ ကုသိုလ်, အကုသိုလ်တို့၏ အကျိုးဝိပါက်လည်း မဟုတ်မူ၍ အကျိုးဝိပါက်ကို ဖြစ်စေခြင်းသဘောရှိသော တရားလည်း မဟုတ်သော (အကျိုးဝိပါက်ကို မဖြစ်စေတတ်သော) ဝေဒနာက္ခန္ဓာသည်ရှိ၏ (ကြိယာစိတ်၌ရှိသောဝေဒနာ)။ပ။

(၃) သဟေတုကဒုက်ကို မူတည်ပြီးလျှင် ဥပါဒိဏ္ဏတိက်ကို မူလီသွင်းသောနည်း ၁၀-ပါး

(သဟေတုကဒုကမူ-ဥပါဒိဏ္ဏတိကမူလီ ၁၀-နည်း)

တဏှာဒိဋ္ဌိတို့သည် ကပ်အပ်သော ကံသည် အကျိုး၏အဖြစ်ဖြင့်လည်း ယူအပ်၍ (တဏှာဒိဋ္ဌိတို့၏ အာရုံဖြစ်သော ကံကြောင့်လည်း ဖြစ်၍) ဥပါဒါန်တို့၏ အာရုံလည်းဖြစ်သော ဝေဒနာက္ခန္ဓာသည် ရှိ၏ (လောကီဝိပါက် စိတ်တို့နှင့် ယှဉ်သော ဝေဒနာ)၊ တဏှာဒိဋ္ဌိတို့သည် ကပ်အပ်သော ကံသည် အကျိုး၏ အဖြစ်ဖြင့် မယူအပ်မူ၍ (တဏှာဒိဋ္ဌိတို့၏ အာရုံဖြစ်သော ကံကြောင့် မဖြစ်မူ၍) ဥပါဒါန်တို့၏ အာရုံသာ ဖြစ်သော ဝေဒနာက္ခန္ဓာသည် ရှိ၏ (လောကီကုသိုလ်, အကုသိုလ်, ကြိယာစိတ်တို့နှင့်ယှဉ်သော ဝေဒနာ)၊ တဏှာဒိဋ္ဌိတို့သည် ကပ်အပ်သောကံသည် အကျိုး၏အဖြစ်ဖြင့်လည်း မယူအပ်မူ၍ (တဏှာဒိဋ္ဌိတို့၏ အာရုံဖြစ်သော ကံကြောင့်လည်း မဖြစ်မူ၍) ဥပါဒါန်တို့၏ အာရုံလည်း မဟုတ်သော ဝေဒနာက္ခန္ဓာသည် ရှိ၏ (လောကုတ္တရာစိတ်နှင့်ယှဉ်သော ဝေဒနာ)။ပ။

ဤသဟေတုကဒုကမူ - ဥပါဒိဏ္ဏတိကမူလီမှစ၍ သဟေတုကဒုကမူ အဇ္ဈတ္တာရမ္မဏတိကမူလီ အထိ နည်း ၁၀-ပါးကို ပေယျာလ လုံးဝချန်ထားပါသည်။

--

(၄) သဟေတုကဒုက်ကို မူတည်ပြီးလျှင် သံကိလိဋ္ဌတိက်ကို မူလီသွင်းသောနည်း ၁၀-ပါး

(သဟေတုကဒုကမူ-သံကိလိဋ္ဌတိကမူလီ ၁၀-နည်း)

ပူပန်စေတတ် နှိပ်စက်တတ်သော ‘ကိလေသာ'တို့သည် ပူပန်လည်း ပူပန်စေအပ်သည်ဖြစ်၍ (ကိလေသာတို့နှင့်လည်းယှဉ်၍) ကိလေသာတို့၏ အာရုံလည်းဖြစ်သော ဝေဒနာက္ခန္ဓာသည် ရှိ၏ (အကုသိုလ်စိတ်နှင့်ယှဉ်သော ဝေဒနာ)၊ ကိလေသာတို့သည် ပူပန်စေအပ်သည် မဟုတ်မူ၍ (ကိလေသာ တို့နှင့် မယှဉ်မူ၍) ကိလေသာတို့၏ အာရုံဖြစ်သော ဝေဒနာက္ခန္ဓာသည် ရှိ၏ (လောကီကုသိုလ် ဝိပါက် ကြိယာစိတ်တို့နှင့်ယှဉ်သော ဝေဒနာ)၊ ကိလေသာတို့သည် ပူပန်စေအပ်သည်လည်း မဟုတ်မူ၍ (ကိလေသာတို့နှင့်လည်း မယှဉ်မူ၍) ကိလေသာတို့၏ အာရုံလည်း မဟုတ်သော ဝေဒနာက္ခန္ဓာသည် ရှိ၏ (လောကုတ္တရာစိတ်နှင့်ယှဉ်သော ဝေဒနာ)။ပ။

(၅) သဟေတုကဒုက်ကို မူတည်ပြီးလျှင် ဝိတက်တိက်ကို မူလီသွင်းသောနည်း ၁၀-ပါး

(သဟေတုကဒုကမူ-ဝိတက္ကတိကမူလီ ၁၀-နည်း)

ဝိတက်လည်း ရှိ၍ ဝိစာရလည်းရှိသော ဝေဒနာက္ခန္ဓာသည် ရှိ၏ (သဝိတက္ကစိတ် ၅၅-ပါးတို့နှင့် ယှဉ်သော ဝေဒနာ)၊ ဝိတက် မရှိမူ၍ ဝိစာရမျှသာရှိသော ဝေဒနာက္ခန္ဓာသည် ရှိ၏ (ဝိတက်နှင့် မယှဉ်မူ၍ ဝိစာရနှင့်သာ ယှဉ်သော ဝေဒနာ) (ဒုတိယဈာန်စိတ် ၁၁-ပါး၌ရှိသော ဝေဒနာ)၊ ဝိတက်လည်း မရှိမူ၍ ဝိစာရလည်း မရှိသော ဝေဒနာက္ခန္ဓာသည် ရှိ၏ (ဝိတက် ဝိစာရတို့နှင့် မယှဉ်သော ဝေဒနာ) (ဒွေးပဉ္စ ဝိညာဉ်နှင့် တတိယ, စတုတ္ထ, ပဉ္စမဈာန်စိတ်၊ ထို၅၅-ပါး၌ရှိသော ဝေဒနာ)။ပ။

(၆) သဟေတုကဒုက်ကို မူတည်ပြီးလျှင် ဒဿနတိက်ကို မူလီသွင်းသောနည်း ၁၀-ပါး

(သဟေတုကဒုကမူ-ဒဿနတိကမူလီ ၁၀-နည်း)

(နိဗ္ဗာန်ကို ရှေးဦးစွာ မြင်သဖြင့် ‘ဒဿန’မည်သော) သောတာပတ္တိမဂ်သည် ပယ်အပ်သော ဝေဒနာက္ခန္ဓာသည် ရှိ၏ (ဒိဋ္ဌိဂတသမ္ပယုတ်စိတ် ၄-ပါးနှင့် ဝိစိကိစ္ဆာစိတ်တို့၌ရှိသော ဝေဒနာ)၊ သောတာ ပတ္တိမဂ်မြင်ပြီးသည့် နိဗ္ဗာန်ကို တစ်ဖန်ထပ်၍ မြင်သဖြင့် ‘ဘာဝနာ’မည်သော အထက်မဂ်သုံးပါးတို့သည် ပယ်အပ်သော ဝေဒနာက္ခန္ဓာသည် ရှိ၏ (ကြွင်းသောအကုသိုလ်စိတ်တို့၌ ရှိသောဝေဒနာ)၊ သောတာပတ္တိမဂ် ပယ်အပ်သည်လည်း မဟုတ်မူ၍ အထက်မဂ်သုံးပါးတို့သည် ပယ်အပ်သည်လည်း မဟုတ်သော ဝေဒနာက္ခန္ဓာသည် ရှိ၏ (ကုသိုလ် ဝိပါက် ကြိယာ စိတ်တို့၌ရှိသော ဝေဒနာ)။ပ။

--

(၇) သဟေတုကဒုက်ကို မူတည်ပြီးလျှင် ဒဿနဟေတုတိက်ကို မူလီသွင်းသောနည်း ၁၀-ပါး

(သဟေတုကဒုကမူ-ဒဿနဟေတုတိကမူလီ ၁၀-နည်း)

(နိဗ္ဗာန်ကို ရှေးဦးစွာ မြင်သဖြင့် ‘ဒဿန’မည်သော) သောတာပတ္တိမဂ်သည် ပယ်အပ်သော ဟိတ်ရှိ သည့် ဝေဒနာက္ခန္ဓာသည် ရှိ၏ (ဒိဋ္ဌိဂတသမ္ပယုတ်စိတ် ၄-ပါးနှင့် ဝိစိကိစ္ဆာစိတ်တို့၌ရှိသော ဝေဒနာ, အပါယ်သို့ လားစေတတ်သည့် အကုသိုလ်စိတ်တို့၌ရှိသော ဝေဒနာ)၊ သောတာပတ္တိမဂ် မြင်ပြီးသည့် နိဗ္ဗာန်ကို တစ်ဖန်ထပ်၍ မြင်သဖြင့် ‘ဘာဝနာ’မည်သော အထက်မဂ်သုံးပါးတို့သည် ပယ်အပ်သော ဟိတ်ရှိသည့် ဝေဒနာက္ခန္ဓာသည် ရှိ၏ (ကြွင်းသော အကုသိုလ်စိတ်တို့၌ရှိသော ဝေဒနာ)၊ သောတာပတ္တိမဂ် သည် ပယ်အပ်သော ဟိတ်ရှိသည်လည်း မဟုတ်မူ၍ အထက်မဂ်သုံးပါးတို့သည် ပယ်အပ်သော ဟိတ်ရှိ သည်လည်း မဟုတ်သော ဝေဒနာက္ခန္ဓာသည် ရှိ၏ (ကုသိုလ်, ဝိပါက်, ကြိယာစိတ်တို့၌ရှိသော ဝေဒနာ)။ပ။

(၈) သဟေတုကဒုက်ကို မူတည်ပြီးလျှင် အာစယဂါမိတိက်ကို မူလီသွင်းသောနည်း ၁၀-ပါး

(သဟေတုကဒုကမူ-အာစယဂါမိတိကမူလီ ၁၀-နည်း)

စုတိပဋိသန္ဓေသို့ ရောက်ကြောင်းဖြစ်သော ‘အာစယဒါမိ'ဝေဒနာက္ခန္ဓာသည် ရှိ၏ (လောကီကုသိုလ် အကုသိုလ်တို့နှင့် ယှဉ်သော ဝေဒနာ)၊ နိဗ္ဗာန်သို့ရောက်ကြောင်းဖြစ်သော ‘အပစယဂါမိ'ဝေဒနာက္ခန္ဓာ သည် ရှိ၏ (မဂ်စိတ်လေးပါးနှင့်ယှဉ်သောဝေဒနာ)၊ စုတိပဋိသန္ဓေသို့ ရောက်ကြောင်းလည်း မဟုတ်မူ၍ နိဗ္ဗာန်သို့ရောက်ကြောင်းလည်း မဟုတ်သော ဝေဒနာက္ခန္ဓာသည် ရှိ၏ (ဝိပါက်, ကြိယာစိတ်တို့နှင့်ယှဉ်သော ဝေဒနာ)။ပ။

(၉) သဟေတုကဒုက်ကို မူတည်ပြီးလျှင် သေက္ခတိက်ကို မူလီသွင်းသောနည်း ၁၀-ပါး

(သဟေတုကဒုကမူ-သေက္ခတိကမူလီ ၁၀-နည်း)

(အရဟတ္တဖိုလ်သို့ ရောက်ရန်) ကျင့်ဆဲ ‘သေက္ခ'ပုဂ္ဂိုလ် (မဂ်ပုဂ္ဂိုလ် ၄-ပါးနှင့် အောက်ဖိုလ် ၃-ပါး ခုနစ်ယောက်) တို့၏ ဥစ္စာဖြစ်သော ဝေဒနာက္ခန္ဓာသည် ရှိ၏ (မဂ်စိတ်လေးပါး, အောက်ဖိုလ်သုံးပါးတို့နှင့် ယှဉ်သော ဝေဒနာ)၊ (အရဟတ္တဖိုလ်သို့ ရောက်ပြီး) ကျင့်ပြီး ‘အသေက္ခ'ပုဂ္ဂိုလ် (ရဟန္တာ) တို့၏ ဥစ္စာ ဖြစ်သော ဝေဒနာက္ခန္ဓာသည် ရှိ၏ (အရဟတ္တဖိုလ်စိတ်နှင့် ယှဉ်သော ဝေဒနာ)၊ သေက္ခပုဂ္ဂိုလ်တို့၏ ဥစ္စာ လည်း မဟုတ်မူ၍ အသေက္ခပုဂ္ဂိုလ်တို့၏ ဥစ္စာလည်း မဟုတ်သော ဝေဒနာက္ခန္ဓာသည် ရှိ၏ (လောကီ စိတ်တို့နှင့်ယှဉ်သော ဝေဒနာ)။ပ။

--

(၁၀) သဟေတုကဒုက်ကို မူတည်ပြီးလျှင် ပရိတ္တတိက်ကို မူလီသွင်းသောနည်း ၁၀-ပါး

(သဟေတုကဒုကမူ-ပရိတ္တတိကမူလီ ၁၀-နည်း)

နည်းပါးသော အာနုဘော်ရှိသည့် ‘ပရိတ္တ’မည်သော ဝေဒနာက္ခန္ဓာသည် ရှိ၏ (ကာမစိတ်နှင့် ယှဉ် သော ဝေဒနာ)၊ မြင့်မြတ်သည်၏ အဖြစ်သို့ ရောက်သော ‘မဟဂ္ဂတ’မည်သော ဝေဒနာက္ခန္ဓာသည် ရှိ၏ (မဟဂ္ဂုတ်စိတ်နှင့် ယှဉ်သော ဝေဒနာ)၊ နှိုင်းယှဉ်မှုကို ပြုတတ်သော ကိလေသာတို့၏ ဆန့်ကျင်ဘက် ဖြစ်သည့် (မနှိုင်းယှဉ်အပ်သော) ‘အပ္ပမာဏ’မည်သော ဝေဒနာက္ခန္ဓာသည် ရှိ၏ (လောကုတ္တရာစိတ်နှင့် ယှဉ်သော ဝေဒနာ)။ပ။

(၁၁) သဟေတုကဒုက်ကို မူတည်ပြီးလျှင် ပရိတ္တာရမ္မဏတိက်ကို မူလီသွင်းသောနည်း ၁၀-ပါး

(သဟေတုကဒုကမူ-ပရိတ္တာရမ္မဏတိကမူလီ ၁၀-နည်း)

ပရိတ္တတရား (ကာမတရား) ကို အာရုံပြုသော ဝေဒနာက္ခန္ဓာသည် ရှိ၏၊ မဟဂ္ဂုတ်တရားကို အာရုံ ပြုသော ဝေဒနာက္ခန္ဓာသည် ရှိ၏၊ အပ္ပမာဏတရား (လောကုတ္တရာတရား) ကို အာရုံပြုသော ဝေဒနာက္ခန္ဓာ သည် ရှိ၏။ပ။

(၁၂) သဟေတုကဒုက်ကို မူတည်ပြီးလျှင် ဟီနတိက်ကို မူလီသွင်းသောနည်း ၁၀-ပါး

(သဟေတုကဒုကမူ-ဟီနတိကမူလီ ၁၀-နည်း)

ယုတ်ညံ့သော ‘ဟီန'ဝေဒနာက္ခန္ဓာသည် ရှိ၏ (အကုသိုလ်စိတ်နှင့်ယှဉ်သော ဝေဒနာ)၊ အလယ် အလတ် ဖြစ်သော ‘မဇ္ဈိမ'ဝေဒနာက္ခန္ဓာသည် ရှိ၏ (လောကီကုသိုလ် ဝိပါက် ကြိယာစိတ်တို့နှင့် ယှဉ်သော ဝေဒနာ)၊ မြင့်မြတ်သော ‘ပဏီတ'ဝေဒနာက္ခန္ဓာသည် ရှိ၏ (လောကုတ္တရာစိတ်နှင့်ယှဉ်သော ဝေဒနာ)။ပ။

(၁၃) သဟေတုကဒုက်ကို မူတည်ပြီးလျှင် မိစ္ဆတ္တတိက်ကို မူလီသွင်းသောနည်း ၁၀-ပါး

(သဟေတုကဒုကမူ-မိစ္ဆတ္တတိကမူလီ ၁၀-နည်း)

ဖောက်ပြန်သော သဘောရှိ၍ စုတိ၏ အခြားမဲ့၌ အကျိုးပေးမြဲသော ‘မိစ္ဆတ္တနိယတ'ဝေဒနာက္ခန္ဓာသည် ရှိ၏ (နိယတမိစ္ဆာဒိဋ္ဌိကံကို ကျူးလွန်သည့် ဒိဋ္ဌိဂတသမ္ပယုတ်စိတ်နှင့် ပဉ္စာနန္တရိယကံကို ကျူးလွန်သည့် ဒေါသမူ စိတ်တို့၏ သတ္တမဇောတို့၌ရှိသော ဝေဒနာ)၊ မဖောက်ပြန်သော သဘောရှိ၍ မိမိ၏ အခြားမဲ့၌ အကျိုးပေး မြဲသော ‘သမ္မတ္တနိယတ'ဝေဒနာက္ခန္ဓာသည် ရှိ၏ (မဂ်စိတ်နှင့်ယှဉ်သော ဝေဒနာ)၊ (နှစ်ပါးသော အခြင်းအရာတို့ဖြင့်) အကျိုးပေးမမြဲသော ဝေဒနာက္ခန္ဓာသည် ရှိ၏ (ကြွင်းသော စိတ်တို့နှင့်ယှဉ်သော ဝေဒနာ)။ပ။

--

(၁၄) သဟေတုကဒုက်ကို မူတည်ပြီးလျှင် မဂ္ဂါရမ္မဏတိက်ကို မူလီသွင်းသောနည်း ၁၀-ပါး

(သဟေတုကဒုကမူ-မဂ္ဂါရမ္မဏတိကမူလီ ၁၀-နည်း)

မဂ်ကို အာရုံပြုသော ဝေဒနာက္ခန္ဓာသည် ရှိ၏ (မဂ္ဂါရမ္မဏစိတ်နှင့်ယှဉ်သော ဝေဒနာ)၊ မဂ်မည်သော အကြောင်းရင်းဟိတ်ရှိသော (သမ္မာဒိဋ္ဌိမည်သော ပညာတည်းဟူသော အမောဟဟိတ်နှင့် ယှဉ်သော) ဝေဒနာက္ခန္ဓာသည် ရှိ၏ (သမ္မာဒိဋ္ဌိမည်သော အမောဟ= ပညာနှင့် ယှဉ်သည့် မဂ်စိတ္တုပ္ပါဒ်၌ရှိသော ဝေဒနာ)၊ မဂ်မည်သော အကြီးအမှူး (ဝီမံသာဓိပတိဖြစ်သော သမ္မာဒိဋ္ဌိ= အမောဟ= ပညာ, ဝီရိယာဓိပတိ ဖြစ်သော သမ္မာဝါယာမ= ဝီရိယ) ရှိသော ဝေဒနာက္ခန္ဓာသည် ရှိ၏ (ဝီမံသာဓိပတိဖြစ်သော သမ္မာဒိဋ္ဌိ= အမောဟ= ပညာ, ဝီရိယာဓိပတိဖြစ်သော သမ္မာဝါယာမ မဂ္ဂင်= ဝီရိယတို့နှင့်ယှဉ်သည့် မဂ်စိတ္တုပ္ပါဒ်၌ရှိသော ဝေဒနာ)။ပ။

(၁၅) သဟေတုကဒုက်ကို မူတည်ပြီးလျှင် ဥပ္ပန္နတိက်ကို မူလီသွင်းသောနည်း ၁၀-ပါး

(သဟေတုကဒုကမူ-ဥပ္ပန္နတိကမူလီ ၁၀-နည်း)

ဥပါဒ် ဌီ ဘင် ခဏသုံးပါးသို့ ရောက်ဆဲဖြစ်သော (ဖြစ်ဆဲ) ပစ္စုပ္ပန်ဝေဒနာက္ခန္ဓာသည် ရှိ၏၊ ခဏ သုံးပါးသို့ ရောက်ပြီးလည်း မဟုတ်မူ၍ ရောက်ဆဲလည်း မဟုတ်သော အနာဂတ်ဝေဒနာက္ခန္ဓာသည် ရှိ၏ (ဖြစ်လတ္တံ့သော ကုသိုလ် အကုသိုလ် ကြိယာစိတ်တို့နှင့် ယှဉ်သော ဝေဒနာ)၊ မချွတ်ဧကန် ဖြစ်လတ္တံ့သော အနာဂတ်ဝေဒနာက္ခန္ဓာသည် ရှိ၏ (ဝိပါက်စိတ်နှင့်ယှဉ်သော ဝေဒနာ)။ပ။

(၁၆) သဟေတုကဒုက်ကို မူတည်ပြီးလျှင် အတီတတိက်ကို မူလီသွင်းသောနည်း ၁၀-ပါး

(သဟေတုကဒုကမူ-အတီတတိကမူလီ ၁၀-နည်း)

ဖြစ်ပြီးသော အတိက်ဝေဒနာက္ခန္ဓာသည် ရှိ၏၊ မရောက်သေး (ဖြစ်လတ္တံ့) သော အနာဂတ် ဝေဒနာက္ခန္ဓာသည် ရှိ၏၊ ဖြစ်ဆဲဖြစ်သော ပစ္စုပ္ပန်ဝေဒနာက္ခန္ဓာသည် ရှိ၏။ပ။

(၁၇) သဟေတုကဒုက်ကို မူတည်ပြီးလျှင် အတီတာရမ္မဏတိက်ကို မူလီသွင်းသောနည်း ၁၀-ပါး

(သဟေတုကဒုကမူ-အတီတာရမ္မဏတိကမူလီ ၁၀-နည်း)

ဖြစ်ပြီးသည့်အတိက်တရားကို အာရုံပြုသော ဝေဒနာက္ခန္ဓာသည် ရှိ၏၊ မရောက်သေး (ဖြစ်လတ္တံ့) သော အနာဂတ်တရားကို အာရုံပြုသော ဝေဒနာက္ခန္ဓာသည် ရှိ၏၊ ဖြစ်ဆဲ ပစ္စုပ္ပန်တရားကို အာရုံပြုသော ဝေဒနာက္ခန္ဒာသည် ရှိ၏။ပ။

--

(၁၈) သဟေတုကဒုက်ကို မူတည်ပြီးလျှင် အဇ္ဈတ္တတိက်ကို မူလီသွင်းသောနည်း ၁၀-ပါး

(သဟေတုကဒုကမူ-အဇ္ဈတ္တတိကမူလီ ၁၀-နည်း)

အတွင်း ‘အဇ္ဈတ္တ'သန္တာန်၌ဖြစ်သော ဝေဒနာက္ခန္ဓာသည် ရှိ၏၊ အပ ‘ဗဟိဒ္ဓ'သန္တာန်၌ ဖြစ်သော ဝေဒနာက္ခန္ဓာသည် ရှိ၏၊ အတွင်းအပ ‘အဇ္ဈတ္တဗဟိဒ္ဓ'သန္တာန်၌ ဖြစ်သော ဝေဒနာက္ခန္ဓာသည် ရှိ၏။ပ။

(၁၉) သဟေတုကဒုက်ကို မူတည်ပြီးလျှင် အဇ္ဈတ္တာရမ္မဏတိက်ကို မူလီသွင်းသောနည်း ၁၀-ပါး

(သဟေတုကဒုကမူ-အဇ္ဈတ္တာရမ္မဏတိကမူလီ ၁၀-နည်း)

အတွင်းသန္တာန်၌ ဖြစ်သော တရားကို အာရုံပြုသော ဝေဒနာက္ခန္ဓာသည် ရှိ၏၊ အပသန္တာန်၌ ဖြစ်သော တရားကို အာရုံပြုသော ဝေဒနာက္ခန္ဓာသည် ရှိ၏၊ အတွင်းအပသန္တာန်၌ ဖြစ်သော တရားကို အာရုံပြုသော ဝေဒနာက္ခန္ဓာသည် ရှိ၏။ပ။ ဤသို့ ဆယ်ပါးပြားသော နည်းအားဖြင့် ဝေဒနာက္ခန္ဓာသည် ဖြစ်၏။

(သဟေတုကဒုကမူလကနည်း ၁၉-နည်းပြီး၏။ ဤနည်း၌ အသေးစိတ်အားဖြင့် ဝေဒနာသည် (၁၉*၅၅) = ၁၀၄၅-ပါး ဖြစ်၏)။

--

၂-ဟေတုသမ္ပယုတ္တဒုကမူ-တိကမူလီ ၁၉-နည်း၁

(ဤ၌ (၁) ဟေတုသမ္ပယုတ္တဒုက်ကို မူတည်ပြီးလျှင် ကုသလတိက်ကို မူလီသွင်း၍ ဟောသောနည်း ၁၀-ပါး (မှ) (၁၉) ဟေတုသမ္ပယုတ္ထဒုက်ကို မူတည်ပြီးလျှင် အဇ္ဈတ္တာရမ္မဏ တိက်ကို မူလီသွင်းသောနည်း ၁၀-ပါးထိ ဟောရန်ဖြစ်သော်လည်း ကျယ်မည်စိုး၍ အကျဉ်ချုံး ဟောထားသည်။ ကျန်သော ဒုကမူ-တိကမူလီများကိုလည်း ဤနည်းအတူသိပါလေ။)

ဧကကနည်း ၃၆

တစ်ပါးပြားသောနည်းအားဖြင့် ဝေဒနာက္ခန္ဓာသည်ဖြစ်၏။ ။ ဖဿနှင့် ယှဉ်သော ဝေဒနာက္ခန္ဓာတည်း။

ဒုကနည်း

နှစ်ပါးပြားသောနည်းအားဖြင့် ဝေဒနာက္ခန္ဓာသည်ဖြစ်၏။ ။ ဟိတ်နှင့် ယှဉ်သော ဝေဒနာက္ခန္ဓာသည်ရှိ၏၊ ဟိတ်နှင့်မယှဉ်သော ဝေဒနာက္ခန္ဓာသည်ရှိ၏။ပ။

၁။ ‘တိကမူလီ ၁၉-နည်း’ ဟူသည်မှာ တိက်၁၉-ခုကို မူလီသွင်း၍ ဟောထားသည်ဟုဆိုလိုသည်။ အသေးစိတ်အားဖြင့် ဤနည်း တစ်နည်း တစ်နည်း၌ ဝေဒနာပေါင်း ၅၅-ပါးစီ ရှိ၏၊ ၁၉-နည်း၌မူ (၁၉*၅၅) = ၁၀၄၅-ပါး ဖြစ်၏။

၃-နဟေတု သဟေတုကဒုကမူ-တိကမူလီ ၁၉-နည်း

ဟိတ်မမည်မူ၍ ဟိတ်သာရှိသော ဝေဒနာက္ခန္ဓာသည် ရှိ၏၊ ဟိတ်လည်း မမည်မူ၍ ဟိတ်လည်း မရှိသော ဝေဒနာက္ခန္ဓာသည် ရှိ၏။ပ။

(၂-စူဠန္တရဒုကမှ ဒုက် ၂-ခု)

၄-လောကိယဒုကမူ-တိကမူလီ ၁၉-နည်း

လောက၌ အကျုံးဝင်သော ‘လောကီ'ဝေဒနာက္ခန္ဓာသည် ရှိ၏၊ လောကမှ ထွက်မြောက်သော ‘လောကုတ္တရာ'ဝေဒနာက္ခန္ဓာသည် ရှိ၏။ပ။

၅-ကေနစိဝိညေယျဒုကမူ-တိကမူလီ ၁၉-နည်း

တစ်စုံတစ်ခုသော စိတ်သည်သိအပ်သော ဝေဒနာက္ခန္ဓာသည် ရှိ၏၊ တစ်စုံတစ်ခုသော စိတ်သည် မသိအပ်သော ဝေဒနာက္ခန္ဓာသည်ရှိ၏။ပ။

--

(၃-အာသဝဂေါစ္ဆကမှ ဒုက်၃-ခု)

၆-သာသဝဒုကမူ-တိကမူလီ ၁၉-နည်း

(သတ္တဝါတို့၏ သန္တာန်၌) ယိုစီးဖြစ်ပွားနေတတ်၍ မူးယစ်မိုက်မဲစေတတ်သော ‘အာသဝ'၏ (လောဘ, ဒိဋ္ဌိ, မောဟတို့၏) အာရုံဖြစ်သော ဝေဒနာက္ခန္ဓာသည်ရှိ၏၊ အာသဝ၏ အာရုံမဟုတ်သော ဝေဒနာက္ခန္ဓာ သည် ရှိ၏။ပ။

၇-အာသဝသမ္ပယုတ္တဒုကမူ-တိကမူလီ ၁၉-နည်း

အာသဝနှင့် (လောဘ, ဒိဋ္ဌိ, မောဟတို့နှင့်) ယှဉ်သော ဝေဒနာက္ခန္ဓာသည်ရှိ၏၊ အာသဝနှင့် မယှဉ်သော ဝေဒနာက္ခန္ဓာသည်ရှိ၏။ပ။

၈-အာသဝဝိပ္ပယုတ္တသာသဝဒုကမူ-တိကမူလီ ၁၉-နည်း

အာသဝနှင့် မယှဉ်မူ၍ အာသဝ၏ အာရုံသာဖြစ်သော ဝေဒနာက္ခန္ဓာသည် ရှိ၏၊ အာသဝနှင့်လည်း မယှဉ်မူ၍ အာသဝ၏ အာရုံလည်း မဟုတ်သော ဝေဒနာက္ခန္ဓာသည် ရှိ၏။ပ။

(၄-သညောဇနဂေါစ္ဆကမှ ဒုက်၃-ခု)့

၉-သံယောဇနိယဒုကမူ-တိကမူလီ ၁၉-နည်း

(သတ္တဝါတို့ကို ဝဋ်ဆင်းရဲ၌) နှောင်ဖွဲ့တတ်သော သဘော ‘သံယောဇဉ်'၏ အာရုံဖြစ်သော ဝေဒနာက္ခန္ဓာသည် ရှိ၏၊ သံယောဇဉ်၏ အာရုံမဟုတ်သော ဝေဒနာက္ခန္ဓာသည် ရှိ၏။ပ။

၁၀-သံယောဇနသမ္ပယုတ္တဒုကမူ-တိကမူလီ ၁၉-နည်း

သံယောဇဉ်နှင့်ယှဉ်သော ဝေဒနာက္ခန္ဓာသည် ရှိ၏၊ သံယောဇဉ်နှင့်မယှဉ်သော ဝေဒနာက္ခန္ဓာသည် ရှိ၏။ပ။

၁၁-သံယောဇနဝိပ္ပယုတ္တသံယောဇနိယဒုကမူ-တိကမူလီ ၁၉-နည်း

သံယောဇဉ်နှင့် မယှဉ်မူ၍ သံယောဇဉ်၏ အာရုံသာဖြစ်သော ဝေဒနာက္ခန္ဓာသည် ရှိ၏၊ သံယောဇဉ် နှင့်လည်း မယှဉ်မူ၍ သံယောဇဉ်၏ အာရုံလည်း မဟုတ်သော ဝေဒနာက္ခန္ဓာသည် ရှိ၏။ပ။

--

(၅-ဂန္ထဂေါစ္ဆကမှ ဒုက် ၃-ခု)

၁၂-ဂန္ထနိယဒုကမူ-တိကမူလီ ၁၉-နည်း

(သတ္တဝါတို့ကို ဝဋ်ဆင်းရဲ၌) ဆက်စပ်ထုံးဖွဲ့ခြင်းသဘော ‘ဂန္ထ'၏ (လောဘ, ဒေါသ, ဒိဋ္ဌိတို့၏) အာရုံဖြစ်သော ဝေဒနာက္ခန္ဓာသည် ရှိ၏၊ ဂန္ထ၏ အာရုံမဟုတ်သော ဝေဒနာက္ခန္ဓာသည် ရှိ၏။ပ။

၁၃-ဂန္ထ သမ္ပယုတ္တဒုကမူ-တိကမူလီ ၁၉-နည်း

ဂန္ထနှင့်ယှဉ်သော ဝေဒနာက္ခန္ဓာသည် ရှိ၏၊ ဂန္ထနှင့် မယှဉ်သော ဝေဒနာက္ခန္ဓာသည် ရှိ၏။ပ။

၁၄-ဂန္ထဝိပ္ပယုတ္တဂန္ထနိယဒုကမူ-တိကမူလီ ၁၉-နည်း

ဂန္ထနှင့် မယှဉ်မူ၍ ဂန္ထ၏ အာရုံသာဖြစ်သော ဝေဒနာက္ခန္ဓာသည် ရှိ၏၊ ဂန္ထနှင့်လည်း မယှဉ်မူ၍ ဂန္ထ၏ အာရုံလည်း မဟုတ်သော ဝေဒနာက္ခန္ဓာသည် ရှိ၏။ပ။

(၆-ဩဃဂေါစ္ဆကမှ ဒုက် ၃-ခု)

၁၅-ဩဃနိယဒုကမူ-တိကမူလီ ၁၉-နည်း

(သတ္တဝါတို့ကို ဝဋ်ဆင်းရဲ၌) နစ်မြုပ်စေတတ်သောသဘော ‘ဩဃ'၏ (လောဘ, ဒိဋ္ဌိ, မောဟတို့၏) အာရုံဖြစ်သော ဝေဒနာက္ခန္ဓာသည် ရှိ၏၊ ဩဃ၏ အာရုံမဟုတ်သော ဝေဒနာက္ခန္ဓာသည် ရှိ၏။ပ။

၁၆-ဩဃသမ္ပယုတ္တဒုကမူ-တိကမူလီ ၁၉-နည်း

ဩဃနှင့် ယှဉ်သော ဝေဒနာက္ခန္ဓာသည် ရှိ၏၊ ဩဃနှင့် မယှဉ်သော ဝေဒနာက္ခန္ဓာသည် ရှိ၏။ပ။

၁၇-ဩဃဝိပ္ပယုတ္တဩဃနိယဒုကမူ-တိကမူလီ ၁၉-နည်း

ဩဃနှင့် မယှဉ်မူ၍ ဩဃ၏ အာရုံသာဖြစ်သော ဝေဒနာက္ခန္ဓာသည် ရှိ၏၊ ဩဃနှင့်လည်း မယှဉ်မူ၍ ဩဃ၏ အာရုံလည်း မဟုတ်သော ဝေဒနာက္ခန္ဓာသည် ရှိ၏။ပ။

--

(၇-ယောဂဂေါစ္ဆကမှ ဒုက် ၃-ခု)

၁၈-ယောဂနိယဒုကမူ-တိကမူလီ ၁၉-နည်း

(သတ္တဝါတို့ကို ဝဋ်ဆင်းရဲ၌) ယှဉ်စေတတ်သောသဘော ‘ယောဂ'၏ (လောဘ, ဒိဋ္ဌိ, မောဟတို့၏) အာရုံဖြစ်သော ဝေဒနာက္ခန္ဓာသည်ရှိ၏၊ ယောဂ၏ အာရုံမဟုတ်သော ဝေဒနာက္ခန္ဓာသည်ရှိ၏။ပ။

၁၉-ယောဂသမ္ပယုတ္တဒုကမူ-တိကမူလီ ၁၉-နည်း

ယောဂနှင့် ယှဉ်သော ဝေဒနာက္ခန္ဓာသည် ရှိ၏၊ ယောဂနှင့် မယှဉ်သော ဝေဒနာက္ခန္ဓာသည် ရှိ၏။ပ။

၂၀-ယောဂဝိပ္ပယုတ္တယောနိယဒုကမူ-တိကမူလီ ၁၉-နည်း

ယောဂနှင့် မယှဉ်မူ၍ ယောဂ၏ အာရုံသာဖြစ်သော ဝေဒနာက္ခန္ဓာသည် ရှိ၏၊ ယောဂနှင့်လည်း မယှဉ်မူ၍ ယောဂ၏ အာရုံလည်း မဟုတ်သော ဝေဒနာက္ခန္ဓာသည် ရှိ၏။ပ။

(၈-နီဝရဏဂေါစ္ဆကမှ ဒုက် ၃-ခု)

၂၁-နီဝရဏိယဒုကမူ-တိကမူလီ ၁၉-နည်း

(ဈာန်မဂ်ဖိုလ်တရားတို့ကို) ပိတ်ပင်တားဆီးမှု ‘နီဝရဏ'၏ အာရုံဖြစ်သော ဝေဒနာက္ခန္ဓာသည် ရှိ၏၊ နီဝရဏ၏ အာရုံမဟုတ်သော ဝေဒနာက္ခန္ဓာသည် ရှိ၏။ပ။

၂၂-နီဝရဏသမ္ပယုတ္တဒုကမူ-တိကမူလီ ၁၉-နည်း

နီဝရဏနှင့် ယှဉ်သော ဝေဒနာက္ခန္ဓာသည် ရှိ၏၊ နီဝရဏနှင့် မယှဉ်သော ဝေဒနာက္ခန္ဓာသည် ရှိ၏။ပ။

၂၃-နီဝရဏဝိပ္ပယုတ္တနီဝရဏိယဒုကမူ-တိကမူလီ ၁၉-နည်း

နီဝရဏနှင့် မယှဉ်မူ၍ နီဝရဏ၏ အာရုံသာဖြစ်သော ဝေဒနာက္ခန္ဓာသည် ရှိ၏၊ နီဝရဏနှင့်လည်း မယှဉ်မူ၍ နီဝရဏ၏ အာရုံလည်း မဟုတ်သော ဝေဒနာက္ခန္ဓာသည် ရှိ၏။ပ။

--

(၉-ပရာမာသဂေါစ္ဆကမှ ဒုက် ၃-ခု)

၂၄-ပရာမဋ္ဌဒုကမူ-တိကမူလီ ၁၉-နည်း

မှားသောအားဖြင့် သုံးသပ်မှု ‘ပရာမာသ'၏ (ဒိဋ္ဌိ၏) အာရုံဖြစ်သော ဝေဒနာက္ခန္ဓာသည်ရှိ၏၊ ပရာမာသ၏ အာရုံမဟုတ်သော ဝေဒနာက္ခန္ဓာသည်ရှိ၏။ပ။

၂၅-ပရာမာသသမ္ပယုတ္တဒုကမူ-တိကမူလီ ၁၉-နည်း

ပရာမာသနှင့် (ဒိဋ္ဌိနှင့်) ယှဉ်သော ဝေဒနာက္ခန္ဓာသည်ရှိ၏၊ ပရာမာသနှင့် မယှဉ်သော ဝေဒနာက္ခန္ဓာသည်ရှိ၏။ပ။

၂၆-ပရာမာသဝိပ္ပယုတ္တပရာမဋ္ဌဒုကမူ-တိကမူလီ ၁၉-နည်း

ပရာမာသနှင့် မယှဉ်မူ၍ ပရာမာသ၏ အာရုံသာဖြစ်သော ဝေဒနာက္ခန္ဓာသည်ရှိ၏၊ ပရာမာသနှင့် လည်း မယှဉ်မူ၍ ပရာမာသ၏အာရုံလည်း မဟုတ်သော ဝေဒနာက္ခန္ဓာသည်ရှိ၏။ပ။

(၁၀-မဟန္တရဒုကမှ ဒုက်၁-ခု)

၂၇-ဥပါဒိဏ္ဏဒုကမူ-တိကမူလီ ၁၉-နည်း

တဏှာဒိဋ္ဌိတို့သည် ကပ်အပ်သော ကံသည် အကျိုး၏ အဖြစ်ဖြင့် ယူအပ်သော (တဏှာဒိဋ္ဌိတို့အာရုံပြုသည့်ကံ၏အကျိုးဖြစ်သော) ဝေဒနာက္ခန္ဓာသည် ရှိ၏ (လောကီဝိပါက်စိတ်တို့နှင့်ယှဉ်သောဝေဒနာ)၊ တဏှာဒိဋ္ဌိတို့သည် ကပ်အပ်သော ကံသည် အကျိုး၏အဖြစ်ဖြင့် မယူအပ်သော (တဏှာဒိဋ္ဌိတို့ အာရုံ ပြုသည့် ကံ၏ အကျိုးမဟုတ်သော) ဝေဒနာက္ခန္ဓာသည် ရှိ၏ (ကြွင်းသောစိတ်တို့နှင့် ယှဉ်သော ဝေဒနာ)။ပ။

(၁၁-ဥပါဒါနဂေါစ္ဆုကမှ ဒုက် ၃-ခု)

၂၈-ဥပါဒါနိယဒုကမူ-တိကမူလီ ၁၉-နည်း

ပြင်းစွာစွဲလမ်းတတ်သောသဘော ‘ဥပါဒါန်'၏ (တဏှာဒိဋ္ဌိတို့၏) အာရုံဖြစ်သော ဝေဒနာက္ခန္ဓာသည် ရှိ၏၊ ဥပါဒါန်၏ အာရုံမဟုတ်သော ဝေဒနာက္ခန္ဓာသည် ရှိ၏။ပ။

၂၉-ဥပါဒါနသမ္ပယုတ္တဒုကမူ-တိကမူလီ ၁၉-နည်း

ဥပါဒါန်နှင့် (တဏှာဒိဋ္ဌိတို့နှင့်) ယှဉ်သော ဝေဒနာက္ခန္ဓာသည် ရှိ၏၊ ဥပါဒါန်နှင့် မယှဉ်သော ဝေဒနာ က္ခန္ဓာသည် ရှိ၏။ပ။

--

၃၀-ဥပါဒါနဝိပ္ပယုတ္တဥပါဒါနိယဒုကမူ-တိကမူလီ ၁၉-နည်း

ဥပါဒါန်နှင့် မယှဉ်မူ၍ ဥပါဒါန်၏ အာရုံသာဖြစ်သော ဝေဒနာက္ခန္ဓာသည် ရှိ၏၊ ဥပါဒါန်နှင့်လည်း မယှဉ်မူ၍ ဥပါဒါန်၏အာရုံလည်း မဟုတ်သော ဝေဒနာက္ခန္ဓာသည် ရှိ၏။ပ။

(၁၂-ကိလေသဂေါစ္ဆုကမှ ဒုက် ၄-ခု)

၃၁-သံကိလေသိကဒုကမူ-တိကမူလီ ၁၉-နည်း

ပူပန်စေတတ် နှိပ်စက်တတ် ညစ်နွမ်းစေတတ်သော ‘ကိလေသာ'တို့၏အာရုံဖြစ်သော ဝေဒနာက္ခန္ဓာ သည် ရှိ၏၊ ကိလေသာတို့၏ အာရုံမဟုတ်သော ဝေဒနာက္ခန္ဓာသည် ရှိ၏။ပ။

၃၂-သံကိလိဋ္ဌဒုကမူ-တိကမူလီ ၁၉-နည်း

ကိလေသာတို့သည် ပူပန်စေအပ်သော (ကိလေသာတို့နှင့်ယှဉ်သော) ဝေဒနာက္ခန္ဓာသည် ရှိ၏၊ (အကုသိုလ်စိတ်နှင့်ယှဉ်သောဝေဒနာ)၊ ကိလေသာတို့သည် မပူပန်စေအပ်သော (ကိလေသာနှင့် မယှဉ်သော) ဝေဒနာက္ခန္ဓာသည် ရှိ၏။ပ။

၃၃-ကိလေသာသမ္ပယုတ္တဒုကမူ-တိကမူလီ ၁၉-နည်း

ကိလေသာနှင့် ယှဉ်သော ဝေဒနာက္ခန္ဓာသည် ရှိ၏၊ ကိလေသာနှင့် မယှဉ်သော ဝေဒနာက္ခန္ဓာသည် ရှိ၏။ပ။

၃၄-ကိလေသာဝိပ္ပယုတ္တသံကိလေသိကဒုကမူ-တိကမူလီ ၁၉-နည်း

ကိလေသာနှင့်မယှဉ်မူ၍ ကိလေသာ၏ အာရုံသာဖြစ်သော ဝေဒနာက္ခန္ဓာသည် ရှိ၏၊ ကိလေသာနှင့် လည်း မယှဉ်မူ၍ ကိလေသာ၏ အာရုံလည်းမဟုတ်သော ဝေဒနာက္ခန္ဓာသည် ရှိ၏။ပ။

(၁၃-ပိဋ္ဌိဒုကမှ ၁၆-ဒုက်)

၃၅-ဒဿနေန ပဟာတဗ္ဗဒုကမူ-တိကမူလီ ၁၉-နည်း

(နိဗ္ဗာန်ကို ရှေးဦးစွာ မြင်သဖြင့် ‘ဒဿန’မည်သော) သောတာပတ္တိမဂ်သည် ပယ်အပ်သော ဝေဒနာက္ခန္ဓာသည် ရှိ၏၊ သောတာပတ္တိမဂ်သည် မပယ်အပ်သော ဝေဒနာက္ခန္ဓာသည် ရှိ၏။ပ။

--

၃၆-ဘာဝနာယ ပဟာတဗ္ဗဒုကမူ-တိကမူလီ ၁၉-နည်း

သောတာပတ္တိမဂ်မြင်ပြီးသည့် နိဗ္ဗာန်ကို တစ်ဖန်ထပ်၍ မြင်သဖြင့် ‘ဘာဝနာ’မည်သော အထက်မဂ် သုံးပါးတို့သည် ပယ်အပ်သော ဝေဒနာက္ခန္ဓာသည် ရှိ၏၊ အထက်မဂ်သုံးပါးတို့သည် မပယ်အပ်သော ဝေဒနာက္ခန္ဓာသည် ရှိ၏။ပ။

၃၇-ဒဿနေန ပဟာတဗ္ဗဟေတုကဒုကမူ-တိကမူလီ ၁၉-နည်း

(ဒဿနမည်သော) သောတာပတ္တိမဂ်သည် ပယ်အပ်သော ဟိတ်ရှိသော (ဟိတ်နှင့်ယှဉ်သော) ဝေဒနာက္ခန္ဓာသည် ရှိ၏၊ သောတာပတ္တိမဂ်သည် ပယ်အပ်သော ဟိတ်မရှိသော ဝေဒနာက္ခန္ဓာသည် ရှိ၏။ပ။

၃၈-ဘာဝနာယ ပဟာတဗ္ဗဟေတုကဒုကမူ-တိကမူလီ ၁၉-နည်း

(ဘာဝနာမည်သော) အထက်မဂ်သုံးပါးတို့သည် ပယ်အပ်သော ဟိတ်ရှိသော (ဟိတ်နှင့်ယှဉ်သော) ဝေဒနာက္ခန္ဓာသည် ရှိ၏၊ အထက်မဂ်သုံးပါးတို့သည် ပယ်အပ်သော ဟိတ်မရှိသော ဝေဒနာက္ခန္ဓာသည် ရှိ၏။ပ။

၃၉-သဝိတက္ကဒုကမူ-တိကမူလီ ၁၉-နည်း

ဝိတက်ရှိသော (ဝိတက်နှင့်ယှဉ်သော) ဝေဒနာက္ခန္ဓာသည် ရှိ၏၊ ဝိတက်မရှိသော (ဝိတက်နှင့် မယှဉ်သော) ဝေဒနာက္ခန္ဓာသည် ရှိ၏။ပ။

၄၀-သဝိစာရဒုကမူ-တိကမူလီ ၁၉-နည်း

ဝိစာရရှိသော (ဝိစာရနှင့်ယှဉ်သော) ဝေဒနာက္ခန္ဓာသည် ရှိ၏၊ ဝိစာရမရှိသော (ဝိစာရနှင့် မယှဉ်သော) ဝေဒနာက္ခန္ဓာသည် ရှိ၏။ပ။

၄၁-သပ္ပီတိကဒုကမူ-တိကမူလီ ၁၉-နည်း

ပီတိရှိသော (ပီတိနှင့်ယှဉ်သော) ဝေဒနာက္ခန္ဓာသည် ရှိ၏၊ ပီတိမရှိသော ဝေဒနာက္ခန္ဓာသည် ရှိ၏။ပ။

၄၂-ပီတိသဟဂတဒုကမူ-တိကမူလီ ၁၉-နည်း

ပီတနှင့် တကွဖြစ်သော (ပီတိနှင့်ယှဉ်သော) ဝေဒနာက္ခန္ဓာသည် ရှိ၏၊ ပီတိနှင့် တကွမဖြစ်သော (ပီတိနှင့် မယှဉ်သော) ဝေဒနာက္ခန္ဓာသည် ရှိ၏။ပ။

--

၄၃-ကာမာဝစရဒုကမူ-တိကမူလီ ၁၉-နည်း

ကာမတဏှာ၏ ဖြစ်ရာ ကျင်လည်ရာဖြစ်သော ‘ကာမာဝစရ'ဝေဒနာက္ခန္ဓာသည် ရှိ၏ (ကာမာ ဝစရစိတ်၌ ရှိသောဝေဒနာ)၊ ကာမာဝစရမဟုတ်သော ဝေဒနာက္ခန္ဓာသည် ရှိ၏။ပ။

၄၄-ရူပါဝစရဒုကမူ-တိကမူလီ ၁၉-နည်း

ရူပတဏှာ၏ ဖြစ်ရာ ကျင်လည်ရာဖြစ်သော ‘ရူပါဝစရ'ဝေဒနာက္ခန္ဓာသည် ရှိ၏ (ရူပါဝစရစိတ်၌ရှိသော ဝေဒနာ)၊ ရူပါဝစရမဟုတ်သော ဝေဒနာက္ခန္ဓာသည် ရှိ၏။ပ။

၄၅-အရူပါဝစရဒုကမူ-တိကမူလီ ၁၉-နည်း

အရူပတဏှာ၏ ဖြစ်ရာ ကျင်လည်ရာဖြစ်သော ‘အရူပါဝစရ'ဝေဒနာက္ခန္ဓာသည် ရှိ၏ (အရူပါဝစရစိတ်၌ ရှိသောဝေဒနာ)၊ အရူပါဝစရမဟုတ်သော ဝေဒနာက္ခန္ဓာသည် ရှိ၏။ပ။

၄၆-ပရိယာပန္နဒုကမူ-တိကမူလီ ၁၉-နည်း

ဝဋ်ဆင်းရဲ၌ အကျုံးဝင်သော ‘ပရိယာပန္န'ဝေဒနာက္ခန္ဓာသည် ရှိ၏ (လောကီစိတ်တို့၌ရှိသော ဝေဒနာ)၊ ဝဋ်ဆင်းရဲ၌ အကျုံးမဝင်သော ‘အပရိယာပန္န'ဝေဒနာက္ခန္ဓာသည် ရှိ၏ (လောကုတ္တရာစိတ်၌ ရှိသော ဝေဒနာ)။ပ။

၄၇-နိယျာနိကဒုကမူ-တိကမူလီ ၁၉-နည်း

ဝဋ်ဆင်းရဲမှ ထွက်မြောက်ကြောင်းဖြစ်သော ‘နိယျာနိက'ဝေဒနာက္ခန္ဓာသည် ရှိ၏ (မဂ်စိတ်နှင့် ယှဉ်သော ဝေဒနာ)၊ ဝဋ်ဆင်းရဲမှ ထွက်မြောက်ကြောင်းမဟုတ်သော ‘အနိယျာနိက'ဝေဒနာက္ခန္ဓာသည် ရှိ၏ (ကြွင်းသော စိတ်တို့၌ရှိသော ဝေဒနာ)။ပ။

၄၈-နိယတဒုကမူ-တိကမူလီ ၁၉-နည်း

အကျိုးပေးမြဲသော ဝေဒနာက္ခန္ဓာသည် ရှိ၏ (နိယတမိစ္ဆာဒိဋ္ဌိကံ ကျူးလွန်သည့် ဒိဋ္ဌိဂတသမ္ပယုယ် စိတ် ၄-ပါးနှင့် ပဉ္စာနန္တရိယကံကို ကျူးလွန်သည့် ဒေါသမူစိတ်တို့၏ သတ္တမဇောတို့၌ရှိသောဝေဒနာ, မဂ်စိတ် ၄-ပါးတို့၌ရှိသောဝေဒနာ)၊ အကျိုးပေး မမြဲသော ဝေဒနာက္ခန္ဓာသည် ရှိ၏။ပ။

၄၉-သဥတ္တရဒုကမူ-တိကမူလီ ၁၉-နည်း

မိမိထက် လွန်မြတ်သည့် တရားရှိသော ‘သဥတ္တရ'ဝေဒနာက္ခန္ဓာသည် ရှိ၏ (လောကီစိတ်တို့နှင့် ယှဉ်သော ဝေဒနာ)၊ မိမိထက် လွန်မြတ်သည့် တရားမရှိသော ‘အနုတ္တရ'ဝေဒနာက္ခန္ဓာသည် ရှိ၏ (လောကုတ္တရာစိတ်နှင့် ယှဉ်သောဝေဒနာ)။ပ။

--

၅၀-သရဏဒုကမူ-တိကမူလီ ၁၉-နည်း

("သရဏဒုကမူ-တိကမူလီ ၁၉-နည်း"၌ တစ်နည်း တစ်နည်းအတွက် ထပ်မံ၍ ၁၀-နည်းစီပွားပုံကို မကျဉ်းမကျယ် ဖော်ပြထားသည်။)

(၁) သရဏဒုကမူ-ကုသလတိကမူလီ ၁၀-နည်း

ဒုကနည်း

ငိုကြွေးကြောင်း (ရာဂအစရှိသော ကိလေသာ) ရှိသော ‘သရဏ'ဝေဒနာက္ခန္ဓာသည်ရှိ၏ (အကုသိုလ်စိတ်နှင့်ယှဉ်သော ဝေဒနာ)၊ ငိုကြွေးကြောင်း (ရာဂအစရှိသောကိလေသာ) မရှိသော ‘အရဏ'ဝေဒနာက္ခန္ဓာသည်ရှိ၏ (ကြွင်းသော စိတ်တို့၌ရှိသော ဝေဒနာ)။ပ။

တိကနည်း

သုံးပါးပြားသော နည်းအားဖြင့် ဝေဒနာက္ခန္ဓာသည်ဖြစ်၏။ ။ ကုသိုလ်ဝေဒနာက္ခန္ဓာသည် ရှိ၏၊ အကုသိုလ်ဝေဒနာက္ခန္ဓာသည်ရှိ၏၊ အဗျာကတဝေဒနာက္ခန္ဓာသည်ရှိ၏။ပ။ ဤသို့ ဆယ်ပါးပြားသော နည်းအားဖြင့် ဝေဒနာက္ခန္ဓာသည်ဖြစ်၏။

(၂) သရဏဒုကမူ-ဝိပါကတိကမူလီ ၁၀-နည်း

ဧကကနည်း, ဒုကနည်း, တိကနည်း။ပ။ ဒသကနည်း

ဧကကနည်း

၃၇။ တစ်ပါးပြားသောနည်းအားဖြင့် ဝေဒနာက္ခန္ဓာသည် ဖြစ်၏။ ။ ဖဿနှင့်ယှဉ်သော ဝေဒနာက္ခန္ဓာတည်း။

ဒုကနည်း

နှစ်ပါးပြားသော နည်းအားဖြင့် ဝေဒနာက္ခန္ဓာသည် ဖြစ်၏။ ။ ငိုကြွေးကြောင်း (ရာဂ အစရှိသော ကိလေသာ) ရှိသော ‘သရဏ'ဝေဒနာက္ခန္ဓာသည် ရှိ၏၊ ငိုကြွေးကြောင်း (ရာဂအစရှိသော ကိလေသာ) မရှိသော ‘အရဏ'ဝေဒနာက္ခန္ဓာသည် ရှိ၏။

တိကနည်း

သုံးပါးပြားသောနည်းအားဖြင့် ဝေဒနာက္ခန္ဓာသည် ဖြစ်၏။ ။ ကုသိုလ်အကုသိုလ်တို့၏ အကျိုးဝိပါက် ဖြစ်သော ဝေဒနာက္ခန္ဓာသည် ရှိ၏၊ အကျိုးဝိပါက်ကို ဖြစ်စေခြင်း သဘော ရှိသည့် တရားဖြစ်သော (အကျိုးဝိပါက်ကို ဖြစ်စေတတ်သော) ဝေဒနာက္ခန္ဓာသည် ရှိ၏၊ ကုသိုလ် အကုသိုလ်တို့၏ အကျိုးဝိပါက်လည်း မဟုတ်မူ၍ အကျိုးဝိပါက်ကို ဖြစ်စေခြင်းသဘောရှိသည့် တရား လည်း မဟုတ်သော (အကျိုးဝိပါက်ကို မဖြစ်စေတတ်သော) ဝေဒနာက္ခန္ဓာသည် ရှိ၏။ပ။ (စတုက္ကနည်းမှ ဒသကနည်းအထိ ပေယျာလချန်ခဲ့သည်)။

--

(၃) သရဏဒုကမူ-ဥပါဒိဏ္ဏတိကမူလီ ၁၀-နည်း

တဏှာဒိဋ္ဌိတို့ကပ်အပ်သောကံသည် အကျိုး၏အဖြစ်ဖြင့် ယူအပ်သည်လည်းဖြစ်၍ (တဏှာဒိဋ္ဌိတို့ အာရုံပြုအပ်သည့် ကံ၏အကျိုးလည်းဖြစ်၍) ဥပါဒါန်တို့၏ အာရုံလည်းဖြစ်သော ဝေဒနာက္ခန္ဓာသည် ရှိ၏ (လောကီ ဝိပါက်စိတ်တို့၌ရှိသော ဝေဒနာ)။ပ။၁

၁။ အမှတ် (၄) ‘သရဏဒုကမူ-သံကိလိဋ္ဌတိကမူလီ၁၀-နည်း'မှ အမှတ် (၁၈) ‘သရဏဒုကမူ-အဇ္ဈတ္တတိက မူလီ ၁၀-နည်း'အထိ ပေယျာလ လုံးဝချန်ခဲ့သည်။

(၁၉) သရဏဒုကမူ-အဇ္ဈတ္တာရမ္မဏတိကမူလီ ၁၀-နည်း

တိကနည်း

အတွင်း ‘အဇ္ဈတ္တ'သန္တာန်၌ဖြစ်သောတရားကို အာရုံပြုသော ဝေဒနာက္ခန္ဓာသည် ရှိ၏၊ အပ ‘ဗဟိဒ္ဓ'သန္တာန်၌ ဖြစ်သော တရားကို အာရုံပြုသော ဝေဒနာက္ခန္ဓာသည် ရှိ၏၊ အတွင်းအပ သန္တာန်၌ ဖြစ်သော တရားကို အာရုံပြုသော ဝေဒနာက္ခန္ဓာသည်ရှိ၏။ပ။ ဤသို့ ဆယ်ပါးပြားသောနည်း အားဖြင့် ဝေဒနာက္ခန္ဓာသည် ဖြစ်၏။

(ဒုက် ၅၀-ကို မူတည်ပြီးလျှင် တိက် ၁၉-ခုတို့ကို မူလီသွင်း၍ဟောသော ဒုကမူလကနည်း (၅၀*၁၉) = ၉၅၀-နည်း ပြီး၏။ ဤနည်း ၉၅၀-တို့၌ ဝေဒနာပေါင်း (၅၀*၁၉*၅၅) = ၅၂၂၅၀-ပါး ဖြစ်သည်)။

ဒုက်ကို မူတည်၍ဟောသော ‘ဒုကမူလက'နည်း ပြီး၏။

--

တိကမူလကနည်း

တိကမူ-ဒုကမူလီ

(တိက်ကို မူတည်ပြီးလျှင် ဒုက်တို့ကို မူလီသွင်းသော တိကမူလကနည်း)

(တိက် ၁၉-ခုကို မူတည်ပြီးလျှင် ဒုက် ၅၀-ကို မူလီသွင်း၍ ဟောသော ‘တိကမူလကနည်း'၉၅၀)၁**

၁။ ** ဤနည်းအရ အစိတ် အစိတ်ရေတွက်ပါမူ ဝေဒနာပေါင်း (၁၉*၅၀*၅၅) = ၅၂၂၅၀-ဖြစ်သည်။ (၂-ဝေဒနာက္ခန္ဓာအခန်း အစရှိ အောက်ခြေမှတ်ချက် ကြည့်ပါ)

၁-ကုသလတိကမူ-ဒုက် ၅၀-မူလီ

(ကုသလတိက်ကို မူတည်ပြီးလျှင် ဒုက် ၅၀-တို့ကို မူလီသွင်းသောနည်း)

(၁) ကုသလတိက်ကို မူတည်ပြီးလျှင် သဟေတုကဒုက်ကို မူလီသွင်းသော ၁၀-နည်း၁**

ဧကကနည်း, ဒုကနည်း, တိကနည်း။ပ။ ဒသကနည်း

ဧကကနည်း ၃၈

တစ်ပါးပြားသောနည်းအားဖြင့် ဝေဒနာက္ခန္ဓာသည် ဖြစ်၏။ ။ ဖဿနှင့်ယှဉ်သော ဝေဒနာက္ခန္ဓာတည်း။

ဒုကနည်း

နှစ်ပါးပြားသောနည်းအားဖြင့် ဝေဒနာက္ခန္ဓာသည် ဖြစ်၏။ ။ ဟိတ်ရှိသော ဝေဒနာက္ခန္ဓာ သည် ရှိ၏၊ ဟိတ်မရှိသော ဝေဒနာက္ခန္ဓာသည် ရှိ၏။

တိကနည်း

သုံးပါးပြားသောနည်းအားဖြင့် ဝေဒနာက္ခန္ဓာသည် ဖြစ်၏။ ။ ကုသိုလ် ဝေဒနာက္ခန္ဓာသည် ရှိ၏၊ အကုသိုလ် ဝေဒနာက္ခန္ဓာသည် ရှိ၏၊ အဗျာကတဝေဒနာက္ခန္ဓာသည် ရှိ၏။ပ။ ဤသို့ ဆယ်ပါးပြားသောနည်းအားဖြင့် ဝေဒနာက္ခန္ဓာသည် ဖြစ်၏။

၁။ ** ရှေးဦးအစဖြစ်၍ ဖတ်ရှုသူနားလည်စေရန် ယခုကဲ့သို့ ခေါင်းစဉ်အကျယ်ရေးထားသည်၊ နောက်၌ ‘ကုသလတိကမူ- သဟေတုကဒုကမူလီ ၁၀-နည်း’ဟူသော ခေါင်းစဉ်မျိုးသာ အကျဉ်းပြတော့မည်။

--

(၂) ကုသလတိကမူ-ဟေတုသမ္ပယုတ္တဒုကမူလီ ၁၀-နည်း

ဧကကနည်း, ဒုကနည်း, တိကနည်း။ပ။ ဒသကနည်း

ဧကကနည်း ၃၉

တစ်ပါးပြားသောနည်းအားဖြင့် ဝေဒနာက္ခန္ဓာသည် ဖြစ်၏။ ။ ဖဿနှင့်ယှဉ်သော ဝေဒနာက္ခန္ဓာတည်း။

ဒုကနည်း

နှစ်ပါးပြားသောနည်းအားဖြင့် ဝေဒနာက္ခန္ဓာသည် ဖြစ်၏။ ။ ဟိတ်နှင့်ယှဉ်သော ဝေဒနာက္ခန္ဓာသည် ရှိ၏၊ ဟိတ်နှင့်မယှဉ်သော ဝေဒနာက္ခန္ဓာသည် ရှိ၏။

တိကနည်း

သုံးပါးပြားသောနည်းအားဖြင့် ဝေဒနာက္ခန္ဓာသည် ဖြစ်၏။ ။ ကုသိုလ်ဝေဒနာက္ခန္ဓာသည် ရှိ၏၊ အကုသိုလ်ဝေဒနာက္ခန္ဓာသည် ရှိ၏၊ အဗျာကတဝေဒနာက္ခန္ဓာသည် ရှိ၏။ပ။ ဤသို့ ဆယ်ပါးပြားသော နည်းအားဖြင့် ဝေဒနာက္ခန္ဓာသည် ဖြစ်၏။

(၃) ကုသလတိကမူ-နဟေတုသဟေတုကဒုကမူလီ ၁၀-နည်း

ဧကကနည်း, ဒုကနည်း။ပ။ ဒသကနည်း

ဧကကနည်း

၄၀။ ။ တစ်ပါးပြားသောနည်းအားဖြင့် ဝေဒနာက္ခန္ဓာသည် ဖြစ်၏။ ။ ဖဿနှင့်ယှဉ်သော ဝေဒနာက္ခန္ဓာတည်း။

ဒုကနည်း

နှစ်ပါးပြားသော နည်းအားဖြင့် ဝေဒနာက္ခန္ဓာသည် ဖြစ်၏။ ။ ဟိတ်မမည်မူ၍ ဟိတ်သာ ရှိသော ဝေဒနာက္ခန္ဓာသည် ရှိ၏၊ ဟိတ်လည်း မမည်မူ၍ ဟိတ်လည်း မရှိသော ဝေဒနာက္ခန္ဓာသည် ရှိ၏။ပ။

(၄) ကုသလတိကမူ-လောကိယဒုကမူလီ ၁၀-နည်း

လောက၌ အကျုံးဝင်သော ‘လောကီ'ဝေဒနာက္ခန္ဓာသည် ရှိ၏၊ လောကမှ ထွက်မြောက် သော ‘လောကုတ္တရာ'ဝေဒနာက္ခန္ဓာသည် ရှိ၏။ပ။

(၅) ကုသလတိကမူ-ကေနစိဝိညေယျဒုကမူလီ ၁၀-နည်း

တစ်စုံတစ်ခုသော စိတ်သည် သိအပ်သော ဝေဒနာက္ခန္ဓာသည် ရှိ၏၊ တစ်စုံတစ်ခုသော စိတ်သည် မသိအပ်သော ဝေဒနာက္ခန္ဓာသည် ရှိ၏။ပ။

--

(၆) ကုသလတိကမူ-သာသဝဒုကမူလီ ၁၀-နည်း

(သတ္တဝါတို့၏ သန္တာန်၌) ယိုစီးဖြစ်ပွားနေတတ်၍ မူးယစ်မိုက်မဲစေတတ်သော ‘အာသဝ'၏ (လောဘ, ဒိဋ္ဌိ, မောဟတို့၏) အာရုံဖြစ်သော ဝေဒနာက္ခန္ဓာသည် ရှိ၏၊ အာသဝ၏ အာရုံမဟုတ်သော ဝေဒနာက္ခန္ဓာသည် ရှိ၏။ပ။

(၇) ကုသလတိကမူ-အာသဝသမ္ပယုတ္တဒုကမူလီ ၁၀-နည်း

အာသဝနှင့် (လောဘ, ဒိဋ္ဌိ, မောဟတို့နှင့်) ယှဉ်သော ဝေဒနာက္ခန္ဓာသည် ရှိ၏၊ အာသဝနှင့် မယှဉ်သော ဝေဒနာက္ခန္ဓာသည် ရှိ၏။ပ။

(၈) ကုသလတိကမူ-အာသဝသဝဝိပ္ပယုတ္တသာသဝဒုကမူလီ ၁၀-နည်း

အာသဝနှင့် မယှဉ်မူ၍ အာသဝ၏ အာရုံသာဖြစ်သော ဝေဒနာက္ခန္ဓာသည် ရှိ၏၊ အာသဝ နှင့်လည်း မယှဉ်မူ၍ အာသဝ၏ အာရုံလည်းမဟုတ်သော ဝေဒနာက္ခန္ဓာသည် ရှိ၏။ပ။၁*

၁။ * အမှတ် (၉) ကုသလတိကမူ-သညောဇနိယဒုကမူလီမှ အမှတ် (၄၉) ကုသလတိကမူ-သဥတ္တရဒုကမူလီ အထိ ပေယျာလ လုံးဝ ချန်ခဲ့သည်။

(၅၀) ကုသလတိကမူ-သရဏဒုကမူလီ ၁၀-နည်း

ဒုကနည်း, တိကနည်း။ပ။ ဒသကနည်း

ဒုကနည်း

ငိုကြွေးကြောင်း (ရာဂအစရှိသောကိလေသာ) ရှိသော ‘သရဏ'ဝေဒနာက္ခန္ဓာသည် ရှိ၏၊ ငိုကြွေးကြောင်း (ရာဂအစရှိသော ကိလေသာ) မရှိသော ‘အရဏ'ဝေဒနာက္ခန္ဓာသည် ရှိ၏၊

တိကနည်း

သုံးပါးပြားသောနည်းအားဖြင့် ဝေဒနာက္ခန္ဓာသည် ဖြစ်၏။ ။ ကုသိုလ်ဝေဒနာက္ခန္ဓာသည် ရှိ၏၊ အကုသိုလ်ဝေဒနာက္ခန္ဓာသည် ရှိ၏၊ အဗျာကတဝေဒနာက္ခန္ဓာသည် ရှိ၏။ပ။ ဤသို့ ဆယ်ပါးပြားသော နည်းအားဖြင့် ဝေဒနာက္ခန္ဓာသည် ဖြစ်၏။

--

၂-ဝိပါကတိကမူ-ဒုက် ၅၀-မူလီ (ဝိပါကတိက်ကို မူတည်၍ ဒုက်၅၀ကိုမူလီသွင်းသောနည်း)

(၁) ဝိပါကတိကမူ-သဟေတုကဒုကမူလီ ၁၀-နည်း

ဧကကနည်းဒုကနည်း, တိကနည်း။ပ။ ဒသကနည်း

ဧကကနည်း

၄၁။ တစ်ပါးပြားသော နည်းအားဖြင့် ဝေဒနာက္ခန္ဓာသည်ဖြစ်၏။ ။ ဖဿနှင့်ယှဉ်သော ဝေဒနာက္ခန္ဓာတည်း။

ဒုကနည်း

နှစ်ပါးပြားသောနည်းအားဖြင့် ဝေဒနာက္ခန္ဓာသည်ဖြစ်၏။ ။ ဟိတ်ရှိသော ဝေဒနာက္ခန္ဓာ သည်ရှိ၏၊ ဟိတ်မရှိသော ဝေဒနာက္ခန္ဓာသည်ရှိ၏။

တိကနည်း

သုံးပါးပြားသောနည်းအားဖြင့် ဝေဒနာက္ခန္ဓာသည်ဖြစ်၏။ ။ ကုသိုလ်အကုသိုလ်တို့၏ အကျိုးဝိပါက်ဖြစ်သော ဝေဒနာက္ခန္ဓာသည်ရှိ၏၊ (ဝိပါက်စိတ်တို့၌ ရှိသောဝေဒနာ)၊ အကျိုးဝိပါက်ကို ဖြစ်စေခြင်း သဘောရှိသည့် တရားဖြစ်သော (အကျိုးဝိပါက်ကို ဖြစ်စေတတ်သော) ဝေဒနာက္ခန္ဓာသည်ရှိ၏ (ကုသိုလ်, အကုသိုလ်စိတ်တို့၌ ရှိသော ဝေဒနာ)၊ ကုသိုလ်, အကုသိုလ်တို့၏ အကျိုးဝိပါက်လည်း မဟုတ်မူ၍ အကျိုးဝိပါက်ကို ဖြစ်စေခြင်းသဘောရှိသော တရားလည်းမဟုတ်သော (အကျိုးဝိပါက်ကိုမဖြစ်စေတတ်သော) ဝေဒနာက္ခန္ဓာသည်ရှိ၏ (ကြိယာစိတ်တို့၌ရှိသောဝေဒနာ)။ပ။၁**

၁။ ** အမှတ် (၂) ဝိပါကတိကမူ-ဟေတုသမ္ပယုတ္တဒုကမူလီမှ အမှတ် (၅၀) ဝိပါကတိကမူ-သရဏဒုကမူလီအထိ ပေယျာလ လုံးဝ ချန်ခဲ့သည်။

--

၃-ဥပါဒိဏ္ဏတိကမူဒုက် ၅၀မူလီ

(ဥပါဒိန္နတိက်ကိုမူတည်၍ဒုက်၅၀ကိုမူလီသွင်းသောနည်း)

(၁) ဥပါဒိန္နတိကမူ-သဟေတုကဒုကမူလီ ၁၀-နည်း

တဏှာဒိဋ္ဌိတို့ ကပ်အပ်သောကံသည် အကျိုး၏အဖြစ်ဖြင့်လည်း ယူအပ်၍ (တဏှာဒိဋ္ဌိတို့ အာရုံ ပြုသော ကံ၏ အကျိုးဝိပါက်လည်းဖြစ်၍) ဥပါဒါန်၏အာရုံလည်းဖြစ်သော ဝေဒနာက္ခန္ဓာသည် ရှိ၏၊ (လောကီဝိပါက်စိတ်တို့နှင့်ယှဉ်သော ဝေဒနာ)၊ တဏှာဒိဋ္ဌိတို့သည် ကပ်အပ်သောကံသည်အကျိုး၏အဖြစ်ဖြင့် မယူအပ်မူ၍ (တဏှာဒိဋ္ဌိတို့၏ အာရုံဖြစ်သောကံကြောင့် မဖြစ်မူ၍) ဥပါဒါန်၏ အာရုံသာဖြစ်သော ဝေဒနာက္ခန္ဓာသည် ရှိ၏၊ (လောကီ ကုသိုလ်, အကုသိုလ်, ကြိယာစိတ်တို့နှင့်ယှဉ်သော ဝေဒနာ)၊ တဏှာ ဒိဋ္ဌိတို့သည် ကပ်အပ်သောကံသည် အကျိုး၏ အဖြစ်ဖြင့်လည်း မယူအပ်မူ၍ (တဏှာဒိဋ္ဌိတို့၏ အာရုံ ဖြစ်သော ကံကြောင့်လည်း မဖြစ်မူ၍) ဥပါဒါန်၏အာရုံလည်း မဟုတ်သော ဝေဒနာက္ခန္ဓာသည် ရှိ၏ (လောကုတ္တရာစိတ်တို့နှင့်ယှဉ်သောဝေဒနာ)။ပ။၁**

၁။ ** အမှတ် (၂) ဥပါဒိဏ္ဏတိကမူ-ဟေတုသမ္ပယုတ္တဒုကမူလီမှ အမှတ် (၅၀) ဥပါဒိဏ္ဏတိကမူ-သရဏဒုကမူလီအထိ ပေယျာလ လုံးဝချန်ခဲ့သည်။ အမှတ် ၄-သံကိလိဋ္ဌတိကမူမှ အမှတ်-၁၈ အဇ္ဈတ္တတိကမူအထိတို့၌လည်း ဤအတိုင်းပင် ပေယျာလ လုံးဝ ချန်ထားသည်။

--

၄-သံကိလိဋ္ဌတိကမူ-ဒုက် ၅၀-မူလီ

(၁) သံကိလိဋ္ဌတိကမူ-သဟေတုကဒုကမူလီ ၁၀-နည်း။ပ။

ပူပန်စေတတ် နှိပ်စက်တတ်သော ‘ကိလေသာ'တို့သည် ပူပန်လည်း ပူပန်စေအပ်သည်ဖြစ်၍ (ကိလေသာတို့နှင့်လည်း ယှဉ်၍) ကိလေသာတို့၏ အာရုံလည်းဖြစ်သော ဝေဒနာက္ခန္ဓာသည် ရှိ၏ (အကုသိုလ်စိတ်နှင့် ယှဉ်သော ဝေဒနာ)၊ ကိလေသာတို့သည် ပူပန်စေအပ်သည်ကား မဟုတ်မူ၍ (ကိလေသာတို့နှင့် မယှဉ်မူ၍) ကိလေသာတို့၏ အာရုံသာဖြစ်သော ဝေဒနာက္ခန္ဓာသည် ရှိ၏ (လောကီ ကုသိုလ်, ဝိပါက်, ကြိယာစိတ်တို့နှင့်ယှဉ်သော ဝေဒနာ)၊ ကိလေသာတို့သည် ပူပန်စေအပ်သည်လည်း မဟုတ်မူ၍ (ကိလေသာတို့နှင့်လည်း မယှဉ်မူ၍) ကိလေသာတို့၏ အာရုံလည်း မဟုတ်သော ဝေဒနာက္ခန္ဓာ သည် ရှိ၏ (လောကုတ္တရာစိတ်တို့နှင့်ယှဉ်သော ဝေဒနာ)။ပ။

၅-ဝိတက္ကတိကမူ-ဒုက် ၅၀-မူလီ

(၁) ဝိတက္ကတိကမူ-သဟေတုကဒုကမူလီ ၁၀-နည်း။ပ။

ဝိတက်လည်းရှိ၍ ဝိစာရလည်းရှိသော ဝေဒနာက္ခန္ဓာသည် ရှိ၏ (သဝိတက္ကစိတ် ၅၅-ပါး၌ ရှိသော ဝေဒနာ)၊ ဝိတက်မရှိမူ၍ ဝိစာရမျှသာရှိသော ဝေဒနာက္ခန္ဓာသည် ရှိ၏ (ဒုတိယဈာန်စိတ် ၁၁-ပါး၌ ရှိသော ဝေဒနာ)၊ ဝိတက်လည်းမရှိမူ၍ ဝိစာရလည်း မရှိသော ဝေဒနာက္ခန္ဓာသည် ရှိ၏ (ကြွင်းသောစိတ်တို့၌ ရှိသော ဝေဒနာ)။ပ။

၆-ဒဿနတိကမူ-ဒုက် ၅၀-မူလီ

(၁) ဒဿနတိကမူ-သဟေတုကဒုကမူလီ ၁၀-နည်း။ပ။

(နိဗ္ဗာန်ကို ရှေးဦးစွာ မြင်သဖြင့် ‘ဒဿန’မည်သော) သောတာပတ္တိမဂ်သည် ပယ်အပ်သော ဝေဒနာက္ခန္ဓာသည် ရှိ၏ (ဒိဋ္ဌိဂတသမ္ပယုတ်စိတ် ၄-ခုနှင့် ဝိစိကိစ္ဆာစိတ်၌ရှိသော ဝေဒနာ)၊ (သောတာပတ္တိမဂ်မြင်ပြီးသည့် နိဗ္ဗာန်ကို တစ်ဖန်ထပ်၍ မြင်သဖြင့် ‘ဘာဝနာ’မည်သော) အထက်မဂ်သုံးပါးတို့သည် ပယ်အပ်သော ဝေဒနာက္ခန္ဓာသည် ရှိ၏ (ကြွင်းသော အကုသိုလ်စိတ်တို့၌ရှိသော ဝေဒနာ)၊ သောတာပတ္တိမဂ်သည် ပယ်အပ်သည်လည်း မဟုတ်မူ၍ အထက်မဂ်သုံးပါးတို့သည် ပယ်အပ်သည်လည်း မဟုတ်သော ဝေဒနာက္ခန္ဓာသည် ရှိ၏ (ကုသိုလ်, ဝိပါက်, ကြိယာစိတ်တို့၌ရှိသော ဝေဒနာ)။ပ။

--

၇-ဒဿနဟေတုတိကမူ-ဒုက် ၅၀-မူလီ

(၁) ဒဿနဟေတုတိကမူ-သဟေတုကဒုကမူလီ ၁၀-နည်း။ပ။

(နိဗ္ဗာန်ကို ရှေးဦးစွာ မြင်သဖြင့် ‘ဒဿန’မည်သော) သောတာပတ္တိမဂ်သည် ပယ်အပ်သော ဟိတ် ရှိသော (ဟိတ်နှင့်ယှဉ်သော) ဝေဒနာက္ခန္ဓာသည် ရှိ၏ (ဒိဋ္ဌိဂတသမ္ပယုတ်စိတ် ၄-ခုနှင့် ဝိစိကိစ္ဆာစိတ်၌ ရှိသော ဝေဒနာ)၊ (သောတာပတ္တိမဂ် မြင်ပြီးသည့် နိဗ္ဗာန်ကို တစ်ဖန်ထပ်၍မြင်သဖြင့် ‘ဘာဝနာ’မည်သော) အထက်မဂ်သုံးပါးတို့သည် ပယ်အပ်သော ဟိတ်ရှိသော (ဟိတ်နှင့်ယှဉ်သော) ဝေဒနာက္ခန္ဓာသည် ရှိ၏ (ကြွင်းသော အကုသိုလ်စိတ်တို့၌ရှိသော ဝေဒနာ)၊ သောတာပတ္တိမဂ်သည် ပယ်အပ်သော ဟိတ် ရှိသည်လည်း မဟုတ်မူ၍ အထက်မဂ်သုံးပါးတို့သည် ပယ်အပ်သော ဟိတ်ရှိသည်လည်း မဟုတ်သော ဝေဒနာက္ခန္ဓာသည် ရှိ၏ (ကုသိုလ်, ဝိပါက်, ကြိယာစိတ်တို့၌ရှိသော ဝေဒနာ)။ပ။

၈-အာစယဂါမိတိကမူ-ဒုက် ၅၀-မူလီ

(၁) အာစယဂါမိတိကမူ-သဟေတုကဒုကမူလီ ၁၀-နည်း။ပ။

စုတိပဋိသန္ဓေသို့ ရောက်ကြောင်းဖြစ်သော (ရောက်စေတတ်သော) ‘အာစယဂါမိ'ဝေဒနာက္ခန္ဓာသည် ရှိ၏ (လောကီကုသိုလ်, အကုသိုလ်စိတ်တို့နှင့် ယှဉ်သော ဝေဒနာ)၊ နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်သော ‘အပစယဂါမိ'ဝေဒနာက္ခန္ဓာသည် ရှိ၏ (မဂ်စိတ်လေးပါးနှင့် ယှဉ်သော ဝေဒနာ)၊ စုတိပဋိသန္ဓေသို့ ရောက်ကြောင်းလည်း မဟုတ်မူ၍ နိဗ္ဗာန်သို့ ရောက်ကြောင်းလည်း မဟုတ်သော ဝေဒနာက္ခန္ဓာသည် ရှိ၏ (ဝိပါက်, ကြိယာစိတ်တို့နှင့် ယှဉ်သော ဝေဒနာ)။ပ။

၉-သေက္ခတိကမူ-ဒုက် ၅၀-မူလီ

(၁) သေက္ခတိကမူ သဟေတုကဒုကမူလီ ၁၀-နည်း

(အရဟတ္တဖိုလ်သို့ ရောက်ရန်) ကျင့်ဆဲ ‘သေက္ခ'ပုဂ္ဂိုလ် (ခုနစ်ယောက်) တို့၏ ဥစ္စာဖြစ်သော ဝေဒနာက္ခန္ဓာသည် ရှိ၏ (မဂ်စိတ် ၄-ပါး, အောက်ဖိုလ် ၃-ပါး၌ရှိသော ဝေဒနာ)၊ (အရဟတ္တဖိုလ်သို့ ရောက်ပြီး) ကျင့်ပြီး ‘အသေက္ခ’ (ရဟန္တာ) ပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော ဝေဒနာက္ခန္ဓာသည် ရှိ၏ (အရဟတ္တဖိုလ်စိတ်၌ရှိသော ဝေဒနာ)၊ သေက္ခပုဂ္ဂိုလ်တို့၏ ဥစ္စာလည်း မဟုတ်မူ၍ ရဟန္တာပုဂ္ဂိုလ်တို့၏ ဥစ္စာလည်း မဟုတ်သော ဝေဒနာက္ခန္ဓာသည် ရှိ၏ (ကြွင်းသော စိတ်တို့၌ရှိသော ဝေဒနာ)။ပ။

--

၁၀-ပရိတ္တတိကမူ-ဒုက် ၅၀-မူလီ

(၁) ပရိတ္တတိကမူ-သဟေတုကဒုကမူလီ ၁၀-နည်း။ပ။

နည်းပါးသော အာနုဘော်ရှိသည့် ‘ပရိတ္တ’မည်သော (ကာမတရားဖြစ်သော) ဝေဒနာက္ခန္ဓာသည် ရှိ၏ (ကာမစိတ်နှင့် ယှဉ်သော ဝေဒနာ)၊ မြင့်မြတ်သည်၏ အဖြစ်သို့ရောက်သော ‘မဟဂ္ဂတ’မည်သော ဝေဒနာက္ခန္ဓာသည် ရှိ၏ (မဟဂ္ဂုတ်စိတ်နှင့် ယှဉ်သော ဝေဒနာ)၊ နှိုင်းယှဉ်မှုကို ပြုတတ်သော ကိလေသာ တို့၏ ဆန့်ကျင်ဘက်ဖြစ်သည့် (မနှိုင်းယှဉ်အပ်သော) ‘အပ္ပမာဏ’မည်သော (လောကုတ္တရာ) ဝေဒနာက္ခန္ဓာသည် ရှိ၏ (လောကုတ္တရာစိတ်နှင့် ယှဉ်သောဝေဒနာ)။ပ။

၁၁-ပရိတ္တာရမ္မဏတိကမူ-ဒုက် ၅၀-မူလီ

(၁) ပရိတ္တာ ရမ္မဏတိကမူ-သဟေတုကဒုကမူလီ ၁၀-နည်း။ပ။

ပရိတ္တတရား (ကာမတရား) ကို အာရုံပြုသော ဝေဒနာက္ခန္ဓာသည် ရှိ၏၊ မဟဂ္ဂုတ်တရားကို အာရုံ ပြုသော ဝေဒနာက္ခန္ဓာသည် ရှိ၏၊ အပ္ပမာဏတရား (လောကုတ္တရာတရား) ကို အာရုံပြုသော ဝေဒနာက္ခန္ဓာ သည် ရှိ၏။ပ။

၁၂-ဟီနတိကမူ-ဒုက် ၅၀-မူလီ

(၁) ဟီနတိကမူ-သဟေတုကဒုကမူလီ ၁၀-နည်း။ပ။

ယုတ်ညံ့သော ‘ဟီန'ဝေဒနာက္ခန္ဓာသည် ရှိ၏ (အကုသိုလ်စိတ်နှင့်ယှဉ်သော ဝေဒနာ)၊ အလယ် အလတ်ဖြစ်သော ‘မဇ္ဈိမ'ဝေဒနာက္ခန္ဓာသည် ရှိ၏ (လောကီကုသိုလ်, ဝိပါက်, ကြိယာစိတ်တို့၌ရှိသော ဝေဒနာ)၊ မြင့်မြတ်သော ‘ပဏီတ'ဝေဒနာက္ခန္ဓာသည် ရှိ၏ (လောကုတ္တရာစိတ်၌ ရှိသော ဝေဒနာ)။ပ။

၁၃-မိစ္ဆတ္တတိကမူ-ဒုက် ၅၀-မူလီ

(၁) မိစ္ဆတ္တတိကမူ-သဟေတုကဒုကမူလီ ၁၀-နည်း။ပ။

ဖောက်ပြန်သော သဘောရှိ၍ စုတိ၏ အခြားမဲ့၌ (အပါယ်ငရဲ၌) အကျိုးပေးမြဲသော ‘မိစ္ဆတ္တနိယတ'ဝေဒနာက္ခန္ဓာသည် ရှိ၏ (နိယတမိစ္ဆာဒိဋ္ဌိ၏အစွမ်းဖြင့်ဖြစ်သော ဒိဋ္ဌိဂတသမ္ပယုတ်စိတ်သတ္တမဇောနှင့်ပဉ္စာနန္တရိယကံကို ကျူးလွန်သည့် ဒေါသမူစိတ်တို့၏ သတ္တမဇောတို့၌ရှိသော ဝေဒနာ)၊ မဖောက်ပြန်သော သဘောရှိ၍ မိမိ၏ အခြားမဲ့၌ အကျိုးပေးမြဲသော ‘သမ္မတ္တနိယတ'ဝေဒနာက္ခန္ဓာသည် ရှိ၏ (မဂ်စိတ် လေးပါးတို့နှင့်ယှဉ်သော ဝေဒနာ)၊ နှစ်ပါးသော အခြင်းအရာတို့ဖြင့် အကျိုးပေး မမြဲသော ဝေဒနာက္ခန္ဓာ သည် ရှိ၏ (ကြွင်းသောစိတ်တို့နှင့် ယှဉ်သော ဝေဒနာ)။ပ။

--

၁၄-မဂ္ဂါရမ္မဏတိကမူ-ဒုက် ၅၀-မူလီ

(၁) မိစ္ဆတ္တတိကမူ-သဟေတုကဒုမူလီ ၁၀-နည်း။ပ။

မဂ်ကို အာရုံပြုသော ဝေဒနာက္ခန္ဓာသည် ရှိ၏ (မဂ္ဂါရမ္မဏစိတ်နှင့်ယှဉ်သောဝေဒနာ)၊ မဂ်မည်သော အကြောင်းရင်းဟိတ် (သမ္မာဒိဋ္ဌိမဂ္ဂင်မည်သော အမောဟ= ပညာ) ရှိသော ဝေဒနာက္ခန္ဓာသည် ရှိ၏ (သမ္မာဒိဋ္ဌိ မည်သော အမောဟ= ပညာနှင့်ယှဉ်သည့် မဂ်စိတ္တုပ္ပါဒ်၌ရှိသော ဝေဒနာ)၊ မဂ်မည်သော အကြီးအမှူး (သမ္မာဒိဋ္ဌိမဂ္ဂင်ဖြစ်သည့် ဝီမံသာဓိပတိမည်သော အမောဟ= ပညာ, သမ္မာဝါယာမမဂ္ဂင်ဖြစ်သည့် ဝီရိယာ ဓိပတိမည်သော ဝီရိယ) ရှိသော ဝေဒနာက္ခန္ဓာသည် ရှိ၏ (သမ္မာဒိဋ္ဌိမဂ္ဂင်ဖြစ်သည့် ဝီမံသာဓိပတိမည်သော အမောဟ= ပညာ, သမ္မာဝါယာမမဂ္ဂင်ဖြစ်သည့် ဝီရိယာဓိပတိမည်သော ဝီရိယတို့နှင့်ယှဉ်သည့် မဂ်စိတ္တုပ္ပါဒ်၌ ရှိသော ဝေဒနာ)။ပ။

၁၅-ဥပ္ပန္နတိကမူ-ဒုက် ၅၀-မူလီ

(၁) ဥပ္ပန္န္နတိကမူ-သဟေတုကဒုကမူလီ ၁၀-နည်း။ပ။

ဥပါဒ် ဌီ ဘင်ဟုဆိုအပ်သော ခဏသုံးပါးသို့ ရောက်ဆဲဖြစ်သော ဝေဒနာက္ခန္ဓာသည် ရှိ၏၊ ခဏ သုံးပါးသို့ ရောက်ပြီးလည်း မဟုတ်မူ၍ ရောက်ဆဲလည်း မဟုတ်သော ဝေဒနာက္ခန္ဓာသည် ရှိ၏ (နောင် အနာဂတ်ကာလ၌ ဖြစ်လတ္တံ့သော ကုသိုလ်, အကုသိုလ်, ကြိယာစိတ်တို့၌ရှိသော ဝေဒနာ)၊ မချွတ်ဧကန်ဖြစ် လတ္တံ့သော ဝေဒနာက္ခန္ဓာသည် ရှိ၏ (ဝိပါက်စိတ်တို့နှင့်ယှဉ်သော ဝေဒနာ)။ပ။

၁၆-အတီတတိကမူ-ဒုက် ၅၀-မူလီ

(၁) အတီတတိကမူ-သဟေတုကဒုကမူလီ၁၀-နည်း။ပ။

ဖြစ်ပြီးသော ‘အတိက်'ဝေဒနာက္ခန္ဓာသည် ရှိ၏၊ မရောက်သေး ဖြစ်လတ္တံ့သော ‘အနာဂတ်'ဝေဒနာက္ခန္ဓာသည် ရှိ၏၊ ဖြစ်ဆဲဖြစ်သော ‘ပစ္စုပ္ပန်'ဝေဒနာက္ခန္ဓာသည် ရှိ၏။ပ။

၁၇-အတီတာရမ္မဏတိကမူ-ဒုက် ၅၀-မူလီ

(၁) အတီတာရမ္မဏတိကမူ-သဟေတုကဒုကမူလီ ၁၀-နည်း။ပ။

ဖြစ်ပြီးသည့် ‘အတိက်'တရားကို အာရုံပြုသော ဝေဒနာက္ခန္ဓာသည် ရှိ၏၊ မရောက်သေး ဖြစ်လတ္တံ့ သော ‘အနာဂတ်'တရားကို အာရုံပြုသော ဝေဒနာက္ခန္ဓာသည် ရှိ၏၊ ဖြစ်ဆဲ ‘ပစ္စုပ္ပန်'တရားကို အာရုံ ပြုသော ဝေဒနာက္ခန္ဓာသည် ရှိ၏။ပ။

--

၁၈-အဇ္ဈတ္တတိကမူ-ဒုက် ၅၀-မူလီ

(၁) အဇ္ဈတ္တတိကမူ-သဟေတုကဒုကမူလီ ၁၀-နည်း။ပ။

အတွင်း ‘အဇ္ဈတ္တ'သန္တာန်၌ဖြစ်သော ဝေဒနာက္ခန္ဓာသည် ရှိ၏၊ အပ ‘ဗဟိဒ္ဓ'သန္တာန်၌ဖြစ်သော ဝေဒနာက္ခန္ဓာသည် ရှိ၏၊ အတွင်းအပ ‘အဇ္ဈတ္တဗဟိဒ္ဓ'သန္တာန်၌ဖြစ်သော ဝေဒနာက္ခန္ဓာသည် ရှိ၏။ပ။

၁၉-အဇ္ဈတ္တာရမ္မဏတိကမူ-ဒုက် ၅၀-မူလီ

(၁) အဇ္ဈတ္တာရမ္မဏတိကမူ-သဟေတုကဒုကမူလီ ၁၀-နည်း

အတွင်း ‘အဇ္ဈတ္တ'သန္တာန်၌ဖြစ်သောတရားကို အာရုံပြုသော ဝေဒနာက္ခန္ဓာသည် ရှိ၏၊ အပ ‘ဗဟိဒ္ဓ'သန္တာန်၌ ဖြစ်သောတရားကို အာရုံပြုသော ဝေဒနာက္ခန္ဓာသည် ရှိ၏၊ အတွင်းအပ ‘အဇ္ဈတ္တဗဟိဒ္ဓ'သန္တာန်၌ဖြစ်သော တရားကို အာရုံပြုသော ဝေဒနာက္ခန္ဓာသည် ရှိ၏။ပ။ ဤသို့ ဆယ်ပါးပြားသော နည်း အားဖြင့် ဝေဒနာက္ခန္ဓာသည် ရှိ၏။ပ။

(၂) အဇ္ဈတ္တာရမ္မဏတိကမူ-ဟေတုသမ္ပယုတ္တဒုကမူလီ ၁၀-နည်း

ဧကကနည်း

၄၂။ တစ်ပါးပြားသော နည်းအားဖြင့် ဝေဒနာက္ခန္ဓာသည် ဖြစ်၏။ ။ ဖဿနှင့်ယှဉ်သော ဝေဒနာက္ခန္ဓာတည်း။

ဒုကနည်း

နှစ်ပါးပြားသောနည်းအားဖြင့် ဝေဒနာက္ခန္ဓာသည် ဖြစ်၏။ ။ ဟိတ်နှင့်ယှဉ်သော ဝေဒနာက္ခန္ဓာသည် ရှိ၏၊ ဟိတ်နှင့်မယှဉ်သော ဝေဒနာက္ခန္ဓာသည် ရှိ၏။ပ။

(၃) အဇ္ဈတ္တာရမ္မဏတိကမူ-နဟေတု သဟေတုကဒုကမူလီ ၁၀-နည်း

ဟိတ်မမည်မူ၍ ဟိတ်သာရှိသော ဝေဒနာက္ခန္ဓာသည် ရှိ၏၊ ဟိတ်လည်း မမည်မူ၍ ဟိတ်လည်း မရှိသော ဝေဒနာက္ခန္ဓာသည် ရှိ၏။ပ။

(၄) အဇ္ဈတ္တာရမ္မဏတိကမူ-လောကိယဒုကမူလီ ၁၀-နည်း

လောက၌ အကျုံးဝင်သော ‘လောကီ'ဝေဒနာက္ခန္ဓာသည် ရှိ၏၊ လောကမှ ထွက်မြောက်သော ‘လောကုတ္တရာ'ဝေဒနာက္ခန္ဓာသည် ရှိ၏။ပ။

--

(၅) အဇ္ဈတ္တာရမ္မဏတိကမူ-ကေနစိဝိညေယျဒုကမူလီ ၁၀-နည်း

တစ်စုံတစ်ခုသော စိတ်သည် သိအပ်သော ဝေဒနာက္ခန္ဓာသည် ရှိ၏၊ တစ်စုံတစ်ခုသော စိတ်သည် မသိအပ်သော ဝေဒနာက္ခန္ဓာသည် ရှိ၏။ပ။

(၆) အဇ္ဈတ္တာရမ္မဏတိကမူ-သာသဝဒုကမူလီ ၁၀-နည်း

(သတ္တဝါတို့၏သန္တာန်၌) ယိုစီး ဖြစ်ပွားနေတတ်၍ မူးယစ်မိုက်မဲစေတတ်သော ‘အာသဝ'၏ (တဏှာ, ဒိဋ္ဌိ, မောဟတို့၏) အာရုံဖြစ်သော ဝေဒနာက္ခန္ဓာသည် ရှိ၏၊ အာသဝ၏ အာရုံမဟုတ်သော ဝေဒနာက္ခန္ဓာသည် ရှိ၏။ပ။

(၇) အဇ္ဈတ္တာရမ္မဏတိကမူ-အာသဝသမ္ပယုတ္တဒုကမူလီ ၁၀-နည်း

အာသဝနှင့် ယှဉ်သော ဝေဒနာက္ခန္ဓာသည် ရှိ၏၊ အာသဝနှင့် မယှဉ်သော ဝေဒနာက္ခန္ဓာသည် ရှိ၏။ပ။

(၈) အဇ္ဈတ္တာရမ္မဏတိကမူ-အာသဝဝိပ္ပယုတ္တသာသဝဒုကမူလီ ၁၀-နည်း

အာသဝနှင့် မယှဉ်မူ၍ အာသဝ၏ အာရုံသာဖြစ်သော ဝေဒနာက္ခန္ဓာသည် ရှိ၏၊ အာသဝနှင့်လည်း မယှဉ်မူ၍ အာသဝ၏ အာရုံလည်း မဟုတ်သော ဝေဒနာက္ခန္ဓာသည် ရှိ၏။ပ။

(၉) အဇ္ဈတ္တာရမ္မဏတိကမူ-သံယောဇနိယဒုကမူလီ ၁၀-နည်း

(သတ္တဝါတို့ကို ဝဋ်ဆင်းရဲ၌) ယှဉ်စေတတ် နှောင်ဖွဲ့တတ်သော ‘သံယောဇဉ်'တို့၏ အာရုံဖြစ်သော ဝေဒနာက္ခန္ဓာသည် ရှိ၏၊ သံယောဇဉ်တို့၏ အာရုံမဟုတ်သော ဝေဒနာက္ခန္ဓာသည် ရှိ၏။ပ။၁**

၁။ ** အဇ္ဈတ္တာရမ္မဏတိကမူကို ဒုက်ဖြင့် အကျယ်ပြရာ၌လည်း ဒုက်အမှတ် (၁၀) သံယောဇနသမ္ပယုတ္တဒုကမူလီမှ အမှတ် (၄၉) သဥတ္တရဒုကမူလီအထိ ပေယျာလ လုံးဝချန်ခဲ့ပြန်သည်။

--

(၅၀) အဇ္ဈတ္တာရမ္မဏတိကမူ-သရဏဒုကမူလီ ၁၀-နည်း

ဒုကနည်း, တိကနည်း။ပ။ (ဒသကနည်း)

ဒုကနည်း

ငိုကြွေးကြောင်း (ရာဂအစရှိသော ကိလေသာ) ရှိသော ‘သရဏ'ဝေဒနာက္ခန္ဓာသည် ရှိ၏ (အကုသိုလ်စိတ်တို့နှင့်ယှဉ်သော ဝေဒနာ)၊ ငိုကြွေးကြောင်း (ရာဂအစရှိသော ကိလေသာ) မရှိသော ‘အရဏ'ဝေဒနာက္ခန္ဓာသည် ရှိ၏ (ကြွင်းသောစိတ်တို့၌ရှိသောဝေဒနာ)။ပ။

တိကနည်း

သုံးပါးပြားသောနည်းအားဖြင့် ဝေဒနာက္ခန္ဓာသည် ဖြစ်၏။ ။ အတွင်း ‘အဇ္ဈတ္တ'သန္တာန်၌ ဖြစ်သော တရားကို အာရုံပြုသော ဝေဒနာက္ခန္ဓာသည် ရှိ၏၊ အပ ‘ဗဟိဒ္ဓ'သန္တာန်၌ဖြစ်သော တရားကို အာရုံပြုသော ဝေဒနာက္ခန္ဓာသည် ရှိ၏၊ အတွင်းအပ ‘အဇ္ဈတ္တဗဟိဒ္ဓ'သန္တာန်၌ဖြစ်သော တရားကို အာရုံပြုသော ဝေဒနာက္ခန္ဓာသည် ရှိ၏။ပ။ ဤသို့ ဆယ်ပါးပြားသောနည်းအားဖြင့် ဝေဒနာက္ခန္ဓာသည် ဖြစ်၏။

(တိက် ၁၉-ခုကို မူတည်ပြီးလျှင် ဒုက် ၅၀-တို့ကို မူလီသွင်း၍ ဟောသော တိကမူလကနည်း (၁၉*၅၀) = ၉၅၀-နည်း ပြီး၏။ အသေးစိတ် ရေတွက်လျှင် ဝေဒနာပေါင်း (၉၅၀*၅၅) = ၅၂၂၅၀-ပါး ဖြစ်၏)။

တိက်တို့ကို မူတည်၍ ဟောသော ‘တိကမူလက'နည်း ပြီး၏။

ဥဘတောဝဍ္ဎကနည်း

(တိက် ၁၉-ခုနှင့် ဒုက် ၁၉-ခုတို့ကို တစုံစီထား၍ပွားသော ဥဘတောဝဍ္ဎကနည်း)

(၁) သဟေတုကဒုက်နှင့် ကုသလတိက်တစ်စုံ ၁၀-နည်း၁*

ဧကကနည်း, ဒုကနည်း, တိကနည်း။ပ။ (ဒသကနည်း)

ဧကကနည်း

၄၃။ တစ်ပါးပြားသော နည်းအားဖြင့် ဝေဒနာက္ခန္ဓာသည် ဖြစ်၏။ ။ ဖဿနှင့်ယှဉ်သော ဝေဒနာက္ခန္ဓာတည်း။

ဒုကနည်း

နှစ်ပါးပြားသောနည်းအားဖြင့် ဝေဒနာက္ခန္ဓာသည် ဖြစ်၏။ ။ ဟိတ်ရှိသော ဝေဒနာက္ခန္ဓာသည် ရှိ၏၊ ဟိတ်မရှိသော ဝေဒနာက္ခန္ဓာသည် ရှိ၏။

တိကနည်း

သုံးပါးပြားသော နည်းအားဖြင့် ဝေဒနာက္ခန္ဓာသည် ဖြစ်၏။ ။ ကုသိုလ်ဝေဒနာက္ခန္ဓာသည် ရှိ၏၊ အကုသိုလ်ဝေဒနာက္ခန္ဓာသည် ရှိ၏၊ အဗျာကတဝေဒနာက္ခန္ဓာသည် ရှိ၏။ပ။ ဤသို့ ဆယ်ပါးပြားသောနည်းအားဖြင့် ဝေဒနာက္ခန္ဓာသည် ဖြစ်၏။

၁။ * ဤ ၁၀-နည်း၌ အသေးစိတ်ရေတွက်သော် ဝေဒနာက္ခန္ဓာ ၅၅-ပါး ဖြစ်၏။

(၂) ဟေတုသမ္ပယုတ္တဒုက်နှင့် ဝိပါကတိက်တစ်စုံ ၁၀-နည်း

ဧကကနည်း, ဒုကနည်း, တိကနည်း။ပ။ (ဒသကနည်း)

ဧကကနည်း

၄၄။ တစ်ပါးပြားသော နည်းအားဖြင့် ဝေဒနာက္ခန္ဓာသည် ဖြစ်၏။ ။ ဖဿနှင့်ယှဉ်သော ဝေဒနာက္ခန္ဓာတည်း။

ဒုကနည်း

နှစ်ပါးပြားသောနည်းအားဖြင့် ဝေဒနာက္ခန္ဓာသည် ဖြစ်၏။ ။ ဟိတ်နှင့်ယှဉ်သော ဝေဒနာက္ခန္ဓာသည် ရှိ၏၊ ဟိတ်နှင့်မယှဉ်သော ဝေဒနာက္ခန္ဓာသည် ရှိ၏။

တိကနည်း

သုံးပါးပြားသော နည်းအားဖြင့် ဝေဒနာက္ခန္ဓာသည် ဖြစ်၏။ ။ ကုသိုလ်အကုသိုလ်တို့၏ အကျိုးဝိပါက်ဖြစ်သော ဝေဒနာက္ခန္ဓာသည် ရှိ၏၊ (ဝိပါက်စိတ်၌ရှိသောဝေဒနာ)၊ အကျိုး ဝိပါက်ကို ဖြစ်စေခြင်းသဘောရှိသော (အကျိုးဝိပါက်ကို ဖြစ်စေတတ်သော) ဝေဒနာက္ခန္ဓာသည် ရှိ၏ (ကုသိုလ် အကုသိုလ်စိတ်တို့၌ရှိသော ဝေဒနာ)၊ ကုသိုလ် အကုသိုလ်တို့၏ အကျိုးဝိပါက်လည်း မဟုတ်မူ၍ အကျိုးဝိပါက်ကို ဖြစ်စေခြင်းသဘောရှိသည်လည်း မဟုတ်သော (အကျိုးဝိပါက်ကို မဖြစ်စေတတ်သော) ဝေဒနာက္ခန္ဓာသည် ရှိ၏ (ကြိယာစိတ်တို့၌ရှိသော ဝေဒနာ)။ပ။ ဤသို့ ဆယ်ပါးပြားသောနည်းအားဖြင့် ဝေဒနာက္ခန္ဓာသည် ဖြစ်၏။

--

(၃) နဟေတု သဟေတုကဒုက်နှင့် ဥပါဒိဏ္ဏတိက်တစ်စုံ ၁၀-နည်း

ဧကကနည်း, ဒုကနည်း, တိကနည်း။ပ။ (ဒသကနည်း)

ဧကကနည်း

၄၅။ တစ်ပါးပြားသော နည်းအားဖြင့် ဝေဒနာက္ခန္ဓာသည် ဖြစ်၏။ ။ ဖဿနှင့်ယှဉ်သော ဝေဒနာက္ခန္ဓာတည်း။

ဒုကနည်း

နှစ်ပါးပြားသော နည်းအားဖြင့် ဝေဒနာက္ခန္ဓာသည် ဖြစ်၏။ ။ ဟိတ်မမည်မူ၍ ဟိတ်သာ ရှိသော ဝေဒနာက္ခန္ဓာသည် ရှိ၏၊ ဟိတ်လည်း မမည်မူ၍ ဟိတ်လည်း မရှိသော ဝေဒနာက္ခန္ဓာသည် ရှိ၏။

တိကနည်း

သုံးပါးပြားသောနည်းအားဖြင့် ဝေဒနာက္ခန္ဓာသည် ဖြစ်၏။ ။ တဏှာဒိဋ္ဌိတို့ကပ်အပ်သော ကံသည် အကျိုး၏ အဖြစ်ဖြင့်လည်း ယူအပ်၍ (တဏှာဒိဋ္ဌိတို့၏ အာရုံဖြစ်သော ကံ၏ အကျိုးလည်းဖြစ်၍) ဥပါဒါန်တို့၏ အာရုံလည်းဖြစ်သော ဝေဒနာက္ခန္ဓာသည် ရှိ၏ (လောကီဝိပါက်စိတ် တို့နှင့်ယှဉ်သော ဝေဒနာ)၊ တဏှာဒိဋ္ဌိတို့သည် ကပ်အပ်သော ကံသည် အကျိုး၏အဖြစ်ဖြင့် မယူအပ်မူ၍ (တဏှာဒိဋ္ဌိတို့၏အာရုံဖြစ်သော ကံ၏ အကျိုး မဟုတ်မူ၍) ဥပါဒါန်တို့၏ အာရုံသာဖြစ်သော ဝေဒနာက္ခန္ဓာ သည် ရှိ၏ (လောကီကုသိုလ် အကုသိုလ် ကြိယာစိတ်တို့နှင့် ယှဉ်သော ဝေဒနာ)၊ တဏှာဒိဋ္ဌိတို့သည် ကပ်အပ်သော ကံသည် အကျိုး၏ အဖြစ်ဖြင့်လည်း မယူအပ်မူ၍ (တဏှာဒိဋ္ဌိတို့၏ အာရုံဖြစ်သော ကံ၏ အကျိုးလည်း မဟုတ်မူ၍) ဥပါဒါန်၏ အာရုံလည်းမဟုတ်သော ဝေဒနာက္ခန္ဓာသည် ရှိ၏ (လောကုတ္တရာ စိတ်နှင့် ယှဉ်သော ဝေဒနာ)။ပ။ ဤသို့ ဆယ်ပါးပြားသော နည်းအားဖြင့် ဝေဒနာက္ခန္ဓာသည် ဖြစ်၏။

(၄) လောကိယဒုက်နှင့်သံကိလိဋ္ဌတိက်တစ်စုံ ၁၀-နည်း

ဧကကနည်း, ဒုကနည်း, တိကနည်း။ပ။ (ဒသကနည်း)

ဧကကနည်း

၄၆။ တစ်ပါးပြားသောနည်းအားဖြင့် ဝေဒနာက္ခန္ဓာသည် ဖြစ်၏။ ။ ဖဿနှင့်ယှဉ်သော ဝေဒနာက္ခန္ဓာတည်း။

ဒုကနည်း

နှစ်ပါးပြားသောနည်းအားဖြင့် ဝေဒနာက္ခန္ဓာသည် ဖြစ်၏။ ။ လောက၌အကျုံးဝင်သော ‘လောကီ'ဝေဒနာက္ခန္ဓာသည် ရှိ၏၊ လောကမှ ထွက်မြောက်သော ‘လောကုတ္တရာ'ဝေဒနာက္ခန္ဓာသည် ရှိ၏။

--

တိကနည်း

သုံးပါးပြားသော နည်းအားဖြင့် ဝေဒနာက္ခန္ဓာသည် ဖြစ်၏။ ။ ပူပန်စေတတ် နှိပ်စက် တတ်သော ‘ကိလေသာ'တို့သည် ပူပန်လည်း ပူပန်စေအပ်သည်ဖြစ်၍ (ကိလေသာတို့နှင့် လည်း ယှဉ်၍) ကိလေသာတို့၏ အာရုံလည်းဖြစ်သော ဝေဒနာက္ခန္ဓာသည် ရှိ၏ (အကုသိုလ်စိတ်နှင့် ယှဉ်သော ဝေဒနာ)၊ ပူပန်စေတတ် နှိပ်စက်တတ်သော ‘ကိလေသာ'တို့သည် ပူပန်စေအပ်သည်ကား မဟုတ်မူ၍ (ကိလေသာတို့နှင့် မယှဉ်မူ၍) ကိလေသာတို့၏အာရုံသာဖြစ်သော ဝေဒနာက္ခန္ဓာသည် ရှိ၏ (လောကီကုသိုလ် ဝိပါက် ကြိယာစိတ်တို့နှင့် ယှဉ်သော ဝေဒနာ)၊ ပူပန်စေတတ် နှိပ်စက်တတ်သော ‘ကိလေသာ'တို့သည် ပူပန်စေအပ်သည်လည်း မဟုတ်မူ၍ (ကိလေသာတို့နှင့်လည်း မယှဉ်မူ၍) ကိလေသာ တို့၏ အာရုံလည်း မဟုတ်သော ဝေဒနာက္ခန္ဓာသည် ရှိ၏ (လောကုတ္တရာစိတ်တို့နှင့် ယှဉ်သော ဝေဒနာ)။ပ။ ဤသို့ ဆယ်ပါးပြားသော နည်းအားဖြင့် ဝေဒနာက္ခန္ဓာသည် ဖြစ်၏။

(၅) ကေနစိဝိညေယျဒုက်နှင့်သဝိတက္ကတိက်တစ်စုံ ၁၀-နည်း

ဧကကနည်း, ဒုကနည်း, တိကနည်း။ပ။ (ဒသကနည်း)

ဧကကနည်း

၄၇။ တစ်ပါးပြားသောနည်းအားဖြင့် ဝေဒနာက္ခန္ဓာသည် ဖြစ်၏။ ။ ဖဿနှင့်ယှဉ်သော ဝေဒနာက္ခန္ဓာတည်း။

ဒုကနည်း

နှစ်ပါးပြားသောနည်းအားဖြင့် ဝေဒနာက္ခန္ဓာသည် ဖြစ်၏။ ။ တစ်စုံတစ်ခုသော စိတ်သည် သိအပ်သော ဝေဒနာက္ခန္ဓာသည် ရှိ၏၊ တစ်စုံတစ်ခုသော စိတ်သည် မသိအပ်သော ဝေဒနာက္ခန္ဓာသည် ရှိ၏။

တိကနည်း

သုံးပါးပြားသောနည်းအားဖြင့် ဝေဒနာက္ခန္ဓာသည် ဖြစ်၏။ ။ ဝိတက်လည်းရှိ၍ ဝိစာရ လည်းရှိသော ဝေဒနာက္ခန္ဓာသည် ရှိ၏ (ဝိတက်ဝိစာရတို့နှင့်ယှဉ်သော သဝိတက္ကစိတ် ၅၅-ပါး၌ရှိသော ဝေဒနာ)၊ ဝိတက် မရှိမူ၍ ဝိစာရမျှသာရှိသော ဝေဒနာက္ခန္ဓာသည် ရှိ၏ (ဝိစာရနှင့်သာ ယှဉ်သော ဒုတိယဈာန်စိတ် ၁၁-ပါး၌ ရှိသော ဝေဒနာ)၊ ဝိတက်လည်း မရှိမူ၍ ဝိစာရလည်း မရှိသော ဝေဒနာက္ခန္ဓာသည် ရှိ၏ (ကြွင်းသော စိတ်တို့၌ ရှိသော ဝေဒနာ)။ပ။ ဤသို့ ဆယ်ပါးပြားသော နည်းအားဖြင့် ဝေဒနာက္ခန္ဓာသည် ဖြစ်၏။

--

(၆) သာသဝဒုက်နှင့် ဒဿနတိက်တစ်စုံ ၁၀-နည်း

ဧကကနည်း, ဒုကနည်း, တိကနည်း။ပ။ (ဒသကနည်း)

ဧကကနည်း

၄၈။ တစ်ပါးပြားသောနည်းအားဖြင့် ဝေဒနာက္ခန္ဓာသည် ဖြစ်၏။ ။ ဖဿနှင့်ယှဉ်သော ဝေဒနာက္ခန္ဓာတည်း။

ဒုကနည်း

နှစ်ပါးပြားသောနည်းအားဖြင့် ဝေဒနာက္ခန္ဓာသည် ဖြစ်၏။ ။ (သတ္တဝါတို့၏ သန္တာန်၌) ယိုစီးဖြစ်ပွားနေတတ် မူးယစ်မိုက်မဲစေတတ်သော ‘အာသဝ'၏ (လောဘ, ဒိဋ္ဌိ, မောဟ တို့၏) အာရုံဖြစ်သော ဝေဒနာက္ခန္ဓာသည် ရှိ၏၊ အာသဝ၏ အာရုံမဟုတ်သော ဝေဒနာက္ခန္ဓာသည် ရှိ၏။

တိကနည်း

သုံးပါးပြားသောနည်းအားဖြင့် ဝေဒနာက္ခန္ဓာသည် ဖြစ်၏။ ။ (နိဗ္ဗာန်ကို ရှေးဦးစွာ မြင် သဖြင့် ‘ဒဿန’မည်သော) သောတာပတ္တိမဂ်သည် ပယ်အပ်သော ဝေဒနာက္ခန္ဓာသည် ရှိ၏ (သောတာပတ္တိမဂ်မြင်ပြီးသော နိဗ္ဗာန်ကို တဖန်ထပ်၍ မြင်သဖြင့် ‘ဘာဝနာ’မည်သော) အထက်မဂ်သုံးပါး တို့သည် ပယ်အပ်သော ဝေဒနာက္ခန္ဓာသည် ရှိ၏၊ သောတာပတ္တိမဂ်သည် ပယ်အပ်သည်လည်း မဟုတ်မူ၍ အထက်မဂ်သုံးပါးတို့သည် ပယ်အပ်သည်လည်း မဟုတ်သော ဝေဒနာက္ခန္ဓာသည် ရှိ၏။ပ။ ဤသို့ ဆယ်ပါးပြားသောနည်းအားဖြင့် ဝေဒနာက္ခန္ဓာသည် ဖြစ်၏။

(၇) အာသဝသမ္ပယုတ္တဒုက်နှင့် ဒဿနဟေတုတိက်တစ်စုံ ၁၀-နည်း

ဧကကနည်း, ဒုကနည်း, တိကနည်း။ပ။ (ဒသကနည်း)

ဧကကနည်း

၄၉။ တစ်ပါးပြားသောနည်းအားဖြင့် ဝေဒနာက္ခန္ဓာသည် ဖြစ်၏။ ။ ဖဿနှင့်ယှဉ်သော ဝေဒနာက္ခန္ဓာတည်း။

ဒုကနည်း

နှစ်ပါးပြားသောနည်းအားဖြင့် ဝေဒနာက္ခန္ဓာသည် ဖြစ်၏။ ။ အာသဝနှင့် (လောဘ, ဒိဋ္ဌိ, မောဟတို့နှင့်) ယှဉ်သော ဝေဒနာက္ခန္ဓာသည် ရှိ၏၊ အာသဝနှင့် မယှဉ်သော ဝေဒနာက္ခန္ဓာသည် ရှိ၏။

တိကနည်း

သုံးပါးပြားသောနည်းအားဖြင့် ဝေဒနာက္ခန္ဓာသည် ဖြစ်၏။ ။ (နိဗ္ဗာန်ကို ရှေးဦးစွာ မြင် သဖြင့် ‘ဒဿန’မည်သော) သောတာပတ္တိမဂ်သည် ပယ်အပ်သော ဟိတ်ရှိသော (ဟိတ်နှင့် ယှဉ်သော) ဝေဒနာက္ခန္ဓာသည် ရှိ၏၊ (သောတာပတ္တိမဂ်မြင်ပြီးသော နိဗ္ဗာန်ကို တဖန်ထပ်၍ မြင်သဖြင့် ‘ဘာဝနာ’မည်သော) အထက်မဂ်သုံးပါးတို့သည် ပယ်အပ်သော ဟိတ်ရှိသော (ဟိတ်နှင့်ယှဉ်သော) ဝေဒနာက္ခန္ဓာသည် ရှိ၏၊ သောတာပတ္တိမဂ်သည် ပယ်အပ်သော ဟိတ်ရှိသည်လည်း မဟုတ်မူ၍ အထက်မဂ် သုံးပါးတို့သည် ပယ်အပ်သော ဟိတ်ရှိသည်လည်း မဟုတ်သော ဝေဒနာက္ခန္ဓာသည် ရှိ၏။ပ။ ဤသို့ ဆယ်ပါးပြားသောနည်းအားဖြင့် ဝေဒနာက္ခန္ဓာသည် ဖြစ်၏။

--

(၈) အာသဝဝိပ္ပယုတ္တသာသဝဒုက်နှင့် အာစယဂါမိတိက်တစ်စုံ ၁၀-နည်း

ဧကကနည်း, ဒုကနည်း, တိကနည်း။ပ။ (ဒသကနည်း)

ဧကကနည်း

၅၀။ တစ်ပါးပြားသော နည်းအားဖြင့် ဝေဒနာက္ခန္ဓာသည် ဖြစ်၏။ ။ ဖဿနှင့်ယှဉ်သော ဝေဒနာက္ခန္ဓာတည်း။

ဒုကနည်း

နှစ်ပါးပြားသောနည်းအားဖြင့် ဝေဒနာက္ခန္ဓာသည် ဖြစ်၏။ ။ အာသဝနှင့် (လောဘ, ဒိဋ္ဌိ, မောဟတို့နှင့်) မယှဉ်မူ၍ အာသဝ၏ အာရုံသာဖြစ်သော ဝေဒနာက္ခန္ဓာသည် ရှိ၏၊ အာသဝနှင့်လည်း မယှဉ်မူ၍ အာသဝ၏ အာရုံလည်း မဟုတ်သော ဝေဒနာက္ခန္ဓာသည် ရှိ၏။

တိကနည်း

သုံးပါးပြားသော နည်းအားဖြင့် ဝေဒနာက္ခန္ဓာသည် ဖြစ်၏။ ။ စုတိပဋိသန္ဓေသို့ ရောက် ကြောင်းဖြစ်သော (ရောက်စေတတ်သော) ခံစားမှုအစု ‘အာစယဂါမိဝေဒနာက္ခန္ဓာ'သည် ရှိ၏ (လောကီကုသိုလ် အကုသိုလ်စိတ်တို့နှင့် ယှဉ်သော ဝေဒနာ)၊ နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်သော ခံစားမှုအစု ‘အပစယဂါမိဝေဒနာက္ခန္ဓာ'သည် ရှိ၏ (မဂ်စိတ်လေးပါးတို့နှင့်ယှဉ်သော ဝေဒနာ) စုတိ ပဋိသန္ဓေသို့ ရောက်ကြောင်းလည်း မဟုတ်မူ၍ နိဗ္ဗာန်သို့ ရောက်ကြောင်းလည်း မဟုတ်သော ဝေဒနာက္ခန္ဓာသည် ရှိ၏ (ဝိပါက် ကြိယာစိတ်တို့နှင့် ယှဉ်သော ဝေဒနာ)။ပ။ ဤသို့ ဆယ်ပါးပြားသော နည်းအားဖြင့် ဝေဒနာက္ခန္ဓာသည် ဖြစ်၏။

(၉) သံယောဇနိယဒုက်နှင့် သေက္ခတိက်တစ်စုံ ၁၀-နည်း

ဧကကနည်း, ဒုကနည်း, တိကနည်း။ပ။ (ဒသကနည်း)

ဧကကနည်း

၅၁။ တစ်ပါးပြားသောနည်းအားဖြင့် ဝေဒနာက္ခန္ဓာသည် ဖြစ်၏။ ။ ဖဿနှင့်ယှဉ်သော ဝေဒနာက္ခန္ဓာတည်း။

ဒုကနည်း

နှစ်ပါးပြားသောနည်းအားဖြင့် ဝေဒနာက္ခန္ဓာသည် ဖြစ်၏။ ။ (သတ္တဝါတို့ကို ဝဋ်ဆင်းရဲ၌) ယှဉ်စေတတ်နှောင်ဖွဲ့တတ်သော ‘သံယောဇဉ်'၏ အာရုံဖြစ်သော ဝေဒနာက္ခန္ဓာသည် ရှိ၏၊ ‘သံယောဇဉ်'၏ အာရုံမဟုတ်သော ဝေဒနာက္ခန္ဓာသည် ရှိ၏။

တိကနည်း

သုံးပါးပြားသော နည်းအားဖြင့် ဝေဒနာက္ခန္ဓာသည် ဖြစ်၏။ ။ (အရဟတ္တဖိုလ်သို့ ရောက်ရန်) ကျင့်ဆဲ ‘သေက္ခ'ပုဂ္ဂိုလ် (ခုနစ်ယောက်) တို့၏ ဥစ္စာဖြစ်သော ဝေဒနာက္ခန္ဓာ သည် ရှိ၏ (မဂ်စိတ် ၄-ပါးနှင့် အောက်ဖိုလ် ၃-ပါးတို့၌ရှိသော ဝေဒနာ)၊ (အရဟတ္တဖိုလ်သို့ရောက်ပြီး) ကျင့်ပြီး ‘အသေက္ခ'ပုဂ္ဂိုလ် (ရဟန္တာ) တို့၏ ဥစ္စာဖြစ်သော ဝေဒနာက္ခန္ဓာသည် ရှိ၏၊ (အရဟတ္တဖိုလ်စိတ်၌ ရှိသော ဝေဒနာ)၊ သေက္ခပုဂ္ဂိုလ်တို့၏ ဥစ္စာလည်း မဟုတ်မူ၍ အသေက္ခ (ရဟန္တာ) ပုဂ္ဂိုလ်တို့၏ ဥစ္စာလည်း မဟုတ်သော ဝေဒနာက္ခန္ဓာသည် ရှိ၏ (ကြွင်းသော စိတ္တုပ္ပါဒ်တို့၌ရှိသော ဝေဒနာ)။ပ။ ဤသို့ ဆယ်ပါးပြားသော နည်းအားဖြင့် ဝေဒနာက္ခန္ဓာသည် ဖြစ်၏။

--

(၁၀) သံယောဇနသမ္ပယုတ္တဒုက်နှင့် ပရိတ္တတိက်တစ်စုံ ၁၀-နည်း

ဧကကနည်း, ဒုကနည်း, တိကနည်း။ပ။ (ဒသကနည်း)

ဧကကနည်း

၅၂။ တစ်ပါးပြားသောနည်းအားဖြင့် ဝေဒနာက္ခန္ဓာသည် ဖြစ်၏။ ။ ဖဿနှင့်ယှဉ်သော ဝေဒနာက္ခန္ဓာတည်း။

ဒုကနည်း

နှစ်ပါးပြားသောနည်းအားဖြင့် ဝေဒနာက္ခန္ဓာသည် ဖြစ်၏။ ။ သံယောဇဉ်နှင့်ယှဉ်သော ဝေဒနာက္ခန္ဓာသည် ရှိ၏၊ သံယောဇဉ်နှင့် မယှဉ်သော ဝေဒနာက္ခန္ဓာသည် ရှိ၏။

တိကနည်း

သုံးပါးပြားသောနည်းအားဖြင့် ဝေဒနာက္ခန္ဓာသည် ဖြစ်၏။ ။ နည်းပါးသော အာနုဘော် ရှိသည့် ‘ပရိတ္တ’မည်သော (ကာမတရားမည်သော) ဝေဒနာက္ခန္ဓာသည် ရှိ၏ (ကာမစိတ်တို့ နှင့်ယှဉ်သောဝေဒနာ)၊ မြင့်မြတ်သည်၏ အဖြစ်သို့ရောက်သော ‘မဟဂ္ဂတ’မည်သော ဝေဒနာက္ခန္ဓာသည် ရှိ၏ (မဟဂ္ဂုတ်စိတ်တို့နှင့် ယှဉ်သော ဝေဒနာ)၊ နှိုင်းယှဉ်တတ်သော ကိလေသာတို့၏ ဆန့်ကျင်ဘက်ဖြစ် သည့် (မနှိုင်းယှဉ်အပ်သော) ‘အပ္ပမာဏ’မည်သော ဝေဒနာက္ခန္ဓာသည် ရှိ၏ (လောကုတ္တရာစိတ်နှင့် ယှဉ်သော ဝေဒနာ)။ပ။ ဤသို့ ဆယ်ပါးပြားသောနည်းအားဖြင့် ဝေဒနာက္ခန္ဓာသည် ဖြစ်၏။

(၁၁) သံယောဇနဝိပ္ပယုတ္တသံယောဇနိယဒုက်နှင့် ပရိတ္တာရမ္မဏတိက်တစ်စုံ ၁၀-နည်း

ဧကကနည်း, ဒုကနည်း, တိကနည်း။ပ။ (ဒသကနည်း)

ဧကကနည်း

၅၃။ တစ်ပါးပြားသောနည်းအားဖြင့် ဝေဒနာက္ခန္ဓာသည် ဖြစ်၏။ ။ ဖဿနှင့်ယှဉ်သော ဝေဒနာက္ခန္ဓာတည်း။

ဒုကနည်း

နှစ်ပါးပြားသောနည်းအားဖြင့် ဝေဒနာက္ခန္ဓာသည် ဖြစ်၏။ ။ သံယောဇဉ်နှင့်မယှဉ်မူ၍ သံယောဇဉ်၏ အာရုံသာဖြစ်သော ဝေဒနာက္ခန္ဓာသည် ရှိ၏၊ (လောကီကုသိုလ်, ဝိပါက်, ကြိယာစိတ်တို့၌ရှိသော ဝေဒနာ)၊ သံယောဇဉ်နှင့် မယှဉ်မူ၍ သံယောဇဉ်၏ အာရုံလည်း မဟုတ်သော ဝေဒနာက္ခန္ဓာသည် ရှိ၏ (လောကုတ္တရာ စိတ်၌ရှိသော ဝေဒနာ)။

--

တိကနည်း

သုံးပါးပြားသော နည်းအားဖြင့် ဝေဒနာက္ခန္ဓာသည် ဖြစ်၏။ ။ ပရိတ္တတရား (ကာမတရား) ကို အာရုံပြုသော ဝေဒနာက္ခန္ဓာသည် ရှိ၏၊ မဟဂ္ဂုတ်တရားကို အာရုံပြုသော ဝေဒနာက္ခန္ဓာသည် ရှိ၏၊ အပ္ပမာဏတရား (လောကုတ္တရာတရား) ကို အာရုံပြုသော ဝေဒနာက္ခန္ဓာသည် ရှိ၏။ပ။ ဤသို့ ဆယ်ပါးပြားသောနည်းအားဖြင့် ဝေဒနာက္ခန္ဓာသည် ဖြစ်၏။

(၁၂) ဂန္ထနိယဒုက်နှင့် ဟီနတိက်တစ်စုံ ၁၀-နည်း

ဧကကနည်း, ဒုကနည်း, တိကနည်း။ပ။ (ဒသကနည်း)

ဧကကနည်း

၅၄။ တစ်ပါးပြားသောနည်းအားဖြင့် ဝေဒနာက္ခန္ဓာသည် ဖြစ်၏။ ။ ဖဿနှင့်ယှဉ်သော ဝေဒနာက္ခန္ဓာတည်း။

ဒုကနည်း

နှစ်ပါးပြားသောနည်းအားဖြင့် ဝေဒနာက္ခန္ဓာသည် ဖြစ်၏။ ။ (သတ္တဝါတို့ကို ဝဋ်ဆင်းရဲ၌) ဆက်စပ်ထုံးဖွဲ့တတ်သော သဘော ‘ဂန္ထ'၏ (လောဘ, ဒေါသ, ဒိဋ္ဌိတို့၏) အာရုံဖြစ်သော ဝေဒနာက္ခန္ဓာသည် ရှိ၏၊ ဂန္ထ၏ အာရုံမဟုတ်သော ဝေဒနာက္ခန္ဓာသည် ရှိ၏။

တိကနည်း

သုံးပါးပြားသော နည်းအားဖြင့် ဝေဒနာက္ခန္ဓာသည် ဖြစ်၏။ ။ ယုတ်ညံ့သော ‘ဟီန'ဝေဒနာက္ခန္ဓာသည် ရှိ၏၊ (အကုသိုလ်စိတ်၌ရှိသော ဝေဒနာ)၊ အလယ်အလတ်ဖြစ်သော ‘မဇ္ဈိမ'ဝေဒနာက္ခန္ဓာသည် ရှိ၏ (လောကီကုသိုလ်, ဝိပါက်, ကြိယာစိတ်တို့၌ရှိသော ဝေဒနာ)၊ မြင့်မြတ် သော ‘ပဏီတ'ဝေဒနာက္ခန္ဓာသည် ရှိ၏ (လောကုတ္တရာစိတ်၌ရှိသော ဝေဒနာ)။ပ။ ဤသို့ ဆယ်ပါးပြားသောနည်းအားဖြင့် ဝေဒနာက္ခန္ဓာသည် ဖြစ်၏။

(၁၃) ဂန္ထသမ္ပယုတ္တဒုက်နှင့် မိစ္ဆတ္တတိက်တစ်စုံ ၁၀-နည်း

ဧကကနည်း, ဒုကနည်း, တိကနည်း။ပ။ (ဒသကနည်း)

ဧကကနည်း

၅၅။ တစ်ပါးပြားသောနည်းအားဖြင့် ဝေဒနာက္ခန္ဓာသည် ဖြစ်၏။ ။ ဖဿနှင့်ယှဉ်သော ဝေဒနာက္ခန္ဓာတည်း။

ဒုကနည်း

နှစ်ပါးပြားသောနည်းအားဖြင့် ဝေဒနာက္ခန္ဓာသည် ဖြစ်၏။ ။ (သတ္တဝါတို့ကို ဝဋ်ဆင်းရဲ၌) ဆက်စပ် ထုံးဖွဲ့တတ်သောသဘော ‘ဂန္ထ'၏ (လောဘ, ဒေါသ, ဒိဋ္ဌိတို့နှင့်) ယှဉ်သော ဝေဒနာက္ခန္ဓာသည် ရှိ၏၊ ဂန္ထနှင့် မယှဉ်သော ဝေဒနာက္ခန္ဓာသည် ရှိ၏။

--

တိကနည်း

သုံးပါးပြားသောနည်းအားဖြင့် ဝေဒနာက္ခန္ဓာသည် ဖြစ်၏။ ။ ဖောက်ပြန်သော သဘော ရှိ၍ စုတိ၏ အခြားမဲ့၌ (အပါယ်ငရဲ၌) အကျိုးပေးမြဲသော ခံစားမှုအစု ‘မိစ္ဆတ္တနိယတ ဝေဒနာက္ခန္ဓာ'သည် ရှိ၏ (နိယတမိစ္ဆာဒိဋ္ဌိကံကို ကျူးလွန်သော ဒိဋ္ဌိဂတသမ္ပယုတ်စိတ်နှင့် ပဉ္စာနန္တရိယကံကို ကျူးလွန်သော ဒေါသမူစိတ်တို့၏ သတ္တမဇောတို့၌ရှိသော ဝေဒနာ)၊ မဖောက်ပြန်သော သဘောရှိ၍ မိမိ၏အခြားမဲ့၌ အကျိုး ပေးမြဲသော ခံစားမှုအစု ‘သမ္မတ္တနိယတဝေဒနာက္ခန္ဓာ'သည် ရှိ၏ (မဂ်စိတ်နှင့် ယှဉ်သောဝေဒနာ)၊ (နှစ်ပါးသော အခြင်းအရာအားဖြင့်) အကျိုးပေးမမြဲသော ဝေဒနာက္ခန္ဓာသည် ရှိ၏၊ (ကြွင်းသောစိတ်တို့နှင့် ယှဉ်သော ဝေဒနာ)။ပ။ ဤသို့ ဆယ်ပါးပြားသောနည်းအားဖြင့် ဝေဒနာက္ခန္ဓာသည် ဖြစ်၏။

(၁၄) ဂန္ထဝိပ္ပယုတ္တဂန္ထနိယဒုက်နှင့် မဂ္ဂါရမ္မဏတိက်တစ်စုံ ၁၀-နည်း

ဧကကနည်း, ဒုကနည်း, တိကနည်း။ပ။ (ဒသကနည်း)

ဧကကနည်း

၅၆။ တစ်ပါးပြားသောနည်းအားဖြင့် ဝေဒနာက္ခန္ဓာသည် ဖြစ်၏။ ။ ဖဿနှင့်ယှဉ်သော ဝေဒနာ က္ခန္ဓာတည်း။

ဒုကနည်း

နှစ်ပါးပြားသောနည်းအားဖြင့် ဝေဒနာက္ခန္ဓာသည် ဖြစ်၏။ ။ (သတ္တဝါတို့ကို ဝဋ်ဆင်းရဲ၌) ဆက်စပ်ထုံးဖွဲ့တတ်သောသဘော ‘ဂန္ထ'နှင့် (လောဘ, ဒေါသ, ဒိဋ္ဌိတို့နှင့်) မယှဉ်မူ၍ ဂန္ထ၏ အာရုံသာဖြစ်သော ဝေဒနာက္ခန္ဓာသည် ရှိ၏၊ ဂန္ထနှင့်လည်း မယှဉ်မူ၍ ဂန္ထ၏ အာရုံလည်း မဟုတ်သော ဝေဒနာက္ခန္ဓာသည် ရှိ၏။

တိကနည်း

သုံးပါးပြားသော နည်းအားဖြင့် ဝေဒနာက္ခန္ဓာသည် ဖြစ်၏။ ။ မဂ်ကိုအာရုံပြုသော ဝေဒနာက္ခန္ဓာသည် ရှိ၏ (မဂ္ဂါရမ္မဏစိတ်နှင့် ယှဉ်သော ဝေဒနာ)၊ မဂ်မည်သော အကြောင်းရင်း ဟိတ်ရှိသော (သမ္မာဒိဋ္ဌိမည်သော ပညာ= အမောဟဟိတ်နှင့်ယှဉ်သော) ဝေဒနာက္ခန္ဓာသည် ရှိ၏ (သမ္မာဒိဋ္ဌိမည်သော အမောဟ = ပညာနှင့်ယှဉ်သည့် မဂ်စိတ္တုပ္ပါဒ်၌ရှိသော ဝေဒနာ)၊ မဂ်မည်သော အကြီးအမှူး (သမ္မာဒိဋ္ဌိမဂ္ဂင်ဖြစ်သည့် ဝီမံသာဓိပတိမည်သော အမောဟ = ပညာ, သမ္မာဝါယာမ မဂ္ဂင် ဖြစ်သည့် ဝီရိယာဓိပတိမည်သော ဝီရိယ) ရှိသော ဝေဒနာက္ခန္ဓာသည် ရှိ၏ (သမ္မာဒိဋ္ဌိမဂ္ဂင်ဖြစ်သည့် ဝီမံသာဓိပတိမည်သော အမောဟ = ပညာ, သမ္မာဝါယာမမဂ္ဂင် ဖြစ်သည့် ဝီရိယာဓိပတိ မည်သော ဝီရိယတို့နှင့်ယှဉ်သည့် မဂ်စိတ္တုပ္ပါဒ်၌ရှိသော ဝေဒနာ)။ပ။၁

ဤသို့ ဆယ်ပါးပြားသော နည်းအားဖြင့် ဝေဒနာက္ခန္ဓာသည် ဖြစ်၏။

၁။ မဂ်စိတ္တုပ္ပါဒ်ကို အလေးအမြတ်အာရုံပြုသည့် စိတ်တို့၌ရှိသော ဝေဒနာကိုလည်း အရကောက်ယူနိုင်သည် (မူလ ဋီကာ-နှာ ၄၆)

--

(၁၅) ဩဃနိယဒုက်နှင့် ဥပ္ပန္နတိက်တစ်စုံ ၁၀-နည်း

ဧကကနည်း, ဒုကနည်း, တိကနည်း။ပ။ (ဒသကနည်း)

ဧကကနည်း

၅၇။ တစ်ပါးပြားသောနည်းအားဖြင့် ဝေဒနာက္ခန္ဓာသည် ဖြစ်၏။ ။ ဖဿနှင့်ယှဉ်သော ဝေဒနာက္ခန္ဓာတည်း။

ဒုကနည်း

နှစ်ပါးပြားသော နည်းအားဖြင့် ဝေဒနာက္ခန္ဓာသည် ဖြစ်၏။ ။ (သတ္တဝါတို့ကို ဝဋ်ဆင်းရဲ၌) နစ်မြုပ်စေတတ်သောသဘော ‘ဩဃ'၏ (လောဘ, ဒိဋ္ဌိ, မောဟတို့၏) အာရုံဖြစ်သော ဝေဒနာက္ခန္ဓာသည် ရှိ၏၊ ဩဃ၏ အာရုံမဟုတ်သော ဝေဒနာက္ခန္ဓာသည် ရှိ၏။

တိကနည်း

သုံးပါးပြားသော နည်းအားဖြင့် ဝေဒနာက္ခန္ဓာသည် ဖြစ်၏။ ။ ဥပါဒ် ဌီ ဘင်ဟု ဆိုအပ် သော ခဏသုံးပါးသို့ ရောက်ဆဲဖြစ်သော ဝေဒနာက္ခန္ဓာသည် ရှိ၏၊ ခဏသုံးပါးသို့ ရောက်ပြီးလည်း မဟုတ်မူ၍ ရောက်ဆဲလည်း မဟုတ်သော ဝေဒနာက္ခန္ဓာသည် ရှိ၏၊ (အနာဂတ်ကာလ၌ ဖြစ်လတ္တံ့သော ကုသိုလ် အကုသိုလ် ကြိယာစိတ်တို့နှင့်ယှဉ်သော ဝေဒနာ)၊ မချွတ်ဧကန်ဖြစ်လတ္တံ့သော ဝေဒနာက္ခန္ဓာ သည် ရှိ၏၊ (ဝိပါက်စိတ်နှင့် ယှဉ်သော ဝေဒနာ)။ပ။ ဤသို့ ဆယ်ပါးပြားသော နည်းအားဖြင့် ဝေဒနာက္ခန္ဓာသည် ဖြစ်၏။

(၁၆) ဩဃသမ္ပယုတ္တဒုက်နှင့် အတီတတိက်တစ်စုံ ၁၀-နည်း

ဧကကနည်း, ဒုကနည်း, တိကနည်း။ပ။ (ဒသကနည်း)

ဧကကနည်း

၅၈။ တစ်ပါးပြားသောနည်းအားဖြင့် ဝေဒနာက္ခန္ဓာသည် ဖြစ်၏။ ။ ဖဿနှင့်ယှဉ်သော ဝေဒနာက္ခန္ဓာတည်း။

ဒုကနည်း

နှစ်ပါးပြားသော နည်းအားဖြင့် ဝေဒနာက္ခန္ဓာသည် ဖြစ်၏။ ။ ဩဃနှင့် (လောဘ, ဒိဋ္ဌိ, မောဟတို့နှင့်) ယှဉ်သော ဝေဒနာက္ခန္ဓာသည် ရှိ၏၊ ဩဃနှင့်မယှဉ်သော ဝေဒနာက္ခန္ဓာသည် ရှိ၏။

တိကနည်း

သုံးပါးပြားသော နည်းအားဖြင့် ဝေဒနာက္ခန္ဓာသည် ဖြစ်၏။ ။ ဖြစ်ပြီးသော ‘အတိက်'ဝေဒနာက္ခန္ဓာသည် ရှိ၏၊ မရောက်သေး (ဖြစ်လတ္တံ့) သော ‘အနာဂတ်'ဝေဒနာက္ခန္ဓာသည် ရှိ၏၊ ဖြစ်ဆဲဖြစ်သော ‘ပစ္စုပ္ပန်'ဝေဒနာက္ခန္ဓာသည် ရှိ၏။ပ။ ဤသို့ ဆယ်ပါးပြားသော နည်းအားဖြင့် ဝေဒနာက္ခန္ဓာသည် ဖြစ်၏။

--

(၁၇) ဩဃဝိပ္ပယုတ္တဩဃနိယဒုက်နှင့် အတီတာရမ္မဏတိက်တစ်စုံ ၁၀-နည်း

ဧကကနည်း, ဒုကနည်း, တိကနည်း။ပ။ (ဒသကနည်း)

ဧကကနည်း

၅၉။ တစ်ပါးပြားသောနည်းအားဖြင့် ဝေဒနာက္ခန္ဓာသည် ဖြစ်၏။ ။ ဖဿနှင့်ယှဉ်သော ဝေဒနာက္ခန္ဓာတည်း။

ဒုကနည်း

နှစ်ပါးပြားသော နည်းအားဖြင့် ဝေဒနာက္ခန္ဓာသည် ဖြစ်၏။ ။ ဩဃနှင့် (လောဘ, ဒိဋ္ဌိ, မောဟတို့နှင့်) မယှဉ်မူ၍ ဩဃ၏အာရုံသာဖြစ်သော ဝေဒနာက္ခန္ဓာသည် ရှိ၏၊ ဩဃနှင့် လည်း မယှဉ်မူ၍ ဩဃ၏ အာရုံလည်း မဟုတ်သော ဝေဒနာက္ခန္ဓာသည် ရှိ၏။

တိကနည်း

သုံးပါးပြားသော နည်းအားဖြင့် ဝေဒနာက္ခန္ဓာသည် ဖြစ်၏။ ။ ဖြစ်ပြီးသော ‘အတိက်'တရားကို အာရုံပြုသော ဝေဒနာက္ခန္ဓာသည် ရှိ၏၊ မရောက်သေး (ဖြစ်လတ္တံ့) သော ‘အနာဂတ်'တရားကို အာရုံပြုသော ဝေဒနာက္ခန္ဓာသည် ရှိ၏၊ ဖြစ်ဆဲဖြစ်သော ‘ပစ္စုပ္ပန်'တရားကို အာရုံပြုသော ဝေဒနာက္ခန္ဓာသည် ရှိ၏။ပ။ ဤသို့ ဆယ်ပါးပြားသော နည်းအားဖြင့် ဝေဒနာက္ခန္ဓာသည် ဖြစ်၏။

(၁၈) ယောဂနိယဒုက်နှင့်အဇ္ဈတ္တတိက်တစ်စုံ ၁၀-နည်း

ဧကကနည်း, ဒုကနည်း, တိကနည်း။ပ။ (ဒသကနည်း)

ဧကကနည်း

၆၀။ တစ်ပါးပြားသော နည်းအားဖြင့် ဝေဒနာက္ခန္ဓာသည် ဖြစ်၏။ ။ ဖဿနှင့်ယှဉ်သော ဝေဒနာက္ခန္ဓာတည်း။

ဒုကနည်း

နှစ်ပါးပြားသော နည်းအားဖြင့် ဝေဒနာက္ခန္ဓာသည် ဖြစ်၏။ ။ (သတ္တဝါတို့ကို ဝဋ်ဆင်းရဲ၌) ယှဉ်စေတတ်သောသဘော ‘ယောဂ'၏ (လောဘ, ဒိဋ္ဌိ, မောဟတို့၏) အာရုံဖြစ်သော ဝေဒနာက္ခန္ဓာသည် ရှိ၏၊ ယောဂ၏ အာရုံမဟုတ်သော ဝေဒနာက္ခန္ဓာသည် ရှိ၏။

တိကနည်း

သုံးပါးပြားသော နည်းအားဖြင့် ဝေဒနာက္ခန္ဓာသည် ဖြစ်၏။ ။ အတွင်း ‘အဇ္ဈတ္တ'သန္တာန်၌ ဖြစ်သော ဝေဒနာက္ခန္ဓာသည် ရှိ၏၊ အပ ‘ဗဟိဒ္ဓ'သန္တာန်၌ဖြစ်သော ဝေဒနာက္ခန္ဓာသည် ရှိ၏။ အတွင်းအပ ‘အဇ္ဈတ္တဗဟိဒ္ဓ'သန္တာန်၌ ဖြစ်သော ဝေဒနာက္ခန္ဓာသည် ရှိ၏။ပ။ ဤသို့ ဆယ်ပါးပြားသော နည်းအားဖြင့် ဝေဒနာက္ခန္ဓာသည် ဖြစ်၏။

--

(၁၉) ယောဂသမ္ပယုတ္တဒုက်နှင့် အဇ္ဈတ္တာရမ္မဏတိက်တစ်စုံ ၁၀-နည်း

ဧကကနည်း, ဒုကနည်း, တိကနည်း။ပ။ (ဒသကနည်း)

ဧကကနည်း

၆၁။ တစ်ပါးပြားသောနည်းအားဖြင့် ဝေဒနာက္ခန္ဓာသည် ဖြစ်၏။ ။ ဖဿနှင့်ယှဉ်သော ဝေဒနာက္ခန္ဓာတည်း။

ဒုကနည်း

နှစ်ပါးပြားသော နည်းအားဖြင့် ဝေဒနာက္ခန္ဓာသည် ဖြစ်၏။ ။ (သတ္တဝါတို့ကို ဝဋ်ဆင်းရဲ၌) ယှဉ်စေတတ်သောသဘော ‘ယောဂ'နှင့် (လောဘ, ဒိဋ္ဌိ, မောဟတို့နှင့်) ယှဉ်သော ဝေဒနာက္ခန္ဓာသည် ရှိ၏၊ ယောဂနှင့် မယှဉ်သော ဝေဒနာက္ခန္ဓာသည် ရှိ၏။

တိကနည်း

သုံးပါးပြားသော နည်းအားဖြင့် ဝေဒနာက္ခန္ဓာသည် ဖြစ်၏။ ။ အတွင်း ‘အဇ္ဈတ္တ'သန္တာန်၌ ဖြစ်သော တရားကို အာရုံပြုသော ဝေဒနာက္ခန္ဓာသည် ရှိ၏၊ အပ ‘ဗဟိဒ္ဓ'သန္တာန်၌ ဖြစ်သော တရားကို အာရုံပြုသော ဝေဒနာက္ခန္ဓာသည် ရှိ၏။ အတွင်းအပ ‘အဇ္ဈတ္တဗဟိဒ္ဓ'သန္တာန်၌ ဖြစ်သော တရားကို အာရုံပြုသော ဝေဒနာက္ခန္ဓာသည် ရှိ၏။ပ။ ဤသို့ ဆယ်ပါးပြားသော နည်းအားဖြင့် ဝေဒနာက္ခန္ဓာသည် ဖြစ်၏။

(တိက် ၁၉-ခုနှင့် ဒုက် ၁၉-ခုတို့ကို တစ်စုံစီထား၍ ပွားသော ဥဘတောဝဍ္ဎက ၁၉-နည်း ပြီး၏။ စိတ်အားဖြင့် ဤနည်း၌ ဝေဒနာပေါင်း (၁၉*၅၅) = ၁၀၄၅-ပါး ဖြစ်၏။

တိက်နှင့်ဒုက်တို့ကို တစ်စုံစီထား၍ ပွားသော ဥဘတောဝဍ္ဎကနည်း ပြီး၏။

--

ဗဟုဝိဓဝါရ (များသောအပြားရှိသောနည်း)

သတ္တကနည်း

(တိက် ၁၉-ခုကို ဘုံလေးပါးတို့ဖြင့်ဝေဖန်၍ ၇-ပါးစီဟောသော သတ္တကနည်း ၁၉-နည်း)

(၁) ကုသလတိက်သတ္တကနည်း

ခုနစ်ပါးပြားသော နည်းအားဖြင့် ဝေဒနာက္ခန္ဓာသည် ဖြစ်၏။ ။ ကုသိုလ်ဝေဒနာက္ခန္ဓာသည် ရှိ၏၊ အကုသိုလ် ဝေဒနာက္ခန္ဓာသည် ရှိ၏၊ အဗျာကတဝေဒနာက္ခန္ဓာသည် ရှိ၏၊ ကာမဘုံ၌ သက်ဝင်၍ ဖြစ်သော (ကာမတဏှာ၏ ဖြစ်ရာကျင်လည်ရာ ဖြစ်သော) ‘ကာမာဝစရ'ဝေဒနာက္ခန္ဓာသည် ရှိ၏၊ ရူပဘုံ၌ သက်ဝင်၍ ဖြစ်သော (ရူပတဏှာ၏ ဖြစ်ရာ ကျင်လည်ရာ ဖြစ်သော) ‘ရူပါဝစရ'ဝေဒနာက္ခန္ဓာသည် ရှိ၏၊ အရူပဘုံ၌ သက်ဝင်၍ ဖြစ်သော (အရူပ တဏှာ၏ဖြစ်ရာ ကျင်လည်ရာ ဖြစ်သော) ‘အရူပါဝစရ'ဝေဒနာက္ခန္ဓာသည် ရှိ၏၊ (ကာမ, ရူပ, အရူပ) ဘုံသုံးပါး၌ အကျုံးမဝင်သော ‘အပရိယာပန္န’ (လောကုတ္တရာ) ဝေဒနာက္ခန္ဓာသည် ရှိ၏။ ဤသို့ ခုနစ်ပါးပြားသောနည်းအားဖြင့် ဝေဒနာက္ခန္ဓာသည် ဖြစ်၏။

(၂) ဝိပါကတိက်သတ္တကနည်း

ထိုမှတစ်ပါးလည်း ခုနစ်ပါးပြားသောနည်းအားဖြင့် ဝေဒနာက္ခန္ဓာသည် ဖြစ်၏။ ။ ကုသိုလ် အကုသိုလ်တို့၏ အကျိုးဝိပါက်ဖြစ်သော ဝေဒနာ က္ခန္ဓာသည် ရှိ၏။ပ။၁

၁။ အမှတ် (၃) ဥပါဒိန္နတိက် သတ္တကနည်းမှ အမှတ် (၁၈) အဇ္ဈတ္တတိက် သတ္တကနည်းအထိ ပေယျာလချန်ထားသည်။

(၁၉) အဇ္ဈတ္တာရမ္မတိက်သတ္တကနည်း

အတွင်း ‘အဇ္ဈတ္တ'သန္တာန်၌ဖြစ်သော တရားကို အာရုံပြုသော ဝေဒနာက္ခန္ဓာသည် ရှိ၏၊ အပ ‘ဗဟိဒ္ဓ'သန္တာန်၌ဖြစ်သော တရား ကို အာရုံပြုသော ဝေဒနာက္ခန္ဓာသည် ရှိ၏။ အတွင်းအပ ‘အဇ္ဈတ္တဗဟိဒ္ဓ'သန္တာန်၌ဖြစ်သော တရားကို အာရုံပြုသော ဝေဒနာက္ခန္ဓာသည် ရှိ၏၊ ကာမဘုံ၌ သက်ဝင်၍ ဖြစ်သော (ကာမတဏှာ၏ ဖြစ်ရာ ကျင်လည်ရာ ဖြစ်သော) ‘ကာမာဝစရ'ဝေဒနာက္ခန္ဓာသည် ရှိ၏၊ ရူပဘုံ၌ သက်ဝင်၍ ဖြစ်သော (ရူပ တဏှာ၏ ဖြစ်ရာ ကျင်လည်ရာ ဖြစ်သော) ‘ရူပါဝစရ'ဝေဒနာက္ခန္ဓာသည် ရှိ၏၊ အရူပဘုံ၌ သက်ဝင်၍ဖြစ်သော (အရူပတဏှာ၏ ဖြစ်ရာ ကျင်လည်ရာ ဖြစ်သော) ‘အရူပါဝစရ'ဝေဒနာက္ခန္ဓာသည် ရှိ၏၊ (ကာမ, ရူပ, အရူပ) ဘုံသုံးပါး၌ အကျုံးမဝင်သော ‘အပရိယာပန္န’ (လောကုတ္တရာ) ဝေဒနာက္ခန္ဓာသည် ရှိ၏။

ဤသို့ ခုနစ်ပါးပြားသောနည်းအားဖြင့် ဝေဒနာက္ခန္ဓာသည် ဖြစ်၏။

(အသေးစိတ်အားဖြင့် ဤနည်း၌ ဝေဒနာပေါင်း ၁၉*၇= ၁၃၃-ပါး ဖြစ်၏။)

သတ္တကနည်း ပြီး၏။

--

စတုဝီသတိဝိဓနည်း

(တိက် ၁၉-ခုကို ဖဿခြောက်ပါးဖြင့် ဝေဖန်၍ ၂၄-ပါးစီဟောသော စတုဝီသတိဝိဓနည်း ၁၉-နည်း)

(၁) ကုသလတိက် စတုဝီသတိဝိဓနည်း

နှစ်ဆယ့်လေးပါးပြားသောနည်းအားဖြင့် ဝေဒနာက္ခန္ဓာသည် ဖြစ်၏။

၁-၂-၃။ မျက်စိအတွေ့ (မျက်စိအကြည် ‘စက္ခုပသာဒ'နှင့် အဆင်း ‘ရူပါရုံ'တို့ တွေ့ဆုံထိခိုက်မှု) ‘စက္ခုသမ္ဖဿ’ဟူသော အကြောင်းကြောင့်ဖြစ်သော ဝေဒနာက္ခန္ဓာသည် ကုသိုလ်ဝေဒနာက္ခန္ဓာလည်း ရှိ၏၊ အကုသိုလ် ဝေဒနာက္ခန္ဓာလည်း ရှိ၏၊ အဗျာကတဝေဒနာက္ခန္ဓာလည်း ရှိ၏။

၄-၅-၆။ နားအတွေ့ (နားအကြည် ‘သောတပသာဒ'နှင့် အသံ ‘သဒ္ဒါရုံ'တို့ တွေ့ဆုံထိခိုက်မှု) ‘သောတသမ္ဖဿ’ဟူသော အကြောင်းကြောင့်ဖြစ်သော ဝေဒနာက္ခန္ဓာသည်။ပ။

၇-၈-၉။ နှာခေါင်းအတွေ့ (နှာခေါင်းအကြည် ‘ဃာနပသာဒ'နှင့် အနံ့ ‘ဂန္ဓာရုံ'တို့ တွေ့ဆုံထိခိုက်မှု) ‘ဃာနသမ္ဖဿ’ဟူသော အကြောင်းကြောင့်ဖြစ်သော ဝေဒနာက္ခန္ဓာသည်။ပ။

၁၀-၁၁-၁၂။ လျှာအတွေ့ (လျှာအကြည် ‘ဇိဝှါပသာဒ'နှင့် အရသာ ‘ရသာရုံ'တို့ တွေ့ဆုံ ထိခိုက်မှု) ‘ဇိဝှါသမ္ဖဿ’ဟူသော အကြောင်းကြောင့်ဖြစ်သော ဝေဒနာက္ခန္ဓာသည်။ပ။

၁၃-၁၄-၁၅။ ကိုယ်အတွေ့ (ကိုယ်အကြည် ‘ကာယပသာဒ'နှင့် အတွေ့ ‘ဖောဋ္ဌဗ္ဗာရုံ'တို့ တွေ့ဆုံ ထိခိုက်မှု) ‘ကာယသမ္ဖဿ’ဟူသော အကြောင်းကြောင့်ဖြစ်သော ဝေဒနာက္ခန္ဓာသည်။ပ။

၁၆-၁၇-၁၈။ စိတ်အတွေ့ (စိတ်နှင့် ဓမ္မာရုံတို့ တွေ့ဆုံထိခိုက်မှု) ‘မနောသမ္ဖဿ’ဟူသော အကြောင်းကြောင့်ဖြစ်သော ဝေဒနာက္ခန္ဓာသည် ကုသိုလ်ဝေဒနာက္ခန္ဓာလည်း ရှိ၏၊ အကုသိုလ် ဝေဒနာက္ခန္ဓာ လည်း ရှိ၏၊ အဗျာကတဝေဒနာက္ခန္ဓာလည်း ရှိ၏။

၁၉။ စက္ခုအတွေ့ (မျက်စိအကြည် ‘စက္ခုပသာဒ'နှင့် အဆင်း ‘ရူပါရုံ'တို့ တွေ့ဆုံထိခိုက်မှု) ‘စက္ခုသမ္ဖဿ'ကြောင့်ဖြစ်သော ဝေဒနာ (စက္ခုသမ္ဖဿဇာဝေဒနာ)။

၂၀။ သောတအတွေ့ (နားအကြည် ‘သောတပသာဒ'နှင့် အသံ ‘သဒ္ဒါရုံ'တို့ တွေ့ဆုံထိခိုက်မှု) ‘သောတသမ္ဖဿ'ကြောင့်ဖြစ်သော ဝေဒနာ (သောတသမ္ဖဿဇာဝေဒနာ)။

၂၁။ ဃာနအတွေ့ (နှာခေါင်းအကြည် ‘ဃာနပသာဒ'နှင့် အနံ့ ‘ဂန္ဓာရုံ'တို့ တွေ့ဆုံထိခိုက်မှု) ‘ဃာန သမ္ဖဿ'ကြောင့်ဖြစ်သော ဝေဒနာ (ဃာနသမ္ဖဿဇာဝေဒနာ)။

၂၂။ ဇိဝှါအတွေ့ (လျှာအကြည် ‘ဇိဝှါပသာဒ'နှင့် အရသာ ‘ရသာရုံ'တို့ တွေ့ဆုံထိခိုက်မှု)့ ‘ဇိဝှါသမ္ဖဿ'ကြောင့်ဖြစ်သော ဝေဒနာ (ဇိဝှါသမ္ဖဿဇာဝေဒနာ)။

၂၃။ ကာယအတွေ့ (ကိုယ်အကြည် ‘ကာယပသာဒ'နှင့်အတွေ့ ‘ဖောဋ္ဌဗ္ဗာရုံ'တို့ တွေ့ဆုံထိခိုက်မှု) ‘ကာယသမ္ဖဿ'ကြောင့်ဖြစ်သော ဝေဒနာ (ကာယသမ္ဖဿဇာဝေဒနာ)။

၂၄။ စိတ်အတွေ့ (စိတ်နှင့် ဓမ္မာရုံတို့ တွေ့ဆုံထိခိုက်မှု) ‘မနောသမ္ဖဿ'ကြောင့်ဖြစ်သော ဝေဒနာ (မနောသမ္ဖဿဇာဝေဒနာ)။ ဤသို့ နှစ်ဆယ့်လေးပါးပြားသောနည်းအားဖြင့် ဝေဒနာက္ခန္ဓာသည် ဖြစ်၏။

(ကုသလတိက် စတုဝီသတိဝိဓနည်း ပြီး၏)။

--

(၂) ဝိပါကတိက် စတုဝီသတိဝိဓနည်း

ထိုမှတစ်ပါးလည်း နှစ်ဆယ့်လေးပါးပြားသောနည်းအားဖြင့် ဝေဒနာက္ခန္ဓာသည် ဖြစ်၏။

၁။ မျက်စိအတွေ့ ‘စက္ခုသမ္ဖဿ’ဟူသော အကြောင်းကြောင့်ဖြစ်သော ဝေဒနာက္ခန္ဓာသည် ကုသိုလ် အကုသိုလ်တို့၏ အကျိုးဝိပါက်ဖြစ်သော ဝေဒနာက္ခန္ဓာလည်း ရှိ၏။ပ။၁

၁။ အမှတ် (၃) ဥပါဒိန္နတိက် စတုဝီသတိဝိဓနည်းမှ အမှတ် (၁၈) အဇ္ဈတ္တတိက် စတုဝီသတိဝိဓနည်း အထိ ပေယျာလ လုံးဝ ချန်ထားခဲ့သည်။

(၁၉) အဇ္ဈတ္တာရမ္မဏတိက် စတုဝီသတိဝိဓနည်း

၁-၂-၃။ ။ (မျက်စိအတွေ့ ‘စက္ခုသမ္ဖဿ’ဟူသော အကြောင်းကြောင့်ဖြစ်သော ဝေဒနာက္ခန္ဓာသည်) အတွင်း ‘အဇ္ဈတ္တ'သန္တာန်၌ဖြစ်သော တရားကို အာရုံပြုသော ဝေဒနာက္ခန္ဓာလည်း ရှိ၏၊ အပ ‘ဗဟိဒ္ဓ'သန္တာန်၌ ဖြစ်သော တရားကို အာရုံပြုသော ဝေဒနာက္ခန္ဓာလည်း ရှိ၏။ အတွင်းအပ ‘အဇ္ဈတ္တဗဟိဒ္ဓ'သန္တာန်၌ ဖြစ်သော တရားကို အာရုံပြုသော ဝေဒနာက္ခန္ဓာလည်း ရှိ၏။

၄-၅-၆။ နားအတွေ့ ‘သောတသမ္ဖဿ’ဟူသော အကြောင်းကြောင့်ဖြစ်သော ဝေဒနာက္ခန္ဓာသည်။ပ။

၇-၈-၉။ နှာခေါင်းအတွေ့ ‘ဃာနသမ္ဖဿ’ဟူသော အကြောင်းကြောင့်ဖြစ်သော ဝေဒနာက္ခန္ဓာသည်။ပ။

၁၀-၁၁-၁၂။ လျှာအတွေ့ ‘ဇိဝှါသမ္ဖဿ’ဟူသော အကြောင်းကြောင့်ဖြစ်သော ဝေဒနာက္ခန္ဓာသည်။ပ။

၁၃-၁၄-၁၅။ ကိုယ်အတွေ့ ‘ကာယသမ္ဖဿ’ဟူသောအကြောင်းကြောင့်ဖြစ်သော ဝေဒနာက္ခန္ဓာသည်။ပ။

[၁၆-၁၇-၁၈။ စိတ်အတွေ့ ‘မနောသမ္ဖဿ’ဟူသော အကြောင်းကြောင့်ဖြစ်သော ဝေဒနာက္ခန္ဓာသည် (ကုသိုလ်, အကုသိုလ်တို့၏) အကျိုးဝိပါက်ဖြစ်သော ဝေဒနာက္ခန္ဓာလည်း ရှိ၏။ပ။]၁

၁၆-၁၇-၁၈။၂ (စိတ်အတွေ့ ‘မနောသမ္ဖဿ’ဟူသော အကြောင်းကြောင့်ဖြစ်သော ဝေဒနာက္ခန္ဓာ သည်) အတွင်း ‘အဇ္ဈတ္တ'သန္တန်၌ဖြစ်သော တရားကို အာရုံပြုသော ဝေဒနာက္ခန္ဓာလည်း ရှိ၏၊ အပ ‘ဗဟိဒ္ဓ'သန္တာန်၌ ဖြစ်သော တရားကို အာရုံပြုသော ဝေဒနာက္ခန္ဓာလည်း ရှိ၏၊ အတွင်းအပ ‘အဇ္ဈတ္တဗဟိဒ္ဓ'သန္တာန်၌ ဖြစ်သော တရားကို အာရုံပြုသော ဝေဒနာက္ခန္ဓာလည်း ရှိ၏။

၁၉-၂၃။ မျက်စိအတွေ့ ‘စက္ခုသမ္ဖဿ'ကြောင့်ဖြစ်သော ဝေဒနာ (စက္ခုသမ္ဖဿဇာဝေဒနာ)။ပ။

၂၄။ စိတ်အတွေ့ ‘မနောသမ္ဖဿ'ကြောင့်ဖြစ်သော ဝေဒနာ (မနောသမ္ဖဿဇာဝေဒနာ)။ ဤသို့ နှစ်ဆယ့်လေးပါးပြားသော နည်းအားဖြင့် ဝေဒနာက္ခန္ဓာသည် ဖြစ်၏။

(အဇ္ဈတ္တာရမ္မဏတိက် စတုဝီသတိဝိဓနည်း ပြီး၏)။ (တိက် ၁၉-ခုကို ဖဿ ၆-ပါးဖြင့် ဝေဖန်၍ ၂၄-ပါးစီ ဟောသော စတုဝီသတိဝိဓနည်း ၁၉-နည်း ပြီး၏။ ဤစတုဝီသတိဝိဓနည်း၌ ဝေဒနာပေါင်း (၁၉*၂၄) = ၄၅၆-ပါး ဖြစ်၏။)

(စတုဝီသတိဝိဓနည်း ပြီး၏)။

--

၁။ ဤစာပိုဒ်သည် ဒုတိယ စတုဝီသတိနည်းဖြစ်သော ဝိပါကတိက်၏ မနောသမ္ဖဿဖြင့် ဝေဖန်ဟောပြခြင်းကို အဆက် ပြန်ဖော်ခြင်းဖြစ်သည်၊ သုဒ္ဓနည်း ၆-ပါးကိုမူ တစ်ပေါင်းတည်း ပြုပြီးလျှင် နောက်ဆုံး၌ ဖော်ပြထားသည်။

၂။ ဤစာပိုဒ်သည် အဇ္ဈတ္တာရမ္ပဏတိက်ကို အစီအစဉ်အရ တစ်ဖန်ပြန်၍ ဖော်ပြခြင်းဖြစ်သည်။

--

တိံသဝိဓနည်း

(ဘုံလေးပါးဖြင့် ဖဿ ၆-ပါးကိုဝေဖန်၍ အပြား ၃၀-အားဖြင့် ဟောသော တိံသဝိဓနည်း)။

သုံးဆယ်ပြားသောနည်းအားဖြင့် ဝေဒနာက္ခန္ဓာသည် ဖြစ်၏။

၁-၄။ မျက်စိအတွေ့ (မျက်စိအကြည် ‘စက္ခုပသာဒ'နှင့် အဆင်း ‘ရူပါရုံ'တို့ တွေ့ဆုံထိခိုက်မှု) ‘စက္ခုသမ္ဖဿ’ဟူသော အကြောင်းကြောင့်ဖြစ်သော ဝေဒနာက္ခန္ဓာသည် ကာမဘုံ၌ သက်ဝင်၍ ဖြစ်သော (ကာမတဏှာ၏ ဖြစ်ရာကျင်လည်ရာဖြစ်သော) ‘ကာမာဝစရ'ဝေဒနာက္ခန္ဓာသည် ရှိ၏၊ ရူပဘုံ၌ သက်ဝင်၍ ဖြစ်သော (ရူပတဏှာ၏ ဖြစ်ရာကျင်လည်ရာဖြစ်သော) ‘ရူပါဝစရ'ဝေဒနာက္ခန္ဓာသည် ရှိ၏၊ အရူပဘုံ၌ သက်ဝင်၍ ဖြစ်သော (အရူပတဏှာ၏ ဖြစ်ရာကျင်လည်ရာဖြစ်သော) ‘အရူပါဝစရ'ဝေဒနာက္ခန္ဓာသည် ရှိ၏၊ (ကာမ, ရူပ, အရူပ) ဘုံသုံးပါး၌ အကျုံးမဝင်သော ‘အပရိယာပန္န’ (လောကုတ္တရာ) ဝေဒနာက္ခန္ဓာ သည် ရှိ၏။

၅-၈။ နားအတွေ့ (နားအကြည် ‘သောတပသာဒ'နှင့် အသံ ‘သဒ္ဒါရုံ'တို့ တွေ့ဆုံထိခိုက်မှု) ‘သောတသမ္ဖဿ’ဟူသော အကြောင်းကြောင့်။ပ။

၉-၁၂။ နှာခေါင်းအတွေ့ (နှာခေါင်းအကြည် ‘ဃာနပသာဒ'နှင့် အနံ့ ‘ဂန္ဓာရုံ'တို့ တွေ့ဆုံထိခိုက်မှု) ‘ဃာနသမ္ဖဿ’ဟူသော အကြောင်းကြောင့်။ပ။

၁၃-၁၆။ လျှာအတွေ့ (လျှာအကြည် ‘ဇိဝှါပသာဒ'နှင့် အရသာ ‘ရသာရုံ'တို့ တွေ့ဆုံထိခိုက်မှု) ‘ဇိဝှါသမ္ဖဿ’ဟူသော အကြောင်းကြောင့်။ပ။

၁၇-၂၀။ ကိုယ်အတွေ့ (ကိုယ်အကြည် ‘ကာယပသာဒ'နှင့် အတွေ့ ‘ဖောဋ္ဌဗ္ဗာရုံ တို့ တွေ့ဆုံထိခိုက်မှု) ‘ကာယသမ္ဖဿ’ဟူသော အကြောင်းကြောင့်။ပ။

၂၁-၂၄။ စိတ်အတွေ့ (စိတ်နှင့် ဓမ္မာရုံတို့ တွေ့ဆုံထိခိုက်မှု) ‘မနောသမ္ဖဿ’ဟူသော အကြောင်း ကြောင့်ဖြစ်သော ဝေဒနာက္ခန္ဓာသည် ကာမဘုံ၌ သက်ဝင်၍ ဖြစ်သော (ကာမတဏှာ၏ ဖြစ်ရာ ကျင်လည်ရာ ဖြစ်သော) ‘ကာမာဝစရ'ဝေဒနာက္ခန္ဓာသည် ရှိ၏၊ ရူပဘုံ၌ သက်ဝင်၍ ဖြစ်သော (ရူပတဏှာ၏ ဖြစ်ရာ ကျင်လည်ရာ ဖြစ်သော) ‘ရူပါဝစရ'ဝေဒနာက္ခန္ဓာသည် ရှိ၏၊ အရူပဘုံ၌ သက်ဝင်၍ ဖြစ်သော (အရူပတဏှာ၏ ဖြစ်ရာ ကျင်လည်ရာဖြစ်သော) ‘အရူပါဝစရ'ဝေဒနာက္ခန္ဓာသည် ရှိ၏၊ (ကာမ, ရူပ, အရူပ) ဘုံသုံးပါး၌ အကျုံးမဝင်သော ‘အပရိယာပန္န’ (လောကုတ္တရာ) ဝေဒနာက္ခန္ဓာသည် ရှိ၏။

၂၅။ မျက်စိအတွေ့ ‘စက္ခုသမ္ဖဿ'ကြောင့်ဖြစ်သော ဝေဒနာသည် ရှိ၏ (စက္ခုသမ္ဖဿဇာဝေဒနာ)။

၂၆။ နားအတွေ့ ‘သောတသမ္ဖဿ'ကြောင့်ဖြစ်သော ဝေဒနာသည် ရှိ၏ (သောတသမ္ဖဿဇာ ဝေဒနာ)။

၂၇။ နှာခေါင်းအတွေ့ ‘ဃာနသမ္ဖဿ'ကြောင့်ဖြစ်သော ဝေဒနာသည် ရှိ၏ (ဃာနသမ္ဖဿဇာ ဝေဒနာ)။

၂၈။ လျှာအတွေ့ ‘ဇိဝှါသမ္ဖဿ'ကြောင့်ဖြစ်သော ဝေဒနာသည် ရှိ၏ (ဇိဝှါသမ္ဖဿဇာဝေဒနာ)။

၂၉။ ကိုယ်အတွေ့ ‘ကာယသမ္ဖဿ'ကြောင့်ဖြစ်သော ဝေဒနာသည် ရှိ၏ (ကာယသမ္ဖဿဇာ ဝေဒနာ)။

၃၀။ စိတ်အတွေ့ ‘မနောသမ္ဖဿ'ကြောင့်ဖြစ်သော ဝေဒနာသည် ရှိ၏၊ (မနောသမ္ဖဿဇာ ဝေဒနာ)။ ဤသို့ သုံးဆယ်ပြားသောနည်းအားဖြင့် ဝေဒနာက္ခန္ဓာသည် ဖြစ်၏။

(ဘုံလေးပါးဖြင့် ဖဿ ၆-ပါးကို ဝေဖန်၍ အပြား ၃၀-အားဖြင့် ဟောသော တိံသဝိဓနည်း ပြီး၏။ ဤတိံသဝိဓနည်း၌ ဝေဒနာပေါင်း ၃၀-ပါး ဖြစ်၏)။

(တိံသဝိဓနည်း ပြီး၏)။

--

ဗဟုဝိဓနည်း

(တိက် ၁၉-ခုကို ဘုံ လေးပါး ဖဿ ၆-ပါး တို့ဖြင့်ဝေဖန်၍ ဟောသည့်)

များသောအပြားရှိသော ဗဟုဝိဓနည်း ၁၉-နည်း

(ဤနည်းတစ်နည်းတစ်နည်းစီ၌ ဝေဒနာပေါင်း ၄၈-ပါးရှိသည်၊ ဗဟုဝိဓနည်း ၁၉-နည်း၌ ဝေဒနာပေါင်း (၁၉*၄၈) = ၉၁၂-ပါး ဖြစ်သည်။)

(၁) ကုသလတိက် ဗဟုဝိဓနည်း ၄၈-ပါး

များသောအပြားအားဖြင့် ဝေဒနာက္ခန္ဓာသည် ဖြစ်၏။

၁-၇။ မျက်စိအတွေ့ (မျက်စိအကြည် ‘စက္ခုပသာဒ'နှင့် အဆင်း ‘ရူပါရုံ'တို့ တွေ့ဆုံထိခိုက်မှု) ‘စက္ခုသမ္ဖဿ’ဟူသော အကြောင်းကြောင့်ဖြစ်သော ဝေဒနာက္ခန္ဓာသည် ကုသိုလ်ဝေဒနာက္ခန္ဓာသည် ရှိ၏၊ အကုသိုလ် ဝေဒနာက္ခန္ဓာသည် ရှိ၏၊ အဗျာကတဝေဒနာက္ခန္ဓာသည် ရှိ၏၊ ကာမဘုံ၌ သက်ဝင်၍ ဖြစ်သော (ကာမတဏှာ၏ ဖြစ်ရာ ကျင်လည်ရာ ဖြစ်သော) ‘ကာမာဝစရ'ဝေဒနာက္ခန္ဓာသည် ရှိ၏၊ ရူပဘုံ၌ သက်ဝင်၍ ဖြစ်သော (ရူပ တဏှာ၏ ဖြစ်ရာ ကျင်လည်ရာဖြစ်သော) ‘ရူပါဝစရ'ဝေဒနာက္ခန္ဓာသည် ရှိ၏၊ အရူပဘုံ၌ သက်ဝင်၍ ဖြစ်သော (အရူပတဏှာ၏ ဖြစ်ရာ ကျင်လည်ရာဖြစ်သော) ‘အရူပါဝစရ'ဝေဒနာက္ခန္ဓာသည် ရှိ၏၊ (ကာမ, ရူပ, အရူပ) ဘုံသုံးပါး၌ အကျုံးမဝင်သော ‘အပရိယာပန္န’ (လောကုတ္တရာ) ဝေဒနာက္ခန္ဓာသည် ရှိ၏။

၈-၁၄။ နားအတွေ့ (နားအကြည် ‘သောတပသာဒ'နှင့် အသံ ‘သဒ္ဒါရုံ'တို့ တွေ့ဆုံထိခိုက်မှု) ‘သောတသမ္ဖဿ’ဟူသော အကြောင်းကြောင့်။ပ။

၁၅-၂၁။ နှာခေါင်းအတွေ့ (နှာခေါင်းအကြည် ‘ဃာနပသာဒ'နှင့် အနံ့ ‘ဂန္ဓာရုံ'တို့ တွေ့ဆုံထိခိုက်မှု) ‘ဃာနသမ္ဖဿ’ဟူသော အကြောင်းကြောင့်။ပ။

၂၂-၂၈။ လျှာအတွေ့ (လျှာအကြည် ‘ဇိဝှါပသာဒ'နှင့် အရသာ ‘ရသာရုံ'တို့ တွေ့ဆုံထိခိုက်မှု) ‘ဇိဝှါသမ္ဖဿ’ဟူသော အကြောင်းကြောင့်။ပ။

၂၉-၃၅။ ကိုယ်အတွေ့ (ကိုယ်အကြည် ‘ကာယပသာဒ'နှင့် အတွေ့ ‘ဖောဋ္ဌဗ္ဗာရုံ'တို့ တွေ့ဆုံ ထိခိုက်မှု) ‘ကာယသမ္ဖဿ’ဟူသော အကြောင်းကြောင့်။ပ။

၃၆-၄၂။ စိတ်အတွေ့ (စိတ်နှင့် ဓမ္မာရုံတို့ တွေ့ဆုံထိခိုက်မှု) ‘မနောသမ္ဖဿ’ဟူသော အကြောင်း ကြောင့်ဖြစ်သော ဝေဒနာက္ခန္ဓာသည် ကုသိုလ်ဝေဒနာက္ခန္ဓာသည် ရှိ၏၊ အကုသိုလ်ဝေဒနာက္ခန္ဓာသည် ရှိ၏၊ အဗျာကတဝေဒနာက္ခန္ဓာသည် ရှိ၏၊ ကာမဘုံ၌ သက်ဝင်၍ ဖြစ်သော (ကာမတဏှာ၏ ဖြစ်ရာ ကျင်လည်ရာ ဖြစ်သော) ‘ကာမာဝစရ'ဝေဒနာက္ခန္ဓာသည် ရှိ၏၊ ရူပဘုံ၌ သက်ဝင်၍ ဖြစ်သော (ရူပ တဏှာ၏ ဖြစ်ရာ ကျင်လည်ရာ ဖြစ်သော) ‘ရူပါဝစရ'ဝေဒနာက္ခန္ဓာသည် ရှိ၏၊ အရူပဘုံ၌ သက်ဝင်၍ ဖြစ်သော (အရူပတဏှာ၏ ဖြစ်ရာ ကျင်လည်ရာဖြစ်သော) ‘အရူပါဝစရ'ဝေဒနာက္ခန္ဓာသည် ရှိ၏၊ (ကာမ, ရူပ, အရူပ) ဘုံသုံးပါး၌ အကျုံးမဝင်သော ‘အပရိယာပန္န’ (လောကုတ္တရာ) ဝေဒနာက္ခန္ဓာသည် ရှိ၏။

၄၃။ မျက်စိအတွေ့ ‘စက္ခုသမ္ဖဿ'ကြောင့်ဖြစ်သော ဝေဒနာသည် ရှိ၏။

--

၄၄။ နားအတွေ့ ‘သောတသမ္ဖဿ'ကြောင့်ဖြစ်သော ဝေဒနာသည် ရှိ၏။

၄၅။ နှာခေါင်းအတွေ့ ‘ဃာနသမ္ဖဿ'ကြောင့်ဖြစ်သော ဝေဒနာသည် ရှိ၏။

၄၆။ လျှာအတွေ့ ‘ဇိဝှါသမ္ဖဿ'ကြောင့်ဖြစ်သော ဝေဒနာသည် ရှိ၏။

၄၇။ ကိုယ်အတွေ့ ‘ကာယသမ္ဖဿ'ကြောင့်ဖြစ်သော ဝေဒနာသည် ရှိ၏။

၄၈။ စိတ်အတွေ့ ‘မနောသမ္ဖဿ'ကြောင့်ဖြစ်သော ဝေဒနာသည် ရှိ၏။ ။ ဤသို့ များသော အပြားအားဖြင့် ဝေဒနာက္ခန္ဓာသည် ဖြစ်၏။

(၂) ဝိပါကတိက် ဗဟုဝိဓနည်း ၄၈ ပါး

ထိုမှတစ်ပါးလည်း များသောအပြားအားဖြင့် ဝေဒနာက္ခန္ဓာ သည် ဖြစ်၏။

၁-၇။ မျက်စိအတွေ့ ‘စက္ခုသမ္ဖဿ’ဟူသော အကြောင်းကြောင့်ဖြစ်သော ဝေဒနာက္ခန္ဓာသည် (ကုသိုလ် အကုသိုလ်တို့၏) အကျိုးဝိပါက်ဖြစ်သော ဝေဒနာက္ခန္ဓာလည်း ရှိ၏။ပ။၁

၁။ အမှတ် (၃) ဥပါဒိန္နတိက် ဗဟုဝိဓနည်းမှ အမှတ် (၁၈) အဇ္ဈတ္တတိက် ဗဟုဝိဓနည်းအထိ ပေယျာလ လုံးဝချန်ထား ခဲ့သည်။

(၁၉) အဇ္ဈတ္တာရမ္မဏတိက်ဗဟုဝိဓနည်း ၄၈-ပါး

၁-၇။ (မျက်စိ အတွေ့ ‘စက္ခုသမ္ဖဿ’ဟူသော အကြောင်းကြောင့်ဖြစ်သော ဝေဒနာက္ခန္ဓာ သည်) အတွင်း ‘အဇ္ဈတ္တ'သန္တာန်၌ ဖြစ်သောတရားကို အာရုံပြုသော ဝေဒနာက္ခန္ဓာသည် ရှိ၏၊ အပ ‘ဗဟိဒ္ဓ'သန္တာန်၌ ဖြစ်သော တရားကို အာရုံပြုသော ဝေဒနာက္ခန္ဓာသည် ရှိ၏။ အတွင်းအပ ‘အဇ္ဈတ္တဗဟိဒ္ဓ'သန္တာန်၌ ဖြစ်သော တရားကို အာရုံပြုသော ဝေဒနာက္ခန္ဓာသည် ရှိ၏၊ ကာမဘုံ၌ သက်ဝင်၍ ဖြစ်သော (ကာမတဏှာ၏ ဖြစ်ရာ ကျင်လည်ရာ ဖြစ်သော) ‘ကာမာဝစရ'ဝေဒနာက္ခန္ဓာသည် ရှိ၏၊ ရူပဘုံ၌ သက်ဝင်၍ ဖြစ်သော (ရူပတဏှာ၏ ဖြစ်ရာ ကျင်လည်ရာဖြစ်သော) ‘ရူပါဝစရ'ဝေဒနာက္ခန္ဓာသည် ရှိ၏၊ အရူပဘုံ၌ သက်ဝင်၍ ဖြစ်သော (အရူပ တဏှာ၏ ဖြစ်ရာ ကျင်လည်ရာ ဖြစ်သော) ‘အရူပါဝစရ'ဝေဒနာက္ခန္ဓာသည် ရှိ၏၊ (ကာမ, ရူပ, အရူပ) ဘုံသုံးပါး၌ အကျုံးမဝင်သော ‘အပရိယာပန္န’ (လောကုတ္တရာ) ဝေဒနာက္ခန္ဓာသည် ရှိ၏။

၈-၁၄။ နားအတွေ့ ‘သောတသမ္ဖဿ’ဟူသော အကြောင်းကြောင့်ဖြစ်သော ဝေဒနာက္ခန္ဓာသည်။ပ။

၁၅-၂၁။ နှာခေါင်းအတွေ့ ‘ဃာနသမ္ဖဿ’ဟူသော အကြောင်းကြောင့်ဖြစ်သော ဝေဒနာက္ခန္ဓာသည်။ပ။

၂၂-၂၈။ လျှာအတွေ့ ‘ဇိဝှါသမ္ဖဿ’ဟူသော အကြောင်းကြောင့်ဖြစ်သော ဝေဒနာက္ခန္ဓာသည်။ပ။

၂၉-၃၅။ ကိုယ်အတွေ့ ‘ကာယသမ္ဖဿ’ဟူသော အကြောင်းကြောင့်ဖြစ်သော ဝေဒနာက္ခန္ဓာသည်။ပ။

[၃၆-၄၂။ စိတ်အတွေ့ ‘မနောသမ္ဖဿ’ဟူသော အကြောင်းကြောင့်ဖြစ်သော ဝေဒနာက္ခန္ဓာသည် ကုသိုလ်, အကုသိုလ်တို့၏ အကျိုးဝိပါက်ဖြစ်သော ဝေဒနာက္ခန္ဓာသည် ရှိ၏။ပ။]၁

၃၆-၄၂။၂ (စိတ်အတွေ့ ‘မနောသမ္ဖဿ’ဟူသော အကြောင်းကြောင့်ဖြစ်သော ဝေဒနာက္ခန္ဓာသည်) အတွင်း ‘အဇ္ဈတ္တ'သန္တာန်၌ ဖြစ်သောတရားကို အာရုံပြုသော ဝေဒနာက္ခန္ဓာသည် ရှိ၏၊ အပ ‘ဗဟိဒ္ဓ'သန္တာန်၌ ဖြစ်သော တရားကို အာရုံပြုသော ဝေဒနာက္ခန္ဓာသည် ရှိ၏။ အတွင်းအပ ‘အဇ္ဈတ္တဗဟိဒ္ဓ'သန္တာန်၌ ဖြစ်သော တရားကို အာရုံပြုသော ဝေဒနာက္ခန္ဓာသည် ရှိ၏၊ ကာမဘုံ၌ သက်ဝင်၍ ဖြစ်သော (ကာမတဏှာ၏ ဖြစ်ရာ ကျင်လည်ရာ ဖြစ်သော) ‘ကာမာဝစရ'ဝေဒနာက္ခန္ဓာသည် ရှိ၏၊ ရူပဘုံ၌ သက်ဝင်၍ ဖြစ်သော (ရူပတဏှာ၏ ဖြစ်ရာ ကျင်လည်ရာ ဖြစ်သော) ‘ရူပါဝစရ'ဝေဒနာက္ခန္ဓာသည် ရှိ၏၊ အရူပဘုံ၌ သက်ဝင်၍ ဖြစ်သော (အရူပတဏှာ၏ ဖြစ်ရာ ကျင်လည်ရာဖြစ်သော) ‘အရူပါဝစရ'့ဝေဒနာက္ခန္ဓာသည် ရှိ၏၊ (ကာမ, ရူပ, အရူပ) ဘုံသုံးပါး၌ အကျုံးမဝင်သော ‘အပရိယာပန္န’ (လောကုတ္တရာ) ဝေဒနာက္ခန္ဓာသည် ရှိ၏။

--

၄၃။ မျက်စိအတွေ့ ‘စက္ခုသမ္ဖဿ'ကြောင့်ဖြစ်သော ဝေဒနာသည် ရှိ၏၊ (စက္ခုသမ္ဖဿဇာ ဝေဒနာ)။

၄၄။ နားအတွေ့ ‘သောတသမ္ဖဿ'ကြောင့်ဖြစ်သော ဝေဒနာသည် ရှိ၏ (သောတသမ္ဖဿဇာ ဝေဒနာ)။

၄၅။ နှာခေါင်းအတွေ့ ‘ဃာနသမ္ဖဿ'ကြောင့်ဖြစ်သော ဝေဒနာသည် ရှိ၏ (ဃာနသမ္ဖဿဇာ ဝေဒနာ)။

၄၆။ လျှာအတွေ့ ‘ဇိဝှါသမ္ဖဿ'ကြောင့်ဖြစ်သော ဝေဒနာသည် ရှိ၏ (ဇိဝှါသမ္ဖဿဇာဝေဒနာ)။

၄၇။ ကိုယ်အတွေ့ ‘ကာယသမ္ဖဿ'ကြောင့်ဖြစ်သော ဝေဒနာသည် ရှိ၏ (ကာယသမ္ဖဿဇာ ဝေဒနာ)။

၄၈။ စိတ်အတွေ့ ‘မနောသမ္ဖဿ'ကြောင့်ဖြစ်သော ဝေဒနာသည် ရှိ၏၊ (မနောသမ္ဖဿဇာ ဝေဒနာ)။ ဤသို့ များသောအပြားအားဖြင့် ဝေဒနာက္ခန္ဓာသည် ဖြစ်၏။

(ဗဟုဝိဓနည်း ပြီး၏)။

--

ဤဆိုခဲ့ပြီးသော ဝေဒနာတို့ကို ခံစားမှုအစု ‘ဝေဒနာက္ခန္ဓာ’ဟု ဆိုအပ်၏)။

[ဝေဒနာပေါင်းမှာ

(၁) ဒုကမူလကနည်း ၅၂၂၅၀-ပါး

(၂) တိကမူလကနည်း ၅၂၂၅၀-ပါး

(၃) ဥဘတောဝဍ္ဎကနည်း ၁၀၄၅-ပါး

(၄) သတ္တကနည်း (၁၉၇) ၁၃၃-ပါး

(၅) စတုဝီသတိဝိဓနည်း (၁၉၂၄) ၄၅၆-ပါး

(၆) တိံသဝိဓနည်း ၃၀-ပါး

(၇) ဗဟုဝိဓနည်း (၁၉၄၈) ၉၁၂-ပါး

၁၀၇၀၇၆-ပါး ဖြစ်၏]။

ဝေဒနာက္ခန္ဓာ ပြီး၏။

(ဝေဒနာတို့ကို အဘိဓမ္မာနည်းအားဖြင့် ဝေဖန်ဟောကြားအပ်သော အဘိဓမ္မဘာဇနီယနည်း ပြီး၏)။

၁။ ဤစာပိုဒ်သည် ဒုတိယဗဟုဝိဓနည်းဖြစ်သော ဝိပါကတိက် ဗဟုဝိဓနည်းကို မနောသမ္ဖဿဖြင့် ဝေဖန်ပြီးလျှင် အဆက် တစ်ဖန်ပြန်၍ ဟောခြင်းဖြစ်သည်၊ ပေယျာလချန်ခဲ့သည်ကို သတိရစေခြင်းငှါပြန်၍ ဖော်ထုတ်ပြခြင်း ဖြစ်သည်။

၂။ (ဤစာပိုဒ်သည် အဇ္ဈတ္တာရမ္မဏတိက် ဗဟုဝိဓနည်းကို အစီအစဉ်အရ ဖော်ပြခြင်းဖြစ်သည်။)

Ã

--

၃-သညာက္ခန္ဓ

(မှတ်သားမှုအစု)

ဒုကမူလကနည်း

ဒုကမူ-တိကမူလီ

(ဒုက်တို့ကို မူတည်ပြီးလျှင် တိက်တို့ကို မူလီသွင်း၍ ဟောသော ဒုကမူလကနည်း)

(ဒုက် ၅၂-ခုကို မူတည်ပြီးလျှင် တိက် ၂၁-ခုကို မူလီသွင်း၍ ဟောသော ၁၀၉၂-နည်း)

(ဤဒုကမူလနည်း၌ သညာရကောင်းသော ဒုက် ၅၂-ကို မူတည်၍ သညာရကောင်းသော တိက် ၂၁-ခုတို့ကို မူလီသွင်းသော နည်းပေါင်း (၅၂*၂၁) =၁၀၉၂ နည်း ဖြစ်သည်၊ ဤနည်း ၁၀၉၂-နည်း၌ တစ်နည်း တစ်နည်းကိုပင် တစ်ဖန် ၁၀-နည်းစီ ထပ်၍ ပွားပြန်သည်၊ ထိုထပ်ပွား ၁၀-နည်း၌ သညာက္ခန္ဓာပေါင်း ၅၅-ပါးရှိ၏၊ ထို့ကြောင့် အစိတ်အစိတ် ရေတွက်ပါမူ သညာက္ခန္ဓာပေါင်း (၁၀၉၂*၅၅) = ၆၀၀၆၀-ပါး ဖြစ်သည်။)

(ဟေတုဂေါစ္ဆကမှ ဒုက် ၃-ခု)

၁-သဟေတုကဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

(၁) သဟေတုကဒုကမူ-ကုသလတိကမူလီ ၁၀-နည်း၁

ဧကကနည်း, ဒုကနည်း, တိကနည်း, စတုက္ကနည်း, ပဉ္စကနည်း, ဆက္ကနည်း, သတ္တကနည်း, အဋ္ဌကနည်း, နဝကနည်း, ဒသကနည်း

၆၂။ ထို (ခန္ဓာငါးပါးတို့) တွင် အဘယ်သည် သညာက္ခန္ဓာမည်သနည်း။

ဧကကနည်း

တစ်ပါးပြားသောနည်းအားဖြင့် သညာက္ခန္ဓာသည် ဖြစ်၏။ ။ ဖဿနှင့်ယှဉ်သော သညာက္ခန္ဓာတည်း။

ဒုကနည်း

နှစ်ပါးပြားသောနည်းအားဖြင့် သညာက္ခန္ဓာသည် ဖြစ်၏။ ။ ဟိတ်ရှိသော သညာက္ခန္ဓာသည် ရှိ၏၊ ဟိတ်မရှိသော သညာက္ခန္ဓာသည် ရှိ၏။

တိကနည်း

သုံးပါးပြားသောနည်းအားဖြင့် သညာက္ခန္ဓာသည် ဖြစ်၏။ ။ ကုသိုလ်သညာက္ခန္ဓာသည် ရှိ၏၊ အကုသိုလ်သညာက္ခန္ဓာသည် ရှိ၏၊ အဗျာကတသညာက္ခန္ဓာသည် ရှိ၏။

စတုက္ကနည်း

လေးပါးပြားသောနည်းအားဖြင့် သညာက္ခန္ဓာသည် ဖြစ်၏။ ။ ကာမဘုံ၌ သက်ဝင်၍ ဖြစ်သော (ကာမတဏှာ၏ ဖြစ်ရာကျင်လည်ရာဖြစ်သော) ‘ကာမာဝစရ'သညာက္ခန္ဓာ သည် ရှိ၏၊ ရူပဘုံ၌ သက်ဝင်၍ ဖြစ်သော (ရူပတဏှာ၏ ဖြစ်ရာကျင်လည်ရာဖြစ်သော) ‘ရူပါဝစရ'သညာက္ခန္ဓာသည် ရှိ၏၊ အရူပဘုံ၌ သက်ဝင်၍ ဖြစ်သော (အရူပတဏှာ၏ ဖြစ်ရာကျင်လည်ရာဖြစ်သော) ‘အရူပါဝစရ'သညာက္ခန္ဓာသည် ရှိ၏၊ (ကာမ, ရူပ, အရူပ) ဘုံသုံးပါး၌ အကျုံးမဝင်သော ‘အပရိယာပန္န’ (လောကုတ္တရာ) သညာက္ခန္ဓာသည် ရှိ၏။

--

ပဉ္စကနည်း

ငါးပါးပြားသောနည်းအားဖြင့် သညာက္ခန္ဓာသည် ဖြစ်၏။ ။ ကိုယ်ချမ်းသာမှု၌ အစိုးတရ ခံစားခြင်း ‘သုခိန္ဒြေ'နှင့် ယှဉ်သော သညာက္ခန္ဓာသည် ရှိ၏၊ ကိုယ်ဆင်းရဲမှု၌ အစိုးတရ ခံစားခြင်း ‘ဒုက္ခိန္ဒြေ'နှင့် ယှဉ်သော သညာက္ခန္ဓာသည် ရှိ၏၊ စိတ်ချမ်းသာမှု၌ အစိုးတရ ခံစားခြင်း ‘သောမနဿိန္ဒြေ'နှင့် ယှဉ်သော သညာက္ခန္ဓာသည် ရှိ၏၊ စိတ်မချမ်းသာမှု၌ အစိုးတရခံစားခြင်း ‘ဒေါမနဿိန္ဒြေ'နှင့် ယှဉ်သော သညာက္ခန္ဓာသည် ရှိ၏၊ လျစ်လျူရှုမှု၌ အစိုးတရခံစားခြင်း ‘ဥပေက္ခိန္ဒြေ'နှင့် ယှဉ်သော သညာက္ခန္ဓာသည် ရှိ၏။ ။ ဤသို့ ငါးပါးပြားသော နည်းအားဖြင့် သညာက္ခန္ဓာသည် ဖြစ်၏။

ဆက္ကနည်း

ခြောက်ပါးပြားသောနည်းအားဖြင့် သညာက္ခန္ဓာသည် ဖြစ်၏။ ။ မျက်စိအတွေ့ (မျက်စိ အကြည် ‘စက္ခုပသာဒ'နှင့် အဆင်း ‘ရူပါရုံ'တို့ တွေ့ဆုံထိခိုက်မှု) ‘စက္ခုသမ္ဖဿ'ကြောင့် ဖြစ်သော မှတ်သားမှု ‘သညာ'သည်ရှိ၏ (စက္ခုသမ္ဖဿဇာသညာ)၊ နားအတွေ့ (နားအကြည် ‘သောတ ပသာဒ'နှင့် အသံ ‘သဒ္ဒါရုံ'တို့ တွေ့ဆုံထိခိုက်မှု) ‘သောတသမ္ဖဿ'ကြောင့် ဖြစ်သော မှတ်သားမှု ‘သညာ'သည် ရှိ၏ (သောတသမ္ဖဿဇာသညာ)၊ နှာခေါင်းအတွေ့ (နှာခေါင်းအကြည် ‘ဃာနပသာဒ'နှင့် အနံ့ ‘ဂန္ဓာရုံ'တို့ တွေ့ဆုံထိခိုက်မှု) ‘ဃာနသမ္ဖဿ'ကြောင့်ဖြစ်သော မှတ်သားမှု ‘သညာ'သည် ရှိ၏ (ဃာနသမ္ဖဿဇာသညာ)၊ လျှာအတွေ့ (လျှာအကြည် ‘ဇိဝှါပသာဒ'နှင့် အရသာ ‘ရသာရုံ'တို့ တွေ့ဆုံ ထိခိုက်မှု) ‘ဇိဝှါသမ္ဖဿ'ကြောင့်ဖြစ်သော မှတ်သားမှု ‘သညာ'သည် ရှိ၏ (ဇိဝှါသမ္ဖဿဇာသညာ)၊ ကိုယ်အတွေ့ (ကိုယ်အကြည် ‘ကာယပသာဒ'နှင့် အတွေ့ ‘ဖောဋ္ဌဗ္ဗာရုံ'တို့ တွေ့ဆုံထိခိုက်မှု) ‘ကာယ သမ္ဖဿ'ကြောင့်ဖြစ်သော မှတ်သားမှု ‘သညာ'သည် ရှိ၏ (ကာယသမ္ဖဿဇာသညာ)၊ စိတ်အတွေ့ (စိတ်နှင့် ဓမ္မာရုံတို့ တွေ့ဆုံထိခိုက်မှု) ‘မနောသမ္ဖဿ'ကြောင့်ဖြစ်သော မှတ်သားမှု ‘သညာ'သည် ရှိ၏ (မနော သမ္ဖဿဇာသညာ)။ ။ ဤသို့ ခြောက်ပါးပြားသောနည်းအားဖြင့် သညာက္ခန္ဓာသည် ဖြစ်၏။

သတ္တကနည်း

ခုနစ်ပါးပြားသောနည်းအားဖြင့် သညာက္ခန္ဓာသည် ဖြစ်၏။ ။ မျက်စိအတွေ့ ‘စက္ခု သမ္ဖဿ'ကြောင့်ဖြစ်သော မှတ်သားမှု ‘သညာ'သည် ရှိ၏ (စက္ခုသမ္ဖဿဇာသညာ)၊ နားအတွေ့ ‘သောတသမ္ဖဿ'ကြောင့်ဖြစ်သော မှတ်သားမှု ‘သညာ'သည် ရှိ၏ (သောတသမ္ဖဿဇာ သညာ)၊ နှာခေါင်းအတွေ့ ‘ဃာနသမ္ဖဿ'ကြောင့်ဖြစ်သော မှတ်သားမှု ‘သညာ'သည် ရှိ၏။ (ဃာနသမ္ဖဿဇာသညာ)၊ လျှာအတွေ့ ‘ဇိဝှါသမ္ဖဿ'ကြောင့်ဖြစ်သော မှတ်သားမှု ‘သညာ'သည် ရှိ၏ (ဇိဝှါသမ္ဖဿဇာသညာ)၊ ကိုယ်အတွေ့ ‘ကာယသမ္ဖဿ'ကြောင့်ဖြစ်သော မှတ်သားမှု ‘သညာ'သည် ရှိ၏ (ကာယသမ္ဖဿဇာသညာ)၊ (အာရုံငါးပါးကို) သိကာမျှသဘော ‘မနောဓာတ်'အတွေ့ ‘မနောသမ္ဖဿ'ကြောင့် ဖြစ်သော မှတ်သားမှု ‘သညာ'သည် ရှိ၏ (မနောသမ္ဖဿဇာသညာ)၊ (အာရုံခြောက်ပါးကို) အထူးသိမှု သဘော ‘မနောဝိညာဏဓာတ်'အတွေ့ ‘မနောဝိညာဏဓာတုသမ္ဖဿ'ကြောင့်ဖြစ်သော မှတ်သားမှု ‘သညာ'သည် ရှိ၏ (မနောဝိညာဏဓာတုသမ္ဖဿဇာသညာ)။ ။ ဤသို့ ခုနစ်ပါးပြားသောနည်းအားဖြင့် သညာက္ခန္ဓာ သည် ဖြစ်၏။

အဋ္ဌကနည်း

ရှစ်ပါးပြားသောနည်းအားဖြင့် သညာက္ခန္ဓာသည် ဖြစ်၏။ ။ မျက်စိအတွေ့ ‘စက္ခုသမ္ဖဿ'ကြောင့်ဖြစ်သော မှတ်သားမှု ‘သညာ'သည် ရှိ၏။ပ။ ကိုယ်အတွေ့ ‘ကာယသမ္ဖဿ'ကြောင့်ဖြစ်သော သုခ ဝေဒနာနှင့် တကွဖြစ်သော မှတ်သားမှု ‘သညာ'သည် ရှိ၏၊ (ကိုယ်အတွေ့ ‘ကာယသမ္ဖဿ'ကြောင့်ဖြစ်သော) ဒုက္ခ ဝေဒနာနှင့် တကွဖြစ်သော မှတ်သားမှု ‘သညာ'သည် ရှိ၏၊ မနောဓာတ်အတွေ့ကြောင့်ဖြစ်သော မှတ်သားမှု ‘သညာ'သည် ရှိ၏၊ မနောဝိညာဏဓာတ်အတွေ့ကြောင့် ဖြစ်သော မှတ်သားမှု ‘သညာ'သည် ရှိ၏။ ။ ဤသို့ ရှစ်ပါးပြားသော နည်းအားဖြင့် သညာက္ခန္ဓာသည် ဖြစ်၏။

--

နဝကနည်း

ကိုးပါးပြားသောနည်းအားဖြင့် သညာက္ခန္ဓာသည် ဖြစ်၏။ ။ မျက်စိအတွေ့ ‘စက္ခုသမ္ဖဿ'ကြောင့်ဖြစ်သော ‘သညာ'သည် ရှိ၏။ပ။ ကိုယ်အတွေ့ ‘ကာယသမ္ဖဿ'ကြောင့်ဖြစ်သော ‘သညာ'သည် ရှိ၏၊ မနောဓာတ်အတွေ့ကြောင့်ဖြစ်သော ‘သညာ'သည် ရှိ၏၊ မနောဝိညာဏ ဓာတ်အတွေ့ ကြောင့်ဖြစ်သော ကုသိုလ်သညာသည် ရှိ၏။ (မနောဝိညာဏဓာတ်အတွေ့ကြောင့်ဖြစ်သော) အကုသိုလ် သညာသည် ရှိ၏။ (မနောဝိညာဏဓာတ် အတွေ့ကြောင့်ဖြစ်သော) အဗျာကတသညာသည် ရှိ၏။ ။ ဤသို့ ကိုးပါးပြားသောနည်းအားဖြင့် သညာက္ခန္ဓာသည် ဖြစ်၏။

ဒသကနည်း

ဆယ်ပါးပြားသောနည်းအားဖြင့် သညာက္ခန္ဓာသည် ဖြစ်၏။ ။ မျက်စိအတွေ့ ‘စက္ခုသမ္ဖဿ'ကြောင့်ဖြစ်သော ‘သညာ'သည် ရှိ၏။ပ။ ကိုယ်အတွေ့ ‘ကာယသမ္ဖဿ'ကြောင့်ဖြစ်သော သုခဝေဒနာနှင့် တကွဖြစ်သော ‘သညာ'သည် ရှိ၏ (ကိုယ်အတွေ့ကြောင့်ဖြစ်သော) ဒုက္ခဝေဒနာနှင့် တကွဖြစ်သော ‘သညာ'သည် ရှိ၏၊ မနောဓာတ်အတွေ့ကြောင့်ဖြစ်သော ‘သညာ'သည် ရှိ၏၊ မနော ဝိညာဏဓာတ် အတွေ့ကြောင့်ဖြစ်သော ကုသိုလ်သညာသည် ရှိ၏၊ (မနောဝိညာဏဓာတ်အတွေ့ကြောင့် ဖြစ်သော) အကုသိုလ်သညာသည် ရှိ၏၊ (မနောဝိညာဏ ဓာတ်အတွေ့ကြောင့်ဖြစ်သော) အဗျာကတသညာ သည် ရှိ၏။ ။ ဤသို့ ဆယ်ပါးပြားသော နည်းအားဖြင့် သညာက္ခန္ဓာသည် ဖြစ်၏။ (သဟေတုကဒုကမူ-ကုသလတိကမူလီ ၁၀-နည်း ပြီး၏။ ဤနည်း၌ သညာပေါင်း ၅၅-ပါး ဖြစ်၏)။

၁။ ဤနည်း ၁၀-နည်း၌ သညာက္ခန္ဓာပေါင်း ၅၅-ပါးရှိ၏။ နောက်နည်းများ၌လည်း ဤနည်းအတိုင်း သိပါလေ။

(၂) သဟေတုကဒုကမူ-ဝေဒနာတိကမူလီ ၁၀-နည်း

ဧကကနည်း, ဒုကနည်း, တိကနည်း။ပ။ ဒသကနည်း

ဧကကနည်း

၆၃။ တစ်ပါးပြားသောနည်းအားဖြင့် သညာက္ခန္ဓာသည် ဖြစ်၏။ ။ ဖဿနှင့်ယှဉ်သော သညာက္ခန္ဓာတည်း။

ဒုကနည်း

နှစ်ပါးပြားသောနည်းအားဖြင့် သညာက္ခန္ဓာသည် ဖြစ်၏။ ။ ဟိတ်ရှိသော သညာက္ခာန္ဓာ သည် ရှိ၏၊ ဟိတ်မရှိသော သညာက္ခန္ဓာသည် ရှိ၏။

တိကနည်း

သုံးပါးပြားသောနည်းအားဖြင့် သညာက္ခန္ဓာသည် ဖြစ်၏။ ။ သုခဝေဒနာနှင့်ယှဉ်သော သညာက္ခန္ဓာသည် ရှိ၏၊ ဒုက္ခဝေဒနာနှင့်ယှဉ်သော သညာက္ခန္ဓာသည် ရှိ၏၊ အဒုက္ခမသုခ ဝေဒနာနှင့်ယှဉ်သော သညာက္ခန္ဓာသည် ရှိ၏။ပ။ ဤသို့ ဆယ်ပါးပြားသောနည်းအားဖြင့် သညာက္ခန္ဓာသည် ဖြစ်၏။

--

(၃) သဟေတုကဒုကမူ-ဝိပါကတိကမူလီ ၁၀-နည်း

ဧကကနည်း, ဒုကနည်း, တိကနည်း။ပ။ ဒသကနည်း

ဧကကနည်း

၆၄။ တစ်ပါးပြားသောနည်းအားဖြင့် သညာက္ခန္ဓာသည် ဖြစ်၏။ ။ ဖဿနှင့်ယှဉ်သော သညာက္ခန္ဓာတည်း။

ဒုကနည်း

နှစ်ပါးပြားသောနည်းအားဖြင့် သညာက္ခန္ဓာသည် ဖြစ်၏။ ။ ဟိတ်ရှိသော သညာက္ခန္ဓာသည် ရှိ၏၊ ဟိတ်မရှိသော သညာက္ခန္ဓာသည် ရှိ၏။

တိကနည်း

သုံးပါးပြားသောနည်းအားဖြင့် သညာက္ခန္ဓာသည် ဖြစ်၏။ ။ ကုသိုလ် အကုသိုလ်တို့၏ အကျိုးဝိပါက်ဖြစ်သော သညာက္ခန္ဓာသည် ရှိ၏၊ အကျိုးဝိပါက်ကို ဖြစ်စေခြင်း သဘော ရှိသည့် တရားဖြစ်သော (အကျိုးဝိပါက်ကို ဖြစ်စေတတ်သော) သညာက္ခန္ဓာသည် ရှိ၏၊ ကုသိုလ် အကုသိုလ်တို့၏ အကျိုးဝိပါက်လည်း မဟုတ်မူ၍ အကျိုးဝိပါက်ကို ဖြစ်စေခြင်းသဘောရှိသော တရား လည်း မဟုတ်သော (အကျိုးဝိပါက်ကို မဖြစ်စေ တတ်သော) သညာက္ခန္ဓာသည် ရှိ၏။ပ။

(၄) သဟေတုကဒုကမူ-ဥပါဒိန္နတိကမူလီ ၁၀-နည်း

တဏှာဒိဋ္ဌိတို့သည် ကပ်အပ်သော ကံသည် အကျိုး၏အဖြစ်ဖြင့်လည်း ယူအပ်၍ (တဏှာဒိဋ္ဌိတို့၏ အာရုံဖြစ်သော ကံကြောင့်လည်း ဖြစ်၍) ဥပါဒါန်တို့၏ အာရုံလည်းဖြစ်သော သညာက္ခန္ဓာသည် ရှိ၏ (လောကီ ဝိပါက်စိတ်တို့၌ရှိသော သညာ)၊ တဏှာဒိဋ္ဌိတို့သည် ကပ်အပ်သော ကံသည် အကျိုး၏အဖြစ်ဖြင့် မယူအပ်မူ၍ (တဏှာဒိဋ္ဌိတို့၏ အာရုံဖြစ်သော ကံကြောင့် မဖြစ်မူ၍) ဥပါဒါန်တို့၏ အာရုံသာဖြစ်သော သညာက္ခန္ဓာသည် ရှိ၏၊ (လောကီကုသိုလ်, အကုသိုလ်, ကြိယာစိတ်တို့၌ ရှိသောသညာ)၊ တဏှာ ဒိဋ္ဌိတို့သည် ကပ်အပ်သော ကံသည် အကျိုး၏အဖြစ်ဖြင့်လည်း မယူအပ်မူ၍ (တဏှာဒိဋ္ဌိတို့၏ အာရုံ ဖြစ်သော ကံကြောင့်လည်း မဖြစ်မူ၍) ဥပါဒါန်တို့၏ အာရုံလည်း မဟုတ်သော သညာက္ခန္ဓာသည် ရှိ၏ (လောကုတ္တရာစိတ်၌ ရှိသော သညာ)။ပ။

(၅) သဟေတုကဒုကမူ-သံကိလိဋ္ဌတိကမူလီ ၁၀-နည်း

ပူပန်စေတတ် နှိပ်စက်တတ်သော ‘ကိလေသာ'တို့သည် ပူပန်လည်း ပူပန်စေအပ် သည်ဖြစ်၍ (ကိလေသာတို့နှင့်လည်း ယှဉ်၍)၊ ကိလေသာတို့၏ အာရုံလည်း ဖြစ်သော သညာက္ခန္ဓာသည် ရှိ၏ (အကုသိုလ်စိတ်နှင့် ယှဉ်သောသညာ)၊ ကိလေသာတို့သည် ပူပန်စေအပ်သည်ကား မဟုတ်မူ၍ (ကိလေသာ တို့နှင့်မယှဉ်မူ၍) ကိလေသာတို့၏ အာရုံသာ ဖြစ်သော သညာက္ခန္ဓာသည် ရှိ၏ (လောကီ့ကုသိုလ်, ဝိပါက်, ကြိယာစိတ်တို့နှင့် ယှဉ်သောသညာ)၊ ကိလေသာတို့သည် ပူပန်စေအပ်သည်လည်း မဟုတ်မူ၍ (ကိလေသာ တို့နှင့်လည်း မယှဉ်မူ၍) ကိလေသာတို့၏ အာရုံလည်း မဟုတ်သော သညာက္ခန္ဓာသည် ရှိ၏ (လောကုတ္တရာစိတ်တို့နှင့် ယှဉ်သော သညာ)။ပ။

--

(၆) သဟေတုကဒုကမူ-ဝိတက္ကတိကမူလီ ၁၀-နည်း

ဝိတက်လည်းရှိ၍ ဝိစာရလည်းရှိသော သညာက္ခန္ဓာသည် ရှိ၏၊ ဝိတက်မရှိမူ၍ ဝိစာရမျှ သာရှိသော သညာက္ခန္ဓာသည် ရှိ၏၊ ဝိတက်လည်းမရှိမူ၍ ဝိစာရလည်းမရှိသော သညာက္ခန္ဓာသည် ရှိ၏။ပ။

(၇) သဟေတုကဒုကမူ-ပီတိတိကမူလီ ၁၀-နည်း

ပီတိနှင့်တကွဖြစ်သော (ပီတိနှင့်ယှဉ်သော) သညာက္ခန္ဓာသည် ရှိ၏၊ သုခဝေဒနာနှင့်တကွဖြစ်သော သညာက္ခန္ဓာသည် ရှိ၏၊ ဥပေက္ခာဝေဒနာနှင့်တကွဖြစ်သော သညာက္ခန္ဓာသည် ရှိ၏။ပ။

(၈) သဟေတုကဒုကမူ-ဒဿနတိကမူလီ ၁၀-နည်း

(နိဗ္ဗာန်ကို ရှေးဦးစွာ မြင်သဖြင့် ‘ဒဿန’မည်သော) သောတာပတ္တိမဂ်သည် ပယ်အပ်သော သညာက္ခန္ဓာသည် ရှိ၏ (ဒိဋ္ဌိဂတသမ္ပယုတ်စိတ် ၄-ပါးနှင့် ဝိစိကိစ္ဆာစိတ်တို့၌ရှိသော သညာ, အပါယဂမနိယ အကုသိုလ်စိတ်တို့၌ရှိသော သညာ)။ (သောတာပတ္တိမဂ်သည် မြင်ပြီးသော နိဗ္ဗာန်ကို တစ်ဖန်ထပ်၍ မြင်သဖြင့် ‘ဘာဝနာ’မည်သော) အထက်မဂ်သုံးပါးတို့သည် ပယ်အပ်သော သညာက္ခန္ဓာသည် ရှိ၏ (ကြွင်းသော အကုသိုလ်စိတ်တို့၌ ရှိသော သညာ)။ (ဒဿနမည်သော) သောတာပတ္တိမဂ်သည် ပယ်အပ်သည်လည်း မဟုတ်မူ၍၊ (ဘာဝနာမည်သော) အထက်မဂ်သုံးပါးတို့သည် ပယ်အပ်သည်လည်း မဟုတ်သော သညာက္ခန္ဓာသည် ရှိ၏ (ကုသိုလ်, ဝိပါက်, ကြိယာစိတ်တို့၌ ရှိသော သညာ)။ပ။

(၉) သဟေတုကဒုကမူ-ဒဿနဟေတုတိကမူလီ ၁၀-နည်း

(နိဗ္ဗာန်ကို ရှေးဦးစွာ မြင်သဖြင့် ‘ဒဿန’မည်သော) သောတာပတ္တိမဂ်သည် ပယ်အပ်သော ဟိတ် ရှိသော (ဟိတ်နှင့်ယှဉ်သော) သညာက္ခန္ဓာသည် ရှိ၏။ (ဘာဝနာမည်သော) အထက်မဂ်သုံးပါးတို့သည် ပယ်အပ်သော ဟိတ်ရှိသော (ဟိတ်နှင့်ယှဉ်သော) သညာက္ခန္ဓာသည် ရှိ၏။ သောတာပတ္တိမဂ်သည် ပယ်အပ်သော ဟိတ်ရှိသည်လည်း မဟုတ်မူ၍ အထက်မဂ်သုံးပါးတို့သည် ပယ်အပ်သော ဟိတ်ရှိသည် လည်း မဟုတ်သော သညာက္ခန္ဓာသည် ရှိ၏။ပ။

(၁၀) သဟေတုကဒုကမူ-အာစယဂါမိတိကမူလီ ၁၀-နည်း

စုတိပဋိသန္ဓေသို့ရောက်ကြောင်းဖြစ်သော မှတ်သားမှုအစု ‘အာစယဂါမိသညာက္ခန္ဓာ'သည် ရှိ၏၊ (လောကီ ကုသိုလ်, အကုသိုလ်စိတ်တို့နှင့်ယှဉ်သောသညာ)၊ နိဗ္ဗာန်သို့ရောက်ကြောင်းဖြစ်သော မှတ်သားမှု အစု ‘အပစယဂါမိသညာက္ခန္ဓာ'သည် ရှိ၏၊ (မဂ်စိတ်နှင့်ယှဉ်သောသညာ)၊ စုတိပဋိသန္ဓေသို့ ရောက် ကြောင်းလည်း မဟုတ်မူ၍ နိဗ္ဗာန်သို့ရောက်ကြောင်းလည်း မဟုတ်သော သညာက္ခန္ဓာသည် ရှိ၏ (ဝိပါက်, ကြိယာစိတ်တို့နှင့် ယှဉ်သော သညာ)။ပ။

--

(၁၁) သဟေတုကဒုကမူ-သေက္ခတိကမူလီ ၁၀-နည်း

(အရဟတ္တဖိုလ်သို့ရောက်ရန်) ကျင့်ဆဲ ‘သေက္ခ'ပုဂ္ဂိုလ် (မဂ်ပုဂ္ဂိုလ် ၄-ယောက်, အောက်ဖိုလ်ပုဂ္ဂိုလ် ၃-ယောက်) တို့၏ ဥစ္စာဖြစ်သော သညာက္ခန္ဓာသည် ရှိ၏၊ (မဂ်စိတ်လေးပါး, အောက်ဖိုလ်သုံးပါးတို့နှင့် ယှဉ်သော သညာ)၊ (အရဟတ္တဖိုလ်သို့ရောက်ပြီး) ကျင့်ပြီး ‘အသေက္ခ'ပုဂ္ဂိုလ် (ရဟန္တာ) တို့၏ ဥစ္စာ ဖြစ်သော သညာက္ခန္ဓာသည် ရှိ၏ (အရဟတ္တဖိုလ်စိတ်နှင့်ယှဉ်သောသညာ)၊ သေက္ခပုဂ္ဂိုလ်တို့၏ ဥစ္စာလည်း မဟုတ်မူ၍ အသေက္ခပုဂ္ဂိုလ် (ရဟန္တာ) တို့၏ ဥစ္စာလည်း မဟုတ်သော သညာက္ခန္ဓာသည် ရှိ၏ (လောကီစိတ်တို့နှင့်ယှဉ်သောသညာ)။ပ။

(၁၂) သဟေတုကဒုကမူ-ပရိတ္တတိကမူလီ ၁၀-နည်း

နည်းသော အာနုဘော်ရှိသည့် ‘ပရိတ္တ’မည်သော သညာက္ခန္ဓာသည် ရှိ၏၊ (ကာမစိတ်နှင့်ယှဉ်သော သညာ)၊ မြင့်မြတ်သည်၏ အဖြစ်သို့ရောက်သော ‘မဟဂ္ဂတ’မည်သော သညာက္ခန္ဓာသည် ရှိ၏ (မဟဂ္ဂုတ် စိတ်နှင့် ယှဉ်သောသညာ)၊ နှိုင်းယှဉ်မှုကို ပြုတတ်သည့် (ရာဂအစရှိသော) ကိလေသာတို့၏ ဆန့်ကျင့်ဘက်ဖြစ်သော (မနှိုင်းယှဉ်အပ်သော) ‘အပ္ပမာဏ’မည်သော သညာက္ခန္ဓာသည် ရှိ၏ (လောကုတ္တရာ စိတ်နှင့်ယှဉ်သောသညာ)။ပ။

(၁၃) သဟေတုကဒုကမူ-ပရိတ္တာရမ္မဏတိကမူလီ ၁၀-နည်း

ပရိတ္တတရား (ကာမတရား) ကို အာရုံပြုသော သညာက္ခန္ဓာသည် ရှိ၏၊ မဟဂ္ဂုတ်တရားကို အာရုံ ပြုသော သညာက္ခန္ဓာသည် ရှိ၏၊ အပ္ပမာဏတရား (မနှိုင်းယှဉ်အပ်သောလောကုတ္တရာတရား) ကို အာရုံပြု သော သညာက္ခန္ဓာသည် ရှိ၏။ပ။

(၁၄) သဟေတုကဒုကမူ-ဟီနတိကမူလီ ၁၀-နည်း

ယုတ်ညံ့သော ‘ဟီန'သညာက္ခန္ဓာသည် ရှိ၏ (အကုသိုလ်စိတ်နှင့်ယှဉ်သောသညာ)၊ အလယ်အလတ် ဖြစ်သော ‘မဇ္ဈိမ'သညာက္ခန္ဓာသည် ရှိ၏ (လောကီကုသိုလ်, ဝိပါက်, ကြိယာစိတ်တို့နှင့်ယှဉ်သောသညာ)၊ မြင့်မြတ်သော ‘ပဏီတ'သညာက္ခန္ဓာသည် ရှိ၏ (လောကုတ္တရာစိတ်နှင့်ယှဉ်သောသညာ)။ပ။

(၁၅) သဟေတုကဒုကမူ-မိစ္ဆတ္တနိယတတိကမူလီ ၁၀-နည်း

ဖောက်ပြန်သောသဘောရှိ၍ စုတိ၏ အခြားမဲ့၌ (အပါယ်ငရဲ၌) အကျိုးပေးမြဲသော ‘မိစ္ဆတ္တနိယတ'သညာက္ခန္ဓာသည် ရှိ၏ (နိယတမိစ္ဆာဒိဋ္ဌိကံကို ကျူးလွန်သည့် ဒိဋ္ဌိဂတသမ္ပယုတ်စိတ် သတ္တမဇောတို့၌ ရှိသော သညာနှင့် ပဉ္စာနန္တရိယကံကို ကျူးလွန်သည့် ဒေါသမူဒွေး သတ္တမဇောတို့၌ရှိသောသညာ)၊ မဖောက်ပြန်သော သဘောရှိ၍ မိမိ၏အခြားမဲ့၌ အကျိုးပေးမြဲသော ‘သမ္မတ္တနိယတ'သညာက္ခန္ဓာသည် ရှိ၏ (မဂ်စိတ်၌ရှိသော သညာ)၊ (နှစ်ပါးသော အခြင်းအရာအားဖြင့်) အကျိုးပေးမမြဲသော ‘အနိယတ'သညာက္ခန္ဓာသည် ရှိ၏၊ (ကြွင်းသောစိတ်တို့၌ ရှိသော သညာ)။ပ။

--

(၁၆) သဟေတုကဒုကမူ-မဂ္ဂါရမ္မဏတိကမူလီ ၁၀-နည်း

မဂ်ကို အာရုံပြုသော သညာက္ခန္ဓာသည် ရှိ၏ (မဂ္ဂါရမ္မဏစိတ်နှင့်ယှဉ်သောသညာ)၊ မဂ်မည်သော အကြောင်းရင်း ဟိတ်ရှိသော သညာက္ခန္ဓာသည် ရှိ၏ (သမ္မာဒိဋ္ဌိမဂ္ဂင်မည်သော ပညာတည်းဟူသော အမောဟဟိတ်နှင့်ယှဉ်သည့် မဂ်စိတ္တုပ္ပါဒ်၌ရှိသောသညာ)၊ မဂ်မည်သော အကြီးအမှူး (ပညာနှင့်ဝီရိယ)၁ ရှိသော သညာက္ခန္ဓာသည် ရှိ၏ (ဝီမံသာဓိပတိမည်သော အမောဟ = ပညာ, ဝီရိယာဓိပတိမည်သော ဝီရိယတို့နှင့် ယှဉ်သည့် မဂ်စိတ္တုပ္ပါဒ်၌ရှိသော သညာ)။ပ။

၁။ အဓိပတိထိုက်သော မဂ္ဂင်တို့မှာ သမ္မာဒိဋ္ဌိနှင့် သမ္မာဝါယာမတို့ဖြစ်သည်။ သမ္မာဒိဋ္ဌိသည် ပညာဟုခေါ်သော ဝီမံသ ဖြစ်သည်။ ဝီမံသာဓိပတိလည်း သမ္မာဒိဋ္ဌိပင်ဖြစ်သည်။ သမ္မာဒိဋ္ဌိ= ပညာ= ဝီမံသာဓိပတိ။ သမ္မာဝါယာမမှာ ဝီရိယစေတသိက် ဖြစ်သည်၊ ဝီရိယာဓိပတိဖြစ်သည်။ သမ္မာဝါယာမ= ဝီရိယ= ဝီရိယာဓိပတိ။

(၁၇) သဟေတုကဒုကမူ-ဥပ္ပန္နတိကမူလီ ၁၀-နည်း

ဥပါဒ်, ဌီ, ဘင်ဟု ဆိုအပ်သော ခဏသုံးပါးသို့ ရောက်ဆဲဖြစ်သော (ဖြစ်ဆဲ) သညာက္ခန္ဓာသည် ရှိ၏၊ ခဏသုံးပါးသို့ ရောက်ပြီးလည်း မဟုတ်မူ၍ ရောက်ဆဲလည်း မဟုတ်သော သညာက္ခန္ဓာသည် ရှိ၏ (နောင်အနာဂတ်ကာလ၌ ဖြစ်လတ္တံ့သော ကုသိုလ်, အကုသိုလ်, ကြိယာစိတ်တို့၌ရှိသော သညာ)၊ မချွတ် ဧကန် ဖြစ်လတ္တံ့သော သညာက္ခန္ဓာသည် ရှိ၏ (ဝိပါက်စိတ်တို့၌ရှိသောသညာ)။ပ။

(၁၈) သဟေတုကဒုကမူ-အတီတတိကမူလီ ၁၀-နည်း

ဖြစ်ပြီးသော ‘အတိက်'သညာက္ခန္ဓာသည် ရှိ၏၊ မရောက်သေး (ဖြစ်လတ္တံ့) သော ‘အနာဂတ်'သညာက္ခန္ဓာသည် ရှိ၏၊ ဖြစ်ဆဲဖြစ်သော ‘ပစ္စုပ္ပန်'သညာက္ခန္ဓာသည် ရှိ၏။ပ။

(၁၉) သဟေတုကဒုကမူ-အတီတာရမ္မဏတိကမူလီ ၁၀-နည်း

ဖြစ်ပြီးသည့် ‘အတိက်'တရားကို အာရုံပြုသော သညာက္ခန္ဓာသည် ရှိ၏၊ မရောက်သေး (ဖြစ်လတ္တံ့) သော ‘အနာဂတ်'တရားကို အာရုံပြုသော သညာက္ခန္ဓာသည် ရှိ၏၊ ဖြစ်ဆဲဖြစ်သော ‘ပစ္စုပ္ပန်'တရားကို အာရုံပြုသော သညာက္ခန္ဓာသည် ရှိ၏။ပ။

(၂၀) သဟေတုကဒုကမူ-အဇ္ဈတ္တတိကမူလီ ၁၀-နည်း

အတွင်း ‘အဇ္ဈတ္တ'သန္တာန်၌ဖြစ်သော သညာက္ခန္ဓာသည် ရှိ၏၊ အပ ‘ဗဟိဒ္ဓ'သန္တာန်၌ဖြစ်သော သညာက္ခန္ဓာသည် ရှိ၏၊ အတွင်းအပသန္တာန်၌ဖြစ်သော သညာက္ခန္ဓာသည် ရှိ၏။ပ။

--

(၂၁) သဟေတုကဒုကမူ-အဇ္ဈတ္တာရမ္မဏတိကမူလီ ၁၀-နည်း

အတွင်း ‘အဇ္ဈတ္တ'သန္တာန်၌ဖြစ်သော တရားကို အာရုံပြုသော သညာက္ခန္ဓာသည် ရှိ၏၊ အပ ‘ဗဟိဒ္ဓ'သန္တာန်၌ဖြစ်သော တရားကို အာရုံပြုသောသညာက္ခန္ဓာသည် ရှိ၏၊ အတွင်းအပသန္တာန်၌ဖြစ်သော တရား ကို အာရုံပြုသော သညာက္ခန္ဓာသည် ရှိ၏။ပ။ ဤသို့ ဆယ်ပါးပြားသော နည်းအားဖြင့် သညာက္ခန္ဓာသည် ဖြစ်၏။

(သဟေတုကဒုကမူ-တိကမူလီ ၂၁နည်း ပြီး၏)။

--

၂-ဟေတုသမ္ပယုတ္တဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

ဧကကနည်း, ဒုကနည်း, တိကနည်း။ပ။ ဒသကနည်း

ဧကကနည်း

၆၅။ တစ်ပါးပြားသောနည်းအားဖြင့် သညာက္ခန္ဓာသည် ဖြစ်၏။ ။ ဖဿနှင့်ယှဉ်သော သညာက္ခန္ဓာတည်း။

ဒုကနည်း

နှစ်ပါးပြားသောနည်းအားဖြင့် သညာက္ခန္ဓာသည် ဖြစ်၏။ ။ ဟိတ်နှင့်ယှဉ်သော သညာက္ခန္ဓာသည် ရှိ၏၊ ဟိတ်နှင့်မယှဉ်သော သညာက္ခန္ဓာသည် ရှိ၏။ပ။၁

၁။ ဤ"ဟေတုသမ္ပယုတ္တဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း"၌ တစ်နည်း တစ်နည်းလျှင် ထပ်မံ၍ ဧကကမှ ဒသက အထိ ၁၀-နည်းစီ ဟောပြရန်ဖြစ်သည်။ သို့ရာတွင် ဤနည်း၌ ရှေးဦးအစမျှကိုသာ ဖော်ပြထားသည်။ အကျယ်ဖွင့်လိုလျှင် ပြဆိုခဲ့ပြီးသော ‘သဟေတုကဒုကမူ-တိက် ၂၁-ခု မူလီ ၂၁နည်း'အတိုင်း နည်းယူ၍ ဖွင့်ဆိုပါလေ။ ကျန် ‘ဒုကမူ'များ အတွက်လည်း ဤနည်းအတိုင်း သိပါလေ။

၃-နဟေတု သဟေတုကဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

ဟိတ်မမည်မူ၍ ဟိတ်သာရှိသော သညာက္ခန္ဓာသည် ရှိ၏၊ ဟိတ်လည်း မမည်မူ၍ ဟိတ်လည်း မရှိသော သညာက္ခန္ဓာသည် ရှိ၏။ပ။

(၂-စူဠန္တရဒုကမှ ဒုက် ၂-ခု)

၄-လောကီယဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

လောက၌ အကျုံးဝင်သော ‘လောကီ'သညာက္ခန္ဓာသည် ရှိ၏၊ လောကမှ ထွက်မြောက်သော ‘လောကုတ္တရာ'သညာက္ခန္ဓာသည် ရှိ၏။ပ။

၅-ကေနစိဝိညေယျဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

တစ်စုံတစ်ခုသောစိတ်သည် သိအပ်သော သညာက္ခန္ဓာသည် ရှိ၏၊ တစ်စုံတစ်ခုသောစိတ်သည် မသိအပ်သော သညာက္ခန္ဓာသည် ရှိ၏။ပ။

--

၆-သာသဝဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

(သတ္တဝါတို့၏ သန္တာန်၌) ယိုစီးဖြစ်ပွားနေတတ်၍ မူးယစ်မိုက်မဲစေတတ်သော ‘အာသဝ'၏ (လောဘ, ဒိဋ္ဌိ, မောဟတို့၏) အာရုံဖြစ်သော သညာက္ခန္ဓာသည် ရှိ၏၊ အာသဝ၏ အာရုံမဟုတ်သော သညာက္ခန္ဓာသည် ရှိ၏။ပ။

၇-အာသဝသမ္ပယုတ္တဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

အာသဝနှင့် (လောဘ, ဒိဋ္ဌိ, မောဟတို့နှင့်) ယှဉ်သော သညာက္ခန္ဓာသည် ရှိ၏၊ အာသဝနှင့် မယှဉ်သော သညာက္ခန္ဓာသည် ရှိ၏။ပ။

၈-အာသဝဝိပ္ပယုတ္တသာသဝဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

အာသဝနှင့် မယှဉ်မူ၍ အာသဝ၏ အာရုံသာဖြစ်သော သညာက္ခန္ဓာသည် ရှိ၏၊ အာသဝနှင့်လည်း မယှဉ်မူ၍ အာသဝ၏ အာရုံလည်းမဟုတ်သော သညာက္ခန္ဓာသည် ရှိ၏။ပ။

၉-သံယောဇနိယဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

(သတ္တဝါတို့ကို ဝဋ်ဆင်းရဲ၌) ယှဉ်စေတတ် နှောင်ဖွဲ့တတ်သော ‘သံယောဇဉ်'၏ အာရုံဖြစ်သော သညာက္ခန္ဓာသည် ရှိ၏၊ သံယောဇဉ်၏ အာရုံမဟုတ်သော သညာက္ခန္ဓာသည် ရှိ၏။ပ။

၁၀-သံယောဇနသမ္ပယုတ္တဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

သံယောဇဉ်နှင့်ယှဉ်သော သညာက္ခန္ဓာသည် ရှိ၏၊ သံယောဇဉ်နှင့်မယှဉ်သော သညာက္ခန္ဓာသည် ရှိ၏။ပ။

၁၁-သံယောဇနဝိပ္ပယုတ္တသံယောဇနိယဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

သံယောဇဉ်နှင့်မယှဉ်မူ၍ သံယောဇဉ်၏ အာရုံသာဖြစ်သော သညာက္ခန္ဓာသည် ရှိ၏၊ သံယောဇဉ်နှင့် လည်း မယှဉ်မူ၍ သံယောဇဉ်၏အာရုံလည်း မဟုတ်သော သညာက္ခန္ဓာသည် ရှိ၏။ပ။

၁၂-ဂန္ထနိယဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

(သတ္တဝါတို့ကို ဝဋ်ဆင်းရဲ၌) ဆက်စပ်ထုံးဖွဲ့တတ်သောသဘော ‘ဂန္ထ'၏ (လောဘ, ဒေါသ, ဒိဋ္ဌိတို့၏) အာရုံဖြစ်သော သညာက္ခန္ဓာသည် ရှိ၏၊ ဂန္ထ၏ အာရုံမဟုတ်သော သညာက္ခန္ဓာသည် ရှိ၏။ပ။

--

၁၃-ဂန္ထသမ္ပယုတ္တဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

ဂန္ထနှင့် (လောဘ, ဒေါသ, ဒိဋ္ဌိတို့နှင့်) ယှဉ်သော သညာက္ခန္ဓာသည် ရှိ၏၊ ဂန္ထနှင့် မယှဉ်သော သညာက္ခန္ဓာသည် ရှိ၏။ပ။

၁၄-ဂန္ထဝိပ္ပယုတ္တဂန္ထနိယဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

ဂန္ထနှင့် မယှဉ်မူ၍ ဂန္ထ၏ အာရုံသာဖြစ်သော သညာက္ခန္ဓာသည် ရှိ၏၊ ဂန္ထနှင့်လည်း မယှဉ်မူ၍ ဂန္ထ၏ အာရုံလည်း မဟုတ်သော သညာက္ခန္ဓာသည် ရှိ၏။ပ။

၁၅-ဩဃနိယဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

(သတ္တဝါတို့ကို ဝဋ်ဆင်းရဲ၌) နစ်မြုပ်စေတတ်သော ‘ဩဃ'၏ (လောဘ, ဒိဋ္ဌိ, မောဟတို့၏) အာရုံ ဖြစ်သော သညာက္ခန္ဓာသည် ရှိ၏၊ ဩဃ၏ အာရုံမဟုတ်သော သညာက္ခန္ဓာသည် ရှိ၏။ပ။

၁၆-ဩဃသမ္ပယုတ္တဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

ဩဃနှင့်ယှဉ်သော သညာက္ခန္ဓာသည် ရှိ၏၊ ဩဃနှင့်မယှဉ်သော သညာက္ခန္ဓာသည် ရှိ၏။ပ။

၁၇-ဩဃဝိပ္ပယုတ္တဩဃနိယဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

ဩဃနှင့် မယှဉ်မူ၍ ဩဃ၏ အာရုံသာဖြစ်သော သညာက္ခန္ဓာသည် ရှိ၏၊ ဩဃနှင့်လည်း မယှဉ်မူ၍ ဩဃ၏ အာရုံလည်း မဟုတ်သော သညာက္ခန္ဓာသည် ရှိ၏။ပ။

၁၈-ယောဂနိယဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

(သတ္တဝါတို့ကို ဝဋ်ဆင်းရဲ၌) ယှဉ်စေတတ် တွယ်ကပ်စေတတ်သောသဘော ‘ယောဂ'၏ (လောဘ, ဒိဋ္ဌိ, မောဟတို့၏) အာရုံဖြစ်သော သညာက္ခန္ဓာသည် ရှိ၏၊ ယောဂ၏ အာရုံမဟုတ်သော သညာက္ခန္ဓာ သည် ရှိ၏။ပ။

၁၉-ယောဂသမ္ပယုတ္တဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

ယောဂနှင့်ယှဉ်သော သညာက္ခန္ဓာသည် ရှိ၏၊ ယောဂနှင့်မယှဉ်သော သညာက္ခန္ဓာသည် ရှိ၏။ပ။

--

၂၀-ယောဂဝိပ္ပယုတ္တယောဂနိယဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

ယောဂနှင့်မယှဉ်မူ၍ ယောဂ၏အာရုံသာဖြစ်သော သညာက္ခန္ဓာသည် ရှိ၏၊ ယောဂနှင့်လည်း မယှဉ်မူ၍ ယောဂ၏အာရုံလည်း မဟုတ်သော သညာက္ခန္ဓာသည် ရှိ၏။ပ။

၂၁-နီဝရဏိယဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

(ဈာန်မဂ်ဖိုလ်တရားတို့ကို) ပိတ်ပင်တားဆီးမှု ‘နီဝရဏ'၏ အာရုံဖြစ်သော သညာက္ခန္ဓာသည် ရှိ၏၊ နီဝရဏ၏ အာရုံမဟုတ်သော သညာက္ခန္ဓာသည် ရှိ၏။ပ။

၂၂-နီဝရဏသမ္ပယုတ္တဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

နီဝရဏနှင့်ယှဉ်သော သညာက္ခန္ဓာသည် ရှိ၏၊ နီဝရဏနှင့်မယှဉ်သော သညာက္ခန္ဓာသည် ရှိ၏။ပ။

၂၃-နီဝရဏဝိပ္ပယုတ္တနီဝရဏိယဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

နီဝရဏနှင့် မယှဉ်မူ၍ နီဝရဏ၏အာရုံသာဖြစ်သော သညာက္ခန္ဓာသည် ရှိ၏၊ နီဝရဏနှင့်လည်း မယှဉ်မူ၍ နီဝရဏ၏အာရုံလည်း မဟုတ်သော သညာက္ခန္ဓာသည် ရှိ၏။ပ။

၂၄-ပရာမဋ္ဌဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

မှားသောအားဖြင့် သုံးသပ်မှု ‘ပရာမာသ'၏ (ဒိဋ္ဌိ၏) အာရုံဖြစ်သော သညာက္ခန္ဓာသည် ရှိ၏၊ ပရာမာသ၏ အာရုံမဟုတ်သော သညာက္ခန္ဓာသည် ရှိ၏။ပ။

၂၅-ပရာမာသသမ္ပယုတ္တဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

ပရာမာသနှင့် (ဒိဋ္ဌိနှင့်) ယှဉ်သော သညာက္ခန္ဓာသည် ရှိ၏၊ ပရာမာသနှင့် (ဒိဋ္ဌိနှင့်) မယှဉ်သော သညာက္ခန္ဓာသည် ရှိ၏။ပ။

၂၆-ပရာမာသဝိပ္ပယုတ္တပရာမဋ္ဌဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

ပရာမာသနှင့် (ဒိဋ္ဌိနှင့်) မယှဉ်မူ၍ ပရာမာသ၏ အာရုံသာဖြစ်သော သညာက္ခန္ဓာသည် ရှိ၏၊ ပရာမာသနှင့်လည်း မယှဉ်မူ၍ ပရာမာသ၏ အာရုံလည်း မဟုတ်သော သညာက္ခန္ဓာသည် ရှိ၏။ပ။

--

၂၇-ဥပါဒိဏ္ဏဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

တဏှာဒိဋ္ဌိတို့သည် ကပ်အပ်သောကံသည် အကျိုး၏အဖြစ်ဖြင့် ယူအပ်သော (တဏှာဒိဋ္ဌိတို့၏ အာရုံ ဖြစ်သည့် ကံကြောင့်ဖြစ်သော) သညာက္ခန္ဓာသည် ရှိ၏ (လောကီဝိပါက်စိတ်တို့နှင့် ယှဉ်သောသညာ)၊ တဏှာဒိဋ္ဌိတို့သည် ကပ်အပ်သောကံသည် အကျိုး၏အဖြစ်ဖြင့် မယူအပ်သော (တဏှာဒိဋ္ဌိတို့၏ အာရုံ ဖြစ်သည့် ကံကြောင့် မဖြစ်သော) သညာက္ခန္ဓာသည် ရှိ၏ (ကြွင်းသောစိတ်တို့နှင့်ယှဉ်သော သညာ)။ပ။

၂၈-ဥပါဒါနိယဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

ပြင်းစွာစွဲလမ်းတတ်သော ‘ဥပါဒါန်'၏ (တဏှာ, ဒိဋ္ဌိတို့၏) အာရုံဖြစ်သော သညာက္ခန္ဓာသည် ရှိ၏၊ ဥပါဒါန်၏ အာရုံမဟုတ်သော သညာက္ခန္ဓာသည် ရှိ၏။ပ။

၂၉-ဥပါဒါနသမ္ပယုတ္တဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

ဥပါဒါန်နှင့် (တဏှာ, ဒိဋ္ဌိတို့နှင့်) ယှဉ်သော သညာက္ခန္ဓာသည် ရှိ၏၊ ဥပါဒါန်နှင့် မယှဉ်သော သညာက္ခန္ဓာသည် ရှိ၏။ပ။

၃၀-ဥပါဒါနဝိပ္ပယုတ္တဥပါဒါနိယဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

ဥပါဒါန်နှင့်မယှဉ်မူ၍ ဥပါဒါန်၏အာရုံသာဖြစ်သော သညာက္ခန္ဓာသည် ရှိ၏၊ ဥပါဒါန်နှင့်လည်း မယှဉ် မူ၍ ဥပါဒါန်၏အာရုံလည်း မဟုတ်သော သညာက္ခန္ဓာသည် ရှိ၏။ပ။

၃၁-သံကိလေသိကဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

ပူပန်စေတတ် နှိပ်စက်တတ် ညစ်နွမ်းစေတတ်သော ‘ကိလေသာ'၏ အာရုံဖြစ်သော သညာက္ခန္ဓာသည် ရှိ၏၊ ကိလေသာ၏ အာရုံမဟုတ်သော သညာက္ခန္ဓာသည် ရှိ၏။ပ။

၃၂-သံကိလိဋ္ဌဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

ပူပန်စေတတ် နှိပ်စက်တတ် ညစ်နွမ်းစေတတ်သော ‘ကိလေသာ'တို့သည် ပူပန်စေအပ်သော (ကိလေသာနှင့်ယှဉ်သော) သညာက္ခန္ဓာသည် ရှိ၏ (အကုသိုလ်စိတ်နှင့်ယှဉ်သော သညာ)၊ ကိလေသာတို့ သည် မပူပန်စေအပ်သော (ကိလေသာနှင့်မယှဉ်သော) သညာက္ခန္ဓာသည် ရှိ၏။ပ။

--

၃၃-ကိလေသ သမ္ပယုတ္တဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

ကိလေသာနှင့် ယှဉ်သော သညာက္ခန္ဓာသည် ရှိ၏၊ ကိလေသာနှင့်မယှဉ်သော သညာက္ခန္ဓာသည် ရှိ၏။ပ။

၃၄-ကိလေသဝိပ္ပယုတ္တသံကိလေသိကဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

ကိလေသာနှင့် မယှဉ်မူ၍ ကိလေသာ၏ အာရုံသာဖြစ်သော သညာက္ခန္ဓာသည် ရှိ၏ (လောကီ ကုသိုလ်, ဝိပါက်, ကြိယာစိတ်တို့နှင့်ယှဉ်သော သညာ)၊ ကိလေသာနှင့်လည်း မယှဉ်မူ၍ ကိလေသာ၏ အာရုံလည်း မဟုတ်သော သညာက္ခန္ဓာသည် ရှိ၏ (လောကုတ္တရာစိတ်နှင့်ယှဉ်သော သညာ)။ပ။

၃၅-ဒဿနေန ပဟာတဗ္ဗဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

(နိဗ္ဗာန်ကို ရှေးဦးစွာ မြင်သဖြင့် ‘ဒဿန’မည်သော) သောတာပတ္တိမဂ်သည် ပယ်အပ်သော သညာက္ခန္ဓာသည် ရှိ၏၊ သောတာပတ္တိမဂ်သည် မပယ်အပ်သော သညာက္ခန္ဓာသည် ရှိ၏။ပ။

၃၆-ဘာဝနာယ ပဟာတဗ္ဗဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

သောတာပတ္တိမဂ် မြင်ပြီးသော နိဗ္ဗာန်ကို တဖန်ထပ်၍ မြင်သဖြင့် ‘ဘာဝနာ’မည်သော အထက်မဂ် သုံးပါးတို့သည် ပယ်အပ်သော သညာက္ခန္ဓာသည် ရှိ၏၊ အထက်မဂ်သုံးပါးတို့သည် မပယ်အပ်သော သညာက္ခန္ဓာသည် ရှိ၏။ပ။

၃၇-ဒဿနေန ပဟာတဗ္ဗဟေတုကဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

သောတာပတ္တိမဂ်သည် ပယ်အပ်သော ဟိတ်ရှိသော သညာက္ခန္ဓာသည် ရှိ၏၊ သောတာပတ္တိမဂ်သည် ပယ်အပ်သော ဟိတ်မရှိသော သညာက္ခန္ဓာသည် ရှိ၏။ပ။

၃၈-ဘာဝနာယ ပဟာတဗ္ဗဟေတုကဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

ဘာဝနာမည်သော အထက်မဂ်သုံးပါးတို့သည် ပယ်အပ်သော ဟိတ်ရှိသော သညာက္ခန္ဓာသည် ရှိ၏၊ အထက်မဂ်သုံးပါးတို့သည် ပယ်အပ်သော ဟိတ်မရှိသော သညာက္ခန္ဓာသည် ရှိ၏။ပ။

၃၉-သဝိတက္ကဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

ဝိတက်ရှိသော (ဝိတက်နှင့်ယှဉ်သော) သညာက္ခန္ဓာသည် ရှိ၏၊ ဝိတက်မရှိသော သညာက္ခန္ဓာသည် ရှိ၏။ပ။

--

၄၀-သဝိစာရဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

ဝိစာရရှိသော (ဝိစာရနှင့်ယှဉ်သော) သညာက္ခန္ဓာသည် ရှိ၏၊ ဝိစာရမရှိသော သညာက္ခန္ဓာသည် ရှိ၏။ပ။

၄၁-သပ္ပီတိကဒုကမူ-တိက် ၂၁ခု မူလီ ၂၁နည်း

ပီတိရှိသော (ပီတိနှင့်ယှဉ်သော) သညာက္ခန္ဓာသည် ရှိ၏၊ ပီတိမရှိသော သညာက္ခန္ဓာသည် ရှိ၏။ပ။

၄၂-ပီတိသဟဂတဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

ပီတိနှင့်တကွဖြစ်သော (ပီတိနှင့်ယှဉ်သော) သညာက္ခန္ဓာသည် ရှိ၏၊ ပီတိနှင့်တကွမဖြစ်သော သညာက္ခန္ဓာသည် ရှိ၏။ပ။

၄၃-သုခသဟဂတဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

သုခဝေဒနာနှင့်တကွဖြစ်သော သညာက္ခန္ဓာသည် ရှိ၏၊ သုခဝေဒနာနှင့်တကွ မဖြစ်သော သညာက္ခန္ဓာ သည် ရှိ၏။ပ။

၄၄-ဥပေက္ခာသဟဂတဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

ဥပေက္ခာဝေဒနာနှင့်တကွဖြစ်သော သညာက္ခန္ဓာသည် ရှိ၏၊ ဥပေက္ခာဝေဒနာနှင့်တကွ မဖြစ်သော သညာက္ခန္ဓာသည် ရှိ၏။ပ။

၄၅-ကာမာဝစရဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

ကာမဘုံ၌ သက်ဝင်၍ဖြစ်သော (ကာမတဏှာ၏ ဖြစ်ရာကျင်လည်ရာဖြစ်သော) ‘ကာမာဝစရ'သညာက္ခန္ဓာသည် ရှိ၏၊ ကာမဘုံ၌ သက်ဝင်၍ မဖြစ်သော သညာက္ခန္ဓာသည် ရှိ၏။ပ။

၄၆-ရူပါဝစရဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

ရူပဘုံ၌ သက်ဝင်၍ဖြစ်သော (ရူပတဏှာ၏ ဖြစ်ရာ ကျင်လည်ရာဖြစ်သော) ‘ရူပါဝစရ'သညာက္ခန္ဓာ သည် ရှိ၏၊ ရူပဘုံ၌ သက်ဝင်၍ မဖြစ်သော သညာက္ခန္ဓာသည် ရှိ၏။ပ။

--

၄၇-အရူပါဝစရဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

အရူပဘုံ၌ သက်ဝင်၍ဖြစ်သော (အရူပတဏှာ၏ဖြစ်ရာကျင်လည်ရာဖြစ်သော) ‘အရူပါဝစရ'သညာက္ခန္ဓာ သည် ရှိ၏၊ အရူပဘုံ၌ သက်ဝင်၍ မဖြစ်သော သညာက္ခန္ဓာသည် ရှိ၏။ပ။

၄၈-ပရိယာပန္နဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

(ကာမ, ရူပ, အရူပ) ဘုံသုံးပါး၌ အကျုံးဝင်သော ‘ပရိယာပန္န’ (လောကီ) သညာက္ခန္ဓာသည် ရှိ၏၊ ဘုံသုံးပါး၌ အကျုံးမဝင်သော ‘အပရိယာပန္န’ (လောကုတ္တရာ) သညာက္ခန္ဓာသည် ရှိ၏။ပ။

၄၉-နိယျာနိကဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

ဝဋ်ဆင်းရဲမှ ထွက်မြောက်ကြောင်းဖြစ်သော ‘နိယျာနိက'သညာက္ခန္ဓာသည် ရှိ၏ (မဂ်စိတ် ၄-ပါး၌ ရှိသော သညာ)၊ ဝဋ်ဆင်းရဲမှ ထွက်မြောက်ကြောင်းမဟုတ်သော ‘အနိယျာနိက'သညာက္ခန္ဓာသည် ရှိ၏ (ကြွင်းသော စိတ်တို့၌ရှိသော သညာ)။ပ။

၅၀-နိယတဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

အကျိုးပေးမြဲသော သညာက္ခန္ဓာသည် ရှိ၏ (နိယတမိစ္ဆာဒိဋ္ဌိ၏ အစွမ်းအားဖြင့် ဖြစ်သော ဒိဋ္ဌိဂတ သမ္ပယုတ် စိတ်သတ္တမဇော၌ရှိသော သညာ, ပဉ္စာနန္တရိယကံကို ကျူးလွန်သည့် ဒေါသမူဒွေး သတ္တမဇော၌ ရှိသော သညာ, မဂ်စိတ် ၄-ပါး၌ရှိသော သညာ)၊ အကျိုးပေးမမြဲသော သညာက္ခန္ဓာသည် ရှိ၏ (ကြွင်းသော စိတ်တို့၌ရှိသော သညာ)။ပ။

၅၁-သဥတ္တရဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

မိမိထက် လွန်မြတ်သည့် တရားရှိသော ‘သဥတ္တရ'သညာက္ခန္ဓာသည် ရှိ၏ (လောကီစိတ်နှင့် ယှဉ်သော သညာ)၊ မိမိထက် လွန်မြတ်သည့် တရားမရှိသော ‘အနုတ္တရ'သညာက္ခန္ဓာသည် ရှိ၏ (လောကုတ္တရာစိတ်နှင့် ယှဉ်သော သညာ)။ပ။

--

၅၂-သရဏဒုကမူ၊ တိက် ၂၁-ခု မူလီ ၂၁-နည်း

(၁) သရဏဒုကမူ-ကုသလတိကမူလီ ၁၀-နည်း

ဒုကနည်း, တိကနည်း။ပ။ ဒသကနည်း

ဒုကနည်း

ငိုကြွေးကြောင်း (ရာဂအစရှိသော ကိလေသာ) ရှိသော ‘သရဏ'သညာက္ခန္ဓာသည် ရှိ၏၊ ငိုကြွေးကြောင်း (ရာဂအစရှိသော ကိလေသာ) မရှိသော ‘အရဏ'သညာက္ခန္ဓာသည် ရှိ၏။

တိကနည်း

သုံးပါးပြားသော နည်းအားဖြင့် သညာက္ခန္ဓာသည် ဖြစ်၏။ ။ ကုသိုလ်သညာက္ခန္ဓာသည် ရှိ၏၊ အကုသိုလ်သညာက္ခန္ဓာသည် ရှိ၏၊ အဗျာကတသညာက္ခန္ဓာသည် ရှိ၏။ပ။ ဤသို့ ဆယ်ပါးပြားသော နည်းအားဖြင့် သညာက္ခန္ဓာသည် ဖြစ်၏။

(၂) သရဏဒုကမူ ဝေဒနာတိကမူလီ ၁၀-နည်း

ဧကကနည်း, ဒုကနည်း, တိကနည်း။ပ။ ဒသကနည်း

ဧကကနည်း

၆၆။ တစ်ပါးပြားသောနည်းအားဖြင့် သညာက္ခန္ဓာသည် ဖြစ်၏။ ။ ဖဿနှင့်ယှဉ်သော သညာက္ခန္ဓာတည်း။

ဒုကနည်း

နှစ်ပါးပြားသော နည်းအားဖြင့် သညာက္ခန္ဓာသည် ဖြစ်၏။ ။ ငိုကြွေးကြောင်း (ရာဂအစ ရှိသော ကိလေသာ) ရှိသော ‘သရဏ'သညာက္ခန္ဓာသည် ရှိ၏၊ ငိုကြွေးကြောင်း (ရာဂအစ ရှိသော ကိလေသာ) မရှိသော ‘အရဏ'သညာက္ခန္ဓာသည် ရှိ၏။

တိကနည်း

သုံးပါးပြားသောနည်းအားဖြင့် သညာက္ခန္ဓာသည် ဖြစ်၏။ ။ သုခဝေဒနာနှင့်ယှဉ်သော သညာက္ခန္ဓာသည် ရှိ၏၊ ဒုက္ခဝေဒနာနှင့်ယှဉ်သော သညာက္ခန္ဓာသည် ရှိ၏၊ အဒုက္ခမသုခ ဝေဒနာနှင့် ယှဉ်သော သညာက္ခန္ဓာသည် ရှိ၏၊ ။ပ။

(၃) သရဏဒုကမူ ဝိပါကတိကမူလီ ၁၀-နည်း

ကုသိုလ် အကုသိုလ်တို့၏ အကျိုးဝိပါက်ဖြစ်သော သညာက္ခန္ဓာသည် ရှိ၏၊ ။ပ။၁

--

(၂၁) သရဏဒုကမူ အဇ္ဈတ္တာရမ္မဏတိကမူလီ ၁၀-နည်း

တိကနည်း

အတွင်း ‘အဇ္ဈတ္တ'သန္တာန်၌ဖြစ်သော တရားကို အာရုံပြုသော သညာက္ခန္ဓာသည် ရှိ၏။ အပ ‘ဗဟိဒ္ဓ'သန္တာန်၌ဖြစ်သော တရားကို အာရုံပြုသော သညာက္ခန္ဓာသည် ရှိ၏၊ အတွင်း အပ ‘အဇ္ဈတ္တဗဟိဒ္ဓ'သန္တာန်၌ ဖြစ်သော တရားကို အာရုံပြုသော သညာက္ခန္ဓာသည် ရှိ၏။ပ။ ဤသို့ ဆယ်ပါးပြားသော နည်းအားဖြင့် သညာက္ခန္ဓာသည် ဖြစ်၏။

(ကုသလတိက်၌ အကျယ်ချဲ့သကဲ့သို့ ဤအတူ တိက်အလုံးစုံတို့ကို ချဲ့အပ်ကုန်၏)။

[ဒုက် ၅၂-ခုကို မူတည်ပြီးလျှင် တိက် ၂၁-ခုကို မူလီသွင်း၍ ဟောသော ဒုကမူလကနည်း (၅၂*၂၁) = ၁၀၉၂ နည်း ပြီး၏။ အသေးစိတ်ရေတွက်ပါမူ ဤနည်း၌ သညာပေါင်း (၁၀၉၂*၅၅) = ၆၀၀၆၀- ဖြစ်၏]။

ဒုက်ကို မူတည်၍ ဟောသော ဒုကမူလကနည်း ပြီး၏။

၁။ အမှတ် (၄) သရဏဒုကမူ ဥပါဒိဏ္ဏတိကမူလီမှ အမှတ် (၂၀) သရဏဒုကမူ အဇ္ဈတ္တတိကမူလီအထိ ပေယျာလ လုံးဝ ချန်ခဲ့သည်။

--

တိကမူလကနည်း

တိကမူ-ဒုကမူလီ

(တိက်တို့ကို မူတည်ပြီးလျှင် ဒုက်တို့ကို မူလီသွင်း၍ ဟောသော တိကမူလကနည်း)

(တိက် ၂၁-ခုကို မူတည်ပြီးလျှင် ဒုက် ၅၂-ခုကို မူလီသွင်း၍ ဟောသော တိကမူလကနည်း ၂၁*၅၂) = ၁၀၉၂-နည်း)။

၁-ကုသလတိက်ကိုမူတည်ပြီးလျှင် ဒုက် ၅၂-ခုကို မူလီသွင်းသော ၅၂-နည်း

(၁) ကုသလတိကမူ သဟေတုကဒုကမူလီ ၁၀-နည်း

ဧကကနည်း, ဒုကနည်း, တိကနည်း။ပ။ ဒသကနည်း

ဧကကနည်း

၆၇။ တစ်ပါးပြားသောနည်းအားဖြင့် သညာက္ခန္ဓာသည် ဖြစ်၏။ ။ ဖဿနှင့်ယှဉ်သော သညာက္ခန္ဓာတည်း။

ဒုကနည်း

နှစ်ပါးပြားသောနည်းအားဖြင့် သညာက္ခန္ဓာသည် ဖြစ်၏။ ။ ဟိတ်ရှိသော သညာက္ခန္ဓာသည် ရှိ၏၊ ဟိတ်မရှိသော သညာက္ခန္ဓာသည် ရှိ၏။

တိကနည်း

သုံးပါးပြားသော နည်းအားဖြင့် သညာက္ခန္ဓာသည် ဖြစ်၏။ ။ ကုသိုလ်သညာက္ခန္ဓာသည် ရှိ၏၊ အကုသိုလ်သညာက္ခန္ဓာသည် ရှိ၏၊ အဗျာကတသညာက္ခန္ဓာသည် ရှိ၏။ပ။ ဤသို့ ဆယ်ပါးပြားသော နည်းအားဖြင့် သညာက္ခန္ဓာသည် ဖြစ်၏။

(၂) ကုသလတိကမူ ဟေတုသမ္ပယုတ္တဒုကမူလီ ၁၀-နည်း

ဧကကနည်း, ဒုကနည်း။ပ။ ဒသကနည်း

ဧကကနည်း

၆၈။ တစ်ပါးပြားသောနည်းအားဖြင့် သညာက္ခန္ဓာသည် ဖြစ်၏။ ။ ဖဿနှင့်ယှဉ်သော သညာက္ခန္ဓာတည်း။

ဒုကနည်း

နှစ်ပါးပြားသောနည်းအားဖြင့် သညာက္ခန္ဓာသည် ဖြစ်၏။ ။ ဟိတ်နှင့်ယှဉ်သော သညာက္ခန္ဓာ သည် ရှိ၏၊ ဟိတ်နှင့်မယှဉ်သော သညာက္ခန္ဓာသည် ရှိ၏။ပ။၁

၁။ အမှတ် (၃) ကုသလတိကမူ-နဟေတု သဟေတုကဒုကမူလီမှ အမှတ် (၅၁) ကုသလတိကမူ သဥတ္တရဒုကမူလီအထိ ပေယျာလ လုံးဝချန်ခဲ့သည်။

--

၅၂-ကုသလတိကမူ သရဏဒုကမူလီ ၁၀-နည်း

ဒုကနည်း, တိကနည်း။ပ။ ဒသကနည်း

ဒုကနည်း

ငိုကြွေးကြောင်း (ရာဂအစရှိသော ကိလေသာ) ရှိသော ‘သရဏ'သညာက္ခန္ဓာသည် ရှိ၏၊ ငိုကြွေးကြောင်း (ရာဂအစရှိသော ကိလေသာ) မရှိသော ‘အရဏ'သညာက္ခန္ဓာသည် ရှိ၏။

တိကနည်း

သုံးပါးပြားသော နည်းအားဖြင့် သညာက္ခန္ဓာသည် ဖြစ်၏။ ။ ကုသိုလ်သညာက္ခန္ဓာသည် ရှိ၏၊ အကုသိုလ်သညာက္ခန္ဓာသည် ရှိ၏၊ အဗျာကတသညာက္ခန္ဓာသည် ရှိ၏။ပ။ ဤသို့ ဆယ်ပါးပြားသော နည်းအားဖြင့် သညာက္ခန္ဓာသည် ဖြစ်၏။

၂-ဝေဒနာတိက်ကို မူတည်၍ ဒုက် ၅၂-ခုကို မူလီသွင်းသော ၅၂-နည်း

(၁) ဝေဒနာတိကမူ-သဟေတုကဒုကမူလီ ၁၀-နည်း

ဧကကနည်း, ဒုကနည်း, တိကနည်း။ပ။ ဒသကနည်း

ဧကကနည်း

၆၉။ တစ်ပါးပြားသောနည်းအားဖြင့် သညာက္ခန္ဓာသည် ဖြစ်၏။ ။ ဖဿနှင့်ယှဉ်သော သညာက္ခန္ဓာတည်း။

ဒုကနည်း

နှစ်ပါးပြားသောနည်းအားဖြင့် သညာက္ခန္ဓာသည် ဖြစ်၏။ ။ ဟိတ်ရှိသော သညာက္ခန္ဓာသည် ရှိ၏၊ ဟိတ်မရှိသော သညာက္ခန္ဓာသည် ရှိ၏။

တိကနည်း

သုံးပါးပြားသောနည်းအားဖြင့် သညာက္ခန္ဓာသည် ဖြစ်၏။ ။ သုခဝေဒနာနှင့်ယှဉ်သော သညာက္ခန္ဓာသည် ရှိ၏၊ ဒုက္ခဝေဒနာနှင့် ယှဉ်သော သညာက္ခန္ဓာသည် ရှိ၏၊ အဒုက္ခမသုခ ဝေဒနာနှင့် ယှဉ်သော သညာက္ခန္ဓာသည် ရှိ၏။ပ။

၃-ဝိပါကတိက်ကို မူတည်ပြီးလျှင် ဒုက် ၅၂-ခုကို မူလီသွင်းသော ၅၂-နည်း

(၁) ဝိပါကတိကမူ-သဟေတုကဒုကမူလီ ၁၀-နည်း

ကုသိုလ် အကုသိုလ်တို့၏ အကျိုးဝိပါက်ဖြစ်သော သညာက္ခန္ဓာသည် ရှိ၏။ပ။၁

၁။ အမှတ် (၄) ဥပါဒိဏ္ဏတိကမူ- ဒုက် ၅၂-ခု မူလီမှ အမှတ် ၂၀-အဇ္ဈတ္တတိကမူ ဒုက် ၅၂-ခု မူလီအထိ (တိကမူ ၁၇-ခုကို) ပေယျာလ လုံးဝချန်ခဲ့သည်။

--

၂၁-အဇ္ဈတ္တာရမ္မဏတိက်ကို မူတည်၍ ဒုက် ၅၂-ခုကို မူလီသွင်းသော ၅၂-နည်း

(၁) အဇ္ဈတ္တာရမ္မဏတိကမူ-သဟေတုကဒုကမူလီ ၁၀-နည်း

တိကနည်း။ပ။ ဒသကနည်း

တိကနည်း

အတွင်း ‘အဇ္ဈတ္တ'သန္တာန်၌ဖြစ်သော တရားကို အာရုံပြုသော သညာက္ခန္ဓာသည် ရှိ၏၊ အပ ‘ဗဟိဒ္ဓ'သန္တာန်၌ဖြစ်သော တရားကို အာရုံပြုသော သညာက္ခန္ဓာသည် ရှိ၏၊ အတွင်းအပ ‘အဇ္ဈတ္တဗဟိဒ္ဓ'သန္တာန်၌ဖြစ်သော တရားကို အာရုံပြုသော သညာက္ခန္ဓာသည် ရှိ၏။ပ။

ဤသို့ ဆယ်ပါးပြားသော နည်းအားဖြင့် သညာက္ခန္ဓာသည် ဖြစ်၏။

(၂) အဇ္ဈတ္တာရမ္မဏတိကမူ-ဟေတုသမ္ပယုတ္တဒုကမူလီ ၁၀-နည်း

ဧကကနည်း, ဒုကနည်း။ပ။ ဒသကနည်း

ဧကကနည်း

၇၀။ တစ်ပါးပြားသော နည်းအားဖြင့် သညာက္ခန္ဓာသည် ဖြစ်၏။ ။ ဖဿနှင့်ယှဉ်သော သညာက္ခန္ဓာတည်း။

ဒုကနည်း

နှစ်ပါးပြားသော နည်းအားဖြင့် သညာက္ခန္ဓာသည် ဖြစ်၏။ ။ ဟိတ်နှင့်ယှဉ်သော သညာက္ခန္ဓာသည် ရှိ၏၊ ဟိတ်နှင့်မယှဉ်သော သညာက္ခန္ဓာသည် ရှိ၏။ပ။၁

(၅၂) အဇ္ဈတ္တာရမ္မဏတိကမူ-သရဏဒုကမူလီ ၁၀-နည်း

ဒုကနည်း

ငိုကြွေးကြောင်း (ရာဂအစရှိသော ကိလေသာ) ရှိသော ‘သရဏ'သညာက္ခန္ဓာသည် ရှိ၏၊ ငိုကြွေးကြောင်း (ရာဂအစရှိသော ကိလေသာ) မရှိသော ‘အရဏ'သညာက္ခန္ဓာသည် ရှိ၏။

တိကနည်း

သုံးပါးပြားသော နည်းအားဖြင့် သညာက္ခန္ဓာသည် ဖြစ်၏။ ။ အတွင်း ‘အဇ္ဈတ္တ'သန္တာန်၌ ဖြစ်သော တရားကို အာရုံပြုသော သညာက္ခန္ဓာသည် ရှိ၏၊ အပ ‘ဗဟိဒ္ဓ'သန္တာန်၌ ဖြစ်သော တရားကို အာရုံပြုသော သညာက္ခန္ဓာသည် ရှိ၏၊ အတွင်းအပ ‘အဇ္ဈတ္တဗဟိဒ္ဓ'သန္တာန်၌ဖြစ်သော တရားကို အာရုံပြုသော သညာက္ခန္ဓာသည် ရှိ၏။ပ။ ဤသို့ ဆယ်ပါးပြားသော နည်းအားဖြင့် သညာက္ခန္ဓာသည် ဖြစ်၏။

(တိက် ၂၁-ခုကို မူတည်ပြီးလျှင် ဒုက် ၅၂-ခုကို မူလီသွင်း၍ ဟောသော တိကမူလကနည်း ၁၀၉၂-နည်း ပြီး၏။ ဤနည်း၌ အသေးစိတ် ရေတွက်သော် သညာပေါင်း (၁၀၉၂*၅၅) = ၆၀၀၆၀- ရှိ၏)။

တိက်ကိုမူတည်၍ ဟောသော ‘တိကမူလက'နည်း ပြီး၏။

၁။ အမှတ် (၃) အဇ္ဈတ္တာရမ္မဏတိကမူ-နဟေတုသဟေတုကဒုကမူလီမှ အမှတ် (၅၁) အဇ္ဈတ္တာရမ္မဏ တိကမူ-သဥတ္တရဒုကမူလီ အထိ ပေယျာလလုံးဝချန်ခဲ့သည်။

--

ဥဘတောဝဍ္ဎကနည်း

(တိက်၂၁- ခုနှင့် ဒုက် ၂၁- ခုတို့ကို တစ်စုံစီထား၍ ပွါးသော ဥဘတောဝဍ္ဎကနည်း ၂၁- နည်း၁)

၁။ ဥဘတောဝဍ္ဎကနည်း ၂၁-နည်းအတွက် တစ်နည်းတစ်နည်းကို ထပ်၍ ၁၀-နည်းစီ ပွါးပြန်သည်။

(၁) သဟေတုကဒုက်နှင့် ကုသလတိက်တစ်စုံ ၁၀-နည်း၁

ဧကကနည်း, ဒုကနည်း, တိကနည်း။ပ။ ဒသကနည်း

ဧကကနည်း

၇၁။ တစ်ပါးပြားသော နည်းအားဖြင့် သညာက္ခန္ဓာသည် ဖြစ်၏။ ။ ဖဿနှင့်ယှဉ်သော သညာက္ခန္ဓာတည်း။

ဒုကနည်း

နှစ်ပါးပြားသောနည်းအားဖြင့် သညာက္ခန္ဓာသည် ဖြစ်၏။ ။ ဟိတ်ရှိသော သညာက္ခန္ဓာသည် ရှိ၏။ ဟိတ်မရှိသော သညာက္ခန္ဓာသည် ရှိ၏။

တိကနည်း

သုံးပါးပြားသော နည်းအားဖြင့် သညာက္ခန္ဓာသည် ဖြစ်၏။ ။ ကုသိုလ်သညာက္ခန္ဓာသည် ရှိ၏။ အကုသိုလ်သညာက္ခန္ဓာသည် ရှိ၏။ အဗျာကတသညာက္ခန္ဓာသည် ရှိ၏။ပ။ ဤသို့ ဆယ်ပါးပြားသော နည်းအားဖြင့် သညာက္ခန္ဓာသည် ဖြစ်၏။

၁။ ဤထပ်ပွါး ၁၀-နည်း၌ အသေးစိတ်ရေတွက်သော် သညာက္ခန္ဓာပေါင်း ၅၅-ပါး ဖြစ်၏။

(၂) ဟေတုသမ္ပယုတ္တဒုက်နှင့် ဝေဒနာတိက်တစ်စုံ ၁၀-နည်း

ဧကကနည်း, ဒုကနည်း, တိကနည်း။ပ။ ဒသကနည်း

ဧကကနည်း

၇၂။ တစ်ပါးပြားသော နည်းအားဖြင့် သညာက္ခန္ဓာသည် ဖြစ်၏။ ။ ဖဿနှင့်ယှဉ်သော သညာက္ခန္ဓာတည်း။

ဒုကနည်း

နှစ်ပါးပြားသောနည်းအားဖြင့် သညာက္ခန္ဓာသည် ဖြစ်၏။ ။ ဟိတ်နှင့်ယှဉ်သော သညာက္ခန္ဓာ သည် ရှိ၏။ ဟိတ်နှင့်မယှဉ်သော သညာက္ခန္ဓာသည် ရှိ၏။

တိကနည်း

သုံးပါးပြားသော နည်းအားဖြင့် သညာက္ခန္ဓာသည် ဖြစ်၏။ ။ သုခဝေဒနာနှင့်ယှဉ်သော သညာက္ခန္ဓာသည် ရှိ၏။ ဒုက္ခဝေဒနာနှင့်ယှဉ်သော သညာက္ခန္ဓာသည် ရှိ၏။ အဒုက္ခ မသုခဝေဒနာနှင့် ယှဉ်သော သညာက္ခန္ဓာသည် ရှိ၏။ပ။

ဤသို့ ဆယ်ပါးပြားသော နည်းအားဖြင့် သညာက္ခန္ဓာသည် ဖြစ်၏။

--

(၃) နဟေတု သဟေတုကဒုက်နှင့် ဝိပါကတိက်တစ်စုံ ၁၀-နည်း

ဧကကနည်း, ဒုကနည်း, တိကနည်း။ပ။ ဒသကနည်း

ဧကကနည်း

၇၃။ တစ်ပါးပြားသော နည်းအားဖြင့် သညာက္ခန္ဓာသည် ဖြစ်၏။ ။ ဖဿနှင့်ယှဉ်သော သညာက္ခန္ဓာတည်း။

ဒုကနည်း

နှစ်ပါးပြားသော နည်းအားဖြင့် သညာက္ခန္ဓာသည် ဖြစ်၏။ ။ ဟိတ်မမည်မူ၍ ဟိတ်သာ ရှိသော သညာက္ခန္ဓာသည် ရှိ၏။ ဟိတ်လည်း မမည်မူ၍ ဟိတ်လည်း မရှိသော သညာက္ခန္ဓာသည် ရှိ၏။

တိကနည်း

သုံးပါးပြားသော နည်းအားဖြင့် သညာက္ခန္ဓာသည် ဖြစ်၏။ ။ ကုသိုလ်, အကုသိုလ်တို့၏ အကျိုးဝိပါက်ဖြစ်သော သညာက္ခန္ဓာသည် ရှိ၏ (ဝိပါက်စိတ်တို့၌ရှိသောသညာ)၊ အကျိုး ဝိပါက်ကို ဖြစ်စေခြင်း သဘောရှိသော (အကျိုးဝိပါက်ကိုဖြစ်စေတတ်သော) သညာက္ခန္ဓာသည် ရှိ၏ (ကုသိုလ်, အကုသိုလ် စိတ်တို့၌ရှိသော သညာ)၊ ကုသိုလ်, အကုသိုလ်တို့၏ အကျိုးဝိပါက်လည်းမဟုတ် မူ၍ အကျိုးဝိပါက်ကို ဖြစ်စေခြင်း သဘောရှိသည်လည်း မဟုတ်သော (အကျိုးဝိပါက်ကို မဖြစ်စေ တတ်သော) သညာက္ခန္ဓာသည် ရှိ၏ (ကြိယာစိတ်တို့၌ ရှိသော သညာ)။ပ။

ဤသို့ ဆယ်ပါးပြားသော နည်းအားဖြင့် သညာက္ခန္ဓာသည် ဖြစ်၏။

(၄) လောကိယဒုက်နှင့် ဥပါဒိဏ္ဏတိက်တစ်စုံ ၁၀-နည်း

ဧကကနည်း, ဒုကနည်း, တိကနည်း။ပ။ ဒသကနည်း

ဧကကနည်း

၇၄။ တစ်ပါးပြားသော နည်းအားဖြင့် သညာက္ခန္ဓာသည် ဖြစ်၏။ ။ ဖဿနှင့်ယှဉ်သော သညာက္ခန္ဓာတည်း။

ဒုကနည်း

နှစ်ပါးပြားသော နည်းအားဖြင့် သညာက္ခန္ဓာသည် ဖြစ်၏။ ။ လောက၌ အကျုံးဝင်သော ‘လောကီ'သညာက္ခန္ဓာသည် ရှိ၏။ လောကမှ ထွက်မြောက်သော ‘လောကုတ္တရာ'သညာက္ခန္ဓာသည် ရှိ၏။

တိကနည်း

သုံးပါးပြားသော နည်းအားဖြင့် သညာက္ခန္ဓာသည် ဖြစ်၏။ ။ တဏှာဒိဋ္ဌိတို့သည် ကပ်အပ်သောကံသည် အကျိုး၏အဖြစ်ဖြင့်လည်း ယူအပ်၍ (တဏှာဒိဋ္ဌိတို့ အာရုံပြု သော ကံ၏ အကျိုးလည်း ဖြစ်၍) ဥပါဒါန်၏ အာရုံလည်းဖြစ်သော သညာက္ခန္ဓာသည် ရှိ၏ (လောကီ ဝိပါက်စိတ်တို့နှင့်ယှဉ်သော သညာ)၊ တဏှာဒိဋ္ဌိတို့သည် ကပ်အပ်သော ကံသည် အကျိုး၏အဖြစ်ဖြင့် မယူ အပ်မူ၍ (တဏှာဒိဋ္ဌိတို့ အာရုံပြုအပ်သော ကံကြောင့်လည်း မဖြစ်မူ၍) ဥပါဒါန်၏ အာရုံသာဖြစ်သော သညာက္ခန္ဓာသည် ရှိ၏ (လောကီကုသိုလ်, အကုသိုလ်, ကြိယာစိတ်တို့နှင့် ယှဉ်သော သညာ)၊ တဏှာဒိဋ္ဌိ တို့သည် ကပ်အပ်သောကံသည် အကျိုး၏ အဖြစ်ဖြင့်လည်း မယူအပ်မူ၍ (တဏှာဒိဋ္ဌိတို့၏ အာရုံဖြစ်သော ကံကြောင့်လည်း မဖြစ်မူ၍) ဥပါဒါန်၏ အာရုံလည်း မဟုတ်သော သညာက္ခန္ဓာသည် ရှိ၏ (လောကုတ္တရာ စိတ်နှင့်ယှဉ်သော သညာ)။ပ။ ဤသို့ ဆယ်ပါးပြားသော နည်းအားဖြင့် သညာက္ခန္ဓာသည် ဖြစ်၏။

--

(၅) ကေနစိဝိညေယျဒုက်နှင့် သံကိလိဋ္ဌတိက်တစ်စုံ ၁၀-နည်း

ဧကကနည်း, ဒုကနည်း, တိကနည်း။ပ။ ဒသကနည်း

ဧကကနည်း

၇၅။ တစ်ပါးပြားသော နည်းအားဖြင့် သညာက္ခန္ဓာသည် ဖြစ်၏။ ။ ဖဿနှင့်ယှဉ်သော သညာက္ခန္ဓာတည်း။

ဒုကနည်း

နှစ်ပါးပြားသော နည်းအားဖြင့် သညာက္ခန္ဓာသည် ဖြစ်၏။ ။ တစ်စုံတစ်ခုသော စိတ်သည် သိအပ်သော သညာက္ခန္ဓာသည် ရှိ၏၊ တစ်စုံတစ်ခုသောစိတ်သည် မသိအပ်သော သညာက္ခန္ဓာသည် ရှိ၏။

တိကနည်း

သုံးပါးပြားသော နည်းအားဖြင့် သညာက္ခန္ဓာသည် ဖြစ်၏။ ။ ပူပန်စေတတ် နှိပ်စက်တတ် သော ‘ကိလေသာ'တို့သည် ပူပန်လည်း ပူပန်စေအပ်သည်ဖြစ်၍ (ကိလေသာနှင့်လည်း ယှဉ်၍)၊ ကိလေသာ၏ အာရုံလည်းဖြစ်သော သညာက္ခန္ဓာသည် ရှိ၏ (အကုသိုလ်စိတ်၌ရှိသောသညာ)၊ ကိလေသာတို့သည် ပူပန်စေအပ်သည်ကား မဟုတ်မူ၍ (ကိလေသာနှင့်မယှဉ်မူ၍) ကိလေသာ၏ အာရုံသာ ဖြစ်သော သညာက္ခန္ဓာသည် ရှိ၏ (လောကီကုသိုလ်, ဝိပါက်, ကြိယာစိတ်တို့၌ရှိသောသညာ)၊ ကိလေသာ တို့သည် ပူပန်စေအပ်သည်လည်း မဟုတ်မူ၍ (ကိလေသာနှင့်လည်း မယှဉ်မူ၍) ကိလေသာ၏ အာရုံလည်း မဟုတ်သော သညာက္ခန္ဓာသည် ရှိ၏ (လောကုတ္တရာ စိတ်၌ရှိသော သညာ)။ပ။

ဤသို့ ဆယ်ပါးပြားသော နည်းအားဖြင့် သညာက္ခန္ဓာသည် ဖြစ်၏။

(၆) သာသဝဒုက်နှင့် ဝိတက်တိက်တစ်စုံ ၁၀-နည်း

ဧကကနည်း, ဒုကနည်း, တိကနည်း။ပ။ ဒသကနည်း

ဧကကနည်း

၇၆။ တစ်ပါးပြားသောနည်းအားဖြင့် သညာက္ခန္ဓာသည် ဖြစ်၏။ ။ ဖဿနှင့်ယှဉ်သော သညာက္ခန္ဓာတည်း။

ဒုကနည်း

နှစ်ပါးပြားသော နည်းအားဖြင့် သညာက္ခန္ဓာသည် ဖြစ်၏။ ။ (သတ္တဝါတို့၏သန္တာန်၌) ယိုစီး ဖြစ်ပွါးနေတတ်၍ မူးယစ်မိုက်မဲစေတတ်သည့် သဘော ‘အာသဝ'၏ (လောဘ, ဒိဋ္ဌိ, မောဟ တို့၏) အာရုံဖြစ်သော သညာက္ခန္ဓာသည် ရှိ၏။ အာသဝ၏ အာရုံမဟုတ်သော သညာက္ခန္ဓာသည် ရှိ၏။

--

တိကနည်း

သုံးပါးပြားသော နည်းအားဖြင့် သညာက္ခန္ဓာသည် ဖြစ်၏။ ။ ဝိတက်လည်းရှိ၍ ဝိစာရ လည်းရှိသော သညာက္ခန္ဓာသည် ရှိ၏၊ ဝိတက်မရှိမူ၍ ဝိစာရမျှသာရှိသော သညာက္ခန္ဓာ သည် ရှိ၏၊ ဝိတက်လည်း မရှိမူ၍ ဝိစာရလည်း မရှိသော သညာက္ခန္ဓာသည် ရှိ၏။ပ။

ဤသို့ ဆယ်ပါးပြားသော နည်းအားဖြင့် သညာက္ခန္ဓာသည် ဖြစ်၏။

(၇) အာသဝသမ္ပယုတ္တဒုက်နှင့် ပီတိတိက်တစ်စုံ ၁၀-နည်း

ဧကကနည်း, ဒုကနည်း, တိကနည်း။ပ။ ဒသကနည်း

ဧကကနည်း

၇၇။ တစ်ပါးပြားသော နည်းအားဖြင့် သညာက္ခန္ဓာသည် ဖြစ်၏။ ။ ဖဿနှင့်ယှဉ်သော သညာက္ခန္ဓာတည်း။

ဒုကနည်း

နှစ်ပါးပြားသော နည်းအားဖြင့် သညာက္ခန္ဓာသည် ဖြစ်၏။ ။ အာသဝနှင့် ယှဉ်သော သညာက္ခန္ဓာသည် ရှိ၏၊ အာသဝနှင့် မယှဉ်သော သညာက္ခန္ဓာသည် ရှိ၏။

တိကနည်း

သုံးပါးပြားသော နည်းအားဖြင့် သညာက္ခန္ဓာသည် ဖြစ်၏။ ။ ပီတိနှင့်တကွဖြစ်သော (ပီတိနှင့် ယှဉ်သော) သညာက္ခန္ဓာသည် ရှိ၏ (ပီတိသဟဂုတ်စိတ် ၅၁-ပါး၌ရှိသော သညာ)၊ သုခဝေဒနာနှင့် တကွဖြစ်သော သညာက္ခန္ဓာသည် ရှိ၏ (သုခသဟဂုတ်စိတ် ၆၃-ပါး၌ရှိသော သညာ)၊ ဥပေက္ခာဝေဒနာနှင့် တကွဖြစ်သော သညာက္ခန္ဓာသည် ရှိ၏ (ဥပေက္ခာသဟဂုတ်စိတ် ၅၅-ပါး၌ ရှိသော သညာ)။ပ။ ဤသို့ ဆယ်ပါးပြားသော နည်းအားဖြင့် သညာက္ခန္ဓာသည် ဖြစ်၏။

(၈) အာသဝဝိပ္ပယုတ္တသာသဝဒုက်နှင့် ဒဿနတိက်တစ်စုံ ၁၀-နည်း

ဧကကနည်း, ဒုကနည်း, တိကနည်း။ပ။ ဒသကနည်း

ဧကကနည်း

၇၈။ တစ်ပါးပြားသော နည်းအားဖြင့် သညာက္ခန္ဓာသည် ဖြစ်၏။ ။ ဖဿနှင့်ယှဉ်သော သညာက္ခန္ဓာတည်း။

ဒုကနည်း

နှစ်ပါးပြားသော နည်းအားဖြင့် သညာက္ခန္ဓာသည် ဖြစ်၏။ ။ အာသဝနှင့် မယှဉ်မူ၍ အာသဝ၏ အာရုံသာဖြစ်သော သညာက္ခန္ဓာသည် ရှိ၏၊ အာသဝနှင့်လည်း မယှဉ်မူ၍ အာသဝ၏ အာရုံလည်း မဟုတ်သော သညာက္ခန္ဓာသည် ရှိ၏။

--

တိကနည်း

သုံးပါးပြားသော နည်းအားဖြင့် သညာက္ခန္ဓာသည် ဖြစ်၏။ ။ (နိဗ္ဗာန်ကို ရှေးဦးစွာ မြင် သဖြင့် ‘ဒဿန’မည်သော) သောတာပတ္တိမဂ်သည် ပယ်အပ်သော သညာက္ခန္ဓာသည် ရှိ၏၊ သောတာပတ္တိမဂ် မြင်ပြီးသော နိဗ္ဗာန်ကို တစ်ဖန်ထပ်၍ မြင်သဖြင့် ‘ဘာဝနာ’မည်သော အထက်မဂ် သုံးပါးတို့သည် ပယ်အပ်သော သညာက္ခန္ဓာသည် ရှိ၏၊ သောတာပတ္တိမဂ်သည် ပယ်အပ်သည်လည်း မဟုတ်မူ၍ အထက်မဂ်သုံးပါးတို့သည် ပယ်အပ်သည်လည်း မဟုတ်သော သညာက္ခန္ဓာသည် ရှိ၏။ပ။ ဤသို့ ဆယ်ပါးပြားသော နည်းအားဖြင့် သညာက္ခန္ဓာသည် ဖြစ်၏။

(၉) သံယောဇနိယဒုက်နှင့် ဒဿနဟေတုတိက်တစ်စုံ ၁၀-နည်း

ဧကကနည်း, ဒုကနည်း, တိကနည်း။ပ။ ဒသကနည်း

ဧကကနည်း

၇၉။ တစ်ပါးပြားသောနည်းအားဖြင့် သညာက္ခန္ဓာသည် ဖြစ်၏။ ။ ဖဿနှင့်ယှဉ်သော သညာက္ခန္ဓာတည်း။

ဒုကနည်း

နှစ်ပါးပြားသော နည်းအားဖြင့် သညာက္ခန္ဓာသည် ဖြစ်၏။ ။ (သတ္တဝါတို့ကိုဝဋ်ဆင်းရဲ၌) ယှဉ်စေတတ်, နှောင်ဖွဲ့တတ်သော ‘သံယောဇဉ်'၏ အာရုံဖြစ်သော သညာက္ခန္ဓာသည် ရှိ၏၊ သံယောဇဉ်၏ အာရုံ မဟုတ်သော သညာက္ခန္ဓာသည် ရှိ၏။

တိကနည်း

သုံးပါးပြားသော နည်းအားဖြင့် သညာက္ခန္ဓာသည် ဖြစ်၏။ ။ (ဒဿန မည်သော) သောတာပတ္တိမဂ်သည် ပယ်အပ်သော ဟိတ်ရှိသော သညာက္ခန္ဓာသည် ရှိ၏၊ ဘာဝနာ မည်သော အထက်မဂ်သုံးပါးတို့သည် ပယ်အပ်သော ဟိတ်ရှိသော သညာက္ခန္ဓာသည် ရှိ၏၊ သောတာ့ပတ္တိမဂ်သည် ပယ်အပ်သော ဟိတ်ရှိသည်လည်း မဟုတ်မူ၍ အထက်မဂ်သုံးပါးတို့သည် ပယ်အပ်သော ဟိတ်ရှိသည်လည်း မဟုတ်သော သညာက္ခန္ဓာသည် ရှိ၏။ပ။ ဤသို့ ဆယ်ပါးပြားသော နည်းအားဖြင့် သညာက္ခန္ဓာသည် ဖြစ်၏။

--

(၁၀) သံယောဇနသမ္ပယုတ္တဒုက်နှင့် အာစယဂါမိတိက်တစ်စုံ ၁၀-နည်း

ဧကကနည်း, ဒုကနည်း, တိကနည်း။ပ။ ဒသကနည်း

ဧကကနည်း

၈၀။ တစ်ပါးပြားသော နည်းအားဖြင့် သညာက္ခန္ဓာသည် ဖြစ်၏။ ။ ဖဿနှင့်ယှဉ်သော သညာက္ခန္ဓာတည်း။

ဒုကနည်း

နှစ်ပါးပြားသော နည်းအားဖြင့် သညာက္ခန္ဓာသည် ဖြစ်၏။ ။ သံယောဇဉ်နှင့် ယှဉ်သော သညာက္ခန္ဓာသည် ရှိ၏၊ (အကုသိုလ်စိတ်၌ရှိသောသညာ)၊ သံယောဇဉ်နှင့်မယှဉ်သော သညာက္ခန္ဓာသည် ရှိ၏ (ကြွင်းသောစိတ်တို့၌ရှိသော သညာ)။

တိကနည်း

သုံးပါးပြားသော နည်းအားဖြင့် သညာက္ခန္ဓာသည် ဖြစ်၏။ ။ စုတိပဋိသန္ဓေသို့ ရောက် ကြောင်းဖြစ်သော (ရောက်စေတတ်သော) ‘အာစယဂါမိ'သညာက္ခန္ဓာသည် ရှိ၏ (လောကီ ကုသိုလ်, အကုသိုလ်စိတ်တို့နှင့် ယှဉ်သော သညာ)၊ နိဗ္ဗာန်သို့ရောက်ကြောင်းဖြစ်သော (ရောက်စေတတ် သော) ‘အပစယဂါမိ'သညာက္ခန္ဓာသည် ရှိ၏ (မဂ်စိတ်လေးပါးနှင့်ယှဉ်သော သညာ)၊ စုတိပဋိသန္ဓေသို့ ရောက်ကြောင်းလည်း မဟုတ်မူ၍ နိဗ္ဗာန်သို့ ရောက်ကြောင်းလည်း မဟုတ်သော သညာက္ခန္ဓာသည် ရှိ၏ (ဝိပါက်, ကြိယာစိတ်တို့နှင့်ယှဉ်သော သညာ)။ပ။ ဤသို့ ဆယ်ပါးပြားသော နည်းအားဖြင့် သညာက္ခန္ဓာသည် ဖြစ်၏။

(၁၁) သံယောဇနဝိပ္ပယုတ္တသံယောဇနိယဒုက်နှင့် သေက္ခတိက်တစ်စုံ ၁၀-နည်း

ဧကကနည်း, ဒုကနည်း, တိကနည်း။ပ။ ဒသကနည်း

ဧကကနည်း

၈၁။ တစ်ပါးပြားသောနည်းအားဖြင့် သညာက္ခန္ဓာသည် ဖြစ်၏။ ။ ဖဿနှင့်ယှဉ်သော သညာက္ခန္ဓာတည်း။

ဒုကနည်း

နှစ်ပါးပြားသောနည်းအားဖြင့် သညာက္ခန္ဓာသည်ဖြစ်၏။ ။ သံယောဇဉ်နှင့် မယှဉ်မူ၍ သံယောဇဉ်၏ အာရုံသာဖြစ်သော သညာက္ခန္ဓာသည် ရှိ၏၊ သံယောဇဉ် နှင့်လည်း မယှဉ်မူ၍ သံယောဇဉ်၏ အာရုံလည်း မဟုတ်သော သညာက္ခန္ဓာသည် ရှိ၏။

တိကနည်း

သုံးပါးပြားသော နည်းအားဖြင့် သညာက္ခန္ဓာသည် ဖြစ်၏။ ။ (အရဟတ္တဖိုလ်သို့ရောက်ရန်) ကျင့်ဆဲ သေက္ခ'ပုဂ္ဂိုလ် (ခုနစ်ယောက်) တို့၏ ဥစ္စာဖြစ်သော သညာက္ခန္ဓာသည် ရှိ၏ (မဂ်စိတ် ၄-ပါး အောက်ဖိုလ် ၃-ပါးတို့၌ရှိသော သညာ)၊ (အရဟတ္တဖိုလ်သို့ရောက်ပြီး) ကျင့်ပြီး ‘အသေက္ခ'ပုဂ္ဂိုလ် (ရဟန္တာ) တို့၏ ဥစ္စာဖြစ်သော သညာက္ခန္ဓာသည် ရှိ၏ (အရဟတ္တဖိုလ်စိတ်၌ရှိသော သညာ)၊ ကျင့်ဆဲ ‘သေက္ခ'ပုဂ္ဂိုလ်တို့၏ ဥစ္စာလည်း မဟုတ် မူ၍ ကျင့်ပြီး ‘အသေက္ခ'ပုဂ္ဂိုလ် (ရဟန္တာ) တို့၏ ဥစ္စာလည်း မဟုတ်သော သညာက္ခန္ဓာသည် ရှိ၏ (လောကီစိတ် တို့၌ရှိသော သညာ)။ပ။ ဤသို့ ဆယ်ပါးပြားသော နည်းအားဖြင့် သညာက္ခန္ဓာသည် ဖြစ်၏။

--

(၁၂) ဂန္ထနိယဒုက်နှင့် ပရိတ္တတိက်တစ်စုံ ၁၀-နည်း

ဧကကနည်း, ဒုကနည်း, တိကနည်း။ပ။ ဒသကနည်း

ဧကကနည်း

၈၂။ တစ်ပါးပြားသော နည်းအားဖြင့် သညာက္ခန္ဓာသည် ဖြစ်၏။ ။ ဖဿနှင့်ယှဉ်သော သညာက္ခန္ဓာတည်း။

ဒုကနည်း

နှစ်ပါးပြားသော နည်းအားဖြင့် သညာက္ခန္ဓာသည် ဖြစ်၏။ ။ (သတ္တဝါတို့ကို ဝဋ်ဆင်းရဲ၌) ဆက်စပ်ထုံးဖွဲ့တတ်သော သဘော ‘ဂန္ထ'၏ (လောဘ, ဒေါသ, ဒိဋ္ဌိတို့၏) အာရုံဖြစ်သော သညာက္ခန္ဓာသည် ရှိ၏၊ ဂန္ထ၏ အာရုံမဟုတ်သော သညာက္ခန္ဓာသည် ရှိ၏။

တိကနည်း

သုံးပါးပြားသော နည်းအားဖြင့် သညာက္ခန္ဓာသည် ဖြစ်၏။ ။ (နည်းသော အာနုဘော် ရှိသည့် ‘ပရိတ္တ’မည်သော သညာက္ခန္ဓာသည် ရှိ၏ (ကာမစိတ်တို့နှင့် ယှဉ်သောသညာ)၊ မြင့်မြတ်သည်၏အဖြစ်သို့ ရောက်သော ‘မဟဂ္ဂတ’မည်သော သညာက္ခန္ဓာသည် ရှိ၏ (မဟဂ္ဂုစိတ်တို့နှင့် ယှဉ်သော သညာ)၊ နှိုင်းယှဉ်တတ်သော ကိလေသာတို့၏ ဆန့်ကျင်ဘက်ဖြစ်သည့် (မနှိုင်းယှဉ်အပ် သော) ‘အပ္ပမာဏ’မည်သော သညာက္ခန္ဓာသည် ရှိ၏ (လောကုတ္တရာစိတ်နှင့် ယှဉ်သော သညာ)။ပ။ ဤသို့ ဆယ်ပါးပြားသော နည်းအားဖြင့် သညာက္ခန္ဓာသည် ဖြစ်၏။

(၁၃) ဂန္ထသမ္ပယုတ္တဒုက်နှင့် ပရိတ္တာရမ္မဏတိက်တစ်စုံ ၁၀-နည်း

ဧကကနည်း, ဒုကနည်း, တိကနည်း။ပ။ ဒသကနည်း

ဧကကနည်း

၈၃။ တစ်ပါးပြားသော နည်းအားဖြင့် သညာက္ခန္ဓာသည် ဖြစ်၏။ ။ ဖဿနှင့်ယှဉ်သော သညာက္ခန္ဓာတည်း။

ဒုကနည်း

နှစ်ပါးပြားသော နည်းအားဖြင့် သညာက္ခန္ဓာသည် ဖြစ်၏။ ။ ဂန္ထနှင့် (လောဘ, ဒေါသ, ဒိဋ္ဌိတို့နှင့်) ယှဉ်သော သညာက္ခန္ဓာသည် ရှိ၏၊ ဂန္ထနှင့် မယှဉ်သော သညာက္ခန္ဓာသည် ရှိ၏။

--

တိကနည်း

သုံးပါးပြားသော နည်းအားဖြင့် သညာက္ခန္ဓာသည် ဖြစ်၏။ ။ ပရိတ္တတရားကို (ကာမ တရားကို) အာရုံပြုသော သညာက္ခန္ဓာသည် ရှိ၏၊ မဟဂ္ဂုတ်တရားကို အာရုံပြုသော သညာက္ခန္ဓာသည် ရှိ၏၊ အပ္ပမာဏတရား (လောကုတ္တရာတရား) ကို အာရုံပြုသော သညာက္ခန္ဓာသည် ရှိ၏။ပ။ ဤသို့ ဆယ်ပါးပြားသော နည်းအားဖြင့် သညာက္ခန္ဓာသည် ဖြစ်၏။

(၁၄) ဂန္ထဝိပ္ပယုတ္တဂန္ထနိယဒုက်နှင့် ဟီနတိက်တစ်စုံ ၁၀-နည်း

ဧကကနည်း, ဒုကနည်း, တိကနည်း။ပ။ ဒသကနည်း

ဧကကနည်း

၈၄။ တစ်ပါးပြားသော နည်းအားဖြင့် သညာက္ခန္ဓာသည် ဖြစ်၏။ ။ ဖဿနှင့်ယှဉ်သော သညာက္ခန္ဓာတည်း။

ဒုကနည်း

နှစ်ပါးပြားသော နည်းအားဖြင့် သညာက္ခန္ဓာသည် ဖြစ်၏။ ။ ဂန္ထနှင့် (လောဘ, ဒေါသ, ဒိဋ္ဌိတို့နှင့်) မယှဉ်မူ၍ ဂန္ထ၏ အာရုံသာဖြစ်သော သညာက္ခန္ဓာသည် ရှိ၏၊ ဂန္ထနှင့်လည်း မယှဉ်မူ၍ ဂန္ထ၏ အာရုံလည်း မဟုတ်သော သညာက္ခန္ဓာသည် ရှိ၏။

တိကနည်း

သုံးပါးပြားသော နည်းအားဖြင့် သညာက္ခန္ဓာသည် ဖြစ်၏။ ။ ယုတ်ညံ့သော ‘ဟီန'သညာက္ခန္ဓာသည် ရှိ၏ (အကုသိုလ်စိတ်၌ရှိသောသညာ)၊ အလယ်အလတ်ဖြစ်သော ‘မဇ္ဈိမ'သညာက္ခန္ဓာသည် ရှိ၏ (လောကီကုသိုလ်, ဝိပါက်, ကြိယာစိတ်တို့၌ ရှိသောသညာ)၊ မြင့်မြတ်သော ‘ပဏီတ'သညာက္ခန္ဓာသည် ရှိ၏ (လောကုတ္တရာစိတ်၌ရှိသောသညာ)။ပ။ ဤသို့ ဆယ်ပါးပြားသော နည်းအားဖြင့် သညာက္ခန္ဓာသည် ဖြစ်၏။

(၁၅) ဩဃနိယဒုက်နှင့် မိစ္ဆတ္တတိက်တစ်စုံ ၁၀-နည်း

ဧကကနည်း, ဒုကနည်း, တိကနည်း။ပ။ ဒသကနည်း

ဧကကနည်း

၈၅။ တစ်ပါးပြားသောနည်းအားဖြင့် သညာက္ခန္ဓာသည် ဖြစ်၏။ ။ ဖဿနှင့်ယှဉ်သော သညာက္ခန္ဓာတည်း။

ဒုကနည်း

နှစ်ပါးပြားသောနည်းအားဖြင့် သညာက္ခန္ဓာသည် ဖြစ်၏။ ။ (သတ္တဝါတို့ကိုဝဋ်ဆင်းရဲ၌) နစ်မြုပ်စေတတ်သော သဘော ‘ဩဃ'၏ (လောဘ, ဒိဋ္ဌိ, မောဟတို့၏) အာရုံဖြစ်သော သညာက္ခန္ဓာသည် ရှိ၏၊ ဩဃ၏ အာရုံမဟုတ်သော သညာက္ခန္ဓာသည် ရှိ၏။

--

တိကနည်း

သုံးပါးပြားသော နည်းအားဖြင့် သညာက္ခန္ဓာသည် ဖြစ်၏။ ။ ဖေါက်ပြန်သော သဘောရှိ၍ စုတိ၏ အခြားမဲ့၌ (အပါယ်ငရဲ၌) အကျိုးပေးမြဲသော ‘မိစ္ဆတ္တနိယတ'သညာက္ခန္ဓာသည် ရှိ၏ (နိယတမိစ္ဆာဒိဋ္ဌိ၏ အစွမ်းအားဖြင့်ဖြစ်သော ဒိဋ္ဌိဂတသမ္ပယုတ်စိတ်သတ္တမဇောနှင့် ပဉ္စာနန္တရိယကံကို ကျူးလွန်သော ဒေါသမူစိတ်တို့၏ သတ္တမဇောတို့၌ရှိသော သညာ)၊ မဖောက်ပြန်သော သဘောရှိ၍ မိမိ၏ အခြားမဲ့၌ အကျိုးပေးမြဲသော ‘သမ္မတ္တနိယတ'သညာက္ခန္ဓာသည် ရှိ၏ (မဂ်စိတ်နှင့် ယှဉ်သောသညာ)၊ (နှစ်ပါးသော အခြင်းအရာအားဖြင့်) အကျိုးပေး မမြဲသော သညာက္ခန္ဓာသည် ရှိ၏ (ကြွင်းသောစိတ်တို့နှင့် ယှဉ်သောသညာ)။ပ။ ဤသို့ ဆယ်ပါးပြားသော နည်းအားဖြင့် သညာက္ခန္ဓာသည် ဖြစ်၏။

(၁၆) ဩဃသမ္ပယုတ္တဒုက်နှင့် မဂ္ဂါရမ္မဏတိက်တစ်စုံ ၁၀-နည်း

ဧကကနည်း, ဒုကနည်း, တိကနည်း။ပ။ ဒသကနည်း

ဧကကနည်း

၈၆။ တစ်ပါးပြားသောနည်းအားဖြင့် သညာက္ခန္ဓာသည် ဖြစ်၏။ ။ ဖဿနှင့်ယှဉ်သော သညာက္ခန္ဓာတည်း။

ဒုကနည်း

နှစ်ပါးပြားသော နည်းအားဖြင့် သညာက္ခန္ဓာသည် ဖြစ်၏။ ။ (သတ္တဝါတို့ကိုဝဋ်ဆင်းရဲ၌) နစ်မြုပ်စေတတ်သော သဘော ‘ဩဃ'နှင့် (လောဘ, ဒိဋ္ဌိ, မောဟတို့နှင့်) ယှဉ်သော သညာက္ခန္ဓာသည် ရှိ၏၊ ဩဃနှင့် မယှဉ်သော သညာက္ခန္ဓာသည် ရှိ၏။

တိကနည်း

သုံးပါးပြားသော နည်းအားဖြင့် သညာက္ခန္ဓာသည် ဖြစ်၏။ ။ မဂ်ကို အာရုံပြုသော သညာက္ခန္ဓာသည် ရှိ၏ (မဂ္ဂါရမ္မဏစိတ်နှင့် ယှဉ်သော သညာ)၊ မဂ်မည်သော အကြောင်းရင်းဟိတ်ရှိသော (သမ္မာဒိဋ္ဌိမည်သော ပညာတည်းဟူသော အမောဟဟိတ်နှင့်ယှဉ်သော) သညာက္ခန္ဓာသည် ရှိ၏ (သမ္မာဒိဋ္ဌိ မည်သော အမောဟ= ပညာနှင့်ယှဉ်သည့် မဂ်စိတ္တုပ္ပါဒ်၌ရှိသောသညာ)၊ မဂ်မည်သော အကြီးအမှူး (ဝီမံသာ ဓိပတိဖြစ်သော သမ္မာဒိဋ္ဌိ = အမောဟ = ပညာ, ဝီရိယာဓိပတိဖြစ်သော သမ္မာဝါယာမ = ဝီရိယ) ရှိသော သညာက္ခန္ဓာသည် ရှိ၏ (ဝီမံသာဓိပတိ ဖြစ်သော သမ္မာဒိဋ္ဌိ = အမောဟ = ပညာ, ဝီရိယာဓိပတိ ဖြစ်သော သမ္မာဝါယာမမဂ္ဂင် = ဝီရိယတို့နှင့်ယှဉ်သည့် မဂ်စိတ္တုပ္ပါဒ်၌ရှိသော သညာ)။ပ။ ဤသို့ ဆယ်ပါးပြားသော နည်းအားဖြင့် သညာက္ခန္ဓာသည် ဖြစ်၏။

--

(၁၇) ဩဃဝိပ္ပယုတ္တဩဃနိယဒုက်နှင့် ဥပ္ပန္နတိက်တစ်စုံ ၁၀-နည်း

ဧကကနည်း, ဒုကနည်း, တိကနည်း။ပ။ ဒသကနည်း

ဧကကနည်း

၈၇။ တစ်ပါးပြားသောနည်းအားဖြင့် သညာက္ခန္ဓာသည် ဖြစ်၏။ ။ ဖဿနှင့်ယှဉ်သော သညာက္ခန္ဓာတည်း။

ဒုကနည်း

နှစ်ပါးပြားသော နည်းအားဖြင့် သညာက္ခန္ဓာသည် ဖြစ်၏။ ။ ဩဃ နှင့် (လောဘ, ဒိဋ္ဌိ, မောဟတို့နှင့်) မယှဉ်မူ၍ ဩဃ၏ အာရုံသာဖြစ်သော သညာက္ခန္ဓာသည် ရှိ၏ (လောကီ စိတ်တို့၌ရှိသောသညာ)၊ ဩဃနှင့်လည်း မယှဉ်မူ၍ ဩဃ၏ အာရုံလည်း မဟုတ်သော သညာက္ခန္ဓာသည် ရှိ၏ (လောကုတ္တရာ စိတ်တို့၌ရှိသောသညာ)။

တိကနည်း

သုံးပါးပြားသော နည်းအားဖြင့် သညာက္ခန္ဓာသည် ဖြစ်၏။ ။ ဥပါဒ်, ဌီ, ဘင်ဟု ဆိုအပ်သော ခဏသုံးပါးသို့ ရောက်ဆဲဖြစ်သော ‘ပစ္စုပ္ပန်'သညာက္ခန္ဓာသည် ရှိ၏၊ ခဏသုံးပါး သို့ ရောက်ပြီးလည်း မဟုတ်မူ၍ ရောက်ဆဲလည်း မဟုတ်သော သညာက္ခန္ဓာသည် ရှိ၏ (နောင်အနာဂတ် ကာလ၌ ဖြစ်လတ္တံ့သော ကုသိုလ်, အကုသိုလ် ကြိယာစိတ်တို့၌ရှိသော သညာ)၊ မချွတ်ဧကန် ဖြစ်လတ္တံ့ သော သညာက္ခန္ဓာသည် ရှိ၏ (ဝိပါက်စိတ်တို့၌ရှိသော သညာ)။ပ။ ဤသို့ ဆယ်ပါးပြားသော နည်းအားဖြင့် သညာက္ခန္ဓာသည် ဖြစ်၏။

(၁၈) ယောဂနိယဒုက်နှင့် အတီတတိက်တစ်စုံ ၁၀-နည်း

ဧကကနည်း, ဒုကနည်း, တိကနည်း။ပ။ ဒသကနည်း

ဧကကနည်း

၈၈။ တစ်ပါးပြားသော နည်းအားဖြင့် သညာက္ခန္ဓာသည် ဖြစ်၏။ ။ ဖဿနှင့်ယှဉ်သော သညာက္ခန္ဓာတည်း။

ဒုကနည်း

နှစ်ပါးပြားသော နည်းအားဖြင့် သညာက္ခန္ဓာသည် ဖြစ်၏။ ။ (သတ္တဝါတို့ကိုဝဋ်ဆင်းရဲ၌) ယှဉ်စေတတ်သော သဘော ‘ယောဂ'၏ (လောဘ, ဒိဋ္ဌိ, မောဟတို့၏) အာရုံဖြစ်သော သညာက္ခန္ဓာသည် ရှိ၏ (လောကီစိတ်တို့နှင့်ယှဉ်သောသညာ)၊ ယောဂ၏ အာရုံမဟုတ်သော သညာက္ခန္ဓာ သည် ရှိ၏ (လောကုတ္တရာစိတ်နှင့်ယှဉ်သော သညာ)။

တိကနည်း

သုံးပါးပြားသော နည်းအားဖြင့် သညာက္ခန္ဓာသည် ဖြစ်၏။ ။ ဖြစ်ပြီးသော ‘အတိက်'သညာက္ခန္ဓာသည် ရှိ၏၊ မရောက်သေး (ဖြစ်လတ္တံ့) သော ‘အနာဂတ်'သညာက္ခန္ဓာသည် ရှိ၏၊ ဖြစ်ဆဲ ဖြစ်သော ‘ပစ္စုပ္ပန်'သညာက္ခန္ဓာသည် ရှိ၏။ပ။ ဤသို့ ဆယ်ပါးပြားသော နည်းအားဖြင့် သညာက္ခန္ဓာသည် ဖြစ်၏။

--

(၁၉) ယောဂသမ္ပယုတ္တဒုက်နှင့် အတီတာရမ္မဏတိက်တစ်စုံ ၁၀-နည်း

ဧကကနည်း, ဒုကနည်း, တိကနည်း။ပ။ ဒသကနည်း

ဧကကနည်း

၈၉။ တစ်ပါးပြားသောနည်းအားဖြင့် သညာက္ခန္ဓာသည် ဖြစ်၏။ ။ ဖဿနှင့်ယှဉ်သော သညာက္ခန္ဓာတည်း။

ဒုကနည်း

နှစ်ပါးပြားသော နည်းအားဖြင့် သညာက္ခန္ဓာသည် ဖြစ်၏။ ။ ယောဂနှင့် (လောဘ, ဒိဋ္ဌိ, မောဟတို့နှင့်) ယှဉ်သော သညာက္ခန္ဓာသည် ရှိ၏ (အကုသိုလ်စိတ်တို့နှင့်ယှဉ်သောသညာ)၊ ယောဂနှင့် မယှဉ်သော သညာက္ခန္ဓာသည် ရှိ၏ (ကြွင်းသောစိတ်နှင့်ယှဉ်သော သညာ)။

တိကနည်း

သုံးပါးပြားသော နည်းအားဖြင့် သညာက္ခန္ဓာသည် ဖြစ်၏။ ။ ဖြစ်ပြီးသည့် ‘အတိက်'တရား ကို အာရုံပြုသော သညာက္ခန္ဓာသည် ရှိ၏၊ မရောက်သေး (ဖြစ်လတ္တံ့) သော ‘အနာဂတ်'တရားကို အာရုံပြုသော သညာက္ခန္ဓာသည် ရှိ၏၊ ဖြစ်ဆဲဖြစ်သော ‘ပစ္စုပ္ပန်'တရားကို အာရုံပြုသော သညာက္ခန္ဓာသည် ရှိ၏။ပ။ ဤသို့ ဆယ်ပါးပြားသော နည်းအားဖြင့် သညာက္ခန္ဓာသည် ဖြစ်၏။

(၂၀) ယောဂဝိပ္ပယုတ္တယောဂနိယဒုက်နှင့် အဇ္ဈတ္တတိက်တစ်စုံ ၁၀-နည်း

ဧကကနည်း, ဒုကနည်း, တိကနည်း။ပ။ ဒသကနည်း

ဧကကနည်း

၉၀။ တစ်ပါးပြားသောနည်းအားဖြင့် သညာက္ခန္ဓာသည် ဖြစ်၏။ ။ ဖဿနှင့်ယှဉ်သော သညာက္ခန္ဓာတည်း။

ဒုကနည်း

နှစ်ပါးပြားသော နည်းအားဖြင့် သညာက္ခန္ဓာသည် ဖြစ်၏။ ။ ယောဂနှင့် (လောဘ, ဒိဋ္ဌိ, မောဟတို့နှင့်) မယှဉ်မူ၍ ယောဂ၏ အာရုံသာဖြစ်သော သညာက္ခန္ဓာသည် ရှိ၏၊ ယောဂနှင့်လည်း မယှဉ်မူ၍ ယောဂ၏ အာရုံလည်း မဟုတ်သော သညာက္ခန္ဓာသည် ရှိ၏။

တိကနည်း

သုံးပါးပြားသော နည်းအားဖြင့် သညာက္ခန္ဓာသည် ဖြစ်၏။ ။ အတွင်း ‘အဇ္ဈတ္တ'သန္တာန်၌ ဖြစ်သော သညာက္ခန္ဓာသည် ရှိ၏၊ အပ ‘ဗဟိဒ္ဓ'သန္တာန်၌ဖြစ်သော သညာက္ခန္ဓာသည် ရှိ၏၊ အတွင်းအပ ‘အဇ္ဈတ္တဗဟိဒ္ဓ'သန္တာန်၌ဖြစ်သော သညာက္ခန္ဓာသည် ရှိ၏။ပ။ ဤသို့ ဆယ်ပါးပြားသော နည်းအားဖြင့် သညာက္ခန္ဓာသည် ဖြစ်၏။

--

(၂၁) နီဝရဏိယဒုက်နှင့် အဇ္ဈတ္တာရမ္မဏတိက်တစ်စုံ ၁၀-နည်း

ဧကကနည်း, ဒုကနည်း, တိကနည်း။ပ။ ဒသကနည်း

ဧကကနည်း

၉၁။ တစ်ပါးပြားသော နည်းအားဖြင့် သညာက္ခန္ဓာသည် ဖြစ်၏။ ။ ဖဿနှင့်ယှဉ်သော သညာက္ခန္ဓာတည်း။

ဒုကနည်း

နှစ်ပါးပြားသော နည်းအားဖြင့် သညာက္ခန္ဓာသည် ဖြစ်၏။ ။ (ဈာန်, မဂ်, ဖိုလ်တရား တို့ကို) ပိတ်ပင်တားဆီးတတ်သော သဘော ‘နီဝရဏ'၏ အာရုံဖြစ်သော သညာက္ခန္ဓာ သည် ရှိ၏ (လောကီစိတ်တို့နှင့် ယှဉ်သောသညာ)၊ နီဝရဏ၏ အာရုံမဟုတ်သော သညာက္ခန္ဓာသည် ရှိ၏ (လောကုတ္တရာစိတ်တို့နှင့်ယှဉ်သော သညာ)။

တိကနည်း

သုံးပါးပြားသော နည်းအားဖြင့် သညာက္ခန္ဓာသည် ဖြစ်၏။ ။ အတွင်း ‘အဇ္ဈတ္တ'သန္တာန်၌ ဖြစ်သော တရားကို အာရုံပြုသော သညာက္ခန္ဓာသည် ရှိ၏၊ အပ ‘ဗဟိဒ္ဓ'သန္တာန်၌ ဖြစ် သော တရားကို အာရုံပြုသော သညာက္ခန္ဓာသည် ရှိ၏၊ အတွင်းအပ ‘အဇ္ဈတ္တဗဟိဒ္ဓ'သန္တာန်၌ဖြစ်သော တရားကို အာရုံပြုသော သညာက္ခန္ဓာသည် ရှိ၏။ပ။ ဤသို့ ဆယ်ပါးပြားသော နည်းအားဖြင့် သညာက္ခန္ဓာသည် ဖြစ်၏။

(တိက် ၂၁- ခုနှင့် ဒုက် ၂၁- ခုတို့ကို တစ်စုံစီထား၍ ပွါးသော ဥဘတောဝဍ္ဎကနည်း ၂၁- နည်း ပြီး၏။ အသေးစိတ် ရေတွက်ပါမူ ဤနည်း၌ သညာပေါင်း (၂၁*၅၅) = ၁၁၅၅ ပါး ဖြစ်၏)။

တိက်နှင့် ဒုက်တို့ကို တစ်စုံစီထား၍ ပွါးသော ‘ဥဘတောဝဍ္ဎက'နည်း ပြီး၏။

--

ဗဟုဝိဓဝါရ

(များသော အပြားအားဖြင့် ဟောသော ‘ဗဟုဝိဓဝါရ'နည်း ၂၁- နည်း)

သတ္တကနည်း

တိက် ၂၁- ခုကို ဘုံလေးပါးတို့ဖြင့် ဝေဖန်၍ ၇-ပါးစီ ဟောသော သတ္တကနည်း

(၁) ကုသလတိက် သတ္တကနည်း

ခုနစ်ပါးပြားသော နည်းအားဖြင့် သညာက္ခန္ဓာသည် ဖြစ်၏။ ။ ကုသိုလ်သညာက္ခန္ဓာသည် ရှိ၏၊ အကုသိုလ် သညာက္ခန္ဓာသည် ရှိ၏၊ အဗျာကတသညာက္ခန္ဓာသည် ရှိ၏၊ ကာမဘုံ၌ သက်ဝင်၍ဖြစ်သော (ကာမတဏှာ၏ ဖြစ်ရာ ကျင်လည်ရာဖြစ်သော) ‘ကာမဝစရ'သညာက္ခန္ဓာသည် ရှိ၏၊ ရူပဘုံ၌ သက်ဝင်၍ဖြစ်သော (ရူပတဏှာ၏ ဖြစ်ရာ ကျင်လည်ရာဖြစ်သော) ‘ရူပါဝစရ'သညာက္ခန္ဓာသည် ရှိ၏၊ အရူပဘုံ၌ သက်ဝင်၍ဖြစ်သော (အရူပ တဏှာ၏ ဖြစ်ရာ ကျင်လည်ရာဖြစ်သော) ‘အရူပါဝစရ'သညာက္ခန္ဓာသည် ရှိ၏၊ (ကာမ, ရူပ, အရူပ) ဘုံသုံးပါး၌ အကျုံးမဝင်သော ‘အပရိယာပန္န’ (လောကုတ္တရာ) သညာက္ခန္ဓာသည် ရှိ၏။ ဤသို့ ခုနစ်ပါး ပြားသော နည်းအားဖြင့် သညာက္ခန္ဓာသည် ဖြစ်၏။

(၂) ဝေဒနာတိက် သတ္တကနည်း

ထိုမှတစ်ပါးလည်း ခုနစ်ပါးပြားသောနည်းအားဖြင့် သညာက္ခန္ဓာသည် ဖြစ်၏။ ။ သုခဝေဒနာနှင့်ယှဉ်သော သညာက္ခန္ဓာသည် ရှိ၏၊ ဒုက္ခ ဝေဒနာနှင့်ယှဉ်သော သညာက္ခန္ဓာသည် ရှိ၏၊ အဒုက္ခမသုခဝေဒနာနှင့်ယှဉ်သော သညာက္ခန္ဓာသည် ရှိ၏၊ ကာမဘုံ၌ သက်ဝင်၍ ဖြစ်သော ‘ကာမဝစရ'သညာက္ခန္ဓာသည် ရှိ၏၊ ရူပဘုံ၌ သက်ဝင်၍ဖြစ်သော ‘ရူပါဝစရ'သညာက္ခန္ဓာသည် ရှိ၏၊ အရူပဘုံ၌ သက်ဝင်၍ဖြစ်သော ‘အရူပါဝစရ'သညာက္ခန္ဓာသည် ရှိ၏၊ (ကာမ, ရူပ, အရူပ) ဘုံသုံးပါး၌ အကျုံးမဝင်သော ‘အပရိယာပန္န’ (လောကုတ္တရာ) သညာက္ခန္ဓာသည် ရှိ၏။ပ။၁

၁။ အမှတ် (၃) ဝိပါကတိက် သတ္တကနည်းမှ အမှတ် (၂၀) အဇ္ဈတ္တတိက် သတ္တကနည်းအထိ ပေယျာလ လုံးဝ ချန်ခဲ့သည်။

(၂၁) အဇ္ဈတ္တာရမ္မဏတိက် သတ္တကနည်း

အတွင်း ‘အဇ္ဈတ္တ'သန္တာန်၌ဖြစ်သော တရားကို အာရုံ ပြုသော သညာက္ခန္ဓာသည် ရှိ၏၊ အပ ‘ဗဟိဒ္ဓ'သန္တာန်၌ဖြစ်သော တရားကို အာရုံပြုသော သညာက္ခန္ဓာ သည် ရှိ၏၊ အတွင်းအပ ‘အဇ္ဈတ္တဗဟိဒ္ဓ'သန္တာန်၌ဖြစ်သော တရားကို အာရုံပြုသော သညာက္ခန္ဓာသည် ရှိ၏၊ ကာမဘုံ၌ သက်ဝင်၍ဖြစ်သော ‘ကာမဝစရ'သညာက္ခန္ဓာသည် ရှိ၏၊ ရူပဘုံ၌ သက်ဝင်၍ဖြစ်သော ‘ရူပါဝစရ'သညာက္ခန္ဓာသည် ရှိ၏၊ အရူပဘုံ၌ သက်ဝင်၍ဖြစ်သော ‘အရူပါဝစရ'သညာက္ခန္ဓာသည် ရှိ၏၊ (ကာမ, ရူပ, အရူပ) ဘုံသုံးပါး၌ အကျုံးမဝင်သော ‘အပရိယာပန္န’ (လောကုတ္တရာ) သညာက္ခန္ဓာသည် ရှိ၏။ ။ ဤသို့ ခုနစ်ပါးပြားသော နည်းအားဖြင့် သညာက္ခန္ဓာသည် ဖြစ်၏။

(ဤနည်း၌ အသေးစိတ်ရေတွက်ပါမူ သညာပေါင်း (၂၁*၇) = ၁၄၇-ပါး ဖြစ်၏)။

(ဗဟုဝိဓဝါရသတ္တကနည်း ၂၁- နည်း ပြီး၏)။

--

စတုဝီသတိဝိဓနည်း

တိက် ၂၁-ခုကို ဖဿ ၆-ပါးဖြင့် ဝေဖန်၍ ၂၄-ပါးစီဟောသော စတုဝီသတိဝိဓနည်း ၂၁-နည်း၁

၁။ စတုသတိဝိဓနည်း ၂၁- နည်း၌ တစ်နည်း တစ်နည်းအတွက် သညာက္ခန္ဓာ ၂၄-ပါးစီ ဟောထားရာ အသေးစိတ် ရေတွက်ပါမူ ဤနည်း၌ သညာက္ခန္ဓာပေါင်း (၂၁*၂၄) = ၅၀၄-ပါး ဖြစ်သည်။

(၁) ကုသလတိက် စတုဝီသတိဝိဓနည်း

နှစ်ဆယ့်လေးပါးပြားသော နည်းအားဖြင့် သညာက္ခန္ဓာသည် ဖြစ်၏။

၁-၃။ မျက်စိအတွေ့ (မျက်စိအကြည် ‘စက္ခုပသာဒ'နှင့် အဆင်း ‘ရူပါရုံ'တို့ တွေ့ဆုံထိခိုက်မှု) ‘စက္ခုသမ္ဖဿ’ဟူသော အကြောင်းကြောင့်ဖြစ်သော သညာက္ခန္ဓာသည် ကုသိုလ်သညာက္ခန္ဓာသည် ရှိ၏၊ အကုသိုလ်သညာက္ခန္ဓာသည် ရှိ၏၊ အဗျာကတသညာက္ခန္ဓာသည် ရှိ၏။

၄-၆။ နားအတွေ့ (နားအကြည် ‘သောတပသာဒ'နှင့် အသံ ‘သဒ္ဒါရုံ'တို့ တွေ့ဆုံထိခိုက်မှု) ‘သောတသမ္ဖဿ’ဟူသော အကြောင်းကြောင့်။ပ။

၇-၉။ နှာခေါင်းအတွေ့ (နှာခေါင်းအကြည် ‘ဃာနပသာဒ'နှင့် အနံ့ ‘ဂန္ဓာရုံ'တို့ တွေ့ဆုံထိခိုက်မှု) ‘ဃာနသမ္ဖဿ’ဟူသော အကြောင်းကြောင့်။ပ။

၁၀-၁၂။ လျှာအတွေ့ (လျှာအကြည် ‘ဇိဝှါပသာဒ'နှင့် အရသာ ‘ရသာရုံ'တို့ တွေ့ဆုံထိခိုက်မှု)့ ‘ဇိဝှါသမ္ဖဿ’ဟူသော အကြောင်းကြောင့်။ပ။

၁၃-၁၅။ ကိုယ်အတွေ့ (ကိုယ်အကြည် ‘ကာယပသာဒ'နှင့် အတွေ့ ‘ဖောဋ္ဌဗ္ဗာရုံ'တို့ တွေ့ဆုံ ထိခိုက်မှု) ‘ကာယသမ္ဖဿ’ဟူသော အကြောင်းကြောင့်။ပ။

၁၆-၁၈။ စိတ်အတွေ့ (စိတ်နှင့်ဓမ္မာရုံတို့တွေ့ဆုံထိခိုက်မှု) ‘မနောသမ္ဖဿ’ဟူသော အကြောင်း ကြောင့်ဖြစ်သော သညာက္ခန္ဓာသည် ကုသိုလ် သညာက္ခန္ဓာသည် ရှိ၏၊ အကုသိုလ် သညာက္ခန္ဓာသည် ရှိ၏၊ အဗျာကတ သညာက္ခန္ဓာသည် ရှိ၏။

၁၉။ မျက်စိအတွေ့ ‘စက္ခုသမ္ဖဿ'ကြောင့်ဖြစ်သော မှတ်သားမှု ‘သညာ’ (စက္ခုသမ္ဖဿဇာ သညာ)။

၂၀။ နားအတွေ့ ‘သောတသမ္ဖဿ'ကြောင့်ဖြစ်သော မှတ်သားမှု ‘သညာ’ (သောတသမ္ဖဿဇာ သညာ)။

၂၁။ နှာခေါင်းအတွေ့ ‘ဃာနသမ္ဖဿ'ကြောင့်ဖြစ်သော မှတ်သားမှု ‘သညာ’ (ဃာနသမ္ဖဿဇာ သညာ)။

၂၂။ လျှာအတွေ့ ‘ဇိဝှါသမ္ဖဿ'ကြောင့်ဖြစ်သော မှတ်သားမှု ‘သညာ’ (ဇိဝှါသမ္ဖဿဇာသညာ)။

၂၃။ ကိုယ်အတွေ့ ‘ကာယသမ္ဖဿ'ကြောင့်ဖြစ်သော မှတ်သားမှု ‘သညာ’ (ကာယသမ္ဖဿဇာ သညာ)။

၂၄။ စိတ်အတွေ့ ‘မနောသမ္ဖဿ'ကြောင့်ဖြစ်သော မှတ်သားမှု ‘သညာ’ (မနောသမ္ဖဿဇာ သညာ)။

ဤသို့ နှစ်ဆယ့်လေးပါးပြားသော နည်းအားဖြင့် သညာက္ခန္ဓာသည် ဖြစ်၏။

(ကုသလတိက် စတုဝီသတိဝိဓနည်း ပြီး၏)။

--

(၂) ဝေဒနာတိက် စတုဝီသတိဝိဓနည်း

ထိုမှတစ်ပါးလည်း နှစ်ဆယ့်လေးပါးပြားသော နည်းအားဖြင့် သညာက္ခန္ဓာသည် ဖြစ်၏။ ။ မျက်စိအတွေ့ ‘စက္ခုသမ္ဖဿ’ဟူသော အကြောင်းကြောင့်ဖြစ်သော သညာက္ခန္ဓာသည် သုခဝေဒနာနှင့် ယှဉ်သော သညာက္ခန္ဓာသည် ရှိ၏။ပ။၁

၁။ အမှတ် (၃) ဝိပါကတိက် စတုဝီသတိဝိဓနည်းမှ အမှတ် (၂၀) အဇ္ဈတ္တတိက် စတုဝီသတိဝိဓနည်းအထိ ပေယျာလ လုံးဝ ချန်ခဲ့သည်။

(၂၁) အဇ္ဈတ္တာရမ္မဏတိက် စတုဝီသတိဝိဓနည်း

(နှစ်ဆယ့်လေးပါးပြားသော နည်းအားဖြင့် သညာက္ခန္ဓာသည် ဖြစ်၏)

၁-၃။ မျက်စိအတွေ့ ‘စက္ခုသမ္ဖဿ’ဟူသော အကြောင်းကြောင့်ဖြစ်သော သညာက္ခန္ဓာသည် အတွင်း ‘အဇ္ဈတ္တ'သန္တာန်၌ဖြစ်သော တရားကို အာရုံပြုသော သညာက္ခန္ဓာသည် ရှိ၏၊ အပ ‘ဗဟိဒ္ဓ'သန္တာန်၌ ဖြစ်သော တရားကို အာရုံပြုသော သညာက္ခန္ဓာသည် ရှိ၏၊ အတွင်းအပ ‘အဇ္ဈတ္တဗဟိဒ္ဓ'သန္တာန်၌ဖြစ်သော တရားကို အာရုံပြုသော သညာက္ခန္ဓာသည် ရှိ၏။

၄-၆။ နားအတွေ့ ‘သောတသမ္ဖဿ’ဟူသော အကြောင်းကြောင့်။ပ။

၇-၉။ နှာခေါင်းအတွေ့ ‘ဃာနသမ္ဖဿ’ဟူသော အကြောင်းကြောင့်။ပ။

၁၀-၁၂။ လျှာအတွေ့ ‘ဇိဝှါသမ္ဖဿ’ဟူသော အကြောင်းကြောင့်။ပ။

၁၃-၁၅။ ကိုယ်အတွေ့ ‘ကာယသမ္ဖဿ’ဟူသော အကြောင်းကြောင့်။ပ။

[၁၆-၁၈။၁ စိတ်အတွေ့ ‘မနောသမ္ဖဿ’ဟူသော အကြောင်းကြောင့်ဖြစ်သော သညာက္ခန္ဓာသည် သုခ ဝေဒနာနှင့် ယှဉ်သော သညာက္ခန္ဓာသည် ရှိ၏။ပ။ ‘

၁၆-၁၈။၂ (စိတ်အတွေ့ ‘မနောသမ္ဖဿ’ဟူသော အကြောင်းကြောင့်ဖြစ်သော သညာက္ခန္ဓာသည်) အတွင်း ‘အဇ္ဈတ္တ'သန္တာန်၌ဖြစ်သော တရားကို အာရုံပြုသော သညာက္ခန္ဓာသည် ရှိ၏၊ အပ ‘ဗဟိဒ္ဓ'သန္တာန်၌ဖြစ်သော တရားကို အာရုံပြုသော သညာက္ခန္ဓာသည် ရှိ၏၊ အတွင်းအပ ‘အဇ္ဈတ္တဗဟိဒ္ဓ'သန္တာန်၌ ဖြစ်သော တရားကို အာရုံပြုသော သညာက္ခန္ဓာသည် ရှိ၏။

၁၉-၂၃။ မျက်စိအတွေ့ကြောင့်ဖြစ်သော သညာ ‘စက္ခုသမ္ဖဿဇာသညာ’။ပ။

၂၄။ စိတ်အတွေ့ကြောင့်ဖြစ်သော သညာ (မနောသမ္ဖဿဇာသညာ)။ ။ ဤသို့ နှစ်ဆယ့်လေးပါး ပြားသော နည်းအားဖြင့် သညာက္ခန္ဓာသည် ဖြစ်၏။

(အဇ္ဈတ္တာရမ္မဏတိက် စတုဝီသတိဝိဓနည်း ပြီး၏)။

(တိက် ၂၁- ခုကို ဖဿ ၆-ပါးဖြင့် ဝေဖန်၍ ၂၄-ပါးစီ ဟောသော စတုဝီသတိဝိဓနည်း ၂၁-နည်း ပြီး၏။ ဤစတုဝီသတိဝိဓနည်း၌ သညာပေါင်း (၂၁*၂၄) = ၅၀၄-ပါး ဖြစ်၏)။

(စတုဝီသတိဝိဓနည်း ပြီး၏)။

၁။ ဤစာပိုဒ်သည် ဒုတိယ စတုဝီသတိဝိဓနည်းဖြစ်သော ဝေဒနာတိက်ကို မနောသမ္ဖဿဖြင့် ဝေဖန်ဟောပြခြင်းကို အဆက် ပြန်ဖော်ခြင်းဖြစ်သည်၊ သုဒ္ဓနည်း ၆ - မျိုးကိုမူ အဇ္ဈတ္တာရမ္မဏတိက်နှင့် တစ်ပေါင်းတည်းပြု၍ နောက်ဆုံး၌ ဖော်ပြထားသည်။

၂။ ဤစာပိုဒ်သည် နောက်ဆုံးဖြစ်သော အဇ္ဈတ္တာရမ္မဏတိက်ကို အစီအစဉ်အရ ဖော်ပြခြင်း ဖြစ်သည်။

--

တိံသဝိဓနည်း

ဘုံလေးပါးဖြင့် ဖဿ ၆-ပါးကို ဝေဖန်၍ အပြား ၃၀-အားဖြင့် ဟောသော တိံသဝိဓနည်း

သုံးဆယ်ပြားသော နည်းအားဖြင့် သညာက္ခန္ဓာသည် ဖြစ်၏။

၁-၄။ မျက်စိအတွေ့ ‘စက္ခုသမ္ဖဿ’ဟူသော အကြောင်းကြောင့်ဖြစ်သော သညာက္ခန္ဓာသည် ကာမ ဘုံ၌ သက်ဝင်၍ဖြစ်သော (ကာမတဏှာ၏ ကျင်လည်ကျက်စားရာဖြစ်သော) ‘ကာမာဝစရ'သညာက္ခန္ဓာ သည် ရှိ၏၊ ရူပဘုံ၌ သက်ဝင်၍ဖြစ်သော (ရူပတဏှာ၏ ကျင်လည်ကျက်စားရာဖြစ်သော) ‘ရူပါဝစရ'သညာက္ခန္ဓာသည် ရှိ၏၊ အရူပဘုံ၌ သက်ဝင်၍ဖြစ်သော (အရူပတဏှာ၏ ကျင်လည်ကျက်စားရာဖြစ်သော) ‘အရူပါဝစရ'သညာက္ခန္ဓာသည် ရှိ၏၊ (ကာမ, ရူပ, အရူပ) ဘုံသုံးပါး၌ အကျုံးမဝင်သော ‘အပရိယာပန္န’ (လောကုတ္တရာ) သညာက္ခန္ဓာသည် ရှိ၏။

၅-၈။ နားအတွေ့ ‘သောတသမ္ဖဿ’ဟူသော အကြောင်းကြောင့်။ပ။

၉-၁၂။ နှာခေါင်းအတွေ့ ‘ဃာနသမ္ဖဿ’ဟူသော အကြောင်းကြောင့်။ပ။

၁၃-၁၆။ လျှာအတွေ့ ‘ဇိဝှါသမ္ဖဿ’ဟူသော အကြောင်းကြောင့်။ပ။

၁၇-၂၀။ ကိုယ်အတွေ့ ‘ကာယသမ္ဖဿ’ဟူသော အကြောင်းကြောင့်။ပ။

၂၁-၂၄။ စိတ်အတွေ့ ‘မနောသမ္ဖဿ’ဟူသော အကြောင်းကြောင့်ဖြစ်သော သညာက္ခန္ဓာသည် ကာမဘုံ၌ သက်ဝင်၍ဖြစ်သော (ကာမတဏှာ၏ ကျင်လည်ကျက်စားရာဖြစ်သော) ‘ကာမာဝစရ'သညာက္ခန္ဓာသည် ရှိ၏၊ ရူပဘုံ၌ သက်ဝင်၍ဖြစ်သော (ရူပတဏှာ၏ ကျင်လည်ကျက်စားရာဖြစ်သော) ‘ရူပါဝစရ'သညာက္ခန္ဓာသည် ရှိ၏၊ အရူပဘုံ၌ သက်ဝင်၍ဖြစ်သော (အရူပတဏှာ၏ ကျင်လည် ကျက်စားရာဖြစ်သော) ‘အရူပါဝစရ'သညာက္ခန္ဓာသည် ရှိ၏၊ (ကာမ, ရူပ, အရူပ) ဘုံသုံးပါး၌ အကျုံး မဝင်သော ‘အပရိယာပန္န’ (လောကုတ္တရာ) သညာက္ခန္ဓာသည် ရှိ၏။

၂၅-၃၀။ မျက်စိအတွေ့ ‘စက္ခုသမ္ဖဿ'ကြောင့်ဖြစ်သော သညာ (စက္ခုသမ္ဖဿဇာသညာ)။ပ။ စိတ်အတွေ့ ‘မနောသမ္ဖဿ'ကြောင့်ဖြစ်သော သညာ (မနောသမ္ဖဿဇာသညာ)။ ။ ဤသို့ သုံးဆယ်ပြား သော နည်းအားဖြင့် သညာက္ခန္ဓာသည် ဖြစ်၏။ (ဘုံလေးပါးဖြင့် ဖဿ ၆-ပါးကိုဝေဖန်၍ အပြား ၃၀ - အားဖြင့် ဟောသော တိံသဝိဓနည်း ပြီး၏။ ဤတိံသဝိဓနည်း၌ သညာပေါင်း ၃၀-ပါး ဖြစ်၏)။

(တိံသဝိဓနည်း ပြီး၏)။

--

ဗဟုဝိဓနည်း

တိက် ၂၁- ခုကို ဘုံလေးပါး ဖဿ ၆-ပါးတို့ဖြင့် ဝေဖန်၍ ဟောသည့်

များသော အပြားရှိသော ဗဟုဝိဓနည်း ၂၁-နည်း၁

၁။ ဤနည်း တစ်နည်း တစ်နည်း၌ သညာပေါင်း ၄၈-ပါး ရှိသည်၊ ထို့ကြောင့် ဗဟုဝိဓနည်း ၂၁- နည်း၌ သညာ ပေါင်း (၂၁*၄၈) = ၁၀၀၈-ပါး ရှိသည်။

(၁) ကုသလတိက် ဗဟုဝိဓနည်း ၄၈-ပါး

များသော အပြားအားဖြင့် သညာက္ခန္ဓာသည် ဖြစ်၏။

၁-၇။ မျက်စိအတွေ့ ‘စက္ခုသမ္ဖဿ’ဟူသော အကြောင်းကြောင့်ဖြစ်သော သညာက္ခန္ဓာသည် ကုသိုလ် သညာက္ခန္ဓာသည် ရှိ၏၊ အကုသိုလ် သညာက္ခန္ဓာသည် ရှိ၏၊ အဗျာကတ သညာက္ခန္ဓာသည် ရှိ၏၊ ကာမဘုံ၌ သက်ဝင်၍ဖြစ်သော (ကာမတဏှာ၏ ဖြစ်ရာ ကျင်လည်ရာဖြစ်သော) ‘ကာမာဝစရ'သညာက္ခန္ဓာသည် ရှိ၏၊ ရူပဘုံ၌ သက်ဝင်၍ဖြစ်သော (ရူပတဏှာ၏ ဖြစ်ရာ ကျင်လည်ရာဖြစ်သော) ‘ရူပါဝစရ'သညာက္ခန္ဓာသည် ရှိ၏၊ အရူပဘုံ၌ သက်ဝင်၍ဖြစ်သော (အရူပတဏှာ၏ ဖြစ်ရာ ကျင်လည်ရာ ဖြစ်သော) ‘အရူပါဝစရ'သညာက္ခန္ဓာသည် ရှိ၏၊ (ကာမ, ရူပ, အရူပ) ဘုံသုံးပါး၌ အကျုံးမဝင်သော ‘အပရိယာပန္န’ (လောကုတ္တရာ) သညာက္ခန္ဓာသည် ရှိ၏။

၈-၁၄။ နားအတွေ့ ‘သောတသမ္ဖဿ’ဟူသော အကြောင်းကြောင့်။ပ။

၁၅-၂၁။ နှာခေါင်းအတွေ့ ‘ဃာနသမ္ဖဿ’ဟူသော အကြောင်းကြောင့်။ပ။

၂၂-၂၈။ လျှာအတွေ့ ‘ဇိဝှါသမ္ဖဿ’ဟူသော အကြောင်းကြောင့်။ပ။

၂၉-၃၅။ ကိုယ်အတွေ့ ‘ကာယသမ္ဖဿ’ဟူသော အကြောင်းကြောင့်။ပ။

၃၆-၄၂။ စိတ်အတွေ့ ‘မနောသမ္ဖဿ’ဟူသော အကြောင်းကြောင့်ဖြစ်သော သညာက္ခန္ဓာသည် ကုသိုလ် သညာက္ခန္ဓာသည် ရှိ၏၊ အကုသိုလ် သညာက္ခန္ဓာသည် ရှိ၏၊ အဗျာကတ သညာက္ခန္ဓာသည် ရှိ၏၊ ကာမဘုံ၌ သက်ဝင်၍ဖြစ်သော ‘ကာမာဝစရ'သညာက္ခန္ဓာသည် ရှိ၏၊ ရူပဘုံ၌ သက်ဝင်၍ဖြစ်သော ‘ရူပါဝစရ'သညာက္ခန္ဓာသည် ရှိ၏၊ အရူပဘုံ၌ သက်ဝင်၍ဖြစ်သော ‘အရူပါဝစရ'သညာက္ခန္ဓာသည် ရှိ၏၊ (ကာမ, ရူပ, အရူပ) ဘုံသုံးပါး၌ အကျုံးမဝင်သော ‘အပရိယာပန္န’ (လောကုတ္တရာ) သညာက္ခန္ဓာသည် ရှိ၏။

၄၃-၄၈။ မျက်စိအတွေ့ ‘စက္ခုသမ္ဖဿ'ကြောင့်ဖြစ်သော သညာ (စက္ခုသမ္ဖဿဇာသညာ)။ပ။ စိတ် အတွေ့ ‘မနောသမ္ဖဿ'ကြောင့်ဖြစ်သော သညာ (မနောသမ္ဖဿဇာသညာ)။ ။ ဤသို့ သုံးဆယ်ပြားသော နည်းအားဖြင့် သညာက္ခန္ဓာသည် ဖြစ်၏။

--

(၂) ဝေဒနာတိက် ဗဟုဝိဓနည်း ၄၈-ပါး

ထိုမှတစ်ပါးလည်း များသော အပြားအားဖြင့် သညာက္ခန္ဓာ သည် ဖြစ်၏။

၁-၇။ မျက်စိအတွေ့ ‘စက္ခုသမ္ဖဿ’ဟူသော အကြောင်းကြောင့်ဖြစ်သော သညာက္ခန္ဓာသည် သုခ ဝေဒနာနှင့်ယှဉ်သော သညာက္ခန္ဓာသည်ရှိ၏။ပ။၁

၁။ အမှတ် (၃) ဝိပါကတိက် ဗဟုဝိဓနည်းမှ အမှတ် (၂၀) အဇ္ဈတ္တတိက် ဗဟုဝိဓနည်းအထိ ပေယျာလ လုံးဝ ချန်ခဲ့သည်။

(၂၁) အဇ္ဈတ္တာရမ္မဏတိက် ဗဟုဝိဓနည်း ၄၈-ပါး

(ထိုမှတစ်ပါးလည်း များသော အပြားအားဖြင့် သညာက္ခန္ဓာသည် ဖြစ်၏)။

၁-၇။ (မျက်စိအတွေ့ ‘စက္ခုသမ္ဖဿ’ဟူသော အကြောင်းကြောင့်ဖြစ်သော သညာက္ခန္ဓာသည်) အတွင်း ‘အဇ္ဈတ္တ'သန္တာန်၌ဖြစ်သော တရားကို အာရုံပြုသော သညာက္ခန္ဓာသည် ရှိ၏၊ အပ ‘ဗဟိဒ္ဓ'သန္တာန်၌ ဖြစ်သော တရားကို အာရုံပြုသော သညာက္ခန္ဓာသည် ရှိ၏၊ အတွင်း အပ ‘အဇ္ဈတ္တဗဟိဒ္ဓ'သန္တာန်၌ဖြစ်သော တရားကို အာရုံ ပြုသော သညာက္ခန္ဓာသည် ရှိ၏၊ ကာမဘုံ၌ သက်ဝင်၍ဖြစ်သော ‘ကာမာဝစရ'သညာက္ခန္ဓာသည် ရှိ၏၊ ရူပဘုံ၌ သက်ဝင်၍ ဖြစ်သော ‘ရူပါဝစရ'သညာက္ခန္ဓာသည် ရှိ၏၊ အရူပဘုံ၌ သက်ဝင်၍ဖြစ်သော ‘အရူပါဝစရ'သညာက္ခန္ဓာသည် ရှိ၏၊ (ကာမ, ရူပ, အရူပ) ဘုံသုံးပါး၌ အကျုံးမဝင်သော ‘အပရိယာပန္န’ (လောကုတ္တရာ) သညာက္ခန္ဓာသည် ရှိ၏။

၈-၁၄။ နားအတွေ့ ‘သောတသမ္ဖဿ’ဟူသော အကြောင်းကြောင့်။ပ။

၁၅-၂၁။ နှာခေါင်းအတွေ့ ‘ဃာနသမ္ဖဿ’ဟူသော အကြောင်းကြောင့်။ပ။

၂၂-၂၈။ လျှာအတွေ့ ‘ဇိဝှါသမ္ဖဿ’ဟူသော အကြောင်းကြောင့်။ပ။

၂၉-၃၅။ ကိုယ်အတွေ့ ‘ကာယသမ္ဖဿ’ဟူသော အကြောင်းကြောင့်။ပ။

၃၆-၄၂။ စိတ်အတွေ့ ‘မနောသမ္ဖဿ’ဟူသော အကြောင်းကြောင့်ဖြစ်သော သညာက္ခန္ဓာသည် အတွင်း ‘အဇ္ဈတ္တ'သန္တာန်၌ဖြစ်သော တရားကို အာရုံပြုသော သညာက္ခန္ဓာသည် ရှိ၏၊ အပ ‘ဗဟိဒ္ဓ'သန္တာန်၌ဖြစ်သော တရားကို အာရုံပြုသော သညာက္ခန္ဓာသည် ရှိ၏၊ အတွင်း အပ ‘အဇ္ဈတ္တဗဟိဒ္ဓ'သန္တာန် ၌ ဖြစ်သော တရားကို အာရုံပြုသော သညာက္ခန္ဓာသည် ရှိ၏၊ ကာမတဏှာ၏ ဖြစ်ရာ ကျင်လည်ရာ ဖြစ်သော (ကာမဘုံ၌ သက်ဝင်၍ဖြစ်သော) ‘ကာမာဝစရ'သညာက္ခန္ဓာသည် ရှိ၏၊ ရူပတဏှာ၏ ဖြစ်ရာ ကျင်လည်ရာဖြစ်သော (ရူပဘုံ၌ သက်ဝင်၍ဖြစ်သော) ‘ရူပါဝစရ'သညာက္ခန္ဓာသည် ရှိ၏၊ အရူပတဏှာ၏ ဖြစ်ရာ ကျင်လည်ရာဖြစ်သော (အရူပဘုံ၌ သက်ဝင်၍ ဖြစ်သော) ‘အရူပါဝစရ'သညာက္ခန္ဓာသည် ရှိ၏၊ (ကာမ, ရူပ, အရူပ) ဘုံသုံးပါး၌ အကျုံးမဝင်သော ‘အပရိယာပန္န’ (လောကုတ္တရာ) သညာက္ခန္ဓာသည် ရှိ၏။

၄၃။ မျက်စိအတွေ့ ‘စက္ခုသမ္ဖဿ'ကြောင့်ဖြစ်သော သညာသည် ရှိ၏ (စက္ခုသမ္ဖဿဇာသညာ)။

၄၄။ နားအတွေ့ ‘သောတသမ္ဖဿ'ကြောင့်ဖြစ်သော သညာသည် ရှိ၏ (သောတသမ္ဖဿဇာ သညာ)။

၄၅။ နှာခေါင်းအတွေ့ ‘ဃာနသမ္ဖဿ'ကြောင့်ဖြစ်သော သညာသည် ရှိ၏ (ဃာနသမ္ဖဿဇာ သညာ)။

၄၆။ လျှာအတွေ့ ‘ဇိဝှါသမ္ဖဿ'ကြောင့်ဖြစ်သော သညာသည် ရှိ၏ (ဇိဝှါသမ္ဖဿဇာသညာ)။

၄၇။ ကိုယ်အတွေ့ ‘ကာယသမ္ဖဿ'ကြောင့်ဖြစ်သော သညာသည် ရှိ၏ (ကာယသမ္ဖဿဇာသညာ)။

--

၄၈။ စိတ်အတွေ့ ‘မနောသမ္ဖဿ'ကြောင့်ဖြစ်သော သညာသည် ရှိ၏ (မနောသမ္ဖဿဇာသညာ)။ ဤသို့ များသော အပြားအားဖြင့် သညာက္ခန္ဓာသည် ဖြစ်၏။

(တိက် ၂၁- ခုကို ဘုံလေးပါး ဖဿ ၆-ပါးတို့ဖြင့် ဝေဖန်၍ ဟောသည့် များသော အပြား ရှိသော ဗဟုဝိဓနည်း ၂၁- နည်း ပြီး၏။ ဤဗဟုဝိဓနည်း၌ သညာက္ခန္ဓာပေါင်း (၂၁*၄၈) = ၁၀၀၈-ပါး ဖြစ်၏)။

(ဗဟုဝိဓနည်း ပြီး၏)။

--

ဤဆိုခဲ့ပြီးသော သညာတို့ကို မှတ်သားမှုအစု ‘သညာက္ခန္ဓာ’ဟု ဆိုအပ်၏။

[သညာပေါင်းမှာ

(၁) ဒုကမူလကနည်း ၆၀၀၆၀-ပါး

(၂) တိကမူလကနည်း ၆၀၀၆၀-ပါး

(၃) ဥဘတောဝဍ္ဎကနည်း ၁၁၅၅-ပါး

(၄) သတ္တကနည်း ၁၄၇-ပါး

(၅) စတုဝီသတိဝိဓနည်း ၅၀၄-ပါး

(၆) တိံသဝိဓနည်း ၃၀-ပါး

(၇) ဗဟုဝိဓနည်း ၁၀၀၈-ပါး

ပေါင်း ၁၂၂၉၆၄-ပါး ဖြစ်၏]။

သညာက္ခန္ဓာ ပြီး၏။

(သညာတို့ကို အဘိဓမ္မာနည်းအားဖြင့် ဝေဖန်ဟောကြားအပ်သော ‘အဘိဓမ္မဘာဇနီယ'နည်း ပြီး၏)။

--

၄-သင်္ခါရက္ခန္ဓ

(ပြုပြင်စီရင်မှုအစု) ၁

၁။ သင်္ခါရက္ခန္ဓာဟူသည်မှာ ဝေဒနာ သညာ ကြဉ်သော စေတသိက် ၅၀ - အစုပင် ဖြစ်သည်။)

ဒုကမူလကနည်း

ဒုကမူ-တိကမူလီ

(ဒုက်တို့ကိုမူတည်ပြီးလျှင် တိက်တို့ကို မူလီသွင်း၍ ဟောသော ဒုကမူလကနည်း)

(ဒုက် ၈၂ - ခုကို မူတည်ပြီးလျှင်၁ တိက် ၂၁- ခုကို မူလီသွင်း၍ ဟောသော ၁၇၂၂ - နည်း၂)

၁။ စူဠန္တရဒုက်မှ ပထမဒုက် ၅ -ခုနှင့် မဟန္တရဒုက်မှ ပထမဒုက် ၁၃ -ခု၊ ပေါင်း ဒုက် ၁၈ - ခုတို့ကို သင်္ခါရက္ခန္ဓာ တရားကိုယ်များ အရမကောက်နိုင်သော ဒုက်ပုဒ်များ ပါဝင်နေသဖြင့် ဤနေရာ၌ မဟောခဲ့ချေ။ ထို့ကြောင့် ဒုက် ၁၀၀ မှ ၁၈-ခုကို ချန်၍ ဒုက် ၈၂-ခုကိုသာ ဟောခြင်း ဖြစ်သည်။

၂။ ဤဒုကမူလကနည်း၌ နည်းပေါင်း (၈၂*၂၁) = ၁၇၂၂-နည်းဖြစ်သည်၊ ဤနည်း ၁၇၂၂ - နည်း၌ တစ်နည်း တစ်နည်းကိုပင် တစ်ဖန် ၁၀-နည်းစီ ထပ်၍ ပွါးပြန်သည်၊ ထိုထပ်ပွါး ၁၀ - နည်း၌ သင်္ခါရက္ခန္ဓာ ၅၅-ပါးရှိသည်၊ ထို့ကြောင့် အသေးစိတ်ရေတွက်သော် သင်္ခါရက္ခန္ဓာပေါင်း (၁၇၂၂*၅၅) = ၉၄၇၁၀-ပါး ဖြစ်သည်။ (ဝေဒနာက္ခန္ဓာ - ဒုက မူလကနည်း စာမျက်နှာ ၇၂ -အောက်ခြေ မှတ်ချက်များကိုလည်း လေ့လာကြည့်ရှုပါ)။

--

၁-ဟေတုဒုကမူ တိက် ၂၁-ခု မူလီ ၂၁-နည်း

(၁) ဟေတုဒုကမူ-ကုသလတိကမူလီံ ၁၀-နည်း

ဧကကနည်း, ဒုကနည်း, တိကနည်း, စတုက္ကနည်း, ပဉ္စက နည်း, ဆက္ကနည်း, သတ္တကနည်း, အဋ္ဌကနည်း, နဝကနည်း, ဒသကနည်း

၉၂။ ထို (ခန္ဓာငါးပါး) တို့တွင် အဘယ်သည် ပြုပြင်စီရင်မှုအစု ‘သင်္ခါရက္ခန္ဓာ’ မည်သနည်း။

ဧကကနည်း

တစ်ပါးပြားသော နည်းအားဖြင့် သင်္ခါရက္ခန္ဓာသည် ဖြစ်၏။ ။ စိတ်နှင့်ယှဉ်သော သင်္ခါရက္ခန္ဓာတည်း။

ဒုကနည်း

နှစ်ပါးပြားသော နည်းအားဖြင့် သင်္ခါရက္ခန္ဓာသည် ဖြစ်၏။ ။ ဟိတ်မည်သော သင်္ခါရက္ခန္ဓာ သည် ရှိ၏ (ဟိတ် ၆-ပါး)၊ ဟိတ်မမည်သော သင်္ခါရက္ခန္ဓာသည် ရှိ၏ (ဟိတ် ၆-ပါး ကြဉ်သော သင်္ခါရက္ခန္ဓာ ၄၄-ပါး)။

တိကနည်း

သုံးပါးပြားသော နည်းအားဖြင့် သင်္ခါရက္ခန္ဓာသည် ဖြစ်၏။ ။ ကုသိုလ် သင်္ခါရက္ခန္ဓာသည် ရှိ၏။ အကုသိုလ် သင်္ခါရက္ခန္ဓာသည် ရှိ၏။ အဗျာကတ သင်္ခါရက္ခန္ဓာသည် ရှိ၏။

စတုက္ကနည်း

လေးပါးပြားသော နည်းအားဖြင့် သင်္ခါရက္ခန္ဓာသည် ဖြစ်၏။ ။ ကာမဘုံ၌ သက်ဝင်၍ ဖြစ်သော (ကာမတဏှာ၏ ဖြစ်ရာ ကျင်လည်ရာဖြစ်သော) ‘ကာမာဝစရ'သင်္ခါရက္ခန္ဓာသည် ရှိ၏၊ ရူပဘုံ၌ သက်ဝင်၍ ဖြစ်သော (ရူပတဏှာ၏ ဖြစ်ရာ ကျင်လည်ရာဖြစ်သော) ‘ရူပါဝစရ'သင်္ခါရက္ခန္ဓာ သည် ရှိ၏၊ အရူပဘုံ၌ သက်ဝင်၍ ဖြစ်သော (အရူပတဏှာ၏ ဖြစ်ရာ ကျင်လည်ရာဖြစ်သော) ‘အရူပါဝစရ'သင်္ခါရက္ခန္ဓာသည် ရှိ၏၊ (ကာမ, ရူပ, အရူပ) ဘုံသုံးပါး၌ အကျုံးမဝင်သော ‘အပရိယာပန္န’ (လောကုတ္တရာ) သင်္ခါရက္ခန္ဓာသည် ရှိ၏။

ပဉ္စကနည်း

ငါးပါးပြားသော နည်းအားဖြင့် သင်္ခါရက္ခန္ဓာသည် ဖြစ်၏။ ။ ကိုယ်ချမ်းသာမှု၌ အစိုးတရ ခံစားခြင်း ‘သုခိန္ဒြေ'နှင့် ယှဉ်သော သင်္ခါရက္ခန္ဓာသည် ရှိ၏၊ ကိုယ်ဆင်းရဲမှု၌ အစိုးတရ ခံစားခြင်း ‘ဒုက္ခိန္ဒြေ'နှင့် ယှဉ်သော သင်္ခါရက္ခန္ဓာသည် ရှိ၏၊ စိတ်ချမ်းသာမှု၌ အစိုးတရခံစားခြင်း ‘သောမနဿိန္ဒြေ'နှင့် ယှဉ်သော သင်္ခါရက္ခန္ဓာသည် ရှိ၏၊ စိတ်မချမ်းသာမှု စိတ်နှလုံးမသာယာမှု၌ အစိုးတရ ခံစားခြင်း ‘ဒေါမနဿိန္ဒြေ'နှင့် ယှဉ်သော သင်္ခါရက္ခန္ဓာသည် ရှိ၏၊ လျစ်လျူရှုမှု၌ အစိုးတရ ခံစားခြင်း ‘ဥပေက္ခိန္ဒြေ'နှင့် ယှဉ်သော သင်္ခါရက္ခန္ဓာသည် ရှိ၏။ ။ ဤသို့ ငါးပါးပြားသော နည်းအားဖြင့် ပြုပြင် စီရင်မှုအစု ‘သင်္ခါရက္ခန္ဓာ'သည် ဖြစ်၏၊

ဆက္ကနည်း

ခြောက်ပါးပြားသော နည်းအားဖြင့် သင်္ခါရက္ခန္ဓာသည် ဖြစ်၏။ ။ မျက်စိအတွေ့ (မျက်စိ အကြည် ‘စက္ခုပသာဒ'နှင့် အဆင်း ‘ရူပါရုံ'တို့ တွေ့ဆုံထိခိုက်မှု) ‘စက္ခုသမ္ဖဿ'ကြောင့် ဖြစ်သော စေတနာ (စက္ခုသမ္ဖဿဇာစေတနာ)၊ နားအတွေ့ (နားအကြည် ‘သောတပသာဒ'နှင့် အသံ ‘သဒ္ဒါရုံ'တို့တွေ့ဆုံထိခိုက်မှု) ‘သောတသမ္ဖဿ'ကြောင့်ဖြစ်သော စေတနာ (သောတသမ္ဖဿဇာ စေတနာ)၊ နှာခေါင်းအတွေ့ (နှာခေါင်းအကြည် ‘ဃာနပသာဒ'နှင့် အနံ့ ‘ဂန္ဓာရုံ'တို့ တွေ့ဆုံထိခိုက်မှု) ‘ဃာနသမ္ဖဿ'ကြောင့်ဖြစ်သော စေတနာ (ဃာနသမ္ဖဿဇာ စေတနာ)၊ လျှာအတွေ့ (လျှာအကြည် ‘ဇိဝှါပသာဒ'နှင့် အရသာ ‘ရသာရုံ'တို့ တွေ့ဆုံထိခိုက်မှု) ‘ဇိဝှါသမ္ဖဿ'ကြောင့်ဖြစ်သော စေတနာ (ဇိဝှါသမ္ဖဿဇာ စေတနာ)၊ ကိုယ်အတွေ့ (ကိုယ်အကြည်ကာယပသာဒနှင့် အတွေ့ ဖေါဋ္ဌဗ္ဗာရုံတို့ တွေ့ဆုံထိခိုက်မှု) ကာယ သမ္ဖဿကြောင့်ဖြစ်သော စေတနာ (ကာယသမ္ဖဿဇာစေတနာ)၊ စိတ်အတွေ့ (စိတ်နှင့် ဓမ္မာရုံတို့ တွေ့ဆုံ ထိခိုက်မှု) ‘မနောသမ္ဖဿ'ကြောင့်ဖြစ်သော စေတနာ (မနောသမ္ဖဿဇာ စေတနာ)။ ။ ဤသို့ ခြောက်ပါး ပြားသော နည်းအားဖြင့် သင်္ခါရက္ခန္ဓာသည် ဖြစ်၏။

--

သတ္တကနည်း

ခုနစ်ပါးပြားသော နည်းအားဖြင့် သင်္ခါရက္ခန္ဓာသည် ဖြစ်၏။ ။ မျက်စိအတွေ့ ‘စက္ခု သမ္ဖဿ'ကြောင့်ဖြစ်သော စေတနာ (စက္ခုသမ္ဖဿဇာစေတနာ)၊ နားအတွေ့ ‘သောတ သမ္ဖဿ'ကြောင့်ဖြစ်သော စေတနာ (သောတသမ္ဖဿဇာစေတနာ)၊ နှာခေါင်းအတွေ့ ‘ဃာနသမ္ဖဿ'ကြောင့်ဖြစ်သော စေတနာ (ဃာနသမ္ဖဿဇာစေတနာ)၊ လျှာအတွေ့ ‘ဇိဝှါသမ္ဖဿ'ကြောင့်ဖြစ်သောစေတနာ (ဇိဝှါသမ္ဖဿဇာ စေတနာ)၊ ကိုယ်အတွေ့ ‘ကာယသမ္ဖဿ'ကြောင့်ဖြစ်သော စေတနာ (ကာယသမ္ဖဿဇာ စေတနာ)၊ မနောဓာတ်အတွေ့ (ပဉ္စဒွါရာဝဇ္ဇန်း, သမ္ပဋိစ္ဆိုန်းဒွေးစိတ်တို့နှင့် ပဉ္စာရုံတို့ ထိခိုက်မှု) ‘မနော ဓာတုသမ္ဖဿ'ကြောင့်ဖြစ်သော စေတနာ (မနောဓာတုသမ္ဖဿဇာ စေတနာ)၊ မနောဝိညာဏဓာတ်အတွေ့ (ဒွေးပဉ္စဝိညာဏ် တစ်ဆယ်နှင့် မနောဓာတ်သုံးပါးကြဉ်သည့် စိတ်တို့နှင့်ဓမ္မာရုံတို့ ထိခိုက်မှု) ‘မနော ဝိညာဏ ဓာတု သမ္ဖဿ'ကြောင့်ဖြစ်သော စေတနာ (မနောဝိညာဏဓာတုသမ္ဖဿဇာ စေတနာ)။ ။ ဤသို့ ခုနစ်ပါးပြားသော နည်းအားဖြင့် သင်္ခါရက္ခန္ဓာသည် ဖြစ်၏။

အဋ္ဌကနည်း

ရှစ်ပါးပြားသော နည်းအားဖြင့် သင်္ခါရက္ခန္ဓာသည် ဖြစ်၏။ ။ မျက်စိအတွေ့ ‘စက္ခု သမ္ဖဿ'ကြောင့်ဖြစ်သော စေတနာသည် ရှိ၏။ပ။ ကိုယ်အတွေ့ ‘ကာယသမ္ဖဿ'့ကြောင့်ဖြစ်သော သုခဝေဒနာနှင့် တကွဖြစ်သော စေတနာသည် ရှိ၏ (ကိုယ်အတွေ့ ‘ကာယသမ္ဖဿ'ကြောင့်ဖြစ်သော) ဒုက္ခဝေဒနာနှင့် တကွဖြစ်သော စေတနာသည် ရှိ၏၊ မနောဓာတ်အတွေ့ ‘မနောဓာတု သမ္ဖဿ'ကြောင့်ဖြစ်သော စေတနာသည် ရှိ၏၊ မနောဝိညာဏဓာတ်အတွေ့ ‘မနောဝိညာဏဓာတုသမ္ဖဿ'ကြောင့်ဖြစ်သော စေတနာသည် ရှိ၏။ ။ ဤသို့ ရှစ်ပါးပြားသော နည်းအားဖြင့် သင်္ခါရက္ခန္ဓာသည် ဖြစ်၏။

နဝကနည်း

ကိုးပါးပြားသော နည်းအားဖြင့် သင်္ခါရက္ခန္ဓာသည် ဖြစ်၏။ ။ မျက်စိအတွေ့ ‘စက္ခုသမ္ဖဿ'ကြောင့်ဖြစ်သော စေတနာသည် ရှိ၏။ပ။ မနောဓာတ်အတွေ့ကြောင့် ဖြစ်သော စေတနာသည် ရှိ၏၊ မနောဝိညာဏဓာတ်အတွေ့ကြောင့်ဖြစ်သော ကုသိုလ်စေတနာသည် ရှိ၏၊ (မနောဝိညာဏဓာတ်အတွေ့ကြောင့်ဖြစ်သော) အကုသိုလ်စေတနာသည် ရှိ၏၊ (မနောဝိညာဏဓာတ် အတွေ့ကြောင့်ဖြစ်သော) အဗျာတကစေတနာသည် ရှိ၏။ ။ ဤသို့ ကိုးပါးပြားသော နည်းအားဖြင့် သင်္ခါရက္ခန္ဓာသည် ဖြစ်၏။

ဒသကနည်း

ဆယ်ပါးပြားသော နည်းအားဖြင့် သင်္ခါရက္ခန္ဓာသည် ဖြစ်၏။ ။ မျက်စိအတွေ့ ‘စက္ခုသမ္ဖဿ'ကြောင့်ဖြစ်သော စေတနာသည် ရှိ၏။ပ။ ကိုယ်အတွေ့ ‘ကာယ သမ္ဖဿ'ကြောင့်ဖြစ်သော သုခဝေဒနာနှင့် တကွဖြစ်သော စေတနာသည် ရှိ၏၊ (ကိုယ်အတွေ့ ‘ကာယ သမ္ဖဿ'ကြောင့်ဖြစ်သော) ဒုက္ခဝေဒနာနှင့် တကွဖြစ်သော စေတနာသည် ရှိ၏၊ မနောဓာတ်အတွေ့ ကြောင့်ဖြစ်သော စေတနာသည် ရှိ၏၊ မနောဝိညာဏဓာတ် အတွေ့ကြောင့်ဖြစ်သော ကုသိုလ် စေတနာ သည် ရှိ၏၊ (မနောဝိညာဏဓာတ်အတွေ့ကြောင့်ဖြစ်သော) အကုသိုလ် စေတနာသည် ရှိ၏။ (မနော ဝိညာဏဓာတ်အတွေ့ကြောင့်ဖြစ်သော) အဗျာတက စေတနာသည် ရှိ၏။ ။ ဤသို့ ဆယ်ပါးပြားသော နည်းအားဖြင့် သင်္ခါရက္ခန္ဓာသည် ဖြစ်၏။

--

(၂) ဟေတုဒုကမူ-ဝေဒနာတိကမူလီံ ၁၀-နည်း

ဧကကနည်း, ဒုကနည်း, တိကနည်း။ပ။ ဒသကနည်း

ဧကကနည်း

၉၃။ ။ တစ်ပါးပြားသောနည်းအားဖြင့် သင်္ခါရက္ခန္ဓာသည် ဖြစ်၏။ ။ စိတ်နှင့်ယှဉ်သော သင်္ခါရက္ခန္ဓာတည်း။

ဒုကနည်း

နှစ်ပါးပြားသော နည်းအားဖြင့် သင်္ခါရက္ခန္ဓာသည် ဖြစ်၏။ ။ ဟိတ်မည်သော သင်္ခါရက္ခန္ဓာသည်ရှိ၏၊ ဟိတ်မမည်သော သင်္ခါရက္ခန္ဓာသည် ရှိ၏။

တိကနည်း

သုံးပါးပြားသော နည်းအားဖြင့် သင်္ခါရက္ခန္ဓာသည် ဖြစ်၏။ ။ သုခဝေဒနာနှင့် ယှဉ်သော သင်္ခါရက္ခန္ဓာသည် ရှိ၏။ ဒုက္ခဝေဒနာနှင့်ယှဉ်သော သင်္ခါရက္ခန္ဓာသည် ရှိ၏၊ အဒုက္ခမသုခဝေဒနာနှင့် ယှဉ်သော သခ ၤါရက္ခန္ဓာသည် ရှိ၏။ပ။၁

၁။ ဤ ‘ဟေတုဒုကမူ-ဝေဒနာတိကမူလီ'မှစ၍ ကျန်သောတိကမူလီများ၌ ၁၀ - နည်းစလုံးကို မပြတော့ချေ၊ ‘ဟေတုဒုကမူ-ကုသလတိကမူလီ’၌ ပြဆိုသည့်အတိုင်းချဲ့ထွင်သိပါလေ။

(၃) ဟေတုဒုကမူ-ဝိပါကတိကမူလီံ ၁၀-နည်း

ကုသိုလ် အကုသိုလ်တို့၏ အကျိုးဝိပါက်ဖြစ်သော သင်္ခါရက္ခန္ဓာသည် ရှိ၏ (ဝိပါက်စိတ်တို့၌ရှိသော သင်္ခါရက္ခန္ဓာ)၊ အကျိုး ‘ဝိပါက်'ကို ဖြစ်စေခြင်းသဘောရှိသော (အကျိုးဝိပါက်ကို ဖြစ်စေတတ်သော) သင်္ခါရက္ခန္ဓာသည် ရှိ၏ (ကုသိုလ်, အကုသိုလ်စိတ်တို့၌ရှိသော သင်္ခါရက္ခန္ဓာ)၊ ကုသိုလ် အကုသိုလ်တို့၏အကျိုးဝိပါက်လည်း မဟုတ်မူ၍ အကျိုးဝိပါက်ကို ဖြစ်စေခြင်းသဘောရှိသည်လည်း မဟုတ်သော (အကျိုး ဝိပါက်ကို မဖြစ်စေတတ်သော) သင်္ခါရက္ခန္ဓာသည် ရှိ၏ (ကြိယာစိတ်တို့၌ရှိသော သင်္ခါရက္ခန္ဓာ)။ပ။

(၄) ဟေတုဒုကမူ-ဥပါဒိဏ္ဏတိကမူလီံ ၁၀-နည်း

တဏှာဒိဋ္ဌိတို့သည် ကပ်အပ်သော ကံသည် အကျိုး၏ အဖြစ်ဖြင့်လည်း ယူအပ်၍ (တဏှာဒိဋ္ဌိတို့၏ အာရုံဖြစ်သော ကံကြောင့်လည်းဖြစ်၍) ဥပါဒါန်၏အာရုံလည်းဖြစ်သော သင်္ခါရက္ခန္ဓာသည် ရှိ၏ (လောကီ ဝိပါက်စိတ်တို့၌ရှိသော သင်္ခါရက္ခန္ဓာ)၊ တဏှာဒိဋ္ဌိတို့သည် ကပ်အပ်သောကံသည် အကျိုး၏အဖြစ်ဖြင့် မယူအပ်မူ၍ (တဏှာဒိဋ္ဌိတို့၏ အာရုံဖြစ်သော ကံကြောင့် မဖြစ်မူ၍) ဥပါဒါန်၏ အာရုံသာဖြစ်သော သင်္ခါရက္ခန္ဓာသည် ရှိ၏ (လောကီကုသိုလ်, အကုသိုလ်, ကြိယာစိတ်တို့၌ရှိသော သင်္ခါရက္ခန္ဓာ)၊ တဏှာ ဒိဋ္ဌိတို့သည် ကပ်အပ်သောကံသည် အကျိုး၏အဖြစ်ဖြင့် မယူအပ်မူ၍ (တဏှာဒိဋ္ဌိတို့၏ အာရုံဖြစ်သော ကံကြောင့် မဖြစ်မူ၍) ဥပါဒါန်၏ အာရုံလည်း မဟုတ်သော သင်္ခါရက္ခန္ဓာသည် ရှိ၏ (လောကုတ္တရာ စိတ်၌ ရှိသော သင်္ခါရက္ခန္ဓာ)။ပ။

--

(၅) ဟေတုဒုကမူ-သံကိလိဋ္ဌတိကမူလီံ ၁၀-နည်း

ပူပန်စေတတ် နှိပ်စက်တတ်သော ‘ကိလေသာ'တို့သည် ပူပန်လည်း ပူပန်စေအပ်သည်ဖြစ်၍ (ကိလေသာတို့နှင့်လည်း ယှဉ်၍) ကိလေသာတို့၏ အာရုံလည်းဖြစ်သော သင်္ခါရက္ခန္ဓာသည် ရှိ၏ (အကုသိုလ်စိတ်တို့၌ ရှိသော သင်္ခါရက္ခန္ဓာ)၊ ကိလေသာတို့သည် ပူပန်စေအပ်သည်ကား မဟုတ်မူ၍ (ကိလေသာတို့နှင့် မယှဉ်မူ၍) ကိလေသာတို့၏ အာရုံသာဖြစ်သော သင်္ခါရက္ခန္ဓာသည် ရှိ၏ (လောကီ ကုသိုလ်, ဝိပါက်, ကြိယာစိတ် တို့၌ရှိသော သင်္ခါရက္ခန္ဓာ)၊ ကိလေသာတို့သည် ပူပန်စေအပ်သည်လည်း မဟုတ်မူ၍ (ကိလေသာတို့နှင့်လည်း မယှဉ်မူ၍) ကိလေသာတို့၏ အာရုံလည်းမဟုတ်သော သင်္ခါရက္ခန္ဓာ သည် ရှိ၏ (လောကုတ္တရာစိတ်၌ရှိသော သင်္ခါရက္ခန္ဓာ)။ပ။

(၆) ဟေတုဒုကမူ-ဝိတက္ကတိကမူလီံ ၁၀-နည်း

ဝိတက်လည်းရှိ၍ ဝိစာရလည်းရှိသော သင်္ခါရက္ခန္ဓာသည် ရှိ၏၊ ဝိတက်မရှိမူ၍ ဝိစာရမျှသာရှိသော သင်္ခါရက္ခန္ဓာသည် ရှိ၏၊ ဝိတက်လည်း မရှိမူ၍ ဝိစာရလည်း မရှိသော သင်္ခါရက္ခန္ဓာသည် ရှိ၏။ပ။

(၇) ဟေတုဒုကမူ-ပီတိတိကမူလီံ ၁၀-နည်း

ပီတိနှင့်တကွဖြစ်သော (ပီတိနှင့်ယှဉ်သော) သင်္ခါရက္ခန္ဓာသည် ရှိ၏၊ သုခဝေဒနာနှင့်တကွဖြစ်သော သင်္ခါရက္ခန္ဓာသည် ရှိ၏၊ ဥပေက္ခာဝေဒနာနှင့်တကွဖြစ်သော သင်္ခါရက္ခန္ဓာသည် ရှိ၏။ပ။

(၈) ဟေတုဒုကမူ-ဒဿနတိကမူလီံ ၁၀-နည်း

(နိဗ္ဗာန်ကို ရှေးဦးစွာ မြင်သဖြင့် ‘ဒဿန’မည်သော) သောတာပတ္တိမဂ်သည် ပယ်အပ်သော သင်္ခါရက္ခန္ဓာသည် ရှိ၏၊ သောတာပတ္တိမဂ် မြင်ပြီးသော နိဗ္ဗာန်ကို တစ်ဖန်ထပ်၍ မြင်သဖြင့် ‘ဘာဝနာ’မည်သော အထက်မဂ်သုံးပါးတို့သည် ပယ်အပ်သော သင်္ခါရက္ခန္ဓာသည် ရှိ၏၊ သောတာပတ္တိမဂ်သည် ပယ်အပ်သည်လည်း မဟုတ်မူ၍ အထက်မဂ်သုံးပါးတို့သည် ပယ်အပ်သည်လည်း မဟုတ်သော သင်္ခါရက္ခန္ဓာ သည် ရှိ၏။ပ။

(၉) ဟေတုဒုကမူ-ဒဿနဟေတုတိကမူလီံ ၁၀-နည်း

(ဒဿနမည်သော) သောတာပတ္တိမဂ်သည် ပယ်အပ်သော ဟိတ်ရှိသော သင်္ခါရက္ခန္ဓာသည် ရှိ၏၊ (ဘာဝနာမည်သော) အထက်မဂ်သုံးပါးတို့သည် ပယ်အပ်သော ဟိတ်ရှိသော သင်္ခါရက္ခန္ဓာသည် ရှိ၏၊ သောတာပတ္တိမဂ်သည် ပယ်အပ်သော ဟိတ်ရှိသည်လည်း မဟုတ်မူ၍ အထက်မဂ်သုံးပါတို့သည် ပယ်အပ် သော ဟိတ်ရှိသည်လည်း မဟုတ်သော သင်္ခါရက္ခန္ဓာသည် ရှိ၏။ပ။

--

(၁၀) ဟေတုဒုကမူ-အာစယဂါမိတိကမူလီံ ၁၀-နည်း

စုတိပဋိသန္ဓေသို့ ရောက်ကြောင်းဖြစ်သော (ရောက်စေတတ်သော) ပြုပြင်စီရင်မှုအစု ‘အာစယဂါမိ သင်္ခါရက္ခန္ဓာသည် ရှိ၏ (လောကီကုသိုလ်, အကုသိုလ်စိတ်တို့နှင့် ယှဉ်သော သင်္ခါရက္ခန္ဓာ)၊ နိဗ္ဗာန်သို့ ရောက်ကြောင်း ဖြစ်သော (ရောက်စေတတ်သော) ပြုပြင်စီရင်မှုအစု ‘အပစယဂါမိသင်္ခါရက္ခန္ဓာ'သည် ရှိ၏ (မဂ်စိတ်လေးပါးနှင့် ယှဉ်သော သင်္ခါရက္ခန္ဓာ)၊ စုတိပဋိသန္ဓေသို့ ရောက်ကြောင်းလည်း မဟုတ်မူ၍ နိဗ္ဗာန် သို့ ရောက်ကြောင်းလည်း မဟုတ်သော သင်္ခါရက္ခန္ဓာသည် ရှိ၏၊ (ဝိပါက်, ကြိယာစိတ်တို့၌ရှိသော သင်္ခါရက္ခန္ဓာ)။ပ။

(၁၁) ဟေတုဒုကမူ-သေက္ခတိကမူလီံ ၁၀-နည်း

(အရဟတ္တဖိုလ်သို့ ရောက်ရန်) ကျင့်ဆဲ ‘သေက္ခ'ပုဂ္ဂိုလ် (ခုနစ်ယောက်) တို့၏ ဥစ္စာဖြစ်သော သင်္ခါရက္ခန္ဓာသည် ရှိ၏ (မဂ်စိတ်လေးပါး, အောက်ဖိုလ်သုံးပါးတို့နှင့်ယှဉ်သော သင်္ခါရက္ခန္ဓာ)၊ (အရဟတ္တဖိုလ်သို့ ရောက်ပြီး) ကျင့်ပြီး ‘အသေက္ခ’ (ရဟန္တာ) ပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော သင်္ခါရက္ခန္ဓာသည် ရှိ၏ (အရဟတ္တဖိုလ် စိတ်နှင့်ယှဉ်သော သင်္ခါရက္ခန္ဓာ)၊ သေက္ခပုဂ္ဂိုလ်တို့၏ ဥစ္စာလည်း မဟုတ်မူ၍ အသေက္ခ (ရဟန္တာ) ပုဂ္ဂိုလ်တို့၏ ဥစ္စာလည်း မဟုတ်သော သင်္ခါရက္ခန္ဓာသည် ရှိ၏ (လောကီစိတ်တို့နှင့်ယှဉ်သော သင်္ခါရက္ခန္ဓာ)။ပ။

(၁၂) ဟေတုဒုကမူ-ပရိတ္တတိကမူလီံ ၁၀-နည်း

နည်းသောအာနုဘော်ရှိသည့် ‘ပရိတ္တ’မည်သော (ကာမတရားဖြစ်သော) သင်္ခါရက္ခန္ဓာသည် ရှိ၏ (ကာမစိတ်တို့နှင့်ယှဉ်သော သင်္ခါရက္ခန္ဓာ)၊ မြင့်မြတ်သည်၏ အဖြစ်သို့ရောက်သော ‘မဟဂ္ဂတ’မည်သော သင်္ခါရက္ခန္ဓာသည် ရှိ၏ (မဟဂ္ဂုတ်စိတ်တို့နှင့်ယှဉ်သော သင်္ခါရက္ခန္ဓာ)၊ နှိုင်းယှဉ်မှုကို ပြုတတ်သည့် ရာဂ အစရှိသော ကိလေသာတို့၏ ဆန့်ကျင်ဘက်ဖြစ်သော (မနှိုင်းယှဉ်အပ်သော) ‘အပ္ပမာဏ’မည်သော သင်္ခါရက္ခန္ဓာသည် ရှိ၏ (လောကုတ္တရာစိတ်တို့နှင့်ယှဉ်သော သင်္ခါရက္ခန္ဓာ)။ပ။

(၁၃) ဟေတုဒုကမူ-ပရိတ္တာရမ္မဏတိကမူလီံ ၁၀-နည်း

ပရိတ္တတရား (ကာမတရား) ကို အာရုံပြုသော သင်္ခါရက္ခန္ဓာသည် ရှိ၏၊ မဟဂ္ဂုတ်တရားကို အာရုံ ပြုသော သင်္ခါရက္ခန္ဓာသည် ရှိ၏၊ အပ္ပမာဏတရား (လောကုတ္တရာတရား) ကို အာရုံပြုသော သင်္ခါရက္ခန္ဓာ သည် ရှိ၏။ပ။

(၁၄) ဟေတုဒုကမူ-ဟီနတိကမူလီံ ၁၀-နည်း

ယုတ်ညံ့သော ‘ဟီန'သင်္ခါရက္ခန္ဓာသည် ရှိ၏ (အကုသိုလ်စိတ်တို့၌ရှိသော သင်္ခါရက္ခန္ဓာ)၊ အလယ် အလတ်ဖြစ်သော ‘မဇ္ဈိမ'သင်္ခါရက္ခန္ဓာသည် ရှိ၏ (လောကီကုသိုလ်, ဝိပါက်, ကြိယာစိတ်တို့၌ရှိသော သင်္ခါရက္ခန္ဓာ)၊ မြင့်မြတ်သော ‘ပဏီတ'သင်္ခါရက္ခန္ဓာသည် ရှိ၏ (လောကုတ္တရာစိတ်တို့၌ရှိသော သင်္ခါရက္ခန္ဓာ)။ပ။

--

(၁၅) ဟေတုဒုကမူ-မိစ္ဆတ္တတိကမူလီံ ၁၀-နည်း

ဖောက်ပြန်သော သဘောရှိ၍ စုတိ၏အခြားမဲ့၌ (အပါယ်ငရဲ၌) အကျိုးပေးမြဲသော ပြုပြင်စီရင်မှုအစု ‘မိစ္ဆတ္တနိယတသင်္ခါရက္ခန္ဓာ'သည် ရှိ၏ (နိယတမိစ္ဆာဒိဋ္ဌိကံ၏ အစွမ်းအားဖြင့် ဖြစ်သော ဒိဋ္ဌိဂတ သမ္ပယုတ် စိတ် ၄-ပါး၏ သတ္တမဇောနှင့် ပဉ္စာနန္တရိယကံကို ကျူးလွန်သည့် ဒေါသမူစိတ်တို့၏ သတ္တမဇောတို့နှင့် ယှဉ်သော သင်္ခါရက္ခန္ဓာ)၊ မဖောက်ပြန်သော သဘောရှိ၍ မိမိ၏အခြားမဲ့၌ အကျိုးပေးမြဲသော ပြုပြင် စီရင်မှုအစု ‘သမ္မတ္တနိယတသင်္ခါရက္ခန္ဓာ'သည် ရှိ၏ (မဂ်စိတ်လေးပါးနှင့်ယှဉ်သော သင်္ခါက္ခန္ဓာ)၊ နှစ်ပါး သော အခြင်းအရာတို့ဖြင့် အကျိုးပေးမမြဲသော ပြုပြင်စီရင်မှုအစု ‘အနိယတသင်္ခါရက္ခန္ဓာ'သည် ရှိ၏ (ကြွင်းသောစိတ်တို့နှင့်ယှဉ်သော သင်္ခါရက္ခန္ဓာ)။ပ။

(၁၆) ဟေတုဒုကမူ-မဂ္ဂါရမ္မဏတိကမူလီံ ၁၀-နည်း

မဂ်ကို အာရုံပြုသော သင်္ခါရက္ခန္ဓာသည် ရှိ၏ (မဂ္ဂါရမ္မဏစိတ်နှင့်ယှဉ်သော သင်္ခါရက္ခန္ဓာ)၊ မဂ် မည်သော အကြောင်းရင်းဟိတ် (သမ္မာဒိဋ္ဌိ = ပညာ = အမောဟ) ရှိသော သင်္ခါရက္ခန္ဓာသည် ရှိ၏ (သမ္မာဒိဋ္ဌိ မဂ္ဂင်ဖြစ်သည့် ပညာတည်းဟူသော အမောဟဟိတ်နှင့်ယှဉ်သည့် မဂ်စိတ္တုပ္ပါဒ်၌ရှိသော သင်္ခါရက္ခန္ဓာ)၊ မဂ် မည်သော အကြီးအမှူး (သမ္မာဒိဋ္ဌိ = ပညာ = ဝီမံသာဓိပတိ, သမ္မာဝါယာမ = ဝီရိယာဓိပတိ) ရှိသော သင်္ခါရက္ခန္ဓာသည် ရှိ၏ (သမ္မာဒိဋ္ဌိမဂ္ဂင်ဖြစ်သည့် ပညာတည်းဟူသော ဝီမံသာဓိပတိနှင့် သမ္မာဝါယာမမဂ္ဂင် ဖြစ်သည့် ဝီရိယာဓိပတိမည်သော ဝီရိယတို့နှင့် ယှဉ်သည့် မဂ်စိတ္တုပ္ပါဒ်၌ရှိသော သင်္ခါရက္ခန္ဓာ)။ပ။

(၁၇) ဟေတုဒုကမူ-ဥပ္ပန္နတိကမူလီံ ၁၀-နည်း

ဥပါဒ်, ဌီ, ဘင်ဟုဆိုအပ်သော ခဏသုံးပါးသို့ရောက်ဆဲဖြစ်သော သင်္ခါရက္ခန္ဓာသည် ရှိ၏၊ ခဏ သုံးပါးသို့ ရောက်ပြီးလည်း မဟုတ်မူ၍ ရောက်ဆဲလည်းမဟုတ်သော သင်္ခါရက္ခန္ဓာသည် ရှိ၏ (နောင် အနာဂတ်ကာလ၌ ဖြစ်လတ္တံ့သော ကုသိုလ်, အကုသိုလ်, ကြိယာစိတ်တို့၌ရှိသော သင်္ခါရက္ခန္ဓာ)၊ မချွတ်ဧကန် ဖြစ်လတ္တံ့သော သင်္ခါရက္ခန္ဓာသည် ရှိ၏ (ဝိပါက်စိတ်တို့၌ရှိသော သင်္ခါရက္ခန္ဓာ)။ပ။

(၁၈) ဟေတုဒုကမူ-အတီတတိကမူလီံ ၁၀-နည်း

ဖြစ်ပြီးသော ‘အတိက်'သင်္ခါရက္ခန္ဓာသည် ရှိ၏၊ မရောက်သေး (ဖြစ်လတ္တံ့) သော ‘အနာဂတ်'သင်္ခါရက္ခန္ဓာသည် ရှိ၏၊ ဖြစ်ဆဲဖြစ်သော ‘ပစ္စုပ္ပန်'သင်္ခါရက္ခန္ဓာသည် ရှိ၏။ပ။

(၁၉) ဟေတုဒုကမူ-အတီတာရမ္မဏတိကမူလီံ ၁၀-နည်း

ဖြစ်ပြီးသည့် ‘အတိက်'တရားကို အာရုံပြုသော သင်္ခါရက္ခန္ဓာသည် ရှိ၏၊ မရောက်သေး (ဖြစ်လတ္တံ့) သော ‘အနာဂတ်'တရားကို အာရုံပြုသော သင်္ခါရက္ခန္ဓာသည် ရှိ၏၊ ဖြစ်ဆဲဖြစ်သော ‘ပစ္စုပ္ပန်'တရားကို အာရုံပြုသော သင်္ခါရက္ခန္ဓာသည် ရှိ၏။ပ။

--

(၂၀) ဟေတုဒုကမူ-အဇ္ဈတ္တတိကမူလီံ ၁၀-နည်း

အတွင်း ‘အဇ္ဈတ္တ'သန္တာန်၌ဖြစ်သော သင်္ခါရက္ခန္ဓာသည် ရှိ၏၊ အပ ‘ဗဟိဒ္ဓ'သန္တာန်၌ဖြစ်သော သင်္ခါရက္ခန္ဓာသည် ရှိ၏၊ အတွင်းအပ ‘အဇ္ဈတ္တဗဟိဒ္ဓ'သန္တာန်၌ဖြစ်သော သင်္ခါရက္ခန္ဓာသည် ရှိ၏။ပ။

(၂၁) ဟေတုဒုကမူ-အဇ္ဈတ္တာရမ္မဏတိကမူလီံ ၁၀-နည်း

အတွင်း ‘အဇ္ဈတ္တ'သန္တာန်၌ဖြစ်သော တရားကို အာရုံပြုသော သင်္ခါရက္ခန္ဓာသည် ရှိ၏၊ အပ ‘ဗဟိဒ္ဓ'သန္တာန်၌ဖြစ်သော တရားကို အာရုံပြုသော သင်္ခါရက္ခန္ဓာသည် ရှိ၏၊ အတွင်းအပ ‘အဇ္ဈတ္တဗဟိဒ္ဓ'သန္တာန်၌ဖြစ်သော တရားကို အာရုံပြုသော သင်္ခါရက္ခန္ဓာသည် ရှိ၏။ပ။ ဤသို့ ဆယ်ပါးပြားသော နည်းအားဖြင့် သင်္ခါရက္ခန္ဓာသည် ဖြစ်၏။

(ဟေတုဒုက်ကို မူတည်ပြီးလျှင် တိက် ၂၁-ခုကို မူလီသွင်း၍ ဟောသော ဟေတုဒုကမူလကနည်း ၂၁-နည်း ပြီး၏။ ဤနည်း၌ သင်္ခါရက္ခန္ဓာပေါင်း (၂၁*၅၅) = ၁၁၅၅-ပါး ဖြစ်၏)။

(ဟေတုဒုကမူ-တိကမူလီ ၂၁-နည်း ပြီး၏)။

--

၂-သဟေတုကဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း၁

ဧကကနည်း, ဒုကနည်း။ပ။ ဒသကနည်း

ဧကကနည်း

၉၄။ ။ တစ်ပါးပြားသော နည်းအားဖြင့် သင်္ခါရက္ခန္ဓာသည် ဖြစ်၏။ ။ စိတ်နှင့်ယှဉ်သော သင်္ခါရက္ခန္ဓာတည်း။

ဒုကနည်း

နှစ်ပါးပြားသော နည်းအားဖြင့် သင်္ခါရက္ခန္ဓာသည် ဖြစ်၏။ ။ ဟိတ်ရှိသော သင်္ခါရက္ခန္ဓာသည် ရှိ၏၊ ဟိတ်မရှိသော သင်္ခါရက္ခန္ဓာသည် ရှိ၏။ပ။

၁။ ဤအမှတ် ၂- ‘သဟေတုကဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း'ကို အမှတ် ၁- ‘ဟေတုဒုကမူ-တိက် ၂၁-ခု မူလီ'အတိုင်း အသေးစိတ် ဖော်ပြရမည် ဖြစ်သည်၊ သို့သော်လည်း နည်းပြပြီးဖြစ်၍ သိသာပြီဖြစ်သောကြောင့် အကျဉ်းချုံး၍ ပြထားသည်၊ အမှတ် ၈၁-သဥတ္တရဒုကမူ-တိက် ၂၁-ခု မူလီ အထိ ဤနည်းအတိုင်း အကျဉ်းချုံး၍ ပြထားသည်။

၃-ဟေတုသမ္ပယုတ္တဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

ဟိတ်နှင့်ယှဉ်သော သင်္ခါရက္ခန္ဓာသည် ရှိ၏၊ ဟိတ်နှင့်မယှဉ်သော သင်္ခါရက္ခန္ဓာသည် ရှိ၏။ပ။

၄-ဟေတုသဟေတုကဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

ဟိတ်လည်းမည်၍ ဟိတ်လည်းရှိသော သင်္ခါရက္ခန္ဓာသည် ရှိ၏ (မောဟမူဒွေး၌ရှိသည့် မောဟ ကြဉ်သော လောဘ, ဒေါသ, မောဟ, အလောဘ, အဒေါသ, အမောဟ)၊ ဟိတ်သာရှိ၍ ဟိတ်မမည်သော သင်္ခါရက္ခန္ဓာသည် ရှိ၏ (ဟိတ်ခြောက်ပါးကြဉ်သော သဟိတ်စိတ် ၇၁-ပါး၌ရှိသည့် သင်္ခါရက္ခန္ဓာ)။ပ။

၅-ဟေတု ဟေတုသမ္ပယုတ္တဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

ဟိတ်လည်းမည်၍ ဟိတ်နှင့်လည်းယှဉ်သော သင်္ခါရက္ခန္ဓာသည် ရှိ၏၊ ဟိတ်နှင့်သာယှဉ်၍ ဟိတ် မမည်သော သင်္ခါရက္ခန္ဓာသည် ရှိ၏။ပ။

၆-နဟေတု သဟေတုကဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

ဟိတ်မမည်မူ၍ ဟိတ်သာရှိသော သင်္ခါရက္ခန္ဓာသည် ရှိ၏၊ ဟိတ်လည်းမမည်မူ၍ ဟိတ်လည်း မရှိသော သင်္ခါရက္ခန္ဓာသည် ရှိ၏။ပ။

--

၇-လောကိယဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

လောက၌ အကျုံးဝင်သော ‘လောကီ'သင်္ခါရက္ခန္ဓာသည် ရှိ၏၊ လောကမှ ထွက်မြောက်သော ‘လောကုတ္တရာ'သင်္ခါရက္ခန္ဓာသည် ရှိ၏။ပ။

၈-ကေနစိဝိညေယျဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

တစ်စုံတစ်ခုသော စိတ်သည် သိအပ်သော သင်္ခါရက္ခန္ဓာသည် ရှိ၏၊ တစ်စုံတစ်ခုသော စိတ်သည် မသိအပ်သော သင်္ခါရက္ခန္ဓာသည် ရှိ၏။ပ။

၉-အာသဝဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

(သတ္တဝါတို့၏သန္တာန်၌) ယိုစီးနေတတ် ဖြစ်ပွါးနေတတ်၍ မူးယစ်မိုက်မဲစေတတ်သော သဘော ‘အာသဝ’ (လောဘ, ဒိဋ္ဌိ, မောဟ) မည်သော သင်္ခါရက္ခန္ဓာသည် ရှိ၏၊ အာသဝမမည်သော သင်္ခါရက္ခန္ဓာသည် ရှိ၏။ပ။

၁၀-သာသဝဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

အာသဝ၏အာရုံဖြစ်သော သင်္ခါရက္ခန္ဓာသည် ရှိ၏ (လောကီစိတ်နှင့်ယှဉ်သော သင်္ခါရက္ခန္ဓာ)၊ အာသဝ၏ အာရုံမဟုတ်သော သင်္ခါရက္ခန္ဓာသည် ရှိ၏ (လောကုတ္တရာစိတ်နှင့်ယှဉ်သော သင်္ခါရက္ခန္ဓာ)။ပ။

၁၁-အာသဝသမ္ပယုတ္တဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

အာသဝနှင့် (လောဘ, ဒိဋ္ဌိ, မောဟတို့နှင့်) ယှဉ်သော သင်္ခါရက္ခန္ဓာသည် ရှိ၏ (အကုသိုလ်စိတ်နှင့် ယှဉ်သော သင်္ခါရက္ခန္ဓာ)၊ အာသဝနှင့် မယှဉ်သော သင်္ခါရက္ခန္ဓာသည် ရှိ၏ (ကုသိုလ်, ဝိပါက်, ကြိယာစိတ် တို့၌ရှိသော သင်္ခါရက္ခန္ဓာ)။ပ။

၁၂-အာသဝ သာသဝဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

အာသဝလည်းမည်၍ အာသဝ၏ အာရုံလည်းဖြစ်သော သင်္ခါရက္ခန္ဓာသည် ရှိ၏ (လောဘ, ဒိဋ္ဌိ, မောဟ)၊ အာသဝ၏ အာရုံသာဖြစ်၍ အာသဝမမည်သော သင်္ခါရက္ခန္ဓာသည် ရှိ၏ (လောဘ, ဒိဋ္ဌိ, မောဟကြဉ်သော လောကီသင်္ခါရက္ခန္ဓာ)။ပ။

၁၃-အာသဝ အာသဝသမ္ပယုတ္တဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

အာသဝလည်းမည်၍ အာသဝနှင့်လည်းယှဉ်သော သင်္ခါရက္ခန္ဓာသည် ရှိ၏ (လောဘမူစိတ်၌ရှိသော လောဘ, ဒိဋ္ဌိ, မောဟ)၊ အာသဝနှင့်သာယှဉ်၍ အာသဝမမည်သော သင်္ခါရက္ခန္ဓာသည် ရှိ၏ (အာသဝတရားကိုယ် ၃-ပါးကြဉ်သည့် အကုသိုလ်စိတ်တို့၌ရှိသော သင်္ခါရက္ခန္ဓာ)။ပ။

--

၁၄-အာသဝဝိပ္ပယုတ္တသာသဝဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

အာသဝနှင့် (လောဘ, ဒိဋ္ဌိ, မောဟတို့နှင့်) မယှဉ်မူ၍ အာသဝ၏ အာရုံသာဖြစ်သော သင်္ခါရက္ခန္ဓာသည် ရှိ၏ (လောကီကုသိုလ်, ဝိပါက်, ကြိယာစိတ်တို့၌ရှိသော သင်္ခါရက္ခန္ဓာ)၊ အာသဝနှင့်လည်း မယှဉ်မူ၍ အာသဝ၏ အာရုံလည်း မဟုတ်သော သင်္ခါရက္ခန္ဓာသည် ရှိ၏ (လောကုတ္တရာစိတ်၌ရှိသော သင်္ခါရက္ခန္ဓာ)။ပ။

၁၅-သံယောဇနဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

(သတ္တဝါတို့ကို ဝဋ်ဆင်းရဲ၌) ယှဉ်စေတတ်သော နှောင်ဖွဲ့တတ်သော ‘သံယောဇဉ်’မည်သော သင်္ခါရက္ခန္ဓာသည် ရှိ၏၊ သံယောဇဉ် မမည်သော သင်္ခါရက္ခန္ဓာသည် ရှိ၏။ပ။

၁၆-သံယောဇနိယဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

သံယောဇဉ်၏ အာရုံဖြစ်သော သင်္ခါရက္ခန္ဓာသည် ရှိ၏ (လောကီစိတ်တို့၌ရှိသော သင်္ခါရက္ခန္ဓာ)၊ သံယောဇဉ်၏ အာရုံမဟုတ်သော သင်္ခါရက္ခန္ဓာသည် ရှိ၏ (လောကုတ္တရာစိတ်တို့၌ရှိသော သင်္ခါရက္ခန္ဓာ)။ပ။

၁၇-သံယောဇနသမ္ပယုတ္တဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

သံယောဇဉ်နှင့်ယှဉ်သော သင်္ခါရက္ခန္ဓာသည် ရှိ၏ (အကုသိုလ်စိတ်တို့၌ရှိသော သင်္ခါရက္ခန္ဓာ)၊ သံယောဇဉ်နှင့်မယှဉ်သော သင်္ခါရက္ခန္ဓာသည် ရှိ၏။ပ။

၁၈-သံယောဇန သံယောဇနိယဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

သံယောဇဉ်လည်းမည်၍ သံယောဇဉ်၏ အာရုံလည်းဖြစ်သော သင်္ခါရက္ခန္ဓာသည် ရှိ၏၊ သံယောဇဉ်၏ အာရုံသာဖြစ်၍ သံယောဇဉ်မမည်သော သင်္ခါရက္ခန္ဓာသည် ရှိ၏။ပ။

၁၉-သံယောဇန သံယောဇနသမ္ပယုတ္တဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

သံယောဇဉ်လည်းမည်၍ သံယောဇဉ်နှင့်လည်းယှဉ်သော သင်္ခါရက္ခန္ဓာသည် ရှိ၏၊ သံယောဇဉ်နှင့်သာ ယှဉ်၍ သံယောဇဉ်မမည်သော သင်္ခါရက္ခန္ဓာသည် ရှိ၏။ပ။

၂၀-သံယောဇနဝိပ္ပယုတ္တသံယောဇနိယဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

သံယောဇဉ်နှင့်မယှဉ်မူ၍ သံယောဇဉ်၏ အာရုံသာဖြစ်သော သင်္ခါရက္ခန္ဓာသည် ရှိ၏၊ သံယောဇဉ်နှင့် လည်း မယှဉ်မူ၍ သံယောဇဉ်၏ အာရုံလည်း မဟုတ်သော သင်္ခါရက္ခန္ဓာသည် ရှိ၏။ပ။

--

၂၁-ဂန္ထဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

(သတ္တဝါတို့ကို ဝဋ်ဆင်းရဲ၌) ဆက်စပ်ထုံးဖွဲ့တတ်သော သဘော ‘ဂန္ထ’ (လောဘ, ဒေါသ, ဒိဋ္ဌိ) မည် သော သင်္ခါရက္ခန္ဓာသည် ရှိ၏၊ ဂန္ထမမည်သော သင်္ခါရက္ခန္ဓာသည် ရှိ၏။ပ။

၂၂-ဂန္ထနိယဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

ဂန္ထ (လောဘ, ဒေါသ, ဒိဋ္ဌိတို့၏) အာရုံဖြစ်သော သင်္ခါရက္ခန္ဓာသည် ရှိ၏ (လောကီစိတ်၌ရှိသော သင်္ခါရက္ခန္ဓာ)၊ ဂန္ထ၏ အာရုံမဟုတ်သော သင်္ခါရက္ခန္ဓာသည် ရှိ၏ (လောကုတ္တရာစိတ်၌ရှိသော သင်္ခါရက္ခန္ဓာ)။ပ။

၂၃-ဂန္ထသမ္ပယုတ္တဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

ဂန္ထနှင့် (လောဘ, ဒေါသ, ဒိဋ္ဌိတို့နှင့်) ယှဉ်သော သင်္ခါရက္ခန္ဓာသည် ရှိ၏၊ ဂန္ထနှင့်မယှဉ်သော သင်္ခါရက္ခန္ဓာသည် ရှိ၏။ပ။

၂၄-ဂန္ထဂန္ထနိယဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

ဂန္ထလည်းမည်၍ ဂန္ထ၏ အာရုံလည်းဖြစ်သော သင်္ခါရက္ခန္ဓာသည် ရှိ၏ (လောဘ, ဒေါသ, ဒိဋ္ဌိ)၊ ဂန္ထ၏ အာရုံသာဖြစ်၍ ဂန္ထမမည်သော သင်္ခါရက္ခန္ဓာသည် ရှိ၏ (လောကီစိတ်တို့၌ရှိသော ဂန္ထတရားကိုယ်ကြဉ်သည့် သင်္ခါရက္ခန္ဓာ)။ပ။

၂၅-ဂန္ထဂန္ထသမ္ပယုတ္တဒုကမူ-တိက် ၂၁-ခု မူလီ ၁၀-နည်း

ဂန္ထလည်း မည်၍ ဂန္ထနှင့်လည်း ယှဉ်သော သင်္ခါရက္ခန္ဓာသည် ရှိ၏ (ဒိဋ္ဌိဂတသမ္ပယုတ်စိတ်၌ရှိသော လောဘ, ဒိဋ္ဌိ)၊ ဂန္ထနှင့်သာယှဉ်၍ ဂန္ထမမည်သော သင်္ခါရက္ခန္ဓာသည် ရှိ၏၊ (လောဘမူ ဒေါသမူ စိတ်တို့၌ ရှိသော ဂန္ထတရားကိုယ်ကြဉ်သည့် သင်္ခါရက္ခန္ဓာ)။ပ။

၂၆-ဂန္ထဝိပ္ပယုတ္တဂန္ထနိယဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

ဂန္ထနှင့် မယှဉ်မူ၍ ဂန္ထ၏ အာရုံသာဖြစ်သော သင်္ခါရက္ခန္ဓာသည် ရှိ၏ (လောဘမူ ဒေါသမူကြဉ်သော လောကီစိတ်တို့၌ရှိသည့် သင်္ခါရက္ခန္ဓာ)၊ ဂန္ထနှင့်လည်း မယှဉ်မူ၍ ဂန္ထ၏ အာရုံလည်း မဟုတ်သော သင်္ခါရက္ခန္ဓာသည် ရှိ၏ (လောကုတ္တရာစိတ်တို့၌ရှိသော သင်္ခါရက္ခန္ဓာ)။ပ။

၂၇-ဩဃဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

(သတ္တဝါတို့ကို ဝဋ်ဆင်းရဲ၌) နစ်မြုပ်စေတတ်သော သဘော ‘ဩဃ’ (လောဘ, ဒိဋ္ဌိ, မောဟ) မည်သော သင်္ခါရက္ခန္ဓာသည် ရှိ၏၊ ဩဃမမည်သော သင်္ခါရက္ခန္ဓာသည် ရှိ၏။ပ။

--

၂၈-ဩဃနိယဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

ဩဃ၏ (လောဘ, ဒိဋ္ဌိ, မောဟတို့၏) အာရုံဖြစ်သော သင်္ခါရက္ခန္ဓာသည် ရှိ၏ (လောကီစိတ်တို့၌ ရှိသော သင်္ခါရက္ခန္ဓာ)၊ ဩဃ၏ အာရုံမဟုတ်သော သင်္ခါရက္ခန္ဓာသည် ရှိ၏ (လောကုတ္တရာစိတ်တို့၌ရှိသော သင်္ခါရက္ခန္ဓာ)။ပ။

၂၉-ဩဃသမ္ပယုတ္တဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

ဩဃနှင့် (လောဘ, ဒိဋ္ဌိ, မောဟတို့နှင့်) ယှဉ်သော သင်္ခါရက္ခန္ဓာသည် ရှိ၏၊ ဩဃနှင့် မယှဉ်သော သင်္ခါရက္ခန္ဓာသည် ရှိ၏။ပ။

၃၀-ဩဃ ဩဃနိယဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

ဩဃလည်းမည်၍ ဩဃ၏ အာရုံလည်းဖြစ်သော သင်္ခါရက္ခန္ဓာသည် ရှိ၏ (လောဘ, ဒိဋ္ဌိ, မောဟ)၊ ဩဃ၏ အာရုံသာဖြစ်၍ ဩဃမမည်သော သင်္ခါရက္ခန္ဓာသည် ရှိ၏ (လောဘ, ဒိဋ္ဌိ, မောဟကြဉ်သော လောကီစိတ်တို့၌ရှိသော သင်္ခါရက္ခန္ဓာ)။ပ။

၃၁-ဩဃ ဩဃသမ္ပယုတ္တဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

ဩဃလည်းမည်၍ ဩဃနှင့်လည်းယှဉ်သော သင်္ခါရက္ခန္ဓာသည် ရှိ၏၊ ဩဃနှင့်သာယှဉ်၍ ဩဃ မမည်သော သင်္ခါရက္ခန္ဓာသည် ရှိ၏။ပ။

၃၂-ဩဃဝိပ္ပယုတ္တဩဃနိယဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

ဩဃနှင့် (လောဘ, ဒိဋ္ဌိ, မောဟတို့နှင့်) မယှဉ်မူ၍ ဩဃ၏ အာရုံသာဖြစ်သော သင်္ခါရက္ခန္ဓာသည် ရှိ၏၊ ဩဃနှင့်လည်း မယှဉ်မူ၍ ဩဃ၏ အာရုံလည်း မဟုတ်သော သင်္ခါရက္ခန္ဓာသည် ရှိ၏။ပ။

၃၃-ယောဂဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

(သတ္တဝါတို့ကို ဝဋ်ဆင်းရဲ၌) ယှဉ်စေတတ်သော သဘော ‘ယောဂ’ (လောဘ, ဒိဋ္ဌိ, မောဟ) မည်သော သင်္ခါရက္ခန္ဓာသည် ရှိ၏၊ ယောဂမမည်သော သင်္ခါရက္ခန္ဓာသည် ရှိ၏။ပ။

၃၄-ယောဂနိယဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

ယောဂ၏ (လောဘ, ဒိဋ္ဌိ, မောဟတို့၏) အာရုံဖြစ်သော သင်္ခါရက္ခန္ဓာသည် ရှိ၏၊ ယောဂ၏ အာရုံ မဟုတ်သော သင်္ခါရက္ခန္ဓာသည် ရှိ၏။ပ။

--

၃၅-ယောဂသမ္ပယုတ္တဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

ယောဂနှင့် (လောဘ, ဒိဋ္ဌိ, မောဟတို့နှင့်) ယှဉ်သော သင်္ခါရက္ခန္ဓာသည် ရှိ၏၊ ယောဂနှင့် မယှဉ်သော သင်္ခါရက္ခန္ဓာသည် ရှိ၏။ပ။

၃၆-ယောဂ ယောဂနိယဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

ယောဂလည်းမည်၍ ယောဂ၏ အာရုံလည်းဖြစ်သော သင်္ခါရက္ခန္ဓာသည် ရှိ၏၊ ယောဂ၏ အာရုံ သာဖြစ်၍ ယောဂမမည်သော သင်္ခါရက္ခန္ဓာသည် ရှိ၏။ပ။

၃၇-ယောဂ ယောဂသမ္ပယုတ္တဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

ယောဂလည်း မည်၍ ယောဂနှင့်လည်း ယှဉ်သော သင်္ခါရက္ခန္ဓာသည် ရှိ၏ (လောဘမူစိတ်၌ရှိသော လောဘ, ဒိဋ္ဌိ, မောဟ)၊ ယောဂနှင့်သာ ယှဉ်၍ ယောဂမမည်သော သင်္ခါရက္ခန္ဓာသည် ရှိ၏။ပ။

၃၈-ယောဂ ဝိပ္ပယုတ္တ္ထယောဂနိယဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

ယောဂနှင့် (လောဘ, ဒိဋ္ဌိ, မောဟတို့နှင့်) မယှဉ်မူ၍ ယောဂ၏ အာရုံသာဖြစ်သော သင်္ခါရက္ခန္ဓာသည် ရှိ၏၊ ယောဂနှင့်လည်း မယှဉ်မူ၍ ယောဂ၏ အာရုံလည်း မဟုတ်သော သင်္ခါရက္ခန္ဓာသည် ရှိ၏။ပ။

၃၉-နီဝရဏဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

(ဈာန်မဂ်ဖိုလ်တရားတို့ကို) ပိတ်ပင်တားဆီးမှု ‘နီဝရဏ’မည်သော သင်္ခါရက္ခန္ဓာသည် ရှိ၏၊ နီဝရဏ မမည်သော သင်္ခါရက္ခန္ဓာသည် ရှိ၏။ပ။

၄၀-နီဝရဏိယဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

နီဝရဏ၏ အာရုံဖြစ်သော သင်္ခါရက္ခန္ဓာသည် ရှိ၏၊ နီဝရဏ၏ အာရုံမဟုတ်သော သင်္ခါရက္ခန္ဓာသည် ရှိ၏။ပ။

၄၁-နီဝရဏသမ္ပယုတ္တဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

နီဝရဏနှင့်ယှဉ်သော သင်္ခါရက္ခန္ဓာသည် ရှိ၏၊ နီဝရဏနှင့်မယှဉ်သော သင်္ခါရက္ခန္ဓာသည် ရှိ၏။ပ။

၄၂-နီဝရဏ နီဝရဏိယဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

နီဝရဏလည်းမည်၍ နီဝရဏ၏ အာရုံလည်းဖြစ်သော သင်္ခါရက္ခန္ဓာသည် ရှိ၏၊ နီဝရဏ၏ အာရုံသာ ဖြစ်၍ နီဝရဏမမည်သော သင်္ခါရက္ခန္ဓာသည် ရှိ၏။ပ။

--

၄၃-နီဝရဏ နီဝရဏသမ္ပယုတ္တယဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

နီဝရဏလည်းမည်၍ နီဝရဏနှင့်လည်းယှဉ်သော သင်္ခါရက္ခန္ဓာသည် ရှိ၏၊ နီဝရဏနှင့်သာယှဉ်၍ နီဝရဏ မမည်သော သင်္ခါရက္ခန္ဓာသည် ရှိ၏။ပ။

၄၄-နီဝရဏ ဝိပ္ပယုတ္တ္ထ နီဝရဏိယဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

နီဝရဏနှင့်မယှဉ်မူ၍ နီဝရဏ၏ အာရုံသာဖြစ်သော သင်္ခါရက္ခန္ဓာသည် ရှိ၏၊ နီဝရဏနှင့်လည်း မယှဉ်မူ၍ နီဝရဏ၏ အာရုံလည်း မဟုတ်သော သင်္ခါရက္ခန္ဓာသည် ရှိ၏။ပ။

၄၅-ပရာမာသဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

မှားသောအားဖြင့် သုံးသပ်မှု ‘ပရာမာသ’ (ဒိဋ္ဌိ) မည်သော သင်္ခါရက္ခန္ဓာသည် ရှိ၏၊ ပရာမာသ မမည်သော သင်္ခါရက္ခန္ဓာသည် ရှိ၏။ပ။

၄၆-ပရာမဋ္ဌဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

ပရာမာသ၏ (ဒိဋ္ဌိ၏) အာရုံဖြစ်သော သင်္ခါရက္ခန္ဓာသည် ရှိ၏ (လောကီစိတ်တို့နှင့်ယှဉ်သော သင်္ခါရက္ခန္ဓာ)၊ ပရာမာသ၏ အာရုံမဟုတ်သော သင်္ခါရက္ခန္ဓာသည် ရှိ၏ (လောကုတ္တရာစိတ်၌ရှိသော သင်္ခါရက္ခန္ဓာ)။ပ။

၄၇-ပရာမာသသမ္ပယုတ္တဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

ပရာမာသနှင့် (ဒိဋ္ဌိနှင့်) ယှဉ်သော သင်္ခါရက္ခန္ဓာသည် ရှိ၏၊ ပရာမာသနှင့် မယှဉ်သော သင်္ခါရက္ခန္ဓာ သည် ရှိ၏။ပ။

၄၈-ပရာမာသ ပရာမဋ္ဌဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

ပရာမာသလည်းမည်၍ ပရာမာသ၏ အာရုံလည်းဖြစ်သော သင်္ခါရက္ခန္ဓာသည် ရှိ၏၊ ပရာမာသ၏ အာရုံသာ ဖြစ်၍ ပရာမာသ မမည်သော သင်္ခါရက္ခန္ဓာသည် ရှိ၏။ပ။

၄၉-ပရာမာသဝိပ္ပယုတ္တ္ထပရာမဋ္ဌဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

ပရာမာသနှင့် (ဒိဋ္ဌိနှင့်) မယှဉ်မူ၍ ပရာမာသ၏ အာရုံသာဖြစ်သော သင်္ခါရက္ခန္ဓာသည် ရှိ၏၊ ပရာမာသနှင့်လည်း မယှဉ်မူ၍ ပရာမာသ၏ အာရုံလည်း မဟုတ်သော သင်္ခါရက္ခန္ဓာသည် ရှိ၏။ပ။

--

၅၀-ဥပါဒိဏ္ဏဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

တဏှာဒိဋ္ဌိတို့သည် ကပ်အပ်သောကံသည် အကျိုး၏အဖြစ်ဖြင့် ယူအပ်သော (တဏှာဒိဋ္ဌိတို့၏ အာရုံ ဖြစ်သည့် ကံကြောင့်ဖြစ်သော) သင်္ခါရက္ခန္ဓာသည် ရှိ၏ (လောကီဝိပါက်စိတ်တို့နှင့်ယှဉ်သော သင်္ခါရက္ခန္ဓာ)၊ တဏှာဒိဋ္ဌိတို့သည် ကပ်အပ်သော ကံသည် အကျိုး၏အဖြစ်ဖြင့် မယူအပ်သော (တဏှာဒိဋ္ဌိတို့၏ အာရုံ ဖြစ်သည့် ကံ၏ အကျိုးဝိပါက် မဟုတ်သော) သင်္ခါရက္ခန္ဓာသည် ရှိ၏ (ကြွင်းသော စိတ်တို့နှင့်ယှဉ်သော သင်္ခါရက္ခန္ဓာ)။ပ။

၅၁-ဥပါဒါနဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

ပြင်းစွာစွဲလမ်းတတ်သော ‘ဥပါဒါန်’ (တဏှာ, ဒိဋ္ဌိ) မည်သော သင်္ခါရက္ခန္ဓာသည် ရှိ၏၊ ဥပါဒါန် မမည်သော သင်္ခါရက္ခန္ဓာသည် ရှိ၏။ပ။

၅၂-ဥပါဒါနိယဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

ဥပါဒါန်၏ (တဏှာ, ဒိဋ္ဌိတို့၏) အာရုံဖြစ်သော သင်္ခါရက္ခန္ဓာသည် ရှိ၏၊ ဥပါဒါန်၏ အာရုံ မဟုတ်သော သင်္ခါရက္ခန္ဓာသည် ရှိ၏။ပ။

၅၃-ဥပါဒါနသမ္ပယုတ္တဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

ဥပါဒါန်နှင့် (တဏှာ, ဒိဋ္ဌိတို့နှင့်) ယှဉ်သော သင်္ခါရက္ခန္ဓာသည် ရှိ၏၊ ဥပါဒါန်နှင့် မယှဉ်သော သင်္ခါရက္ခန္ဓာသည် ရှိ၏။ ပ၊

၅၄-ဥပါဒါန ဥပါဒါနိယဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

ဥပါဒါန်လည်း မည်၍ ဥပါဒါန်၏ အာရုံလည်းဖြစ်သော သင်္ခါရက္ခန္ဓာသည် ရှိ၏၊ ဥပါဒါန်၏ အာရုံသာ ဖြစ်၍ ဥပါဒါန် မမည်သော သင်္ခါရက္ခန္ဓာသည် ရှိ၏။ပ။

၅၅-ဥပါဒါန ဥပါဒါနသမ္ပယုတ္တဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

ဥပါဒါန်လည်း မည်၍ ဥပါဒါန်နှင့်လည်း ယှဉ်သော သင်္ခါရက္ခန္ဓာသည် ရှိ၏၊ ဥပါဒါန်နှင့်သာ ယှဉ်၍ ဥပါဒါန် မမည်သော သင်္ခါရက္ခန္ဓာသည် ရှိ၏။ပ။

၅၆-ဥပါဒါနဝိပ္ပယုတ္တဥပါဒါနိယ ဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

ဥပါဒါန်နှင့် (တဏှာ, ဒိဋ္ဌိတို့နှင့်) မယှဉ်မူ၍ ဥပါဒါန်၏ အာရုံသာဖြစ်သော သင်္ခါရက္ခန္ဓာသည် ရှိ၏၊ ဥပါဒါန်နှင့်လည်း မယှဉ်မူ၍ ဥပါဒါန်၏ အာရုံလည်းမဟုတ်သော သင်္ခါရက္ခန္ဓာသည် ရှိ၏။ပ။

--

၅၇-ကိလေသဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

ပူပန်စေတတ် နှိပ်စက်တတ် ညစ်နွမ်းစေတတ်သော ‘ကိလေသာ’မည်သော သင်္ခါရက္ခန္ဓာသည် ရှိ၏။ ကိလေသာ မမည်သော သင်္ခါရက္ခန္ဓာသည် ရှိ၏။ပ။

၅၈-သံကိလေသိကဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

ပူပန်စေတတ် နှိပ်စက်တတ် ညစ်နွမ်းစေတတ်သော ‘ကိလေသာ'၏ အာရုံဖြစ်သော သင်္ခါရက္ခန္ဓာသည် ရှိ၏။ ကိလေသာ၏ အာရုံမဟုတ်သော သင်္ခါရက္ခန္ဓာသည် ရှိ၏။ပ။

၅၉-သံကိလိဋ္ဌဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

ကိလေသာတို့သည် ပူပန်စေအပ်သော (ကိလေသာတို့နှင့် ယှဉ်သော) သင်္ခါရက္ခန္ဓာသည် ရှိ၏ အကုသိုလ်စိတ်တို့နှင့်ယှဉ်သော သင်္ခါရက္ခန္ဓာ)၊ ကိလေသာတို့သည် မပူပန်စေအပ်သော (ကိလေသာတို့နှင့် မယှဉ်သော) သင်္ခါရက္ခန္ဓာသည် ရှိ၏ (ကြွင်းသောစိတ်တို့နှင့်ယှဉ်သော သင်္ခါရက္ခန္ဓာ)။ပ။

၆၀-ကိလေသ သမ္ပယုတ္တဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

ကိလေသာနှင့်ယှဉ်သော သင်္ခါရက္ခန္ဓာသည် ရှိ၏၊ ကိလေသာနှင့်မယှဉ်သော သင်္ခါရက္ခန္ဓာသည် ရှိ၏။ပ။

၆၁-ကိလေသ သံကိလေသိကဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

ကိလေသာလည်း မည်၍ ကိလေသာ၏ အာရုံလည်းဖြစ်သော သင်္ခါရက္ခန္ဓာသည် ရှိ၏၊ ကိလေသာ၏ အာရုံသာဖြစ်၍ ကိလေသာမမည်သော သင်္ခါရက္ခန္ဓာသည် ရှိ၏။ပ။

၆၂-ကိလေသ သံကိလိဋ္ဌဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

ကိလေသာလည်းမည်၍ ကိလေသာတို့သည် ပူပန်လည်း ပူပန်စေအပ်သော (ကိလေသာတို့နှင့် ယှဉ်သော) သင်္ခါရက္ခန္ဓာသည် ရှိ၏ (ကိလေသာဆယ်ပါး)၊ ကိလေသာတို့သည် ပူပန်စေအပ်သည်သာ့ဖြစ်၍ (ကိလေသာတို့နှင့်သာ ယှဉ်၍) ကိလေသာ မမည်သော သင်္ခါရက္ခန္ဓာသည် ရှိ၏ (ကိလေသာ ဆယ်ပါးမှတစ်ပါး အကုသိုလ်စိတ်တို့နှင့်ယှဉ်သော ကြွင်းသည့် သင်္ခါရက္ခန္ဓာ)။ပ။

၆၃-ကိလေသ ကိလေသသမ္ပယုတ္တဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

ကိလေသာလည်းမည်၍ ကိလေသာနှင့်လည်းယှဉ်သော သင်္ခါရက္ခန္ဓာသည် ရှိ၏၊ ကိလေသာနှင့်သာ ယှဉ်၍ ကိလေသာမမည်သော သင်္ခါရက္ခန္ဓာသည် ရှိ၏။ပ။

--

၆၄-ကိလေသဝိပ္ပယုတ္တသံကိလေသိကဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

ကိလေသာနှင့် မယှဉ်မူ၍ ကိလေသာ၏ အာရုံသာဖြစ်သော သင်္ခါရက္ခန္ဓာသည် ရှိ၏၊ ကိလေသာနှင့် လည်း မယှဉ်မူ၍ ကိလေသာ၏ အာရုံလည်း မဟုတ်သော သင်္ခါရက္ခန္ဓာသည် ရှိ၏။ပ။

၆၅-ဒဿနေန ပဟာတဗ္ဗ ဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

(နိဗ္ဗာန်ကို ရှေးဦးစွာ မြင်သဖြင့် ‘ဒဿန’မည်သော) သောတာပတ္တိမဂ်သည် ပယ်အပ်သော သင်္ခါရက္ခန္ဓာသည် ရှိ၏ (ဒိဋ္ဌိဂတသမ္ပယုတ်စိတ်နှင့် ဝိစိကိစ္ဆာစိတ်တို့၌ရှိသော သင်္ခါရက္ခန္ဓာ)၊ သောတာ ပတ္တိမဂ်သည် မပယ်အပ်သော သင်္ခါရက္ခန္ဓာသည် ရှိ၏။ပ။

၆၆-ဘာဝနာယ ပဟာတဗ္ဗဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

သောတာပတ္တိမဂ် မြင်ပြီးဖြစ်သော နိဗ္ဗာန်ကို တစ်ဖန်ထပ်၍ မြင်သဖြင့် ‘ဘာဝနာ’မည်သော အထက်မဂ်သုံးပါးတို့သည် ပယ်အပ်သော သင်္ခါရက္ခန္ဓာသည် ရှိ၏ (ဒိဋ္ဌိဂတသမ္ပယုတ်စိတ်နှင့် ဝိစိကိစ္ဆာ စိတ်တို့ ကြဉ်အပ်သည့် အကုသိုလ်စိတ်တို့၌ရှိသော သင်္ခါရက္ခန္ဓာ)၊ အထက်မဂ်သုံးပါးတို့သည် မပယ်အပ် သော သင်္ခါရက္ခန္ဓာသည် ရှိ၏။ပ။

၆၇-ဒဿနေန ပဟာတဗ္ဗဟေတုကဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

သောတာပတ္တိမဂ်သည် ပယ်အပ်သော ဟိတ်ရှိသော (ဟိတ်နှင့်ယှဉ်သော) သင်္ခါရက္ခန္ဓာသည် ရှိ၏ (ဒိဋ္ဌိဂတသမ္ပယုတ်စိတ်လေးခု၌ရှိသော သင်္ခါရက္ခန္ဓာနှင့် ဝိစိကိစ္ဆာစိတ်၌ရှိသည့် မောဟကြဉ်သော သင်္ခါရ က္ခန္ဓာ)၊ သောတာပတ္တိမဂ်သည် ပယ်အပ်သော ဟိတ်မရှိသော (ဟိတ်နှင့်မယှဉ်သော) သင်္ခါရက္ခန္ဓာ သည် ရှိ၏ (ကြွင်းသော စိတ်တို့၌ရှိသော သင်္ခါရက္ခန္ဓာနှင့် ဝိစိကိစ္ဆာသဟဂုတ်စိတ်၌ရှိသော မောဟ)။ပ။

၆၈-ဘာဝနာယ ပဟာတဗ္ဗဟေတုကဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

အထက်မဂ်သုံးပါးတို့သည် ပယ်အပ်သော ဟိတ်ရှိသော (ဟိတ်နှင့်ယှဉ်သော) သင်္ခါရက္ခန္ဓာသည် ရှိ၏ (ဒိဋ္ဌိဂတဝိပ္ပယုတ်စိတ် ၄-ပါးနှင့် ဒေါသမူဒွေးတို့၌ရှိသော သင်္ခါရက္ခန္ဓာနှင့် ဥဒ္ဓစ္စသဟဂုတ်စိတ်၌ရှိသော မောဟ ကြဉ်သည့် သင်္ခါရက္ခန္ဓာ)၊ အထက်မဂ်သုံးပါးတို့သည် ပယ်အပ်သော ဟိတ်မရှိသော သင်္ခါရက္ခန္ဓာသည် ရှိ၏ (ဓမ္မသင်္ဂဏီပုဒ်ရေ ၁၅၈၈)။ပ။

၆၉-သဝိတက္က ဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

ဝိတက်ရှိသော (ဝိတက်နှင့်ယှဉ်သော) သင်္ခါရက္ခန္ဓာသည် ရှိ၏ (သဝိတက္ကစိတ် ၅၅-ပါး၌ရှိသော သင်္ခါရက္ခန္ဓာ)၊ ဝိတက်မရှိသော သင်္ခါရက္ခန္ဓာသည် ရှိ၏။ပ။

--

၇၀-သဝိစာရ ဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

ဝိစာရရှိသော (ဝိစာရနှင့်ယှဉ်သော) သင်္ခါရက္ခန္ဓာသည် ရှိ၏ (သဝိစာရစိတ် ၆၆-ပါး၌ရှိသော သင်္ခါရက္ခန္ဓာ)၊ ဝိစာရမရှိသော သင်္ခါရက္ခန္ဓာသည် ရှိ၏။ပ။

၇၁-သပ္ပီတိကဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

ပီတိရှိသော (ပီတိနှင့်ယှဉ်သော) သင်္ခါရက္ခန္ဓာသည် ရှိ၏ (သပ္ပီတိကစိတ် ၅၁-ပါး၌ရှိသော သင်္ခါရက္ခန္ဓာ)၊ ပီတိမရှိသော သင်္ခါရက္ခန္ဓာသည် ရှိ၏။ပ။

၇၂-ပီတိသဟဂတဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

ပီတိနှင့် တကွဖြစ်သော (ပီတိနှင့်ယှဉ်သော) သင်္ခါရက္ခန္ဓာသည် ရှိ၏ (သပ္ပီတိကစိတ် ၅၁-ပါး၌ ရှိသော သင်္ခါရက္ခန္ဓာ)၊ ပီတိနှင့် တကွမဖြစ်သော သင်္ခါရက္ခန္ဓာသည် ရှိ၏။ပ။

၇၃-သုခသဟဂတဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

သုခဝေဒနာနှင့် တကွဖြစ်သော (သုခဝေဒနာနှင့်ယှဉ်သော) သင်္ခါရက္ခန္ဓာသည် ရှိ၏ (သုခသဟဂုတ် စိတ် ၆၃-ပါး၌ရှိသော သင်္ခါရက္ခန္ဓာ)၊ သုခဝေဒနာနှင့် တကွမဖြစ်သော သင်္ခါရက္ခန္ဓာသည် ရှိ၏။ပ။

၇၄-ဥပေက္ခာသဟဂတ ဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

ဥပေက္ခာဝေဒနာနှင့် တကွဖြစ်သော (ဥပေက္ခာဝေဒနာနှင့် ယှဉ်သော) သင်္ခါရက္ခန္ဓာသည် ရှိ၏ (ဥပေက္ခာ သဟဂုတ်စိတ် ၅၅-ပါး၌ရှိသော သင်္ခါရက္ခန္ဓာ)၊ ဥပေက္ခာဝေဒနာနှင့် တကွမဖြစ်သော သင်္ခါရက္ခန္ဓာသည် ရှိ၏။ပ။

၇၅-ကာမာဝစရဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

ကာမဘုံ၌ သက်ဝင်၍ ဖြစ်သော (ကာမတဏှာ၏ ကျင်လည်ကျက်စားရာဖြစ်သော) ‘ကာမာဝစရ'သင်္ခါရက္ခန္ဓာသည် ရှိ၏၊ ကာမဘုံ၌ သက်ဝင်၍ မဖြစ်သော သင်္ခါရက္ခန္ဓာသည် ရှိ၏။ပ။

၇၆-ရူပါဝစရဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

ရူပဘုံ၌ သက်ဝင်၍ ဖြစ်သော (ရူပတဏှာ၏ ကျင်လည်ကျက်စားရာဖြစ်သော) ‘ရူပါဝစရ'သင်္ခါရက္ခန္ဓာသည် ရှိ၏၊ ရူပဘုံ၌ သက်ဝင်၍ မဖြစ်သော သင်္ခါရက္ခန္ဓာသည် ရှိ၏။ပ။

--

၇၇-အရူပါဝစရဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

အရူပဘုံ၌ သက်ဝင်၍ ဖြစ်သော (အရူပတဏှာ၏ ကျင်လည်ကျက်စားရာဖြစ်သော) ‘အရူပါဝစရ'သင်္ခါရက္ခန္ဓာသည် ရှိ၏၊ အရူပဘုံ၌ သက်ဝင်၍ မဖြစ်သော သင်္ခါရက္ခန္ဓာသည် ရှိ၏။ပ။

၇၈-ပရိယာပန္န ဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

(ကာမ, ရူပ, အရူပ) ဘုံသုံးပါး၌ အကျုံးဝင်သော ‘ပရိယာပန္န'သင်္ခါရက္ခန္ဓာသည် ရှိ၏ (လောကီ စိတ်တို့နှင့် ယှဉ်သော သင်္ခါရက္ခန္ဓာ)၊ ဘုံသုံးပါး၌ အကျုံးမဝင်သော ‘အပရိယာပန္န’ (လောကုတ္တရာ) သင်္ခါရက္ခန္ဓာသည် ရှိ၏ (လောကုတ္တရာစိတ်တို့နှင့်ယှဉ်သော သင်္ခါရက္ခန္ဓာ)။ပ။

၇၉-နိယျာနိကဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

ဝဋ်ဆင်းရဲမှ ထွက်မြောက်ကြောင်းဖြစ်သော ပြုပြင်စီရင်မှုအစု ‘နိယျာနိက'သင်္ခါရက္ခန္ဓာသည် ရှိ၏ (မဂ်စိတ် ၄-ပါး၌ရှိသော သင်္ခါရက္ခန္ဓာ)၊ ဝဋ်ဆင်းရဲမှ ထွက်မြောက်ကြောင်းမဟုတ်သော ပြုပြင်စီရင်မှုအစု ‘အနိယျာနိက'သင်္ခါရက္ခန္ဓာသည် ရှိ၏ (ကြွင်းသော စိတ်တို့၌ရှိသော သင်္ခါရက္ခန္ဓာ)။ပ။

၈၀-နိယတဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

အကျိုးပေးမြဲသော သင်္ခါရက္ခန္ဓာသည် ရှိ၏ (နိယတမိစ္ဆာဒိဋ္ဌိကံ၏ အစွမ်းဖြင့်ဖြစ်သော ဒိဋ္ဌိဂတ သမ္ပယုတ် စိတ် ၄-ခု၏ သတ္တမဇောနှင့် ပဉ္စာနန္တရိယကံငါးပါးကို ကျူးလွန်သည့် ဒေါသမူစိတ်တို့၏ သတ္တမဇော, မဂ်စိတ် ၄-ပါးတို့၌ရှိသော သင်္ခါရက္ခန္ဓာ)၊ အကျိုးပေး မမြဲသော သင်္ခါရက္ခန္ဓာသည် ရှိ၏ (ကြွင်းသော စိတ်တို့၌ရှိသော သင်္ခါရက္ခန္ဓာ)။ပ။

၈၁-သဥတ္တရဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

မိမိထက် လွန်မြတ်သော တရားရှိသော ပြုပြင်စီရင်မှုအစု ‘သဥတ္တရ'သင်္ခါရက္ခန္ဓာသည် ရှိ၏ (လောကီစိတ်တို့၌ရှိသော သင်္ခါရက္ခန္ဓာ)၊ မိမိထက်လွန်မြတ်သော တရားမရှိသော ပြုပြင်စီရင်မှုအစု ‘အနုတ္တရ'သင်္ခါရက္ခန္ဓာသည် ရှိ၏ (လောကုတ္တရာစိတ်တို့၌ရှိသော သင်္ခါရက္ခန္ဓာ)။ပ။

--

၈၂-သရဏဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

(၁) သရဏဒုကမူ-ကုသလတိကမူလီ ၁၀-နည်း

ဒုကနည်း, တိကနည်း, ။ပ။ ဒသကနည်း

ဒုကနည်း

ငိုကြွေးကြောင်း (ရာဂအစရှိသော ကိလေသာ) ရှိသော ‘သရဏ'သင်္ခါရက္ခန္ဓာသည် ရှိ၏ (အကုသိုလ်စိတ်တို့၌ရှိသော သင်္ခါရက္ခန္ဓာ)၊ ငိုကြွေးကြောင်း (ရာဂအစရှိသော ကိလေသာ) မရှိသော ‘အရဏ'သင်္ခါရက္ခန္ဓာသည် ရှိ၏ (ကြွင်းသောစိတ်တို့၌ရှိသော သင်္ခါရက္ခန္ဓာ)။

တိကနည်း

သုံးပါးပြားသော နည်းအားဖြင့် သင်္ခါရက္ခန္ဓာသည် ဖြစ်၏။ ။ ကုသိုလ်သင်္ခါရက္ခန္ဓာသည် ရှိ၏၊ အကုသိုလ်သင်္ခါရက္ခန္ဓာသည် ရှိ၏၊ အဗျာကတသင်္ခါရက္ခန္ဓာသည် ရှိ၏။ပ။ ဤသို့ ဆယ်ပါးပြားသော နည်းအားဖြင့် သင်္ခါရက္ခန္ဓာသည် ဖြစ်၏။

(၂) သရဏဒုကမူ-ဝေဒနာတိကမူလီ ၁၀-နည်း

ဧကကနည်း၊ ဒုကနည်း၊ တိကနည်း။ ဖ။ ဒသကနည်း

ဧကကနည်း

၉၅။ တစ်ပါးပြားသောနည်းအားဖြင့် သင်္ခါရက္ခန္ဓာသည် ဖြစ်၏။ စိတ်နှင့်ယှဉ်သော သင်္ခါရက္ခန္ဓာတည်း။

ဒုကနည်း

နှစ်ပါးပြားသော နည်းအားဖြင့် သင်္ခါရက္ခန္ဓာသည် ဖြစ်၏။ ။ ငိုကြွေးကြောင်း (ရာဂအစ ရှိသော ကိလေသာ) ရှိသော သင်္ခါရက္ခန္ဓာသည် ရှိ၏၊ ငိုကြွေးကြောင်း (ရာဂအစရှိသော ကိလေသာ) မရှိသော သင်္ခါရက္ခန္ဓာသည် ရှိ၏။

တိကနည်း

သုံးပါးပြားသော နည်းအားဖြင့် သင်္ခါရက္ခန္ဓာသည် ဖြစ်၏။ ။ သုခဝေဒနာနှင့်ယှဉ်သော သင်္ခါရက္ခန္ဓာသည် ရှိ၏။ပ။၁

၁။ အမှတ် (၃) သရဏဒုကမူ-ဝိပါကတိကမူလီမှ အမှတ် (၂၀) သရဏဒုကမူ-အဇ္ဈတ္တတိကမူလီ အထိ ပေယျာလ လုံးဝချန်ခဲ့သည်။

--

(၂၁) သရဏဒုကမူ-အဇ္ဈတ္တာရမ္မဏတိကမူလီ ၁၀-နည်း

အတွင်း ‘အဇ္ဈတ္တ'သန္တာန်၌ ဖြစ်သော တရားကို အာရုံပြုသော သင်္ခါရက္ခန္ဓာသည် ရှိ၏၊ အပ ‘ဗဟိဒ္ဓ'သန္တာန်၌ဖြစ်သော တရားကို အာရုံပြုသော သင်္ခါရက္ခန္ဓာသည် ရှိ၏၊ အတွင်းအပ ‘အဇ္ဈတ္တဗဟိဒ္ဓ'သန္တာန်၌ ဖြစ်သော တရားကို အာရုံပြုသော သင်္ခါရက္ခန္ဓာသည် ရှိ၏။ပ။ ဤသို့ ဆယ်ပါးပြားသော နည်းအားဖြင့် သင်္ခါရက္ခန္ဓာသည် ဖြစ်၏။

(ဒုက် ၈၂-ခုကို မူတည်ပြီးလျှင် တိက် ၂၁-ခုကို မူလီသွင်း၍ ဟောသော ဒုကမူလကနည်း (၈၂*၂၁) = ၁၇၂၂-နည်း ပြီး၏။ အသေးစိတ် ရေတွက်သော် ဤနည်း၌ သင်္ခါရက္ခန္ဓာပေါင်း (၈၂*၂၁*၅၅) = ၉၄၇၁၀-ပါး ဖြစ်၏)။

ဒုက်ကို မူတည်၍ ဟောသော ‘ဒုကမူလက'နည်း ပြီး၏။

--

တိကမူလကနည်း

(တိက် ၂၁-ခုကို မူတည်ပြီးလျှင် ဒုက် ၈၂-ခုကို မူလီသွင်း၍ ဟောသော တိကမူလကနည်း ၂၁*၈၂) = ၁၇၂၂-နည်း)

(အရကောက်အားဖြင့် သင်္ခါရက္ခန္ဓာအပြည့်အစုံရသော တိက်နှင့်ဒုက်များကိုသာ ဤနည်း၌ ဟောထားသည်။ (စာမျက်နှာ ၁၄၆-၌ အောက်ခြေမှတ်ချက်ကြည့်ပါ)။)

၁-ကုသလတိကမူ-ဒုက် ၈၂-ခု မူလီ

(ကုသလတိက်ကို မူတည်ပြီးလျှင် ဒုက် ၈၂-ခုကို မူလီသွင်း၍ ဟောသော ၈၂-နည်း)

(၁) ကုသလတိကမူ-ဟေတုဒုကမူလီ ၁၀-နည်း

ဧကကနည်း, ဒုကနည်း, တိကနည်း။ပ။ ဒသကနည်း

ဧကကနည်း

၉၆။ တစ်ပါးပြားသောနည်းအားဖြင့် သင်္ခါရက္ခန္ဓာသည် ဖြစ်၏။ ။ စိတ်နှင့်ယှဉ်သော သင်္ခါရက္ခန္ဓာတည်း။

ဒုကနည်း

နှစ်ပါးပြားသော နည်းအားဖြင့် သင်္ခါရက္ခန္ဓာသည် ဖြစ်၏။ ။ ဟိတ်မည်သော သင်္ခါရက္ခန္ဓာ သည်ရှိ၏ (လောဘ, ဒေါသ, မောဟ, အလောဘ, အဒေါသ, အမောဟ)၊ ဟိတ်မမည်သော သင်္ခါရက္ခန္ဓာသည် ရှိ၏။

တိကနည်း

သုံးပါးပြားသော နည်းအားဖြင့် သင်္ခါရက္ခန္ဓာသည် ဖြစ်၏။ ။ ကုသိုလ် သင်္ခါရက္ခန္ဓာသည် ရှိ၏၊ အကုသိုလ် သင်္ခါရက္ခန္ဓာသည် ရှိ၏၊ အဗျာကတသင်္ခါရက္ခန္ဓာသည် ရှိ၏။ပ။ ဤသို့ ဆယ်ပါးပြားသော နည်းအားဖြင့် သင်္ခါရက္ခန္ဓာသည် ဖြစ်၏။ပ။၁

၁။ အမှတ် (၂) ကုသလတိကမူ- သဟောတုကဒုကမူလီ ၁၀-နည်းမှ အမှတ် (၈၁) ကုသလတိကမူ- သဥတ္တရ ဒုကမူလီ ၁၀-နည်းအထိ (ကုသလတိကမူ ၈၀-နည်းကို) ပေယျာလ လုံးဝချန်ခဲ့သည်။

--

(၈၂) ကုသလတိကမူ-သရဏ ဒုကမူလီ ၁၀-နည်း

ဧကကနည်း, ဒုကနည်း, တိကနည်း။ပ။ ဒသကနည်း

ဧကကနည်း

၉၇။ တစ်ပါးပြားသော နည်းအားဖြင့် သင်္ခါရက္ခန္ဓာသည်ဖြစ်၏။ ။ စိတ်နှင့်ယှဉ်သော သင်္ခါရက္ခန္ဓာတည်း။

ဒုကနည်း

နှစ်ပါးပြားသော နည်းအားဖြင့် သင်္ခါရက္ခန္ဓာသည်ဖြစ်၏။ ။ ငိုကြွေးကြောင်း (ရာဂအစ ရှိသော ကိလေသာ) ရှိသော ‘သရဏ'သင်္ခါရက္ခန္ဓာသည်ရှိ၏၊ (အကုသိုလ်စိတ်တို့၌ ရှိသော သင်္ခါရက္ခန္ဓာ)၊ ငိုကြွေးကြောင်း (ရာဂအစရှိသော ကိလေသာ) မရှိသော ‘အရဏ'သင်္ခါရက္ခန္ဓာသည် ရှိ၏ (ကြွင်းသော စိတ်တို့၌ ရှိသော သင်္ခါရက္ခန္ဓာ)။

တိကနည်း

သုံးပါးပြားသော နည်းအားဖြင့် သင်္ခါရက္ခန္ဓာသည်ဖြစ်၏။ ။ ကုသိုလ်သင်္ခါရက္ခန္ဓာသည် ရှိ၏၊ အကုသိုလ်သင်္ခါရက္ခန္ဓာသည်ရှိ၏၊ အဗျာကတ သင်္ခါရက္ခန္ဓာသည်ရှိ၏။ပ။ ဤသို့ ဆယ်ပါးပြားသော နည်းအားဖြင့် သင်္ခါရက္ခန္ဓာသည်ဖြစ်၏။ပ။၁

၁။ အမှတ်၂-ဝေဒနာတိကမူ-ဒုက်၈၂-ခု မူလီမှ အမှတ်၂၀-အဇ္ဈတ္တတိကမူ-ဒုက်၈၂-ခု မူလီ အထိ (ပေါင်း ၁၉-တိက်မူတို့ကို) ပေယျာလ လုံးဝချန်ခဲ့သည်။

၂၁-အဇ္ဈတ္တာရမ္မဏတိကမူ-ဒုက် ၈၂-ခုမူလီ ၈၂-နည်း

(၁) အဇ္ဈတ္တာရမ္မဏတိကမူ-ဟေတုဒုကမူလီ ၁၀-နည်း

ဧကကနည်း, ဒုကနည်း, တိကနည်း။ပ။ ဒသကနည်း

ဧကကနည်း

၉၈။ တစ်ပါးပြားသော နည်းအားဖြင့် သင်္ခါရက္ခန္ဓာသည် ဖြစ်၏။ ။ စိတ်နှင့်ယှဉ်သော သင်္ခါရက္ခန္ဓာတည်း။

ဒုကနည်း

နှစ်ပါးပြားသော နည်းအားဖြင့် သင်္ခါရက္ခန္ဓာသည် ဖြစ်၏။ ။ ဟိတ်မည်သော သင်္ခါရက္ခန္ဓာသည် ရှိ၏၊ ဟိတ်မမည်သော သင်္ခါရက္ခန္ဓာသည် ရှိ၏။

တိကနည်း

သုံးပါးပြားသော နည်းအားဖြင့် သင်္ခါရက္ခန္ဓာသည် ဖြစ်၏။ ။ အတွင်း ‘အဇ္ဈတ္တ'သန္တာန်၌ ဖြစ်သော တရားကို အာရုံပြုသော သင်္ခါရက္ခန္ဓာသည် ရှိ၏၊ အပ ‘ဗဟိဒ္ဓ'သန္တာန်၌ဖြစ်သော တရားကို အာရုံပြုသော သင်္ခါရက္ခန္ဓာသည် ရှိ၏၊ အတွင်းအပ ‘အဇ္ဈတ္တဗဟိဒ္ဓ'သန္တာန်၌ဖြစ်သော တရားကို အာရုံပြုသော သင်္ခါရက္ခန္ဓာသည် ရှိ၏။ပ။ ဤသို့ ဆယ်ပါးပြားသော နည်းအားဖြင့် သင်္ခါရက္ခန္ဓာသည် ဖြစ်၏။ပ။၁

၁။ အမှတ် (၂) အဇ္ဈတ္တာရမ္မဏတိကမူ- သဟေတုက ဒုကမူလီ ၁၀-နည်းမှ အမှတ် (၈၁) အဇ္ဈတ္တာရမ္မဏတိကမူ-သဥတ္တရဒုကမူလီ ၁၀-နည်း အထိ (အဇ္ဈတ္တာရမ္မဏတိကမူ ၈၀-နည်းကို) ပေယျာလ လုံးဝချန်ခဲ့သည်။

--

(၈၂) အဇ္ဈတ္တာရမ္မဏတိကမူ-သရဏဒုကမူလီ ၁၀-နည်း

ဧကကနည်း, ဒုကနည်း, တိကနည်း။ပ။ ဒသကနည်း

ဧကကနည်း

၉၉။ တစ်ပါးပြားသော နည်းအားဖြင့် သင်္ခါရက္ခန္ဓာသည် ဖြစ်၏။ ။ စိတ်နှင့်ယှဉ်သော သင်္ခါရက္ခန္ဓာတည်း။

ဒုကနည်း

နှစ်ပါးပြားသော နည်းအားဖြင့် သင်္ခါရက္ခန္ဓာသည် ဖြစ်၏။ ။ ငိုကြွေးကြောင်း (ရာဂအစ ရှိသော ကိလေသာ) ရှိသော ပြုပြင်စီရင်မှုအစု ‘သရဏ'သင်္ခါရက္ခန္ဓာသည် ရှိ၏၊ ငိုကြွေး ကြောင်း (ရာဂအစရှိသော ကိလေသာ) မရှိသော ပြုပြင်စီရင်မှုအစု ‘အရဏသင်္ခါရက္ခန္ဓာ'သည် ရှိ၏။

တိကနည်း

သုံးပါးပြားသော နည်းအားဖြင့် သင်္ခါရက္ခန္ဓာသည် ဖြစ်၏။ ။ အတွင်း ‘အဇ္ဈတ္တ'သန္တာန်၌ ဖြစ်သော တရားကို အာရုံပြုသော သင်္ခါရက္ခန္ဓာသည် ရှိ၏၊ အပ ‘ဗဟိဒ္ဓ'သန္တာန်၌ ဖြစ်သော တရားကို အာရုံပြုသော သင်္ခါရက္ခန္ဓာသည် ရှိ၏၊ အတွင်းအပ ‘အဇ္ဈတ္တဗဟိဒ္ဓ'သန္တာန်၌ဖြစ်သော တရားကို အာရုံပြုသော သင်္ခါရက္ခန္ဓာသည် ရှိ၏။ပ။ ဤသို့ ဆယ်ပါးပြားသော နည်းအားဖြင့် သင်္ခါရက္ခန္ဓာသည် ဖြစ်၏။

(တိက် ၂၁-ခုကို မူတည်ပြီးလျှင် ဒုက် ၈၂-ခုကို မူလီသွင်း၍ ဟောသော တိကမူလကနည်း (၈၂*၂၁) =၁၇၂၂-နည်းပြီး၏။ အသေးစိတ် ရေတွက်ပါမူ ဤနည်း၌ သင်္ခါရက္ခန္ဓာပေါင်း (၈၂* ၂၁*၅၅) =၉၄၇၁၀-ပါး ဖြစ်၏)။

တိက်ကို မူတည်၍ ဟောသော ‘တိကမူလက'နည်း ပြီး၏။

--

ဥဘတောဝဍ္ဎကနည်း

(တိက် ၂၁-ခုနှင့် ဒုက် ၂၁-ခုတို့ကို တစ်စုံစီထား၍ ပွါးသော ‘ဥဘတောဝဍ္ဎက'နည်း ၂၁-နည်း)

(ဥဘတောဝဍ္ဎကနည်း ၂၁-နည်း၌ တစ်နည်း တစ်နည်းစီအတွက် ထပ်၍ ၁၀-နည်းစီ ပွါးပြန် သည်။)

(၁) ဟေတုဒုက်နှင့် ကုသလတိက်တစ်စုံ ၁၀-နည်း၁

ဧကကနည်း, ဒုကနည်း, တိကနည်း။ပ။ ဒသကနည်း

ဧကကနည်း

၁၀၀။ တစ်ပါးပြားသော နည်းအားဖြင့် သင်္ခါရက္ခန္ဓာသည် ဖြစ်၏။ ။ စိတ်နှင့်ယှဉ်သော သင်္ခါရက္ခန္ဓာတည်း။

ဒုကနည်း

နှစ်ပါးပြားသောနည်းအားဖြင့် သင်္ခါရက္ခန္ဓာသည် ဖြစ်၏။ ။ ဟိတ်မည်သော သင်္ခါရက္ခန္ဓာသည် ရှိ၏၊ ဟိတ်မမည်သော သင်္ခါရက္ခန္ဓာသည် ရှိ၏။

တိကနည်း

သုံးပါးပြားသော နည်းအားဖြင့် သင်္ခါရက္ခန္ဓာသည် ဖြစ်၏။ ။ ကုသိုလ် သင်္ခါရက္ခန္ဓာသည် ရှိ၏၊ အကုသိုလ် သင်္ခါရက္ခန္ဓာသည် ရှိ၏၊ အဗျာကတ သင်္ခါရက္ခန္ဓာသည် ရှိ၏။ပ။ ဤသို့ ဆယ်ပါးပြားသော နည်းအားဖြင့် သင်္ခါရက္ခန္ဓာသည် ဖြစ်၏။

၁။ ဤထပ်ပွါး ၁၀-နည်း၌ အသေးစိတ် ရေတွက်သော် သင်္ခါရက္ခန္ဓာပေါင်း ၅၅-ပါး ဖြစ်၏။

--

(၂) သဟေတုကဒုက်နှင့် ဝေဒနာတိက်တစ်စုံ ၁၀-နည်း

ဧကကနည်း, ဒုကနည်း, တိကနည်း။ပ။ ဒသကနည်း

ဧကကနည်း

၁၀၁။ တစ်ပါးပြားသော နည်းအားဖြင့် သင်္ခါရက္ခန္ဓာသည် ဖြစ်၏။ ။ စိတ်နှင့်ယှဉ်သော သင်္ခါရက္ခန္ဓာတည်း။

ဒုကနည်း

နှစ်ပါးပြားသောနည်းအားဖြင့် သင်္ခါရက္ခန္ဓာသည် ဖြစ်၏။ ။ ဟိတ်ရှိသော သင်္ခါရက္ခန္ဓာသည် ရှိ၏၊ ဟိတ်မရှိသော သင်္ခါရက္ခန္ဓာသည် ရှိ၏။

တိကနည်း

သုံးပါးပြားသောနည်းအားဖြင့် သင်္ခါရက္ခန္ဓာသည် ဖြစ်၏။ ။ သုခဝေဒနာနှင့်ယှဉ်သော သင်္ခါရက္ခန္ဓာသည် ရှိ၏။ ဒုက္ခဝေဒနာနှင့် ယှဉ်သော သင်္ခါရက္ခန္ဓာသည် ရှိ၏။ အဒုက္ခ မသုခဝေဒနာနှင့် ယှဉ်သော သင်္ခါရက္ခန္ဓာသည် ရှိ၏။ပ။ ဤသို့ ဆယ်ပါးပြားသော နည်းအားဖြင့် သင်္ခါရက္ခန္ဓာသည် ဖြစ်၏။

--

(၃) ဟေတုသမ္ပယုတ္တဒုက်နှင့် ဝိပါကတိက်တစ်စုံ ၁၀-နည်း

ဧကကနည်း, ဒုကနည်း, တိကနည်း။ပ။ ဒသကနည်း

ဧကကနည်း

၁၀၂။ တစ်ပါးပြားသော နည်းအားဖြင့် သင်္ခါရက္ခန္ဓာသည်ဖြစ်၏။ ။ စိတ်နှင့်ယှဉ်သော သင်္ခါရက္ခန္ဓာတည်း။

ဒုကနည်း

နှစ်ပါးပြားသော နည်းအားဖြင့် သင်္ခါရက္ခန္ဓာသည် ဖြစ်၏။ ။ ဟိတ်နှင့် ယှဉ်သော သင်္ခါရက္ခန္ဓာသည် ရှိ၏၊ ဟိတ်နှင့် မယှဉ်သော သင်္ခါရက္ခန္ဓာသည် ရှိ၏။

တိကနည်း

သုံးပါးပြားသော နည်းအားဖြင့် သင်္ခါရက္ခန္ဓာသည် ဖြစ်၏။ ။ ကုသိုလ် အကုသိုလ်တို့၏ အကျိုးဝိပါက်ဖြစ်သော သင်္ခါရက္ခန္ဓာသည် ရှိ၏ (ဝိပါက်စိတ်တို့၌ရှိသော သင်္ခါရက္ခန္ဓာ)၊ အကျိုးဝိပါက်ကို ဖြစ်စေခြင်းသဘောရှိသော (အကျိုးဝိပါက်ကို ဖြစ်စေတတ်သော) သင်္ခါရက္ခန္ဓာသည် ရှိ၏၊ (ကုသိုလ်, အကုသိုလ်စိတ်တို့၌ ရှိသော သင်္ခါရက္ခန္ဓာ)၊ ကုသိုလ် အကုသိုလ်တို့၏ အကျိုးဝိပါက်လည်း မဟုတ်မူ၍ အကျိုးဝိပါက်ကို ဖြစ်စေခြင်း သဘောရှိသော (အကျိုးဝိပါက်ကို ဖြစ်စေတတ်သော) တရား လည်း မဟုတ်သော သင်္ခါရက္ခန္ဓာသည် ရှိ၏ (ကြိယာစိတ်တို့၌ရှိသော သင်္ခါရက္ခန္ဓာ)။ပ။ ဤသို့ ဆယ်ပါးပြားသော နည်းအားဖြင့် သင်္ခါရက္ခန္ဓာသည် ဖြစ်၏။

(၄) ဟေတု သဟေတုကဒုက်နှင့် ဥပါဒိဏ္ဏတိက်တစ်စုံ ၁၀-နည်း

ဧကကနည်း, ဒုကနည်း, တိကနည်း။ပ။ ဒသကနည်း

ဧကကနည်း

၁၀၃။ တစ်ပါးပြားသော နည်းအားဖြင့် သင်္ခါရက္ခန္ဓာသည် ဖြစ်၏။ ။ စိတ်နှင့်ယှဉ်သော သင်္ခါရက္ခန္ဓာတည်း။

ဒုကနည်း

နှစ်ပါးပြားသော နည်းအားဖြင့် သင်္ခါရက္ခန္ဓာသည် ဖြစ်၏။ ။ ဟိတ်လည်းမည်၍ ဟိတ်လည်း ရှိသော (ဟိတ်နှင့်လည်းယှဉ်သော) သင်္ခါရက္ခန္ဓာသည် ရှိ၏၊ ဟိတ်သာ ရှိ၍ ဟိတ်မမည်သော သင်္ခါရက္ခန္ဓာသည် ရှိ၏။

--

တိကနည်း

သုံးပါးပြားသော နည်းအားဖြင့် သင်္ခါရက္ခန္ဓာသည် ဖြစ်၏။ ။ တဏှာဒိဋ္ဌိတို့သည် ကပ်အပ်သော ကံသည် အကျိုး၏အဖြစ်ဖြင့် ယူအပ်၍ (တဏှာဒိဋ္ဌိတို့၏ အာရုံဖြစ်သော ကံကြောင့်လည်း ဖြစ်၍) ဥပါဒါန်၏ အာရုံလည်းဖြစ်သော သင်္ခါရက္ခန္ဓာသည် ရှိ၏ (လောကီဝိပါက်စိတ်တို့၌ ရှိသော သင်္ခါရက္ခန္ဓာ)၊ တဏှာဒိဋ္ဌိတို့သည် ကပ်အပ်သော ကံသည် အကျိုး၏အဖြစ်ဖြင့် မယူအပ်မူ၍ (တဏှာဒိဋ္ဌိတို့၏အာရုံဖြစ်သည့် ကံကြောင့် မဖြစ်မူ၍) ဥပါဒါန်၏ အာရုံသာဖြစ်သော သင်္ခါရက္ခန္ဓာသည် ရှိ၏ (လောကီကုသိုလ်, အကုသိုလ်, ကြိယာစိတ်တို့၌ ရှိသော သင်္ခါရက္ခန္ဓာ)၊ တဏှာဒိဋ္ဌိတို့သည် ကပ်အပ်သော ကံသည် အကျိုး၏အဖြစ်ဖြင့် မယူအပ်မူ၍ (တဏှာ ဒိဋ္ဌိတို့၏ အာရုံဖြစ်သည့် ကံကြောင့်လည်း မဖြစ်မူ၍) ဥပါဒါန်၏ အာရုံလည်း မဟုတ်သော သင်္ခါရက္ခန္ဓာသည် ရှိ၏ (လောကုတ္တရာစိတ်တို့၌ရှိသော သင်္ခါရက္ခန္ဓာ)။ပ။ ဤသို့ ဆယ်ပါးပြားသော နည်းအားဖြင့် သင်္ခါရက္ခန္ဓာသည် ဖြစ်၏။

(၅) ဟေတု ဟေတုသမ္ပယုတ္တဒုက်နှင့် သံကိလိဋ္ဌတိက်တစ်စုံ ၁၀-နည်း

ဧကကနည်း, ဒုကနည်း, တိကနည်း။ပ။ ဒသကနည်း

ဧကကနည်း

၁၀၄။ တစ်ပါးပြားသော နည်းအားဖြင့် သင်္ခါရက္ခန္ဓာသည် ဖြစ်၏။ ။ စိတ်နှင့်ယှဉ်သော သင်္ခါရက္ခန္ဓာတည်း။

ဒုကနည်း

နှစ်ပါးပြားသော နည်းအားဖြင့် သင်္ခါရက္ခန္ဓာသည် ဖြစ်၏။ ။ ဟိတ်လည်း မည်၍ ဟိတ် လည်း ရှိသော (ဟိတ်နှင့်လည်း ယှဉ်သော) သင်္ခါရက္ခန္ဓာသည် ရှိ၏၊ ဟိတ်နှင့် သာယှဉ်၍ ဟိတ်မမည်သော သင်္ခါရက္ခန္ဓာသည် ရှိ၏။

တိကနည်း

သုံးပါးပြားသော နည်းအားဖြင့် သင်္ခါရက္ခန္ဓာသည် ဖြစ်၏။ ။ ပူပန်စေတတ် နှိပ်စက် တတ်သော ‘ကိလေသာ'တို့သည် ပူပန်လည်း ပူပန်စေအပ်၍ (ကိလေသာနှင့်လည်း ယှဉ်၍) ကိလေသာ၏အာရုံလည်း ဖြစ်သော သင်္ခါရက္ခန္ဓာသည် ရှိ၏ (အကုသိုလ်စိတ်တို့၌ရှိသော သင်္ခါရက္ခန္ဓာ)၊ ကိလေသာတို့သည် ပူပန်စေအပ်သည်ကား မဟုတ်မူ၍ (ကိလေသာနှင့် မယှဉ်မူ၍) ကိလေသာ၏ အာရုံသာဖြစ်သော သင်္ခါရက္ခန္ဓာသည် ရှိ၏ (လောကီကုသိုလ်, ဝိပါက်, ကြိယာစိတ်တို့၌ ရှိသော သင်္ခါရက္ခန္ဓာ)၊ ကိလေသာတို့သည် ပူပန်စေအပ်သည်လည်း မဟုတ်မူ၍ (ကိလေသာနှင့်လည်း မယှဉ်မူ၍) ကိလေသာ၏ အာရုံလည်း မဟုတ်သော သင်္ခါရက္ခန္ဓာသည် ရှိ၏ (လောကုတ္တရာစိတ်၌ရှိသော သင်္ခါရက္ခန္ဓာ)။ပ။ ဤသို့ ဆယ်ပါးပြားသော နည်းအားဖြင့် သင်္ခါရက္ခန္ဓာသည် ဖြစ်၏။

--

(၆) နဟေတု သဟေတုကဒုက်နှင့် သဝိတက္ကတိက်တစ်စုံ ၁၀-နည်း

ဧကကနည်း, ဒုကနည်း, တိကနည်း။ပ။ ဒသကနည်း

ဧကကနည်း

၁၀၅။ တစ်ပါးပြားသေ နည်းအားဖြင့် သင်္ခါရက္ခန္ဓာသည် ဖြစ်၏။ ။ စိတ်နှင့်ယှဉ်သော သင်္ခါရက္ခန္ဓာတည်း။

ဒုကနည်း

နှစ်ပါးပြားသော နည်းအားဖြင့် သင်္ခါရက္ခန္ဓာသည် ဖြစ်၏။ ။ ဟိတ်မမည်မူ၍ ဟိတ်သာ ရှိသော (ဟိတ်နှင့်သာယှဉ်သော) သင်္ခါရက္ခန္ဓာသည် ရှိ၏၊ ဟိတ်လည်း မမည်မူ၍ ဟိတ် လည်း မရှိသော သင်္ခါရက္ခန္ဓာသည် ရှိ၏။

တိကနည်း

သုံးပါးပြားသော နည်းအားဖြင့် သင်္ခါရက္ခန္ဓာသည် ဖြစ်၏။ ။ ဝိတက်လည်းရှိ၍ ဝိစာရ လည်း ရှိသော (ဝိတက် ဝိစာရတို့နှင့် ယှဉ်သော) သင်္ခါရက္ခန္ဓာသည် ရှိ၏ (သဝိတက္ကစိတ် ၅၅-ပါး၌ရှိသော သင်္ခါရက္ခန္ဓာ)၊ ဝိတက်မရှိမူ၍ ဝိစာရမျှသာရှိသော သင်္ခါရက္ခန္ဓာသည် ရှိ၏ (ဒုတိယဈာန် စိတ် ၁၁-ပါး၌ရှိသော သင်္ခါရက္ခန္ဓာ)၊ ဝိတက်လည်းမရှိမူ၍ ဝိစာရလည်းမရှိသော သင်္ခါရက္ခန္ဓာသည် ရှိ၏ (ကြွင်းသော စိတ်တို့၌ရှိသော သင်္ခါရက္ခန္ဓာ)။ပ။ ဤသို့ ဆယ်ပါးပြားသော နည်းအားဖြင့် သင်္ခါရက္ခန္ဓာသည် ဖြစ်၏။

(၇) လောကိယဒုက်နှင့် ပီတိတိက်တစ်စုံ ၁၀-နည်း

ဧကကနည်း, ဒုကနည်း, တိကနည်း။ပ။ ဒသကနည်း

ဧကကနည်း

၁၀၆။ တစ်ပါးပြားသော နည်းအားဖြင့် သင်္ခါရက္ခန္ဓာသည် ဖြစ်၏။ ။ စိတ်နှင့်ယှဉ်သော သင်္ခါရက္ခန္ဓာတည်း။

ဒုကနည်း

နှစ်ပါးပြားသော နည်းအားဖြင့် သင်္ခါရက္ခန္ဓာသည် ဖြစ်၏။ ။ လောက၌ အကျုံးဝင်သော ‘လောကီ'သင်္ခါရက္ခန္ဓာသည် ရှိ၏ (လောကီစိတ်တို့၌ရှိသော သင်္ခါရက္ခန္ဓာ)၊ လောကမှ ထွက်မြောက်သော ‘လောကုတ္တရာ'သင်္ခါရက္ခန္ဓာသည် ရှိ၏ (လောကုတ္တရာစိတ်တို့၌ရှိသော သင်္ခါရက္ခန္ဓာ)။

တိကနည်း

သုံးပါးပြားသော နည်းအားဖြင့် သင်္ခါရက္ခန္ဓာသည် ဖြစ်၏။ ။ ပီတိနှင့် တကွဖြစ်သော (ပီတိနှင့်ယှဉ်သော) သင်္ခါရက္ခန္ဓာသည် ရှိ၏ (သပ္ပီတိကစိတ် ၅၁-ပါး၌ရှိသော သင်္ခါရက္ခန္ဓာ)၊ သုခဝေဒနာနှင့် တကွဖြစ်သော သင်္ခါရက္ခန္ဓာသည် ရှိ၏ (သုခသဟဂုတ်စိတ် ၆၃-ပါး၌ရှိသော သင်္ခါရက္ခန္ဓာ)၊ ဥပေက္ခာဝေဒနာနှင့် တကွဖြစ်သော သင်္ခါရက္ခန္ဓာသည် ရှိ၏ (ဥပေက္ခာသဟဂုတ်စိတ် ၅၅-ပါး၌ ရှိသော သင်္ခါရက္ခန္ဓာ)။ပ။ ဤသို့ ဆယ်ပါးပြားသော နည်းအားဖြင့် သင်္ခါရက္ခန္ဓာသည် ဖြစ်၏။

--

(၈) ကေနစိဝိညေယျဒုက်နှင့် ဒဿနတိက်တစ်စုံ ၁၀-နည်း

ဧကကနည်း, ဒုကနည်း, တိကနည်း။ပ။ ဒသကနည်း

ဧကကနည်း

၁၀၇။ တစ်ပါးပြားသော နည်းအားဖြင့် သင်္ခါရက္ခန္ဓာသည် ဖြစ်၏။ ။ စိတ်နှင့်ယှဉ်သော သင်္ခါရက္ခန္ဓာတည်း။

ဒုကနည်း

နှစ်ပါးပြားသော နည်းအားဖြင့် သင်္ခါရက္ခန္ဓာသည် ဖြစ်၏။ ။ တစ်စုံတစ်ခုသော စိတ်သည် သိအပ်သော သင်္ခါရက္ခန္ဓာသည် ရှိ၏၊ တစ်စုံတစ်ခုသော စိတ်သည် မသိအပ်သော သင်္ခါရက္ခန္ဓာသည် ရှိ၏။

တိကနည်း

သုံးပါးပြားသော နည်းအားဖြင့် သင်္ခါရက္ခန္ဓာသည် ဖြစ်၏။ ။ (နိဗ္ဗာန်ကို ရှေးဦးစွာ မြင်သဖြင့် ‘ဒဿန’မည်သော) သောတာပတ္တိမဂ်သည် ပယ်အပ်သော သင်္ခါရက္ခန္ဓာသည် ရှိ၏ (ဒိဋ္ဌိဂတသမ္ပယုတ် စိတ်လေးပါး၌ရှိသော သင်္ခါရက္ခန္ဓာနှင့် ဝိစိကိစ္ဆာစိတ်၌ ရှိသော သင်္ခါရက္ခန္ဓာ)၊ (သောတာပတ္တိမဂ် မြင်ပြီးသော နိဗ္ဗာန်ကို တစ်ဖန်ထပ်၍ မြင်သဖြင့် ‘ဘာဝနာ’မည်သော) အထက်မဂ် သုံးပါးတို့သည် ပယ်အပ်သော သင်္ခါရက္ခန္ဓာသည် ရှိ၏ (ကြွင်းသော အကုသိုလ်စိတ်တို့၌ရှိသော သင်္ခါရက္ခန္ဓာ)၊ သောတာပတ္တိမဂ်သည် ပယ်အပ်သည်လည်း မဟုတ်မူ၍ အထက်မဂ်သုံးပါးတို့သည် ပယ်အပ်သည်လည်း မဟုတ်သော သင်္ခါရက္ခန္ဓာသည် ရှိ၏ (ကုသိုလ်, ဝိပါက်, ကြိယာစိတ်တို့၌ ရှိသော သင်္ခါရက္ခန္ဓာ)။ပ။ ဤသို့ ဆယ်ပါးပြားသော နည်းအားဖြင့် သင်္ခါရက္ခန္ဓာသည် ဖြစ်၏။

(၉) အာသဝဒုက်နှင့် ဒဿနဟေတုတိက်တစ်စုံ ၁၀-နည်း

ဧကကနည်း, ဒုကနည်း, တိကနည်း။ပ။ ဒသကနည်း

ဧကကနည်း

၁၀၈။ တစ်ပါးပြားသောနည်းအားဖြင့် သင်္ခါရက္ခန္ဓာသည် ဖြစ်၏။ ။ စိတ်နှင့်ယှဉ်သော သင်္ခါရက္ခန္ဓာတည်း။

ဒုကနည်း

နှစ်ပါးပြားသော နည်းအားဖြင့် သင်္ခါရက္ခန္ဓာသည် ဖြစ်၏။ ။ (သတ္တဝါတို့၏သန္တာန်၌) ယိုစီးဖြစ်ပွားနေတတ်၍ မူးယစ်မိုက်မဲ စေတတ်သောသဘော ‘အာသဝ’မည်သော သင်္ခါရက္ခန္ဓာသည် ရှိ၏ (လောဘ, ဒိဋ္ဌိ, မောဟ)၊ အာသဝမမည်သော သင်္ခါရက္ခန္ဓာသည် ရှိ၏။

တိကနည်း

သုံးပါးပြားသောနည်းအားဖြင့် သင်္ခါရက္ခန္ဓာသည် ဖြစ်၏။ ။ (ဒဿနမည်သော) သောတာပတ္တိမဂ်သည် ပယ်အပ်သော ဟိတ်ရှိသော (ဟိတ်နှင့်ယှဉ်သော) သင်္ခါရက္ခန္ဓာ သည် ရှိ၏ (ဒိဋ္ဌိဂတသမ္ပယုတ်စိတ်လေးခု၌ရှိသော သင်္ခါရက္ခန္ဓာနှင့် ဝိစိကိစ္ဆာစိတ်၌ရှိသည့် မောဟကြဉ် သော သင်္ခါရက္ခန္ဓာ)၊ (ဘာဝနာမည်သော) အထက်မဂ်သုံးပါးတို့သည် ပယ်အပ်သော ဟိတ်ရှိသော (ဟိတ်နှင့် ယှဉ်သော) သင်္ခါရက္ခန္ဓာသည် ရှိ၏ (ဒိဋ္ဌိဂတ ဝိပ္ပယုတ်စိတ်လေးခု, ဒေါသမူဒွေးတို့၌ ရှိသော သင်္ခါရက္ခန္ဓာနှင့် ဥဒ္ဓစ္စသဟဂုတ်စိတ်၌ရှိသည့် မောဟကြဉ်သော သင်္ခါရက္ခန္ဓာ)၊ သောတာပတ္တိမဂ်သည် ပယ်အပ်သော ဟိတ်ရှိသည်လည်း မဟုတ်မူ၍ အထက်မဂ်သုံးပါးတို့သည် ပယ်အပ်သော ဟိတ်ရှိသည်လည်း မဟုတ်သော သင်္ခါရက္ခန္ဓာသည် ရှိ၏ (ကြွင်းသော စိတ်တို့၌ရှိသော သင်္ခါရက္ခန္ဓာနှင့် မောဟမူဒွေး၌ ရှိသော မောဟ)။ပ။ ဤသို့ ဆယ်ပါးပြားသော နည်းအားဖြင့် သင်္ခါရက္ခန္ဓာသည် ဖြစ်၏။

--

(၁၀) သာသဝဒုက်နှင့် အာစယဂါမိတိက်တစ်စုံ ၁၀-နည်း

ဧကကနည်း, ဒုကနည်း, တိကနည်း။ပ။ ဒသကနည်း

ဧကကနည်း

၁၀၉။ တစ်ပါးပြားသော နည်းအားဖြင့် သင်္ခါရက္ခန္ဓာသည် ဖြစ်၏။ ။ စိတ်နှင့်ယှဉ်သော သင်္ခါရက္ခန္ဓာတည်း။

ဒုကနည်း

နှစ်ပါးပြားသော နည်းအားဖြင့် သင်္ခါရက္ခန္ဓာသည် ဖြစ်၏။ ။ အာသဝ၏ (လောဘ, ဒိဋ္ဌိ, မောဟတို့၏) အာရုံဖြစ်သော သင်္ခါရက္ခန္ဓာသည် ရှိ၏ (လောကီစိတ်တို့နှင့် ယှဉ်သော သင်္ခါရက္ခန္ဓာ)၊ အာသဝ၏ အာရုံမဟုတ်သော သင်္ခါရက္ခန္ဓာသည် ရှိ၏ (လောကုတ္တရာစိတ်တို့နှင့်ယှဉ်သော သင်္ခါရက္ခန္ဓာ)။

တိကနည်း

သုံးပါးပြားသော နည်းအားဖြင့် သင်္ခါရက္ခန္ဓာသည် ဖြစ်၏။ ။ စုတိပဋိသန္ဓေသို့ ရောက်ကြောင်းဖြစ်သော ပြုပြင်စီရင်မှုအစု ‘အာစယဂါမိ သင်္ခါရက္ခန္ဓာ'သည် ရှိ၏ (လောကီ ကုသိုလ်, အကုသိုလ်စိတ်တို့၌ရှိသော သင်္ခါရက္ခန္ဓာ)၊ နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်သော ပြုပြင်စီရင်မှု အစု ‘အပစယဂါမိ သင်္ခါရက္ခန္ဓာ'သည် ရှိ၏ (မဂ်စိတ်လေးပါး၌ရှိသော သင်္ခါရက္ခန္ဓာ)၊ စုတိဋိသန္ဓေသို့ ရောက်ကြောင်းလည်း မဟုတ်မူ၍ နိဗ္ဗာန်သို့ ရောက်ကြောင်းလည်း မဟုတ်သော သင်္ခါရက္ခန္ဓာသည် ရှိ၏ (ဝိပါက်, ကြိယာစိတ်တို့၌ရှိသော သင်္ခါရက္ခန္ဓာ)။ပ။ ဤသို့ ဆယ်ပါးပြားသော နည်းအားဖြင့် သင်္ခါရက္ခန္ဓာသည် ဖြစ်၏။

(၁၁) အာသဝသမ္ပယုတ္တဒုက်နှင့် သေက္ခတိက်တစ်စုံ ၁၀-နည်း

ဧကကနည်း, ဒုကနည်း, တိကနည်း။ပ။ ဒသကနည်း

ဧကကနည်း

၁၁၀။ တစ်ပါးပြားသော နည်းအားဖြင့် သင်္ခါရက္ခန္ဓာသည် ဖြစ်၏။ ။ စိတ်နှင့်ယှဉ်သော သင်္ခါက္ခန္ဓာတည်း။

ဒုကနည်း

နှစ်ပါးပြားသော နည်းအားဖြင့် သင်္ခါရက္ခန္ဓာသည် ဖြစ်၏။ ။ အာသဝနှင့် (လောဘ, ဒိဋ္ဌိ, မောဟတို့နှင့်) ယှဉ်သော သင်္ခါရက္ခန္ဓာသည် ရှိ၏ (အကုသိုလ်စိတ် ၁၂-ပါး၌ရှိသော ဝေဒနာနှင့် သညာကြဉ်သည့် စေတသိက်များ)၊ အာသဝနှင့်မယှဉ်သော သင်္ခါရက္ခန္ဓာသည် ရှိ၏ (ကြွင်း သော စိတ်တို့၌ရှိသော ဝေဒနာနှင့်သညာကြဉ်သည့် စေတသိက်များ)။

--

တိကနည်း

သုံးပါးပြားသော နည်းအားဖြင့် သင်္ခါရက္ခန္ဓာသည် ဖြစ်၏။ ။ (အရဟတ္တဖိုလ်သို့ရောက်ရန်) ကျင့်ဆဲ ‘သေက္ခ'ပုဂ္ဂိုလ် (မဂ်ပုဂ္ဂိုလ် ၄-ယောက်, အောက်ဖိုလ်ပုဂ္ဂိုလ်၃-ယောက် ခုနစ်ယောက်) တို့၏ ဥစ္စာဖြစ်သော သင်္ခါရက္ခန္ဓာသည် ရှိ၏ (မဂ်စိတ်လေးပါးနှင့် အောက်ဖိုလ်သုံးပါးတို့၌ရှိသော သင်္ခါရက္ခန္ဓာ)၊ (အရဟတ္တဖိုလ်သို့ ရောက်ပြီး) ကျင့်ပြီး ‘အသေက္ခ'ပုဂ္ဂိုလ် (ရဟန္တာ) တို့၏ ဥစ္စာဖြစ်သော သင်္ခါရက္ခန္ဓာသည် ရှိ၏ (အရဟတ္တဖိုလ် စိတ်နှင့်ယှဉ်သော သင်္ခါရက္ခန္ဓာ)၊ သေက္ခပုဂ္ဂိုလ်တို့၏ ဥစ္စာလည်း မဟုတ်မူ၍ အသေက္ခ (ရဟန္တာ) ပုဂ္ဂိုလ်တို့၏ ဥစ္စာလည်း မဟုတ်သော သင်္ခါရက္ခန္ဓာသည် ရှိ၏ (လောကီ စိတ်တို့၌ရှိသော သင်္ခါရက္ခန္ဓာ)။ပ။ ဤသို့ ဆယ်ပါးပြားသော နည်းအားဖြင့် သင်္ခါရက္ခန္ဓာသည် ဖြစ်၏။

(၁၂) အာသဝသာသဝဒုက်နှင့် ပရိတ္တတိက်တစ်စုံ ၁၀-နည်း

ဧကကနည်း, ဒုကနည်း, တိကနည်း။ပ။ ဒသကနည်း

ဧကကနည်း

၁၁၁။ တစ်ပါးပြားသော နည်းအားဖြင့် သင်္ခါရက္ခန္ဓာသည် ဖြစ်၏။ ။ စိတ်နှင့်ယှဉ်သော သင်္ခါရက္ခန္ဓာတည်း။

ဒုကနည်း

နှစ်ပါးပြားသော နည်းအားဖြင့် သင်္ခါရက္ခန္ဓာသည် ဖြစ်၏။ ။ အာသဝလည်းမည်၍ အာသဝ၏ အာရုံလည်းဖြစ်သော သင်္ခါရက္ခန္ဓာသည် ရှိ၏ (လောဘ, ဒိဋ္ဌိ, မောဟ)၊ အာသဝ၏ (လောဘ, ဒိဋ္ဌိ, မောဟတို့၏) အာရုံသာဖြစ်၍ အာသဝမမည်သော သင်္ခါရက္ခန္ဓာသည် ရှိ၏ (အာသဝတရားကိုယ် သုံးပါးကြဉ်သည့် လောကီစိတ်တို့၌ရှိသော သင်္ခါရက္ခန္ဓာ)။

တိကနည်း

သုံးပါးပြားသောနည်းအားဖြင့် သင်္ခါရက္ခန္ဓာသည် ဖြစ်၏။ ။ နည်းသော အာနုဘော်ရှိသည့်

'ပရိတ္တ’မည်သော သင်္ခါရက္ခန္ဓာသည် ရှိ၏ (ကာမစိတ်တို့၌ရှိသော သင်္ခါရက္ခန္ဓာ)၊ မြင့်မြတ် သည်၏ အဖြစ်သို့ ရောက်သော ‘မဟဂ္ဂတ’မည်သော သင်္ခါရက္ခန္ဓာသည် ရှိ၏ (မဟဂ္ဂုတ်စိတ်တို့၌ရှိသော သင်္ခါရက္ခန္ဓာ)၊ နှိုင်းယှဉ်မှုကို ပြုတတ်သည့် ရာဂအစရှိသော ကိလေသာတို့၏ ဆန့်ကျင့်ဘက်ဖြစ်သော (မနှိုင်းယှဉ် အပ်သော) ‘အပ္ပမာဏ’မည်သော သင်္ခါရက္ခန္ဓာသည် ရှိ၏ (လောကုတ္တရာစိတ်၌ရှိသော သင်္ခါရက္ခန္ဓာ)။ပ။ ဤသို့ ဆယ်ပါးပြားသော နည်းအားဖြင့် သင်္ခါရက္ခန္ဓာသည် ဖြစ်၏။

--

(၁၃) အာသဝ အာသဝသမ္ပယုတ္တဒုက်နှင့် ပရိတ္တာရမ္မဏတိက်တစ်စုံ ၁၀-နည်း

ဧကကနည်း, ဒုကနည်း, တိကနည်း။ပ။ ဒသကနည်း

ဧကကနည်း

၁၁၂။ တစ်ပါးပြားသော နည်းအားဖြင့် သင်္ခါရက္ခန္ဓာသည် ဖြစ်၏။ ။ စိတ်နှင့်ယှဉ်သော သင်္ခါရက္ခန္ဓာတည်း။

ဒုကနည်း

နှစ်ပါးပြားသော နည်းအားဖြင့် သင်္ခါရက္ခန္ဓာသည် ဖြစ်၏။ ။ အာသဝလည်းမည်၍ အာသဝနှင့်လည်းယှဉ်သော သင်္ခါရက္ခန္ဓာသည် ရှိ၏ (လောဘမူစိတ်၌ရှိသော လောဘ, ဒိဋ္ဌိ, မောဟ)၊ အာသဝနှင့် သာယှဉ်၍ အာသဝမမည်သော သင်္ခါရက္ခန္ဓာသည် ရှိ၏ (လောဘ, ဒိဋ္ဌိ, မောဟ ကြဉ်သော အကုသိုလ်စိတ်တို့နှင့် ယှဉ်သော သင်္ခါရက္ခန္ဓာ)။

တိကနည်း

သုံးပါးပြားသော နည်းအားဖြင့် သင်္ခါရက္ခန္ဓာသည် ဖြစ်၏။ ။ ပရိတ္တတရား (ကာမတရား) ကို အာရုံပြုသော သင်္ခါရက္ခန္ဓာသည် ရှိ၏၊ မဟဂ္ဂုတ် တရားကို အာရုံပြုသော သင်္ခါရက္ခန္ဓာသည် ရှိ၏၊ အပ္ပမာဏတရား (လောကုတ္တရာတရား) ကို အာရုံပြုသော သင်္ခါရက္ခန္ဓာသည် ရှိ၏။ပ။ ဤသို့ ဆယ်ပါးပြားသော နည်းအားဖြင့် သင်္ခါရက္ခန္ဓာသည် ဖြစ်၏။

(၁၄) အာသဝဝိပ္ပယုတ္တသာသဝဒုက်နှင့် ဟီနတိက်တစ်စုံ ၁၀-နည်း

ဧကကနည်း, ဒုကနည်း, တိကနည်း။ပ။ ဒသကနည်း

ဧကကနည်း

၁၁၃။ တစ်ပါးပြားသော နည်းအားဖြင့် သင်္ခါရက္ခန္ဓာသည် ဖြစ်၏။ ။ စိတ်နှင့်ယှဉ်သော သင်္ခါရက္ခန္ဓာတည်း။

ဒုကနည်း

နှစ်ပါးပြားသော နည်းအားဖြင့် သင်္ခါရက္ခန္ဓာသည် ဖြစ်၏။ ။ အာသဝနှင့် (လောဘ, ဒိဋ္ဌိ မောဟတို့နှင့်) မယှဉ်မူ၍ အာသဝ၏အာရုံသာဖြစ်သော သင်္ခါရက္ခန္ဓာသည် ရှိ၏ (လောကီ ကုသိုလ်, ဝိပါက်, ကြိယာစိတ်တို့၌ ရှိသော သင်္ခါရက္ခန္ဓာ)၊ အာသဝနှင့်လည်း မယှဉ်မူ၍ အာသဝ၏ အာရုံ လည်း မဟုတ်သော သင်္ခါရက္ခန္ဓာသည် ရှိ၏ (လောကုတ္တရာစိတ်၌ရှိသော သင်္ခါရက္ခန္ဓာ)။

တိကနည်း

သုံးပါးပြားသောနည်းအားဖြင့် သင်္ခါရက္ခန္ဓာသည် ဖြစ်၏။ ။ ယုတ်ညံသော ‘ဟီန'သင်္ခါရက္ခန္ဓာသည် ရှိ၏ (အကုသိုလ်စိတ်တို့၌ရှိသော သင်္ခါရက္ခန္ဓာ)၊ အလယ်အလတ် ဖြစ်သော ‘မဇ္ဈိမ'သင်္ခါရက္ခန္ဓာသည် ရှိ၏ (လောကီကုသိုလ်, ဝိပါက်, ကြိယာစိတ်တို့၌ရှိသော သင်္ခါရက္ခန္ဓာ)၊ မြင့်မြတ်သော ‘ပဏီတ'သင်္ခါရက္ခန္ဓာသည် ရှိ၏ (လေကုတ္တရာစိတ်၌ရှိသော သင်္ခါရက္ခန္ဓာ)။ပ။ ဤသို့ ဆယ်ပါးပြားသော နည်းအားဖြင့် သင်္ခါရက္ခန္ဓာသည် ဖြစ်၏။

--

(၁၅) သံယောဇနဒုက်နှင့် မိစ္ဆတ္တနိယတတိက်တစ်စုံ ၁၀-နည်း

ဧကကနည်း, ဒုကနည်း, တိကနည်း။ပ။ ဒသကနည်း

ဧကကနည်း

၁၁၄။ တစ်ပါးပြားသော နည်းအားဖြင့် သင်္ခါရက္ခန္ဓာသည် ဖြစ်၏။ ။ စိတ်နှင့်ယှဉ်သော သင်္ခါရက္ခန္ဓာတည်း။

ဒုကနည်း

နှစ်ပါးပြားသော နည်းအားဖြင့် သင်္ခါရက္ခန္ဓာသည် ဖြစ်၏။ ။ (သတ္တဝါတို့ကို ဝဋ်ဆင်းရဲ၌) နှောင်ဖွဲ့တတ်သော ‘သံယောဇဉ်’မည်သော သင်္ခါရက္ခန္ဓာသည် ရှိ၏။ သံယောဇဉ် မမည်သော သင်္ခါရက္ခန္ဓာသည် ရှိ၏။

တိကနည်း

သုံးပါးပြားသော နည်းအားဖြင့် သင်္ခါရက္ခန္ဓာသည် ဖြစ်၏။ ။ ဖောက်ပြန်သောသဘောရှိ၍ စုတိ၏ အခြားမဲ့၌ (အပါယ်ငရဲ၌) အကျိုးပေးမြဲသော ပြုပြင်စီရင်မှုအစု ‘မိစ္ဆတ္တနိယတ သင်္ခါရက္ခန္ဓာ'သည် ရှိ၏ (နိယတမိစ္ဆာဒိဋ္ဌိကံ၏ အစွမ်းအားဖြင့်ဖြစ်သော ဒိဋ္ဌိဂတသမ္ပယုတ်စိတ် ၄-ပါး၏ သတ္တမဇောနှင့် ပဉ္စာနန္တရိယကံငါးပါးကို ကျူးလွန်သော ဒေါသမူစိတ်တို့၏ သတ္တမဇောတို့၌ရှိသော သင်္ခါရက္ခန္ဓာ)၊ မဖောက်ပြန်သော သဘော ရှိ၍ မိမိ၏ အခြားမဲ့၌ အကျိုးပေးမြဲသော ပြုပြင်စီရင်မှုအစု ‘သမ္မတ္တနိယတသင်္ခါရက္ခန္ဓာ'သည် ရှိ၏ (မဂ်စိတ်လေးပါး၌ ရှိသော သင်္ခါရက္ခန္ဓာ)၊ နှစ်ပါးသော အခြင်း အရာတို့ဖြင့် အကျိုးပေးမမြဲသော သင်္ခါရက္ခန္ဓာသည် ရှိ၏ (ကြွင်းသော စိတ်တို့၌ရှိသော သင်္ခါရက္ခန္ဓာ)။ပ။ ဤသို့ ဆယ်ပါးပြားသော နည်းအားဖြင့် သင်္ခါရက္ခန္ဓာသည် ဖြစ်၏။

(၁၆) သံယောဇနိယဒုက်နှင့် မဂ္ဂါရမ္မဏတိက်တစ်စုံ ၁၀-နည်း

ဧကကနည်း, ဒုကနည်း, တိကနည်း။ပ။ ဒသကနည်း

ဧကကနည်း

၁၁၅။ တစ်ပါးပြားသော နည်းအားဖြင့် သင်္ခါရက္ခန္ဓာသည် ဖြစ်၏။ ။ စိတ်နှင့်ယှဉ်သော သင်္ခါရက္ခန္ဓာတည်း။

ဒုကနည်း

နှစ်ပါးပြားသော နည်းအားဖြင့် သင်္ခါရက္ခန္ဓာသည် ဖြစ်၏။ ။ သံယောဇဉ်၏ အာရုံဖြစ်သော သင်္ခါရက္ခန္ဓာသည် ရှိ၏။ သံယောဇဉ်၏ အာရုံမဟုတ်သော သင်္ခါရက္ခန္ဓာသည် ရှိ၏။

တိကနည်း

သုံးပါးပြားသော နည်းအားဖြင့် သင်္ခါရက္ခန္ဓာသည် ဖြစ်၏။ ။ မဂ်ကို အာရုံပြုသော သင်္ခါရက္ခန္ဓာသည် ရှိ၏ (မဂ္ဂါရမ္မဏစိတ်၌ရှိသော သင်္ခါရက္ခန္ဓာ)၊ မဂ်မည်သော အကြောင်း ရင်း ဟိတ်ရှိသော (သမ္မာဒိဋ္ဌိမည်သော ပညာ= အမောဟဟိတ်နှင့် ယှဉ်သော) သင်္ခါရက္ခန္ဓာသည် ရှိ၏ (မဂ္ဂင် မည်သော သမ္မာဒိဋ္ဌိ= အမောဟ = ပညာကြဉ်သည့် မဂ်စိတ်၌ရှိသော သင်္ခါရက္ခန္ဓာ)၊ မဂ်မည်သော အကြီး အမှူးရှိသော (ဝီမံသာ ဓိပတိဖြစ်သော သမ္မာဒိဋ္ဌိ= အမောဟ= ပညာ, ဝီရိယာဓိပတိဖြစ်သော သမ္မဝါယာမ= ဝီရိယတို့နှင့်ယှဉ်သော) သင်္ခါရက္ခန္ဓာသည် ရှိ၏ (သမ္မာဒိဋ္ဌိမည်သော ဝီမံသာဓိပတိ= အမောဟ= ပညာ, သမ္မာဝါယာမ မည်သော ဝီရိယာဓိပတိ = ဝီရိယတို့နှင့်ယှဉ်သည့် မဂ်စိတ်၌ရှိသော သင်္ခါရက္ခန္ဓာ)။ပ။ ၁

ဤသို့ ဆယ်ပါးပြားသော နည်းအားဖြင့် သင်္ခါရက္ခန္ဓာသည် ဖြစ်၏။

၁။ ဝီမံသာဓိပတိတပ်ခိုက်၌ ပညာကိုကြဉ်၍၊ ဝီရိယာဓိပတိတပ်ခိုက်၌ ဝီရိယကိုကြဉ်ပြီးလျှင် သင်္ခါရက္ခန္ဓာကို အရကောက်ပါလေ။

--

(၁၇) သံယောဇနသမ္ပယုတ္တဒုက်နှင့် ဥပ္ပန္နတိက်တစ်စုံ ၁၀-နည်း

ဧကကနည်း, ဒုကနည်း, တိကနည်း။ပ။ ဒသကနည်း

ဧကကနည်း

၁၁၆။ တစ်ပါးပြားသော နည်းအားဖြင့် သင်္ခါရက္ခန္ဓာသည် ဖြစ်၏။ ။ စိတ်နှင့်ယှဉ်သော သင်္ခါရက္ခန္ဓာတည်း။

ဒုကနည်း

နှစ်ပါးပြားသော နည်းအားဖြင့် သင်္ခါရက္ခန္ဓာသည် ဖြစ်၏။ ။ သံယောဇဉ်နှင့်ယှဉ်သော သင်္ခါရက္ခန္ဓာသည် ရှိ၏ (အကုသိုလ်စိတ်တို့၌ရှိသော သင်္ခါရက္ခန္ဓာ)၊ သံယောဇဉ်နှင့် မယှဉ်သော သင်္ခါရက္ခန္ဓာသည် ရှိ၏။

တိကနည်း

သုံးပါးပြားသော နည်းအားဖြင့် သင်္ခါရက္ခန္ဓာသည် ဖြစ်၏။ ။ ဥပါဒ်, ဌီ, ဘင်ဟု ဆိုအပ်သော ခဏသုံးပါးသို့ ရောက်ဆဲဖြစ်သော ‘ပစ္စုပ္ပန်'သင်္ခါရက္ခန္ဓာသည် ရှိ၏၊ ဥပါဒ်, ဌီ, ဘင်ဟု ဆိုအပ်သော ခဏသုံးပါးသို့ ရောက်ပြီးလည်း မဟုတ်မူ၍ ရောက်ဆဲလည်း မဟုတ်သော သင်္ခါရက္ခန္ဓာသည် ရှိ၏ (နောင်ဖြစ်လတ္တံ့သော ကုသိုလ်, အကုသိုလ်, ကြိယာစိတ်တို့၌ရှိသော သင်္ခါရက္ခန္ဓာ)၊ မချွတ်ဧကန် ဖြစ်လတ္တံသော သင်္ခါရက္ခန္ဓာသည် ရှိ၏ (ဝိပါက်စိတ်တို့၌ရှိသော သင်္ခါရက္ခန္ဓာ)။ပ။ ဤသို့ ဆယ်ပါးပြားသော နည်းအားဖြင့် သင်္ခါရက္ခန္ဓာသည် ဖြစ်၏။

(၁၈) သံယောဇန သံယောဇနိယဒုက်နှင့် အတီတတိက်တစ်စုံ ၁၀-နည်း

ဧကကနည်း, ဒုကနည်း, တိကနည်း။ပ။ ဒသကနည်း

ဧကကနည်း

၁၁၇။ တစ်ပါးပြားသော နည်းအားဖြင့် သင်္ခါရက္ခန္ဓာသည် ဖြစ်၏။ ။ စိတ်နှင့်ယှဉ်သော သင်္ခါရက္ခန္ဓာတည်း။

ဒုကနည်း

နှစ်ပါးပြားသော နည်းအားဖြင့် သင်္ခါရက္ခန္ဓာသည် ဖြစ်၏။ ။ သံယောဇဉ်လည်းမည်၍ သံယောဇဉ်၏အာရုံလည်းဖြစ်သော သင်္ခါရက္ခန္ဓာသည် ရှိ၏၊ သံယောဇဉ်၏ အာရုံသာ ဖြစ်၍ သံယောဇဉ်မမည်သော သင်္ခါရက္ခန္ဓာသည် ရှိ၏။

တိကနည်း

သုံးပါးပြားသော နည်းအားဖြင့် သင်္ခါရက္ခန္ဓာသည် ဖြစ်၏။ ။ ဖြစ်ပြီးသော ‘အတိက်'သင်္ခါရက္ခန္ဓာသည် ရှိ၏၊ မရောက်သေး (ဖြစ်လတ္တံ့) သော ‘အနာဂတ်'သင်္ခါရက္ခန္ဓာသည် ရှိ၏၊ ဖြစ်ဆဲဖြစ်သော ‘ပစ္စုပ္ပန်'သင်္ခါရက္ခန္ဓာသည် ရှိ၏။ပ။ ဤသို့ ဆယ်ပါးပြားသော နည်းအားဖြင့် သင်္ခါရက္ခန္ဓာသည် ဖြစ်၏။

--

(၁၉) သံယောဇန သံယောဇနသမ္ပယုတ္တဒုက်နှင့် အတီတာရမ္မဏတိက်တစ်စုံ ၁၀-နည်း

ဧကကနည်း, ဒုကနည်း, တိကနည်း။ပ။ ဒသကနည်း

ဧကကနည်း

၁၁၈။ တစ်ပါးပြားသော နည်းအားဖြင့် သင်္ခါရက္ခန္ဓာသည် ဖြစ်၏။ ။ စိတ်နှင့်ယှဉ်သော သင်္ခါရက္ခန္ဓာတည်း။

ဒုကနည်း

နှစ်ပါးပြားသော နည်းအားဖြင့် သင်္ခါရက္ခန္ဓာသည် ဖြစ်၏။ ။ သံယောဇဉ်လည်း မည်၍ သံယောဇဉ်နှင့်လည်း ယှဉ်သော သင်္ခါရက္ခန္ဓာသည် ရှိ၏၊ သံယောဇဉ်နှင့်သာ ယှဉ်၍ သံယောဇဉ် မမည်သော သင်္ခါရက္ခန္ဓာသည် ရှိ၏။

တိကနည်း

သုံးပါးပြားသော နည်းအားဖြင့် သင်္ခါရက္ခန္ဓာသည် ဖြစ်၏။ ။ ဖြစ်ပြီး ‘အတိက်'တရားကို အာရုံပြုသော သင်္ခါရက္ခန္ဓာသည် ရှိ၏၊ မရောက်သေး (ဖြစ်လတ္တံ့) သော ‘အနာဂတ်'တရားကို အာရုံပြုသော သင်္ခါရက္ခန္ဓာသည် ရှိ၏၊ ဖြစ်ဆဲဖြစ်သော ‘ပစ္စုပ္ပန်'တရားကို အာရုံပြုသော သင်္ခါရက္ခန္ဓာသည် ရှိ၏။ပ။ ဤသို့ ဆယ်ပါးပြားသော နည်းအားဖြင့် သင်္ခါရက္ခန္ဓာသည် ဖြစ်၏။

(၂၀) သံယောဇနဝိပ္ပယုတ္တသံယောဇနိယဒုက်နှင့် အဇ္ဈတ္တတိက်တစ်စုံ ၁၀-နည်း

ဧကကနည်း, ဒုကနည်း, တိကနည်း။ပ။ ဒသကနည်း

ဧကကနည်း

၁၁၉။ တစ်ပါးပြားသော နည်းအားဖြင့် သင်္ခါရက္ခန္ဓာသည် ဖြစ်၏။ ။ စိတ်နှင့်ယှဉ်သော သင်္ခါရက္ခန္ဓာတည်း။

ဒုကနည်း

နှစ်ပါးပြားသော နည်းအားဖြင့် သင်္ခါရက္ခန္ဓာသည် ဖြစ်၏။ ။ သံယောဇဉ်နှင့်မယှဉ်မူ၍ သံယောဇဉ်၏ အာရုံသာဖြစ်သော သင်္ခါရက္ခန္ဓာသည် ရှိ၏၊ သံယောဇဉ်နှင့်လည်း မယှဉ် မူ၍ သံယောဇဉ်၏ အာရုံလည်း မဟုတ်သော သင်္ခါရက္ခန္ဓာသည် ရှိ၏။

တိကနည်း

သုံးပါးပြားသော နည်းအားဖြင့် သင်္ခါရက္ခန္ဓာသည် ဖြစ်၏။ ။ အတွင်း ‘အဇ္ဈတ္တ'သန္တာန်၌ ဖြစ်သော သင်္ခါရက္ခန္ဓာသည် ရှိ၏၊ အပ ‘ဗဟိဒ္ဓ'သန္တာန်၌ ဖြစ်သော သင်္ခါရက္ခန္ဓာသည် ရှိ၏၊ အတွင်းအပ ‘အဇ္ဈတ္တဗဟိဒ္ဓ'သန္တာန်၌ ဖြစ်သော သင်္ခါရက္ခန္ဓာသည် ရှိ၏။ပ။ ဤသို့ ဆယ်ပါးပြားသော နည်းအားဖြင့် သင်္ခါရက္ခန္ဓာသည် ဖြစ်၏။

--

(၂၁) ဂန္ထဒုက်နှင့် အဇ္ဈတ္တာရမ္မဏတိက်တစ်စုံ ၁၀-နည်း

ဧကကနည်း, ဒုကနည်း, တိကနည်း။ပ။ ဒသကနည်း

ဧကကနည်း

၁၂၀။ တစ်ပါးပြားသောနည်းအားဖြင့် သင်္ခါရက္ခန္ဓာသည် ဖြစ်၏။ ။ စိတ်နှင့်ယှဉ်သော သင်္ခါရက္ခန္ဓာတည်း။

ဒုကနည်း

နှစ်ပါးပြားသော နည်းအားဖြင့် သင်္ခါရက္ခန္ဓာသည် ဖြစ်၏။ ။ (သတ္တဝါတို့ကို ဝဋ်ဆင်းရဲ၌) ဆက်စပ် ထုံးဖွဲ့တတ်သော ‘ဂန္ထ’မည်သော သင်္ခါရက္ခန္ဓာသည် ရှိ၏ (လောဘ, ဒေါသ, ဒိဋ္ဌိ)၊ ဂန္ထမမည်သော သင်္ခါရက္ခန္ဓာသည် ရှိ၏။

တိကနည်း

သုံးပါးပြားသော နည်းအားဖြင့် သင်္ခါရက္ခန္ဓာသည် ဖြစ်၏။ ။ အတွင်း ‘အဇ္ဈတ္တ'သန္တာန်၌ ဖြစ်သော တရားကို အာရုံပြုသော သင်္ခါရက္ခန္ဓာသည် ရှိ၏၊ အပ ‘ဗဟိဒ္ဓ'သန္တာန်၌ဖြစ်သော တရားကို အာရုံပြုသော သင်္ခါရက္ခန္ဓာသည် ရှိ၏၊ အတွင်းအပ ‘အဇ္ဈတ္တဗဟိဒ္ဓ'သန္တာန်၌ ဖြစ်သောတရားကို အာရုံပြုသော သင်္ခါရက္ခန္ဓာသည် ရှိ၏။ပ။ ဤသို့ ဆယ်ပါးပြားသော နည်းအားဖြင့် သင်္ခါရက္ခန္ဓာသည် ဖြစ်၏။

(တိက် ၂၁-ခုနှင့် ဒုက် ၂၁-ခုတို့ကို တစ်စုံစီ ထား၍ ပွါးသော ‘ဥဘတောဝဍ္ဎက'နည်းပြီး၏။ အသေးစိတ် ရေတွက်သော် ဤနည်း၌ သင်္ခါရက္ခန္ဓာပေါင်း (၂၁*၅၅) = ၁၁၅၅-ပါး ဖြစ်၏)။

တိက်နှင့်ဒုက်တို့ကို တစ်စုံစီထား၍ ပွါးသော ‘ဥဘတောဝဍ္ဎက'နည်း ပြီး၏။

--

ဗဟုဝိဓဝါရ

(များသောအပြားအားဖြင့် ဟောသော ‘ဗဟုဝိဓဝါရ'နည်း ၂၁-နည်း)

သတ္တကနည်း

(တိက် ၂၁-ခုကို ဘုံလေးပါးတို့ဖြင့် ဝေဖန်၍ ၇-ပါးစီဟောသော သတ္တကနည်း ၂၁-နည်း)

(၁) ကုသလတိက် သတ္တကနည်း

ခုနစ်ပါးပြားသော နည်းအားဖြင့် သင်္ခါရက္ခန္ဓာသည် ဖြစ်၏။ ။ အပြစ်မရှိမူ၍ ကောင်းကျိုးချမ်းသာကို ပေးတတ်သော ပြုပြင် စီရင်မှုအစု ‘ကုသိုလ်သင်္ခါရက္ခန္ဓာ'သည် ရှိ၏၊ အပြစ်နှင့် တကွဖြစ်၍ မကောင်းကျိုးဆင်းရဲကို ပေးတတ်သော ပြုပြင် စီရင်မှုအစု ‘အကုသိုလ် သင်္ခါရက္ခန္ဓာ'သည် ရှိ၏၊ ကုသိုလ် အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သော ပြုပြင်စီရင်မှုအစု ‘အဗျာကတသင်္ခါရက္ခန္ဓာ'သည် ရှိ၏၊ ကာမဘုံ၌ သက်ဝင်၍ ဖြစ်သော (ကာမတဏှာ၏ ဖြစ်ရာ ကျင်လည်ရာ ဖြစ်သော) ‘ကာမာဝစရ'သင်္ခါရက္ခန္ဓာသည် ရှိ၏၊ ရူပဘုံ၌ သက်ဝင်၍ ဖြစ်သော (ရူပတဏှာ၏ဖြစ်ရာ ကျင်လည်ရာ ဖြစ်သော) ‘ရူပါဝစရ'သင်္ခါရက္ခန္ဓာသည် ရှိ၏၊ အရူပဘုံ၌ သက်ဝင်၍ဖြစ်သော (အရူပတဏှာ၏ ဖြစ်ရာကျင်လည်ရာ ဖြစ်သော) ‘အရူပါဝစရ'သင်္ခါရက္ခန္ဓာသည် ရှိ၏၊ (ကာမ, ရူပ, အရူပ) ဘုံသုံးပါး၌ အကျုံး မဝင်သော ‘အပရိယာပန္န’ (လောကုတ္တရာ) သင်္ခါရက္ခန္ဓာသည် ရှိ၏။ ဤသို့ ခုနစ်ပါးပြားသော နည်းအားဖြင့် သင်္ခါရက္ခန္ဓာသည် ဖြစ်၏။

(၂) ဝေဒနာတိက် သတ္တကနည်း

ထိုမှတစ်ပါးလည်း ခုနစ်ပြားသောနည်းအားဖြင့် သင်္ခါရက္ခန္ဓာသည် ဖြစ်၏။ ။ ဒုက္ခဝေဒနာနှင့်ယှဉ်သော သင်္ခါရက္ခန္ဓာသည်ရှိ၏၊ သုခ ဝေဒနာနှင့်ယှဉ်သော သင်္ခါရက္ခန္ဓာသည် ရှိ၏၊ အဒုက္ခမသုခ (ဥပေက္ခာ) ဝေဒနာနှင့်ယှဉ်သော သင်္ခါရက္ခန္ဓာ သည် ရှိ၏၊ ကာမဘုံ၌ ဖြစ်သော ‘ကာမာဝစရ'သင်္ခါရက္ခန္ဓာသည် ရှိ၏၊ ရူပဘုံ၌ သက်ဝင်၍ဖြစ်သော ‘ရူပါဝစရ'သင်္ခါရက္ခန္ဓာသည် ရှိ၏၊ အရူပဘုံ၌ သက်ဝင်၍ ဖြစ်သော ‘အရူပါဝစရ'သင်္ခါရက္ခန္ဓာသည် ရှိ၏၊ (ကာမ, ရူပ, အရူပ) ဘုံသုံးပါး၌ အကျုံးမဝင်သော ‘အပရိယာပန္န’ (လောကုတ္တရာ) သင်္ခါရက္ခန္ဓာသည် ရှိ၏။ပ။၁

၁။ အမှတ် (၃) ဝိပါကတိက် သတ္တကနည်းမှ အမှတ် (၂၀) အဇ္ဈတ္တတိက် သတ္တကနည်းအထိ ပေယျာလ လုံးဝ ချန်ခဲ့သည်။

--

(၂၁) အဇ္ဈတ္တာရမ္မဏတိက် သတ္တကနည်း

အတွင်း ‘အဇ္ဈတ္တ'သန္တာန်၌ဖြစ်သော တရားကို အာရုံ ပြုသော သင်္ခါရက္ခန္ဓာသည် ရှိ၏၊ အပ ‘ဗဟိဒ္ဓ'သန္တာန်၌ ဖြစ်သော တရားကို အာရုံပြုသော သင်္ခါရက္ခန္ဓာသည် ရှိ၏၊ အတွင်းအပ ‘အဇ္ဈတ္တဗဟိဒ္ဓ'သန္တာန်၌ ဖြစ်သော တရားကို အာရုံပြုသော သင်္ခါရက္ခန္ဓာသည် ရှိ၏၊ ကာမတဏှာ၏ ဖြစ်ရာ ကျင်လည်ရာဖြစ်သော ‘ကာမာဝစရ'သင်္ခါရက္ခန္ဓာသည် ရှိ၏၊ ရူပတဏှာ၏ ဖြစ်ရာ ကျင်လည်ရာ ဖြစ်သော ‘ရူပါဝစရ'သင်္ခါရက္ခန္ဓာသည် ရှိ၏၊ အရူပတဏှာ၏ဖြစ်ရာ ကျင်လည်ရာ ဖြစ်သော ‘အရူပါဝစရ'သင်္ခါရက္ခန္ဓာသည် ရှိ၏၊ (ကာမ, ရူပ, အရူပ) ဘုံသုံးပါး၌ အကျုံးမဝင်သော ‘အပရိယာပန္န’ (လောကုတ္တရာ) သင်္ခါရက္ခန္ဓာသည် ရှိ၏။ ။ ဤသို့ ခုနစ်ပါး ပြားသော နည်းအားဖြင့် သင်္ခါရက္ခန္ဓာ သည် ဖြစ်၏။

(သတ္တကနည်း ၂၁-နည်း ပြီး၏။ အသေးစိတ် ရေတွက်သော် ဤနည်း၌ သင်္ခါရက္ခန္ဓာပေါင်း (၂၁*၇) = ၁၄၇-ပါး ဖြစ်၏)။

(ဗဟုဝိဓဝါရ သတ္တကနည်း ၂၁-နည်း ပြီး၏)။

--

စတုဝီသတိဝိဓနည်း

တိက် ၂၁-ခုကို ဖဿ ၆-ပါးဖြင့် ဝေဖန်၍ ၂၄-ပါးစီဟောသော

စတုဝီသတိဝိဓနည်း ၂၁-နည်း

(စတုဝီသတိဝိဓနည်း ၂၁-နည်း၌ တစ်နည်း တစ်နည်းအတွက် သင်္ခါရက္ခန္ဓာ ၂၄-ပါးစီ ဟောထားရာ အသေးစိတ် ရေတွက်ပါမူ ဤနည်း၌ သင်္ခါရက္ခန္ဓာပေါင်း (၂၁*၂၄) =၅၀၄-ပါး ဖြစ်သည်။)

စတုဝီသတိဝိဓနည်း ၂၁-နည်း၁

(၁) ကုသလတိက် စတုဝီသတိဝိဓနည်း

နှစ်ဆယ့်လေးပါးပြားသော နည်းအားဖြင့် သင်္ခါရက္ခန္ဓာသည် ဖြစ်၏။

၁-၂-၃။ မျက်စိအတွေ့ (မျက်စိအကြည် ‘စက္ခုပသာဒ'နှင့် အဆင်း ‘ရူပါရုံ'တို့ တွေ့ဆုံထိခိုက်မှု) ‘စက္ခုသမ္ဖဿ’ဟူသော အကြောင်းကြောင့်ဖြစ်သော သင်္ခါရက္ခန္ဓာသည် ကုသိုလ်သင်္ခါရက္ခန္ဓာလည်း ရှိ၏၊ အကုသိုလ် သင်္ခါရက္ခန္ဓာလည်း ရှိ၏၊ အဗျာကတ သင်္ခါရက္ခန္ဓာလည်း ရှိ၏။

၄-၅-၆။ နားအတွေ့ (နားအကြည် ‘သောတပသာဒ'နှင့် အသံ ‘သဒ္ဒါရုံ'တို့ တွေ့ဆုံထိခိုက်မှု) ‘သောတသမ္ဖဿ’ဟူသော အကြောင်းကြောင့်။ပ။

၇-၈-၉။ နှာခေါင်းအတွေ့ (နှာခေါင်းအကြည် ‘ဃာနပသာဒ'နှင့် အနံ့ ‘ဂန္ဓာရုံ'တို့ တွေ့ဆုံထိခိုက်မှု) ‘ဃာနသမ္ဖဿ’ဟူသော အကြောင်းကြောင့်။ပ။

၁၀-၁၁-၁၂။ လျှာအတွေ့ (လျှာအကြည် ‘ဇိဝှါပသာဒ'နှင့် အရသာ ‘ရသာရုံ'တို့ တွေ့ဆုံထိခိုက်မှု) ‘ဇိဝှါသမ္ဖဿ’ဟူသော အကြောင်းကြောင့်။ပ။

၁၃-၁၄-၁၅။ ကိုယ်အတွေ့ (ကိုယ်အကြည် ‘ကာယပဿဒ'နှင့် အတွေ့ ‘ဖောဋ္ဌဗ္ဗာရုံ'တို့ တွေ့ဆုံ ထိခိုက်မှု) ‘ကာယသမ္ဖဿ’ဟူသော အကြောင်းကြောင့်။ပ။

၁၆-၁၇-၁၈။ စိတ်အတွေ့ (စိတ်နှင့် ဓမ္မာရုံတို့ တွေ့ဆုံထိခိုက်မှု) ‘မနောသမ္ဖဿ’ဟူသော အကြောင်းကြောင့်ဖြစ်သော သင်္ခါရက္ခန္ဓာသည် ကုသိုလ် သင်္ခါရက္ခန္ဓာလည်း ရှိ၏၊ အကုသိုလ် သင်္ခါရက္ခန္ဓာလည်း ရှိ၏၊ အဗျာကတ သင်္ခါရက္ခန္ဓာလည်း ရှိ၏။

၁၉-၂၃။ မျက်စိအတွေ့ (မျက်စိအကြည် ‘စက္ခုပသာဒ'နှင့် အဆင်း ‘ရူပါရုံ'တို့ တွေ့ဆုံထိခိုက်မှု) ‘စက္ခုသမ္ဖဿ'ကြောင့်ဖြစ်သော စေတနာ (စက္ခုသမ္ဖဿဇာစေတနာ)။ပ။

၂၄။ စိတ်အတွေ့ (စိတ်နှင့် ဓမ္မာရုံတို့ တွေ့ဆုံထိခိုက်မှု) ‘မနောသမ္ဖဿ'ကြောင့်ဖြစ်သော စေတနာ (မနောသမ္ဖဿဇာ စေတနာ)။ ဤသို့ နှစ်ဆယ့်လေးပါးပြားသော နည်းအားဖြင့် သင်္ခါရက္ခန္ဓာသည် ဖြစ်၏။

(ကုသလတိက် စတုဝီသတိဝိဓနည်း ပြီး၏)။

၁။ စတုဝီသတိဝိဓနည်း ၂၁-နည်း၌ တစ်နည်း တစ်နည်းအတွက် သင်္ခါရက္ခန္ဓာ ၂၄-ပါးစီ ဟောထားရာ အသေးစိတ် ရေတွက်ပါမူ ဤနည်း၌ သင်္ခါရက္ခန္ဓာပေါင်း (၂၁*၂၄) =၅၀၄-ပါး ဖြစ်သည်။

--

(၂) ဝေဒနာတိက် စတုဝီသတိဝိဓနည်း

ထိုမှတစ်ပါးလည်း နှစ်ဆယ့်လေးပါးပြားသော နည်း အားဖြင့် သင်္ခါရက္ခန္ဓာသည် ဖြစ်၏။

၁-၂-၃။ မျက်စိအတွေ့ ‘စက္ခုသမ္ဖဿ’ဟူသော အကြောင်းကြောင့်ဖြစ်သော သင်္ခါရက္ခန္ဓာသည် သုခ ဝေဒနာနှင့် ယှဉ်သော သင်္ခါရက္ခန္ဓာလည်း ရှိ၏။ပ။၁

၁။ အမှတ် (၃) ဝိပါကတိက် စတုဝီသတိဝိဓနည်းမှ အမှတ် (၂၀) အဇ္ဈတ္တတိက် စတုဝီသတိဝိဓ နည်းအထိ (စတုဝီ သတိဝိဓနည်း ၁၈-နည်းတို့ကို) ပေယျာလ လုံးဝချန်ခဲ့သည်။

(၂၁) အဇ္ဈတ္တာရမ္မဏတိက် စတုဝီသတိဝိဓနည်း

၁-၂-၃။ (မျက်စိအတွေ့ ‘စက္ခုသမ္ဖဿ’ဟူသော အကြောင်းကြောင့်ဖြစ်သော သင်္ခါရ က္ခန္ဓာသည်) အတွင်း ‘အဇ္ဈတ္တ'သန္တာန်၌ ဖြစ်သော တရားကို အာရုံပြုသော သင်္ခါရက္ခန္ဓာသည် ရှိ၏၊ အပ ‘ဗဟိဒ္ဓ'သန္တာန်၌ ဖြစ်သော တရားကို အာရုံပြုသော သင်္ခါရက္ခန္ဓာသည် ရှိ၏၊ အတွင်းအပ ‘အဇ္ဈတ္တဗဟိဒ္ဓ'သန္တာန်၌ ဖြစ်သော တရားကို အာရုံပြုသော သင်္ခါရက္ခန္ဓာသည် ရှိ၏။ [မျက်စိအတွေ့ ‘စက္ခုသမ္ဖဿကြောင့်ဖြစ်သော စေတနာ။ပ။ စိတ်အတွေ့ ‘မနောသမ္ဖဿ'ကြောင့်ဖြစ်သော စေတနာ]။၁

၄-၅-၆။ နားအတွေ့ ‘သောတသမ္ဖဿ’ဟူသော အကြောင်းကြောင့် (သောတသမ္ဖဿပစ္စယာ)။ပ။

၇-၈-၉။ နှာခေါင်းအတွေ့ ‘ဃာနသမ္ဖဿ’ဟူသော အကြောင်းကြောင့် (ဃာနသမ္ဖဿပစ္စယာ)။ပ။

၁၀-၁၁-၁၂။ လျှာအတွေ့ ‘ဇိဝှါသမ္ဖဿ’ဟူသော အကြောင်းကြောင့် (ဇိဝှါသမ္ဖဿပစ္စယာ)။ပ။

၁၃-၁၄-၁၅။ ကိုယ်အတွေ့ ‘ကာယသမ္ဖဿ’ဟူသော အကြောင်းကြောင့် (ကာယသမ္ဖဿပစ္စယာ)။ပ။

[၁၆-၁၇-၁၈။ စိတ်အတွေ့ ‘မနောသမ္ဖဿ’ဟူသော အကြောင်းကြောင့်ဖြစ်သော သင်္ခါရက္ခန္ဓာသည် သုခဝေဒနာနှင့်ယှဉ်သော သင်္ခါရက္ခန္ဓာသည် ရှိ၏။ပ။]၂

၁၆-၁၇-၁၈။၃ (စိတ်အတွေ့ ‘မနောသမ္ဖဿ’ဟူသော အကြောင်းကြောင့်ဖြစ်သော သင်္ခါရက္ခန္ဓာ သည်) အတွင်း ‘အဇ္ဈတ္တ'သန္တာန်၌ဖြစ်သော တရားကို အာရုံပြုသော သင်္ခါရက္ခန္ဓာသည် ရှိ၏၊ အပ ‘ဗဟိဒ္ဓ'သန္တာန်၌ ဖြစ်သော တရားကို အာရုံပြုသော သင်္ခါရက္ခန္ဓာသည် ရှိ၏၊ အတွင်းအပသန္တာန်၌ ဖြစ်သော တရားကို အာရုံပြုသော သင်္ခါရက္ခန္ဓာသည် ရှိ၏။

၁၉။ မျက်စိအတွေ့ ‘စက္ခုသမ္ဖဿ'ကြောင့်ဖြစ်သော စေတနာ (စက္ခုသမ္ဖဿဇာစေတနာ)။

၂၀။ နားအတွေ့ ‘သောတသမ္ဖဿ'ကြောင့်ဖြစ်သော စေတနာ (သောတသမ္ဖဿဇာစေတနာ)။

၂၁။ နှာခေါင်းအတွေ့ ‘ဃာနသမ္ဖဿ'ကြောင့်ဖြစ်သော စေတနာ (ဃာနသမ္ဖဿဇာစေတနာ)။

၂၂။ လျှာအတွေ့ ‘ဇိဝှါသမ္ဖဿ'ကြောင့်ဖြစ်သော စေတနာ (ဇိဝှါသမ္ဖဿဇာစေတနာ)။

၂၃။ ကိုယ်အတွေ့ ‘ကာယသမ္ဖဿ'ကြောင့်ဖြစ်သော စေတနာ (ကာယသမ္ဖဿဇာစေတနာ)။

၂၄။ စိတ်အတွေ့ ‘မနောသမ္ဖဿ'ကြောင့်ဖြစ်သော စေတနာ (မနောသမ္ဖဿဇာစေတနာ)။ ဤသို့ နှစ်ဆယ့်လေးပါးပြားသော နည်းအားဖြင့် သင်္ခါရက္ခန္ဓာသည် ဖြစ်၏။

(အဇ္ဈတ္တာရမ္မဏတိက် စတုဝီသတိဝိဓနည်း ပြီး၏)။

--

(တိက် ၂၁-ခုကို ဖဿ ၆-ပါးဖြင့် ဝေဖန်၍ ၂၄-ပါးစီ ဟောသော စတုဝီသတိဝိဓနည်း ၂၁-နည်း ပြီး၏။ အသေးစိတ် ရေတွက်သော် ဤစတုဝီသတိဝိဓနည်း၌ သင်္ခါရက္ခန္ဓာပေါင်း (၂၁*၂၄) =၅၀၄-ပါး ဖြစ်၏)။

(စတုဝီသတိဝိဓနည်း ပြီး၏)။

၁။ ဤစာပိုဒ်မှာ ပါဋ္ဌိတော်၌ ပါရှိနေသဖြင့်သာ အနက်ပြန်ဆိုရေးသားလိုက်ပါသည်။ စင်စစ်မှာ ဤစာပိုဒ်သည် အပိုသာ ဖြစ်ပါသည်။

၂။ ဤစာပိုဒ်သည် ဒုတိယစတုဝီသတိဝိဓနည်းဖြစ်သော ဝေဒနာတိက်ကို မနောသမ္ဖဿဖြင့် ဝေဖန်ဟောပြသည့် အဆက်ကို ပြန်ဖော်ခြင်းဖြစ်သည်။ သုဒ္ဓနည်း ၆-ပါးကိုမူ တစ်ပေါင်းတည်းပြုပြီးလျှင် နောက်ဆုံး၌ ဖော်ပြထားသည်။ စင်စစ်အားဖြင့် ဤစာပိုဒ်သည် မလိုချေ၊ စာကြည့်သူကို ရှုပ်ထွေးစေသည်။

၃။ ဤစာပိုဒ်သည် နောက်ဆုံးဖြစ်သော အဇ္ဈတ္တာရမ္မဏတိက်ကို အစီအစဉ်အရ ဖော်ပြခြင်း ဖြစ်သည်။

--

တိံသဝိဓနည်း

(ဘုံလေးပါးဖြင့် ဖဿ ၆-ပါးကို ဝေဖန်၍ အပြား ၃၀-အားဖြင့် ဟောသော တိံသဝိဓနည်း)

သုံးဆယ်ပြားသော နည်းအားဖြင့် သင်္ခါရက္ခန္ဓာသည် ဖြစ်၏။

၁-၄။ မျက်စိအတွေ့ (မျက်စိအကြည် ‘စက္ခုပသာဒ'နှင့် အဆင်း ‘ရူပါရုံ'တို့ တွေ့ဆုံထိခိုက်မှု) ‘စက္ခုသမ္ဖဿ’ဟူသော အကြောင်းကြောင့်ဖြစ်သော သင်္ခါရက္ခန္ဓာသည် ကာမဘုံ၌ သက်ဝင်၍ဖြစ်သော (ကာမတဏှာ၏ ဖြစ်ရာ ကျင်လည်ရာ ဖြစ်သော) ‘ကာမာဝစရ'သင်္ခါရက္ခန္ဓာသည် ရှိ၏၊ ရူပဘုံ၌ သက်ဝင်၍ ဖြစ်သော (ရူပတဏှာ၏ ဖြစ်ရာ ကျင်လည်ရာ ဖြစ်သော) ‘ရူပါဝစရ'သင်္ခါရက္ခန္ဓာသည် ရှိ၏၊ အရူပဘုံ၌ သက်ဝင်၍ ဖြစ်သော (အရူပတဏှာ၏ ဖြစ်ရာ ကျင်လည်ရာ ဖြစ်သော) ‘အရူပါဝစရ'သင်္ခါရက္ခန္ဓာသည် ရှိ၏၊ (ကာမ, ရူပ, အရူပ) ဘုံသုံးပါး၌ အကျုံးမဝင်သော ‘အပရိယာပန္န’ (လောကုတ္တရာ) သင်္ခါရက္ခန္ဓာသည် ရှိ၏။

၅-၈။ နားအတွေ့ (နားအကြည် ‘သောတပသာဒ'နှင့် အသံ ‘သဒ္ဒါရုံ'တို့ တွေ့ဆုံထိခိုက်မှု) ‘သောတ သမ္ဖဿ’ဟူသော အကြောင်းကြောင့်။ပ။

၉-၁၂။ နှာခေါင်းအတွေ့ (နှာခေါင်းအကြည် ‘ဃာနပသာဒ'နှင့် အနံ့ ‘ဂန္ဓာရုံ'တို့ တွေ့ဆုံထိခိုက်မှု) ‘ဃာနသမ္ဖဿ’ဟူသော အကြောင်းကြောင့်။ပ။

၁၃-၁၆။ လျှာအတွေ့ (လျှာအကြည် ‘ဇိဝှါပသာဒ'နှင့် အရသာ ‘ရသာရုံ'တို့ တွေ့ဆုံထိခိုက်မှု) ‘ဇိဝှါသမ္ဖဿ’ဟူသော အကြောင်းကြောင့်။ပ။

၁၇-၂၀။ ကိုယ်အတွေ့ (ကိုယ်အကြည် ‘ကာယပသာဒ'နှင့် အတွေ့ ‘ဖောဋ္ဌဗ္ဗာရုံ'တို့ တွေ့ဆုံထိခိုက်မှု) ‘ကာယသမ္ဖဿ’ဟူသော အကြောင်းကြောင့်။ပ။

၂၁-၂၄။ စိတ်အတွေ့ (စိတ်နှင့်ဓမ္မာရုံတို့ တွေ့ဆုံထိခိုက်မှု) ‘မနောသမ္ဖဿ’ဟူသော အကြောင်း ကြောင့်ဖြစ်သော သင်္ခါရက္ခန္ဓာသည် ကာမတဏှာ၏ ဖြစ်ရာ ကျင်လည်ရာဖြစ်သော ‘ကာမာဝစရ'သင်္ခါရက္ခန္ဓာသည် ရှိ၏၊ ရူပတဏှာ၏ ဖြစ်ရာကျင်လည်ရာ ဖြစ်သော ‘ရူပါဝစရ'သင်္ခါရက္ခန္ဓာသည် ရှိ၏၊ အရူပတဏှာ၏ ဖြစ်ရာ ကျင်လည်ရာဖြစ်သော ‘အရူပါဝစရ'သင်္ခါရက္ခန္ဓာသည် ရှိ၏၊ (ကာမ, ရူပ, အရူပ) ဘုံသုံးပါး၌ အကျုံးမဝင်သော ‘အပရိယာပန္န’ (လောကုတ္တရာ) သင်္ခါရက္ခန္ဓာသည် ရှိ၏။

၂၅-၂၉။ မျက်စိအတွေ့ ‘စက္ခုသမ္ဖဿ'ကြောင့်ဖြစ်သော စေတနာသည် ရှိ၏ (စက္ခုသမ္ဖဿဇာ စေတနာ)။ပ။

၃၀။ စိတ်အတွေ့ ‘မနောသမ္ဖဿ'ကြောင့်ဖြစ်သော စေတနာသည် ရှိ၏ (မနောသမ္ဖဿဇာ စေတနာ)။ ဤသို့ သုံးဆယ်ပြားသော နည်းအားဖြင့် သင်္ခါရက္ခန္ဓာသည် ဖြစ်၏။

(ဘုံလေးပါးဖြင့် ဖဿ ၆-ပါးကို ဝေဖန်၍ အပြား ၃၀-အားဖြင့် ဟောသော တိံသဝိဓနည်းပြီး၏။ ဤတိံသဝိဓနည်း၌ သင်္ခါရက္ခန္ဓာပေါင်း ၃၀-ပါး ဖြစ်၏)။

(တိံသဝိဓနည်း ပြီး၏)။

--

ဗဟုဝိဓနည်း

တိက် ၂၁-ခုကို ဘုံလေးပါး ဖဿ ၆-ပါးတို့ဖြင့် ဝေဖန်၍ ဟောသည့် များသော အပြား ရှိသော ဗဟုဝိဓနည်း ၂၁-နည်း (ဤနည်း တစ်နည်း တစ်နည်း၌ သင်္ခါရက္ခန္ဓာပေါင်း ၄၈-ပါး ရှိ၏၊ ဗဟုဝိဓနည်း ၂၁-နည်း၌ သင်္ခါရက္ခန္ဓာပေါင်း (၂၁*၄၈) = ၁၀၀၈-ပါး ဖြစ်၏။)

တိက် ၂၁-ခုကို ဘုံလေးပါး ဖဿ ၆-ပါးတို့ဖြင့် ဝေဖန်၍ဟောသည့် များသော အပြား ရှိသော ဗဟုဝိဓနည်း ၂၁-နည်း၁

(၁) ကုသလတိက် ဗဟုဝိဓနည်း ၄၈-ပါး

များသောအပြားအားဖြင့် သင်္ခါရက္ခန္ဓာသည် ဖြစ်၏။

၁-၇။ မျက်စိအတွေ့ (မျက်စိအကြည် ‘စက္ခုပသာဒ'နှင့် အဆင်း ‘ရူပါရုံ'တို့ တွေ့ဆုံထိခိုက်မှု) ‘စက္ခုသမ္ဖဿ’ဟူသော အကြောင်းကြောင့်ဖြစ်သော သင်္ခါရက္ခန္ဓာသည် ကုသိုလ်သင်္ခါရက္ခန္ဓာသည် ရှိ၏၊ အကုသိုလ် သင်္ခါရက္ခန္ဓာသည် ရှိ၏၊ အဗျာကတ သင်္ခါရက္ခန္ဓာသည် ရှိ၏၊ ကာမတဏှာ၏ ဖြစ်ရာ ကျင်လည်ရာ ဖြစ်သော (ကာမဘုံ၌ သက်ဝင်၍ဖြစ်သော) ‘ကာမာဝစရ'သင်္ခါရက္ခန္ဓာသည် ရှိ၏၊ ရူပ တဏှာ၏ ဖြစ်ရာ ကျင်လည်ရာ ဖြစ်သော (ရူပဘုံ၌ သက်ဝင်၍ဖြစ်သော) ‘ရူပါဝစရ'သင်္ခါရက္ခန္ဓာသည့်ရှိ၏၊ အရူပတဏှာ၏ ဖြစ်ရာ ကျင်လည် ရာဖြစ်သော (အရူပဘုံ၌ သက်ဝင်၍ဖြစ်သော) ‘အရူပါဝစရ'သင်္ခါရက္ခန္ဓာသည် ရှိ၏၊ (ကာမ, ရူပ, အရူပ) ဘုံသုံးပါး၌ အကျုံးမဝင်သော ‘အပရိယာပန္န’ (လောကုတ္တရာ) သင်္ခါရက္ခန္ဓာသည် ရှိ၏။

၈-၁၄။ နားအတွေ့ (နားအကြည် ‘သောတပသာဒ'နှင့် အသံ ‘သဒ္ဒါရုံ'တို့ တွေ့ဆုံထိခိုက်မှု) ‘သောတသမ္ဖဿ’ဟူသော အကြောင်းကြောင့်။ပ။

၁၅-၂၁။ နှာခေါင်းအတွေ့ (နှာခေါင်းအကြည် ‘ဃာနပသာဒ'နှင့် အနံ့ ‘ဂန္ဓာရုံ'တို့ တွေ့ဆုံထိခိုက်မှု) ‘ဃာနသမ္ဖဿ’ဟူသော အကြောင်းကြောင့်။ပ။

၂၂-၂၈။ လျှာအတွေ့ (လျှာအကြည် ‘ဇိဝှါပသာဒ'နှင့် အရသာ ‘ရသာရုံ'တို့ တွေ့ဆုံထိခိုက်မှု) ‘ဇိဝှါသမ္ဖဿ’ဟူသော အကြောင်းကြောင့်။ပ။

၂၉-၃၅။ ကိုယ်အတွေ့ (ကိုယ်အကြည် ‘ကာယပသာဒ'နှင့် အတွေ့ ‘ဖောဋ္ဌဗ္ဗာရုံ'တို့ တွေ့ဆုံထိခိုက်မှု) ‘ကာယသမ္ဖဿ’ဟူသော အကြောင်းကြောင့်။ပ။

၃၆-၄၂။ စိတ်အတွေ့ (စိတ်နှင့်ဓမ္မာရုံတို့တွေ့ဆုံထိခိုက်မှု) ‘မနောသမ္ဖဿ’ဟူသော အကြောင်း ကြောင့်ဖြစ်သော သင်္ခါရက္ခန္ဓာသည် ကုသိုလ်သင်္ခါရက္ခန္ဓာသည် ရှိ၏၊ အကုသိုလ် သင်္ခါရက္ခန္ဓာသည် ရှိ၏၊ အဗျာကတ သင်္ခါရက္ခန္ဓာသည် ရှိ၏၊ ကာမဘုံ၌ သက်ဝင်၍ဖြစ်သော ‘ကာမာဝစရ'သင်္ခါရက္ခန္ဓာသည် ရှိ၏၊ ရူပဘုံ၌ သက်ဝင်၍ဖြစ်သော ‘ရူပါဝစရ'သင်္ခါရက္ခန္ဓာသည် ရှိ၏၊ အရူပဘုံ၌ သက်ဝင်၍ဖြစ်သော ‘အရူပါဝစရ'သင်္ခါရက္ခန္ဓာသည် ရှိ၏၊ (ကာမ, ရူပ, အရူပ) ဘုံသုံးပါး၌ အကျုံးမဝင်သော ‘အပရိယာပန္န’ (လောကုတ္တရာ) သင်္ခါရက္ခန္ဓာသည် ရှိ၏။

၄၃။ မျက်စိအတွေ့ ‘စက္ခုသမ္ဖဿ'ကြောင့်ဖြစ်သော စေတနာ (စက္ခုသမ္ဖဿဇာ စေတနာ)။

၄၄။ နားအတွေ့ ‘သောတသမ္ဖဿ'ကြောင့်ဖြစ်သော စေတနာ (သောတသမ္ဖဿဇာ စေတနာ)။

၄၅။ နှာခေါင်းအတွေ့ ‘ဃာနသမ္ဖဿ'ကြောင့်ဖြစ်သော စေတနာ (ဃာနသမ္ဖဿဇာ စေတနာ)။

--

၄၆။ လျှာအတွေ့ ‘ဇိဝှါသမ္ဖဿ'ကြောင့်ဖြစ်သော စေတနာ (ဇိဝှါသမ္ဖဿဇာ စေတနာ)။

၄၇။ ကိုယ်အတွေ့ ‘ကာယသမ္ဖဿ'ကြောင့်ဖြစ်သော စေတနာ (ကာယသမ္ဖဿဇာ စေတနာ)။

၄၈။ စိတ်အတွေ့ ‘မနောသမ္ဖဿ'ကြောင့်ဖြစ်သော စေတနာ (မနောသမ္ဖဿဇာ စေတနာ)။ ဤသို့ များသောအပြားအားဖြင့် သင်္ခါရက္ခန္ဓာသည် ဖြစ်၏။

၁။ ဤနည်း တစ်နည်း တစ်နည်း၌ သင်္ခါရက္ခန္ဓာပေါင်း ၄၈-ပါး ရှိ၏၊ ဗဟုဝိဓနည်း ၂၁-နည်း၌ သင်္ခါရက္ခန္ဓာပေါင်း (၂၁*၄၈) = ၁၀၀၈-ပါး ဖြစ်၏။

(၂) ဝေဒနာတိက် ဗဟုဝိဓနည်း ၄၈-ပါး

ထိုမှ တစ်ပါးလည်း များသော အပြားအားဖြင့် သင်္ခါရက္ခန္ဓာသည် ဖြစ်၏။

၁-၄၈။ မျက်စိအတွေ့ ‘စက္ခုသမ္ဖဿ’ဟူသော အကြောင်းကြောင့်ဖြစ်သော သင်္ခါရက္ခန္ဓာသည် သုခ ဝေဒနာနှင့်ယှဉ်သော သင်္ခါရက္ခန္ဓာသည် ရှိ၏၊ ဒုက္ခဝေဒနာနှင့်ယှဉ်သော သင်္ခါရက္ခန္ဓာသည် ရှိ၏၊ အဒုက္ခ မသုခဝေဒနာနှင့်ယှဉ်သော သင်္ခါရက္ခန္ဓာသည် ရှိ၏။ပ။၁

၁။ အမှတ် (၃) ဝိပါကတိက် ဗဟုဝိဓနည်းမှ အမှတ် (၂၀) အဇ္ဈတ္တတိက် ဗဟုဝိဓနည်းအထိ (ဗဟုဝိဓနည်း ၁၈-နည်းတို့ကို) ပေယျာလ လုံးဝချန်ခဲ့သည်။

(၂၁) အဇ္ဈတ္တာရမ္မဏတိက် ဗဟုဝိဓနည်း ၄၈-ပါး

၁-၇။ (မျက်စိအတွေ့ ‘စက္ခုသမ္ဖဿ’ဟူသော အကြောင်းကြောင့်ဖြစ်သောသင်္ခါရက္ခန္ဓာ သည်) အတွင်း ‘အဇ္ဈတ္တ'သန္တာန်၌ ဖြစ်သော တရားကို အာရုံပြုသော သင်္ခါရက္ခန္ဓာသည် ရှိ၏၊ အပ ‘ဗဟိဒ္ဓ'သန္တာန်၌ ဖြစ်သော တရားကို အာရုံပြုသော သင်္ခါရက္ခန္ဓာသည် ရှိ၏၊ အတွင်းအပ ‘အဇ္ဈတ္တဗဟိဒ္ဓ'သန္တာန်၌ ဖြစ်သော တရားကို အာရုံပြုသော သင်္ခါရက္ခန္ဓာသည် ရှိ၏။ ကာမတဏှာ၏ ဖြစ်ရာ ကျင်လည်ရာ ဖြစ်သော ‘ကာမာဝစရ'သင်္ခါရက္ခန္ဓာသည် ရှိ၏၊ ရူပတဏှာ၏ ဖြစ်ရာကျင်လည်ရာ ဖြစ်သော ‘ရူပါဝစရ'သင်္ခါရက္ခန္ဓာသည် ရှိ၏၊ အရူပတဏှာ၏ ဖြစ်ရာ ကျင်လည်ရာ ဖြစ်သော ‘အရူပါဝစရ'သင်္ခါရက္ခန္ဓာသည် ရှိ၏၊ (ကာမ, ရူပ, အရူပ) ဘုံသုံးပါး၌ အကျုံးမဝင်သော ‘အပရိယာပန္န’ (လောကုတ္တရာ) သင်္ခါရက္ခန္ဓာ သည် ရှိ၏။

၈-၁၄။ နားအတွေ့ ‘သောတသမ္ဖဿ’ဟူသော အကြောင်းကြောင့်။ပ။

၁၅-၂၁။ နှာခေါင်းအတွေ့ ‘ဃာနသမ္ဖဿ’ဟူသော အကြောင်းကြောင့်။ပ။

၂၂-၂၈။ လျှာအတွေ့ ‘ဇိဝှါသမ္ဖဿ’ဟူသော အကြောင်းကြောင့်။ပ။

၂၉-၃၅။ ကိုယ်အတွေ့ ‘ကာယသမ္ဖဿ’ဟူသော အကြောင်းကြောင့်။ပ။

[၃၆-၄၂။၁ စိတ်အတွေ့ ‘မနောသမ္ဖဿ’ဟူသော အကြောင်းကြောင့်ဖြစ်သော သင်္ခါရက္ခန္ဓာသည် သုခဝေဒနာနှင့်ယှဉ်သော သင်္ခါရက္ခန္ဓာသည် ရှိ၏။ပ။ ‘

၃၆-၄၂။၂ (စိတ်အတွေ့ ‘မနောသမ္ဖဿ’ဟူသော အကြောင်းကြောင့်ဖြစ်သော သင်္ခါရက္ခန္ဓာသည်) အတွင်း ‘အဇ္ဈတ္တ'သန္တာန်၌ဖြစ်သော တရားကို အာရုံပြုသော သင်္ခါရက္ခန္ဓာသည် ရှိ၏၊ အပ ‘ဗဟိဒ္ဓ'သန္တာန်၌ ဖြစ်သော တရားကို အာရုံပြုသော သင်္ခါရက္ခန္ဓာသည် ရှိ၏၊ အတွင်းအပ ‘အဇ္ဈတ္တဗဟိဒ္ဓ'သန္တာန်၌ ဖြစ်သော တရားကို အာရုံပြုသော သင်္ခါရက္ခန္ဓာသည် ရှိ၏။ ကာမဘုံ၌ သက်ဝင်၍ဖြစ်သော (ကာမ တဏှာ၏ ဖြစ်ရာ ကျင်လည်ရာ ဖြစ်သော) ‘ကာမာဝစရ'သင်္ခါရက္ခန္ဓာသည် ရှိ၏၊ ရူပဘုံ၌ သက်ဝင်၍ ဖြစ်သော (ရူပတဏှာ၏ ဖြစ်ရာ ကျင်လည် ရာဖြစ်သော) ‘ရူပါဝစရ'သင်္ခါရက္ခန္ဓာသည် ရှိ၏၊ အရူပဘုံ၌ သက်ဝင်၍ဖြစ်သော (အရူပတဏှာ၏ ဖြစ်ရာ ကျင်လည်ရာဖြစ်သော) ‘အရူပါဝစရ'သင်္ခါရက္ခန္ဓာသည် ရှိ၏၊ (ကာမ, ရူပ, အရူပ) ဘုံသုံးပါး၌ အကျုံးမဝင်သော ‘အပရိယာပန္န’ (လောကုတ္တရာ) သင်္ခါရက္ခန္ဓာသည် ရှိ၏။

--

၄၃။ မျက်စိအတွေ့ ‘စက္ခုသမ္ဖဿ'ကြောင့်ဖြစ်သော စေတနာသည် ရှိ၏ (စက္ခုသမ္ဖဿဇာ စေတနာ)။

၄၄။ နားအတွေ့ ‘သောတသမ္ဖဿ'ကြောင့်ဖြစ်သော စေတနာသည် ရှိ၏ (သောတသမ္ဖဿဇာ စေတနာ)။

၄၅။ နှာခေါင်းအတွေ့ ‘ဃာနသမ္ဖဿ'ကြောင့်ဖြစ်သော စေတနာသည် ရှိ၏ (ဃာနသမ္ဖဿဇာ စေတနာ)။

၄၆။ လျှာအတွေ့ ‘ဇိဝှါသမ္ဖဿ'ကြောင့်ဖြစ်သော စေတနာသည် ရှိ၏ (ဇိဝှါသမ္ဖဿဇာစေတနာ)။

၄၇။ ကိုယ်အတွေ့ ‘ကာယသမ္ဖဿ'ကြောင့်ဖြစ်သော စေတနာသည် ရှိ၏ (ကာယသမ္ဖဿဇာ စေတနာ)။

၄၈။ စိတ်အတွေ့ ‘မနောသမ္ဖဿ'ကြောင့်ဖြစ်သော စေတနာသည် ရှိ၏ (မနောသမ္ဖဿဇာ စေတနာ)။ ။ ဤသို့ များသောအပြားအားဖြင့် သင်္ခါရက္ခန္ဓာသည် ဖြစ်၏။

(တိက် ၂၁-ခုကို ဘုံလေးပါး, ဖဿ ၆-ပါးတို့ဖြင့် ဝေဖန်၍ဟောသည့် များသော အပြားရှိသော ဗဟုဝိဓနည်း ၂၁-နည်း ပြီး၏။ အသေးစိတ် ရေတွက်သော် ဤဗဟုဝိဓနည်း၌ သင်္ခါရက္ခန္ဓာပေါင်း (၂၁*၄၈)= ၁၀၀၈-ပါး ဖြစ်၏။)

(ဗဟုဝိဓနည်း ပြီး၏)။

--

ဤဆိုအပ်ခဲ့ပြီးသော သင်္ခါရတို့ကို ပြုပြင်စီရင်မှုအစု ‘သင်္ခါရက္ခန္ဓာ’ဟု ဆိုအပ်၏။

[သင်္ခါရက္ခန္ဓာပေါင်းမှာ

(၁) ဒုကမူလကနည်း ၉၄၇၁၀-ပါး

(၂) တိကမူလကနည်း ၉၄၇၁၀-ပါး

(၃) ဥဘတောဝဍ္ဎကနည်း ၁၁၅၅-ပါး

(၄) သတ္တကနည်း ၄၇-ပါး

(၅) စတုဝီသတိဝိဓနည်း ၅၀၄-ပါး

(၆) တိံသဝိဓနည်း ၃၀-ပါး

(၇) ဗဟုဝိဓနည်း ၁၀၀၈-ပါး

ပေါင်း ၁၉၂၂၆၄-ပါး ဖြစ်၏]။

သင်္ခါရက္ခန္ဓာ ပြီး၏။

(သင်္ခါရက္ခန္ဓာတို့ကို အဘိဓမ္မာနည်းအားဖြင့် ဝေဖန်ဟောကြားအပ်သော ‘အဘိဓမ္မဘာဇနီယ'နည်း ပြီး၏)။

၁။ အဇ္ဈတ္တာရမ္မဏတိက်ကို အမှတ် ၃၅-တွင် ရပ်၍ ဝေဒနာတိက်မှ အမှတ် ၃၆-၄၂ ကို သတိရရန် ပြန်၍ ဖော်ပြခြင်းဖြစ်သည်။ စင်စစ် ဤစာပိုဒ်သည် မလိုချေ၊ စာကြည့်သူကို ရှုပ်ထွေးစေနိုင်သည်။

၂။ ဤစာပိုဒ်သည် အဇ္ဈတ္တာရမ္မဏတိက် ဗဟုဝိဓနည်းကို အစီအစဉ်အရ ဖော်ပြခြင်းဖြစ်သည်၊ ထို့နောက်မှ ဖဿ ၆-ပါး သက်သက်ကို ဆက်လက်ထည့်သွင်းပြီးလျှင် ရေတွက်၍ပြသည်။

--

၅-ဝိညာဏက္ခန္ဓ

(သိမှုအစု)

ဒုကမူလကနည်း

ဒုကမူ-တိကမူလီ

ဒုက်တို့ကို မူတည်၍ တိက် ၂၁-ခုကို မူလီသွင်း၍ဟောသော ဒုကမူလကနည်း

(ဒုက် ၅၂-ခု၁ကို မူတည်၍ တိက် ၂၁-ခုကို မူလီသွင်း၍ ဟောသောနည်း (၅၂*၂၁) = ၁၀၉၂-နည်း)၂

၁။ ဝိညာဏက္ခန္ဓာ တရားကိုယ်များ အရ မကောက်နိုင်သော ဒုက်ပုဒ်များ ပါဝင်နေသည့် ဒုက် ၄၈-ခုကို မဟောချေ။

၂။ ဤဝိညာဏက္ခန္ဓာ ဒုကမူလကနည်း၌ နည်းပေါင်း (၅၂*၂၁)= ၁၀၉၂-နည်း ဖြစ်သည်၊ ဤနည်း ၁၀၉၂-နည်း၌ တစ်နည်း တစ်နည်းကိုပင် တစ်ဖန် ၁၀-နည်းစီ ထပ်၍ ပွါးပြန်သည်၊ ထိုထပ်ပွါး ၁၀-နည်း၌ ဝိညာဏက္ခန္ဓာ ၅၅-ပါး ရှိသည်၊ ထို့ကြောင့် အသေးစိတ် ရေတွက်သော် ဝိညာဏက္ခန္ဓာပေါင်း (၁၀၉၂*၅၅) = ၆၀၀၆၀-ပါး ဖြစ်သည်။)

၁-သဟေတုကဒုကမူ တိက် ၂၁-ခု မူလီ ၂၁-နည်း

(၁) သဟေတုကဒုကမူ ကုသလတိကမူလီ ၁၀-နည်း၁

ဧကကနည်, ဒုကနည်း, တိကနည်း, စတုက္ကနည်း, ပဉ္စကနည်း, ဆက္ကနည်း, သတ္တကနည်း, အဋ္ဌကနည်း, နဝကနည်း, ဒသကနည်း

၁၂၁။ ထို (ခန္ဓာ ငါးပါးတို့) တွင် အဘယ်သည် သိမှုအစု ‘ဝိညာဏက္ခန္ဓာ’ မည်သနည်း။

ဧကကနည်း

တစ်ပါးပြားသော နည်းအားဖြင့် ဝိညာဏက္ခန္ဓာသည် ဖြစ်၏။ ။ ဖဿနှင့်ယှဉ်သော ဝိညာဏက္ခန္ဓာတည်း။

ဒုကနည်း

နှစ်ပါးပြားသော နည်းအားဖြင့် ဝိညာဏက္ခန္ဓာသည် ဖြစ်၏။ ။ ဟိတ်ရှိသော ဝိညာဏက္ခန္ဓာသည် ရှိ၏၊ ဟိတ်မရှိသော ဝိညာဏက္ခန္ဓာသည် ရှိ၏။

တိကနည်း

သုံးပါးပြားသောနည်းအားဖြင့် ဝိညာဏက္ခန္ဓာသည် ဖြစ်၏။ ။ အပြစ်မရှိမူ၍ ကောင်းကျိုး ချမ်းသာကို ပေးတတ်သော ‘ကုသိုလ်'ဝိညာဏက္ခန္ဓာသည် ရှိ၏၊ အပြစ်နှင့်တကွဖြစ်၍ မကောင်းကျိုး ဆင်းရဲကို ပေးတတ်သော ‘အကုသိုလ်'ဝိညာဏက္ခန္ဓာသည် ရှိ၏၊ ကုသိုလ်, အကုသိုလ် အဖြစ်ဖြင့် မဟောအပ်သော ‘အဗျာကတ'ဝိညာဏက္ခန္ဓာသည် ရှိ၏။

စတုက္ကနည်း

လေးပါးပြားသော နည်းအားဖြင့် ဝိညာဏက္ခန္ဓာသည် ဖြစ်၏။ ။ ကာမတဏှာ၏ ဖြစ်ရာ ကျင်လည်ရာဖြစ်သော (ကာမဘုံ၌ သက်ဝင်၍ဖြစ်သော) ‘ကာမာဝစရ'ဝိညာဏက္ခန္ဓာ သည် ရှိ၏၊ ရူပတဏှာ၏ ဖြစ်ရာ ကျင်လည်ရာ ဖြစ်သော (ရူပဘုံ၌ သက်ဝင်၍ဖြစ်သော) ‘ရူပါဝစရ'ဝိညာဏက္ခန္ဓာသည် ရှိ၏၊ အရူပတဏှာ၏ ဖြစ်ရာကျင်လည်ရာ ဖြစ်သော (အရူပဘုံ၌ သက်ဝင်၍ဖြစ်သော) ‘အရူပါဝစရ'ဝိညာဏက္ခန္ဓာသည် ရှိ၏၊ (ကာမ, ရူပ, အရူပ) ဘုံသုံးပါး၌ အကျုံးမဝင်သော (လောကုတ္တရာ) ‘အပရိယာပန္န'ဝိညာဏက္ခန္ဓာသည် ရှိ၏။

--

ပဉ္စကနည်း

ငါးပါးပြားသော နည်းအားဖြင့် ဝိညာဏက္ခန္ဓာသည် ဖြစ်၏။ ။ ကိုယ်ချမ်းသာမှု၌ အစိုးတရ ခံစားခြင်း ‘သုခိန္ဒြေ'နှင့်ယှဉ်သော ဝိညာဏက္ခန္ဓာသည် ရှိ၏၊ ကိုယ်ဆင်းရဲမှု၌ အစိုးတရ ခံစားခြင်း ‘ဒုက္ခိန္ဒြေ'နှင့် ယှဉ်သော ဝိညာဏက္ခန္ဓာသည် ရှိ၏၊ စိတ်ချမ်းသာမှု၌ အစိုးတရ ခံစားခြင်း ‘သောမနဿိန္ဒြေ'နှင့် ယှဉ်သော ဝိညာဏက္ခန္ဓာသည် ရှိ၏၊ စိတ်မချမ်းသာမှု စိတ်နှလုံးမသာယာမှု၌ အစိုးတရခံစားခြင်း ‘ဒေါမနဿိနြေ'နှင့် ယှဉ်သော ဝိညာဏက္ခန္ဓာသည် ရှိ၏၊ လျစ်လျူရှုမှု၌ အစိုးတရ ခံစားခြင်း ‘ဥပေက္ခိန္ဒြေ'နှင့်ယှဉ်သော ဝိညာဏက္ခန္ဓာသည် ရှိ၏။ ဤသို့ ငါးပါးပြားသော နည်းအားဖြင့် ဝိညာဏက္ခန္ဓာသည် ဖြစ်၏။

ဆက္ကနည်း

ခြောက်ပါးပြားသော နည်းအားဖြင့် သိမှုအစု ဝိညာဏက္ခန္ဓာသည် ဖြစ်၏။ ။ မြင်သိစိတ် ‘စက္ခုဝိညာဏ်’၊ ကြားသိစိတ် ‘သောတဝိညာဏ်’၊ နံသိစိတ် ‘ဃာနဝိညာဏ်’၊ လျက်သိစိတ် ‘ဇိဝှါဝိညာဏ်’၊ ထိသိစိတ် ‘ကာယဝိညာဏ်’၊ ကြံသိစိတ် ‘မနောဝိညာဏ်’။ ။ ဤသို့ ခြောက်ပါးပြားသော နည်းအားဖြင့် ဝိညာဏက္ခန္ဓာသည် ဖြစ်၏။

သတ္တကနည်း

ခုနစ်ပါးပြားသော နည်းအားဖြင့် ဝိညာဏက္ခန္ဓာသည် ဖြစ်၏။ ။ မြင်သိစိတ် ‘စက္ခုဝိညာဏ်’၊ ကြားသိစိတ် ‘သောတဝိညာဏ်’၊ နံသိစိတ် ‘ဃာနဝိညာဏ်’၊လျက် သိစိတ် ‘ဇိဝှါဝိညာဏ်’၊ ထိသိစိတ် ‘ကာယဝိညာဏ်’၊ (အာရုံငါးပါးကို) သိကာမျှသဘော ‘မနောဓာတ်’ (ပဉ္စဒွါရာဝဇ္ဇန်း၊ သမ္ပဋိစ္ဆိုန်းဒွေး)၊ (အာရုံခြောက်ပါးကို) အထူးသိမှုသဘော ‘မနောဝိညာဏဓာတ်’ (ကြွင်းသောစိတ်များ)။ ။ ဤသို့ ခုနစ်ပါးပြားသော နည်းအားဖြင့် ဝိညာဏက္ခန္ဓာသည် ဖြစ်၏။

အဋ္ဌကနည်း

ရှစ်ပါးပြားသော နည်းအားဖြင့် ဝိညာဏက္ခန္ဓာသည် ဖြစ်၏။ ။ စက္ခုဝိညာဏ်၊ သောတဝိညာဏ်၊ ဃာနဝိညာဏ်၊ ဇိဝှါဝိညာဏ်၊ သုခဝေဒနာနှင့် တကွဖြစ်သော ကာယ ဝိညာဏ်၊ ဒုက္ခဝေဒနာနှင့် တကွဖြစ်သော ကာယဝိညာဏ်၊ မနောဓာတ်၊ မနောဝိညာဏဓာတ်

ဤသို့ ရှစ်ပါးပြားသော နည်းအားဖြင့် ဝိညာဏက္ခန္ဓာသည် ဖြစ်၏။

နဝကနည်း

ကိုးပါးပြားသော နည်းအားဖြင့် ဝိညာဏက္ခန္ဓာသည် ဖြစ်၏။ ။ စက္ခုဝိညာဏ်၊ သောတ ဝိညာဏ်၊ ဃာနဝိညာဏ်၊ ဇိဝှါဝိညာဏ်၊ ကာယဝိညာဏ်၊ မနောဓာတ်၊ ကုသိုလ် မနော ဝိညာဏဓာတ်၊ အကုသိုလ် မနောဝိညာဏဓာတ်၊ အဗျာကတ မနောဝိညာဏဓာတ်

ဤသို့ ကိုးပါး ပြားသော နည်းအားဖြင့် ဝိညာဏက္ခန္ဓာသည် ဖြစ်၏။

ဒသကနည်း

ဆယ်ပါးပြားသော နည်းအားဖြင့် ဝိညာဏက္ခန္ဓာသည် ဖြစ်၏။ ။ စက္ခုဝိညာဏ်။ပ။ သုခ ဝေဒနာနှင့် တကွဖြစ်သော ကာယဝိညာဏ်၊ ဒုက္ခဝေဒနာနှင့် တကွဖြစ်သော ကာယ ဝိညာဏ်၊ မနောဓာတ်၊ ကုသိုလ်မနောဝိညာဏဓာတ်၊ အကုသိုလ် မနောဝိညာဏဓာတ်၊ အဗျာကတ မနောဝိညာဏဓာတ်

ဤသို့ ဆယ်ပါးပြားသော နည်းအားဖြင့် ဝိညာဏက္ခန္ဓာသည် ဖြစ်၏။ (သဟေတုကဒုကမူ-ကုသလတိကမူလီ ၁၀-နည်း ဖြစ်၏၊ ဤ၁၀-နည်း၌ ဝိညာဏက္ခန္ဓာပေါင်း (၁၀*၅၅) = ၅၅၀-ပါး ဖြစ်၏)။

၁။ ဤ ၁၀-နည်း၌ ဝိညာဏက္ခန္ဓာပေါင်း ၅၅-ပါး ရှိသည်။

--

(၂) သဟေတုကဒုကမူ-ဝေဒနာတိကမူလီ ၁၀-နည်း

ဧကကနည်း, ဒုကနည်း, တိကနည်း။ပ။ ဒသကနည်း

ဧကကနည်း

၁၂၂။ တစ်ပါးပြားသော နည်းအားဖြင့် ဝိညာဏက္ခန္ဓာသည် ဖြစ်၏။ ။ ဖဿနှင့် ယှဉ်သော ဝိညာဏက္ခန္ဓာတည်း။

ဒုကနည်း

နှစ်ပါးပြားသော နည်းအားဖြင့် ဝိညာဏက္ခန္ဓာသည် ဖြစ်၏။ ။ ဟိတ်ရှိသော ဝိညာဏ က္ခန္ဓာသည် ရှိ၏၊ ဟိတ်မရှိသော ဝိညာဏက္ခန္ဓာသည် ရှိ၏။

တိကနည်း

သုံးပါးပြားသော နည်းအားဖြင့် ဝိညာဏက္ခန္ဓာသည် ဖြစ်၏။ ။ သုခဝေဒနာနှင့် ယှဉ်သော ဝိညာဏက္ခန္ဓာသည် ရှိ၏၊ ဒုက္ခဝေဒနာနှင့် ယှဉ်သော ဝိညာဏက္ခန္ဓာသည် ရှိ၏၊ အဒုက္ခမသုခဝေဒနာ (ဥပေက္ခာဝေဒနာ) နှင့် ယှဉ်သော ဝိညာဏက္ခန္ဓာသည် ရှိ၏။ပ။

(၃) သဟေတုကဒုကမူ-ဝိပါကတိကမူလီ ၁၀-နည်း

ကုသိုလ်, အကုသိုလ်တို့၏ အကျိုးဝိပါက်ဖြစ်သော ဝိညာဏက္ခန္ဓာသည် ရှိ၏ (ဝိပါက်စိတ်များ)၊ အကျိုးဝိပါက်ကို ဖြစ်စေခြင်းသဘောရှိသော (အကျိုးဝိပါက်ကို ဖြစ်စေတတ်သော) ဝိညာဏက္ခန္ဓာသည် ရှိ၏ (ကုသိုလ်, အကုသိုလ်စိတ်များ)၊ ကုသိုလ်, အကုသိုလ်တို့၏ အကျိုးဝိပါက်လည်း မဟုတ်မူ၍ အကျိုး ဝိပါက်ကို ဖြစ်စေခြင်း သဘောရှိသည်လည်း မဟုတ်သော (အကျိုးဝိပါက်ကို မဖြစ်စေတတ်သော) ဝိညာဏက္ခန္ဓာသည် ရှိ၏ (ကြိယာစိတ်များ)။ပ။

(၄) သဟေတုကဒုကမူ-ဥပါဒိဏ္ဏတိကမူလီ ၁၀-နည်း

တဏှာဒိဋ္ဌိတို့သည် ကပ်အပ်သောကံသည် အကျိုး၏အဖြစ်ဖြင့်လည်း ယူအပ်၍ (တဏှာ ဒိဋ္ဌိတို့၏ အာရုံဖြစ်သော ကံကြောင့်လည်းဖြစ်၍) ဥပါဒါန်၏ အာရုံလည်းဖြစ်သော ဝိညာဏက္ခန္ဓာသည် ရှိ၏ (လောကီဝိပါက် စိတ်များ)၊ တဏှာဒိဋ္ဌိတို့သည် ကပ်အပ်သောကံသည် အကျိုး၏အဖြစ်ဖြင့် မယူအပ်မူ၍ (တဏှာ ဒိဋ္ဌိတို့၏ အာရုံဖြစ်သော ကံကြောင့် မဖြစ်မူ၍) ဥပါဒါန်၏ အာရုံသာဖြစ်သော ဝိညာဏက္ခန္ဓာသည် ရှိ၏ (လောကီကုသိုလ်, အကုသိုလ်, ကြိယာစိတ်များ)၊ တဏှာ ဒိဋ္ဌိတို့သည် ကပ်အပ်သောကံသည် အကျိုး၏အဖြစ်ဖြင့်လည်း မယူအပ်မူ၍ (တဏှာ ဒိဋ္ဌိတို့၏ အာရုံဖြစ်သော ကံကြောင့်လည်း မဖြစ်မူ၍) ဥပါဒါန်၏ အာရုံလည်း မဟုတ်သော ဝိညာဏက္ခန္ဓာသည် ရှိ၏ (လောကုတ္တရာစိတ်များ)။ပ။

(၅) သဟေတုကဒုကမူ-သံကိလိဋ္ဌတိကမူလီ ၁၀-နည်း

ပူပန်စေတတ် နှိပ်စက်တတ်သော ‘ကိလေသာ'တို့သည် ပူပန်လည်း ပူပန်စေအပ်သည်ဖြစ်၍ (ကိလေသာတို့နှင့်လည်း ယှဉ်၍) ကိလေသာတို့၏ အာရုံလည်းဖြစ်သော ဝိညာဏက္ခန္ဓာသည် ရှိ၏ (အကုသိုလ်စိတ်များ)၊ ကိလေသာတို့သည် ပူပန်စေအပ်သည် မဟုတ်မူ၍ (ကိလေသာတို့နှင့် မယှဉ်မူ၍) ကိလေသာတို့၏ အာရုံသာဖြစ်သော ဝိညာဏက္ခန္ဓာသည် ရှိ၏ (လောကီကုသိုလ်, ဝိပါက်, ကြိယာ့စိတ်များ)၊ ကိလေသာတို့သည် ပူပန်စေအပ်သည်လည်း မဟုတ်မူ၍ (ကိလေသာတို့နှင့်လည်းမယှဉ်မူ၍) ကိလေသာတို့၏ အာရုံလည်း မဟုတ်သော ဝိညာဏက္ခန္ဓာသည် ရှိ၏ (လောကုတ္တရာစိတ်များ)။ပ။

--

(၆) သဟေတုကဒုကမူ-ဝိတက္ကတိကမူလီ ၁၀-နည်း

ဝိတက်လည်းရှိ၍ ဝိစာရလည်းရှိသော ဝိညာဏက္ခန္ဓာသည် ရှိ၏ (သဝိတက္ကစိတ် ၅၅-ပါး)၊ ဝိတက်မရှိမူ၍ ဝိစာရမျှသာရှိသော ဝိညာဏက္ခန္ဓာသည် ရှိ၏ (ဒုတိယဈာန်စိတ် ၁၁-ပါး)၊ ဝိတက်လည်း မရှိမူ၍ ဝိစာရလည်း မရှိသော ဝိညာဏက္ခန္ဓာသည် ရှိ၏ (ကြွင်းသောစိတ်များ)။ပ။

(၇) သဟေတုကဒုကမူ-ပီတိတိကမူလီ ၁၀-နည်း

ပီတိနှင့် တကွဖြစ်သော (ပီတိနှင့်ယှဉ်သော) ဝိညာဏက္ခန္ဓာသည် ရှိ၏ (သပ္ပီတိကစိတ် ၅၁-ပါး)၊ သုခဝေဒနာနှင့် တကွဖြစ်သော ဝိညာဏက္ခန္ဓာသည် ရှိ၏ (သုခသဟဂုတ်စိတ် ၆၃-ပါး)၊ ဥပေက္ခာဝေဒနာနှင့် တကွဖြစ်သော ဝိညာဏက္ခန္ဓာသည် ရှိ၏ (ဥပေက္ခာသဟဂုတ်စိတ် ၅၅-ပါး)။ပ။

(၈) သဟေတုကဒုကမူ-ဒဿနတိကမူလီ ၁၀-နည်း

(နိဗ္ဗာန်ကို ရှေးဦးစွာ မြင်သဖြင့် ‘ဒဿန’မည်သော) သောတာပတ္တိမဂ်သည် ပယ်အပ်သော ဝိညာဏက္ခန္ဓာသည် ရှိ၏ (ဒိဋ္ဌိဂတသမ္ပယုတ်စိတ် လေးပါးနှင့် ဝိစိကိစ္ဆာစိတ်)၊ (သောတာပတ္တိမဂ်မြင်ပြီး သော နိဗ္ဗာန်ကို တစ်ဖန် ထပ်၍ မြင်သဖြင့် ‘ဘာဝနာ’မည်သော) အထက်မဂ်သုံးပါးတို့သည် ပယ်အပ် သော ဝိညာဏက္ခန္ဓာသည် ရှိ၏ (ကြွင်းသော အကုသိုလ်စိတ် ခုနစ်ပါး)၊ သောတာပတ္တိမဂ်သည် ပယ်အပ် သည်လည်း မဟုတ်မူ၍ အထက်မဂ်သုံးပါးတို့သည် ပယ်အပ်သည်လည်း မဟုတ်သော ဝိညာဏက္ခန္ဓာသည် ရှိ၏ (ကုသိုလ်, ဝိပါက်, ကြိယာစိတ်များ)။ပ။

(၉) သဟေတုကဒုကမူ-ဒဿနဟေတုတိကမူလီ ၁၀-နည်း

(ဒဿနမည်သော) သောတာပတ္တိမဂ်သည် ပယ်အပ်သော ဟိတ်ရှိသော ဝိညာဏက္ခန္ဓာသည် ရှိ၏ (ဒိဋ္ဌိဂတသမ္ပယုတ်စိတ်လေးပါးနှင့် ဝိစိကိစ္ဆာစိတ်)၊ (ဘာဝနာမည်သော) အထက်မဂ်သုံးပါးတို့သည် ပယ်အပ်သော ဟိတ်ရှိသော ဝိညာဏက္ခန္ဓာသည် ရှိ၏ (ကြွင်းသော အကုသိုလ်စိတ်ခုနစ်ပါး)၊ သောတာ ပတ္တိမဂ်သည် ပယ်အပ်သော ဟိတ်ရှိသည်လည်း မဟုတ်မူ၍ အထက်မဂ်သုံးပါးတို့သည် ပယ်အပ်သော ဟိတ်ရှိသည်လည်း မဟုတ်သော ဝိညာဏက္ခန္ဓာသည် ရှိ၏ (ကုသိုလ်, ဝိပါက်, ကြိယာစိတ်များ)။ပ။

(၁၀) သဟေတုကဒုကမူ-အာစယဂါမိတိကမူလီ ၁၀-နည်း

စုတိပဋိသန္ဓေသို့ ရောက်ကြောင်း ဖြစ်သော ‘အာစယဂါမိ'ဝိညာဏက္ခန္ဓာသည် ရှိ၏ (လောကီ ကုသိုလ်, အကုသိုလ်စိတ်များ)၊ နိဗ္ဗာန်သို့ရောက်ကြောင်းဖြစ်သော ‘အပစယဂါမိ'ဝိညာဏက္ခန္ဓာသည် ရှိ၏ (မဂ်စိတ်လေးပါး)၊ စုတိပဋိသန္ဓေသို့ ရောက်ကြောင်းလည်း မဟုတ်မူ၍ နိဗ္ဗာန်သို့ ရောက်ကြောင်းလည်း မဟုတ်သော ဝိညာဏက္ခန္ဓာသည် ရှိ၏ (ဝိပါက်စိတ်နှင့် ကြိယာစိတ်များ)။ပ။

--

(၁၁) သဟေတုကဒုကမူ-သေက္ခတိကမူလီ ၁၀-နည်း

(အရဟတ္တဖိုလ်ရောက်ရန်) ကျင့်ဆဲ ‘သေက္ခ'ပုဂ္ဂိုလ်ခုနစ်ယောက်တို့၏ ဥစ္စာဖြစ်သော ဝိညာဏက္ခန္ဓာ သည် ရှိ၏ (မဂ်စိတ်လေးပါးနှင့်အောက်ဖိုလ်သုံးပါး)၊ (အရဟတ္တဖိုလ်သို့ရောက်ပြီး) ကျင့်ပြီး ‘အသေက္ခ’ (ရဟန္တာ) ပုဂ္ဂိုလ်တို့၏ ဥစ္စဖြစ်သော ဝိညာဏက္ခန္ဓာသည် ရှိ၏ (အရဟတ္တဖိုလ်စိတ်)၊ သေက္ခပုဂ္ဂိုလ်တို့၏ဥစ္စာလည်း မဟုတ်မူ၍ အသေက္ခ (ရဟန္တာ) ပုဂ္ဂိုလ်တို့၏ ဥစ္စာလည်း မဟုတ်သော ဝိညာဏက္ခန္ဓာသည် ရှိ၏ (လောကီစိတ် ၈၁-ပါး)။ပ။

(၁၂) သဟေတုကဒုကမူ-ပရိတ္တတိကမူလီ ၁၀-နည်း

နည်းသောအာနုဘော်ရှိသည့် ‘ပရိတ္တ’မည်သော ဝိညာဏက္ခန္ဓာသည် ရှိ၏ (ကာမစိတ်များ)၊ မြင့်မြတ်သည်၏ အဖြစ်သို့ရောက်သော ‘မဟဂ္ဂတ’မည်သော ဝိညာဏက္ခန္ဓာသည် ရှိ၏ (မဟဂ္ဂုတ် စိတ်များ)၊ နှိုင်းယှဉ်မှုကို ပြုတတ်သည့် (ရာဂအစရှိသော) ကိလေသာတို့၏ ဆန့်ကျင်ဘက်ဖြစ်သော (မနှိုင်းယှဉ်အပ်သော) ‘အပ္ပမာဏ’မည်သော ဝိညာဏက္ခန္ဓာသည် ရှိ၏ (လောကုတ္တရာစိတ်ရှစ်ပါး)။

(၁၃) သဟေတုကဒုကမူ-ပရိတ္တာရမ္မဏတိကမူလီ ၁၀-နည်း

ပရိတ္တတရား (ကာမတရား) ကို အာရုံပြုသော ဝိညာဏက္ခန္ဓာသည် ရှိ၏၊ မဟဂ္ဂုတ်တရားကို အာရုံ ပြုသော ဝိညာဏက္ခန္ဓာသည် ရှိ၏၊ အပ္ပမာဏတရား (မနှိုင်းယှဉ်အပ်သော လောကုတ္တရာတရား) ကို အာရုံ ပြုသော ဝိညာဏက္ခန္ဓာသည် ရှိ၏။ပ။

(၁၄) သဟေတုကဒုကမူ-ဟီနတိကမူလီ ၁၀-နည်း

ယုတ်ညံ့သော ‘ဟီန'ဝိညာဏက္ခန္ဓာသည် ရှိ၏ (အကုသိုလ်စိတ် ၁၂-ပါး)၊ အလယ်အလတ် ဖြစ်သော ‘မဇ္ဈိမ'ဝိညာဏက္ခန္ဓာသည် ရှိ၏ (လောကီကုသိုလ်, ဝိပါက်, ကြိယာစိတ်များ)၊ မြင့်မြတ်သော ‘ပဏီတ'ဝိညာဏက္ခန္ဓာသည် ရှိ၏ (လောကုတ္တရာစိတ် ၈-ပါး)။ပ။

(၁၅) သဟေတုကဒုကမူ-မိစ္ဆတ္တတိကမူလီ ၁၀-နည်း

ဖောက်ပြန်သော သဘောရှိ၍ စုတိ၏အခြားမဲ့၌ (အပါယ်ငရဲ၌) အကျိုးပေးမြဲသော ‘မိစ္ဆတ္တနိယတ'ဝိညာဏက္ခန္ဓာသည် ရှိ၏ (နိယတမိစ္ဆဒိဋ္ဌိကံ၏အစွမ်းအားဖြင့်ဖြစ်သော ဒိဋ္ဌိဂတသမ္ပယုတ်စိတ် ၄-ပါးတို့၏ သတ္တမဇောနှင့် ပဉ္စာနန္တရိယကံကို ကျူးလွန်သည့် ဒေါသမူစိတ်တို့၏ သတ္တမဇော)၊ မဖောက်ပြန်သော သဘောရှိ၍ မိမိ၏ အခြားမဲ့၌ အကျိုးပေးမြဲသော ‘သမ္မတ္တနိယတ'ဝိညာဏက္ခန္ဓာသည် ရှိ၏ (မဂ်စိတ် ၄-ပါး)၊ (နှစ်ပါးသော အခြင်းအရာအားဖြင့်) အကျိုးပေးမမြဲသော ‘အနိယတ'ဝိညာဏက္ခန္ဓာသည် ရှိ၏ (ကြွင်းသောစိတ်များ)။ပ။

--

(၁၆) သဟေတုကဒုကမူ-မဂ္ဂါရမ္မဏတိကမူလီ ၁၀-နည်း

မဂ်ကို အာရုံပြုသော ဝိညာဏက္ခန္ဓာသည် ရှိ၏ (မဂ္ဂါရမ္မဏစိတ်)၊ မဂ်မည်သော အကြောင်းရင်း ဟိတ် (သမ္မာဒိဋ္ဌိ= ပညာ= အမောဟ) ရှိသော ဝိညာဏက္ခန္ဓာသည် ရှိ၏ (သမ္မာဒိဋ္ဌိမဂ္ဂင်ဖြစ်သည့် ပညာတည်းဟူသော အမောဟဟိတ်နှင့် ယှဉ်သည့် မဂ်စိတ်လေးခု)၊ မဂ်မည်သော အကြီးအမှူး (သမ္မာဒိဋ္ဌိ= ပညာ= ဝီမံသာဓိပတိ, သမ္မာဝါယာမ= ဝီရိယာဓိပတိ) ရှိသော ဝိညာဏက္ခန္ဓာသည် ရှိ၏ (သမ္မာဒိဋ္ဌိမဂ္ဂင်ဖြစ်သည့် ပညာတည်းဟူသော ဝီမံသာဓိပတိနှင့် သမ္မာဝါယာမမဂ္ဂင်ဖြစ်သည့် ဝီရိယာဓိပတိမည်သော ဝီရိယတို့နှင့် ယှဉ်သည့် မဂ်စိတ်လေးခု)။ပ။

(၁၇) သဟေတုကဒုကမူ-ဥပ္ပန္နတိကမူလီ ၁၀-နည်း

ဥပါဒ်, ဌီ, ဘင်ဟု ဆိုအပ်သော ခဏသုံးပါးသို့ ရောက်ဆဲဖြစ်သော ‘ပစ္စုပ္ပန်'ဝိညာဏက္ခန္ဓာသည် ရှိ၏၊ ဥပါဒ်, ဌီ, ဘင်ဟု ဆိုအပ်သော ခဏသုံးပါးသို့ ရောက်ပြီးလည်း မဟုတ်မူ၍ ရောက်ဆဲလည်း မဟုတ့်သော ‘အနာဂတ်'ဝိညာဏက္ခန္ဓာသည် ရှိ၏ (နောင်အနာဂတ်ကာလ၌ ဖြစ်လတ္တံသော ကုသိုလ်, အကုသိုလ်, ကြိယာစိတ်များ)၊ မချွတ်ဧကန် ဖြစ်လတ္တံ့သော ဝိညာဏက္ခန္ဓာသည် ရှိ၏ (ဝိပါက်စိတ်များ)။ပ။

(၁၈) သဟေတုကဒုကမူ-အတီတတိကမူလီ ၁၀-နည်း

ဖြစ်ပြီးသော ‘အတိက်'ဝိညာဏက္ခန္ဓာသည် ရှိ၏၊ မရောက်သေး (ဖြစ်လတ္တံ့) သော ‘အနာဂတ်'ဝိညာဏက္ခန္ဓာသည် ရှိ၏၊ ဖြစ်ဆဲဖြစ်သော ‘ပစ္စပ္ပုန်'ဝိညာဏက္ခန္ဓာသည် ရှိ၏။ပ။

(၁၉) သဟေတုကဒုကမူ-အတီတာရမ္မဏတိကမူလီ ၁၀-နည်း

ဖြစ်ပြီးသော ‘အတိက်'တရားကို အာရုံပြုသော ဝိညာဏက္ခန္ဓာသည် ရှိ၏၊ မရောက်သေး (ဖြစ်လတ္တံ့) သော ‘အနာဂတ်'တရားကို အာရုံပြုသော ဝိညာဏက္ခန္ဓာသည် ရှိ၏၊ ဖြစ်ဆဲဖြစ်သော ‘ပစ္စပ္ပုန်'တရားကို အာရုံပြုသော ဝိညာဏက္ခန္ဓာသည် ရှိ၏။ပ။

(၂၀) သဟေတုကဒုကမူ-အဇ္ဈတ္တတိကမူလီ ၁၀-နည်း

အတွင်း ‘အဇ္ဈတ္တ'သန္တာန်၌ဖြစ်သော ဝိညာဏက္ခန္ဓာသည် ရှိ၏၊ အပ ‘ဗဟိဒ္ဓ'သန္တာန်၌ဖြစ်သော ဝိညာဏက္ခန္ဓာသည် ရှိ၏၊ အတွင်းအပ ‘အဇ္ဈတ္တဗဟိဒ္ဓ'သန္တာန်၌ ဖြစ်သော ဝိညာဏက္ခန္ဓာသည် ရှိ၏။ပ။

--

(၂၁) သဟေတုကဒုကမူ-အဇ္ဈတ္တာရမ္မဏတိကမူလီ ၁၀-နည်း

အတွင်း ‘အဇ္ဈတ္တ'သန္တာန်၌ဖြစ်သော တရားကို အာရုံပြုသော ဝိညာဏက္ခန္ဓာသည် ရှိ၏၊ အပ ‘ဗဟိဒ္ဓ'သန္တာန်၌ဖြစ်သော တရားကို အာရုံပြုသော ဝိညာဏက္ခန္ဓာသည် ရှိ၏၊ အတွင်းအပ ‘အဇ္ဈတ္တဗဟိဒ္ဓ'သန္တာန်၌ ဖြစ်သော တရားကို အာရုံပြုသော ဝိညာဏက္ခန္ဓာသည် ရှိ၏။ပ။ ဤသို့ ဆယ်ပါးပြားသောနည်းအားဖြင့် ဝိညာဏက္ခန္ဓာသည် ဖြစ်၏။

(သဟေတုကဒုက်ကို မူတည်ပြီးလျှင် တိက် ၂၁-ခုကို မူလီသွင်း၍ ဟောသော သဟေတုကဒုကမူလကနည်း ၂၁-နည်း ပြီး၏။ ဤနည်း၌ ဝိညာဏက္ခန္ဓာပေါင်း (၂၁*၅၅) = ၁၁၅၅-ပါး ဖြစ်၏)။

(သဟေတုကဒုကမူ-တိကမူလီ ၂၁-နည်း ပြီး၏)။

--

၂-ဟေတုသမ္ပယုတ္တဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

ဧကကနည်း, ဒုကနည်း။ပ။ ဒသကနည်း

ဧကကနည်း

၁၂၃။ တစ်ပါးပြားသော နည်းအားဖြင့် ဝိညာဏက္ခန္ဓာသည် ဖြစ်၏။ ။ ဖဿနှင့်ယှဉ်သော ဝိညာဏက္ခန္ဓာတည်း။

ဒုကနည်း

နှစ်ပါးပြားသော နည်းအားဖြင့် ဝိညာဏက္ခန္ဓာသည် ဖြစ်၏။ ။ ဟိတ်နှင့် ယှဉ်သော ဝိညာဏက္ခန္ဓာသည် ရှိ၏၊ ဟိတ်နှင့်မယှဉ်သော ဝိညာဏက္ခန္ဓာသည် ရှိ၏။ပ။၁

၁။ ဤဟေတုသမ္ပယုတ္တဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း၌ တစ်နည်း တစ်နည်းလျှင် ထပ်မံ၍ ဧကကမှ ဒသကအထိ ၁၀-နည်းစီ ဟောပြရန် ဖြစ်သည်၊ သို့ရာတွင် ဤနည်း၌ ရှေးဦးအစမျှကိုသာ ဖော်ပြထားသည်။ အကျယ်ဖွင့်လိုလျှင် ပြဆိုခဲ့ပြီးသော သဟေတုကဒုကမူ- တိက် ၂၁-ခု မူလီ ၂၁-နည်းအတိုင်း နည်းယူ၍ ဖွင့်ဆိုပါလေ၊ ကျန် ‘ဒုက'မူများအတွက်လည်း ဤနည်းအတိုင်း သိပါလေ။

၃-နဟေတု သဟေတုကဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

ဟိတ်မမည်မူ၍ ဟိတ်သာရှိသော ဝိညာဏက္ခန္ဓာသည် ရှိ၏၊ ဟိတ်လည်းမမည်မူ၍ ဟိတ်လည်း မရှိသော ဝိညာဏက္ခန္ဓာသည် ရှိ၏။ပ။

(၂-စူဠန္တရဒုကမှ ဒုက် ၂-ခု)

၄-လောကိယဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

လောက၌ အကျုံးဝင်သော ‘လောကီ'ဝိညာဏက္ခန္ဓာသည် ရှိ၏ (လောကီစိတ်များ)၊ လောကမှ ထွက်မြောက်သော ‘လောကုတ္တရာ'ဝိညာဏက္ခန္ဓာသည် ရှိ၏ (လောကုတ္တရာစိတ် ၈-ပါး)။ပ။

၅-ကေနစိဝိညေယျဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

တစ်စုံတစ်ခုသော စိတ်သည် သိအပ်သော ဝိညာဏက္ခန္ဓာသည် ရှိ၏၊ တစ်စုံတစ်ခုသော စိတ်သည် မသိအပ်သော ဝိညာဏက္ခန္ဓာသည် ရှိ၏။ပ။

--

(၃-အာသဝဂေါစ္ဆကမှ ဒုက် ၃-ခု)

၆-သာသဝဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

(သတ္တဝါတို့၏သန္တာန်၌) ယိုစီးနေတတ် ဖြစ်ပွားနေတတ်၍ မူးယစ်မိုက်မဲစေတတ်သော သဘော ‘အာသဝ'၏ (လောဘ, ဒိဋ္ဌိ, မောဟတို့၏) အာရုံဖြစ်သော ဝိညာဏက္ခန္ဓာသည် ရှိ၏၊ အာသဝ၏ အာရုံမဟုတ်သော ဝိညာဏက္ခန္ဓာသည် ရှိ၏။ပ။

၇-အာသဝသမ္ပယုတ္တဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

အာသဝနှင့် (လောဘ, ဒိဋ္ဌိ, မောဟတို့နှင့်) ယှဉ်သော ဝိညာဏက္ခန္ဓာသည် ရှိ၏ (အကုသိုလ်စိတ် ၁၂-ပါး)၊ အာသဝနှင့် မယှဉ်သော ဝိညာဏက္ခန္ဓာသည် ရှိ၏။ပ။

၈-အာသဝဝိပ္ပယုတ္တသာသဝဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

အာသဝနှင့်မယှဉ်မူ၍ အာသဝ၏အာရုံသာဖြစ်သော ဝိညာဏက္ခန္ဓာသည် ရှိ၏ (လောကီ ကုသိုလ်, ဝိပါက်, ကြိယာစိတ်များ)၊ အာသဝနှင့်လည်း မယှဉ်မူ၍ အာသဝ၏အာရုံလည်းမဟုတ်သော ဝိညာဏက္ခန္ဓာ သည် ရှိ၏ (လောကုတ္တရာစိတ်များ)။ပ။

(၄-သညောဇနဂေါစ္ဆကမှ ဒုက် ၃-ခု)

၉-သံယောဇနိယဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

(သတ္တဝါတို့ကို ဝဋ်ဆင်းရဲ၌) ယှဉ်စေတတ် နှောင်ဖွဲ့တတ်သော ‘သံယောဇဉ်'၏ အာရုံဖြစ်သော ဝိညာဏက္ခန္ဓာသည် ရှိ၏၊ သံယောဇဉ်၏ အာရုံမဟုတ်သော ဝိညာဏက္ခန္ဓာသည် ရှိ၏။ပ။

၁၀-သံယောဇနသမ္ပယုတ္တဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

သံယောဇဉ်နှင့်ယှဉ်သော ဝိညာဏက္ခန္ဓာသည် ရှိ၏ (အကုသိုလ်စိတ် ၁၂-ပါး)၊ သံယောဇဉ်နှင့် မယှဉ်သော ဝိညာဏက္ခန္ဓာသည် ရှိ၏။ပ။

၁၁-သံယောဇနဝိပ္ပယုတ္တသံယောဇနိယဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

သံယောဇဉ်နှင့်မယှဉ်မူ၍ သံယောဇဉ်၏အာရုံသာဖြစ်သော ဝိညာဏက္ခန္ဓာသည် ရှိ၏ (လောကီ ကုသိုလ်, ဝိပါက်, ကြိယာစိတ်များ)၊ သံယောဇဉ်နှင့်လည်း မယှဉ်မူ၍ သံယောဇဉ်၏ အာရုံလည်း မဟုတ်သော ဝိညာဏက္ခန္ဓာသည် ရှိ၏ (လောကုတ္တရာစိတ်များ)။ပ။

--

(၅-ဂန္ထဂေါစ္ဆကမှ ဒုက် ၃-ခု)

၁၂-ဂန္ထနိယဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

(သတ္တဝါတို့ကို ဝဋ်ဆင်းရဲ၌) ဆက်စပ်ထုံးဖွဲ့တတ်သော ‘ဂန္ထ'၏ (လောဘ, ဒေါသ, ဒိဋ္ဌိတို့၏) အာရုံ ဖြစ်သော ဝိညာဏက္ခန္ဓာသည် ရှိ၏ (လောကီစိတ်များ)၊ ဂန္ထ၏ အာရုံမဟုတ်သော ဝိညာဏက္ခန္ဓာသည် ရှိ၏ (လောကုတ္တရာ စိတ်များ)။ပ။

၁၃-ဂန္ထသမ္ပယုတ္တဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

ဂန္ထနှင့် (လောဘ, ဒေါသ, ဒိဋ္ဌိတို့နှင့်) ယှဉ်သော ဝိညာဏက္ခန္ဓာသည် ရှိ၏ (လောဘမူ, ဒေါသမူ စိတ်များ)၊ ဂန္ထနှင့် မယှဉ်သော ဝိညာဏက္ခန္ဓာသည် ရှိ၏ (ကြွင်းသောစိတ်များ)။ပ။

၁၄-ဂန္ထဝိပ္ပယုတ္တဂန္ထနိယဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

ဂန္ထနှင့် မယှဉ်မူ၍ ဂန္ထ၏ အာရုံသာဖြစ်သော ဝိညာဏက္ခန္ဓာသည် ရှိ၏၊ ဂန္ထနှင့်လည်း မယှဉ်မူ၍ ဂန္ထ၏ အာရုံလည်း မဟုတ်သော ဝိညာဏက္ခန္ဓာသည် ရှိ၏။ပ။

(၆-ဩဃဂေါစ္ဆကမှ ဒုက် ၃-ခု)

၁၅-ဩဃနိယဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

(သတ္တဝါတို့ကို ဝဋ်ဆင်းရဲ၌) နစ်မြုပ်စေတတ်သော ‘ဩဃ'၏ (လောဘ, ဒိဋ္ဌိ, မောဟတို့၏) အာရုံ ဖြစ်သော ဝိညာဏက္ခန္ဓာသည် ရှိ၏ (လောကီစိတ်များ)၊ ဩဃ၏ အာရုံမဟုတ်သော ဝိညာဏက္ခန္ဓာသည် ရှိ၏ (လောကုတ္တရာစိတ်များ)။ပ။

၁၆-ဩဃသမ္ပယုတ္တဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

ဩဃနှင့် (လောဘ, ဒိဋ္ဌိ, မောဟတို့နှင့်) ယှဉ်သော ဝိညာဏက္ခန္ဓာသည် ရှိ၏ (အကုသိုလ်စိတ် ၁၂-ပါး)၊ ဩဃနှင့် မယှဉ်သော ဝိညာဏက္ခန္ဓာသည် ရှိ၏။ပ။

၁၇-ဩဃဝိပ္ပယုတ္တဩဃနိယဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

ဩဃနှင့် မယှဉ်မူ၍ ဩဃ၏ အာရုံသာဖြစ်သော ဝိညာဏက္ခန္ဓာသည် ရှိ၏၊ ဩဃနှင့်လည်း မယှဉ်မူ၍ ဩဃ၏ အာရုံလည်း မဟုတ်သော ဝိညာဏက္ခန္ဓာသည် ရှိ၏။ပ။

--

(၇-ယောဂဂေါစ္ဆကမှ ဒုက် ၃-ခု)

၁၈-ယောဂနိယဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

(သတ္တဝါတို့ကို ဝဋ်ဆင်းရဲ၌) ယှဉ်စေတတ် တွယ်ကပ်စေတတ်သော ‘ယောဂ'၏ (လောဘ, ဒိဋ္ဌိ, မောဟတို့၏) အာရုံဖြစ်သော ဝိညာဏက္ခန္ဓာသည် ရှိ၏၊ ‘ယောဂ'၏ အာရုံမဟုတ်သော ဝိညာဏက္ခန္ဓာ သည် ရှိ၏။ပ။

၁၉-ယောဂသမ္ပယုတ္တဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

ယောဂနှင့် (လောဘ, ဒိဋ္ဌိ, မောဟတို့နှင့်) ယှဉ်သော ဝိညာဏက္ခန္ဓာသည် ရှိ၏၊ ယောဂနှင့် မယှဉ်သော ဝိညာဏက္ခန္ဓာသည် ရှိ၏။ပ။

၂၀-ယောဂဝိပ္ပယုတ္တယောဂနိယဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

ယောဂနှင့် မယှဉ်မူ၍ ယောဂ၏အာရုံသာဖြစ်သော ဝိညာဏက္ခန္ဓာသည် ရှိ၏ (လောကီကုသိုလ်, ဝိပါက်, ကြိယာစိတ်များ)၊ ယောဂနှင့်လည်း မယှဉ်မူ၍ ယောဂ၏ အာရုံလည်းမဟုတ်သော ဝိညာဏက္ခန္ဓာသည် ရှိ၏ (လောကုတ္တရာစိတ်များ)။ပ။

(၈-နီဝရဏဂေါစ္ဆကမှ ဒုက် ၃-ခု)

၂၁-နီဝရဏိယဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

(ဈာန်မဂ်ဖိုလ်တရားတို့ကို) တားမြစ်ပိတ်ပင်တတ်သော သဘော ‘နီဝရဏ'၏ အာရုံဖြစ်သော ဝိညာဏက္ခန္ဓာသည် ရှိ၏၊ နီဝရဏ၏ အာရုံမဟုတ်သော ဝိညာဏက္ခန္ဓာသည် ရှိ၏။ပ။

၂၂-နီဝရဏသမ္ပယုတ္တဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

နီဝရဏနှင့် ယှဉ်သော ဝိညာဏက္ခန္ဓာသည် ရှိ၏ (အကုသိုလ်စိတ် ၁၂-ပါး)၊ နီဝရဏနှင့် မယှဉ် သော ဝိညာဏက္ခန္ဓာသည် ရှိ၏။ပ။

၂၃-နီဝရဏဝိပ္ပယုတ္တနီဝရဏိယဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

နီဝရဏနှင့် မယှဉ်မူ၍ နီဝရဏ၏ အာရုံသာဖြစ်သော ဝိညာဏက္ခန္ဓာသည် ရှိ၏၊ နီဝရဏနှင့် မယှဉ်မူ၍ နီဝရဏ၏ အာရုံလည်း မဟုတ်သော ဝိညာဏက္ခန္ဓာသည် ရှိ၏။ပ။

--

(၉-ပရာမာသဂေါစ္ဆကမှ ဒုက် ၃-ခု)

၂၄-ပရာမဋ္ဌဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

မှားသောအားဖြင့် သုံးသပ်မှု ‘ပရာမာသ'၏ (ဒိဋ္ဌိ၏) အာရုံဖြစ်သော ဝိညာဏက္ခန္ဓာသည် ရှိ၏ (လောကီစိတ်များ)၊ ပရာမာသ၏ အာရုံမဟုတ်သော ဝိညာဏက္ခန္ဓာသည် ရှိ၏ (လောကုတ္တရာစိတ်များ)။ပ။

၂၅-ပရာမာသသမ္ပယုတ္တဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

ပရာမာသနှင့် (ဒိဋ္ဌိနှင့်) ယှဉ်သော ဝိညာဏက္ခန္ဓာသည် ရှိ၏ (ဒိဋ္ဌိဂတသမ္ပယုတ်စိတ် ၄-ပါး)၊ ပရာမာသနှင့် မယှဉ်သော ဝိညာဏက္ခန္ဓာသည် ရှိ၏။ပ။

၂၆-ပရာမာသဝိပ္ပယုတ္တပရာမဋ္ဌဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

ပရာမာသနှင့် (ဒိဋ္ဌိနှင့်) မယှဉ်မူ၍ ပရာမာသ၏ အာရုံသာဖြစ်သော ဝိညာဏက္ခန္ဓာသည် ရှိ၏၊ ပရာမာသနှင့်လည်း မယှဉ်မူ၍ ပရာမာသ၏ အာရုံလည်းမဟုတ်သော ဝိညာဏက္ခန္ဓာသည် ရှိ၏။ပ။

(၁၀-မဟန္တရ ဒုကမှ ဒုက် ၁-ခု)

၂၇-ဥပါဒိဏ္ဏဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

တဏှာဒိဋ္ဌိတို့သည် ကပ်အပ်သောကံသည် အကျိုး၏အဖြစ်ဖြင့် ယူအပ်သော (တဏှာ, ဒိဋ္ဌိတို့၏ အာရုံဖြစ်သည့် ကံကြောင့်ဖြစ်သော) ဝိညာဏက္ခန္ဓာသည် ရှိ၏ (လောကီဝိပါက်စိတ်များ)၊ တဏှာ, ဒိဋ္ဌိတို့ သည် ကပ်အပ်သောကံသည် အကျိုး၏ အဖြစ်ဖြင့် မယူအပ်သော (တဏှာ, ဒိဋ္ဌိတို့၏ အာရုံဖြစ်သည့် ကံကြောင့်မဖြစ်သော) ဝိညာဏက္ခန္ဓာသည် ရှိ၏ (ကြွင်းသောစိတ်များ)။ပ။

(၁၁-ဥပါဒါနဂေါစ္ဆကမှ ဒုက် ၃-ခု)

၂၈-ဥပါဒါနိယဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

ပြင်းစွာ စွဲလမ်းတတ်သော ‘ဥပါဒါန်'၏ (တဏှာ, ဒိဋ္ဌိတို့၏) အာရုံဖြစ်သော ဝိညာဏက္ခန္ဓာသည် ရှိ၏၊ (လောကီစိတ်များ)၊ ဥပါဒါန်၏ အာရုံမဟုတ်သော ဝိညာဏက္ခန္ဓာသည် ရှိ၏၊ (လောကုတ္တရာ စိတ်များ)။ပ။

၂၉-ဥပါဒါနသမ္ပယုတ္တဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

ဥပါဒါန်နှင့် (တဏှာ, ဒိဋ္ဌိတို့နှင့်) ယှဉ်သော ဝိညာဏက္ခန္ဓာသည် ရှိ၏ (လောဘမူစိတ်စိတ် ၈-ပါး)၊ ဥပါဒါန်နှင့် မယှဉ်သော ဝိညာဏက္ခန္ဓာသည် ရှိ၏ (ကြွင်းသောစိတ်များ)။ပ။

--

၃၀-ဥပါဒါနဝိပ္ပယုတ္တဥပါဒါနိယဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

ဥပါဒါန်နှင့် (တဏှာ, ဒိဋ္ဌိတို့နှင့်) မယှဉ်မူ၍ ဥပါဒါန်၏ အာရုံသာဖြစ်သော ဝိညာဏက္ခန္ဓာသည် ရှိ၏ (ဒေါသမူ, မောဟမူ, လောကီကုသိုလ်, ဝိပါက်, ကြိယာစိတ်များ)၊ ဥပါဒါန်နှင့်လည်းမယှဉ်မူ၍ ဥပါဒါန်၏ အာရုံ လည်း မဟုတ်သော ဝိညာဏက္ခန္ဓာသည် ရှိ၏ (လောကုတ္တရာစိတ်များ)။ပ။

(၁၂-ကိလေသဂေါစ္ဆကမှ ဒုက် ၄-ခု)

၃၁-သံကိလေသိကဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

ပူပန်စေတတ် နှိပ်စက်တတ် ညစ်နွမ်းစေတတ်သော ‘ကိလေသာ'၏ အာရုံဖြစ်သော ဝိညာဏက္ခန္ဓာ သည် ရှိ၏ (လောကီစိတ်များ)၊ ကိလေသာ၏ အာရုံမဟုတ်သော ဝိညာဏက္ခန္ဓာသည် ရှိ၏ (လောကုတ္တရာစိတ်များ)။ပ။

၃၂-သံကိလိဋ္ဌဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

ပူပန်စေတတ် နှိပ်စက်တတ်သော ‘ကိလေသာ'တို့သည် ပူပန်စေအပ်သော (ကိလေသာနှင့် ယှဉ်သော) ဝိညာဏက္ခန္ဓာသည် ရှိ၏ (အကုသိုလ်စိတ် ၁၂-ပါး)၊ ကိလေသာတို့သည် ပူပန်စေအပ်သည် မဟုတ်သော (ကိလေသာတို့နှင့်မယှဉ်သော) ဝိညာဏက္ခန္ဓာသည် ရှိ၏ (ကြွင်းသောစိတ်များ)။ပ။

၃၃-ကိလေသသမ္ပယုတ္တဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

ကိလေသာနှင့်ယှဉ်သော ဝိညာဏက္ခန္ဓာသည် ရှိ၏၊ ကိလေသာနှင့် မယှဉ်သော ဝိညာဏက္ခန္ဓာသည် ရှိ၏။ပ။

၃၄-ကိလေသဝိပ္ပယုတ္တသံကိလေသိကဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

ကိလေသာနှင့်မယှဉ်မူ၍ ကိလေသာ၏ အာရုံသာဖြစ်သော ဝိညာဏက္ခန္ဓာသည် ရှိ၏၊ (လောကီ ကုသိုလ်, ဝိပါက်, ကြိယာစိတ်များ)၊ ကိလေသာနှင့်လည်း မယှဉ်မူ၍ ကိလေသာ၏ အာရုံလည်း မဟုတ်သော ဝိညာဏက္ခန္ဓာသည် ရှိ၏ (လောကုတ္တရာစိတ် ၈-ပါး)။ပ။

(၁၃-ပိဋ္ဌိဒုကမှ ဒုက် ၁၈-ခု)

၃၅-ဒဿနေန ပဟာတဗ္ဗဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

(နိဗ္ဗာန်ကို ရှေးဦးစွာ မြင်သဖြင့် ‘ဒဿန’မည်သော) သောတာပတ္တိမဂ်သည် ပယ်အပ်သော ဝိညာဏက္ခန္ဓာသည် ရှိ၏၊ (ဒိဋ္ဌိဂတသမ္ပယုတ်စိတ် လေးပါးနှင့် ဝိစိကိစ္ဆာစိတ်)၊ သောတာပတ္တိမဂ်သည် မပယ်အပ်သော ဝိညာဏက္ခန္ဓာသည် ရှိ၏ (ကြွင်းသောစိတ်များ)။ပ။

--

၃၆-ဘာဝနာယ ပဟာတဗ္ဗဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

(သောတာပတ္တိမဂ် မြင်ပြီးသည့် နိဗ္ဗာန်ကို တစ်ဖန်ထပ်၍ မြင်သဖြင့် ‘ဘာဝနာ’မည်သော) အထက် မဂ်သုံးပါးတို့သည် ပယ်အပ်သော ဝိညာဏက္ခန္ဓာသည် ရှိ၏၊ (ဒိဋ္ဌိဂတသမ္ပယုတ်စိတ် လေးပါး, ဒေါသမူဒွေး, ဥဒ္ဓစ္စသဟဂုတ်စိတ်)၊ အထက်မဂ်သုံးပါးတို့သည် မပယ်အပ်သော ဝိညာဏက္ခန္ဓာသည် ရှိ၏ (ကြွင်းသော စိတ်များ)။ပ။

၃၇-ဒဿနေန ပဟာတဗ္ဗဟေတုကဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

သောတာပတ္တိမဂ်သည် ပယ်အပ်သော ဟိတ်ရှိသော (ဟိတ်နှင့်ယှဉ်သော) ဝိညာဏက္ခန္ဓာသည် ရှိ၏၊ သောတာပတ္တိမဂ်သည် ပယ်အပ်သော ဟိတ်မရှိသော (ဟိတ်နှင့်မယှဉ်သော) ဝိညာဏက္ခန္ဓာသည် ရှိ၏။ပ။

၃၈-ဘာဝနာယ ပဟာတဗ္ဗဟေတုကဒုကမူ- တိက် ၂၁-ခု မူလီ ၂၁-နည်း

ဘာဝနာမည်သော အထက်မဂ်သုံးပါးတို့သည် ပယ်အပ်သော ဟိတ်ရှိသော (ဟိတ်နှင့်ယှဉ်သော) ဝိညာဏက္ခန္ဓာသည် ရှိ၏၊ အထက်မဂ်သုံးပါးတို့သည် ပယ်အပ်သော ဟိတ်မရှိသော (ဟိတ်နှင့်မယှဉ်သော) ဝိညာဏက္ခန္ဓာသည် ရှိ၏။ပ။

၃၉-သဝိတက္ကဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

ဝိတက်ရှိသော (ဝိတက်နှင့်ယှဉ်သော) ဝိညာဏက္ခန္ဓာသည် ရှိ၏ (သဝိတက္ကစိတ် ၅၅-ပါး)၊ ဝိတက် မရှိသော ဝိညာဏက္ခန္ဓာသည် ရှိ၏။ပ။

၄၀-သဝိစာရဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

ဝိစာရရှိသော (ဝိစာရနှင့်ယှဉ်သော) ဝိညာဏက္ခန္ဓာသည် ရှိ၏ (သဝိစာရစိတ် ၆၆-ပါး)၊ ဝိစာရ မရှိသော ဝိညာဏက္ခန္ဓာသည် ရှိ၏။ပ။

၄၁-သပ္ပီတိကဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

ပီတိရှိသော (ပီတိနှင့်ယှဉ်သော) ဝိညာဏက္ခန္ဓာသည် ရှိ၏ (သပ္ပီတိကစိတ် ၅၁-ပါး)၊ ပီတိမရှိသော ဝိညာဏက္ခန္ဓာသည် ရှိ၏။ပ။

၄၂-ပီတိသဟဂတဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

ပီတိနှင့် တကွဖြစ်သော (ပီတိနှင့်ယှဉ်သော) ဝိညာဏက္ခန္ဓာသည် ရှိ၏ (သပ္ပီတိကစိတ် ၅၁-ပါး)၊ ပီတိနှင့် တကွမဖြစ်သော (ပီတိနှင့်မယှဉ်သော) ဝိညာဏက္ခန္ဓာသည် ရှိ၏။ပ။

--

၄၃-သုခသဟဂတဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

သုခဝေဒနာနှင့်တကွဖြစ်သော (သုခဝေဒနာနှင့်ယှဉ်သော) ဝိညာဏက္ခန္ဓာသည် ရှိ၏ (သုခသဟဂုတ် စိတ် ၆၃-ပါး)၊ သုခဝေဒနာနှင့် တကွမဖြစ်သော ဝိညာဏက္ခန္ဓာသည် ရှိ၏။ပ။

၄၄-ဥပေက္ခာသဟဂတဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

ဥပေက္ခာဝေဒနာနှင့် တကွဖြစ်သော (ဥပေက္ခာဝေဒနာနှင့်ယှဉ်သော) ဝိညာဏက္ခန္ဓာသည် ရှိ၏ (ဥပေက္ခာသဟဂုတ်စိတ် ၅၅-ပါး)၊ ဥပေက္ခာဝေဒနာနှင့်တကွ မဖြစ်သော ဝိညာဏက္ခန္ဓာသည် ရှိ၏။ပ။

၄၅-ကာမာဝစရဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

ကာမဘုံ၌ သက်ဝင်၍ဖြစ်သော (ကာမတဏှာ၏ ဖြစ်ရာ ကျင်လည်ရာဖြစ်သော) ‘ကာမာဝစရ'ဝိညာဏက္ခန္ဓာသည် ရှိ၏၊ ကာမဘုံ၌ သက်ဝင်၍ မဖြစ်သော ဝိညာဏက္ခန္ဓာသည် ရှိ၏။ပ။

၄၆-ရူပါဝစရဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

ရူပဘုံ၌ သက်ဝင်၍ဖြစ်သော (ရူပတဏှာ၏ ဖြစ်ရာ ကျင်လည်ရာဖြစ်သော) ‘ရူပါဝစရ'ဝိညာဏက္ခန္ဓာသည် ရှိ၏၊ ရူပဘုံ၌ သက်ဝင်၍ မဖြစ်သော ဝိညာဏက္ခန္ဓာသည် ရှိ၏။ပ။

၄၇-အရူပါဝစရဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

အရူပဘုံ၌ သက်ဝင်၍ဖြစ်သော (အရူပတဏှာ၏ ဖြစ်ရာကျင်လည်ရာဖြစ်သော) ‘အရူပါဝစရ'ဝိညာဏက္ခန္ဓာသည် ရှိ၏၊ အရူပဘုံ၌ သက်ဝင်၍ မဖြစ်သော ဝိညာဏက္ခန္ဓာသည် ရှိ၏။ပ။

၄၈-ပရိယာပန္နဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

(ကာမ, ရူပ, အရူပ) ဘုံသုံးပါး၌ အကျုံးဝင်သော (လောကီ) ‘ပရိယာပန္န'ဝိညာဏက္ခန္ဓာသည် ရှိ၏ (လောကီစိတ်များ)၊ ဘုံသုံးပါး၌ အကျုံးမဝင်သော (လောကုတ္တရာ) ‘အပရိယာပန္န'ဝိညာဏက္ခန္ဓာ သည် ရှိ၏ (လောကုတ္တရာစိတ်များ)။ပ။

၄၉-နိယျာနိကဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

ဝဋ်ဆင်းရဲမှ ထွက်မြောက်ကြောင်းဖြစ်သော ‘နိယျာနိက'ဝိညာဏက္ခန္ဓာသည် ရှိ၏ (မဂ်စိတ် လေးပါး)၊ ဝဋ်ဆင်းရဲမှ ထွက်မြောက်ကြောင်း မဟုတ်သော ဝိညာဏက္ခန္ဓာသည် ရှိ၏ (ကြွင်းသော စိတ်များ)။ပ။

--

၅၀-နိယတဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

အကျိုးပေးမြဲသော ‘နိယတ'ဝိညာဏက္ခန္ဓာသည် ရှိ၏ (မိစ္ဆတ္တနိယတ, သမ္မတ္တနိယတစိတ်များ) (နိယတမိစ္ဆာဒိဋ္ဌိကံ၏ အစွမ်းအားဖြင့်ဖြစ်သော ဒိဋ္ဌိဂတသမ္ပယုတ်စိတ် ၄-ပါးတို့၏ သတ္တမဇော, ပဉ္စာနန္တရိယကံကို ကျူးလွန်သည့် ဒေါသမူဒွေး၏ သတ္တမဇော, မဂ်စိတ်လေးပါး)၊ အကျိုးပေး မမြဲသော ‘အနိယတ'ဝိညာဏက္ခန္ဓာသည် ရှိ၏ (ကြွင်းသော စိတ်များ)။ပ။

၅၁-သဥတ္တရဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

မိမိထက် လွန်မြတ်သော တရားရှိသော ‘သဥတ္တရ'ဝိညာဏက္ခန္ဓာသည် ရှိ၏ (လောကီစိတ်များ)၊ မိမိထက် လွန်မြတ်သော တရားမရှိသော ‘အနုတ္တရ'ဝိညာဏက္ခန္ဓာသည် ရှိ၏ (လောကုတ္တရာစိတ်များ)။ပ။

၅၂-သရဏဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

(၁) သရဏဒုကမူ-ကုသလတိကမူလီ ၁၀-နည်း

ဒုကနည်း, တိကနည်း။ပ။ ဒသကနည်း

ဒုကနည်း

ငိုကြွေးကြောင်း (ရာဂစသော ကိလေသာ) ရှိသော ‘သရဏ’ ဝိညာဏက္ခန္ဓာသည် ရှိ၏ (အကုသိုလ်စိတ် ၁၂-ပါး)၊ ငိုကြွေးကြောင်း (ရာဂစသော ကိလေသာ) မရှိသော ‘အရဏ’ ဝိညာဏက္ခန္ဓာသည် ရှိ၏ (ကြွင်းသော စိတ်များ)။

တိကနည်း

သုံးပါးပြားသော နည်းအားဖြင့် ဝိညာဏက္ခန္ဓာသည် ဖြစ်၏။ ။ ကုသိုလ် ဝိညာဏက္ခန္ဓာ သည် ရှိ၏၊ အကုသိုလ် ဝိညာဏက္ခန္ဓာသည် ရှိ၏၊ အဗျာကတ ဝိညာဏက္ခန္ဓာသည် ရှိ၏။ပ။ ဤသို့ ဆယ်ပါးပြားသော နည်းအားဖြင့် ဝိညာဏက္ခန္ဓာသည် ဖြစ်၏။

(၂) သရဏဒုကမူ-ဝေဒနာတိကမူလီ ၁၀-နည်း

ဧကကနည်း, ဒုကနည်း, တိကနည်း။ပ။ ဒသကနည်း

ဧကကနည်း

၁၂၄။ တစ်ပါးပြားသော နည်းအားဖြင့် ဝိညာဏက္ခန္ဓာသည် ဖြစ်၏။ ။ ဖဿနှင့်ယှဉ်သော ဝိညာဏက္ခန္ဓာတည်း။

ဒုကနည်း

နှစ်ပါးပြားသောနည်းအားဖြင့် ဝိညာဏက္ခန္ဓာသည် ဖြစ်၏။ ။ ငိုကြွေးကြောင်း (ရာဂစသော ကိလေသာ) ရှိသော ‘သရဏ'ဝိညာဏက္ခန္ဓာသည် ရှိ၏၊ ငိုကြွေးကြောင်း (ရာဂစသော ကိလေသာ) မရှိသော ‘အရဏ'ဝိညာဏက္ခန္ဓာသည် ရှိ၏။ပ။

--

တိကနည်း

သုံးပါးပြားသော နည်းအားဖြင့် ဝိညာဏက္ခန္ဓာသည် ဖြစ်၏။ ။ သုခဝေဒနာနှင့်ယှဉ်သော ဝိညာဏက္ခန္ဓာသည် ရှိ၏ (သုခသဟဂုတ်စိတ် ၆၃-ပါး)၊ ဒုက္ခဝေဒနာနှင့်ယှဉ်သော ဝိညာဏက္ခန္ဓာသည် ရှိ၏ (ဒုက္ခသဟဂုတ်ကာယဝိညာဉ်စိတ်၊ ဒေါသမူဒွေး)၊ အဒုက္ခမသုခဝေဒနာနှင့်ယှဉ်သော ဝိညာဏက္ခန္ဓာသည် ရှိ၏ (ဥပေက္ခာသဟဂုတ်စိတ် ၅၅-ပါး)။ပ။

(၃) သရဏဒုကမူ-ကုသလတိကမူလီ ၁၀-နည်း

ကုသိုလ်, အကုသိုလ်တို့၏ အကျိုးဝိပါက်ဖြစ်သော ဝိညာဏက္ခန္ဓာသည် ရှိ၏ (ဝိပါက်စိတ်များ)။ပ။**၁

၁။ ** အမှတ် (၄) သရဏဒုကမူ-ဥပါဒိဏ္ဏတိကမူလီ ၁၀-နည်းမှ အမှတ် (၂၀) သရဏဒုကမူ-အဇ္ဈတ္တတိကမူလီ ၁၀-နည်းအထိ (သရဏဒုကမူ ၁၇-နည်းတို့ကို) ပေယျာလ လုံးဝ ချန်ခဲ့သည်။

(၂၁) သရဏဒုကမူ-အဇ္ဈတ္တာရမ္မဏတိကမူလီ ၁၀-နည်း

အတွင်း ‘အဇ္ဈတ္တ'သန္တာန်၌ဖြစ်သော တရားကို အာရုံပြုသော ဝိညာဏက္ခန္ဓာသည် ရှိ၏၊ အပ ‘ဗဟိဒ္ဓ'သန္တာန်၌ဖြစ်သော တရားကို အာရုံပြုသော ဝိညာဏက္ခန္ဓာသည် ရှိ၏၊ အတွင်းအပ ‘အဇ္ဈတ္တဗဟိဒ္ဓ'သန္တာန်၌ ဖြစ်သော တရားကို အာရုံပြုသော ဝိညာဏက္ခန္ဓာသည် ရှိ၏။ပ။ ဤသို့ ဆယ်ပါးပြားသော နည်းအားဖြင့် ဝိညာဏက္ခန္ဓာသည် ဖြစ် ၏။

(ဒုက် ၅၂-ခုကို မူတည်ပြီးလျှင် တိက် ၂၁-ခုကို မူလီသွင်း၍ ဟောသော ဒုကမူလကနည်း (၅၂*၂၁) = ၁၀၉၂-နည်း ပြီး၏။ အသေးစိတ် ရေတွက်ပါမူ ဤဒုကမူလကနည်း၌ ဝိညာဏက္ခန္ဓာပေါင်း (၅၂*၂၁*၅၅) = ၆၀၀၆၀-ပါး ဖြစ်၏)။

ဒုက်ကို မူတည်၍ဟောသော ‘ဒုကမူလက'နည်း ပြီး၏။

--

တိကမူလက

တိကမူ-ဒုကမူလီ

(တိက်၂၁- ခုကို မူတည်ပြီးလျှင် ဒုက် ၅၂ - ခုကို မူလီသွင်း၍ ဟောသော တိကမူလကနည်း (၂၁*၅၂) = ၁၀၉၂- နည်း)**၁

၁။ ** ဤနည်း ၁၀၉၂-နည်း၌ တစ်နည်း တစ်နည်းကိုပင် တစ်ဖန် ၁၀-နည်းစီထပ်၍ ပွါးပြန်သည်။ ထိုထပ်ပွါး ၁၀-နည်း၌ ဝိညာဏက္ခန္ဓာပေါင်း ၅၅-ပါး ရှိသည်။ ထို့ကြောင့် အသေးစိတ် ရေတွက်ပါမူ ဤနည်း၌ ဝိညာဏက္ခန္ဓာပေါင်း (၁၀၉၂*၅၅) = ၆၀၀၆၀-ပါး ဖြစ်သည်။

၁-ကုသလတိကမူ-ဒုက် ၅၂-ခု မူလီ

(ကုသလတိက်ကို မူတည်ပြီးလျှင် ဒုက် ၅၂-ခုကို မူလီသွင်း၍ဟောသောနည်း ၅၂-နည်း)

(၁) ကုသလတိကမူ-သဟေတုကဒုကမူလီ ၁၀-နည်း**၁

ဧကကနည်း

၁၂၅။ တစ်ပါးပြားသော နည်းအားဖြင့် ဝိညာဏက္ခန္ဓာသည် ဖြစ်၏။ ။ ဖဿနှင့် ယှဉ်သော ဝိညာဏက္ခန္ဓာတည်း။

ဒုကနည်း

နှစ်ပါးပြားသော နည်းအားဖြင့် ဝိညာဏက္ခန္ဓာသည် ဖြစ်၏။ ။ ဟိတ်ရှိသော ဝိညာဏက္ခန္ဓာသည် ရှိ၏ (သဟိတ်စိတ် ၇၁-ပါး)၊ ဟိတ်မရှိသော ဝိညာဏက္ခန္ဓာ သည် ရှိ၏ (အဟိတ် စိတ် ၁၈-ပါး)။

တိကနည်း

သုံးပါးပြားသော နည်းအားဖြင့် ဝိညာဏက္ခန္ဓာသည် ဖြစ်၏။ ။ ကုသိုလ် ဝိညာဏက္ခန္ဓာ သည် ရှိ၏ (ကုသိုလ်စိတ်များ)၊ အကုသိုလ်ဝိညာဏက္ခန္ဓာသည် ရှိ၏ (အကုသိုလ်စိတ် ၁၂-ပါး)၊ အဗျာကတ ဝိညာဏက္ခန္ဓာသည် ရှိ၏ (ဝိပါက်, ကြိယာစိတ်များ)။ပ။ ဤသို့ ဆယ်ပါးပြားသော နည်းအားဖြင့် ဝိညာဏက္ခန္ဓာသည် ဖြစ်၏။

၁။ ** ဤထပ်ပွါး ၁၀-နည်း၌ ဝိညာဏက္ခန္ဓာပေါင်း ၅၅-ပါး ရှိသည်။

--

(၂) ကုသလတိကမူ-ဟေတုသမ္ပယုတ္တဒုကမူလီ ၁၀-နည်း

ဧကကနည်း, ဒုကနည်း။ပ။ ဒသကနည်း

ဧကကနည်း

၁၂၆။ တစ်ပါးပြားသော နည်းအားဖြင့် ဝိညာဏက္ခန္ဓာသည် ဖြစ်၏။ ။ ဖဿနှင့် ယှဉ်သော ဝိညာဏက္ခန္ဓာတည်း။

ဒုကနည်း

နှစ်ပါးပြားသော နည်းအားဖြင့် ဝိညာဏက္ခန္ဓာသည် ဖြစ်၏။ ။ ဟိတ်နှင့် ယှဉ်သော ဝိညာဏက္ခန္ဓာသည် ရှိ၏၊ ဟိတ်နှင့်မယှဉ်သော ဝိညာဏက္ခန္ဓာသည် ရှိ၏။ပ။၁

၁။ အမှတ် (၃) ကုသလတိကမူ-နဟေတု သဟေတုကဒုကမူလီ ၁၀-နည်းမှ အမှတ် (၅၁) ကုသလတိကမူ-သဥတ္တရဒုကမူလီ ၁၀-နည်းအထိ (ကုသလတိကမူ ၄၉-နည်းကို) ပေယျာလ လုံးဝချန်ခဲ့သည်။

(၅၂) ကုသလတိကမူ-သရဏဒုကမူလီ ၁၀-နည်း

ဒုကကနည်း, တိကနည်း။ပ။ ဒသကနည်း

ဒုကနည်း

ငိုကြွေးကြောင်း (ရာဂစသော ကိလေသာ) ရှိသော ဝိညာဏက္ခန္ဓာသည် ရှိ၏ (အကုသိုလ် စိတ် ၁၂-ပါး)၊ ငိုကြွေးကြောင်း (ရာဂစသော ကိလေသာ) မရှိသော ဝိညာဏက္ခန္ဓာသည် ရှိ၏ (ကြွင်းသော စိတ်များ)။

တိကနည်း

သုံးပါးပြားသော နည်းအားဖြင့် ဝိညာဏက္ခန္ဓာသည် ဖြစ်၏။ ။ ကုသိုလ် ဝိညာဏက္ခန္ဓာ သည် ရှိ၏၊ အကုသိုလ် ဝိညာဏက္ခန္ဓာသည် ရှိ၏၊ အဗျာကတ ဝိညာဏက္ခန္ဓာသည် ရှိ၏။ပ။ ဤသို့ ဆယ်ပါးပြားသော နည်းအားဖြင့် ဝိညာဏက္ခန္ဓာသည် ဖြစ်၏။ (ကုသလတိက်ကို မူတည်ပြီးလျှင် ဒုက် ၅၂-ခုကို မူလီသွင်း၍ ဟောသောနည်း ၅၂-နည်း ပြီး၏။ ဤကုသလတိကမူ၌ ဝိညာဏက္ခန္ဓာပေါင်း (၅၅*၅၂) = ၂၈၆၀-ပါး ဖြစ်၏)။

--

၂-ဝေဒနာတိကမူ-ဒုက် ၅၂-ခု မူလီ

(ဝေဒနာတိက်ကို မူတည်၍ ဒုက် ၅၂-ခုကို မူလီသွင်း၍ ဟောသောနည်း ၅၂-နည်း)

(၁) ဝေဒနာတိကမူ-သဟေတုကဒုကမူလီ ၁၀-နည်း

(ဝေဒနာတိက်ကို မူတည်၍ ဒုက် ၅၂-ခုကို မူလီသွင်း၍ဟောသောနည်း)

ဧကကနည်း

၁၂၇။ တစ်ပါးပြားသော နည်းအားဖြင့် ဝိညာဏက္ခန္ဓာသည် ဖြစ်၏။ ။ ဖဿနှင့် ယှဉ်သော ဝိညာဏက္ခန္ဓာတည်း။

ဒုကနည်း

နှစ်ပါးပြားသော နည်းအားဖြင့် ဝိညာဏက္ခန္ဓာသည် ဖြစ်၏။ ။ ဟိတ်ရှိသော ဝိညာဏက္ခန္ဓာ သည် ရှိ၏၊ ဟိတ်မရှိသော ဝိညာဏက္ခန္ဓာသည် ရှိ၏။

တိကနည်း

သုံးပါးပြားသော နည်းအားဖြင့် ဝိညာဏက္ခန္ဓာသည် ဖြစ်၏။ ။ သုခဝေဒနာနှင့် ယှဉ်သော ဝိညာဏက္ခန္ဓာသည် ရှိ၏၊ ဒုက္ခဝေဒနာနှင့်ယှဉ်သော ဝိညာဏက္ခန္ဓာသည် ရှိ၏၊ အဒုက္ခမသုခဝေဒနာနှင့် ယှဉ်သော ဝိညာဏက္ခန္ဓာသည် ရှိ၏။ပ။

၃-ဝိပါကတိကမူ-ဒုက် ၅၂-ခု မူလီ

(ဝိပါကတိက်ကို မူတည်၍ ဒုက် ၅၂-ခုကို မူလီသွင်း၍ ဟောသောနည်း ၅၂-နည်း)

(၁) ဝိပါကတိကမူ-သဟေတုကဒုကမူလီ ၁၀-နည်း

ကုသိုလ်, အကုသိုလ်တို့၏ အကျိုးဝိပါက်ဖြစ်သော ဝိညာဏက္ခန္ဓာသည် ရှိ၏။ပ။၁

၁။ အမှတ် (၄) ဥပါဒိဏ္ဏတိကမူ-ဒုက်-၅၂-ခု မူလီမှ အမှတ် (၂၀) အဇ္ဈတ္တတိကမူ-ဒုက် ၅၂-ခု မူလီအထိ (တိကမူ ၁၇-ခုကို) ပေယျာလ လုံးဝချန်ခဲ့သည်။

၂၁-အဇ္ဈတ္တာရမ္မဏတိကမူ-ဒုက် ၅၂-ခု မူလီ ၅၂-နည်း

(၁) အဇ္ဈတ္တာရမ္မဏတိကမူ-သဟေတုကဒုကမူလီ ၁၀-နည်း

အတွင်း ‘အဇ္ဈတ္တ'သန္တာန်၌ ဖြစ်သော တရားကို အာရုံပြုသော ဝိညာဏက္ခန္ဓာသည် ရှိ၏၊ အပ ‘ဗဟိဒ္ဓ'့သန္တာန်၌ ဖြစ်သော တရားကို အာရုံပြုသော ဝိညာဏက္ခန္ဓာသည် ရှိ၏၊ အတွင်းအပ ‘အဇ္ဈတ္တဗဟိဒ္ဓ'သန္တာန်၌ ဖြစ်သော တရားကို အာရုံပြုသော ဝိညာဏက္ခန္ဓာသည် ရှိ၏။ပ။ ဤသို့ ဆယ်ပါးပြားသော နည်းအားဖြင့် ဝိညာဏက္ခန္ဓာသည် ဖြစ်၏။

--

(၂) အဇ္ဈတ္တာရမ္မဏတိကမူ-ဟေတုသမ္ပယုတ္တဒုကမူလီ ၁၀-နည်း

ဧကကနည်း, ဒုကနည်း။ပ။ ဒသကနည်း

ဧကကနည်း

၁၂၈။ တစ်ပါးပြားသော နည်းအားဖြင့် ဝိညာဏက္ခန္ဓာသည် ဖြစ်၏။ ။ ဖဿနှင့်ယှဉ်သော ဝိညာဏက္ခန္ဓာတည်း။

ဒုကနည်း

နှစ်ပါးပြားသော နည်းအားဖြင့် ဝိညာဏက္ခန္ဓာသည် ဖြစ်၏။ ။ ဟိတ်နှင့် ယှဉ်သော ဝိညာဏက္ခန္ဓာသည် ရှိ၏၊ ဟိတ်နှင့်မယှဉ်သော ဝိညာဏက္ခန္ဓာသည် ရှိ၏။ပ။၁

၁။ အမှတ် (၃) အဇ္ဈတ္တာရမ္မဏတိကမူ-နဟေတု သဟေတုကဒုကမူလီ ၁၀-နည်းမှ အမှတ် (၅၁) အဇ္ဈတ္တာရမ္မဏ တိကမူ-သဥတ္တရဒုကမူလီ ၁၀-နည်းအထိ (အဇ္ဈတ္တာရမ္မဏတိကမူ ၄၉-နည်းကို) ပေယျာလ လုံးဝချန်ခဲ့သည်။

(၅၂) အဇ္ဈတ္တာရမ္မဏတိကမူ-သရဏဒုကမူလီ ၁၀-နည်း

တိကနည်း။ပ။ ဒသကနည်း

ငိုကြွေးကြောင်း (ရာဂစသော ကိလေသာ) ရှိသော ‘သရဏ'ဝိညာဏက္ခန္ဓာသည် ရှိ၏။ ငိုကြွေးကြောင်း (ရာဂစသော ကိလေသာ) မရှိသော ‘အရဏ'ဝိညာဏက္ခန္ဓာသည် ရှိ၏။

တိကနည်း

သုံးပါးပြားသော နည်းအားဖြင့် ဝိညာဏက္ခန္ဓာသည် ဖြစ်၏။ ။ အတွင်း ‘အဇ္ဈတ္တ'သန္တာန်၌ ဖြစ်သော တရားကို အာရုံပြုသော ဝိညာဏက္ခန္ဓာသည် ရှိ၏၊ အပ ‘ဗဟိဒ္ဓ'သန္တာန်၌ ဖြစ်သော တရားကို အာရုံပြုသော ဝိညာဏက္ခန္ဓာသည် ရှိ၏၊ အတွင်းအပသန္တာန်၌ဖြစ်သော တရားကို အာရုံပြုသော ဝိညာဏက္ခန္ဓာသည် ရှိ၏။ပ။ ဤသို့ ဆယ်ပါးပြားသော နည်းအားဖြင့် ဝိညာဏက္ခန္ဓာ သည် ဖြစ်၏။

(တိက် ၂၁-ခုကို မူတည်ပြီးလျှင် ဒုက် ၅၂-ခုကို မူလီသွင်း၍ ဟောသော တိကမူလကနည်း (၂၁*၅၂) = ၁၀၉၂-နည်း ပြီး၏။ ဤတိကမူလကနည်း၌ အသေးစိတ် ရေတွက်သော် ဝိညာဏက္ခန္ဓာ ပေါင်း (၂၁*၅၂*၅၅) = ၆၀၀၆၀-ပါး ဖြစ်၏)။

တိက်ကို မူတည်၍ဟောသော ‘တိကမူလက'နည်း ပြီး၏။

--

ဥဘတောဝဍ္ဎကနည်း

တိက် ၂၁- ခုနှင့် ဒုက် ၂၁-ခုတို့ကို တစ်စုံစီထား၍ ပွါးသော ဥဘတောဝဍ္ဎကနည်း ၂၁-နည်း၁ (ဤဥဘတောဝဍ္ဎကနည်း ၂၁-နည်း၌ တစ်နည်းတစ်နည်းအတွက် ၁၀-နည်းစီ ထပ်၍ပွါးပြန်သည်။ ထိုထပ်ပွါး ၁၀-နည်း၌ ဝိညာဏက္ခန္ဓာပေါင်း ၅၅-ပါးရှိသည်။ အသေးစိတ် ရေတွက်ပါမူ ဤဥဘတော ဝဍ္ဎကနည်း ၂၁-နည်း၌ ဝိညာဏက္ခန္ဓာပေါင်း (၂၁*၅၅) = ၁၁၅၅-ပါးရှိသည်။)

(၁) သဟေတုကဒုက်နှင့် ကုသလတိက် တစ်စုံ ၁၀-နည်း၁

ဧကကနည်း, ဒုကနည်း, တိကနည်း။ပ။ ဒသကနည်းဧကကနည်း ၁၂၉။ တစ်ပါးပြားသော နည်းအားဖြင့် ဝိညာဏက္ခန္ဓာသည် ဖြစ်၏။ ။ ဖဿနှင့်ယှဉ်သော ဝိညာဏက္ခန္ဓာတည်း။

ဒုကနည်း

နှစ်ပါးပြားသော နည်းအားဖြင့် ဝိညာဏက္ခန္ဓာသည် ဖြစ်၏။ ။ ဟိတ်ရှိသော ဝိညာဏက္ခန္ဓာသည် ရှိ၏၊ ဟိတ်မရှိသော ဝိညာဏက္ခန္ဓာသည် ရှိ၏။

တိကနည်း

သုံးပါးပြားသော နည်းအားဖြင့် ဝိညာဏက္ခန္ဓာသည် ဖြစ်၏။ ။ ကုသိုလ် ဝိညာဏက္ခန္ဓာသည် ရှိ၏၊ အကုသိုလ် ဝိညာဏက္ခန္ဓာသည် ရှိ၏၊ အဗျာကတ ဝိညာဏက္ခန္ဓာသည် ရှိ၏။ပ။ ဤသို့ ဆယ်ပါးပြားသော နည်းအားဖြင့် ဝိညာဏက္ခန္ဓာသည် ဖြစ်၏။

၁။ ဤထပ်ပွါး ၁၀-နည်း၌ ဝိညာဏက္ခန္ဓာပေါင်း ၅၅-ပါးရှိသည်။

(၂) ဟေတုသမ္ပယုတ္တဒုက်နှင့်ဝေဒနာတိက် တစ်စုံ ၁၀-နည်း

ဧကကနည်း, ဒုကနည်း, တိကနည်း။ပ။ ဒသကနည်း

ဧကကနည်း

၁၃၀။ တစ်ပါးပြားသော နည်းအားဖြင့် ဝိညာဏက္ခန္ဓာသည် ဖြစ်၏။ ။ ဖဿနှင့်ယှဉ်သော ဝိညာဏက္ခန္ဓာတည်း။

ဒုကနည်း

နှစ်ပါးပြားသော နည်းအားဖြင့် ဝိညာဏက္ခန္ဓာသည် ဖြစ်၏။ ။ ဟိတ်နှင့်ယှဉ်သော ဝိညာဏက္ခန္ဓာသည် ရှိ၏၊ ဟိတ်နှင့်မယှဉ်သော ဝိညာဏက္ခန္ဓာသည် ရှိ၏။

--

တိကနည်း

သုံးပါးပြားသော နည်းအားဖြင့် ဝိညာဏက္ခန္ဓာသည် ဖြစ်၏။ ။ သုခဝေဒနာနှင့်ယှဉ်သော ဝိညာဏက္ခန္ဓာသည် ရှိ၏၊ ဒုက္ခဝေဒနာနှင့်ယှဉ်သော ဝိညာဏက္ခန္ဓာသည် ရှိ၏၊ အဒုက္ခ မသုခဝေဒနာနှင့် ယှဉ်သော ဝိညာဏက္ခန္ဓာသည် ရှိ၏။ပ။ ဤသို့ ဆယ်ပါးပြားသော နည်းအားဖြင့် ဝိညာဏက္ခန္ဓာသည် ဖြစ်၏။

(၃) နဟေတုသဟေတုကဒုက်နှင့်ဝိပါကတိက် တစ်စုံ ၁၀-နည်း

ဧကကနည်း, ဒုကနည်း, တိကနည်း။ပ။ ဒသကနည်း

ဧကကနည်း

၁၃၁။ တစ်ပါးပြားသော နည်းအားဖြင့် ဝိညာဏက္ခန္ဓာသည် ဖြစ်၏။ ။ ဖဿနှင့်ယှဉ်သော ဝိညာဏက္ခန္ဓာတည်း။

ဒုကနည်း

နှစ်ပါးပြားသော နည်းအားဖြင့် ဝိညာဏက္ခန္ဓာသည် ဖြစ်၏။ ။ ဟိတ်မမည်မူ၍ ဟိတ်သာ ရှိသော ဝိညာဏက္ခန္ဓာသည် ရှိ၏၊ ဟိတ်လည်းမမည်မူ၍ ဟိတ်လည်းမရှိသော ဝိညာဏက္ခန္ဓာသည် ရှိ၏။

တိကနည်း

သုံးပါးပြားသော နည်းအားဖြင့် ဝိညာဏက္ခန္ဓာသည် ဖြစ်၏။ ။ ကုသိုလ်, အကုသိုလ်တို့၏ အကျိုးဝိပါက်ဖြစ်သော ဝိညာဏက္ခန္ဓာသည် ရှိ၏ (ဝိပါက်စိတ်များ)၊ အကျိုးဝိပါက်ကို ဖြစ်စေခြင်း သဘောရှိသော (အကျိုး ဝိပါက်ကို ဖြစ်စေတတ်သော) ဝိညာဏက္ခန္ဓာသည် ရှိ၏ (ကုသိုလ်, အကုသိုလ်စိတ်များ)၊ ကုသိုလ်, အကုသိုလ်တို့၏ အကျိုးဝိပါက်လည်း မဟုတ်မူ၍ အကျိုးဝိပါက်ကို ဖြစ်စေ ခြင်း သဘောရှိသော (အကျိုးဝိပါက်ကို ဖြစ်စေတတ်သော) တရားလည်း မဟုတ်သော ဝိညာဏက္ခန္ဓာ သည် ရှိ၏ (ကြိယာစိတ်များ)။ပ။ ဤသို့ ဆယ်ပါးပြားသော နည်းအားဖြင့် ဝိညာဏက္ခန္ဓာသည် ဖြစ်၏။

(၄) လောကိယဒုက်နှင့် ဥပါဒိဏ္ဏတိက် တစ်စုံ ၁၀-နည်း

ဧကကနည်း, ဒုကနည်း, တိကနည်း။ပ။ ဒသကနည်း

ဧကကနည်း

၁၃၂။ တစ်ပါးပြားသော နည်းအားဖြင့် ဝိညာဏက္ခန္ဓာသည် ဖြစ်၏။ ။ ဖဿနှင့်ယှဉ်သော ဝိညာဏက္ခန္ဓာတည်း။

ဒုကနည်း

နှစ်ပါးပြားသော နည်းအားဖြင့် ဝိညာဏက္ခန္ဓာသည် ဖြစ်၏။ ။ လောက၌ အကျုံးဝင်သော လောကီဝိညာဏက္ခန္ဓာသည် ရှိ၏၊ လောကမှ ထွက်မြောက်သော လောကုတ္တရာ ဝိညာဏက္ခန္ဓာသည် ရှိ၏။

--

တိကနည်း

သုံးပါးပြားသော နည်းအားဖြင့် ဝိညာဏက္ခန္ဓာသည် ဖြစ်၏။ ။ တဏှာဒိဋ္ဌိတို့သည် ကပ်အပ် သော ကံသည် အကျိုး၏အဖြစ်ဖြင့်လည်း ယူအပ်၍ (တဏှာဒိဋ္ဌိတို့၏ အာရုံဖြစ်သော ကံကြောင့်လည်း ဖြစ်၍) ဥပါဒါန်၏ အာရုံလည်းဖြစ်သော ဝိညာဏက္ခန္ဓာသည် ရှိ၏ (လောကီဝိပါက်စိတ် များ)၊ တဏှာဒိဋ္ဌိတို့သည် ကပ်အပ်သော ကံသည် အကျိုး၏အဖြစ်ဖြင့် မယူအပ်မူ၍ (တဏှာဒိဋ္ဌိတို့၏ အာရုံဖြစ်သော ကံကြောင့် မဖြစ်မူ၍) ဥပါဒါန်၏ အာရုံသာ ဖြစ်သော ဝိညာဏက္ခန္ဓာသည် ရှိ၏ (လောကီ ကုသိုလ်, အကုသိုလ်, ကြိယာစိတ်များ)၊ တဏှာဒိဋ္ဌိတို့သည် ကပ်အပ်သော ကံသည် အကျိုး၏အဖြစ်ဖြင့် လည်း မယူအပ်မူ၍ (တဏှာဒိဋ္ဌိတို့ အာရုံပြုသော ကံကြောင့်လည်း မဖြစ်မူ၍) ဥပါဒါန်၏ အာရုံလည်း မဟုတ်သော ဝိညာဏက္ခန္ဓာသည် ရှိ၏ (လောကုတ္တရာစိတ်များ)။ပ။ ဤသို့ ဆယ်ပါးပြားသော နည်းအားဖြင့် ဝိညာဏက္ခန္ဓာသည် ဖြစ်၏။

(၅) ဧကနစိဝိညေယျဒုက်နှင့် သံကိလိဋ္ဌတိက် တစ်စုံ ၁၀-နည်း

ဧကကနည်း, ဒုကနည်း, တိကနည်း။ပ။ ဒသကနည်း

ဧကကနည်း

၁၃၃။ တစ်ပါးပြားသော နည်းအားဖြင့် ဝိညာဏက္ခန္ဓာသည် ဖြစ်၏။ ။ ဖဿနှင့်ယှဉ်သော ဝိညာဏက္ခန္ဓာတည်း။

ဒုကနည်း

နှစ်ပါးပြားသော နည်းအားဖြင့် ဝိညာဏက္ခန္ဓာသည် ဖြစ်၏။ ။ တစ်စုံတစ်ခုသောစိတ်သည် သိအပ်သော ဝိညာဏက္ခန္ဓာသည် ရှိ၏၊ တစ်စုံတစ်ခုသောစိတ်သည် မသိအပ်သော ဝိညာဏက္ခန္ဓာသည် ရှိ၏။

တိကနည်း

သုံးပါးပြားသော နည်းအားဖြင့် ဝိညာဏက္ခန္ဓာသည် ဖြစ်၏။ ။ ပူပန်စေတတ်နှိပ်စက်တတ် ညစ်နွမ်းစေတတ်သော ‘ကိလေသာ'တို့သည် ပူပန်လည်း ပူပန်စေအပ်၍ (ကိလေသာ တို့နှင့်လည်း ယှဉ်၍) ကိလေသာတို့၏ အာရုံလည်းဖြစ်သော ဝိညာဏက္ခန္ဓာသည် ရှိ၏ (အကုသိုလ်စိတ် များ)၊ ကိလေသာတို့သည် ပူပန်စေအပ်သည် မဟုတ်မူ၍ (ကိလေသာတို့နှင့် မယှဉ်မူ၍) ကိလေသာတို့၏ အာရုံသာဖြစ်သော ဝိညာဏက္ခန္ဓာသည် ရှိ၏ (လောကီကုသိုလ်, ဝိပါက်, ကြိယာစိတ်များ)၊ ကိလေသာတို့ သည် ပူပန်စေအပ်သည်လည်း မဟုတ်မူ၍ (ကိလေသာတို့နှင့်လည်း မယှဉ်မူ၍) ကိလေသာတို့၏ အာရုံ လည်း မဟုတ်သော ဝိညာဏက္ခန္ဓာသည် ရှိ၏ (လောကုတ္တရာစိတ်များ)။ပ။ ဤသို့ ဆယ်ပါးပြားသော နည်းအားဖြင့် ဝိညာဏက္ခန္ဓာသည် ဖြစ်၏။

--

(၆) သာသဝဒုက်နှင့် သဝိတက္ကတိက် တစ်စုံ ၁၀-နည်း

ဧကကနည်း, ဒုကနည်း, တိကနည်း။ပ။ ဒသကနည်း

ဧကကနည်း

၁၃၄။ တစ်ပါးပြားသော နည်းအားဖြင့် ဝိညာဏက္ခန္ဓာသည် ဖြစ်၏။ ။ ဖဿနှင့်ယှဉ်သော ဝိညာဏက္ခန္ဓာတည်း။

ဒုကနည်း

နှစ်ပါးပြားသော နည်းအားဖြင့် ဝိညာဏက္ခန္ဓာသည် ဖြစ်၏။ ။ (သတ္တဝါတို့၏သန္တာန်၌) ယိုစီးဖြစ်ပွါးနေတတ်၍ မူးယစ်မိုက်မဲစေတတ်သော ‘အာသဝ'၏ (လောဘ, ဒိဋ္ဌိ, မောဟ့တို့၏) အာရုံဖြစ်သော ဝိညာဏက္ခန္ဓာသည် ရှိ၏ (လောကီစိတ်များ)၊ အာသဝ၏ အာရုံမဟုတ်သော ဝိညာဏက္ခန္ဓာသည် ရှိ၏ (လောကုတ္တရာစိတ်များ)။

တိကနည်း

သုံးပါးပြားသော နည်းအားဖြင့် ဝိညာဏက္ခန္ဓာသည် ဖြစ်၏။ ။ ဝိတက်လည်းရှိ၍ ဝိစာရ လည်းရှိသော ဝိညာဏက္ခန္ဓာသည် ရှိ၏ (သဝိတက္ကစိတ် ၅၅-ပါး)၊ ဝိတက်မရှိမူ၍ ဝိစာရမျှသာရှိသော ဝိညာဏက္ခန္ဓာသည် ရှိ၏ (ဒုတိယဈာန်စိတ် ၁၁-ပါး)၊ ဝိတက်လည်း မရှိမူ၍ ဝိစာရ လည်း မရှိသော ဝိညာဏက္ခန္ဓာသည် ရှိ၏ (ကြွင်းသော စိတ်များ)။ပ။ ဤသို့ ဆယ်ပါးပြားသော နည်းအားဖြင့် ဝိညာဏက္ခန္ဓာသည် ဖြစ်၏။

(၇) အာသဝသမ္ပယုတ္တဒုက်နှင့် ပီတိတိက် တစ်စုံ ၁၀-နည်း

ဧကကနည်း, ဒုကနည်း, တိကနည်း။ပ။ ဒသကနည်း

ဧကကနည်း

၁၃၅။ တစ်ပါးပြားသော နည်းအားဖြင့် ဝိညာဏက္ခန္ဓာသည် ဖြစ်၏။ ။ ဖဿနှင့်ယှဉ်သော ဝိညာဏက္ခန္ဓာတည်း။

ဒုကနည်း

နှစ်ပါးပြားသော နည်းအားဖြင့် ဝိညာဏက္ခန္ဓာသည် ဖြစ်၏။ ။ အာသဝနှင့် (လောဘ, ဒိဋ္ဌိ, မောဟတို့နှင့်) ယှဉ်သော ဝိညာဏက္ခန္ဓာသည် ရှိ၏ (အကုသိုလ်စိတ် ၁၂-ပါး)၊ အာသဝနှင့် မယှဉ်သော ဝိညာဏက္ခန္ဓာသည် ရှိ၏ (ကြွင်းသောစိတ်များ)။

တိကနည်း

သုံးပါးပြားသော နည်းအားဖြင့် ဝိညာဏက္ခန္ဓာသည် ဖြစ်၏။ ။ ပီတိနှင့် တကွဖြစ်သော (ပီတိနှင့်ယှဉ်သော) ဝိညာဏက္ခန္ဓာသည် ရှိ၏ (ပီတိသဟဂုတ်စိတ် ၅၁-ပါး)၊ သုခ ဝေဒနာနှင့်တကွဖြစ်သော ဝိညာဏက္ခန္ဓာသည် ရှိ၏ (သုခသဟဂုတ်စိတ် ၆၃-ပါး)၊ ဥပေက္ခာဝေဒနာနှင့် တကွဖြစ်သော ဝိညာဏက္ခန္ဓာသည် ရှိ၏ (ဥပေက္ခာသဟဂုတ်စိတ် ၅၅-ပါး)။ပ။ ဤသို့ ဆယ်ပါးပြားသော နည်းအားဖြင့် ဝိညာဏက္ခန္ဓာသည် ဖြစ်၏။

--

(၈) အာသဝဝိပ္ပယုတ္တသာသဝဒုက်နှင့် ဒဿနတိက် တစ်စုံ ၁၀-နည်း

ဧကကနည်း, ဒုကနည်း, တိကနည်း။ပ။ ဒသကနည်း

ဧကကနည်း

၁၃၆။ တစ်ပါးပြားသော နည်းအားဖြင့် ဝိညာဏက္ခန္ဓာသည် ဖြစ်၏။ ။ ဖဿနှင့်ယှဉ်သော ဝိညာဏက္ခန္ဓာတည်း။

ဒုကနည်း

နှစ်ပါးပြားသော နည်းအားဖြင့် ဝိညာဏက္ခန္ဓာသည် ဖြစ်၏။ ။ အာသဝနှင့် (လောဘ, ဒိဋ္ဌိ, မောဟတို့နှင့်) မယှဉ်မူ၍ အာသဝ၏ အာရုံသာဖြစ်သော ဝိညာဏက္ခန္ဓာသည် ရှိ၏ (လောကီ ကုသိုလ်, ဝိပါက်, ကြိယာစိတ်များ)၊ အာသဝနှင့်လည်း မယှဉ်မူ၍ အာသဝ၏ အာရုံလည်း မဟုတ်သော ဝိညာဏက္ခန္ဓာသည် ရှိ၏ (လောကုတ္တရာစိတ်များ)။

တိကနည်း

သုံးပါးပြားသော နည်းအားဖြင့် ဝိညာဏက္ခန္ဓာသည် ဖြစ်၏။ ။ (နိဗ္ဗာန်ကို ရှေးဦးစွာ မြင်သဖြင့် ‘ဒဿန’မည်သော) သောတာပတ္တိမဂ်သည် ပယ်အပ်သော ဝိညာဏက္ခန္ဓာသည် ရှိ၏ (ဒိဋ္ဌိဂတသမ္ပယုတ် စိတ် ၄-ပါးနှင့် ဝိစိကိစ္ဆာစိတ်)၊ သောတာပတ္တိမဂ် မြင်ပြီးသော နိဗ္ဗာန်ကို တစ်ဖန် ထပ်၍ မြင်သဖြင့် ‘ဘာဝနာ’မည်သော အထက်မဂ်သုံးပါးတို့သည် ပယ်အပ်သော ဝိညာဏက္ခန္ဓာသည် ရှိ၏ (ကြွင်းသော အကုသိုလ်စိတ် ခုနစ်ပါး)၊ သောတာပတ္တိမဂ်သည် ပယ်အပ်သည်လည်း မဟုတ်မူ၍ အထက်မဂ်သုံးပါးတို့သည် ပယ်အပ်သည်လည်း မဟုတ်သော ဝိညာဏက္ခန္ဓာသည် ရှိ၏ (ကုသိုလ်, ဝိပါက်, ကြိယာစိတ်များ)။ပ။ ဤသို့ ဆယ်ပါးပြားသော နည်းအားဖြင့် ဝိညာဏက္ခန္ဓာသည် ဖြစ်၏။

(၉) သံယောဇနိယဒုက်နှင့် ဒဿနဟေတုတိက် တစ်စုံ ၁၀-နည်း

ဧကကနည်း, ဒုကနည်း, တိကနည်း။ပ။ ဒသကနည်း

ဧကကနည်း

၁၃၇။ တစ်ပါးပြားသော နည်းအားဖြင့် ဝိညာဏက္ခန္ဓာသည် ဖြစ်၏။ ။ ဖဿနှင့်ယှဉ်သော ဝိညာဏက္ခန္ဓာတည်း။

ဒုကနည်း

နှစ်ပါးပြားသောနည်းအားဖြင့် ဝိညာဏက္ခန္ဓာသည် ဖြစ်၏။ ။ (သတ္တဝါတို့ကိုဝဋ်ဆင်းရဲ၌) ယှဉ်စေတတ်နှောင်ဖွဲ့တတ်သော ‘သံယောဇဉ်'၏ အာရုံဖြစ်သော ဝိညာဏက္ခန္ဓာသည် ရှိ၏ (လောကီစိတ်များ)၊ သံယောဇဉ်၏ အာရုံမဟုတ်သော ဝိညာဏက္ခန္ဓာသည် ရှိ၏ (လောကုတ္တရာစိတ်များ)။

တိကနည်း

သုံးပါးပြားသော နည်းအားဖြင့် ဝိညာဏက္ခန္ဓာသည် ဖြစ်၏။ ။ (ဒဿန မည်သော) သောတာပတ္တိမဂ်သည် ပယ်အပ်သော ဟိတ်ရှိသော (ဟိတ်နှင့်ယှဉ်သော) ဝိညာဏက္ခန္ဓာ သည် ရှိ၏ (ဒိဋ္ဌိဂတ သမ္ပယုတ်စိတ် ၄-ပါးနှင့် ဝိစိကိစ္ဆာစိတ်)၊ (ဘာဝနာ မည်သော) အထက်မဂ် သုံးပါးတို့သည် ပယ်အပ်သော ဟိတ်ရှိသော (ဟိတ်နှင့်ယှဉ်သော) ဝိညာဏက္ခန္ဓာသည် ရှိ၏ (ကြွင်းသော အကုသိုလ်စိတ်ခုနစ်ပါး)၊ သောတာပတ္တိမဂ်သည် ပယ်အပ်သော ဟိတ်ရှိသည်လည်း မဟုတ်မူ၍ အထက်မဂ် သုံးပါးတို့သည် ပယ်အပ်သော ဟိတ်ရှိသည်လည်း မဟုတ်သော ဝိညာဏက္ခန္ဓာသည် ရှိ၏ (ကုသိုလ်, ဝိပါက်, ကြိယာစိတ်များ)။ပ။ ဤသို့ ဆယ်ပါးပြားသော နည်းအားဖြင့် ဝိညာဏက္ခန္ဓာသည် ဖြစ်၏။

--

(၁၀) သံယောဇနသမ္ပယုတ္တဒုက်နှင့် အာစယဂါမိတိက် တစ်စုံ ၁၀-နည်း

ဧကကနည်း, ဒုကနည်း, တိကနည်း။ပ။ ဒသကနည်း

ဧကကနည်း

၁၃၈။ တစ်ပါးပြားသော နည်းအားဖြင့် ဝိညာဏက္ခန္ဓာသည် ဖြစ်၏။ ။ ဖဿနှင့်ယှဉ်သော ဝိညာဏက္ခန္ဓာတည်း။

ဒုကနည်း

နှစ်ပါးပြားသော နည်းအားဖြင့် ဝိညာဏက္ခန္ဓာသည် ဖြစ်၏။ ။ သံယောဇဉ်နှင့်ယှဉ်သော ဝိညာဏက္ခန္ဓာသည် ရှိ၏ (အကုသိုလ်စိတ် ၁၂-ပါး)၊ သံယောဇဉ်နှင့်မယှဉ်သော ဝိညာဏက္ခန္ဓာသည် ရှိ၏ (ကြွင်းသော စိတ်များ)။

တိကနည်း

သုံးပါးပြားသော နည်းအားဖြင့် ဝိညာဏက္ခန္ဓာသည် ဖြစ်၏။ ။ စုတိပဋိသန္ဓေသို့ ရောက်ကြောင်းဖြစ်သော (ရောက်စေတတ်သော) ‘အာစယဂါမိ'ဝိညာဏက္ခန္ဓာသည် ရှိ၏ (လောကီကုသိုလ်, အကုသိုလ်စိတ်များ)၊ နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်သော (ရောက်စေတတ်သော) ‘အပစယဂါမိ'ဝိညာဏက္ခန္ဓာသည် ရှိ၏ (မဂ်စိတ်လေးပါး)၊ စုတိ ပဋိသန္ဓေသို့ ရောက်ကြောင်းလည်း မဟုတ်မူ၍ နိဗ္ဗာန်သို့ ရောက်ကြောင်းလည်း မဟုတ်သော ဝိညာဏက္ခန္ဓာသည် ရှိ၏ (ဝိပါက်, ကြိယာ စိတ်များ)။ပ။ ဤသို့ ဆယ်ပါးပြားသော နည်းအားဖြင့် ဝိညာဏက္ခန္ဓာသည် ဖြစ်၏။

(၁၁) သံယောဇနဝိပ္ပယုတ္တသံယောဇနိယဒုက်နှင့် သေက္ခတိက် တစ်စုံ ၁၀-နည်း

ဧကကနည်း, ဒုကနည်း, တိကနည်း။ပ။ ဒသကနည်း

ဧကကနည်း

၁၃၉။ တစ်ပါးပြားသော နည်းအားဖြင့် ဝိညာဏက္ခန္ဓာသည် ဖြစ်၏။ ။ ဖဿနှင့်ယှဉ်သော ဝိညာဏက္ခန္ဓာတည်း။

ဒုကနည်း

နှစ်ပါးပြားသော နည်းအားဖြင့် ဝိညာဏက္ခန္ဓာသည် ဖြစ်၏။ ။ သံယောဇဉ်နှင့်မယှဉ်မူ၍ သံယောဇဉ်၏ အာရုံသာဖြစ်သော ဝိညာဏက္ခန္ဓာသည် ရှိ၏ (လောကီကုသိုလ်, ဝိပါက်, ကြိယာစိတ်များ)၊ သံယောဇဉ်နှင့်လည်း မယှဉ်မူ၍ သံယောဇဉ်၏ အာရုံလည်း မဟုတ်သော ဝိညာဏက္ခန္ဓာသည် ရှိ၏ (လောကုတ္တရာ စိတ်များ)။

--

တိကနည်း

သုံးပါးပြားသောနည်းအားဖြင့် ဝိညာဏက္ခန္ဓာသည် ဖြစ်၏။ ။ (အရဟတ္တဖိုလ်သို့ ရောက်ရန်) ကျင့်ဆဲ ‘သေက္ခ'ပုဂ္ဂိုလ် ခုနစ်ယောက်တို့၏ ဥစ္စာဖြစ်သော ဝိညာဏက္ခန္ဓာ သည် ရှိ၏ (မဂ်စိတ်လေးပါးနှင့် အောက်ဖိုလ်သုံးပါး)၊ (အရဟတ္တဖိုလ်သို့ ရောက်ပြီး) ကျင့်ပြီး ‘အသေက္ခ’ (ရဟန္တာ) ပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော ဝိညာဏက္ခန္ဓာသည် ရှိ၏ (အရဟတ္တဖိုလ်စိတ်)၊ သေက္ခပုဂ္ဂိုလ်တို့၏ ဥစ္စာလည်း မဟုတ်မူ၍ ‘အသေက္ခ’ (ရဟန္တာ) ပုဂ္ဂိုလ်တို့၏ ဥစ္စာလည်း မဟုတ်သော ဝိညာဏက္ခန္ဓာသည် ရှိ၏ (လောကီစိတ်များ)။ပ။ ဤသို့ ဆယ်ပါးပြားသော နည်းအားဖြင့် ဝိညာဏက္ခန္ဓာသည် ဖြစ်၏။

(၁၂) ဂန္ထနိယဒုက်နှင့် ပရိတ္တုတိက် တစ်စုံ ၁၀-နည်း

ဧကကနည်း, ဒုကနည်း, တိကနည်း။ပ။ ဒသကနည်း

ဧကကနည်း

၁၄၀။ တစ်ပါးပြားသော နည်းအားဖြင့် ဝိညာဏက္ခန္ဓာသည် ဖြစ်၏။ ။ ဖဿနှင့်ယှဉ်သော ဝိညာဏက္ခန္ဓာတည်း။

ဒုကနည်း

နှစ်ပါးပြားသော နည်းအားဖြင့် ဝိညာဏက္ခန္ဓာသည် ဖြစ်၏။ ။ (သတ္တဝါတို့ကိုဝဋ်ဆင်းရဲ၌) ဆက်စပ်ထုံးဖွဲ့တတ်သော သဘော ‘ဂန္ထ'၏ (လောဘ, ဒေါသ, ဒိဋ္ဌိတို့၏) အာရုံဖြစ်သော ဝိညာဏက္ခန္ဓာသည် ရှိ၏ (လောကီစိတ်များ)၊ ဂန္ထ၏ အာရုံမဟုတ်သော ဝိညာဏက္ခန္ဓာသည် ရှိ၏ (လောကုတ္တရာစိတ်များ)။

တိကနည်း

သုံးပါးပြားသော နည်းအားဖြင့် ဝိညာဏက္ခန္ဓာသည် ဖြစ်၏။ ။ နည်းသော အာနုဘော်ရှိသည့် ‘ပရိတ္တ’မည်သော ဝိညာဏက္ခန္ဓာသည် ရှိ၏ (ကာမစိတ်များ)၊ မြင့်မြတ်သည်၏ အဖြစ်သို့ ရောက်သော ‘မဟဂ္ဂတ’မည်သော ဝိညာဏက္ခန္ဓာသည် ရှိ၏ (မဟဂ္ဂုတ် စိတ်များ)၊ နှိုင်းယှဉ်မှုကို ပြုတတ်သည့် ရာဂအစရှိသော ကိလေသာတို့၏ ဆန့်ကျင်ဘက်ဖြစ်သော (မနှိုင်းယှဉ်အပ်သော) ‘အပ္ပမာဏ’မည်သော ဝိညာဏက္ခန္ဓာသည် ရှိ၏ (လောကုတ္တရာစိတ်များ)။ပ။ ဤသို့ ဆယ်ပါးပြားသော နည်းအားဖြင့် ဝိညာဏက္ခန္ဓာသည် ဖြစ်၏။

--

(၁၃) ဂန္ထသမ္ပယုတ္တဒုက်နှင့် ပရိတ္တုာရမ္မဏတိက် တစ်စုံ ၁၀-နည်း

ဧကကနည်း, ဒုကနည်း, တိကနည်း။ပ။ ဒသကနည်း

ဧကကနည်း

၁၄၁။ တစ်ပါးပြားသော နည်းအားဖြင့် ဝိညာဏက္ခန္ဓာသည် ဖြစ်၏။ ။ ဖဿနှင့်ယှဉ်သော ဝိညာဏက္ခန္ဓာတည်း။

ဒုကနည်း

နှစ်ပါးပြားသော နည်းအားဖြင့် ဝိညာဏက္ခန္ဓာသည် ဖြစ်၏။ ။ ဂန္ထနှင့် (လောဘ, ဒေါသ, ဒိဋ္ဌိတို့နှင့်) ယှဉ်သော ဝိညာဏက္ခန္ဓာသည် ရှိ၏ (လောဘမူ, ဒေါသမူစိတ်များ)၊ ဂန္ထနှင့် မယှဉ်သော ဝိညာဏက္ခန္ဓာသည် ရှိ၏ (ကြွင်းသောစိတ်များ)။

တိကနည်း

သုံးပါးပြားသော နည်းအားဖြင့် ဝိညာဏက္ခန္ဓာသည် ဖြစ်၏။ ။ နည်းသော အာနုဘော် ရှိသည့် ‘ပရိတ္တ'တရား (ကာမတရား) ကို အာရုံပြုသော ဝိညာဏက္ခန္ဓာသည် ရှိ၏၊ မြင့်မြတ်သည်၏ အဖြစ်သို့ ရောက်သော ‘မဟဂ္ဂုတ်'တရားကို အာရုံပြုသော ဝိညာဏက္ခန္ဓာသည် ရှိ၏၊ ‘အပ္ပမာဏ'တရား (လောကုတ္တရာတရား) ကို အာရုံပြုသော ဝိညာဏက္ခန္ဓာသည် ရှိ၏။ပ။ ဤသို့ ဆယ်ပါးပြားသော နည်းအားဖြင့် ဝိညာဏက္ခန္ဓာသည် ဖြစ်၏။

(၁၄) ဂန္ထဝိပ္ပယုတ္တဂန္ထနိယဒုက်နှင့် ဟီနတိက် တစ်စုံ ၁၀-နည်း

ဧကကနည်း, ဒုကနည်း, တိကနည်း။ပ။ ဒသကနည်း

ဧကကနည်း

၁၄၂။ တစ်ပါးပြားသော နည်းအားဖြင့် ဝိညာဏက္ခန္ဓာသည် ဖြစ်၏။ ။ ဖဿနှင့်ယှဉ်သော ဝိညာဏက္ခန္ဓာတည်း။

ဒုကနည်း

နှစ်ပါးပြားသော နည်းအားဖြင့် ဝိညာဏက္ခန္ဓာသည် ဖြစ်၏။ ။ ဂန္ထနှင့် (လောဘ, ဒေါသ, ဒိဋ္ဌိတို့နှင့်) မယှဉ်မူ၍ ဂန္ထ၏ အာရုံသာဖြစ်သော ဝိညာဏက္ခန္ဓာသည် ရှိ၏ (လောဘမူ, ဒေါသမူကြဉ်သော လောကီစိတ်များ)၊ ဂန္ထနှင့်လည်း မယှဉ်မူ၍ ဂန္ထ၏ အာရုံလည်း မဟုတ်သော ဝိညာဏက္ခန္ဓာသည် ရှိ၏ (လောကုတ္တရာ စိတ်များ)။

တိကနည်း

သုံးပါးပြားသော နည်းအားဖြင့် ဝိညာဏက္ခန္ဓာသည် ဖြစ်၏။ ။ ယုတ်ညံ့သော ‘ဟီန'ဝိညာဏက္ခန္ဓာသည် ရှိ၏ (အကုသိုလ်စိတ် ၁၂-ပါး)၊ အလယ်အလတ်ဖြစ်သော ‘မဇ္ဈိမ'ဝိညာဏက္ခန္ဓာသည် ရှိ၏ (လောကီကုသိုလ်, ဝိပါက်, ကြိယာစိတ်များ)၊ မြင့်မြတ်သော ‘ပဏီတ'ဝိညာဏက္ခန္ဓာသည် ရှိ၏ (လောကုတ္တရာစိတ် ၈-ပါး)။ပ။ ဤသို့ ဆယ်ပါးပြားသော နည်းအားဖြင့် ဝိညာဏက္ခန္ဓာသည် ဖြစ်၏။

--

(၁၅) ဩဃနိယဒုက်နှင့် မိစ္ဆတ္တတိက် တစ်စုံ ၁၀-နည်း

ဧကကနည်း, ဒုကနည်း, တိကနည်း။ပ။ ဒသကနည်း

ဧကကနည်း

၁၄၃။ တစ်ပါးပြားသော နည်းအားဖြင့် ဝိညာဏက္ခန္ဓာသည် ဖြစ်၏။ ။ ဖဿနှင့်ယှဉ်သော ဝိညာဏက္ခန္ဓာတည်း။

ဒုကနည်း

နှစ်ပါးပြားသော နည်းအားဖြင့် ဝိညာဏက္ခန္ဓာသည် ဖြစ်၏။ ။ (သတ္တဝါတို့ကိုဝဋ်ဆင်းရဲ၌) နစ်မြုပ်စေတတ်သော သဘော ‘ဩဃ'၏ (လောဘ, ဒိဋ္ဌိ, မောဟတို့၏) အာရုံဖြစ်သော ဝိညာဏက္ခန္ဓာသည် ရှိ၏ (လောကီစိတ်များ)၊ ဩဃ၏ အာရုံမဟုတ်သော ဝိညာဏက္ခန္ဓာသည် ရှိ၏ (လောကုတ္တရာစိတ်များ)။

တိကနည်း

သုံးပါးပြားသော နည်းအားဖြင့် ဝိညာဏက္ခန္ဓာသည်ဖြစ်၏။ ။ ဖေါက်ပြန်သော သဘောရှိ၍ စုတိ၏အခြားမဲ့၌ (အပါယ်ငရဲ၌) အကျိုးပေးမြဲသော ‘မိစ္ဆတ္တနိယတ'ဝိညာဏက္ခန္ဓာသည် ရှိ၏ (နိယတမိစ္ဆာ ဒိဋ္ဌိကံ၏ အစွမ်းအားဖြင့်ဖြစ်သော ဒိဋ္ဌိဂတသမ္ပယုတ်စိတ်၏ သတ္တမဇောနှင့် ပဉ္စာနန္တရိယကံကို ကျူးလွန်သည့် ဒေါသမူစိတ်တို့၏ သတ္တမဇော)၊ မဖောက်ပြန်သော သဘောရှိ၍ မိမိ၏ အခြားမဲ့၌ အကျိုးပေးမြဲသော ‘သမ္မတ္တနိယတ'ဝိညာဏက္ခန္ဓာသည် ရှိ၏ (မဂ်စိတ်လေးပါး)၊ နှစ်ပါးသော အခြင်းအရာ တို့ဖြင့် အကျိုးပေးမမြဲသော ဝိညာဏက္ခန္ဓာသည် ရှိ၏ (ကြွင်းသောစိတ်များ)။ပ။ ဤသို့ ဆယ်ပါးပြားသော နည်းအားဖြင့် ဝိညာဏက္ခန္ဓာသည် ဖြစ်၏။

(၁၆) ဩဃသမ္ပယုတ္တဒုက်နှင့် မဂ္ဂါရမ္မဏတိက် တစ်စုံ ၁၀-နည်း

ဧကကနည်း, ဒုကနည်း, တိကနည်း။ပ။ ဒသကနည်း

ဧကကနည်း

၁၄၄။ တစ်ပါးပြားသော နည်းအားဖြင့် ဝိညာဏက္ခန္ဓာသည် ဖြစ်၏။ ။ ဖဿနှင့်ယှဉ်သော ဝိညာဏက္ခန္ဓာတည်း။

ဒုကနည်း

နှစ်ပါးပြားသော နည်းအားဖြင့် ဝိညာဏက္ခန္ဓာသည် ဖြစ်၏။ ။ (သတ္တဝါတို့ကို ဝဋ်ဆင်းရဲ၌) နစ်မြုပ်စေတတ်သော သဘော ‘ဩဃ'နှင့် (လောဘ, ဒိဋ္ဌိ, မောဟတို့နှင့်) ယှဉ်သော ဝိညာဏက္ခန္ဓာသည် ရှိ၏ (အကုသိုလ်စိတ်များ)၊ ဩဃနှင့် မယှဉ်သော ဝိညာဏက္ခန္ဓာသည် ရှိ၏ (ကြွင်းသောစိတ်များ)။

တိကနည်း

သုံးပါးပြားသော နည်းအားဖြင့် ဝိညာဏက္ခန္ဓာသည် ဖြစ်၏။ ။ မဂ်ကို အာရုံပြုသော ဝိညာဏက္ခန္ဓာသည် ရှိ၏ (မဂ္ဂါရမ္မဏစိတ်)၊ မဂ်မည်သော အကြောင်းရင်းဟိတ်ရှိသော (သမ္မာဒိဋ္ဌိမည်သော ပညာတည်းဟူသော အမောဟဟိတ်နှင့် ယှဉ်သော) ဝိညာဏက္ခန္ဓာသည် ရှိ၏ (မဂ်စိတ်လေးပါး)၊ မဂ်မည်သော အကြီးအမှူး (သမ္မာဒိဋ္ဌိမဂ္ဂင်ဖြစ်သည့် ဝီမံသာဓိပတိမည်သော အမောဟ = ပညာ, သမ္မာဝါယာမမဂ္ဂင်ဖြစ်သည့် ဝီရိယာဓိပတိ မည်သောဝီရိယ) ရှိသော ဝိညာဏက္ခန္ဓာသည် ရှိ၏ (မဂ်စိတ်လေးပါး)။ပ။ ဤသို့ ဆယ်ပါးပြားသော နည်းအားဖြင့် ဝိညာဏက္ခန္ဓာသည် ဖြစ်၏။

--

(၁၇) ဩဃဝိပ္ပယုတ္တဩဃနိယဒုက်နှင့် ဥပ္ပန္နတိက်တစ်စုံ ၁၀-နည်း

ဧကကနည်း, ဒုကနည်း, တိကနည်း။ပ။ ဒသကနည်း

ဧကကနည်း

၁၄၅။ တစ်ပါးပြားသော နည်းအားဖြင့် ဝိညာဏက္ခန္ဓာသည် ဖြစ်၏။ ။ ဖဿနှင့်ယှဉ်သော ဝိညာဏက္ခန္ဓာတည်း။

ဒုကနည်း

နှစ်ပါးပြားသော နည်းအားဖြင့် ဝိညာဏက္ခန္ဓာသည် ဖြစ်၏။ ။ ဩဃ နှင့် (လောဘ, ဒိဋ္ဌိ, မောဟတို့နှင့်) မယှဉ်မူ၍ ဩဃ၏ အာရုံဖြစ်သော ဝိညာဏက္ခန္ဓာသည် ရှိ၏ (လောကီ ကုသိုလ်, ဝိပါက်, ကြိယာစိတ်များ)၊ ဩဃနှင့်လည်း မယှဉ်မူ၍ ဩဃ၏ အာရုံလည်း မဟုတ်သော ဝိညာဏက္ခန္ဓာသည် ရှိ၏ (လောကုတ္တရာစိတ်များ)။

တိကနည်း

သုံးပါးပြားသော နည်းအားဖြင့် ဝိညာဏက္ခန္ဓာသည် ဖြစ်၏။ ။ ဥပါဒ်, ဌီ, ဘင်ဟု ဆိုအပ်သော ခဏသုံးပါးသို့ ရောက်ဆဲဖြစ်သော ‘ပစ္စုပ္ပန်'ဝိညာဏက္ခန္ဓာသည် ရှိ၏၊ ခဏ သုံးပါးသို့ ရောက်ပြီးလည်း မဟုတ်မူ၍ ရောက်ဆဲလည်း မဟုတ်သော ‘အနုပ္ပန္န'ဝိညာဏက္ခန္ဓာသည် ရှိ၏ (နောင်အနာဂတ်ကာလ၌ ဖြစ်လတ္တံ့သော ကုသိုလ်, အကုသိုလ်, ကြိယာစိတ်များ)၊ မချွတ်ဧကန် ဖြစ်လတ္တံ့သော ဝိညာဏက္ခန္ဓာသည် ရှိ၏ (ဝိပါက်စိတ်များ)။ပ။ ဤသို့ ဆယ်ပါးပြားသော နည်းအားဖြင့် ဝိညာဏက္ခန္ဓာသည် ဖြစ်၏။

(၁၈) ယောဂနိယဒုက်နှင့် အတီတတိက်တစ်စုံ ၁၀-နည်း

ဧကကနည်း, ဒုကနည်း, တိကနည်း။ပ။ ဒသကနည်း

ဧကကနည်း

၁၄၆။ တစ်ပါးပြားသော နည်းအားဖြင့် ဝိညာဏက္ခန္ဓာသည် ဖြစ်၏။ ။ ဖဿနှင့်ယှဉ်သော ဝိညာဏက္ခန္ဓာတည်း။

ဒုကနည်း

နှစ်ပါးပြားသော နည်းအားဖြင့် ဝိညာဏက္ခန္ဓာသည် ဖြစ်၏။ ။ (သတ္တဝါတို့ကို ဝဋ်ဆင်းရဲ၌) ယှဉ်စေတတ်သော သဘော ‘ယောဂ'၏ (လောဘ, ဒိဋ္ဌိ, မောဟတို့၏) အာရုံဖြစ်သော ဝိညာဏက္ခန္ဓာသည် ရှိ၏ (လောကီစိတ်များ)၊ ယောဂ၏ အာရုံမဟုတ်သော ဝိညာဏက္ခန္ဓာသည် ရှိ၏ (လောကုတ္တရာစိတ်များ)။

--

တိကနည်း

သုံးပါးပြားသော နည်းအားဖြင့် ဝိညာဏက္ခန္ဓာသည် ဖြစ်၏။ ။ ဖြစ်ပြီးသော ‘အတိက်'ဝိညာဏက္ခန္ဓာသည်ရှိ၏၊ မရောက်သေး (ဖြစ်လတ္တံ့) သော ‘အနာဂတ်'ဝိညာဏက္ခန္ဓာသည် ရှိ၏၊ ဖြစ်ဆဲ ဖြစ်သော ‘ပစ္စုပ္ပန်'ဝိညာဏက္ခန္ဓာသည် ရှိ၏။ပ။ ဤသို့ ဆယ်ပါးပြားသော နည်းအားဖြင့် ဝိညာဏက္ခန္ဓာသည် ဖြစ်၏။

(၁၉) ယောဂသမ္ပယုတ္တဒုက်နှင့် အတီတာရမ္မဏတိက်တစ်စုံ ၁၀-နည်း

ဧကကနည်း, ဒုကနည်း, တိကနည်း။ပ။ ဒသကနည်း

ဧကကနည်း

၁၄၇။ တစ်ပါးပြားသော နည်းအားဖြင့် ဝိညာဏက္ခန္ဓာသည် ဖြစ်၏။ ။ ဖဿနှင့်ယှဉ်သော ဝိညာဏက္ခန္ဓာတည်း။

ဒုကနည်း

နှစ်ပါးပြားသော နည်းအားဖြင့် ဝိညာဏက္ခန္ဓာသည် ဖြစ်၏။ ။ ယောဂနှင့် (လောဘ, ဒိဋ္ဌိ, မောဟတို့နှင့်) ယှဉ်သော ဝိညာဏက္ခန္ဓာသည် ရှိ၏ (အကုသိုလ်စိတ်များ)၊ ယောဂနှင့် မယှဉ်သော ဝိညာဏက္ခန္ဓာသည် ရှိ၏ (ကြွင်းသောစိတ်များ)။

တိကနည်း

သုံးပါးပြားသော နည်းအားဖြင့် ဝိညာဏက္ခန္ဓာသည် ဖြစ်၏။ ။ ဖြစ်ပြီးသော ‘အတိက်'တရားကို အာရုံပြုသော ဝိညာဏက္ခန္ဓာသည် ရှိ၏၊ မရောက်သေး (ဖြစ်လတ္တံ့) သော ‘အနာဂတ်'တရားကို အာရုံပြုသော ဝိညာဏက္ခန္ဓာသည် ရှိ၏၊ ဖြစ်ဆဲဖြစ်သော ‘ပစ္စုပ္ပန်'တရားကို အာရုံပြုသော ဝိညာဏက္ခန္ဓာသည် ရှိ၏။ပ။ ဤသို့ ဆယ်ပါးပြားသော နည်းအားဖြင့် ဝိညာဏက္ခန္ဓာသည် ဖြစ်၏။

(၂၀) ယောဂဝိပ္ပယုတ္တယောဂနိယဒုက်နှင့် အဇ္ဈတ္တတိက်တစ်စုံ ၁၀-နည်း

ဧကကနည်း, ဒုကနည်း, တိကနည်း။ပ။ ဒသကနည်း

ဧကကနည်း

၁၄၈။ တစ်ပါးပြားသော နည်းအားဖြင့် ဝိညာဏက္ခန္ဓာသည် ဖြစ်၏။ ။ ဖဿနှင့်ယှဉ်သော ဝိညာဏက္ခန္ဓာတည်း။

ဒုကနည်း

နှစ်ပါးပြားသော နည်းအားဖြင့် ဝိညာဏက္ခန္ဓာသည် ဖြစ်၏။ ။ ယောဂနှင့် (လောဘ, ဒိဋ္ဌိ, မောဟတို့နှင့်) မယှဉ်မူ၍ ယောဂ၏ အာရုံသာဖြစ်သော ဝိညာဏက္ခန္ဓာသည် ရှိ၏ (လောကီ ကုသိုလ်, ဝိပါက်, ကြိယာစိတ်များ)၊ ယောဂနှင့်လည်း မယှဉ်မူ၍ ယောဂ၏ အာရုံလည်း မဟုတ်သော ဝိညာဏက္ခန္ဓာသည် ရှိ၏ (လောကုတ္တရာစိတ်များ)။

--

တိကနည်း

သုံးပါးပြားသော နည်းအားဖြင့် ဝိညာဏက္ခန္ဓာသည် ဖြစ်၏။ ။ အတွင်း ‘အဇ္ဈတ္တ'သန္တာန်၌ ဖြစ်သော ဝိညာဏက္ခန္ဓာသည် ရှိ၏၊ အပ ‘ဗဟိဒ္ဓ'သန္တာန်၌ဖြစ်သော ဝိညာဏက္ခန္ဓာသည် ရှိ၏၊ အတွင်းအပ ‘အဇ္ဈတ္တဗဟိဒ္ဓ'သန္တာန်၌ဖြစ်သော ဝိညာဏက္ခန္ဓာသည် ရှိ၏။ပ။ ဤသို့ ဆယ်ပါးပြားသော နည်းအားဖြင့် ဝိညာဏက္ခန္ဓာသည် ဖြစ်၏။

(၂၁) နီဝရဏိယဒုက်နှင့် အဇ္ဈတ္တာရမ္မဏတိက်တစ်စုံ ၁၀-နည်း

ဧကကနည်း, ဒုကနည်း, တိကနည်း။ပ။ ဒသကနည်း

ဧကကနည်း

၁၄၉။ တစ်ပါးပြားသော နည်းအားဖြင့် ဝိညာဏက္ခန္ဓာသည် ဖြစ်၏။ ။ ဖဿနှင့် ယှဉ်သော ဝိညာဏက္ခန္ဓာတည်း။

ဒုကနည်း

နှစ်ပါးပြားသောနည်းအားဖြင့် ဝိညာဏက္ခန္ဓာသည် ဖြစ်၏။ ။ (ဈာန်, မဂ်, ဖိုလ်တရားတို့ကို) ပိတ်ပင်တားဆီးတတ်သော သဘော ‘နီဝရဏ'၏ အာရုံဖြစ်သော ဝိညာဏက္ခန္ဓာသည် ရှိ၏ (လောကီစိတ်များ)၊ နီဝရဏ၏ အာရုံမဟုတ်သော ဝိညာဏက္ခန္ဓာသည် ရှိ၏ (လောကုတ္တရာစိတ်များ)။

တိကနည်း

သုံးပါးပြားသော နည်းအားဖြင့် ဝိညာဏက္ခန္ဓာသည် ဖြစ်၏။ ။ အတွင်း ‘အဇ္ဈတ္တ'သန္တာန်၌ ဖြစ်သော တရားကို အာရုံပြုသော ဝိညာဏက္ခန္ဓာသည် ရှိ၏၊ အပ ‘ဗဟိဒ္ဓ'သန္တာန်၌ ဖြစ်သော တရားကို အာရုံပြုသော ဝိညာဏက္ခန္ဓာသည် ရှိ၏၊ အတွင်းအပ ‘အဇ္ဈတ္တဗဟိဒ္ဓ'သန္တာန်၌ ဖြစ် သော တရားကို အာရုံပြုသော ဝိညာဏက္ခန္ဓာသည် ရှိ၏။ပ။

ဤသို့ ဆယ်ပါးပြားသော နည်းအားဖြင့် ဝိညာဏက္ခန္ဓာသည် ဖြစ်၏။ (တိက် ၂၁- ခုနှင့် ဒုက် ၂၁- ခုတို့ကို တစ်စုံစီထား၍ ပွါးသော ‘ဥဘတောဝဍ္ဎက'နည်း ၂၁-နည်း ပြီး၏။ အသေးစိတ် ရေတွက်ပါမူ ဤနည်း၌ ဝိညာဏက္ခန္ဓာပေါင်း (၂၁*၅၅) = ၁၁၅၅ ပါး ဖြစ်၏)။

တိက်နှင့် ဒုက်တို့ကို တစ်စုံစီထား၍ ပွါးသော ‘ဥဘတောဝဍ္ဎက'နည်း ပြီး၏။

--

ဗဟုဝိဓဝါရ

(များသောအပြားအားဖြင့် ဟောသော ‘ဗဟုဝိဓဝါရ'နည်း ၂၁-နည်း)

သတ္တကနည်း

(တိက် ၂၁-ခုကို ဘုံလေးပါးတို့ဖြင့်ဝေဖန်၍ ၇-ပါးစီဟောသော သတ္တကနည်း)

(၁) ကုသလတိက် သတ္တကနည်း

ခုနစ်ပါးပြားသော နည်းအားဖြင့် ဝိညာဏက္ခန္ဓာသည် ဖြစ်၏။ ။ အပြစ်မရှိမူ၍ ကောင်းကျိုးချမ်းသာကို ပေးတတ်သော ‘ကုသိုလ်'ဝိညာဏက္ခန္ဓာသည် ရှိ၏၊ အပြစ်နှင့် တကွဖြစ်၍ မကောင်းကျိုးဆင်းရဲကို ပေးတတ်သော ‘အကုသိုလ်'ဝိညာဏက္ခန္ဓာသည် ရှိ၏၊ ကုသိုလ် အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သော ‘အဗျာကတ'ဝိညာဏက္ခန္ဓာသည် ရှိ၏၊ ကာမဘုံ၌ သက်ဝင်၍ ဖြစ်သော (ကာမတဏှာ၏ ဖြစ်ရာ ကျင်လည်ရာ ဖြစ်သော) ‘ကာမာဝစရ'ဝိညာဏက္ခန္ဓာသည် ရှိ၏၊ ရူပဘုံ၌ သက်ဝင်၍ ဖြစ်သော (ရူပတဏှာ၏ ဖြစ်ရာ ကျင်လည်ရာ ဖြစ်သော) ‘ရူပါဝစရ'ဝိညာဏက္ခန္ဓာသည် ရှိ၏၊ အရူပဘုံ၌ သက်ဝင်၍ ဖြစ်သော (အရူပတဏှာ၏ ဖြစ်ရာ ကျင်လည်ရာ ဖြစ်သော) ‘အရူပါဝစရ'ဝိညာဏက္ခန္ဓာသည် ရှိ၏၊ (ကာမ, ရူပ, အရူပ) ဘုံသုံးပါး၌ အကျုံးမဝင်သော ‘အပရိယာပန္န’ (လောကုတ္တရာ) ဝိညာဏက္ခန္ဓာသည် ရှိ၏။ ။ ဤသို့ ခုနစ်ပါးပြားသော နည်းအားဖြင့် ဝိညာဏက္ခန္ဓာသည် ဖြစ်၏။

(၂) ဝေဒနာတိက် သတ္တကနည်း

ထိုမှတစ်ပါးလည်း ခုနစ်ပါးပြားသော နည်းအားဖြင့် ဝိညာဏက္ခန္ဓာသည် ဖြစ်၏။ ။ ချမ်းသာခံစားမှု ‘သုခ ဝေဒနာ'နှင့် ယှဉ်သော ဝိညာဏက္ခန္ဓာသည် ရှိ၏၊ ဆင်းရဲခံစားမှု ‘ဒုက္ခဝေဒနာ'နှင့်ယှဉ်သော ဝိညာဏက္ခန္ဓာသည် ရှိ၏၊ ဆင်းရဲချမ်းသာမဟုတ်သော ခံစားမှု (အလယ်အလတ်ခံစားမှု) ‘အဒုက္ခမသုခ ဝေဒနာ’ (ဥပေက္ခာဝေဒနာ) နှင့်ယှဉ်သော ဝိညာဏက္ခန္ဓာသည် ရှိ၏၊ ကာမဘုံ၌ သက်ဝင်၍ဖြစ်သော ‘ကာမာဝစရ'ဝိညာဏက္ခန္ဓာသည် ရှိ၏၊ ရူပါဘုံ၌ သက်ဝင်၍ဖြစ်သော ‘ရူပါဝစရ'ဝိညာဏက္ခန္ဓာသည် ရှိ၏၊ အရူပဘုံ၌ သက်ဝင်၍ဖြစ်သော ‘အရူပါဝစရ'ဝိညာဏက္ခန္ဓာသည် ရှိ၏၊ (ကာမ, ရူပ, အရူပ) ဘုံသုံးပါး၌ အကျုံးမဝင်သော ‘အပရိယာပန္န’ (လောကုတ္တရာ) ဝိညာဏက္ခန္ဓာသည် ရှိ၏။ပ။၁

၁။ အမှတ် (၃) ဝိပါကတိက် သတ္တကနည်းမှ အမှတ် (၂၀) အဇ္ဈတ္တတိက် သတ္တကနည်းအထိ (သတ္တကနည်း ၁၈-နည်းတို့ကို) ပေယျာလ လုံးဝချန်ထားခဲ့သည်။

--

(၂၁) အဇ္ဈတ္တာရမ္မဏတိက် သတ္တကနည်း

အတွင်း ‘အဇ္ဈတ္တ'သန္တာန်၌ ဖြစ်သော တရားကို အာရုံ ပြုသော ဝိညာဏက္ခန္ဓာသည် ရှိ၏၊ အပ ‘ဗဟိဒ္ဓ'သန္တာန်၌ ဖြစ်သော တရားကို အာရုံပြုသော ဝိညာဏက္ခန္ဓာသည် ရှိ၏၊ အတွင်း ‘အဇ္ဈတ္တဗဟိဒ္ဓ'အပသန္တာန်၌ ဖြစ်သော တရားကို အာရုံပြုသော ဝိညာဏက္ခန္ဓာသည် ရှိ၏၊ ကာမဘုံ၌ သက်ဝင်၍ ဖြစ်သော ‘ကာမာဝစရ'ဝိညာဏက္ခန္ဓာသည် ရှိ၏၊ ရူပဘုံ၌ သက်ဝင်၍ဖြစ်သော ‘ရူပါဝစရ'ဝိညာဏက္ခန္ဓာသည် ရှိ၏၊ အရူပဘုံ၌ သက်ဝင်၍ဖြစ်သော ‘အရူပါဝစရ'ဝိညာဏက္ခန္ဓာသည် ရှိ၏၊ (ကာမ, ရူပ, အရူပ) ဘုံသုံးပါး၌ အကျုံးမဝင်သော ‘အပရိယာပန္န’ (လောကုတ္တရာ) ဝိညာဏက္ခန္ဓာသည် ရှိ၏။ ။ ဤသို့ ခုနစ်ပါးပြားသော နည်းအားဖြင့် ဝိညာဏက္ခန္ဓာသည် ရှိ၏။

(ဤဗဟုဝိဓဝါရနည်း၌ အသေးစိတ်ရေတွက်ပါမူ ဝိညာဏက္ခန္ဓာပေါင်း (၂၁*၇) = ၁၄၇-ပါး ဖြစ်၏)။

(ဗဟုဝိဓဝါရ သတ္တကနည်း ၂၁-နည်း ပြီး၏)။

--

စတုဝီသတိဝိဓနည်း

တိက် ၂၁-ခုကို ဖဿ ၆-ပါးဖြင့် ဝေဖန်၍ ၂၄-ပါးစီ ဟောသော စတုဝီသတိဝိဓနည်း ၂၁-နည်း၁

၁။ စတုဝီသတိဝိဓနည်း ၂၁-နည်း၌ တစ်နည်းတစ်နည်းအတွက် ဝိညာဏက္ခန္ဓာ ၂၄-ပါးစီ ဟောထားရာ အသေးစိတ် ရေတွက်ပါမူ ဤနည်း၌ ဝိညာဏက္ခန္ဓာပေါင်း (၂၁*၂၄) = ၅၀၄-ပါးဖြစ်သည်။

(၁) ကုသလတိက် စတုဝီသတိဝိဓနည်း

နှစ်ဆယ့်လေးပါးပြားသော နည်းအားဖြင့် ဝိညာဏက္ခန္ဓာ သည် ဖြစ်၏။

၁-၂-၃။ မျက်စိအတွေ့ (မျက်စိအကြည် ‘စက္ခုပသာဒ'နှင့် အဆင်း ‘ရူပါရုံ'တို့ တွေ့ဆုံထိခိုက်မှု) ‘စက္ခုသမ္ဖဿ’ဟူသော အကြောင်းကြောင့်ဖြစ်သော ဝိညာဏက္ခန္ဓာသည် ကုသိုလ်ဝိညာဏက္ခန္ဓာသည် ရှိ၏၊ အကုသိုလ် ဝိညာဏက္ခန္ဓာသည်ရှိ၏၊ အဗျာကတဝိညာဏက္ခန္ဓာသည် ရှိ၏။

၄-၅-၆။ နားအတွေ့ (နားအကြည် ‘သောတပသာဒ'နှင့် အသံ ‘သဒ္ဒါရုံ'တို့ တွေ့ဆုံထိခိုက်မှု) ‘သောတသမ္ဖဿ’ဟူသော အကြောင်းကြောင့်။ပ။

၇-၈-၉။ နှာခေါင်းအတွေ့ (နှာခေါင်းအကြည် ‘ဃာနပသာဒ'နှင့် အနံ့ ‘ဂန္ဓာရုံ'တို့ တွေ့ဆုံထိခိုက်မှု) ‘ဃာနသမ္ဖဿ’ဟူသော အကြောင်းကြောင့်။ပ။

၁၀-၁၁-၁၂။ လျှာအတွေ့ (လျှာအကြည် ‘ဇိဝှါပသာဒ'နှင့် အရသာ ‘ရသာရုံ'တို့ တွေ့ဆုံထိခိုက်မှု) ‘ဇိဝှါသမ္ဖဿ’ဟူသော အကြောင်းကြောင့်။ပ။

၁၃-၁၄-၁၅။ ကိုယ်အတွေ့ (ကိုယ်အကြည် ‘ကာယပသာဒ'နှင့် အတွေ့ ‘ဖောဋ္ဌဗ္ဗာရုံ'တို့ တွေ့ဆုံ ထိခိုက်မှု) ‘ကာယသမ္ဖဿ’ဟူသော အကြောင်းကြောင့်။ပ။

၁၆-၁၇-၁၈။ စိတ်အတွေ့ (စိတ်နှင့် ဓမ္မာရုံတို့ တွေ့ဆုံထိခိုက်မှု) ‘မနောသမ္ဖဿ’ဟူသော အကြောင်းကြောင့်ဖြစ်သော ဝိညာဏက္ခန္ဓာသည် ကုသိုလ်ဝိညာဏက္ခန္ဓာသည် ရှိ၏၊ အကုသိုလ် ဝိညာဏက္ခန္ဓာသည် ရှိ၏၊ အဗျာကတဝိညာဏက္ခန္ဓာသည် ရှိ၏။

၁၉-၂၄။ မြင်သိစိတ် ‘စက္ခုဝိညာဏ်’၊ ကြားသိစိတ် ‘သောတဝိညာဏ်’၊ နံသိစိတ် ‘ဃာနဝိညာဏ်’၊ လျက်သိစိတ် ‘ဇိဝှါဝိညာဏ်’၊ ထိသိစိတ် ‘ကာယဝိညာဏ်’၊ ကြံသိစိတ် ‘မနောဝိညာဏ်’။ ။ ဤသို့ နှစ်ဆယ့် လေးပါးပြားသော နည်းအားဖြင့် ဝိညာဏက္ခန္ဓာသည် ဖြစ်၏။

(ကုသလတိက် စတုဝီသတိဝိဓနည်း ပြီး၏)။

--

(၂) ဝေဒနာတိက် စတုဝိသတိဝိဓနည်း

ထိုမှတစ်ပါးလည်း နှစ်ဆယ့်လေးပါးပြားသော နည်းအားဖြင့် ဝိညာဏက္ခန္ဓာသည် ဖြစ်၏။

၁-၂-၃။ မျက်စိအတွေ့ (မျက်စိအကြည် ‘စက္ခုပသာဒ'နှင့် အဆင်း ‘ရူပါရုံ'တို့ တွေ့ဆုံထိခိုက်မှု) ‘စက္ခုသမ္ဖဿ’ဟူသော အကြောင်းကြောင့်ဖြစ်သော ဝိညာဏက္ခန္ဓာသည် သုခဝေဒနာနှင့်ယှဉ်သော ဝိညာဏက္ခန္ဓာသည် ရှိ၏၊ ဒုက္ခဝေဒနာနှင့်ယှဉ်သော ဝိညာဏက္ခန္ဓာသည် ရှိ၏၊ အဒုက္ခမသုခဝေဒနာနှင့် ယှဉ်သော ဝိညာဏက္ခန္ဓာသည် ရှိ၏။ပ။၁

၁။ အမှတ် (၃) ဝိပါကတိက် စတုဝီသတိဝိဓနည်းမှ အမှတ် (၂၀) အဇ္ဈတ္တတိက် စတုဝီသတိဝိဓနည်းအထိ (စတုဝိသတိဝိဓနည်း ၁၈-နည်းတို့ကို) ပေယျာလ လုံးဝချန်ခဲ့သည်။

(၂၁) အဇ္ဈတ္တာရမ္မဏတိက် စတုဝိသတိဝိဓနည်း

(နှစ်ဆယ့်လေးပါးပြားသော နည်းအားဖြင့် ဝိညာဏက္ခန္ဓာသည် ဖြစ်၏)။

၁-၂-၃။ (မျက်စိအတွေ့ ‘စက္ခုသမ္ဖဿ’ဟူသော အကြောင်းကြောင့်ဖြစ်သော ဝိညာဏက္ခန္ဓာသည်) အတွင်း ‘အဇ္ဈတ္တ'သန္တာန်၌ဖြစ်သော တရားကို အာရုံပြုသော ဝိညာဏက္ခန္ဓာသည် ရှိ၏၊ အပ ‘ဗဟိဒ္ဓ'သန္တာန်၌ဖြစ်သော တရားကို အာရုံပြုသော ဝိညာဏက္ခန္ဓာသည် ရှိ၏၊ အတွင်းအပ ‘အဇ္ဈတ္တဗဟိဒ္ဓ'သန္တာန်၌ဖြစ်သော တရားကို အာရုံပြုသော ဝိညာဏက္ခန္ဓာသည် ရှိ၏။ [မြင်သိစိတ် ‘စက္ခုဝိညာဉ်’။ပ။ ထိသိစိတ် ‘ကာယဝိညာဉ်’၊ ကြံသိစိတ် ‘မနောဝိညာဉ်']၁

၄-၅-၆။ နားအတွေ့ ‘သောတသမ္ဖဿ’ဟူသော အကြောင်းကြောင့်။ပ။

၇-၈-၉။ နှာခေါင်းအတွေ့ ‘ဃာနသမ္ဖဿ’ဟူသော အကြောင်းကြောင့်။ပ။

၁၀-၁၁-၁၂။ လျှာအတွေ့ ‘ဇိဝှါသမ္ဖဿ’ဟူသော အကြောင်းကြောင့်။ပ။

၁၃-၁၄-၁၅။ ကိုယ်အတွေ့ ‘ကာယသမ္ဖဿ’ဟူသော အကြောင်းကြောင့်။ပ။

၁၆-၁၈။ စိတ်အတွေ့ ‘မနောသမ္ဖဿ’ဟူသော အကြောင်းကြောင့်ဖြစ်သော ဝိညာဏက္ခန္ဓာသည် အတွင်း ‘အဇ္ဈတ္တ'သန္တာန်၌ဖြစ်သော တရားကို အာရုံပြုသော ဝိညာဏက္ခန္ဓာသည် ရှိ၏၊ အပ ‘ဗဟိဒ္ဓ'သန္တာန်၌ဖြစ်သော တရားကို အာရုံပြုသော ဝိညာဏက္ခန္ဓာသည် ရှိ၏၊ အတွင်းအပ ‘အဇ္ဈတ္တဗဟိဒ္ဓ'သန္တာန်၌ဖြစ်သော တရားကို အာရုံပြုသော ဝိညာဏက္ခန္ဓာသည် ရှိ၏။

၁၉-၂၄။ မြင်သိစိတ် ‘စက္ခုဝိညာဏ်’၊ ကြားသိစိတ် ‘သောတဝိညာဏ်’၊ နံသိစိတ် ‘ဃာနဝိညာဏ်’၊ လျက်သိစိတ် ‘ဇိဝှါဝိညာဏ်’၊ ထိသိစိတ် ‘ကာယဝိညာဏ်’၊ ကြံသိစိတ် ‘မနောဝိညာဏ်’။ ဤသို့ နှစ်ဆယ့်လေးပါးပြားသော နည်းအားဖြင့် ဝိညာဏက္ခန္ဓာသည် ဖြစ်၏။

(အဇ္ဈတ္တာရမ္မဏတိက် စတုဝီသတိဝိဓနည်း ပြီး၏)။

(တိက် ၂၁-ခုကို ဖဿ ၆-ပါးဖြင့် ဝေဖန်၍ ၂၄-ပါးစီဟောသော စတုဝီသတိဝိဓနည်း ၂၁-နည်း ပြီး၏။ အသေးစိတ်ရေတွက်သော် ဤစတုဝီသတိဝိဓနည်း၌ ဝိညာဏက္ခန္ဓာပေါင်း (၂၁*၂၄) = ၅၀၄-ပါး ဖြစ်၏)။

(စတုဝီသတိဝိဓနည်း ၂၁-နည်း ပြီး၏)။

၁။ ဤစာပိုဒ်မှာ ပါဠိတော်၌ ပါရှိနေသဖြင့်သာ အနက်ပြန်ဆိုရေးသားလိုက်ပါသည်၊ စင်စစ်မှာ ဤစာပိုဒ်သည် အပိုသာ ဖြစ်ပါသည်။

--

တိံသဝိဓနည်း

(ဘုံလေးပါးဖြင့် ဖဿ ၆-ပါးကို ဝေဖန်၍ အပြား ၃၀-အားဖြင့် ဟောသော တိံသဝိဓနည်း)

သုံးဆယ်ပြားသော နည်းအားဖြင့် ဝိညာဏက္ခန္ဓာသည် ဖြစ်၏။

၁-၄။ မျက်စိအတွေ့ ‘စက္ခုသမ္ဖဿ’ဟူသော အကြောင်းကြောင့်ဖြစ်သော ဝိညာဏက္ခန္ဓာသည် ကာမ ဘုံ၌ သက်ဝင်၍ ဖြစ်သော (ကာမတဏှာ၏ ကျင်လည် ကျက်စားရာ ဖြစ်သော) ‘ကာမာဝစရ'ဝိညာဏက္ခန္ဓာသည် ရှိ၏၊ ရူပဘုံ၌ သက်ဝင်၍ဖြစ်သော (ရူပတဏှာ၏ ကျင်လည်ကျက်စားရာဖြစ်သော) ‘ရူပါဝစရ'ဝိညာဏက္ခန္ဓာသည် ရှိ၏၊ အရူပဘုံ၌သက်ဝင်၍ဖြစ်သော (အရူပတဏှာ၏ ကျင်လည် ကျက်စားရာဖြစ်သော) အရူပါဝစရ'ဝိညာဏက္ခန္ဓာသည် ရှိ၏၊ (ကာမ, ရူပ, အရူပ) ဘုံသုံးပါး၌ အကျုံးမဝင်သော ‘အပရိယာပန္န’ (လောကုတ္တရာ) ဝိညာဏက္ခန္ဓာသည် ရှိ၏။

၅-၈။ နားအတွေ့ ‘သောတသမ္ဖဿ’ဟူသော အကြောင်းကြောင့်။ပ။

၉-၁၂။ နှာခေါင်းအတွေ့ ‘ဃာနသမ္ဖဿ’ဟူသော အကြောင်းကြောင့်။ပ။

၁၃-၁၆။ လျှာအတွေ့ ‘ဇိဝှါသမ္ဖဿ’ဟူသော အကြောင်းကြောင့်။ပ။

၁၇-၂၀။ ကိုယ်အတွေ့ ‘ကာယသမ္ဖဿ’ဟူသော အကြောင်းကြောင့်။ပ။

၂၁-၂၄။ စိတ်အတွေ့ ‘မနောသမ္ဖဿ’ဟူသော အကြောင်းကြောင့်ဖြစ်သော ဝိညာဏက္ခန္ဓာသည် ကာမဘုံ၌ သက်ဝင်၍ဖြစ်သော ‘ကာမာဝစရ'ဝိညာဏက္ခန္ဓာသည် ရှိ၏၊ ရူပဘုံ၌ သက်ဝင်၍ဖြစ်သော ‘ရူပါဝစရ'ဝိညာဏက္ခန္ဓာသည်ရှိ၏၊ အရူပဘုံ၌ သက်ဝင်၍ဖြစ်သော ‘အရူပါဝစရ'ဝိညာဏက္ခန္ဓာသည် ရှိ၏၊ (ကာမ, ရူပ, အရူပ) ဘုံသုံးပါး၌ အကျုံးမဝင်သော ‘အပရိယာပန္န’ (လောကုတ္တရာ) ဝိညာဏက္ခန္ဓာ သည် ရှိ၏။

၂၅-၃၀။ မြင်သိစိတ် ‘စက္ခုဝိညာဏ်’၊ ကြားသိစိတ် ‘သောတဝိညာဏ်’၊ နံသိစိတ် ‘ဃာနဝိညာဏ်’၊ လျက်သိစိတ် ‘ဇိဝှါဝိညာဏ်’၊ ထိသိစိတ် ‘ကာယဝိညာဏ်’၊ ကြံသိစိတ် ‘မနောဝိညာဏ်’။ ။ ဤသို့ သုံးဆယ်ပြားသော နည်းအားဖြင့် ဝိညာဏက္ခန္ဓာသည် ဖြစ်၏။

(ဘုံလေးပါးဖြင့် ဖဿ ၆-ပါးကို ဝေဖန်၍ အပြား ၃၀-အားဖြင့် ဟောသော တိံသဝိဓနည်း ပြီး၏။ ဤတိံသဝိဓနည်း၌ ဝိညာဏက္ခန္ဓာပေါင်း ၃၀-ပါး ဖြစ်၏)။

(တိံသဝိဓနည်း ပြီး၏)။

--

ဗဟုဝိဓနည်း

တိက် ၂၁-ခုကို ဘုံလေးပါး ဖဿ ၆-ပါးတို့ဖြင့် ဝေဖန်၍ ဟောသည့် များသော အပြားရှိသော ဗဟုဝိဓနည်း ၂၁-နည်း၁

၁။ ဤနည်း တစ်နည်း တစ်နည်း၌ ဝိညာဉ်ပေါင်း ၄၈-ပါး ရှိသည်၊ ထို့ကြောင့် ဗဟုဝိဓနည်း ၂၁-နည်း၌ ဝိညာဉ်ပေါင်း (၂၁*၄၈) = ၁၀၀၈-ပါး ရှိသည်။

(၁) ကုသလတိက် ဗဟုဝိဓနည်း ၄၈-ပါး

များသော အပြားအားဖြင့် ဝိညာဏက္ခန္ဓာသည် ဖြစ်၏။

၁-၇။ မျက်စိအတွေ့ (မျက်စိအကြည် ‘စက္ခုပသာဒ'နှင့် အဆင်း ‘ရူပါရုံ'တို့ တွေ့ဆုံထိခိုက်မှု) ‘စက္ခုသမ္ဖဿ’ဟူသော အကြောင်းကြောင့်ဖြစ်သော ဝိညာဏက္ခန္ဓာသည် ကုသိုလ်ဝိညာဏက္ခန္ဓာသည် ရှိ၏၊ အကုသိုလ် ဝိညာဏက္ခန္ဓာသည် ရှိ၏၊ အဗျာကတ ဝိညာဏက္ခန္ဓာသည် ရှိ၏၊ ကာမဘုံ၌ သက်ဝင်၍ ဖြစ်သော (ကာမတဏှာ၏ ဖြစ်ရာ ကျင်လည်ရာ ဖြစ်သော) ‘ကာမာဝစရ'ဝိညာဏက္ခန္ဓာသည် ရှိ၏၊ ရူပဘုံ၌ သက်ဝင်၍ဖြစ်သော (ရူပတဏှာ၏ ဖြစ်ရာကျင်လည်ရာဖြစ်သော) ‘ရူပါဝစရ'ဝိညာဏက္ခန္ဓာသည် ရှိ၏၊ အရူပဘုံ၌ သက်ဝင်၍ဖြစ်သော (အရူပတဏှာ၏ ဖြစ်ရာ ကျင်လည်ရာ ဖြစ်သော) ‘အရူပါဝစရ'ဝိညာဏက္ခန္ဓာသည် ရှိ၏၊ (ကာမ, ရူပ, အရူပ) ဘုံသုံးပါး၌ အကျုံးမဝင်သော ‘အပရိယာပန္န’ (လောကုတ္တရာ) ဝိညာဏက္ခန္ဓာသည် ရှိ၏။ [မြင်သိစိတ် ‘စက္ခုဝိညာဏ်’။ပ။ ကြံသိစိတ် ‘မနောဝိညာဏ်']၁

၈-၁၄။ နားအတွေ့ ‘သောတသမ္ဖဿ’ဟူသော အကြောင်းကြောင့်။ပ။

၁၅-၂၁။ နှာခေါင်းအတွေ့ ‘ဃာနသမ္ဖဿ’ဟူသော အကြောင်းကြောင့်။ပ။

၂၂-၂၈။ လျှာအတွေ့ ‘ဇိဝှါသမ္ဖဿ’ဟူသော အကြောင်းကြောင့်။ပ။

၂၉-၃၅။ ကိုယ်အတွေ့ ‘ကာယသမ္ဖဿ’ဟူသော အကြောင်းကြောင့်။ပ။

၃၆-၄၂။ စိတ်အတွေ့ (စိတ်နှင့်ဓမ္မာရုံတို့ တွေ့ဆုံထိခိုက်မှု) ‘မနောသမ္ဖဿ’ဟူသော အကြောင်း ကြောင့်ဖြစ်သော ဝိညာဏက္ခန္ဓာသည် ကုသိုလ် ဝိညာဏက္ခန္ဓာသည် ရှိ၏၊ အကုသိုလ်ဝိညာဏက္ခန္ဓာသည် ရှိ၏၊ အဗျာကတဝိညာဏက္ခန္ဓာသည် ရှိ၏၊ ကာမဘုံ၌ သက်ဝင်၍ ဖြစ်သော ‘ကာမာဝစရ'ဝိညာဏက္ခန္ဓာ သည် ရှိ၏၊ ရူပဘုံ၌ သက်ဝင်၍ ဖြစ်သော ‘ရူပါဝစရ'ဝိညာဏက္ခန္ဓာသည် ရှိ၏၊ အရူပဘုံ၌ သက်ဝင်၍ ဖြစ်သော ‘အရူပါဝစရ'ဝိညာဏက္ခန္ဓာသည် ရှိ၏၊ (ကာမ, ရူပ, အရူပ) ဘုံသုံးပါး၌ အကျုံးမဝင်သော ‘အပရိယာပန္န’ (လောကုတ္တရာ) ဝိညာဏက္ခန္ဓာသည် ရှိ၏။

၄၃-၄၈။ မြင်သိစိတ် ‘စက္ခုဝိညာဏ်’။ပ။ ကြံသိစိတ် ‘မနောဝိညာဏ်’။ ။ ဤသို့ များသော အပြား အားဖြင့် ဝိညာဏက္ခန္ဓာသည် ဖြစ်၏။

၁။ ဤစာပိုဒ်မှာအပိုဖြစ်သည်၊ ပါဠိတော်၌ပါရှိနေ၍သာ ဘာသာပြန်ဆို ရေးသားလိုက်ပါသည်။

--

(၂) ဝေဒနာတိက် ဗဟုဝိဓနည်း၄၈-ပါး

ထိုမှတစ်ပါးလည်း များသောအပြားအားဖြင့် ဝိညာဏက္ခန္ဓာသည် ဖြစ်၏။

၁-၇။ မျက်စိအတွေ့ ‘စက္ခုသမ္ဖဿ’ဟူသော အကြောင်းကြောင့်ဖြစ်သော ဝိညာဏက္ခန္ဓာသည် သုခဝေဒနာနှင့်ယှဉ်သော ဝိညာဏက္ခန္ဓာသည် ရှိ၏။ပ။၁

၁။ အမှတ် (၃) ဝိပါကတိက် ဗဟုဝိဓနည်းမှ အမှတ် (၂၀) အဇ္ဈတ္တတိက် ဗဟုဝိဓနည်းအထိ (ဗဟုဝိဓနည်း ၁၈-နည်းတို့ကို) ပေယျာလ လုံးဝ ချန်ခဲ့သည်။

(၂၁) အဇ္ဈတ္တာရမ္မဏတိက် ဗဟုဝိဓနည်း ၄၈-ပါး

(ထိုမှတစ်ပါးလည်း များသော အပြားအားဖြင့် ဝိညာဏက္ခန္ဓာသည် ဖြစ်၏)။

၁-၇။ (မျက်စိအတွေ့ ‘စက္ခုသမ္ဖဿ'ကြောင့်ဖြစ်သော ဝိညာဏက္ခန္ဓာသည်) အတွင်း ‘အဇ္ဈတ္တ’ သန္တာန်၌ ဖြစ်သောတရားကို အာရုံပြုသော ဝိညာဏက္ခန္ဓာသည် ရှိ၏၊ အပ ‘ဗဟိဒ္ဓ’ သန္တာန်၌ဖြစ်သော တရားကို အာရုံပြုသော ဝိညာဏက္ခန္ဓာသည် ရှိ၏၊ အတွင်းအပ ‘အဇ္ဈတ္တဗဟိဒ္ဓ’ သန္တာန်၌ ဖြစ်သော တရားကို အာရုံပြုသော ဝိညာဏက္ခန္ဓာသည် ရှိ၏၊ ကာမဘုံ၌ သက်ဝင်၍ ဖြစ်သော ‘ကာမာဝစရ’ ဝိညာဏက္ခန္ဓာသည် ရှိ၏၊ ရူပဘုံ၌ သက်ဝင်၍ ဖြစ်သော ‘ရူပါဝစရ'ဝိညာဏက္ခန္ဓာသည် ရှိ၏၊ အရူပဘုံ၌ သက်ဝင်၍ ဖြစ်သော ‘အရူပါဝစရ'ဝိညာဏက္ခန္ဓာသည် ရှိ၏၊ (ကာမ, ရူပ, အရူပ) ဘုံသုံးပါး၌ အကျုံး မဝင်သော ‘အပရိယာပန္န’ (လောကုတ္တရာ) ဝိညာဏက္ခန္ဓာသည် ရှိ၏။

၈-၁၄။ နားအတွေ့ ‘သောတသမ္ဖဿ’ဟူသော အကြောင်းကြောင့်။ပ။

၁၅-၂၁။ နှာခေါင်းအတွေ့ ‘ဃာနသမ္ဖဿ’ဟူသော အကြောင်းကြောင့်။ပ။

၂၂-၂၈။ လျှာအတွေ့ ‘ဇိဝှါသမ္ဖဿ’ဟူသော အကြောင်းကြောင့်။ပ။

၂၉-၃၅။ ကိုယ်အတွေ့ ‘ကာယသမ္ဖဿ’ဟူသော အကြောင်းကြောင့်။ပ။

[၃၆-၄၂။ စိတ်အတွေ့ ‘မနောသမ္ဖဿ’ဟူသော အကြောင်းကြောင့်ဖြစ်သော ဝိညာဏက္ခန္ဓာသည် သုခဝေဒနာနှင့်ယှဉ်သော ဝိညာဏက္ခန္ဓာသည် ရှိ၏။ပ။]**၁

၃၆-၄၂။ (စိတ်အတွေ့ ‘မနောသမ္ဖဿ’ဟူသော အကြောင်းကြောင့်ဖြစ်သော ဝိညာဏက္ခန္ဓာသည်) အတွင်း ‘အဇ္ဈတ္တ'သန္တာန်၌ဖြစ်သော တရားကို အာရုံပြုသော ဝိညာဏက္ခန္ဓာသည် ရှိ၏၊ အပ ‘ဗဟိဒ္ဓ'သန္တာန်၌ဖြစ်သော တရားကို အာရုံပြုသော ဝိညာဏက္ခန္ဓာသည် ရှိ၏၊ အတွင်းအပ ‘အဇ္ဈတ္တဗဟိဒ္ဓ'သန္တာန်၌ဖြစ်သော တရားကို အာရုံပြုသော ဝိညာဏက္ခန္ဓာသည် ရှိ၏၊ ကာမဘုံ၌ သက်ဝင်၍ဖြစ်သော (ကာမတဏှာ၏ ဖြစ်ရာ ကျင်လည်ရာ ဖြစ်သော) ‘ကာမာဝစရ’ ဝိညာဏက္ခန္ဓာသည် ရှိ၏၊ ရူပဘုံ၌ သက်ဝင်၍ ဖြစ်သော (ရူပတဏှာ၏ ဖြစ်ရာ ကျင်လည်ရာ ဖြစ်သော) ‘ရူပါဝစရ’ ဝိညာဏက္ခန္ဓာသည် ရှိ၏၊ အရူပဘုံ၌ သက်ဝင်၍ ဖြစ်သော (အရူပတဏှာ၏ ဖြစ်ရာ ကျင်လည်ရာဖြစ်သော) ‘အရူပါဝစရ'ဝိညာဏက္ခန္ဓာသည် ရှိ၏၊ (ကာမ, ရူပ, အရူပ) ဘုံသုံးပါး၌ အကျုံးမဝင်သော ‘အပရိယာပန္န’ (လောကုတ္တရာ) ဝိညာဏက္ခန္ဓာသည် ရှိ၏။**၂

၄၃-၄၈။ မြင်သိစိတ် ‘စက္ခုဝိညာဏ်’၊ ကြားသိစိတ် ‘သောတဝိညာဏ်’၊ နံသိစိတ် ‘ဃာနဝိညာဏ်’၊ လျက်သိစိတ် ‘ဇိဝှါဝိညာဏ်’၊ ထိသိစိတ် ‘ကာယဝိညာဏ်’၊ ကြံသိစိတ် ‘မနောဝိညာဏ်’။ ဤသို့ များသော အပြားအားဖြင့် ဝိညာဏက္ခန္ဓာသည် ဖြစ်၏။

--

(တိက် ၂၁-ခုကို ဘုံလေးပါး ဖဿ ၆-ပါးတို့ဖြင့် ဝေဖန်၍ဟောသည့် များသော အပြားရှိသော ဗဟုဝိဓနည်း ၂၁-နည်း ပြီး၏။ ဤနည်း၌ ဝိညာဏက္ခန္ဓာပေါင်း (၂၁*၄၈) = ၁၀၀၈-ပါး ဖြစ်၏)။

(ဗဟုဝိဓနည်း ပြီး၏)။

ဤဆိုအပ်ခဲ့ပြီးသော ဝိညာဏ်ကို သိမှုအစု ‘ဝိညာဏက္ခန္ဓာ’ဟု ဆိုအပ်၏။

[ဝိညာဏက္ခန္ဓာပေါင်းမှာ

(၁) ဒုကမူလကနည်း ၆၀၀၆၀-ပါး

(၂) တိကမူလကနည်း ၆၀၀၆၀-ပါး

(၃) ဥဘတောဝဍ္ဎကနည်း ၁၁၅၅-ပါး

(၄) သတ္တကနည်း ၁၄၇-ပါး

(၅) စတုဝီသတိဝိဓနည်း ၅၀၄-ပါး

(၆) တိံသဝိဓနည်း ၃၀-ပါး

(၇) ဗဟုဝိဓနည်း ၁၀၀၈-ပါး

ပေါင်း ၁၂၂၉၆၄-ပါးဖြစ်၏]။

ဝိညာဏက္ခန္ဓာ ပြီး၏။

ဝိညာဏ်တို့ကို အဘိဓမ္မာနည်းအားဖြင့် ဝေဖန် ဟောကြားအပ်သော ‘အဘိဓမ္မဘာဇနီယ'နည်း ပြီး၏။

၁။ ဤစာပိုဒ်သည် ဝေဒနာတိက် ဗဟုဝိဓနည်းကို ပြန်ဖော်ထားခြင်းဖြစ်သည်၊ စင်စစ်မှာ ဤစာပိုဒ်သည် အပိုသာဖြစ်သည်၊ လေ့လာသူအတွက် ရှုပ်ထွေးစေသည်။

၂။ ဤစာပိုဒ်မှာ အဇ္ဈတ္တာရမ္မဏတိက်ကို ဆက်လက်၍ ဖော်ပြခြင်းဖြစ်သည်။

၃-ပဥှာပုစ္ဆက

(အမေးအဖြေပြု၍ ဟောကြားသော ‘ပဥှာပုစ္ဆက'နည်း)

အမေးပုစ္ဆာ

ခန္ဓာငါးပါး

(ခန္ဓာငါးပါးတို့ကို တိက်ဒုက်တို့ဖြင့် ဝေဖန်၍ အမေးပုစ္ဆာနည်းသက်သက်ကို ပြခြင်း)

၁၅၀။ ခန္ဓာငါးပါးတို့ကား- ရုပ်အစု ‘ရူပက္ခန္ဓာ’၊ ခံစားမှုအစု ‘ဝေဒနာက္ခန္ဓာ’၊ မှတ်သားမှုအစု ‘သညာက္ခန္ဓာ’၊ ပြုပြင်စီရင်မှုအစု ‘သင်္ခါရက္ခန္ဓာ၁’၊ သိမှုအစု ‘ဝိညာဏက္ခန္ဓာ'တို့တည်း။

၁။ သင်္ခါရက္ခန္ဓာဆိုသည်မှာ ဝေဒနာ, သညာကြဉ်သော စေတသိက် ၅၀-ပါးဖြစ်သည်။

ခန္ဓာငါးပါးတို့ကို တိက် ဒုက်တို့ဖြင့် ဝေဖန်၍ အမေးပုစ္ဆာနည်းသက်သက်ကို ပြခြင်း

၁-တိက်တို့ဖြင့် ဝေဖန်၍ အမေးပုစ္ဆာကို ပြခြင်း

(၁) ကုသလတိက် အမေးပုစ္ဆာ ၁၅၁။ ခန္ဓာငါးပါးတို့တွင် အပြစ်မရှိမူ၍ ကောင်းကျိုးချမ်းသာကို ပေးတတ်သော ‘ကုသိုလ်'ခန္ဓာတို့သည် အဘယ်မျှ ရှိကုန်သနည်း၊ အပြစ်နှင့်တကွ ဖြစ်၍ မကောင်းကျိုး ဆင်းရဲကို ပေးတတ်သော ‘အကုသိုလ်'ခန္ဓာတို့သည် အဘယ်မျှ ရှိကုန်သနည်း၊ ကုသိုလ်, အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သော ‘အဗျာကတ'ခန္ဓာတို့သည် အဘယ်မျှ ရှိကုန် သနည်း။ပ။ (တိက်အမှတ် ၂-မှ ၂၂-အထိ ပေယျာလ ချန်ထားခဲ့သည်။)**၁

၁။ အမှတ် (၂) ဝေဒနာတိက်မှ အမှတ် (၂၂) သနိဒဿနတိက်အထိ (တိက် ၂၁-ခုကို) ပေယျာလ လုံးဝ ချန်ထားခဲ့သည်။ ထိုတိက်တို့ကို ကုသလတိက် အမေးပုစ္ဆာအတိုင်း ချဲ့၍ ယူပါလေ၊ အန္တပေယျာလနည်းဖြစ်သည်။

၂-ဒုက်တို့ဖြင့် ဝေဖန်၍ အမေးပုစ္ဆာကို ပြခြင်း

(ဒုက်အမှတ် ၁-မှ ၉၉-အထိ ပေယျာလ ချန်ထားခဲ့သည်)**၁

(၁၀၀) သရဏဒုက် အမေးပုစ္ဆာ။ ငိုကြွေးကြောင်း (ရာဂစသော ကိလေသာ) ရှိသော ‘သရဏ'ခန္ဓာတို့ သည် အဘယ်မျှ ရှိကုန်သနည်း၊ ငိုကြွေးကြောင်း (ရာဂစသော ကိလေသာ) မရှိသော ‘အရဏ'ခန္ဓာ တို့သည် အဘယ်မျှ ရှိကုန်သနည်း။

၁။ အမှတ် (၁) ဟေတုဒုက်မှ အမှတ် (၉၉) သဥတ္တရဒုက်အထိ (ဒုက် ၉၉-ခုကို) ပေယျာလ လုံးဝချန်ခဲ့သည်၊ ထိုဒုက်တို့ကို သရဏဒုက်အမေးပုစ္ဆာနည်းတူ ချဲ့၍ယူပါလေ၊ အာဒိပေယျာလနည်း ဖြစ်သည်။

--

အဖြေဝိသဇ္ဇနာ

ခန္ဓာငါးပါးတို့ကို တိက်ဒုက်တို့ဖြင့် ဝေဖန်၍ အဖြေဝိသဇ္ဇနာကို ပြခြင်း

တိကဝိသဇ္ဇနာ

၁-တိက်တို့ဖြင့် ဝေဖန်၍ အဖြေဝိသဇ္ဇနာကို ပြခြင်း

(၁) ကုသလတိက် အဖြေဝိသဇ္ဇနာ

၁၅၂။ ရုပ်အစု ‘ရူပက္ခန္ဓာ'သည် ကုသိုလ် အကုသိုလ် အဖြစ်ဖြင့် မဟောအပ်သော ‘အဗျာကတ’ ဖြစ်၏။ အချို့သော နာမ်ခန္ဓာလေးပါးတို့သည် အပြစ်မရှိမူ၍ ကောင်းကျိုးချမ်းသာကို ပေးတတ်သော ‘ကုသိုလ်'့ဖြစ်ကုန်၏ (ကုသိုလ်စိတ္တုပ္ပါဒ်)။ အချို့သော နာမ်ခန္ဓာလေးပါးတို့သည် အပြစ်နှင့် တကွဖြစ်၍ မကောင်းကျိုးဆင်းရဲကို ပေးတတ်သော ‘အကုသိုလ်’ ဖြစ်ကုန်၏ (အကုသိုလ်စိတ္တုပ္ပါဒ်)။ အချို့သော နာမ်ခန္ဓာလေးပါးတို့သည် ကုသိုလ် အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သော ‘အဗျာကတ’ ဖြစ်ကုန်၏ (ဝိပါက်, ကြိယာစိတ္တုပ္ပါဒ်များ)။

(၂) ဝေဒနာတိက် အဖြေဝိသဇ္ဇနာ။ ။ (ရူပက္ခန္ဒာ, ဝေဒနာက္ခန္ဓာ) ခန္ဓာနှစ်ပါးတို့ကို သုခဝေဒနာနှင့် ယှဉ်ကုန်၏ဟူ၍လည်းကောင်း, ဒုက္ခဝေဒနာနှင့်ယှဉ်ကုန်၏ဟူ၍ လည်းကောင်း, အဒုက္ခမသုခဝေဒနာနှင့် ယှဉ်ကုန်၏ဟူ၍လည်းကောင်း မဆိုအပ်ကုန်။ အချို့သော (သညာ, သင်္ခါရ, ဝိညာဉ်) ခန္ဓာသုံးပါးတို့သည် ဒုက္ခဝေဒနာနှင့် ယှဉ်ကုန်၏ (သုခ သဟဂုတ် စိတ် ၆၃-ပါးနှင့် ထိုစိတ်တို့၌ရှိသော သညာ, သင်္ခါရ)။ အချို့သော (သညာ, သင်္ခါရ, ဝိညာဉ်) ခန္ဓာသုံးပါးတို့သည် ဒုက္ခဝေဒနာနှင့် ယှဉ်ကုန်၏ (ဒုက္ခသဟဂုတ် ကာယဝိညာဉ်စိတ်, ဒေါသမူဒွေးနှင့် ထိုစိတ်တို့၌ရှိသော သညာ, သင်္ခါရ)။ အချို့သော (သညာ, သင်္ခါရ, ဝိညာဉ်) ခန္ဓာသုံးပါးတို့သည် အဒုက္ခမသုခဝေဒနာနှင့် ယှဉ်ကုန်၏ (ဥပေက္ခာသဟဂုတ်စိတ် ၅၅-ပါးနှင့် ထိုစိတ်တို့၌ရှိသော သညာ, သင်္ခါရ)။

(၃) ဝိပါကတိက် အဖြေဝိသဇ္ဇနာ

ရူပက္ခန္ဓာသည် ကုသိုလ် အကုသိုလ်တို့၏ အကျိုး ‘ဝိပါက်'လည်း မဟုတ်မူ၍ အကျိုး ‘ဝိပါက်'ကို ဖြစ်စေခြင်းသဘောရှိသော (အကျိုး ‘ဝိပါက်'ကို ဖြစ်စေတတ်သော) တရားလည်း မဟုတ်။ အချို့သော နာမ်ခန္ဓာလေးပါးတို့သည် ကုသိုလ်, အကုသိုလ်တို့၏ အကျိုး ‘ဝိပါက်’ ဖြစ်ကုန်၏ (ဝိပါက်စိတ္တုပ္ပါဒ်)။ အချို့သော နာမ်ခန္ဓာလေးပါးတို့သည် အကျိုး ‘ဝိပါက်'ကို ဖြစ်စေခြင်းသဘောရှိသော (အကျိုး ‘ဝိပါက်'ကို ဖြစ်စေတတ်သော) တရား ဖြစ်ကုန်၏ (ကုသိုလ်, အကုသိုလ်စိတ္တုပ္ပါဒ်များ)။ အချို့သော နာမ်ခန္ဓာလေးပါးတို့သည် ကုသိုလ်, အကုသိုလ်တို့၏ အကျိုး ‘ဝိပါက်'လည်း မဟုတ် မူ၍ အကျိုး ‘ဝိပါက်'ကို ဖြစ်စေခြင်းသဘောရှိသော (အကျိုး ‘ဝိပါက်'ကို ဖြစ်စေတတ်သော) တရားလည်း မဟုတ်ကုန် (ကြိယာစိတ္တုပ္ပါဒ်)။

--

(၄) ဥပါဒိဏ္ဏတိက် အဖြေဝိသဇ္ဇနာ

အချို့သောရူပက္ခန္ဓာသည် တဏှာဒိဋ္ဌိတို့ ကပ်အပ်သော ကံသည် အကျိုး၏ အဖြစ်ဖြင့်လည်း ယူအပ်၍ (တဏှာဒိဋ္ဌိတို့၏ အာရုံ ဖြစ်သော ကံကြောင့်လည်း ဖြစ်၍) ဥပါဒါန်၏ အာရုံလည်း ဖြစ်၏ (ကမ္မဇရုပ်)။ အချို့သော ရူပက္ခန္ဓာသည် တဏှာဒိဋ္ဌိတို့ကပ်အပ်သော ကံသည် အကျိုး၏အဖြစ်ဖြင့် မယူအပ်မူ၍ (တဏှာဒိဋ္ဌိတို့၏ အာရုံဖြစ်သော ကံကြောင့် မဖြစ်မူ၍) ဥပါဒါန်၏ အာရုံသာ ဖြစ်၏ (ကမ္မဇရုပ်မှ ကြွင်းသော တိဇရုပ်များ)။

အချို့သော နာမ်ခန္ဓာလေးပါးတို့သည် တဏှာဒိဋ္ဌိတို့ ကပ်အပ်သော ကံသည် အကျိုး၏အဖြစ်ဖြင့် လည်း ယူအပ်၍ (တဏှာ ဒိဋ္ဌိတို့၏ အာရုံဖြစ်သော ကံကြောင့်လည်း ဖြစ်၍) ဥပါဒါန်တို့၏ အာရုံလည်း ဖြစ်ကုန်၏ (လောကီဝိပါက်စိတ္တုပ္ပါဒ်)။ အချို့သော နာမ်ခန္ဓာလေးပါးတို့သည် တဏှာဒိဋ္ဌိတို့ ကပ်အပ်သောကံသည် အကျိုး၏အဖြစ်ဖြင့် မယူအပ်မူ၍ (တဏှာဒိဋ္ဌိတို့၏ အာရုံဖြစ်သည့်ကံကြောင့် မဖြစ်မူ၍) ဥပါဒါန်တို့၏ အာရုံသာ ဖြစ်ကုန်၏ (လောကီကုသိုလ်, အကုသိုလ်, ကြိယာစိတ္တုပ္ပါဒ်များ)။ အချို့သော နာမ်ခန္ဓာလေးပါးတို့သည် တဏှာဒိဋ္ဌိတို့ ကပ်အပ်သောကံသည် အကျိုး၏အဖြစ်ဖြင့်လည်း မယူအပ်မူ၍ (တဏှာဒိဋ္ဌိတို့ အာရုံပြုသည့်ကံကြောင့်လည်း မဖြစ်မူ၍) ဥပါဒါန်တို့၏ အာရုံလည်း မဟုတ်ကုန် (လောကုတ္တရာစိတ္တုပ္ပါဒ်)။

(၅) သံကိလိဋ္ဌတိက် အဖြေဝိသဇ္ဇနာ

ရူပက္ခန္ဓာသည် ပူပန်စေတတ် နှိပ်စက်တတ် ညစ်နွမ်းစေ တတ်သော ‘ကိလောသာ'တို့သည် ပူပန်စေအပ်သည် မဟုတ်မူ၍ (ကိလေသာ တို့နှင့် မယှဉ်မူ၍) ကိလေသာတို့၏ အာရုံသာ ဖြစ်၏။ အချို့သော နာမ်ခန္ဓာလေးပါးတို့သည် ကိလေသာတို့သည် ပူပန်လည်း ပူပန်စေအပ်၍ (ကိလေသာ တို့နှင့်လည်း ယှဉ်၍) ကိလေသာတို့၏ အာရုံလည်း ဖြစ်ကုန်၏ (အကုသိုလ်စိတ္တုပ္ပါဒ်)။ အချို့သော နာမ်ခန္ဓာလေးပါးတို့သည် ကိလေသာတို့သည် ပူပန်စေအပ်သည် မဟုတ်မူ၍ (ကိလေသာတို့နှင့် မယှဉ်မူ၍) ကိလေသာတို့၏ အာရုံသာ ဖြစ်ကုန်၏ (လောကီကုသိုလ်, ဝိပါက်, ကြိယာ စိတ္တုပ္ပါဒ်များ)။ အချို့သော နာမ်ခန္ဓာလေးပါးတို့သည် ကိလေသာတို့သည် ပူပန်စေအပ်သည်လည်း မဟုတ်မူ၍ (ကိလေသာတို့နှင့်လည်း မယှဉ်မူ၍) ကိလေသာတို့၏ အာရုံလည်း မဟုတ်ကုန် (လောကုတ္တရာ စိတ္တုပ္ပါဒ်)။

--

(၆) ဝိတက္ကတိက် အဖြေဝိသဇ္ဇနာ

ရူပက္ခန္ဓာသည် ဝိတက်လည်း မရှိမူ၍ ဝိစာရလည်း မရှိသော ခန္ဓာဖြစ်၏ (ဝိတက်, ဝိစာရတို့နှင့် မယှဉ်)။ အချို့သော (ဝေဒနာ, သညာ, ဝိညာဉ်) နာမ်ခန္ဓာသုံးပါးတို့သည် ဝိတက်လည်း ရှိ၍ ဝိစာရလည်း ရှိကုန်၏ (သဝိတက္ကစိတ် ၅၅-ပါးနှင့် ၎င်းတို့၌ရှိသော ဝေဒနာ, သညာ)။ အချို့သော (ဝေဒနာ, သညာ, ဝိညာဉ်) နာမ်ခန္ဓာသုံးပါးတို့သည် ဝိတက်မရှိမူ၍ ဝိစာရမျှသာ ရှိကုန်၏ (ဒုတိယဈာန်စိတ် ၁၁-ပါးနှင့် ၎င်းတို့၌ရှိသော ဝေဒနာ, သညာ)။ အချို့သော (ဝေဒနာ, သညာ, ဝိညာဉ်) နာမ်ခန္ဓာသုံးပါးတို့သည် ဝိတက်လည်း မရှိမူ၍ ဝိစာရ လည်း မရှိသော ခန္ဓာများ ဖြစ်ကုန်၏ (အဝိတက္က အဝိစာရစိတ် ၅၅-ပါးနှင့် ၎င်းတို့၌ရှိသော ဝေဒနာ, သညာ)။ အချို့သော သင်္ခါရက္ခန္ဓာသည် ဝိတက်လည်းရှိ၍ ဝိစာရလည်းရှိသော ခန္ဓာဖြစ်၏ (သဝိတက္ကစိတ် ၅၅-ပါး၌ရှိသော ဝိတက်ဝိစာရကြဉ်သည့် သင်္ခါရက္ခန္ဓာ)၊ အချို့သော သင်္ခါရက္ခန္ဓာသည် ဝိတက်မရှိမူ၍ ဝိစာရမျှသာရှိသော ခန္ဓာဖြစ်၏ (ဒုတိယဈာန်စိတ် ၁၁-ပါး၌ရှိသော ဝိစာရကြဉ်သည့် သင်္ခါရက္ခန္ဓာ၊ သဝိတက္ကစိတ် ၅၅-ပါး၌ရှိသော ဝိတက် ၅၅-ပါး)၊ အချို့သော သင်္ခါရက္ခန္ဓာသည် ဝိတက်လည်းမရှိမူ၍ ဝိစာရလည်းမရှိသော ခန္ဓာဖြစ်၏ (အဝိတက္ကအဝိစာရစိတ် ၅၅-ပါး၌ရှိသော သင်္ခါရက္ခန္ဓာနှင့် ဒုတိယဈာန် စိတ် ၁၁-ပါး၌ရှိသော ဝိစာရ ၁၁-ပါး)။

တိက်မုတ်

အချို့သော သင်္ခါရက္ခန္ဓာကို ဝိတက်လည်းရှိ၍ ဝိစာရလည်းရှိသော ခန္ဓာဖြစ်၏ဟူ၍လည်းကောင်း, ဝိတက်မရှိမူ၍ ဝိစာရမျှသာရှိသော ခန္ဓာဖြစ်၏ဟူ၍ လည်းကောင်း, ဝိတက်လည်း မရှိမူ၍ ဝိစာရလည်းမရှိသော ခန္ဓာဖြစ်၏ဟူ၍လည်းကောင်း မဆိုအပ်ချေ (သဝိတက္ကစိတ် ၅၅-ပါး၌ရှိသော ဝိစာရ စေတသိက် ၅၅-ပါး)။ (ဏီ-၁၄၀၁)၁။

၁။ ဤနေရာ၌ သင်္ခါရက္ခန္ဓာကို သီးခြားထုတ်၍ ဟောထားသည်၊ အကြောင်းမှာ သင်္ခါရက္ခန္ဓာ၌ တိက်သုံးခုအပြင် တိက်မုတ်လည်း ရနိုင်သောကြောင့် ဖြစ်သည်၊ သဝိတက္ကသဝိစာရစိတ် ၅၅-ခု၌ရှိသော ဝိစာရစေတသိက် ၅၅-ခုသည် တိက်မုတ်ဖြစ်သည်၊ စင်စစ်မှာ ဝိစာရ ၆၆-ခုရှိသော်လည်း ဒုတိယဈာန်၌ရှိသော ဝိစာရ ၁၁-ခုမှာ တိက်၏ တတိယပဒ၌ တရားကိုယ်အရ ကောက်နိုင်သောကြောင့်တည်း။

(၇) ပီတိတိက် အဖြေဝိသဇ္ဇနာ

ရူပက္ခန္ဓာကို ပီတိနှင့်တကွဖြစ်၏ဟူ၍လည်းကောင်း (ပီတိနှင့် ယှဉ်၏ဟူ၍လည်းကောင်း), သုခဝေဒနာနှင့် တကွဖြစ်၏ဟူ၍လည်းကောင်း, ဥပေက္ခာဝေဒနာနှင့် တကွဖြစ်၏ဟူ၍လည်းကောင်း မဆိုအပ်ချေ။ အချို့သော ဝေဒနာက္ခန္ဓာသည် ပီတိနှင့် တကွဖြစ်၍ (ပီတိနှင့်ယှဉ်၍) သုခဝေဒနာနှင့် တကွ မဖြစ်ချေ (သပ္ပီတိကစိတ် ၅၁-ပါးတို့၌ရှိသော ဝေဒနာ)၊ (အချို့သော ဝေဒနာက္ခန္ဓာသည် ပီတိနှင့်သာ တကွ ဖြစ်၍) ဥပေက္ခာဝေဒနာနှင့် တကွမဖြစ် (ပီတိသဟဂုတ်စိတ် ၅၅-ပါး, စတုတ္ထဈာန်စိတ် ၁၁-ပါး တို့၌ရှိသော ဝေဒနာ)။

--

တိက်မုတ်

အချို့သော ဝေဒနာက္ခန္ဓာကို ပီတိနှင့်တကွဖြစ်၏ (ပီတိနှင့်ယှဉ်၏)ဟု မဆိုအပ်ချေ (ကာယဝိညာဉ်ဒွေး, ဒေါသမူဒွေး, ဥပေက္ခာသဟဂုတ်စိတ် ၅၅-ပါး, စတုတ္ထဈာန်စိတ် ၁၁-ပါးတို့၌ ရှိသော ဝေဒနာ)။ အချို့သော (သညာ, သင်္ခါရ, ဝိညာဉ်) ခန္ဓာသုံးပါးတို့သည် ပီတိနှင့်တကွဖြစ်ကုန်၏ (ပီတိသဟ ဂုတ်စိတ် ၅၁-ပါးနှင့် ထိုစိတ်တို့၌ရှိသော သညာ, သင်္ခါရ)၊ အချို့သော (သညာ, သင်္ခါရ, ဝိညာဉ်) ခန္ဓာသုံးပါးတို့သည် သုခဝေဒနာနှင့်တကွဖြစ်ကုန်၏ (သုခသဟဂုတ်စိတ် ၆၃-ပါးနှင့် ထိုစိတ်တို့၌ ရှိသော သညာ, သင်္ခါရ)၊ အချို့သော (သညာ, သင်္ခါရ, ဝိညာဉ်) ခန္ဓာသုံးပါးတို့သည် ဥပေက္ခာဝေဒနာနှင့် တကွဖြစ်ကုန်၏ (ဥပေက္ခာသဟဂုတ်စိတ် ၅၅-ပါးနှင့် ထိုစိတ်တို့၌ရှိသော သညာ, သင်္ခါရ)။

တိက်မုတ်

အချို့သော (သညာ, သင်္ခါရ, ဝိညာဉ်) ခန္ဓာသုံးပါးတို့ကို ပီတိနှင့်တကွဖြစ်ကုန်၏ (ယှဉ်ကုန်၏)ဟူ၍လည်းကောင်း, သုခဝေဒနာနှင့်တကွ ဖြစ်ကုန်၏ဟူ၍လည်းကောင်း, ဥပေက္ခာဝေဒနာနှင့်တကွ ဖြစ်ကုန်၏ဟူ၍လည်းကောင်း မဆိုအပ်ကုန် (ဒုက္ခသဟဂုတ်ကာယဝိညာဉ်နှင့် ဒေါသမူစိတ်တို့၌ရှိသော သညာ, သင်္ခါရ, ဝိညာဉ်)။ (ဏီ-၁၄၀၄)

(၈) ဒဿနတိက် အဖြေဝိသဇ္ဇနာ

ရူပက္ခန္ဓာသည် (နိဗ္ဗာန်ကို ရှေးဦးစွာ မြင်သဖြင့် ‘ဒဿန’မည်သော) သောတာပတ္တိမဂ်သည် ပယ်အပ်သည့် ခန္ဓာလည်းမဟုတ်၊ (သောတာ ပတ္တိမဂ် မြင်ပြီးသည့် နိဗ္ဗာန်ကို တစ်ဖန်ထပ်၍ မြင်သဖြင့် ‘ဘာဝနာ’မည်သော) အထက်မဂ်သုံးပါးတို့ သည် ပယ်အပ်သည့် ခန္ဓာလည်း မဟုတ်ချေ။ အချို့သော နာမ်ခန္ဓာလေးပါးတို့ကို သောတာပတ္တိမဂ်သည် ပယ်အပ်ကုန်၏ (ဒိဋ္ဌိဂတသမ္ပယုတ် စိတ္တုပ္ပါဒ်နှင့် ဝိစိကိစ္ဆာသဟဂုတ်စိတ္တုပ္ပါဒ်များ)၊ အချို့သော နာမ်ခန္ဓာလေးပါးတို့ကို အထက်မဂ်သုံးပါးတို့ သည် ပယ်အပ်ကုန်၏ (ကြွင်းသော အကုသိုလ်စိတ္တုပ္ပါဒ်များ)၊ အချို့သော နာမ်ခန္ဓာလေးပါးတို့ကို သောတာပတ္တိမဂ်သည် ပယ်အပ်သည်လည်း မဟုတ်မူ၍ အထက်မဂ်သုံးပါးတို့သည် ပယ်အပ်သည်လည်း မဟုတ်ကုန် (ကုသိုလ်, ဝိပါက်, ကြိယာ စိတ္တုပ္ပါဒ်များ)။

(၉) ဒဿနဟေတုတိက် အဖြေဝိသဇ္ဇနာ

ရူပက္ခန္ဓာသည် သောတာပတ္တိမဂ်သည် ပယ်အပ်သော ဟိတ်ရှိသည့် ခန္ဓာလည်း မဟုတ်၊ အထက်မဂ်သုံးပါး တို့သည် ပယ်အပ်သော ဟိတ်ရှိသည့် ခန္ဓာလည်း မဟုတ်ချေ။ အချို့သော နာမ်ခန္ဓာလေးပါးတို့သည် သောတာပတ္တိမဂ်သည် ပယ်အပ်သော ဟိတ်ရှိကုန်၏ (ဟိတ်နှင့် ယှဉ်ကုန်၏) (ဒိဋ္ဌိဂတသမ္ပယုတ်စိတ္တုပ္ပါဒ်နှင့် မောဟကြဉ်သော ဝိစိကိစ္ဆာစိတ္တုပ္ပါဒ်)၊ အချို့သော နာမ်ခန္ဓာလေးပါးတို့သည် အထက်မဂ်သုံးပါးတို့သည် ပယ်အပ်သော ဟိတ်ရှိကုန်၏ (ဒိဋ္ဌိဂတသမ္ပယုတ် စိတ္တုပ္ပါဒ်၊ ဒေါသမူ စိတ္တုပ္ပါဒ်၊ မောဟကြဉ်သော ဥဒ္ဓစ္စသဟဂုတ်စိတ္တုပ္ပါဒ်)၊ အချို့သော နာမ်ခန္ဓာလေးပါး တို့သည် သောတာပတ္တိမဂ်သည် ပယ်အပ်သော ဟိတ်ရှိသည်လည်း မဟုတ်မူ၍ အထက်မဂ်သုံးပါးတို့ သည် ပယ်အပ်သော ဟိတ်ရှိသည်လည်း မဟုတ်ကုန် (မောဟမူဒွေး၌ရှိသော မောဟ, ကုသိုလ်, ဝိပါက်, ကြိယာစိတ္တုပ္ပါဒ်များ)။ (ဏီ-၁၄၁၀)

--

(၁၀) အာစယဂါမိတိက် အဖြေ ဝိသဇ္ဇနာ

ရူပက္ခန္ဓာသည် စုတိပဋိသန္ဓေသို့ ရောက်ကြောင်းလည်း မဟုတ်မူ၍ နိဗ္ဗာန်သို့ ရောက်ကြောင်းလည်းမဟုတ်ချေ။ အချို့သော နာမ်ခန္ဓာလေးပါးတို့သည် စုတိပဋိသန္ဓေသို့ ရောက်ကြောင်း ဖြစ်ကုန်၏ (လောကီ ကုသိုလ်နှင့် အကုသိုလ်စိတ္တုပ္ပါဒ်များ)၊ အချို့သော နာမ်ခန္ဓာလေးပါးတို့သည် နိဗ္ဗာန်သို့ ရောက်ကြောင်း ဖြစ်ကုန်၏ (မဂ်စိတ္တုပ္ပါဒ်)၊ အချို့သော နာမ်ခန္ဓာလေးပါးတို့သည် စုတိပဋိသန္ဓေသို့ ရောက်ကြောင်းလည်း မဟုတ်မူ၍ နိဗ္ဗာန်သို့ ရောက်ကြောင်းလည်း မဟုတ်ကုန် (ဝိပါက်, ကြိယာစိတ္တုပ္ပါဒ် နာမ်ခန္ဓာလေးပါး)။

(၁၁) သေက္ခတိက် အဖြေဝိသဇ္ဇနာ

ရူပက္ခန္ဓာသည် (အရဟတ္တဖိုလ်သို့ ရောက်ရန်) ကျင့်ဆဲ ‘သေက္ခ'ပုဂ္ဂိုလ်ခုနစ်ယောက်တို့၏ ဥစ္စာလည်း မဟုတ်မူ၍ (အရဟတ္တဖိုလ်သို့ ရောက်ပြီး) ကျင့်ပြီး ‘အသေက္ခ’ (ရဟန္တာ) ပုဂ္ဂိုလ်တို့၏ ဥစ္စာလည်း မဟုတ်ချေ။ အချို့သော နာမ်ခန္ဓာလေးပါးတို့သည် ကျင့်ဆဲ ‘သေက္ခ'ပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်ကုန်၏ (မဂ်စိတ် လေးပါးနှင့် အောက်ဖိုလ်သုံးပါး စိတ္တုပ္ပါဒ်)၊ အချို့သော နာမ်ခန္ဓာလေးပါးတို့သည် ကျင့်ပြီး ‘အသေက္ခ’ (ရဟန္တာ) ပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်ကုန်၏ (အရဟတ္တဖိုလ်စိတ္တုပ္ပါဒ်)၊ အချို့သော နာမ်ခန္ဓာလေးပါးတို့သည် ကျင့်ဆဲ ‘သေက္ခ'ပုဂ္ဂိုလ်တို့၏ ဥစ္စာလည်း မဟုတ်မူ၍ ကျင့်ပြီး ‘အသေက္ခ’ (ရဟန္တာ) ပုဂ္ဂိုလ်တို့၏ ဥစ္စာလည်း မဟုတ်ကုန် (လောကီစိတ္တုပ္ပါဒ်များ)။ (ဏီ-၁၄၁၆)

(၁၂) ပရိတ္တတိက် အဖြေဝိသဇ္ဇနာ

ရူပက္ခန္ဓာသည် နည်းသောအာနုဘော်ရှိ၏ (နည်းသော အာနုဘော် ရှိသည့် ‘ပရိတ္တ’ (ကာမ) တရားဖြစ်၏)။ အချို့သော နာမ်ခန္ဓာလေးပါးတို့သည် အာနုဘော်နည်းကုန်၏ (ကာမစိတ္တုပ္ပါဒ်)၊ အချို့သော နာမ်ခန္ဓာလေးပါးတို့သည် မြင့်မြတ်သည်ဖြစ်ကုန်၏ (မဟဂ္ဂတစိတ္တုပ္ပါဒ်)၊ အချို့သော နာမ်ခန္ဓာလေးပါးတို့ သည် နိုင်းယှဉ်တတ်သော ရာဂအစရှိသော ကိလေသာတို့၏ ဆန့်ကျင်ဘက်ဖြစ်သော (မနှိုင်းယှဉ်အပ် သည့်) ‘အပ္ပမာဏ'တရား ဖြစ်ကုန်၏ (လောကုတ္တရာစိတ္တုပ္ပါဒ်)။

(၁၃) ပရိတ္တာရမ္မဏတိက် အဖြေဝိသဇ္ဇနာ

ရူပက္ခန္ဓာသည် အာရုံပြုတတ်သော တရားမဟုတ်ချေ (အနာရမ္မဏ)။ အချို့သော နာမ်ခန္ဓာလေးပါးတို့သည် ပရိတ္တတရား (ကာမတရား) ကို အာရုံပြုကုန်၏၊ အချို့သော နာမ်ခန္ဓာလေးပါးတို့သည် မဟဂ္ဂုတ်တရားကို အာရုံပြုကုန်၏၊ အချို့သော နာမ်ခန္ဓာလေးပါးတို့သည် အပ္ပမာဏတရား (လောကုတ္တရာတရား) ကို အာရုံပြုကုန်၏။

တိက်မုတ်

အချို့သော နာမ်ခန္ဓာလေးပါးတို့ကို ပရိတ္တတရား (ကာမတရား) ကို အာရုံပြုကုန်၏ဟူ၍ လည်းကောင်း၊ မဟဂ္ဂုတ်တရားကို အာရုံပြုကုန်၏ဟူ၍လည်းကောင်း၊ အပ္ပမာဏတရား (လောကုတ္တရာတရား) ကို အာရုံပြုကုန်၏ဟူ၍လည်းကောင်း မဆိုအပ်ကုန် (ပညတ်ကို ဧကန်အာရုံပြုသော နာမ်ခန္ဓာ လေးပါးဖြစ်သော ရူပစိတ် ၁၅-ပါးနှင့် အရူပ ပထမနှင့် တတိယစိတ် ၆-ပါး၊ ၎င်းတို့၌ရှိသော ဝေဒနာ, သညာ, သင်္ခါရ)။ (ဏီ-၁၄၂၂)

--

(၁၄) ဟီနတိက် အဖြေ ဝိသဇ္ဇနာ

ရူပက္ခန္ဓာသည် အလယ်အလတ်တရား ဖြစ်၏။ အချို့သော နာမ်ခန္ဓာလေးပါးတို့သည် ယုတ်ညံ့သော ‘ဟီန'တရား ဖြစ်ကုန်၏ (အကုသိုလ် စိတ္တုပ္ပါဒ်များ)၊ အချို့သော နာမ်ခန္ဓာလေးပါးတို့သည် အလယ်အလတ်ဖြစ်သော ‘မဇ္ဈိမ'တရားဖြစ်ကုန်၏ (လောကီကုသိုလ်, ဝိပါက်, ကြိယာစိတု္တပ္ပါဒ်များ)၊ အချို့သော နာမ်ခန္ဓာလေးပါးတို့သည် မြင့်မြတ်သော ‘ပဏီတ'တရား ဖြစ်ကုန်၏ (လောကုတ္တရာစိတု္တပ္ပါဒ်များ)။

(၁၅) မိစ္ဆတ္တတိက် အဖြေ ဝိသဇ္ဇနာ

ရူပက္ခန္ဓာသည် မိစ္ဆတ္တနိယတလည်း မဟုတ်မူ၍ သမ္မတ္တနိယတ လည်း မဟုတ်ချေ (အနိယတ)။ အချို့သော နာမ်ခန္ဓာလေးပါးတို့သည် ဖောက်ပြန်တတ်သော သဘောရှိ၍ စုတိ၏အခြားမဲ့၌ (အပါယ်ငရဲ၌) အကျိုးပေးမြဲသော ‘မိစ္ဆတ္တနိယတ'တရား ဖြစ်ကုန်၏ (နိယတမိစ္ဆာဒိဋ္ဌိကံ၏ အစွမ်းအားဖြင့် ဖြစ်သော ဒိဋ္ဌိဂတသမ္ပယုတ်စိတ် ၄-ပါး၏ သတ္တမဇောနှင့် ပဉ္စာနန္တရိယကံကို ကျူးလွန်သည့် ဒေါသမူ စိတ်တို့၏ သတ္တမဇောစိတ္တုပ္ပါဒ်များ)၊ အချို့သော နာမ်ခန္ဓာလေးပါးတို့သည် မဖောက်ပြန်သော သဘောရှိ၍ မိမိ၏အခြားမဲ့၌ အကျိုးပေးမြဲသော ‘သမ္မတ္တနိယတ'တရားဖြစ်ကုန်၏ (မဂ်စိတ္တုပ္ပါဒ်များ)၊ အချို့သော နာမ်ခန္ဓာလေးပါးတို့သည် နှစ်ပါးသော အခြင်းအရာတို့ဖြင့် အကျိုးပေး မမြဲကုန် (အနိယတ)။

(၁၆) မဂ္ဂါရမ္မဏတိက် အဖြေ ဝိသဇ္ဇနာ

ရူပက္ခန္ဓာသည် အာရုံပြုတတ်သောတရား မဟုတ်ချေ (အနာရမ္မဏ)။ အချို့သော နာမ်ခန္ဓာလေးပါးတို့သည် မဂ်ကို အာရုံပြုကုန်၏၊ အချို့သော နာမ်ခန္ဓာလေးပါးတို့ သည် မဂ်မည်သော အကြောင်းရင်း ဟိတ် (သမ္မာဒိဋ္ဌိမဂ္ဂင်မည်သော ပညာတည်းဟူသော အမောဟဟိတ်) ရှိကုန်၏ (အမောဟကြဉ်သည့် မဂ်စိတ္တုပ္ပါဒ်)၊ အချို့သော နာမ်ခန္ဓာလေးပါးတို့သည် မဂ်မည်သော အကြီး အမှူး ‘မဂ္ဂါဓိပတိ’ (ဝီမံသာဓိပတိ= အမောဟ= သမ္မာဒိဋ္ဌိ, သမ္မာဝါယာမ= ဝီရိယာဓိပတိ= ဝီရိယ) ရှိကုန်၏ (မဂ်စိတ္တုပ္ပါဒ်)။ (ဏီ-၁၄၂၉)

တိက်မုတ်

အချို့သော နာမ်ခန္ဓာလေးပါးတို့ကို မဂ်ကို အာရုံပြုကုန်၏ဟူ၍လည်းကောင်း, မဂ်မည်သော အကြောင်းရင်းဟိတ် ရှိကုန်၏ဟူ၍လည်းကောင်း, မဂ်မည်သော အကြီးအမှူး ‘မဂ္ဂါဓိပတိ'ရှိကုန်၏ဟူ၍လည်းကောင်း မဆိုအပ်ကုန် (မဂ်ကိုအာရုံမပြုသော နာမ်ခန္ဓာလေးပါး)။ (ဏီ-၁၄၂၉)

(၁၇) ဥပ္ပန္နတိက် အဖြေဝိသဇ္ဇနာ

အချို့သော ခန္ဓာငါးပါးတို့သည် ဥပါဒ်, ဌီ, ဘင်ဟု ဆိုအပ်သော ခဏသုံးပါးသို့ ရောက်ဆဲ ဖြစ်ကုန်၏၊ အချို့သော ခန္ဓာငါးပါးတို့ သည် ခဏသုံးပါးသို့ ရောက်ပြီးလည်း မဟုတ်မူ၍ ရောက်ဆဲလည်း မဟုတ်ကုန် (နောင်အနာဂတ် ကာလ၌ ဖြစ်လတ္တံ့သော ကုသိုလ်, အကုသိုလ်, ကြိယာစိတ္တုပ္ပါဒ်များ, ကမ္မဇရုပ်မှတစ်ပါး တိဇရုပ်)၊ အချို့သော ခန္ဓာငါးပါးတို့သည် မချွတ်ဧကန်ဖြစ်လတ္တံ့ ဖြစ်ကုန်၏ (ဝိပါက်စိတ္တုပ္ပါဒ်၊ ကမ္မဇရုပ်)။ (ဏီ-၁၄၃၀)

--

(၁၈) အတီတတိက် အဖြေ ဝိသဇ္ဇနာ

အချို့သော ခန္ဓာငါးပါးတို့သည် ဖြစ်ပြီး ‘အတိက်'တရားဖြစ် ကုန်၏၊ အချို့သော ခန္ဓာငါးပါးတို့သည် မရောက်သေး (ဖြစ်လတ္တံ့) သော ‘အနာဂတ်'တရား ဖြစ်ကုန်၏၊ အချို့သော ခန္ဓာငါးပါးတို့သည် ဖြစ်ဆဲ ‘ပစ္စုပ္ပန်'တရား ဖြစ်ကုန်၏။

(၁၉) အတီတာရမ္မဏတိက် အဖြေဝိသဇ္ဇနာ

ရူပက္ခန္ဓာသည် အာရုံပြုတတ်သော တရားမဟုတ်ချေ (အနာရမ္မဏ)။ အချို့သော နာမ်ခန္ဓာလေးပါးတို့သည် ဖြစ်ပြီး ‘အတိက်'တရားကို အာရုံပြုကုန်၏၊ အချို့သော နာမ်ခန္ဓာလေးပါးတို့သည် မရောက်သေး (ဖြစ်လတ္တံ့) သော ‘အနာဂတ်'တရားကို အာရုံပြုကုန်၏၊ အချို့ သော နာမ်ခန္ဓာလေးပါးတို့သည် ဖြစ်ဆဲ ‘ပစ္စုပ္ပန်'တရားကို အာရုံပြုကုန်၏။

တိက်မုတ်

အချို့သော နာမ်ခန္ဓာလေးပါးတို့ကို ဖြစ်ပြီး ‘အတိက်'တရားကို အာရုံပြုကုန်၏ဟူ၍ လည်းကောင်း, မရောက်သေး (ဖြစ်လတ္တံ့) သော ‘အနာဂတ်'တရားကို အာရုံပြုကုန်၏ဟူ၍လည်းကောင်း, ဖြစ်ဆဲ ‘ပစ္စုပ္ပန်'တရားကို အာရုံပြုကုန်၏ဟူ၍လည်းကောင်း မဆိုအပ်ကုန် (ပညတ်နှင့်နိဗ္ဗာန်ကို အာရုံပြုသောတရားများ)။ (ဏီ-၁၄၃၄)

(၂၀) အဇ္ဈတ္တတိက် အဖြေ ဝိသဇ္ဇနာ

အချို့သော ခန္ဓာငါးပါးတို့သည် အတွင်း ‘အဇ္ဈတ္တ'သန္တာန်၌ ဖြစ်ကုန်၏၊ အချို့သော ခန္ဓာငါးပါးတို့သည် အပ ‘ဗဟိဒ္ဓ'သန္တာန်၌ ဖြစ်ကုန်၏၊ အချို့သော ခန္ဓာငါးပါးတို့သည် အတွင်းအပ ‘အဇ္ဈတ္တဗဟိဒ္ဓ'သန္တာန်၌ ဖြစ်ကုန်၏။

(၂၁) အဇ္ဈတ္တာရမ္မဏတိက် အဖြေဝိသဇ္ဇနာ

ရူပက္ခန္ဓာသည် အာရုံပြုတတ်သော တရားမဟုတ်ချေ (အနာရမ္မဏ)။ အချို့သော နာမ်ခန္ဓာလေးပါးတို့သည် အတွင်း ‘အဇ္ဈတ္တ'သန္တာန်၌ဖြစ်သော တရားကို အာရုံပြု ကုန်၏၊ အချို့သော နာမ်ခန္ဓာလေးပါးတို့သည် အပ ‘ဗဟိဒ္ဓ'သန္တာန်၌ ဖြစ်သော တရားကို အာရုံပြု ကုန်၏၊ အချို့သော နာမ်ခန္ဓာလေးပါးတို့သည် အတွင်းအပ ‘အဇ္ဈတ္တဗဟိဒ္ဓ'သန္တာန်၌ ဖြစ်သော တရားကို အာရုံပြုကုန်၏။

တိက်မုတ်

အချို့သော နာမ်ခန္ဓာလေးပါးတို့ကို အတွင်း ‘အဇ္ဈတ္တ'သန္တာန်၌ဖြစ်သော တရားကို အာရုံပြုကုန်၏ဟူ၍လည်းကောင်း, အပ ‘ဗဟိဒ္ဓ'သန္တာန်၌ ဖြစ်သော တရားကို အာရုံ ပြုကုန်၏ဟူ၍လည်းကောင်း, အတွင်းအပ ‘အဇ္ဈတ္တဗဟိဒ္ဓ'သန္တာန်၌ဖြစ်သောတရားကို အာရုံပြုကုန်၏ဟူ၍ လည်းကောင်း မဆိုအပ်ကုန် (နတ္ထိဘောပညတ်ကို အာရုံပြုသော အာကိဉ္စညာယတနစိတ် ၃-ပါး)။ (ဏီ-၁၄၃၇)

--

(၂၂) သနိဒဿနတိက် အဖြေဝိသဇ္ဇနာ

နာမ်ခန္ဓာလေးပါးတို့သည် မြင်အပ်သော သဘောလည်း မရှိမူ၍ ထိပါးတတ်သော သဘောလည်း မရှိကုန် (အနိဒဿနအပ္ပဋိဃ)။ အချို့သော ရူပက္ခန္ဓာသည် မြင်အပ်သော သဘောရှိ၍ ထိပါးတတ်သော သဘောလည်း ရှိ၏ (ရူပါရုံ)၊ အချို့သော ရူပက္ခန္ဓာသည် မြင်အပ်သောသဘော မရှိမူ၍ ထိပါးတတ်သော သဘောသာရှိ၏ (ရူပါရုံမှ တစ်ပါးသော ဩဠာရိကရုပ် ၁၁-ပါး)၊ အချို့သော ရူပက္ခန္ဓာသည် မြင်အပ်သော သဘောလည်း မရှိမူ၍ ထိပါးတတ်သော သဘောလည်း မရှိချေ (သုခုမရုပ် ၁၆-ပါး)။

(ခန္ဓာငါးပါးတို့ကို တိက် ၂၂-ခုတို့ဖြင့် ဝေဖန်၍ အဖြေ ဝိသဇ္ဇနာကိုပြသော ‘ပဥှာပုစ္ဆက'နည်း ပြီး၏)။

--

၂-ဒုကဝိသဇ္ဇနာ

(ခန္ဓာငါးပါးတို့ကို ဒုက် ၁၀၀-တို့ဖြင့် ဝေဖန်၍ အဖြေဝိသဇ္ဇနာကို ပြခြင်း)

(၁-ဟေတုဂေါစ္ဆကဒုက် ၆-ခု အဖြေဝိသဇ္ဇနာ)

(၁) ဟေတုဒုက်

၁၅၃။ (ရုပ်, ဝေဒနာ, သညာ, ဝိညာဉ်) ခန္ဓာလေးပါးတို့သည် ဟိတ်မမည်ကုန်။ အချို့သော သင်္ခါရက္ခန္ဓာသည် ဟိတ်မည်၏ (ဟိတ်၆-ပါး)၊ အချို့သော သင်္ခါရက္ခန္ဓာသည် ဟိတ် မမည်။

(၂) သဟေတုကဒုက်

ရူပက္ခန္ဓာသည် ဟိတ်ရှိသောတရား (ဟိတ်နှင့် ယှဉ်သောတရား) မဟုတ်ချေ။ အချို့သော နာမ်ခန္ဓာလေးပါးတို့သည် ဟိတ်ရှိသောတရား (ဟိတ်နှင့် ယှဉ်သောတရား) ဖြစ်ကုန်၏ (မောဟမူဒွေး၌ရှိသော မောဟကြဉ်သည့် သဟိတ်စိတ္တုပ္ပါဒ်)၊ အချို့သော နာမ်ခန္ဓာလေးပါးတို့သည် ဟိတ် မရှိကုန် (မောဟမူဒွေး၌ရှိသောမောဟ၊ အဟိတ်စိတ္တုပ္ပါဒ်)။

(၃) ဟေတုသမ္ပယုတ္တဒုက်

ရူပက္ခန္ဓာသည် ဟိတ်နှင့် မယှဉ်။ အချို့သော နာမ်ခန္ဓာလေးပါးတို့သည် ဟိတ်နှင့် ယှဉ်ကုန်၏၊ အချို့သော နာမ်ခန္ဓာလေးပါးတို့သည် ဟိတ်နှင့် မယှဉ်ကုန်။

(၄) ဟေတု သဟေတုကဒုက်

ရူပက္ခန္ဓာကို ဟိတ်လည်း မည်၍ ဟိတ်လည်း ရှိ၏ဟူ၍လည်းကောင်း၊ ဟိတ်သာ ရှိ၍ ဟိတ်မမည်ဟူ၍လည်းကောင်း မဆိုအပ်ချေ။ (ဝေဒနာ, သညာ, ဝိညာဉ်) ခန္ဓာသုံးပါးတို့ကို ဟိတ်လည်း မည်၍ ဟိတ်လည်း ရှိကုန်၏ဟု မဆိုအပ်ကုန်။ အချို့သော (ဝေဒနာ, သညာ, ဝိညာဉ်) ခန္ဓာသုံးပါးတို့သည် ဟိတ်သာရှိ၍ ဟိတ်မမည်ကုန်။ အချို့သော (ဝေဒနာ, သညာ, ဝိညာဉ်) ခန္ဓာသုံးပါးတို့ကို ဟိတ်သာရှိ၍ ဟိတ်လည်းမမည်ဟူ၍ မဆို အပ်ကုန်။ အချို့သော သင်္ခါရက္ခန္ဓာသည် ဟိတ်လည်း မည်၍ ဟိတ်လည်း ရှိ၏ (မောဟမူဒွေး၌ရှိသော မောဟကြဉ်သည့် ဟိတ် ၆-ပါး)၊ အချို့သော သင်္ခါရက္ခန္ဓာသည် ဟိတ်သာရှိ၍ ဟိတ်လည်း မမည်ချေ (သဟိတ်စိတ်၌ ရှိသည့် ဟိတ် ၆-ပါးကြဉ်သော သင်္ခါရက္ခန္ဓာ)။

ဒုက်မုတ်

အချို့သော သင်္ခါရက္ခန္ဓာကို ဟိတ်လည်း မည်၍ ဟိတ်လည်း ရှိ၏ဟူ၍လည်းကောင်း, ဟိတ်သာရှိ၍ ဟိတ်မမည်ဟူ၍လည်းကောင်း မဆိုအပ်ချေ (မောဟမူဒွေး၌ရှိသော မောဟ၊ အဟိတ်စိတ်၌ရှိသော သင်္ခါရက္ခန္ဓာများ)။ (ဏီ-၁၄၄၈)

(၅) ဟေတု ဟေတုသမ္ပယုတ္တဒုက်

ရူပက္ခန္ဓာကို ဟိတ်လည်းမည်၍ ဟိတ်နှင့်လည်းယှဉ်၏ဟူ၍ လည်းကောင်း, ဟိတ်နှင့်သာယှဉ်၍ ဟိတ်မမည်ဟူ၍လည်းကောင်း မဆို အပ်ချေ။ (ဝေဒနာ, သညာ, ဝိညာဉ်) ခန္ဓာသုံးပါးတို့ကို ဟိတ်လည်းမည်၍ ဟိတ်နှင့်လည်းယှဉ်၏ဟူ၍ မဆို အပ်ကုန်။ အချို့သော (ဝေဒနာ, သညာ, ဝိညာဉ်) ခန္ဓာသုံးပါးတို့သည် ဟိတ်နှင့်သာယှဉ်၍ ဟိတ် မမည်ကုန်။

ဒုက်မုတ်

အချို့သော (ဝေဒနာ, သညာ, ဝိညာဉ်) ခန္ဓာသုံးပါးတို့ကို ဟိတ်နှင့်သာ ယှဉ်၍ ဟိတ် မမည်ဟူ၍ မဆိုအပ်ကုန် (အဟိတ်စိတ်၌ရှိသော ဝေဒနာ, သညာ, ဝိညာဉ်)။ အချို့သော သင်္ခါရက္ခန္ဓာသည် ဟိတ်လည်းမည်၍ ဟိတ်နှင့်လည်းယှဉ်၏ (မောဟမူဒွေး၌ရှိသော မောဟကြဉ်သည့် ဟိတ် ၆ ပါး)၊ အချို့သော သင်္ခါရက္ခန္ဓာသည် ဟိတ်နှင့်သာယှဉ်၍ ဟိတ်မမည်ချေ (သဟိတ်စိတ်တို့၌ ရှိသော ဟိတ် ၆-ပါးကြဉ်သည့် သင်္ခါရက္ခန္ဓာ)။

--

ဒုက်မုတ်

အချို့သော သင်္ခါရက္ခန္ဓာကို ဟိတ်လည်းမည်၍ ဟိတ်နှင့်လည်းယှဉ်၏ဟူ၍လည်းကောင်း၊ ဟိတ်နှင့်သာယှဉ်၍ ဟိတ်မမည်ဟူ၍လည်းကောင်း မဆိုအပ်ချေ (မောဟမူဒွေး၌ ရှိသော မောဟ၊ အဟိတ်စိတ်၌ ရှိသော သင်္ခါရက္ခန္ဓာ)။ (ဏီ-၁၄၅၀)

(၆) နဟေတု သဟေတုကဒုက်

ရူပက္ခန္ဓာသည် ဟိတ်လည်း မမည်မူ၍ ဟိတ်လည်း မရှိချေ။ အချို့သော (ဝေဒနာ, သညာ, ဝိညာဉ်) ခန္ဓာသုံးပါးတို့သည် ဟိတ်လည်း မမည်မူ၍ ဟိတ်သာ ရှိကုန်၏၊ အချို့သော (ဝေဒနာ, သညာ, ဝိညာဉ်) ခန္ဓာသုံးပါးတို့သည် ဟိတ်လည်း မမည်မူ၍ ဟိတ်လည်း မရှိကုန်။ အချို့သော သင်္ခါရက္ခန္ဓာသည် ဟိတ်မမည်မူ၍ ဟိတ်သာရှိ၏ (သဟိတ်စိတ်၌ရှိသော ဟိတ် ၆-ပါး ကြဉ်သည့် သင်္ခါရက္ခန္ဓာ)၊ အချို့သော သင်္ခါရက္ခန္ဓာသည် ဟိတ်လည်းမမည်မူ၍ ဟိတ်လည်းမရှိချေ (အဟိတ်စိတ်၌ ရှိသော သင်္ခါရက္ခန္ဓာ)။

ဒုက်မုတ်

အချို့သော သင်္ခါရက္ခန္ဓာကို ဟိတ်မမည်မူ၍ ဟိတ်သာရှိ၏ဟူ၍လည်းကောင်း၊ ဟိတ်လည်း မမည်မူ၍ ဟိတ်လည်းမရှိဟူ၍လည်းကောင်း မဆိုအပ်ချေ။ (ဟိတ် ၆-ပါး)။ (ဏီ-၁၄၅၂)

(ဟေတုဂေါစ္ဆကဒုက် ၆-ခု အဖြေ ဝိသဇ္ဇနာ ပြီး၏)။

--

(၂-စူဠန္တရဒုက် ၇-ခု အဖြေ ဝိသဇ္ဇနာ)

(၇) သပ္ပစ္စယဒုက်

ခန္ဓာငါးပါးတို့သည် (ကံ, စိတ်, ဥတု, အာဟာရ) အကြောင်းတရားတို့နှင့်တကွ ဖြစ်ကုန်၏ (ကံ, စိတ်, ဥတု, အာဟာရ အကြောင်းတရားလေးပါးတို့ကြောင့် ဖြစ်ကုန်၏)။

(၈) သင်္ခတဒုက်

ခန္ဓာငါးပါးတို့သည် (ကံ, စိတ်, ဥတု, အာဟာရ) အကြောင်းတရားတို့သည် ပေါင်း၍ ပြုပြင်စီရင်အပ်သော ‘သင်္ခတ'တရားဖြစ်ကုန်၏ (ကံ, စိတ်, ဥတု, အာဟာရ အကြောင်း တရားလေးပါးတို့ကြောင့် ဖြစ်ကုန်၏)။

(၉) သနိဒဿနဒုက်

နာမ်ခန္ဓာလေးပါးတို့သည် မြင်အပ်သောသဘောမရှိကုန် (နာမ်ခန္ဓာတို့ကို မမြင် အပ်ချေ)။ အချို့သော ရူပက္ခန္ဓာသည် မြင်အပ်သောသဘောရှိ၏ (မြင်အပ်၏) (ရူပါရုံ)၊ အချို့သော ရူပက္ခန္ဓာ သည် မြင်အပ်သောသဘော မရှိချေ (မမြင်အပ်ချေ) (ကြွင်းသောရုပ်များ)။

(၁၀) သပ္ပဋိဃဒုက်

နာမ်ခန္ဓာလေးပါးတို့သည် ထိပါးတတ်သော သဘော မရှိကုန် (အပ္ပဋိဃ)။ အချို့သော ရူပက္ခန္ဓာသည် ထိပါးတတ်သောသဘော ရှိ၏ (ဩဠာရိကရုပ် ၁၂-ပါး)၊ အချို့သော ရူပက္ခန္ဓာသည် ထိပါးတတ်သောသဘော မရှိချေ (သုခုမရုပ် ၁၆-ပါး)။

(၁၁) ရူပီဒုက်

ရူပက္ခန္ဓာသည် ဖောက်ပြန်တတ်သော သဘောရှိ၏။ နာမ်ခန္ဓာလေးပါးတို့သည် (ရူပက္ခန္ဓာ ဖောက်ပြန်သကဲ့သို့) ဖောက်ပြန်တတ်သော သဘော မရှိကုန်။

(၁၂) လောကိယဒုက်

ရူပက္ခန္ဓာသည် လောက၌အကျုံးဝင်၏ (လောကီတရားဖြစ်၏)။ အချို့သော နာမ်ခန္ဓာလေးပါးတို့သည် လောက၌ အကျုံးဝင်ကုန်၏ (လောကီစိတ္တုပ္ပါဒ်)၊ အချို့သော နာမ်ခန္ဓာလေးပါးတို့သည် လောကမှ ထွက်မြောက်သောတရား ဖြစ်ကုန်၏ (လောကုတ္တရာစိတ္တုပ္ပါဒ်)။

(၁၃) ကေနစိဝိညေယျဒုက်

ခန္ဓာငါးပါးတို့သည် တစ်စုံတစ်ခုသော စိတ်သည် သိအပ်သောတရား ဖြစ်ကုန်၏၊ ခန္ဓာငါးပါးတို့သည် တစ်စုံတစ်ခုသောစိတ်သည် သိအပ်သော တရား မဟုတ်ကုန်။

(စူဠန္တရဒုက် ၇-ခု အဖြေ ဝိသဇ္ဇနာ ပြီး၏)။

--

(၃-အာသဝဂေါစ္ဆကဒုက် ၆-ခု အဖြေ ဝိသဇ္ဇနာ)

(၁၄) အာသဝဒုက်

(ရုပ်, ဝေဒနာ, သညာ, ဝိညာဏ်) ခန္ဓာလေးပါးတို့သည် (သတ္တဝါတို့၏သန္တန်၌) ယိုစီးဖြစ်ပွားနေတတ်၍ မူးယစ်မိုက်မဲစေတတ်သော ‘အာသဝ'မမည်ကုန်။ အချို့သော သင်္ခါရက္ခန္ဓာသည် အာသဝမည်၏ (လောဘ, ဒိဋ္ဌိ, မောဟ)၊ အချို့သော သင်္ခါရက္ခန္ဓာ သည် အာသဝ မမည်ချေ။

(၁၅) သာသဝဒုက်

ရူပက္ခန္ဓာသည် အာသဝ၏ (လောဘ, ဒိဋ္ဌိ, မောဟတို့၏) အာရုံဖြစ်၏။ အချို့သော နာမ်ခန္ဓာလေးပါးတို့သည် အာသဝ၏ (လောဘ, ဒိဋ္ဌိ, မောဟတို့၏) အာရုံဖြစ်ကုန်၏ (လောကီစိတ္တုပ္ပါဒ်များ)၊ အချို့သော နာမ်ခန္ဓာလေးပါးတို့သည် အာသဝ၏ အာရုံမဟုတ်ကုန် (လောကုတ္တရာစိတ္တုပ္ပါဒ်)။

(၁၆) အာသဝသမ္ပယုတ္တဒုက်

ရူပက္ခန္ဓာသည် အာသဝနှင့် (လောဘ, ဒိဋ္ဌိ, မောဟတို့နှင့်) မယှဉ်ချေ။ အချို့သော နာမ်ခန္ဓာလေးပါးတို့သည် အာသဝနှင့် (လောဘ, ဒိဋ္ဌိ, မောဟတို့နှင့်) ယှဉ်ကုန်၏ (ဒေါသမူဒွေးနှင့် မောဟမူဒွေးတို့၌ရှိသော မောဟကြဉ်သည့် အကုသိုလ်စိတ္တုပ္ပါဒ်)၊ အချို့သော နာမ်ခန္ဓာ လေးပါးတို့သည် အာသဝနှင့် မယှဉ်ကုန် (ကုသိုလ်, ဝိပါက်, ကြိယာစိတ္တုပ္ပါဒ်များ၊ ဒေါသမူဒွေးနှင့် မောဟမူ ဒွေးတို့၌ရှိသော မောဟ)။

(၁၇) အာသဝသာသဝဒုက်

ရူပက္ခန္ဓာကို အာသဝလည်းမည်၍ အာသဝ၏အာရုံလည်း ဖြစ်၏ဟူ၍ မဆိုအပ်ချေ။ ရူပက္ခန္ဓာသည် အာသဝ၏ (လောဘ, ဒိဋ္ဌိ, မောဟတို့၏) အာရုံသာ ဖြစ်၍ အာသဝ မမည်ချေ။ (ဝေဒနာ, သညာ, ဝိညာဉ်) ခန္ဓာသုံးပါးတို့ကို အာသဝလည်းမည်၍ အာသဝ၏ အာရုံလည်း ဖြစ်၏ဟု မဆိုအပ်ကုန်။ အချို့သော (ဝေဒနာ, သညာ, ဝိညာဉ်) ခန္ဓာသုံးပါးတို့သည် အာသဝ၏ (လောဘ, ဒိဋ္ဌိ, မောဟ တို့၏) အာရုံသာဖြစ်၍ အာသဝမမည်ကုန် (လောကီစိတ်, ၎င်းနှင့်ယှဉ်ဘက် ဝေဒနာ, သညာ)။

ဒုက်မုတ်

အချို့သော (ဝေဒနာ, သညာ, ဝိညာဉ်) ခန္ဓာသုံးပါးတို့ကို အာသဝ၏ အာရုံသာဖြစ်၍ အာသဝ မမည်ဟု မဆိုအပ်ကုန် (လောကုတ္တရာစိတ် ၎င်းနှင့်ယှဉ်ဘက် ဝေဒနာ, သညာ)။ အချို့သော သင်္ခါရက္ခန္ဓာသည် အာသဝလည်းမည်၍ အာသဝ၏ အာရုံလည်း ဖြစ်၏ (လောဘ, ဒိဋ္ဌိ, မောဟ)၊ အချို့သော သင်္ခါရက္ခန္ဓာသည် အာသဝ၏ အာရုံသာဖြစ်၍ အာသဝ မမည်ချေ (လောဘ, ဒိဋ္ဌိ, မောဟကြဉ်သော လောကီစိတ်တို့၌ရှိသော သင်္ခါရက္ခန္ဓာ)။

ဒုက်မုတ်

အချို့သော သင်္ခါရက္ခန္ဓာကို အာသဝလည်းမည်၍ အာသဝ၏ အာရုံလည်းဖြစ်၏ဟူ၍လည်း ကောင်း၊ အာသဝ၏ အာရုံသာဖြစ်၍ အာသဝမမည်ဟူ၍လည်းကောင်း မဆိုအပ်ချေ (လောကုတ္တရာစိတ်၌ ရှိသော သင်္ခါရက္ခန္ဓာ)။ (ဏီ-၁၄၇၂)

--

(၁၈) အာသဝ အာသဝသမ္ပယုတ္တဒုက်

ရူပက္ခန္ဓာကို အာသဝလည်းမည်၍ အာသဝနှင့်လည်း ယှဉ်၏ဟူ၍လည်းကောင်း၊ အာသဝနှင့်သာယှဉ်၍ အာသဝ မမည်ဟူ၍ လည်းကောင်း မဆိုအပ်ချေ။ (ဝေဒနာ, သညာ, ဝိညာဉ်) ခန္ဓာသုံးပါးတို့ကို အာသဝလည်းမည်၍ အာသဝနှင့်လည်းယှဉ်၏ဟု မဆိုအပ်ကုန်။ အချို့သော (ဝေဒနာ, သညာ, ဝိညာဉ်) ခန္ဓာသုံးပါးတို့သည် အာသဝနှင့်သာ ယှဉ်၍ အာသဝ မမည်ကုန် (အကုသိုလ်စိတ်, ၎င်း၌ရှိသော ဝေဒနာ, သညာ)။

ဒုက်မုတ်

အချို့သော (ဝေဒနာ, သညာ, ဝိညာဉ်) ခန္ဓာသုံးပါးတို့ကို အာသဝနှင့်သာယှဉ်၍ အာသဝ မမည်ဟု မဆိုအပ်ကုန် (ကုသိုလ်, ဝိပါက်, ကြိယာစိတ်တို့၌ရှိသော ဝေဒနာ, သညာ, ဝိညာဉ်)။ အချို့သော သင်္ခါရက္ခန္ဓာသည် အာသဝလည်းမည်၍ အာသဝနှင့်လည်း ယှဉ်၏ (ဒေါသမူဒွေးနှင့် မောဟမူဒွေးတို့၌ရှိသော မောဟကြဉ်သည့် လောဘ, ဒိဋ္ဌိ, မောဟ)၊ အချို့သော သင်္ခါရက္ခန္ဓာသည် အာသဝ နှင့်သာ ယှဉ်၍ အာသဝမမည်ချေ (လောဘ, ဒိဋ္ဌိ, မောဟကြဉ်သည့် အကုသိုလ်စိတ်၌ရှိသော သင်္ခါရက္ခန္ဓာ စေတသိက်များ)။

ဒုက်မုတ်

အချို့သော သင်္ခါရက္ခန္ဓာကို အာသဝလည်းမည်၍ အာသဝနှင့်လည်း ယှဉ်၏ဟူ၍လည်း ကောင်း၊ အာသဝနှင့်သာ ယှဉ်၍ အာသဝ မမည်ဟူ၍လည်းကောင်း မဆိုအပ်ချေ (အာသဝနှင့်မယှဉ်သော သင်္ခါရက္ခန္ဓာ= ကုသိုလ်, ဝိပါက်, ကြိယာစိတ်တို့၌ရှိသော သင်္ခါရက္ခန္ဓာ၊ ဒေါသမူ ဒွေးနှင့် မောဟမူဒွေးတို့၌ရှိသော မောဟ)။ (ဏီ-၁၄၇၀, ၁၄၇၄)

(၁၉) အာသဝဝိပ္ပယုတ္တသာသဝဒုက်

ရူပက္ခန္ဓာသည် အာသဝနှင့်မယှဉ်မူ၍ အာသဝ၏ အာရုံသာ ဖြစ်၏။ အချို့သော နာမ်ခန္ဓာလေးပါးတို့သည် အာသဝနှင့်မယှဉ်မူ၍ အာသဝ၏အာရုံသာ ဖြစ်၏ (လောကီ ကုသိုလ်, ဝိပါက်, ကြိယာစိတ္တုပ္ပါဒ်, ဒေါသမူနှင့်မောဟမူစိတ်တို့၌ရှိသော မောဟ)၊ အချို့သော နာမ်ခန္ဓာ လေးပါးတို့သည် အာသဝနှင့်လည်း မယှဉ်မူ၍ အာသဝ၏အာရုံလည်း မဟုတ်ကုန် (လောကုတ္တရာစိတ္တုပ္ပါဒ် နာမ်ခန္ဓာလေးပါး)။

ဒုက်မုတ်

အချို့သော နာမ်ခန္ဓာလေးပါးတို့ကို အာသဝနှင့် မယှဉ်မူ၍ အာသဝ၏အာရုံသာ ဖြစ်ကုန်၏ဟူ၍လည်းကောင်း၊ အာသဝနှင့်လည်း မယှဉ်မူ၍ အာသဝ၏ အာရုံလည်း မဟုတ်ဟူ၍လည်းကောင်း မဆိုအပ်ကုန် (ဒေါသမူနှင့် မောဟမူစိတ်တို့၌ရှိသည့် မောဟကြဉ်သော အကုသိုလ်စိတ္တုပ္ပါဒ် နာမ်ခန္ဓာလေးပါး)။ (ဏီ-၁၄၇၆)

(အာသဝဂေါစ္ဆကဒုက် ၆-ခု အဖြေဝိသဇ္ဇနာ ပြီး၏)။

--

(၄-သညောဇနဂေါစ္ဆကဒုက် ၆-ခု အဖြေ ဝိသဇ္ဇနာ)

(၂၀) သံယောဇနဒုက်

(ရုပ်, ဝေဒနာ, သညာ, ဝိညာဉ်) ခန္ဓာလေးပါးတို့သည် (သတ္တဝါတို့ကို ဝဋ်ဆင်းရဲ၌) ယှဉ်စေတတ်သော ‘သံယောဇဉ်'မမည်ကုန်။ အချို့သော သင်္ခါရက္ခန္ဓာသည် သံယောဇဉ်မည်၏၊ အချို့သော သင်္ခါရက္ခန္ဓာသည် သံယောဇဉ် မမည်ချေ။

(၂၁) သံယောဇနိယဒုက်

ရူပက္ခန္ဓာသည် သံယောဇဉ်၏ အာရုံဖြစ်၏။ အချို့သော နာမ်ခန္ဓာလေးပါးတို့သည် သံယောဇဉ်၏ အာရုံဖြစ်ကုန်၏၊ (လောကီစိတ္တုပ္ပါဒ် နာမ်ခန္ဓာ လေးပါး)၊ အချို့သော နာမ်ခန္ဓာလေးပါးတို့သည် သံယောဇဉ်၏ အာရုံမဟုတ်ကုန် (လောကုတ္တရာစိတ္တုပ္ပါဒ် နာမ်ခန္ဓာလေးပါး)။

(၂၂) သံယောဇနသမ္ပယုတ္တဒုက်

ရူပက္ခန္ဓာသည် သံယောဇဉ်နှင့် မယှဉ်ချေ။ အချို့သော နာမ်ခန္ဓာလေးပါးတို့သည် သံယောဇဉ်နှင့် ယှဉ်ကုန်၏ (ဥဒ္ဓစ္စသဟဂုတ်စိတ်၌ရှိသည့် မောဟကြဉ်သော အကုသိုလ်စိတ္တုပ္ပါဒ် နာမ်ခန္ဓာလေးပါး)၊ အချို့သော နာမ်ခန္ဓာလေးပါးတို့သည် သံယောဇဉ်နှင့် မယှဉ်ကုန် (ကြွင်းသော နာမ်ခန္ဓာလေးပါး)။ (ဏီ-၁၄၈၁, ၁၄၈၂)

(၂၃) သံယောဇန သံယောဇနိယဒုက်

ရူပက္ခန္ဓာကို သံယောဇဉ်လည်းမည်၍ သံယောဇဉ်၏ အာရုံလည်း ဖြစ်၏ဟု မဆိုအပ်ချေ၊ (ရူပက္ခန္ဓာသည်) သံယောဇဉ်၏ အာရုံသာ ဖြစ်၍ သံယောဇဉ်မမည်ချေ။ (ဝေဒနာ, သညာ, ဝိညာဉ်) ခန္ဓာသုံးပါးတို့ကို သံယောဇဉ်လည်းမည်၍ သံယောဇဉ်၏ အာရုံလည်း ဖြစ်၏ဟု မဆိုအပ်ကုန်။ အချို့သော (ဝေဒနာ, သညာ, ဝိညာဉ်) ခန္ဓာသုံးပါးတို့သည် သံယောဇဉ်၏ အာရုံသာဖြစ်၍ သံယောဇဉ်မမည်ကုန် (လောကီစိတ်နှင့် ၎င်း၌ရှိသော ဝေဒနာ, သညာ)။

ဒုက်မုတ်

အချို့သော (ဝေဒနာ, သညာ, ဝိညာဉ်) ခန္ဓာသုံးပါးတို့ကို သံယောဇဉ်၏ အာရုံသာဖြစ်၍ သံယောဇဉ် မမည်ဟု မဆိုအပ်ကုန် (လောကုတ္တရာစိတ်နှင့် ၎င်း၌ရှိသော ဝေဒနာ, သညာ, ခန္ဓာသုံးပါး)။ အချို့သော သင်္ခါရက္ခန္ဓာသည် သံယောဇဉ်လည်းမည်၍ သံယောဇဉ်၏ အာရုံလည်း ဖြစ်၏ (သံယောဇဉ် ၁၀-ပါး)။ အချို့သော သင်္ခါရက္ခန္ဓာသည် သံယောဇဉ်၏ အာရုံသာဖြစ်၍ သံယောဇဉ် မမည်ချေ (သံယောဇဉ် ၁၀-ပါးကြဉ်သော လောကီသင်္ခါရက္ခန္ဓာ)။

ဒုက်မုတ်

အချို့သော သင်္ခါရက္ခန္ဓာကို သံယောဇဉ်လည်း မည်၍ သံယောဇဉ်၏ အာရုံလည်းဖြစ်၏ဟူ၍လည်းကောင်း၊ သံယောဇဉ်၏ အာရုံသာဖြစ်၍ သံယောဇဉ်မမည်ဟူ၍လည်းကောင်း မဆိုအပ်ချေ (လောကုတ္တရာ သင်္ခါရက္ခန္ဓာ)။ (ဏီ-၁၄၈၄)

--

(၂၄) သံယောဇန သံယောဇနသမ္ပယုတ္တဒုက်

ရူပက္ခန္ဓာကို သံယောဇဉ်လည်းမည်၍ သံယောဇဉ် နှင့်လည်းယှဉ်၏ဟူ၍လည်းကောင်း၊ သံယောဇဉ် နှင့်သာ ယှဉ်၍ သံယောဇဉ် မမည်ဟူ၍လည်းကောင်း မဆိုအပ်ချေ။ (ဝေဒနာ, သညာ, ဝိညာဉ်) ခန္ဓာသုံးပါးတို့ကို သံယောဇဉ်လည်း မည်၍ သံယောဇဉ်နှင့်လည်း ယှဉ်၏ဟူ၍ မဆိုအပ်ကုန်။ အချို့သော (ဝေဒနာ, သညာ, ဝိညာဉ်) ခန္ဓာသုံးပါးတို့သည် သံယောဇဉ်နှင့်သာ ယှဉ်၍ သံယောဇဉ် မမည်ကုန် (အကုသိုလ်စိတ်နှင့် ၎င်း၌ရှိသော ဝေဒနာ, သညာ)။

ဒုက်မုတ်

အချို့သော (ဝေဒနာ, သညာ, ဝိညာဉ်) ခန္ဓာသုံးပါးတို့ကို သံယောဇဉ်နှင့်သာယှဉ်၍ သံယောဇဉ်မမည်ဟု မဆိုအပ်ကုန် (သံယောဇဉ်နှင့် မယှဉ်သော ကုသိုလ်, ဝိပါက်, ကြိယာ စိတ်တို့၌ရှိသည့် ဝေဒနာ, သညာ, ဝိညာဉ်)။ အချို့သော သင်္ခါရက္ခန္ဓာသည် သံယောဇဉ်လည်းမည်၍ သံယောဇဉ်နှင့်လည်း ယှဉ်၏ (သံယောဇဉ် ၁၀-ပါး)။ အချို့သော သင်္ခါရက္ခန္ဓာသည် သံယောဇဉ်နှင့်သာယှဉ်၍ သံယောဇဉ်မမည်ချေ (သံယောဇဉ်တရား ကိုယ်ကြဉ်သည့် အကုသိုလ်စိတ်တို့နှင့်ယှဉ်သော သင်္ခါရက္ခန္ဓာစေတသိက်များ)။

ဒုက်မုတ်

အချို့သော သင်္ခါရက္ခန္ဓာကို သံယောဇဉ်လည်းမည်၍ သံယောဇဉ်နှင့်လည်းယှဉ်၏ဟူ၍လည်းကောင်း၊ သံယောဇဉ်နှင့်သာယှဉ်၍ သံယောဇဉ်မမည်ဟူ၍လည်းကောင်း မဆိုအပ်ချေ (သံယောဇဉ်နှင့် မယှဉ်သော ဥဒ္ဓစ္စသဟဂုတ်စိတ်၌ရှိသော မောဟ, ကုသိုလ်, ဝိပါက်, ကြိယာစိတ်တို့၌ရှိသော သင်္ခါရက္ခန္ဓာ)။ (ဏီ-၁၄၈၆)

(၂၅) သံယောဇနဝိပ္ပယုတ္တသံယောဇနိယဒုက်

ရူပက္ခန္ဓာသည် သံယောဇဉ်နှင့် မယှဉ်မူ၍ သံယောဇဉ်၏ အာရုံသာဖြစ်၏။ အချို့သော နာမ်ခန္ဓာလေးပါးတို့သည် သံယောဇဉ်နှင့် မယှဉ်မူ၍ သံယောဇဉ်၏ အာရုံသာ ဖြစ် ကုန်၏။ (လောကီကုသိုလ်, ဝိပါက်, ကြိယာ နာမ်ခန္ဓာလေးပါး)။ အချို့သော နာမ်ခန္ဓာလေးပါးတို့သည် သံယောဇဉ်နှင့်လည်း မယှဉ်မူ၍ သံယောဇဉ်၏ အာရုံလည်း မဟုတ်ကုန် (လောကုတ္တရာ နာမ်ခန္ဓာလေးပါး)။

ဒုက်မုတ်

အချို့သော နာမ်ခန္ဓာလေးပါးတို့ကို သံယောဇဉ်နှင့် မယှဉ်မူ၍ သံယောဇဉ်၏ အာရုံသာ ဖြစ်၏ဟူ၍လည်းကောင်း၊ သံယောဇဉ်နှင့်လည်းမယှဉ်မူ၍ သံယောဇဉ်၏ အာရုံလည်း မဟုတ်ဟူ၍လည်းကောင်း မဆိုအပ်ကုန် (သံယောဇဉ်နှင့်ယှဉ်သော နာမ်ခန္ဓာလေးပါး= ဥဒ္ဓစ္စသဟဂုတ်စိတ်၌ ရှိသော မောဟကြဉ်သည့် အကုသိုလ် နာမ်ခန္ဓာလေးပါး)။ (ဏီ-၁၄၈၁, ၁၄၈၈)

(သညောဇနဂေါစ္ဆကဒုက် ၆-ခု အဖြေဝိသဇ္ဇနာ ပြီး၏)။

--

(၅-ဂန္ထဂေါစ္ဆကဒုက် ၆-ခု အဖြေဝိသဇ္ဇနာ)

(၂၆) ဂန္ထဒုက်

(ရုပ်, ဝေဒနာ, သညာ, ဝိညာဉ်) ခန္ဓာလေးပါးတို့သည် (သတ္တဝါတို့ကို ဝဋ်ဆင်းရဲ၌) ဆက်စပ်ထုံးဖွဲ့တတ်သော ‘ဂန္ထ'မမည်ကုန်။ အချို့သော သင်္ခါရက္ခန္ဓာသည် ဂန္ထမည်၏ (လောဘ, ဒေါသ, ဒိဋ္ဌိ)၊ အချို့သော သင်္ခါရက္ခန္ဓာသည် ဂန္ထမမည်ချေ။

(၂၇) ဂန္ထနိယဒုက်

ရူပက္ခန္ဓာသည် ဂန္ထ၏ (လောဘ, ဒေါသ, ဒိဋ္ဌိတို့၏) အာရုံဖြစ်၏။ အချို့သော နာမ်ခန္ဓာလေးပါးတို့သည် ဂန္ထ၏အာရုံဖြစ်ကုန်၏ (လောကီ နာမ်ခန္ဓာလေးပါး)၊ အချို့ သော နာမ်ခန္ဓာလေးပါးတို့သည် ဂန္ထ၏ အာရုံမဖြစ်ကုန် (လောကုတ္တရာ နာမ်ခန္ဓာလေးပါး)။

(၂၈) ဂန္ထသမ္ပယုတ္တဒုက်

ရူပက္ခန္ဓာသည် ဂန္ထနှင့် (လောဘ, ဒေါသ, ဒိဋ္ဌိတို့နှင့်) မယှဉ်ချေ။ အချို့သော နာမ်ခန္ဓာလေးပါးတို့သည် ဂန္ထနှင့်ယှဉ်ကုန်၏ (ဒိဋ္ဌိဂတဝိပ္ပယုတ်စိတ် ၄-ခု၌ရှိသော လောဘနှင့် ဒေါသမူဒွေး၌ရှိသည့် ဒေါသကြဉ်သော လောဘမူ, ဒေါသမူ နာမ်ခန္ဓာလေးပါး)၊ အချို့သော နာမ်ခန္ဓာလေးပါးတို့သည် ဂန္ထနှင့် မယှဉ်ကုန် (ဒိဋ္ဌိဂတဝိပ္ပယုတ်စိတ် ၄-ခု၌ရှိသော လောဘ၊ ဒေါသမူ ဒွေး၌ရှိသော ဒေါသ၊ မောဟမူဒွေး၊ ကုသိုလ်, ဝိပါက်, ကြိယာစိတ္တုပ္ပါဒ် နာမ်ခန္ဓာလေးပါး)။ (ဏီ-၁၄၉၃, ၁၄၉၄)

(၂၉) ဂန္ထ ဂန္ထနိယဒုက်

ရူပက္ခန္ဓာကို ဂန္ထလည်းမည်၍ ဂန္ထ၏ အာရုံလည်းဖြစ်၏ဟု မဆိုအပ်၊ ရူပက္ခန္ဓာသည် ဂန္ထ၏အာရုံသာ ဖြစ်၍ ဂန္ထမမည်ချေ။ (ဝေဒနာ, သညာ, ဝိညာဉ်) ခန္ဓာသုံးပါးတို့ကို ဂန္ထလည်းမည်၍ ဂန္ထ၏ အာရုံလည်း ဖြစ်၏ဟု မဆို အပ်ကုန်။ အချို့သော (ဝေဒနာ, သညာ, ဝိညာဉ်) ခန္ဓာသုံးပါးတို့သည် ဂန္ထ၏ (လောဘ, ဒေါသ, ဒိဋ္ဌိတို့၏)့အာရုံဖြစ်၍ ဂန္ထမမည်ကုန် (လောကီစိတ်နှင့် ၎င်း၌ရှိသော ဝေဒနာ, သညာ)။

ဒုက်မုတ်

အချို့သော (ဝေဒနာ, သညာ, ဝိညာဉ်) ခန္ဓာသုံးပါးတို့ကို ဂန္ထ၏ (လောဘ, ဒေါသ, ဒိဋ္ဌိတို့၏) အာရုံသာ ဖြစ်၍ ဂန္ထမမည်ဟု မဆိုအပ်ကုန် (လောကုတ္တရာစိတ်နှင့် ၎င်း၌ရှိသော ဝေဒနာ, သညာ)။ အချို့သော သင်္ခါရက္ခန္ဓာသည် ဂန္ထလည်း မည်၍ ဂန္ထ၏ အာရုံလည်း ဖြစ်၏ (လောဘ, ဒေါသ, ဒိဋ္ဌိ)၊ အချို့သော သင်္ခါရက္ခန္ဓာသည် ဂန္ထ၏ အာရုံသာဖြစ်၍ ဂန္ထမမည်ချေ (ဂန္ထတရားကိုယ်ကြဉ်သည့် လောကီစိတ်တို့၌ ရှိသော သင်္ခါရက္ခန္ဓာ)။

ဒုက်မုတ်

အချို့သော သင်္ခါရက္ခန္ဓာကို ဂန္ထလည်းမည်၍ ဂန္ထ၏ အာရုံလည်းဖြစ်၏ဟူ၍လည်းကောင်း၊ ဂန္ထ၏ အာရုံသာဖြစ်၍ ဂန္ထမမည်ဟူ၍လည်းကောင်း မဆိုအပ်ချေ (လောကုတ္တရာ သင်္ခါရက္ခန္ဓာ)။ (ဏီ-၁၄၉၆)

--

(၃၀) ဂန္ထ ဂန္ထသမ္ပယုတ္တဒုက်

ရူပက္ခန္ဓာကို ဂန္ထလည်းမည်၍ ဂန္ထနှင့်လည်းယှဉ်၏ဟူ၍လည်းကောင်း၊ ဂန္ထနှင့်သာ ယှဉ်၍ ဂန္ထမမည်ဟူ၍လည်းကောင်း မဆိုအပ်ချေ။ (ဝေဒနာ, သညာ, ဝိညာဉ်) ခန္ဓာသုံးပါးတို့ကို ဂန္ထလည်းမည်၍ ဂန္ထနှင့်လည်း ယှဉ်ကုန်၏ဟု မဆို အပ်ကုန်။ အချို့သော (ဝေဒနာ, သညာ, ဝိညာဉ်) ခန္ဓာသုံးပါးတို့သည် ဂန္ထနှင့် (လောဘ, ဒေါသ, ဒိဋ္ဌိတို့နှင်) သာ ယှဉ်၍ ဂန္ထမမည်ကုန် (လောဘမူ, ဒေါသမူစိတ်နှင့် ၎င်းတို့၌ရှိသော ဝေဒနာ, သညာ)။

ဒုက်မုတ်

အချို့သော (ဝေဒနာ, သညာ, ဝိညာဉ်) ခန္ဓာသုံးပါးတို့ကို ဂန္ထနှင့်သာယှဉ်၍ ဂန္ထမမည်ဟု မဆိုအပ်ကုန် (လောဘမူ, ဒေါသမူစိတ်တို့ကြဉ်သည့် ကြွင်းသော စိတ်တို့၌ရှိသော ဝေဒနာ, သညာ, ဝိညာဉ်)။ အချို့သော သင်္ခါရက္ခန္ဓာသည် ဂန္ထလည်း မည်၍ ဂန္ထနှင့်လည်း ယှဉ်၏ (ဒိဋ္ဌိဂတသမ္ပယုတ်စိတ် ၄ ခု ၌ ရှိသော လောဘ, ဒိဋ္ဌိ)။ အချို့သော သင်္ခါရက္ခန္ဓာသည် ဂန္ထနှင့်သာ ယှဉ်၍ ဂန္ထ မမည်ချေ (ဂန္ထတရားကိုယ်ကြဉ်သည့် လောဘမူ, ဒေါသမူစိတ်တို့ ၌ရှိသော သင်္ခါရက္ခန္ဓာ)။

ဒုက်မုတ်

အချို့သော သင်္ခါရက္ခန္ဓာကို ဂန္ထလည်းမည်၍ ဂန္ထနှင့်လည်းယှဉ်၏ဟူ၍လည်းကောင်း၊ ဂန္ထနှင့်သာယှဉ်၍ ဂန္ထမမည်ဟူ၍လည်းကောင်း မဆိုအပ်ချေ (ဂန္ထနှင့်မယှဉ်သော သင်္ခါရက္ခန္ဓာ= ဒိဋ္ဌိဂတဝိပ္ပယုတ်စိတ် ၄-ခု၌ရှိသော လောဘ, ဒေါသမူဒွေး၌ရှိသော ဒေါသ၊ လောဘမူ, ဒေါသမူစိတ်တို့ ကြဉ်သည့် ကြွင်းသော စိတ်တို့၌ရှိသော သင်္ခါရက္ခန္ဓာ)။ (ဏီ-၁၄၉၈)

(၃၁) ဂန္ထဝိပ္ပယုတ္တဂန္ထနိယဒုက်

ရူပက္ခန္ဓာသည် ဂန္ထနှင့် မယှဉ်မူ၍ ဂန္ထ၏အာရုံသာ ဖြစ်၏။ အချို့သော နာမ်ခန္ဓာလေးပါးတို့သည် ဂန္ထနှင့် (လောဘ, ဒေါသ, ဒိဋ္ဌိတို့နှင့်) မယှဉ်မူ၍ ဂန္ထ၏ အာရုံ သာ ဖြစ်ကုန်၏ (ဒိဋ္ဌိဂတဝိပ္ပယုတ်စိတ် ၄-ခု၌ရှိသော လောဘ, ဒေါသမူဒွေး၌ရှိသော ဒေါသ၊ လောဘမူ, ဒေါသမူ ကြဉ်သော လောကီစိတ္တုပ္ပါဒ် နာမ်ခန္ဓာလေးပါး)။ အချို့သော နာမ်ခန္ဓာလေးပါးတို့သည် ဂန္ထနှင့်လည်း မယှဉ်မူ၍ ဂန္ထ၏အာရုံလည်း မဟုတ်ကုန် (လောကုတ္တရာနာမ်ခန္ဓာလေးပါး)။

ဒုက်မုတ်

အချို့သော နာမ်ခန္ဓာလေးပါးတို့ကို ဂန္ထနှင့် (လောဘ, ဒေါသ, ဒိဋ္ဌိတို့နှင့်) မယှဉ်မူ၍ ဂန္ထ၏ အာရုံသာ ဖြစ်ကုန်၏ဟူ၍လည်းကောင်း၊ ဂန္ထနှင့်လည်းမယှဉ်မူ၍ ဂန္ထ၏အာရုံလည်း မဖြစ်ကုန်ဟူ၍လည်းကောင်း မဆိုအပ်ကုန် ((ဒိဋ္ဌိဂတဝိပ္ပယုတ်စိတ် ၄-ခု၌ရှိသော လောဘနှင့် ဒေါသမူဒွေး၌ ရှိသော ဒေါသကြဉ်သည့် လောဘမူ, ဒေါသမူ နာမ်ခန္ဓာလေးပါး= ဂန္ထနှင့်ယှဉ်သော နာမ်ခန္ဓာလေးပါး)။ (ဏီ-၁၅၀၀)

(ဂန္ထဂေါစ္ဆကဒုက် ၆-ခု အဖြေ ဝိသဇ္ဇာနာ ပြီး၏)။

--

(၆-ဩဃဂေါစ္ဆကဒုက် ၆-ခုအဖြေ ဝိသဇ္ဇနာ)

(၃၂)-(၃၇)။ (ရုပ်, ဝေဒနာ, သညာ, ဝိညာဉ်) ခန္ဓာလေးပါးတို့သည် (သတ္တဝါတို့ကို ဝဋ်ဆင်းရဲ၌) နစ်မြုပ်စေတတ်သော ‘ဩဃ'မမည်ကုန်။ပ။**၁

(၇-ယောဂဂေါစ္ဆကဒုက် ၆-ခု အဖြေ ဝိသဇ္ဇနာ)

(၃၈)-(၄၃)။ (ရုပ်, ဝေဒနာ, သညာ, ဝိညာဉ်) ခန္ဓာလေးပါးတို့သည် (သတ္တဝါတို့ကို ဝဋ်ဆင်းရဲ၌) ယှဉ်စေတတ်သော ‘ယောဂ’ မမည်ကုန်။ပ။

၁။ ** ဩဃဂေါစ္ဆကနှင့် ယောဂဂေါစ္ဆကဒုက်တို့သည် အာသဝဂေါစ္ဆကဒုက်နှင့် အလုံးစုံတူသည်၊ ထို့ကြောင့် ထိုဂေါစ္ဆကတို့၏ အဖွင့်အကျယ်ကို ပေယျာလချန်ထားခြင်းဖြစ်သည်၊ အာသဝဂေါစ္ဆကကဲ့သို့ အကျယ်ချဲ့၍ သိပါလေ။

(၈-နီဝရဏဂေါစ္ဆကဒုက် ၆-ခု အဖြေ ဝိသဇ္ဇနာ)

(၄၄) နီဝရဏဒုက်

(ရုပ်, ဝေဒနာ, သညာ, ဝိညာဉ် ခန္ဓာလေးပါးတို့သည်) (ဈာန်, မဂ်, ဖိုလ်တရားတို့ကို) ပိတ်ပင်တားဆီးတတ်သော ‘နီဝရဏ ‘မမည်ကုန်။ အချို့သော သင်္ခါရက္ခန္ဓာသည် နီဝရဏမည်၏ (လောဘ, ဒေါသ, မောဟ, ထိန, မိဒ္ဓ, ဥဒ္ဓစ္စ, ကုက္ကုစ္စ, ဝိစိကိစ္ဆာ)၊ အချို့သော သင်္ခါရက္ခန္ဓာသည် နီဝရဏမမည်ချေ (ကြွင်းသင်္ခါရက္ခန္ဓာများ)။

(၄၅) နီဝရဏိယဒုက်

ရူပက္ခန္ဓာသည် နီဝရဏ၏ အာရုံဖြစ်၏။ အချို့သော နာမ်ခန္ဓာလေးပါးတို့သည် နီဝရဏ၏ အာရုံဖြစ်ကုန်၏ (လောကီစိတ္တုပ္ပါဒ်များ)။ အချို့ သော နာမ်ခန္ဓာလေးပါးတို့သည် နီဝရဏ၏ အာရုံမဟုတ်ကုန် (လောကုတ္တရာစိတ္တုပ္ပါဒ်များ)။

(၄၆) နီဝရဏသမ္ပယုတ္တဒုက်

ရူပက္ခန္ဓာသည် နီဝရဏနှင့် မယှဉ်ချေ။ အချို့သော နာမ်ခန္ဓာလေးပါးတို့သည် နီဝရဏနှင့် ယှဉ်ကုန်၏ (အကုသိုလ်စိတ္တုပ္ပါဒ်)၊ အချို့သော နာမ်ခန္ဓာလေးပါးတို့သည် နီဝရဏနှင့် မယှဉ်ကုန်။

(၄၇) နီဝရဏ နီဝရဏိယဒုက်

ရူပက္ခန္ဓာကို နီဝရဏလည်းမည်၍ နီဝရဏ၏ အာရုံလည်းဖြစ်၏ဟု မဆိုအပ်ချေ၊ ရူပက္ခန္ဓာသည် နီဝရဏ၏အာရုံသာဖြစ်၍ နီဝရဏ မမည်ချေ။ (ဝေဒနာ, သညာ, ဝိညာဉ်) နာမ်ခန္ဓာသုံးပါးတို့ကို နီဝရဏလည်းမည်၍ နီဝရဏ၏အာရုံလည်းဖြစ်၏ဟု မဆိုအပ်ကုန်။ အချို့သော (ဝေဒနာ, သညာ, ဝိညာဉ်) နာမ်ခန္ဓာသုံးပါးတို့သည် နီဝရဏ၏ အာရုံသာဖြစ်၍ နီဝရဏ မမည်ကုန် (လောကီစိတ်တို့နှင့် ၎င်းတို့၌ရှိသော ဝေဒနာ, သညာ, ဝိညာဉ်)။

ဒုက်မုတ်

အချို့သော (ဝေဒနာ, သညာ, ဝိညာဉ်) နာမ်ခန္ဓာသုံးပါးတို့ကို နီဝရဏ၏ အာရုံသာ ဖြစ်၍ နီဝရဏမမည်ဟု မဆိုအပ်ကုန် (နီဝရဏ၏အာရုံမဟုတ်သော လောကုတ္တရာစိတ်နှင့် ၎င်းတို့ ၌ရှိသော ဝေဒနာ, သညာ, ဝိညာဉ်)။ အချို့သော သင်္ခါရက္ခန္ဓာသည် နီဝရဏလည်း မည်၍ နီဝရဏ၏အာရုံလည်း ဖြစ်၏ (နီဝရဏ တရားကိုယ် ရှစ်ပါး= လောဘ, ဒေါသ, မောဟ, ထိန, မိဒ္ဓ, ဥဒ္ဓစ္စ, ကုက္ကုစ္စ, ဝိစိကိစ္ဆာ)၊ အချို့သော သင်္ခါရက္ခန္ဓာသည် နီဝရဏ၏ အာရုံသာဖြစ်၍ နီဝရဏမမည်ချေ (နီဝရဏတရား ကိုယ်ကြဉ်သော လောကီ သင်္ခါရက္ခန္ဓာ)။

--

ဒုက်မုတ်

အချို့သော သင်္ခါရက္ခန္ဓာကို နီဝရဏလည်း မည်၍ နီဝရဏ၏ အာရုံလည်းဖြစ်၏ဟူ၍ လည်းကောင်း၊ နီဝရဏ၏အာရုံသာဖြစ်၍ နီဝရဏမမည်ဟူ၍လည်းကောင်း မဆိုအပ်ချေ (လောကုတ္တရာသင်္ခါရက္ခန္ဓာ)။ (ဏီ-၁၅၁၀)

(၄၈) နီဝရဏ နီဝရဏသမ္ပယုတ္တဒုက်

ရူပက္ခန္ဓာကို နီဝရဏလည်းမည်၍ နီဝရဏနှင့်လည်းယှဉ်၏ဟူ၍လည်းကောင်း၊ နီဝရဏနှင့်သာ ယှဉ်၍ နီဝရဏမမည်ဟူ၍လည်းကောင်း မဆိုအပ်ချေ။ (ဝေဒနာ, သညာ, ဝိညာဉ်) နာမ်ခန္ဓာသုံးပါးတို့ကို နီဝရဏလည်းမည်၍ နီဝရဏနှင့်လည်းယှဉ်၏ဟု မဆိုအပ်ကုန်။ အချို့သော (ဝေဒနာ, သညာ, ဝိညာဉ်) နာမ်ခန္ဓာသုံးပါးတို့သည် နီဝရဏနှင့်သာယှဉ်၍ နီဝရဏ မမည်ကုန်။ (အကုသိုလ်စိတ်နှင့် ၎င်းတို့၌ရှိသော ဝေဒနာ, သညာ)။

ဒုက်မုတ်

အချို့သော (ဝေဒနာ, သညာ, ဝိညာဉ်) နာမ်ခန္ဓာသုံးပါးတို့ကို နီဝရဏနှင့်သာယှဉ်၍ နီဝရဏ မမည်ဟု မဆိုအပ်ကုန် (ကုသိုလ်, ဝိပါက်, ကြိယာစိတ်တို့၌ ရှိသော ဝေဒနာ, သညာ, ဝိညာဉ်)။ အချို့သော သင်္ခါရက္ခန္ဓာသည် နီဝရဏလည်း မည်၍ နီဝရဏနှင့်လည်း ယှဉ်၏ (နီဝရဏတရား ကိုယ် ၈-ပါး)၊ အချို့သော သင်္ခါရက္ခန္ဓာသည် နီဝရဏနှင့်သာယှဉ်၍ နီဝရဏမမည်ချေ (နီဝရဏတရား ကိုယ် ၈-ပါး ကြဉ်သော အကုသိုလ်စိတ်၌ရှိသော သင်္ခါရက္ခန္ဓာ)။

ဒုက်မုတ်

အချို့သော သင်္ခါရက္ခန္ဓာကို နီဝရဏလည်း မည်၍ နီဝရဏနှင့်လည်း ယှဉ်၏ဟူ၍ လည်းကောင်း၊ နီဝရဏနှင့် သာယှဉ်၍ နီဝရဏမမည်ဟူ၍လည်းကောင်း မဆိုအပ်ချေ (နီဝရဏနှင့် မယှဉ်သော သင်္ခါရက္ခန္ဓာ = ကုသိုလ်, ဝိပါက်, ကြိယာစိတ်တို့၌ရှိသော သင်္ခါရက္ခန္ဓာ)။ (ဏီ-၁၅၁၂)

(၄၉) နီဝရဏဝိပ္ပယုတ္တနီဝရဏိယဒုက်

ရူပက္ခန္ဓာသည် နီဝရဏနှင့် မယှဉ်မူ၍ နီဝရဏ၏ အာရုံသာ ဖြစ်၏။ အချို့သော နာမ်ခန္ဓာလေးပါးတို့သည် နီဝရဏနှင့် မယှဉ်မူ၍ နီဝရဏ၏ အာရုံသာဖြစ်ကုန်၏ (လောကီကုသိုလ်, ဝိပါက်, ကြိယာစိတ္တုပ္ပါဒ် နာမ်ခန္ဓာလေးပါး)၊ အချို့သော နာမ်ခန္ဓာလေးပါးတို့သည် နီဝရဏနှင့်လည်း မယှဉ်မူ၍ နီဝရဏ၏ အာရုံလည်း မဖြစ်ကုန် (လောကုတ္တရာနာမ်ခန္ဓာလေးပါး)။

ဒုက်မုတ်

အချို့သော နာမ်ခန္ဓာလေးပါးတို့ကို နီဝရဏနှင့်မယှဉ်မူ၍ နီဝရဏ၏ အာရုံသာ ဖြစ်၏ဟူ၍ လည်းကောင်း၊ နီဝရဏနှင့်လည်း မယှဉ်မူ၍ နီဝရဏ၏ အာရုံလည်း မဖြစ်ဟူ၍လည်း ကောင်း မဆိုအပ်ကုန် (အကုသိုလ်စိတ္တုပ္ပါဒ်= နီဝရဏနှင့်ယှဉ်သော နာမ်ခန္ဓာလေးပါး)။ (ဏီ-၁၅၁၄)

(နီဝရဏဂေါစ္ဆကဒုက် ၆-ခု အဖြေ ဝိသဇ္ဇနာ ပြီး၏)။

--

(၉-ပရာမာသဂေါစ္ဆကဒုက် ၅-ခု အဖြေ ဝိသဇ္ဇနာ)

(၅၀) ပရာမာသဒုက်

(ရုပ်, ဝေဒနာ, သညာ, ဝိညာဉ်) ခန္ဓာလေးပါးတို့သည် မှားသောအားဖြင့် သုံးသပ်မှု ‘ပရာမာသ’ (ဒိဋ္ဌိ) မမည်ကုန်။ အချို့သော သင်္ခါရက္ခန္ဓာသည် ပရာမာသမည်၏ (ဒိဋ္ဌိ)၊ အချို့သော သင်္ခါရက္ခန္ဓာသည် ပရာမာသ မမည်ချေ။

(၅၁) ပရာမဋ္ဌဒုက်

ရူပက္ခန္ဓာသည် ပရာမာသ၏ (ဒိဋ္ဌိ၏) အာရုံဖြစ်၏။ အချို့သော နာမ်ခန္ဓာလေးပါးတို့သည် ပရာမာသ၏ (ဒိဋ္ဌိ၏) အာရုံဖြစ်ကုန်၏ (လောကီနာမ်ခန္ဓာ လေးပါး)၊ အချို့သော နာမ်ခန္ဓာလေးပါးတို့သည် ပရာမာသ၏ အာရုံ မဖြစ်ကုန် (လောကုတ္တရာနာမ်ခန္ဓာ လေးပါး)။

(၅၂) ပရာမာသသမ္ပယုတ္တဒုက်

ရူပက္ခန္ဓာသည် ပရာမာသနှင့် (ဒိဋ္ဌိနှင့်) မယှဉ်ချေ။ အချို့သော (ဝေဒနာ, သညာ, ဝိညာဉ်) ခန္ဓာသုံးပါးတို့သည် ပရာမာသနှင့် (ဒိဋ္ဌိနှင့်) ယှဉ်ကုန်၏ (ဒိဋ္ဌိဂတ သမ္ပယုတ်စိတ် ၄-ခု၌ရှိသော ဝေဒနာ, သညာ, ဝိညာဉ်)၊ အချို့သော (ဝေဒနာ, သညာ, ဝိညာဉ်) ခန္ဓာသုံးပါးတို့သည် ပရာမာသနှင့် (ဒိဋ္ဌိနှင့်) မယှဉ်ကုန်။ အချို့သော သင်္ခါရက္ခန္ဓာသည် ပရာမာသနှင့် (ဒိဋ္ဌိနှင့်) ယှဉ်၏ (ဒိဋ္ဌိကြဉ်သည့် ဒိဋ္ဌိဂတသမ္ပယုတ်စိတ် ၄-ခု၌ ရှိသော သင်္ခါရက္ခန္ဓာ)၊ အချို့သော သင်္ခါရက္ခန္ဓာသည် ပရာမာသနှင့် မယှဉ်ချေ။ (ဏီ-၁၅၁၉, ၁၅၂၀)

ဒုက်မုတ်

အချို့သော သင်္ခါရက္ခန္ဓာကို ပရာမာသနှင့် ယှဉ်၏ဟူ၍လည်းကောင်း၊ ပရာမာသနှင့် မယှဉ်ဟူ၍လည်းကောင်း မဆိုအပ်ချေ (ဒိဋ္ဌိ)။ (ဏီ-၁၅၂၀)

(၅၃) ပရာမာသ ပရာမဋ္ဌဒုက်

ရူပက္ခန္ဓာကို ပရာမာသလည်း မည်၍ ပရာမာသ၏ အာရုံလည်း ဖြစ်၏ဟု မဆိုအပ်ချေ၊ ရူပက္ခန္ဓာသည် ပရာမာသ၏ (ဒိဋ္ဌိ၏) အာရုံသာဖြစ်၍ ပရာမာသ မမည်ချေ။ (ဝေဒနာ, သညာ, ဝိညာဉ်) ခန္ဓာသုံးပါးတို့ကို ပရာမာသလည်းမည်၍ ပရာမာသ၏ အာရုံလည်း ဖြစ်၏ဟု မဆိုအပ်ကုန်။ အချို့သော (ဝေဒနာ, သညာ, ဝိညာဉ်) ခန္ဓာသုံးပါးတို့သည် ပရာမာသ၏ အာရုံသာဖြစ်၍ ပရာမာသ မမည်ကုန် (လောကီစိတ်တို့၌ရှိသော ဝေဒနာ, သညာ, ဝိညာဉ်)။

ဒုက်မုတ်

အချို့သော (ဝေဒနာ, သညာ, ဝိညာဉ်) ခန္ဓာသုံးပါးတို့ကို ပရာမာသ၏ အာရုံသာဖြစ်၍ ပရာမာသ မမည်ဟု မဆိုအပ်ကုန် (လောကုတ္တရာစိတ်, ၎င်းနှင့်ယှဉ်သော ဝေဒနာ, သညာ)။ အချို့သော သင်္ခါရက္ခန္ဓာသည် ပရာမာသလည်း မည်၍ ပရာမာသ၏ အာရုံလည်း ဖြစ်၏ (ဒိဋ္ဌိ)၊ အချို့သော သင်္ခါရက္ခန္ဓာသည် ပရာမာသ၏ အာရုံသာဖြစ်၍ ပရာမာသ မမည်ချေ (ဒိဋ္ဌိကြဉ်သော လောကီ သင်္ခါရက္ခန္ဓာ)။

ဒုက်မုတ်

အချို့သော သင်္ခါရက္ခန္ဓာကို ပရာမာသလည်း မည်၍ ပရာမာသ၏ အာရုံလည်း ဖြစ်၏ဟူ၍ လည်းကောင်း၊ ပရာမာသ၏ အာရုံသာ ဖြစ်၍ ပရာမာသ မမည်ဟူ၍လည်းကောင်း မဆိုအပ်ချေ။ (လောကုတ္တရာစိတ်၌ရှိသော သင်္ခါရက္ခန္ဓာ)။ (ဏီ-၁၅၂၂)

--

(၅၄) ပရာမာသဝိပ္ပယုတ္တပရာမဋ္ဌဒုက်

ရူပက္ခန္ဓာသည် ပရာမာသနှင့် (ဒိဋ္ဌိနှင့်) မယှဉ်မူ၍ ပရာမာသ၏ (ဒိဋ္ဌိ၏) အာရုံသာ ဖြစ်၏။ အချို့သော နာမ်ခန္ဓာလေးပါးတို့သည် ပရာမာသနှင့် (ဒိဋ္ဌိနှင့်) မယှဉ်မူ၍ ပရာမာသ၏ အာရုံသာ ဖြစ်ကုန်၏ (ဒိဋ္ဌိဂတဝိပ္ပယုတ်စိတ် ၄-ခု, ဒေါသမူဒွေး, မောဟမူဒွေး, လောကီကုသိုလ်, ဝိပါက်, ကြိယာ့နာမ်ခန္ဓာ လေးပါး)၊ အချို့သော နာမ်ခန္ဓာလေးပါးတို့သည် ပရာမာသနှင့်လည်း မယှဉ်မူ၍ ပရာမာသ၏ အာရုံလည်း မဟုတ်ကုန် (လောကုတ္တရာနာမ်ခန္ဓာလေးပါး)။

ဒုက်မုတ်

အချို့သော နာမ်ခန္ဓာလေးပါးတို့ကို ပရာမာသနှင့် မယှဉ်မူ၍ ပရာမသ၏အာရုံသာဖြစ်၏ဟူ၍လည်းကောင်း၊ ပရာမာသနှင့်လည်း မယှဉ်မူ၍ ပရာမာသ၏အာရုံလည်း မဖြစ်ဟူ၍ လည်းကောင်း မဆိုအပ်ကုန် (ဒိဋ္ဌိ, ဒိဋ္ဌိနှင့်ယှဉ်သော နာမ်ခန္ဓာလေးပါး)။ (ဏီ-၁၅၂၄)

(ပရာမာသဂေါစ္ဆကဒုက် ၅-ခု အဖြေဝိသဇ္ဇနာ ပြီး၏)။

(၁၀-မဟန္တရဒုက် ၁၄-ခု အဖြေ ဝိသဇ္ဇနာ)

(၅၅) သာရမ္မဏဒုက်

ရူပက္ခန္ဓာသည် အာရုံပြုတတ်သော သဘောမရှိ (အာရုံမပြုတတ်ချေ) (အနာရမ္မဏ)၊ နာမ်ခန္ဓာလေးပါးတို့သည် အာရုံပြုတတ်ကုန်၏ (သာရမ္မဏ)။

(၅၆) စိတ္တဒုက်

ဝိညာဏက္ခန္ဓာသည် စိတ်မည်၏၊ (ကြွင်းသော) ခန္ဓာလေးပါးတို့သည် စိတ်မမည်ကုန်။

(၅၇) စေတသိကဒုက်

(ဝေဒနာ, သညာ, သင်္ခါရ) ခန္ဓာသုံးပါးတို့သည် စေတသိက်မည်ကုန်၏၊ (ရုပ်, ဝိညာဉ်) ခန္ဓာနှစ်ပါးတို့သည် စေတသိက် မမည်ကုန်။

(၅၈) စိတ္တသမ္ပယုတ္တဒုက်

(ဝေဒနာ, သညာ, သင်္ခါရ) ခန္ဓာသုံးပါးတို့သည် စိတ်နှင့်ယှဉ်ကုန်၏။ ရူပက္ခန္ဓာသည် စိတ်နှင့်မယှဉ်ချေ။

ဒုက်မုတ်

ဝိညာဏက္ခန္ဓာကို စိတ်နှင့် ယှဉ်ဟူ၍လည်းကောင်း၊ စိတ်နှင့် မယှဉ်ဟူ၍လည်းကောင်း မဆိုအပ်ချေ။ (ဏီ-၁၅၃၂)

(၅၉) စိတ္တသံသဋ္ဌဒုက်

(ဝေဒနာ, သညာ, သင်္ခါရက္ခန္ဓာ) ခန္ဓာသုံးပါးတို့သည် စိတ်နှင့်ရောနှော (ယှဉ်တွဲ) ကုန်၏၊ ရူပက္ခန္ဓာသည် စိတ်နှင့်မရောနှော (မယှဉ်)။

ဒုက်မုတ်

ဝိညာဏက္ခန္ဓာကို စိတ်နှင့် ရောနှော၏ဟူ၍လည်းကောင်း၊ စိတ်နှင့် မရောနှောဟူ၍ လည်းကောင်း မဆိုအပ်ချေ။ (ဏီ-၁၅၃၄)

--

(၆၀) စိတ္တသမုဋ္ဌာနဒုက်

(ဝေဒနာ, သညာ, သင်္ခါရက္ခန္ဓာ) ခန္ဓာသုံးပါးတို့သည် စိတ်ကြောင့် ဖြစ်ကုန်၏၊ ဝိညာဏက္ခန္ဓာသည် စိတ်ကြောင့် မဖြစ်။ အချို့သော ရူပက္ခန္ဓာသည် စိတ်ကြောင့် ဖြစ်၏ (စိတ္တဇရုပ်)၊ အချို့သော ရူက္ခခန္ဓာသည် စိတ်ကြောင့် မဖြစ် (စိတ္တဇရုပ်မှ တစ်ပါးသော တိဇရုပ်)။

(၆၁) စိတ္တသဟဘုဒုက်

(ဝေဒနာ, သညာ, သင်္ခါရက္ခန္ဓာ) ခန္ဓာသုံးပါးတို့သည် စိတ်နှင့်တကွ ဖြစ်ကုန်၏ (စိတ်နှင့် အတူဖြစ် အတူပျက် ဖြစ်ကုန်၏)၊ ဝိညာဏက္ခန္ဓာသည် စိတ်နှင့် တကွမဖြစ် (ဝိညာဏက္ခန္ဓာကို စိတ်နှင့် အတူဖြစ် အတူပျက်ဟု မဆိုအပ်ချေ)။ အချို့သော ရူပက္ခန္ဓာသည် စိတ်နှင့်တကွဖြစ်၏ (စိတ်နှင့်အတူဖြစ် အတူပျက်ဖြစ်၏) (ဝိညတ်ဒွေး)၊ အချို့သော ရူပက္ခန္ဓာသည် စိတ်နှင့် တကွမဖြစ် (စိတ်နှင့် အတူဖြစ် အတူပျက် မဟုတ်ချေ) (ဝိညတ်ဒွေးကြဉ်သည့် ကြွင်းသောရုပ် ၂၆-ပါး)။

(၆၂) စိတ္တာနုပရိဝတ္တိဒုက်

(ဝေဒနာ, သညာ, သင်္ခါရက္ခန္ဓာ) ခန္ဓာသုံးပါးတို့သည် စိတ်သို့အစဉ်လိုက်၍ ဖြစ်ကုန်၏ (စိတ်နှင့် အတူဖြစ် အတူပျက် ဖြစ်ကုန်၏)၊ ဝိညာဏက္ခန္ဓာ သည် စိတ်သို့ အစဉ်လိုက်၍ မဖြစ်။ အချို့သော ရူပက္ခန္ဓာသည် စိတ်သို့ အစဉ်လိုက်၍ ဖြစ်၏ (စိတ်နှင့် အတူဖြစ် အတူပျက် ဖြစ်၏) (ဝိညာတ်ဒွေး)၊ အချို့သော ရူပက္ခန္ဓာသည် စိတ်သို့အစဉ်လိုက်၍ မဖြစ် (စိတ်နှင့် အတူဖြစ် အတူပျက် မဟုတ်ချေ)။

(၆၃) စိတ္တသံသဋ္ဌသမုဋ္ဌာနဒုက်

(ဝေဒနာ, သညာ, သင်္ခါရက္ခန္ဓာ) ခန္ဓာသုံးပါးတို့သည် စိတ်နှင့်လည်း ရောနှော၍ (ယှဉ်၍) စိတ်ကြောင့်လည်း ဖြစ်ကုန်၏၊ (ရုပ်, ဝိညာဉ်) ခန္ဓာနှစ်ပါးတို့သည် စိတ်နှင့်လည်း မရောနှောမူ၍ စိတ်ကြောင့်လည်း မဖြစ်ကုန်။

(၆၄) စိတ္တသံသဋ္ဌသမုဋ္ဌာနသဟဘုဒုက်

(ဝေဒနာ, သညာ, သင်္ခါရက္ခန္ဓာ) ခန္ဓာသုံးပါးတို့သည် စိတ်နှင့်လည်း ရောနှော၍ (ယှဉ်၍) စိတ်ကြောင့်လည်း ဖြစ်၍ စိတ်နှင့်လည်း တကွ (စိတ်နှင့်လည်း အတူဖြစ် အတူပျက်) ဖြစ်ကုန်၏။ (ရုပ်, ဝိညာဉ်) ခန္ဓာနှစ်ပါးတို့သည် စိတ်နှင့်လည်း မရောနှောမူ၍ (မယှဉ်မူ၍) စိတ်ကြောင့်လည်း မဖြစ်မူ၍ စိတ်နှင့်လည်း တကွ မဖြစ်ကုန်။

(၆၅) စိတ္တသံသဋ္ဌသမုဋ္ဌာနာနုပရိဝတ္တိုဒုက်

(ဝေဒနာ, သညာ, သင်္ခါရက္ခန္ဓာ) ခန္ဓာသုံးပါးတို့သည် စိတ်နှင့်လည်း ရောနှော၍ (ယှဉ်၍) စိတ်ကြောင့်လည်း ဖြစ်၍ စိတ်သို့လည်း အစဉ်လိုက်၍ (စိတ်နှင့်လည်း အတူဖြစ် အတူပျက်) ဖြစ်ကုန်၏။ (ရုပ်, ဝိညာဉ်) ခန္ဓာနှစ်ပါးတို့သည် စိတ်နှင့်လည်း မရောနှောမူ၍ စိတ်ကြောင့်လည်း မဖြစ်မူ၍ စိတ်သို့လည်း အစဉ်လိုက်၍ မဖြစ်ကုန်။

(၆၆) အဇ္ဈတ္တိကဒုက်

ဝိညာဏက္ခန္ဓာသည် အတွင်း ‘အဇ္ဈတ္တ'သန္တာန်၁၌ ဖြစ်၏။ (ဝေဒနာ, သညာ, သင်္ခါရက္ခန္ဓာ) ခန္ဓာသုံးပါးတို့သည် အပ ‘ဗဟိဒ္ဓ'သန္တာန်၌၂ ဖြစ်ကုန်၏။ အချို့သော ရူပက္ခန္ဓာသည် အတွင်း ‘အဇ္ဈတ္တ'သန္တာန်၌ ဖြစ်၏ (ပသာဒရုပ် ၅-ပါး)၊ အချို့သော ရူပက္ခန္ဓာသည် အပ ‘ဗဟိဒ္ဓ'သန္တာန်၌ ဖြစ်၏ (ကြွင်းသောရုပ်များ)။ (ဏီ-၁၅၄၇-၁၅၄၈)

၁။ အာယတန ၁၂-ပါးကို အတွင်း (အိမ်သည်) အာယတန ၆-ပါး,

၂။ အပြင် (ဧည့်သည်) အာယတန ၆-ပါးအားဖြင့် ပိုင်းခြား၍ ဟောထားခြင်း ဖြစ်သည်။

--

(၆၇) ဥပါဒါဒုက်

နာမ်ခန္ဓာလေးပါးတို့သည် (မဟာဘုတ်လေးပါးကို) မှီ၍ မဖြစ်ကုန်။ အချို့သော ရူပက္ခန္ဓာသည် (မဟာဘုတ်လေးပါးကို မှီ၍ ဖြစ်၏ (ဥပါဒါရုပ်များ)၊ အချို့သော ရူပက္ခန္ဓာသည် (ဥပါဒါရုပ်တို့မှီသကဲ့သို့) မှီ၍ မဖြစ် (မဟာဘုတ်လေးပါး)။

(၆၈) ဥပါဒိဏ္ဏဒုက်

အချို့သော ခန္ဓာငါးပါးတို့သည် တဏှာဒိဋ္ဌိတို့ကပ်အပ်သောကံသည် အကျိုး၏ အဖြစ်ဖြင့် ယူအပ်ကုန်၏ (တဏှာဒိဋ္ဌိတို့အာရုံပြုအပ်သည့် ကံကြောင့် ဖြစ်ကုန်၏) (လောကီဝိပါက် နာမ်ခန္ဓာလေးပါးနှင့် ကမ္မဇရုပ်)၊ အချို့သော ခန္ဓာငါးပါးတို့သည် တဏှာဒိဋ္ဌိတို့ ကပ်အပ် သော ကံသည် အကျိုး၏အဖြစ်ဖြင့် မယူအပ်ကုန် (တဏှာဒိဋ္ဌိတို့ အာရုံပြုအပ်သည့် ကံကြောင့် မဖြစ်ကုန်) (ကြွင်းသော နာမက္ခန္ဓာနှင့် ကမ္မဇရုပ်မှ တစ်ပါးသော တိဇရုပ်များ)။

(မဟန္တရဒုက် ၁၄-ခု အဖြေဝိသဇ္ဇနာ ပြီး၏)။

(၁၁-ဥပါဒါနဂေါစ္ဆကဒုက် ၆-ခု အဖြေဝိသဇ္ဇနာ)

(၆၉) ဥပါဒါနဒုက်

(ရုပ်, ဝေဒနာ, သညာ, ဝိညာဉ်) ခန္ဓာလေးပါးတို့သည် ပြင်းစွာစွဲလမ်းတတ်သော သဘော ‘ဥပါဒါန်'မမည်ကုန်။ အချို့သော သင်္ခါရက္ခန္ဓာသည် ဥပါဒါန်မည်၏ (လောဘ, ဒိဋ္ဌိ)၊ အချို့သော သင်္ခါရက္ခန္ဓာသည် ဥပါဒါန် မမည်ချေ။

(၇၀) ဥပါဒါနိယဒုက်

ရူပက္ခန္ဓာသည်ဥပါဒါန်၏ (လောဘ, ဒိဋ္ဌိတို့၏) အာရုံဖြစ်၏။ အချို့သော နာမ်ခန္ဓာလေးပါးတို့သည် ဥပါဒါန်၏ (လောဘ, ဒိဋ္ဌိတို့၏) အာရုံဖြစ်ကုန်၏ (လောကီ စိတ္တုပ္ပါဒ် နာမ်ခန္ဓာလေးပါး)။ အချို့သော နာမ်ခန္ဓာလေးပါးတို့သည် ဥပါဒါန်၏ အာရုံမဖြစ်ကုန် (လောကုတ္တရာစိတ္တုပ္ပါဒ်)။

(၇၁) ဥပါဒါနသမ္ပယုတ္တဒုက်

ရူပက္ခန္ဓာသည် ဥပါဒါန်နှင့် (လောဘ, ဒိဋ္ဌိတို့နှင့်) မယှဉ်ချေ။ အချို့သော နာမ်ခန္ဓာလေးပါးတို့သည် ဥပါဒါန်နှင့်ယှဉ်ကုန်၏ (ဒိဋ္ဌိဂတဝိပ္ပယုတ်စိတ် ၄-ခု၌ရှိသော လောဘကြဉ်သည့် လောဘမူနာမ်ခန္ဓာလေးပါး)၊ အချို့သော နာမ်ခန္ဓာလေးပါးတို့သည် ဥပါဒါန်နှင့် မယှဉ် ကုန် (ကြွင်းသော စိတ္တုပ္ပါဒ်များနှင့် ဒိဋ္ဌိဂတဝိပ္ပယုတ်စိတ် ၄-ခု၌ရှိသော လောဘ)။ (ဏီ-၁၅၅၇-၁၅၅၈)

(၇၂) ဥပါဒါန ဥပါဒါနိယဒုက်

ရူပက္ခန္ဓာကို ဥပါဒါန်လည်း မည်၍ ဥပါဒါန်၏ အာရုံလည်းဖြစ်၏ဟု မဆိုအပ်ချေ၊ ရူပက္ခန္ဓာသည် ဥပါဒါန်၏ အာရုံသာဖြစ်၍ ဥပါဒါန် မမည်ချေ။ (ဝေဒနာ, သညာ, ဝိညာဉ်) ခန္ဓာသုံးပါးတို့ကို ဥပါဒါန်လည်း မည်၍ ဥပါဒါန်၏အာရုံလည်းဖြစ်၏ဟု မဆိုအပ်ကုန်။ အချို့သော (ဝေဒနာ, သညာ, ဝိညာဉ်) ခန္ဓာသုံးပါးတို့သည် ဥပါဒါန်၏ အာရုံသာဖြစ်၍ ဥပါဒါန် မမည်ကုန် (လောကီ စိတ်တို့၌ရှိသော ဝေဒနာ, သညာ, ဝိညာဉ်)။

--

ဒုက်မုတ်

အချို့သော (ဝေဒနာ, သညာ, ဝိညာဉ်) ခန္ဓာသုံးပါးတို့ကို ဥပါဒါန်၏ အာရုံသာဖြစ်၍ ဥပါဒါန် မမည်ဟု မဆိုအပ်ကုန် (လောကုတ္တရာ စိတ်, ၎င်းနှင့်ယှဉ်သော ဝေဒနာ, သညာ)။ အချို့သော သင်္ခါရက္ခန္ဓာသည် ဥပါဒါန်လည်း မည်၍ ဥပါဒါန်၏ အာရုံလည်း ဖြစ်၏ (လောဘ, ဒိဋ္ဌိ)၊ အချို့သော သင်္ခါရက္ခန္ဓာသည် ဥပါဒါန်၏ အာရုံသာ ဖြစ်၍ ဥပါဒါန်မမည်ချေ (လောဘ, ဒိဋ္ဌိကြဉ်သော လောကီ သင်္ခါရက္ခန္ဓာ)။

ဒုက်မုတ်

အချို့သော သင်္ခါရက္ခန္ဓာကို ဥပါဒါန်လည်းမည်၍ ဥပါဒါန်၏ အာရုံလည်း ဖြစ်၏ဟူ၍လည်း ကောင်း၊ ဥပါဒါန်၏ အာရုံသာဖြစ်၍ ဥပါဒါန်မမည်ဟူ၍လည်းကောင်း မဆိုအပ်ချေ (လောကုတ္တရာသင်္ခါရက္ခန္ဓာ)။ (ဏီ-၁၅၆၀)

(၇၃) ဥပါဒါန ဥပါဒါနသမ္ပယုတ္တဒုက်

ရူပက္ခန္ဓာကို ဥပါဒါန်လည်းမည်၍ ဥပါဒါန်နှင့်လည်းယှဉ်၏ဟူ၍လည်းကောင်း၊ ဥပါဒါန်နှင့် သာယှဉ်၍ ဥပါဒါန် မမည်ဟူ၍ လည်းကောင်း မဆိုအပ်ချေ။ (ဝေဒနာ, သညာ, ဝိညာဉ်) ခန္ဓာသုံးပါးတို့ကို ဥပါဒါန်လည်းမည်၍ ဥပါဒါန်နှင့်လည်းယှဉ်၏ဟု မဆို အပ်ကုန်။ အချို့သော (ဝေဒနာ, သညာ, ဝိညာဉ်) ခန္ဓာသုံးပါးတို့သည် ဥပါဒါန်နှင့်သာယှဉ်၍ (လောဘ, ဒိဋ္ဌိနှင့်သာ) ယှဉ်၍ ဥပါဒါန်မမည်ကုန် (လောဘမူစိတ်, ၎င်းနှင့်ယှဉ်သော ဝေဒနာ, သညာ)။

ဒုက်မုတ်

အချို့သော (ဝေဒနာ, သညာ, ဝိညာဉ်) ခန္ဓာသုံးပါးတို့ကို ဥပါဒါန်နှင့်သာ ယှဉ်၍ ဥပါဒါန် မမည်ဟု မဆိုအပ်ကုန် (ဥပါဒါန်နှင့်မယှဉ်သော ဝေဒနာ, သညာ, ဝိညာဉ်= ဒေါသမူ, မောဟမူ, ကုသိုလ်, ဝိပါက်, ကြိယာစိတ်တို့၌ရှိသော ဝေဒနာ, သညာ, ဝိညာဉ်)။ အချို့သော သင်္ခါရက္ခန္ဓာသည် ဥပါဒါန်လည်းမည်၍ ဥပါဒါန်နှင့်လည်းယှဉ်၏ (ဒိဋ္ဌိဂတသမ္ပယုတ် စိတ် ၄-ခု ၌ရှိသော လောဘ, ဒိဋ္ဌိ)။ အချို့သော သင်္ခါရက္ခန္ဓာသည် ဥပါဒါန်နှင့်သာယှဉ်၍ ဥပါဒါန်မမည်ချေ (လောဘ, ဒိဋ္ဌိကြဉ်သည့် လောဘမူ စိတ်၌ရှိသော သင်္ခါရက္ခန္ဓာ)။

ဒုက်မုတ်

အချို့သော သင်္ခါရက္ခန္ဓာကို ဥပါဒါန်လည်း မည်၍ ဥပါဒါန်နှင့်လည်း ယှဉ်၏ဟူ၍လည်း ကောင်း၊ ဥပါဒါန်နှင့်သာယှဉ်၍ ဥပါဒါန်လည်း မမည်ဟူ၍လည်းကောင်း မဆိုအပ်ချေ (ဥပါဒါန်နှင့်မယှဉ်သော သင်္ခါရက္ခန္ဓာ)။ (ဏီ-၁၅၅၈, ၁၅၆၂)

(၇၄) ဥပါဒါန ဝိပ္ပယုတ္တဥပါဒါနိယဒုက်

ရူပက္ခန္ဓာသည် ဥပါဒါန်နှင့် မယှဉ်မူ၍ ဥပါဒါန်၏ အာရုံသာ ဖြစ်၏။ အချို့သော နာမ်ခန္ဓာလေးပါးတို့သည် ဥပါဒါန်နှင့် မယှဉ်မူ၍ ဥပါဒါန်၏ အာရုံသာ ဖြစ်ကုန်၏ (ဒေါသမူဒွေး, မောဟမူဒွေး, လောကီကုသိုလ်, ဝိပါက်, ကြိယာစိတ္တုပ္ပါဒ် နာမ်ခန္ဓာလေးပါးနှင့် ဒိဋ္ဌိဂတ ဝိပ္ပယုတ် စိတ် ၄-ခု၌ရှိသော လောဘ)၊ အချို့သော နာမ်ခန္ဓာလေးပါးတို့သည် ဥပါဒါန်နှင့်လည်းမယှဉ်မူ၍ ဥပါဒါန်၏ အာရုံလည်း မဟုတ်ကုန် (လောကုတ္တရာနာမ်ခန္ဓာလေးပါး)။

ဒုက်မုတ်

အချို့သော နာမ်ခန္ဓာလေးပါးတို့ကို ဥပါဒါန်နှင့် မယှဉ်မူ၍ ဥပါဒါန်၏ အာရုံသာ ဖြစ်၏ဟူ၍ လည်းကောင်း၊ ဥပါဒါန်နှင့်လည်း မယှဉ်မူ၍ ဥပါဒါန်၏ အာရုံလည်း မဖြစ်ဟူ၍လည်းကောင်း မဆိုအပ်ကုန် (ဥပါဒါန်နှင့် ယှဉ်သော နာမ်ခန္ဓာလေးပါး= ဒိဋ္ဌိဂတဝိပ္ပယုတ်စိတ် ၄-ခု၌ရှိသော လောဘကြဉ် သည့် လောဘမူစိတ္တုပ္ပါဒ်)။ (ဏီ-၁၅၆၄)

(ဥပါဒါနဂေါစ္ဆကဒုက် ၆-ခု အဖြေဝိသဇ္ဇနာ ပြီး၏)။

--

(၁၂-ကိလေသဂေါစ္ဆကဒုက် ၈-ခု အဖြေဝိသဇ္ဇနာ)

(၇၅) ကိလေသဒုက်

(ရုပ်, ဝေဒနာ, သညာ, ဝိညာဉ်) ခန္ဓာလေးပါးတို့သည် ပူပန်စေတတ် နှိပ်စက် တတ် ညစ်နွမ်းစေတတ်သော ‘ကိလေသာ'မမည်ကုန်။ အချို့သော သင်္ခါရက္ခန္ဓာသည် ကိလေသာမည်၏ (လောဘ, ဒေါသ, မောဟ, မာန, ဒိဋ္ဌိ, ဝိစိကိစ္ဆာ, ထိန, ဥဒ္ဓစ္စ, အဟိရိက, အနောတ္တပ္ပ)၊ အချို့သော သင်္ခါရက္ခန္ဓာသည် ကိလေသာ မမည်ချေ (ကြွင်းသော သင်္ခါရက္ခန္ဓာ)။

(၇၆) သံကိလေသိကဒုက်

ရူပက္ခန္ဓာသည် ကိလေသာ၏ အာရုံဖြစ်၏။ အချို့သော နာမ်ခန္ဓာလေးပါးတို့သည် ကိလေသာ၏ အာရုံဖြစ်ကုန်၏ (လောကီနာမ်ခန္ဓာလေးပါး)၊ အချို့သော နာမ်ခန္ဓာလေးပါးတို့သည် ကိလေသာ၏ အာရုံမဟုတ်ကုန် (လောကုတ္တရာနာမ်ခန္ဓာလေးပါး)။

(၇၇) သံကိလိဋ္ဌဒုက်

ရူပက္ခန္ဓာသည် ကိလေသာတို့သည် မပူပန်စေအပ်သော တရားဖြစ်၏ (ကိလေသာနှင့် မယှဉ်)။ အချို့သော နာမ်ခန္ဓာလေးပါးတို့သည် ကိလေသာတို့သည် ပူပန်စေအပ်ကုန်၏ (ကိလေသာတို့နှင့် ယှဉ်ကုန်၏) (အကုသိုလ်စိတ္တုပ္ပါဒ်)၊ အချို့သော နာမ်ခန္ဓာလေးပါးတို့သည် ကိလေသာတို့သည် ပူပန်စေအပ် သော သဘော မရှိကုန် (ကိလေသာတို့နှင့် မယှဉ်ကုန်) (ကုသိုလ်, ဝိပါက်, ကြိယာ စိတ္တုပ္ပါဒ်)။

(၇၈) ကိလေသသမ္ပယုတ္တဒုက်

ရူပက္ခန္ဓာသည် ကိလေသာနှင့် မယှဉ်ချေ။ အချို့သော နာမ်ခန္ဓာလေးပါးတို့သည် ကိလေသာနှင့် ယှဉ်ကုန်၏ (အကုသိုလ်စိတ္တုပ္ပါဒ်)၊ အချို့သော နာမ်ခန္ဓာလေးပါးတို့သည် ကိလေသာနှင့် မယှဉ်ကုန်) (ကုသိုလ်, ဝိပါက်, ကြိယာ စိတ္တုပ္ပါဒ်များ)။

(၇၉) ကိလေသ သံကိလေသိကဒုက်

ရူပက္ခန္ဓာကို ကိလေသာလည်းမည်၍ ကိလေသာ၏ အာရုံလည်း ဖြစ်၏ဟု မဆိုအပ်ချေ၊ ရူပက္ခန္ဓာသည် ကိလေသာ၏ အာရုံသာ ဖြစ်၍ ကိလေသာ မမည်ချေ။ (ဝေဒနာ, သညာ, ဝိညာဉ်) ခန္ဓာသုံးပါးတို့ကို ကိလေသာလည်း မည်၍ ကိလေသာ၏ အာရုံလည်း ဖြစ်၏ဟု မဆိုအပ်ကုန်။ အချို့သော (ဝေဒနာ, သညာ, ဝိညာဉ်) ခန္ဓာသုံးပါးတို့သည် ကိလေသာ၏ အာရုံသာဖြစ်၍ ကိလေသာ မမည်ကုန် (လောကီကုသိုလ်, အကုသိုလ်, ဝိပါက်, ကြိယာစိတ်၊ ၎င်းတို့၌ရှိသော ဝေဒနာ, သညာ)။

ဒုက်မုတ်

အချို့သော (ဝေဒနာ, သညာ, ဝိညာဉ်) ခန္ဓာသုံးပါးတို့ကို ကိလေသာ၏ အာရုံသာဖြစ်၍ ကိလေသာ မမည်ဟု မဆိုအပ်ကုန် (လောကုတ္တရာစိတ်၌ရှိသော ဝေဒနာ, သညာ, ဝိညာဉ်)။ အချို့သော သင်္ခါရက္ခန္ဓာသည် ကိလေသာလည်း မည်၍ ကိလေသာ၏ အာရုံလည်းဖြစ်၏ (ကိလေသာတရားကိုယ် ၁၀-ပါး)၊ အချို့သော သင်္ခါရက္ခန္ဓာသည် ကိလေသာ၏ အာရုံသာဖြစ်၍ ကိလေသာ မမည်ချေ (ကိလေသာတရားကိုယ် ၁၀-ပါးကြဉ်သော လောကီစိတ်တို့၌ရှိသော သင်္ခါရက္ခန္ဓာ)။

ဒုက်မုတ်

အချို့သော သင်္ခါရက္ခန္ဓာကို ကိလေသာလည်းမည်၍ ကိလေသာ၏ အာရုံလည်းဖြစ်၏ဟူ၍ လည်းကောင်း၊ ကိလေသာ၏ အာရုံသာဖြစ်၍ ကိလေသာမမည်ဟူ၍လည်းကောင်း မဆိုအပ်ချေ (လောကုတ္တရာသင်္ခါရက္ခန္ဓာ)။ (ဏီ-၁၅၇၄)

--

(၈၀) ကိလေသ သံကိလိဋ္ဌဒုက်

ရူပက္ခန္ဓာကို ကိလေသာလည်းမည်၍ ကိလေသာတို့သည် ပူပန်လည်း ပူပန်စေအပ်၏ (ကိလေသာတို့နှင့်လည်း ယှဉ်၏)ဟူ၍လည်းကောင်း၊ ကိလေသာတို့သည့်ပူပန်စေအပ်သည် သာဖြစ်၍ (ကိလေသာတို့နှင့်သာယှဉ်၍) ကိလေသာ မမည်ဟူ၍ လည်းကောင်း မဆိုအပ်ချေ။ (ဝေဒနာ, သညာ, ဝိညာဉ်) ခန္ဓာသုံးပါးတို့ကို ကိလေသာလည်း မည်၍ ကိလေသာတို့သည် ပူပန် လည်း ပူပန်စေအပ်၏ (ကိလေသာတို့နှင့်လည်း ယှဉ်၏)ဟု မဆိုအပ်ကုန်။ အချို့သော (ဝေဒနာ, သညာ, ဝိညာဉ်) ခန္ဓာသုံးပါးတို့သည် ကိလေသာတို့သည် ပူပန်စေအပ်သည် သာဖြစ်၍ (ကိလေသာတို့နှင့်သာ ယှဉ်၍) ကိလေသာ မမည်ကုန် (အကုသိုလ်စိတ်, ၎င်း၌ရှိသော ဝေဒနာ, သညာ)။

ဒုက်မုတ်

အချို့သော (ဝေဒနာ, သညာ, ဝိညာဉ်) ခန္ဓာသုံးပါးတို့ကို ကိလေသာတို့သည် ပူပန်စေအပ် သည်သာ ဖြစ်၍ (ကိလေသာတို့နှင့်သာယှဉ်၍) ကိလေသာမမည်ဟု မဆိုအပ်ကုန် (ကုသိုလ်, ဝိပါက်, ကြိယာစိတ်နှင့် ၎င်း၌ရှိသော ဝေဒနာ, သညာ)။ အချို့သော သင်္ခါရက္ခန္ဓာသည် ကိလေသာလည်းမည်၍ ကိလေသာတို့သည် ပူပန်လည်း ပူပန်စေ အပ်၏ (ကိလေသာတို့နှင့်လည်းယှဉ်၏) (ကိလေသာတရားကိုယ်များ)၊ အချို့သော သင်္ခါရက္ခန္ဓာသည် ကိလေသာတို့သည် ပူပန်စေအပ်သည်သာဖြစ်၍ (ကိလေသာတို့နှင့်သာယှဉ်၍) ကိလေသာမမည်ချေ (ကိလေသာတရားကိုယ်ကြဉ်သည့် အကုသိုလ်စိတ်၌ရှိသော သင်္ခါရက္ခန္ဓာ)။

ဒုက်မုတ်

အချို့သော သင်္ခါရက္ခန္ဓာကို ကိလေသာလည်းမည်၍ ကိလေသာတို့သည် ပူပန်စေအပ်၏ (ကိလေသာတို့နှင့်လည်း ယှဉ်၏)ဟူ၍လည်းကောင်း၊ ကိလေသာတို့သည် ပူပန်စေအပ် သည်သာ ဖြစ်၍ (ကိလေသာတို့နှင့်သာယှဉ်၍) ကိလေသာမမည်ဟူ၍လည်းကောင်း မဆိုအပ်ချေ (ကုသိုလ်, ဝိပါက်, ကြိယာစိတ်တို့၌ရှိသော သင်္ခါရက္ခန္ဓာ)။ (ဏီ-၁၅၇၆)

(၈၁) ကိလေသ ကိလေသသမ္ပယုတ္တဒုက်

ရူပက္ခန္ဓာကို ကိလေသာလည်း မည်၍ ကိလေသာနှင့်လည်း ယှဉ်၏ဟူ၍ လည်းကောင်း၊ ကိလေသာနှင့်သာ ယှဉ်၍ ကိလေသာမမည်ဟူ၍လည်းကောင်း မဆိုအပ်ချေ။ (ဝေဒနာ, သညာ, ဝိညာဉ်) ခန္ဓာသုံးပါးတို့ကို ကိလေသာလည်းမည်၍ ကိလေသာနှင့်လည်း ယှဉ်၏ဟု မဆိုအပ်ကုန်။ အချို့သော (ဝေဒနာ, သညာ, ဝိညာဉ်) ခန္ဓာသုံးပါးတို့သည် ကိလေသာနှင့်သာယှဉ်၍ ကိလေသာ မမည်ကုန် (အကုသိုလ်စိတ်, ၎င်း၌ရှိသော ဝေဒနာ, သညာ)။

ဒုက်မုတ်

အချို့သော (ဝေဒနာ, သညာ, ဝိညာဉ်) ခန္ဓာသုံးပါးတို့သည် ကိလေသာနှင့်သာ ယှဉ်၍ ကိလေသာ မမည်ဟု မဆိုအပ်ကုန် (ကုသိုလ်, ဝိပါက်, ကြိယာစိတ်၊ ၎င်းတို့၌ရှိသော ဝေဒနာ, သညာ)။ အချို့သော သင်္ခါရက္ခန္ဓာသည် ကိလေသာလည်းမည်၍ ကိလေသာနှင့်လည်း ယှဉ်၏ (ကိလေသာ တရားကိုယ် ၁၀-ပါး)၊ အချို့သော သင်္ခါရက္ခန္ဓာသည် ကိလေသာနှင့်သာယှဉ်၍ ကိလေသာ မမည်ချေ (ကိလေသာ ၁၀-ပါး ကြဉ်သော အကုသိုလ်စိတ်၌ရှိသော သင်္ခါရက္ခန္ဓာ)။

ဒုက်မုတ်

အချို့သော သင်္ခါရက္ခန္ဓာကို ကိလေသာလည်းမည်၍ ကိလေသာနှင့်လည်း ယှဉ်၏ဟူ၍လည်း ကောင်း၊ ကိလေသာနှင့်သာ ယှဉ်၍ ကိလေသာမမည်ဟူ၍လည်းကောင်း မဆိုအပ်ချေ (ကုသိုလ်, ဝိပါက်, ကြိယာစိတ်တို့၌ရှိသော သင်္ခါရက္ခန္ဓာများ)။ (ဏီ-၁၅၇၈)

--

(၈၂) ကိလေသဝိပ္ပယုတ္တသံကိလေသိကဒုက်

ရူပက္ခန္ဓာသည် ကိလေသာနှင့်မယှဉ်မူ၍ ကိလေသာ၏ အာရုံသာ ဖြစ်၏။ အချို့သော နာမ်ခန္ဓာလေးပါးတို့သည် ကိလေသာတို့နှင့် မယှဉ်မူ၍ ကိလေသာတို့၏ အာရုံသာ ဖြစ်ကုန်၏ (လောကီကုသိုလ်, ဝိပါက်, ကြိယာစိတ္တုပ္ပါဒ်)၊ အချို့သော နာမ်ခန္ဓာလေးပါးတို့သည် ကိလေသာ တို့နှင့်လည်း မယှဉ်မူ၍ ကိလေသာတို့၏ အာရုံလည်း မဖြစ်ကုန် (လောကုတ္တရာစိတ္တုပ္ပါဒ်)။

ဒုက်မုတ်

အချို့သော နာမ်ခန္ဓာလေးပါးတို့ကို ကိလေသာတို့နှင့် မယှဉ်မူ၍ ကိလေသာတို့၏ အာရုံသာ ဖြစ်၏ဟူ၍လည်းကောင်း၊ ကိလေသာတို့နှင့်လည်း မယှဉ်မူ၍ ကိလေသာတို့၏ အာရုံလည်း မဖြစ်ဟူ၍လည်းကောင်း မဆိုအပ်ကုန် (အကုသိုလ်နာမ်ခန္ဓာလေးပါး= အကုသိုလ်စိတ္တုပ္ပါဒ်များ)။ (ဏီ၁၅၈၀)

(ကိလေသဂေါစ္ဆကဒုက် ၈-ခု အဖြေဝိသဇ္ဇနာ ပြီး၏)။

(၁၃-ပိဋ္ဌိဒုက် ၁၈-ခု အဖြေ ဝိသဇ္ဇနာ)

(၈၃) ဒဿနေန ပဟာတဗ္ဗဒုက်

ရူပက္ခန္ဓာကို (နိဗ္ဗာန်ကို ရှေးဦးစွာ မြင်သဖြင့် ‘ဒဿန’မည်သော) သောတာပတ္တိမဂ်သည် မပယ်အပ်ချေ။ အချို့သော နာမ်ခန္ဓာလေးပါးတို့ကို သောတာပတ္တိမဂ်သည် ပယ်အပ်ကုန်၏ (ဒိဋ္ဌိဂတသမ္ပယုတ် စိတ္တုပ္ပါဒ်နှင့် ဝိစိကိစ္ဆာစိတ္တုပ္ပါဒ်)၊ အချို့သော နာမ်ခန္ဓာလေးပါးတို့ကို သောတာပတ္တိမဂ်သည် မပယ်အပ်ကုန်။

(၈၄) ဘာဝနာယ ပဟာတဗ္ဗဒုက်

ရူပက္ခန္ဓာကို (သောတာပတ္တိမဂ် မြင်ပြီးဖြစ်သော နိဗ္ဗာန်ကို တစ်ဖန် ထပ်၍ မြင်သဖြင့် ‘ဘာဝနာ’မည်သော) အထက်မဂ်သုံးပါးတို့သည် မပယ်အပ်ချေ။ အချို့သော နာမ်ခန္ဓာလေးပါးတို့ကို အထက်မဂ်သုံးပါးတို့သည် ပယ်အပ်ကုန်၏ (ဒိဋ္ဌိဂတသမ္ပယုတ် စိတ်နှင့် ဝိစိကိစ္ဆာစိတ္တုပ္ပါဒ်တို့ကြဉ်သော အကုသိုလ်စိတ္တုပ္ပါဒ်များ)၊ အချို့သော နာမ်ခန္ဓာလေးပါးတို့ကို အထက်မဂ်သုံးပါးတို့သည် မပယ်အပ်ကုန် (ကုသိုလ်, ဝိပါက်, ကြိယာစိတ္တုပ္ပါဒ်များ)။

(၈၅) ဒဿနေန ပဟာတဗ္ဗဟေတုကဒုက်

ရူပက္ခန္ဓာသည် (နိဗ္ဗာန်ကို ရှေးဦးစွာမြင်သဖြင့် ‘ဒဿန’မည်သော) သောတာပတ္တိမဂ်သည် ပယ်အပ်သော ဟိတ် ရှိသော တရား မဟုတ်ချေ။ အချို့သော နာမ်ခန္ဓာလေးပါးတို့သည် သောတာပတ္တိမဂ်သည် ပယ်အပ်သော ဟိတ်ရှိကုန်၏ (ဟိတ်နှင့်ယှဉ်ကုန်၏) (ဒိဋ္ဌိဂတသမ္ပယုတ်စိတ္တုပ္ပါဒ်, မောဟကြဉ်သည့် ဝိစိကိစ္ဆာသဟဂုတ်စိတ္တုပ္ပါဒ်)၊ အချို့ သော နာမ်ခန္ဓာလေးပါးတို့သည် သောတာပတ္တိမဂ်သည် ပယ်အပ်သော ဟိတ်မရှိကုန် (ဟိတ်နှင့်မယှဉ်ကုန်) (ဝိစိကိစ္ဆာသဟဂုတ်စိတ်၌ ရှိသော မောဟ၊ ကြွင်းသော စိတ္တုပ္ပါဒ်)။

--

(၈၆) ဘာဝနာယ ပဟာတဗ္ဗဟေတုကဒုက်

ရူပက္ခန္ဓာသည် (သောတာပတ္တိမဂ် မြင်ပြီးဖြစ်သောနိဗ္ဗာန်ကို တစ်ဖန် ထပ်၍ မြင်သဖြင့် ‘ဘာဝနာ’မည်သော) အထက် မဂ်သုံးပါးတို့သည် ပယ်အပ်သော ဟိတ်ရှိသောတရား မဟုတ်ချေ။ အချို့သော နာမ်ခန္ဓာလေးပါးတို့သည် အထက်မဂ်သုံးပါးတို့သည် ပယ်အပ်သော ဟိတ်ရှိကုန်၏ (ဟိတ်နှင့် ယှဉ်ကုန်၏) (ဒိဋ္ဌိဂတဝိပ္ပယုတ်စိတ္တုပ္ပါဒ်နှင့် ဒေါသမူစိတ္တုပ္ပါဒ်၊ မောဟကြဉ်သည့် ဥဒ္ဓစ္စသဟဂုတ် စိတ္တုပ္ပါဒ်)၊ အချို့သော နာမ်ခန္ဓာလေးပါးတို့သည် အထက်မဂ်သုံးပါးတို့သည် ပယ်အပ်သော ဟိတ်မရှိကုန် (ကုသိုလ်, ဝိပါက်, ကြိယာ စိတ္တုပ္ပါဒ်များ) ဥဒ္ဓစ္စသဟဂုတ်စိတ်၌ရှိသော မောဟ)။

(၈၇) သဝိတက္ကဒုက်

ရူပက္ခန္ဓာသည် ဝိတက်ရှိသော (ဝိတက်နှင့်ယှဉ်သော) တရားမဟုတ်ချေ။ အချို့သော နာမ်ခန္ဓာလေးပါးတို့သည် ဝိတက်ရှိကုန်၏ (ဝိတက်နှင့် ယှဉ်ကုန်၏) (သဝိတက္ကစိတ့်၅၅-ပါး, ၎င်းနှင့်ယှဉ်ဘက် ဝိတက်ကြဉ်သော စေတသိက်များ)၊ အချို့သော နာမ်ခန္ဓာလေးပါးတို့သည် ဝိတက်မရှိကုန် (ဝိတက်နှင့် မယှဉ်ကုန်) (အဝိတက္ကစိတ် ၆၆-ပါးနှင့် ယှဉ်ဘက် စေတသိက်များ၊ သဝိတက္ကစိတ် ၅၅-ပါး၌ရှိသော ဝိတက် ၅၅-ပါး)။

(၈၈) သဝိစာရဒုက်

ရူပက္ခန္ဓာသည် ဝိစာရရှိသော (ဝိစာရနှင့်ယှဉ်သော) တရားမဟုတ်ချေ။ အချို့သော နာမ်ခန္ဓာလေးပါးတို့သည် ဝိစာရရှိကုန်၏ (ဝိစာရနှင့်ယှဉ်ကုန်၏) (သဝိစာရစိတ် ၆၆ ပါး, ၎င်းနှင့်ယှဉ်ဘက် ဝိစာရကြဉ်သော စေတသိက်များ)၊ အချို့သော နာမ်ခန္ဓာလေးပါးတို့သည် ဝိစာရ မရှိကုန် (ဝိစာရနှင့်မယှဉ်ကုန်) (အဝိစာရစိတ် ၅၅-ပါးနှင့် ယှဉ်ဘက်စေတသိက်များ၊ သဝိစာရစိတ်၆၆-ပါး၌ရှိသော ဝိစာရ ၆၆-ပါး)။

(၈၉) သပ္ပီတိကဒုက်

ရူပက္ခန္ဓာသည် ပီတိရှိသော (ပီတိနှင့် ယှဉ်သော) တရားမဟုတ်ချေ။ အချို့သော နာမ်ခန္ဓာလေးပါးတို့သည် ပီတိရှိကုန်၏ (ပီတိနှင့်ယှဉ်ကုန်၏) (သပ္ပီတိကစိတ် ၅၁-ပါး, ၎င်းနှင့်ယှဉ်ဘက် ပီတိကြဉ်သော စေတသိက်များ)၊ အချို့သော နာမ်ခန္ဓာလေးပါးတို့သည် ပီတိမရှိကုန် (ပီတိနှင့် မယှဉ်ကုန်) (အပ္ပီတိကစိတ္တုပ္ပါဒ်နှင့် သပ္ပီတိကစိတ် ၅၁-ပါး၌ရှိသော ပီတိ ၅၁-ပါး)။

(၉၀) ပီတိသဟဂတဒုက်

ရူပက္ခန္ဓာသည် ပီတိနှင့်တကွ မဖြစ် (ပီတိနှင့်မယှဉ်)။ အချို့သော နာမ်ခန္ဓာ လေးပါးတို့သည် ပီတိနှင့်တကွ ဖြစ်ကုန်၏ (ပီတိနှင့်ယှဉ်ကုန်၏)၊ အချို့သော နာမ်ခန္ဓာလေးပါးတို့သည် ပီတိနှင့်တကွ မဖြစ်ကုန် ((ပီတိနှင့်မယှဉ်ကုန်)။

(၉၁) သုခသဟဂတဒုက်

(ရုပ်, ဝေဒနာ) ခန္ဓာနှစ်ပါးတို့သည် သုခဝေဒနာနှင့်တကွ မဖြစ်ကုန် (သုခဝေဒနာနှင့် မယှဉ်)။ အချို့သော (သညာ, သင်္ခါရ, ဝိညာဉ်) ခန္ဓာသုံးပါးတို့သည် သုခဝေဒနာနှင့်တကွ ဖြစ်ကုန်၏ (သုခ ဝေဒနာနှင့် ယှဉ်ကုန်၏) (သုခသဟဂုတ်စိတ် ၆၃-ပါး, ၎င်း၌ရှိသော သညာ, သင်္ခါရ)၊ အချို့သော (သညာ, သင်္ခါရ, ဝိညာဉ်) ခန္ဓာသုံးပါးတို့သည် သုခဝေဒနာနှင့်တကွ မဖြစ်ကုန်။

--

(၉၂) ဥပေက္ခာသဟဂတဒုက်

(ရုပ်, ဝေဒနာ) ခန္ဓာနှစ်ပါးတို့သည် ဥပေက္ခာဝေဒနာနှင့်တကွ မဖြစ်ကုန် (ဥပေက္ခာဝေဒနာနှင့် မယှဉ်ကုန်)။ အချို့သော (သညာ, သင်္ခါရ, ဝိညာဉ်) ခန္ဓာသုံးပါးတို့သည် ဥပေက္ခာဝေဒနာနှင့်တကွ ဖြစ်ကုန်၏ (ဥပေက္ခာဝေဒနာနှင့် ယှဉ်ကုန်၏) (ဥပေက္ခာသဟဂုတ်စိတ် ၅၅-ပါး, ၎င်း၌ရှိသော သညာ, သင်္ခါရ)၊ အချို့သော (သညာ, သင်္ခါရ, ဝိညာဉ်) ခန္ဓာသုံးပါးတို့သည် ဥပေက္ခာဝေဒနာနှင့် တကွ မဖြစ်ကုန်။

(၉၃) ကာမာဝစရဒုက်

ရူပက္ခန္ဓာသည် ကာမတဏှာ၏ ဖြစ်ရာ ကျင်လည်ရာဖြစ်သော (ကာမဘုံ၌ သက်ဝင်၍ ဖြစ်သော) ‘ကာမာဝစရ'တရားဖြစ်၏ (ကာမာဝစရမည်၏)။ အချို့သော နာမ်ခန္ဓာလေးပါးတို့သည် ကာမာဝစရတရား ဖြစ်ကုန်၏ (ကာမစိတ္တုပ္ပါဒ်)၊ အချို့သော နာမ်ခန္ဓာလေးပါးတို့သည် ကာမာဝစရတရား မဟုတ်ကုန် (မဟဂ္ဂုတ်, လောကုတ္တရာစိတ္တုပ္ပါဒ်များ)။

(၉၄) ရူပါဝစရဒုက်

ရူပက္ခန္ဓာသည် ရူပတဏှာ၏ ဖြစ်ရာကျင်လည်ရာဖြစ်သော (ရူပဘုံ၌ သက်ဝင်၍ ဖြစ်သော) ‘ရူပါဝစရ'တရား မဟုတ်ချေ (ရူပါဝစရမမည်ချေ)။ အချို့သော နာမ်ခန္ဓာလေးပါးတို့သည် ရူပါဝစရတရား မည်ကုန်၏ (ရူပါဝစရစိတ္တုပ္ပါဒ်)၊ အချို့သော နာမ်ခန္ဓာလေးပါးတို့သည် ရူပါဝစရတရား မမည်ကုန် (ကာမာဝစရ, အရူပါဝစရ, လောကုတ္တရာ စိတ္တုပ္ပါဒ်များ)။

(၉၅) အရူပါဝစရဒုက်

ရူပက္ခန္ဓာသည် အရူပတဏှာ၏ ဖြစ်ရာ ကျင်လည်ရာဖြစ်သော (အရူပဘုံ၌ သက်ဝင်၍ ဖြစ်သော) ‘အရူပါဝစရ'တရား မဟုတ်ချေ (အရူပါဝစရတရား မမည်ချေ)။ အချို့သော နာမ်ခန္ဓာလေးပါးတို့သည် အရူပါဝစရတရား မည်ကုန်၏ (အရူပါဝစရစိတ္တုပ္ပါဒ်)၊ အချို့ သော နာမ်ခန္ဓာလေးပါးတို့သည် အရူပါဝစရတရား မမည်ကုန် (ကာမာဝစရ, အရူပါဝစရ, လောကုတ္တရာ စိတ္တုပ္ပါဒ်များ)။

(၉၆) ပရိယာပန္နဒုက်

ရူပက္ခန္ဓာသည် (ကာမ, ရူပ, အရူပ) ဘုံသုံးပါး၌ဖြစ်သည့် ဝဋ်ဆင်းရဲ၌ အကျုံး ဝင်သော ‘ပရိယာပန္န'တရား ဖြစ်၏။ အချို့သော နာမ်ခန္ဓာလေးပါးတို့သည် ဘုံသုံးပါး၌ဖြစ်သည့် ဝဋ်ဆင်းရဲ၌ အကျုံးဝင်သော ‘ပရိယာပန္န'တရား ဖြစ်ကုန်၏ (လောကီစိတ္တုပ္ပါဒ်များ)။ (ဏီ-၁၆၀၇) အချို့သော နာမ်ခန္ဓာလေးပါးတို့သည် ဘုံသုံးပါး၌ဖြစ်သည့် ဝဋ်ဆင်ရဲ၌ အကျုံးမဝင်သော ‘အပရိယာပန္န'တရား ဖြစ်ကုန်၏ (လောကုတ္တရာစိတ္တုပ္ပါဒ်များ)။ (ဏီ-၁၆၀၈)

(၉၇) နိယျာနိကဒုက်

ရူပက္ခန္ဓာသည် ဝဋ်ဆင်းရဲမှ ထွက်မြောက်စေတတ်သော ‘နိယျာနိက'တရား မဟုတ်ချေ။ အချို့သော နာမ်ခန္ဓာလေးပါးတို့သည် ဝဋ်ဆင်းရဲမှ ထွက်မြောက်စေတတ်သော ‘နိယျာနိက'တရား ဖြစ်ကုန်၏ (မဂ်စိတ္တုပ္ပါဒ်)။ (ဏီ-၁၆၀၉) အချို့သော နာမ်ခန္ဓာလေးပါးတို့သည် ဝဋ်ဆင်းရဲမှ မထွက်မြောက်စေတတ်သော ‘အနိယျာနိက'တရား ဖြစ်ကုန်၏ (ကြွင်းသောစိတ္တုပ္ပါဒ်များ)။ (ဏီ-၁၆၁၀)

--

(၉၈) နိယတဒုက်

ရူပက္ခန္ဓာသည် အကျိုးပေးမမြဲသော ‘အနိယတ'တရားမည်၏ (ဖောက်ပြန်သော သဘောရှိ၍ စုတိ၏ အခြားမဲ့၌ (အပါယ်ငရဲ၌) အကျိုးပေးမြဲသော ‘မိစ္ဆတ္တနိယတ'တရားလည်း မဟုတ်မူ၍ မဖောက်ပြန်သော သဘောရှိ၍ မိမိ၏အခြားမဲ့၌ အကျိုးပေးမြဲသော ‘သမ္မတ္တနိယတ'တရားလည်း မဟုတ်ချေ) (နိယတ မမည်ချေ)။ အချို့သော နာမ်ခန္ဓာလေးပါးတို့သည် အကျိုးပေးမြဲကုန်၏ (နိယတ) (နိယတမိစ္ဆဒိဋ္ဌိကံ၏ အစွမ်း အားဖြင့် ဖြစ်သော ဒိဋ္ဌိဂတသမ္ပယုတ်သတ္တမဇောစိတ္တုပ္ပါဒ်နှင့် ပဉ္စာနန္တရိယကံကို ကျူးလွန်သည့် ဒေါသမူစိတ် တို့၏ သတ္တမဇောစိတ္တုပ္ပါဒ်၊ မဂ်စိတ္တုပ္ပါဒ်များ)၊ အချို့သော နာမ်ခန္ဓာလေးပါးတို့သည် အကျိုးပေး မမြဲကုန် (အနိယတ) (ကြွင်းသော စိတ္တုပ္ပါဒ်များ)။ (ဏီ-၁၆၁၁, ၁၆၁၂)

(၉၉) သဥတ္တရဒုက်

ရူပက္ခန္ဓာသည် မိမိထက် လွန်မြတ်သည့် တရားရှိသော ‘သဥတ္တရ'တရား ဖြစ်၏။ အချို့သော နာမ်ခန္ဓာလေးပါးတို့သည် မိမိထက်လွန်မြတ်သော တရားရှိသည့် ‘သဥတ္တရ'တရား ဖြစ်ကုန်၏။ (လောကီစိတ္တုပ္ပါဒ်များ)၊ အချို့သော နာမ်ခန္ဓာလေးပါးတို့သည် မိမိထက်လွန်မြတ်သည့် တရားမရှိသော ‘အနုတ္တရ'တရား ဖြစ်ကုန်၏။ (လောကုတ္တရာစိတ္တုပ္ပါဒ်)။ (ဏီ-၁၆၁၃, ၁၆၁၄)

(၁၀၀) သရဏဒုက်

ရူပက္ခန္ဓာသည် ငိုကြွေးကြောင်း (ရာဂစသော ကိလေသာ) ရှိသော ‘သရဏ'တရား မဟုတ်ချေ။ အချို့သော နာမ်ခန္ဓာလေးပါးတို့သည် ငိုကြွေးကြောင်း (ရာဂစသော ကိလေသာ) ရှိသော ‘သရဏ'တရား ဖြစ်ကုန်၏ (အကုသိုလ်စိတ္တုပ္ပါဒ်)၊ အချို့သော နာမ်ခန္ဓာလေးပါးတို့သည် ငိုကြွေးကြောင်း (ရာဂ စသောကိလေသာ) မရှိသော ‘အရဏ'တရား ဖြစ်ကုန်၏ (ကြွင်းသောစိတ္တုပ္ပါဒ်များ)။ (ဏီ-၁၆၁၅, ၁၆၁၆)။

(ပိဋ္ဌိဒုက် ၁၈-ခု အဖြေဝိသဇ္ဇနာ ပြီး၏)။

(ခန္ဓာငါးပါးတို့ကို ဒုက် ၁၀၀-တို့ဖြင့် ဝေဖန်၍ အဖြေဝိသဇ္ဇနာကို ပြသော ‘ပဥှာပုစ္ဆက'နည်း ပြီး၏)။ ခန္ဓာငါးပါးတို့ကို တိက် ဒုက်တို့ဖြင့် ဝေဖန်ပြီးလျှင် အမေးအဖြေပြု၍ဟောကြားအပ်သော ‘ပဥှာပုစ္ဆက'နည်း ပြီး၏။

ခန္ဓာတို့ကို ဝေဖန်ဟောကြားသည့် ‘ခန္ဓဝိဘင်း'ပြီးပြီ။

--

၂-အာယတနဝိဘင်္ဂ

(စိတ်စေတသိက်တို့ ဖြစ်ရာဖြစ်ကြောင်း ‘အာယတန'တို့ကို ဝေဖန်၍ ဟောကြားအပ်သော အာယတနဝိဘင်း)

၁-သုတ္တန္တဘာဇနီယ

(သုတ္တန်နည်းဖြင့်ဝေဖန်၍ ဟောကြားအပ်သော ‘သုတ္တန္တဘာဇနီယ'နည်း)

အာယတန ၁၂-ပါး

၁၅၄။ စိတ်စေတသိက်တို့ ဖြစ်ရာဖြစ်ကြောင်း ‘အာယတန'တစ်ဆယ့်နှစ်ပါးတို့ကား- (၁) မြင်သိစိတ် ‘စက္ခုဝိညာဏ်’ ဖြစ်ရာ မျက်စိအကြည် ‘စက္ခာယတန’ (စက္ခုပသာဒ= စက္ခုဝတ္ထု= စက္ခုဒွါရ)။

(၂) မြင်သိစိတ် ‘စက္ခုဝိညာဏ်’ ဖြစ်ကြောင်း အဆင်း ‘ရူပါယတန’ (ရူပါရုံ)။

(၃) ကြားသိစိတ် ‘သောတဝိညာဏ်’ ဖြစ်ရာ နားအကြည် ‘သောတာယတန’ (သောတပသာဒ= သောတဝတ္ထု= သောတဒွါရ)။

(၄) ကြားသိစိတ် ‘သောတဝိညာဏ်’ ဖြစ်ကြောင်း အသံ ‘သဒ္ဒါယတန’ (သဒ္ဒါရုံ)။

(၅) နံသိစိတ် ‘ဃာနဝိညာဏ်’ ဖြစ်ရာ နှာခေါင်းအကြည် ‘ဃာနာယတန’ (ဃာနပသာဒ= ဃာန ဝတ္ထု= ဃာနဒွါရ)။

(၆) နံသိစိတ် ‘ဃာနဝိညာဏ်’ ဖြစ်ကြောင်း အနံ့ ‘ဂန္ဓာယတန’ (ဂန္ဓာရုံ)။

(၇) လျက်သိစိတ် ‘ဇိဝှါဝိညာဏ်’ ဖြစ်ရာ လျှာအကြည် ‘ဇိဝှါယတန’ (ဇိဝှါပသာဒ= ဇိဝှါဝတ္ထု= ဇိဝှါဒွါရ)။

(၈) လျက်သိစိတ် ‘ဇိဝှါဝိညာဏ်’ ဖြစ်ကြောင်း အရသာ ‘ရသာယတန’ (ရသာရုံ)။

(၉) ထိသိစိတ် ‘ကာယဝိညာဏ်’ ဖြစ်ရာ ကိုယ်အကြည် ‘ကာယာယတန’ (ကာယပသာဒ= ကာယဝတ္ထု= ကာယဒွါရ)။

(၁၀) ထိသိစိတ် ‘ကာယဝိညာဏ်’ ဖြစ်ကြောင်း အတွေ့ ‘ဖောဋ္ဌဗ္ဗာယတန’ (ဖောဋ္ဌဗ္ဗာရုံ)။

(၁၁) သိမှုစိတ်ဖြစ်ရာ ‘မနာယတန'၁ (စိတ် ၈၉-ပါး)။

(၁၂) သိမှုစိတ်ဖြစ်ကြောင်း သဘာဝ ‘ဓမ္မာယတန’ (ဓမ္မာရုံ) တို့တည်း။ (ဏီ-၅၉၃, ၁၃၄၂)

--

အာယတန ၁၂-ပါးကို ဝိပဿနာ ရှုပုံ

(၁) မျက်စိသည် မမြဲ ‘အနိစ္စ’၊ ဆင်းရဲ၏ ‘ဒုက္ခ’၊ အတ္တမဟုတ် (မိမိအလိုသို့ မလိုက်) ‘အနတ္တ’၊ ဖောက်ပြန်သော သဘောရှိ၏ ‘ဝိပရိဏာမဓမ္မ’။

(၂) အဆင်း ‘ရူပါရုံ'တို့သည် မမြဲကုန် ‘အနိစ္စ’၊ ဆင်းရဲကုန်၏ ‘ဒုက္ခ’၊ အတ္တမဟုတ်ကုန် (မိမိအလိုသို့ မလိုက်ကုန်) ‘အနတ္တ’၊ ဖောက်ပြန်သော သဘောရှိကုန်၏ ‘ဝိပရိဏာမဓမ္မ’။

(၃) နားသည် မမြဲ ‘အနိစ္စ’၊ ဆင်းရဲ၏ ‘ဒုက္ခ’၊ အတ္တမဟုတ် (မိမိအလိုသို့ မလိုက်) ‘အနတ္တ’၊ ဖောက်ပြန်သော သဘောရှိ၏ ‘ဝိပရိဏာမဓမ္မ’။

(၄) အသံ ‘သဒ္ဒါရုံ'တို့သည် မမြဲကုန် ‘အနိစ္စ’၊ ဆင်းရဲကုန်၏ ‘ဒုက္ခ’၊ အတ္တမဟုတ်ကုန် (မိမိအလို သို့ မလိုက်ကုန်) ‘အနတ္တ’၊ ဖောက်ပြန်သော သဘောရှိကုန်၏ ‘ဝိပရိဏာမဓမ္မ’။

(၅) နှာခေါင်းသည် မမြဲ ‘အနိစ္စ’၊ ဆင်းရဲ၏ ‘ဒုက္ခ’၊ အတ္တမဟုတ် (မိမိအလိုသို့မလိုက်) ‘အနတ္တ’၊ ဖောက်ပြန်သော သဘောရှိ၏ ‘ဝိပရိဏာမဓမ္မ’။

(၆) အနံ့ ‘ဂန္ဓာရုံ'တို့သည် မမြဲကုန် ‘အနိစ္စ’၊ ဆင်းရဲကုန်၏ ‘ဒုက္ခ’၊ အတ္တမဟုတ်ကုန် (မိမိ အလိုသို့ မလိုက်ကုန်) ‘အနတ္တ’၊ ဖောက်ပြန်သော သဘောရှိကုန်၏ ‘ဝိပရိဏာမဓမ္မ’။

(၇) လျှာသည် မမြဲ ‘အနိစ္စ’၊ ဆင်းရဲ၏ ‘ဒုက္ခ’၊ အတ္တမဟုတ် (မိမိအလိုသို့ မလိုက်) ‘အနတ္တ’၊ ဖောက်ပြန်သော သဘောရှိ၏ ‘ဝိပရိဏာမဓမ္မ’။

(၈) အရသာ ‘ရသာရုံ'တို့သည် မမြဲကုန် ‘အနိစ္စ’၊ ဆင်းရဲကုန်၏ ‘ဒုက္ခ’၊ အတ္တမဟုတ်ကုန် (မိမိ အလိုသို့ မလိုက်ကုန်) ‘အနတ္တ’၊ ဖောက်ပြန်သော သဘောရှိကုန်၏ ‘ဝိပရိဏာမဓမ္မ’။

(၉) ကိုယ် ‘ကာယ'သည် မမြဲ ‘အနိစ္စ’၊ ဆင်းရဲ၏ ‘ဒုက္ခ’၊ အတ္တမဟုတ် (မိမိအလိုသို့ မလိုက်) ‘အနတ္တ’၊ ဖောက်ပြန်သော သဘောရှိ၏ ‘ဝိပရိဏာမဓမ္မ’။

(၁၀) တွေ့ထိမှု (အတွေ့) ‘ဖောဋ္ဌဗ္ဗာရုံ'တို့သည် မမြဲကုန် ‘အနိစ္စ’၊ ဆင်းရဲကုန်၏ ‘ဒုက္ခ’၊ အတ္တမဟုတ်ကုန် (မိမိအလိုသို့ မလိုက်ကုန်) ‘အနတ္တ’၊ ဖောက်ပြန်သော သဘောရှိကုန်၏ ‘ဝိပရိဏာမဓမ္မ’။

(၁၁) သိမှုစိတ်သည် မမြဲ ‘အနိစ္စ’၊ ဆင်းရဲ၏ ‘ဒုက္ခ’၊ အတ္တမဟုတ် (မိမိအလိုသို့ မလိုက်) ‘အနတ္တ’၊ ဖောက်ပြန်သော သဘောရှိ၏ ‘ဝိပရိဏာမဓမ္မ’။

(၁၂) သိမှုစိတ်ဖြစ်ကြောင်း သဘော ‘ဓမ္မာရုံ'၂ တို့သည် မမြဲကုန် ‘အနိစ္စ’၊ ဆင်းရဲကုန်၏ ‘ဒုက္ခ’၊ အတ္တမဟုတ်ကုန် (မိမိအလိုသို့ မလိုက်ကုန်) ‘အနတ္တ’၊ ဖောက်ပြန်သော သဘောရှိကုန်၏ ‘ဝိပရိဏာမဓမ္မ’။

သုတ္တန်နည်းဖြင့် ဝေဖန်ဟောကြားအပ်သော ‘သုတ္တန္တဘာဇနီယ'နည်း ပြီး၏။

၁။ ဝိဘင်းစာပိုဒ် ၁၆၁-ရှု။ ဓမ္မသင်္ဂဏီ စာပိုဒ် ၆၅-လည်းရှု။

၂။ ဤဓမ္မာရုံတို့၌ နိဗ္ဗာန် မပါဝင်ချေ။

--

၂-အဘိဓမ္မဘာဇနီယ

(အဘိဓမ္မာနည်းဖြင့်ဝေဖန်၍ ဟောကြားအပ်သော ‘အဘိဓမ္မဘာဇနီယ'နည်း)

အာယတန ၁၂-ပါး

၁၅၅။ စိတ်စေတသိက်တို့ ဖြစ်ရာဖြစ်ကြောင်း ‘အာယတန'တစ်ဆယ့်နှစ်ပါးတို့ကား-

(၁) မြင်သိစိတ် ‘စက္ခုဝိညာဏ်’ ဖြစ်ရာ မျက်စိအကြည် ‘စက္ခာယတန’ (စက္ခုပသာဒ= စက္ခုဝတ္ထု= စက္ခုဒွါရ)။

(၂) ကြားသိစိတ် ‘သောတဝိညာဏ်’ ဖြစ်ရာ နားအကြည် ‘သောတာယတန’ (သောတပသာဒ= သောတဝတ္ထု= သောတဒွါရ)။

(၃) နံသိစိတ် ‘ဃာနဝိညာဏ်’ ဖြစ်ရာ နှာခေါင်းအကြည် ‘ဃာနာယတန’ (ဃာနပသာဒ= ဃာန ဝတ္ထု= ဃာနဒွါရ)။

(၄) လျက်သိစိတ် ‘ဇိဝှါဝိညာဏ်’ ဖြစ်ရာ လျှာအကြည် ‘ဇိဝှါယတန’ (ဇိဝှါပသာဒ= ဇိဝှါဝတ္ထု= ဇိဝှါဒွါရ)။

(၅) ထိသိစိတ် ‘ကာယဝိညာဏ်’ ဖြစ်ရာ ကိုယ်အကြည် ‘ကာယာယတန’ (ကာယပသာဒ= ကာယဝတ္ထု= ကာယဒွါရ)။

(၆) သိမှုစိတ်ဖြစ်ရာ ‘မနာယတန’ (စိတ် ၈၉-ပါး)။

(၇) မြင်သိစိတ် ‘စက္ခုဝိညာဏ်’ ဖြစ်ကြောင်း အဆင်း ‘ရူပါယတန’ (ရူပါရုံ)။

(၈) ကြားသိစိတ် ‘သောတဝိညာဏ်’ ဖြစ်ကြောင်း အသံ ‘သဒ္ဒါယတန’ (သဒ္ဒါရုံ)။

(၉) နံသိစိတ် ‘ဃာနဝိညာဏ်’ ဖြစ်ကြောင်း အနံ့ ‘ဂန္ဓာယတန’ (ဂန္ဓာရုံ)။

(၁၀) လျက်သိစိတ် ‘ဇိဝှါဝိညာဏ်’ ဖြစ်ကြောင်း အရသာ ‘ရသာယတန’ (ရသာရုံ)။

(၁၁) ထိသိစိတ် ‘ကာယဝိညာဏ်’ ဖြစ်ကြောင်း အတွေ့ ‘ဖောဋ္ဌဗ္ဗာယတန’ (ဖောဋ္ဌဗ္ဗာရုံ)။

(၁၂) သိမှုစိတ်ဖြစ်ကြောင်း သဘာဝ ‘ဓမ္မာယတန’ (ဓမ္မာရုံ) တို့တည်း။ (ဏီ-၅၉၃, ၁၃၄၂)

--

စက္ခာယတန

၁၅၆။ (၁) ထိုအာယတန ၁၂-ပါးတို့တွင် အဘယ်သည် မြင်သိစိတ် ‘စက္ခုဝိညာဏ်’ ဖြစ်ရာမျက်စိအကြည် ‘စက္ခာယတန’ မည်သနည်း။

အကြင်မြင်သိစိတ်ဖြစ်ရာ မျက်စိအကြည် ‘စက္ခု’ (ပသာဒ) ရုပ်သည် ကြီးကျယ်ထင်ရှားသော ‘မဟာဘုတ်'လေးပါးတို့ကို စွဲမှီ၍ ကြည်လင်၏ ‘ပသာဒ’၊ ကိုယ်ခန္ဓာ ‘အတ္တဘော’၌ အကျုံးဝင်၏ ‘အတ္တဘာဝပရိယာပန္န’၊ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွမဖြစ် (မြင်အပ်သောသဘောမရှိ, မမြင်အပ်) ‘အနိဒဿန’၊ ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွဖြစ်၏ ‘သပ္ပဋိဃ’။ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွ မဖြစ်သော (မမြင်အပ်သော), ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွဖြစ်သော အကြင်မျက်စိအကြည် ‘စက္ခု’ (ပသာဒ) ဖြင့် မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့်တကွဖြစ်သော (မြင်အပ်သော), ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွဖြစ်သော အဆင်း ‘ရူပါရုံ'ကို မြင်လည်း မြင်ခဲ့ပြီ၊ မြင်လည်း မြင်ဆဲ၊ မြင်လည်း မြင်လတ္တံ့၊ မြင်မူလည်း မြင်ရာ၏။ ဤရုပ်သည် မျက်စိအကြည် ‘စက္ခု’ (ပသာဒ) လည်း မည်၏၊ ဤရုပ်သည် မြင်သိစိတ်ဖြစ်ရာ မျက်စိ အကြည် ‘စက္ခာယတန'လည်း မည်၏၊ ဤရုပ်သည် မျက်စိအကြည်ဟူသော သဘော ‘စက္ခုဓာတ်'လည်း မည်၏၊ ဤရုပ်သည် မြင်မှု၌ အစိုးရသော မျက်စိအကြည် ‘စက္ခုန္ဒြေ'လည်း မည်၏၊ ဤရုပ်သည် ဖြစ်တတ် ပျက်တတ်သော သဘော ‘လောက'လည်း မည်၏၊ ဤရုပ်သည် (ဖဿစသော နာမ်တရားတို့၏ ဖြစ်ကြောင်း) တံခါး ‘ဒွါရ'လည်း မည်၏၊ ဤရုပ်သည် (ရူပါရုံကို မြင်မှု၌ မရောင့်ရဲ ပြည့်နိုင်ခဲသော သဘောကြောင့်) သမုဒ္ဒရာ ‘သမုဒ္ဒ'လည်း မည်၏၊ ဤရုပ်သည် ဖြူစင်ခြင်းသဘော (အလုံးစုံ ထက်ဝန်း ကျင် ကြည်လင်သန့်ရှင်းစင်ကြယ်သော သဘော) ‘ပဏ္ဍရ'လည်း မည်၏၊ ဤရုပ်သည် (ဖဿစသော နာမ် တရားတို့၏ ပေါက်ဖွားရာ) လယ်မြေ ‘ခေတ္တ'လည်း မည်၏၊ ဤရုပ်သည် (ဖဿစသော နာမ်တရား တို့၏) မှီရာ တည်ရာ ‘ဝတ္ထု'လည်း မည်၏၊ ဤရုပ်သည် (လမ်းခရီး ညီညွတ်သည် မညီညွတ်သည်ကို ပြလျက် အတ္တဘောကို) ဆောင်တတ်သော သဘော ‘နေတ္တ'လည်း မည်၏၊ ဤရုပ်သည် (လမ်းခရီး ညီညွတ်သည် မညီညွတ်သည်ကို ပြလျက် အတ္တဘောကိုပင်) ဆောင်တတ်သော သဘော ‘နယန'လည်း မည်၏၊ ဤရုပ်သည် (နိဗ္ဗာန်မှ တစ်ဖက်ကမ်း ဖြစ်သော ငါ-ငါဟူသော စွဲလမ်းမှု ‘သက္ကာယ’၌ အကျုံးဝင်သဖြင့်) ဤမှာဘက်ကမ်း ‘ဩရိမတီရ'လည်း မည်၏၊ ဤရုပ်သည် (စက္ခုဒွါရ၌ ဖြစ်သော စိတ်အများနှင့် ဆက်ဆံခြင်းရှိ၍ သီးခြားပိုင်ရှင် ကင်းမဲ့သဖြင့်) ဆိတ်သုဉ်းသောရွာ ‘သုညဂါမ'၁လည်း မည်၏။ ။ ဤသို့ သဘောရှိသောရုပ်ကို မြင်သိစိတ်ဖြစ်ရာ မျက်စိအကြည် ‘စက္ခာယတန’ဟူ၍ ဆိုအပ်၏။ (ဏီ-၅၉၆)

--

သောတာယတန

၁၅၇။ (၂) ထိုအာယတန ၁၂-ပါးတို့တွင် အဘယ်သည် ကြားသိစိတ် ‘သောတ ဝိညာဏ်’ ဖြစ်ရာ ‘သောတာယတန’ မည်သနည်း။

အကြင်ကြားသိစိတ် ‘သောတဝိညာဏ်’ ဖြစ်ရာ နားအကြည် ‘သောတ’ (ပသာဒ) သည် ကြီးကျယ် ထင်ရှားသော ‘မဟာဘုတ်'လေးပါးတို့ကို စွဲမှီ၍ ကြည်လင်၏ ‘ပသာဒ’၊ ကိုယ်ခန္ဓာ အတ္တဘော၌ အကျုံး ဝင်၏ ‘အတ္တဘာဝပရိယာပန္န’၊ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့်တကွ မဖြစ် (မြင်အပ်သော သဘော မရှိ, မမြင်အပ်) ‘အနိဒဿန’၊ ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့်တကွ ဖြစ်၏ ‘သပ္ပဋိဃ’။ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့်တကွ မဖြစ်သော (မမြင်အပ်သော), ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွဖြစ်သော နားအကြည် ‘သောတ’ (ပသာဒ) ဖြင့် မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွ မဖြစ်သော (မမြင်အပ်သော), ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွဖြစ်သော အသံ ‘သဒ္ဒါရုံ'ကို ကြားလည်း ကြားခဲ့ပြီ၊ ကြားလည်း ကြားဆဲ၊ ကြားလည်း ကြားလတ္တံ့၊ ကြားမူလည်း ကြားရာ၏။ ဤရုပ်သည် ကြားသိစိတ်ဖြစ်ရာ နားအကြည် ‘သောတ’ (ပသာဒ) လည်း မည်၏၊ ဤရုပ်သည် ကြားသိစိတ်ဖြစ်ရာ နားအကြည် ‘သောတာယတန'လည်း မည်၏၊ ဤရုပ်သည် နားအကြည်ဟူသော သဘော ‘သောတဓာတ်'လည်း မည်၏၊ ဤရုပ်သည် ကြားမှု၌ အစိုးရသော နားအကြည် ‘သောတိန္ဒြေ'့လည်း မည်၏၊ ဤရုပ်သည် ဖြစ်တတ် ပျက်တတ်သောသဘော ‘လောက'လည်း မည်၏၊ ဤရုပ်သည် (ဖဿစသော နာမ်တရားတို့၏ ဖြစ်ကြောင်း) တံခါး ‘ဒွါရ'လည်း မည်၏၊ ဤရုပ်သည် (သဒါ္ဒရုံကို ကြားမှု၌ မရောင့်ရဲ ပြည့်နိုင်ခဲသော သဘောကြောင့်) သမုဒ္ဒရာ ‘သမုဒ္ဒ'လည်း မည်၏၊ ဤရုပ်သည် ဖြူစင်ခြင်း သဘော (အလုံးစုံ ထက်ဝန်းကျင် ကြည်လင် သန့်ရှင်း စင်ကြယ်သော သဘော) ‘ပဏ္ဍရ'လည်း မည်၏၊ ဤရုပ်သည် (ဖဿစသော နာမ်တရားတို့၏ ပေါက်ဖွားရာ) လယ်မြေ ‘ခေတ္တ'လည်း မည်၏၊ ဤရုပ် သည် (ဖဿစသော နာမ်တရားတို့၏) မှီရာ တည်ရာ ‘ဝတ္ထု'လည်း မည်၏၊ ဤရုပ်သည် (နိဗ္ဗာန်မှ တစ်ဖက်ကမ်းဖြစ်သော ငါ- ငါဟူသော စွဲလမ်းမှု ‘သက္ကာယ’၌ အကျုံးဝင်သဖြင့်) ဤမှာဘက်ကမ်း ‘ံဩရိမတီရ'လည်း မည်၏၊ ဤရုပ်သည် (သောတဒွါရ၌ ဖြစ်သော စိတ်အများနှင့် ဆက်ဆံခြင်းရှိ၍ သီးခြားပိုင်ရှင်ကင်းမဲ့သဖြင့်) ဆိတ်သုဉ်းသောရွာ ‘သုညဂါမ'လည်း မည်၏။ ။ ဤသို့ သဘောရှိသော ရုပ်ကို ကြားသိစိတ်ဖြစ်ရာ နားအကြည် ‘သောတာယတန’ဟူ၍ ဆိုအပ်၏။ (ဏီ-၆၀၀)

--

ဃာနာယတန

၁၅၈။ (၃) ထိုအာယတန ၁၂-ပါးတို့တွင် အဘယ်သည် နံသိစိတ် ‘ဃာနဝိညာဏ်’ ဖြစ်ရာ ‘ဃာနာယတန’ မည်သနည်း။

အကြင် နှာခေါင်းအကြည် ‘ဃာန’ (ပသာဒ) သည် ကြီးကျယ်ထင်ရှားသော ‘မဟာဘုတ်'လေးပါး တို့ကို စွဲမှီ၍ ကြည်လင်၏ ‘ပသာဒ’၊ ကိုယ်ခန္ဓာ ‘အတ္တဘော’၌ အကျုံးဝင်၏ ‘အတ္တဘာဝပရိယာပန္န’၊ မြင်အပ်သည်၏ အဖြစ် (မြင်ခြင်း) နှင့်တကွ မဖြစ် (မြင်အပ်သော သဘောမရှိ, မမြင်အပ်) ‘အနိဒဿန’၊ ထိပါးတတ်သည်၏ အဖြစ် (ထိပါးခြင်း) နှင့်တကွ ဖြစ်၏ ‘သပ္ပဋိဃ’။ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွမဖြစ်သော (မမြင်အပ်သော), ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွဖြစ်သော အကြင် နှာခေါင်းအကြည် ‘ဃာန’ (ပသာဒ) ဖြင့် မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့်တကွ မဖြစ်သော (မမြင်အပ်သော), ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ ဖြစ်သော အနံ့ ‘ဂန္ဓာရုံ'ကို နမ်းလည်း နမ်းခဲ့ပြီ၊ နမ်းလည်း နမ်းဆဲ၊ နမ်းလည်း နမ်းလတ္တံ့၊ နမ်းမူ လည်း နမ်းရာ၏။ ဤရုပ်သည် နှာခေါင်းအကြည် ‘ဃာန’ (ပသာဒ) လည်း မည်၏၊ ဤရုပ်သည် နံသိစိတ်ဖြစ်ရာ နှာခေါင်းအကြည် ‘ဃာနာယတန'လည်း မည်၏၊ ဤရုပ်သည် နှာခေါင်းအကြည်ဟူသော သဘော ‘ဃာန'ဓာတ်လည်း မည်၏၊ ဤရုပ်သည် နံမှု၌ အစိုးရသော နှာခေါင်းအကြည် ‘ဃာနိန္ဒြေ'လည်း မည်၏၊ ဤရုပ်သည် ဖြစ်တတ် ပျက်တတ်သော သဘော ‘လောက'လည်း မည်၏၊ ဤရုပ်သည် (ဖဿစသော နာမ်တရားတို့၏ ဖြစ်ကြောင်း) တံခါး ‘ဒွါရ'လည်း မည်၏၊ ဤရုပ်သည် (ဂန္ဓာရုံကို နမ်းမှု၌ မရောင့်ရဲ ပြည့်နိုင်ခဲသော သဘောကြောင့်) သမုဒ္ဒရာ ‘သမုဒ္ဒ'လည်း မည်၏၊ ဤရုပ်သည် ဖြူစင်ခြင်းသဘော (အလုံးစုံ ထက်ဝန်းကျင် ကြည်လင် သန့်ရှင်း စင်ကြယ်သော သဘော) ‘ပဏ္ဍရ'လည်း မည်၏၊ ဤရုပ် သည် (ဖဿစသော နာမ်တရားတို့၏ ပေါက်ဖွားရာ) လယ်မြေ ‘ခေတ္တ'လည်း မည်၏၊ ဤရုပ်သည် (ဖဿစသော နာမ်တရားတို့၏) မှီရာ တည်ရာ ‘ဝတ္ထု'လည်း မည်၏၊ ဤရုပ်သည် (နိဗ္ဗာန်မှ တစ်ဖက် ကမ်းဖြစ်သော ငါ- ငါဟူသော စွဲလမ်းမှု ‘သက္ကာယ’၌ အကျုံးဝင်သဖြင့်) ဤမှာဘက်ကမ်း ‘ဩရိမတီရ'လည်း မည်၏၊ ဤရုပ်သည် (ဃာနဒွါရ၌ ဖြစ်သော စိတ်အများနှင့် ဆက်ဆံခြင်းရှိ၍ သီးခြားပိုင်ရှင် ကင်းမဲ့သဖြင့်) ဆိတ်သုဉ်းသောရွာ ‘သုညဂါမ'လည်း မည်၏။ ။ ဤသို့ သဘောရှိသော ရုပ်ကို နံသိစိတ် ‘ဃာနဝိညာဏ်’ ဖြစ်ရာ နှာခေါင်းအကြည် ‘ဃာနာယတန’ဟူ၍ ဆိုအပ်၏။ (ဏီ-၆၀၄)

--

ဇိဝှါယတန

၁၅၉။ (၄) ထို အာယတန ၁၂-ပါးတို့တွင် အဘယ်သည် လျက်သိစိတ် ‘ဇိဝှါဝိညာဏ်’ ဖြစ်ရာ ‘ဇိဝှါယတန’ မည်သနည်း။

အကြင်လျှာအကြည် ‘ဇိဝှါ’ (ပသာဒ) သည် ကြီးကျယ် ထင်ရှားသော မဟာဘုတ်လေးပါးတို့ကို စွဲမှီ၍ ကြည်လင်၏ ‘ပသာဒ’၊ ကိုယ်ခန္ဓာ ‘အတ္တဘော’၌ အကျုံးဝင်၏ ‘အတ္တဘာဝပရိယာပန္န’၊ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွ မဖြစ် (မြင်အပ်သော သဘောမရှိ, မမြင်အပ်) ‘အနိဒဿန’၊ ထိပါးတတ် သည်၏ အဖြစ် (ထိပါးခြင်း) နှင့် တကွ ဖြစ်၏ ‘သပ္ပဋိဃ’။ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွမဖြစ်သော (မမြင်အပ်သော), ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွဖြစ်သော အကြင်လျှာအကြည် ‘ဇိဝှါ’ (ပသာဒ) ဖြင့် မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွမဖြစ်သော (မမြင်အပ်သော), ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွဖြစ်သော အရသာ ‘ရသာရုံ'ကို လျက်လည်း လျက်ခဲ့ပြီ၊ လျက်လည်း လျက်ဆဲ၊ လျက်လည်း လျက်လတ္တံ့၊ လျက်မူလည်း လျက်ရာ၏။ ဤရုပ်သည် လျှာအကြည် ‘ဇိဝှါ’ (ပသာဒ) လည်း မည်၏၊ ဤရုပ်သည် လျက်သိစိတ် ‘ဇိဝှါဝိညာဏ်’ ဖြစ်ရာ လျာအကြည် ‘ဇိဝှါယတန'လည်း မည်၏၊ ဤရုပ်သည် လျှာအကြည်ဟူသော သဘော ‘ဇိဝှါဓာတ်'လည်း မည်၏၊ ဤရုပ်သည် လျက်မှု၌ အစိုးရသော လျှာအကြည် ‘ဇိဝှိန္ဒြေ'လည်း မည်၏၊ ဤရုပ်သည် ဖြစ်တတ် ပျက်တတ်သော သဘော ‘လောက'လည်း မည်၏၊ ဤရုပ်သည် (ဖဿစသော နာမ်တရားတို့၏ ဖြစ်ကြောင်း) တံခါး ‘ဒွါရ'လည်း မည်၏၊ ဤရုပ်သည် (ရသာရုံကို လျက်မှု၌ မရောင့်ရဲ ပြည့်နိုင်ခဲသော သဘောကြောင့်) သမုဒ္ဒရာ ‘သမုဒ္ဒ'လည်း မည်၏၊ ဤရုပ်သည် ဖြူစင်ခြင်းသဘော (အလုံးစုံထက်ဝန်းကျင် ကြည်လင် သန့်ရှင်းစင်ကြယ်သောသဘော) ‘ပဏ္ဍရ'လည်း မည်၏၊ ဤရုပ်သည် (ဖဿစသော နာမ်တရားတို့၏ ပေါက်ဖွားရာ) လယ်မြေ ‘ခေတ္တ'လည်း မည်၏၊ ဤရုပ်သည် (ဖဿစသော နာမ်တရားတို့၏) မှီရာ တည်ရာ ‘ဝတ္ထု'လည်း မည်၏၊ ဤရုပ်သည် (နိဗ္ဗာန်မှ တစ်ဘက် ကမ်းဖြစ်သော ငါ- ငါဟူသော စွဲလမ်းမှု ‘သက္ကာယ’၌ အကျုံးဝင်သဖြင့်) ဤမှာဘက်ကမ်း ‘ဩရိမတီရ'လည်း မည်၏၊ ဤရုပ်သည် (ဇိဝှါဒွါရ၌ ဖြစ်သော စိတ် အများနှင့် ဆက်ဆံခြင်းရှိ၍ သီးခြားပိုင်ရှင် ကင်းမဲ့သဖြင့်) ဆိတ်သုဉ်းသောရွာ ‘သုညဂါမ'လည်း မည်၏။ ။ ဤသို့ သဘောရှိသော ရုပ်ကို လျက်သိစိတ် ‘ဇိဝှါဝိညာဏ်’ ဖြစ်ရာ လျှာအကြည် ‘ဇိဝှါယတန’ဟူ၍ ဆိုအပ်၏။ (ဏီ-၆၀၈)

--

ကာယာယတန

၁၆၀။ (၅) ထို အာယတန ၁၂-ပါးတို့တွင် အဘယ်သည် ထိသိစိတ် ‘ကာယဝိညာဏ်’ ဖြစ်ရာ ‘ကာယာယတန’ မည်သနည်း။

အကြင် ထိသိစိတ် ‘ကာယဝိညာဏ်’ ဖြစ်ရာ ကိုယ်အကြည် ‘ကာယ’ (ပသာဒ) သည် ကြီးကျယ် ထင်ရှားသော မဟာဘုတ်လေးပါးတို့ကို စွဲမှီ၍ ကြည်လင်၏ ‘ပသာဒ’၊ ကိုယ်ခန္ဓာ ‘အတ္တဘော’၌ အကျုံးဝင်၏ ‘အတ္တဘာဝပရိယာပန္န’၊ မြင်အပ်သည်၏ အဖြစ် (မြင်ခြင်း) နှင့် တကွမဖြစ် (မြင်အပ်သော သဘောမရှိ, မမြင်အပ်) ‘အနိဒဿန’၊ ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွဖြစ်၏ ‘သပ္ပဋိဃ’။ မြင်အပ်သည်၏ အဖြစ် (မြင်ခြင်း) နှင့် တကွမဖြစ်သော (မမြင်အပ်သော), ထိပါးတတ်သည်၏ အဖြစ် (ထိပါးခြင်း) နှင့် တကွဖြစ်သော အကြင်ကိုယ်အကြည် ‘ကာယ’ (ပသာဒ) ဖြင့် မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွမဖြစ်သော (မမြင်အပ်သော), ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွဖြစ်သော အတွေ့ ‘ဖောဋ္ဌဗ္ဗာရုံ'ကို ထိပါးလည်း ထိပါးခဲ့ပြီ၊ ထိပါးလည်း ထိပါးဆဲ၊ ထိပါးလည်း ထိပါးလတ္တံ့၊ ထိပါးမူလည်း ထိပါးရာ၏။ ဤရုပ်သည် ကိုယ်အကြည် ‘ကာယ’ (ပသာဒ) လည်း မည်၏၊ ဤရုပ်သည် ထိသိစိတ် ‘ကာယဝိညာဏ်’ ဖြစ်ရာ ကိုယ်အကြည် ‘ကာယာယတန'လည်း မည်၏၊ ဤရုပ်သည် ကိုယ်အကြည်ဟူသော သဘော ‘ကာယဓာတ်'လည်း မည်၏၊ ဤရုပ်သည် ထိမှု၌ အစိုးရသော ကိုယ်အကြည် ‘ကာယိန္ဒြေ'လည်း မည်၏၊ ဤရုပ်သည် ဖြစ်တတ် ပျက်တတ်သော သဘော ‘လောက'လည်း မည်၏၊ ဤရုပ်သည် (ဖဿစသော နာမ်တရားတို့၏ ဖြစ်ကြောင်း) တံခါး ‘ဒွါရ'လည်း မည်၏၊ ဤရုပ်သည် (ဖောဋ္ဌဗ္ဗာရုံကို ထိမှု၌ မရောင့်ရဲ ပြည့်နိုင်ခဲသော သဘောကြောင့်) သမုဒ္ဒရာ ‘သမုဒ္ဒ'လည်း မည်၏၊ ဤရုပ်သည် ဖြူစင်ခြင်းသဘော (အလုံးစုံထက်ဝန်းကျင် ကြည်လင်သန့်ရှင်း စင်ကြယ်သော သဘော) ‘ပဏ္ဍရ'လည်းမည်၏၊ ဤရုပ်သည် (ဖဿစသော နာမ်တရားတို့ ပေါက်ဖွားရာ) လယ်မြေ ‘ခေတ္တ'လည်း မည်၏၊ ဤရုပ်သည် (ဖဿစသော နာမ်တရားတို့၏) မှီရာ တည်ရာ ‘ဝတ္ထု'လည်းမည်၏၊ ဤရုပ်သည် (နိဗ္ဗာန်မှ တစ်ဖက်ကမ်းဖြစ်သော ငါ- ငါဟူသော စွဲလမ်းမှု ‘သက္ကာယ’၌ အကျုံးဝင်သဖြင့်) ဤမှာဘက်ကမ်း ‘ဩရိမတီရ'လည်း မည်၏၊ ဤရုပ်သည် (ကာယဒွါရ၌ ဖြစ်သော စိတ်အများနှင့် ဆက်ဆံခြင်းရှိ၍ သီးခြားပိုင်ရှင်ကင်းမဲ့သဖြင့်) ဆိတ်သုဉ်းသောရွာ ‘သုညဂါမ'၁လည်း မည်၏။ ။ ဤသို့ သဘောရှိသော ရုပ်ကို ထိသိစိတ် ‘ကာယဝိညာဏ်’ ဖြစ်ရာ ကိုယ်အကြည် ‘ကာယာယတန’ဟူ၍ ဆိုအပ်၏။ (ဏီ-၆၁၂)

၁။ သုညဂါမ-သုညဂါမဟူသည် လူတို့စွန့်ပစ်ဖဲခွါသွားသည့် ရွာပျက်ကုန်းကြီး ရွာဆိုးကုန်းကြီး ဖြစ်သည်၊ ကြည့်ရှုအုပ်ချုပ်သူ နေထိုင်သူတို့ ကင်းမဲ့သဖြင့် ဆိတ်သုဉ်းသောရွာ ‘သုညဂါမ’ဟု ခေါ်သည်၊ ထိုရွာပျက်ကြီးသည် မြွေ, ကျား, ကင်း စသော အယုတ်တမာ သတ္တဝါတို့ ခိုအောင်းရာဖြစ်သည့်ပြင် လူဆိုး သူဆိုး သူခိုး ဓားပြ သူပုန်တို့ စည်းမဲ့ကမ်းမဲ့ လွတ်လပ်စွာ ထွက်ဝင် ခိုအောင်းရာလည်း ဖြစ်သည်၊ စက္ခုဒွါရ သောတဒွါရစသည်တို့သည်လည်း ကိလေသာ သူပုန် စသည်တို့ ခိုဝင်ပုန်းအောင်းရာ ဖြစ်သည်၊ ထို့ကြောင့် စက္ခုဒွါရ, စသည့် ဒွါရ ၅-ပါးတို့ကို ‘သုညဂါမ’ဟု ခေါ်သည် (သဠာယတနသံယုတ် ပါဠိတော်၊ အာသီဝိသောပမသုတ်၊ ၃၈၃။ ဋ္ဌ၊ ၅၂။)

--

(ဒုက် ၅၂-ခုကို မူတည်၍ တိက် ၂၁-ခုကို မူလီသွင်းသော ဒုကမူလကနည်း)

၁-သဟေတုကဒုကမူ-တိက် ၂၁-ခု မူလီ ၂၁-နည်း

(၁) သဟေတုကဒုကမူ-ကုသလတိကမူလီ ၁၀-နည်း

မနာယတန၁ ၁၆၁။ (၆) ထိုအာယတန ၁၂-ပါးတို့တွင် အဘယ်သည် သိမှုစိတ်ဖြစ်ရာ ‘မနာယတန’ မည်သနည်း။

ဧကကနည်း

တစ်ပါးပြားသောနည်းအားဖြင့် မနာယတနသည် ဖြစ်၏။ ။ ဖဿနှင့်ယှဉ်သော မနာယတန တည်း။

ဒုကနည်း

နှစ်ပါးပြားသော နည်းအားဖြင့် မနာယတနသည် ဖြစ်၏။ ။ ဟိတ်ရှိသော မနာယတနသည် ရှိ၏၊ ဟိတ်မရှိသော မနာယတနသည် ရှိ၏။

တိကနည်း

သုံးပါးပြားသောနည်းအားဖြင့် မနာယတနသည် ဖြစ်၏။ ။ အပြစ်မရှိမူ၍ ကောင်းကျိုး ချမ်းသာကို ပေးတတ်သောစိတ် ‘ကုသိုလ်မနာယတန'သည် ရှိ၏ (ကုသိုလ်စိတ်)၊ အပြစ်နှင့် တကွဖြစ်၍ မကောင်းကျိုး ဆင်းရဲကို ပေးတတ်သောစိတ် ‘အကုသိုလ်မနာယတန'သည် ရှိ၏ (အကုသိုလ်စိတ်)၊ ကုသိုလ် အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သော ‘အဗျာကတ'မနာယတနသည် ရှိ၏ (ဝိပါက်, ကြိယာစိတ်များ)။

စတုက္ကနည်း

လေးပါးပြားသော နည်းအားဖြင့် မနာယတနသည် ဖြစ်၏။ ။ ကာမဘုံ၌ သက်ဝင်၍ ဖြစ်သော (ကာမတဏှာ၏ ဖြစ်ရာကျင်လည်ရာ ဖြစ်သော) ‘ကာမာဝစရ'မနာယတန သည် ရှိ၏ (ကာမစိတ်များ)၊ ရူပဘုံ၌ သက်ဝင်၍ ဖြစ်သော (ရူပတဏှာ၏ ဖြစ်ရာကျင်လည်ရာ ဖြစ်သော) ‘ရူပါဝစရ'မနာယတနသည် ရှိ၏၊ အရူပဘုံ၌ သက်ဝင်၍ ဖြစ်သော (အရူပတဏှာ၏ ဖြစ်ရာ ကျင်လည်ရာ ဖြစ်သော) ‘အရူပါဝစရ'မနာယတနသည် ရှိ၏၊ (ကာမ, ရူပ, အရူပ) ဘုံသုံးပါး၌ အကျုံး မဝင်သော (လောကုတ္တရာ) ‘အပရိယာပန္န'မနာယတနသည် ရှိ၏။

ပဉ္စကနည်း

ငါးပါးပြားသောနည်းအားဖြင့် မနာယတနသည် ဖြစ်၏။ ။ ကိုယ်ချမ်းသာမှု၌ အစိုးတရ ခံစားခြင်း ‘သုခိန္ဒြေ'နှင့်ယှဉ်သော မနာယတနသည် ရှိ၏ (သုခသဟဂုတ်ကာယဝိညာဏ် စိတ်)၊ ကိုယ်ဆင်းရဲမှု၌ အစိုးတရ ခံစားခြင်း ‘ဒုက္ခိန္ဒြေ'နှင့် ယှဉ်သော မနာယတနသည် ရှိ၏ (ဒုက္ခ သဟဂုတ် ကာယဝိညာဏ်စိတ်)၊ စိတ်ချမ်းသာမှု၌ အစိုးတရ ခံစားခြင်း ‘သောမနဿိန္ဒြေ'နှင့် ယှဉ်သော မနာယတနသည် ရှိ၏ (သောမနဿ သဟဂုတ်စိတ် ၆၂-ပါး)၊ စိတ်မချမ်းသာမှု (စိတ်နှလုံးမသာယာမှု၌) အစိုးတရ ခံစားခြင်း ‘ဒေါမနဿိန္ဒြေ'နှင့် ယှဉ်သော မနာယတနသည် ရှိ၏ (ဒေါသမူဒွေး)၊ လျစ်လျူရှုမှု၌ အစိုးတရ ခံစားခြင်း ‘ဥပေက္ခိန္ဒြေ'နှင့် ယှဉ်သော မနာယတနသည် ရှိ၏ (ဥပေက္ခာသဟဂုတ် ၅၅-ပါး)။

ဆက္ကနည်း

ခြောက်ပါးပြားသော နည်းအားဖြင့် မနာယတနသည် ဖြစ်၏။ ။ မြင်သိစိတ် ‘စက္ခုဝိညာဏ်’၊ ကြားသိစိတ် ‘သောတဝိညာဏ်’၊ နံသိစိတ် ‘ဃာနဝိညာဏ်’၊ လျက်သိစိတ် ‘ဇိဝှါဝိညာဏ်’၊ ထိသိစိတ် ‘ကာယဝိညာဏ်’၊ ကြံသိစိတ် ‘မနောဝိညာဏ်'သည် ရှိ၏။ ။ ဤသို့ ခြောက်ပါးပြားသော နည်းအားဖြင့် မနာယတနသည် ဖြစ်၏။

--

သတ္တကနည်း

ခုနစ်ပါးပြားသော နည်းအားဖြင့် မနာယတနသည် ဖြစ်၏။ ။ မြင်သိစိတ် ‘စက္ခု ဝိညာဏ်’၊ ကြားသိစိတ် ‘သောတဝိညာဏ်’၊ နံသိစိတ် ‘ဃာနဝိညာဏ်’၊ လျက်သိစိတ် ‘ဇိဝှါဝိညာဏ်’၊ ထိသိစိတ် ‘ကာယဝိညာဏ်’၊ (အာရုံငါးပါးကို) သိကာမျှသဘော ‘မနောဓာတ်’ (ပဉ္စဒွါရာ ဝဇ္ဇန်း, သမ္ပဋိစ္ဆိုန်းဒွေး)၊ (အာရုံခြောက်ပါးကို) အထူးသိမှုသဘော ‘မနောဝိညာဏဓာတ်'သည် ရှိ၏။ ။ ဤသို့ ခုနစ်ပါးပြားသော နည်းအားဖြင့် မနာယတနသည် ဖြစ်၏။

အဋ္ဌကနည်း

ရှစ်ပါးပြားသောနည်းအားဖြင့် မနာယတနသည် ဖြစ်၏။ ။ မြင်သိစိတ် ‘စက္ခုဝိညာဏ်'သည် ရှိ၏၊ ကြားသိစိတ် ‘သောတဝိညာဏ်'သည် ရှိ၏၊ နံသိစိတ် ‘ဃာနဝိညာဏ်'သည် ရှိ၏၊ လျက်သိစိတ် ‘ဇိဝှါဝိညာဏ်'သည် ရှိ၏၊ ချမ်းသာခံစားမှု ‘သုခဝေဒနာ'နှင့် တကွဖြစ်သော ထိသိစိတ် ‘ကာယဝိညာဏ်'သည် ရှိ၏၊ ဆင်းရဲခံစားမှု ‘ဒုက္ခဝေဒနာ'နှင့် တကွဖြစ်သော ထိသိစိတ် ‘ကာယဝိညာဏ်'သည် ရှိ၏၊ ၊ (အာရုံငါးပါးကို) သိကာမျှသဘော ‘မနောဓာတ်'သည် ရှိ၏၊ (အာရုံခြောက်ပါးကို) အထူးသိမှု သဘော ‘မနောဝိညာဏဓာတ်'သည် ရှိ၏။ ။ ဤသို့ ရှစ်ပါးပြားသော နည်းအားဖြင့် မနာယတနသည် ဖြစ်၏။

နဝကနည်း

ကိုးပါးပြားသော နည်းအားဖြင့် မနာယတနသည် ဖြစ်၏။ ။ မြင်သိစိတ် ‘စက္ခုဝိညာဏ်'သည် ရှိ၏၊ ကြားသိစိတ် ‘သောတဝိညာဏ်'သည် ရှိ၏၊ နံသိစိတ် ‘ဃာနဝိညာဏ်'သည် ရှိ၏၊ လျက်သိစိတ် ‘ဇိဝှါဝိညာဏ်'သည် ရှိ၏၊ ထိသိစိတ် ‘ကာယဝိညာဏ်'သည် ရှိ၏၊ (အာရုံငါးပါးကို) သိကာမျှ သဘော ‘မနောဓာတ်'သည် ရှိ၏၊ ကုသိုလ် မနောဝိညာဏဓာတ်သည် ရှိ၏။ အကုသိုလ် မနော ဝိညာဏဓာတ်သည် ရှိ၏။ အဗျာကတ မနောဝိညာဏဓာတ်သည် ရှိ၏။ ။ ဤသို့ ကိုးပါးပြားသော နည်းအားဖြင့် မနာယတနသည် ဖြစ်၏။

ဒသကနည်း

ဆယ်ပါးပြားသော နည်းအားဖြင့် မနာယတနသည် ဖြစ်၏။ ။ မြင်သိစိတ် ‘စက္ခု ဝိညာဏ်'သည် ရှိ၏၊ ကြားသိစိတ် ‘သောတဝိညာဏ်'သည် ရှိ၏၊ နံသိစိတ် ‘ဃာနဝိညာဏ်'သည် ရှိ၏၊ လျက်သိစိတ် ‘ဇိဝှါဝိညာဏ်'သည် ရှိ၏၊ ချမ်းသာခံစားမှု ‘သုခဝေဒနာ'နှင့် တကွဖြစ်သော ထိသိစိတ် ‘ကာယဝိညာဏ်'သည် ရှိ၏၊ ဆင်းရဲခံစားမှု ‘ဒုက္ခဝေဒနာ'နှင့် တကွဖြစ်သော ထိသိစိတ် ‘ကာယဝိညာဏ်'သည် ရှိ၏၊ (အာရုံငါးပါးကို) သိကာမျှသဘော ‘မနောဓာတ်'သည် ရှိ၏၊ ကုသိုလ် မနောဝိညာဏဓာတ်သည် ရှိ၏။ အကုသိုလ်မနောဝိညာဏဓာတ်သည် ရှိ၏။ အဗျာကတ မနော ဝိညာဏဓာတ်သည် ရှိ၏။ ။ ဤသို့ ဆယ်ပါးပြားသော နည်းအားဖြင့် မနာယတနသည် ဖြစ်၏။

၁။ မနာယတနကို ဟောရာ၌ ခန္ဓဝိဘင်း-ဝိညာဏက္ခန္ဓာကို ဟောသကဲ့သို့ (၁) ဒုက် ၅၂-ကို မူထား၍ တိက် ၂၁-ခုကို မူလီသွင်း၍ ဟောသော ဒုကမူလကနည်း ၁၀၉၂-နည်း၊ (၂) တိကမူလကနည်း ၁၀၉၂-နည်း၊ (၃) ဥဘတောဝဍ္ဎကနည်း ၂၁-နည်း၊ (၄) သတ္တကနည်း ၂၁-နည်း၊ (၅) စတုဝီသတိဝိဓနည်း ၂၁-နည်း၊ (၆) တိံသဝိဓနည်း၊ (၇) ဗဟုဝိဓနည်း ၂၁-နည်း (အားလုံး မနာယတနပေါင်း ၁၂၂၉၄၄-ပါး) အားဖြင့် ဟောရမည်။ ဤနေရာ၌ အမြွက်မျှသာ ဟောကြားထားသည်၊ [ခန္ဓဝိဘင်းဝိညာဏက္ခန္ဓာ ကြည့်]

--

(၂) သဟေတုကဒုကမူ-ဝေဒနာတိကမူလီ ၁၀-နည်း

ရူပါယတန, သဒ္ဒါယတန, ဂန္ဓာယတန, ရသာယတန, ဖောဋ္ဌဗ္ဗာယတန ဓမ္မာယတန ၅မျိုး

(ဝေဒနာက္ခန္ဓာဓမ္မာယတန, သညာက္ခန္ဓာဓမ္မာယတန, သင်္ခါရက္ခန္ဓာဓမ္မာယ တန, သုခုမရုပ်ဓမ္မာယတန, နိဗ္ဗာန်ဓမ္မာယတန)

ဧကကနည်း

တစ်ပါးပြားသောနည်းအားဖြင့် မနာယတနသည် ဖြစ်၏။ ။ ဖဿနှင့်ယှဉ်သော မနာယတနတည်း။

ဒုကနည်း

နှစ်ပါးပြားသော နည်းအားဖြင့် မနာယတနသည် ဖြစ်၏။ ။ ဟိတ်ရှိသော မနာယတနသည် ရှိ၏၊ ဟိတ်မရှိသော မနာယတနသည် ရှိ၏။

တိကနည်း

သုံးပါးပြားသော နည်းအားဖြင့် မနာယတနသည် ဖြစ်၏။ ။ သုခဝေဒနာနှင့်ယှဉ်သော မနာယတနသည် ရှိ၏၊ ဒုက္ခဝေဒနာနှင့်ယှဉ်သော မနာယတနသည် ရှိ၏၊ အဒုက္ခမသုခဝေဒနာနှင့်ယှဉ်သော မနာယတနသည် ရှိ၏။ပ။၁

ဤသို့များသောအပြားအားဖြင့် မနာယတနသည် ဖြစ်၏။

ဤပြဆိုခဲ့ပြီးသော သဘောကို မနာယတနဟု ဆိုအပ်၏။

--

ရူပါယတန

၁၆၂။ (၇) ထိုအာယတန ၁၂-ပါးတို့တွင် အဘယ်သည် မြင်သိစိတ် ‘စက္ခုဝိညာဏ်’ ဖြစ်ကြောင်းအဆင်း ‘ရူပါယတန’ မည်သနည်း။

ကြီးကျယ်ထင်ရှားသော ‘မဟာဘုတ်'လေးပါးတို့ကို စွဲမှီ၍ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွဖြစ်သော (မြင်အပ်သော) ‘သနိဒဿန', ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ ‘သပ္ပဋိဃ’ ဖြစ်သော အဆင်းအရောင်ဟူသော အကြင်အဆင်း (ရူပါရုံ) ကား-အညို ‘နီလ’၊ အရွှေ (အဝါနု) ‘ပီတက’၊ အနီ ‘လောဟိတက’၊ အဖြူ ‘ဩဒါတ’၊ အမည်း (အနက်) ‘ကာဠက’၊ အမောင်း (နီညိုရောင်) ‘မဉ္ဇိဋ္ဌက’၊ အဝါရင့် ‘ဟရိ’၊ အစိမ်းရင့်ရောင် ‘ဟရိဝဏ္ဏ’၊ သရက်ညွန့်အဆင်းရောင် (အစိမ်းနု) ‘အမ္ဗင်္ကုရဝဏ္ဏ’၊ အရှည် ‘ဒီဃ’၊ အတို ‘ရဿ’၊ အငယ် ‘အဏု’၊ အကြီး ‘ထူလ’၊ (လှည်းဘီးသဏ္ဌာန်) အဝန်းအဝိုင်း ‘ဝဋ္ဋ’၊ (ကြက်ဥသဏ္ဌာန်) အလုံး ‘ပရိမဏ္ဍလ’၊ လေးမြှောင့် ‘စတုရဿ’၊ ခြောက်မြှောင့် ‘ဆဠံသ’၊ ရှစ်မြှောင့် ‘အဋ္ဌံသ’၊ တစ်ဆယ့်ခြောက်မြှောင့် ‘သောဠသံသ’၊ အနိမ့်အရှိုင်း ‘နိန္န၊ အမြင့်အမောက် ‘ထလ’၊ အရိပ် ‘ဆာယာ’၊ နေပူ ‘အာတပ’၊ အလင်း ရောင် ‘အာလောက’၊ အမိုက်မှောင် ‘အန္ဓကာရ’၊ တိမ်တိုက် ‘အဗ္ဘာ’၊ ဆီးနှင်း ‘မဟိကာ’၊ အခိုး ‘ဓူမ’၊ မြူ ‘ရဇ’၊ လဝန်း၏ အဆင်းအရောင်၊ နေဝန်း၏ အဆင်းအရောင်၊ ကြယ် (တာရာ) အပေါင်းတို့၏ အဆင်းအရောင်၊ ကြေးမုံ (မှန်) ဝန်း၏ အဆင်းအရောင်၊ ပတ္တမြား ‘မဏိ’၊ ခရုသင်း ‘သင်္ခ’၊ ပုလဲ ‘မုတ္တ’၊ ဝါးအဆင်း ရှိသော ဝေဠုရိယ ကြောင်မျက်ရွဲ (မြ) ၏ အဆင်းအရောင်၊ ရွှေ ငွေ၏ အဆင်းအရောင်သည် (ရှိ၏)။ ထို့ပြင် (ဆိုအပ်ခဲ့ပြီးသော အဆင်း ‘ရူပါရုံ'တို့မှ) တစ်မျိုးတစ်ခြားဖြစ်သော ကြီးကျယ်ထင်ရှားသည့် ‘မဟာဘုတ်'လေးပါးတို့ကို စွဲမှီ၍ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွဖြစ်သော (မြင်အပ်သော) ‘သနိဒဿန', ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွဖြစ်သော ‘သပ္ပဋိဃ’ အဆင်းအရောင်ဟူသော အကြင် အဆင်းရူပါရုံသည်လည်း ရှိသေး၏။ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့်တကွဖြစ်သော (မြင်အပ်သော) ‘သနိဒဿန', ထိပါးတတ်သည်၏ အဖြစ် (ထိပါးခြင်း) နှင့် တကွ ‘သပ္ပဋိဃ’ ဖြစ်သော အဆင်းအရောင်ဟူသော အကြင်အဆင်း (ရူပါရုံ) ကို မြင်အပ်သည်၏ အဖြစ် (မြင်ခြင်း) နှင့် တကွမဖြစ်သော (မမြင်အပ်သော) ‘အနိဒဿန', ထိပါးတတ်သည်၏ အဖြစ် (ထိပါးခြင်း) နှင့် တကွဖြစ်သော ‘သပ္ပဋိဃ'မျက်စိအကြည် ‘စက္ခုပသာဒ'ဖြင့် မြင်လည်း မြင်ခဲ့ပြီ၊ မြင်လည်း မြင်ဆဲ၊ မြင်လည်း မြင်လတ္တံ့၊ မြင်မူလည်း မြင်ရာ၏။ ဤရုပ်သည် အဆင်း ‘ရူပါရုံ’ မည်၏၊ ဤရုပ်သည် မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ကြောင်း အဆင်း ‘ရူပါယတန'လည်း မည်၏၊ ဤရုပ်သည် အဆင်း (ရူပါရုံ)ဟူသော သဘော ‘ရူပဓာတ်'လည်း မည်၏၊ ဤဆိုအပ်ခဲ့ပြီးသော အဆင်း ‘ရူပါရုံ'ကို မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ကြောင်း အဆင်း ‘ရူပါယတန’ဟူ၍ ဆိုအပ်၏။ (ဏီ-၆၁၆)

--

သဒ္ဒါယတန

၁၆၃။ (၈) ထိုအာယတန ၁၂-ပါးတို့တွင် အဘယ်သည် ကြားသိစိတ် ‘သောတဝိညာဏ်’ ဖြစ်ကြောင်း အသံ ‘သဒ္ဒါယတန’ မည်သနည်း။

ကြီးကျယ်ထင်ရှားသော ‘မဟာဘုတ်'လေးပါးတို့ကို စွဲမှီ၍ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့်တကွ မဖြစ်သော (မမြင်အပ်သော) ‘အနိဒဿန', ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ ဖြစ်သော ‘သပ္ပဋိဃ'အကြင်အသံ (သဒ္ဒါရုံ) သည် စည်ကြီးသံ ‘ဘေရိသဒ္ဒ’၊ မုရိုးစည်သံ ‘မုဒိင်္ဂသဒ္ဒ’၊ ခရုသင်းသံ ‘သင်္ခသဒ္ဒ’၊ ထက်စည်သံ ‘ပဏဝသဒ္ဒ’၊ သီချင်းသံ ‘ဂီတသဒ္ဒ’၊ တီးမှုတ်သံ ‘ဝါဒိတသဒ္ဒ’၊ မောင်းကြေးနင်း ခွက်ခွင်းသံ ‘သမ္မသဒ္ဒ’၊ လက်သံ (လက်ခုပ်တီးသံ) ‘ပါဏိသဒ္ဒ’၊ သတ္တဝါတို့၏ ကြွေးကြော်သံ ‘နိဂ္ဃေါသသဒ္ဒ’၊ (မိုးချုန်းသံ, ငလျင် တော်လည်းသံ စသော) သဘာဝ (ဓာတ်) တို့၏ (အချင်းချင်း) ထိခိုက်သော အသံ ‘သန္နိဃာတသဒ္ဒ’၊ လေသံ (လေတိုက်သော အသံ) ‘ဝါတသဒ္ဒ’၊ ရေသံ (ရေစီးသံ, ရေလှိုင်းသံ) ‘ဥဒကသဒ္ဒ’၊ လူသံ ‘မနုဿသဒ္ဒ’၊ လူသံမှ တပါးသော အသံ ‘အမနုဿသဒ္ဒ'သည် (ရှိ၏)။ ထို့ပြင် (ဆိုအပ်ခဲ့ပြီးသော အသံ ‘သဒ္ဒါရုံ'တို့မှ) တစ်မျိုးတစ်ခြားဖြစ်သော ကြီးကျယ်ထင်ရှားသော ‘မဟာဘုတ်'လေးပါးတို့ကိုစွဲမှီ၍ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွမဖြစ်သော (မမြင်အပ်သော), ‘အနိဒဿန', ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွဖြစ်သော အကြင်အသံ (သဒ္ဒါရုံ) သည်လည်း ရှိသေး၏။၂ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွမဖြစ်သော (မမြင်အပ်သော) ‘အနိဒဿန', ထိပါးတတ် သည်၏ အဖြစ် (ထိပါးခြင်း) နှင့် တကွဖြစ်သော အကြင်အသံ (သဒ္ဒါရုံ) ကို မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့်တကွ မဖြစ်သော (မမြင်အပ်သော) ‘အနိဒဿန', ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ ‘သပ္ပဋိဃ’ ဖြစ်သော နားအကြည် ‘သောတ’ (ပသာဒ) ဖြင့် ကြားလည်း ကြားခဲ့ပြီ၊ ကြားလည်း ကြားဆဲ၊ ကြားလည်း ကြားလတ္တံ့၊ ကြားမူလည်း ကြားရာ၏။ ဤရုပ်သည် အသံ ‘သဒ္ဒါရုံ’ မည်၏၊ ဤရုပ်သည် ကြားသိစိတ် (သောတဝိညာဏ်) ဖြစ်ကြောင်းအသံ ‘သဒ္ဒါယတန'လည်း မည်၏၊ ဤရုပ်သည် အသံ (သဒ္ဒါရုံ)ဟူသော သဘော ‘သဒ္ဒဓာတ်'လည်း မည်၏၊ ဤဆိုအပ်ခဲ့ပြီးသော အသံ ‘သဒ္ဒါရုံ'ကို ကြားသိစိတ် (သောတဝိညာဏ်) ဖြစ်ကြောင်း အသံ ‘သဒ္ဒါယတန’ဟူ၍ ဆိုအပ်၏။ (ဏီ-၆၂၀)

--

ဂန္ဓာယတန

၁၆၄။ (၉) ထိုအာယတန ၁၂-ပါးတို့တွင် အဘယ်သည် နံသိစိတ် ‘ဃာနဝိညာဏ်’ ဖြစ်ကြောင်းအနံ့ ‘ဂန္ဓာယတန’ မည်သနည်း။

ကြီးကျယ်ထင်ရှားသော ‘မဟာဘုတ်'လေးပါးတို့ကို စွဲမှီ၍ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့်တကွ မဖြစ်သော (မမြင်အပ်သော) ‘အနိဒဿန', ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ ‘သပ္ပဋိဃ'့ဖြစ်သော အကြင် အနံ့ ဂန္ဓာရုံသည် အမြစ်နံ့ ‘မူလဂန္ဓ’၊ အနှစ်နံ့ ‘သာရဂန္ဓ’၊ အခေါက် (အခွံ) နံ့ ‘တစဂန္ဓ’၊ အရွက်နံ့ ‘ပတ္တဂန္ဓ’၊ အပွင့်နံ့ ‘ပုပ္ဖဂန္ဓ’၊ အသီးနံ့ ‘ဖလဂန္ဓ’၊ စိမ်းရွှေသောအနံ့ ‘အာမကဂန္ဓ’၊ သားစိမ်း ငါးစိမ်း သားပုပ် ငါးပုပ် အညှီနံ့ ‘ဝိဿဂန္ဓ’၊ ကောင်းသော အလိုရှိအပ်သော အနံ့ ‘သုဂန္ဓ’၊ မကောင်းသော အလိုမရှိအပ်သော အနံ့ ‘ဒုဂ္ဂန္ဓ'သည် (ရှိ၏)။ ထို့ပြင် (ဆိုအပ်ခဲ့ပြီးသောအနံ့ ‘ဂန္ဓာရုံ'တို့မှ) တစ်မျိုးတစ်ခြားဖြစ်သော ကြီးကျယ်ထင်ရှားသော ‘မဟာဘုတ်'လေးပါးတို့ကို စွဲမှီ၍ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွ မဖြစ်သော (မမြင်အပ် သော) ‘အနိဒဿန', ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ ‘သပ္ပဋိဃ’ ဖြစ်သော အကြင်အနံ့ ဂန္ဓာရုံသည်လည်း ရှိသေး၏။ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွမဖြစ်သော (မမြင်အပ်သော) ‘အနိဒဿန', ထိပါးတတ် သည်၏ အဖြစ် (ထိပါးခြင်း) နှင့် တကွ ‘သပ္ပဋိဃ’ ဖြစ်သော အကြင်အနံ့ (ဂန္ဓာရုံ) ကို မြင်အပ်သည်၏ အဖြစ် (မြင်ခြင်း) နှင့်တကွ မဖြစ်သော (မမြင်အပ်သော) ‘အနိဒဿန', ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ ‘သပ္ပဋိဃ’ ဖြစ်သော နှာခေါင်းအကြည် ‘ဃာန’ (ပသာဒ) ဖြင့် နမ်းလည်း နမ်းခဲ့ပြီ၊ နမ်းလည်း နမ်းဆဲ၊ နမ်းလည်း နမ်းလတ္တံ့၊ နမ်းမူလည်း နမ်းရာ၏။ ဤရုပ်သည် အနံ့ ‘ဂန္ဓာရုံ'လည်း မည်၏၊ ဤရုပ်သည် နံသိစိတ် (ဃာနဝိညာဏ်) ဖြစ်ကြောင်း အနံ့ ‘ဂန္ဓာယတန'လည်း မည်၏၊ ဤရုပ်သည် အနံ့ (ဂန္ဓာရုံ)ဟူသော သဘော ‘ဂန္ဓဓာတ်'လည်း မည်၏၊ ဤဆိုအပ်ခဲ့ပြီးသော အနံ့ ‘ဂန္ဓာရုံ'ကို နံသိစိတ် (ဃာနဝိညာဏ်) ဖြစ်ကြောင်း အနံ့ ‘ဂန္ဓာယတန’ဟူ၍ ဆိုအပ်၏။ (ဏီ-၆၂၄)

--

ရသာယတန

၁၆၅။ (၁၀) ထိုအာယတန ၁၂-ပါးတို့တွင် အဘယ်သည် လျက်သိစိတ် ‘ဇိဝှါဝိညာဏ်’ ဖြစ်ကြောင်း အရသာ ‘ရသာယတန’ မည်သနည်း။

ကြီးကျယ်ထင်ရှားသော ‘မဟာဘုတ်'လေးပါးတို့ကို စွဲမှီ၍ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွ မဖြစ်သော (မမြင်အပ်သော) ‘အနိဒဿန', ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ ‘သပ္ပဋိဃ’ ဖြစ်သော အကြင်အရသာ (ရသာရုံ) သည် အမြစ်အရသာ ‘မူလရသ’၊ ပင်စည်အရသာ ‘ခန္ဓရသ’၊ အခေါက် (အခွံ) အရသာ ‘တစရသ’၊ အရွက်အရသာ ‘ပတ္တရသ’၊ အပွင့်အရသာ ‘ပုပ္ဖရသ’၊ အသီးအရသာ ‘ဖလရသ’၊ အချဉ် ‘အမ္ဗိလ’၊ အချိုးအမြိန် ‘မဓုရ’၊ အခါး ‘တိတ္တက’၊ အစပ် ‘ကဋုက’၊ ဆားအငန် ‘လောဏိက’၊ ဆပ်ပြာအငန် ‘ခါရိက’၊ စူးရှသော အချဉ် ‘လမ္ဗိက’၊ အဖန် ‘ကသာဝ’၊ သာယာဖွယ် (ကောင်းသော) အရသာ ‘သာဒု’၊ မသာယာဖွယ် (မကောင်းသော) အရသာ ‘အသာဒု'သည် (ရှိ၏)။ ထို့ပြင် (ဆိုအပ်ခဲ့ပြီးသော အရသာ ‘ရသာရုံ'တို့မှ) တစ်မျိုး တစ်ခြားဖြစ်သော ကြီးကျယ် ထင်ရှားသော ‘မဟာဘုတ်'လေးပါးတို့ကို စွဲမှီ၍ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွ မဖြစ်သော (မမြင်အပ်သော), ‘အနိဒဿန', ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ ‘သပ္ပဋိဃ’ ဖြစ်သော အကြင်အရသာ (ရသာရုံ) သည်လည်း ရှိသေး၏။ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွ မဖြစ်သော (မမြင်အပ်သော) ‘အနိဒဿန', ထိပါး တတ်သည်၏ အဖြစ် (ထိပါးခြင်း) နှင့် တကွ ‘သပ္ပဋိဃ’ ဖြစ်သော အကြင်အရသာ (ရသာရုံ) ကို မြင်အပ် သည်၏အဖြစ် (မြင်ခြင်း) နှင့်တကွ မဖြစ်သော (မမြင်အပ်သော) ‘အနိဒဿန', ထိပါးတတ်သည်၏ အဖြစ် (ထိပါးခြင်း) နှင့် တကွ ‘သပ္ပဋိဃ’ ဖြစ်သော လျှာအကြည် ‘ဇိဝှါ’ (ပသာဒ) ဖြင့် လျက်လည်း လျက်ခဲ့ပြီ၊ လျက်လည်း လျက်ဆဲ၊ လျက်လည်း လျက်လတ္တံ့၊ လျက်မူလည်း လျက်ရာ၏။ ဤရုပ်သည် အရသာ ‘ရသာရုံ'လည်း မည်၏၊ ဤရုပ်သည် လျက်သိစိတ် (ဇိဝှါဝိညာဏ်) ဖြစ် ကြောင်း အရသာ ‘ရသာယတန'လည်း မည်၏၊ ဤရုပ်သည် အရသာ (ရသာရုံ)ဟူသော သဘော ‘ရသဓာတ်'လည်း မည်၏၊ ဤဆိုအပ်ခဲ့ပြီးသော အရသာ ‘ရသာရုံ'ကို လျက်သိစိတ် (ဇိဝှါဝိညာဏ်) ဖြစ်ကြောင်း အရသာ ‘ရသာ ယတန’ဟူ၍ ဆိုအပ်၏။ (ဏီ-၆၂၈)

--

ဖောဋ္ဌဗ္ဗာယတန

၁၆၆။ (၁၁) ထိုအာယတန ၁၂-ပါးတို့တွင် အဘယ်သည် ထိသိစိတ် ‘ကာယဝိညာဏ်’ ဖြစ်ကြောင်း အတွေ့ ‘ဖောဋ္ဌဗ္ဗာယတန’ မည်သနည်း။

မြေဟူသော သဘော (ခက်မာခြင်းသဘော) ‘ပထဝီဓာတ်’၊ မီးဟူသော သဘော (ရင့်ကျက်စေခြင်း သဘော) ‘တေဇောဓာတ်’၊ လေဟူသော သဘော (ထောက်ကန်လှုပ်ရှားခြင်းသဘော) ‘ဝါယောဓာတ်’၊ ခက်မာခြင်းသဘော ‘ကက္ခဠ’၊ နူးညံ့ခြင်းသဘော ‘မုဒုက’၊ သိမ်မွေ့ခြင်းသဘော ‘သဏှ’၊ ကြမ်းတမ်းခြင်း သဘော ‘ဖရုသ’၊ ချမ်းသာသော အတွေ့ ‘သုခသမ္ဖဿ’၊ ဆင်းရဲသော အတွေ့ ‘ဒုက္ခသမ္ဖဿ’၊ လေးသော သဘော ‘ဂရုက’၊ ပေါ့သော သဘော ‘လဟုက'သည် ရှိ၏။ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွမဖြစ်သော (မမြင်အပ်သော) ‘အနိဒဿန', ထိပါးတတ် သည်၏ အဖြစ် (ထိပါးခြင်း) နှင့်တကွ ‘သပ္ပဋိဃ’ ဖြစ်သော အကြင်အတွေ့ (ဖောဋ္ဌဗ္ဗာရုံ) ကို မြင်အပ်သည် ၏အဖြစ် (မြင်ခြင်း) နှင့် တကွ မဖြစ်သော (မမြင်အပ်သော) ‘အနိဒဿန', ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ ‘သပ္ပဋိဃ’ ဖြစ်သော ကိုယ်အကြည် ‘ကာယ’ (ပသာဒ) ဖြင့် ထိပါးလည်း ထိပါးခဲ့ပြီ၊ ထိပါးလည်း ထိပါးဆဲ၊ ထိပါးလည်း ထိပါးလတ္တံ့၊ ထိပါးမူလည်း ထိပါးရာ၏။ ဤရုပ်သည် အတွေ့ ‘ဖောဋ္ဌဗ္ဗာရုံ'လည်း မည်၏၊ ဤရုပ်သည် ထိသိစိတ်ဖြစ်ကြောင်း အတွေ့ ‘ဖောဋ္ဌဗ္ဗာယတန'လည်း မည်၏၊ ဤရုပ်သည် အတွေ့ (ဖောဋ္ဌဗ္ဗာရုံ)ဟူသောသဘော ‘ဖောဋ္ဌဗ္ဗဓာတ်'လည်း မည်၏၊ ဤဆိုခဲ့ပြီးသော အတွေ့ ‘ဖောဋ္ဌဗ္ဗာရုံ'ကို ထိသိစိတ် ဖြစ်ကြောင်း အတွေ့ ‘ဖောဋ္ဌဗ္ဗာ ယတန’ဟူ၍ ဆိုအပ်၏။ (ဏီ-၆၄၇)

--

ဓမ္မာယတန ၅ မျိုး၃

၁၆၇။ (၁၂) ထိုအာယတန ၁၂-ပါးတို့တွင် အဘယ်သည် သိမှုစိတ် ဖြစ်ရာ ဖြစ်ကြောင်း ‘ဓမ္မာယတန’ မည်သနည်း။

ခံစားမှုအစု ‘ဝေဒနာက္ခန္ဓာ’၊ မှတ်သားမှုအစု သညာက္ခန္ဓာ’၊ ပြုပြင်စီရင်မှုအစု ‘သင်္ခါရက္ခန္ဓာ’ (တည်းဟူသော နာမ်ခန္ဓာသုံးပါး) သည်လည်းကောင်း၊ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွ မဖြစ်သော (မမြင်အပ်သော) ‘အနိဒဿန', ထိပါးတတ်သည်၏ အဖြစ် (ထိပါးခြင်း) နှင့် တကွမဖြစ်သော ‘အပ္ပဋိဃ', သိမှုစိတ်ဖြစ်ရာ ဖြစ်ကြောင်း ‘ဓမ္မာယတန’၌ အကျုံးဝင်သော အကြင် (သုခုမရုပ်သောဠသ) ရုပ်သည်လည်းကောင်း၊ အကြောင်းတရားလေးပါးတို့သည် မပြုပြင်အပ်သောသဘော ‘အသင်္ခတဓာတ် (နိဗ္ဗာန်) သည်လည်းကောင်း ရှိ၏။ (ဤတရားတို့ကို သိမှုစိတ်ဖြစ်ရာဖြစ်ကြောင်း ‘ဓမ္မာယတန’ဟု ဆိုအပ်၏။)

ဝေဒနာက္ခန္ဓာ ဓမ္မာယတန

ထို ဓမ္မာယတန ၅-မျိုးတို့တွင် အဘယ်သည် ခံစားမှုအစု ‘ဝေဒနာက္ခန္ဓာ’ မည်သနည်း။

ဧကကနည်း

တစ်ပါးပြားသော နည်းအားဖြင့် ခံစားမှုအစု ‘ဝေဒနာက္ခန္ဓာ'သည် ဖြစ်၏။ ။ ဖဿနှင့်ယှဉ်သော ဝေဒနာက္ခန္ဓာတည်း။

ဒုကနည်း

နှစ်ပါးပြားသောနည်းအားဖြင့် ဝေဒနာက္ခန္ဓာသည်ဖြစ်၏။ ။ ဟိတ်ရှိသော ဝေဒနာက္ခန္ဓာသည် ရှိ၏၊ ဟိတ် မရှိသော ဝေဒနာက္ခန္ဓာသည် ရှိ၏။

တိကနည်း

သုံးပါးပြားသောနည်းအားဖြင့် ဝေဒနာက္ခန္ဓာသည် ဖြစ်၏။ ။ အပြစ်မရှိမူ၍ ကောင်းကျိုး ချမ်းသာကို ပေးတတ်သော ခံစားမှုအစု ‘ကုသိုလ်ဝေဒနာက္ခန္ဓာ'သည် ရှိ၏၊ အပြစ်နှင့် တကွဖြစ်၍ မကောင်းကျိုး ဆင်းရဲကို ပေးတတ်သော ခံစားမှုအစု ‘အကုသိုလ်ဝေဒနာက္ခန္ဓာ'သည် ရှိ၏၊ ကုသိုလ် အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သော ခံစားမှုအစု ‘အဗျာကတဝေဒနာက္ခန္ဓာ'သည် ရှိ၏။ပ။ ဤသို့ ဆယ်ပါးပြားသော နည်းအားဖြင့် ဝေဒနာက္ခန္ဓာသည် ဖြစ်၏။ပ။၄ ဤသို့ များသော အပြားအား ဖြင့် ဝေဒနာက္ခန္ဓာသည် ဖြစ်၏။ ဤဆိုခဲ့ပြီးသော ဝေဒနာကို ခံစားမှုအစု ‘ဝေဒနာက္ခန္ဓာ’ဟု ဆိုအပ်၏။

သညာက္ခန္ဓာဓမ္မာယတန

ထို ဓမ္မာယတန ၅-မျိုးတို့တွင် အဘယ်သည် မှတ်သားမှုအစု ‘သညာက္ခန္ဓာ’ မည်သနည်း။

ဧကကနည်း

တစ်ပါးပြားသောနည်းအားဖြင့် ‘သညာက္ခန္ဓာ'သည် ဖြစ်၏။ ။ ဖဿနှင့်ယှဉ်သော သညာက္ခန္ဓာတည်း။

ဒုကနည်း

နှစ်ပါးပြားသောနည်းအားဖြင့် သညာက္ခန္ဓာသည်ဖြစ်၏။ ။ ဟိတ်ရှိသော သညာက္ခန္ဓာသည် ရှိ၏၊ ဟိတ် မရှိသော သညာက္ခန္ဓာသည် ရှိ၏။

တိကနည်း

သုံးပါးပြားသော နည်းအားဖြင့် သညာက္ခန္ဓာသည် ဖြစ်၏။ ။ ကုသိုလ်သညာက္ခန္ဓာသည် ရှိ၏၊ အကုသိုလ်သညာက္ခန္ဓာသည် ရှိ၏၊ အဗျာကတသညာက္ခန္ဓာသည် ရှိ၏။ပ။ ဤသို့ ဆယ်ပါးပြားသောနည်းအားဖြင့် သညာက္ခန္ဓာသည် ဖြစ်၏။ပ။၅ ဤသို့ များသော အပြားအားဖြင့် သညာက္ခန္ဓာသည် ဖြစ်၏။ ဤဆိုခဲ့ပြီးသော သညာကို မှတ်သားမှုအစု ‘သညာက္ခန္ဓာ’ဟု ဆိုအပ်၏။

--

သင်္ခါရက္ခန္ဓာဓမ္မာယတန

ထိုဓမ္မာယတန ၅-မျိုးတို့တွင် အဘယ်သည် ပြုပြင်စီရင်မှုအစု ‘သင်္ခါရက္ခန္ဓာ’ မည်သနည်း။

ဧကကနည်း

တစ်ပါးပြားသောနည်းအားဖြင့် သင်္ခါရက္ခန္ဓာသည် ဖြစ်၏။ ။ စိတ်နှင့်ယှဉ်သော သင်္ခါရက္ခန္ဓာတည်း။

ဒုကနည်း

နှစ်ပါးပြားသောနည်းအားဖြင့် သင်္ခါရက္ခန္ဓာသည် ဖြစ်၏။ ။ ဟိတ်မည်သော သင်္ခါရက္ခန္ဓာ သည်ရှိ၏၊ ဟိတ်မမည်သော သင်္ခါရက္ခန္ဓာသည် ရှိ၏။

တိကနည်း

သုံးပါးပြားသော နည်းအားဖြင့် သင်္ခါရက္ခန္ဓာသည် ဖြစ်၏။ ။ ကုသိုလ်သင်္ခါရက္ခန္ဓာသည် ရှိ၏၊ အကုသိုလ်သင်္ခါရက္ခန္ဓာသည် ရှိ၏၊ အဗျာကတသင်္ခါရက္ခန္ဓာသည် ရှိ၏။ပ။ ဤသို့ ဆယ်ပါး ပြားသောနည်းအားဖြင့် သင်္ခါရက္ခန္ဓာသည် ဖြစ်၏။ပ။၆ ဤသို့ များသော အပြားအားဖြင့် သင်္ခါရက္ခန္ဓာ သည် ဖြစ်၏။ ဤဆိုခဲ့ပြီးသော သဘောကို ပြုပြင်စီရင်မှုအစု ‘သင်္ခါရက္ခန္ဓာ’ဟု ဆိုအပ်၏။

သုခုမရုပ် ဓမ္မာယတန

ထိုဓမ္မာယတန ၅-မျိုးတို့တွင် အဘယ်သည် မြင်အပ်သော သဘောနှင့် ထိပါးတတ်သောသဘော မရှိသည့် ဓမ္မာယတန၌ အကျုံးဝင်သောရုပ် မည်သနည်း။

မိန်းမ (အမ) ဖြစ်ကြောင်း၌ အစိုးရမှုသဘော ‘ဣတ္ထိန္ဒြေ’၊ ယောက်ျား (အထီး, အဖို) ဖြစ်ကြောင်း၌ အစိုးရမှုသဘော ‘ပုရိသိန္ဒြေ’။ပ။ ကဗဠီကာရ အာဟာရရုပ်သည် ရှိ၏၊ ဤဆိုခဲ့ပြီးသော ရုပ် ၁၆-ပါးကို မြင်အပ်သော သဘောနှင့် ထိပါးတတ်သော သဘောမရှိသည့် ဓမ္မာယတန၌ အကျုံးဝင်သော (သုခုမ) ရုပ်ဟု ဆိုအပ်၏။

နိဗ္ဗာန် ဓမ္မာယတန

ထိုဓမ္မာယတန ၅-မျိုးတို့တွင် အဘယ်သည် အကြောင်းတရား လေးပါးတို့သည် မပြုပြင်အပ်သော သဘော ‘အသင်္ခတဓာတ်’ မည်သနည်း။

တပ်မက်မှု ‘ရာဂ'၏ ကုန်ရာကုန်ကြောင်း၊ ဖျက်ဆီးပြစ်မှားမှု ‘ဒေါသ'၏ ကုန်ရာကုန်ကြောင်း၊ အမှန်သဘောကို မသိမှု ‘မောဟ'၏ ကုန်ရာကုန်ကြောင်းသည် ရှိ၏၊ ဤဆိုခဲ့ပြီးသော သဘောကို အကြောင်းတရားလေးပါးတို့သည် မပြုပြင်အပ်သော ‘အသင်္ခတဓာတ်’ (နိဗ္ဗာန်)ဟု ဆိုအပ်၏။

ဤဆိုခဲ့ပြီးသော တရား ၅-မျိုးကို သိမှုစိတ်ဖြစ်ကြောင်း သဘာဝ ‘ဓမ္မာယတန’ဟု ဆိုအပ်၏။

အဘိဓမ္မာနည်းအားဖြင့် ဝေဖန်ဟောကြားအပ်သော ‘အဘိဓမ္မဘာဇနီယ'နည်း ပြီး၏။

၁။ ဤမနာယတနကို ဟောရာတွင် တိကမူလကနည်း၊ ဥဘတောဝဍ္ဎကနည်း၊ သတ္တကနည်း၊ စတုဝီသတိဝိဓနည်း၊ တိံသဝိဓနည်း၊ ဗဟုဝိဓနည်းများကို ပေယျာလ လုံးဝချန်ထားခဲ့သည်။ ဒုကမူလကနည်းကိုမူ ဒုက် ၅၂-ခုအနက် ‘သဟေတုကဒုကမူ'တစ်ခုကိုသာ အစ ဖော်၍ ပြထားသည်။ အကျယ်သိလိုလျှင် ‘ခန္ဓဝိဘင်း-ဝိညာဏက္ခန္ဓာ'ကို ရှုပါလေ။

၂။ ဝါးချင်းကြိတ်သံ, ပုဆိုးမြည်သံ စသည့် အသံများ။

၃။ ဏီ-၁၄၄၊ ၉၈၄။

၄။ ဝေဒနာက္ခန္ဓာကို ခန္ဓဝိဘင်းကဲ့သို့ (၁) ဒုကမူလကနည်း (၂) တိကမူလကနည်း (၃) ဥဘတောဝဍ္ဎကနည်း (၄) သတ္တက နည်း (၅) စတုဝီသတိဝိဓနည်း (၆) တိံသဝိဓနည်း (၇) ဗဟုဝိဓနည်းတို့ဖြင့် ဟောရမည်၊ သို့သော်လည်း ခန္ဓဝိဘင်းတွင် ဟောခဲ့ပြီးဖြစ်သဖြင့် ပေယျာလချန်ခဲ့သည်။ (ခန္ဓဝိဘင်းစာမျက်နှာ ၇၂ မှ ၁၁၂ အထိကြည့်)

--

၅။ သညာက္ခန္ဓာကို ခန္ဓဝိဘင်းအတိုင်း ဟောရမည်။ (ခန္ဓဝိဘင်း သညက္ခန္ဓာ ပြန်ကြည့်)

၆။ သင်္ခါရက္ခန္ဓာကို ခန္ဓဝိဘင်းအတိုင်း ဟောရမည် ဖြစ်သည်။ (ခန္ဓဝိဘင်း သင်္ခါရက္ခန္ဓာကြည့်)

--

၃-ပဥှာပုစ္ဆက

အမေး-အဖြေပြု၍ ဟောကြားသောနည်း

အာယတန ၁၂-ပါး

၁၆၈။ စိတ်စေတသိက်တို့ ဖြစ်ရာဖြစ်ကြောင်း ‘အာယတန'တစ်ဆယ့်နှစ်ပါးတို့ကား-

(၁) မြင်သိစိတ် ‘စက္ခုဝိညာဏ်’ ဖြစ်ရာ မျက်စိအကြည် ‘စက္ခာယတန’။

(၂) မြင်သိစိတ် ‘စက္ခုဝိညာဏ်’ ဖြစ်ကြောင်း အဆင်း ‘ရူပါယတန’။

(၃) ကြားသိစိတ် ‘သောတဝိညာဏ်’ ဖြစ်ရာ နားအကြည် ‘သောတာယတန’။

(၄) ကြားသိစိတ် ‘သောတဝိညာဏ်’ ဖြစ်ကြောင်း အသံ ‘သဒ္ဒါယတန’။

(၅) နံသိစိတ် ‘ဃာနဝိညာဏ်’ ဖြစ်ရာ နှာခေါင်းအကြည် ‘ဃာနာယတန’။

(၆) နံသိစိတ် ‘ဃာနဝိညာဏ်’ ဖြစ်ကြောင်း အနံ့ ‘ဂန္ဓာယတန’။

(၇) လျက်သိစိတ် ‘ဇိဝှါဝိညာဏ်’ ဖြစ်ရာ လျှာအကြည် ‘ဇိဝှါယတန’။

(၈) လျက်သိစိတ် ‘ဇိဝှါဝိညာဏ်’ ဖြစ်ကြောင်း အရသာ ‘ရသာယတန’။

(၉) ထိသိစိတ် ‘ကာယဝိညာဏ်’ ဖြစ်ရာ ကိုယ်အကြည် ‘ကာယာယတန’။

(၁၀) ထိသိစိတ် ‘ကာယဝိညာဏ်’ ဖြစ်ကြောင်း အတွေ့ ‘ဖောဋ္ဌဗ္ဗာယတန’။

(၁၁) သိမှုစိတ်ဖြစ်ရာ ‘မနာယတန’။

(၁၂) သိမှုစိတ်ဖြစ်ကြောင်း သဘာဝ ‘ဓမ္မာယတန'တို့တည်း။ (ဏီ-၅၉၃, ၁၃၄၂)

--

အမေးပုစ္ဆာ

အာယတန ၁၂-ပါးတို့ကို တိက်ဒုက်တို့ဖြင့် ဝေဖန်၍ အမေးပုစ္ဆာနည်းသက်သက်ကို ပြခြင်း

၁-တိက် ၂၂-ပါးတို့ဖြင့် ဝေဖန်၍ အမေးပုစ္ဆာကိုပြခြင်း

(၁) ကုသလတိက် အမေးပုစ္ဆာ ၁၆၉။ စိတ်စေတသိက်တို့ ဖြစ်ရာ ဖြစ်ကြောင်း ‘အာယတန'တစ်ဆယ့်နှစ်ပါးတို့တွင် အပြစ်မရှိမူ၍ ကောင်းကျိုးချမ်းသာကို ပေးတတ် သော ‘ကုသိုလ်'အာယတနတို့သည် အဘယ်မျှရှိကုန်သနည်း၊ အပြစ်နှင့် တကွဖြစ်၍ မကောင်းကျိုး ဆင်းရဲကို ပေးတတ်သော ‘အကုသိုလ်'အာယတနတို့သည် အဘယ်မျှရှိကုန်သနည်း၊ ကုသိုလ်, အကုသိုလ် အဖြစ်ဖြင့် မဟောအပ်သော ‘အဗျာကတ'အာယတနတို့သည် အဘယ်မျှ ရှိကုန်သနည်း။ပ။**၁

၁။ ** ဝေဒနာတိက် အမှတ်- ၂မှ သနိဒဿနတိက် အမှတ်-၂၂ အထိ (တိက် ၂၁-ခုတို့၏ အမေးပုစ္ဆာများကို) ပေယျာလ လုံးဝချန်ခဲ့သည်။

၂-ဒုက် ၁၀၀-တို့ဖြင့် ဝေဖန်၍ အမေးပုစ္ဆာကိုပြခြင်း

(၁၀၀) သရဏဒုက် အမေးပုစ္ဆာ။ ငိုကြွေးကြောင်း (ရာဂစသော ကိလေသာ) ရှိသော ‘သရဏ'အာယတနတို့သည် အဘယ်မျှရှိကုန်သနည်း၊ ငိုကြွေးကြောင်း (ရာဂစသောကိလေသာ) မရှိသော ‘အရဏ’ အာယတနတို့သည် အဘယ်မျှရှိကုန်သနည်း။**၁

၁။ ** ဟေတုဒုက် ဒုက်အမှတ်- ၁မှ သဥတ္တရဒုက် ဒုက်အမှတ်-၉၉အထိ ပေယျာလ လုံးဝချန်ခဲ့သည်။

--

အဖြေဝိသဇ္ဇနာ

အာယတန ၁၂-ပါးတို့ကို တိက် ဒုက်တို့ဖြင့် ဝေဖန်၍ အဖြေ ဝိသဇ္ဇနာကို ပြခြင်း

၁-တိကဝိသဇ္ဇနာ

(အာယာတန ၁၂-ပါးတို့ကို တိက် ၂၂-ပါးတို့ဖြင့် ဝေဖန်၍ အဖြေဝိသဇ္ဇနာကိုပြခြင်း)

(၁) ကုသလတိက် အဖြေ ဝိသဇ္ဇနာ ၁၇၀။ ရုပ်အာယတန ဆယ်ပါးတို့သည် အဗျာကတဖြစ်ကုန်၏ (ပသာဒရုပ် ၅-ပါး၊ အာရုံ ၅-ပါး)။ အချို့သော (မနာယတန, ဓမ္မာယတန) အာယတနနှစ်ပါးတို့သည် ကုသိုလ်ဖြစ်ကုန်၏ (ကုသိုလ် စိတ္တုပ္ပါဒ်)၊ အချို့သော (မနာယတန, ဓမ္မာယတန) အာယတနနှစ်ပါးတို့သည် အကုသိုလ်ဖြစ်ကုန်၏ (အကုသိုလ်စိတ္တုပ္ပါဒ်)၊ အချို့သော (မနာယတန, ဓမ္မာယတန) အာယတနနှစ်ပါးတို့သည် အဗျာကတ ဖြစ်ကုန်၏ (ဝိပါက်, ကြိယာစိတ္တုပ္ပါဒ် များ၊ သုခုမရုပ်)။

(၂) ဝေဒနာတိက် အဖြေဝိသဇ္ဇနာ

ရုပ်အာယတန ဆယ်ပါးတို့ကို သုခဝေဒနာနှင့်ယှဉ်ကုန်၏ဟူ၍လည်းကောင်း၊ ဒုက္ခဝေဒနာနှင့် ယှဉ်ကုန်၏ဟူ၍ လည်းကောင်း၊ အဒုက္ခမသုခ ဝေဒနာနှင့် ယှဉ်ကုန်၏ဟူ၍လည်းကောင်း မဆိုအပ်ကုန် (ပသာဒရုပ် ၅-ပါး၊ အာရုံ ၅-ပါး)။ အချို့သော မနာယတနသည် သုခဝေဒနာနှင့်ယှဉ်၏ (သုခသဟဂုတ်စိတ် ၆၃-ပါး)၊ အချို့သော မနာယတနသည် ဒုက္ခဝေဒနာနှင့်ယှဉ်၏ (ဒုက္ခသဟဂုတ်ကာယဝိညာဏ်နှင့် ဒေါသမူဒွေး)၊ အချို့သော မနာယတနသည် အဒုက္ခမသုခဝေဒနာနှင့် ယှဉ်၏ (ဥပေက္ခာသဟဂုတ်စိတ် ၅၅-ပါး)။ အချို့သော ဓမ္မာယတနသည် သုခဝေဒနာနှင့် ယှဉ်၏ (ဝေဒနာကြဉ်သော သုခသဟဂုတ်စိတ် ၆၃-ပါး၌ ရှိသည့် စေတသိက် ၄၆-ပါး)၊ အချို့သော ဓမ္မာယတနသည် ဒုက္ခဝေဒနာနှင့် ယှဉ်၏ (ဝေဒနာကြဉ်သော ဒုက္ခသဟဂုတ်ကာယဝိညာဏ်စိတ်နှင့် ဒေါသမူဒွေးတို့၌ရှိသော စေတသိက် ၂၁-ပါး)၊ အချို့သော ဓမ္မာ ယတနသည် အဒုက္ခမသုခဝေဒနာနှင့်ယှဉ်၏ (ဝေဒနာကြဉ်သော ဥပေက္ခာသဟဂုတ်စိတ် ၅၅-ပါး၌ ရှိသော စေတသိက် ၄၆-ပါး)။

တိက်မုတ်

အချို့သော ဓမ္မာယတနကို သုခဝေဒနာနှင့်ယှဉ်၏ဟူ၍လည်းကောင်း၊ ဒုက္ခဝေဒနာနှင့် ယှဉ်၏ဟူ၍လည်းကောင်း၊ အဒုက္ခမသုခဝေဒနာနှင့် ယှဉ်၏ဟူ၍လည်းကောင်း မဆိုအပ်ချေ (ဝေဒနာ၁, သုခုမရုပ်, နိဗ္ဗာန်)။

၁။ ဝေဒနာကို ‘ဝေဒနာနှင့် ယှဉ်၏’ဟု မဆိုအပ်ချေ။

(၃) ဝိပါကတိက်အဖြေ ဝိသဇ္ဇနာ

ရုပ်အာယတနဆယ်ပါးတို့သည် ကုသိုလ် အကုသိုလ်တို့၏ အကျိုး ‘ဝိပါက်'လည်း မဟုတ်မူ၍ အကျိုး ‘ဝိပါက်'ကို ဖြစ်စေခြင်းသဘော (အကျိုး ‘ဝိပါက်'ကို ဖြစ်စေတတ်သော သဘော) ရှိသည်လည်း မဟုတ်ကုန် (ပသာဒရုပ် ၅-ပါး၊ အာရုံ ၅-ပါး)။ အချို့သော (မနာယတန ဓမ္မာယတန) အာယတနနှစ်ပါးတို့သည် ကုသိုလ် အကုသိုလ်တို့၏ အကျိုး ‘ဝိပါက်’ ဖြစ်ကုန်၏ (ဝိပါက်စိတ္တုပ္ပါဒ်)။ အချို့သော (မနာယတန ဓမ္မာယတန) အာယတနနှစ်ပါးတို့သည် အကျိုး ‘ဝိပါက်'ကို ဖြစ်စေခြင်း သဘော (အကျိုး ‘ဝိပါက်'ကို ဖြစ်စေတတ်သော သဘော) ရှိသော တရားဖြစ်ကုန်၏ (ကုသိုလ်, အကုသိုလ် စိတ္တုပ္ပါဒ်များ)။ အချို့သော (မနာယတန ဓမ္မာယတန) အာယတနနှစ်ပါးတို့သည် ကုသိုလ်, အကုသိုလ်တို့၏ အကျိုး ‘ဝိပါက်'လည်း မဟုတ်မူ၍ အကျိုး ‘ဝိပါက်'ကို ဖြစ်စေခြင်းသဘော ရှိသော (အကျိုး ‘ဝိပါက်'ကို ဖြစ်စေတတ်သော) တရားလည်း မဟုတ်ကုန် (ကြိယာစိတ္တုပ္ပါဒ်, သုခုမရုပ်, နိဗ္ဗာန်)။

--

(၄) ဥပါဒိဏ္ဏတိက်အဖြေ ဝိသဇ္ဇနာ

(ပသာဒရုပ်) ရုပ်အာယတန ငါးပါးတို့သည် တဏှာဒိဋ္ဌိတို့ ကပ်အပ်သော ကံသည် အကျိုး၏ အဖြစ်ဖြင့်လည်း ယူအပ်၍ (တဏှာဒိဋ္ဌိတို့၏ အာရုံဖြစ်သည့် ကံကြောင့်လည်း ဖြစ်၍) ဥပါဒါန်၏ အာရုံလည်း ဖြစ်ကုန်၏ (ကမ္မဇရုပ် ဧကန်ဖြစ်သော ပသာဒရုပ် ငါးပါး)။ အသံ ‘သဒ္ဒါယတန'သည် တဏှာဒိဋ္ဌိတို့ ကပ်အပ်သော ကံသည် အကျိုး၏ အဖြစ်ဖြင့် မယူအပ်မူ၍ (တဏှာဒိဋ္ဌိတို့၏ အာရုံဖြစ်သည့် ကံကြောင့် မဖြစ်မူ၍) ဥပါဒါန်၏ (တဏှာ, ဒိဋ္ဌိတို့၏) အာရုံသာ ဖြစ်၏။ အချို့သော (အဆင်း ‘ရူပ', အနံ့ ‘ဂန္ဓ', အရသာ ‘ရသ', အတွေ့ ‘ဖောဋ္ဌဗ္ဗ') အာယတနလေးပါးတို့သည် တဏှာဒိဋ္ဌိတို့ ကပ်အပ်သော ကံသည် အကျိုး၏ အဖြစ်ဖြင့်လည်း ယူအပ်၍ (တဏှာ ဒိဋ္ဌိတို့၏ အာရုံဖြစ် သည့် ကံကြောင့်လည်း ဖြစ်၍) ဥပါဒါန်၏ အာရုံလည်း ဖြစ်ကုန်၏ (ကမ္မဇရုပ်ကလာပ်၌ပါသော ရုပ်လေးပါး)။ အချို့သော (ရူပ, ဂန္ဓ, ရသ, ဖောဋ္ဌဗ္ဗ) အာယတနလေးပါးတို့သည် တဏှာဒိဋ္ဌိတို့ ကပ်အပ်သော ကံသည် အကျိုး၏ အဖြစ်ဖြင့် မယူအပ်၍ (တဏှာဒိဋ္ဌိတို့၏ အာရုံဖြစ်သော ကံကြောင့် မဖြစ်မူ၍) ဥပါဒါန်၏ အာရုံသာ ဖြစ်ကုန်၏ (ကမ္မဇရုပ်မှတစ်ပါး တိဇရုပ်၌ပါသည့် ရုပ်လေးပါး)။ အချို့သော (မနာယတန, ဓမ္မာယတန) အာယတနနှစ်ပါးတို့သည် တဏှာဒိဋ္ဌိတို့ ကပ်အပ်သော ကံသည် အကျိုး၏ အဖြစ်ဖြင့် ယူအပ်၍ (တဏှာဒိဋ္ဌိတို့ အာရုံပြုသည့် ကံ၏ အကျိုးဝိပါက်လည်း ဖြစ်၍) ဥပါဒါန်၏ အာရုံလည်း ဖြစ်ကုန်၏ (လောကီဝိပါက် စိတ္တုပ္ပါဒ်၊ ကမ္မဇရုပ်ဧကန်ဖြစ်သည့် သုခုမရုပ်များ ဖြစ်သော ဘာဝရုပ် ၂-ပါး, ဇီဝိတရုပ်, ဟဒယရုပ်၊ အနေကန်ဖြစ်သည့် သုခုမရုပ်များဖြစ်သော အာပေါ, အာဟာရ, ပရိစ္ဆေဒရုပ်, လက္ခဏရုပ်)။ အချို့သော (မနာယတန, ဓမ္မာယတန) အာယတနနှစ်ပါးတို့သည် တဏှာ ဒိဋ္ဌိတို့ ကပ်အပ်သော ကံသည် အကျိုး၏အဖြစ်ဖြင့် မယူအပ်မူ၍ (တဏှာ ဒိဋ္ဌိတို့ အာရုံပြုသောကံ၏ အကျိုးဝိပါက် မဖြစ်မူ၍) ဥပါဒါန်၏ အာရုံသာ ဖြစ်ကုန်၏ (လောကီကုသိုလ်, အကုသိုလ်, ကြိယာစိတ္တုပ္ပါဒ်များ၊ သုခုမကမ္မဇရုပ် ဧကန် ၄-ပါးကြဉ်သည့် တိဇသုခုမရုပ် ၁၂-ပါး)။ အချို့သော (မနာယတန, ဓမ္မာယတန) အာယတနနှစ်ပါးတို့သည် တဏှာဒိဋ္ဌိတို့ ကပ်အပ်သော ကံသည် အကျိုး၏ အဖြစ်ဖြင့်လည်း မယူအပ်မူ၍ (တဏှာဒိဋ္ဌိတို့၏ အာရုံပြုသော ကံကြေင့်လည်း မဖြစ်မူ၍) ဥပါဒါန်၏ အာရုံလည်း မဟုတ်ကုန် (လောကုတ္တရာစိတ္တုပ္ပါဒ်၊ နိဗ္ဗာန်)။

--

(၅) သံကိလိဋ္ဌတိက်အဖြေ ဝိသဇ္ဇနာ

ရုပ်အာယတနဆယ်ပါးတို့သည် ပူပန်စေတတ် နှိပ်စက်တတ် ညစ်နွမ်းစေတတ်သော ‘ကိလေသာ'တို့သည် ပူပန်စေအပ် သည် မဟုတ်မူ၍ (ကိလေသာတို့နှင့် မယှဉ်မူ၍) ကိလေသာ၏ အာရုံသာဖြစ်ကုန်၏ (ပသာဒရုပ် ၅-ပါးနှင့် အာရုံ ငါးပါး)။ အချို့သော (မနာယတန, ဓမ္မာယတန) အာယတနနှစ်ပါးတို့သည် ကိလေသာတို့သည် ပူပန်စေ အပ်၍ (ကိလေသာတို့နှင့် ယှဉ်၍) ကိလေသာ၏ အာရုံလည်း ဖြစ်ကုန်၏ (အကုသိုလ်စိတ္တုပ္ပါဒ်)။ အချို့သော (မနာယတန, ဓမ္မာယတန) အာယတနနှစ်ပါးတို့သည် ကိလေသာတို့သည် ပူပန်စေ အပ်သည် မဟုတ်မူ၍ (ကိလေသာတို့နှင့် မယှဉ်မူ၍) ကိလေသာ၏ အာရုံသာ ဖြစ်ကုန်၏ (လောကီ ကုသိုလ်, ဝိပါက်, ကြိယာစိတ္တုပ္ပါဒ်၊ သုခုမရုပ်)။ အချို့သော (မနာယတန, ဓမ္မာယတန) အာယတနနှစ်ပါးတို့သည် ကိလေသာတို့သည် ပူပန်စေ အပ်သည်လည်း မဟုတ်မူ၍ (ကိလေသနှင့်လည်း မယှဉ်မူ၍) ကိလေသာ၏ အာရုံလည်း မဟုတ်ကုန် (လောကုတ္တရာစိတ္တုပ္ပါဒ်၊ နိဗ္ဗာန်)။

(၆) ဝိတက်တိက်အဖြေ ဝိသဇ္ဇနာ

ရုပ်အာယတနဆယ်ပါးတို့သည် ဝိတက်လည်း မရှိမူ၍ ဝိစာရလည်းမရှိကုန် (ဝိတက် ဝိစာရတို့နှင့် မယှဉ်ကုန်) (ပသာဒရုပ် ၅-ပါးနှင့် အာရုံငါးပါး)။ အချို့သော မနာယတနသည် ဝိတက်လည်း ရှိ၍ ဝိစာရလည်း ရှိ၏ (သဝိတက္ကစိတ် ၅၅-ပါး)၊ အချို့သော မနာယတနသည် ဝိတက် မရှိမူ၍ ဝိစာရမျှသာ ရှိ၏ (ဒုတိယဈာန်စိတ် ၁၁-ပါး)၊ အချို့သော မနာယတနသည် ဝိတက်လည်း မရှိမူ၍ ဝိစာရလည်း မရှိချေ။ အချို့သော ဓမ္မာယတနသည် ဝိတက်လည်း ရှိ၍ ဝိစာရလည်း ရှိ၏ (ဝိတက် ဝိစာရကြဉ်သော သဝိတက္ကစိတ် ၅၅-ပါး၌ ရှိသော စေတသိက် ၅၀)၊ အချို့သော ဓမ္မာယတနသည် ဝိတက် မရှိမူ၍ ဝိစာရမျှသာ ရှိ၏ (ဝိစာရကြဉ်သည့် ဒုတိယဈာန်စိတ်၌ရှိသော စေတသိက် ၃၆-ပါး၊ သဝိတက္ကစိတ် ၅၅-ပါး၌ ရှိသော ဝိတက် ၅၅-ပါး)၊ အချို့သော ဓမ္မာယတနသည် ဝိတက်လည်း မရှိမူ၍ ဝိစာရလည်း မရှိ (အဝိတက္က အဝိစာရစိတ်တို့၌ ရှိသော စေတသိက် ၃၆၊ ဒုတိယဈာန် ၁၁-ပါး၌ ရှိသော ဝိစာရ ၁၁-ပါး၊ သုခုမရုပ် ၁၆၊ နိဗ္ဗာန်)။

တိက်မုတ်

အချို့သော ဓမ္မာယတနကို ဝိတက်လည်း ရှိ၍ ဝိစာရလည်း ရှိ၏ (ဝိတက် ဝိစာရနှင့် ယှဉ်၏)ဟူ၍လည်းကောင်း, ဝိတက်မရှိမူ၍ ဝိစာရမျှသာရှိ၏ဟူ၍လည်းကောင်း, ဝိတက် လည်း မရှိမူ၍ ဝိစာရလည်း မရှိဟူ၍လည်းကောင်း မဆိုအပ်ချေ (သဝိတက္က သဝိစာရစိတ် ၅၅-ပါး၌ ရှိသော ဝိစာရ ၅၅-ပါး)။ (ဏီ ၁၄၀၁)

(၇) ပီတိတိက်အဖြေဝိသဇ္ဇနာ

ရုပ်အာယတနဆယ်ပါးတို့ကို ပီတိနှင့်တကွ ဖြစ်ကုန်၏ဟူ၍ လည်းကောင်း (ပီတိနှင့်ယှဉ်ကုန်၏ဟူ၍လည်းကောင်း)၊ သုခဝေဒနာ နှင့်တကွ ဖြစ်ကုန်၏ဟူ၍လည်းကောင်း၊ ဥပေက္ခာဝေဒနာနှင့် တကွဖြစ်ကုန်၏ဟူ၍လည်းကောင်း မဆိုအပ် ကုန် (ပသာဒ ရုပ် ၅-ပါးနှင့် အာရုံ ငါးပါး)။ အချို့သော (မနာယတန, ဓမ္မာယတန) အာယတနနှစ်ပါးတို့သည် ပီတိနှင့်တကွ ဖြစ်ကုန်၏ (ပီတိနှင့်ယှဉ်ကုန်၏) (သပ္ပီတိကစိတ် ၅၁-ပါးနှင့် ယှဉ်ဘက် စေတသိက်များ)၊ အချို့သော (မနာယတန, ဓမ္မာယတန) အာယတနနှစ်ပါးတို့သည် သုခဝေဒနာနှင့်တကွ ဖြစ်ကုန်၏ (သုခသဟဂုတ်စိတ် ၆၃-ပါးနှင့် ယှဉ်ဘက် စေတသိက်များ)၊ အချို့သော (မနာယတန, ဓမ္မာယတန) အာယတနနှစ်ပါးတို့သည် ဥပေက္ခာ ဝေဒနာနှင့်တကွ ဖြစ်ကုန်၏ (ဥပေက္ခာသဟဂုတ်စိတ် ၅၅-ပါးနှင့်ယှဉ်ဘက် စေတသိက်များ)။

--

တိက်မုတ်

အချို့သော (မနာယတန, ဓမ္မာယတန) အာယတနနှစ်ပါးတို့ကို ပီတိနှင့်တကွ ဖြစ်ကုန်၏ဟူ၍လည်းကောင်း၊ သုခဝေဒနာနှင့် တကွ ဖြစ်ကုန်၏ဟူ၍လည်းကောင်း၊ ဥပေက္ခာ ဝေဒနာနှင့်တကွ ဖြစ်ကုန်၏ဟူ၍လည်းကောင်း မဆိုအပ်ကုန် (ဒေါသမူဒွေးစိတ္တုပ္ပါဒ်၊ ဒုက္ခသဟဂုတ်ကာယ ဝိညာဏ်စိတ္တုပ္ပါဒ်၊ ပီတိနှင့် မယှဉ်သော သုခသဟဂုတ်ကာယဝိညာဏ်နှင့် စတုတ္ထဈာန် ၁၁-ပါး၌ရှိသော သုခဝေဒနာ ၁၂-ပါး၊ ဥပေက္ခာ သဟဂုတ်စိတ် ၅၅-ပါး၌ရှိသော ဥပေက္ခာဝေဒနာ ၅၅-ပါး၊ သုခုမရုပ် ၁၆၊ နိဗ္ဗာန်)။ (ဏီ ၁၄၀၄)

(၈) ဒဿနတိက်အဖြေ ဝိသဇ္ဇနာ

ရုပ်အာယတနဆယ်ပါးတို့သည် (နိဗ္ဗာန်ကို ရှေးဦးစွာမြင်သဖြင့် ‘ဒဿန’မည်သော) သောတာပတ္တိမဂ်သည် ပယ်အပ်သည်လည်း မဟုတ်မူ၍ (သောတာပတ္တိမဂ် မြင်ပြီးသော နိဗ္ဗာန်ကို တစ်ဖန်ထပ်၍ မြင်သဖြင့် ‘ဘာဝနာ’မည်သော) အထက်မဂ်သုံးပါးတို့သည် ပယ်အပ်သည်လည်း မဟုတ်ကုန် (ပသာဒရုပ်ငါးပါး၊ အာရုံ ငါးပါး)။ အချို့သော (မနာယတန, ဓမ္မာယတန) အာယတနနှစ်ပါးတို့ကို (ဒဿနမည်သော) သောတာ ပတ္တိမဂ်သည် ပယ်အပ်ကုန်၏ (ဒိဋ္ဌိဂတသမ္ပယုတ်, ဝိစိကိစ္ဆာသဟဂုတ်စိတ္တုပ္ပါဒ်)။ အချို့သော (မနာယတန, ဓမ္မာယတန) အာယတနနှစ်ပါးတို့ကို (ဘာဝနာမည်သော) အထက်မဂ် သုံးပါးတို့သည် ပယ်အပ်ကုန်၏ (ကြွင်းသော အကုသိုလ်စိတ္တုပ္ပါဒ်များ)။ အချို့သော (မနာယတန, ဓမ္မာယတန) အာယတနနှစ်ပါးတို့သည် သောတာပတ္တိမဂ်သည် ပယ်အပ် သည်လည်း မဟုတ်မူ၍ အထက်မဂ်သုံးပါးတို့သည် ပယ်အပ်သည်လည်း မဟုတ်ကုန် (ကုသိုလ်, ဝိပါက်, ကြိယာ စိတ္တုပ္ပါဒ်, သုခုမရုပ်, နိဗ္ဗာန်)။

(၉) ဒဿနဟေတုတိက်အဖြေ ဝိသဇ္ဇနာ

ရုပ်အာယတနဆယ်ပါးတို့သည် (ဒဿနမည်သော) သောတာပတ္တိမဂ်သည်ပယ်အပ်သော ဟိတ်ရှိသည် လည်း မဟုတ်မူ၍ (ဟိတ်နှင့် မယှဉ်မူ၍) (ဘာဝနာမည်သော) အထက်မဂ်သုံးပါးတို့သည် ပယ်အပ်သော ဟိတ်ရှိသည်လည်း မဟုတ်ကုန် (ပသာဒရုပ် ၅-ပါး၊ အာရုံ ၅-ပါး)။ အချို့သော (မနာယတန, ဓမ္မာယတန) အာယတနနှစ်ပါးတို့သည် သောတာပတ္တိမဂ်သည် ပယ်အပ် သော ဟိတ်ရှိကုန်၏ (ဟိတ်နှင့်ယှဉ်ကုန်၏) (ဒိဋ္ဌိဂတသမ္ပယုတ်စိတ္တုပ္ပါဒ်၊ မောဟကြဉ်သည့်ဝိစိကိစ္ဆာစိတ္တုပ္ပါဒ်)၊ အချို့သော (မနာယတန, ဓမ္မာယတန) အာယတနနှစ်ပါးတို့သည် အထက်မဂ်သုံးပါးတို့သည် ပယ်အပ် သော ဟိတ်ရှိကုန်၏ (မောဟကြဉ်သည့် ဥဒ္ဓစ္စသဟဂုတ်စိတ္တုပ္ပါဒ်နှင့် ကြွင်းသော အကုသိုလ်စိတ္တုပ္ပါဒ်)။ အချို့သော (မနာယတန, ဓမ္မာယတန) အာယတန နှစ်ပါးတို့သည် သောတာပတ္တိမဂ်သည် ပယ်အပ်သော ဟိတ်ရှိသည်လည်း မဟုတ်မူ၍ အထက်မဂ်သုံးပါးတို့သည် ပယ်အပ်သော ဟိတ်ရှိသည်လည်း မဟုတ်ကုန် (ဟိတ်နှင့်လည်း မယှဉ်ကုန်) (ကုသိုလ်, ဝိပါက်, ကြိယာစိတ္တုပ္ပါဒ်များ၊ မောဟမူဒွေး၌ မောဟ၊ သုခုမရုပ်၊ နိဗ္ဗာန်)။ (ဏီ-၁၄၁၀)

--

(၁၀) အာစယဂါမိတိက်အဖြေ ဝိသဇ္ဇနာ

ရုပ်အာယတန ဆယ်ပါးတို့သည် စုတိပဋိသန္ဓေသို့ ရောက်ကြောင်းလည်း မဟုတ်မူ၍ နိဗ္ဗာန်သို့ ရောက် ကြောင်းလည်းမဟုတ်ကုန် (ပသာဒရုပ် ၅-ပါးနှင့် အာရုံ ၅-ပါး)။ အချို့သော (မနာယတန, ဓမ္မာယတန) အာယတနနှစ်ပါးတို့သည် စုတိပဋိသန္ဓေသို့ ရောက်ကြောင်း ဖြစ်ကုန်၏ (လောကီကုသိုလ်နှင့် အကုသိုလ်စိတ္တုပ္ပါဒ်များ)၊ အချို့သော (မနာယတန, ဓမ္မာယတန) အာယတနနှစ်ပါးတို့သည် နိဗ္ဗာန်သို့ရောက်ကြောင်း ဖြစ်ကုန်၏ (မဂ်စိတ္တုပ္ပါဒ်)၊ အချို့သော (မနာယတန, ဓမ္မာယတန) အာယတန နှစ်ပါးတို့သည် စုတိပဋိသန္ဓေသို့ ရောက်ကြောင်းလည်း မဟုတ်မူ၍ နိဗ္ဗာန်သို့ ရောက်ကြောင်းလည်း မဟုတ်ကုန် (ဝိပါက်နှင့် ကြိယာစိတ္တုပ္ပါဒ်များ၊ သုခုမရုပ် ၁၆-ပါး၊ နိဗ္ဗာန်)။

(၁၁) သေက္ခတိက်အဖြေ ဝိသဇ္ဇနာ

ရုပ်အာယတနဆယ်ပါးတို့သည် (အရဟတ္တဖိုလ်သို့ရောက်ရန်) ကျင့်ဆဲ ‘သေက္ခ'ပုဂ္ဂိုလ်ခုနစ်ယောက်တို့၏ ဥစ္စာလည်း မဟုတ် မူ၍ (အရဟတ္တဖိုလ်သို့ ရောက်ပြီး) ကျင့်ပြီး ‘အသေက္ခ’ (ရဟန္တာ) ပုဂ္ဂိုလ်တို့၏ ဥစ္စာလည်း မဟုတ် ကုန် (ပသာဒရုပ် ၅-ပါးနှင့် အာရုံ ၅-ပါး)။ အချို့သော (မနာယတန, ဓမ္မာယတန) အာယတနနှစ်ပါးတို့သည် (အရဟတ္တဖိုလ်သို့ရောက်ရန်) ကျင့်ဆဲ ‘သေက္ခ'ပုဂ္ဂိုလ်ခုနစ်ယောက်တို့၏ ဥစ္စာဖြစ်ကုန်၏ (မဂ်စိတ်လေးပါး၊ အောက်ဖိုလ် ၃-ပါး စိတ္တုပ္ပါဒ်များ)၊ အချို့သော (မနာယတန, ဓမ္မာယတန) အာယတနနှစ်ပါးတို့သည် ကျင့်ပြီး ‘အသေက္ခ’ (ရဟန္တာ) ပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ် ကုန်၏ (အရဟတ္တဖိုလ်စိတ္တုပ္ပါဒ်)၊ အချို့သော (မနာယတန, ဓမ္မာယတန) အာယတန နှစ်ပါးတို့သည် ကျင့်ဆဲ ‘သေက္ခ'ပုဂ္ဂိုလ်ခုနစ်ယောက်တို့၏ ဥစ္စာလည်း မဟုတ်မူ၍ ကျင့်ပြီး ‘အသေက္ခ’ (ရဟန္တာ) ပုဂ္ဂိုလ်တို့၏ ဥစ္စာလည်း မဟုတ်ကုန် (လောကီစိတ္တုပ္ပါဒ်များ၊ သုခုမရုပ်၊ နိဗ္ဗာန်) (ဏီ-၁၄၁၄, ၁၄၁၅, ၁၄၁၆)

(၁၂) ပရိတ္တတိက်အဖြေ ဝိသဇ္ဇနာ

ရုပ်အာယတနဆယ်ပါးတို့သည် နည်းပါးသော တန်ခိုး အာနုဘော် ရှိသော ‘ပရိတ္တ'တရား (ကာမတရား) ဖြစ်ကုန်၏ (ပသာဒရုပ်ငါးပါး၊ အာရုံငါးပါး)။ အချို့သော (မနာယတန, ဓမ္မာယတန) အာယတနနှစ်ပါးတို့သည် နည်းပါးသော တန်းခိုး အာနုဘော်ရှိသော ‘ပရိတ္တ'တရား (ကာမတရား) ဖြစ်ကုန်၏ (ကာမာဝစရစိတ္တုပ္ပါဒ်များ၊ သုခုမရုပ် ၁၆-ပါး)၊ အချို့သော (မနာယတန, ဓမ္မာယတန) အာယတန နှစ်ပါးတို့သည် ကြီးကျယ်မြင့်မြတ်သည်၏အဖြစ်သို့ ရောက်သော ‘မဟဂ္ဂတ'တရား ဖြစ်ကုန်၏ (မဟဂ္ဂုတ်စိတ္တုပ္ပါဒ်များ)၊ အချို့သော (မနာယတန, ဓမ္မာ ယတန) အာယတနနှစ်ပါးတို့သည် နှိုင်းယှဉ်မှုကို ပြုတတ်သော ကိလေသာတို့၏ ဆန့်ကျင်ဘက်ဖြစ်သော (မနှိုင်းယှဉ်အပ်သော) ‘အပ္ပမာဏ'တရား ဖြစ်ကုန်၏ (လောကုတ္တရာစိတ္တုပ္ပါဒ်၊ နိဗ္ဗာန်)။

(၁၃) ပရိတ္တာရမ္မဏတိက်အဖြေဝိသဇ္ဇနာ

ရုပ်အာယတန ဆယ်ပါးတို့သည် အာရုံပြုခြင်းသဘော မရှိကုန် (အာရုံမပြုတတ်ချေ) (အနာရမ္မဏ) (ပသာဒရုပ်ငါး ပါး၊ အာရုံငါးပါး) အချို့သော (မနာယတန, ဓမ္မာယတန) အာယတနနှစ်ပါးတို့သည် ပရိတ္တတရား (ကာမတရား) ကို အာရုံပြုကုန်၏၊ အချို့သော (မနာယတန, ဓမ္မာယတန) အာယတနနှစ်ပါးတို့သည် မဟဂ္ဂုတ်တရားကို အာရုံပြုကုန်၏၊ အချို့သော (မနာယတန, ဓမ္မာယတန) အာယတနနှစ်ပါးတို့သည် အပ္ပမာဏတရား (လောကုတ္တရာတရား) ကို အာရုံပြုကုန်၏။

--

တိက်မုတ်

အချို့သော (မနာယတန, ဓမ္မာယတန) အာယတနနှစ်ပါးတို့ကို ပရိတ္တတရား (ကာမတရား) ကိုအာရုံပြုကုန်၏ဟူ၍လည်းကောင်း၊ မဟဂ္ဂုတ်တရားကို အာရုံပြုကုန်၏ဟူ၍လည်းကောင်း၊ အပ္ပမာဏတရား (လောကုတ္တရာတရား) ကို အာရုံပြုကုန်၏ဟူ၍လည်းကောင်း မဆိုအပ်ကုန် (ပညတ်ကို ဧကန်အာရုံပြုသော စိတ်များ= ရူပါဝစရဈာန်စိတ် ၁၅-စိတ္တုပ္ပါဒ်များ၊ အာကာသာနဉ္စာယတနနှင့်အာကိဉ္စညာယတနအရူပစိတ္တုပ္ပါဒ်များ၊ သုခုမရုပ်၊ နိဗ္ဗာန်)။ (ဏီ-၁၄၂၂)

(၁၄) ဟီနတိက်အဖြေ ဝိသဇ္ဇနာ

ရုပ်အာယတနဆယ်ပါးတို့သည် အလယ်အလတ်ဖြစ်သော ‘မဇ္ဈိမ'တရား ဖြစ်ကုန်၏ (ပသာဒရုပ်ငါးပါး၊ အာရုံငါးပါး)။ အချို့သော (မနာယတန, ဓမ္မာယတန) အာယတနနှစ်ပါးတို့သည် ယုတ်ညံ့သော ‘ဟီန'တရား ဖြစ်ကုန်၏ (အကုသိုလ်စိတ္တုပ္ပါဒ်များ)၊ အချို့သော (မနာယတန, ဓမ္မာယတန) အာယတနနှစ်ပါးတို့သည် အလယ်အလတ်ဖြစ်သော ‘မဇ္ဈိမ'တရားဖြစ်ကုန်၏ (လောကီကုသိုလ်, ဝိပါက်, ကြိယာစိတ္တုပ္ပါဒ်များ၊ သုခုမရုပ်)၊ အချို့သော (မနာ ယတန, ဓမ္မာယတန) အာယတနနှစ်ပါးတို့သည် မြင့်မြတ်သော ‘ပဏီတ'တရားဖြစ်ကုန်၏ (လောကုတ္တရာစိတ္တုပ္ပါဒ်၊ နိဗ္ဗာန်)။

(၁၅) မိစ္ဆတ္တတိက်အဖြေ ဝိသဇ္ဇနာ

ရုပ်အာယတန ဆယ်ပါးတို့သည် မိစ္ဆတ္တနိယတ, သမ္မတ္တနိယတ တည်းဟူသော နှစ်ပါးသော အခြင်းအရာအားဖြင့် အကျိုးပေး မမြဲချေ (အနိယတ) (ပသာဒရုပ် ငါးပါး၊ အာရုံ ငါးပါး)။ အချို့သော (မနာယတန, ဓမ္မာယတန) အာယတနနှစ်ပါးတို့သည် ဖောက်ပြန်သော သဘောရှိ၍ စုတိ၏ အခြားမဲ့၌ (အပါယ်ငရဲ၌) အကျိုးပေးမြဲသော ‘မိစ္ဆတ္တနိယတ'တရားဖြစ်ကုန်၏ (နိယတမိစ္ဆာဒိဋ္ဌိကံ၏ အစွမ်းအားဖြင့် ဖြစ်သော ဒိဋ္ဌိဂတသမ္ပယုတ်စိတ်လေးပါးတို့၏ သတ္တမဇောစိတ္တုပ္ပါဒ်နှင့် ပဉ္စာနန္တရိယကံကို ကျူးလွန်သည့် ဒေါသမူဒွေးတို့၏ သတ္တမဇောစိတ္တုပ္ပါဒ်များ)၊ အချို့သော (မနာယတန, ဓမ္မာယတန) အာယတနနှစ်ပါးတို့သည် ဖောက်ပြန်သော သဘောမရှိမူ၍ မိမိ၏ အခြားမဲ့၌ အကျိုးပေးမြဲသော ‘သမ္မတ္တနိယတ'တရားဖြစ်ကုန်၏ (မဂ်စိတ္တုပ္ပါဒ်)၊ အချို့သော (မနာယတန, ဓမ္မာယတန) အာယတနနှစ်ပါး တို့သည် နှစ်ပါးသော အခြင်းအရာအားဖြင့် အကျိုးပေး မမြဲကုန် (အနိယတ) (ကြွင်းသော စိတ္တုပ္ပါဒ် များနှင့် သုခုမရုပ်၊ နိဗ္ဗာန်)။

(၁၆) မဂ္ဂါရမ္မဏတိက်အဖြေ ဝိသဇ္ဇနာ

ရုပ်အာယတနဆယ်ပါးတို့သည် အာရုံပြုခြင်းသဘော မရှိကုန် (အာရုံမပြုတတ်ချေ) (ပသာဒရုပ်ငါးပါး၊ အာရုံ ငါးပါး)။ အချို့သော (မနာယတန, ဓမ္မာယတန) အာယတနနှစ်ပါးတို့သည် မဂ်ကို အာရုံပြုကုန်၏ (မနော ဒွါရာဝဇ္ဇန်း၊ မဟာကုသိုလ်-ကြိယာဉာဏသမ္ပယုတ်၊ အဘိညာဉ်ဒွေးစိတ္တုပ္ပါဒ်)၊ အချို့သော (မနာယတန, ဓမ္မာယတန) အာယတန နှစ်ပါးတို့သည် မဂ်မည်သော အကြောင်းရင်း ဟိတ် (သမ္မာဒိဋ္ဌိမဂ္ဂင်= ပညာ= အမောဟဟိတ်) ရှိကုန်၏ (ဟိတ်နှင့် ယှဉ်ကုန်၏) (အမောဟကြဉ်သည့် မဂ်စိတ္တုပ္ပါဒ်)၊ အချို့သော (မနာယတန, ဓမ္မာယတန) အာယတနနှစ်ပါးတို့သည် မဂ်မည်သော အကြီးအမှူး (သမ္မာဒိဋ္ဌိ= ဝီမံသာဓိပတိ= အမောဟ၊ သမ္မာဝါယာမ= ဝီရိယာဓိပတိ= ဝီရိယ) ရှိကုန်၏ (အဓိပတိတပ်ခိုက် ပညာနှင့် ဝီရိယ အသီး အသီးကြဉ်သော မဂ်စိတ္တုပ္ပါဒ်)။

--

တိက်မုတ်

အချို့သော (မနာယတန, ဓမ္မာယတန) အာယတနနှစ်ပါးတို့ကို မဂ်ကို အာရုံပြုကုန်၏ဟူ၍ လည်းကောင်း၊ မဂ်မည်သောအကြောင်းရင်းဟိတ် (သမ္မာဒိဋ္ဌိ= ပညာ= အမောဟ) ရှိကုန်၏ဟူ၍ လည်းကောင်း၊ မဂ်မည်သော အကြီးအမှူး (သမ္မာဒိဋ္ဌိ= ဝီမံသာဓိပတိ= အမောဟ၊ သမ္မာဝါယာမ= ဝီရိယာဓိပတိ= ဝီရိယ) ရှိကုန်၏ဟူ၍ လည်းကောင်း မဆိုအပ်ကုန် (မဂ်ကို အာရုံမပြုသော မနာယတန, ဓမ္မာယတန)။ (ဏီ-၁၄၂၉)

(၁၇) ဥပ္ပန္နတိက်အဖြေ ဝိသဇ္ဇနာ

အချို့သော (ကမ္မဇ) ရုပ်အာယတန ငါးပါးတို့သည် ဥပါဒ်, ဌီ, ဘင်ဟု ဆိုအပ်သော ခဏသုံးပါးသို့ ရောက်ဆဲ ဖြစ်ဆဲ ဖြစ်သော ‘ဥပ္ပန္န'တရား ဖြစ်ကုန်၏ (ပသာဒရုပ် ငါးပါး)၊ အချို့သော (ကမ္မဇ) ရုပ်အာယတနငါးပါး တို့သည် မချွတ်ဧကန်ဖြစ်လတ္တံ့ဖြစ်သော ‘ဥပ္ပါဒိ'တရား ဖြစ်ကုန်၏ (ပသာဒရုပ်ငါးပါး)၊ အချို့သော (ကမ္မဇ) ရုပ်အာယတနငါးပါးတို့ကို ခဏသုံးပါးသို့ ရောက်ပြီး လည်း မဟုတ်မူ၍ ရောက်ဆဲလည်း မဟုတ် သော (နောင်အနာဂတ်ကာလ၌ ဖြစ်ကောင်း ဖြစ်လတ္တံ့ ဖြစ်သော) ‘အနုပ္ပန္န'တရားဟု မဆိုအပ်ကုန် (ပသာဒရုပ်ငါးပါး)။ အချို့သော သဒ္ဒါယတနသည် ဥပါဒ်, ဌီ, ဘင်ဟု ဆိုအပ်သော ခဏသုံးပါးသို့ ရောက်ဆဲဖြစ်၏ (ဥပ္ပန္န)၊ အချို့သော သဒ္ဒါယတနသည် ခဏသုံးပါးသို့ ရောက်ပြီးလည်း မဟုတ်မူ၍ ရောက်ဆဲလည်း မဟုတ်ချေ (နောင်အနာဂတ်ကာလ၌ဖြစ်ကောင်း ဖြစ်လတ္တံဖြစ်သော ‘အနုပ္ပန္န'တရားဖြစ်သည်)၊ အချို့သော သဒ္ဒါယတနကို မချွတ်ဧကန်ဖြစ်လတ္တံ့သော ‘ဥပ္ပါဒိ'တရားဖြစ်၏ဟု မဆိုအပ်ချေ။ အချို့သော (ရူပါယတန, ဂန္ဓာယတန, ရသာယတန, ဖောဋ္ဌဗ္ဗာယတန, မနာယတန) အာယတန ငါးပါးတို့သည် ဥပါဒ်, ဌီ, ဘင်ဟု ဆိုအပ်သော ခဏသုံးပါးသို့ ရောက်ဆဲဖြစ်ကုန်၏ (ဥပ္ပန္န)၊ အချို့သော (ရူပ, ဂန္ဓ, ရသ, ဖောဋ္ဌဗ္ဗ, မန) အာယတနငါးပါးတို့သည် ခဏသုံးပါးသို့ ရောက်ပြီးလည်း မဟုတ်မူ၍ ရောက်ဆဲလည်း မဟုတ်ကုန် (အနုပ္ပန္န)၊ အချို့သော (ရူပ, ဂန္ဓ, ရသ, ဖောဋ္ဌဗ္ဗ, မန) အာယတနငါးပါး တို့သည် မချွတ်ဧကန် ဖြစ်လတ္တံ့ဖြစ်ကုန်၏ (ဥပ္ပါဒိ)။ အချို့သော ဓမ္မာယတနသည် ဥပါဒ်, ဌီ, ဘင်ဟု ဆိုအပ်သော ခဏသုံးပါးသို့ ရောက်ဆဲဖြစ်၏ (စေတသိက်နှင့် သုခုမရုပ်များ)၊ အချို့သော ဓမ္မာယတနသည် ခဏသုံးပါးသို့ ရောက်ပြီးလည်း မဟုတ် မူ၍ ရောက်ဆဲလည်း မဟုတ်ချေ (နောင်အနာဂတ်ကာလ၌ ဖြစ်ကောင်း ဖြစ်လတ္တံ့ဖြစ်သော ကုသိုလ်, အကုသိုလ်, ကြိယာစိတ်တို့နှင့် ယှဉ်သော စေတသိက်များ၊ ကမ္မဇရုပ်မှတစ်ပါး တိဇသုခုမရုပ်)၊ အချို့သော ဓမ္မာယတနသည် မချွတ်ဧကန် ဖြစ်လတ္တံ့ ဖြစ်၏ (ဝိပါက်စိတ်နှင့်ယှဉ်သော စေတသိက်များနှင့် ကမ္မဇ သုခုမရုပ်များ)။

တိက်မုတ်

အချို့သော ဓမ္မာယတနကို ခဏသုံးပါးသို့ ရောက်ဆဲဖြစ်၏ဟူ၍လည်းကောင်း၊ ခဏသုံးပါးသို့ရောက်ပြီးလည်း မဟုတ်မူ၍ ရောက်ဆဲလည်း မဟုတ်ဟူ၍လည်းကောင်း၊ မချွတ်ဧကန် ဖြစ်လတ္တံ့ဟူ၍လည်းကောင်း မဆိုအပ်ချေ (နိဗ္ဗာန်)။ (ဏီ-၁၄၃၀)

--

(၁၈) အတီတတိက်အဖြေ ဝိသဇ္ဇနာ

အချို့သော အာယတနတစ်ဆယ့်တစ်ပါးတို့သည် ဖြစ်ပြီး ‘အတိက်'တရားဖြစ်ကုန်၏ (ရုပ်အာ ယတနဆယ်ပါးနှင့်မနာယတန)၊ အချို့သော အာယတနတစ်ဆယ့်တစ်ပါးတို့သည် မရောက်သေး (ဖြစ်လတ္တံ့) သော ‘အနာဂတ်'တရား ဖြစ်ကုန်၏၊ အချို့သော အာယတနတစ်ဆယ့်တစ်ပါးတို့သည် ဖြစ်ဆဲ ‘ပစ္စုပ္ပန်'တရား ဖြစ်ကုန်၏။ အချို့သော ဓမ္မာယတနသည် ဖြစ်ပြီး ‘အတိက်'တရားဖြစ်၏၊ အချို့သော ဓမ္မာယတနသည် မရောက်သေး (ဖြစ်လတ္တံ့) သော ‘အနာဂတ်'တရားဖြစ်၏၊ အချို့သော ဓမ္မာယတနသည် ဖြစ်ဆဲ ‘ပစ္စုပ္ပန်'တရားဖြစ်၏ (စေတသိက် ၅၂-ပါးနှင့် သုခုမရုပ် ၁၆-ပါး)။

တိက်မုတ်

အချို့သော ဓမ္မာယတနကို ဖြစ်ပြီး ‘အတိက်'တရားဖြစ်၏ဟူ၍ လည်းကောင်း၊ မရောက် သေး (ဖြစ်လတ္တံ့) သော ‘အနာဂတ်'တရားဖြစ်၏ဟူ၍ လည်းကောင်း၊ ဖြစ်ဆဲ ‘ပစ္စုပ္ပန်'တရားဖြစ်၏ဟူ၍လည်းကောင်း မဆိုအပ်ချေ (နိဗ္ဗာန်)။ (ဏီ-၁၄၃၀)

(၁၉) အတီတာရမ္မဏတိက်အဖြေ ဝိသဇ္ဇနာ

ရုပ်အာယတနဆယ်ပါးတို့သည် အာရုံပြုခြင်းသဘော မရှိကုန် (အာရုံ မပြုတတ်ချေ) (ပသာဒရုပ်ငါးပါးနှင့် အာရုံငါးပါး)။ အချို့သော (မနာယတန, ဓမ္မာယတန) အာယတနနှစ်ပါးတို့သည် ဖြစ်ပြီး ‘အတိက်'တရားကို အာရုံပြုကုန်၏ (အတိက်တရားကို ဧကန်, အနေကန်အာရုံပြုသော စိတ္တုပ္ပါဒ်များ)၊ အချို့သော (မနာယတန, ဓမ္မာယတန) အာယတနနှစ်ပါးတို့သည် မရောက်သေး (ဖြစ်လတ္တံ့) သော ‘အနာဂတ်'တရားကို အာရုံပြု ကုန်၏ (အနာဂတ်တရားကို အနေကန်အာရုံပြုသော စိတ္တုပ္ပါဒ်)၊ အချို့သော (မနာယတန, ဓမ္မာယတန) အာယတနနှစ်ပါးတို့သည် ဖြစ်ဆဲ ‘ပစ္စုပ္ပန်'တရားကို အာရုံပြုကုန်၏ (ပစ္စုပ္ပန်တရားကို ဧကန်, အနေကန် အာရုံပြုသော စိတ္တုပ္ပါဒ်)။

တိက်မုတ်

အချို့သော (မနာယတန, ဓမ္မာယတန) အာယတနနှစ်ပါးတို့ကို ဖြစ်ပြီး ‘အတိက်'တရားကို အာရုံပြုကုန်၏ဟူ၍လည်းကောင်း၊ မရောက်သေး (ဖြစ်လတ္တံ့) သော ‘အနာဂတ်'တရားကို အာရုံပြုကုန်၏ဟူ၍လည်းကောင်း၊ ဖြစ်ဆဲ ‘ပစ္စုပ္ပန်'တရားကိုအာရုံပြုကုန်၏ဟူ၍လည်းကောင်း မဆိုအပ်ကုန် (နိဗ္ဗာန်နှင့် ပညတ်တရားတို့ကို ဧကန်အာရုံပြုသော စိတ္တုပ္ပါဒ်၊ သုခုမရုပ် ၁၆-ပါး၊ နိဗ္ဗာန်)။ (ဏီ-၁၄၃၄)

(၂၀) အဇ္ဈတ္တတိက် အဖြေ ဝိသဇ္ဇနာ

အချို့သော အာယတန ၁၂-ပါး တို့သည် အတွင်း ‘အဇ္ဈတ္တ'သန္တာန်၌ ဖြစ်ကုန်၏ (စိတ်, စေတသိက်, သက်မဲ့အနိန္ဒြိယဗဒ္ဓ ရုပ်မှတစ်ပါး သက်ရှိသတ္တဝါတို့၏ မိမိတို့ သန္တာန်၌ ဖြစ်သော ရုပ်များ)၊ အချို့သော အာယတန ၁၂-ပါး တို့သည် အပ ‘ဗဟိဒ္ဓ'သန္တာန်၌ ဖြစ်ကုန်၏ (စိတ်, စေတသိက်, ရုပ် နိဗ္ဗာန်)၊ အချို့သော အာယတန ၁၂-ပါးတို့သည် အတွင်းအပ ‘အဇ္ဈတ္တဗဟိဒ္ဓ'သန္တာန် ၂-ပါး၌ ဖြစ်ကုန်၏ (စိတ်, စေတသိက်, သက်မဲ့ အနိန္ဒြိယဗဒ္ဓရုပ်မှ တစ်ပါး သက်ရှိသတ္တဝါတို့၏ သန္တာန်၌ ရှိသော ရုပ်များ)။ (ဏီ-၁၄၃၂)

(၂၁) အဇ္ဈတ္တာရမ္မဏတိက် အဖြေဝိသဇ္ဇနာ

ရုပ်အာယတနဆယ်ပါးတို့သည် အာရုံပြုခြင်းသဘော မရှိကုန် (အာရုံ မပြုတတ်ချေ) (အနာရမ္မဏ) (ပသာဒရုပ်ငါးပါး၊ အာရုံငါးပါး)။ အချို့သော (မနာယတန, ဓမ္မာယတန) အာယတနနှစ်ပါးတို့သည် အတွင်း ‘အဇ္ဈတ္တ'သန္တာန်၌ ဖြစ်သော တရားကို အာရုံပြုကုန်၏ (အဇ္ဈတ္တတရားကို ဧကန် အနေကန် အာရုံပြုသည့် စိတ္တုပ္ပါဒ်များ)၊ အချို့သော (မနာယတန, ဓမ္မာယတန) အာယတနနှစ်ပါးတို့သည် အပ ‘ဗဟိဒ္ဓ'သန္တာန်၌ ဖြစ်သောတရား ကို အာရုံပြုကုန်၏ (ဗဟိဒ္ဓတရားကို ဧကန် အနေကန်အာရုံပြုသော စိတ္တုပ္ပါဒ်များ)၊ အချို့သော (မနာယတန, ဓမ္မာယတန) အာယတနနှစ်ပါးတို့သည် အတွင်းအပ ‘အဇ္ဈတ္တဗဟိဒ္ဓ'သန္တာန် ၂-ပါး၌ ဖြစ်သောတရားကို အာရုံပြုကုန်၏ (အနေကန် အာရုံပြုသော စိတ္တုပ္ပါဒ်များ)။

--

တိက်မုတ်

အချို့သော (မနာယတန, ဓမ္မာယတန) အာယတနနှစ်ပါးတို့ကို အတွင်း ‘အဇ္ဈတ္တ'သန္တာန်၌ ဖြစ်သော တရားကို အာရုံပြုကုန်၏ဟူ၍လည်းကောင်း၊ အပ ‘ဗဟိဒ္ဓ'သန္တာန်၌ဖြစ်သော တရားကို အာရုံပြုကုန်၏ဟူ၍လည်းကောင်း၊ အတွင်းအပ ‘အဇ္ဈတ္တဗဟိဒ္ဓ'သန္တာန်၌ဖြစ်သော တရားကို အာရုံပြုကုန်၏ဟူ၍လည်းကောင်း မဆိုအပ်ကုန် (နတ္ထိဘောပညတ်ကို အာရုံပြုသော အာကိဉ္စညာယတန စိတ္တုပ္ပါဒ်၊ သုခုမရုပ် ၁၆-ပါး၊ နိဗ္ဗာန်)။ (ဏီ-၁၄၃၇)

(၂၂) သနိဒဿနတိက်အဖြေ ဝိသဇ္ဇနာ

အဆင်းရူပါရုံ ‘ရူပါယတန'သည် မြင်အပ်သော သဘောလည်းရှိ၍ ထိပါးတတ်သော သဘောလည်း ရှိ၏ (သနိဒဿန သပ္ပဋိဃ)။ (ရူပါယတနကြဉ်သော ဩဠာရိကရုပ် ၁၁-ပါး) အာယတနကိုးပါးတို့သည် မြင်အပ်သော သဘော မရှိမူ၍ (မမြင်အပ်မူ၍) ထိပါးတတ်သော သဘောရှိ၏ (အနိဒဿနသပ္ပဋိဃ) (ပသာဒရုပ်ငါးပါး၊ ရူပါရုံကြဉ် သော အာရုံလေးပါး)။ (မနာယတန, ဓမ္မာယတန) အာယတနနှစ်ပါးတို့သည် မြင်အပ်သော သဘောလည်း မရှိမူ၍ (မမြင်အပ်မူ၍) ထိပါးတတ်သော သဘောလည်း မရှိချေ (စိတ်, စေတသိက်, သုခုမရုပ် ၁၆-ပါး, နိဗ္ဗာန်)။

(တိက်တို့ဖြင့် ဝေဖန်ပြီးလျှင် အမေးအဖြေပြု၍ ဟောကြားအပ်သော ‘ပဥှာပုစ္ဆက'နည်း ပြီး၏)။

(အာယတန ၁၂-ပါးတို့ကို တိက် ၂၂-ခုတို့ဖြင့် ဝေဖန်၍ အဖြေဝိသဇ္ဇနာကို ပြသော ‘ပဥှာပုစ္ဆက'နည်း ပြီး၏)။

--

၂-ဒုကဝိသဇ္ဇနာ

(အာယတန ၁၂-ပါးတို့ကို ဒုက် ၁၀၀-တို့ဖြင့် ဝေဖန်၍ အဖြေဝိသဇ္ဇနာကို ပြခြင်း)

(၁-ဟေတုဂေါစ္ဆကဒုက် ၆-ခု အဖြေဝိသဇ္ဇနာ)

(၁) ဟေတုဒုက်အဖြေဝိသဇ္ဇနာ ၁၇၁

အာယတနတစ်ဆယ့်တစ်ပါးတို့သည် ဟိတ်မမည်ကုန် (ပသာဒရုပ်ငါးပါး၊ အာရုံငါးပါး၊ မနာယတန)။ အချို့သော ဓမ္မာယတနသည် ဟိတ်မည်၏ (ဟိတ် ၆-ပါး)၊ အချို့သော ဓမ္မာယတနာသည် ဟိတ်မမည်ချေ (ကြွင်းသော စေတသိက် ၄၆-ပါး, သုခုမရုပ်, နိဗ္ဗာန်)။

(၂) သဟေတုကဒုက်အဖြေဝိသဇ္ဇနာ

ရုပ်အာယတနဆယ်ပါးတို့သည် ဟိတ်မရှိကုန် (ဟိတ်နှင့် မယှဉ်ကုန်) (ပသာဒရုပ်ငါးပါးနှင့်အာရုံ ငါးပါး)။ အချို့သော (မနာယတန, ဓမ္မာယတန) အာယတနနှစ်ပါးတို့သည် ဟိတ်ရှိကုန်၏ (ဟိတ်နှင့် ယှဉ်ကုန်၏) (မောဟမူဒွေး၌ ရှိသော မောဟကြဉ်သည့် သဟေတုကစိတ္တုပ္ပါဒ်များ၊ အချို့သော (မနာယတန, ဓမ္မာယတန) အာယတနနှစ်ပါးတို့သည် ဟိတ်မရှိကုန် ဟိတ်နှင့် မယှဉ်ကုန် (မောဟမူ ဒွေး၌ရှိသောမောဟ၊ အဟေတုကစိတ္တုပ္ပါဒ်၊ သုခုမရုပ်၊ နိဗ္ဗာန်)။

(၃) ဟေတုသမ္ပယုတ္တဒုက် အဖြေဝိသဇ္ဇနာ

ရုပ်အာယတနဆယ်ပါးတို့သည် ဟိတ်နှင့် မယှဉ်ကုန် (ပသာဒရုပ်ငါးပါးနှင့် အာရုံငါးပါး)။ အချို့သော (မနာယတန, ဓမ္မာယတန) အာယတနနှစ်ပါးတို့သည် ဟိတ်နှင့်ယှဉ်ကုန်၏ (မောဟမူ ဒွေး၌ ရှိသည့် မောဟကြဉ်သော သဟိတ်စိတ္တုပ္ပါဒ်များ၊ အချို့သော (မနာယတန, ဓမ္မာယတန) အာယတန နှစ်ပါးတို့သည် ဟိတ်နှင့် မယှဉ်ကုန် (မောဟမူဒွေး၌ရှိသော မောဟ၊ အဟေတုကစိတ္တုပ္ပါဒ်၊ သုခုမရုပ်၊ နိဗ္ဗာန်)။

(၄) ဟေတုသဟေတုကဒုက်အဖြေ ဝိသဇ္ဇနာ

ရုပ်အာယတနဆယ်ပါးတို့ကို ဟိတ်လည်း မည်၍ ဟိတ်လည်းရှိကုန်၏ (ဟိတ်နှင့် ယှဉ်ကုန်၏)ဟူ၍ လည်းကောင်း၊ ဟိတ်သာ ရှိ၍ (ဟိတ်နှင့်သာယှဉ်၍) ဟိတ် မမည်ကုန်ဟူ၍လည်းကောင်း မဆိုအပ်ကုန် (ပသာဒရုပ်ငါးပါး၊ ပဉ္စာရုံ)။ မနာယတနကို ဟိတ် လည်းမည်၍ ဟိတ်လည်းရှိ၏ဟူ၍ မဆိုအပ်ချေ (စိတ်အားလုံး)။ အချို့သော မနာယတနသည် ဟိတ်သာရှိ၍ (ဟိတ်နှင့်သာယှဉ်၍) ဟိတ်မမည်ချေ (သဟိတ်စိတ်များ)၊ အချို့သော မနာယတနကို ဟိတ်သာရှိ၍ ဟိတ်လည်း မမည်ဟု မဆိုအပ်ချေ (အဟိတ်စိတ်များ)။ အချို့သော ဓမ္မာယတနသည် ဟိတ်လည်းမည်၍ ဟိတ်လည်းရှိ၏ (မောဟမူဒွေး၌ရှိသော မောဟကြဉ်သော ဟိတ် ၆-ပါး)၊ အချို့သော ဓမ္မာယတနသည် ဟိတ်သာရှိ၍ ဟိတ်မမည်ချေ (ဟိတ် ၆-ပါး ကြဉ်သော သဟိတ်စိတ်၌ရှိသည့် စေတသိက်များ)။

--

ဒုက်မုတ်

အချို့သော ဓမ္မာယတနကို ဟိတ်လည်း မည်၍ ဟိတ်လည်း ရှိ၏ဟူ၍လည်းကောင်း၊ ဟိတ်သာ ရှိ၍ ဟိတ်မမည်ဟူ၍လည်းကောင်း မဆိုအပ်ချေ (အဟိတ်စိတ်၌ရှိသော စေတသိက်များ၊ မောဟမူဒွေး၌ရှိသော မောဟ၊ သုခုမရုပ်၊ နိဗ္ဗာန်)။ (ဏီ-၁၄၄၈)။

(၅) ဟေတုဟေတုသမ္ပယုတ္တဒုက်အဖြေဝိသဇ္ဇနာ

ရုပ်အာယတနဆယ်ပါးတို့ကို ဟိတ်လည်းမည်၍ ဟိတ်နှင့်လည်း ယှဉ်ကုန်၏ဟူ၍လည်းကောင်း၊ ဟိတ်နှင့်သာယှဉ်၍ ဟိတ်မမည်ကုန်ဟူ၍လည်းကောင်း မဆိုအပ်ကုန် (ပသာဒရုပ်ငါးပါးနှင့် ပဉ္စာရုံ)။ မနာယတနကို ဟိတ် လည်းမည်၍ ဟိတ်နှင့်လည်း ယှဉ်၏ဟူ၍ မဆိုအပ်ချေ (စိတ်)။ အချို့သော မနာယတနသည် ဟိတ်နှင့်သာယှဉ်၍ ဟိတ်မမည်ချေ (သဟိတ်စိတ် ၇၁-ပါး)၊ အချို့သော မနာယတနကို ဟိတ်နှင့်သာ ယှဉ်၍ ဟိတ်မမည်ဟု မဆိုအပ်ချေ (အဟိတ်စိတ်များ)။ အချို့သော ဓမ္မာယတနသည် ဟိတ်လည်းမည်၍ ဟိတ်နှင့်လည်းယှဉ်၏ (မောဟမူဒွေး၌ရှိသော မောဟကြဉ်သည့် ဟိတ် ၆-ပါး)၊ အချို့သော ဓမ္မာယတနသည် ဟိတ်နှင့်သာယှဉ်၍ ဟိတ်မမည်ချေ (ဟိတ် ၆-ပါးကြဉ်သော သဟိတ်စိတ်၌ ရှိသော စေတသိက်များ)။

ဒုက်မုတ်

အချို့သော ဓမ္မာယတနကို ဟိတ်လည်းမည်၍ ဟိတ်နှင့်လည်းယှဉ်၏ဟူ၍လည်းကောင်း၊ ဟိတ်နှင့် သာယှဉ်၍ ဟိတ်မမည်ဟူ၍လည်းကောင်း မဆိုအပ်ချေ (မောဟမူဒွေး၌ရှိသော မောဟ၊ အဟိတ်စိတ်၌ရှိသော စေတသိက်များ၊ သုခုမရုပ်၊ နိဗ္ဗာန်)။ (ဏီ-၁၄၅၀)

(၆) နဟေတုသဟေတုကဒုက်အဖြေဝိသဇ္ဇနာ

ရုပ်အာယတနဆယ်ပါးတို့သည် ဟိတ်လည်း မမည်မူ၍ဟိတ်လည်းမရှိကုန် (ဟိတ်နှင့်လည်း မယှဉ်ကုန်) (ပသာဒရုပ်ငါးပါး၊ အာရုံငါးပါး)။ အချို့သော မနာယတနသည် ဟိတ်မမည်မူ၍ ဟိတ်သာ ရှိ၏ (သဟိတ်စိတ် ၇၁-ပါး)၊ အချို့သော မနာယတနသည် ဟိတ်လည်း မမည်မူ၍ ဟိတ်လည်း မရှိချေ (အဟိတ်စိတ်)။ အချို့သော ဓမ္မာယတနသည် ဟိတ်မမည်မူ၍ ဟိတ်သာရှိ၏ (ဟိတ် ၆-ပါးကြဉ်သော သဟိတ်စိတ်၌ ရှိသော စေတသိက်များ၊)၊ အချို့သော ဓမ္မာယတနသည် ဟိတ်လည်းမမည်မူ၍ ဟိတ်လည်းမရှိချေ (အဟိတ်စိတ်၌ရှိသော စေတသိက်၊ သုခုမရုပ်၊ နိဗ္ဗာန်)။

ဒုက်မုတ်

အချို့သော ဓမ္မာယတနကို ဟိတ်မမည်မူ၍ ဟိတ်သာရှိ၏ဟူ၍လည်းကောင်း၊ ဟိတ်လည်း မမည်မူ၍ ဟိတ်လည်းမရှိဟူ၍လည်းကောင်း မဆိုအပ်ချေ (ဟိတ် ၆-ပါး)။ (ဏီ-၁၄၅၂)

(ဟေတုဂေါစ္ဆကဒုက် ၆-ခု အဖြေ ဝိသဇ္ဇနာ ပြီး၏)။

--

(၂-စူဠန္တရဒုက် ၇-ခု အဖြေ ဝိသဇ္ဇနာ)

(၇) သပ္ပစ္စယဒုက်အဖြေဝိသဇ္ဇနာ

(ပသာဒရုပ်ငါးပါးနှင့် ပဉ္စာရုံတည်းဟူသော ရုပ်အာယတနဆယ်ပါး၊ မနာယတန) အာယတနတစ်ဆယ့်တစ်ပါးတို့သည် အကြောင်းနှင့် တကွ ဖြစ်ကုန်၏ (ကံ, စိတ်, ဥတု, အာဟာရ အကြောင်းတရားလေးပါးတို့ကြောင့် ဖြစ်ကုန်၏)။ အချို့သော ဓမ္မာယတနသည် အကြောင်းနှင့်တကွ ဖြစ်၏ (ကံ, စိတ်, ဥတု, အာဟာရ အကြောင်း တရားလေးပါးတို့ကြောင့် ဖြစ်၏) (စေတသိက်နှင့်သုခုမရုပ်)၊ အချို့သော ဓမ္မာယတနသည် အကြောင်းနှင့် တကွ မဖြစ်ချေ (ကံ, စိတ်, ဥတု, အာဟာရ အကြောင်းတရားလေးပါးတို့ကြောင့် မဖြစ်ချေ) (နိဗ္ဗာန်)။ (ဏီ-၁၄၅၄)

(၈) သင်္ခတဒုက်အဖြေ ဝိသဇ္ဇနာ

အာယတနတစ်ဆယ့်တစ်ပါးတို့သည် (ကံ, စိတ်, ဥတု, အာဟာရ အကြောင်းတရားလေးပါးတို့သည်) ပြုပြင်စီမံအပ်သော ‘သင်္ခတ'တရားဖြစ်ကုန်၏ (ပသာဒရုပ်ငါးပါး၊ အာရုံငါပါး၊ မနာယတန)။ အချို့သော ဓမ္မာယတနသည် ကံ, စိတ်, ဥတု, အာဟာရ အကြောင်းတရားလေးပါးတို့ ပြုပြင် စီမံအပ်သော ‘သင်္ခတ'တရားဖြစ်၏ (စေတသိက် ၅၂-ခု, သုခုမရုပ် ၁၆-ပါး)၊ အချို့သော ဓမ္မာယတန သည် အကြောင်းတရားလေးပါးတို့ မပြုပြင်အပ်သော ‘အသင်္ခတ'တရားဖြစ်၏ (နိဗ္ဗာန်)။

(၉) သနိဒဿနဒုက်အဖြေဝိသဇ္ဇနာ

ရူပါယတန (အဆင်း ‘ရူပါရုံ') သည် မြင်အပ်သော သဘောရှိ၏ (ရူပါယတနကြဉ်သော) အာယတန တစ်ဆယ့်တစ်ပါးတို့သည် မြင်အပ်သော သဘောမရှိကုန်။

(၁၀) သပ္ပဋိဃဒုက်အဖြေ ဝိသဇ္ဇနာ

ရုပ်အာယတန ဆယ်ပါးတို့သည် ထိပါးတတ်သော သဘောရှိကုန်၏ (သပ္ပဋိဃ) (ပသာဒရုပ်ငါးပါး၊ အာရုံငါးပါး)။ (မနာယတန, ဓမ္မာယတန) အာယတနနှစ်ပါးတို့သည် ထိပါးတတ်သောသဘော မရှိကုန် (စိတ်, စေတသိက်, သုခုမရုပ် ၁၆-ပါး၊ နိဗ္ဗာန်)။

(၁၁) ရူပီဒုက်အဖြေဝိသဇ္ဇနာ

ရုပ်အာယတနဆယ်ပါးတို့သည် ရုပ်မည်ကုန်၏ (ပသာဒရုပ်ငါးပါး၊ ပဉ္စာရုံ)။ မနာယတနသည် ရုပ်မမည်ချေ (နာမ်မည်၏) (စိတ်အားလုံး)။ အချို့သော ဓမ္မာယတနသည် ရုပ်မည်၏ (သုခုမရုပ်)၊ အချို့သော ဓမ္မာယတနသည် ရုပ်မမည်ချေ (နာမ် မည်၏) (စေတသိက်၊ နိဗ္ဗာန်)။

--

(၁၂) လောကိယဒုက်အဖြေဝိသဇ္ဇနာ

ရုပ်အာယတန ဆယ်ပါးတို့သည် လောက၌ အကျုံးဝင်ကုန်၏ (လောကီတရားဖြစ်ကုန်၏) (ပသာဒရုပ်ငါးပါး၊ ပဉ္စာရုံ)။ အချို့သော (မနာယတန, ဓမ္မာယတန) အာယတနနှစ်ပါးတို့သည် လောက၌ အကျုံးဝင်သော ‘လောကိယ'တရားဖြစ်ကုန်၏ (လောကီစိတ္တုပ္ပါဒ်၊ သုခုမရုပ်)၊ အချို့သော (မနာယတန, ဓမ္မာယတန) အာယတနနှစ်ပါးတို့သည် လောကမှ ထွက်မြောက်သော ‘လောကုတ္တရာ'တရား ဖြစ်ကုန်၏ (လောကုတ္တရာ စိတ္တုပ္ပါဒ်၊ နိဗ္ဗာန်)။

(၁၃) ကေနစိဝိညေယျဒုက်အဖြေ ဝိသဇ္ဇနာ

အာယတနတစ်ဆယ့်နှစ်ပါးတို့ကို တစ်စုံတစ်ခုသော စိတ်သည် သိအပ်ကုန်၏၊ အာယတန တစ်ဆယ့် နှစ်ပါးတို့ကို တစ်စုံတစ်ခုသော စိတ်သည် မသိအပ်ကုန်။

(စူဠန္တရ ဒုက် ၇-ခု အဖြေ ဝိသဇ္ဇနာ ပြီး၏)။

(၃-အာသဝဂေါစ္ဆက ဒုက် ၆-ခု အဖြေ ဝိသဇ္ဇနာ)

(၁၄) အာသဝဒုက်အဖြေ ဝိသဇ္ဇနာ

(ရုပ်အာယတနဆယ်ပါးနှင့် မနာယတန) အာယတနတစ်ဆယ့် တစ်ပါးတို့သည် (သတ္တဝါတို့၏ သန္တာန်၌) ယိုစီးဖြစ်ပွား နေတတ်၍ မူးယစ်မိုက်မဲစေတတ်သော ‘အာသဝ'မမည်ကုန် (ပသာဒရုပ်ငါးပါး၊ ပဉ္စာရုံ၊ စိတ်အားလုံး)။ အချို့သော ဓမ္မာယတနသည် (သတ္တဝါတို့၏ သန္တာန်၌) ယိုစီးဖြစ်ပွားနေတတ်၍ မူးယစ် မိုက်မဲ စေတတ်သော ‘အာသဝ’ မည်၏ (လောဘ, ဒိဋ္ဌိ, မောဟ)၊ အချို့သော ဓမ္မာယတနသည် အာသဝ မမည်ချေ (ကြွင်းသော စေတသိက် ၄၉-ပါး၊ သုခုမရုပ်၊ နိဗ္ဗာန်)။

(၁၅) သာသဝဒုက်အဖြေ ဝိသဇ္ဇနာ

ရုပ်အာယတနဆယ်ပါးတို့သည် အာသဝ၏ အာရုံဖြစ်ကုန်၏ (ပသာဒရုပ်ငါးပါး၊ ပဉ္စာရုံ)။ အချို့သော (မနာယတန, ဓမ္မာယတန) အာယတနနှစ်ပါးတို့သည် အာသဝ၏ (လောဘ, ဒိဋ္ဌိ, မောဟ တို့၏) အာရုံဖြစ်ကုန်၏ (လောကီစိတ္တုပ္ပါဒ်၊ သုခုမရုပ်)၊ အချို့သော (မနာယတန, ဓမ္မာယတန) အာယတန နှစ်ပါးတို့သည် အာသဝ၏ အာရုံမဟုတ်ကုန် (လောကုတ္တရာစိတ္တုပ္ပါဒ်၊ နိဗ္ဗာန်)။

--

(၁၆) အာသဝသမ္ပယုတ္တဒုက်အဖြေဝိသဇ္ဇနာ

ရုပ်အာယတနဆယ်ပါးတို့သည် အာသဝနှင့် မယှဉ်ကုန် (ပသာဒရုပ်ငါးပါး၊ ပဉ္စာရုံ)။ အချို့သော (မနာယတန, ဓမ္မာယတန) အာယတနနှစ်ပါးတို့သည် အာသဝနှင့်ယှဉ်ကုန်၏ (ဒေါသမူ, မောဟမူဒွေးတို့၌ရှိသော မောဟကြဉ်သည့် အကုသိုလ်စိတ္တုပ္ပါဒ်)၊ အချို့သော (မနာယတန, ဓမ္မာယတန) အာယတနနှစ်ပါးတို့သည် အာသဝနှင့် မယှဉ်ကုန် (ဒေါသမူဒွေး, မောဟမူဒွေးတို့၌ရှိသော မောဟ၊ ကုသိုလ်, ဝိပါက်, ကြိယာစိတ္တုပ္ပါဒ်များ၊ သုခုမရုပ်၊ နိဗ္ဗာန်)။

(၁၇) အာသဝ သာသဝဒုက်အဖြေ ဝိသဇ္ဇနာ

ရုပ်အာယတနဆယ်ပါးတို့ကို အာသဝလည်းမည်၍ အာသဝ၏ အာရုံလည်း ဖြစ်၏ဟု မဆိုအပ်ကုန်၊ ရုပ်အာယတနဆယ်ပါးတို့သည် အာသဝ၏ အာရုံသာဖြစ်၍ အာသဝ မမည်ကုန်၊ (ပသာဒရုပ်ငါးပါး၊ အာရုံ ငါးပါး)။ မနာယတနကို အာသဝလည်းမည်၍ အာသဝ၏အာရုံလည်း ဖြစ်၏ဟု မဆိုအပ်ချေ (စိတ်)။ အချို့သော မနာယတနသည် အာသဝ၏ အာရုံသာဖြစ်၍ အာသဝ မမည်ချေ (လောကီစိတ်)၊

ဒုက်မုတ်

အချို့သော မနာယတနကို အာသဝ၏ အာရုံသာဖြစ်၍ အာသဝမမည်ဟု မဆိုအပ်ချေ (လောကုတ္တရာစိတ်)။ အချို့သော ဓမ္မာယတနသည် အာသဝလည်း မည်၍ အာသဝ၏ အာရုံလည်း ဖြစ်၏ (လောဘ, ဒိဋ္ဌိ, မောဟ)၊ အချို့သော ဓမ္မာယတနသည် အာသဝ၏ အာရုံသာဖြစ်၍ အာသဝမမည်ချေ (အာသဝ တရားကိုယ် ကြဉ်သော လောကီစိတ်၌ရှိသော စေတသိက်၊ သုခုမရုပ် ၁၆-ပါး)။

ဒုက်မုတ်

အချို့သော ဓမ္မာယတနကို အာသဝလည်းမည်၍ အာသဝ၏ အာရုံလည်းဖြစ်၏ဟူ၍လည်း ကောင်း၊ အာသဝ၏အာရုံသာဖြစ်၍ အာသဝမမည်ဟူ၍လည်းကောင်း မဆိုအပ်ချေ (လောကုတ္တရာစိတ်၌ ရှိသော စေတသိက်၊ နိဗ္ဗာန်)။ (ဏီ-၁၄၇၂)

(၁၈) အာသဝအာသဝသမ္ပယုတ္တဒုက်အဖြေဝိသဇ္ဇနာ

ရုပ်အာယတနဆယ်ပါးတို့ကို အာသဝလည်း မည်၍ အာသဝနှင့်လည်း ယှဉ်ကုန်၏ဟူ၍ လည်းကောင်း၊ အာသဝနှင့်သာယှဉ်၍ အာသဝမမည်ကုန်ဟူ၍လည်းကောင်း မဆိုအပ်ကုန် (ပသာဒရုပ် ငါးပါး၊ ပဉ္စာရုံ)။ မနာယတနကို အာသဝလည်းမည်၍ အာသဝနှင့်လည်းယှဉ်၏ဟု မဆိုအပ်ချေ (စိတ်အားလုံး)။ အချို့သော မနာယတနသည် အာသဝနှင့်သာယှဉ်၍ အာသဝမမည်ချေ (အကုသိုလ်စိတ်များ)၊

ဒုက်မုတ်

အချို့သော မနာယတနကို အာသဝနှင့်သာယှဉ်၍ အာသဝမမည်ဟု မဆိုအပ်ချေ (ကုသိုလ်, ဝိပါက်, ကြိယာစိတ်များ)။ အချို့သော ဓမ္မာယတနသည် အာသဝလည်းမည်၍ အာသဝနှင့်လည်း ယှဉ်၏ (လောဘမူစိတ်နှင့် ယှဉ်သော လောဘ, ဒိဋ္ဌိ, မောဟ)၊ အချို့သော ဓမ္မာယတနသည် အာသဝနှင့်သာ ယှဉ်၍ အာသဝမမည်ချေ (အာသဝတရားကိုယ် ၃-ပါးကြဉ်သော အကုသိုလ်စိတ်၌ရှိသည့် စေတသိက် ၂၄-ပါး)။

--

ဒုက်မုတ်

အချို့သော ဓမ္မာယတနကို အာသဝလည်းမည်၍ အာသဝနှင့်လည်းယှဉ်၏ ဟူ၍လည်းကောင်း၊ အာသဝနှင့်သာယှဉ်၍ အာသဝမမည်ဟူ၍လည်းကောင်း မဆိုအပ်ချေ (အာသဝဝိပ္ပယုတ် တရား= ဒေါသမူဒွေး, မောဟမူဒွေးတို့၌ရှိသော မောဟ၊ ကုသိုလ်, ဝိပါက်, ကြိယာစိတ်တို့နှင့်ယှဉ်သော စေတသိက်များ၊ သုခုမရုပ်၊ နိဗ္ဗာန်)။ (ဏီ-၁၄၇၀, ၁၄၇၄)

(၁၉) အာသဝဝိပ္ပယုတ္တသာသဝဒုက်အဖြေ ဝိသဇ္ဇနာ

ရုပ်အာယတနဆယ်ပါးတို့သည် အာသဝ နှင့် (လောဘ, ဒိဋ္ဌိ, မောဟတို့နှင့်) မယှဉ် မူ၍ အာသဝ၏ အာရုံသာ ဖြစ်ကုန်၏ (ပသာဒရုပ်ငါးပါး၊ ပဉ္စာရုံ)။ အချို့သော (မနာယတန, ဓမ္မာယတန) အာယတနနှစ်ပါးတို့သည် အာသဝနှင့်မယှဉ်မူ၍ အာသဝ၏ အာရုံသာ ဖြစ်ကုန်၏ (ဒေါသမူဒွေး, မောဟမူဒွေးတို့၌ရှိသော မောဟ၊ လောကီကုသိုလ်, ဝိပါက်, ကြိယာ စိတ္တုပ္ပါဒ်၊ သုခုမရုပ် ၁၆-ပါး)၊ အချို့သော (မနာယတန, ဓမ္မာယတန) အာယတနနှစ်ပါးတို့သည် အာသဝနှင့် (လောဘ, ဒိဋ္ဌိ, မောဟတို့နှင့်) လည်း မယှဉ်မူ၍ အာသဝ၏ အာရုံလည်း မဖြစ်ကုန် (လောကုတ္တရာစိတ္တုပ္ပါဒ်၊ နိဗ္ဗာန်)။

ဒုက်မုတ်

အချို့သော (မနာယတန, ဓမ္မာယတန) အာယတနနှစ်ပါးတို့ကို အာသဝနှင့်မယှဉ်မူ၍ အာသဝ၏ အာရုံသာ ဖြစ်ကုန်၏ဟူ၍လည်းကောင်း၊ အာသဝနှင့်လည်း မယှဉ်မူ၍ အာသဝ၏ အာရုံလည်း မဖြစ်ကုန်ဟူ၍လည်းကောင်း မဆိုအပ်ကုန် (အာသဝသမ္ပယုတ္တတရား= ဒေါသမူဒွေး, မောဟ မူဒွေးတို့၌ရှိသော မောဟကြဉ်သော အကုသိုလ်စိတ္တုပ္ပါဒ်)။ (ဏီ-၁၄၇၆)

(အာသဝဂေါစ္ဆက ဒုက် ၆-ခု အဖြေ ဝိသဇ္ဇနာ ပြီး၏)။

--

(၄-သညောဇနဂေါစ္ဆက ဒုက် ၆-ခု အဖြေ ဝိသဇ္ဇနာ)

(၂၀) သညောဇနဒုက်အဖြေ ဝိသဇ္ဇနာ

(ရုပ်အာယတနဆယ်ပါးနှင့် မနာယတန) အာယတန တစ်ဆယ့်တစ်ပါးတို့သည် (သတ္တဝါတို့ကိုဝဋ်ဆင်းရဲ၌) ယှဉ်စေတတ်သော ‘သံယောဇဉ်'မမည်ကုန် (ပသာဒရုပ်ငါးပါး၊ ပဉ္စာရုံ၊ စိတ်)။ အချို့သော ဓမ္မာယတနသည် သံယောဇဉ်မည်၏ (သံယောဇဉ်တရားကိုယ် ၈-ပါး)၊ အချို့သော ဓမ္မာယတနသည် သံယောဇဉ် မမည်ချေ (သံယောဇဉ်တရားကိုယ် ၈-ပါးကြဉ်သော စေတသိက် ၄၄-ပါး၊ သုခုမရုပ်၊ နိဗ္ဗာန်)။

(၂၁) သညောဇနိယဒုက်အဖြေ ဝိသဇ္ဇနာ

ရုပ်အာယတနဆယ်ပါးတို့သည် သံယောဇဉ်၏ အာရုံဖြစ် ကုန်၏ (ပသာဒရုပ်ငါးပါး၊ ပဉ္စာရုံ)။ အချို့သော (မနာယတန, ဓမ္မာယတန) အာယတနနှစ်ပါးတို့သည် သံယောဇဉ်၏ အာရုံဖြစ်ကုန်၏ (လောကီစိတ္တုပ္ပါဒ်၊ သုခုမရုပ် ၁၆-ပါး)၊ အချို့သော (မနာယတန, ဓမ္မာယတန) အာယတနနှစ်ပါးတို့သည် သံယောဇဉ်၏ အာရုံ မဖြစ်ကုန် (လောကုတ္တရာစိတ္တုပ္ပါဒ်၊ နိဗ္ဗာန်)။

(၂၂) သညောဇနသမ္ပယုတ္တဒုက်အဖြေ ဝိသဇ္ဇနာ

ရုပ်အာယတနဆယ်ပါးတို့သည် သံယောဇဉ်နှင့် မယှဉ်ကုန် (ပသာဒရုပ်ငါးပါး၊ ပဉ္စာရုံ)။ အချို့သော (မနာယတန, ဓမ္မာယတန) အာယတနနှစ်ပါးတို့သည် သံယောဇဉ်နှင့် ယှဉ်ကုန်၏ (ဥဒ္ဓစ္စသဟဂုတ်စိတ်၌ရှိသော မောဟကြဉ်သော အကုသိုလ်စိတ္တုပ္ပါဒ်)၊ အချို့သော (မနာယတန, ဓမ္မာ ယတန) အာယတန နှစ်ပါးတို့သည် သံယောဇဉ်နှင့်မယှဉ်ကုန် (ဥဒ္ဓစ္စသဟဂုတ်စိတ်၌ရှိသော မောဟ၊ ကုသိုလ်, ဝိပါက်, ကြိယာစိတ္တုပ္ပါဒ်၊ သုခုမရုပ်၊ နိဗ္ဗာန်)။ (ဏီ-၁၄၈၁၊ ၁၄၈၂)

(၂၃) သညောဇန သညောဇနိယဒုက်အဖြေ ဝိသဇ္ဇနာ

ရုပ်အာယတနဆယ်ပါးတို့ကို သံယောဇဉ်လည်း မည်၍ သံယောဇဉ်၏ အာရုံလည်း ဖြစ်ကုန်၏ဟု မဆိုအပ်ကုန်၊ ရုပ်အာယတနဆယ်ပါးတို့သည် သံယောဇဉ်၏ အာရုံသာ ဖြစ်၍ သံယောဇဉ် မမည်ကုန် (ပသာဒရုပ်ငါးပါး၊ ပဉ္စာရုံ)။ မနာယတနကို သံယောဇဉ်လည်းမည်၍ သံယောဇဉ်၏ အာရုံလည်းဖြစ်၏ဟု မဆိုအပ်ချေ။ အချို့သော မနာယတနသည် သံယောဇဉ်၏ အာရုံသာဖြစ်၍ သံယောဇဉ် မမည်ချေ (လောကီ စိတ်များ)၊

ဒုက်မုတ်

အချို့သော မနာယတနကို သံယောဇဉ်၏ အာရုံသာဖြစ်၍ သံယောဇဉ် မမည်ဟု မဆိုအပ်ချေ (လောကုတ္တရာစိတ်)။ အချို့သော ဓမ္မာယတနသည် သံယောဇဉ်လည်းမည်၍ သံယောဇဉ်၏အာရုံလည်းဖြစ်၏ (သံယောဇဉ် တရားကိုယ် ၈-ပါး)၊ အချို့သော ဓမ္မာယတနသည် သံယောဇဉ်၏ အာရုံသာဖြစ်၍ သံယောဇဉ် မမည်ချေ (သံယောဇဉ်တရားကိုယ်ကြဉ်သော လောကီစိတ်နှင့်ယှဉ်သော စေတသိက် ၄၄-ပါး၊ သုခုမရုပ်)။

ဒုက်မုတ်

အချို့သော ဓမ္မာယတနကို သံယောဇဉ်လည်း မည်၍ သံယောဇဉ်၏ အာရုံလည်းဖြစ်၏ဟူ၍လည်းကောင်း၊ သံယောဇဉ်၏ အာရုံသာ ဖြစ်၍ သံယောဇဉ် မမည်ဟူ၍လည်းကောင်း မဆိုအပ်ချေ (လောကုတ္တရာ စိတ်၌ရှိသော စေတသိက်များ၊ နိဗ္ဗာန်)။ (ဏီ-၁၄၈၄)

--

(၂၄) သညောဇန သညောဇနသမ္ပယုတ္တဒုက်အဖြေ ဝိသဇ္ဇနာ

ရုပ်အာယတနဆယ်ပါးတို့ကို သံယောဇဉ်လည်း မည်၍ သံယောဇဉ်နှင့်လည်း ယှဉ်ကုန်၏ဟူ၍လည်းကောင်း၊ သံယောဇဉ်နှင့်သာ ယှဉ်၍ သံယောဇဉ် မမည်ဟူ၍ လည်းကောင်း မဆိုအပ်ကုန် (ပသာဒရုပ်ငါးပါး၊ ပဉ္စာရုံ)။ မနာယတနကို သံယောဇဉ်လည်း မည်၍ သံယောဇဉ်နှင့်လည်း ယှဉ်၏ဟု မဆိုအပ်ချေ။ အချို့သော မနာယတနသည် သံယောဇဉ်နှင့်သာ ယှဉ်၍ သံယောဇဉ် မမည်ချေ (အကုသိုလ် စိတ်များ)၊

ဒုက်မုတ်

အချို့သော မနာယတနကို သံယောဇဉ်နှင့်သာယှဉ်၍ သံယောဇဉ် မမည်ဟု မဆိုအပ်ချေ (ကုသိုလ်, ဝိပါက်, ကြိယာစိတ်များ)။ အချို့သော ဓမ္မာယတနသည် သံယောဇဉ်လည်းမည်၍ သံယောဇဉ်နှင့်လည်းယှဉ်၏ (ဥဒ္ဓစ္စသဟဂုတ် စိတ်၌ ရှိသော မောဟကြဉ်သည့် သံယောဇဉ်တရားကိုယ် ၈-ပါး)၊ အချို့သော ဓမ္မာယတနသည် သံယောဇဉ်နှင့်သာ ယှဉ်၍ သံယောဇဉ် မမည်ချေ (သံယောဇဉ်တရားကိုယ်ကြဉ်သော အကုသိုလ်စိတ်၌ ယှဉ်သည့် စေတသိက်)။

ဒုက်မုတ်

အချို့သော ဓမ္မာယတနကို သံယောဇဉ်လည်းမည်၍ သံယောဇဉ်နှင့်လည်း ယှဉ်၏ဟူ၍ လည်းကောင်း၊ သံယောဇဉ်နှင့်သာယှဉ်၍ သံယောဇဉ်မမည်ဟူ၍လည်းကောင်း မဆိုအပ်ချေ (ဥဒ္ဓစ္စသဟဂုတ်စိတ်၌ ရှိသော မောဟ၊ ကုသိုလ်, ဝိပါက်, ကြိယာစိတ်တို့နှင့်ယှဉ်သော စေတသိက်၊ သုခုမရုပ်၊ နိဗ္ဗာန်)။ (ဏီ-၁၄၈၆)

(၂၅) သညောဇနဝိပ္ပယုတ္တသညောဇနိယဒုက်အဖြေ ဝိသဇ္ဇနာ

ရုပ်အာယတနဆယ်ပါးတို့သည် သံယောဇဉ်နှင့် မယှဉ်မူ၍ သံယောဇဉ်၏ အာရုံသာ ဖြစ်ကုန်၏ (ပသာဒရုပ်ငါးပါး၊ ပဉ္စာရုံ)။ အချို့သော (မနာယတန, ဓမ္မာယတန) အာယတနနှစ်ပါးတို့သည် သံယောဇဉ်နှင့်မယှဉ်မူ၍ သံယောဇဉ်၏ အာရုံသာဖြစ်ကုန်၏ (ဥဒ္ဓစ္စသဟဂုတ်စိတ်၌ရှိသော မောဟ၊ လောကီကုသိုလ်, ဝိပါက်, ကြိယာ စိတ္တုပ္ပါဒ်များ၊ သုခုမရုပ်)။ အချို့သော (မနာယတန, ဓမ္မာယတန) အာယတနနှစ်ပါးတို့သည် သံယောဇဉ်နှင့်လည်း မယှဉ်မူ၍သံယောဇဉ်၏ အာရုံလည်း မဟုတ်ကုန် (လောကုတ္တရာစိတ္တုပ္ပါဒ်၊ နိဗ္ဗာန်)။

ဒုက်မုတ်

အချို့သော (မနာယတန, ဓမ္မာယတန) အာယတနနှစ်ပါးတို့ကို သံယောဇဉ်နှင့် မယှဉ်မူ၍ သံယောဇဉ်၏ အာရုံသာဖြစ်ကုန်၏ဟူ၍လည်းကောင်း၊ သံယောဇဉ်နှင့်လည်းမယှဉ်မူ၍ သံယောဇဉ်၏ အာရုံလည်း မဖြစ်ကုန်ဟူ၍လည်းကောင်း မဆိုအပ်ကုန် (ဥဒ္ဓစ္စသဟဂုတ်စိတ်၌ရှိသော မောဟကြဉ်သည့် အကုသိုလ် စိတ္တုပ္ပါဒ်)။ (ဏီ-၁၄၈၈)

(သညောဇနဂေါစ္ဆက ဒုက် ၆-ခု အဖြေ ဝိသဇ္ဇနာ ပြီး၏)။

--

(၅-ဂန္ထဂေါစ္ဆက ဒုက် ၆-ခု အဖြေ ဝိသဇ္ဇနာ)

(၂၆) ဂန္ထဒုက်အဖြေဝိသဇ္ဇနာ

(ရုပ်အာယတနဆယ်ပါးနှင့် မနာယတန) အာယတနတစ်ဆယ့်တစ်ပါး တို့သည် (သတ္တဝါတို့ကို ဝဋ်ဆင်းရဲ၌) ဆက်စပ်ထုံးဖွဲ့တတ်သော ‘ဂန္ထ'မမည်ကုန် (ပသာဒရုပ်ငါးပါး၊ ပဉ္စာရုံ၊ စိတ်)။ အချို့သော ဓမ္မာယတနသည် ဂန္ထမည်၏ (လောဘ, ဒေါသ, ဒိဋ္ဌိ)၊ အချို့သော ဓမ္မာယတနသည် ဂန္ထမမည်ချေ (ဂန္ထတရားကိုယ်ကြဉ်သော စေတသိက် ၄၉-ပါး၊ သုခုမရုပ်၊ နိဗ္ဗာန်)။

(၂၇) ဂန္ထနိယဒုက်အဖြေ ဝိသဇ္ဇနာ

ရုပ်အာယတနဆယ်ပါးတို့သည် ဂန္ထ၏ (လောဘ, ဒေါသ, ဒိဋ္ဌိတို့၏) အာရုံဖြစ်ကုန်၏ (ပသာဒရုပ်ငါးပါး၊ ပဉ္စာရုံ)။ အချို့သော (မနာယတန, ဓမ္မာယတန) အာယတနနှစ်ပါးတို့သည် ဂန္ထ၏ အာရုံဖြစ်ကုန်၏ (လောကီစိတ္တုပ္ပါဒ်၊ သုခုမရုပ်)၊ အချို့သော (မနာယတန, ဓမ္မာယတန) အာယတနနှစ်ပါးတို့သည် ဂန္ထ၏ အာရုံမဖြစ်ကုန် (လောကုတ္တရာစိတ္တုပ္ပါဒ်၊ နိဗ္ဗာန်)။

(၂၈) ဂန္ထသမ္ပယုတ္တဒုက်အဖြေဝိသဇ္ဇနာ

ရုပ်အာယတနဆယ်ပါးတို့သည် ဂန္ထနှင့် (လောဘ, ဒေါသ, ဒိဋ္ဌိတို့နှင့်) မယှဉ်ကုန် (ပသာဒရုပ်ငါးပါး၊ ပဉ္စာရုံ)။ အချို့သော (မနာယတန, ဓမ္မာယတန) အာယတနနှစ်ပါးတို့သည် ဂန္ထနှင့်ယှဉ်ကုန်၏ (ဒိဋ္ဌိဂတ ဝိပ္ပယုတ် စိတ်၌ရှိသော လောဘနှင့် ဒေါသမူဒွေး၌ရှိသော ဒေါသကြဉ်သည့် လောဘမူ, ဒေါသမူစိတ္တုပ္ပါဒ် များ)၊ အချို့သော (မနာယတန, ဓမ္မာယတန) အာယတနနှစ်ပါးတို့သည် ဂန္ထနှင့်မယှဉ်ကုန် (ဒိဋ္ဌိဂတ ဝိပ္ပယုတ် စိတ်၌ရှိသော လောဘ၊ ဒေါသမူဒွေး၌ရှိသော ဒေါသ၊ မောဟမူဒွေး စိတ္တုပ္ပါဒ်များ၊ ကုသိုလ်, ဝိပါက်, ကြိယာစိတ္တုပ္ပါဒ်များ၊ သုခုမရုပ်၊ နိဗ္ဗာန်)။

(၂၉) ဂန္ထဂန္ထနိယဒုက်အဖြေ ဝိသဇ္ဇနာ

ရုပ်အာယတနဆယ်ပါးတို့ကို ဂန္ထလည်းမည်၍ ဂန္ထ၏ အာရုံလည်းဖြစ်ကုန်၏ဟု မဆိုအပ်ကုန်၊ ရုပ်အာယတန ဆယ်ပါးတို့သည် ဂန္ထ၏အာရုံသာဖြစ်၍ ဂန္ထမမည်ကုန် (ပသာဒရုပ်ငါးပါး၊ ပဉ္စာရုံ)။ မနာယတနကို ဂန္ထလည်းမည်၍ ဂန္ထ၏အာရုံလည်း ဖြစ်၏ဟု မဆိုအပ်ချေ (စိတ်)။ အချို့သော မနာယတနသည် ဂန္ထ၏အာရုံသာဖြစ်၍ ဂန္ထမမည်ချေ (လောကီစိတ်များ)၊

ဒုက်မုတ်

အချို့သော မနာယတနကို ဂန္ထ၏ အာရုံသာဖြစ်၍ ဂန္ထမမည်ဟု မဆိုအပ်ချေ (လောကုတ္တရာစိတ်)။ အချို့သော ဓမ္မာယတနသည် ဂန္ထလည်းမည်၍ ဂန္ထ၏အာရုံလည်းဖြစ်၏ (လောဘ, ဒေါသ, ဒိဋ္ဌိ)၊ အချို့သော ဓမ္မာယတနသည် ဂန္ထ၏အာရုံသာဖြစ်၍ ဂန္ထမမည်ချေ (ဂန္ထတရားကိုယ်သုံးပါးကြဉ်သော လောကီစိတ်တို့၌ ရှိသော စေတသိက်၊ သုခုမရုပ်)။

--

ဒုက်မုတ်

အချို့သော ဓမ္မာယတနကို ဂန္ထလည်းမည်၍ ဂန္ထ၏အာရုံလည်းဖြစ်၏ဟူ၍လည်းကောင်း၊ ဂန္ထ၏ အာရုံသာ ဖြစ်၍ ဂန္ထမမည်ဟူ၍လည်းကောင်း မဆိုအပ်ချေ (လောကုတ္တရာစိတ်၌ ရှိသော စေတသိက်၊ နိဗ္ဗာန်)။ (ဏီ-၁၄၉၆)

(၃၀) ဂန္ထ ဂန္ထသမ္ပယုတ္တဒုက် အဖြေဝိသဇ္ဇနာ

ရုပ်အာယတနဆယ်ပါးတို့ကို ဂန္ထလည်းမည်၍ ဂန္ထနှင့်လည်း ယှဉ်ကုန်၏ဟူ၍လည်းကောင်း, ဂန္ထနှင့်သာ ယှဉ်၍ ဂန္ထမမည်ကုန်ဟူ၍လည်းကောင်း မဆိုအပ်ကုန် (ပသာဒရုပ်ငါးပါး၊ ပဉ္စာရုံ)။ မနာယတနကို ဂန္ထလည်းမည်၍ ဂန္ထနှင့်လည်း ယှဉ်၏ဟု မဆိုအပ်ချေ (စိတ်အားလုံး)။ အချို့သော မနာယတနသည် ဂန္ထနှင့် (လောဘ, ဒေါသ, ဒိဋ္ဌိတို့နှင့်) သာ ယှဉ်၍ ဂန္ထမမည်ချေ (လောဘမူ, ဒေါသမူစိတ်များ)။

ဒုက်မုတ်

အချို့သော မနာယတနကို ဂန္ထနှင့်သာယှဉ်၍ ဂန္ထမမည်ဟု မဆိုအပ်ချေ (မောဟမူဒွေး၊ ကုသိုလ်, ဝိပါက်, ကြိယာစိတ်များ)။ (ဏီ-၁၄၉၈) အချို့သော ဓမ္မာယတနသည် ဂန္ထလည်းမည်၍ ဂန္ထနှင့်လည်းယှဉ်၏ (ဒိဋ္ဌိဂတသမ္ပယုတ်စိတ်၌ရှိသော လောဘ, ဒိဋ္ဌိ)၊ အချို့သော ဓမ္မာယတနသည် ဂန္ထနှင့်သာ ယှဉ်၍ ဂန္ထမမည်ချေ (ဂန္ထတရားကိုယ် ကြဉ်သည့် လောဘမူ ဒေါသမူ စိတ်တို့၌ရှိသော စေတသိက်များ)။

ဒုက်မုတ်

အချို့သော ဓမ္မာယတနကို ဂန္ထလည်းမည်၍ ဂန္ထနှင့်လည်းယှဉ်၏ဟူ၍လည်းကောင်း၊ ဂန္ထနှင့် သာ ယှဉ်၍ ဂန္ထမမည်ဟူ၍လည်းကောင်း မဆိုအပ်ချေ (ဒိဋ္ဌိဂတဝိပ္ပယုတ်စိတ်၌ရှိသော လောဘ၊ ဒေါသမူဒွေး၌ရှိသော ဒေါသ၊ မောဟမူဒွေး, ကုသိုလ်, ဝိပါက်, ကြိယာစိတ်တို့နှင့် ယှဉ်သော စေတသိက် များ၊ သုခုမရုပ်၊ နိဗ္ဗာန်)။ (ဏီ-၁၄၉၄၊ ၁၄၉၈)

(၃၁) ဂန္ထဝိပ္ပယုတ္တဂန္ထနိယဒုက် အဖြေဝိသဇ္ဇနာ

ရုပ်အာယတန ဆယ်ပါးတို့သည် ဂန္ထနှင့် (လောဘ, ဒေါသ, ဒိဋ္ဌိတို့နှင့်) မယှဉ်မူ၍ ဂန္ထ၏အာရုံသာ ဖြစ်ကုန်၏ (ပသာဒရုပ် ငါးပါး၊ ပဉ္စာရုံ)။ အချို့သော (မနာယတန, ဓမ္မာယတန) အာယတနနှစ်ပါးတို့သည် ဂန္ထနှင့် မယှဉ်မူ၍ ဂန္ထ၏ အာရုံသာ ဖြစ်ကုန်၏ (ဒိဋ္ဌိဂတဝိပ္ပယုတ်စိတ်လေးပါး၌ရှိသော လောဘ၊ ဒေါသမူဒွေး၌ရှိသော ဒေါသ၊ မောဟ မူဒွေးစိတ္တုပ္ပါဒ်၊ လောကီ, ကုသိုလ်, ဝိပါက်, ကြိယာစိတ္တုပ္ပါဒ်၊ သုခုမရုပ်)၊ အချို့သော (မနာယတန, ဓမ္မာယတန) အာယတနနှစ်ပါးတို့သည် ဂန္ထနှင့်လည်း မယှဉ်မူ၍ ဂန္ထ၏အာရုံလည်း မဟုတ်ကုန် (လောကုတ္တရာစိတ္တုပ္ပါဒ်၊ နိဗ္ဗာန်)။

ဒုက်မုတ်

အချို့သော (မနာယတန, ဓမ္မာယတန) အာယတနနှစ်ပါးတို့ကို ဂန္ထနှင့် မယှဉ်မူ၍ ဂန္ထ၏ အာရုံသာ ဖြစ်ကုန်၏ဟူ၍လည်းကောင်း၊ ဂန္ထနှင့်လည်းမယှဉ်မူ၍ ဂန္ထ၏အာရုံလည်း မဖြစ်ကုန်ဟူ၍လည်းကောင်း မဆိုအပ်ကုန် (ဂန္ထသမ္ပယုတ္တတရား= ဒိဋ္ဌိဂတဝိပ္ပယုတ်စိတ် ၄-ပါး၌ရှိသော လောဘနှင့် ဒေါသမူဒွေး၌ရှိသော ဒေါသကြဉ်သော လောဘမူ, ဒေါသမူစိတ္တုပ္ပါဒ်)။ (ဏီ-၁၄၉၃, ၁၅၀၀)

(ဂန္ထဂေါစ္ဆက ဒုက် ၆-ခု အဖြေဝိသဇ္ဇနာ ပြီး၏)။

--

(၆-ဩဃဂေါစ္ဆက ဒုက် ၆-ခု အဖြေဝိသဇ္ဇနာ)

(၃၂)-(၃၇)။ အာယတနတစ်ဆယ့်တစ်ပါးတို့သည် (သတ္တဝါတို့ကို ဝဋ်ဆင်းရဲ၌) နစ်မြုပ်စေတတ်သော ‘ဩဃ'မမည်ကုန်။ပ။**၁

၁။ ** ဩဃဂေါစ္ဆကနှင့် ယောဂဂေါစ္ဆက အဖြေဝိသဇ္ဇနာများသည် အာသဝဂေါစ္ဆကနှင့် ထပ်တူဖြစ်သဖြင့် ပေယျာလချန်ခဲ့သည်၊ ထိုအာသဝဂေါစ္ဆကအတိုင်း ချဲ့ယူပါလေ။

(၇-ယောဂဂေါစ္ဆက ဒုက် ၆-ခုအဖြေဝိသဇ္ဇနာ)

(၃၈)-(၄၃)။ အာယတနတစ်ဆယ့်တစ်ပါးတို့သည် (သတ္တဝါတို့ကို ဝဋ်ဆင်းရဲ၌) ယှဉ်စေတတ်သော ‘ယောဂ'မမည်ကုန်။ပ။**၁

၁။ ** ဩဃဂေါစ္ဆကနှင့် ယောဂဂေါစ္ဆက အဖြေဝိသဇ္ဇနာများသည် အာသဝဂေါစ္ဆကနှင့် ထပ်တူဖြစ်သဖြင့် ပေယျာလချန်ခဲ့သည်၊ ထိုအာသဝဂေါစ္ဆကအတိုင်း ချဲ့ယူပါလေ။

(၈-နီဝရဏဂေါစ္ဆက ဒုက် ၆-ခု အဖြေဝိသဇ္ဇနာ)

(၄၄) နီဝရဏဒုက်အဖြေဝိသဇ္ဇနာ

(ရုပ်အာယတနဆယ်ပါး၊ မနာယတန) အာယတနတစ်ဆယ့်တစ်ပါး တို့သည် (ဈာန်, မဂ်, ဖိုလ်တရားတို့ကို) ပိတ်ပင်တားဆီးတတ် သော ‘နီဝရဏ'မမည်ကုန် (ပသာဒရုပ်ငါးပါး၊ ပဉ္စာရုံ၊ စိတ်)။ အချို့သော ဓမ္မာယတနသည် နီဝရဏမည်၏ (နီဝရဏတရားကိုယ် ၈-ပါး= လောဘ, ဒေါသ, မောဟ, ထိန, မိဒ္ဓ, ဥဒ္ဓစ္စ, ကုက္ကုစ္စ, ဝိစိကိစ္ဆာ)၊ အချို့သော ဓမ္မာယတနသည် နီဝရဏမမည်ချေ (နီဝရဏ တရားကိုယ်ကြဉ်သော စေတသိက် ၄၄-ပါး၊ သုခုမရုပ်၊ နိဗ္ဗာန်)။

--

(၄၅) နီဝရဏိယဒုက်အဖြေဝိသဇ္ဇနာ

ရုပ်အာယတန ဆယ်ပါးတို့သည် နီဝရဏ၏ အာရုံဖြစ်ကုန်၏ (ပသာဒရုပ် ငါးပါး၊ ပဉ္စာရုံ)။ အချို့သော (မနာယတန, ဓမ္မာယတန) အာယတန နှစ်ပါးတို့သည် နီဝရဏ၏အာရုံဖြစ်ကုန်၏ (လောကီစိတ္တုပ္ပါဒ်၊ သုခုမရုပ်)၊ အချို့သော (မနာယတန, ဓမ္မာယတန) အာယတန နှစ်ပါးတို့သည် နီဝရဏ၏အာရုံ မဖြစ်ကုန် (လောကုတ္တရာစိတ္တုပ္ပါဒ်၊ နိဗ္ဗာန်)။

(၄၆) နီဝရဏသမ္ပယုတ္တဒုက်အဖြေဝိသဇ္ဇနာ

ရုပ်အာယတန ဆယ်ပါးတို့သည် နီဝရဏနှင့် မယှဉ်ကုန် (ပသာဒရုပ်ငါးပါး၊ ပဉ္စာရုံ)။ အချို့သော (မနာယတန, ဓမ္မာယတန) အာယတနနှစ်ပါးတို့သည် နီဝရဏနှင့် ယှဉ်ကုန်၏ (အကုသိုလ်စိတ္တုပ္ပါဒ်များ)၊ အချို့သော (မနာယတန, ဓမ္မာယတန) အာယတနနှစ်ပါးတို့သည် နီဝရဏနှင့် မယှဉ်ကုန် (ကုသိုလ်, ဝိပါက်, ကြိယာ စိတ္တုပ္ပါဒ်၊ သုခုမရုပ်၊ နိဗ္ဗာန်)။

(၄၇) နီဝရဏနီဝရဏိယဒုက် အဖြေဝိသဇ္ဇနာ

ရုပ်အာယတန ဆယ်ပါးတို့ကို နီဝရဏလည်း မည်၍ နီဝရဏ၏ အာရုံလည်း ဖြစ်၏ဟု မဆိုအပ်ကုန်၊ ရုပ်အာယတနဆယ်ပါးတို့သည် နီဝရဏ၏ အာရုံသာ ဖြစ်၍ နီဝရဏ မမည်ကုန် (ပသာဒရုပ်ငါးပါး၊ ပဉ္စာရုံ)။ မနာယတနကို နီဝရဏလည်းမည်၍ နီဝရဏ၏ အာရုံလည်းဖြစ်၏ဟု မဆိုအပ်ချေ (စိတ်အားလုံး)။ အချို့သော မနာယတနသည် နီဝရဏ၏အာရုံသာဖြစ်၍ နီဝရဏမမည်ချေ (လောကီစိတ်များ)။

ဒုက်မုတ်

အချို့သော မနာယတနကို နီဝရဏ၏အာရုံသာဖြစ်၍ နီဝရဏမမည်ဟု မဆိုအပ်ချေ

(လောကုတ္တရာစိတ်)။ အချို့သော ဓမ္မာယတနသည် နီဝရဏလည်းမည်၍ နီဝရဏ၏ အာရုံလည်းဖြစ်၏ (နီဝရဏတရားကိုယ် ၈-ပါး)၊ အချို့သော ဓမ္မာယတနသည် နီဝရဏ၏ အာရုံသာဖြစ်၍ နီဝရဏ မမည်ချေ (နီဝရဏ တရားကိုယ်ကြဉ်သော လောကီစိတ်၌ရှိသော စေတသိက် ၄၄-ပါး၊ သုခုမရုပ်)။

ဒုက်မုတ်

အချို့သော ဓမ္မာယတနကို နီဝရဏလည်း မည်၍ နီဝရဏ၏ အာရုံလည်း ဖြစ်၏ဟူ၍ လည်းကောင်း၊ နီဝရဏ၏ အာရုံသာဖြစ်၍ နီဝရဏမမည်ဟူ၍လည်းကောင်း မဆိုအပ်ချေ (လောကုတ္တရာစိတ်၌ရှိသော စေတသိက်၊ နိဗ္ဗာန်)။ (ဏီ-၁၅၁၀)

(၄၈) နီဝရဏ နီဝရဏသမ္ပယုတ္တဒုက်အဖြေဝိသဇ္ဇနာ

ရုပ်အာယတန ဆယ်ပါးတို့ကို နီဝရဏလည်း မည်၍ နီဝဏနှင့်လည်း ယှဉ်ကုန်၏ဟူ၍ လည်းကောင်း၊ နီဝရဏနှင့်သာ ယှဉ်၍ နီဝရဏ မမည်ကုန်ဟူ၍လည်းကောင်း မဆိုအပ်ကုန် (ပသာဒရုပ် ငါးပါး၊ ပဉ္စာရုံ)။ မနာယတနကို နီဝရဏလည်း မည်၍ နီဝရဏနှင့်လည်း ယှဉ်၏ဟု မဆိုအပ်ချေ (စိတ်အားလုံး)။ အချို့သော မနာယတနသည် နီဝရဏနှင့်သာ ယှဉ်၍ နီဝရဏမမည်ချေ (အကုသိုလ်စိတ်များ)။

ဒုက်မုတ်

အချို့သော မနာယတနကို နီဝရဏနှင့်သာ ယှဉ်၍ နီဝရဏမမည်ဟု မဆိုအပ်ချေ (ကုသိုလ်, ဝိပါက်, ကြိယာစိတ်များ)။ အချို့သော ဓမ္မာယတနသည် နီဝရဏလည်း မည်၍ နီဝရဏနှင့်လည်း ယှဉ်၏ (နီဝရဏတရားကိုယ် ၈-ပါး)၊ အချို့သော ဓမ္မာယတနသည် နီဝရဏနှင့်သာ ယှဉ်၍ နီဝရဏမမည်ချေ (နီဝရဏတရားကိုယ်ကြဉ်သည့် အကုသိုလ်စိတ်၌ရှိသော စေတသိက်များ)။

--

ဒုက်မုတ်

အချို့သော ဓမ္မာယတနကို နီဝရဏလည်းမည်၍ နီဝရဏနှင့်လည်း ယှဉ်၏ဟူ၍လည်းကောင်း နီဝရဏနှင့်သာ ယှဉ်၍ နီဝရဏမမည်ဟူ၍လည်းကောင်း မဆိုအပ်ချေ (နီဝရဏ ဝိပ္ပယုတ္တဓမ္မ= ကုသိုလ်, ဝိပါက်, ကြိယာစိတ်တို့၌ရှိသော စေတသိက်များ၊ သုခုမရုပ်၊ နိဗ္ဗာန်)။ (ဏီ-၁၅၁၂)

(၄၉) နီဝရဏဝိပ္ပယုတ္တနီဝရဏိယဒုက် အဖြေဝိသဇ္ဇနာ

ရုပ်အာယတန ဆယ်ပါးတို့သည် နီဝရဏံ နှင့် မယှဉ်မူ၍ နီဝရဏ၏ အာရုံသာ ဖြစ်ကုန်၏ (ပသာဒရုပ်ငါးပါး၊ ပဉ္စာရုံ)။ အချို့သော (မနာယတန, ဓမ္မာယတန) အာယတနနှစ်ပါးတို့သည် နီဝရဏနှင့် မယှဉ်မူ၍ နီဝရဏ ၏ အာရုံသာဖြစ်ကုန်၏ (လောကီကုသိုလ်, ဝိပါက်, ကြိယာစိတ္တုပ္ပါဒ်များ၊ သုခုမရုပ်)၊ အချို့သော (မနာ ယတန, ဓမ္မာယတန) အာယတနနှစ်ပါးတို့သည် နီဝရဏနှင့်လည်း မယှဉ်မူ၍ နီဝရဏ၏ အာရုံလည်း မဟုတ်ကုန် (လောကုတ္တရာစိတ္တုပ္ပါဒ်၊ နိဗ္ဗာန်)။

ဒုက်မုတ်

အချို့သော (မနာယတန, ဓမ္မာယတန) အာယတနနှစ်ပါးတို့ကို နီဝရဏနှင့်မယှဉ်မူ၍ နီဝရဏ၏ အာရုံသာ ဖြစ်ကုန်၏ဟူ၍လည်းကောင်း၊ နီဝရဏနှင့်လည်း မယှဉ်မူ၍ နီဝရဏ၏ အာရုံလည်း မဖြစ်ကုန်ဟူ၍လည်းကောင်း မဆိုအပ်ကုန် (နီဝရဏသမ္ပယုတ္တဓမ္မ= အကုသိုလ်စိတ္တုပ္ပါဒ်)။ (ဏီ-၁၅၁၄)

(နီဝရဏဂေါစ္ဆက ဒုက် ၆-ခု အဖြေဝိသဇ္ဇနာ ပြီး၏)။

--

(၉-ပရာမာသဂေါစ္ဆက ဒုက် ၅-ခု အဖြေ ဝိသဇ္ဇနာ)

(၅၀) ပရာမာသဒုက် အဖြေဝိသဇ္ဇနာ

(ရုပ်အာယတနဆယ်ပါး, မနာယတန) အာယတနတစ်ဆယ့် တစ်ပါးတို့သည် မှားသောအားဖြင့် သုံးသပ်မှု ‘ပရာမာသ'မမည်ကုန် (ပသာဒရုပ် ငါးပါး၊ ပဉ္စာရုံ၊ စိတ်)။ အချို့သော ဓမ္မာယတနသည် ပရာမာသမည်၏ (ဒိဋ္ဌိ)၊ အချို့သော ဓမ္မာယတနသည် ပရာမာသ မမည်ချေ (ဒိဋ္ဌိကြဉ်သော စေတသိက် ၅၁-ပါး၊ သုခုမရုပ်၊ နိဗ္ဗာန်)။

(၅၁) ပရာမဋ္ဌဒုက် အဖြေ ဝိသဇ္ဇနာ

ရုပ်အာယတနဆယ်ပါးတို့သည် ပရာမာသ၏ (ဒိဋ္ဌိ၏) အာရုံ ဖြစ်ကုန်၏ (ပသာဒရုပ်ငါးပါး၊ ပဉ္စာရုံ)။ အချို့သော (မနာယတန, ဓမ္မာယတန) အာယတနနှစ်ပါးတို့သည် ပရာမာသ၏အာရုံ ဖြစ်ကုန်၏ (လောကီစိတ္တုပ္ပါဒ်၊ သုခုမရုပ်)၊ အချို့သော (မနာယတန, ဓမ္မာယတန) အာယတနနှစ်ပါးတို့သည် ပရာမာသ၏ (ဒိဋ္ဌိ၏) အာရုံ မဖြစ်ကုန် (လောကုတ္တရာစိတ္တုပ္ပါဒ်၊ နိဗ္ဗာန်)။

(၅၂) ပရာမာသသမ္ပယုတ္တဒုက် အဖြေဝိသဇ္ဇနာ

ရုပ်အာယတနဆယ်ပါးတို့သည် ပရာမာသနှင့် (ဒိဋ္ဌိနှင့်) မယှဉ်ကုန် (ပသာဒရုပ်ငါးပါး၊ ပဉ္စာရုံ)။ အချို့သော မနာယတနသည် ပရာမာသနှင့် ယှဉ်၏ (ဒိဋ္ဌိဂတသမ္ပယုတ်စိတ် ၄-ပါး)၊ အချို့သော မနာယတနသည် ပရာမာသနှင့် မယှဉ်ချေ (ကြွင်းသောစိတ် ၈၅-ပါး)။ အချို့သော ဓမ္မာယတနသည် ပရာမာသနှင့် ယှဉ်၏ (ဒိဋ္ဌိကြဉ်သော ဒိဋ္ဌိဂတသမ္ပယုတ်စိတ်၌ရှိသော စေတသိက် ၂၁-ပါး)၊ အချို့သော ဓမ္မာယတနသည် ပရာမာသနှင့် ဒိဋ္ဌိနှင့်) မယှဉ်ချေ (ကြွင်းသောစိတ် ၈၅-ပါးနှင့် ယှဉ်သောစေတသိက်၊ သုခုမရုပ်၊ နိဗ္ဗာန်)။

ဒုက်မုတ်

အချို့သော ဓမ္မာယတနကို ပရာမာသနှင့် ယှဉ်၏ဟူ၍ လည်းကောင်း, ပရာမာသနှင့် မယှဉ်ဟူ၍လည်းကောင်း မဆိုအပ်ချေ (ဒိဋ္ဌိ)။ (ဏီ-၁၅၂၀)

(၅၃) ပရာမာသ ပရာမဋ္ဌဒုက် အဖြေ ဝိသဇ္ဇနာ

ရုပ်အာယတန ဆယ်ပါးတို့ကို ပရာမာသလည်း မည်၍ပရာမာသ၏ အာရုံလည်း ဖြစ်ကုန်၏ဟု မဆိုအပ်ကုန်၊ ရုပ်အာယတနဆယ်ပါးတို့သည် ပရာမာသ၏ အာရုံသာဖြစ်၍ ပရာမာသ မမည်ကုန် (ပသာဒရုပ်ငါးပါး၊ ပဉ္စာရုံ)။်မနာယတနကို ပရာမာသလည်းမည်၍ ပရာမာသ၏ အာရုံလည်း ဖြစ်၏ဟု မဆိုအပ်ချေ။ အချို့သော မနာယတနသည် ပရာမာသ၏ (ဒိဋ္ဌိ၏) အာရုံသာဖြစ်၍ ပရာမာသ မမည်ချေ (လောကီ စိတ်များ)။

ဒုက်မုတ်

အချို့သော မနာယတနကို ပရာမာသ၏ အာရုံသာဖြစ်၍ ပရာမာသ မမည်ဟု မဆိုအပ်ချေ (လောကုတ္တရာစိတ်)။ အချို့သော ဓမ္မာယတနသည် ပရာမာသလည်းမည်၍ ပရာမာသ၏ အာရုံလည်းဖြစ်၏ (ဒိဋ္ဌိ)၊ အချို့ သော ဓမ္မာယတနသည် ပရာမာသ၏ အာရုံသာဖြစ်၍ ပရာမာသ မမည်ချေ (ဒိဋ္ဌိကြဉ်သော လောကီ စိတ်၌ရှိသော စေတသိက်များ၊ သုခုမရုပ်)။

--

ဒုက်မုတ်

အချို့သော ဓမ္မာယတနကို ပရာမာသလည်းမည်၍ ပရာမာသ၏ အာရုံလည်းဖြစ်၏ဟူ၍ လည်းကောင်း၊ ပရာမာသ၏ အာရုံသာဖြစ်၍ ပရာမာသမမည်ဟူ၍လည်းကောင်း မဆိုအပ်ချေ (လောကုတ္တရာစိတ်၌ရှိသော စေတသိက်၊ နိဗ္ဗာန်)။ (ဏီ-၁၅၂၂)

(၅၄) ပရာမာသဝိပ္ပယုတ္တပရာမဋ္ဌဒုက် အဖြေဝိသဇ္ဇနာ

ရုပ်အာယတနဆယ်ပါးတို့သည် ပရာမာသနှင့် မယှဉ်မူ၍ ပရာ မာသ၏ အာရုံသာ ဖြစ်ကုန်၏ (ပသာဒရုပ်ငါးပါး၊ ပဉ္စာရုံ)။ အချို့သော (မနာယတန, ဓမ္မာယတန) အာယတနနှစ်ပါးတို့သည် ပရာမာသနှင့် (ဒိဋ္ဌိနှင့်) မယှဉ်မူ၍ ပရာမာသ၏ အာရုံသာဖြစ်ကုန်၏ (ဒိဋ္ဌိဂတသမ္ပယုတ်စိတ္တုပ္ပါဒ်ကြဉ်သော လောကီစိတ္တုပ္ပါဒ်၊ သုခုမရုပ်)၊ အချို့သော (မနာယတန, ဓမ္မာယတန) အာယတနနှစ်ပါးတို့သည် ပရာမာသနှင့်လည်း မယှဉ်မူ၍ ပရာမာသ၏ အာရုံလည်း မဟုတ်ကုန် (လောကုတ္တရာစိတ္တုပ္ပါဒ်၊ နိဗ္ဗာန်)။

ဒုက်မုတ်

အချို့သော (မနာယတန, ဓမ္မာယတန) အာယတနနှစ်ပါးတို့သည် ပရာမာသနှင့် (ဒိဋ္ဌိနှင့်) မယှဉ်မူ၍ ပရာမာသ၏ အာရုံသာ ဖြစ်ကုန်၏ဟူ၍လည်းကောင်း, ပရာမာသနှင့်လည်း မယှဉ်မူ၍ ပရာမာသ၏ အာရုံလည်း မဖြစ်ကုန်ဟူ၍လည်းကောင်း မဆိုအပ်ကုန် (ပရာမာသ, ပရာမာသသမ္ပယုတ္တဓမ္မ= ဒိဋ္ဌိ, ဒိဋ္ဌိဂတ သမ္ပယုတ်စိတ္တုပ္ပါဒ်)။ (ဏီ-၁၅၂၄)

(ပရာမာသဂေါစ္ဆက ဒုက် ၅-ခု အဖြေဝိသဇ္ဇနာ ပြီး၏)။

--

(၁၀-မဟန္တရဒုက် ၁၄-ခု အဖြေဝိသဇ္ဇနာ)

(၅၅) သာရမ္မဏဒုက် အဖြေ ဝိသဇ္ဇနာ

ရုပ်အာယတန ဆယ်ပါးတို့သည် အာရုံပြုခြင်း သဘောမရှိကုန် (အာရုံမပြုတတ်ချေ) (ပသာဒရုပ် ငါးပါး၊ ပဉ္စာရုံ)။ မနာယတနသည် (စိတ်သည်) အာရုံပြုခြင်းသဘောရှိ၏ (အာရုံပြုတတ်၏)။ အချို့သော ဓမ္မာယတနသည် အာရုံပြုခြင်းသဘောရှိ၏ (အာရုံပြုတတ်၏) (စေတသိက်များ)၊ အချို့ သော ဓမ္မာယတနသည် အာရုံပြုခြင်းသဘောမရှိချေ (အာရုံမပြုတတ်ချေ) (သုခုမရုပ်၊ နိဗ္ဗာန်)။

(၅၆) စိတ္တဒုက် အဖြေ ဝိသဇ္ဇနာ

မနာယတနသည် စိတ်မည်၏၊ (ကြွင်းသော) အာယတန တစ်ဆယ့် တစ်ပါးတို့သည် စိတ်မမည်ကုန်။

(၅၇) စေတသိကဒုက် အဖြေ ဝိသဇ္ဇနာ

(ရုပ်အာယတနဆယ်ပါး, မနာယတန) အာယတန တစ်ဆယ့်တစ်ပါးတို့သည် စိတ်နှင့်အတူ ယှဉ်တွဲသော သဘော ‘စေတသိက်'မမည်ကုန်။ အချို့သော ဓမ္မာယတနသည် စေတသိက်မည်၏ (စေတသိက် ၅၂-ပါး)၊ အချို့သော ဓမ္မာယတန သည် စေတသိက်မမည်ချေ (သုခုမရုပ်၊ နိဗ္ဗာန်)။

(၅၈) စိတ္တသမ္ပယုတ္တဒုက် အဖြေဝိသဇ္ဇနာ

ရုပ်အာယတနဆယ်ပါးတို့သည် စိတ်နှင့်မယှဉ်ကုန် (ပသာဒရုပ်ငါးပါး၊ ပဉ္စာရုံ)။ အချို့သော ဓမ္မာယတနသည် စိတ်နှင့်ယှဉ်၏ (စေတသိက် ၅၂-ပါး)၊ အချို့သော ဓမ္မာယတနသည် စိတ်နှင့်မယှဉ်ချေ (သုခုမရုပ်၊ နိဗ္ဗာန်)။

ဒုက်မုတ်

မနာယတနကို စိတ်နှင့်ယှဉ်၏ဟူ၍လည်းကောင်း စိတ်နှင့်မယှဉ်ဟူ၍လည်းကောင်း မဆိုအပ်ချေ။ (ဏီ-၁၅၃၂)

(၅၉) စိတ္တသံသဋ္ဌဒုက် အဖြေ ဝိသဇ္ဇနာ

ရုပ်အာယတနဆယ်ပါးတို့သည် စိတ်နှင့် မရောနှောကုန် (စိတ်နှင့် မယှဉ်ကုန်)။ အချို့သော ဓမ္မာယတနသည် စိတ်နှင့်ရောနှော၏ (ယှဉ်၏) (စေတသိက်၅၂-ပါး)၊ အချို့သော ဓမ္မာယတနသည် စိတ်နှင့်မရောနှောချေ (မယှဉ်ချေ) (သုခုမရုပ်၊ နိဗ္ဗာန်)။

ဒုက်မုတ်

မနာယတနကို စိတ်နှင့်ရောနှော၏ (ယှဉ်၏)ဟူ၍လည်းကောင်း စိတ်နှင့်မရောနှော (မယှဉ်)ဟူ၍လည်းကောင်း မဆိုအပ်ချေ။ (ဏီ-၁၅၃၄)

--

(၆၀) စိတ္တသမုဋ္ဌာနဒုက် အဖြေ ဝိသဇ္ဇနာ

(အတွင်းအာယတန ခြောက်ပါးဖြစ်သော ရုပ်အာယတန

ငါးပါးနှင့် မနာယတန) အာယတန ခြောက်ပါးတို့သည် စိတ်ကြောင့် မဖြစ်ကုန် (ပသာဒရုပ်ငါးပါး၊ စိတ်)။ အချို့သော (အပြင်အာယတန ခြောက်ပါးဖြစ်သော ရုပ်အာယတနငါးပါးနှင့် ဓမ္မာယတန) အာယတနခြောက်ပါးတို့သည် စိတ်ကြောင့်ဖြစ်ကုန်၏ (စေတသိက် ၅၂-ပါး၊ စိတ်ကြောင့်ဖြစ်သော ပဉ္စာရုံနှင့် သုခုမရုပ်များ)၊ အချို့သော (အပြင်ရုပ်အာယတန ငါးပါးနှင့် ဓမ္မာယတန) အာယတန ခြောက်ပါးတို့သည် စိတ်ကြောင့် မဖြစ်ကုန် (စိတ္တဇရုပ်မှ တစ်ပါးသော တိဇပဉ္စာရုံ၊ စိတ်ကြောင့်မဖြစ်သည့် သုခုမရုပ်၊ နိဗ္ဗာန်)။ (ဏီ-၁၅၃၅၊ ၁၅၃၆) (ဏီ-၁၅၄၇၊ ၁၅၄၈)

(၆၁) စိတ္တသဟဘုဒုက် အဖြေ ဝိသဇ္ဇနာ

(ရုပ်အာယတနဆယ်ပါးနှင့် မနာယတန) အာယတန တစ်ဆယ့်တစ်ပါးတို့သည် စိတ်နှင့်တကွ မဖြစ်ကုန် (စိတ်နှင့် အတူဖြစ် အတူပျက် မဟုတ်ချေ) (ပသာဒရုပ်ငါးပါး၊ ပဉ္စာရုံ၊ စိတ်)။ အချို့သော ဓမ္မာယတနသည် စိတ်နှင့်တကွဖြစ်၏ (စိတ်နှင့် အတူဖြစ် အတူပျက် ဖြစ်၏) (စေတသိက် ၅၂-ပါး၊ ဝိညတ်ဒွေး)၊ အချို့သော ဓမ္မာယတနသည် စိတ်နှင့်တကွမဖြစ်ချေ (စိတ်နှင့် အတူဖြစ် အတူပျက် မဟုတ်ချေ) (ဝိညတ်ဒွေးကြဉ်သော ကြွင်းသောသုခုမရုပ် ၁၄-ပါး၊ နိဗ္ဗာန်)။ (ဏီ-၁၅၃၇၊ ၁၅၃၈)

(၆၂) စိတ္တာနုပရိဝတ္တိဒုက် အဖြေ ဝိသဇ္ဇနာ

(ရုပ်အာယတနဆယ်ပါး, မနာယတန) အာယတန တစ်ဆယ့်တစ်ပါးတို့သည် စိတ်သို့အစဉ်လိုက်၍ မဖြစ်ကုန် (စိတ်နှင့် အတူဖြစ် အတူပျက် မဟုတ်ကုန်) (ပသာဒရုပ်ငါးပါး၊ ပဉ္စာရုံ၊ စိတ်)။ အချို့သော ဓမ္မာယတနသည် စိတ်သို့ အစဉ်လိုက်၍ ဖြစ်၏ (စိတ်နှင့် အတူဖြစ် အတူပျက် ဖြစ်၏) (စေတသိက် ၅၂-ပါး၊ ဝိညတ်ဒွေး)၊ အချို့သော ဓမ္မာယတနသည် စိတ်သို့ အစဉ်လိုက်၍ မဖြစ်ချေ (စိတ်နှင့် အတူဖြစ် အတူပျက် မဟုတ်ချေ) (ဝိညတ်ဒွေးကြဉ်သော သုခုမရုပ် ၁၄-ပါး၊ နိဗ္ဗာန်)။ (ဏီ-၁၅၃၉၊ ၁၅၄၀)

(၆၃) စိတ္တသံသဋ္ဌသမုဋ္ဌာနဒုက် အဖြေ ဝိသဇ္ဇနာ

(ရုပ်အာယတနဆယ်ပါး, မနာယတန) အာယတနတစ်ဆယ့်တစ်ပါးတို့သည် စိတ်နှင့်လည်း မနှီးနှော မရောနှောမူ၍ (စိတ်နှင့်လည်း မယှဉ်မူ၍) စိတ်ကြောင့်လည်း မဖြစ်ကုန် (ပသာဒရုပ်ငါးပါး၊ ပဉ္စာရုံ၊ စိတ်)။ အချို့သော ဓမ္မာယတနသည် စိတ်နှင့်လည်း ရောနှော၍ (စိတ်နှင့်လည်း ယှဉ်၍) စိတ်ကြောင့်လည်း ဖြစ်၏ (စေတသိက် ၅၂-ပါး)၊ အချို့သော ဓမ္မာယတနသည် စိတ်နှင့်လည်း မရောနှောမူ၍ (စိတ်နှင့်လည်း မယှဉ်မူ၍) စိတ်ကြောင့်လည်း မဖြစ်ချေ (သုခုမရုပ်၊ နိဗ္ဗာန်)။ (ဏီ-၁၅၄၁၊ ၁၅၄၂)

--

(၆၄) စိတ္တသံသဋ္ဌသမုဋ္ဌာနသဟဘုဒုက် အဖြေ ဝိသဇ္ဇနာ

(ရုပ်အာယတနဆယ်ပါး, မနာယတန) အာယတန တစ်ဆယ့်တစ်ပါးတို့သည် စိတ်နှင့်လည်း မနှီးနှော မရောနှောမူ၍ (စိတ်နှင့်လည်း မယှဉ်မူ၍) စိတ်ကြောင့်လည်း မဖြစ်မူ၍ စိတ်နှင့် လည်း တကွမဖြစ်ကုန် (စိတ်နှင့် အတူဖြစ် အတူပျက် မဟုတ်ကုန်) (ပသာဒရုပ်ငါးပါး၊ ပဉ္စာရုံ၊ စိတ်)။ အချို့သော ဓမ္မာယတနသည် စိတ်နှင့်လည်း ရောနှော၍ (စိတ်နှင့်လည်း ယှဉ်၍) စိတ်ကြောင့်လည်း ဖြစ်၍ စိတ်နှင့်လည်း တကွဖြစ်၏ (စိတ်နှင့်လည်း အတူဖြစ် အတူပျက် ဖြစ်၏) (စေတသိက် ၅၂-ပါး)၊ အချို့သော ဓမ္မာယတနသည် စိတ်နှင့်လည်း မရောနှောမူ၍ (မယှဉ်မူ၍) စိတ်ကြောင့်လည်း မဖြစ်မူ၍စိတ်နှင့်လည်း တကွ မဖြစ်ချေ (စိတ်နှင့်လည်း အတူဖြစ် အတူပျက် မဟုတ်ချေ) (သုခုမရုပ်၊ နိဗ္ဗာန်)။ (ဏီ-၁၅၄၃၊ ၁၅၄၄)

(၆၅) စိတ္တသံသဋ္ဌသမုဋ္ဌာနာနုပရိဝတ္တိဒုက် အဖြေ ဝိသဇ္ဇနာ

(ရုပ်အာယတနဆယ်ပါး, မနာယတန) အာယတန တစ်ဆယ့်တစ်ပါးတို့သည် စိတ်နှင့်လည်း မနှီးနှော မရောနှောမူ၍ (စိတ်နှင့်လည်း မယှဉ်မူ၍) စိတ်ကြောင့်လည်း မဖြစ်မူ၍ စိတ်သို့ လည်း အစဉ်လိုက်၍ မဖြစ်ကုန် (စိတ်နှင့် အတူဖြစ် အတူပျက် မဟုတ်ကုန်) (ပသာဒရုပ်ငါးပါး၊ ပဉ္စာရုံ၊ စိတ်)။ အချို့သော ဓမ္မာယတနသည် စိတ်နှင့်လည်း နှီးနှော ရောနှော၍ (စိတ်နှင့်လည်း ယှဉ်၍) စိတ်ကြောင့်လည်း ဖြစ်၍ စိတ်သို့လည်း အစဉ်လိုက်၍ဖြစ်၏ (စေတသိက် ၅၂-ပါး)၊ အချို့သော ဓမ္မာ ယတနသည် စိတ်နှင့်လည်း မနှီးနှော မရောနှောမူ၍ (စိတ်နှင့်လည်း မယှဉ်မူ၍) စိတ်ကြောင့်လည်း မဖြစ်မူ၍ စိတ်သို့လည်း အစဉ်လိုက်၍မဖြစ်ချေ (စိတ်နှင့် အတူဖြစ် အတူပျက် မဟုတ်ချေ) (သုခုမရုပ်၊ နိဗ္ဗာန်)။ (ဏီ-၁၅၄၅၊ ၁၅၄၆)

(၆၆) အဇ္ဈတ္တိကဒုက် အဖြေ ဝိသဇ္ဇနာ

(စက္ခာယတန။ပ။ ကာယာယတန, မနာယတန) အာယတနခြောက်ပါးတို့သည် အတွင်း ‘အဇ္ဈတ္တ'သန္တာန်၌ ဖြစ်ကုန်၏ (ပသာဒရုပ်ငါးပါး၊ စိတ်)၊ (ရူပါယတန။ပ။ ဖောဋ္ဌဗ္ဗာယတန၊ ဓမ္မာယတန) အာယတနခြောက်ပါးတို့ သည် အပ ‘ဗဟိဒ္ဓ'သန္တာန်၌ ဖြစ်ကုန်၏ (အာရုံငါးပါး၊ စေတသိက် ၅၂-ပါး၊ သုခုမရုပ်၊ နိဗ္ဗာန်)။ (ဏီ-၁၅၄၇, ၁၅၄၈)

(၆၇) ဥပါဒါဒုက် အဖြေ ဝိသဇ္ဇနာ

(ဖောဋ္ဌဗ္ဗာယတနကြဉ်သော ရုပ်အာယတန) အာယတနကိုးပါး တို့သည် မဟာဘုတ်ကို မှီ၍ ဖြစ်ကုန်၏ (ပသာဒရုပ်ငါးပါး၊ ဖောဋ္ဌဗ္ဗာရုံကြဉ်သော အာရုံ ၄-ပါး)။ (ဖောဋ္ဌဗ္ဗာယတန, မနာယတန) အာယတနနှစ်ပါးတို့သည် မဟာဘုတ်ကို မှီ၍ မဖြစ်ကုန် (ဥပါဒါရုပ် မမည်ကုန်) (ပထဝီ, တေဇော, ဝါယော၊ စိတ်)။ အချို့သော ဓမ္မာယတနသည် မဟာဘုတ်ကို မှီ၍ ဖြစ်၏ (အာပေါကြဉ်သော သုခုမရုပ် ၁၅-ပါး)၊ အချို့သော ဓမ္မာယတနသည် မဟာဘုတ်ကို မှီ၍ မဖြစ်ချေ (အာပေါ၊ စေတသိက် ၅၂-ပါး၊ နိဗ္ဗာန်)။ (ဏီ-၁၅၅၀)

--

(၆၈) ဥပါဒိဏ္ဏဒုက် အဖြေ ဝိသဇ္ဇနာ

(စက္ခာယတန။ပ။ ကာယာယတန) အာယတနငါးပါးတို့သည် တဏှာဒိဋ္ဌိတို့ ကပ်အပ်သော ကံသည် အကျိုး၏အဖြစ်ဖြင့် ယူအပ်သော တရားဖြစ်ကုန်၏ (တဏှာဒိဋ္ဌိတို့ အာရုံပြုသည့်ကံကြောင့် ဖြစ်ကုန်၏) (ဥပါဒိဏ္ဏမည်ကုန်၏) (ကမ္မဇရုပ်ဖြစ်သော ပသာဒရုပ်ငါးပါး)။ သဒ္ဒါယတနသည် တဏှာဒိဋ္ဌိတို့ ကပ်အပ်သောကံသည် အကျိုး၏အဖြစ်ဖြင့် မယူအပ်ချေ (တဏှာ ဒိဋ္ဌိတို့၏ အာရုံဖြစ်သည့် ကံကြောင့် မဖြစ်ချေ) (ကမ္မဇရုပ် မဟုတ်ချေ) (ဥပါဒိဏ္ဏမမည်ချေ)။ အချို့သော (ရူပါယတန, ဂန္ဓာယတန, ရသာယတန, ဖောဋ္ဌဗ္ဗာယတန, မနာယတန, ဓမ္မာယတန) အာယတနခြောက်ပါးတို့သည် တဏှာဒိဋ္ဌိတို့ကပ်အပ်သော ကံသည် အကျိုး၏ အဖြစ်ဖြင့် ယူအပ်သော တရား ဖြစ်ကုန်၏ (တဏှာဒိဋ္ဌိတို့ အာရုံပြုအပ်သည့် ကံကြောင့် ဖြစ်ကုန်၏) (ဥပါဒိဏ္ဏမည်ကုန်၏) (လောကီဝိပါက်စိတ္တုပ္ပါဒ်၊ ပသာဒရုပ်ငါးပါးမှ ကြွင်းသောကမ္မဇရုပ်များ)၊ အချို့သော အာယတနခြောက်ပါး တို့သည် ကံကြောင့် မဖြစ်ကုန် (ဥပါဒိဏ္ဏမမည်ကုန်) (ကုသိုလ်, အကုသိုလ်, ကြိယာ, ဖိုလ်စိတ္တုပ္ပါဒ်၊ ကမ္မဇရုပ်မှတစ်ပါးသော တိဇရုပ်၊ နိဗ္ဗာန်)။ (ဏီ-၁၅၅၂)

(မဟန္တရဒုက် ၁၄-ခု အဖြေ ဝိသဇ္ဇနာ ပြီး၏)။

--

(၁၁-ဥပါဒါနဂေါစ္ဆက ဒုက် ၆-ခု အဖြေဝိသဇ္ဇနာ)

(၆၉) ဥပါဒါနဒုက် အဖြေဝိသဇ္ဇနာ

(ရုပ်အာယတနဆယ်ပါး, မနာယတန) အာယတန တစ်ဆယ့်တစ်ပါး တို့သည် ပြင်းစွာ စွဲလမ်းတတ်သော ‘ဥပါဒါန်'မမည်ကုန် (ပသာဒရုပ် ငါးပါး၊ ပဉ္စာရုံ၊ စိတ်)။ အချို့သော ဓမ္မာယတနသည် ဥပါဒါန်မည်၏ (လောဘ, ဒိဋ္ဌိ)၊ အချို့သော ဓမ္မာယတနသည် ဥပါဒါန် မမည်ချေ (ကြွင်းသောစေတသိက် ၅၀၊ သုခုမရုပ်၊ နိဗ္ဗာန်)။

(၇၀) ဥပါဒါနိယဒုက် အဖြေ ဝိသဇ္ဇနာ

ရုပ်အာယတန ဆယ်ပါးတို့သည် ဥပါဒါန်၏ (လောဘ, ဒိဋ္ဌိတို့၏) အာရုံဖြစ်ကုန်၏ (ပသာဒရုပ်ငါးပါး၊ ပဉ္စာရုံ)။ အချို့သော (မနာယတန, ဓမ္မာယတန) အာယတနနှစ်ပါးတို့သည် ဥပါဒါန်၏အာရုံဖြစ်ကုန်၏ (လောကီစိတ္တုပ္ပါဒ်၊ သုခုမရုပ်)၊ အချို့သော (မနာယတန, ဓမ္မာယတန) အာယတနနှစ်ပါးတို့သည် ဥပါဒါန်၏ (လောဘ, ဒိဋ္ဌိတို့၏) အာရုံမဖြစ်ကုန် (လောကုတ္တရာစိတ္တုပ္ပါဒ်၊ နိဗ္ဗာန်)။ (ဏီ-၁၅၅၅, ၁၅၅၆)

(၇၁) ဥပါဒါနသမ္ပယုတ္တဒုက်အဖြေဝိသဇ္ဇနာ

ရုပ်အာယတန ဆယ်ပါးတို့သည် ဥပါဒါန်နှင့် မယှဉ်ကုန် (ပသာဒရုပ်ငါးပါး၊ ပဉ္စာရုံ)။ အချို့သော (မနာယတန, ဓမ္မာယတန) အာယတနနှစ်ပါးတို့သည် ဥပါဒါန်နှင့် (လောဘ, ဒိဋ္ဌိတို့နှင့်) ယှဉ်ကုန်၏ (ဒိဋ္ဌိဂတဝိပ္ပယုတ်စိတ်၌ရှိသော လောဘကြဉ်သော လောဘမူစိတ္တုပ္ပါဒ်)၊ အချို့သော (မနာယတန, ဓမ္မာယတန) အာယတနနှစ်ပါးတို့သည် ဥပါဒါန်နှင့်မယှဉ်ကုန် (ဒိဋ္ဌိဂတဝိပ္ပယုတ်စိတ် ၄-ပါး၌ရှိသော လောဘ၊ လောဘမူစိတ္တုပ္ပါဒ်မှ ကြွင်းသော စိတ္တုပ္ပါဒ်များ၊ သုခုမရုပ်၊ နိဗ္ဗာန်)။

(၇၂) ဥပါဒါန ဥပါဒါနိယဒုက် အဖြေ ဝိသဇ္ဇနာ

ရုပ်အာယတနဆယ်ပါးတို့ကို ဥပါဒါန်လည်းမည်၍ ဥပါဒါန်၏ အာရုံလည်း ဖြစ်ကုန်၏ဟူ၍ မဆိုအပ် ကုန်၊ ရုပ်အာယတနဆယ်ပါးတို့သည် ဥပါဒါန်၏ အာရုံသာဖြစ်၍ ဥပါဒါန် မမည်ကုန် (ပသာဒရုပ်ငါးပါး၊ ပဉ္စာရုံ)။ မနာယတနကို ဥပါဒါန်လည်းမည်၍ ဥပါဒါန်၏အာရုံလည်းဖြစ်၏ဟု မဆိုအပ်ချေ (စိတ်)။ အချို့သော မနာယတနသည် ဥပါဒါန်၏ (လောဘ, ဒိဋ္ဌိတို့၏) အာရုံသာဖြစ်၍ ဥပါဒါန်မမည်ချေ (လောကီစိတ်များ)။

ဒုက်မုတ်

အချို့သော မနာယတနကို ဥပါဒါန်၏ အာရုံသာဖြစ်၍ ဥပါဒါန်မမည်ဟု မဆိုအပ်ချေ (လောကုတ္တရာစိတ်)။ အချို့သော ဓမ္မာယတနသည် ဥပါဒါန်လည်းမည်၍ ဥပါဒါန်၏အာရုံလည်း ဖြစ်၏ (လောဘ, ဒိဋ္ဌိ)၊ အချို့သော ဓမ္မာယတနသည် ဥပါဒါန်၏အာရုံသာ ဖြစ်၍ ဥပါဒါန်မမည်ချေ (လောဘ, ဒိဋ္ဌိကြဉ်သော လောကီစိတ်၌ရှိသော စေတသိက်များ၊ သုခုမရုပ်)။

--

ဒုက်မုတ်

အချို့သော ဓမ္မာယတနကို ဥပါဒါန်လည်းမည်၍ ဥပါဒါန်၏အာရုံလည်း ဖြစ်၏ဟူ၍လည်း ကောင်း၊ ဥပါဒါန်၏အာရုံသာ ဖြစ်၍ ဥပါဒါန်မမည်ဟူ၍လည်းကောင်း မဆိုအပ်ချေ (လောကုတ္တရာစိတ်၌ရှိသော စေတသိက်များ၊ နိဗ္ဗာန်)။ (ဏီ-၁၅၆၀)့

(၇၃) ဥပါဒါန ဥပါဒါနသမ္ပယုတ္တဒုက် အဖြေ ဝိသဇ္ဇနာ

ရုပ်အာယတန ဆယ်ပါးတို့ကို ဥပါဒါန်လည်းမည်၍ ဥပါဒါန်နှင့် လည်း ယှဉ်ကုန်၏ဟူ၍ လည်းကောင်း, ဥပါဒါန်နှင့်သာ ယှဉ်၍ ဥပါဒါန် မမည်ဟူ၍လည်းကောင်း မဆိုအပ်ကုန် (ပသာဒရုပ်ငါးပါး၊ ပဉ္စာရုံ)။ မနာယတနကို ဥပါဒါန်လည်း မည်၍ ဥပါဒါန်နှင့်လည်း ယှဉ်၏ဟု မဆိုအပ်ချေ (စိတ်)။ အချို့သော မနာယတနသည် ဥပါဒါန်နှင့် (လောဘ, ဒိဋ္ဌိတို့နှင့်) သာ ယှဉ်၍ ဥပါဒါန်မမည်ချေ (လောဘမူစိတ် ၈-ပါး)။

ဒုက်မုတ်

အချို့သော မနာယတနကို ဥပါဒါန်နှင့်သာ ယှဉ်၍ ဥပါဒါန်မမည်ဟု မဆိုအပ်ချေ (ဥပါဒါန ဝိပ္ပယုတ္တစိတ်= လောဘမူစိတ်တို့မှတစ်ပါး ကြွင်းသောစိတ်များ)။ အချို့သော ဓမ္မာယတနသည် ဥပါဒါန်လည်းမည်၍ ဥပါဒါန်နှင့်လည်း ယှဉ်၏ (ဒိဋ္ဌိဂတသမ္ပယုတ် စိတ်၌ ရှိသော လောဘနှင့်ဒိဋ္ဌိ)၊ အချို့သော ဓမ္မာယတနသည် ဥပါဒါန်နှင့်သာ ယှဉ်၍ ဥပါဒါန်မမည်ချေ (လောဘ, ဒိဋ္ဌိကြဉ်သည့် လောဘမူစိတ်၌ရှိသော စေတသိက်များ)။

ဒုက်မုတ်

အချို့သော ဓမ္မာယတနကို ဥပါဒါန်လည်းမည်၍ ဥပါဒါန်နှင့်လည်းယှဉ်၏ဟူ၍လည်းကောင်း၊ ဥပါဒါန်နှင့်သာ ယှဉ်၍ ဥပါဒါန်မမည်ဟူ၍လည်းကောင်း မဆိုအပ်ချေ (ဥပါဒါန်နှင့် မယှဉ်သော စိတ်တို့၌ ရှိသော စေတသိက်များ= လောဘမူစိတ်မှတစ်ပါး ကြွင်းသော စိတ်တို့၌ရှိသော စေတသိက်များ၊ သုခုမရုပ်၊ နိဗ္ဗာန်)။ (ဏီ-၁၅၆၂)

(၇၄) ဥပါဒါနဝိပ္ပယုတ္တဥပါဒါနိယဒုက် အဖြေဝိသဇ္ဇနာ

ရုပ်အာယတန ဆယ်ပါးတို့သည် ဥပါဒါန်နှင့် မယှဉ်မူ၍ ဥပဒါန်၏ (လောဘ, ဒိဋ္ဌိတို့၏) အာရုံသာ ဖြစ်ကုန်၏ (ပသာဒရုပ်ငါးပါး၊ ပဉ္စာရုံ)။ အချို့သော (မနာယတန, ဓမ္မာယတန) အာယတနနှစ်ပါးတို့သည် ဥပါဒါန်နှင့် မယှဉ်မူ၍ ဥပါဒါန်၏ အာရုံသာ ဖြစ်ကုန်၏ (ဒိဋ္ဌိဂတဝိပ္ပယုတ်စိတ်၌ရှိသော လောဘ၊ လောဘမူစိတ္တုပ္ပါဒ်မှတစ်ပါး ကြွင်းသော လောကီစိတ္တုပ္ပါဒ်၊ သုခုမရုပ်)၊ အချို့သော (မနာယတန, ဓမ္မာယတန) အာယတနနှစ်ပါးတို့သည် ဥပါဒါန်နှင့်လည်း မယှဉ်မူ၍ ဥပါဒါန်၏ အာရုံလည်း မဖြစ်ကုန် (လောကုတ္တရာစိတ္တုပ္ပါဒ်၊ နိဗ္ဗာန်)။

ဒုက်မုတ်

အချို့သော (မနာယတန, ဓမ္မာယတန) အာယတနနှစ်ပါးတို့ကို ဥပါဒါန်နှင့် မယှဉ်မူ၍ ဥပါဒါန်၏ အာရုံသာ ဖြစ်ကုန်၏ဟူ၍လည်းကောင်း၊ ဥပါဒါန်နှင့်လည်း မယှဉ်မူ၍ ဥပါဒါန်၏ အာရုံလည်း မဖြစ်ကုန်ဟူ၍လည်းကောင်း မဆိုအပ်ကုန် (ဥပါဒါနသမ္ပယုတ္တဓမ္မ= ဒိဋ္ဌိဂတ ဝိပ္ပယုတ်စိတ်၌ ရှိသော လောဘကြဉ်သည့် လောဘမူ စိတ္တုပ္ပါဒ်)။ (ဏီ-၁၅၆၄)

(ဥပါဒါနဂေါစ္ဆက ဒုက် ၆-ခု အဖြေဝိသဇ္ဇနာ ပြီး၏)။

--

(၁၂-ကိလေသ ဂေါစ္ဆကဒုက် ၈-ခု အဖြေဝိသဇ္ဇနာ)

(၇၅) ကိလေသ ဂေါစ္ဆကဒုက် အဖြေ ဝိသဇ္ဇနာ

(ရုပ်အာယတနဆယ်ပါး, မနာယတန) အာယတန တစ်ဆယ့်တစ်ပါးတို့သည် ပူပန်စေတတ် နှိပ်စက် တတ် ညစ်နွမ်းစေတတ်သော ကိလေသာ မမည်ကုန် (ပသာဒရုပ် ၅-ပါး၊ ပဉ္စာရုံ၊ စိတ်)။ အချို့သော ဓမ္မာယတနသည် ကိလေသာမည်၏ (ကိလေသာတရားကိုယ် ၁၀-ပါး)၊ အချို့သော ဓမ္မာယတနသည် ကိလေသာ မမည်ချေ (ကိလေသာတရားကိုယ်၁၀-ပါးကြဉ်သော ကြွင်းသော စေတသိက် ၄၂-ပါး၊ သုခုမရုပ်၊ နိဗ္ဗာန်)။

(၇၆) သံကိလေသိကဒုက် အဖြေ ဝိသဇ္ဇနာ

ရုပ်အာယတန ဆယ်ပါးတို့သည် ကိလေသာ၏ အာရုံ ဖြစ်ကုန်၏ (ပသာဒရုပ်ငါးပါး၊ ပဉ္စာရုံ)။ အချို့သော (မနာယတန, ဓမ္မာယတန) အာယတန နှစ်ပါးတို့သည် ကိလေသာ၏ အာရုံဖြစ်ကုန်၏ (လောကီစိတ္တုပ္ပါဒ်၊ သုခုမရုပ်)၊ အချို့သော (မနာယတန, ဓမ္မာယတန) အာယတန နှစ်ပါးတို့သည် ကိလေသာ၏ အာရုံမဖြစ်ကုန် (လောကုတ္တရာစိတ္တုပ္ပါဒ်၊ နိဗ္ဗာန်)။

(၇၇) သံကိလိဋ္ဌဒုက် အဖြေ ဝိသဇ္ဇနာ

ရုပ်အာယတန ဆယ်ပါးတို့သည် ကိလေသာတို့ ပူပန်စေအပ် နှိပ်စက်အပ်သော တရားမဟုတ်ကုန် (ကိလေသာတို့နှင့် မယှဉ် ကုန်) (ပသာဒရုပ် ၅-ပါး၊ ပဉ္စာရုံ)။ အချို့သော (မနာယတန, ဓမ္မာယတန) အာယတနနှစ်ပါးတို့သည် ကိလေသာတို့ ပူပန်စေအပ် နှိပ်စက်အပ်သော တရားဖြစ်ကုန်၏ (ကိလေသာနှင့် ယှဉ်ကုန်၏) (အကုသိုလ်စိတ္တုပ္ပါဒ်များ)။ အချို့သော (မနာယတန, ဓမ္မာယတန) အာယတန နှစ်ပါးတို့သည် ကိလေသာတို့ ပူပန်စေအပ် နှိပ်စက်အပ်သော တရားမဟုတ်ကုန် (ကိလေသာနှင့် မယှဉ်ကုန်) (ကုသိုလ်, ဝိပါက်, ကြိယာစိတ္တုပ္ပါဒ်၊ သုခုမရုပ်၊ နိဗ္ဗာန်)။

(၇၈) ကိလေသသမ္ပယုတ္တဒုက် အဖြေ ဝိသဇ္ဇနာ

ရုပ်အာယတန ဆယ်ပါးတို့သည် ကိလေသာနှင့် မယှဉ်ကုန် (ပသာဒရုပ်ငါးပါး၊ ပဉ္စာရုံ)။ အချို့သော (မနာယတန, ဓမ္မာယတန) အာယတန နှစ်ပါးတို့သည် ကိလေသာနှင့် ယှဉ်ကုန်၏ (အကုသိုလ် စိတ္တုပ္ပါဒ်)၊ အချို့သော (မနာယတန, ဓမ္မာယတန) အာယတန နှစ်ပါးတို့သည် ကိလေသာနှင့် မယှဉ်ကုန် (ကုသိုလ်, ဝိပါက်, ကြိယာစိတ္တုပ္ပါဒ်များ၊ သုခုမရုပ်၊ နိဗ္ဗာန်)။

(၇၉) ကိလေသ သံကိလေသိကဒုက် အဖြေ ဝိသဇ္ဇနာ

ရုပ်အာယတန ဆယ်ပါးတို့ကို ကိလေသာလည်း မည်၍ ကိလေသာ၏ အာရုံလည်း ဖြစ်၏ဟု မဆိုအပ်ကုန်၊ ရုပ်အာယတန ဆယ်ပါးတို့သည် ကိလေသာ၏ အာရုံ သာ ဖြစ်၍ ကိလေသာ မမည်ကုန် (ပသာဒရုပ်ငါးပါး၊ အာရုံငါးပါး)။ မနာယတနကို ကိလေသာလည်း မည်၍ ကိလေသာ၏ အာရုံလည်း ဖြစ်၏ဟု မဆိုအပ်ချေ။ အချို့သော မနာယတနသည် ကိလေသာ၏ အာရုံသာ ဖြစ်၍ ကိလေသာ မမည်ချေ (လောကီစိတ်)။

--

ဒုက်မုတ်

အချို့သော မနာယတနကို ကိလေသာ၏ အာရုံသာ ဖြစ်၍ ကိလေသာ မမည်ဟု မဆိုအပ်ချေ (လောကုတ္တရာစိတ်)။ အချို့သော ဓမ္မာယတနသည် ကိလေသာလည်း မည်၍ ကိလေသာ၏ အာရုံလည်း ဖြစ်၏ (ကိလေသာဆယ်ပါး)၊ အချို့သော ဓမ္မာယတနသည် ကိလေသာ၏ အာရုံသာ ဖြစ်၍ ကိလေသာ မမည်ချေ (ကိလေသာ တရားကိုယ်ကြဉ်သော လောကီစိတ်၌ရှိသော စေတသိက်များ၊ သုခုမရုပ်)။

ဒုက်မုတ်

အချို့သော ဓမ္မာယတနကို ကိလေသာလည်း မည်၍ ကိလေသာ၏ အာရုံလည်း ဖြစ်၏ဟူ၍ လည်းကောင်း, ကိလေသာ၏ အာရုံသာ ဖြစ်၍ ကိလေသာ မမည်ဟူ၍လည်းကောင်း မဆိုအပ်ချေ (လောကုတ္တရာ စိတ်၌ရှိသော စေတသိက်၊ နိဗ္ဗာန်)။ (ဏီ-၁၅၇၄)

(၈၀) ကိလေသ သံကိလိဋ္ဌဒုက် အဖြေဝိသဇ္ဇနာ

ရုပ်အာယတန ဆယ်ပါးတို့ကို ကိလေသာ လည်းမည်၍ကိလေသာတို့သည် ပူပန်လည်း ပူပန်စေအပ်ကုန်၏ဟူ၍လည်းကောင်း (ကိလေသာနှင့်သာ့ယှဉ်၏ဟူ၍လည်းကောင်း)၊ ကိလေသာတို့သည် ပူပန်စေအပ်၍ (ကိလေသာနှင့်သာ ယှဉ်၍) ကိလေသာ မမည်ကုန်ဟူ၍ လည်းကောင်း မဆိုအပ်ကုန် (ပသာဒရုပ်ငါးပါး၊ ပဉ္စာရုံ)။ မနာယတနကို ကိလေသာလည်းမည်၍ ကိလေသာတို့သည် ပူပန်လည်း ပူပန်စေအပ်၏ဟု (ကိလေသာနှင့် ယှဉ်၏ဟု) မဆိုအပ်ချေ။ အချို့သော မနာယတနသည် ကိလေသာတို့သည် ပူပန်စေအပ်၍ (ကိလေသာနှင့်သာ ယှဉ်၍) ကိလေသာ မမည်ချေ (အကုသိုလ်စိတ်)။

ဒုက်မုတ်

အချို့သော မနာယတနကို ကိလေသာတို့သည် ပူပန်စေအပ်၍ (ကိလေသာနှင့်ယှဉ်၍) ကိလေသာ မမည်ဟု မဆိုအပ်ချေ (ကုသိုလ်, ဝိပါက်, ကြိယာစိတ်များ)။ အချို့သော ဓမ္မာယတနသည် ကိလေသာလည်း မည်၍ ကိလေသာတို့သည် ပူပန်လည်း ပူပန်စေ အပ်၏ (ကိလေသာနှင့်ယှဉ်၏) (ကိလေသာဆယ်ပါး)၊ အချို့သော ဓမ္မာယတနသည် ကိလေသာတို့သည် ပူပန်စေအပ်၍ (ကိလေသာနှင့်ယှဉ်၍) ကိလေသာ မမည်ချေ (ကိလေသာတရားကိုယ်ကြဉ်သော အကုသိုလ် စိတ်တို့၌ရှိသော စေတသိက်များ)။

ဒုက်မုတ်

အချို့သော ဓမ္မာယတနကို ကိလေသာလည်း မည်၍ ကိလေသာတို့သည် ပူပန်လည်း ပူပန်စေအပ်၏ (ကိလေသာနှင့်ယှဉ်၏)ဟူ၍လည်းကောင်း၊ ကိလေသာတို့သည် ပူပန်စေ အပ်၍ (ကိလေသာနှင့်သာ ယှဉ်၍) ကိလေသာ မမည်ဟူ၍လည်းကောင်း မဆိုအပ်ချေ (အသံကိလိဋ္ဌဓမ္မ= ကုသိုလ်, ဝိပါက်, ကြိယာစိတ်တို့၌ရှိသော စေတသိက်များ၊ သုခုမရုပ်၊ နိဗ္ဗာန်)။ (ဏီ-၁၅၇၆)

(၈၁) ကိလေသ ကိလေသသမ္ပယုတ္တဒုက် အဖြေ ဝိသဇ္ဇနာ

ရုပ်အာယတန ဆယ်ပါးတို့ကို ကိလေသာလည်းမည်၍ ကိလေ သာနှင့်လည်း ယှဉ်ကုန်၏ဟူ၍လည်းကောင်း၊ ကိလေသာနှင့်သာယှဉ်၍ ကိလေသာ မမည်ကုန်ဟူ၍ လည်းကောင်း မဆိုအပ်ကုန် (ပသာဒရုပ်ငါးပါး၊ အာရုံငါးပါး)။ မနာယတနကို ကိလေသာလည်း မည်၍ ကိလေသာနှင့်လည်း ယှဉ်၏ဟု မဆိုအပ်ချေ။ အချို့သော မနာယတနသည် ကိလေသာနှင့်သာ ယှဉ်၍ ကိလေသာ မမည်ချေ (အကုသိုလ်စိတ်များ)။

--

ဒုက်မုတ်

အချို့သော မနာယတနကို ကိလေသာနှင့်သာ ယှဉ်၍ ကိလေသာ မမည်ဟု မဆိုအပ်ချေ (ကိလေသဝိပ္ပယုတ္တဓမ္မ= ကုသိုလ်, ဝိပါက်, ကြိယာစိတ်များ)။ (ဏီ-၁၅၇၈) အချို့သော ဓမ္မာယတနသည် ကိလေသာလည်း မည်၍ ကိလေသာနှင့်လည်း ယှဉ်၏ (ကိလေသာ ဆယ်ပါး)၊ အချို့သော ဓမ္မာယတနသည် ကိလေသာနှင့်သာ ယှဉ်၍ ကိလေသာ မမည်ချေ (ကိလေသာ တရားကိုယ်ကြဉ်သည့် အကုသိုလ်စိတ်၌ရှိသော စေတသိက်များ)။

ဒုက်မုတ်

အချို့သော ဓမ္မာယတနကို ကိလေသာလည်း မည်၍ ကိလေသာနှင့်လည်း ယှဉ်၏ဟူ၍ လည်းကောင်း၊ ကိလေသာနှင့်သာ ယှဉ်၍ ကိလေသာမမည်ဟူ၍လည်းကောင်း မဆိုအပ်ချေ (ကိလေသဝိပ္ပယုတ္တဓမ္မ= ကုသိုလ်, ဝိပါက်, ကြိယာစိတ်တို့၌ရှိသော စေတသိက်များ၊ သုခုမရုပ်၊ နိဗ္ဗာန်)။ (ဏီ-၁၅၇၈)

(၈၂) ကိလေသဝိပ္ပယုတ္တသံကိလေသိကဒုက် အဖြေဝိသဇ္ဇနာ

ရုပ်အာယတနဆယ်ပါးတို့သည် ကိလေသာနှင့် မယှဉ်မူ၍ ကိလေသာ၏အာရုံသာ ဖြစ်ကုန်၏ (ပသာဒရုပ်ငါးပါး၊ ပဉ္စာရုံ)။ အချို့သော (မနာယတန, ဓမ္မာယတန) အာယတနနှစ်ပါးတို့သည် ကိလေသာနှင့် မယှဉ်မူ၍ ကိလေသာ၏ အာရုံသာ ဖြစ်ကုန်၏ (လောကီကုသိုလ်, ဝိပါက်, ကြိယာစိတ္တုပ္ပါဒ်၊ သုခုမရုပ်)၊ အချို့သော (မနာယတန, ဓမ္မာယတန) အာယတနနှစ်ပါးတို့သည် ကိလေသာနှင့်လည်း မယှဉ်မူ၍ ကိလေသာ၏အာရုံလည်း မဖြစ်ကုန် (လောကုတ္တရာစိတ္တုပ္ပါဒ်၊ နိဗ္ဗာန်)။

ဒုက်မုတ်

အချို့သော (မနာယတန, ဓမ္မာယတန) အာယတန နှစ်ပါးတို့သည် ကိလေသာနှင့် မယှဉ်မူ၍ ကိလေသာ၏ အာရုံသာ ဖြစ်၏ကုန်ဟူ၍လည်းကောင်း, ကိလေသာနှင့်လည်း မယှဉ်မူ၍ ကိလေသာ၏ အာရုံလည်း မဖြစ်ကုန်ဟူ၍လည်းကောင်း မဆိုအပ်ကုန် (ကိလေသသမ္ပယုတ္တဓမ္မ= အကုသိုလ် စိတ္တုပ္ပါဒ်)။ (ဏီ-၁၅၈၀)

(ကိလေသဂေါစ္ဆကဒုက် ၈-ခု အဖြေဝိသဇ္ဇနာ ပြီး၏)။

--

(၁၃-ပိဋ္ဌိဒုက် ၁၈-ခု အဖြေဝိသဇ္ဇနာ)

(၈၃) ဒဿနေနပဟာတဗ္ဗဒုက် အဖြေ ဝိသဇ္ဇနာ

ရုပ်အာယတန ဆယ်ပါးတို့ကို (နိဗ္ဗာန်ကို ရှေးဦးစွာမြင်သဖြင့် ‘ဒဿန’မည်သော) သောတာပတ္တိမဂ် သည် မပယ်အပ်ကုန် (ပသာဒရုပ်ငါးပါး၊ ပဉ္စာရုံ)။ အချို့သော (မနာယတန, ဓမ္မာယတန) အာယတန နှစ်ပါးတို့ကို သောတာပတ္တိမဂ်သည် ပယ်အပ် ကုန်၏ (ဒိဋ္ဌိဂတသမ္ပယုတ်စိတ္တုပ္ပါဒ်၊ ဝိစိကိစ္ဆာစိတ္တုပ္ပါဒ်)၊ အချို့သော (မနာယတန, ဓမ္မာယတန) အာယတန နှစ်ပါးတို့သည် သောတာပတ္တိမဂ်သည် ပယ်အပ်သောတရား မဟုတ်ကုန် (ကြွင်းသော စိတ္တုပ္ပါဒ်၊ သုခုမရုပ်၊ နိဗ္ဗာန်)။

(၈၄) ဘာဝနာယပဟာတဗ္ဗဒုက် အဖြေ ဝိသဇ္ဇနာ

ရုပ်အာယတန ဆယ်ပါးတို့ကို (သောတာပတ္တိမဂ်မြင်ပြီး ဖြစ်သော နိဗ္ဗာန်ကို တစ်ဖန်ထပ်၍ မြင်သဖြင့် ‘ဘာဝနာ’မည်သော) အထက်မဂ်သုံးပါးတို့သည် မပယ်အပ်ကုန် (ပသာဒရုပ်ငါးပါး၊ ပဉ္စာရုံ)။ အချို့သော (မနာယတန, ဓမ္မာယတန) အာယတနနှစ်ပါးတို့ကို အထက်မဂ်သုံးပါးတို့သည် ပယ်အပ်ကုန်၏ (ဒိဋ္ဌိဂတဝိပ္ပယုတ်စိတ်, ဒေါသမူဒွေး, ဥဒ္ဓစ္စသဟဂုတ် စိတ္တုပ္ပါဒ်များ)၊ အချို့သော (မနာယတန, ဓမ္မာယတန) အာယတနနှစ်ပါးတို့ကို အထက်မဂ်သုံးပါးတို့သည် မပယ်အပ်ကုန် (ကြွင်းသော စိတ္တုပ္ပါဒ်များ၊ သုခုမရုပ်၊ နိဗ္ဗာန်)။

(၈၅) ဒဿနေန ပဟာတဗ္ဗဟေတုကဒုက် အဖြေ ဝိသဇ္ဇနာ

ရုပ်အာယတန ဆယ်ပါးတို့သည် (ဒဿနမည်သော) သောတာပတ္တိ မဂ်သည် ပယ်အပ်သော ဟိတ်မရှိကုန် (ဟိတ်နှင့် မယှဉ်ကုန်) (ပသာဒရုပ်ငါးပါး၊ ပဉ္စာရုံ)။ အချို့သော (မနာယတန, ဓမ္မာယတန) အာယတနနှစ်ပါးတို့သည် သောတာပတ္တိမဂ်သည် ပယ်အပ် သော ဟိတ်ရှိကုန်၏ (ဟိတ်နှင့် ယှဉ်ကုန်၏) (ဒိဋ္ဌိဂတသမ္ပယုတ်စိတ္တုပ္ပါဒ်၊ မောဟကြဉ်သော ဝိစိကိစ္ဆာ သဟဂုတ်စိတ္တုပ္ပါဒ်)။ အချို့သော (မနာယတန, ဓမ္မာယတန) အာယတနနှစ်ပါးတို့သည် သောတာပတ္တိမဂ်သည် ပယ်အပ်သော ဟိတ်မရှိကုန် (ဟိတ်နှင့်မယှဉ်ကုန်) (ဝိစိကိစ္ဆာစိတ်၌ရှိသော မောဟ၊ ကြွင်းသော စိတ္တုပ္ပါဒ်၊ သုခုမရုပ်၊ နိဗ္ဗာန်)။

(၈၆) ဘာဝနာယပဟာတဗ္ဗဟေတုကဒုက် အဖြေဝိသဇ္ဇနာ

ရုပ်အာယတန ဆယ်ပါးတို့သည် (ဘာဝနာမည်သော) အထက်မဂ် သုံးပါးတို့သည် ပယ်အပ်သော ဟိတ် မရှိကုန် (ဟိတ်နှင့်မယှဉ်ကုန်) (ပသာဒရုပ် ၅-ပါး၊ ပဉ္စာရုံ)။ အချို့သော (မနာယတန, ဓမ္မာယတန) အာယတန နှစ်ပါးတို့သည် အထက်မဂ် သုံးပါးတို့သည့်ပယ်အပ်သော ဟိတ်ရှိကုန်၏ (ဟိတ်နှင့် ယှဉ်ကုန်၏) (ဒိဋ္ဌိဂတဝိပ္ပယုတ်စိတ္တုပ္ပါဒ်၊ ဒေါသမူဒွေးစိတ္တုပ္ပါဒ်, မောဟကြဉ်သည့် ဥဒ္ဓစ္စသဟဂုတ်စိတ္တုပ္ပါဒ်)၊ အချို့သော (မနာယတန, ဓမ္မာယတန) အာယတနနှစ်ပါး တို့သည် အထက်မဂ် သုံးပါးတို့သည် ပယ်အပ်သော ဟိတ်မရှိကုန် (ကြွင်းသောစိတ္တုပ္ပါဒ်များ၊ ဥဒ္ဓစ္စသဟ ဂုတ်စိတ်၌ရှိသော မောဟ၊ သုခုမရုပ်၊ နိဗ္ဗာန်)။

--

(၈၇) သဝိတက္ကဒုက် အဖြေဝိသဇ္ဇနာ

ရုပ်အာယတနဆယ်ပါးတို့သည် ဝိတက်မရှိကုန် (ဝိတက်နှင့် မယှဉ်ကုန်) (ပသာဒရုပ် ၅-ပါး၊ အာရုံ ၅-ပါး)။ အချို့သော (မနာယတန, ဓမ္မာယတန) အာယတနနှစ်ပါးတို့သည် ဝိတက်ရှိကုန်၏ (ဝိတက်နှင့် ယှဉ်ကုန်၏) (သဝိတက္ကစိတ္တုပ္ပါဒ်)၊ အချို့သော (မနာယတန, ဓမ္မာယတန) အာယတနနှစ်ပါးတို့သည် ဝိတက်မရှိကုန် (ဝိတက်နှင့် မယှဉ်ကုန်) (ကြွင်းသော စိတ္တုပ္ပါဒ်များ၊ သဝိတက္ကစိတ် ၅၅-ပါး၌ရှိသော ဝိတက် ၅၅-ပါး၊ သုခုမရုပ်၊ နိဗ္ဗာန်)။ (ဏီ-၁၅၉၀)

(၈၈) သဝိစာရဒုက် အဖြေ ဝိသဇ္ဇနာ

ရုပ်အာယတန ဆယ်ပါးတို့သည် ဝိစာရမရှိကုန် (ဝိစာရနှင့် မယှဉ်ကုန်) (ပသာဒရုပ် ၅-ပါး၊ အာရုံ ၅-ပါး)။ အချို့သော (မနာယတန, ဓမ္မာယတန) အာယတန နှစ်ပါးတို့သည် ဝိစာရရှိကုန်၏ (ဝိစာရနှင့် ယှဉ်ကုန်၏) (ဝိစာရကြဉ်သော သဝိစာရစိတ္တုပ္ပါဒ်များ)၊ အချို့သော (မနာယတန, ဓမ္မာယတန) အာယတနနှစ်ပါးတို့သည် ဝိစာရမရှိကုန် (ဝိစာရနှင့်မယှဉ်ကုန်) (ကြွင်းသော စိတ္တုပ္ပါဒ်များ၊ သဝိစာရစိတ် ၆၆-ပါး၌ရှိသော ဝိစာရ ၆၆-ပါး၊ သုခုမရုပ်၊ နိဗ္ဗာန်)။ (ဏီ-၁၅၉၂)

(၈၉) သပ္ပီတိကဒုက် အဖြေ ဝိသဇ္ဇနာ

ရုပ်အာယတန ဆယ်ပါးတို့သည် ပီတိမရှိကုန် (ပီတိနှင့် မယှဉ်ကုန်) (ပသာဒရုပ် ငါးပါး၊ ပဉ္စာရုံ)။ အချို့သော (မနာယတန, ဓမ္မာယတန) အာယတန နှစ်ပါးတို့သည် ပီတိရှိကုန်၏ (ပီတိနှင့် ယှဉ် ကုန်၏) (သပ္ပီတိကစိတ္တုပ္ပါဒ်)၊ အချို့သော (မနာယတန, ဓမ္မာယတန) အာယတန နှစ်ပါးတို့သည် ပီတိမရှိကုန် (ပီတိနှင့် မယှဉ်ကုန်) (ကြွင်းသောစိတ္တုပ္ပါဒ်များ၊ သပ္ပီတိက စိတ် ၅၁-ပါး၌ရှိသော ပီတိ ၅၁-ပါး၊ သုခုမရုပ်၊ နိဗ္ဗာန်)။ (ဏီ-၁၅၉၄)

(၉၀) ပီတိသဟဂတဒုက် အဖြေ ဝိသဇ္ဇနာ

ရုပ်အာယတနဆယ်ပါးတို့သည် ပီတိနှင့်တကွ မဖြစ်ကုန် (ပီတိနှင့် မယှဉ်ကုန်)။ အချို့သော (မနာယတန, ဓမ္မာယတန) အာယတနနှစ်ပါးတို့သည် ပီတိနှင့်တကွ ဖြစ်ကုန်၏ (ပီတိနှင့် ယှဉ်ကုန်၏)၊ အချို့သော (မနာယတန, ဓမ္မာယတန) အာယတနနှစ်ပါးတို့သည် ပီတိနှင့်တကွ မဖြစ်ကုန် (ပီတိနှင့်မယှဉ်ကုန်)။ (သပ္ပီတိကဒုက်ကြည့်) (ဏီ-၁၅၉၆)

(၉၁) သုခသဟဂတဒုက် အဖြေဝိသဇ္ဇနာ

ရုပ်အာယတန ဆယ်ပါးတို့သည် သုခဝေဒနာနှင့်တကွ မဖြစ်ကုန် (သုခဝေဒနာနှင့် မယှဉ်ကုန်) (ပသာဒရုပ် ငါးပါး၊ ပဉ္စာရုံ)။ အချို့သော (မနာယတန, ဓမ္မာယတန) အာယတနနှစ်ပါးတို့သည် သုခဝေဒနာနှင့်တကွ ဖြစ်ကုန်၏ (သုခဝေဒနာနှင့်ယှဉ်ကုန်၏)၊ (သုခသဟဂုတ်စိတ် ၆၃-ပါးနှင့် ၎င်း၌ရှိသော သုခဝေဒနာကြဉ်သည့် ယှဉ်ဘက် စေတသိက်များ)၊ အချို့သော (မနာယတန, ဓမ္မာယတန) အာယတနနှစ်ပါးတို့သည် သုခ ဝေဒနာနှင့်တကွ မဖြစ်ကုန် (ကြွင်းသော စိတ္တုပ္ပါဒ်များ၊ သုခသဟဂုတ်စိတ်၌ရှိသော သုခဝေဒနာ ၆၃-ပါး၊ သုခုမရုပ်၊ နိဗ္ဗာန်)။ (ဏီ-၁၅၉၈)

--

(၉၂) ဥပေက္ခာသဟဂတဒုက် အဖြေ ဝိသဇ္ဇနာ

ရုပ်အာယတန ဆယ်ပါးတို့သည် ဥပေက္ခာဝေဒနာနှင့်တကွ မဖြစ်ကုန် (ဥပေက္ခာဝေဒနာနှင့်မယှဉ်ကုန်) (ပသာဒရုပ် ၅-ပါး၊ အာရုံ

၅-ပါး)။ အချို့သော (မနာယတန, ဓမ္မာယတန) အာယတနနှစ်ပါးတို့သည် ဥပေက္ခာဝေဒနာနှင့်တကွ ဖြစ်ကုန်၏ (ဥပေက္ခာဝေဒနာနှင့် ယှဉ်ကုန်၏)၊ (ဥပေက္ခာသဟဂုတ်စိတ် ၅၅-ပါးနှင့် ၎င်း၌ရှိသော ဥပေက္ခာ ဝေဒနာကြဉ်သည့် ယှဉ်ဘက်စေတသိက်များ)၊ အချို့သော (မနာယတန, ဓမ္မာယတန) အာယတနနှစ်ပါး တို့သည် ဥပေက္ခာဝေဒနာနှင့် တကွ မဖြစ်ကုန် (ဥပေက္ခာဝေဒနာနှင့် မယှဉ်ကုန်) (ကြွင်းသော စိတ္တုပ္ပါဒ် များ၊ ဥပေက္ခာသဟဂုတ်စိတ်၌ရှိသော ဥပေက္ခာဝေဒနာ ၅၅-ပါး၊ သုခုမရုပ်၊ နိဗ္ဗာန်)။ (ဏီ-၁၆၀၀)

(၉၃) ကာမာဝစရဒုက် အဖြေဝိသဇ္ဇနာ

ရုပ်အာယတနဆယ်ပါးတို့သည် ကာမတဏှာ၏ ဖြစ်ရာ ကျင်လည်ရာ ဖြစ်သော (ကာမဘုံ၌ သက်ဝင်၍ ဖြစ်သော) ‘ကာမာဝစရ'တရား ဖြစ်ကုန်၏ (ကာမာဝစရမည်၏) (ပသာဒရုပ် ၅-ပါး၊ အာရုံ ၅-ပါး)။ အချို့သော (မနာယတန, ဓမ္မာယတန) အာယတန နှစ်ပါးတို့သည် ကာမတဏှာ၏ ဖြစ်ရာ ကျင်လည်ရာ ဖြစ်သော ‘ကာမာဝစရ'တရား ဖြစ်ကုန်၏ (ကာမစိတ္တုပ္ပါဒ်၊ သုခုမရုပ်)။ အချို့သော (မနာယတန, ဓမ္မာယတန) အာယတန နှစ်ပါးတို့သည် ကာမတဏှာ၏ ဖြစ်ရာ ကျင်လည်ရာ ဖြစ်သော ‘ကာမာဝစရ'တရား မဟုတ်ကုန် (မဟဂ္ဂုတ်, လောကုတ္တရာစိတ္တုပ္ပါဒ်၊ နိဗ္ဗာန်)။

(၉၄) ရူပါဝစရဒုက် အဖြေ ဝိသဇ္ဇနာ

ရုပ်အာယတန ဆယ်ပါးတို့သည် ရူပတဏှာ၏ ဖြစ်ရာ ကျင်လည်ရာ ဖြစ်သော (ရူပဘုံ၌ သက်ဝင်၍ဖြစ်သော) ‘ရူပါဝစရ'တရား မဟုတ်ကုန် (ရူပါဝစရ မမည်ကုန်) (ပသာဒရုပ် ၅-ပါး၊ အာရုံ ၅-ပါး)။ အချို့သော (မနာယတန, ဓမ္မာယတန) အာယတနနှစ်ပါးတို့သည် ရူပတဏှာ၏ ဖြစ်ရာ ကျင်လည်ရာ ဖြစ်သော ‘ရူပါဝစရ'တရားဖြစ်ကုန်၏ (ရူပါဝစရစိတ္တုပ္ပါဒ်)၊ အချို့သော (မနာယတန, ဓမ္မာယတန) အာယတနနှစ်ပါးတို့သည် ရူပတဏှာ၏ ဖြစ်ရာ ကျင်လည်ရာ ဖြစ်သော ‘ရူပါဝစရ'တရားမဟုတ်ကုန် (ကာမ, အရူပ, လောကုတ္တရာစိတ္တုပ္ပါဒ်များ၊ သုခုမရုပ်၊ နိဗ္ဗာန်)။

(၉၅) အရူပါဝစရဒုက် အဖြေ ဝိသဇ္ဇနာ

ရုပ်အာယတန ဆယ်ပါးတို့သည် အရူပတဏှာ၏ ဖြစ်ရာ ကျင်လည်ရာ ဖြစ်သော ‘အရူပါဝစရ'တရား မဟုတ်ကုန် (အရူပါဝစရ မမည်ကုန်) (ပသာဒရုပ် ၅-ပါး၊ အာရုံ ၅-ပါး)။ အချို့သော (မနာယတန, ဓမ္မာယတန) အာယတန နှစ်ပါးတို့သည် အရူပတဏှာ၏ ဖြစ်ရာ ကျင်လည်ရာ ဖြစ်သော ‘အရူပါဝစရ'တရား ဖြစ်ကုန်၏ (အရူပါဝစရစိတ္တုပ္ပါဒ်များ)၊ အချို့သော (မနာယတန, ဓမ္မာယတန) အာယတန နှစ်ပါးတို့သည် အရူပတဏှာ၏ ဖြစ်ရာကျင်လည်ရာ ဖြစ်သော ‘အရူပါဝစရ'တရား မဟုတ်ကုန် (ကြွင်းသော စိတ္တုပ္ပါဒ်များ၊ သုခုမရုပ်၊ နိဗ္ဗာန်)။

--

(၉၆) ပရိယာပန္နဒုက် အဖြေ ဝိသဇ္ဇနာ

ရုပ်အာယတန ဆယ်ပါးတို့သည် (ကာမ, ရူပ, အရူပ) ဘုံသုံးပါး၌ ဖြစ်သော ဝဋ်ဆင်းရဲ၌ အကျုံးဝင်သော ‘ပရိယာပန္န'တရားဖြစ်ကုန်၏ (ပသာဒရုပ်ငါးပါး၊ ပဉ္စာရုံ)။ အချို့သော (မနာယတန, ဓမ္မာယတန) အာယတန နှစ်ပါးတို့သည် (ကာမ, ရူပ, အရူပ) ဘုံသုံးပါး၌ ဖြစ်သော ဝဋ်ဆင်းရဲ၌ အကျုံးဝင်သော ‘ပရိယာပန္န'တရားဖြစ်ကုန်၏ (လောကီစိတ္တုပ္ပါဒ်၊ သုခုမရုပ်)၊ အချို့သော (မနာယတန, ဓမ္မာယတန) အာယတနနှစ်ပါးတို့သည် (ကာမ, ရူပ, အရူပ) ဘုံသုံးပါး၌ ဖြစ်သော ဝဋ်ဆင်းရဲ၌ အကျုံးမဝင်သော ‘အပရိယာပန္န'တရား ဖြစ်ကုန်၏ (လောကုတ္တရာ စိတ္တုပ္ပါဒ်၊ နိဗ္ဗာန်)။ (ဏီ-၁၆၀၈)

(၉၇) နိယျာနိကဒုက် အဖြေဝိသဇ္ဇာနာ

ရုပ်အာယတနဆယ်ပါးတို့သည် ဝဋ်ဆင်းရဲမှ ထွက်မြောက်စေတတ်သော ‘နိယျာနိက'တရား မဟုတ်ကုန် (ပသာဒရုပ် ငါးပါး၊ ပဉ္စာရုံ)။ အချို့သော (မနာယတန, ဓမ္မာယတန) အာယတနနှစ်ပါးတို့သည် ဝဋ်ဆင်းရဲမှ ထွက်မြောက်စေ တတ်သော ‘နိယျာနိက'တရားဖြစ်ကုန်၏ (မဂ်စိတ္တုပ္ပါဒ်များ)။ (ဏီ-၁၆၀၉) အချို့သော (မနာယတန, ဓမ္မာယတန) အာယတနနှစ်ပါးတို့သည် ဝဋ်ဆင်းရဲမှ ထွက်မြောက်စေတတ် သော ‘နိယျာနိက'တရား မဟုတ်ကုန် (ကြွင်းသောစိတ္တုပ္ပါဒ်များ၊ သုခုမရုပ်၊ နိဗ္ဗာန်)။ (ဏီ-၁၆၁၀)

(၉၈) နိယတဒုက် အဖြေဝိသဇ္ဇနာ

ရုပ်အာယတန ဆယ်ပါးတို့သည် အကျိုးပေးမမြဲသော၁ ‘အနိယတ'တရားမည်၏ (ဖောက်ပြန်သော သဘောရှိ၍ စုတိ၏အခြားမဲ့၌ (အပါယ်ငရဲ၌) အကျိုးပေးမြဲသော ‘မိစ္ဆတ္တနိယတ'တရားလည်း မဟုတ်မူ၍ မဖောက်ပြန်သော သဘောရှိ၍ မိမိ၏အခြားမဲ့၌ အကျိုးပေးမြဲသော ‘သမ္မတ္တနိယတ'တရားလည်း မဟုတ်ချေ) (နိယတတရားမဟုတ်ချေ) (ပသာဒရုပ် ၅ပါး၊ အာရုံ ၅-ပါး)။ အချို့သော (မနာယတန, ဓမ္မာယတန) အာယတနနှစ်ပါးတို့သည် အကျိုးပေးမြဲသော ‘နိယတ'တရား ဖြစ်ကုန်၏ (နိယတမိစ္ဆာဒိဋ္ဌိကံ၏ အစွမ်းအားဖြင့်ဖြစ်သော ဒိဋ္ဌိဂတသမ္ပယုတ်စိတ် သတ္တမဇော စိတ္တုပ္ပါဒ်နှင့် ပဉ္စာနန္တရိယကံကို ကျူးလွန်သည့် ဒေါသမူဒွေးတို့၏ သတ္တမဇောစိတ္တုပ္ပါဒ်၊ မဂ်စိတ္တုပ္ပါဒ်)။ အချို့သော (မနာယတန, ဓမ္မာယတန) အာယတနနှစ်ပါးတို့သည် အကျိုးပေးမမြဲသော ‘အနိယတ'တရား ဖြစ်ကုန်၏ (ကြွင်းသော စိတ္တုပ္ပါဒ်များ၊ သုခုမရုပ်၊ နိဗ္ဗာန်)။

၁။ “အကျိုးပေး မမြဲသော’ဟု ဆိုရာ၌ မည့်သည့်အခါ၌ အကျိုးပေးသည်ကို သေသေချာချာ မသိနိုင်။ မူလဋီကာ ၁၊ နှာ-၄၅။

--

(၉၉) သဥတ္တရဒုက် အဖြေဝိသဇ္ဇနာ

ရုပ်အာယတနဆယ်ပါးတို့သည် မိမိထက် လွန်မြတ်သောတရား ရှိသည့် ‘သဥတ္တရ'တရား ဖြစ်ကုန်၏ (ပသာဒရုပ်ငါးပါး၊ ပဉ္စာရုံ)။ အချို့သော (မနာယတန, ဓမ္မာယတန) အာယတနနှစ်ပါးတို့သည် မိမိထက် လွန်မြတ်သော တရားရှိသော ‘သဥတ္တရ'တရား ဖြစ်ကုန်၏ (လောကီစိတ္တုပ္ပါဒ်၊ သုခုမရုပ်)။ အချို့သော (မနာယတန, ဓမ္မာယတန) အာယတနနှစ်ပါးတို့သည် မိမိထက် လွန်မြတ်သောတရား မရှိသည့် ‘အနုတ္တရ'တရား ဖြစ်ကုန်၏ (လောကုတ္တရာစိတ္တုပ္ပါဒ်၊ နိဗ္ဗာန်)။

(၁၀၀) သရဏဒုက် အဖြေ ဝိသဇ္ဇနာ

ရုပ်အာယတနဆယ်ပါးတို့သည် ငိုကြွေးကြောင်း (ရာဂစသောကိလေသာ) ရှိသော ‘သရဏ'တရား မဟုတ်ကုန် (ကိလေသာနှင့် မယှဉ်ကုန်) (ပသာဒရုပ်ငါးပါး၊ ပဉ္စာရုံ)။ အချို့သော (မနာယတန, ဓမ္မာယတန) အာယတနနှစ်ပါးတို့သည် ငိုကြွေးကြောင်း (ရာဂစသော ကိလေသာ) ရှိသော ‘သရဏ'တရား ဖြစ်ကုန်၏ (ကိလေသာနှင့် ယှဉ်ကုန်၏) (အကုသိုလ်စိတ္တုပ္ပါဒ်များ)။ အချို့သော (မနာယတန, ဓမ္မာယတန) အာယတနနှစ်ပါးတို့သည် ငိုကြွေးကြောင်း (ရာဂစသော ကိလေသာ) မရှိသော ‘အရဏ'တရား ဖြစ်ကုန်၏ (ကိလေသာနှင့် မယှဉ်ကုန်) (အကုသိုလ် စိတ္တုပ္ပါဒ်တို့ ကြဉ် ကြွင်းသော စိတ္တုပ္ပါဒ်၊ သုခုမရုပ်၊ နိဗ္ဗာန်)။ (ဏီ-၁၆၁၅, ၁၆၁၆)

(ပိဋ္ဌိဒုက် ၁၈-ခု အဖြေဝိသဇ္ဇနာ ပြီး၏။)

(အာယတန ၁၂-ပါးတို့ကို ဒုက် ၁၀၀-တို့ဖြင့် ဝေဖန်၍ အဖြေဝိသဇ္ဇနာကိုပြသော ‘ပဥှာပုစ္ဆက'နည်း ပြီး၏။)

အာယတန ၁၂-ပါးတို့ကို တိက်, ဒုက်တို့ဖြင့် အမေးအဖြေပြု၍ ဟောကြားအပ်သော ‘ပဥှာပုစ္ဆက'နည်း ပြီး၏။

အာယတန ၁၂-ပါးတို့ကို ဝေဖန်၍ ဟောကြားသည့် ‘အာယတနဝိဘင်း'ပြီးပြီ။

အာယတနဝိဘင်္ဂေါနိဋ္ဌိတော။

--

၃-ဓာတုဝိဘင်္ဂ

(မိမိ၏ သဘောကို ဆောင်ထားမှု ‘ဓာတ်'တို့ကို ဝေဖန်၍ပြသော ဓာတုဝိဘင်း)

၁-သုတ္တန္တဘာဇနီယ

(သုတ္တန်နည်းဖြင့် ဝေဖန်၍ ဟောကြားအပ်သော ‘သုတ္တန္တဘာဇနီယ'နည်း)

ဓာတ် ၆-ပါး

၁၇၂။ ဓာတ်ခြောက်ပါးတို့ကား-

(၁) မြေဟူသော အမည်ပညတ်ဖြင့် ခေါ်ဝေါ်မှတ်သားအပ်သည့် တည်ရာ ‘ပတိဋ္ဌာန'သဘော (ခက်မာမှု ‘ကက္ခဠ'သဘော) ဖြစ်သော မြေဓာတ် ‘ပထဝီဓာတ်’။

(၂) ရေဟူသော အမည်ပညတ်ဖြင့် ခေါ်ဝေါ်မှတ်သားအပ်သည့် ဖွဲ့စည်းမှု ‘အာဗန္ဓန'သဘော, ယိုစီးမှု ‘ပဂ္ဃရဏ'သဘောဖြစ်သော ရေဓာတ် ‘အာပေါဓာတ်’။

(၃) မီးဟူသော အမည်ပညတ်ဖြင့် ခေါ်ဝေါ်မှတ်သားအပ်သည့် ရင့်ကျက်စေမှု ‘ပရိပါစန'သဘော ဖြစ်သော မီးဓာတ် ‘တေဇောဓာတ်’။

(၄) လေဟူသော အမည်ပညတ်ဖြင့် ခေါ်ဝေါ်မှတ်သားအပ်သည့် ထောက်ကန်လှုပ်ရှားမှုသဘော ဖြစ်သော လေဓာတ် ‘ဝါယောဓာတ်’။

(၅) ရေးခြစ်၍မရအပ် မတွေ့ထိအပ်သောသဘော (ရုပ်တစ်ခုနှင့်တစ်ခု ပိုင်းခြားမှု ဟင်းလင်း သဘော) ဖြစ်သော ‘အာကာသဓာတ်’။

(၆) သိမှုသဘော ‘ဝိညာဏဓာတ်’ (စိတ်) တို့တည်း။

--

၁-ပထဝီဓာတ်

ပထဝီဓာတ် ၂-ပါး

၁၇၃။ ထိုဓာတ်ခြောက်ပါးတို့တွင် အဘယ်သည် မြေဟူသော ဝေါဟာရပညတ်ဖြင့် ခေါ်ဝေါ်မှတ်သားအပ်သည့် တည်ရာ ‘ပတိဋ္ဌာန'သဘော (ခက်မာမှုသဘော) ဖြစ်သော မြေဓာတ် ‘ပထဝီဓာတ်’ မည်သနည်း။

ဤပထဝီဓာတ်သည် နှစ်ပါးတို့တည်း၊ အတွင်းသန္တာန်၌ဖြစ်သော ‘အဇ္ဈတ္တပထဝီဓာတ်'သည် ရှိ၏၊ အပသန္တာန်၌ဖြစ်သော ‘ဗဟိဒ္ဓပထဝီဓာတ်'သည် ရှိ၏။ (ဏီ၊ ပဒ-၉၆၇)

(က) အဇ္ဈတ္တပထဝီဓာတ်

ထိုပထဝီဓာတ် နှစ်ပါးတို့တွင် အဘယ်သည် အတွင်းသန္တာန်၌ဖြစ်သော ‘အဇ္ဈတ္တပထဝီဓာတ်’ မည်သနည်း။

အကြင်ပထဝီဓာတ်သည် အတွင်းသန္တာန်၌ ဖြစ်၏ ‘အဇ္ဈတ္တံ’၊ ကိုယ်ကို စွဲ၍ ဖြစ်၏ ‘ပစ္စတ္တံ'၁၊ (အတွင်းသန္တာန်၌ဖြစ်သော, ကိုယ်ကိုစွဲ၍ဖြစ်သော ယင်းပထဝီဓာတ်သည်) ခက်မာ၏ ‘ကက္ခဠ’၊ (အတွေ့) ကြမ်း၏ ‘ခရိဂတ’၊ ခက်မာသည်၏အဖြစ် ‘ကက္ခဠတ္တ’၊ ခက်မာသောသဘော ‘ကက္ခဠဘာဝ’၊ အတွင်း သန္တာန်၌ဖြစ်၏ ‘အဇ္ဈတ္တံ’၊ ခန္ဓာကိုယ်ကိုစွဲ၍ ဖြစ်၏ ‘ဥပါဒိဏ္ဏံ’။

အဇ္ဈတ္တပထဝီဓာတ် ၁၉-ပါး၂

ဤအဇ္ဈတ္တပထဝီဓာတ်ဟူသည် အဘယ်အရာတို့နည်း။ ဆံပင် ‘ကေသာ’၊ အမွေး ‘လောမာ’၊ ခြေသည်း, လက်သည်း ‘နခါ’၊ သွား ‘ဒန္တာ’၊ အရေ ‘တစော’။ အသား ‘မံသံ’၊ အကြော ‘နှာရု’၊ အရိုး ‘အဋ္ဌိ’၊ ရိုးတွင်းခြင်ဆီ ‘အဋ္ဌိမိဉ္ဇံ’၊ အညှို့ (ကျောက်ကပ်)၃ ‘ဝက္ကံ’။ နှလုံး ‘ဟဒယံ’၊ အသည်း ‘ယကနံ’၊ အမှေး ‘ကိလောမကံ’၊ အဖျဉ်း (သရက်ရွက်)၄ ပိဟကံ၊ အဆုပ် ‘ပပ္ဖါသံ’။ အူမ ‘အန္တံ’၊ အူသိမ် ‘အန္တဂုဏံ’၊ အစာသစ် ‘ဥဒရိယံ’၊ အစာဟောင်း (ကျင်ကြီး) ‘ကရီသံ’၊ (ဤသည်တို့ တည်း)။ (ထိုပြဆိုခဲ့ပြီးသော ပထဝီဓာတ် ၁၉-ပါးတို့မှ) တပါးလည်းဖြစ်သော အကြင်ပထဝီဓာတ်သည် ရှိသေး၏။ အတွင်းသန္တာန်၌ဖြစ်၏ ‘အဇ္ဈတ္တံ’၊ ကိုယ်ကိုစွဲ၍ ဖြစ်၏ ‘ပစ္စတ္တံ’၊ ခက်မာ၏ ‘ကက္ခဠ’၊ (အတွေ့) ကြမ်း၏ ‘ခရိဂတ’၊ ခက်မာသည်၏အဖြစ် ‘ကက္ခဠတ္တ’၊ ခက်မာသောသဘော ‘ကက္ခဠဘာဝ’၊ အတွင်း သန္တာန်၌ဖြစ်၏ ‘အဇ္ဈတ္တံ’၊ ခန္ဓာကိုယ်ကို စွဲ၍ ဖြစ်၏ ‘ဥပါဒိဏ္ဏံ’။ ဤဆိုခဲ့ပြီးသောသဘောကို အတွင်းသန္တာန်၌ဖြစ်သော ‘အဇ္ဈတ္တပထဝီဓာတ်’ဟုဆိုအပ်၏။

၁။ ပစ္စတ္တ= (ပဋိ= စွဲ၍+အတ္တ= ကိုယ်) ကိုယ်ကိုစွဲ၍ဖြစ်၏။

၂။ ဝိဘင်းအဘိဓမ္မာပါဋ္ဌိတော် ဓာတုဝိဘင်း၊ သတိပဋ္ဌာနဝိဘင်းတို့၌ ပထဝီဓာတ် ၁၉-ခုသာ ပြထားသည်။ အဋ္ဌကထာ ဆရာကမူ- မတ္ထလုင်္ဂံကို ပါဋ္ဌိတော်များ၌ ထည့်ပေးရမည်ဟု ဆိုထားခဲ့သည်၊ ပဋိသမ္ဘိဒါမဂ် စာမျက်နှာ ၈-၌ မတ္ထလုင်္ဂံကို ဟောခဲ့သည်၊ ထို့ကြောင့် မတ္ထလုင်္ဂံပဉ္စက ဟောရာ၌ ပဋိသမ္ဘိဒါမဂ်မှ ယူ၍ ထည့်ပေးရမည်ဟု မှာထားခဲ့သည် (သမ္မောဟဝိနောဒနီ၊ ဋ္ဌ၊ နှာ-၂၁၄) (ရှေးဆရာတော်ကြီးများမူ၌ ‘မတ္ထလုင်္ဂံ’ဟု တွေ့ရသည်) ဝိဘင်းမူလဋီကာ အရှင်အာနန္ဒာမထေရ်ကမူ- အဋ္ဌိမိဉ္ဇပုဒ်၌ မတ္ထလုင်္ဂံကို သွင်းယူထားပြီး ဖြစ်သောကြောင့် အဇ္ဈတ္တပထဝီဓာတ်ကို ၁၉-ခုသာ ပြရခြင်း ဖြစ်သည်ဟု ဆိုထားသည်။ (ဝိဘင်းမူလ ဋိကာ၊ နှာ-၄၂)

၃။ ကျောက်ကပ်= Kidney

၄။ သရက်ရွက်= Spleen

--

(ခ) ဗာဟိရပထဝီဓာတ်

ထိုပထဝီဓာတ်နှစ်မျိုးတို့တွင် အဘယ်သည် အပသန္တာန်၌ ဖြစ်သော ‘ဗာဟိရပထဝီဓာတ်’ မည်သနည်း။

အကြင်ပထဝီဓာတ်သည် အပသန္တာန်၌ဖြစ်၏ ‘ဗာဟိရံ’၊ ခက်မာ၏ ‘ကက္ခဠ’၊ (အတွေ့) ကြမ်း၏ ‘ခရိဂတ’၊ ခက်မာသည်၏အဖြစ် ‘ကက္ခဠတ္တ’၊ ခက်မာသောသဘော ‘ကက္ခဠဘာဝ’၊ အပသန္တာန်၌ဖြစ်၏ ‘ဗဟိဒ္ဓ’၊ ခန္ဓာကိုယ်ကို စွဲ၍ မဖြစ် ‘အနုပါဒိဏ္ဏ’။ ဤဗာဟိရပထဝီဓာတ်ဟူသည် အဘယ်တို့နည်း။ သံ ‘အယ’၊ ကြေး ‘လောဟ’၊ ခဲဖြူ (သလွဲဖြူ, သလွဲစင်, ခဲမဖြူ, ဘင်) ‘တိပု’၊ ခဲမည်း (သလွဲမဲ, ခဲမပုပ်, နာ) ‘သီသ’၊ ငွေ ‘သဇ္ဈ’၊ ပုလဲ ‘မုတ္တာ’၊ ပတ္တမြား ‘မဏိ’၊ ဝါးအဆင်းအရောင်ရှိသော ကြောင်မျက်ရွဲ (မြ) ‘ဝေဠုရိယ’၊ ခရုသင်း ‘သင်္ခ’၊ ကျောက် (ကျောက်သလင်း) ‘သိလာ’၊ သန္တာကျောက် ‘ပဝါဠ’၊ ငွေအသပြာ ‘ရဇတ’၊ ရွှေ ‘ဇာတရူပ’၊ ပတ္တမြားနီ ‘လောဟိတင်္က’၊ ပတ္တမြားပြောက် ‘မသာရဂလ္လ’၊ မြက် ‘တိဏ’၊ သစ်သား ‘ကဋ္ဌ’၊ ကျောက်စရစ် ‘သက္ခရ’၊ မြေ ‘ဘူမိ’၊ ကျောက် ‘ပါသာဏ’၊ တောင် ‘ပဗ္ဗတ’၊ (ဤသည်တို့တည်း)။ (ထိုပြဆိုခဲ့ပြီးသည့် ဗဟိဒ္ဓပထဝီဓာတ်တို့မှ) တစ်ပါးလည်းဖြစ်သော အကြင် ပထဝီဓာတ်သည် ရှိသေး၏၊ အပသန္တာန်၌ဖြစ်၏ ‘ဗာဟိရ’၊ ခက်မာ၏ ‘ကက္ခဠ’၊ (အတွေ့) ကြမ်း၏ ‘ခရိဂတ’၊ ခက်မာသည်၏ အဖြစ် ‘ကက္ခဠတ္တ’၊ ခက်မာသောသဘော ‘ကက္ခဠဘာဝ’၊ အပသန္တာန်၌ဖြစ်၏ ‘ဗဟိဒ္ဓ’၊ ခန္ဓာကိုယ်ကိုစွဲ၍ မဖြစ် ‘အနုပါဒိဏ္ဏ’။ ဤဆိုခဲ့ပြီးသောအရာကို အပသန္တာန်၌ဖြစ်သော ‘ဗာဟိရပထဝီဓာတ်’ဟု ဆိုအပ်၏။ အကြင် အတွင်းသန္တာန်၌ဖြစ်သော ‘အဇ္ဈတ္တပထဝီဓာတ်'သည်လည်းကောင်း, အကြင် အပသန္တာန်၌ ဖြစ်သော ‘ဗာဟိရပထဝီဓာတ်'သည်လည်းကောင်း ရှိ၏၊ ထိုပထဝီဓာတ်ကို တစ်ပေါင်းတည်းပြု၍ ရုံးစု၍ အကျဉ်းချုံး၍ ပြသော ဤဆိုခဲ့ပြီးသော သဘောကို ပထဝီဓာတ်ဟု ဆိုအပ်၏။

--

၂-အာပေါဓာတ်

အာပေါဓာတ် ၂-ပါး

၁၇၄။ ထိုဓာတ် ၆-ပါးတို့တွင် အဘယ်သည် ရေဟူသော အမည်ပညတ်ဖြင့် ခေါ်ဝေါ်မှတ်သားအပ်သည့် ဖွဲ့စည်းမှု ‘အာဗန္ဓန', ယိုစီးမှု ‘ပဂ္ဃရဏ'သဘောဖြစ်သော ရေဓာတ် ‘အာပေါဓာတ်’မည် သနည်း။

အာပေါဓာတ်သည် နှစ်ပါးတို့တည်း၊ အတွင်းသန္တာန်၌ ဖြစ်သော ‘အဇ္ဈတ္တအာပေါဓာတ်'သည် ရှိ၏၊ အပသန္တာန်၌ဖြစ်သော ‘ဗာဟိရအာပေါဓာတ်'သည် ရှိ၏။

(က) အဇ္ဈတ္တအာပေါဓာတ်

ထိုအာပေါဓာတ်၂-ပါးတို့တွင် အဘယ်သည် အတွင်းသန္တာန်၌ဖြစ်သော ‘အဇ္ဈတ္တအာပေါဓာတ်’ မည်သနည်း။ (ဏီ။ ပဒ-၉၆၇) အကြင် အာပေါဓာတ်သည် အတွင်းသန္တာန်၌ ဖြစ်၏ ‘အဇ္ဈတ္တံ’၊ ကိုယ်ကို စွဲ၍ ဖြစ်၏ ‘ပစ္စတ္တံ’၊ (အတွင်းသန္တာန်၌ ဖြစ်သော ခန္ဓာကိုယ်ကိုစွဲ၍ဖြစ်သော ယင်းအာပေါဓာတ်သည်) အရည်ဖြစ်၏ ‘အာပေါ’၊ အရည်သဘောသို့ ရောက်၏ ‘အာပေါဂတ’၊ အစေးဖြစ်၏ ‘သိနေဟ’၊ အစေး၏အဖြစ်သို့ ရောက်၏ ‘သိနေဟဂတ’၊ ရုပ်ကို ဖွဲ့စည်း၏ ‘ရူပဗန္ဓနတ္တ’၊ အတွင်းသန္တာန်၌ဖြစ်၏ ‘အဇ္ဈတ္တံ’၊ ခန္ဓာကိုယ်ကိုစွဲ၍ဖြစ်၏ ‘ဥပါဒိဏ္ဏ’။ (ဏီ။ ပဒ-၇၂၆)

အဇ္ဈတ္တအာပေါဓာတ် ၁၂-ပါး

ဤအဇ္ဈတ္တအာပေါဓာတ်ဟူသည် အဘယ်အရာတို့နည်း။ သည်းခြေ ‘ပိတ္တံ'၁၊ သလိပ် ‘သေမှံ’၊ ပြည် ‘ပုဗ္ဗော’၊ သွေး ‘လောဟိတံ’၊ ချွေး ‘သေဒေါ’၊ အဆီခဲ ‘မေဒေါ’၊ မျက်ရည် ‘အဿု’၊ ဆီကြည် ‘ဝသာ'၂၊ တံတွေး ‘ခေဠော’၊ နှပ် ‘သိင်္ဃာဏိကာ’၊ အစေး ‘လသိကာ'၃၊ ကျင်ငယ် ‘မုတ္တံ’၊ (ဤသည်တို့တည်း)။ (ထိုပြဆိုခဲ့ပြီးသော အဇ္ဈတ္တအာပေါဓာတ် ၁၂-ပါး တို့မှ) တစ်ပါးလည်းဖြစ်သော အကြင် အာပေါဓာတ်သည် ရှိသေး၏၊ အတွင်းသန္တာန်၌ဖြစ်၏ ‘အဇ္ဈတ္တံ’၊ ကိုယ်ကို စွဲ၍ဖြစ်၏ ‘ပစ္စတ္တံ’၊ အရည်ဖြစ်၏ ‘အာပေါ’၊ အရည်သဘောသို့ရောက်၏ ‘အာပေါဂတ’၊ အစေးဖြစ်၏ ‘သိနေဟ’၊ အစေး၏ အဖြစ်သို့ ရောက်၏ ‘သိနေဟဂတ’၊ ရုပ်ကို ဖွဲ့စည်း၏ ‘ရူပဗန္ဓနတ္တ’၊ အတွင်းသန္တာန်၌ဖြစ်၏ ‘အဇ္ဈတ္တံ’၊ ခန္ဓာကိုယ်ကို စွဲ၍ ဖြစ်၏ ‘ဥပါဒိဏ္ဏ’။ ဤဆိုခဲ့ပြီးသောသဘောကို အတွင်းသန္တာန်၌ဖြစ်သော ‘အဇ္ဈတ္တအာပေါဓာတ်’ဟု ဆိုအပ်၏။

၁။ အဗဒ္ဓသည်းခြေ= တစ်ကိုယ်လုံး ပျံ့နှံ့နေသော သွေး၌ရှိသော အဝါရည်။ ဗဒ္ဓသည်းခြေ= အိမ်ဖြင့် ဖွဲ့သိုထားရှိသော ဝါဖန့်ဖန့် စိမ်းဖန့်ဖန့်ရည် (ခါးသောအရသာ ရှိ၏)။ အဘိ၊ ဋ္ဌ၊ ၂၊ နှာ-၆၁၊ ၂၃၂။

၂။ လက်ဆီ၊ ခြေဆီထွက်သည့် အဆီကြည်မျိုးကို ဆိုလိုသည်။ အဘိ၊ ဋ္ဌ၊ ၂၊ နှာ-၆၃။

၃။ အရိုး ၂-ခု ဆက်သည့်နေရာ၌ ရှိသော အစေး။ အဘိ၊ ဋ္ဌ၊ ၂၊ နှာ-၆၄။

--

(ခ) ဗာဟိရအာပေါဓာတ်

ထိုအာပေါဓာတ်နှစ်ပါးတို့တွင် အဘယ်သည် အပသန္တာန်၌ဖြစ်သော ‘ဗာဟိရအာပေါဓာတ်’ မည်သနည်း။

အကြင် အာပေါဓာတ်သည် အပသန္တာန်၌ဖြစ်၏ ‘ဗာဟိရံ’၊ အရည်ဖြစ်၏ ‘အာပေါ’၊ အရည်သဘော သို့ ရောက်၏ ‘အာပေါဂတ’၊ အစေးဖြစ်၏ ‘သိနေဟ’၊ အစေး၏အဖြစ်သို့ရောက်၏ ‘သိနေဟဂတ’၊ ရုပ်ကို ဖွဲ့စည်း၏ ‘ရူပဗန္ဓနတ္တ’၊ အပသန္တာန်၌ဖြစ်၏ ‘ဗဟိဒ္ဓ’၊ ခန္ဓာကိုယ်ကိုစွဲ၍ မဖြစ် ‘အနုပါဒိဏ္ဏ’။ ဤဗာဟိရအာပေါဓာတ်ဟူသည် အဘယ်အရာတို့နည်း။ အမြစ်ရည် ‘မူလရသ’၊ ပင်စည်ရည် ‘ခန္ဓရသ’၊ အခေါက်ရည် ‘တစရသ’၊ အရွက်ရည် ‘ပတ္တရသ’၊ အပွင့်ရည် ‘ပုပ္ဖရသ’၊ အသီးရည် ‘ဖလရသ’၊ နို့ရည် ‘ခီရ’၊ နို့ဓမ်း (နို့ချဉ်) ‘ဒဓိ’၊ ထောပတ် ‘သပ္ပိ’၊ ဆီဥ ‘နဝနီတ’၊ ဆီ ‘တေလ’၊ ပျားရည် ‘မဓု’၊ တင်လဲ ‘ဖာဏိတ’၊ မြေ၌တည်သော ရေတို့သည် လည်းကောင်း၊ ကောင်းကင်၌ တည်သော ရေတို့သည်လည်းကောင်း ရှိကုန်၏၊ (ဤသည်တို့တည်း)။ (ဤပြဆိုခဲ့ပြီးသော ဗာဟိရအာပေါဓာတ်တို့မှ) တစ်ပါးလည်းဖြစ်သော အကြင်အာပေါဓာတ်သည် ရှိသေး၏၊ အပသန္တာန်၌ဖြစ်၏ ‘ဗာဟိရ’၊ အရည်ဖြစ်၏ ‘အာပေါ’၊ အရည်သဘောသို့ရောက်၏ ‘အာပေါဂတ’၊ အစေးဖြစ်၏ ‘သိနေဟ’၊ အစေး၏အဖြစ်သို့ရောက်၏ ‘သိနေဟဂတ’၊ ရုပ်ကိုဖွဲ့စည်း၏ ‘ရူပဗန္ဓနတ္တ’၊ အပသန္တာန်၌ ဖြစ်၏ ‘ဗဟိဒ္ဓ’၊ ခန္ဓာကိုယ်ကိုစွဲ၍ မဖြစ် ‘အနုပါဒိဏ္ဏ’။ ဤဆိုခဲ့ပြီးသော သဘောကို အပသန္တာန်၌ဖြစ်သော ‘ဗာဟိရအာပေါဓာတ်’ဟု ဆိုအပ်၏။ အကြင် အတွင်းသန္တာန်၌ဖြစ်သော ‘အဇ္ဈတ္တအာပေါဓာတ်'သည်လည်းကောင်း, အကြင်အပသန္တာန်၌ ဖြစ်သော ‘ဗာဟိရအာပေါဓာတ်'သည်လည်းကောင်း ရှိ၏၊ ထိုအာပေါဓာတ်ကို တစ်ပေါင်းတည်းပြု၍ ရုံးစု၍ အကျဉ်းချုံး၍ ပြသော ဤဆိုခဲ့ပြီးသော သဘောကို အာပေါဓာတ်ဟု ဆိုအပ်၏။

--

၃-တေဇောဓာတ်

တေဇောဓာတ် ၂-ပါး

၁၇၅။ ထိုဓာတ် ၆-ပါးတို့တွင် အဘယ်သည် မီးဟူသော အမည်ပညတ်ဖြင့် ခေါ်ဝေါ်မှတ်သားအပ်သည့် ရင့်ကျက်စေမှု ‘ပရိပါစန'သဘောဖြစ်သော မီးဓာတ် ‘တေဇောဓာတ်’ မည်သနည်း။

ဤတေဇောဓာတ်သည် နှစ်ပါးတို့တည်း၊ အတွင်းသန္တာန်၌ဖြစ်သော ‘အဇ္ဈတ္တတေဇောဓာတ်'သည် ရှိ၏၊ အပသန္တာန်၌ဖြစ်သော ‘ဗာဟိရတေဇောဓာတ်'သည် ရှိ၏။ (ဏီ၊ ပဒ-၉၆၉)

(က) အဇ္ဈတ္တတေဇောဓာတ်

ထိုတေဇောဓာတ် ၂-ပါးတို့တွင် အဘယ်သည် အတွင်းသန္တာန်၌ ဖြစ်သော ‘အဇ္ဈတ္တတေဇောဓာတ်’ မည်သနည်း။

အကြင် မီးဟူသော အမည်ပညတ်ဖြင့် ခေါ်ဝေါ်သတ်မှတ်အပ်သည့် ရင့်ကျက်စေမှု ‘ပရိပါစန'သဘော ဖြစ်သော မီးဓာတ်သဘော ‘တေဇောဓာတ်'သည် အတွင်းသန္တာန်၌ ဖြစ်၏ ‘အဇ္ဈတ္တံ’၊ ကိုယ်ကို စွဲ၍ ဖြစ်၏ ‘ပစ္စတ္တံ’၊ (အတွင်းသန္တာန်၌ဖြစ်သော, ခန္ဓာကိုယ်ကို စွဲ၍ ဖြစ်သော ယင်းတေဇောဓာတ်သည်) လောင်ကျွမ်းရင့်ကျက်စေခြင်း သဘော ဖြစ်၏ ‘တေဇော’၊ လောင်ကျွမ်းရင့်ကျက်စေသော သဘောသို့ ရောက်၏ ‘တေဇောဂတ’၊ အပူငွေ့ဖြစ်၏ ‘ဥသ္မာ'၁၊ အပူငွေ့အဖြစ်သို့ ရောက်၏ ‘ဥသ္မာဂတ’၊ ပြင်းထန် ကြမ်းတမ်းသော အပူငွေ့ ဖြစ်၏ ‘ဥသုမ’၊ ပြင်းထန် ကြမ်းတမ်းသော အပူငွေ့အဖြစ်သို့ ရောက်၏ ‘ဥသုမဂတ’၊ အတွင်းသန္တာန်၌ဖြစ်၏ ‘အဇ္ဈတ္တံ’၊ ခန္ဒာကိုယ်ကို စွဲ၍ ဖြစ်၏ ‘ဥပါဒိဏ္ဏ’။ ဤအဇ္ဈတ္တတေဇောဓာတ်ဟူသည် အဘယ်အရာတို့နည်း။ အကြင်တေဇောဓာတ်ဖြင့်လည်း ပူလောင်၏ ‘သန္တပ္ပတိ’ (သန္တပ္ပနတေဇော)၂၊ အကြင်တေဇောဓာတ်ဖြင့်လည်း ဆွေးမြေ့ရင့်ရော်၏ ‘ဇိရီယတိ’ (ဇိရဏ တေဇော)၃၊ အကြင်တေဇောဓာတ်ဖြင့်လည်း လောင်ကျွမ်း၏ ‘ပရိဍယှတိ’ (ဒဟတေဇော)၄၊ စားအပ်, သောက်အပ်, ခဲအပ်, လျက်အပ်သော၅ အစာသည် အကြင်တေဇောဓာတ်ဖြင့်လည်း ကောင်းစွာကြေခြင်းသို့ ရောက်၏ ‘ပရိဏာမံ ဂစ္ဆတိ’ (ပါစကတေဇော) (ဤသည်တို့တည်း)။ (ဤပြဆိုခဲ့ပြီးသော ‘အဇ္ဈတ္တတေဇောဓာတ်တို့မှ) တစ်ပါးလည်းဖြစ်သော အကြင်တေဇောဓာတ်သည် ရှိသေး၏၊ အတွင်းသန္တာန်၌ဖြစ်၏ ‘အဇ္ဈတ္တံ’၊ ကိုယ်ကို စွဲ၍ဖြစ်၏ ‘ပစ္စတ္တံ’၊ လောင်ကျွမ်းရင့်ကျက်စေသော သဘော ဖြစ်၏ ‘တေဇော’၊ လောင်ကျွမ်းရင့်ကျက်စေသောသဘောသို့ရောက်၏ ‘တေဇောဂတ’၊ အပူငွေ့ဖြစ်၏ ‘ဥသ္မာ’၊ အပူငွေ့အဖြစ်သို့ ရောက်၏ ‘ဥသ္မာဂတ’၊ ကြမ်းတမ်းပြင်းထန်သော အပူငွေ့ဖြစ်၏ ‘ဥသုမ’၊ ကြမ်းတမ်း ပြင်းထန်သော အပူငွေ့အဖြစ်သို့ ရောက်၏ ‘ဥသုမဂတ’၊ အတွင်းသန္တာန်၌ဖြစ်၏ ‘အဇ္ဈတ္တံ’၊ ခန္ဓာကိုယ်ကိုစွဲ၍ဖြစ်၏ ‘ဥပါဒိဏ္ဏ’။ ဤဆိုခဲ့ပြီးသောသဘောကို အတွင်းသန္တာန်၌ ဖြစ်သော ‘အဇ္ဈတ္တတေဇောဓာတ်’ဟု ဆိုအပ်၏။

၁။ ဥသ္မာတေဇောနှင့် ပါစကတေဇောတို့သည် ကမ္မဇရုပ် ဖြစ်သည်။ ဥသ္မာတေဇောသည် မျှတသောကိုယ်ငွေ့အပူဓာတ် ဖြစ်သည်၊ ယင်းဖောက်ပြန်သောအခါ ဥသုမ, သန္တပ္ပန, ဒဟတေဇော အဆင့်ဆင့် ဖြစ်ပေါ်လေသည်။

၂။ သန္တပ္ပနတေဇော= တစ်ရက်ခြား, နှစ်ရက်ခြားစသည် အပူတက်၍ ဖျားနာစေသော အပူဓာတ် (တက်ဖျား-ကျဖျား)။

၃။ ဇိရဏတေဇော= ဆံပင်ဖြူစေခြင်း, အရေတွန့်ခြင်း, အိုမင်းရင့်ရော်ခြင်းကို ဖြစ်စေသော အပူဓာတ်။

၄။ ဒဟတေဇော= ကယောင်ကတမ်း မြည်တမ်းကာ မူးမေ့လောက်အောင် ဖြစ်စေသော ပြင်းထန်သော အပူဓာတ်။

၅။ အသိတ= စားအပ်သော။ ပီတ= သောက်အပ်သော။ သာယိတ= လျက်အပ်သော။ ခါယိတ= ခဲအပ် (ကိုက်စားအပ်) သော။

--

(ခ) ဗာဟိရတေဇောဓာတ်

ထိုတေဇောဓာတ် နှစ်ပါးတို့တွင် အဘယ်သည် အပသန္တာန်၌ဖြစ်သော ‘ဗာဟိရတေဇောဓာတ်’ မည်သနည်း။

အကြင် တေဇောဓာတ်သည် အပသန္တာန်၌ဖြစ်၏ ‘ဗာဟိရံ’၊ လောင်ကျွမ်းရင့်ကျက်စေသောသဘော ဖြစ်၏ ‘တေဇော’၊ လောင်ကျွမ်းရင့်ကျက်စေသော သဘောသို့ရောက်၏ ‘တေဇောဂတ’၊ အပူငွေ့ဖြစ်၏ ‘ဥသ္မာ'၁၊ အပူငွေ့အဖြစ်သို့ ရောက်၏ ‘ဥသ္မာဂတ’၊ ပြင်းထန်ကြမ်းတမ်းသော အပူငွေ့ ဖြစ်၏ ‘ဥသုမ’၊ ပြင်းထန်ကြမ်းတမ်းသော အပူငွေ့အဖြစ်သို့ ရောက်၏ ‘ဥသုမဂတ’၊ အပသန္တာန်၌ ဖြစ်၏ ‘ဗဟိဒ္ဓ’၊ ခန္ဓာကိုယ်ကို စွဲ၍မဖြစ် ‘အနုပါဒိဏ္ဏ’။ ဤဗာဟိရတေဇောဓာတ်ဟူသည် အဘယ်အရာတို့နည်း။ ထင်းမီး ‘ကဋ္ဌဂ္ဂိ’၊ ကောက်ရိုးမီး ‘ပလာလဂ္ဂိ’၊ မြက်မီး ‘တိဏဂ္ဂိ’၊ နွားချေးမီး ‘ဂေါမယဂ္ဂိ’၊ ဖွဲမီး ‘ထုသဂ္ဂိ’၊ အမှိုက်မီး ‘သင်္ကာရဂ္ဂိ’၊ မိုးကြိုးလောင်မီး ‘ဣန္ဒဂ္ဂိ’၊ မီးလျှံမီးကျီးခဲအပူ ‘အဂ္ဂိသန္တာပ’၊ နေပူ ‘သူရိယသန္တာပ’၊ ထင်းပုံ၌ဖြစ်သောအပူ ‘ကဋ္ဌသန္နိစယသန္တာပ’၊ မြက်ပုံ၌ဖြစ်သော အပူ ‘တိဏသန္နိစယ သန္တာပ’၊ စပါးပုံ၌ဖြစ်သောအပူ (စပါးငွေ့) ‘ဓညသန္နိစယသန္တာပ’၊ ဥစ္စာပုံ၌ဖြစ်သော အပူ ‘ဘဏ္ဍသန္နိစယ သန္တာပ’၊ (ဤသည်တို့တည်း။) (ဤပြဆိုခဲ့ပြီးသော တေဇောဓာတ်မှ) တစ်ပါးလည်းဖြစ်သော အကြင်တေဇောဓာတ်သည် ရှိသေး၏၊ အပသန္တာန်၌ဖြစ်၏ ‘ဗာဟိရံ’၊ လောင်ကျွမ်းရင့်ကျက်စေခြင်းသဘောဖြစ်၏ ‘တေဇော’၊ လောင်ကျွမ်း ရင့်ကျက်စေခြင်း သဘောအဖြစ်သို့ ရောက်၏ ‘တေဇောဂတ’၊ အပူငွေ့ဖြစ်၏ ‘ဥသ္မာ’၊ အပူငွေ့အဖြစ်သို့ ရောက်၏ ‘ဥသ္မာဂတ’၊ ပြင်းထန်ကြမ်းတမ်းသော အပူငွေ့ဖြစ်၏ ‘ဥသုမ’၊ ပြင်းထန်ကြမ်းတမ်းသော အပူငွေ့အဖြစ်သို့ ရောက်၏ ‘ဥသုမဂတ’၊ အပသန္တာန်၌ ဖြစ်၏ ‘ဗဟိဒ္ဓ’၊ ခန္ဒာကိုယ်ကိုစွဲ၍မဖြစ် ‘အနုပါဒိဏ္ဏ’။ ဤဆိုခဲ့ပြီးသော သဘောကို အပသန္တာန်၌ဖြစ်သော ‘ဗာဟိရတေဇောဓာတ်’ဟု ဆိုအပ်၏။ အကြင်အတွင်းသန္တာန်၌ဖြစ်သော ‘အဇ္ဈတ္တတေဇောဓာတ်'သည်လည်းကောင်း, အကြင်အပသန္တာန်၌့ဖြစ်သော ‘ဗာဟိရတေဇောဓာတ်'သည်လည်းကောင်း ရှိ၏၊ ထိုတေဇောဓာတ်ကို တစ်ပေါင်းတည်းပြု၍ ရုံးစု၍ အကျဉ်းချုံး၍ ပြသော ဤဆိုခဲ့ပြီးသော သဘောကို မီးဟူသော အမည်ပညတ်ဖြင့် ခေါ်ဝေါ် သတ်မှတ်အပ်သည့် ရင့်ကျက်စေမှု ‘ပရိပါစန'သဘောဖြစ်သော မီးဓာတ် ‘တေဇောဓာတ်’ဟု ဆိုအပ်၏။

၁။ ဥသ္မာတေဇောနှင့် ပါစကတေဇောတို့သည် ကမ္မဇရုပ် ဖြစ်သည်။ ဥသ္မာတေဇောသည် မျှတသော ကိုယ်ငွေ့အပူဓာတ် ဖြစ်သည်၊ ယင်းဖောက်ပြန်သောအခါ ဥသုမ, သန္တပ္ပန, ဒဟတေဇော အဆင့်ဆင့် ဖြစ်ပေါ်လေသည်။

--

၄-ဝါယောဓာတ်

ဝါယောဓာတ် ၂-ပါး

၁၇၆။ ထိုဓာတ် ၆-ပါးတို့တွင် အဘယ်သည် လေဟူသော အမည်ပညတ်ဖြင့် ခေါ်ဝေါ်သတ်မှတ်အပ်သည့် ထောက်ကန်လှုပ်ရှားခြင်းသဘောဖြစ်သော လေဓာတ် ‘ဝါယော ဓာတ်’ မည်သနည်း။

ဤဝါယောဓာတ်သည် နှစ်ပါးတို့တည်း၊ အတွင်းသန္တာန်၌ဖြစ်သော ‘အဇ္ဈတ္တဝါယောဓာတ်'သည် ရှိ၏၊ အပသန္တာန်၌ဖြစ်သော ‘ဗာဟိရဝါယောဓာတ်'သည် ရှိ၏။

(က) အဇ္ဈတ္တဝါယောဓာတ်

ထိုဝါယောဓာတ် ၂-ပါးတို့တွင် အဘယ်သည် အတွင်းသန္တာန်၌ဖြစ်သော ‘အဇ္ဈတ္တဝါယောဓာတ်’ မည်သနည်း။

အကြင် ဝါယောဓာတ်သည် အတွင်းသန္တာန်ဖြစ်၏ ‘အဇ္ဈတ္တံ၊ ကိုယ်ကိုစွဲ၍ ဖြစ်၏ ‘ပစ္စတ္တံ’၊ (အတွင်း သန္တာန်၌ဖြစ်သော, ခန္ဓာကိုယ်ကိုစွဲ၍ဖြစ်သော ဝါယောဓာတ်သည်) လှုပ်ရှားမှုသဘော ဖြစ်၏ ‘ဝါယော’၊ လှုပ်ရှားမှုသဘော သို့ရောက်၏ ‘ဝါယောဂတ’၊ ရုပ်ကို တွန်းကန်ခြင်းသဘော ဖြစ်၏ ‘ရူပထမ္ဘိတတ္တံ၊ အတွင်းသန္တာန်၌ ဖြစ်၏ ‘အဇ္ဈတ္တံ’၊ ခန္ဓာကိုယ်ကိုစွဲ၍ ဖြစ်၏ ‘ဥပါဒိဏ္ဏ’။

အဇ္ဈတ္တဝါယောဓာတ် ၁၀-ပါး၁။ ။ ဤအဇ္ဈတ္တဝါယောဓာတ်ဟူသည် အဘယ်အရာတို့နည်း။ အထက်သို့ ဆန်သောလေ ‘ဥဒ္ဓင်္ဂမဝါတ’၊ အောက်သို့စုန်သောလေ ‘အဓောဂမဝါတ’၊ ဝမ်း၌ တည် သော လေ ‘ကုစ္ဆိသယဝါတ’၊ အူ၌ တည်သောလေ ‘ကောဋ္ဌာသယဝါတ’၊ ကိုယ်အင်္ဂါကြီးငယ်သို့ လျှောက် သော လေ ‘အင်္ဂမင်္ဂါနုသာရီဝါတ’၊ ဓားငယ်ကဲ့သို့ ဖြတ်တတ်သောလေ (ပါးရွဲ့ခြင်း ခြေတစ်ဖက် သေသွား ခြင်းတည်းဟူသော ကိုယ်လက်အင်္ဂါစသည်တို့ ရွဲ့စောင်းသွားအောင် မလှုပ်နိုင်အောင် ဖြတ်သောလေ) ‘သတ္ထကဝါတ’၊ သင်တုန်းဓားကဲ့သို့ နှလုံးသားကိုခွဲသောလေ (လေသင်တုန်း) ‘ခုရကဝါတ’၊ နှလုံးသားကို ဆွဲထုတ်သောလေ ‘ဥပ္ပလကဝါတ’၊ ဝင်သက်လေ ‘အဿာသ’၊ ထွက်သက်လေ ‘ပဿာသ’၊ ဤသည်တို့ တည်း။ (ဤပြဆိုခဲ့ပြီးသော ဝါယောဓာတ် ၁၀-ပါးတို့မှ) တစ်ပါးလည်းဖြစ်သော အကြင်ဝါယောဓာတ်သည် လည်း ရှိသေး၏။ အတွင်းသန္တာန်၌ဖြစ်၏ ‘အဇ္ဈတ္တံ၊ ကိုယ်ကို စွဲ၍ ဖြစ်၏ ‘ပစ္စတ္တံ’၊ လှုပ်ရှားမှုသဘော ဖြစ်၏ ‘ဝါယော’၊ လှုပ်ရှားမှုသဘောသို့ ရောက်၏ ‘ဝါယောဂတ’၊ ရုပ်ကို တွန်းကန်ခြင်းသဘောဖြစ်၏ ‘ရူပထမ္ဘိတတ္တံ၊ အတွင်းသန္တာန်၌ ဖြစ်၏ ‘အဇ္ဈတ္တံ’၊ ခန္ဓာကိုယ်ကို စွဲ၍ ဖြစ်၏ ‘ဥပါဒိဏ္ဏ’။ ဤဆိုခဲ့ပြီးသောသဘောကို အတွင်းသန္တာန်၌ဖြစ်သော ‘အဇ္ဈတ္တဝါယောဓာတ်’ဟု ဆိုအပ်၏။

၁။ ကောဋ္ဌာသ ၄၂-ပါးရေတွက်ရာ၌ အဇ္ဈတ္တဝါယော ၆-မျိုးသာ ရှိသည်။ သတ္ထကဝါတ, ခုရကဝါတ, ဥပ္ပလကဝါတ၊ ဤ ၃-ပါး မပါချေ။ ထို့ပြင် အဿာသ, ပဿာသတို့ကို ပေါင်း၍ ၁-ပါးဟု ရေတွက်သည်။

--

(ခ) ဗာဟိရဝါယောဓာတ်

ထိုဝါယောဓာတ် ၂-ပါးတို့တွင် အဘယ်သည် အပသန္တာန်၌ဖြစ်သော ‘ဗာဟိရဝါယောဓာတ်’ မည်သနည်း။

အကြင် ဝါယောဓာတ်သည် အပသန္တာန်၌ဖြစ်၏ ‘ဗာဟိရံ’၊ လှုပ်ရှားမှုသဘောဖြစ်၏ ‘ဝါယော’၊ လှုပ်ရှားမှု သဘောသို့ ရောက်၏ ‘ဝါယောဂတ’၊ ရုပ်ကို တွန်းကန်ခြင်းသဘောဖြစ်၏ ‘ရူပထမ္ဘိတတ္တံ၊ အပ သန္တာန်၌ ဖြစ်၏ ‘ဗဟိဒ္ဓ’၊ ခန္ဓာကိုယ်ကိုစွဲ၍ မဖြစ် ‘အနုပါဒိဏ္ဏ’။ ဤဗာဟိရဝါယောဓာတ်ဟူသည် အဘယ်အရာတို့နည်း။ အရှေ့လေ ‘ပုရတ္ထိမဝါတ’၊ အနောက်လေ ‘ပစ္ဆိမဝါတ’၊ မြောက်လေ ‘ဥတ္တရဝါတ’၊ တောင်လေ ‘ဒက္ခိဏဝါတ’၊ မြူပါသောလေ ‘သရဇဝါတ’၊ မြူမပါသောလေ ‘အရဇဝါတ’၊ လေအေး ‘သီတဝါတ’၊ လေပူ ‘ဥဏှဝါတ’၊ လေညှင်း ‘ပရိတ္တဝါတ’၊ လေပြင်း (လေကြမ်း) ‘အဓိမတ္တဝါတ’၊ လေမည်း (လေမုန်တိုင်း) ‘ကာဠဝါတ’၊ (ယူဇနာအထက်) ကောင်းကင်၌ တိုက်ခတ်နေသည့် အလွန်ထက်မြက်သော လေကြမ်း ‘ဝေရမ္ဘဝါတ'၁၊ အတောင်ခတ်လေ ‘ပက္ခဝါတ'၂၊ ဂဠုံတောင်ခတ်လေ ‘သုပဏ္ဏဝါတ’၊ ထမ်းရွက်ယပ်လေ ‘တာလဝဏ္ဋဝါတ’၊ နှီးယပ်လေ ‘ဝိဓူပနဝါတ’၊ (ဤသည်တို့တည်း)။ (ဤပြဆိုခဲ့ပြီးသော ဗာဟိရဝါယောဓာတ် ၁၀-ပါးတို့မှ) တစ်ပါးလည်းဖြစ်သော အကြင် ဝါယော ဓာတ်သည်လည်း ရှိသေး၏။ အပသန္တာန်၌ ဖြစ်၏ ‘ဗာဟိရံ’၊ ထောက်ကန်လှုပ်ရှားမှုသဘောဖြစ်၏ ‘ဝါယော’၊ ထောက်ကန် လှုပ်ရှားမှုသဘောသို့ ရောက်၏ ‘ဝါယောဂတ’၊ ရုပ်ကို တွန်းကန်ခြင်းသဘော ဖြစ်၏ ‘ရူပထမ္ဘိတတ္တ’၊ အပသန္တာန်၌ ဖြစ်၏ ‘ဗာဟိရ’၊ ခန္ဓာကိုယ်ကိုစွဲ၍ မဖြစ် ‘အနုပါဒိဏ္ဏ’။ ဤဆိုခဲ့ပြီးသော သဘောကို အပသန္တာန်၌ဖြစ်သော ‘ဗာဟိရဝါယောဓာတ်’ဟု ဆိုအပ်၏။ အကြင်အတွင်းသန္တာန်၌ဖြစ်သော ‘အဇ္ဈတ္တဝါယောဓာတ်'သည်လည်းကောင်း, အကြင်အပသန္တာန်၌ ဖြစ်သော ‘ဗာဟိရဝါယောဓာတ်'သည်လည်းကောင်း ရှိ၏၊ ထိုဝါယောဓာတ်ကို တစ်ပေါင်းတည်းပြု၍ ရုံးစု၍ အကျဉ်းချုံး၍ ပြသော ဤဆိုခဲ့ပြီးသော သဘောကို ဝါယောဓာတ်ဟု ဆိုအပ်၏။

၁။ ဝေရမ္ဘလေ= ကောင်းကင်မှကြည့်လျှင် ကျွန်းကြီးလေးကျွန်းကို ကြာရွက်အရွယ်မျှလောက်သာ မြင်ရသည့် အရပ်၏ အထက်၌ တိုက်ခတ်နေသော လေကြမ်း (နိဒါနဝဂ္ဂသံယုတ်၊ ဝေရမ္ဘသုတ်၊ နှာ-၄၂၈။ သံ၊ ဋ္ဌ၊ ၂၊ နှာ-၁၉၂)။

၂။ ပျံသန်းသည့် ယင်, ငှက် စသောသတ္တဝါတို့ အတောင်ခတ်သောအခါ လှုပ်ရှားသောလေ။

--

၅-အာကာသဓာတ်

အာကာသဓာတ် ၂-ပါး

၁၇၇။ ထိုဓာတ် ၆-ပါးတို့တွင် အဘယ်သည် ရေးခြစ်၍ မရအပ် မတွေ့ထိအပ်သော သဘော (ရုပ်တစ်ခုနှင့်တစ်ခု ပိုင်းခြားမှု ဟင်းလင်းသဘော) ‘အာကာသဓာတ်’ မည်သနည်း။

ဤအာကာသဓာတ်သည် နှစ်ပါးတို့တည်း၊ အတွင်းသန္တာန်၌ဖြစ်သော ‘အဇ္ဈတ္တအာကာသဓာတ်'သည် ရှိ၏၊ အပသန္တာန်၌ ဖြစ်သော ‘ဗာဟိရအာကာသဓာတ်'သည် ရှိ၏။

(က) အဇ္ဈတ္တအာကာသဓာတ်

ထိုအာကာသဓာတ်နှစ်ပါးတို့တွင် အဘယ်သည် အတွင်းသန္တာန်၌ ဖြစ်သော ‘အဇ္ဈတ္တအာကာသဓာတ်’ မည်သနည်း။

အကြင် အာကာသဓာတ်သည် အတွင်းသန္တာန်၌ဖြစ်၏ ‘အဇ္ဈတ္တံ’၊ ကိုယ်ကို စွဲ၍ဖြစ်၏ ‘ပစ္စတ္တံ’၊ (အတွင်းသန္တာန်၌ဖြစ်သော ခန္ဓာကိုယ်ကို စွဲ၍ ဖြစ်သော အာကာသဓာတ်သည်) ရေးခြစ်၍ မရအပ်, မထိ အပ်သော သဘော (ကောင်းကင်) ဖြစ်၏ ‘အာကာသ’၊ ရေးခြစ်၍ မရအပ်, မတွေ့ထိအပ်သော (ကောင်းကင်) သဘောသို့ ရောက်၏ (အာကာသဂတ)၊ ထိခိုက်၍မရသော (တွေ့ထိ၍မရသော) သဘောရှိ၏ ‘အဃ’၊ ထိခိုက်၍မရသော သဘောအဖြစ်သို့ ရောက်၏ ‘အဃဂတ’၊ ဟင်းလင်းပေါက်ဖြစ်၏ ‘ဝိဝရ’၊ ဟင်းလင်းပေါက်အဖြစ်သို့ရောက်၏ ‘ဝိဝရဂတ’၊ အသား အသွေးတို့နှင့် တွေ့ထိ၍ မရသောသဘော (ဟင်းလင်းပြင်) ဖြစ်၏ ‘အသမ ္ဖုဋ္ဌမံသလောဟိတ’၊ အတွင်းသန္တာန်၌ ဖြစ်၏ ‘အဇ္ဈတ္တ’၊ ခန္ဓာကိုယ်ကိုစွဲ၍ ဖြစ်၏ ‘ဥပါဒိဏ္ဏ’။ ဤအဇ္ဈတ္တအာကာသဓာတ်ဟူသည် အဘယ်အရာတို့နည်း။ နားပေါက် ‘ကဏ္ဏစ္ဆိဒ္ဒ’၊ နှာခေါင်းပေါက် ‘နာသစ္ဆိဒ္ဒ’၊ ခံတွင်းပေါက် ‘မုခဒွါရ’၊ အကြင်ခံတွင်းပေါက်ဖြင့် လည်း စားအပ်သောအစာ, သောက်အပ်သောအစာ, ခဲအပ်သောအစာ, လျက်အပ်သောအစာကို မျို၏ (မျိုသွင်းသော လည်ပင်းပေါက်)၊ အကြင်အရပ်၌လည်း စားအပ်သောအစာ, သောက်အပ်သောအစာ, ခဲအပ်သောအစာ, လျက်အပ်သောအစာသည် တည်၏ (ဝမ်းခေါင်းပေါက် အစာအိမ်)၊ အကြင် ဒွါရပေါက်ဖြင့် လည်း စားအပ်သော အစာ, သောက်အပ်သောအစာ, ခဲအပ်သောအစာ, လျက်အပ်သောအစာသည် အောက် အဖို့သို့ ထွက်၏ (ကျင်ကြီးကျင်ငယ် ထွက်ရာအပေါက်များ)။ (ဤဆိုခဲ့ပြီးသော အဇ္ဈတ္တအာကာသဓာတ်တို့မှ) တစ်ပါးလည်းဖြစ်သော အကြင် အဇ္ဈတ္တအာကာသဓာတ်သည် ရှိသေး၏၊ အတွင်းသန္တာန်၌ဖြစ်၏ ‘အဇ္ဈတ္တံ’၊ ကိုယ်ကိုစွဲ၍ဖြစ်၏ ‘ပစ္စတ္တံ’၊ ရေးခြစ်၍ မရအပ်သော သဘော (ကောင်းကင်ပြင်) ဖြစ်၏ ‘အာကာသ’၊ ရေးခြစ်၍မရအပ်သော သဘောသို့ ရောက်၏ ‘အာကာသဂတ’၊ ထိခိုက်၍ မရသောသဘော (တွေ့ထိ၍မရသောသဘော) ဖြစ်၏ ‘အဃ’၊ ထိခိုက်၍ မရသောသဘောအဖြစ်သို့ ရောက်၏ ‘အဃဂတ’၊ ဟင်းလင်းပေါက်ဖြစ်၏ ‘ဝိဝရ’၊ ဟင်းလင်း ပေါက်အဖြစ်သို့ရောက်၏ ‘ဝိဝရဂတ’၊ အသားအသွေးတို့နှင့် တွေ့ထိ၍မရသော သဘော (ဟင်းလင်းပြင်) ဖြစ်၏ ‘မံသလောဟိတအသမ ္ဖုဋ္ဌ’၊ အတွင်းသန္တာန်၌ ဖြစ်၏ ‘အဇ္ဈတ္တံ’၊ ခန္ဓာကိုယ်ကိုစွဲ၍ ဖြစ်၏ ‘ဥပါဒိဏ္ဏ’။ ဤဆိုခဲ့ပြီးသော သဘောကို အတွင်းသန္တာန်၌ဖြစ်သော ‘အဇ္ဈတ္တအာကာသဓာတ်’ဟု ဆိုအပ်၏။

--

(ခ) ဗာဟိရ အာကာသဓာတ်

ထိုအာကာသဓာတ် ၂-ပါးတို့တွင် အဘယ်သည် အပသန္တာန်၌ ဖြစ်သော ‘ဗာဟိရအာကာသဓာတ်’ မည်သနည်း။

အကြင်အာကာသဓာတ်သည် အပသန္တာန်၌ဖြစ်၏ ‘ဗာဟိရ’၊ ရေးခြစ်၍ မရအပ်သောသဘော (ကောင်းကင်ပြင်) ဖြစ်၏ ‘အာကာသ’၊ ရေးခြစ်၍ မရအပ်သော သဘောသို့ ရောက်၏ ‘အာကာသဂတ’၊ ထိခိုက်၍ မရသော (တွေ့ထိ၍မရသော) သဘောဖြစ်၏ ‘အဃ’၊ ထိခိုက်၍မရသော သဘောအဖြစ်သို့ ရောက်၏ ‘အဃဂတ’၊ ဟင်းလင်း ပေါက်ဖြစ်၏ ‘ဝိဝရ’၊ ဟင်းလင်းပေါက်အဖြစ်သို့ ရောက်၏ ‘ဝိဝရဂတ’၊ မဟာဘုတ်လေပါးတို့နှင့် တွေ့ထိ၍ မရသော သဘောဖြစ်၏ ‘စတုမဟာဘူတအသမ ္ဖုဋ္ဌ’၊ အပသန္တာန်၌ ဖြစ်၏ ‘ဗဟိဒ္ဓ’၊ ခန္ဓာကိုယ်ကိုစွဲ၍ မဖြစ် ‘အနုပါဒိဏ္ဏ’။ ဤဆိုခဲ့ပြီးသော သဘောကို အပသန္တာန်၌ဖြစ်သော ‘ဗာဟိရ အာကာသဓာတ်’ဟု ဆိုအပ်၏။ အကြင် အတွင်းသန္တာန်၌ဖြစ်သော ‘အဇ္ဈတ္တအာကာသဓာတ်'သည်လည်းကောင်း, အကြင် အပသန္တာန်၌ ဖြစ်သော ‘ဗာဟိရအာကာသဓာတ်'သည်လည်းကောင်း ရှိ၏၊ ထိုအာကာသဓာတ်ကို တစ်ပေါင်းတည်း ပြု၍ရုံးစု၍ အကျဉ်းချုံး၍ ပြသော ဤဆိုခဲ့ပြီးသော သဘောကို အာကာသဓာတ်ဟု ဆိုအပ်၏။

--

၆-ဝိညာဏဓာတ်

ဝိညာဏဓာတ် ၆-ပါး

၁၇၈။ ထိုဓာတ် ၆-ပါးတို့တွင် အဘယ်သည် သိမှုသဘော ‘ဝိညာဏဓာတ်’ မည်သနည်း။

မြင်သိစိတ်သဘာဝ ‘စက္ခုဝိညာဏဓာတ်’၊ ကြားသိစိတ်သဘာဝ ‘သောတဝိညာဏဓာတ်’၊ နံသိစိတ် သဘာဝ ‘ဃာနဝိညာဏဓာတ်’၊ လျက်သိစိတ်သဘာဝ ‘ဇိဝှါဝိညာဏဓာတ်’၊ ထိသိစိတ်သဘာဝ ‘ကာယ ဝိညာဏဓာတ်’၊ ကြံသိစိတ်သဘာဝ ‘မနောဝိညာဏဓာတ်’၊ (ဤသည်တို့တည်း)။ ဤဆိုခဲ့ပြီးသောသဘောကို သိမှုသဘော ‘ဝိညာဏဓာတ်’ဟု ဆိုအပ်၏။ ဤသည်တို့ကား ဓာတ်ခြောက်ပါးတို့တည်း။

တစ်နည်း ဓာတ် ၆-ပါး

၁၇၉။ ထိုမှတစ်ပါးလည်း (တစ်နည်းအားဖြင့်ဆိုသော်) ဓာတ်ခြောက်ပါးတို့ကား

ချမ်းသာမှုသဘော ‘သုခဓာတ်’၊

ဆင်းရဲမှုသဘော ‘ဒုက္ခဓာတ်’၊

ဝမ်းမြောက်မှုသဘော ‘သောမနဿဓာတ်’၊

နှလုံးမသာမှု သဘော ‘ဒေါမနဿဓာတ်’၊

လျစ်လျူရှုမှု (အလယ်အလတ်ခံစားမှု) သဘော ‘ဥပေက္ခာဓာတ်’၊

အမှန်ကို မသိမှုသဘော ‘အဝိဇ္ဇာဓာတ်'တို့တည်း။

(၁) သုခဓာတ်

၁၈၀။ ထိုဓာတ်ခြောက်ပါးတို့တွင် အဘယ်သည် ချမ်းသာမှုသဘော ‘သုခဓာတ်’မည် သနည်း။

အကြင် ကိုယ်၌ ဖြစ်သော သာယာမှူ ‘ကာယိကသာတ’၊ ကိုယ်၌ ဖြစ်သော ချမ်းသာမှု ‘ကာယိက သုခ’၊ ကိုယ်၌တွေ့ထိမှုကြောင့်ဖြစ်သော သာယာမှု ‘ကာယသမ္ဖဿဇာသာတ’၊ ကိုယ်၌တွေ့ထိမှုကြောင့် ဖြစ်သော ချမ်းသာ ခံစားမှု ‘ကာယသမ္ဖဿဇာသုခဝေဒနာ'သည် ရှိ၏။ ကိုယ်၌တွေ့ထိမှုကြောင့်ဖြစ်သော သာယာခြင်း ‘ကာယသမ္ဖဿဇာသာတ’၊ ကိုယ်၌တွေ့ထိမှုကြောင့်ဖြစ်သော ချမ်းသာသော ခံစားခြင်း ‘ကာယသမ္ဖဿဇာ သုခဝေဒနာ'သည် ရှိ၏။ ဤဆိုခဲ့ပြီးသော သဘောကို ချမ်းသာမှုသဘော ‘သုခဓာတ်’ဟု ဆိုအပ်၏။ (ဏီ၊ ပဒ-၄၄၅)

(၂) ဒုက္ခဓာတ်

ထိုဓာတ် ၆-ပါးတို့တွင် အဘယ်သည် ဆင်းရဲမှုသဘော ‘ဒုက္ခဓာတ်’ မည်သနည်း။

အကြင်ကိုယ်၌ဖြစ်သော မသာယာမှု ‘ကာယိက အသာတ’၊ ကိုယ်၌ဖြစ်သော ဆင်းရဲမှု ‘ကာယိက ဒုက္ခ’၊ ကိုယ်၌ တွေ့ထိမှုကြောင့်ဖြစ်သော မသာယာမှု ‘ကာယသမ္ဖဿဇာ အသာတ’၊ ကိုယ်၌ တွေ့ထိမှု ကြောင့် ဖြစ်သော ဆင်းရဲခံစားမှု ‘ကာယသမ္ဖဿဇာ ဒုက္ခဝေဒနာ'သည် ရှိ၏။ ကိုယ်၌ တွေ့ထိမှု ကြောင့်ဖြစ်သော မသာယာခြင်း ‘ကာယသမ္ဖဿဇာ အသာတ’၊ ကိုယ်၌တွေ့ထိမှုကြောင့်ဖြစ်သော ဆင်းရဲ ခံစားခြင်း ‘ကာယသမ္ဖဿဇာ ဒုက္ခဝေဒနာ'သည် ရှိ၏။ ဤဆိုခဲ့ပြီးသော သဘောကို ဆင်းရဲမှုသဘော ‘ဒုက္ခဓာတ်’ဟု ဆိုအပ်၏။ (ဏီ၊ ပဒ-၅၅၉)

(၃) သောမနဿဓာတ်

ထိုဓာတ် ၆-ပါးတို့တွင် အဘယ်သည် ဝမ်းမြောက်မှု (စိတ်ချမ်းသာမှု, စိတ်နှလုးံသာယာမှု) သဘော ‘သောမနဿဓာတ်’ မည်သနည်း။

အကြင် စိတ်၌ဖြစ်သော သာယာမှု ‘စေတသိက သာတ’၊ စိတ်၌ဖြစ်သော ချမ်းသာမှု ‘စေတသိက သုခ’၊ စိတ်၌ တွေ့ထိမှုကြောင့်ဖြစ်သော သာယာမှု ‘စေတောသမ္ဖဿဇာ သာတ’၊ စိတ်၌ တွေ့ထိမှုကြောင့် ဖြစ်သော ချမ်းသာခံစားမှု ‘စေတောသမ္ဖဿဇာ သုခဝေဒနာ'သည် ရှိ၏။ စိတ်၌ တွေ့ထိမှုကြောင့် ဖြစ်သော သာယာခြင်း ‘စေတောသမ္ဖဿဇာ သာတ’၊ စိတ်၌တွေ့ထိမှုကြောင့်ဖြစ်သော ချမ်းသာခံစားခြင်း ‘စေတော သမ္ဖဿဇာ သုခဝေဒနာ'သည် ရှိ၏။ ဤဆိုခဲ့ပြီးသော သဘောကို ဝမ်းမြောက်မှု (စိတ်ချမ်းသာမှု, စိတ်နှလုံးသာယာမှု) သဘော ‘သောမနဿဓာတ်’ဟု ဆိုအပ်၏။

--

(၄) ဒေါမနဿဓာတ်

ထိုဓာတ် ၆-ပါးတို့တွင် အဘယ်သည် နှလုံးမသာယာမှု (စိတ်မချမ်းသာမှု) သဘော ‘ဒေါမနဿဓာတ်’ မည်သနည်း။

အကြင်စိတ်၌ဖြစ်သော (စိတ်၌မှီ၍ဖြစ်သော) မသာယာမှု ‘စေတသိက အသာတ’၊ စိတ်၌ဖြစ်သော ဆင်းရဲမှု ‘စေတသိကဒုက္ခ’၊ စိတ်၌ တွေ့ထိမှုကြောင့်ဖြစ်သော မသာယာမှု ‘စေတောသမ္ဖဿဇာ အသာတ’၊ စိတ်၌ တွေ့ထိမှုကြောင့်ဖြစ်သော ဆင်းရဲခံစားမှု ‘စေတောသမ္ဖဿဇာ ဒုက္ခဝေဒနာ'သည် ရှိ၏။ စိတ်၌ တွေ့ထိမှုကြောင့်ဖြစ်သော မသာယာမှု ‘စေတောသမ္ဖဿဇာ အသာတ’၊ စိတ်၌တွေ့ထိမှုကြောင့်ဖြစ်သော ဆင်းရဲခံစားခြင်း ‘စေတောသမ္ပဿဇာ ဒုက္ခဝေဒနာ'သည် ရှိ၏။ ဤဆိုခဲ့ပြီးသောသဘောကို စိတ်နှလုံးမသာယာမှုသဘော ‘ဒေါမနဿဓာတ်’ဟု ဆိုအပ်၏။ (ဏီ၊ ပဒ-၄၁၅၊ ၄၁၇)

(၅) ဥပေက္ခာဓာတ်

ထိုဓာတ် ၆-ပါးတို့တွင် အဘယ်သည် လျစ်လျူရှုမှု (အလယ်အလတ်ခံစားမှု) သဘော ‘ဥပေက္ခာဓာတ်’ မည်သနည်း။

အကြင်စိတ်၌ဖြစ်သော သာယာခြင်းလည်းမဟုတ် မသာယာခြင်းလည်း မဟုတ်သောခံစားမှု ‘စေတသိကနေဝသာတနာသာတ’၊ စိတ်၌တွေ့ထိမှုကြောင့်ဖြစ်သော (စိတ်နှင့်ယှဉ်သော အတွေ့ကြောင့် ဖြစ်သော) ဆင်းရဲလည်း မဟုတ် ချမ်းသာလည်း မဟုတ်သော ခံစားမှု ‘အဒုက္ခမသုခဝေဒနာ’၊ စိတ်၌ တွေ့ထိမှုကြောင့်ဖြစ်သော ဆင်းရဲလည်းမဟုတ် ချမ်းသာလည်း မဟုတ်သော ခံစားမှု ‘အဒုက္ခမသုခ ဝေဒနာ'သည် ရှိ၏။ ဤဆိုခဲ့ပြီးသောသဘောကို လျစ်လျူရှုမှုသဘော ‘ဥပေက္ခာဓာတ်’ဟု ဆိုအပ်၏။ (ဏီ၊ ပဒ-၄၃၃)

--

(၆) အဝိဇ္ဇာဓာတ်

ထိုဓာတ် ၆-ပါးတို့တွင် အဘယ်သည် (အမှန်ကို) မသိမှုသဘော ‘အဝိဇ္ဇာဓာတ်’ မည်သနည်း။

အကြင်မသိခြင်းသဘော ‘အညာဏ’၊ (အမှန်တရားကို) မမြင်ခြင်းသဘော ‘အဒဿန’၊ (ရှေ့ရှု တွေ့မြင်ရောက်ရှိနေသည့် အမှန်တရားကိုပင်) ထိုးထွင်း၍ မသိတတ်သော သဘော ‘အနဘိသမယ’၊ (အမှန်တရားအား) လျော်စွာ မသိတတ်သောသဘော ‘အနနုဗောဓ’၊ (အနိစ္စစသည်ဖြင့်) မသိတတ်သော သဘော (မှားယွင်းစွာ သိတတ်သောသဘော) ‘အသမ္ဗောဓ’၊ (သစ္စာလေးပါးအမှန်တရားကို) ထိုးထွင်း၍ မသိခြင်းသဘော ‘အပ္ပဋိဝေဓ’၊ (အနိစ္စစသည်ဖြင့်) မယူတတ်သောသဘော ‘အသံဂါဟဏ’၊ (အမှန် တရားကို) သက်ဝင်၍ မယူတတ်သောသဘော (အနိစ္စစသည်ဖြင့် သက်ဝင်၍ မထင်မြင်နိုင်သော သဘော) ‘အပရိယောဂါဟန’၊ ညီညီညွတ်ညွတ်မရှုတတ်သော (အနိစ္စစသည်ကို နိစ္စစသည်ဟု မညီမညွတ်ရှုတတ် သော) သဘော ‘အသမပေက္ခန’၊ (အမှန်သဘောကို သုံးသပ်၍ မရှုတတ်) မဆင်ခြင်တတ်သော သဘော ‘အပစ္စဝေက္ခဏ'၁၊ (အမှန်တရားကို) မျက်မှောက်မပြုတတ်သော သဘော (အကောင်းအဆိုးကို မဝေခွဲတတ် သောသဘော) ‘အပစ္စက္ခကမ္မ’၊ (စိတ်၏) ဖြူစင်သန့်ရှင်းမှုကို ဖျက်ဆီးကြောင်း သဘော ‘ဒုမ္မေဇ္ဈ’၊ လူမိုက်ဖြစ်ကြောင်းသဘော ‘ဗာလျ’၊ ကောင်းစွာအပြားအားဖြင့် (ခွဲခွဲခြားခြား) မသိတတ်သော သဘော ‘အသမ္ပဇည’၊ (အမှန်တရား၌) တွေဝေခြင်းသဘော ‘မောဟ’၊ ပြင်းစွာ တွေဝေခြင်းသဘော ‘ပမောဟ’၊ ထက်ဝန်းကျင် (တရားအားလုံး၌) တွေဝေခြင်းသဘော ‘သမ္မောဟ’၊ သိအပ်သည်ကို မသိခြင်း (သစ္စာ လေးပါးကို မသိခြင်း) သဘော ‘အဝိဇ္ဇာ’၊ (ဝဋ်ဆင်းရဲ၌) နစ်မြုပ်စေတတ်သော မသိမှုသဘော ‘အဝိဇ္ဇောဃ'၂၊ (ဝဋ်ဆင်းရဲ၌) တွယ်ကပ်ပူးယှဉ်စေတတ်သော မသိမှုသဘော ‘အဝိဇ္ဇာယောဂ’၊ အစဉ် ကိန်းဝပ်တတ်သော မသိမှုသဘော ‘အဝိဇ္ဇာနုသယ’၊ မသိမှု ‘အဝိဇ္ဇာ’တို့ ထကြွသောင်းကျန်း နှိပ်စက်ခြင်း သဘော ‘အဝိဇ္ဇာပရိယုဋ္ဌာန’၊ (စီးပွါးချမ်းသာသို့ မရောက်နိုင်အောင် ပိတ်ပင်တတ်သဖြင့်) တံခါးကျည် (မင်းတုတ်) နှင့် တူသော မသိမှုသဘော ‘အဝိဇ္ဇာလင်္ဂီ’၊ အကုသိုလ်တို့၏ အခြေအမြစ်ဖြစ်သော တွေဝေမှု ‘မောဟအကုသလမှုလ'သည် (ရှိ၏)။ ဤဆိုခဲ့ပြီးသော သဘောကို (အမှန်ကို) မသိမှုသဘော ‘အဝိဇ္ဇာဓာတ်’ဟု ဆိုအပ်၏။ ဤသည်တို့ကား ဓာတ်ခြောက်ပါးတို့တည်း။

၁။ ပစ္စဝေက္ခဏ= (ပတိ+အဝ+ဣက္ခဏ) (ပတိ= တစ်ဖန်, စွဲ၍, ရှေ့ရှု။ အဝ= သက်ဝင်၍။ ဣက္ခဏ= ရှုခြင်း)။

၂။ ဩဃ= (ဩ= ဖိ၍။ ဃ= သတ်ခြင်း) နစ်မြုပ်စေသည်။

--

တစ်နည်း ဓာတ်-၆-ပါး

၁၈၁။ ထိုမှတစ်ပါးလည်း (တစ်နည်းအားဖြင့်ဆိုသော်) ဓာတ်ခြောက်ပါးတို့ကား

(၁) ကာမဂုဏ် ငါးပါးတို့၌ လိုချင်တပ်မက်မှုသဘော ‘ကာမဓာတ်’၊

(၂) ပျက်စီးစေလိုမှုသဘော ‘ဗျာပါဒဓာတ်’၊

(၃) နှိပ်စက် ညှဉ်းဆဲလိုမှုသဘော ‘ဝိဟိံသဓာတ်’၊

(၄) ကာမဂုဏ်ငါးပါးတို့မှ ထွက်မြောက်လိုမှုသဘော ‘နေက္ခမ္မဓာတ်’၊

(၅) မပျက်စီးစေလိုမှုသဘော ‘အဗျာပါဒဓာတ်’ (မေတ္တာ)၊

(၆) မနှိပ်စက် မညှင်းဆဲလိုမှု သဘော ‘အဝိဟိံသဓာတ်’ (ကရုဏာ) တို့တည်း။၁

၁။ အကုသလဝိတက် ၃-ပါး (မိစ္ဆာသင်္ကပ္ပ) နှင့် ကုသလဝိတက် ၃-ပါး (သမ္မာသင်္ကပ္ပ) ပင် ဖြစ်သည်။ အကုသလဝိတက် ၃-ပါး = (၁) ကာမဓာတ်= ကာမဝိတက်၊ (၂) ဗျာပါဒဓာတ်= ဗျာပါဒဝိတက်၊ (၃) ဝိဟိံသဓာတ်= ဝိဟိံသဝိတက်။ ကုသလ ဝိတက်၃-ပါး= (၄) နေက္ခမ္မဓာတ်= နေက္ခမ္မဝိတက်၊ (၅) အဗျာပါဒဓာတ်= အဗျာပါဒဝိတက်၊ (၆) အဝိဟိံသဓာတ်= အဝိဟိံသ ဝိတက်။

(၁) ကာမဓာတ်

၁၈၂။ ထိုဓာတ်ခြောက်ပါးတို့တွင် အဘယ်သည် ကာမဂုဏ်ငါးပါးတို့၌ လိုချင်မှု သဘော ‘ကာမဓာတ်’ မည်သနည်း။

ကာမဂုဏ်ငါးပါးတို့နှင့်စပ်သော ကြံစည်မှု ‘တက္က’၊ အထူးကြံစည်မှု ‘ဝိတက္က’၊ ပြင်းစွာကြံစည်မှု ‘သင်္ကပ္ပ’၊ အာရုံသို့ မြဲမြံစွာ ရောက်စေမှု ‘အပ္ပနာ’၊ အာရုံသို့ မြဲမြံစွာ အထူးရောက်စေမှု ‘ဗျပ္ပနာ’၊ စိတ်ကို အာရုံသို့ ရှေးရှုတင်ပေးမှု ‘စေတသောအဘိနိရောပနာ’၊ မှားယွင်းစွာကြံစည်မှု ‘မိစ္ဆာသင်္ကပ္ပ'သည် ရှိ၏၊ ဤဆိုခဲ့ပြီးသော သဘောကို ကာမဂုဏ်ငါးပါးတို့၌ လိုချင်မှုသဘော ‘ကာမဓာတ်’ (ကာမဝိတက်)ဟု ဆိုအပ်၏။ အောက်အဖို့အားဖြင့် အဝီစိငရဲကို ပိုင်းခြားအဆုံးပြုထား၍ (အဝီစိငရဲကိုအောက်ဆုံးထား၍) အထက်အဖို့အားဖြင့် ပရနိမ္မိတဝသဝတ္တိနတ်ပြည်ကို အတွင်းပြု၍ (ပရနိမ္မိတဝသဝတ္တိနတ်ပြည်ကို အထက်ဆုံးထား၍) ဤ (အောက်ဆုံး အထက်ဆုံး ဘုံ ၂ခုနှင့်တကွ ယင်းဘုံ ၂-ခု) အတွင်းဘုံတို့၌ ကျင်လည် သက်ဝင်၍ ဖြစ်တတ်သော, ဤဘုံတို့၌ အကျုံးဝင်သော အကြင်ခန္ဓာ, အာယတန, ဓာတ် သည် ရှိ၏၊ ရုပ်၊ ခံစားမှု ‘ဝေဒနာ’၊ မှတ်သားမှု ‘သညာ’၊ ပြုပြင်မှု ‘သင်္ခါရ’၊ အထူးသိမှု (စိတ်) ‘ဝိညာဏ်'သည် ရှိ၏။ ဤဆိုခဲ့ပြီးသော တရားတို့ကို ကာမဓာတ်ဟု ဆိုအပ်၏ (ကာမ ၁၁-ဘုံ၌ ကျင်လည်သက်ဝင်သော ခန္ဓာ ၅-ပါး, အာယတန, ဓာတ်အားလုံးသည် ကာမဓာတ် ဖြစ်သည်)။ (ဏီ၊ ပဒ-၁၂၈၇)

--

(၂) ဗျာပါဒဓာတ်

ထိုဓာတ်ခြောက်ပါးတို့တွင် အဘယ်သည် ပျက်စီးစေလိုမှုသဘော ‘ဗျာပါဒဓာတ်’ မည်သနည်း။

ပျက်စီးစေလိုမှုနှင့်စပ်သော ကြံစည်မှု ‘တက္က’၊ အထူးကြံစည်မှု ‘ဝိတက္က’။ပ။ မှားယွင်းစွာ ကြံစည်မှု ‘မိစ္ဆာသင်္ကပ္ပ'သည် ရှိ၏၊ ဤဆိုခဲ့ပြီးသော သဘောကို ပျက်စီးစေလိုမှုသဘော ‘ဗျာပါဒဓာတ်’ (ဗျာပါဒဝိတတ်)ဟု ဆိုအပ်၏။ တစ်နည်းကား (တစ်နည်းအားဖြင့်ဆိုသော်) ရန်ငြိုးဖွဲ့ခြင်းအကြောင်း (ဒေါသဖြစ်ကြောင်း)၁ ဆယ်ပါးတို့ကြောင့် စိတ်၏ ရန်ငြိုးဖွဲ့မှု (အမျက်ထွက်မှု, စိတ်ကို ပျက်စီးစေမှု, ညှင်းဆဲမှု) ‘အာဃာတ’၊ လွန်စွာ ရန်ငြိုးဖွဲ့မှု ‘ပဋိဃာတ’၊ (အာရုံ၌) ထိပါးမှု (မုန်းထားမှု) ‘ပဋိဃ’၊ လွန်စွာဆန့်ကျင်မှု ‘ပဋိဝိရောဓ’၊ စိတ်ဆိုးခြင်း (အမျက်ထွက်ခြင်း) ‘ကောပ’၊ လွန်စွာစိတ်ဆိုးခြင်း (လွန်စွာအမျက်ထွက်ခြင်း) ‘ပကောပ’၊ အလွန်ပြင်းစွာ စိတ်ဆိုးခြင်း (အလွန်ပြင်းစွာ အမျက်ထွက်ခြင်း) ‘သမ္ပကောပ’၊ ဖျက်ဆီး ပြစ်မှားခြင်း ‘ဒေါသ’၊ လွန်စွာဖျက်ဆီးပြစ်မှားခြင်း ‘ပဒေါသ’၊ အလွန်ပြင်းစွာ ဖျက်ဆီးပြစ်မှားခြင်း ‘သမ္ပဒေါသ’၊ စိတ်၏ ဖောက်ပြန်ခြင်း ‘စိတ္တဿဗျာပတ္တိ’၊ စိတ်၏ ပျက်စီးခြင်းသဘော ‘မနောပဒေါသ’၊ အမျက်ထွက်ခြင်း ‘ကောဓ’၊ အမျက်ထွက်ပုံအခြင်းအရာ ‘ကုဇ္ဈနာ’၊ အမျက်ထွက်တတ်သူ၏ အဖြစ် ‘ကုဇ္ဈိတတ္တ’၊ ဖျက်ဆီး ပြစ်မှားခြင်းသဘော ‘ဒေါသ’၊ ဖျက်ဆီးပြစ်မှားပုံအခြင်းအရာ ‘ဒုဿနာ’၊ ဖျက်ဆီးပြစ်မှားတတ်သူ၏ အဖြစ် ‘ဒုဿိတတ္တ’၊ ဖောက်ပြန်ပျက်စီးခြင်းသဘော ‘ဗျာပတ္တိ'၂၊ ဖောက်ပြန်ပျက်စီးပုံ အခြင်းအရာ ‘ဗျာပဇ္ဇနာ’၊ ဖောက်ပြန်ပျက်စီးတတ်သူ၏အဖြစ် ‘ဗျာပဇ္ဇိတတ္တ'၃၊ ဆန့်ကျင်မှု ‘ဝိရောဓ’၊ လွန်စွာဆန့်ကျင်မှု ‘ပဋိဝိရောဓ’၊ ကြမ်းတမ်းသူ၏အဖြစ် (ကြမ်းတမ်းမှု) ‘စဏ္ဍိက္က’၊ ကောင်းမွန်ပြည့်စုံစွာ မပြောဆိုနိုင်ခြင်း (မကောင်းသဖြင့် ပြောဆိုခြင်း) ‘အသုရောပ’၊ စိတ်၏ မိမိပကတိစိတ် မဟုတ်သည်၏အဖြစ် (စိတ်တိုင်း မကျသည်၏အဖြစ်, ဝမ်းမြောက်ခြင်း မရှိသည်၏ အဖြစ်) ‘အနတ္တမနတာ စိတ္တဿ'သည် (ရှိ၏)။ ရန်ငြိုးဖွဲ့ကြောင်း= ဒေါသဖြစ်ကြောင်း ၁၀-ပါး ဤဆိုခဲ့ပြီးသော သဘောကို ပျက်စီးစေလိုမှုသဘော ‘ဗျာပါဒဓာတ်’ဟု ဆိုအပ်၏ (ဒေါသ)။ (ဏီ၊ ပဒ-၁၂၃၇)

--

(၃) ဝိဟိံသဓာတ်

ထိုဓာတ်ခြောက်ပါးတို့တွင် အဘယ်သည် နှိပ်စက်ညှဉ်းဆဲမှုသဘော ‘ဝိဟိံသဓာတ်’ မည်သနည်း။

ညှဉ်းဆဲခြင်းနှင့် စပ်သော ကြံစည်မှု ‘တက္က’၊ အထူးကြံစည်မှု ‘ဝိတက္က’။ပ။ မှားယွင်းစွာ ကြံစည်မှု ‘မိစ္ဆာသင်္ကပ္ပ'သည် ရှိ၏။ ဤဆိုခဲ့ပြီးသော သဘောကို နှိပ်စက်ညှဉ်းဆဲမှုသဘော ‘ဝိဟိံသဓာတ်’ (ဝိဟိံသဝိတက်)ဟု ဆိုအပ်၏။ ဤလောက၌ အချို့သူသည် လက်ဖြင့်လည်းကောင်း, ခဲဖြင့်လည်းကောင်း, တုတ်ဖြင့်လည်းကောင်း, (ဓားလှံစသော) လက်နက်ဖြင့်လည်းကောင်း, ကြိုးဖြင့်လည်းကောင်း တစ်ခုခုဖြင့် သတ္တဝါတို့ကို ညှဉ်းဆဲ၏၊ ဤသို့ သဘောရှိသော အကြင်နှိပ်စက်မှု ‘ဟေဌနာ’၊ လွန်စွာနှိပ်စက်မှု ‘ဝိဟေဌနာ’၊ ညှဉ်းဆဲမှု ‘ဟိံသနာ’၊ အထူးညှင်းဆဲမှု ‘ဝိဟိံသနာ’၊ ခြုတ်ခြယ်မှု ‘ရောသနာ’၊ လွန်စွာခြုတ်ခြယ်မှု ‘ဝိရောသနာ’၊ သူတစ်ပါး တို့ကို ညှဉ်းဆဲသတ်ဖြတ်မှု ‘ပရူပဃာတ'သည် ရှိ၏။ ဤဆိုခဲ့ပြီးသော သဘောကို နှိပ်စက်ညှဉ်းဆဲမှု သဘော ‘ဝိဟိံသဓာတ်’ (ဝိဟိံသဝိတက်)ဟု ဆိုအပ်၏။

၁။ (၁) ငါ့ကို အကျိုးမဲ့ဖြစ်အောင် မကြီးပွားအောင် သူပြုကျင့်ခဲ့ပြီဟု ရန်ငြိုးဖွဲ့ခြင်း, ဒေါသဖြစ်ခြင်း၊ (၂) ငါ့ကို အကျိုးမဲ့ ဖြစ်အောင် မကြီးပွါးအောင် သူပြုကျင့်နေဆဲ-ဟု ရန်ငြိုးဖွဲ့ခြင်း, ဒေါသဖြစ်ခြင်း၊ (၃) ငါ့ကို အကျိုးမဲ့ဖြစ်အောင် မကြီးပွါးအောင် သူပြုကျင့်လတ္တံဟု ရန်ငြိုးဖွဲ့ခြင်း, ဒေါသဖြစ်ခြင်း၊ (၄) ငါချစ်ခင်သောသူကို အကျိုးမဲ့ဖြစ်အောင် မကြီးပွါးအောင် သူပြုကျင့်ခဲ့ပြီဟု ရန်ငြိုးဖွဲ့ခြင်း, ဒေါသဖြစ်ခြင်း၊ (၅) ငါချစ်ခင်သောသူကို အကျိုးမဲ့ဖြစ်အောင် မကြီးပွါးအောင် သူပြုကျင့်နေဆဲ-ဟု ရန်ငြိုးဖွဲ့ခြင်း, ဒေါသဖြစ်ခြင်း၊ (၆) ငါချစ်ခင်သောသူကို အကျိုးမဲ့ဖြစ်အောင် မကြီးပွါးအောင် သူပြုကျင့်လတ္တံ-ဟု ရန်ငြိုးဖွဲ့ခြင်း, ဒေါသဖြစ်ခြင်း၊ (၇) ငါ့မုန်းသောသူကို အကျိုးရှိအောင် ကြီးပွားအောင် သူပြုကျင့်ခဲ့ပြီဟု ရန်ငြိုးဖွဲ့ခြင်း, ဒေါသဖြစ်ခြင်း၊ (၈) ငါ့မုန်းသောသူကို အကျိုးရှိအောင် ကြီးပွါးအောင် သူပြုကျင့်နေဆဲ-ဟု ရန်ငြိုးဖွဲ့ခြင်း, ဒေါသဖြစ်ခြင်း၊ (၉) ငါ့မုန်းသောသူကို အကျိုးရှိအောင် ကြီးပွါးအောင် သူပြုကျင့်လတ္တံ-ဟု ရန်ငြိုးဖွဲ့ခြင်း, ဒေါသဖြစ်ခြင်း၊ (၁၀) မိုးအလွန်ရွာလျှင် မိုးကလဲရွာလိုက်တာ စသည့်ဖြင့် အကြောင်းအရာ မဟုတ်သည်၌ စိတ်ဆိုးအမျက်ထွက်ခြင်း၊ အဘိ-၁၊ နှာ-၂၁၆။ အဘိ-၂၊ နှာ-၄၀၅။ အဘိ၊ ဋ္ဌ၊ ၁၊ နှာ-၃၉၉။ အာဃာတ ဝတ္တုဆယ်ပါး (ဏီ၊ ပဒ-၁၂၃၇၊ နှာ၂၄၄)

၂။ ဗျာပတ္တိ= (ဝိ= ဖောက်ပြန်ခြင်း။ အာပတ္တိ= ရောက်ခြင်း) ဖောက်ပြန်ခြင်းသို့ရောက်ခြင်း။

၃။ “ဗျာပဇ္ဇိတတ္တ'ပုဒ်မှာ ဤကျမ်း၌ ကျကျန်နေခဲ့သည်၊ ဓမ္မသင်္ဂဏီ နှာ-၂၁၆ ၌ ပါရှိသဖြင့် ထည့်သွင်း ပြန်ဆိုလိုက်သည်။

(၄) နေက္ခမ္မဓာတ်

ထိုဓာတ်ခြောက်ပါးတို့တွင် အဘယ်သည် ကာမဂုဏ်ငါးပါးတို့မှ ထွက်မြောက်လိုမှုသဘော ‘နေက္ခမ္မဓာတ်’ မည်သနည်း။

ကာမဂုဏ်ငါးပါးတို့မှ ထွက်မြောက်လိုမှုနှင့် စပ်သော ကြံစည်မှု ‘တက္က’၊ အထူးကြံစည်မှု ‘ဝိတက္က’။ပ။ ကောင်းစွာ ကြံစည်မှု ‘သမ္မာသင်္ကပ္ပ'သည် ရှိ၏။ ဤဆိုခဲ့ပြီးသော သဘောကို ကာမဂုဏ်ငါးပါးတို့မှ ထွက်မြောက်လိုမှုသဘော ‘နေက္ခမ္မဓာတ်’ (နေက္ခမ္မဝိတက်)ဟု ဆိုအပ်၏။ (တစ်နည်းကား-တစ်နည်းဆိုသော်) အပြစ်မရှိမူ၍ ကောင်းကျိုးကို ပေးတတ်သော ‘ကုသလဓမ္မ'ကုသိုလ်တရား အလုံးစုံတို့သည်လည်း ကာမဂုဏ်ငါးပါးတို့မှ ထွက်မြောက်လိုမှုသဘော ‘နေက္ခမ္မဓာတ်’ မည်၏။

--

(၅) အဗျာပါဒဓာတ်

ထိုဓာတ်ခြောက်ပါးတို့တွင် အဘယ်သည် မပျက်စီးစေလိုမှုသဘော ‘အဗျာပါဒ ဓာတ်’ မည်သနည်း။

မပျက်စီးစေလိုမှုနှင့်စပ်သော ကြံစည်မှု ‘တက္က’၊ အထူးကြံစည်မှု ‘ဝိတက္က’။ပ။ ကောင်းစွာကြံစည်မှု ‘သမ္မာသင်္ကပ္ပ'သည် ရှိ၏။ ဤဆိုခဲ့ပြီးသော သဘောကို မပျက်စီးစေလိုမှုသဘော ‘အဗျာပါဒဓာတ်’ (အဗျာပါဒဝိတက်)ဟု ဆိုအပ်၏။ (တစ်နည်းကား -တစ်နည်းဆိုသော်) သတ္တဝါတို့၌ အကြင် ချစ်ခင်မှု ‘မေတ္တိ’၊ ချစ်ခင်ပုံ အခြင်းအရာ ‘မေတ္တာယနာ’၊ ချစ်ခင်တတ်သူ၏အဖြစ် ‘မေတ္တာယိတတ္တ’၊ စိတ်ကို ဒေါသ = ဗျာပါဒမှ လွတ်မြောက် စေသော မေတ္တာ ‘မေတ္တာစေတောဝိမုတ္တိ'သည် ရှိ၏။ ဤဆိုခဲ့ပြီးသော သဘောကို မပျက်စီးစေလိုမှုသဘော ‘အဗျာပါဒဓာတ်’ (မေတ္တာ)၁ဟု ဆိုအပ်၏။

(၆) အဝိဟိံသဓာတ်

ထိုဓာတ်ခြောက်ပါးတို့တွင် အဘယ်သည် မနှိပ်စက်မညှဉ်းဆဲမှုသဘော ‘အဝိဟိံသဓာတ်’ မည်သနည်း။

မနှိပ်စက် မညှဉ်းဆဲခြင်းနှင့် စပ်သော ကြံစည်မှု ‘တက္က’၊ အထူးကြံစည်မှု ‘ဝိတက္က’၊ ပြင်းစွာ ကြံစည်မှု ‘သင်္ကပ္ပ’၊ အာရုံသို့ မြဲမြံစွာ ရောက်စေမှု ‘အပ္ပနာ’၊ အာရုံသို့ အထူးမြဲမြံစွာ ရောက်စေမှု ‘ဗျပ္ပနာ’၊ စိတ်ကို အာရုံသို့ ရှေးရှုတင်မှု ‘စေတသောအဘိနိရောပနာ’၊ ကောင်းစွာ ကြံစည်မှု ‘သမ္မာသင်္ကပ္ပ'သည် ရှိ၏။ ဤဆိုခဲ့ပြီးသော သဘောကို မနှိပ်စက် မညှဉ်းပန်းမှုသဘော ‘အဝိဟိံသဓာတ်’ (အဝိဟိံသဝိတက်)ဟု ဆိုအပ်၏။

(တစ်နည်းကား- တစ်နည်းဆိုသော်) သတ္တဝါတို့၌ အကြင် သနားကြင်နာမှု ‘ကရုဏာ’၊ သနား ကြင်နာပုံ အခြင်းအရာ ‘ကရုဏာယနာ’၊ သနားကြင်နာတတ်သူ၏အဖြစ် ‘ကရုဏာယိတတ္တ’၊ နှိပ်စက် ညှဉ်းဆဲလိုမှုသဘောမှ စိတ်ကို လွတ်မြောက်စေသော ကရုဏာ ‘ကရုဏာစေတောဝိမုတ္တိ'သည် ရှိ၏။ ဤဆိုခဲ့ပြီးသော သဘောကို မနှိပ်စက် မညှဉ်းဆဲလိုမှုသဘော ‘အဝိဟိံသဓာတ်’ (ကရုဏာ)၂ဟု ဆိုအပ်၏။

ဤဆိုခဲ့ပြီးသော တရားတို့ကား ဓာတ်ခြောက်ပါးတို့တည်း။ ဤသို့ ဤဆက္ကသုံးပါး (၆-ပါးစီပါသော နည်း ၃-မျိုး) တို့သည် ဖြစ်ကုန်၏၊ ထိုဆက္ကသုံးပါးတို့ကို တစ်ပေါင်းတည်းပြု၍ ရုံးစု၍ အကျဉ်းချုံး၍ ဓာတ်တစ်ဆယ့်ရှစ်ပါးတို့ ဖြစ်ကုန်၏။

သုတ္တန်နည်းဖြင့် ခွဲခြားဝေဖန် ဟောကြားအပ်သော ‘သုတ္တန္တဘာဇနီယ'နည်းပြီး၏။

၁။ မေတ္တိ, မေတ္တာယနာ, မေတ္တာယိတတ္တ= မေတ္တာ (သောဘဏစိတ် ၅၉-ပါးလုံးနှင့် ယှဉ်သော မေတ္တာကို ယူရမည်)။ မေတ္တာ စေတောဝိမုတ္တိ= အပ္ပနာသို့ရောက်သော မေတ္တာ (ဈာန်, မဂ်, ဖိုလ်တို့နှင့် ယှဉ်သော မေတ္တာ)။ (အဘိ၊ ဋ္ဌ၊ ၂၊ နှာ-၇၀)

၂။ ကရုဏာ, ကရုဏာယနာ, ကရုဏာယိတတ္ထ= ကရုဏာ (မဟာကုသိုလ်, မဟာကြိယာ, လောကီဈာန်စိတ်တို့၌ရှိသော ကရုဏာကို ယူရမည်)။ ကရုဏာစေတောဝိမုတ္တိ= အပ္ပနာသို့ရောက်သော ကရုဏာ (ဈာန်စိတ်နှင့်ယှဉ်သော ကရုဏာ)။

--

၂-အဘိဓမ္မဘာဇနီယ

(အဘိဓမ္မာနည်းဖြင့် ဝေဖန် ဟောကြားအပ်သော ‘အဘိဓမ္မဘာဇနီယ'နည်း)

ဓာတ် ၁၈-ပါး

၁၈၃။ ဓာတ်တစ်ဆယ့်ရှစ်ပါးတို့ကား-

(၁) မြင်မှုသဘော ‘စက္ခုဓာတ်’ (မြင်တတ်သော သဘောရှိသော မျက်စိအကြည် ‘စက္ခုပသာဒရုပ်’။

(၂) အဆင်းသဘော ‘ရူပဓာတ်’ (မြင်အပ်သော သဘောရှိသော အဆင်း ‘ရူပါရုံ')။

(၃) မြင်သိစိတ်သဘော ‘စက္ခုဝိညာဏဓာတ်’ (မြင်သိစိတ် ‘စက္ခုဝိညာဏ်')။

(၄) ကြားမှုသဘော ‘သောတဓာတ်’ (ကြားတတ်သောသဘောရှိသော နားအကြည် သောတပသာဒရုပ်')။

(၅) အသံသဘော'သဒ္ဒဓာတ်’ (ကြားအပ်သော သဘောရှိသော အသံ ‘သဒ္ဒါရုံ')။

(၆) ကြားသိစိတ်သဘော ‘သောတဝိညာဏဓာတ်’ (ကြားသိစိတ် ‘သောတဝိညာဏ်')။

(၇) နံမှုသဘော ‘ဃာနဓာတ်’ (နံတတ်သောသဘောရှိသော နှာခေါင်းအကြည် ‘ဃာနပသာဒရုပ်')။

(၈) အနံ့သဘော ‘ဂန္ဓဓာတ်’ (နံအပ်သောသဘောရှိသော အနံ့ ‘ဂန္ဓာရုံ')။

(၉) နံသိစိတ်သဘော ‘ဃာနဝိညာဏဓာတ်’ (နံသိစိတ် ‘ဃာနဝိညာဏ်')။

(၁၀) လျက်မှုသဘော ‘ဇိဝှါဓာတ်’ (လျက်တတ်သော သဘောရှိသော လျှာအကြည် ‘ဇိဝှါပသာဒရုပ်')။

(၁၁) အရသာသဘော ‘ရသဓာတ်’ (လျက်အပ်သော သဘောရှိသော အရသာ ‘ရသာရုံ')။

(၁၂) လျက်သိစိတ်သဘော ‘ဇိဝှါဝိညာဏဓာတ်’ (လျက်သိစိတ် ‘ဇိဝှါဝိညာဏ်')။

(၁၃) (ဖောဋ္ဌဗ္ဗာရုံကို) တွေ့ထိမှုသဘော ‘ကာယဓာတ်’ (ဖောဋ္ဌဗ္ဗာရုံကို တွေ့ထိတတ်သော သဘော ရှိသော ကိုယ်အကြည် ‘ကာယပသာဒရုပ်')။

(၁၄) အတွေ့သဘော ‘ဖောဋ္ဌဗ္ဗဓာတ်’ (ကာယပသာဒဖြင့် တွေ့ထိအပ်သော သဘောရှိသော ‘ဖောဋ္ဌဗ္ဗာရုံ')။

(၁၅) ထိသိစိတ်သဘော ‘ကာယဝိညာဏဓာတ်’ (ထိသိစိတ် ‘ကာယဝိညာဏ်')။

(၁၆) (အာရုံကို) သိကာမျှသဘော ‘မနောဓာတ်’ (ပဉ္စဒွါရာဝဇ္ဇန်း၊ သမ္ပဋိစ္ဆိုန်းဒွေး)။

(၁၇) (ဓာတ် ၁၇-ပါးတို့မှ ကြွင်းသော) သိမ်မွေ့သောတရားသဘော ‘ဓမ္မဓာတ်’ (စေတသိက်၊ သုခုမရုပ် ၁၆-ပါး၊ နိဗ္ဗာန်)။

(၁၈) အထူးသိမှုသဘော ‘မနောဝိညာဏဓာတ်’ (စိတ် ၇၆-ပါး) တို့တည်း။

--

(၁) စက္ခုဓာတ်

၁၈၄။ ထိုဓာတ် ၁၈-ပါးတို့တွင် အဘယ်သည်မြင်မှုသဘော ‘စက္ခုဓာတ်’ မည်သနည်း။

အကြင် မြင်သိစိတ် ‘စက္ခုဝိညာဏ်’ ဖြစ်ရာ မျက်စိအကြည် ‘စက္ခုပသာဒ'ရုပ်ဟု ဆိုအပ်သော စက္ခု ဓာတ်သည် မဟာဘုတ်လေးပါးတို့ကို စွဲမှီ၍ ကြည်လင်၏ (စက္ခုပသာဒ)။ပ။ ဤစက္ခုဓာတ်သည် (စက္ခုဒွါရ၌ဖြစ်သော ကုသိုလ် အကုသိုလ်စသည့် စိတ်အများနှင့် ဆက်ဆံခြင်းရှိ၍ သီးခြားပိုင်ရှင်ကင်းမဲ့သဖြင့်) ဆိတ်သုဉ်းသောရွာ ‘သုညဂါမ'၁လည်း မည်၏။ ဤဆိုခဲ့ပြီးသောသဘောကို မြင်မှုသဘော (မြင်တတ်သောသဘော) ‘စက္ခုဓာတ်’ဟု ဆိုအပ်၏။ (ဏီ၊ ပဒ-၅၉၆)

၁။ သုညဂါမ- အာယတနဝိဘင်းမြန်မာပြန် နှာ-၂၅၀-ကြည့်။ ဝိဘင်းစာပိုဒ်-၁၅၇။

(၂) ရူပဓာတ်

ထိုဓာတ် ၁၈-ပါးတို့တွင် အဘယ်သည် မြင်အပ်သောသဘော ‘ရူပဓာတ်’ (အဆင်း ‘ရူပါရုံ') မည်သနည်း။

အကြင် မြင်အပ်သောသဘော (အဆင်း ‘ရူပါရုံ') သည် ကြီးကျယ်ထင်ရှားသော မဟာဘုတ် လေးပါးတို့ကို စွဲမှီ၍ အဆင်းအရောင်သည် ဖြစ်၏။ပ။ ဤမြင်အပ်သောသဘော (အဆင်း ‘ရူပါရုံ') သည် ရူပဓာတ် မည်၏။ ဤဆိုခဲ့ပြီးသောသဘောကို မြင်အပ်သောသဘော (အဆင်း ‘ရူပါရုံ') ‘ရူပဓာတ်’ဟု ဆိုအပ်၏။ (ဏီ၊ ပဒ-၆၁၆)

(၃) စက္ခုဝိညာဏဓာတ်

ထိုဓာတ် ၁၈-ပါးတို့တွင် အဘယ်သည် မြင်သိစိတ်သဘော ‘စက္ခုဝိညာဏ ဓာတ်’ မည်သနည်း။

မြင်တတ်သောသဘောရှိသော မျက်စိအကြည် ‘စက္ခုပသာဒ'နှင့် မြင်အပ်သော အဆင်း ‘ရူပါရုံ'တို့ကို စွဲ၍ ဆန်းကြယ်စွာ ကြံသိမှုသဘော ‘စိတ္တ’၊ သိတတ်ခြင်းသဘော ‘မန’၊ သိမှုသဘော ‘မာနသ’၊ ဆောင် တတ်သော သဘော ‘ဟဒယ'၁၊ ပြိုးပြိုးပြက်ပြက် ဖြူစင်ခြင်းသဘော ‘ပဏ္ဍရ’၊ သိတတ်ခြင်းသဘော ‘မန’၊ သိမှုတည်ရာဌာန ‘မနာယတန'၂၊ အစိုးတရသိမှု ‘မနိန္ဒြေ’၊ အထူးသိမှု သဘော ‘ဝိညာဏ’၊ အထူးသိမှု စိတ်အစု ‘ဝိညာဏက္ခန္ဓာ’၊ ထိုစက္ခုပသာဒနှင့် ရူပါရုံတို့အား လျောက်ပတ်သော မြင်သိစိတ် သဘော ‘စက္ခုဝိညာဏဓာတ်'သည် ဖြစ်၏။ ဤဆိုခဲ့ပြီးသော သဘောကို မြင်သိစိတ်သဘော ‘စက္ခုဝိညာဏဓာတ်’ဟု ဆိုအပ်၏။ (ဏီ၊ ပဒ-၆၊ ၆၅)

၁။ ဟဒယ= ဝတ္ထုရုပ်ကို ဆောင်တတ်သောသဘော၊ စိတ်၏တည်ရာဖြစ်သော ဝတ္ထုရုပ်ကို ဆောင်တတ်သောကြောင့် စိတ်ကို “ဟဒယ’ဟု ခေါ်ဆိုထားသည်၊ (ဓာန်၊ ဋီ၊ ဂါထာ-၁၅၂-၄။) တစ်နည်း- ကိုယ်တွင်း၌ တည်တတ်သောသဘော၊ ကိုယ်တွင်း၌ တည်နေမှုကြောင့် စိတ်ကို “ဟဒယ’ဟု ခေါ်တွင်ပြန်သည်၊ ဌာနဖြစ်သော ဝတ္ထုရုပ်၏ ဟဒယဟူသောအမည်ကို ဌာနီဖြစ်သော စိတ်၌ တင်စား၍ ဌာနူပစာရအားဖြင့်လည်း စိတ်ကို “ဟဒယ’ဟု ခေါ်တွင်ထားသည်။ (အဘိ၊ ဋ္ဌ၊ ၁၊ နှာ ၁၈၄။)

၂။ မနာယတန= သိမှု (စိတ်) သည်ပင် ဖဿစသည်တို့၏ ဖြစ်ရာဌာနဖြစ်သောကြောင့် လည်းကောင်း, ဗဟိဒ္ဓအာရုံတို့၏ စုဝေးရာ ဖြစ်သောကြောင့်လည်းကောင်း, ဖဿစသည်တို့၏ ဖြစ်ကြောင်း ဖြစ်သောကြောင့်လည်းကောင်း မနာယတနမည်သည်၊ ထို့ကြောင့် မနာယတန သည် သိမှုဟူသော ဖဿစသည်တို့၏ ဖြစ်ရာဌာန၊ ဝါ၊ သိအပ်သော ဗဟိဒ္ဓအာရုံတို့၏ စုဝေးရာ သိမှုဟူသော ဌာန၊ ဝါ၊ သိမှုဟူသော ဖဿ စသည်တို့၏ ဖြစ်ကြောင်းတည်း။

--

(၄) သောတဓာတ်

ထိုဓာတ် ၁၈-ပါးတို့တွင် အဘယ်သည် ကြားမှုသဘော (ကြားတတ်သော သဘော) ‘သောတဓာတ်’ မည်သနည်း။

အကြင် ကြားသိစိတ် ‘သောတဝိညာဏ်’ ဖြစ်ရာ နားအကြည် ‘သောတပသာဒ'ရုပ်ဟူသော သောတ ဓာတ်သည် မဟာဘုတ်လေးပါးတို့ကို စွဲမှီ၍ ကြည်လင်၏ ‘ပသာဒ’။ပ။ ဤသောတဓာတ်သည် (သောတဒွါရ၌ဖြစ်သော ကုသိုလ် အကုသိုလ်စသည့် စိတ်အများနှင့် ဆက်ဆံခြင်းရှိ၍ သီးခြား ပိုင်ရှင် ကင်းမဲ့သဖြင့်) ဆိတ်သုဉ်းသောရွာ ‘သုညဂါမ'လည်း မည်၏။ ဤဆိုခဲ့ပြီးသော သဘောကို ကြားမှု သဘော (ကြားတတ်သောသဘော) ‘သောတဓာတ်’ဟု ဆိုအပ်၏။

(၅) သဒ္ဒဓာတ်

ထိုဓာတ် ၁၈-ပါးတို့တွင် အဘယ်သည် ကြားအပ်သောသဘော ‘(အသံ ‘သဒ္ဒါရုံ') သဒ္ဒဓာတ် မည်သနည်း။

အကြင် ကြားအပ်သောသဘော (အသံ ‘သဒ္ဒါရုံ') သည် ကြီးကျယ်ထင်ရှားသော မဟာဘုတ် လေးပါးတို့ကို စွဲမှီ၍ မြင်အပ်သော သဘော မရှိ ‘အနိဒဿန’၊ ထိပါးတတ်သောသဘော ရှိ၏ ‘သပ္ပဋိဃ’။ပ။ ဤကြားအပ်သောသဘော (အသံ ‘သဒ္ဒါရုံ') သည် သဒ္ဒဓာတ်လည်း မည်၏။ ဤဆိုခဲ့ ပြီးသောသဘောကို ကြားအပ်သော သဘော (အသံ ‘သဒ္ဒါရုံ') ‘သဒ္ဒဓာတ်’ဟု ဆိုအပ်၏။ (ဏီ-၆၂၀)

(၆) သောတဝိညာဏဓာတ်

ထိုဓာတ် ၁၈-ပါးတို့တွင် အဘယ်သည် ကြားသိစိတ်သဘော ‘သောတဝိညာဏဓာတ်’ မည်သနည်း။

ကြားတတ်သောသဘောရှိသော နားအကြည် ‘သောတပသာဒ'နှင့် ကြားအပ်သော အသံ ‘သဒ္ဒါရုံ'တို့ကိုစွဲ၍ ဆန်းကြယ်စွာ ကြံသိမှုသဘော ‘စိတ္တ’၊ သိတတ်ခြင်းသဘော ‘မန’၊ သိမှုသဘော ‘မာနသ’၊ ဆောင်တတ်သော သဘော ‘ဟဒယ’၊ ပြိုးပြိုးပြက်ပြက် ဖြူစင်ခြင်းသဘော ‘ပဏ္ဍရ’၊ သိတတ်ခြင်းသဘော ‘မန’၊ သိမှုတည်းဟူသော ဖြစ်ရာဌာန ‘မနာယတန’၊ အစိုးတရသိမှု ‘မနိန္ဒြေ’၊ အထူးသိမှုသဘော ‘ဝိညာဏ’၊ အထူးသိမှုစိတ်အစု ‘ဝိညာဏက္ခန္ဓာ’၊ ထိုသောတပသာဒနှင့် သဒ္ဒါရုံတို့အား လျောက်ပတ်သော ကြားသိစိတ်သဘော ‘သောတဝိညာဏဓာတ်'သည် ဖြစ်၏။ ဤဆိုခဲ့ပြီးသောသဘောကို ကြားသိစိတ် သဘော ‘သောတဝိညာဏဓာတ်’ဟု ဆိုအပ်၏။ (ဏီ၊ ပဒ-၆)

(၇) ဃာနဓာတ်

ထိုဓာတ် ၁၈-ပါးတို့တွင် အဘယ်သည် နံမှုသဘော (နံတတ်သောသဘော)

'ဃာနဓာတ်’ မည်သနည်း။

အကြင် နံသိစိတ်ဖြစ်ရာ နှာခေါင်းအကြည် ‘ဃာနပသာဒ'ရုပ်ဟု ဆိုအပ်သော ဃာနဓာတ်သည် ကြီးကျယ်ထင်ရှားသော မဟာဘုတ်လေးပါးတို့ကို စွဲမှီ၍ ကြည်လင်၏ ‘ပသာဒ’။ပ။ ဤဃာနဓာတ်သည် (ဃာနဒွါရ၌ ဖြစ်သော ကုသိုလ် အကုသိုလ်စသည့် စိတ်အများနှင့် ဆက်ဆံခြင်းရှိ၍ သီးခြားပိုင်ရှင် ကင်းမဲ့သဖြင့်) ဆိတ်သုဉ်းသောရွာ ‘သုညဂါမ'လည်း မည်၏။ ဤဆိုခဲ့ပြီးသော သဘောကို နံမှုသဘော (နံတတ်သောသဘော) ‘ဃာနဓာတ်’ဟု ဆိုအပ်၏။

--

(၈) ဂန္ဓဓာတ်

ထိုဓာတ် ၁၈-ပါးတို့တွင် အဘယ်သည် အနံ့သဘော ‘ဂန္ဓဓာတ်’ မည်သနည်း။

အကြင် နံအပ်သော ‘ဂန္ဓာရုံ'အနံ့သဘောသည် မဟာဘုတ်လေးပါးတို့ကို စွဲမှီ၍ မြင်အပ်သောသဘော မရှိ ‘အနိဒဿန’၊ ထိပါးတတ်သောသဘောရှိ၏ ‘သပ္ပဋိဃ’။ပ။ ဤနံအပ်သောသဘော အနံ့ ‘ဂန္ဓာရုံ') သည် ‘ဂန္ဓဓာတ်'လည်း မည်၏။ ဤဆိုခဲ့ပြီးသောသဘောကို အနံ့သဘော (အနံ့ ‘ဂန္ဓာရုံ') ‘ဂန္ဓ္ဒဓာတ်’ဟု ဆိုအပ်၏။

(၉) ဃာနဝိညာဏဓာတ်

ထိုဓာတ် ၁၈-ပါးတို့တွင် အဘယ်သည် နံသိစိတ်သဘော ‘ဃာနဝိညာဏ ဓာတ်’ မည်သနည်း။

နံတတ်သောသဘော နှာခေါင်းအကြည် ‘ဃာနပသာဒ'နှင့် နံအပ်သော အနံ့ ‘ဂန္ဓာရုံ'တို့ကို စွဲမှီ၍ ဆန်းကြယ်စွာ ကြံသိမှုသဘော ‘စိတ္တ’၊ သိခြင်းသဘော ‘မန’၊ သိမှုသဘော ‘မာနသ’၊ ဆောင်တတ်သော သဘော ‘ဟဒယ’၊ ပြိုးပြိုးပြက်ပြက် ဖြူစင်ခြင်းသဘော ‘ပဏ္ဍရ’၊ သိတတ်ခြင်းသဘော ‘မန’၊ သိမှုတည်းဟူသော ဖြစ်ရာဌာန ‘မနာယတန’၊ အစိုးတရသိမှု ‘မနိန္ဒြေ’၊ အထူးသိမှုသဘော ‘ဝိညာဏ’၊ အထူးသိမှု စိတ်အစု ‘ဝိညာဏက္ခန္ဓာ’၊ ထိုဃာနပသာဒနှင့် ဂန္ဓာရုံတို့အား လျောက်ပတ်သော နံသိစိတ် သဘော ‘ဃာနဝိညာဏဓာတ်'သည် ဖြစ်၏။ ဤဆိုခဲ့ပြီးသောသဘောကို နံသိစိတ်သဘော ‘ဃာန ဝိညာဏဓာတ်’ဟု ဆိုအပ်၏။

(၁၀) ဇိဝှါဓာတ်

ထိုဓာတ် ၁၈-ပါးတို့တွင် အဘယ်သည် လျက်မှုသဘော (လျက်တတ်သော သဘော) ‘ဇိဝှါဓာတ်’ မည်သနည်း။

အကြင် လျက်တတ်သော သဘောရှိသော ‘ဇိဝှါပသာဒ'သည် မဟာဘုတ်လေးပါးတို့ကို စွဲမှီ၍ ကြည်လင်၏ ‘ပသာဒ’။ပ။ ဤဇိဝှါဓာတ်သည် (ဇိဝှါဒွါရ၌ဖြစ်သော ကုသိုလ် အကုသိုလ်စသည့် စိတ်အများ နှင့် ဆက်ဆံခြင်း ရှိ၍ သီးခြားပိုင်ရှင်ကင်းမဲ့သဖြင့်) ဆိတ်သုဉ်းသောရွာ ‘သုညဂါမ'လည်း မည်၏။ ဤဆိုခဲ့ပြီးသော သဘောကို လျက်မှုသဘော ‘ဇိဝှါဓာတ်’ဟု ဆိုအပ်၏။

(၁၁) ရသဓာတ်

ထိုဓာတ် ၁၈-ပါးတို့တွင် အဘယ်သည် အရသာသဘော (သာယာအပ်သော သဘော) ‘ရသဓာတ်’ မည်သနည်း။

အကြင် လျက်အပ်သော (သာယာအပ်သော) ‘ရသာရုံ'သည် မဟာဘုတ်လေးပါးတို့ကို စွဲမှီ၍ မြင် အပ်သော သဘော မရှိ ‘အနိဒဿန’၊ ထိပါးတတ်သောသဘောရှိ၏ ‘သပ္ပဋိဃ’။ပ။ ဤအရသာ သဘော သာယာအပ်သော သဘော ‘ရသာရုံ') သည် ‘ရသဓာတ်'လည်း မည်၏။ ဤဆိုခဲ့ပြီးသောသဘောကို အရသာသဘော (သာယာအပ်သော သဘော ‘ရသာရုံ') ‘ရသဓာတ်’ဟု ဆိုအပ်၏။

--

(၁၂) ဇိဝှါဝိညာဏဓာတ်

ထိုဓာတ် ၁၈-ပါးတို့တွင် အဘယ်သည် လျက်သိစိတ်သဘော ‘ဇိဝှါဝိညာဏဓာတ်’ မည်သနည်း။

လျက်တတ်သောသဘောရှိသော လျှာအကြည် ‘ဇိဝှါပသာဒ'နှင့် လျက်အပ်သောအာရုံ (သာယာအပ် သော အာရုံ) ‘ရသာရုံ'တို့ကို စွဲ၍ ဆန်းကြယ်စွာ ကြံသိမှုသဘော ‘စိတ္တ’၊ သိတတ်ခြင်းသဘော ‘မန’၊ သိမှုသဘော ‘မာနသ’၊ ဆောင်တတ်သောသဘော ‘ဟဒယ’၊ ပြိုးပြိုးပြက်ပြက် ဖြူစင်ခြင်းသဘော ‘ပဏ္ဍရ’၊ သိတတ်ခြင်းသဘော ‘မန’၊ သိမှုဖြစ်ရာဌာန ‘မနာယတန’၊ အစိုးတရသိမှု ‘မနိန္ဒြေ’၊ အထူး သိမှုသဘော ‘ဝိညာဏ’၊ အထူးသိမှု စိတ်အစု ‘ဝိညာဏက္ခန္ဓာ’၊ ထိုဇိဝှါပသာဒနှင့် ရသာရုံတို့အား လျောက်ပတ်သော လျက်သိစိတ်သဘော ‘ဇိဝှါဝိညာဏဓာတ်'သည် ဖြစ်၏။ ဤဆိုခဲ့ပြီးသောသဘောကို လျက်သိစိတ်သဘော ‘ဇိဝှါဝိညာဏဓာတ်’ဟု ဆိုအပ်၏။

(၁၃) ကာယဓာတ်

ထိုဓာတ် ၁၈-ပါးတို့တွင် အဘယ်သည် ထိမှုသဘော (ထိခိုက်တတ်သော သဘောရှိသော) ‘ကာယဓာတ်’ မည်သနည်း။

အကြင် ထိခိုက်တတ်သော သဘောရှိသော ကိုယ်အကြည် ‘ကာယပသာဒ'သည် မဟာဘုတ်လေးပါး တို့ကို စွဲမှီ၍ ကြည်လင်၏ ‘ပသာဒ’။ပ။ ဤကာယဓာတ်သည် (ကာယဒွါရ၌ဖြစ်သော ကုသိုလ် အကုသိုလ် စသည့် စိတ်အများနှင့် ဆက်ဆံခြင်းရှိ၍ သီးခြားပိုင်ရှင်ကင်းမဲ့သဖြင့်) ဆိတ်သုဉ်းသောရွာ ‘သုညဂါမ'လည်း မည်၏။ ဤဆိုခဲ့ပြီးသောသဘောကို ထိမှုသဘော (ထိခိုက်တတ်သောသဘော ရှိသော) ‘ကာယဓာတ်’ဟု ဆိုအပ်၏။

(၁၄) ဖောဋ္ဌဗ္ဗဓာတ်

ထိုဓာတ် ၁၈-ပါးတို့တွင် အဘယ်သည် အတွေ့သဘော (တွေ့ထိအပ်သော သဘော) ‘ဖောဋ္ဌဗ္ဗဓာတ်’ မည်သနည်း။

မြေဟူသော အမည်ပညတ်ဖြင့် ခေါ်ဝေါ်သတ်မှတ်အပ်သည့် တည်ရာ ‘ပတိဋ္ဌာန'သဘော (ခက်မာမှု ‘ကက္ခဠ'သဘော) ဖြစ်သော မြေဓာတ် ‘ပထဝီဓာတ်'သည် ဖြစ်၏။ပ။ ဤအတွေ့သဘော (တွေ့ထိအပ် သော သဘော) သည် ‘ဖောဋ္ဌဗ္ဗဓာတ်'လည်း မည်၏။ ဤဆိုခဲ့ပြီးသော သဘောကို အတွေ့သဘော (တွေ့ထိအပ်သောသဘော ‘ဖောဋ္ဌဗ္ဗာရုံ') ‘ဖောဋ္ဌဗ္ဗဓာတ်’ဟု ဆိုအပ်၏။

(၁၅) ကာယဝိညာဏဓာတ်

ထိုဓာတ် ၁၈-ပါးတို့တွင် အဘယ်သည် ထိသိစိတ်သဘော ‘ကာယဝိညာဏဓာတ်’ မည်သနည်း။

တွေ့ထိတတ်သောသဘောရှိသော ကိုယ်အကြည် ‘ကာယပသာဒ'နှင့် အတွေ့သဘော (တွေ့ထိအပ် သော သဘော) ‘ဖောဋ္ဌဗ္ဗာရုံ'တို့ကို စွဲ၍ ဆန်းကြယ်စွာ ကြံသိမှုသဘော ‘စိတ္တ’၊ သိတတ်ခြင်းသဘော ‘မန’၊ သိမှုသဘော ‘မာနသ’၊ ဆောင်တတ်သောသဘော ‘ဟဒယ’၊ ပြိုးပြိုးပြက်ပြက် ဖြူစင်ခြင်းသဘော ‘ပဏ္ဍရ’၊ သိတတ်ခြင်းသဘော ‘မန’၊ သိမှုတည်းဟူသော (စေတသိက်တို့၏) ဖြစ်ရာ တည်ရာဌာန ‘မနာယတန’၊ အစိုးတရသိမှု ‘မနိန္ဒြေ’၊ အထူးသိခြင်းသဘော ‘ဝိညာဏ’၊ အထူးသိမှု စိတ်အစု ‘ဝိညာဏက္ခန္ဓာ’၊ ထိုကာယပသာဒနှင့် ဖောဋ္ဌဗ္ဗာရုံတို့အား လျောက်ပတ်သော ထိသိစိတ်သဘော ‘ကာယ ဝိညာဏဓာတ်'သည် ဖြစ်၏။ ဤဆိုခဲ့ပြီးသော သဘောကို ထိသိစိတ်သဘော ‘ကာယဝိညာဏဓာတ်’ဟု ဆိုအပ်၏။

--

(၁၆) မနောဓာတ်

ထိုဓာတ် ၁၈-ပါးတို့တွင် အဘယ်သည် (အာရုံကို) သိကာမျှသဘော ‘မနောဓာတ်’ မည်သနည်း (ပဉ္စဒွါရာဝဇ္ဇန်း သမ္ပဋိစ္ဆိုန်းဒွေး)။ မြင်သိစိတ်သဘော ‘စက္ခုဝိညာဏဓာတ်’ ဖြစ်ပြီး၍ ချုပ်သည်၏ အခြားမဲ့၌ (ချုပ်ပြီးနောက် တစ်ဆက့်တည်း) ဆန်းကြယ်စွာ ကြံသိမှုသဘော ‘စိတ္တ’၊ သိတတ်ခြင်းသဘော ‘မန’၊ သိမှုသဘော ‘မာနသ’၊ ဆောင်တတ်သော သဘော ‘ဟဒယ’၊ ပြိုးပြိုးပြက်ပြက် ဖြူစင်ခြင်းသဘော ‘ပဏ္ဍရ’၊ သိတတ်ခြင်းသဘော ‘မန’၊ သိမှုတည်းဟူသော ဖြစ်ရာဌာန ‘မနာယတန’၊ အစိုးတရသိမှု ‘မနိန္ဒြေ’၊ အထူးသိခြင်းသဘော ‘ဝိညာဏ’၊ အထူးသိမှု စိတ်အစု ‘ဝိညာ ဏက္ခန္ဓာ’၊ ထိုစက္ခုဝိညာဏ်နှင့် ရူပါရုံတို့ အားလျောက်ပတ်သော (အာရုံကို) သိကာမျှသဘော ‘မနောဓာတ်'သည် ဖြစ်၏ (သမ္ပဋိစ္ဆိုန်းဒွေး)။ ကြားသိစိတ်သဘော ‘သောတဝိညာဏဓာတ်’။ပ။ နံသိစိတ်သဘော ‘ဃာနဝိညာဏဓာတ်’။ပ။ လျက်သိစိတ်သဘော ‘ဇိဝှါဝိညာဏဓာတ်’။ပ။ ထိသိစိတ်သဘော ‘ကာယဝိညာဏဓာတ်’ ဖြစ်ပြီး၍ ချုပ်သည်၏ အခြားမဲ့၌ (ချုပ်ပြီးနောက် တစ်ဆက်တည်း) ဆန်းကြယ်စွာ ကြံသိမှုသဘော ‘စိတ္တ’၊ သိတတ်ခြင်းသဘော ‘မန’၊ သိမှုသဘော ‘မာနသ’၊ ဆောင်တတ်သော သဘော ‘ဟဒယ’၊ ပြိုးပြိုးပြက်ပြက် ဖြူစင်ခြင်းသဘော ‘ပဏ္ဍရ’၊ သိတတ်ခြင်းသဘော ‘မန’၊ သိမှုတည်းဟူသော ဖြစ်ရာဌာန ‘မနာယတန’၊ အစိုးတရသိမှု ‘မနိန္ဒြေ’၊ အထူးသိမှုသဘော ‘ဝိညာဏ’၊ အထူးသိမှု စိတ်အစု ‘ဝိညာဏက္ခန္ဓာ’၊ ထိုကာယဝိညာဏ်နှင့် ဖောဋ္ဌဗ္ဗာရုံ တို့အား လျောက်ပတ်သော (အာရုံကို) သိကာမျှသဘော ‘မနောဓာတ်'သည် ဖြစ်၏ (သမ္ပဋိစ္ဆိုန်းဒွေး)။ (စက္ခုဝိညာဏ်စသော) အလုံးစုံသောတရား (ဝီထိစိတ်အားလုံး) တို့တွင် ရှေးဦးစွာ နှလုံးသွင်းခြင်း သဘော (ရှေးဦးစွာ အာရုံသို့ ဆောင်တတ်သောသဘော) ‘ပဌမသမန္နာဟာရ’၊ ဆန်းကြယ်စွာ ကြံသိမှု သဘော ‘စိတ္တ’၊ သိတတ်ခြင်းသဘော ‘မန’၊ သိမှုသဘော ‘မာနသ’၊ ဆောင်တတ်သောသဘော ‘ဟဒယ’၊ ပြိုးပြိုးပြက်ပြက် ဖြူစင်ခြင်းသဘော ‘ပဏ္ဍရ’၊ သိတတ်ခြင်းသဘော ‘မန’၊ သိမှုတည်းဟူသော ဖြစ်ရာ ဌာန ‘မနာယတန’၊ အစိုးတရ သိမှု ‘မနိန္ဒြေ’၊ အထူးသိမှုသဘော ‘ဝိညာဏ’၊ အထူးသိမှု စိတ်အစု ‘ဝိညာဏက္ခန္ဓာ’၊ ထိုပဉ္စဝိညာဏ်နှင့် ပဉ္စာရုံတို့အား လျောက်ပတ်သော (အာရုံကို) သိကာမျှသဘော ‘မနောဓာတ်'သည် ဖြစ်၏ (ပဉ္စဒွါရာဝဇ္ဇန်း)။ ဤဆိုခဲ့ပြီးသော သဘောကို (အာရုံကို) သိကာမျှသဘော ‘မနောဓာတ်’ဟု ဆိုအပ်၏။

--

(၁၇) ဓမ္မဓာတ်

ထိုဓာတ် ၁၈-ပါးတို့တွင် အဘယ်သည် သိမ်မွေ့သော တရားသဘော ‘ဓမ္မဓာတ်’ မည်သနည်း။

(၁) ခံစားမှုအစု ‘ဝေဒနာက္ခန္ဓာ'သည်လည်းကောင်း။

(၂) မှတ်သားမှုအစု ‘သညာက္ခန္ဓာ'သည်လည်းကောင်း။

(၃) ပြုပြင်စီရင်မှုအစု ‘သင်္ခါရက္ခန္ဓာ'သည်လည်းကောင်း။

(၄) မြင်အပ်သောသဘော မရှိသော ‘အနိဒဿန’၊ ထိပါးတတ်သောသဘော မရှိသော ‘အပ္ပဋိဃ’၊ ကြံသိစိတ်ဖြစ်ကြောင်း ‘ဓမ္မာယတန’၌ အကျုံးဝင်သော အကြင် ‘သုခုမရုပ်'သည်လည်းကောင်း။

(၅) မပြုပြင်အပ်သောသဘော ‘အသင်္ခတဓာတ်’ (နိဗ္ဗာန်) သည်လည်းကောင်း ရှိ၏။ (ဤတရားငါးပါးတို့ကို ကြံသိစိတ်ဖြစ်ကြောင်း သိမ်မွေ့သော တရားသဘော ‘ဓမ္မဓာတ်’ဟု ဆိုအပ်၏)။ (ဝိဘင်း၊ စာပိုဒ် ပဒ-၁၆၇)

၁-ဝေဒနာက္ခန္ဓာဓမ္မဓာတ်

ထိုဓမ္မဓာတ် ၅-ပါးတို့တွင် အဘယ်သည် ခံစားမှုအစု ‘ဝေဒနာက္ခန္ဓာ’ မည်သနည်း။

ဧကကနည်း

တစ်ပါးပြားသော နည်းအားဖြင့် ဝေဒနာက္ခန္ဓာသည် ဖြစ်၏။ ။ ဖဿနှင့်ယှဉ်သော ဝေဒနာက္ခန္ဓာတည်း။

ဒုကနည်း

နှစ်ပါးပြားသော နည်းအားဖြင့် ဝေဒနာက္ခန္ဓာသည် ဖြစ်၏။ ။ ဟိတ်ရှိသော ဝေဒနာက္ခန္ဓာသည် ရှိ၏၊ ဟိတ်မရှိသော ဝေဒနာက္ခန္ဓာသည် ရှိ၏။

တိကနည်း

သုံးပါးပြားသောနည်းအားဖြင့် ဝေဒနာက္ခန္ဓာသည် ဖြစ်၏။ ။ အပြစ်မရှိမူ၍ ကောင်းကျိုး ချမ်းသာကို ပေးတတ်သော ခံစားမှုအစု ‘ကုသိုလ်ဝေဒနာက္ခန္ဓာ'သည် ရှိ၏၊ အပြစ်နှင့် တကွဖြစ်၍ မကောင်းကျိုးဆင်းရဲကို ပေးတတ်သော ခံစားမှုအစု ‘အကုသိုလ်ဝေဒနာက္ခန္ဓာ'သည် ရှိ၏၊ ကုသိုလ် အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သော ခံစားမှုအစု ‘အဗျာကတဝေဒနာက္ခန္ဓာ'သည် ရှိ၏။ပ။ ဤသို့ ဆယ်ပါးပြားသော နည်းအားဖြင့် ဝေဒနာက္ခန္ဓာသည် ဖြစ်၏။ပ။ (ခန္ဓဝိဘင်း၊ စာပိုဒ် ပဒ၊ ၃၄-၆၁)။

ဗဟုဝိဓနည်း၁

ဤသို့ များသော အပြားအားဖြင့် ဝေဒနာက္ခန္ဓာသည် ဖြစ်၏။ ဤဆိုခဲ့ပြီးသော သဘောကို ခံစားမှုအစု ‘ဝေဒနာက္ခန္ဓာ’ဟု ဆိုအပ်၏။

၁။ ဝေဒနာက္ခန္ဓာကို ခန္ဓဝိဘင်း၌ကဲ့သို့ (၁) ဒုကမူလကနည်း၊ (၂) တိကမူလကနည်း၊ (၃) ဥဘတောဝဍ္ဎကနည်း၊ (၄) သတ္တကနည်း၊ (၅) စတုဝီသတိဝိဓနည်း၊ (၆) တိံသဝိဓနည်း၊ (၇) ဗဟုဝိဓနည်းတို့ဖြင့် ဟောရမည်ဖြစ်သည်။ ခန္ဓဝိဘင်း၌ အပြည့်အစုံဟောခဲ့ပြီး ဖြစ်သဖြင့် ပေယျာလချန်ခဲ့သည်၊ (ခန္ဓဝိဘင်းမြန်မာပြန် စာမျက်နှာ ၇၂-မှ ၁၁၂-ကြည့်)။ (အဘိ မြန် ၂၊ နှာ-၂၆၀-အောက်ခြေမှတ်ချက်လည်းကြည့်)

--

၂-သညာက္ခန္ဓာ ဓမ္မဓာတ်

ထိုဓမ္မဓာတ် ငါးပါးတို့တွင် အဘယ်သည် မှတ်သားမှုအစု ‘သညာက္ခန္ဓာ’ မည်သနည်း။

ဧကကနည်း

တစ်ပါးပြားသော နည်းအားဖြင့် သညာက္ခန္ဓာသည် ဖြစ်၏။ ။ ဖဿနှင့်ယှဉ်သော သညာက္ခန္ဓာတည်း။

ဒုကနည်း

နှစ်ပါးပြားသော နည်းအားဖြင့် သညာက္ခန္ဓာသည် ဖြစ်၏။ ။ ဟိတ်ရှိသော သညာက္ခန္ဓာ သည် ရှိ၏၊ ဟိတ်မရှိသော သညာက္ခန္ဓာသည် ရှိ၏။

တိကနည်း

သုံးပါးပြားသော နည်းအားဖြင့် သညာက္ခန္ဓာသည် ဖြစ်၏။ ။ ကုသိုလ် သညာက္ခန္ဓာသည် ရှိ၏၊ အကုသိုလ် သညာက္ခန္ဓာသည် ရှိ၏၊ အဗျာကတ သညာက္ခန္ဓာသည် ရှိ၏။ပ။ ဤသို့ ဆယ်ပါးပြားသော နည်းအားဖြင့် သညာက္ခန္ဓာသည် ဖြစ်၏။ပ။

ဗဟုဝိဓနည်း

ဤသို့ များသော အပြားအားဖြင့် သညာက္ခန္ဓာသည် ဖြစ်၏။

ဤဆိုခဲ့ပြီးသော သဘောကို မှတ်သားမှုအစု ‘သညာက္ခန္ဓာ’ဟု ဆိုအပ်၏။ (ခန္ဓဝိဘင်း၊ စာပိုဒ်ပဒ-၆၂-၉၁)။

၃-သင်္ခါရက္ခန္ဓာ ဓမ္မဓာတ်

ထိုဓမ္မဓာတ် ၅-ပါးတို့တွင် အဘယ်သည် ပြုပြင်စီရင်မှုအစု ‘သင်္ခါရက္ခန္ဓာ’ မည်သနည်း။ (ဝေဒနာ, သညာကြဉ်သော စေတသိက် ၅၀)။

ဧကကနည်း

တစ်ပါးပြားသော နည်းအားဖြင့် သင်္ခါရက္ခန္ဓာသည် ဖြစ်၏။ ။ စိတ်နှင့် ယှဉ်သော သင်္ခါရက္ခန္ဓာတည်း။

ဒုကနည်း

နှစ်ပါးပြားသော နည်းအားဖြင့် သင်္ခါရက္ခန္ဓာသည် ဖြစ်၏။ ။ ဟိတ်မည်သော သင်္ခါရက္ခန္ဓာသည် ရှိ၏ (လောဘ, ဒေါသ, မောဟ, အလောဘ, အဒေါသ, အမောဟ)၊ ဟိတ် မမည်သော သင်္ခါရက္ခန္ဓာသည် ရှိ၏ (ကြွင်းသော စေတသိက် ၄၄-ခု)။

တိကနည်း

သုံးပါးပြားသော နည်းအားဖြင့် သင်္ခါရက္ခန္ဓာသည် ဖြစ်၏။ ။ ကုသိုလ် သင်္ခါရက္ခန္ဓာသည် ရှိ၏၊ အကုသိုလ် သင်္ခါရက္ခန္ဓာသည် ရှိ၏၊ အဗျာကတသင်္ခါရက္ခန္ဓာသည် ရှိ၏။ပ။ ဤသို့ ဆယ်ပါးပြားသော နည်းအားဖြင့် သင်္ခါရက္ခန္ဓာသည် ဖြစ်၏။ပ။ (ခန္ဓဝိဘင်း၊ စာပိုဒ် ပဒ-၉၂-၁၂၀)။

ဗဟုဝိဓနည်း

ဤသို့ များသော အပြားအားဖြင့် သင်္ခါရက္ခန္ဓာသည် ဖြစ်၏။

ဤဆိုခဲ့ပြီးသော သဘောကို ပြုပြင်စီရင်မှုအစု ‘သင်္ခါရက္ခန္ဓာ’ဟု ဆိုအပ်၏။

၄-သုခုမရုပ်ဓမ္မဓာတ်

ထိုဓမ္မဓာတ် ၅-ပါးတို့တွင် အဘယ်သည် မြင်အပ်သော သဘောမရှိသော ‘အနိဒဿန’၊ ထိပါးတတ်သော သဘော မရှိသော ‘အပ္ပဋိဃ’၊ ကြံသိစိတ် ဖြစ်ကြောင်း ‘ဓမ္မာယတန’၌ အကျုံးဝင်သော ‘သုခုမ'ရုပ်မည်သနည်း။

မိန်းမ (အမ) ဖြစ်ကြောင်း၌ အစိုးရမှု ‘ဣတ္ထိန္ဒြေ’။ပ။ အလုတ်အလွေးပြုအပ်သော အစားအစာ ‘ကဗဠီကာရအာဟာရ'သည် ဖြစ်၏။ ဤဆိုခဲ့ပြီးသော ရုပ်အပေါင်းကို မြင်အပ်သော သဘောမရှိသော ‘အနိဒဿန’၊ ထိပါးတတ်သော သဘော မရှိသော ‘အပ္ပဋိဃ’၊ ကြံသိစိတ်ဖြစ်ကြောင်း ‘ဓမ္မာယတန’၌ အကျုံးဝင်သော ရုပ်ဟု ဆိုအပ်၏ (သုခုမရုပ် ၁၆-ပါး)။

--

၅-အသင်္ခတဓမ္မဓာတ်

ထိုဓမ္မဓာတ် ၅-ပါးတို့တွင် အဘယ်သည် မပြုပြင်အပ်သောသဘော ‘အသင်္ခတဓာတ်’ မည်သနည်း။

ရာဂကုန်ခြင်းသဘော ‘ရာဂက္ခယ’၊ ဒေါသကုန်ခြင်းသဘော ‘ဒေါသက္ခယ’၊ မောဟကုန်ခြင်းသဘော ‘မောဟက္ခယ’၊ ဤဆိုခဲ့ပြီးသောသဘောကို မပြုပြင်အပ်သော သဘော ‘အသင်္ခတဓာတ်’ဟု ဆိုအပ်၏ (နိဗ္ဗာန်)။ ဤဆိုခဲ့ပြီးသော သဘောကို သိမ်မွေ့သော တရားသဘော ‘ဓမ္မဓာတ်’ဟု ဆိုအပ်၏။

--

(၁၈) မနောဝိညာဏဓာတ်

ထိုဓာတ် ၁၈-ပါးတို့တွင် အဘယ်သည် အထူးသိမှုသဘော ‘မနောဝိညာဏဓာတ်’ မည်သနည်း။

မြင်သိစိတ်သဘော ‘စက္ခုဝိညာဏဓာတ်’ ဖြစ်ပြီး၍ ချုပ်သည်၏ အခြားမဲ့၌ (ချုပ်ပြီးနောက် တစ်ဆက် တည်း အာရုံကို) သိကာမျှသဘော မနောဓာတ်သည် ဖြစ်၏ (သမ္ပဋိစ္ဆိုန်းစိတ်)၊ (အာရုံကို) သိကာမျှ သဘော မနောဓာတ် (သမ္ပဋိစ္ဆိုန်း) ဖြစ်ပြီး၍ ချုပ်သည်၏ အခြားမဲ့၌လည်း ဆန်းကြယ်စွာ ကြံသိမှု သဘော ‘စိတ္တ’၊ သိတတ်ခြင်းသဘော ‘မန’၊ သိမှုသဘော ‘မာနသ’။ပ။ ထိုစက္ခုဝိညာဏ်နှင့် ရူပါရုံတို့အား လျောက်ပတ်သော အထူးသိမှု သဘော ‘မနောဝိညာဏဓာတ်'သည် ဖြစ်၏ (သနီ ္တရဏ စသည်)။ ကြားသိစိတ်သဘော ‘သောတဝိညာဏဓာတ်'သည်။ပ။ နံသိစိတ်သဘော ‘ဃာနဝိညာဏဓာတ်'သည်။ပ။ လျက်သိစိတ်သဘော ‘ဇိဝှါဝိညာဏဓာတ်'သည်။ပ။ ထိသိစိတ်သဘော ‘ကာယဝိညာဏဓာတ်’ ဖြစ်ပြီး၍ ချုပ်သည်၏ အခြားမဲ့၌ (ချုပ်ပြီးနောက် တစ်ဆက်တည်း အာရုံကို) သိကာမျှသဘော မနောဓာတ်သည် ဖြစ်၏ (သမ္ပဋိစ္ဆိုန်းစိတ်)၊ (အာရုံကို) သိကာမျှသဘော မနောဓာတ် (သမ္ပဋိစ္ဆိုန်း) ဖြစ်ပြီး၍ ချုပ်သည်၏ အခြားမဲ့၌လည်း ဆန်းကြယ်စွာ ကြံသိမှုသဘော ‘စိတ္တ’၊ သိတတ်ခြင်းသဘော ‘မန’၊ သိမှုသဘော ‘မာနသ’။ပ။ ထိုကာယဝိညာဉ်နှင့် ဖောဋ္ဌဗ္ဗာရုံတို့အား လျောက်ပတ်သော အထူးသိမှုသဘော ‘မနောဝိညာဏဓာတ်'သည် ဖြစ်၏ (ပဉ္စဒွါရ့ဝီထိ၌ ဖြစ်သော သနီ ္တရဏစသည်)။ ဘဝင်စိတ်ဟု ဆိုအပ်သော သိမှုသဘော ‘မန'နှင့် ဓမ္မာရုံတို့ကို စွဲ၍ ဆန်းကြယ်စွာ ကြံသိမှုသဘော ‘စိတ္တ’၊ သိတတ်ခြင်းသဘော ‘မန’၊ သိမှုသဘော ‘မာနသ’၊ ဆောင်တတ်ခြင်းသဘော ‘ဟဒယ’၊ ပြိုးပြိုး ပြက်ပြက် ဖြူစင်ခြင်းသဘော ‘ပဏ္ဍရ’၊ သိတတ်ခြင်းသဘော ‘မန’၊ သိမှုတည်းဟူသော ဖြစ်ရာဌာန ‘မနာယတန’၊ အစိုးတရသိမှု ‘မနိန္ဒြေ’၊ အထူးသိမှုသဘော ‘ဝိညာဏ’၊ အထူးသိမှု စိတ်အစု ‘ဝိညာဏက္ခန္ဓာ’၊ ထိုဘဝင်စိတ်ဟု ဆိုအပ်သော သိမှုသဘော ‘မန'နှင့် ဓမ္မာရုံတို့အား လျောက်ပတ်သော အထူးသိမှုသဘော ‘မနောဝိညာဏဓာတ်'သည် ဖြစ်၏။ ဤဆိုခဲ့ပြီးသော သဘောကို အထူးသိမှုသဘော ‘မနောဝိညာဏဓာတ်’ဟု ဆိုအပ်၏ (မနောဒွါရ ဝီထိ၌ စိတ်ဖြစ်အစဉ်)။

အဘိဓမ္မာနည်းဖြင့် ဝေဖန် ဟောကြားအပ်သော ‘အဘိဓမ္မဘာဇနီယ'နည်း ပြီး၏။

--

၃-ပဥှာပုစ္ဆက

အမေးအဖြေပြု၍ ဟောကြားအပ်သော'ပဥှာ ပုစ္ဆက'နည်း

ဓာတ် ၁၈-ပါး

၁၈၅။ ဓာတ် ၁၈-ပါးတို့ကား-

(၁) မြင်မှုသဘော ‘စက္ခုဓာတ်’ (မြင်တတ်သော သဘောရှိသော မျက်စိအကြည် ‘စက္ခုပသာဒ ရုပ်')။

(၂) အဆင်းသဘော ‘ရူပဓာတ်’ (မြင်အပ်သော သဘောရှိသော အဆင်း ‘ရူပါရုံ')။

(၃) မြင်သိစိတ်သဘော ‘စက္ခုဝိညာဏဓာတ်’ (စက္ခုဝိညာဉ်စိတ်)။

(၄) ကြားမှုသဘော ‘သောတဓာတ်’ (ကြားတတ်သော သဘောရှိသော နားအကြည် ‘သောတပသာဒရုပ်')။

(၅) အသံသဘော'သဒ္ဒဓာတ်’ (ကြားအပ်သော သဘောရှိသော အသံ ‘သဒ္ဒါရုံ')။

(၆) ကြားသိစိတ်သဘော ‘သောတဝိညာဏဓာတ်’ (သောတဝိညာဉ်စိတ်)။

(၇) နံမှုသဘော ‘ဃာနဓာတ်’ (နံတတ်သောသဘောရှိသော နှာခေါင်းအကြည် ‘ဃာနပသာဒရုပ်')။

(၈) အနံ့သဘော ‘ဂန္ဓဓာတ်’ (နံအပ်သော သဘောရှိသော အနံ့ ‘ဂန္ဓာရုံ')။

(၉) နံသိစိတ်သဘော ‘ဃာနဝိညာဏဓာတ်’ (ဃာနဝိညာဉ်စိတ်)။

(၁၀) လျက်မှုသဘော ‘ဇိဝှါဓာတ်’ (လျက်တတ်သော သဘောရှိသော လျှာအကြည် ‘ဇိဝှါပသာဒရုပ်')။

(၁၁) အရသာသဘော (သာယာအပ်သောသဘော) ‘ရသဓာတ်’ (လျက်အပ်သောသဘော ရှိသော အရသာ ‘ရသာရုံ')။

(၁၂) လျက်သိစိတ်သဘော ‘ဇိဝှါဝိညာဏဓာတ်’ (ဇိဝှါဝိညာဉ်စိတ်)။

(၁၃) (ထိခိုက်တတ်သော သဘောရှိသော) ကိုယ်အကြည်သဘော ‘ကာယဓာတ်’ (ထိခိုက်တတ် သော သဘောရှိသော ကိုယ်အကြည် ‘ကာယပသာဒရုပ်')။

(၁၄) အတွေ့သဘော ‘ဖောဋ္ဌဗ္ဗဓာတ်’ (တွေ့ထိအပ်သော သဘောရှိသော ‘ဖောဋ္ဌဗ္ဗာရုံ')။

(၁၅) ထိသိစိတ်သဘော ‘ကာယဝိညာဏဓာတ်’ (ကာယဝိညာဉ်စိတ်)။

(၁၆) (အာရုံကို) သိကာမျှသဘော ‘မနောဓာတ်’ (ပဉ္စဒွါရာဝဇ္ဇန်း၊ သမ္ပဋိစ္ဆိုန်းဒွေး)။

(၁၇) သိမ်မွေ့သောတရားသဘော ‘ဓမ္မဓာတ်’ (စေတသိက်၊ သုခုမရုပ် ၁၆-ပါး၊ နိဗ္ဗာန်)။

(၁၈) အထူးသိမှုသဘော ‘မနောဝိညာဏဓာတ်’ ('ပဉ္စဝိညာဏဓာတ်နှင့် မနောဓာတ်တို့ ကြဉ့်အပ်သောစိတ် ၇၆-ပါး) တို့တည်း။

--

အမေးပုစ္ဆာ

ဓာတ် ၁၈-ပါးတို့ကို တိက် ဒုက်တို့ဖြင့် ဝေဖန်၍ အမေးပုစ္ဆာနည်းသက်သက်ကို ပြခြင်း

၁-တိက် ၂၂-ပါးတို့ဖြင့် ဝေဖန်၍ အမေးပုစ္ဆာကို ပြခြင်း

(၁) ကုသလတိက်အမေးပုစ္ဆာ

၁၈၆။ ဓာတ်တစ်ဆယ့်ရှစ်ပါးတို့တွင် အပြစ်မရှိမူ၍ ကောင်းကျိုး ချမ်းသာကို ပေးတတ်သောသဘော ‘ကုသိုလ်ဓာတ်'တို့သည် အဘယ်မျှရှိကုန်သနည်း။

အပြစ်ရှိ၍ မကောင်းကျိုး ဆင်းရဲကို ပေးတတ်သောသဘော ‘အကုသိုလ်ဓာတ်'တို့သည် အဘယ်မျှ ရှိကုန်သနည်း။ပ။ ကုသိုလ် အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သောသဘော ‘အဗျာကတဓာတ်'တို့သည် အဘယ်မျှရှိ ကုန်သနည်း။ပ။**၁

၁။ ** ဝေဒနာတိက် အမှတ် ၂-မှ သနိဒဿနတိက် အမှတ်-၂၂အထိ တိက် ၂၁-ခုတို့၏ အမေးပုစ္ဆာများကို ပေယျာလ ချန်ခဲ့ပြီးလျှင် ဟေတုဒုက် ဒုက်အမှတ် ၁-မှ သဥတ္တရဒုက် ဒုက်အမှတ် ၉၉-အထိ ပေယျာလ လုံးဝချန်ခဲ့သည်။

--

၂-ဒုက် ၁၀၀တို့ဖြင့် ဝေဖန်၍ အမေးပုစ္ဆာကို ပြခြင်း

(၁၀၀) သရဏဒုက် အမေးပုစ္ဆာ

ငိုကြွေးကြောင်း (ရာဂစသော ကိလေသာ) ရှိသော သဘော ‘သရဏဓာတ်'တို့သည် အဘယ်မျှ ရှိကုန်သနည်း။

ငိုကြွေးကြောင်း (ရာဂစသော ကိလေသာ) မရှိသောသဘော ‘အရဏဓာတ်'တို့သည် အဘယ်မျှ ရှိကုန်သနည်း။**၁

၁။ ** ဝေဒနာတိက် အမှတ် ၂-မှ သနိဒဿနတိက် အမှတ်-၂၂အထိ တိက် ၂၁-ခုတို့၏ အမေးပုစ္ဆာများကို ပေယျာလ ချန်ခဲ့ပြီးလျှင် ဟေတုဒုက် ဒုက်အမှတ် ၁-မှ သဥတ္တရဒုက် ဒုက်အမှတ် ၉၉-အထိ ပေယျာလ လုံးဝချန်ခဲ့သည်။

--

အဖြေဝိသဇ္ဇနာ

ဓာတ် ၁၈-ပါးတို့ကို တိက် ဒုက်တို့ဖြင့် ဝေဖန်၍ အဖြေဝိသဇ္ဇနာကို ပြခြင်း

၁-တိကဝိသဇ္ဇနာ

(၁-ဓာတ် ၁၈-ပါးတို့ကို တိက် ၂၂-ပါးတို့ဖြင့် ဝေဖန်၍ အဖြေဝိသဇ္ဇနာကို ပြခြင်း)

(၁) ကုသလတိက် အဖြေဝိသဇ္ဇနာ

၁၈၇။ (ရုပ်ဓာတ် ၁၀-ပါး၊ ပဉ္စဝိညာဏဓာတ် ၅-ပါး၊ မနောဓာတ်) ဓာတ် တစ်ဆယ့်ခြောက်ပါးတို့သည် အဗျာကတ ဖြစ်ကုန်၏။ အချို့သော (မနောဝိညာဏဓာတ်၊ ဓမ္မဓာတ်) ဓာတ်နှစ်ပါးတို့သည် ကုသိုလ်ဖြစ်ကုန်၏ (ကုသိုလ် စိတ်နှင့် ယှဉ်ဘက် စေတသိက်များ)၊ အချို့သော (မနောဝိညာဏဓာတ်၊ ဓမ္မဓာတ်) ဓာတ်နှစ်ပါးတို့သည် အကုသိုလ်ဖြစ်ကုန်၏ (အကုသိုလ်စိတ်နှင့် ယှဉ်ဘက် စေတသိက်များ)၊ အချို့သော (မနောဝိညာဏဓာတ်၊ ဓမ္မဓာတ်) ဓာတ်နှစ်ပါးတို့သည် အဗျာကတဖြစ်ကုန်၏ (ကြွင်းသောဝိပါက်၊ ကြိယာ၊ ယှဉ်ဘက် စေတသိက် များ၊ သုခုမရုပ်၊ နိဗ္ဗာန်)။

(၂) ဝေဒနာတိက် အဖြေဝိသဇ္ဇနာ

(ရုပ်ဓာတ် ၁၀-ပါး) ဓာတ်ဆယ်ပါးတို့ကို ချမ်းသာခံစားမှု ‘သုခဝေဒနာ'နှင့်ယှဉ်ကုန်၏ဟူ၍လည်းကောင်း, ဆင်းရဲခံစားမှု ‘ဒုက္ခဝေဒနာ'နှင့် ယှဉ်ကုန်၏ဟူ၍လည်းကောင်း၊ ဆင်းရဲချမ်းသာမဟုတ်သော (အလယ်အလတ်) ခံစားမှု ‘အဒုက္ခမသုခဝေဒနာ'နှင့် ယှဉ်ကုန်၏ဟူ၍လည်းကောင်း မဆိုအပ်ကုန် (တိက်မုတ်)။ (စက္ခုဝိညာဏဓာတ်၊ သောတဝိညာဏဓာတ်၊ ဃာနဝိညာဏဓာတ်၊ ဇိဝှါဝိညာဏဓာတ်၊ မနောဓာတ်) ဓာတ်ငါးပါးတို့သည် အဒုက္ခမသုခဝေဒနာနှင့် (ဥပေက္ခာဝေဒနာနှင့်) ယှဉ်ကုန်၏။ အချို့သော ကာယဝိညာဏဓာတ်သည် သုခဝေဒနာနှင့် ယှဉ်၏ (သုခသဟဂုတ် ကာယဝိညာဏ်စိတ်)၊ အချို့သော ကာယဝိညာဏဓာတ်သည် ဒုက္ခဝေဒနာနှင့် ယှဉ်၏ (ဒုက္ခသဟဂုတ် ကာယဝိညာဏ် စိတ်)။ အချို့သော မနောဝိညာဏဓာတ်သည် သုခဝေဒနာနှင့် ယှဉ်၏ (သောမနဿ သဟဂုတ်စိတ် ၆၂-ပါး)။ အချို့သော မနောဝိညာဏဓာတ်သည် ဒုက္ခဝေဒနာနှင့် ယှဉ်၏ (ဒေါသမူဒွေး)၊ အချို့သော မနော ဝိညာဏဓာတ်သည် အဒုက္ခမသုခဝေဒနာနှင့် ယှဉ်၏ (ကြွင်းသော ဥပေက္ခာသဟဂုတ်စိတ် ၄၄-ပါး)။ အချို့သော ဓမ္မဓာတ်သည် သုခဝေဒနာနှင့် ယှဉ်၏ (သောမနဿသဟဂုတ်စိတ်နှင့် ယှဉ်သော ဝေဒနာ, ဒေါသ, ဣဿာ, မစ္ဆရိယ, ကုက္ကုစ္စ, ဝိစိကိစ္ဆာကြဉ် စေတသိက် ၄၆-ပါး)၊ အချို့သော ဓမ္မဓာတ်သည် ဒုက္ခဝေဒနာနှင့် ယှဉ်၏ (ဒေါသမူဒွေးနှင့် ဒုက္ခသဟဂုတ် ကာယဝိညာဏ်စိတ်တို့၌ရှိသော ဝေဒနာ ကြဉ်သည့် ယှဉ်ဘက်စေတသိက်များ)၊ အချို့သော ဓမ္မဓာတ်သည် အဒုက္ခမသုခဝေဒနာနှင့် ယှဉ်၏ (ဥပေက္ခာသဟဂုတ် စိတ်၌ ရှိသော ဝေဒနာကြဉ်သည့် ယှဉ်ဘက် စေတသိက်များ)။

တိက်မုတ်

အချို့သော ဓမ္မဓာတ်ကို သုခဝေဒနာနှင့် ယှဉ်၏ဟူ၍လည်းကောင်း၊ ဒုက္ခဝေဒနာနှင့် ယှဉ်၏ဟူ၍လည်းကောင်း၊ အဒုက္ခမသုခဝေဒနာနှင့် ယှဉ်၏ဟူ၍လည်းကောင်း မဆို အပ်ချေ (ဝေဒနာ၁၊ သုခုမရုပ်၊ နိဗ္ဗာန်)။ (ဏီ၊ ပဒ-၁၃၈၉)

၁။ ဝေဒနာကို ‘ဝေဒနာနှင့်ယှဉ်၏’ဟု မဆိုရချေ။

--

(၃) ဝိပါကတိက် အဖြေဝိသဇ္ဇနာ

(ရုပ်ဓာတ် ၁၀-ပါး) ဓာတ်ဆယ်ပါးတို့သည် ကုသိုလ် အကုသိုလ်တို့၏ အကျိုးဝိပါက်လည်း မဟုတ်မူ၍ အကျိုးကို ဖြစ်စေခြင်း သဘောရှိသည့် တရားလည်း မဟုတ်ကုန် (နေဝ ဝိပါက န ဝိပါကဓမ္မဓဓ္မ္မာ)။ (ပဉ္စဝိညာဏဓာတ် ၅-ပါး) ဓာတ်ငါးပါးတို့သည် ကုသိုလ် အကုသိုလ်တို့၏ အကျိုးဝိပါက်ဖြစ်ကုန်၏ (ဝိပါကဓမ္မ)။ အချို့သော မနောဓာတ်သည် ကုသိုလ် အကုသိုလ်တို့၏ အကျိုးဝိပါက်ဖြစ်၏ (ဝိပါကဓမ္မ) (သမ္ပဋိစ္ဆိုန်းဒွေး)၊ အချို့သော မနောဓာတ်သည် ကုသိုလ် အကုသိုလ်တို့၏ အကျိုးဝိပါက်လည်း မဟုတ်မူ၍ အကျိုးကို ဖြစ်စေခြင်း သဘောရှိသည့် တရားလည်း မဟုတ်ချေ (ပဉ္စဒွါရာဝဇ္ဇန်းကြိယာစိတ်)။ အချို့သော (မနောဝိညာဏဓာတ်၊ ဓမ္မဓာတ်) ဓာတ်နှစ်ပါးတို့သည် ကုသိုလ် အကုသိုလ်တို့၏ အကျိုးဝိပါက်ဖြစ်ကုန်၏ (မနောဝိညာဏဓာတ် ဝိပါက်စိတ် ၂၄-ပါးနှင့် ယှဉ်ဘက်စေတသိက်များ)၊ အချို့ သော (မနောဝိညာဏဓာတ်၊ ဓမ္မဓာတ်) ဓာတ်နှစ်ပါးတို့သည် အကျိုးဝိပါက်ကို ဖြစ်စေခြင်း သဘော ရှိသည့် တရားဖြစ်ကုန်၏ (ကုသိုလ်, အကုသိုလ်စိတ်တို့နှင့် ယှဉ်ဘက် စေတသိက်များ)၊ အချို့သော (မနောဝိညာဏဓာတ်၊ ဓမ္မဓာတ်) ဓာတ်နှစ်ပါးတို့သည် ကုသိုလ် အကုသိုလ်တို့၏ အကျိုးဝိပါက်လည်း မဟုတ်မူ၍ အကျိုးကို ဖြစ်စေခြင်း သဘောရှိသည့် တရားလည်း မဟုတ်ကုန် (ပဉ္စဒွါရာဝဇ္ဇန်းကြဉ်သည့်ကြိယာစိတ်နှင့်ယှဉ်ဘက် စေတသိက်များ၊ သုခုမရုပ်၊ နိဗ္ဗာန်)။

(၄) ဥပါဒိဏ္ဏတိက်အဖြေဝိသဇ္ဇနာ

(ပဉ္စဝိညာဏဓာတ် ၅-ပါး၊ ပသာဒရုပ်ဓာတ် ၅-ပါး) ဓာတ်ဆယ်ပါးတို့သည် တဏှာဒိဋ္ဌိတို့ ကပ်အပ်သော ကံသည် အကျိုး၏ အဖြစ် ဖြင့်လည်း ယူအပ်၍ (တဏှာဒိဋ္ဌိတို့၏ အာရုံဖြစ်သည့် ကံကြောင့်ဖြစ်၍) ဥပါဒါန်တို့၏ အာရုံလည်း ဖြစ်ကုန်၏ (ပသာဒရုပ် ၅-ပါး၊ ဒွေးပဉ္စဝိညာဏ် ၁၀-ပါး)။ အသံသဘော ‘သဒ္ဒဓာတ်'သည် တဏှာဒိဋ္ဌိတို့ ကပ်အပ်သော ကံသည် အကျိုး၏အဖြစ်ဖြင့် မယူအပ်မူ၍၁ (တဏှာဒိဋ္ဌိတို့၏ အာရုံဖြစ်သည့် ကံကြောင့် မဖြစ်မူ၍) ဥပါဒါန်၏ အာရုံသာ ဖြစ်၏။ အချို့သော (ရူပဓာတ်၊ ဂန္ဓဓာတ်၊ ရသဓာတ်၊ ဖောဋ္ဌဗ္ဗဓာတ်၊ မနောဓာတ်) ဓာတ်ငါးပါးတို့သည် တဏှာဒိဋ္ဌိတို့ ကပ်အပ်သော ကံသည် အကျိုး၏ အဖြစ်ဖြင့်လည်း ယူအပ်၍ (တဏှာဒိဋ္ဌိတို့၏ အာရုံဖြစ် သည့် ကံကြောင့်လည်းဖြစ်၍) ဥပါဒါန်၏ အာရုံလည်း ဖြစ်ကုန်၏ (ကမ္မဇရူပါရုံ, ကမ္မဇဂန္ဓာရုံ, ကမ္မဇ ရသာရုံ, ကမ္မဇဖောဋ္ဌဗ္ဗာရုံ၂, သမ္ပဋိစ္ဆိုန်းဒွေး)၊ အချို့သော (ရူပဓာတ်၊ ဂန္ဓဓာတ်၊ ရသဓာတ်၊ ဖောဋ္ဌဗ္ဗ ဓာတ်၊ မနောဓာတ်) ဓာတ်ငါးပါးတို့သည် တဏှာဒိဋ္ဌိတို့ ကပ်အပ်သော ကံသည် အကျိုး၏ အဖြစ်ဖြင့် မယူအပ်မူ၍ (တဏှာဒိဋ္ဌိတို့ အာရုံပြုသော ကံကြောင့် မဖြစ်မူ၍) ဥပါဒါန်၏ အာရုံသာ ဖြစ်ကုန်၏ (တိဇရူပါရုံ, တိဇဂန္ဓာရုံ, တိဇရသာရုံ, တိဇဖောဋ္ဌဗ္ဗာရုံ, ပဉ္စဒွါရာဝဇ္ဇန်း)။ အချို့သော (မနောဝိညာဏဓာတ်၊ ဓမ္မဓာတ်) ဓာတ်နှစ်ပါးတို့သည် တဏှာဒိဋ္ဌိတို့ ကပ်အပ်သော ကံသည် အကျိုး၏ အဖြစ်ဖြင့်လည်း ယူအပ်၍ (တဏှာဒိဋ္ဌိတို့ အာရုံပြုသော ကံကြောင့်လည်းဖြစ်၍) ဥပါဒါန်၏ အာရုံလည်း ဖြစ်ကုန်၏ (လောကီမနောဝိညာဏဓာတ် ဝိပါက်စိတ် ၂၀-ပါးနှင့် ယှဉ်ဘက် စေတသိက်များ၊ ကမ္မဇရုပ် ဧကန်ဖြစ်သည့် သုခုမရုပ်များဖြစ်သော ဘာဝရုပ် ၂-ပါး, ဇီဝိတရုပ်, ဟဒယရုပ်, ကမ္မဇရုပ်အနေကန်ဖြစ်သည့် သုခုမရုပ်များဖြစ်သော အာပေါ, အာဟာရရုပ်, ပရိစ္ဆေဒရုပ်, လက္ခဏရုပ်)၊ အချို့သော (မနောဝိညာဏဓာတ်၊ ဓမ္မဓာတ်) ဓာတ်နှစ်ပါးတို့သည် တဏှာဒိဋ္ဌိတို့ ကပ်အပ် သော ကံသည် အကျိုး၏ အဖြစ်ဖြင့် မယူအပ်မူ၍ (တဏှာဒိဋ္ဌိတို့၏ အာရုံဖြစ်သော ကံကြောင့် မဖြစ်မူ၍) ဥပါဒါန်၏ အာရုံသာ ဖြစ်ကုန်၏ (လောကီကုသိုလ် အကုသိုလ်စိတ်၊ ပဉ္စဒွါရာဝဇ္ဇန်း ကြဉ်သော ကြိယာစိတ်၊ ယှဉ်ဘက်စေတသိက်များ၊ တိဇသုခုမရုပ်)၊ အချို့သော (မနောဝိညာဏဓာတ်၊ ဓမ္မဓာတ်) ဓာတ်နှစ်ပါးတို့ သည် တဏှာဒိဋ္ဌိတို့ ကပ်အပ်သော ကံသည် အကျိုး၏ အဖြစ်ဖြင့်လည်း မယူအပ်မူ၍ (တဏှာဒိဋ္ဌိတို့၏ အာရုံဖြစ်သည့် ကံကြောင့်လည်း မဖြစ်မူ၍) ဥပါဒါန်၏ အာရုံလည်း မဖြစ်ကုန် (လောကုတ္တရာ စိတ္တုပ္ပါဒ်၊ နိဗ္ဗာန်)။

--

၁။ အသံ ‘သဒ္ဒရုပ်'သည် စိတ္တဇရုပ်နှင့် ဥတုဇရုပ်သာဖြစ်သည်၊ ကမ္မဇရုပ် မဟုတ်ချေ။

၂။ ရူပါရုံ, ဂန္ဓာရုံ, ရသာရုံ, ဖောဋ္ဌဗ္ဗာရုံတို့သည် စတုဇရုပ်များ ဖြစ်သည်။ ယင်းရုပ်တို့ကို ဥပါဒိဏ္ဏရုပ် (ကမ္မဇရုပ်)၊ အနုပါဒိဏ္ဏ ရုပ် (တိဇရုပ်) ဟု ခွဲခြားပြထားခြင်း ဖြစ်သည်။

(၅) သံကိလိဋ္ဌတိက် အဖြေဝိသဇ္ဇနာ

(ရုပ်ဓာတ် ၁၀-ပါး၊ ပဉ္စဝိညာဏဓာတ် ၅-ပါး၊ မနောဓာတ်) ဓာတ်တစ်ဆယ့်ခြောက်ပါးတို့သည် ပူပန်စေတတ် နှိပ်စက် တတ်၍ ညစ်နွမ်းစေတတ်သော ကိလေသာတို့သည် ပူပန်စေအပ်သည် မဟုတ်မူ၍ (ကိလေသာနှင့် မယှဉ်မူ၍) ကိလေသာ၏ အာရုံသာ ဖြစ်ကုန်၏ (ပသာဒရုပ် ၅-ပါး၊ အာရုံ ၅-ပါး၊ ဒွေးပဉ္ဒဝိညာဏ်-၁၀၊ ပဉ္စဒွါရာဝဇ္ဇန်းနှင့် သမ္ပဋိစ္ဆိုန်းဒွေး)။ အချို့သော (မနောဝိညာဏဓာတ်၊ ဓမ္မဓာတ်) ဓာတ်နှစ်ပါးတို့သည် ပူပန်စေတတ် နှိပ်စက်တတ် ညစ်နွမ်းစေတတ်သော ကိလေသာတို့ ပူပန်စေအပ်သည်လည်းဖြစ်၍ (ကိလေသာနှင့်လည်းယှဉ်၍) ကိလေသာ၏ အာရုံလည်း ဖြစ်ကုန်၏ (အကုသိုလ်စိတ္တုပ္ပါဒ်)၊ အချို့သော (မနောဝိညာဏဓာတ်၊ ဓမ္မဓာတ်) ဓာတ်နှစ်ပါးတို့သည် ကိလေသာတို့ ပူပန်စေအပ်သည် မဟုတ်မူ၍ (ကိလေသာနှင့် မယှဉ်မူ၍) ကိလေသာ၏ အာရုံသာ ဖြစ်ကုန်၏ (လောကီမနောဝိညာဏဓာတ် ကုသိုလ်, ဝိပါက်, ကြိယာစိတ်၊ ယှဉ်ဘက် စေတသိက်များ၊ သုခုမရုပ်)၊ အချို့သော (မနောဝိညာဏဓာတ်၊ ဓမ္မဓာတ်) ဓာတ်နှစ်ပါးတို့သည် ကိလေသာတို့ ပူပန်စေအပ်သည်လည်း မဟုတ်မူ၍ (ကိလေသာနှင့် မယှဉ်မူ၍) ကိလေသာ၏ အာရုံလည်း မဖြစ်ကုန် (လောကုတ္တရာစိတ္တုပ္ပါဒ်၊ နိဗ္ဗာန်)။

(၆) ဝိတက်တိက် အဖြေဝိသဇ္ဇနာ

(ရုပ်ဓာတ် ၁၀-ပါး၊ ပဉ္စဝိညာဏဓာတ် ၅-ပါး) ဓာတ်တစ်ဆယ့်ငါးပါးတို့သည် ဝိတက်လည်း မရှိမူ၍ ဝိစာရလည်း မရှိကုန် (ဝိတက်, ဝိစာရနှင့် မယှဉ်ကုန်)။ မနောဓာတ်သည် ဝိတက်လည်း ရှိ၍ ဝိစာရလည်း ရှိ၏ (ပဉ္စဒွါရာဝဇ္ဇန်း၊ သမ္ပဋိစ္ဆိုန်း ဒွေး)။ အချို့သော မနောဝိညာဏဓာတ်သည် ဝိတက်လည်း ရှိ၍ ဝိစာရလည်း ရှိ၏ (မနောဓာတ်ကြဉ်သော သဝိတက္ကစိတ် ၅၂-ပါး)၊ အချို့သော မနောဝိညာဏဓာတ်သည် ဝိတက်မရှိမူ၍ ဝိစာရမျှသာရှိ၏ (ဒုတိယဈာန် စိတ် ၁၁-ပါး)၊ အချို့သော မနောဝိညာဏဓာတ်သည် ဝိတက်လည်း မရှိမူ၍ ဝိစာရလည်း မရှိချေ (တတိယဈာန် ၁၁-ပါး၊ စတုတ္ထဈာန် ၁၁-ပါး၊ ပဉ္စမဈာန် ၂၃-ပါး၊ ပေါင်း ၄၅-ပါး)။ အချို့သော ဓမ္မဓာတ်သည် ဝိတက်လည်း ရှိ၍ ဝိစာရလည်း ရှိ၏ (သဝိတက္ကစိတ် ၅၅-ပါး၌ရှိသော ဝိတက် ဝိစာရကြဉ်သည့် စေတသိက် ၅၀)၊ အချို့သော ဓမ္မဓာတ်သည် ဝိတက်ကား မရှိမူ၍ ဝိစာရမျှသာ ရှိ၏ (ဒုတိယဈာန်စိတ်၌ရှိသော ဝိစာရကြဉ်သော စေတသိက် ၃၆-ပါး၊ သဝိတက္ကစိတ် ၅၅-ပါး၌ရှိသော ဝိတက် ၅၅-ပါး)၊ အချို့သော ဓမ္မဓာတ်သည် ဝိတက်လည်း မရှိမူ၍ ဝိစာရလည်း မရှိချေ (တတိယဈာန် ၁၁-ပါး, စတုတ္ထဈာန် ၁၁-ပါး, ပဉ္စမဈာန်စိတ် ၂၃-ပါးတို့၌ရှိသော စေတသိက်များ၊ ဒုတိယဈာန်စိတ် ၁၁-ပါး၌ရှိသော ဝိစာရ ၁၁-ပါး၊ သုခုမရုပ်၊ နိဗ္ဗာန်)။

--

တိက်မုတ်

အချို့သော ဓမ္မဓာတ်ကို ဝိတက်လည်း ရှိ၍ ဝိစာရလည်း ရှိ၏ဟူ၍လည်းကောင်း၊ ဝိတက် မရှိမူ၍ ဝိစာရမျှသာ ရှိ၏ဟူ၍လည်းကောင်း၊ ဝိတက်လည်း မရှိမူ၍ ဝိစာရလည်း မရှိဟူ၍ လည်းကောင်း မဆိုအပ်ချေ (သဝိတက္ကစိတ် ၅၅-ပါး၌ရှိသော ဝိစာရ ၅၅-ပါး)။ (ဏီ၊ ပဒ-၁၄၀၁)

(၇) ပီတိတိက် အဖြေဝိသဇ္ဇနာ

(ရုပ်ဓာတ် ၁၀-ပါး) ဓာတ်ဆယ်ပါးတို့ကို ပီတိနှင့် တကွဖြစ်ကုန်၏ဟူ၍လည်းကောင်း (ပီတိနှင့်ယှဉ်ကုန်၏ဟူ၍လည်းကောင်း)၊ သုခဝေဒနာနှင့်တကွ ဖြစ်ကုန်၏ဟူ၍လည်းကောင်း၊ ဥပေက္ခာဝေဒနာနှင့်တကွ ဖြစ်ကုန်၏ဟူ၍လည်းကောင်း မဆိုအပ်ကုန်။

(တိက်မုတ်)။ (ကာယဝိညာဏဓာတ်ကြဉ်သော ပဉ္စဝိညာဏဓာတ် ၄-ပါး၊ မနောဓာတ်) ဓာတ်ငါးပါးတို့သည် ဥပေက္ခာဝေဒနာနှင့်တကွ ဖြစ်ကုန်၏ (ဥပေက္ခာဝေဒနာနှင့် ယှဉ်ကုန်၏)။ ကာယဝိညာဏဓာတ်သည် ပီတိနှင့်တကွ မဖြစ်ချေ (ပီတိနှင့် မယှဉ်ချေ)။ အချို့သော ကာယဝိညာဏဓာတ်သည် သုခဝေဒနာနှင့်တကွ ဖြစ်၍ ဥပေက္ခာဝေဒနာနှင့်တကွ မဖြစ်ချေ (သုခသဟဂုတ် ကာယဝိညာဏ်စိတ်)။

တိက်မုတ်

အချို့သော ကာယဝိညာဏဓာတ်ကို သုခဝေဒနာနှင့်တကွ ဖြစ်၏ဟု မဆိုအပ်ချေ (ဒုက္ခသဟဂုတ် ကာယဝိညာဏ်စိတ်)။ အချို့သော (မနောဝိညာဏဓာတ်၊ ဓမ္မဓာတ်) ဓာတ်နှစ်ပါးတို့သည် ပီတိနှင့်တကွ ဖြစ်ကုန်၏ (သပ္ပီတိကစိတ် ၅၁-ပါး၊ ပီတိကြဉ်သော၁ ယှဉ်ဘက်စေတသိက်များ)၊ အချို့သော (မနောဝိညာဏ ဓာတ်၊ ဓမ္မဓာတ်) ဓာတ်နှစ်ပါးတို့သည် သုခဝေဒနာနှင့်တကွ ဖြစ်ကုန်၏ (သုခသဟဂုတ် ကာယဝိညာဏ် စိတ် ကြဉ်သော သုခသဟဂုတ်စိတ် ၆၂-ပါး၊ ဝေဒနာကြဉ်သော ယှဉ်ဘက် စေတသိက်များ)၊ အချို့သော (မနောဝိညာဏဓာတ်၊ ဓမ္မဓာတ်) ဓာတ်နှစ်ပါးတို့သည် ဥပေက္ခာဝေဒနာနှင့်တကွ ဖြစ်ကုန်၏ (မနောဝိညာဏဓာတ် ဥပေက္ခာသဟဂုတ်စိတ် ၄၄-ပါး၊ ဝေဒနာကြဉ်သော၂ ယှဉ်ဘက် စေတသိက်များ)။

တိက်မုတ်

အချို့သော (မနောဝိညာဏဓာတ်၊ ဓမ္မဓာတ်) ဓာတ်နှစ်ပါးတို့ကို ပီတိနှင့်တကွ ဖြစ်ကုန်၏ဟူ၍လည်းကောင်း၊ သုခဝေဒနာနှင့်တကွ ဖြစ်ကုန်၏ဟူ၍လည်းကောင်း၊ ဥပေက္ခာဝေဒနာ နှင့်တကွ ဖြစ်ကုန်၏ဟူ၍လည်းကောင်း မဆိုအပ်ကုန် (ဒေါသမူစိတ္တုပ္ပါဒ်၊ ဒုက္ခ သဟဂုတ်စိတ်၌ ရှိသော စေတသိက်များ၊ သုခသဟဂုတ် ကာယဝိညာဏ်နှင့် စတုတ္ထဈာန် ၁၁-ပါး၌ ရှိသော သုခဝေဒနာ ၁၂-ခု၊ ဥပေက္ခာဝေဒနာ ၅၅-ပါး၊ သုခုမရုပ်၊ နိဗ္ဗာန်)။ (ဏီ၊ ပဒ-၁၄၀၄)

၁။ ပီတိကို ပီတိနှင့် ယှဉ်၏ဟု မဆိုရချေ။

၂။ ဝေဒနာကို ဝေဒနာနှင့် ယှဉ်၏ဟု မဆိုရချေ။

--

(၈) ဒဿနတိက် အဖြေဝိသဇ္ဇနာ

(ရုပ်ဓာတ် ၁၀-ပါး၊ ပဉ္စဝိညာဏဓာတ် ၅-ပါး၊ မနောဓာတ်) ဓာတ်တစ်ဆယ့်ခြောက်ပါးတို့ကို (နိဗ္ဗာန်ကို ရှေးဦးစွာမြင်သဖြင့်) ‘ဒဿန’မည်သော သောတာပတ္တိမဂ်သည် ပယ်အပ်သည်လည်း မဟုတ်မူ၍ (သောတာပတ္တိမဂ်မြင်ပြီး ဖြစ်သော နိဗ္ဗာန်ကို ပွါးများခြင်းအားဖြင့် တစ်ဖန်ထပ်မံ၍ မြင်သဖြင့်) ‘ဘာဝနာ’မည်သော အထက်မဂ် သုံးခုသည် ပယ်အပ်သည်လည်း မဟုတ်ကုန်။ အချို့သော (မနောဝိညာဏဓာတ်၊ ဓမ္မဓာတ်) ဓာတ်နှစ်ပါးတို့ကို သောတာပတ္တိမဂ်သည် ပယ်အပ် ကုန်၏ (ဒိဋ္ဌိဂတသမ္ပယုတ်စိတ် ၄-ပါးနှင့် ဝိစိကိစ္ဆာစိတ်၊ ယှဉ်ဘက်စေတသိက်များ)၊ အချို့သော (မနော ဝိညာဏဓာတ်၊ ဓမ္မဓာတ်) ဓာတ်နှစ်ပါးတို့ကို အထက်မဂ်သုံးခုတို့သည် ပယ်အပ်ကုန်၏ (ဒိဋ္ဌိဂတဝိပ္ပယုတ် စိတ် ၄-ပါး၊ ဒေါသမူဒွေး၊ ဥဒ္ဓစ္စသဟဂုတ်စိတ်၊ ယှဉ်ဘက်စေတသိက်များ)၊ အချို့သော (မနောဝိညာဏ ဓာတ်၊ ဓမ္မဓာတ်) ဓာတ်နှစ်ပါးတို့ကို သောတာပတ္တိမဂ်သည် ပယ်အပ်သည်လည်း မဟုတ်မူ၍ အထက်မဂ် သုံးခုသည် ပယ်အပ်သည်လည်း မဟုတ်ကုန် (ကုသိုလ်စိတ္တုပ္ပါဒ်၊ မနောဝိညာဏဓာတ် ဝိပါက်နှင့် ကြိယာ စိတ္တုပ္ပါဒ်များ၊ သုခုမရုပ်၊ နိဗ္ဗာန်)။

(၉) ဒဿနဟေတုတိက် အဖြေဝိသဇ္ဇနာ

(ရုပ်ဓာတ် ၁၀-ပါး၊ ပဉ္စဝိညာဏဓာတ် ၅-ပါး၊ မနောဓာတ်) ဓာတ်တစ်ဆယ့်ခြောက်ပါးတို့သည် ‘ဒဿန’မည်သော သောတာ ပတ္တိမဂ်သည် ပယ်အပ်သော ဟိတ်၁၇ှိသည်လည်း မဟုတ်မူ၍ (ဟိတ်နှင့် မယှဉ်မူ၍) ‘ဘာဝနာ’မည်သော အထက်မဂ်သုံးခုတို့ ပယ်အပ်သော ဟိတ်ရှိသည်လည်း မဟုတ်ကုန်။ အချို့သော (မနောဝိညာဏဓာတ်၊ ဓမ္မဓာတ်) ဓာတ်နှစ်ပါးတို့သည် သောတာပတ္တိမဂ်ဖြင့်၂ ပယ်အပ်သော ဟိတ်ရှိကုန်၏ (ဟိတ်နှင့် ယှဉ်ကုန်၏) (ဒိဋ္ဌိဂတသမ္ပယုတ် စိတ္တုပ္ပါဒ်၊ ဝိစိကိစ္ဆာသဟဂုတ်စိတ်၊ ဝိစိကိစ္ဆာစိတ်၌ ရှိသော မောဟကြဉ်သည့် ယှဉ်ဘက်စေတသိက်)။ အချို့သော (မနောဝိညာဏဓာတ်၊ ဓမ္မဓာတ်) ဓာတ်နှစ်ပါးတို့သည် အထက်မဂ်သုံးခုတို့ဖြင့်ပယ်အပ်သော ဟိတ်ရှိကုန်၏ (ဒိဋ္ဌိဂတဝိပ္ပယုတ်စိတ် ၄-ပါး၊ ဒေါသမူဒွေး၊ ဥဒ္ဓစ္စသဟဂုတ်စိတ်၊ ဥဒ္ဓစ္စသဟ ဂုတ်စိတ်၌ရှိသော မောဟကြဉ်သည့် ယှဉ်ဘက်စေတသိက်များ)။ အချို့သော (မနောဝိညာဏဓာတ်၊ ဓမ္မဓာတ်) ဓာတ်နှစ်ပါးတို့သည် သောတာပတ္တိမဂ်ဖြင့် ပယ်အပ် သော ဟိတ်ရှိသည်လည်း မဟုတ်မူ၍ အထက်မဂ်သုံးခုတို့ဖြင့် ပယ်အပ်သော ဟိတ်ရှိသည်လည်း မဟုတ် ကုန် (ကုသိုလ်, မနောဝိညာဏဓာတ် ဝိပါက်နှင့် ကြိယာစိတ္တုပ္ပါဒ်၊ မောဟမူဒွေး၌ရှိသော မောဟ၊ သုခုမ ရုပ်၊ နိဗ္ဗာန်)။ (ဏီ၊ ပဒ-၁၄၁၀)

၁။ သောတာပတ္တိမဂ် ပယ်သောဟိတ်များမှာ- လောဘမူ ဒိဋ္ဌိဂတသမ္ပယုတ်စိတ်၌ ရှိသော လောဘနှင့် မောဟ၊ ဝိစိကိစ္ဆာ သဟဂုတ်စိတ်၌ ရှိသော မောဟတို့ဖြစ်သည်။

၂။ စင်စစ်အားဖြင့် မဂ်သည် ကိလေသာကို ပယ်သည်၊ ‘မဂ်သည်’ဟု အဝုတ္တကတ္တားအနက် ‘သည်’ ဝိဘတ်ဖြင့်သာ ဘာသာပြန် ဆိုရမည်ဖြစ်သည်၊ သို့သော်လည်း မြန်မာပြန်ဆိုရာ၌ အဓိပ္ပါယ်ဖြောင့်၍ ပြေပြစ် နားလည်လွယ်စေရန် အချို့နေရာ၌ ‘မဂ်ဖြင့် ကိလေသာတို့ကို ပယ်သည်’ဟု ပြန်ဆိုထားသည်၊ ဤနေရာ၌လည်း ‘မဂ်သည် ပယ်အပ်သော ဟိတ်’ဟု ပြန်ဆိုရမည့်အစား ‘မဂ်ဖြင့် ပယ်အပ်သော ဟိတ်’ဟု ပြန်ဆိုထားသည်။

--

(၁၀) အာစယဂါမိတိက် အဖြေ ဝိသဇ္ဇနာ

(ရုပ်ဓာတ် ၁၀-ပါး၊ ပဉ္စဝိညာဏဓာတ် ၅-ပါး၊ မနောဓာတ်) ဓာတ်တစ်ဆယ့်ခြောက်ပါးတို့သည် စုတိပဋိသန္ဓေသို့ ရောက်ကြောင်းလည်း မဟုတ်မူ၍ (ရောက်စေတတ်သည်လည်း မဟုတ်မူ၍) စုတိပဋိသန္ဓေ ကင်းရာ နိဗ္ဗာန်သို့ ရောက်ကြောင်းလည်း မဟုတ်ကုန်။ အချို့သော (မနောဝိညာဏဓာတ်၊ ဓမ္မဓာတ်) ဓာတ်နှစ်ပါးတို့သည် စုတိပဋိသန္ဓေသို့ ရောက်ကြောင်း ဖြစ်ကုန်၏ (လောကီကုသိုလ်၊ အကုသိုလ်၊ ယှဉ်ဘက် စေတသိက်များ)၊ အချို့သော (မနော ဝိညာဏဓာတ်၊ ဓမ္မဓာတ်) ဓာတ်နှစ်ပါးတို့သည် နိဗ္ဗာန်သို့ ရောက်ကြောင်း ဖြစ်ကုန်၏ (မဂ်စိတ္တုပ္ပါဒ် များ)၊ အချို့သော (မနောဝိညာဏဓာတ်၊ ဓမ္မဓာတ်) ဓာတ်နှစ်ပါးတို့သည် စုတိပဋိသန္ဓေသို့ ရောက် ကြောင်းလည်း မဟုတ်မူ၍ နိဗ္ဗာန်သို့ ရောက်ကြောင်းလည်း မဟုတ်ကုန် (မနောဝိညာဏဓာတ် ဝိပါက်နှင့် ကြိယာ၊ ယှဉ်ဘက်စေတသိက်များ၊ သုခုမရုပ်၊ နိဗ္ဗာန်)။

(၁၁) သေက္ခတိက် အဖြေဝိသဇ္ဇနာ

(ရုပ်ဓာတ် ၁၀-ပါး၊ ပဉ္စဝိညာဏဓာတ် ၅-ပါး၊ မနောဓာတ်) ဓာတ်တစ်ဆယ့်ခြောက်ပါးတို့သည် (အရဟတ္တဖိုလ်သို့ရောက်ရန်) ကျင့်ဆဲ ‘သေက္ခ'ပုဂ္ဂိုလ် ၇-ယောက် တို့၏ ဥစ္စာလည်း မဟုတ်မူ၍ ကျင့်ပြီး ‘အသေက္ခ’ (ရဟန္တာ) ပုဂ္ဂိုလ်တို့၏ ဥစ္စာလည်း မဟုတ်ကုန်။ အချို့သော (မနောဝိညာဏဓာတ်၊ ဓမ္မဓာတ်) ဓာတ်နှစ်ပါးတို့သည် ကျင့်ဆဲ ‘သေက္ခ'ပုဂ္ဂိုလ် ၇-ယောက်တို့၏ ဥစ္စာဖြစ်ကုန်၏ (မဂ်စိတ် ၄-ပါး၊ အောက်ဖိုလ် ၃-ပါး၊ ယှဉ်ဘက်စေတသိက်များ)၊ အချို့သော (မနောဝိညာဏဓာတ်၊ ဓမ္မဓာတ်) ဓာတ်နှစ်ပါးတို့သည် ကျင့်ပြီး ‘အသေက္ခ’ (ရဟန္တာ) ပုဂ္ဂိုလ် တို့၏ ဥစ္စာဖြစ်ကုန်၏ (အရဟတ္တဖိုလ်စိတ္တုပ္ပါဒ်)။ အချို့သော (မနောဝိညာဏဓာတ်၊ ဓမ္မဓာတ်) ဓာတ်နှစ်ပါးတို့သည် ကျင့်ဆဲ ‘သေက္ခ'ပုဂ္ဂိုလ်တို့၏ ဥစ္စာလည်း မဟုတ်မူ၍ ကျင့်ပြီး ‘အသေက္ခ’ (ရဟန္တာ) ပုဂ္ဂိုလ်တို့၏ ဥစ္စာလည်း မဟုတ်ကုန် (ပဉ္စဝိညာဏ ဓာတ်နှင့် မနောဓာတ်ကြဉ်သော လောကီစိတ္တုပ္ပါဒ်၊ သုခုမရုပ်၊ နိဗ္ဗာန်)။

(၁၂) ပရိတ္တ၁တိက် အဖြေဝိသဇ္ဇနာ

(ရုပ်ဓာတ် ၁၀-ပါး၊ ပဉ္စဝိညာဏဓာတ် ၅-ပါး၊ မနောဓာတ်) ဓာတ်တစ်ဆယ့်ခြောက်ပါးတို့သည် နည်းပါးသော တန်ခိုး အာနုဘော် ရှိသော ‘ပရိတ္တတရား’ (ကာမတရား) ဖြစ်ကုန်၏။ အချို့သော (မနောဝိညာဏဓာတ်၊ ဓမ္မဓာတ်) ဓာတ်နှစ်ပါးတို့သည် နည်းပါးသော တန်ခိုး အာနုဘော်ရှိသော ‘ပရိတ္တတရား’ (ကာမတရား) ဖြစ်ကုန်၏ (ပဉ္စဝိညာဏဓာတ်နှင့် မနောဓာတ်ကြဉ်သော ကာမာဝစရစိတ္တုပ္ပါဒ်၊ သုခုမရုပ်)၊ အချို့သော (မနောဝိညာဏဓာတ်၊ ဓမ္မဓာတ်) ဓာတ်နှစ်ပါးတို့သည် ကြီးကျယ်မြင့်မြတ်သည်၏ အဖြစ်သို့ ရောက်ကုန်သော ‘မဟဂ္ဂုတ်တရား’ ဖြစ်ကုန်၏ (မဟဂ္ဂုတ်စိတ္တုပ္ပါဒ်)၊ အချို့သော (မနောဝိညာဏဓာတ်၊ ဓမ္မဓာတ်) ဓာတ်နှစ်ပါးတို့သည် နှိုင်းယှဉ်မှုကို ပြုတတ်သော ကိလေသာတို့၏ ဆန့်ကျင်ဘက် ဖြစ်သော မနှိုင်းယှဉ်အပ်သော ‘အပ္ပမာဏ'တရားဖြစ်ကုန်၏ (လောကုတ္တရာစိတ္တုပ္ပါဒ်၊ နိဗ္ဗာန်)။

၁။ ပရိတ္တ= သေးငယ်သော, အားနည်းသောသဘော၊ ကာမာဝစရတရား။

--

(၁၃) ပရိတ္တာရမ္မဏတိက် အဖြေဝိသဇ္ဇနာ

(ရုပ်ဓာတ် ၁၀-ပါး) ဓာတ်ဆယ်ပါးတို့သည် အာရုံပြုခြင်း သဘောမရှိကုန် (အာရုံမပြု တတ်ချေ)။ (ပဉ္စဝိညာဏဓာတ် ငါးပါး၊ မနောဓာတ်) ဓာတ်ခြောက်ပါးတို့သည် ပရိတ္တတရား (ကာမတရား) ကို အာရုံပြုကုန်၏ (ဒွေးပဉ္စဝိညာဏ် ၁၀၊ ပဉ္စဒွါရာဝဇ္ဇန်း၊ သမ္ပဋိစ္ဆိုန်းဒွေး)။ အချို့သော (မနောဝိညာဏဓာတ်၊ ဓမ္မဓာတ်) ဓာတ်နှစ်ပါးတို့သည် ပရိတ္တတရား (ကာမတရား) ကို အာရုံပြုကုန်၏ (ကြွင်းသော ကာမစိတ္တုပ္ပါဒ်၊ အဘိညာဉ်ဒွေးစိတ္တုပ္ပါဒ်)။ အချို့သော (မနောဝိညာဏဓာတ်၊ ဓမ္မဓာတ်) ဓာတ်နှစ်ပါးတို့သည် မဟဂ္ဂုတ်တရားကို အာရုံ ပြုကုန်၏ [ဝိညာဏဉ္စာယတနနှင့် နေဝသညာနာသညာယတနစိတ္တုပ္ပါဒ် (ဧကန်)၊ အကုသိုလ်စိတ် ၁၂၊ မနောဒွါရာဝဇ္ဇန်း၊ မဟာကုသိုလ်, မဟာကြိယာ, အဘိညာဉ်ဒွေး၊ ယှဉ်ဘက်စေတသိက်များ (အနေကန်)]။ အချို့သော (မနောဝိညာဏဓာတ်၊ ဓမ္မဓာတ်) ဓာတ်နှစ်ပါးတို့သည် အပ္ပမာဏတရား (လောကုတ္တရာတရား) ကို အာရုံပြုကုန်၏ [လောကုတ္တရာစိတ္တုပ္ပါဒ် (ဧကန်)၊ မနောဒွါရာဝဇ္ဇန်း၊ မဟာ ကုသိုလ်ဉာဏသမ္ပယုတ်, မဟာကြိယာဉာဏသမ္ပယုတ်, အဘိညာဉ်ဒွေးနှင့်ယှဉ်ဘက်စေတသိက်များ (အနေကန်)]။

တိက်မုတ်

အချို့သော (မနောဝိညာဏဓာတ်၊ ဓမ္မဓာတ်) ဓာတ်နှစ်ပါးတို့ကို ပရိတ္တတရား (ကာမတရား) ကို အာရုံပြုကုန်၏ဟူ၍လည်းကောင်း၊ မဟဂ္ဂုတ်တရားကို အာရုံပြုကုန်၏ဟူ၍လည်းကောင်း၊ အပ္ပမာဏတရား (လောကုတ္တရာတရား) ကို အာရုံပြုကုန်၏ဟူ၍လည်းကောင်း မဆို အပ်ကုန် (ပညတ်ကို ဧကန်အာရုံပြုသော ရူပါဝစရစိတ် ၁၅-ပါးနှင့် အာကာသာနဉ္စာယတန, အာကိဉ္စညာ ယတန အရူပစိတ် ၆-ပါး၊ ယှဉ်ဘက် စေတသိက်များ၊ ပညတ်ကို အနေကန် အာရုံပြုခိုက် စိတ္တုပ္ပါဒ်များ၊ သုခုမရုပ်၊ နိဗ္ဗာန်)။ (ဏီ၊ ပဒ-၁၄၂၂)

(၁၄) ဟီနတိက် အဖြေဝိသဇ္ဇနာ

(ရုပ်ဓာတ် ၁၀-ပါး၊ ပဉ္စဝိညာဏဓာတ် ၅-ပါး၊ မနောဓာတ်) ဓာတ် တစ်ဆယ့်ခြောက်ပါးတို့သည် အလယ်အလတ်တရား ‘မဇ္ဈိမတရား’ (မယုတ် မမြတ်တရား)့ဖြစ်ကုန်၏။ အချို့သော (မနောဝိညာဏဓာတ်၊ ဓမ္မဓာတ်) ဓာတ်နှစ်ပါးတို့သည် ယုတ်ညံ့သောတရား ‘ဟီနတရား’ ဖြစ်ကုန်၏ (အကုသိုလ်စိတ္တုပ္ပါဒ်)။ အချို့သော (မနောဝိညာဏဓာတ်၊ ဓမ္မဓာတ်) ဓာတ်နှစ်ပါးတို့သည် အလယ်အလတ်တရား ဖြစ် ကုန်၏ (လောကီကုသိုလ်၊ မနောဝိညာဏဓာတ် ဝိပါက်နှင့် ကြိယာစိတ္တုပ္ပါဒ်၊ သုခုမရုပ်)။ အချို့သော (မနောဝိညာဏဓာတ်၊ ဓမ္မဓာတ်) ဓာတ်နှစ်ပါးတို့သည် မြင့်မြတ်သော ‘ပဏီတ'တရား ဖြစ်ကုန်၏ (လောကုတ္တရာစိတ္တုပ္ပါဒ်၊ နိဗ္ဗာန်)။

(၁၅) မိစ္ဆတ္တတိက် အဖြေဝိသဇ္ဇနာ

(ရုပ်ဓာတ် ၁၀-ပါး၊ ပဉ္စဝိညာဏဓာတ် ၅-ပါး၊ မနောဓာတ်) ဓာတ်တစ်ဆယ့်ခြောက်ပါးတို့သည် မိစ္ဆတ္တနိယတ၁ သမ္မတ္တနိယတ၂ အခြင်း အရာအားဖြင့် အကျိုးပေး မမြဲကုန် (အနိယတ)။ အချို့သော (မနောဝိညာဏဓာတ်၊ ဓမ္မဓာတ်) ဓာတ်နှစ်ပါးတို့သည် ဖောက်ပြန်သော သဘောရှိ၍ စုတိ၏ အခြားမဲ့၌ အကျိုးပေး မြဲကုန်၏ (နိယတမိစ္ဆာဒိဋ္ဌိကိစ္စတပ်သော ဒိဋ္ဌိဂတသမ္ပယုတ်စိတ်လေးပါးနှင့် ပဉ္စာနန္တရိယကံ ကျူးလွန်သည့် ဒေါသမူဒွေးတို့၏ သတ္တမဇောစိတ္တုပ္ပါဒ်)။ အချို့သော (မနောဝိညာဏဓာတ်၊ ဓမ္မဓာတ်) ဓာတ်နှစ်ပါးတို့သည် မဖောက်ပြန်သော သဘောရှိ၍ မိမိ၏ အခြားမဲ့၌ အကျိုးပေး မြဲကုန်၏ (မဂ်စိတ္တုပ္ပါဒ်)၊ အချို့သော (မနောဝိညာဏဓာတ်၊ ဓမ္မဓာတ်) ဓာတ်နှစ်ပါးတို့သည် မိစ္ဆတ္တနိယတ, သမ္မတ္တနိယတ အခြင်းအရာအားဖြင့် အကျိုးပေး မမြဲကုန် (ကြွင်းသော မနောဝိညာဏဓာတ်စိတ္တုပ္ပါဒ်များ၊ သုခုမရုပ်၊ နိဗ္ဗာန်)။

--

၁။ မိစ္ဆတ္တ= ဖောက်ပြန်မှားယွင်းသော သဘော။ နိယတ= မြဲသော, မြဲခြင်း။ မိစ္ဆတ္တနိယတ= ဖောက်ပြန်သော သဘောရှိ၍ စုတိ၏ အခြားမဲ့၌ အပါယ်ငရဲသို့ အကျိုးပေး မြဲသောသဘော။

၂။ သမ္မတ္တနိယတ= မဖောက်မပြန်သော သဘောရှိ၍ မဂ်၏ အခြားမဲ့၌ အကျိုးပေးမြဲသော သဘော။

(၁၆) မဂ္ဂါရမ္မဏတိက်အဖြေဝိသဇ္ဇနာ

(ရုပ်ဓာတ် ၁၀-ပါး၊) ဓာတ်ဆယ်ပါးတို့သည် အာရုံပြုခြင်း သဘော မရှိကုန် (အာရုံမပြုတတ်ကုန်)။

တိက်မုတ်

(ပဉ္စဝိညာဏဓာတ် ၅-ပါး၊ မနောဓာတ်) ဓာတ်ခြောက်ပါးတို့ကို မဂ်ကို အာရုံပြုကုန်၏ဟူ၍လည်းကောင်း, မဂ်မည်သော အကြောင်းရင်းဟိတ် (သမ္မာဒိဋ္ဌိ၁= အမောဟဟိတ်) ရှိကုန်၏ဟူ၍လည်းကောင်း၊ မဂ်မည်သော အကြီးအမှူး (သမ္မာဒိဋ္ဌိ= ဝီမံသာဓိပတိ= အမောဟ, သမ္မာဝါယမ= ဝီရိယာဓိပတိ၂) ရှိကုန်၏ဟူ၍လည်းကောင်း မဆိုအပ်ကုန်။ အချို့သော (မနောဝိညာဏဓာတ်၊ ဓမ္မဓာတ်) ဓာတ်နှစ်ပါးတို့သည် မဂ်ကို အာရုံပြုကုန်၏ (ဉာဏ သမ္ပယုတ် မဟာကုသိုလ်, ဉာဏသမ္ပယုတ် မဟာကြိယာ, မနောဒွါရာဝဇ္ဇန်း, အဘိညာဉ်ဒွေး၊ ၎င်းတို့နှင့် ယှဉ်ဘက်စေတသိက်များ)။ (ဏီ၊ ပဒ-၁၄၂၉) အချို့သော (မနောဝိညာဏဓာတ်၊ ဓမ္မဓာတ်) ဓာတ်နှစ်ပါးတို့သည် မဂ်မည်သော အကြောင်း ရင်းဟိတ် (သမ္မာဒိဋ္ဌိ= အမောဟဟိတ်) ရှိကုန်၏ (အမောဟနှင့် ယှဉ်ကုန်၏) (သမ္မာဒိဋ္ဌိ= မည်သော အမောဟ ကြဉ်သည့် မဂ်စိတ္တုပ္ပါဒ်)။ အချို့သော (မနောဝိညာဏဓာတ်၊ ဓမ္မဓာတ်) ဓာတ်နှစ်ပါးတို့သည် မဂ်မည်သော အကြီးအမှူး (သမ္မာဒိဋ္ဌိ= ဝီမံသာဓိပတိ= အမောဟ, သမ္မာဝါယာမ= ဝီရိယာဓိပတိ) ရှိကုန်၏ (မဂ်ကို အလေးအမြတ် အာရုံပြုသည့် မဟာကုသိုလ် ဉာဏသမ္ပယုတ်နှင့် မဟာကြိယာ ဉာဏသမ္ပယုတ် စိတ္တုပ္ပါဒ်၊ မဂ်စိတ္တုပ္ပါဒ်)။

တိက်မုတ်

အချို့သော (မနောဝိညာဏဓာတ်၊ ဓမ္မဓာတ်) ဓာတ်နှစ်ပါးတို့ကို မဂ်ကို အာရုံပြုကုန်၏ဟူ၍လည်းကောင်း၊ မဂ်မည်သော အကြောင်းရင်းဟိတ် (သမ္မာဒိဋ္ဌိ= ဝီမံသ= အမောဟ) ရှိကုန်၏ဟူ၍လည်းကောင်း၊ မဂ်မည်သော အကြီးအမှူး (ဝီမံသာဓိပတိ= သမ္မာဒိဋ္ဌိ= အမောဟ, ဝီရိယာ ဓိပတိ= သမ္မာဝါယမ= ဝီရိယ) ရှိကုန်၏ဟူ၍ လည်းကောင်း မဆိုအပ်ကုန် (ကြွင်းသော မနောဝိညာဏဓာတ် စိတ္တုပ္ပါဒ်၊ သုခုမရုပ်၊ နိဗ္ဗာန်)။ (ဏီ၊ ပဒ-၁၄၂၉)

၁။ သမ္မာဒိဋ္ဌိသည် မဂ္ဂင်တရားဖြစ်၍ မဂ်လည်း မည်သည်။ သမ္မာဒိဋ္ဌိ၏ တရားကိုယ်မှာ ‘အမောဟ’ ဖြစ်သောကြောင့် ဟိတ်တရားလည်း ဖြစ်သည်။ ထို့ကြောင့် သမ္မာဒိဋ္ဌိသည် မဂ်လည်းမည်၍ ဟိတ်လည်းဖြစ်သည့် ‘မဂ္ဂဟေတု'တရား ဖြစ်သည်။

၂။ သမ္မာဒိဋ္ဌိသည် ပညာ, အမောဟ, ဝီမံသတရားများဖြစ်သည်။ အဓိပတိကိစ္စတပ်သည်။ သမ္မာဝါယမသည် မဂ်လည်း ဖြစ်သည်။ ယင်း၏ တရားကိုယ်မှာ အဓိပတိကိစ္စတပ်နိုင်သော ဝီရိယဖြစ်သည်။ ထို့ကြောင့် သမ္မာဒိဋ္ဌိနှင့် သမ္မာဝါယာမ တို့သည် ‘မဂ္ဂါဓိပတိ'တရား၊ ဖြစ်ကုန်သည်။

--

(၁၇) ဥပ္ပန္နတိက် အဖြေဝိသဇ္ဇနာ

အချို့သော (ပသာဒရုပ်ဓာတ် ၅-ပါး၊ ပဉ္စဝိညာဏ ဓာတ် ၅-ပါး) ဓာတ်ဆယ်ပါးတို့သည် ဥပါဒ် ဌီ ဘင် ခဏသုံးပါးသို့ ရောက်ဆဲ ဖြစ်ကုန်၏ (ဥပ္ပန္နာ) (ကမ္မဇရုပ်ဖြစ်သော ပသာဒရုပ်ငါးပါး၊ ပဉ္စဝိညာဏ်ငါးပါး)၊ အချို့သော (ပသာဒရုပ်ဓာတ် ငါးပါး၊ ပဉ္စဝိညာဏဓာတ်ငါးပါး) ဓာတ်ဆယ်ပါးတို့သည် မချွတ်ဧကန် ဖြစ်လတ္တံ့ဖြစ်ကုန်၏ (ဥပ္ပါဒိနော) (ကမ္မဇပသာဒရုပ်ငါးပါး၊ ပဉ္စဝိညာဏ်ငါးပါး)၊ အချို့သော (ပသာဒရုပ်ဓာတ်ငါးပါး၊ ပဉ္စဝိညာဏဓာတ်ငါးပါး) ဓာတ်ဆယ်ပါးတို့သည် ဥပါဒ် ဋ္ဌီ ဘင် ခဏသုံးပါးသို့ ရောက်ပြီးလည်း မဟုတ်မူ၍ ရောက်ဆဲလည်း မဟုတ်ဟု မဆိုအပ်ကုန် (အနုပ္ပန္န)၁။ အချို့သော သဒ္ဒဓာတ်သည် ဥပါဒ် ဌီ ဘင် ခဏသုံးပါးသို့ ရောက်ဆဲဖြစ်၏ (ဥပ္ပန္န)၊ အချို့သော သဒ္ဒဓာတ်သည် ဥပါဒ် ဌီ ဘင် ခဏသုံးပါးသို့ ရောက်ပြီးလည်း မဟုတ်မူ၍ ရောက်ဆဲလည်း မဟုတ်ချေ (အနုပ္ပန္န)၊ အချို့သော သဒ္ဒဓာတ်ကို မချွတ်ဧကန် ဖြစ်လတ္တံ့ဟု မဆိုအပ်ချေ။ အချို့သော (ရူပဓာတ်၊ ဂန္ဓဓာတ်၊ ရသဓာတ်၊ ဖောဋ္ဌဗ္ဗဓာတ်၊ မနောဓာတ်၊ မနောဝိညာဏဓာတ်) ဓာတ် ၆-ပါးတို့သည် ဥပါဒ် ဌီ ဘင် ခဏသုံးပါးသို့ ရောက်ဆဲဖြစ်ကုန်၏ (ဥပ္ပန္နာ)၊ အချို့သော (ရူပ၊ ဂန္ဓ၊ ရသ၊ ဖောဋ္ဌဗ္ဗဓာတ်၊ မနောဓာတ်၊ မနောဝိညာဏဓာတ်) ဓာတ် ၆-ပါးတို့သည် ဥပါဒ် ဌီ ဘင် ခဏ သုံးပါးသို့ ရောက်ပြီးလည်း မဟုတ်မူ၍ ရောက်ဆဲလည်း မဟုတ်ကုန် (အနုပ္ပန္နာ) (အနာဂတ်ဖြစ်သော ကုသိုလ်, အကုသိုလ်, ကြိယာစိတ်၊ သဒ္ဒါရုံကြဉ်သော တိဇအာရုံ ၄-ပါး)၊ အချို့သော (ရူပ၊ ဂန္ဓ၊ ရသ၊ ဖောဋ္ဌဗ္ဗဓာတ်၊ မနောဓာတ်၊ မနောဝိညာဏဓာတ်) ဓာတ် ၆-ပါးတို့သည် မချွတ်ဧကန် ဖြစ်လတ္တံ့ ဖြစ် ကုန်၏ (ဥပ္ပါဒိနော) (အနာဂတ်၌ မချွတ်ဧကန်ဖြစ်မည့် ကမ္မဇဂေါစရရုပ်၊ ဒွေးပဉ္စဝိညာဏ်ကြဉ်သော ဝိပါက် စိတ် ၂၆-ပါး)။ အချို့သော ဓမ္မဓာတ်သည် ဥပါဒ် ဌီ ဘင် ခဏသုံးပါးသို့ ရောက်ဆဲဖြစ်၏ (စေတသိက် ၅၂-ပါး၊ သုခုမရုပ်)၊ အချို့သော ဓမ္မဓာတ်သည် ဥပါဒ် ဌီ ဘင် ခဏသုံးပါးသို့ ရောက်ပြီးသည်လည်း မဟုတ်မူ၍ရောက်ဆဲလည်း မဟုတ်ချေ (အနုပ္ပန္န) (အနာဂတ်ဖြစ်သော ကုသိုလ်, အကုသိုလ်, ကြိယာစိတ်တို့၌ ရှိသော စေတသိက်နှင့် တိဇသုခုမရုပ်)၊ အချို့သော ဓမ္မဓာတ်သည် မချွတ်ဧကန် ဖြစ်လတ္တံ့ဖြစ်၏ (ဥပ္ပါဒိနော) (ဒွေးပဉ္စဝိညာဏ်ကြဉ်သည့် ဝိပါက်စိတ် ၂၆-ပါးနှင့် ယှဉ်သော စေတသိက်များ၊ ကမ္မဇသုခုမရုပ်)။

တိက်မုတ်

အချို့သော ဓမ္မဓာတ်ကို ဥပါဒ် ဌီ ဘင် ခဏသုံးပါးသို့ ရောက်ဆဲဟူ၍လည်းကောင်း ခဏ သုံးပါးသို့ ရောက်ပြီးလည်း မဟုတ်မူ၍ ရောက်ဆဲလည်း မဟုတ်ဟူ၍လည်းကောင်း မချွတ် ဧကန် ဖြစ်လတ္တံ့ဟူ၍လည်းကောင်း မဆိုအပ်ချေ (နိဗ္ဗာန်)။ (ဏီ၊ ပဒ-၁၄၃၀)

၁။ ဥပ္ပန္န= ဖြစ်ဆဲ ဥပ္ပါဒီ= နောင်ကာလ၌ မချွတ်ဧကန်ဖြစ်လတ္တံ့သဘောရှိသော တရား (ဝိပါက်တရားများ) အနုပ္ပန္န= ဖြစ်ပြီးလည်းမဟုတ်၊ ဖြစ်ဆဲလည်းမဟုတ်၊ နောင်အနာဂတ် ကာလ၌ ဖြစ်မည်ဆိုက ဖြစ်နိုင်သည့် ဖြစ်ကောင်းဖြစ်မည့် သဘောရှိသော တရားဖြစ်သည့် (ကုသိုလ်၊ အကုသိုလ်၊ ကြိယာ)

--

(၁၈) အတီတတိက် အဖြေဝိသဇ္ဇနာ

အချို့သော (ရုပ်ဓာတ် ၁၀-ပါး၊ ဝိညာဏဓာတ် ၇-ပါး) ဓာတ်တစ်ဆယ့်ခုနစ်ပါးတို့သည် ဖြစ်ပြီးအတိက်တရား ဖြစ် ကုန်၏ (အတီတာ)၊ အချို့သော (ရုပ်ဓာတ်ဆယ်ပါး၊ ပဉ္စဝိညာဏဓာတ်ငါးပါး၊ မနောဓာတ်၊ မနောဝိညာဏ ဓာတ်) ဓာတ်တစ်ဆယ့်ခုနစ်ပါးတို့သည် မရောက်သေးသော (ဖြစ်လတ္တံ့) အနာဂတ်တရား ဖြစ်ကုန်၏ (အနာဂတာ)၊ အချို့သော (ရုပ်ဓာတ်ဆယ်ပါး၊ ပဉ္စဝိညာဏဓာတ်ငါးပါး၊ မနောဓာတ်၊ မနောဝိညာဏဓာတ်) ဓာတ် တစ်ဆယ့်ခုနစ်ပါးတို့သည် ဖြစ်ဆဲ ပစ္စုပ္ပန်တရား ဖြစ်ကုန်၏ (ပစ္စုပ္ပန္နာ)။ အချို့သော ဓမ္မဓာတ်သည် ဖြစ်ပြီး အတိက်တရား ဖြစ်၏ (အတိက်ဝိညာဏဓာတ်တို့၌ရှိခဲ့သော စေတသိက် ၅၂-ပါး၊ သုခုမရုပ်)၊ အချို့သော ဓမ္မဓာတ်သည် မရောက်သေးသော (ဖြစ်လတ္တံ့) အနာဂတ် တရားဖြစ်၏၊ အချို့သော ဓမ္မဓာတ်သည် ဖြစ်ဆဲ ပစ္စုပ္ပန်တရား ဖြစ်၏။

တိက်မုတ်

အချို့သော ဓမ္မဓာတ်ကို ဖြစ်ပြီးဟူ၍လည်းကောင်း, မရောက်သေး ဖြစ်လတ္တံ့ဟူ၍ လည်းကောင်း၊ ဖြစ်ဆဲဟူ၍လည်းကောင်း မဆိုအပ်ချေ (နိဗ္ဗာန်)။ (ဏီ၊ ပဒ-၁၄၃၁)

(၁၉) အတီတာရမ္မဏတိက် အဖြေဝိသဇ္ဇနာ

(ရုပ်ဓာတ် ၁၀-ပါး) ဓာတ်ဆယ်ပါးတို့သည် အာရုံပြုခြင်းသဘောမရှိကုန် (အာရုံမပြုတတ်ချေ) (ပသာဒရုပ် ၅-ပါး၊ အာရုံ ၅-ပါး) (အနာရမ္မဏ)။ (ပဉ္စဝိညာဏဓာတ် ၅-ပါး၊ မနောဓာတ်) ဓာတ်ခြောက်ပါးတို့သည် ဖြစ်ဆဲ ပစ္စုပ္ပန်တရားကို အာရုံ ပြုကုန်၏ (ပစ္စုပ္ပန်အာရုံ ၅-ပါးကို အာရုံပြုသည်)။ အချို့သော (မနောဝိညာဏဓာတ်၊ ဓမ္မဓာတ်) ဓာတ်နှစ်ပါးတို့သည် ဖြစ်ပြီးအတိက်တရားကို အာရုံ ပြုကုန်၏ [ဝိညာဏဉ္စာယတန၊ နေဝသညာ နာသညာယတနစိတ္တုပ္ပါဒ် (ဧကန်)၊ မနောဒွါရာဝဇ္ဇန်း၊ ကာမ ဇော ၂၉၊ တဒါရုံဧကာဒသ၊ အဘိညာဉ်ဒွေး စိတ္တုပ္ပါဒ် (အနေကန်) ‘၊ အချို့သော (မနောဝိညာဏဓာတ်၊ ဓမ္မဓာတ်) ဓာတ်နှစ်ပါးတို့သည် မရောက်သေးသော (ဖြစ်လတ္တံ့) အနာဂတ်တရားတို့ကို အာရုံပြုကုန်၏ (အနာဂတ်တရားကို အနေကန် အာရုံပြုသော စိတ္တုပ္ပါဒ်= အတိက်တရားကို အနေကန် အာရုံပြုစိတ်များပင်)၊ အချို့သော (မနောဝိညာဏဓာတ်၊ ဓမ္မဓာတ်) ဓာတ်နှစ်ပါးတို့သည် ဖြစ်ဆဲ ပစ္စုပ္ပန်တရားကို အာရုံပြု ကုန်၏ (ပစ္စုပ္ပန်တရားကို အနေကန်အာရုံပြုသော စိတ္တုပ္ပါဒ်= အတိက်တရားကို အနေကန် အာရုံပြုစိတ် များပင်)။

တိက်မုတ်

အချို့သော (မနောဝိညာဏဓာတ်၊ ဓမ္မဓာတ်) ဓာတ်နှစ်ပါးတို့ကို ဖြစ်ပြီးအတိက်တရားကို အာရုံပြုကုန်၏ဟူ၍လည်းကောင်း၊ မရောက်သေးသော (ဖြစ်လတ္တံ့) အနာဂတ်တရားကို အာရုံပြုကုန်၏ဟူ၍လည်းကောင်း၊ ဖြစ်ဆဲပစ္စုပ္ပန်တရားကို အာရုံပြုကုန်၏ဟူ၍လည်းကောင်း မဆိုအပ်ကုန် (နိဗ္ဗာန်နှင့် ပညတ် တရားတို့ကို ဧကန်, အနေကန်အာရုံပြုသည့် စိတ်များ၊ ယှဉ်ဘက် စေတသိက်၊ သုခုမရုပ်၊ နိဗ္ဗာန်)။ (ဏီ၊ ပဒ-၁၄၃၄)

(၂၀) အဇ္ဈတ္တတိက် အဖြေဝိသဇ္ဇနာ

အချို့သော ဓာတ် ၁၈-ပါးတို့သည် အတွင်းသန္တာန်၌ ဖြစ်ကုန်၏ (စိတ်၊ စေတသိက်၊ ရုပ်)၊ အချို့သော ဓာတ် ၁၈-ပါးတို့သည် အပသန္တာန်၌ ဖြစ်ကုန်၏ (စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန်)၊ အချို့သော ဓာတ် ၁၈-ပါးတို့သည် အတွင်း အပ ‘အဇ္ဈတ္တဗဟိဒ္ဓ'သန္တာန်နှစ်ပါးတို့၌ ဖြစ်ကုန်၏ (စိတ်၊ စေတသိက်၊ ရုပ်)။ (ဏီ၊ ပဒ-၁၄၃၅)

--

(၂၁) အဇ္ဈတ္တာရမ္မဏတိက် အဖြေဝိသဇ္ဇနာ

(ရုပ်ဓာတ် ၁၀-ပါး) ဓာတ်ဆယ်ပါးတို့သည် အာရုံ ပြုခြင်းသဘော မရှိကုန် (အာရုံမပြုတတ်ချေ) (အနာရမ္မဏ)။ အချို့သော (ပဉ္စဝိညာဏဓာတ်၊ မနောဓာတ်) ဓာတ်ခြောက်ပါးတို့သည် အတွင်း ‘အဇ္ဈတ္တ'သန္တာန်၌ ဖြစ်သော တရားတို့ကို အာရုံပြုကုန်၏၊ အချို့သော (ပဉ္စဝိညာဏဓာတ်၊ မနောဓာတ်) ဓာတ်ခြောက်ပါးတို့ သည် အပ ‘ဗဟိဒ္ဓ'သန္တာန်၌ ဖြစ်သော တရားတို့ကို အာရုံပြုကုန်၏၊ အချို့သော (ပဉ္စဝိညာဏဓာတ်၊ မနောဓာတ်) ဓာတ်ခြောက်ပါးတို့သည် အတွင်းအပ ‘အဇ္ဈတ္တဗဟိဒ္ဓ'သန္တာန်နှစ်ပါး၌ ဖြစ်သော တရားတို့ကို အာရုံပြုကုန်၏။ အချို့သော (မနောဝိညာဏဓာတ်၊ ဓမ္မဓာတ်) ဓာတ်နှစ်ပါးတို့သည် အတွင်း ‘အဇ္ဈတ္တ'သန္တာန်ကို အာရုံပြုကုန်၏ [ဝိညာဏဉ္စာယတန၊ နေဝသညာနာသညာယတနစိတ္တုပ္ပါဒ် (ဧကန်)၊ ဒွေးပဉ္စဝိညာဏ်နှင့် မနောဓာတ်ကြဉ်သော ကာမစိတ္တုပ္ပါဒ်၊ အဘိညာဉ်ဒွေးစိတ္တုပ္ပါဒ် (အနေကန်) ‘၊ အချို့သော (မနောဝိညာဏ ဓာတ်၊ ဓမ္မဓာတ်) ဓာတ်နှစ်ပါးတို့သည် အပ ‘ဗဟိဒ္ဓ'သန္တာန်ကို အာရုံပြုကုန်၏ [အဘိညာဉ်ဒွေးမှတစ်ပါး ရူပါဝစရစိတ္တုပ္ပါဒ်၊ အာကာသာနဉ္စာယတနစိတ္တုပ္ပါဒ်၊ လောကုတ္တရာစိတ္တုပ္ပါဒ် (ဧကန်)၊ ဒွေးပဉ္စဝိညာဏ်နှင့် မနောဓာတ်ကြဉ်သော ကာမစိတ္တုပ္ပါဒ်, အဘိညာဉ်ဒွေးစိတ္တုပ္ပါဒ် (အနေကန်) ‘၊ အချို့သော (မနောဝိညာဏ ဓာတ်၊ ဓမ္မဓာတ်) ဓာတ်နှစ်ပါးတို့သည် အတွင်းအပ ‘အဇ္ဈတ္တဗဟိဒ္ဓ'သန္တာန်နှစ်ပါးကို အာရုံပြုကုန်၏ [ဒွေးပဉ္စဝိညာဏ်နှင့် မနောဓာတ်ကြဉ်သော ကာမစိတ္တုပ္ပါဒ်, အဘိညာဉ်ဒွေးစိတ္တုပ္ပါဒ် (အနေကန်)]။

တိက်မုတ်

အချို့သော (မနောဝိညာဏဓာတ်၊ ဓမ္မဓာတ်) ဓာတ်နှစ်ပါးတို့ကို အတွင်း ‘အဇ္ဈတ္တ'သန္တာန်ကို အာရုံပြုကုန်၏ဟူ၍လည်းကောင်း၊ အပ ‘ဗဟိဒ္ဓ'သန္တာန်ကို အာရုံပြုကုန်၏ဟူ၍လည်းကောင်း၊ အတွင်းအပ ‘အဇ္ဈတ္တဗဟိဒ္ဓ'သန္တာန်ကို အာရုံပြုကုန်၏ဟူ၍လည်းကောင်း မဆိုအပ်ကုန် (နတ္ထိဘောပညတ်ကို အာရုံပြုသော အာကိဉ္စညာယတနစိတ္တုပ္ပါဒ်၊ သုခုမရုပ်၊ နိဗ္ဗာန်)။ (ဏီ၊ ပဒ-၁၄၃၆၊ ၁၄၃၇)

(၂၂) သနိဒဿနတိက် အဖြေဝိသဇ္ဇနာ

အဆင်းသဘော ‘ရူပဓာတ်'သည် မြင်အပ်သော သဘောလည်းရှိ၍ ထိပါးတတ်သော သဘောလည်း ရှိ၏ (ရူပါရုံ)။ (အဆင်းသဘော ‘ရူပဓာတ်'ကြဉ်သော ရုပ်ဓာတ် ၉-ပါး) ဓာတ်ကိုးပါးတို့သည် မြင်အပ်သော သဘော မရှိမူ၍ ထိပါးတတ်သော သဘောရှိကုန်၏ (ပသာဒရုပ် ၅-ပါး၊ ရူပါရုံကြဉ်သော အာရုံ ၄-ပါး)။ (ပဉ္စဝိညာဏဓာတ် ၅-ပါး၊ မနောဓာတ်၊ မနောဝိညာဏဓာတ်၊ ဓမ္မဓာတ်) ဓာတ်ရှစ်ပါးတို့သည် မြင်အပ်သော သဘောလည်း မရှိမူ၍ ထိပါးတတ်သော သဘောလည်း မရှိကုန် (သုခုမရုပ် ၁၆-ပါး၊ စိတ်, စေတသိက်အားလုံး)။

(တိက်တို့ဖြင့် ဝေဖန်ပြီးလျှင် အမေးအဖြေပြု ၍ ဟောကြားအပ်သော ‘ပဥှာပုစ္ဆက'နည်း ပြီး၏။)

(ဓာတ် ၁၈-ပါးတို့ကို တိက်၂၂-ခုတို့ဖြင့် ဝေဖန်၍ အဖြေဝိသဇ္ဇနာကိုပြသော ‘ပဥှာပုစ္ဆက'နည်း ပြီး၏။)

--

၂-ဒုကဝိသဇ္ဇနာ

(ဓာတ် ၁၈-ပါးတို့ကို ဒုက် ၁၀၀-တို့ဖြင့် ဝေဖန်၍ အဖြေ ဝိသဇ္ဇနာကို ပြခြင်း)

(၁-ဟေတုဂေါစ္ဆက ဒုက် ၆-ခု အဖြေ ဝိသဇ္ဇနာ)

(၁) ဟေတုဒုက် အဖြေဝိသဇ္ဇနာ

၁၈၈။ ။ (ရုပ်ဓာတ် ၁၀-ပါး၊ ဝိညာဏဓာတ် ၇-ပါး) ဓာတ်တစ်ဆယ့် ခုနစ်ပါးတို့သည် အကြောင်းရင်း ‘ဟိတ်'မမည်ကုန်။ အချို့သော ဓမ္မဓာတ်သည် ဟိတ်မည်၏ (ဟိတ် ၆-ပါး= လောဘ၊ ဒေါသ၊ မောဟ၊ အလောဘ၊ အဒေါသ၊ အမောဟ)၊ အချို့သော ဓမ္မဓာတ်သည် ဟိတ်မမည်ချေ (ကြွင်းသော စေတသိက် ၄၆၊ သုခုမ ရုပ်၊ နိဗ္ဗာန်)။

(၂) သဟေတုကဒုက် အဖြေဝိသဇ္ဇနာ

(ရုပ်ဓာတ် ၁၀-ပါး၊ ပဉ္စဝိညာဏဓာတ် ၅-ပါး၊ မနောဓာတ်) ဓာတ်တစ်ဆယ့်ခြောက်ပါးတို့သည် ဟိတ်မရှိကုန် (ဟိတ်နှင့် မယှဉ်ကုန်)။ အချို့သော (မနောဝိညာဏဓာတ်၊ ဓမ္မဓာတ်) ဓာတ်နှစ်ပါးတို့သည် ဟိတ်ရှိကုန်၏ (မောဟမူဒွေး၌ ရှိသော မောဟကြဉ်သော သဟိတ်စိတ္တုပ္ပါဒ်)၊ အချို့သော (မနောဝိညာဏဓာတ်၊ ဓမ္မဓာတ်) ဓာတ်နှစ်ပါး တို့သည် ဟိတ် မရှိကုန် (သန္တီရဏ ၃-ပါး၊ မနောဒွါရာဝဇ္ဇန်း၊ ဟသိတုပ္ပါဒ်၊ ယှဉ်ဘက်စေတသိက်များ၊ မောဟမူဒွေး၌ ရှိသော မောဟ၊ သုခုမရုပ်၊ နိဗ္ဗာန်)။

(၃) ဟေတုသမ္ပယုတ္တဒုက်အဖြေဝိသဇ္ဇနာ

(ရုပ်ဓာတ် ၁၀-ပါး၊ ပဉ္စဝိညာဏဓာတ် ၅-ပါး၊ မနောဓာတ်) ဓာတ်တစ်ဆယ့်ခြောက်ပါးတို့သည် ဟိတ်နှင့် မယှဉ်ကုန်။ အချို့သော (မနောဝိညာဏဓာတ်၊ ဓမ္မဓာတ်) ဓာတ်နှစ်ပါးတို့သည် ဟိတ်နှင့်ယှဉ်ကုန်၏ (မောဟမူ ဒွေး၌ ရှိသော မောဟကြဉ်သော သဟေတုကစိတ္တုပ္ပါဒ်များ)၊ အချို့သော (မနောဝိညာဏဓာတ်၊ ဓမ္မဓာတ်) ဓာတ်နှစ်ပါးတို့သည် ဟိတ်နှင့် မယှဉ်ကုန် (ပဉ္စဝိညာဏဓာတ်နှင့် မနောဓာတ်ကြဉ်သော အဟိတ်စိတ္တုပ္ပါဒ်၊ မောဟမူဒွေး၌ရှိသော မောဟ၊ သုခုမရုပ်၊ နိဗ္ဗာန်)။

(၄) ဟေတုသဟေတုကဒုက်အဖြေ ဝိသဇ္ဇနာ

(ရုပ်ဓာတ် ၁၀-ပါး၊ ပဉ္စဝိညာဏဓာတ် ၅-ပါး၊ မနောဓာတ်) ဓာတ်တစ်ဆယ့်ခြောက်ပါးတို့ကို ဟိတ်လည်း မည်၍ ဟိတ်လည်းရှိကုန်၏ဟူ၍လည်းကောင်း, ဟိတ်သာရှိ၍ ဟိတ် မမည်ဟူ၍လည်းကောင်း မဆို အပ်ကုန်။

(ဒုက်မုတ်)။ မနောဝိညာဏဓာတ်ကို ဟိတ်လည်းမည်၍ ဟိတ်လည်းရှိ၏ဟု မဆိုအပ်ချေ (မနောဝိညာဏ ဓာတ်စိတ်များ)။ အချို့သော မနောဝိညာဏဓာတ်သည် ဟိတ်သာရှိ၍ ဟိတ်မမည်ချေ (သဟေတုကစိတ် ၇၁-ပါး)။ အချို့သော မနောဝိညာဏဓာတ်ကို ဟိတ်သာရှိ၍ ဟိတ်မမည်ဟု မဆိုအပ်ချေ (သန္တီရဏ ၃-ပါး၊ မနောဒွါရာဝဇ္ဇန်း၊ ဟသိတုပ္ပါဒ်)။ အချို့သော ဓမ္မဓာတ်သည် ဟိတ်လည်းမည်၍ ဟိတ်လည်းရှိ၏ (မောဟမူဒွေး၌ရှိသော မောဟ ကြဉ်သည့် ဟိတ် ၆-ပါး)၊ အချို့သော ဓမ္မဓာတ်သည် ဟိတ်သာရှိ၍ ဟိတ်မမည်ချေ့ (သဟိတ်စိတ်၌ရှိသည့် ဟိတ် ၆-ပါး ကြဉ်သော စေတသိက်များ)။

ဒုက်မုတ်

အချို့သော ဓမ္မဓာတ်ကို ဟိတ်လည်းမည်၍ ဟိတ်လည်းရှိ၏ဟူ၍လည်းကောင်း, ဟိတ်သာရှိ၍ဟိတ်မမည်ဟူ၍လည်းကောင်း မဆိုအပ်ချေ (အဟိတ်စိတ်၌ရှိသော စေတသိက်၊ မောဟ မူဒွေး၌ ရှိသော မောဟ၊ သုခုမရုပ်၊ နိဗ္ဗာန်)။ (ဏီ၊ ပဒ-၁၄၄၈)

--

(၅) ဟေတု ဟေတုသမ္ပယုတ္တဒုက် အဖြေဝိသဇ္ဇနာ

(ရုပ်ဓာတ် ၁၀-ပါး၊ ပဉ္စဝိညာဏဓာတ် ၅-ပါး၊ မနောဓာတ်) ဓာတ်တစ်ဆယ့်ခြောက်ပါးတို့ကို ဟိတ်လည်းမည်၍ ဟိတ်နှင့် လည်းယှဉ်ကုန်၏ဟူ၍ လည်းကောင်း၊ ဟိတ်နှင့် သာယှဉ်၍ ဟိတ်မမည်ဟူ၍ လည်းကောင်း မဆိုအပ်ကုန်။ မနောဝိညာဏဓာတ်ကို ဟိတ်လည်းမည်၍ ဟိတ်နှင့်လည်းယှဉ်၏ဟု မဆိုအပ်ချေ (မနောဝိညာဏ ဓာတ် စိတ် ၇၆-ပါး)။ အချို့သော မနောဝိညာဏဓာတ်သည် ဟိတ်နှင့်သာယှဉ်၍ ဟိတ်မမည်ချေ (သဟိတ်စိတ်)။ အချို့သော မနောဝိညာဏဓာတ်ကို ဟိတ်နှင့်သာယှဉ်၍ ဟိတ်မမည်ဟု မဆိုအပ်ချေ (မနောဝိညာဏ ဓာတ် အဟိတ်စိတ်များ= သန္တီရဏ ၃-ပါး၊ မနောဒွါရာဝဇ္ဇန်း၊ ဟသိတုပ္ပါဒ်)။ အချို့သော ဓမ္မဓာတ်သည် ဟိတ်လည်းမည်၍ ဟိတ်နှင့်လည်း ယှဉ်၏ (မောဟမူဒွေး၌ရှိသော မောဟကြဉ်သည့် ဟိတ် ၆-ပါး)၊ အချို့သော ဓမ္မဓာတ်သည် ဟိတ်နှင့်သာယှဉ်၍ ဟိတ်မမည်ချေ (ဟိတ် ၆-ပါးကြဉ်သည့် သဟိတ်စေတသိက်များ)။

ဒုက်မုတ်

အချို့သော ဓမ္မဓာတ်ကို ဟိတ်လည်းမည်၍ ဟိတ်နှင့်လည်းယှဉ်၏ဟူ၍လည်းကောင်း, ဟိတ်နှင့်သာ ယှဉ်၍ ဟိတ်မမည်ဟူ၍လည်းကောင်း မဆိုအပ်ချေ (အဟိတ်စိတ်၌ရှိသော စေတသိက်များ၊ မောဟမူဒွေး၌ ရှိသော မောဟ၊ သုခုမရုပ်၊ နိဗ္ဗာန်)။

(၆) နဟေတုသဟေတုကဒုက် အဖြေဝိသဇ္ဇနာ

(ရုပ်ဓာတ် ၁၀-ပါး၊ ပဉ္စဝိညာဏဓာတ် ၅-ပါး၊ မနောဓာတ်) ဓာတ်တစ်ဆယ့်ခြောက်ပါးတို့သည် ဟိတ်လည်း မမည်မူ၍ ဟိတ်လည်း မရှိကုန်။ အချို့သော မနောဝိညာဏဓာတ်သည် ဟိတ်မမည်မူ၍ ဟိတ်သာ ရှိ၏ (သဟိတ်စိတ် ၇၁-ပါး)၊ အချို့သော မနောဝိညာဏဓာတ်သည် ဟိတ်လည်း မမည်မူ၍ ဟိတ်လည်း မရှိချေ (သန္တီရဏ ၃-ပါး၊ မနောဒွါရာဝဇ္ဇန်း၊ ဟသိတုပ္ပါဒ်)။ အချို့သော ဓမ္မဓာတ်သည် ဟိတ်မမည်မူ၍ ဟိတ်သာရှိ၏ (ဟိတ် ၆-ပါးကြဉ်သော သဟိတ် စေတသိက်များ)၊ အချို့သော ဓမ္မဓာတ်သည် ဟိတ်လည်း မမည်မူ၍ ဟိတ်လည်း မရှိချေ (အဟိတ်စိတ်၌ ရှိသော စေတသိက်၊ သုခုမရုပ်၊ နိဗ္ဗာန်)။

ဒုက်မုတ်

အချို့သော ဓမ္မဓာတ်ကို ဟိတ်မမည်မူ၍ ဟိတ်သာရှိ၏ဟူ၍လည်းကောင်း, ဟိတ်လည်း မမည်မူ၍ ဟိတ်လည်း မရှိဟူ၍လည်းကောင်း မဆိုအပ်ချေ (ဟိတ် ၆-ပါး)။ (ဏီ၊ ပဒ-၁၄၅၂)

(ဟေတုဂေါစ္ဆက ဒုက် ၆-ခု အဖြေဝိသဇ္ဇနာ ပြီး၏။)

--

(၂-စူဠန္တရဒုက် ၇-ခု အဖြေဝိသဇ္ဇနာ)

(၇) သပ္ပစ္စယဒုက် အဖြေဝိသဇ္ဇနာ

(ရုပ်ဓာတ် ၁၀-ပါး၊ ဝိညာဏဓာတ် ၇-ပါး) ဓာတ်တစ်ဆယ့် ခုနစ်ပါးတို့သည် အကြောင်းနှင့်တကွ ဖြစ်ကုန်၏ (ကံ, စိတ်, ဥတု, အာဟာရ အကြောင်းတရားလေးပါးတို့ကြောင့် ဖြစ်ကုန်၏) (သပ္ပစ္စယ)။ အချို့သော ဓမ္မဓာတ်သည် အကြောင်းနှင့်တကွ ဖြစ်ကုန်၏ (ကံ, စိတ်, ဥတု, အာဟာရ အကြောင်း တရားလေးပါးတို့ကြောင့် ဖြစ်ကုန်၏) (သပ္ပစ္စယ) (စေတသိက် ၅၂-ပါး၊ သုခုမရုပ်)၊ အချို့သော ဓမ္မဓာတ်သည် အကြောင်းနှင့်တကွ မဖြစ်ချေ (ကံ, စိတ်, ဥတု, အာဟာရ အကြောင်း တရားလေးပါးတို့ကြောင့် မဖြစ်ချေ) (အပ္ပစ္စယ) (နိဗ္ဗာန်)။

(၈) သင်္ခတဒုက် အဖြေဝိသဇ္ဇနာ

(ရုပ်ဓာတ် ၁၀-ပါး၊ ဝိညာဏဓာတ် ၇-ပါး) ဓာတ်တစ်ဆယ့် ခုနစ်ပါးတို့သည် ကံ, စိတ်, ဥတု, အာဟာရ အကြောင်းတရား လေးပါးတို့သည် ပြုပြင်စီမံအပ်သော ‘သင်္ခတ'တရားဖြစ်ကုန်၏။ အချို့သော ဓမ္မဓာတ်သည် ကံ, စိတ်, ဥတု, အာဟာရ အကြောင်းတရား လေးပါးတို့သည် ပြုပြင် စီမံအပ်သော ‘သင်္ခတ'တရားဖြစ်ကုန်၏။ (စေတသိက် ၅၂-ပါး၊ သုခုမရုပ်)၊ အချို့သော ဓမ္မဓာတ်သည် ကံ, စိတ်, ဥတု, အာဟာရ အကြောင်းတရားလေးပါးတို့ ပြုပြင်စီမံ အပ်သော ‘သင်္ခတ'တရားမဟုတ်ချေ (အသင်္ခတ) (နိဗ္ဗာန်)။

(၉) သနိဒဿနဒုက်အဖြေဝိသဇ္ဇနာ

အဆင်းသဘော ‘ရူပဓာတ်'သည် မြင်အပ်သော သဘောရှိ၏ (သနိဒဿန) (ရူပါရုံ)။ (ရူပဓာတ်ကြဉ်သော ကြွင်းသည့်) ဓာတ်တစ်ဆယ့်ခုနစ်ပါးတို့သည် မြင်အပ်သော သဘောမရှိကုန် (အနိဒဿန)။

(၁၀) သပ္ပဋိဃဒုက် အဖြေဝိသဇ္ဇနာ

(ရုပ်ဓာတ် ၁၀-ပါး) ဓာတ်ဆယ်ပါးတို့သည် ထိပါးတတ်သော သဘော ရှိကုန်၏ (ပသာဒရုပ်ငါးပါး၊ အာရုံငါးပါး)။ (ဝိညာဏဓာတ် ၇-ပါး၊ ဓမ္မဓာတ်) ဓာတ်ရှစ်ပါးတို့သည် ထိပါးတတ်သော သဘောမရှိကုန် (စိတ်၊ စေတသိက်၊ သုခုမရုပ်၊ နိဗ္ဗာန်)။

(၁၁) ရူပီဒုက် အဖြေဝိသဇ္ဇနာ

(ရုပ်ဓာတ် ၁၀-ပါး) ဓာတ်ဆယ်ပါးတို့သည် ရုပ်မည်ကုန်၏ (ပသာဒရုပ်ငါးပါး၊ အာရုံငါးပါး)။ (ဝိညာဏဓာတ် ၇-ပါး) ဓာတ်ခုနစ်ပါးတို့သည် ရုပ်မမည်ကုန် (နာမ်မည်၏)။ အချို့သော ဓမ္မဓာတ်သည် ရုပ်မည်၏ (သုခုမရုပ်)၊ အချို့သော ဓမ္မဓာတ်သည် ရုပ်မမည်ချေ (စေတသိက် ၅၂-ပါး၊ နိဗ္ဗာန်)။

--

(၁၂) လောကိယဒုက် အဖြေဝိသဇ္ဇနာ

(ရုပ်ဓာတ် ၁၀-ပါး၊ ပဉ္စဝိညာဏဓာတ်၊ မနောဓာတ်) ဓာတ်တစ်ဆယ့်ခြောက်ပါးတို့သည် လောက၌ အကျုံးဝင် ကုန်၏ (လောကီတရားဖြစ်ကုန်၏)။ အချို့သော (မနောဝိညာဏဓာတ်၊ ဓမ္မဓာတ်) ဓာတ်နှစ်ပါးတို့သည် လောက၌ အကျုံးဝင်ကုန်၏ (လောကီတရားဖြစ်ကုန်၏) (လောကီမနောဝိညာဏဓာတ် စိတ္တုပ္ပါဒ်၊ သုခုမရုပ်)၊ အချို့သော (မနောဝိညာဏဓာတ်၊ ဓမ္မဓာတ်) ဓာတ်နှစ်ပါးတို့သည် လောကမှ ထွက်မြောက်သော တရားဖြစ်ကုန်၏ (လောကုတ္တရာတရားဖြစ်ကုန်၏) (လောကုတ္တရာစိတ္တုပ္ပါဒ်၊ နိဗ္ဗာန်)။

(၁၃) ကေနစိဝိညေယျဒုက် အဖြေဝိသဇ္ဇနာ

(ဓာတ် ၁၈-ပါးတို့ကို) တစ်စုံတစ်ခုသော စိတ်ဖြင့် သိအပ်ကုန်၏၊ (ဓာတ်၁၈-ပါးတို့ကို) တစ်စုံတစ်ခုသော စိတ်ဖြင့် မသိအပ်ကုန်၁။

(စူဠန္တရဒုက် ၇-ခု အဖြေဝိသဇ္ဇနာ ပြီး၏။)

၁။ အာရုံပြုခိုက်၌ သိနိုင်၍ အာရုံမပြုခိုက်၌ မသိနိုင်ချေ။

--

(၃-အာသဝဂေါစ္ဆကဒုက် ၆-ခု အဖြေဝိသဇ္ဇနာ)

(၁၄) အာသဝဒုက်အဖြေဝိသဇ္ဇနာ

(ရုပ်ဓာတ် ၁၀-ပါး၊ ဝိညာဏဓာတ် ၇-ပါး) ဓာတ်တစ်ဆယ့် ခုနစ်ပါးတို့သည် (သတ္တဝါတို့၏သန္တာန်၌) ယိုစီးဖြစ်ပွါးနေတတ်၍ မူးယစ် မိုက်မဲစေတတ်သော သဘော ‘အာသဝ'မမည်ကုန်။ အချို့သော ဓမ္မဓာတ်သည် အာသဝမည်၏ (လောဘ, ဒိဋ္ဌိ, မောဟ)၊ အချို့သော ဓမ္မဓာတ်သည် အာသဝ မမည်ချေ (ကြွင်းသော စေတသိက် ၄၉-ပါး၊ သုခုမရုပ်၊ နိဗ္ဗာန်)။

(၁၅) သာသဝဒုက် အဖြေ ဝိသဇ္ဇနာ

(ရုပ်ဓာတ် ၁၀-ပါး၊ ပဉ္စဝိညာဏဓာတ် ၅-ပါး၊ မနောဓာတ်) ဓာတ်တစ်ဆယ့်ခြောက်ပါးတို့သည် အာသဝ၏ (လောဘ, ဒိဋ္ဌိ, မောဟတို့၏) အာရုံဖြစ်ကုန်၏။ အချို့သော (မနောဝိညာဏဓာတ်၊ ဓမ္မဓာတ်) ဓာတ်နှစ်ပါးတို့သည် အာသဝ၏ အာရုံဖြစ်ကုန်၏ (လောကီစိတ္တုပ္ပါဒ်၊ သုခုမရုပ်)၊ အချို့သော (မနောဝိညာဏဓာတ်၊ ဓမ္မဓာတ်) ဓာတ်နှစ်ပါးတို့သည် အာသဝ၏ အာရုံမဖြစ်ကုန် (လောကုတ္တရာစိတ္တုပ္ပါဒ်၊ နိဗ္ဗာန်)။

(၁၆) အာသဝသမ္ပယုတ္တဒုက် အဖြေ ဝိသဇ္ဇနာ

(ရုပ်ဓာတ် ၁၀-ပါး၊ ပဉ္စဝိညာဏဓာတ် ၅-ပါး၊ မနောဓာတ်) ဓာတ်တစ်ဆယ့်ခြောက်ပါးတို့သည် အာသဝနှင့် (လောဘ, ဒိဋ္ဌိ, မောဟတို့နှင့်) မယှဉ်ကုန်။ အချို့သော (မနောဝိညာဏဓာတ်၊ ဓမ္မဓာတ်) ဓာတ်နှစ်ပါးတို့သည် အာသဝနှင့် ယှဉ်ကုန်၏ (အကုသိုလ်စိတ် ၁၂-ပါး၊ ဒေါသမူဒွေးနှင့် မောဟမူဒွေးတို့၌ရှိသော မောဟကြဉ်သော ယှဉ်ဘက် စေတသိက် များ)၊ အချို့သော (မနောဝိညာဏဓာတ်၊ ဓမ္မဓာတ်) ဓာတ်နှစ်ပါးတို့သည် အာသဝနှင့် မယှဉ်ကုန် (ကြွင်းသောကုသိုလ်, ဝိပါက်, ကြိယာစိတ္တုပ္ပါဒ်များ၊ ဒေါသမူ, မောဟမူစိတ်တို့၌ရှိသော မောဟ၊ သုခုမရုပ်၊ နိဗ္ဗာန်)။

(၁၇) အာသဝသာသဝဒုက် အဖြေဝိသဇ္ဇနာ

(ရုပ်ဓာတ် ၁၀-ပါး၊ ပဉ္စဝိညာဏဓာတ် ၅-ပါး၊ မနောဓာတ်) ဓာတ်တစ်ဆယ့်ခြောက်ပါးတို့ကို အာသဝလည်းမည်၍ အာသဝ၏ အာရုံလည်း ဖြစ်ကုန်၏ဟု မဆိုအပ်ကုန်။ (ရုပ်ဓာတ် ၁၀-ပါး၊ ပဉ္စဝိညာဏဓာတ် ၅-ပါး၊ မနောဓာတ်) ဓာတ်တစ်ဆယ့်ခြောက်ပါးတို့သည့်အာသဝ၏ (လောဘ, ဒိဋ္ဌိ, မောဟတို့၏) အာရုံသာဖြစ်၍ အာသဝ မမည်ကုန်။ မနောဝိညာဏဓာတ်ကို အာသဝလည်း မည်၍ အာသဝ၏ အာရုံလည်းဖြစ်၏ဟု မဆိုအပ်ချေ။ အချို့သော မနောဝိညာဏဓာတ်သည် အာသဝ၏ အာရုံသာဖြစ်၍ အာသဝ မမည်ချေ (လောကီ စိတ်များ)။

ဒုက်မုတ်

အချို့သော မနောဝိညာဏဓာတ်ကို အာသဝ၏ အာရုံသာဖြစ်၍ အာသဝမမည်ဟု မဆိုအပ်ချေ (လောကုတ္တရာစိတ်)။ (ဏီ၊ ပဒ-၁၄၇၂) အချို့သော ဓမ္မဓာတ်သည် အာသဝလည်း မည်၍ အာသဝ၏ အာရုံလည်းဖြစ်၏ (အာသဝတရား ကိုယ်= လောဘ, ဒိဋ္ဌိ, မောဟ)၊ အချို့သော ဓမ္မဓာတ်သည် အာသဝ၏ အာရုံသာဖြစ်၍ အာသဝမမည်ချေ (အာသဝတရားကိုယ်ကြဉ်သော လောကီစိတ်တို့၌ ရှိသော စေတသိက်၊ သုခုမရုပ်)။

--

ဒုက်မုတ်

အချို့သော ဓမ္မဓာတ်ကို အာသဝလည်းမည်၍ အာသဝ၏ အာရုံလည်း ဖြစ်၏ဟူ၍ လည်း ကောင်း၊ အာသဝ၏ အာရုံသာ ဖြစ်၍ အာသဝ မမည်ဟူ၍လည်းကောင်း မဆိုအပ်ချေ (လောကုတ္တရာ စိတ်၌ရှိသော စေတသိက်၊ နိဗ္ဗာန်)။ (ဏီ၊ ပဒ-၁၄၇၂)

(၁၈) အာသဝ အာသဝသမ္ပယုတ္တဒုက် အဖြေဝိသဇ္ဇနာ

(ရုပ်ဓာတ် ၁၀-ပါး၊ ပဉ္စဝိညာဏဓာတ် ၅-ပါး၊ မနောဓာတ်) ဓာတ်တစ်ဆယ့်ခြောက်ပါး တို့ကို အာသဝလည်း မည်၍ အာသဝနှင့်လည်း ယှဉ်ကုန်၏ဟူ၍ လည်းကောင်း၊ အာသဝနှင့်သာ ယှဉ်၍ အာသဝ မမည်ကုန်ဟူ၍လည်းကောင်း မဆိုအပ်ကုန်။ (ဒုက်မုတ်) မနောဝိညာဏဓာတ်ကို အာသဝလည်းမည်၍ အာသဝနှင့်လည်း ယှဉ်၏ဟု မဆိုအပ်ချေ။ အချို့သော မနောဝိညာဏဓာတ်သည် အာသဝနှင့်သာ ယှဉ်၍ အာသဝမမည်ချေ (အကုသိုလ် စိတ်များ)။ ဒုက်မုတ်။ ။ အချို့သော မနောဝိညာဏဓာတ်ကို အာသဝနှင့်သာ ယှဉ်၍ အာသဝမမည်ဟု မဆိုအပ်ချေ (ကုသိုလ်, ဝိပါက်, ကြိယာစိတ်)။ (ဏီ၊ ပဒ-၁၄၇၄) အချို့သော ဓမ္မဓာတ်သည် အာသဝလည်း မည်၍ အာသဝနှင့်လည်း ယှဉ်၏ (လောဘမူစိတ်၌ ရှိသော လောဘ, ဒိဋ္ဌိ, မောဟ)၊ အချို့သော ဓမ္မဓာတ်သည် အာသဝနှင့်သာ ယှဉ်၍ အာသဝ မမည်ချေ (အာသဝတရား ကိုယ်ကြဉ်သည့် အကုသိုလ်စိတ်၌ ရှိသော စေတသိက်များ)။

ဒုက်မုတ်

အချို့သော ဓမ္မဓာတ်ကို အာသဝလည်းမည်၍ အာသဝနှင့်လည်းယှဉ်၏ဟူ၍လည်းကောင်း၊ အာသဝနှင့်သာ ယှဉ်၍ အာသဝမမည်ဟူ၍လည်းကောင်း မဆိုအပ်ချေ (ဒေါသမူ မောဟမူ စိတ်တို့၌ ရှိသော မောဟ၊ ကုသိုလ်, ဝိပါက်, ကြိယာစိတ်တို့၌ရှိသော စေတသိက်များ၊ သုခုမရုပ်၊ နိဗ္ဗာန်)။ (ဏီ၊ ပဒ-၁၄၇၄)

(၁၉) အာသဝဝိပ္ပယုတ္တသာသဝဒုက် အဖြေဝိသဇ္ဇနာ

(ရုပ်ဓာတ် ၁၀-ပါး၊ ပဉ္စဝိညာဏဓာတ် ၅-ပါး၊ မနောဓာတ်) ဓာတ်တစ်ဆယ့်ခြောက်ပါး တို့သည် အာသဝနှင့် မယှဉ်မူ၍ အာသဝ၏ အာရုံသာ ဖြစ်ကုန်၏။ အချို့သော (မနောဝိညာဏဓာတ်၊ ဓမ္မဓာတ်) ဓာတ်နှစ်ပါးတို့သည် အာသဝနှင့် မယှဉ်မူ၍ အာသဝ ၏ အာရုံသာ ဖြစ်ကုန်၏ (လောကီကုသိုလ်, ဝိပါက်, ကြိယာစိတ္တုပ္ပါဒ်များ၊ ဒေါသမူဒွေးနှင့် မောဟမူ ဒွေးတို့၌ ရှိသော မောဟ၊ သုခုမရုပ်)၊ အချို့သော (မနောဝိညာဏဓာတ်၊ ဓမ္မဓာတ်) ဓာတ်နှစ်ပါးတို့ သည် အာသဝနှင့်လည်း မယှဉ်မူ၍ အာသဝ၏ အာရုံလည်း မဖြစ်ကုန် (လောကုတ္တရာစိတ္တုပ္ပါဒ်၊ နိဗ္ဗာန်)။

ဒုက်မုတ်

အချို့သော (မနောဝိညာဏဓာတ်၊ ဓမ္မဓာတ်) ဓာတ်နှစ်ပါးတို့ကို အာသဝနှင့်မယှဉ်မူ၍ အာသဝ၏ အာရုံသာ ဖြစ်ကုန်၏ဟူ၍လည်းကောင်း, အာသဝနှင့်လည်း မယှဉ်မူ၍ အာသဝ၏အာရုံလည်း မဟုတ်ကုန်ဟူ၍လည်းကောင်း မဆိုအပ်ကုန် (အကုသိုလ်စိတ် ၁၂-ပါး၊ ဒေါသမူ ဒွေးနှင့် မောဟမူဒွေးတို့၌ရှိသော မောဟကြဉ်သည့် ယှဉ်ဘက်စေတသိက်များ)။ (ဏီ၊ ပဒ-၁၄၇၆)

(အာသဝဂေါစ္ဆက ဒုက် ၆-ခု အဖြေဝိသဇ္ဇနာ ပြီး၏။)

--

(၄-သညောဇနဂေါစ္ဆကဒုက် ၆-ခု အဖြေဝိသဇ္ဇနာ)

(၂၀) သံယောဇနဒုက် အဖြေဝိသဇ္ဇနာ

(ရုပ်ဓာတ် ၁၀-ပါး၊ ဝိညာဏဓာတ် ၇-ပါး) ဓာတ်တစ်ဆယ့်ခုနစ်ပါးတို့သည် (သတ္တဝါတို့ကို ဝဋ်ဆင်းရဲ၌) နှောင်ဖွဲ့တွဲယှဉ် တတ်သော သဘော ‘သံယောဇဉ်'မမည်ကုန်။ အချို့သော ဓမ္မဓာတ်သည် သံယောဇဉ်မည်၏ (သံယောဇဉ်တရားကိုယ်များ)၁၊ အချို့သော ဓမ္မဓာတ် သည် သံယောဇဉ် မမည်ချေ (ကြွင်းသော စေတသိက်များ၊ သုခုမရုပ်၊ နိဗ္ဗာန်)။

၁။ လောဘ, ဒေါသ, မာန, ဒိဋ္ဌိ, ဝိစိကိစ္ဆာ, ဣဿာ, မစ္ဆရိယ, မောဟ။ (အဘိဓမ္မာနည်းအတိုင်းသာ တရားကိုယ် ကောက်၍ ပြထားခြင်းဖြစ်သည်)။

(၂၁) သံယောဇနိယဒုက် အဖြေဝိသဇ္ဇနာ

(ရုပ်ဓာတ် ၁၀-ပါး၊ ပဉ္စဝိညာဏဓာတ် ၅-ပါး၊ မနောဓာတ်) ဓာတ်တစ်ဆယ့်ခြောက်ပါးတို့သည် သံယောဇဉ်၏ အာရုံဖြစ်ကုန်၏။ အချို့သော (မနောဝိညာဏဓာတ်၊ ဓမ္မဓာတ်) ဓာတ်နှစ်ပါးတို့သည် သံယောဇဉ်၏ အာရုံဖြစ်ကုန်၏ (လောကီစိတ္တုပ္ပါဒ်၊ သုခုမရုပ်)၊ အချို့သော (မနောဝိညာဏဓာတ်၊ ဓမ္မဓာတ်) ဓာတ်နှစ်ပါးတို့သည် သံယောဇဉ်၏ အာရုံမဖြစ်ကုန် (လောကုတ္တရာစိတ္တုပ္ပါဒ်၊ နိဗ္ဗာန်)။

(၂၂) သံယောဇနသမ္ပယုတ္တဒုက် အဖြေဝိသဇ္ဇနာ

(ရုပ်ဓာတ် ၁၀-ပါး၊ ပဉ္စဝိညာဏဓာတ် ၅-ပါး၊ မနောဓာတ်) ဓာတ်တစ်ဆယ့်ခြောက်ပါးတို့သည် သံယောဇဉ်နှင့်မယှဉ်ကုန်။ အချို့သော (မနောဝိညာဏဓာတ်၊ ဓမ္မဓာတ်) ဓာတ်နှစ်ပါးတို့သည် သံယောဇဉ်နှင့်ယှဉ်ကုန်၏ (အကုသိုလ်စိတ် ၁၂-ပါး၊ ဥဒ္ဓစ္စသဟဂုတ်စိတ်၌ရှိသည့် မောဟကြဉ်သော ယှဉ်ဘက်စေတသိက်များ)၊ အချို့သော (မနောဝိညာဏဓာတ်၊ ဓမ္မဓာတ်) ဓာတ်နှစ်ပါးတို့သည် သံယောဇဉ်နှင့် မယှဉ်ကုန် (ဥဒ္ဓစ္စသဟ ဂုတ်စိတ်၌ရှိသော မောဟ၊ ကုသိုလ်, ဝိပါက်, ကြိယာစိတ္တုပ္ပါဒ်များ၊ သုခုမရုပ်၊ နိဗ္ဗာန်)။

(၂၃) သံယောဇန သံယောဇနိယဒုက် အဖြေဝိသဇ္ဇနာ

(ရုပ်ဓာတ် ၁၀-ပါး၊ ပဉ္စဝိညာဏဓာတ် ၅-ပါး၊ မနောဓာတ်) ဓာတ် တစ်ဆယ့် ခြောက်ပါးတို့ကို သံယောဇဉ်လည်း မည်၍ သံယောဇဉ်၏ အာရုံလည်း ဖြစ်ကုန်၏ဟု မဆိုအပ်ကုန်၊ (ရုပ်ဓာတ် ၁၀-ပါး၊ ပဉ္စဝိညာဏဓာတ် ၅-ပါး၊ မနောဓာတ်) ဓာတ်တစ်ဆယ့်ခြောက်ပါးတို့သည် သံယောဇဉ်၏ အာရုံသာဖြစ်၍ သံယောဇဉ် မမည်ကုန်။ မနောဝိညာဏဓာတ်ကို သံယောဇဉ်လည်းမည်၍ သံယောဇဉ်၏ အာရုံလည်း ဖြစ်၏ဟု မဆိုအပ်ချေ။ အချို့သော မနောဝိညာဏဓာတ်သည် သံယောဇဉ်၏ အာရုံသာဖြစ်၍ သံယောဇဉ်မမည်ချေ (လောကီစိတ်များ)။

ဒုက်မုတ်

အချို့သော မနောဝိညာဏဓာတ်ကို သံယောဇဉ်၏ အာရုံသာဖြစ်၍ သံယောဇဉ်မမည်ဟု မဆိုအပ်ချေ (လောကုတ္တရာစိတ်)။ အချို့သော ဓမ္မဓာတ်သည် သံယောဇဉ်လည်းမည်၍ သံယောဇဉ်၏ အာရုံလည်းဖြစ်၏ (သံယောဇဉ်တရားကိုယ်များ)၊ အချို့သော ဓမ္မဓာတ်သည် သံယောဇဉ်၏အာရုံသာဖြစ်၍ သံယောဇဉ် မမည်ချေ (သံယောဇဉ် တရားကိုယ်ကြဉ်သော လောကီစိတ်၌ရှိသော စေတသိက်များ၊ သုခုမရုပ်)။

--

ဒုက်မုတ်

အချို့သော ဓမ္မဓာတ်ကို သံယောဇဉ်လည်း မည်၍ သံယောဇဉ်၏ အာရုံလည်း ဖြစ်၏ဟူ၍လည်းကောင်း သံယောဇဉ်၏ အာရုံသာဖြစ်၍ သံယောဇဉ် မမည်ဟူ၍လည်းကောင်း မဆိုအပ်ချေ (လောကုတ္တရာ စိတ်၌ရှိသော စေတသိက်၊ နိဗ္ဗာန်)။ (ဏီ၊ ပဒ-၁၄၈၄)

(၂၄) သံယောဇန သံယောဇနသမ္ပယုတ္တဒုက် အဖြေဝိသဇ္ဇနာ

(ရုပ်ဓာတ် ၁၀-ပါး၊ ပဉ္စဝိညာဏဓာတ်၅-ပါး၊ မနောဓာတ်) ဓာတ်တစ်ဆယ့် ခြောက်ပါးတို့ကို သံယောဇဉ်လည်း မည်၍ သံယောဇဉ်နှင့်လည်း ယှဉ်ကုန်၏ဟူ၍လည်းကောင်း၊ သံယောဇဉ်နှင့်သာယှဉ်၍ သံယောဇဉ် မမည်ဟူ၍လည်းကောင်း မဆိုအပ်ကုန်။ (ဒုက်မုတ်) မနောဝိညာဏဓာတ်ကို သံယောဇဉ်လည်းမည်၍ သံယောဇဉ်နှင့်လည်း ယှဉ်၏ဟု မဆိုအပ်ချေ။ အချို့သောမနောဝိညာဏဓာတ်သည် သံယောဇဉ်နှင့်သာယှဉ်၍ သံယောဇဉ်မမည်ချေ (အကုသိုလ် စိတ်များ)။

ဒုက်မုတ်

အချို့သော မနောဝိညာဏဓာတ်ကို သံယောဇဉ်နှင့်သာယှဉ်၍ သံယောဇဉ် မမည်ဟု မဆိုအပ်ချေ (သံယောဇဉ်နှင့်မယှဉ်သော ကုသိုလ်, ဝိပါက်, ကြိယာစိတ်များ)။ အချို့သော ဓမ္မဓာတ်သည် သံယောဇဉ်လည်း မည်၍ သံယောဇဉ်နှင့်လည်း ယှဉ်၏ (ဥဒ္ဓစ္စသဟ ဂုတ်စိတ်၌ ရှိသည့် မောဟကြဉ်သော သံယောဇဉ်တရားကိုယ်များ)၊ အချို့သော ဓမ္မဓာတ်သည် သံယောဇဉ်နှင့်သာယှဉ်၍ သံယောဇဉ်မမည်ချေ (သံယောဇဉ်တရားကိုယ်ကြဉ်သော အကုသိုလ်စိတ်၌ရှိသော စေတသိက်များ)။

ဒုက်မုတ်

အချို့သော ဓမ္မဓာတ်ကို သံယောဇဉ်လည်းမည်၍ သံယောဇဉ်နှင့်လည်း ယှဉ်၏ဟူ၍ လည်းကောင်း၊ သံယောဇဉ်နှင့်သာယှဉ်၍ သံယောဇဉ် မမည်ဟူ၍လည်းကောင်း မဆို အပ်ချေ (ဥဒ္ဓစ္စသဟဂုတ်စိတ်၌ရှိသော မောဟ၊ ကုသိုလ်, ဝိပါက်, ကြိယာစိတ်တို့၌ရှိသော စေတသိက်များ၊ သုခုမရုပ်၊ နိဗ္ဗာန်)။ (ဏီ၊ ပဒ-၁၄၈၆)

(၂၅) သံယောဇနဝိပ္ပယုတ္တသံယောဇနိယဒုက် အဖြေဝိသဇ္ဇနာ

(ရုပ်ဓာတ် ၁၀-ပါး၊ ပဉ္စဝိညာဏဓာတ်၅-ပါး၊ မနောဓာတ်) ဓာတ်တစ်ဆယ့် ခြောက်ပါးတို့သည် သံယောဇဉ်နှင့် မယှဉ်မူ၍ သံယောဇဉ်၏ အာရုံသာ ဖြစ်ကုန်၏။ အချို့သော (မနောဝိညာဏဓာတ်၊ ဓမ္မဓာတ်) ဓာတ်နှစ်ပါးတို့သည် သံယောဇဉ်နှင့်မယှဉ်မူ၍ သံယောဇဉ်၏ အာရုံသာ ဖြစ်ကုန်၏ (ဥဒ္ဓစ္စသဟဂုတ်စိတ်၌ရှိသော မောဟ၊ လောကီကုသိုလ်, ဝိပါက်, ကြိယာစိတ္တုပ္ပါဒ်၊ သုခုမရုပ်)၊ အချို့သော (မနောဝိညာဏဓာတ်၊ ဓမ္မဓာတ်) ဓာတ်နှစ်ပါးတို့သည် သံယောဇဉ်နှင့်လည်း မယှဉ်မူ၍ သံယောဇဉ်၏ အာရုံလည်း မဖြစ်ကုန် (လောကုတ္တရာစိတ္တုပ္ပါဒ်၊ နိဗ္ဗာန်)။

ဒုက်မုတ်

အချို့သော (မနောဝိညာဏဓာတ်၊ ဓမ္မဓာတ်) ဓာတ်နှစ်ပါးတို့ကို သံယောဇဉ်နှင့် မယှဉ်မူ၍ သံယောဇဉ်၏ အာရုံသာ ဖြစ်ကုန်၏ဟူ၍လည်းကောင်း၊ သံယောဇဉ်နှင့်လည်း မယှဉ်မူ၍ သံယောဇဉ်၏ အာရုံလည်း မဖြစ်ကုန်ဟူ၍လည်းကောင်း မဆိုအပ်ကုန် (ဥဒ္ဓစ္စသဟဂုတ်စိတ်၌ရှိသော မောဟကြဉ်သည့် အကုသိုလ်စိတ္တုပ္ပါဒ်များ)။ (ဏီ၊ ပဒ-၁၄၈၈)

(သညောဇနဂေါစ္ဆက ဒုက် ၆-ခု အဖြေဝိသဇ္ဇနာ ပြီး၏။)

--

(၅-ဂန္ထဂေါစ္ဆကဒုက် ၆-ခု အဖြေဝိသဇ္ဇနာ)

(၂၆) ဂန္ထဒုက် အဖြေဝိသဇ္ဇနာ

(ရုပ်ဓာတ် ၁၀-ပါး၊ ဝိညာဏဓာတ် ၇-ပါး) ဓာတ်တစ်ဆယ့် ခုနစ်ပါးတို့သည် (သတ္တဝါတို့ကို သံသရာဝဋ်ဆင်းရဲ၌ စုတိပဋိသန္ဓေ၏ အစွမ်း ဖြင့်) ဆက်စပ်ထုံးဖွဲ့တတ်သော သဘော ‘ဂန္ထ'မမည်ကုန်။ အချို့သော ဓမ္မဓာတ်သည် ဂန္ထမည်၏ (လောဘ၊ ဒေါသ၊ ဒိဋ္ဌိ)၊ အချို့သော ဓမ္မဓာတ်သည် ဂန္ထမမည်ချေ (ကြွင်းသော စေတသိက်များ၊ သုခုမရုပ်၊ နိဗ္ဗာန်)။

(၂၇) ဂန္ထနိယဒုက် အဖြေဝိသဇ္ဇနာ

(ရုပ်ဓာတ် ၁၀-ပါး၊ ပဉ္စဝိညာဏဓာတ် ၅-ပါး၊ မနောဓာတ်) ဓာတ်တစ်ဆယ့်ခြောက်ပါး တို့သည် ဂန္ထ၏ (လောဘ၊ ဒေါသ၊ ဒိဋ္ဌိတို့၏) အာရုံဖြစ်ကုန်၏။ အချို့သော (မနောဝိညာဏဓာတ်၊ ဓမ္မဓာတ်) ဓာတ်နှစ်ပါးတို့သည် ဂန္ထ၏ အာရုံဖြစ်ကုန်၏ (လောကီစိတ္တုပ္ပါဒ်၊ သုခုမရုပ်)၊ အချို့သော (မနောဝိညာဏဓာတ်၊ ဓမ္မဓာတ်) ဓာတ်နှစ်ပါးတို့သည် ဂန္ထ၏ အာရုံမဖြစ်ကုန် (လောကုတ္တရာစိတ္တုပ္ပါဒ်၊ နိဗ္ဗာန်)။

(၂၈) ဂန္ထသမ္ပယုတ္တဒုက် အဖြေဝိသဇ္ဇနာ

(ရုပ်ဓာတ် ၁၀-ပါး၊ ပဉ္စဝိညာဏဓာတ် ၅-ပါး၊ မနော ဓာတ်) ဓာတ်တစ်ဆယ့်ခြောက်ပါးတို့သည် ဂန္ထနှင့် (လောဘ၊ ဒေါသ၊ ဒိဋ္ဌိတို့နှင့်) မယှဉ်ကုန်။ အချို့သော (မနောဝိညာဏဓာတ်၊ ဓမ္မဓာတ်) ဓာတ်နှစ်ပါးတို့သည် ဂန္ထနှင့် ယှဉ်ကုန်၏ (ဒိဋ္ဌိဂတ ဝိပ္ပယုတ် စိတ်၌ရှိသော လောဘနှင့် ဒေါသမူဒွေး၌ရှိသော ဒေါသကြဉ်သော လောဘမူနှင့် ဒေါသမူ စိတ္တုပ္ပါဒ် များ)၊ အချို့သော (မနောဝိညာဏဓာတ်၊ ဓမ္မဓာတ်) ဓာတ်နှစ်ပါးတို့သည် ဂန္ထနှင့် မယှဉ်ကုန် (ဒိဋ္ဌိဂတ ဝိပ္ပယုတ်စိတ်၌ရှိသော လောဘ၊ ဒေါသမူဒွေး၌ရှိသော ဒေါသ၊ မောဟမူဒွေး, ကုသိုလ်, ဝိပါက်, ကြိယာ စိတ္တုပ္ပါဒ်များ၊ သုခုမရုပ်၊ နိဗ္ဗာန်)။

(၂၉) ဂန္ထ ဂန္ထနိယဒုက် အဖြေဝိသဇ္ဇနာ

(ရုပ်ဓာတ် ၁၀-ပါး၊ ပဉ္စဝိညာဏဓာတ် ၅-ပါး၊ မနောဓာတ်) ဓာတ်တစ်ဆယ့်ခြောက်ပါးတို့ကို ဂန္ထလည်းမည်၍ ဂန္ထ၏ အာရုံလည်း ဖြစ်ကုန်၏ဟု မဆိုအပ်ကုန်၊ (ရုပ်ဓာတ် ၁၀-ပါး၊ ပဉ္စဝိညာဏဓာတ် ၅-ပါး၊ မနောဓာတ်) ဓာတ်တစ်ဆယ့် ခြောက်ပါးတို့သည် ဂန္ထ၏အာရုံသာဖြစ်၍ ဂန္ထမမည်ကုန်။ မနောဝိညာဏဓာတ်ကို ဂန္ထလည်းမည်၍ ဂန္ထ၏ အာရုံလည်းဖြစ်၏ဟု မဆိုအပ်ချေ။ အချို့သော မနောဝိညာဏဓာတ်သည် ဂန္ထ၏ အာရုံသာဖြစ်၍ ဂန္ထမမည်ချေ (လောကီစိတ်များ)။

ဒုက်မုတ်

အချို့သော မနောဝိညာဏဓာတ်ကို ဂန္ထ၏အာရုံသာဖြစ်၍ ဂန္ထမမည်ဟု မဆိုအပ်ချေ (လောကုတ္တရာစိတ်)။ အချို့သော ဓမ္မဓာတ်သည် ဂန္ထလည်းမည်၍ ဂန္ထ၏ အာရုံလည်း ဖြစ်၏ (ဂန္ထတရားကိုယ် ၃-ပါး= လောဘ၊ ဒေါသ၊ ဒိဋ္ဌိ)၊ အချို့သော ဓမ္မဓာတ်သည် ဂန္ထ၏ အာရုံသာဖြစ်၍ ဂန္ထ မမည်ချေ (ဂန္ထတရား ကိုယ် ကြဉ်သော လောကီစိတ်တို့၌ရှိသော စေတသိက်များ၊ သုခုမရုပ်)။

ဒုက်မုတ်

အချို့သော ဓမ္မဓာတ်ကို ဂန္ထလည်း မည်၍ ဂန္ထ၏ အာရုံလည်း ဖြစ်၏ဟူ၍လည်းကောင်း၊ ဂန္ထ၏ အာရုံသာဖြစ်၍ ဂန္ထမမည်ဟူ၍လည်းကောင်း မဆိုအပ်ချေ (လောကုတ္တရာစိတ်၌ ရှိသော စေတသိက်များ၊ နိဗ္ဗာန်)။ (ဏီ၊ ပဒ-၁၄၉၆)

--

(၃၀) ဂန္ထ ဂန္ထသမ္ပယုတ္တဒုက် အဖြေဝိသဇ္ဇနာ

(ရုပ်ဓာတ် ၁၀-ပါး၊ ပဉ္စဝိညာဏဓာတ် ၅-ပါး၊ မနောဓာတ်) ဓာတ်တစ်ဆယ့်ခြောက်ပါးတို့ကို ဂန္ထ လည်းမည်၍ ဂန္ထနှင့်လည်း ယှဉ်ကုန်၏ဟူ၍လည်းကောင်း၊ ဂန္ထနှင့်သာ ယှဉ်၍ ဂန္ထမမည်ကုန်ဟူ၍ လည်းကောင်း မဆိုအပ်ကုန်။ (ဒုက်မုတ်) မနောဝိညာဏဓာတ်ကို ဂန္ထလည်းမည်၍ ဂန္ထနှင့်လည်း ယှဉ်၏ဟု မဆိုအပ်ချေ။ အချို့သော မနောဝိညာဏဓာတ်သည် ဂန္ထနှင့်သာ ယှဉ်၍ ဂန္ထမမည်ချေ (လောဘမူ, ဒေါသမူ စိတ်များ)။

ဒုက်မုတ်

အချို့သော မနောဝိညာဏဓာတ်ကို ဂန္ထနှင့်သာယှဉ်၍ ဂန္ထ မမည်ဟု မဆိုအပ်ချေ (ကြွင်းသော မနောဝိညာဏဓာတ် ဂန္ထဝိပ္ပယုတ်စိတ်များ)။ အချို့သော ဓမ္မဓာတ်သည် ဂန္ထလည်း မည်၍ ဂန္ထနှင့်လည်း ယှဉ်၏ (ဒိဋ္ဌိဂတသမ္ပယုတ်စိတ်၌ရှိသော လောဘ, ဒိဋ္ဌိ)၊ အချို့သော ဓမ္မဓာတ်သည် ဂန္ထနှင့်သာယှဉ်၍ ဂန္ထမမည်ချေ (ဂန္ထတရားကိုယ်ကြဉ်သော လောဘမူ, ဒေါသမူစိတ်တို့၌ရှိသော စေတသိက်များ)။

ဒုက်မုတ်

အချို့သော ဓမ္မဓာတ်ကို ဂန္ထလည်းမည်၍ ဂန္ထနှင့်လည်း ယှဉ်၏ဟူ၍လည်းကောင်း၊ ဂန္ထနှင့်သာယှဉ်၍ ဂန္ထမမည်ဟူ၍လည်းကောင်း မဆိုအပ်ချေ (မောဟမူဒွေး, ကုသိုလ်, ဝိပါက်, ကြိယာစိတ်တို့၌ ရှိသော စေတသိက်များ၊ ဒိဋ္ဌိဂတဝိပ္ပယုတ်စိတ် ၄-ခု၌ရှိသော လောဘ၊ ဒေါသမူဒွေး၌ ရှိသော ဒေါသ၊ သုခုမရုပ်၊ နိဗ္ဗာန်)။ (ဏီ၊ ပဒ-၁၄၉၈)

(၃၁) ဂန္ထဝိပ္ပယုတ္တဂန္ထနိယဒုက် အဖြေဝိသဇ္ဇနာ

(ရုပ်ဓာတ် ၁၀-ပါး၊ ပဉ္စဝိညာဏဓာတ် ၅-ပါး၊ မနောဓာတ်) ဓာတ်တစ်ဆယ့်ခြောက်ပါး တို့သည် ဂန္ထနှင့် မယှဉ်မူ၍ ဂန္ထ၏ အာရုံသာ ဖြစ်ကုန်၏။ အချို့သော (မနောဝိညာဏဓာတ်၊ ဓမ္မဓာတ်) ဓာတ်နှစ်ပါးတို့သည် ဂန္ထနှင့် မယှဉ်မူ၍ ဂန္ထ၏ အာရုံသာ ဖြစ်ကုန်၏ (ဒိဋ္ဌိဂတဝိပ္ပယုတ်စိတ်၌ရှိသော လောဘ၊ ဒေါသမူဒွေး၌ရှိသော ဒေါသ၊ မောဟမူစိတ္တုပ္ပါဒ်၊ လောကီ ကုသိုလ်, ဝိပါက်, ကြိယာစိတ္တုပ္ပါဒ်များ၊ သုခုမရုပ်)၊ အချို့သော (မနောဝိညာဏ ဓာတ်၊ ဓမ္မဓာတ်) ဓာတ်နှစ်ပါးတို့သည် ဂန္ထနှင့်လည်း မယှဉ်မူ၍ ဂန္ထ၏ အာရုံလည်း မဖြစ်ကုန် (လောကုတ္တရာစိတ္တုပ္ပါဒ်၊ နိဗ္ဗာန်)။

ဒုက်မုတ်

အချို့သော (မနောဝိညာဏဓာတ်၊ ဓမ္မဓာတ်) ဓာတ်နှစ်ပါးတို့ကို ဂန္ထနှင့် မယှဉ်မူ၍ ဂန္ထ၏အာရုံသာ ဖြစ်ကုန်၏ဟူ၍လည်းကောင်း၊ ဂန္ထနှင့်လည်း မယှဉ်မူ၍ ဂန္ထ၏ အာရုံ လည်း မဖြစ်ကုန်ဟူ၍လည်းကောင်း မဆိုအပ်ကုန် (ဂန္ထသမ္ပယုတ္တဓမ္မ= ဒိဋ္ဌိဂတဝိပ္ပယုတ်စိတ်၌ရှိသော လောဘနှင့် ဒေါသမူဒွေး၌ ရှိသော ဒေါသကြဉ်သော လောဘမူ, ဒေါသမူစိတ္တုပ္ပါဒ်များ)။ (ဏီ၊ ပဒ-၁၅၀၀)

(ဂန္ထဂေါစ္ဆက ဒုက် ၆-ခု အဖြေဝိသဇ္ဇနာ ပြီး၏။)

--

(၆-ဩဃဂေါစ္ဆက ဒုက် ၆-ခု အဖြေဝိသဇ္ဇနာ)**၁

(၃၂-၃၇)။ (ရုပ်ဓာတ် ၁၀-ပါး၊ ဝိညာဏဓာတ် ၇-ပါး) ဓာတ်တစ်ဆယ့်ခုနစ်ပါးတို့သည် (သတ္တဝါတို့ကို ဝဋ်ဆင်းရဲ၌) နစ်မြုပ်စေတတ်သော သဘော ‘ဩဃ'မမည်ကုန်။ပ။

၁။ ** ဩဃဂေါစ္ဆကနှင့် ယောဂဂေါစ္ဆက အဖြေဝိသဇ္ဇနာများသည် အာသဝဂေါစ္ဆက အဖြေများနှင့် ထပ်တူဖြစ်သဖြင့် ပေယျာလ ချန်ထားသည်၊ ထိုအာသဝဂေါစ္ဆကနည်းအတိုင်း ချဲ့ပါလေ။

(၇-ယောဂဂေါစ္ဆက ဒုက် ၆-ခု အဖြေဝိသဇ္ဇနာ)**၁

(၃၈-၄၃)။ (ရုပ်ဓာတ် ၁၀-ပါး၊ ဝိညာဏဓာတ် ၇-ပါး) ဓာတ်တစ်ဆယ့်ခုနစ်ပါးတို့သည် (သတ္တဝါတို့ကို ဝဋ်ဆင်းရဲ၌) တုပ်နှောင်ယှဉ်တွဲစေတတ်သော သဘော ‘ယောဂ'မမည်ကုန်။ပ။

၁။ ** ဩဃဂေါစ္ဆကနှင့် ယောဂဂေါစ္ဆက အဖြေဝိသဇ္ဇနာများသည် အာသဝဂေါစ္ဆက အဖြေများနှင့် ထပ်တူဖြစ်သဖြင့် ပေယျာလ ချန်ထားသည်၊ ထိုအာသဝဂေါစ္ဆကနည်းအတိုင်း ချဲ့ပါလေ။

--

(၈-နီဝရဏဂေါစ္ဆကဒုက် ၆-ခု အဖြေဝိသဇ္ဇနာ)

(၄၄) နီဝရဏဒုက် အဖြေဝိသဇ္ဇနာ

(ရုပ်ဓာတ် ၁၀-ပါး၊ ဝိညာဏဓာတ် ၇-ပါး) ဓာတ်တစ်ဆယ့် ခုနစ်ပါးတို့သည် (ဈာန် မဂ် ဖိုလ်တို့ကို) ပိတ်ပင်တားဆီးတတ် သော သဘော ‘နီဝရဏ’ မမည်ကုန်။ အချို့သော ဓမ္မဓာတ်သည် နီဝရဏမည်၏ (နီဝရဏတရားကိုယ်ရှစ်ပါး)၁၊ အချို့သော ဓမ္မဓာတ် သည် နီဝရဏ မမည်ချေ (နီဝရဏတရားကိုယ်ကြဉ်သော စေတသိက်များ၊ သုခုမရုပ်၊ နိဗ္ဗာန်)။

၁။ နီဝရဏတရားကိုယ် ၈-ပါး= လောဘ၊ ဒေါသ၊ ထိန၊ မိဒ္ဓ၊ ဥဒ္ဓစ္စ၊ ကုက္ကုစ္စ၊ ဝိစိကိစ္ဆာ၊ မောဟ။

(၄၅) နီဝရဏိယဒုက် အဖြေဝိသဇ္ဇနာ

(ရုပ်ဓာတ် ၁၀-ပါး၊ ပဉ္စဝိညာဏဓာတ် ၅-ပါး၊ မနောဓာတ်) ဓာတ်တစ်ဆယ့်ခြောက်ပါးတို့သည် နီဝရဏ၏ အာရုံဖြစ် ကုန်၏။ အချို့သော (မနောဝိညာဏဓာတ်၊ ဓမ္မဓာတ်) ဓာတ်နှစ်ပါးတို့သည် နီဝရဏ၏ အာရုံဖြစ်ကုန်၏ (လောကီစိတ္တုပ္ပါဒ်၊ သုခုမရုပ်)၊ အချို့သော (မနောဝိညာဏဓာတ်၊ ဓမ္မဓာတ်) ဓာတ်နှစ်ပါးတို့သည် နီဝရဏ၏ အာရုံ မဖြစ်ကုန် (လောကုတ္တရာစိတ္တုပ္ပါဒ်၊ နိဗ္ဗာန်)။

(၄၆) နီဝရဏသမ္ပယုတ္တဒုက် အဖြေဝိသဇ္ဇနာ

(ရုပ်ဓာတ် ၁၀-ပါး၊ ပဉ္စဝိညာဏဓာတ် ၅-ပါး၊ မနောဓာတ်) ဓာတ်တစ်ဆယ့်ခြောက်ပါးတို့သည် နီဝရဏနှင့် မယှဉ်ကုန်။ အချို့သော (မနောဝိညာဏဓာတ်၊ ဓမ္မဓာတ်) ဓာတ်နှစ်ပါးတို့သည် နီဝရဏနှင့် ယှဉ်ကုန်၏ (အကုသိုလ်စိတ္တုပ္ပါဒ်များ)၊ အချို့သော (မနောဝိညာဏဓာတ်၊ ဓမ္မဓာတ်) ဓာတ်နှစ်ပါးတို့သည် နီဝရဏနှင့် မယှဉ်ကုန် (ကုသိုလ်၊ ဝိပါက်၊ ကြိယာစိတ္တုပ္ပါဒ်များ၊ သုခုမရုပ်၊ နိဗ္ဗာန်)။

(၄၇) နီဝရဏနီဝရဏိယဒုက် အဖြေဝိသဇ္ဇနာ

(ရုပ်ဓာတ် ၁၀-ပါး၊ ပဉ္စဝိညာဏဓာတ် ၅-ပါး၊ မနောဓာတ်) ဓာတ်တစ်ဆယ့်ခြောက်ပါးတို့ကို နီဝရဏလည်း မည်၍ နီဝရဏ၏ အာရုံလည်း ဖြစ်ကုန်၏ဟု မဆိုအပ်ကုန်။ (ရုပ်ဓာတ် ၁၀-ပါး၊ ပဉ္စဝိညာဏဓာတ် ၅-ပါး၊ မနောဓာတ်) ဓာတ်တစ်ဆယ့်ခြောက်ပါးတို့သည် နီဝရဏ၏ အာရုံသာဖြစ်၍ နီဝရဏ မမည်ကုန်။ မနောဝိညာဏဓာတ်ကို နီဝရဏလည်း မည်၍ နီဝရဏ၏ အာရုံလည်း ဖြစ်၏ဟု မဆိုအပ်ချေ။ အချို့သော မနောဝိညာဏဓာတ်သည် နီဝရဏ၏ အာရုံသာဖြစ်၍ နီဝရဏ မမည်ချေ (လောကီ စိတ်များ)။

ဒုက်မုတ်

အချို့သော မနောဝိညာဏဓာတ်ကို နီဝရဏ၏အာရုံလည်းဖြစ်၍ နီဝရဏလည်းမမည်ဟု

မဆိုအပ်ချေ (လောကုတ္တရာစိတ်)။ အချို့သော ဓမ္မဓာတ်သည် နီဝရဏလည်း မည်၍ နီဝရဏ၏ အာရုံလည်း ဖြစ်၏ (နီဝရဏ တရားကိုယ် ၈-ပါး)၊ အချို့သော ဓမ္မဓာတ်သည် နီဝရဏ၏ အာရုံသာဖြစ်၍ နီဝရဏ မမည်ချေ (နီဝရဏတရားကိုယ်ကြဉ်သော လောကီစိတ်အားလုံးတို့၌ရှိသော စေတသိက်များ၊ သုခုမရုပ်)။

--

ဒုက်မုတ်

အချို့သော ဓမ္မဓာတ်ကို နီဝရဏလည်း မည်၍ နီဝရဏ၏ အာရုံလည်း ဖြစ်၏ဟူ၍ လည်းကောင်း, နီဝရဏ၏ အာရုံသာဖြစ်၍ နီဝရဏ မမည်ဟူ၍လည်းကောင်း မဆို အပ်ချေ (လောကုတ္တရာစိတ်၌ရှိသော စေတသိက်များ၊ နိဗ္ဗာန်)။ (ဏီ၊ ပဒ-၁၅၁၀)

(၄၈) နီဝရဏ နီဝရဏသမ္ပယုတ္တဒုက် အဖြေဝိသဇ္ဇနာ

(ရုပ်ဓာတ် ၁၀-ပါး၊ ပဉ္စဝိညာဏဓာတ် ၅-ပါး၊ မနောဓာတ်) ဓာတ်တစ်ဆယ့် ခြောက်ပါး တို့ကို နီဝရဏလည်း မည်၍ နီဝရဏနှင့်လည်း ယှဉ်ကုန်၏ဟူ၍လည်းကောင်း၊ နီဝရဏနှင့် သာယှဉ်၍ နီဝရဏ မမည်ကုန်ဟူ၍လည်းကောင်း မဆိုအပ်ကုန်။ (ဒုက်မုတ်) မနောဝိညာဏဓာတ်ကို နီဝရဏလည်း မည်၍ နီဝရဏနှင့်လည်း ယှဉ်၏ဟု မဆိုအပ်ချေ။ အချို့သော မနောဝိညာဏဓာတ်သည် နီဝရဏနှင့်သာ ယှဉ်၍ နီဝရဏ မမည်ချေ (အကုသိုလ် စိတ်များ)။

ဒုက်မုတ်

အချို့သော မနောဝိညာဏဓာတ်ကို နီဝရဏနှင့်လည်း ယှဉ်၍ နီဝရဏလည်း မမည်ဟု မဆိုအပ်ချေ။ (ကုသိုလ်၊ ဝိပါက်၊ ကြိယာစိတ်များ)။ (ဏီ၊ ပဒ-၁၅၁၂) အချို့သောဓမ္မဓာတ်သည် နီဝရဏလည်း မည်၍ နီဝရဏနှင့်လည်း ယှဉ်၏ (နီဝရဏတရားကိုယ် ၈-ပါး)၊ အချို့သော ဓမ္မဓာတ်သည် နီဝရဏနှင့်သာ ယှဉ်၍ နီဝရဏ မမည်ချေ (နီဝရဏတရားကိုယ် ကြဉ်သော အကုသိုလ် စိတ်၌ရှိသော စေတသိက်များ)။

ဒုက်မုတ်

အချို့သော ဓမ္မဓာတ်ကို နီဝရဏလည်း မည်၍ နီဝရဏနှင့်လည်း ယှဉ်၏ဟူ၍ လည်းကောင်း, နီဝရဏနှင့်သာယှဉ်၍ နီဝရဏမမည်ဟူ၍လည်းကောင်း မဆိုအပ်ချေ (ကုသိုလ်, ဝိပါက်, ကြိယာစိတ်တို့၌ရှိသော စေတသိက်များ၊ သုခုမရုပ်၊ နိဗ္ဗာန်)။ (ဏီ၊ ပဒ-၁၅၁၂)

(၄၉) နီဝရဏဝိပ္ပယုတ္တနီဝရဏိယဒုက် အဖြေဝိသဇ္ဇနာ

(ရုပ်ဓာတ် ၁၀-ပါး၊ ပဉ္စဝိညာဏဓာတ် ၅-ပါး၊ မနောဓာတ်) ဓာတ် တစ်ဆယ့် ခြောက်ပါးတို့ သည် နီဝရဏနှင့် မယှဉ်မူ၍ နီဝရဏ၏ အာရုံသာ ဖြစ်ကုန်၏။ အချို့သော (မနောဝိညာဏဓာတ်၊ ဓမ္မဓာတ်) ဓာတ်နှစ်ပါးတို့သည် နီဝရဏနှင့် မယှဉ်မူ၍ နီဝရဏ၏ အာရုံသာ ဖြစ်ကုန်၏ (လောကီကုသိုလ်, ဝိပါက်, ကြိယာစိတ္တုပ္ပါဒ်များ၊ သုခုမရုပ်)။ အချို့သော (မနောဝိညာဏဓာတ်၊ ဓမ္မဓာတ်) ဓာတ်နှစ်ပါးတို့သည် နီဝရဏနှင့်လည်း မယှဉ်မူ၍ နီဝရဏ၏ အာရုံလည်း မဖြစ်ကုန် (လောကုတ္တရာစိတ္တုပ္ပါဒ်၊ နိဗ္ဗာန်)။

ဒုက်မုတ်

အချို့သော (မနောဝိညာဏဓာတ်၊ ဓမ္မဓာတ်) ဓာတ်နှစ်ပါးတို့ကို နီဝရဏနှင့် မယှဉ်မူ၍ နီဝရဏ၏ အာရုံသာ ဖြစ်ကုန်၏ဟူ၍လည်းကောင်း, နီဝရဏနှင့်လည်း မယှဉ်မူ၍ နီဝရဏ၏ အာရုံလည်း မဖြစ်ကုန်ဟူ၍လည်းကောင်း မဆိုအပ်ကုန် (နီဝရဏသမ္ပယုတ္တဓမ္မ= အကုသိုလ် စိတ္တုပ္ပါဒ်)။ (ဏီ၊ ပဒ-၁၅၁၄)

(နီဝရဏ ဂေါစ္ဆကဒုက် ၆-ခု အဖြေဝိသဇ္ဇနာ ပြီး၏။

--

(၉-ပရာမာသ ဂေါစ္ဆကဒုက် ၅-ခု အဖြေဝိသဇ္ဇနာ)**၁

(၅၀) ပရာမာသဒုက် အဖြေဝိသဇ္ဇနာ

(ရုပ်ဓာတ် ၁၀-ပါး၊ ဝိညာဏဓာတ် ၇-ပါး) ဓာတ်တစ်ဆယ့်ခုနစ်ပါးတို့သည် မှားသော သုံးသပ်မှု ‘ပရာမာသ’ (ဒိဋ္ဌိ) မမည်ကုန်။ အချို့သော ဓမ္မဓာတ်သည် ပရာမာသမည်၏ (ဒိဋ္ဌိ)၊ အချို့သော ဓမ္မဓာတ်သည် ပရာမာသ မမည်ချေ (ဒိဋ္ဌိကြဉ်သော စေတသိက် ၅၁-ပါး၊ သုခုမရုပ်၊ နိဗ္ဗာန်)။

၁။ ** ပရာမာသ= (ပရ= အခြားတစ်ပါး၊ အမှန်တရားမှတစ်ပါးဖြစ်သော မှားယွင်းမှု။ အာ= လွန်စွာ။ မသ= သုံးသပ်ခြင်း) မှားသော သုံးသပ်ခြင်း၊ မှားယွင်းစွာသုံးသပ်မှု။ (=ဒိဋ္ဌိ)

Ã

(၅၁) ပရာမဋ္ဌဒုက် အဖြေဝိသဇ္ဇနာ

(ရုပ်ဓာတ် ၁၀-ပါး၊ ပဉ္စဝိညာဏဓာတ် ၅-ပါး၊ မနောဓာတ်) ဓာတ်တစ်ဆယ့်ခြောက်ပါးတို့သည် ပရာမာသ၏ (ဒိဋ္ဌိ၏) အာရုံ ဖြစ်ကုန်၏။ အချို့သော (မနောဝိညာဏဓာတ်၊ ဓမ္မဓာတ်) ဓာတ်နှစ်ပါးတို့သည် ပရာမာသ၏ (ဒိဋ္ဌိ၏) အာရုံ ဖြစ်ကုန်၏ (လောကီစိတ္တုပ္ပါဒ်၊ သုခုမရုပ်)၊ အချို့သော (မနောဝိညာဏဓာတ်၊ ဓမ္မဓာတ်) ဓာတ်နှစ်ပါး တို့သည် ပရာမာသ၏ အာရုံမဖြစ်ကုန် (လောကုတ္တရာစိတ္တုပ္ပါဒ်၊ နိဗ္ဗာန်)။

(၅၂) ပရာမာသသမ္ပယုတ္တဒုက် အဖြေဝိသဇ္ဇနာ

(ရုပ်ဓာတ် ၁၀-ပါး၊ ပဉ္စဝိညာဏဓာတ် ၅-ပါး၊ မနောဓာတ်) ဓာတ်တစ်ဆယ့်ခြောက်ပါးတို့သည် ပရာမာသနှင့် (ဒိဋ္ဌိနှင့်) မယှဉ်ကုန်။ အချို့သော မနောဝိညာဏဓာတ်သည် ပရာမာသနှင့် (ဒိဋ္ဌိနှင့်) ယှဉ်၏ (ဒိဋ္ဌိဂတသမ္ပယုတ်စိတ် ၄-ပါး)၊ အချို့သော မနောဝိညာဏဓာတ်သည် ပရာမာသနှင့် မယှဉ်ချေ (ကြွင်းသော စိတ်များ)။ အချို့သော ဓမ္မဓာတ်သည် ပရာမာသနှင့် (ဒိဋ္ဌိနှင့်) ယှဉ်၏ (ဒိဋ္ဌိကြဉ်သော ဒိဋ္ဌိဂတသမ္ပယုတ် စိတ်၌ ရှိသော စေတသိတ်များ)၊ အချို့သော ဓမ္မဓာတ်သည် ပရာမာသနှင့် မယှဉ်ချေ (ကြွင်းသော စိတ်တို့၌ ရှိသော စေတသိက်များ၊ သုခုမရုပ်၊ နိဗ္ဗာန်)။

ဒုက်မုတ်

အချို့သော ဓမ္မဓာတ်ကို ပရာမာသနှင့် ယှဉ်၏ဟူ၍လည်းကောင်း ပရာမာသနှင့် မယှဉ်ဟူ၍လည်းကောင်း မဆိုအပ်ချေ (ဒိဋ္ဌိ)။ (ဏီ၊ ပဒ-၁၅၂၀)

(၅၃) ပရာမာသ ပရာမဋ္ဌဒုက် အဖြေဝိသဇ္ဇနာ

(ရုပ်ဓာတ် ၁၀-ပါး၊ ပဉ္စဝိညာဏဓာတ် ၅-ပါး၊ မနောဓာတ်) ဓာတ်တစ်ဆယ့်ခြောက်ပါး တို့ကို ပရာမာသလည်းမည်၍ ပရာမာသ၏ အာရုံလည်း ဖြစ်ကုန်၏ဟု မဆိုအပ်ကုန်၊ (ရုပ်ဓာတ် ၁၀-ပါး၊ ပဉ္စဝိညာဏဓာတ် ၅-ပါး၊ မနောဓာတ်) ဓာတ်တစ်ဆယ့်ခြောက်ပါးတို့သည် ပရာမာသ၏ (ဒိဋ္ဌိ၏) အာရုံသာဖြစ်၍ ပရာမာသ မမည်ကုန်။ မနောဝိညာဏဓာတ်ကို ပရာမာသလည်း မည်၍ ပရာမာသ၏ အာရုံလည်း ဖြစ်၏ဟု မဆိုအပ်ချေ။ အချို့သော မနောဝိညာဏဓာတ်သည် ပရာမာသ၏ (ဒိဋ္ဌိ၏) အာရုံသာဖြစ်၍ ပရာမာသ မမည်ချေ (လောကီစိတ်များ)။

--

ဒုက်မုတ်

အချို့သော မနောဝိညာဏဓာတ်ကို ပရာမာသ၏ အာရုံသာဖြစ်၍ ပရာမာသ မမည်ဟု မဆို အပ်ချေ (လောကုတ္တရာစိတ်)။ အချို့သော ဓမ္မဓာတ်သည် ပရာမသလည်း မည်၍ ပရာမာသ၏ အာရုံလည်း ဖြစ်၏ (ဒိဋ္ဌိ)၊ အချို့ သော ဓမ္မဓာတ်သည် ပရာမာသ၏ အာရုံသာဖြစ်၍ ပရာမာသ မမည်ချေ (ဒိဋ္ဌိကြဉ်သော လောကီ စိတ်တို့၌ရှိသော စေတသိက်၊ သုခုမရုပ်)။

ဒုက်မုတ်

အချို့သော ဓမ္မဓာတ်ကို ပရာမသလည်း မည်၍ ပရာမာသ၏အာရုံလည်း ဖြစ်၏ဟူ၍

လည်းကောင်း၊ ပရာမာသ၏ အာရုံသာဖြစ်၍ ပရာမသ မမည်ဟူ၍လည်းကောင်း မဆို အပ်ချေ (လောကုတ္တရာစိတ်တို့၌ ရှိသော စေတသိက်၊ နိဗ္ဗာန်)။

(၅၄) ပရာမာသဝိပ္ပယုတ္တပရာမဋ္ဌဒုက် အဖြေဝိသဇ္ဇနာ

(ရုပ်ဓာတ် ၁၀-ပါး၊ ပဉ္စဝိညာဏဓာတ် ၅-ပါး၊ မနောဓာတ်) ဓာတ် တစ်ဆယ့် ခြောက်ပါးတို့ သည် ပရာမာသနှင့် (ဒိဋ္ဌိနှင့်) မယှဉ်မူ၍ ပရာမာသ၏ အာရုံသာ ဖြစ်ကုန်၏။ အချို့သော (မနောဝိညာဏဓာတ်၊ ဓမ္မဓာတ်) ဓာတ်နှစ်ပါးတို့သည် ပရာမာသနှင့် မယှဉ်မူ၍ ပရာမာသ၏ အာရုံသာ ဖြစ်ကုန်၏ (ဒိဋ္ဌိဂတသမ္ပယုတ်စိတ္တုပ္ပါဒ်ကြဉ်သော လောကီစိတ္တုပ္ပါဒ်၊ သုခုမရုပ်)၊ အချို့သော (မနောဝိညာဏဓာတ်၊ ဓမ္မဓာတ်) ဓာတ်နှစ်ပါးတို့သည် ပရာမာသနှင့်လည်း မယှဉ်မူ၍ ပရာမာသ၏ အာရုံလည်း မဖြစ်ကုန် (လောကုတ္တရာစိတ္တုပ္ပါဒ်၊ နိဗ္ဗာန်)။

ဒုက်မုတ်

အချို့သော (မနောဝိညာဏဓာတ်၊ ဓမ္မဓာတ်) ဓာတ်နှစ်ပါးတို့ကို ပရာမာသနှင့် မယှဉ်မူ၍ ပရာမာသ၏ အာရုံသာ ဖြစ်ကုန်၏ဟူ၍လည်းကောင်း, ပရာမာသနှင့်လည်း မယှဉ်မူ၍ ပရာမာသ၏ အာရုံလည်း မဖြစ်ကုန်ဟူ၍လည်းကောင်း မဆိုအပ်ကုန် (ဒိဋ္ဌိဂတသမ္ပယုတ်စိတ္တုပ္ပါဒ်)။ (ဏီ၊ ပဒ-၁၅၂၄)

(ပရာမာသဂေါစ္ဆကဒုက် ၅-ခု အဖြေဝိသဇ္ဇနာ ပြီး၏။)

--

(၁၀-မဟန္တရဒုက် ၁၄-ခု အဖြေဝိသဇ္ဇနာ)

(၅၅) သာရမ္မဏဒုက် အဖြေဝိသဇ္ဇနာ

(ရုပ်ဓာတ် ၁၀-ပါး) ဓာတ်ဆယ်ပါးတို့သည် အာရုံပြုခြင်း မရှိကုန် (အာရုံမပြုတတ်ချေ)။ (ဝိညာဏဓာတ် ၇-ပါး) ဓာတ်ခုနစ်ပါးတို့သည် အာရုံပြုခြင်း ရှိကုန်၏ (အာရုံပြုတတ်ကုန်၏) (စိတ် ၈၉-ပါး အားလုံး)။ အချို့သော ဓမ္မဓာတ်သည် အာရုံပြုခြင်းရှိ၏ (အာရုံပြုတတ်၏) (စေတသိက်များ)၊ အချို့သော ဓမ္မဓာတ်သည် အာရုံပြုခြင်း မရှိ (အာရုံမပြုတတ်ချေ) (သုခုမရုပ်၊ နိဗ္ဗာန်)။

(၅၆) စိတ္တဒုက် အဖြေဝိသဇ္ဇနာ

(ဝိညာဏဓာတ် ၇-ပါး) ဓာတ်ခုနစ်ပါးတို့သည် အာရုံကို သိတတ်သော သဘောရှိသော ‘စိတ်’မည်ကုန်၏။ (ရုပ်ဓာတ် ၁၀-ပါး၊ ဓမ္မဓာတ်) ဓာတ်တစ်ဆယ့်တစ်ပါးတို့သည် စိတ်မမည်ကုန် (ရုပ် ၂၈-ပါး၊ စေတသိက် ၅၂-ပါး၊ နိဗ္ဗာန်)။

(၅၇) စေတသိကဒုက် အဖြေဝိသဇ္ဇနာ

(ရုပ်ဓာတ် ၁၀-ပါး၊ ဝိညာဏဓာတ် ၇-ပါး) ဓာတ်တစ်ဆယ့် ခုနစ်ပါးတို့သည် စေတသိက် မမည်ကုန်။ အချို့သော ဓမ္မဓာတ်သည် စေတသိက်မည်၏ (စေတသိက် ၅၂-ပါး)၊ အချို့သော ဓမ္မဓာတ်သည် စေတသိက် မမည်ချေ (သုခုမရုပ်၊ နိဗ္ဗာန်)။

(၅၈) စိတ္တသမ္ပယုတ္တဒုက် အဖြေဝိသဇ္ဇနာ

(ရုပ်ဓာတ် ၁၀-ပါး) ဓာတ်ဆယ်ပါးတို့သည် စိတ်နှင့် မယှဉ်ကုန် (ဩဠာရိကရုပ် ၁၂-ပါး)။ အချို့သော ဓမ္မဓာတ်သည် စိတ်နှင့်ယှဉ်၏ (စေတသိက် ၅၂-ပါး)၊ အချို့သော ဓမ္မဓာတ်သည် စိတ်နှင့် မယှဉ်ချေ (သုခုမရုပ်၊ နိဗ္ဗာန်)။

ဒုက်မုတ်

(ဝိညာဏဓာတ် ၇-ပါး) ဓာတ်ခုနစ်ပါးတို့ကို စိတ်နှင့်ယှဉ်ကုန်၏ဟူ၍လည်းကောင်း၊ စိတ်နှင့်မယှဉ်ကုန်ဟူ၍လည်းကောင်း မဆိုအပ်ကုန် (စိတ်ကို စိတ်နှင့်ယှဉ်၏ဟူ၍လည်း ကောင်း၊ မယှဉ်ဟူ၍လည်းကောင်း မဆိုအပ်ချေ)။

(၅၉) စိတ္တသံသဋ္ဌဒုက် အဖြေဝိသဇ္ဇနာ

(ရုပ်ဓာတ် ၁၀-ပါး) ဓာတ်ဆယ်ပါးတို့သည် စိတ်နှင့် မနှီးနှော မရောနှောကုန် (စိတ်နှင့်မယှဉ်ကုန်) (ပသာဒရုပ် ၅-ပါး၊ အာရုံငါးပါး)။ အချို့သော ဓမ္မဓာတ်သည် စိတ်နှင့် နှီးနှော၏ (စိတ်နှင့်ယှဉ်၏) (စေတသိက် ၅၂-ပါး)၊ အချို့သော ဓမ္မဓာတ်သည် စိတ်နှင့် မနှီးနှောချေ (သုခုမရုပ်၊ နိဗ္ဗာန်)။

ဒုက်မုတ်

(ဝိညာဏဓာတ် ၇-ပါး) ဓာတ်ခုနစ်ပါးတို့ကို စိတ်နှင့် နှီးနှော ရောနှောကုန်၏ဟူ၍ လည်းကောင်း, စိတ်နှင့် မနှီးနှောကုန်ဟူ၍လည်းကောင်း မဆိုအပ်ကုန်။

--

(၆၀) စိတ္တသမုဋ္ဌာနဒုက် အဖြေဝိသဇ္ဇနာ

(ပသာဒရုပ်ဓာတ် ၅-ပါး၊ ဝိညာဏဓာတ် ၇-ပါး) ဓာတ် တစ်ဆယ့်နှစ်ပါးတို့သည် စိတ်ကြောင့် မဖြစ် ကုန်။ အချို့သော (ရူပဓာတ်၊ သဒ္ဒဓာတ်၊ ဂန္ဓဓာတ်၊ ရသဓာတ်၊ ဖောဋ္ဌဗ္ဗဓာတ်၊ ဓမ္မဓာတ်) ဓာတ် ခြောက်ပါးတို့သည် စိတ်ကြောင့် ဖြစ်ကုန်၏ (စိတ္တဇအာရုံငါးပါး၊ စိတ္တဇသုခုမရုပ်၊ စေတသိက်များ)။ အချို့သော (အာရုံ ၅-ပါး၊ ဓမ္မဓာတ်) ဓာတ်ခြောက်ပါးတို့သည် စိတ်ကြောင့် မဖြစ်ကုန် (စိတ္တဇ မဟုတ်သော အာရုံ ၅-ပါး၊ စိတ္တဇ သုခုမရုပ်မှ ကြွင်းသော တိဇသုခုမရုပ်၊ နိဗ္ဗာန်)။ (ဏီ၊ ပဒ-၁၅၃၅၊ ၁၅၃၆)

(၆၁) စိတ္တသဟဘုဒုက် အဖြေဝိသဇ္ဇနာ

(ရုပ်ဓာတ် ၁၀-ပါး၊ ဝိညာဏဓာတ် ၇-ပါး) ဓာတ်တစ်ဆယ့် ခုနစ်ပါးတို့သည် စိတ်နှင့်တကွ မဖြစ်ကုန် (စိတ်နှင့် အတူဖြစ် အတူပျက် မဟုတ်ချေ)။ အချို့သော ဓမ္မဓာတ်သည် စိတ်နှင့် တကွဖြစ်၏ (စိတ်နှင့် အတူဖြစ် အတူပျက် ဖြစ်၏) (စေတသိက် ၅၂ပါး၊ သုခုမရုပ်ဖြစ်သော ဝိညတ်ဒွေး)။ အချို့သော ဓမ္မဓာတ်သည် စိတ်နှင့် တကွမဖြစ် (စိတ်နှင့် အတူဖြစ် အတူပျက် မဟုတ်ချေ) (ဝိညတ်ဒွေးကြဉ်သော သုခုမရုပ် ၁၄-ပါး၊ နိဗ္ဗာန်)။

(၆၂) စိတ္တာနုပရိဝတ္တိဒုက် အဖြေဝိသဇ္ဇနာ

(ရုပ်ဓာတ် ၁၀-ပါး၊ ဝိညာဏဓာတ် ၇-ပါး) ဓာတ်တစ်ဆယ့်ခုနစ်ပါးတို့သည် စိတ်သို့ အစဉ် လိုက်၍ မဖြစ်ကုန် (စိတ်နှင့် အတူဖြစ် အတူပျက် မဟုတ်ကုန်)။ အချို့သော ဓမ္မဓာတ်သည် စိတ်သို့အစဉ်လိုက်၍ ဖြစ်၏ (စိတ်နှင့်အတူဖြစ် အတူပျက် ဖြစ်၏) (စေတသိက်များ၊ ဝိညတ်ဒွေး)။ အချို့သော ဓမ္မဓာတ်သည် စိတ်သို့အစဉ်လိုက်၍ မဖြစ်ချေ (စိတ်နှင့် အတူဖြစ် အတူပျက် မဟုတ်ချေ) (ဝိညတ်ဒွေးကြဉ်သော သုခုမရုပ် ၁၄-ပါး၊ နိဗ္ဗာန်)။

(၆၃) စိတ္တသံသဋ္ဌ သမုဋ္ဌာနဒုက် အဖြေဝိသဇ္ဇနာ

(ရုပ်ဓာတ် ၁၀-ပါး၊ ဝိညာဏဓာတ် ၇-ပါး) ဓာတ် တစ်ဆယ့်ခုနစ်ပါးတို့သည် စိတ်နှင့် လည်း မနှီးနှော မရောနှောမူ၍ (စိတ်နှင့်လည်း မယှဉ်မူ၍) စိတ်ကြောင့်လည်း မဖြစ်ကုန် (ပသာဒရုပ် ၅-ပါး၊ အာရုံ ၅-ပါး၊ စိတ် ၈၉-ပါး)။ အချို့သော ဓမ္မဓာတ်သည် စိတ်နှင့်လည်း နှီးနှော ရောနှော၍ (စိတ်နှင့်လည်း ယှဉ်၍) စိတ်ကြောင့် လည်း ဖြစ်၏ (စေတသိက် ၅၂-ပါး)၊ အချို့သော ဓမ္မဓာတ်သည် စိတ်နှင့်လည်း မနှီးနှော မရောနှောမူ၍ (စိတ်နှင့်လည်း မယှဉ်မူ၍) စိတ်ကြောင့်လည်း မဖြစ်ချေ (သုခုမရုပ်၊ နိဗ္ဗာန်)။ (ဏီ၊ ပဒ-၁၅၄၁၊ ၁၅၄၂)့

(၆၄) စိတ္တသံသဋ္ဌ သမုဋ္ဌာန သဟဘုဒုက် အဖြေဝိသဇ္ဇနာ

(ရုပ်ဓာတ် ၁၀-ပါး၊ ဝိညာဏဓာတ် ၇-ပါး) ဓာတ်တစ်ဆယ့်ခုနစ်ပါး တို့ သည် စိတ်နှင့် လည်း မနှီးနှော မရောနှောမူ၍ (စိတ်နှင့်မယှဉ်မူ၍), စိတ်ကြောင့် လည်း မဖြစ်မူ၍, စိတ်နှင့်လည်းတကွ မဖြစ်ကုန် (စိတ်နှင့် အတူဖြစ် အတူပျက် မဟုတ်ကုန်) (ပသာဒရုပ် ၅-ပါး၊ အာရုံ ၅-ပါး၊ စိတ် ၈၉-ပါး)။ အချို့သော ဓမ္မဓာတ်သည် စိတ်နှင့်လည်း နှီးနှောရောနှော၍ (စိတ်နှင့်လည်း ယှဉ်၍), စိတ်ကြောင့် လည်း ဖြစ်၍, စိတ်နှင့်လည်း တကွဖြစ်၏ (စိတ်နှင့် အတူဖြစ် အတူပျက် ဖြစ်၏) (စေတသိက် ၅၂-ပါး)၊ အချို့သော ဓမ္မဓာတ်သည် စိတ်နှင့်လည်း မနှီးနှော မရောနှောမူ၍ (စိတ်နှင့်လည်း မယှဉ်မူ၍), စိတ်ကြောင့်လည်း မဖြစ်မူ၍, စိတ်နှင့်လည်း တကွမဖြစ်ချေ (စိတ်နှင့်အတူဖြစ် အတူပျက် မဟုတ်ချေ) (သုခုမရုပ်၊ နိဗ္ဗာန်)။ (ဏီ၊ ပဒ-၁၅၄၃၊ ၁၅၄၄)

--

(၆၅) စိတ္တသံသဋ္ဌ သမုဋ္ဌာနာနုပရိဝတ္တိဒုက် အဖြေဝိသဇ္ဇနာ

(ရုပ်ဓာတ် ၁၀-ပါး၊ ဝိညာဏဓာတ် ၇-ပါး) ဓာတ်တစ်ဆယ့်ခုနစ်ပါးတို့သည် စိတ်နှင့်လည်း မနှီးနှော မရောနှောမူ၍ (စိတ်နှင့်လည်း မယှဉ်မူ၍), စိတ်ကြောင့်လည်း မဖြစ်မူ၍, စိတ်သို့လည်း အစဉ်လိုက်၍ မဖြစ်ကုန် (စိတ်နှင့်အတူဖြစ် အတူပျက် မဟုတ်ကုန်)။ အချို့သော ဓမ္မဓာတ်သည် စိတ်နှင့်လည်း နှီးနှော ရောနှော၍ (စိတ်နှင့်လည်း ယှဉ်၍), စိတ်ကြောင့်လည်း ဖြစ်၍, စိတ်သို့လည်း အစဉ်လိုက်၍ ဖြစ်၏ (စိတ်နှင့် အတူဖြစ် အတူပျက် ဖြစ်၏) (စေတသိက် ၅၂-ပါး)၊ အချို့သော ဓမ္မဓာတ်သည် စိတ်နှင့်လည်း မနှီးနှော မရောနှောမူ၍ (စိတ်နှင့်လည်း မယှဉ်မူ၍), စိတ်ကြောင့်လည်း မဖြစ်မူ၍, စိတ်သို့လည်း အစဉ်လိုက်၍ မဖြစ်ကုန် (စိတ်နှင့် အတူဖြစ် အတူပျက် မဟုတ်ချေ) (သုခုမရုပ်၊ နိဗ္ဗာန်)။ (ဏီ၊ ပဒ-၁၅၄၅၊ ၁၅၄၆)

(၆၆) အဇ္ဈတ္တိကဒုက် အဖြေဝိသဇ္ဇနာ

(ပသာဒရုပ်ဓာတ် ၅-ပါး၊ ဝိညာဏဓာတ် ၇-ပါး) ဓာတ် တစ်ဆယ့်နှစ်ပါးတို့သည် အတွင်းသန္တာန်၌ ဖြစ်ကုန်၏၊ (ရူပဓာတ်၊ သဒ္ဒဓာတ်၊ ဂန္ဓဓာတ်၊ ရသဓာတ်၊ ဖောဋ္ဌဗ္ဗဓာတ်၊ ဓမ္မဓာတ်) ဓာတ်ခြောက်ပါးတို့သည် အပ သန္တာန်၌ ဖြစ်ကုန်၏ (အာရုံ ၅-ပါး၊ ဓမ္မဓာတ်ဖြစ်သော စေတသိက်, သုခုမရုပ်, နိဗ္ဗာန်)။

(၆၇) ဥပါဒါဒုက်အဖြေဝိသဇ္ဇနာ

(ဖောဋ္ဌဗ္ဗဓာတ်ကြဉ်သော ရုပ်ဓာတ် ၉-ပါး) ဓာတ်ကိုးပါးတို့သည် (မဟာဘုတ်ကို) မှီ၍ ဖြစ်ကုန်၏။ (ဖောဋ္ဌဗ္ဗဓာတ်၊ ဝိညာဏဓာတ် ၇-ပါး) ဓာတ်ရှစ်ပါးတို့သည် (မဟာဘုတ်ကို) မှီ၍ မဖြစ်ကုန်။ အချို့သော ဓမ္မဓာတ်သည် (မဟာဘုတ်ကို) မှီ၍ ဖြစ်၏ (အာပေါကြဉ်သော သုခုမရုပ် ၁၅-ပါး)၊ အချို့သော ဓမ္မဓာတ်သည် (မဟာဘုတ်ကို) မှီ၍ မဖြစ်ချေ (စေတသိက် ၅၂-ပါး၊ အာပေါ၊ နိဗ္ဗာန်)။ (ဏီ၊ ပဒ-၁၅၅၀)

(၆၈) ဥပါဒိဏ္ဏဒုက် အဖြေဝိသဇ္ဇနာ

(ပသာဒရုပ်ဓာတ် ၅-ပါး၊ ပဉ္စဝိညာဏဓာတ် ၅-ပါး) ဓာတ် ဆယ်ပါးတို့သည် တဏှာဒိဋ္ဌိတို့ကပ်အပ်သော ကံသည်၁ အကျိုး၏အဖြစ်ဖြင့် ယူအပ်ကုန်၏ (တဏှာဒိဋ္ဌိတို့၏ အာရုံဖြစ်သော ကံကြောင့် ဖြစ်၏) (ကမ္မဇရုပ် ဖြစ်သည့် ပသာဒရုပ် ၅-ပါး၊ ဒွေးပဉ္စဝိညာဏ် ၁၀-ပါး)။ သဒ္ဒဓာတ်သည် တဏှာဒိဋ္ဌိတို့ကပ်အပ်သော ကံသည် အကျိုး၏ အဖြစ်ဖြင့် မယူအပ်ချေ (ကမ္မဇရုပ့်မဟုတ်ချေ)။ အချို့သော (မနောဓာတ်၊ မနောဝိညာဏဓာတ်၊ ဓမ္မဓာတ်၊ သဒ္ဒဓာတ် ကြဉ်သော ရုပ်အာရုံဓာတ် ၄-ပါး) ဓာတ် ၇-ပါးတို့သည် တဏှာဒိဋ္ဌိတို့ကပ်အပ်သော ကံသည် အကျိုး၏ အဖြစ်ဖြင့် ယူအပ်ကုန်၏ (တဏှာ ဒိဋ္ဌိတို့၏ အာရုံဖြစ်သော ကံကြောင့် ဖြစ်၏) (ဒွေးပဉ္စဝိညာဏ်ကြဉ်သော လောကီဝိပါက်စိတ်နှင့် ယှဉ်ဘက် စေတသိက်များ၊ အနေကန် ကမ္မဇရုပ်များ)၊ အချို့သော (မနောဓာတ်၊ မနောဝိညာဏဓာတ်၊ ဓမ္မဓာတ်၊ သဒ္ဒဓာတ် ကြဉ်သော ရုပ်အာရုံဓာတ် ၄-ပါး) ဓာတ် ၇-ပါးတို့သည် တဏှာဒိဋ္ဌိတို့ကပ်အပ်သော ကံသည် အကျိုး၏ အဖြစ်ဖြင့် မယူအပ်ချေ (တဏှာဒိဋ္ဌိတို့၏ အာရုံဖြစ်သော ကံကြောင့် မဖြစ်ချေ) (ကုသိုလ်, အကုသိုလ်, ကြိယာ, ဖိုလ်နှင့် ယှဉ်ဘက် စေတသိက်များ၊ ကမ္မဇရုပ် ကြဉ်သော တိဇရုပ်၊ နိဗ္ဗာန်)။ (ဏီ၊ ပဒ-၁၅၅၂)

(မဟန္တရဒုက် ၁၄-ခု အဖြေ ဝိသဇ္ဇနာ ပြီး၏။)

၁။ အတိက်ဘဝ လောကီ ကုသိုလ်ကံ, အကုသိုလ်ကံ။

--

(၁၁-ဥပါဒါနဂေါစ္ဆကဒုက် ၆-ခု အဖြေဝိသဇ္ဇနာ)

(၆၉) ဥပါဒါနဒုက် အဖြေဝိသဇ္ဇနာ

(ရုပ်ဓာတ် ၁၀-ပါး၊ ဝိညာဏဓာတ် ၇-ပါး) ဓာတ်တစ်ဆယ့် ခုနစ်ပါးတို့သည် ပြင်းစွာကပ်ငြိစွဲလမ်းမှုသဘော ‘ဥပါဒါန်'မမည်ကုန်။ အချို့သော ဓမ္မဓာတ်သည် ဥပါဒါန် မည်၏ (လောဘ, ဒိဋ္ဌိ)၊ အချို့သော ဓမ္မဓာတ်သည် ဥပါဒါန် မမည်ချေ (လောဘ, ဒိဋ္ဌိကြဉ်သော စေတသိက် ၅၀၊ သုခုမရုပ်၊ နိဗ္ဗာန်)။

(၇၀) ဥပါဒါနိယဒုက် အဖြေဝိသဇ္ဇနာ

(ရုပ်ဓာတ် ၁၀-ပါး၊ ပဉ္စဝိညာဏဓာတ် ၅-ပါး၊ မနောဓာတ်) ဓာတ်တစ်ဆယ့်ခြောက်ပါးတို့သည် ဥပါဒါန်၏ (လောဘ, ဒိဋ္ဌိ တို့၏) အာရုံ ဖြစ်ကုန်၏။ အချို့သော (မနောဝိညာဏဓာတ်၊ ဓမ္မဓာတ်) ဓာတ်နှစ်ပါးတို့သည် ဥပါဒါန်၏ (လောဘ, ဒိဋ္ဌိတို့၏) အာရုံဖြစ်ကုန်၏ (လောကီစိတ္တုပ္ပါဒ်၊ သုခုမရုပ်)၊ အချို့သော (မနောဝိညာဏဓာတ်၊ ဓမ္မဓာတ်) ဓာတ် နှစ်ပါးတို့သည် ဥပါဒါန်၏အာရုံ မဖြစ်ကုန် (လောကုတ္တရာစိတ္တုပ္ပါဒ်၊ နိဗ္ဗာန်)။

(၇၁) ဥပါဒါနသမ္ပယုတ္တဒုက် အဖြေဝိသဇ္ဇနာ

(ရုပ်ဓာတ် ၁၀-ပါး၊ ပဉ္စဝိညာဏဓာတ် ၅-ပါး၊ မနောဓာတ်) ဓာတ်တစ်ဆယ့်ခြောက်ပါးတို့သည် ဥပါဒါန်နှင့် (လောဘ, ဒိဋ္ဌိတို့နှင့်) မယှဉ်ကုန်။ အချို့သော (မနောဝိညာဏဓာတ်၊ ဓမ္မဓာတ်) ဓာတ်နှစ်ပါးတို့သည် ဥပါဒါန်နှင့် ယှဉ်ကုန်၏ (ဒိဋ္ဌိ ဂတဝိပ္ပယုတ်စိတ်၌ရှိသော လောဘကြဉ်သော လောဘမူစိတ္တုပ္ပါဒ်)၊ အချို့သော (မနောဝိညာဏဓာတ်၊ ဓမ္မဓာတ်) ဓာတ်နှစ်ပါးတို့သည် ဥပါဒါန်နှင့် မယှဉ်ကုန် (ဒိဋ္ဌိဂတဝိပ္ပယုတ်စိတ်၌ရှိသော လောဘ၊ လောဘမူ စိတ် ၈-ပါးမှ ကြွင်းသော မနောဝိညာဏဓာတ် စိတ် ၆၈-ပါးနှင့် ယှဉ်ဘက်စေတသိက်များ၊ သုခုမရုပ်၊ နိဗ္ဗာန်)။

(၇၂) ဥပါဒါန ဥပါဒါနိယဒုက် အဖြေဝိသဇ္ဇနာ

(ရုပ်ဓာတ် ၁၀-ပါး၊ ပဉ္စဝိညာဏဓာတ် ၅-ပါး၊ မနောဓာတ်) ဓာတ်တစ်ဆယ့်ခြောက်ပါးတို့ကို ဥပါဒါန်လည်း မည်၍ ဥပါဒါန်၏ အာရုံလည်း ဖြစ်ကုန်၏ဟု မဆိုအပ်ကုန်၊ (ထိုဓာတ်တစ်ဆယ့်ခြောက်ပါး တို့သည်) ဥပါဒါန်၏ အာရုံသာဖြစ်၍ ဥပါဒါန့်မမည်ကုန်။ မနောဝိညာဏဓာတ်ကို ဥပါဒါန်လည်း မည်၍ ဥပါဒါန်၏ အာရုံလည်း ဖြစ်၏ဟု မဆိုအပ်ချေ။ အချို့သော မနောဝိညာဏဓာတ်သည် ဥပါဒါန်၏ အာရုံသာဖြစ်၍ ဥပါဒါန် မမည်ချေ (လောကီ စိတ်များ)။

ဒုက်မုတ်

အချို့သော မနောဝိညာဏဓာတ်ကို ဥပါဒါန်၏ အာရုံလည်း ဖြစ်၍ ဥပါဒါန်လည်း မမည်ဟု မဆိုအပ်ချေ (လောကုတ္တရာစိတ်များ)။ အချို့သော ဓမ္မဓာတ်သည် ဥပါဒါန်လည်း မည်၍ ဥပါဒါန်၏ အာရုံလည်း ဖြစ်၏ (လောဘ, ဒိဋ္ဌိ)၊ အချို့သော ဓမ္မဓာတ်သည် ဥပါဒါန်၏ အာရုံသာဖြစ်၍ ဥပါဒါန် မမည်ချေ (လောဘ, ဒိဋ္ဌိကြဉ်သော လောကီ စိတ်တို့၌ ရှိသော စေတသိက်များ၊ သုခုမရုပ်)။

ဒုက်မုတ်

အချို့သော ဓမ္မဓာတ်ကို ဥပါဒါန်လည်း မည်၍ ဥပါဒါန်၏ အာရုံလည်း ဖြစ်၏ဟူ၍ လည်းကောင်း၊ ဥပါဒါန်၏ အာရုံသာဖြစ်၍ ဥပါဒါန် မမည်ဟူ၍လည်းကောင်း မဆိုအပ်ချေ (လောကုတ္တရာစိတ်၌ ရှိသော စေတသိက်များ၊ နိဗ္ဗာန်)။ (ဏီ၊ ပဒ-၁၅၆၀)

--

(၇၃) ဥပါဒါန ဥပါဒါနသမ္ပယုတ္တဒုက် အဖြေဝိသဇ္ဇနာ

(ရုပ်ဓာတ် ၁၀-ပါး၊ ပဉ္စဝိညာဏဓာတ် ၅-ပါး၊ မနောဓာတ်) ဓာတ်တစ်ဆယ့်ခြောက်ပါး တို့ကို ဥပါဒါန်လည်းမည်၍ ဥပါဒါန်နှင့်လည်း ယှဉ်ကုန်၏ဟူ၍ လည်းကောင်း၊ ဥပါဒါန်နှင့်သာယှဉ်၍ ဥပါဒါန် မမည်ကုန်ဟူ၍လည်းကောင်း မဆိုအပ်ကုန်။

(ဒုက်မုတ်) မနောဝိညာဏဓာတ်ကို ဥပါဒါန်လည်း မည်၍ ဥပါဒါန်နှင့်လည်း ယှဉ်၏ဟု မဆိုအပ်ချေ။ အချို့သော မနောဝိညာဏဓာတ်သည် ဥပါဒါန်နှင့် (လောဘ, ဒိဋ္ဌိနှင့်) သာ ယှဉ်၍ ဥပါဒါန် မမည်ချေ (လောဘမူစိတ် ၈-ပါး)။

ဒုက်မုတ်

အချို့သော မနောဝိညာဏဓာတ်ကို ဥပါဒါန်နှင့်သာ ယှဉ်၍ ဥပါဒါန် မမည်ဟု မဆိုအပ်ချေ (ဥပါဒါနဝိပ္ပယုတ္တစိတ်= လောဘမူစိတ် ၈-ပါးကြဉ်သော စိတ်များ)။ အချို့သော ဓမ္မဓာတ်သည် ဥပါဒါန်လည်း မည်၍ ဥပါဒါန်နှင့်လည်း ယှဉ်၏ (ဒိဋ္ဌိဂတသမ္ပယုတ် စိတ်၌ရှိသော လောဘ, ဒိဋ္ဌိ)၊ အချို့သော ဓမ္မဓာတ်သည် ဥပါဒါန်နှင့်သာယှဉ်၍ ဥပါဒါန် မမည်ချေ (လောဘနှင့် ဒိဋ္ဌိကြဉ်သော လောဘမူစိတ်၌ရှိသော စေတသိက်များ)။

ဒုက်မုတ်

အချို့သော ဓမ္မဓာတ်ကို ဥပါဒါန်လည်းမည်၍ ဥပါဒါန်နှင့်လည်း ယှဉ်၏ဟူ၍လည်းကောင်း, ဥပါဒါန်နှင့်သာယှဉ်၍ ဥပါဒါန် မမည်ဟူ၍လည်းကောင်း မဆိုအပ်ချေ (လောဘမူစိတ်မှ တစ်ပါးသော စိတ်တို့၌ ရှိသော စေတသိက်များ၊ ဒိဋ္ဌိဂတဝိပ္ပယုတ်စိတ်၌ရှိသော လောဘ၊ သုခုမရုပ်၊ နိဗ္ဗာန်)။ (ဏီ၊ ပဒ-၁၅၆၂)

(၇၄) ဥပါဒါနဝိပ္ပယုတ္တဥပါဒါနိယဒုက် အဖြေဝိသဇ္ဇနာ

(ရုပ်ဓာတ် ၁၀-ပါး၊ ပဉ္စဝိညာဏဓာတ် ၅-ပါး၊ မနောဓာတ်) ဓာတ် တစ်ဆယ့်ခြောက်ပါးတို့သည် ဥပါဒါန်နှင့် မယှဉ်မူ၍ ဥပါဒါန်၏ အာရုံသာ ဖြစ်ကုန်၏။ အချို့သော (မနောဝိညာဏဓာတ်၊ ဓမ္မဓာတ်) ဓာတ်နှစ်ပါးတို့သည် ဥပါဒါန်နှင့် မယှဉ်မူ၍ ဥပါဒါန်၏ အာရုံသာ ဖြစ်ကုန်၏ (ဒိဋ္ဌိဂတဝိပ္ပယုတ်စိတ်၌ရှိသော လောဘ၊ လောဘမူစိတ် ၈-ပါး ကြဉ်သော လောကီ စိတ္တုပ္ပါဒ်များ၊ သုခုမရုပ်)၊ အချို့သော (မနောဝိညာဏဓာတ်၊ ဓမ္မဓာတ်) ဓာတ်နှစ်ပါးတို့သည် ဥပါဒါန်နှင့်လည်း မယှဉ်မူ၍ ဥပါဒါန်၏ အာရုံလည်း မဖြစ်ကုန် (လောကုတ္တရာစိတ္တုပ္ပါဒ်၊ နိဗ္ဗာန်)။

ဒုက်မုတ်

အချို့သော (မနောဝိညာဏဓာတ်၊ ဓမ္မဓာတ်) ဓာတ်နှစ်ပါးတို့ကို ဥပါဒါန်နှင့် မယှဉ်မူ၍ ဥပါဒါန်၏ အာရုံသာ ဖြစ်ကုန်၏ဟူ၍လည်းကောင်း၊ ဥပါဒါန်နှင့်လည်း မယှဉ်မူ၍ ဥပါဒါန်၏ အာရုံလည်း မဖြစ်ကုန်ဟူ၍လည်းကောင်း မဆိုအပ်ချေ (ဥပါဒါနသမ္ပယုတ်စိတ္တုပ္ပါဒ်= ဒိဋ္ဌိဂတဝိပ္ပယုတ်စိတ်၌့ရှိသော လောဘကြဉ်သည့် လောဘမူစိတ္တုပ္ပါဒ်)။ (ဏီ၊ ပဒ-၁၅၆၄)

(ဥပါဒါနဂေါစ္ဆကဒုက် ၆-ခု အဖြေ ဝိသဇ္ဇနာ ပြီး၏။)

--

(၁၂-ကိလေသဂေါစ္ဆက ဒုက် ၈-ခု အဖြေဝိသဇ္ဇနာ)

(၇၅) ကိလေသဒုက် အဖြေဝိသဇ္ဇနာ

(ရုပ်ဓာတ် ၁၀-ပါး၊ ဝိညာဏဓာတ် ၇-ပါး) ဓာတ်တစ်ဆယ့် ခုနစ်ပါးတို့သည် သတ္တဝါတို့ကို ပူပန်စေတတ် နှိပ်စက်တတ် ညစ်နွမ်းစေ တတ်သော သဘော ‘ကိလေသာ’ မမည်ကုန် (ပသာဒရုပ် ၅-ပါး၊ အာရုံ ၅-ပါး၊ စိတ် ၈၉-ပါး)။ အချို့သော ဓမ္မဓာတ်သည် ကိလေသာမည်၏ (ကိလေသာတရားကိုယ် ၁၀-ပါး)၁၊ အချို့သော ဓမ္မဓာတ်သည် ကိလေသာ မမည်ချေ (ကိလေသာတရားကိုယ် ၁၀-ပါးကြဉ်သော စေတသိက် ၄၂-ပါး၊ သုခုမရုပ်၊ နိဗ္ဗာန်)။

၁။ ကိလေသာ ၁၀-ပါး= လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ဒိဋ္ဌိ၊ ဝိစိကိစ္ဆာ၊ ထိန၊ ဥဒ္ဓစ္စ၊ အဟိရိက၊ အနောတ္တပ္ပ။

(၇၆) သံကိလေသိကဒုက် အဖြေဝိသဇ္ဇနာ

(ရုပ်ဓာတ် ၁၀-ပါး၊ ပဉ္စဝိညာဏဓာတ် ၅-ပါး၊ မနောဓာတ်) ဓာတ်တစ်ဆယ့်ခြောက်ပါးတို့သည် ကိလေသာ၏ အာရုံဖြစ်ကုန်၏။ အချို့သော (မနောဝိညာဏဓာတ်၊ ဓမ္မဓာတ်) ဓာတ်နှစ်ပါးတို့သည် ကိလေသာ၏အာရုံဖြစ်ကုန်၏ (လောကီစိတ္တုပ္ပါဒ်၊ သုခုမရုပ်)။ အချို့သော (မနောဝိညာဏဓာတ်၊ ဓမ္မဓာတ်) ဓာတ်နှစ်ပါးတို့သည် ကိလေသာ၏ အာရုံမဖြစ်ကုန် (လောကုတ္တရာစိတ္တုပ္ပါဒ်၊ နိဗ္ဗာန်)။

(၇၇) သံကိလိဋ္ဌဒုက် အဖြေဝိသဇ္ဇနာ

(ရုပ်ဓာတ် ၁၀-ပါး၊ ပဉ္စဝိညာဏဓာတ် ၅-ပါး၊ မနောဓာတ်) ဓာတ်တစ်ဆယ့်ခြောက်ပါးတို့သည် ကိလေသာတို့သည် မပူပန် စေအပ် မနှိပ်စက်အပ်ကုန် (ကိလေသာနှင့် မယှဉ်)။ အချို့သော (မနောဝိညာဏဓာတ်၊ ဓမ္မဓာတ်) ဓာတ်နှစ်ပါးတို့သည် ကိလေသာတို့သည် ပူပန်စေအပ် နှိပ်စက်အပ်ကုန်၏ (ကိလေသာနှင့်ယှဉ်၏) (အကုသိုလ်စိတ္တုပ္ပါဒ်)၊ အချို့သော (မနောဝိညာဏဓာတ်၊ ဓမ္မဓာတ်) ဓာတ်နှစ်ပါးတို့သည် ကိလေသာတို့သည် မပူပန်စေအပ်ကုန် (ကိလေသာနှင့်မယှဉ်) (ကုသိုလ်, ဝိပါက်, ကြိယာ စိတ္တုပ္ပါဒ်များ၊ သုခုမရုပ်၊ နိဗ္ဗာန်)။ (ဏီ၊ ပဒ-၁၅၇၀)

(၇၈) ကိလေသသမ္ပယုတ္တဒုက် အဖြေဝိသဇ္ဇနာ

(ရုပ်ဓာတ် ၁၀-ပါး၊ ပဉ္စဝိညာဏဓာတ် ၅-ပါး၊ မနောဓာတ်) ဓာတ်တစ်ဆယ့်ခြောက်ပါးတို့သည် ကိလေသာနှင့် မယှဉ်ချေ။ အချို့သော (မနောဝိညာဏဓာတ်၊ ဓမ္မဓာတ်) ဓာတ်နှစ်ပါးတို့သည် ကိလေသာနှင့် ယှဉ်ကုန်၏ (အကုသိုလ်စိတ္တုပ္ပါဒ်)၊ အချို့သော (မနောဝိညာဏဓာတ်၊ ဓမ္မဓာတ်) ဓာတ်နှစ်ပါးတို့သည် ကိလေသာနှင့် မယှဉ်ကုန် (ကုသိုလ်, ဝိပါက်, ကြိယာစိတ္တုပ္ပါဒ်များ၊ သုခုမရုပ်၊ နိဗ္ဗာန်)။ (ဏီ၊ ပဒ-၁၅၇၂)

(၇၉) ကိလေသ သံကိလေသိကဒုက် အဖြေဝိသဇ္ဇနာ

(ရုပ်ဓာတ် ၁၀-ပါး၊ ပဉ္စဝိညာဏဓာတ် ၅-ပါး၊ မနောဓာတ်) ဓာတ် တစ်ဆယ့် ခြောက်ပါးတို့ကို ကိလေသာလည်း မည်၍ ကိလေသာ၏ အာရုံလည်း ဖြစ်ကုန်၏ဟု မဆိုအပ်ကုန်၊ (ထိုဓာတ်တစ်ဆယ့် ခြောက်ပါးတို့သည်) ကိလေသာ၏ အာရုံသာ ဖြစ်၍ ကိလေသာ မမည်ချေ။ မနောဝိညာဏဓာတ်ကို ကိလေသာလည်း မည်၍ ကိလေသာ၏ အာရုံလည်း ဖြစ်၏ဟု မဆိုအပ်ချေ။ အချို့သော မနောဝိညာဏဓာတ်သည် ကိလေသာ၏ အာရုံသာ ဖြစ်၍ ကိလေသာ မမည်ချေ (လောကီစိတ်များ)။

--

ဒုက်မုတ်

အချို့သော မနောဝိညာဏဓာတ်ကို ကိလေသာ၏အာရုံသာ ဖြစ်၍ ကိလေသာ မမည်ဟု မဆိုအပ်ချေ (လောကုတ္တရာစိတ်)။ အချို့သော ဓမ္မဓာတ်သည် ကိလေသာလည်း မည်၍ ကိလေသာ၏ အာရုံလည်း ဖြစ်၏ (ကိလေသာ တရားကိုယ် ၁၀-ပါး)၊ အချို့သော ဓမ္မဓာတ်သည် ကိလေသာ၏ အာရုံသာ ဖြစ်၍ ကိလေသာ မမည်ချေ (ကိလေသာတရားကိုယ်ကြဉ်သော လောကီစိတ်၌ရှိသော စေတသိက်များ၊ သုခုမရုပ်)။

ဒုက်မုတ်

အချို့သော ဓမ္မဓာတ်ကို ကိလေသာလည်း မည်၍ ကိလေသာ၏ အာရုံလည်း ဖြစ်၏ဟူ၍ လည်းကောင်း, ကိလေသာ၏ အာရုံသာ ဖြစ်၍ ကိလေသာ မမည်ဟူ၍လည်းကောင်း မဆိုအပ်ချေ (လောကုတ္တရာစိတ်၌ ရှိသော စေတသိက်များ၊ နိဗ္ဗာန်)။ (ဏီ၊ ပဒ-၁၅၇၄)

(၈၀) ကိလေသ သံကိလိဋ္ဌဒုက် အဖြေဝိသဇ္ဇနာ

(ရုပ်ဓာတ် ၁၀-ပါး၊ ပဉ္စဝိညာဏဓာတ် ၅-ပါး၊ မနောဓာတ်) ဓာတ် တစ်ဆယ့်ခြောက်ပါးတို့ကို ကိလေသာလည်းမည်၍ ကိလေသာတို့သည် ပူပန်လည်း ပူပန်စေအပ် နှိပ်စက်အပ်ကုန်၏ဟူ၍လည်း ကောင်း (ကိလေသာနှင့်ယှဉ်၏ဟူ၍လည်းကောင်း)၊ ကိလေသာတို့သည် ပူပန်စေအပ်သည် ဖြစ်၍ (ကိလေသာနှင့် ယှဉ်၍) ကိလေသာ မမည်ကုန်ဟူ၍လည်းကောင်း မဆိုအပ်ကုန်။ မနောဝိညာဏဓာတ်ကို ကိလေသာလည်း မည်၍ ကိလေသာတို့သည် ပူပန်လည်း ပူပန်စေအပ်၏ (ကိလေသာနှင့်ယှဉ်၏)ဟု မဆိုအပ်ချေ။ အချို့သော မနောဝိညာဏဓာတ်သည် ကိလေသာတို့သည် ပူပန်စေအပ်၍ (ကိလေသာနှင့်ယှဉ်၍) ကိလေသာ မမည်ချေ (အကုသိုလ်စိတ်)။

ဒုက်မုတ်

အချို့သော မနောဝိညာဏဓာတ်ကို ကိလေသာတို့သည် ပူပန်စေအပ်၍ (ကိလေသာနှင့်ယှဉ်၍) ကိလေသာ မမည်ဟူ၍ မဆိုအပ်ချေ (ကုသိုလ်၊ ဝိပါက်၊ ကြိယာစိတ်များ)။ အချို့သော ဓမ္မဓာတ်သည် ကိလေသာလည်း မည်၍ ကိလေသာတို့သည် ပူပန်လည်း ပူပန်စေအပ်၏ (ကိလေသာတရားကိုယ် ၁၀-ပါး)၊ အချို့သော ဓမ္မဓာတ်သည် ကိလေသာတို့သည် ပူပန်စေအပ်၍ (ကိလေသာနှင့် ယှဉ်၍) ကိလေသာ မမည်ချေ (ကိလေသာတရားကိုယ် ၁၀-ပါးကြဉ်သော အကုသိုလ်စိတ်၌ ရှိသော စေတသိက်များ)။

ဒုက်မုတ်

အချို့သော ဓမ္မဓာတ်ကို ကိလေသာလည်း မည်၍ ကိလေသာတို့သည် ပူပန်လည်း ပူပန်စေအပ်၏ဟူ၍လည်းကောင်း (ကိလေသာနှင့်ယှဉ်၏ဟူ၍လည်းကောင်း), ကိလေသာ တို့သည် ပူပန်စေအပ်၍ ကိလေသာ မမည်ဟူ၍လည်းကောင်း မဆိုအပ်ချေ (ကုသိုလ်, ဝိပါက်, ကြိယာ စိတ်တို့၌ရှိသော စေတသိက်များ၊ သုခုမရုပ်၊ နိဗ္ဗာန်)။ (ဏီ၊ ပဒ-၁၅၇၇)

(၈၁) ကိလေသ ကိလေသသမ္ပယုတ္တဒုက် အဖြေဝိသဇ္ဇနာ

(ရုပ်ဓာတ် ၁၀-ပါး၊ ပဉ္စဝိညာဏဓာတ် ၅-ပါး၊ မနောဓာတ်) ဓာတ်တစ်ဆယ့်ခြောက် ပါးတို့ကို ကိလေသာ လည်းမည်၍ ကိလေသာနှင့်လည်းယှဉ်ကုန်၏ဟူ၍လည်းကောင်း၊ ကိလေသာနှင့်သာ ယှဉ်၍ ကိလေသာ မမည်ကုန်ဟူ၍လည်းကောင်း မဆိုအပ်ကုန်။

ဒုက်မုတ်။ မနောဝိညာဏဓာတ်ကို ကိလေသာလည်း မည်၍ ကိလေသာနှင့်လည်း ယှဉ်၏ဟု မဆိုအပ်ချေ။ အချို့သော မနောဝိညာဏဓာတ်သည် ကိလေသာနှင့်သာ ယှဉ်၍ ကိလေသာမမည်ချေ (အကုသိုလ် စိတ်များ)။

--

ဒုက်မုတ်

အချို့သော မနောဝိညာဏဓာတ်ကို ကိလေသာနှင့်သာ ယှဉ်၍ ကိလေသာ မမည်ဟု မဆိုအပ်ချေ (ကိလေသဝိပ္ပယုတ္တစိတ်= ကုသိုလ်၊ ဝိပါက်၊ ကြိယာစိတ်များ)။ အချို့သော ဓမ္မဓာတ်သည် ကိလေသာလည်း မည်၍ ကိလေသာနှင့်လည်း ယှဉ်၏ (ကိလေသာ တရားကိုယ် ၁၀-ပါး)၊ အချို့သော ဓမ္မဓာတ်သည် ကိလေသာနှင့်သာ ယှဉ်၍ ကိလေသာမမည်ချေ (ကိလေသာတရားကိုယ် ၁၀-ပါးကြဉ်သည့် အကုသိုလ်စိတ်၌ရှိသော စေတသိက်များ)။

ဒုက်မုတ်

အချို့သော ဓမ္မဓာတ်သည် ကိလေသာလည်း မည်၍ ကိလေသာနှင့်လည်း ယှဉ်၏ဟူ၍လည်း ကောင်း၊ ကိလေသာနှင့်သာ ယှဉ်၍ ကိလေသာ မမည်ဟူ၍လည်းကောင်း မဆိုအပ်ချေ (ကိလေသဝိပ္ပယုတ္တဓမ္မ= ကုသိုလ်၊ ဝိပါက်၊ ကြိယာစိတ်တို့၌ရှိသော စေတသိက်များ၊ သုခုမရုပ်၊ နိဗ္ဗာန်)။ (ဏီ၊ ပဒ-၁၅၇၈)

(၈၂) ကိလေသဝိပ္ပယုတ္တသံကိလေသိကဒုက် အဖြေဝိသဇ္ဇနာ

(ရုပ်ဓာတ် ၁၀-ပါး၊ ပဉ္စဝိညာဏဓာတ်၅-ပါး၊ မနောဓာတ်) ဓာတ်တစ်ဆယ့် ခြောက်ပါးတို့သည် ကိလေသာနှင့် မယှဉ်မူ၍ ကိလေသာ၏ အာရုံသာ ဖြစ်ကုန်၏။ အချို့သော (မနောဝိညာဏဓာတ်၊ ဓမ္မဓာတ်) ဓာတ်နှစ်ပါးတို့သည် ကိလေသာနှင့်မယှဉ်မူ၍ ကိလေသာ၏ အာရုံသာ ဖြစ်ကုန်၏ (လောကီကုသိုလ်, ဝိပါက်, ကြိယာစိတ္တုပ္ပါဒ်၊ သုခုမရုပ်)၊ အချို့သော (မနောဝိညာဏဓာတ်၊ ဓမ္မဓာတ်) ဓာတ်နှစ်ပါးတို့သည် ကိလေသာနှင့်လည်း မယှဉ်မူ၍ ကိလေသာ၏ အာရုံလည်း မဖြစ်ကုန် (လောကုတ္တရာစိတ္တုပ္ပါဒ်၊ နိဗ္ဗာန်)။

ဒုက်မုတ်

အချို့သော (မနောဝိညာဏဓာတ်၊ ဓမ္မဓာတ်) ဓာတ်နှစ်ပါးတို့ကို ကိလေသာနှင့်မယှဉ်မူ၍ ကိလေသာ၏ အာရုံသာ ဖြစ်ကုန်၏ဟူ၍လည်းကောင်း၊ ကိလေသာနှင့်လည်းမယှဉ်မူ၍ ကိလေသာ၏ အာရုံလည်း မဖြစ်ကုန်ဟူ၍လည်းကောင်း မဆိုအပ်ကုန် (ကိလေသသမ္ပယုတ္တဓမ္မ= အကုသိုလ် စိတ္တုပ္ပါဒ်)။ (ဏီ၊ ပဒ-၁၅၈၀)

(ကိလေသဂေါစ္ဆက ဒုက် ၈-ခု အဖြေ ဝိသဇ္ဇနာ ပြီး၏။)

--

(၁၃-ပိဋ္ဌိဒုက် ၁၈-ခု အဖြေဝိသဇ္ဇနာ)

(၈၃) ဒဿနေနပဟာတဗ္ဗဒုက် အဖြေဝိသဇ္ဇနာ

(ရုပ်ဓာတ် ၁၀-ပါး၊ ပဉ္စဝိညာဏဓာတ် ၅-ပါး၊ မနောဓာတ်) ဓာတ်တစ်ဆယ့်ခြောက်ပါးတို့ကို (နိဗ္ဗာန်ကို ရှေးဦးစွာ မြင်သဖြင့်) ‘ဒဿန’မည်သော သောတာပတ္တိမဂ်သည် မပယ်အပ်ကုန်။ အချို့သော (မနောဝိညာဏဓာတ်၊ ဓမ္မဓာတ်) ဓာတ်နှစ်ပါးတို့ကို သောတာပတ္တိမဂ်သည် ပယ်အပ် ကုန်၏ (ဒိဋ္ဌိဂတသမ္ပယုတ်စိတ္တုပ္ပါဒ်၊ ဝိစိကိစ္ဆာစိတ္တုပ္ပါဒ်)၊ အချို့သော (မနောဝိညာဏဓာတ်၊ ဓမ္မဓာတ်) ဓာတ်နှစ်ပါးတို့ကို သောတာပတ္တိမဂ်သည် မပယ်အပ်ကုန် (ကြွင်းသော စိတ္တုပ္ပါဒ်၊ သုခုမရုပ်၊ နိဗ္ဗာန်)။ (ဏီ၊ ပဒ-၁၅၈၁, ၁၅၈၂)

(၈၄) ဘာဝနာယပဟာတဗ္ဗဒုက် အဖြေဝိသဇ္ဇနာ

(ရုပ်ဓာတ် ၁၀-ပါး၊ ပဉ္စဝိညာဏဓာတ် ၅-ပါး၊ မနောဓာတ်) ဓာတ်တစ်ဆယ့်ခြောက်ပါးတို့ကို (သောတာပတ္တိမဂ်မြင်ပြီးသည့် နိဗ္ဗာန်ကို ပွားများခြင်းအားဖြင့် တစ်ဖန်ထပ်၍ မြင်သဖြင့်) ‘ဘာဝနာ’မည် သော အထက်မဂ်သုံးခုတို့သည် မပယ်အပ်ကုန်။ အချို့သော (မနောဝိညာဏဓာတ်၊ ဓမ္မဓာတ်) ဓာတ်နှစ်ပါးတို့ကို အထက်မဂ်သုံးခုတို့သည် ပယ်အပ်ကုန်၏ (ဒိဋ္ဌိဂတဝိပ္ပယုတ် ၄-ပါး၊ ဒေါသမူဒွေး၊ ဥဒ္ဓစ္စသဟဂုတ်စိတ်၊ ယှဉ်ဘက်စေတသိက်များ)၊ အချို့သော (မနောဝိညာဏဓာတ်၊ ဓမ္မဓာတ်) ဓာတ်နှစ်ပါးတို့ကို အထက်မဂ်သုံးခုတို့သည် မပယ်အပ်ကုန် (ကြွင်းသော စိတ္တုပ္ပါဒ်များ၊ သုခုမရုပ်၊ နိဗ္ဗာန်)။ (ဏီ၊ ပဒ-၁၅၈၃, ၁၅၈၄)

(၈၅) ဒဿနေနပဟာတဗ္ဗဟေတုကဒုက် အဖြေဝိသဇ္ဇနာ

(ရုပ်ဓာတ် ၁၀-ပါး၊ ပဉ္စဝိညာဏဓာတ် ၅-ပါး၊ မနောဓာတ်) ဓာတ်တစ်ဆယ့် ခြောက်ပါးတို့သည် ဒဿနမည်သော သောတာပတ္တိမဂ်သည် ပယ်အပ်သော ဟိတ်၁မရှိကုန် (ဟိတ်နှင့် မယှဉ်ကုန်)။ (မနောဝိညာဏဓာတ်၊ ဓမ္မဓာတ်) ဓာတ်နှစ်ပါးတို့သည် သောတာပတ္တိမဂ် ပယ်အပ်သော ဟိတ်ရှိကုန်၏ (ဟိတ်နှင့်ယှဉ်ကုန်၏) (ဒိဋ္ဌိဂတသမ္ပယုတ်စိတ္တုပ္ပါဒ်၊ မောဟကြဉ်သော ဝိစိကိစ္ဆာစိတ္တုပ္ပါဒ်)၊ အချို့သော (မနောဝိညာဏဓာတ်၊ ဓမ္မဓာတ်) ဓာတ်နှစ်ပါးတို့သည် သောတာပတ္တိမဂ် ပယ်အပ်သော ဟိတ်မရှိကုန် (ဟိတ်နှင့် မယှဉ်ကုန်) (ဝိစိကိစ္ဆာစိတ်၌ရှိသော မောဟ၊ ကြွင်းသောစိတ္တုပ္ပါဒ်၊ သုခုမရုပ်၊ နိဗ္ဗာန်)။ (ဏီ၊ ပဒ-၁၅၈၅, ၁၅၈၆)

၁။ သောတာပတ္တိမဂ်ပယ်သည့် ဟိတ်များမှာ-လောဘမူ ဒိဋ္ဌိဂတသမ္ပယုတ်စိတ် ၄-ပါး၌ရှိသော လောဘနှင့် မောဟ၊ ဝိစိကိစ္ဆာသဟဂုတ်စိတ်၌ရှိသော မောဟတို့သာ ဖြစ်သည်။

--

(၈၆) ဘာဝနာယပဟာတဗ္ဗဟေတုကဒုက် အဖြေဝိသဇ္ဇနာ

(ရုပ်ဓာတ် ၁၀-ပါး၊ ပဉ္စဝိညာဏဓာတ် ၅-ပါး၊ မနောဓာတ်) ဓာတ်တစ်ဆယ့် ခြောက်ပါးတို့သည် ဘာဝနာမည်သော အထက်မဂ်သုံးခုတို့ ပယ်အပ်သော ဟိတ် မရှိကုန်။ အချို့သော (မနောဝိညာဏဓာတ်၊ ဓမ္မဓာတ်) ဓာတ်နှစ်ပါးတို့သည် အထက်မဂ်သုံးခုတို့ ပယ်အပ် သော ဟိတ်ရှိကုန်၏ (ဟိတ်နှင့်ယှဉ်ကုန်၏) (ဒိဋ္ဌိဂတဝိပ္ပယုတ်စိတ္တုပ္ပါဒ်၊ ဒေါသမူဒွေးစိတ္တုပ္ပါဒ်၊ မောဟ ကြဉ်သည့် ဥဒ္ဓစ္စစိတ္တုပ္ပါဒ်)။ အချို့သော (မနောဝိညာဏဓာတ်၊ ဓမ္မဓာတ်) ဓာတ်နှစ်ပါးတို့သည် အထက် မဂ်သုံးခုတို့ ပယ်အပ်သော ဟိတ်မရှိကုန် (ဟိတ်နှင့်မယှဉ်ကုန်) (ဥဒ္ဓစ္စသဟဂုတ်စိတ်၌ရှိသော မောဟ၊ ကြွင်းသော စိတ္တုပ္ပါဒ်များ၊ သုခုမရုပ်၊ နိဗ္ဗာန်)။ (ဏီ၊ ပဒ-၁၅၈၇, ၁၅၈၈)

(၈၇) သဝိတက္ကဒုက် အဖြေဝိသဇ္ဇနာ

(ရုပ်ဓာတ် ၁၀-ပါး၊ ပဉ္စဝိညာဏဓာတ် ၅-ပါး) ဓာတ် တစ်ဆယ့်ငါးပါးတို့သည် ဝိတက်မရှိကုန် (ဝိတက်နှင့် မယှဉ်ကုန်)။ မနောဓာတ်သည် ဝိတက်ရှိ၏ (ဝိတက်နှင့်ယှဉ်၏) (ပဉ္စဒွါရာဝဇ္ဇန်း၊ သမ္ပဋိစ္ဆိုန်းဒွေး)။ အချို့သော (မနောဝိညာဏဓာတ်၊ ဓမ္မဓာတ်) ဓာတ်နှစ်ပါးတို့သည် ဝိတက်ရှိကုန်၏ (ဝိတက်နှင့် ယှဉ်ကုန်၏) (မနောဓာတ်ကြဉ်သော သဝိတက္ကစိတ် ၅၂-ပါး၊ ဝိတက်ကြဉ်သည့် သဝိတက္ကစိတ် ၅၅-ပါး၌ ရှိသော စေတသိက်များ)၊ အချို့သော (မနောဝိညာဏဓာတ်၊ ဓမ္မဓာတ်) ဓာတ်နှစ်ပါးတို့သည် ဝိတက့်မရှိကုန် (ဝိတက်နှင့် မယှဉ်ကုန်) (ကြွင်းသော စိတ္တုပ္ပါဒ်များ၊ သဝိတက္ကစိတ် ၅၅-ပါး၌ရှိသော ဝိတက် ၅၅-ပါး၊ သုခုမရုပ်၊ နိဗ္ဗာန်)။

(၈၈) သဝိစာရဒုက် အဖြေဝိသဇ္ဇနာ

(ရုပ်ဓာတ် ၁၀-ပါး၊ ပဉ္စဝိညာဏဓာတ် ၅-ပါး) ဓာတ်တစ်ဆယ့်ငါးပါးတို့သည်ဝိစာရမရှိကုန် (ဝိစာရနှင့်မယှဉ်ကုန်)။ မနောဓာတ်သည် ဝိစာရရှိ၏ (ဝိစာရနှင့်ယှဉ်၏) (ပဉ္စဒွါရာဝဇ္ဇန်း၊ သမ္ပဋိစ္ဆိုန်းဒွေး)။ အချို့သော (မနောဝိညာဏဓာတ်၊ ဓမ္မဓာတ်) ဓာတ်နှစ်ပါးတို့သည် ဝိစာရရှိကုန်၏ (ဝိစာရနှင့် ယှဉ်ကုန်၏) (မနောဓာတ်ကြဉ်သော သဝိစာရစိတ် ၆၃-ပါး၊ ဝိစာရကြဉ်သည့် သဝိစာရစိတ် ၆၆-ပါး၌ ရှိသော စေတသိက်များ)၊ အချို့သော (မနောဝိညာဏဓာတ်၊ ဓမ္မဓာတ်) ဓာတ်နှစ်ပါးတို့သည် ဝိစာရ မရှိကုန် (ဝိစာရနှင့်မယှဉ်ကုန်) (ကြွင်းသော စိတ္တုပ္ပါဒ်၊ သဝိစာရစိတ်၌ရှိသော ဝိစာရ ၆၆-ပါး၊ သုခုမရုပ်၊ နိဗ္ဗာန်)။ (ဏီ၊ ပဒ-၁၅၉၂)

(၈၉) သပ္ပီတိကဒုက် အဖြေဝိသဇ္ဇနာ

(ရုပ်ဓာတ် ၁၀-ပါး၊ ပဉ္စဝိညာဏဓာတ် ၅-ပါး၊ မနောဓာတ်) ဓာတ်တစ်ဆယ့်ခြောက်ပါးတို့သည် ပီတိ မရှိကုန် (ပီတိနှင့် မယှဉ်ကုန်)။ အချို့သော (မနောဝိညာဏဓာတ်၊ ဓမ္မဓာတ်) ဓာတ်နှစ်ပါးတို့သည် ပီတိရှိကုန်၏ (ပီတိနှင့် ယှဉ် ကုန်၏) (သပ္ပီတိကစိတ် ၅၁-ပါး၊ ပီတိကြဉ်သော ယှဉ်ဘက်စေတသိက်များ)၊ အချို့သော (မနော ဝိညာဏဓာတ်၊ ဓမ္မဓာတ်) ဓာတ်နှစ်ပါးတို့သည် ပီတိ မရှိကုန် (ပီတိနှင့်မယှဉ်ကုန်) (ကြွင်းသောစိတ္တုပ္ပါဒ်၊ သပ္ပီတိကစိတ် ၅၁-ပါး၌ ရှိသော ပီတိ ၅၁-ပါး၊ သုခုမရုပ်၊ နိဗ္ဗာန်)။

--

(၉၀) ပီတိသဟဂတဒုက် အဖြေဝိသဇ္ဇနာ

(ရုပ်ဓာတ် ၁၀-ပါး၊ ပဉ္စဝိညာဏဓာတ် ၅-ပါး၊ မနောဓာတ်) ဓာတ် တစ်ဆယ့်ခြောက်ပါးတို့သည် ပီတိ နှင့် တကွ မဖြစ်ကုန် (ပီတိနှင့် မယှဉ်ကုန်)။ အချို့သော (မနောဝိညာဏဓာတ်၊ ဓမ္မဓာတ်) ဓာတ်နှစ်ပါးတို့သည် ပီတိနှင့်တကွ ဖြစ်ကုန်၏ (ပီတိနှင့် ယှဉ်ကုန်၏) (သပ္ပီတိကစိတ် ၅၁-ပါး၊ ပီတိကြဉ်သော ယှဉ်ဘက်စေတသိက်များ)၊ အချို့သော (မနောဝိညာဏဓာတ်၊ ဓမ္မဓာတ်) ဓာတ်နှစ်ပါးတို့သည် ပီတိနှင့်တကွ မဖြစ်ကုန် (ပီတိနှင့်မယှဉ်ကုန်) (ကြွင်းသော စိတ္တုပ္ပါဒ်၊ သပ္ပီတိကစိတ် ၅၁-ပါး၌ရှိသော ပီတိ ၅၁-ပါး၊ သုခုမရုပ်၊ နိဗ္ဗာန်)။ (ဏီ၊ ပဒ-၁၅၉၆)

(၉၁) သုခသဟဂတဒုက် အဖြေဝိသဇ္ဇနာ

(ရုပ်ဓာတ် ၁၀-ပါး၊ စက္ခုဝိညာဏဓာတ်, သောတ ဝိညာဏဓာတ်, ဃာနဝိညာဏဓာတ်, ဇိဝှါဝိညာဏ ဓာတ်တည်းဟူသော စတုဝိညာဏ ဓာတ် ၄-ပါး၊ မနောဓာတ်) ဓာတ်တစ်ဆယ့်ငါးပါးတို့သည် သုခ ဝေဒနာနှင့်တကွ မဖြစ်ကုန် (သုခဝေဒနာနှင့် မယှဉ်ချေ)။ အချို့သော (ကာယဝိညာဏဓာတ်၊ မနောဝိညာဏဓာတ်၊ ဓမ္မဓာတ်) ဓာတ်သုံးပါးတို့သည် သုခ ဝေဒနာနှင့်တကွ ဖြစ်ကုန်၏ (သုခဝေဒနာနှင့်ယှဉ်ကုန်၏) (သုခသဟဂုတ်စိတ်၁ ၆၃-ပါး၊ ဝေဒနာကြဉ်သော ယှဉ်ဘက် စေတသိက်များ)၊ အချို့သော (ကာယဝိညာဏဓာတ်၊ မနောဝိညာဏဓာတ်၊ ဓမ္မဓာတ်) ဓာတ်သုံးပါးတို့သည် သုခဝေဒနာနှင့်တကွ မဖြစ်ကုန် (သုခဝေဒနာနှင့်မယှဉ်ကုန်) (ကြွင်းသော စိတ္တုပ္ပါဒ်၊ သုခသဟဂုတ်စိတ် ၆၃-ပါး၌ ရှိသော သုခဝေဒနာ ၆၃-ပါး၊ သုခုမရုပ်၊ နိဗ္ဗာန်)။ (ဏီ၊ ပဒ-၁၅၉၈)

၁။ သုခသဟဂုတ်စိတ်တို့ကို ရေတွက်ရာ၌ သောမနဿဝေဒနာ သုခဝေဒနာတို့နှင့် ယှဉ်သည့်စိတ်အားလုံးကို ရေတွက်ထားသည်။

(၉၂) ဥပေက္ခာသဟဂတဒုက် အဖြေဝိသဇ္ဇနာ

(ရုပ်ဓာတ် ၁၀-ပါး၊ ကာယဝိညာဏဓာတ်) ဓာတ် တစ်ဆယ့်တစ်ပါးတို့သည် ဥပေက္ခာ ဝေဒနာနှင့်တကွ မဖြစ်ကုန် (ဥပေက္ခာနှင့် မယှဉ်ကုန်)။ (ကာယဝိညာဏဓာတ်ကြဉ်သည့် စတုဝိညာဏဓာတ် ၄-ပါး၊ မနောဓာတ်) ဓာတ်ငါးပါးတို့သည် ဥပေက္ခာဝေဒနာနှင့်တကွ ဖြစ်ကုန်၏။ အချို့သော (မနောဝိညာဏဓာတ်၊ ဓမ္မဓာတ်) ဓာတ်နှစ်ပါးတို့သည် ဥပေက္ခာဝေဒနာနှင့်တကွ ဖြစ်ကုန်၏ (ဥပေက္ခာဝေဒနာနှင့် ယှဉ်ကုန်၏) (စက္ခု, သောတ, ဃာန, ဇိဝှါဝိညာဏဓာတ် ၄-ပါးနှင့် မနော ဓာတ်ကြဉ်သော ဥပေက္ခာသဟဂုတ်စိတ် ၄၄-ပါး၊ ဝေဒနာကြဉ်သော ယှဉ်ဘက်စေတသိက်များ)။ အချို့သော (မနောဝိညာဏဓာတ်၊ ဓမ္မဓာတ်) ဓာတ်နှစ်ပါးတို့သည် ဥပေက္ခာဝေဒနာနှင့်တကွ မဖြစ်ကုန် (ဥပေက္ခာနှင့် မယှဉ်ကုန်) (ကြွင်းသော စိတ္တုပ္ပါဒ်များ၊ ဥပေက္ခာသဟဂုတ်စိတ် ၅၅-ပါး၌ရှိသော ဥပေက္ခာ ဝေဒနာ ၅၅-ပါး၊ သုခုမရုပ်၊ နိဗ္ဗာန်)။ (ဏီ၊ ပဒ-၁၆၀၀)

--

(၉၃) ကာမာဝစရဒုက် အဖြေဝိသဇ္ဇနာ

(ရုပ်ဓာတ် ၁၀-ပါး၊ ပဉ္စဝိညာဏဓာတ် ၅-ပါး၊ မနောဓာတ်) ဓာတ်တစ်ဆယ့်ခြောက်ပါးတို့သည် ကာမတဏှာ၏ ကျင်လည်ရာ ဖြစ်သော ကာမဘုံ၌ သက်ဝင်၍ဖြစ်သော ‘ကာမတရား’ ဖြစ်ကုန်၏ (ကာမာဝစရမည်၏)။ အချို့သော (မနောဝိညာဏဓာတ်၊ ဓမ္မဓာတ်) ဓာတ်နှစ်ပါးတို့သည် ကာမတဏှာ၏ ကျင်လည်ရာ ဖြစ်သော ကာမတရား ဖြစ်ကုန်၏ (ကာမာဝစရ မည်၏) (ဒွေးပဉ္စဝိညာဏ်တစ်ဆယ်နှင့် မနောဓာတ် ကြဉ်သော ကာမာဝစရစိတ္တုပ္ပါဒ်၊ သုခုမရုပ်)၊ အချို့သော (မနောဝိညာဏဓာတ်၊ ဓမ္မဓာတ်) ဓာတ်နှစ်ပါး တို့သည် ကာမတဏှာ၏ ကျင်လည်ရာဖြစ်သော ကာမာဝစရတရား မဟုတ်ကုန် (မဟဂ္ဂုတ်စိတ္တုပ္ပါဒ်၊ လောကုတ္တရာစိတ္တုပ္ပါဒ်၊ နိဗ္ဗာန်)။ (ဏီ၊ ပဒ-၁၆၀၂)

(၉၄) ရူပါဝစရဒုက် အဖြေဝိသဇ္ဇနာ

(ရုပ်ဓာတ် ၁၀-ပါး၊ ပဉ္စဝိညာဏဓာတ် ၅-ပါး၊ မနောဓာတ်) ဓာတ်တစ်ဆယ့်ခြောက်ပါးတို့သည် ရူပတဏှာ၏ ကျင်လည်ရာ မဖြစ်ကုန် (ရူပါစရ မမည်ကုန်)။ အချို့သော (မနောဝိညာဏဓာတ်၊ ဓမ္မဓာတ်) ဓာတ်နှစ်ပါးတို့သည် ရူပတဏှာ၏ ကျင်လည်ရာ ဖြစ်သော ရူပဘုံ၌ သက်ဝင်၍ဖြစ်သော ‘ရူပါဝစရ’ ဖြစ်ကုန်၏ (ရူပါဝစရစိတ္တုပ္ပါဒ်)၊ အချို့သော (မနော ဝိညာဏဓာတ်၊ ဓမ္မဓာတ်) ဓာတ်နှစ်ပါးတို့သည် ရူပတဏှာ၏ ကျင်လည်ရာ မဖြစ်ကုန် (ကာမ, အရူပ, လောကုတ္တရာစိတ္တုပ္ပါဒ်များ၊ သုခုမရုပ်၊ နိဗ္ဗာန်)။

(၉၅) အရူပါဝစရဒုက် အဖြေဝိသဇ္ဇနာ

(ရုပ်ဓာတ် ၁၀-ပါး၊ ပဉ္စဝိညာဏဓာတ် ၅-ပါး၊ မနောဓာတ်) ဓာတ်တစ်ဆယ့်ခြောက်ပါးတို့သည် အရူပတဏှာ၏ ကျင်လည် ရာ မဖြစ်ကုန် (အရူပါဝစရ မမည်ချေ)။ အချို့သော (မနောဝိညာဏဓာတ်၊ ဓမ္မဓာတ်) ဓာတ်နှစ်ပါးတို့သည် အရူပတဏှာ၏ ကျင်လည်ရာ ဖြစ်သော အရူပဘုံ၌ သက်ဝင်၍ဖြစ်သော ‘အရူပါဝစရတရား’ ဖြစ်ကုန်၏ (အရူပါဝစရစိတ္တုပ္ပါဒ်များ)၊ အချို့သော (မနောဝိညာဏဓာတ်၊ ဓမ္မဓာတ်) ဓာတ်နှစ်ပါးတို့သည် အရူပတဏှာ၏ ကျင်လည်ရာ့မဖြစ်ကုန် (ကြွင်းသော စိတ္တုပ္ပါဒ်များ၊ သုခုမရုပ်၊ နိဗ္ဗာန်)။

(၉၆) ပရိယာပန္နဒုက် အဖြေဝိသဇ္ဇနာ

(ရုပ်ဓာတ် ၁၀-ပါး၊ ပဉ္စဝိညာဏဓာတ် ၅-ပါး၊ မနောဓာတ်) ဓာတ်တစ်ဆယ့်ခြောက်ပါးတို့သည် ဘုံသုံးပါး၌ ဖြစ်သော ဝဋ် ဆင်းရဲ၌ အကျုံးဝင်ကုန်၏ (ပရိယာပန္န)။ အချို့သော (မနောဝိညာဏဓာတ်၊ ဓမ္မဓာတ်) ဓာတ်နှစ်ပါးတို့သည် ဘုံသုံးပါး၌ဖြစ်သော ဝဋ် ဆင်းရဲ၌ အကျုံးဝင်ကုန်၏ (လောကီစိတ္တုပ္ပါဒ်၊ သုခုမရုပ်)၊ အချို့သော (မနောဝိညာဏဓာတ်၊ ဓမ္မဓာတ်) ဓာတ်နှစ်ပါးတို့သည် ဘုံသုံးပါး၌ဖြစ်သော ဝဋ်ဆင်းရဲ၌ အကျုံးမဝင်ကုန် (လောကုတ္တရာစိတ္တုပ္ပါဒ်၊ နိဗ္ဗာန်)။

(၉၇) နိယျာနိကဒုက် အဖြေဝိသဇ္ဇနာ

(ရုပ်ဓာတ် ၁၀-ပါး၊ ပဉ္စဝိညာဏဓာတ် ၅-ပါး၊ မနောဓာတ်) ဓာတ် တစ်ဆယ့်ခြောက်ပါးတို့သည် ဝဋ်ဆင်းရဲမှ ထွက်မြောက် စေတတ်သော ‘နိယျာနိက'တရား မဟုတ်ကုန် (အနိယျာနိက)။ အချို့သော (မနောဝိညာဏဓာတ်၊ ဓမ္မဓာတ်) ဓာတ်နှစ်ပါးတို့သည် ဝဋ်ဆင်းရဲမှ ထွက်မြောက်စေ တတ်သော ‘နိယျာနိက'တရား ဖြစ်ကုန်၏ (နိယျာနိက) (မဂ်စိတ္တုပ္ပါဒ်)၊ အချို့သော (မနောဝိညာဏ ဓာတ်၊ ဓမ္မဓာတ်) ဓာတ်နှစ်ပါးတို့သည် ဝဋ်ဆင်းရဲမှ ထွက်မြောက်စေတတ်သော ‘နိယျာနိက'တရား မဟုတ်ကုန် (ကြွင်းသော စိတ္တုပ္ပါဒ်၊ သုခုမရုပ်၊ နိဗ္ဗာန်)။

--

(၉၈) နိယတဒုက်၁ အဖြေဝိသဇ္ဇနာ

(ရုပ်ဓာတ် ၁၀-ပါး၊ ပဉ္စဝိညာဏဓာတ် ၅-ပါး၊ မနောဓာတ်) ဓာတ် တစ်ဆယ့်ခြောက်ပါးတို့သည် မိစ္ဆတ္တနိယတနှင့် သမ္မတ္တနိယတ မဟုတ်ကုန် (အနိယတ)။ အချို့သော (မနောဝိညာဏဓာတ်၊ ဓမ္မဓာတ်) ဓာတ်နှစ်ပါးတို့သည် အကျိုးပေး မြဲကုန်၏ (နိယတ) (နတ္ထိကဒိဋ္ဌိ, အဟေတုကဒိဋ္ဌိ, အကြိယဒိဋ္ဌိတည်းဟူသော နိယတမိစ္ဆာဒိဋ္ဌိကံ၏ အစွမ်းဖြင့်ဖြစ်သော ဒိဋ္ဌိဂတ သမ္ပယုတ်စိတ်၏ သတ္တမဇောစိတ္တုပ္ပါဒ်နှင့် ပဉ္စာနန္တရိယကံ၏ အစွမ်းဖြင့်ဖြစ်သော ဒေါသမူဒွေးတို့၏ သတ္တမဇော စိတ္တုပ္ပါဒ်၊ မဂ်စိတ္တုပ္ပါဒ်)။ အချို့သော (မနောဝိညာဏဓာတ်၊ ဓမ္မဓာတ်) ဓာတ်နှစ်ပါးတို့သည် အကျိုးပေး မမြဲကုန် (အနိယတ)၂ (ကြွင်းသော စိတ္တုပ္ပါဒ်၊ သုခုမရုပ်၊ နိဗ္ဗာန်)။ (ဏီ၊ ပဒ-၁၆၁၁, ၁၆၁၂)

၁။ မိစ္ဆတ္တတိက်ကြည့်။

၂။ ‘အနိယတ'ပုဒ်၌ (၁) အကျိုးမပေးသော တရားများနှင့် (၂) အကျိုးပေးရာ၌ အကြောင်းသင့် အခွင့်သာသောအခါများ၌သာ အကျိုးပေးနိုင်၍ ဧကန်အကျိုးပေးသည်ဟု မဆိုနိုင်သော တရားများ အကျုံးဝင်သည်။

(၉၉) သဥတ္တရဒုက် အဖြေဝိသဇ္ဇနာ

(ရုပ်ဓာတ် ၁၀-ပါး၊ ပဉ္စဝိညာဏဓာတ် ၅-ပါး၊ မနောဓာတ်) ဓာတ်တစ်ဆယ့်ခြောက်ပါးတို့သည် မိမိထက် လွန်မြတ်သော တရားရှိကုန်၏။ အချို့သော (မနောဝိညာဏဓာတ်၊ ဓမ္မဓာတ်) ဓာတ်နှစ်ပါးတို့သည် မိမိထက် လွန်မြတ်သော တရား ရှိကုန်၏ (လောကီစိတ္တုပ္ပါဒ်၊ သုခုမရုပ်)။ အချို့သော (မနောဝိညာဏဓာတ်၊ ဓမ္မဓာတ်) ဓာတ်နှစ်ပါးတို့သည် မိမိထက် လွန်မြတ်သော တရားမရှိကုန် (လောကုတ္တရာစိတ္တုပ္ပါဒ်၊ နိဗ္ဗာန်)။

(၁၀၀) သရဏဒုက် အဖြေဝိသဇ္ဇနာ

(ရုပ်ဓာတ် ၁၀-ပါး၊ ပဉ္စဝိညာဏဓာတ် ၅-ပါး၊ ဓမ္မဓာတ်) ဓာတ်တစ်ဆယ့်ခြောက်ပါးတို့သည် ငိုကြွေးကြောင်း ‘ရဏ’ဟု ဆိုအပ် သော ကိလေသာ မရှိကုန် (ကိလေသာနှင့် မယှဉ်ကုန်) (အရဏ)။ အချို့သော (မနောဝိညာဏဓာတ်၊ ဓမ္မဓာတ်) ဓာတ်နှစ်ပါးတို့သည် ငိုကြွေးကြောင်း ‘ရဏ’ဟု ဆိုအပ်သော ရာဂစသော ကိလေသာ ရှိကုန်၏ (ကိလေသာနှင့် ယှဉ်ကုန်၏) (အကုသိုလ်စိတ္တုပ္ပါဒ်)၊ အချို့သော (မနောဝိညာဏဓာတ်၊ ဓမ္မဓာတ်) ဓာတ်နှစ်ပါးတို့သည် ငိုကြွေးကြောင်း ‘ရဏ’ဟု ဆိုအပ် သော ရာဂစသော ကိလေသာ မရှိကုန် (ကိလေသာနှင့် မယှဉ်ကုန်) (ကြွင်းသော စိတ္တုပ္ပါဒ်၊ သုခုမရုပ်၊ နိဗ္ဗာန်)။

(ပိဋ္ဌိဒုက် ၁၈-ခု အဖြေ ဝိသဇ္ဇနာ ပြီး၏။)

(ဒုက ပဥှာပုစ္ဆကနည်း ပြီး၏။)

(ဓာတ် ၁၈-ပါးတို့ကို ဒုက် ၁၀၀-တို့ဖြင့် ဝေဖန်၍ အဖြေဝိသဇ္ဇနာကို ပြသော ‘ပဥှာပုစ္ဆက'နည်း ပြီး၏။)

--

ဓာတ် ၁၈-ပါးတို့ကို တိက်, ဒုက်တို့ဖြင့် အမေး အဖြေပြု ၍ ဟောကြားအပ်သော ‘ပဥှာပုစ္ဆက'နည်း ပြီး၏။

မိမိ၏ ရှိရင်းသဘောကို ဆောင်ထားမှု ‘ဓာတ်'၁၈-ပါးတို့ကို ဝေဖန်၍ ဟောကြားအပ်သော ‘ဓာတုဝိဘင်း'ပြီးပြီ။

ဓာတုဝိဘင်္ဂေါနိဋ္ဌိတော။

--