ဝိဘင်းပါဠိတော်-တ
၉-ဣဒ္ဓိပါဒဝိဘင်္ဂ
(ဣဒ္ဓိပါဒ်လေးပါးတို့ကို ဝေဖန်၍ပြသော ဝိဘင်း)
၁-သုတ္တန္တဘာဇနီယနည်း
(သုတ္တန်နည်းဖြင့် ဝေဖန်၍ဟောကြားသောနည်း)
ဣဒ္ဓိပါဒ်လေးပါး
၄၃၁။ တန်ခိုးကြီးကြောင်းတရား ‘ဣဒ္ဓိပါဒ်’ လေးပါးတို့ကား-
(၁) ဆန္ဒိဒ္ဓိပါဒ်
ဤသာသနာတော်၌ ရဟန်းသည် ဆန္ဒကြီးမှူးသော သမာဓိ, သမ္မပ္ပဓာန်ကိစ္စတပ်သော ဝီရိယနှင့်ပြည့်စုံသော ဣဒ္ဓိပါဒ်ကို ပွါးများ၏။
(၂) ဝီရိယိဒ္ဓိပါဒ်
ဝီရိယကြီးမှူးသော သမာဓိ, သမ္မပ္ပဓာန်ကိစ္စတပ်သော ဝီရိယနှင့် ပြည့်စုံသော ဣဒ္ဓိပါဒ်ကို ပွါးများ၏။
(၃) စိတ္တိဒ္ဓိပါဒ်
စိတ်ကြီးမှူးသော သမာဓိ, သမ္မပ္ပဓာန်ကိစ္စတပ်သော ဝီရိယနှင့် ပြည့်စုံသော ဣဒ္ဓိပါဒ်ကို ပွါးများ၏။
(၄) ဝိမံသိဒ္ဓိပါဒ်
ပညာကြီးမှူးသော သမာဓိ, သမ္မပ္ပဓာန်ကိစ္စတပ်သော ဝီရိယနှင့်ပြည့်စုံသော ဣဒ္ဓိပါဒ်ကို ပွါးများ၏။
--
ဣဒ္ဓိပါဒ်လေးပါးအကျယ်
(၁) ဆန္ဒိဒ္ဓိပါဒ်
၄၃၂။ အဘယ်သို့လျှင် ရဟန်းသည် ဆန္ဒကြီးမှူးသော သမာဓိ, သမ္မပ္ပဓာန်ကိစ္စတပ်သော ဝီရိယနှင့်ပြည့်စုံသော တန်ခိုးကြီးကြောင်း ‘ဣဒ္ဓိပါဒ်'ကို ပွါးများသနည်း။
ရဟန်းသည် ဆန္ဒကို အကြီးအမှူးပြု၍ တည်ကြည်မှု သမာဓိကို အကယ်၍ ရအံ့၊ စိတ်၏ တစ်ခုတည်းသော အာရုံရှိသည်၏ အဖြစ်ကို အကယ်၍ ရအံ့၊ ဤသဘောကို ဆန္ဒကြီးမှူးသော သမာဓိဟုဆိုအပ်၏။
ထိုရဟန်းသည် မဖြစ်သေးသော အကုသိုလ်အယုတ်တရားတို့ကို မဖြစ်စေရန် ဆန္ဒကို ဖြစ်စေ၏၊ လုံ့လပြု၏၊ လုံ့လထုတ်၏၊ စိတ်ကို မြှောက်ပင့်၏၊ အဆက်မပြတ်အားထုတ်၏၊ ဖြစ်ပြီးသော (မဖြစ်တော့ဟု မဆိုနိုင်သော) အကုသိုလ်အယုတ်တရားတို့ကို ပယ်ရန် ဆန္ဒကို ဖြစ်စေ၏၊ လုံ့လပြု၏၊ လုံ့လထုတ်၏၊ စိတ်ကို မြှောက်ပင့်၏၊ အဆက်မပြတ်အားထုတ်၏။ မဖြစ်ဖူးသေးသော ကုသိုလ်တရားတို့ကိုဖြစ်ပေါ်စေရန် ဆန္ဒကို ဖြစ်စေ၏၊ လုံ့လပြု၏၊ လုံ့လထုတ်၏၊ စိတ်ကို မြှောက်ပင့်၏၊ အဆက်မပြတ်အားထုတ်၏။ ဖြစ်ပြီးသော ကုသိုလ်တရားတို့ တည်တံ့ရန် မပျောက်ပျက်ရန် များစွာဖြစ်ပွါးရန် ပြန့်ပြောရန် တိုးပွါးရန် ပြည့်စုံစေရန် ဆန္ဒကို ဖြစ်စေ၏၊ လုံ့လပြု၏၊ လုံ့လထုတ်၏၊ စိတ်ကို မြှောက်ပင့်၏၊ အဆက်မပြတ်အားထုတ်၏။ ဤတရားတို့ကို သမ္မပ္ပဓာန်ကိစ္စ တပ်သော ဝီရိယဟု ဆိုအပ်ကုန်၏။ ဤသို့ဤဆန္ဒ္ဒကြီးမှူးသော သမာဓိကိုလည်းကောင်း၊ သမ္မပ္ပဓာန်ကိစ္စတပ်သော ဝီရိယတို့ကိုလည်းကောင်းတစ်ပေါင်းတည်းပေါင်း၍ အကျဉ်းချုံး၍ ဆန္ဒကြီးမှူးသော သမာဓိ, သမ္မပ္ပဓာန် ကိစ္စတပ်သော ဝီရိယဟူ၍သာလျှင် ခေါ်ဝေါ်ခြင်းသို့ ရောက်၏။
၄၃၃။ ထိုတရားတို့တွင် အဘယ်သည် ဆန္ဒ မည်သနည်း။
အကြင် လိုလားမှု ‘ဆန္ဒ’၊ လိုလားသည်၏ အဖြစ် ‘ဆန္ဒိကတာ’၊ ပြုလိုသည်၏ အဖြစ် ‘ကတ္တုကမျတာ’၊ ကုသိုလ်တရားတို့ကို လိုလားမှု ‘ကုသလဓမ္မစ္ဆန္ဒ’ သည် ရှိ၏။ ဤသဘောကို ဆန္ဒဟု ဆိုအပ်၏။
ထိုတရားတို့တွင် အဘယ်သည် တည်ကြည်မှု ‘သမာဓိ’ မည်သနည်း။
အကြင် စိတ်၏ (အာရုံ၌) တည်နေမှု ‘ဌိတိ’၊ ကောင်းစွာ တည်နေမှု ‘သဏ္ဍိတိ’၊ သက်ဝင်၍ တည်နေမှု ‘အဝဌိတိ’၊ မရွေ့ရှားမှု ‘အဝိသာဟာရ’၊ မပျံ့လွင့်မှု ‘အဝိက္ခေပ’၊ မရွေ့ရှားသောစိတ်ရှိသည်၏ အဖြစ် ‘အဝိသာဟဋ မာနသတာ’၊ ငြိမ်သက်မှု ‘သမထ’၊ အစိုးတရတည်ကြည်မှု ‘သမာဓိန္ဒြေ’၊ မတုန်မလှုပ်တည်ကြည်မှု ‘သမာဓိဗိုလ်’၊ မဖောက်မပြန် ကောင်းစွာ တည်ကြည်မှု ‘သမ္မာသမာဓိ’ သည် ရှိ၏၊ ဤသဘောကို တည်ကြည်မှု ‘သမာဓိ’ ဟု ဆိုအပ်၏။
ထိုတရားတို့တွင် အဘယ်သည် သမ္မပ္ပဓာန်ကိစ္စတပ်သော ဝီရိယ မည်သနည်း။
အကြင်စိတ်၌ ဖြစ်သောအားထုတ်မှု ‘ဝီရိယာရမ္ဘ’၊ ပျင်းရိခြင်းမှ ထွက်မြောက်မှု ‘နိက္ကမ’၊ အဆင့်ဆင့်တိုးတက်အားထုတ်မှု ‘ပရက္ကမ’၊ အထက်တန်းရောက်အောင် ကြိုးပမ်းမှု ‘ဥယျာမ’၊ လုံ့လ စိုက်မှု ‘ဝါယာမ’၊ ဆင်းရဲကို သည်းခံမှု ‘ဥဿာဟ’၊ အပြင်းအထန် ကြိုးစားမှု ‘ဥဿောဠှီ’၊ ခိုင်မြဲမှု ‘ထာမ’၊ ဆောင်ထားမှု ‘ဓိတိ’၊ မလျော့သော လုံ့လရှိခြင်း ‘အသိထိလပရက္ကမတာ’၊ မချသောဆန္ဒရှိခြင်း ‘အနိက္ခိတ္တဆန္ဒတာ’၊ မချသော ဝန်ရှိခြင်း ‘အနိက္ခိတ္တဓုရတာ’၊ တာဝန်ကို ကောင်းစွာ ထမ်းဆောင်မှု ‘ဓုရသမ္ပဂ္ဂါဟ’၊ ရဲရင့်သည်၏ အဖြစ် ‘ဝီရိယ’၊ အစိုးတရအားထုတ်မှု ‘ဝီရိယိန္ဒြေ’၊ မတုန်မလှုပ်အားထုတ်မှု ‘ဝီရိယဗိုလ်’၊ ကောင်းစွာ အားထုတ်မှု သမ္မာဝါယာမ’ သည် ရှိ၏။ ဤသဘောကိုသမ္မပ္ပဓာန်ကိစ္စတပ်သော ဝီရိယဟု ဆိုအပ်၏။ ဤသို့ ဤလိုလားမှု ဆန္ဒနှင့်လည်းကောင်း၊ ဤတည်ကြည်မှု သမာဓိနှင့် လည်းကောင်း၊ ဤသမ္မပ္ပဓာန်ကိစ္စတပ်သော ဝီရိယနှင့်လည်းကောင်းပြည့်စုံ၏၊ ကောင်းစွာ ပြည့်စုံ၏၊ ပြည့်စုံခြင်း သို့ ရောက်၏၊ ကောင်းစွာ ပြည့်စုံခြင်းသို့ ရောက်၏ထို့ကြောင့် “ဆန္ဒ ကြီးမှူးသော သမာဓိ, သမ္မပ္ပဓာန် ကိစ္စတပ်သော ဝီရိယနှင့် ပြည့်စုံ၏”ဟု ဆိုအပ်၏။
--
၄၃၄။ “တန်ခိုး”ဟူသည် ထိုတရားတို့၏ ပြည့်စုံခြင်းတည်း၊ ကောင်းစွာ ပြည့်စုံခြင်းတည်း၊ ပြည့်စုံသောအခြင်းအရာတည်း၊ ကောင်းစွာ ပြည့်စုံသော အခြင်းအရာတည်း၊ ရခြင်းတည်း၊ အထပ်ထပ်ရခြင်းတည်း၊ ရောက်လာခြင်းတည်း၊ ကောင်းစွာ ရောက်လာခြင်းတည်း၊ ပေါင်းဆုံရခြင်းတည်း၊ မျက်မှောက် ပြုရခြင်းတည်း၊ လက်ရှိ ပြည့်စုံခြင်းတည်း။ “တန်ခိုးကြီးကြောင်းတရား”ဟူသည် ထိုဆန္ဒာဓိပတိတပ်သော ပုဂ္ဂိုလ်၏ ခံစားမှု အစု ‘ဝေဒနာက္ခန္ဓာ’၊ မှတ်သားမှု အစု ‘သညာက္ခန္ဓာ’၊ ပြုပြင်မှု အစု ‘သင်္ခါရက္ခန္ဓာ’၊ သိမှု အစု ‘ဝိညာဏက္ခန္ဓာ’ တည်း။ “တန်ခိုးကြီးသော တရားကို ပွါးများ၏”ဟူသည် ထိုဆန္ဒစသော တရားတို့ကို မှီဝဲ၏၊ အားထုတ်၏၊ အကြိမ်များစွာ ပြု၏၊ ထို့ကြောင့် “တန်ခိုးကြီးကြောင်းတရားကို ပွါးများ၏”ဟု ဆိုအပ်၏။
(၂) ဝီရိယိဒ္ဓိပါဒ်
၄၃၅။ အဘယ်သို့လျှင် ရဟန်းသည် ဝီရိယကြီးမှူးသောသမာဓိ, သမ္မပ္ပဓာန်ကိစ္စတပ်သော ဝီရိယနှင့်ပြည့်စုံသော တန်ခိုးကြီးကြောင်း ‘ဣဒ္ဓိပါဒ်'ကို ပွါးများသနည်း။
ရဟန်းသည် အားထုတ်မှု ဝီရိယကို အကြီးအမှူးပြု၍ တည်ကြည်မှု သမာဓိကို အကယ်၍ ရအံ့၊ စိတ်၏တစ်ခုတည်းသော အာရုံရှိသည်၏ အဖြစ်ကို အကယ်၍ ရအံ့၊ ဤသဘောကို ဝီရိယကြီးမှူးသောတည်ကြည်မှု သမာဓိဟု ဆိုအပ်၏။
(၁) ထိုရဟန်းသည် မဖြစ်သေးသော အကုသိုလ်အယုတ်တရားတို့ကို မဖြစ်စေရန် ဆန္ဒကို ဖြစ်စေ၏၊ လုံ့လပြု၏၊ လုံ့လထုတ်၏၊ စိတ်ကို မြှောက်ပင့်၏၊ အဆက်မပြတ်အားထုတ်၏။
(၂) ဖြစ်ပြီးသော အကုသိုလ်အယုတ်တရားတို့ကို ပယ်ရန်။ပ။
(၃) မဖြစ်ဖူးသေးသော ကုသိုလ်တရားတို့ကို ဖြစ်ပေါ်စေရန်။ပ။ (၄) ဖြစ်ပြီးသော ကုသိုလ်တရားတို့ တည်တံ့ရန် မပျောက်ပျက်ရန် များစွာဖြစ်ပွါးရန် ပြန့်ပြော ရန်တိုးပွါးရန်၊ ပြည့်စုံစေရန် ဆန္ဒကို ဖြစ်စေ၏၊ လုံ့လပြု၏၊ လုံ့လထုတ်၏၊ စိတ်ကိုမြှောက်ပင့်၏၊ အဆက်မပြတ် အားထုတ်၏၊ ဤသဘောတရားတို့ကို သမ္မပ္ပဓာန်ကိစ္စတပ်သော ဝီရိယဟု ဆိုအပ်ကုန်၏။ ဤသို့ ဤဝီရိယကြီးမှူးသော သမာဓိကိုလည်းကောင်း၊ ဤသမ္မပ္ပဓာန်ကိစ္စတပ်သော ဝီရိယတို့ကိုလည်းကောင်း တစ်ပေါင်းတည်းပေါင်း၍ အကျဉ်းချုံး၍ ဝီရိယကြီးမှူးသော သမာဓိ, သမ္မပ္ပဓာန်ကိစ္စတပ်သော ဝီရိယဟူ၍သာလျှင် ရေတွက်ခြင်းသို့ ရောက်၏။
၄၃၆။ ထိုတရားတို့တွင် အဘယ်သည် အားထုတ်မှု ‘ဝီရိယ’ မည်သနည်း။
အကြင်စိတ်၌ ဖြစ်သောအားထုတ်မှု ‘ဝီရိယာရမ္ဘ’။ပ။ ကောင်းစွာအားထုတ်မှု ‘သမ္မာဝါယာမ'သည် ရှိ၏၊ ဤသဘောကို အားထုတ်မှု ဝီရိယဟု ဆိုအပ်၏။
ထိုတွင် အဘယ်သည် တည်ကြည်မှု ‘သမာဓိ’ မည်သနည်း။
အကြင်စိတ်၏ (အာရုံ၌) တည်နေမှု ‘ဌိတိ’၊ ကောင်းစွာ တည်နေမှု ‘သဏ္ဍိတိ’၊ သက်ဝင်၍ တည်နေမှု ‘အဝဌိတိ’၊ မရွေ့ရှားမှု ‘အဝိသာဟာရ’၊ မပျံ့လွင့်မှု ‘အဝိက္ခေပ’၊ မရွေ့ရှားသောစိတ်ရှိသည်၏ အဖြစ် ‘အဝိသာဟဋ မာနသတာ’၊ ငြိမ်သက်မှု ‘သမထ’၊ အစိုးတရတည်ကြည်မှု ‘သမာဓိန္ဒြေ’၊ မတုန်မလှုပ်တည်ကြည်မှု ‘သမာဓိဗိုလ်’၊ မဖေါက်မပြန် ကောင်းစွာ တည်ကြည်မှု ‘သမ္မာသမာဓိ'သည် ရှိ၏၊ ဤသဘောကို တည်ကြည်မှု ‘သမာဓိ’ ဟု ဆိုအပ်၏။
--
ထိုတွင် အဘယ်သည် သမ္မပ္ပဓာန်ကိစ္စတပ်သော ဝီရိယ မည်သနည်း။
အကြင်စိတ်၌ ဖြစ်သောအားထုတ်မှု ‘ဝီရိယာရမ္ဘ’။ပ။ ကောင်းစွာ အားထုတ်မှု ‘သမ္မာဝါယာမ’ သည် ရှိ၏၊ ဤသဘောကို သမ္မပ္ပဓာန်ကိစ္စတပ်သော ဝီရိယဟု ဆိုအပ်၏။ ဤသို့ ဤအားထုတ်မှု ‘ဝီရိယ'နှင့်လည်းကောင်း၊ ဤတည်ကြည်မှု ‘သမာဓိ'နှင့်လည်းကောင်း၊ ဤသမ္မပ္ပဓာန်ကိစ္စတပ်သော ဝီရိယနှင့်လည်းကောင်း ပြည့်စုံ၏။ပ။ ပြည့်စုံခြင်းသို့ ရောက်၏။ ထို့ကြောင့် “ဝီရိယကြီးမှူးသော သမာဓိ, သမ္မပ္ပဓာန်ကိစ္စတပ်သော ဝီရိယနှင့် ပြည့်စုံ၏” ဟု ဆိုအပ်၏။
၄၃၇။ “တန်ခိုး”ဟူသည် ထိုတရားတို့၏ ပြည့်စုံခြင်းတည်း၊ ကောင်းစွာ ပြည့်စုံခြင်းတည်း၊ ပြည့်စုံသော အခြင်းအရာတည်း၊ ကောင်းစွာ ပြည့်စုံသော အခြင်းအရာတည်း၊ ရခြင်းတည်း၊ အထပ်ထပ်ရခြင်းတည်း၊ ရောက်လာခြင်းတည်း၊ ကောင်းစွာ ရောက်လာခြင်းတည်း၊ ပေါင်းဆုံရခြင်းတည်း၊ မျက်မှောက် ပြုရခြင်းတည်း၊ လက်ရှိ ပြည့်စုံခြင်းတည်း။ “တန်ခိုးကြီးကြောင်းတရား”ဟူသည် ထိုဝီရိယာဓိပတိတပ်သော ပုဂ္ဂိုလ်၏ ခံစားမှု အစု ‘ဝေဒနာက္ခန္ဓာ'မှတ်သားမှု အစု။ပ။ သိမှု အစု ‘ဝိညာဏက္ခန္ဓာ’ တည်း။ “တန်ခိုးကြီးကြောင်းတရားကို ပွါးများ၏”ဟူသည် ထိုဝီရိယစသော တရားတို့ကို မှီဝဲ၏၊ အားထုတ်၏၊ အကြိမ်များစွာ ပြု၏၊ ထို့ကြောင့် “တန်ခိုးကြီးကြောင်းတရားကို ပွါးများ၏”ဟု ဆိုအပ်၏။
(၃) စိတ္တိဒ္ဓိပါဒ်
၄၃၈။ အဘယ်လျှင် ရဟန်းသည် စိတ်ကြီးမှူးသောသမာဓိ, သမ္မပ္ပဓာန်ကိစ္စတပ်သော ဝီရိယနှင့်ပြည့်စုံသော တန်ခိုးကြီးကြောင်း ‘ဣဒ္ဓိပါဒ်'ကို ပွါးများသနည်း။
ရဟန်းသည် စိတ်ကို အကြီးအမှူးပြု၍ တည်ကြည်မှု သမာဓိကို အကယ်၍ ရအံ့၊ စိတ်၏ တစ်ခုတည်းသော အာရုံရှိသည်၏ အဖြစ်ကို အကယ်၍ ရအံ့၊ ဤသဘောကို စိတ်ကြီးမှူးသော တည်ကြည်မှု ‘သမာဓိ’ဟု ဆိုအပ်၏။
(၁) ထိုရဟန်းသည် မဖြစ်သေးသော အကုသိုလ်အယုတ်တရားတို့ကို မဖြစ်စေရန် ဆန္ဒကို ဖြစ်စေ၏၊ လုံ့လပြု၏၊ လုံ့လထုတ်၏၊ စိတ်ကို မြှောက်ပင့်၏၊ အဆက်မပြတ်အားထုတ်၏။
(၂) ဖြစ်ပြီးသော အကုသိုလ်အယုတ်တရားတို့ကို ပယ်ရန်။ပ။
(၃) မဖြစ်ဖူးသေးသော ကုသိုလ်တရားတို့ကို ဖြစ်ပေါ်စေရန်။ပ။ (၄) ဖြစ်ပြီးသော ကုသိုလ်တရားတို့ တည်တံ့ရန် မပျောက်ပျက်ရန် များစွာဖြစ်ပွါးရန် ပြန့်ပြောရန် တိုးပွါးရန် ပြည့်စုံစေရန် ဆန္ဒကို ဖြစ်စေ၏၊ လုံ့လပြု၏၊ လုံ့လထုတ်၏၊ စိတ်ကိုမြှောက်ပင့်၏၊ အဆက်မပြတ် အားထုတ်၏၊ ဤတရားတို့ကို သမ္မပ္ပဓာန်ကိစ္စ တပ်သောဝီရိယဟု ဆိုအပ်ကုန်၏။ ဤသို့ ဤစိတ်ကြီးမှူးသော တည်ကြည်မှု သမာဓိကိုလည်းကောင်း၊ ဤသမ္မပ္ပဓာန်ကိစ္စတပ်သောဝီရိယတို့ကိုလည်းကောင်း တစ်ပေါင်းတည်းပေါင်း၍ အကျဉ်းချုံး၍ စိတ်ကြီးမှူးသော သမာဓိ, သမ္မပ္ပဓာန်ကိစ္စတပ်သော ဝီရိယဟူ၍သာလျှင် ရေတွက်ခြင်းသို့ ရောက်၏။
၄၃၉။ ထိုတွင် အဘယ်သည် စိတ် မည်သနည်း။
အကြင် ဆန်းကြယ်မှု ‘စိတ္တ’၊ သိခြင်းသဘော ‘မန’၊ သိမှု သဘော ‘မာနသ’။ပ။ ထိုစိတ်အားလျော်သော အထူးသိမှု သဘော ‘တဇ္ဇာမနောဝိညာဏဓာတ်'သည် ရှိ၏။ ဤသဘောကို စိတ်ဟု ဆိုအပ်၏။
ထိုတွင် အဘယ်သည် တည်ကြည်မှု ‘သမာဓိ’ မည်သနည်း။
--
အကြင်စိတ်၏ (အာရုံ၌) တည်နေမှု ‘ဌိတိ’၊ ကောင်းစွာတည်နေမှု ‘သဏ္ဍိတိ’။ပ။ မဖောက်မပြန်ကောင်းစွာ တည်ကြည်မှု ‘သမ္မာသမာဓိ’ သည် ရှိ၏၊ ဤသဘောကို တည်ကြည်မှု ‘သမာဓိ’ဟု ဆိုအပ်၏။
ထိုတွင် အဘယ်သည် သမ္မပ္ပဓာန်ကိစ္စတပ်သော ဝီရိယ မည်သနည်း။
အကြင် စိတ်၌ ဖြစ်သောအားထုတ်မှု ‘ဝီရိယာရမ္ဘ’။ပ။ ကောင်းစွာအားထုတ်မှု ‘သမ္မာဝါယာမ'သည် ရှိ၏၊ ဤသဘောကို သမ္မပ္ပဓာန်ကိစ္စတပ်သော ဝီရိယဟု ဆိုအပ်၏။ ဤသို့ ဤစိတ်နှင့်လည်းကောင်း၊ ဤ ‘သမာဓိ'နှင့်လည်းကောင်း၊ ဤဝီရိယနှင့်လည်းကောင်း ပြည့်စုံ၏။ပ။ ပြည့်စုံခြင်းသို့ ရောက်၏။ ထို့ကြောင့် “စိတ်ကြီးမှူးသော သမာဓိ, သမ္မပ္ပဓာန်ကိစ္စတပ်သော ဝီရိယနှင့် ပြည့်စုံ၏”ဟု ဆိုအပ်၏။
၄၄၀။ “တန်ခိုး”ဟူသည် ထိုတရားတို့၏ ပြည့်စုံခြင်းတည်း၊ ကောင်းစွာ ပြည့်စုံခြင်းတည်း၊ ပြည့်စုံသော အခြင်းအရာတည်း၊ ကောင်းစွာပြည့်စုံသော အခြင်းအရာတည်း၊ ရခြင်းတည်း၊ အထပ်ထပ်ရခြင်း တည်း၊ ရောက်လာခြင်းတည်း၊ ကောင်းစွာ ရောက်လာခြင်းတည်း၊ ပေါင်းဆုံရခြင်းတည်း၊ မျက်မှောက်ပြုရခြင်းတည်း၊ လက်ရှိ ပြည့်စုံခြင်းတည်း။ “တန်ခိုးကြီးကြောင်းတရား”ဟူသည် ထိုစိတ္တာဓိပတိတပ်သော ပုဂ္ဂိုလ်၏ ခံစားမှု အစု ‘ဝေဒနာက္ခန္ဓာ’၊ မှတ်သားမှု အစု။ပ။ သိမှု အစု ‘ဝိညာဏက္ခန္ဓာ’ တည်း။ “တန်ခိုးကြီးကြောင်းတရားကို ပွါးများ၏”ဟူသည် ထိုစိတ်စသော တရားတို့ကို မှီဝဲ၏၊ အားထုတ်၏၊ အကြိမ်များစွာ ပြု၏၊ ထို့ကြောင့် “တန်ခိုးကြီးကြောင်းတရားကို ပွါးများ၏”ဟု ဆိုအပ်၏။
(၄) ဝီမံသိဒ္ဓိပါဒ်
၄၄၁။ အဘယ်သို့လျှင် ရဟန်းသည် ပညာကြီးမှူးသောသမာဓိ, သမ္မပ္ပဓာန်ကိစ္စတပ်သော ဝီရိယနှင့်ပြည့်စုံသော တန်ခိုးကြီးကြောင်း ‘ဣဒ္ဓိပါဒ်'ကို ပွါးများသနည်း။
ရဟန်းသည် ပညာကို အကြီးအမှူးပြု၍ တည်ကြည်မှု သမာဓိကို အကယ်၍ ရအံ့၊ စိတ်၏ တစ်ခုတည်းသော အာရုံရှိသည်၏ အဖြစ်ကို အကယ်၍ ရအံ့၊ ဤသဘောကို ပညာကြီးမှူးသော တည်ကြည်မှု သမာဓိဟု ဆိုအပ်၏။
(၁) ထိုရဟန်းသည် မဖြစ်သေးသော အကုသိုလ်အယုတ်တရားတို့ကို မဖြစ်စေရန် ဆန္ဒကိုဖြစ်စေ၏၊ လုံ့လပြု၏၊ လုံ့လထုတ်၏၊ စိတ်ကို မြှောက်ပင့်၏၊ အဆက်မပြတ်အားထုတ်၏။
(၂) ဖြစ်ပြီးသော အကုသိုလ်အယုတ်တရားတို့ကို ပယ်ရန်။ပ။
(၃) မဖြစ်ဖူးသေးသော ကုသိုလ်တရားတို့ကို ဖြစ်ပေါ်စေရန်။ပ။ (၄) ဖြစ်ပြီးသော ကုသိုလ်တရားတို့ တည်တံ့ရန် မပျောက်ပျက်ရန် များစွာဖြစ်ပွါးရန် ပြန့်ပြော ရန်တိုးပွါးရန် ပြည့်စုံစေရန် ဆန္ဒကို ဖြစ်စေ၏၊ လုံ့လပြု၏၊ လုံ့လထုတ်၏၊ စိတ်ကိုမြှောက်ပင့်၏၊ အဆက်မပြတ် အားထုတ်၏၊ ဤတရားတို့ကို သမ္မပ္ပဓာန်ကိစ္စ တပ်သောဝီရိယဟု ဆိုအပ်ကုန်၏။ ဤသို့ ဤပညာကြီးမှူးသော သမာဓိကိုလည်းကောင်း၊ ဤသမ္မပ္ပဓာန်ကိစ္စတပ်သော ဝီရိယတို့ကိုလည်းကောင်း၊ တစ်ပေါင်းတည်းပေါင်း၍ အကျဉ်းချုံး၍ ပညာကြီးမှူးသော သမာဓိ, သမ္မပ္ပဓာန်ကိစ္စတပ်သော ဝီရိယဟူ၍သာလျှင် ရေတွက်ခြင်းသို့ရောက်၏။
၄၄၂။ ထိုတွင် အဘယ်သည် စူးစမ်းမှု ‘ပညာ’ မည်သနည်း။
အကြင်အပြားအားဖြင့်သိမှု ‘ပညာ’၊ အပြားအားဖြင့် သိသော အခြင်းအရာ ‘ပဇာနနာ'သည်။ပ။
မတွေဝေမှု ‘အမောဟ’၊ တရားတို့ကို စိစစ်မှု ‘ဓမ္မဝိစယ’၊ ကောင်းစွာ မြင်မှု ‘သမ္မာဒိဋ္ဌိ'သည် ရှိ၏။ ဤသဘောကို စူးစမ်းမှု ‘ပညာ’ဟု ဆိုအပ်၏။
ထိုတွင် အဘယ်သည် တည်ကြည်မှု ‘သမာဓိ’ မည်သနည်း။
--
အကြင်စိတ်၏ (အာရုံ၌) တည်နေမှု ‘ဌိတိ’ ကောင်းစွာတည်နေမှု ‘သဏ္ဍိတိ’။ပ။ မဖောက်မပြန်ကောင်းစွာ တည်ကြည်မှု ‘သမ္မာသမာဓိ’ သည် ရှိ၏၊ ဤသဘောကို တည်ကြည်မှု သမာဓိဟု ဆိုအပ်၏။
ထိုတွင် အဘယ်သည် သမ္မပ္ပဓာန်ကိစ္စတပ်သော ဝီရိယ မည်သနည်း။
အကြင် စိတ်၌ ဖြစ်သောအားထုတ်မှု ‘ဝီရိယာရမ္ဘ’။ပ။ ကောင်းစွာအားထုတ်မှု ‘သမ္မာဝါယာမ’ သည် ရှိ၏၊ ဤသဘောကို သမ္မပ္ပဓာန်ကိစ္စတပ်သော ဝီရိယဟု ဆိုအပ်၏။
ဤသို့ ဤစူးစမ်းမှု ပညာနှင့်လည်းကောင်း၊ ဤတည်ကြည်မှု ‘သမာဓိ'နှင့်လည်းကောင်း၊ ဤသမ္မပ္ပဓာန်ကိစ္စတပ်သော ဝီရိယနှင့်လည်းကောင်း ပြည့်စုံ၏။ပ။ ပြည့်စုံခြင်းသို့ ရောက်၏။ ထို့ကြောင့်"ပညာကြီးမှူးသော သမာဓိ, သမ္မပ္ပဓာန်ကိစ္စတပ်သော ဝီရိယနှင့် ပြည့်စုံ၏”ဟု ဆိုအပ်၏။
၄၄၃။ “တန်ခိုး”ဟူသည် ထိုတရားတို့၏ ပြည့်စုံခြင်းတည်း၊ ကောင်းစွာ ပြည့်စုံခြင်းတည်း၊ ပြည့်စုံသောအခြင်းအရာတည်း၊ ကောင်းစွာ ပြည့်စုံသော အခြင်းအရာတည်း၊ ရခြင်းတည်း၊ အထပ်ထပ်ရခြင်းတည်း၊ ရောက်လာခြင်းတည်း၊ ကောင်းစွာ ရောက်လာခြင်းတည်း၊ ပေါင်းဆုံရခြင်းတည်း၊ မျက်မှောက် ပြုရခြင်းတည်း၊ လက်ရှိပြည့်စုံခြင်းတည်း။ “တန်ခိုးကြီးကြောင်းတရား”ဟူသည် ထိုပညာဓိပတိတပ်သော ပုဂ္ဂိုလ်၏ ခံစားမှု အစု ‘ဝေဒနာက္ခန္ဓာ'မှတ်သားမှု အစု။ပ။ သိမှု အစု ‘ဝိညာဏက္ခန္ဓာ'တည်း။ “တန်ခိုးကြီးကြောင်းတရားကို ပွါးများ၏”ဟူသည် ထိုပညာစသော တရားတို့ကို မှီဝဲ၏၊ အားထုတ်၏၊ အကြိမ်များစွာ ပြု၏။ ထို့ကြောင့် “တန်ခိုးကြီးကြောင်းတရားကို ပွါးများ၏”ဟု ဆိုအပ်၏။
သုတ္တန်နည်းဖြင့် ဝေဖန်၍ ဟောကြားသော သုတ္တန္တဘာဇနီယနည်းပြီး၏။
--
၂-အဘိဓမ္မဘာဇနီယနည်း
(အဘိဓမ္မာနည်းဖြင့် ဝေဖန်၍ဟောကြားသောနည်း)
ဣဒ္ဓိပါဒ်လေးပါးအကျဉ်း
(တန်ခိုးကြီးကြောင်းတရားလေးပါး)
၄၄၄။ တန်ခိုးကြီးကြောင်းတရားလေးပါးတို့ကား- (၁) ဤသာသနာတော်၌ ရဟန်းသည် ဆန္ဒကြီးမှူးသော သမာဓိ, သမ္မပ္ပဓာန်ကိစ္စတပ်သော ဝီရိယနှင့်ပြည့်စုံသော တန်ခိုးကြီးကြောင်း ဣဒ္ဓိပါဒ်ကို ပွါးများ၏။
(၂) ဝီရိယကြီးမှူးသော သမာဓိ, သမ္မပ္ပဓာန်ကိစ္စတပ်သော ဝီရိယနှင့် ပြည့်စုံသော တန်ခိုးကြီးကြောင်းဣဒ္ဓိပါဒ်ကို ပွါးများ၏။
(၃) စိတ်ကြီးမှူးသော သမာဓိ, သမ္မပ္ပဓာန်ကိစ္စတပ်သော ဝီရိယနှင့်ပြည့်စုံသော တန်ခိုးကြီးကြောင်းဣဒ္ဓိပါဒ်ကို ပွါးများ၏။
(၄) ပညာကြီးမှူးသော သမာဓိ, သမ္မပ္ပဓာန်ကိစ္စတပ်သော ဝီရိယနှင့်ပြည့်စုံသော တန်ခိုးကြီးကြောင်းဣဒ္ဓိပါဒ်ကို ပွါးများ၏။
--
ဣဒ္ဓိပါဒ်လေးပါးအကျယ်
(၁) ဆန္ဒိဒ္ဓိပါဒ်
၄၄၅။ အဘယ်သို့လျှင် ရဟန်းသည် ဆန္ဒကြီးမှူးသော သမာဓိ, သမ္မပ္ပဓာန်ကိစ္စတပ်သော ဝီရိယနှင့်ပြည့်စုံသော တန်ခိုးကြီးကြောင်း ‘ဣဒ္ဓိပါဒ်'ကို ပွါးများသနည်း။
ဤသာသနာတော်၌ ရဟန်းသည် အကြင်အခါ၌ မိစ္ဆာအယူတို့ကို ပယ်ရန် ပဌမဘုံ (သောတာပန်အဆင့်) သို့ ရောက်ရန် ဝဋ်ဆင်းရဲမှ ထွက်မြောက်တတ်သော၊ နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်သောလောကုတ္တရာဈာန်ကို ပွါးများအားထုတ်၏၊ ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ ဆင်းရဲသော အကျင့်ရှိသော, နုံ့နှေးသော အသိဉာဏ် ရှိသော ပဌမဈာန်ကို ပြည့်စုံစေ၍ နေ၏။ ထိုအခါ ဆန္ဒကြီးမှူးသောသမာဓိ, သမ္မပ္ပဓာန်ကိစ္စတပ်သော ဝီရိယနှင့် ပြည့်စုံသော တန်ခိုးကြီးကြောင်း ‘ဣဒ္ဓိပါဒ်'ကို ပွါးများ၏။
၄၄၆။ ထိုတရားတို့တွင် အဘယ်သည် ဆန္ဒ မည်သနည်း။
အကြင် လိုလားမှု ‘ဆန္ဒ’၊ လိုလားသည်၏ အဖြစ် ‘ဆန္ဒိကတာ’ ပြုလိုသည်၏ အဖြစ် ‘ကတ္တုကမျတာ'ကုသိုလ်တရားတို့ကို လိုလားမှု ‘ကုသလဓမ္မစ္ဆန္ဒ’ သည် ရှိ၏။ ဤသဘောကို ဆန္ဒဟု ဆိုအပ်၏။
ထိုတရားတို့တွင် အဘယ်သည် တည်ကြည်မှု ‘သမာဓိ’ မည်သနည်း။
အကြင်စိတ်၏ (အာရုံ၌) တည်နေမှု ‘ဌိတိ’၊ ကောင်းစွာတည်နေမှု ‘သဏ္ဍိတိ’။ပ။ မဖောက်မပြန်ကောင်းစွာ တည်ကြည်မှု ‘သမ္မာသမာဓိ’၊ မဂ်၏ အင်္ဂါဖြစ်သော၊ မဂ်၌ အကျုံးဝင်သော၊ သစ္စာလေးပါးကိုသိကြောင်းဖြစ်သော တည်ကြည်မှု ‘သမာဓိသမ္ဗောဇ္ဈင်'သည် ရှိ၏၊ ဤသဘောကို သမာဓိဟု ဆိုအပ်၏။
ထိုတရားတို့တွင် အဘယ်သည် သမ္မပ္ပဓာန်ကိစ္စတပ်သော ဝီရိယ မည်သနည်း။
အကြင် စိတ်၌ ဖြစ်သောအားထုတ်မှု ‘ဝီရိယာရမ္ဘ’။ပ။ ကောင်းစွာအားထုတ်မှု သမ္မာဝါယာမ’၊ မဂ်၏အင်္ဂါဖြစ်သော၊ မဂ်၌ အကျုံးဝင်သော၊ သစ္စာလေးပါးကို သိကြောင်းဖြစ်သောအားထုတ်မှု ‘ဝီရိယသမ္ဗောဇ္ဈင်’ သည် ရှိ၏။ ဤသဘောကို သမ္မပ္ပဓာန်ကိစ္စတပ်သော ဝီရိယဟု ဆိုအပ်၏။ ဤသို့ ဤဆန္ဒနှင့်လည်းကောင်း၊ ဤသမာဓိနှင့်လည်းကောင်း၊ ဤဝီရိယနှင့်လည်းကောင်း ပြည့်စုံ၏။ ၊ ကောင်းစွာ ပြည့်စုံ၏။ပ။ ပြည့်စုံခြင်းသို့ ရောက်၏။ ထို့ကြောင့် “ဆန္ဒကြီးမှူးသော သမာဓိ, သမ္မပ္ပဓာန်ကိစ္စတပ်သော ဝီရိယနှင့်ပြည့်စုံ၏”ဟု ဆိုအပ်၏။
၄၄၇။ “တန်ခိုး”ဟူသည် ထိုတရားတို့၏ ပြည့်စုံခြင်းတည်း၊ ကောင်းစွာ ပြည့်စုံခြင်းတည်း၊ ပြည့်စုံသော အခြင်းအရာတည်း၊ ကောင်းစွာ ပြည့်စုံသောအခြင်းအရာတည်း၊ ရခြင်းတည်း၊ အထပ်ထပ်ရခြင်း တည်း၊ ရောက်လာခြင်းတည်း၊ ကောင်းစွာ ရောက်လာခြင်းတည်း၊ ပေါင်းဆုံရခြင်းတည်း၊ မျက်မှောက်ပြုရခြင်းတည်း၊ လက်ရှိပြည့်စုံခြင်းတည်း။ “တန်ခိုးကြီးကြောင်းတရား”ဟူသည် ထိုအခြင်းအရာအားဖြင့် ဖြစ်သော တရား၏ တွေ့ထိမှု ‘ဖဿ’။ပ။ မြောက်ပင့်မှု ‘ပဂ္ဂဟ’၊ မပျံ့လွင့်မှု ‘အဝိက္ခေပ’ တည်း။ “တန်ခိုးကြီးသော တရားကို ပွါးများ၏”ဟူသည် ထိုဆန္ဒစသော တရားတို့ကို မှီဝဲ၏၊ အားထုတ်၏၊ အကြိမ်များစွာ ပြု၏၊ ထို့ကြောင့် “တန်ခိုးကြီးကြောင်းတရားကို ပွါးများ၏”ဟု ဆိုအပ်၏။
--
(၂) ဝီရိယိဒ္ဓိပါဒ်
၄၄၈။ အဘယ်လျှင် ရဟန်းသည် ဝီရိယကြီးမှူးသော သမာဓိ, သမ္မပ္ပဓာန်ကိစ္စတပ်သော ဝီရိယနှင့်ပြည့်စုံသော တန်ခိုးကြီးကြောင်း ‘ဣဒ္ဓိပါဒ်'ကို ပွါးများသနည်း။
ဤသာသနာတော်၌ ရဟန်းသည် အကြင်အခါ၌ မိစ္ဆာအယူတို့ကို ပယ်ရန် ပဌမဘုံ (သောတာပန်အဆင့်) သို့ ရောက်ရန် ဝဋ်ဆင်းရဲမှ ထွက်မြောက်တတ်သော နိဗ္ဗာန်သို့ ရောက်ကြောင်း ဖြစ်သောလောကုတ္တရာဈာန်ကို ပွါးများအားထုတ်၏၊ ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ ဆင်းရဲသော အကျင့်ရှိသော, နုံ့နှေးသော အသိဉာဏ်ရှိသော ပဌမဈာန်ကို ပြည့်စုံစေ၍ နေ၏။ ထိုအခါ ဝီရိယကြီးမှူးသောသမာဓိ, သမ္မပ္ပဓာန်ကိစ္စတပ်သော ဝီရိယနှင့် ပြည့်စုံသော တန်ခိုးကြီးကြောင်း ‘ဣဒ္ဓိပါဒ်'ကို ပွါးများ၏။
၄၄၉။ ထိုတရားတို့တွင် အဘယ်သည် အားထုတ်မှု ‘ဝီရိယ’ မည်သနည်း။
အကြင် စိတ်၌ ဖြစ်သောအားထုတ်မှု ‘ဝီရိယာရမ္ဘ’။ပ။ ကောင်းစွာအားထုတ်မှု ‘သမ္မာဝါယာမ’၊ မဂ်၏အင်္ဂါဖြစ်သော၊ မဂ်၌ အကျုံးဝင်သော၊ သစ္စာလေးပါးကို သိကြောင်းဖြစ်သောအားထုတ်မှု ‘ဝီရိယသမ္ဗောဇ္ဈင်’ သည် ရှိ၏။ ဤသဘောကို အားထုတ်မှု ‘ဝီရိယ’ဟု ဆိုအပ်၏။
ထိုတရားတို့တွင် အဘယ်သည် တည်ကြည်မှု ‘သမာဓိ’ မည်သနည်း။
အကြင်စိတ်၏ (အာရုံ၌) တည်နေမှု ‘ဌိတိ’၊ ကောင်းစွာတည်နေမှု ‘သဏ္ဍိတိ’။ပ။ မဖောက်မပြန်ကောင်းစွာ တည်ကြည်မှု ‘သမ္မာသမာဓိ’၊ မဂ်၏ အင်္ဂါဖြစ်သော၊ မဂ်၌ အကျုံးဝင်သော၊ သစ္စာလေးပါးကိုသိကြောင်းဖြစ်သော တည်ကြည်မှု ‘သမာဓိသမ္ဗောဇ္ဈင်’ သည် ရှိ၏၊ ဤသဘောကို တည်ကြည်မှု ‘သမာဓိ’ဟု ဆိုအပ်၏။
ထိုတရားတို့တွင် အဘယ်သည် သမ္မပ္ပဓာန်ကိစ္စတပ်သော ဝီရိယ မည်သနည်း။
အကြင်စိတ်၌ ဖြစ်သောအားထုတ်မှု ‘ဝီရိယာရမ္ဘ’။ပ။ ကောင်းစွာအားထုတ်မှု ‘သမ္မာဝါယာမ’၊ မဂ်၏အင်္ဂါဖြစ်သော၊ မဂ်၌ အကျုံးဝင်သော၊ သစ္စာလေးပါးကို သိကြောင်းဖြစ်သောအားထုတ်မှု ‘ဝီရိယသမ္ဗောဇ္ဈင်’ သည် ရှိ၏။ ဤသဘောကို သမ္မပ္ပဓာန်ကိစ္စတပ်သော ဝီရိယဟု ဆိုအပ်၏။ ဤသို့ဤဝီရိယနှင့်လည်းကောင်း၊ ဤသမာဓိနှင့်လည်းကောင်း၊ ဤသမ္မပ္ပဓာန်ကိစ္စတပ်သော ဝီရိယနှင့်လည်းကောင်း ပြည့်စုံ၏။ပ။ ပြည့်စုံခြင်းသို့ ရောက်၏။ ထို့ကြောင့် “ဝီရိယကြီးမှူးသော သမာဓိ, သမ္မပ္ပဓာန်ကိစ္စ တပ်သော ဝီရိယနှင့် ပြည့်စုံ၏”ဟု ဆိုအပ်၏။
၄၅၀။ “တန်ခိုး”ဟူသည် ထိုတရားတို့၏ ပြည့်စုံခြင်းတည်း၊ ကောင်းစွာ ပြည့်စုံခြင်းတည်း၊ ပြည့်စုံသောအခြင်းအရာတည်း၊ ကောင်းစွာ ပြည့်စုံသော အခြင်းအရာတည်း၊ ရခြင်းတည်း၊ အထပ်ထပ်ရခြင်းတည်း၊ ရောက်လာခြင်းတည်း၊ ကောင်းစွာ ရောက်လာခြင်းတည်း၊ ပေါင်းဆုံရခြင်းတည်း၊ မျက်မှောက် ပြုရခြင်းတည်း၊ လက်ရှိပြည့်စုံခြင်းတည်း။ ‘တန်ခိုးကြီးကြောင်းတရား’ဟူသည် ထိုအခြင်းအရာအားဖြင့် ဖြစ်သောတရား၏ တွေ့ထိမှု ‘ဖဿ’။ပ။
မြှောက်ပင့်မှု ‘ပဂ္ဂဟ’၊ မပျံ့လွင့်မှု ‘အဝိက္ခေပ'တည်း။ “တန်ခိုးကြီးကြောင်းတရားကို ပွါးများ၏”ဟူသည် ထိုဝီရိယစသော တရားတို့ကို မှီဝဲ၏၊ အားထုတ်၏၊ အကြိမ်များစွာ ပြု၏၊ ထို့ကြောင့် “တန်ခိုးကြီးကြောင်းတရားကို ပွါးများ၏”ဟု ဆိုအပ်၏။
--
(၃) စိတ္တိဒ္ဓိပါဒ်
၄၅၁။ အဘယ်သို့လျှင် ရဟန်းသည် စိတ်ကြီးမှူးသော သမာဓိ, သမ္မပ္ပဓာန်ကိစ္စတပ်သော ဝီရိယနှင့်ပြည့်စုံသော တန်ခိုးကြီးကြောင်း ‘ဣဒ္ဓိပါဒ်'ကို ပွါးများသနည်း။
ဤသာသနာတော်၌ ရဟန်းသည် အကြင်အခါ၌ မိစ္ဆာအယူတို့ကို ပယ်ရန် ပဌမဘုံ (သောတာပန်အဆင့်) သို့ ရောက်ရန် ဝဋ်ဆင်းရဲမှ ထွက်မြောက်တတ်သော နိဗ္ဗာန်သို့ ရောက်ကြောင်း ဖြစ်သော လောကုတ္တရာဈာန်ကို ပွါးများအားထုတ်၏၊ ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ ဆင်းရဲသော အကျင့်ရှိသော, နုံ့နှေးသော အသိဉာဏ် ရှိသော ပဌမဈာန်ကို ပြည့်စုံစေ၍ နေ၏။ ထိုအခါ စိတ်ကြီးမှူးသောသမာဓိ, သမ္မပ္ပဓာန်ကိစ္စတပ်သော ဝီရိယနှင့် ပြည့်စုံသော တန်ခိုးကြီးကြောင်း ‘ဣဒ္ဓိပါဒ်'ကို ပွါးများ၏။
၄၅၂။ ထိုတွင် အဘယ်သည် စိတ် မည်သနည်း။
အကြင် ဆန်းကြယ်မှု ‘စိတ္တ’၊ သိခြင်းသဘော ‘မန’၊ သိမှု သဘော ‘မာနသ’။ပ။ ထိုစိတ်အားလျော်သော အထူးသိမှု သဘော ‘တဇ္ဇာမနောဝိညာဏဓာတ်’ သည် ရှိ၏။ ဤသဘောကို စိတ်ဟု ဆိုအပ်၏။
ထိုတွင် အဘယ်သည် တည်ကြည်မှု ‘သမာဓိ’ မည်သနည်း။
အကြင် စိတ်၏ (အာရုံ၌) တည်နေမှု ‘ဌိတိ’၊ ကောင်းစွာတည်နေမှု ‘သဏ္ဍိတိ’။ပ။ မဖောက်မပြန်ကောင်းစွာ တည်ကြည်မှု ‘သမ္မာသမာဓိ’၊ မဂ်၏ အင်္ဂါဖြစ်သော၊ မဂ်၌ အကျုံးဝင်သော၊ သစ္စာလေးပါးကိုသိကြောင်းဖြစ်သော တည်ကြည်မှု ‘သမာဓိသမ္ဗောဇ္ဈင်'သည် ရှိ၏၊ ဤသဘောကိုတည်ကြည်မှု ‘သမာဓိ’ဟု ဆိုအပ်၏။
ထို့တွင် အဘယ်သည် သမ္မပ္ပဓာန်ကိစ္စတပ်သော ဝီရိယ မည်သနည်း။
အကြင်စိတ်၌ ဖြစ်သောအားထုတ်မှု ‘ဝီရိယာရမ္ဘ’။ပ။ ကောင်းစွာအားထုတ်မှု ‘သမ္မာဝါယာမ’၊ မဂ်၏အင်္ဂါဖြစ်သော၊ မဂ်၌ အကျုံးဝင်သော၊ သစ္စာလေးပါးကို သိကြောင်းဖြစ်သောအားထုတ်မှု ‘ဝီရိယသမ္ဗောဇ္ဈင်’ သည် ရှိ၏။ ဤသဘောကို သမ္မပ္ပဓာန်ကိစ္စတပ်သော ဝီရိယဟု ဆိုအပ်၏။ ဤသို့ ဤစိတ်နှင့်လည်းကောင်း၊ ဤသမာဓိနှင့်လည်းကောင်း၊ ဤဝီရိယနှင့်လည်းကောင်း ပြည့်စုံ၏။ပ။ ပြည့်စုံခြင်းသို့ရောက်၏။ ထို့ကြောင့် “စိတ်ကြီးမှူးသော သမာဓိ, သမ္မပ္ပဓာန်ကိစ္စတပ်သော ဝီရိယနှင့် ပြည့်စုံ၏” ဟုဆိုအပ်၏။
၄၅၃။ “တန်ခိုး”ဟူသည် ထိုတရားတို့၏ ပြည့်စုံခြင်းတည်း၊ ကောင်းစွာ ပြည့်စုံခြင်းတည်း၊ ပြည့်စုံသော အခြင်းအရာတည်း၊ ကောင်းစွာ ပြည့်စုံသော အခြင်းအရာတည်း၊ ရခြင်းတည်း၊ အထပ်ထပ်ရခြင်း တည်း၊ ရောက်လာခြင်းတည်း၊ ကောင်းစွာ ရောက်လာခြင်းတည်း၊ ပေါင်းဆုံရခြင်းတည်း၊ မျက်မှောက်ပြုရခြင်းတည်း၊ လက်ရှိပြည့်စုံခြင်းတည်း။ “တန်ခိုးကြီးကြောင်းတရား”ဟူသည် ထိုအခြင်းအရာအားဖြင့် ဖြစ်သောတရား၏ တွေ့ထိမှု ‘ဖဿ’။ပ။ မြှောက်ပင့်မှု ‘ပဂ္ဂဟ’၊ မပျံ့လွင့်မှု ‘အဝိက္ခေပ’ တည်း။ “တန်ခိုးကြီးကြောင်း တရားကို ပွါးများ၏”ဟူသည် ထိုတရားတို့ကို မှီဝဲ၏၊ အားထုတ်၏၊ အကြိမ်များစွာ ပြု၏၊ ထို့ကြောင့် “တန်ခိုးကြီးကြောင်းတရားကို ပွါးများ၏”ဟု ဆိုအပ်၏။
--
(၄) ဝီမံသိဒ္ဓိပါဒ်
၄၅၄။ အဘယ်သို့လျှင် ရဟန်းသည် ပညာကြီးမှူးသောသမာဓိ, သမ္မပ္ပဓာန်ကိစ္စတပ်သော ဝီရိယနှင့်ပြည့်စုံသော တန်ခိုးကြီးကြောင်း ‘ဣဒ္ဓိပါဒ်'ကို ပွါးများသနည်း။
ဤသာသနာတော်၌ ရဟန်းသည် အကြင်အခါ၌ မိစ္ဆာအယူတို့ကို ပယ်ရန်၊ ပဌမဘုံ (သောတာပန်အဆင့်) သို့ ရောက်ရန် ဝဋ်ဆင်းရဲမှ ထွက်မြောက်တတ်သော နိဗ္ဗာန်သို့ ရောက်ကြောင်း ဖြစ်သောလောကုတ္တရာဈာန်ကို ပွါးများအားထုတ်၏၊ ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ ဆင်းရဲသော အကျင့်ရှိသော, နုံ့နှေးသော အသိဉာဏ် ရှိသော ပဌမဈာန်ကို ပြည့်စုံစေ၍ နေ၏။ ထိုအခါ ပညာကြီးမှူးသောသမာဓိ, သမ္မပ္ပဓာန်ကိစ္စတပ်သော ဝီရိယနှင့် ပြည့်စုံသော တန်ခိုးကြီးကြောင်း ‘ဣဒ္ဓိပါဒ်’ ကို ပွါးများ၏။
၄၅၅။ ထိုတွင် အဘယ်သည် စူးစမ်းဆင်ခြင်မှု ‘ပညာ’ မည်သနည်း။
အကြင် အပြားအားဖြင့် သိမှု ‘ပညာ’၊ အပြားအားဖြင့် သိသော အခြင်းအရာ ‘ပဇာနနာ’။ပ။
မတွေဝေမှု ‘အမောဟ’၊ တရားတို့ကို စိစစ်မှု ‘ဓမ္မဝိစယ’၊ ကောင်းစွာ သိမြင်မှု ‘သမ္မာဒိဋ္ဌိ’၊ မဂ်၏အင်္ဂါဖြစ်သော၊ မဂ်၌ အကျုံးဝင်သော၊ သစ္စာလေးပါးကို သိကြောင်းဖြစ်သော ပညာဟူသော ‘ဓမ္မဝိစယ့သမ္ဗောဇ္ဈင်'သည် ရှိ၏၊ ဤသဘောကို စူးစမ်းဆင်ခြင်မှု ‘ပညာ’ဟု ဆိုအပ်၏။
ထိုတွင် အဘယ်သည် သမာဓိ မည်သနည်း။
အကြင်စိတ်၏ (အာရုံ၌) တည်နေမှု ‘ဌိတိ’၊ ကောင်းစွာတည်နေမှု ‘သဏ္ဍိတိ’။ပ။ မဖောက်မပြန်ကောင်းစွာ တည်ကြည်မှု ‘သမ္မာသမာဓိ’၊ မဂ်၏အင်္ဂါဖြစ်သော၊ မဂ်၌ အကျုံးဝင်သော၊ သစ္စာလေးပါးကိုသိကြောင်းဖြစ်သော တည်ကြည်မှု ‘သမာဓိသမ္ဗောဇ္ဈင်'သည် ရှိ၏၊ ဤသဘောကိုတည်ကြည်မှု ‘သမာဓိ’ဟု ဆိုအပ်၏။
ထိုတွင် အဘယ်သည် သမ္မပ္ပဓာန်ကိစ္စတပ်သော ဝီရိယ မည်သနည်း။
အကြင်စိတ်၌ ဖြစ်သောအားထုတ်မှု ‘ဝီရိယာရမ္ဘ’။ပ။ ကောင်းစွာအားထုတ်မှု ‘သမ္မာဝါယာမ’၊ မဂ်၏အင်္ဂါဖြစ်သော၊ မဂ်၌ အကျုံးဝင်သော၊ သစ္စာလေးပါးကို သိကြောင်းဖြစ်သောအားထုတ်မှု ‘ဝီရိယသမ္ဗောဇ္ဈင်'သည် ရှိ၏။ ဤသဘောကို သမ္မပ္ပဓာန်ကိစ္စတပ်သော ဝီရိယဟု ဆိုအပ်၏။ ဤသို့ဤပညာနှင့် လည်းကောင်း၊ ဤသမာဓိနှင့်လည်းကောင်း၊ ဤဝီရိယနှင့်လည်းကောင်း ပြည့်စုံ၏။ ကောင်းစွာ ပြည့်စုံ၏၊ ပြည့်စုံခြင်းသို့ရောက်၏၊ ထို့ကြောင့် “ပညာကြီးမှူးသော သမာဓိ, သမ္မပ္ပဓာန်ကိစ္စတပ်သော ဝီရိယနှင့် ပြည့်စုံ၏”ဟု ဆိုအပ်၏။
၄၅၆။ “တန်ခိုး”ဟူသည် ထိုတရားတို့၏ ပြည့်စုံခြင်းတည်း၊ ကောင်းစွာ ပြည့်စုံခြင်းတည်း၊ ပြည့်စုံသော အခြင်းအရာတည်း၊ ကောင်းစွာ ပြည့်စုံသော အခြင်းအရာတည်း၊ ရခြင်းတည်း၊ အထပ်ထပ်ရခြင်း တည်း၊ ရောက်လာခြင်းတည်း၊ ကောင်းစွာ ရောက်လာခြင်းတည်း၊ ပေါင်းဆုံရခြင်းတည်း၊ မျက်မှောက်ပြုရခြင်းတည်း၊ လက်ရှိပြည့်စုံခြင်းတည်း။ “တန်ခိုးကြီးကြောင်းတရား”ဟူသည် ထိုအခြင်းအရာအားဖြင့် ဖြစ်သောတရား၏ တွေ့ထိမှု ‘ဖဿ’။ပ။ မြှောက်ပင့်မှု ‘ပဂ္ဂဟ’၊ မပျံ့လွင့်မှု ‘အဝိက္ခေပ'တည်း။ “တန်ခိုးကြီးကြောင်း တရားကို ပွါးများ၏”ဟူသည် ထိုပညာစသော တရားတို့ကို မှီဝဲ၏၊ အားထုတ်၏၊ အကြိမ်များစွာ ပြု၏။ ထို့ကြောင့် “တန်ခိုးကြီးကြောင်းတရားကို ပွါးများ၏”ဟုဆိုအပ်၏။
--
တစ်နည်း ဣဒ္ဓိပါဒ်လေးပါး
၄၅၇။ တန်ခိုးကြီးကြောင်းတရားလေးပါးတို့ကား-ဆန္ဒကြီးမှူးသော ဣဒ္ဓိပါဒ်၊ ဝီရိယကြီးမှူးသော ဣဒ္ဓိပါဒ်၊ စိတ်ကြီးမှူးသော ဣဒ္ဓိပါဒ်၊ ပညာကြီးမှူးသောဣဒ္ဓိပါဒ်တို့တည်း။
(၁) ဆန္ဒိဒ္ဓိပါဒ်
၄၅၈။ ထိုတွင် အဘယ်သည် ဆန္ဒကြီးမှူးသော ဣဒ္ဓိပါဒ် မည်သနည်း။
ဤသာသနာတော်၌ ရဟန်းသည် အကြင်အခါ၌ မိစ္ဆာအယူတို့ကို ပယ်ရန်၊ ပဌမဘုံ (သောတာပန်အဆင့်) သို့ ရောက်ရန် ဝဋ်ဆင်းရဲမှ ထွက်မြောက်တတ်သော နိဗ္ဗာန်သို့ ရောက်ကြောင်း ဖြစ်သောလောကုတ္တရာဈာန်ကို ပွါးများ အားထုတ်၏၊ ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ ဆင်းရဲသော အကျင့်ရှိသော, နုံ့နှေးသော အသိဉာဏ်ရှိသော ပဌမဈာန်ကို ပြည့်စုံစေ၍ နေ၏။ ထိုအခါ အကြင် လိုလားမှု ‘ဆန္ဒ’၊ လိုလားသည်၏အဖြစ် ‘ဆန္ဒိကတာ’၊ ပြုလိုသည်၏ အဖြစ် ‘ကတ္တုကမျတာ’၊ ကုသိုလ်တရားတို့ကိုလိုလားမှု ‘ကုသလဓမ္မစ္ဆန္ဒ'သည် ရှိ၏။ ဤသဘောကို ဆန္ဒကြီးမှူးသော ဣဒ္ဓိပါဒ်ဟု ဆိုအပ်၏။
ဆန္ဒမှကြွင်းသော တရားတို့သည် ဆန္ဒိဒ္ဓိပါဒ်နှင့်ယှဉ်သော တရားတို့ မည်ကုန်၏။
(၂) ဝီရိယိဒ္ဓိပါဒ်
၄၅၉။ ထိုတွင် အဘယ်သည် ဝီရိယကြီးမှူးသော ဣဒ္ဓိပါဒ် မည်သနည်း။
ဤသာသနာတော်၌ ရဟန်းသည် အကြင်အခါ၌ မိစ္ဆာအယူတို့ကို ပယ်ရန်၊ ပဌမဘုံ (သောတာပန်အဆင့်) သို့ ရောက်ရန် ဝဋ်ဆင်းရဲမှ ထွက်မြောက်တတ်သော နိဗ္ဗာန်သို့ ရောက်ကြောင်း ဖြစ်သော လောကုတ္တရာဈာန်ကို ပွါးများအားထုတ်၏၊ ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ ဆင်းရဲသော အကျင့်ရှိသော, နုံ့နှေးသော အသိဉာဏ် ရှိသော ပဌမဈာန်ကို ပြည့်စုံစေ၍ နေ၏။ ထိုအခါ အကြင်စိတ်၌ ဖြစ်သောအားထုတ်မှု ‘ဝီရိယာရမ္ဘ’။ပ။ ကောင်းစွာ အားထုတ်မှု သမ္မာဝါယာမ’၊ မဂ်၏အင်္ဂါဖြစ်သော၊ မဂ်၌ အကျုံးဝင်သော၊ သစ္စာလေးပါးကို သိကြောင်းဖြစ်သောအားထုတ်မှု ‘ဝီရိယသမ္ဗောဇ္ဈင်'သည် ရှိ၏။ ဤသဘောကို ဝီရိယကြီးမှူးသော ဣဒ္ဓိပါဒ်ဟု ဆိုအပ်၏။
ဝီရိယမှကြွင်းသော တရားတို့သည် အားထုတ်မှုဟူသော ဝီရိယိဒ္ဓိပါဒ်နှင့်ယှဉ်သော တရားတို့ မည်ကုန်၏။
(၃) စိတ္တိဒ္ဓိပါဒ်
၄၆၀။ ထိုတွင် အဘယ်သည် စိတ်ကြီးမှူးသော ဣဒ္ဓိပါဒ် မည်သနည်း။
ဤသာသနာတော်၌ ရဟန်းသည် အကြင်အခါ၌ မိစ္ဆာအယူတို့ကို ပယ်ရန်၊ ပဌမဘုံ (သောတာပန်အဆင့်) သို့ ရောက်ရန် ဝဋ်ဆင်းရဲမှ ထွက်မြောက်တတ်သော၊ နိဗ္ဗာန်သို့ရောက်ကြောင်းဖြစ်သောလောကုတ္တရာဈာန်ကို ပွါးများ အားထုတ်၏၊ ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ ဆင်းရဲသော အကျင့်ရှိသော နုံ့နှေးသော, အသိဉာဏ်ရှိသော ပဌမဈာန်ကို ပြည့်စုံစေ၍ နေ၏။ ထိုအခါ အကြင်ဆန်းကြယ်မှု ‘စိတ္တ’၊ သိခြင်းသဘော ‘မန’၊ သိမှု သဘော ‘မာနသ’။ပ။ ထိုစိတ်အားလျော်သော အထူးသိမှု သဘော ‘တဇ္ဇာမနောဝိညာဏဓာတ်’ သည် ရှိ၏။ ဤသဘောကို စိတ်ကြီးမှူးသော ဣဒ္ဓိပါဒ်ဟု ဆိုအပ်၏။
စိတ်မှကြွင်းသော တရားတို့သည် စိတ္တိဒ္ဓိပါဒ်နှင့်ယှဉ်သော တရားတို့ မည်ကုန်၏။
--
(၄) ဝီမံသိဒ္ဓိပါဒ်
၄၆၁။ အဘယ်သည် ပညာကြီးမှူးသော ဣဒ္ဓိပါဒ် မည်သနည်း။
ဤသာသနာတော်၌ ရဟန်းသည် အကြင်အခါ၌ မိစ္ဆာအယူတို့ကို ပယ်ရန်၊ ပဌမဘုံ (သောတာပန်အဆင့်) သို့ ရောက်ရန် ဝဋ်ဆင်းရဲမှ ထွက်မြောက်တတ်သော၊ နိဗ္ဗာန်သို့ရောက်ကြောင်းဖြစ်သောလောကုတ္တရာဈာန်ကို ပွါးများ အားထုတ်၏၊ ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ ဆင်းရဲသော အကျင့်ရှိသော, နုံ့နှေးသော အသိဉာဏ်ရှိသော ပဌမဈာန်ကို ပြည့်စုံစေ၍ နေ၏။ ထိုအခါ၌ အကြင်အပြားအားဖြင့် သိမှု ‘ပညာ’၊ သိသော အခြင်းအရာ ‘ပဇာနနာ’။ပ။ မတွေဝေမှု ‘အမောဟ’၊ တရားတို့ကိုစိစစ်မှု ‘ဓမ္မဝိစယ’၊ ကောင်းစွာ သိမြင်မှု ‘သမ္မာဒိဋ္ဌိ’၊ မဂ်၏ အင်္ဂါဖြစ်သော၊ မဂ်၌ အကျုံးဝင်သော၊ သစ္စာလေးပါးကို သိကြောင်းဖြစ်သော တရားတို့ကို စိစစ်မှု ‘ဓမ္မဝိစယသမ္ဗောဇ္ဈင်'သည် ရှိ၏။ ဤသဘောကိုပညာကြီးမှူးသော ဣဒ္ဓိပါဒ်ဟု ဆိုအပ်၏။
ပညာမှကြွင်းသော တရားတို့သည် ဝီမံသိဒ္ဓိပါဒ်နှင့်ယှဉ်သော တရားတို့ မည်ကုန်၏။
အဘိဓမ္မာနည်းဖြင့် ဝေဖန်ဟောကြားသော အဘိဓမ္မဘာဇနီယနည်းပြီး၏။
--
၃-ပဥှာပုစ္ဆကနည်း
(အမေးအဖြေပြု၍ ဟောကြားသောနည်း)
ဣဒ္ဓိပါဒ်လေးပါး
၄၆၂။ တန်ခိုးကြီးကြောင်းတရား ‘ဣဒ္ဓိပါဒ်’ လေးပါးတို့ကား-ဤသာသနာတော်၌ ရဟန်းသည် ဆန္ဒကြီးမှူးသော သမာဓိ, သမ္မပ္ပဓာန်ကိစ္စတပ်သော ဝီရိယနှင့်ပြည့်စုံသော တန်ခိုးကြီးကြောင်း ‘ဣဒ္ဓိပါဒ်'ကို ပွါးများ၏။ ဝီရိယကြီးမှူးသော သမာဓိ။ပ။
စိတ်ကြီးမှူးသော သမာဓိ။ပ။ ပညာကြီးမှူးသော သမာဓိ, သမ္မပ္ပဓာန်ကိစ္စတပ်သော ဝီရိယနှင့်ပြည့်စုံသော တန်ခိုးကြီးကြောင်း ‘ဣဒ္ဓိပါဒ်'ကို ပွါးများ၏။
အမေးပုစ္ဆာ
ဣဒ္ဓိပါဒ်လေးပါးတို့ကို တိက်, ဒုက်တို့ဖြင့် ဝေဖန်၍ အမေးပုစ္ဆာနည်းသက်သက်ကို ပြခြင်း
တိက်-၂၂-ပါးတို့ဖြင့် ဝေဖန်၍အမေးပုစ္ဆာကို ပြခြင်း
(၁) ကုသလတိက်အမေးပုစ္ဆာ
၄၆၃။ ဣဒ္ဓိပါဒ်လေးပါးတို့တွင် ကုသိုလ်တရားတို့သည် အဘယ်မျှတို့နည်း။ အကုသိုလ်တရားတို့သည် အဘယ်မျှတို့နည်း။ အဗျာကတတရားတို့သည် အဘယ်မျှတို့နည်း။ပ။
(၁၀၀) သရဏဒုက်အမေးပုစ္ဆာ
ကိလေသာနှင့် တကွဖြစ်သော တရားတို့သည် အဘယ်မျှရှိကုန်သနည်း။ ကိလေသာနှင့် တကွမဖြစ်သော တရားတို့သည် အဘယ်မျှရှိကုန်သနည်း။
မှတ်ချက်။ ။ ဝေဒနာတိက်မှစ၍ သနိဒဿနတိက်အထိ ၂၁-တိက်နှင့် ဟေတုဒုက်မှ သဥတ္တရဒုက်အထိ ၉၉-ဒုက်တို့ကို ပေယျာလဖော်၍ ဟောပါ။
--
အဖြေဝိသဇ္ဇနာ
ဣဒ္ဓိပါဒ်လေးပါးတို့ကို တိက်, ဒုက်တို့ဖြင့် ဝေဖန်၍ အဖြေဝိသဇ္ဇနာကိုပြခြင်း
တိကဝိသဇ္ဇနာ
တိက် ၂၂-ပါးတို့ဖြင့် ဝေဖန်၍ အဖြေဝိသဇ္ဇနာကို ပြခြင်း
(၁) ကုသလတိက်အဖြေ
၄၆၄။ (ဣဒ္ဓိပါဒ်လေးပါးတို့သည်) ကုသိုလ်တရားတို့သာလျှင်တည်း။
(၂) ဝေဒနာတိက်အဖြေ
(ဣဒ္ဓိပါဒ်လေးပါးတို့သည်) ရံခါ သုခဝေဒနာနှင့် ယှဉ်ကုန်၏၊ ရံခါ ဥပေက္ခာဝေဒနာနှင့် ယှဉ်ကုန်၏။
(၃) ဝိပါကတိက်အဖြေ
(ဣဒ္ဓိပါဒ်လေးပါးတို့သည်) အကျိုးကို ဖြစ်စေခြင်းသဘော ရှိကုန်၏။
(၄) ဥပါဒိန္နတိက်အဖြေ
(ဣဒ္ဓိပါဒ်လေးပါးတို့သည်) တဏှာဒိဋ္ဌိတို့သည် ကပ်အပ်သော ကံသည် အကျိုး၏ အဖြစ်ဖြင့်လည်းမယူအပ်၊ ဥပါဒါန်၏ အာရုံလည်း မဖြစ်ကုန်။
(၅) သံကိလိဋ္ဌတိက်အဖြေ
(ဣဒ္ဓိပါဒ်လေးပါးတို့သည်) ကိလေသာတို့သည် ပူပန်စေအပ်သည်လည်း မဟုတ်၊ ကိလေသာ၏အာရုံလည်း မဟုတ်ကုန်။
(၆) ဝိတက္ကတိက်အဖြေ
(ဣဒ္ဓိပါဒ်လေးပါးတို့သည်) ရံခါ ဝိတက်လည်း ရှိ၊ ဝိစာရလည်းရှိကုန်၏။ ရံခါ ဝိတက်ကား မရှိ၊ ဝိစာရမျှသာ ရှိကုန်၏။ ရံခါ ဝိတက်လည်း မရှိ၊ ဝိစာရလည်း မရှိကုန်။
(၇) ပီတိတိက်အဖြေ
(ဣဒ္ဓိပါဒ်လေးပါးတို့သည်) ရံခါ ပီတိနှင့်တကွ ဖြစ်ကုန်၏။ ရံခါ သုခဝေဒနာနှင့်တကွ ဖြစ်ကုန်၏။ ရံခါဥပေက္ခာဝေဒနာနှင့်တကွ ဖြစ်ကုန်၏။
(၈) ဒဿနတိက်အဖြေ
(ဣဒ္ဓိပါဒ်လေးပါးတို့သည်) သောတာပတ္တိမဂ်ပြင့် ပယ်အပ်သည်လည်း မဟုတ်၊ အထက်မဂ်သုံးခုဖြင့်ပယ်အပ်သည်လည်း မဟုတ်ကုန်။
(၉) ဒဿနဟေတုတိက်အဖြေ
(ဣဒ္ဓိပါဒ်လေးပါးတို့သည်) သောတာပတ္တိမဂ်ဖြင့် ပယ်အပ်သော ဟိတ်ရှိသည်လည်း မဟုတ်၊ အထက်မဂ်သုံးခုဖြင့် ပယ်အပ်သော ဟိတ်ရှိသည်လည်း မဟုတ်ကုန်။
--
(၁၀) အာစယဂါမိတိက်အဖြေ
(ဣဒ္ဓိပါဒ်လေးပါးတို့သည်) နိဗ္ဗာန်သို့ ရောက်ကြောင်း ဖြစ်ကုန်၏။
(၁၁) သေက္ခတိက်အဖြေ
(ဣဒ္ဓိပါဒ်လေးပါးတို့သည်) သေက္ခပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်ကုန်၏။
(၁၂) ပရိတ္တတိက်အဖြေ
(ဣဒ္ဓိပါဒ်လေးပါးတို့သည်) နှိုင်းယှဉ်ခြင်းကို ပြုတတ်သော ကိလေသာ၏ ဆန့်ကျင်ဘက်ဖြစ်ကုန်၏။
(၁၃) ပရိတ္တာရမ္မဏတိက်အဖြေ
(ဣဒ္ဓိပါဒ်လေးပါးတို့သည်) အပ္ပမာဏ (လောကုတ္တရာ) တရားကို အာရုံပြုကုန်၏။
(၁၄) ဟီနတိက်အဖြေ
(ဣဒ္ဓိပါဒ်လေးပါးတို့သည်) (အယုတ်, အလတ်, အမြတ်တို့တွင်) အမြတ်ဖြစ်ကုန်၏။
(၁၅) မိစ္ဆတ္တတိက်အဖြေ
(ဣဒ္ဓိပါဒ်လေးပါးတို့သည်) မဖောက်ပြန်သော သဘောရှိ၍ မိမိ၏ အခြားမဲ့၌ အကျိုးပေးမြဲကုန်၏။
(၁၆) မဂ္ဂါရမ္မဏတိက်အဖြေ
(ဣဒ္ဓိပါဒ်လေးပါးတို့သည်) မဂ်ကိုအာရုံမပြုမူ၍ မဂ်ဟု ဆိုအပ်သော အကြောင်း (ဟိတ်) ရှိကုန်၏၊ မဂ်ဟု ဆိုအပ်သော အဓိပတိပစ္စည်း မရှိကုန်။
(၁၇) ဥပ္ပန္နတိက်အဖြေ
(ဣဒ္ဓိပါဒ်လေးပါးတို့သည်) ရံခါ ခဏသုံးပါးသို့ ရောက်ဆဲဖြစ်ကုန်၏။ ရံခါ ခဏသုံးပါးသို့ ရောက်ပြီးလည်း မဟုတ်၊ ရောက်ဆဲလည်း မဟုတ်ကုန်။ ဖြစ်ပြီးသော အကြောင်းတစ်စိတ်ရှိသည်၏အဖြစ်ကြောင့် မချွတ်ဖြစ်လတ္တံ့သော တရားဟု မဆိုအပ်ကုန်။
(၁၈) အတီတတိက်အဖြေ
(ဣဒ္ဓိပါဒ်လေးပါးတို့သည်) ရံခါ ဖြစ်ပြီး ‘အတိတ်’ ဖြစ်ကုန်၏။ ရံခါ မရောက်သေး (ဖြစ်လတ္တံ့) ‘အနာဂတ်’ ဖြစ်ကုန်၏။ ရံခါ ဖြစ်ဆဲ ‘ပစ္စုပ္ပန်’ ဖြစ်ကုန်၏။
--
(၁၉) အတီတာရမ္မဏတိက်အဖြေ (တိက်မုတ်)
(ဣဒ္ဓိပါဒ်လေးပါးတို့သည်) ဖြစ်ပြီး ‘အတိတ်'ကို အာရုံပြုကုန်၏ဟူ၍လည်းကောင်း၊ မရောက်သေး (ဖြစ်လတ္တံ့) ‘အနာဂတ်'ကို အာရုံပြုကုန်၏ဟူ၍လည်းကောင်း၊ ဖြစ်ဆဲ ‘ပစ္စုပ္ပန်’ ကို အာရုံပြုကုန်၏ဟူ၍လည်းကောင်း မဆိုအပ်ကုန်။
(၂၀) အဇ္ဈတ္တတိက်အဖြေ
(ဣဒ္ဓိပါဒ်လေးပါးတို့သည်) ရံခါ အတွင်း ‘အဇ္ဈတ္တ'သန္တာန်၌ ဖြစ်ကုန်၏။ ရံခါ အပ'ဗဟိဒ္ဓ'သန္တာန်၌ ဖြစ်ကုန်၏။ ရံခါ အတွင်းအပ'အဇ္ဈတ္တဗဟိဒ္ဓ'သန္တာန်၌ ဖြစ်ကုန်၏။
(၂၁) အဇ္ဈတ္တာရမ္မဏတိက်အဖြေ
(ဣဒ္ဓိပါဒ်လေးပါးတို့သည်) အပ'ဗဟိဒ္ဓတရားနိဗ္ဗာန်'ကို အာရုံပြုကုန်၏။
(၂၂) သနိဒဿနတိက်အဖြေ
(ဣဒ္ဓိပါဒ်လေးပါးတို့သည်) မြင်ခြင်းလည်း မရှိ၊ ထိပါးခြင်းလည်း မရှိကုန်။
--
ဒုကဝိသဇ္ဇနာ
ဒုက်၁၀၀-တို့ဖြင့် ဝေဖန်၍ အဖြေဝိသဇ္ဇနာကိုပြခြင်း
ဟေတုဂေါစ္ဆကအဖြေဝိသဇ္ဇနာ
(၁) ဟေတုဒုက်။
၄၆၅။ ပညာကြီးမှူးသော ဣဒ္ဓိပါဒ်သည် ဟိတ်မည်၏။ (ကြွင်း) ဣဒ္ဓိပါဒ်သုံးပါးတို့သည် ဟိတ် မမည်ကုန်။
(၂) သဟေတုကဒုက်
(ဣဒ္ဓိပါဒ်လေးပါးတို့သည်) ဟိတ်ရှိကုန်၏။
(၃) ဟေတုသမ္ပယုတ္တဒုက်
(ဣဒ္ဓိပါဒ်လေးပါးတို့သည်) ဟိတ်နှင့်ယှဉ်ကုန်၏။
(၄) ဟေတုသဟေတုကဒုက်
(ဣဒ္ဓိပါဒ်လေးပါးတို့တွင်) ပညာကြီးမှူးသော ဣဒ္ဓိပါဒ်သည် ဟိတ်လည်း မည်၊ ဟိတ်လည်း ရှိ၏။ (ကြွင်း) ဣဒ္ဓိပါဒ်သုံးပါးတို့ကို ဟိတ်လည်း မည်၊ ဟိတ်လည်း ရှိကုန်၏ဟု မဆိုအပ်ကုန်။ ၎င်းသုံးပါးတို့သည် ဟိတ်သာ ရှိ၍ ဟိတ်မမည်ကုန်။
(၅) ဟေတုဟေတုသမ္ပယုတ္တဒုက်
ပညာကြီးမှူးသော ဣဒ္ဓိပါဒ်သည် ဟိတ်လည်း မည်၊ ဟိတ်နှင့်လည်း ယှဉ်၏။ (ကြွင်း) ဣဒ္ဓိပါဒ်သုံးပါးတို့ကို ဟိတ်လည်း မည်၊ ဟိတ်နှင့်လည်း ယှဉ်ကုန်၏ဟု မဆိုအပ်ကုန်။ ၎င်းသုံးပါးတို့သည် ဟိတ်နှင့်သာ ယှဉ်၍ ဟိတ်မမည်ကုန်။
(၆) နဟေတုသဟေတုကဒုက်
ဣဒ္ဓိပါဒ်သုံးပါးတို့သည် ဟိတ်မမည်မူ၍ ဟိတ်သာ ရှိကုန်၏၊ ပညာကြီးမှူးသော ဣဒ္ဓိပါဒ်ကို ဟိတ်မမည်မူ၍ ဟိတ်သာရှိ၏ဟူ၍လည်းကောင်း၊ ဟိတ်လည်း မမည်, ဟိတ်လည်း မရှိဟူ၍လည်းကောင်းမဆိုအပ် (ဒုက်မုတ်)။
--
စူဠန္တရဒုက်အဖြေဝိသဇ္ဇနာ
(၇) သပ္ပစ္စယဒုက်
(ဣဒ္ဓိပါဒ်လေးပါးတို့သည်) ကံ စိတ် ဥတု အာဟာရဟူသော အကြောင်းရှိကုန်၏။
(၈) သင်္ခတဒုက်
(ဣဒ္ဓိပါဒ်လေးပါးတို့သည်) ကံ စိတ် ဥတု အာဟာရဟူသော အကြောင်းတရားတို့သည် ပြုပြင်အပ်ကုန်၏။
(၉) သနိဒဿနဒုက်
ဤရုပ်စသည်ဖြင့် ငါ မင်းမျိုးဖြစ်သည်ဟူ၍လည်းကောင်း၊ ဤရုပ်စသည်ဖြင့် ငါ ပုဏ္ဏားမျိုး ဖြစ်သည်ဟူ၍လည်းကောင်း၊ ဤရုပ်စသည်ဖြင့် ငါ ကုန်သည်မျိုးဖြစ်သည်ဟူ၍လည်းကောင်း၊ ဤရုပ်စသည်ဖြင့် ငါ သူဆင်းရဲမျိုးဖြစ်သည်ဟူ၍လည်းကောင်း၊ ဤရုပ်စသည်ဖြင့် ငါ (အိမ်နေသူ) လူဝတ်ကြောင်ဖြစ်သည်ဟူ၍လည်းကောင်း၊ ဤရုပ်စသည်ဖြင့် ငါ ရဟန်းဖြစ်သည်ဟူ၍ လည်းကောင်း၊ ဤရုပ်စသည်ဖြင့် ငါ နတ်ဖြစ်သည်ဟူ၍လည်းကောင်း၊ ဤရုပ်စသည်ဖြင့် ငါ လူသားဖြစ်သည်ဟူ၍လည်းကောင်း၊ ဤရုပ်စသည်ဖြင့် ငါ ရုပ်ရှိသူဖြစ်သည်ဟူ၍လည်းကောင်း၊ ဤရုပ်စသည်ဖြင့် ငါ နာမ်ရှိသူ ဖြစ်သည်ဟူ၍လည်းကောင်း၊ ဤရုပ်စသည်ဖြင့် ငါ သညာရှိသူ ဖြစ်သည်ဟူ၍လည်းကောင်း၊ ဤရုပ်စသည်ဖြင့် ငါ သညာမရှိသူ ဖြစ်သည်ဟူ၍လည်းကောင်း၊ ဤရုပ်စသည်ဖြင့် ငါ သညာရှိသူလည်း မဟုတ်, သညာမရှိသူလည်း မဟုတ် ဖြစ်သည်ဟူ၍ လည်းကောင်း ဤသို့လျှင် “ဤရုပ် စသည်ဖြင့် ဤအပြားအားဖြင့် ငါ ဖြစ်သည်”ဟု ဖြစ်၏။ (၂)
အဘယ်သို့လျှင် “ဤရုပ်စသည်ဖြင့် ဤသို့ ငါ ဖြစ်သည်”ဟု ဖြစ်သနည်း။
အခြားပုဂ္ဂိုလ်ကို ထောက်၍ ဤရုပ်စသည်ဖြင့် ထိုသူ မင်းမျိုးဖြစ်သကဲ့သို့ ထို့အတူ ငါ မင်းမျိုးဖြစ်သည်ဟူ၍လည်းကောင်း၊ ဤရုပ်စသည်ဖြင့် ထိုသူ ပုဏ္ဏားမျိုးဖြစ်သကဲ့သို့ ထို့အတူ ငါ ပုဏ္ဏားမျိုးဖြစ်သည်ဟူ၍လည်းကောင်း။ပ။ ဤရုပ်စသည်ဖြင့် ထိုသူ သညာရှိသူလည်း မဟုတ် သညာမရှိသူလည်းမဟုတ်ဖြစ်သကဲ့သို့ ထို့အတူ ငါ သညာရှိသူလည်း မဟုတ်, သညာမရှိသူလည်း မဟုတ် ဖြစ်သည်ဟူ၍လည်းကောင်း၊ ဤသို့လျှင် “ဤရုပ် စသည်ဖြင့် ဤသို့ ငါဖြစ်သည်”ဟု ဖြစ်၏။ (၃)
--
အဘယ်သို့လျှင် “ဤရုပ်စသည်ဖြင့် တစ်ပါးသော အခြင်းအရာအားဖြင့် ငါ ဖြစ်သည်”ဟု ဖြစ် သနည်း။
အခြားပုဂ္ဂိုလ်ကို ထောက်၍ ဤရုပ်စသည်ဖြင့် ထိုသူ မင်းမျိုးဖြစ်သကဲ့သို့ ထို့အတူ ငါ မင်းမျိုးမဖြစ်ဟူ၍လည်းကောင်း၊ ဤရုပ်စသည်ဖြင့် ထိုသူ ပုဏ္ဏားမျိုးဖြစ်သကဲ့သို့ ထို့အတူ ငါ ပုဏ္ဏားမျိုးမဖြစ်ဟူ၍လည်းကောင်း။ပ။ ဤရုပ်စသည်ဖြင့် ထိုသူ သညာရှိသည်လည်း မဟုတ် သညာမရှိသည်လည်းမဟုတ်ဖြစ်သကဲ့သို့ ထို့အတူ ငါ သညာရှိသည်လည်း မဟုတ် သညာမရှိသည်လည်း မဟုတ်သည်မဖြစ်ဟူ၍လည်းကောင်း ဤသို့လျှင် “ဤရုပ်စသည်ဖြင့် တစ်ပါးသော အခြင်းအရာအားဖြင့် ငါဖြစ်သည်” ဟု ဖြစ်၏။ (၄)
အဘယ်သို့လျှင် “ဤရုပ်စသည်ဖြင့် ငါ ဖြစ်လိမ့်မည်”ဟု ဖြစ်သနည်း။
တစ်စုံတစ်ခုသော တရားကို ခွဲခြားမှု မပြုမူ၍ ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်တို့ကို ဤရုပ်စသည်ဖြင့် ငါ ဖြစ်လိမ့်မည်ဟု လိုလားနှစ်သက်မက်မှု ‘တဏှာ'ကို ရ၏။ ဤရုပ်စသည်ဖြင့် ငါ ဖြစ်လိမ့်မည်ဟု ထောင်လွှားမှု ‘မာန'ကို ရ၏၊ ဤရုပ်စသည်ဖြင့် ငါ ဖြစ်လိမ့်မည်ဟု အယူမှားမှု ‘ဒိဋ္ဌိ'ကို ရ၏၊ ထိုတဏှာ, မာန, ဒိဋ္ဌိ သုံးပါးအပေါင်းသည် ဖြစ်လတ်သော် ဤရုပ်စသည်ဖြင့် ဤအပြားအားဖြင့် ငါဖြစ်လိမ့်မည်ဟူ၍လည်းကောင်း၊ ဤရုပ်စသည်ဖြင့် ဤသို့ ငါ ဖြစ်လိမ့်မည်ဟူ၍လည်းကောင်း၊ ဤရုပ်စသည်ဖြင့် တစ်ပါးသော အခြင်းအရာအားဖြင့် ငါ ဖြစ်လိမ့်မည်ဟူ၍လည်းကောင်း ဤချဲ့ထွင်မှု ‘ပပဉ္စ'တရားတို့ ဖြစ်ကုန်၏။ (၅)
အဘယ်သို့လျှင် “ဤရုပ်စသည်ဖြင့် ဤအပြားအားဖြင့် ငါဖြစ်လိမ့်မည်”ဟု ဖြစ်သနည်း။
ဤရုပ်စသည်ဖြင့် ငါ မင်းမျိုးဖြစ်လိမ့်မည်ဟူ၍လည်းကောင်း။ပ။ ဤရုပ်စသည်ဖြင့် ငါ နာမ်ရှိသူဖြစ်လိမ့်မည်ဟူ၍လည်းကောင်း၊ ဤရုပ်စသည်ဖြင့် ငါ သညာရှိသူဖြစ်လိမ့်မည်ဟူ၍ လည်းကောင်း၊ ဤရုပ်စသည်ဖြင့် ငါ သညာမရှိသူ ဖြစ်လိမ့်မည်ဟူ၍လည်းကောင်း၊ ဤရုပ်စသည်ဖြင့် ငါ သညာရှိသူလည်းမဟုတ်, သညာမရှိသူလည်း မဟုတ်သည် ဖြစ်လိမ့်မည်ဟူ၍လည်းကောင်း ဤသို့လျှင် “ဤရုပ်စသည်ဖြင့် ဤအပြားအားဖြင့် ငါ ဖြစ်လိမ့်မည်”ဟု ဖြစ်၏။ (၆)
အဘယ်သို့လျှင် “ဤရုပ်စသည်ဖြင့် ဤသို့ ငါဖြစ်လိမ့်မည်”ဟု ဖြစ်သနည်း။
အခြားပုဂ္ဂိုလ်ကို ထောက်၍ ဤရုပ်စသည်ဖြင့် ထိုသူ မင်းမျိုးဖြစ်သကဲ့သို့ ထို့အတူ ငါ မင်းမျိုးဖြစ်လိမ့်မည်ဟူ၍လည်းကောင်း၊ ဤရုပ်စသည်ဖြင့် ထိုသူ ပုဏ္ဏားမျိုးဖြစ်သကဲ့သို့ ထို့အတူ ငါ ပုဏ္ဏားမျိုးဖြစ်လိမ့်မည်ဟူ၍လည်းကောင်း။ပ။ ဤရုပ်စသည်ဖြင့် ထိုသူ သညာရှိသူလည်း မဟုတ်, သညာမရှိသူလည်းမဟုတ်ဖြစ်သကဲ့သို့ ထို့အတူ ငါ သညာရှိသူလည်း မဟုတ်, သညာမရှိသူလည်း မဟုတ်ဖြစ်လိမ့်မည်ဟူ၍လည်းကောင်း ဤသို့လျှင် “ဤရုပ်စသည်ဖြင့် ဤသို့ ငါ ဖြစ်လိမ့်မည်”ဟု ဖြစ်၏။ (၇)
အဘယ်သို့လျှင် “ဤရုပ်စသည်ဖြင့် တစ်ပါးသော အခြင်းအရာအားဖြင့် ငါ ဖြစ်လိမ့်မည်”ဟု ဖြစ်သနည်း။
အခြားပုဂ္ဂိုလ်ကို ထောက်၍ ဤရုပ်စသည်ဖြင့် ထိုသူ မင်းမျိုးဖြစ်သကဲ့သို့ ထို့အတူ ငါ မင်းမျိုးဖြစ်လိမ့်မည် မဟုတ်ဟူ၍လည်းကောင်း၊ ဤရုပ်စသည်ဖြင့် ထိုသူ ပုဏ္ဏားမျိုးဖြစ်သကဲ့သို့ ထို့အတူငါပုဏ္ဏားမျိုးဖြစ်လိမ့်မည် မဟုတ်ဟူ၍လည်းကောင်း။ပ။ ဤရုပ်စသည်ဖြင့် ထိုသူ သညာရှိသည်လည်းမဟုတ်, သညာမရှိသည်လည်း မဟုတ်ဖြစ်သကဲ့သို့ ထို့အတူ ငါ သညာရှိသည်လည်း မဟုတ်, သညာမရှိသည်လည်း မဟုတ်သည် ဖြစ်လိမ့်မည် မဟုတ်ဟူ၍လည်းကောင်း ဤသို့လျှင် “ဤရုပ်စသည်ဖြင့် တစ်ပါးသော အခြင်းအရာအားဖြင့် ငါ ဖြစ်လိမ့်မည်” ဟု ဖြစ်၏။ (၈)
--
အဘယ်သို့လျှင် “ဤရုပ်စသည်ဖြင့် အမြဲ ဖြစ်သည်”ဟု ဖြစ်သနည်း။
တစ်စုံတစ်ခုသော တရားကို ခွဲခြားမှု မပြုမူ၍ ရုပ်, ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ်တို့ကို ဤရုပ်စသည်ဖြင့် (အပျက်အစီးမရှိ) မြဲ၏ (နိစ္စဖြစ်၏)၊ ခိုင်ခန့်၏ (ဓုဝဖြစ်၏)၊ တည်တန့်၏ (သဿတဖြစ်၏)၊ ဖောက်ပြန်ခြင်းသဘောမရှိ (အဝိပရိဏာမဓမ္မ) ဖြစ်၏ဟု ဤသို့လျှင် ဤရုပ်စသည်ဖြင့် အမြဲဖြစ်သည်ဟု ဖြစ်၏။ (၉)
အဘယ်သို့လျှင် “ဤရုပ်စသည်ဖြင့် အမြဲမဖြစ်”ဟု ဖြစ်သနည်း။
တစ်စုံတစ်ခုသော တရားကို ခွဲခြားမှု မပြုမူ၍ ရုပ်, ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ်တို့ကို ဤရုပ်စသည်ဖြင့် ပြတ်လိမ့်မည်, ပျက်စီးလိမ့်မည်, ဖြစ်လိမ့်မည် မဟုတ်ဟု ဤသို့လျှင် ဤရုပ်စသည်ဖြင့် အမြဲမဖြစ်ဟု ဖြစ်၏။ (၁၀)
အဘယ်သို့လျှင် “ဤရုပ်စသည်ဖြင့် ငါ ဖြစ်ရာသည်”ဟု ဖြစ်သနည်း။
တစ်စုံတစ်ခုသော တရားကို ခွဲခြားမှု မပြုမူ၍ ရုပ်, ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ်တို့ကို ဤရုပ်စသည်ဖြင့် ငါ ဖြစ်ရာသည်ဟု လိုလားနှစ်သက်တပ်မက်မှု ‘တဏှာ'ကို ရ၏။ ဤရုပ်စသည်ဖြင့် ငါ ဖြစ်ရာသည်ဟု ထောင်လွှားမှု ‘မာန'ကို ရ၏၊ ဤရုပ်စသည်ဖြင့် ငါ ဖြစ်ရာသည်ဟု အယူမှားမှု ‘ဒိဋ္ဌိ'ကို ရ၏၊ ထိုတဏှာ, မာန, ဒိဋ္ဌိသုံးပါးအပေါင်းသည် ဖြစ်လတ်သော် ဤရုပ်စသည်ဖြင့် ဤအပြားအားဖြင့် ငါ ဖြစ်ရာသည်ဟူ၍လည်းကောင်း၊ ဤရုပ်စသည်ဖြင့် ဤသို့ ငါ ဖြစ်ရာသည်ဟူ၍လည်းကောင်း၊ ဤရုပ်စသည်ဖြင့် တစ်ပါးသော အခြင်းအရာအားဖြင့် ငါ ဖြစ်ရာသည်ဟူ၍လည်းကောင်း ဤချဲ့ထွင်မှု ‘ပပဉ္စ’ တရားတို့ ဖြစ်ကုန်၏။ (၁၁)
အဘယ်သို့လျှင် “ဤရုပ်စသည်ဖြင့် ဤအပြားအားဖြင့် ငါ ဖြစ်ရာသည်”ဟု ဖြစ်သနည်း။
ဤရုပ်စသည်ဖြင့် မင်းမျိုးဖြစ်ရာသည်ဟူ၍လည်းကောင်း၊ ဤရုပ်စသည်ဖြင့် ပုဏ္ဏားမျိုးဖြစ်ရာသည်ဟူ၍လည်းကောင်း၊ ဤရုပ်စသည်ဖြင့် ကုန်သည်မျိုးဖြစ်ရာသည်ဟူ၍ လည်းကောင်း၊ ဤရုပ်စသည်ဖြင့်သူဆင်းရဲမျိုးဖြစ်ရာသည်ဟူ၍လည်းကောင်း၊ ဤရုပ်စသည်ဖြင့် (အိမ်နေသူ) လူဝတ်ကြောင်ဖြစ်ရာသည်ဟူ၍လည်းကောင်း၊ ဤရုပ်စသည်ဖြင့် ရဟန်းဖြစ်ရာသည် ဟူ၍လည်းကောင်း၊ ဤရုပ်စသည်ဖြင့် နတ်ဖြစ်ရာသည်ဟူ၍လည်းကောင်း၊ ဤရုပ်စသည်ဖြင့် လူသားဖြစ်ရာသည်ဟူ၍လည်းကောင်း၊ ဤရုပ်စသည်ဖြင့် ရုပ်ရှိသူ ဖြစ်ရာသည်ဟူ၍ လည်းကောင်း၊ ဤရုပ်စသည်ဖြင့် နာမ်ရှိသူဖြစ်ရာသည်ဟူ၍လည်းကောင်း၊ ဤရုပ် စသည်ဖြင့် သညာရှိသူဖြစ်ရာသည်ဟူ၍လည်းကောင်း၊ ဤရုပ်စသည်ဖြင့် သညာမရှိသူ ဖြစ်ရာသည်ဟူ၍ လည်းကောင်း၊ ဤရုပ်စသည်ဖြင့် သညာရှိသူလည်း မဟုတ်, သညာမရှိသူလည်း မဟုတ် ဖြစ်ရာသည်ဟူ၍လည်းကောင်း ဤသို့ “ဤရုပ်စသည်ဖြင့် ဤအပြားအားဖြင့် ဖြစ်ရာသည်”ဟု ဖြစ်၏။ (၁၂)
အဘယ်သို့လျှင် “ဤရုပ်စသည်ဖြင့် ဤသို့ ငါ ဖြစ်ရာသည်”ဟု ဖြစ်သနည်း။
အခြားပုဂ္ဂိုလ်ကို ထောက်၍ ဤရုပ်စသည်ဖြင့် ထိုသူ မင်းမျိုးဖြစ်သကဲ့သို့ ထို့အတူ ငါ မင်းမျိုးဖြစ်ရာသည်ဟူ၍လည်းကောင်း၊ ဤရုပ်စသည်ဖြင့် ထိုသူ ပုဏ္ဏားမျိုးဖြစ်သကဲ့သို့ ထို့အတူ ငါ ပုဏ္ဏားမျိုးဖြစ်ရာသည်ဟူ၍လည်းကောင်း။ပ။ ဤရုပ်စသည်ဖြင့် ထိုသူ သညာရှိသည်လည်း မဟုတ်, သညာမရှိသည်လည်းမဟုတ် ဖြစ်သကဲ့သို့ ထို့အတူ ငါ သညာရှိသည်လည်းမဟုတ်, သညာမရှိသည်လည်း မဟုတ်ဖြစ်ရာသည်ဟူ၍လည်းကောင်း ဤသို့လျှင် “ဤရုပ်စသည်ဖြင့် ဤသို့ ငါ ဖြစ်ရာသည်”ဟု ဖြစ်၏။ (၁၃)
--
အဘယ်သို့လျှင် “ဤရုပ်စသည်ဖြင့် တစ်ပါးသောအခြင်းအရာအားဖြင့် ငါ ဖြစ်ရာသည်”ဟု ဖြစ်သနည်း။ အခြားပုဂ္ဂိုလ်ကို ထောက်၍ ဤရုပ်စသည်ဖြင့် ထိုသူမင်းမျိုးဖြစ်သကဲ့သို့ ထို့အတူ ငါ မင်းမျိုးမဖြစ်ရာဟူ၍လည်းကောင်း၊ ဤရုပ်စသည်ဖြင့် ထိုသူ ပုဏ္ဏားမျိုးဖြစ်သကဲ့သို့ ထို့အတူ ငါ ပုဏ္ဏားမျိုးမဖြစ်ရာဟူ၍လည်းကောင်း။ပ။ ဤရုပ်စသည်ဖြင့် ထိုသူ သညာရှိသည်လည်း မဟုတ်, သညာမရှိသည်လည်း မဟုတ်ဖြစ်သကဲ့သို့ ထို့အတူ ငါ သညာရှိသည်လည်း မဟုတ်, သညာမရှိသည်လည်း မဟုတ်သည်မဖြစ်ရာဟူ၍လည်းကောင်း ဤသို့လျှင် “ဤရုပ်စသည်ဖြင့် တစ်ပါးသော အခြင်းအရာအားဖြင့် ငါ ဖြစ်ရာသည်”ဟု ဖြစ်၏။ (၁၄)
အဘယ်သို့လျှင် “ဤရုပ်စသည်ဖြင့် စင်စစ် ငါ ဖြစ်ရာသည်”ဟု ဖြစ်သနည်း။
တစ်စုံတစ်ခုသော တရားကို ခွဲခြားမှု မပြုမူ၍ ရုပ်, ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ်တို့ကို ဤရုပ်စသည်ဖြင့် စင်စစ် ငါ ဖြစ်ရာသည်ဟု လိုလားနှစ်သက်တပ်မက်မှု ‘တဏှာ'ကို ရ၏။ ဤရုပ်စသည်ဖြင့်စင်စစ် ငါ ဖြစ်ရာသည်ဟု ထောင်လွှားမှု ‘မာန'ကို ရ၏၊ ဤရုပ်စသည်ဖြင့် စင်စစ် ငါ ဖြစ်ရာသည်ဟုအယူမှားမှု ‘ဒိဋ္ဌိကို ရ၏၊ ထိုထိုတဏှာ, မာန, ဒိဋ္ဌိသုံးပါးအပေါင်းသည် ဖြစ်လတ်သော် ဤရုပ်စသည်ဖြင့် ဤအပြားအားဖြင့် စင်စစ် ငါ ဖြစ်ရာသည်ဟူ၍လည်းကောင်း၊ ဤရုပ်စသည်ဖြင့် စင်စစ် ဤသို့ ငါ ဖြစ်ရာသည်ဟူ၍လည်းကောင်း၊ ဤရုပ်စသည်ဖြင့် တစ်ပါးသော အခြင်းအရာအားဖြင့် စင်စစ် ငါ ဖြစ်ရာသည်ဟူ၍လည်းကောင်း ဤချဲ့ထွင်မှု “ပပဉ္စ"တရားတို့ ဖြစ်ကုန်၏။ (၁၅)
အဘယ်သို့လျှင် “ဤရုပ်စသည်ဖြင့် ဤအပြားအားဖြင့် စင်စစ် ငါဖြစ်ရာသည်”ဟု ဖြစ်သနည်း။
ဤရုပ်စသည်ဖြင့် စင်စစ် ငါ မင်းမျိုးဖြစ်ရာသည်ဟူ၍လည်းကောင်း၊ ဤရုပ်စသည်ဖြင့် စင်စစ် ငါပုဏ္ဏားမျိုးဖြစ်ရာသည်ဟူ၍လည်းကောင်း၊ ဤရုပ်စသည်ဖြင့် စင်စစ် ငါ ကုန်သည်မျိုး ဖြစ်ရာသည်ဟူ၍လည်းကောင်း၊ ဤရုပ်စသည်ဖြင့် စင်စစ် ငါ သူဆင်းရဲမျိုးဖြစ်ရာသည်ဟူ၍ လည်းကောင်း၊ ဤရုပ်စသည်ဖြင့်စင်စစ် ငါ (အိမ်နေသူ) လူဝတ်ကြောင်ဖြစ်ရာသည်ဟူ၍ လည်းကောင်း၊ ဤရုပ်စသည်ဖြင့် စင်စစ် ငါ ရဟန်းဖြစ်ရာသည်ဟူ၍လည်းကောင်း၊ ဤရုပ် စသည်ဖြင့် စင်စစ် ငါ နတ်ဖြစ်ရာသည်ဟူ၍လည်းကောင်း၊ ဤရုပ်စသည်ဖြင့် စင်စစ် ငါ လူသားဖြစ်ရာသည်ဟူ၍လည်းကောင်း၊ ဤရုပ်စသည်ဖြင့် စင်စစ် ငါ ရုပ်ရှိသူဖြစ်ရာသည်ဟူ၍ လည်းကောင်း၊ ဤရုပ်စသည်ဖြင့် စင်စစ် ငါ နာမ်ရှိသူဖြစ်ရာ၏ဟူ၍လည်းကောင်း၊ ဤရုပ် စသည်ဖြင့် စင်စစ် ငါသညာရှိသူ ဖြစ်ရာသည်ဟူ၍လည်းကောင်း၊ ဤရုပ်စသည်ဖြင့် စင်စစ် ငါ သညာမရှိသူဖြစ်ရာသည်ဟူ၍လည်းကောင်း၊ ဤရုပ်စသည်ဖြင့် စင်စစ် ငါ သညာရှိသည်လည်း မဟုတ်, သညာမရှိသည်လည်း မဟုတ်ဖြစ်ရာသည်ဟူ၍ လည်းကောင်း ဤသို့လျှင် “ဤရုပ် စသည်ဖြင့် ဤအပြားအားဖြင့် စင်စစ် ငါ ဖြစ်ရာသည်”ဟု ဖြစ်၏။ (၁၆)
အဘယ်သို့လျှင် “ဤရုပ်စသည်ဖြင့် စင်စစ် ဤသို့ ငါ ဖြစ်ရာသည်”ဟု ဖြစ်သနည်း။
အခြားပုဂ္ဂိုလ်ကို ထောက်၍ ဤရုပ်စသည်ဖြင့် ထိုသူ မင်းမျိုးဖြစ်သကဲ့သို့ ထို့အတူ စင်စစ် ငါ မင်းမျိုးဖြစ်ရာသည်ဟူ၍လည်းကောင်း၊ ဤရုပ်စသည်ဖြင့် ထိုသူ ပုဏ္ဏားမျိုးဖြစ်သကဲ့သို့ ထို့အတူ စင်စစ် ငါပုဏ္ဏားမျိုးဖြစ်ရာသည်ဟူ၍လည်းကောင်း။ပ။ ဤရုပ်စသည်ဖြင့် ထိုသူ သညာရှိသည်လည်း မဟုတ်, သညာမရှိသည်လည်း မဟုတ်ဖြစ်သကဲ့သို့ ထို့အတူ စင်စစ် ငါ သညာရှိသည်လည်း မဟုတ်, သညာမရှိသည်လည်း မဟုတ် ဖြစ်ရာသည်ဟူ၍လည်းကောင်း ဤသို့လျှင် “ဤရုပ်စသည်ဖြင့် စင်စစ် ဤသို့ ငါဖြစ်ရာသည်”ဟု ဖြစ်၏။ (၁၇)
အဘယ်သို့လျှင် “ဤရုပ်စသည်ဖြင့် တစ်ပါးသော အခြင်းအရာအားဖြင့် စင်စစ် ငါ ဖြစ်ရာသည်”ဟုဖြစ်သနည်း။
--
အခြားပုဂ္ဂိုလ်ကို ထောက်၍ ဤရုပ်စသည်ဖြင့် ထိုသူမင်းမျိုးဖြစ်သကဲ့သို့ ထို့အတူ စင်စစ် ငါမင်းမျိုးမဖြစ်ရာဟူ၍လည်းကောင်း၊ ဤရုပ်စသည်ဖြင့် ထိုသူ ပုဏ္ဏားမျိုးဖြစ်သကဲ့သို့ ထို့အတူ စင်စစ် ငါ့ပုဏ္ဏားမျိုး မဖြစ်ရာဟူ၍လည်းကောင်း။ပ။ ဤရုပ်စသည်ဖြင့် ထိုသူ သညာရှိသည်လည်း မဟုတ်, သညာမရှိသည်လည်းမဟုတ် ဖြစ်ရာသကဲ့သို့ ထို့အတူ စင်စစ် ငါ သညာရှိသည်လည်း မဟုတ်, သညာမရှိသည်လည်း မဟုတ် မဖြစ်ရာဟူ၍လည်းကောင်း၊ ဤသို့လျှင် “ဤရုပ်စသည်ဖြင့် တစ်ပါးသော အခြင်းအရာအားဖြင့် စင်စစ် ငါ ဖြစ်ရာသည်” ဟု ဖြစ်၏။ (၁၈)
ဤသည်တို့ကား သူတစ်ပါးသန္တာန်၌ ဖြစ်သော တရားကိုစွဲ၍ တဏှာဖြစ်ခြင်း တစ်ဆယ့်ရှစ်ပါး တို့တည်း။ ဤသို့လျှင် ဤသည်တို့သည် မိမိသန္တာန်၌ ဖြစ်သော တရားကို စွဲ၍ တဏှာဖြစ်ခြင်းတစ်ဆယ့်ရှစ်ပါး၊ ဤသည်တို့သည် သူတစ်ပါးသန္တာန်၌ ဖြစ်သော တရားကို စွဲ၍ တဏှာဖြစ်ခြင်းတစ်ဆယ့်ရှစ်ပါးတို့တည်း။ ထိုတရားတို့ကို တစ်ပေါင်းတည်း ရုံးစုချဉ်းချုံး၍ တဏှာဖြစ်ခြင်း သုံးဆယ့်ခြောက်ပါး ဖြစ်ကုန်၏။ ဤသို့လျှင် ဤသို့သဘောရှိသော အတိတ်တဏှာဖြစ်ခြင်း သုံးဆယ့်ခြောက်ပါး၊ အနာဂတ်တဏှာဖြစ်ခြင်း သုံးဆယ့်ခြောက်ပါး၊ ပစ္စုပ္ပန်တဏှာဖြစ်ခြင်း သုံးဆယ့်ခြောက်ပါး ဖြစ်ကုန်၏။ ထိုတရားတို့ကိုတစ်ပေါင်းတည်း ရုံးစုချဉ်းချုံး၍ တဏှာဖြစ်ခြင်း တစ်ရာ့ရှစ်ပါး ဖြစ်သတည်း။
၉၇၇။ ထိုတွင် အဘယ်တို့သည် စကားပြေ ‘ဝေယျာကရဏ'ဖြစ်သော ဗြဟ္မဇာလသုတ်၌ မြတ်စွာဘုရားဟောကြားအပ်သော ဒိဋ္ဌိခြောက်ဆယ့်နှစ်ပါးတို့ ဖြစ်ကုန်သနည်း။
တည်မြဲ၏ဟု ယူခြင်း ဒိဋ္ဌိ (သဿတဝါဒ) လေးပါး၊ အချို့တည်မြဲ၏ဟု ယူခြင်း ဒိဋ္ဌိ (ဧကစ္စသဿတဝါဒ) လေးပါး၊ အဆုံးရှိ အဆုံးမရှိယူခြင်း ဒိဋ္ဌိ (အန္တာနန္တဝါဒ) လေးပါး၊ အမရာငါးကဲ့သို့ မတည်တံ့သောယူခြင်း ဒိဋ္ဌိ (အမရာဝိက္ခေပဝါဒ) လေးပါး၊ အကြောင်းကို မစွဲမူ၍ဖြစ်၏ဟု ယူခြင်း ဒိဋ္ဌိ (အဓိစ္စသမုပ္ပန္နဝါဒ) နှစ်ပါး၊ သညာ ရှိ၏ဟု ယူခြင်း ဒိဋ္ဌိ (သညီဝါဒ) တစ်ဆယ့်ခြောက်ပါး၊ သညာမရှိဟု ယူခြင်း ဒိဋ္ဌိ (အသညီဝါဒ) ရှစ်ပါး၊ သညာရှိသည်လည်းမဟုတ် သညာမရှိသည်လည်းမဟုတ်ဟု ယူခြင်း ဒိဋ္ဌိ (နေဝသညာနာသညီဝါဒ) ရှစ်ပါး၊ ပြတ်စဲ၏ဟု ယူခြင်း ဒိဋ္ဌိ (ဥစ္ဆေဒဝါဒ) ခုနစ်ပါး၊ မျက်မှောက် (လောက) နိဗ္ဗာန်ရှိ၏ဟု ယူခြင်း ဒိဋ္ဌိ (ဒိဋ္ဌဓမ္မနိဗ္ဗာနဝါဒ) ငါးပါး၊ ဤသည်တို့သည် စကားပြေ ‘ဝေယျာကရဏ’ ဖြစ်သော ဗြဟ္မဇာလသုတ်၌ မြတ်စွာဘုရား ဟောကြားအပ်သော ဒိဋ္ဌိ ခြောက်ဆယ့်နှစ်ပါးတို့တည်း။
ခုဒ္ဒကဝတ္တုဝိဘင်း
(ယုတ်ညံ့သော တရားများကို ဝေဖန်၍ ပြသော ဝိဘင်း) ပြီး၏။
--
၁၈-ဓမ္မဟဒယဝိဘင်္ဂ
(တရားနှလုံးတို့ကို ဝေဖန်၍ ပြသော ဝိဘင်း)
၁-သဗ္ဗသင်္ဂါဟိကဝါရ
(တရားအားလုံးတို့ကို သိမ်းကျုံးယူသောဝါရ)
တရား၁၂-မျိုး အမေး
၉၇၈။ ခန္ဓာတို့သည် အဘယ်မျှတို့နည်း၊ အာယတနတို့သည် အဘယ်မျှတို့နည်း၊ ဓာတ်တို့သည်အဘယ်မျှတို့နည်း၊ သစ္စာတို့သည် အဘယ်မျှတို့နည်း၊ ဣန္ဒြေတို့သည် အဘယ်မျှတို့နည်း၊ အကြောင်း ‘ဟိတ်’ တို့သည် အဘယ်မျှတို့နည်း၊ အာဟာရတို့သည် အဘယ်မျှတို့နည်း၊ တွေ့ထိမှု ‘ဖဿ'တို့သည်အဘယ်မျှတို့နည်း၊ ခံစားမှု ‘ဝေဒနာ'တို့သည် အဘယ်မျှတို့နည်း၊ သိမှတ်မှု ‘သညာ’ တို့သည် အဘယ်မျှတို့နည်း၊ စေ့ဆော်မှု ‘စေတနာ'တို့သည် အဘယ်မျှတို့နည်း၊ စိတ်တို့သည် အဘယ်မျှတို့နည်း။
တရား၁၂-မျိုး အဖြေ
ခန္ဓာတို့သည် ငါးပါးတို့တည်း၊ အာယတနတို့သည် တစ်ဆယ့်နှစ်ပါးတို့တည်း၊ ဓာတ်တို့သည်တစ်ဆယ့်ရှစ်ပါးတို့တည်း၊ သစ္စာတို့သည် လေးပါးတို့တည်း၊ ဣန္ဒြေတို့သည် နှစ်ဆယ့်နှစ်ပါးတို့တည်း၊ အကြောင်း ‘ဟိတ်'တို့သည် ကိုးပါးတို့တည်း၊ အာဟာရတို့သည် လေးပါးတို့တည်း၊ တွေ့ထိမှု ‘ဖဿ'တို့သည် ခုနစ်ပါးတို့တည်း၊ ခံစားမှု ‘ဝေဒနာ’ တို့သည် ခုနစ်ပါးတို့တည်း၊ မှတ်သားမှု ‘သညာ'တို့သည်ခုနစ်ပါးတို့တည်း၊ စေ့ဆော်မှု ‘စေတနာ’ တို့သည် ခုနစ်ပါးတို့တည်း၊ စိတ်တို့သည် ခုနစ်ပါးတို့တည်း။
--
(၁) ခန္ဓာ ၅-ပါး
၉၇၉။ ထိုတွင် အဘယ်တို့သည် ခန္ဓာငါးပါးတို့ မည်သနည်း။
ရူပက္ခန္ဓာ ဝေဒနာက္ခန္ဓာ သညာက္ခန္ဓာ သင်္ခါရက္ခန္ဓာ ဝိညာဏက္ခန္ဓာ၊ ဤသည်တို့ကို ခန္ဓာငါးပါးတို့ဟု ဆိုအပ်ကုန်၏။
(၂) အာယတန၁၂-ပါး
၉၈၀။ ထိုတွင် အဘယ်တို့သည် အာယတနတစ်ဆယ့်နှစ်ပါးတို့ မည်သနည်း။
စက္ခာယတန+ရူပါယတန၊ သောတာယတန+သဒ္ဒါယတန၊ ဃာနာယတန+ဂန္ဓာယတန၊ ဇိဝှါယတန+ရသာယတန၊ ကာယာယတန+ဖောဋ္ဌဗ္ဗာယတန၊ မနာယတန+ဓမ္မာယတန။ ဤသည်တို့ကို အာယတနတစ်ဆယ့်နှစ်ပါးတို့ဟု ဆိုအပ်ကုန်၏။
(၃) ဓာတ်၁၈-ပါး
၉၈၁။ ထိုတွင် အဘယ်တို့သည် ဓာတ်တစ်ဆယ့်ရှစ်ပါးတို့ မည်သနည်း။
စက္ခုဓာတ်+ရူပဓာတ်+စက္ခုဝိညာဏဓာတ်၊ သောတဓာတ်+သဒ္ဒဓာတ်+သောတဝိညာဏဓာတ်၊ ဃာနဓာတ်+ဂန္ဓဓာတ်+ဃာနဝိညာဏဓာတ်၊ ဇိဝှါဓာတ်+ရသဓာတ်+ဇိဝှါဝိညာဏဓာတ်၊ ကာယဓာတ်+ဖောဋ္ဌဗ္ဗဓာတ်+ကာယဝိညာဏဓာတ်၊ မနောဓာတ်+ဓမ္မဓာတ်+မနောဝိညာဏဓာတ်။ ဤသည်တို့ကို ဓာတ်တစ်ဆယ့်ရှစ်ပါးတို့ဟု ဆိုအပ်ကုန်၏။
(၄) သစ္စာ ၄-ပါး
၉၈၂။ ထိုတွင် အဘယ်တို့သည် သစ္စာလေးပါးတို့ မည်သနည်း။
ဒုက္ခသစ္စာ သမုဒယသစ္စာ နိရောဓသစ္စာ မဂ္ဂသစ္စာ၊ ဤသည်တို့ကို သစ္စာလေးပါးတို့ဟု ဆိုအပ် ကုန်၏။
(၅) ဣန္ဒြေ ၂၂-ပါး
၉၈၃။ ထိုတွင် အဘယ်တို့သည် ဣန္ဒြေနှစ်ဆယ့်နှစ်ပါးတို့ မည်သနည်း။
စက္ခုန္ဒြေ သောတိန္ဒြေ ဃာနိန္ဒြေ ဇိဝှိန္ဒြေ ကာယိန္ဒြေ မနိန္ဒြေ ဣတ္ထိန္ဒြေ ပုရိသိန္ဒြေ ဇီဝိတိန္ဒြေ သုခိန္ဒြေဒုက္ခိန္ဒြေ သောမနဿိန္ဒြေ ဒေါမနဿိန္ဒြေ ဥပေက္ခိန္ဒြေ သဒ္ဓိန္ဒြေ ဝီရိယိန္ဒြေ သတိန္ဒြေ သမာဓိန္ဒြေ ပညိန္ဒြေအနညာတညဿာမိတိန္ဒြေ အညိန္ဒြေ အညာတာဝိန္ဒြေ၊ ဤသည်တို့ကို ဣန္ဒြေနှစ်ဆယ့်နှစ်ပါးတို့ဟုဆိုအပ်ကုန်၏။
--
(၆) ဟိတ် ၉-ပါး။
၉၈၄။ ထိုတွင် အဘယ်တို့သည် အကြောင်း (ဟိတ်) ကိုးပါးတို့ မည်သနည်း။
ကုသိုလ်ဟိတ်သုံးပါး၊ အကုသိုလ်ဟိတ်သုံးပါး၊ အဗျာကတဟိတ်သုံးပါးတို့တည်း။
ထိုတွင် အဘယ်တို့သည် ကုသိုလ်ဟိတ်သုံးပါးတို့ မည်သနည်း။
မလိုချင်မှု (အလောဘ) ကုသိုလ်ဟိတ်၊ မပြစ်မှားမှု (အဒေါသ) ကုသိုလ်ဟိတ်၊ မတွေဝေမှု (အမောဟ) ကုသိုလ်ဟိတ်။ ဤသည်တို့သည် ကုသိုလ်ဟိတ်သုံးပါးတို့တည်း။
ထိုတွင် အဘယ်တို့သည် အကုသိုလ်ဟိတ်သုံးပါးတို့ မည်သနည်း။
လိုချင်မှု (လောဘ) အကုသိုလ်ဟိတ်၊ ပြစ်မှားမှု (ဒေါသ) အကုသိုလ်ဟိတ်၊ တွေဝေမှု (မောဟ) အကုသိုလ်ဟိတ်။ ဤသည်တို့သည် အကုသိုလ်ဟိတ်သုံးပါးတို့တည်း။
ထိုတွင် အဘယ်တို့သည် အဗျာကတဟိတ်သုံးပါးတို့ မည်သနည်း။
ကုသိုလ်တရားတို့၏ အကျိုး (ဝိပါက်) အားဖြင့်လည်းကောင်း၊ ကိရိယာအဗျာကတ တရားတို့၌လည်းကောင်း (ဖြစ်ကြသော) မလိုချင်မှု (အလောဘ)၊ မပြစ်မှားမှု (အဒေါသ)၊ မတွေဝေမှု (အမောဟ)။ ဤသည်တို့သည် အဗျာကတဟိတ်သုံးပါးတို့တည်း။
ဤသည်တို့ကို ဟိတ်ကိုးပါးတို့ဟု ဆိုအပ်ကုန်၏။
(၇) အာဟာရ ၄-ပါး။
၉၈၅။ ထိုတွင် အဘယ်တို့သည် အာဟာရလေးပါးတို့ မည်သနည်း။
အလုတ်အလွေးပြုအပ်သော ‘ကဗဠီကာရ’ အာဟာရ၊ တွေ့ထိမှု ‘ဖဿ’ အာဟာရ၊ စိတ်စေ့ဆော်မှု ‘မနောသေဉ္စတနာ’ အာဟာရ၊ သိမှု ‘ဝိညာဏ’ အာဟာရ။ ဤသည်တို့ကို အာဟာရလေးပါးတို့ဟုဆိုအပ်ကုန်၏။
(၈) ဖဿ ၇-ပါး
၉၈၆။ ထိုတွင် အဘယ်တို့သည် တွေ့ထိမှု ‘ဖဿ'ခုနစ်ပါးတို့ မည်သနည်း။
မျက်စိအတွေ့'စက္ခုသမ္ဖဿ’၊ နားအတွေ့'သောတသမ္ဖဿ’၊ နှာခေါင်းအတွေ့ ‘ဃာနသမ္ဖဿ’၊ လျှာအတွေ့ ‘ဇိဝှါသမ္ဖဿ’၊ ကိုယ်အတွေ့'ကာယသမ္ဖဿ’၊ မနောဓာတ်အတွေ့'မနောဓာတုသမ္ဖဿ’၊ မနောဝိညာဏဓာတ်အတွေ့ ‘မနောဝိညာဏဓာတုသမ္ဖဿ’၊ ဤသည်တို့ကို တွေ့ထိမှု ‘ဖဿ’ ခုနစ်ပါးတို့ဟုဆိုအပ်ကုန်၏။
--
(၉) ဝေဒနာ ၇-ပါး
၉၈၇။ ထိုတွင် အဘယ်တို့သည် ခံစားမှု ‘ဝေဒနာ’ ခုနစ်ပါးတို့ မည်သနည်း။
မျက်စိအတွေ့ကြောင့်ဖြစ်သော ခံစားမှု ‘စက္ခုသမ္ဖဿဇာ ဝေဒနာ’၊ နားအတွေ့ကြောင့်ဖြစ်သော ခံစားမှု ‘သောတသမ္ဖဿဇာ ဝေဒနာ’၊ နှာခေါင်းအတွေ့ကြောင့်ဖြစ်သော ခံစားမှု ‘ဃာနသမ္ဖဿဇာ ဝေဒနာ’၊ လျှာအတွေ့ကြောင့်ဖြစ်သော ခံစားမှု ‘ဇိဝှါသမ္ဖဿဇာ ဝေဒနာ’၊ ကိုယ်အတွေ့ကြောင့်ဖြစ်သော ခံစားမှု ‘ကာယသမ္ဖဿဇာ ဝေဒနာ’၊ မနောဓာတ်အတွေ့ကြောင့်ဖြစ်သော ခံစားမှု ‘မနောဓာတုသမ္ဖဿဇာ ဝေဒနာ’၊ မနောဝိညာဏဓာတ်အတွေ့ကြောင့်ဖြစ်သော ခံစားမှု ‘မနောဝိညာဏဓာတုသမ္ဖဿဇာ ဝေဒနာ’၊ ဤသည်တို့ကို ခံစားမှု ‘ဝေဒနာ’ ခုနစ်ပါးတို့ဟု ဆိုအပ်ကုန်၏။
(၁၀) သညာ ၇-ပါး
၉၈၈။ ထိုတွင် အဘယ်တို့သည် မှတ် သားမှု ‘သညာ'ခုနစ်ပါးတို့ မည်သနည်း။
မျက်စိအတွေ့ကြောင့်ဖြစ်သော မှတ်သားမှု ‘စက္ခုသမ္ဖဿဇာ သညာ’၊ နားအတွေ့ကြောင့်ဖြစ်သော မှတ်သားမှု ‘သောတသမ္ဖဿဇာ သညာ’၊ နှာခေါင်းအတွေ့ကြောင့် ဖြစ်သော မှတ်သားမှု ‘ဃာနသမ္ဖဿဇာ သညာ’၊ လျှာအတွေ့ကြောင့်ဖြစ်သော မှတ်သားမှု ‘ဇိဝှါသမ္ဖဿဇာ သညာ’၊ ကိုယ်အတွေ့ကြောင့်ဖြစ်သော မှတ်သားမှု ‘ကာယသမ္ဖဿဇာ သညာ’၊ မနောဓာတ်အတွေ့ကြောင့်ဖြစ်သော မှတ်သားမှု ‘မနောဓာတုသမ္ဖဿဇာသညာ’၊ မနောဝိညာဏဓာတ်အတွေ့ကြောင့်ဖြစ်သော မှတ်သားမှု ‘မနောဝိညာဏဓာတုသမ္ဖဿဇာသညာ’၊ ဤသည်တို့ကို မှတ်သားမှု ‘သညာ'ခုနစ်ပါးတို့ဟု ဆိုအပ်ကုန်၏။
(၁၁) စေတနာ ၇-ပါး
၉၈၉။ ထိုတွင် အဘယ်တို့သည် စေ့ဆော်မှု ‘စေတနာ’ ခုနစ်ပါးတို့ မည်သနည်း။
မျက်စိအတွေ့ကြောင့်ဖြစ်သော စေ့ဆော်မှု ‘စက္ခုသမ္ဖဿဇာ စေတနာ’၊ နားအတွေ့ကြောင့်ဖြစ်သော စေ့ဆော်မှု ‘သောတသမ္ဖဿဇာ စေတနာ’၊ နှာခေါင်းအတွေ့ကြောင့်ဖြစ်သော စေ့ဆော်မှု ‘ဃာနသမ္ဖဿဇာ စေတနာ’၊ လျှာအတွေ့ကြောင့်ဖြစ်သော စေ့ဆော်မှု ‘ဇိဝှါသမ္ဖဿဇာ စေတနာ’၊ ကိုယ်အတွေ့ကြောင့်ဖြစ်သော စေ့ဆော်မှု ‘ကာယသမ္ဖဿဇာ စေတနာ’၊ မနောဓာတ်အတွေ့ကြောင့်ဖြစ်သော စေ့ဆော်မှု ‘မနောဓာတုသမ္ဖဿဇာ စေတနာ’၊ မနောဝိညာဏဓာတ်အတွေ့ကြောင့်ဖြစ်သော စေ့ဆော်မှု ‘မနောဝိညာဏဓာတုသမ္ဖဿဇာ စေတနာ’၊ ဤသည်တို့ကို စေ့ဆော်မှု ‘စေတနာ’ ခုနစ်ပါးတို့ဟု ဆိုအပ်ကုန်၏။
(၁၂) စိတ် ၇-ပါး။
၉၉၀။ ထိုတွင် အဘယ်တို့သည် စိတ်ခုနစ်ပါးတို့ မည်သနည်း။
မြင်သိစိတ် ‘စက္ခုဝိညာဏ်’၊ ကြားသိစိတ် ‘သောတဝိညာဏ်’၊ နံသိစိတ် ‘ဃာနဝိညာဏ်’၊လျက် သိစိတ် ‘ဇိဝှါဝိညာဏ်’၊ ထိသိစိတ် ‘ကာယဝိညာဏ်’၊ သိကာမျှသဘော ‘မနောဓာတ်’၊ အထူးသိမှု သဘော ‘မနောဝိညာဏ ဓာတ်’၊ ဤသည်တို့ကို စိတ်ခုနစ်ပါးတို့ဟု ဆိုအပ်ကုန်၏။
သဗ္ဗသင်္ဂါဟိကဝါရ (တရားအားလုံးကို သိမ်းကျုံးယူသော ဝါရ) ပြီး၏။
--
၂-ဥပ္ပတ္တာနုပ္ပတ္တိဝါရ
(တရားတို့၏ ဖြစ်ခြင်း မဖြစ်ခြင်းကို ပြဆိုခြင်း)
၁-ကာမဓာတ်တရားများ
အမေးပုစ္ဆာ
၉၉၁။ ကာမဓာတ်၌ ခန္ဓာတို့သည် အဘယ်မျှတို့နည်း၊ အာယတနတို့သည် အဘယ်မျှတို့နည်း၊ ဓာတ်တို့သည် အဘယ်မျှတို့နည်း၊ သစ္စာတို့သည် အဘယ်မျှတို့နည်း၊ ဣန္ဒြေတို့သည် အဘယ်မျှတို့နည်း၊ အကြောင်း ‘ဟိတ်’ တို့သည် အဘယ်မျှတို့နည်း၊ အာဟာရတို့သည် အဘယ်မျှတို့နည်း၊ တွေ့ထိမှု ‘ဖဿ’ တို့သည် အဘယ်မျှတို့နည်း၊ ခံစားမှု ‘ဝေဒနာ’ တို့သည် အဘယ်မျှတို့နည်း၊ မှတ်သားမှု ‘သညာ’ တို့သည် အဘယ်မျှတို့နည်း၊ စေ့ဆော်မှု ‘စေတနာ’ တို့သည် အဘယ်မျှတို့နည်း၊ စိတ်တို့သည်အဘယ်မျှတို့နည်း။
အဖြေဝိသဇ္ဇနာ
ကာမဓာတ်၌ ခန္ဓာတို့သည် ငါးပါးတို့တည်း၊ အာယတနတို့သည် တစ်ဆယ့်နှစ်ပါးတို့တည်း၊ ဓာတ်တို့သည် တစ်ဆယ့်ရှစ်ပါးတို့တည်း၊ သစ္စာတို့သည် သုံးပါးတို့တည်း၊ ဣန္ဒြေတို့သည် နှစ်ဆယ့်နှစ်ပါးတို့တည်း၊ အကြောင်း ‘ဟိတ်'တို့သည် ကိုးပါးတို့တည်း၊ အာဟာရတို့သည် လေးပါးတို့တည်း၊ တွေ့ထိမှု ‘ဖဿ’ တို့သည် ခုနစ်ပါးတို့တည်း၊ ခံစားမှု ‘ဝေဒနာ’ တို့သည် ခုနစ်ပါးတို့တည်း၊ မှတ်သားမှု ‘သညာ’ တို့သည် ခုနစ်ပါးတို့တည်း၊ စေ့ဆော်မှု ‘စေတနာ’ တို့သည် ခုနစ်ပါးတို့တည်း၊ စိတ်တို့သည် ခုနစ်ပါးတို့တည်း။
(၁) ခန္ဓာ ၅-ပါး
၉၉၂။ ထိုတွင် အဘယ်တို့သည် ကာမဓာတ်၌ ခန္ဓာငါးပါးတို့ မည်သနည်း။
ရူပက္ခန္ဓာ ဝေဒနာက္ခန္ဓာ သညာက္ခန္ဓာ သင်္ခါရက္ခန္ဓာ ဝိညာဏက္ခန္ဓာ၊ ဤသည်တို့ကို ကာမဓာတ်၌ ခန္ဓာငါးပါးတို့ဟု ဆိုအပ်ကုန်၏။
(၂) အာယတန၁၂-ပါး
ထိုတွင် အဘယ်တို့သည် ကာမဓာတ်၌ အာယတနတစ်ဆယ့်နှစ်ပါးတို့ မည်သနည်း-စက္ခာယတန+ရူပါယတန၊ သောတာယတန+သဒ္ဒါယတန၊ ဃာနာယတန+ဂန္ဓာယတန၊ ဇိဝှါယတန +ရသာယတန၊ ကာယာယတန+ဖောဋ္ဌဗ္ဗာယတန၊ မနာယတန+ဓမ္မာယတန၊ ဤသည်တို့ကို ကာမဓာတ်၌ အာယတနတစ်ဆယ့်နှစ်ပါးတို့ဟု ဆိုအပ်ကုန်၏။
(၃) ဓာတ်၁၈-ပါး
ထိုတွင် အဘယ်တို့သည် ကာမဓာတ်၌ ဓာတ်တစ်ဆယ့်ရှစ်ပါးတို့ မည်သနည်း။
စက္ခုဓာတ်+ရူပဓာတ်+စက္ခုဝိညာဏဓာတ်၊ သောတဓာတ်+သဒ္ဒဓာတ်+သောတဝိညာဏဓာတ်၊ ဃာနဓာတ်+ဂန္ဓဓာတ်+ဃာနဝိညာဏဓာတ်၊ ဇိဝှါဓာတ်+ရသဓာတ်+ဇိဝှါဝိညာဏဓာတ်၊ ကာယဓာတ်+ဖောဋ္ဌဗ္ဗဓာတ်+ကာယဝိညာဏဓာတ်၊ မနောဓာတ်+ဓမ္မဓာတ်+မနောဝိညာဏဓာတ်၊ ဤသည်တို့ကို ကာမ ဓာတ်၌ ဓာတ်တစ်ဆယ့် ရှစ်ပါးတို့ဟု ဆိုအပ်ကုန်၏။
--
(၄) သစ္စာ ၃-ပါး
ထိုတွင် အဘယ်တို့သည် ကာမဓာတ်၌ သစ္စာသုံးပါးတို့ မည်သနည်း။
ဒုက္ခသစ္စာ သမုဒယသစ္စာ မဂ္ဂသစ္စာ၊ ဤသည်တို့ကို ကာမဓာတ်၌ သစ္စာသုံးပါးတို့ဟု ဆိုအပ်ကုန်၏။
(၅) ဣန္ဒြေ ၂၂ ပါး
ထိုတွင် အဘယ်တို့သည် ကာမဓာတ်၌ ဣန္ဒြေနှစ်ဆယ့်နှစ်ပါးတို့ မည်သနည်း။
စက္ခုန္ဒြေ သောတိန္ဒြေ။ပ။ အညာတာဝိန္ဒြေ၊ ဤသည်တို့ကို ကာမဓာတ်၌ ဣန္ဒြေနှစ်ဆယ့်နှစ်ပါးတို့ ဟုဆိုအပ်ကုန်၏။
(၆) ဟိတ် ၉-ပါး
ထိုတွင် အဘယ်တို့သည် ကာမဓာတ်၌ အကြောင်း ‘ဟိတ်’ ကိုးပါးတို့ မည်သနည်း။
ကုသိုလ်ဟိတ်သုံးပါး၊ အကုသိုလ်ဟိတ်သုံးပါး၊ အဗျာကတဟိတ်သုံးပါး၊ ဤသည်တို့ကို ကာမဓာတ်၌ အကြောင်း ‘ဟိတ်’ ကိုးပါးတို့ဟု ဆိုအပ်ကုန်၏။
(၇) အာဟာရလေးပါး
ထိုတွင် အဘယ်တို့သည် ကာမဓာတ်၌ အာဟာရလေးပါးတို့ မည်သနည်း။
အလုတ်အလွေး ပြုအပ်သော ‘ကဗဠီကာရ’ အာဟာရ၊ တွေ့ထိမှု ‘ဖဿ’ အာဟာရ၊ စိတ်စေ့ဆော်မှု ‘မနောသေဉ္စတနာ’ အာဟာရ၊ သိမှု ‘ဝိညာဏ’ အာဟာရ၊ ဤသည်တို့ကို ကာမဓာတ်၌ အာဟာရ လေးပါးတို့ဟု ဆိုအပ်ကုန်၏။
--
(၈) ဖဿခုနစ်ပါး
ထိုတွင် အဘယ်တို့သည် ကာမဓာတ်၌ တွေ့ထိမှု ‘ဖဿ’ ခုနစ်ပါးတို့ မည်သနည်း။
မျက်စိအတွေ့ ‘စက္ခုသမ္ဖဿ’၊ နားအတွေ့ ‘သောတသမ္ဖဿ’၊ နှာခေါင်းအတွေ့ ‘ဃာနသမ္ဖဿ’၊ လျှာအတွေ့ ‘ဇိဝှါသမ္ဖဿ’၊ ကိုယ်အတွေ့ ‘ကာယသမ္ဖဿ’၊ မနောဓာတ်အတွေ့ ‘မနောဓာတုသမ္ဖဿ’၊ မနော ဝိညာဏဓာတ်အတွေ့ ‘မနောဝိညာဏဓာတုသမ္ဖဿ’၊ ဤသည်တို့ကို ကာမဓာတ်၌ တွေ့ထိမှု ‘ဖဿ'ခုနစ်ပါး တို့ဟု ဆိုအပ်ကုန်၏။
(၉) ဝေဒနာခုနစ်ပါး
ထိုတွင် အဘယ်တို့သည် ကာမဓာတ်၌ ခံစားမှု ‘ဝေဒနာ’ ခုနစ်ပါးတို့ မည်သနည်း။
မျက်စိအတွေ့ကြောင့်ဖြစ်သော ခံစားမှု ‘စက္ခုသမ္ဖဿဇာ ဝေဒနာ’၊ နားအတွေ့ကြောင့်ဖြစ်သော ခံစားမှု ‘သောတသမ္ဖဿဇာဝေဒနာ’၊ နှာခေါင်းအတွေ့ကြောင့်ဖြစ်သော ခံစားမှု ‘ဃာနသမ္ဖဿဇာ ဝေဒနာ’၊ လျှာအတွေ့ကြောင့်ဖြစ်သော ခံစားမှု ‘ဇိဝှါသမ္ဖဿဇာဝေဒနာ’၊ ကိုယ်အတွေ့ကြောင့်ဖြစ်သော ခံစားမှု ‘ကာယ သမ္ဖဿဇာ ဝေဒနာ’၊ မနောဓာတ်အတွေ့ကြောင့်ဖြစ်သော ခံစားမှု ‘မနောဓာတုသမ္ဖဿဇာ ဝေဒနာ’၊ မနောဝိညာဏဓာတ်အတွေ့ကြောင့်ဖြစ်သော ခံစားမှု ‘မနောဝိညာဏဓာတုသမ္ဖဿဇာ ဝေဒနာ’၊ ဤသည် တို့ကို ကာမဓာတ်၌ ခံစားမှု ‘ဝေဒနာ’ ခုနစ်ပါးတို့ဟုဆိုအပ်ကုန်၏။
(၁၀) သညာခုနစ်ပါး
ထိုတွင် အဘယ်တို့သည် ကာမဓာတ်၌ မှတ်သားမှု ‘သညာ’ ခုနစ်ပါးတို့ မည်သနည်း။
မျက်စိအတွေ့ကြောင့်ဖြစ်သော မှတ်သားမှု ‘စက္ခုသမ္ဖဿဇာသညာ’၊ နားအတွေ့ကြောင့်ဖြစ်သောမှတ်သားမှု ‘သောတသမ္ဖဿဇာသညာ’၊ နှာခေါင်းအတွေ့ကြောင့်ဖြစ်သော မှတ်သားမှု ‘ဃာနသမ္ဖဿဇာသညာ’၊ လျှာအတွေ့ကြောင့်ဖြစ်သော မှတ်သားမှု ‘ဇိဝှါသမ္ဖဿဇာ သညာ’၊ ကိုယ်အတွေ့ကြောင့်ဖြစ်သောမှတ်သားမှု ‘ကာယသမ္ဖဿဇာသညာ’၊ မနောဓာတ်အတွေ့ကြောင့်ဖြစ်သော မှတ်သားမှု ‘မနောဓာတုသမ္ဖဿဇာသညာ’၊ မနောဝိညာဏဓာတ်အတွေ့ကြောင့်ဖြစ်သော မှတ်သားမှု ‘မနောဝိညာဏဓာတုသမ္ဖဿဇာ သညာ’၊ ဤသည်တို့ကို ကာမဓာတ်၌ မှတ်သားမှု ‘သညာ’ ခုနစ်ပါးတို့ဟုဆိုအပ်ကုန်၏။
--
(၁၁) စေတနာခုနစ်ပါး
ထိုတွင် အဘယ်တို့သည် ကာမဓာတ်၌ စေ့ဆော်မှု ‘စေတနာ'ခုနစ်ပါးတို့ မည်သနည်း။
မျက်စိအတွေ့ကြောင့်ဖြစ်သော စေ့ဆော်မှု ‘စက္ခုသမ္ဖဿဇာစေတနာ’၊ နားအတွေ့ကြောင့်ဖြစ်သောစေ့ဆော်မှု ‘သောတသမ္ဖဿဇာ စေတနာ’၊ နှာခေါင်းအတွေ့ကြောင့်ဖြစ်သော စေ့ဆော်မှု ‘ဃာနသမ္ဖဿဇာစေတနာ’၊ လျှာအတွေ့ကြောင့်ဖြစ်သော စေ့ဆော်မှု ‘ဇိဝှါသမ္ဖဿဇာစေတနာ’၊ ကိုယ်အတွေ့ကြောင့်ဖြစ်သော စေ့ဆော်မှု ‘ကာယသမ္ဖဿဇာစေတနာ’၊ မနောဓာတ်အတွေ့ကြောင့်ဖြစ်သော စေ့ဆော်မှု ‘မနောဓာတု သမ္ဖဿဇာ စေတနာ’၊ မနောဝိညာဏဓာတ်အတွေ့ကြောင့်ဖြစ်သော စေ့ဆော်မှု ‘မနောဝိညာဏဓာတု သမ္ဖဿဇာစေတနာ’၊ ဤသည်တို့ကို ကာမဓာတ်၌ စေ့ဆော်မှု ‘စေတနာ’ ခုနစ်ပါးတို့ဟု ဆိုအပ်ကုန်၏။
(၁၂) စိတ် ၇-ပါး
ထိုတွင် အဘယ်တို့သည် ကာမဓာတ်၌ စိတ်ခုနစ်ပါးတို့ မည်သနည်း-မြင်သိစိတ် ‘စက္ခုဝိညာဏ်’၊ ကြားသိစိတ် ‘သောတဝိညာဏ်’၊ နံသိစိတ် ‘ဃာနဝိညာဏ်’၊ လျက်သိစိတ် ‘ဇိဝှါဝိညာဏ်’၊ ထိသိစိတ် ‘ကာယဝိညာဏ်’၊ သိကာမျှသဘော ‘မနောဓာတ်’၊ အထူးသိမှု သဘော ‘မနောဝိညာဏဓာတ်’၊ ဤသည်တို့ကို ကာမဓာတ်၌ စိတ်ခုနစ်ပါးတို့ဟု ဆိုအပ်ကုန်၏။
--
၂-ရူပဓာတ်တရားများ
အမေးပုစ္ဆာ
၉၉၃။ ရူပဓာတ်၌ ခန္ဓာတို့သည် အဘယ်မျှတို့နည်း၊ အာယတနတို့သည် အဘယ်မျှတို့နည်း၊ ဓာတ်တို့သည် အဘယ်မျှတို့နည်း၊ သစ္စာတို့သည် အဘယ်မျှတို့နည်း၊ ဣန္ဒြေတို့သည် အဘယ်မျှတို့နည်း။ပ။ စိတ်တို့သည် အဘယ်မျှတို့နည်း။
အဖြေဝိသဇ္ဇနာ
ရူပဓာတ်၌ ခန္ဓာတို့သည် ငါးပါးတို့တည်း၊ အာယတနတို့သည် ခြောက်ပါးတို့တည်း၊ ဓာတ်တို့သည်ကိုးပါးတို့တည်း၊ သစ္စာတို့သည် သုံးပါးတို့တည်း၊ ဣန္ဒြေတို့သည် တစ်ဆယ့်လေးပါးတို့တည်း၊ ဟိတ်တို့သည် ရှစ်ပါးတို့တည်း၊ အာဟာရတို့သည် သုံးပါးတို့တည်း၊ တွေ့ထိမှု ‘ဖဿ'တို့သည် လေးပါးတို့တည်း၊ ခံစားမှု ‘ဝေဒန’ တို့သည် လေးပါးတို့တည်း၊ မှတ်သားမှု ‘သညာ’ တို့သည် လေးပါးတို့တည်း၊ စေ့ဆော်မှု ‘စေတနာ'တို့သည် လေးပါးတို့တည်း၊ စိတ်တို့သည် လေးပါးတို့တည်း။
(၁) ခန္ဓာ ၅-ပါး
၉၉၄။ ထိုတွင် အဘယ်တို့သည် ရူပဓာတ်၌ ခန္ဓာငါးပါးတို့ မည်သနည်း။
ရူပက္ခန္ဓာ ဝေဒနာက္ခန္ဓာ သညာက္ခန္ဓာ သင်္ခါရက္ခန္ဓာ ဝိညာဏက္ခန္ဓာ၊ ဤသည်တို့ကို ရူပဓာတ်၌ ခန္ဓာငါးပါးတို့ဟု ဆိုအပ်ကုန်၏။
(၂) အာယတန ၆-ပါး
ထိုတွင် အဘယ်တို့သည် ရူပဓာတ်၌ အာယတနခြောက်ပါးတို့ မည်သနည်း။
စက္ခာယတန+ရူပါယတန၊ သောတာယတန+သဒ္ဒါယတန၊ မနာယတန+ဓမ္မာယတန၊ ဤသည်တို့ကို ရူပဓာတ်၌ အာယတနခြောက်ပါးတို့ဟု ဆိုအပ်ကုန်၏။
(၃) ဓာတ် ၉-ပါး
ထိုတွင် အဘယ်တို့သည် ရူပဓာတ်၌ ဓာတ်ကိုးပါးတို့ မည်သနည်း။
စက္ခုဓာတ်+ရူပဓာတ်+စက္ခုဝိညာဏဓာတ်၊ သောတဓာတ်+သဒ္ဒဓာတ်+သောတဝိညာဏဓာတ်၊ မနောဓာတ်+ဓမ္မဓာတ်+မနောဝိညာဏဓာတ်၊ ဤသည်တို့ကို ရူပဓာတ်၌ ဓာတ်ကိုးပါးတို့ဟု ဆိုအပ်ကုန်၏။
--
(၄) သစ္စာ ၃-ပါး
ထိုတွင် အဘယ်တို့သည် ရူပဓာတ်၌ သစ္စာသုံးပါးတို့ မည်သနည်း။
ဒုက္ခသစ္စာ သမုဒယသစ္စာ မဂ္ဂသစ္စာ၊ ဤသည်တို့ကို ရူပဓာတ်၌ သစ္စာသုံးပါးတို့ဟု ဆိုအပ်ကုန်၏။
(၅) ဣန္ဒြေ၁၄-ပါး
ထိုတွင် အဘယ်တို့သည် ရူပဓာတ်၌ ဣန္ဒြေတစ်ဆယ့်လေးပါးတို့ မည်သနည်း။
စက္ခုန္ဒြေ သောတိန္ဒြေ မနိန္ဒြေ ဇီဝိတိန္ဒြေ သောမနဿိန္ဒြေ ဥပေက္ခိန္ဒြေ သဒ္ဓိန္ဒြေ ဝီရိယိန္ဒြေ သတိန္ဒြေသမာဓိန္ဒြေ ပညိန္ဒြေ အနညာတညဿာမီတိန္ဒြေ အညိန္ဒြေ အညာတာဝိန္ဒြေ၊ ဤသည်တို့ကို ရူပဓာတ်၌ ဣန္ဒြေ တစ်ဆယ့်လေးပါးတို့ဟု ဆိုအပ်ကုန်၏။
(၆) ဟိတ် ၈-ပါး
ထိုတွင် အဘယ်တို့သည် ရူပဓာတ်၌ အကြောင်းဟိတ်ရှစ်ပါးတို့ မည်သနည်း။
ကုသိုလ်ဟိတ်သုံးပါး၊ အကုသိုလ်ဟိတ်နှစ်ပါး၊ အဗျာကတဟိတ်သုံးပါးတို့တည်း။
ထိုတွင် အဘယ်တို့သည် ကုသိုလ်ဟိတ်သုံးပါးတို့ မည်သနည်း။
မလိုချင်မှုကုသိုလ်ဟိတ် (အလောဘ)၊ မပြစ်မှားမှုကုသိုလ်ဟိတ် (အဒေါသ)၊ မတွေဝေမှုကုသိုလ်ဟိတ် (အမောဟ)၊ ဤသည်တို့သည် ကုသိုလ်ဟိတ်သုံးပါးတို့တည်း။
ထိုတွင် အဘယ်တို့သည် အကုသိုလ်ဟိတ်နှစ်ပါးတို့ မည်သနည်း။
လိုချင်မှု အကုသိုလ်ဟိတ် (လောဘ)၊ တွေဝေမှု အကုသိုလ်ဟိတ် (မောဟ)၊ ဤသည်တို့သည်အကုသိုလ်ဟိတ် နှစ်ပါးတို့တည်း။
ထိုတွင် အဘယ်တို့သည် အဗျာကတဟိတ်သုံးပါးတို့ မည်သနည်း။
ကုသိုလ်တရားတို့၏ အကျိုး (ဝိပါက်) အားဖြင့်လည်းကောင်း၊ ကိရိယာအဗျာကတတရားတို့၌လည်းကောင်း (ဖြစ်သော) မလိုချင်မှု ‘အလောဘ’၊ မပြစ်မှားမှု ‘အဒေါသ’၊ မတွေဝေမှု ‘အမောဟ’၊ ဤသည်တို့သည် အဗျာကတဟိတ်သုံးပါးတို့တည်း။
ဤသည်တို့ကို ရူပဓာတ်၌ ဟိတ်ရှစ်ပါးတို့ဟု ဆိုအပ်ကုန်၏။
(၇) အာဟာရ ၃-ပါး
ထိုတွင် အဘယ်တို့သည် ရူပဓာတ်၌ အာဟာရသုံးပါးတို့ မည်သနည်း။
တွေ့ထိမှု ‘ဖဿ’ အာဟာရ၊ စိတ်စေ့ဆော်မှု ‘မနောသေဉ္စတနာ’ အာဟာရ၊ သိမှု ‘ဝိညာဏ'အာဟာရ၊ ဤသည်တို့ကို ရူပဓာတ်၌ အာဟာရသုံးပါးတို့ဟု ဆိုအပ်ကုန်၏။
--
(၈) ဖဿ ၄-ပါး
ထိုတွင် အဘယ်တို့သည် ရူပဓာတ်၌ တွေ့ထိမှု ‘ဖဿ'လေးပါးတို့ မည်သနည်း။
မျက်စိအတွေ့ ‘စက္ခုသမ္ဖဿ’၊ နားအတွေ့ ‘သောတသမ္ဖဿ’၊ သိကာမျှသဘော မနောဓာတ်အတွေ့'မနောဓာတုသမ္ဖဿ’၊ အထူးသိမှု သဘော မနောဝိညာဏဓာတ်အတွေ့ ‘မနောဝိညာဏဓာတုသမ္ဖဿ’၊ ဤသည်တို့ကို ရူပဓာတ်၌ တွေ့ထိမှု ‘ဖဿ’ လေးပါးတို့ဟု ဆိုအပ်ကုန်၏။
(၉-၁၂) ဝေဒနာ ၄-ပါး စသည်
ထိုတွင် အဘယ်တို့သည် ရူပဓာတ်၌ ခံစားမှု ‘ဝေဒနာ’ လေးပါးတို့ မည်သနည်း။ပ။
မှတ်သားမှု ‘သညာ’ လေးပါးတို့ မည်သနည်း။ပ။
စေ့ဆော်မှု ‘စေတနာ’ လေးပါးတို့ မည်သနည်း။ပ။
စိတ်လေးပါးတို့ မည်သနည်း။
မြင်သိစိတ် ‘စက္ခုဝိညာဏ်’၊ ကြားသိစိတ် ‘သောတဝိညာဏ်’၊ သိကာမျှသဘော ‘မနောဓာတ်’၊ အထူးသိမှု သဘော ‘မနောဝိညာဏဓာတ်’၊ ဤသည်တို့ကို ရူပဓာတ်၌ စိတ်လေးပါးတို့ဟု ဆိုအပ်ကုန်၏။
--
၃-အရူပဓာတ်တရားများ
အမေးပုစ္ဆာ
၉၉၅။ အရူပဓာတ်၌ ခန္ဓာတို့သည် အဘယ်မျှတို့နည်း။ပ။ စိတ်တို့သည် အဘယ်မျှတို့နည်း။
အဖြေဝိသဇ္ဇနာ
အရူပဓာတ်၌ ခန္ဓာတို့သည် လေးပါးတို့တည်း၊ အာယတနတို့သည် နှစ်ပါးတို့တည်း၊ ဓာတ်တို့ သည်နှစ်ပါးတို့တည်း၊ သစ္စာတို့သည် သုံးပါးတို့တည်း၊ ဣန္ဒြေတို့သည် တစ်ဆယ့်တစ်ပါးတို့တည်း၊ ဟိတ်တို့သည် ရှစ်ပါးတို့တည်း၊ အာဟာရတို့သည် သုံးပါးတို့တည်း၊ တွေ့ထိမှု ‘ဖဿ'သည် တစ်ပါးတည်း၊ ခံစားမှု ‘ဝေဒနာ’ သည် တစ်ပါးတည်း၊ မှတ်သားမှု ‘သညာ’ သည် တစ်ပါးတည်း၊ စေ့ဆော်မှု ‘စေတနာ'သည် တစ်ပါးတည်း၊ စိတ်သည် တစ်ပါးတည်း။
(၁) ခန္ဓာ ၄-ပါး
၉၉၆။ ထိုတွင် အဘယ်တို့သည် အရူပဓာတ်၌ ခန္ဓာလေးပါးတို့ မည်သနည်း။
ဝေဒနာက္ခန္ဓာ သညာက္ခန္ဓာ သင်္ခါရက္ခန္ဓာ ဝိညာဏက္ခန္ဓာ၊ ဤသည်တို့ကို အရူပဓာတ်၌ ခန္ဓာလေးပါးတို့ဟု ဆိုအပ်ကုန်၏။
(၂) အာယတန ၂-ပါး
ထိုတွင် အဘယ်တို့သည် အရူပဓာတ်၌ အာယတနနှစ်ပါးတို့ မည်သနည်း။
မနာယတန၊ ဓမ္မာယတန၊ ဤသည်တို့ကို အရူပဓာတ်၌ အာယတနနှစ်ပါးတို့ဟု ဆိုအပ်ကုန်၏။
(၃) ဓာတ် ၂-ပါး
ထိုတွင် အဘယ်တို့သည် အရူပဓာတ်၌ ဓာတ်နှစ်ပါးတို့ မည်သနည်း။
မနောဝိညာဏဓာတ်၊ ဓမ္မဓာတ်၊ ဤသည်တို့ကို အရူပဓာတ်၌ ဓာတ်နှစ်ပါးတို့ဟု ဆိုအပ်ကုန်၏။
(၄) သစ္စာ ၃-ပါး
ထိုတွင် အဘယ်တို့သည် အရူပဓာတ်၌ သစ္စာသုံးပါးတို့ မည်သနည်း။
ဒုက္ခသစ္စာ သမုဒယသစ္စာ မဂ္ဂသစ္စာ၊ ဤသည်တို့ကို အရူပဓာတ်၌ သစ္စာသုံးပါးတို့ဟု ဆိုအပ်ကုန်၏။
--
(၅) ဣန္ဒြေ၁၁-ပါး
ထိုတွင် အဘယ်တို့သည် အရူပဓာတ်၌ ဣန္ဒြေတစ်ဆယ့်တစ်ပါးတို့ မည်သနည်း။
မနိန္ဒြေ ဇီဝိတိန္ဒြေ သောမနဿိန္ဒြေ ဥပေက္ခိန္ဒြေ သဒ္ဓိန္ဒြေ ဝီရိယိန္ဒြေ သတိန္ဒြေ သမာဓိန္ဒြေ ပညိန္ဒြေ။ အညိန္ဒြေ အညာတာဝိန္ဒြေ၊ ဤသည်တို့ကို အရူပဓာတ်၌ ဣန္ဒြေတစ်ဆယ့်တစ်ပါးတို့ဟု ဆိုအပ်ကုန်၏။
(၆) ဟိတ် ၈-ပါး
ထိုတွင် အဘယ်တို့သည် အရူပဓာတ်၌ အကြောင်းဟိတ်ရှစ်ပါးတို့ မည်သနည်း။
ကုသိုလ်ဟိတ်သုံးပါး၊ အကုသိုလ်ဟိတ်နှစ်ပါး၊ အဗျာကတဟိတ်သုံးပါး။ပ။ ဤသည်တို့ကို အရူပ ဓာတ်၌ ဟိတ်ရှစ်ပါးတို့ဟု ဆိုအပ်ကုန်၏။
(၇) အာဟာရ ၃-ပါး
ထိုတွင် အဘယ်တို့သည် အရူပဓာတ်၌ အာဟာရသုံးပါးတို့ မည်သနည်း။
တွေ့ထိမှု ‘ဖဿ’ အာဟာရ၊ စိတ်စေ့ဆော်မှု ‘မနောသေဉ္စတနာ’ အာဟာရ၊ သိမှု ‘ဝိညာဏ’ အာဟာရ၊ ဤသည်တို့ကို အရူပဓာတ်၌ အာဟာရသုံးပါးတို့ဟု ဆိုအပ်ကုန်၏။
(၈) ဖဿ ၁-ပါး
ထိုတွင် အဘယ်သည် အရူပဓာတ်၌ တွေ့ထိမှု ‘ဖဿ’ တစ်ပါး မည်သနည်း။
အထူးသိမှု သဘော မနောဝိညာဏဓာတ်အတွေ့ ‘မနောဝိညာဏဓာတုသမ္ဖဿ’၊ ယင်းကို အရူပဓာတ်၌ တွေ့ထိမှု ‘ဖဿ’ တစ်ပါးဟု ဆိုအပ်၏။
(၉-၁၂) ခံစားမှု ဝေဒနာစသည်
ထိုတွင် အဘယ်သည် အရူပဓာတ်၌ ခံစားမှု ‘ဝေဒနာ'တစ်ပါး မည်သနည်း။ပ။
မှတ်သားမှု ‘သညာ’ တစ်ပါး မည်သနည်း။ပ။
စေ့ဆော်မှု ‘စေတနာ’ တစ်ပါး မည်သနည်း။ပ။
စိတ်တစ်ပါး မည်သနည်း။
အထူးသိမှု သဘော ‘မနောဝိညာဏဓာတ်’၊ ယင်းကို အရူပဓာတ်၌ စိတ်တစ်ပါးဟု ဆိုအပ်၏။
--
၄-ဓာတ်သုံးပါး၌ အကျုံးမဝင်သော (လောကုတ္တရာ) တရားများ
အမေးပုစ္ဆာ
၉၉၇။ ဓာတ်သုံးပါးတွင် အကျုံးမဝင်သော (လောကုတ္တရာ) တရား၌ ခန္ဓာတို့သည် အဘယ်မျှတို့နည်း။ပ။ စိတ်တို့သည် အဘယ်မျှတို့နည်း။
အဖြေဝိသဇ္ဇနာ
ဓာတ်သုံးပါးတွင် အကျုံးမဝင်သော (လောကုတ္တရာ) တရား၌ ခန္ဓာတို့သည် လေးပါးတို့တည်း၊ အာယတနတို့သည် နှစ်ပါးတို့တည်း၊ ဓာတ်တို့သည် နှစ်ပါးတို့တည်း၊ သစ္စာတို့သည် နှစ်ပါးတို့တည်း၊ ဣန္ဒြေတို့သည် တစ်ဆယ့်နှစ်ပါးတို့တည်း၊ အကြောင်း ‘ဟိတ်'တို့သည် ခြောက်ပါးတို့တည်း၊ အာဟာရတို့သည် သုံးပါးတို့တည်း၊ တွေ့ထိမှု ‘ဖဿ’ သည် တစ်ပါးတည်း၊ ခံစားမှု ‘ဝေဒနာ'သည် တစ်ပါးတည်း၊ မှတ်သားမှု ‘သညာ'သည် တစ်ပါးတည်း၊ စေ့ဆော်မှု ‘စေတနာ'သည် တစ်ပါးတည်း၊ စိတ်သည် တစ်ပါးတည်း။
(၁) ခန္ဓာ ၄-ပါး
၉၉၈။ ထိုတွင် အဘယ်တို့သည် ဓာတ်သုံးပါးတွင် အကျုံးမဝင်သော (လောကုတ္တရာ) တရား၌ ခန္ဓာလေးပါးတို့ မည်သနည်း။
ဝေဒနာက္ခန္ဓာ သညာက္ခန္ဓာ သင်္ခါရက္ခန္ဓာ ဝိညာဏက္ခန္ဓာ။ ဤသည်တို့ကို ဓာတ်သုံးပါးတွင်အကျုံးမဝင်သော (လောကုတ္တရာ) တရား၌ ခန္ဓာလေးပါးတို့ဟု ဆိုအပ်ကုန်၏။
(၂) အာယတန ၂ ပါး
ထိုတွင် အဘယ်တို့သည် ဓာတ်သုံးပါးတွင် အကျုံးမဝင်သော (လောကုတ္တရာ) တရား၌ အာယတန နှစ်ပါးတို့ မည်သနည်း။
မနာယတန၊ ဓမ္မာယတန။ ဤသည်တို့ကို ဓာတ်သုံးပါးတွင် အကျုံးမဝင်သော (လောကုတ္တရာ) တရား၌ အာယတနနှစ်ပါးတို့ဟု ဆိုအပ်ကုန်၏။
(၃) ဓာတ် ၂ ပါး
ထိုတွင် အဘယ်တို့သည် ဓာတ်သုံးပါးတွင် အကျုံးမဝင်သော (လောကုတ္တရာ) တရား၌ ဓာတ် နှစ်ပါးတို့ မည်သနည်း။
မနောဝိညာဏဓာတ်၊ ဓမ္မဓာတ်။ ဤသည်တို့ကို ဓာတ်သုံးပါးတွင် အကျုံးမဝင်သော (လောကုတ္တရာ) တရား၌ ဓာတ်နှစ်ပါးတို့ဟု ဆိုအပ်ကုန်၏။
--
(၄) သစ္စာ ၂ ပါး
ထိုတွင် အဘယ်တို့သည် ဓာတ်သုံးပါးတွင် အကျုံးမဝင်သော (လောကုတ္တရာ) တရား၌ သစ္စာ နှစ်ပါးတို့ မည်သနည်း။
မဂ္ဂသစ္စာ နိရောဓသစ္စာ။ ဤသည်တို့ကို ဓာတ်သုံးပါးတွင် အကျုံးမဝင်သော (လောကုတ္တရာ) တရား၌ သစ္စာနှစ်ပါးတို့ဟု ဆိုအပ်ကုန်၏။
(၅) ဣန္ဒြေ ၁၂-ပါး
ထိုတွင် အဘယ်တို့သည် ဓာတ်သုံးပါးတွင် အကျုံးမဝင်သော (လောကုတ္တရာ) တရား၌ ဣန္ဒြေတစ်ဆယ့်နှစ်ပါးတို့ မည်သနည်း။
မနိန္ဒြေ ဇီဝိတိန္ဒြေ သောမနဿိန္ဒြေ ဥပေက္ခိန္ဒြေ သဒ္ဓိန္ဒြေ ဝီရိယိန္ဒြေ သတိန္ဒြေ သမာဓိန္ဒြေ ပညိန္ဒြေအနညာတညဿာမီတိန္ဒြေ အညိန္ဒြေ အညာတာဝိန္ဒြေ။ ဤသည်တို့ကို ဓာတ်သုံးပါးတို့၌ အကျုံးမဝင်သော (လောကုတ္တရာ) တရား၌ ဣန္ဒြေတစ်ဆယ့်နှစ်ပါးတို့ဟု ဆိုအပ်ကုန်၏။
(၆) ဟိတ် ၆-ပါး
ထိုတွင် အဘယ်တို့သည် ဓာတ်သုံးပါးတွင် အကျုံးမဝင်သော (လောကုတ္တရာ) တရား၌ အကြောင်း ‘ဟိတ်’ ခြောက်ပါးတို့ မည်သနည်း။
ကုသိုလ်ဟိတ်သုံးပါး၊ အဗျာကတဟိတ်သုံးပါးတို့တည်း။
ထို ၆ ပါးတို့တွင် အဘယ်တို့သည် ကုသိုလ်ဟိတ်သုံးပါးတို့ မည်သနည်း။
မလိုချင်မှု ‘အလောဘ’ဟူသော ကုသိုလ်ဟိတ်၊ မပြစ်မှားမှု ‘အဒေါသ’ဟူသော ကုသိုလ်ဟိတ်၊ မတွေဝေမှု ‘အမောဟ’ဟူသော ကုသိုလ်ဟိတ်။ ဤသည်တို့သည် ကုသိုလ်ဟိတ်သုံးပါးတို့တည်း။
ထို ၆ ပါးတို့တွင် အဘယ်တို့သည် အဗျာကတဟိတ်သုံးပါးတို့ မည်သနည်း။
ကုသိုလ်တရားတို့၏ အကျိုး (ဝိပါက်) အားဖြင့် (ဖြစ်သော) မလိုချင်မှု ‘အလောဘ’၊ မပြစ်မှားမှု ‘အဒေါသ’၊ မတွေဝေမှု ‘အမောဟ’။ ဤသည်တို့သည် အဗျာကတဟိတ်သုံးပါး တို့တည်း။
ဤသည်တို့ကို ဓာတ်သုံးပါးတွင် အကျုံးမဝင်သော (လောကုတ္တရာ) တရား၌ အကြောင်း ‘ဟိတ်’ ခြောက်ပါးတို့ဟု ဆိုအပ်ကုန်၏။
(၇) အာဟာရ ၃-ပါး
ထိုတွင် အဘယ်တို့သည် ဓာတ်သုံးပါးတွင် အကျုံးမဝင်သော (လောကုတ္တရာ) တရား၌ အာဟာရသုံးပါးတို့ မည်သနည်း။
တွေ့ထိမှု ‘ဖဿ’ အာဟာရ၊ စိတ်စေ့ဆော်မှု ‘မနောသေဉ္စတနာ’ အာဟာရ၊ သိမှု ‘ဝိညာဏ’ အာဟာရ။ ဤသည်တို့ကို ဓာတ်သုံးပါးတွင် အကျုံးမဝင်သော (လောကုတ္တရာ) တရား၌ အာဟာရသုံးပါးတို့ဟုဆိုအပ် ကုန်၏။
--
(၈) ဖဿ ၁-ပါး
ထိုတွင် အဘယ်သည် ဓာတ်သုံးပါးတွင် အကျုံးမဝင်သော (လောကုတ္တရာ) တရား၌ တွေ့ထိမှု ‘ဖဿ'တစ်ပါး မည်သနည်း။
အထူးသိမှု သဘော မနောဝိညာဏဓာတ်အတွေ့ ‘မနောဝိညာဏဓာတုသမ္ဖဿ’။ ယင်းကို ဓာတ်သုံးပါးတွင် အကျုံးမဝင်သော (လောကုတ္တရာ) တရား၌ တွေ့ထိမှု ‘ဖဿ'တစ်ပါးဟု ဆိုအပ်၏။
(၉-၁၂) ဝေဒနာ ၁-ပါး စသည်
ထိုတွင် အဘယ်သည် ဓာတ်သုံးပါးတွင် အကျုံးမဝင်သော (လောကုတ္တရာ) တရား၌- ခံစားမှု ‘ဝေဒနာ'တစ်ပါး မည်သနည်း။ပ။
မှတ်သားမှု ‘သညာ’ တစ်ပါး မည်သနည်း။ပ။
စေ့ဆော်မှု ‘စေတနာ’ တစ်ပါး မည်သနည်း။ပ။
စိတ်တစ်ပါး မည်သနည်း။
အထူးသိမှု သဘော ‘မနောဝိညာဏဓာတ်’၊ ယင်းကို ဓာတ်သုံးပါး၌ အကျုံးမဝင်သော (လောကုတ္တရာ) တရား၌ စိတ်တစ်ပါးဟု ဆိုအပ်၏။
တရားတို့၏ ဖြစ်ခြင်း မဖြစ်ခြင်းကိုပြဆိုသောဥပ္ပတ္တာနုပ္ပတ္တိဝါရ ပြီး၏။
--
၃-ပရိယာပန္နာပရိယာပန္နဝါရ
(ဓာတ်သုံးပါး၌ အကျုံးဝင်, မဝင်သောတရားတို့ကို ပြဆိုသော ဝါရ)
၁-ကာမဓာတ်တရားများ
အမေးပုစ္ဆာ
၉၉၉။ ခန္ဓာငါးပါးတို့တွင် ကာမဓာတ်၌ အကျုံးဝင်သော ခန္ဓာတို့သည် အဘယ်မျှတို့နည်း၊ ကာမဓာတ်၌ အကျုံးမဝင်သော ခန္ဓာတို့သည် အဘယ်မျှတို့နည်း။ပ။ စိတ်ခုနစ်ပါးတို့တွင် ကာမဓာတ်၌ အကျုံးဝင်သော စိတ်တို့သည် အဘယ်မျှတို့နည်း၊ ကာမဓာတ်၌ အကျုံးမဝင်သော စိတ်တို့သည် အဘယ်မျှတို့နည်း။
အဖြေဝိသဇ္ဇနာ
(၁) ခန္ဓာငါးပါး
၁၀၀၀။ ရူပက္ခန္ဓာသည် ကာမဓာတ်၌ အကျုံးဝင်၏။ (ကြွင်း) ခန္ဓာလေးပါးတို့သည် အချို့ ကာမ ဓာတ်၌ အကျုံးဝင်ကုန်၏၊ အချို့ ကာမဓာတ်၌ အကျုံးမဝင်ကုန်။
(၂) အာယတန၁၂-ပါး
အာယတနဆယ်ပါးတို့သည် ကာမဓာတ်၌ အကျုံးဝင်ကုန်၏။ အာယတနနှစ်ပါးတို့သည် အချို့ကာမဓာတ်၌ အကျုံးဝင်ကုန်၏၊ အချို့ ကာမဓာတ်၌ အကျုံးမဝင်ကုန်။
(၃) ဓာတ်၁၈-ပါး
ဓာတ်တစ်ဆယ့်ခြောက်ပါးတို့သည် ကာမဓာတ်၌ အကျုံးဝင်ကုန်၏။ ဓာတ်နှစ်ပါးတို့သည် အချို့ကာမဓာတ်၌ အကျုံးဝင်ကုန်၏၊ အချို့ ကာမဓာတ်၌ အကျုံးမဝင်ကုန်။
(၄) သစ္စာ ၄-ပါး
သမုဒယသစ္စာသည် ကာမဓာတ်၌ အကျုံးဝင်၏။ သစ္စာနှစ်ပါးတို့သည် ကာမဓာတ်၌ အကျုံး မဝင်ကုန်။ ဒုက္ခသစ္စာသည် အချို့ ကာမဓာတ်၌ အကျုံးဝင်၏၊ အချို့ ကာမဓာတ်၌ အကျုံးမဝင်။
(၅) ဣန္ဒြေ ၂၂-ပါး
ဣန္ဒြေဆယ်ပါးတို့သည် ကာမဓာတ်၌ အကျုံးဝင်ကုန်၏။ ဣန္ဒြေသုံးပါးတို့သည် ကာမဓာတ်၌့အကျုံးမဝင်ကုန်။ ဣန္ဒြေကိုးပါးတို့သည် အချို့ ကာမဓာတ်၌ အကျုံးဝင်ကုန်၏၊ အချို့ ကာမဓာတ်၌ အကျုံးမဝင်ကုန်။
--
(၆) ဟိတ် ၆-ပါး
အကုသိုလ်ဟိတ်သုံးပါးတို့သည် ကာမဓာတ်၌ အကျုံးဝင်ကုန်၏။ (ကြွင်း) ဟိတ် ခြောက်ပါးတို့သည်အချို့ ကာမဓာတ်၌ အကျုံးဝင်ကုန်၏၊ အချို့ကာမဓာတ်၌ အကျုံးမဝင်ကုန်။
(၇) အာဟာရ ၄-ပါး
အလုတ်အလွေးကို ပြုသော ‘ကဗဠီကာရ’ အာဟာရသည် ကာမဓာတ်၌ အကျုံးဝင်၏။ (ကြွင်း) အာဟာရသုံးပါးတို့သည် အချို့ကာမဓာတ်၌ အကျုံးဝင်ကုန်၏၊ အချို့ကာမဓာတ်၌ အကျုံးမဝင်ကုန်။
(၈) ဖဿ ၆-ပါး
တွေ့ထိမှု ‘ဖဿ’ ခြောက်ပါးတို့သည် ကာမဓာတ်၌ အကျုံးဝင်ကုန်၏။ မနောဝိညာဏဓာတ်အတွေ့သည် အချို့ ကာမဓာတ်၌ အကျုံးဝင်၏၊ အချို့ ကာမဓာတ်၌ အကျုံးမဝင်။
(၉-၁၂) ဝေဒနာ ၆-ပါးစသည်
ခံစားမှု ‘ဝေဒနာ’ ခြောက်ပါးတို့သည်။ပ။
သိမှတ်မှု ‘သညာ’ ခြောက်ပါးတို့သည်။ပ။
စေ့ဆော်မှု ‘စေတနာ’ ခြောက်ပါးတို့သည်။ပ။
စိတ်ခြောက်ပါးတို့သည် ကာမဓာတ်၌ အကျုံးဝင်ကုန်၏။ မနောဝိညာဏဓာတ်သည် အချို့ ကာမဓာတ်၌ အကျုံးဝင်၏၊ အချို့ ကာမဓာတ်၌ အကျုံးမဝင်။
--
၂-ရူပဓာတ်တရားများ
အမေးပုစ္ဆာ
၁၀၀၁။ ခန္ဓာငါးပါးတို့တွင် ရူပဓာတ်၌ အကျုံးဝင်သော ခန္ဓာတို့သည် အဘယ်မျှတို့နည်း။ပ။
စိတ်ခုနစ်ပါးတို့တွင် ရူပဓာတ်၌ အကျုံးဝင်သော စိတ်တို့သည် အဘယ်မျှတို့နည်း၊ ရူပဓာတ်၌ အကျုံးမဝင်သော စိတ်တို့သည် အဘယ်မျှတို့နည်း။
အဖြေ ဝိသဇ္ဇနာ
(၁) ခန္ဓာ ၅-ပါး
၁၀၀၂။ ရူပက္ခန္ဓာသည် ရူပဓာတ်၌ အကျုံးမဝင်။ (ကြွင်း) ခန္ဓာလေးပါးတို့သည် အချို့ ရူပဓာတ်၌ အကျုံးဝင်ကုန်၏၊ အချို့ ရူပဓာတ်၌ အကျုံးမဝင်ကုန်။
(၂) အာယတန၁၂-ပါး
အာယတန ဆယ်ပါးတို့သည် ရူပဓာတ်၌ အကျုံးမဝင်ကုန်။ အာယတန နှစ်ပါးတို့သည် အချို့ရူပဓာတ်၌ အကျုံးဝင်ကုန်၏၊ အချို့ ရူပဓာတ်၌ အကျုံးမဝင်ကုန်။
(၃) ဓာတ်၁၈-ပါး
ဓာတ်တစ်ဆယ့်ခြောက်ပါးတို့သည် ရူပဓာတ်၌ အကျုံးမဝင်ကုန်။ ဓာတ်နှစ်ပါးတို့သည် အချို့ ရူပဓာတ်၌ အကျုံးဝင်ကုန်၏၊ အချို့ ရူပဓာတ်၌ အကျုံးမဝင်ကုန်။
(၄) သစ္စာ ၄-ပါး
သစ္စာသုံးပါးတို့သည် ရူပဓာတ်၌ အကျုံးမဝင်ကုန်။ ဒုက္ခသစ္စာသည် အချို့ ရူပဓာတ်၌ အကျုံးဝင်၏၊ အချို့ ရူပဓာတ်၌ အကျုံးမဝင်။
(၅) ဣန္ဒြေ ၂၂ ပါး
ဣန္ဒြေတစ်ဆယ့်သုံးပါးတို့သည် ရူပဓာတ်၌ အကျုံးမဝင်ကုန်။ ဣန္ဒြေကိုးပါးတို့သည် ရူပဓာတ်၌့အကျုံးဝင်ကုန်၏၊ အချို့ ရူပဓာတ်၌ အကျုံးမဝင်ကုန်။
--
(၆) ဟိတ် ၉-ပါး
အကုသိုလ်ဟိတ်သုံးပါးတို့သည် ရူပဓာတ်၌ အကျုံးမဝင်ကုန်၊ (ကြွင်း) ဟိတ်ခြောက်ပါးတို့သည် အချို့ရူပဓာတ်၌ အကျုံးဝင်ကုန်၏၊ အချို့ရူပဓာတ်၌ အကျုံးမဝင်ကုန်။
(၇) အာဟာရ ၄-ပါး
အလုတ်အလွေး ပြုအပ်သော ‘ကဗဠီကာရ’ အာဟာရသည် ရူပဓာတ်၌ အကျုံးမဝင်။ (ကြွင်း) အာဟာရ သုံးပါးတို့သည် အချို့ ရူပဓာတ်၌ အကျုံးဝင်ကုန်၏၊ အချို့ ရူပဓာတ်၌ အကျုံး မဝင်ကုန်။
(၈) ဖဿ ၇-ပါး
တွေ့ထိမှု ‘ဖဿ’ ခြောက်ပါးတို့သည် ရူပဓာတ်၌ အကျုံးမဝင်ကုန်။ မနောဝိညာဏဓာတ်အတွေ့ သည်အချို့ ရူပဓာတ်၌ အကျုံးဝင်၏၊ အချို့ ရူပဓာတ်၌ အကျုံးမဝင်။
(၉-၁၂) ဝေဒနာ စသည်
ခံစားမှု ‘ဝေဒနာ’ ခြောက်ပါးတို့သည်။ပ။
သိမှတ်မှု ‘သညာ’ ခြောက်ပါးတို့သည်။ပ။
စေ့ဆော်မှု ‘စေတနာ’ ခြောက်ပါးတို့သည်။ပ။
စိတ်ခြောက်ပါးတို့သည် ရူပဓာတ်၌ အကျုံးမဝင်ကုန်။ မနောဝိညာဏဓာတ်သည် အချို့ ရူပဓာတ်၌ အကျုံးဝင်၏၊ အချို့ရူပဓာတ်၌ အကျုံးမဝင်။
--
(၃) အရူပဓာတ်တရားများ
အမေးပုစ္ဆာ
၁၀၀၃။ ခန္ဓာငါးပါးတို့တွင် အရူပဓာတ်၌ အကျုံးဝင်သော ခန္ဓာတို့သည် အဘယ်မျှတို့နည်း၊ အရူပဓာတ်၌ အကျုံးမဝင်သော ခန္ဓာတို့သည် အဘယ်မျှတို့နည်း။ပ။ စိတ်ခုနစ်ပါးတို့တွင် အရူပဓာတ်၌ အကျုံးဝင်သော စိတ်တို့သည် အဘယ်မျှတို့နည်း၊ အရူပဓာတ်၌ အကျုံးမဝင်သော စိတ်တို့သည်အဘယ်မျှတို့နည်း။
အဖြေဝိသဇ္ဇနာ
(၁) ခန္ဓာ ၅-ပါး
၁၀၀၄။ ရူပက္ခန္ဓာသည် အရူပဓာတ်၌ အကျုံးမဝင်။ (ကြွင်း) ခန္ဓာလေးပါးတို့သည် အချို့ အရူပဓာတ်၌ အကျုံးဝင်ကုန်၏၊ အချို့ အရူပဓာတ်၌ အကျုံးမဝင်ကုန်။
(၂) အာယတန ၁၂-ပါး
အာယတနဆယ်ပါးတို့သည် အရူပဓာတ်၌ အကျုံးမဝင်ကုန်။ အာယတနနှစ်ပါးတို့သည် အချို့အရူပဓာတ်၌ အကျုံးဝင်ကုန်၏၊ အချို့ အရူပဓာတ်၌ အကျုံးမဝင်ကုန်။
(၃) ဓာတ် ၁၈-ပါး
ဓာတ်တစ်ဆယ့်ခြောက်ပါးတို့သည် အရူပဓာတ်၌ အကျုံးမဝင်ကုန်။ ဓာတ်နှစ်ပါးတို့သည် အချို့အရူပဓာတ်၌ အကျုံးဝင်ကုန်၏၊ အချို့ အရူပဓာတ်၌ အကျုံးမဝင်ကုန်။
(၄) သစ္စာ ၄-ပါး
သစ္စာသုံးပါးတို့သည် အရူပဓာတ်၌ အကျုံးမဝင်ကုန်။ ဒုက္ခသစ္စာသည် အချို့ အရူပဓာတ်၌ အကျုံးဝင်၏၊ အချို့ အရူပဓာတ်၌ အကျုံးမဝင်။
--
(၅) ဣန္ဒြေ ၂၂-ပါး
ဣန္ဒြေတစ်ဆယ့်လေးပါးတို့သည် အရူပဓာတ်၌ အကျုံးမဝင်ကုန်။ ဣန္ဒြေရှစ်ပါးတို့သည် အချို့အရူပဓာတ်၌ အကျုံးဝင်ကုန်၏၊ အချို့အရူပဓာတ်၌ အကျုံးမဝင်ကုန်။
(၆) ဟိတ် ၉-ပါး
အကုသိုလ်ဟိတ်သုံးပါးတို့သည် အရူပဓာတ်၌ အကျုံးမဝင်ကုန်။ (ကြွင်း) ဟိတ်ခြောက်ပါးတို့သည် အချို့အရူပဓာတ်၌ အကျုံးဝင်ကုန်၏၊ အချို့ အရူပဓာတ်၌ အကျုံးမဝင်ကုန်။
(၇) အာဟာရ ၄-ပါး
အလုတ်အလွေးပြုအပ်သော ‘ကဗဠီကာရ’ အာဟာရသည် အရူပဓာတ်၌ အကျုံးမဝင်။ (ကြွင်း) အာဟာရ သုံးပါးတို့သည် အချို့ အရူပဓာတ်၌ အကျုံးဝင်ကုန်၏၊ အချို့ အရူပဓာတ်၌ အကျုံးမဝင်ကုန်။
(၈) ဖဿ ၇ ပါး
တွေ့ထိမှု ‘ဖဿ’ ခြောက်ပါးတို့သည် အရူပဓာတ်၌ အကျုံးမဝင်ကုန်၊ မနောဝိညာဏဓာတ်အတွေ့ သည်အချို့ အရူပဓာတ်၌ အကျုံးဝင်၏၊ အချို့ အရူပဓာတ်၌ အကျုံးမဝင်။
(၉-၁၂) ဝေဒနာစသည်
ခံစားမှု ‘ဝေဒနာ’ ခြောက်ပါးတို့သည်။ပ။
သိမှတ်မှု ‘သညာ’ ခြောက်ပါးတို့သည်။ပ။
စေ့ဆော်မှု ‘စေတနာ’ ခြောက်ပါးတို့သည်။ပ။
စိတ်ခြောက်ပါးတို့သည် အရူပဓာတ်၌ အကျုံးမဝင်ကုန်။ မနောဝိညာဏဓာတ်သည် အချို့ အရူပဓာတ်၌ အကျုံးဝင်၏၊ အချို့ အရူပဓာတ်၌ အကျုံးမဝင်။
--
၄-ဓမ္မဒဿနဝါရ
(တရားတို့ကို ညွှန်ပြရာဖြစ်သော ဝါရ)
၁-ကာမဓာတ်တရားများ
အမေးပုစ္ဆာ
၁၀၀၇။ ကာမဓာတ်၌ ပဋိသန္ဓေအခါ အဘယ်မျှသော ခန္ဓာတို့ ထင်ရှားဖြစ်ကုန်သနည်း။ပ။ အဘယ်မျှသော စိတ်တို့ ထင်ရှားဖြစ်ကုန်သနည်း။
အဖြေဝိသဇ္ဇနာ
(၁) ခန္ဓာ
ကာမဓာတ်၌ ပဋိသန္ဓေအခါ သူခပ်သိမ်းတို့အား ခန္ဓာငါးပါး ထင်ရှားဖြစ်ကုန်၏။
(၂) အာယတန
အချို့သူအား အာယတနတစ်ဆယ့်တစ်ပါးတို့ ထင်ရှားဖြစ်ကုန်၏၊ အချို့သူအား အာယတနဆယ်ပါး တို့ထင်ရှားဖြစ်ကုန်၏၊ အချို့သူအား (တစ်နည်း) အခြား အာယတနဆယ်ပါးတို့ ထင်ရှားဖြစ်ကုန်၏။ အချို့သူအား အာယတနကိုးပါးတို့ ထင်ရှားဖြစ်ကုန်၏၊ အချို့သူအား အာယတနခုနစ်ပါးတို့ ထင်ရှားဖြစ်ကုန်၏။
(၃) ဓာတ်
အချို့သူအား ဓာတ်တစ်ဆယ့်တစ်ပါးတို့ ထင်ရှားဖြစ်ကုန်၏၊ အချို့သူအား ဓာတ်ဆယ်ပါးတို့ထင်ရှားဖြစ်ကုန်၏၊ အချို့သူအား (တစ်နည်း) အခြား ဓာတ်ဆယ်ပါးတို့ ထင်ရှားဖြစ်ကုန်၏၊ အချို့သူအား ဓာတ်ကိုးပါးတို့ ထင်ရှားဖြစ်ကုန်၏၊ အချို့သူအား ဓာတ်ခုနစ်ပါးတို့ ထင်ရှားဖြစ်ကုန်၏။
--
(၄) သစ္စာ
သူခပ်သိမ်းတို့အား သစ္စာတစ်ပါး ထင်ရှားဖြစ်၏။
(၅) ဣန္ဒြေ
အချို့သူအား ဣန္ဒြေ တစ်ဆယ့်လေးပါးတို့ ထင်ရှားဖြစ်ကုန်၏၊ အချို့သူအား ဣန္ဒြေ တစ်ဆယ့်သုံးပါးတို့ ထင်ရှားဖြစ်ကုန်၏၊ အချို့သူအား (တစ်နည်း) အခြားဣန္ဒြေတစ်ဆယ့်သုံးပါးတို့ ထင်ရှားဖြစ်ကုန်၏၊ အချို့သူအား ဣန္ဒြေတစ်ဆယ့်နှစ်ပါးတို့ ထင်ရှားဖြစ်ကုန်၏၊ အချို့သူအား ဣန္ဒြေဆယ်ပါးတို့ထင်ရှားဖြစ်ကုန်၏၊ အချို့သူအား ဣန္ဒြေကိုးပါးတို့ ထင်ရှားဖြစ်ကုန်၏၊ အချို့သူအား (တစ်နည်း) အခြားဣန္ဒြေကိုးပါးတို့ ထင်ရှားဖြစ်ကုန်၏၊ အချို့သူအား ဣန္ဒြေရှစ်ပါးတို့ ထင်ရှားဖြစ်ကုန်၏၊ အချို့သူအား
(တစ်နည်း) အခြားဣန္ဒြေ္ဒရှစ်ပါးတို့ ထင်ရှားဖြစ်ကုန်၏၊ အချို့သူအား ဣန္ဒြေခုနစ်ပါးတို့ ထင်ရှားဖြစ်ကုန်၏၊ အချို့သူအား ဣန္ဒြေငါးပါးတို့ ထင်ရှားဖြစ်ကုန်၏၊ အချို့သူအား ဣန္ဒြေလေးပါးတို့ ထင်ရှားဖြစ်ကုန်၏။
(၆) ဟိတ်
အချို့သူအား ဟိတ်သုံးပါးတို့ ထင်ရှားဖြစ်ကုန်၏၊ အချို့သူအား ဟိတ်နှစ်ပါးတို့ ထင်ရှား ဖြစ်ကုန်၏၊ အချို့သူအား ဟိတ်မပါဘဲ ထင်ရှားဖြစ်ကုန်၏။
(၇) အာဟာရ
သူခပ်သိမ်းတို့အား အာဟာရလေးပါးတို့ ထင်ရှားဖြစ်ကုန်၏။
(၈) ဖဿ
သူခပ်သိမ်းတို့အား တွေ့ထိမှု ‘ဖဿ’ တစ်ပါး ထင်ရှားဖြစ်၏။
(၉) ဝေဒနာ
သူခပ်သိမ်းတို့အား ခံစားမှု ‘ဝေဒနာ'တစ်ပါး ထင်ရှားဖြစ်၏။
(၁၀) သညာ
သူခပ်သိမ်းတို့အား သိမှတ်မှု (သညာ) တစ်ပါး ထင်ရှားဖြစ်၏။
(၁၁) စေတနာ
သူခပ်သိမ်းတို့အား စေ့ဆော်မှု (စေတနာ) တစ်ပါး ထင်ရှားဖြစ်၏။
(၁၂) စိတ်
သူခပ်သိမ်းတို့အား စိတ်တစ်ပါး ထင်ရှားဖြစ်၏။
--
အကျယ်ဖွင့်ပြခြင်း
(၁) ခန္ဓာတရား
၁၀၀၈။ ကာမဓာတ်၌ ပဋိသန္ဓေအခိုက် သူခပ်သိမ်းတို့အား အဘယ်ခန္ဓာငါးပါးတို့ ထင်ရှားဖြစ်ကုန်သနည်း။
ရူပက္ခန္ဓာ ဝေဒနာက္ခန္ဓာ သညာက္ခန္ဓာ သင်္ခါရက္ခန္ဓာ ဝိညာဏက္ခန္ဓာ၊ ကာမဓာတ်၌ ပဋိသန္ဓေအခိုက်သူခပ်သိမ်းတို့အား ဤခန္ဓာငါးပါးတို့ ထင်ရှားဖြစ်ကုန်၏။
(၂) အာယတနတရားများ
၁၀၀၉။ ကာမဓာတ်၌ ပဋိသန္ဓေအခိုက် အဘယ်သူအား အာယတနတစ်ဆယ့်တစ်ပါးတို့ ထင်ရှားဖြစ်ကုန်သနည်း။
အာယတနအပြည့်အစုံဖြစ်ထိုက်ကုန်သော ကာမာဝစရနတ်၊ ကမ္ဘာဦးလူ၊ ကိုယ်ကောင်ထင်ရှားဘွားကနဲဖြစ်ကုန် (ဥပပါတ်ပဋိသန္ဓေနေကုန်) သော ပြိတ္တာ၊ အသုရာ၊ တိရစ္ဆာန်နှင့် ငရဲသူတို့အားပဋိသန္ဓေအခါ အာယတန တစ်ဆယ့်တစ်ပါးတို့ ထင်ရှားဖြစ်ကုန်၏။ စက္ခာယတန၊ ရူပါယတန၊ သောတာယတန၊ ဃာနာယတန၊ ဂန္ဓာယတန၊ ဇိဝှါယတန၊ ရသာယတန၊ ကာယာယတန၊ ဖောဋ္ဌဗ္ဗာယတန၊ မနာယတန၊ ဓမ္မာယတန။ ကာမဓာတ်၌ ပဋိသန္ဓေအခိုက် ထိုသူတို့အားဤအာယတနတစ်ဆယ့်တစ်ပါးတို့ ထင်ရှားဖြစ်ကုန်၏။
ကာမဓာတ်၌ ပဋိသန္ဓေအခိုက် အဘယ်သူအား အာယတနဆယ်ပါးတို့ ထင်ရှားဖြစ်ကုန်သနည်း။
ပဋိသန္ဓေအားဖြင့် ကန်းကုန်သော၊ ကိုယ်ကောင်ထင်ရှား ဘွားကနဲဖြစ်ကုန် (ဥပပါတ်ပဋိသန္ဓေနေကုန်) သော ပြိတ္တာ၊ အသုရာ၊ တိရစ္ဆာန်နှင့် ငရဲသူတို့အား ပဋိသန္ဓေအခါ အာယတနဆယ်ပါးတို့ ထင်ရှားဖြစ်ကုန်၏။ ရူပါယတန၊ သောတာယတန၊ ဃာနာယတန၊ ဂန္ဓာယတန၊ ဇိဝှါယတန၊ ရသာယတန၊ ကာယာ ယတန၊ ဖောဋ္ဌဗ္ဗာယတန၊ မနာယတန၊ ဓမ္မာယတန။ ကာမဓာတ်၌ ပဋိသန္ဓေအခိုက် ထိုသူတို့အားဤအာယတနဆယ်ပါးတို့ ထင်ရှားဖြစ်ကုန်၏။ ကာမဓာတ်၌ ပဋိသန္ဓေအခိုက် အဘယ်သူအား (တစ်နည်း) အခြား အာယတနဆယ်ပါးတို့ ထင်ရှားဖြစ်ကုန်သနည်း-
ပဋိသန္ဓေအားဖြင့်နားပင်းကုန်သော၊ ကိုယ်ကောင်ထင်ရှားဘွားကနဲဖြစ်ကုန် (ဥပပါတ်ပဋိသန္ဓေနေကုန်) သော ပြိတ္တာ၊ အသုရာ၊ တိရစ္ဆာန်နှင့် ငရဲသူတို့အား ပဋိသန္ဓေအခါ အာယတနဆယ်ပါးတို့ထင်ရှား ဖြစ်ကုန်၏။ စက္ခာယတန၊ ရူပါယတန၊ ဃာနာယတန၊ ဂန္ဓာယတန၊ ဇိဝှါယတန၊ ရသာယတန၊ ကာယာယတန၊ ဖောဋ္ဌဗ္ဗာယတန၊ မနာယတန၊ ဓမ္မာယတန။ ကာမဓာတ်၌ ပဋိသန္ဓေအခိုက် ထိုသူတို့အား ဤအာယတနဆယ်ပါးတို့ ထင်ရှားဖြစ်ကုန်၏။ ကာမဓာတ်၌ ပဋိသန္ဓေအခိုက် အဘယ်သူအား အာယတနကိုးပါးတို့ ထင်ရှားဖြစ်ကုန်သနည်း-
ပဋိသန္ဓေအားဖြင့် ကန်းလည်းကန်း ပင်းလည်းပင်းကုန်သော၊ ကိုယ်ကောင်ထင်ရှား ဘွားကနဲ ဖြစ်ကုန် (ဥပပါတ်ပဋိသန္ဓေနေကုန်) သော ပြိတ္တာ၊ အသုရာ၊ တိရစ္ဆာန်နှင့် ငရဲသူတို့အား ပဋိသန္ဓေအခါ အာယတနကိုးပါးတို့ ထင်ရှားဖြစ်ကုန်၏။ ရူပါယတန၊ ဃာနာယတန၊ ဂန္ဓာယတန၊ ဇိဝှါယတန၊ ရသာယတန၊ ကာယာယတန၊ ဖောဋ္ဌဗ္ဗာယတန၊ မနာယတန၊ ဓမ္မာယတန။ ကာမဓာတ်၌ ပဋိသန္ဓေအခိုက် ထိုသူတို့အား ဤအာယတန ကိုးပါးတို့ထင်ရှားဖြစ်ကုန်၏။ ကာမဓာတ်၌ ပဋိသန္ဓေအခိုက် အဘယ်သူအား အာယတနခုနစ်ပါးတို့ ထင်ရှားဖြစ်ကုန်သနည်း-
--
အမိဝမ်းတွင်း၌ ပဋိသန္ဓေနေသော (ဂဗ္ဘသေယျက) သတ္တဝါတို့အား ပဋိသန္ဓေအခါ အာယတနခုနစ်ပါးတို့ ထင်ရှားဖြစ်ကုန်၏။ ရူပါယတန၊ ဂန္ဓာယတန၊ ရသာယတန၊ ကာယာယတန၊ ဖောဋ္ဌဗ္ဗာယတန၊ မနာယတန၊ ဓမ္မာယတန။ ကာမဓာတ်၌ ပဋိသန္ဓေအခိုက် ထိုသူတို့အား ဤအာယတနခုနစ်ပါးတို့ ထင်ရှားဖြစ်ကုန်၏။
(၃) ဓာတ်တရားများ
၁၀၁၀။ ကာမဓာတ်၌ ပဋိသန္ဓေအခိုက် အဘယ်သူအား ဓာတ်တစ်ဆယ့်တစ်ပါးတို့ ထင်ရှား ဖြစ်ကုန်သနည်း-
အာယတနအပြည့်အစုံဖြစ်ထိုက်ကုန်သော ကာမာဝစရနတ်၊ ကမ္ဘာဦးလူ၊ ကိုယ်ကောင်ထင်ရှားဘွားကနဲဖြစ်ကုန် (ဥပပါတ်ပဋိသန္ဓေနေကုန်) သော ပြိတ္တာ၊ အသုရာ၊ တိရစ္ဆာန်နှင့် ငရဲသူတို့အား ပဋိသန္ဓေအခါဓာတ်တစ်ဆယ့်တစ်ပါးတို့ ထင်ရှားဖြစ်ကုန်၏။ စက္ခုဓာတ်၊ ရူပဓာတ်၊ သောတဓာတ်၊ ဃာနဓာတ်၊ ဂန္ဓဓာတ်၊ ဇိဝှါဓာတ်၊ ရသဓာတ်၊ ကာယဓာတ်၊ ဖောဋ္ဌဗ္ဗဓာတ်၊ မနောဝိညာဏဓာတ်၊ ဓမ္မဓာတ်။ ကာမဓာတ်၌ ပဋိသန္ဓေအခိုက် ထိုသူတို့အား ဤဓာတ်တစ်ဆယ့်တစ်ပါးတို့ ထင်ရှားဖြစ်ကုန်၏။ ကာမဓာတ်၌ ပဋိသန္ဓေအခိုက် အဘယ်သူအား ဓာတ်ဆယ်ပါးတို့ ထင်ရှားဖြစ်ကုန်သနည်း။
ပဋိသန္ဓေအားဖြင့် ကန်းကုန်သော၊ ကိုယ်ကောင်ထင်ရှား ဘွားကနဲဖြစ်ကုန် (ဥပပါတ်ပဋိသန္ဓေနေကုန်) သော ပြိတ္တာ၊ အသုရာ၊ တိရစ္ဆာန်နှင့် ငရဲသူတို့အား ပဋိသန္ဓေအခါ ဓာတ်ဆယ်ပါးတို့ ထင်ရှား ဖြစ်ကုန်၏။ ရူပဓာတ်၊ သောတဓာတ်၊ ဃာနဓာတ်၊ ဂန္ဓဓာတ်၊ ဇိဝှါဓာတ်၊ ရသဓာတ်၊ ကာယဓာတ်၊ ဖောဋ္ဌဗ္ဗဓာတ်၊ မနောဝိညာဏဓာတ်၊ ဓမ္မဓာတ်။ ကာမဓာတ်၌ ပဋိသန္ဓေအခိုက် ထိုသူတို့အား ဤဓာတ်ဆယ်ပါးတို့ထင်ရှားဖြစ်ကုန်၏။ ကာမဓာတ်၌ ပဋိသန္ဓေအခိုက် အဘယ်သူအား (တစ်နည်းအားဖြင့်) အခြား ဓာတ်ဆယ်ပါးတို့ ထင်ရှားဖြစ်ကုန်သနည်း။
ပဋိသန္ဓေအားဖြင့် နားပင်းကုန်သော၊ ကိုယ်ကောင်ထင်ရှား ဘွားကနဲဖြစ်ကုန် (ဥပပါတ်ပဋိသန္ဓေနေကုန်) သော ပြိတ္တာ၊ အသုရာ၊ တိရစ္ဆာန်နှင့် ငရဲသူတို့အား ပဋိသန္ဓေအခါ ဓာတ်ဆယ်ပါးတို့ ထင်ရှားဖြစ်ကုန်၏။ စက္ခုဓာတ်၊ ရူပဓာတ်၊ ဃာနဓာတ်၊ ဂန္ဓဓာတ်၊ ဇိဝှါဓာတ်၊ ရသဓာတ်၊ ကာယဓာတ်၊ ဖောဋ္ဌဗ္ဗဓာတ်၊ မနောဝိညာဏဓာတ်၊ ဓမ္မဓာတ်။ ကာမဓာတ်၌ ပဋိသန္ဓေအခိုက် ထိုသူတို့အား ဤဓာတ်ဆယ်ပါးတို့ထင်ရှားဖြစ်ကုန်၏။ ကာမဓာတ်၌ ပဋိသန္ဓေအခိုက် အဘယ်သူအား ဓာတ်ကိုးပါးတို့ ထင်ရှားဖြစ်ကုန်သနည်း။
ပဋိသန္ဓေအားဖြင့် ကန်းလည်းကန်း ပင်းလည်းပင်းကုန်သော၊ ကိုယ်ကောင်ထင်ရှား ဘွားကနဲဖြစ်ကုန် (ဥပပါတ်ပဋိသန္ဓေနေကုန်) သော ပြိတ္တာ၊ အသုရာ၊ တိရစ္ဆာန်နှင့် ငရဲသူတို့အား ပဋိသန္ဓေအခါ ဓာတ်ကိုးပါးတို့ ထင်ရှားဖြစ်ကုန်၏။ ရူပဓာတ်၊ ဃာနဓာတ်၊ ဂန္ဓဓာတ်၊ ဇိဝှါဓာတ်၊ ရသဓာတ်၊ ကာယဓာတ်၊ ဖောဋ္ဌဗ္ဗဓာတ်၊ မနောဝိညာဏဓာတ်၊ ဓမ္မဓာတ်။ ကာမဓာတ်၌ ပဋိသန္ဓေအခိုက် ထိုသူတို့အား ဤဓာတ်ကိုးပါးတို့ ထင်ရှား ဖြစ်ကုန်၏။ ကာမဓာတ်၌ ပဋိသန္ဓေအခိုက် အဘယ်သူအား ဓာတ်ခုနစ်ပါးတို့ ထင်ရှားဖြစ်ကုန်သနည်း။
အမိဝမ်းတိုက်၌ ကိန်းအောင်းပဋိသန္ဓေ တည်နေကုန်သော (ဂဗ္ဘသေယျက) သတ္တဝါတို့အား ပဋိသန္ဓေအခါ ဓာတ်ခုနစ်ပါးတို့ ထင်ရှားဖြစ်ကုန်၏။ ရူပဓာတ်၊ ဂန္ဓဓာတ်၊ ရသဓာတ်၊ ကာယဓာတ်၊ ဖောဋ္ဌဗ္ဗဓာတ်၊ မနောဝိညာဏဓာတ်၊ ဓမ္မဓာတ်။ ကာမဓာတ်၌ ပဋိသန္ဓေအခိုက် ထိုသူတို့အား ဤဓာတ်ခုနစ်ပါးတို့ ထင်ရှားဖြစ်ကုန်၏။
--
(၄) သစ္စာတရား
၁၀၁၁။ ကာမဓာတ်၌ ပဋိသန္ဓေအခိုက် သူခပ်သိမ်းတို့အား အဘယ်သစ္စာတစ်ပါး ထင်ရှားဖြစ်သနည်း။
ဒုက္ခသစ္စာ။ ကာမဓာတ်၌ ပဋိသန္ဓေအခိုက် သူခပ်သိမ်းတို့အား ဤသစ္စာတစ်ပါး ထင်ရှားဖြစ်၏။
(၅) ဣန္ဒြေတရားများ
၁၀၁၂။ ကာမဓာတ်၌ ပဋိသန္ဓေအခိုက် အဘယ်သူအား ဣန္ဒြေတစ်ဆယ့်လေးပါးတို့ ထင်ရှားဖြစ်ကုန်သနည်း။
အကြောင်း ‘ဟိတ်’ ရှိ၍ ဉာဏ်နှင့်ယှဉ်သည့် ပဋိသန္ဓေရှိကုန်သော ကာမာဝစရနတ်တို့အား ပဋိသန္ဓေအခါဣန္ဒြေ တစ်ဆယ့်လေးပါးတို့ ထင်ရှားဖြစ်ကုန်၏။ စက္ခုန္ဒြေ သောတိန္ဒြေ ဃာနိန္ဒြေ ဇိဝှိန္ဒြေ ကာယိန္ဒြေ မနိန္ဒြေ ဣတ္ထိန္ဒြေ၊ (သို့မဟုတ်) ပုရိသိန္ဒြေဇီဝိတိန္ဒြေ သောမနဿိန္ဒြေ၊ (သို့မဟုတ်) ဥပေက္ခိန္ဒြေ သဒ္ဓိန္ဒြေ ဝီရိယိန္ဒြေ သတိန္ဒြေ သမာဓိန္ဒြေ ပညိန္ဒြေ။ ကာမဓာတ်၌ ပဋိသန္ဓေအခိုက် ထိုသတ္တဝါတို့အား ဤဣန္ဒြေတစ်ဆယ့်လေးပါးတို့ ထင်ရှားဖြစ်ကုန်၏။ ကာမဓာတ်၌ ပဋိသန္ဓေအခိုက် အဘယ်သူအား ဣန္ဒြေတစ်ဆယ့်သုံးပါးတို့ ထင်ရှားဖြစ်ကုန်သနည်း။
အကြောင်း ‘ဟိတ်’ ရှိ၍ ဉာဏ်နှင့်မယှဉ်သည့် ပဋိသန္ဓေရှိကုန်သော ကာမာဝစရနတ်တို့အား ပဋိသန္ဓေအခါ ဣန္ဒြေတစ်ဆယ့်သုံးပါးတို့ ထင်ရှားဖြစ်ကုန်၏။ စက္ခုန္ဒြေ သောတိန္ဒြေ ဃာနိန္ဒြေ ဇိဝှိန္ဒြေ ကာယိန္ဒြေ မနိန္ဒြေ ဣတ္ထိန္ဒြေ၊ (သို့မဟုတ်) ပုရိသိန္ဒြေ့ဇီဝိတိန္ဒြေ သောမနဿိန္ဒြေ၊ (သို့မဟုတ်) ဥပေက္ခိန္ဒြေ သဒ္ဓိန္ဒြေ ဝီရိယိန္ဒြေ သတိန္ဒြေ သမာဓိန္ဒြေ။ ကာမဓာတ်၌ ပဋိသန္ဓေအခိုက် ထိုသူတို့အား ဤဣန္ဒြေတစ်ဆယ့်သုံးပါးတို့ ထင်ရှားဖြစ်ကုန်၏။ ကာမဓာတ်၌ ပဋိသန္ဓေအခိုက် အဘယ်သူအား (တစ်နည်းအားဖြင့်) အခြား ဣန္ဒြေတစ်ဆယ့် သုံးပါးတို့ထင်ရှားဖြစ်ကုန်သနည်း။
အကြောင်း ‘ဟိတ်’ ရှိ၍ ဉာဏ်နှင့်ယှဉ်သည့် ပဋိသန္ဓေရှိကုန်သော ကမ္ဘာဦးလူတို့အား ပဋိသန္ဓေအခါဣန္ဒြေတစ်ဆယ့်သုံးပါးတို့ ထင်ရှားဖြစ်ကုန်၏။ စက္ခုန္ဒြေ သောတိန္ဒြေ ဃာနိန္ဒြေ ဇိဝှိန္ဒြေ ကာယိန္ဒြေ မနိန္ဒြေ ဇီဝိတိန္ဒြေ သောမနဿိန္ဒြေ၊ (သို့မဟုတ်) ဥပေက္ခိန္ဒြေ သဒ္ဓိန္ဒြေ ဝီရိယိန္ဒြေ သတိန္ဒြေ သမာဓိန္ဒြေ ပညိန္ဒြေ။ ကာမဓာတ်၌ ပဋိသန္ဓေအခိုက်ထိုသူတို့အား ဤဣန္ဒြေတစ်ဆယ့်သုံးပါးတို့ ထင်ရှားဖြစ်ကုန်၏။ ကာမဓာတ်၌ ပဋိသန္ဓေအခိုက် အဘယ်သူအား ဣန္ဒြေတစ်ဆယ့်နှစ်ပါးတို့ ထင်ရှားဖြစ်ကုန်သနည်း။
အကြောင်း ‘ဟိတ်’ ရှိ၍ ဉာဏ်နှင့်မယှဉ်သည့် ပဋိသန္ဓေရှိကုန်သော ကမ္ဘာဦးလူတို့အား ပဋိသန္ဓေအခါဣန္ဒြေ တစ်ဆယ့်နှစ်ပါးတို့ ထင်ရှားဖြစ်ကုန်၏။ စက္ခုန္ဒြေ သောတိန္ဒြေ ဃာနိန္ဒြေ ဇိဝှိန္ဒြေ ကာယိန္ဒြေ မနိန္ဒြေ ဇီဝိတိန္ဒြေ သောမနဿိန္ဒြေ၊ (သို့မဟုတ်) ဥပေက္ခိန္ဒြေ သဒ္ဓိန္ဒြေ ဝီရိယိန္ဒြေ သတိန္ဒြေ သမာဓိန္ဒြေ။ ကာမဓာတ်၌ ပဋိသန္ဓေအခိုက် ထိုသူတို့အားဤဣန္ဒြေ တစ်ဆယ့်နှစ်ပါးတို့ ထင်ရှားဖြစ်ကုန်၏။ ကာမဓာတ်၌ ပဋိသန္ဓေအခိုက် အဘယ်သူအား ဣန္ဒြေဆယ်ပါးတို့ ထင်ရှားဖြစ်ကုန်သနည်း။
အကြောင်း ‘ဟိတ်’ ရှိ၍ ဉာဏ်နှင့်ယှဉ်သည့် ပဋိသန္ဓေရှိကုန်သော၊ အမိဝမ်းတိုက်၌ ကိန်းအောင်းပဋိသန္ဓေတည်နေကုန်သော (ဂဗ္ဘသေယျက) သတ္တဝါတို့အား ပဋိသန္ဓေအခါ ဣန္ဒြေဆယ်ပါးတို့ ထင်ရှားဖြစ်ကုန်၏။ ကာယိန္ဒြေ မနိန္ဒြေ ဣတ္ထိန္ဒြေ၊ (သို့မဟုတ်) ပုရိသိန္ဒြေ ဇီဝိတိန္ဒြေ သောမနဿိန္ဒြေ၊ (သို့မဟုတ်) ဥပေက္ခိန္ဒြေ သဒ္ဓိန္ဒြေ ဝီရိယိန္ဒြေ သတိန္ဒြေ သမာဓိန္ဒြေ ပညိန္ဒြေ။ ကာမဓာတ်၌ ပဋိသန္ဓေအခိုက်ထိုသူတို့အား ဤဣန္ဒြေဆယ်ပါးတို့ ထင်ရှားဖြစ်ကုန်၏။ ကာမဓာတ်၌ ပဋိသန္ဓေအခိုက် အဘယ်သူအား ဣန္ဒြေကိုးပါးတို့ ထင်ရှားဖြစ်ကုန်သနည်း။
အကြောင်း ‘ဟိတ်’ ရှိ၍ ဉာဏ်နှင့်မယှဉ်သည့် ပဋိသန္ဓေရှိကုန်သော အမိဝမ်းတိုက်၌ ကိန်းအောင်းပဋိသန္ဓေတည်နေကုန်သော (ဂဗ္ဘသေယျက) သတ္တဝါတို့အား ပဋိသန္ဓေအခါ ဣန္ဒြေကိုးပါးတို့ ထင်ရှားဖြစ်ကုန်၏။ ကာယိန္ဒြေ မနိန္ဒြေ ဣတ္ထိန္ဒြေ၊ (သို့မဟုတ်) ပုရိသိန္ဒြေ ဇီဝိတိန္ဒြေ သောမနဿိန္ဒြေ၊ (သို့မဟုတ်) ဥပေက္ခိန္ဒြေ သဒ္ဓိန္ဒြေ ဝီရိယိန္ဒြေ သတိန္ဒြေ သမာဓိန္ဒြေ၊ ကာမဓာတ်၌ ပဋိသန္ဓေအခိုက် ထိုသူတို့အားဤဣန္ဒြေ ကိုးပါးတို့ ထင်ရှားဖြစ်ကုန်၏။ ကာမဓာတ်၌ ပဋိသန္ဓေအခိုက် အဘယ်သူအား (တစ်နည်းအားဖြင့်) အခြား ဣန္ဒြေကိုးပါးတို့ထင်ရှားဖြစ် ကုန်သနည်း။
--
ဣန္ဒြေအပြည့်အစုံဖြစ်ထိုက်ကုန်သော၊ ကိုယ်ကောင်ထင်ရှား ဘွားကနဲဖြစ်ကုန် (ဥပပါတ်ပဋိသန္ဓေနေကုန်) သော ပြိတ္တာ၊ အသုရာ၊ တိရစ္ဆာန်နှင့် ငရဲသူတို့အား ပဋိသန္ဓေအခါ ဣန္ဒြေကိုးပါးတို့ ထင်ရှားဖြစ်ကုန်၏။ စက္ခုန္ဒြေ သောတိန္ဒြေ ဃာနိန္ဒြေ ဇိဝှိန္ဒြေ ကာယိန္ဒြေ မနိန္ဒြေ ဣတ္ထိန္ဒြေ၊ (သို့မဟုတ်) ပုရိသိန္ဒြေဇီဝိတိန္ဒြေ ဥပေက္ခိန္ဒြေ။ ကာမဓာတ်၌ ပဋိသန္ဓေအခိုက် ထိုသူတို့အား ဤဣန္ဒြေကိုးပါးတို့ ထင်ရှားဖြစ်ကုန်၏။ ကာမဓာတ်၌ ပဋိသန္ဓေအခိုက် အဘယ်သူအား ဣန္ဒြေရှစ်ပါးတို့ ထင်ရှားဖြစ်ကုန်သနည်း။
ပဋိသန္ဓေအားဖြင့် ကန်းကုန်သော၊ ကိုယ်ကောင်ထင်ရှား ဘွားကနဲဖြစ်ကုန် (ဥပပါတ်ပဋိသန္ဓေနေကုန်) သော ပြိတ္တာ၊ အသုရာ၊ တိရစ္ဆာန်နှင့် ငရဲသူတို့အား ပဋိသန္ဓေအခါ ဣန္ဒြေရှစ်ပါးတို့ ထင်ရှား ဖြစ်ကုန်၏။ သောတိန္ဒြေ ဃာနိန္ဒြေ ဇိဝှိန္ဒြေ ကာယိန္ဒြေ မနိန္ဒြေ ဣတ္ထိန္ဒြေ၊ (သို့မဟုတ်) ပုရိသိန္ဒြေ ဇီဝိတိန္ဒြေဥပေက္ခိန္ဒြေ။ ကာမဓာတ်၌ ပဋိသန္ဓေအခိုက် ထိုသူတို့အား ဤဣန္ဒြေရှစ်ပါးတို့ ထင်ရှားဖြစ်ကုန်၏။ ကာမဓာတ်၌ ပဋိသန္ဓေအခိုက် အဘယ်သူအား (တစ်နည်းအားဖြင့်) အခြား ဣန္ဒြေရှစ်ပါးတို့ ထင်ရှားဖြစ်ကုန်သနည်း။
ပဋိသန္ဓေအားဖြင့် နားပင်းကုန်သော၊ ကိုယ်ကောင်ထင်ရှား ဘွားကနဲဖြစ်ကုန် (ဥပပါတ်ပဋိသန္ဓေနေကုန်) သော ပြိတ္တာ၊ အသုရာ၊ တိရစ္ဆာန်နှင့် ငရဲသူတို့အား ပဋိသန္ဓေအခါ ဣန္ဒြေရှစ်ပါးတို့ ထင်ရှားဖြစ်ကုန်၏။ စက္ခုန္ဒြေ ဃာနိန္ဒြေ ဇိဝှိန္ဒြေ ကာယိန္ဒြေ မနိန္ဒြေ ဣတ္ထိန္ဒြေ၊ (သို့မဟုတ်) ပုရိသိန္ဒြေ ဇီဝိတိန္ဒြေဥပေက္ခိန္ဒြေ။ ကာမဓာတ်၌ ပဋိသန္ဓေအခိုက် ထိုသူတို့အား ဤဣန္ဒြေရှစ်ပါးတို့ ထင်ရှားဖြစ်ကုန်၏။ ကာမဓာတ်၌ ပဋိသန္ဓေအခိုက် အဘယ်သူအား ဣန္ဒြေခုနစ်ပါးတို့ ထင်ရှားဖြစ်ကုန်သနည်း။
ပဋိသန္ဓေအားဖြင့် ကန်းလည်းကန်း ပင်းလည်းပင်းကုန်သော၊ ကိုယ်ကောင်ထင်ရှား ဘွားကနဲ ဖြစ်ကုန် (ဥပပါတ်ပဋိသန္ဓေနေကုန်) သော ပြိတ္တာ၊ အသုရာ၊ တိရစ္ဆာန်နှင့် ငရဲသူတို့အား ပဋိသန္ဓေအခါ ဣန္ဒြေခုနစ်ပါးတို့ ထင်ရှားဖြစ်ကုန်၏။ ဃာနိန္ဒြေ ဇိဝှိန္ဒြေ ကာယိန္ဒြေ မနိန္ဒြေ ဣတ္ထိန္ဒြေ၊ (သို့မဟုတ်) ပုရိသိန္ဒြေ ဇီဝိတိန္ဒြေ ဥပေက္ခိန္ဒြေ။ ကာမဓာတ်၌ ပဋိသန္ဓေအခိုက် ထိုသူတို့အား ဤဣန္ဒြေခုနစ်ပါးတို့ ထင်ရှားဖြစ်ကုန်၏။ ကာမဓာတ်၌ ပဋိသန္ဓေအခိုက် အဘယ်သူအား ဣန္ဒြေငါးပါးတို့ ထင်ရှားဖြစ်ကုန်သနည်း။
အကြောင်း ‘ဟိတ်’ မရှိသည့် (အဟိတ်) ပဋိသန္ဓေရှိကုန်သော၊ အမိဝမ်းတိုက်၌ ကိန်းအောင်းပဋိသန္ဓေတည်နေကုန်သော (ဂဗ္ဘသေယျက) သတ္တဝါတို့အား နပုံးဖြစ်သူတို့ကို ထား၍ ပဋိသန္ဓေအခါဣန္ဒြေ ငါးပါးတို့ ထင်ရှားဖြစ်ကုန်၏။ ကာယိန္ဒြေ မနိန္ဒြေ ဣတ္ထိန္ဒြေ၊ (သို့မဟုတ်) ပုရိသိန္ဒြေ ဇီဝိတိန္ဒြေ ဥပေက္ခိန္ဒြေ။ ကာမဓာတ်၌ ပဋိသန္ဓေအခိုက် ထိုသူတို့အား ဤဣန္ဒြေငါးပါးတို့ ထင်ရှားဖြစ်ကုန်၏။ ကာမဓာတ်၌ ပဋိသန္ဓေအခိုက် အဘယ်သူအား ဣန္ဒြေလေးပါးတို့ ထင်ရှားဖြစ်ကုန်သနည်း။
အကြောင်း ‘ဟိတ်’ မရှိသည့် (အဟိတ်) ပဋိသန္ဓေရှိကုန်သော၊ နပုံးဖြစ်ကုန်သော၊ အမိဝမ်းတွင်း၌ ကိန်းအောင်းပဋိသန္ဓေ တည်နေကုန်သော (ဂဗ္ဘသေယျက) သတ္တဝါတို့အား ပဋိသန္ဓေအခါဣန္ဒြေလေးပါးတို့ ထင်ရှားဖြစ်ကုန်၏။ ကာယိန္ဒြေ မနိန္ဒြေ ဇီဝိတိန္ဒြေ ဥပေက္ခိန္ဒြေ။ ကာမဓာတ်၌ ပဋိသန္ဓေအခိုက် ထိုသူတို့အား ဤဣန္ဒြေလေးပါးတို့ ထင်ရှားဖြစ်ကုန်၏။
--
(၆) ဟိတ်တရားများ
၁၀၁၃။ ကာမဓာတ်၌ ပဋိသန္ဓေအခိုက် အဘယ်သူအား ဟိတ်သုံးပါးတို့ ထင်ရှားဖြစ်ကုန်သနည်း။
အကြောင်း ‘ဟိတ်’ ရှိ၍ ဉာဏ်နှင့်ယှဉ်သည့် ပဋိသန္ဓေရှိကုန်သော ကာမာဝစရနတ်၊ ကမ္ဘာဦးလူ၊ အမိဝမ်းတိုက်၌ ကိန်းအောင်းပဋိသန္ဓေ တည်နေသော (ဂဗ္ဘသေယျက) သတ္တဝါတို့အား ပဋိသန္ဓေအခါအကြောင်း ‘ဟိတ်’ သုံးပါးတို့ ထင်ရှားဖြစ်ကုန်၏။ မလိုချင်မှု ‘အလောဘ’ဟူသော အကျိုး (ဝိပါက်) ဟိတ်၊ မပြစ်မှားမှု ‘အဒေါသ’ဟူသော အကျိုး (ဝိပါက်) ဟိတ်၊ မတွေဝေမှု ‘အမောဟ’ဟူသော အကျိုး (ဝိပါက်) ဟိတ်။ ကာမဓာတ်၌ ပဋိသန္ဓေအခိုက်ထိုသူတို့အား ဤအကြောင်း ‘ဟိတ်'သုံးပါးတို့ ထင်ရှားဖြစ်ကုန်၏။ ကာမဓာတ်၌ ပဋိသန္ဓေအခိုက် အဘယ်သူအား အကြောင်း ‘ဟိတ်’ နှစ်ပါးတို့ ထင်ရှားဖြစ်ကုန်သနည်း။
အကြောင်း (ဟိတ်) ရှိ၍ ဉာဏ်နှင့်မယှဉ်သည့် ပဋိသန္ဓေရှိကုန်သော ကာမာဝစရနတ်၊ ကမ္ဘာဦးလူ၊ အမိဝမ်းတိုက်၌ ကိန်းအောင်းပဋိသန္ဓေ တည်နေသော (ဂဗ္ဘသေယျက) သတ္တဝါတို့အား ပဋိသန္ဓေအခါအကြောင်း ‘ဟိတ်’ နှစ်ပါးတို့ ထင်ရှားဖြစ်ကုန်၏။ မလိုချင်မှု ‘အလောဘ’ဟူသော အကျိုး (ဝိပါက်) ဟိတ်၊ မပြစ်မှားမှု ‘အဒေါသ’ဟူသော အကျိုး (ဝိပါက်) ဟိတ်။ ကာမဓာတ်၌ ပဋိသန္ဓေအခိုက် ထိုသူတို့အား ဤအကြောင်း (ဟိတ်) နှစ်ပါးတို့ ထင်ရှား ဖြစ်ကုန်၏။ ကြွင်းသောသတ္တဝါတို့ကား အကြောင်း (ဟိတ်) မပါဘဲ ထင်ရှားဖြစ်ကုန်၏။
(၇) အာဟာရတရားများ
၁၀၁၄။ ကာမဓာတ်၌ ပဋိသန္ဓေအခိုက် သူခပ်သိမ်းတို့အား အဘယ်အာဟာရလေးပါးတို့ ထင်ရှားဖြစ်ကုန်သနည်း-
အလုတ်အလွေးပြုအပ်သော ‘ကဗဠီကာရ'အာဟာရ၊ တွေ့ထိမှု ‘ဖဿ'အာဟာရ၊ စိတ်စေ့ဆော်မှု ‘မနောသေဉ္စတနာ’ အာဟာရ၊ သိမှု ‘ဝိညာဏ’ အာဟာရ။ ကာမဓာတ်၌ ပဋိသန္ဓေအခိုက်သူခပ်သိမ်းတို့အား ဤအာဟာရလေးပါးတို့ ထင်ရှားဖြစ်ကုန်၏။
(၈) ဖဿတရားများ
ကာမဓာတ်၌ ပဋိသန္ဓေအခိုက် သူခပ်သိမ်းတို့အား အဘယ်တွေ့ထိမှု ‘ဖဿ'တစ်ပါး ထင်ရှားဖြစ် သနည်း။
မနောဝိညာဏဓာတ်အတွေ့၊ ကာမဓာတ်၌ ပဋိသန္ဓေအခိုက် သူခပ်သိမ်းတို့အား ဤတွေ့ထိမှု ‘ဖဿ'တစ်ပါး ထင်ရှားဖြစ်၏။
(၉-၁၂) ဝေဒနာစသည့် တရားများ
ကာမဓာတ်၌ ပဋိသန္ဓေအခိုက် သူခပ်သိမ်းတို့အား-အဘယ်ခံစားမှု ‘ဝေဒနာ'တစ်ပါး ထင်ရှားဖြစ်သနည်း။ပ။
သိမှတ်မှု ‘သညာ'တစ်ပါး ထင်ရှားဖြစ်သနည်း။ပ။
စေ့ဆော်မှု ‘စေတနာ’ တစ်ပါး ထင်ရှားဖြစ်သနည်း။ပ။
စိတ်တစ်ပါး ထင်ရှားဖြစ်သနည်း။
အထူးသိမှု သဘော ‘မနောဝိညာဏဓာတ်’၊ ကာမဓာတ်၌ ပဋိသန္ဓေအခိုက် သူခပ်သိမ်းတို့အား ဤစိတ်တစ်ပါး ထင်ရှားဖြစ်၏။
--
၂-ရူပဓာတ်တရားများ
အမေးပုစ္ဆာ
၁၀၁၅။ ရူဓာတ်၌ ပဋိသန္ဓေအခါ အဘယ်မျှသော ခန္ဓာတို့ ထင်ရှားဖြစ်ကုန်သနည်း။ပ။ အဘယ်မျှသော စိတ်တို့ ထင်ရှားဖြစ်ကုန်သနည်း-
အဖြေဝိသဇ္ဇနာအကျဉ်း
ရူပဓာတ်၌ ပဋိသန္ဓေအခါ အသညသတ်ဗြဟ္မာတို့ကို ချန်ထား၍ ခန္ဓာငါးပါးတို့ ထင်ရှားဖြစ်ကုန်၏။ အာယတနငါးပါးတို့ ထင်ရှားဖြစ်ကုန်၏။ ဓာတ်ငါးပါးတို့ ထင်ရှားဖြစ်ကုန်၏။ သစ္စာတစ်ပါး ထင်ရှားဖြစ်၏။ ဣန္ဒြေဆယ်ပါးတို့ ထင်ရှားဖြစ်ကုန်၏။ ဟိတ်သုံးပါးတို့ ထင်ရှားဖြစ်ကုန်၏။ အာဟာရသုံးပါးတို့ ထင်ရှားဖြစ်ကုန်၏။ တွေ့ထိမှု ‘ဖဿ’ တစ်ပါး ထင်ရှားဖြစ်၏။
ခံစားမှု ‘ဝေဒနာ’ တစ်ပါး ထင်ရှားဖြစ်၏။ သိမှတ်မှု ‘သညာ’ တစ်ပါး ထင်ရှားဖြစ်၏။ စေ့ဆော်မှု ‘စေတနာ’ တစ်ပါး ထင်ရှားဖြစ်၏။ စိတ်တစ်ပါး ထင်ရှားဖြစ်၏။
အဖြေဝိသဇ္ဇနာ အကျယ်ဖွင့်ပြခြင်း
(၁) ခန္ဓာတရားများ
၁၀၁၆။ ရူပဓာတ်၌ ပဋိသန္ဓေအခိုက် အဘယ်ခန္ဓာငါးပါးတို့ ထင်ရှားဖြစ်ကုန်သနည်း။
ရူပက္ခန္ဓာ ဝေဒနာက္ခန္ဓာ သညာက္ခန္ဓာ သင်္ခါရက္ခန္ဓာ ဝိညာဏက္ခန္ဓာ၊ ရူပဓာတ်၌ ပဋိသန္ဓေအခိုက်ဤခန္ဓာငါးပါးတို့ ထင်ရှားဖြစ်ကုန်၏။
(၂) အာယတနတရားများ
ရူပဓာတ်၌ ပဋိသန္ဓေအခိုက် အဘယ်အာယတနငါးပါးတို့ ထင်ရှားဖြစ်ကုန်သနည်း-
စက္ခာယတန၊ ရူပါယတန၊ သောတာယတန၊ မနာယတန၊ ဓမ္မာယတန။ ရူပဓာတ်၌ ပဋိသန္ဓေအခိုက်ဤအာယတနငါးပါးတို့ ထင်ရှားဖြစ်ကုန်၏။
(၃) ဓာတ်တရားများ
ရူပဓာတ်၌ ပဋိသန္ဓေအခိုက် အဘယ်ဓာတ်ငါးပါးတို့ ထင်ရှားဖြစ်ကုန်သနည်း-
စက္ခုဓာတ်၊ ရူပဓာတ်၊ သောတဓာတ်၊ မနောဝိညာဏဓာတ်၊ ဓမ္မဓာတ်။ ရူပဓာတ်၌ ပဋိသန္ဓေအခိုက်ဤဓာတ်ငါးပါးတို့ ထင်ရှားဖြစ်ကုန်၏။
--
(၄) သစ္စာတရား
ရူပဓာတ်၌ ပဋိသန္ဓေအခိုက် အဘယ်သစ္စာတစ်ပါး ထင်ရှားဖြစ်သနည်း-
ဒုက္ခသစ္စာ။ ရူပဓာတ်၌ ပဋိသန္ဓေအခိုက် ဤသစ္စာတစ်ပါး ထင်ရှားဖြစ်၏။
(၅) ဣန္ဒြေတရားများ
ရူပဓာတ်၌ ပဋိသန္ဓေအခိုက် အဘယ်ဣန္ဒြေဆယ်ပါးတို့ ထင်ရှားဖြစ်ကုန်သနည်း-
စက္ခုန္ဒြေ သောတိန္ဒြေ မနိန္ဒြေ ဇီဝိတိန္ဒြေ သောမနဿိန္ဒြေ၊ (သို့မဟုတ်) ဥပေက္ခိန္ဒြေ သဒ္ဓိန္ဒြေ ဝီရိယိန္ဒြေသတိန္ဒြေ သမာဓိန္ဒြေ ပညိန္ဒြေ။ ရူပဓာတ်၌ ပဋိသန္ဓေအခိုက် ဤဣန္ဒြေဆယ်ပါးတို့ ထင်ရှား ဖြစ်ကုန်၏။
(၆) ဟိတ်တရားများ
ရူပဓာတ်၌ ပဋိသန္ဓေအခိုက် အဘယ်အကြောင်း ‘ဟိတ်'သုံးပါးတို့ ထင်ရှားဖြစ်ကုန်သနည်း-
မလိုချင်မှု ‘အလောဘ’ဟူသော အကျိုးဝိပါက်ဟိတ်၊ မပြစ်မှားမှု ‘အဒေါသ’ဟူသော အကျိုး ဝိပါက်ဟိတ်၊ မတွေဝေမှု ‘အမောဟ’ဟူသော အကျိုး ‘ဝိပါက်'ဟိတ်။ ရူပဓာတ်၌ ပဋိသန္ဓေအခိုက် ဤအကြောင်း ‘ဟိတ်’ သုံးပါးတို့ ထင်ရှားဖြစ်ကုန်၏။
(၇) အာဟာရတရားများ
ရူပဓာတ်၌ ပဋိသန္ဓေအခိုက် အဘယ်အာဟာရသုံးပါးတို့ ထင်ရှားဖြစ်ကုန်သနည်း။
တွေ့ထိမှု ‘ဖဿ’ အာဟာရ၊ စိတ်စေ့ဆော်မှု ‘မနောသေဉ္စတနာ’ အာဟာရ၊ သိမှု ‘ဝိညာဏ’ အာဟာရ။ ရူပဓာတ်၌ ပဋိသန္ဓေအခိုက် ဤအာဟာရသုံးပါးတို့ ထင်ရှားဖြစ်ကုန်၏။
(၈) ဖဿတရား
ရူပဓာတ်၌ ပဋိသန္ဓေအခိုက် အဘယ်တွေ့ထိမှု ‘ဖဿ’ တစ်ပါး ထင်ရှားဖြစ်သနည်း။
မနောဝိညာဏဓာတ်အတွေ့၊ ရူပဓာတ်၌ ပဋိသန္ဓေအခိုက် ဤတွေ့ထိမှု ‘ဖဿ’ တစ်ပါး ထင်ရှားဖြစ်၏။
(၉-၁၂) ဝေဒနာတရားစသည်
ရူပဓာတ်၌ ပဋိသန္ဓေအခိုက်-့အဘယ်ခံစားမှု ‘ဝေဒနာ’ တစ်ပါး ထင်ရှားဖြစ်သနည်း။ပ။
သိမှတ်မှု ‘သညာ’ တစ်ပါး ထင်ရှားဖြစ်သနည်း။ပ။
စေ့ဆော်မှု ‘စေတနာ’ တစ်ပါး ထင်ရှားဖြစ်သနည်း။ပ။
စိတ်တစ်ပါး ထင်ရှားဖြစ်သနည်း။ အထူးသိမှု သဘော ‘မနောဝိညာဏဓာတ်’၊ ရူပဓာတ်၌ ပဋိသန္ဓေအခိုက် ဤစိတ်တစ်ပါး ထင်ရှားဖြစ်၏။
--
၃-အသညသတ်ဗြဟ္မာ
အမေးပုစ္ဆာ
၁၀၁၇။ အသညသတ်ဗြဟ္မာတို့အား ပဋိသန္ဓေအခိုက် အဘယ်မျှသော ခန္ဓာတို့ ထင်ရှားဖြစ်ကုန်သနည်း။ပ။ အဘယ်မျှသော စိတ်တို့ ထင်ရှားဖြစ်ကုန်သနည်း-
အဖြေဝိသဇ္ဇနာ
အသညသတ်ဗြဟ္မာတို့အား ပဋိသန္ဓေအခိုက် ခန္ဓာတစ်ပါး ထင်ရှားဖြစ်၏၊ ရူပက္ခန္ဓာတည်း။
အာယတနနှစ်ပါးတို့ ထင်ရှားဖြစ်ကုန်၏။ ရူပါယတန၊ ဓမ္မာယတနတို့တည်း။
ဓာတ်နှစ်ပါးတို့ ထင်ရှားဖြစ်ကုန်၏။ ရူပဓာတ်၊ ဓမ္မဓာတ်တို့တည်း။
သစ္စာတစ်ပါး ထင်ရှားဖြစ်၏။ ဒုက္ခသစ္စာတည်း။
ဣန္ဒြေတစ်ပါး ထင်ရှားဖြစ်၏။ ရုပ်ဇီဝိတိန္ဒြေတည်း။
အသညသတ်ဗြဟ္မာတို့သည် ဟိတ်မပါဘဲ၊ အာဟာရမပါဘဲ၊ တွေ့ထိမှု ‘ဖဿ’ မပါဘဲ၊ ခံစားမှု ‘ဝေဒနာ'မပါဘဲ၊ သိမှတ်မှု ‘သညာ’ မပါဘဲ၊ စေ့ဆော်မှု ‘စေတနာ’ မပါဘဲ၊ စိတ်မပါဘဲ ထင်ရှား ဖြစ်ကုန်၏။
--
၄-အရူပဓာတ်တရားများ
အမေးပုစ္ဆာ
၁၀၁၈။ အရူပဓာတ်၌ ပဋိသန္ဓေအခိုက် အဘယ်မျှသော ခန္ဓာတို့ ထင်ရှားဖြစ်ကုန်သနည်း။ပ။
အဘယ်မျှသော စိတ်တို့ ထင်ရှားဖြစ်ကုန်သနည်း-
အဖြေဝိသဇ္ဇနာအကျဉ်း
အရူပဓာတ်၌ ပဋိသန္ဓေအခိုက် ခန္ဓာလေးပါးတို့ ထင်ရှားဖြစ်ကုန်၏။ အာယတနနှစ်ပါးတို့ ထင်ရှားဖြစ်ကုန်၏။ ဓာတ်နှစ်ပါးတို့ ထင်ရှားဖြစ်ကုန်၏။ သစ္စာတစ်ပါး ထင်ရှားဖြစ်၏။ ဣန္ဒြေရှစ်ပါးတို့ ထင်ရှားဖြစ်ကုန်၏။ အကြောင်း ‘ဟိတ်’ သုံးပါးတို့ ထင်ရှားဖြစ်ကုန်၏။ အာဟာရသုံးပါးတို့ ထင်ရှားဖြစ်ကုန်၏။ တွေ့ထိမှု ‘ဖဿ’ တစ်ပါး ထင်ရှားဖြစ်၏။ ခံစားမှု ‘ဝေဒနာ’ တစ်ပါး ထင်ရှားဖြစ်၏။ သိမှတ်မှု ‘သညာ’ တစ်ပါး ထင်ရှားဖြစ်၏။ စေ့ဆော်မှု ‘စေတနာ’ တစ်ပါး ထင်ရှားဖြစ်၏။ စိတ်တစ်ပါး ထင်ရှားဖြစ်၏။
အဖြေဝိသဇ္ဇနာအကျယ် ဖွင့်ပြခြင်း
(၁) ခန္ဓာတရား
၁၀၁၉။ အရူပဓာတ်၌ ပဋိသန္ဓေအခိုက် အဘယ်ခန္ဓာလေးပါးတို့ ထင်ရှားဖြစ်ကုန်သနည်း။
ဝေဒနာက္ခန္ဓာ သညာက္ခန္ဓာ သင်္ခါရက္ခန္ဓာ ဝိညာဏက္ခန္ဓာ၊ အရူပဓာတ်၌ ပဋိသန္ဓေအခိုက် ဤခန္ဓာလေးပါးတို့ ထင်ရှားဖြစ်ကုန်၏။
(၂) အာယတနတရား
အရူပဓာတ်၌ ပဋိသန္ဓေအခိုက် အဘယ်အာယတနနှစ်ပါးတို့ ထင်ရှားဖြစ်ကုန်သနည်း။
မနာယတန၊ ဓမ္မာယတန။ အရူပဓာတ်၌ ပဋိသန္ဓေအခိုက် ဤအာယတနနှစ်ပါးတို့ ထင်ရှားဖြစ် ကုန်၏။
(၃) ဓာတ်တရား
အရူပဓာတ်၌ ပဋိသန္ဓေအခိုက် အဘယ်ဓာတ်နှစ်ပါးတို့ ထင်ရှားဖြစ်ကုန်သနည်း။
မနောဝိညာဏဓာတ်၊ ဓမ္မဓာတ်။ အရူပဓာတ်၌ ပဋိသန္ဓေအခိုက် ဤဓာတ်နှစ်ပါးတို့ ထင်ရှားဖြစ် ကုန်၏။
(၄) သစ္စာတရား
အရူပဓာတ်၌ ပဋိသန္ဓေအခိုက် အဘယ်သစ္စာတစ်ပါး ထင်ရှားဖြစ်သနည်း။
ဒုက္ခသစ္စာ။ အရူပဓာတ်၌ ပဋိသန္ဓေအခိုက် ဤသစ္စာတစ်ပါး ထင်ရှားဖြစ်၏။
--
(၅) ဣန္ဒြေတရား
အရူပဓာတ်၌ ပဋိသန္ဓေအခိုက် အဘယ်ဣန္ဒြေရှစ်ပါးတို့ ထင်ရှားဖြစ်ကုန်သနည်း။
မနိန္ဒြေ ဇီဝိတိန္ဒြေ ဥပေက္ခိန္ဒြေ သဒ္ဓိန္ဒြေ ဝီရိယိန္ဒြေ သတိန္ဒြေ သမာဓိန္ဒြေ ပညိန္ဒြေ။ အရူပဓာတ်၌ ပဋိသန္ဓေအခိုက် ဤဣန္ဒြေရှစ်ပါးတို့ ထင်ရှားဖြစ်ကုန်၏။
(၆) ဟိတ်တရား
အရူပဓာတ်၌ ပဋိသန္ဓေအခိုက် အဘယ်အကြောင်း ‘ဟိတ်'သုံးပါးတို့ ထင်ရှားဖြစ်သနည်း။
မလိုချင်မှု ‘အလောဘ’ဟူသော အကျိုး (ဝိပါက်) ဟိတ်၊ မပြစ်မှားမှု ‘အဒေါသ’ဟူသော အကျိုး (ဝိပါက်) ဟိတ်၊ မတွေဝေမှု ‘အမောဟ’ဟူသော အကျိုး (ဝိပါက်) ဟိတ်။ အရူပဓာတ်၌ ပဋိသန္ဓေအခိုက်ဤအကြောင်း (ဟိတ်) သုံးပါးတို့ ထင်ရှားဖြစ်ကုန်၏။
(၇) အာဟာရတရား
အရူပဓာတ်၌ ပဋိသန္ဓေအခိုက် အဘယ်အာဟာရသုံးပါးတို့ ထင်ရှားဖြစ်သနည်း။
တွေ့ထိမှု ‘ဖဿ’ အာဟာရ၊ စိတ်စေ့ဆော်မှု ‘မနောသေဉ္စတနာ’ အာဟာရ၊ သိမှု ‘ဝိညာဏ’ အာဟာရ။ အရူပဓာတ်၌ ပဋိသန္ဓေအခိုက် ဤအာဟာရသုံးပါးတို့ ထင်ရှားဖြစ်ကုန်၏။
(၈) ဖဿတရား
အရူပဓာတ်၌ ပဋိသန္ဓေအခိုက် အဘယ်တွေ့ထိမှု ‘ဖဿ’ တစ်ပါး ထင်ရှားဖြစ်သနည်း။
မနောဝိညာဏဓာတ်အတွေ့။ အရူပဓာတ်၌ ပဋိသန္ဓေအခိုက် ဤတွေ့ထိမှု ‘ဖဿ’ တစ်ပါး ထင်ရှား ဖြစ်၏၊
(၉-၁၂) ဝေဒနာတရားစသည်
အရူပဓာတ်၌ ပဋိသန္ဓေအခိုက်-အဘယ်ခံစားမှု ‘ဝေဒနာ’ တစ်ပါး ထင်ရှားဖြစ်သနည်း။ပ။
သိမှတ်မှု ‘သညာ’ တစ်ပါး ထင်ရှားဖြစ်သနည်း။ပ။
စေ့ဆော်မှု ‘စေတနာ’ တစ်ပါး ထင်ရှားဖြစ်သနည်း။ပ။
စိတ်တစ်ပါး ထင်ရှားဖြစ်သနည်း- အထူးသိမှု သဘော ‘မနောဝိညာဏဓာတ်’၊ အရူပဓာတ်၌ ပဋိသန္ဓေအခိုက် ဤစိတ်တစ်ပါး ထင်ရှား ဖြစ်၏။
--
၅-ဘူမန္တရဒဿနဝါရ
(ဘုံအပိုင်းအခြားကို ပြသော ဝါရ) အကျဉ်းပြခြင်း
၁၀၂၀။ ကာမဘုံ၌ ဖြစ်သောတရားများ၊ ကာမဘုံ၌ မဖြစ်သောတရားများ၊ ရူပဘုံ၌ ဖြစ်သောတရားများ၊ ရူပဘုံ၌ မဖြစ်သောတရားများ၊ အရူပဘုံ၌ ဖြစ်သောတရားများ၊ အရူပဘုံ၌ မဖြစ်သောတရားများ၊ ဘုံသုံးပါး၌ အကျုံးဝင်သောတရားများ၊ ဘုံသုံးပါး၌ အကျုံးမဝင်သောတရားများ။ အကျယ်ဖွင့်ပြခြင်း အဘယ်တို့သည် ကာမဘုံ၌ ဖြစ်သောတရားတို့ မည်သနည်း။
အောက်အရပ်ဝယ် အဝီစိငရဲကို အပိုင်းအခြားပြု၍ အထက်အရပ်ဝယ် ပရနိမ္မိတဝသဝတ္တီနတ်တို့ကိုအတွင်း (အဆုံး) ပြု၍ ဤအကြား၌ ဖြစ်ကုန်သော၊ ဤအကြား၌ အကျုံးဝင်ကုန်သော ခန္ဓာ, ဓာတ်, အာယတန, ရုပ်, ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ်တို့သည် ရှိကုန်၏။ ဤတရားတို့သည် ကာမဘုံ၌ ဖြစ်သောတရားတို့ မည်ကုန်၏။
အဘယ်တို့သည် ကာမဘုံ၌ မဖြစ်သောတရားတို့ မည်သနည်း။
ရူပဘုံ၌ ဖြစ်သော တရား၊ အရူပဘုံ၌ ဖြစ်သော တရား၊ ဘုံသုံးပါး၌ အကျုံးမဝင်သော တရားတို့သည် ရှိကုန်၏၊ ဤတရားတို့သည် ကာမဘုံ၌ မဖြစ်သောတရား တို့ မည်ကုန်၏။
အဘယ်တို့သည် ရူပဘုံ၌ ဖြစ်သောတရားတို့ မည်သနည်း။
အောက်အရပ်ဝယ် (ပဌမဈာန်ဘုံဟူသော) ဗြဟ္မာ့လောကကို အဆုံးအပိုင်းအခြားပြု၍ အထက် အရပ်ဝယ်အကနိဋ္ဌဗြဟ္မာတို့ကို အတွင်းပြု၍ ဤအကြား၌ ဖြစ်ကုန်သော၊ ဤအကြား၌ အကျုံးဝင်ကုန်သောဈာန်သမာပတ်ဝင်စားသူ၏လည်းကောင်း၊ ပဋိသန္ဓေနေသူ၏လည်းကောင်း၊ မျက်မှောက်ဘဝ၌ ဈာန်ချမ်းသာဖြင့် နေခြင်းရှိသူ၏လည်းကောင်း စိတ်စေတသိက်တရားတို့သည် ရှိကုန်၏၊ ဤတရားတို့သည်ရူပဘုံ၌ ဖြစ်သောတရားတို့ မည်ကုန်၏။
အဘယ်တို့သည် ရူပဘုံ၌ မဖြစ်သောတရားတို့ မည်သနည်း။
ကာမဘုံ၌ ဖြစ်သောတရား၊ အရူပဘုံ၌ ဖြစ်သောတရား၊ ဘုံသုံးပါး၌ အကျုံးမဝင်သော တရားတို့ သည်ရှိကုန်၏၊ ဤတရားတို့သည် ရူပဘုံ၌ မဖြစ်သောတရားတို့ မည်ကုန်၏။
အဘယ်တို့သည် အရူပဘုံ၌ ဖြစ်သောတရားတို့ မည်သနည်း။
အောက်အရပ်ဝယ် အာကာသာနဉ္စာယတနဈာန်သို့ ကပ်ရောက်ကုန်သော ဗြဟ္မာတို့ကို အဆုံးအပိုင်းအခြား ပြု၍ အထက်အရပ်ဝယ် နေဝသညာနာသညာယတနဈာန်သို့ ကပ်ရောက်ကုန်သော ဗြဟ္မာတို့ကို အတွင်းပြု၍ ဤအကြား၌ ဖြစ်ကုန်သော ဤအကြား၌ အကျုံးဝင်ကုန်သော ဈာန်သမာပတ်ဝင်စားသူ၏လည်းကောင်း၊ ပဋိသန္ဓေနေသူ၏လည်းကောင်း၊ မျက်မှောက်ဘဝ၌ ဈာန်ချမ်းသာဖြင့် နေခြင်း ရှိသူ၏လည်းကောင်း စိတ်စေတသိက်တရားတို့သည် ရှိကုန်၏၊ ဤတရားတို့သည် အရူပဘုံ၌ ဖြစ်သောတရားတို့ မည်ကုန်၏။
အဘယ်တို့သည် အရူပဘုံ၌ မဖြစ်သောတရားတို့ မည်သနည်း။
ကာမဘုံ၌ ဖြစ်သော တရား၊ ရူပဘုံ၌ ဖြစ်သော တရား၊ ဘုံသုံးပါး၌ အကျုံးမဝင်သော တရားတို့ သည်ရှိကုန်၏။ ဤတရားတို့သည် အရူပဘုံ၌ မဖြစ်သောတရားတို့ မည်ကုန်၏။
အဘယ်တို့သည် ဘုံသုံးပါး၌ အကျုံးဝင်သော တရားတို့ မည်သနည်း။
--
အာသဝတို့၏ အာရုံဖြစ်သော ကုသိုလ် အကုသိုလ် အဗျာကတတရားတို့ ရှိကုန်၏၊ ကာမဘုံ၌ ဖြစ်ကုန်သော၊ ရူပဘုံ၌ ဖြစ်ကုန်သော၊ အရူပဘုံ၌ ဖြစ်ကုန်သော ရူပက္ခန္ဓာ ဝေဒနာက္ခန္ဓာ သညာက္ခန္ဓာသင်္ခါရက္ခန္ဓာ ဝိညာဏက္ခန္ဓာတို့သည် ရှိကုန်၏။ ဤတရားတို့သည် ဘုံသုံးပါး၌ အကျုံးဝင်သော တရားတို့ မည်ကုန်၏။
အဘယ်တို့သည် ဘုံသုံးပါး၌ အကျုံးမဝင်သောတရားတို့ မည်သနည်း။
မဂ်တို့သည်လည်းကောင်း၊ မဂ်၏အကျိုး (ဖိုလ်) တို့သည်လည်းကောင်း၊ အသင်္ခတဓာတ် (နိဗ္ဗာန်) သည်လည်းကောင်း ရှိ၏၊ ဤသည်တို့သည် ဘုံသုံးပါး၌ အကျုံးမဝင်သော တရားတို့ မည်ကုန်၏။
--
၆-ဥပ္ပါဒကကမ္မ အာယုပ္ပမာဏဝါရ
(ဖြစ်ကြောင်းကံနှင့် အသက်အပိုင်းအခြားကို ပြသော ဝါရ)
၁-ဥပ္ပါဒကကမ္မ
(အကြောင်းကံကို ပြဆိုခြင်း)
၁၀၂၁။ နတ်ဟူရာ၌ နတ်တို့သည် သုံးမျိုးတို့တည်း၊ သမုတ်သောအားဖြင့်ဖြစ်သော ‘သမ္မုတိ’ နတ်၊ ဥပပါတ်ပဋိသန္ဓေအားဖြင့်ဖြစ်သော ‘ဥပပတ္တိ'နတ်၊ ကိလေသာစင်ကြယ်သောအားဖြင့် ဖြစ်သော ‘ဝိသုဒ္ဓိ’ နတ်တို့တည်း။
သမုတ်သောအားဖြင့်ဖြစ်သော ‘သမ္မုတိ'နတ်တို့မည်သည်- မင်း, မိဖုရား, မင်းသား တို့တည်း။
ဥပပါတ်ပဋိသန္ဓေအားဖြင့်ဖြစ်သော ‘ဥပပတ္တိ'နတ်တို့မည်သည်- စာတုမဟာရာဇ်နတ်တို့ကို အစပြု၍၊ ထို၏ အထက်၌ ဖြစ်သော နတ်တို့တည်း။
ကိလေသာစင်ကြယ်သောအားဖြင့်ဖြစ်သော ‘ဝိသုဒ္ဓိ'နတ်တို့မည်သည်- “ဘုရား ရဟန္တာတို့တည်း” ဟုဆိုအပ်ကုန်၏။ အလှူပေး၍ သီလဆောက်တည်ပြီး ဥပုသ်စောင့်သုံးခြင်း အမှုကို ပြုသည်ရှိသော် အဘယ်သို့ ကပ်ရောက်ကုန်သနည်း-အလှူပေး၍ သီလဆောက်တည်ပြီး ဥပုသ်စောင့်သုံးခြင်းအမှုကို ပြုသည်ရှိသော် အချို့ သူတို့သည်များသော ဥစ္စာနှစ်ရှိသည့် မင်းမျိုးတို့၏ အပေါင်းအဖော်အဖြစ်သို့ ကပ်ရောက်ကုန်၏၊ အချို့သူတို့သည်များသော ဥစ္စာနှစ်ရှိသည့် ပုဏ္ဏားမျိုးတို့၏ အပေါင်းအဖော်အဖြစ်သို့ ကပ်ရောက်ကုန်၏၊ အချို့သူတို့သည် များသော ဥစ္စာနှစ်ရှိသော သူကြွယ်မျိုးတို့၏ အပေါင်းအဖော်အဖြစ်သို့ ကပ်ရောက်ကုန်၏၊ အချို့သူတို့သည် စာတုမဟာရာဇ်နတ်တို့၏ အပေါင်းအဖော်အဖြစ်သို့ ကပ်ရောက်ကုန်၏၊ အချို့သူတို့သည်တာဝတိံသာနတ်တို့၏ အပေါင်းအဖော်အဖြစ်သို့ ကပ်ရောက်ကုန်၏၊ အချို့သူတို့သည် ယာမာနတ်တို့၏အပေါင်းအဖော်အဖြစ်သို့ ကပ်ရောက်ကုန်၏၊ အချို့သူတို့သည် တုသိတာနတ်တို့၏ အပေါင်းအဖော်အဖြစ်သို့ ကပ်ရောက်ကုန်၏၊ အချို့သူတို့သည် နိမ္မာနရတိနတ်တို့၏ အပေါင်းအဖော်အဖြစ်သို့ ကပ်ရောက်ကုန်၏၊ အချို့သူတို့သည် ပရနိမ္မိတဝသဝတ္တီနတ်တို့၏ အပေါင်းအဖော်အဖြစ်သို့ ကပ်ရောက်ကုန်၏။
--
၂-အာယုပ္ပမာဏ
(အသက်အပိုင်းအခြားကို ပြဆိုခြင်း)
(၁) လူ့သက်တမ်း
၁၀၂၂။ လူတို့၏ အသက်အတိုင်းအရှည်သည် အဘယ်မျှရှိသနည်း။
အနှစ်တစ်ရာသော်လည်းကောင်း၊ ထို့အနှစ်တစ်ရာထက် အလွန် အနည်းငယ်သော် လည်းကောင်း ဖြစ်၏။
(၂) စာတုမဟာရာဇ်နတ်သက်
၁၀၂၃။ စာတုမဟာရာဇ်နတ်တို့၏ အသက်အတိုင်းအရှည်သည် အဘယ်မျှရှိသနည်း။
လူ၌ ဖြစ်သော အနှစ်ငါးဆယ်သည် စာတုမဟာရာဇ်နတ်တို့၏ နေ့ညဉ့်တစ်ခုတည်း၊ ထိုညဉ့်ဖြင့်ညဉ့်သုံးဆယ်တို့သည် တစ်လတည်း၊ ထိုလဖြင့် တစ်ဆယ့်နှစ်လတို့သည် တစ်နှစ်တည်း၊ ထိုနှစ်ဖြင့် နတ်၌ ဖြစ်သော အနှစ်ငါးရာသည် စာတုမဟာရာဇ်နတ်တို့၏ အသက်အတိုင်းအရှည်တည်း။
စာတုမဟာရာဇ်နတ်တို့၏ အသက်အတိုင်းအရှည်သည် လူတို့၏ အရေအတွက်အားဖြင့် အဘယ်မျှရှိသနည်း။
အနှစ်ကိုးသန်းတို့တည်း။
(၃) တာဝတိံသာနတ်သက်
တာဝတိံသာနတ်တို့၏ အသက်အတိုင်းအရှည်သည် အဘယ်မျှရှိသနည်း။
လူ၌ ဖြစ်သော အနှစ်တစ်ရာသည် တာဝတိံသာနတ်တို့၏ နေ့ညဉ့်တစ်ခုတည်း၊ ထိုညဉ့်ဖြင့် ညဉ့်သုံးဆယ်တို့သည် တစ်လတည်း၊ ထိုလဖြင့် တစ်ဆယ့်နှစ်လတို့သည် တစ်နှစ်တည်း၊ ထိုနှစ်ဖြင့် နတ်၌ ဖြစ်သော အနှစ်တစ်ထောင်သည် တာဝတိံသာနတ်တို့၏ အသက်အတိုင်းအရှည်တည်း။
တာဝတိံသာနတ်တို့၏ အသက်အတိုင်းအရှည်သည် လူတို့၏ အရေအတွက်အားဖြင့် အဘယ်မျှ ရှိသနည်း။
အနှစ်သုံးကုဋေ ခြောက်သန်းတို့တည်း။
--
(၄) ယာမာနတ်သက်
ယာမာနတ်တို့၏ အသက်အတိုင်းအရှည်သည် အဘယ်မျှရှိသနည်း။
လူ၌ ဖြစ်သော အနှစ်နှစ်ရာတို့သည် ယာမာနတ်တို့၏ နေ့ညဉ့်တစ်ခုတည်း၊ ထိုညဉ့်ဖြင့် ညဉ့်သုံးဆယ်တို့သည် တစ်လတည်း၊ ထိုလဖြင့် တစ်ဆယ့်နှစ်လတို့သည် တစ်နှစ်တည်း၊ ထိုနှစ်ဖြင့် နတ်၌ ဖြစ်သော အနှစ်နှစ်ထောင်တို့သည် ယာမာနတ်တို့၏ အသက်အတိုင်းအရှည်တည်း။
ယာမာနတ်တို့၏ အသက်အတိုင်းအရှည်သည် လူတို့၏ အရေအတွက်အားဖြင့် အဘယ်မျှရှိသနည်း။
အနှစ် တစ်ဆယ့်လေးကုဋေ လေးသန်းတို့တည်း။
(၅) တုသိတာနတ်သက်
တုသိတာနတ်တို့၏ အသက်အတိုင်းအရှည်သည် အဘယ်မျှရှိသနည်း-
လူ၌ ဖြစ်သော အနှစ်လေးရာတို့သည် တုသိတာနတ်တို့၏ နေ့ညဉ့်တစ်ခုတည်း၊ ထိုညဉ့်ဖြင့် ညဉ့်သုံးဆယ်တို့သည် တစ်လတည်း၊ ထိုလဖြင့် တစ်ဆယ့်နှစ်လတို့သည် တစ်နှစ်တည်း၊ ထိုနှစ်ဖြင့် နတ်၌ ဖြစ်သော အနှစ်လေးထောင်တို့သည် တုသိတာနတ်တို့၏ အသက်အတိုင်းအရှည်တည်း။
တုသိတာနတ်တို့၏ အသက်အတိုင်းအရှည်သည် လူတို့၏ အရေအတွက်အားဖြင့် အဘယ်မျှ ရှိသနည်း-
နှစ်ပေါင်း ငါးဆယ့်ခုနစ်ကုဋေခြောက်သန်းတို့တည်း။
(၆) နိမ္မာနရတိနတ်သက်
နိမ္မာနရတိနတ်တို့၏ အသက်အတိုင်းအရှည်သည် အဘယ်မျှရှိသနည်း-
လူ၌ ဖြစ်သော အနှစ်ရှစ်ရာတို့သည် နိမ္မာနရတိနတ်တို့၏ နေ့ညဉ့်တစ်ခုတည်း၊ ထိုညဉ့်ဖြင့် ညဉ့်သုံးဆယ်တို့သည် တစ်လတည်း၊ ထိုလဖြင့် တစ်ဆယ့်နှစ်လတို့သည် တစ်နှစ်တည်း၊ ထိုနှစ်ဖြင့် နတ်၌ ဖြစ်သော အနှစ်ရှစ်ထောင်တို့သည် နိမ္မာနရတိနတ်တို့၏ အသက်အတိုင်းအရှည်တည်း။
နိမ္မာနရတိနတ်တို့၏ အသက်အတိုင်းအရှည်သည် လူတို့၏ အရေအတွက်အားဖြင့် အဘယ်မျှရှိသနည်း။
နှစ်ပေါင်း နှစ်ရာ့သုံးဆယ်ကုဋေလေးသန်းတို့တည်း။
--
(၇) ပရနိမ္မိတဝသဝတ္ထီနတ်သက်
ပရနိမ္မိတဝသဝတ္ထီနတ်တို့၏ အသက်အတိုင်းအရှည်သည် အဘယ်မျှရှိသနည်း-
လူ၌ ဖြစ်သော အနှစ်တစ်ထောင့်ခြောက်ရာတို့သည် ပရနိမ္မိတဝသဝတ္ထီနတ်တို့၏ နေ့ညဉ့် တစ်ခုတည်း၊ ထိုညဉ့်ဖြင့် ညဉ့်သုံးဆယ်တို့သည် တစ်လတည်း၊ ထိုလဖြင့် တစ်ဆယ့်နှစ်လတို့သည် တစ်နှစ်တည်း၊ ထိုနှစ်ဖြင့် နတ်၌ ဖြစ်သော အနှစ်တစ်သောင်းခြောက်ထောင်တို့သည် ပရနိမ္မိတဝသဝတ္ထီနတ်တို့၏ အသက်အတိုင်းအရှည်တည်း။
ပရနိမ္မိတဝသဝတ္ထီနတ်တို့၏ အသက်အတိုင်းအရှည်သည် လူတို့၏ အရေအတွက်အားဖြင့် အဘယ်မျှရှိသနည်း-
နှစ်ပေါင်းကိုးရာ့နှစ်ဆယ့်တစ်ကုဋေခြောက်သန်းတို့တည်း။ ဤကာမာဝစရ (နတ်ပြည်) ခြောက်ထပ်တို့သည် ကာမဂုဏ်ခပ်သိမ်းနှင့် ပြည့်စုံ ကုန်၏၊ နတ်ခပ်သိမ်းတို့၏ အသက်သည် (လူသက်ဖြင့်) တစ်ပေါင်းတည်း ရေတွက်လျှင် အဘယ်မျှဖြစ်သနည်း။
ထို (နတ်ခပ်သိမ်း) တို့၏ (အသက်ကို လူသက်ဖြင့် တစ်ပေါင်းတည်း ရေတွက်လျှင်) ကုဋေတစ်ထောင့်နှစ်ရာ နှစ်ဆယ့်ရှစ်ကုဋေ ငါးသန်းတို့ကို နှစ်အစဉ်ဖြင့် ပြအပ်ကုန်၏။
(ဤကား ဂါထာအနက်)
--
ရူပ အရူပဗြဟ္မာတို့၏ ကံနှင့် သက်တမ်း
ပဌမဈာန်အကျိုးပေးရာ (၃) ဘုံနှင့် သက်တမ်း
(၁) ဗြဟ္မပါရိသဇ္ဇာ
၁၀၂၄။ ပဌမဈာန်ကို အနည်းငယ်လျှော့ပွါးများလျှင် အဘယ်ဘုံသို့ ကပ်ရောက်ကုန်သနည်း။
ပဌမဈာန်ကို အနည်းငယ်လျှော့ပွါးများလျှင် ဗြဟ္မပါရိသဇ္ဇာဗြဟ္မာတို့၏ အပေါင်းအဖော် အဖြစ်သို့ ကပ်ရောက်ကုန်၏။ ထိုဗြဟ္မာတို့၏ အသက်အတိုင်းအရှည်သည် အဘယ်မျှရှိသနည်း။
(အသင်္ချေယျ) ကပ်၏ သုံးဖို့ တစ်ဖို့တည်း။
(၂) ဗြဟ္မပုရောဟိတာ
ပဌမဈာန်ကို အလတ်စားပွါးများလျှင် အဘယ်ဘုံသို့ ကပ်ရောက်ကုန်သနည်း။ ပဌမဈာန်ကို အလတ်စားပွါးများလျှင် ဗြဟ္မပုရောဟိတဗြဟ္မာတို့၏ အပေါင်းအဖော်အဖြစ်သို့ ကပ်ရောက်ကုန်၏။ ထိုဗြဟ္မာတို့၏ အသက်အတိုင်းအရှည်သည် အဘယ်မျှရှိသနည်း။
(အသင်္ချေယျ) ကပ်၏ ထက်ဝက်တည်း။
(၃) မဟာဗြဟ္မာ
ပဌမဈာန်ကို အမြတ်စားပွါးများလျှင် အဘယ်ဘုံသို့ ကပ်ရောက်ကုန်သနည်း။ ပဌမဈာန်ကို အမြတ်စားပွါးများလျှင် မဟာဗြဟ္မာတို့၏ အပေါင်းအဖော်အဖြစ်သို့ ကပ်ရောက်ကုန်၏။ ထိုဗြဟ္မာတို့၏ အသက်အတိုင်းအရှည်သည် အဘယ်မျှရှိသနည်း။
(အသင်္ချေယျ) တစ်ကပ်တည်း။
ဒုတိယဈာန်အကျိုးပေးရာ (၃) ဘုံနှင့် သက်တမ်း
--
(၄) ပရိတ္တာဘာ
၁၀၂၅။ ဒုတိယဈာန်ကို အနည်းငယ်လျှော့ပွါးများလျှင် အဘယ်ဘုံသို့ ကပ်ရောက်ကုန်သနည်း။
ဒုတိယဈာန်ကို အနည်းငယ်လျှော့ပွါးများလျှင် ပရိတ္တာဘာဗြဟ္မာတို့၏ အပေါင်းအဖော် အဖြစ်သို့ ကပ်ရောက်ကုန်၏။ ထိုဗြဟ္မာတို့၏ အသက်အတိုင်းအရှည်သည် အဘယ်မျှရှိသနည်း။
(မဟာကပ်) နှစ်ကပ်တို့တည်း။
(၅) အပ္ပမာဏာဘာ
ဒုတိယဈာန်ကို အလတ်စားပွါးများလျှင် အဘယ်ဘုံသို့ ကပ်ရောက်ကုန်သနည်း။
ဒုတိယဈာန်ကို အလတ်စားပွါးများလျှင် အပ္ပမာဏာဘာဗြဟ္မာတို့၏ အပေါင်းအဖော် အဖြစ်သို့ ကပ်ရောက်ကုန်၏။ ထိုဗြဟ္မာတို့၏ အသက်အတိုင်းအရှည်သည် အဘယ်မျှရှိသနည်း။
(မဟာကပ်) လေးကပ်တို့တည်း။
(၆) အာဘဿရာ
ဒုတိယဈာန်ကို အမြတ်စားပွါးများလျှင် အဘယ်ဘုံသို့ ကပ်ရောက်ကုန်သနည်း။
ဒုတိယဈာန်ကို အမြတ်စားပွါးများလျှင် အာဘဿရဗြဟ္မာတို့၏ အပေါင်းအဖော်အဖြစ်သို့ ကပ်ရောက်ကုန်၏။ ထိုဗြဟ္မာတို့၏ အသက်အတိုင်းအရှည်သည် အဘယ်မျှရှိသနည်း။
(မဟာကပ်) ရှစ်ကပ်တို့တည်း။
--
တတိယဈာန်အကျိုးပေးရာ (၃) ဘုံနှင့် သက်တမ်း
(၇) ပရိတ္တသုဘာ
၁၀၂၆။ တတိယဈာန်ကို အနည်းငယ်လျှော့ပွါးများလျှင် အဘယ်ဘုံသို့ ကပ်ရောက်ကုန် သနည်း။
တတိယဈာန်ကို အနည်းငယ်လျှော့ပွါးများလျှင် ပရိတ္တသုဘာဗြဟ္မာတို့၏ အပေါင်းအဖော် အဖြစ်သို့ ကပ်ရောက်ကုန်၏။ ထိုဗြဟ္မာတို့၏ အသက်အတိုင်းအရှည်သည် အဘယ်မျှရှိသနည်း။
(မဟာကပ်) တစ်ဆယ့်ခြောက်ကပ်တို့တည်း။
(၈) အပ္ပမာဏသုဘာ
တတိယဈာန်ကို အလတ်စားပွါးများလျှင် အဘယ်ဘုံသို့ ကပ်ရောက်ကုန် သနည်း။
တတိယဈာန်ကို အလတ်စားပွါးများလျှင် အပ္ပမာဏသုဘာဗြဟ္မာတို့၏ အပေါင်းအဖော် အဖြစ်သို့ ကပ်ရောက်ကုန်၏။ ထိုဗြဟ္မာတို့၏ အသက်အတိုင်းအရှည်သည် အဘယ်မျှရှိသနည်း။
(မဟာကပ်) သုံးဆယ့်နှစ်ကပ်တို့တည်း။
(၉) သုဘကိဏှာ
တတိယဈာန်ကို အမြတ်စားပွါးများလျှင် အဘယ်ဘုံသို့ ကပ်ရောက်ကုန်သနည်း။
တတိယဈာန်ကို အမြတ်စားပွါးများလျှင် သုဘကိဏှာဗြဟ္မာတို့၏ အပေါင်းအဖော်အဖြစ်သို့ ကပ်ရောက်ကုန်၏။ ထိုဗြဟ္မာတို့၏ အသက်အတိုင်းအရှည်သည် အဘယ်မျှရှိသနည်း။
(မဟာကပ်) ခြောက်ဆယ့်လေးကပ်တို့တည်း။
--
စတုတ္ထဈာန်အကျိုးပေးရာ (၁၁) ဘုံ
၁၀၂၇။ စတုတ္ထဈာန်ကို ပွါးများလျှင် အာရုံထူးသည်၏အဖြစ်၊ နှလုံးသွင်းမှု ထူးသည်၏အဖြစ်၊ ဆန္ဒထူးသည်၏အဖြစ်၊ တောင့်တမှု ထူးသည်၏အဖြစ်၊ ဆုံးဖြတ်မှု ထူးသည်၏အဖြစ်၊ ဆုတောင်းမှု ထူးသည်၏ အဖြစ်၊ ပညာထူးသည်၏အဖြစ်များကြောင့်-
ရူပစတုတ္ထဈာန် ၇-ဘုံ
(၁) အချို့သူတို့သည် အသညသတ်ဗြဟ္မာတို့၏ အပေါင်းအဖော်အဖြစ်သို့ ကပ်ရောက်ကုန်၏။
(၂) အချို့သူတို့သည် ဝေဟပ္ဖိုလ်ဗြဟ္မာတို့၏ အပေါင်းအဖော်အဖြစ်သို့ ကပ်ရောက်ကုန်၏။
(၃) အချို့သူတို့သည် အဝိဟာဗြဟ္မာတို့၏ အပေါင်းအဖော်အဖြစ်သို့ ကပ်ရောက်ကုန်၏။
(၄) အချို့သူတို့သည် အတပ္ပါဗြဟ္မာတို့၏ အပေါင်းအဖော်အဖြစ်သို့ ကပ်ရောက်ကုန်၏။
(၅) အချို့သူတို့သည် သုဒဿာဗြဟ္မာတို့၏ အပေါင်းအဖော်အဖြစ်သို့ ကပ်ရောက်ကုန်၏။
(၆) အချို့သူတို့သည် သုဒဿီဗြဟ္မာတို့၏ အပေါင်းအဖော်အဖြစ်သို့ ကပ်ရောက်ကုန်၏။
(၇) အချို့သူတို့သည် အကနိဋ္ဌဗြဟ္မာတို့၏ အပေါင်းအဖော်အဖြစ်သို့ ကပ်ရောက်ကုန်၏။
အရူပစတုတ္ထဈာန် ၄-ဘုံ
(၈) အချို့သူတို့သည် အာကာသာနဉ္စာယတနဈာန်သို့ ကပ်ရောက်သော ဗြဟ္မာတို့၏ အပေါင်းအဖော်အဖြစ်သို့ ကပ်ရောက်ကုန်၏။
(၉) အချို့သူတို့သည် ဝိညာဏဉ္စာယတနဈာန်သို့ ကပ်ရောက်သောဗြဟ္မာတို့၏ အပေါင်းအဖော်အဖြစ်သို့ ကပ်ရောက်ကုန်၏။
(၁၀) အချို့သူတို့သည် အာကိဉ္စညာယတနဈာန်သို့ ကပ်ရောက်သောဗြဟ္မာတို့၏ အပေါင်းအဖော်အဖြစ်သို့ ကပ်ရောက်ကုန်၏။
(၁၁) အချို့သူတို့သည် နေဝသညာနာသညာယတနဈာန်သို့ ကပ်ရောက်သောဗြဟ္မာတို့၏ အပေါင်းအဖော်အဖြစ်သို့ ကပ်ရောက်ကုန်၏။
--
စတုတ္ထဈာန်ဗြဟ္မာ (၁၁) မျိုးတို့၏ သက်တမ်း
အသညသတ်၊ ဝေဟပ္ဖိုလ်ဗြဟ္မာတို့၏ အသက်အတိုင်းအရှည်သည် အဘယ်မျှရှိသနည်း။
(မဟာကပ်) ကမ္ဘာငါးရာတို့တည်း။
အဝိဟာဗြဟ္မာတို့၏ အသက်အတိုင်းအရှည်သည် အဘယ်မျှရှိသနည်း။
(မဟာကပ်) ကမ္ဘာတစ်ထောင်တည်း။
အတပ္ပါဗြဟ္မာတို့၏ အသက်အတိုင်းအရှည်သည် အဘယ်မျှရှိသနည်း။
(မဟာကပ်) ကမ္ဘာနှစ်ထောင်တို့တည်း။
သုဒဿာဗြဟ္မာတို့၏ အသက်အတိုင်းအရှည်သည် အဘယ်မျှရှိသနည်း။
(မဟာကပ်) ကမ္ဘာလေးထောင်တို့တည်း။
သုဒဿီဗြဟ္မာတို့၏ အသက်အတိုင်းအရှည်သည် အဘယ်မျှရှိသနည်း။
(မဟာကပ်) ကမ္ဘာရှစ်ထောင်တို့တည်း။
အကနိဋ္ဌဗြဟ္မာတို့၏ အသက်အတိုင်းအရှည်သည် အဘယ်မျှရှိသနည်း။
(မဟာကပ်) ကမ္ဘာတစ်သောင်းခြောက်ထောင်တို့တည်း။
၁၀၂၈။ အာကာသာနဉ္စာယတနဈာန်သို့ ကပ်ရောက်သော ဗြဟ္မာတို့၏ အသက်အတိုင်းအရှည်သည်အဘယ်မျှရှိသနည်း။
(မဟာကပ်) ကမ္ဘာနှစ်သောင်းတို့တည်း။
ဝိညာဏဉ္စာယတနဈာန်သို့ ကပ်ရောက်သော ဗြဟ္မာတို့၏ အသက်အတိုင်းအရှည်သည် အဘယ်မျှရှိသနည်း။
(မဟာကပ်) ကမ္ဘာလေးသောင်းတို့တည်း။
အာကိဉ္စညာယတနဈာန်သို့ ကပ်ရောက်သော ဗြဟ္မာတို့၏ အသက်အတိုင်းအရှည်သည် အဘယ်မျှရှိသနည်း။
(မဟာကပ်) ကမ္ဘာခြောက်သောင်းတို့တည်း။
နေဝသညာနာသညာယတနဈာန်သို့ ကပ်ရောက်သော ဗြဟ္မာတို့၏ အသက်အတိုင်းအရှည်သည်အဘယ်မျှရှိသနည်း။
(မဟာကပ်) ကမ္ဘာရှစ်သောင်းလေးထောင်တို့တည်း။
၁၀၂၉။ ကောင်းမှု ရှိန်စော် အာနုဘော်ဖြင့် မြှောက်တင်အပ်ကုန်သော ပုထုဇဉ်သတ္တဝါ တို့သည်ကာမသုဂတိ ရူပသုဂတိဘုံသို့ လားရကုန်၍ ဘဝဂ်သို့တိုင် ရောက် ကြသော်လည်း တစ်ဖန်မကောင်းသော လားရာ (အပါယ်လေးဘုံ) သို့ ပြန် ရောက်ကြရကုန်၏။ ထိုမျှလောက် အသက်ရှည်သော သတ္တဝါတို့သည်ပင်လျှင် အသက်တမ်းကုန်၍ သေဆုံးရကုန်၏၊ မြဲသော ဘဝ အနည်းငယ်မျှ မရှိချေ၊ ဤသို့ မြတ်စွာဘုရား ဟောကြားတော်မူ၏။
--
ထို့ကြောင့်ပင်လျှင် ရင့်ကျက်သော ပညာရှိကုန်သော သိမ်မွေ့သော ပညာရှိ ကုန်သော အကျိုးစီးပွါးကိုကြံစည်တတ်ကုန်သော ပညာရှင်တို့သည် အိုမှု သေမှု လွတ်ရန် မြတ်သော မဂ်ကို ပွါးများကြကုန်၏။ နက်ရှိုင်းသော နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်သော စင်ကြယ်သော မဂ်ကို ပွါးများ၍အာသဝအလုံးစုံတို့ကို ပိုင်းခြားသိလျက် အာသဝမရှိကုန်ဘဲ ဒုက္ခ ခပ်သိမ်း ငြိမ်းကြကုန်၏။
--
၇-အဘိညေယျာဒိဝါရ
(ထိုးထွင်း၍သိအပ်သောတရား စသည်တို့ကို ပြဆိုသောဝါရ)
အမေးပုစ္ဆာ
၁၀၃၀။ ခန္ဓာငါးပါးတို့တွင် ထိုးထွင်း၍ သိအပ်သည်တို့ကား အဘယ်မျှရှိသနည်း၊ ပိုင်းခြား၍သိအပ်သည်တို့ကား အဘယ်မျှရှိသနည်း၊ ပယ်အပ်သည်တို့ကား အဘယ်မျှရှိသနည်း၊ ပွါးများအပ်သည်တို့ကား အဘယ်မျှရှိသနည်း၊ မျက်မှောက်ပြုအပ်သည်တို့ကား အဘယ်မျှ ရှိသနည်း၊ မပယ်အပ်သည်တို့ကား မပွါးများအပ်သည်တို့ကား မျက်မှောက်မပြုအပ်သည်တို့ကား အဘယ်မျှရှိသနည်း။ပ။
စိတ်ခုနစ်ပါးတို့တွင် ထိုးထွင်း၍ သိအပ်သည်တို့ကား အဘယ်မျှရှိသနည်း၊ ပိုင်းခြား၍ သိအပ်သည်တို့ကား အဘယ်မျှရှိသနည်း၊ ပယ်အပ်သည်တို့ကား အဘယ်မျှရှိသနည်း၊ ပွါးများအပ်သည်တို့ကားအဘယ်မျှရှိသနည်း၊ မျက်မှောက်ပြုအပ်သည်တို့ကား အဘယ်မျှ ရှိသနည်း၊ မပယ်အပ်သည်တို့ကားမပွါးများအပ်သည်တို့ကား မျက်မှောက်မပြုအပ်သည်တို့ကား အဘယ်မျှရှိသနည်း။
အဖြေဝိသဇ္ဇနာ
(၁) ခန္ဓာတရား
၁၀၃၁။ ရူပက္ခန္ဓာကို ထိုးထွင်း၍ သိအပ်၏၊ ပိုင်းခြား၍ သိအပ်၏၊ မပယ်အပ်၊ မပွါးများအပ်၊ မျက်မှောက်မပြုအပ်။ (ကြွင်း) ခန္ဓာလေးပါးတို့ကို ထိုးထွင်း၍ သိအပ်ကုန်၏၊ ပိုင်းခြား၍ သိအပ်ကုန်၏၊ အချို့ ပယ်အပ်ကုန်၏၊ အချို့ ပွါးများအပ်ကုန်၏၊ အချို့ မျက်မှောက်ပြုအပ်ကုန်၏၊ အချို့ မပယ်အပ်ကုန်၊ မပွါးများအပ်ကုန်၊ မျက်မှောက်မပြုအပ်ကုန်။
(၂) အာယတနတရား
အာယတနဆယ်ပါးတို့ကို ထိုးထွင်း၍ သိအပ်ကုန်၏၊ ပိုင်းခြား၍ သိအပ်ကုန်၏၊ မပယ်အပ်ကုန်၊ မပွါးများအပ်ကုန်၊ မျက်မှောက်မပြုအပ်ကုန်၊ အာယတနနှစ်ပါးတို့ကို ထိုးထွင်း၍ သိအပ်ကုန်၏၊ ပိုင်းခြား၍ သိအပ်ကုန်၏၊ အချို့ ပယ်အပ်ကုန်၏၊ အချို့ ပွါးများအပ်ကုန်၏၊ အချို့ မျက်မှောက်ပြုအပ်ကုန်၏၊ အချို့ မပယ်အပ်ကုန်၊ မပွါးများအပ်ကုန်၊ မျက်မှောက်မပြုအပ်ကုန်။
--
(၃) ဓာတ်တရား
ဓာတ်တစ်ဆယ့်ခြောက်ပါးတို့ကို ထိုးထွင်း၍ သိအပ်ကုန်၏၊ ပိုင်းခြား၍ သိအပ်ကုန်၏၊ မပယ် အပ်ကုန်၊ မပွါးများအပ်ကုန်၊ မျက်မှောက်မပြုအပ်ကုန်။ ဓာတ်နှစ်ပါးတို့ကို ထိုးထွင်း၍ သိအပ်ကုန်၏၊ ပိုင်းခြား၍သိအပ်ကုန်၏၊ အချို့ ပယ်အပ်ကုန်၏၊ အချို့ ပွါးများအပ်ကုန်၏၊ အချို့ မျက်မှောက်ပြုအပ် ကုန်၏၊ အချို့ မပယ်အပ်ကုန်၊ မပွါးများအပ်ကုန်၊ မျက်မှောက်မပြုအပ်ကုန်။
(၄) သစ္စာတရား
သမုဒယသစ္စာကို ထိုးထွင်း၍ သိအပ်၏၊ ပိုင်းခြား၍ သိအပ်၏၊ ပယ်အပ်၏၊ မပွါးများအပ်၊ မျက်မှောက်မပြုအပ်။ မဂ္ဂသစ္စာကို ထိုးထွင်း၍ သိအပ်၏၊ ပိုင်းခြား၍ သိအပ်၏၊ မပယ်အပ်၊ ပွါးများ အပ်၏၊ မျက်မှောက် မပြုအပ်၊ နိရောဓသစ္စာကို ထိုးထွင်း၍ သိအပ်၏၊ ပိုင်းခြား၍ သိအပ်၏၊ မပယ်အပ်၊ မပွါးများအပ်၊ မျက်မှောက်ပြုအပ်၏။ ဒုက္ခသစ္စာကို ထိုးထွင်း၍ သိအပ်၏၊ ပိုင်းခြား၍ သိအပ်၏၊ အချို့ပယ်အပ်၏၊ မပွါးများအပ်၊ မျက်မှောက်မပြုအပ်၊ အချို့ မပယ်အပ်။
(၅) ဣန္ဒြေတရား
ဣန္ဒြေကိုးပါးတို့ကို ထိုးထွင်း၍ သိအပ်ကုန်၏၊ ပိုင်းခြား၍ သိအပ်ကုန်၏၊ မပယ်အပ်ကုန်၊ မပွါးများအပ်ကုန်၊ မျက်မှောက်မပြုအပ်ကုန်။ ဒေါမနဿိန္ဒြေကို ထိုးထွင်း၍သိအပ်၏၊ ပိုင်းခြား၍သိအပ်၏၊ ပယ်အပ်၏၊ မပွါးများအပ်၊ မျက်မှောက်မပြုအပ်။ အနညာတညဿာမီတိန္ဒြေကို ထိုးထွင်း၍သိအပ်၏၊ ပိုင်းခြား၍ သိအပ်၏၊ မပယ်အပ်၊ ပွါးများအပ်၏၊ မျက်မှောက်မပြုအပ်။ အညိန္ဒြေကိုထိုးထွင်း၍ သိအပ်၏၊ ပိုင်းခြား၍ သိအပ်၏၊ မပယ်အပ်၊ အချို့ ပွါးများအပ်၏၊ အချို့ မျက်မှောက်ပြုအပ်၏။ အညာတာဝိန္ဒြေကို ထိုးထွင်း၍ သိအပ်၏၊ ပိုင်းခြား၍ သိအပ်၏၊ မပယ်အပ်၊ မပွါးများအပ်၊ မျက်မှောက်ပြုအပ်၏။ ဣန္ဒြေသုံးပါးတို့ကို ထိုးထွင်း၍ သိအပ်ကုန်၏၊ ပိုင်းခြား၍ သိအပ်ကုန်၏၊ မပယ်အပ်ကုန်၊ အချို့ ပွါးများအပ်ကုန်၏၊ အချို့ မျက်မှောက် ပြုအပ်ကုန်၏၊ အချို့ မပွါးများအပ်ကုန်၊ မျက်မှောက်ပြုအပ်ကုန်၏။ (ကြွင်း) ဣန္ဒြေခြောက်ပါးတို့ကို ထိုးထွင်း၍ သိအပ်ကုန်၏၊ ပိုင်းခြား၍သိအပ်ကုန်၏၊ အချို့ ပယ်အပ်ကုန်၏၊ အချို့ ပွါးများအပ်ကုန်၏၊ အချို့ မျက်မှောက်ပြုအပ်ကုန်၏၊ အချို့ မပယ်အပ်ကုန်၊ မပွါးများအပ်ကုန်၊ မျက်မှောက်မပြုအပ်ကုန်။
(၆) ဟိတ်တရား
အကုသိုလ်ဟိတ်သုံးပါးတို့ကို ထိုးထွင်း၍ သိအပ်ကုန်၏၊ ပိုင်းခြား၍ သိအပ်ကုန်၏၊ ပယ်အပ်ကုန်၏၊ မပွါးများအပ်ကုန်၊ မျက်မှောက်မပြုအပ်ကုန်။ ကုသိုလ်ဟိတ်သုံးပါးတို့ကို ထိုးထွင်း၍ သိအပ်ကုန်၏၊ ပိုင်းခြား၍ သိအပ်ကုန်၏၊ မပယ်အပ်ကုန်၊ အချို့ ပွါးများအပ်ကုန်၏၊ မျက်မှောက် မပြုအပ်ကုန်၊ အချို့မပွါးများအပ်ကုန်၊ အဗျာကတဟိတ်သုံးပါးတို့ကို ထိုးထွင်း၍ သိအပ်ကုန်၏၊ ပိုင်းခြား၍ သိအပ်ကုန်၏၊ မပယ်အပ်ကုန်၊ မပွါးများအပ်ကုန်၊ အချို့ မျက်မှောက်ပြုအပ်ကုန်၏၊ အချို့ မျက်မှောက်မပြုအပ်ကုန်။
--
(၇) အာဟာရတရား
အလုတ်အလွေးပြုအပ်သော ‘ကဗဠီကာရ’ အာဟာရကို ထိုးထွင်း၍ သိအပ်၏၊ ပိုင်းခြား၍ သိအပ်၏၊ မပယ်အပ်၊ မပွါးများအပ်၊ မျက်မှောက်မပြုအပ်။ (ကြွင်း) အာဟာရသုံးပါးတို့ကို ထိုးထွင်း၍ သိအပ်ကုန်၏၊ ပိုင်းခြား၍ သိအပ်ကုန်၏၊ အချို့ ပယ်အပ်ကုန်၏၊ အချို့ ပွါးများအပ်ကုန်၏၊ အချို့ မျက်မှောက်ပြုအပ်ကုန်၏၊ အချို့ မပယ်အပ်ကုန်၊ မပွါးများအပ်ကုန်၊ မျက်မှောက်မပြုအပ်ကုန်။
(၈) ဖဿတရား
တွေ့ထိမှု ‘ဖဿ’ ခြောက်ပါးတို့ကို ထိုးထွင်း၍ သိအပ်ကုန်၏၊ ပိုင်းခြား၍ သိအပ်ကုန်၏၊ မပယ်အပ်ကုန်၊ မပွါးများအပ်ကုန်၊ မျက်မှောက်မပြုအပ်ကုန်။ မနောဝိညာဏဓာတ်အတွေ့ကို ထိုးထွင်း၍သိအပ်၏၊ ပိုင်းခြား၍ သိအပ်၏၊ အချို့ ပယ်အပ်၏၊ အချို့ ပွါးများအပ်၏၊ အချို့ မျက်မှောက်ပြုအပ်၏၊ အချို့ မပယ်အပ် မပွါးများအပ် မျက်မှောက်မပြုအပ်။
(၉-၁၂) ဝေဒနာတရားစသည်
ခံစားမှု ‘ဝေဒနာ’ ခြောက်ပါးတို့ကို။ပ။-
သိမှတ်မှု ‘သညာ’ ခြောက်ပါးတို့ကို။ပ။-
စေ့ဆော်မှု ‘စေတနာ’ ခြောက်ပါးတို့ကို။ပ။-
စိတ်ခြောက်ပါးတို့ကို ထိုးထွင်း၍ သိအပ်ကုန်၏၊ ပိုင်းခြား၍ သိအပ်ကုန်၏၊ မပယ်အပ်ကုန်၊ မပွါးများအပ်ကုန်၊ မျက်မှောက်မပြုအပ်ကုန်။ မနောဝိညာဏဓာတ်ကို ထိုးထွင်း၍ သိအပ်၏၊ ပိုင်းခြား၍သိအပ်၏၊ အချို့ ပယ်အပ်၏၊ အချို့ ပွါးများအပ်၏။ အချို့ မျက်မှောက်ပြုအပ်၏၊ အချို့ မပယ်အပ်မပွါးများအပ် မျက်မှောက်မပြုအပ်။
--
၈-သာရမ္မဏာ နာရမ္မဏဝါရ
(အာရုံပြုမှု မပြုမှုကို ပြဆိုသော ဝါရ)
အမေးပုစ္ဆာ
၁၀၃၂။ ခန္ဓာငါးပါးတို့တွင် အာရုံပြုခြင်းရှိသော ခန္ဓာတို့သည် အဘယ်မျှရှိကုန်နည်း၊ အာရုံပြုခြင်း မရှိသော ခန္ဓာတို့သည် အဘယ်မျှရှိကုန်သနည်း။ပ။
စိတ်ခုနစ်ပါးတို့တွင် အာရုံပြုခြင်းရှိသော စိတ်တို့သည် အဘယ်မျှရှိကုန်သနည်း၊ အာရုံပြုခြင်း မရှိသော စိတ်တို့သည် အဘယ်မျှရှိသနည်း။
အဖြေဝိသဇ္ဇနာ
(၁) ခန္ဓာတရား
၁၀၃၃။ ရူပက္ခန္ဓာသည် အာရုံပြုခြင်း မရှိ။ (ကြွင်း) ခန္ဓာလေးပါးတို့သည် အာရုံပြုခြင်း ရှိကုန်၏။
(၂) အာယတနတရား
အာယတနဆယ်ပါးတို့သည် အာရုံပြုခြင်း မရှိကုန်။ မနာယတနသည် အာရုံပြုခြင်းရှိ၏။ ဓမ္မာယတနသည် အချို့ အာရုံပြုခြင်းရှိ၏၊ အချို့ အာရုံပြုခြင်း မရှိ။
(၃) ဓာတ်တရား
ဓာတ်ဆယ်ပါးတို့သည် အာရုံပြုခြင်း မရှိကုန်။ ဓာတ်ခုနစ်ပါးတို့သည် အာရုံပြုခြင်းရှိကုန်၏။ ဓမ္မဓာတ်သည် အချို့ အာရုံပြုခြင်းရှိ၏၊ အချို့ အာရုံပြုခြင်း မရှိ။
(၄) သစ္စာတရား
သစ္စာနှစ်ပါးတို့သည် အာရုံပြုခြင်းရှိကုန်၏။ နိရောဓသစ္စာသည် အာရုံပြုခြင်း မရှိ။ ဒုက္ခသစ္စာသည်အချို့ အာရုံပြုခြင်း ရှိ၏၊ အချို့ အာရုံပြုခြင်း မရှိ။
--
(၅) ဣန္ဒြေတရား
ဣန္ဒြေခုနစ်ပါးတို့သည် အာရုံပြုခြင်း မရှိကုန်။ ဣန္ဒြေတစ်ဆယ့်လေးပါးတို့သည် အာရုံပြုခြင်း ရှိကုန်၏။ ဇီဝိတိန္ဒြေသည် အချို့ အာရုံပြုခြင်းရှိ၏၊ အချို့ အာရုံပြုခြင်း မရှိ။
(၆) ဟိတ်တရား
ဟိတ်ကိုးပါးတို့သည် အာရုံပြုခြင်း ရှိကုန်၏။
(၇) အာဟာရတရား
အလုတ်အလွေးပြုအပ်သော ‘ကဗဠီကာရ’ အာဟာရသည် အာရုံပြုခြင်း မရှိ၊ (ကြွင်း) အာဟာရသုံးပါးတို့သည် အာရုံပြုခြင်း ရှိကုန်၏။
(၈-၁၂) ဖဿတရား စသည်။
တွေ့ထိမှု ‘ဖဿ’ ခုနစ်ပါး တို့သည်။ပ။
ခံစားမှု ‘ဝေဒနာ’ ခုနစ်ပါးတို့သည်။ပ။
သိမှတ်မှု ‘သညာ’ ခုနစ်ပါးတို့သည်။ပ။
စေ့ဆော်မှု ‘စေတနာ’ ခုနစ်ပါးတို့သည်။ပ။
စိတ်ခုနစ်ပါးတို့သည် အာရုံပြုခြင်း ရှိကုန်၏။
--
၁၀၃၄။ ခန္ဓာငါးပါးတို့တွင် အာရုံပြုခြင်းရှိသော တရားကို အာရုံပြုသည့် ခန္ဓာတို့သည် အဘယ်မျှရှိကုန်သနည်း၊ အာရုံပြုခြင်းမရှိသော တရားကို အာရုံပြုသည့် ခန္ဓာတို့သည် အဘယ်မျှရှိကုန်သနည်း။ပ။
စိတ်ခုနစ်ပါးတို့တွင် အာရုံပြုခြင်းရှိသော တရားကို အာရုံပြုသည့် စိတ်တို့သည် အဘယ်မျှရှိကုန်သနည်း၊ အာရုံပြုခြင်း မရှိသော တရားကို အာရုံပြုသည့် စိတ်တို့သည် အဘယ်မျှရှိကုန်သနည်း။
(၁) ခန္ဓာတရား
၁၀၃၅။ ရူပက္ခန္ဓာသည် အာရုံပြုခြင်း မရှိ။ (ကြွင်း) ခန္ဓာလေးပါးတို့သည် အချို့ အာရုံပြုခြင်း ရှိသောတရားကို အာရုံပြုကုန်၏၊ အချို့ အာရုံပြုခြင်းမရှိသော တရားကို အာရုံပြုကုန်၏။
(၂) အာယတနတရား
အာယတနဆယ်ပါးတို့သည် အာရုံပြုခြင်းမရှိကုန်။ မနာယတနသည် အချို့ အာရုံပြုခြင်း ရှိသောတရားကို အာရုံပြု၏၊ အချို့ အာရုံပြုခြင်းမရှိသော တရားကို အာရုံပြု၏။ ဓမ္မာယတနသည် အချို့အာရုံပြုခြင်းရှိသော တရားကို အာရုံပြု၏၊ အချို့ အာရုံပြုခြင်းမရှိသော တရားကို အာရုံပြု၏။ အချို့အာရုံပြုခြင်း မရှိ။
(၃) ဓာတ်တရား
ဓာတ်ဆယ်ပါးတို့သည် အာရုံပြုခြင်း မရှိကုန်။ ဓာတ်ခြောက်ပါးတို့သည် အာရုံပြုခြင်းမရှိသော တရားကိုအာရုံပြုကုန်၏။ မနောဝိညာဏဓာတ်သည် အချို့ အာရုံပြုခြင်းရှိသော တရားကို အာရုံပြု၏၊ အချို့အာရုံပြုခြင်း မရှိသော တရားကို အာရုံပြု၏။ ဓမ္မဓာတ်သည် အချို့ အာရုံပြုခြင်းရှိသော တရားကိုအာရုံပြု၏၊ အချို့ အာရုံပြုခြင်းမရှိသောတရားကို အာရုံပြု၏၊ အချို့ အာရုံပြုခြင်း မရှိ။
(၄) သစ္စာတရား
နိရောဓသစ္စာသည် အာရုံပြုခြင်း မရှိ။ မဂ္ဂသစ္စာသည် အာရုံပြုခြင်းမရှိသော တရားကို အာရုံပြု၏။ သမုဒယသစ္စာသည် အချို့ အာရုံပြုခြင်းရှိသော တရားကို အာရုံပြု၏၊ အချို့ အာရုံပြုခြင်းမရှိသောတရားကို အာရုံပြု၏။ ဒုက္ခသစ္စာသည် အချို့ အာရုံပြုခြင်းရှိသော တရားကို အာရုံပြု၏၊ အချို့ အာရုံပြုခြင်း မရှိသော တရားကို အာရုံပြု၏။ အချို့ အာရုံပြုခြင်း မရှိ။
(၅) ဣန္ဒြေတရား
ဣန္ဒြေခုနစ်ပါးတို့သည် အာရုံပြုခြင်း မရှိကုန်။ ဣန္ဒြေငါးပါးတို့သည် အာရုံပြုခြင်း မရှိသော တရားကိုအာရုံပြုကုန်၏။ ဣန္ဒြေကိုးပါးတို့သည် အချို့ အာရုံပြုခြင်းရှိသော တရားကို အာရုံပြုကုန်၏၊ အချို့အာရုံပြုခြင်း မရှိသော တရားကို အာရုံပြုကုန်၏။ ဇီဝိတိန္ဒြေသည် အချို့ အာရုံပြုခြင်းရှိသော တရားကိုအာရုံပြု၏၊ အချို့ အာရုံပြုခြင်းမရှိသော တရားကို အာရုံပြု၏။ အချို့ အာရုံပြုခြင်း မရှိ။
--
(၆) ဟိတ်တရား
ဟိတ်ကိုးပါးတို့သည် အချို့ အာရုံပြုခြင်းရှိသော တရားကို အာရုံပြုကုန်၏၊ အချို့ အာရုံပြုခြင်း မရှိသော တရားကို အာရုံပြုကုန်၏။
(၇) အာဟာရတရား
အလုတ်အလွေးပြုအပ်သော ‘ကဗဠီကာရ’ အာဟာရသည် အာရုံပြုခြင်း မရှိ။ (ကြွင်း) အာဟာရသုံးပါးတို့သည် အချို့ အာရုံပြုခြင်းရှိသော တရားကို အာရုံပြုကုန်၏၊ အချို့ အာရုံပြုခြင်းမရှိသောတရားကို အာရုံပြုကုန်၏။
(၈) ဖဿတရား
တွေ့ထိမှု ‘ဖဿ’ ခြောက်ပါးတို့သည် အာရုံပြုခြင်းမရှိသော တရားကို အာရုံပြုကုန်၏။ မနောဝိညာဏဓာတ် အတွေ့ ‘ဖဿ’ သည် အချို့ အာရုံပြုခြင်းရှိသော တရားကို အာရုံပြု၏၊ အချို့အာရုံပြုခြင်း မရှိသော တရားကို အာရုံပြု၏။
(၉-၁၂) ဝေဒနာစသည့်တရားများ
ခံစားမှု (ဝေဒနာ) ခြောက်ပါးတို့သည်။ပ။
သိမှတ်မှု (သညာ) ခြောက်ပါးတို့သည်။ပ။
စေ့ဆော်မှု (စေတနာ) ခြောက်ပါးတို့သည်။ပ။
စိတ်ခြောက်ပါးတို့သည် အာရုံပြုခြင်းမရှိသော တရားတို့ကို အာရုံပြုကုန်၏။ မနောဝိညာဏ ဓာတ်သည့်အချို့ အာရုံပြုခြင်းရှိသော တရားကို အာရုံပြု၏၊ အချို့ အာရုံပြုခြင်းမရှိသော တရားကို အာရုံပြု၏။
--
၉-ဒိဋ္ဌသုတာဒိဒဿနဝါရ
(မြင်မှု ကြားမှု စသည်တို့ကို ပြဆိုသော ဝါရ)
အမေးပုစ္ဆာ
၁၀၃၆။ ခန္ဓာငါးပါးတို့တွင်-မြင်အပ်သော ခန္ဓာတို့သည် အဘယ်မျှရှိကုန်သနည်း။
ကြားအပ်သော ခန္ဓာတို့သည် အဘယ်မျှရှိကုန်သနည်း။
တွေ့အပ်သော ခန္ဓာတို့သည် အဘယ်မျှရှိကုန်သနည်း။
သိအပ်သော ခန္ဓာတို့သည် အဘယ်မျှရှိကုန်သနည်း။
မမြင်အပ်သော ခန္ဓာတို့သည် အဘယ်မျှရှိကုန်သနည်း။
မကြားအပ်သော ခန္ဓာတို့သည် အဘယ်မျှရှိကုန်သနည်း။
မတွေ့အပ်သော ခန္ဓာတို့သည် အဘယ်မျှရှိကုန်သနည်း။
မသိအပ်သော ခန္ဓာတို့သည် အဘယ်မျှရှိကုန်သနည်း။ပ။-
စိတ်ခုနစ်ပါးတို့တွင် မြင်အပ်သော စိတ်တို့သည် အဘယ်မျှရှိကုန်သနည်း။
ကြားအပ်သော စိတ်တို့သည် အဘယ်မျှရှိကုန်သနည်း။
တွေ့အပ်သော စိတ်တို့သည် အဘယ်မျှရှိကုန်သနည်း။
သိအပ်သော စိတ်တို့သည် အဘယ်မျှရှိကုန်သနည်း။
မမြင်အပ်သော စိတ်တို့သည် အဘယ်မျှရှိကုန်သနည်း။
မကြားအပ်သော စိတ်တို့သည် အဘယ်မျှရှိကုန်သနည်း။
မတွေ့အပ်သော စိတ်တို့သည် အဘယ်မျှရှိကုန်သနည်း။
မသိအပ်သော စိတ်တို့သည် အဘယ်မျှရှိကုန်သနည်း။
--
အဖြေဝိသဇ္ဇနာ
(၁) ခန္ဓာတရား
၁၀၃၇။ ရူပက္ခန္ဓာကို အချို့ မြင်အပ်၏၊ အချို့ ကြားအပ်၏၊ အချို့ တွေ့အပ်၏၊ အချို့ သိအပ်၏၊ အချို့ မမြင်အပ်၊ မကြားအပ်၊ မတွေ့အပ်၊ မသိအပ်။ (ကြွင်း) ခန္ဓာလေးပါးတို့ကို မမြင်အပ်ကုန်၊ မကြားအပ်ကုန်၊ မတွေ့အပ်ကုန်၊ သိအပ်ကုန်၏။
(၂) အာယတနတရား
ရူပါယတနကို မြင်အပ်၏၊ မကြားအပ်၊ မတွေ့အပ်၊ သိအပ်၏။ သဒ္ဒါယတနကို မမြင်အပ်၊ ကြားအပ်၏၊ မတွေ့အပ်၊ သိအပ်၏။ ဂန္ဓာယတန ရသာယတန ဖောဋ္ဌဗ္ဗာယတနကို မမြင်အပ်၊ မကြားအပ်၊ တွေ့အပ်၏၊ သိအပ်၏။ (ကြွင်း) အာယတနခုနစ်ပါးတို့ကို မမြင်အပ်ကုန်၊ မကြားအပ်ကုန်၊ မတွေ့အပ်ကုန်၊ သိအပ်ကုန်၏။
(၃) ဓာတ်တရား
ရူပဓာတ်ကို မြင်အပ်၏၊ မကြားအပ်၊ မတွေ့အပ်၊ သိအပ်၏။ သဒ္ဒဓာတ်ကို မမြင်အပ်၊ ကြားအပ်၏၊ မတွေ့အပ်၊ သိအပ်၏။ ဂန္ဓဓာတ် ရသဓာတ် ဖောဋ္ဌဗ္ဗဓာတ်ကို မမြင်အပ်၊ မကြားအပ်၊ တွေ့အပ်၏၊ သိအပ်၏။ (ကြွင်း) ဓာတ်တစ်ဆယ့်သုံးပါးတို့ကို မမြင်အပ်ကုန်၊ မကြားအပ်ကုန်၊ မတွေ့အပ်ကုန်၊ သိအပ်ကုန်၏။
(၄) သစ္စာတရား
သစ္စာသုံးပါးတို့ကို မမြင်အပ်ကုန်၊ မကြားအပ်ကုန်၊ မတွေ့အပ်ကုန်၊ သိအပ်ကုန်၏။ ဒုက္ခသစ္စာကိုအချို့ မြင်အပ်၏၊ အချို့ ကြားအပ်၏၊ အချို့ တွေ့အပ်၏၊ အချို့သိအပ်၏။ အချို့ မမြင်အပ်၊ မကြားအပ်၊ မတွေ့အပ်၊ သိအပ်၏။
(၅) ဣန္ဒြေတရား
ဣန္ဒြေနှစ်ဆယ့်နှစ်ပါးတို့ကို မမြင်အပ်ကုန်၊ မကြားအပ်ကုန်၊ မတွေ့အပ်ကုန်၊ သိအပ်ကုန်၏။
(၆) ဟိတ်တရား
အကြောင်း ‘ဟိတ်'ကိုးပါးတို့ကို မမြင်အပ်ကုန်၊ မကြားအပ်ကုန်၊ မတွေ့အပ်ကုန်၊ သိအပ်ကုန်၏။
(၇) အာဟာရတရား
အာဟာရလေးပါးတို့ကို မမြင်အပ်ကုန်၊ မကြားအပ်ကုန်၊ မတွေ့အပ်ကုန်၊ သိအပ်ကုန်၏။
(၈) ဖဿတရား
တွေ့ထိမှု (ဖဿ) ခုနစ်ပါးတို့ကို မမြင်အပ်ကုန်၊ မကြားအပ်ကုန်၊ မတွေ့အပ်ကုန်၊ သိအပ်ကုန်၏။
(၉-၁၂) ဝေဒနာစသည်တရားများ
ခံစားမှု ‘ဝေဒနာ’ ခုနစ်ပါး၊ သိမှတ်မှု ‘သညာ’ ခုနစ်ပါး၊ စေ့ဆော်မှု ‘စေတနာ’ ခုနစ်ပါး၊ စိတ်ခုနစ်ပါးတို့ကို မမြင်အပ်ကုန်၊ မကြားအပ်ကုန်၊ မတွေ့အပ်ကုန်၊ သိအပ်ကုန်၏။
--
၁၀-တိကာဒိဒဿနဝါရ
(တိက်စသည်ဖြင့် ပြဆိုသော ဝါရ)
၁-ကုသလတိက်
အမေးပုစ္ဆာ
၁၀၃၈။ ခန္ဓာငါးပါးတို့တွင် ကုသိုလ်တို့သည် အဘယ်မျှရှိကုန်သနည်း၊ အကုသိုလ်တို့သည် အဘယ်မျှရှိကုန်သနည်း၊ အဗျာကတတို့သည် အဘယ်မျှရှိကုန်သနည်း။ပ။ စိတ်ခုနစ်ပါးတို့တွင် ကုသိုလ်တို့သည်အဘယ်မျှရှိကုန်သနည်း၊ အကုသိုလ်တို့သည် အဘယ်မျှရှိကုန်သနည်း၊ အဗျာကတတို့သည် အဘယ်မျှရှိကုန်သနည်း။
အဖြေဝိသဇ္ဇနာ
(၁) ခန္ဓာတရား
ရူပက္ခန္ဓာသည် အဗျာကတဖြစ်၏။ (ကြွင်း) ခန္ဓာလေးပါးတို့သည် အချို့ ကုသိုလ်ဖြစ်ကုန်၏၊ အချို့အကုသိုလ်ဖြစ်ကုန်၏၊ အချို့ အဗျာကတဖြစ်ကုန်၏။
(၂) အာယတနတရား
အာယတနဆယ်ပါးတို့သည် အဗျာကတဖြစ်ကုန်၏။ အာယတနနှစ်ပါးတို့သည် အချို့ ကုသိုလ်ဖြစ်ကုန်၏၊ အချို့ အကုသိုလ်ဖြစ်ကုန်၏၊ အချို့ အဗျာကတဖြစ်ကုန်၏။
(၃) ဓာတ်တရား
ဓာတ်တစ်ဆယ့်ခြောက်ပါးတို့သည် အဗျာကတဖြစ်ကုန်၏။ ဓာတ်နှစ်ပါးတို့သည် အချို့ ကုသိုလ်ဖြစ်ကုန်၏။ အချို့ အကုသိုလ်ဖြစ်ကုန်၏၊ အချို့ အဗျာကတဖြစ်ကုန်၏။
(၄) သစ္စာတရား
သမုဒယသစ္စာသည် အကုသိုလ်ဖြစ်၏။ မဂ္ဂသစ္စာသည် ကုသိုလ်ဖြစ်၏။ နိရောဓသစ္စာသည် အဗျာကတဖြစ်၏။ ဒုက္ခသစ္စာသည် အချို့ ကုသိုလ်ဖြစ်၏၊ အချို့ အကုသိုလ်ဖြစ်၏၊ အချို့ အဗျာကတ ဖြစ်၏။
(၅) ဣန္ဒြေတရား
ဣန္ဒြေဆယ်ပါးတို့သည် အဗျာကတ ဖြစ်ကုန်၏။ ဒေါမနဿိန္ဒြေသည် အကုသိုလ် ဖြစ်၏။ အနညာ့တညဿာမီတိန္ဒြေသည် ကုသိုလ်ဖြစ်၏၊ ဣန္ဒြေလေးပါးတို့သည် အချို့ ကုသိုလ်ဖြစ်ကုန်၏၊ အချို့အဗျာကတဖြစ်ကုန်၏။ ဣန္ဒြေခြောက်ပါးတို့သည် အချို့ကုသိုလ်ဖြစ်ကုန်၏၊ အချို့ အကုသိုလ်ဖြစ်ကုန်၏၊ အချို့ အဗျာကတဖြစ်ကုန်၏။
--
(၆) ဟိတ်တရား
ကုသိုလ်ဟိတ်သုံးပါးတို့သည် ကုသိုလ်ဖြစ်ကုန်၏။ အကုသိုလ်ဟိတ်သုံးပါးတို့သည် အကုသိုလ်ဖြစ်ကုန်၏။ အဗျာကတဟိတ်သုံးပါးတို့သည် အဗျာကတဖြစ်ကုန်၏။
(၇) အာဟာရတရား
အလုတ်အလွေးပြုအပ်သော ‘ကဗဠီကာရ’ အာဟာရသည် အဗျာကတဖြစ်၏။ (ကြွင်း) အာဟာရသုံးပါးတို့သည် အချို့ ကုသိုလ်ဖြစ်ကုန်၏၊ အချို့ အကုသိုလ်ဖြစ်ကုန်၏၊ အချို့ အဗျာကတဖြစ်ကုန်၏။
(၈) ဖဿတရား
တွေ့ထိမှု ‘ဖဿ’ ခြောက်ပါးတို့သည် အဗျာကတဖြစ်ကုန်၏။ မနောဝိညာဏဓာတ် အတွေ့ ‘ဖဿ’ သည်အချို့ ကုသိုလ်ဖြစ်၏၊ အချို့ အကုသိုလ်ဖြစ်၏၊ အချို့ အဗျာကတဖြစ်၏။
(၉-၁၂) ဝေဒနာစသောတရားများ
ခံစားမှု ‘ဝေဒနာ'ခြောက်ပါး၊ သိမှတ်မှု ‘သညာ’ ခြောက်ပါး၊ စေ့ဆော်မှု ‘စေတနာ’ ခြောက်ပါး၊ စိတ်ခြောက်ပါးတို့သည် အဗျာကတဖြစ်ကုန်၏။ မနောဝိညာဏဓာတ်သည် အချို့ ကုသိုလ် ဖြစ်၏၊ အချို့အကုသိုလ် ဖြစ်၏၊ အချို့ အဗျာကတဖြစ်၏။
--
၂-ဝေဒနာတိက်
အမေးပုစ္ဆာ
၁၀၃၉။ ခန္ဓာငါးပါးတို့တွင် သုခဝေဒနာနှင့်ယှဉ်သော ခန္ဓာတို့သည် အဘယ်မျှရှိကုန်သနည်း၊ ဒုက္ခဝေဒနာနှင့်ယှဉ်သော ခန္ဓာတို့သည်သဘယ်မျှရှိကုန်သနည်း၊ ဒုက္ခ လည်း မဟုတ်, သုခလည်း မဟုတ်သော ဝေဒနာနှင့်ယှဉ်သော ခန္ဓာတို့သည် အဘယ်မျှရှိကုန်သနည်း။ပ။ စိတ်ခုနစ်ပါးတို့တွင် သုခဝေဒနာနှင့်ယှဉ်သော စိတ်တို့သည် အဘယ်မျှရှိသကုန်နည်း၊ ဒုက္ခဝေဒနာနှင့်ယှဉ်သော စိတ်တို့သည် အဘယ်မျှရှိကုန်သနည်း၊ ဒုက္ခလည်း မဟုတ်, သုခလည်း မဟုတ်သော ဝေဒနာနှင့်ယှဉ်သော ခန္ဓာတို့သည် အဘယ်မျှရှိကုန်သနည်း။
အဖြေဝိသဇ္ဇနာ
(၁) ခန္ဓာတရား
ခန္ဓာနှစ်ပါးတို့ကို သုခဝေဒနာနှင့် ယှဉ်ကုန်၏ဟူ၍လည်းကောင်း၊ ဒုက္ခဝေဒနာနှင့် ယှဉ်ကုန်၏ဟူ၍လည်းကောင်း၊ ဒုက္ခလည်း မဟုတ်, သုခလည်း မဟုတ်သော ဝေဒနာနှင့်ယှဉ်ကုန်၏ဟူ၍လည်းကောင်းမဆိုအပ်ကုန်။ ခန္ဓာသုံးပါးတို့သည် အချို့ သုခဝေဒနာနှင့် ယှဉ်ကုန်၏၊ အချို့ ဒုက္ခဝေဒနာနှင့်ယှဉ်ကုန်၏၊ အချို့ ဒုက္ခလည်း မဟုတ်, သုခလည်း မဟုတ်သော ဝေဒနာနှင့် ယှဉ်ကုန်၏။
(၂) အာယတနတရား
အာယတနဆယ်ပါးတို့ကို သုခဝေဒနာနှင့် ယှဉ်ကုန်၏ဟူ၍လည်းကောင်း၊ ဒုက္ခဝေဒနာနှင့် ယှဉ်ကုန်၏ဟူ၍လည်းကောင်း၊ ဒုက္ခလည်း မဟုတ်, သုခလည်း မဟုတ်သော ဝေဒနာနှင့် ယှဉ်ကုန်၏ဟူ၍လည်းကောင်း မဆိုအပ်ကုန်။ မနာယတနသည် အချို့ သုခဝေဒနာနှင့် ယှဉ်၏၊ အချို့ ဒုက္ခဝေဒနာနှင့်ယှဉ်၏၊ အချို့ ဒုက္ခလည်း မဟုတ်, သုခလည်း မဟုတ်သော ဝေဒနာနှင့် ယှဉ်၏။ ဓမ္မာယတနသည်အချို့ သုခဝေဒနာနှင့်ယှဉ်၏၊ အချို့ ဒုက္ခဝေဒနာနှင့် ယှဉ်၏၊ အချို့ ဒုက္ခလည်း မဟုတ်, သုခလည်းမဟုတ်သော ဝေဒနာနှင့် ယှဉ်၏။ အချို့ သုခဝေဒနာနှင့် ယှဉ်၏ဟူ၍လည်းကောင်း၊ ဒုက္ခဝေဒနာနှင့်ယှဉ်၏ဟူ၍လည်းကောင်း၊ ဒုက္ခလည်း မဟုတ်, သုခလည်းမဟုတ်သော ဝေဒနာနှင့် ယှဉ်၏ဟူ၍လည်းကောင်း မဆိုအပ်။
--
(၃) ဓာတ်တရား
ဓာတ်ဆယ်ပါးတို့ကို သုခဝေဒနာနှင့် ယှဉ်ကုန်၏ဟူ၍လည်းကောင်း၊ ဒုက္ခဝေဒနာနှင့် ယှဉ်ကုန်၏ဟူ၍လည်းကောင်း၊ ဒုက္ခလည်း မဟုတ်, သုခလည်း မဟုတ်သော ဝေဒနာနှင့် ယှဉ်ကုန်၏ဟူ၍လည်းကောင်းမဆိုအပ်ကုန်။ ဓာတ်ငါးပါးတို့သည် ဒုက္ခလည်းမဟုတ် သုခလည်းမဟုတ်သော ဝေဒနာနှင့် ယှဉ်ကုန်၏။ ကာယဝိညာဏဓာတ်သည် အချို့ သုခဝေဒနာနှင့် ယှဉ်၏၊ အချို့ ဒုက္ခဝေဒနာနှင့် ယှဉ်၏။ မနောဝိညာဏဓာတ်သည် အချို့ သုခဝေဒနာနှင့် ယှဉ်၏၊ အချို့ ဒုက္ခဝေဒနာနှင့်ယှဉ်၏၊ အချို့ ဒုက္ခလည်း မဟုတ်, သုခ လည်း မဟုတ်သော ဝေဒနာနှင့် ယှဉ်၏။ ဓမ္မဓာတ်သည် အချို့ သုခဝေဒနာနှင့် ယှဉ်၏၊ အချို့ဒုက္ခဝေဒနာနှင့် ယှဉ်၏၊ အချို့ ဒုက္ခလည်း မဟုတ်, သုခလည်း မဟုတ်သော ဝေဒနာနှင့် ယှဉ်၏။ အချို့သုခဝေဒနာနှင့်ယှဉ်၏ဟူ၍လည်းကောင်း၊ ဒုက္ခဝေဒနာနှင့် ယှဉ်၏ဟူ၍လည်းကောင်း၊ ဒုက္ခလည်းမဟုတ်, သုခလည်း မဟုတ်သော ဝေဒနာနှင့် ယှဉ်၏ဟူ၍လည်းကောင်း မဆိုအပ်။
(၄) သစ္စာတရား
သစ္စာနှစ်ပါးတို့သည် အချို့ သုခဝေဒနာနှင့် ယှဉ်ကုန်၏၊ အချို့ ဒုက္ခဝေဒနာနှင့် ယှဉ်ကုန်၏။ အချို့သုခလည်းမဟုတ်, ဒုက္ခမဟုတ်သော ဝေဒနာနှင့် ယှဉ်ကုန်၏။ နိရောဓသစ္စာကို သုခဝေဒနာနှင့်ယှဉ်၏ဟူ၍ လည်းကောင်း၊ ဒုက္ခဝေဒနာနှင့်ယှဉ်၏ဟူ၍လည်းကောင်း၊ ဒုက္ခလည်းမဟုတ်, သုခလည်းမဟုတ်သော ဝေဒနာနှင့် ယှဉ်၏ဟူ၍လည်းကောင်း မဆိုအပ်။ ဒုက္ခသစ္စာသည် အချို့ သုခဝေဒနာနှင့်ယှဉ်၏၊ အချို့ ဒုက္ခဝေဒနာနှင့် ယှဉ်၏၊ အချို့ ဒုက္ခလည်း မဟုတ်, သုခလည်း မဟုတ်သော ဝေဒနာနှင့်ယှဉ်၏။ အချို့ သုခဝေဒနာနှင့် ယှဉ်၏ဟူ၍လည်းကောင်း၊ ဒုက္ခဝေဒနာနှင့်ယှဉ်၏ဟူ၍ လည်းကောင်း၊ ဒုက္ခ သုခမဟုတ်သော ဝေဒနာနှင့်ယှဉ်၏ဟူ၍လည်းကောင်း မဆိုအပ်။
(၅) ဣန္ဒြေတရား
ဣန္ဒြေတစ်ဆယ့်နှစ်ပါးတို့ကို သုခဝေဒနာနှင့် ယှဉ်ကုန်၏ဟူ၍လည်းကောင်း၊ ဒုက္ခဝေဒနာနှင့် ယှဉ်ကုန်၏ဟူ၍လည်းကောင်း၊ ဒုက္ခလည်း မဟုတ်, သုခလည်း မဟုတ်သော ဝေဒနာနှင့် ယှဉ်ကုန်၏ဟူ၍လည်းကောင်း မဆိုအပ်ကုန်။ ဣန္ဒြေခြောက်ပါးတို့သည် အချို့ သုခဝေဒနာနှင့် ယှဉ်ကုန်၏၊ အချို့ ဒုက္ခ လည်း မဟုတ်, သုခလည်း မဟုတ်သော ဝေဒနာနှင့် ယှဉ်ကုန်၏။ ဣန္ဒြေသုံးပါးတို့သည် အချို့ သုခဝေဒနာနှင့် ယှဉ်ကုန်၏၊ အချို့ ဒုက္ခဝေဒနာနှင့် ယှဉ်ကုန်၏၊ အချို့ ဒုက္ခလည်း မဟုတ်, သုခလည်းမဟုတ်သော ဝေဒနာနှင့် ယှဉ်ကုန်၏။ ဇီဝိတိန္ဒြေသည် အချို့ သုခဝေဒနာနှင့် ယှဉ်၏၊ အချို့ ဒုက္ခဝေဒနာနှင့် ယှဉ်၏၊ အချို့ ဒုက္ခလည်း မဟုတ်, သုခလည်း မဟုတ်သော ဝေဒနာနှင့်ယှဉ်၏။ (ရုပ်ဇီဝိတိန္ဒြေကို) အချို့ သုခဝေဒနာနှင့်ယှဉ်၏ဟူ၍လည်းကောင်း၊ ဒုက္ခဝေဒနာနှင့်ယှဉ်၏ဟူ၍လည်းကောင်း၊ ဒုက္ခလည်းမဟုတ်, သုခလည်းမဟုတ်သော ဝေဒနာနှင့် ယှဉ်၏ဟူ၍လည်းကောင်း မဆိုအပ်။
--
(၆) ဟိတ်တရား
ဒေါသအကုသိုလ်ဟိတ်သည် ဒုက္ခဝေဒနာနှင့်ယှဉ်၏၊ (ကြွင်း) ဟိတ်ခုနစ်ပါးတို့သည် အချို့ သုခဝေဒနာနှင့် ယှဉ်ကုန်၏၊ အချို့ ဒုက္ခလည်းမဟုတ်, သုခလည်းမဟုတ်သော ဝေဒနာနှင့် ယှဉ်ကုန်၏။ မောဟ အကုသိုလ်ဟိတ်သည် အချို့ သုခဝေဒနာနှင့် ယှဉ်၏၊ အချို့ ဒုက္ခဝေဒနာနှင့် ယှဉ်၏၊ အချို့ ဒုက္ခလည်းမဟုတ်, သုခလည်း မဟုတ်သော ဝေဒနာနှင့် ယှဉ်၏။
(၇) အာဟာရတရား
အလုတ်အလွေးပြုအပ်သော ‘ကဗဠီကာရ’ အာဟာရကို သုခဝေဒနာနှင့် ယှဉ်၏ဟူ၍လည်းကောင်း၊ ဒုက္ခဝေဒနာနှင့် ယှဉ်၏ဟူ၍လည်းကောင်း၊ ဒုက္ခလည်းမဟုတ်, သုခလည်းမဟုတ်သော ဝေဒနာနှင့်ယှဉ်၏ဟူ၍လည်းကောင်း မဆိုအပ်။ (ကြွင်း) အာဟာရသုံးပါးတို့သည် အချို့ သုခဝေဒနာနှင့် ယှဉ်ကုန်၏၊ အချို့ ဒုက္ခဝေဒနာနှင့် ယှဉ်ကုန်၏၊ အချို့ ဒုက္ခလည်းမဟုတ်, သုခလည်းမဟုတ်သော ဝေဒနာနှင့်ယှဉ်ကုန်၏။
(၈) ဖဿတရား
တွေ့ထိမှု ‘ဖဿ’ ငါးပါးတို့သည် ဒုက္ခလည်း မဟုတ်, သုခလည်း မဟုတ်သော ဝေဒနာနှင့် ယှဉ်ကုန်၏၊ ကာယဝိညာဏဓာတ်အတွေ့သည် အချို့ သုခဝေဒနာနှင့် ယှဉ်၏၊ အချို့ ဒုက္ခဝေဒနာနှင့် ယှဉ်၏။ မနောဝိညာဏဓာတ်အတွေ့သည် အချို့ သုခဝေဒနာနှင့် ယှဉ်၏၊ အချို့ ဒုက္ခဝေဒနာနှင့် ယှဉ်၏၊ အချို့ဒုက္ခလည်းမဟုတ် သုခလည်း မဟုတ်သော ဝေဒနာနှင့် ယှဉ်၏။
(၉-၁၂) ဝေဒနာစသော တရားများ
ခံစားမှု ‘ဝေဒနာ’ ခုနစ်ပါးတို့ကို သုခဝေဒနာနှင့် ယှဉ်ကုန်၏ဟူ၍လည်းကောင်း၊ ဒုက္ခဝေဒနာနှင့် ယှဉ်ကုန်၏ဟူ၍လည်းကောင်း၊ ဒုက္ခလည်းမဟုတ်, သုခလည်း မဟုတ်သော ဝေဒနာနှင့်ယှဉ်ကုန်၏ဟူ၍လည်းကောင်း မဆိုအပ်ကုန်။ သိမှတ်မှု ‘သညာ’ ငါးပါး၊ စေ့ဆော်မှု ‘စေတနာ’ ငါးပါး၊ စိတ်ငါးပါးတို့သည်ဒုက္ခလည်းမဟုတ်, သုခလည်း မဟုတ်သော ဝေဒနာနှင့် ယှဉ်ကုန်၏၊ ကာယဝိညာဏဓာတ်သည် အချို့သုခဝေဒနာနှင့် ယှဉ်၏၊ အချို့ ဒုက္ခဝေဒနာနှင့် ယှဉ်၏၊ မနောဝိညာဏဓာတ်သည် အချို့ သုခဝေဒနာနှင့်ယှဉ်၏၊ အချို့ ဒုက္ခဝေဒနာနှင့် ယှဉ်၏၊ အချို့ ဒုက္ခလည်းမဟုတ်, သုခလည်း မဟုတ်သော ဝေဒနာနှင့်ယှဉ်၏။
--
၃-ဝိပါကတိက်
အမေးပုစ္ဆာ
၁၀၄၀။ ခန္ဓာငါးပါးတို့တွင် ကုသိုလ် အကုသိုလ်တို့၏ အကျိုးခန္ဓာတို့သည် အဘယ်မျှ ရှိကုန် သနည်း။
အကျိုးကို ဖြစ်စေခြင်းသဘောရှိသော တရားဟူသော ခန္ဓာတို့သည် အဘယ်မျှရှိကုန်သနည်း။ ကုသိုလ်အကုသိုလ်တို့၏ အကျိုးလည်း မဟုတ်, အကျိုးကို ဖြစ်စေခြင်းသဘောရှိသော တရားလည်း မဟုတ်သောခန္ဓာတို့သည် အဘယ်မျှရှိကုန်သနည်း။ပ။ စိတ်ခုနစ်ပါးတို့တွင် ကုသိုလ် အကုသိုလ်တို့၏အကျိုးစိတ်တို့သည် အဘယ်မျှ ရှိကုန်သနည်း၊ အကျိုးကို ဖြစ်စေခြင်းသဘောရှိသော တရားဟူသောစိတ်တို့သည် အဘယ်မျှ ရှိကုန်သနည်း။ ကုသိုလ်အကုသိုလ်တို့၏ အကျိုးလည်း မဟုတ်, အကျိုးကိုဖြစ်စေခြင်း သဘောရှိသော တရားလည်း မဟုတ်သော စိတ်တို့သည် အဘယ်မျှရှိကုန်သနည်း။
အဖြေဝိသဇ္ဇနာ
(၁) ခန္ဓာတရား
ရူပက္ခန္ဓာသည် ကုသိုလ် အကုသိုလ်တို့၏ အကျိုးလည်း မဟုတ်, အကျိုးကို ဖြစ်စေခြင်း သဘောရှိသော တရားလည်း မဟုတ်။ (ကြွင်း) ခန္ဓာလေးပါးတို့သည် အချို့ ကုသိုလ် အကုသိုလ်တို့၏ အကျိုးဖြစ်ကုန်၏၊ အချို့ အကျိုးကို ဖြစ်စေခြင်းသဘောရှိသော တရားဖြစ်ကုန်၏၊ အချို့ ကုသိုလ် အကုသိုလ်တို့၏ အကျိုးလည်း မဟုတ်, အကျိုးကို ဖြစ်စေခြင်းသဘောရှိသော တရားလည်း မဟုတ်ကုန်။
(၂) အာယတနတရား
အာယတနဆယ်ပါးတို့သည် ကုသိုလ် အကုသိုလ်တို့၏ အကျိုးလည်း မဟုတ်, အကျိုးကို ဖြစ်စေ ခြင်း သဘောရှိသော တရားလည်း မဟုတ်ကုန်။ အာယတနနှစ်ပါးတို့သည် အချို့ ကုသိုလ် အကုသိုလ် တို့၏အကျိုးဖြစ်ကုန်၏၊ အချို့ အကျိုးကို ဖြစ်စေခြင်းသဘောရှိသော တရား ဖြစ်ကုန်၏၊ အချို့ ကုသိုလ်အကုသိုလ်တို့၏ အကျိုးလည်း မဟုတ်, အကျိုးကို ဖြစ်စေခြင်းသဘောရှိသော တရားလည်း မဟုတ်ကုန်။
--
(၃) ဓာတ်တရား
ဓာတ်ဆယ်ပါးတို့သည် ကုသိုလ် အကုသိုလ်တို့၏ အကျိုးလည်း မဟုတ်, အကျိုးကို ဖြစ်စေခြင်း သဘောရှိသော တရားလည်း မဟုတ်ကုန်။ ဓာတ်ငါးပါးတို့သည် ကုသိုလ် အကုသိုလ်တို့၏ အကျိုးဖြစ်ကုန်၏။ မနောဓာတ်သည် အချို့ ကုသိုလ် အကုသိုလ်တို့၏ အကျိုးဖြစ်၏၊ အချို့ ကုသိုလ်အကုသိုလ်တို့၏ အကျိုးလည်း မဟုတ်, အကျိုးကို ဖြစ်စေခြင်းသဘောရှိသော တရားလည်း မဟုတ်။ ဓာတ်နှစ်ပါးတို့သည် အချို့ ကုသိုလ် အကုသိုလ်တို့၏ အကျိုးဖြစ်ကုန်၏၊ အချို့ အကျိုးကို ဖြစ်စေခြင်း သဘောရှိသော တရားဖြစ်ကုန်၏၊ အချို့ ကုသိုလ် အကုသိုလ်တို့၏ အကျိုးလည်း မဟုတ်, အကျိုးကိုဖြစ်စေခြင်းသဘောတရားလည်း မဟုတ်ကုန်။
(၄) သစ္စာတရား
သစ္စာနှစ်ပါးတို့သည် အကျိုးကို ဖြစ်စေခြင်းသဘောတရား ဖြစ်ကုန်၏၊ နိရောဓသစ္စာသည် ကုသိုလ်အကုသိုလ်တို့၏ အကျိုးလည်း မဟုတ်, အကျိုးကို ဖြစ်စေခြင်းသဘောရှိသော တရားလည်း မဟုတ်။ ဒုက္ခသစ္စာသည် အချို့ ကုသိုလ် အကုသိုလ်တို့၏ အကျိုးဖြစ်၏၊ အချို့ အကျိုးကို ဖြစ်စေခြင်းသဘောရှိသော တရား ဖြစ်၏၊ အချို့ ကုသိုလ် အကုသိုလ်တို့၏ အကျိုးလည်း မဟုတ်, အကျိုးကို ဖြစ်စေခြင်း သဘော ရှိသော တရားလည်း မဟုတ်။
(၅) ဣန္ဒြေတရား
ဣန္ဒြေခုနစ်ပါးတို့သည် ကုသိုလ် အကုသိုလ်တို့၏ အကျိုးလည်း မဟုတ်, အကျိုးကို ဖြစ်စေခြင်း သဘောရှိသော တရားလည်း မဟုတ်ကုန်။ ဣန္ဒြေသုံးပါးတို့သည် ကုသိုလ် အကုသိုလ်တို့၏ အကျိုးဖြစ်ကုန်၏၊ ဣန္ဒြေနှစ်ပါးတို့သည် အကျိုးကို ဖြစ်စေခြင်းသဘောရှိသော တရားဖြစ်ကုန်၏။ အညိန္ဒြေသည်အချို့ ကုသိုလ် အကုသိုလ်တို့၏ အကျိုးဖြစ်၏၊ အချို့ အကျိုးကို ဖြစ်စေခြင်းသဘောရှိသော တရားဖြစ်၏။ (ကြွင်း) ဣန္ဒြေ ကိုးပါးတို့သည် အချို့ ကုသိုလ် အကုသိုလ်တို့၏ အကျိုးဖြစ်ကုန်၏၊ အချို့အကျိုးကို ဖြစ်စေခြင်းသဘောရှိသော တရား ဖြစ်ကုန်၏၊ အချို့ ကုသိုလ် အကုသိုလ်တို့၏ အကျိုးလည်းမဟုတ်, အကျိုးကို ဖြစ်စေခြင်းသဘောရှိသော တရားလည်း မဟုတ်ကုန်။
(၆) ဟိတ်တရား
အကြောင်း ‘ဟိတ်’ ခြောက်ပါးတို့သည် အကျိုးကို ဖြစ်စေခြင်းသဘောရှိသော တရား ဖြစ်ကုန်၏။ အဗျာကတဟိတ်သုံးပါးတို့သည် အချို့ ကုသိုလ် အကုသိုလ်တို့၏ အကျိုးဖြစ်ကုန်၏။ အချို့ ကုသိုလ်အကုသိုလ်တို့၏ အကျိုးလည်း မဟုတ်, အကျိုးကို ဖြစ်စေခြင်းသဘောရှိသော တရားလည်း မဟုတ်ကုန်။
--
(၇) အာဟာရတရား
အလုတ်အလွေးပြုအပ်သော ‘ကဗဠီကာရ’ အာဟာရသည် ကုသိုလ်အကုသိုလ်တို့၏ အကျိုးလည်းမဟုတ်, အကျိုးကို ဖြစ်စေခြင်းသဘောရှိသော တရားလည်း မဟုတ်။ (ကြွင်း) အာဟာရသုံးပါးတို့သည်အချို့ ကုသိုလ် အကုသိုလ်တို့၏ အကျိုးဖြစ်ကုန်၏၊ အချို့ အကျိုးကို ဖြစ်စေခြင်းသဘောရှိသော တရားဖြစ်ကုန်၏၊ အချို့ ကုသိုလ် အကုသိုလ်တို့၏ အကျိုးလည်းမဟုတ်, အကျိုးကို ဖြစ်စေခြင်းသဘောရှိသောတရားလည်းမဟုတ်ကုန်။
(၈) ဖဿတရား
တွေ့ထိမှု ‘ဖဿ’ ငါးပါးတို့သည် ကုသိုလ် အကုသိုလ်တို့၏ အကျိုးဖြစ်ကုန်၏။ မနောဓာတ်အတွေ့'ဖဿ'သည် အချို့ ကုသိုလ် အကုသိုလ်တို့၏ အကျိုးဖြစ်၏၊ အချို့ ကုသိုလ် အကုသိုလ်တို့၏ အကျိုးလည်း မဟုတ်, အကျိုးကို ဖြစ်စေခြင်းသဘောရှိသော တရားလည်း မဟုတ်။ မနောဝိညာဏဓာတ်အတွေ့ ‘ဖဿ’ သည် အချို့ ကုသိုလ် အကုသိုလ်တို့၏ အကျိုးဖြစ်၏၊ အချို့ အကျိုးကို ဖြစ်စေခြင်း သဘောရှိသောတရား ဖြစ်၏။ အချို့ ကုသိုလ် အကုသိုလ်တို့၏ အကျိုးလည်း မဟုတ်, အကျိုးကိုဖြစ်စေခြင်းသဘောရှိသော တရားလည်း မဟုတ်ကုန်။
(၉-၁၂) ဝေဒနာစသော တရားများ
ခံစားမှု ‘ဝေဒနာ’ ငါးပါး၊ မှတ်သားမှု ‘သညာ’ ငါးပါး၊ စေ့ဆော်မှု ‘စေတနာ’ ငါးပါး၊ စိတ်ငါးပါး တို့သည်ကုသိုလ် အကုသိုလ်တို့၏ အကျိုးဖြစ်ကုန်၏။ မနောဓာတ်သည် အချို့ ကုသိုလ် အကုသိုလ် တို့၏အကျိုးဖြစ်၏၊ အချို့ ကုသိုလ် အကုသိုလ်တို့၏ အကျိုးလည်း မဟုတ်, အကျိုးကို ဖြစ်စေခြင်း သဘောရှိသော တရားလည်း မဟုတ်။ မနောဝိညာဏဓာတ်သည် အချို့ ကုသိုလ် အကုသိုလ်တို့၏အကျိုးဖြစ်၏၊ အချို့ အကျိုးကို ဖြစ်စေခြင်းသဘောရှိသော တရား ဖြစ်၏။ အချို့ ကုသိုလ် အကုသိုလ်တို့၏ အကျိုးလည်း မဟုတ်, အကျိုးကို ဖြစ်စေခြင်းသဘော ရှိသော တရားလည်း မဟုတ်။
--
၄-ဥပါဒိန္နတိက်
အမေးပုစ္ဆာ
၁၀၄၁။ ခန္ဓာငါးပါးတို့တွင် တဏှာဒိဋ္ဌိတို့သည် ကပ်အပ်သောကံသည် အကျိုး၏ အဖြစ်ဖြင့်လည်းယူအပ်, ဥပါဒါန်၏ အာရုံလည်းဖြစ်သော ခန္ဓာတို့သည် အဘယ်မျှရှိကုန်သနည်း။ တဏှာဒိဋ္ဌိတို့သည်ကပ်အပ်သော ကံသည် အကျိုး၏ အဖြစ်ဖြင့်ကား မယူအပ်, ဥပါဒါန်၏ အာရုံသာဖြစ်သော ခန္ဓာတို့သည်အဘယ်မျှရှိကုန်သနည်း။ တဏှာဒိဋ္ဌိတို့သည် ကပ်အပ်သောကံသည် အကျိုး၏ အဖြစ်ဖြင့်လည်း မယူအပ်, ဥပါဒါန်၏ အာရုံလည်း မဟုတ်သော ခန္ဓာတို့သည် အဘယ်မျှရှိကုန်သနည်း။ပ။ စိတ်ခုနစ်ပါးတို့တွင်တဏှာဒိဋ္ဌိတို့သည် ကပ်အပ်သော ကံသည် အကျိုး၏ အဖြစ်ဖြင့်လည်း ယူအပ်, ဥပါဒါန်၏ အာရုံလည်းဖြစ်သော စိတ်တို့သည် အဘယ်မျှရှိကုန်သနည်း။ တဏှာဒိဋ္ဌိတို့သည် ကပ်အပ်သော ကံသည် အကျိုး၏အဖြစ်ဖြင့်ကား မယူအပ်, ဥပါဒါန်၏ အာရုံသာ ဖြစ်သော စိတ်တို့သည် အဘယ်မျှရှိကုန်သနည်း။ တဏှာဒိဋ္ဌိတို့သည် ကပ်အပ်သောကံသည် အကျိုး၏အဖြစ်ဖြင့်လည်း မယူအပ်, ဥပါဒါန်၏ အာရုံလည်း မဖြစ်သော စိတ်တို့သည် အဘယ်မျှရှိကုန်သနည်း။
အဖြေဝိသဇ္ဇနာ
(၁) ခန္ဓာတရား
ရူပက္ခန္ဓာသည် အချို့တဏှာဒိဋ္ဌိတို့သည် ကပ်အပ်သော ကံသည် အကျိုး၏ အဖြစ်ဖြင့်လည်း ယူအပ်၊ ဥပါဒါန်၏ အာရုံလည်း ဖြစ်၏။ အချို့ တဏှာဒိဋ္ဌိတို့သည် ကပ်အပ်သော ကံသည် အကျိုး၏အဖြစ်ဖြင့်ကား မယူအပ်၊ ဥပါဒါန်၏ အာရုံသာ ဖြစ်၏။ (ကြွင်း) ခန္ဓာလေးပါးတို့သည် အချို့ တဏှာဒိဋ္ဌိတို့သည် ကပ်အပ်သော ကံသည် အကျိုး၏ အဖြစ်ဖြင့်လည်း ယူအပ်၊ ဥပါဒါန်၏အာရုံလည်း ဖြစ်ကုန်၏။ အချို့ တဏှာဒိဋ္ဌိတို့သည် ကပ်အပ်သော ကံသည် အကျိုး၏ အဖြစ်ဖြင့်ကား မယူအပ်၊ ဥပါဒါန်၏အာရုံသာ ဖြစ်ကုန်၏။ အချို့ တဏှာဒိဋ္ဌိတို့သည် ကပ်အပ်သော ကံသည် အကျိုး၏အဖြစ်ဖြင့်လည်း မယူအပ်၊ ဥပါဒါန်၏အာရုံလည်း မဟုတ်ကုန်။
(၂) အာယတနတရား
အာယတနငါးပါးတို့သည် တဏှာဒိဋ္ဌိတို့သည် ကပ်အပ်သောကံသည် အကျိုး၏ အဖြစ်ဖြင့်လည်း ယူအပ်, ဥပါဒါန်၏အာရုံလည်း ဖြစ်ကုန်၏။ သဒ္ဒါယတနသည် တဏှာဒိဋ္ဌိတို့သည် ကပ်အပ်သောကံသည် အကျိုး၏အဖြစ်ဖြင့်ကား မယူအပ်, ဥပါဒါန်၏ အာရုံသာ ဖြစ်၏။ အာယတနလေးပါးတို့သည် အချို့တဏှာဒိဋ္ဌိတို့သည် ကပ်အပ်သော ကံသည် အကျိုး၏ အဖြစ်ဖြင့်လည်း ယူအပ်, ဥပါဒါန်၏ အာရုံလည်းဖြစ်ကုန်၏။ အချို့ တဏှာဒိဋ္ဌိတို့သည် ကပ်အပ်သော ကံသည် အကျိုး၏ အဖြစ်ဖြင့်ကား မယူအပ်၊ ဥပါဒါန်၏ အာရုံသာ ဖြစ်ကုန်၏။ အာယတနနှစ်ပါးတို့သည် အချို့ တဏှာဒိဋ္ဌိတို့သည် ကပ်အပ်သောကံသည် အကျိုး၏ အဖြစ်ဖြင့်လည်း ယူအပ်, ဥပါဒါန်၏အာရုံလည်း ဖြစ်ကုန်၏။ အချို့ တဏှာဒိဋ္ဌိတို့သည် ကပ်အပ်သော ကံသည် အကျိုး၏ အဖြစ်ဖြင့်ကား မယူအပ်, ဥပါဒါန်၏အာရုံသာ ဖြစ်ကုန်၏။ အချို့ တဏှာဒိဋ္ဌိတို့သည် ကပ်အပ်သော ကံသည် အကျိုး၏ အဖြစ်ဖြင့်လည်း မယူအပ်, ဥပါဒါန်၏အာရုံလည်း မဟုတ်ကုန်။
--
(၃) ဓာတ်တရား
ဓာတ်ဆယ်ပါးတို့သည် တဏှာဒိဋ္ဌိတို့သည် ကပ်အပ်သော ကံသည် အကျိုး၏ အဖြစ်ဖြင့်လည်း ယူအပ်, ဥပါဒါန်၏အာရုံလည်း ဖြစ်ကုန်၏။ သဒ္ဒဓာတ်သည် တဏှာဒိဋ္ဌိတို့သည် ကပ်အပ်သော ကံသည် အကျိုး၏အဖြစ်ဖြင့်ကား မယူအပ်, ဥပါဒါန်၏ အာရုံသာ ဖြစ်၏။ ဓာတ်ငါးပါးတို့သည် အချို့ တဏှာ ဒိဋ္ဌိတို့သည်ကပ်အပ်သော ကံသည် အကျိုး၏ အဖြစ်ဖြင့်လည်း ယူအပ်, ဥပါဒါန်၏အာရုံလည်း ဖြစ် ကုန်၏။ အချို့တဏှာဒိဋ္ဌိတို့သည် ကပ်အပ်သော ကံသည် အကျိုး၏ အဖြစ်ဖြင့်ကား မယူအပ်, ဥပါဒါန်၏ အာရုံသာဖြစ်ကုန်၏။ ဓာတ်နှစ်ပါးတို့သည် အချို့ တဏှာ ဒိဋ္ဌိတို့သည် ကပ်အပ်သော ကံသည် အကျိုး၏အဖြစ်ဖြင့်လည်း ယူအပ်, ဥပါဒါန်၏ အာရုံလည်း ဖြစ်ကုန်၏။ အချို့ တဏှာဒိဋ္ဌိတို့သည် ကပ်အပ်သောကံသည် အကျိုး၏ အဖြစ်ဖြင့်ကား မယူအပ်, ဥပါဒါန်၏ အာရုံသာ ဖြစ်ကုန်၏။ အချို့တဏှာဒိဋ္ဌိတို့သည် ကပ်အပ်သော ကံသည် အကျိုး၏ အဖြစ်ဖြင့်လည်း မယူအပ်, ဥပါဒါန်၏ အာရုံလည်းမဟုတ်ကုန်။
(၄) သစ္စာတရား
သမုဒယသစ္စာသည် တဏှာဒိဋ္ဌိတို့သည် ကပ်အပ်သော ကံသည် အကျိုး၏ အဖြစ်ဖြင့်ကား မယူအပ်, ဥပါဒါန်၏ အာရုံသာ ဖြစ်၏။ သစ္စာနှစ်ပါးတို့သည် တဏှာဒိဋ္ဌိတို့သည် ကပ်အပ်သော ကံသည် အကျိုး၏အဖြစ်ဖြင့်လည်း မယူအပ်, ဥပါဒါန်၏ အာရုံလည်း မဟုတ်ကုန်။ ဒုက္ခသစ္စာသည် အချို့ တဏှာဒိဋ္ဌိတို့သည် ကပ်အပ်သော ကံသည် အကျိုး၏ အဖြစ်ဖြင့်လည်း ယူအပ်, ဥပါဒါန်၏ အာရုံလည်း ဖြစ်၏၊ အချို့ တဏှာဒိဋ္ဌိတို့သည် ကပ်အပ်သော ကံသည် အကျိုး၏ အဖြစ်ဖြင့်ကား မယူအပ်, ဥပါဒါန်၏အာရုံသာ ဖြစ်၏။
(၅) ဣန္ဒြေတရား
ဣန္ဒြေကိုးပါးတို့သည် တဏှာဒိဋ္ဌိတို့သည် ကပ်အပ်သော ကံသည် အကျိုး၏ အဖြစ်ဖြင့်လည်း ယူအပ်, ဥပါဒါန်၏ အာရုံလည်း ဖြစ်ကုန်၏။ ဒေါမနဿိန္ဒြေသည် တဏှာဒိဋ္ဌိတို့သည် ကပ်အပ်သော ကံ သည်အကျိုး၏ အဖြစ်ဖြင့်ကား မယူအပ်, ဥပါဒါန်၏အာရုံသာ ဖြစ်၏။ ဣန္ဒြေသုံးပါးတို့သည် တဏှာဒိဋ္ဌိတို့သည် ကပ်အပ်သော ကံသည် အကျိုး၏ အဖြစ်ဖြင့်လည်း မယူအပ်, ဥပါဒါန်၏အာရုံလည်း မဟုတ်ကုန်။ ဣန္ဒြေကိုးပါးတို့သည် အချို့ တဏှာဒိဋ္ဌိတို့သည် ကပ်အပ်သောကံသည် အကျိုး၏ အဖြစ်ဖြင့်လည်းယူအပ်, ဥပါဒါန်၏အာရုံလည်း ဖြစ်ကုန်၏၊ အချို့ တဏှာဒိဋ္ဌိတို့သည် ကပ်အပ်သော ကံသည် အကျိုး၏အဖြစ်ဖြင့်ကား မယူအပ်, ဥပါဒါန်၏ အာရုံသာ ဖြစ်ကုန်၏၊ အချို့ တဏှာဒိဋ္ဌိတို့သည် ကပ်အပ်သောကံသည် အကျိုး၏ အဖြစ်ဖြင့်လည်း မယူအပ်, ဥပါဒါန်၏ အာရုံလည်း မဟုတ်ကုန်။
(၆) ဟိတ်တရား
အကုသိုလ်ဟိတ် သုံးပါးတို့သည် တဏှာဒိဋ္ဌိတို့သည် ကပ်အပ်သော ကံသည် အကျိုး၏ အဖြစ်ဖြင့် ကားမယူအပ်, ဥပါဒါန်၏အာရုံသာ ဖြစ်ကုန်၏။ ကုသိုလ်ဟိတ်သုံးပါးတို့သည် အချို့ တဏှာဒိဋ္ဌိတို့သည်ကပ်အပ်သော ကံသည် အကျိုး၏ အဖြစ်ဖြင့်ကား မယူအပ်, ဥပါဒါန်၏ အာရုံသာ ဖြစ်ကုန်၏၊ အချို့တဏှာဒိဋ္ဌိတို့သည် ကပ်အပ်သော ကံသည် အကျိုး၏ အဖြစ်ဖြင့်လည်း မယူအပ်, ဥပါဒါန်၏ အာရုံလည်းမဟုတ်ကုန်။ အဗျာကတဟိတ် သုံးပါးတို့သည် အချို့ တဏှာဒိဋ္ဌိတို့သည် ကပ်အပ်သော ကံသည်အကျိုး၏ အဖြစ်ဖြင့်လည်း ယူအပ်, ဥပါဒါန်၏ အာရုံလည်း ဖြစ်ကုန်၏၊ အချို့ တဏှာဒိဋ္ဌိတို့သည်ကပ်အပ်သော ကံသည် အကျိုး၏ အဖြစ်ဖြင့်ကား မယူအပ်, ဥပါဒါန်၏အာရုံသာ ဖြစ်ကုန်၏၊ အချို့တဏှာဒိဋ္ဌိတို့သည် ကပ်အပ်သော ကံသည် အကျိုး၏ အဖြစ်ဖြင့်လည်း မယူအပ်, ဥပါဒါန်၏ အာရုံလည်းမဟုတ်ကုန်။
--
(၇) အာဟာရတရား
အလုတ်အလွေးပြုအပ်သော ‘ကဗဠီကာရ’ အာဟာရသည် အချို့ တဏှာဒိဋ္ဌိတို့သည် ကပ်အပ်သောကံသည် အကျိုး၏ အဖြစ်ဖြင့်လည်း ယူအပ်, ဥပါဒါန်၏အာရုံလည်း ဖြစ်၏။ အချို့ တဏှာဒိဋ္ဌိတို့သည်ကပ်အပ်သော ကံသည် အကျိုး၏ အဖြစ်ဖြင့်ကား မယူအပ်, ဥပါဒါန်၏ အာရုံသာ ဖြစ်၏။ (ကြွင်း) အာဟာရသုံးပါးတို့သည် အချို့ တဏှာဒိဋ္ဌိတို့သည် ကပ်အပ်သော ကံသည် အကျိုး၏ အဖြစ်ဖြင့်လည်းယူအပ်, ဥပါဒါန်၏ အာရုံလည်း ဖြစ်ကုန်၏၊ အချို့ တဏှာဒိဋ္ဌိတို့သည် ကပ်အပ်သော ကံသည် အကျိုး၏အဖြစ်ဖြင့်ကား မယူအပ်, ဥပါဒါန်၏ အာရုံသာ ဖြစ်ကုန်၏၊ အချို့ တဏှာဒိဋ္ဌိတို့သည် ကပ်အပ်သောကံသည် အကျိုး၏အဖြစ်ဖြင့်လည်း မယူအပ်, ဥပါဒါန်၏ အာရုံလည်း မဟုတ်ကုန်။
(၈) ဖဿတရား
တွေ့ထိမှု ‘ဖဿ'ငါးပါးတို့သည် တဏှာဒိဋ္ဌိတို့သည် ကပ်အပ်သော ကံသည် အကျိုး၏ အဖြစ်ဖြင့်လည်း ယူအပ်, ဥပါဒါန်၏ အာရုံလည်း ဖြစ်ကုန်၏။ မနောဓာတ်အတွေ့'ဖဿ'သည် အချို့ တဏှာဒိဋ္ဌိတို့သည် ကပ်အပ်သော ကံသည် အကျိုး၏ အဖြစ်ဖြင့်လည်း ယူအပ်, ဥပါဒါန်၏ အာရုံလည်း ဖြစ်၏၊ အချို့ တဏှာဒိဋ္ဌိတို့သည် ကပ်အပ်သော ကံသည် အကျိုး၏ အဖြစ်ဖြင့်ကား မယူအပ်, ဥပါဒါန်၏အာရုံသာ ဖြစ်၏။ မနောဝိညာဏ ဓာတ်အတွေ့ ‘ဖဿ’ သည် အချို့ တဏှာဒိဋ္ဌိတို့သည် ကပ်အပ်သောကံသည် အကျိုး၏ အဖြစ်ဖြင့်လည်း ယူအပ်, ဥပါဒါန်၏အာရုံလည်း ဖြစ်၏၊ အချို့ တဏှာဒိဋ္ဌိတို့သည်ကပ်အပ်သော ကံသည် အကျိုး၏ အဖြစ်ဖြင့်ကား မယူအပ်, ဥပါဒါန်၏ အာရုံသာ ဖြစ်၏၊ အချို့တဏှာဒိဋ္ဌိတို့သည် ကပ်အပ်သော ကံသည် အကျိုး၏ အဖြစ်ဖြင့်လည်း မယူအပ်, ဥပါဒါန်၏အာရုံလည်းမဟုတ်။
(၉-၁၂) ဝေဒနာစသော တရားများ
ခံစားမှု ‘ဝေဒနာ’ ငါးပါး၊ သိမှတ်မှု ‘သညာ’ ငါးပါး၊ စေ့ဆော်မှု ‘စေတနာ’ ငါးပါး၊ စိတ်ငါးပါးတို့သည်တဏှာဒိဋ္ဌိတို့သည် ကပ်အပ်သော ကံသည် အကျိုး၏ အဖြစ်ဖြင့်လည်း ယူအပ်, ဥပါဒါန်၏ အာရုံလည်းဖြစ်ကုန်၏။ မနောဓာတ်သည် အချို့ တဏှာဒိဋ္ဌိတို့သည် ကပ်အပ်သော ကံသည် အကျိုး၏အဖြစ်ဖြင့်လည်း ယူအပ်, ဥပါဒါန်၏အာရုံလည်း ဖြစ်၏။ အချို့ တဏှာဒိဋ္ဌိတို့သည် ကပ်အပ်သောကံသည် အကျိုး၏အဖြစ်ဖြင့်ကား မယူအပ်, ဥပါဒါန်၏အာရုံသာ ဖြစ်၏။ မနာဝိညာဏဓာတ်သည် အချို့တဏှာဒိဋ္ဌိတို့သည် ကပ်အပ်သော ကံသည် အကျိုး၏ အဖြစ်ဖြင့်လည်း ယူအပ်, ဥပါဒါန်၏ အာရုံလည်းဖြစ်၏၊ အချို့ တဏှာဒိဋ္ဌိတို့သည် ကပ်အပ်သောကံသည် အကျိုး၏အဖြစ်ဖြင့်ကား မယူအပ်, ဥပါဒါန်၏အာရုံသာ ဖြစ်၏။ အချို့ တဏှာဒိဋ္ဌိတို့သည် ကပ်အပ်သောကံသည် အကျိုး၏ အဖြစ်ဖြင့်လည်းမယူအပ်, ဥပါဒါန်၏ အာရုံလည်း မဟုတ်။
--
၅-ဝိတက္ကတိက်
အမေးပုစ္ဆာ
၁၀၄၂။ ခန္ဓာငါးပါးတို့တွင် ဝိတက်လည်း ရှိ, ဝိစာရလည်း ရှိသော ခန္ဓာတို့သည် အဘယ်မျှရှိကုန်သနည်း၊ ဝိတက်ကား မရှိ ဝိစာရမျှသာရှိသော ခန္ဓာတို့သည် အဘယ်မျှရှိကုန်သနည်း၊ ဝိတက်လည်း မရှိဝိစာရလည်း မရှိသော ခန္ဓာတို့သည် အဘယ်မျှရှိကုန်သနည်း။ပ။ စိတ်ခုနစ်ပါးတို့တွင် ဝိတက်လည်း ရှိဝိစာရလည်း ရှိသော စိတ်တို့သည် အဘယ်မျှရှိကုန်သနည်း၊ ဝိတက်ကား မရှိ ဝိစာရမျှသာရှိသောစိတ်တို့သည် အဘယ်မျှရှိသနည်း၊ ဝိတက်လည်း မရှိ ဝိစာရလည်း မရှိသော စိတ်တို့သည် အဘယ်မျှရှိကုန်သနည်း။
အဖြေဝိသဇ္ဇနာ
(၁) ခန္ဓာတရား
ရူပက္ခန္ဓာသည် ဝိတက်လည်း မရှိ, ဝိစာရလည်း မရှိ။ ခန္ဓာသုံးပါးတို့သည် အချို့ ဝိတက်လည်း ရှိ, ဝိစာရလည်း ရှိကုန်၏၊ အချို့ဝိတက်ကား မရှိ, ဝိစာရမျှသာ ရှိကုန်၏၊ အချို့ ဝိတက်လည်း မရှိ, ဝိစာရလည်း မရှိကုန်။ သင်္ခါရက္ခန္ဓာသည် အချို့ ဝိတက်လည်း ရှိ, ဝိစာရလည်း ရှိ၏၊ အချို့ ဝိတက်ကား မရှိ, ဝိစာရမျှသာ ရှိ၏။ အချို့ ဝိတက်လည်း မရှိ, ဝိစာရလည်း မရှိ၊ အချို့ ဝိတက်လည်း ရှိ, ဝိစာရလည်း ရှိ၏ဟူ၍လည်းကောင်း၊ ဝိတက်ကား မရှိ, ဝိစာရမျှသာ ရှိ၏ဟူ၍လည်းကောင်း၊ ဝိတက်လည်း မရှိ, ဝိစာရလည်း မရှိဟူ၍လည်းကောင်း မဆိုအပ်။
(၂) အာယတနတရား
အာယတနဆယ်ပါးတို့သည် ဝိတက်လည်း မရှိ, ဝိစာရလည်း မရှိကုန်။ မနာယတနသည် အချို့ဝိတက်လည်း ရှိ, ဝိစာရလည်း ရှိ၏၊ အချို့ ဝိတက်ကား မရှိ, ဝိစာရမျှသာ ရှိ၏၊ အချို့ ဝိတက်လည်းမရှိ, ဝိစာရလည်း မရှိ။ ဓမ္မာယတနသည် အချို့ ဝိတက်လည်း ရှိ, ဝိစာရလည်း ရှိ၏၊ အချို့ ဝိတက်ကား မရှိ, ဝိစာရမျှသာ ရှိ၏၊ အချို့ ဝိတက်လည်း မရှိ, ဝိစာရလည်း မရှိ။ အချို့သော ဓမ္မာယတနကိုဝိတက်လည်း ရှိ, ဝိစာရလည်း ရှိ၏ဟူ၍လည်းကောင်း၊ ဝိတက်ကား မရှိ, ဝိစာရမျှသာ ရှိ၏ဟူ၍လည်းကောင်း၊ ဝိတက်လည်း မရှိ, ဝိစာရလည်း မရှိဟူ၍လည်းကောင်း မဆိုအပ်။
(၃) ဓာတ်တရား
ဓာတ်တစ်ဆယ့်ငါးပါးတို့သည် ဝိတက်လည်း မရှိ, ဝိစာရလည်း မရှိကုန်၊ မနောဓာတ်သည်ဝိတက်လည်း ရှိ, ဝိစာရလည်း ရှိ၏။ မနောဝိညာဏဓာတ်သည် အချို့ ဝိတက်လည်း ရှိ, ဝိစာရလည်းရှိ၏၊ အချို့ ဝိတက်ကား မရှိ, ဝိစာရမျှသာ ရှိ၏၊ အချို့ ဝိတက်လည်း မရှိ, ဝိစာရလည်း မရှိ။ ဓမ္မဓာတ်သည် အချို့ဝိတက်လည်း ရှိ, ဝိစာရလည်း ရှိ၏၊ အချို့ ဝိတက်ကား မရှိ, ဝိစာရမျှသာ ရှိ၏၊ အချို့ ဝိတက်လည်း မရှိ, ဝိစာရလည်း မရှိ။ အချို့သော ဓမ္မဓာတ်ကို ဝိတက်လည်း ရှိ, ဝိစာရလည်းရှိ၏ဟူ၍လည်းကောင်း၊ ဝိတက်ကား မရှိ, ဝိစာရမျှသာ ရှိ၏ဟူ၍လည်းကောင်း၊ ဝိတက်လည်း မရှိ, ဝိစာရလည်း မရှိဟူ၍လည်းကောင်း မဆိုအပ်။
--
(၄) သစ္စာတရား
သမုဒယသစ္စာသည် ဝိတက်လည်း ရှိ, ဝိစာရလည်း ရှိ၏။ နိရောဓသစ္စာသည် ဝိတက်လည်း မရှိ, ဝိစာရလည်း မရှိ။ မဂ္ဂသစ္စာသည် အချို့ ဝိတက်လည်း ရှိ, ဝိစာရလည်း ရှိ၏၊ အချို့ ဝိတက်ကား မရှိ, ဝိစာရမျှသာ ရှိ၏၊ အချို့ ဝိတက်လည်း မရှိ, ဝိစာရလည်း မရှိ။ ဒုက္ခသစ္စာသည် အချို့ ဝိတက်လည်းရှိ, ဝိစာရလည်း ရှိ၏၊ အချို့ ဝိတက်ကား မရှိ, ဝိစာရမျှသာ ရှိ၏။ အချို့ ဝိတက်လည်း မရှိ, ဝိစာရလည်း မရှိ။ အချို့သော ဒုက္ခသစ္စာကို ဝိတက်လည်း ရှိ, ဝိစာရလည်း ရှိ၏ဟူ၍လည်းကောင်း၊ ဝိတက်ကား မရှိ, ဝိစာရမျှသာ ရှိ၏ဟူ၍လည်းကောင်း၊ ဝိတက်လည်း မရှိ, ဝိစာရလည်း မရှိဟူ၍လည်းကောင်း မဆိုအပ်။
(၅) ဣန္ဒြေတရား
ဣန္ဒြေကိုးပါးတို့သည် ဝိတက်လည်း မရှိ, ဝိစာရလည်း မရှိကုန်။ ဒေါမနဿိန္ဒြေသည် ဝိတက်လည်းရှိ, ဝိစာရလည်း ရှိ၏။ ဥပေက္ခိန္ဒြေသည် အချို့ ဝိတက်လည်း ရှိ, ဝိစာရလည်း ရှိ၏၊ အချို့ဝိတက်လည်း မရှိ, ဝိစာရလည်း မရှိ၊ (ကြွင်း) ဣန္ဒြေတစ်ဆယ့်တစ်ပါးတို့သည် အချို့ ဝိတက်လည်း ရှိ, ဝိစာရလည်း ရှိကုန်၏။ အချို့ ဝိတက်ကား မရှိ, ဝိစာရမျှသာ ရှိကုန်၏၊ အချို့ဝိတက်လည်း မရှိ, ဝိစာရလည်း မရှိကုန်။
(၆) ဟိတ်တရား
အကုသိုလ်ဟိတ်သုံးပါးတို့သည် ဝိတက်လည်း ရှိ, ဝိစာရလည်း ရှိကုန်၏၊ (ကြွင်း) ဟိတ်ခြောက်ပါးတို့သည် အချို့ ဝိတက်လည်း ရှိ, ဝိစာရလည်း ရှိကုန်၏။ အချို့ ဝိတက်ကား မရှိ, ဝိစာရမျှသာ ရှိကုန်၏၊ အချို့ ဝိတက်လည်း မရှိ, ဝိစာရလည်း မရှိကုန်။
(၇) အာဟာရတရား
အလုတ်အလွေးပြုအပ်သော ‘ကဗဠီကာရ’ အာဟာရသည် ဝိတက်လည်း မရှိ, ဝိစာရလည်း မရှိ။ (ကြွင်း) အာဟာရသုံးပါးတို့သည် အချို့ ဝိတက်လည်း ရှိ, ဝိစာရလည်း ရှိကုန်၏၊ အချို့ ဝိတက်ကားမရှိ, ဝိစာရမျှသာ ရှိကုန်၏၊ အချို့ ဝိတက်လည်း မရှိ, ဝိစာရလည်း မရှိကုန်။
(၈) ဖဿတရား
တွေ့ထိမှု ‘ဖဿ’ ငါးပါးတို့သည် ဝိတက်လည်း မရှိ, ဝိစာရလည်း မရှိကုန်။ မနောဓာတ်အတွေ့'ဖဿ'သည် ဝိတက်လည်း ရှိ, ဝိစာရလည်း ရှိ၏။ မနောဝိညာဏဓာတ်အတွေ့ ‘ဖဿ’ သည် အချို့ဝိတက်လည်း ရှိ, ဝိစာရလည်း ရှိ၏၊ အချို့ ဝိတက်ကား မရှိ, ဝိစာရမျှသာ ရှိ၏၊ အချို့ ဝိတက်လည်းမရှိ, ဝိစာရလည်း မရှိ။
(၉-၁၂) ဝေဒနာစသော တရားများ
ခံစားမှု ‘ဝေဒနာ’ ငါးပါး၊ သိမှတ်မှု ‘သညာ’ ငါးပါး၊ စေ့ဆော်မှု ‘စေတနာ’ ငါးပါး၊ စိတ်ငါးပါး တို့သည်ဝိတက်လည်း မရှိ, ဝိစာရလည်း မရှိကုန်။ မနောဓာတ်သည် ဝိတက်လည်း ရှိ, ဝိစာရလည်း ရှိ၏။ မနောဝိညာဏဓာတ်သည် အချို့ ဝိတက်လည်း ရှိ, ဝိစာရလည်း ရှိ၏၊ အချို့ ဝိတက်ကား မရှိ, ဝိစာရမျှသာ ရှိ၏၊ အချို့ ဝိတက်လည်း မရှိ, ဝိစာရလည်း မရှိ။
--
၁-ရူပဒုက်
အမေးပုစ္ဆာ
၁၀၄၃။ ခန္ဓာငါးပါးတို့တွင် ရုပ်ခန္ဓာတို့သည် အဘယ်မျှရှိကုန်သနည်း၊ ရုပ်မဟုတ်သော ခန္ဓာတို့သည်အဘယ်မျှရှိကုန်သနည်း။ပ။ စိတ်ခုနစ်ပါးတို့တွင် ရုပ်တရားတို့သည် အဘယ်မျှရှိကုန်သနည်း၊ ရုပ်မဟုတ်သော တရားတို့သည် အဘယ်မျှရှိကုန်သနည်း။
အဖြေဝိသဇ္ဇနာ
(၁) ခန္ဓာတရား
ရူပက္ခန္ဓာသည် ရုပ်ဖြစ်၏။ (ကြွင်း) ခန္ဓာလေးပါးတို့သည် ရုပ်မဟုတ်ကုန်။
(၂) အာယတနတရား
အာယတန ဆယ်ပါးတို့သည် ရုပ်ဖြစ်ကုန်၏။ မနာယတနသည် ရုပ်မဟုတ်။ ဓမ္မာယတနသည် အချို့ရုပ်ဖြစ်၏၊ အချို့ ရုပ်မဟုတ်။
(၃) ဓာတ်တရား
ဓာတ်ဆယ်ပါးတို့သည် ရုပ်ဖြစ်ကုန်၏။ ဓာတ်ခုနစ်ပါးတို့သည် ရုပ်မဟုတ်ကုန်။ ဓမ္မဓာတ်သည် အချို့ရုပ်ဖြစ်၏၊ အချို့ ရုပ်မဟုတ်။
(၄) သစ္စာတရား
သစ္စာသုံးပါးတို့သည် ရုပ်မဟုတ်ကုန်။ ဒုက္ခသစ္စာသည် အချို့ ရုပ်ဖြစ်၏၊ အချို့ ရုပ်မဟုတ်။
(၅) ဣန္ဒြေတရား
ဣန္ဒြေခုနစ်ပါးတို့သည် ရုပ်ဖြစ်ကုန်၏။ ဣန္ဒြေတစ်ဆယ့်လေးပါးတို့သည် ရုပ်မဟုတ်ကုန်။ ဇီဝိတိန္ဒြေသည် အချို့ ရုပ်ဖြစ်၏၊ အချို့ ရုပ်မဟုတ်။
--
(၆) ဟိတ်တရား
အကြောင်း ‘ဟိတ်'ကိုးပါးတို့သည် ရုပ်မဟုတ်ကုန်။
(၇) အာဟာရတရား
အလုတ်အလွေးပြုအပ်သော အာဟာရသည် ရုပ်ဖြစ်၏။ (ကြွင်း) အာဟာရသုံးပါးတို့သည် ရုပ်မဟုတ်ကုန်။
(၈) ဖဿတရား
တွေ့ထိမှု ‘ဖဿ’ ခုနစ်ပါးတို့သည် ရုပ်မဟုတ်ကုန်။
(၉-၁၂) ဝေဒနာစသော တရားများ
ခံစားမှု ‘ဝေဒနာ’ ခုနစ်ပါး၊ သိမှတ်မှု ‘သညာ’ ခုနစ်ပါး၊ စေ့ဆော်မှု ‘စေတနာ'ခုနစ်ပါး၊ စိတ်ခုနစ်ပါးတို့သည် ရုပ်မဟုတ်ကုန်။
--
၂-လောကီယဒုက်
အမေးပုစ္ဆာ
၁၀၄၄။ ခန္ဓာငါးပါးတို့တွင် လောက၌ အကျုံးဝင်သော ခန္ဓာတို့သည် အဘယ်မျှရှိကုန်သနည်း၊ လောကမှ ထွက်မြောက်ကြောင်းဖြစ်သော ခန္ဓာတို့သည် အဘယ်မျှရှိကုန်သနည်း။
အာယတနတစ်ဆယ့်နှစ်ပါးတို့တွင် လောက၌ အကျုံးဝင်သော အာယတနတို့သည် အဘယ်မျှရှိကုန်သနည်း၊ လောကမှ ထွက်မြောက်ကြောင်းဖြစ်သော အာယတနတို့သည် အဘယ်မျှရှိကုန်သနည်း။
ဓာတ်တစ်ဆယ့်ရှစ်ပါးတို့တွင် လောက၌ အကျုံးဝင်သော ဓာတ်တို့သည် အဘယ်မျှရှိကုန်သနည်း၊ လောကမှ ထွက်မြောက်ကြောင်းဖြစ်သော ဓာတ်တို့သည် အဘယ်မျှရှိကုန်သနည်း။
သစ္စာလေးပါးတို့တွင် လောက၌ အကျုံးဝင်သော သစ္စာတို့သည် အဘယ်မျှ ရှိကုန်သနည်း၊ လောကမှထွက်မြောက်ကြောင်းဖြစ်သော သစ္စာတို့သည် အဘယ်မျှရှိကုန်သနည်း။ပ။
စိတ်ခုနစ်ပါးတို့တွင် လောက၌ အကျုံးဝင်သော စိတ်တို့သည် အဘယ်မျှရှိကုန်သနည်း၊ လောကမှထွက်မြောက်ကြောင်းဖြစ်သော စိတ်တို့သည် အဘယ်မျှရှိကုန်သနည်း။
အဖြေဝိသဇ္ဇနာ
(၁) ခန္ဓာတရား
ရူပက္ခန္ဓာသည် လောက၌ အကျုံးဝင်၏။ (ကြွင်း) ခန္ဓာလေးပါးတို့သည် အချို့ လောက၌ အကျုံးဝင်ကုန်၏၊ အချို့ လောကမှ ထွက်မြောက်ကြောင်း ဖြစ်ကုန်၏။
(၂) အာယတနတရား
အာယတန ဆယ်ပါးတို့သည် လောက၌ အကျုံးဝင်ကုန်၏။ အာယတန နှစ်ပါးတို့သည် အချို့လောက၌ အကျုံးဝင်ကုန်၏၊ အချို့ လောကမှ ထွက်မြောက်ကြောင်း ဖြစ်ကုန်၏။
--
(၃) ဓာတ်တရား
ဓာတ်တစ်ဆယ့်ခြောက်ပါးတို့သည် လောက၌ အကျုံးဝင်ကုန်၏။ ဓာတ်နှစ်ပါးတို့သည် အချို့ လောက၌ အကျုံးဝင်ကုန်၏၊ အချို့ လောကမှ ထွက်မြောက်ကြောင်း ဖြစ်ကုန်၏။
(၄) သစ္စာတရား
သစ္စာနှစ်ပါးတို့သည် လောက၌ အကျုံးဝင်ကုန်၏။ သစ္စာနှစ်ပါးတို့သည် လောကမှ ထွက်မြောက်ကြောင်း ဖြစ်ကုန်၏။
(၅) ဣန္ဒြေတရား
ဣန္ဒြေဆယ်ပါးတို့သည် လောက၌ အကျုံးဝင်ကုန်၏။ ဣန္ဒြေသုံးပါးတို့သည် လောကမှ ထွက်မြောက်ကြောင်း ဖြစ်ကုန်၏။ ဣန္ဒြေကိုးပါးတို့သည် အချို့ လောက၌ အကျုံးဝင်ကုန်၏၊ အချို့လောကမှ ထွက်မြောက်ကြောင်း ဖြစ်ကုန်၏။
(၆) ဟိတ်တရား
အကုသိုလ်ဟိတ် သုံးပါးတို့သည် လောက၌ အကျုံးဝင်ကုန်၏။ (ကြွင်း) ဟိတ်ခြောက်ပါး တို့သည် အချို့လောက၌ အကျုံးဝင်ကုန်၏၊ အချို့ လောကမှ ထွက်မြောက်ကြောင်း ဖြစ်ကုန်၏။
(၇) အာဟာရတရား
အလုတ်အလွေးပြုအပ်သော ‘ကဗဠီကာရ’ အာဟာရသည် လောက၌ အကျုံးဝင်၏။ (ကြွင်း) အာဟာရသုံးပါးတို့သည် အချို့ လောက၌ အကျုံးဝင်ကုန်၏၊ အချို့ လောကမှ ထွက်မြောက်ကြောင်း ဖြစ်ကုန်၏။
(၈) ဖဿတရား
တွေ့ထိမှု ‘ဖဿ’ ခြောက်ပါးတို့သည် လောက၌ အကျုံးဝင်ကုန်၏။ မနောဝိညာဏဓာတ်အတွေ့ ‘ဖဿ'သည် အချို့ လောက၌ အကျုံးဝင်၏၊ အချို့ လောကမှ ထွက်မြောက်ကြောင်း ဖြစ်၏။
(၉) ဝေဒနာတရား
ခံစားမှု ‘ဝေဒနာ’ ခြောက်ပါးတို့သည် လောက၌ အကျုံးဝင်ကုန်၏။ မနောဝိညာဏဓာတ် အတွေ့ကြောင့် ဖြစ်သော ခံစားမှု ‘ဝေဒနာ'သည် အချို့ လောက၌ အကျုံးဝင်၏၊ အချို့ လောကမှ ထွက်မြောက်ကြောင်း ဖြစ်၏။
--
(၁၀) သညာတရား
သိမှတ်မှု ‘သညာ’ ခြောက်ပါးတို့သည် လောက၌ အကျုံးဝင်ကုန်၏။ မနောဝိညာဏဓာတ်အတွေ့ကြောင့် ဖြစ်သော သိမှတ်မှု ‘သညာ'သည် အချို့ လောက၌ အကျုံးဝင်၏၊ အချို့ လောကမှထွက်မြောက်ကြောင်း ဖြစ်၏။
(၁၁) စေတနာတရား
စေ့ဆော်မှု ‘စေတနာ'ခြောက်ပါးတို့သည် လောက၌ အကျုံးဝင်ကုန်၏။ မနောဝိညာဏဓာတ် အတွေ့ကြောင့်ဖြစ်သော စေ့ဆော်မှု ‘စေတနာ’ သည် အချို့ လောက၌ အကျုံးဝင်၏၊ အချို့ လောကမှထွက်မြောက်ကြောင်း ဖြစ်၏။
(၁၂) စိတ်တရား
စိတ်ခြောက်ပါးတို့သည် လောက၌ အကျုံးဝင်ကုန်၏။ မနောဝိညာဏဓာတ်သည် အချို့ လောက၌ အကျုံးဝင်၏၊ အချို့ လောကမှ ထွက်မြောက်ကြောင်းဖြစ်၏။ ဤသို့ ဖြေဆိုအပ်၏။
အဘိညေယျာဒိဝါရ၊ သာရမ္မဏ အနာရမ္မဏဝါရ နှစ်ပါး၊ ဒိဋ္ဌသုတာဒိဒဿနဝါရ၊ ကုသလတိက် ဝေဒနာတိက် ဝိပါကတိက် ဥပါဒိန္နတိက် ဝိတက်တိက် ရူပဒုက် လောကိယဒုက်၊ ဤသည်တို့ကား ထိုဆိုအပ်ပြီးသည်တို့၏ အကျဉ်းချုပ်မာတိကာတို့တည်း။
တရားနှလုံးတို့ကို ဝေဖန်၍ပြသော ဓမ္မဟဒယဝိဘင်း ပြီးပြီ။
ဝိဘင်းပါဠိတော်မြန်မာပြန် (ဒုတိယတွဲ) ပြီးပြီ။
ဝိဘင်းပါဠိတော်မြန်မာပြန် ပြီးပြီ။
အကြင် စေတသိက်၏ မခံ့ကျန်းမှု ‘အကလျတာ’၊ အမှုကိစ္စ၌ မဆောင်ရွက်နိုင်မှု ‘အကမ္မညတာ’၊ မြှေးယှက်ခြင်းသဘော ‘ဩနာဟ’၊ ထက်ဝန်းကျင်မြှေးယှက်ခြင်းသဘော ‘ပရိယောနာဟ’၊ အတွင်း၌ ပိတ်ဆို့ခြင်းသဘော ‘အန္တောသမောရောဓ’၊ မှိုင်းခြင်းသဘော ‘မိဒ္ဓ’၊ အိပ်ခြင်းသဘော ‘သုပ္ပ’၊ ငိုက်မျဉ်းခြင်း သဘော ‘ပစလာယိကာ’၊ အိပ်မှု သဘော ‘သုပ္ပ’၊ အိပ်သောအခြင်းအရာ ‘သုပ္ပနာ’၊ အိပ်သည်၏အဖြစ် ‘သုပ္ပိတတ္တ'သည် ရှိ၏။ ဤသဘောကို မှိုင်းခြင်းဟု ဆိုအပ်၏။ ဤသို့ဤထိုင်းခြင်းသည်လည်းကောင်း၊ ဤမှိုင်းခြင်းသည်လည်းကောင်း ငြိမ်းကုန်၏၊ ငြိမ်းခြင်းသို့ရောက်ကုန်၏၊ အထူးငြိမ်းကုန်၏၊ ချုပ်ခြင်းသို့ ရောက်ကုန်၏၊ အလွန်ချုပ်ခြင်းသို့ ရောက်ကုန်၏၊ ပျက်စီးကုန်၏၊ အထူးပျက်စီးကုန်၏၊ ခြောက်သွေ့ ကုန်၏၊ အထူးခြောက်သွေ့ကုန်၏၊ ကင်းခြင်းကိုပြုအပ်ကုန်၏။ ထို့ကြောင့် “လေးလံထိုင်းမှိုင်းမှု ‘ထိနမိဒ္ဓ'ကို ပယ်၍”ဟု ဆိုအပ်၏။
၅၄၇။ “လေးလံထိုင်းမှိုင်းခြင်း ‘ထိနမိဒ္ဓ'မှ ကင်းသည်ဖြစ်၍”ဟူရာ၌ ထိုစိတ်စေတသိက်တို့၏ထိုင်းမှိုင်းခြင်းကို စွန့်ခြင်းကြောင့်၊ အန်ခြင်းကြောင့်၊ လွတ်ခြင်းကြောင့်၊ ပယ်ခြင်းကြောင့်၊ အထပ်ထပ်စွန့်ခြင်း ကြောင့်၊ ပယ်၍ အထပ်ထပ် စွန့်ခြင်းကြောင့်။ ထို့ကြောင့် “ထိုင်းမှိုင်းခြင်း ‘ထိနမိဒ္ဓ'မှကင်းသည် ဖြစ်၍”ဟု ဆိုအပ်၏။
၅၄၈။ “နေ၏”ဟူသည်။ပ။ ထို့ကြောင့် “နေ၏”ဟု ဆိုအပ်၏။
၅၄၉။ “အလင်းရောင်ဟူသော အမှတ်သညာရှိသည်ဖြစ်၍”ဟူရာ၌ အဘယ်သည် အမှတ် ‘သညာ’ မည်သနည်း။
အကြင် မှတ်သားမှု ‘သညာ’၊ မှတ်သားသောအခြင်းအရာ ‘သဉ္ဇာနနာ’၊ မှတ်သားတတ်သည်၏အဖြစ် ‘သဉ္ဇာနိတတ္တ'သည် ရှိ၏။ ဤသဘောကို မှတ်သားမှု ‘သညာ’ ဟု ဆိုအပ်၏။
ဤမှတ်သားမှု ‘သညာ’ သည် လင်း၏၊ ပွင့်၏၊ ထက်ဝန်းကျင်စင်ကြယ်၏၊ ထက်ဝန်းကျင် တောက်ပ၏။ ထို့ကြောင့် “အလင်းရောင်ဟူသော အမှတ် ‘သညာ'ရှိသည်ဖြစ်၍”ဟု ဆိုအပ်၏။
၅၅၀။ “အောက်မေ့မှု ‘သတိ’၊ ကောင်းစွာ အပြားအားဖြင့် သိမှု ‘သမ္ပဇည’ နှင့် ပြည့်စုံလျက်”ဟူရာ၌ အဘယ်သည် အောက်မေ့မှု ‘သတိ’ မည်သနည်း။
အကြင် အောက်မေ့မှု ‘သတိ’၊ အထပ်ထပ်အောက်မေ့မှု ‘အနုဿတိ’။ပ။ ကောင်းစွာအောက်မေ့မှု ‘သမ္မာသတိ'သည် ရှိ၏။ ဤသဘောကို အောက်မေ့မှု ‘သတိ’ ဟု ဆိုအပ်၏။
ထိုတွင် အဘယ်သည် ကောင်းစွာအပြားအားဖြင့်သိမှု ‘သမ္ပဇည’ မည်သနည်း။
အကြင် အပြားအားဖြင့် သိမှု ‘ပညာ’၊ သိသောအခြင်းအရာ ‘ပဇာနနာ’။ပ။ မတွေဝေမှု ‘အမောဟ’၊ သဘောတရားကို စိစစ်မှု ‘ဓမ္မဝိစယ’၊ ကောင်းစွာသိမြင်မှု ‘သမ္မာဒိဋ္ဌိ’ သည် ရှိ၏။ ဤသဘောကို ‘ပညာ’ ဟု ဆိုအပ်၏။ ဤသို့ ဤသတိနှင့်လည်းကောင်း၊ ဤပညာနှင့်လည်းကောင်း ပြည့်စုံ၏။ပ။
ပြည့်စုံခြင်းသို့ ရောက်၏။ ထို့ကြောင့် “အောက်မေ့မှု ‘သတိ'ကောင်းစွာအပြားအားဖြင့်သိမှု ‘သမ္ပဇည'နှင့် ပြည့်စုံလျက်” ဟု ဆိုအပ်၏။
၅၅၁။ လေးလံထိုင်းမှိုင်းမှု ‘ထိနမိဒ္ဓ’ မှ စိတ်ကို စင်ကြယ်စေ၏” ဟု ဆိုရာ၌ စိတ်၏ ထိုင်းမှုသည် ရှိ၏။ စေတသိက်တို့၏ မှိုင်းမှုသည် ရှိ၏။ ထိုတွင် အဘယ်သည် “စိတ်၏ ထိုင်းမှု” မည်သနည်း။
။ပ။ ဤသဘောကို “စိတ်၏ ထိုင်းမှု”ဟု ဆိုအပ်၏။
ထိုတွင် အဘယ်သည် “စေတသိက်တို့၏ မှိုင်းမှု” မည်သနည်း။
။ပ။ ဤသဘောကို “စေတသိက်တို့၏ မှိုင်းမှု”ဟု ဆိုအပ်၏။
--
ထိုတွင် အဘယ်သည် “စိတ်” မည်သနည်း။
။ပ။ ဤသဘောကို စိတ်ဟု ဆိုအပ်၏။ ဤစိတ်ကို ဤလေးလံထိုင်းမှိုင်းမှု ‘ထိနမိဒ္ဓ’ မှ စင်ကြယ်စေ၏၊ အထူးစင်ကြယ်စေ၏၊ ထက်ဝန်းကျင်စင်ကြယ်စေ၏၊ လွတ်စေ၏၊ အထူးလွတ်စေ၏၊ ထက်ဝန်းကျင်လွတ်စေ၏။ ထို့ကြောင့် “လေးလံထိုင်းမှိုင်းခြင်း ‘ထိနမိဒ္ဓ'မှ စိတ်ကို စင်ကြယ်စေ၏”ဟု ဆိုအပ်၏။
၅၅၂။ “ပျံ့လွင့်မှု ‘ဥဒ္ဓစ္စ’၊ နောင်တတစ်ဖန်ပူပန်မှု ‘ကုက္ကုစ္စ'ကို ပယ်၍”ဟူရာ၌ ပျံ့လွင့်မှု ‘ဥဒ္ဓစ္စ’ သည် ရှိ၏၊ နောင်တ တစ်ဖန် ပူပန်မှု ‘ကုက္ကုစ္စ'သည် ရှိ၏။ ထိုတွင် အဘယ်သည် ပျံ့လွင့်မှု ‘ဥဒ္ဓစ္စ’ မည်သနည်း။
အကြင်စိတ်၏ ပျံ့လွင့်မှု ‘ဥဒ္ဓစ္စ’၊ မငြိမ်သက်မှု ‘အဝူပသမ’၊ စိတ်၏ ဖရိုဖရဲပျံ့လွင့်မှု ‘စေတသောဝိက္ခေပ’ စိတ်၏တုန်လှုပ်မှု ‘ဘန္တတ္တ’ သည် ရှိ၏။ ဤသဘောကို ပျံ့လွင့်မှု ‘ဥဒ္ဓစ္စ’ဟု ဆိုအပ်၏။
ထိုတွင် အဘယ်သည် နောင်တတစ်ဖန်ပူပန်မှု ‘ကုက္ကုစ္စ’ မည်သနည်း။
မအပ်သည်၌ အပ်၏ဟု မှတ်ထင်ခြင်း၊ အပ်သည်၌ မအပ်ဟုမှတ်ထင်ခြင်း၊ အပြစ်မရှိသည်၌ အပြစ်ရှိ၏ဟုမှတ်ထင်ခြင်း၊ အပြစ်ရှိသည်၌ အပြစ်မရှိဟု မှတ်ထင်ခြင်းသည် ရှိ၏။ ဤသို့သဘောရှိသော အကြင်နောင်တ တစ်ဖန်ပူပန်မှု ‘ကုက္ကုစ္စ’၊ နောင်တ တစ်ဖန် ပူပန်သောအခြင်းအရာ ‘ကုက္ကုစ္စာယနာ’၊ နောင်တတစ်ဖန် ပူပန်တတ်သည်၏ အဖြစ် ‘ကုက္ကုစ္စာယိတတ္တ’၊ စိတ်နှလုံးမသာယာမှု ‘ဝိပ္ပဋိသာရ’၊ စိတ်နှလုံး၌ ရေးခြစ်မှု ‘မနောဝိလေခ’ သည် ရှိ၏။ ဤသဘောကို နောင်တ တစ်ဖန် ပူပန်မှု ‘ကုက္ကုစ္စ’ ဟု ဆိုအပ်၏။ ဤသို့ ဤစိတ်၏ ပျံ့လွင့်မှု ‘ဥဒ္ဓစ္စ’ သည်လည်းကောင်း၊ ဤနောင်တ တစ်ဖန် ပူပန်မှု ‘ကုက္ကုစ္စ'သည်လည်းကောင်း ငြိမ်းကုန်၏၊ ငြိမ်းခြင်းသို့ ရောက်ကုန်၏၊ ငြိမ်သက်ကုန်၏၊ ချုပ်ခြင်းသို့ရောက်ကုန်၏၊ အလွန်ချုပ်ခြင်းသို့ ရောက်ကုန်၏၊ ပျက်စီးကုန်၏၊ အထူးပျက်စီးကုန်၏၊ ခြောက်သွေ့ကုန်၏၊ အထူးခြောက်သွေ့ကုန်၏၊ ကင်းခြင်းကို ပြုအပ်ကုန်၏။ ထို့ကြောင့် “စိတ်၏ပျံ့လွင့်မှု ‘ဥဒ္ဓစ္စ’၊ နောင်တတစ်ဖန် ပူပန်မှု ‘ကုက္ကုစ္စ’ ကို ပယ်၍”ဟု ဆိုအပ်၏။
၅၅၃။ “မပျံ့လွင့်သည်ဖြစ်၍”ဟူသည် ထိုစိတ်၏ ပျံ့လွင့်မှု ‘ဥဒ္ဓစ္စ’၊ နောင်တ တစ်ဖန် ပူပန်မှု ‘ကုက္ကုစ္စ'ကို စွန့်ခြင်းကြောင့်၊ အန်ခြင်းကြောင့်၊ လွတ်ခြင်းကြောင့်၊ ပယ်ခြင်းကြောင့်၊ တစ်ဖန်စွန့်ခြင်းကြောင့် ပယ်၍ တစ်ဖန် စွန့်ခြင်းကြောင့်။ ထို့ကြောင့် “မပျံ့လွင့်သည်ဖြစ်၍”ဟု ဆိုအပ်၏။
၅၅၄။ “နေ၏”ဟူသည်။ပ။ ထို့ကြောင့် “နေ၏”ဟု ဆိုအပ်၏။
“မိမိသန္တာန်၌”ဟူသည် ကိုယ်ကို စွဲ၍ဖြစ်သော အရာတည်း"၁
၅၅၅။ “ငြိမ်သက်သောစိတ်ရှိသည်ဖြစ်၍”ဟူရာ၌ အဘယ်သည် “စိတ်” မည်သနည်း။
အကြင်ဆန်းကြယ်မှု ‘စိတ္တ’၊ သိခြင်းသဘော ‘မန’၊ သိမှု သဘော ‘မာနသ’။ပ။ ထိုစိတ်အားလျော်သောအထူးသိမှု သဘော ‘တဇ္ဇာမနောဝိညာဏဓာတ်'သည် ရှိ၏။ ဤသဘောကို ‘စိတ်’ဟု ဆိုအပ်၏။ ဤမိမိသန္တာန်၌ ဖြစ်သော စိတ်သည် ငြိမ်း၏၊ ငြိမ်းခြင်းသို့ ရောက်၏၊ ငြိမ်သက်၏။ ထို့ကြောင့် “မိမိသန္တာန်၌ ငြိမ်သက်သော စိတ်ရှိသည်ဖြစ်၍”ဟု ဆိုအပ်၏။
၅၅၆။ “ပျံ့လွင့်မှု ‘ဥဒ္ဓစ္စ’၊ နောင်တ တစ်ဖန် ပူပန်မှု ‘ကုက္ကုစ္စ'မှ စိတ်ကို စင်ကြယ်စေ၏”ဟူရာ၌ ပျံ့လွင့်မှု ‘ဥဒ္ဓစ္စ'သည် ရှိ၏၊ နောင်တ တစ်ဖန် ပူပန်မှု ‘ကုက္ကုစ္စ'သည် ရှိ၏။ ထိုတွင် အဘယ်သည် ပျံ့လွင့်မှု ‘ဥဒ္ဓစ္စ’ မည်သနည်း။
အကြင်စိတ်၏ ပျံ့လွင့်မှု ‘ဥဒ္ဓစ္စ’၊ မငြိမ်သက်မှု ‘အဝူပသမ’၊ စိတ်၏ ဖရိုဖရဲပျံ့လွင့်မှု ‘စေတသောဝိက္ခေပ’၊ စိတ်၏တုန်လှုပ်မှု ‘ဘန္တတ္တ'သည် ရှိ၏။ ဤသဘောကို ပျံ့လွင့်မှု ‘ဥဒ္ဓစ္စ’ဟု ဆိုအပ်၏။
ထိုတွင် အဘယ်သည် နောင်တ တစ်ဖန် ပူပန်မှု ‘ကုက္ကုစ္စ’ မည်သနည်း။
--
။ပ။ ဤသဘောကို နောင်တ တစ်ဖန် ပူပန်မှု ‘ကုက္ကုစ္စ’ ဟု ဆိုအပ်၏။
ထိုတွင် အဘယ်သည် “စိတ်” မည်သနည်း။
။ပ။ ဤသဘောကို “စိတ်”ဟု ဆိုအပ်၏။ ဤစိတ်ကို ဤပျံ့လွင့်မှု ‘ဥဒ္ဓစ္စ’ နောင်တ တစ်ဖန် ပူပန်မှု ‘ကုက္ကုစ္စ'မှ စင်ကြယ်စေ၏၊ အထူးစင်ကြယ်စေ၏၊ ထက်ဝန်းကျင် စင်ကြယ်စေ၏၊ လွတ်စေ၏၊ အထူးလွတ်စေ၏၊ ထက်ဝန်းကျင်လွတ်စေ၏။ ထို့ကြောင့် “ပျံ့လွင့်မှု ‘ဥဒ္ဓစ္စ’ နောင်တတစ်ဖန်ပူပန်မှု ‘ကုက္ကုစ္စ’ မှစိတ်ကို စင်ကြယ်စေ၏”ဟု ဆိုအပ်၏။
၅၅၇။ “ယုံမှားမှု ‘ဝိစိကိစ္ဆာ’ ကိုပယ်၍”ဟူရာ၌ အဘယ်သည် ယုံမှားမှု ‘ဝိစိကိစ္ဆာ’ မည်သနည်း။
အကြင် ယုံမှားမှု ‘ကင်္ခါ’၊ ယုံမှားသောအခြင်းအရာ ‘ကင်္ခါယနာ’၊ ယုံမှားတတ်သည်၏ အဖြစ် ‘ကင်္ခါယိတတ္တ’၊ တွေးတောမှု ‘ဝိမတိ’၊ မဆုံးဖြတ်နှိုင်မှု ‘ဝိစိကိစ္ဆာ’၊ နှလုံးနှစ်ခွဖြစ်မှု ‘ဒွေဠှက’၊ လမ်းနှစ်ခွဖြစ်မှု ‘ဒွိဓာပထ’၊ မဝေခွဲနိုင်မှု ‘သံသယ’၊ တသမတ်တည်း မယူနိုင်မှု ‘အနေကံသဂ္ဂါဟ’၊ ရွေ့ရှားတတ်မှု ‘အာသပ္ပနာ’၊ ထက်ဝန်းကျင် ရွေ့ရှားမှု ‘ပရိသပ္ပနာ’၊ ထက်ဝန်းကျင် မသက်ဝင်နိုင်မှု ‘အပရိယောဂါဟဏာ’၊ စိတ်ခက်တရော်ရှိမှု ‘ဆမ္ဘိတတ္တ’၊ စိတ်နှလုံး၌ ရေးခြစ်မှု ‘မနောဝိလေခ’ သည် ရှိ၏၊ ဤသဘောကို ယုံမှားမှု ‘ဝိစိကိစ္ဆာ’ ဟု ဆိုအပ်၏။ ဤယုံမှားမှု ‘ဝိစိကိစ္ဆာ’ သည် ငြိမ်း၏၊ ငြိမ်းခြင်းသို့ရောက်၏၊ ငြိမ်သက်၏၊ ချုပ်ခြင်းသို့ ရောက်၏၊ အလွန်ချုပ်ခြင်းသို့ ရောက်၏၊ ပျက်စီး၏၊ အထူးပျက်စီး၏၊ ခြောက်သွေ့၏၊ အထူးခြောက်သွေ့၏၊ ကင်းခြင်းကို ပြုအပ်၏။ ထို့ကြောင့် “ယုံမှားမှု ‘ဝိစိကိစ္ဆာ’ ကို ပယ်၍” ဟု ဆိုအပ်၏။
၅၅၈။ “ယုံမှားမှု ‘ဝိစိကိစ္ဆာ'ကို လွန်မြောက်၍”ဟူရာ၌ ဤယုံမှားမှု ‘ဝိစိကိစ္ဆာ’ ကို ကူးမြောက်၏၊ လွန်မြောက်၏၊ ထွက်မြောက်၏၊ ကမ်းတစ်ဖက်သို့ ရောက်၏၊ ကမ်းတစ်ဖက်သို့ ဆိုက်၏။ ထို့ကြောင့်"ယုံမှားမှု ‘ဝိစိကိစ္ဆာ'ကို လွန်မြောက်၍”ဟု ဆိုအပ်၏။
၅၅၉။ “ကုသိုလ်တရားတို့၌ သို့လော သို့လော မရှိသည်ဖြစ်၍”ဟူသည် ဤယုံမှားမှု ‘ဝိစိကိစ္ဆာ’ ဖြင့်ကုသိုလ်တရားတို့၌ မယုံမှား၊ သံသယမရှိ၊ သို့လော သို့လော မဖြစ်၊ သို့လော သို့လော မရှိ၊ သို့လောသို့လောဖြစ်မှု မှ ကင်း၏။ ထို့ကြောင့် “ကုသိုလ်တရားတို့၌ သို့လော သို့လော မရှိသည် ဖြစ်၍”ဟု ဆိုအပ်၏။
၅၆၀။ “ယုံမှားမှု ‘ဝိစိကိစ္ဆာ'မှ စိတ်ကို စင်ကြယ်စေ၏”ဟူရာ၌ အဘယ်သည် ယုံမှားမှု ‘ဝိစိကိစ္ဆာ’ မည်သနည်း။
အကြင် ယုံမှားမှု ‘ကင်္ခါ’၊ ယုံမှားသောအခြင်းအရာ ‘ကင်္ခါယနာ’၊ ယုံမှားတတ်သည်၏ အဖြစ် ‘ကင်္ခါယိတတ္တ’။ပ။၂ စိတ်ခက်တရော်ရှိမှု ‘ဆမ္ဘိတတ္တ’၊ စိတ်နှလုံး၌ ရေးခြစ်မှု ‘မနောဝိလေခ’ သည် ရှိ၏၊ ဤသဘောကို ယုံမှားမှု ‘ဝိစိကိစ္ဆာ’ ဟု ဆိုအပ်၏။
ထိုတွင် အဘယ်သည် “စိတ်” မည်သနည်း။
အကြင် ဆန်းကြယ်မှု ‘စိတ္တ’၊ သိခြင်းသဘော ‘မန’၊ သိမှု သဘော ‘မာနသ’။ပ။ ထိုစိတ်အား လျော်သော အထူးသိမှု သဘော “တဇ္ဇာမနောဝိညာဏဓာတ်"သည် ရှိ၏။ ဤသဘောကို “စိတ်”ဟု ဆိုအပ်၏။
ဤစိတ်ကို ယုံမှားမှု ‘ဝိစိကိစ္ဆာ’ မှ စင်ကြယ်စေ၏၊ အထူးစင်ကြယ်စေ၏၊ ထက်ဝန်းကျင်စင်ကြယ်စေ၏၊ လွတ်စေ၏၊ အထူးလွတ်စေ၏၊ ထက်ဝန်းကျင်လွတ်စေ၏။ ထို့ကြောင့် “ယုံမှားမှု ‘ဝိစိကိစ္ဆာ'မှ စိတ်ကိုစင်ကြယ်စေ၏” ဟု ဆိုအပ်၏။
၅၆၁။ “ဤနီဝရဏ ငါးပါးတို့ကို ပယ်၍”ဟူရာ၌ ဤနီဝရဏ ငါးပါးတို့သည် ငြိမ်းကုန်၏၊ ငြိမ်းခြင်းသို့ရောက်ကုန်၏၊ ငြိမ်သက်ကုန်၏၊ ချုပ်ခြင်းသို့ ရောက်ကုန်၏၊ အလွန်ချုပ်ခြင်းသို့ ရောက် ကုန်၏၊ ပျက်စီးကုန်၏၊ အထူးပျက်စီးကုန်၏၊ ခြောက်သွေ့ကုန်၏၊ အထူးခြောက်သွေ့ကုန်၏၊ ကင်းခြင်းကိုပြုအပ်ကုန်၏။ ထို့ကြောင့် “ဤနီဝရဏငါးပါးတို့ကို ပယ်၍”ဟု ဆိုအပ်၏။
--
၅၆၂။ “စိတ်ကို ညစ်နွမ်းစေတတ်ကုန်သော”ဟူရာ၌ ဤနီဝရဏငါးပါးတို့သည် စိတ်ကို ညစ်နွမ်းစေတတ်ကုန်၏။
၅၆၃။ “ပညာကို အားနည်းအောင် ပြုတတ်ကုန်သော”ဟူရာ၌ ဤနီဝရဏငါးပါးတို့ကြောင့် မဖြစ်သေးသော ပညာသည် မဖြစ်ပေါ်၊ ဖြစ်ပြီးသော ပညာသည်လည်း ချုပ်၏။ ထို့ကြောင့် “ပညာကိုအားနည်းအောင် ပြုတတ်ကုန်သော” ဟု ဆိုအပ်၏။
၅၆၄။ “ကာမတို့မှ ကင်းဆိတ်၍သာလျှင် အကုသိုလ်တရားတို့မှ ကင်းဆိတ်၍သာလျှင်” ဟူရာ၌ အဘယ်တရားတို့သည် “ကာမ” မည်ကုန်သနည်း။
ကာမဂုဏ်ကို လိုချင်မှု ‘ဆန္ဒ’ သည် ကာမမည်၏၊ တပ်မက်မှု ‘ရာဂ'သည် ကာမမည်၏၊ လိုချင်တပ်မက်မှု ‘ဆန္ဒရာဂ'သည် ကာမမည်၏၊ (ပုံသဏ္ဌာန်နိမိတ်စသည်ကို) ကြံစည်မှု ‘သင်္ကပ္ပ’ သည် ကာမမည်၏၊ တပ်မက်မှု ‘ရာဂ'သည် ကာမမည်၏၊ ကြံစည်တပ်မက်မှု ‘သင်္ကပ္ပရာဂ’ သည် ကာမမည်၏။ ဤတရားတို့ကို “ကာမ” ဟု ဆိုအပ်ကုန်၏။ ထို၌ အဘယ်တရားတို့သည် “အကုသိုလ်” မည်ကုန်သနည်း။
ပြင်းစွာလိုချင်မှု ‘ကာမစ္ဆန္ဒ’၊ ပျက်စီးစေလိုမှု ‘ဗျာပါဒ’၊ စိတ်စေတသိက်တို့၏ ထိုင်းမှိုင်းမှု ‘ထိနမိဒ္ဓ’၊ ပျံ့လွင့်မှု ‘ဥဒ္ဓစ္စ’၊ နောင်တ တစ်ဖန်ပူပန်မှု ‘ကုက္ကုစ္စ’၊ ယုံမှားမှု ‘ဝိစိကိစ္ဆာ’။ ဤတရားတို့ကို အကုသိုလ်တို့ဟု ဆိုအပ်ကုန်၏။ ဤသို့ ဤကာမတို့မှလည်းကောင်း၊ ဤအကုသိုလ်တရားတို့မှလည်းကောင်း ကင်းဆိတ်၏။ ထို့ကြောင့် “ကာမတို့မှ ကင်းဆိတ်၍သာလျှင် အကုသိုလ်တရားတို့မှ ကင်းဆိတ်၍သာလျှင်” ဟု ဆိုအပ်၏။
၁။ (*) ဆဋ္ဌမူပါဠိတော်၌ အဇ္ဈတ္တပုဒ်အဖွင့် မပါပါ၊ ကျနေဟန်တူသည်။
၂။ ဤကင်္ခါယိတတ္တနောက်၌ ပေယျာလ ရှိသင့်သည်၊ ဆဋ္ဌမူပါဠိတော်၌ ကျသည်ဟု ထင်သည်။
--
၁-ပဌမဈာန်အဖွင့်
၅၆၅။ “ကြံစည်မှု ‘ဝိတက်’ နှင့် တကွဖြစ်သော သုံးသပ်မှု ‘ဝိစာရ’ နှင့် တကွဖြစ်သော” ဟူရာ၌ ကြံစည်မှု ‘ဝိတက်'သည် ရှိ၏၊ သုံးသပ်မှု ‘ဝိစာရ'သည် ရှိ၏။ ထိုတွင် အဘယ်သည် ကြံစည်မှု ‘ဝိတက်’ မည်သနည်း။
အကြင် ကြံစည်မှု ‘တက္က’၊ အထူးကြံစည်မှု ‘ဝိတက္က’၊ ကောင်းစွာ ကြံစည်မှု ‘သမ္မာသင်္ကပ္ပ’၊ စိတ်ကိုအာရုံသို့ ရောက်စေမှု ‘အပ္ပနာ’၊ အထူးရောက်စေမှု ‘ဗျပ္ပနာ’၊ စိတ်ကိုအာရုံသို့ ရှေးရှုတင်ပေးမှု ‘စေတသောအဘိနိရောပနာ’၊ ကောင်းစွာ ကြံစည်မှု ‘သမ္မာသင်္ကပ္ပ'သည် ရှိ၏၊ ဤသဘောကို ကြံစည်မှု ‘ဝိတက်’ ဟု ဆိုအပ်၏။
ထိုတွင် အဘယ်သည် သုံးသပ်မှု ‘ဝိစာရ’ မည်သနည်း။
အကြင်သုံးသပ်မှု ‘စာရ’၊ အထူးသုံးသပ်မှု ‘ဝိစာရ’၊ အထပ်ထပ်အထူးသုံးသပ်မှု ‘အနုဝိစာရ’၊ ကပ်၍အထူးသုံးသပ်မှု ‘ဥပဝိစာရ’၊ စိတ်ကိုအာရုံနှင့် ဆက်စပ်၍ထားမှု ‘အနုသန္ဓနတာ’၊ အစဉ်မပြတ်ကြည့်ရှုမှု ‘အနုပေက္ခနတာ’ သည် ရှိ၏။ ဤသဘောကို သုံးသပ်မှု ‘ဝိစာရ’ ဟု ဆိုအပ်၏။ ဤသို့ ဤကြံစည်မှု ‘ဝိတက်'နှင့်လည်းကောင်း၊ ဤသုံးသပ်မှု ‘ဝိစာရ’ နှင့်လည်းကောင်း ပြည့်စုံ၏။ပ။ ပြည့်စုံခြင်းသို့ ရောက်၏။ ထို့ကြောင့် “ကြံစည်မှု ‘ဝိတက်’ နှင့်တကွဖြစ်သော သုံးသပ်မှု ‘ဝိစာရ’ နှင့် တကွဖြစ်သော"’ဟု ဆိုအပ်၏။
၅၆၆။ “နီဝရဏကင်းဆိတ်ခြင်းကြောင့်ဖြစ်သော”ဟူရာ၌ ကြံစည်မှု ‘ဝိတက်’၊ သုံးသပ်မှု ‘ဝိစာရ’၊ နှစ်သက်မှု ‘ပီတိ’၊ ချမ်းသာမှု ‘သုခ’၊ စိတ်၏တည်ကြည်မှု ‘ဧကဂ္ဂတာ’ တို့သည် ရှိကုန်၏။ ထိုတရားတို့သည် ဤ (နီဝရဏ) ကင်းခြင်းကြောင့် ဖြစ်ကုန်၏၊ ကောင်းစွာ ဖြစ်ကုန်၏၊ ဖြစ်ပေါ်ကုန်၏၊ အသစ်ဖြစ်ပေါ်ကုန်၏၊ ထင်ရှား ဖြစ်ကုန်၏။ ထို့ကြောင့် “နီဝရဏကင်းဆိတ်ခြင်းကြောင့်ဖြစ်သော”ဟု ဆိုအပ်၏။
၅၆၇။ “နှစ်သက်မှု ‘ပီတိ’ ချမ်းသာမှု ‘သုခ’ ရှိသော”ဟူရာ၌ နှစ်သက်မှု ‘ပီတိ'သည် ရှိ၏။ ချမ်းသာမှု ‘သုခ’ သည် ရှိ၏။ ထိုတွင် အဘယ်သည် နှစ်သက်မှု ‘ပီတိ’ မည်သနည်း။
အကြင်နှစ်သက်မှု ‘ပီတိ’၊ ဝမ်းမြောက်မှု ‘ပါမောဇ္ဇ’၊ လွန်စွာဝမ်းသာမှု ‘အာမောဒနာ’၊ များစွာ ဝမ်းသာမှု ‘ပမောဒနာ’၊ ရွှင်လန်းမှု ‘ဟာသ’၊ များစွာရွှင်လန်းမှု ‘ပဟာသ’၊ နှစ်သိမ့်မှု ‘ဝိတ္တိ’၊ တက်ကြွမှု ‘ဩဒဂျ’၊ စိတ်၏ နှစ်လိုမှု ‘အတ္တမနတာ’ သည် ရှိ၏။ ဤသဘောကို နှစ်သက်မှု ‘ပီတိ’ဟု ဆိုအပ်၏။ ထိုတွင် အဘယ်သည် ချမ်းသာမှု ‘သုခ’ မည်သနည်း။
အကြင် စိတ်၌ မှီသော သာယာမှု ‘စေတသိကသာတ’၊ စိတ်၌ မှီသော ချမ်းသာမှု ‘စေတသိကသုခ’၊ စိတ်၏တွေ့ထိမှု ကြောင့်ဖြစ်သော သာယာမှု ချမ်းသာမှုကို ခံစားခြင်း၊ စိတ်၏ တွေ့ထိမှု ကြောင့်ဖြစ်သောသာယာမှု ချမ်းသာမှုကို ခံစားသော အခြင်းအရာသည် ရှိ၏။ ဤသဘောကို ချမ်းသာမှု ‘သုခ’ဟု ဆိုအပ်၏။ ဤချမ်းသာမှု ‘သုခ'သည် ဤနှစ်သက်မှု ‘ပီတိ'နှင့် တကွ အဖြစ်သို့ ရောက်၏၊ တကွဖြစ်၏၊ နှီးနှော၏၊ ယှဉ်၏။ ထို့ကြောင့် “နှစ်သက်မှု ‘ပီတိ’ ချမ်းသာမှု ‘သုခ’ ရှိသော” ဟု ဆိုအပ်၏။
၅၆၈။ “ပဌမ”ဟူရာ၌ ဤဈာန်သည် အရေအတွက် အစဉ်အားဖြင့်လည်း ပဌမမည်၏၊ ရှေးဦးစွာဝင်စားအပ်သောကြောင့်လည်း ပဌမမည်၏။
၅၆၉။ “ဈာန်”ဟူသည် ကြံစည်မှု ‘ဝိတက်’၊ သုံးသပ်မှု ‘ဝိစာရ’၊ နှစ်သက်မှု ‘ပီတိ’၊ ချမ်းသာမှု ‘သုခ’၊ စိတ်တည်ကြည်မှု ‘ဧကဂ္ဂတာ’ တို့တည်း။
၅၇၀။ “ရောက်၍”ဟူသည် ပဌမဈာန်ကို ရခြင်းတည်း၊ အထပ်ထပ်ရခြင်းတည်း၊ ရောက်ခြင်းတည်း၊ ကောင်းစွာ ရောက်ခြင်းတည်း၊ တွေ့ထိခြင်းတည်း၊ မျက်မှောက်ပြုခြင်းတည်း၊ ပြည့်စုံခြင်းတည်း။
၅၇၁။ “နေ၏”ဟူသည်။ပ။ ထို့ကြောင့် “နေ၏”ဟု ဆိုအပ်၏။
--
၂-ဒုတိယဈာန်အဖွင့်
၅၇၂။ “ကြံစည်မှု ‘ဝိတက်’ သုံးသပ်မှု ‘ဝိစာရ’ ချုပ်ငြိမ်းခြင်းကြောင့်”ဟူရာ၌ ကြံစည်မှု ‘ဝိတက်’ သည် ရှိ၏၊ သုံးသပ်မှု ‘ဝိစာရ’ သည် ရှိ၏။ ထိုတွင် အဘယ်သည် ကြံစည်မှု ‘ဝိတက်’ မည်သနည်း။
အကြင် ကြံစည်မှု ‘တက္က’၊ အထူးကြံစည်မှု ‘ဝိတက္က’။ပ။ ကောင်းစွာကြံစည်မှု ‘သမ္မာသင်္ကပ္ပ'သည် ရှိ၏၊ ဤသဘောကို ကြံစည်မှု ‘ဝိတက်’ ဟု ဆိုအပ်၏။
ထိုတွင် အဘယ်သည် သုံးသပ်မှု ‘ဝိစာရ’ မည်သနည်း။
အကြင်သုံးသပ်မှု ‘စာရ’၊ အထူးသုံးသပ်မှု ‘ဝိစာရ’၊ အထပ်ထပ် အထူးသုံးသပ်မှု ‘အနုဝိစာရ’၊ ကပ်၍အထူးသုံးသပ်မှု ‘ဥပဝိစာရ’၊ စိတ်ကိုအာရုံနှင့်ဆက်စပ်မှု ‘အနုသန္ဓနတာ’၊ အထပ်ထပ် ကပ်၍ ရှုမှု ‘အနုပေက္ခနတာ’ သည် ရှိ၏။ ဤသဘောကို သုံးသပ်မှု ‘ဝိစာရ’ဟု ဆိုအပ်၏။ ဤသို့ ဤကြံစည်မှု ‘ဝိတက်'သည်လည်းကောင်း၊ ဤသုံးသပ်မှု ‘ဝိစာရ'သည်လည်းကောင်း ငြိမ်းကုန်၏၊ ငြိမ်းခြင်းသို့ ရောက်ကုန်၏၊ ငြိမ်သက်ကုန်၏၊ ချုပ်ခြင်းသို့ ရောက်ကုန်၏၊ အလွန်ချုပ်ခြင်းသို့ ရောက်ကုန်၏၊ ပျက်စီးကုန်၏၊ အထူးပျက်စီးကုန်၏၊ ခြောက်သွေ့ကုန်၏၊ အထူးခြောက်သွေ့ကုန်၏၊ ကင်းခြင်းကို ပြုအပ်ကုန်၏။ ထို့ကြောင့် “ကြံစည်မှု ‘ဝိတက်’ သုံးသပ်မှု ‘ဝိစာရ’ တို့၏ ချုပ်ငြိမ်းခြင်းကြောင့်”ဟု ဆိုအပ်၏။
၅၇၃။ “မိမိကိုယ်၌”ဟူသည် မိမိသန္တာန်၌ ၊ မိမိအတ္တဘော၌။
၅၇၄။ “ကြည်လင်စေတတ်သော”ဟူသည် ယုံကြည်မှု ‘သဒ္ဓါ’၊ ယုံကြည်သော အခြင်းအရာ ‘သဒ္ဒဟနာ’၊ သက်ဝင်မှု ‘ဩကပ္ပနာ’၊ အလွန်ကြည်လင်မှု ‘အဘိပ္ပသာဒ’ တည်း။
၅၇၅။ “စိတ်၏တည်ကြည်ခြင်း ‘သမာဓိ'ကို ဖြစ်ပွါးစေတတ်သော”ဟူသည် စိတ်၏တည်တံ့မှု ‘ဌိတိ’။ပ။ ကောင်းစွာ တည်ကြည်မှု ‘သမ္မာသမာဓိ'တည်း။
၅၇၆။ “ကြံစည်မှု ‘ဝိတက်’၊ သုံးသပ်မှု ‘ဝိစာရ’ မရှိသော”ဟူရာ၌ ကြံစည်မှု ‘ဝိတက်’ သည် ရှိ၏၊ သုံးသပ်မှု ‘ဝိစာရ’ သည် ရှိ၏။ ထိုတွင် အဘယ်သည် ကြံစည်မှု ‘ဝိတက်’ မည်သနည်း၊ အကြင် ကြံစည်မှု ‘တက္က’၊ အထူးကြံစည်မှု ‘ဝိတက္က’။ပ။ ကောင်းစွာကြံစည်မှု ‘သမ္မာသင်္ကပ္ပ’ သည် ရှိ၏၊ ဤသဘောကို ကြံစည်မှု ‘ဝိတက်’ဟု ဆိုအပ်၏။
ထိုတွင် အဘယ်သည် သုံးသပ်မှု ‘ဝိစာရ’ မည်သနည်း။
အကြင်သုံးသပ်မှု ‘စာရ’၊ အထပ်ထပ်သုံးသပ်မှု ‘အနုစာရ’၊ အထူးသုံးသပ်မှု ‘ဝိစာရ’၊ အထပ်ထပ်အထူးသုံးသပ်မှု ‘အနုဝိစာရ’၊ ကပ်၍ အထူးသုံးသပ်မှု ‘ဥပဝိစာရ’၊ စိတ်ကို အာရုံနှင့်ဆက်စပ်မှု ‘အနုသန္ဓနတာ’၊ အထပ်ထပ်ကပ်၍ရှုမှု ‘အနုပေက္ခနတာ’ သည် ရှိ၏။ ဤသဘောကို သုံးသပ်မှု ‘ဝိစာရ’ ဟု ဆိုအပ်၏။ ဤသို့ ဤကြံစည်မှု ‘ဝိတက်'သည်လည်းကောင်း၊ ဤသုံးသပ်မှု ‘ဝိစာရ'သည်လည်းကောင်းငြိမ်းကုန်၏၊ ငြိမ်းခြင်းသို့ ရောက်ကုန်၏၊ ငြိမ်သက်ကုန်၏၊ ချုပ်ခြင်းသို့ ရောက်ကုန်၏၊ အလွန်ချုပ်ခြင်း သို့ ရောက်ကုန်၏၊ ပျက်စီးကုန်၏၊ အထူးပျက်စီးကုန်၏၊ ခြောက်သွေ့ကုန်၏၊ အထူးခြောက်သွေ့ကုန်၏၊ ကင်းခြင်းကို ပြုအပ်ကုန်၏။ ထို့ကြောင့် “ကြံစည်မှု ‘ဝိတက်’ သုံးသပ်မှု ‘ဝိစာရ'မရှိသော”ဟု ဆိုအပ်၏။
၅၇၇။ “တည်ကြည်ခြင်း “သမာဓိ” ကြောင့်ဖြစ်သော”ဟူရာ၌ ကြည်လင်မှု ‘သဒ္ဓါ’၊ နှစ်သက်မှု ‘ပီတိ’၊ ချမ်းသာမှု ‘သုခ'သည် ရှိ၏။ ထိုသဒ္ဓါ, ပီတိ, သုခတို့သည် ဤဒုတိယဈာန်၌ ပဌမဈာန်သမာဓိကြောင့်ဖြစ်ကုန်၏၊ ကောင်းစွာဖြစ်ကုန်၏၊ ဖြစ်ပေါ်ကုန်၏၊ အသစ်ဖြစ်ပေါ်ကုန်၏၊ ထင်ရှားဖြစ်ကုန်၏။ ထို့ကြောင့် “တည်ကြည်ခြင်း ‘သမာဓိ'ကြောင့်ဖြစ်သော”ဟု ဆိုအပ်၏။
--
၅၇၈။ “နှစ်သက်မှု ‘ပီတိ’ ချမ်းသာမှု ‘သုခ’ ရှိသော”ဟူရာ၌ နှစ်သက်မှု ‘ပီတိ'သည် ရှိ၏။ ချမ်းသာမှု ‘သုခ’ သည် ရှိ၏။ ထိုတွင် အဘယ်သည် နှစ်သက်မှု ‘ပီတိ’ မည်သနည်း။
။ပ။ ဤသဘောကို နှစ်သက်မှု ‘ပီတိ’ ဟု ဆိုအပ်၏။
ထိုတွင် အဘယ်သည် ချမ်းသာမှု ‘သုခ’ မည်သနည်း။
။ပ။ ဤသဘောကို ချမ်းသာမှု ‘သုခ’ ဟု ဆိုအပ်၏။ ဤချမ်းသာမှု ‘သုခ'သည် ဤနှစ်သက်မှု ‘ပီတိ'နှင့်တကွအဖြစ်သို့ ရောက်၏၊ တကွဖြစ်၏၊ နှီးနှော၏၊ ယှဉ်၏။ ထို့ကြောင့် “နှစ်သက်မှု ‘ပီတိ'ချမ်းသာမှု ‘သုခ’ ရှိသော”ဟု ဆိုအပ်၏။
၅၇၉။ “ဒုတိယ”ဟူရာ၌ ဤဈာန်သည် အရေအတွက် အစဉ်အားဖြင့်လည်း ဒုတိယ မည်၏၊ နှစ်ကြိမ်မြောက် ဝင်စားအပ်သောကြောင့်လည်း ဒုတိယ မည်၏။
၅၈၀။ “ဈာန်”ဟူသည် ကြည်လင်မှု ‘သဒ္ဓါ’၊ နှစ်သက်မှု ‘ပီတိ’၊ ချမ်းသာမှု ‘သုခ’၊ စိတ်၏ တည်ကြည်မှု ‘ဧကဂ္ဂတာ’ တို့တည်း။
၅၈၁။ “ရောက်၍”ဟူသည် ဒုတိယဈာန်ကို ရခြင်းတည်း၊ အထပ်ထပ်ရခြင်းတည်း၊ ရောက်ခြင်း တည်း၊ ကောင်းစွာ ရောက်ခြင်းတည်း၊ တွေ့ထိခြင်းတည်း၊ မျက်မှောက်ပြုခြင်းတည်း၊ ပြည့်စုံခြင်းတည်း။
၅၈၂။ “နေ၏”ဟူသည်။ပ။ ထို့ကြောင့် “နေ၏”ဟု ဆိုအပ်၏။
--
၃-တတိယဈာန်အဖွင့်
၅၈၃။ “နှစ်သက်မှု ‘ပီတိ'ကိုလည်း မတပ်မက်ခြင်းကြောင့်”ဟူရာ၌ အဘယ်သည် နှစ်သက်မှု ‘ပီတိ’ မည်သနည်း။
အကြင် နှစ်သက်မှု ‘ပီတိ’၊ ဝမ်းမြောက်မှု ‘ပါမောဇ္ဇ’၊ လွန်စွာဝမ်းသာမှု ‘အာမောဒနာ’၊ များစွာဝမ်းသာမှု ‘ပမောဒနာ’၊ ရွှင်လန်းမှု ‘ဟာသ’၊ များစွာရွှင်လန်းမှု ‘ပဟာသ’၊ နှစ်သိမ့်မှု ‘ဝိတ္တိ’၊ တက်ကြွမှု ‘ဩဒဂျ’၊ စိတ်၏ နှစ်လိုမှု ‘အတ္တမနတာ’ သည် ရှိ၏။ ဤသဘောကို နှစ်သက်မှု ‘ပီတိ’ဟု ဆိုအပ်၏။
ဤ နှစ်သက်မှု ‘ပီတိ’ သည် ငြိမ်း၏၊ ငြိမ်းခြင်းသို့ ရောက်၏၊ ငြိမ်သက်၏၊ ချုပ်ခြင်းသို့ ရောက်၏၊ အလွန် ချုပ်ခြင်းသို့ ရောက်၏၊ ပျက်စီး၏၊ အထူးပျက်စီး၏၊ ခြောက်သွေ့၏၊ အထူးခြောက်သွေ့၏၊ ကင်းခြင်းကို ပြုအပ်၏။ ထို့ကြောင့် “နှစ်သက်မှု ‘ပီတိ'ကိုလည်း မတပ်မက်ခြင်းကြောင့်” ဟု ဆိုအပ်၏။
၅၈၄။ “လျစ်လျူရှုလျက်သာလျှင်”ဟူရာ၌ အဘယ်သည် လျစ်လျူရှုမှု ‘ဥပေက္ခာ’ မည်သနည်း။
အကြင်လျစ်လျူရှုမှု ‘ဥပေက္ခာ’၊ လျစ်လျူရှုသော အခြင်းအရာ ‘ဥပေက္ခနာ’၊ အလွန်လျစ်လျူရှုသောအခြင်းအရာ ‘အဇ္ဈုပေက္ခနာ’၊ စိတ်၏ အလယ်အလတ်ဖြစ်ခြင်း ‘မဇ္ဈတ္တတာ'သည် ရှိ၏။ ဤသဘောကို လျစ်လျူရှုမှု ‘ဥပေက္ခာ’ ဟု ဆိုအပ်၏။ ဤလျစ်လျူရှုမှု ‘ဥပေက္ခာ'နှင့် ပြည့်စုံ၏။ပ။ ပြည့်စုံခြင်းသို့ရောက်၏။ ထို့ကြောင့် “လျစ်လျူရှုလျက်သာလျှင်”ဟု ဆိုအပ်၏။
၅၈၅။ “နေ၏”ဟူသည်။ပ။ ထို့ကြောင့် “နေ၏”ဟု ဆိုအပ်၏။
၅၈၆။ “အောက်မေ့မှု ‘သတိ’ ကောင်းစွာအပြားအားဖြင့် သိမှု ‘သမ္ပဇဉ်'နှင့် ပြည့်စုံသည် ဖြစ်၍”ဟူရာ၌ အဘယ်သည် အောက်မေ့ခြင်း ‘သတိ’ မည်သနည်း။
အကြင် အောက်မေ့မှု ‘သတိ’၊ အထပ်ထပ် အောက်မေ့မှု ‘အနုဿတိ’။ပ။ ကောင်းစွာ အောက်မေ့မှု ‘သမ္မာသတိ'သည် ရှိ၏။ ဤသဘောကို အောက်မေ့မှု ‘သတိ’ဟု ဆိုအပ်၏။
ထိုတွင် အဘယ်သည် ကောင်းစွာအပြားအားဖြင့် သိမှု ‘သမ္ပဇဉ်’ မည်သနည်း။
အကြင် အပြားအားဖြင့် သိမှု ‘ပညာ’၊ အပြားအားဖြင့် သိသော အခြင်းအရာ ‘ပဇာနနာ’။ပ။
မတွေဝေမှု ‘အမောဟ’၊ သဘောတရားကို စိစစ်မှု ‘ဓမ္မဝိစယ’၊ ကောင်းစွာသိမြင်မှု ‘သမ္မာဒိဋ္ဌိ'သည် ရှိ၏။
ဤသဘောကို ကောင်းစွာ အပြားအားဖြင့် သိမှု ‘သမ္ပဇဉ်’ဟု ဆိုအပ်၏။ ဤသို့ ဤသတိနှင့်လည်းကောင်း၊ ဤသမ္ပဇဉ်နှင့်လည်းကောင်း ပြည့်စုံ၏။ပ။ ပြည့်စုံခြင်းသို့ ရောက်၏။ ထို့ကြောင့် “အောက်မေ့မှု ‘သတိ’ ကောင်းစွာ အပြားအားဖြင့် သိမှု ‘သမ္ပဇဉ်'နှင့် ပြည့်စုံသည်ဖြစ်၍” ဟု ဆိုအပ်၏။
၅၈၇။ “ချမ်းသာမှု ‘သုခ'ကိုလည်း ကိုယ်ဖြင့် ခံစား၏”ဟူရာ၌ အဘယ်သည် ချမ်းသာမှု ‘သုခ’ မည်သနည်း။
အကြင်စိတ်၌ ဖြစ်သော သာယာမှု ၊ စိတ်၌ ဖြစ်သော ချမ်းသာမှု ၊ စိတ်အတွေ့ကြောင့်ဖြစ်သော သာယာမှု ချမ်းသာမှုကို ခံစားခြင်း၊ စိတ်အတွေ့ကြောင့်ဖြစ်သော သာယာမှု ချမ်းသာမှုကို ခံစားသော အခြင်းအရာသည် ရှိ၏။ ဤသဘောကို ချမ်းသာခြင်း ‘သုခ’ ဟု ဆိုအပ်၏။
ထိုတွင် အဘယ်သည် ‘ကိုယ်’ မည်သနည်း။
--
မှတ်သားမှု အစု ‘သညာက္ခန္ဓာ’၊ ပြုပြင်မှု အစု ‘သင်္ခါရက္ခန္ဓာ’၊ သိမှု အစု ‘ဝိညာဏက္ခန္ဓာ'သည် ရှိ၏။ ဤသဘောကို ကိုယ်ဟု ဆိုအပ်၏။ ဤချမ်းသာခြင်း သုခကို ဤကိုယ် (နာမကာယ) ဖြင့် ခံစား၏။ ထို့ကြောင့် “ချမ်းသာခြင်း သုခကိုလည်း ကိုယ်ဖြင့် ခံစား၏” ဟု ဆိုအပ်၏။
၅၈၈။ “အရိယာပုဂ္ဂိုလ်တို့သည် အကြင်တတိယဈာန်ကြောင့် ထိုသူကို ချီးမွမ်းတော်မူကြကုန်၏”ဟူရာ၌ အဘယ်တို့သည် “အရိယာပုဂ္ဂိုလ်တို့” မည်ကုန်သနည်း။
မြတ်စွာဘုရားတို့ကိုလည်းကောင်း၊ မြတ်စွာဘုရား၏ တပည့်သာဝကတို့ကိုလည်းကောင်း အရိယာတို့ ဟုဆိုအပ်ကုန်၏။ ထိုအရိယာပုဂ္ဂိုလ်တို့သည် ဤတတိယဈာန်ရရှိသူကို ပြောကြားကုန်၏၊ ညွှန်ပြကုန်၏၊ သိစေကုန်၏၊ ဖြစ်စေကုန်၏၊ ဖွင့်ပြကုန်၏၊ ဝေဖန်ကုန်၏၊ ပေါ်လွင်အောင် ပြုကုန်၏၊ ထင်ရှားပြကုန်၏၊ ထို့ကြောင့် “အရိယာပုဂ္ဂိုလ်တို့သည် အကြင်တတိယဈာန်ကြောင့် ထိုသူကို ချီးမွမ်းတော်မူကုန်၏” ဟုဆိုအပ်ကုန်၏။
၅၈၉။ “လျစ်လျူရှုသူ သတိရှိသူ ချမ်းသာစွာ နေလေ့ရှိသူ”ဟူရာ၌ အဘယ်သည် လျစ်လျူရှုမှု ‘ဥပေက္ခာ’ မည်သနည်း။
အကြင်လျစ်လျူရှုမှု ‘ဥပေက္ခာ’၊ လျစ်လျူရှုသော အခြင်းအရာ ‘ဥပေက္ခနာ’၊ အလွန် လျစ်လျူရှုသောအခြင်းအရာ ‘အဇ္ဈုပက္ခနာ’၊ စိတ်၏ အလယ်အလတ်ဖြစ်မှုသည် ရှိ၏။ ဤသဘောကို လျစ်လျူရှုမှု ‘ဥပေက္ခာ’ ဟု ဆိုအပ်၏။
ထိုတွင် အဘယ်သည် အောက်မေ့မှု ‘သတိ’ မည်သနည်း။
အကြင် အောက်မေ့မှု ‘သတိ’၊ အထပ်ထပ် အောက်မေ့မှု ‘အနုဿတိ’။ပ။ ကောင်းစွာ အောက်မေ့မှု ‘သမ္မာသတိ’ သည် ရှိ၏။ ဤသဘောကို အောက်မေ့မှု ‘သတိ’ဟု ဆိုအပ်၏။
ထိုတွင် အဘယ်သည် ချမ်းသာမှု ‘သုခ’ မည်သနည်း။
အကြင်စိတ်၌ ဖြစ်သော သာယာမှု ၊ စိတ်၌ ဖြစ်သောချမ်းသာမှု ၊ စိတ်အတွေ့ကြောင့်ဖြစ်သော သာယာမှု ချမ်းသာမှုကို ခံစားခြင်း၊ စိတ်အတွေ့ကြောင့်ဖြစ်သော သာယာမှု ချမ်းသာမှုကို ခံစားသော အခြင်းအရာသည် ရှိ၏။ ဤသဘောကို ချမ်းသာမှု ‘သုခ’ ဟု ဆိုအပ်၏။ ဤသို့ ဤလျစ်လျူရှုမှု ‘ဥပေက္ခာ’ နှင့်လည်းကောင်း၊ ဤအောက်မေ့မှု ‘သတိ'နှင့်လည်းကောင်း၊ ဤချမ်းသာမှု ‘သုခ'နှင့်လည်းကောင်းပြည့်စုံသည် ဖြစ်၍ ဖြစ်၏၊ စောင့်၏၊ မျှတ၏၊ မျှတစေ၏၊ ကျင့်၏၊ နေ၏၊ ထို့ကြောင့် “လျစ်လျူရှုသူသတိရှိသူ ချမ်းသာစွာ နေလေ့ရှိသူ” ဟု ဆိုအပ်၏။
၅၉၀။ “တတိယဈာန်”ဟူရာ၌ ဤဈာန်သည် အရေအတွက်အစဉ်အားဖြင့်လည်း တတိယမည်၏၊ သုံးကြိမ်မြောက် ဝင်စားအပ်သောကြောင့်လည်း တတိယ မည်၏။
၅၉၁။ “ဈာန်”ဟူသည် လျစ်လျူရှုမှု ‘ဥပေက္ခာ’၊ အောက်မေ့မှု ‘သတိ’၊ ကောင်းစွာအပြားအားဖြင့် သိမှု ‘သမ္ပဇည’၊ ချမ်းသာမှု ‘သုခ’၊ စိတ်၏တည်ကြည်မှု ‘ဧကဂ္ဂတာ’ တို့တည်း။
၅၉၂။ “ရောက်၍”ဟူသည် တတိယဈာန်ကို ရခြင်းတည်း၊ အထပ်ထပ်ရခြင်းတည်း၊ ရောက်ခြင်း တည်း၊ ကောင်းစွာ ရောက်ခြင်းတည်း၊ တွေ့ထိခြင်းတည်း၊ မျက်မှောက်ပြုခြင်းတည်း၊ ပြည့်စုံခြင်းတည်း။
၅၉၃။ “နေ၏”ဟူသည်။ပ။ ထို့ကြောင့် “နေ၏”ဟု ဆိုအပ်၏။
--
၄-စတုတ္ထဈာန်အဖွင့်
၅၉၄။ “ချမ်းသာမှု ‘သုခ’ ဆင်းရဲမှု ‘ဒုက္ခ'ကိုလည်း ပယ်ခွာခြင်းကြောင့်”ဟူရာ၌ ချမ်းသာမှု ‘သုခ’ သည် ရှိ၏၊ ဆင်းရဲမှု ‘ဒုက္ခ’ သည် ရှိ၏။ ထိုတွင် အဘယ်သည် ချမ်းသာမှု ‘သုခ’ မည်သနည်း။
အကြင် ကိုယ်၌ ဖြစ်သော သာယာမှု ၊ ကိုယ်၌ ဖြစ်သော ချမ်းသာမှု ၊ ကိုယ်အတွေ့ကြောင့်ဖြစ်သောသာယာမှု ချမ်းသာမှုကို ခံစားခြင်း၊ ကိုယ်အတွေ့ကြောင့်ဖြစ်သော သာယာမှု ချမ်းသာမှုကို ခံစားသောအခြင်းအရာသည် ရှိ၏။ ဤသဘောကို ချမ်းသာမှု ‘သုခ’ ဟု ဆိုအပ်၏။
ထိုတွင် အဘယ်သည် ဆင်းရဲမှု ‘ဒုက္ခ’ မည်သနည်း။
အကြင် ကိုယ်၌ ဖြစ်သော မသာယာမှု ၊ ကိုယ်၌ ဖြစ်သော ဆင်းရဲမှု ၊ ကိုယ်အတွေ့ကြောင့်ဖြစ်သောမသာယာမှု ဆင်းရဲမှုကို ခံစားခြင်း၊ ကိုယ်အတွေ့ကြောင့်ဖြစ်သော မသာယာမှု ဆင်းရဲမှုကို ခံစားသောအခြင်းအရာသည် ရှိ၏။ ဤသဘောကို ဆင်းရဲမှု ‘ဒုက္ခ’ ဟု ဆိုအပ်၏။ ဤသို့ ဤချမ်းသာမှု သုခသည်လည်းကောင်း၊ ဤဆင်းရဲမှု ဒုက္ခသည်လည်းကောင်း ငြိမ်းကုန်၏၊ ငြိမ်းခြင်းသို့ ရောက်ကုန်၏၊ ငြိမ်သက်ကုန်၏၊ ချုပ်ခြင်းသို့ ရောက်ကုန်၏၊ အလွန်ချုပ်ခြင်းသို့ ရောက်ကုန်၏၊ ပျက်စီးကုန်၏၊ အထူးပျက်စီးကုန်၏၊ ခြောက်သွေ့ကုန်၏၊ အထူးခြောက်သွေ့ကုန်၏၊ ကင်းခြင်းကို ပြုအပ်ကုန်၏။ ထို့ကြောင့်"ချမ်းသာမှု ‘သုခ’ ဆင်းရဲမှု ‘ဒုက္ခ'ကိုလည်း ပယ်ခွါခြင်းကြောင့်” ဟု ဆိုအပ်၏။
၅၉၅။ “ရှေးဦးကပင် ဝမ်းမြောက်မှု ‘သောမနဿ’၊ စိတ်နှလုံးမသာယာမှု ‘ဒေါမနဿ’ တို့၏ ချုပ်ငြိမ်းခြင်းကြောင့်”ဟူရာ၌ ဝမ်းမြောက်မှု ‘သောမနဿ'သည် ရှိ၏၊ စိတ်နှလုံးမသာယာမှု ‘ဒေါမနဿ’ သည် ရှိ၏။ ထိုတွင် အဘယ်သည် ဝမ်းမြောက်မှု ‘သောမနဿ’ မည်သနည်း။
အကြင် စိတ်၌ ဖြစ်သော သာယာမှု ၊ စိတ်၌ ဖြစ်သော ချမ်းသာမှု ၊ စိတ်အတွေ့ကြောင့်ဖြစ်သော သာယာမှု ချမ်းသာမှုကို ခံစားခြင်း၊ စိတ်အတွေ့ကြောင့်ဖြစ်သော သာယာမှု ချမ်းသာမှုကို ခံစားသော အခြင်းအရာသည် ရှိ၏။ ဤသဘောကို ဝမ်းမြောက်မှု ‘သောမနဿ’ဟု ဆိုအပ်၏။
ထိုတွင် အဘယ်သည် စိတ်နှလုံးမသာယာမှု ‘ဒေါမနဿ’ မည်သနည်း။
အကြင် စိတ်၌ ဖြစ်သော မသာယာမှု ၊ စိတ်၌ ဖြစ်သော ဆင်းရဲမှု ၊ စိတ်အတွေ့ကြောင့်ဖြစ်သော မသာယာမှု ဆင်းရဲမှုကို ခံစားခြင်း၊ စိတ်အတွေ့ကြောင့်ဖြစ်သော မသာယာမှု ဆင်းရဲမှုကို ခံစားသောအခြင်းအရာသည် ရှိ၏။ ဤသဘောကို စိတ်နှလုံးမသာယာမှု ‘ဒေါမနဿ’ ဟု ဆိုအပ်၏။ ဤသို့ဤဝမ်းမြောက်မှု ‘သောမနဿ’ သည်လည်းကောင်း၊ စိတ်နှလုံးမသာယာမှု ‘ဒေါမနဿ’ သည်လည်းကောင်းရှေးဦးကပင် ငြိမ်းကုန်၏၊ ငြိမ်းခြင်းသို့ ရောက်ကုန်၏၊ ငြိမ်သက်ကုန်၏၊ ချုပ်ခြင်းသို့ ရောက်ကုန်၏၊ အလွန်ချုပ်ခြင်းသို့ ရောက်ကုန်၏၊ ပျက်စီးကုန်၏၊ အထူးပျက်စီးကုန်၏၊ ခြောက်သွေ့ကုန်၏၊ အထူးခြောက်သွေ့ကုန်၏၊ ကင်းခြင်းကို ပြုအပ်ကုန်၏။ ထို့ကြောင့် “ရှေးဦးကပင် ဝမ်းမြောက်မှု ‘သောမနဿ’ စိတ်နှလုံးမသာယာမှု ‘ဒေါမနဿ’ တို့၏ ချုပ်ငြိမ်းခြင်းကြောင့်” ဟု ဆိုအပ်၏။
၅၉၆။ “ဆင်းရဲချမ်းသာမရှိသော”ဟူရာ၌ အကြင်စိတ်၌ ဖြစ်သော သာယာမှု လည်းမဟုတ်, မသာယာမှု လည်းမဟုတ်သော သဘော၊ စိတ်အတွေ့ကြောင့်ဖြစ်သော ဆင်းရဲလည်းမဟုတ်, ချမ်းသာမဟုတ်သောခံစားခြင်းသဘော၊ စိတ်အတွေ့ကြောင့်ဖြစ်သော ဆင်းရဲလည်းမဟုတ်, ချမ်းသာလည်းမဟုတ်သော ခံစားသော အခြင်းအရာသည် ရှိ၏။ ထို့ကြောင့် “ဆင်းရဲချမ်းသာမရှိသော” ဟု ဆိုအပ်၏။
၅၉၇။ “လျစ်လျူရှုမှု ‘ဥပေက္ခာ’ ကြောင့်ဖြစ်သည့် သတိ၏ စင်ကြယ်ခြင်းရှိသော”ဟူရာ၌ အဘယ်သည် လျစ်လျူရှုမှု ‘ဥပေက္ခာ’ မည်သနည်း။
--
အကြင် လျစ်လျူရှုမှု ‘ဥပေက္ခာ’၊ လျစ်လျူရှုသောအခြင်းအရာ ‘ဥပေက္ခနာ’၊ အလွန်လျစ်လျူရှုသောအခြင်းအရာ ‘အဇ္ဈုပေက္ခနာ’၊ စိတ်၏ အလယ်အလတ်ဖြစ်မှု ‘မဇ္ဈတ္တတာ'သည် ရှိ၏။ ဤသဘောကိုလျစ်လျူရှုမှု ‘ဥပေက္ခာ’ ဟု ဆိုအပ်၏။
ထိုတွင် အဘယ်သည် အောက်မေ့မှု ‘သတိ’ မည်သနည်း။
အကြင် အောက်မေ့မှု ‘သတိ’၊ အထပ်ထပ်အောက်မေ့မှု ‘အနုဿတိ’။ပ။ ကောင်းစွာ အောက်မေ့မှု ‘သမ္မာသတိ’ သည် ရှိ၏။ ဤသဘောကို အောက်မေ့မှု ‘သတိ’ ဟု ဆိုအပ်၏။ ဤသတိသည် ဤလျစ်လျူရှုမှု ‘ဥပေက္ခာ'ကြောင့် ပွင့်လင်း၏၊ ထက်ဝန်းကျင် စင်ကြယ်၏၊ ထက်ဝန်းကျင် ဖြူဖွေး၏။ ထို့ကြောင့် “လျစ်လျူရှုမှု ‘ဥပေက္ခာ’ ကြောင့်ဖြစ်သည့် သတိ၏ စင်ကြယ်ခြင်းရှိသော”ဟု ဆိုအပ်၏။
၅၉၈။ “စတုတ္ထ”ဟူရာ၌ ဤဈာန်သည် အရေအတွက် အစဉ်အားဖြင့်လည်း စတုတ္ထမည်၏၊ လေးကြိမ်မြောက် ဝင်စားအပ်သောကြောင့်လည်း စတုတ္ထမည်၏။
၅၉၉။ “ဈာန်”ဟူသည် လျစ်လျူရှုမှု ‘ဥပေက္ခာ’၊ အောက်မေ့မှု ‘သတိ’၊ စိတ်၏ တည်ကြည်မှု ‘ဧကဂ္ဂတာ’ တည်း။
၆၀၀။ “ရောက်၍”ဟူသည် စတုတ္ထဈာန်ကို ရခြင်းတည်း၊ အထပ်ထပ် ရခြင်းတည်း၊ ရောက်ခြင်း တည်း၊ ကောင်းစွာ ရောက်ခြင်းတည်း၊ တွေ့ထိခြင်းတည်း၊ မျက်မှောက်ပြုခြင်းတည်း၊ ပြည့်စုံခြင်းတည်း။
၆၀၁။ “နေ၏”ဟူသည်။ပ။ ထို့ကြောင့် “နေ၏”ဟု ဆိုအပ်၏။
--
အာကာသာနဉ္စာယတနဈာန်
၆၀၂။ “ရူပသညာကို လုံးဝလွန်မြောက်ခြင်းကြောင့်”ဟူရာ၌ အဘယ်သည် ရူပသညာ မည်သနည်း။
ရူပဈာန်သမာပတ်ကို ဝင်စားသူ၏လည်းကောင်း၊ ကပ်ရောက်သူ၏လည်းကောင်း၊ မျက်မှောက်၌ ချမ်းသာစွာ နေလေ့ရှိသူ၏လည်းကောင်း မှတ်သားမှု ‘သညာ’၊ မှတ်သားသော အခြင်းအရာ ‘သဉ္ဇာနနာ’၊ မှတ်သားတတ်သည်၏ အဖြစ် ‘သဉ္ဇာနိတတ္တ’ သည် ရှိ၏။ ဤသညာတို့ကို ရူပသညာတို့ဟု ဆိုအပ်ကုန်၏။ ဤရူပသညာတို့ကို လွန်၏၊ အထူးလွန်၏၊ ကောင်းစွာလွန်၏။ ထို့ကြောင့် “ရူပသညာတို့ကိုလုံးဝလွန်မြောက်ခြင်းကြောင့်” ဟု ဆိုအပ်၏။
၆၀၃။ “ဝတ္ထု+အာရုံထိခိုက်မှု ကြောင့်ဖြစ်သော မှတ်သားမှု ‘ပဋိဃသညာ’ တို့၏ ချုပ်ခြင်းကြောင့်”ဟူရာ၌ အဘယ်သည် ဝတ္ထု+အာရုံထိခိုက်မှု ကြောင့်ဖြစ်သော ‘ပဋိဃသညာ’ မည်သနည်း။
အဆင်း၌ မှတ်သားမှု ‘ရူပသညာ’၊ အသံ၌ မှတ်သားမှု ‘သဒ္ဒသညာ’။ပ။ အတွေ့အထိ၌ မှတ်သားမှု ‘ဖောဋ္ဌဗ္ဗသညာ'တို့တည်း။ ဤသညာတို့ကို ဝတ္ထု+အာရုံထိခိုက်မှု ကြောင့်ဖြစ်သော မှတ်သားမှု ‘ပဋိဃသညာ’ တို့ဟု ဆိုအပ်ကုန်၏။ ဤဝတ္ထု+အာရုံထိခိုက်မှု ကြောင့်ဖြစ်သော မှတ်သားမှု ‘ပဋိဃသညာ’ တို့သည် ငြိမ်းကုန်၏၊ ငြိမ်းခြင်းသို့ ရောက်ကုန်၏၊ ငြိမ်သက်ကုန်၏၊ ချုပ်ခြင်းသို့ ရောက်ကုန်၏၊ အလွန်ချုပ်ခြင်းသို့ ရောက်ကုန်၏၊ ပျက်စီးကုန်၏၊ အထူးပျက်စီးကုန်၏၊ ခြောက်သွေ့ကုန်၏၊ အထူးခြောက်သွေ့ကုန်၏၊ ကင်းခြင်းကို ပြုအပ်ကုန်၏။ ထို့ကြောင့် “ဝတ္ထု+အာရုံထိခိုက်မှု ကြောင့်ဖြစ်သော မှတ်သားမှု ‘ပဋိဃသညာ'တို့၏ ချုပ်ခြင်းကြောင့်” ဟု ဆိုအပ်၏။
၆၀၄။ “အထူးထူးသောအာရုံ၌ မှတ်သားမှု ‘နာနတ္တသညာ'တို့ကို နှလုံးမသွင်းမူ၍”ဟူရာ၌ အဘယ်သည် အထူးထူးသော အာရုံ၌ မှတ်သားမှု ‘နာနတ္တသညာ’ မည်သနည်း။
(သမာပတ်ကို) မဝင်စားသော မနောဓာတ်နှင့် ပြည့်စုံသူ၏လည်းကောင်း၊ မနောဝိညာဏဓာတ်နှင့်ပြည့်စုံသူ၏လည်းကောင်း မှတ်သားမှု ‘သညာ’၊ မှတ်သားသောအခြင်းအရာ ‘သဉ္ဇာနနာ’၊ မှတ်သားသည်၏အဖြစ် ‘သဉ္ဇာနိတတ္တ'သည် ရှိ၏။ ဤသညာကို အထူးထူးသောအာရုံ၌ မှတ်သားမှု ‘နာနတ္တသညာ’ တို့ဟုဆိုအပ်ကုန်၏။ ဤအထူးထူးသော အာရုံ၌ မှတ်သားမှု ‘နာနတ္တသညာ'တို့ကို နှလုံးမသွင်း။ ထို့ကြောင့်"အထူးထူးသော အာရုံ၌ မှတ်သားမှု ‘နာနတ္တသညာ'တို့ကို နှလုံးမသွင်းခြင်းကြောင့်” ဟု ဆိုအပ်၏။
၆၀၅။ “ကောင်းကင်သည် အဆုံးအပိုင်းအခြားမရှိ”ဟူရာ၌ အဘယ်သည် “ကောင်းကင်” မည်သနည်း။ အကြင် ရေးခြစ် မရသောသဘော၊ ရေးခြစ်မရသောဖြစ်ခြင်းသဘော၊ ထိကိုင်၍ မရသော သဘော၊ ထိကိုင်၍ မရသောဖြစ်ခြင်းသဘော၊ ဟင်းလင်းသဘော၊ ဟင်းလင်းဖြစ်ခြင်း သဘော၊ မဟာဘုတ်လေးပါးတို့နှင့် မတွေ့ထိအပ်သောသဘောသည် ရှိ၏။ ဤသဘောကို ကောင်းကင်ဟု ဆိုအပ်၏။
ထိုကောင်းကင်၌ စိတ်ကို ထား၏၊ ကောင်းစွာထား၏။ အပိုင်းအခြားမရှိဖြန့်၏။ ထို့ကြောင့်"ကောင်းကင်သည် အဆုံး အပိုင်းအခြားမရှိ”ဟု ဆိုအပ်၏။
၆၀၆။ “အာကာသာနဉ္စာယတန”ဟူသည် အာကာသာနဉ္စာယတနဈာန်ကို ဝင်စားသူ၏လည်းကောင်း၊ ကပ်ရောက်သူ၏လည်းကောင်း၊ မျက်မှောက်ဘဝ၌ ချမ်းသာစွာနေလေ့ရှိသူ၏လည်းကောင်း စိတ်စေတသိက်တရားတို့တည်း။
၆၀၇။ “ပြည့်စုံစေ၍”ဟူသည် အာကာသာနဉ္စာယတနဈာန်ကို ရခြင်းတည်း၊ အထပ်ထပ် ရခြင်း တည်း၊ ရောက်ခြင်းတည်း၊ ကောင်းစွာရောက်ခြင်းတည်း၊ တွေ့ထိခြင်းတည်း၊ မျက်မှောက်ပြုခြင်းတည်း၊ ပြည့်စုံခြင်းတည်း။
၆၀၈။ “နေ၏”ဟူသည်။ပ။ ထို့ကြောင့် “နေ၏” ဟု ဆိုအပ်၏။
--
ဝိညာဏဉ္စာယတနဈာန်
၆၀၉။ “အာကာသာနဉ္စာယတနဈာန်ကို လုံးဝလွန်မြောက်ခြင်းကြောင့်”ဟူရာ၌ ဤအာကာသာနဉ္စာယတနဈာန်ကို လွန်၏၊ အထူးလွန်၏၊ ကောင်းစွာလွန်၏။ ထို့ကြောင့် “အာကာသာနဉ္စာယတနဈာန်ကိုလုံးဝလွန်မြောက်ခြင်းကြောင့်” ဟု ဆိုအပ်၏။
၆၁၀။ “ဝိညာဏ်သည် အဆုံးအပိုင်းအခြားမရှိ”ဟူရာ၌ ထိုကောင်းကင်ကိုပင် ဝိညာဏ်ဖြင့် တွေ့ထိ၍နှလုံးသွင်း၏၊ အပိုင်းအခြားမရှိဖြန့်၏။ ထို့ကြောင့် “ဝိညာဏ်သည် အဆုံးအပိုင်းအခြားမရှိ” ဟု ဆိုအပ်၏။
၆၁၁။ “ဝိညာဏဉ္စာယတနဈာန်”ဟူသည် ဝိညာဏဉ္စာယတနဈာန်ကို ဝင်စားသူ၏လည်းကောင်း၊ ကပ်ရောက်သူ၏လည်းကောင်း၊ မျက်မှောက်ဘဝ၌ ချမ်းသာစွာနေလေ့ရှိသူ၏လည်းကောင်း စိတ်စေတသိက်တရားတို့တည်း။
၆၁၂။ “ပြည့်စုံစေ၍”ဟူသည် ဝိညာဏဉ္စာယတနဈာန်ကို ရခြင်းတည်း၊ အထပ်ထပ်ရခြင်းတည်း၊ ရောက်ခြင်းတည်း၊ ကောင်းစွာရောက်ခြင်းတည်း၊ တွေ့ထိခြင်းတည်း၊ မျက်မှောက်ပြုခြင်းတည်း၊ ပြည့်စုံခြင်း တည်း။
၆၁၃။ “နေ၏”ဟူသည်။ပ။ ထို့ကြောင့် “နေ၏” ဟု ဆိုအပ်၏။
အာကိဉ္စညာယတနဈာန်
၆၁၄။ “ဝိညာဏဉ္စာယတနဈာန်ကို လုံးဝ လွန်မြောက်ခြင်းကြောင့်”ဟူရာ၌ ဤဝိညာဏဉ္စာယတနဈာန်ကို လွန်၏၊ အထူးလွန်၏၊ ကောင်းစွာလွန်၏။ ထို့ကြောင့် “ဝိညာဏဉ္စာယတနဈာန်ကို လုံးဝလွန်ခြင်းကြောင့်” ဟု ဆိုအပ်၏။
၆၁၅။ “စိုးစဉ်းမျှ မရှိ”ဟူရာ၌ ထိုဝိညာဏ်ကိုပင် ပွါးများ၏၊ အထူးပွါးများ၏၊ ကွယ်စေ၏၊ စိုးစဉ်းမျှ မရှိဟု ရှု၏။ ထို့ကြောင့် “စိုးစဉ်းမျှ မရှိ”ဟု ဆိုအပ်၏။
၆၁၆။ “အာကိဉ္စညာယတန”ဟူသည် အာကိဉ္စညာယတနဈာန်ကို ဝင်စားသူ၏လည်းကောင်း၊ ကပ်ရောက်သူ၏လည်းကောင်း၊ မျက်မှောက်ဘဝ၌ ချမ်းသာစွာနေလေ့ရှိသူ၏လည်းကောင်း စိတ်စေတသိက်တရားတို့တည်း။
၆၁၇။ “ပြည့်စုံစေ၍”ဟူသည် အာကိဉ္စညာယတနဈာန်ကို ရခြင်းတည်း၊ အထပ်ထပ်ရခြင်းတည်း၊ ရောက်ခြင်းတည်း၊ ကောင်းစွာရောက်ခြင်းတည်း၊ တွေ့ထိခြင်းတည်း၊ မျက်မှောက်ပြုခြင်းတည်း၊ ပြည့်စုံခြင်းတည်း။
၆၁၈။ “နေ၏”ဟူသည်။ပ။ ထို့ကြောင့် “နေ၏” ဟု ဆိုအပ်၏။
--
နေဝသညာနာသညာယတနဈာန်
၆၁၉။ “အာကိဉ္စညာယတနဈာန်ကို လုံးဝလွန်မြောက်ခြင်းကြောင့်”ဟူရာ၌ ဤအာကိဉ္စညာယတနဈာန်ကို လွန်၏၊ အထူးလွန်၏၊ ကောင်းစွာလွန်၏။ ထို့ကြောင့် “အာကိဉ္စညာယတနဈာန်ကို လုံးဝလွန်မြောက်ခြင်းကြောင့်”ဟု ဆိုအပ်၏။
“နေဝသညီနာသညီ”ဟူရာ၌ ထိုအာကိဉ္စညာယတနဈာန်ကိုပင် ငြိမ်သက်သောအားဖြင့် နှလုံးသွင်း၏၊ အလွန်သိမ်မွေ့သည့် သင်္ခါရမျှသာကြွင်းကျန်သော သမာပတ်ကို ပွါးများ၏၊ ထို့ကြောင့် “နေဝသညီနာသညီ” ဟု ဆိုအပ်၏။
၆၂၀။ “နေဝသညာနာသညာယတန”ဟူသည် နေဝသညာနာသညာယတနဈာန်ကို ဝင်စားသူ၏လည်းကောင်း၊ ကပ်ရောက်သူ၏လည်းကောင်း၊ မျက်မှောက်ဘဝ၌ ချမ်းသာစွာနေလေ့ရှိသူ၏လည်းကောင်း စိတ်စေတသိက်တရားတို့တည်း။
၆၂၁။ “ပြည့်စုံစေ၍”ဟူသည် နေဝသညာနာသညာယတနဈာန်ကို ရခြင်းတည်း၊ အထပ်ထပ်ရခြင်း တည်း၊ ရောက်ခြင်းတည်း၊ ကောင်းစွာရောက်ခြင်းတည်း၊ တွေ့ထိခြင်းတည်း၊ မျက်မှောက်ပြုခြင်းတည်း၊ ပြည့်စုံခြင်းတည်း။
၆၂၂။ “နေ၏”ဟူသည် ဣရိယာပုထ်လေးပါးကို ဖြစ်စေ၏၊ ဖြစ်၏၊ စောင့်၏၊ မျှတ၏၊ မျှတ စေ၏၊ ကျင့်၏၊ ဣရိယာပုထ်တစ်ပါးဖြင့် ဣရိယာပုထ်တစ်ပါးကို ဖြတ်၍ ဆောင်၏။ ထို့ကြောင့် “ဝိဟရတိ (နေ၏)” ဟု ဆိုအပ်၏။
သုတ္တန္တဘာဇနီယနည်းပြီး၏။
--
၂-အဘိဓမ္မဘာဇနီယနည်း
(အဘိဓမ္မာနည်းဖြင့် ဝေဖန်၍ ဟောကြားသော နည်း)
၁-စတုက္ကနည်း ရူပါဝစရကုသိုလ်ဈာန်လေးပါး
၆၂၃။ ဈာန်လေးပါးတို့ကား ပဌမဈာန်၊ ဒုတိယဈာန်၊ တတိယဈာန်၊ စတုတ္ထဈာန်တို့တည်း။
ပဌမဈာန်
၆၂၄။ ထိုလေးပါးတို့တွင် အဘယ်သည် ပဌမဈာန် မည်သနည်း။
ဤသာသနာတော်၌ ရဟန်းသည် အကြင် အခါ၌ ကာမတို့မှ ကင်းဆိတ်၍သာလျှင် ရူပဘုံသို့ရောက်ကြောင်းဈာန်ကို အားထုတ်၏။ပ။ ပထဝီကသိုဏ်းလျှင် အာရုံရှိသော ပဌမဈာန်ကို ပြည့်စုံစေ၍ နေ၏။ ထိုအခါ၌ ကြံစည်မှု ‘ဝိတက်’၊ ဆင်ခြင်သုံးသပ်မှု ‘ဝိစာရ’၊ နှစ်သက်မှု ‘ပီတိ’၊ ချမ်းသာမှု ‘သုခ’၊ စိတ်၏တည်ကြည်မှု ‘ဧကဂ္ဂတာ’ တည်းဟူသော အင်္ဂါငါးပါးရှိသော ဈာန်သည် ဖြစ်၏။ ဤသဘောကိုပဌမဈာန်ဟု ဆိုအပ်၏။ ကြွင်းသောတရားတို့သည် ဈာန်နှင့်ယှဉ်သော တရားတို့ မည်ကုန်၏။ (၁)
ဒုတိယဈာန်
ထိုတွင် အဘယ်သည် ဒုတိယဈာန် မည်သနည်း။
ဤသာသနာတော်၌ ရဟန်းသည် အကြင်အခါ၌ ရူပဘုံသို့ ရောက်ကြောင်း ဈာန်ကို အားထုတ်၏၊ ကြံစည်မှု ‘ဝိတက်’၊ ဆင်ခြင်သုံးသပ်မှု ‘ဝိစာရ’ တို့၏ ချုပ်ငြိမ်းခြင်းကြောင့်။ပ။ ပထဝီကသိုဏ်းလျှင်အာရုံ ရှိသော ဒုတိယဈာန်ကို ပြည့်စုံစေ၍ နေ၏။ ထိုအခါ၌ နှစ်သက်မှု ‘ပီတိ’၊ ချမ်းသာမှု ‘သုခ’၊ စိတ်၏ တည်ကြည်မှု ‘ဧကဂ္ဂတာ’ တည်းဟူသော အင်္ဂါသုံးပါးရှိသော ဈာန်သည် ဖြစ်၏။ ဤသဘောကိုဒုတိယဈာန်ဟု ဆိုအပ်၏။ ကြွင်းသောတရားတို့သည် ဈာန်နှင့်ယှဉ်သော တရားတို့ မည်ကုန်၏။ (၂)
တတိယဈာန်
ထိုတွင် အဘယ်သည် တတိယဈာန် မည်သနည်း။
ဤသာသနာတော်၌ ရဟန်းသည် အကြင်အခါ၌ ရူပဘုံသို့ရောက်ကြောင်း ဈာန်ကို အားထုတ်၏၊ နှစ်သက်မှု ‘ပီတိ'ကိုလည်း စက်ဆုပ်ခြင်းကြောင့်။ပ။ ပထဝီကသိုဏ်းလျှင် အာရုံ ရှိသော တတိယဈာန်ကိုပြည့်စုံစေ၍ နေ၏။ ထိုအခါ၌ ချမ်းသာမှု ‘သုခ’၊ စိတ်၏ တည်ကြည်မှု ‘ဧကဂ္ဂတာ’ တည်းဟူသောအင်္ဂါ နှစ်ပါးရှိသော ဈာန်သည် ဖြစ်၏။ ဤသဘောကို တတိယဈာန် ဟု ဆိုအပ်၏။ ကြွင်းသောတရားတို့သည် ဈာန်နှင့်ယှဉ်သော တရားတို့ မည်ကုန်၏။ (၃)
--
စတုတ္ထဈာန်
ထိုတွင် အဘယ်သည် စတုတ္ထဈာန် မည်သနည်း။
ဤသာသနာတော်၌ ရဟန်းသည် အကြင်အခါ၌ ရူပဘုံသို့ ရောက်ကြောင်း ဈာန်ကို အားထုတ်၏၊ ချမ်းသာမှု ‘သုခ'ကိုလည်း ပယ်ခြင်းကြောင့်။ပ။ ပထဝီကသိုဏ်းလျှင် အာရုံရှိသော စတုတ္ထဈာန်ကို ပြည့်စုံစေ၍ နေ၏။ ထိုအခါ၌ လျစ်လျူရှုမှု ‘ဥပေက္ခာ’၊ စိတ်၏ တည်ကြည်မှု ‘ဧကဂ္ဂတာ'တည်းဟူသော အင်္ဂါ နှစ်ပါးရှိသော ဈာန်သည်ဖြစ်၏။ ဤသဘောကို စတုတ္ထဈာန်ဟု ဆိုအပ်၏။ ကြွင်းသောတရားတို့သည် ဈာန်နှင့်ယှဉ်သော တရားတို့ မည်ကုန်၏။ (၄)
စတုက္ကနည်းပြီး၏။
--
ပဉ္စကနည်း ရူပါဝစရကုသိုလ်ဈာန်ငါးပါး
ပဌမဈာန်
၆၂၅။ ဤသာသနာတော်၌ ရဟန်းသည် အကြင်အခါ၌ ကာမတို့မှ ကင်းဆိတ်၍သာလျှင် ရူပဘုံသို့ရောက်ကြောင်း ဈာန်ကို အားထုတ်၏။ပ။ ပထဝီကသိုဏ်းလျှင် အာရုံရှိသော ပဌမဈာန်ကို ပြည့်စုံစေ၍နေ၏။ ထိုအခါ၌ ကြံစည်မှု ‘ဝိတက်’၊ သုံးသပ်မှု ‘ဝိစာရ’၊ နှစ်သက်မှု ‘ပီတိ’၊ ချမ်းသာမှု ‘သုခ’၊ စိတ်၏တည်ကြည်မှု ‘ဧကဂ္ဂတာ’ တည်းဟူသော အင်္ဂါငါးပါးရှိသော ဈာန်သည် ဖြစ်၏။ ဤသဘောကို ပဌမဈာန်ဟု ဆိုအပ်၏။ ကြွင်းသောတရားတို့သည် ဈာန်နှင့်ယှဉ်သော တရားတို့ မည်ကုန်၏။ (၁)
ဒုတိယဈာန်
ဤသာသနာတော်၌ ရဟန်းသည် အကြင်အခါ၌ ကာမတို့မှ ကင်းဆိတ်၍သာလျှင် အကုသိုလ်တရားတို့မှ ကင်းဆိတ်၍သာလျှင် ရူပဘုံသို့ ရောက်ကြောင်း ဈာန်ကို အားထုတ်၏၊ ကြံစည်မှု ‘ဝိတက်’ မရှိသော သုံးသပ်မှု ‘ဝိစာရ'မျှသာရှိသော (နီဝရဏ) ကင်းဆိတ်ခြင်းကြောင့်ဖြစ်သော နှစ်သက်မှု ‘ပီတိ’၊ ချမ်းသာမှု ‘သုခ’ ရှိသော ပထဝီကသိုဏ်းလျှင် အာရုံရှိသော ဒုတိယဈာန်ကို ပြည့်စုံစေ၍ နေ၏။ ထိုအခါ၌ သုံးသပ်မှု ‘ဝိစာရ’၊ နှစ်သက်မှု ‘ပီတိ’၊ ချမ်းသာမှု ‘သုခ’၊ စိတ်၏ တည်ကြည်မှု ‘ဧကဂ္ဂတာ’ တည်းဟူသော အင်္ဂါ လေးပါးရှိသော ဈာန်သည် ဖြစ်၏။ ဤသဘောကို ဒုတိယဈာန်ဟု ဆိုအပ်၏။ ကြွင်းသောတရားတို့သည် ဈာန်နှင့်ယှဉ်သော တရားတို့ မည်ကုန်၏။ (၂)
တတိယဈာန်
ဤသာသနာတော်၌ ရဟန်းသည် အကြင်အခါ၌ ရူပဘုံသို့ ရောက်ကြောင်း ဈာန်ကို အားထုတ်၏၊ ကြံစည်မှု ‘ဝိတက်’ သုံးသပ်မှု ‘ဝိစာရ’ တို့၏ ချုပ်ငြိမ်းခြင်းကြောင့်။ပ။ ပထဝီကသိုဏ်းလျှင် အာရုံရှိသောတတိယဈာန်ကို ပြည့်စုံစေ၍ နေ၏။ ထိုအခါ၌ နှစ်သက်မှု ‘ပီတိ’၊ ချမ်းသာမှု ‘သုခ’၊ စိတ်၏တည်ကြည်မှု ‘ဧကဂ္ဂတာ’ တည်းဟူသော အင်္ဂါသုံးပါးရှိသော ဈာန်သည် ဖြစ်၏။ ဤသဘောကိုတတိယဈာန်ဟု ဆိုအပ်၏။ ကြွင်းသောတရားတို့သည် ဈာန်နှင့်ယှဉ်သော တရားတို့ မည်ကုန်၏။ (၃)
စတုတ္ထဈာန်
ဤသာသနာတော်၌ ရဟန်းသည် အကြင်အခါ၌ ရူပဘုံသို့ ရောက်ကြောင်း ဈာန်ကို အားထုတ်၏၊ နှစ်သက်မှု ‘ပီတိ'ကိုလည်း စက်ဆုပ်ခြင်းကြောင့်။ပ။ ပထဝီကသိုဏ်းလျှင် အာရုံ ရှိသော စတုတ္ထဈာန်ကိုပြည့်စုံစေ၍ နေ၏။ ထိုအခါ၌ ချမ်းသာမှု ‘သုခ’၊ စိတ်၏ တည်ကြည်မှု ‘ဧကဂ္ဂတာ’ တည်းဟူသော အင်္ဂါနှစ်ပါးရှိသော ဈာန်သည် ဖြစ်၏။ ဤသဘောကို စတုတ္ထဈာန်ဟု ဆိုအပ်၏။ ကြွင်းသောတရားတို့သည် ဈာန်နှင့်ယှဉ်သော တရားတို့ မည်ကုန်၏။ (၄)
--
ပဉ္စမဈာန်
ဤသာသနာတော်၌ ရဟန်းသည် အကြင်အခါ၌ ရူပဘုံသို့ ရောက်ကြောင်း ဈာန်ကို အားထုတ်၏၊ ချမ်းသာမှု ‘သုခ'ကိုလည်း ပယ်ခြင်းကြောင့်။ပ။ ပထဝီကသိုဏ်းလျှင် အာရုံရှိသော ပဉ္စမဈာန်ကို ပြည့်စုံစေ၍ နေ၏။ ထိုအခါ၌ လျစ်လျူရှုမှု ‘ဥပေက္ခာ’၊ စိတ်၏ တည်ကြည်မှု ‘ဧကဂ္ဂတာ’ တည်းဟူသော အင်္ဂါနှစ်ပါးရှိသော ဈာန်သည်ဖြစ်၏။ ဤသဘောကို ပဉ္စမဈာန်ဟု ဆိုအပ်၏။
ကြွင်းသောတရားတို့သည် ဈာန်နှင့်ယှဉ်သော တရားတို့ မည်ကုန်၏။ (၅) *
မှတ်ချက်။ ။ * ဤဝိဘင်းပါဠိတော်၌ စတုက္ကနည်း ပဉ္စကနည်း အကျဉ်း နမူနာမျှသာ ပါရှိပါသည်။ အကျယ်ကို ဓမ္မသင်္ဂဏီပါဠိတော်အတိုင်း ဟောရမည်ဟု အဋ္ဌကထာ ဆိုသောကြောင့် ဤနေရာ၌ တတိယ အရူပဈာန်အထိ ပေယျာလ ရှိသင့်ပါသည်။
ပဉ္စကနည်းပြီး၏။
--
၂-အရူပါဝစရကုသိုလ်ဈာန်လေးပါး
စတုတ္ထအရူပဈာန်
၆၂၆။ ဤသာသနာတော်၌ ရဟန်းသည် အကြင်အခါ၌ အရူပဘုံသို့ ရောက်ကြောင်း ဈာန်ကိုပွါးများအားထုတ်၏၊ အာကိဉ္စညာယတနဈာန်ကို လုံးဝလွန်မြောက်ခြင်းကြောင့် နေဝသညာနာသညာယတနသညာနှင့် တကွသော၊ ချမ်းသာမှု ‘သုခ'ကိုလည်း ပယ်ခြင်းကြောင့်။ပ။ စတုတ္ထဈာန်ကိုပြည့်စုံစေ၍ နေ၏။ ထိုအခါ၌ လျစ်လျူရှုမှု ‘ဥပေက္ခာ’၊ စိတ်၏တည်ကြည်မှု ‘ဧကဂ္ဂတာ’ တည်းဟူသောအင်္ဂါနှစ်ပါး ရှိသော ဈာန်သည် ဖြစ်၏။ ဤသဘောကို စတုတ္ထဈာန်ဟု ဆိုအပ်၏။
ကြွင်းသောတရားတို့သည် ဈာန်နှင့်ယှဉ်သော တရားတို့ မည်ကုန်၏။
၃-စတုက္ကနည်း လောကုတ္တရာကုသိုလ်ဈာန်လေးပါး
၆၂၇။ ဈာန်လေးပါးတို့ကား ပဌမဈာန်၊ ဒုတိယဈာန်၊ တတိယဈာန်၊ စတုတ္ထဈာန်တို့တည်း။
ပဌမဈာန်
၆၂၈။ ထိုတွင် အဘယ်သည် ပဌမဈာန် မည်သနည်း။
ဤသာသနာတော်၌ ရဟန်းသည် အကြင်အခါ၌ မိစ္ဆာအယူတို့ကို ပယ်ရန်၊ ပဌမဘုံ (သောတာပန်အဆင့်) သို့ ရောက်ရန် ဝဋ်ဆင်းရဲမှ ထွက်မြောက်တတ်သော နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်သောလောကုတ္တရာဈာန်ကို ပွါးများ အားထုတ်၏၊ ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ ဆင်းရဲသော အကျင့်ရှိသော, နုံ့နှေးသော အသိဉာဏ်ရှိသော ပဌမဈာန်ကို ပြည့်စုံစေ၍ နေ၏။ ထိုအခါ၌ ကြံစည်မှု ‘ဝိတက်’၊ သုံးသပ်မှု ‘ဝိစာရ’၊ နှစ်သက်မှု ‘ပီတိ’၊ ချမ်းသာမှု ‘သုခ’၊ စိတ်၏ တည်ကြည်မှု ‘ဧကဂ္ဂတာ’ တည်းဟူသော အင်္ဂါငါးပါးရှိသော ဈာန်သည်ဖြစ်၏။ ဤသဘောကို ပဌမဈာန်ဟု ဆိုအပ်၏။
ကြွင်းသောတရားတို့သည် ဈာန်နှင့်ယှဉ်သော တရားတို့ မည်ကုန်၏။
ဒုတိယဈာန်
ထိုတွင် အဘယ်သည် ဒုတိယဈာန် မည်သနည်း။
ဤသာသနာတော်၌ ရဟန်းသည် အကြင်အခါ၌ မိစ္ဆာအယူတို့ကို ပယ်ရန်၊ ပဌမဘုံ (သောတာပန်အဆင့်) သို့ ရောက်ရန် ဝဋ်ဆင်းရဲမှ ထွက်မြောက်တတ်သော နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်သောလောကုတ္တရာဈာန်ကို ပွါးများ အားထုတ်၏၊ ၊ ကြံစည်မှု ‘ဝိတက်’ သုံးသပ်မှု ‘ဝိစာရ’ တို့၏ ချုပ်ငြိမ်းခြင်း ကြောင့်။ပ။ ဆင်းရဲသော အကျင့်ရှိသော နုံ့နှေးသော အသိဉာဏ်ရှိသော ဒုတိယဈာန်ကို ပြည့်စုံစေ၍နေ၏။ ထိုအခါ၌ နှစ်သက်မှု ‘ပီတိ’၊ ချမ်းသာမှု ‘သုခ’၊ စိတ်၏တည်ကြည်မှု ‘ဧကဂ္ဂတာ’ တည်းဟူသောအင်္ဂါသုံးပါးရှိသော ဈာန်သည် ဖြစ်၏။ ဤသဘောကို ဒုတိယဈာန်ဟု ဆိုအပ်၏။
ကြွင်းသောတရားတို့သည် ဈာန်နှင့်ယှဉ်သော တရားတို့ မည်ကုန်၏။
--
တတိယဈာန်
ထိုတွင် အဘယ်သည် တတိယဈာန် မည်သနည်း။
ဤသာသနာတော်၌ ရဟန်းသည် အကြင်အခါ၌ မိစ္ဆာအယူတို့ကို ပယ်ရန်၊ ပဌမဘုံ (သောတာပန်အဆင့်) သို့ ရောက်ရန် ဝဋ်ဆင်းရဲမှ ထွက်မြောက်တတ်သော နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်သောလောကုတ္တရာဈာန်ကို ပွါးများ အားထုတ်၏၊ ၊ နှစ်သက်မှု ‘ပီတိ'ကိုလည်း စက်ဆုပ်ခြင်းကြောင့်။ပ။
ဆင်းရဲသော အကျင့်ရှိသော, နုံ့နှေးသော အသိဉာဏ်ရှိသော တတိယဈာန်ကို ပြည့်စုံစေ၍ နေ၏။ ထိုအခါ၌ ချမ်းသာမှု ‘သုခ’၊ စိတ်၏ တည်ကြည်မှု ‘ဧကဂ္ဂတာ’ တည်းဟူသော အင်္ဂါ နှစ်ပါးရှိသောဈာန်သည် ဖြစ်၏။ ဤသဘောကို တတိယဈာန်ဟု ဆိုအပ်၏။
ကြွင်းသောတရားတို့သည် ဈာန်နှင့်ယှဉ်သော တရားတို့ မည်ကုန်၏။
စတုတ္ထဈာန်
ထိုတွင် အဘယ်သည် စတုတ္ထဈာန် မည်သနည်း။
ဤသာသနာတော်၌ ရဟန်းသည် အကြင်အခါ၌ မိစ္ဆာအယူတို့ကို ပယ်ရန်၊ ပဌမဘုံ (သောတာပန်အဆင့်) သို့ ရောက်ရန် ဝဋ်ဆင်းရဲမှ ထွက်မြောက်တတ်သော နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်သောလောကုတ္တရာဈာန်ကို ပွါးများ အားထုတ်၏၊ ၊ ချမ်းသာမှု ‘သုခ'ကိုလည်း ပယ်ခြင်းကြောင့်။ပ။ ဆင်းရဲသောအကျင့်ရှိသော, နုံ့နှေးသော အသိဉာဏ်ရှိသော စတုတ္ထဈာန်ကို ပြည့်စုံစေ၍ နေ၏။ ထိုအခါ၌ လျစ်လျူရှုမှု ‘ဥပေက္ခာ’၊ စိတ်၏ တည်ကြည်မှု ‘ဧကဂ္ဂတာ’ တည်းဟူသော အင်္ဂါ နှစ်ပါးရှိသော ဈာန်သည်ဖြစ်၏။ ဤသဘောကို စတုတ္ထဈာန်ဟု ဆိုအပ်၏။ ကြွင်းသောတရားတို့သည် ဈာန်နှင့်ယှဉ်သော တရားတို့ မည်ကုန်၏။ (၄)
စတုက္ကနည်းပြီး၏။
--
ပဉ္စကနည်း လောကုတ္တရာကုသိုလ်ဈာန်ငါးပါး
ပဌမဈာန်
၆၂၉။ ဤသာသနာတော်၌ ရဟန်းသည် အကြင်အခါ၌ မိစ္ဆာအယူတို့ကို ပယ်ရန်၊ ပဌမဘုံ
(သောတာပန်အဆင့်) သို့ ရောက်ရန် ဝဋ်ဆင်းရဲမှ ထွက်မြောက်တတ်သော၊ နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်သော လောကုတ္တရာဈာန်ကို ပွါးများအားထုတ်၏။ ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ ဆင်းရဲသောအကျင့်ရှိသော, နုံ့နှေးသော အသိဉာဏ်ရှိသော ပဌမဈာန်ကို ပြည့်စုံစေ၍ နေ၏။ ထိုအခါ၌ ကြံစည်မှု ‘ဝိတက်’၊ သုံးသပ်မှု ‘ဝိစာရ’၊ နှစ်သက်မှု ‘ပီတိ’၊ ချမ်းသာမှု ‘သုခ’၊ စိတ်၏ တည်ကြည်မှု ‘ဧကဂ္ဂတာ’ တည်းဟူသော အင်္ဂါငါးပါးရှိသော ဈာန်သည် ဖြစ်၏။ ဤသဘောကို ပဌမဈာန်ဟု ဆိုအပ်၏။
ကြွင်းသော တရားတို့သည် ဈာန်နှင့်ယှဉ်သော တရားတို့ မည်ကုန်၏။
ဒုတိယဈာန်
ဤသာသနာတော်၌ ရဟန်းသည် အကြင်အခါ၌ မိစ္ဆာအယူတို့ကို ပယ်ရန်၊ ပဌမဘုံ (သောတာပန်အဆင့်) သို့ ရောက်ရန် ဝဋ်ဆင်းရဲမှ ထွက်မြောက်တတ်သော၊ နိဗ္ဗာန်သို့ရောက်ကြောင်းဖြစ်သောလောကုတ္တရာဈာန်ကို ပွါးများ အားထုတ်၏၊ ၊ ကာမတို့မှ ကင်းဆိတ်၍သာလျှင် အကုသိုလ်တရားတို့မှကင်းဆိတ်၍သာလျှင် ကြံစည်မှု ‘ဝိတက်'ကား မရှိ၊ သုံးသပ်မှု ‘ဝိစာရ’ မျှသာရှိသော၊ (နီဝရဏ) ကင်းဆိတ်ခြင်းကြောင့်ဖြစ်သော၊ နှစ်သက်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ'ရှိသော၊ ဆင်းရဲသော အကျင့်ရှိသော, နုံ့နှေးသော အသိဉာဏ်ရှိသော ဒုတိယဈာန်ကို ပြည့်စုံစေ၍ နေ၏။ ထိုအခါ၌ သုံးသပ်မှု ‘ဝိစာရ’၊ နှစ်သက်မှု ‘ပီတိ’၊ ချမ်းသာမှု ‘သုခ’၊ စိတ်၏ တည်ကြည်မှု ‘ဧကဂ္ဂတာ’ တည်းဟူသောအင်္ဂါလေးပါး ရှိသော ဈာန်သည် ဖြစ်၏။ ဤသဘောကို ဒုတိယဈာန်ဟု ဆိုအပ်၏။
ကြွင်းသောတရားတို့သည် ဈာန်နှင့်ယှဉ်သော တရားတို့ မည်ကုန်၏။
တတိယဈာန်
ဤသာသနာတော်၌ ရဟန်းသည် အကြင်အခါ၌ မိစ္ဆာအယူတို့ကို ပယ်ရန်၊ ပဌမဘုံ (သောတာပန်အဆင့်) သို့ ရောက်ရန် ဝဋ်ဆင်းရဲမှ ထွက်မြောက်တတ်သော နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်သောလောကုတ္တရာဈာန်ကို ပွါးများ အားထုတ်၏၊ ၊ ကြံစည်မှု ‘ဝိတက်’ သုံးသပ်မှု ‘ဝိစာရ’ တို့၏ ချုပ်ငြိမ်းခြင်း ကြောင့်။ပ။ ဆင်းရဲသော အကျင့်ရှိသော, နုံ့နှေးသော အသိဉာဏ်ရှိသော တတိယဈာန်ကို ပြည့်စုံစေ၍နေ၏။ ထိုအခါ၌ နှစ်သက်မှု ‘ပီတိ’၊ ချမ်းသာမှု ‘သုခ’၊ စိတ်၏ တည်ကြည်မှု ‘ဧကဂ္ဂတာ’ တည်းဟူသောအင်္ဂါသုံးပါးရှိသော ဈာန်သည် ဖြစ်၏။ ဤသဘောကို တတိယဈာန်ဟု ဆိုအပ်၏။
ကြွင်းသောတရားတို့သည် ဈာန်နှင့်ယှဉ်သော တရားတို့ မည်ကုန်၏။
--
စတုတ္ထဈာန်
ဤသာသနာတော်၌ ရဟန်းသည် အကြင်အခါ၌ မိစ္ဆာအယူတို့ကို ပယ်ရန်၊ ပဌမဘုံ (သောတာပန်အဆင့်) သို့ ရောက်ရန် ဝဋ်ဆင်းရဲမှ ထွက်မြောက်တတ်သော နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်သောလောကုတ္တရာဈာန်ကို ပွါးများ အားထုတ်၏၊ ၊ နှစ်သက်မှု ‘ပီတိ'ကိုလည်း စက်ဆုပ်ခြင်းကြောင့်။ပ။
ဆင်းရဲသော အကျင့်ရှိသော, နုံ့နှေးသော အသိဉာဏ်ရှိသော စတုတ္ထဈာန်ကို ပြည့်စုံစေ၍ နေ၏။ ထိုအခါ၌ ချမ်းသာမှု ‘သုခ’၊ စိတ်၏ တည်ကြည်မှု ‘ဧကဂ္ဂတာ’ တည်းဟူသော အင်္ဂါ နှစ်ပါးရှိသောဈာန်သည် ဖြစ်၏။ ဤသဘောကို စတုတ္ထဈာန်ဟု ဆိုအပ်၏။
ကြွင်းသောတရားတို့သည် ဈာန်နှင့်ယှဉ်သော တရားတို့ မည်ကုန်၏။
ပဉ္စမဈာန်
ဤသာသနာတော်၌ ရဟန်းသည် အကြင်အခါ၌ မိစ္ဆာအယူတို့ကို ပယ်ရန်၊ ပဌမဘုံ (သောတာပန်အဆင့်) သို့ ရောက်ရန် ဝဋ်ဆင်းရဲမှ ထွက်မြောကတတ်သော နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်သောလောကုတ္တရာဈာန်ကို ပွါးများ အားထုတ်၏၊ ချမ်းသာမှု ‘သုခ’ ကိုလည်း ပယ်ခြင်းကြောင့်။ပ။
ဆင်းရဲသော အကျင့်ရှိသော, နုံ့နှေးသော အသိဉာဏ်ရှိသော ပဉ္စမဈာန်ကို ပြည့်စုံစေ၍ နေ၏။ ထိုအခါ၌ လျစ်လျူရှုမှု ‘ဥပေက္ခာ’၊ စိတ်၏ တည်ကြည်မှု ‘ဧကဂ္ဂတာ'တည်းဟူသော အင်္ဂါ နှစ်ပါးရှိသော ဈာန်သည်ဖြစ်၏။ ဤသဘောကို ပဉ္စမဈာန်ဟု ဆိုအပ်၏။
ကြွင်းသောတရားတို့သည် ဈာန်နှင့်ယှဉ်သော တရားတို့ မည်ကုန်၏။
ပဉ္စကနည်းပြီး၏။
--
၄-စတုက္ကနည်း ရူပါဝစရဝိပါက်ဈာန်လေးပါး
၆၃၀။ ဈာန်လေးပါးတို့ကား ပဌမဈာန် ဒုတိယဈာန် တတိယဈာန် စတုတ္ထဈာန်တို့တည်း။
ပဌမဈာန်
၆၃၁။ ထိုတွင် အဘယ်သည် ပဌမဈာန် မည်သနည်း။
ဤသာသနာတော်၌ ရဟန်းသည် အကြင်အခါ၌ ကာမတို့မှ ကင်းဆိတ်၍သာလျှင် ရူပဘုံသို့ ရောက်ကြောင်း ဈာန်ကို ပွါးများအားထုတ်၏။ပ။ ပထဝီကသိုဏ်းလျှင် အာရုံရှိသော ပဌမဈာန်ကို ပြည့်စုံစေ၍နေ၏။ ထိုအခါ၌ တွေ့ထိမှု ‘ဖဿ’ သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု ‘အဝိက္ခေပ’ သည် ဖြစ်၏။ ဤတရားတို့သည် ကုသိုလ် မည်ကုန်၏။ ထိုရူပါဝစရကုသိုလ်ကံကိုသာလျှင် ပြုခဲ့ ဆည်းပူးခဲ့၍ ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ ပထဝီကသိုဏ်းလျှင် အာရုံရှိသော အကျိုး ‘ဝိပါက်’ ဖြစ်သော ပဌမဈာန်ကို ပြည့်စုံစေ၍နေ၏။ ထိုအခါ၌ ကြံစည်မှု ‘ဝိတက်’၊ သုံးသပ်မှု ‘ဝိစာရ’၊ နှစ်သက်မှု ‘ပီတိ’၊ ချမ်းသာမှု ‘သုခ’၊ စိတ်၏ တည်ကြည်မှု ‘ဧကဂ္ဂတာ’ တည်းဟူသော အင်္ဂါငါးပါးရှိသော ဈာန်သည် ဖြစ်၏။ ဤသဘောကို ပဌမဈာန်ဟု ဆိုအပ်၏။
ကြွင်းသောတရားတို့သည် ဈာန်နှင့်ယှဉ်သော တရားတို့ မည်ကုန်၏။
ဒုတိယဈာန်စသည်
ထိုတွင် အဘယ်သည် ဒုတိယဈာန် မည်သနည်း။
ဤသာသနာတော်၌ ရဟန်းသည် အကြင်အခါ၌ ရူပဘုံသို့ ရောက်ကြောင်း ဈာန်ကို အားထုတ်၏၊ ကြံစည်မှု ‘ဝိတက်’၊ သုံးသပ်မှု ‘ဝိစာရ’ တို့၏ ချုပ်ငြိမ်းခြင်းကြောင့်။ပ။ ပထဝီကသိုဏ်းလျှင် အာရုံရှိသောဒုတိယဈာန်ကို ပြည့်စုံစေ၍ နေ၏။ ထိုအခါ၌ တွေ့ထိမှု ‘ဖဿ’ သည် ဖြစ်၏၊ မပျံ့လွင့်မှု ‘အဝိက္ခေပ'သည် ဖြစ်၏။ ဤတရားတို့သည် ကုသိုလ် မည်ကုန်၏။ ထိုရူပါဝစရကုသိုလ်ကံကိုသာလျှင် ပြုခဲ့ ဆည်းပူးခဲ့၍ ကြံစည်မှု ‘ဝိတက်’ သုံးသပ်မှု ‘ဝိစာရ’ တို့၏ ချုပ်ငြိမ်းခြင်းကြောင့်။ပ။ အကျိုး ‘ဝိပါက်’ ဖြစ်သောဒုတိယဈာန်ကို။ပ။ တတိယဈာန်ကို။ပ။ စတုတ္ထဈာန်ကို။ပ။
စတုက္ကနည်းပြီး၏
--
ပဉ္စကနည်း ရူပါဝစရဝိပါက်ဈာန်ငါးပါး
၆၃၁။ ပဌမဈာန်ကို။ပ။ ပထဝီကသိုဏ်းလျှင် အာရုံရှိသော ပဉ္စမဈာန်ကို ပြည့်စုံစေ၍ နေ၏။ ထိုအခါ၌ လျစ်လျူရှုမှု ‘ဥပေက္ခာ’၊ စိတ်၏ တည်ကြည်မှု ‘ဧကဂ္ဂတာ’ တည်းဟူသော အင်္ဂါနှစ်ပါးရှိသော ဈာန်သည်ဖြစ်၏။ ဤသဘောကို ပဉ္စမဈာန်ဟု ဆိုအပ်၏။
ကြွင်းသောတရားတို့သည် ဈာန်နှင့်ယှဉ်သော တရားတို့ မည်ကုန်၏။
၅-အရူပါဝစရဝိပါက်ဈာန်လေးခု
၆၃၂။ ဤသာသနာတော်၌ ရဟန်းသည် အကြင်အခါ၌ အရူပဘုံသို့ ရောက်ကြောင်းဈာန်ကို ပွါးများအားထုတ်၏၊ အာကိဉ္စညာယတနဈာန်ကို လုံးဝလွန်မြောက်၍ ချမ်းသာမှု ‘သုခ’ ကိုလည်း ပယ်ခြင်းကြောင့်နေဝသညာ နာသညာယတန သညာနှင့် တကွသော။ပ။ စတုတ္ထဈာန်ကို ပြည့်စုံစေ၍ နေ၏။ ထိုအခါ၌ တွေ့ထိမှု ‘ဖဿ'သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု ‘အဝိက္ခေပ’ သည် ဖြစ်၏။ ဤတရားတို့သည် ကုသိုလ်တို့ မည်ကုန်၏။ ထိုအရူပါဝစရ ကုသိုလ်ကံကိုသာလျှင် ပြုခဲ့ ဆည်းပူးခဲ့၍ အာကိဉ္စညာယတနဈာန်ကို လုံးဝလွန်မြောက်ခြင်းကြောင့် နေဝသညာနာသညာယတန သညာနှင့် တကွသော၊ အကျိုးဝိပါက်ဖြစ်သော၊ ချမ်းသာမှု ‘သုခ'ကိုလည်း ပယ်ခြင်းကြောင့်။ပ။ စတုတ္ထဈာန်ကို ပြည့်စုံစေ၍ နေ၏။ ထိုအခါ၌ လျစ်လျူရှုမှု ‘ဥပေက္ခာ’၊ စိတ်၏ တည်ကြည်မှု ‘ဧကဂ္ဂတာ’ တည်းဟူသော အင်္ဂါနှစ်ပါးရှိသော ဈာန်သည်ဖြစ်၏။ ဤသဘောကို စတုတ္ထဈာန်ဟု ဆိုအပ်၏။
ကြွင်းသောတရားတို့သည် ဈာန်နှင့်ယှဉ်သော တရားတို့ မည်ကုန်၏။
၆-စတုက္ကနည်း လောကုတ္တရာဝိပါက်ဈာန်လေးခု
၆၃၃။ ဈာန်လေးပါးတို့ကား ပဌမဈာန်၊ ဒုတိယဈာန်၊ တတိယဈာန်၊ စတုတ္ထဈာန်တို့တည်း။
ပဌမဈာန်
၆၃၄။ ထိုတွင် အဘယ်သည် ပဌမဈာန် မည်သနည်း။
ဤသာသနာတော်၌ ရဟန်းသည် အကြင်အခါ၌ မိစ္ဆာအယူတို့ကို ပယ်ရန်၊ ပဌမဘုံ (သောတာပန်အဆင့်) သို့ ရောက်ရန် ဝဋ်ဆင်းရဲမှ ထွက်မြောက်တတ်သော၊ နိဗ္ဗာန်သို့ရောက်ကြောင်းဖြစ်သောလောကုတ္တရာဈာန်ကို ပွါးများ အားထုတ်၏၊ ၊ ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ ဆင်းရဲသော အကျင့်ရှိသော, နုံ့နှေးသော အသိဉာဏ်ရှိသော ပဌမဈာန်ကို ပြည့်စုံစေ၍ နေ၏။ ထိုအခါ၌ တွေ့ထိမှု ‘ဖဿ'သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု ‘အဝိက္ခေပ'သည် ဖြစ်၏။ ဤတရားတို့သည် ကုသိုလ်တို့ မည်ကုန်၏။
--
ထိုလောကုတ္တရာကုသိုလ်ဈာန်ကိုသာလျှင် ပြုခဲ့ ပွါးများခဲ့၍ ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ ဆင်းရဲသော အကျင့်ရှိသော, နုံ့နှေးသော အသိဉာဏ်ရှိသော၊ အတ္တမှ ဆိတ်သော၊ အကျိုးဝိပါက်ဖြစ်သော ပဌမဈာန်ကို ပြည့်စုံစေ၍ နေ၏။ ထိုအခါ၌ ကြံစည်မှု ‘ဝိတက်’၊ သုံးသပ်မှု ‘ဝိစာရ’၊ နှစ်သက်မှု ‘ပီတိ’၊ ချမ်းသာမှု ‘သုခ’၊ စိတ်၏ တည်ကြည်မှု ‘ဧကဂ္ဂတာ’ တည်းဟူသော အင်္ဂါငါးပါးရှိသော ဈာန်သည် ဖြစ်၏။ ဤသဘောကို ပဌမဈာန်ဟု ဆိုအပ်၏။
ကြွင်းသောတရားတို့သည် ဈာန်နှင့်ယှဉ်သော တရားတို့ မည်ကုန်၏။
ဒုတိယဈာန်စသည်
ထိုတွင် အဘယ်သည် ဒုတိယဈာန် မည်သနည်း။
ဤသာသနာတော်၌ ရဟန်းသည် အကြင်အခါ၌ မိစ္ဆာအယူတို့ကို ပယ်ရန်၊ ပဌမဘုံ (သောတာပန်အဆင့်) သို့ ရောက်ရန် ဝဋ်ဆင်းရဲမှ ထွက်မြောက်တတ်သော၊ နိဗ္ဗာန်သို့ရောက်ကြောင်းဖြစ်သောလောကုတ္တရာဈာန်ကို ပွါးများ အားထုတ်၏၊ ။ ကြံစည်မှု ‘ဝိတက်’ သုံးသပ်မှု ‘ဝိစာရ'တို့၏ ချုပ်ငြိမ်းခြင်း ကြောင့်။ပ။ ဆင်းရဲသော အကျင့်ရှိသော, နုံ့နှေးသော အသိဉာဏ်ရှိသော ဒုတိယဈာန်ကို ပြည့်စုံစေ၍နေ၏။ ထိုအခါ၌ တွေ့ထိမှု ‘ဖဿ’ သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု ‘အဝိက္ခေပ'သည် ဖြစ်၏။ ဤတရားတို့သည် ကုသိုလ်တို့ မည်ကုန်၏။ ထိုလောကုတ္တရာကုသိုလ်ဈာန်ကိုသာလျှင် ပြုခဲ့ ပွါးများခဲ့၍ ကြံစည်မှု ‘ဝိတက်’၊ သုံးသပ်မှု ‘ဝိစာရ’ တို့၏ ချုပ်ငြိမ်းခြင်းကြောင့် အကျိုးဝိပါက် ဖြစ်သော။ပ။ ဒုတိယ ဈာန်ကို။ပ။ တတိယဈာန်ကို။ပ။ စတုတ္ထဈာန်ကို။ပ။
ပဉ္စကနည်း လောကုတ္တရာဝိပါက်ဈာန်ငါးခု
ပဌမဈာန်ကို။ပ။ ဆင်းရဲသောအကျင့်ရှိသော, နုံ့နှေးသောအသိဉာဏ်ရှိသော အတ္တမှဆိတ်သော ပဉ္စမဈာန်ကို ပြည့်စုံစေ၍ နေ၏။ ထိုအခါ၌ လျစ်လျူရှုမှု ‘ဥပေက္ခာ’၊ စိတ်၏ တည်ကြည်မှု ‘ဧကဂ္ဂတာ'့တည်းဟူသော အင်္ဂါနှစ်ပါးရှိသော ဈာန်သည် ဖြစ်၏။ ဤသဘောကို ပဉ္စမဈာန်ဟု ဆိုအပ်၏။
ကြွင်းသောတရားတို့သည် ဈာန်နှင့်ယှဉ်သော တရားတို့ မည်ကုန်၏။
--
စတုက္ကနည်း ရူပါဝစရကြိယာဈာန်လေးပါး
၆၃၅။ ဈာန်လေးပါးတို့ကား ပဌမဈာန်၊ ဒုတိယဈာန်၊ တတိယဈာန်၊ စတုတ္ထဈာန်တို့တည်း။
ပဌမဈာန်
၆၃၆။ ထိုတွင် အဘယ်သည် ပဌမဈာန် မည်သနည်း။
ဤသာသနာတော်၌ ရဟန်းသည် အကြင်အခါ၌ ကုသိုလ်လည်း မဟုတ်, အကုသိုလ်လည်းမဟုတ်သော၊ ကံ၏အကျိုးလည်းမဟုတ်သော၊ မျက်မှောက်ဘဝ၌ ချမ်းသာစွာနေခြင်းဖြစ်သော၊ ကြိယာဖြစ်သော ရူပါဝစရဈာန်ကို ပွါးများအားထုတ်၏။ ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။
ပထဝီကသိုဏ်းလျှင် အာရုံရှိသော ပဌမဈာန်ကို ပြည့်စုံစေ၍ နေ၏။ ထိုအခါ၌ ကြံစည်မှု ‘ဝိတက်’၊ သုံးသပ်မှု ‘ဝိစာရ’၊ နှစ်သက်မှု ‘ပီတိ’၊ ချမ်းသာမှု ‘သုခ’၊ စိတ်၏ တည်ကြည်မှု ‘ဧကဂ္ဂတာ’ တည်းဟူသော အင်္ဂါငါးပါးရှိသော ဈာန်သည် ဖြစ်၏။ ဤသဘောကို ပဌမဈာန်ဟု ဆိုအပ်၏။
ကြွင်းသောတရားတို့သည် ဈာန်နှင့်ယှဉ်သော တရားတို့ မည်ကုန်၏။
ဒုတိယဈာန်စသည်
ထိုတွင် အဘယ်သည် ဒုတိယဈာန် မည်သနည်း။
ဤသာသနာတော်၌ ရဟန်းသည် အကြင်အခါ၌ ကုသိုလ်လည်း မဟုတ်, အကုသိုလ်လည်း မဟုတ်သော၊ ကံ၏အကျိုးလည်းမဟုတ်သော၊ မျက်မှောက်ဘဝ၌ ချမ်းသာစွာနေခြင်းဖြစ်သော၊ ကြိယာဖြစ်သောရူပါဝစရဈာန်ကို ပွါးများအားထုတ်၏။ ကြံစည်မှု ‘ဝိတက်’၊ သုံးသပ်မှု ‘ဝိစာရ'တို့၏ ချုပ်ငြိမ်းခြင်းကြောင့်။ပ။ ဒုတိယဈာန်ကို။ပ။ တတိယဈာန်ကို။ပ။ စတုတ္ထဈာန်ကို။ပ။
ပဉ္စကနည်း ရူပါဝစရကြိယာဈာန်ငါးပါး
ပဌမဈာန်ကို။ပ။ ပထဝီကသိုဏ်းလျှင် အာရုံရှိသော ပဉ္စမဈာန်ကို ပြည့်စုံစေ၍ နေ၏။ ထိုအခါ၌ လျစ်လျူရှုမှု ‘ဥပေက္ခာ’၊ စိတ်၏ တည်ကြည်မှု ‘ဧကဂ္ဂတာ’ တည်းဟူသော အင်္ဂါနှစ်ပါးရှိသော ဈာန်သည်ဖြစ်၏။ ဤသဘောကို ပဉ္စမဈာန်ဟု ဆိုအပ်၏။
ကြွင်းသောတရားတို့သည် ဈာန်နှင့်ယှဉ်သော တရားတို့ မည်ကုန်၏။
--
အရူပါဝစရကြိယာဈာန်လေးပါး
၆၃၇။ပ။၁ ဤသာသနာတော်၌ ရဟန်းသည် အကြင်အခါ၌ ကုသိုလ်လည်း မဟုတ်, အကုသိုလ်လည်း မဟုတ်သော၊ ကံ၏အကျိုးလည်း မဟုတ်သော၊ မျက်မှောက်ဘဝ၌ ချမ်းသာစွာနေခြင်းရှိသော၊ ကြိယာဖြစ်သော အရူပါဝစရဈာန်ကို အားထုတ်၏။ အာကိဉ္စညာယတနဈာန်ကို လုံးဝလွန်မြောက်၍နေဝသညာ နာသညာယတန သညာနှင့် တကွဖြစ်သော၊ ချမ်းသာခြင်း ‘သုခ’ ကိုလည်း ပယ်ခြင်းကြောင့်။ပ။ စတုတ္ထဈာန်ကို ပြည့်စုံစေ၍ နေ၏။ ထိုအခါ၌ လျစ်လျူရှုမှု ‘ဥပေက္ခာ’၊ စိတ်၏တည်ကြည်မှု ‘ဧကဂ္ဂတာ'တည်းဟူသော အင်္ဂါနှစ်ပါးရှိသော ဈာန်သည် ဖြစ်၏။ ဤသဘောကို စတုတ္ထဈာန်ဟု ဆိုအပ်၏။
ကြွင်းသောတရားတို့သည် ဈာန်နှင့်ယှဉ်သော တရားတို့ မည်ကုန်၏။
အဘိဓမ္မဘာဇနီယနည်းပြီး၏။
၁။ ဤပေယျာလ ပါဠိတော်၌ မရှိ၊ ရှိသင့်၍ ထည့်ထားသည်။
--
၃-ပဥှာပုစ္ဆကနည်း
(အမေးအဖြေပြု၍ ဟောကြားသောနည်း)
၆၃၈။ ဈာန်လေးပါးတို့ကား-
၁။ ဤသာသနာတော်၌ ရဟန်းသည် ကာမတို့မှ ကင်းဆိတ်၍သာလျှင် အကုသိုလ်တရားတို့မှကင်းဆိတ်၍သာလျှင် ကြံစည်မှု ‘ဝိတက်', သုံးသပ်မှု ‘ဝိစာရ’ နှင့် တကွဖြစ်သော၊ (နီဝရဏ) ကင်းဆိတ်ခြင်းကြောင့်ဖြစ်သော၊ နှစ်သက်မှု ‘ပီတိ', ချမ်းသာမှု ‘သုခ’ ရှိသော ပဌမဈာန်ကို ပြည့်စုံစေ၍ နေ၏။ပ။
၂။ ကြံစည်မှု ‘ဝိတက်’ သုံးသပ်မှု ‘ဝိစာရ’ တို့၏ ချုပ်ငြိမ်းခြင်းကြောင့် မိမိသန္တာန်၌ စိတ်ကို ကြည်လင်စေတတ်သော၊ စိတ်၏ တည်ကြည်မှု ‘သမာဓိ'ကို ဖြစ်စေတတ်သော၊ ကြံစည်မှု ‘ဝိတက်', သုံးသပ်မှု ‘ဝိစာရ’ မရှိသော၊ တည်ကြည်မှု ‘သမာဓိ'ကြောင့်ဖြစ်သော၊ နှစ်သက်မှု ‘ပီတိ', ချမ်းသာမှု ‘သုခ’ ရှိသော ဒုတိယဈာန်ကို ပြည့်စုံစေ၍ နေ၏။ပ။
၃။ နှစ်သက်မှု ‘ပီတိ’ ကိုလည်း စက်ဆုပ်ခြင်းကြောင့် လျစ်လျူရှုလျက်သာ နေ၏။ အောက်မေ့မှု ‘သတိ’၊ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်'နှင့် ပြည့်စုံသည်ဖြစ်၍ ချမ်းသာမှု ‘သုခ'ကိုလည်း နာမကာယဖြင့်ခံစား၏။ အရိယာပုဂ္ဂိုလ်တို့သည် အကြင် တတိယဈာန်ကြောင့် ထိုသူကို “လျစ်လျူရှုနိုင်သူ သတိရှိသူချမ်းသာစွာ နေလေ့ရှိသူ” ဟု ချီးမွမ်းတော်မူကြကုန်၏။ ထိုတတိယဈာန်ကို ပြည့်စုံစေ၍ နေ၏။ပ။
၄။ ချမ်းသာမှု ‘သုခ', ဆင်းရဲမှု ‘ဒုက္ခ'ကို ပယ်ခွာခြင်းကြောင့် ရှေးဦးကပင်လျှင် ဝမ်းမြောက်မှု ‘သောမနဿ', စိတ်နှလုံးမသာယာမှု ‘ဒေါမနဿ'တို့၏ ချုပ်နှင့်ခြင်းကြောင့် ဆင်းရဲမှု ‘ဒုက္ခ'လည်း မဟုတ်, ချမ်းသာမှု ‘သုခ'လည်း မဟုတ်သော လျစ်လျူရှုမှု ‘ဥပေက္ခာ’ ကြောင့်ဖြစ်သည့် သတိ၏ ထက်ဝန်းကျင်စင်ကြယ်ခြင်းရှိသော စတုတ္ထဈာန်ကို ပြည့်စုံစေ၍ နေ၏။
အမေးပုစ္ဆာ
ဈာန်လေးပါးတို့ကို တိက်, ဒုက်တို့ဖြင့် ဝေဖန်၍ အမေးပုစ္ဆာနည်းသက်သက်ကို ပြခြင်း
၆၃၉။ ဈာန်လေးပါးတို့တွင်- ကုသိုလ်တရားတို့သည် အဘယ်မျှရှိကုန်သနည်း။ အကုသိုလ်တရားတို့သည် အဘယ်မျှရှိကုန် သနည်း။
အဗျာကတတရားတို့သည် အဘယ်မျှရှိကုန်သနည်း။ပ။
ငိုကြွေးကြောင်း ကိလေသာနှင့် တကွဖြစ်သော တရားတို့သည် အဘယ်မျှရှိကုန်သနည်း။ ငိုကြွေးကြောင်း ကိလေသာနှင့် တကွမဖြစ်သော တရားတို့သည် အဘယ်မျှရှိကုန်သနည်း။
--
အဖြေဝိသဇ္ဇနာ
၁-ဈာန်လေးပါးတို့ကို တိက်တို့ဖြင့် ဝေဖန်၍ အဖြေဝိသဇ္ဇနာကို ပြခြင်း
တိကဝိသဇ္ဇနာ
(၁) ကုသလတိက်အဖြေဝိသဇ္ဇနာ
၆၄၀။ (ဈာန်လေးပါးတို့သည်) ရံခါ ကုသိုလ်ဖြစ်ကုန်၏။ ရံခါ အဗျာကတဖြစ်ကုန်၏။
(၂) ဝေဒနာတိက်>
ဈာန်သုံးပါးတို့သည် ဤဈာန်သုံးပါး၌ ဖြစ်သော သုခဝေဒနာကိုထား၍ သုခဝေဒနာနှင့် ယှဉ်ကုန်၏။ စတုတ္ထဈာန်သည် ဤစတုတ္ထဈာန်၌ ဖြစ်သော ဥပေက္ခာဝေဒနာကိုထား၍ ဥပေက္ခာဝေဒနာနှင့် ယှဉ်၏။
(၃) ဝိပါကတိက်>
(ဈာန်လေးပါးတို့သည်) အချို့ အချင်းချင်းထူးကုန်သော ကုသိုလ် အကုသိုလ်တို့၏ အကျိုး ဖြစ့်ကုန်၏။ အချို့ အကျိုးကို ဖြစ်စေခြင်းသဘောရှိကုန်၏၊ အချို့ အချင်းချင်းထူးကုန်သော ကုသိုလ် အကုသိုလ်တို့၏ အကျိုးလည်း မဟုတ်၊ အကျိုးကိုဖြစ်စေခြင်းသဘောရှိသည်လည်း မဟုတ်ကုန်။
(၄) ဥပါဒိန္နတိက်>
(ဈာန်လေးပါးတို့သည်) အချို့ တဏှာ ဒိဋ္ဌိတို့သည် ကပ်အပ်သောကံသည် အကျိုး၏ အဖြစ်ဖြင့်ယူအပ်၍ ဥပါဒါန်၏ အာရုံဖြစ်ကုန်၏၊ အချို့ တဏှာ ဒိဋ္ဌိတို့သည် ကပ်အပ်သောကံသည် အကျိုး၏အဖြစ်ဖြင့်ကား မယူအပ်၊ ဥပါဒါန်၏ အာရုံသာ ဖြစ်ကုန်၏။ အချို့ တဏှာ ဒိဋ္ဌိတို့သည် ကပ်အပ်သောကံသည် အကျိုး၏အဖြစ်ဖြင့်လည်း မယူအပ်၊ ဥပါဒါန်၏ အာရုံလည်း မဖြစ်ကုန်။
(၅) သံကိလိဋ္ဌတိက်>
(ဈာန်လေးပါးတို့သည်) အချို့ ကိလေသာတို့ ပူပန်စေအပ်သည်ကား မဟုတ်၊ ကိလေသာတို့၏အာရုံသာ ဖြစ်ကုန်၏။ အချို့ ကိလေသာတို့ ပူပန်စေအပ်သည်လည်း မဟုတ်၊ ကိလေသာတို့၏အာရုံလည်း မဟုတ်ကုန်။
(၆) ဝိတက္ကတိက်>
ပဌမဈာန်သည် ဤပဌမဈာန်၌ ဖြစ်သော ဝိတက် ဝိစာရတို့ကို ထား၍ (ကြွင်းသော တရားတို့သည်) ဝိတက်လည်း ရှိ၏၊ ဝိစာရလည်း ရှိ၏။ (ဒု-တ-စ-) ဈာန်သုံးပါးတို့သည် ဝိတက်လည်း မရှိ၊ ဝိစာရလည်း မရှိကုန်။
--
(၇) ပီတိတိက်>
ပဌမဈာန် ဒုတိယဈာန်နှစ်ပါးတို့သည် ဤနှစ်ပါး၌ ဖြစ်သော ပီတိကိုထား၍ ပီတိနှင့်တကွ ဖြစ်ကုန်၏။ (ပ-ဒု-တ-) ဈာန်သုံးပါးတို့သည် ဤသုံးပါး၌ ဖြစ်သော သုခကို ထား၍ သုခဝေဒနာနှင့်တကွ ဖြစ်ကုန်၏။ စတုတ္ထဈာန်သည် ဤဈာန်၌ ဖြစ်သော ဥပေက္ခာကို ထား၍ ဥပေက္ခာဝေဒနာနှင့်တကွ ဖြစ်၏။
(၈) ဒဿနတိက်>
(ဈာန်လေးပါးတို့သည်) သောတာပတ္တိမဂ်ဖြင့် ပယ်အပ်သည်လည်း မဟုတ်၊ အထက်မဂ်သုံးခုဖြင့်ပယ်အပ်သည်လည်း မဟုတ်ကုန်။
(၉) ဒဿနဟေတုတိက်>
(ဈာန်လေးပါးတို့သည်) သောတာပတ္တိမဂ်ဖြင့် ပယ်အပ်သော ဟိတ်ရှိသည်လည်း မဟုတ်၊ အထက်မဂ်သုံးခုဖြင့် ပယ်အပ်သော ဟိတ်ရှိသည်လည်း မဟုတ်ကုန်။
(၁၀) အာစယဂါမိတိက်>
(ဈာန်လေးပါးတို့သည်) ရံခါ စုတိပဋိသန္ဓေသို့ ရောက်ကြောင်း ဖြစ်ကုန်၏၊ ရံခါ နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်ကုန်၏၊ ရံခါ စုတိပဋိသန္ဓေသို့ ရောက်ကြောင်းလည်း မဟုတ်၊ နိဗ္ဗာန်သို့ရောက်ကြောင်းလည်း မဟုတ်ကုန်။
(၁၁) သေက္ခတိက်>
(ဈာန်လေးပါးတို့သည်) ရံခါ သေက္ခပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်ကုန်၏။ ရံခါ ရဟန္တာပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်ကုန်၏။ ရံခါ သေက္ခပုဂ္ဂိုလ်တို့၏ ဥစ္စာလည်း မဟုတ်၊ ရဟန္တာပုဂ္ဂိုလ်တို့၏ ဥစ္စာလည်း မဟုတ်ကုန်။
(၁၂) ပရိတ္တတိက်>
(ဈာန်လေးပါးတို့သည်) ရံခါ မဟဂ္ဂုတ် ဖြစ်ကုန်၏။ ရံခါ လောကုတ္တရာ ဖြစ်ကုန်၏။
(၁၃) ပရိတ္တာရမ္မဏတိက်>
ဈာန်သုံးပါးတို့ကို ပရိတ္တ(ကာမ) ကို အာရုံပြုကုန်၏ဟူ၍လည်းကောင်း၊ မဟဂ္ဂုတ်ကို အာရုံပြုကုန်၏ဟူ၍လည်းကောင်း မဆိုအပ်ကုန်။ ဈာန်သုံးပါးတို့သည် အချို့ အပ္ပမာဏ (လောကုတ္တရာ) ကို အာရုံပြုကုန်၏။ ဈာန်သုံးပါးတို့ကို အချို့ အပ္ပမာဏ (လောကုတ္တရာ) ကို အာရုံပြုကုန်၏ဟု မဆိုအပ်ကုန်။ စတုတ္ထဈာန်*၁သည် အချို့ ပရိတ္တ(ကာမ) ကို အာရုံပြု၏၊ အချို့ မဟဂ္ဂုတ်ကို အာရုံပြု၏၊ အချို့ အပ္ပမာဏ (လောကုတ္တရာ) ကို အာရုံပြု၏။ အချို့ ပရိတ္တ(ကာမ) ကို အာရုံပြု၏ဟူ၍လည်းကောင်း၊ မဟဂ္ဂုတ်ကိုအာရုံပြု၏ဟူ၍လည်းကောင်း၊ အပ္ပမာဏ (လောကုတ္တရာ) ကို အာရုံပြု၏ဟူ၍လည်းကောင်း မဆိုအပ်။
--
(၁၄) ဟီနတိက်>
(ဈာန်လေးပါးတို့သည်) အချို့ အလယ်အလတ် ဖြစ်ကုန်၏၊ အချို့ အမြတ် ဖြစ်ကုန်၏။
(၁၅) မိစ္ဆတ္တတိက်>
(ဈာန်လေးပါးတို့သည်) အချို့ မဖေါက်ပြန်သောသဘော ရှိ၍ မိမိ၏အခြားမဲ့၌ အကျိုးပေး မြဲကုန်၏။ အချို့ အကျိုးပေးမမြဲကုန်။
(၁၆) မဂ္ဂါရမ္မဏတိက်>
ဈာန်သုံးပါးတို့သည် မဂ်ကို အာရုံမပြုကုန်၊ အချို့ မဂ်ဟုဆိုအပ်သော အကြောင်းဟိတ် ရှိကုန်၏၊ အချို့မဂ်ဟုဆိုအပ်သော အဓိပတိပစ္စည်း ရှိကုန်၏၊ အချို့ မဂ်ဟုဆိုအပ်သော အကြောင်း ‘ဟိတ်’ ရှိကုန်၏ဟူ၍လည်းကောင်း၊ မဂ်ဟုဆိုအပ်သော အဓိပတိပစ္စည်းရှိကုန်၏ဟူ၍လည်းကောင်း မဆိုအပ်ကုန်။ စတုတ္ထဈာန်သည် အချို့ မဂ်ကို အာရုံပြု၏၊ အချို့ မဂ်ဟုဆိုအပ်သော အကြောင်း ‘ဟိတ်’ ရှိ၏၊ အချို့ မဂ်ဟုဆိုအပ်သော အဓိပတိပစ္စည်း ရှိ၏၊ အချို့ မဂ်ကို အာရုံပြု၏ဟူ၍လည်းကောင်း၊ မဂ်ဟုဆိုအပ်သောအကြောင်း ‘ဟိတ်’ ရှိ၏ဟူ၍လည်းကောင်း၊ အချို့ မဂ်ဟုဆိုအပ်သောအဓိပတိပစ္စည်းရှိ၏ဟူ၍လည်းကောင်း မဆိုအပ်။
(၁၇) ဥပ္ပန္နတိက်>
(ဈာန်လေးပါးတို့သည်) ရံခါ ခဏသုံးပါးသို့ ရောက်ဆဲဖြစ်ကုန်၏။ ရံခါ ခဏသုံးပါးသို့ ရောက်ပြီး, ရောက်ဆဲ မဟုတ်ကုန်။ ရံခါ မချွတ်ဖြစ်လတ္တံ့ဖြစ်ကုန်၏။
(၁၈) အတီတတိက်>
(ဈာန်လေးပါးတို့သည်) ရံခါ ဖြစ်ပြီး ‘အတိတ်’ ဖြစ်ကုန်၏။ ရံခါ မရောက်သေး ‘အနာဂတ်’ (ဖြစ်လတ္တံ့) ဖြစ်ကုန်၏၊ ရံခါ ဖြစ်ဆဲ ‘ပစ္စုပ္ပန်’ ဖြစ်ကုန်၏။
(၁၉) အတီတာရမ္မဏတိက်>
ဈာန်သုံးပါးတို့ကို ဖြစ်ပြီး ‘အတိတ်'ကို အာရုံပြုကုန်၏ဟူ၍လည်းကောင်း၊ မရောက်သေး ‘အနာဂတ်’ (ဖြစ်လတ္တံ့) ကို အာရုံပြုကုန်၏ဟူ၍လည်းကောင်း၊ ဖြစ်ဆဲ ‘ပစ္စုပ္ပန့်'ကို အာရုံပြုကုန်၏ဟူ၍လည်းကောင်း မဆိုအပ်ကုန်။ စတုတ္ထဈာန်သည် အချို့ ဖြစ်ပြီး ‘အတိတ်'ကို အာရုံပြု၏။ အချို့ မရောက်သေး ‘အနာဂတ်’ (ဖြစ်လတ္တံ့) ကို အာရုံပြု၏။ အချို့ဖြစ်ဆဲ ‘ပစ္စုပ္ပန်'ကို အာရုံပြု၏။ အချို့ဖြစ်ပြီး ‘အတိတ်'ကိုအာရုံပြု၏ဟူ၍လည်းကောင်း၊ မရောက်သေး ‘အနာဂတ်’ (ဖြစ်လတ္တံ့) ကို အာရုံပြု၏ဟူ၍လည်းကောင်း၊ ဖြစ်ဆဲ ‘ပစ္စုပ္ပန်'ကို အာရုံပြု၏ဟူ၍လည်းကောင်း မဆိုအပ်။
(၂၀) အဇ္ဈတ္တတိက်>
(ဈာန်လေးပါးတို့သည်) ရံခါ အတွင်း ‘အဇ္ဈတ္တ'သန္တာန်၌ ဖြစ်ကုန်၏။ ရံခါ အပ'ဗဟိဒ္ဓ'သန္တာန်၌ ဖြစ်ကုန်၏။ ရံခါ အတွင်းအပ ‘အဇ္ဈတ္တဗဟိဒ္ဓ'သန္တာန်၌ ဖြစ်ကုန်၏။
--
(၂၁) အဇ္ဈတ္တာရမ္မဏတိက်>
ဈာန်သုံးပါးတို့သည် အပ'ဗဟိဒ္ဓ'သန္တာန်ကို အာရုံပြုကုန်၏။ စတုတ္ထဈာန်သည် အချို့ အတွင်း ‘အဇ္ဈတ္တ'သန္တာန်ကို အာရုံပြု၏။ အချို့ အပ ‘ဗဟိဒ္ဓ’ သန္တာန်ကို အာရုံပြု၏။ အချို့ အတွင်းအပ ‘အဇ္ဈတ္တဗဟိဒ္ဓ'သန္တာန်ကို အာရုံပြု၏။ အချို့ အတွင်း ‘အဇ္ဈတ္တ'သန္တာန်ကို အာရုံပြု၏ဟူ၍လည်းကောင်း၊ အပ'ဗဟိဒ္ဓ'သန္တာန်ကို အာရုံပြု၏ဟူ၍လည်းကောင်း၊ အတွင်းအပ'အဇ္ဈတ္တဗဟိဒ္ဓ'သန္တာန်ကို အာရုံပြု၏ဟူ၍ လည်းကောင်း မဆိုအပ်။
(၂၂) သနိဒဿနတိက်>
(ဈာန်လေးပါးတို့သည်) မြင်အပ်သောသဘောလည်း မရှိ၊ ထိပါးတတ်သောသဘောလည်း မရှိကုန်။
* အဘိညာဉ်ကိစ္စတပ်သော စတုက္ကနည်း စတုတ္ထဈာန်ကို ဆိုသည်။
--
ဒုကဝိသဇ္ဇနာ
၂-ဒုက် ၁၀၀-တို့ဖြင့် ဝေဖန်၍အဖြေဝိသဇ္ဇနာကို ပြခြင်း
ဟေတုဂေါစ္ဆကအဖြေ
(၁) ဟေတုဒုက်
၆၄၁။ (ဈာန်လေးပါးတို့သည်) ဟိတ်မမည်ကုန်။
(၂) သဟေတုကဒုက်
(ဈာန်လေးပါးတို့သည်) ဟိတ်ရှိကုန်၏။
(၃) ဟေတုသမ္ပယုတ္တဒုက်
(ဈာန်လေးပါးတို့သည်) ဟိတ်နှင့်ယှဉ်ကုန်၏။
(၄) ဟေတုသဟေတုကဒုက်
(ဈာန်လေးပါးတို့ကို) ဟိတ်လည်း မည်၊ ဟိတ်လည်း ရှိကုန်၏ဟု မဆိုအပ်ကုန်၊ ဟိတ်သာရှိ၍ ဟိတ်မမည်ကုန်။
(၅) ဟေတုဟေတုသမ္ပယုတ္တဒုက်
(ဈာန်လေးပါးတို့ကို) ဟိတ်လည်းမည်၊ ဟိတ်နှင့်လည်းယှဉ်ကုန်၏ဟု မဆိုအပ်ကုန်။ ဟိတ်နှင့်သာ ယှဉ်၍ဟိတ်မမည်ကုန်။
(၆) န ဟေတု သဟေတုကဒုက်
(ဈာန်လေးပါးတို့သည်) ဟိတ်မမည်မူ၍ ဟိတ်သာရှိကုန်၏။
--
စူဠန္တရဒုက်အဖြေဝိသဇ္ဇနာ
(၇) သပ္ပစ္စယဒုက်
(ဈာန်လေးပါးတို့သည်) အကြောင်းနှင့်တကွ ဖြစ်ကုန်၏။
(၈) သင်္ခတဒုက်
(ဈာန်လေးပါးတို့သည်) အကြောင်းတရားတို့သည် ပြုပြင်အပ်ကုန်၏။
(၉) သနိဒဿနဒုက်
ဈာန်လေးပါးတို့သည် မြင်အပ်သောသဘော မရှိကုန်။
(၁၀) သပ္ပဋိဃဒုက်
ဈာန်လေးပါးတို့သည် ထိပါးတတ်သောသဘော မရှိကုန်။
(၁၁) ရူပီဒုက်
(ဈာန်လေးပါးတို့သည်) နာမ်တရား ဖြစ်ကုန်၏။
(၁၂) လောကိယဒုက်
(ဈာန်လေးပါးတို့သည်) ရံခါ လောက၌ အကျုံးဝင်ကုန်၏။ ရံခါ လောကမှ ထွက်မြောက်တတ် ကုန်၏။
(၁၃) ကေနစိဝိညေယျဒုက်
(ဈာန်လေးပါးတို့သည်) တစ်စုံတစ်ခုသော စိတ်သည် သိအပ်သော သဘောရှိကုန်၏။ တစ်စုံတစ်ခု သော စိတ်သည် မသိအပ်သော သဘောရှိကုန်၏။
--
အာသဝဂေါစ္ဆကအဖြေ
(၁၄) အာသဝဒုက်
(ဈာန်လေးပါးတို့သည်) အာသဝ မမည်ကုန်။
(၁၅) သာသဝဒုက်
(ဈာန်လေးပါးတို့သည်) ရံခါ အာသဝ၏ အာရုံဖြစ်ကုန်၏။ ရံခါ အာသဝ၏ အာရုံမဖြစ်ကုန်။
(၁၆) အာသဝသမ္ပယုတ္တဒုက်
(ဈာန်လေးပါးတို့သည်) အာသဝနှင့် မယှဉ်ကုန်။
(၁၇) အာသဝသာသဝဒုက်
(ဈာန်လေးပါးတို့ကို) အာသဝလည်း မည်၊ အာသဝ၏ အာရုံလည်း ဖြစ်၏ဟု မဆိုအပ်ကုန်၊ ရံခါအာသဝ၏အာရုံသာဖြစ်၍ အာသဝမမည်ကုန်၊ ရံခါ အာသဝ၏အာရုံသာဖြစ်၍ အာသဝမမည်ကုန်ဟုမဆိုအပ်ကုန်။
(၁၈) အာသဝသာသဝသမ္ပယုတ္တဒုက်
(ဈာန်လေးပါးတို့ကို) အာသဝလည်း မည်၊ အာသဝနှင့်လည်း ယှဉ်ကုန်၏ဟူ၍လည်းကောင်း၊ အာသဝနှင့်သာယှဉ်၍ အာသဝမမည်ကုန်ဟူ၍လည်းကောင်း မဆိုအပ်ကုန်။
(၁၉) အာသဝဝိပ္ပယုတ္တသာသဝဒုက်
(ဈာန်လေးပါးတို့သည်) ရံခါ အာသဝနှင့် မယှဉ်မူ၍ အာသဝ၏ အာရုံသာ ဖြစ်ကုန်၏၊ ရံခါအာသဝနှင့်လည်း မယှဉ်၊ အာသဝ၏ အာရုံလည်း မဖြစ်ကုန်။
--
သံယောဇနဂေါစ္ဆကအဖြေ
(၂၀-၂၅) သံယောဇနဒုက်
(ဈာန်လေးပါးတို့သည်) သံယောဇဉ် မမည်ကုန်။ပ။
ဂန္ထဂေါစ္ဆကအဖြေ
(၂၆-၃၁) ဂန္ထဒုက်
(ဈာန်လေးပါးတို့သည်) ဂန္ထမမည်ကုန်။ပ။
ဩဃဂေါစ္ဆကအဖြေ
(၃၂-၃၇) ဩဃဒုက်
(ဈာန်လေးပါးတို့သည်) ဩဃ မမည်ကုန်။ပ။
ယောဂဂေါစ္ဆကအဖြေ
(၃၈-၄၃) ယောဂဒုက်
(ဈာန်လေးပါးတို့သည်) ယောဂ မမည်ကုန်။ပ။
နီဝရဏဂေါစ္ဆကအဖြေ
(၄၄-၄၉) နီဝရဏဒုက်
(ဈာန်လေးပါးတို့သည်) နီဝရဏ မမည်ကုန်။ပ။
--
ပရာမာသဂေါစ္ဆကအဖြေ
(၅၀-၅၄) ပရာမာသဒုက်
(ဈာန်လေးပါးတို့သည်) ပရာမာသ မမည်ကုန်။ပ။
မှတ်ချက်။ ။ သံယောဇနဂေါစ္ဆကမှစ၍ ပရာမာသဂေါစ္ဆကအထိ ပေယျာလများကို အာသဝဂေါစ္ဆကအတိုင်း ဖေါ်၍ ဟောရမည်။
မဟန္တရဒုက်အဖြေ
(၅၅) သာရမ္မဏဒုက်
(ဈာန်လေးပါးတို့သည်) အာရုံပြုခြင်း ရှိကုန်၏။
(၅၆) စိတ္တဒုက်
(ဈာန်လေးပါးတို့သည်) စိတ် မမည်ကုန်။
(၅၇) စေတသိကဒုက်
(ဈာန်လေးပါးတို့သည်) စေတသိက် မည်ကုန်၏။
(၅၈) စိတ္တသမ္ပယုတ္တဒုက်
(ဈာန်လေးပါးတို့သည်) စိတ်နှင့်ယှဉ်ကုန်၏။
(၅၉) စိတ္တသံသဋ္ဌဒုက်
(ဈာန်လေးပါးတို့သည်) စိတ်နှင့် နှီးနှောကုန်၏။
(၆၀) စိတ္တသမုဋ္ဌာနဒုက်
(ဈာန်လေးပါးတို့သည်) စိတ်ကြောင့်ဖြစ်ကုန်၏။
(၆၁) စိတ္တသဟဘူဒုက်
(ဈာန်လေးပါးတို့သည်) စိတ်နှင့်တကွ ဖြစ်ကုန်၏။
(၆၂) စိတ္တာနုပရိဝတ္တိဒုက်
(ဈာန်လေးပါးတို့သည်) စိတ်သို့ အစဉ်လိုက်၍ ဖြစ်ကုန်၏။
--
(၆၃) စိတ္တသံသဋ္ဌသမုဋ္ဌာနဒုက်
(ဈာန်လေးပါးတို့သည်) စိတ်နှင့်လည်း နှီးနှော၊ စိတ်ကြောင့်လည်းဖြစ်ကုန်၏။
(၆၄) စိတ္တသံသဋ္ဌသမုဋ္ဌာနသဟဘူဒုက်
(ဈာန်လေးပါးတို့သည်) စိတ်နှင့်လည်း နှီးနှော၊ စိတ်ကြောင့်လည်း ဖြစ်၊ စိတ်နှင့်လည်းတကွ ဖြစ်ကုန်၏။
(၆၅) စိတ္တသံသဋ္ဌသမုဋ္ဌာနာနုပရိဝတ္တိဒုက်
(ဈာန်လေးပါးတို့သည်) စိတ်နှင့်လည်း နှီးနှော၊ စိတ်ကြောင့်လည်း ဖြစ်၊ စိတ်သို့လည်း အစဉ် လိုက်၍ဖြစ်ကုန်၏။
(၆၆) အဇ္ဈတ္တိကဒုက်
(ဈာန်လေးပါးတို့သည်) အပ'ဗဟိဒ္ဓ’၌ ဖြစ်ကုန်၏။
(၆၇) ဥပါဒါဒုက်
(ဈာန်လေးပါးတို့သည်) မဟာဘုတ်လေးပါးတို့ကို မှီ၍ မဖြစ်ကုန်။
(၆၈) ဥပါဒိန္နဒုက်
(ဈာန်လေးပါးတို့သည်) ရံခါ တဏှာဒိဋ္ဌိတို့သည် ကပ်အပ်သော ကံသည် အကျိုး၏ အဖြစ်ဖြင့်ယူအပ်ကုန်၏။ ရံခါ တဏှာ ဒိဋ္ဌိတို့သည် ကပ်အပ်သော ကံသည် အကျိုး၏ အဖြစ်ဖြင့် မယူအပ်ကုန်။
ဥပါဒါနဂေါစ္ဆကအဖြေ
(၆၉-၇၄) ဥပါဒါနဒုက်
(ဈာန်လေးပါးတို့သည်) ဥပါဒါန် မမည်ကုန်။ပ။
ကိလေသဂေါစ္ဆကအဖြေ
(၇၅-၈၂) ကိလေသဒုက်
(ဈာန်လေးပါးတို့သည်) ကိလေသာ မမည်ကုန်။ပ။
--
ပိဋ္ဌိဒုက်အဖြေ
(၈၃) ဒဿနေနပဟာတဗ္ဗဒုက်
(ဈာန်လေးပါးတို့သည်) သောတာပတ္တိမဂ်ဖြင့် ပယ်အပ်သော တရားတို့ မဟုတ်ကုန်။
(၈၄) ဘာဝနာယပဟာတဗ္ဗဒုက်
(ဈာန်လေးပါးတို့သည်) အထက်မဂ်သုံးခုဖြင့် ပယ်အပ်သော တရားတို့ မဟုတ်ကုန်။
(၈၅) ဒဿနေနပဟာတဗ္ဗဟေတုကဒုက်
(ဈာန်လေးပါးတို့သည်) သောတာပတ္တိမဂ်ဖြင့် ပယ်အပ်သော ဟိတ်ရှိသော တရားတို့ မဟုတ်ကုန်။
(၈၆) ဘာဝနာယပဟာတဗ္ဗဟေတုကဒုက်
(ဈာန်လေးပါးတို့သည်) အထက်မဂ်သုံးခုဖြင့် ပယ်အပ်သော ဟိတ်ရှိသော တရားတို့ မဟုတ်ကုန်။
(၈၇) သဝိတက္ကဒုက်
ပဌမဈာန်သည် ဤပဌမဈာန်၌ ဖြစ်သော ဝိတက်ကို ထား၍ ဝိတက် ရှိ၏၊ ဈာန်သုံးပါးတို့သည် ဝိတက်မရှိကုန်။
(၈၈) သဝိစာရဒုက်
ပဌမဈာန်သည် ဤပဌမဈာန်၌ ဖြစ်သော ဝိစာရကို ထား၍ ဝိစာရ ရှိ၏၊ ဈာန်သုံးပါးတို့သည် ဝိစာရမရှိကုန်။
(၈၉) သပ္ပီတိကဒုက်
ဈာန်နှစ်ပါးတို့သည် ဤဈာန်နှစ်ပါးတို့၌ ဖြစ်သော ပီတိကို ထား၍ ပီတိ ရှိကုန်၏၊ ဈာန်နှစ်ပါး တို့သည်ပီတိ မရှိကုန်။
(၉၀) ပီတိသဟဂတဒုက်
ဈာန်နှစ်ပါးတို့သည် ဤဈာန်နှစ်ပါး၌ ဖြစ်သော ပီတိကို ထား၍ ပီတိနှင့်တကွ ဖြစ်ကုန်၏၊ ဈာန်နှစ်ပါးတို့သည် ပီတိနှင့်တကွ မဖြစ်ကုန်။
(၉၁) သုခသဟဂတဒုက်
ဈာန်သုံးပါးတို့သည် ဤဈာန်သုံးပါး၌ ဖြစ်သော သုခကို ထား၍ သုခဝေဒနာနှင့်တကွ ဖြစ်ကုန်၏၊ စတုတ္ထဈာန်သည် သုခဝေဒနာနှင့်တကွ မဖြစ်။
--
(၉၂) ဥပေက္ခာသဟဂတဒုက်
စတုတ္ထဈာန်သည် ဤစတုတ္ထဈာန်၌ ဖြစ်သော ဥပေက္ခာကို ထား၍ ဥပေက္ခာဝေဒနာနှင့်တကွ ဖြစ်၏၊ ဈာန်သုံးပါးတို့သည် ဥပေက္ခာဝေဒနာနှင့်တကွ မဖြစ်ကုန်။*၁
(၉၃) ကာမာဝစရဒုက်
(ဈာန်လေးပါးတို့သည်) ကာမာဝစရ မမည်ကုန်။
(၉၄) ရူပါဝစရဒုက်
(ဈာန်လေးပါးတို့သည်) ရံခါ ရူပါဝစရ ဖြစ်ကုန်၏။ ရံခါ ရူပါဝစရ မဖြစ်ကုန်။
(၉၅) အရူပါဝစရဒုက်
ဈာန်သုံးပါးတို့သည် အရူပါဝစရ မမည်ကုန်၊ စတုတ္ထဈာန်သည် ရံခါ အရူပါဝစရမည်၏၊ ရံခါ အရူပါဝစရမမည်။
(၉၆) ပရိယာပန္နဒုက်
(ဈာန်လေးပါးတို့သည်) ရံခါ ဝဋ်တရား၌ အကျုံးဝင်ကုန်၏၊ ရံခါ ဝဋ်တရား၌ အကျုံးမဝင်ကုန်။
(၉၇) နိယျာနိကဒုက်
(ဈာန်လေးပါးတို့သည်) ရံခါ ဝဋ်ဆင်းရဲမှ ထွက်မြောက်ကြောင်း ဖြစ်ကုန်၏။ ရံခါ ဝဋ်ဆင်းရဲမှထွက်မြောက်ကြောင်း မဟုတ်ကုန်။
(၉၈) နိယတဒုက်
(ဈာန်လေးပါးတို့သည်) မိမိ၏ အခြားမဲ့၌ ရံခါ အကျိုးပေးမြဲကုန်၏၊ ရံခါ အကျိုးပေး မမြဲကုန်။
(၉၉) သဥတ္တရဒုက်
(ဈာန်လေးပါးတို့သည်) ရံခါ မိမိထက် လွန်မြတ်သောတရား ရှိကုန်၏။ ရံခါ မိမိထက် လွန်မြတ်သောတရား မရှိကုန်။
(၁၀၀) သရဏဒုက်
(ဈာန်လေးပါးတို့သည်) ငိုကြွေးကြောင်း ကိလေသာ မရှိကုန်။
ဈာန်လေးပါးတို့ကို တိက်, ဒုက်တို့ဖြင့် အမေးအဖြေပြုလုပ်ပြသောရ ပဥှာပုစ္ဆကနည်း ပြီး၏။
ဈာန်တရားတို့ကို ဝေဖန်၍ပြသော ဈာနဝိဘင်းပြီးပြီ။
* ဆဋ္ဌမူပါဠိတော် နှာ-၂၈၃၌ “တီဏိ ဈာနာနိ ဥပေက္ခာ သဟဂတာ”ဟု ရှိနေသည်။ (န) ကျနေသည်။ “န ဥပေက္ခာ သဟဂတာ”ဟု ရှိရမည်။
--
၁၃-အပ္ပမညာဝိဘင်္ဂ
(အပ္ပမညာလေးပါးတို့ကို ဝေဖန်၍ ပြသော ဝိဘင်း)
၁-သုတ္တန္တဘာဇနီယနည်း (အကျဉ်း)
(သုတ္တန်နည်းဖြင့် ဝေဖန်၍ ဟောကြားသော နည်း)
၆၄၂။ အပ္ပမညာလေးပါးတို့ကား-
၁။ မေတ္တာ
ဤသာသနာတော်၌ ရဟန်းသည် ချမ်းသာစေလိုခြင်း ‘မေတ္တာ’ နှင့်ယှဉ်သော စိတ်ဖြင့် တစ်ခုသောအရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေ၏၊ ထို့အတူ နှစ်ခုမြောက်သော အရပ်မျက်နှာကို။ သုံးခုမြောက်သောအရပ်မျက်နှာကို။ လေးခုမြောက်သော အရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေ၏၊ ဤနည်းအားဖြင့် အထက် အောက် ဖီလာ အရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေ၏၊ အလုံးစုံသော အရပ်မျက်နှာတို့၌ သတ္တဝါအားလုံးတို့၌ မိမိနှင့် အတူပြု၍ သတ္တဝါအားလုံးပါဝင်သော သတ္တလောကကို ပြန့်ပြောသော၊ မြတ်သော၊ အပိုင်းအခြားမရှိသော၊ ရန်မရှိသော၊ ကြောင့်ကြမရှိသော ချမ်းသာစေလိုခြင်း ‘မေတ္တာ'နှင့် ယှဉ်သော စိတ်ဖြင့်ပျံ့နှံ့စေ၍ နေ၏။
၂။ ကရုဏာ
သနားခြင်း ‘ကရုဏာ’ နှင့် ယှဉ်သော စိတ်ဖြင့် တစ်ခုသော အရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေ၏၊ ထို့အတူနှစ်ခုမြောက်သော အရပ်မျက်နှာကို။ သုံးခုမြောက်သော အရပ်မျက်နှာကို။ လေးခုမြောက်သောအရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေ၏။ ဤနည်းအားဖြင့် အထက် အောက် ဖီလာ အရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေ၏၊ အလုံးစုံသော အရပ်မျက်နှာတို့၌ သတ္တဝါအားလုံးတို့၌ မိမိနှင့် အတူပြု၍ သတ္တဝါအားလုံးပါဝင်သော သတ္တလောကကို ပြန့်ပြောသော၊ မြတ်သော၊ အပိုင်းအခြားမရှိသော၊ ရန်မရှိသော၊ ကြောင့်ကြမရှိသော သနားခြင်း ‘ကရုဏာ’ နှင့်ယှဉ်သော စိတ်ဖြင့် ပျံ့နှံ့စေ၍ နေ၏။
၃။ မုဒိတာ
ဝမ်းမြောက်ခြင်း ‘မုဒိတာ'နှင့် ယှဉ်သော စိတ်ဖြင့် တစ်ခုသော အရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေ၏၊ ထို့အတူ နှစ်ခုမြောက်သော အရပ်မျက်နှာကို။ သုံးခုမြောက်သော အရပ်မျက်နှာကို။ လေးခုမြောက်သောအရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေ၏။ ဤနည်းအားဖြင့် အထက် အောက် ဖီလာ အရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေ၏၊ အလုံးစုံသော အရပ်မျက်နှာတို့၌ သတ္တဝါအားလုံးတို့၌ မိမိနှင့် အတူပြု၍ သတ္တဝါအားလုံးပါဝင်သော သတ္တလောကကို ပြန့်ပြောသော၊ မြတ်သော၊ အပိုင်းအခြားမရှိသော၊ ရန်မရှိသော၊ ကြောင့်ကြ မရှိသော ဝမ်းမြောက်ခြင်း ‘မုဒိတာ'နှင့်ယှဉ်သော စိတ်ဖြင့် ပျံ့နှံ့စေ၍ နေ၏။
၄။ ဥပေက္ခာ
လျစ်လျူရှုခြင်း ‘ဥပေက္ခာ’ နှင့်ယှဉ်သော စိတ်ဖြင့် တစ်ခုသော အရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေ၏၊ ထို့အတူ နှစ်ခုမြောက်သော အရပ်မျက်နှာကို။ သုံးခုမြောက်သော အရပ်မျက်နှာကို။ လေးခုမြောက်သောအရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေ၏။ ဤနည်းအားဖြင့် အထက် အောက် ဖီလာ အရပ်မျက်နှာကို ပျံ့နှံ့စေ၍နေ၏၊ အလုံးစုံသော အရပ်မျက်နှာတို့၌ သတ္တဝါအားလုံးတို့၌ မိမိနှင့် အတူပြု၍ သတ္တဝါအားလုံးပါဝင်သော သတ္တလောကကို ပြန့်ပြောသော၊ မြတ်သော၊ အပိုင်းအခြား မရှိသော၊ ရန်မရှိသော၊ ကြောင့်ကြမရှိသော လျစ်လျူရှုခြင်း ‘ဥပေက္ခာ'နှင့် ယှဉ်သော စိတ်ဖြင့် ပျံ့နှံ့စေ၍ နေ၏။
--
၂-သုတ္တန္တဘာဇနီယနည်း (အကျယ်)
၁-မေတ္တာ
၆၄၃။ အဘယ်သို့လျှင် ရဟန်းသည် ချမ်းသာစေလိုခြင်း ‘မေတ္တာ'နှင့်ယှဉ်သော စိတ်ဖြင့် တစ်ခုသောအရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေသနည်း။
ဥပမာအားဖြင့် ချစ်အပ်, နှလုံးကိုပွါးစေတတ်သော ပုဂ္ဂိုလ်တစ်ယောက်ကို မြင်လျှင် ချမ်းသာ စေလိုခြင်း မေတ္တာပြုသကဲ့သို့ ထို့အတူ သတ္တဝါအားလုံးတို့ကို ချမ်းသာစေလိုခြင်း ‘မေတ္တာ’ ဖြင့် ပျံ့နှံ့ စေ၏။ ထိုတွင် အဘယ်သည် မေတ္တာ မည်သနည်း။
သတ္တဝါတို့၌ အကြင် ချစ်ခင်ခြင်းသဘော ‘မေတ္တိ’၊ ချစ်ခင်သောအခြင်းအရာ ‘မေတ္တာယနာ’၊ ချစ်ခင်သောသူ၏အဖြစ် ‘မေတ္တာယိတတ္တ’၊ မေတ္တာဟူသော၊ စိတ်၏ ဆန့်ကျင်ဘက်တရားတို့မှ လွတ်မြောက်ကြောင်းသဘော ‘မေတ္တာစေတောဝိမုတ္တိ’ သည် ရှိ၏။ ဤသဘောကို မေတ္တာ ဟု ဆိုအပ်၏။
ထိုတွင် အဘယ်သည် “စိတ်” မည်သနည်း။
အကြင် ဆန်းကြယ်မှု ‘စိတ္တ’၊ သိမှု သဘော ‘မန’၊ သိခြင်းသဘော ‘မာနသ’၊ အတွင်း၌ ဖြစ်သောသဘော ‘ဟဒယ’၊ ဖြူစင်သောသဘော ‘ပဏ္ဍရ’၊ သိမှု သဘော ‘မန’၊ သိမှု ဖြစ်ရာဌာန ‘မနာယတန’၊ အစိုးတရသိမှု ‘မနိန္ဒြေ’၊ အထူးသိမှု ‘ဝိညာဏ’၊ အထူးသိမှု အစု ‘ဝိညာဏက္ခန္ဓာ’၊ ထိုစိတ်အားလျော်သော အထူးသိမှု သဘော ‘တဇ္ဇာမနောဝိညာဏဓာတ်’ သည် ရှိ၏။ ဤသဘောကို စိတ်ဟု ဆိုအပ်၏။ ဤစိတ် သည် ဤမေတ္တာနှင့် တကွအဖြစ်သို့ ရောက်၏၊ တကွဖြစ်၏၊ နှီးနှော၏၊ ယှဉ်၏။ ထို့ကြောင့် “မေတ္တာနှင့် ယှဉ်သော စိတ်ဖြင့်”ဟု ဆိုအပ်၏။
၆၄၄။ “တစ်ခုသောအရပ်မျက်နှာကို”ဟူသည်ကား အရှေ့အရပ်မျက်နှာ၊ အနောက်အရပ်မျက်နှာ၊ မြောက်အရပ်မျက်နှာ၊ တောင်အရပ်မျက်နှာ၊ အထက်အရပ်မျက်နှာ၊ အောက်အရပ်မျက်နှာ၊ ဖီလာအရပ်မျက်နှာ၊ အထောင့်အရပ်မျက်နှာတို့တည်း။
၆၄၅။ “ပျံ့နှံ့စေ၍”ဟူသည်ကား မေတ္တာစိတ်ဖြန့်၍ မေတ္တာစိတ်လွှတ်၍။
၆၄၆။ “ဝိဟရတိ (နေ၏)”ဟူသည်ကား ဣရိယာပုထ်ကို ဖြစ်စေ၏၊ ဖြစ်၏၊ စောင့်ရှောက်၏၊ မျှတ၏၊ မျှတစေ၏၊ ကျင့်၏၊ ဣရိယာပုထ်တစ်ပါးဖြင့် ဣရိယာပုထ်တစ်ပါးကို ဖြတ်လျက် ဆောင်၏၊ ထို့ကြောင့်"ဝိဟရတိ (နေ)၏”ဟု ဆိုအပ်၏။
၆၄၇။ “ထို့အတူ နှစ်ခုမြောက်သော အရပ်မျက်နှာကို”ဟူသည်ကား တစ်ခုသော အရပ်မျက်နှာကို ကဲ့သို့ထို့အတူ နှစ်ခုမြောက်သော အရပ်မျက်နှာကို၊ ထို့အတူ သုံးခုမြောက်သော အရပ်မျက်နှာကို၊ ထို့အတူလေးခုမြောက်သော အရပ်မျက်နှာကို၊ ထို့အတူ အထက်အရပ်မျက်နှာကို၊ ထို့အတူ အောက်အရပ်မျက်နှာကို၊ ထို့အတူ ဖီလာအရပ်မျက်နှာကို၊ ထို့အတူ အထောင့်အရပ်မျက်နှာကိုဟု (ဆိုအပ်၏)။
၆၄၈။ “အလုံးစုံသောအရပ်မျက်နှာ၌ သတ္တဝါအားလုံးတို့၌ မိမိနှင့် အတူပြု၍ သတ္တဝါအားလုံးပါဝင်သော သတ္တလောကကို”ဟူသည်ကား အလုံးစုံအားဖြင့် သတ္တဝါအားလုံးကို, အလုံးစုံသော အခြင်း အရာအားဖြင့် သတ္တဝါအားလုံးကို အကြွင်းမရှိအောင်၊ အကျန်မရှိအောင် သိမ်းကျုံး၍ဆိုသောစကားတည်း၊ ထို့ကြောင့် “အလုံးစုံသောအရပ်မျက်နှာ၌ သတ္တဝါအားလုံးတို့၌ မိမိနှင့် အတူပြု၍သတ္တဝါအားလုံး ပါဝင်သော သတ္တလောကကို”ဟု ဆိုအပ်၏။
--
၆၄၉။ “မေတ္တာနှင့်ယှဉ်သော စိတ်ဖြင့်”ဟူရာ၌ ထိုတွင် အဘယ်သည် “မေတ္တာ” မည်သနည်း။
သတ္တဝါတို့၌ အကြင်ချစ်ခင်ခြင်းသဘော ‘မေတ္တိ’၊ ချစ်ခင်သော အခြင်းအရာ ‘မေတ္တာယနာ’၊ ချစ်ခင်သောသူ၏အဖြစ် ‘မေတ္တာယိတတ္တ’၊ မေတ္တာဟူသော၊ စိတ်၏ ဆန့်ကျင်ဘက်တရားတို့မှ လွတ်မြောက်ကြောင်း သဘော ‘မေတ္တာစေတောဝိမုတ္တိ'သည် ရှိ၏။ ဤသဘောကို “မေတ္တာ”ဟု ဆိုအပ်၏။
ထိုတွင် အဘယ်သည် “စိတ်” မည်သနည်း။
အကြင် ဆန်းကြယ်မှု ‘စိတ္တ’၊ သိမှု သဘော ‘မန’၊ သိခြင်းသဘော ‘မာနသ’။ပ။ ထိုစိတ်အားလျော်သော အထူးသိမှု သဘော ‘တဇ္ဇာမနောဝိညာဏဓာတ်’ သည် ရှိ၏။ ဤသဘောကိုစိတ်ဟု ဆိုအပ်၏။ ဤစိတ်သည် ဤမေတ္တာနှင့် တကွအဖြစ်သို့ ရောက်၏၊ တကွဖြစ်၏၊ နှီးနှော၏၊ ယှဉ်၏။ ထို့ကြောင့် “မေတ္တာနှင့် ယှဉ်သော စိတ်ဖြင့်” ဟု ဆိုအပ်၏။
၆၅၀။ “ပြန့်ပြောသော”ဟူရာ၌ ပြန့်ပြောခြင်းဟူသည် များမြတ်ခြင်းပေတည်း၊ များမြတ်ခြင်းဟူသည်အပိုင်းအခြား မရှိခြင်းတည်း၊ အပိုင်းအခြား မရှိခြင်းဟူသည် ရန်မရှိခြင်းတည်း၊ ရန်မရှိခြင်းဟူသည်ကြောင့်ကြမရှိခြင်းတည်း။
၆၅၁။ “ပျံ့နှံ့စေ၍”ဟူသည်ကား မေတ္တာစိတ်ဖြန့်၍ မေတ္တာစိတ်လွှတ်၍ဟူသည်တည်း။
၆၅၂။ “နေ၏”ဟူသည်။ပ။ ထို့ကြောင့် “နေ၏”ဟု ဆိုအပ်၏။
၂-ကရုဏာ
၆၅၃။ အဘယ်သို့လျှင် ရဟန်းသည် သနားခြင်း ‘ကရုဏာ'နှင့် ယှဉ်သော စိတ်ဖြင့် တစ်ခုသောအရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေသနည်း။
ဥပမာအားဖြင့် မကောင်းသော လက်ခြေသဏ္ဌာန်ရှိသော ဆင်းရဲခြင်းသို့ရောက်သော ပုဂ္ဂိုလ့်တစ်ယောက်ကို မြင်လျှင် သနားကြင်နာသကဲ့သို့ ထို့အတူ သတ္တဝါအားလုံးတို့ကို သနားခြင်း ‘ကရုဏာ'ဖြင့် ပျံ့နှံ့စေ၏။ ထိုတွင် အဘယ်သည် သနားခြင်း ‘ကရုဏာ’ မည်သနည်း။
သတ္တဝါတို့၌ အကြင်သနားခြင်း ‘ကရုဏာ’၊ သနားသောအခြင်းအရာ ‘ကရုဏာယနာ’၊ သနားတတ်သည်၏အဖြစ် ‘ကရုဏာယိတတ္တ’၊ ကရုဏာဟူသော၊ စိတ်၏ ဆန့်ကျင်ဘက်တရားတို့မှ လွတ်မြောက်ကြောင်း သဘော ‘ကရုဏာစေတောဝိမုတ္တိ'သည် ရှိ၏။ ဤသဘောကို သနားခြင်း ‘ကရုဏာ’ ဟု ဆိုအပ်၏။
ထိုတွင် အဘယ်သည် “စိတ်” မည်သနည်း။
အကြင်ဆန်းကြယ်မှု ‘စိတ္တ’၊ သိခြင်းသဘော ‘မန’၊ သိမှု သဘော ‘မာနသ’။ပ။ ထိုစိတ်အား လျော်သော အထူးသိမှု သဘော ‘တဇ္ဇာမနောဝိညာဏဓာတ်'သည် ရှိ၏။ ဤသဘောကို စိတ်ဟု ဆိုအပ်၏။
ဤစိတ်သည် ဤသနားခြင်း ‘ကရုဏာ'နှင့်တကွအဖြစ်သို့ ရောက်၏၊ တကွဖြစ်၏၊ နှီးနှော၏၊ ယှဉ်၏။ ထို့ကြောင့် “သနားခြင်း ‘ကရုဏာ'နှင့်ယှဉ်သော စိတ်ဖြင့်”ဟု ဆိုအပ်၏။
၆၅၄။ “တစ်ခုသော အရပ်မျက်နှာကို”ဟူသည်ကား အရှေ့အရပ်မျက်နှာ၊ အနောက်အရပ်မျက်နှာ၊ မြောက်အရပ်မျက်နှာ၊ တောင်အရပ်မျက်နှာ၊ အထက်အရပ်မျက်နှာ၊ အောက်အရပ်မျက်နှာ၊ ဖီလာအရပ်မျက်နှာ၊ အထောင့်အရပ်မျက်နှာတို့တည်း။
၆၅၅။ “ပျံ့နှံ့စေ၍”ဟူသည်ကား ကရုဏာစိတ်ဖြန့်၍၊ ကရုဏာစိတ်လွှတ်၍။
၆၅၆။ “ဝိဟရတိ (နေ၏)”ဟူသည်ကား ဣရိလယာပုတ်ကို ဖြစ်စေ၏၊ ဖြစ်၏၊ စောင့်ရှောက်၏၊ မျှတ၏၊ မျှတစေ၏၊ ကျင့်၏၊ ဣရိယာပုထ်တစ်ပါးဖြင့် ဣရိယာပုထ်တစ်ပါးကို ဖြတ်လျက် ဆောင်၏၊ ထို့ကြောင့် “ဝိဟရတိ (နေ၏)”ဟု ဆိုအပ်၏။
၆၅၇။ “ထို့အတူ နှစ်ခုမြောက်သော အရပ်ကို”ဟူသည်ကား တစ်ခုသော အရပ်မျက်နှာကိုကဲ့သို့ထို့အတူ နှစ်ခုမြောက်သော အရပ်မျက်နှာကို၊ ထို့အတူ သုံးခုမြောက်သော အရပ်မျက်နှာကို၊ ထို့အတူလေးခုမြောက်သော အရပ်မျက်နှာကို၊ ထို့အတူ အထက်အရပ်မျက်နှာကို၊ ထို့အတူ အောက်အရပ်မျက်နှာကို၊ ထို့အတူ ဖီလာအရပ်မျက်နှာကို၊ ထို့အတူ အထောင့်အရပ်မျက်နှာကိုဟု (ဆိုအပ်၏။)
၆၅၈။ “အလုံးစုံသော အရပ်မျက်နှာ၌ သတ္တဝါအားလုံးတို့၌ မိမိနှင့် အတူပြု၍ သတ္တဝါအားလုံးပါဝင်သော သတ္တလောကကို”ဟူသော ဤစကားသည် အလုံးစုံအားဖြင့် သတ္တဝါအားလုံးကို, အလုံးစုံသောအခြင်းအရာအားဖြင့် သတ္တဝါအားလုံးကို အကြွင်းမရှိအောင်၊ အကျန်မရှိအောင် သိမ်းကျုံး၍ဆိုသောစကား တည်း။ (ထို့ကြောင့်) “အလုံးစုံသော အရပ်မျက်နှာတို့၌ သတ္တဝါအားလုံးတို့၌ မိမိနှင့် အတူပြု၍သတ္တဝါ အားလုံးပါဝင်သော သတ္တလောကကို”ဟု (ဆိုအပ်သတည်း)။
--
၆၅၉။ “သနားခြင်း ‘ကရုဏာ'နှင့်ယှဉ်သော စိတ်ဖြင့်”ဟူရာ၌ အဘယ်သည် သနားခြင်း ‘ကရုဏာ’ မည်သနည်း။
သတ္တဝါတို့၌ အကြင် သနားခြင်း ‘ကရုဏာ’၊ သနားသောအခြင်းအရာ ‘ကရုဏာယနာ’၊ သနားတတ်သည်၏အဖြစ် ‘ကရုဏာယိတတ္တ’၊ ကရုဏာဟူသော၊ စိတ်၏ ဆန့်ကျင်ဘက်တရားတို့မှ လွတ်မြောက်ကြောင်း သဘော ‘ကရုဏာစေတောဝိမုတ္တိ ‘သည် ရှိ၏။ ဤသဘောကို သနားခြင်း ‘ကရုဏာ’ဟု ဆိုအပ်၏။
ထိုတွင် အဘယ်သည် “စိတ်” မည်သနည်း။
အကြင်ဆန်းကြယ်မှု ‘စိတ္တ’၊ သိခြင်းသဘော ‘မန’၊ သိမှု သဘော ‘မာနသ’။ပ။ ထိုစိတ်အား လျော်သော အထူးသိမှု သဘော ‘တဇ္ဇာမနောဝိညာဏဓာတ်’ သည် ရှိ၏။ ဤသဘောကို စိတ်ဟု ဆိုအပ်၏။
ဤစိတ်သည် ဤသနားခြင်း ‘ကရုဏာ'နှင့် တကွအဖြစ်သို့ ရောက်၏၊ တကွဖြစ်၏၊ နှီးနှော၏၊ ယှဉ်၏။
ထို့ကြောင့် “သနားခြင်း ‘ကရုဏာ’ နှင့်ယှဉ်သော စိတ်ဖြင့်”ဟု ဆိုအပ်၏။
၆၆၀။ “ပြန့်ပြောသော”ဟူရာ၌ ပြန့်ပြောခြင်းဟူသည် များမြတ်ခြင်းပေတည်း၊ များမြတ်ခြင်းဟူသည်အပိုင်းအခြား မရှိခြင်းတည်း၊ အပိုင်းအခြား မရှိခြင်းဟူသည် ရန်မရှိခြင်းတည်း၊ ရန်မရှိခြင်းဟူသည်ကြောင့်ကြမရှိခြင်းတည်း။
၆၆၁။ “ပျံ့နှံ့စေ၍”ဟူသည်ကား ကရုဏာစိတ်ဖြန့်၍ ကရုဏာစိတ်လွှတ်၍။
၆၆၂။ “နေ၏”ဟူသည်ကား။ပ။ ထို့ကြောင့် “နေ၏” ဟု ဆိုအပ်၏။
--
၃-မုဒိတာ
၆၆၃။ အဘယ်သို့လျှင် ရဟန်းသည် ဝမ်းမြောက်ခြင်း ‘မုဒိတာ'နှင့်ယှဉ်သော စိတ်ဖြင့် တစ်ခုသောအရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေသနည်း။
ဥပမာအားဖြင့် ချစ်အပ်သော နှလုံးကိုပွါးစေတတ်သော ပုဂ္ဂိုလ်တစ်ယောက်ကိုမြင်လျှင် ဝမ်းမြောက်ခြင်း ‘မုဒိတာ’ ဖြစ်သကဲ့သို့ ထို့အတူ သတ္တဝါအားလုံးတို့ကို ဝမ်းမြောက်ခြင်း ‘မုဒိတာ'ဖြင့် ပျံ့နှံ့စေ၏။ ထိုတွင် အဘယ်သည် ဝမ်းမြောက်ခြင်း ‘မုဒိတာ’ မည်သနည်း။
သတ္တဝါတို့၌ အကြင် ဝမ်းမြောက်ခြင်း ‘မုဒိတာ’၊ ဝမ်းမြောက်သော အခြင်းအရာ ‘မုဒိတာယနာ’၊ ဝမ်းမြောက်တတ်သည်၏အဖြစ် ‘မုဒိတာယိတတ္တ’၊ မုဒိတာဟူသော၊ စိတ်၏ ဆန့်ကျင်ဘက်တရားတို့မှလွတ် မြောက်ကြောင်းသဘော ‘မုဒိတာစေတောဝိမုတ္တိ’ သည် ရှိ၏။ ဤသဘောကို ဝမ်းမြောက်ခြင်း ‘မုဒိတာ’ ဟု ဆိုအပ်၏။
ထိုတွင် အဘယ်သည် “စိတ်” မည်သနည်း။
အကြင် ဆန်းကြယ်မှု ‘စိတ္တ’၊ သိခြင်းသဘော ‘မန’၊ သိမှု သဘော ‘မာနသ’။ပ။ ထိုစိတ်အား လျော်သော အထူးသိမှု သဘော ‘တဇ္ဇာမနောဝိညာဏဓာတ်'သည် ရှိ၏။ ဤသဘောကို စိတ်ဟု ဆိုအပ်၏။
ဤစိတ်သည် ဝမ်းမြောက်ခြင်း ‘မုဒိတာ'နှင့် တကွအဖြစ်သို့ ရောက်၏၊ တကွဖြစ်၏၊ နှီးနှော၏၊ ယှဉ်၏၊ ထို့ကြောင့် “ဝမ်းမြောက်ခြင်း ‘မုဒိတာ’ နှင့်ယှဉ်သော စိတ်ဖြင့်”ဟု ဆိုအပ်၏။
၆၆၄။ “တစ်ခုသော အရပ်မျက်နှာကို”ဟူသည်ကား အရှေ့အရပ်မျက်နှာ၊ အနောက်အရပ်မျက်နှာ၊ မြောက်အရပ်မျက်နှာ၊ တောင်အရပ်မျက်နှာ၊ အထက်အရပ်မျက်နှာ၊ အောက်အရပ်မျက်နှာ၊ ဖီလာအရပ်မျက်နှာ၊ အထောင့်အရပ်မျက်နှာတို့တည်း။
၆၆၅။ “ပျံ့နှံ့စေ၍”ဟူသည်ကား မုဒိတာစိတ်ကို ဖြန့်၍၊ မုဒိတာစိတ်ကိုလွှတ်၍။
၆၆၆။ “နေ၏”ဟူသည်ကား။ပ။ ထို့ကြောင့် “နေ၏”ဟု ဆိုအပ်၏။
၆၆၇။ “ထို့အတူ နှစ်ခုမြောက်သော အရပ်ကို”ဟူသည်ကား တစ်ခုသော အရပ်မျက်နှာကိုကဲ့သို့ထို့အတူ နှစ်ခုမြောက်သော အရပ်မျက်နှာကို၊ ထို့အတူ သုံးခုမြောက်သော အရပ်မျက်နှာကို၊ ထို့အတူလေးခုမြောက်သောအရပ် မျက်နှာကို၊ ထို့အတူ အထက်အရပ်မျက်နှာကို၊ ထို့အတူ အောက်အရပ်မျက်နှာကို၊ ထို့အတူ ဖီလာအရပ်မျက်နှာကို၊ ထို့အတူ အထောင့်အရပ်မျက်နှာကိုဟု (ဆိုအပ်၏။)
၆၆၈။ “အလုံးစုံသော အရပ်မျက်နှာတို့၌ သတ္တဝါအားလုံးတို့၌ မိမိနှင့် အတူပြု၍ သတ္တဝါအားလုံးပါဝင်သော သတ္တလောကကို”ဟူသော ဤစကားသည် အလုံးစုံအားဖြင့် သတ္တဝါအားလုံးကို, အလုံးစုံသော အခြင်းအရာအားဖြင့် သတ္တဝါအားလုံးကို အကြွင်းမရှိအောင်၊ အကျန်မရှိအောင် သိမ်းကျုံး၍ဆိုသော စကားတည်း၊ ထို့ကြောင့် “အလုံးစုံသော အရပ်မျက်နှာတို့၌ သတ္တဝါအားလုံးတို့၌ မိမိနှင့်အတူပြု၍ သတ္တဝါအားလုံးပါဝင်သော သတ္တလောကကို”ဟု ဆိုအပ်၏။
၆၆၉။ “ဝမ်းမြောက်ခြင်း ‘မုဒိတာ’ နှင့်ယှဉ်သော စိတ်ဖြင့်”ဟူရာ၌ အဘယ်သည် ဝမ်းမြောက်ခြင်း ‘မုဒိတာ’ မည်သနည်း။
သတ္တဝါတို့၌ အကြင် ဝမ်းမြောက်ခြင်း ‘မုဒိတာ’၊ ဝမ်းမြောက်သောအခြင်းအရာ ‘မုဒိတာယနာ’၊ ဝမ်းမြောက်တတ်သည်၏အဖြစ် ‘မုဒိတာယိတတ္တ’၊ မုဒိတာဟူသော၊ စိတ်၏ ဆန့်ကျင်ဘက်တရားတို့မှလွတ်မြောက်ကြောင်းသဘော ‘မုဒိတာစေတောဝိမုတ္တိ'သည် ရှိ၏။ ဤသဘောကိုဝမ်းမြောက်ခြင်း ‘မုဒိတာ’ ဟု ဆိုအပ်၏။
--
ထိုတွင် အဘယ်သည် “စိတ်” မည်သနည်း။
အကြင် ဆန်းကြယ်မှု ‘စိတ္တ’၊ သိခြင်းသဘော ‘မန’၊ သိမှု သဘော ‘မာနသ’။ပ။ ထိုစိတ်အား လျော်သောအထူးသိမှု သဘော ‘တဇ္ဇာမနောဝိညာဏဓာတ်'သည် ရှိ၏။ ဤသဘောကို စိတ်ဟု ဆိုအပ်၏။ ဤစိတ်သည်ဤဝမ်းမြောက်ခြင်း ‘မုဒိတာ’ နှင့်တကွအဖြစ်သို့ ရောက်၏၊ တကွဖြစ်၏၊ နှီးနှော၏၊ ယှဉ်၏၊ ထို့ကြောင့်ဝမ်းမြောက်ခြင်း ‘မုဒိတာ’ နှင့် ယှဉ်သောစိတ်ဖြင့်ဟု ဆိုအပ်၏။
၆၇၀။ “ပြန့်ပြောသော”ဟူရာ၌ ပြန့်ပြောခြင်းဟူသည် များမြတ်ခြင်းပေတည်း၊ များမြတ်ခြင်းဟူသည်အပိုင်းအခြား မရှိခြင်းတည်း၊ အပိုင်းအခြား မရှိခြင်းဟူသည် ရန်မရှိခြင်းတည်း၊ ရန်မရှိခြင်းဟူသည်ကြောင့်ကြမရှိခြင်းတည်း။
၆၇၁။ “ပျံ့နှံ့စေ၍”ဟူသည်ကား မုဒိတာစိတ်ကို ဖြန့်၍၊ မုဒိတာစိတ်ကို လွှတ်၍။
၆၇၂။ “နေ၏”ဟူသည်ကား။ပ။ ထို့ကြောင့် “နေ၏”ဟု ဆိုအပ်၏။
--
၄-ဥပေက္ခာ
၆၇၃။ အဘယ်သို့လျှင် ရဟန်းသည် လျစ်လျူရှုခြင်း ‘ဥပေက္ခာ’ နှင့်ယှဉ်သော စိတ်ဖြင့် တစ်ခုသောအရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေသနည်း။
ဥပမာအားဖြင့် နှလုံးကိုပွါးစေတတ်သည်လည်း မဟုတ်၊ နှလုံးကိုမပွါးစေတတ်သည်လည်း မဟုတ်သော ပုဂ္ဂိုလ်တစ်ယောက်ကို မြင်လျှင် လျစ်လျူရှုခြင်း ‘ဥပေက္ခာ’ ဖြစ်သကဲ့သို့ ထို့အတူ သတ္တဝါ အားလုံးတို့ကို လျစ်လျူရှုခြင်း ‘ဥပေက္ခာ’ ဖြင့် ပျံ့နှံ့စေ၏။ ထိုတွင် အဘယ်သည် လျစ်လျူရှုခြင်း ‘ဥပေက္ခာ’ မည်သနည်း။
သတ္တဝါတို့၌ အကြင်လျစ်လျူရှုခြင်း ‘ဥပေက္ခာ’၊ လျစ်လျူရှုသော အခြင်းအရာ ‘ဥပေက္ခာယနာ’၊ လျစ်လျူရှုတတ်သည်၏အဖြစ် ‘ဥပေက္ခာယိတတ္တ’၊ ဥပေက္ခာဟူသော၊ စိတ်၏ဆန့်ကျင်ဘက်တရားတို့မှလွတ်မြောက်ကြောင်းသဘော “ဥပေက္ခာစေတောဝိမုတ္တိ” သည် ရှိ၏။ ဤသဘောကို လျစ်လျူရှုခြင်း ‘ဥပေက္ခာ’ဟု ဆိုအပ်၏။
ထိုတွင် အဘယ်သည် “စိတ်” မည်သနည်း။
အကြင်ဆန်းကြယ်မှု ‘စိတ္တ’၊ သိခြင်းသဘော ‘မန’၊ သိမှု သဘော ‘မာနသ’။ပ။ ထိုစိတ်အား လျော်သောအထူးသိမှု သဘော ‘တဇ္ဇာမနောဝိညာဏဓာတ်’ သည် ရှိ၏။ ဤသဘောကို စိတ်ဟု ဆိုအပ်၏။
ဤစိတ်သည် လျစ်လျူရှုခြင်း ‘ဥပေက္ခာ’ နှင့်တကွအဖြစ်သို့ ရောက်၏၊ တကွဖြစ်၏၊ နှီးနှော၏၊ ယှဉ်၏၊ ထို့ကြောင့် “လျစ်လျူရှုခြင်း ‘ဥပေက္ခာ'နှင့်ယှဉ်သော စိတ်ဖြင့်”ဟု ဆိုအပ်၏။
၆၇၄။ “တစ်ခုသော အရပ်မျက်နှာကို”ဟူသည်ကား အရှေ့အရပ်မျက်နှာ၊ အနောက်အရပ်မျက်နှာ၊ မြောက်အရပ်မျက်နှာ၊ တောင်အရပ်မျက်နှာ၊ အထက်အရပ်မျက်နှာ၊ အောက်အရပ်မျက်နှာ၊ ဖီလာအရပ်မျက်နှာ၊ အထောင့်အရပ်မျက်နှာကို (ဟု ဆိုအပ်၏)။
၆၇၅။ “ပျံ့နှံ့စေ၍”ဟူသည်ကား ဥပေက္ခာစိတ်ကို ဖြန့်၍၊ ဥပေက္ခာစိတ်ကို လွှတ်၍။
၆၇၆။ “နေ၏”ဟူသည်ကား။ပ။ ထို့ကြောင့် “နေ၏”ဟု ဆိုအပ်၏။
၆၇၇။ “ထို့အတူ နှစ်ခုမြောက်သောအရပ်ကို”ဟူသည်ကား တစ်ခုသောအရပ်မျက်နှာကိုကဲ့သို့ ထို့အတူနှစ်ခုမြောက်သော အရပ်မျက်နှာကို၊ ထို့အတူ သုံးခုမြောက်သော အရပ်မျက်နှာကို၊ ထို့အတူ လေးခုမြောက်သော အရပ်မျက်နှာကို၊ ထို့အတူ အထက်အရပ်မျက်နှာကို၊ ထို့အတူ အောက်အရပ်မျက်နှာ ကို၊ ထို့အတူ ဖီလာအရပ်မျက်နှာကို၊ ထို့အတူ အထောင့်အရပ်မျက်နှာကို (ဟု ဆိုအပ်၏။)
၆၇၈။ “အလုံးစုံသော အရပ်မျက်နှာတို့၌ သတ္တဝါအားလုံးတို့၌ မိမိနှင့် အတူပြု၍ သတ္တဝါအားလုံးပါဝင်သော သတ္တလောကကို”ဟူသော ဤစကားသည် အလုံးစုံအားဖြင့် သတ္တဝါအားလုံးကို, အလုံးစုံသောအခြင်းအရာအားဖြင့် သတ္တဝါအားလုံးကို အကြွင်းမရှိအောင်၊ အကျန်မရှိအောင် သိမ်းကျုံး၍ဆိုသောစကားတည်း။ ထို့ကြောင့် “အလုံးစုံသော အရပ်မျက်နှာတို့၌ သတ္တဝါအားလုံးတို့၌ မိမိနှင့် အတူပြှု၍သတ္တဝါအားလုံး ပါဝင်သော သတ္တလောကကို”ဟု ဆိုအပ်၏။
၆၇၉။ “လျစ်လျူရှုခြင်း ‘ဥပေက္ခာ'နှင့်ယှဉ်သော စိတ်ဖြင့်”ဟူရာ၌ အဘယ်သည် လျစ်လျူရှုခြင်း ‘ဥပေက္ခာ’ မည်သနည်း။
သတ္တဝါတို့၌ အကြင် လျစ်လျူရှုခြင်း ‘ဥပေက္ခာ’၊ လျစ်လျူရှုသော အခြင်းအရာ ‘ဥပေက္ခာယနာ’၊ လျစ်လျူရှုတတ်သည်၏ အဖြစ် ‘ဥပေက္ခာယိတတ္တ’၊ ဥပေက္ခာဟူသော၊ စိတ်၏ ဆန့်ကျင်ဘက်တရားတို့မှလွတ်မြောက်ကြောင်းသဘော ‘ဥပေက္ခာစေတောဝိမုတ္တိ’ သည် ရှိ၏။ ဤသဘောကို လျစ်လျူရှုခြင်း ‘ဥပေက္ခာ’ဟု ဆိုအပ်၏။
--
ထိုတွင် အဘယ်သည် “စိတ်” မည်သနည်း။
အကြင် ဆန်းကြယ်မှု ‘စိတ္တ’၊ သိခြင်းသဘော ‘မန’၊ သိမှု သဘော ‘မာနသ’။ပ။ ထိုစိတ်အား လျော်သော အထူးသိမှု သဘော ‘တဇ္ဇာမနောဝိညာဏဓာတ်'သည် ရှိ၏။ ဤသဘောကို စိတ်ဟု ဆိုအပ်၏။
ဤစိတ်သည် ဤလျစ်လျူရှုခြင်း ‘ဥပေက္ခာ'နှင့် တကွအဖြစ်သို့ ရောက်၏၊ တကွဖြစ်၏၊ နှီးနှော၏၊ ယှဉ်၏။ ထို့ကြောင့် “လျစ်လျူရှုခြင်း ‘ဥပေက္ခာ'နှင့် ယှဉ်သောစိတ်ဖြင့်” ဟု ဆိုအပ်၏။
၆၈၀။ “ပြန့်ပြောသော”ဟူရာ၌ ပြန့်ပြောခြင်းဟူသည် များမြတ်ခြင်းတည်း၊ များမြတ်ခြင်းဟူသည်အပိုင်းအခြား မရှိခြင်းတည်း၊ အပိုင်းအခြား မရှိခြင်းဟူသည် ရန်မရှိခြင်းတည်း၊ ရန်မရှိခြင်းဟူသည်ကြောင့်ကြမရှိခြင်းတည်း။
၆၈၁။ “ပျံ့နှံ့စေ၍”ဟူသည်ကား ဥပေက္ခာစိတ်ကို ဖြန့်၍၊ ဥပေက္ခာစိတ်ကို လွှတ်၍။
၆၈၂။ “နေ၏”ဟူသည်ကား။ပ။ ထို့ကြောင့် “နေ၏” ဟု ဆိုအပ်၏။
သုတ္တန်နည်းဖြင့် ဝေဖန်၍ဟောကြားသော သုတ္တန္တဘာဇနီယနည်းပြီးပြီ။
--
၂-အဘိဓမ္မဘာဇနီယနည်း
(အဘိဓမ္မာနည်းဖြင့် ဝေဖန်၍ ဟောကြားခြင်း)
၆၈၃။ အပ္ပမညာလေးပါးတို့ကား ချမ်းသာစေလိုခြင်း ‘မေတ္တာ’၊ သနားခြင်း ‘ကရုဏာ’၊ ဝမ်းမြောက်ခြင်း ‘မုဒိတာ’၊ လျစ်လျူရှုခြင်း ‘ဥပေက္ခာ’ တို့တည်း။
စတုက္ကနည်း ကုသိုလ်မေတ္တာဈာန်သုံးပါး
(၁) ပဌမဈာန်
၆၈၄။ ထိုလေးပါးတို့တွင် အဘယ်သည် မေတ္တာ မည်သနည်း။
ဤသာသနာတော်၌ ရဟန်းသည် အကြင်အခါ၌ ရူပဘုံသို့ရောက်ရန် အကြောင်းဈာန်ကို ပွါးများ၏၊ ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ မေတ္တာနှင့်ယှဉ်သော ပဌမဈာန်သို့ ရောက်၍ နေ၏။ ထိုအခါ၌ အကြင် ချစ်ခင်ခြင်းသဘော ‘မေတ္တိ’၊ ချစ်ခင်သော အခြင်းအရာ ‘မေတ္တာယနာ’၊ ချစ်ခင်တတ်သည်၏အဖြစ် ‘မေတ္တာယိတတ္တ’၊ မေတ္တာဟူသော၊ စိတ်၏ ဆန့်ကျင်ဘက်တရားတို့မှ့လွတ်မြောက်ကြောင်းသဘော ‘မေတ္တာစေတော ဝိမုတ္တိ'သည် ရှိ၏။ ဤသဘောကို “မေတ္တာ”ဟု ဆိုအပ်၏။
ကြွင်းသောတရားတို့သည် မေတ္တာနှင့်ယှဉ်သော တရားတို့ မည်ကုန်၏။
(၂) ဒုတိယဈာန်
ထိုတွင် အဘယ်သည် မေတ္တာ မည်သနည်း။
ဤသာသနာတော်၌ ရဟန်းသည် အကြင်အခါ၌ ရူပဘုံသို့ရောက်ရန် အကြောင်းဈာန်ကို ပွါးများ၏၊ ဝိတက် ဝိစာရတို့၏ ချုပ်ငြိမ်းခြင်းကြောင့်။ပ။ မေတ္တာနှင့် ယှဉ်သော ဒုတိယဈာန်သို့ ရောက်၍ နေ၏။ ထိုအခါ၌ အကြင်ချစ်ခင်ခြင်းသဘော ‘မေတ္တိ’၊ ချစ်ခင်သော အခြင်းအရာ ‘မေတ္တာယနာ’၊ ချစ်ခင်တတ်သည်၏အဖြစ် ‘မေတ္တာယိတတ္တ’၊ မေတ္တာဟူသော၊ စိတ်၏ ဆန့်ကျင်ဘက်တရားတို့မှလွတ်မြောက်ကြောင်း သဘော ‘မေတ္တာစေတောဝိမုတ္တိ'သည် ရှိ၏။ ဤသဘောကို “မေတ္တာ”ဟု ဆိုအပ်၏။
ကြွင်းသောတရားတို့သည် မေတ္တာနှင့်ယှဉ်သော တရားတို့ မည်ကုန်၏။
--
(၃) တတိယဈာန်
ထိုတွင် အဘယ်သည် မေတ္တာ မည်သနည်း။
ဤသာသနာတော်၌ ရဟန်းသည် အကြင်အခါ၌ ရူပဘုံသို့ရောက်ရန် အကြောင်းဈာန်ကို ပွါးများ၏၊ နှစ်သက်ခြင်း ‘ပီတိ’ ကိုလည်း စက်ဆုပ်ခြင်းကြောင့်။ပ။ မေတ္တာနှင့် ယှဉ်သော တတိယဈာန်သို့ ရောက်၍နေ၏။ ထိုအခါ၌ အကြင်ချစ်ခင်ခြင်းသဘော ‘မေတ္တိ’၊ ချစ်ခင်သောအခြင်းအရာ ‘မေတ္တာယနာ’၊ ချစ်ခင်တတ်သည်၏ အဖြစ် ‘မေတ္တာယိတတ္တ’၊ မေတ္တာဟူသော၊ စိတ်၏ ဆန့်ကျင်ဘက်တရားတို့မှ လွတ်မြောက်ကြောင်းသဘော ‘မေတ္တာစေတောဝိမုတ္တိ'သည် ရှိ၏။ ဤသဘောကို “မေတ္တာ”ဟု ဆိုအပ်၏။
ကြွင်းသောတရားတို့သည် မေတ္တာနှင့်ယှဉ်သော တရားတို့ မည်ကုန်၏။
ပဉ္စကနည်း ကုသိုလ်မေတ္တာဈာန်လေးပါး
(၁) ပဌမဈာန်
၆၈၅။ ဤသာသနာတော်၌ ရဟန်းသည် အကြင်အခါ၌ ရူပဘုံသို့ရောက်ရန် အကြောင်းဈာန်ကိုပွါးများ၏၊ ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ မေတ္တာနှင့်ယှဉ်သော ပဌမဈာန်သို့ ရောက်၍ နေ၏။ ထိုအခါ၌ အကြင်ချစ်ခင်ခြင်းသဘော ‘မေတ္တိ’၊ ချစ်ခင်သော အခြင်းအရာ ‘မေတ္တာယနာ’၊ ချစ်ခင်တတ်သည်၏ အဖြစ် ‘မေတ္တာယိတတ္တ’၊ မေတ္တာဟူသော၊ စိတ်၏ ဆန့်ကျင်ဘက်တရားတို့မှလွတ်မြောက်ကြောင်း သဘော ‘မေတ္တာစေတောဝိမုတ္တိ'သည် ရှိ၏။ ဤသဘောကို “မေတ္တာ”ဟု ဆိုအပ်၏။
ကြွင်းသောတရားတို့သည် မေတ္တာနှင့်ယှဉ်သော တရားတို့ မည်ကုန်၏။
(၂) ဒုတိယဈာန်
ဤသာသနာတော်၌ ရဟန်းသည် အကြင်အခါ၌ ရူပဘုံသို့ရောက်ရန် အကြောင်းဈာန်ကို ပွါးများ၏၊ ကာမတို့မှ ကင်းဆိတ်၍သာလျှင် အကုသိုလ်တရားတို့မှ ကင်းဆိတ်၍သာလျှင် ဝိတက်ကား မရှိ၊ ဝိစာရမျှသာရှိသော (နီဝရဏ) ကင်းဆိတ်ခြင်းကြောင့်ဖြစ်သော နှစ်သက်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ'ရှိသော ‘မေတ္တာ’ နှင့်ယှဉ်သော ဒုတိယဈာန်သို့ ရောက်၍ နေ၏။ ထိုအခါ၌ အကြင်ချစ်ခင်ခြင်းသဘော ‘မေတ္တိ’၊ ချစ်ခင်သော အခြင်းအရာ ‘မေတ္တာယနာ’၊ ချစ်ခင်တတ်သည်၏အဖြစ် ‘မေတ္တာယိတတ္တ’၊ မေတ္တာဟူသော၊ စိတ်၏ ဆန့်ကျင်ဘက်တရားတို့မှ လွတ်မြောက်ကြောင်းသဘော ‘မေတ္တာစေတောဝိမုတ္တိ’ သည် ရှိ၏။
ဤသဘောကို “မေတ္တာ”ဟု ဆိုအပ်၏။
ကြွင်းသောတရားတို့သည် မေတ္တာနှင့်ယှဉ်သော တရားတို့ မည်ကုန်၏။
--
(၃) တတိယဈာန်
ဤသာသနာတော်၌ ရဟန်းသည် အကြင်အခါ၌ ရူပဘုံသို့ရောက်ရန် အကြောင်းဈာန်ကို ပွါးများ၏။ ဝိတက် ဝိစာရတို့၏ ချုပ်ငြိမ်းခြင်းကြောင့်။ပ။ မေတ္တာနှင့်ယှဉ်သော တတိယဈာန်သို့ ရောက်၍ နေ၏။ ထိုအခါ၌ အကြင် ချစ်ခင်ခြင်းသဘော ‘မေတ္တိ’၊ ချစ်ခင်သော အခြင်းအရာ ‘မေတ္တာယနာ’၊ ချစ်ခင်တတ်သည်၏ အဖြစ် ‘မေတ္တာယိတတ္တ’၊ မေတ္တာဟူသော၊ စိတ်၏ ဆန့်ကျင်ဘက်တရားတို့မှ လွတ်မြောက်ကြောင်းသဘော ‘မေတ္တာ စေတောဝိမုတ္တိ’ သည် ရှိ၏။ ဤသဘောကို “မေတ္တာ”ဟု ဆိုအပ်၏။
ကြွင်းသောတရားတို့သည် မေတ္တာနှင့်ယှဉ်သော တရားတို့ မည်ကုန်၏။
(၄) စတုတ္ထဈာန်
ဤသာသနာတော်၌ ရဟန်းသည် အကြင်အခါ၌ ရူပဘုံသို့ရောက်ရန် အကြောင်းဈာန်ကို ပွါးများ၏။ နှစ်သက်ခြင်း ‘ပီတိ’ ကိုလည်း စက်ဆုပ်ခြင်းကြောင့်။ပ။ မေတ္တာ'နှင့်ယှဉ်သော စတုတ္ထဈာန်သို့ ရောက်၍နေ၏။ ထိုအခါ၌ အကြင် ချစ်ခင်ခြင်းသဘော ‘မေတ္တိ’၊ ချစ်ခင်သောအခြင်းအရာ ‘မေတ္တာယနာ’၊ ချစ်ခင်တတ်သည်၏အဖြစ် ‘မေတ္တာယိတတ္တ’၊ မေတ္တာဟူသော၊ စိတ်၏ဆန့်ကျင်ဘက်တရားတို့မှ လွတ်မြောက်ကြောင်း သဘော ‘မေတ္တာစေတောဝိမုတ္တိ'သည် ရှိ၏။ ဤသဘောကို “မေတ္တာ” ဟု ဆိုအပ်၏။
ကြွင်းသောတရားတို့သည် မေတ္တာနှင့်ယှဉ်သော တရားတို့ မည်ကုန်၏။
--
စတုက္ကနည်း ကုသိုလ်ကရုဏာဈာန်သုံးပါး
(၁) ပဌမဈာန်
၆၈၆။ ထိုတွင် အဘယ်သည် သနားခြင်း ‘ကရုဏာ’ မည်သနည်း။
ဤသာသနာတော်၌ ရဟန်းသည် အကြင်အခါ၌ ရူပဘုံသို့ရောက်ရန် အကြောင်းဈာန်ကို ပွါးများ၏၊ ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ သနားခြင်း ‘ကရုဏာ'နှင့်ယှဉ်သော ပဌမဈာန်သို့ ရောက်၍ နေ၏။ ထိုအခါ၌ အကြင်သနားခြင်း ‘ကရုဏာ’၊ သနားသော အခြင်းအရာ ‘ကရုဏာယနာ’၊ သနားတတ်သည်၏အဖြစ် ‘ကရုဏာယိတတ္တ’၊ ကရုဏာဟူသော၊ စိတ်၏ ဆန့်ကျင်ဘက်တရားတို့မှ လွတ်မြောက်ကြောင်းသဘော ‘ကရုဏာစေတောဝိမုတ္တိ’ သည် ရှိ၏။ ဤသဘောကို သနားခြင်း ‘ကရုဏာ’ ဟု ဆိုအပ်၏။
ကြွင်းသောတရားတို့သည် သနားခြင်း ‘ကရုဏာ'နှင့်ယှဉ်သော တရားတို့ မည်ကုန်၏။
(၂) ဒုတိယဈာန်
ထိုတွင် အဘယ်သည် သနားခြင်း ‘ကရုဏာ’ မည်သနည်း။
ဤသာသနာတော်၌ ရဟန်းသည် အကြင်အခါ၌ ရူပဘုံသို့ ရောက်ရန် အကြောင်းဈာန်ကို ပွါးများ၏၊ ဝိတက်ဝိစာရတို့၏ ချုပ်ငြိမ်းခြင်းကြောင့်။ပ။ သနားခြင်း ‘ကရုဏာ'နှင့်ယှဉ်သော ဒုတိယဈာန်သို့ ရောက်၍နေ၏။ ထိုအခါ၌ အကြင်သနားခြင်း ‘ကရုဏာ’၊ သနားသောအခြင်းအရာ ‘ကရုဏာယနာ’၊ သနားတတ်သည်၏အဖြစ် ‘ကရုဏာယိတတ္တ’၊ ကရုဏာဟူသော၊ စိတ်၏ဆန့်ကျင်ဘက်တရားတို့မှ လွတ်မြောက်ကြောင်းသဘော ‘ကရုဏာစေတောဝိမုတ္တိ'သည် ရှိ၏။ ဤသဘောကို သနားခြင်း ‘ကရုဏာ’ ဟု ဆိုအပ်၏။
ကြွင်းသောတရားတို့သည် သနားခြင်း ‘ကရုဏာ'နှင့်ယှဉ်သော တရားတို့ မည်ကုန်၏။
(၃) တတိယဈာန်
ထိုတွင် အဘယ်သည် သနားခြင်း ‘ကရုဏာ’ မည်သနည်း။
ဤသာသနာတော်၌ ရဟန်းသည် အကြင်အခါ၌ ရူပဘုံသို့ရောက်ရန် အကြောင်းဈာန်ကို ပွါးများ၏၊ နှစ်သက်ခြင်း ‘ပီတိ’ ကိုလည်း စက်ဆုပ်ခြင်းကြောင့်။ပ။ သနားခြင်း ‘ကရုဏာ’ နှင့်ယှဉ်သောတတိယဈာန်သို့ ရောက်၍ နေ၏။ ထိုအခါ၌ အကြင်သနားခြင်း ‘ကရုဏာ’၊ သနားသော အခြင်းအရာ ‘ကရုဏာယနာ’၊ သနားတတ်သည်၏ အဖြစ် ‘ကရုဏာယိတတ္တ’၊ ကရုဏာဟူသော၊ စိတ်၏ဆန့်ကျင်ဘက်တရားတို့မှ လွတ်မြောက်ကြောင်းသဘော ‘ကရုဏာစေတောဝိမုတ္တိ'သည် ရှိ၏။ ဤသဘောကို သနားခြင်း ‘ကရုဏာ’ဟု ဆိုအပ်၏။
ကြွင်းသော တရားတို့သည် သနားခြင်း ‘ကရုဏာ'နှင့်ယှဉ်သော တရားတို့ မည်ကုန်၏။
--
ပဉ္စကနည်း ကုသိုလ်ကရုဏာဈာန်လေးပါး
(၁) ပဌမဈာန်
၆၈၇။ ဤသာသနာတော်၌ ရဟန်းသည် အကြင်အခါ၌ ရူပဘုံသို့ရောက်ရန် အကြောင်းဈာန်ကိုပွါးများ၏၊ ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ သနားခြင်း ‘ကရုဏာ'နှင့်ယှဉ်သော ပဌမဈာန်သို့ရောက်၍ နေ၏။ ထိုအခါ၌ အကြင်သနားခြင်း ‘ကရုဏာ’၊ သနားသောအခြင်းအရာ ‘ကရုဏာယနာ’၊ သနားတတ်သည်၏ အဖြစ် ‘ကရုဏာယိတတ္တ’၊ ကရုဏာဟူသော၊ စိတ်၏ဆန့်ကျင်ဘက်တရားတို့မှလွတ်မြောက်ကြောင်းသဘော ‘ကရုဏာစေတော ဝိမုတ္တိ’ သည် ရှိ၏။ ဤသဘောကို သနားခြင်း ‘ကရုဏာ’ ဟု ဆိုအပ်၏။
ကြွင်းသောတရားတို့သည် သနားခြင်း ‘ကရုဏာ'နှင့်ယှဉ်သော တရားတို့ မည်ကုန်၏။
(၂) ဒုတိယဈာန်
ဤသာသနာတော်၌ ရဟန်းသည် အကြင်အခါ၌ ရူပဘုံသို့ရောက်ရန် အကြောင်းဈာန်ကို ပွါးများ၏၊ ကာမတို့မှ ကင်းဆိတ်၍သာလျှင် အကုသိုလ်တရားတို့မှ ကင်းဆိတ်၍သာလျှင် ဝိတက်ကား မရှိ၊ ဝိစာရမျှသာရှိသော (နီဝရဏ) ကင်းဆိတ်ခြင်းကြောင့် ဖြစ်သော နှစ်သက်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ'ရှိသောသနားခြင်း ‘ကရုဏာ'နှင့်ယှဉ်သော ဒုတိယဈာန်သို့ ရောက်၍ နေ၏။ ထိုအခါ၌ အကြင်သနားခြင်း ‘ကရုဏာ’၊ သနားသောအခြင်းအရာ ‘ကရုဏာယနာ’၊ သနားတတ်သည်၏အဖြစ် ‘ကရုဏာယိတတ္တ’၊ ကရုဏာဟူသော စိတ်၏ ဆန့်ကျင်ဘက်တရားတို့မှ လွတ်မြောက်ကြောင်းသဘော ‘ကရုဏာစေတောဝိမုတ္တိ’ သည် ရှိ၏။ ဤသဘောကို သနားခြင်း ‘ကရုဏာ’ ဟု ဆိုအပ်၏။
ကြွင်းသောတရားတို့သည် သနားခြင်း ‘ကရုဏာ'နှင့်ယှဉ်သော တရားတို့ မည်ကုန်၏။
(၃) တတိယဈာန်
ဤသာသနာတော်၌ ရဟန်းသည် အကြင်အခါ၌ ရူပဘုံသို့ရောက်ရန် အကြောင်းဈာန်ကို ပွါးများ၏၊ ဝိတက် ဝိစာရတို့၏ ချုပ်ငြိမ်းခြင်းကြောင့်။ပ။ သနားခြင်း ‘ကရုဏာ’ နှင့်ယှဉ်သော တတိယဈာန်သို့ရောက်၍ နေ၏။ ထိုအခါ၌ အကြင်သနားခြင်း ‘ကရုဏာ’၊ သနားသော အခြင်းအရာ ‘ကရုဏာယနာ’၊ သနားတတ်သည်၏အဖြစ် ‘ကရုဏာယိတတ္တ’၊ စိတ်၏ ဆန့်ကျင်ဘက်တရားတို့မှ လွတ်မြောက်ကြောင်းသဘော ‘ကရုဏာစေတောဝိမုတ္တိ'သည် ရှိ၏။ ဤသဘောကို သနားခြင်း ‘ကရုဏာ’ ဟု ဆိုအပ်၏။
ကြွင်းသောတရားတို့သည် သနားခြင်း ‘ကရုဏာ’ နှင့်ယှဉ်သော တရားတို့ မည်ကုန်၏။
--
(၄) စတုတ္ထဈာန်
ဤသာသနာတော်၌ ရဟန်းသည် အကြင်အခါ၌ ရူပဘုံသို့ရောက်ရန် အကြောင်းဈာန်ကို ပွါးများ၏။ နှစ်သက်ခြင်း ‘ပီတိ'ကိုလည်း စက်ဆုပ်ခြင်းကြောင့်။ပ။ သနားခြင်း ‘ကရုဏာ'နှင့် ယှဉ်သော စတုတ္ထဈာန်သို့ ရောက်၍ နေ၏။ ထိုအခါ၌ အကြင်သနားခြင်း ‘ကရုဏာ’၊ သနားသော အခြင်းအရာ ‘ကရုဏာယနာ’၊ သနားတတ်သည်၏အဖြစ် ‘ကရုဏာယိတတ္တ’၊ ကရုဏာဟူသော၊ စိတ်၏ ဆန့်ကျင်ဘက် တရားတို့မှ လွတ်မြောက်ကြောင်း သဘော ‘ကရုဏာစေတောဝိမုတ္တိ'သည် ရှိ၏။ ဤသဘောကို သနားခြင်း ‘ကရုဏာ’ ဟု ဆိုအပ်၏။
ကြွင်းသောတရားတို့သည် သနားခြင်း ‘ကရုဏာ’ နှင့်ယှဉ်သော တရားတို့ မည်ကုန်၏။
စတုက္ကနည်း ကုသိုလ်မုဒိတာဈာန်သုံးပါး
(၁) ပဌမဈာန်
၆၈၈။ ထိုတွင် အဘယ်သည် ဝမ်းမြောက်ခြင်း ‘မုဒိတာ’ မည်သနည်း။
ဤသာသနာတော်၌ ရဟန်းသည် အကြင်အခါ၌ ရူပဘုံသို့ ရောက်ရန် အကြောင်းဈာန်ကို ပွါးများ၏၊ ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ ဝမ်းမြောက်ခြင်း ‘မုဒိတာ'နှင့်ယှဉ်သော ပဌမဈာန်သို့ ရောက်၍နေ၏။ ထိုအခါ၌ အကြင်ဝမ်းမြောက်ခြင်း ‘မုဒိတာ’၊ ဝမ်းမြောက်သော အခြင်းအရာ ‘မုဒိတာယနာ’၊ ဝမ်းမြောက်တတ်သည်၏အဖြစ် ‘မုဒိတာယိတတ္တ’၊ မုဒိတာဟူသော၊ စိတ်၏ ဆန့်ကျင်ဘက် တရားတို့မှလွတ်မြောက်ကြောင်းသဘော ‘မုဒိတာစေတောဝိမုတ္တိ’ သည် ရှိ၏။ ဤသဘောကို ဝမ်းမြောက် ခြင်း ‘မုဒိတာ’ ဟု ဆိုအပ်၏။
ကြွင်းသောတရားတို့သည် ဝမ်းမြောက်ခြင်း ‘မုဒိတာ'နှင့်ယှဉ်သော တရားတို့ မည်ကုန်၏။
(၂) ဒုတိယဈာန်
ထိုတွင် အဘယ်သည် ဝမ်းမြောက်ခြင်း ‘မုဒိတာ’ မည်သနည်း။
ဤသာသနာတော်၌ ရဟန်းသည် အကြင်အခါ၌ ရူပဘုံသို့ရောက်ရန် အကြောင်းဈာန်ကို ပွါးများ၏၊ ဝိတက်ဝိစာရတို့၏ ချုပ်ငြိမ်းခြင်းကြောင့်။ပ။ ဝမ်းမြောက်ခြင်း ‘မုဒိတာ’ နှင့်ယှဉ်သော ဒုတိယဈာန်သို့ရောက်၍နေ၏။ ထိုအခါ၌ အကြင်ဝမ်းမြောက်ခြင်း ‘မုဒိတာ’၊ ဝမ်းမြောက်သော အခြင်းအရာ ‘မုဒိတာယနာ’၊ ဝမ်းမြောက်တတ်သည်၏အဖြစ် ‘မုဒိတာယိတတ္တ’၊ မုဒိတာဟူသော၊ စိတ်၏ဆန့်ကျင်ဘက် တရားတို့မှ လွတ်မြောက်ကြောင်းသဘော ‘မုဒိတာစေတောဝိမုတ္တိ'သည် ရှိ၏။ ဤသဘောကို ဝမ်းမြောက်ခြင်း ‘မုဒိတာ’ဟု ဆိုအပ်၏။
ကြွင်းသောတရားတို့သည် ဝမ်းမြောက်ခြင်း ‘မုဒိတာ'နှင့် ယှဉ်သော တရားတို့ မည်ကုန်၏။
--
(၃) တတိယဈာန်
ထိုတွင် အဘယ်သည် ဝမ်းမြောက်ခြင်း ‘မုဒိတာ’ မည်သနည်း။
ဤသာသနာတော်၌ ရဟန်းသည် အကြင်အခါ၌ ရူပဘုံသို့ရောက်ရန် အကြောင်းဈာန်ကို ပွါးများ၏၊ နှစ်သက်ခြင်း ‘ပီတိ'ကိုလည်း စက်ဆုပ်ခြင်းကြောင့်။ပ။ ဝမ်းမြောက်ခြင်း ‘မုဒိတာ'နှင့်ယှဉ်သော တတိယဈာန်သို့ ရောက်၍ နေ၏။ ထိုအခါ၌ အကြင်ဝမ်းမြောက်ခြင်း ‘မုဒိတာ’၊ ဝမ်းမြောက်သော အခြင်းအရာ ‘မုဒိတာယနာ’၊ ဝမ်းမြောက်တတ်သည်၏အဖြစ် ‘မုဒိတာယိတတ္တ’၊ မုဒိတာဟူသော၊ စိတ်၏ဆန့်ကျင်ဘက် တရားတို့မှ လွတ်မြောက်ကြောင်းသဘော ‘မုဒိတာစေတောဝိမုတ္တိ'သည် ရှိ၏။ ဤသဘောကို ဝမ်းမြောက် ခြင်း ‘မုဒိတာ’ ဟု ဆိုအပ်၏။
ကြွင်းသောတရားတို့သည် ဝမ်းမြောက်ခြင်း ‘မုဒိတာ'နှင့်ယှဉ်သော တရားတို့ မည်ကုန်၏။
ပဉ္စကနည်း ကုသိုလ်မုဒိတာဈာန်လေးပါး
(၁) ပဌမဈာန်
၆၈၉။ ဤသာသနာတော်၌ ရဟန်းသည် အကြင်အခါ၌ ရူပဘုံသို့ရောက်ရန် အကြောင်းဈာန်ကိုပွါးများ၏၊ ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ ဝမ်းမြောက်ခြင်း ‘မုဒိတာ'နှင့်ယှဉ်သော ပဌမဈာန်သို့ရောက်၍ နေ၏။ ထိုအခါ၌ အကြင်ဝမ်းမြောက်ခြင်း ‘မုဒိတာ’၊ ဝမ်းမြောက်သောအခြင်းအရာ ‘မုဒိတာယနာ’၊ ဝမ်းမြောက်တတ်သည်၏အဖြစ် ‘မုဒိတာယိတတ္တ’၊ မုဒိတာဟူသော၊ စိတ်၏ ဆန့်ကျင်ဘက်တရားတို့မှ လွတ်မြောက်ကြောင်းသဘော ‘မုဒိတာစေတောဝိမုတ္တိ'သည် ရှိ၏။ ဤသဘောကို ဝမ်းမြောက်ခြင်း ‘မုဒိတာ’ ဟု ဆိုအပ်၏။
ကြွင်းသောတရားတို့သည် ဝမ်းမြောက်ခြင်း ‘မုဒိတာ'နှင့်ယှဉ်သော တရားတို့ မည်ကုန်၏။
(၂) ဒုတိယဈာန်
ဤသာသနာတော်၌ ရဟန်းသည် အကြင်အခါ၌ ရူပဘုံသို့ရောက်ရန် အကြောင်းဈာန်ကို ပွါးများ၏၊ ကာမတို့မှ ကင်းဆိတ်၍သာလျှင် အကုသိုလ်တရားတို့မှ ကင်းဆိတ်၍သာလျှင် ဝိတက်ကား မရှိ၊ ဝိစာရမျှသာ ရှိသော နီဝရဏကင်းဆိတ်ခြင်းကြောင့် ဖြစ်သော နှစ်သက်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ ရှိသောဝမ်းမြောက်မှု ‘မုဒိတာ’ နှင့်ယှဉ်သော ဒုတိယဈာန်သို့ ရောက်၍ နေ၏။ ထိုအခါ၌ အကြင်ဝမ်းမြောက်ခြင်း ‘မုဒိတာ’၊ ဝမ်းမြောက်သောအခြင်းအရာ ‘မုဒိတာယနာ’၊ ဝမ်းမြောက်တတ်သည်၏အဖြစ် ‘မုဒိတာယိတတ္တ’၊ မုဒိတာဟူသောစိတ်၏ ဆန့်ကျင်ဘက်တရားတို့မှ လွတ်မြောက်ကြောင်းသဘော ‘မုဒိတာစေတောဝိမုတ္တိ’ သည် ရှိ၏။ ဤသဘောကို ဝမ်းမြောက်ခြင်း ‘မုဒိတာ’ ဟု ဆိုအပ်၏။
ကြွင်းသောတရားတို့သည် ဝမ်းမြောက်ခြင်း ‘မုဒိတာ'နှင့်ယှဉ်သော တရားတို့ မည်ကုန်၏။
--
(၃) တတိယဈာန်
ဤသာသနာတော်၌ ရဟန်းသည် အကြင်အခါ၌ ရူပဘုံသို့ရောက်ရန် အကြောင်းဈာန်ကို ပွါးများ၏၊ ဝိတက်ဝိစာရတို့၏ ချုပ်ငြိမ်းခြင်းကြောင့်။ပ။ ဝမ်းမြောက်ခြင်း ‘မုဒိတာ’ နှင့်ယှဉ်သော တတိယဈာန်သို့ရောက်၍ နေ၏။ ထိုအခါ၌ အကြင်ဝမ်းမြောက်ခြင်း ‘မုဒိတာ’၊ ဝမ်းမြောက်သော အခြင်းအရာ ‘မုဒိတာယနာ’၊ ဝမ်းမြောက်တတ်သည်၏အဖြစ် ‘မုဒိတာယိတတ္တ’၊ မုဒိတာဟူသော၊ စိတ်၏ဆန့်ကျင်ဘက် တရားတို့မှ လွတ်မြောက်ကြောင်းသဘော ‘မုဒိတာစေတောဝိမုတ္တိ'သည် ရှိ၏။ ဤသဘောကို ဝမ်းမြောက် ခြင်း ‘မုဒိတာ’ ဟု ဆိုအပ်၏။
ကြွင်းသောတရားတို့သည် ဝမ်းမြောက်ခြင်း ‘မုဒိတာ’ နှင့်ယှဉ်သော တရားတို့ မည်ကုန်၏။
(၄) စတုတ္ထဈာန်
ဤသာသနာတော်၌ ရဟန်းသည် အကြင်အခါ၌ ရူပဘုံသို့ရောက်ရန် အကြောင်းဈာန်ကို ပွါးများ၏။ နှစ်သက်ခြင်း ‘ပီတိ'ကိုလည်း စက်ဆုပ်ခြင်းကြောင့်။ပ။ ဝမ်းမြောက်ခြင်း ‘မုဒိတာ’ နှင့်ယှဉ်သော စတုတ္ထဈာန်သို့ ရောက်၍ နေ၏။ ထိုအခါ၌ အကြင်ဝမ်းမြောက်ခြင်း ‘မုဒိတာ’၊ ဝမ်းမြောက်သော အခြင်း အရာ ‘မုဒိတာယနာ’၊ ဝမ်းမြောက်တတ်သည်၏အဖြစ် ‘မုဒိတာယိတတ္တ’၊ မုဒိတာဟူသော၊ စိတ်၏ဆန့်ကျင်ဘက် တရားတို့မှ လွတ်မြောက်ကြောင်းသဘော ‘မုဒိတာစေတောဝိမုတ္တိ’ သည် ရှိ၏။ ဤသဘောကို ဝမ်းမြောက် ခြင်း ‘မုဒိတာ’ ဟု ဆိုအပ်၏။
ကြွင်းသောတရားတို့သည် ဝမ်းမြောက်ခြင်း ‘မုဒိတာ'နှင့်ယှဉ်သော တရားတို့ မည်ကုန်၏။
--
စတုက္ကနည်း ကုသိုလ်ဥပေက္ခာဈာန် ၁-ပါး
(၁) စတုတ္ထဈာန်
၆၉၀။ ထိုတွင် အဘယ်သည် လျစ်လျူရှုခြင်း ‘ဥပေက္ခာ’ မည်သနည်း။
ဤသာသနာတော်၌ ရဟန်းသည် အကြင်အခါ၌ ရူပဘုံသို့ရောက်ရန် ပွါးများ၏၊ ချမ်းသာခြင်း ‘သုခ'ကိုလည်း ပယ်ခြင်းကြောင့်။ပ။ လျစ်လျူရှုခြင်း ‘ဥပေက္ခာ'နှင့်ယှဉ်သော စတုတ္ထဈာန်သို့ ရောက်၍ နေ၏။ ထိုအခါ၌ အကြင်လျစ်လျူရှုခြင်း ‘ဥပေက္ခာ’၊ လျစ်လျူရှုသော အခြင်းအရာ ‘ဥပေက္ခာယနာ’၊ လျစ်လျူရှုတတ်သည်၏အဖြစ် ‘ဥပေက္ခာယိတတ္တ’၊ ဥပေက္ခာဟူသော၊ စိတ်၏ ဆန့်ကျင်ဘက်တရားတို့မှလွတ်မြောက် ကြောင်းသဘော ‘ဥပေက္ခာစေတောဝိမုတ္တိ'သည် ရှိ၏။ ဤသဘောကို လျစ်လျူရှုခြင်း ‘ဥပေက္ခာ’ ဟု ဆိုအပ်၏။
ကြွင်းသောတရားတို့သည် လျစ်လျူရှုခြင်း ‘ဥပေက္ခာ'နှင့်ယှဉ်သော တရားတို့ မည်ကုန်၏။
--
စတုက္ကနည်း ဝိပါက်မေတ္တာဈာန် သုံးပါး
၆၉၁။ အပ္ပမညာလေးပါးတို့ကား ချမ်းသာစေလိုခြင်း ‘မေတ္တာ’၊ သနားခြင်း ‘ကရုဏာ’၊ ဝမ်းမြောက်ခြင်း ‘မုဒိတာ’၊ လျစ်လျူရှုခြင်း ‘ဥပေက္ခာ'တို့တည်း။
ပဌမဈာန်
ထိုလေးပါးတို့တွင် အဘယ်သည် မေတ္တာ မည်သနည်း။
ဤသာသနာတော်၌ ရဟန်းသည် အကြင်အခါ၌ ရူပဘုံသို့ရောက်ရန် အကြောင်းဈာန်ကို ပွါးများ၏၊ ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ မေတ္တာနှင့်ယှဉ်သော ပဌမဈာန်သို့ ရောက်၍ နေ၏။ ထိုအခါ၌ တွေ့ထိမှု ‘ဖဿ’ သည် ဖြစ်၏။ပ။ မပျံ့လွင့်ခြင်း ‘အဝိက္ခေပ’ သည် ဖြစ်၏။ ဤတရားတို့သည် ကုသိုလ်တို့တည်း။ ထိုရူပါဝစရကုသိုလ်ကံကိုသာလျှင် ပြုခဲ့ ဆည်းပူးခဲ့၍ ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။
မေတ္တာနှင့်ယှဉ်သော အကျိုး ‘ဝိပါက်'ဖြစ်သော ပဌမဈာန်သို့ ရောက်၍ နေ၏။ ထိုအခါ၌ အကြင်ချစ်ခင်ခြင်းသဘော ‘မေတ္တိ’၊ ချစ်ခင်သော အခြင်းအရာ ‘မေတ္တာယနာ’၊ ချစ်ခင်တတ်သည်၏ အဖြစ် ‘မေတ္တာယိတတ္တ’၊ မေတ္တာဟူသော၊ စိတ်၏ ဆန့်ကျင်ဘက်တရားတို့မှ လွတ်မြောက်ကြောင်းသဘော ‘မေတ္တာစေတောဝိမုတ္တိ'သည် ရှိ၏။ ဤသဘောကို ချစ်ခြင်း ‘မေတ္တာ’ဟု ဆိုအပ်၏။
ကြွင်းသောတရားတို့သည် မေတ္တာနှင့်ယှဉ်သော တရားတို့ မည်ကုန်၏။
ဒုတိယဈာန်နှင့် တတိယဈာန်
၆၉၂။ ထိုတွင် အဘယ်သည် မေတ္တာ မည်သနည်း။
ဤသာသနာတော်၌ ရဟန်းသည် အကြင်အခါ၌ ရူပဘုံသို့ရောက်ရန် အကြောင်းဈာန်ကို ပွါးများ၏၊ ဝိတက်ဝိစာရတို့၏ ချုပ်ငြိမ်းခြင်းကြောင့်။ပ။ မေတ္တာနှင့် ယှဉ်သော ဒုတိယဈာန်သို့ ရောက်၍ နေ၏။ ထိုအခါ၌ တွေ့ထိမှု ‘ဖဿ'သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု ‘အဝိက္ခေပ’ သည် ဖြစ်၏။ ဤတရားတို့သည်ကုသိုလ်တို့တည်း။ ထိုရူပါဝစရကုသိုလ်ကံကိုသာလျှင် ပြုခဲ့ ဆည်းပူးခဲ့၍ အကျိုး ‘ဝိပါက်’ ဖြစ်သောဝိတက် ဝိစာရတို့၏ ချုပ်ငြိမ်းခြင်းကြောင့်။ပ။ ဒုတိယဈာန်သို့။ပ။ တတိယဈာန်သို့။ပ။
--
ပဉ္စကနည်း ဝိပါက်မေတ္တာဈာန် လေးပါး
ပဌမဈာန်သို့။ပ။ ဒုတိယဈာန်သို့။ပ။ တတိယဈာန်သို့။ပ။ မေတ္တာနှင့် ယှဉ်သော စတုတ္ထဈာန်သို့ ရောက်၍နေ၏။ ထိုအခါ၌ အကြင် ချစ်ခင်ခြင်းသဘော ‘မေတ္တိ’၊ ချစ်ခင်သော အခြင်းအရာ ‘မေတ္တာယနာ’၊ ချစ်ခင်တတ်သည်၏အဖြစ် ‘မေတ္တာယိတတ္တ’၊ မေတ္တာဟူသော၊ စိတ်၏ ဆန့်ကျင်ဘက် တရားတို့မှလွတ်မြောက်ကြောင်းသဘော ‘မေတ္တာစေတောဝိမုတ္တိ’ သည် ရှိ၏။ ဤသဘောကို “မေတ္တာ” ဟု ဆိုအပ်၏။
ကြွင်းသောတရားတို့သည် မေတ္တာနှင့်ယှဉ်သော တရားတို့ မည်ကုန်၏။
စတုက္ကနည်း ဝိပါက်ကရုဏာဈာန် သုံးပါး
ပဌမဈာန်
၆၉၃။ ထိုတွင် အဘယ်သည် သနားခြင်း ‘ကရုဏာ’ မည်သနည်း။
ဤသာသနာတော်၌ ရဟန်းသည် အကြင်အခါ၌ ရူပဘုံသို့ရောက်ရန် အကြောင်းဈာန်ကို ပွါးများ၏၊ ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ သနားခြင်း ‘ကရုဏာ'နှင့်ယှဉ်သော ပဌမဈာန်သို့ ရောက်၍နေ၏။ ထိုအခါ၌ တွေ့ထိမှု ‘ဖဿ'သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု ‘အဝိက္ခေပ’ သည် ဖြစ်၏။ ဤတရားတို့သည်ကုသိုလ်တို့တည်း။ ထိုရူပါဝစရကုသိုလ်ကံကိုသာလျှင် ပြုခဲ့ ဆည်းပူးခဲ့၍ ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ သနားခြင်း ‘ကရုဏာ'နှင့် ယှဉ်သော အကျိုးဖြစ်သော ပဌမဈာန်သို့ ရောက်၍ နေ၏။ ထိုအခါ၌ အကြင်သနားခြင်း ‘ကရုဏာ’၊ သနားသောအခြင်းအရာ ‘ကရုဏာယနာ’၊ သနားတတ်သည်၏အဖြစ် ‘ကရုဏာယိတတ္တ’၊ ကရုဏာဟူသော၊ စိတ်၏ ဆန့်ကျင်ဘက်တရားတို့မှ လွတ်မြောက်ကြောင်းသဘော ‘ကရုဏာစေတောဝိမုတ္တိ’ သည် ရှိ၏။ ဤသဘောကို သနားခြင်း ‘ကရုဏာ’ဟု ဆိုအပ်၏။
ကြွင်းသောတရားတို့သည် သနားခြင်း ‘ကရုဏာ'နှင့်ယှဉ်သော တရားတို့ မည်ကုန်၏။
ဒုတိယဈာန်နှင့် တတိယဈာန်
ထိုတွင် အဘယ်သည် သနားခြင်း ‘ကရုဏာ’ မည်သနည်း။
ဤသာသနာတော်၌ ရဟန်းသည် အကြင်အခါ၌ ရူပဘုံသို့ရောက်ရန် အကြောင်းဈာန်ကို ပွါးများ၏၊ ဝိတက်ဝိစာရတို့၏ ချုပ်ငြိမ်းခြင်းကြောင့်။ပ။ သနားခြင်း ‘ကရုဏာ'နှင့်ယှဉ်သော ဒုတိယဈာန်သို့ရောက်၍ နေ၏။ ထိုအခါ၌ တွေ့ထိမှု ‘ဖဿ’ သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု ‘အဝိက္ခေပ’ သည် ဖြစ်၏။ ဤတရား တို့သည် ကုသိုလ်တို့တည်း။ ထိုရူပါဝစရကုသိုလ်ကံကိုသာလျှင် ပြုခဲ့ ဆည်းပူးခဲ့၍ ဝိတက်ဝိစာရတို့၏ ချုပ်ငြိမ်းခြင်းကြောင့်။ပ။ အကျိုး ‘ဝိပါက်’ ဖြစ်သော ဒုတိယဈာန်သို့။ပ။ တတိယဈာန်သို့။ပ။
--
ပဉ္စကနည်း ဝိပါက်ကရုဏာဈာန် လေးပါး
ပဌမဈာန်သို့။ပ။ ဒုတိယဈာန်သို့။ပ။ တတိယဈာန်သို့။ပ။ သနားခြင်း ‘ကရုဏာ’ နှင့်ယှဉ်သောစတုတ္ထဈာန်သို့ ရောက်၍ နေ၏။ ထိုအခါ၌ အကြင်သနားခြင်း ‘ကရုဏာ’၊ သနားသော အခြင်းအရာ ‘ကရုဏာယနာ’၊ သနားတတ်သည်၏အဖြစ် ‘ကရုဏာယိတတ္တ’၊ ကရုဏာဟူသော၊ စိတ်၏ ဆန့်ကျင်ဘက်တရားတို့မှ လွတ်မြောက်ကြောင်းသဘော ‘ကရုဏာစေတောဝိမုတ္တိ’ သည် ရှိ၏။ ဤသဘောကိုသနားခြင်း ‘ကရုဏာ’ ဟု ဆိုအပ်၏။
ကြွင်းသောတရားတို့သည် သနားခြင်း ‘ကရုဏာ’ နှင့်ယှဉ်သော တရားတို့ မည်ကုန်၏။
စတုက္ကနည်း ဝိပါက်မုဒိတာဈာန် သုံးပါး
ပဌမဈာန်
၆၉၄။ ထိုတွင် အဘယ်သည် ဝမ်းမြောက်ခြင်း ‘မုဒိတာ’ မည်သနည်း။
ဤသာသနာတော်၌ ရဟန်းသည် အကြင်အခါ၌ ရူပဘုံသို့ ရောက်ရန် အကြောင်းဈာန်ကို ပွါးများ၏၊ ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ ဝမ်းမြောက်ခြင်း ‘မုဒိတာ'နှင့်ယှဉ်သော ပဌမဈာန်သို့ ရောက်၍နေ၏။ ထိုအခါ၌ တွေ့ထိမှု ‘ဖဿ’ သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု ‘အဝိက္ခေပ’ သည် ဖြစ်၏။ ဤတရားတို့သည် ကုသိုလ်တို့တည်း။ ထိုရူပါဝစရကုသိုလ်ကံကို သာလျှင် ပြုခဲ့ ဆည်းပူးခဲ့၍ ကာမတို့မှကင်းဆိတ်၍ သာလျှင်။ပ။ ဝမ်းမြောက်ခြင်း ‘မုဒိတာ'နှင့် ယှဉ်သော အကျိုး ‘ဝိပါက်'ဖြစ်သော ပဌမဈာန်သို့ရောက်၍နေ၏၊ ထိုအခါ၌ အကြင်ဝမ်းမြောက်မှု ‘မုဒိတာ’၊ ဝမ်းမြောက်သော အခြင်းအရာ ‘မုဒိတာယနာ’၊ ဝမ်းမြောက်တတ် သည်၏အဖြစ် ‘မုဒိတာယိတတ္တ’၊ မုဒိတာဟူသော၊ စိတ်၏ ဆန့်ကျင်ဘက်တရားတို့မှလွတ်မြောက်ကြောင်း သဘော ‘မုဒိတာစေတောဝိမုတ္တိ’ သည် ရှိ၏။ ဤသဘောကို ဝမ်းမြောက်ခြင်း ‘မုဒိတာ’ဟု ဆိုအပ်၏။
ကြွင်းသောတရားတို့သည် ဝမ်းမြောက်ခြင်း ‘မုဒိတာ'နှင့်ယှဉ်သော တရားတို့ မည်ကုန်၏။
ဒုတိယဈာန်နှင့် တတိယဈာန်
ထိုတွင် အဘယ်သည် ဝမ်းမြောက်ခြင်း ‘မုဒိတာ’ မည်သနည်း။
ဤသာသနာတော်၌ ရဟန်းသည် အကြင်အခါ၌ ရူပဘုံသို့ ရောက်ရန် အကြောင်းဈာန်ကို ပွါးများ၏၊ ဝိတက်ဝိစာရတို့၏ ချုပ်ငြိမ်းခြင်းကြောင့်။ပ။ ဝမ်းမြောက်ခြင်း ‘မုဒိတာ'နှင့်ယှဉ်သော ဒုတိယဈာန်သို့ ရောက်၍နေ၏။ ထိုအခါ၌ တွေ့ထိမှု ‘ဖဿ’ သည် ဖြစ်၏။ပ။ မပျံ့လွင့်ခြင်း ‘အဝိက္ခေပ’ သည် ဖြစ်၏။ ဤတရားတို့သည် ကုသိုလ်တို့တည်း။ ထိုရူပါဝစရကုသိုလ်ကံကို သာလျှင် ပြုခဲ့ ဆည်းပူးခဲ့၍ ဝိတက်ဝိစာရတို့၏ ချုပ်ငြိမ်းခြင်းကြောင့်။ပ။ အကျိုး ‘ဝိပါက်’ ဖြစ်သော ဒုတိယဈာန်သို့။ပ။ တတိယ ဈာန်သို့။ပ။
--
ပဉ္စကနည်း ဝိပါက်မုဒိတာဈာန် လေးပါး
။ပ။ ပဌမဈာန်သို့။ပ။ ဒုတိယဈာန်သို့။ပ။ တတိယဈာန်သို့။ပ။ ဝမ်းမြောက်ခြင်း ‘မုဒိတာ’ နှင့် ယှဉ်သောစတုတ္ထဈာန်သို့ ရောက်၍ နေ၏။ ထိုအခါ၌ အကြင် ဝမ်းမြောက်ခြင်း ‘မုဒိတာ’၊ ဝမ်းမြောက် သောအခြင်းအရာ ‘မုဒိတာယနာ’၊ ဝမ်းမြောက်တတ်သည်၏အဖြစ် ‘မုဒိတာယိတတ္တ’၊ မုဒိတာဟူသော၊ စိတ်၏ ဆန့်ကျင်ဘက်တရားတို့မှ လွတ်မြောက်ကြောင်းသဘော ‘မုဒိတာစေတောဝိမုတ္တိ'သည် ရှိ၏။ ဤသဘောကို ဝမ်းမြောက်ခြင်း ‘မုဒိတာ’ ဟု ဆိုအပ်၏။
ကြွင်းသောတရားတို့သည် ဝမ်းမြောက်ခြင်း ‘မုဒိတာ’ နှင့်ယှဉ်သော တရားတို့ မည်ကုန်၏။
စတုက္ကနည်း ဝိပါက်ဥပေက္ခာဈာန် ၁-ပါး
စတုတ္ထဈာန်
၆၉၅။ ထိုတွင် အဘယ်သည် လျစ်လျူရှုခြင်း ‘ဥပေက္ခာ’ မည်သနည်း။
ဤသာသနာတော်၌ ရဟန်းသည် အကြင်အခါ၌ ရူပဘုံသို့ ရောက်ရန် အကြောင်းဈာန်ကို ပွါးများ၏၊ ချမ်းသာခြင်း ‘သုခ'ကိုလည်း ပယ်ခြင်းကြောင့်။ပ။ လျစ်လျူရှုခြင်း ‘ဥပေက္ခာ'နှင့်ယှဉ်သော စတုတ္ထဈာန်သို့ရောက်၍ နေ၏။ ထိုအခါ၌ တွေ့ထိမှု ‘ဖဿ'သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု ‘အဝိက္ခေပ’ သည် ဖြစ်၏။ ဤတရားတို့သည် ကုသိုလ်တို့တည်း။ ထိုရူပါဝစရကုသိုလ်ကံကိုသာလျှင် ပြုခဲ့ ဆည်းပူးခဲ့၍ ချမ်းသာခြင်း ‘သုခ’ ကိုလည်း ပယ်ခြင်းကြောင့် ဆင်းရဲခြင်း ‘ဒုက္ခ'ကိုလည်း ပယ်ခြင်းကြောင့်။ပ။ လျစ်လျူ ရှုခြင်း ‘ဥပေက္ခာ'နှင့်ယှဉ်သော အကျိုး ‘ဝိပါက်'ဖြစ်သော စတုတ္ထဈာန်သို့ ရောက်၍ နေ၏၊ ထိုအခါ၌ အကြင်လျစ်လျူရှုမှု ‘ဥပေက္ခာ’၊ လျစ်လျူရှုသော အခြင်းအရာ ‘ဥပေက္ခာယနာ’၊ လျစ်လျူရှုတတ်သည်၏ အဖြစ် ‘ဥပေက္ခာယိတတ္တ’၊ ဥပေက္ခာဟူသော၊ စိတ်၏ ဆန့်ကျင်ဘက်တရားတို့မှ လွတ်မြောက်ကြောင်း သဘော ‘ဥပေက္ခာစေတောဝိမုတ္တိ’ သည် ရှိ၏။ ဤသဘောကို လျစ်လျူရှုခြင်း ‘ဥပေက္ခာ’ ဟု ဆိုအပ်၏။
ကြွင်းသောတရားတို့သည် လျစ်လျူရှုခြင်း ‘ဥပေက္ခာ'နှင့်ယှဉ်သော တရားတို့ မည်ကုန်၏။
--
စတုက္ကနည်း ကြိယာမေတ္တာဈာန် သုံးပါး
၆၉၆။ အပ္ပမညာလေးပါးတို့ကား ချမ်းသာစေလိုခြင်း ‘မေတ္တာ’၊ သနားခြင်း ‘ကရုဏာ’၊ ဝမ်းမြောက်ခြင်း ‘မုဒိတာ’၊ လျစ်လျူရှုခြင်း ‘ဥပေက္ခာ’ တို့တည်း။
ပဌမဈာန်
၆၉၇။ ထိုတွင် အဘယ်သည် မေတ္တာ မည်သနည်း။
ဤသာသနာတော်၌ ရဟန်းသည် အကြင်အခါ၌ ရူပါဝစရဈာန်ကို အားထုတ်၏။ ကုသိုလ်လည်း မဟုတ်, အကုသိုလ်လည်းမဟုတ်သော ကံ၏အကျိုးလည်းမဟုတ်သော ကိရိယာဖြစ်သော မျက်မှောက်ဘဝ၌ ချမ်းသာစွာ နေကြောင်းဖြစ်သော၊ ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ မေတ္တာနှင့်ယှဉ်သောပဌမဈာန်သို့ ရောက်၍ နေ၏။ ထိုအခါ၌ အကြင် ချစ်ခင်ခြင်းသဘော ‘မေတ္တိ’၊ ချစ်ခင်သော အခြင်းအရာ ‘မေတ္တာယနာ’၊ ချစ်ခင်တတ်သည်၏အဖြစ် ‘မေတ္တာယိတတ္တ’၊ မေတ္တာဟူသော၊ စိတ်၏ဆန့်ကျင်ဘက်တရားတို့မှ လွတ်မြောက်ကြောင်းသဘော ‘မေတ္တာစေတောဝိမုတ္တိ’ သည် ရှိ၏။ ဤသဘောကို မေတ္တာဟု ဆိုအပ်၏။
ကြွင်းသောတရားတို့သည် မေတ္တာနှင့်ယှဉ်သော တရားတို့ မည်ကုန်၏။
ဒုတိယဈာန်နှင့် တတိယဈာန်
ထိုတွင် အဘယ်သည် ချစ်ခင်ခြင်း ‘မေတ္တာ’ မည်သနည်း။
ဤသာသနာတော်၌ ရဟန်းသည် အကြင်အခါ၌ ရူပါဝစရဈာန်ကို အားထုတ်၏၊ ကုသိုလ်လည်း မဟုတ်, အကုသိုလ်လည်းမဟုတ်သော ကံ၏အကျိုးလည်းမဟုတ်သော ကိရိယာဖြစ်သော မျက်မှောက်ဘဝ၌ ချမ်းသာစွာ နေကြောင်းဖြစ်သော၊ ဝိတက်ဝိစာရတို့၏ ချုပ်ငြိမ်းခြင်းကြောင့်။ပ။ ဒုတိယဈာန်သို့။ပ။ တတိယဈာန်သို့။ပ။
ပဉ္စကနည်း ကြိယာမေတ္တာဈာန် လေးပါး
ပဌမဈာန်သို့။ပ။ ဒုတိယဈာန်သို့။ပ။ တတိယဈာန်သို့။ပ။ မေတ္တာနှင့်ယှဉ်သော စတုတ္ထဈာန်သို့ ရောက်၍နေ၏။ ထိုအခါ၌ အကြင် ချစ်ခင်ခြင်းသဘော ‘မေတ္တိ’၊ ချစ်ခင်သောအခြင်းအရာ ‘မေတ္တာယနာ’၊ ချစ်ခင်တတ်သည်၏ အဖြစ် ‘မေတ္တာယိတတ္တ’၊ မေတ္တာဟူသော၊ စိတ်၏ ဆန့်ကျင်ဘက်တရားတို့မှလွတ်မြောက်ကြောင်းသဘော ‘မေတ္တာစေတောဝိမုတ္တိ'သည် ရှိ၏။ ဤသဘောကို ချစ်ခြင်း ‘မေတ္တာ’ ဟု ဆိုအပ်၏။
ကြွင်းသောတရားတို့သည် မေတ္တာနှင့်ယှဉ်သော တရားတို့ မည်ကုန်၏။
--
ကြိယာကရုဏာဈာန် ၃-၄
၆၉၈။ ထိုတွင် အဘယ်သည် သနားခြင်း ‘ကရုဏာ’ မည်သနည်း။ပ။
ကြိယာမုဒိတာဈာန် ၃-၄
ထိုတွင် အဘယ်သည် ဝမ်းမြောက်ခြင်း ‘မုဒိတာ’ မည်သနည်း။ပ။
ကြိယာဥပေက္ခာဈာန် ၁-ပါး
ထိုတွင် အဘယ်သည် လျစ်လျူရှုခြင်း ‘ဥပေက္ခာ’ မည်သနည်း။
ဤသာသနာတော်၌ ရဟန်းသည် အကြင်အခါ၌ ရူပါဝစရဈာန်ကို အားထုတ်၏။ ကုသိုလ်လည်း မဟုတ်, အကုသိုလ်လည်းမဟုတ်သော ကံ၏အကျိုးလည်း မဟုတ်သော ကြိယာဖြစ်သော မျက်မှောက် ဘဝ၌ ချမ်းသာစွာ နေကြောင်းဖြစ်သော ချမ်းသာခြင်း ‘သုခ'ကိုလည်း ပယ်ခြင်းကြောင့် ဆင်းရဲခြင်း ‘ဒုက္ခ'ကိုလည်း ပယ်ခြင်းကြောင့်။ပ။ လျစ်လျူရှုခြင်း ‘ဥပေက္ခာ’ နှင့်ယှဉ်သော စတုတ္ထဈာန်သို့ ရောက်၍ နေ၏။ ထိုအခါ၌ အကြင်လျစ်လျူရှုမှု ‘ဥပေက္ခာ’၊ လျစ်လျူရှုသော အခြင်းအရာ ‘ဥပေက္ခာယနာ’၊ လျစ်လျူရှုတတ်သည်၏အဖြစ် ‘ဥပေက္ခာယိတတ္တ’၊ ဥပေက္ခာဟူသော၊ စိတ်၏ ဆန့်ကျင်ဘက်တရားတို့မှ လွတ်မြောက်ကြောင်းသဘော ‘ဥပေက္ခာစေတောဝိမုတ္တိ’ သည် ရှိ၏။ ဤသဘောကို လျစ်လျူရှုခြင်း ‘ဥပေက္ခာ’ ဟု ဆိုအပ်၏။
ကြွင်းသောတရားတို့သည် လျစ်လျူရှုခြင်း ‘ဥပေက္ခာ’ နှင့်ယှဉ်သော တရားတို့ မည်ကုန်၏။
အဘိဓမ္မဘာဇနီယနည်း ပြီး၏။
--
၃-ပဥှာပုစ္ဆကနည်း
(အမေးအဖြေပြု၍ ဟောကြားသောနည်း)
၆၉၉။ အပ္ပမညာလေးပါးတို့ကား-
(၁) မေတ္တာ
ဤသာသနာတော်၌ ရဟန်းသည် ချမ်းသာစေလိုခြင်း ‘မေတ္တာ'နှင့်ယှဉ်သော စိတ်ဖြင့် တစ်ခုသောအရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေ၏၊ ထို့အတူ နှစ်ခုမြောက်သော အရပ်မျက်နှာကို။ သုံးခုမြောက်သော အရပ်မျက်နှာကို။ လေးခုမြောက်သော အရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေ၏၊ ဤနည်းအားဖြင့် အထက်အောက် ဖီလာအရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေ၏၊ အလုံးစုံသော အရပ်မျက်နှာတို့၌ သတ္တဝါအားလုံးတို့၌ မိမိနှင့် အတူပြု၍ သတ္တဝါအားလုံးပါဝင်သော သတ္တလောကကို ပြန့်ပြောသော မြတ်သော အပိုင်းအခြားမရှိသော ရန်မရှိသော ကြောင့်ကြမရှိသော မေတ္တာနှင့်ယှဉ်သော စိတ်ဖြင့် ပျံ့နှံ့စေ၍ နေ၏။
(၂) ကရုဏာ
သနားခြင်း ‘ကရုဏာ'နှင့် ယှဉ်သော စိတ်ဖြင့် တစ်ခုသော အရပ်မျက်နှာကို ပြန့်နှံ့စေ၍ နေ၏၊ ထို့အတူ နှစ်ခုမြောက်သော အရပ်မျက်နှာကို။ သုံးခုမြောက်သော အရပ်မျက်နှာကို။ လေးခုမြောက်သောအရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေ၏၊ ဤနည်းအားဖြင့် အထက် အောက် ဖီလာ အရပ်မျက်နှာတို့ကိုပျံ့နှံ့စေ၍ နေ၏၊ အလုံးစုံသော အရပ်မျက်နှာတို့၌ သတ္တဝါအားလုံးတို့၌ မိမိနှင့်အတူပြု၍ သတ္တဝါအားလုံးပါဝင်သော သတ္တလောကကို သနားခြင်း ‘ကရုဏာ'နှင့် ယှဉ်သော ပြန့်ပြောသော မြတ်သောအပိုင်းအခြားမရှိသော ရန်မရှိသော ကြောင့်ကြမရှိသော စိတ်ဖြင့် ပျံ့နှံ့စေ၍ နေ၏။
(၃) မုဒိတာ
ဝမ်းမြောက်ခြင်း ‘မုဒိတာ'နှင့် ယှဉ်သော စိတ်ဖြင့် တစ်ခုသော အရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေ၏၊ ထို့အတူ နှစ်ခုမြောက်သော အရပ်မျက်နှာကို၊ သုံးခုမြောက်သော အရပ်မျက်နှာကို၊ လေးခုမြောက်သောအရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေ၏၊ ဤနည်းအားဖြင့် အထက် အောက် ဖီလာ အရပ်မျက်နှာတို့ကိုပျံ့နှံ့စေ၍ နေ၏၊ အလုံးစုံသောအရပ်မျက်နှာတို့၌ သတ္တဝါအားလုံးတို့၌ မိမိနှင့်အတူပြု၍ သတ္တဝါအားလုံးပါဝင်သော သတ္တလောကကို ဝမ်းမြောက်ခြင်း ‘မုဒိတာ’ နှင့် ယှဉ်သော ပြန့်ပြောသော မြတ်သော အပိုင်းအခြားမရှိသော ရန်မရှိသော ကြောင့်ကြမရှိသော စိတ်ဖြင့် ပျံ့နှံ့စေ၍ နေ၏။
(၄) ဥပေက္ခာ
လျစ်လျူရှုခြင်း ‘ဥပေက္ခာ’ နှင့် ယှဉ်သော စိတ်ဖြင့် တစ်ခုသော အရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေ၏၊ ထို့အတူ နှစ်ခုမြောက်သော အရပ်မျက်နှာကို။ သုံးခုမြောက်သော အရပ်မျက်နှာကို။ လေးခုမြောက်သောအရပ် မျက်နှာကို ပျံ့နှံ့စေ၍ နေ၏၊ ဤနည်းအားဖြင့် အထက် အောက် ဖီလာ အရပ်မျက်နှာတို့ကိုပျံ့နှံ့စေ၍ နေ၏၊ အလုံးစုံသောအရပ်မျက်နှာတို့၌ သတ္တဝါအားလုံးတို့၌ မိမိနှင့်အတူပြု၍ သတ္တဝါအားလုံးပါဝင်သော သတ္တလောကကို လျစ်လျူရှုခြင်း ‘ဥပေက္ခာ’ နှင့်ယှဉ်သော ပြန့်ပြောသော မြတ်သော အပိုင်းအခြားမရှိသော ရန်မရှိသော ကြောင့်ကြမရှိသော စိတ်ဖြင့် ပျံ့နှံ့စေ၍ နေ၏။
--
အမေးပုစ္ဆာ
အပ္ပမညာလေးပါးတို့ကို တိက်, ဒုက်တို့ဖြင့် ဝေဖန်၍ အမေးပုစ္ဆာနည်းသက်သက်ကို ပြခြင်း
၇၀၀။ အပ္ပမညာလေးပါးတို့တွင်-ကုသိုလ်တရားတို့သည် အဘယ်မျှရှိကုန်သနည်း။ အကုသိုလ်တရားတို့သည် အဘယ်မျှရှိကုန် သနည်း။
အဗျာကတတရားတို့သည် အဘယ်မျှရှိကုန်သနည်း။ပ။
ကိလေသာနှင့် တကွဖြစ်သော တရားတို့သည် အဘယ်မျှရှိကုန်သနည်း။ ကိလေသာနှင့် တကွမဖြစ်သော တရားတို့သည် အဘယ်မျှရှိကုန်သနည်း။
အဖြေဝိသဇ္ဇနာ
အပ္ပမညာလေးပါးတို့ကို တိက်, ဒုက်တို့ဖြင့် ဝေဖန်၍ အဖြေဝိသဇ္ဇနာကို ပြခြင်း
တိကဝိသဇ္ဇနာ
၁-တိက် ၂၂-တိက်တို့ဖြင့် ဝေဖန်၍ ပြခြင်း
(၁) ကုသလတိက်အဖြေဝိသဇ္ဇနာ
၇၀၁။ (အပ္ပမညာလေးပါးတို့သည်) ရံခါ ကုသိုလ်ဖြစ်ကုန်၏။ ရံခါ အဗျာကတ ဖြစ်ကုန်၏။
(၂) ဝေဒနာတိက်>
(အပ္ပမညာသုံးပါးတို့သည်) သုခဝေဒနာနှင့် ယှဉ်ကုန်၏။ လျစ်လျူရှုခြင်း ‘ဥပေက္ခာ'သည် ဥပေက္ခာဝေဒနာနှင့် ယှဉ်၏။
(၃) ဝိပါကတိက်>
(အပ္ပမညာလေးပါးတို့သည်) ရံခါ အချင်းချင်းထူးကုန်သော ကုသိုလ်အကုသိုလ်တို့၏ အကျိုးဖြစ်ကုန်၏။ ရံခါ အကျိုးကိုဖြစ်စေခြင်းသဘော ရှိကုန်၏။ ရံခါ အချင်းချင်းထူးကုန်သော ကုသိုလ်အကုသိုလ်တို့၏ အကျိုးလည်း မဟုတ်၊ အကျိုးကိုဖြစ်စေခြင်းသဘောရှိသည်လည်း မဟုတ်ကုန်။
(၄) ဥပါဒိန္နတိက်>
(အပ္ပမညာလေးပါးတို့သည်) ရံခါ တဏှာဒိဋ္ဌိတို့သည် ကပ်အပ်သော ကံသည် အကျိုး၏ အဖြစ်ဖြင့်ယူအပ်သည်ဖြစ်၍၊ ဥပါဒါန်၏ အာရုံဖြစ်ကုန်၏၊ ရံခါ တဏှာဒိဋ္ဌိတို့သည် ကပ်အပ်သော ကံသည် အကျိုး၏အဖြစ်ဖြင့် မယူအပ်သည်ဖြစ်၍ ဥပါဒါန်၏ အာရုံသာ ဖြစ်ကုန်၏။
--
(၅) သံကိလိဋ္ဌတိက်>
(အပ္ပမညာလေးပါးတို့သည်) ကိလေသာတို့ပူပန်စေအပ်သည်ကား မဟုတ်၊ ကိလေသာတို့၏ အာရုံသာဖြစ်ကုန်၏။
(၆) ဝိတတ္က္ကတိက်>
အပ္ပမညာသုံးပါးတို့သည် ရံခါ ဝိတက်လည်း ရှိ၊ ဝိစာရလည်း ရှိကုန်၏။ ရံခါ ဝိတက်ကား မရှိ၊ ဝိစာရမျှသာ ရှိကုန်၏။ ရံခါ ဝိတက်လည်း မရှိ၊ ဝိစာရလည်း မရှိကုန်။ လျစ်လျူရှုခြင်း ‘ဥပေက္ခာ'သည်ဝိတက်လည်း မရှိ၊ ဝိစာရလည်း မရှိ။
(၇) ပီတိတိက်>
အပ္ပမညာသုံးပါးတို့သည် ရံခါ ပီတိနှင့် တကွ ဖြစ်ကုန်၏။ ရံခါ သုခဝေဒနာနှင့် တကွ ဖြစ်ကုန်၏။ ဥပေက္ခာဝေဒနာနှင့် တကွ မဖြစ်ကုန်။ (စတုတ္ထဈာန်၌ ရှိသော အပ္ပမညာသုံးပါးတို့ကို) ရံခါ ပီတိနှင့်တကွဖြစ်ကုန်၏ဟု မဆိုအပ်ကုန်။ လျစ်လျူရှုခြင်း ‘ဥပေက္ခာ’ သည် ဥပေက္ခာဝေဒနာနှင့်တကွ ဖြစ်၏။
(၈) ဒဿနတိက်>
(အပ္ပမညာလေးပါးတို့သည်) သောတာပတ္တိမဂ်ဖြင့် ပယ်အပ်သည်လည်းမဟုတ်၊ အထက်မဂ်သုံးခုဖြင့်ပယ်အပ်သည်လည်း မဟုတ်ကုန်။
(၉) ဒဿနဟေတုတိက်>
(အပ္ပမညာလေးပါးတို့သည်) သောတာပတ္တိမဂ်ဖြင့် ပယ်အပ်သော ဟိတ်ရှိသည်လည်း မဟုတ်၊ အထက်မဂ် သုံးခုဖြင့် ပယ်အပ်သော ဟိတ်ရှိသည်လည်း မဟုတ်ကုန်။
(၁၀) အာစယဂါမိတိက်>
(အပ္ပမညာလေးပါးတို့သည်) ရံခါ စုတိပဋိသန္ဓေသို့ ရောက်ကြောင်း ဖြစ်ကုန်၏။ ရံခါ စုတိပဋိသန္ဓေသို့ ရောက်ကြောင်းလည်း မဟုတ်၊ နိဗ္ဗာန်သို့ ရောက်ကြောင်းလည်း မဟုတ်ကုန်။
(၁၁) သေက္ခတိက်>
(အပ္ပမညာလေးပါးတို့သည်) သေက္ခပုဂ္ဂိုလ်တို့၏ ဥစ္စာလည်း မဟုတ်၊ ရဟန္တာပုဂ္ဂိုလ်တို့၏ ဥစ္စာ လည်းမဟုတ်ကုန်။
(၁၂) ပရိတ္တတိက်>
(အပ္ပမညာလေးပါးတို့သည်) မဟဂ္ဂုတ် ဖြစ်ကုန်၏။
(၁၃) ပရိတ္တာရမ္မဏတိက်>
(အပ္ပမညာလေးပါးတို့ကို) ပရိတ္တ(ကာမ) ကို အာရုံပြုကုန်၏ဟူ၍လည်းကောင်း၊ မဟဂ္ဂုတ်ကို အာရုံပြုကုန်၏ဟူ၍လည်းကောင်း၊ အပ္ပမာဏ (လောကုတ္တရာ) ကို အာရုံပြုကုန်၏ဟူ၍လည်းကောင်း မဆိုအပ်ကုန်။
--
(၁၄) ဟီနတိက်>
(အပ္ပမညာလေးပါးတို့သည်) အလတ် (မဇ္ဈိမ) ဖြစ်ကုန်၏။
(၁၅) မိစ္ဆတ္တတိက်>
(အပ္ပမညာလေးပါးတို့သည်) အကျိုးပေးမမြဲကုန်။
(၁၆) မဂ္ဂါရမ္မဏတိက်>
အပ္ပမညာလေးပါးတို့ကို မဂ်ကို အာရုံပြုကုန်ဟူ၍လည်းကောင်း၊ မဂ်ဟု ဆိုအပ်သော အကြောင်းရှိကုန်၏ဟူ၍လည်းကောင်း၊ မဂ်ဟုဆိုအပ်သော အဓိပတိပစ္စည်းရှိကုန်၏ဟူ၍လည်းကောင်း မဆိုအပ်ကုန်။
(၁၇) ဥပ္ပန္နတိက်>
(အပ္ပမညာလေးပါးတို့သည်) ရံခါ ခဏသုံးပါးသို့ ရောက်ဆဲ ဖြစ်ကုန်၏။ ရံခါ ခဏသုံးပါးသို့ ရောက်ပြီးရောက်ဆဲ မဟုတ်ကုန်။ ရံခါ ပြီးပြီးသော အကြောင်းတစ်စိတ် ရှိသည်၏အဖြစ်ကြောင့် မချွတ်ဖြစ်လတ္တံ့ဖြစ်ကုန်၏။
(၁၈) အတီတတိက်>
(အပ္ပမညာလေးပါးတို့သည်) ရံခါ ဖြစ်ပြီး ‘အတိတ်’ ဖြစ်ကုန်၏။ ရံခါ မရောက်သေး (ဖြစ်လတ္တံ့) ‘အနာဂတ်’ ဖြစ်ကုန်၏။ ရံခါ ဖြစ်ဆဲ ‘ပစ္စုပ္ပန်’ ဖြစ်ကုန်၏။
(၁၉) အတီတာရမ္မဏတိက်>
(အပ္ပမညာလေးပါးတို့ကို) ဖြစ်ပြီး ‘အတိတ်’ ကို အာရုံပြုကုန်၏ဟူ၍လည်းကောင်း၊ မရောက်သေး
(ဖြစ်လတ္တံ့) ‘အနာဂတ်'ကို အာရုံပြုကုန်၏ဟူ၍လည်းကောင်း ဖြစ်ဆဲ ‘ပစ္စုပ္ပန်'ကို အာရုံပြုကုန်၏ဟူ၍လည်းကောင်း မဆိုအပ်ကုန်။
(၂၀) အဇ္ဈတ္တတိက်>
(အပ္ပမညာလေးပါးတို့သည်) ရံခါ အတွင်း ‘အဇ္ဈတ္တ'သန္တာန်၌ ဖြစ်ကုန်၏။ ရံခါ အပ'ဗဟိဒ္ဓ'သန္တာန်၌ ဖြစ်ကုန်၏။ ရံခါ အတွင်းအပ'အဇ္ဈတ္တဗဟိဒ္ဓ'သန္တာန်၌ ဖြစ်ကုန်၏။
(၂၁) အဇ္ဈတ္တာရမ္မဏတိက်>
(အပ္ပမညာလေးပါးတို့သည်) အပ'ဗဟိဒ္ဓ'သန္တာန်ကို အာရုံပြုကုန်၏။
(၂၂) သနိဒဿနတိက်>
(အပ္ပမညာလေးပါးတို့သည်) မြင်အပ်သောသဘောလည်း မရှိ၊ ထိပါးတတ်သော သဘောလည်း မရှိကုန်။
--
ဒုကဝိသဇ္ဇနာ
၂-ဒုက်၁၀၀- တို့ဖြင့် ဝေဖန်၍ အဖြေဝိသဇ္ဇနာကို ပြခြင်း
ဟေတုဂေါစ္ဆကအဖြေ
(၁) ဟေတုဒုက်
၇၀၂။ မေတ္တာ (အဒေါသ) သည် ဟိတ်မည်၏၊ (ကြွင်း) အပ္ပမညာသုံးပါးတို့သည် ဟိတ်မမည်ကုန်။
(၂) သဟေတုကဒုက်
(အပ္ပမညာလေးပါးတို့သည်) ဟိတ်ရှိကုန်၏။
(၃) ဟေတုသမ္ပယုတ္တဒုက်
(အပ္ပမညာလေးပါးတို့သည်) ဟိတ်နှင့် ယှဉ်ကုန်၏။
(၄) ဟေတုသဟေတုကဒုက်
မေတ္တာ သည် ဟိတ်လည်းမည်၊ ဟိတ်လည်း ရှိ၏။ (ကြွင်း) အပ္ပမညာသုံးပါးတို့ကို ဟိတ်လည်း မည်၊ ဟိတ်လည်း ရှိကုန်၏ဟု မဆိုအပ်ကုန်။ ဟိတ်သာရှိ၍ ဟိတ်မမည်ကုန်။
(၅) ဟေတုဟေတုသမ္ပယုတ္တဒုက်
မေတ္တာသည် ဟိတ်လည်း မည်၊ ဟိတ်နှင့်လည်း ယှဉ်၏။ (ကြွင်း) အပ္ပမညာသုံးပါးတို့ကို ဟိတ်လည်းမည်၊ ဟိတ်နှင့်လည်း ယှဉ်ကုန်၏ဟု မဆိုအပ်ကုန်။ ဟိတ်နှင့်သာ ယှဉ်၍ ဟိတ်မမည်ကုန်။
(၆) နဟေတုသဟေတုကဒုက်
အပ္ပမညာသုံးပါးတို့သည် ဟိတ်မမည်မူ၍ ဟိတ်သာ ရှိကုန်၏။ မေတ္တာကို ဟိတ်မမည်မူ၍ ဟိတ်သာရှိ၏ဟူ၍လည်းကောင်း၊ ဟိတ်လည်း မမည်, ဟိတ်လည်း မရှိဟူ၍လည်းကောင်း မဆိုအပ်။
--
စူဠန္တရဒုက်အဖြေဝိသဇ္ဇနာ
(၇) သပ္ပစ္စယဒုက်
(အပ္ပမညာလေးပါးတို့သည်) ကံ စိတ် ဥတု အာဟာရတည်းဟူသော အကြောင်း ရှိကုန်၏။
(၈) သင်္ခတဒုက်
(အပ္ပမညာလေးပါးတို့သည်) အကြောင်းတရားတို့သည် ပြုပြင်အပ်ကုန်၏။
(၉) သနိဒဿနဒုက်
(အပ္ပမညာလေးပါးတို့သည်) မြင်အပ်သောသဘော မရှိကုန်။
(၁၀) သပ္ပဋိဃဒုက်
(အပ္ပမညာလေးပါးတို့သည်) ထိပါးတတ်သော သဘောမရှိကုန်။
(၁၁) ရူပီဒုက်
(အပ္ပမညာလေးပါးတို့သည်) နာမ်တရား ဖြစ်ကုန်၏။
(၁၂) လောကိယဒုက်
(အပ္ပမညာလေးပါးတို့သည်) လောက၌ အကျုံးဝင်ကုန်၏။
(၁၃) ကေနစိဝိညေယျဒုက်
(အပ္ပမညာလေးပါးတို့သည်) တစ်စုံတစ်ခုသော စိတ်သည် သိအပ်သော သဘောရှိကုန်၏၊ တစ်စုံတစ်ခုသော စိတ်သည် သိအပ်သော သဘောမရှိကုန်။
--
အာသဝဂေါစ္ဆကအဖြေ
(၁၄) အာသဝဒုက်
(အပ္ပမညာလေးပါးတို့သည်) အာသဝ မမည်ကုန်။
(၁၅) သာသဝဒုက်
(အပ္ပမညာလေးပါးတို့သည်) အာသဝ၏ အာရုံဖြစ်ကုန်၏။
(၁၆) အာသဝသမ္ပယုတ္တဒုက်
(အပ္ပမညာလေးပါးတို့သည်) အာသဝနှင့် မယှဉ်ကုန်။
(၁၇) အာသဝသာသဝဒုက်
(အပ္ပမညာလေးပါးတို့ကို) အာသဝလည်း မည်၊ အာသဝ၏ အာရုံလည်း ဖြစ်ကုန်၏ဟု မဆို အပ်ကုန်။ (အပ္ပမညာလေးပါးတို့သည်) အာသဝ၏ အာရုံသာ ဖြစ်၍ အာသဝမမည်ကုန်။
(၁၈) အာသဝအာသဝသမ္ပယုတ္တဒုက်
(အပ္ပမညာလေးပါးတို့ကို) အာသဝလည်း မည်၊ အာသဝနှင့်လည်း ယှဉ်ကုန်၏ဟူ၍လည်းကောင်း၊ အာသဝနှင့်သာယှဉ်၍ အာသဝမမည်ကုန်ဟူ၍လည်းကောင်း မဆိုအပ်ကုန်။
(၁၉) အာသဝဝိပ္ပယုတ္တသာသဝဒုက်
(အပ္ပမညာလေးပါးတို့သည်) အာသဝနှင့် မယှဉ်မူ၍ အာသဝ၏ အာရုံသာ ဖြစ်ကုန်၏။
သံယောဇနဂေါစ္ဆကအဖြေ
(၂၀-၂၅) သံယောဇနဒုက်
(အပ္ပမညာလေးပါးတို့သည်) သံယောဇဉ် မမည်ကုန်။ပ။
--
ဂန္ထဂေါစ္ဆကအဖြေ
(၂၆-၃၁) ဂန္ထဒုက်
(အပ္ပမညာလေးပါးတို့သည်) ဂန္ထ မမည်ကုန်။ပ။
ဩဃဂေါစ္ဆကအဖြေ
(၃၂-၃၇) ဩဃဒုက်
(အပ္ပမညာလေးပါးတို့သည်) ဩဃ မမည်ကုန်။ပ။
ယောဂဂေါစ္ဆကအဖြေ
(၃၈-၄၃) ယောဂဒုက်
(အပ္ပမညာလေးပါးတို့သည်) ယောဂ မမည်ကုန်။ပ။
နီဝရဏဂေါစ္ဆကအဖြေ
(၄၄-၄၉) နီဝရဏဒုက်
(အပ္ပမညာလေးပါးတို့သည်) နီဝရဏ မမည်ကုန်။ပ။
ပရာမာသဂေါစ္ဆကအဖြေ
(၅၀-၅၄) ပရာမာသဒုက်
(အပ္ပမညာလေးပါးတို့သည်) ပရာမာသ မမည်ကုန်။ပ။
မှတ်ချက်။ ။ သံယောဇနဂေါစ္ဆကမှစ၍ ပရာမာသဂေါစ္ဆကအထိ ပေယျာလများကို အာသဝဂေါစ္ဆကအတိုင်း ဖော်၍ ဟောရမည်။
--
မဟန္တရဒုက်အဖြေ
(၅၅) သာရမ္မဏဒုက်
(အပ္ပမညာလေးပါးတို့သည်) အာရုံပြုခြင်း ရှိကုန်၏။
(၅၆) စိတ္တဒုက်
(အပ္ပမညာလေးပါးတို့သည်) စိတ်မမည်ကုန်။
(၅၇) စေတသိကဒုက်
(အပ္ပမညာလေးပါးတို့သည်) စေတသိက် မည်ကုန်၏။
(၅၈) စိတ္တသမ္ပယုတ္တဒုက်
(အပ္ပမညာလေးပါးတို့သည်) စိတ်နှင့်ယှဉ်ကုန်၏။
(၅၉) စိတ္တသံသဋ္ဌဒုက်
(အပ္ပမညာလေးပါးတို့သည်) စိတ်နှင့် နှီးနှောကုန်၏။
(၆၀) စိတ္တသမုဋ္ဌာနဒုက်
(အပ္ပမညာလေးပါးတို့သည်) စိတ်ကြောင့်ကုန်၏။
(၆၁) စိတ္တသဟဘူဒုက်
(အပ္ပမညာလေးပါးတို့သည်) စိတ်နှင့်တကွ ဖြစ်ကုန်၏။
(၆၂) စိတ္တာနုပရိဝတ္တိဒုက်
(အပ္ပမညာလေးပါးတို့သည်) စိတ်သို့ အစဉ်လိုက်၍ ဖြစ်ကုန်၏။
(၆၃) စိတ္တသံသဋ္ဌသမုဋ္ဌာနဒုက်
(အပ္ပမညာလေးပါးတို့သည်) စိတ်နှင့်လည်းနှီးနှော၊ စိတ်ကြောင့်လည်း ဖြစ်ကုန်၏။
(၆၄) စိတ္တသံသဋ္ဌသမုဋ္ဌာနသဟဘူဒုက်
(အပ္ပမညာလေးပါးတို့သည်) စိတ်နှင့်လည်းနှီးနှော၊ စိတ်ကြောင့်လည်းဖြစ်၊ စိတ်နှင့်လည်း တကွဖြစ်ကုန်၏။
(၆၅) စိတ္တသံသဋ္ဌသမုဋ္ဌာနာနုပရိဝတ္တိဒုက်
စိတ်နှင့်လည်းနှီးနှော၊ စိတ်ကြောင့်လည်းဖြစ်၊ စိတ်သို့လည်း အစဉ်လိုက်၍ ဖြစ်ကုန်၏။
(၆၆) အဇ္ဈတ္တိကဒုက်
(အပ္ပမညာလေးပါးတို့သည်) အပ၌ ဖြစ်ကုန်၏။
--
(၆၇) ဥပါဒါဒုက်
(အပ္ပမညာလေးပါးတို့သည်) မဟာဘုတ်လေးပါးတို့ကို မှီ၍ မဖြစ်ကုန်။
(၆၈) ဥပါဒိန္နဒုက်
(အပ္ပမညာလေးပါးတို့သည်) အချို့ တဏှာ ဒိဋ္ဌိတို့သည်ကပ်အပ်သော ကံသည်အကျိုး၏ အဖြစ်ဖြင့်ယူအပ်ကုန်၏၊ အချို့ တဏှာဒိဋ္ဌိတို့သည်ကပ်အပ်သော ကံသည်အကျိုး၏ အဖြစ်ဖြင့် မယူ အပ်ကုန်။
ဥပါဒါနဂေါစ္ဆကအဖြေ
(၆၉-၇၄) ဥပါဒါနဒုက်
(အပ္ပမညာလေးပါးတို့သည်) ဥပါဒါန်မမည်ကုန်။ပ။
ကိလေသဂေါစ္ဆကအဖြေ
(၇၅-၈၂) ကိလေသဒုက်
ကိလေသာ မမည်ကုန်။ပ။
မှတ်ချက်။ ။ ဥပါဒါနဂေါစ္ဆကနှင့်ကိလေသဂေါစ္ဆကကိုလည်း အာသဝဂေါစ္ဆကကဲ့သို့ ပေယျာလဖော်၍ ဟောရမည်။
ပိဋ္ဌိဒုက်အဖြေ
(၈၃) ဒဿနေနပဟာတဗ္ဗဒုက်
(အပ္ပမညာလေးပါးတို့သည်) သောတာပတ္တိမဂ်ဖြင့် မပယ်အပ်သောတရားတို့ မဟုတ်ကုန်။
(၈၄) ဘာဝနာယပဟာတဗ္ဗဒုက်
(အပ္ပမညာလေးပါးတို့သည်) အထက်မဂ်သုံးခုဖြင့် ပယ်အပ်သောတရားတို့ မဟုတ်ကုန်။
(၈၅) ဒဿနေနပဟာတဗ္ဗဟေတုကဒုက်
(အပ္ပမညာလေးပါးတို့သည်) သောတာပတ္တိမဂ်ဖြင့် ပယ်အပ်သော ဟိတ်ရှိသော တရားတို့ မဟုတ်ကုန်။
(၈၆) ဘာဝနာယပဟာတဗ္ဗဟေတုကဒုက်
(အပ္ပမညာလေးပါးတို့သည်) အထက်မဂ်သုံးခုဖြင့် ပယ်အပ်သော ဟိတ်ရှိသောတရားတို့ မဟုတ်ကုန်။
--
(၈၇) သဝိတက္ကဒုက်
အပ္ပမညာသုံးပါးတို့သည် ရံခါ ဝိတက်ရှိကုန်၏။ ရံခါ ဝိတက် မရှိကုန်။ လျစ်လျူရှုခြင်း ‘ဥပေက္ခာ'သည် ဝိတက် မရှိ။
(၈၈) သဝိစာရဒုက်
အပ္ပမညာသုံးပါးတို့သည် ရံခါ ဝိစာရ ရှိကုန်၏။ ရံခါ ဝိစာရ မရှိကုန်။ လျစ်လျူရှုခြင်း ‘ဥပေက္ခာ’ သည် ဝိစာရ မရှိ။
(၈၉) သပ္ပီတိကဒုက်
အပ္ပမညာသုံးပါးတို့သည် ရံခါ ပီတိ ရှိကုန်၏။ ရံခါ ပီတိ မရှိကုန်။ လျစ်လျူရှုခြင်း ‘ဥပေက္ခာ'သည် ပီတိမရှိ။
(၉၀) ပီတိသဟဂတဒုက်
အပ္ပမညာသုံးပါးတို့သည် ရံခါ ပီတိနှင့်တကွ ဖြစ်ကုန်၏။ ရံခါ ပီတိနှင့်တကွ မဖြစ်ကုန်။ လျစ်လျူရှုခြင်း ‘ဥပေက္ခာ'သည် ပီတိနှင့်တကွ မဖြစ်။
(၉၁) သုခသဟဂတဒုက်
အပ္ပမညာသုံးပါးတို့သည် သုခဝေဒနာနှင့်တကွ ဖြစ်ကုန်၏။ လျစ်လျူရှုခြင်း ‘ဥပေက္ခာ'သည်သုခဝေဒနာနှင့် တကွ မဖြစ်။
(၉၂) ဥပေက္ခာသဟဂတဒုက်
လျစ်လျူရှုခြင်း ‘ဥပေက္ခာ’ သည် ဥပေက္ခာဝေဒနာနှင့် တကွ ဖြစ်၏။ (ကြွင်း) အပ္ပမညာသုံးပါး တို့သည်ဥပေက္ခာဝေဒနာနှင့် တကွ မဖြစ်ကုန်။
(၉၃) ကာမာဝစရဒုက်
(အပ္ပမညာလေးပါးတို့သည်) ကာမာဝစရ မမည်ကုန်။
(၉၄) ရူပါဝစရဒုက်
(အပ္ပမညာလေးပါးတို့သည်) ရူပါဝစရ မည်ကုန်၏။
(၉၅) အရူပါဝစရဒုက်
(အပ္ပမညာလေးပါးတို့သည်) အရူပါဝစရ မမည်ကုန်။
(၉၆) ပရိယာပန္နဒုက်
(အပ္ပမညာလေးပါးတို့သည်) ဝဋ်တရား၌ အကျုံးဝင်ကုန်၏။
--
(၉၇) နိယျာနိကဒုက်
(အပ္ပမညာလေးပါးတို့သည်) ဝဋ်ဆင်းရဲမှ ထွက်မြောက်ကြောင်း မဟုတ်ကုန်။
(၉၈) နိယတဒုက်
(အပ္ပမညာလေးပါးတို့သည်) အကျိုးပေးမမြဲကုန်။
(၉၉) သဥတ္တရဒုက်
(အပ္ပမညာလေးပါးတို့သည်) မိမိထက် လွန်မြတ်သောတရား ရှိကုန်၏။
(၁၀၀) သရဏဒုက်
(အပ္ပမညာလေးပါးတို့သည်) ငိုကြွေးကြောင်း ရာဂစသောကိလေသာ မရှိကုန်။
အပ္ပမညာလေးပါးတို့ကို တိက် ဒုက်တို့ဖြင့် အမေးအဖြေပြုလုပ်ပြသော ပဥှာပုစ္ဆကနည်း ပြီး၏။
အပ္ပမညာလေးပါးတို့ကို ဝေဖန်၍ ပြသော အပ္ပမညာဝိဘင်းပြီးပြီ။
--
၁၄-သိက္ခာပဒဝိဘင်္ဂ
(သိက္ခာပုဒ်တို့ကို ဝေဖန်၍ပြသော သိက္ခာပဒဝိဘင်း)
၁-အဘိဓမ္မာဘာဇနီယနည်း
(အဘိဓမ္မာနည်းဖြင့် ဝေဖန်၍ ဟောကြားသော အဘိဓမ္မာဘာဇနီယနည်း)
ငါးပါးသီလအကျဉ်း
၇၀၃။ သိက္ခာပုဒ်ငါးပါးတို့ကား-
(၁) အသက်သတ်ခြင်းမှ ရှောင်ကြဉ်သော သိက္ခာပုဒ်၊
(၂) မပေးသည်ကိုယူခြင်း (ခိုးခြင်း) မှ ရှောင်ကြဉ်သော သိက္ခာပုဒ်၊
(၃) ကာမဂုဏ်တို့၌ မှားသောအကျင့်မှ ရှောင်ကြဉ်သော သိက္ခာပုဒ်၊
(၄) မမှန်ပြောခြင်းမှ ရှောင်ကြဉ်သော သိက္ခာပုဒ်၊
(၅) မူးယစ်မေ့လျော့စေတတ်သော သေ, အရက်ကို သောက်ခြင်းမှ ရှောင်ကြဉ်သော သိက္ခာပုဒ်တို့တည်း။
--
ငါးပါးသီလအကျယ်
ပဌမသိက္ခာပုဒ်
မဟာကုသိုလ်ပဌမစိတ်
ဝိရတိသီလ
၇၀၄။ ထိုငါးပါးတို့တွင် အဘယ်သည် အသက်သတ်ခြင်းမှ ရှောင်ကြဉ်သော သိက္ခာပုဒ် မည်သနည်း။
အကြင်အခါ၌ အသက်သတ်ခြင်းမှ ရှောင်ကြဉ်သူအား သောမနဿဝေဒနာနှင့် တကွဖြစ်သောဉာဏ်နှင့်ယှဉ်သော ကာမာဝစရကုသိုလ်စိတ်သည် ဖြစ်ဆဲဖြစ်၏။ ထိုအခါ၌ အသက်သတ်ခြင်းမှ အကြင် ဝေးစွာရှောင်ကြဉ်ခြင်း ‘အာရတိ’၊ အထူးရှောင်ကြဉ်ခြင်း ‘ဝိရတိ’၊ အထပ်ထပ် ရှောင်ကြဉ်ခြင်း ‘ပဋိဝိရတိ’၊ ရှောင်ကြဉ်ခြင်း ‘ဝေရမဏီ’၊ မပြုသော အခြင်းအရာ ‘အကိရိယာ’၊ မပြုလုပ်ခြင်း ‘အကရဏ’၊ မလွန်ကျူးခြင်း ‘အနဇ္ဈာပတ္တိ’၊ ကမ်းကို မလွန်ခြင်း ‘ဝေလာအနတိက္ကမ’၊ အကြွင်းမဲ့ပယ်သတ်ခြင်း ‘သေတုဃာတ’ သည် ရှိ၏။ ဤသဘောကို အသက်သတ်ခြင်းမှ ရှောင်ကြဉ်သော သိက္ခာပုဒ်ဟု ဆိုအပ်၏။
ကြွင်းသော တရားတို့သည် ဝိရတိနှင့်ယှဉ်သော တရားတို့ မည်ကုန်၏။
စေတနာသီလ
ထိုတွင် အဘယ်သည် အသက်သတ်ခြင်းမှ ရှောင်ကြဉ်သော သိက္ခာပုဒ် မည်သနည်း။
အကြင်အခါ၌ အသက်သတ်ခြင်းမှ ရှောင်ကြဉ်သူအား သောမနဿဝေဒနာနှင့် တကွဖြစ်သောဉာဏ်နှင့်ယှဉ်သော ကာမာဝစရကုသိုလ်စိတ်သည် ဖြစ်ဆဲဖြစ်၏၊ ထိုအခါ၌ အကြင်စေ့ဆော်ခြင်း ‘စေတနာ’၊ စေ့ဆော်သောအခြင်းအရာ ‘သေဉ္စတနာ’၊ စေ့ဆော်တတ်သည်၏အဖြစ် ‘သေဉ္စတယိတတ္တ’ သည် ရှိ၏။ ဤသဘောကို အသက်သတ်ခြင်းမှ ရှောင်ကြဉ်သော သိက္ခာပုဒ်ဟု ဆိုအပ်၏။
ကြွင်းသောတရားတို့သည် စေတနာနှင့်ယှဉ်သော တရားတို့ မည်ကုန်၏။
သမ္ပယုတ္တသီလထိုတွင် အဘယ်သည် အသက်သတ်ခြင်းမှ ရှောင်ကြဉ်ကြောင်း သိက္ခာပုဒ် မည်သနည်း။
အကြင်အခါ၌ အသက်သတ်ခြင်းမှ ရှောင်ကြဉ်သူအား သောမနဿဝေဒနာနှင့် တကွဖြစ်သောဉာဏ်နှင့်ယှဉ်သော ကာမာဝစရကုသိုလ်စိတ်သည် ဖြစ်ဆဲဖြစ်၏၊ ထိုအခါ၌ အကြင်တွေ့ထိမှု “ဖဿ”။ပ။ ချီးမြှောက်မှု ‘ပဂ္ဂါဟ’၊ မပျံ့လွင့်မှု ‘အဝိက္ခေပ’ သည် ဖြစ်၏။ ဤသဘောကို အသက်သတ်ခြင်းမှရှောင်ကြဉ် သော သိက္ခာပုဒ်ဟု ဆိုအပ်၏။ (၁)
--
မဟာကုသိုလ် ဒုတိယစိတ်စသည်
ဝိရတိသီလ
ထိုတွင် အဘယ်သည် အသက်သတ်ခြင်းမှ ရှောင်ကြဉ်သော သိက္ခာပုဒ် မည်သနည်း။
အကြင်အခါ၌ အသက်သတ်ခြင်းမှ ရှောင်ကြဉ်သူအား သောမနဿဝေဒနာနှင့် တကွဖြစ်သော၊ ဉာဏ်နှင့်ယှဉ်သော၊ တိုက်တွန်းခြင်းနှင့်တကွဖြစ်သော၊ ကာမာဝစရကုသိုလ်စိတ်သည် ဖြစ်ဆဲဖြစ်၏။ပ။ (၂)
သောမနဿဝေဒနာနှင့် တကွဖြစ်သော၊ ဉာဏ်နှင့် မယှဉ်သော။ပ။ (၃)
သောမနဿဝေဒနာနှင့် တကွဖြစ်သော၊ ဉာဏ်နှင့် မယှဉ်သော၊ တိုက်တွန်းခြင်းနှင့် တကွဖြစ်သော။ပ။ (၄)
ဥပေက္ခာဝေဒနာနှင့် တကွဖြစ်သော၊ ဉာဏ်နှင့်ယှဉ်သော။ပ။ (၅)
ဥပေက္ခာဝေဒနာနှင့် တကွဖြစ်သော၊ ဉာဏ်နှင့်ယှဉ်သော၊ တိုက်တွန်းခြင်းနှင့် တကွဖြစ်သော။ပ။ (၆)
ဥပေက္ခာဝေဒနာနှင့် တကွဖြစ်သော၊ ဉာဏ်နှင့် မယှဉ်သော။ပ။ (၇)
ဥပေက္ခာဝေဒနာနှင့် တကွဖြစ်သော၊ ဉာဏ်နှင့် မယှဉ်သော၊ တိုက်တွန်းခြင်းနှင့် တကွဖြစ်သောကာမာဝစရ ကုသိုလ်စိတ်သည် ဖြစ်ဆဲဖြစ်၏၊ ထိုအခါ၌ အသက်သတ်ခြင်းမှ အကြင်ဝေးစွာ ရှောင်ကြဉ်ခြင်း ‘အာရတိ’၊ အထူးရှောင်ကြဉ်ခြင်း ‘ဝိရတိ’၊ အထပ်ထပ်ရှောင်ကြဉ်ခြင်း ‘ပဋိဝိရတိ’၊ ရှောင်ကြဉ်ခြင်း ‘ဝေရမဏီ’၊ မပြုသောအခြင်းအရာ ‘အကိရိယာ’၊ မပြုလုပ်ခြင်း ‘အကရဏ’၊ မလွန်ကျူးခြင်း ‘အနဇ္ဈာပတ္တိ’၊ ကမ်းကို မလွန်ခြင်း ‘ဝေလာ အနတိက္ကမ’၊ အကြွင်းမဲ့သတ်ခြင်း ‘သေတုဃာတ’ သည် ရှိ၏။ ဤသဘောကို အသက်သတ်ခြင်းမှ ရှောင်ကြဉ်သောသိက္ခာပုဒ်ဟု ဆိုအပ်၏။ (၈)
ကြွင်းသောတရားတို့သည် ဝိရတိနှင့်ယှဉ်သော တရားတို့ မည်ကုန်၏။
စေတနာသီလ
၇၀၅။ ထိုတွင် အဘယ်သည် အသက်သတ်ခြင်းမှ ရှောင်ကြဉ်သော သိက္ခာပုဒ် မည်သနည်း။
(*) အကြင်အခါ၌ အသက်သတ်ခြင်းမှ ရှောင်ကြဉ်သူအား ဥပေက္ခာဝေဒနာနှင့်တကွဖြစ်သော၊ ဉာဏ်နှင့်မယှဉ်သော၊ တိုက်တွန်းခြင်းနှင့် တကွဖြစ်သော ကာမာဝစရကုသိုလ်စိတ်သည် ဖြစ်ဆဲဖြစ်၏၊ ထိုအခါ၌ အကြင်စေ့ဆော်ခြင်း ‘စေတနာ’၊ စေ့ဆော်သောအခြင်းအရာ ‘သေဉ္စတနာ’၊ စေ့ဆော်တတ်သည်၏ အဖြစ် ‘သေဉ္စတယိတတ္တ’ သည် ရှိ၏။ ဤသဘောကို အသက်သတ်ခြင်းမှ ရှောင်ကြဉ်သော သိက္ခာပုဒ်ဟု ဆိုအပ်၏။
ကြွင်းသောတရားတို့သည် စေတနာနှင့်ယှဉ်သော တရားတို့ မည်ကုန်၏။
သမ္ပယုတ္တသီလ ထိုတွင် အဘယ်သည် အသက်သတ်ခြင်းမှ ရှောင်ကြဉ်သော သိက္ခာပုဒ် မည်သနည်း။
--
(*) အကြင်အခါ၌ အသက်သတ်ခြင်းမှ ရှောင်ကြဉ်သူအား ဥပေက္ခာဝေဒနာနှင့် တကွဖြစ်သော၊ ဉာဏ်နှင့်မယှဉ်သော၊ တိုက်တွန်းခြင်းနှင့် တကွဖြစ်သော ကာမာဝစရ ကုသိုလ်စိတ်သည် ဖြစ်ဆဲဖြစ်၏၊ ထိုအခါ၌ တွေ့ထိမှု ‘ဖဿ’။ပ။ ချီးမြှောက်မှု ‘ပဂ္ဂါဟ’၊ မပျံ့လွင့်မှု အဝိက္ခေပသည် ရှိ၏။ ဤသဘောကို အသက်သတ်ခြင်းမှ ရှောင်ကြဉ်သော သိက္ခာပုဒ်ဟု ဆိုအပ်၏။
မှတ်ချက်။ ။ (*) ဤ၌ စေတနာသီလ, သမ္ပယုတ္တသီလတို့၌ မဟာကုသိုလ်ပဌမစိတ်မှ သတ္တမစိတ်အထိ ပေယျာလ မပါဘဲ အကျဉ်းချုံးထားသည်။ အာဒိပေယျာလ ရှိသင့်သည်။
ငါးပါးသီလ ဒုတိယသိက္ခာပုဒ် စသည်အကျယ်
မဟာကုသိုလ်ပဌမစိတ်
ဝိရတိသီလ
၇၀၆။ ထိုငါးပါးတို့တွင် အဘယ်သည် မပေးသည်ကို ယူခြင်း (ခိုးခြင်း) မှ ရှောင်ကြဉ်သော သိက္ခာပုဒ် မည်သနည်း။ပ။
ကာမဂုဏ်တို့၌ မှားသောအကျင့်မှ ရှောင်ကြဉ်သော သိက္ခာပုဒ် မည်သနည်း။ပ။
မမှန်ပြောခြင်းမှ ရှောင်ကြဉ်သော သိက္ခာပုဒ် မည်သနည်း။ပ။
မူးယစ်မေ့လျော့စေတတ်သော သေအရက်ကို သောက်ခြင်းမှ ရှောင်ကြဉ်သော သိက္ခာပုဒ် မည်သနည်း။
အကြင်အခါ၌ မူးယစ်မေ့လျော့စေတတ်သော သေအရက်ကိုသောက်ခြင်းမှ ရှောင်ကြဉ်သူအား သောမနဿဝေဒနာနှင့်တကွဖြစ်သောဉာဏ်နှင့်ယှဉ်သော ကာမာဝစရကုသိုလ်စိတ်သည် ဖြစ်ဆဲဖြစ်၏။ ထိုအခါ၌ မူးယစ်မေ့လျော့စေတတ်သော သေအရက်ကို သောက်ခြင်းမှ အကြင်ဝေးစွာ ရှောင်ကြဉ်ခြင်း ‘အာရတိ’၊ အထူးရှောင်ကြဉ်ခြင်း ‘ဝိရတိ’၊ အထပ်ထပ်ရှောင်ကြဉ်ခြင်း ‘ပဋိဝိရတိ’၊ ရှောင်ကြဉ်ခြင်း ‘ဝေရမဏီ’၊ မပြုသောအခြင်းအရာ ‘အကိရိယာ’၊ မပြုလုပ်ခြင်း ‘အကရဏ’၊ မလွန်ကျူးခြင်း ‘အနဇ္ဈာပတ္တိ’၊ ကမ်းကို မလွန်ခြင်း ‘ဝေလာအနတိက္ကမ’၊ အကြွင်းမဲ့ပယ်သတ်ခြင်း ‘သေတုဃာတ’ သည် ရှိ၏။ ဤသဘောကို မူးယစ်မေ့လျော့စေတတ်သော သေအရက်ကို သောက်ခြင်းမှရှောင်ကြဉ်သော သိက္ခာပုဒ်ဟု ဆိုအပ်၏။
--
ကြွင်းသောတရားတို့သည် ဝိရတိနှင့်ယှဉ်သော တရားတို့ မည်ကုန်၏။
စေတနာသီလ ထိုတွင် အဘယ်သည် မူးယစ်မေ့လျော့စေတတ်သော သေအရက်ကို သောက်ခြင်းမှ ရှောင်ကြဉ်သောသိက္ခာပုဒ် မည်သနည်း။
အကြင်အခါ၌ မူးယစ်မေ့လျော့စေတတ်သော သေအရက်ကိုသောက်ခြင်းမှ ရှောင်ကြဉ်သူအားသောမနဿဝေဒနာနှင့် တကွဖြစ်သောဉာဏ်နှင့် ယှဉ်သော ကာမာဝစရကုသိုလ်စိတ်သည် ဖြစ်ဆဲဖြစ်၏၊ ထိုအခါ၌ အကြင်စေ့ဆော်ခြင်း ‘စေတနာ’၊ စေ့ဆော်သော အခြင်းအရာ ‘သေဉ္စတနာ’၊ စေ့ဆော်တတ်သည်၏ အဖြစ် ‘သေဉ္စတယိတတ္တ’ သည် ရှိ၏။ ဤသဘောကို မူးယစ်မေ့လျော့စေတတ်သောသေအရက်ကို သောက်ခြင်းမှ ရှောင်ကြဉ်သော သိက္ခာပုဒ်ဟု ဆိုအပ်၏။
ကြွင်းသောတရားတို့သည် စေ့ဆော်ခြင်းစေတနာနှင့်ယှဉ်သော တရားတို့ မည်ကုန်၏။
သမ္ပယုတ္တသီလထိုတွင် အဘယ်သည် မူးယစ်မေ့လျော့စေတတ်သော သေအရက်ကို သောက်ခြင်းမှ ရှောင်ကြဉ်သောသိက္ခာပုဒ် မည်သနည်း။
အကြင်အခါ၌ မူးယစ်မေ့လျော့စေတတ်သော သေအရက်ကိုသောက်ခြင်းမှ ရှောင်ကြဉ်သူအား သောမနဿဝေဒနာနှင့်တကွဖြစ်သောဉာဏ်နှင့်ယှဉ်သော ကာမာဝစရကုသိုလ်စိတ်သည် ဖြစ်ဆဲဖြစ်၏၊ ထိုအခါ၌ တွေ့ထိမှု ‘ဖဿ’။ပ။ ချီးမြှောက်မှု ‘ပဂ္ဂါဟ’၊ မပျံ့လွင့်မှု ‘အဝိက္ခေပ’ သည် ရှိ၏။ ဤသဘောကိုမူးယစ်မေ့လျော့စေတတ်သော သေအရက်ကို သောက်ခြင်းမှ ရှောင်ကြဉ်သော သိက္ခာပုဒ်ဟု ဆိုအပ်၏။ (၁)
မဟာကုသိုလ် ဒုတိယစိတ်စသည့် ဝိရတိသီလ
ထိုတွင် အဘယ်သည် မူးယစ်မေ့လျော့စေတတ်သော သေအရက်ကို သောက်ခြင်းမှ ရှောင်ကြဉ်သောသိက္ခာပုဒ် မည်သနည်း။
အကြင်အခါ၌ မူးယစ်မေ့လျော့စေတတ်သော သေအရက်ကို သောက်ခြင်းမှ ရှောင်ကြဉ်သူအားသောမနဿဝေဒနာနှင့် တကွဖြစ်သော၊ ဉာဏ်နှင့် ယှဉ်သော၊ တိုက်တွန်းခြင်းနှင့်တကွဖြစ်သောကာမာဝစရ ကုသိုလ်စိတ်သည် ဖြစ်ဆဲဖြစ်၏။ပ။ (၂)
သောမနဿဝေဒနာနှင့် တကွဖြစ်သော၊ ဉာဏ်နှင့် မယှဉ်သော။ပ။ (၃)
သောမနဿဝေဒနာနှင့် တကွဖြစ်သော၊ ဉာဏ်နှင့် မယှဉ်သော၊ တိုက်တွန်းခြင်းနှင့် တကွဖြစ်သော။ပ။ (၄)
ဥပေက္ခာဝေဒနာနှင့် တကွဖြစ်သော၊ ဉာဏ်နှင့်ယှဉ်သော။ပ။ (၅)
ဥပေက္ခာဝေဒနာနှင့် တကွဖြစ်သော၊ ဉာဏ်နှင့်ယှဉ်သော၊ တိုက်တွန်းခြင်းနှင့် တကွဖြစ်သော။ပ။ (၆)
ဥပေက္ခာဝေဒနာနှင့် တကွဖြစ်သော၊ ဉာဏ်နှင့် မယှဉ်သော။ပ။ (၇)
ဥပေက္ခာဝေဒနာနှင့် တကွဖြစ်သော၊ ဉာဏ်နှင့် မယှဉ်သော၊ တိုက်တွန်းခြင်းနှင့် တကွဖြစ်သောကာမာဝစရ ကုသိုလ်စိတ်သည် ဖြစ်ဆဲဖြစ်၏ ထိုအခါ၌ မူးယစ်မေ့လျော့စေတတ်သော သေအရက်ကို သောက်ခြင်းမှ အကြင်ဝေးစွာ ရှောင်ကြဉ်ခြင်း ‘အာရတိ’၊ အထူးရှောင်ကြဉ်ခြင်း ‘ဝိရတိ’၊ အထပ်ထပ်ရှောင်ကြဉ်ခြင်း ‘ပဋိဝိရတိ’၊ ရှောင်ကြဉ်ခြင်း ‘ဝေရမဏီ’၊ မပြုသော အခြင်းအရာ ‘အကိရိယာ’၊ မပြုလုပ်ခြင်း ‘အကရဏ’၊ မလွန်ကျူးခြင်း ‘အနဇ္ဈာပတ္တိ’၊ ကမ်းကိုမလွန်ခြင်း ‘ဝေလာအနတိက္ကမန’၊ အကြွင်းမဲ့သတ်ခြင်း ‘သေတုဃာတ’ သည် ရှိ၏။ ဤသဘောကို မူးယစ်မေ့လျော့စေတတ်သော သေအရက်ကို သောက်ခြင်းမှ ရှောင်ကြဉ်သော သိက္ခာပုဒ်ဟု ဆိုအပ်၏။
ကြွင်းသောတရားတို့သည် ဝိရတိနှင့်ယှဉ်သောတရားတို့ မည်ကုန်၏။
--
စေတနာသီလ
၇၀၇။ ထိုတွင် အဘယ်သည် မူးယစ်မေ့လျော့စေတတ်သော သေအရက်ကိုသောက်ခြင်းမှ ရှောင်ကြဉ်သော သိက္ခာပုဒ် မည်သနည်း။
(*) အကြင်အခါ၌ မူးယစ်မေ့လျော့စေတတ်သော သေအရက်ကိုသောက်ခြင်းမှ ရှောင်ကြဉ်သူအား ဥပေက္ခာဝေဒနာနှင့်တကွဖြစ်သောဉာဏ်နှင့်မယှဉ်သော တိုက်တွန်းခြင်းနှင့်တကွဖြစ်သော ကာမာဝစရကုသိုလ်စိတ်သည် ဖြစ်ဆဲဖြစ်၏၊ ထိုအခါ၌ အကြင်စေ့ဆော်ခြင်း ‘စေတနာ’၊ စေ့ဆော်သောအခြင်းအရာ ‘သေဉ္စတနာ’၊ စေ့ဆော်တတ်သည်၏အဖြစ် ‘သေဉ္စတယိတတ္တ’ သည် ရှိ၏။ ဤသဘောကို မူးယစ်မေ့လျော့စေတတ်သော သေအရက်ကို သောက်ခြင်းမှ ရှောင်ကြဉ်သော သိက္ခာပုဒ်ဟု ဆိုအပ်၏။
ကြွင်းသောတရားတို့သည် စေတနာနှင့်ယှဉ်သော တရားတို့ မည်ကုန်၏။
သမ္ပယုတ္တသီလ
ထိုတွင် အဘယ်သည် မူးယစ်မေ့လျော့စေတတ်သော သေအရက်ကို သောက်ခြင်းမှ ရှောင်ကြဉ်သောသိက္ခာပုဒ် မည်သနည်း။
(*) အကြင်အခါ၌ မူးယစ်မေ့လျော့စေတတ်သော သေအရက်ကို သောက်ခြင်းမှ ရှောင်ကြဉ်သူအားဥပေက္ခာဝေဒနာနှင့် တကွဖြစ်သော၊ ဉာဏ်နှင့် မယှဉ်သော၊ တိုက်တွန်းခြင်းနှင့်တကွဖြစ်သော ကာမာဝစရကုသိုလ်စိတ်သည် ဖြစ်ဆဲဖြစ်၏၊ ထိုအခါ၌ အကြင်တွေ့ထိမှု ‘ဖဿ’။ပ။ ချီးမြှောက်မှု ‘ပဂ္ဂါဟ’၊ မပျံ့လွင့်မှု ‘အဝိက္ခေပ’ သည် ရှိ၏။ ဤသဘောကို မူးယစ်မေ့လျော့စေတတ်သော သေအရက်ကို သောက်ခြင်းမှရှောင်ကြဉ်သော သိက္ခာပုဒ်ဟု ဆိုအပ်၏။
မှတ်ချက်။ ။ (*) စေတနာသီလနှင့် သမ္ပယုတ္တသီလတို့၌ ဒုတိယစိတ်မှ သတ္တမစိတ်အထိ အကျဉ်းချုံးထားသည်။
--
ဒုတိယနည်း ငါးပါးသီလအကျဉ်း
၇၀၈။ သိက္ခာပုဒ်ငါးပါးတို့ကား-
(၁) အသက်သတ်ခြင်းမှ ရှောင်ကြဉ်သော သိက္ခာပုဒ်၊
(၂) မပေးသည်ကို ယူခြင်း (ခိုးခြင်း) မှ ရှောင်ကြဉ်သော သိက္ခာပုဒ်၊
(၃) ကာမဂုဏ်တို့၌ မှားသောအကျင့်မှ ရှောင်ကြဉ်သော သိက္ခာပုဒ်၊
(၄) မမှန်ပြောခြင်းမှ ရှောင်ကြဉ်သော သိက္ခာပုဒ်၊
(၅) မူးယစ်မေ့လျော့စေတတ်သော သေအရက်ကို သောက်ခြင်းမှ ရှောင်ကြဉ်သော သိက္ခာပုဒ်တို့တည်း။
ဒုတိယနည်း ငါးပါးသီလအကျယ်
မဟာကုသိုလ်ပဌမစိတ်
ဝိရတိသီလ
၇၀၉။ ထိုငါးပါးတို့တွင် အဘယ်သည် အသက်သတ်ခြင်းမှ ရှောင်ကြဉ်သော သိက္ခာပုဒ် မည်သနည်း။
အကြင်အခါ၌ အသက်သတ်ခြင်းမှ ရှောင်ကြဉ်သူအား သောမနဿဝေဒနာနှင့် တကွဖြစ်သော၊ ဉာဏ်နှင့်ယှဉ်သော၊ အယုတ် အလတ် အမြတ်ဖြစ်သော လိုလားမှု ‘ဆန္ဒ'အကြီးအမှူးရှိသော၊ အားထုတ်မှု ‘ဝီရိယ’ အကြီးအမှူးရှိသော၊ သိမှု ‘စိတ္တ'အကြီးအမှူးရှိသော၊ စူးစမ်းမှု ‘ဝီမံသ'အကြီးအမှူးရှိသော- လိုလားမှု ‘ဆန္ဒ’ အကြီးအမှူးရှိသော၊ အယုတ် အလတ် အမြတ်ဖြစ်သော-အားထုတ်မှု ‘ဝီရိယ’ အကြီးအမှူးရှိသော၊ အယုတ် အလတ် အမြတ်ဖြစ်သော-သိမှု ‘စိတ်'အကြီးအမှူးရှိသော၊ အယုတ် အလတ် အမြတ်ဖြစ်သော-စူးစမ်းမှု ‘ဝီမံသ'အကြီးအမှူးရှိသော၊ အယုတ် အလတ် အမြတ်ဖြစ်သော-ကာမာဝစရကုသိုလ်စိတ်သည် ဖြစ်ဆဲ ဖြစ်၏။ ထိုအခါ၌ အသက်သတ်ခြင်းမှ အကြင်ဝေးစွာ ရှောင်ကြဉ်ခြင်း ‘အာရတိ’၊ အထူးရှောင်ကြဉ်ခြင်း ‘ဝိရတိ’၊ အထပ်ထပ် ရှောင်ကြဉ်ခြင်း ‘ပဋိဝိရတိ’၊ ရှောင်ကြဉ်ခြင်း ‘ဝေရမဏီ’၊ မပြုသော အခြင်းအရာ ‘အကိရိယ’၊ မပြုလုပ်ခြင်း ‘အကရဏ’၊ မလွန်ကျူးခြင်း ‘အနဇ္ဈာပတ္တိ’၊ ကမ်းကို မလွန်ခြင်း ‘ဝေလာ အနတိက္ကမ’၊ အကြွင်းမဲ့ပယ်သတ်ခြင်း ‘သေတုဃာတ'သည် ရှိ၏။ ဤသဘောကို အသက်သတ်ခြင်းမှ ရှောင်ကြဉ်သောသိက္ခာပုဒ်ဟု ဆိုအပ်၏။
ကြွင်းသောတရားတို့သည် ဝိရတိနှင့်ယှဉ်သော တရားတို့ မည်ကုန်၏။
--
စေတနာသီလ
ထိုတွင် အဘယ်သည် အသက်သတ်ခြင်းမှ ရှောင်ကြဉ်သော သိက္ခာပုဒ် မည်သနည်း။
အကြင်အခါ၌ အသက်သတ်ခြင်းမှ ရှောင်ကြဉ်သူအား သောမနဿဝေဒနာနှင့် တကွဖြစ်သော၊ ဉာဏ်နှင့်ယှဉ်သော၊ အယုတ် အလတ် အမြတ်ဖြစ်သော၊ လိုလားမှု ‘ဆန္ဒ'အကြီးအမှူးရှိသော၊ အားထုတ်မှု ‘ဝီရိယ'အကြီးအမှူးရှိသော၊ သိမှု ‘စိတ္တ'အကြီးအမှူးရှိသော၊ စူးစမ်းမှု ‘ဝီမံသ'အကြီးအမှူးရှိသော- လိုလားမှု ‘ဆန္ဒ'အကြီးအမှူးရှိသော အယုတ် အလတ် အမြတ်ဖြစ်သော-အားထုတ်မှု ‘ဝီရိယ'အကြီးအမှူးရှိသော အယုတ် အလတ် အမြတ်ဖြစ်သော-သိမှု ‘စိတ်'အကြီးအမှူးရှိသော အယုတ် အလတ် အမြတ်ဖြစ်သော-စူးစမ်းမှု ‘ဝီမံသ'အကြီးအမှူးရှိသော အယုတ် အလတ် အမြတ်ဖြစ်သော-ကာမာဝစရကုသိုလ်စိတ်သည် ဖြစ်ဆဲ ဖြစ်၏။ ထိုအခါ၌ အကြင်စေ့ဆော်ခြင်း ‘စေတနာ’၊ စေ့ဆော်သောအခြင်းအရာ ‘သေဉ္စတနာ’၊ စေ့ဆော်တတ်သည်၏အဖြစ် ‘သေဉ္စတယိတတ္တ’ သည် ရှိ၏။ ဤသဘောကို အသက်သတ်ခြင်းမှ ရှောင်ကြဉ်သောသိက္ခာပုဒ်ဟု ဆိုအပ်၏။
ကြွင်းသောတရားတို့သည် စေ့ဆော်မှု စေတနာနှင့်ယှဉ်သော တရားတို့ မည်ကုန်၏။
သမ္ပယုတ္တသီလ
ထိုတွင် အဘယ်သည် အသက်သတ်ခြင်းမှ ရှောင်ကြဉ်သော သိက္ခာပုဒ် မည်သနည်း။
အကြင်အခါ၌ အသက်သတ်ခြင်းမှ ရှောင်ကြဉ်သူအား သောမနဿဝေဒနာနှင့် တကွဖြစ်သော၊ ဉာဏ်နှင့်ယှဉ်သော၊ အယုတ် အလတ် အမြတ်ဖြစ်သော၊ လိုလားမှု ‘ဆန္ဒ'အကြီးအမှူးရှိသော၊ အားထုတ်မှု ‘ဝီရိယ’ အကြီးအမှူးရှိသော၊ သိမှု ‘စိတ္တ’ အကြီးအမှူးရှိသော၊ စူးစမ်းမှု ‘ဝီမံသ’ အကြီးအမှူးရှိသော ကာမာဝစရကုသိုလ်စိတ်သည် ဖြစ်ဆဲဖြစ်၏။ လိုလားမှု ‘ဆန္ဒ'အကြီးအမှူးရှိသော၊ အယုတ် အလတ် အမြတ်ဖြစ်သော-အားထုတ်မှု ‘ဝီရိယ'အကြီးအမှူးရှိသော၊ အယုတ် အလတ် အမြတ်ဖြစ်သော-သိမှု ‘စိတ္တ'အကြီးအမှူးရှိသော၊ အယုတ် အလတ် အမြတ်ဖြစ်သော-စူးစမ်းမှု ‘ဝီမံသ'အကြီးအမှူးရှိသော၊ အယုတ် အလတ် အမြတ်ဖြစ်သော-ကာမာဝစရကုသိုလ်စိတ် သည် ဖြစ်ဆဲ ဖြစ်၏။ ထိုအခါ၌ အကြင်တွေ့ထိမှု ‘ဖဿ’။ပ။ ချီးမြှောက်မှု ‘ပဂ္ဂါဟ’၊ မပျံ့လွင့်မှု ‘အဝိက္ခေပ’ သည် ဖြစ်၏။ ဤသဘောကို အသက်သတ်ခြင်းမှ ရှောင်ကြဉ်သော သိက္ခာပုဒ်ဟု ဆိုအပ်၏။ (၁)
--
မဟာကုသိုလ်ဒုတိယစိတ်စသည်အကျယ်
ငါးပါးသီလ ပဌမသိက္ခာပုဒ်
ထိုတွင် အဘယ်သည် အသက်သတ်ခြင်းမှ ရှောင်ကြဉ်သော သိက္ခာပုဒ် မည်သနည်း။
အကြင်အခါ၌ အသက်သတ်ခြင်းမှ ရှောင်ကြဉ်သူအား ကာမာဝစရကုသိုလ်စိတ်သည် ဖြစ်ဆဲဖြစ်၏။ သောမနဿဝေဒနာနှင့် တကွဖြစ်သော၊ ဉာဏ်နှင့်ယှဉ်သော၊ တိုက်တွန်းခြင်းနှင့် တကွဖြစ်သော။ပ။ (၂)
သောမနဿဝေဒနာနှင့်တကွဖြစ်သော၊ ဉာဏ်နှင့် မယှဉ်သော။ပ။ (၃)
သောမနဿဝေဒနာနှင့် တကွဖြစ်သော၊ ဉာဏ်နှင့် မယှဉ်သော၊ တိုက်တွန်းခြင်းနှင့် တကွဖြစ်သော။ပ။ (၄)
ဥပေက္ခာဝေဒနာနှင့် တကွဖြစ်သော၊ ဉာဏ်နှင့်ယှဉ်သော။ပ။ (၅)
ဥပေက္ခာဝေဒနာနှင့် တကွဖြစ်သော၊ ဉာဏ်နှင့်ယှဉ်သော၊ တိုက်တွန်းခြင်းနှင့် တကွဖြစ်သော။ပ။ (၆)
ဥပေက္ခာဝေဒနာနှင့် တကွဖြစ်သော၊ ဉာဏ်နှင့် မယှဉ်သော။ပ။ (၇)
ဥပေက္ခာဝေဒနာနှင့် တကွဖြစ်သော၊ ဉာဏ်နှင့် မယှဉ်သော၊ တိုက်တွန်းခြင်းနှင့် တကွဖြစ်သော အယုတ်အလတ်အမြတ်ဖြစ်သော၊ လိုလားမှု ‘ဆန္ဒ'အကြီးအမှူးရှိသော၊ အားထုတ်မှု ‘ဝီရိယ'အကြီးအမှူးရှိသော၊ သိမှု ‘စိတ္တ'အကြီးအမှူးရှိသော- လိုလားမှု ‘ဆန္ဒ'အကြီးအမှူးရှိသော၊ အယုတ် အလတ် အမြတ်ဖြစ်သော- အားထုတ်မှု ‘ဝိရိယ'အကြီးအမှူးရှိသော၊ အယုတ် အလတ် အမြတ်ဖြစ်သော- သိမှု ‘စိတ္တ'အကြီးအမှူးရှိသော၊ အယုတ် အလတ် အမြတ်ဖြစ်သော-ကာမာဝစရကုသိုလ်စိတ်သည် ဖြစ်ဆဲ ဖြစ်၏။ ထိုအခါ၌ အသက်သတ်ခြင်းမှ အကြင် ဝေးစွာရှောင်ကြဉ်ခြင်း ‘အာရတိ’၊ အထူးသဖြင့် ရှောင်ကြဉ် ခြင်း ‘ဝိရတိ’၊ အထပ်ထပ်ရှောင်ကြဉ်ခြင်း ‘ပဋိဝိရတိ’၊ ရှောင်ကြဉ်ခြင်း ‘ဝေရမဏီ’၊ မပြုသောအခြင်း အရာ ‘အကိရိယာ’၊ မပြုလုပ်ခြင်း ‘အကရဏ’၊ မလွန်ကျူးခြင်း ‘အနဇ္ဈာပတ္တိ’၊ ကမ်းကို မလွန်ခြင်း ‘ဝေလာအနတိက္ကမ’၊ အကြွင်းမဲ့ ပယ်သတ်ခြင်း ‘သေတုဃာတ’ သည် ရှိ၏။ ဤသဘောကို အသက်သတ်ခြင်းမှရှောင်ကြဉ်သော သိက္ခာပုဒ်ဟု ဆိုအပ်၏။
ကြွင်းသောတရားတို့သည် ဝိရတိနှင့်ယှဉ်သော တရားတို့ မည်ကုန်၏။
စေတနာသီလ
။ပ။ ကြွင်းသောတရားတို့သည် စေ့ဆော်မှု ‘စေတနာ’ နှင့်ယှဉ်သော တရားတို့ မည်ကုန်၏။
သမ္ပယုတ္တသီလ
။ပ။ တွေ့ထိမှု ‘ဖဿ’။ပ။ ချီးမြှောက်မှု ‘ပဂ္ဂါဟ’၊ မပျံ့လွင့်မှု ‘အဝိက္ခေပ’ သည် ရှိ၏။ ဤသဘောကိုအသက်သတ်ခြင်းမှ ရှောင်ကြဉ်သော သိက္ခာပုဒ်ဟု ဆိုအပ်၏။ (ဂ)
--
ငါးပါးသီလ ဒုတိယသိက္ခာပုဒ်စသည်
မဟာကုသိုလ်ပဌမစိတ်အကျယ်
ဝိရတိသီလစသည်
၇၁၀။ ထိုတွင် အဘယ်သည် မပေးသည်ကို ယူခြင်း (ခိုးခြင်း) မှ ရှောင်ကြဉ်သော သိက္ခာပုဒ် မည်သနည်း။ပ။
ကာမဂုဏ်တို့၌ မှားသောအကျင့်မှ ရှောင်ကြဉ်သော သိက္ခာပုဒ် မည်သနည်း။ပ။
မမှန်ပြောခြင်းမှ ရှောင်ကြဉ်သော သိက္ခာပုဒ် မည်သနည်း။ပ။
မူးယစ်မေ့လျော့ကြောင်း သေအရက်ကို သောက်ခြင်းမှ ရှောင်ကြဉ်သော သိက္ခာပုဒ် မည်သနည်း။
အကြင်အခါ၌ မူးယစ်မေ့လျော့ကြောင်း သေအရက်ကိုသောက်ခြင်းမှ ရှောင်ကြဉ်သူအား သောမနဿဝေဒနာနှင့်တကွဖြစ်သော၊ ဉာဏ်နှင့်ယှဉ်သော၊ အယုတ် အလတ် အမြတ်ဖြစ်သော၊ လိုလားမှု ‘ဆန္ဒ'အကြီး အမှူးရှိသော၊ အားထုတ်မှု ‘ဝီရိယ'အကြီးအမှူးရှိသော၊ သိမှု ‘စိတ္တ'အကြီးအမှူးရှိသော၊ စူးစမ်းမှု ‘ဝီမံသ’ အကြီးအမှူးရှိသော-လိုလားမှု ‘ဆန္ဒ'အကြီးအမှူးရှိသော၊ အယုတ် အလတ် အမြတ်ဖြစ်သော-အားထုတ်မှု ‘ဝီရိယ'အကြီးအမှူးရှိသော၊ အယုတ် အလတ် အမြတ်ဖြစ်သော-သိမှု ‘စိတ္တ'အကြီးအမှူးရှိသော၊ အယုတ် အလတ် အမြတ်ဖြစ်သော-စူးစမ်းမှု ‘ဝီမံသ'အကြီးအမှူးရှိသော၊ အယုတ် အလတ် အမြတ်ဖြစ်သော-ကာမာဝစရကုသိုလ်စိတ် သည် ဖြစ်ဆဲ ဖြစ်၏။ ထိုအခါ၌ မူးယစ်မေ့လျော့ကြောင်း သေအရက်ကိုသောက်ခြင်းမှ အကြင်ဝေးစွာရှောင်ကြဉ်ခြင်း ‘အာရတိ’၊ အထူးသဖြင့် ရှောင်ကြဉ်ခြင်း ‘ဝိရတိ’၊ အထပ်ထပ်ရှောင်ကြဉ်ခြင်း ‘ပဋိဝိရတိ’၊ ရှောင်ကြဉ်ခြင်း ‘ဝေရမဏီ’၊ မပြုသော အခြင်းအရာ ‘အကိရိယာ’၊ မပြုလုပ်ခြင်း ‘အကရဏ’၊ မလွန်ကျူးခြင်း ‘အနဇ္ဈာပတ္တိ’၊ ကမ်းကိုမလွန်ခြင်း ‘ဝေလာအနတိက္ကမ’၊ အကြွင်းမဲ့ပယ်သတ်ခြင်း ‘သေတုဃာတ'သည် ရှိ၏။ ဤသဘောကိုမူးယစ်မေ့လျော့ကြောင်း သေအရက်ကို သောက်ခြင်းမှ ရှောင်ကြဉ်သော သိက္ခာပုဒ်ဟု ဆိုအပ်၏။
ကြွင်းသောတရားတို့သည် ရှောင်ကြဉ်မှု ဝိရတိနှင့်ယှဉ်သော တရားတို့ မည်ကုန်၏။ပ။
ကြွင်းသောတရားတို့သည် စေတနာနှင့်ယှဉ်သော တရားတို့ မည်ကုန်၏။ပ။
တွေ့ထိမှု ‘ဖဿ’။ပ။ ချီးမြှောက်မှု ‘ပဂ္ဂါဟ’၊ မပျံ့လွင့်မှု ‘အဝိက္ခေပ’ သည် ရှိ၏။ ဤသဘောကိုမူးယစ်မေ့လျော့ကြောင်း သေအရက်ကို သောက်ခြင်းမှ ရှောင်ကြဉ်သော သိက္ခာပုဒ်ဟု ဆိုအပ်၏။ (၁)
--
မဟာကုသိုလ် ဒုတိယစိတ် စသည်အကျယ်
၇၁၁။ ထိုတွင် အဘယ်သည် မူးယစ်မေ့လျော့ကြောင်း သေအရက်ကို သောက်ခြင်းမှ ရှောင်ကြဉ် သောသိက္ခာပုဒ် မည်သနည်း။
အကြင်အခါ၌ မူးယစ်မေ့လျော့ကြောင်း သေအရက်ကို သောက်ခြင်းမှ ရှောင်ကြဉ်သူအား သောမနဿဝေဒနာနှင့် တကွဖြစ်သော၊ ဉာဏ်နှင့်ယှဉ်သော၊ တိုက်တွန်းခြင်းနှင့် တကွဖြစ်သော။ပ။ (၂)
သောမနဿဝေဒနာနှင့် တကွဖြစ်သော၊ ဉာဏ်နှင့် မယှဉ်သော။ပ။ (၃)
သောမနဿဝေဒနာနှင့် တကွဖြစ်သော၊ ဉာဏ်နှင့် မယှဉ်သော၊ တိုက်တွန်းခြင်းနှင့် တကွဖြစ်သော။ပ။ (၄)
ဥပေက္ခာဝေဒနာနှင့် တကွဖြစ်သော၊ ဉာဏ်နှင့်ယှဉ်သော။ပ။ (၅)
ဥပေက္ခာဝေဒနာနှင့် တကွဖြစ်သော၊ ဉာဏ်နှင့်ယှဉ်သော၊ တိုက်တွန်းခြင်းနှင့် တကွဖြစ်သော။ပ။ (၆)
ဥပေက္ခာဝေဒနာနှင့် တကွဖြစ်သော၊ ဉာဏ်နှင့်မယှဉ်သော။ပ။ (၇)
ဥပေက္ခာဝေဒနာနှင့် တကွဖြစ်သော၊ ဉာဏ်နှင့်မယှဉ်သော၊ တိုက်တွန်းခြင်းနှင့် တကွဖြစ်သော၊ အယုတ်အလတ် အမြတ်ဖြစ်သော၊ လိုချင်မှု ‘ဆန္ဒ'အကြီးအမှူးရှိသော၊ အားထုတ်မှု ‘ဝီရိယ'အကြီးအမှူးရှိသော၊ သိမှု ‘စိတ္တ’ အကြီးအမှူးရှိသော-လိုလားမှု ‘ဆန္ဒ'အကြီးအမှူးရှိသော၊ အယုတ် အလတ် အမြတ်ဖြစ်သော-အားထုတ်မှု ‘ဝီရိယ'အကြီးအမှူးရှိသော၊ အယုတ် အလတ် အမြတ်ဖြစ်သော-သိမှု ‘စိတ္တ'အကြီးအမှူးရှိသော၊ အယုတ် အလတ် အမြတ်ဖြစ်သော-ကာမာဝစရကုသိုလ်စိတ်သည် ဖြစ်ဆဲ ဖြစ်၏။ ထိုအခါ၌ မူးယစ်မေ့လျော့ကြောင်း သေအရက်ကိုသောက်ခြင်းမှ အကြင်ဝေးစွာ ရှောင်ကြဉ်ခြင်း ‘အာရတိ’၊ အထူးရှောင်ကြဉ်ခြင်း ‘ဝိရတိ’၊ အထပ်ထပ်ရှောင်ကြဉ်ခြင်း ‘ပဋိဝိရတိ’၊ ရှောင်ကြဉ်ခြင်း ‘ဝေရမဏီ’၊ မပြုသော အခြင်းအရာ ‘အကိရိယာ’၊ မပြုလုပ်ခြင်း ‘အကရဏ’၊ မလွန်ကျူးခြင်း ‘အနဇ္ဈာပတ္တိ’၊ ကမ်းကိုမလွန်ခြင်း ‘ဝေလာအနတိက္ကမ’၊ အကြွင်းမဲ့ပယ်သတ်ခြင်း ‘သေတုဃာတ’ သည် ရှိ၏။ ဤသဘောကိုမူးယစ်မေ့လျော့ ကြောင်း သေအရက်ကို သောက်ခြင်းမှ ရှောင်ကြဉ်သော သိက္ခာပုဒ်ဟု ဆိုအပ်၏။
ကြွင်းသောတရားတို့သည် ရှောင်ကြဉ်မှု ဝိရတိနှင့်ယှဉ်သော တရားတို့ မည်ကုန်၏။ပ။
ကြွင်းသောတရားတို့သည် စေ့ဆော်မှု ‘စေတနာ’ နှင့်ယှဉ်သော တရားတို့ မည်ကုန်၏။ပ။
တွေ့ထိမှု ‘ဖဿ’။ပ။ ချီးမြှောက်မှု ‘ပဂ္ဂါဟ’၊ မပျံ့လွင့်မှု ‘အဝိက္ခေပ’ သည် ရှိ၏။ ဤသဘောကိုမူးယစ်မေ့လျော့ကြောင်း သေအရက်ကိုသောက်ခြင်းမှ ရှောင်ကြဉ်သော သိက္ခာပုဒ်ဟု ဆိုအပ်၏။ (ဂ)
--
သိက္ခာပဒ၌ သိက္ခာအရ တရားများ
မဟာကုသိုလ်ပဌမစိတ်
၇၁၂။ အဘယ်တရားတို့သည် ကျင့်အပ်သော သိက္ခာတို့ မည်ကုန်သနည်း။
အကြင်အခါ၌ သောမနဿဝေဒနာနှင့် တကွဖြစ်သောဉာဏ်နှင့်ယှဉ်သော ရူပါရုံကိုလည်း အာရုံပြုသော။ပ။ ဓမ္မာရုံကိုလည်း အာရုံပြုသော အမှတ်မရှိသော အာရုံကိုလည်း အာရုံပြုသော ကာမာဝစရကုသိုလ်စိတ်သည် ဖြစ်ဆဲဖြစ်၏။ ထိုအခါ၌ တွေ့ထိမှု ‘ဖဿ’ သည် ဖြစ်၏။ပ။ မပျံ့ လွင့်မှု ‘အဝိက္ခေပ'သည် ဖြစ်၏။ ဤတရားတို့သည် ကျင့်အပ်သော ‘သိက္ခာ'တို့ မည်ကုန်၏။ (၁)
မဟာကုသိုလ် ဒုတိယစိတ်စသည်
အဘယ်တရားတို့သည် ကျင့်အပ်သော ‘သိက္ခာ'တို့ မည်ကုန်သနည်း။
အကြင်အခါ၌ သောမနဿဝေဒနာနှင့်တကွဖြစ်သောဉာဏ်နှင့် ယှဉ်သော တိုက်တွန်းခြင်းနှင့် တကွ့ဖြစ်သော။ပ။ (၂)
သောမနဿဝေဒနာနှင့် တကွဖြစ်သောဉာဏ်နှင့် မယှဉ်သော။ပ။ (၃)
သောမနဿဝေဒနာနှင့် တကွဖြစ်သောဉာဏ်နှင့် မယှဉ်သော တိုက်တွန်းခြင်းနှင့် တကွဖြစ်သော။ပ။ (၄)
ဥပေက္ခာဝေဒနာနှင့် တကွဖြစ်သောဉာဏ်နှင့်ယှဉ်သော။ပ။ (၅)
ဥပေက္ခာဝေဒနာနှင့် တကွဖြစ်သောဉာဏ်နှင့်ယှဉ်သော တိုက်တွန်းခြင်းနှင့် တကွဖြစ်သော။ပ။ (၆)
ဥပေက္ခာဝေဒနာနှင့် တကွဖြစ်သောဉာဏ်နှင့်မယှဉ်သော။ပ။ (၇)
ဥပေက္ခာဝေဒနာနှင့် တကွဖြစ်သောဉာဏ်နှင့်မယှဉ်သော တိုက်တွန်းခြင်းနှင့်တကွဖြစ်သော ရူပါရုံကိုလည်း အာရုံပြုသော။ပ။ ဓမ္မာရုံကိုလည်း အာရုံပြုသော အမှတ်မရှိသော အာရုံကိုလည်း အာရုံပြုသောကာမာဝစရကုသိုလ်စိတ်သည် ဖြစ်ဆဲဖြစ်၏။ ထိုအခါ၌ တွေ့ထိမှု ‘ဖဿ'သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု ‘အဝိက္ခေပ’ သည် ဖြစ်၏။ ဤတရားတို့သည် ကျင့်အပ်သော ‘သိက္ခာ’ တို့ မည်ကုန်၏။ (၈)
--
ရူပကုသိုလ် စသည်
၇၁၃။ အဘယ်တရားတို့သည် ကျင့်အပ်သော “သိက္ခာ” တို့ မည်ကုန်သနည်း။
အကြင်အခါ၌ ရူပဘုံသို့ ရောက်ရန် အကြောင်းဈာန်ကို ပွါးများအားထုတ်၏။ပ။
အရူပဘုံသို့ ရောက်ရန် အကြောင်းဈာန်ကို ပွါးများအားထုတ်၏။ပ။
မိစ္ဆာအယူတို့ကို ပယ်ရန်၊ ပဌမဘုံ (သောတာပန်အဆင့်) သို့ ရောက်ရန် ဝဋ်ဆင်းရဲမှ ထွက်မြောက်တတ်သော၊ နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်သော လောကုတ္တရာဈာန်ကို ပွါးများအားထုတ်၏၊ ကာမတို့မှကင်းဆိတ်၍ သာလျှင်။ပ။ ဆင်းရဲသော အကျင့်ရှိသော, နုံ့နှေးသော အသိဉာဏ်ရှိသော ပဌမဈာန်သို့ရောက်၍နေ၏။ ထိုအခါ၌ တွေ့ထိမှု ‘ဖဿ'သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု ‘အဝိက္ခေပ’ သည် ဖြစ်၏။ ဤတရားတို့သည် ကျင့်အပ်သော ‘သိက္ခာ'တို့ မည်ကုန်၏။
အဘိဓမ္မာနည်းဖြင့် ဝေဖန်ဟောကြားသော အဘိဓမ္မဘာဇနီယနည်း ပြီး၏။
--
၂-ပဥှာပုစ္ဆကနည်း
(အမေးအဖြေပြု၍ ဟောကြားခြင်း)
၇၁၄။ သိက္ခာပုဒ်ငါးပါးတို့ကား-
(၁) အသက်သတ်ခြင်းမှ ရှောင်ကြဉ်သော သိက္ခာပုဒ်၊
(၂) မပေးသည်ကိုယူခြင်း (ခိုးခြင်း) မှ ရှောင်ကြဉ်သော သိက္ခာပုဒ်၊
(၃) ကာမဂုဏ်တို့၌ မှားသောအကျင့်မှ ရှောင်ကြဉ်သော သိက္ခာပုဒ်၊
(၄) မမှန်ပြောခြင်းမှ ရှောင်ကြဉ်သော သိက္ခာပုဒ်၊
(၅) မူးယစ်မေ့လျော့စေတတ်သော သေအရက်ကို သောက်ခြင်းမှ ရှောင်ကြဉ်သော သိက္ခာပုဒ်တို့တည်း။
အမေးပုစ္ဆာ
ငါးပါးသီလတို့ကို တိက်ဒုက်တို့ဖြင့် ဝေဖန်၍ အမေးပုစ္ဆာနည်း သက်သက်ကိုပြခြင်း
၇၁၅။ သိက္ခာပုဒ် ငါးပါးတို့တွင်-ကုသိုလ်တရားတို့သည် အဘယ်မျှ ရှိကုန်သနည်း၊ အကုသိုလ်တရားတို့သည် အဘယ်မျှ ရှိကုန် သနည်း၊ အဗျာကတတရားတို့သည် အဘယ်မျှ ရှိကုန်သနည်း။ပ။
ကိလေသာနှင့် တကွဖြစ်သော တရားတို့သည် အဘယ်မျှ ရှိကုန်သနည်း။ ကိလေသာနှင့် တကွမဖြစ်သော တရားတို့သည် အဘယ်မျှရှိကုန်သနည်း။
--
အဖြေဝိသဇ္ဇနာ
ငါးပါးသီလတို့ကို တိက်ဒုက်တို့ဖြင့် ဝေဖန်၍ အဖြေဝိသဇ္ဇနာကို ပြခြင်း
တိကဝိသဇ္ဇနာ
၁-တိက် ၂၂-တိက်တို့ဖြင့် ဝေဖန်၍ပြခြင်း
(၁) ကုသလတိက်>
၇၁၆။ (ငါးပါးသီလတို့သည်) ကုသိုလ်တို့သာတည်း။
(၂) ဝေဒနာတိက်>
(ငါးပါးသီလတို့သည်) ရံခါ သုခဝေဒနာနှင့် ယှဉ်ကုန်၏။ ရံခါ ဥပေက္ခာဝေဒနာနှင့် ယှဉ်ကုန်၏။
(၃) ဝိပါကတိက်>
(ငါးပါးသီလတို့သည်) အကျိုးကို ဖြစ်စေခြင်း သဘောတရားရှိကုန်၏။
(၄) ဥပါဒိန္နတိက်>
(ငါးပါးသီလတို့သည်) တဏှာဒိဋ္ဌိတို့သည် ကပ်အပ်သော ကံသည် အကျိုး၏အဖြစ်ဖြင့် မယူအပ် ကုန်မူ၍ဥပါဒါန်တို့၏ အစီးအပွါးသာ ဖြစ်ကုန်၏။
(၅) သံကိလိဋ္ဌတိက်>
(ငါးပါးသီလတို့သည်) ကိလေသာတို့ ပူပန်စေအပ်သည်ကား မဟုတ်၊ ကိလေသာတို့၏ အာရုံသာဖြစ်ကုန်၏။
(၆) ဝိတက္ကတိက်>
(ငါးပါးသီလတို့သည်) ဝိတက်လည်း ရှိ၊ ဝိစာရလည်း ရှိကုန်၏။
(၇) ပီတိတိက်>
(ငါးပါးသီလတို့သည်) ရံခါ ပီတိနှင့် တကွ ဖြစ်ကုန်၏၊ ရံခါ သုခဝေဒနာနှင့် တကွ ဖြစ်ကုန်၏၊ ရံခါဥပေက္ခာဝေဒနာနှင့် တကွ ဖြစ်ကုန်၏။
(၈) ဒဿနတိက်>
(ငါးပါးသီလတို့သည်) သောတာပတ္တိမဂ်ဖြင့် ပယ်အပ်သည်လည်း မဟုတ်၊ အထက်မဂ်သုံးခုဖြင့်ပယ်အပ်သည်လည်း မဟုတ်ကုန်။
--
(၉) ဒဿနဟေတုတိက်>
(ငါးပါးသီလတို့သည်) သောတာပတ္တိမဂ်ဖြင့် ပယ်အပ်သော ဟိတ်ရှိသည်လည်း မဟုတ်၊ အထက်မဂ်သုံးခုဖြင့် ပယ်အပ်သော ဟိတ်ရှိသည်လည်း မဟုတ်ကုန်။
(၁၀) အာစယဂါမိတိက်>
(ငါးပါးသီလတို့သည်) စုတိပဋိသန္ဓေသို့ ရောက်ကြောင်း ဖြစ်ကုန်၏။
(၁၁) သေက္ခတိက်>
(ငါးပါးသီလတို့သည်) သေက္ခပုဂ္ဂိုလ်တို့၏ ဥစ္စာလည်း မဟုတ်၊ ရဟန္တာပုဂ္ဂိုလ်တို့၏ ဥစ္စာလည်းမဟုတ်ကုန်။
(၁၂) ပရိတ္တတိက်>
(ငါးပါးသီလတို့သည်) နည်းသောအာနုဘော်ရှိသော ‘ပရိတ္တ’မည်သော (ကာမ) တရားတို့ ဖြစ်ကုန်၏။
(၁၃) ပရိတ္တာရမ္မဏတိက်>
(ငါးပါးသီလတို့သည်) ပရိတ္တ(ကာမ) တရားကို အာရုံပြုကုန်၏။
(၁၄) ဟီနတိက်>
(ငါးပါးသီလတို့သည်) အလတ် ‘မဇ္ဈိမ’ ဖြစ်ကုန်၏။
(၁၅) မိစ္ဆတ္တတိက်>
(ငါးပါးသီလတို့သည်) အကျိုးပေး မမြဲကုန်။
(၁၆) မဂ္ဂါရမ္မဏတိက်>
(ငါးပါးသီလတို့ကို) မဂ်ကို အာရုံပြုကုန်၏ဟူ၍လည်းကောင်း၊ မဂ်ဟုဆိုအပ်သော အကြောင်းရှိကုန်၏ဟူ၍လည်းကောင်း၊ မဂ်ဟုဆိုအပ်သော အကြီးအမှူးရှိကုန်၏ဟူ၍လည်းကောင်း မဆိုအပ်ကုန် (တိက်မုတ်)။
(၁၇) ဥပ္ပန္နတိက်>
(ငါးပါးသီလတို့သည်) ရံခါ ခဏသုံးပါးသို့ ရောက်ဆဲဖြစ်ကုန်၏။ ရံခါ ခဏသုံးပါးသို့ ရောက်ပြီးရောက်ဆဲမဟုတ်ကုန်။ ပြီးပြီးသော အကြောင်းတစ်စိတ်ရှိသည်၏ အဖြစ်ကြောင့် မချွတ်ဖြစ်လတ္တံ့ ဖြစ်ကုန်၏ဟု မဆိုအပ်ကုန်။
(၁၈) အတီတတိက်>
(ငါးပါးသီလတို့သည်) ရံခါ ဖြစ်ပြီး (အတိတ်) ဖြစ်ကုန်၏။ ရံခါ မရောက်သေး (အနာဂတ်) ဖြစ်ကုန်၏။ ရံခါ ဖြစ်ဆဲ (ပစ္စုပ္ပန်) ဖြစ်ကုန်၏။
--
(၁၉) အတီတာရမ္မဏတိက်>
(ငါးပါးသီလတို့သည်) ဖြစ်ဆဲ (ပစ္စုပ္ပန်) ကို အာရုံပြုကုန်၏။
(၂၀) အဇ္ဇျတ္တတိက်>
(ငါးပါးသီလတို့သည်) ရံခါ မိမိသန္တာန်၌ ဖြစ်ကုန်၏။ ရံခါ သူတစ်ပါးသန္တာန်၌ ဖြစ်ကုန်၏။ ရံခါမိမိသူတစ်ပါးသန္တာန်၌ ဖြစ်ကုန်၏။
(၂၁) အဇ္ဈတ္တာရမ္မဏတိက်>
(ငါးပါးသီလတို့သည်) သူတစ်ပါးသန္တာန်ကို အာရုံပြုကုန်၏။
(၂၂) သနိဒဿနတိက်>
(ငါးပါးသီလတို့သည်) မြင်အပ်သော သဘောလည်း မရှိ၊ ထိပါးတတ်သော သဘောလည်း မရှိကုန်။
--
ဒုကဝိသဇ္ဇနာ
၂-ဒုက်၁၀၀-တို့ဖြင့် ဝေဖန်၍ အဖြေဝိသဇ္ဇနာကို ပြခြင်း
ဟေတုဂေါစ္ဆကအဖြေ
(၁) ဟေတုဒုက်
၇၁၇။ (ငါးပါးသီလတို့သည်) ဟိတ်မမည်ကုန်။
(၂) သဟေတုကဒုက်
(ငါးပါးသီလတို့သည်) ဟိတ်ရှိကုန်၏။
(၃) ဟေတုသမ္ပယုတ္တဒုက်
(ငါးပါးသီလတို့သည်) ဟိတ်နှင့်ယှဉ်ကုန်၏။
(၄) ဟေတုသဟေတုကဒုက်
(ငါးပါးသီလတို့ကို) ဟိတ်လည်းမည် ဟိတ်လည်း ရှိကုန်၏ဟု မဆိုအပ်ကုန်၊ ဟိတ်သာရှိ၍ ဟိတ်မမည်ကုန်။
(၅) ဟေတုဟေတုသမ္ပယုတ္တဒုက်
(ငါးပါးသီလတို့ကို) ဟိတ်လည်းမည် ဟိတ်နှင့်လည်း ယှဉ်ကုန်၏ဟု မဆိုအပ်ကုန်၊ ဟိတ်နှင့်သာ ယှဉ်၍ဟိတ်မမည်ကုန်။
(၆) နဟေတုသဟေတုကဒုက်
(ငါးပါးသီလတို့သည်) ဟိတ်မမည်မူ၍ ဟိတ်သာ ရှိကုန်၏။
--
စူဠန္တရဒုက်အဖြေဝိသဇ္ဇနာ
(၇) သပ္ပစ္စယဒုက်
(ငါးပါးသီလတို့သည်) ကံ စိတ် ဥတု အာဟာရတည်းဟူသော အကြောင်းရှိကုန်၏။
(၈) သင်္ခတဒုက်
(ငါးပါးသီလတို့သည်) အကြောင်းတရားတို့သည် ပြုပြင်အပ်ကုန်၏။
(၉) သနိဒဿနဒုက်
(ငါးပါးသီလတို့သည်) မြင်အပ်သော သဘောမရှိကုန်။
(၁၀) သပ္ပဋိဃဒုက်
(ငါးပါးသီလတို့သည်) ထိပါးတတ်သော သဘောမရှိကုန်။
(၁၁) ရူပီဒုက်
(ငါးပါးသီလတို့သည်) နာမ်တရားဖြစ်ကုန်၏။
(၁၂) လောကိယဒုက်
(ငါးပါးသီလတို့သည်) လောက၌ အကျုံးဝင်ကုန်၏။
(၁၃) ကေနစိဝိညေယျဒုက်
(ငါးပါးသီလတို့သည်) တစ်စုံတစ်ခုသောစိတ်သည် သိအပ်ကုန်၏၊ တစ်စုံတစ်ခုသောစိတ်သည် သိအပ်သော သဘောမရှိကုန်။
--
အာသဝဂေါစ္ဆကအဖြေ
(၁၄) အာသဝဒုက်
(ငါးပါးသီလတို့သည်) အာသဝ မမည်ကုန်။
(၁၅) သာသဝဒုက်
(ငါးပါးသီလတို့သည်) အာသဝ၏ အာရုံဖြစ်ကုန်၏။
(၁၆) အာသဝသမ္ပယုတ္တဒုက်
(ငါးပါးသီလတို့သည်) အာသဝနှင့် မယှဉ်ကုန်။
(၁၇) အာသဝသာသဝဒုက်
(ငါးပါးသီလတို့ကို) အာသဝလည်းမည်၊ အာသဝ၏ အာရုံလည်း ဖြစ်ကုန်၏ဟု မဆိုအပ်ကုန်။ (ငါးပါးသီလတို့သည်) အာသဝ၏ အာရုံသာဖြစ်၍ အာသဝမမည်ကုန်။
(၁၈) အာသဝအာသဝသမ္ပယုတ္တဒုက်
(ငါးပါးသီလတို့ကို) အာသဝလည်းမည်, အာသဝနှင့်လည်း ယှဉ်ကုန်၏ဟူ၍လည်းကောင်း၊ အာသဝနှင့်သာ ယှဉ်၍ အာသဝမမည်ကုန်ဟူ၍လည်းကောင်း မဆိုအပ်ကုန် (ဒုက်မုတ်)။
(၁၉) အာသဝဝိပ္ပယုတ္တသာသဝဒုက်
အာသဝနှင့် မယှဉ်မူ၍ အာသဝ၏အာရုံသာ ဖြစ်ကုန်၏။
သံယောဇနဂေါစ္ဆကအဖြေ
(၂၀-၂၅) သံယောဇနဒုက်
(ငါးပါးသီလတို့သည်) သံယောဇဉ် မမည်ကုန်။ပ။
--
ဂန္တဂေါစ္ဆကအဖြေ
(၂၆-၃၁) ဂန္ထဒုက်
(ငါးပါးသီလတို့သည်) ဂန္ထမမည်ကုန်။ပ။
ဩဃဂေါစ္ဆကအဖြေ
(၃၂-၃၇) ဩဃဒုက်
(ငါးပါးသီလတို့သည်) ဩဃ မမည်ကုန်။ပ။
ယောဂဂေါစ္ဆကအဖြေ
(၃၈-၄၃) ယောဂဒုက်
(ငါးပါးသီလတို့သည်) ယောဂ မမည်ကုန်။ပ။
နီဝရဏဂေါစ္ဆကအဖြေ
(၄၄-၄၉) နီဏဝရဏဒုက်
(ငါးပါးသီလတို့သည်) နီဝရဏမမည်ကုန်။ပ။
ပရာမာသဂေါစ္ဆကအဖြေ
(၅၀-၅၄) ပရာမာသဒုက်
(ငါးပါးသီလတို့သည်) ပရာမာသ မမည်ကုန်။ပ။
မှတ်ချက်။ ။ သံယောဇနဂေါစ္ဆကမှ ပရာမာသဂေါစ္ဆကအထိ ပေယျာလများကို အာသဝဂေါစ္ဆကအတိုင်း ဖေါ်၍ ဟောရမည်။
--
မဟန္တရဒုက်အဖြေ
(၅၅) သာရမ္မဏဒုက်
(ငါးပါးသီလတို့သည်) အာရုံပြုခြင်း ရှိကုန်၏။
(၅၆) စိတ္တဒုက်
(ငါးပါးသီလတို့သည်) စိတ်မမည်ကုန်။
(၅၇) စေတသိကဒုက်
(ငါးပါးသီလတို့သည်) စေတသိက် မည်ကုန်၏။
(၅၈) စိတ္တသမ္ပယုတ္တဒုက်
(ငါးပါးသီလတို့သည်) စိတ်နှင့်ယှဉ်ကုန်၏။
(၅၉) စိတ္တသံသဋ္ဌဒုက်
(ငါးပါးသီလတို့သည်) စိတ်နှင့်နှီးနှောကုန်၏။
(၆၀) စိတ္တသမုဋ္ဌာနဒုက်
(ငါးပါးသီလတို့သည်) စိတ်ကြောင့်ဖြစ်ကုန်၏။
(၆၁) စိတ္တသဟဘူဒုက်
(ငါးပါးသီလတို့သည်) စိတ်နှင့်တကွဖြစ်ကုန်၏။
(၆၂) စိတ္တာနုပရိဝတ္တိဒုက်
(ငါးပါးသီလတို့သည်) စိတ်သို့ အစဉ်လိုက်၍ ဖြစ်ကုန်၏။
(၆၃) စိတ္တသံသဋ္ဌသမုဋ္ဌာနဒုက်
(ငါးပါးသီလတို့သည်) စိတ်နှင့်လည်း နှီးနှော၊ စိတ်ကြောင့်လည်းဖြစ်ကုန်၏။
(၆၄) စိတ္တသံသဋ္ဌသမုဋ္ဌာနသဟဘူဒုက်
(ငါးပါးသီလတို့သည်) စိတ်နှင့်လည်း နှီးနှော၊ စိတ်ကြောင့်လည်းဖြစ်၊ စိတ်နှင့်လည်း တကွ ဖြစ်ကုန်၏။
(၆၅) စိတ္တသံသဋ္ဌသမုဋ္ဌာနာနုပရိဝတ္တိဒုက်
(ငါးပါးသီလတို့သည်) စိတ်နှင့်လည်း နှီးနှော၊ စိတ်ကြောင့်လည်းဖြစ်၊ စိတ်သို့လည်း အစဉ်လိုက်၍ဖြစ်ကုန်၏။
--
(၆၆) အဇ္ဈတ္တိကဒုက်
(ငါးပါးသီလတို့သည်) အပသန္တာန်၌ ဖြစ်ကုန်၏။
(၆၇) ဥပါဒါဒုက်
(ငါးပါးသီလတို့သည်) မဟာဘုတ်လေးပါးတို့ကို မှီ၍ မဖြစ်ကုန်။
(၆၈) ဥပါဒိန္နဒုက်
(ငါးပါးသီလတို့သည်) တဏှာဒိဋ္ဌိတို့သည် ကပ်အပ်သောကံသည် အကျိုး၏ အဖြစ်ဖြင့် မယူ အပ်ကုန်။
ဥပါဒါနဂေါစ္ဆကအဖြေ
(၆၉-၇၄) ဥပါဒါနဒုက်
(ငါးပါးသီလတို့သည်) ဥပါဒါန်မမည်ကုန်။ပ။
ကိလေသဂေါစ္ဆကအဖြေ
(၇၅-၈၂) ကိလေသဒုက်
(ငါးပါးသီလတို့သည်) ကိလေသာမမည်ကုန်။ပ။
မှတ်ချက်။ ။ ဥပါဒါနဂေါစ္ဆကနှင့် ကိလေသဂေါစ္ဆကကိုလည်း အာသဝဂေါစ္ဆကကဲ့သို့ ပေယျာလဖော်၍ဟောရမည်။
--
ပိဋ္ဌိဒုက်အဖြေ
(၈၃) ဒဿနေနပဟာတဗ္ဗဒုက်
(ငါးပါးသီလတို့ကို) သောတာပတ္တိမဂ်သည် မပယ်အပ်ကုန်။
(၈၄) ဘာဝနာယပဟာတဗ္ဗဒုက်
(ငါးပါးသီလတို့ကို) အထက်မဂ်သုံးခုသည် မပယ်အပ်ကုန်။
(၈၅) ဒဿနေနပဟာတဗ္ဗဟေတုကဒုက်
(ငါးပါးသီလတို့သည်) သောတာပတ္တိမဂ်ဖြင့် ပယ်အပ်သောဟိတ် မရှိကုန်။
(၈၆) ဘာဝနာယပဟာတဗ္ဗဟေတုကဒုက်
(ငါးပါးသီလတို့သည်) အထက်မဂ်သုံးခုဖြင့် ပယ်အပ်သော ဟိတ်မရှိကုန်။
(၈၇) သဝိတက္ကဒုက်
(ငါးပါးသီလတို့သည်) ဝိတက်ရှိကုန်၏။
(၈၈) သဝိစာရဒုက်
(ငါးပါးသီလတို့သည်) ဝိစာရရှိကုန်၏။
(၈၉) သပ္ပီတိကဒုက်
(ငါးပါးသီလတို့သည်) ရံခါ ပီတိရှိကုန်၏၊ ရံခါ ပီတိမရှိကုန်။
(၉၀) ပီတိသဟဂတဒုက်
(ငါးပါးသီလတို့သည်) ရံခါ ပီတိနှင့်တကွ ဖြစ်ကုန်၏၊ ရံခါ ပီတိနှင့်တကွ မဖြစ်ကုန်။
(၉၁) သုခသဟဂတဒုက်
(ငါးပါးသီလတို့သည်) ရံခါ သုခဝေဒနာနှင့် တကွ ဖြစ်ကုန်၏၊ ရံခါ သုခဝေဒနာနှင့် တကွ မဖြစ်ကုန်။
(၉၂) ဥပေက္ခာသဟဂတဒုက်
(ငါးပါးသီလတို့သည်) ရံခါ ဥပေက္ခာဝေဒနာနှင့် တကွ ဖြစ်ကုန်၏၊ ရံခါ ဥပေက္ခာဝေဒနာနှင့် တကွမဖြစ်ကုန်။
(၉၃) ကာမာဝစရဒုက်
(ငါးပါးသီလတို့သည်) ကာမာဝစရ ဖြစ်ကုန်၏။
(၉၄) ရူပါဝစရဒုက်
(ငါးပါးသီလတို့သည်) ရူပါဝစရ မဖြစ်ကုန်။
--
(၉၅) အရူပါဝစရဒုက်
(ငါးပါးသီလတို့သည်) အရူပါဝစရ မဖြစ်ကုန်။
(၉၆) ပရိယာပန္နဒုက်
(ငါးပါးသီလတို့သည်) ဝဋ်တရား၌ အကျုံးဝင်ကုန်၏။
(၉၇) နိယျာနိကဒုက်
(ငါးပါးသီလတို့သည်) ဝဋ်ဆင်းရဲမှ ထွက်မြောက်ကြောင်း မဟုတ်ကုန်။
(၉၈) နိယတဒုက်
(ငါးပါးသီလတို့သည်) အကျိုးပေး မမြဲကုန်။
(၉၉) သဥတ္တရဒုက်
(ငါးပါးသီလတို့သည်) မိမိထက် လွန်မြတ်သောတရား ရှိကုန်၏။
(၁၀၀) သရဏဒုက်
(ငါးပါးသီလတို့သည်) ငိုကြွေးကြောင်း ရာဂစသော ကိလေသာ မရှိကုန်။
အမေးအဖြေပြု၍ ဟောကြားသော ပဥှာပုစ္ဆကနည်းပြီး၏။
သိက္ခာပုဒ်တို့ကို ဝေဖန်ပြသော သိက္ခာပဒဝိဘင်းပြီးပြီ။
--
၁၅-ပဋိသမ္ဘိဒါဝိဘင်္ဂ
(ပဋိသမ္ဘိဒါလေးပါးတို့ကို ဝေဖန်ပြသော ဝိဘင်း)
၁-သုတ္တန္တဘာဇနီယနည်း
(သုတ္တန်နည်းဖြင့် ဝေဖန်၍ ဟောကြားသော နည်း)
၁-အကျဉ်းချုပ်ပြဆိုခြင်း (သင်္ဂဟဝါရ)
၇၁၈။ ခွဲခြမ်းစိတ်ဖြာ၍ သိသော ‘ပဋိသမ္ဘိဒါ’ ဉာဏ်တို့သည် လေးပါးတို့တည်း။
(၁) အကျိုး၌ ခွဲခြမ်းစိတ်ဖြာ၍ သိသောဉာဏ်၊
(၂) အကြောင်း၌ ခွဲခြမ်းစိတ်ဖြာ၍ သိသောဉာဏ်၊
(၃) သဒ္ဒါ၌ ခွဲခြမ်းစိတ်ဖြာ၍ သိသောဉာဏ်၊
(၄) အကျိုး၊ အကြောင်း၊ သဒ္ဒါတို့၌ အကျယ် ခွဲခြမ်းစိတ်ဖြာ၍ သိသောဉာဏ်တို့တည်း။
အကျိုး၌ ခွဲခြမ်းစိတ်ဖြာ၍ သိသောဉာဏ်သည် “အတ္ထပဋိသမ္ဘိဒါဉာဏ်” မည်၏၊ အကြောင်း၌ ခွဲခြမ်းစိတ်ဖြာ၍ သိသောဉာဏ်သည် “ဓမ္မပဋိသမ္ဘိဒါဉာဏ်” မည်၏၊ ထိုအကျိုး အကြောင်းတို့၌ မာဂဓဘာသာဖြင့် ပြောဆိုသော အသံ (သဒ္ဒါ)၌ သိသောဉာဏ်သည် “နိရုတ္တိပဋိသမ္ဘိဒါဉာဏ်” မည်၏၊ အကျိုး၊ အကြောင်း၊ သဒ္ဒါတို့ကို သိသောဉာဏ်တို့၌ အကျယ်သိသောဉာဏ်သည် ‘ပဋိဘာနပဋိသမ္ဘိဒါဉာဏ်’ မည်၏။ ။ သင်္ဂဟဝါရတည်း။
--
၂-သစ္စာလေးပါးကို ပြဆိုခြင်း (သစ္စဝါရ)
၇၁၉။ ခွဲခြမ်းစိတ်ဖြာ၍ သိသော ‘ပဋိသမ္ဘိဒါ'ဉာဏ်တို့သည် လေးပါးတို့တည်း။
(၁) အကျိုး၌ ခွဲခြမ်းစိတ်ဖြာ၍ သိသောဉာဏ်၊
(၂) အကြောင်း၌ ခွဲခြမ်းစိတ်ဖြာ၍ သိသောဉာဏ်၊
(၃) သဒ္ဒါ၌ ခွဲခြမ်းစိတ်ဖြာ၍ သိသောဉာဏ်၊
(၄) အကျိုး၊ အကြောင်း၊ သဒ္ဒါတို့၌ အကျယ် ခွဲခြမ်းစိတ်ဖြာ၍ သိသောဉာဏ်တို့တည်း။
ဆင်းရဲ၌ သိသောဉာဏ်သည် “အတ္ထပဋိသမ္ဘိဒါဉာဏ်” မည်၏၊ ဆင်းရဲဖြစ်ကြောင်း၌ သိသောဉာဏ် သည် “ဓမ္မပဋိသမ္ဘိဒါဉာဏ်” မည်၏၊ ဆင်းရဲချုပ်ငြိမ်းရာ၌ သိသောဉာဏ်သည် “အတ္ထပဋိသမ္ဘိဒါဉာဏ်” မည်၏၊ ဆင်းရဲချုပ်ငြိမ်းရာသို့ ရောက်ကြောင်းအကျင့်၌ သိသောဉာဏ်သည် “ဓမ္မပဋိသမ္ဘိဒါဉာဏ်” မည်၏၊ ထိုအကျိုးအကြောင်းတို့၌ မာဂဓဘာသာဖြင့် ပြောဆိုသော အသံ (သဒ္ဒါ)၌ သိသောဉာဏ်သည် “နိရုတ္တိပဋိသမ္ဘိဒါဉာဏ်” မည်၏၊ အကျိုး၊ အကြောင်း၊ သဒ္ဒါတို့ကို သိသောဉာဏ်တို့၌ အကျယ်သိသောဉာဏ်သည် “ပဋိဘာနပဋိသမ္ဘိဒါဉာဏ်” မည်၏။ ။ ဤကား သစ္စဝါရတည်း။
၃-အကြောင်း (အကျိုး) တရားတို့ကို ပြဆိုခြင်း (ဟေတုဝါရ)
၇၂၀။ ခွဲခြမ်းစိတ်ဖြာ၍ သိသော ‘ပဋိသမ္ဘိဒါ’ ဉာဏ်တို့သည် လေးပါးတို့တည်း။
(၁) အကျိုး၌ ခွဲခြမ်းစိတ်ဖြာ၍ သိသောဉာဏ်၊
(၂) အကြောင်း၌ ခွဲခြမ်းစိတ်ဖြာ၍ သိသောဉာဏ်၊
(၃) သဒ္ဒါ၌ ခွဲခြမ်းစိတ်ဖြာ၍ သိသောဉာဏ်၊
(၄) အကျိုး၊ အကြောင်း၊ သဒ္ဒါတို့၌ အကျယ် ခွဲခြမ်းစိတ်ဖြာ၍ သိသောဉာဏ်တို့တည်း။ အကြောင်း၌ သိသောဉာဏ်သည် “ဓမ္မပဋိသမ္ဘိဒါဉာဏ်” မည်၏၊ အကြောင်း၏ အကျိုး၌ သိသောဉာဏ်သည် “အတ္ထပဋိသမ္ဘိဒါဉာဏ်” မည်၏၊ ထိုအကြောင်း အကျိုးတို့၌ မာဂဓဘာသာဖြင့် ပြောဆိုသောအသံ (သဒ္ဒါ)၌ သိသောဉာဏ်သည် “နိရုတ္တိပဋိသမ္ဘိဒါဉာဏ်” မည်၏၊ အကြောင်း၊ အကျိုး၊ သဒ္ဒါတို့ကိုသိသောဉာဏ်တို့၌ အကျယ်သိသောဉာဏ်သည် “ပဋိဘာနပဋိသမ္ဘိဒါဉာဏ်” မည်၏
ဤကားဟေတုဝါရတည်း။
--
၄-ရုပ်နာမ်တို့၏ အကျိုးအကြောင်းတို့ကို ပြဆိုခြင်း (ဓမ္မဝါရ)
၇၂၁။ ခွဲခြမ်းစိတ်ဖြာ၍ သိသော ‘ပဋိသမ္ဘိဒါ'ဉာဏ်တို့သည် လေးပါးတို့တည်း။
(၁) အကျိုး၌ ခွဲခြမ်းစိတ်ဖြာ၍ သိသောဉာဏ်၊
(၂) အကြောင်း၌ ခွဲခြမ်းစိတ်ဖြာ၍ သိသောဉာဏ်၊
(၃) သဒ္ဒါ၌ ခွဲခြမ်းစိတ်ဖြာ၍ သိသောဉာဏ်၊
(၄) အကျိုး၊ အကြောင်း၊ သဒ္ဒါတို့၌ အကျယ်ခွဲခြမ်းစိတ်ဖြာ၍ သိသောဉာဏ်တို့တည်း။
အကြင် ရုပ်နာမ်တရားတို့သည် ဖြစ်ကုန်၏၊ ထင်ကုန်၏၊ ကောင်းစွာဖြစ်ကုန်၏၊ ဖြစ်ပေါ်ကုန်၏၊ အသစ်ဖြစ်ပေါ်ကုန်၏၊ ထင်ရှားဖြစ်ကုန်၏။ ဤရုပ်နာမ်တရားတို့၌ သိသောဉာဏ်သည် “အတ္ထပဋိသမ္ဘိဒါဉာဏ်” မည်၏။ အကြင် ရုပ်နာမ် (အကြောင်း) တရားတို့ကြောင့် ထိုရုပ်နာမ် (အကျိုး) တရားတို့သည် ဖြစ်ကုန်၏၊ ထင်ကုန်၏၊ ကောင်းစွာ ဖြစ်ကုန်၏၊ ဖြစ်ပေါ်ကုန်၏၊ အသစ်ဖြစ်ပေါ်ကုန်၏၊ ထင်ရှားဖြစ်ကုန်၏။ ထိုရုပ်နာမ် (အကြောင်း) တရားတို့၌ သိသောဉာဏ်သည် “ဓမ္မပဋိသမ္ဘိဒါဉာဏ်” မည်၏။ ထိုအကျိုးအကြောင်းတရားတို့၌ မာဂဓဘာသာဖြင့် ပြောဆိုသော အသံ (သဒ္ဒါ)၌ သိသောဉာဏ်သည် “နိရုတ္တိပဋိသမ္ဘိဒါဉာဏ်” မည်၏၊ အကျိုး၊ အကြောင်း၊ သဒ္ဒါတို့ကို သိသောဉာဏ်တို့၌ အကျယ်သိသောဉာဏ်သည် “ပဋိဘာနပဋိသမ္ဘိဒါဉာဏ်” မည်၏။ ။ ဤကား ဓမ္မဝါရတည်း။
--
၅-ပဋိစ္စသမုပ္ပါဒ်ကို ပြဆိုခြင်း (ပဋိစ္စသမုပ္ပါဒဝါရ)
၇၂၂။ ခွဲခြမ်းစိတ်ဖြာ၍ သိသော ‘ပဋိသမ္ဘိဒါ'ဉာဏ်တို့သည် လေးပါးတို့တည်း။
(၁) အကျိုး၌ ခွဲခြမ်းစိတ်ဖြာ၍ သိသောဉာဏ်၊
(၂) အကြောင်း၌ ခွဲခြမ်းစိတ်ဖြာ၍ သိသောဉာဏ်၊
(၃) သဒ္ဒါ၌ ခွဲခြမ်းစိတ်ဖြာ၍ သိသောဉာဏ်၊
(၄) အကျိုး၊ အကြောင်း၊ သဒ္ဒါတို့၌ အကျယ် ခွဲခြမ်းစိတ်ဖြာ၍ သိသောဉာဏ်တို့တည်း။ အိုခြင်း ‘ဇရာ', သေခြင်း ‘မရဏ’၌ သိသောဉာဏ်သည် ‘အတ္ထပဋိသမ္ဘိဒါ’ မည်၏။ အိုခြင်း ‘ဇရာ', သေခြင်း ‘မရဏ’ ဖြစ်ကြောင်း၌ သိသောဉာဏ်သည် “ဓမ္မပဋိသမ္ဘိဒါ” မည်၏။ အိုခြင်း ‘ဇရာ', သေခြင်း ‘မရဏ’ ချုပ်ရာ၌ သိသောဉာဏ်သည် “အတ္ထပဋိသမ္ဘိဒါ” မည်၏။ အိုခြင်း ‘ဇရာ', သေခြင်း ‘မရဏ’ ချုပ်ရာသို့ ရောက်ကြောင်းအကျင့်၌ သိသောဉာဏ်သည် “ဓမ္မပဋိသမ္ဘိဒါ” မည်၏။ ထိုအကျိုးအကြောင်းတရားတို့၌ တရားကိုထုတ်ဆို၍ မာဂဓဘာသာဖြင့် ပြောဆိုသော အသံ (သဒ္ဒါ)၌ သိသောဉာဏ်သည် “နိရုတ္တိပဋိသမ္ဘိဒါဉာဏ်” မည်၏။ အကျိုး၊ အကြောင်း၊ သဒ္ဒါတို့ကို သိသောဉာဏ်တို့၌ အကျယ်သိသောဉာဏ်သည် “ပဋိဘာနပဋိသမ္ဘိဒါဉာဏ်” မည်၏။
၇၂၃။ ခွဲခြမ်းစိတ်ဖြာ၍ သိသော ‘ပဋိသမ္ဘိဒါ’ ဉာဏ်တို့သည် လေးပါးတို့တည်း။
(၁) အကျိုး၌ ခွဲခြမ်းစိတ်ဖြာ၍ သိသောဉာဏ်၊
(၂) အကြောင်း၌ ခွဲခြမ်းစိတ်ဖြာ၍ သိသောဉာဏ်၊
(၃) သဒ္ဒါ၌ ခွဲခြမ်းစိတ်ဖြာ၍ သိသောဉာဏ်၊
(၄) အကျိုး၊ အကြောင်း၊ သဒ္ဒါတို့၌ အကျယ် ခွဲခြမ်းစိတ်ဖြာ၍ သိသောဉာဏ်တို့တည်း။ ပဋိသန္ဓေနေခြင်း ‘ဇာတိ’၌ သိသောဉာဏ်သည်။ပ။ ဘဝ၌ သိသောဉာဏ်သည်။ပ။ စွဲလမ်းခြင်း ‘ဥပါဒါန်’၌ သိသောဉာဏ်သည်။ပ။ တပ်မက်ခြင်း ‘တဏှာ’၌ သိသောဉာဏ်သည်။ပ။
ခံစားခြင်း ‘ဝေဒနာ’၌ သိသောဉာဏ်သည်။ပ။ တွေ့ထိခြင်း ‘ဖဿ’၌ သိသောဉာဏ်သည်။ပ။
အာယတနခြောက်ပါး ‘သဠာယတန’၌ သိသောဉာဏ်သည်။ပ။ နာမ်ရုပ်၌ သိသောဉာဏ်သည်။ပ။
ဝိညာဏ်၌ သိသောဉာဏ် သည်။ပ။ သင်္ခါရတို့၌ သိသောဉာဏ်သည် “အတ္ထပဋိသမ္ဘိဒါ” မည်၏။ သင်္ခါရတို့၏ ဖြစ်ကြောင်း၌ သိသောဉာဏ်သည် “ဓမ္မပဋိသမ္ဘိဒါ” မည်၏။ သင်္ခါရတို့၏ ချုပ်ရာ၌ သိသောဉာဏ်သည် “အတ္ထပဋိသမ္ဘိဒါ” မည်၏။ သင်္ခါရတို့၏ ချုပ်ရာသို့ ရောက်ကြောင်း အကျင့်၌့သိသောဉာဏ်သည် “ဓမ္မပဋိသမ္ဘိဒါ"မည်၏။ ထိုအကျိုးအကြောင်းတို့၌ မာဂဓဘာသာဖြင့် ပြောဆိုသောအသံ (သဒ္ဒါ)၌ သိသောဉာဏ်သည် “နိရုတ္တိ ပဋိသမ္ဘိဒါဉာဏ်” မည်၏။ အကျိုး၊ အကြောင်း၊ သဒ္ဒါတို့ကိုသိသောဉာဏ်တို့၌ အကျယ်သိသောဉာဏ်သည် “ပဋိဘာနပဋိသမ္ဘိဒါဉာဏ်” မည်၏။ ။ ပဋိစ္စသမုပ္ပါဒဝါရတည်း။
--
၆-ပိဋကသုံးပုံကို ပြဆိုခြင်း (ပရိယတ္တိဝါရ)
၇၂၄။ ခွဲခြမ်းစိတ်ဖြာ၍ သိသော ‘ပဋိသမ္ဘိဒါ'ဉာဏ်တို့သည် လေးပါးတို့တည်း။
(၁) အနက်၌ ခွဲခြမ်းစိတ်ဖြာ၍ သိသောဉာဏ်၊
(၂) ပါဠိတော်၌ ခွဲခြမ်းစိတ်ဖြာ၍ သိသောဉာဏ်၊
(၃) သဒ္ဒါ၌ ခွဲခြမ်းစိတ်ဖြာ၍ သိသောဉာဏ်၊
(၄) အနက်၊ ပါဠိတော်၊ သဒ္ဒါတို့၌ အကျယ် ခွဲခြမ်းစိတ်ဖြာ၍ သိသောဉာဏ်တို့တည်း။ ထိုလေးပါးတို့တွင် အဘယ်သည် ပါဠိတော်၌ ခွဲခြင်းစိတ်ဖြာ၍ သိသောဉာဏ် မည်သနည်း။
ဤသာသနာတော်၌ ရဟန်းသည် ပါဠိတော်ကို သိ၏၊ သုတ်ကို၊ ဂေယျကို၊ ဝေယျာကရဏကို၊ ဂါထာကို၊ ဥဒါန်းကို၊ ဣတိဝုတ်ကို၊ ဇာတ်ကို၊ အဗ္ဘုတဓမ္မကို၊ ဝေဒလ္လကို သိ၏၊ ဤအင်္ဂါ ၉-တန်ကို သိသောဉာဏ်ကို “ဓမ္မပဋိသမ္ဘိဒါ"ဉာဏ်ဟု ဆိုအပ်၏။ ထိုရဟန်းသည် ဟောတော်မူအပ်သော ထိုထို (သုတ်စသည်)၏ အနက်ကို “ဤအနက်သည် ဟောတော်မူအပ်သော ဤ (ပါဠိတော်)၏ အနက်တည်း။ ဤအနက်သည် ဟောတော်မူအပ်သော ဤ (ပါဠိတော်)၏ အနက်တည်း” ဟု သိ၏၊ ဤသို့ အနက်ကိုသိသောဉာဏ်ကို “အတ္ထပဋိသမ္ဘိဒါ ဉာဏ်”ဟု ဆိုအပ်၏။ ထိုပါဠိတော်နှင့် အနက်တို့၌ မာဂဓဘာသာဖြင့် ပြောဆိုသော အသံ (သဒ္ဒါ)၌ သိသောဉာဏ်သည် “နိရုတ္တိပဋိသမ္ဘိဒါဉာဏ်” မည်၏။ ပါဠိတော်နှင့် အနက်၊ သဒ္ဒါတို့ကို သိသောဉာဏ်တို့၌ အကျယ် သိသောဉာဏ်သည် “ပဋိဘာနပဋိသမ္ဘိဒါဉာဏ်” မည်၏။ ။ ဤကား ပရိယတ္တိဝါရတည်း။
သုတ္တန်နည်းဖြင့် ဝေဖန်ဟောကြားသော ‘သုတ္တန္တဘာဇနီယ'နည်း ပြီး၏။
--
၂-အဘိဓမ္မဘာဇနီယနည်း
(အဘိဓမ္မာနည်းဖြင့် ဝေဖန်ဟောကြားခြင်း)
၁-ကုသိုလ်တရားတို့ကို ပြဆိုခြင်း (ကုသလဝါရ)
၇၂၅။ ခွဲခြမ်းစိတ်ဖြာ၍ သိသော ‘ပဋိသမ္ဘိဒါ’ ဉာဏ်တို့သည် လေးပါးတို့တည်း။
(၁) အကျိုး၌ ခွဲခြမ်းစိတ်ဖြာ၍ သိသောဉာဏ်၊
(၂) အကြောင်း၌ ခွဲခြမ်းစိတ်ဖြာ၍ သိသောဉာဏ်၊
(၃) သဒ္ဒါ၌ ခွဲခြမ်းစိတ်ဖြာ၍ သိသောဉာဏ်၊
(၄) အကျိုး၊ အကြောင်း၊ သဒ္ဒါတို့၌ အကျယ် ခွဲခြမ်းစိတ်ဖြာ၍ သိသောဉာဏ်တို့တည်း။
မဟာကုသိုလ်ပဌမစိတ်
အဘယ်တရားတို့သည် ကုသိုလ်တို့ မည်ကုန်သနည်း။
အကြင်အခါ၌ သောမနဿဝေဒနာနှင့် တကွဖြစ်သောဉာဏ်နှင့်ယှဉ်သော ရူပါရုံကိုလည်း အာရုံပြုသော။ပ။ ဓမ္မာရုံကိုလည်း အာရုံပြုသော အမှတ်မရှိသော အာရုံကိုလည်း အာရုံပြု၍ဖြစ်သော ကာမာဝစရကုသိုလ်စိတ်သည် ဖြစ်ဆဲဖြစ်၏။ ထိုအခါ၌ တွေ့ထိမှု ‘ဖဿ’ သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု ‘အဝိက္ခေပ’ သည် ဖြစ်၏။ ဤတရားတို့သည် ကုသိုလ်တို့တည်း၊ ဤကုသိုလ်တရားတို့၌ သိသောဉာဏ်သည် “ဓမ္မ ပဋိသမ္ဘိဒါဉာဏ်” မည်၏။ ထိုကုသိုလ်တရားတို့၏ အကျိုး၌ သိသောဉာဏ်သည် “အတ္ထပဋိသမ္ဘိဒါဉာဏ်” မည်၏။ အကြင် မာဂဓဘာသာဖြင့် ထိုကုသိုလ်တရားတို့ကိုပညတ်၏။ ထိုတရားတို့ကို မာဂဓဘာသာဖြင့် ပြောဆိုသော အသံ (သဒ္ဒါ)၌ သိသောဉာဏ်သည် “နိရုတ္တိပဋိသမ္ဘိဒါဉာဏ်” မည်၏။ “ဤဉာဏ်တို့သည် ဤအနက်ကို ထွန်းပြတတ်ကုန်၏”ဟုအကြင်ဉာဏ်ဖြင့် ထိုရှေးဉာဏ် သုံးပါး တို့ကို သိ၏။ ဤသို့ ထိုရှေး ဉာဏ်သုံးပါးတို့၌ သိသောဉာဏ်သည် “ပဋိဘာနပဋိသမ္ဘိဒါဉာဏ်” မည်၏။
--
မဟာကုသိုလ်ဒုတိယစိတ်စသည်
၇၂၆။ ခွဲခြမ်းစိတ်ဖြာ၍ သိသော ‘ပဋိသမ္ဘိဒါ’ ဉာဏ်တို့သည် လေးပါးတို့တည်း။
(၁) အကျိုး၌ ခွဲခြမ်းစိတ်ဖြာ၍ သိသောဉာဏ်၊
(၂) အကြောင်း၌ ခွဲခြမ်းစိတ်ဖြာ၍ သိသောဉာဏ်၊
(၃) သဒ္ဒါ၌ ခွဲခြမ်းစိတ်ဖြာ၍ သိသောဉာဏ်၊
(၄) အကျိုး၊ အကြောင်း၊ သဒ္ဒါတို့၌ အကျယ် ခွဲခြမ်းစိတ်ဖြာ၍ သိသောဉာဏ်တို့တည်း။
အဘယ်တရားတို့သည် ကုသိုလ်တို့ မည်ကုန်သနည်း။
အကြင်အခါ၌ သောမနဿဝေဒနာနှင့် တကွဖြစ်သောဉာဏ်နှင့်ယှဉ်သော တိုက်တွန်းခြင်းနှင့် တကွဖြစ်သော။ပ။
သောမနဿဝေဒနာနှင့် တကွ ဖြစ်သောဉာဏ်နှင့်မယှဉ်သော။ပ။
သောမနဿဝေဒနာနှင့် တကွဖြစ်သောဉာဏ်နှင့်မယှဉ်သော တိုက်တွန်းခြင်းနှင့် တကွဖြစ်သော။ပ။
ဥပေက္ခာဝေဒနာနှင့် တကွ ဖြစ်သောဉာဏ်နှင့်ယှဉ်သော။ပ။
ဥပေက္ခာဝေဒနာနှင့် တကွ ဖြစ်သောဉာဏ်နှင့်ယှဉ်သော တိုက်တွန်းခြင်းနှင့် တကွဖြစ်သော။ပ။
ဥပေက္ခာဝေဒနာနှင့် တကွဖြစ်သောဉာဏ်နှင့် မယှဉ်သော။ပ။
ဥပေက္ခာဝေဒနာနှင့်တကွဖြစ်သော၊ ဉာဏ်နှင့်မယှဉ်သော၊ တိုက်တွန်းခြင်းနှင့်တကွဖြစ်သော၊ ရူပါရုံကိုလည်း အာရုံပြုသော။ပ။ ဓမ္မာရုံကိုလည်း အာရုံပြုသော၊ အမှတ်မရှိသော အာရုံကိုလည်း အာရုံပြုသောကာမာဝစရကုသိုလ်စိတ်သည် ဖြစ်ဆဲ ဖြစ်၏။ ထိုအခါ၌ တွေ့ထိမှု ‘ဖဿ’ သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု ‘အဝိက္ခေပ’ သည် ဖြစ်၏။ ဤတရားတို့သည် ကုသိုလ်တို့တည်း၊ ဤကုသိုလ်တရားတို့၌ သိသောဉာဏ်သည် “ဓမ္မပဋိသမ္ဘိဒါဉာဏ်” မည်၏။ ထိုကုသိုလ်တရားတို့၏ အကျိုး၌ သိသောဉာဏ်သည် “အတ္ထပဋိသမ္ဘိဒါဉာဏ်” မည်၏။ အကြင် မာဂဓဘာသာဖြင့် ထိုကုသိုလ်တရားတို့ကို ပညတ်၏။ ထိုတရားတို့ကိုမာဂဓဘာသာဖြင့် ပြောဆိုသော အသံ (သဒ္ဒါ)၌ သိသောဉာဏ်သည် “နိရုတ္တိပဋိသမ္ဘိဒါဉာဏ်” မည်၏။ “ဤဉာဏ်တို့သည် ဤအနက်ကို ထွန်းပြတတ်ကုန်၏”ဟု အကြင်ဉာဏ်ဖြင့် ထိုရှေးဉာဏ်သုံးပါးတို့ကိုသိ၏၊ ဤသို့ ထိုရှေးဉာဏ်သုံးပါးတို့၌ သိသောဉာဏ်သည် “ပဋိဘာနပဋိသမ္ဘိဒါဉာဏ်” မည်၏။
--
ရူပကုသိုလ်ငါးခု
၇၂၇။ ခွဲခြမ်းစိတ်ဖြာ၍ သိသော ‘ပဋိသမ္ဘိဒါ’ ဉာဏ်တို့သည် လေးပါးတို့တည်း။
(၁) အကျိုး၌ ခွဲခြမ်းစိတ်ဖြာ၍ သိသောဉာဏ်၊
(၂) အကြောင်း၌ ခွဲခြမ်းစိတ်ဖြာ၍ သိသောဉာဏ်၊
(၃) သဒ္ဒါ၌ ခွဲခြမ်းစိတ်ဖြာ၍ သိသောဉာဏ်၊
(၄) အကျိုး၊ အကြောင်း၊ သဒ္ဒါတို့၌ အကျယ် ခွဲခြမ်းစိတ်ဖြာ၍ သိသောဉာဏ်တို့တည်း။
အဘယ်တရားတို့သည် ကုသိုလ်တရားတို့ မည်ကုန်သနည်း။
အကြင်အခါ၌ ရူပဘုံသို့ရောက်ရန် အကြောင်းဈာန်ကို ပွါးများအားထုတ်၏၊ ကာမဂုဏ်တို့မှ ကင်းဆိတ်၍သာလျှင်။ပ။ ပထဝီကသိုဏ်းလျှင် အာရုံရှိသော ပဌမဈာန်သို့ ရောက်၍နေ၏။ ထိုအခါ၌ တွေ့ထိမှု ‘ဖဿ’ သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု ‘အဝိက္ခေပ’ သည် ဖြစ်၏။ ဤတရားတို့သည် ကုသိုလ်တို့တည်း၊ ဤကုသိုလ်တရားတို့၌ သိသောဉာဏ်သည် “ဓမ္မပဋိသမ္ဘိဒါဉာဏ်” မည်၏။ ထိုကုသိုလ်တရားတို့၏ အကျိုး၌ သိသောဉာဏ်သည် “အတ္ထပဋိသမ္ဘိဒါဉာဏ်” မည်၏။ အကြင် မာဂဓဘာသာဖြင့် ထိုကုသိုလ်တရားတို့ကို ပညတ်၏။ ထိုမာဂဓဘာသာဖြင့် ပြောဆိုသော အသံ (သဒ္ဒါ)၌ သိသောဉာဏ်သည် “နိရုတ္တိပဋိသမ္ဘိဒါဉာဏ်” မည်၏။ “ဤဉာဏ်တို့သည် ဤအနက်ကို ထွန်းပြတတ်ကုန်၏”ဟု အကြင်အသိဉာဏ်ဖြင့် ထိုရှေးဉာဏ်သုံးပါးတို့ကို သိ၏။ ဤသို့ ထိုရှေးဉာဏ်သုံးပါးတို့၌ သိသောဉာဏ်သည် “ပဋိဘာနပဋိသမ္ဘိဒါဉာဏ်” မည်၏။
--
အရူပကုသိုလ်လေးခု
၇၂၈။ ခွဲခြမ်းစိတ်ဖြာ၍ သိသော ‘ပဋိသမ္ဘိဒါ’ ဉာဏ်တို့သည် လေးပါးတို့တည်း။
(၁) အကျိုး၌ ခွဲခြမ်းစိတ်ဖြာ၍ သိသောဉာဏ်၊
(၂) အကြောင်း၌ ခွဲခြမ်းစိတ်ဖြာ၍ သိသောဉာဏ်၊
(၃) သဒ္ဒါ၌ ခွဲခြမ်းစိတ်ဖြာ၍ သိသောဉာဏ်၊
(၄) အကျိုး၊ အကြောင်း၊ သဒ္ဒါတို့၌ အကျယ် ခွဲခြမ်းစိတ်ဖြာ၍ သိသောဉာဏ်တို့တည်း။
အဘယ်တရားတို့သည် ကုသိုလ်တရားတို့ မည်ကုန်သနည်း။
အကြင်အခါ၌ အရူပဘုံသို့ရောက်ရန် အကြောင်းဈာန်ကို ပွါးများအားထုတ်၏၊ အာကိဉ္စညာယတနဈာန်ကို လုံးဝလွန်မြောက်၍ နေဝသညာနာသညာယတန သညာနှင့် တကွသော၊ ချမ်းသာခြင်း ‘သုခ'ကိုလည်း ပယ်ခြင်းကြောင့်။ပ။ စတုတ္ထဈာန်သို့ ရောက်၍ နေ၏။ ထိုအခါ၌ တွေ့ထိမှု ‘ဖဿ’ သည်ဖြစ်၏။ပ။ မပျံ့လွင့်မှု ‘အဝိက္ခေပ’ သည် ဖြစ်၏။ ဤတရားတို့သည် ကုသိုလ်တို့တည်း၊ ဤကုသိုလ်တရားတို့၌ သိသောဉာဏ်သည် “ဓမ္မပဋိသမ္ဘိဒါဉာဏ်” မည်၏။ ထိုကုသိုလ်တရားတို့၏ အကျိုး၌ သိသောဉာဏ်သည် “အတ္ထပဋိသမ္ဘိဒါ” မည်၏။ အကြင် မာဂဓဘာသာဖြင့် ထိုကုသိုလ်တရားတို့ကိုပညတ်၏၊ ထိုမာဂဓဘာသာဖြင့် ပြောဆိုသော အသံ (သဒ္ဒါ)၌ သိသောဉာဏ်သည် “နိရုတ္တိပဋိသမ္ဘိဒါဉာဏ်” မည်၏။ “ဤဉာဏ်တို့သည် ဤအနက်ကို ထွန်းပြတတ်ကုန်၏” ဟုအကြင်ဉာဏ်ဖြင့် ထိုရှေးဉာဏ်သုံးပါးတို့ကို သိ၏။ ဤသို့ ထိုရှေးဉာဏ်သုံးပါးတို့၌ အကျယ်သိသောဉာဏ်သည် “ပဋိဘာနပဋိသမ္ဘိဒါဉာဏ်” မည်၏။
--
လောကုတ္တရာကုသိုလ်
၇၂၉။ ခွဲခြမ်းစိတ်ဖြာ၍ သိသော ‘ပဋိသမ္ဘိဒါ’ ဉာဏ်တို့သည် လေးပါးတို့တည်း။
(၁) အကျိုး၌ ခွဲခြမ်းစိတ်ဖြာ၍ သိသောဉာဏ်၊
(၂) အကြောင်း၌ ခွဲခြမ်းစိတ်ဖြာ၍ သိသောဉာဏ်၊
(၃) သဒ္ဒါ၌ ခွဲခြမ်းစိတ်ဖြာ၍ သိသောဉာဏ်၊
(၄) အကျိုး၊ အကြောင်း၊ သဒ္ဒါတို့၌ အကျယ် ခွဲခြမ်းစိတ်ဖြာ၍ သိသောဉာဏ်တို့တည်း။
အဘယ်တရားတို့သည် ကုသိုလ်တရားတို့ မည်ကုန်သနည်း။
အကြင်အခါ၌ မိစ္ဆာအယူတို့ကို ပယ်ရန်၊ ပဌမဘုံ (သောတာပန်အဆင့်) သို့ ရောက်ရန် ဝဋ်ဆင်းရဲမှ ထွက်မြောက်တတ်သော နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်သော လောကုတ္တရာဈာန်ကို ပွါများအားထုတ်၏။ ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ ဆင်းရဲသော အကျင့်ရှိသော, နုံ့နှေးသော အသိဉာဏ်ရှိသော ပဌမဈာန်သို့ ရောက်၍ နေ၏။ ထိုအခါ၌ တွေ့ထိမှု ‘ဖဿ’ သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု ‘အဝိက္ခေပ’ သည့်ဖြစ်၏။ ဤတရားတို့သည် ကုသိုလ်တို့တည်း။ ဤကုသိုလ်တရားတို့၌ သိသောဉာဏ်သည် “ဓမ္မပဋိသမ္ဘိဒါဉာဏ်” မည်၏။ ထိုကုသိုလ်တရားတို့၏ အကျိုး၌ သိသောဉာဏ်သည် “အတ္ထပဋိသမ္ဘိဒါဉာဏ်"မည်၏။ အကြင် မာဂဓဘာသာဖြင့် ထိုကုသိုလ်တရားတို့ကို ပညတ်၏။ ထိုတရားတို့ကို မာဂဓဘာသာဖြင့် ပြောဆိုသော အသံ (သဒ္ဒါ)၌ သိသောဉာဏ်သည် “နိရုတ္တိပဋိသမ္ဘိဒါ” မည်၏။ “ဤဉာဏ်တို့သည်ဤအနက်ကို ထွန်းပြတတ်ကုန်၏”ဟု အကြင် အသိဉာဏ်ဖြင့် ထိုရှေးဉာဏ်သုံးပါးတို့ကို သိ၏။ ဤသို့ထို ရှေးဉာဏ်သုံးပါးတို့၌ သိသောဉာဏ်သည် “ပဋိဘာနပဋိသမ္ဘိဒါ” မည်၏။
--
၂-အကုသိုလ်တရားတို့ကို ပြဆိုခြင်း (အကုသလဝါရ)
၇၃၀။ ခွဲခြမ်းစိတ်ဖြာ၍ သိသော ‘ပဋိသမ္ဘိဒါ’ ဉာဏ်တို့သည် လေးပါးတို့တည်း။
(၁) အကျိုး၌ ခွဲခြမ်းစိတ်ဖြာ၍ သိသောဉာဏ်၊
(၂) အကြောင်း၌ ခွဲခြမ်းစိတ်ဖြာ၍ သိသောဉာဏ်၊
(၃) သဒ္ဒါ၌ ခွဲခြမ်းစိတ်ဖြာ၍ သိသောဉာဏ်၊
(၄) အကျိုး၊ အကြောင်း၊ သဒ္ဒါတို့၌ အကျယ် ခွဲခြမ်းစိတ်ဖြာ၍ သိသောဉာဏ်တို့တည်း။
အကုသိုလ်ပဌမစိတ်
အဘယ်တရားတို့သည် အကုသိုလ်တရားတို့ မည်ကုန်သနည်း။
အကြင်အခါ၌ သောမနဿဝေဒနာနှင့် တကွဖြစ်သော မိစ္ဆာအယူနှင့်ယှဉ်သော ရူပါရုံကိုလည်းအာရုံပြုသော။ပ။ ဓမ္မာရုံကိုလည်း အာရုံပြုသော အမှတ်မရှိသော အာရုံကိုလည်း အာရုံပြု၍ ဖြစ်သောအကုသိုလ်စိတ်သည် ဖြစ်ဆဲဖြစ်၏။ ထိုအခါ၌ တွေ့ထိမှု ‘ဖဿ’ သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု ‘အဝိက္ခေပ'သည် ဖြစ်၏။ ဤတရားတို့သည် အကုသိုလ်တို့တည်း၊ ဤအကုသိုလ်တရားတို့၌ သိသောဉာဏ်သည် “ဓမ္မပဋိသမ္ဘိဒါဉာဏ်” မည်၏။ ထိုတရားတို့၏ အကျိုး၌ သိသောဉာဏ်သည် “အတ္ထပဋိသမ္ဘိဒါဉာဏ်"မည်၏။ အကြင် မာဂဓဘာသာဖြင့် ထိုအကုသိုလ်တရားတို့ကို ပညတ်၏။ ထိုတရားတို့ကို မာဂဓဘာသာဖြင့် ပြောဆိုသော အသံ (သဒ္ဒါ)၌ သိသောဉာဏ်သည် “နိရုတ္တိပဋိသမ္ဘိဒါဉာဏ်” မည်၏။ “ဤဉာဏ်တို့သည် ဤအနက်ကို ထွန်းပြတတ်ကုန်၏”ဟု အကြင် ဉာဏ်ဖြင့် ထိုရှေးဉာဏ်သုံးပါးတို့ကိုသိ၏။ ထိုရှေးဉာဏ်သုံးပါးတို့၌ သိသောဉာဏ်သည် “ပဋိဘာနပဋိသမ္ဘိဒါဉာဏ်"မည်၏။ (၁)
--
အကုသိုလ်ဒုတိယစိတ်စသည်
၇၃၁။ ခွဲခြမ်းစိတ်ဖြာ၍ သိသော ‘ပဋိသမ္ဘိဒါ’ ဉာဏ်တို့သည် လေးပါးတို့တည်း။
(၁) အကျိုး၌ ခွဲခြမ်းစိတ်ဖြာ၍ သိသောဉာဏ်၊
(၂) အကြောင်း၌ ခွဲခြမ်းစိတ်ဖြာ၍ သိသောဉာဏ်၊
(၃) သဒ္ဒါ၌ ခွဲခြမ်းစိတ်ဖြာ၍ သိသောဉာဏ်၊
(၄) အကျိုး၊ အကြောင်း၊ သဒ္ဒါတို့၌ အကျယ် ခွဲခြမ်းစိတ်ဖြာ၍ သိသောဉာဏ်တို့တည်း။
အဘယ်တရားတို့သည် အကုသိုလ်တို့ မည်ကုန်သနည်း။
အကြင်အခါ၌ သောမနဿဝေဒနာနှင့် တကွဖြစ်သော မိစ္ဆာအယူနှင့်ယှဉ်သော တိုက်တွန်းခြင်းနှင့် တကွဖြစ်သော။ပ။ (၂)
သောမနဿဝေဒနာနှင့် တကွဖြစ်သော မိစ္ဆာအယူနှင့်မယှဉ်သော။ပ။ (၃)
သောမနဿဝေဒနာနှင့် တကွဖြစ်သော မိစ္ဆာအယူနှင့်မယှဉ်သော တိုက်တွန်းခြင်းနှင့် တကွဖြစ်သော။ပ။ (၄)
ဥပေက္ခာဝေဒနာနှင့် တကွဖြစ်သော၊ မိစ္ဆာအယူနှင့်ယှဉ်သော။ပ။ (၅)
ဥပေက္ခာဝေဒနာနှင့် တကွဖြစ်သော မိစ္ဆာအယူနှင့်ယှဉ်သော တိုက်တွန်းခြင်းနှင့် တကွဖြစ်သော။ပ။ (၆)
ဥပေက္ခာဝေဒနာနှင့် တကွဖြစ်သော၊ မိစ္ဆာအယူနှင့်မယှဉ်သော။ပ။ (၇)
ဥပေက္ခာဝေဒနာနှင့် တကွဖြစ်သော မိစ္ဆာအယူနှင့်မယှဉ်သော တိုက်တွန်းခြင်းနှင့်တကွ ဖြစ်သော။ပ။ (၈)
ဒေါမနဿဝေဒနာနှင့် တကွဖြစ်သော အမျက်ထွက်ခြင်းနှင့်ယှဉ်သော။ပ။ (၉)
ဒေါမနဿဝေဒနာနှင့် တကွဖြစ်သော အမျက်ထွက်ခြင်းနှင့်ယှဉ်သော တိုက်တွန်းခြင်းနှင့်တကွဖြစ်သော။ပ။ (၁၀)
ဥပေက္ခာဝေဒနာနှင့် တကွဖြစ်သော ယုံမှားခြင်းနှင့်ယှဉ်သော။ပ။ (၁၁)
ဥပေက္ခာဝေဒနာနှင့် တကွဖြစ်သော ပျံ့လွင့်ခြင်းနှင့် ယှဉ်သော ရူပါရုံကိုလည်း အာရုံပြုသော။ပ။ ဓမ္မာရုံကိုလည်း အာရုံပြုသော အမှတ်မရှိသော အာရုံကိုလည်း အာရုံပြု၍ဖြစ်သော အကုသိုလ်စိတ်သည်ဖြစ်ဆဲဖြစ်၏။ ထိုအခါ၌ တွေ့ထိမှု ‘ဖဿ’ သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု ‘အဝိက္ခေပ’ သည် ဖြစ်၏။ ဤတရားတို့သည် အကုသိုလ်တို့တည်း။ ဤအကုသိုလ်တရားတို့၌ သိသောဉာဏ်သည် “ဓမ္မပဋိသမ္ဘိဒါဉာဏ်” မည်၏။ ထိုအကုသိုလ်တရားတို့၏ အကျိုး၌ သိသောဉာဏ်သည် “အတ္ထပဋိသမ္ဘိဒါဉာဏ်"မည်၏။ အကြင် မာဂဓဘာသာဖြင့် ထိုအကုသိုလ်တရားတို့ကို ပညတ်၏၊ ထိုတရားတို့ကိုမာဂဓဘာသာဖြင့် ပြောဆိုသော အသံ (သဒ္ဒါ)၌ သိသောဉာဏ်သည် “နိရုတ္တိပဋိသမ္ဘိဒါဉာဏ်” မည်၏။ “ဤဉာဏ်တို့သည် ဤအနက်ကို ထွန်းပြတတ်ကုန်၏”ဟု အကြင်ဉာဏ်ဖြင့် ထိုရှေးဉာဏ်သုံးပါးတို့ကိုသိ၏။ ဤသို့ ထိုရှေးဉာဏ်သုံးပါးတို့၌ သိသောဉာဏ်သည် “ပဋိဘာနပဋိသမ္ဘိဒါဉာဏ်” မည်၏။ (၁၂)
--
၃-ဝိပါက်တရားတို့ကို ပြဆိုခြင်း (ဝိပါကဝါရ)
အဟိတ်ကုသလဝိပါက်
၇၃၂။ ခွဲခြမ်းစိတ်ဖြာ၍ သိသော ‘ပဋိသမ္ဘိဒါ’ ဉာဏ်တို့သည် သုံးပါးတို့တည်း။
(၁) အကျိုး၌ ခွဲခြမ်းစိတ်ဖြာ၍ သိသောဉာဏ်၊
(၂) သဒ္ဒါ၌ ခွဲခြမ်းစိတ်ဖြာ၍ သိသောဉာဏ်၊
(၃) အကျိုးနှင့် သဒ္ဒါတို့၌ အကျယ် ခွဲခြမ်းစိတ်ဖြာ၍ သိသောဉာဏ်တို့တည်း။
စက္ခုဝိညာဏ်အဘယ်တရားတို့သည် အဗျာကတ မည်ကုန်သနည်း။
အကြင်အခါ၌ ကာမာဝစရကုသိုလ်ကို ပြုခဲ့ ဆည်းပူးခဲ့၍ ဥပေက္ခာဝေဒနာနှင့် တကွဖြစ်သော ရူပါရုံကိုအာရုံပြုသော အကျိုးဝိပါက်ဖြစ်သော စက္ခုဝိညာဏ်သည် ဖြစ်ဆဲဖြစ်၏၊ ထိုအခါ၌ တွေ့ထိမှု ‘ဖဿ'သည်ဖြစ်၏၊ ခံစားမှု ‘ဝေဒနာ’ သည် ဖြစ်၏၊ မှတ်သားမှု ‘သညာ’ သည် ဖြစ်၏၊ စေ့ဆော်မှု ‘စေတနာ’ သည်ဖြစ်၏၊ သိမှု ‘စိတ်'သည် ဖြစ်၏၊ လျစ်လျူရှုမှု ‘ဥပေက္ခာ'သည် ဖြစ်၏၊ စိတ် တည်ကြည်မှု ‘ဧကဂ္ဂတာ'သည် ဖြစ်၏၊ အစိုးတရသိမှု ‘မနိန္ဒြေ’ သည် ဖြစ်၏၊ အစိုးတရလျစ်လျူရှုမှု ‘ဥပေက္ခိန္ဒြေ'သည် ဖြစ်၏၊ အစိုးတရစောင့်ရှောက်မှု ‘ဇီဝိတိန္ဒြေ'သည် ဖြစ်၏၊ ထိုအခါ၌ ဆိုအပ်ခဲ့ပြီးသည်မှ တစ်ပါးကုန်သောအကြောင်းကို စွဲ၍ဖြစ်ကုန်သော အကြင်နာမ်တရားတို့သည်လည်း ရှိကုန်၏၊ ဤနာမ်တရားတို့သည် အဗျာကတတို့တည်း။ ဤအကျိုးတရားတို့၌ သိသောဉာဏ်သည် ‘အတ္ထပဋိသမ္ဘိဒါဉာဏ်’မည်၏။ အကြင်မာဂဓဘာသာဖြင့် ထို (အကျိုး) တရားတို့ကို ပညတ်၏၊ ထိုတရားတို့ကို မာဂဓဘာသာ ဖြင့် ပြောဆိုသောအသံ (သဒ္ဒါ)၌ သိသောဉာဏ်သည် ‘နိရုတ္တိပဋိသမ္ဘိဒါဉာဏ်’ မည်၏။ “ဤဉာဏ်တို့သည် ဤအနက်ကိုထွန်းပြတတ်ကုန်၏”ဟု အကြင်ဉာဏ်ဖြင့် ထိုရှေးဉာဏ်နှစ်ပါးတို့ကို သိ၏။ ဤသို့ ထိုရှေးဉာဏ်နှစ်ပါးတို့၌ သိသောဉာဏ်သည် “ပဋိဘာနပဋိသမ္ဘိဒါဉာဏ်” မည်၏။ (၁)
--
သောတဝိညာဏ်စသည်
၇၃၃။ ခွဲခြမ်းစိတ်ဖြာ၍ သိသော ‘ပဋိသမ္ဘိဒါ'ဉာဏ်တို့သည် သုံးပါးတို့တည်း။
(၁) အကျိုး၌ ခွဲခြမ်းစိတ်ဖြာ၍ သိသောဉာဏ်၊
(၂) သဒ္ဒါ၌ ခွဲခြမ်းစိတ်ဖြာ၍ သိသောဉာဏ်၊
(၃) အကျိုးနှင့် သဒ္ဒါတို့၌ အကျယ် ခွဲခြမ်းစိတ်ဖြာ၍ သိသောဉာဏ်တို့တည်း။
အဘယ်တရားတို့သည် အဗျာကတတို့ မည်ကုန်သနည်း။
အကြင်အခါ၌ ကာမာဝစရကုသိုလ်ကံကို ပြုခဲ့ ဆည်းပူးခဲ့၍ ဥပေက္ခာဝေဒနာနှင့် တကွဖြစ်သော သဒ္ဒါရုံကိုအာရုံပြုသော အကျိုးဝိပါက်ဖြစ်သော သောတဝိညာဏ်သည် ဖြစ်ဆဲဖြစ်၏။ပ။ (၂)
ဥပေက္ခာဝေဒနာနှင့် တကွဖြစ်သော ဂန္ဓာရုံကို အာရုံပြုသော ဃာနဝိညာဏ်သည် ဖြစ်ဆဲဖြစ်၏။ပ။ (၃)
ဥပေက္ခာဝေဒနာနှင့် တကွဖြစ်သော ရသာရုံကို အာရုံပြုသော ဇိဝှါဝိညာဏ်သည် ဖြစ်ဆဲဖြစ်၏။ပ။ (၄)
သုခဝေဒနာနှင့် တကွဖြစ်သော ဖောဋ္ဌဗ္ဗာရုံကို အာရုံပြုသော ကာယဝိညာဏ်သည် ဖြစ်ဆဲဖြစ်၏။ ထိုအခါ၌ တွေ့ထိမှု ‘ဖဿ’ သည် ဖြစ်၏၊ ခံစားမှု ‘ဝေဒနာ'သည် ဖြစ်၏၊ မှတ်သားမှု ‘သညာ’ သည်ဖြစ်၏၊ စေ့ဆော်မှု ‘စေတနာ’ သည် ဖြစ်၏၊ သိမှု ‘စိတ်’ သည် ဖြစ်၏၊ ချမ်းသာမှု ‘သုခ’ သည် ဖြစ်၏၊ စိတ် တည်ကြည်မှု ‘ဧကဂ္ဂတာ’ သည် ဖြစ်၏၊ အစိုးတရသိမှု ‘မနိန္ဒြေ'သည် ဖြစ်၏။ အစိုးတရချမ်းသာမှု ‘သုခိန္ဒြေ’ သည် ဖြစ်၏၊ အစိုးတရ စောင့်ရှောက်မှု ‘ဇီဝိတိန္ဒြေ’ သည် ဖြစ်၏၊ ထိုအခါ၌ ဆိုအပ်ခဲ့ပြီးသည်မှတစ်ပါးကုန်သော အကြောင်းကို စွဲ၍ဖြစ်ကုန်သော အကြင်နာမ်တရားတို့သည်လည်း ရှိကုန်၏။ ဤနာမ်တရားတို့သည် အဗျာကတတို့တည်း။ ဤအကျိုးတရားတို့၌ သိသောဉာဏ်သည် ‘အတ္ထပဋိသမ္ဘိဒါဉာဏ်’မည်၏။ အကြင် မာဂဓဘာသာဖြင့် ထို (အကျိုး) တရားတို့ကို ပညတ်၏။ ထိုတရားတို့ကို မာဂဓဘာသာဖြင့် ပြောဆိုသော အသံ၌ သိသောဉာဏ်သည် “နိရုတ္တိပဋိသမ္ဘိဒါဉာဏ်” မည်၏။ “ဤဉာဏ်တို့သည် ဤအနက်ကို ထွန်းပြတတ်ကုန်၏”ဟု အကြင်ဉာဏ်ဖြင့် ထိုရှေးဉာဏ်နှစ်ပါးတို့ကို သိ၏။ ဤသို့ထိုရှေးဉာဏ်နှစ်ပါးတို့၌ သိသောဉာဏ်သည် “ပဋိဘာနပဋိသမ္ဘိဒါဉာဏ်” မည်၏။ (၅)
--
သမ္ပဋိစ္ဆိုင်း
၇၃၄။ ခွဲခြမ်းစိတ်ဖြာ၍ သိသော ‘ပဋိသမ္ဘိဒါ’ ဉာဏ်တို့သည် သုံးပါးတို့တည်း။
(၁) အကျိုး၌ ခွဲခြမ်းစိတ်ဖြာ၍ သိသောဉာဏ်၊
(၂) သဒ္ဒါ၌ ခွဲခြမ်းစိတ်ဖြာ၍ သိသောဉာဏ်၊
(၃) အကျိုးနှင့်သဒ္ဒါတို့၌ အကျယ်ခွဲခြမ်းစိတ်ဖြာ၍ သိသောဉာဏ်တို့တည်း။
အဘယ်တရားတို့သည် အဗျာကတ မည်ကုန်သနည်း။
အကြင်အခါ၌ ကာမာဝစရကုသိုလ်ကံကို ပြုခဲ့ ဆည်းပူးခဲ့၍ ဥပေက္ခာဝေဒနာနှင့် တကွဖြစ်သောရူပါရုံကိုလည်း အာရုံပြုသော။ပ။ ဖောဋ္ဌဗ္ဗာရုံကိုလည်း အာရုံပြုသော အမှတ်မရှိသော အာရုံကိုလည်း အာရုံပြု၍ဖြစ်သော အကျိုးဝိပါက်ဖြစ်သော သမ္ပဋိစ္ဆိုင်းခေါ် မနောဓာတ်သည် ဖြစ်ဆဲဖြစ်၏။ ထိုအခါ၌ တွေ့ထိမှု ‘ဖဿ’ သည် ဖြစ်၏၊ ခံစားမှု ‘ဝေဒနာ'သည် ဖြစ်၏၊ မှတ်သားမှု ‘သညာ’ သည် ဖြစ်၏၊ စေ့ဆော်မှု ‘စေတနာ’ သည် ဖြစ်၏၊ သိမှု ‘စိတ်’ သည် ဖြစ်၏၊ အထူးကြံစည်မှု ‘ဝိတက်’ သည် ဖြစ်၏၊ သုံးသပ်မှု ‘ဝိစာရ’ သည် ဖြစ်၏၊ လျစ်လျူရှုမှု ‘ဥပေက္ခာ’ သည် ဖြစ်၏၊ စိတ်တည်ကြည်မှု ‘ဧကဂ္ဂတာ’ သည် ဖြစ်၏၊ အစိုးတရသိမှု ‘မနိန္ဒြေ'သည် ဖြစ်၏၊ အစိုးတရ လျစ်လျူရှုမှု ‘ဥပေက္ခိန္ဒြေ'သည် ဖြစ်၏၊ အစိုးတရစောင့်ရှောက်မှု ‘ဇီဝိတိန္ဒြေ’ သည် ဖြစ်၏။ ထိုအခါ၌ ဆိုခဲ့ပြီးသည်မှ တစ်ပါးကုန်သော အကြောင်းကို စွဲ၍ဖြစ်ကုန်သော အကြင်နာမ်တရားတို့သည်လည်း ရှိကုန်၏။ ဤနာမ်တရားတို့သည် အဗျာကတတရားတို့တည်း။ ဤတရားတို့၌ သိသောဉာဏ်သည် “အတ္ထပဋိသမ္ဘိဒါ” မည်၏။ အကြင် မာဂဓဘာသာဖြင့်ထိုတရားတို့ကို ပညတ်၏။ ထိုတရားတို့ကို မာဂဓဘာသာဖြင့် ရွတ်ဆိုသော အသံ၌ သိသောဉာဏ်သည် “နိရုတ္တိပဋိသမ္ဘိဒါဉာဏ်” မည်၏။ “ဤဉာဏ်တို့သည် ဤအနက်ကို ထွန်းပြတတ်ကုန်၏”ဟု အကြင်ဉာဏ်ဖြင့် ထိုရှေးဉာဏ်နှစ်ပါးတို့ကို သိ၏၊ ဤသို့ ထိုရှေးဉာဏ်နှစ်ပါးတို့၌ သိသောဉာဏ်သည် “ပဋိဘာနပဋိသမ္ဘိဒါဉာဏ်” မည်၏။ (၆)
--
သောမနဿသန္တီရဏ
၇၃၅။ ခွဲခြမ်းစိတ်ဖြာ၍သိသောဉာဏ်တို့သည် သုံးပါးတို့တည်း။
(၁) အကျိုး၌ ခွဲခြမ်းစိတ်ဖြာ၍ သိသောဉာဏ်၊
(၂) သဒ္ဒါ၌ ခွဲခြမ်းစိတ်ဖြာ၍ သိသောဉာဏ်၊
(၃) အကျိုးသဒ္ဒါတို့၌ ခွဲခြမ်းစိတ်ဖြာ၍ သိသောဉာဏ်တို့တည်း။
အဘယ်တရားတို့သည် အဗျာကတ မည်ကုန်သနည်း။
အကြင်အခါ၌ ကာမာဝစရကုသိုလ်ကံကို ပြုခဲ့ ဆည်းပူးခဲ့၍ သောမနဿဝေဒနာနှင့် တကွဖြစ်သောရူပါရုံကိုလည်း အာရုံပြုသော။ပ။ ဓမ္မာရုံကိုလည်း အာရုံပြုသော အမှတ်မရှိသော အာရုံကိုလည်းအာရုံပြု၍ ဖြစ်သော အကျိုးဝိပါက်ဖြစ်သော ‘သန္တီရဏ'ခေါ် မနောဝိညာဏဓာတ်သည် ဖြစ်ဆဲဖြစ်၏။ ထိုအခါ၌ တွေ့ထိမှု ‘ဖဿ'သည် ဖြစ်၏၊ ခံစားမှု ‘ဝေဒနာ’ သည် ဖြစ်၏၊ မှတ်သားမှု ‘သညာ’ သည်ဖြစ်၏၊ စေ့ဆော်မှု ‘စေတနာ’ သည် ဖြစ်၏၊ သိမှု ‘စိတ်'သည် ဖြစ်၏၊ ကြံစည်မှု ‘ဝိတက်'သည် ဖြစ်၏၊ သုံးသပ်မှု ‘ဝိစာရ’ သည် ဖြစ်၏၊ နှစ်သက်မှု ‘ပီတိ'သည် ဖြစ်၏၊ ချမ်းသာမှု ‘သုခ'သည် ဖြစ်၏၊ စိတ်တည်ကြည်မှု ‘ဧကဂ္ဂတာ’ သည် ဖြစ်၏၊ အစိုးတရသိမှု ‘မနိန္ဒြေ’ သည် ဖြစ်၏၊ အစိုးတရဝမ်းမြောက်မှု ‘သောမနဿိန္ဒြ’ သည် ဖြစ်၏၊ အစိုးတရစောင့်ရှောက်မှု ‘ဇီဝိတိန္ဒြေ’ သည်ဖြစ်၏။ ထိုအခါ၌ ဆိုခဲ့ပြီးသည်မှ တစ်ပါး ကုန်သော အကြောင်းကို စွဲ၍ဖြစ်ကုန်သောအကြင်နာမ်တရားတို့သည်လည်း ရှိကုန်၏။ ဤတရားတို့သည် အဗျာကတ မည်ကုန်၏။ ဤတရားတို့၌ သိသောဉာဏ်သည် “အတ္ထပဋိသမ္ဘိဒါ” မည်၏။ အကြင် မာဂဓ ဘာသာဖြင့် ထိုတရားတို့ကိုပညတ်၏။ ထိုတရားတို့ကို မာဂဓဘာသာဖြင့် ရွတ်ဆိုသော အသံ (သဒ္ဒါ)၌ သိသောဉာဏ်သည် “နိရုတ္တိပဋိသမ္ဘိဒါဉာဏ်” မည်၏၊ “ဤဉာဏ်တို့သည် ဤအနက်ကို ထွန်းပြတတ် ကုန်၏” ဟုအကြင်ဉာဏ်ဖြင့် ထိုရှေးဉာဏ်နှစ်ပါးတို့ကို သိ၏။ ဤသို့ ထိုရှေးဉာဏ်နှစ်ပါးတို့၌ သိသောဉာဏ်သည် “ပဋိဘာနပဋိသမ္ဘိဒါဉာဏ်” မည်၏။ (၇)
--
ဥပေက္ခာသန္တီရဏ
၇၃၆။ ခွဲခြမ်းစိတ်ဖြာ၍ သိသော ‘ပဋိသမ္ဘိဒါ’ ဉာဏ်တို့သည် သုံးပါးတို့တည်း။
(၁) အကျိုး၌ ခွဲခြမ်းစိတ်ဖြာ၍ သိသောဉာဏ်၊
(၂) သဒ္ဒါ၌ ခွဲခြမ်းစိတ်ဖြာ၍ သိသောဉာဏ်၊
(၃) အကျိုးနှင့်သဒ္ဒါတို့၌ ခွဲခြမ်းစိတ်ဖြာ၍ သိသောဉာဏ်တို့တည်း၊ အဘယ်တရားတို့သည် အဗျာကတ မည်ကုန်သနည်း။
အကြင်အခါ၌ ကာမာဝစရကုသိုလ်ကံကို ပြုခဲ့ ဆည်းပူးခဲ့၍ ဥပေက္ခာဝေဒနာနှင့် တကွဖြစ်သောရူပါရုံကိုလည်း အာရုံပြုသော။ပ။ ဓမ္မာရုံကိုလည်း အာရုံပြုသော အမှတ်မရှိသော အာရုံကိုလည်းအာရုံပြု၍ ဖြစ်သော အကျိုးဝိပါက်ဖြစ်သော “သန္တီရဏ” ခေါ် မနောဝိညာဏဓာတ်သည် ဖြစ်ဆဲဖြစ်၏၊ ထိုအခါ၌ တွေ့ထိမှု ‘ဖဿ’ သည် ဖြစ်၏၊ ခံစားမှု ‘ဝေဒနာ'သည် ဖြစ်၏၊ မှတ်သားမှု ‘သညာ’ သည်ဖြစ်၏၊ စေ့ဆော်မှု ‘စေတနာ’ သည် ဖြစ်၏၊ သိမှု ‘စိတ်’ သည် ဖြစ်၏၊ ကြံစည်မှု ‘ဝိတက်’ သည် ဖြစ်၏၊ သုံးသပ်မှု ‘ဝိစာရ’ သည် ဖြစ်၏၊ လျစ်လျူရှုမှု ‘ဥပေက္ခာ’ သည် ဖြစ်၏၊ စိတ်တည်ကြည်မှု ‘ဧကဂ္ဂတာ’ သည် ဖြစ်၏၊ အစိုးတရသိမှု ‘မနိန္ဒြေ'သည် ဖြစ်၏၊ အစိုးတရလျစ်လျူရှုမှု ‘ဥပေက္ခ္ခိန္ဒြေ'သည် ဖြစ်၏၊ အစိုးတရ စောင့်ရှောက်မှု ‘ဇီဝိတိန္ဒြေ'သည် ဖြစ်၏၊ ထိုအခါ၌ ဆိုခဲ့ပြီးသည်မှ တစ်ပါးကုန်သော အကြောင်းကို စွဲ၍ ဖြစ်ကုန်သော အကြင်နာမ်တရားတို့သည်လည်းရှိကုန်၏။ ဤတရားတို့သည် အဗျာကတ မည်ကုန်၏။ ဤတရားတို့၌ သိသောဉာဏ်သည် “အတ္ထပဋိသမ္ဘိဒါ” မည်၏။ အကြင်မာဂဓဘာသာဖြင့် ထိုတရားတို့ကို ပညတ်၏၊ ထိုတရားတို့ကိုမာဂဓဘာသာဖြင့် ရွတ်ဆိုသော အသံ (သဒ္ဒါ)၌ သိသောဉာဏ်သည် “နိရုတ္တိ ပဋိသမ္ဘိဒါဉာဏ်” မည်၏။ “ဤဉာဏ်တို့သည် ဤအနက်ကို ထွန်းပြတတ်ကုန်၏”ဟု အကြင်ဉာဏ်ဖြင့် ထိုရှေးဉာဏ်နှစ်ပါးတို့ကိုသိ၏၊ ဤသို့ ထိုရှေးဉာဏ်နှစ်ပါးတို့၌ သိသောဉာဏ်သည် “ပဋိဘာန ပဋိသမ္ဘိဒါဉာဏ်” မည်၏။ (၈)
--
သဟိတ်ဝိပါက်
မဟာဝိပါက်
၇၃၇။ ခွဲခြမ်းစိတ်ဖြာ၍ သိသော ‘ပဋိသမ္ဘဒါ’ ဉာဏ်တို့သည် သုံးပါးတို့တည်း။
(၁) အကျိုး၌ ခွဲခြမ်းစိတ်ဖြာ၍ သိသောဉာဏ်၊
(၂) သဒ္ဒါ၌ ခွဲခြမ်းစိတ်ဖြာ၍ သိသောဉာဏ်၊
(၃) အကျိုးနှင့်သဒ္ဒါတို့၌ အကျယ် ခွဲခြမ်းစိတ်ဖြာ၍ သိသောဉာဏ်တို့တည်း။
အဘယ်တရားတို့သည် အဗျာကတ မည်ကုန်သနည်း။
အကြင်အခါ၌ ကာမာဝစရကုသိုလ်ကံကို ပြုခဲ့ ဆည်းပူးခဲ့၍ သောမနဿဝေဒနာနှင့် တကွဖြစ်သောဉာဏ်နှင့်ယှဉ်သော။ပ။ (၁)
သောမနဿဝေဒနာနှင့် တကွဖြစ်သောဉာဏ်နှင့်ယှဉ်သော တိုက်တွန်းခြင်းနှင့် တကွဖြစ်သော။ပ။ (၂)
သောမနဿဝေဒနာနှင့် တကွဖြစ်သောဉာဏ်နှင့် မယှဉ်သော။ပ။ (၃)
သောမနဿဝေဒနာနှင့် တကွဖြစ်သောဉာဏ်နှင့် မယှဉ်သော တိုက်တွန်းခြင်းနှင့်တကွ ဖြစ်သော။ပ။ (၄)
ဥပေက္ခာဝေဒနာနှင့် တကွ ဖြစ်သောဉာဏ်နှင့်ယှဉ်သော။ပ။ (၅)
ဥပေက္ခာဝေဒနာနှင့် တကွဖြစ်သောဉာဏ်နှင့်ယှဉ်သော တိုက်တွန်းခြင်းနှင့်တကွ ဖြစ်သော။ပ။ (၆)
ဥပေက္ခာဝေဒနာနှင့် တကွဖြစ်သောဉာဏ်နှင့် မယှဉ်သော။ပ။ (၇)
ဥပေက္ခာဝေဒနာနှင့် တကွဖြစ်သောဉာဏ်နှင့်မယှဉ်သော တိုက်တွန်းခြင်းနှင့်တကွဖြစ်သော ရူပါရုံကိုလည်း အာရုံပြုသော။ပ။ ဓမ္မာရုံကိုလည်း အာရုံပြုသော အမှတ်မရှိသော အာရုံကိုလည်း အာရုံပြု၍ဖြစ်သော အကျိုးဖြစ်သော (မဟာဝိပါက်) မနောဝိညာဏဓါတ်သည် ဖြစ်ဆဲဖြစ်၏။ ထိုအခါ၌ တွေ့ထိမှု “ဖဿ” သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု ‘အဝိက္ခေပ’ သည် ဖြစ်၏။ ဤတရားတို့သည် အဗျာကတတရားတို့ မည်ကုန်၏။ ဤတရားတို့၌ သိသောဉာဏ်သည် “အတ္ထပဋိသမ္ဘိဒါဉာဏ်” မည်၏။ အကြင်မာဂဓဘာသာဖြင့် ထိုတရားတို့ကို ပညတ်၏၊ ထိုတရားတို့ကို မာဂဓဘာသာဖြင့် ရွတ်ဆိုသော အသံ (သဒ္ဒါ)၌ သိသောဉာဏ်သည် “နိရုတ္တိပဋိသမ္ဘိဒါဉာဏ်” မည်၏၊ “ဤဉာဏ်တို့သည် ဤအနက်ကို ထွန်းပြတတ်ကုန်၏”ဟု အကြင်ဉာဏ်ဖြင့် ထိုရှေးဉာဏ်နှစ်ပါးတို့ကို သိ၏။ ဤသို့ ထိုရှေးဉာဏ်နှစ်ပါးတို့၌ သိသောဉာဏ်သည် “ပဋိဘာနပဋိသမ္ဘိဒါဉာဏ်” မည်၏။ (၈)
--
ရူပဝိပါက်
၇၃၈။ ခွဲခြမ်းစိတ်ဖြာ၍ သိသော ‘ပဋိသမ္ဘိဒါ’ ဉာဏ်တို့သည် သုံးပါးတို့တည်း။
(၁) အကျိုး၌ ခွဲခြမ်းစိတ်ဖြာ၍ သိသောဉာဏ်၊
(၂) သဒ္ဒါ၌ ခွဲခြမ်းစိတ်ဖြာ၍ သိသောဉာဏ်၊
(၃) အကျိုးသဒ္ဒါတို့၌ အကျယ် ခွဲခြမ်းစိတ်ဖြာ၍ သိသောဉာဏ်တို့တည်း။
အဘယ်တရားတို့သည် အဗျာကတ မည်ကုန်သနည်း။
အကြင်အခါ၌ ရူပဘုံသို့ ရောက်ရန် အကြောင်းဈာန်ကို ပွါးများအားထုတ်၏။ ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ ပထဝီကသိုဏ်းလျှင် အာရုံရှိသော ပဌမဈာန်သို့ ရောက်၍ နေ၏။ ထိုအခါ၌ တွေ့ထိမှု ‘ဖဿ'သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု ‘အဝိက္ခေပ’ သည် ဖြစ်၏။ ဤတရားတို့သည် ကုသိုလ် တို့တည်း။
ထိုရူပါဝစရကုသိုလ်ကံကို သာလျှင် ပြုခဲ့ ဆည်းပူးခဲ့၍ ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ ပထဝီကသိုဏ်းလျှင် အာရုံရှိသော အကျိုးဝိပါက်ဖြစ်သော ပဌမဈာန်သို့ ရောက်၍ နေ၏။ ထိုအခါ၌ တွေ့ထိမှု ‘ဖဿ'သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု ‘အဝိက္ခေပ'သည် ဖြစ်၏။ ဤတရားတို့သည် အဗျာကတတရားတို့တည်း။ ဤတရားတို့၌ သိသောဉာဏ်သည် “အတ္ထပဋိသမ္ဘိဒါဉာဏ်” မည်၏။ အကြင် မာဂဓဘာသာဖြင့် ထိုတရားတို့ကို ပညတ်၏။ ထိုတရားတို့ကို မာဂဓဘာသာဖြင့် ရွတ်ဆိုသော အသံ (သဒ္ဒါ)၌ သိသောဉာဏ်သည် “နိရုတ္တိပဋိသမ္ဘိဒါဉာဏ်” မည်၏၊ “ဤဉာဏ်တို့သည် ဤအနက်ကို ထွန်းပြတတ်ကုန်၏” ဟု အကြင်ဉာဏ်ဖြင့် ထိုရှေးဉာဏ်နှစ်ပါးတို့ကို သိ၏။ ဤသို့ ထိုရှေးဉာဏ်နှစ်ပါးတို့၌ သိသောဉာဏ်သည် “ပဋိဘာနပဋိသမ္ဘိဒါဉာဏ်” မည်၏။
--
အရူပဝိပါက်
၇၃၉။ ခွဲခြမ်းစိတ်ဖြာ၍ သိသော ‘ပဋိသမ္ဘိဒါ’ ဉာဏ်တို့သည် သုံးပါးတို့တည်း။
(၁) အကျိုး၌ ခွဲခြမ်းစိတ်ဖြာ၍ သိသောဉာဏ်၊
(၂) သဒ္ဒါ၌ ခွဲခြမ်းစိတ်ဖြာ၍ သိသောဉာဏ်၊
(၃) အကျိုးနှင့်သဒ္ဒါတို့၌ အကျယ် ခွဲခြမ်းစိတ်ဖြာ၍ သိသောဉာဏ်တို့တည်း။
အဘယ်တရားတို့သည် အဗျာကတ မည်ကုန်သနည်း။
အကြင်အခါ၌ အရူပဘုံသို့ရောက်ရန် အကြောင်းကို ပွါးများအားထုတ်၏။ အာကိဉ္စညာယတနဈာန်ကိုလုံးဝလွန်မြောက်၍ နေဝသညာနာသညာယတန သညာနှင့် တကွဖြစ်သော၊ ချမ်းသာခြင်းသုခကိုလည်းပယ်ခြင်းကြောင့်။ပ။ စတုတ္ထဈာန်သို့ ရောက်၍ နေ၏။ ထိုအခါ၌ တွေ့ထိမှု ‘ဖဿ’ သည် ဖြစ်၏။ပ။
မပျံ့လွင့်မှု ‘အဝိက္ခေပ’ သည် ဖြစ်၏။ ဤတရားတို့သည် ကုသိုလ်တို့တည်း၊ ထိုအရူပါဝစရကုသိုလ်ကံကိုသာလျှင် ပြုခဲ့ ဆည်းပူးခဲ့၍ အာကိဉ္စညာယတနဈာန်ကို လုံးဝလွန်မြောက်၍ နေဝသညာနာသညာယတနသညာနှင့် တကွဖြစ်သော ချမ်းသာခြင်းသုခကိုလည်း ပယ်ခြင်းကြောင့်။ပ။ အကျိုး ဝိပါက် ဖြစ်သောစတုတ္ထဈာန်သို့ရောက်၍ နေ၏။ ထိုအခါ၌ တွေ့ထိမှု ‘ဖဿ’ သည် ဖြစ်၏။ပ။
မပျံ့လွင့်မှု ‘အဝိက္ခေပ’ သည် ဖြစ်၏။ ဤတရားတို့သည် အဗျာကတတရားတို့တည်း။ ဤတရားတို့၌ သိသောဉာဏ်သည် “အတ္ထ ပဋိသမ္ဘိဒါဉာဏ်” မည်၏။ အကြင် မာဂဓဘာသာဖြင့် ထိုတရားတို့ကိုပညတ်၏။ ထိုတရားတို့ကို မာဂဓ ဘာသာဖြင့် ရွတ်ဆိုသော အသံ (သဒ္ဒါ)၌ သိသောဉာဏ်သည် “နိရုတ္တိပဋိသမ္ဘိဒါဉာဏ်” မည်၏၊ “ဤဉာဏ် တို့သည် ဤအနက်ကို ထွန်းပြတတ်ကုန်၏”ဟုအကြင်ဉာဏ်ဖြင့် ထိုရှေးဉာဏ်နှစ်ပါးတို့ကို သိ၏။ ဤသို့ ထိုရှေးဉာဏ်နှစ်ပါးတို့၌ သိသောဉာဏ်သည် “ပဋိဘာနပဋိသမ္ဘိဒါဉာဏ်” မည်၏။
--
လောကုတ္တရာဝိပါက်
၇၄၀။ ခွဲခြမ်းစိတ်ဖြာ၍ သိသော ‘ပဋိသမ္ဘဒါ’ ဉာဏ်တို့သည် သုံးပါးတို့တည်း။
(၁) အကျိုး၌ ခွဲခြမ်းစိတ်ဖြာ၍ သိသောဉာဏ်၊
(၂) သဒ္ဒါ၌ ခွဲခြမ်းစိတ်ဖြာ၍ သိသောဉာဏ်၊
(၃) အကျိုးနှင့်သဒ္ဒါတို့၌ အကျယ် ခွဲခြမ်းစိတ်ဖြာ၍ သိသောဉာဏ်တို့တည်း။
အဘယ်တရားတို့သည် အဗျာကတ မည်ကုန်သနည်း။
အကြင်အခါ၌ မိစ္ဆာအယူတို့ကို ပယ်ရန်၊ ပဌမဘုံ (သောတာပန်အဆင့်) သို့ ရောက်ရန် ဝဋ်ဆင်းရဲမှထွက်မြောက်တတ်သော၊ နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်သော လောကုတ္တရာဈာန်ကို ပွါးများအားထုတ်၏။ ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ ဆင်းရဲသော အကျင့်ရှိသော, နုံ့နှေးသော အသိဉာဏ်ရှိသော ပဌမဈာန်သို့ ရောက်၍ နေ၏။ ထိုအခါ၌ တွေ့ထိမှု ‘ဖဿ’ သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု ‘အဝိက္ခေပ’ သည်ဖြစ်၏။ ဤတရားတို့သည် ကုသိုလ်တရားတို့တည်း။ ထိုလောကုတ္တရာကုသိုလ်ကံကိုသာလျှင် ပြုခဲ့ပွါးများခဲ့၍ ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ ဆင်းရဲသော အကျင့်ရှိသော, နုံ့နှေးသော အသိဉာဏ်ရှိသော၊ အတ္တမှဆိတ်သော၊ အကျိုးဝိပါက်ဖြစ်သော ပဌမဈာန်သို့ ရောက်၍ နေ၏။ ထိုအခါ၌ တွေ့ထိမှု ‘ဖဿ'သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု ‘အဝိက္ခေပ’ သည် ဖြစ်၏။ ဤတရားတို့သည် အဗျာကတတရားတို့တည်း။ ဤတရားတို့၌ သိသောဉာဏ်သည် “အတ္ထပဋိသမ္ဘိဒါဉာဏ်” မည်၏။ အကြင် မာဂဓဘာသာဖြင့် ထိုတရားတို့ကို ပညတ်၏၊ ထိုတရားတို့ကို မာဂဓဘာသာဖြင့် ရွတ်ဆိုသော အသံ (သဒ္ဒါ)၌ သိသောဉာဏ်သည် “နိရုတ္တိပဋိသမ္ဘိဒါဉာဏ်” မည်၏။ “ဤဉာဏ်တို့သည် ဤအနက်ကို ထွန်းပြတတ်ကုန်၏”ဟုအကြင် ဉာဏ်ဖြင့် ထိုရှေးဉာဏ်နှစ်ပါးတို့ကို သိ၏။ ဤသို့ ထိုရှေးဉာဏ်နှစ်ပါးတို့၌ သိသောဉာဏ်သည် “ပဋိဘာနပဋိသမ္ဘိဒါဉာဏ်” မည်၏။
အကုသလဝိပါက်
၇၄၁။ ခွဲခြမ်းစိတ်ဖြာ၍ သိသော ‘ပဋိသမ္ဘိဒါ’ ဉာဏ်တို့သည် သုံးပါးတို့တည်း။
(၁) အကျိုး၌ ခွဲခြမ်းစိတ်ဖြာ၍ သိသောဉာဏ်၊
(၂) သဒ္ဒါ၌ ခွဲခြမ်းစိတ်ဖြာ၍ သိသောဉာဏ်၊
(၃) အကျိုးနှင့်သဒ္ဒါတို့၌ အကျယ် ခွဲခြမ်းစိတ်ဖြာ၍ သိသောဉာဏ်တို့တည်း။
--
ပဉ္စဝိညာဏ်
အဘယ်တရားတို့သည် အဗျာကတ မည်ကုန်သနည်း။
အကြင်အခါ၌ အကုသိုလ်ကံကို ပြုခဲ့ ဆည်းပူးခဲ့၍ ဥပေက္ခာဝေဒနာနှင့်တကွဖြစ်သော ရူပါရုံကိုအာရုံပြု၍ ဖြစ်သော အကျိုးဝိပါက်ဖြစ်သော စက္ခုဝိညာဏ်သည် ဖြစ်ဆဲဖြစ်၏။ပ။ (၁)
ဥပေက္ခာဝေဒနာနှင့် တကွဖြစ်သော သဒ္ဒါရုံကို အာရုံပြု၍ဖြစ်သော အကျိုးဝိပါက်ဖြစ်သော သောတဝိညာဏ်သည် ဖြစ်ဆဲဖြစ်၏။ပ။ (၂)
ဥပေက္ခာဝေဒနာနှင့် တကွဖြစ်သော ဂန္ဓာရုံကို အာရုံပြု၍ဖြစ်သော အကျိုးဝိပါက်ဖြစ်သော ဃာနဝိညာဏ်သည် ဖြစ်ဆဲဖြစ်၏။ပ။ (၃)
ဥပေက္ခာဝေဒနာနှင့် တကွဖြစ်သော ရသာရုံကို အာရုံပြု၍ဖြစ်သော အကျိုးဝိပါက်ဖြစ်သော ဇိဝှါဝိညာဏ်သည် ဖြစ်ဆဲဖြစ်၏။ပ။ (၄)
ဒုက္ခဝေဒနာနှင့် တကွဖြစ်သော ဖောဋ္ဌဗ္ဗာရုံကို အာရုံပြု၍ဖြစ်သော အကျိုးဝိပါက်ဖြစ်သော ကာယဝိညာဏ်သည် ဖြစ်ဆဲဖြစ်၏။ ထိုအခါ၌ တွေ့ထိမှု ‘ဖဿ’ သည် ဖြစ်၏၊ ခံစားမှု ‘ဝေဒနာ’ သည် ဖြစ်၏၊ မှတ်သားမှု ‘သညာ'သည် ဖြစ်၏၊ စေ့ဆော်မှု ‘စေတနာ’ သည် ဖြစ်၏၊ သိမှု ‘စိတ်’ သည် ဖြစ်၏၊ ဆင်းရဲမှု ‘ဒုက္ခ’ သည် ဖြစ်၏၊ စိတ်၏ တည်ကြည်မှု ‘ဧကဂ္ဂတာ’ သည် ဖြစ်၏၊ အစိုးတရသိမှု ‘မနိန္ဒြေ'သည် ဖြစ်၏၊ အစိုးတရဆင်းရဲမှု ‘ဒုက္ခိန္ဒြေ'သည် ဖြစ်၏၊ အစိုးတရ စောင့်ရှောက်မှု ‘ဇီဝိတိန္ဒြေ’ သည်ဖြစ်၏။ ထိုအခါ၌ ဆိုအပ်ခဲ့ပြီးသည်မှ တစ်ပါးကုန်သောအကြောင်းကို စွဲ၍ ဖြစ်ကုန်သော အကြင်နာမ်တရားတို့သည်လည်း ရှိကုန်၏။ ဤတရားတို့သည် အဗျာကတတို့တည်း။ ဤတရားတို့၌ သိသောဉာဏ်သည် “အတ္ထပဋိသမ္ဘိဒါဉာဏ်” မည်၏။ အကြင် မာဂဓဘာသာဖြင့် ထိုတရားတို့ကို ပညတ်၏၊ ထိုတရားတို့ကို မာဂဓဘာသာဖြင့် ရွတ်ဆိုသော အသံ (သဒ္ဒါ)၌ သိသောဉာဏ်သည် “နိရုတ္တိပဋိသမ္ဘိဒါဉာဏ်” မည်၏။ “ဤဉာဏ်တို့သည် ဤအနက်ကို ထွန်းပြတတ်ကုန်၏”ဟု အကြင်ဉာဏ်ဖြင့် ထိုရှေးဉာဏ်နှစ်ပါးတို့ကို သိ၏။ ထိုရှေးဉာဏ်နှစ်ပါးတို့၌ သိသောဉာဏ်သည် “ပဋိဘာနပဋိသမ္ဘိဒါဉာဏ်” မည်၏။ (၅)
--
သမ္ပဋိစ္ဆိုင်း, သန္တီရဏ
၇၄၂။ ခွဲခြမ်းစိတ်ဖြာ၍ သိသောဉာဏ်တို့သည် သုံးပါးတို့တည်း။
(၁) အကျိုး၌ ခွဲခြမ်းစိတ်ဖြာ၍ သိသောဉာဏ်၊
(၂) သဒ္ဒါ၌ ခွဲခြမ်းစိတ်ဖြာ၍ သိသောဉာဏ်၊
(၃) အကျိုးနှင့်သဒ္ဒါတို့၌ အကျယ် ခွဲခြမ်းစိတ်ဖြာ၍ သိသောဉာဏ်တို့တည်း။
အဘယ်တရားတို့သည် အဗျာကတ မည်ကုန်သနည်း။
အကြင်အခါ၌ အကုသိုလ်ကံကို ပြုခဲ့ဆည်းပူးခဲ့၍ ဥပေက္ခာဝေဒနာနှင့် တကွဖြစ်သော ရူပါရုံကိုလည်းအာရုံပြုသော။ပ။ ဖောဋ္ဌဗ္ဗာရုံကိုလည်း အာရုံပြုသော အကျိုး ဝိပါက် ဖြစ်သော “သမ္ပဋိစ္ဆိုင်း"ခေါ် မနောဓာတ်သည် ဖြစ်၏။ ဥပေက္ခာဝေဒနာနှင့် တကွဖြစ်သော ရူပါရုံကိုလည်း အာရုံပြုသော။ပ။ ဓမ္မာရုံကိုလည်းအာရုံပြုသော အမှတ်မရှိသော အာရုံကိုလည်း အာရုံပြု၍ဖြစ်သော အကျိုးဝိပါက်ဖြစ်သော “သနီ ္တရဏ"ခေါ်မနောဝိညာဏဓာတ်သည် ဖြစ်ဆဲဖြစ်၏။ ထိုအခါ၌ တွေ့ထိမှု ‘ဖဿ’ သည် ဖြစ်၏၊ ခံစားမှု ‘ဝေဒနာ’ သည်ဖြစ်၏၊ မှတ်သားမှု ‘သညာ’ သည် ဖြစ်၏၊ စေ့ဆော်မှု ‘စေတနာ’ သည် ဖြစ်၏၊ သိမှု ‘စိတ်’ သည် ဖြစ်၏၊ ကြံစည်မှု ‘ဝိတက်'သည် ဖြစ်၏၊ သုံးသပ်မှု ‘ဝိစာရ’ သည် ဖြစ်၏၊ လျစ်လျူရှုမှု ‘ဥပေက္ခာ’ သည် ဖြစ်၏၊ စိတ်၏ တည်ကြည်မှု ‘ဧကဂ္ဂတာ’ သည် ဖြစ်၏၊ အစိုးတရသိမှု ‘မနိန္ဒြေ’ သည် ဖြစ်၏၊ အစိုးတရလျစ်လျူရှုမှု ‘ဥပေက္ခိန္ဒြေ’ သည် ဖြစ်၏၊ အစိုးတရစောင့်ရှောက်မှု ‘ဇီဝိတိန္ဒြေ'သည် ဖြစ်၏၊ ထိုအခါ၌ ဆိုအပ်ခဲ့ပြီးသည်မှ တစ်ပါးလည်းဖြစ်ကုန်သော အကြောင်းကို စွဲ၍ ဖြစ်ကုန်သော အကြင်နာမ်တရားတို့သည်လည်း ရှိကုန်၏။ ဤတရားတို့သည် အဗျာကတတို့တည်း။ ဤတရားတို့၌ သိသောဉာဏ်သည် “အတ္ထပဋိသမ္ဘိဒါဉာဏ်” မည်၏။ အကြင် မာဂဓဘာသာဖြင့် ထိုတရားတို့ကို ပညတ်၏၊ ထိုတရားတို့ကိုမာဂဓဘာသာဖြင့် ရွတ်ဆိုသော အသံ (သဒ္ဒါ)၌ သိသောဉာဏ်သည် “နိရုတ္တိပဋိသမ္ဘိဒါဉာဏ်” မည်၏။ “ဤဉာဏ်တို့သည် ဤအနက်ကို ထွန်းပြတတ်ကုန်၏”ဟု အကြင်ဉာဏ်ဖြင့် ထိုရှေးဉာဏ်နှစ်ပါးတို့ကိုသိ၏၊ ထိုရှေးဉာဏ်နှစ်ပါးတို့၌ သိသောဉာဏ်သည် “ပဋိဘာနပဋိသမ္ဘိဒါဉာဏ်” မည်၏။
--
၄-ကိရိယာတရားတို့ကို ပြဆိုခြင်း (ကိရိယဝါရ)
အဟိတ်ကိရိယာ
၇၄၃။ ခွဲခြမ်းစိတ်ဖြာ၍ သိသော ‘ပဋိသမ္ဘဒါ’ ဉာဏ်တို့သည် သုံးပါးတို့တည်း။
(၁) အကျိုး၌ ခွဲခြမ်းစိတ်ဖြာ၍ သိသောဉာဏ်၊
(၂) သဒ္ဒါ၌ ခွဲခြမ်းစိတ်ဖြာ၍ သိသောဉာဏ်၊
(၃) အကျိုးနှင့်သဒ္ဒါတို့၌ အကျယ် ခွဲခြမ်းစိတ်ဖြာ၍ သိသောဉာဏ်တို့တည်း။
ပဉ္စဒွါရာဝဇ္ဇန်း
အဘယ်တရားတို့သည် အဗျာကတ မည်ကုန်သနည်း။
အကြင်အခါ၌ ကုသိုလ် အကုသိုလ်မဟုတ်သော ကံ၏အကျိုးလည်း မဟုတ်သော ဥပေက္ခာဝေဒနာနှင့်တကွ ဖြစ်သော ရူပါရုံကိုလည်း အာရုံပြုသော။ပ။ ဖောဋ္ဌဗ္ဗာရုံကိုလည်း အာရုံပြုသော အမှတ်မရှိသော အာရုံကိုလည်း အာရုံပြု၍ဖြစ်သော ကိရိယာဖြစ်သော “ပဉ္စဒွါရာဝဇ္ဇန်း"ခေါ် မနောဓာတ်သည်ဖြစ်ဆဲဖြစ်၏။ ထိုအခါ၌ တွေ့ထိမှု ‘ဖဿ’ သည် ဖြစ်၏၊ ခံစားမှု ‘ဝေဒနာ’ သည် ဖြစ်၏၊ မှတ်သားမှု ‘သညာ'သည် ဖြစ်၏၊ စေ့ဆော်မှု ‘စေတနာ’ သည် ဖြစ်၏၊ သိမှု ‘စိတ်’ သည် ဖြစ်၏၊ ကြံစည်မှု ‘ဝိတက်’ သည် ဖြစ်၏၊ သုံးသပ်မှု ‘ဝိစာရ’ သည် ဖြစ်၏၊ လျစ်လျူရှုမှု ‘ဥပေက္ခာ’ သည် ဖြစ်၏၊ စိတ်၏တည်ကြည်မှု ‘ဧကဂ္ဂတာ’ သည် ဖြစ်၏၊ အစိုးတရသိမှု ‘မနိန္ဒြေ’ သည်ဖြစ်၏၊ အစိုးတရ လျစ်လျူရှုမှု ‘ဥပေက္ခိန္ဒြေ'သည် ဖြစ်၏၊ အစိုးတရစောင့်ရှောက်မှု ‘ဇီဝိတိန္ဒြေ'သည် ဖြစ်၏၊ ထိုအခါ၌ ဆိုအပ်ခဲ့ပြီးသည်မှ တစ်ပါးလည်း ဖြစ်ကုန်သောအကြောင်းကို စွဲ၍ဖြစ်ကုန်သောအကြင်နာမ်တရားတို့သည်လည်း ရှိကုန်၏၊ ဤတရားတို့သည် အဗျာကတတို့တည်း။ ဤတရားတို့၌ သိသောဉာဏ်သည် “အတ္ထပဋိသမ္ဘိဒါဉာဏ်” မည်၏။ အကြင် မာဂဓဘာသာဖြင့် ထိုတရားတို့ကိုပညတ်၏။ ထိုတရားတို့ကို မာဂဓဘာသာဖြင့် ရွတ်ဆိုသော အသံ (သဒ္ဒါ)၌ သိသောဉာဏ်သည် “နိရုတ္တိပဋိသမ္ဘိဒါဉာဏ်” မည်၏၊ “ဤဉာဏ်တို့သည် ဤ အနက်ကို ထွန်းပြတတ်ကုန်၏”ဟုအကြင်ဉာဏ်ဖြင့် ထိုရှေးဉာဏ်နှစ်ပါးတို့ကို သိ၏၊ ဤသို့ ထိုရှေး ဉာဏ်နှစ်ပါးတို့၌ သိသောဉာဏ်သည် “ပဋိဘာနပဋိသမ္ဘိဒါဉာဏ်” မည်၏။
--
မနောဒွါရာဝဇ္ဇန်းနှင့် ဟသိတုပ္ပါဒ်
၇၄၄။ ခွဲခြမ်းစိတ်ဖြာ၍ သိသော ‘ပဋိသမ္ဘိဒါ’ ဉာဏ်တို့သည် သုံးပါးတို့တည်း။
(၁) အကျိုး၌ ခွဲခြမ်းစိတ်ဖြာ၍ သိသောဉာဏ်၊
(၂) သဒ္ဒါ၌ ခွဲခြမ်းစိတ်ဖြာ၍ သိသောဉာဏ်၊
(၃) အကျိုးနှင့် သဒ္ဒါတို့၌ အကျယ် ခွဲခြမ်းစိတ်ဖြာ၍ သိသောဉာဏ်တို့တည်း၊ ။ အဘယ်တရားတို့သည် အဗျာကတ မည်ကုန်သနည်း။
အကြင်အခါ၌ ကုသိုလ် အကုသိုလ်မဟုတ်သော၊ ကံ၏ အကျိုးလည်း မဟုတ်သော၊ သောမနဿဝေဒနာနှင့် တကွဖြစ်သော၊ ရူပါရုံကိုလည်း အာရုံပြုသော။ပ။ ဓမ္မာရုံကိုလည်း အာရုံပြုသော ကြိယာဖြစ်သော “ဟသိတုပ္ပါဒ်” ခေါ် မနောဝိညာဏဓာတ်သည် ဖြစ်ဆဲဖြစ်၏။ပ။ ကုသိုလ် အကုသိုလ်မဟုတ်သော၊ ကံ၏ အကျိုးလည်း မဟုတ်သော၊ ဥပေက္ခာဝေဒနာနှင့်တကွဖြစ်သော၊ ရူပါရုံကိုလည်း အာရုံပြုသော။ပ။ ဓမ္မာရုံကိုလည်း အာရုံပြုသော၊ အမှတ်မရှိသော အာရုံကိုလည်း အာရုံပြု၍ဖြစ်သော၊ ကြိယာဖြစ်သော “မနောဒွါရာဝဇ္ဇန်း"ခေါ် မနောဝိညာဏဓာတ်သည် ဖြစ်ဆဲ ဖြစ်၏။ ထိုအခါ၌ တွေ့ထိမှု ‘ဖဿ’ သည် ဖြစ်၏၊ ခံစားမှု ‘ဝေဒနာ’ သည် ဖြစ်၏၊ မှတ်သားမှု ‘သညာ’ သည် ဖြစ်၏၊ စေ့ဆော်မှု ‘စေတနာ’ သည် ဖြစ်၏၊ သိမှု ‘စိတ်'သည် ဖြစ်၏၊ ကြံစည်မှု ‘ဝိတက်'သည် ဖြစ်၏၊ သုံးသပ်မှု ‘ဝိစာရ'သည် ဖြစ်၏၊ လျစ်လျူရှုမှု ‘ဥပေက္ခာ’ သည် ဖြစ်၏၊ စိတ်၏ တည်ကြည်မှု ‘ဧကဂ္ဂတာ’ သည် ဖြစ်၏၊ အစိုးတရအားထုတ်မှု “ဝီရိယိန္ဒြေ"သည် ဖြစ်၏၊ အစိုးတရတည်ကြည်မှု “သမာဓိန္ဒြေ” သည် ဖြစ်၏၊ အစိုးတရသိမှု ‘မနိန္ဒြေ’ သည် ဖြစ်၏။ အစိုးတရလျစ်လျူရှုမှု ‘ဥပေက္ခိန္ဒြေ’ သည် ဖြစ်၏၊ အစိုးတရစောင့်ရှောက်မှု ‘ဇီဝိတိန္ဒြေ'သည် ဖြစ်၏။ ထိုအခါ၌ ဆိုအပ်ခဲ့ပြီးသည်မှ တစ်ပါးကုန်သော အကြောင်းကို စွဲ၍ ဖြစ်ကုန်သော အကြင်နာမ်တရားတို့သည်လည်း ရှိကုန်၏၊ ဤတရားတို့သည် အဗျာကတတို့တည်း။ ဤတရားတို့၌ သိသောဉာဏ်သည် “အတ္ထပဋိသမ္ဘိဒါဉာဏ်” မည်၏။ အကြင် မာဂဓဘာသာဖြင့် ထိုတရားတို့ကိုပညတ်၏၊ ထိုတရားတို့ကို မာဂဓဘာသာဖြင့် ရွတ်ဆိုသော အသံ (သဒ္ဒါ)၌ သိသောဉာဏ်သည့်"နိရုတ္တိပဋိသမ္ဘိဒါဉာဏ်” မည်၏၊ “ဤဉာဏ်တို့သည် ဤအနက်ကို ထွန်းပြတတ်ကုန်၏”ဟု အကြင်ဉာဏ်ဖြင့် ထိုရှေးဉာဏ်နှစ်ပါးတို့ကို သိ၏၊ ထိုရှေးဉာဏ်နှစ်ပါးတို့၌ သိသောဉာဏ်သည် “ပဋိဘာနပဋိသမ္ဘိဒါဉာဏ်” မည်၏။
--
မဟာကြိယာစိတ်
၇၄၅။ ခွဲခြမ်းစိတ်ဖြာ၍ သိသော ‘ပဋိသမ္ဘိဒါ’ ဉာဏ်တို့သည် သုံးပါးတို့တည်း။
(၁) အကျိုး၌ ခွဲခြမ်းစိတ်ဖြာ၍ သိသောဉာဏ်၊
(၂) သဒ္ဒါ၌ ခွဲခြမ်းစိတ်ဖြာ၍ သိသောဉာဏ်၊
(၃) အကျိုးနှင့်သဒ္ဒါတို့၌ အကျယ် ခွဲခြမ်းစိတ်ဖြာ၍ သိသောဉာဏ်တို့တည်း။
အဘယ်တရားတို့သည် အဗျာကတ မည်ကုန်သနည်း။
အကြင်အခါ၌ ကုသိုလ် အကုသိုလ်မဟုတ်သော၊ ကံ၏အကျိုးလည်း မဟုတ်သော၊ သောမနဿဝေဒနာနှင့် တကွဖြစ်သော၊ ဉာဏ်နှင့်ယှဉ်သော။ပ။ (၁)
သောမနဿဝေဒနာနှင့် တကွဖြစ်သောဉာဏ်နှင့်ယှဉ်သော တိုက်တွန်းခြင်းနှင့် တကွဖြစ်သော ပ။ (၂)
သောမနဿဝေဒနာနှင့် တကွဖြစ်သောဉာဏ်နှင့် မယှဉ်သော။ပ။ (၃)
သောမနဿဝေဒနာနှင့် တကွဖြစ်သောဉာဏ်နှင့် မယှဉ်သော တိုက်တွန်းခြင်းနှင့်တကွ ဖြစ်သော။ပ။ (၄)
ဥပေက္ခာဝေဒနာနှင့် တကွဖြစ်သောဉာဏ်နှင့်ယှဉ်သော။ပ။ (၅)
ဥပေက္ခာဝေဒနာနှင့် တကွဖြစ်သောဉာဏ်နှင့်ယှဉ်သော တိုက်တွန်းခြင်းနှင့် တကွဖြစ်သော။ပ။ (၆)
ဥပေက္ခာဝေဒနာနှင့် တကွဖြစ်သောဉာဏ်နှင့် မယှဉ်သော။ပ။ (၇)
ဥပေက္ခာဝေဒနာနှင့် တကွဖြစ်သောဉာဏ်နှင့် မယှဉ်သော တိုက်တွန်းခြင်းနှင့်တကွဖြစ်သော မဟာကြိယာဟူသော မနောဝိညာဏဓာတ်သည် ဖြစ်ဆဲဖြစ်၏။ပ။ (၈)
--
ရူပါဝစရနှင့် အရူပါဝစရကြိယာ
ကုသိုလ် အကုသိုလ်လည်း မဟုတ်သော၊ ကံ၏အကျိုးလည်း မဟုတ်သော၊ မျက်မှောက်ဘဝ၌ ချမ်းသာစွာ နေကြောင်းဖြစ်သော။ပ။ ကိရိယာဖြစ်သော ရူပါဝစရဈာန်ကို ပွါးများအားထုတ်၏။ပ။ (အရူပါဝစရဈာန်ကို ပွါးများ အားထုတ်၏)။ အာကိဉ္စညာယတနဈာန်ကို လုံးဝလွန်မြောက်၍ နေဝသညာနာသညာယတနသညာနှင့်တကွဖြစ်သော၊ ချမ်းသာခြင်း ‘သုခ” ကိုလည်း ပယ်ခြင်းကြောင့်။ပ။ ကြိယာဖြစ်သောစတုတ္တဈာန်သို့ ရောက်၍ နေ၏။ ထိုအခါ၌ တွေ့ထိမှု ‘ဖဿ’ သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု ‘အဝိက္ခေပ’ သည် ဖြစ်၏။ ဤတရားတို့သည် အဗျာကတတရားတို့တည်း။ ဤတရားတို့၌ သိသောဉာဏ်သည် “အတ္ထပဋိသမ္ဘိဒါဉာဏ်” မည်၏။ အကြင် မာဂဓဘာသာဖြင့် ထိုတရားတို့ကို ပညတ်၏။ ထိုတရားတို့ကိုမာဂဓဘာသာဖြင့် ရွတ်ဆိုသော အသံ (သဒ္ဒါ)၌ သိသောဉာဏ်သည် “နိရုတ္တိပဋိသမ္ဘိဒါဉာဏ်” မည်၏၊ “ဤဉာဏ်တို့သည် ဤအနက်ကို ထွန်းပြတတ်ကုန်၏”ဟု အကြင်ဉာဏ်ဖြင့် ထိုရှေးဉာဏ်နှစ်ပါးတို့ကိုသိ၏။ ဤသို့ ထို ရှေးဉာဏ်နှစ်ပါးတို့၌ သိသောဉာဏ်သည် “ပဋိဘာနပဋိသမ္ဘိဒါ ဉာဏ်"မည်၏။
ပဋိသမ္ဘိဒါလေးပါးအရကောက်
၇၄၆။ ခွဲခြမ်းစိတ်ဖြာ၍ သိသော ‘ပဋိသမ္ဘိဒါ’ ဉာဏ်တို့သည် လေးပါးတို့တည်း။
(၁) အကျိုး၌ ခွဲခြမ်းစိတ်ဖြာ၍ သိသောဉာဏ်၊
(၂) အကြောင်း၌ ခွဲခြမ်းစိတ်ဖြာ၍ သိသောဉာဏ်၊
(၃) သဒ္ဒါ၌ ခွဲခြမ်းစိတ်ဖြာ၍ သိသောဉာဏ်။
(၄) အကျိုး၊ အကြောင်း၊ သဒ္ဒါတို့၌ အကျယ် ခွဲခြမ်းစိတ်ဖြာ၍ သိသောဉာဏ်တို့တည်း။
ခွဲခြမ်းစိတ်ဖြာ၍ သိသောဉာဏ်သုံးပါးတို့သည် ကာမာဝစရကုသိုလ်မှ ဉာဏသမ္ပယုတ်စိတ္တုပ္ပါဒ်လေးခုတို့၌ ဖြစ်ကုန်၏။ ကိရိယာမှ ဉာဏသမ္ပယုတ်စိတ္တုပ္ပါဒ်လေးခုတို့၌ ဖြစ်ကုန်၏။ အကျိုး၌ ခွဲခြမ်းစိတ်ဖြာ၍ သိသောဉာဏ်သည် ဤ (ဆိုခဲ့ပြီး) စိတ္တုပ္ပါဒ်တို့၌လည်းကောင်း၊ မဂ်လေးပါး ဖိုလ်လေးပါးတို့၌လည်းကောင်း ဖြစ်၏။
အဘိဓမ္မာနည်းဖြင့် ဝေဖန်ဟောကြားသောအဘိဓမ္မဘာဇနီယနည်း ပြီး၏။
--
၃-ပဥှာပုစ္ဆကနည်း
(အမေးအဖြေပြု၍ ဟောကြားသောနည်း)
၇၄၇။ ခွဲခြမ်းစိတ်ဖြာ၍ သိသော ‘ပဋိသမ္ဘိဒါ’ ဉာဏ်တို့သည် လေးပါးတို့တည်း။
(၁) အကျိုး၌ ခွဲခြမ်းစိတ်ဖြာ၍ သိသောဉာဏ်၊
(၂) အကြောင်း၌ ခွဲခြမ်းစိတ်ဖြာ၍ သိသောဉာဏ်၊
(၃) သဒ္ဒါ၌ ခွဲခြမ်းစိတ်ဖြာ၍ သိသောဉာဏ်၊
(၄) အကျိုး၊ အကြောင်း၊ သဒ္ဒါတို့၌ အကျယ် ခွဲခြမ်းစိတ်ဖြာ၍ သိသောဉာဏ်တို့တည်း။
အမေးပုစ္ဆာ
ပဋိသမ္ဘိဒါလေးပါးတို့ကို တိက်, ဒုက်တို့ဖြင့် ဝေဖန်၍ အမေးပုစ္ဆာနည်းသက်သက်ကို ပြဆိုခြင်း
၇၄၈။ ပဋိသမ္ဘိဒါလေးပါးတို့တွင် ကုသိုလ်တရားတို့သည် အဘယ်မျှ ရှိကုန်သနည်း၊ အကုသိုလ်တရားတို့သည် အဘယ်မျှ ရှိကုန်သနည်း၊ အဗျာကတတရားတို့သည် အဘယ်မျှ ရှိကုန်သနည်း။ပ။
ကိလေသာနှင့် တကွဖြစ်သော တရားတို့သည် အဘယ်မျှရှိကုန်သနည်း၊ ကိလေသာနှင့် တကွ မဖြစ်သောတရားတို့သည် အဘယ်မျှရှိကုန်သနည်း။
--
အဖြေဝိသဇ္ဇနာ
ပဋိသမ္ဘိဒါလေးပါးတို့ကို တိက်, ဒုက်တို့ဖြင့် ဝေဖန်၍ အဖြေဝိသဇ္ဇနာကိုပြခြင်း
တိကဝိသဇ္ဇနာ
၁-တိက် ၂၂-တိက်တို့ဖြင့် ဝေဖန်၍ပြခြင်း
(၁) ကုသလတိက်အဖြေ
၇၄၉။ (ပဋိသမ္ဘိဒါလေးပါးတို့သည်) ရံခါ ကုသိုလ်ဖြစ်ကုန်၏၊ ရံခါ အဗျာကတဖြစ်ကုန်၏။
(၂) ဝေဒနာတိက်အဖြေ
(ပဋိသမ္ဘိဒါလေးပါးတို့သည်) ရံခါ သုခဝေဒနာနှင့် ယှဉ်ကုန်၏၊ ရံခါ ဥပေက္ခာဝေဒနာနှင့် ယှဉ်ကုန်၏။
(၃) ဝိပါကတိက်အဖြေ
ပဋိသမ္ဘိဒါသုံးပါးတို့သည် ရံခါ အကျိုး (ဝိပါက်) ကို ဖြစ်စေခြင်းသဘောရှိသော တရား ဖြစ်ကုန်၏၊ ရံခါအကျိုး (ဝိပါက်) လည်း မဟုတ်၊ အကျိုး (ဝိပါက်) ကို ဖြစ်စေခြင်းသဘောရှိသော တရားလည်းမဟုတ်ကုန်။ အတ္ထပဋိသမ္ဘိဒါသည် ရံခါ အကျိုး (ဝိပါက်) ဖြစ်၏၊ ရံခါ အကျိုး (ဝိပါက်) ကို ဖြစ်စေခြင်း သဘောရှိသော ကုသိုလ်တရား ဖြစ်၏။ ရံခါ အကျိုး (ဝိပါက်) လည်း မဟုတ်၊ အကျိုး (ဝိပါက်) ကိုဖြစ်စေခြင်းသဘောရှိသော ကုသိုလ်တရားလည်း မဟုတ်။
(၄) ဥပါဒိန္နတိက်အဖြေ
ပဋိသမ္ဘိဒါသုံးပါးတို့သည် တဏှာဒိဋ္ဌိတို့သည် ကပ်အပ်သောကံသည် အကျိုး၏ အဖြစ်ဖြင့်ကား မယူအပ်၊ ဥပါဒါန်၏ အာရုံသာဖြစ်ကုန်၏။ အတ္ထပဋိသမ္ဘိဒါသည် ရံခါ တဏှာဒိဋ္ဌိတို့သည် ကပ်အပ်သော ကံသည်အကျိုး၏ အဖြစ်ဖြင့်ကား မယူအပ်၊ ဥပါဒါန်၏ အာရုံသာဖြစ်၏။ ရံခါ တဏှာဒိဋ္ဌိတို့သည်ကပ်အပ်သောကံသည် အကျိုး၏ အဖြစ်ဖြင့်လည်း မယူအပ်၊ ဥပါဒါန်၏ အာရုံလည်း မဟုတ်။
(၅) သံကိလိဋ္ဌတိက်>
ပဋိသမ္ဘိဒါသုံးပါးတို့သည် ကိလေသာတို့ ပူပန်စေအပ်သည် မဟုတ်ကုန်မူ၍ ကိလေသာတို့၏ အာရုံသာဖြစ်ကုန်၏။ အတ္ထပဋိသမ္ဘိဒါသည် ရံခါ ကိလေသာတို့ ပူပန်စေအပ်သည် မဟုတ်မူ၍ ကိလေသာ တို့၏အာရုံသာ ဖြစ်၏။ ရံခါ ကိလေသာတို့ ပူပန်စေအပ်သည်လည်း မဟုတ်၊ ကိလေသာတို့၏ အာရုံ လည်းမဟုတ်။
မှတ်ချက်။ ။ ပါဠိတော်၌ “တိဿော ပဋိသမ္ဘိဒါ အသံကိလိဋ္ဌသံကိလေသိကာ”ဟုသာ ရှိသင့်ပါသည်။
--
(၆) ဝိတက္ကတိက်>
ပဋိသမ္ဘိဒါသုံးပါးတို့သည် ဝိတက်လည်း ရှိ၊ ဝိစာရလည်း ရှိကုန်၏။ အတ္ထပဋိသမ္ဘိဒါသည် ရံခါဝိတက်လည်း ရှိ၊ ဝိစာရလည်း ရှိ၏။ ရံခါ ဝိတက်ကား မရှိ၊ ဝိစာရမျှသာ ရှိ၏။ ရံခါ ဝိတက်လည်းမရှိ၊ ဝိစာရလည်း မရှိ။
(၇) ပီတိတိက်>
(ပဋိသမ္ဘိဒါလေးပါးတို့သည်) ရံခါ ပီတိနှင့်တကွ ဖြစ်ကုန်၏။ ရံခါ သုခဝေဒနာနှင့်တကွ ဖြစ်ကုန်၏။ ရံခါဥပေက္ခာဝေဒနာနှင့်တကွ ဖြစ်ကုန်၏။
(၈) ဒဿနတိက်>
(ပဋိသမ္ဘိဒါလေးပါးတို့သည်) သောတာပတ္တိမဂ်ဖြင့် ပယ်အပ်သည်လည်း မဟုတ်၊ အထက်မဂ်သုံးခု ဖြင့်ပယ်အပ်သည်လည်း မဟုတ်ကုန်။
(၉) ဒဿနဟေတုတိက်>
(ပဋိသမ္ဘိဒါလေးပါးတို့သည်) သောတာပတ္တိမဂ်ဖြင့် ပယ်အပ်သော ဟိတ်ရှိသည်လည်း မဟုတ်၊ အထက်မဂ်သုံးခုဖြင့် ပယ်အပ်သော ဟိတ်ရှိသည်လည်း မဟုတ်ကုန်။
(၁၀) အာစယဂါမိတိက်>
ပဋိသမ္ဘိဒါသုံးပါးတို့သည် ရံခါ စုတိပဋိသန္ဓေသို့ ရောက်ကြောင်း ဖြစ်ကုန်၏။ ရံခါ စုတိပဋိသန္ဓေသို့ရောက်ကြောင်းလည်း မဟုတ်၊ နိဗ္ဗာန်သို့ ရောက်ကြောင်းလည်း မဟုတ်ကုန်။ အတ္ထပဋိသမ္ဘိဒါသည် ရံခါစုတိပဋိသန္ဓေသို့ ရောက်ကြောင်း ဖြစ်၏၊ ရံခါ နိဗ္ဗာန်သို့ ရောက်ကြောင်း ဖြစ်၏။ ရံခါ စုတိပဋိသန္ဓေသို့ရောက်ကြောင်းလည်း မဟုတ်၊ နိဗ္ဗာန်သို့ ရောက်ကြောင်းလည်း မဟုတ်။
(၁၁) သေက္ခတိက်>
ပဋိသမ္ဘိဒါသုံးပါးတို့သည် သေက္ခပုဂ္ဂိုလ်တို့၏ ဥစ္စာလည်း မဟုတ်၊ ရဟန္တာပုဂ္ဂိုလ်တို့၏ ဥစ္စာလည်းမဟုတ်ကုန်။ အတ္ထပဋိသမ္ဘိဒါသည် ရံခါ သေက္ခပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်၏၊ ရံခါ ရဟန္တာပုဂ္ဂိုလ်တို့၏ဥစ္စာဖြစ်၏။ ရံခါ သေက္ခပုဂ္ဂိုလ်တို့၏ ဥစ္စာလည်း မဟုတ်၊ ရဟန္တာပုဂ္ဂိုလ်တို့၏ ဥစ္စာလည်း မဟုတ်။
(၁၂) ပရိတ္တတိက်>
ပဋိသမ္ဘိဒါသုံးပါးတို့သည် ကာမတရား ဖြစ်ကုန်၏။ အတ္ထပဋိသမ္ဘိဒါသည် ရံခါ ကာမတရား ဖြစ်၏၊ ရံခါလောကုတ္တရာတရား ဖြစ်၏။
(၁၃) ပရိတ္တာရမ္မဏတိက်>
နိရုတ္တိပဋိသမ္ဘိဒါသည် ကာမတရားကို အာရုံပြု၏။ (ကြွင်း) ပဋိသမ္ဘိဒါသုံးပါးတို့သည် ရံခါကာမ တရားကိုအာရုံပြုကုန်၏၊ ရံခါ မဟဂ္ဂုတ်တရားကို အာရုံပြုကုန်၏၊ ရံခါ လောကုတ္တရာ တရားကို အာရုံပြုကုန်၏။
--
(၁၄) ဟီနတိက်>
ပဋိသမ္ဘိဒါသုံးပါးတို့သည် အလတ် (မဇ္ဈိမ) ဖြစ်ကုန်၏။ အတ္ထပဋိသမ္ဘိဒါသည် ရံခါ အလတ် (မဇ္ဈိမ) ဖြစ်၏၊ ရံခါ အမြတ် (ပဏီတ) ဖြစ်၏။
(၁၅) မိစ္ဆတ္တတိက်>
ပဋိသမ္ဘိဒါသုံးပါးတို့သည် အကျိုးပေး မမြဲကုန်။ အတ္ထပဋိသမ္ဘိဒါသည် ရံခါ မဖောက်ပြန်သော သဘောရှိ၍မိမိ၏ အခြားမဲ့၌ အကျိုးပေးမြဲ၏၊ ရံခါ အကျိုးပေး မမြဲ။
(၁၆) မဂ္ဂါရမ္မဏတိက်>
နိရုတ္တိပဋိသမ္ဘိဒါကို မဂ်ကို အာရုံပြု၏ဟူ၍လည်းကောင်း၊ မဂ်ဟုဆိုအပ်သော အကြောင်း ရှိ၏ဟူ၍လည်းကောင်း၊ မဂ်ဟုဆိုအပ်သော အကြီးအမှူးရှိ၏ဟူ၍လည်းကောင်း မဆိုအပ်။ အတ္ထပဋိသမ္ဘိဒါသည်မဂ်ကို အာရုံ မပြု၊ ရံခါ မဂ်ဟုဆိုအပ်သော အကြောင်းရှိ၏၊ ရံခါ မဂ်ဟုဆိုအပ်သော အကြီးအမှူးရှိ၏။ ရံခါ မဂ်ဟုဆိုအပ်သော အကြောင်းရှိ၏ဟူ၍လည်းကောင်း၊ မဂ်ဟုဆိုအပ်သော အကြီးအမှူးရှိ၏ဟူ၍ လည်းကောင်း မဆိုအပ်။ ဓမ္မပဋိသမ္ဘိဒါ, ပဋိဘာနပဋိသမ္ဘိဒါတို့သည် ရံခါ မဂ်ကို အာရုံပြုကုန်၍ မဂ်ဟုဆိုအပ်သော အကြောင်းမရှိကုန်၊ ရံခါ မဂ်ဟုဆိုအပ်သော အကြီးအမှူးရှိကုန်၏။ ရံခါ မဂ်ကို အာရုံပြုကုန်၏ဟူ၍လည်းကောင်း၊ မဂ်ဟုဆိုအပ်သော အကြီးအမှူးရှိကုန်၏ဟူ၍လည်းကောင်း မဆိုအပ်ကုန်။
(၁၇) ဥပ္ပန္နတိက်>
ပဋိသမ္ဘိဒါသုံးပါးတို့သည် ရံခါ ခဏသုံးပါးသို့ ရောက်ဆဲဖြစ်ကုန်၏။ ရံခါ ခဏသုံးပါးသို့ ရောက်ပြီးရောက်ဆဲမဟုတ်ကုန်၊ ပြီးပြီးသောအကြောင်း တစ်စိတ်ရှိသည်၏ အဖြစ်ကြောင့် မချွတ်ဖြစ်လတ္တံ့ဖြစ်ကုန်၏ဟု မဆိုအပ်ကုန်။ အတ္ထပဋိသမ္ဘိဒါသည် ရံခါ ခဏသုံးပါးသို့ ရောက်ဆဲဖြစ်၏၊ ရံခါ ခဏသုံးပါးသို့ ရောက်ပြီး ရောက်ဆဲ မဟုတ်၊ ရံခါ မချွတ် (ဧကန်) ဖြစ်လတ္တံ့ဖြစ်၏။
(၁၈) အတီတတိက်>
(ပဋိသမ္ဘိဒါလေးပါးတို့သည်) ရံခါ ဖြစ်ပြီး ‘အတိတ်’ ဖြစ်ကုန်၏၊ ရံခါ မရောက်သေး ‘အနာဂတ်’ (ဖြစ်လတ္တံ့) ဖြစ်ကုန်၏၊ ရံခါ ဖြစ်ဆဲ ‘ပစ္စုပ္ပန်’ ဖြစ်ကုန်၏။
(၁၉) အတီတာရမ္မဏတိက်>
နိရုတ္တိပဋိသမ္ဘိဒါသည် ဖြစ်ဆဲ (ပစ္စုပ္ပန်) ကို အာရုံပြု၏။ ဓမ္မပဋိသမ္ဘိဒါ, ပဋိဘာနပဋိသမ္ဘိဒါ နှစ်ပါးတို့သည် ရံခါ ဖြစ်ပြီး (အတိတ်) ကို အာရုံပြုကုန်၏၊ ရံခါ မရောက်သေး (အနာဂတ်) ကို အာရုံပြုကုန်၏၊ ရံခါဖြစ်ဆဲ (ပစ္စုပ္ပန်) ကို အာရုံပြုကုန်၏။ အတ္ထပဋိသမ္ဘိဒါသည် ရံခါ ဖြစ်ပြီး (အတိတ်) ကို အာရုံပြု၏၊ ရံခါ မရောက်သေး (အနာဂတ်) ကို အာရုံပြု၏၊ ရံခါ ဖြစ်ဆဲ (ပစ္စုပ္ပန်) ကို အာရုံပြု၏။ ရံခါ ဖြစ်ပြီး
(အတိတ်) ကို အာရုံပြု၏ဟူ၍လည်းကောင်း၊ မရောက်သေး (အနာဂတ်) ကို အာရုံပြု၏ဟူ၍လည်းကောင်း၊ ဖြစ်ဆဲ (ပစ္စုပ္ပန်) ကို အာရုံပြု၏ဟူ၍လည်းကောင်း မဆိုအပ်။
--
(၂၀) အဇ္ဇျတ္တတိက်>
ပဋိသမ္ဘိဒါလေးပါးတို့သည် ရံခါ မိမိသန္တာန်၌ ဖြစ်ကုန်၏၊ ရံခါ သူတစ်ပါးသန္တာန်၌ ဖြစ်ကုန်၏၊ ရံခါမိမိသန္တာန် သူတစ်ပါးသန္တာန်၌ ဖြစ်ကုန်၏။
(၂၁) အဇ္ဈတ္တာရမ္မဏတိက်>
နိရုတ္တိပဋိသမ္ဘိဒါသည် အပ'ဗဟိဒ္ဓ'သန္တာန်ကို အာရုံပြု၏။ ပဋိသမ္ဘိဒါသုံးပါးတို့သည် ရံခါ မိမိ သန္တာန်ကိုအာရုံပြုကုန်၏၊ ရံခါ သူတစ်ပါးသန္တာန်ကို အာရုံပြုကုန်၏၊ ရံခါ မိမိသန္တာန် သူတစ်ပါး သန္တာန်ကိုအာရုံပြုကုန်၏။
(၂၂) သနိဒဿနတိက်>
ပဋိသမ္ဘိဒါလေးပါးတို့သည် မြင်အပ်သော သဘောလည်း မရှိ၊ ထိပါးတတ်သော သဘောလည်း မရှိကုန်။
--
ဒုကဝိသဇ္ဇနာ
၂-ဒုက်၁၀၀-တို့ဖြင့် ဝေဖန်၍ အဖြေဝိသဇ္ဇနာကိုပြခြင်း
ဟေတုဂေါစ္ဆကအဖြေ
(၁) ဟေတုဒုက်
၇၅၀။ (ပဋိသမ္ဘိဒါလေးပါးတို့သည်) ဟိတ် မည်ကုန်၏။
(၂) သဟေတုကဒုက်
(ပဋိသမ္ဘိဒါလေးပါးတို့သည်) ဟိတ်ရှိကုန်၏။
(၃) ဟေတုသမ္ပယုတ္တဒုက်
(ပဋိသမ္ဘိဒါလေးပါးတို့သည်) ဟိတ်နှင့်ယှဉ်ကုန်၏။
(၄) ဟေတုသဟေတုကဒုက်
(ပဋိသမ္ဘိဒါလေးပါးတို့သည်) ဟိတ်လည်းမည် ဟိတ်လည်း ရှိကုန်၏။
(၅) ဟေတုဟေတုသမ္ပယုတ္တဒုက်
(ပဋိသမ္ဘိဒါလေးပါးတို့သည်) ဟိတ်လည်းမည် ဟိတ်နှင့်လည်း ယှဉ်ကုန်၏။
(၆) နဟေတုသဟေတုကဒုက်
(ပဋိသမ္ဘိဒါလေးပါးတို့သည်) ဟိတ်မမည်မူ၍ ဟိတ်ရှိကုန်၏ဟူ၍လည်းကောင်း၊ ဟိတ်လည်း မမည်, ဟိတ်လည်း မရှိဟူ၍လည်းကောင်း မဆိုအပ်ကုန်။
--
စူဠန္တရဒုက်အဖြေဝိသဇ္ဇနာ
(၇) သပ္ပစ္စယဒုက်
(ပဋိသမ္ဘိဒါလေးပါးတို့သည်) ကံ စိတ် ဥတု အာဟာရတည်းဟူသောအကြောင်း ရှိကုန်၏။
(၈) သင်္ခတဒုက်
(ပဋိသမ္ဘိဒါလေးပါးတို့သည်) အကြောင်းတရားတို့သည် ပြုပြင်အပ်ကုန်၏။
(၉) သနိဒဿနဒုက်
(ပဋိသမ္ဘိဒါလေးပါးတို့သည်) မြင်အပ်သော သဘောမရှိကုန်။
(၁၀) သပ္ပဋိဃဒုက်
(ပဋိသမ္ဘိဒါလေးပါးတို့သည်) ထိပါးတတ်သော သဘောမရှိကုန်။
(၁၁) ရူပီဒုက်
(ပဋိသမ္ဘိဒါလေးပါးတို့သည်) နာမ်ဖြစ်ကုန်၏။
(၁၂) လောကိယဒုက်
ပဋိသမ္ဘိဒါသုံးပါးတို့သည် လောက၌ အကျုံးဝင်ကုန်၏။ အတ္ထပဋိသမ္ဘိဒါသည် ရံခါ လောက၌ အကျုံးဝင်၏၊ ရံခါ လောကမှ ထွက်မြောက်၏။
(၁၃) ကေနစိဝိညေယျဒုက်
(ပဋိသမ္ဘိဒါလေးပါးတို့သည်) တစ်စုံတစ်ခုသောစိတ်သည် သိအပ်သော သဘောရှိကုန်၏၊ တစ်စုံတစ်ခုသော စိတ်သည် သိအပ်သော သဘောမရှိကုန်။
--
အာသဝဂေါစ္ဆကအဖြေ
(၁၄) အာသဝဒုက်
(ပဋိသမ္ဘိဒါလေးပါးတို့သည်) အာသဝ မမည်ကုန်။
(၁၅) သာသဝဒုက်
ပဋိသမ္ဘိဒါသုံးပါးတို့သည် အာသဝ၏ အာရုံဖြစ်ကုန်၏။ အတ္ထပဋိသမ္ဘိဒါသည် ရံခါ အာသဝ၏ အာရုံဖြစ်၏၊ ရံခါ အာသဝ၏ အာရုံမဖြစ်။
(၁၆) အာသဝသမ္ပယုတ္တဒုက်
(ပဋိသမ္ဘိဒါလေးပါးတို့သည်) အာသဝနှင့် မယှဉ်ကုန်။
(၁၇) အာသဝသာသဝဒုက်
ပဋိသမ္ဘိဒါသုံးပါးတို့ကို အာသဝလည်းမည်၊ အာသဝ၏ အာရုံလည်း ဖြစ်ကုန်၏ဟု မဆိုအပ်ကုန်။ အာသဝ၏ အာရုံသာဖြစ်၍ အာသဝ မမည်ကုန်။ အတ္ထပဋိသမ္ဘိဒါကို အာသဝလည်းမည်၊ အာသဝ၏ အာရုံလည်း ဖြစ်၏ဟု မဆိုအပ်။ ရံခါ အာသဝ၏ အာရုံသာဖြစ်၍ အာသဝမမည်၊ ရံခါ အာသဝ၏ အာရုံသာဖြစ်၍ အာသဝ မမည်ဟု မဆိုအပ်။
(၁၈) အာသဝအာသဝသမ္ပယုတ္တဒုက်
(ပဋိသမ္ဘိဒါလေးပါးတို့ကို) အာသဝလည်း မည်၊ အာသဝနှင့်လည်း ယှဉ်ကုန်၏ဟူ၍လည်းကောင်း၊ အာသဝနှင့်သာယှဉ်၍ အာသဝ မမည်ကုန်ဟူ၍လည်းကောင်း မဆိုအပ်ကုန်။
(၁၉) အာသဝဝိပ္ပယုတ္တသာသဝဒုက်
ပဋိသမ္ဘိဒါသုံးပါးတို့သည် အာသဝနှင့်မယှဉ်မူ၍ အာသဝ၏ အာရုံသာ ဖြစ်ကုန်၏။ အတ္ထပဋိသမ္ဘိဒါ သည်ရံခါ အာသဝနှင့် မယှဉ်မူ၍် အာသဝ၏ အာရုံသာဖြစ်၏၊ ရံခါ အာသဝနှင့် မယှဉ်မူ၍ အာသဝ၏အာရုံမဟုတ်။
--
သံယောဇနဂေါစ္ဆကအဖြေ
(၂၀-၂၅) သံယောဇနဒုက်
(ပဋိသမ္ဘိဒါလေးပါးတို့သည်) သံယောဇဉ် မမည်ကုန်။ပ။
ဂန္ထဂေါစ္ဆကအဖြေ
(၂၆-၃၁) ဂန္ထဒုက်
(ပဋိသမ္ဘိဒါလေးပါးတို့သည်) ဂန္ထ မမည်ကုန်။ပ။
ဩဃဂေါစ္ဆကအဖြေ
(၃၂-၃၇) ဩဃဒုက်
(ပဋိသမ္ဘိဒါလေးပါးတို့သည်) ဩဃ မမည်ကုန်။ပ။
ယောဂဂေါစ္ဆကအဖြေ
(၃၈-၄၃) ယောဂဒုက်
(ပဋိသမ္ဘိဒါလေးပါးတို့သည်) ယောဂ မမည်ကုန်။ပ။
နီဝရဏဂေါစ္ဆကအဖြေ
(၄၄-၄၉) နီဝရဏဒုက်
(ပဋိသမ္ဘိဒါလေးပါးတို့သည်) နီဝရဏ မမည်ကုန်။ပ။
ပရာမာသဂေါစ္ဆကအဖြေ
(၅၀-၅၄) ပရာမာသဒုက်
(ပဋိသမ္ဘိဒါလေးပါးတို့သည်) ပရာမာသ မမည်ကုန်။ပ။
--
မဟန္တရဒုက်အဖြေ
(၅၅) သာရမ္မဏဒုက်
(ပဋိသမ္ဘိဒါလေးပါးတို့သည်) အာရုံပြုခြင်းရှိကုန်၏။
(၅၆) စိတ္တဒုက်
(ပဋိသမ္ဘိဒါလေးပါးတို့သည်) စိတ်မမည်ကုန်။
(၅၇) စေတသိကဒုက်
(ပဋိသမ္ဘိဒါလေးပါးတို့သည်) စေတသိက် မည်ကုန်၏။
(၅၈) စိတ္တသမ္ပယုတ္တဒုက်
(ပဋိသမ္ဘိဒါလေးပါးတို့သည်) စိတ်နှင့် ယှဉ်ကုန်၏။
(၅၉) စိတ္တသံသဋ္ဌဒုက်
(ပဋိသမ္ဘိဒါလေးပါးတို့သည်) စိတ်နှင့် နှီးနှောကုန်၏။
(၆၀) စိတ္တသမုဋ္ဌာနဒုက်
(ပဋိသမ္ဘိဒါလေးပါးတို့သည်) စိတ်ကြောင့် ဖြစ်ကုန်၏။
(၆၁) စိတ္တသဟဘူဒုက်
(ပဋိသမ္ဘိဒါလေးပါးတို့သည်) စိတ်နှင့်တကွ ဖြစ်ကုန်၏။
(၆၂) စိတ္တာနုပရိဝတ္တိဒုက်
(ပဋိသမ္ဘိဒါလေးပါးတို့သည်) စိတ်သို့အစဉ်လိုက်၍ဖြစ်ကုန်၏။
(၆၃) စိတ္တသံသဋ္ဌသမုဋ္ဌာနဒုက်
(ပဋိသမ္ဘိဒါလေးပါးတို့သည်) စိတ်နှင့်လည်း နှီးနှော၊ စိတ်ကြောင့်လည်း ဖြစ်ကုန်၏။
(၆၄) စိတ္တသံသဋ္ဌသမုဋ္ဌာနသဟဘုဒုက်
(ပဋိသမ္ဘိဒါလေးပါးတို့သည်) စိတ်နှင့်လည်း နှီးနှော၊ စိတ်ကြောင့်လည်း ဖြစ်၊ စိတ်နှင့်လည်း တကွဖြစ်ကုန်၏။
(၆၅) စိတ္တသံသဋ္ဌသမုဋ္ဌာနာနုပရိဝတ္တိဒုက်
(ပဋိသမ္ဘိဒါလေးပါးတို့သည်) စိတ်နှင့်လည်း နှီးနှော၊ စိတ်ကြောင့်လည်း ဖြစ်၊ စိတ်သို့လည်းအစဉ်လိုက်၍ ဖြစ်ကုန်၏။
--
(၆၆) အဇ္ဈတ္တိကဒုက်
(ပဋိသမ္ဘိဒါလေးပါးတို့သည်) အပ'ဗဟိဒ္ဓ’၌ ဖြစ်ကုန်၏။
(၆၇) ဥပါဒါဒုက်
(ပဋိသမ္ဘိဒါလေးပါးတို့သည်) မဟာဘုတ်လေးပါးတို့ကို မှီ၍ မဖြစ်ကုန်။
(၆၈) ဥပါဒိန္နဒုက်
(ပဋိသမ္ဘိဒါလေးပါးတို့သည်) တဏှာဒိဋ္ဌိတို့သည် ကပ်အပ်သောကံသည် အကျိုး၏အဖြစ်ဖြင့် မယူအပ်ကုန်။
ဥပါဒါနဂေါစ္ဆကအဖြေ
(၆၉-၇၄) ဥပါဒါနဒုက်
(ပဋိသမ္ဘိဒါလေးပါးတို့သည်) ပဋိသမ္ဘိဒါလေးပါးတို့သည် ဥပါဒါန် မမည်ကုန်။ပ။
ကိလေသဂေါစ္ဆကအဖြေ
(၇၅-၈၂) ကိလေသဒုက်
(ပဋိသမ္ဘိဒါလေးပါးတို့သည်) ကိလေသာမမည်ကုန်။ပ။
--
ပိဋ္ဌိဒုက်အဖြေ
(၈၃) ဒဿနေနပဟာတဗ္ဗဒုက်
(ပဋိသမ္ဘိဒါလေးပါးတို့သည်) သောတာပတ္တိမဂ်ဖြင့် ပယ်အပ်သော တရားတို့ မဟုတ်ကုန်။
(၈၄) ဘာဝနာယပဟာတဗ္ဗဒုက်
(ပဋိသမ္ဘိဒါလေးပါးတို့သည်) အထက်မဂ်သုံးခုဖြင့် ပယ်အပ်သော တရားတို့ မဟုတ်ကုန်။
(၈၅) ဒဿနေနပဟာတဗ္ဗဟေတုကဒုက်
(ပဋိသမ္ဘိဒါလေးပါးတို့သည်) သောတာပတ္တိမဂ်ဖြင့် ပယ်အပ်သော ဟိတ်ရှိသော တရားတို့ မဟုတ်ကုန်။
(၈၆) ဘာဝနာယပဟာတဗ္ဗဟေတုကဒုက်
(ပဋိသမ္ဘိဒါလေးပါးတို့သည်) အထက်မဂ်သုံးခုဖြင့် ပယ်အပ်သော ဟိတ်ရှိသော တရားတို့ မဟုတ်ကုန်။
(၈၇) သဝိတက္ကဒုက်
ပဋိသမ္ဘိဒါသုံးပါးတို့သည် ဝိတက်ရှိကုန်၏။ အတ္ထပဋိသမ္ဘိဒါသည် ရံခါ ဝိတက်ရှိ၍ ရံခါ ဝိတက် မရှိ။
(၈၈) သဝိစာရဒုက်
ပဋိသမ္ဘိဒါသုံးပါးတို့သည် ဝိစာရ ရှိကုန်၏။ အတ္ထပဋိသမ္ဘိဒါသည် ရံခါ ဝိစာရ ရှိ၍ ရံခါ ဝိစာရ မရှိ။
(၈၉) သပ္ပီတိကဒုက်
(ပဋိသမ္ဘိဒါလေးပါးတို့သည်) ရံခါ ပီတိ ရှိကုန်၏၊ ရံခါပီတိ မရှိကုန်။
(၉၀) ပီတိသဟဂတဒုက်
(ပဋိသမ္ဘိဒါလေးပါးတို့သည်) ရံခါ ပီတိနှင့်တကွ ဖြစ်ကုန်၏၊ ရံခါ ပီတိနှင့်တကွ မဖြစ်ကုန်။
(၉၁) သုခသဟဂတဒုက်
(ပဋိသမ္ဘိဒါလေးပါးတို့သည်) ရံခါ သုခဝေဒနာနှင့်တကွ ဖြစ်ကုန်၏၊ ရံခါ သုခဝေဒနာနှင့်တကွ မဖြစ်ကုန်။
(၉၂) ဥပေက္ခာသဟဂတဒုက်
(ပဋိသမ္ဘိဒါလေးပါးတို့သည်) ရံခါ ဥပေက္ခာဝေဒနာနှင့်တကွ ဖြစ်ကုန်၏၊ ရံခါ ဥပေက္ခာဝေဒနာနှင့် တကွမဖြစ်ကုန်။
--
(၉၃) ကာမာဝစရဒုက်
ပဋိသမ္ဘိဒါသုံးပါးတို့သည် ကာမာဝစရ မည်ကုန်၏။ အတ္ထပဋိသမ္ဘိဒါသည် ရံခါ ကာမာဝစရ ဖြစ်၏၊ ရံခါကာမာဝစရ မဖြစ်။
(၉၄) ရူပါဝစရဒုက်
(ပဋိသမ္ဘိဒါလေးပါးတို့သည်) ရူပါဝစရ မဖြစ်ကုန်။
(၉၅) အရူပါဝစရဒုက်
(ပဋိသမ္ဘိဒါလေးပါးတို့သည်) အရူပါဝစရ မဖြစ်ကုန်။
(၉၆) ပရိယာပန္နဒုက်
ပဋိသမ္ဘိဒါ သုံးပါးတို့သည် ဝဋ်တရား၌ အကျုံးဝင်ကုန်၏။ အတ္ထပဋိသမ္ဘိဒါသည် ရံခါ ဝဋ်တရား၌ အကျုံးဝင်၏၊ ရံခါ ဝဋ်တရား၌ အကျုံးမဝင်။
(၉၇) နိယျာနိကဒုက်
ပဋိသမ္ဘိဒါသုံးပါးတို့သည် ဝဋ်ဆင်းရဲမှ ထွက်မြောက်ကြောင်း မဟုတ်ကုန်။ အတ္ထပဋိသမ္ဘိဒါသည် ရံခါဝဋ်ဆင်းရဲမှ ထွက်မြောက်ကြောင်းဖြစ်၏၊ ရံခါ ဝဋ်ဆင်းရဲမှ ထွက်မြောက်ကြောင်း မဟုတ်။
(၉၈) နိယတဒုက်
ပဋိသမ္ဘိဒါသုံးပါးတို့သည် အကျိုးပေး မမြဲကုန်။ အတ္ထပဋိသမ္ဘိဒါသည် ရံခါ အကျိုးပေး မြဲ၏၊ ရံခါအကျိုးပေး မမြဲ။
(၉၉) သဥတ္တရဒုက်
ပဋိသမ္ဘိဒါသုံးပါးတို့သည် မိမိထက် လွန်မြတ်သောတရား ရှိကုန်၏။ အတ္ထပဋိသမ္ဘိဒါသည် ရံခါ မိမိထက်လွန်မြတ်သော တရားရှိ၏၊ ရံခါ မိမိထက်လွန်မြတ်သော တရားမရှိ။
(၁၀၀) သရဏဒုက်
ပဋိသမ္ဘိဒါလေးပါးတို့သည် ငိုကြွေးကြောင်း ရာဂစသော ကိလေသာ မရှိကုန်။
အမေးအဖြေပြု၍ ဟောကြားသော ပဥှာပုစ္ဆကနည်း ပြီး၏။
ပဋိသမ္ဘိဒါလေးပါးတို့ကို ဝေဖန်၍ပြသော ပဋိသမ္ဘိဒါဝိဘင်းပြီးပြီ။
--
၁၆-ဉာဏဝိဘင်္ဂ
(ဉာဏ်တို့ကို ဝေဖန်၍ပြသော ဝိဘင်း)
အကျဉ်းပြဆိုခြင်း
၁-တစ်ခုသော အဖို့အစုအားဖြင့် ဉာဏ်အရေအတွက်ကို အကျဉ်းပြဆိုခြင်း
၇၅၁။ တစ်ခုသော အဖို့အစုအားဖြင့် ဉာဏ်၏ တည်ရာသည်ကား-
(၁) ဝိညာဏ်ငါးပါးတို့သည် ဟိတ်မမည်ကုန်။
(၂) ဟိတ်မရှိကုန်။
(၃) ဟိတ်နှင့် မယှဉ်ကုန်။
(၄) အကြောင်းရှိကုန်၏။
(၅) အကြောင်းတရားတို့သည် ပြုပြင်အပ်ကုန်၏။
(၆) နာမ်တရားဖြစ်ကုန်၏။
(၇) လောက၌ အကျုံးဝင်ကုန်၏။
(၈) အာသဝ၏ အာရုံဖြစ်ကုန်၏။
(၉) သံယောဇဉ်၏ အာရုံဖြစ်ကုန်၏။
(၁၀) ဂန္ထ၏ အာရုံဖြစ်ကုန်၏။
(၁၁) ဩဃ၏ အာရုံဖြစ်ကုန်၏။
(၁၂) ယောဂ၏ အာရုံဖြစ်ကုန်၏။
(၁၃) နီဝရဏ၏ အာရုံဖြစ်ကုန်၏။
(၁၄) ပရာမာသ၏ အာရုံဖြစ်ကုန်၏။
(၁၅) ဥပါဒါန်၏ အာရုံဖြစ်ကုန်၏။
(၁၆) ကိလေသာ၏ အာရုံဖြစ်ကုန်၏။
(၁၇) အဗျာကတဖြစ်ကုန်၏။
(၁၈) အာရုံပြုခြင်း ရှိကုန်၏။
(၁၉) စေတသိက် မမည်ကုန်။
--
(၂၀) ဝိပါက် ဖြစ်ကုန်၏။
(၂၁) တဏှာဒိဋ္ဌိတို့သည် ကပ်အပ်သောကံသည် အကျိုး၏အဖြစ်ဖြင့်လည်း ယူအပ်ကုန်သည် ဖြစ်၍ဥပါဒါန်၏ အာရုံလည်း ဖြစ်ကုန်၏။
(၂၂) ကိလေသာတို့သည် ပူပန်စေအပ်သည်ကား မဟုတ်၊ ကိလေသာတို့၏ အာရုံသာ ဖြစ်ကုန်၏။
(၂၃) ဝိတက်လည်း ရှိ, ဝိစာရလည်း ရှိသည် မမည်ကုန်။
(၂၄) ဝိတက်ကား မရှိ, ဝိစာရမျှသာ ရှိသည် မမည်ကုန်။
(၂၅) ဝိတက်လည်း မရှိ, ဝိစာရလည်း မရှိကုန်။
(၂၆) ပီတိနှင့်တကွ မဖြစ်ကုန်။
(၂၇) သောတာပတ္တိမဂ်သည် ပယ်အပ်သည်လည်း မဟုတ်, အထက်မဂ်သုံးခုသည် ပယ်အပ်သည်လည်း မဟုတ်ကုန်။
(၂၈) သောတာပတ္တိမဂ်သည် ပယ်အပ်သောဟိတ် ရှိသည်လည်း မဟုတ်ကုန်, အထက်မဂ် သုံးခုသည်ပယ်အပ်သောဟိတ် ရှိသည်လည်း မဟုတ်ကုန်။
(၂၉) စုတိပဋိသန္ဓေသို့ရောက်ကြောင်းလည်း မဟုတ်, နိဗ္ဗာန်သို့ရောက်ကြောင်းလည်း မဟုတ်ကုန်။
(၃၀) သေက္ခပုဂ္ဂိုလ်တို့၏ဥစ္စာလည်း မဟုတ်, ရဟန္တာပုဂ္ဂိုလ်တို့၏ဥစ္စာလည်း မဟုတ်ကုန်။
(၃၁) အာနုဘော်နည်းကုန်၏။
(၃၂) ကာမာဝစရ မည်ကုန်၏။
(၃၃) ရူပါဝစရ မမည်ကုန်။
(၃၄) အရူပါဝစရ မမည်ကုန်။
(၃၅) ဘုံသုံးပါး၌ အကျုံးဝင်ကုန်၏။
(၃၆) ဘုံသုံးပါး၌ အကျုံးမဝင်သောတရား မဟုတ်ကုန်။
(၃၇) အကျိုးပေး မမြဲကုန်။
(၃၈) ဝဋ်ဆင်းရဲမှ ထွက်မြောက်ကြောင်း မဟုတ်ကုန်။
(၃၉) * ဖြစ်ဆဲဖြစ်ကုန်၏။ (ဥပ္ပန္နာ)
(၄၀) * မနောဝိညာဏ်ဖြင့် သိအပ်ကုန်၏။ (မနောဝိညာဏဝိညေယျမေဝ)
(၄၁) * မမြဲကုန်။ (အနိစ္စာ)
(၄၂) * အိုခြင်းဖြင့် နှိပ်စက်အပ်ကုန်၏။ (ဇရာဘိဘူတာ)
(၄၃) ဝိညာဏ်ငါးပါးတို့သည် ဖြစ်ဆဲဝတ္ထုကို မှီကုန်၏။
(၄၄) ဖြစ်ဆဲအာရုံကို အာရုံပြုကုန်၏။
(၄၅) ရှေးဖြစ်သောဝတ္ထုရုပ်ကို မှီကုန်၏။
(၄၆) ရှေး၌ ဖြစ်သောအာရုံကို အာရုံပြုကုန်၏။
(၄၇) အဇ္ဈတ္တိကရုပ်ကို မှီကုန်၏။
--
(၄၈) အပအာရုံကို အာရုံပြုကုန်၏။
(၄၉) မချုပ်သေးသောရုပ်ကို မှီကုန်၏။
(၅၀) မချုပ်သေးသောအာရုံကို အာရုံပြုကုန်၏။
(၅၁) အသီးသီးသောရုပ်လျှင် မှီရာရှိကုန်၏။
(၅၂) အသီးသီးသောအာရုံကို အာရုံပြုကုန်၏။
(၅၃) တစ်ပါးသည် တစ်ပါး၏အာရုံအရာကို မခံစားကုန်။
(၅၄) အာဝဇ္ဇန်းကင်းလျက် မဖြစ်ကုန်။
(၅၅) နှလုံးမသွင်းဘဲ မဖြစ်ကုန်။
(၅၆) ရောပြွမ်း၍ မဖြစ်ကုန်။
(၅၇) မရှေးမနှောင်း မဖြစ်ကုန်။
(၅၈) တစ်ပါးသည် တစ်ပါး၏အခြားမဲ့၌ မဖြစ်ကုန်။
(၅၉) ဝိညာဏ်ငါးပါးတို့သည် နှလုံးသွင်း မရှိကုန်။
(၆၀) ဝိညာဏ်ငါးပါးတို့ဖြင့် အာရုံသို့ ရှေးရှုကျခြင်းမျှကို ကြဉ်၍ တစ်စုံတစ်ခုသောတရားကို မသိ။
(၆၁) ဝိညာဏ်ငါးပါးတို့၏ အခြားမဲ့၌ လည်း တစ်စုံတစ်ခုသောတရားကို မသိ။
(၆၂) ဝိညာဏ်ငါးပါးတို့ဖြင့် တစ်စုံတစ်ခုသော ဣရိယာပုထ်ကို မပြုလုပ်နိုင်။
(၆၃) ဝိညာဏ်ငါးပါးတို့၏ အခြားမဲ့၌ လည်း တစ်စုံတစ်ခုသော ဣရိယာပုထ်ကို မပြုလုပ်နိုင်။
(၆၄) ဝိညာဏ်ငါးပါးတို့ဖြင့် ကိုယ်အမူအရာ နှုတ်အမူအရာကို မဖြစ်စေနိုင်။
(၆၅) ဝိညာဏ်ငါးပါးတို့၏ အခြားမဲ့၌ လည်း ကိုယ်အမူအရာ နှုတ်အမူအရာကို မဖြစ်စေနိုင်။
(၆၆) ဝိညာဏ်ငါးပါးတို့ဖြင့် ကုသိုလ် အကုသိုလ်တရားကို မဆောက်တည်နိုင်။
(၆၇) ဝိညာဏ်ငါးပါးတို့၏ အခြားမဲ့၌ လည်း ကုသိုလ် အကုသိုလ်တရားကို မဆောက်တည်နိုင်။
(၆၈) ဝိညာဏ်ငါးပါးတို့ဖြင့် (သမာပတ်ကို) မဝင်စားနိုင်၊ မထနိုင်။
(၆၉) ဝိညာဏ်ငါးပါးတို့၏ အခြားမဲ့၌ လည်း (သမာပတ်ကို) မဝင်စားနိုင်၊ မထနိုင်။
(၇၀) ဝိညာဏ်ငါးပါးတို့ဖြင့် မစုတေနိုင်၊ ပဋိသန္ဓေမနေနိုင်။
(၇၁) ဝိညာဏ်ငါးပါးတို့၏ အခြားမဲ့၌ လည်း မစုတေနိုင်၊ ပဋိသန္ဓေမနေနိုင်။
(၇၂) ဝိညာဏ်ငါးပါးတို့ဖြင့် မအိပ်၊ မနိုး၊ အိပ်မက်မမက်။
(၇၃) ဝိညာဏ်ငါးပါးတို့၏ အခြားမဲ့၌ လည်း မအိပ်၊ မနိုး၊ အိပ်မက်မမက်။
(၇၄) ဟုတ်မှန်သောအကြောင်းကို ထင်စွာပြသော ပညာသည် ဖြစ်၏။ ဤသို့ တစ်ခုသော အဖို့အစုအားဖြင့် ဉာဏ်၏ တည်ရာသည် ဖြစ်၏။
မှတ်ချက်။ ။ * ခရေပွင့်ပြ ၄-ပုဒ်သည် ပါဠိတော်၌ မရှိပါ။ အဋ္ဌကထာပြသည့်အတိုင်း ထည့်ထားပါသည်။
--
၂-နှစ်ခုသော အဖို့အစုအားဖြင့် ဉာဏ်အရေအတွက်ကို အကျဉ်းပြဆိုခြင်း
၇၅၂။ နှစ်ခုသော အဖို့အစုအားဖြင့် ဉာဏ်၏ တည်ရာသည်ကား-
(၁) လောက၌ အကျုံးဝင်သော ပညာ၊ လောကမှ ထွက်မြောက်သော ပညာ။
(၂) တစ်စုံတစ်ခုသောစိတ်ဖြင့် သိအပ်သော ပညာ၊ တစ်စုံတစ်ခုသောစိတ်ဖြင့် မသိအပ်သော ပညာ။
(၃) အာသဝ၏ အာရုံဖြစ်သော ပညာ၊ အာသဝ၏ အာရုံမဟုတ်သော ပညာ။
(၄) အာသဝနှင့် မယှဉ်မူ၍ အာသဝ၏ အာရုံဖြစ်သော ပညာ၊ အာသဝနှင့် မယှဉ်မူ၍ အာသဝ၏အာရုံမဟုတ်သော ပညာ။
(၅) သံယောဇဉ်၏ အာရုံဖြစ်သော ပညာ၊ သံယောဇဉ်၏ အာရုံမဟုတ်သော ပညာ။
(၆) သံယောဇဉ်နှင့် မယှဉ်မူ၍ သံယောဇဉ်၏ အာရုံဖြစ်သော ပညာ၊ သံယောဇဉ်နှင့် မယှဉ်မူ၍သံယောဇဉ်၏ အာရုံမဟုတ်သော ပညာ။
(၇) ဂန္ထ၏ အာရုံဖြစ်သော ပညာ၊ ဂန္ထ၏ အာရုံမဟုတ်သော ပညာ။
(၈) ဂန္ထနှင့် မယှဉ်မူ၍ ဂန္ထ၏ အာရုံဖြစ်သော ပညာ၊ ဂန္ထနှင့် မယှဉ်မူ၍ ဂန္ထ၏ အာရုံမဟုတ်သော ပညာ။
(၉) ဩဃ၏ အာရုံဖြစ်သော ပညာ၊ ဩဃ၏ အာရုံမဟုတ်သော ပညာ။
(၁၀) ဩဃနှင့် မယှဉ်မူ၍ ဩဃ၏ အာရုံဖြစ်သော ပညာ၊ ဩဃနှင့် မယှဉ်မူ၍ ဩဃ၏ အာရုံမဟုတ်သော ပညာ။
(၁၁) ယောဂ၏ အာရုံဖြစ်သော ပညာ၊ ယောဂ၏ အာရုံမဟုတ်သော ပညာ။
(၁၂) ယောဂနှင့် မယှဉ်မူ၍ ယောဂ၏ အာရုံဖြစ်သော ပညာ၊ ယောဂနှင့် မယှဉ်မူ၍ယောဂ၏ အာရုံ မဟုတ်သော ပညာ။
(၁၃) နီဝရဏ၏ အာရုံဖြစ်သော ပညာ၊ နီဝရဏ၏ အာရုံမဟုတ်သော ပညာ။
(၁၄) နီဝရဏနှင့် မယှဉ်မူ၍ နီဝရဏ၏ အာရုံဖြစ်သော ပညာ၊ နီဝရဏနှင့် မယှဉ်မူ၍ နီဝရဏ၏ အာရုံ မဟုတ်သော ပညာ။
(၁၅) ပရာမာသ၏ အာရုံဖြစ်သော ပညာ၊ ပရာမာသ၏ အာရုံမဟုတ်သော ပညာ။
(၁၆) ပရာမာသနှင့် မယှဉ်မူ၍ ပရာမာသ၏ အာရုံဖြစ်သော ပညာ၊ ပရာမာသနှင့် မယှဉ်မူ၍ပရာမာသ၏ အာရုံမဟုတ်သော ပညာ။
(၁၇) တဏှာဒိဋ္ဌိတို့သည် ကပ်အပ်သောကံသည် အကျိုး၏ အဖြစ်ဖြင့် ယူအပ်သော ပညာ၊ တဏှာဒိဋ္ဌိတို့သည် ကပ်အပ်သောကံသည် အကျိုး၏အဖြစ်ဖြင့် မယူအပ်သော ပညာ။
(၁၈) ဥပါဒါန်၏ အာရုံဖြစ်သော ပညာ၊ ဥပါဒါန်၏ အာရုံမဟုတ်သော ပညာ။
(၁၉) ဥပါဒါန်နှင့်မယှဉ်မူ၍ ဥပါဒါန်၏ အာရုံဖြစ်သော ပညာ၊ ဥပါဒါန်နှင့်မယှဉ်မူ၍ ဥပါဒါန်၏ အာရုံမဟုတ်သော ပညာ။
--
(၂၀) ကိလေသာ၏ အာရုံဖြစ်သော ပညာ၊ ကိလေသာ၏ အာရုံမဟုတ်သော ပညာ။
(၂၁) ကိလေသာနှင့် မယှဉ်မူ၍ ကိလေသာ၏ အာရုံဖြစ်သော ပညာ၊ ကိလေသာနှင့် မယှဉ်မူ၍ ကိလေသာ၏ အာရုံမဟုတ်သော ပညာ။
(၂၂) ဝိတက်ရှိသော ပညာ၊ ဝိတက်မရှိသော ပညာ။
(၂၃) ဝိစာရရှိသော ပညာ၊ ဝိစာရမရှိသော ပညာ။
(၂၄) ပီတိရှိသော ပညာ၊ ပီတိမရှိသော ပညာ။
(၂၅) ပီတိနှင့် တကွဖြစ်သော ပညာ၊ ပီတိနှင့် တကွမဖြစ်သော ပညာ။
(၂၆) သုခဝေဒနာနှင့် တကွဖြစ်သော ပညာ၊ သုခဝေဒနာနှင့် တကွမဖြစ်သော ပညာ။
(၂၇) ဥပေက္ခာဝေဒနာနှင့် တကွဖြစ်သော ပညာ၊ ဥပေက္ခာဝေဒနာနှင့် တကွမဖြစ်သော ပညာ။
(၂၈) ကာမာဝစရမည်သော ပညာ၊ ကာမာဝစရမမည်သော ပညာ။
(၂၉) ရူပါဝစရမည်သော ပညာ၊ ရူပါဝစရမမည်သော ပညာ။
(၃၀) အရူပါဝစရမည်သော ပညာ၊ အရူပါဝစရမမည်သော ပညာ။
(၃၁) ဘုံသုံးပါး၌ အကျုံးဝင်သော ပညာ၊ ဘုံသုံးပါး၌ အကျုံးမဝင်သော ပညာ။
(၃၂) ဝဋ်ဆင်းရဲမှ ထွက်မြောက်ကြောင်းဖြစ်သော ပညာ၊ ဝဋ်ဆင်းရဲမှ ထွက်မြောက်ကြောင်း မဟုတ်သော ပညာ။
(၃၃) အကျိုးပေးမြဲသော ပညာ၊ အကျိုးပေးမမြဲသော ပညာ။
(၃၄) မိမိထက်လွန်မြတ်သော တရားရှိသော ပညာ၊ မိမိထက်လွန်မြတ်သော တရားမရှိသော ပညာ။
(၃၅) အကျိုးကိုဖြစ်စေတတ်သော ပညာ၊ ဖြစ်စေအပ်သောအကျိုးဖြစ်သော ပညာ။ ဤသို့ နှစ်ခုသော အဖို့အစုအားဖြင့် ဉာဏ်၏ တည်ရာသည် ဖြစ်၏။
--
၃-သုံးခုသော အဖို့အစုအားဖြင့် ဉာဏ်အရေအတွက်ကို အကျဉ်းပြဆိုခြင်း
၇၅၃။ သုံးခုသော အဖို့အစုအားဖြင့် ဉာဏ်၏ တည်ရာသည်ကား-
(၁) အကြံအစည်ဖြင့်ပြီးသော ‘စိန္တာမယ'ပညာ၊ အကြားအမြင်ဖြင့်ပြီးသော ‘သုတမယ'ပညာ၊ ပွါးများခြင်းဖြင့်ပြီးသော ‘ဘာဝနာမယ’ ပညာ။
(၂) ပေးကမ်းခြင်းဒါနဖြင့်ပြီးသော ပညာ၊ အကျင့်သီလဖြင့်ပြီးသော ပညာ၊ ပွါးများခြင်း ဘာဝနာဖြင့်ပြီးသော ပညာ။
(၃) လွန်ကဲသောသီလ၌ ဖြစ်သော ပညာ၊ လွန်ကဲသောစိတ်၌ ဖြစ်သော ပညာ၊ လွန်ကဲသော ပညာ၌ ဖြစ်သော ပညာ။
(၄) ကြီးပွါးရေး၌ လိမ္မာသော ပညာ၊ ဆုတ်ယုတ်ရေး၌ လိမ္မာသော ပညာ၊ ဥပါယ်၌ လိမ္မာသော ပညာ။
(၅) အချင်းချင်းထူးကုန်သော ကုသိုလ် အကုသိုလ်တို့၏ အကျိုး (ဝိပါက်) ဖြစ်သော ပညာ၊ အကျိုးကိုဖြစ်စေခြင်းသဘောရှိသော ပညာ၊ အချင်းချင်းထူးကုန်သော ကုသိုလ် အကုသိုလ် တို့၏ အကျိုးလည်းမဟုတ်, အကျိုးကို ဖြစ်စေခြင်းသဘောရှိသည်လည်း မဟုတ်သော ပညာ။
(၆) တဏှာဒိဋ္ဌိတို့သည် ကပ်အပ်သောကံသည် အကျိုး၏အဖြစ်ဖြင့်လည်း ယူအပ်သည် ဖြစ်၍ ဥပါဒါန်၏အာရုံလည်း ဖြစ်သော ပညာ၊ တဏှာဒိဋ္ဌိတို့သည် ကပ်အပ်သောကံသည် အကျိုး၏ အဖြစ်ဖြင့်ကားမယူအပ်, ဥပါဒါန်၏အာရုံသာ ဖြစ်သော ပညာ၊ တဏှာဒိဋ္ဌိတို့သည် ကပ်အပ် သော ကံသည်အကျိုး၏အဖြစ်ဖြင့်လည်း မယူအပ်, ဥပါဒါန်၏ အာရုံလည်း မဟုတ်သော ပညာ။
(၇) ဝိတက်လည်း ရှိ, ဝိစာရလည်း ရှိသော ပညာ၊ ဝိတက်ကား မရှိ, ဝိစာရမျှသာ ရှိသော ပညာ၊ ဝိတက်လည်း မရှိ, ဝိစာရလည်း မရှိသော ပညာ။
(၈) ပီတိနှင့် တကွဖြစ်သော ပညာ၊ သုခဝေဒနာနှင့် တကွဖြစ်သော ပညာ၊ ဥပေက္ခာဝေဒနာနှင့် တကွဖြစ်သော ပညာ။
(၉) စုတိပဋိသန္ဓေသို့ ရောက်ကြောင်းဖြစ်သော ပညာ၊ နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်သော ပညာ၊ စုတိပဋိသန္ဓေသို့ ရောက်ကြောင်းလည်းမဟုတ်, နိဗ္ဗာန်သို့ ရောက်ကြောင်းလည်း မဟုတ်သော ပညာ။
(၁၀) သေက္ခပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော ပညာ၊ ရဟန္တာပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော ပညာ၊ သေက္ခပုဂ္ဂိုလ်တို့၏ ဥစ္စာလည်းမဟုတ်, ရဟန္တာပုဂ္ဂိုလ်တို့၏ ဥစ္စာလည်းမဟုတ်သော ပညာ။
(၁၁) အာနုဘော်နည်းသော ပရိတ္တ(ကာမ) ပညာ၊ မြတ်သည်၏ အဖြစ်သို့ရောက်သော မဟဂ္ဂုတ် (ရူပ အရူပ) ပညာ၊ နှိုင်းယှဉ်တတ်သော ကိလေသာတို့၏ ဆန့်ကျင်ဘက်ဖြစ်သော အပ္ပမာဏ (လောကုတ္တရာ) ပညာ။
(၁၂) ပရိတ္တ(ကာမ) ကို အာရုံပြုသော ပညာ၊ မဟဂ္ဂုတ်ကို အာရုံပြုသော ပညာ၊ အပ္ပမာဏ (လောကုတ္တရာ) တရားကို အာရုံပြုသော ပညာ။
(၁၃) မဂ်ကို အာရုံပြုသော ပညာ၊ မဂ်ဟုဆိုအပ်သော အကြောင်းရှိသော ပညာ၊ မဂ်ဟုဆိုအပ်သော အကြီးအမှူးရှိသော ပညာ။
--
(၁၄) ခဏသုံးပါးသို့ ရောက်ဆဲဖြစ်သော ပညာ၊ ခဏသုံးပါးသို့ ရောက်ဆဲလည်းမဟုတ်, ရောက်ပြီးလည်း မဟုတ်သော ပညာ၊ မချွတ်ဖြစ်လတ္တံ့ ဖြစ်သော ပညာ။
(၁၅) ဖြစ်ပြီးသော (အတိတ်) ပညာ၊ မရောက်သေးသော (အနာဂတ်) ပညာ၊ ဖြစ်ဆဲသော (ပစ္စုပ္ပန်) ပညာ။
(၁၆) ဖြစ်ပြီး (အတိတ်) ကို အာရုံပြုသော ပညာ၊ မရောက်သေး (အနာဂတ်) ကို အာရုံပြုသော ပညာ၊ ဖြစ်ဆဲ (ပစ္စုပ္ပန်) ကို အာရုံပြုသော ပညာ။
(၁၇) မိမိသန္တာန်၌ ဖြစ်သော ပညာ၊ သူတစ်ပါးသန္တာန်၌ ဖြစ်သော ပညာ၊ မိမိ, သူတစ်ပါး သန္တာန်၌ ဖြစ်သော ပညာ။
(၁၈) မိမိသန္တာန်ကို အာရုံပြုသော ပညာ၊ သူတစ်ပါးသန္တာန်ကို အာရုံပြုသော ပညာ၊ မိမိ, သူတစ်ပါးသန္တာန်ကို အာရုံပြုသော ပညာ။ သဝိတက္ကသဝိစာရမူ
(၁၉) ဝိတက်လည်းရှိ, ဝိစာရလည်းရှိသော ပညာကား- အချင်းချင်းထူးကုန်သော ကုသိုလ်အကုသိုလ်တို့၏ အကျိုး (ဝိပါက်) လည်း ရှိ၏၊ အကျိုး (ဝိပါက်) ကို ဖြစ်စေခြင်းသဘော ရှိသောတရားလည်း ရှိ၏၊ အချင်းချင်းထူးကုန်သော ကုသိုလ် အကုသိုလ်တို့၏အကျိုးလည်း မဟုတ်, အကျိုးကိုဖြစ်စေခြင်း သဘောရှိသောတရား မဟုတ်သည်လည်း ရှိ၏။
(၂၀) တဏှာဒိဋ္ဌိတို့သည် ကပ်အပ်သောကံသည် အကျိုး၏အဖြစ်ဖြင့်လည်း ယူအပ်, ဥပါဒါန်၏အာရုံဖြစ်သည်လည်း ရှိ၏၊ တဏှာဒိဋ္ဌိတို့သည် ကပ်အပ်သော ကံသည် အကျိုး၏ အဖြစ်ဖြင့်ကားမယူအပ်, ဥပါဒါန်၏အာရုံသာ ဖြစ်သည်လည်း ရှိ၏၊ တဏှာဒိဋ္ဌိတို့သည် ကပ်အပ်သော ကံသည်အကျိုး၏ အဖြစ်ဖြင့်လည်း မယူအပ်, ဥပါဒါန်၏ အာရုံမဖြစ်သည်လည်း ရှိ၏။
(၂၁) ပီတိနှင့် တကွဖြစ်သည်လည်း ရှိ၏၊ သုခဝေဒနာနှင့် တကွဖြစ်သည်လည်း ရှိ၏၊ ဥပေက္ခာဝေဒနာနှင့် တကွဖြစ်သည်လည်း ရှိ၏။
(၂၂) စုတိပဋိသန္ဓေသို့ ရောက်ကြောင်းလည်း ရှိ၏၊ နိဗ္ဗာန်သို့ ရောက်ကြောင်းလည်း ရှိ၏၊ စုတိပဋိသန္ဓေသို့ ရောက်ကြောင်းလည်းမဟုတ်, နိဗ္ဗာန်သို့ရောက်ကြောင်းလည်း မဟုတ်သည်လည်း ရှိ၏။
(၂၃) သေက္ခပုဂ္ဂိုလ်တို့၏ ဥစ္စာလည်း ရှိ၏၊ ရဟန္တာပုဂ္ဂိုလ်တို့၏ ဥစ္စာလည်း ရှိ၏၊ သေက္ခပုဂ္ဂိုလ်တို့၏ ဥစ္စာလည်းမဟုတ် ရဟန္တာပုဂ္ဂိုလ်တို့၏ဥစ္စာလည်း မဟုတ်သည်လည်း ရှိ၏။
(၂၄) အာနုဘော်နည်းသော ပရိတ္တ(ကာမ) လည်း ရှိ၏၊ မြတ်သည်၏ အဖြစ်သို့ရောက်သော မဟဂ္ဂုတ် (ရူပ အရူပ) လည်း ရှိ၏၊ နှိုင်းယှဉ်တတ်သော ကိလေသာတို့၏ ဆန့်ကျင်ဘက် ဖြစ်သော အပ္ပမာဏ (လောကုတ္တရာ) လည်း ရှိ၏၊
(၂၅) ပရိတ္တ (ကာမ) ကို အာရုံပြုသည်လည်း ရှိ၏၊ မဟဂ္ဂုတ်ကို အာရုံပြုသည်လည်း ရှိ၏၊ အပ္ပမာဏ (လောကုတ္တရာ) တရားကို အာရုံပြုသည်လည်း ရှိ၏။
(၂၆) မဂ်ကို အာရုံပြုသည်လည်း ရှိ၏၊ မဂ်ဟုဆိုအပ်သော အကြောင်းရှိသည်လည်း ရှိ၏၊ မဂ်ဟု ဆိုအပ်သော အကြီးအမှူးရှိသည်လည်း ရှိ၏။
(၂၇) ခဏသုံးပါးသို့ ရောက်ဆဲလည်း ရှိ၏၊ ခဏသုံးပါးသို့ ရောက်ပြီး, ရောက်ဆဲမဟုတ်သည်လည်း ရှိ၏၊ မချွတ်ဖြစ်လတ္တံ့သည်လည်း ရှိ၏။
(၂၈) ဖြစ်ပြီး (အတိတ်) လည်း ရှိ၏၊ မရောက်သေး (အနာဂတ်) လည်း ရှိ၏၊ ဖြစ်ဆဲ (ပစ္စုပ္ပန်) လည်း ရှိ၏။
--
(၂၉) ဖြစ်ပြီး (အတိတ်) ကို အာရုံပြုသည်လည်း ရှိ၏၊ မရောက်သေး (အနာဂတ်) အာရုံပြုသည်လည်း ရှိ၏၊ ဖြစ်ဆဲ (ပစ္စုပ္ပန်) ကို အာရုံပြုသည်လည်း ရှိ၏။
(၃၀) မိမိသန္တာန်၌ ဖြစ်သည်လည်း ရှိ၏၊ သူတစ်ပါးသန္တာန်၌ ဖြစ်သည်လည်း ရှိ၏၊ မိမိ, သူတစ်ပါးသန္တာန်၌ ဖြစ်သည်လည်း ရှိ၏။
(၃၁) မိမိသန္တာန်ကို အာရုံပြုသည်လည်း ရှိ၏၊ သူတစ်ပါးသန္တာန်ကို အာရုံပြုသည်လည်း ရှိ၏၊ မိမိ သူတစ်ပါးသန္တာန်ကို အာရုံပြုသည်လည်း ရှိ၏။ အဝိတက္ကအဝိစာရမတ္တမူ
(၃၂) ဝိတက်ကား မရှိ, ဝိစာရမျှသာရှိသော ပညာကား- အချင်းချင်းထူးကုန်သော ကုသိုလ်အကုသိုလ်တို့၏ အကျိုး (ဝိပါက်) သည်လည်း ရှိ၏၊ အကျိုးကိုဖြစ်စေခြင်းသဘော ရှိသောတရားလည်း ရှိ၏၊ အချင်းချင်းထူးကုန်သော ကုသိုလ် အကုသိုလ်တို့၏ အကျိုးလည်းမဟုတ်, အကျိုးကို ဖြစ်စေခြင်းသဘောရှိသော တရားမဟုတ်သည်လည်း ရှိ၏။
(၃၃) တဏှာဒိဋ္ဌိတို့သည် ကပ်အပ်သောကံသည် အကျိုး၏အဖြစ်ဖြင့်လည်း ယူအပ်သည်ဖြစ်၍ဥပါဒါန်၏ အာရုံဖြစ်သည်လည်း ရှိ၏၊ တဏှာဒိဋ္ဌိတို့သည် ကပ်အပ်သော ကံသည် အကျိုး၏အဖြစ်ဖြင့်ကား မယူအပ်, ဥပါဒါန်၏အာရုံသာ ဖြစ်သည်လည်း ရှိ၏၊ တဏှာဒိဋ္ဌိတို့သည်ကပ်အပ်သောကံသည် အကျိုး၏အဖြစ်ဖြင့်လည်း မယူအပ်, ဥပါဒါန်၏ အာရုံလည်း မဖြစ်သည်လည်း ရှိ၏။
(၃၄) စုတိပဋိသန္ဓေသို့ ရောက်ကြောင်းသည်လည်း ရှိ၏၊ နိဗ္ဗာန်သို့ ရောက်ကြောင်းသည်လည်း ရှိ၏၊ စုတိပဋိသန္ဓေသို့ ရောက်ကြောင်းလည်းမဟုတ် နိဗ္ဗာန်သို့ ရောက်ကြောင်းလည်း မဟုတ်သည်လည်း ရှိ၏။
(၃၅) သေက္ခပုဂ္ဂိုလ်တို့၏ ဥစ္စာလည်း ရှိ၏၊ ရဟန္တာပုဂ္ဂိုလ်တို့၏ ဥစ္စာလည်း ရှိ၏၊ သေက္ခ ပုဂ္ဂိုလ်တို့၏ဥစ္စာလည်း မဟုတ်, ရဟန္တာပုဂ္ဂိုလ်တို့၏ ဥစ္စာလည်း မဟုတ်သည်လည်း ရှိ၏။
(၃၆) ခဏသုံးပါးသို့ ရောက်ဆဲလည်း ရှိ၏၊ ခဏသုံးပါးသို့ ရောက်ပြီး, ရောက်ဆဲမဟုတ် သည်လည်းရှိ၏၊ မချွတ်ဖြစ်လတ္တံ့သည်လည်း ရှိ၏။
(၃၇) ဖြစ်ပြီး (အတိတ်) လည်း ရှိ၏၊ မရောက်သေး (အနာဂတ်) လည်း ရှိ၏၊ ဖြစ်ဆဲ (ပစ္စုပ္ပန်) လည်း ရှိ၏။
(၃၈) မိမိသန္တာန်၌ ဖြစ်သောတရားလည်း ရှိ၏၊ သူတစ်ပါးသန္တာန်၌ ဖြစ်သောတရားလည်း ရှိ၏၊ မိမိ သူတစ်ပါးသန္တာန်၌ ဖြစ်သောတရားလည်း ရှိ၏။
--
အဝိတက္ကအဝိစာရမူ
(၃၉) ဝိတက်လည်းမရှိ, ဝိစာရလည်းမရှိသောပညာကား- အချင်းချင်းထူးကုန်သော ကုသိုလ်အကုသိုလ်တို့၏ အကျိုးလည်း ရှိ၏၊ အကျိုးကို ဖြစ်စေခြင်း သဘောရှိသော တရားလည်း ရှိ၏၊ အချင်းချင်း ထူးကုန်သော ကုသိုလ် အကုသိုလ်တို့၏ အကျိုးလည်း မဟုတ် အကျိုးကိုဖြစ်စေခြင်းသဘောရှိသော တရားလည်း မဟုတ်သည်လည်း ရှိ၏။
(၄၀) တဏှာဒိဋ္ဌိတို့သည် ကပ်အပ်သောကံသည် အကျိုး၏ အဖြစ်ဖြင့်လည်း ယူအပ်သည်ဖြစ်၍ ဥပါဒါန်၏ အာရုံဖြစ်သည်လည်း ရှိ၏၊ တဏှာဒိဋ္ဌိတို့သည် ကပ်အပ်သော ကံသည်အကျိုး၏ အဖြစ်ဖြင့်ကား မယူအပ်, ဥပါဒါန်၏အာရုံသာ ဖြစ်သည်လည်း ရှိ၏၊ တဏှာဒိဋ္ဌိတို့သည် ကပ်အပ်သောကံသည် အကျိုး၏ အဖြစ်ဖြင့်လည်း မယူအပ်, ဥပါဒါန်၏ အာရုံမဖြစ်သည်လည်း ရှိ၏။
(၄၁) ပီတိနှင့်တကွဖြစ်သည်လည်း ရှိ၏၊ သုခဝေဒနာနှင့် တကွဖြစ်သည်လည်း ရှိ၏၊ ဥပေက္ခာဝေဒနာနှင့် တကွဖြစ်သည်လည်း ရှိ၏။
(၄၂) စုတိပဋိသန္ဓေသို့ ရောက်ကြောင်းလည်း ရှိ၏၊ နိဗ္ဗာန်သို့ ရောက်ကြောင်းလည်း ရှိ၏၊ စုတိပဋိသန္ဓေသို့ရောက်ကြောင်းလည်း မဟုတ်, နိဗ္ဗာန်သို့ရောက်ကြောင်းလည်း မဟုတ်သည် လည်း ရှိ၏။
(၄၃) သေက္ခပုဂ္ဂိုလ်တို့၏ ဥစ္စာသည် ရှိ၏၊ ရဟန္တာပုဂ္ဂိုလ်တို့၏ ဥစ္စာသည် ရှိ၏၊ သေက္ခပုဂ္ဂိုလ်တို့၏ ဥစ္စာလည်းမဟုတ် ရဟန္တာပုဂ္ဂိုလ်တို့၏ ဥစ္စာလည်း မဟုတ်သည်လည်း ရှိ၏။
(၄၄) ပရိတ္တ(ကာမတရား) ကို အာရုံပြုသည်လည်း ရှိ၏၊ မဟဂ္ဂုတ် (ရူပ အရူပတရား) ကိုအာရုံပြုသည်လည်း ရှိ၏၊ အပ္ပမာဏ (လောကုတ္တရာတရား) ကို အာရုံပြုသည်လည်း ရှိ၏။
(၄၅) မဂ်ကို အာရုံပြုသည်လည်း ရှိ၏၊ မဂ်ဟုဆိုအပ်သော အကြောင်းရှိသည်လည်း ရှိ၏၊ မဂ်ဟု ဆိုအပ်သော အကြီးအမှူးရှိသည်လည်း ရှိ၏။
(၄၆) ခဏသုံးပါးသို့ ရောက်ဆဲလည်း ရှိ၏၊ ခဏသုံးပါးသို့ ရောက်ပြီး, ရောက်ဆဲမဟုတ် သည်လည်းရှိ၏၊ မချွတ်ဖြစ်လတ္တံ့ (အနာဂတ်) ဖြစ်သည်လည်း ရှိ၏။
(၄၇) ဖြစ်ပြီး (အတိတ်) သည်လည်း ရှိ၏၊ မရောက်သေး (အနာဂတ်) သည်လည်း ရှိ၏၊ ဖြစ်ဆဲ (ပစ္စုပ္ပန်) သည်လည်း ရှိ၏။
(၄၈) ဖြစ်ပြီး (အတိတ်) ကို အာရုံပြုသည်လည်း ရှိ၏၊ မရောက်သေး (အနာဂတ်) ကို အာရုံပြုသည်လည်း ရှိ၏၊ ဖြစ်ဆဲ (ပစ္စုပ္ပန်) ကို အာရုံပြုသည်လည်း ရှိ၏။
(၄၉) မိမိသန္တာန်၌ ဖြစ်သည်လည်း ရှိ၏၊ သူတစ်ပါးသန္တာန်၌ ဖြစ်သည်လည်း ရှိ၏၊ မိမိသူတစ်ပါးသန္တာန်၌ ဖြစ်သည်လည်း ရှိ၏။
(၅၀) မိမိသန္တာန်ကို အာရုံပြုသည်လည်း ရှိ၏၊ သူတစ်ပါးသန္တာန်ကို အာရုံပြုသည်လည်း ရှိ၏၊ မိမိသူတစ်ပါးသန္တာန်ကို အာရုံပြုသည်လည်း ရှိ၏။ ပီတိသဟဂတ သုခသဟဂတမူ
(၅၁) ပီတိနှင့်တကွဖြစ်သောပညာ, သုခဝေဒနာနှင့် တကွဖြစ်သော ပညာကား- အချင်းချင်းထူးကုန်သော ကုသိုလ် အကုသိုလ်တို့၏ အကျိုးသည်လည်း ရှိ၏၊ အကျိုးကို ဖြစ်စေခြင်း သဘောရှိသော တရားသည်လည်း ရှိ၏၊ အချင်းချင်းထူးကုန်သော ကုသိုလ်အကုသိုလ်တို့၏အကျိုးလည်း မဟုတ်, အကျိုးကို ဖြစ်စေခြင်းသဘော ရှိသော တရားလည်း မဟုတ် သည်လည်းရှိ၏။
--
(၅၂) တဏှာဒိဋ္ဌိတို့သည် ကပ်အပ်သောကံသည် အကျိုး၏အဖြစ်ဖြင့်လည်း ယူအပ်သည် ဖြစ်၍ဥပါဒါန်၏ အာရုံဖြစ်သည်လည်း ရှိ၏၊ တဏှာဒိဋ္ဌိတို့သည် ကပ်အပ်သောကံသည် အကျိုး၏အဖြစ်ဖြင့်ကား မယူအပ်, ဥပါဒါန်၏အာရုံသာ ဖြစ်သည်လည်း ရှိ၏၊ တဏှာဒိဋ္ဌိတို့သည် ကပ်အပ်သောကံသည် အကျိုး၏အဖြစ်ဖြင့်လည်း မယူအပ်, ဥပါဒါန်၏ အာရုံမဖြစ်သည် လည်း ရှိ၏။
(၅၃) ဝိတက်လည်း ရှိ, ဝိစာရလည်း ရှိသည်လည်း ရှိ၏၊ ဝိတက်ကား မရှိ, ဝိစာရမျှသာရှိသည်လည်း ရှိ၏၊ ဝိတက်လည်း မရှိ, ဝိစာရလည်း မရှိသည်လည်း ရှိ၏။
(၅၄) စုတိပဋိသန္ဓေသို့ ရောက်ကြောင်းသည်လည်း ရှိ၏၊ နိဗ္ဗာန်သို့ ရောက်ကြောင်းသည်လည်းရှိ၏၊ စုတိပဋိသန္ဓေသို့ ရောက်ကြောင်းလည်းမဟုတ်, နိဗ္ဗာန်သို့ ရောက်ကြောင်းလည်းမဟုတ်သည်လည်း ရှိ၏။
(၅၅) သေက္ခပုဂ္ဂိုလ်တို့၏ ဥစ္စာသည်လည်း ရှိ၏၊ ရဟန္တာပုဂ္ဂိုလ်တို့၏ ဥစ္စာသည်လည်း ရှိ၏၊ သေက္ခပုဂ္ဂိုလ်တို့၏ ဥစ္စာလည်းမဟုတ်, ရဟန္တာပုဂ္ဂိုလ်တို့၏ ဥစ္စာလည်းမဟုတ်သည်လည်း ရှိ၏။
(၅၆) ကာမတရားသည်လည်း ရှိ၏၊ မဟဂ္ဂုတ်တရားသည်လည်း ရှိ၏၊ လောကုတ္တရာတရားသည်လည်း ရှိ၏။
(၅၇) ကာမတရားကို အာရုံပြုသည်လည်း ရှိ၏၊ မဟဂ္ဂုတ်တရားကို အာရုံပြုသည်လည်း ရှိ၏၊ လောကုတ္တရာတရားကို အာရုံပြုသည်လည်း ရှိ၏။
(၅၈) မဂ်ကို အာရုံပြုသည်လည်း ရှိ၏၊ မဂ်ဟုဆိုအပ်သော အကြောင်းရှိသည်လည်း ရှိ၏၊ မဂ်ဟု ဆိုအပ်သော အကြီးအမှူးရှိသည်လည်း ရှိ၏။
(၅၉) ခဏသုံးပါးသို့ ရောက်ဆဲလည်း ရှိ၏၊ ခဏသုံးပါးသို့ ရောက်ပြီး, ရောက်ဆဲ မဟုတ် သည်လည်းရှိ၏၊ မချွတ်ဖြစ်လတ္တံ့ဖြစ်သည်လည်း ရှိ၏။
(၆၀) ဖြစ်ပြီး (အတိတ်) သည်လည်း ရှိ၏၊ မရောက်သေး (အနာဂတ်) သည်လည်း ရှိ၏၊ ဖြစ်ဆဲ (ပစ္စုပ္ပန်) သည်လည်း ရှိ၏။
(၆၁) ဖြစ်ပြီး (အတိတ်) ကို အာရုံပြုသည်လည်း ရှိ၏၊ မရောက်သေး (အနာဂတ်) ကို အာရုံပြုသည်လည်း ရှိ၏၊ ဖြစ်ဆဲ (ပစ္စုပ္ပန်) ကို အာရုံပြုသည်လည်း ရှိ၏။
(၆၂) မိမိသန္တာန်၌ ဖြစ်သည်လည်း ရှိ၏၊ သူတစ်ပါးသန္တာန်၌ ဖြစ်သည်လည်း ရှိ၏၊ မိမိ သူတစ်ပါးသန္တာန်၌ ဖြစ်သည်လည်း ရှိ၏။
(၆၃) မိမိသန္တာန်ကို အာရုံပြုသည်လည်း ရှိ၏၊ သူတစ်ပါးသန္တာန်ကို အာရုံပြုသည်လည်း ရှိ၏၊ မိမိသူတစ်ပါးသန္တာန်ကို အာရုံပြုသည်လည်း ရှိ၏။
--
(*) ဥပေက္ခာသဟဂတမူ
(၆၄) ဥပေက္ခာဝေဒနာနှင့် တကွဖြစ်သော ပညာကား- အချင်းချင်းထူးကုန်သော ကုသိုလ်အကုသိုလ်တို့၏ အကျိုးလည်း ရှိ၏၊ အကျိုးကိုဖြစ်စေခြင်းသဘောရှိသော တရားသည် လည်းရှိ၏၊ အချင်းချင်း ထူးကုန်သော ကုသိုလ် အကုသိုလ်တို့၏ အကျိုးလည်းမဟုတ်, အကျိုးကို ဖြစ်စေခြင်း သဘောရှိသော တရားလည်း မဟုတ်သည်လည်း ရှိ၏။
(၆၅) တဏှာဒိဋ္ဌိတို့သည် ကပ်အပ်သောကံသည် အကျိုး၏အဖြစ်ဖြင့်လည်း ယူအပ်ဖြစ်၍ဥပါဒါန်၏ အာရုံဖြစ်သည်လည်း ရှိ၏၊ တဏှာဒိဋ္ဌိတို့သည် ကပ်အပ်သော ကံသည် အကျိုး၏အဖြစ်ဖြင့်ကား မယူအပ်, ဥပါဒါန်၏အာရုံသာ ဖြစ်သည်လည်း ရှိ၏၊ တဏှာဒိဋ္ဌိတို့သည်ကပ်အပ်သော ကံသည် အကျိုး၏အဖြစ်ဖြင့်လည်း မယူအပ်, ဥပါဒါန်၏ အာရုံမဖြစ်သည် လည်းရှိ၏။
(၆၆) စုတိပဋိသန္ဓေသို့ ရောက်ကြောင်းသည်လည်း ရှိ၏၊ နိဗ္ဗာန်သို့ ရောက်ကြောင်းသည်လည်း ရှိ၏၊ စုတိပဋိသန္ဓေသို့ ရောက်ကြောင်းလည်း မဟုတ်, နိဗ္ဗာန်သို့ ရောက်ကြောင်းလည်း မဟုတ်သည်လည်းရှိ၏။
(၆၇) သေက္ခပုဂ္ဂိုလ်တို့၏ ဥစ္စာလည်း ရှိ၏၊ ရဟန္တာတို့၏ ဥစ္စာလည်း ရှိ၏၊ သေက္ခပုဂ္ဂိုလ်တို့၏ဥစ္စာလည်း မဟုတ်, ရဟန္တာပုဂ္ဂိုလ်တို့၏ဥစ္စာလည်း မဟုတ်သည်လည်း ရှိ၏။
(၆၈) ကာမတရားလည်း ရှိ၏၊ မဟဂ္ဂုတ်တရားလည်း ရှိ၏၊ လောကုတ္တရာတရားလည်း ရှိ၏။
(၆၉) ကာမတရားကို အာရုံပြုသည်လည်း ရှိ၏၊ မဟဂ္ဂုတ်ကို အာရုံပြုသည်လည်း ရှိ၏၊ လောကုတ္တရာတရားကို အာရုံပြုသည်လည်း ရှိ၏။
(၇၀) မဂ်ကို အာရုံပြုသည်လည်း ရှိ၏၊ မဂ်ဟုဆိုအပ်သော အကြောင်းရှိသည်လည်း ရှိ၏၊ မဂ်ဟုဆိုအပ်သော အကြီးအမှူးရှိသည်လည်း ရှိ၏။
(၇၁) ခဏသုံးပါးသို့ ရောက်ဆဲလည်း ရှိ၏၊ ခဏသုံးပါးသို့ ရောက်ပြီး, ရောက်ဆဲမဟုတ်သည်လည်း ရှိ၏၊ မချွတ်ဖြစ်လတ္တံ့သည်လည်း ရှိ၏။
(၇၂) ဖြစ်ပြီး (အတိတ်) သည်လည်း ရှိ၏၊ မရောက်သေး (အနာဂတ်) သည်လည်း ရှိ၏၊ ဖြစ်ဆဲ (ပစ္စုပ္ပန်) သည်လည်း ရှိ၏။
(၇၃) ဖြစ်ပြီး (အတိတ်) ကို အာရုံပြုသည်လည်း ရှိ၏၊ မရောက်သေး (အနာဂတ်) ကို အာရုံပြုသည်လည်း ရှိ၏၊ ဖြစ်ဆဲ (ပစ္စုပ္ပန်) ကို အာရုံပြုသည်လည်း ရှိ၏။
(၇၄) မိမိသန္တာန်၌ ဖြစ်သည်လည်း ရှိ၏၊ သူတစ်ပါးသန္တာန်၌ ဖြစ်သည်လည်း ရှိ၏၊ မိမိ, သူတစ်ပါးသန္တာန်၌ ဖြစ်သည်လည်း ရှိ၏။
(၇၅) မိမိသန္တာန်ကို အာရုံပြုသည်လည်း ရှိ၏၊ သူတစ်ပါးသန္တာန်ကို အာရုံပြုသည်လည်း ရှိ၏၊ မိမိ, သူတစ်ပါးသန္တာန်ကို အာရုံပြုသည်လည်း ရှိ၏။ ဤသို့ သုံးခုသော အဖို့အစုအားဖြင့် ဉာဏ်၏တည်ရာသည် ဖြစ်၏။
(*) အဋ္ဌကထာအဆိုအရ ဉာဏ်သုံးပါးအားဖြင့် တည်ရာအရေအတွက်ပေါင်း (၈၈) ဟု ဆိုရာ၌ ပီတိသဟဂတမူ ၁၃-ပါး၊ သုခသဟဂတမူ ၁၃-ပါးဖြစ်ခြင်းကြောင့် ၇၅-၌ ၁၃-ပါး ထပ်ထည့်လျှင် ၈၈-ပါး ဖြစ်ပါသည်။
--
၄-လေးခုသော အဖို့အစုအားဖြင့် ဉာဏ်အရေအတွက်ကို အကျဉ်းပြဆိုခြင်း
၇၅၄။ လေးခုသော အဖို့အစုအားဖြင့် ဉာဏ်၏ တည်ရာသည်ကား-
(၁) ကံသာလျှင် မိမိဥစ္စာဖြစ်၏ဟု သိသောဉာဏ်၊ သစ္စာအားလျော်စွာ ဖြစ်သောဉာဏ်၊ မဂ်နှင့်ပြည့်စုံသူအား ဖြစ်သောဉာဏ်၊ ဖိုလ်နှင့် ပြည့်စုံသူအား ဖြစ်သောဉာဏ်။
(၂) ဆင်းရဲမှု၌ သိသောဉာဏ်၊ ဆင်းရဲမှု ဖြစ်ကြောင်း၌ သိသောဉာဏ်၊ ဆင်းရဲမှု ချုပ်ရာ၌ သိသောဉာဏ်၊ ဆင်းရဲမှု ချုပ်ရာသို့ ရောက်ကြောင်းအကျင့်၌ သိသောဉာဏ်။
(၃) ကာမဘုံ၌ ဖြစ်သော ပညာ၊ ရူပဘုံ၌ ဖြစ်သော ပညာ၊ အရူပဘုံ၌ ဖြစ်သော ပညာ၊ ဘုံသုံးပါး၌ အကျုံးမဝင်သော ပညာ။
(၄) တရား၌ သိသောဉာဏ်၊ အလျော်၌ သိသောဉာဏ်၊ ပိုင်းခြားခြင်း၌ သိသောဉာဏ်၊ သမုတ်ခြင်း၌ သိသောဉာဏ်။
(၅) စုတိပဋိသန္ဓေအလို့ငှါသာဖြစ်၍ နိဗ္ဗာန်အလို့ငှါ မဖြစ်သော ပညာသည် ရှိ၏။ နိဗ္ဗာန်အလို့ငှါသာ ဖြစ်၍ စုတိပဋိသန္ဓေအလို့ငှါ မဖြစ်သော ပညာသည် ရှိ၏။ စုတိပဋိသန္ဓေအလို့ငှါလည်းကောင်း၊ နိဗ္ဗာန်အလို့ငှါလည်းကောင်း ဖြစ်သောပညာသည် ရှိ၏။ စုတိပဋိသန္ဓေအလို့ငှါလည်းကောင်း နိဗ္ဗာန်အလို့ငှါလည်းကောင်း မဖြစ်သော ပညာသည် ရှိ၏။
(၆) ငြီးငွေ့ရန်အလို့ငှါသာဖြစ်၍ ထိုးထွင်းသိရန်အလို့ငှါ မဖြစ်သော ပညာသည် ရှိ၏။ ထိုးထွင်းသိရန် အလို့ငှါသာဖြစ်၍ ငြီးငွေ့ရန်အလို့ငှါ မဖြစ်သော ပညာသည် ရှိ၏။ ငြီးငွေ့ရန်အလို့ငှါလည်းကောင်း၊ ထိုးထွင်းသိရန်အလို့ငှါလည်းကောင်း ဖြစ်သောပညာသည် ရှိ၏။ ငြီးငွေ့ရန်အလို့ငှါလည်းကောင်း၊ ထိုးထွင်းသိရန် အလို့ငှါလည်းကောင်း မဖြစ်သော ပညာသည် ရှိ၏။
(၇) ဆုတ်ယုတ်သော အဖို့ရှိသော ပညာသည် ရှိ၏။ တည်တံ့သော အဖို့ရှိသော ပညာသည် ရှိ၏။ ထူးသော အဖို့ရှိသော ပညာသည် ရှိ၏။ ဖောက်ခွဲခြင်းအဖို့ရှိသော ပညာသည် ရှိ၏။
(၈) ခွဲခြမ်းစိတ်ဖြာခြင်း (ပဋိသမ္ဘိဒါ) လေးပါး၌ သိသောဉာဏ်သည် ရှိ၏။
(၉) အကျင့်လေးပါး၌ သိသောဉာဏ်သည် ရှိ၏။
(၁၀) အာရုံလေးပါး၌ သိသောဉာဏ်သည် ရှိ၏။
(၁၁) အိုခြင်း သေခြင်း၌ သိသောဉာဏ်သည် ရှိ၏။ အိုခြင်း သေခြင်းဖြစ်ကြောင်း၌ သိသော ဉာဏ်သည် ရှိ၏။ အိုခြင်း သေခြင်းချုပ်ရာ၌ သိသောဉာဏ်သည် ရှိ၏။ အိုခြင်း သေခြင်းချုပ်ရာသို့ရောက်ကြောင်းအကျင့်၌ သိသောဉာဏ်သည် ရှိ၏။
(၁၂) ပဋိသန္ဓေနေမှု၌ သိသောဉာဏ်။ပ။
(၁၃) ဘဝ၌ သိသောဉာဏ်။ပ။
(၁၄) စွဲလမ်းမှု၌ သိသောဉာဏ်။ပ။
(၁၅) တပ်မက်မှု၌ သိသောဉာဏ်။ပ။
(၁၆) ခံစားမှု၌ သိသောဉာဏ်။ပ။
(၁၇) တွေ့ထိမှု၌ သိသောဉာဏ်။ပ။
--
(၁၈) အာယတနခြောက်ပါး၌ သိသောဉာဏ်။ပ။
(၁၉) နာမ်ရုပ်၌ သိသောဉာဏ်။ပ။
(၂၀) ဝိညာဏ်၌ သိသောဉာဏ်။ပ။
(၂၁) သင်္ခါရတို့၌ သိသောဉာဏ်၊ သင်္ခါရဖြစ်ကြောင်း၌ သိသောဉာဏ်၊ သင်္ခါရချုပ်ရာ၌ သိသောဉာဏ်၊ သင်္ခါရချုပ်ရာသို့ ရောက်ကြောင်းအကျင့်၌ သိသောဉာဏ်။
ဤသို့ လေးခုသော အဖို့အစုအားဖြင့် ဉာဏ်၏ တည်ရာသည် ဖြစ်၏။
၅-ငါးခုသော အဖို့အစုအားဖြင့် ဉာဏ်အရေအတွက်ကို အကျဉ်းပြဆိုခြင်း
၇၅၅။ ငါးခုသော အဖို့အစုအားဖြင့် ဉာဏ်၏ တည်ရာသည်ကား-
အင်္ဂါငါးပါးရှိသော ကောင်းသောတည်ကြည်မှုသည် ရှိ၏။ ဉာဏ်ငါးပါးရှိသော ကောင်းသောတည်ကြည်မှုသည် ရှိ၏။ ဤသို့ ငါးခုသော အဖို့အစုအားဖြင့် ဉာဏ်၏ တည်ရာသည် ဖြစ်၏။
၆-ခြောက်ခုသော အဖို့အစုအားဖြင့် ဉာဏ်အရေအတွက်ကို အကျဉ်းပြဆိုခြင်း
၇၅၆။ ခြောက်ခုသော အဖို့အစုအားဖြင့် ဉာဏ်၏ တည်ရာသည်ကား-
အဘိဉာဏ်ခြောက်ပါးတို့၌ ဖြစ်သောပညာသည် ရှိ၏။ ဤသို့ ခြောက်ခုသော အဖို့အစုအားဖြင့် ဉာဏ်၏တည်ရာသည် ဖြစ်၏။
--
၇-ခုနစ်ခုသော အဖို့အစုအားဖြင့် ဉာဏ်အရေအတွက်ကို အကျဉ်းပြဆိုခြင်း
၇၅၇။ ခုနစ်ခုသော အဖို့အစုအားဖြင့် ဉာဏ်၏ တည်ရာသည်ကား-
ခုနစ်ဆယ့်ခုနစ်ပါးသောဉာဏ်တည်းဟူသော တည်ရာတို့သည် ရှိကုန်၏။ ဤသို့ ခုနစ်ခုသော အဖို့အစုအားဖြင့် ဉာဏ်၏ တည်ရာသည် ဖြစ်၏။
၈-ရှစ်ခုသော အဖို့အစုအားဖြင့် ဉာဏ်အရေအတွက်ကို အကျဉ်းပြဆိုခြင်း
၇၅၈။ ရှစ်ခုသော အဖို့အစုအားဖြင့် ဉာဏ်၏ တည်ရာသည်ကား-
မဂ်လေးပါးတို့၌လည်းကောင်း၊ ဖိုလ်လေးပါးတို့၌လည်းကောင်း ဖြစ်သော ပညာသည် ရှိ၏။ ဤသို့ရှစ်ခုသော အဖို့အစုအားဖြင့် ဉာဏ်၏ တည်ရာသည် ဖြစ်၏။
၉-ကိုးခုသော အဖို့အစုအားဖြင့် ဉာဏ်အရေအတွက်ကို အကျဉ်းပြဆိုခြင်း
၇၅၉။ ကိုးခုသော အဖို့အစုအားဖြင့် ဉာဏ်၏ တည်ရာသည်ကား-
အစဉ်အတိုင်းဝင်စားအပ်သော သမာပတ်တို့၌ ဖြစ်သောပညာသည် ရှိ၏။ ဤသို့ ကိုးခုသော အဖို့အစုအားဖြင့် ဉာဏ်၏ တည်ရာသည် ဖြစ်၏။
--
၁၀-ဆယ်ခုသော အဖို့အစုအားဖြင့် ဉာဏ်အရေအတွက်ကို အကျဉ်းပြဆိုခြင်း
၇၆၀။ ဆယ်ခုသော အဖို့အစုအားဖြင့် ဉာဏ်၏ တည်ရာသည်ကား-
မြတ်စွာဘုရား၏ ဘုရားအားတော်ဆယ်ပါးတို့သည် ရှိကုန်၏။ ယင်းအားတော်တို့နှင့်ပြည့်စုံသောမြတ်စွာဘုရားသည် မြတ်သောအရာကို ဝန်ခံတော်မူ၏၊ ပရိသတ်တို့၌ ရဲရင့်သောအသံကို မြွက်ဆိုတော်မူ၏၊ ဓမ္မစကြာတရားကို လည်စေတော်မူ၏။ အဘယ်ဆယ်ပါးတို့နည်း-
(၁) ဤလောက၌ မြတ်စွာဘုရားသည် အကြောင်းဟုတ်သည်ကိုလည်း အကြောင်း ဟုတ်သောအားဖြင့် အကြောင်းမဟုတ်သည်ကိုလည်း အကြောင်းမဟုတ်သောအားဖြင့် ဟုတ်တိုင်း မှန်စွာ သိတော်မူ၏။ အကြောင်းဟုတ်သည်ကိုလည်း အကြောင်းဟုတ်သောအားဖြင့် အကြောင်း မဟုတ်သည်ကိုလည်းအကြောင်း မဟုတ်သောအားဖြင့် ဟုတ်တိုင်းမှန်စွာ သိခြင်းသည်လည်း မြတ်စွာဘုရား၏ ဘုရားအားတော်ဖြစ်၏။ ယင်းအားတော်ကိုစွဲ၍ မြတ်စွာဘုရားသည် မြတ်သော အရာကို ဝန်ခံတော်မူ၏၊ ပရိသတ်တို့၌ ရဲရင့်သော အသံကို မြွက်ဆိုတော်မူ၏၊ ဓမ္မစကြာတရားကို လည်စေတော်မူ၏။
(၂) ထို့ပြင်လည်း မြတ်စွာဘုရားသည် အတိတ် အနာဂတ် ပစ္စုပ္ပန်ဖြစ်သော ဆောက်တည် အပ်သောကံတို့၏ အကျိုးကို အကြောင်းအရာအားဖြင့် ဟုတ်တိုင်းမှန်စွာ သိတော်မူ၏။ အတိတ် အနာဂတ် ပစ္စုပ္ပန်ဖြစ်သော ဆောက်တည်အပ်သော ကံတို့၏အကျိုးကို အကြောင်းအရာအားဖြင့် ဟုတ်တိုင်းမှန်စွာသိခြင်းသည်လည်း မြတ်စွာဘုရား၏ ဘုရားအားတော်ဖြစ်၏။ ယင်းအားတော်ကို စွဲ၍ မြတ်စွာဘုရားသည်မြတ်သောအရာကို ဝန်ခံတော်မူ၏၊ ပရိသတ်တို့၌ ရဲရင့်သော အသံကို မြွက်ဆိုတော်မူ၏၊ ဓမ္မစကြာတရားကို လည်စေတော်မူ၏။
(၃) ထို့ပြင်လည်း မြတ်စွာဘုရားသည် ဂတိအမျိုးမျိုးသို့ ရောက်ကြောင်းအကျင့်ကို ဟုတ်တိုင်းမှန်စွာသိတော်မူ၏။ ဂတိအမျိုးမျိုးသို့ ရောက်ကြောင်းအကျင့်ကို ဟုတ်တိုင်းမှန်စွာ သိခြင်းသည်လည်းမြတ်စွာဘုရား၏ ဘုရားအားတော်ဖြစ်၏။ ယင်းအားတော်ကိုစွဲ၍ မြတ်စွာ ဘုရားသည် မြတ်သောအရာကိုဝန်ခံတော်မူ၏၊ ပရိသတ်တို့၌ ရဲရင့်သောအသံကို မြွက်ဆို တော်မူ၏၊ ဓမ္မစကြာတရားကိုလည်စေတော်မူ၏။
(၄) ထို့ပြင်လည်း မြတ်စွာဘုရားသည် များသောဓာတ်, အမျိုးမျိုးသောဓာတ်ရှိသော လောကကိုဟုတ်တိုင်းမှန်စွာ သိတော်မူ၏။ များသောဓာတ် အမျိုးမျိုးသောဓာတ်ရှိသော လောက ကိုဟုတ်တိုင်းမှန်စွာ သိခြင်းသည်လည်း မြတ်စွာဘုရား၏ ဘုရားအားတော်ဖြစ်၏။ ယင်း အားတော်ကို စွဲ၍မြတ်စွာဘုရားသည် မြတ်သောအရာကို ဝန်ခံတော်မူ၏၊ ပရိသတ်တို့၌ ရဲရင့်သောအသံကိုမြွက်ဆိုတော်မူ၏၊ ဓမ္မစကြာတရားကို လည်စေတော်မူ၏။
(၅) ထို့ပြင်လည်း မြတ်စွာဘုရားသည် သတ္တဝါတို့၏ အမျိုးမျိုးသော နှလုံးသွင်းခြင်းကို ဟုတ်တိုင်းမှန်စွာသိတော်မူ၏၊ သတ္တဝါတို့၏ အမျိုးမျိုးသော နှလုံးသွင်းခြင်းကို ဟုတ်တိုင်းမှန်စွာ သိခြင်းသည်လည်းမြတ်စွာဘုရား၏ ဘုရားအားတော်ဖြစ်၏။ ယင်းအားတော်ကိုစွဲ၍ မြတ်စွာ ဘုရားသည် မြတ်သောအရာကိုဝန်ခံတော်မူ၏။ ပရိသတ်တို့၌ ရဲရင့်သောအသံကို မြွက်ဆို တော်မူ၏၊ ဓမ္မစကြာတရားကိုလည်စေတော်မူ၏။
(၆) ထို့ပြင်လည်း မြတ်စွာဘုရားသည် တစ်ပါးသောသတ္တဝါ တစ်ပါးသောပုဂ္ဂိုလ်တို့၏ ဣန္ဒြေအနုအရင့်ကို ဟုတ်တိုင်းမှန်စွာ သိတော်မူ၏။ တစ်ပါးသောသတ္တဝါ တစ်ပါးသောပုဂ္ဂိုလ်တို့၏ဣန္ဒြေအနုအရင့်ကို ဟုတ်တိုင်းမှန်စွာ သိခြင်းသည်လည်း မြတ်စွာဘုရား၏ ဘုရားအားတော်ဖြစ်၏။ ယင်းအားတော်ကိုစွဲ၍ မြတ်စွာဘုရားသည် မြတ်သောအရာကို ဝန်ခံတော်မူ၏၊ ပရိသတ်တို့၌ ရဲရင့်သောအသံကို မြွက်ဆိုတော်မူ၏၊ ဓမ္မစကြာတရားကို လည်စေတော်မူ၏။
--
(၇) ထို့ပြင်လည်း မြတ်စွာဘုရားသည် ဈာန်, လွတ်မြောက်မှု ‘ဝိမောက္ခ', တည်ကြည်မှု ‘သမာဓိ', ဝင်စားမှု ‘သမာပတ်’ တို့၏ ညစ်နွမ်းခြင်း ဖြူစင်ခြင်း ထခြင်းကို ဟုတ်တိုင်းမှန်စွာ သိတော်မူ၏။ ဈာန်, လွတ်မြောက်မှု ‘ဝိမောက္ခ', တည်ကြည်မှု ‘သမာဓိ', ဝင်စားမှု ‘သမာပတ်’ တို့၏ ညစ်နွမ်းခြင်း ဖြူစင်ခြင်း ထခြင်းကို ဟုတ်တိုင်းမှန်စွာ သိခြင်းသည်လည်း မြတ်စွာဘုရား၏ ဘုရားအားတော်ဖြစ်၏။ ယင်းအားတော်ကိုစွဲ၍ မြတ်စွာဘုရားသည် မြတ်သောအရာကို ဝန်ခံတော် မူ၏၊ ပရိသတ်တို့၌ ရဲရင့်သောအသံကို မြွက်ဆိုတော်မူ၏၊ ဓမ္မစကြာတရားကို လည်စေတော်မူ၏။
(၈) ထို့ပြင်လည်း မြတ်စွာဘုရားသည် ရှေး၌ နေဖူးသော ခန္ဓာအစဉ်ကို အောက်မေ့ခြင်းကိုဟုတ်တိုင်းမှန်စွာ သိတော်မူ၏။ ရှေး၌ နေဖူးသော ခန္ဓာအစဉ်ကို အောက်မေ့ခြင်းကို ဟုတ်တိုင်း မှန်စွာသိခြင်းသည်လည်း မြတ်စွာဘုရား၏ ဘုရားအားတော်ဖြစ်၏။ ယင်းအားတော်ကိုစွဲ၍ မြတ်စွာဘုရားသည်မြတ်သောအရာကို ဝန်ခံတော်မူ၏၊ ပရိသတ်တို့၌ ရဲရင့်သောအသံကို မြွက်ဆို တော်မူ၏၊ ဓမ္မစကြာတရားကို လည်စေတော်မူ၏။
(၉) ထို့ပြင်လည်း မြတ်စွာဘုရားသည် သတ္တဝါတို့၏ စုတေခြင်း ပဋိသန္ဓေနေခြင်းကို ဟုတ်တိုင်းမှန်စွာသိတော်မူ၏။ သတ္တဝါတို့၏ စုတေခြင်း ပဋိသန္ဓေနေခြင်းကို ဟုတ်တိုင်းမှန်စွာ သိခြင်းသည်လည်းမြတ်စွာဘုရား၏ ဘုရားအားတော်ဖြစ်၏။ ယင်းအားတော်ကိုစွဲ၍ မြတ်စွာ ဘုရားသည် မြတ်သောအရာကိုဝန်ခံတော်မူ၏၊ ပရိသတ်တို့၌ ရဲရင့်သောအသံကို မြွက်ဆို တော်မူ၏၊ ဓမ္မစကြာတရားကိုလည်စေတော်မူ၏။
(၁၀) ထို့ပြင်လည်း မြတ်စွာဘုရားသည် အာသဝတို့၏ ကုန်ရာကို ဟုတ်တိုင်းမှန်စွာ သိတော်မူ၏။ အာသဝတို့၏ကုန်ရာကို ဟုတ်တိုင်းမှန်စွာ သိခြင်းသည်လည်း မြတ်စွာဘုရား၏ ဘုရားအားတော် ဖြစ်၏။ ယင်းအားတော်ကိုစွဲ၍ မြတ်စွာဘုရားသည် မြတ်သောအရာကို ဝန်ခံ တော်မူ၏၊ ပရိသတ်တို့၌ ရဲရင့်သောအသံကို မြွက်ဆိုတော်မူ၏၊ ဓမ္မစကြာတရားကို လည်စေတော် မူ၏။ ဤသည်တို့ကားမြတ်စွာဘုရား၏ ဘုရားအားတော်ဆယ်ပါးတို့တည်း။ ယင်းအားတော် တို့နှင့် ပြည့်စုံသောမြတ်စွာဘုရားသည် မြတ်သောအရာကို ဝန်ခံတော်မူ၏။ ပရိသတ်တို့၌ ရဲရင့်သောအသံကိုမြွက်ဆိုတော်မူ၏၊ ဓမ္မစကြာ တရားကို လည်စေတော်မူ၏။ ဤသို့ ဆယ်ခုသော အဖို့အစုအားဖြင့် ဉာဏ်၏ တည်ရာသည် ဖြစ်၏။
အကျဉ်းပြဆိုခြင်း (မာတိကာ) ပြီး၏။
--
အကျယ်ပြဆိုခြင်း
၁ – တစ်ခုသော အဖို့အစုအားဖြင့် ဉာဏ်များကို အကျယ်ပြဆိုခြင်း
၇၆၁။ ဝိဉာဏ်ငါးပါးတို့သည် ဟိတ် မမည် ၊ ဟိတ် မရှိ ၊ ဟိတ်နှင့်မယှဉ်သည်သာ ဖြစ်၏။အကြောင်း ‘ပစ္စယ’ ရှိသည်သာ ဖြစ်၏။အကြောင်းတရားတို့သည် ပြုပြင်အပ်သည်သာ ဖြစ်၏ ၊နာမ်တရား သည်သာ ဖြစ်၏ ၊ လောက၌ အကျုံးဝင်သည်သာ ဖြစ်၏ ၊ အာသဝ၏ အာရုံသာ ဖြစ်၏။သံယောဇဉ်၏ အာရုံသာ ဖြစ်၏။ဂန္တ၏ အာရုံသာ ဖြစ်၏။ဩဃ၏ အာရုံသာ ဖြစ်၏။ ယောဂ၏အာရုံသာ ဖြစ်၏။ နီဝရဏ အာရုံ သာ ဖြစ်၏။ပရာမာသ၏ အာရုံသာ ဖြစ်၏။ဥပါဒါန်၏ အာရုံသာဖြစ်၏။ ကိလေသာ၏ အာရုံသာ ဖြစ်၏။ အဗျာကတမည်သည်သာ ဖြစ်၏။ အာရုံပြုခြင်းရှိသာ ဖြစ်၏။စေတသိတ်မမည်သည်သာ ဖြစ်၏။ အကျိုးဝိပေါက်တရားတို့သာ ဖြစ်၏။တဏှာဒိဋ္ဌိတို့သည်သာ ကပ်အပ်သော ကံသည် အကျိုး၏အဖြစ်ဖြင့် ယူအပ်ကုန်သည်ဖြစ်၍ ဥပါဒါန်၏ အာရုံလည်း ဖြစ်၏။ ပူပန်စေအပ်သည်ကား မဟုတ်, ကိလေသာ၏ အာရုံသာ ဖြစ်၏။ဝိတက်လည်းရှိ၊ဝိစာရလည်းရှိသော တရား မဟုတ်သည်သာ ဖြစ်၏။ဝိတက်ကား မရှိ, ဝိစာရမျှသာရှိသော တရား မဟုတ်သည်သာ ဖြစ်၏။ ဝိတက်လည်းမရှိ, ဝိစာရလည်း မရှိသော တရား သည်သာ ဖြစ်၏။ပီတိနှင့်တကွ မဖြစ်သော တရားသာ ဖြစ်၏။သောတာပတ္တမဂ်သည် ပယ်အပ်သည် လည်း မဟုတ်, အထက်မဂ်သုံးခုသည် ပယ်အပ်သည် လည်းမဟုတ်သည်သာ ဖြစ်၏။ သောတာပတ္တမဂ် သည် ပယ်အပ်သော ဟိတ်ရှိသည်လည်း မဟုတ် အထက်မဂ်သုံးခု ပယ်အပ်သော ဟိတ်ရှိသည်လည်း မဟုတ်သော တရားသာ ဖြစ်၏။ စုတိပဋိသန္ဓေသို့ရောက်ကြောင်းလည်း မဟုတ်, နိဗ္ဗာန်သို့ ရောက် ကြောင်းလည်း မဟုတ်သော တရားသာ ဖြစ်၏။သေက္ခပုဂ္ဂိုလ်တို့၏ ဥစ္စာလည်း မဟုတ်, ရဟန္တာပုဂ္ဂိုလ် တို့၏ ဥစ္စာလည်း မဟုတ်သော တရားသာဖြစ်၏။ ကာမတရားသာ ဖြစ်၏။ ရူပါဝစရမမည်သော တရား သည်သာ ဖြစ်၏။ အရူပါဝစရမမည်သောတရားသာ ဖြစ်၏။ ဘုံသုံးပါး၌ အကျုံးဝင်သည်သာ ဖြစ်၏။ ဘုံသုံးပါး၌ အကျုံးမဝင်သော တရားမဟုတ်သည်သာ ဖြစ်၏။ အကျိုးပေးမြဲသော တရားမဟုတ်သည်သာ ဖြစ်၏။ဝဋ်ဆင်းရဲမှ ထွက်မြောက်ကြောင်းမဟုတ်သည်သာ ဖြစ်၏။ ဖြစ်ဆဲဖြစ်၍ မနောဝိညာဏ်သည် သိအပ်သည်သာ ဖြစ်၏။မမြဲသောတရားသာဖြစ်၏။
၇၆၂။ ဝိညာဏ်ငါးပါးတို့သည် ဖြစ်ဆဲဝတ္ထုကို မှီကုန်၏၊ဖြစ်ဆဲအာရုံကို အာရုံပြုကု၏ဟူသည်ဖြစ်ဆဲသော မှီရာ၌ ဖြစ်ဆဲအာရုံ၌ ဖြစ်ကုန်၏။ရှေ့၌ဖြစ်သော ဝတ္ထုရုပ်ကိုမှီကုန်၏၊ရှေ့၌ဖြစ်သော အာရုံကို အာရုံပြု ကုန်၏ဟူသည် ရှေ့၌ဖြစ်သော(အတီတဘဝင်နှင့် ဥပါဒ်ပြိုင်သော) မှီရာ၌, ရှေ့၌ဖြစ်သော(အတိတဘဝင် နှင့် ဥပါဒ်ပြိုင်သော) အာရုံ၌ ဖြစ်ကုန်၏။အဇ္ဈတ္တိကရုပ်ကို မှီကုန်၏။အပအာရုံကို အာရုံပြုကုန်၏ဟူသည် ဝိညာဏ်ငါးပါးတို့၏ မှီရာတို့သည် မိမိ ‘အဇ္ဈတ္တ’ သန္တာန်၌ ဖြစ်ကုန်၏၊အာရုံတို့သည် အပ (ဗာဟိရ) တို့တည်း။မချုပ်သေးသော ရုပ်ကို မှီကုန်၏၊မချုပ်သေးသော အာရုံကို အာရုံပြုကုန်၏ဟူသည် မရောစပ်(မပျက်စီးသေး)သော မှီရာ၌, မရောစပ်(မပျက်စီးသေး)သော အာရုံ၌ ဖြစ်ကုန်၏။အသီးသီးသော ရုပ်လျှင် မှီရာရှိကုန်၏၊ အသီးသီးသော အာရုံကို အာရုံပြုကုန်၏ဟူသည် စက္ခုဝိညာဏ်၏ မှီရာ, အာရုံသည် အခြားတစ်ပါးတည်း၊ သောတဝိညာဏ်၏ မှီရာ, အာရုံသည် အခြားတစ်ပါးတည်း၊ ဃာနဝိညာဏ်၏ မှီရာ, အာရုံသည် အခြားတစ်ပါးတည်း၊ဇီဝှာဝိညာဏ်၏ မှီရာ, အာရုံသည် အခြားတစ်ပါးတည်း၊ကာယဝိညာဏ်၏ မှီရာ, အာရုံသည် အခြားတစ်ပါးတည်း။
--
၇၆၃။ တစ်ပါးသည် တစ်ပါး၏ အာရုံကို မခံစားကုန်ဟူသည် စက္ခုဝိညာဏ်၏ ကျက်စားရာအာရုံကို သောတဝိညာဏ်သည် မခံစား၊ သောတဝိညာဏ်၏ ကျက်စားရာအာရုံကိုလည်း စက္ခုဝိညာဏ်သည် မခံစား။ စက္ခုဝိညာဏ်၏ ကျက်စားရာအာရုံကိုလည်း ဃာနဝိညာဏ်သည် မခံစား၊ ဃာနဝိညာဏ်၏ ကျက်စားရာအာရုံကိုလည်း စက္ခုဝိညာဏ်သည် မခံစား။ စက္ခုဝိညာဏ်၏ ကျက်စားရာအာရုံကိုလည်းဇိဝှာဝိညာဏ်သည် မခံစား၊ ဇိဝှာဝိညာဏ်၏ ကျက်စားရာအာရုံကိုလည်း စက္ခုဝိညာဏ်သည် မခံစား။စက္ခုဝိညာဏ်၏ ကျက်စားရာအာရုံကို ကာယဝိညာဏ်သည် မခံစား၊ ကာယဝိညာဏ်၏ ကျက်စားရာအာရုံကိုလည်း စက္ခုဝိညာဏ်သည် မခံစား။သောတဝိညာဏ်၏ ။ပ။ ဃာနဝိညာဏ်၏။ပ။ ဇိဝှာဝိညာဏ်၏။ပ။ ကာယဝိညာဏ်၏ ကျက်စားရာ အာရုံကိုလည်း စက္ခုဝိညာဏ်သည် မခံစား၊ စက္ခုဝိညာဏ်၏ ကျက်စားရာအာရုံကိုလည်း ကာယဝိညာဏ်သည် မခံစား။ကာယဝိညာဏ်၏ ကျက်စားရာအာရုံကို သောတဝိညာဏ်သည် မခံစား၊ သောတဝိညာဏ်၏ကျက်စားရာအာရုံကိုလည်း ကာယဝိညာဏ်သည် မခံစား။ကာယဝိညာဏ်၏ ကျက်စားရာအာရုံကို ဃာနဝိညာဏ်သည် မခံစား၊ ဃာနဝိညာဏ်၏ ကျက်စားရာအာရုံကိုလည်း ကာယဝိညာဏ်သည် မခံစား။ကာယဝိညာဏ်၏ ကျက်စားရာ အာရုံကို ဇိဝှာဝိညာဏ်သည် မခံစား၊ ။ ဇိဝှာဝိညာဏ်၏ ကျက်စားရာအာရုံကိုလည်း ကာယဝိညာဏ်သည် မခံစား။
၇၆၄။ အာဝဇ္ဇန်းကင်းလျက် မဖြစ်ကုန်ဟူသည် ဆင်ခြင်သူအား ဖြစ်ကုန်၏။နှလုံးမသွင်းဘဲ မဖြစ်ကုန်ဟူသည် နှလုံးသွင်းသူအား ဖြစ်ကုန်၏။ရောပြွမ်း၍ မဖြစ်ကုန်ဟူသည် အစဉ်အတိုင်း မဖြစ်ကုန်။မရှေးမနှောင်း မဖြစ်ကုန်ဟူသည် တစ်ခဏတည်း (တစ်ပြိုင်တည်း) မဖြစ်ကုန်။
၇၆၅။ တစ်ပါးသည် တစ်ပါး၏ အခြားမဲ့၌ မဖြစ်ကုန်ဟူသည် စက္ခုဝိညာဏ်ဖြစ်သည်မှ အခြားမဲ့၌သောတဝိညာဏ်သည် မဖြစ်၊ သောတဝိညာဏ်ဖြစ်သည်မှ အခြားမဲ့၌လည်း စက္ခုဝိညာဏ် မဖြစ်။စက္ခုဝိညာဏ်ဖြစ်သည်မှ အခြားမဲ့၌ ဃာနဝိညာဏ် မဖြစ်၊ ဃာနဝိညာဏ်ဖြစ်သည်မှ အခြားမဲ့၌လည်း စက္ခုဝိညာဏ်သည် မဖြစ်။စက္ခုဝိညာဏ်ဖြစ်သည်မှ အခြားမဲ့၌ ဇိဝှာဝိညာဏ်သသည် မဖြစ်၊ ဇိဝှာဝိညာဏ်ဖြစ်သည်မှအခြားမဲ့၌လည်း စက္ခုဝိညာဏ်သည် မဖြစ်။စက္ခုဝိညာဏ်ဖြစ်သည်မှ အခြားမဲ့၌ ကာယဝိညာဏ်သည် မဖြစ်၊ ကာယဝိညာဏ်ဖြစ်မှသည်အခြားမဲ့၌လည်း စက္ခုဝိညာဏ်သည် မဖြစ်။သောတဝိညာဏ်၏ ။ပ။ဃာနဝိညာဏ်၏။ပ။ဇိဝှာဝိညာဏ်၏။ပ။ကာယဝိညာဏ်ဖြစ်မှသည် အခြားမဲ့၌ စက္ခုဝိညာဏ်သည် မဖြစ်၊ စက္ခုဝိညာဏ်ဖြစ်သည်မှအခြားမဲ့၌လည်း ကာယဝိညာဏ် မဖြစ်။ကာယဝိညာဏ်ဖြစ်မှသည် အခြားမဲ့၌ သောတဝိညာဏ်သည် မဖြစ်၊ သောတဝိညာဏ်ဖြစ်မှသည်အခြားမဲ့၌လည်း ကာယဝိညာဏ် မဖြစ်။ကာယဝိညာဏ်ဖြစ်မှသည် အခြားမဲ့၌ ဃာနဝိညာဏ်သည် မဖြစ်၊ ဃာနဝိညာဏ်ဖြစ်မှသည်အခြားမဲ့၌လည်း ကာယဝိညာဏ် မဖြစ်။ကာယဝိညာဏ်ဖြစ်မှသည် အခြားမဲ့၌ ဇိဝှာဝိညာဏ်သည် မဖြစ်၊ ဇိဝှာဝိညာဏ်ဖြစ်မှသည် အခြားမဲ့၌လည်း ကာယဝိညာဏ် မဖြစ်။
--
၇၆၆။ ဝိညာဏ်ငါးပါးတို့သည် နှလုံးသွင်း မရှိကုန်ဟူသည် ဝိညာဏ်ငါးပါးတို့အား ဘဝင်အစဉ်ကိုလည်ခြင်းသည် လည်းကောင်း၊ ဆင်ခြင်ခြင်းသည် လည်းကောင်း၊စိတ်ကူးခြင်းသည် လည်းကောင်း၊ နှလုံးသွင်းခြင်းသည် လည်းကောင်း မရှိကုန်။ဝိညာဏ်ငါးပါးတို့ဖြင့် တစ်စုံတစ်ခုသော တရားကို အထူးမသိဟူသည် ငါးပါးသော ဝိညာဏ်တို့ဖြင့် တစ်စုံတစ်ခုသော တရားကို သီးခြားအထူး မသိ။ရှေးရှုကျခြင်းမျှကို ကြဉ်၍ဟူသည် ထင်ခြင်းမျှကို ကြဉ်၍။ဝိညာဏ်ငါးပါးတို့၏ အခြားမဲ့၌လည်း တစ်စုံတစ်ခုသော တရားကို အထူးမသိဟူသည် ဝိညာဏ်ငါးပါးတို့၏ အခြားမဲ့၌ဖြစ်သော မနောဓာတ်ဖြင့်လည်း တစ်စုံတစ်ခုသော တရားကို သီးခြားအထူးမသိ။ဝိညာဏ်ငါးပါးတို့ဖြင့် တစ်စုံတစ်ခုသော ဣရိယာပုထ်ကို မပြုလုပ်နိုင်ဟူသည် ဝိညာဏ်ငါးပါးတို့ဖြင့် သွားခြင်း ရပ်ခြင်း ထိုင်ခြင်း အိပ်ခြင်းဟူသော တစ်စုံတစ်ခုသော ဣရိယာပုထ်ကို မပြုလုပ်နိုင်။ဝိညာဏ်ငါးပါးတို့၏ အခြားမဲ့၌လည်း တစ်စုံတစ်ခုသော ဣရိယာပုထ်ကို မပြုလုပ်နိုင်ဟူသည်ဝိညာဏ်ငါးပါးတို့၏ အခြားမဲ့၌ဖြစ်သော မနောဓာတ်ဖြင့်လည်း သွားခြင်း ရပ်ခြင်း ထိုင်ခြင်း အိပ်ခြင်းဟူသော တစ်စုံတစ်ခုသော ဣရိယာပုထ်ကို မပြုလုပ်နိုင်။ဝိညာဏ်ငါးပါးတို့ဖြင့် ကိုယ်အမူအရာ နှုတ်အမူအရာ မဖြစ်စေနိုင်ဟူသည် ဝိညာဏ်ငါးပါးတို့ဖြင့် ကိုယ်အမူအရာ နှုတ်အမူအရာ မဖြစ်စေနိုင်။ဝိညာဏ်ငါးပါးတို့ဖြင့် အခြားမဲ့၌လည်း ကိုယ်အမူအရာ နှုတ်အမူအရာ မဖြစ်စေနိုင် ဟူသည်ဝိညာဏ်ငါးပါးတို့၏ အခြားမဲ့၌ဖြစ်သော မနောဓာတ်ဖြင့်လည်း ကိုယ်အမူအရာ နှုတ်အမူအရာ မဖြစ်စေနိုင်။ဝိညာဏ်ငါးပါးတို့ဖြင့် ကုသိုလ် အကုသိုလ်တရားကို မဆောက်တည်နိုင် ဟူသည် ဝိညာဏ်ငါးပါးတို့ဖြင့် ကုသိုလ် အကုသိုလ်တရားကို မဆောက်တည်နိုင်။ဝိညာဏ်ငါးပါးတို့ဖြင့် သမပတ်ကို မဝင်စားနိုင် သမပတ်မှ မထနိုင် ဟူသည် ဝိညာဏ်ငါးပါးတို့ဖြင့် သမပတ်ကို မဝင်စားနိုင် သမပတ်မှ မထနိုင်။ဝိညာဏ်ငါးပါးတို့၏ အခြားမဲ့၌လည်း သမပတ်ကို မဝင်စားနိုင် သမပတ်မှ မထနိုင်ဟူသည်ဝိညာဏ်ငါးပါးတို့၏ အခြားမဲ့၌ဖြစ်သော မနောဓာတ်ဖြင့်လည်း သမပတ်ကို မဝင်စားနိုင် သမပတ်မှ မထနိုင်။ဝိညာဏ်ငါးပါးတို့ဖြင့် မစုတေနိုင်၊ပဋိသန္ဓေ မနေနိုင်ဟူသည် ငါးပါးသောဝိညာဏ်တို့ဖြင့် မစုတေနိုင်၊ ပဋိသန္ဓေ မနေနိုင်။ဝိညာဏ်ငါးပါးတို့၏ အခြားမဲ့၌လည်း မစုတေနိုင်၊ပဋိသန္ဓေ မနေနိုင်ဟူသည် ဝိညာဏ်ငါးပါးတို့၏ အခြားမဲ့၌ဖြစ်သော မနောဓာတ်ဖြင့်လည်း မစုတေနိုင်၊ပဋိသန္ဓေ မနေနိုင်။ဝိညာဏ်ငါးပါးတို့ဖြင့် မအိပ် မနိုး အိပ်မက်မမက်နိုင်ဟူသည် ဝိညာဏ်ငါးပါးတို့ဖြင့် မအိပ် မနိုးမမက်နိုင်။ဝိညာဏ်ငါးပါးတို့၏ အခြားမဲ့၌လည်း မအိပ် မနိုး အိပ်မက်မမက်နိုင်ဟူသည် ဝိညာဏ်ငါးပါးတို့၏ အခြားမဲ့၌ဖြစ်သော မနောဓာတ်ဖြင့်လည်း မအိပ် မနိုး အိပ်မက်မမက်နိုင်။ ဤသို့ ဟုတ်မှန်သောတည်ရာအကြောင်းကို ထင်စွာပြသော ပညာသည် ဖြစ်၏။ ဤသို့ တစ်ခုသော အဖို့အစုအားဖြင့် ဉာဏ်၏ တည်ရာသည် ဖြစ်၏။
တစ်ခုသော ဉာဏ်အရေအတွက် ပြီး၏။
--
နှစ်ခုသော အဖို့အစုအားဖြင့် ဉာဏ်များကို အကျယ်ပြဆိုခြင်း
၇၆၇။ (၁) ဘုံသုံးပါးတို့၌ ကုသိုလ်, အဗျာကတ၌ ဖြစ်သော ပညာသည် လောက၌ အကျုံးဝင်သောပညာ တည်း၊ မဂ်လေးပါး၊ဖိုလ်လေးပါးတို့၌ ဖြစ်သော ပညာသည် လောကမှ ထွက်မြောက်သောပညာတည်း။
(၂) ပညာအလုံးစုံသည်သာလျှင် တစ်စုံတစ်ခုသော စိတ်ဖြင့် သိအပ်သော ပညာတည်း၊ တစ်စုံတစ်ခုသော စိတ်ဖြင့် မသိအပ်သော ပညာတည်း။
(၃) ဘုံသုံးပါးတို့၌ ကုသိုလ်, အဗျာကတ၌ ဖြစ်သော ပညာသည် အာသဝ၏အာရုံဖြစ်သောပညာတည်း၊ မဂ်လေးပါးတို့ ဖိုလ်လေးပါးတို့၌ ဖြစ်သော ပညာသည် အာသဝ၏အာရုံမဟုတ်သောပညာတည်း။
(၄) ဘုံသုံးပါးတို့၌ ကုသိုလ်, အဗျာကတ၌ ဖြစ်သော ပညာသည် အာသဝနှင့်မယှဉ်မူ၍ အာသဝ၏အာရုံသာ ဖြစ်သော ပညာတည်း၊ မဂ်လေးပါး ဖိုလ်လေးပါးတို့၌်ဖြစ်သော ပညာတည်း။
(၅) ဘုံသုံးပါးတို့၌ ကုသိုလ်, အဗျာကတ၌ ဖြစ်သော ပညာသည် သံယောဇဉ်၏ အာရုံသာဖြစ်သောပညာတည်း၊ မဂ်လေးပါး ဖိုလ်လေးပါးတို့၌ဖြစ်သော ပညာသည် သံယောဇဉ်၏ အာရုံမဟုတ်သော ပညာတည်း။
(၆) ဘုံသုံးပါးတို့၌ ကုသိုလ်, အဗျာကတ၌ ဖြစ်သော ပညာသည် သံယောဇဉ်နှင့် မယှဉ်မူ၍အာရုံသာ ဖြစ်သော ပညာတည်း၊ မဂ်လေးပါး ဖိုလ်လေးပါးတို့၌ဖြစ်သော ပညာသည် သံယောဇဉ်နှင့်မယှဉ် သံယောဇဉ်၏ အာရုံမဟုတ်သော ပညာတည်း။
(၇) ဘုံသုံးပါးတို့၌ ကုသိုလ်, အဗျာကတ၌ ဖြစ်သော ပညာသည် ဂန္ထ၏ အာရုံဖြစ်သော ဂန္ထ၏အာရုံ မဟုတ်သော ပညာတည်း၊ မဂ်လေးပါး ဖိုလ်လေးပါးတို့၌ဖြစ်သော ပညာသည် ဂန္ထ၏ အာရုံမဟုတ်သော ပညာတည်း။
(၈) ဘုံသုံးပါးတို့၌ ကုသိုလ်, အဗျာကတ၌ ဖြစ်သော ပညာသည် ဂန္ထနှင့်မယှဉ်မူ၍ ဂန္ထ၏အာရုံသာဖြစ် သော ပညာတည်း၊ မဂ်လေးပါး ဖိုလ်လေးပါးတို့၌ဖြစ်သော ပညာသည် ဂန္ထနှင့်လည်းမယှဉ် ဂန္ထ၏ အာရုံ လည်းမဟုတ်သော ပညာတည်း။
(၉) ဘုံသုံးပါးတို့၌ ကုသိုလ်, အဗျာကတ၌ ဖြစ်သော ပညာသည် ဩဃ၏အာရုံဖြစ်သော ပညာတည်း၊ မဂ်လေးပါး ဖိုလ်လေးပါးတို့၌ဖြစ်သော ပညာသည် ဩဃ၏ အာရုံမဟုတ်သော ပညာတည်း။
(၁၀) ဘုံသုံးပါးတို့၌ ကုသိုလ်, အဗျာကတ၌ ဖြစ်သော ပညာသည် ဩဃနှင့်မယှဉ်မူ၍ဩဃ၏အာရုံ ဖြစ်သော ပညာတည်း၊ မဂ်လေးပါး ဖိုလ်လေးပါးတို့၌ဖြစ်သော ပညာသည် ဩဃနှင့်မယှဉ်ဩဃ၏ အာရုံမဟုတ်သော ပညာတည်း။
(၁၁) ဘုံသုံးပါးတို့၌ ကုသိုလ်, အဗျာကတ၌ ဖြစ်သော ပညာသည် ယောဂ၏အာရုံဖြစ်သော ပညာတည်း၊ မဂ်လေးပါး ဖိုလ်လေးပါးတို့၌ဖြစ်သော ပညာသည် ယောဂ၏ အာရုံမဟုတ်သော ပညာတည်း။
(၁၂) ဘုံသုံးပါးတို့၌ ကုသိုလ်, အဗျာကတ၌ ဖြစ်သော ပညာသည် ယောဂနှင့်မယှဉ်မူ၍ ယောဂ၏အာရုံသာဖြစ်သော ပညာတည်း၊ မဂ်လေးပါး ဖိုလ်လေးပါးတို့၌ဖြစ်သော ပညာသည် ယောဂနှင့်လည်းမယှဉ် ယောဂ၏ အာရုံမဟုတ်သော ပညာတည်း။
--
(၁၃) ဘုံသုံးပါးတို့၌ ကုသိုလ်, အဗျာကတ၌ ဖြစ်သော ပညာသည် နီဝရဏ၏အာရုံဖြစ်သော ပညာတည်း၊ မဂ်လေးပါး ဖိုလ်လေးပါးတို့၌ဖြစ်သော ပညာသည် နီဝရဏ၏ အာရုံမဟုတ်သော ပညာတည်း။
(၁၄) ဘုံသုံးပါးတို့၌ ကုသိုလ်, အဗျာကတ၌ ဖြစ်သော ပညာသည် နီဝရဏနှင့်မယှဉ်မူ၍ နီဝရဏ၏အာရုံသာဖြစ်သော ပညာတည်း၊ မဂ်လေးပါး ဖိုလ်လေးပါးတို့၌ဖြစ်သော ပညာသည် နီဝရဏနှင့်လည်းမယှဉ်, နီဝရဏ၏ အာရုံမဟုတ်သော ပညာတည်း။
(၁၅) ဘုံသုံးပါးတို့၌ ကုသိုလ်, အဗျာကတ၌ ဖြစ်သော ပညာသည် ပရာမာသ၏ အာရုံဖြစ်သောပညာတည်း၊ မဂ်လေးပါး ဖိုလ်လေးပါးတို့၌ဖြစ်သော ပညာသည် ပရာမာသ၏ အာရုံမဟုတ်သောပညာတည်း။
(၁၆) ဘုံသုံးပါးတို့၌ ကုသိုလ်, အဗျာကတ၌ ဖြစ်သော ပညာသည် ပရာမာသနှင့်မယှဉ်မူ၍ပရာမာသ၏ အာရုံသာဖြစ်သော ပညာတည်း၊ မဂ်လေးပါး ဖိုလ်လေးပါးတို့၌ဖြစ်သော ပညာသည်ပရာမာသနှင့် လည်း မယှဉ်, ပရာမာသ၏ အာရုံလည်းမဟုတ်သော ပညာတည်း။
(၁၇) ဘုံသုံးပါးတို့၌ ကုသိုလ်, အဗျာကတ၌ ဖြစ်သော ပညာသည် တဏှာဒိဋ္ဌိတို့သည် ကပ်အပ်သော ကံသည် အကျိုး၏အဖြစ်ဖြင့် ယူအပ်သော ပညာတည်း၊ဘုံသုံးပါးတို့၌ ကုသိုလ်၌ဖြစ်သော ပညာသည် လည်းကောင်း၊ ကြိယာအဗျာကတ၌ ဖြစ်သော ပညာသည် လည်းကောင်း၊ မဂ်လေးပါးဖိုလ်လေးပါး တို့၌ ဖြစ်သော ပညာသည် လည်းကောင်း၊ တဏှာဒိဋ္ဌိတို့သည် ကပ်အပ်သော ကံသည်အကျိုး၏ အဖြစ်ဖြင့် မယူအပ်သော ပညာတည်း။
(၁၈) ဘုံသုံးပါးတို့၌ ကုသိုလ်, အဗျာကတ၌ ဖြစ်သော ပညာသည် ဥပါဒါန်၏ အာရုံဖြစ်သော ပညာတည်း၊ မဂ်လေးပါး ဖိုလ်လေးပါးတို့၌ဖြစ်သော ပညာသည် ဥပါဒါန်၏ အာရုံမဟုတ်သော ပညာတည်း။
(၁၉) ဘုံသုံးပါးတို့၌ ကုသိုလ်, အဗျာကတ၌ ဖြစ်သော ပညာသည် ဥပါဒါန်နှင့်မယှဉ်မူ၍ ဥပါဒါန်၏အာရုံသာဖြစ်သော ပညာတည်း၊ မဂ်လေးပါး ဖိုလ်လေးပါးတို့၌ဖြစ်သော ပညာသည် ဥပါဒါန်နှင့်လည်းမယှဉ်, ဥပါဒါန်၏ အာရုံလည်းမဟုတ်သော ပညာတည်း။
(၂၀) ဘုံသုံးပါးတို့၌ ကုသိုလ်, အဗျာကတ၌ ဖြစ်သော ပညာသည် ကိလေသာ၏ အာရုံဖြစ်သောပညာ တည်း၊ မဂ်လေးပါး ဖိုလ်လေးပါးတို့၌ဖြစ်သော ပညာသည် ကိလေသာ၏ အာရုံမဟုတ်သောပညာ တည်း။
(၂၁) ဘုံသုံးပါးတို့၌ ကုသိုလ်, အဗျာကတ၌ ဖြစ်သော ပညာသည် ကိလေသာနှင့် မယှဉ်မူ၍ကိလေသာ ၏ အာရုံသာဖြစ်သော ပညာတည်း၊ မဂ်လေးပါး ဖိုလ်လေးပါးတို့၌ဖြစ်သော ပညာသည်ကိလေသာ နှင့်လည်း မယှဉ်, ကိလေသာ၏ အာရုံလည်းမဟုတ်သော ပညာတည်း။
(၂၂)ဝိတက်နှင့်ယှဉ်သော ပညာသည် ဝိတက်ရှိသော ပညာတည်း၊ ဝိတက်နှင့်မယှဉ်သောပညာသည် ဝိတက်မရှိသော ပညာတည်း။
(၂၃)ဝိစာရနှင့်ယှဉ်သော ပညာသည် ဝိစာရရှိသော ပညာတည်း၊ ဝိစာရနှင့်မယှဉ်သော ပညာသည်ဝိစာရမရှိသော ပညာတည်း။
(၂၄) ပီတိနှင့်ယှဉ်သော ပညာသည် ပီတိရှိသော ပညာတည်း၊ ပီတိနှင့်မယှဉ်သော ပညာသည် ပီတိမရှိသော ပညာတည်း။
(၂၅) ပီတိနှင့်ယှဉ်သော ပညာသည် ပီတိနှင့်တကွဖြစ်သော ပညာတည်း၊ ပီတိနှင့်မယှဉ်သောပညာသည် ပီတိနှင့်တကွမဖြစ်သော ပညာတည်း။
--
(၂၇) သုခဝေဒနာနှင့်ယှဉ်သော ပညာသည် သုခဝေဒနာနှင့်တကွဖြစ်သော ပညာတည်း၊သုခဝေဒနာ နှင့်မယှဉ်သော ပညာသည် သုခဝေဒနာနှင့်တကွမဖြစ်သော ပညာတည်း။
(၂၈) ဥပေက္ခာဝေဒနာနှင့်ယှဉ်သော ပညာသည် ဥပေက္ခာဝေဒနာနှင့်တကွဖြစ်သော ပညာတည်း၊ဥပေက္ခာဝေဒနာနှင့်မယှဉ်သော ပညာသည် ဥပေက္ခာဝေဒနာနှင့်တကွမဖြစ်သော ပညာတည်း။
(၂၉) ကာမာဝစရကုသိုလ် အဗျာကတ၌ဖြစ်သော ပညာသည် ကာမာဝစရမည်သော ပညာတည်း၊ရူပဘုံ၌ဖြစ်သော ပညာသည်, အရူပဘုံ၌ဖြစ်သော ပညာ, ဘုံသုံးပါး၌ အကျုံးမဝင်သော ပညာသည်ကာမာဝစရမည်သော ပညာတည်း။
(၃၀) အရူပဝစရကုသိုလ် အဗျာကတ၌ဖြစ်သော ပညာသည် အရူပဝစရမည်သော ပညာတည်း၊ကာမ ဘုံ၌ဖြစ်သော ပညာ, ရူပဘုံ၌ဖြစ်သော ပညာ, ဘုံသုံးပါး၌ အကျုံးမဝင်သော ပညာသည်အရူပဝစရ မည်သော ပညာတည်း။
(၃၁) ဘုံသုံးပါးတို့၌ ကုသိုလ်, အဗျာကတ၌ ဖြစ်သော ပညာသည် ဘုံသုံးပါး၌ အကျုံးဝင်သောပညာ တည်း၊ မဂ်လေးပါး ဖိုလ်လေးပါးတို့၌ဖြစ်သော ပညာသည် ဘုံသုံးပါး၌ အကျုံးမဝင်သောပညာတည်း။
(၃၂) မဂ်လေးပါးတို့၌ဖြစ်သော ပညာသည် ဝဋ်ဆင်းရဲမှ ထွက်မြောက်ကြောင်းဖြစ်သော ပညာတည်း။ ဘုံသုံးပါးတို့၌ ကုသိုလ်ဖြစ်သော ပညာသည် လည်းကောင်း၊ ဘုံလေးပါးတို့၌ ဝိပါက်၌ဖြစ်သောပညာ သည် လည်းကောင်း၊ ကြိယာအဗျာကတ၌ဖြစ်သော ပညာသည် လည်းကောင်း၊ ဝဋ်ဆင်းရဲမှ ထွက်မြောက်ကြောင်းမဟုတ်သော ပညာတည်း။
(၃၃) မဂ်လေးပါးတို့၌ ဖြစ်သော ပညာသည် အကျိုးပေးမြဲသော ပညာတည်း၊ ဘုံသုံးပါးတို့၌ကုသိုလ်၌ ဖြစ်သော ပညာသည် လည်းကောင်း၊ ဘုံလေးပါးတို့၌ ဝိပါက်၌ ဖြစ်သော ပညာသညလည်းကောင်း၊ ဘုံသုံးပါးတို့၌ ကြိယာအဗျာကတ၌ဖြစ်သော ပညာသည် လည်းကောင်း အကျိုးပေး မမြဲသော ပညာတည်း။
(၃၄) ဘုံသုံးပါးတို့၌ ကုသိုလ်, အဗျာကတ၌ ဖြစ်သော ပညာသည် မိမိထက် လွန်မြတ်သော တရားရှိသော ပညာတည်း။ မဂ်လေးပါး ဖိုလ်လေးပါးတို့၌ ဖြစ်သော ပညာသည် မိမိထက် လွန်မြတ်သောတရား မရှိသော ပညာတည်း။ထို၌ အဘယ်သည် အကျိုးကို ဖြစ်စေတတ်သော ပညာနည်း။
(၃၅) ဘုံလေးပါးတို့၌ ကုသိုလ်၌ ဖြစ်သော ပညာသည် လည်းကောင်း၊ အဘိညာဉ်ကို ဖြစ်စေသော,သမာပတ်ကို ဖြစ်စေသော, ရဟန္တာ၏ ကိရိယာအဗျာကတ၌ ဖြစ်သော ပညာသည် လည်းကောင်းအကျိုးကို ဖြစ်စေတတ်သော ပညာတည်း။ ဘုံလေးပါးတို့၌ ဝိပါက်၌ ဖြစ်သော ပညာသည် လည်းကောင်း၊ ဖြစ်ပြီးသော အဘိညာဉ်, ဖြစ်ပြီးသော သမာပတ်ရှိသော, ရဟန္တာ၏ ကိရိယာ အဗျာကတ၌ဖြစ်သော ပညာသည် လည်းကောင်း ဖြစ်စေအပ်ပြီးသော အကျိုးရှိသော ပညာတည်း။ ဤသို့ နှစ်ခုသောအဖို့အစုအားဖြင့် ဉာဏ်၏ တည်ရာသည် ဖြစ်၏။
နှစ်ခုသောဉာဏ်အရေအတွက်ပြီး၏။
--
၃-သုံးခုသော အဖို့အစုအားဖြင့် ဉာဏ်များကိုအကျယ်ပြဆိုခြင်း
၇၆၈။ (၁) ထိုသုံးပါးအဖို့အစုရှိသောဉာဏ်တို့တွင် အဘယ်သည် အကြံအစည်ဖြင့်ပြီးသော ‘စိန္တာမယ'ပညာ မည်သနည်း။
ပညာဖြင့် စီရင်အပ်ကုန်သော အမှု တို့၌လည်းကောင်း၊ ပညာဖြင့် စီရင်အပ်ကုန်သော (သိပ္ပံ) အတတ်တို့၌လည်းကောင်း၊ ပညာဖြင့် စီရင်အပ်ကုန်သော (ဝိဇ္ဇာ) အတတ်ဖြစ်ကြောင်းတို့၌လည်းကောင်း ကံသာလျှင် မိမိဥစ္စာရှိ၏ဟု သိသောဉာဏ်ကိုလည်းကောင်း၊ “ရုပ်သည် မမြဲဟူ၍လည်းကောင်း၊ ဝေဒနာသည်။ပ။ သညာသည်။ သင်္ခါရတို့သည်။ ဝိညာဏ်သည် မမြဲဟူ၍လည်းကောင်း (ဖြစ်သော)” သစ္စာအားလျော်သောဉာဏ်ကိုလည်းကောင်း၊ ဤသို့သဘောရှိသော ကမ္မာယတနတို့အားလည်းကောင်း၊ သစ္စာ အားလည်းကောင်း လျော်သော အကြင် ခံနိုင်ရည်ရှိမှု ‘ခန္တိ’၊ ရှုမြင်မှု ‘ဒိဋ္ဌိ’၊ နှစ်သက်မှု ‘ရုစိ’၊ ဝမ်းမြောက်မှု ‘မုဒိ’၊ ရှုကြည့်မှု ‘ပေက္ခာ'နှင့် သဘောတရားကို ကြံစည်နှစ်သက်မှု ‘ဓမ္မနိဇ္ဈာနက္ခန္တိ’ တို့ကိုသူတစ်ပါးတို့၏ နည်းညွှန်စကားကို မကြားရဘဲ သိရ၏။ ဤသဘောကို အကြံအစည်ဖြင့်ပြီးသော ‘စိန္တာမယ’ ပညာဟု ဆိုအပ်၏။
ထိုတွင် အဘယ်သည် အကြားအမြင်ဖြင့်ပြီးသော ‘သုတမယ’ ပညာ မည်သနည်း။
ပညာဖြင့် စီရင်အပ်ကုန်သော အမှု တို့၌လည်းကောင်း၊ ပညာဖြင့် စီရင်အပ်ကုန်သော (သိပ္ပံ)့အတတ်တို့၌လည်းကောင်း၊ ပညာဖြင့် စီရင်အပ်ကုန်သော (ဝိဇ္ဇာ) အတတ်ဖြစ်ကြောင်းတို့၌လည်းကောင်း၊ ကံသာလျှင် မိမိဥစ္စာရှိ၏ဟု သိသောဉာဏ်ကိုလည်းကောင်း၊ “ရုပ်သည် မမြဲဟူ၍လည်းကောင်း၊ ဝေဒနာသည်၊ သညာသည်၊ သင်္ခါရတို့သည်၊ ဝိညာဏ်သည် မမြဲဟူ၍လည်းကောင်း၊ (ဖြစ်သော)” သစ္စာအားလျော်သောဉာဏ်ကိုလည်းကောင်း၊ ဤသို့သဘောရှိသော (ကမ္မာယတနတို့အားလည်းကောင်း)၊ သစ္စာအားလည်းကောင်း လျော်သော အကြင်ခံနိုင်ရှိမှု ‘ခန္တိ’၊ ရှုမြင်မှု ‘ဒိဋ္ဌိ’၊ နှစ်သက်မှု ‘ရုစိ’၊ ဝမ်းမြောက်မှု ‘မုဒိ’၊ ရှုကြည့်မှု ‘ပေက္ခာ'နှင့် သဘောတရားကို ကြံစည် နှစ်သက်မှု ‘ဓမ္မနိဇ္ဈာနက္ခန္တိ’ တို့ကိုသူတစ်ပါးတို့၏ နည်းညွှန်စကားကို ကြား၍ သိရ၏။ ဤသဘောကို အကြားအမြင်ဖြင့်ပြီးသော ‘သုတမယ’ ပညာဟု ဆိုအပ်၏။ သမာပတ်ဝင်စားသူ၏ အလုံးစုံလည်းဖြစ်သော ပညာသည် ပွါးများခြင်းဖြင့်ပြီးသော ‘ဘာဝနာမယ'ပညာတည်း။
၇၆၉။ (၂) ထိုတွင် အဘယ်သည် ပေးကမ်းခြင်း ‘ဒါန’ ဖြင့်ပြီးသော ‘ဒါနမယ’ ပညာ မည်သနည်း။
ပေးကမ်းခြင်းကို အကြောင်းပြု၍ ပေးကမ်းခြင်းသို့ ရောက်သူအား အကြင်သိမှု ‘ပညာ’၊ သိသောအခြင်းအရာ ‘ပဇာနနာ’။ပ။ မတွေဝေမှု ‘အမောဟ’၊ တရားကို စိစစ်မှု ‘ဓမ္မဝိစယ’၊ ကောင်းသောအမြင် ‘သမ္မာဒိဋ္ဌိ’ သည် ရှိ၏။ ဤသဘောကို ပေးကမ်းခြင်းဒါနဖြင့်ပြီးသော ‘ဒါနမယ’ ပညာဟု ဆိုအပ်၏။
ထိုတွင်အဘယ်သည် အကျင့် သီလဖြင့်ပြီးသော ‘သီလမယ'ပညာ မည်သနည်း။
အကျင့်သီလကို အကြောင်းပြု၍ အကျင့်သီလသို့ ရောက်သူအား အကြင်သိမှု ‘ပညာ’၊ သိသောအခြင်းအရာ ‘ပဇာနနာ’။ပ။ မတွေဝေမှု ‘အမောဟ’၊ တရားကိုစိစစ်မှု ‘ဓမ္မဝိစယ’၊ ကောင်းသော အမြင် ‘သမ္မာဒိဋ္ဌိ’ သည် ရှိ၏။ ဤသဘောကို အကျင့်သီလဖြင့်ပြီးသော ‘သီလမယ'ပညာဟု ဆိုအပ်၏။
သမာပတ်ဝင်စားသူ၏ အလုံးစုံသော ပညာသည် ပွါးများခြင်းဖြင့်ပြီးသော ‘ဘာဝနာမယ'ပညာ မည်၏။
၇၇၀။ (၃) ထိုတွင် အဘယ်သည် လွန်ကဲသော သီလ၌ ဖြစ်သော ပညာ မည်သနည်း။
--
ပါတိမောက္ခသံဝရသီလကို စောင့်စည်းသူအား အကြင်သိမှု ‘ပညာ’၊ သိသော အခြင်းအရာ ‘ပဇာနနာ’။ပ။ မတွေဝေမှု ‘အမောဟ’၊ တရားကိုစိစစ်မှု ‘ဓမ္မဝိစယ’၊ ကောင်းသောအမြင် ‘သမ္မာဒိဋ္ဌိ’ သည် ရှိ၏။ ဤသဘောကို လွန်ကဲသော သီလ၌ ဖြစ်သော ပညာဟု ဆိုအပ်၏။
ထိုတွင်အဘယ်သည် လွန်ကဲသော စိတ်၌ ဖြစ်သော ပညာ မည်သနည်း။
ရူပါဝစရ အရူပါဝစရသမာပတ်ကို ဝင်စားသူအား အကြင်သိမှု ‘ပညာ’၊ သိသောအခြင်းအရာ ‘ပဇာနနာ’။ပ။ မတွေဝေမှု ‘အမောဟ’၊ တရားကိုစိစစ်မှု ‘ဓမ္မဝိစယ’၊ ကောင်းသောအမြင် ‘သမ္မာဒိဋ္ဌိ’ သည် ရှိ၏။ ဤသဘောကို လွန်ကဲသော စိတ်၌ ဖြစ်သော ပညာဟု ဆိုအပ်၏။
ထိုတွင် အဘယ်သည် လွန်ကဲသောပညာ၌ ဖြစ်သော ပညာ မည်သနည်း။
မဂ်လေးပါး ဖိုလ်လေးပါးတို့၌ ဖြစ်သောပညာသည် ရှိ၏။ ဤသဘောကို လွန်ကဲသော ပညာ၌ ဖြစ်သောပညာဟု ဆိုအပ်၏။
၇၇၁။ (၄) ထိုတွင် အဘယ်သည် ကြီးပွါးရေး၌ လိမ္မာသော ပညာ မည်သနည်း။
ဤတရားတို့ကို နှလုံးသွင်းသူအား မဖြစ်သေးသော အကုသိုလ်တရားတို့သည်လည်း မဖြစ်ကုန်၊ ဖြစ်ပြီးသော အကုသိုလ်တရားတို့ကိုလည်း ပယ်အပ်ကုန်၏၊ ဤတရားတို့ကို နှလုံးသွင်းသူအားကား မဖြစ်သေးသော ကုသိုလ်တရားတို့သည်လည်း ဖြစ်ကုန်၏၊ ဖြစ်ပြီးသော ကုသိုလ်တရားတို့သည်လည်း လွန်စွာဖြစ်ရန် ပြန့်ပြောရန် ပွါးများရန် ပြည့်စုံရန် ဖြစ်ကုန်၏ဟု အကြင်သိမှု ‘ပညာ’၊ သိသော အခြင်းအရာ ‘ပဇာနနာ’။ပ။ မတွေဝေမှု ‘အမောဟ’၊ တရားကိုစိစစ်မှု ‘ဓမ္မဝိစယ’၊ ကောင်းသောအမြင် ‘သမ္မာဒိဋ္ဌိ'သည် ရှိ၏။ ဤသဘောကို ကြီးပွါးရေး၌ လိမ္မာသောပညာဟု ဆိုအပ်၏။
ထိုတွင် အဘယ်သည် ဆုတ်ယုတ်ရေး၌ လိမ္မာသောပညာ မည်သနည်း။
ဤတရားတို့ကို နှလုံးသွင်းသူအား မဖြစ်သေးသော ကုသိုလ်တရားတို့သည်လည်း မဖြစ်ကုန်၊ ဖြစ်ပြီးသော ကုသိုလ်တရားတို့သည်လည်း ချုပ်ကုန်၏၊ ဤတရားတို့ကို နှလုံးသွင်းသူအားကား မဖြစ်သေးသော အကုသိုလ်တရားတို့သည်လည်း ဖြစ်ကုန်၏၊ ဖြစ်ပြီးသော အကုသိုလ်တရားတို့သည်လည်းလွန်စွာဖြစ်ရန် ပြန့်ပြောရန် ဖြစ်ကုန်၏ဟု အကြင်သိမှု ‘ပညာ’၊ သိသောအခြင်းအရာ ‘ပဇာနနာ’။ပ။ မတွေဝေမှု ‘အမောဟ’၊ တရားကို စိစစ်မှု ‘ဓမ္မဝိစယ’၊ ကောင်းသောအမြင် ‘သမ္မာဒိဋ္ဌိ’ သည် ရှိ၏။ ဤသဘောကို ဆုတ်ယုတ်ရေး၌ လိမ္မာသော ပညာဟု ဆိုအပ်၏။
ထိုသိခြင်း၌ ဥပါယ် (အကြောင်း) ဖြစ်သော အလုံးစုံလည်းဖြစ်သော ပညာသည် ဥပါယ်၌ လိမ္မာသောပညာမည်၏။
၇၇၂။ (၅) ဘုံလေးပါးတို့၌ အချင်းချင်းထူးကုန်သော ကုသိုလ် အကုသိုလ်တို့၏ အကျိုး (ဝိပါက်)၌ ဖြစ်သော ပညာသည် အချင်ချင်းထူးကုန်သော ကုသိုလ် အကုသိုလ်တို့၏ အကျိုးဖြစ်သော ပညာမည်၏။ ဘုံလေးပါးတို့၌ ကုသိုလ်၌ ဖြစ်သော ပညာသည် အကျိုးကိုဖြစ်စေခြင်းသဘောရှိသော ပညာ မည်၏။ ဘုံသုံးပါးတို့၌ ကိရိယာအဗျာကတ၌ ဖြစ်သောပညာသည် အချင်ချင်းထူးကုန်သော ကုသိုလ်အကုသိုလ်တို့၏ အကျိုးလည်း မဟုတ်, အကျိုးကိုဖြစ်စေခြင်းသဘောရှိသည်လည်း မဟုတ်သော ပညာမည်၏။
၇၇၃။ (၆) ဘုံသုံးပါးတို့၌ ဝိပါက်၌ ဖြစ်သော ပညာသည် တဏှာဒိဋ္ဌိတို့သည် ကပ်အပ်သော ကံသည်အကျိုး၏အဖြစ်ဖြင့်လည်း ယူအပ်သည်ဖြစ်၍ ဥပါဒါန်၏အာရုံလည်းဖြစ်သော ပညာမည်၏။ ဘုံသုံးပါးတို့၌ ကုသိုလ်၌ ဖြစ်သောပညာ, ဘုံသုံးပါးတို့၌ ကိရိယာအဗျာကတ၌ ဖြစ်သော ပညာသည်တဏှာ ဒိဋ္ဌိတို့သည် ကပ်အပ်သောကံသည် အကျိုး၏အဖြစ်ဖြင့်ကား မယူအပ်, ဥပါဒါန်၏အာရုံသာဖြစ်သော ပညာမည်၏။ မဂ်လေးပါး ဖိုလ်လေးပါးတို့၌ ဖြစ်သော ပညာသည် တဏှာဒိဋ္ဌိတို့သည် ကပ်အပ်သော ကံသည်အကျိုး၏ အဖြစ်ဖြင့်လည်း မယူအပ်, ဥပါဒါန်၏အာရုံလည်း မဟုတ်သော ပညာမည်၏။
--
၇၇၄။ (၇) ဝိတက်နှင့်လည်း ယှဉ်, ဝိစာရနှင့်လည်းယှဉ်သော ပညာသည် ဝိတက်လည်း ရှိ, ဝိစာရလည်း ရှိသော ပညာ မည်၏။ ဝိတက်နှင့်မယှဉ်, ဝိစာရနှင့်သာယှဉ်သော ပညာသည် ဝိတက်ကား မရှိ, ဝိစာရမျှသာရှိသော ပညာမည်၏။ ဝိတက် ဝိစာရနှင့် မယှဉ်သောပညာသည် ဝိတက်လည်း မရှိ, ဝိစာရလည်း မရှိသော ပညာ မည်၏။
၇၇၅။ (၈) ပီတိနှင့်ယှဉ်သော ပညာသည် ပီတိနှင့်တကွဖြစ်သော ပညာမည်၏။ သုခဝေဒနာနှင့်ယှဉ်သော ပညာသည် သုခဝေဒနာနှင့် တကွဖြစ်သော ပညာမည်၏၊ ဥပေက္ခာဝေဒနာနှင့် ယှဉ်သော ပညာသည် ဥပေက္ခာဝေဒနာနှင့် တကွဖြစ်သော ပညာမည်၏။
၇၇၆။ (၉) ဘုံသုံးပါးတို့၌ ကုသိုလ်၌ ဖြစ်သော ပညာသည် စုတိပဋိသန္ဓေသို့ ရောက်ကြောင်းဖြစ်သောပညာ မည်၏။ မဂ်လေးပါးတို့၌ ဖြစ်သောပညာသည် နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်သော ပညာမည်၏။ ဘုံလေးပါးတို့၌ ဝိပါက်၌ ဖြစ်သော ပညာနှင့် ဘုံသုံးပါးတို့၌ ကိရိယာအဗျာကတ၌ ဖြစ်သော ပညာသည်စုတိပဋိသန္ဓေသို့ ရောက်ကြောင်းလည်း မဟုတ်, နိဗ္ဗာန်သို့ ရောက်ကြောင်းလည်း မဟုတ်သော ပညာမည်၏။
၇၇၇။ (၁၀) မဂ်လေးပါး ဖိုလ်သုံးပါးတို့၌ ဖြစ်သော ပညာသည် သေက္ခပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သောပညာမည်၏။ အထက်ဆုံး အရဟတ္တဖိုလ်၌ ဖြစ်သော ပညာသည် ရဟန္တာပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော ပညာမည်၏။ ဘုံသုံးပါးတို့၌ ကုသိုလ် ဝိပါက် ကိရိယာအဗျာကတတို့၌ ဖြစ်သော ပညာသည် သေက္ခပုဂ္ဂိုလ်တို့၏ဥစ္စာလည်း မဟုတ်, ရဟန္တာပုဂ္ဂိုလ်တို့၏ ဥစ္စာလည်း မဟုတ်သော ပညာမည်၏။
၇၇၈။ (၁၁) ကာမာဝစရကုသိုလ်, အဗျာကတ၌ ဖြစ်သော ပညာသည် အာနုဘော်နည်းသော (ကာမ) ပညာ မည်၏။ ရူပါဝစရ အရူပါဝစရကုသိုလ်, အဗျာကတ၌ ဖြစ်သော ပညာသည် မြတ်သည်၏ အဖြစ်သို့ ရောက်သော (မဟဂ္ဂုတ်) ပညာမည်၏။ မဂ်လေးပါး ဖိုလ်လေးပါးတို့၌ ဖြစ်သော ပညာသည် နှိုင်းယှဉ်တတ်သော ကိလေသာတို့၏ဆန့်ကျင်ဘက်ဖြစ်သော (လောကုတ္တရာ) ပညာမည်၏။
၇၇၉။ (၁၂) ထိုတွင် အဘယ်သည် ပရိတ္တ(ကာမ) ကို အာရုံပြုသော ပညာ မည်သနည်း။
ပရိတ္တ(ကာမ) တရားတို့ကို အကြောင်းပြု၍ အကြင်သိမှု ‘ပညာ’၊ သိသောအခြင်းအရာ ‘ပဇာနနာ’။ပ။ မတွေဝေမှု ‘အမောဟ’၊ တရားကို စိစစ်မှု ‘ဓမ္မဝိစယ’၊ ကောင်းသောအမြင် ‘သမ္မာဒိဋ္ဌိ’ သည် ရှိ၏။ ဤသဘောကို ပရိတ္တ(ကာမ) ကို အာရုံပြုသော ပညာဟု ဆိုအပ်၏။
၇၈၀။ ထိုတွင် အဘယ်သည် မဟဂ္ဂုတ်ကို အာရုံပြုသော ပညာ မည်သနည်း။
မဟဂ္ဂုတ်တရားတို့ကို အကြောင်းပြု၍ အကြင်သိမှု ‘ပညာ’၊ သိသောအခြင်းအရာ ‘ပဇာနနာ’။ပ။ မတွေဝေမှု ‘အမောဟ’၊ တရားကိုစိစစ်မှု ‘ဓမ္မဝိစယ’၊ ကောင်းသောအမြင် ‘သမ္မာဒိဋ္ဌိ’ သည် ရှိ၏။ ဤသဘောကို မဟဂ္ဂုတ်ကို အာရုံပြုသော ပညာဟု ဆိုအပ်၏။
၇၈၁။ ထိုတွင် အဘယ်သည် အပ္ပမာဏ (လောကုတ္တရာ) တရားကို အာရုံပြုသောပညာ မည်သနည်း။
အပ္ပမာဏ (လောကုတ္တရာ) တရားတို့ကို အကြောင်းပြု၍ အကြင်သိမှု ‘ပညာ’၊ သိသောအခြင်းအရာ ‘ပဇာနနာ’။ပ။ မတွေဝေမှု ‘အမောဟ’၊ တရားကို စိစစ်မှု ‘ဓမ္မဝိစယ’၊ ကောင်းသော အမြင် ‘သမ္မာဒိဋ္ဌိ’ သည် ရှိ၏။ ဤသဘောကို အပ္ပမာဏ (လောကုတ္တရာ) ကို အာရုံပြုသောပညာဟု ဆိုအပ်၏။
၇၈၂။ (၁၃) ထိုတွင် အဘယ်သည် မဂ်ကို အာရုံပြုသော ပညာ မည်သနည်း။
--
အရိယမဂ်ကို အကြောင်းပြု၍ အကြင်သိမှု ‘ပညာ’၊ သိသောအခြင်းအရာ ‘ပဇာနနာ’။ပ။ မတွေဝေမှု ‘အမောဟ’၊ တရားကိုစိစစ်မှု ‘ဓမ္မဝိစယ’၊ ကောင်းသောအမြင် ‘သမ္မာဒိဋ္ဌိ’ သည် ရှိ၏။ ဤသဘောကိုမဂ်ကို အာရုံပြုသော ပညာဟု ဆိုအပ်၏။
မဂ်လေးပါးတို့၌ ဖြစ်သော ပညာသည် မဂ်ဟုဆိုအပ်သော အကြောင်းရှိသော ပညာမည်၏။
၇၈၃။ ထိုတွင် အဘယ်သည် မဂ်ဟုဆိုအပ်သော အကြီးအမှူးရှိသော ပညာ မည်သနည်း။
အရိယမဂ်ကို အကြီးအမှူးပြု၍ အကြင်သိမှု ‘ပညာ’၊ သိသောအခြင်းအရာ ‘ပဇာနနာ’။ပ။ မတွေဝေမှု ‘အမောဟ’၊ တရားကိုစိစစ်မှု ‘ဓမ္မဝိစယ’၊ ကောင်းသောအမြင် ‘သမ္မာဒိဋ္ဌိ’ သည် ရှိ၏။ ဤသဘောကို မဂ်ဟုဆိုအပ်သော အကြီးအမှူးရှိသော ပညာဟု ဆိုအပ်၏။
၇၈၄။ (၁၄) ဘုံလေးပါးတို့၌ ဝိပါက်၌ ဖြစ်သော ပညာသည် အချို့ ဖြစ်ဆဲဖြစ်၏၊ အချို့ ဖြစ်လတ္တံ့ဖြစ်၏၊ ဖြစ်ပြီး ဖြစ်ဆဲမဟုတ်ဟု မဆိုအပ်။ ဘုံလေးပါးတို့၌ ကုသိုလ်၌ ဖြစ်သောပညာ (နှင့်) ဘုံသုံးပါးတို့၌ ကိရိယာအဗျာကတ၌ ဖြစ်သော ပညာသည်အချို့ ဖြစ်ဆဲဖြစ်၏၊ အချို့ ဖြစ်ပြီး ဖြစ်ဆဲမဟုတ်၊ ဖြစ်လတ္တံ့ဟု မဆိုအပ်။
၇၈၅။ (၁၅) ပညာအလုံးစုံသည် အချို့ ဖြစ်ပြီး (အတိတ်) ဖြစ်၏၊ အချို့ မရောက်သေး (အနာဂတ်) ဖြစ်၏၊ အချို့ ဖြစ်ဆဲ (ပစ္စုပ္ပန်) ဖြစ်၏။
၇၈၆။ (၁၆) ထိုတွင် အဘယ်သည် ဖြစ်ပြီး (အတိတ်) ကို အာရုံပြုသော ပညာ မည်သနည်း။
ဖြစ်ပြီး (အတိတ်) တရားတို့ကို အကြောင်းပြု၍ အကြင်သိမှု ‘ပညာ’၊ သိသောအခြင်းအရာ ‘ပဇာနနာ’။ပ။ မတွေဝေမှု ‘အမောဟ’၊ တရားကိုစိစစ်မှု ‘ဓမ္မဝိစယ’၊ ကောင်းသောအမြင် ‘သမ္မာဒိဋ္ဌိ’ သည် ရှိ၏။ ဤသဘောကို ဖြစ်ပြီး (အတိတ်) ကို အာရုံပြုသော ပညာဟု ဆိုအပ်၏။
၇၈၇။ ထိုတွင် အဘယ်သည် မရောက်သေး (အနာဂတ်) ကို အာရုံပြုသော ပညာ မည်သနည်း။
မရောက်သေး (အနာဂတ်) တရားတို့ကို အကြောင်းပြု၍ အကြင်သိမှု ‘ပညာ’ သိသောအခြင်းအရာ ‘ပဇာနနာ’။ပ။ မတွေဝေမှု ‘အမောဟ’ တရားကိုစိစစ်မှု ‘ဓမ္မဝိစယ’ ကောင်းသောအမြင် ‘သမ္မာဒိဋ္ဌိ’ သည် ရှိ၏။ ဤသဘောကို မရောက်သေး (အနာဂတ်) ကို အာရုံပြုသော ပညာဟု ဆိုအပ်၏။
၇၈၈။ ထိုတွင် အဘယ်သည် ဖြစ်ဆဲ (ပစ္စုပ္ပန်) ကို အာရုံပြုသော ပညာ မည်သနည်း။
ဖြစ်ဆဲ (ပစ္စုပ္ပန်) တရားတို့ကို အကြောင်းပြု၍ အကြင်သိမှု ‘ပညာ’၊ သိသောအခြင်းအရာ ‘ပဇာနနာ’။ပ။ မတွေဝေမှု ‘အမောဟ’၊ တရားကိုစိစစ်မှု ‘ဓမ္မဝိစယ’၊ ကောင်းသောအမြင် ‘သမ္မာဒိဋ္ဌိ’ သည် ရှိ၏။ ဤသဘောကို ဖြစ်ဆဲ (ပစ္စုပ္ပန်) ကို အာရုံပြုသော ပညာဟု ဆိုအပ်၏။
၇၈၉။ (၁၇) ပညာအလုံးစုံသည် အချို့ မိမိသန္တာန်၌ ဖြစ်၏၊ အချို့ သူတစ်ပါးသန္တာန်၌ ဖြစ်၏၊ အချို့မိမိသူတစ်ပါးသန္တာန်၌ ဖြစ်၏။
၇၉၀။ (၁၈-က) ထိုတွင် အဘယ်သည် မိမိသန္တာန်ကို အာရုံပြုသော ပညာ မည်သနည်း။
မိမိသန္တာန်၌ ဖြစ်သော တရားတို့ကို အကြောင်းပြု၍ အကြင်သိမှု ‘ပညာ’၊ သိသောအခြင်းအရာ ‘ပဇာနနာ’။ပ။ မတွေဝေမှု ‘အမောဟ’၊ တရားကိုစိစစ်မှု ‘ဓမ္မဝိစယ’၊ ကောင်းသောအမြင် ‘သမ္မာဒိဋ္ဌိ’ သည် ရှိ၏။ ဤသဘောကို မိမိသန္တာန်ကို အာရုံပြုသော ပညာဟု ဆိုအပ်၏။
၇၉၁။ (၁၈-ခ)ထိုတွင် အဘယ်သည် သူတစ်ပါးသန္တာန်ကို အာရုံပြုသော ပညာ မည်သနည်း။
--
သူတစ်ပါးသန္တာန်၌ ဖြစ်သော တရားတို့ကို အကြောင်းပြု၍ အကြင်သိမှု ‘ပညာ’၊ သိသောအခြင်း အရာ ‘ပဇာနနာ’။ပ။ မတွေဝေမှု ‘အမောဟ’၊ တရားကိုစိစစ်မှု ‘ဓမ္မဝိစယ’၊ ကောင်းသောအမြင် ‘သမ္မာဒိဋ္ဌိ’ သည် ရှိ၏။ ဤသဘောကို သူတစ်ပါးသန္တာန်ကို အာရုံပြုသောပညာဟု ဆိုအပ်၏။
၇၉၂။ (၁၈-ဂ)ထိုတွင် အဘယ်သည် မိမိ သူတစ်ပါးသန္တာန်ကို အာရုံပြုသော ပညာ မည်သနည်း။
မိမိ သူတစ်ပါးသန္တာန်၌ ဖြစ်သော တရားတို့ကို အကြောင်းပြု၍ အကြင်သိမှု ‘ပညာ’၊ သိသောအခြင်းအရာ ‘ပဇာနနာ’။ပ။ မတွေဝေမှု ‘အမောဟ’၊ သဘောတရားကို စိစစ်မှု ‘ဓမ္မဝိစယ’၊ ကောင်းသောအမြင် ‘သမ္မာဒိဋ္ဌိ'သည် ရှိ၏။ ဤသဘောကို မိမိ သူတစ်ပါးသန္တာန်ကို အာရုံပြုသောပညာဟု ဆိုအပ်၏။
ဤသို့ သုံးမျိုးသော အဖို့အစုအားဖြင့် ဉာဏ်၏ တည်ရာသည် ဖြစ်၏။
သုံးခုသောဉာဏ်အရေအတွက် ပြီး၏။
၄-လေးခုသော အဖို့အစုအားဖြင့် ဉာဏ်များကိုအကျယ်ပြဆိုခြင်း
၇၉၃။ ထိုတွင် အဘယ်သည် ကံသာလျှင် မိမိဥစ္စာဖြစ်၏ဟု သိသော ‘ကမ္မဿကတာ’ ဉာဏ် မည်သနည်း။
ပေးလှူခြင်း (အကျိုး) သည် ရှိ၏၊ ယဇ်ကြီး (အလှူကြီး) ပူဇော်ရခြင်း (အကျိုး) သည် ရှိ၏၊ ယဇ်ငယ် (အလှူငယ်) ပူဇော်ရခြင်း (အကျိုး) သည် ရှိ၏၊ ကောင်းမှုကံ မကောင်းမှုကံတို့၏ အကျိုးရင်းအကျိုးဖျား သည် ရှိ၏၊ ဤလောကသည် ရှိ၏၊ တမလွန်လောကသည် ရှိ၏၊ အမိသည် ရှိ၏၊ အဖသည် ရှိ၏၊ သေ၍ တစ်ဖန်ဖြစ်သော သတ္တဝါတို့သည် ရှိကုန်၏၊ ဤလောကကိုလည်းကောင်း၊ တမလွန်လောကကိုလည်းကောင်း ကိုယ်တိုင်ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုလျက် ဟောကြားနိုင်ကုန်သော၊ ဖြောင့်မှန်သော အရိယမဂ်သို့ ရောက်ကုန်သော၊ ကောင်းသော အကျင့်ရှိကုန်သော သမဏဗြာဟ္မဏတို့သည် လောက၌ ရှိကုန်၏ဟု ဤသို့ သဘောရှိသော အကြင်သိမှု ‘ပညာ’၊ သိသောအခြင်းအရာ ‘ပဇာနနာ’။ပ။ မတွေဝေမှု ‘အမောဟ’၊ သဘောတရားကို စိစစ်မှု ‘ဓမ္မဝိစယ’၊ ကောင်းသောအမြင် ‘သမ္မာဒိဋ္ဌိ’ သည် ရှိ၏။ ဤသဘောကို ကံသာလျှင် မိမိဥစ္စာဖြစ်၏ဟုသိသော ‘ကမ္မဿကတာ’ ဉာဏ်ဟု ဆိုအပ်၏။
သစ္စာအားလျော်သောဉာဏ်ကို ထား၍ အာသဝ၏အာရုံဖြစ်သော ကုသိုလ်ပညာ အလုံးစုံသည်လည်း ကံသာလျှင် မိမိဥစ္စာဖြစ်၏ဟု သိသော ‘ကမ္မဿကတာ’ ဉာဏ်မည်၏။ ထိုတွင် အဘယ်သည် သစ္စာအားလျော်စွာဖြစ်သောဉာဏ် မည်သနည်း။
ရုပ်သည်မမြဲဟူ၍လည်းကောင်း၊ ဝေဒနာသည်။ပ။ သညာသည်။ သင်္ခါရတို့သည်။ ဝိညာဏ်သည်မမြဲဟူ၍လည်းကောင်း၊ ဤသို့သဘောရှိသော သစ္စာအားလျော်သော အကြင် ခံနိုင်ခြင်း ‘ခန္တိ’၊ ရှုမြင်မှု ‘ဒိဋ္ဌိ’၊ နှစ်သက်မှု ‘ရုစိ’၊ ဝမ်းမြောက်မှု ‘မုဒိ’၊ ရှုကြည့်မှု ‘ပေက္ခ’ နှင့် သဘောတရားကို ကြံစည်နှစ်သက်မှု ‘ဓမ္မနိဇ္ဈာနက္ခန္တိ'သည် ရှိ၏၊ ဤသဘောကို သစ္စာအားလျော်စွာဖြစ်သောဉာဏ်ဟု ဆိုအပ်၏။ မဂ်လေးပါးတို့၌ ဖြစ်သော ပညာသည် မဂ်နှင့်ပြည့်စုံသူအား ဖြစ်သောဉာဏ်မည်၏။ ဖိုလ်လေးပါးတို့၌ ဖြစ်သောပညာသည် ဖိုလ်နှင့် ပြည့်စုံသူအား ဖြစ်သောဉာဏ်မည်၏။ (၁)
--
၇၉၄။ ဤမဂ်နှင့်ပြည့်စုံသူ၏ အသိဉာဏ်သည် ဆင်းရဲမှု၌ သိသောဉာဏ်၊ ဆင်းရဲမှု ဖြစ်ကြောင်း၌ သိသောဉာဏ်၊ ဆင်းရဲမှု ချုပ်ရာ၌ သိသောဉာဏ်၊ ဆင်းရဲမှု ချုပ်ရာသို့ ရောက်ကြောင်းအကျင့်၌ သိသောဉာဏ် မည်၏။ ထိုတွင် အဘယ်သည် ဆင်းရဲမှု၌ သိသောဉာဏ် မည်သနည်း။
ဆင်းရဲမှုကို အကြောင်းပြု၍ အကြင် သိမှု ‘ပညာ’၊ သိသောအခြင်းအရာ ‘ပဇာနနာ’။ပ။ မတွေဝေမှု ‘အမောဟ’၊ သဘောတရားကိုစိစစ်မှု ‘ဓမ္မဝိစယ’၊ ကောင်းသောအမြင် ‘သမ္မာဒိဋ္ဌိ'သည် ရှိ၏။ ဤသဘောကို ဆင်းရဲမှု၌ သိသောဉာဏ်ဟု ဆိုအပ်၏။
ဆင်းရဲမှု ဖြစ်ကြောင်းကို အကြောင်းပြု၍။ပ။ ဆင်းရဲမှု ချုပ်ရာကို အကြောင်းပြု၍။ပ။ ဆင်းရဲမှု ချုပ်ရာသို့ ရောက်ကြောင်းအကျင့်ကို အကြောင်းပြု၍ အကြင် သိမှု ‘ပညာ’၊ သိသောအခြင်းအရာ ‘ပဇာနနာ’။ပ။ မတွေဝေမှု ‘အမောဟ’၊ တရားကိုစိစစ်မှု ‘ဓမ္မဝိစယ’၊ ကောင်းသောအမြင် ‘သမ္မာဒိဋ္ဌိ’ သည် ရှိ၏။ ဤသဘောကို ဆင်းရဲမှု ချုပ်ရာသို့ ရောက်ကြောင်း အကျင့်၌ သိသောဉာဏ်ဟုဆိုအပ်၏။ (၂)
၇၉၅။ ကာမာဝစရကုသိုလ်, အဗျာကတ၌ ဖြစ်သော ပညာသည် ကာမဘုံ၌ ဖြစ်သော ပညာမည်၏။ ရူပါဝစရကုသိုလ်, အဗျာကတ၌ ဖြစ်သော ပညာသည် ရူပဘုံ၌ ဖြစ်သော ပညာမည်၏။ အရူပါဝစရကုသိုလ်, အဗျာကတ၌ ဖြစ်သော ပညာသည် အရူပဘုံ၌ ဖြစ်သော ပညာမည်၏။ မဂ်လေးပါး ဖိုလ်လေးပါးတို့၌ ဖြစ်သော ပညာသည် ဘုံသုံးပါး၌ အကျုံးမဝင်သော ပညာမည်၏။ (၃)
၇၉၆။ ထိုတွင် အဘယ်သည် တရား၌ သိသောဉာဏ် မည်သနည်း။
မဂ်လေးပါး ဖိုလ်လေးပါးတို့၌ ဖြစ်သော ပညာသည် တရား၌ သိသောဉာဏ်မည်၏။ ထိုသူသည် ဤ (မဂ်ဉာဏ် ဖိုလ်ဉာဏ်) တရားဖြင့် သိသောအားဖြင့် မြင်သောအားဖြင့် ရောက်သောအားဖြင့် ထိုးထွင်းသိသောအားဖြင့် သက်ဝင်သောအားဖြင့် အတိတ် အနာဂတ်ကာလ၌ နည်းကိုဆောင်၏၊ အချို့သော သမဏဗြာဟ္မဏတို့သည် အတိတ်ကာလ၌ ဖြစ်သော ဆင်းရဲမှုကို သိကုန်၏၊ ဆင်းရဲမှု ဖြစ်ကြောင်းကို သိကုန်၏၊ ဆင်းရဲမှု ချုပ်ရာကို သိကုန်၏၊ ဆင်းရဲမှု ချုပ်ရာသို့ရောက်ကြောင်းအကျင့်ကို သိကုန်၏၊ ထို (သမဏဗြာဟ္မဏ) တို့သည် ဤဆင်းရဲမှုကိုသာ သိကုန်၏၊ ဤဆင်းရဲမှု ဖြစ်ကြောင်းကိုသာ သိကုန်၏၊ ဤဆင်းရဲမှု ချုပ်ရာကိုသာ သိကုန်၏၊ ဤဆင်းရဲမှု ချုပ်ရာသို့ရောက်ကြောင်း အကျင့်ကိုသာ သိကုန်၏။ အချို့ သမဏဗြာဟ္မဏတို့သည်ကား အနာဂတ်ကာလ၌ ဖြစ်သော ဆင်းရဲမှုကို သိကုန်လတ္တံ့၊ ဆင်းရဲမှု ဖြစ်ကြောင်းကို သိကုန်လတ္တံ့၊ ဆင်းရဲမှု ချုပ်ရာကို သိကုန်လတ္တံ့၊ ဆင်းရဲမှု ချုပ်ရာသို့ ရောက်ကြောင်းအကျင့်ကို သိကုန်လတ္တံ့။ ထို (သမဏဗြာဟ္မဏ) တို့သည်လည်း ဤဆင်းရဲမှုကိုသာ သိကုန်လတ္တံ့၊ ဤဆင်းရဲမှု ဖြစ်ကြောင်းကိုသာ သိကုန်လတ္တံ့၊ ဤဆင်းရဲမှု ချုပ်ရာကိုသာ သိကုန်လတ္တံ့၊ ဤဆင်းရဲမှု ချုပ်ရာသို့ ရောက်ကြောင်း အကျင့်ကိုသာ သိကုန်လတ္တံ့ ဟု အကြင်သိမှု ‘ပညာ’၊ သိသော အခြင်းအရာ ‘ပဇာနနာ’။ပ။ မတွေဝေမှု ‘အမောဟ’၊ တရားကို စိစစ်မှု ‘ဓမ္မဝိစယ’၊ ကောင်းသော အမြင် ‘သမ္မာဒိဋ္ဌိ'သည် ရှိ၏။ ဤသဘောကို အလျော်၌ သိသောဉာဏ်ဟု ဆိုအပ်၏။
ထိုတွင် အဘယ်သည် ပိုင်းခြားခြင်း၌ သိသောဉာဏ် မည်သနည်း။
ဤသာသနာတော်၌ ရဟန်းသည် တစ်ပါးသောသတ္တဝါ တစ်ပါးသောပုဂ္ဂိုလ်တို့၏ စိတ်ကို မိမိစိတ်ဖြင့်ပိုင်းခြား၍ သိ၏၊ တပ်မက်ခြင်းရှိသော စိတ်ကိုလည်း ‘တပ်မက်ခြင်းရှိသောစိတ်’ဟု သိ၏၊ တပ်မက်ခြင်း ကင်းသော စိတ်ကိုလည်း ‘တပ်မက်ခြင်းကင်းသောစိတ်’ဟု သိ၏၊ အမျက်ထွက်ခြင်းရှိသော စိတ်ကိုလည်း ‘အမျက်ထွက်ခြင်းရှိသောစိတ်’ဟု သိ၏၊ အမျက်ထွက်ခြင်းကင်းသော စိတ်ကိုလည်း ‘အမျက် ထွက်ခြင်း ကင်းသောစိတ်’ဟု သိ၏၊ တွေဝေခြင်းရှိသောစိတ်ကိုလည်း ‘တွေဝေခြင်းရှိသောစိတ်’ ဟု သိ၏၊
--
တွေဝေခြင်း ကင်းသောစိတ်ကိုလည်း ‘တွေဝေခြင်းကင်းသောစိတ်’ဟုသိ၏၊ ပျံ့လွင့်သောစိတ်ကိုလည်း ‘ပျံ့လွင့်သောစိတ်’ ဟု သိ၏၊ ပျံ့လွင့်ခြင်းကင်းသောစိတ်ကိုလည်း ‘ပျံ့လွင့်ခြင်းကင်းသောစိတ်’ဟု သိ၏၊ မြတ်သည်၏ အဖြစ်သို့ရောက်သော စိတ်ကိုလည်း ‘မြတ်သည်၏အဖြစ်သို့ ရောက်သောစိတ်’ဟု သိ၏၊ မြတ်သည်၏ အဖြစ်သို့ မရောက်သောစိတ်ကိုလည်း ‘မြတ်သည်၏ အဖြစ်သို့ မရောက်သော စိတ်’ဟုသိ၏၊ မိမိထက် လွန်မြတ်သော တရားရှိသော စိတ်ကိုလည်း ‘မိမိထက် လွန်မြတ်သောတရား ရှိသောစိတ်’ဟု သိ၏၊ မိမိထက်လွန်မြတ်သော တရားမရှိသောစိတ်ကိုလည်း မိမိထက်လွန်မြတ်သော တရားမရှိသော စိတ်’ဟု သိ၏၊ တည်ကြည်သော စိတ်ကိုလည်း ‘တည်ကြည်သောစိတ်’ဟု သိ၏၊ မတည်ကြည်သောစိတ်ကိုလည်း ‘မတည်ကြည်သောစိတ်’ဟု သိ၏၊ ကိလေသာမှလွတ်သောစိတ် ကိုလည်း ‘ကိလေသာမှ လွတ်သောစိတ်’ဟု သိ၏၊ ကိလေသာမှ မလွတ်သောစိတ်ကိုလည်း ‘ကိလေသာမှမလွတ်သောစိတ်’ဟု သိ၏။ ထိုသို့ သိရာ၌ အကြင်သိမှု ‘ပညာ’၊ သိသောအခြင်းအရာ ‘ပဇာနနာ’။ပ။ မတွေဝေမှု ‘အမောဟ’၊ တရားကို စိစစ်မှု ‘ဓမ္မဝိစယ’၊ ကောင်းသော အမြင် ‘သမ္မာဒိဋ္ဌိ’ သည် ရှိ၏။ ဤသဘောကို ပိုင်းခြားခြင်း၌ သိသောဉာဏ်ဟု ဆိုအပ်၏။ တရား၌ ဖြစ်သောဉာဏ် အလျော်၌ ဖြစ်သောဉာဏ် ပိုင်းခြားခြင်း၌ ဖြစ်သောဉာဏ်ကို ထား၍ ကြွင်းသောဉာဏ်ပညာသည် သမုတ်ခြင်း၌ သိသောဉာဏ်တည်း။ (၄)
၇၉၇။ ထိုတွင် အဘယ်ပညာသည် စုတိပဋိသန္ဓေအလို့ငှါသာ ဖြစ်၍ နိဗ္ဗာန်အလို့ငှါသာ မဖြစ်သော ပညာ မည်သနည်း။
ကာမာဝစရကုသိုလ်၌ ဖြစ်သော ပညာသည် စုတိပဋိသန္ဓေအလို့ငှါသာ ဖြစ်၍ နိဗ္ဗာန်အလို့ငှါ မဖြစ်။ မဂ်လေးပါးတို့၌ ဖြစ်သော ပညာသည် နိဗ္ဗာန်အလို့ငှါသာ ဖြစ်၍ စုတိပဋိသန္ဓေအလို့ငှါ မဖြစ်။ ရူပါဝစရကုသိုလ် အရူပါဝစရကုသိုလ်၌ ဖြစ်သော ပညာသည် စုတိပဋိသန္ဓေအလို့ငှါလည်းဖြစ်, နိဗ္ဗာန်အလို့ငှါလည်းဖြစ်၏။ ကြွင်းသောပညာသည် စုတိပဋိသန္ဓေအလို့ငှါလည်း မဖြစ်, နိဗ္ဗာန်အလို့ငှါလည်း မဖြစ်။ (၅)
၇၉၈။ ထိုတွင် အဘယ်ပညာသည် ငြီးငွေ့ရန်သာဖြစ်၍ ထိုးထွင်း၍သိခြင်းငှါ မဖြစ်သနည်း။
အကြင်ပညာဖြင့် ကာမဂုဏ်တို့၌ တပ်မက်ခြင်း ကင်း၏၊ အဘိညာဉ်တို့ကိုလည်း မသိ၊ သစ္စာတို့ကိုလည်း မသိ၊ ဤပညာကို ငြီးငွေ့ရန်သာဖြစ်၍ ထိုထွင်း၍သိခြင်းငှါ မဖြစ်ဟု ဆိုအပ်၏။ ထိုသူသည်ပင်ပညာဖြင့် ကာမဂုဏ်တို့၌ တပ်မက်ခြင်းကင်းသည်ဖြစ်၍ အဘိညာဉ်တို့ကို သိ၏၊ သစ္စာတို့ကိုကား မသိ၊ ဤပညာကို ထိုးထွင်း၍သိရန်သာဖြစ်၍ ငြီးငွေ့ခြင်းငှါ မဖြစ်ဟု ဆိုအပ်၏၊ မဂ်လေးပါးတို့၌ ဖြစ်သောပညာသည် ငြီးငွေ့ခြင်းငှါလည်း ဖြစ်၏၊ ထိုးထွင်း၍သိခြင်းငှါလည်း ဖြစ်၏၊ ကြွင်းသောပညာသည်ငြီးငွေ့ခြင်းငှါလည်း မဖြစ်၊ ထိုးထွင်း၍ သိခြင်းငှါလည်း မဖြစ်။ (၆)
၇၉၉။ ထိုတွင် အဘယ်ပညာသည် ဆုတ်ယုတ်သော အဖို့ရှိသောပညာ မည်သနည်း။
ပဌမဈာန်ကို ရသူမှာ လိုချင်မှု ‘ကာမ'နှင့်တကွဖြစ်သော အမှတ် ‘သညာ', နှလုံးသွင်းမှု ‘မနသိကာရ’ တို့သည် ဖြစ်ကုန်၏၊ (ထိုသူ၏ပညာသည်) ဆုတ်ယုတ်သော အဖို့ရှိသောပညာ မည်၏။ ထိုဈာန်အားလျော်သော သဘောရှိသော အောက်မေ့မှု သတိသည် တည်တံ့၏။ (ထိုသူ၏ပညာသည်) တည်တံ့သောအဖို့ရှိသော ပညာမည်၏။ ကြံစည်မှု ‘ဝိတက်'ကင်းသော အမှတ် ‘သညာ', နှလုံးသွင်းမှု ‘မနသိကာရ’ တို့သည် ဖြစ်ကုန်၏၊ (ထိုသူ၏ ပညာသည်) ထူးသော အဖို့ရှိသောပညာ မည်၏။ ငြီးငွေ့ခြင်းနှင့်တကွဖြစ်သော အရိယမဂ်နှင့်စပ်သော အမှတ် ‘သညာ', နှလုံးသွင်းမှု ‘မနသိကာရ'တို့သည် ဖြစ်ကုန်၏၊ (ထိုသူ့၏ပညာသည်) ဖောက်ခွဲခြင်းအဖို့ရှိသော ပညာ မည်၏။ ဒုတိယဈာန်ရသူမှာ ဝိတက်နှင့် တကွဖြစ်သော အမှတ် ‘သညာ', နှလုံးသွင်းမှု ‘မနသိကာရ’ တို့သည်ဖြစ်ကုန်၏၊ (ထိုသူ၏ပညာသည်) ဆုတ်ယုတ်သော အဖို့ရှိသော ပညာမည်၏၊ ထိုဒုတိယဈာန်အားလျော်သော သဘောရှိသော အောက်မေ့မှု ‘သတိ’ သည် တည်၏၊ (ထိုသူ၏ပညာသည်) တည်တံ့သော အဖို့ရှိသော ပညာမည်၏၊
--
လျစ်လျူရှုမှု ‘ဥပေက္ခာ’ နှင့် တကွဖြစ်သော အမှတ် ‘သညာ', နှလုံးသွင်းမှု ‘မနသိကာရ'တို့သည် ဖြစ်ကုန်၏၊ (ထိုသူ၏ပညာသည်) ထူးသောအဖို့ရှိသောပညာ မည်၏၊ ငြီးငွေ့ခြင်းနှင့် တကွဖြစ်သော အရိယမဂ်နှင့် စပ်သော အမှတ် ‘သညာ', နှလုံးသွင်းမှု ‘မနသိကာရ’ တို့သည် ဖြစ်ကုန်၏၊ (ထိုသူ၏ပညာသည်) ဖောက်ခွဲခြင်း အဖို့ရှိသော ပညာ မည်၏။ တတိယဈာန်ရသူမှာ ပီတိ, သုခနှင့် တကွဖြစ်ပြီးသော အမှတ် ‘သညာ’ နှလုံးသွင်းမှု ‘မနသိကာရ’ တို့သည် ဖြစ်ကုန်၏၊ (ထိုသူ၏ပညာသည်) ဆုတ်ယုတ်သောအဖို့ရှိသော ပညာ မည်၏၊ ထိုတတိယ ဈာန်အားလျော်သောသဘောရှိသော အောက်မေ့မှု ‘သတိ’ သည် တည်တံ့၏၊ (ထိုသူ၏ပညာသည်) တည်တံ့သော အဖို့ရှိသော ပညာမည်၏၊ ဥပေက္ခာဝေဒနာနှင့် တကွဖြစ်သောအမှတ် ‘သညာ’ နှလုံးသွင်းမှု ‘မနသိကာရ’ တို့သည် ဖြစ်ကုန်၏၊ (ထိုသူ၏ပညာသည်) ထူးသောအဖို့ရှိသောပညာ မည်၏၊ ငြီးငွေ့ခြင်း နှင့်တကွဖြစ်သော အရိယမဂ်နှင့် စပ်သော အမှတ် ‘သညာ’ နှလုံးသွင်းမှု ‘မနသိကာရ’ တို့သည် ဖြစ်ကုန်၏၊ (ထိုသူ၏ပညာသည်) ဖောက်ခွဲခြင်း အဖို့ရှိသောပညာမည်၏။ စတုတ္ထဈာန်ရသူမှာ ဥပေက္ခာဝေဒနာနှင့်တကွဖြစ်သော အမှတ် ‘သညာ', နှလုံးသွင်းမှု ‘မနသိကာရ'တို့သည် ဖြစ်ကုန်၏၊ (ထိုသူ၏ပညာသည်) ဆုတ်ယုတ်သောအဖို့ရှိသော ပညာမည်၏၊ ထိုစတုတ္ထဈာန်အားလျော်သော သဘောရှိသော အောက်မေ့မှု ‘သတိ’ သည် တည်တံ့၏၊ (ထိုသူ၏ပညာသည်) တည်တံ့သော အဖို့ရှိသော ပညာမည်၏၊ အာကာသာနဉ္စာယတနဈာန်နှင့် တကွဖြစ်သော အမှတ် ‘သညာ’ နှလုံးသွင်းမှု ‘မနသိကာရ’ တို့သည် ဖြစ်ကုန်၏၊ (ထိုသူ၏ပညာသည်) ထူးသော အဖို့ရှိသောပညာ မည်၏၊ ငြီးငွေ့ခြင်းနှင့် တကွဖြစ်သော အရိယမဂ်နှင့် စပ်သော အမှတ် ‘သညာ’ နှလုံးသွင်းမှု ‘မနသိကာရ’ တို့သည် ဖြစ်ကုန်၏၊ (ထိုသူ၏ပညာသည်) ဖောက်ခွဲခြင်း အဖို့ရှိသော ပညာမည်၏။ အာကာသာနဉ္စာယတနဈာန်ရသူမှာ ရုပ်နှင့် တကွဖြစ်သော အမှတ် ‘သညာ', နှလုံးသွင်းမှု ‘မနသိကာရ'တို့သည် ဖြစ်ကုန်၏၊ (ထိုသူ၏ပညာသည်) ဆုတ်ယုတ်သောအဖို့ရှိသော ပညာမည်၏၊ ထိုဈာန်အားလျော်သော သဘောရှိသော အောက်မေ့မှု ‘သတိ’ သည် တည်တံ့၏၊ (ထိုသူ၏ပညာသည်) တည်တံ့သောအဖို့ရှိသော ပညာမည်၏၊ ဝိညာဏဉ္စာယတနဈာန်နှင့် တကွဖြစ်သော အမှတ် ‘သညာ', နှလုံးသွင်းမှု ‘မနသိကာရ’ တို့သည် ဖြစ်ကုန်၏၊ (ထိုသူ၏ပညာသည်) ထူးသောအဖို့ရှိသော ပညာမည်၏၊ ငြီးငွေ့ခြင်းနှင့် တကွဖြစ်သော အရိယမဂ်နှင့် စပ်သော အမှတ် ‘သညာ’ နှလုံးသွင်းမှု ‘မနသိကာရ’ တို့သည်ဖြစ်ကုန်၏၊ (ထိုသူ၏ပညာသည်) ဖောက်ခွဲခြင်း အဖို့ရှိသော ပညာ မည်၏။ ဝိညာဏဉ္စာယတနဈာန်ရသူမှာ အာကာသာနဉ္စာယတနဈာန်နှင့်တကွဖြစ်သော အမှတ် ‘သညာ’ နှလုံးသွင်းမှု ‘မနသိကာရ’ တို့သည် ဖြစ်ကုန်၏၊ (ထိုသူ၏ပညာသည်) ဆုတ်ယုတ်သောအဖို့ရှိသော ပညာမည်၏၊ ထိုဝိညာဏဉ္စာယတနဈာန်အားလျော်သော အဖို့ရှိသော အောက်မေ့မှု ‘သတိ’ သည် တည်တံ့၏၊ (ထိုသူ၏ပညာသည်) တည်တံ့သော အဖို့ရှိသော ပညာမည်၏၊ အာကိဉ္စညာယတနဈာန်နှင့်တကွဖြစ်သောအမှတ် ‘သညာ', နှလုံးသွင်းမှု ‘မနသိကာရ’ တို့သည် ဖြစ်ကုန်၏၊ (ထိုသူ၏ပညာသည်) ထူးသော အဖို့ရှိသော ပညာမည်၏၊ ငြီးငွေ့ခြင်းနှင့် တကွဖြစ်သော အရိယမဂ်နှင့်စပ်သော အမှတ် ‘သညာ’ နှလုံးသွင်းမှု ‘မနသိကာရ’ တို့သည် ဖြစ်ကုန်၏၊ (ထိုသူ၏ပညာသည်) ဖောက်ခွဲခြင်းအဖို့ရှိသော ပညာ မည်၏။ အာကိဉ္စညာယတနဈာန်ရသူမှာ ဝိညာဏဉ္စာယတနဈာန်နှင့် တကွဖြစ်သော အမှတ် ‘သညာ’ နှလုံး သွင်းမှု ‘မနသိကာရ'တို့သည် ဖြစ်ကုန်၏၊ (ထိုသူ၏ပညာသည်) ဆုတ်ယုတ်သောအဖို့ရှိသော ပညာမည်၏၊ ထိုအာကိဉ္စညာယတနဈာန်အားလျော်သော သဘောရှိသော အောက်မေ့မှု ‘သတိ’ သည် တည်တံ့၏၊ (ထိုသူ၏ ပညာသည်) တည်တံ့သောအဖို့ရှိသော ပညာ မည်၏၊ နေဝသညာနာသညာယတနဈာန်နှင့်တကွဖြစ်သော အမှတ် ‘သညာ’ နှလုံးသွင်းမှု ‘မနသိကာရ’ တို့သည် ဖြစ်ကုန်၏၊ (ထိုသူ၏ပညာသည်) ထူးသောအဖို့ ရှိသော ပညာမည်၏၊ ငြီးငွေ့ခြင်းနှင့် တကွဖြစ်သော အရိယမဂ်နှင့်စပ်သောအမှတ် ‘သညာ', နှလုံးသွင်းမှု ‘မနသိကာရ’ တို့သည် ဖြစ်ကုန်၏၊ (ထိုသူ၏ပညာသည်) ဖောက်ခွဲခြင်းအဖို့ရှိသောပညာမည်၏။ (၇)
--
၈၀၀။ ထိုတွင် ခွဲခြမ်းစိတ်ဖြာ၍သိသောဉာဏ်လေးပါးတို့ဟူသည် အဘယ်တို့နည်း။ အကျိုး၌ ခွဲခြမ်းစိတ်ဖြာ၍သိသောဉာဏ်၊ အကြောင်း၌ ခွဲခြမ်းစိတ်ဖြာ၍သိသောဉာဏ်၊ သဒ္ဒါ၌ ခွဲခြမ်းစိတ်ဖြာ၍သိသောဉာဏ်၊ အကျိုး အကြောင်း သဒ္ဒါတို့၌ အကျယ်ခွဲခြမ်းစိတ်ဖြာ၍ သိသောဉာဏ်တို့ သည်ရှိကုန်၏။ အကျိုး၌ ခွဲခြမ်းစိတ်ဖြာ၍ သိသောဉာဏ်သည် အတ္ထပဋိသမ္ဘိဒါမည်၏၊ အကြောင်း၌ ခွဲခြမ်း စိတ်ဖြာ၍သိသောဉာဏ်သည် ဓမ္မပဋိသမ္ဘိဒါ မည်၏၊ ထိုအကျိုး အကြောင်းတို့၌ မာဂဓဘာသာဖြင့် ပြောဆိုသောအသံ ‘သဒ္ဒါ’၌ ခွဲခြမ်းစိတ်ဖြာ၍ သိသောဉာဏ်သည် နိရုတ္တိပဋိသမ္ဘိဒါ မည်၏၊ အကျိုး အကြောင်းသဒ္ဒါတို့ကို သိသောဉာဏ်တို့၌ ခွဲခြမ်းစိတ်ဖြာ၍ သိသောဉာဏ်သည် ပဋိဘာနပဋိသမ္ဘိဒါ မည်၏။ ဤသည်ကိုကား ခွဲခြမ်းစိတ်ဖြာ၍သိသောဉာဏ်လေးပါးတို့တည်း။ (၈)
၈၀၁။ ထိုတွင် အဘယ်တို့သည် အကျင့်လေးပါး၌ သိသောဉာဏ်တို့ မည်ကုန်သနည်း။
ဆင်းရဲငြိုငြင်သောအကျင့် နုံ့နှေးသောအသိဉာဏ်ရှိသော ပညာ၊ ဆင်းရဲငြိုငြင်သောအကျင့် လျင်မြန်သော အသိဉာဏ်ရှိသော ပညာ၊ ချမ်းသာသောအကျင့် နုံ့နှေးသောအသိဉာဏ်ရှိသော ပညာ၊ ချမ်းသာသောအကျင့် လျင်မြန်သောအသိဉာဏ်ရှိသော ပညာတို့သည် ရှိကုန်၏။ ထိုတွင် အဘယ်သည် ဆင်းရဲငြိုငြင်သောအကျင့် နုံ့နှေးသောအသိဉာဏ်ရှိသော ပညာ မည်သနည်း။
ငြိုငြင်ပင်ပန်းသဖြင့် တည်ကြည်မှု ‘သမာဓိ'ကို ဖြစ်စေရ၍ နုံ့နှေးစွာ (လောကုတ္တရာဈာန်ကို) သိသောသူအား အကြင်သိခြင်း ‘ပညာ’၊ သိသော အခြင်းအရာ ‘ပဇာနနာ’။ပ။ မတွေဝေမှု ‘အမောဟ’၊ သဘောတရားတို့ကို စိစစ်မှု ‘ဓမ္မဝိစယ’၊ ကောင်းသောအမြင် ‘သမ္မာဒိဋ္ဌိ'သည် ဖြစ်၏။ ဤသဘောကိုဆင်းရဲငြိုငြင်သောအကျင့် နုံ့နှေးသော အသိဉာဏ်ရှိသော ပညာဟု ဆိုအပ်၏။
ထိုတွင် အဘယ်သည် ဆင်းရဲငြိုငြင်သောအကျင့် လျင်မြန်သော အသိဉာဏ်ရှိသော ပညာ မည်သနည်း။
ငြိုငြင်ပင်ပန်းသဖြင့် တည်ကြည်မှု ‘သမာဓိ’ ကို ဖြစ်စေရ၍ လျင်မြန်စွာ (လောကုတ္တရာဈာန်ကို) သိသောသူအား အကြင်သိခြင်း ‘ပညာ’၊ သိသောအခြင်းအရာ ‘ပဇာနနာ’။ပ။ မတွေဝေမှု ‘အမောဟ’၊ သဘောတရားတို့ကို စိစစ်မှု ‘ဓမ္မဝိစယ’၊ ကောင်းသော အမြင် ‘သမ္မာဒိဋ္ဌိ'သည် ဖြစ်၏။ ဤသဘောကိုဆင်းရဲငြိုငြင်သော အကျင့် လျင်မြန်သော အသိဉာဏ်ရှိသော ပညာဟု ဆိုအပ်၏။
ထိုတွင် အဘယ်သည် ချမ်းသာသောအကျင့် နုံ့နှေးသော အသိဉာဏ်ရှိသော ပညာ မည်သနည်း။
မငြိုငြင်မပင်ပန်းသဖြင့် တည်ကြည်မှု ‘သမာဓိ’ ကို ဖြစ်စေရ၍ နုံ့နှေးစွာ (လောကုတ္တရာ) ဈာန်ကိုသိသောသူအား အကြင်သိခြင်း ‘ပညာ’၊ သိသောအခြင်းအရာ ‘ပဇာနနာ’။ပ။ မတွေဝေမှု ‘အမောဟ’၊ သဘောတရားတို့ကို စိစစ်မှု ‘ဓမ္မဝိစယ’၊ ကောင်းသော အမြင် ‘သမ္မာဒိဋ္ဌိ’ သည် ဖြစ်၏။ ဤသဘောကိုချမ်းသာသော အကျင့် နုံ့နှေးသော အသိဉာဏ်ရှိသော ပညာဟု ဆိုအပ်၏။
ထိုတွင် အဘယ်သည် ချမ်းသာသောအကျင့် လျင်မြန်သော အသိဉာဏ်ရှိသော ပညာ မည်သနည်း။
မငြိုငြင်မပင်ပန်းသဖြင့် တည်ကြည်မှု “သမာဓိ”ကို ဖြစ်စေ၍ လျင်မြန်စွာ (လောကုတ္တရာ) ဈာန်ကိုသိသော သူအား အကြင်သိခြင်း ‘ပညာ’၊ သိသောအခြင်းအရာ ‘ပဇာနနာ’။ပ။ မတွေဝေမှု ‘အမောဟ’၊ သဘောတရားတို့ကို စိစစ်မှု ‘ဓမ္မဝိစယ’၊ ကောင်းသောအမြင် ‘သမ္မာဒိဋ္ဌိ’ သည် ဖြစ်၏။ ဤသဘောကိုချမ်းသာသောအကျင့် လျင်မြန်သော အသိဉာဏ်ရှိသော ပညာဟု ဆိုအပ်၏။
ဤသည်တို့ကား အကျင့်လေးပါးတို့၌ သိသောဉာဏ် မည်ကုန်၏။ (၉)
၈၀၂။ ထိုတွင် အဘယ်တို့သည် အာရုံလေးပါးတို့၌ သိသောဉာဏ် မည်ကုန်သနည်း။
အာနုဘော်နည်းသော အနည်းငယ်မျှ ပျံ့နှံ့သော အာရုံရှိသော ပညာ၊ အာနုဘော်နည်းသော အတိုင်းမရှိပျံ့နှံ့သော အာရုံရှိသော ပညာ၊ အတိုင်းမရှိသော အာနုဘော်ရှိသော အနည်းငယ်မျှ ပျံ့နှံ့ သောအာရုံရှိသော ပညာ၊ အတိုင်းမရှိသော အာနုဘော်ရှိသော အတိုင်းမရှိ ပျံ့နှံ့သော အာရုံရှိသောပညာတို့တည်း။
--
ထိုတွင် အဘယ်သည် အာနုဘော်နည်းသော အနည်းငယ်မျှ ပျံ့နှံ့သော အာရုံရှိသော ပညာ မည်သနည်း။
လေ့လာ၍မရဖူးသော သမာဓိဈာန်၏အာရုံကို အနည်းငယ်ဖြန့်သူအား အကြင်သိမှု ‘ပညာ’၊ သိသောအခြင်းအရာ “ပဇာနနာ”။ပ။ မတွေဝေမှု ‘အမောဟ’၊ သဘောတရားတို့ကို စိစစ်မှု ‘ဓမ္မဝိစယ’၊ ကောင်းသော အမြင် ‘သမ္မာဒိဋ္ဌိ’ သည် ဖြစ်၏။ ဤသဘောကို အာနုဘော်နည်းသော အနည်းငယ်မျှ ပျံ့နှံ့သောအာရုံရှိသောပညာဟု ဆိုအပ်၏။
ထိုတွင် အဘယ်သည် အာနုဘော်နည်းသော အတိုင်းမရှိ ပျံ့နှံ့သော အာရုံရှိသော ပညာ မည်သနည်း။
လေ့လာ၍မရဖူးသော သမာဓိဈာန်၏အာရုံကို များများဖြန့်သူအား အကြင်သိမှု ‘ပညာ’၊ သိသောအခြင်းအရာ ‘ပဇာနနာ’။ပ။ မတွေဝေမှု ‘အမောဟ’၊ သဘောတရားတို့ကို စိစစ်မှု ‘ဓမ္မဝိစယ’၊ ကောင်းသော အမြင် ‘သမ္မာဒိဋ္ဌိ’ သည် ဖြစ်၏။ ဤသဘောကို အာနုဘော်နည်းသော အတိုင်းမရှိပျံ့နှံ့သော အာရုံရှိသောပညာဟု ဆိုအပ်၏။
ထိုတွင် အဘယ်သည် အတိုင်းမရှိသော အာနုဘော်ရှိသော အနည်းငယ်မျှပျံ့နှံ့သော အာရုံရှိသောပညာ မည်သနည်း။
လေ့လာ၍ရဖူးသော သမာဓိဈာန်၏အာရုံကို အနည်းငယ်ဖြန့်သူအား အကြင်သိမှု ‘ပညာ’၊ သိသောအခြင်းအရာ ‘ပဇာနနာ’။ပ။ မတွေဝေမှု ‘အမောဟ’၊ သဘောတရားတို့ကို စိစစ်မှု ‘ဓမ္မဝိစယ’၊ ကောင်းသော အမြင် ‘သမ္မာဒိဋ္ဌိ'သည် ဖြစ်၏။ ဤသဘောကို အတိုင်းမရှိသော အာနုဘော်ရှိသော အနည်းငယ်မျှပျံ့နှံ့သော အာရုံရှိသော ပညာဟု ဆိုအပ်၏။
ထိုတွင် အဘယ်သည် အတိုင်းမရှိသော အာနုဘော်ရှိသော အတိုင်းမရှိပျံ့နှံ့သော အာရုံရှိသောပညာ မည်သနည်း။
လေ့လာ၍ရဖူးသော သမာဓိဈာန်၏အာရုံကို များများဖြန့်သူအား အကြင် သိမှု ‘ပညာ’၊ သိသောအခြင်းအရာ ‘ပဇာနနာ’။ပ။ မတွေဝေမှု ‘အမောဟ’၊ သဘောတရားတို့ကို စိစစ်မှု ‘ဓမ္မဝိစယ’၊ ကောင်းသောအမြင် ‘သမ္မာဒိဋ္ဌိ'သည် ဖြစ်၏။ ဤသဘောကို အတိုင်းမရှိသော အာနုဘော်ရှိသော အတိုင်းမရှိပျံ့နှံ့သော အာရုံရှိသော ပညာဟု ဆိုအပ်၏။
ဤသည်တို့ကား အာရုံလေးပါးတို့၌ သိသောဉာဏ်တို့တည်း။ (၁၀)
မဂ်နှင့်ပြည့်စုံသူ၏ အသိဉာဏ်သည် ရှိ၏။ ထိုဉာဏ်သည် အိုခြင်း သေခြင်း၌ သိသောဉာဏ်၊ အိုခြင်း သေခြင်းဖြစ်ကြောင်း၌ သိသောဉာဏ်၊ အိုခြင်း သေခြင်းချုပ်ရာ၌ သိသောဉာဏ်၊ အိုခြင်း သေခြင်း ချုပ်ရာသို့ ရောက်ကြောင်းအကျင့်၌ သိသောဉာဏ်တည်း။
ထိုတွင် အဘယ်သည် အိုခြင်း သေခြင်း၌ သိသောဉာဏ် မည်သနည်း။
အိုခြင်း သေခြင်းကို အကြောင်းပြု၍ အကြင်သိမှု ‘ပညာ’၊ သိသောအခြင်းအရာ ‘ပဇာနနာ’။ပ။ မတွေဝေမှု ‘အမောဟ’၊ သဘောတရားတို့ကို စိစစ်မှု ‘ဓမ္မဝိစယ’၊ ကောင်းသောအမြင် ‘သမ္မာဒိဋ္ဌိ’ သည်ဖြစ်၏။ ဤသဘောကို အိုခြင်း သေခြင်း၌ သိသောဉာဏ်ဟု ဆိုအပ်၏။ အိုမှု သေမှု ဖြစ်ကြောင်းကိုအကြောင်းပြု၍။ပ။ အိုမှု သေမှု ချုပ်ရာကို အကြောင်းပြု၍။ပ။ အိုမှု သေမှု ချုပ်ရာသို့ ရောက်ကြောင်းအကျင့်ကို အကြောင်းပြု၍ အကြင်သိမှု ‘ပညာ’၊ သိသောအခြင်းအရာ ‘ပဇာနနာ’။ပ။ မတွေဝေမှု ‘အမောဟ’၊ သဘော တရားတို့ကို စိစစ်မှု ‘ဓမ္မဝိစယ’၊ ကောင်းသောအမြင် ‘သမ္မာဒိဋ္ဌိ'သည် ဖြစ်၏။ ဤသဘောကို အိုခြင်း သေခြင်းချုပ်ရာသို့ ရောက်ကြောင်းအကျင့်၌ သိသောဉာဏ်ဟု ဆိုအပ်၏။ (၁၁)
--
၈၀၃။ မဂ်နှင့်ပြည့်စုံသူ၏ အသိဉာဏ်သည် ရှိ၏။ ထိုဉာဏ်သည် ပဋိသန္ဓေနေမှု ‘ဇာတိ’၌ သိသောဉာဏ်။ပ။ ဖြစ်ကြောင်းကံ ‘ဘဝ’၌ သိသောဉာဏ်။ပ။ စွဲလမ်းမှု ‘ဥပါဒါန်’၌ သိသောဉာဏ်။ပ။ တပ်မက်မှု ‘တဏှာ’၌ သိသောဉာဏ်။ပ။ ခံစားမှု ‘ဝေဒနာ’၌ သိသောဉာဏ်။ပ။ တွေ့ထိမှု ‘ဖဿ’၌ သိသောဉာဏ်။ပ။ အာယတနခြောက်ပါး၌ သိသောဉာဏ်။ပ။ နာမ်ရုပ်၌ သိသောဉာဏ်။ပ။ ဝိညာဏ်၌ သိသောဉာဏ်။ပ။ သင်္ခါရတို့၌ သိသောဉာဏ်၊ သင်္ခါရဖြစ်ကြောင်း၌ သိသောဉာဏ်၊ သင်္ခါရချုပ်ရာ၌ သိသောဉာဏ်၊ သင်္ခါရချုပ်ရာသို့ ရောက်ကြောင်းအကျင့်၌ သိသောဉာဏ်တည်း။ (၁၂-၂၁)
ထိုတွင် အဘယ်သည် သင်္ခါရတို့၌ သိသောဉာဏ် မည်သနည်း။
သင်္ခါရတို့ကို အကြောင်းပြု၍ အကြင်သိမှု ‘ပညာ’၊ သိသောအခြင်းအရာ ‘ပဇာနနာ’။ပ။ မတွေဝေမှု ‘အမောဟ’၊ သဘောတရားတို့ကို စိစစ်မှု ‘ဓမ္မဝိစယ’၊ ကောင်းသောအမြင် ‘သမ္မာဒိဋ္ဌိ'သည် ဖြစ်၏။ ဤသဘောကို သင်္ခါရတို့၌ သိသောဉာဏ်ဟု ဆိုအပ်၏။ သင်္ခါရဖြစ်ကြောင်းကို အကြောင်းပြု၍။ပ။ သင်္ခါရချုပ်ရာကို အကြောင်းပြု၍။ပ။ သင်္ခါရချုပ်ရာသို့ ရောက်ကြောင်းအကျင့်ကို အကြောင်းပြု၍ အကြင်သိမှု ‘ပညာ’၊ သိသော အခြင်းအရာ ‘ပဇာနနာ’။ပ။ မတွေဝေမှု ‘အမောဟ’၊ သဘောတရားတို့ကို စိစစ်မှု ‘ဓမ္မဝိစယ’၊ ကောင်းသောအမြင် ‘သမ္မာဒိဋ္ဌိ’ သည် ဖြစ်၏။ ဤသဘောကို သင်္ခါရချုပ်ရာသို့ ရောက်ကြောင်း အကျင့်၌ သိသောဉာဏ်ဟု ဆိုအပ်၏။ ဤသို့ လေးမျိုးသော အဖို့အစုအားဖြင့် ဉာဏ်၏တည်ရာတို့သည် ဖြစ်ကုန်၏။
လေးခုသောဉာဏ်အရေအတွက် ပြီး၏။
--
၅-ငါးခုသော အဖို့အစုအားဖြင့် ဉာဏ်များကိုအကျယ်ပြဆိုခြင်း
၈၀၄။ ထိုတွင် အဘယ်သည် အင်္ဂါငါးပါးရှိသော ကောင်းသောတည်ကြည်မှု မည်သနည်း။
နှစ်သက်မှု၌ ပျံ့နှံ့ခြင်း၊ ချမ်းသာမှု၌ ပျံ့နှံ့ခြင်း၊ စိတ်၌ ပျံ့နှံ့ခြင်း၊ အလင်း၌ ပျံ့နှံ့ခြင်း၊ အကြောင်းကို ဆင်ခြင်ခြင်းတည်း။
ဈာန်နှစ်ပါးတို့၌ ဖြစ်သော ပညာသည် နှစ်သက်မှု၌ ပျံ့နှံ့သော ပညာမည်၏၊ ဈာန်သုံးပါးတို့၌ ဖြစ်သောပညာသည် ချမ်းသာမှု၌ ပျံ့နှံ့သော ပညာမည်၏၊ သူတစ်ပါးစိတ်ကို သိသောဉာဏ်သည် စိတ်၌ ပျံ့နှံ့သော ပညာမည်၏၊ နတ်မျက်စိ ‘ဒိဗ္ဗစက္ခု’ သည် အလင်း၌ ပျံ့နှံ့သော ပညာမည်၏၊ ထိုထိုသမာဓိဈာန်မှ ထသူ၏ ဆင်ခြင်သောဉာဏ်သည် အကြောင်းကို ဆင်ခြင်သောပညာမည်၏။ ဤသဘောကို အင်္ဂါငါးပါးရှိသော ကောင်းသော တည်ကြည်မှု ဟု ဆိုအပ်၏။
ထိုတွင် အဘယ်သည် ဉာဏ်ငါးပါးရှိသော ကောင်းသောတည်ကြည်မှု မည်သနည်း။
ဤတည်ကြည်မှုသည် ပစ္စုပ္ပန်ချမ်းသာလည်း ဖြစ်၏၊ နောင်အခါ၌ လည်း ချမ်းသာသော အကျိုး ရှိသည်ဖြစ်၏ဟု မျက်မှောက်၌ သာ အသိဉာဏ်သည် ဖြစ်၏။ ဤတည်ကြည်မှုသည် မြတ်၏၊ အမှား သုံးသပ်မှု မှကင်း၏ဟု မျက်မှောက်၌ သာ အသိဉာဏ်သည် ဖြစ်၏။ ဤတည်ကြည်မှုကား ယောက်ျားမြတ် တို့မှီဝဲအပ်၏ဟု မျက်မှောက်၌ သာ အသိဉာဏ်သည် ဖြစ်၏။ ဤတည်ကြည်မှုကား ငြိမ်သက်၏၊ မြတ်၏၊ ငြိမ်းချမ်းမှုကို ရအပ်၏၊ မြတ်သောတည်ကြည်ခြင်းကို ပွါးများ၍ ရအပ်၏၊ တိုက်တွန်းခြင်းဖြင့် နှိပ်ကွပ်တားမြစ်၍ ရောက်အပ်သည် မဟုတ်ဟု မျက်မှောက်၌ သာ အသိဉာဏ်သည် ဖြစ်၏။ စင်စစ် ထိုသူသည်ဤတည်ကြည်မှုကို “ငါသည် သတိရှိလျက် ဝင်စား၏၊ သတိရှိလျက် ထ၏” ဟု မျက်မှောက်၌ သာအသိဉာဏ်သည် ဖြစ်၏။ ဤသဘောကို ဉာဏ်ငါးပါးရှိသော ကောင်းသော တည်ကြည်မှု ဟု ဆိုအပ်၏။
ဤသို့ ငါးခုသော အဖို့အစုအားဖြင့် ဉာဏ်၏ တည်ရာသည် ဖြစ်၏။
ငါးခုသောဉာဏ်အရေအတွက် ပြီး၏။
၆-ခြောက်ခုသော အဖို့အစုအားဖြင့် ဉာဏ်များကို အကျယ်ပြဆိုခြင်း
၈၀၅။ ထိုတွင် အဘယ်သည် အဘိညာဉ်ခြေက်ပါးတို့၌ ဖြစ်သော ပညာ မည်သနည်း။
တန်ခိုးဖန်ဆင်းခြင်း၌ ဖြစ်သောအသိဉာဏ်၊ သောတဓာတ်စင်ကြယ်ခြင်း၌ ဖြစ်သော အသိဉာဏ်၊ သူတစ်ပါးစိတ်ကိုသိသော အသိဉာဏ်၊ ရှေး၌ နေခဲ့ဖူးသော ခန္ဓာအစဉ်ကို အောက်မေ့ခြင်း၌ ဖြစ်သောအသိဉာဏ်၊ သတ္တဝါတို့၏ စုတိပဋိသန္ဓေ၌ ဖြစ်သော အသိဉာဏ်၊ အာသဝတို့၏ ကုန်ရာ၌ ဖြစ်သောအသိဉာဏ်တို့တည်း။
ဤသို့ ခြောက်ခုသော အဖို့အစုအားဖြင့် ဉာဏ်၏တည်ရာသည် ဖြစ်၏။
ခြောက်ခုသောဉာဏ်အရေအတွက် ပြီး၏။
--
၇-ခုနစ်ခုသော အဖို့အစုရှိအားဖြင့် ဉာဏ်များကိုအကျယ်ပြဆိုခြင်း
၈၀၆။ ထိုတွင် အဘယ်တို့သည် ခုနစ်ဆယ့်ခုနစ်ပါးသောဉာဏ်တည်းဟူသော တည်ရာတို့ မည်ကုန်သနည်း။
(၁) ပဋိသန္ဓေနေမှု ‘ဇာတိ’ အကြောင်းခံကြောင့် အိုမှု သေမှု ‘ဇရာမရဏ’ ဖြစ်၏ဟု သိသောဉာဏ်၊ ပဋိသန္ဓေနေမှု ‘ဇာတိ’ မရှိလျှင် အိုမှု သေမှု ‘ဇရာ မရဏ’ မရှိဟု သိသောဉာဏ်၊ အတိတ်ကာလ၌ လည်းပဋိသန္ဓေနေမှု ‘ဇာတိ’ အကြောင်းခံကြောင့် အိုမှု သေမှု “ဇရာ မရဏ"ဖြစ်၏ဟု သိသောဉာဏ်၊ ပဋိသန္ဓေနေမှု ‘ဇာတိ’ မရှိလျှင် အိုမှု သေမှု ‘ဇရာမရဏ’ မရှိဟု သိသောဉာဏ်၊ အနာဂတ်ကာလ၌ လည်းပဋိသန္ဓေနေမှု ‘ဇာတိ’ အကြောင်းခံကြောင့် အိုမှု သေမှု ‘ဇရာမရဏ’ ဖြစ်၏ဟု သိသောဉာဏ်၊ ပဋိသန္ဓေနေမှု ‘ဇာတိ’ မရှိလျှင် အိုမှု သေမှု ‘ဇရာ မရဏ’ မရှိဟု သိသောဉာဏ်၊ ထိုပုဂ္ဂိုလ်၏ ထိုတရားခြောက်ပါး၌ တည်သော (ဓမ္မဋ္ဌိတိ) ဉာဏ်သည်လည်း “ကုန်ခြင်းသဘော ရှိ၏၊ ပျက်ခြင်းသဘော ရှိ၏၊ တပ်မက်ခြင်းမှ ကင်းခြင်းသဘော ရှိ၏၊ ချုပ်ခြင်းသဘော ရှိ၏”ဟု သိသောဉာဏ်။
(၂) ဘဝအကြောင်းခံကြောင့် ပဋိသန္ဓေနေမှု ‘ဇာတိ’ ဖြစ်၏ဟု သိသောဉာဏ်။ပ။
(၃) စွဲလမ်းမှု ‘ဥပါဒါန်’ အကြောင်းခံကြောင့် ဘဝထင်ရှားဖြစ်၏ဟု သိသောဉာဏ်။ပ။
(၄) တပ်မက်မှု ‘တဏှာ’ အကြောင်းခံကြောင့် စွဲလမ်းမှု ‘ဥပါဒါန်’ ဖြစ်၏ဟု သိသောဉာဏ်။ပ။
(၅) ခံစားမှု ‘ဝေဒနာ'အကြောင်းခံကြောင့် တပ်မက်မှု ‘တဏှာ’ ဖြစ်၏ဟု သိသောဉာဏ်။ပ။
(၆) တွေ့ထိမှု ‘ဖဿ’ အကြောင်းခံကြောင့် ခံစားမှု ‘ဝေဒနာ’ ဖြစ်၏ဟု သိသောဉာဏ်။ပ။
(၇) အာယတနခြောက်ပါး အကြောင်းခံကြောင့် တွေ့ထိမှု ‘ဖဿ’ ဖြစ်၏ဟု သိသောဉာဏ်။ပ။
(၈) နာမ်ရုပ်အကြောင်းခံကြောင့် အာယတနခြောက်ပါး ဖြစ်၏ဟု သိသောဉာဏ်။ပ။
(၉) ဝိညာဏ်အကြောင်းခံကြောင့် နာမ် ရုပ်ဖြစ်၏ဟု သိသောဉာဏ်။ပ။
(၁၀) သင်္ခါရအကြောင်းခံကြောင့် ဝိညာဏ်ဖြစ်၏ဟု သိသောဉာဏ်။ပ။
(၁၁) မသိမှု ‘အဝိဇ္ဇာ’ အကြောင်းခံကြောင့် သင်္ခါရဖြစ်၏ဟု သိသောဉာဏ်၊ မသိမှု ‘အဝိဇ္ဇာ’ မရှိလျှင်သင်္ခါရမရှိဟု သိသောဉာဏ်၊ အတိတ်ကာလ၌ လည်း မသိမှု ‘အဝိဇ္ဇာ’ အကြောင်းခံကြောင့် သင်္ခါရဖြစ်၏ဟုသိသောဉာဏ်၊ မသိမှု ‘အဝိဇ္ဇာ’ မရှိလျှင် သင်္ခါရမရှိဟု သိသောဉာဏ်၊ အနာဂတ်ကာလ၌ လည်း မသိမှု ‘အဝိဇ္ဇာ’ အကြောင်းခံကြောင့် သင်္ခါရဖြစ်၏ဟု သိသောဉာဏ်၊ မသိမှု ‘အဝိဇ္ဇာ’ မရှိလျှင် သင်္ခါရမရှိဟုသိသောဉာဏ်။ ထိုပုဂ္ဂိုလ်၏ ထိုတရား ခြောက်ပါး၌ တည်သော (ဓမ္မဋ္ဌိတိ) ဉာဏ်သည်လည်း “ကုန်ခြင်း သဘော ရှိ၏၊ ပျက်ခြင်းသဘော ရှိ၏၊ တပ်မက်ခြင်းမှ ကင်းခြင်းသဘော ရှိ၏၊ ချုပ်ခြင်းသဘောရှိ၏”ဟု သိသောဉာဏ်၊ ဤသည်တို့ကား ခုနစ်ဆယ့်ခုနစ်ပါးသောဉာဏ်တည်းဟူသော တည်ရာတို့ မည်ကုန်၏။
ဤသို့ ခုနစ်ခုသော အဖို့အစုအားဖြင့် ဉာဏ်၏ တည်ရာသည် ဖြစ်၏။
ခုနစ်ခုသောဉာဏ်အရေအတွက် ပြီး၏။
--
၈-ရှစ်ခုသော အဖို့အစုအားဖြင့် ဉာဏ်များကိုအကျယ်ပြဆိုခြင်း
၈၀၇။ ထိုတွင် အဘယ်သည် မဂ်လေးပါးတို့၌လည်းကောင်း၊ ဖိုလ်လေးပါးတို့၌လည်းကောင်း ဖြစ်သောပညာ မည်သနည်း။
သောတာပတ္တိမဂ်၌ ဖြစ်သော ပညာ၊ သောတာပတ္တိဖိုလ်၌ ဖြစ်သော ပညာ၊ သကဒါဂါမိမဂ်၌ ဖြစ်သော ပညာ၊ သကဒါဂါမိဖိုလ်၌ ဖြစ်သော ပညာ၊ အနာဂါမိမဂ်၌ ဖြစ်သော ပညာ၊ အနာဂါမိဖိုလ်၌ ဖြစ်သော ပညာ၊ အရဟတ္တမဂ်၌ ဖြစ်သော ပညာ၊ အရဟတ္တဖိုလ်၌ ဖြစ်သော ပညာတို့တည်း။ ဤသည်ကား မဂ်လေးပါးတို့၌လည်းကောင်း ဖိုလ်လေးပါးတို့၌လည်းကောင်း ဖြစ်သောပညာမည်၏။ ဤသို့ ရှစ်ခုသော အဖို့အစုအားဖြင့် ဉာဏ်၏ တည်ရာသည် ဖြစ်၏။
ရှစ်ခုသောဉာဏ်အရေအတွက်ပြီး၏။
၉-ကိုးခုသော အဖို့အစုအားဖြင့် ဉာဏ်များကိုအကျယ်ပြဆိုခြင်း
၈၀၈။ ထိုတွင် အဘယ်သည် အစဉ်အတိုင်းဝင်စားအပ်သော သမာပတ်ကိုးပါးတို့၌ ဖြစ်သော ပညာ မည်သနည်း။
ပဌမဈာန်သမာပတ်၌ ဖြစ်သော ပညာ၊ ဒုတိယဈာန်သမာပတ်၌ ဖြစ်သော ပညာ၊ တတိယဈာန်သမာပတ်၌ ဖြစ်သော ပညာ၊ စတုတ္ထဈာန်သမာပတ်၌ ဖြစ်သော ပညာ၊ အာကာသာနဉ္စာယတန သမာပတ်၌ ဖြစ်သော ပညာ၊ ဝိညာဏဉ္စာယတနသမာပတ်၌ ဖြစ်သော ပညာ၊ အာကိဉ္စညာယတနသမာပတ်၌ ဖြစ်သော ပညာ၊ နေဝသညာနာသညာယတန သမာပတ်၌ ဖြစ်သော ပညာ၊ သညာ ဝေဒနာချုပ်ခြင်းရှိသော နိရောဓသမာပတ်မှ ထသူ၏ ပစ္စဝေက္ခဏာဉာဏ်ပညာတို့တည်း။ ဤသည်ကား အစဉ်အတိုင်းဝင်စားအပ်သောသမာပတ်ကိုးပါးတို့၌ ဖြစ်သော ပညာမည်၏။ ဤသို့ ကိုးခုသော အဖို့အစုအားဖြင့် ဉာဏ်၏ တည်ရာသည် ဖြစ်၏။
ကိုးခုသောဉာဏ်အရေအတွက်ပြီး၏။
--
၁၀-ဆယ်ခုသော အဖို့အစုအားဖြင့် ဉာဏ်များကို အကျယ်ပြဆိုခြင်း
(၁)ပထမဉာဏ်တော်အဖွင့်
၈၀၉။ ထိုတွင် အဘယ်သည် မြတ်စွာဘုရား၏ အကြောင်းဟုတ်သည်ကိုလည်း အကြောင်း ဟုတ်သောအားဖြင့် အကြောင်းမဟုတ်သည်ကိုလည်း အကြောင်းမဟုတ်သောအားဖြင့် ဟုတ်တိုင်းမှန်စွာသိသောဉာဏ် မည်သနည်း။
ဤသာသနာတော်၌ မဂ်အမြင်နှင့် ပြည့်စုံသော သောတာပန်ပုဂ္ဂိုလ်သည် တစ်စုံတစ်ခုသော သင်္ခါရကိုမြဲသော ‘နိစ္စ'အားဖြင့် ယူရန် အကြောင်းမဟုတ်၊ အခါအခွင့်မဟုတ်၊ ဤအကြောင်းသည် မရှိဟု ဘုရားသခင် သိတော်မူ၏။ ပုထုဇဉ်သည် တစ်စုံတစ်ခုသော သင်္ခါရကို မြဲသော ‘နိစ္စ'အားဖြင့် ယူရန် အကြောင်းကား စင်စစ် ရှိ၏။ ဤအကြောင်းသည် ရှိ၏ဟု ဘုရားသခင် သိတော်မူ၏။ မဂ်အမြင်နှင့် ပြည့်စုံသော သောတာပန်ပုဂ္ဂိုလ်သည် တစ်စုံတစ်ခုသော သင်္ခါရကို ချမ်းသာ ‘သုခ'အနေအားဖြင့် ယူရန် အကြောင်းမဟုတ်၊ အခါအခွင့်မဟုတ်။ ဤအကြောင်းသည် မရှိဟု ဘုရားသခင်သိတော်မူ၏။ ပုထုဇဉ်သည် တစ်စုံတစ်ခုသော သင်္ခါရကို ချမ်းသာ ‘သုခ'အနေအားဖြင့် ယူရန် အကြောင်းကား စင်စစ်ရှိ၏။ ဤအကြောင်းသည် ရှိ၏ဟု ဘုရားသခင် သိတော်မူ၏။ မဂ်အမြင်နှင့် ပြည့်စုံသော သောတာပန်ပုဂ္ဂိုလ်သည် တရားတစ်စုံတစ်ခုကို အသက်လိပ်ပြာ (အတ္တ) အားဖြင့် ယူရန်အကြောင်းမဟုတ်၊ အခါအခွင့်မဟုတ်။ ဤအကြောင်းသည် မရှိဟု ဘုရားသခင် သိတော်မူ၏။ ပုထုဇဉ်သည် တရားတစ်စုံတစ်ခုကို အသက်လိပ်ပြာ (အတ္တ) အားဖြင့် ယူရန်အကြောင်းကားစင်စစ်ရှိ၏။ ဤအကြောင်းသည် ရှိ၏ဟု ဘုရားသခင် သိတော်မူ၏။ မဂ်အမြင်နှင့် ပြည့်စုံသော သောတာပန်ပုဂ္ဂိုလ်သည် အမိကို သတ်ရန် အကြောင်းမဟုတ်၊ အခါအခွင့်မဟုတ်။ ဤအကြောင်းသည် မရှိဟု ဘုရားသခင် သိတော်မူ၏။ ပုထုဇဉ်သည် အမိကို သတ်ရန် အကြောင်းကား စင်စစ် ရှိ၏၊ ဤအကြောင်းသည် ရှိ၏ဟု ဘုရားသခင် သိတော်မူ၏။ မဂ်အမြင်နှင့် ပြည့်စုံသော သောတာပန်ပုဂ္ဂိုလ်သည် အဖကို သတ်ရန် အကြောင်းမဟုတ်၊ အခါအခွင့်မဟုတ်။ပ။ ရဟန္တာကို သတ်ရန် အကြောင်းမဟုတ်၊ အခါအခွင့်မဟုတ်။ပ။ ပြစ်မှားသောစိတ်ဖြင့် မြတ်စွာဘုရားကို သွေးထွက်သံယို ဖြစ်စေရန် အကြောင်းမဟုတ်၊ အခါအခွင့်မဟုတ်။ပ။ သံဃာသင်းခွဲရန် အကြောင်းမဟုတ်၊ အခါအခွင့်မဟုတ်။ပ။ တစ်ပါးသောဆရာကို ဆရာဟုညွှန်ရန် အကြောင်းမဟုတ်၊ အခါအခွင့်မဟုတ်။ပ။ ရှစ်ခုမြောက်သော ဘဝကို ဖြစ်စေရန် အကြောင်းမဟုတ်၊ အခါအခွင့်မဟုတ်၊ ဤအကြောင်းသည် မရှိဟု ဘုရားသခင် သိတော်မူ၏။ ပုထုဇဉ်သည် ရှစ်ခုမြောက်သော ဘဝကိုဖြစ်စေရန် အကြောင်းကား စင်စစ်ရှိ၏။ ဤအကြောင်းသည် ရှိ၏ဟု ဘုရားသခင် သိတော်မူ၏။ လောကဓာတ်တစ်ခုတည်း၌ ပူဇော်အထူးကို ခံတော်မူထိုက်သော ဘုရားနှစ်ဆူတို့သည် မရှေး မနှောင်း (တစ်ပြိုင်တည်း) ပွင့်တော်မူကြရန် အကြောင်းမဟုတ်၊ အခါအခွင့်မဟုတ်၊ ဤအကြောင်းသည် မရှိဟု ဘုရားသခင် သိတော်မူ၏။ လောကဓာတ်တစ်ခုတည်း၌ ပူဇော်အထူးကို ခံတော်မူထိုက်သော ဘုရားတစ်ဆူသာ ပွင့်တော်မူရန်အကြောင်းကား စင်စစ် ရှိ၏၊ ဤအကြောင်းသည် ရှိ၏ဟု ဘုရားသခင် သိတော်မူ၏။ လောကဓာတ်တစ်ခုတည်း၌ စကြဝတေးမင်း နှစ်ပါးတို့သည် မရှေးမနှောင်း (တစ်ပြိုင်တည်း) ဖြစ်ပေါ်နိုင်ကြရန် အကြောင်းမဟုတ်၊ အခါအခွင့်မဟုတ်၊ ဤအကြောင်းသည် မရှိဟု ဘုရားသခင်သိတော် မူ၏။ လောကဓာတ်တစ်ခုတည်း၌ စကြဝတေးမင်းတစ်ပါးတည်းသာ ဖြစ်ပေါ်နိုင်ရန် အကြောင်းကား စင်စစ်ရှိ၏၊ ဤအကြောင်းသည် ရှိ၏ဟု ဘုရားသခင် သိတော်မူ၏။ မိန်းမသည် ပူဇော်အထူးကို ခံထိုက်သော ဘုရားဖြစ်ရန် အကြောင်းမဟုတ်၊ အခါအခွင့်မဟုတ်၊ ဤအကြောင်းသည် မရှိဟု ဘုရားသခင်သိတော်မူ၏။ ယောက်ျားသည် ပူဇော်အထူးကို ခံထိုက်သော ဘုရားဖြစ်ရန် အကြောင်းကား စင်စစ် ရှိ၏၊ ဤအကြောင်းသည် ရှိ၏ဟု ဘုရားသခင်သိတော်မူ၏။
--
မိန်းမသည် စကြဝတေးမင်းဖြစ်ရန် အကြောင်းမဟုတ်၊ အခါအခွင့်မဟုတ်၊ ဤအကြောင်းသည် မရှိဟု ဘုရားသခင် သိတော်မူ၏။ ယောက်ျားသည် စကြဝတေးမင်းဖြစ်ရန် အကြောင်းကား စင်စစ် ရှိ၏၊ ဤအကြောင်းသည် ရှိ၏ဟု ဘုရားသခင် သိတော်မူ၏။ မိန်းမသည် သိကြားမင်းဖြစ်ရန် မာရ်နတ်မင်းဖြစ်ရန် ဗြဟ္မာမင်းဖြစ်ရန် အကြောင်းမဟုတ်၊ အခါအခွင့်မဟုတ်၊ ဤအကြောင်းသည် မရှိဟု ဘုရားသခင် သိတော်မူ၏။ ယောက်ျားသည် သိကြားမင်းဖြစ်ရန် မာရ်နတ်မင်းဖြစ်ရန် ဗြဟ္မာမင်းဖြစ်ရန် အကြောင်းကား စင်စစ်ရှိ၏၊ ဤအကြောင်းသည် ရှိ၏ဟု ဘုရားသခင် သိတော်မူ၏။ ကိုယ်ဖြင့် ပြုအပ်သော မကောင်းမှု ဒုစရိုက်သည် အလိုရှိအပ် နှစ်သက်အပ် နှလုံးကို ပွါးစေတတ် သောအကျိုးကို ဖြစ်စေရန် အကြောင်းမဟုတ်၊ အခါအခွင့်မဟုတ်၊ ဤအကြောင်းသည်မရှိဟု ဘုရားသခင်သိတော်မူ၏။ ကိုယ်ဖြင့်ပြုအပ်သော မကောင်းမှု ဒုစရိုက်သည် အလိုမရှိအပ် မနှစ်သက်အပ် နှလုံးကို မပွါးစေတတ်သော အကျိုးကို ဖြစ်စေရန် အကြောင်းကား စင်စစ် ရှိ၏၊ ဤအကြောင်းသည် ရှိ၏ဟု ဘုရားသခင်သိတော်မူ၏။ နှုတ်ဖြင့်ပြုအပ်သော မကောင်းမှု ဒုစရိုက်သည်။ပ။ စိတ်ဖြင့်ပြုအပ်သော မကောင်းမှု ဒုစရိုက်သည် အလိုရှိအပ် နှစ်သက်အပ် နှလုံးကိုပွါးစေတတ်သော အကျိုးကို ဖြစ်စေရန် အကြောင်းမဟုတ်၊ အခါအခွင့်မဟုတ်၊ ဤအကြောင်းသည် မရှိဟု ဘုရားသခင်သိတော်မူ၏။ နှုတ်ဖြင့်ပြုအပ်သော မကောင်းမှု ဒုစရိုက်သည်။ပ။ စိတ်ဖြင့်ပြုအပ်သော မကောင်းမှု ဒုစရိုက်သည် အလိုမရှိအပ် မနှစ်သက်အပ် နှလုံးကိုမပွါးစေတတ်သော အကျိုးကို ဖြစ်စေရန် အကြောင်းကား စင်စစ် ရှိ၏၊ ဤအကြောင်းသည် ရှိ၏ဟု ဘုရားသခင် သိတော်မူ၏။ ကိုယ်ဖြင့်ပြုအပ်သော ကောင်းမှု သုစရိုက်သည် အလိုမရှိအပ် မနှစ်သက်အပ် နှလုံးကို မပွါးစေတတ်သော အကျိုးကိုဖြစ်စေရန် အကြောင်းမဟုတ်၊ အခါအခွင့်မဟုတ်၊ ဤအကြောင်းသည် မရှိဟု ဘုရားသခင်သိတော်မူ၏။ ကိုယ်ဖြင့်ပြုအပ်သော ကောင်းမှု သုစရိုက်သည် အလိုရှိအပ် နှစ်သက်အပ် နှလုံးကို ပွါးစေတတ် သောအကျိုးကို ဖြစ်စေရန် အကြောင်းကား စင်စစ် ရှိ၏၊ ဤအကြောင်းသည် ရှိ၏ဟု ဘုရားသခင့်သိတော်မူ၏။ နှုတ်ဖြင့်ပြုအပ်သော ကောင်းမှု သုစရိုက်သည်။ပ။ စိတ်ဖြင့်ပြုအပ်သော ကောင်းမှု သုစရိုက်သည် အလိုမရှိအပ် မနှစ်သက်အပ် နှလုံးကိုမပွါးစေတတ်သော အကျိုးကို ဖြစ်စေရန် အကြောင်းမဟုတ်၊ အခါအခွင့်မဟုတ်၊ ဤအကြောင်းသည် မရှိဟု ဘုရားသခင် သိတော်မူ၏။ နှုတ်ဖြင့်ပြုအပ်သော ကောင်းမှု သုစရိုက်သည်။ပ။ စိတ်ဖြင့်ပြုအပ်သော ကောင်းမှု သုစရိုက်သည်အလိုရှိအပ် နှစ်သက်အပ် နှလုံးကို ပွါးစေတတ်သော အကျိုးကို ဖြစ်စေရန် အကြောင်းကား စင်စစ် ရှိ၏၊ ဤအကြောင်းသည် ရှိ၏ဟု ဘုရားသခင် သိတော်မူ၏။ ကိုယ်ဖြင့်ပြုအပ်သော မကောင်းမှု ဒုစရိုက်နှင့် ပြည့်စုံသူသည် ထိုအကြောင်း အထောက်အပံ့ကြောင့်ကိုယ်ခန္ဓာပျက်ကြွေ သေသည်မှနောက်၌ ကောင်းသောလားရာ နတ်ပြည်သို့ ကပ်ရောက်ရန် အကြောင်းမဟုတ်၊ အခါအခွင့် မဟုတ်၊ ဤအကြောင်းသည် မရှိဟု ဘုရားသခင်သိတော်မူ၏။ ကိုယ်ဖြင့်ပြုအပ်သော မကောင်းမှု ဒုစရိုက်နှင့် ပြည့်စုံသူသည် ထိုအကြောင်း အထောက်အပံ့ကြောင့်ကိုယ်ခန္ဓာပျက်ကြွေ သေသည်မှနောက်၌ ချမ်းသာကင်းရာ မကောင်းသောလားရာ ဖရိုဖရဲကျရာ ငရဲသို့ကပ်ရောက်ရန် အကြောင်းကား စင်စစ် ရှိ၏၊ ဤအကြောင်းသည် ရှိ၏ဟု ဘုရားသခင်သိတော်မူ၏။ နှုတ်ဖြင့်ပြုအပ်သော မကောင်းမှု ဒုစရိုက်နှင့် ပြည့်စုံသူသည်။ပ။ စိတ်ဖြင့်ပြုအပ်သော မကောင်းမှု ဒုစရိုက်နှင့် ပြည့်စုံသူသည် ထိုအကြောင်းအထောက်အပံ့ကြောင့် ကိုယ်ခန္ဓာပျက်ကြွေ သေသည်မှနောက်၌ ကောင်းသောလားရာ နတ်ပြည်သို့ ကပ်ရောက်ရန် အကြောင်းမဟုတ်၊ အခါအခွင့်မဟုတ်၊ ဤအကြောင်းသည်မရှိဟု ဘုရားသခင် သိတော်မူ၏။
--
နှုတ်ဖြင့်ပြုအပ်သော မကောင်းမှု ဒုစရိုက်နှင့် ပြည့်စုံသူသည်။ပ။ စိတ်ဖြင့်ပြုအပ်သော မကောင်းမှု ဒုစရိုက်နှင့် ပြည့်စုံသူသည် ထိုအကြောင်းအထောက်အပံ့ကြောင့် ကိုယ်ခန္ဓာပျက်ကြွေ သေသည်မှနောက်၌ ချမ်းသာကင်းရာ မကောင်းသောလားရာ ဖရိုဖရဲကျရာ ငရဲသို့ ကပ်ရောက်ရန် အကြောင်းကား စင်စစ်ရှိ၏၊ ဤအကြောင်းသည် ရှိ၏ဟု ဘုရားသခင်သိတော်မူ၏။ ကိုယ်ဖြင့်ပြုအပ်သော ကောင်းမှု သုစရိုက်နှင့် ပြည့်စုံသူသည် ထိုအကြောင်း အထောက်အပံ့ကြောင့်ကိုယ်ခန္ဓာပျက်ကြွေ သေသည်မှနောက်၌ ချမ်းသာကင်းရာ မကောင်းသောလားရာ ဖရိုဖရဲကျရာ ငရဲသို့ကပ်ရောက်ရန် အကြောင်းမဟုတ်၊ အထောက်အပံ့မဟုတ်၊ ဤအကြောင်းသည် မရှိဟု ဘုရားသခင်သိတော်မူ၏။ ကိုယ်ဖြင့်ပြုအပ်သော ကောင်းမှု သုစရိုက်နှင့် ပြည့်စုံသူသည် ထိုအကြောင်း အထောက်အပံ့ကြောင့်ကိုယ်ခန္ဓာပျက်ကြွေ သေသည်မှနောက်၌ ကောင်းသောလားရာ နတ်ပြည်သို့ ကပ်ရောက်ရန် အကြောင်းကား စင်စစ် ရှိ၏၊ ဤအကြောင်းသည် ရှိ၏ဟု ဘုရားသခင်သိတော်မူ၏။ နှုတ်ဖြင့်ပြုအပ်သော ကောင်းမှု သုစရိုက်နှင့် ပြည့်စုံသူသည်။ပ။ စိတ်ဖြင့်ပြုအပ်သော ကောင်းမှု သုစရိုက်နှင့် ပြည့်စုံသူသည် ထိုအကြောင်းအထောက်အပံ့ကြောင့် ကိုယ်ခန္ဓာပျက်ကြွေ သေသည်မှနောက်၌ ချမ်းသာကင်းရာ မကောင်းသောလားရာ ဖရိုဖရဲကျရာ ငရဲသို့ ကပ်ရောက်ရန် အကြောင်းမဟုတ်၊ အထောက်အပံ့ မဟုတ်၊ ဤအကြောင်းသည်မရှိဟု ဘုရားသခင်သိတော်မူ၏။ နှုတ်ဖြင့်ပြုအပ်သော ကောင်းမှု သုစရိုက်နှင့် ပြည့်စုံသူသည်။ပ။ စိတ်ဖြင့်ပြုအပ်သော ကောင်းမှု သုစရိုက်နှင့် ပြည့်စုံသူသည် ထိုအကြောင်းအထောက်အပံ့ကြောင့် ကိုယ်ခန္ဓာပျက်ကြွေ သေသည်မှ နောက်၌ ကောင်းသောလားရာ နတ်ပြည်သို့ ကပ်ရောက်ရန် အကြောင်းကား စင်စစ် ရှိ၏၊ ဤအကြောင်းသည် ရှိ၏ဟု ဘုရားသခင် သိတော်မူ၏။ အမှတ် မရှိသော တရားတို့သည် အမှတ်မရှိသော တရားတို့၏ အကြောင်းအထောက်အပံ့တို့တည်း။
ထိုထို အကြောင်းကိုစွဲ၍ ဖြစ်ကုန်၏။ အမှတ်မရှိသော တရားတို့သည် အမှတ်မရှိသော တရားတို့၏အကြောင်းအထောက်အပံ့ မဟုတ်ကုန်၊ ထိုထို အကြောင်း မဟုတ်သည်ကိုစွဲ၍ ဖြစ်ကုန်သည် ဟု အကြင်သိမှု ‘ပညာ’၊ သိသော အခြင်းအရာ ‘ပဇာနနာ’။ပ။ မတွေဝေမှု ‘အမောဟ’၊ တရားတို့ကို စိစစ်မှု ‘ဓမ္မဝိစယ’၊ ကောင်းသော အမြင် ‘သမ္မာဒိဋ္ဌိ’ သည် ရှိ၏။ ဤသဘောသည် မြတ်စွာဘုရား၏ အကြောင်းဟုတ်သည်ကိုလည်း အကြောင်းဟုတ်သောအားဖြင့် အကြောင်းမဟုတ်သည်ကိုလည်း အကြောင်းမဟုတ်သောအားဖြင့် ဟုတ်တိုင်းမှန်စွာ သိသောဉာဏ် မည်၏။ (၁)
(၂) ဒုတိယဉာဏ်တော်အဖွင့်
၈၁၀။ ထိုတွင် အဘယ်သည် မြတ်စွာဘုရား၏ အတိတ် အနာဂတ် ပစ္စုပ္ပန်ဖြစ်သော ဆောက်တည်အပ်သော ကံတို့၏ အကျိုးကို အကြောင်းအရာအားဖြင့် ဟုတ်တိုင်းမှန်စွာ သိသောဉာဏ် မည်သနည်း။
ဤလောက၌ ယုတ်မာကုန်သော ဆောက်တည်အပ်ကုန်သော အချို့သောကံတို့သည် ရှိကုန်၏၊ ထိုကံတို့သည် ဂတိ၏ပြည့်စုံခြင်းက တားမြစ်အပ်ကုန်သည်ဖြစ်၍ အကျိုးမပေးကုန်။ ယုတ်မာကုန်သောဆောက်တည်အပ်ကုန်သော အချို့သော ကံတို့သည် ရှိကုန်၏၊ ထိုကံတို့သည် ဥပဓိ၏ပြည့်စုံခြင်းကတားမြစ်အပ်ကုန်သည်ဖြစ်၍ အကျိုးမပေးကုန်။ ယုတ်မာကုန်သော ဆောက်တည်အပ်ကုန်သောအချို့သော ကံတို့သည် ရှိကုန်၏၊ ထိုကံတို့သည် ကာလ၏ပြည့်စုံခြင်းက တားမြစ်အပ်ကုန်သည်ဖြစ်၍အကျိုး မပေးကုန်။ ယုတ်မာကုန်သော ဆောက်တည်အပ်ကုန်သော အချို့သော ကံတို့သည် ရှိကုန်၏၊ ထိုကံတို့ သည် ပယောဂ၏ပြည့်စုံခြင်းက တားမြစ်အပ်ကုန်သည် ဖြစ်၍ အကျိုးမပေးကုန် (ဟု ဘုရားသခင် သိတော်မူ၏)။ ယုတ်မာကုန်သော ဆောက်တည်အပ်ကုန်သော အချို့သောကံတို့သည် ရှိကုန်၏၊ ထိုကံတို့သည်ဂတိချို့တဲ့ခြင်းကို အကြောင်းပြု၍ အကျိုးပေးကုန်၏။ ယုတ်မာကုန်သော ဆောက်တည်အပ်ကုန်သောအချို့သော ကံတို့သည် ရှိကုန်၏၊ ထိုကံတို့သည် ဥပဓိချို့တဲ့ခြင်းကို အကြောင်းပြု၍ အကျိုးပေးကုန်၏။ ယုတ်မာကုန်သော ဆောက်တည်အပ်ကုန်သော အချို့သောကံတို့သည် ရှိကုန်၏၊ ထိုကံတို့သည် ကာလချို့တဲ့ခြင်းကို အကြောင်းပြု၍ အကျိုးပေးကုန်၏။ ယုတ်မာကုန်သော ဆောက်တည်အပ်ကုန်သောအချို့သော ကံတို့သည် ရှိကုန်၏၊
--
ထိုကံတို့သည် ပယောဂချို့တဲ့ခြင်းကို အကြောင်းပြု၍ အကျိုးပေးကုန်၏ (ဟု ဘုရားသခင်သိတော်မူ၏)။ ကောင်းမြတ်ကုန်သော ဆောက်တည်အပ်ကုန်သော အချို့သောကံတို့သည် ရှိကုန်၏၊ ထိုကံတို့သည်ဂတိချို့တဲ့မှုက တားမြစ်အပ်ကုန်သည်ဖြစ်၍ အကျိုးမပေးကုန်။ ကောင်းမြတ်ကုန်သော ဆောက်တည်အပ်ကုန်သော အချို့သောကံတို့သည် ရှိကုန်၏၊ ထိုကံတို့သည် ဥပဓိချို့တဲ့မှုက တားမြစ်အပ်ကုန်သည်ဖြစ်၍အကျိုးမပေးကုန်။ ကောင်းမြတ်ကုန်သော ဆောက်တည်အပ်ကုန်သော အချို့သောကံတို့သည် ရှိကုန်၏၊ ထိုကံတို့သည် ကာလချို့တဲ့မှုက တားမြစ်အပ်ကုန်သည်ဖြစ်၍ အကျိုးမပေးကုန်။ ကောင်းမြတ်ကုန်သော ဆောက်တည်အပ်ကုန်သော အချို့သောကံတို့သည် ရှိကုန်၏၊ ထိုကံတို့သည် ပယောဂချို့တဲ့မှုက တားမြစ်အပ်ကုန်သည်ဖြစ်၍ အကျိုး မပေးကုန် (ဟု ဘုရားသခင် သိတော်မူ၏)။ ကောင်းမြတ်ကုန်သော ဆောက်တည်အပ်ကုန်သော အချို့သောကံတို့သည် ရှိကုန်၏၊ ထိုကံတို့သည်ဂတိပြည့်စုံခြင်းကို အကြောင်းပြု၍ အကျိုးပေးကုန်၏။ ကောင်းမြတ်ကုန်သော ဆောက်တည်အပ်ကုန်သောအချို့သော ကံတို့သည် ရှိကုန်၏၊ ထိုကံတို့သည် ဥပဓိပြည့်စုံခြင်းကို အကြောင်းပြု၍ အကျိုးပေးကုန်၏။ ကောင်းမြတ်ကုန်သော ဆောက်တည်အပ်ကုန်သော အချို့သောကံတို့သည် ရှိကုန်၏၊ ထိုကံတို့သည် ကာလပြည့်စုံခြင်းကို အကြောင်းပြု၍ အကျိုးပေးကုန်၏။ ကောင်းမြတ်ကုန်သော ဆောက်တည်အပ်ကုန်သော အချို့သောကံတို့သည် ရှိကုန်၏၊ ထိုကံတို့သည် ပယောဂပြည့်စုံခြင်းကို အကြောင်းပြု၍ အကျိုးပေးကုန်၏ (ဟု ဘုရားသခင်သိတော်မူ၏)။
ဤသို့ ထိုကံအကျိုးတရားတို့၌ အကြင်သိမှု ‘ပညာ’၊ သိသောအခြင်းအရာ ‘ပဇာနနာ’။ပ။ မတွေဝေမှု ‘အမောဟ’၊ သဘောတရားတို့ကို စိစစ်မှု ‘ဓမ္မဝိစယ’၊ ကောင်းသောအမြင် ‘သမ္မာဒိဋ္ဌိ’ သည် ရှိ၏။ ဤသဘောသည် မြတ်စွာဘုရား၏ အတိတ် အနာဂတ် ပစ္စုပ္ပန်ဖြစ်သော ဆောက်တည်အပ်သော ကံတို့၏အကျိုးကို အကြောင်းအရာအားဖြင့် ဟုတ်တိုင်းမှန်စွာ သိသောဉာဏ်မည်၏။ (၂)
(၃) တတိယဉာဏ်တော်အဖွင့်
၈၁၁။ ထိုတွင် အဘယ်သည် မြတ်စွာဘုရား၏ ဂတိအမျိုးမျိုးသို့ ရောက်ကြောင်းအကျင့်ကို ဟုတ်တိုင်းမှန်စွာ သိသောဉာဏ် မည်သနည်း။
ဤလောက၌ ဤလမ်းစဉ် ဤအကျင့်သည် ငရဲသို့ ရောက်ကြောင်းတည်းဟု ဘုရားသခင် သိတော်မူ၏။ ဤလမ်းစဉ် ဤအကျင့်သည် တိရစ္ဆာန်ဘုံသို့ ရောက်ကြောင်းတည်းဟု ဘုရားသခင် သိတော်မူ၏။ ဤလမ်းစဉ် ဤအကျင့်သည် ပြိတ္တာဘုံသို့ ရောက်ကြောင်းတည်းဟု ဘုရားသခင် သိတော်မူ၏။ ဤလမ်းစဉ် ဤအကျင့်သည် လူ့ပြည်သို့ ရောက်ကြောင်းတည်းဟု ဘုရားသခင် သိတော်မူ၏။ ဤလမ်းစဉ်ဤအကျင့်သည် နတ်ပြည်သို့ ရောက်ကြောင်းတည်းဟု ဘုရားသခင် သိတော်မူ၏။ ဤလမ်းစဉ်ဤအကျင့် သည် နိဗ္ဗာန်သို့ ရောက်ကြောင်းတည်းဟု ဘုရားသခင် သိတော်မူ၏ ဟု ထိုလားရာဂတိအမျိုးမျိုးတို့၌ အကြင်သိမှု ‘ပညာ’၊ သိသော အခြင်းအရာ ‘ပဇာနနာ’။ပ။ မတွေဝေမှု ‘အမောဟ’၊ သဘောတရားတို့ကို စိစစ်မှု ‘ဓမ္မဝိစယ’၊ ကောင်းသောအမြင် ‘သမ္မာဒိဋ္ဌိ’ သည် ရှိ၏။ ဤသဘောသည်မြတ်စွာဘုရား၏ လားရာ ဂတိအမျိုးမျိုးသို့ ရောက်ကြောင်းအကျင့်ကို ဟုတ်တိုင်းမှန်စွာ သိသောဉာဏ်မည်၏။ (၃)
--
(၄) စတုတ္ထဉာဏ်တော်အဖွင့်
၈၁၂။ ထိုတွင် အဘယ်သည် မြတ်စွာဘုရား၏ များသောဓာတ်, အထူးထူးသောဓာတ်ရှိသော လောကကိုဟုတ်တိုင်းမှန်စွာ သိသောဉာဏ် မည်သနည်း။
ဤလောက၌ ဘုရားသခင်သည် ခန္ဓာအမျိုးမျိုးရှိခြင်းကို သိတော်မူ၏။ တည်ရာအာယတန အမျိုးမျိုးရှိခြင်းကို သိတော်မူ၏။ ဓာတ်အမျိုးမျိုးရှိခြင်းကို သိတော်မူ၏။ များသောဓာတ်, အထူးထူးသောဓာတ်ရှိသော လောကအမျိုးမျိုးရှိခြင်းကို သိတော်မူ၏ ဟု ထိုလောကကို သိရာ၌ အကြင်သိမှု ‘ပညာ’၊ သိသော အခြင်းအရာ ‘ပဇာနနာ’။ပ။ မတွေဝေမှု ‘အမောဟ’၊ သဘောတရားတို့ကို စိစစ်မှု ‘ဓမ္မဝိစယ’၊ ကောင်းသောအမြင် ‘သမ္မာဒိဋ္ဌိ’ သည် ရှိ၏။ ဤသဘောသည် မြတ်စွာဘုရား၏ များသောဓာတ်အထူးထူး သော ဓာတ်ရှိသော လောကကို ဟုတ်တိုင်းမှန်စွာ သိသောဉာဏ်မည်၏။ (၄)
(၅) ပဉ္စမဉာဏ်တော်အဖွင့်
၈၁၃။ ထိုတွင် အဘယ်သည် မြတ်စွာဘုရား၏ သတ္တဝါတို့ အမျိုးမျိုးသော နှလုံးသွင်းခြင်းကိုဟုတ်တိုင်းမှန်စွာ သိသောဉာဏ် မည်သနည်း။
ဤလောက၌ ယုတ်သော နှလုံးသွင်းရှိသော သတ္တဝါတို့သည် ရှိကုန်၏၊ မြတ်သော နှလုံးသွင်းရှိသောသတ္တဝါတို့သည် ရှိကုန်၏၊ ယုတ်သော နှလုံးသွင်းရှိသော သတ္တဝါတို့သည် ယုတ်သော နှလုံးသွင်းရှိသောသတ္တဝါတို့ကို မှီဝဲကုန်၏၊ ဆည်းကပ်ကုန်၏၊ အထပ်ထပ် ကပ်ရောက်ကုန်၏ ဟု ဘုရားသခင် သိတော်မူ၏။ မြတ်သော နှလုံးသွင်းရှိသော သတ္တဝါတို့သည် မြတ်သော နှလုံးသွင်းရှိသော သတ္တဝါတို့ကို မှီဝဲကုန်၏၊ ဆည်းကပ်ကုန်၏၊ အထပ်ထပ် ကပ်ရောက်ကုန်၏ ဟု ဘုရားသခင် သိတော်မူ၏။ အတိတ်ကာလ၌လည်း ယုတ်သော နှလုံးသွင်းရှိသော သတ္တဝါတို့သည် ယုတ်သော နှလုံးသွင်းရှိသော သတ္တဝါတို့ကို မှီဝဲကုန်ပြီ၊ ဆည်းကပ်ကုန်ပြီ၊ အထပ်ထပ် ကပ်ရောက်ကုန်ပြီဟု ဘုရားသခင် သိတော်မူ၏။ မြတ်သော နှလုံးသွင်းရှိသော သတ္တဝါတို့သည် မြတ်သော နှလုံးသွင်းရှိသော သတ္တဝါတို့ကို မှီဝဲကုန်ပြီ၊ ဆည်းကပ်ကုန်ပြီ၊ အထပ်ထပ် ကပ်ရောက်ကုန်ပြီ ဟု ဘုရားသခင် သိတော်မူ၏။ အနာဂတ်ကာလ၌ လည်း ယုတ်သော နှလုံးသွင်းရှိသော သတ္တဝါတို့သည် ယုတ်သော နှလုံးသွင်းရှိသောသတ္တဝါတို့ကို မှီဝဲကုန်လတ္တံ့၊ ဆည်းကပ်ကုန်လတ္တံ့၊ အထပ်ထပ် ကပ်ရောက်ကုန်လတ္တံ့ ဟု ဘုရားသခင်သိတော်မူ၏။ မြတ်သော နှလုံးသွင်းရှိသော သတ္တဝါတို့သည် မြတ်သော နှလုံးသွင်းရှိသော သတ္တဝါတို့ကို မှီဝဲကုန်လတ္တံ့၊ ဆည်းကပ်ကုန်လတ္တံ့၊ အထပ်ထပ်ကပ် ရောက်ကုန်လတ္တံ့ ဟု ဘုရားသခင် သိတော်မူ၏ ဟု ထိုအရာ၌ အကြင်သိမှု ‘ပညာ’၊ သိသောအခြင်းအရာ ‘ပဇာနနာ’။ပ။ မတွေဝေမှု ‘အမောဟ’၊ သဘောတရားတို့ကို စိစစ်မှု ‘ဓမ္မဝိစယ’၊ ကောင်းသောအမြင် ‘သမ္မာဒိဋ္ဌိ'သည် ရှိ၏။ ဤသဘောသည်မြတ်စွာ ဘုရား၏ သတ္တဝါတို့ အထူးထူး နှလုံးသွင်းရှိခြင်းကို ဟုတ်တိုင်းမှန်စွာ သိသောဉာဏ်မည်၏ (၅)
--
(၆) ဆဋ္ဌဉာဏ်တော်အဖွင့်
၈၁၄။ ထိုတွင် အဘယ်သည် မြတ်စွာဘုရား၏ တစ်ပါးသော သတ္တဝါ၊ တစ်ပါးသော ပုဂ္ဂိုလ်တို့၏ဣန္ဒြေအနုအရင့်ကို ဟုတ်တိုင်းမှန်စွာ သိသောဉာဏ် မည်သနည်း။
ဤလောက၌ ဘုရားသခင်သည် သတ္တဝါတို့၏ အလို ‘အာသယ’ ကို သိတော်မူ၏၊ အနုသယကိုသိတော်မူ၏၊ စရိုက်ကို သိတော်မူ၏၊ နှလုံးသွင်းကို သိတော်မူ၏၊ ပညာမျက်စိ၌ ကိလေသာမြူနည်းပါးသော သတ္တဝါ၊ ပညာမျက်စိ၌ ကိလေသာမြူများပြားသော သတ္တဝါ၊ ဣန္ဒြေထက်သော သတ္တဝါ၊ ဣန္ဒြေနုံ့သော သတ္တဝါ၊ ကောင်းသောအခြင်းအရာရှိသော သတ္တဝါ၊ မကောင်းသောအခြင်းအရာရှိသောသတ္တဝါ၊ သိလွယ်သော သတ္တဝါ၊ သိခဲသော သတ္တဝါ၊ ကျွတ်ထိုက်သော သတ္တဝါ၊ မကျွတ်ထိုက်သောသတ္တဝါတို့ကို သိတော်မူ၏။
၈၁၅။ အဘယ်သည် သတ္တဝါတို့၏ အလို ‘အာသယ’ မည်သနည်း။
လောကသည် မြဲ၏ဟူ၍လည်းကောင်း၊ လောကသည် မမြဲဟူ၍လည်းကောင်း၊ လောကသည်အဆုံးရှိ၏ဟူ၍လည်းကောင်း၊ လောကသည် အဆုံးမရှိဟူ၍လည်းကောင်း၊ အသက်သည် ကိုယ်ပင်တည်းဟူ၍လည်းကောင်း၊ အသက်တခြား ကိုယ်တခြားဟူ၍လည်းကောင်း၊ သတ္တဝါသည် သေပြီးနောက်ဖြစ်၏ဟူ၍လည်းကောင်း၊ သတ္တဝါသည် သေပြီးနောက် မဖြစ်ဟူ၍လည်းကောင်း၊ သတ္တဝါသည် သေပြီးနောက်ဖြစ်လည်းဖြစ်, မဖြစ်လည်း မဖြစ်ဟူ၍လည်းကောင်း၊ သတ္တဝါသည် သေပြီးနောက် ဖြစ်သည်လည်းမဟုတ်, မဖြစ်သည်လည်း မဟုတ်ဟူ၍လည်းကောင်း ဤသို့ သတ္တဝါတို့သည် သဿတဒိဋ္ဌိကိုလည်းမှီကုန်၏၊ ဥစ္ဆေဒဒိဋ္ဌိကိုလည်း မှီကုန်၏၊ ဤနှစ်စုံစီသော အဖို့အစုတို့သို့လည်း မကပ်ရောက်မူ၍အကြောင်းအကျိုး တရားတို့၌ မဂ်နှင့်လျော်သော နှစ်သက်တတ်သော ဝိပဿနာဉာဏ်ကို ရ၏။ ဟုတ်တိုင်းမှန်စွာ သိသော မဂ်ဉာဏ်ကို ရ၏။ ဤသဘောသည် သတ္တဝါတို့၏ အလို ‘အာသယ’မည်၏။
၈၁၆။ အဘယ်သည် သတ္တဝါတို့၏ အနုသယ မည်သနည်း။
အနုသယတို့သည် ခုနစ်ပါးတို့တည်း။ ကာမဂုဏ်တို့၌ တပ်မက်မှု ‘ကာမရာဂါနုသယ’၊ အမျက် ထွက်မှု ‘ပဋိဃာနုသယ’၊ ထောင်လွှားမှု ‘မာနာနုသယ’၊ အယူမှားမှု ‘ဒိဋ္ဌာနုသယ’၊ တွေးတောယုံမှားမှု ‘ဝိစိကိစ္ဆာနုသယ’၊ ဘဝ၌ တပ်မက်မှု ‘ဘဝရာဂါနုသယ’၊ မသိမှု ‘အဝိဇ္ဇာနုသယ’ တို့တည်း။
လောက၌ ချစ်အပ်သောသဘော သာယာအပ်သော သဘောသည် ရှိ၏၊ ဤ၌ သတ္တဝါတို့၏ တပ်မက်မှု ‘ရာဂါနုသယ’ သည် ကိန်း၏။ လောက၌ မချစ်အပ်သောသဘော မသာယာအပ်သော သဘောသည် ရှိ၏။ ဤ၌ သတ္တဝါတို့၏ အမျက်ထွက်မှု ‘ပဋိဃာနုသယ'သည် ကိန်း၏။ ဤသို့ ဤတရား နှစ်ပါးတို့၌ မသိမှု ‘အဝိဇ္ဇာ’သည် ကျရောက်၏။ ထောင်လွှားမှု ‘မာန’၊ အယူမှားမှု ‘ဒိဋ္ဌိ’၊ တွေးတော ယုံမှားမှု ‘ဝိစိကိစ္ဆာ’ ကိုလည်း ထိုနှင့်အတူတည်းဟု မှတ်အပ်၏။ ဤသည်ကား သတ္တဝါတို့၏ အနုသယ မည်၏။
၈၁၇။ အဘယ်သည် သတ္တဝါတို့၏ စရိုက် မည်သနည်း။
နည်းသောအကျိုး, များသောအကျိုးရှိသော ကာမကုသိုလ်, ရူပကုသိုလ်စေတနာဟူသော ပုညာဘိသင်္ခါရ၊ အကုသိုလ်စေတနာဟူသော အပုညာဘိသင်္ခါရ၊ အရူပကုသိုလ်စေတနာဟူသော အာနေဉ္ဇာဘိသင်္ခါရဟူသော ဤအဘိသင်္ခါရသုံးပါးအပေါင်းသည် သတ္တဝါတို့၏ စရိုက်မည်၏။
၈၁၈။ အဘယ်သည် သတ္တဝါတို့၏ နှလုံးသွင်း မည်သနည်း။
--
ယုတ်သော နှလုံးသွင်းရှိသော သတ္တဝါတို့သည် ရှိကုန်၏၊ မြတ်သော နှလုံးသွင်းရှိသော သတ္တဝါတို့သည် ရှိကုန်၏၊ ယုတ်သော နှလုံးသွင်းရှိသော သတ္တဝါတို့သည် ယုတ်သော နှလုံးသွင်းရှိသော သတ္တဝါတို့ကို မှီဝဲကုန်၏၊ ဆည်းကပ်ကုန်၏၊ အထပ်ထပ်ကပ်ရောက်ကုန်၏။ မြတ်သော နှလုံးသွင်းရှိသောသတ္တဝါတို့သည် မြတ်သော နှလုံးသွင်းရှိသော သတ္တဝါတို့ကို မှီဝဲကုန်၏၊ ဆည်းကပ်ကုန်၏၊ အထပ်ထပ်ကပ်ရောက်ကုန်၏။ အတိတ်ကာလ၌ လည်း ယုတ်သော နှလုံးသွင်းရှိသော သတ္တဝါတို့သည် ယုတ်သော နှလုံးသွင်းရှိသောသတ္တဝါတို့ကို မှီဝဲကုန်ပြီ၊ ဆည်းကပ်ကုန်ပြီ၊ အထပ်ထပ် ကပ်ရောက်ကုန်ပြီ။ မြတ်သော နှလုံးသွင်းရှိသော သတ္တဝါတို့သည် မြတ်သော နှလုံးသွင်းရှိသော သတ္တဝါတို့ကို မှီဝဲကုန်ပြီ၊ ဆည်းကပ်ကုန်ပြီ၊ အထပ်ထပ် ကပ်ရောက်ကုန်ပြီ။ အနာဂတ်ကာလ၌ လည်း ယုတ်သော နှလုံးသွင်းရှိသော သတ္တဝါတို့သည် ယုတ်သော နှလုံးသွင်း ရှိသောသတ္တဝါတို့ကို မှီဝဲကုန်လတ္တံ့၊ ဆည်းကပ်ကုန်လတ္တံ့၊ အထပ်ထပ် ကပ်ရောက်ကုန်လတ္တံ့။ မြတ်သောနှလုံးသွင်းရှိသော သတ္တဝါတို့သည် မြတ်သော နှလုံးသွင်းရှိသော သတ္တဝါတို့ကို မှီဝဲကုန်လတ္တံ့၊ ဆည်းကပ်ကုန်လတ္တံ့၊ အထပ်ထပ် ကပ်ရောက်ကုန်လတ္တံ့။ ဤသဘောသည် သတ္တဝါတို့၏ နှလုံးသွင်းမည်၏။
၈၁၉။ အဘယ်သူတို့သည် ပညာမျက်စိ၌ ကိလေသာမြူများပြားသော သတ္တဝါတို့ မည်ကုန်သနည်း။
ကိလေသာဝတ္ထုတို့သည် ဆယ်ပါးတို့တည်း။ တပ်မက်မှု ‘လောဘ’၊ အမျက်ထွက်မှု ‘ဒေါသ’၊ တွေဝေမှု ‘မောဟ’၊ ထောင်လွှားမှု ‘မာန’၊ အယူမှားမှု ‘ဒိဋ္ဌိ’၊ ယုံမှားမှု ‘ဝိစိကိစ္ဆာ’၊ စိတ်မခံ့ကျန်းမှု ‘ထိန’၊ ပျံ့လွင့်မှု ‘ဥဒ္ဓစ္စ’၊ မရှက်မှု ‘အဟိရိက’၊ မလန့်မှု ‘အနောတ္တပ္ပ’ တို့တည်း။
ဤကိလေသာဝတ္ထု ဆယ်ပါးတို့ကို မှီဝဲကုန်သော၊ ပွါးများကုန်သော၊ အကြိမ်များစွာ ပြုကုန်သော၊ ပြန့်ပြောခြင်းသို့ ရောက်ကုန်သော သတ္တဝါတို့သည် ပညာမျက်စိ၌ ကိလေသာမြူ များပြားသော သတ္တဝါတို့ မည်ကုန်၏။
၈၂၀။ အဘယ်သူတို့သည် ပညာမျက်စိ၌ ကိလေသာမြူနည်းပါးသော သတ္တဝါတို့ မည်ကုန်သနည်း။
ဤကိလေသာဝတ္ထု ဆယ်ပါးတို့ကို မမှီဝဲကုန်သော၊ မပွါးများကုန်သော၊ အကြိမ်များစွာ မပြု ကုန်သော၊ ပြန့်ပြောခြင်းသို့ မရောက်ကုန်သော သတ္တဝါတို့သည် ပညာမျက်စိ၌ ကိလေသာမြူ နည်းပါး သောသတ္တဝါတို့ မည်ကုန်၏။
၈၂၁။ အဘယ်သူတို့သည် နုံ့သော ဣန္ဒြေရှိသော သတ္တဝါတို့ မည်ကုန်သနည်း။
ဣန္ဒြေတို့သည် ငါးပါးတို့တည်း။ ယုံကြည်မှု ‘သဒ္ဓိန္ဒြေ’၊ အားထုတ်မှု ‘ဝီရိယိန္ဒြေ’၊ အောက်မေ့မှု ‘သတိန္ဒြေ’၊ တည်ကြည်မှု ‘သမာဓိန္ဒြေ’၊ အပြားအားဖြင့် သိမှု ‘ပညိန္ဒြေ’ တို့တည်း။
ဤဣန္ဒြေငါးပါးတို့ကို မမှီဝဲကုန်သော၊ မပွါးများကုန်သော၊ အကြိမ်များစွာ မပြုကုန်သော၊ ပြန့်ပြောခြင်းသို့ မရောက်ကုန်သော သတ္တဝါတို့သည် နုံ့သော ဣန္ဒြေရှိသော သတ္တဝါတို့ မည်ကုန်၏။
၈၂၂။ အဘယ်သူတို့သည် ထက်သော ဣန္ဒြေရှိသော သတ္တဝါတို့ မည်ကုန်သနည်း။
ဤဣန္ဒြေငါးပါးတို့ကို မှီဝဲကုန်သော၊ ပွါးများကုန်သော၊ အကြိမ်များစွာ ပြုကုန်သော၊ ပြန့်ပြောခြင်းသို့ရောက်ကုန်သော သတ္တဝါတို့သည် ထက်သော ဣန္ဒြေရှိသော သတ္တဝါတို့ မည်ကုန်၏။
၈၂၃။ အဘယ်သူတို့သည် မကောင်းသော အခြင်းအရာရှိသော သတ္တဝါတို့ မည်ကုန်သနည်း။
သတ္တဝါတို့သည် မကောင်းသောအလို ‘အာသယ’ ရှိကုန်၏၊ မကောင်းသော အနုသယ ရှိကုန်၏၊ မကောင်းသော စရိုက်ရှိကုန်၏၊ မကောင်းသောနှလုံးသွင်းရှိကုန်၏၊ ပညာမျက်စိ၌ ကိလေသာမြူ များပြားကုန်၏၊ နုံ့သော ဣန္ဒြေရှိကုန်၏၊ ဤသူတို့သည် မကောင်းသော အခြင်းအရာရှိသော သတ္တဝါတို့ မည်ကုန်၏။
--
၈၂၄။ အဘယ်သူတို့သည် ကောင်းသောအခြင်းအရာရှိသော သတ္တဝါတို့ မည်ကုန်သနည်း။
သတ္တဝါတို့သည် ကောင်းသော အလို ‘အာသယ’ ရှိကုန်၏၊ ကောင်းသော စရိုက်ရှိကုန်၏၊ ကောင်းသော နှလုံးသွင်း ရှိကုန်၏၊ ပညာမျက်စိ၌ ကိလေသာမြူ နည်းပါးကုန်၏၊ ထက်သော ဣန္ဒြေရှိ ကုန်၏၊ ဤသူတို့သည် ကောင်းသော အခြင်းအရာရှိသော သတ္တဝါတို့ မည်ကုန်၏။
၈၂၅။ အဘယ်သူတို့သည် ခဲယဉ်းစွာ သိစေအပ်သော သတ္တဝါတို့ မည်ကုန်သနည်း။
အကြင်သတ္တဝါတို့သည် မကောင်းသောအခြင်းအရာ ရှိကုန်၏၊ ထိုသတ္တဝါတို့သည်ပင် ခဲယဉ်းစွာသိစေအပ်သော သတ္တဝါတို့ မည်ကုန်၏။ အကြင်သတ္တဝါတို့သည်ကား ကောင်းသော အခြင်းအရာ ရှိကုန်၏၊ ထိုသတ္တဝါတို့သည်ပင် လွယ်ကူစွာ သိစေအပ်သော သတ္တဝါတို့ မည်ကုန်၏။
၈၂၆။ အဘယ်သူတို့သည် မကျွတ်ထိုက်သော သတ္တဝါတို့ မည်ကုန်သနည်း။
အကြင်သတ္တဝါတို့သည် (ပဉ္စာနန္တရိယဟူသော) ကံပိတ်ပင်မှုရှိကုန်၏၊ (နိယတမိစ္ဆာဒိဋ္ဌိဟူသော) ကိလေသာပိတ်ပင်မှုရှိကုန်၏၊ (အဟိတ်ပဋိသန္ဓေဟူသော) ဝိပါက်ပိတ်ပင်မှုရှိကုန်၏၊ ယုံကြည်မှုမရှိကုန်၊ မဂ်ကို ရအောင် အားထုတ်ဖို့ရန် အလိုမရှိကုန်၊ ပညာနည်းကုန်၏၊ ကုသိုလ်တရားတို့၌ မဖောက်ပြန် မှန်ကန်သော သဘောရှိသော၊ မိမိ၏အခြားမဲ့၌ အကျိုးပေးသည်၏အစွမ်းဖြင့် မြဲသောမဂ်သို့ သက်ရောက် ခြင်းငှါ မထိုက်ကုန်။ ဤသူတို့သည် မကျွတ်ထိုက်သော သတ္တဝါတို့ မည်ကုန်၏။
၈၂၇။ အဘယ်သူတို့သည် ကျွတ်ထိုက်သော သတ္တဝါတို့ မည်ကုန်သနည်း။
အကြင်သတ္တဝါတို့သည် ကံပိတ်ပင်မှုမရှိကုန်၊ ကိလေသာပိတ်ပင်မှုမရှိကုန်၊ ဝိပါက်ပိတ်ပင်မှုမရှိကုန်၊ ယုံကြည်မှုရှိကုန်၏၊ (မဂ်ကို ရအောင် အားထုတ်ဖို့ရန်) အလိုရှိကုန်၏၊ ပညာရှိကုန်၏၊ ကုသိုလ်တရားတို့၌ မဖောက်ပြန် မှန်ကန်သော သဘောရှိသော၊ မိမိ၏ အခြားမဲ့၌ အကျိုးပေးသည်အစွမ်းဖြင့် မြဲသော မဂ်သို့ သက်ရောက်ခြင်းငှါ ထိုက်ကုန်၏။ ဤသူတို့သည် ကျွတ်ထိုက်သောသတ္တဝါတို့ မည်ကုန်၏ဟု ထိုအရာ၌ အကြင်သိမှု ‘ပညာ’၊ သိသောအခြင်းအရာ ‘ပဇာနနာ’။ပ။ မတွေဝေမှု ‘အမောဟ’၊ သဘောတရားတို့ကို စိစစ်မှု ‘ဓမ္မဝိစယ’၊ ကောင်းသောအမြင် ‘သမ္မာဒိဋ္ဌိ’ သည် ရှိ၏။ ဤသဘောသည် မြတ်စွာဘုရား၏ တစ်ပါးသောသတ္တဝါ တစ်ပါးသော ပုဂ္ဂိုလ်တို့၏ဣန္ဒြေအနုအရင့်ကို ဟုတ်တိုင်းမှန်စွာ သိသောဉာဏ် မည်၏။ (၆)
--
(၇) သတ္တမဉာဏ်တော်အဖွင့်
၈၂၈။ ထိုတွင် အဘယ်သည် မြတ်စွာဘုရား၏ ဈာန် ဝိမောက္ခ သမာဓိ သမာပတ်တို့၏ ညစ်နွမ်းခြင်း, ဖြူစင်ခြင်း, ထခြင်းကို ဟုတ်တိုင်းမှန်စွာ သိသောဉာဏ် မည်သနည်း။
ဈာန်ဝင်စားသူဟူရာ၌ ဈာန်ဝင်စားသူ လေးမျိုး ရှိကုန်၏။ အချို့ဈာန်ဝင်စားသူသည် ပြည့်စုံသည် သာဖြစ်လျက် ချို့တဲ့၏ဟု အမှတ်ရှိ၏၊ အချို့ ဈာန်ဝင်စားသူသည် ချို့တဲ့သည်သာဖြစ်လျက် ပြည့်စုံ၏ဟုအမှတ်ရှိ၏၊ အချို့ ဈာန်ဝင်စားသူသည် ပြည့်စုံသည်သာဖြစ်လျက် ပြည့်စုံ၏ဟု အမှတ်ရှိ၏၊ အချို့ ဈာန်ဝင်စားသူသည် ချို့တဲ့သည်သာဖြစ်လျက် ချို့တဲ့၏ဟု အမှတ်ရှိ၏။ ဈာန်ဝင်စားသူတို့သည် ဤလေးမျိုးတို့တည်း။
ထို့ပြင်လည်း ဈာန်ဝင်စားသူတို့သည် လေးမျိုးရှိသေး၏။ အချို့ဈာန်ဝင်စားသူသည် နှံ့နှေးစွာဝင်စား၏၊ လျင်စွာ ထ၏။ အချို့ဈာန်ဝင်စားသူသည် လျင်စွာ ဝင်စား၏၊ နှံ့နှေးစွာ ထ၏။ အချို့ ဈာန့်ဝင်စားသူသည် နှံ့နှေးစွာ ဝင်စား၏၊ နှံ့နှေးစွာ ထ၏။ အချို့ဈာန်ဝင်စားသူသည် လျင်စွာ ဝင်စား၏၊ လျင်စွာထ၏။ ဈာန်ဝင်စားသူတို့သည် ဤလေးမျိုးတို့တည်း။
ထို့ပြင်လည်း ဈာန်ဝင်စားသူတို့သည် လေးမျိုးရှိသေး၏။ အချို့ဈာန်ဝင်စားသူသည် သမာဓိဈာန် အရာ၌ စိတ်ကိုထားရန် လိမ္မာ၏၊ သမာဓိဈာန်အရာ၌ သမာပတ်ဝင်စားရန် မလိမ္မာ။ အချို့ ဈာန်ဝင်စားသူသည် သမာဓိဈာန်အရာ၌ သမာပတ်ဝင်စားရန် လိမ္မာ၏၊ သမာဓိဈာန်အရာ၌ စိတ်ကို ထားရန် မလိမ္မာ။ အချို့ဈာန်ဝင်စားသူသည် သမာဓိဈာန်အရာ၌ စိတ်ကို ထားရန်လည်း လိမ္မာ၏၊ သမာဓိဈာန်အရာ၌ သမာပတ်ဝင်စားရန်လည်း လိမ္မာ၏။ အချို့ဈာန်ဝင်စားသူသည် သမာဓိဈာန်အရာ၌ စိတ်ကို ထားရန်လည်း မလိမ္မာ၊ သမာဓိဈာန်အရာ၌ သမာပတ်ဝင်စားရန်လည်း မလိမ္မာ။ ဈာန်ဝင်စားသူတို့သည် ဤလေးမျိုးတို့တည်း။
ဈာန်ဟူရာ၌ ဈာန်လေးပါးတို့ကား ပဌမဈာန်၊ ဒုတိယဈာန်၊ တတိယဈာန်၊ စတုတ္ထဈာန်တို့တည်း။
ဝိမောက္ခဟူရာ၌ ဝိမောက္ခရှစ်ပါးတို့ကား- ရူပဈာန်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည် ရုပ်တို့ကို ရှု၏၊ ဤရှုခြင်းသည် ပဌမဝိမောက္ခတည်း။
အတွင်းမိမိသန္တာန်၌ ရုပ်ကို အမှတ်မပြုမူ၍ အပသန္တာန်၌ ရုပ်တို့ကို ရှု၏၊ ဤရှုခြင်းသည် ဒုတိယဝိမောက္ခတည်း။
တင့်တယ်၏ဟူ၍သာလျှင် နှလုံးသွင်း၏၊ ဤနှလုံးသွင်းခြင်းသည် တတိယဝိမောက္ခတည်း။
ရူပသညာတို့ကို လုံးဝလွန်မြောက်ခြင်း ပဋိဃသညာတို့၏ လုံးဝချုပ်ငြိမ်းခြင်း နာနတ္တသညာတို့ကိုလုံးဝနှလုံးမသွင်းခြင်းတို့ကြောင့် “ကောင်းကင်သည် အဆုံးအပိုင်းအခြား မရှိ”ဟု နှလုံးသွင်း၍အာကာသာနဉ္စာယတနဈာန်သို့ ကပ်ရောက်၍ နေ၏၊ ဤနေခြင်းသည် စတုတ္ထဝိမောက္ခတည်း။
အာကာသာနဉ္စာယတနဈာန်ကို လုံးဝလွန်မြောက်၍ “ဝိညာဏ်သည် အဆုံးအပိုင်းအခြား မရှိ”ဟု နှလုံးသွင်း၍ ဝိညာဏဉ္စာယတနဈာန်သို့ ကပ်ရောက်၍ နေ၏၊ ဤနေခြင်းသည် ပဉ္စမဝိမောက္ခတည်း။
ဝိညာဏဉ္စာယတနဈာန်ကို လုံးဝလွန်မြောက်၍ “စိုးစဉ်းမျှ မရှိ”ဟု နှလုံးသွင်းလျက် အာကိဉ္စညာယတနဈာန်သို့ ကပ်ရောက်၍ နေ၏။ ဤနေခြင်းသည် ဆဋ္ဌဝိမောက္ခတည်း။
အာကိဉ္စညာယတနဈာန်ကို လုံးဝလွန်မြောက်၍ နေဝသညာနာသညာယတနဈာန်သို့ ကပ်ရောက်၍နေ၏။ ဤနေခြင်းသည် သတ္တမဝိမောက္ခတည်း။
--
နေဝသညာနာသညာယတနဈာန်ကို လုံးဝလွန်မြောက်၍ သညာ, ဝေဒနာတို့၏ ချုပ်ရာ ‘နိရောဓသမာပတ်’ သို့ ကပ်ရောက်၍ နေ၏၊ ဤနေခြင်းသည် အဋ္ဌမဝိမောက္ခတည်း။ (ဒီ၊ မြန်၊ ၂။ ၆၉-၌ လည်းရှု) သမာဓိဟူရာ၌ သမာဓိသုံးပါးတို့ကား- ဝိတက်လည်းရှိ, ဝိစာရလည်းရှိသော သမာဓိ၊ ဝိတက်ကား မရှိ, ဝိစာရမျှသာရှိသော သမာဓိ၊ ဝိတက်လည်း မရှိ, ဝိစာရလည်း မရှိသော သမာဓိတို့တည်း။
သမာပတ်ဟူရာ၌ အစဉ်အတိုင်း ဝင်စားအပ်သော သမာပတ်ကိုးပါးတို့ကား- ပဌမဈာန်သမာပတ်၊ ဒုတိယဈာန်သမာပတ်၊ တတိယဈာန်သမာပတ်၊ စတုတ္ထဈာန်သမာပတ်၊ အာကာသာနဉ္စာယတနသမာပတ်၊ ဝိညာဏဉ္စာယတနသမာပတ်၊ အာကိဉ္စညာယတနသမာပတ်၊ နေဝသညာနာသညာယတနသမာပတ်၊ သညာဝေဒယိတနိရောဓသမာပတ်တို့တည်း။
ညစ်နွမ်းသောတရားဟူသည် ယုတ်သောအဖို့ရှိသော တရားတည်း။
ဖြူစင်သောတရားဟူသည် ထူးသောအဖို့ရှိသော တရားတည်း။
ထခြင်းဟူရာ၌ ဖြူစင်ခြင်းသည်လည်း ထခြင်း မည်၏၊ ထိုထို သမာဓိဈာန်မှ (ဘဝင်သို့သက်၍) ထခြင်းသည်လည်း ထခြင်း မည်၏၊ ထို၌ အကြင် သိမှု ‘ပညာ’၊ သိသော အခြင်းအရာ ‘ပဇာနနာ’။ပ။
မတွေဝေမှု ‘အမောဟ’၊ သဘောတရားတို့ကို စိစစ်မှု ‘ဓမ္မဝိစယ’၊ ကောင်းသောအမြင် ‘သမ္မာဒိဋ္ဌိ’ သည့်ရှိ၏။ ဤသဘောသည် မြတ်စွာဘုရား၏ ဈာန်၊ ဝိမောက္ခ၊ သမာဓိ၊ သမာပတ်တို့ ညစ်နွမ်းခြင်း, ဖြူစင်ခြင်း, ထခြင်းကို ဟုတ်တိုင်းမှန်စွာ သိသောဉာဏ် မည်၏။ (၇)
(၈) အဋ္ဌ္စမဉာဏ်တော်အဖွင့်
၈၂၉။ ထိုတွင် အဘယ်သည် မြတ်စွာဘုရား၏ ရှေး၌ နေဖူးသော ခန္ဓာအစဉ်ကို အောက်မေ့ခြင်း၌ ဟုတ်တိုင်းမှန်စွာ သိသောဉာဏ် မည်သနည်း။
ဤလောက၌ မြတ်စွာဘုရားသည် များပြားသော ရှေး၌ နေဖူးသည်ကို အောက်မေ့နိုင်၏။ ဤသည်ကားအဘယ်နည်း။ တစ်ဘဝကိုလည်းကောင်း၊ နှစ်ဘဝတို့ကိုလည်းကောင်း၊ သုံးဘဝတို့ကိုလည်းကောင်း၊ လေးဘဝတို့ကိုလည်းကောင်း၊ ငါးဘဝတို့ကိုလည်းကောင်း၊ ဆယ်ဘဝတို့ကိုလည်းကောင်း၊ ဘဝနှစ်ဆယ်တို့ကိုလည်းကောင်း၊ ဘဝသုံးဆယ်တို့ကိုလည်းကောင်း၊ ဘဝလေးဆယ်တို့ကိုလည်းကောင်း၊ ဘဝငါးဆယ်တို့ကို လည်းကောင်း၊ ဘဝတစ်ရာကိုလည်းကောင်း၊ ဘဝတစ်ထောင်ကိုလည်းကောင်း၊ ဘဝတစ်သိန်းကိုလည်းကောင်း၊ များပြားသော (သံဝဋ္ဋ) ပျက်ကပ်တို့ကိုလည်းကောင်း၊ များပြားသော (ဝိဝဋ္ဋ) ဖြစ်ကပ်တို့ကို လည်းကောင်း၊ များပြားသော (သံဝဋ္ဋ ဝိဝဋ္ဋ) ပျက်ကပ် ဖြစ်ကပ်တို့ကိုလည်းကောင်း၊ ဤမည်သော ဘဝ၌ (ငါသည်) ဤသို့သောအမည် ဤသို့သောအနွယ် ဤသို့သော အဆင်း ဤသို့သောအစာ ဤသို့သော ချမ်းသာဆင်းရဲခံစားခြင်း၊ ဤသို့သောအသက်အပိုင်းအခြား ရှိခဲ့၏၊ ထို (ငါသည်) ထိုဘဝမှ သေခဲ့၍ ဤဘဝ၌ ဖြစ်ပြန်၏၊ ထိုဘဝ၌ လည်းဤသို့သောအမည် ဤသို့သောအနွယ် ဤသို့သောအဆင်း ဤသို့ သောအစာ ဤသို့သောချမ်းသာဆင်းရဲခံစားခြင်း၊ ဤသို့သော အသက်အပိုင်းအခြား ရှိခဲ့၏၊ ထို (ငါသည်) ထိုဘဝမှ သေခဲ့၍ဤဘဝ၌ ဖြစ်ပြန်၏ဟု အခြင်းအရာနှင့်တကွ ညွှန်းပြဖွယ် (အမည်အနွယ်) နှင့် တကွ များပြားသောရှေး၌ နေဖူးသည်ကို အောက်မေ့နိုင်၏။ ထို၌ အကြင်သိမှု ‘ပညာ’၊ သိသော အခြင်းအရာ ‘ပဇာနနာ’။ပ။ မတွေဝေမှု ‘အမောဟ’၊ သဘောတရားတို့ကို စိစစ်မှု ‘ဓမ္မဝိစယ’၊ ကောင်းသောအမြင် ‘သမ္မာဒိဋ္ဌိ’ သည် ရှိ၏။ ဤသဘောသည် မြတ်စွာဘုရား၏ ရှေး၌ နေဖူးသော ခန္ဓာအစဉ်ကို အောက်မေ့ နိုင်ခြင်း၌ ဟုတ်တိုင်းမှန်စွာ သိသောဉာဏ် မည်၏။ (၈)
--
(၉) နဝမဉာဏ်တော်အဖွင့်
၈၃၀။ ထိုတွင် အဘယ်သည် မြတ်စွာဘုရား၏ သတ္တဝါတို့ စုတေခြင်း ပဋိသန္ဓေနေခြင်းကို ဟုတ်တိုင်းမှန်စွာ သိသောဉာဏ် မည်သနည်း။
ဤလောက၌ မြတ်စွာဘုရားသည် အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိအမြင်ထက် သာလွန်သော နတ်မျက်စိနှင့်တူသော ‘ဒိဗ္ဗစက္ခု’ ဖြင့် စုတေဆဲသတ္တဝါ ပဋိသန္ဓေနေဆဲသတ္တဝါ ယုတ်သောသတ္တဝါ မြတ်သော သတ္တဝါ အဆင်းလှသောသတ္တဝါ အဆင်းမလှသောသတ္တဝါ ကောင်းသောလားရာရှိသော သတ္တဝါ မကောင်းသော လားရာရှိသော သတ္တဝါတို့ကို မြင်၏၊ ကံအလျောက်ဖြစ်သော သတ္တဝါတို့ကို သိ၏။ အချင်းတို့ ဤသတ္တဝါတို့သည် ကိုယ်ဖြင့် ပြုအပ်သော မကောင်းသောအကျင့် ‘ကာယဒုစရိုက်’၊ နှုတ်ဖြင့်ပြုအပ်သော မကောင်းသော အကျင့် ‘ဝစီဒုစရိုက်’၊ စိတ်ဖြင့်ပြုအပ်သော မကောင်းသောအကျင့် ‘မနောဒုစရိုက်'တို့နှင့် ပြည့်စုံကုန်၏၊ အရိယာတို့ကို စွပ်စွဲတတ်ကုန်၏။ မှားသောအယူ ရှိကုန်၏၊ မှားသောအယူဖြင့် ဆောက်တည်အပ်သော ကံရှိကုန်၏၊ ထိုသူတို့သည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှနောက်၌ ချမ်းသာကင်းသော မကောင်းသောလားရာ ပျက်စီး၍ ကျရောက်ရာ ငရဲသို့ ရောက်ကုန်၏။ အချင်းတို့ ဤသူတို့သည်ကား ကိုယ်ဖြင့်ပြုအပ်သော ကောင်းသောအကျင့် ‘ကာယသုစရိုက်’၊ နှုတ်ဖြင့်ပြုအပ်သောကောင်းသောအကျင့် ‘ဝစီသုစရိုက်’၊ စိတ်ဖြင့်ပြုအပ်သော ကောင်းသော အကျင့် ‘မနောသုစရိုက်’ တို့နှင့် ပြည့်စုံကုန်၏။ အရိယာတို့ကို မစွပ်စွဲကုန်။ မှန်သောအယူ ရှိကုန်၏၊ မှန်သောအယူဖြင့် ဆောက်တည်အပ်သော ကံရှိကုန်၏၊ ထိုသူတို့သည် ခန္ဓာကိုယ် ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသောလားရာ နတ်ပြည်သို့ ရောက်ကုန်၏ဟု သိနိုင်၏။ ဤသို့လျှင် အထူးသဖြင့် စင်ကြယ်သောလူတို့၏ မျက်စိအမြင်ထက် သာလွန်သော နတ်မျက်စိနှင့်တူသော ‘ဒိဗ္ဗစက္ခု'ဖြင့် စုတေဆဲသတ္တဝါ ပဋိသန္ဓေနေဆဲသတ္တဝါ ယုတ်သောသတ္တဝါ မြတ်သောသတ္တဝါ အဆင်းလှသော သတ္တဝါ အဆင်းမလှသော သတ္တဝါကောင်းသော လားရာရှိသော သတ္တဝါ မကောင်းသောလားရာရှိသော သတ္တဝါတို့ကို သိမြင်၏၊ ကံအလျောက်ဖြစ်သော သတ္တဝါတို့ကို သိ၏။ ထို၌ အကြင် သိမှု ‘ပညာ’၊ သိသောအခြင်းအရာ ‘ပဇာနနာ’။ပ။ မတွေဝေမှု ‘အမောဟ’၊ သဘောတရားတို့ကို စိစစ်မှု ‘ဓမ္မဝိစယ’၊ ကောင်းသောအမြင် ‘သမ္မာဒိဋ္ဌိ’ သည် ရှိ၏။ ဤသဘောသည် မြတ်စွာဘုရား၏ သတ္တဝါတို့ စုတေခြင်း ပဋိသန္ဓေနေခြင်းကိုဟုတ်တိုင်း မှန်စွာသိသောဉာဏ် မည်၏။ (၉)
--
(၁၀) ဒသမဉာဏ်တော်အဖွင့်
၈၃၁။ ထိုတွင် အဘယ်သည် မြတ်စွာဘုရား၏ အာသဝတို့ကုန်ရာကို ဟုတ်တိုင်းမှန်စွာ သိသောဉာဏ် မည်သနည်း။
ဤလောက၌ မြတ်စွာဘုရားသည် အာသဝတို့၏ကုန်ခြင်းကြောင့် အာသဝမရှိသော ကိလေသာတို့မှလွတ်မြောက်သော ‘အရဟတ္တဖိုလ်’ စိတ်နှင့် ကိလေသာတို့မှ လွတ်မြောက်သော ‘အရဟတ္တဖိုလ်’ ပညာကို မျက်မှောက်ဘဝ၌ပင် ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုကာ ရောက်၍ နေ၏။ ထို၌ အကြင်သိမှု ‘ပညာ’၊ သိသောအခြင်းအရာ ‘ပဇာနနာ’။ပ။ မတွေဝေမှု ‘အမောဟ’၊ သဘောတရားတို့ကိုစိစစ်မှု ‘ဓမ္မဝိစယ’၊ ကောင်းသော အမြင် ‘သမ္မာဒိဋ္ဌိ’ သည် ရှိ၏။ ဤသဘောသည် မြတ်စွာဘုရား၏အာသဝတို့ကုန်ရာကို ဟုတ်တိုင်းမှန်စွာ သိသောဉာဏ် မည်၏။ (၁၀)
ဆယ်ခုသော အဖို့အစုအားဖြင့် ဉာဏ်များကို အကျယ်ပြဆိုခြင်းပြီး၏။
ဉာဏ်တို့ကို ဝေဖန်၍ပြသော ဉာဏဝိဘင်းပြီး၏။
--
၁၇။ ခုဒ္ဒကဝတ္ထုဝိဘင်္ဂ
(ယုတ်ညံ့သော တရားများကို ဝေဖန်၍ ပြသော ဝိဘင်း)
မာတိကာ
၁-ဧကကမာတိကာ
(တစ်ပါးစုတရားများကို အကျဉ်းပြခြင်း)
၈၃၂။ အမျိုးမာန်ယစ်ခြင်း၊ အနွယ်မာန်ယစ်ခြင်း၊ အနာကင်းမှုမာန်ယစ်ခြင်း၊ အရွယ်မာန် ယစ်ခြင်း၊ အသက်ရှည်မှုမာန်ယစ်ခြင်း၊ လာဘ်မာန်ယစ်ခြင်း၊ အရိုအသေပြုမှုမာန်ယစ်ခြင်း၊ အလေးပြုမှုမာန်ယစ်ခြင်း၊ ဦးစီးခေါင်း ဆောင်မာန်ယစ်ခြင်း၊ အခြံအရံမာန်ယစ်ခြင်း၊ စည်းစိမ်မာန် ယစ်ခြင်း၊ အဆင်းမာန်ယစ်ခြင်း၊ အကြားအမြင်မာန်ယစ်ခြင်း၊ ပညာမာန်ယစ်ခြင်း၊ ညဉ့်အပိုင်းအခြားသိမှု (အသက်ကြီးမှု) မာန်ယစ်ခြင်း၊ ဆွမ်းခံမှုမာန်ယစ်ခြင်း၊ အထင်သေးမခံရမှု မာန်ယစ်ခြင်း၊ ဣရိယာပုထ်မာန်ယစ်ခြင်း၊ တန်ခိုးမာန်ယစ်ခြင်း၊ အကျော်အစောမာန်ယစ်ခြင်း၊ သီလမာန်ယစ်ခြင်း၊ ဈာန်မာန်ယစ်ခြင်း၊ အတတ်မာန်ယစ်ခြင်း၊ အရပ်အမောင်းမာန်ယစ်ခြင်း၊ အလုံးအထည်မာန်ယစ်ခြင်း၊ သဏ္ဌာန်မာန်ယစ်ခြင်း၊ အလုံးအရပ်ပြည့်စုံမှုမာန်ယစ်ခြင်း၊ ယစ်ခြင်း ‘မဒ’၊ မေ့လျော့ခြင်း ‘ပမာဒ’၊ ခိုင်မာခြင်း ‘ထမ္ဘ’၊ ခြုတ်ခြယ်ခြင်း ‘သာရမ္ဘ’၊ အလွန်အလိုရှိခြင်း ‘အတြိစ္ဆတာ’၊ အလိုကြီးခြင်း ‘မဟိစ္ဆတာ’၊ ယုတ်မာသော အလိုဆိုးရှိခြင်း ‘ပါပိစ္ဆတာ’၊ ကိလေသာဦးချိုထောင်ခြင်း ‘သိင်္ဂ’၊ အလိုပြင်းထန် စားမာန်ခုတ်ခြင်း ‘တိန္တိဏ’၊ လျှပ်ပေါ်ခြင်း ‘စာပလျ’၊ သဘာဂမဟုတ်သော နေခြင်း ‘အသဘာဂဝုတ ္တိ’၊ မမွေ့လျော်ခြင်း ‘အရတိ’၊ ပျင်းရိခြင်း ‘တန္ဒီ’၊ အပျင်းဆန့်ခြင်း ‘ဝိဇမ္ဘိတာ’၊ ထမင်းဆီယစ်ခြင်း ‘ဘတ္တသမ္မဒ’၊ စိတ်၏တွန့်ခြင်း ‘စေတသောလီနတာ"၊ ဟန်ဆောင်ခြင်း ‘ကုဟနာ’၊ လာဘ်ချူခြင်း ‘လပနာ’၊ နိမိတ်ပြုခြင်း ‘နေမိတ္တိကတာ’၊ အတင်းအကြပ်ပြောခြင်း ‘နိပ္ပေသိကတာ’၊ လာဘ်ဖြင့် လာဘ်ကို ရှာမှီးခြင်း ‘လာဘေန လာဘံ နိဇိဂီသနတာ’၊ ငါမြတ်၏ဟုမှတ်ထင်မှု (ထောင်လွှားမှု) ‘သေယျမာန်’၊ ငါ (သူနှင့်) တူ၏ဟု မှတ်ထင် (ထောင်လွှား) မှု “သဒိသမာန်"၊ ငါ (သူ့အောက်) ယုတ်၏ဟု မာန်ထောင်မှု ‘ဟီနမာန်’၊ မြတ်သော သူ၏ “ငါ (သင့်ထက်) မြတ်၏”ဟုမာန် ထောင်ခြင်း ‘သေယျဿ သေယျမာန်"၊ မြတ်သော သူ၏ “ငါ (သင်နှင့်) တူ၏”ဟု မာန်ထောင်ခြင်း ‘သေယျဿ သဒိသမာန်’၊ မြတ်သော သူ၏ “ငါ (သင့်အောက်) ယုတ်၏”ဟု မာန်ထောင်ခြင်း ‘သေယျဿ ဟီနမာန်’၊ တူသော သူ၏ “ငါ (သင့်ထက်) မြတ်၏”ဟု မာန်ထောင်ခြင်း ‘သဒိသဿ သေယျမာန်’၊ တူသော သူ၏ “ငါ (သင်နှင့်) တူ၏”ဟု မာန်ထောင်ခြင်း ‘သဒိသဿသဒိသမာန်’၊ တူသော သူ၏ “ငါ (သင့်အောက်) ယုတ်၏”ဟု မာန်ထောင်ခြင်း ‘သဒိသဿ ဟီနမာန်’၊ ယုတ်သော သူ၏ “ငါ (သင့်ထက်) မြတ်၏”ဟု မာန်ထောင်ခြင်း ‘ဟီနဿ သေယျမာန်’၊ ယုတ်သောသူ၏ “ငါ (သင်နှင့်) တူ၏”ဟု မာန်ထောင်ခြင်း ‘ဟီနဿ သဒိသမာန်’၊ ယုတ်သော သူ၏ “ငါ (သင့်အောက်) ယုတ်၏”ဟု မာန်ထောင်ခြင်း ‘ဟီနဿ ဟီနမာန်’၊ မာန်ထောင်ခြင်း ‘မာန’၊
--
အလွန်မာန်ထောင်ခြင်း ‘အတိမာန’၊ အလွန့်အလွန် မာန်ထောင်ခြင်း ‘မာနာတိမာန’၊ အယုတ်အားဖြင့်မာန်ထောင်ခြင်း ‘ဩမာန’၊ ရနိုးခြင်း ‘အဓိမာန’၊ ငါဖြစ်၏ဟု မာန်ထောင်ခြင်း ‘အသ္မိမာန’၊ မှားသောမာန်ထောင်ခြင်း ‘မိစ္ဆာမာန’၊ ဆွေမျိုးတို့ကို အကြောင်းပြု၍ ကြံခြင်း ‘ဉာတိဝိတက်’၊ ဇနပုဒ်ကို ကြံခြင်း ‘ဇနပဒဝိတက်’၊ မသေသည်ကို ကြံခြင်း ‘အမရဝိတက်’၊ သူတစ်ပါးကို သနားခြင်းနှင့် စပ်သောကြံခြင်း “ပရာနုဒ္ဒယတာ ပဋိသံယုတ္တဝိတက်"၊ လာဘ်သပ်ပကာ ပူဇော်သက္ကာရ အကျော်အစောနှင့်စပ်သောကြံခြင်း ‘လာဘ သက္ကာရ သိလောက ပဋိသံယုတ္တဝိတက်’၊ အထင်မသေးမှုနှင့် စပ်သောကြံခြင်း ‘အနဝညတ္တိပဋိသံယုတ္တဝိတက်'တို့တည်း။
တစ်ပါးစုတရားများကို အကျဉ်းပြခြင်းပြီး၏။
၂-ဒုကမာတိကာ
(နှစ်ပါးစုတရားများကို အကျဉ်းပြခြင်း)
၈၃၃။ အမျက်ထွက်မှု ‘ကောဓ'နှင့် ရန်ငြိုးဖွဲ့မှု ‘ဥပနာဟ'သည် ရှိ၏။ ဂုဏ်ကျေးဇူးကို ချေဖျက်မှု ‘မက္ခ'နှင့် အပြိုင်ပြုမှု ‘ပဠာသ'သည် ရှိ၏။ မနာလိုမှု ‘ဣဿာ'နှင့် ဝန်တိုမှု ‘မစ္ဆရိယ'သည် ရှိ၏။ လှည့်ပတ်မှု ‘မာယာ'နှင့် ကောက်ကျစ်စဉ်းလဲမှု ‘သာဌေယျ'သည် ရှိ၏။ မသိမှု ‘အဝိဇ္ဇာ’နှင့် ဘဝကိုတပ်မက်မှု ‘ဘဝတဏှာ'သည် ရှိ၏။ ဘဝသည် မြဲ၏ဟူသော အယူ ‘ဘဝဒိဋ္ဌိ'နှင့် ဘဝသည် ကင်းပြတ်၏ဟူသော အယူ ‘ဥစ္ဆေဒဒိဋ္ဌိ’ သည် ရှိ၏။ မြဲ၏ဟူသော အယူ ‘သဿတဒိဋ္ဌိ'နှင့် ပြတ်၏ဟူသော အယူ ‘ဥစ္ဆေဒဒိဋ္ဌိ’ သည် ရှိ၏။ အဆုံးရှိ၏ဟူသော အယူ ‘အန္တဝါဒိဋ္ဌိ'နှင့် အဆုံးမရှိဟူသောအယူ ‘အနန္တဝါဒိဋ္ဌိ'သည် ရှိ၏။ ရှေ့အဖို့သို့ အစဉ်လိုက်သော အယူ ‘ပုဗ္ဗန္တာနုဒိဋ္ဌိ'နှင့် နောက်အဖို့သို့အစဉ်လိုက်သော အယူ ‘အပရန္တာနုဒိဋ္ဌိ'သည် ရှိ၏။ အရှက်မရှိမှု ‘အဟိရိက’ နှင့် အကြောက်အလန့်မရှိမှု ‘အနောတ္တပ္ပ'သည် ရှိ၏။ ဆိုဆုံးမခက်မှု ‘ဒေါဝစဿတာ'နှင့် မကောင်းသော အဆွေခင်ပွန်းရှိမှု ‘ပါပမိတ္တတာ’ သည် ရှိ၏။ မဖြောင့်မတ်မှု ‘အနဇ္ဇဝ'နှင့် မနူးညံမှု ‘အမဒ္ဒဝ’ သည် ရှိ၏။ သည်းမခံမှု ‘အက္ခန္တိ'နှင့် ကောင်းသော အမှု၌ မမွေ့လျော်မှု ‘အသောရစ္စ'သည် ရှိ၏။ မပြေပြစ်သောစကား ‘အသာခလျ'နှင့်မစေ့စပ်မှု ‘အပ္ပဋိသန္ထာရ’ သည် ရှိ၏။ ဣန္ဒြေတို့၌ မလုံခြုံသော တံခါးရှိမှု့'ဣန္ဒြိယေသု အဂုတ္တဒွါရတာ’ နှင့် ဘောဇဉ်၌ အတိုင်း အရှည် မသိမှု ‘ဘောဇနေ အမတ္တညုတာ'သည် ရှိ၏။ သတိလွှတ်မှု ‘မုဋ္ဌဿစ္စ'နှင့် ပညာမရှိမှု ‘အသမ္ပဇည’ သည် ရှိ၏။ သီလပျက်စီးမှု ‘သီလဝိပတ္တိ’ နှင့် အယူပျက်စီးမှု ‘ဒိဋ္ဌိဝိပတ္တိ’ သည် ရှိ၏။ မိမိ သန္တာန်၌ ဖြစ်သော သံယောဇဉ် ‘အဇ္ဈတ္တသံယောဇန'နှင့် သူတစ်ပါးသန္တာန်၌ ဖြစ်သော သံယောဇဉ် ‘ဗဟိဒ္ဓါသံယောဇန’ သည် ရှိ၏။
နှစ်ပါးစုတရားများကို အကျဉ်းပြခြင်း ပြီး၏။
--
၃-တိကမာတိကာ
(သုံးပါးစုတရားများကို အကျဉ်းပြခြင်း)
၈၃၄။ အကုသိုလ်အခြေခံသုံးပါးသည် ရှိ၏။ အကုသိုလ်ဝိတက်သုံးပါးသည် ရှိ၏။ အကုသိုလ်သညာသုံးပါးသည် ရှိ၏။ အကုသိုလ်ဓာတ်သုံးပါးသည် ရှိ၏။ ဒုစရိုက်သုံးပါးသည် ရှိ၏။ အာသဝသုံးပါးသည် ရှိ၏။ သံယောဇဉ်သုံးပါးသည် ရှိ၏။ တပ်မက်ခြင်း ‘တဏှာ’ သုံးပါးသည် ရှိ၏။ တစ်နည်း တပ်မက်ခြင်း ‘တဏှာ’ သုံးပါးသည် ရှိ၏။ ရှာမှီးခြင်း သုံးပါးသည် ရှိ၏။ မာန်ထောင်ခြင်းသုံးပါးသည် ရှိ၏။ ဘေးသုံးပါးသည် ရှိ၏။ အမိုက်သုံးပါးသည် ရှိ၏။ ဆိပ်ကမ်းသုံးပါးသည် ရှိ၏။ ကြောင့်ကြခြင်း သုံးပါးသည် ရှိ၏။ ကိလေသာသုံးပါးသည် ရှိ၏။ အညစ်အကြေးသုံးပါးသည် ရှိ၏။ မညီညွတ်ခြင်းသုံးပါးသည် ရှိ၏။ တစ်နည်း မညီညွတ်ခြင်းသုံးပါးသည် ရှိ၏။ မီးသုံးပါးသည် ရှိ၏။ ဖန်ရည်သုံးပါးသည် ရှိ၏။ တစ်နည်း
ဖန်ရည်သုံးပါးသည် ရှိ၏။ သာယာမှုနှင့် စပ်သော အယူ ‘အဿာဒဒိဋ္ဌိ’၊ အတ္တကို စွဲ၍ ဖြစ်သော အယူ ‘အတ္တာနုဒိဋ္ဌိ’၊ မှားသောအယူ ‘မိစ္ဆာဒိဋ္ဌိ'သည် ရှိ၏။ မမွေ့လျော်မှု ‘အရတိ’၊ ညှဉ်းဆဲမှု ‘ဝိဟေသာ’၊ မတရားကျင့်မှု ‘အဓမ္မစရိယ'သည် ရှိ၏။ ဆိုဆုံးမခက်မှု ‘ဒေါဝစဿတာ’၊ မိတ်ဆွေယုတ်ရှိခြင်း ‘ပါပမိတ္တတာ’၊ အမျိုးမျိုးသော အမှတ်သညာရှိမှု ‘နာနတ္တသညာ'သည် ရှိ၏။ ပျံ့လွင့်မှု ‘ဥဒ္ဓစ္စ’၊ ပျင်းရိမှု ‘ကောသဇ္ဇ’၊ မေ့လျော့မှု ‘ပမာဒ'သည် ရှိ၏။ မရောင့်ရဲမှု ‘အသန္တုဋ္ဌိတာ’၊ ပညာမရှိမှု ‘အသမ္ပဇညတာ’၊ အလိုကြီးမှု ‘မဟိစ္ဆတာ'သည် ရှိ၏။ အရှက်မရှိမှု ‘အဟိရိက’၊ အကြောက်အလန့်မရှိမှု ‘အနောတ္တပ္ပ’၊ မေ့လျော့မှု ‘ပမာဒ'သည် ရှိ၏။ မရိုသေမှု ‘အနာဒရိယ’၊ ဆိုဆုံးမ ခက်မှု ‘ဒေါဝစဿတာ’၊ မိတ်ဆွေယုတ်ရှိမှု ‘ပါပမိတ္တတာ'သည် ရှိ၏။ ယုံကြည်မှုမရှိခြင်း ‘အသဒ္ဓိယ’၊ ပြောဆိုသည်ကို နားမလည်မှု ‘အဝဒညုတာ’၊ ပျင်းရိမှု ‘ကောသဇ္ဇ'သည် ရှိ၏။ ပျံ့လွင့်မှု ‘ဥဒ္ဓစ္စ’၊ မစောင့်စည်းမှု ‘အသံဝရ’၊ သီလမရှိမှု ‘ဒုဿီလျ'သည် ရှိ၏။ အရိယာတို့ကိုမဖူးမြင်လိုမှု ‘အရိယာနံအဒဿနကမျတာ’၊ သူတော်ကောင်းတရားကို မနာကြားလိုမှု ‘သဒ္ဓမ္မံ အသောတုကမျတာ’၊ ခြုတ်ခြယ်လိုသော စိတ်ရှိမှု ‘ဥပါရမ္ဘစိတ္တတာ’ သည် ရှိ၏။ သတိလွတ်မှု ‘မုဋ္ဌဿစ္စ’၊ ပညာမရှိမှု ‘အသမ္ပဇည’၊ စိတ်ပျံ့လွင့်မှု ‘စေတသောဝိက္ခေပ'သည် ရှိ၏။ မသင့်မတင့်နှလုံးသွင်းမှု ‘အယောနိသော မနသိကာရ’၊ လမ်းမှားလိုက်မှု ‘ကုမ္မဂ္ဂသေဝနာ’၊ စိတ်တွန့်တိုမှု ‘စေတသော လီနတ္တ'သည် ရှိ၏။
သုံးပါးစုတရားများကို အကျဉ်းပြခြင်း ပြီး၏။
--
၄-စတုက္ကမာတိကာ
(လေးပါးစုတရားများကို အကျဉ်းပြခြင်း)
၈၃၅။ အာသဝလေးပါးသည် ရှိ၏။ ဂန္ထလေးပါးသည် ရှိ၏။ ဩဃလေးပါးသည် ရှိ၏။ ယောဂလေးပါးသည် ရှိ၏။ ဥပါဒါန်လေးပါးသည် ရှိ၏။ တဏှာဖြစ်ခြင်း လေးပါးသည် ရှိ၏။ မလိုက်အပ်သည့်ဘက်သို့ လိုက်ခြင်း ‘အဂတိ'လေးပါးသည် ရှိ၏။ ဖောက်ပြန်သော သဘောတရား လေးပါးသည် ရှိ၏။ အရိယာမဟုတ်သူတို့၏ ခေါ်ဝေါ်ပြောဆိုခြင်းလေးပါးသည် ရှိ၏။ တစ်နည်း အရိယာမဟုတ်သူတို့၏ ခေါ်ဝေါ်ပြောဆိုခြင်း လေးပါးသည် ရှိ၏။ ဒုစရိုက်လေးပါးသည် ရှိ၏။ တစ်နည်း- ဒုစရိုက်လေးပါးသည် ရှိ၏။ ဘေးလေးပါးသည် ရှိ၏။ တစ်နည်း- ဘေးလေးပါးသည် ရှိ၏။ ဒိဋ္ဌိလေးပါးသည် ရှိ၏။
လေးပါးစုတရားများကို အကျဉ်းပြခြင်း ပြီး၏။
၅-ပဉ္စကမာတိကာ
(ငါးပါးစုတရားများကို အကျဉ်းပြခြင်း)
၈၃၆။ အောက်မဂ်သည် ပယ်အပ်သော အဖို့ရှိသော သံယောဇဉ်ငါးပါးတို့သည် ရှိကုန်၏။ အထက်မဂ်သည် ပယ်အပ်သော အဖို့ရှိသော သံယောဇဉ်ငါးပါးတို့သည် ရှိကုန်၏။ ဝန်တိုခြင်း ငါးပါးတို့သည် ရှိကုန်၏။ ငြောင့်ငါးပါးတို့သည် ရှိကုန်၏။ မြားငါးပါးတို့သည် ရှိကုန်၏။ စိတ်တံသင်းငါးပါးတို့သည်ရှိကုန်၏။ စိတ်အနှောင်အဖွဲ့ငါးပါးတို့သည် ရှိကုန်၏။ နီဝရဏငါးပါးတို့သည် ရှိကုန်၏။ အခြားမဲ့ဘဝ၌ အကျိုးပေးသော ကံငါးပါးတို့သည် ရှိကုန်၏။ ဒိဋ္ဌိငါးပါးတို့သည် ရှိကုန်၏။ ရန်ငါးပါးတို့သည် ရှိကုန်၏။ ပျက်စီးခြင်းငါးပါးတို့သည် ရှိကုန်၏။ သည်းမခံခြင်း၏ အပြစ်ငါးပါးတို့သည် ရှိကုန်၏။ ဘေးငါးပါးတို့သည် ရှိကုန်၏။ မျက်မှောက်ဘဝ၌ နိဗ္ဗာန်ကိုဆိုသော စကားငါးပါးတို့သည် ရှိကုန်၏။
ငါးပါးစုတရားများကို အကျဉ်းပြခြင်း ပြီး၏။
--
၆-ဆက္ကမာတိကာ
(ခြောက်ပါးစုတရားများကို အကျဉ်းပြခြင်း)
၈၃၇။ ငြင်းခုန်မှုအခြေအမြစ် ခြောက်ပါးတို့သည် ရှိကုန်၏။ ပြင်းစွာတပ်မက်မှု ခြောက်ပါးတို့သည်ရှိကုန်၏။ ဆန့်ကျင်မှုဝတ္ထု ခြောက်ပါးတို့သည် ရှိကုန်၏။ တဏှာအပေါင်း ခြောက်ပါးတို့သည် ရှိကုန်၏။ မရိုသေခြင်း ခြောက်ပါးတို့သည် ရှိကုန်၏။ ဆုတ်ယုတ်ကြောင်း တရား ခြောက်ပါးတို့သည် ရှိကုန်၏။ တစ်နည်း- ဆုတ်ယုတ်ကြောင်းတရား ခြောက်ပါးတို့သည် ရှိကုန်၏။ ဝမ်းမြောက်မှုနှင့်တကွ ဆင်ခြင်ခြင်း ခြောက်ပါးတို့သည် ရှိကုန်၏။ နှလုံးမသာယာမှု နှင့်တကွ ဆင်ခြင်ခြင်း ခြောက်ပါးတို့သည် ရှိကုန်၏။ လျစ်လျူရှုမှုနှင့်တကွ ဆင်ခြင်ခြင်း ခြောက်ပါးတို့သည် ရှိကုန်၏။ ကာမဂုဏ်ကိုမှီသော ဝမ်းမြောက်ခြင်း ခြောက်ပါးတို့သည် ရှိကုန်၏။ ကာမဂုဏ်ကို မှီသော နှလုံးမသာယာခြင်း ခြောက်ပါးတို့သည် ရှိကုန်၏။ ကာမဂုဏ်ကို မှီသော လျစ်လျူရှုခြင်း ခြောက်ပါးတို့သည် ရှိကုန်၏။ ဒိဋ္ဌိခြောက်ပါးတို့သည် ရှိကုန်၏။
ခြောက်ပါးစုတရားများကို အကျဉ်းပြခြင်း ပြီး၏။
၇-သတ္တကမာတိကာ
(ခုနစ်ပါးစုတရားများကို အကျဉ်းပြခြင်း)
၈၃၈။ အနုသယ ခုနစ်ပါးတို့သည် ရှိကုန်၏။ သံယောဇဉ် ခုနစ်ပါးတို့သည် ရှိကုန်၏။ ထကြွသောင်းကျန်းခြင်း ခုနစ်ပါးတို့သည် ရှိကုန်၏။ မသူတော်တရား ခုနစ်ပါးတို့သည် ရှိကုန်၏။ ဒုစရိုက်ခုနစ်ပါးတို့သည် ရှိကုန်၏။ မာန်ထောင်ခြင်း ခုနစ်ပါးတို့သည် ရှိကုန်၏။ ဒိဋ္ဌိခုနစ်ပါး တို့သည် ရှိကုန်၏။
ခုနစ်ပါးစုတရားများကို အကျဉ်းပြခြင်းပြီး၏။
၈-အဋ္ဌကမာတိကာ
(ရှစ်ပါးစုတရားများကို အကျဉ်းပြခြင်း)
၈၃၉။ ကိလေသာဝတ္ထု ရှစ်ပါးတို့သည် ရှိကုန်၏။ ပျင်းရိခြင်းဖြစ်ကြောင်း ရှစ်ပါးတို့သည် ရှိကုန်၏။ လောကဓံရှစ်ပါးတို့ကြောင့် စိတ်ထိခိုက်ခြင်း ရှစ်ပါးတို့သည် ရှိကုန်၏။ အရိယာ မဟုတ်သူတို့၏ ခေါ်ဝေါ်ပြောဆိုခြင်း ရှစ်ပါးတို့သည် ရှိကုန်၏။ မှားသောသဘောတရား ရှစ်ပါးတို့သည် ရှိကုန်၏။ ယောက်ျားတို့၏ အပြစ်ရှစ်ပါးတို့သည် ရှိကုန်၏။ သညာမရှိဟု ဖြစ်သော အယူရှစ်ပါးတို့သည် ရှိကုန်၏။ သညာရှိသည်လည်း မဟုတ်, သညာမရှိသည်လည်း မဟုတ်ဟု ဖြစ်သော အယူရှစ်ပါးတို့သည် ရှိကုန်၏။
ရှစ်ပါးစုတရားများကို အကျဉ်းပြခြင်း ပြီး၏။
--
၉-နဝကမာတိကာ
(ကိုးပါးစုတရားများကို အကျဉ်းပြခြင်း)
၈၄၀။ ရန်ငြိုးဖွဲ့ခြင်းအကြောင်း ကိုးပါးတို့သည် ရှိကုန်၏။ ယောက်ျားတို့၏ အညစ်အကြေး ကိုးပါးတို့သည် ရှိကုန်၏။ မာန်ထောင်ခြင်း ကိုးပါးတို့သည် ရှိကုန်၏။ တပ်မက်ခြင်း ‘တဏှာ'အရင်းခံရှိသောတရားကိုးပါးတို့သည် ရှိကုန်၏။ တုန်လှုပ်ခြင်း ကိုးပါးတို့သည် ရှိကုန်၏။ မှတ်ထင်ခြင်း ကိုးပါးတို့သည်ရှိကုန်၏။ ဖိမ့်ဖိမ့်တုန်ခြင်း ကိုးပါးတို့သည် ရှိကုန်၏။ ချဲ့ထွင်ခြင်း ကိုးပါးတို့သည် ရှိကုန်၏။ ပြုပြင်ခြင်း ကိုးပါးတို့သည် ရှိကုန်၏။
ကိုးပါးစုတရားများကို အကျဉ်းပြခြင်း ပြီး၏။
၁၀-ဒသကမာတိကာ
(ဆယ်ပါးစုတရားများကို အကျဉ်းပြခြင်း)
၈၄၁။ ကိလေသာအကြောင်း ဆယ်ပါးတို့သည် ရှိကုန်၏။ ရန်ငြိုးဖွဲ့ခြင်း၏ အကြောင်း ဆယ်ပါးတို့သည် ရှိကုန်၏။ အကုသိုလ်ကမ္မပထတရား ဆယ်ပါးတို့သည် ရှိကုန်၏။ သံယောဇဉ် ဆယ်ပါးတို့သည် ရှိကုန်၏။ မှားသော သဘောတရား ဆယ်ပါးတို့သည် ရှိကုန်၏။ မှားသော အယူ၏ အကြောင်းဝတ္ထု ဆယ်ပါးတို့သည် ရှိကုန်၏။ တစ်ဖက်စွန်းရောက် အယူဝါဒ ဆယ်ပါးတို့သည် ရှိကုန်၏။
ဆယ်ပါးစုတရားများကို အကျဉ်းပြခြင်း ပြီး၏။
တဏှာဝိစရိုက် ၁၀၈-ပါး, ဒိဋ္ဌိ ၆၂-ပါးတို့ကို အကျဉ်းပြခြင်း
၈၄၂။ အတွင်းသန္တာန်၌ ဖြစ်သော တရားကို စွဲ၍ တဏှာဖြစ်ခြင်း ဆယ့်ရှစ်ပါး။ အပသန္တာန်၌ ဖြစ်သော တရားကို စွဲ၍ တဏှာဖြစ်ခြင်း ဆယ့်ရှစ်ပါး။ ယင်းသန္တာန်နှစ်ပါးကို ပေါင်းချုံး၍ တဏှာဖြစ်ခြင်း သုံးဆယ့်ခြောက်ပါးတို့သည် ဖြစ်ကုန်၏။ ဤသို့ ဖြစ်ပြီး ‘အတိတ်’ တဏှာဖြစ်ခြင်း သုံးဆယ့်ခြောက်ပါး၊ ဖြစ်လတ ္တံ ‘အနာဂတ်’ တဏှာဖြစ်ခြင်း သုံးဆယ့်ခြောက်ပါး၊ ဖြစ်ဆဲ ‘ပစ္စုပ္ပန်’ တဏှာဖြစ်ခြင်း သုံးဆယ့်ခြောက်ပါးတို့သည် ဖြစ်ကုန်၏။ ယင်းကာလသုံးပါးကို ပေါင်းချုံး၍ တဏှာဖြစ်ခြင်း တစ်ရာ့ရှစ်ပါးတို့သည် ဖြစ်၏၊ ဒိဋ္ဌိခြောက်ဆယ့် နှစ်ပါးတို့ကိုလည်း ဝေယျာကရဏ ‘ဂါထာမဖက် စကားပြင်သက်သက်'ဖြစ်သော ဗြဟ္မဇာလသုတ်၌ မြတ်စွာဘုရား ဟောကြားအပ်ကုန်၏။
အကျဉ်းပြခြင်းမာတိကာ ပြီး၏။
--
နိဒ္ဒေသ
၁-ဧကကနိဒ္ဒေသ
(တစ်ပါးစုတရားများကို အကျယ်ဖွင့်ပြခြင်း)
မာန်ယစ်မှု ‘မဒ'အမျိုးမျိုး
၈၄၃။ ထိုတွင် အဘယ်သည် အမျိုးမာန်ယစ်ခြင်း မည်သနည်း။
အမျိုးကိုစွဲ၍ မာန်ယစ်မှု ‘မဒ’၊ မာန်ယစ်သောအခြင်းအရာ ‘မဇ္ဇနာ’၊ မာန်ယစ်တတ်သည်၏အဖြစ် ‘မဇ္ဇိတတ္တ’၊ မှတ်ထင်ထောင်လွှားမှု ‘မာန’၊ ထောင်လွှားသော အခြင်းအရာ ‘မညနာ’၊ ထောင်လွှားတတ့်သည်၏ အဖြစ် ‘မညိတတ္တ’၊ တက်ကြွမှု ‘ဥန္နတိ’၊ တက်ကြွသော အခြင်းအရာ ‘ဥန္နာမော’၊ တံခွန်သဖွယ်ဖြစ်မှု ‘ဓဇ’၊ ချီးမြှောက်မှု ‘သမ္ပဂ္ဂါဟ’၊ စိတ်၏ မှန်ကင်းသဖွယ်ပြုမှု ‘ကေတုကမျတာ'သည် ရှိ၏။ ဤသဘောကို အမျိုးမာန်ယစ်ခြင်းဟု ဆိုအပ်၏။
၈၄၄။ ထိုတွင် အဘယ်သည် အနွယ်မာန်ယစ်ခြင်း မည်သနည်း။
အနွယ်ကို စွဲ၍။ပ။ အနာကင်းမှုကို စွဲ၍။ပ။ အရွယ်ကိုစွဲ၍။ပ။ အသက်ရှည်မှုကို စွဲ၍။ပ။ လာဘ်ကိုစွဲ၍။ပ။ အရိုအသေပြုမှုကို စွဲ၍။ပ။ အလေးပြုမှုကို စွဲ၍။ပ။ ဦးစီးခေါင်းဆောင်မှုကို စွဲ၍။ပ။ အခြံအရံကိုစွဲ၍။ပ။ စည်းစိမ်ကို စွဲ၍။ပ။ အဆင်းကို စွဲ၍။ပ။ အကြားအမြင်ကို စွဲ၍။ပ။ ပညာကို စွဲ၍။ပ။ ညဉ့်အပိုင်းအခြားသိမှု (အသက်ကြီးမှု) ကို စွဲ၍။ပ။ ဆွမ်းခံမှုကို စွဲ၍။ပ။ အထင်သေးမခံရမှုကို စွဲ၍။ပ။ ဣရိယာပုထ်ကို စွဲ၍။ပ။ တန်ခိုးကို စွဲ၍။ပ။ အကျော်အစောကို စွဲ၍။ပ။ သီလကို စွဲ၍။ပ။ ဈာန်ကို စွဲ၍။ပ။
အတတ်ကို စွဲ၍။ပ။ အရပ်အမောင်းကို စွဲ၍။ပ။ အလုံးအထည်ကို စွဲ၍။ပ။ သဏ္ဌာန်ကို စွဲ၍။ပ။ အလုံးအရပ်ပြည့်စုံမှုကို စွဲ၍ မာန်ယစ်မှု ‘မဒ’၊ မာန်ယစ်သော အခြင်းအရာ ‘မဇ္ဇနာ’၊ မာန်ယစ်တတ်သည်၏အဖြစ် ‘မဇ္ဇိတတ္တ’၊ ထောင်လွှားမှု ‘မာန’၊ ထောင်လွှားသော အခြင်းအရာ ‘မညနာ’၊ ထောင်လွှားတတ်သည်၏အဖြစ် ‘မညိတတ္တ’၊ တက်ကြွမှု ‘ဥန္နတိ’၊ တက်ကြွသော အခြင်းအရာ ‘ဥန္နာမော’၊ တံခွန်သဖွယ်ဖြစ်မှု ‘ဓဇ’၊ ချီးမြှောက်မှု ‘သမ္ပဂ္ဂါဟ’၊ စိတ်၏ မှန်ကင်းသဖွယ်ပြုမှု ‘ကေတုကမျတာ’ သည် ရှိ၏။ ဤသဘောကို အလုံးအရပ်ပြည့်စုံမှုမာန်ယစ်ခြင်းဟု ဆိုအပ်၏။
မာန်ယစ်မှု ‘မဒ'
၈၄၅။ ထိုတွင် အဘယ်သည် မာန်ယစ်ခြင်း ‘မဒ’ မည်သနည်း။
အကြင် မာန်ယစ်မှု ‘မဒ’၊ မာန်ယစ်သော အခြင်းအရာ ‘မဇ္ဇနာ’၊ မာန်ယစ်တတ်သည်၏ အဖြစ် ‘မဇ္ဇိတတ္တ’၊ ထောင်လွှားမှု ‘မာန’၊ ထောင်လွှားသော အခြင်းအရာ ‘မညနာ’၊ ထောင်လွှားတတ်သည်၏အဖြစ် ‘မညိတတ္တ’၊ တက်ကြွမှု ‘ဥန္နတိ’၊ မြှောက်၍ထားခြင်းသဘော ‘ဥန္နာမော’၊ တံခွန်သဖွယ်ဖြစ်မှု ‘ဓဇ’၊ ချီးမြှောက်မှု ‘သမ္ပဂ္ဂါဟ’၊ စိတ်၏ မှန်ကင်းသဖွယ်ပြုလိုမှု ‘ကေတုကမျတာ'သည် ရှိ၏။ ဤသဘောကို မာန်ယစ်ခြင်း ‘မဒ’ဟု ဆိုအပ်၏။
--
မေ့လျော့မှု ‘ပမာဒ'
၈၄၆။ ထိုတွင် အဘယ်သည် မေ့လျော့မှု ‘ပမာဒ’ မည်သနည်း။
ကိုယ်ဖြင့် ပြုအပ်သော မကောင်းသောအကျင့် ‘ကာယဒုစရိုက်’၌လည်းကောင်း နှုတ်ဖြင့် ပြုအပ်သောမကောင်းသော အကျင့် ‘ဝစီဒုစရိုက်’၌လည်းကောင်း၊ စိတ်ဖြင့် ပြုအပ်သော မကောင်းသော အကျင့်'မနောဒုစရိုက်’၌လည်းကောင်း၊ ကာမဂုဏ်ငါးပါးတို့၌လည်းကောင်း စိတ်၏လွတ်ခြင်း ‘ဝေါဿဂ္ဂ'သည်၊ လွတ်ခြင်းကို အထောက်အပံ့ပေးမှု ‘ဝေါဿဂ္ဂါနုပ္ပဒါန'သည်၊ ကုသိုလ်တရားတို့ကို ပွါးများခြင်းငှါအရိုအသေ မပြုခြင်းသည်၊ အစဉ်တစိုက် မပြုခြင်းသည်၊ တည်တံ့မှုကို မပြုခြင်းသည်၊ တွန့်သောဖြစ်ခြင်းသည်၊ အလိုဆန္ဒကို ချထားခြင်းသည်၊ တာဝန်ကို ချထားခြင်းသည်၊ မမှီဝဲခြင်းသည်၊ မပွါးများခြင်းသည်၊ အကြိမ်များစွာ မပြုခြင်းသည်၊ မဆောက်တည်ခြင်းသည်၊ မလုံးပန်းခြင်းသည်၊ မေ့လျော့ခြင်းသည် ရှိ၏။ ဤသို့သဘောရှိသော အကြင်မေ့လျော့မှု ‘ပမာဒ’၊ မေ့လျော့သော အခြင်းအရာ ‘ပမဇ္ဇနာ’၊ မေ့လျော့တတ် သည်၏ အဖြစ် ‘ပမဇ္ဇိတတ္တ’ သည် ရှိ၏။ ဤသဘောကို မေ့လျော့ခြင်း ‘ပမာဒ’ဟု ဆိုအပ်၏။
ခိုင်မာမှု ‘ထမ္ဘ'
၈၄၇။ ထိုတွင် အဘယ်သည် ခိုင်မာခြင်း ‘ထမ္ဘ’ မည်သနည်း။
အကြင်ခိုင်မာမှု ‘ထမ္ဘ’၊ ခိုင်မာသော အခြင်းအရာ ‘ထမ္ဘနာ’၊ ခိုင်မာတတ်သည်၏အဖြစ် ‘ထမ္ဘိတက္တ’၊ ခိုင်မာမှု ‘ကက္ခဠိယ’၊ ကြမ်းတမ်းမှု ‘ဖာရုသိယ’၊ စိတ်ဖြောင့်မတ်မှု ‘ဥဇုစိတ္တတာ’၊ မနူးညံ့မှု ‘အမုဒုတာ'သည့်ရှိ၏။ ဤသဘောကို ခိုင်မာခြင်း ‘ထမ္ဘ’ဟု ဆိုအပ်၏။
ခြုတ်ခြယ်မှု ‘သာရမ္ဘ'
၈၄၈။ ထိုတွင် အဘယ်သည် ခြုတ်ခြုယ်ခြင်း ‘သာရမ္ဘ’ မည်သနည်း။
အကြင် ခြုတ်ခြုယ်မှု ‘သာရမ္ဘ’၊ အတပ်ထပ် ခြုတ်ခြုယ်မှု ‘ပဋိသာရမ္ဘ’၊ ခြုတ်ခြုယ်သော အခြင်းအရာ ‘သာရမ္ဘနာ၊ အထပ်ထပ် ခြုတ်ခြုယ်သော အခြင်းအရာ ‘ပဋိသာရမ္ဘနာ’၊ အထပ်ထပ်ခြုတ်ခြုယ်တတ်သည်၏အဖြစ် ‘ပဋိသာရမ္ဘိတတ္တ'သည် ရှိ၏၊ ဤသဘောကို ခြုတ်ခြုယ်ခြင်း ‘သာရမ္ဘ’ဟု ဆိုအပ်၏။
--
အလွန်အလိုရှိမှု ‘အတြိစ္ဆတာ'
၈၄၉။ ထိုတွင် အဘယ်သည် အလွန်အလိုရှိခြင်း ‘အတြိစ္ဆတာ’ မည်သနည်း။
တစ်မျိုးမျိုးသော သင်္ကန်း ဆွမ်း ကျောင်း သူနာ၏ အထောက်အပံ့ ဆေး အသုံးအဆောင်တို့ဖြင့်လည်းကောင်း၊ ကာမဂုဏ်ငါးပါးတို့ဖြင့်လည်းကောင်း မရောင့်ရဲသူအား များများလိုချင်မှု ‘ဘိယျောကမျတာ’ သည် ရှိ၏။ ဤသို့သဘောရှိသော အကြင် လိုချင်မှု ‘ဣစ္ဆာ’၊ လိုချင်သောအဖြစ် ‘ဣစ္ဆာဂတာ’၊ အလွန် အလိုရှိမှု ‘အတြိစ္ဆတာ’၊ တပ်မက်မှု ‘ရာဂ’၊ ပြင်းစွာ တပ်မက်မှု ‘သာရာဂ’၊ စိတ်၏ ပြင်းစွာ တပ်မက်မှု ‘စိတ္တသာရာဂ’ သည် ရှိ၏၊ ဤ သဘောကို အလွန်အလိုရှိခြင်း ‘အတြိစ္ဆတာ’ ဟု ဆိုအပ်၏။
အလိုကြီးမှု ‘မဟိစ္ဆတာ'
၈၅၀။ ထိုတွင် အဘယ်သည် အလိုကြီးခြင်း ‘မဟိစ္ဆတာ’ မည်သနည်း။
တစ်မျိုးမျိုးသော သင်္ကန်း ဆွမ်း ကျောင်း သူနာ၏ အထောက်အပံ့ ဆေး အသုံးအဆောင်တို့ဖြင့်လည်းကောင်း၊ ကာမဂုဏ်ငါးပါးတို့ဖြင့်လည်းကောင်း မရောင့်ရဲသူအားများများလိုချင်မှု ‘ဘိယျောကမျတာ’ သည် ရှိ၏၊ ဤသို့သဘောရှိသော အကြင်လိုချင်မှု ‘ဣစ္ဆာ’၊ လိုချင်သောအဖြစ် ‘ဣစ္ဆာဂတာ’၊ အလိုကြီးမှု ‘မဟိစ္ဆတာ’ တပ်မက်မှု ‘ရာဂ’၊ ပြင်းစွာတပ်မက်မှု ‘သာရာဂ’၊ စိတ်၏ ပြင်းစွာ တပ်မက်မှု ‘စိတ္တသာရာဂ’ သည် ရှိ၏။ ဤသဘောကို အလိုကြီးမှု ‘မဟိစ္ဆတာ’ ဟု ဆိုအပ်၏။
ယုတ်မာသော အလိုရှိမှု ‘ပါပိစ္ဆတာ'
၈၅၁။ ထိုတွင် အဘယ်သည် ယုတ်မာသော အလိုဆိုးရှိခြင်း ‘ပါပိစ္ဆတာ’ မည်သနည်း-ဤလောက၌ အချို့သူသည် သဒ္ဓါတရားမရှိသူဖြစ်လျက် သဒ္ဓါတရားရှိသူဟူ၍ ငါ့ကို လူအပေါင်းသိပါစေဟု အလိုရှိ၏၊ သီလမရှိသူဖြစ်လျက် သီလရှိသူဟူ၍ ငါ့ကို လူအပေါင်း သိပါစေဟု အလိုရှိ၏။ အကြားအမြင် မရှိသူဖြစ်လျက် အကြားအမြင်များသူဟူ၍ ငါ့ကို လူအပေါင်း သိပါစေဟု အလိုရှိ၏၊ အဖော် အပေါင်း၌ မွေ့လျော်သူ ဖြစ်လျက် ဆိတ်ဆိတ်နေသူဟူ၍ ငါ့ကို လူအပေါင်းသိပါစေဟု အလိုရှိ၏၊ ပျင်းရိသူ ဖြစ်လျက် အားထုတ်သော ဝိရိယရှိသူဟူ၍ ငါ့ကို လူအပေါင်း သိပါစေဟု အလိုရှိ၏၊ သတိမေ့လျော့ တတ်သူဖြစ်လျက် သတိကောင်းသူဟူ၍ ငါ့ကို လူအပေါင်း သိပါစေဟု အလိုရှိ၏၊ မတည်ကြည်သူဖြစ်လျက် တည်ကြည်သူဟူ၍ ငါ့ကို လူအပေါင်း သိပါစေဟု အလိုရှိ၏။ ပညာနည်းသူဖြစ်လျက် ပညာရှိသူဟူ၍ ငါ့ကို လူအပေါင်းသိပါစေဟု အလိုရှိ၏၊ အာသဝေါမကုန်သူဖြစ်လျက် အာသဝေါကုန်သူဟူ၍ ငါ့ကို လူအပေါင်း သိပါစေဟု အလိုရှိ၏။ ဤသို့သဘောရှိသောအကြင် လိုချင်မှု ‘ဣစ္ဆာ’၊ လိုချင်သောအဖြစ် ‘ဣစ္ဆာဂတ’၊ ယုတ်မာသော အလိုရှိမှု ‘ပါပိစ္ဆတာ’၊ တပ်မက်မှု ‘ရာဂ’၊ ပြင်းစွာ တပ်မက်မှု ‘သာရာဂ’၊ စိတ်၏ ပြင်းစွာ တပ်မက်မှု ‘စိတ္တသာရာဂ'သည် ရှိ၏။ ဤသဘောကို ယုတ်မာသော အလိုရှိခြင်း ‘ပါပိစ္ဆတာ’ဟု ဆိုအပ်၏။
-
ကိလေသာဦးချိုထောင်မှု ‘သိင်္ဂ'
၈၅၂။ ထိုတွင် အဘယ်သည် ကိလေသာဦးချိုထောင်ခြင်း ‘သိင်္ဂ’ မည်သနည်း။
အကြင် ကိလေသာဦးချိုထောင်မှု ‘သိင်္ဂ’၊ ကိလေသာဦးချိုထောင်သော အခြင်းအရာ ‘သိင်္ဂါရတာ’၊ စံပယ်သော အခြင်းအရာ ‘စာတုရတာ’၊ စံပယ်သောဖြစ်မှု ‘စာတုရိယ’၊ ဟန်ပြကောင်းသော အခြင်းအရာ ‘ပရိက္ခတ္တတာ’၊ ဟန်ပြကောင်းခြင်း ‘ပါရိက္ခတ ္တိယ'သည် ရှိ၏။ ဤသဘောကို ကိလေသာဦးချိုထောင်ခြင်း ‘သိင်္ဂ’ဟု ဆိုအပ်၏။
အလိုပြင်းထန် စားမာန်ခုတ်မှု ‘တိန္တိဏ'
၈၅၃။ ထိုတွင် အဘယ်သည် အလိုပြင်းထန် စားမာန်ခုတ်ခြင်း ‘တိန္တိဏ’ မည်သနည်း။
အကြင် အလိုပြင်းထန်စားမာန်ခုတ်ခြင်း ‘တိန္တိဏ’၊ အလိုပြင်းထန် စားမာန်ခုတ်သော အခြင်းအရာ ‘တိန္တိဏာယန’၊ အလိုပြင်းထန် စားမာန်ခုတ်သည်၏အဖြစ် ‘တိန္တိဏာယိတတ္တ’၊ (အပိုအစွာသူ့ထက်ကဲ) လိုချင်မှု ‘လောလုပ္ပ’၊ (အပိုအစွာသူ့ထက်ကဲ) လိုချင်သော အခြင်းအရာ ‘လောလုပ္ပါယနာ’၊ (အပိုအစွာသူ့ထက်ကဲ) လိုချင်သည်၏အဖြစ် ‘လောလုပ္ပါယိတတ္တ’၊ အမြီးနှံ့သောခွေးနှင့်တူစွာ လှုပ်ရှားမှု'ပုစ္ဆဉ္ဇိကတာ’၊ အကောင်းကြိုက်မှု ‘သာဓုကမျတာ'သည် ရှိ၏။ ဤသဘောကို အလိုပြင်းထန် စားမာန်ခုတ်ခြင်း ‘တိန္တိဏ’ ဟု ဆိုအပ်၏။
လျှပ်ပေါ်မှု ‘စာပလျ'
၈၅၄။ ထိုတွင် အဘယ်သည် လျှပ်ပေါ်ခြင်း ‘စာပလျ’ မည်သနည်း။
သင်္ကန်းတန်ဆာဆင်မှု၊ သပိတ်တန်ဆာဆင်မှု၊ ကျောင်း အိပ်ရာ နေရာတန်ဆာဆင်မှု၊ ဤအကောင်ပုပ်နှင့် အပ ပရိက္ခရာတို့ကို တန်ဆာဆင်မှု ‘မဏ္ဍနာ’၊ အတင့်အတယ်ပြုမှု ‘ဝိဘူသနာ’၊ ကစားမှု ‘ကေဠနာ’၊ ထက်ဝန်းကျင် ကစားမှု ‘ပရိကေဠနာ’၊ မြူးထူးမှု ‘ဂိဒ္ဓိကတာ’၊ မြူးထူးသည်၏အဖြစ် ‘ဂိဒ္ဓိကတ္တ’၊ လျှပ်ပေါ်သောအခြင်းအရာ ‘စာပလတာ’၊ လျှပ်ပေါ်သည်၏အဖြစ် ‘စာပလျ’ သည် ရှိ၏။ ဤသဘောကိုလျှပ်ပေါ်ခြင်း ‘စာပလျ’ ဟု ဆိုအပ်၏။
သဘာဂမဟုတ်သောနေမှု ‘အသဘာဂဝုတ္တိ'
၈၅၅။ ထိုတွင် အဘယ်သည် သဘာဂမဟုတ်သောနေခြင်း ‘အသဘာဂဝုတ္တိ’ မည်သနည်း။
အမိ၌လည်းကောင်း၊ အဖ၌လည်းကောင်း၊ ကြီးသူ၌လည်းကောင်း၊ အစ်ကို၌လည်းကောင်း၊ ဆရာတို့၌လည်းကောင်း၊ ဥပဇ္ဈာယ်၌လည်းကောင်း၊ ဘုရား၌လည်းကောင်း၊ ဘုရားတပည့်သား တို့၌လည်းကောင်း၊ အမှတ်မထား တစ်ပါးပါးသော အလေးပြုအပ်ရာတို့၌ မလျော်သည်ကို ယူခြင်းသည်၊ ဆန့်ကျင်ဘက်ကို သာယာခြင်းသည်၊ မရိုသေခြင်းသည်၊ မရိုသေသော အခြင်းအရာသည်၊ အလေးမပြုသောအခြင်း အရာသည်၊ မတုပ်ဝပ်သော အခြင်းအရာသည် ရှိ၏။ ဤသဘောကို သဘာဂမဟုတ်သောနေခြင်း ‘အသဘာဂဝုတ္တိ’ဟု ဆိုအပ်၏။
--
မမွေ့လျော်ခြင်း ‘အရတိ'
၈၅၆။ ထိုတွင် အဘယ်သည် မမွေ့လျော်ခြင်း ‘အရတိ’ မည်သနည်း။
အစွန်အဖျားဖြစ်ကုန်သော တောကျောင်းတို့၌သော်လည်းကောင်း၊ အမှတ်မထား တစ်ပါးပါးကုန် သောလွန်ကဲသော ကုသိုလ်တရားတို့၌သော်လည်းကောင်း မမွေ့လျော်မှု ‘အရတိ’၊ မမွေ့လျော်သော အခြင်းအရာ ‘အရတိတာ’၊ အလွန်မမွေ့လျော်မှု ‘အနဘိရတိ’၊ အလွန်မမွေ့လျော်သော အခြင်းအရာ ‘အနဘိရမဏာ’၊ ငြီးငွေ့မှု ‘ဥက္ကဏ္ဌိတာ’၊ ခြောက်တပ်ခြင်း ‘ပရိတဿိတာ'သည် ရှိ၏။ ဤသဘောကိုမမွေ့လျော်ခြင်း ‘အရတိ’ဟု ဆိုအပ်၏။
ပျင်းရိမှု ‘တန္ဒီ'
၈၅၇။ ထိုတွင် အဘယ်သည် ပျင်းရိမှု ‘တန္ဒီ’ မည်သနည်း။
အကြင်ပျင်းရိမှု ‘တန္ဒီ’၊ ပျင်းသော အခြင်းအရာ ‘တန္ဒိယနာ’၊ ပျင်းရိစိတ်ရှိသော အခြင်းအရာ ‘တန္ဒိမနကတာ’၊ ပျင်းခြင်း ‘အာလသျ’၊ ပျင်းသော အခြင်းအရာ ‘အာလသျယနာ’၊ ပျင်းတတ်သည်၏အဖြစ် ‘အာလသျာယိတတ္တ'သည် ရှိ၏။ ဤသဘောကို ပျင်းရိခြင်း ‘တန္ဒီ’ဟု ဆိုအပ်၏။
အပျင်းဆန့်မှု ‘ဝိဇမ္ဘိတာ'
၈၅၈။ ထိုတွင် အဘယ်သည် အပျင်းဆန့်ခြင်း ‘ဝိဇမ္ဘိတာ’ မည်သနည်း။
အကြင်ကိုယ်၏ အပျင်းဆန့်ခြင်း ‘ဇမ္ဘနာ’၊ အထူးသဖြင့် အပျင်းဆန့်ခြင်း ‘ဝိဇမ္ဘနာ’၊ ရှေ့သို့ ညွတ်ခြင်း ‘အာနမနာ’၊ နောက်သို့ ညွတ်ခြင်း ‘ဝိနမနာ’၊ ထက်ဝန်းကျင် ညွတ်ခြင်း ‘သံနမနာ’၊ အပြား အားဖြင့်ညွတ်ခြင်း “ပဏမနာ"၊ အနာဖြစ်ခြင်း ‘ဗျာဓိယက’ သည် ရှိ၏။ ဤသဘောကို အပျင်းဆန့်ခြင်း ‘ဝိဇမ္ဘိတာ’ဟု ဆိုအပ်၏။
ထမင်းဆီယစ်ခြင်း ‘ဘတ္တသမ္မဒ'
၈၅၉။ ထိုတွင် အဘယ်သည် ထမင်းဆီယစ်ခြင်း ‘ဘတ္တသမ္မဒ’ မည်သနည်း။
အစာစားပြီးသော သူအား အကြင်ထမင်းကြောင့် တွေဝေမိန့်မောခြင်းသည်၊ ထမင်းကြောင့်ပင်ပန်းခြင်းသည်၊ ထမင်းကြောင့် ပူလောင်ခြင်းသည်၊ ကိုယ်လေးလံ ထိုင်းမှိုင်းခြင်းသည် ရှိ၏။ ဤသဘော ကို ထမင်းဆီယစ်ခြင်း ‘ဘတ္တသမ္မဒ’ဟု ဆိုအပ်၏။
--
စိတ်၏တွန့်မှု ‘စေတသောလီနတ္တ'
၈၆၀။ ထိုတွင် အဘယ်သည်စိတ်၏ တွန့်ခြင်း ‘စေတသောလီနတ္တ’ မည်သနည်း။
အကြင် စိတ်၏ မကျန်းမာခြင်း ‘စိတ္တအကလျတာ’၊ အမှု၌ မခံ့ခြင်း ‘အကမ္မညတာ’၊ ယုတ်သောတွန့်ခြင်း ‘ဩလီယနာ’၊ ထက်ဝန်းကျင် တွန့်ခြင်း ‘သလ္လီယနာ’၊ တွန့်ခြင်း ‘လီန’၊ တွန့်သော အခြင်း အရာ ‘လီယနာ’၊ တွန့်သောအဖြစ် ‘လီယိတတ္တ’၊ ထိုင်းမှိုင်းခြင်း ‘ထိန’၊ ထိုင်းမှိုင်းသော အခြင်းအရာ ‘ထိယနာ’၊ စိတ်၏ ထိုင်းမှိုင်းသည်၏အဖြစ် ‘ထိယိတတ္တ'သည် ရှိ၏။ ဤသဘောကို စိတ်၏ တွန့်ခြင်း ‘စေတသောလီနတ္တ’ဟု ဆိုအပ်၏။
ဟန်ဆောင်မှု ‘ကုဟနာ'
၈၆၁။ ထိုတွင် အဘယ်သည် ဟန်ဆောင်ခြင်း ‘ကုဟနာ’ မည်သနည်း။
လာဘ်သပ်ပကာ, ပူဇော်သက္ကာရ, အကျော်အစောကို မှီ၍ ယုတ်မာသော အလိုရှိသော အလိုကြီးသူရဟန်းအား ပစ္စည်းမှီဝဲမှုဖြင့်လည်းကောင်း၊ အရိပ်အရောင်ပြောသဖြင့်လည်းကောင်း၊ ဣရိယာပုထ်ကိုထားခြင်း ‘အဋ္ဌပနာ’၊ ထားသောအခြင်းအရာ ‘ဌပနာ’၊ ကြည်ညိုဖွယ်ကောင်းအောင် ပြုပြင်ထားခြင်း ‘သဏ္ဌပနာ’၊ မျက်မှောင်ကုတ်သော အခြင်းအရာ ‘ဘာကုဋိတာ’၊ မျက်မှောင်ကုတ်ခြင်း ‘ဘာကုဋိယ’၊ ဟန်လုပ်ခြင်း ‘ကုဟနာ’၊ ဟန်လုပ်သော အခြင်းအရာ ‘ကုဟာယနာ’၊ ဟန်လုပ်သောအဖြစ် ‘ကုဟိတတ္တ'သည် ရှိ၏။ ဤသသောကို ဟန်ဆောင်ခြင်း ‘ကုဟနာ’ဟု ဆိုအပ်၏။
လာဘ်ချူမှု ‘လပနာ'
၈၆၂။ ထိုတွင် အဘယ်သည် လာဘ်ချူခြင်း ‘လပနာ’ မည်သနည်း။
လာဘ်သပ်ပကာ, ပူဇော်သက္ကာရ, အကျော်အစောကို မှီ၍ ယုတ်မာသော အလိုရှိသော အလိုကြီးသူရဟန်း၏ တစ်ပါးသူတို့အား အကြင် မိမိကိုယ်ကို မြှောက်ပင့်ကြွားဝါမှု ‘အာလပနာ’၊ မေး၍ ဝါကြွားဖြေဆိုခြင်း ‘လပနာ’၊ လာဘ်ကို လို၍ ချိုချိုသာသာ ကောင်းစွာ ပြောဆိုမှု ‘သလ္လပနာ’၊ မြှောက်ပင့်၍ပြောဆိုမှု ‘ဥလ္လပနာ’၊ အထပ်ထပ် မြှောက်ပင့်၍ ပြောဆိုမှု ‘သမုလ္လပနာ’၊ ရရာရကြောင်း စကားတောင်း၍ပြောဆိုမှု ‘ဥန္နဟနာ’၊ ရရာရကြောင်း စကားတောင်း၍ အထပ်ထပ် ပြောဆိုမှု ‘သမုန္နဟနာ’၊ ချီးမွမ်း၍ပြောဆိုမှု ‘ဥက္ကာစနာ’၊ အထပ်ထပ် ချီးမွမ်း၍ ပြောဆိုမှု ‘သမုက္ကာစနာ’၊ ချစ်ဖွယ်စကားကို ပြောဆိုမှု ‘အနုပ္ပိယဘာဏိတာ’၊ မိမိကိုယ်ကို နှိမ့်ချပြောဆိုမှု ‘စာဋုကမျတာ’၊ အစိမ်းနီးပါး အကျက်များသော ပဲနောက်ဟင်းကဲ့သို့ အမှန်နည်းပါး အမှားများသော စကားပြောဆိုမှု ‘မုဂ္ဂသူပျတာ’၊ ရွာသူသားငယ်ကို ချီပိုးခြင်း ‘ပါရိဘဋျတာ’ သည် ရှိ၏။ ဤသဘောကို လာဘ်ချူခြင်း (ဝါကြွား) ‘လပနာ’ဟု ဆိုအပ်၏။
--
နိမိတ်ပြုမှု ‘နေမိတ္တိကတာ'
၈၆၃။ ထိုတွင် အဘယ်သည် နိမိတ်ပြုခြင်း ‘နေမိတ္တိကတာ’ မည်သနည်း။
လာဘ်သပ်ပကာ, ပူဇော်သက္ကာရ, အကျော်အစောကို မှီ၍ ယုတ်မာသော အလိုရှိသော အလိုကြီးသူရဟန်း၏ တစ်ပါးသူတို့အား အကြင်နိမိတ်ပြုခြင်း ‘နိမိတ္တ’၊ နိမိတ်ပြုခြင်းအမှု ‘နိမိတ္တကမ္မ’၊ အရိပ်အရောင်ပြမှု ‘ဩဘာသ’၊ အရိပ်အရောင်ပြခြင်းအမှု ‘ဩဘာသကမ္မ’၊ ရစ်၍ပြောဆိုခြင်း ‘သာမန္တဇပ္ပ’၊ သွယ်ဝိုက်၍ပြောဆိုခြင်း ‘ပရိကထာ’ သည် ရှိ၏။ ဤသဘောကို နိမိတ်ပြုခြင်း ‘နေမိတ္တိကတာ’ဟု ဆိုအပ်၏။
အတင်းအကြပ်ပြောခြင်း ‘နိပ္ပေသိကတာ'
၈၆၄။ ထိုတွင် အဘယ်သည် အတင်းအကြပ်ပြောခြင်း ‘နိပ္ပေသိကတာ’ မည်သနည်း။
လာဘ်သပ်ပကာ, ပူဇော်သက္ကာရ, အကျော်အစောကို မှီ၍ ယုတ်မာသော အလိုရှိသော အလိုကြီးသူရဟန်း၏ တစ်ပါးသူတို့အား အကြင် (ပစ္စည်းကို မပေးလှူဘဲမနေနိုင်အောင်) ဆဲရေးခြင်း ‘အက္ကောသနာ’၊ နှိမ့်ချခြင်း ‘ဝမ္ဘနာ’၊ ကဲ့ရဲ့ခြင်း ‘ဂရဟဏာ’၊ (စကားဖြင့်) မြှောက်ပင့်ခြင်း ‘ဥက္ခေပနာ’၊ အထပ်ထပ် မြှောက်ပင့်ခြင်း ‘သမုက္ခေပနာ’၊ ရှုတ်ချခြင်း ‘ခိပနာ’၊ အထပ်ထပ် ရှုတ်ချခြင်း ‘သံခိပနာ’၊ အပြစ်တင်ခြင်း ‘ပါပနာ’၊ အထပ်ထပ် အပြစ်တင်ခြင်း ‘သမ္ပါပနာ’၊ ကျေးဇူးမဲ့ကို (တစ်အိမ်မှ တစ်အိမ်တစ်ရွာမှ တစ်ရွာသို့) ဆောင်ခြင်း ‘အဝဏ္ဏဟာရိကာ’၊ သူတစ်ပါး ကျောက်ကုန်းသားကို စားသကဲ့သို့ပြခြင်း ‘ပရပိဋ္ဌိမံသိကတာ'သည် ရှိ၏။ ဤသဘောကို အတင်းအကြပ်ပြောခြင်း ‘နိပ္ပေသိကတာ’ ဟု ဆိုအပ်၏။
လာဘ်မျှားခြင်း
၈၆၅။ ထိုတွင် အဘယ်သည် လာဘ်ဖြင့် လာဘ်ကို ရှာမှီးခြင်း မည်သနည်း။
လာဘ်သပ်ပကာ, ပူဇော်သက္ကာရ, အကျော်အစောကို မှီ၍ ယုတ်မာသော အလိုရှိသော အလိုကြီးသူရဟန်းသည် ဤမှ ရခဲ့သော အာမိသ ‘သုံးဆောင်ဖွယ်'ကို ထိုသို့ ဆောင်၏၊ ထိုမှ ရခဲ့သော အာမိသ ‘သုံးဆောင်ဖွယ်’ ကို ဤသို့ ဆောင်လာ၏။ ဤသို့သဘောရှိသော အာမိသဖြင့် အာမိသကို အကြင်ရှာခြင်း ‘ဧဋ္ဌိ’၊ ရှာမှီးခြင်း ‘ဂဝေဋ္ဌိ’၊ အထပ်ထပ်ရှာခြင်း ‘ပရိယေဋ္ဌိ’၊ ရှာသောအခြင်းအရာ ‘ဧသနာ’၊ ရှာမှီးသောအခြင်းအရာ ‘ဂဝေသနာ’၊ အထပ်ထပ် ရှာသော အခြင်းအရာ ‘ပရိယေသနာ'သည် ရှိ၏။ ဤသဘောကို လာဘ်ဖြင့် လာဘ်ကို ရှာမှီးခြင်းဟု ဆိုအပ်၏။
--
မြတ်၏ဟု မှတ်ထင်မှု ‘သေယျမာန်'
၈၆၆။ ထိုတွင် အဘယ်သည် ငါမြတ်၏ဟု မှတ်ထင်ထောင်လွှားမှု ‘သေယျမာန်’ မည်သနည်း။
ဤလောက၌ အချို့သူသည် အမျိုးဖြင့်လည်းကောင်း၊ အနွယ်ဖြင့်လည်းကောင်း၊ အမျိုးကောင်းသားဖြစ်ခြင်းဖြင့်လည်းကောင်း၊ အလွန်အဆင်းလှခြင်းဖြင့်လည်းကောင်း၊ ဥစ္စာဖြင့်လည်းကောင်း၊ (ရွတ်ဖတ်) သရဇ္ဈာယ်ခြင်းဖြင့်လည်းကောင်း၊ အလုပ်အကိုင်ဖြင့် လည်းကောင်း၊ လက်မှုအတတ်ဖြင့်လည်းကောင်း၊ နှုတ်မှုအတတ်ဖြင့်လည်းကောင်း၊ အကြားအမြင်ဖြင့်လည်းကောင်း၊ ပညာဖြင့်လည်းကောင်း အမှတ်မထားတစ်ပါး ပါးသော အကြောင်းဖြင့် မှတ်ထင်၏၊ (မာန်ထောင်၏)။ ဤသို့ သဘောရှိသော အကြင်မှတ်ထင်မှု (မာန်ထောင်မှု) ‘မာန’၊ မှတ်ထင်သော အခြင်းအရာ ‘မညနာ’၊ မှတ်ထင်သည်၏အဖြစ် ‘မညိတတ္တ’၊ တက်ကြွမှု ‘ဥန္နတိ’၊ မြှောက်၍ ထားခြင်းသဘော ‘ဥန္နာမ’၊ တံခွန်သဖွယ်ဖြစ်မှု ‘ဓဇ’၊ ချီးမြှောက်မှု ‘သမ္ပဂ္ဂါဟ’၊ စိတ်၏ မှန်ကင်းသဖွယ်ပြုမှု ‘ကေတုကမျတာ'သည် ရှိ၏။ ဤသဘောကို ငါမြတ်၏ဟု မှတ်ထင်ထောင်လွှားမှု ‘သေယျမာန်’ဟု ဆိုအပ်၏။
တူ၏ဟု မှတ်ထင်မှု ‘သဒိသမာန်'
၈၆၇။ ထိုတွင် အဘယ်သည် ငါ (သူနှင့်) တူ၏ဟု မှတ်ထင်ထောင်လွှားမှု ‘သဒိသမာန်’ မည်သနည်း။
ဤလောက၌ အချို့သူသည် အမျိုးဖြင့်လည်းကောင်း၊ အနွယ်ဖြင့်လည်းကောင်း၊ အမျိုးကောင်းသားဖြစ်ခြင်းဖြင့်လည်းကောင်း၊ အလွန်အဆင်းလှခြင်းဖြင့်လည်းကောင်း၊ ဥစ္စာဖြင့်လည်းကောင်း၊ (ရွတ်ဖတ်) သရဇ္ဈာယ်ခြင်းဖြင့်လည်းကောင်း၊ အလုပ်အကိုင်ဖြင့် လည်းကောင်း၊ လက်မှုအတတ်ဖြင့်လည်းကောင်း၊ နှုတ်မှုအတတ်ဖြင့်လည်းကောင်း၊ အကြားအမြင်ဖြင့်လည်းကောင်း၊ ပညာဖြင့်လည်းကောင်း၊ အမှတ်မထားတစ်ပါး ပါးသော အကြောင်းဖြင့် မှတ်ထင်၏၊ (မာန်ထောင်၏)။ ဤသို့ သဘောရှိသော အကြင် မှတ်ထင် (မာန်ထောင်) မှု ‘မာန’၊ မှတ်ထင် (မာန်ထောင်) သောအခြင်းအရာ ‘မညနာ’၊ မှတ်ထင်သည်၏အဖြစ် ‘မညိတတ္တ’၊ တက်ကြွမှု ‘ဥန္နတိ’၊ မြှောက်၍ထားခြင်းသဘော ‘ဥန္နာမ’၊ တံခွန်သဖွယ်ဖြစ်မှု ‘ဓဇ’၊ ချီးမြှောက်မှု ‘သမ္ပဂ္ဂါဟ’၊ စိတ်၏မှန်ကင်းသဖွယ်ပြုမှု ‘ကေတုကမျတာ'သည် ရှိ၏။ ဤသဘောကို ငါ (သူနှင့်) တူ၏ဟူ၍ မှတ်ထင်ထောင်လွှားမှု ‘သဒိသမာန်’ဟု ဆိုအပ်၏။
--
ယုတ်၏ဟု မှတ်ထင်မှု ‘ဟီနမာန်'
၈၆၈။ ထိုတွင် အဘယ်သည် ငါ (သူ့အောက်) ယုတ်၏ဟု မှတ်ထင်ထောင်လွှားမှု ‘ဟီနမာန်’ မည်သနည်း။
ဤလောက၌ အချို့သူသည် အမျိုးဖြင့်လည်းကောင်း၊ အနွယ်ဖြင့်လည်းကောင်း၊ အမျိုးကောင်းသားဖြစ်ခြင်းဖြင့်လည်းကောင်း၊ အလွန်အဆင်းလှခြင်းဖြင့်လည်းကောင်း၊ ဥစ္စာဖြင့်လည်းကောင်း၊ (ရွတ်ဖတ်) သရဇ္ဈာယ်ခြင်းဖြင့်လည်းကောင်း၊ အလုပ်အကိုင်ဖြင့် လည်းကောင်း၊ လက်မှုအတတ်ဖြင့်လည်းကောင်း၊ နှုတ်မှုအတတ်ဖြင့်လည်းကောင်း၊ အကြားအမြင်ဖြင့်လည်းကောင်း၊ ပညာဖြင့်လည်းကောင်း အမှတ်မထင်သော အကြောင်းဖြင့် အယုတ်မှတ်ထင် မာန်ထောင်၏။ ဤသို့သဘောရှိသော အကြင် မှတ်ထင် မာန်ထောင်မှု ‘ဩမာန’၊ အယုတ်မှတ်ထင် (မာန်ထောင်) သောအခြင်းအရာ ‘ဩမညနာ’၊ အယုတ်မှတ်ထင်သည်၏ အဖြစ် ‘ဩမညိတတ္တ’၊ ရှုတ်ချမှု ‘ဟီဠနာ’၊ အယုတ်ရှုတ်ချသော အခြင်းအရာ ‘ဩဟီဠနာ’၊ အယုတ် ရှုတ်ချသည်၏အဖြစ် ‘ဩဟီဠိတတ္တ’၊ မိမိကိုယ်ကို အယုတ်အားဖြင့်သိမှု ‘အတ္တုညာ’၊ မိမိကိုယ်ကို အယုတ်အားဖြင့် သိသောအခြင်းအရာ ‘အတ္တဝညာ’၊ မိမိကိုယ်ကို နှိမ့်ချမှု ‘အတ္တပရိဘဝ'သည် ရှိ၏။ ဤ သဘောကို ငါ (သူ့အောက်) ယုတ်၏ဟူ၍ မှတ်ထင်ထောင်လွှားမှု ‘ဟီနမာန်’ဟု ဆိုအပ်၏။
မြတ်သူ၌ ဖြစ်သော ‘သေယျမာန်'
၈၆၉။ ထိုတွင် အဘယ်သည် မြတ်သောသူ၏ ငါ (သူ့ထက်) မြတ်၏ဟု မှတ်ထင်ထောင်လွှားမှု ‘သေယျမာန်’ မည်သနည်း။
ဤလောက၌ အချို့သူသည် မြတ်၏။ အမျိုးဖြင့်လည်းကောင်း၊ အနွယ်ဖြင့်လည်းကောင်း၊ အမျိုးကောင်းသားဖြစ်ခြင်းဖြင့်လည်းကောင်း၊ အလွန်အဆင်းလှခြင်းဖြင့်လည်းကောင်း၊ ဥစ္စာဖြင့်လည်းကောင်း၊ (ရွတ်ဖတ်) သရဇ္ဈာယ်ခြင်းဖြင့်လည်းကောင်း၊ အလုပ်အကိုင်ဖြင့် လည်းကောင်း၊ လက်မှုအတတ်ဖြင့်လည်းကောင်း၊ နှုတ်မှုအတတ်ဖြင့်လည်းကောင်း၊ အကြားအမြင်ဖြင့်လည်းကောင်း၊ ပညာဖြင့်လည်းကောင်းအမှတ်မထား တစ်ပါးပါးသော အကြောင်းဖြင့် မိမိကိုယ်ကို သူတစ်ပါးတို့ထက် အမြတ်ထား၏။ ထိုသူသည် ထိုကို မှီ၍ မာန်ထောင်၏။ ဤသို့ သဘောရှိသော အကြင် မှတ်ထင်ထောင်လွှားမှု ‘မာန’၊ မှတ်ထင်ထောင်လွှားသော အခြင်းအရာ ‘မညနာ’၊ မှတ်ထင်ထောင်လွှားသည်၏ အဖြစ် ‘မညိတတ္တ’၊ တက်ကြွမှု ‘ဥန္နတိ’၊ မြှောက်၍ ထားခြင်းသဘော ‘ဥန္နာမ’၊ တံခွန်သဖွယ်ဖြစ်မှု ‘ဓဇ’၊ ချီးမြှောက်မှု ‘သမ္ပဂ္ဂါဟ’၊ စိတ်၏ မှန်ကင်းသဖွယ်ပြုမှု ‘ကေတုကမျတာ'သည် ရှိ၏။ ဤသဘောကို မြတ်သောသူ၏ငါ (သူ့ထက်) မြတ်၏ဟူ၍ မှတ်ထင်ထောင်လွှားမှု ‘သေယျမာန်’ဟု ဆိုအပ်၏။
--
မြတ်သူ၌ ဖြစ်သော ‘သဒိသမာန်'
၈၇၀။ ထိုတွင် အဘယ်သည် မြတ်သောသူ၏ ငါ (သူနှင့်) တူ၏ဟု မှတ်ထင်ထောင်လွှားမှု ‘သဒိသမာန်’ မည်သနည်း။
ဤလောက၌ အချို့သူသည် မြတ်၏။ အမျိုးဖြင့်လည်းကောင်း၊ အနွယ်ဖြင့်လည်းကောင်း၊ အမျိုးကောင်းသားဖြစ်ခြင်းဖြင့်လည်းကောင်း၊ အလွန်အဆင်းလှခြင်းဖြင့်လည်းကောင်း၊ ဥစ္စာဖြင့်လည်းကောင်း၊ (ရွတ်ဖတ်) သရဇ္ဈာယ်ခြင်းဖြင့်လည်းကောင်း၊ အလုပ်အကိုင်ဖြင့်လည်းကောင်း၊ လက်မှုအတတ်ဖြင့်လည်းကောင်း၊ နှုတ်မှုအတတ်ဖြင့်လည်းကောင်း၊ အကြားအမြင်ဖြင့်လည်းကောင်းအမှတ်မထားတစ်ပါးပါးသော အကြောင်းဖြင့် တစ်ပါးသူတို့နှင့် အတူ မိမိကိုယ်ကို ထား၏။ ထိုသူသည်ထိုကို မှီ၍ မာန်ထောင်၏။ ဤသို့သဘောရှိသော အကြင် မှတ်ထင်ထောင်လွှားမှု ‘မာန’၊ မှတ်ထင်ထောင်လွှားသော အခြင်းအရာ ‘မညနာ’၊ မှတ်ထင်ထောင်လွှားသည်၏ အဖြစ် ‘မညိတတ္တ’၊ တက်ကြွမှု ‘ဥန္နတိ’၊ မြှောက်၍ထားခြင်း သဘော ‘ဥန္နာမ’၊ တံခွန်သဖွယ်ဖြစ်မှု ‘ဓဇ’၊ ချီးမြှောက်မှု ‘သမ္ပဂ္ဂါဟ’၊ စိတ်၏ မှန်ကင်းသဖွယ်ပြုမှု ‘ကေတုကမျတာ'သည် ရှိ၏။ ဤသဘောကို မြတ်သော သူ၏ ငါ (သူနှင့်) တူ၏ဟူ၍ မှတ်ထင်ထောင်လွှားမှု ‘သဒိသမာန်’ဟု ဆိုအပ်၏။
မြတ်သူ၌ ဖြစ်သော ‘ဟီနမာန်'
၈၇၁။ ထိုတွင် အဘယ်သည် မြတ်သောသူ၏ ငါ (သူ့အောက်) ယုတ်၏ဟု မှတ်ထင်ထောင်လွှားမှု ‘ဟိနမာန်’ မည်သနည်း။
ဤလောက၌ အချို့သူသည် မြတ်၏။ အမျိုးဖြင့်လည်းကောင်း၊ အနွယ်ဖြင့်လည်းကောင်း၊ အမျိုးကောင်းသားဖြစ်ခြင်းဖြင့်လည်းကောင်း၊ အလွန်အဆင်းလှခြင်းဖြင့်လည်းကောင်း၊ ဥစ္စာဖြင့်လည်းကောင်း၊ (ရွတ်ဖတ်) သရဇ္ဈာယ်ခြင်းဖြင့်လည်းကောင်း၊ အလုပ်အကိုင်ဖြင့်လည်းကောင်း၊ လက်မှုအတတ်ဖြင့်လည်းကောင်း၊ နှုတ်မှုအတတ်ဖြင့်လည်းကောင်း၊ အကြားအမြင်ဖြင့်လည်းကောင်း၊ ပညာဖြင့်လည်းကောင်း၊ အမှတ်မထား တစ်ပါးပါးသောအကြောင်းဖြင့် မိမိကိုယ်ကို တစ်ပါးသူတို့အောက် အယုတ်အားဖြင့်ထား၏။ ထိုသူသည် ထိုကို မှီ၍ အယုတ်အားဖြင့် မာန်ထောင်၏။ ဤသို့သဘောရှိသော အကြင်အယုတ်မှတ်ထင်မှု ‘ဩမာန’၊ အယုတ်မှတ်ထင်သော အခြင်းအရာ ‘ဩမညနာ’၊ အယုတ်မှတ်ထင်တတ်သည်၏အဖြစ် ‘ဩမညိတတ္တ’၊ ရှုတ်ချမှု ‘ဟီဠနာ’၊ အယုတ်ရှုတ်ချသောအခြင်းအရာ ‘ဩဟီဠနာ’၊ အယုတ်ရှုတ်ချသည်၏ အဖြစ် ‘ဩဟီဠိတတ္တ’၊ မိမိကိုယ်ကိုအယုတ်သိမှု ‘အတ္တုညာ’၊ မိမိကိုယ်ကို အယုတ်အားဖြင့် သိသော အခြင်းအရာ ‘အတ္တဝညာ’၊ မိမိကိုယ်ကိုနှိမ့်ချမှု ‘အတ္တပရိဘဝ'သည် ရှိ၏။ ဤသဘောကို မြတ်သောသူ၏ ငါ (သူ့အောက်) ယုတ်၏ဟူ၍ မှတ်ထင်ထောင်လွှားမှု ‘ဟီနမာန်’ဟု ဆိုအပ်၏။
--
တူမျှသူ၌ ဖြစ်သော ‘သေယျမာန်'
၈၇၂။ ထိုတွင် အဘယ်သည် တူသောသူ၏ ငါ (သူ့ထက်) မြတ်၏ဟု မှတ်ထင်ထောင်လွှားမှု ‘သေယျမာန်’ မည်သနည်း။
ဤလောက၌ အချို့သူသည် တူ၏။ အမျိုးဖြင့်လည်းကောင်း၊ အနွယ်ဖြင့်လည်းကောင်း၊ အမျိုးကောင်းသားဖြစ်ခြင်းဖြင့်လည်းကောင်း။ပ။ အမှတ်မထားတစ်ပါးပါးသော အကြောင်းဖြင့် မိမိကိုယ်ကိုသူတစ်ပါးတို့ထက် အမြတ်ထား၏။ ထိုသူသည် ထိုကို မှီ၍ မှတ်ထင်ထောင်လွှား၏။ ဤသို့သဘောရှိသော အကြင် မှတ်ထင်ထောင်လွှားမှု ‘မာန’၊ မှတ်ထင်ထောင်လွှားသော အခြင်းအရာ ‘မညနာ’၊ မှတ်ထင်ထောင်လွှားတတ်သည်၏အဖြစ် ‘မညိတတ္တ’။ပ။ စိတ်၏ မှန်ကင်းသဖွယ်ပြုမှု ‘ကေတုကမျတာ'သည် ရှိ၏။ ဤသဘောကို တူသောသူ၏ ငါ (သူ့ထက်) မြတ်၏ဟူ၍မှတ်ထင်ထောင်လွှားမှု ‘သေယျမာန်’ဟု ဆိုအပ်၏။
တူမျှသူ၌ ဖြစ်သော ‘သဒိသမာန်'
၈၇၃။ ထိုတွင် အဘယ်သည် တူသောသူ၏ ငါ (သူ့နှင့်) တူ၏ဟု မှတ်ထင်ထောင်လွှားမှု ‘သဒိသမာန်’ မည်သနည်း။
ဤလောက၌ အချို့သူသည် တူ၏။ အမျိုးဖြင့်လည်းကောင်း၊ အနွယ်ဖြင့်လည်းကောင်း၊ အမျိုးကောင်းသားဖြစ်ခြင်းဖြင့်လည်းကောင်း။ပ။ အမှတ်မထားတစ်ပါးပါးသော အကြောင်းဖြင့် မိမိကိုယ်ကိုတစ်ပါးသူတို့နှင့်အတူ ထား၏။ ထိုသူသည် ထိုကို မှီ၍ မှတ်ထင်ထောင်လွှား၏။ ဤသဘောရှိသောအကြင် မှတ်ထင်ထောင်လွှားမှု ‘မာန’၊ မှတ်ထင်ထောင်လွှားသော အခြင်းအရာ ‘မညနာ’၊ မှတ်ထင်ထောင်လွှားတတ်သည်၏ အဖြစ် ‘မညိတတ္တ’၊ တက်ကြွမှု ‘ဥန္နတိ’၊ မြှောက်၍ ထားခြင်းသဘော ‘ဥန္နာမ’၊ တံခွန်သဖွယ်ဖြစ်မှု ‘ဓဇ’၊ ချီးမြှောက်မှု ‘သမ္ပဂ္ဂါဟ’၊ စိတ်၏ မှန်ကင်းသဖွယ်ပြုမှု ‘ကေတုကမျတာ'သည် ရှိ၏။ ဤသဘောကို တူသောသူ၏ ငါ (သူ့နှင့်) တူ၏ဟူ၍ မှတ်ထင်ထောင်လွှားမှု ‘သဒိသမာန်’ဟု ဆိုအပ်၏။
--
တူမျှသူ၌ ဖြစ်သော ‘ဟီနမာန်'
၈၇၄။ ထိုတွင် အဘယ်သည် တူသောသူ၏ ငါ (သူ့အောက်) ယုတ်၏ဟု မှတ်ထင်ထောင်လွှားမှု ‘ဟီနမာန်’ မည်သနည်း။
ဤလောက၌ အချို့သူသည် တူ၏။ အမျိုးဖြင့်လည်းကောင်း၊ အနွယ်ဖြင့်လည်းကောင်း၊ အမျိုးကောင်းသားဖြစ်ခြင်းဖြင့်လည်းကောင်း။ပ။ အမှတ်မထားတစ်ပါးပါးသော အကြောင်းဖြင့် မိမိကိုယ်ကိုတစ်ပါးသူတို့အောက် အယုတ်အားဖြင့် ထား၏။ ထိုသူသည် ထိုကို မှီ၍ မှတ်ထင်ထောင်လွှား၏။ ဤသဘောရှိသော အကြင်အယုတ်အားဖြင့် မှတ်ထင်မာန်ထောင်မှု ‘ဩမာန’၊ အယုတ်အားဖြင့် မှတ်ထင်မာန်ထောင်သော အခြင်းအရာ ‘ဩမညနာ’၊ အယုတ်အားဖြင့် မှတ်ထင်မာန်ထောင်တတ်သည်၏အဖြစ် ‘ဩမညိတတ္တ’၊ ရှုတ်ချခြင်း ‘ဟီဠနာ’၊ အယုတ်အားဖြင့် ရှုတ်ချသော အခြင်းအရာ ‘ဩဟီဠနာ’၊ အယုတ်အားဖြင့် ရှုတ်ချတတ်သည်၏ အဖြစ် ‘ဩဟီဠိတတ္တ’၊ မိမိကိုယ်ကို အယုတ်အားဖြင့် သိမှု ‘အတ္တုညာ’၊ မိမိကိုယ်ကို အယုတ်အားဖြင့် သိသော အခြင်းအရာ ‘အတ္တဝညာ’၊ မိမိ ကိုယ်ကို နှိမ့်ချမှု ‘အတ္တပရိဘဝ'သည် ရှိ၏။ ဤသဘောကို တူသောသူ၏ ငါ (သူ့အောက်) ယုတ်၏ဟူ၍ မှတ်ထင်ထောင်လွှားမှု ‘ဟီနမာန်’ဟု ဆိုအပ်၏။
ယုတ်သူ၌ ဖြစ်သော ‘သေယျမာန်'
၈၇၅။ ထိုတွင် အဘယ်သည် ယုတ်သောသူ၏ ငါ (သူ့ထက်) မြတ်၏ဟု မှတ်ထင်ထောင်လွှားမှု ‘သေယျမာန်’ မည်သနည်း။
ဤလောက၌ အချို့သူသည် ယုတ်၏။ အမျိုးဖြင့်လည်းကောင်း၊ အနွယ်ဖြင့်လည်းကောင်း၊ အမျိုးကောင်းသားဖြစ်ခြင်းဖြင့်လည်းကောင်း။ပ။ အမှတ်မထားတစ်ပါးပါးသော အကြောင်းဖြင့် မိမိကိုယ်ကိုတစ်ပါးသူတို့ထက် အမြတ်ထား၏။ ထိုသူသည် ထိုကိုမှီ၍ မှတ်ထင်ထောင်လွှား၏၊ ဤသဘောရှိသောအကြင်မှတ်ထင်ထောင်လွှားမှု ‘မာန’၊ မှတ်ထင်ထောင်လွှားသော အခြင်းအရာ ‘မညနာ’၊ မှတ်ထင်ထောင်လွှားတတ်သည်၏ အဖြစ် ‘မညိတတ္တ’၊ တက်ကြွမှု ‘ဥန္နတိ’၊ မြှောက်၍ ထားခြင်းသဘော ‘ဥန္နာမ’၊ တံခွန်သဖွယ်ဖြစ်မှု ‘ဓဇ’၊ ချီးမြှောက်မှု ‘သမ္ပဂ္ဂါဟ’၊ စိတ်၏ မှန်ကင်းသဖွယ်ပြုမှု ‘ကေတုကမျတာ'သည် ရှိ၏။ ဤသဘောကို ယုတ်သောသူ၏ ငါ (သူ့ထက်) မြတ်၏ဟူ၍ မှတ်ထင်ထောင်လွှားမှု ‘သေယျမာန်’ဟု ဆိုအပ်၏။
--
ယုတ်သူ၌ ဖြစ်သော ‘သဒိသမာန်'
၈၇၆။ ထိုတွင် အဘယ်သည် ယုတ်သောသူ၏ ငါ (သူ့နှင့်) တူ၏ဟု မှတ်ထင်ထောင်လွှားမှု ‘သဒိသမာန်’ မည်သနည်း။
ဤလောက၌ အချို့သူသည် ယုတ်၏။ အမျိုးဖြင့်လည်းကောင်း၊ အနွယ်ဖြင့်လည်းကောင်း၊ အမျိုးကောင်းသားဖြစ်ခြင်းဖြင့်လည်းကောင်း။ပ။ အမှတ်မထားတစ်ပါးပါးသော အကြောင်းဖြင့် မိမိကိုယ်ကိုတစ်ပါးသူတို့နှင့် အတူထား၏။ ထိုသူသည် ထိုကို မှီ၍ မှတ်ထင်ထောင်လွှား၏။ ဤသို့သဘောရှိသော အကြင် မှတ်ထင်ထောင်လွှားမှု ‘မာန’၊ မှတ်ထင်ထောင်လွှားသော အခြင်းအရာ ‘မညနာ’၊ မှတ်ထင်ထောင်လွှားတတ်သည်၏ အဖြစ် ‘မညိတတ္တ’၊ တက်ကြွမှု ‘ဥန္နတိ’၊ မြှောက်၍ထားခြင်းသဘော ‘ဥန္နာမ’၊ တံခွန်သဖွယ်ဖြစ်မှု ‘ဓဇ’၊ ချီးမြှောက်မှု ‘သမ္ပဂ္ဂါဟ’၊ စိတ်၏ မှန်ကင်းသဖွယ်ပြုမှု ‘ကေတုကမျတာ'သည် ရှိ၏။ ဤသဘောကို ယုတ်သောသူ၏ ငါ (သူ့နှင့်) တူ၏ဟူ၍ မှတ်ထင်ထောင်လွှားမှု ‘သဒိသမာန်’ဟု ဆိုအပ်၏။
ယုတ်သူ၌ ဖြစ်သော ‘ဟီနမာန်'
၈၇၇။ ထိုတွင် အဘယ်သည် ယုတ်သော သူ၏ ငါ (သူ့အောက်) ယုတ်၏ ဟု မှတ်ထင်ထောင်လွှားမှု ‘ဟီနမာန်’ မည်သနည်း။
ဤလောက၌ အချို့သူသည် ယုတ်၏။ အမျိုးဖြင့်လည်းကောင်း၊ အနွယ်ဖြင့်လည်းကောင်း၊ အမျိုးကောင်းသားဖြစ်ခြင်းဖြင့်လည်းကောင်း။ပ။ အမှတ်မထား တစ်ပါးပါးသော အကြောင်းဖြင့် မိမိကိုယ်ကိုတစ်ပါးသူတို့အောက် အယုတ်အားဖြင့် ထား၏။ ထိုသူသည် ထိုကို မှီ၍ အယုတ်အားဖြင့်ထောင်လွှား၏။ ဤသို့သဘောရှိသော အကြင် အယုတ်အားဖြင့် မှတ်ထင်ထောင်လွှားမှု ‘ဩမာန’၊ အယုတ်အားဖြင့် မှတ်ထင်ထောင်လွှားသော အခြင်းအရာ ‘ဩမညနာ’၊ အယုတ်အားဖြင့်မှတ်ထင်ထောင်လွှားတတ်သည်၏ အဖြစ် ‘ဩမညိတတ္တ’၊ ရှုတ်ချမှု ‘ဟီဠနာ’၊ အယုတ်အားဖြင့်ရှုတ်ချသော အခြင်းအရာ ‘ဩဟီဠနာ’၊ အယုတ်အားဖြင့် ရှုတ်ချတတ်သည်၏အဖြစ် ‘ဩဟီဠိတတ္တ’၊ မိမိကိုယ်ကို အယုတ်အားဖြင့် သိမှု ‘အတ္တုညာ’၊ မိမိကိုယ်ကို အယုတ်အားဖြင့် သိသော အခြင်းအရာ ‘အတ္တဝညာ’၊ မိမိကိုယ်ကို နှိမ့်ချမှု ‘အတ္တပရိဘဝ'သည် ရှိ၏။ ဤသဘောကို ယုတ်သောသူ၏ ငါ (သူ့အောက်) ယုတ်၏ဟူ၍ မှတ်ထင်ထောင်လွှားမှု ‘ဟီနမာန်’ဟု ဆိုအပ်၏။
ထောင်လွှားမှု ‘မာန'
၈၇၈။ ထိုတွင် အဘယ်သည် ထောင်လွှားမှု ‘မာန’ မည်သနည်း။
အကြင် မှတ်ထင်ထောင်လွှားမှု ‘မာန’၊ မှတ်ထင်ထောင်လွှားသော အခြင်းအရာ ‘မညနာ’၊ မှတ်ထင်ထောင်လွှားသည်တတ်၏အဖြစ် ‘မညိတတ္တ’၊ တက်ကြွမှု ‘ဥန္နတိ’၊ မြှောက်၍ ထားခြင်းသဘော ‘ဥန္နာမ’၊ တံခွန်သဖွယ်ဖြစ်မှု ‘ဓဇ’၊ ချီးမြှောက်မှု ‘သမ္ပဂ္ဂါဟ’၊ စိတ်၏ မှန်ကင်းသဖွယ်ပြုမှု ‘ကေတုကမျတာ'သည် ရှိ၏။ ဤသဘောကို ထောင်လွှားမှု ‘မာန’ ဟု ဆိုအပ်၏။
--
အလွန်ထောင်လွှားမှု ‘အတိမာန'
၈၇၉။ ထိုတွင် အဘယ်သည် အလွန်မှတ်ထင်ထောင်လွှားမှု ‘အတိမာန’ မည်သနည်း။
ဤလောက၌ အချို့သူသည် အမျိုးဖြင့်လည်းကောင်း၊ အနွယ်ဖြင့်လည်းကောင်း၊ အမျိုးကောင်းသားဖြစ်ခြင်းဖြင့်လည်းကောင်း။ပ။ အမှတ်မထားတစ်ပါးပါးသော အကြောင်းဖြင့် မိမိကိုယ်ကိုတစ်ပါးသူတို့ ထက် အလွန်မှတ်ထင်ထောင်လွှား၏။ ဤသို့သဘောရှိသော အကြင်မှတ်ထင်ထောင်လွှားမှု ‘မာန’၊ မှတ်ထင်ထောင်လွှားသော အခြင်းအရာ ‘မညနာ’၊ မှတ်ထင်ထောင်လွှားတတ်သည်၏အဖြစ် ‘မညိတတ္တ’၊ တက်ကြွမှု ‘ဥန္နတိ’၊ မြှောက်၍ ထားခြင်းသဘော ‘ဥန္နာမ’၊ တံခွန်သဖွယ်ဖြစ်မှု ‘ဓဇ’၊ ချီးမြှောက်မှု ‘သမ္ပဂ္ဂါဟ’၊ စိတ်၏ မှန်ကင်းသဖွယ်ပြုမှု ‘ကေတုကမျတာ'သည် ရှိ၏။ ဤသဘောကို အလွန်မှတ်ထင်ထောင်လွှားမှု ‘အတိမာန’ ဟု ဆိုအပ်၏။
အလွန့်အလွန်ထောင်လွှားမှု ‘မာနာတိမာန'
၈၈၀။ ထိုတွင် အဘယ်သည် အလွန့်အလွန်မှတ်ထင်ထောင်လွှားမှု ‘မာနာတိမာန’ မည်သနည်း။
ဤလောက၌ အချို့သူသည် အမျိုးဖြင့်လည်းကောင်း၊ အနွယ်ဖြင့်လည်းကောင်း၊ အမျိုးကောင်းသားဖြစ်ခြင်းဖြင့်လည်းကောင်း။ပ။ အမှတ်မထား တစ်ပါးပါးသော အကြောင်းဖြင့် ရှေးဦးကာလ မိမိကိုယ်ကို တစ်ပါးသူတို့နှင့် အတူထား၏၊ နောက်ကာလ မိမိကိုယ်ကို အမြတ်ထား၏။ ဤသို့ သဘော့ရှိသော အကြင်မှတ်ထင်ထောင်လွှားမှု ‘မာန’၊ မှတ်ထင်ထောင်လွှားသော အခြင်းအရာ ‘မညနာ’၊ မှတ်ထင်ထောင်လွှားတတ်သည်၏ အဖြစ် ‘မညိတတ္တ’၊ တက်ကြွမှု ‘ဥန္နတိ ‘၊ မြှောက်၍ ထားခြင်းသဘော ‘ဥန္နာမ’၊ တံခွန်သဖွယ်ဖြစ်မှု ‘ဓဇ’၊ ချီးမြှောက်မှု ‘သမ္ပဂ္ဂါဟ’၊ စိတ်၏မှန်ကင်းသဖွယ်ပြုမှု ‘ကေတုကမျတာ’ သည် ရှိ၏။ ဤသဘောကို အလွန့်အလွန် မှတ်ထင်ထောင်လွှားမှု ‘မာနာတိမာန’ဟု ဆိုအပ်၏။
အယုတ်မှတ်ထင်မာန်ထောင်မှု ‘ဩမာန'
၈၈၁။ ထိုတွင် အဘယ်သည် အယုတ်အားဖြင့် မှတ်ထင်ထောင်လွှားမှု ‘ဩမာန’ မည်သနည်း။
ဤလောက၌ အချို့သူသည် အမျိုးဖြင့်လည်းကောင်း၊ အနွယ်ဖြင့်လည်းကောင်း၊ အမျိုးကောင်းသားဖြစ်ခြင်းဖြင့်လည်းကောင်း၊ အလွန်အဆင်းလှခြင်းဖြင့်လည်းကောင်း၊ ဥစ္စာဖြင့်လည်းကောင်း၊ (ရွတ်ဖတ်) သရဇ္ဈာယ်ခြင်းဖြင့်လည်းကောင်း၊ အလုပ်အကိုင်ဖြင့် လည်းကောင်း၊ လက်မှုအတတ်ဖြင့်လည်းကောင်း၊ နှုတ်မှုအတတ်ဖြင့်လည်းကောင်း၊ အကြားအမြင်ဖြင့်လည်းကောင်း၊ ပညာဖြင့်လည်းကောင်း အမှတ်မထား တစ်ပါးပါးသော အကြောင်းဖြင့် အယုတ်မှတ်ထင်မာန်ထောင်၏။ ဤသို့သဘောရှိသော အကြင်အယုတ် မှတ်ထင်မာန်ထောင်မှု ‘ဩမာန’၊ အယုတ် မှတ်ထင်မာန်ထောင်သောအခြင်းအရာ ‘ဩမညနာ’၊ အယုတ် မှတ်ထင်မာန်ထောင်တတ်သည်၏အဖြစ် ‘ဩမညိတတ္တ’၊ ရှုတ်ချမှု ‘ဟီဠနာ’၊ အယုတ်မှတ်ထင်ရှုတ်ချသော အခြင်းအရာ ‘ဩဟီဠနာ’၊ အယုတ်ရှုတ်ချတတ်သည်၏အဖြစ် ‘ဩဟီဠိတတ္တ’၊ မိမိကိုယ်ကို အယုတ် အားဖြင့် သိမှု ‘အတ္တုညာ’၊ မိမိကိုယ်ကို အယုတ်အားဖြင့် သိသောအခြင်းအရာ ‘အတ္တဝညာ’၊ မိမိကိုယ်ကို နှိမ့်ချမှု ‘အတ္တပရိဘဝ'သည် ရှိ၏။ ဤသဘောကို အယုတ်အားဖြင့်မာန်ထောင်မှု ‘ဩမာန’ဟု ဆိုအပ်၏။
--
ရနိုးခြင်း ‘အဓိမာန'
၈၈၂။ ထိုတွင် အဘယ်သည် ရနိုးခြင်း ‘အဓိမာန’ မည်သနည်း။
မရောက်သည်၌ ရောက်၏ဟု မှတ်ထင်ခြင်း၊ မပြုသည်၌ ပြု၏ဟု မှတ်ထင်ခြင်း၊ မရသည်၌ ရ၏ဟုမှတ်ထင်ခြင်း၊ မျက်မှောက်မပြုသည်၌ မျက်မှောက်ပြု၏ဟု မှတ်ထင်ခြင်းသည် ရှိ၏။ ဤသို့သဘောရှိသော အကြင် မှတ်ထင်ထောင်လွှားမှု ‘မာန’၊ မှတ်ထင်ထောင်လွှားသော အခြင်းအရာ ‘မညနာ’၊ မှတ်ထင်ထောင်လွှားတတ်သည်၏ အဖြစ် ‘မညိတတ္တ’၊ တက်ကြွမှု ‘ဥန္နတိ’၊ မြှောက်၍ထားခြင်းသဘော ‘ဥန္နာမ’၊ တံခွန်သဖွယ်ဖြစ်မှု ‘ဓဇ’၊ ချီးမြှောက်မှု ‘သမ္ပဂ္ဂါဟ’၊ စိတ်၏မှန်ကင်းသဖွယ်ပြုမှု ‘ကေတုကမျတာ’ သည် ရှိ၏။ ဤသဘောကို ရနိုးခြင်း ‘အဓိမာန’ ဟု ဆိုအပ်၏။
ငါဟု မှတ်ထင်ထောင်လွှားမှု ‘အသ္မိမာန'
၈၈၃။ ထိုတွင် အဘယ်သည် ငါဖြစ်၏ဟု မှတ်ထင်ထောင်လွှားမှု ‘အသ္မိမာန’ မည်သနည်း။
ရုပ်သည် ငါဖြစ်၏ဟု မှတ်ထင်ထောင်လွှားမှု ‘မာန’၊ ငါဖြစ်၏ဟု အလိုဖြစ်ခြင်း ‘ဆန္ဒ’၊ ငါဖြစ်၏ဟုကိန်းခြင်း ‘အနုသယ’၊ ခံစားမှု ‘ဝေဒနာ'သည်။ပ။ မှတ်သားမှု ‘သညာ’ သည်။ပ။ ပြုစီရင်မှု ‘သင်္ခါရ’ တို့သည်။ပ။ သိမှု “ဝိညာဏ်"သည် ငါဖြစ်၏ဟု မှတ်ထင်ထောင်လွှားခြင်း ငါဖြစ်၏ဟု အလိုဖြစ်ခြင်း၊ ငါဖြစ်၏ဟု ကိန်းခြင်းသည် ရှိ၏။ ဤသို့သဘောရှိသော အကြင် မှတ်ထင်ထောင်လွှားမှု ‘မာန’၊ မှတ်ထင်ထောင်လွှားသော အခြင်းအရာ ‘မညနာ’၊ မှတ်ထင် ထောင်လွှားတတ်သည်၏အဖြစ် ‘မညိတတ္တ’၊ တက်ကြွမှု ‘ဥန္နတိ’၊ မြှောက်၍ ထားခြင်းသဘော ‘ဥန္နာမ’၊ တံခွန်သဖွယ်ဖြစ်မှု ‘ဓဇ’၊ ချီးမြှောက်မှု ‘သမ္ပဂ္ဂါဟ’၊ စိတ်၏ မှန်ကင်းသဖွယ်ပြုမှု ‘ကေတုကမျတာ’ သည် ရှိ၏။ ဤသဘောကို ငါဖြစ်၏ဟူ၍မှတ်ထင်ထောင်လွှားမှု ‘အသ္မိမာန’ဟု ဆိုအပ်၏။
မှားသောမာန်ထောင်ခြင်း ‘မိစ္ဆာမာန'
၈၈၄။ ထိုတွင် အဘယ်သည် မှားသော မာန်ထောင်ခြင်း ‘မိစ္ဆာမာန’ မည်သနည်း။
ဤလောက၌ အချို့သူသည် ယုတ်မာသောအလုပ်အကိုင်ဖြင့်လည်းကောင်း၊ ယုတ်မာသော လက်မှုအတတ်ဖြင့်လည်းကောင်း၊ ယုတ်မာသော နှုတ်မှုအတတ်ဖြင့်လည်းကောင်း၊ ယုတ်မာသော အကြားအမြင်ဖြင့်လည်းကောင်း၊ ယုတ်မာသော ပညာဖြင့်လည်းကောင်း၊ ယုတ်မာသော အလေ့ဖြင့်လည်းကောင်း၊ ယုတ်မာသော အကျင့်ဖြင့်လည်းကောင်း၊ ယုတ်မာသော အလေ့အကျင့်ဖြင့်လည်းကောင်း၊ ယုတ်မာသောအယူဖြင့်လည်းကောင်း အမှတ်မထားသော အကြောင်းဖြင့် မာန်ထောင်၏။ ဤသဘောရှိသော အကြင်မှတ်ထင်ထောင်လွှားမှု ‘မာန’၊ မှတ်ထင်ထောင်လွှားသော အခြင်းအရာ ‘မညနာ’၊ မှတ်ထင်ထောင်လွှားတတ်သည်၏အဖြစ် ‘မညိတတ္တ’၊ တက်ကြွမှု ‘ဥန္နတိ’၊ မြှောက်၍ ထားခြင်းသဘော ‘ဥန္နာမ’၊ တံခွန်သဖွယ်ဖြစ်မှု ‘ဓဇ’၊ ချီးမြှောက်မှု ‘သမ္ပဂ္ဂါဟ’၊ စိတ်၏ မှန်ကင်းသဖွယ်ပြုမှု ‘သေတုကမျတာ'သည် ရှိ၏။ ဤသဘောကို မှားသော မာန်ထောင်မှု ‘မိစ္ဆာမာန’ဟု ဆိုအပ်၏။
--
ဉာတိဝိတက်
၈၈၅။ ထိုတွင် အဘယ်သည် ဆွေမျိုးတို့ကို အကြောင်းပြု၍ ကြံခြင်း ‘ဉာတိဝိတက်’ မည်သနည်း။
ဆွေမျိုးတို့ကို အကြောင်းပြု၍ တဏှာအိမ်ကို မှီသော ကြံခြင်း ‘တက္က’၊ အထူးကြံခြင်း ‘ဝိတက္က’၊ မှားသော ကြံခြင်း ‘မိစ္ဆာသင်္ကပ္ပ'သည် ရှိ၏။ ဤသဘောကို ဆွေမျိုးတို့ကို အကြောင်းပြု၍ ကြံခြင်း ‘ဉာတိဝိတက်’ ဟု ဆိုအပ်၏။
ဇနပဒဝိတက်
၈၈၆။ ထိုတွင် အဘယ်သည် ဇနပုဒ်ကို အကြောင်းပြု၍ ကြံခြင်း ‘ဇနပဒဝိတက်’ မည်သနည်း။
ဇနပုဒ်ကို အကြောင်းပြု၍ တဏှာအိမ်ကို မှီသော ကြံခြင်း ‘တက္က’၊ အထူးကြံခြင်း ‘ဝိတက္က’၊ မှားသောကြံခြင်း ‘မိစ္ဆာသင်္ကပ္ပ'သည် ရှိ၏။ ဤသဘောကို ဇနပုဒ်ကို အကြောင်းပြု၍ ကြံခြင်း ‘ဇနပဒဝိတက်’ ဟု ဆိုအပ်၏။
အမရဝိတက်
၈၈၇။ ထိုတွင် အဘယ်သည် မသေရန်ကြံခြင်း ‘အမရဝိတက်’ မည်သနည်း။
ပြုနိုင်ခဲသည်ကို ပြုခြင်းနှင့်လည်း စပ်သော မိစ္ဆာအယူနှင့်လည်း စပ်သော တဏှာအိမ်ကို မှီသောကြံခြင်း ‘တက္က’၊ အထူးကြံခြင်း ‘ဝိတက္က’၊ မှားသော ကြံခြင်း ‘မိစ္ဆာသင်္ကပ္ပ'သည် ရှိ၏။ ဤသဘောကိုမသေရန်ကြံခြင်း ‘အမရဝိတက်’ ဟု ဆိုအပ်၏။
ပရာနုဒ္ဒယဝိတက်
၈၈၈။ ထိုတွင် အဘယ်သည် သူတစ်ပါးကို သနားခြင်းနှင့် စပ်သော ကြံခြင်း ‘ပရာနုဒ္ဒယဝိတက်’ မည်သနည်း။
ဤလောက၌ အချို့ရဟန်းသည် လူတို့နှင့် နှီးနှောလျက် နေ၏၊ နှစ်သက်အတူ စိုးရိမ်အတူ ဖြစ်၏၊ လူတို့ချမ်းသာကြသော် ချမ်းသာ၏၊ လူတို့ဆင်းရဲကြသော် ဆင်းရဲ၏၊ လူတို့ကိစ္စကြီးငယ် ဖြစ်လတ်သော် ကိုယ်တိုင်လည်း အားထုတ်ခြင်းသို့ ရောက်၏။ ထို၌ တဏှာအိမ်ကို မှီသော အကြင် ကြံခြင်း ‘တက္က’၊ အထူးကြံခြင်း ‘ဝိတက္က’၊ မှားသော ကြံခြင်း ‘မိစ္ဆာသင်္ကပ္ပ'သည် ရှိ၏။ ဤသဘောကို သူတစ်ပါးကိုသနားခြင်းနှင့် စပ်သော ကြံခြင်း ‘ပရာနုဒ္ဒယဝိတက်’ဟု ဆိုအပ်၏။
--
လာဘသက္ကာရဝိတက်
၈၈၉။ ထိုတွင် အဘယ်သည် လာဘ်ပပ်သကာ ပူဇော်သက္ကာရ အကျော်အစောနှင့်စပ်သော ကြံခြင်း “လာဘသက္ကာရ သိလောက ပဋိသံယုတ္တဝိတက်” မည်သနည်း။
လာဘ်ပပ်သကာ ပူဇော်သက္ကာရ အကျော်အစောကို အကြောင်းပြု၍ တဏှာအိမ်ကို မှီသော ကြံခြင်း ‘တက္က’၊ အထူးကြံခြင်း ‘ဝိတက္က’၊ မှားသော ကြံခြင်း ‘မိစ္ဆာသင်္ကပ္ပ'သည် ရှိ၏။ ဤသဘောကို လာဘ်ပပ်သကာ ပူဇော်သက္ကာရ အကျော်အစောနှင့်စပ်သော ကြံခြင်း ‘လာဘ သက္ကာရ သိလောက ပဋိသံယုတ္တဝိတက်’ဟု ဆိုအပ်၏။
အနဝညတ္တိဝိတက်
၈၉၀။ ထိုတွင် အဘယ်သည် အထင်မသေးမှုနှင့် စပ်သော ကြံခြင်း ‘အနဝညတ္တိ ပဋိသံယုတ္တဝိတက်’ မည်သနည်း။
ဤလောက၌ အချို့သူသည် အမျိုးဖြင့်လည်းကောင်း၊ အနွယ်ဖြင့်လည်းကောင်း၊ အမျိုးကောင်းသားဖြစ်ခြင်းဖြင့်လည်းကောင်း အလွန်အဆင်းလှခြင်းဖြင့်လည်းကောင်း၊ ဥစ္စာဖြင့်လည်းကောင်း၊ (ရွတ်ဖတ်) သရဇ္ဈာယ်ခြင်းဖြင့်လည်းကောင်း၊ အလုပ်အကိုင်ဖြင့် လည်းကောင်း၊ လက်မှုအတတ်ဖြင့်လည်းကောင်း၊ နှုတ်မှုအတတ်ဖြင့်လည်းကောင်း၊ အမှတ်မထားတစ်ပါးပါးသောအကြောင်းဖြင့် တစ်ပါးသူတို့သည် ငါ့ကို အထင်မသေးစေကုန်လင့် ဟု တဏှာအိမ်ကို မှီသောအကြင်ကြံခြင်း ‘တက္က’၊ အထူးကြံခြင်း ‘ဝိတက္က’၊ မှားသောကြံခြင်း ‘မိစ္ဆာသင်္ကပ္ပ’ သည် ရှိ၏။ ဤသဘောကို အထင်မသေးမှုနှင့်စပ်သော ကြံခြင်း ‘အနဝညတ္တိပဋိသံယုတ္တဝိတက်’ဟု ဆိုအပ်၏။
တစ်ပါးစုတရားများကို အကျယ်ဖွင့်ပြခြင်း ပြီး၏။
--
၂-ဒုကနိဒ္ဒေသ
နှစ်ပါးစုတရားများကို အကျယ်ပြဆိုခြင်း
အမျက်ထွက်မှု “ကောဓ'
၈၉၁။ ထိုတွင် အဘယ်သည် အမျက်ထွက်မှု ‘ကောဓ’ မည်သနည်း။
အကြင် အမျက်ထွက်မှု ‘ကောဓ’၊ အမျက်ထွက်သော အခြင်းအရာ ‘ကုဇ္ဈနာ’၊ အမျက်ထွက်တတ်သည်၏အဖြစ် ‘ကုဇ္ဈိတတ္တ’၊ ပြစ်မှားမှု ‘ဒေါသ’၊ ပြစ်မှားသော အခြင်းအရာ ‘ဒုဿနာ’၊ ပြစ်မှားတတ်သည်၏ အဖြစ် ‘ဒုဿိတတ္တ’၊ ဖောက်ပြန်ပျက်စီးမှုသဘော ‘ဗျာပတ္တိ’၊ ဖောက်ပြန်ပျက်စီးပုံ အခြင်းအရာ ‘ဗျာပဇ္ဇနာ’၊ ဖောက်ပြန်ပျက်စီးတတ်သည်၏အဖြစ် ‘ဗျာပဇ္ဇိတတ္တ’၊ ဆန့်ကျင်မှု ‘ဝိရောဓ’၊ အထပ်ထပ်ဆန့်ကျင်မှု ‘ပဋိဝိရောဓ’၊ ကြမ်းတမ်းမှု ‘စဏ္ဍိက္က’၊ မကောင်းသဖြင့် ပြောဆိုခြင်း ‘အသုရောပ’ (မျက်ရည်ယိုမှု ‘အဿုရောပ'၁)၊ စိတ်နှလုံးမသာမှု ‘အနတ္တမနတာ'သည် ရှိ၏။ ဤသဘောကို အမျက်ထွက်မှု ‘ကောဓ’ ဟု ဆိုအပ်၏။
ရန်ငြိုးဖွဲ့မှု ‘ဥပနာဟ'
ထိုတွင် အဘယ်သည် ရန်ငြိုးဖွဲ့မှု ‘ဥပနာဟ’ မည်သနည်း။
ရှေးကာလ (ဖြစ်သည်ကား) အမျက်ထွက်ခြင်းတည်း။ နောက်ကာလ (ဖြစ်သည်ကား) ရန်ငြိုးဖွဲ့ခြင်းတည်း။ ဤသို့ သဘောရှိသော အကြင် ရန်ငြိုးဖွဲ့မှု ‘ဥပနာဟ’၊ ရန်ငြိုးဖွဲ့သော အခြင်းအရာ ‘ဥပနယှနာ’၊ ရန်ငြိုးဖွဲ့တတ်သည်၏အဖြစ် ‘ဥပနယှိတတ္တ’၊ ရန်ငြိုးထားမှု ‘အဋ္ဌပနာ’၊ ရန်ငြိုးထားသောအခြင်းအရာ ‘ဌပနာ’၊ ပြင်းစွာရန်ငြိုးထားမှု ‘သဏ္ဌပနာ’၊ တစ်စပ်တည်း ရန်ငြိုးထားမှု ‘အနုသံသန္ဒနာ’၊ တစ်ဆက်တည်းရန်ငြိုးဖွဲ့မှု ‘အနုပ္ပဗန္ဓနာ’၊ စွဲမြဲစွာ ရန်ငြိုးဖွဲ့မှု ‘ကောဓဒဠီကမ္မ'သည် ရှိ၏။ ဤသဘောကိုရန်ငြိုးဖွဲ့မှု ‘ဥပနာဟ’ဟု ဆိုအပ်၏။ (၁)
ဂုဏ်ကျေးဇူးကို ခြေဖျက်မှု ‘မက္ခ'
၈၉၂။ ထိုတွင် အဘယ်သည် ဂုဏ်ကျေးဇူးကို ခြေဖျက်မှု ‘မက္ခ’ မည်သနည်း။
အကြင် ဂုဏ်ကျေးဇူးကို ချေဖျက်မှု ‘မက္ခ’၊ ချေဖျက်သော အခြင်းအရာ ‘မက္ခာယနာ’၊ ချေဖျက်တတ်သည်၏အဖြစ် ‘မက္ခာယိတတ္တ’၊ တံတွေးထွေးမှု ‘နိဋ္ဌုရိယ’၊ တံတွေးထွေးခြင်းကို ပြုမှု ‘နိဋ္ဌုရိယကမ္မ'သည် ရှိ၏။ ဤသဘောကို ဂုဏ်ကျေးဇူးကို ချေဖျက်မှု ‘မက္ခ’ဟု ဆိုအပ်၏။
အပြိုင်ပြုမှု ‘ပဠာသ'ထိုတွင် အဘယ်သည် အပြိုင်ပြုမှု ‘ပဠာသ’ မည်သနည်း။
အကြင်အပြိုင်ပြုမှု ‘ပဠာသ’၊ အပြိုင်ပြုသောအခြင်းအရာ ‘ပဠာသာယနာ’၊ အပြိုင်ပြုခြင်းကို ဆောင်မှု ‘ပဠာသာဟာရ"၊ ငြင်းခုံခြင်းအကြောင်း ‘ဝိဝါဒဋ္ဌာန’၊ တုပမှု ‘ယုဂဂ္ဂါဟ’၊ မစွန့်လွှတ်မှု ‘အပ္ပဋိနိဿဂ္ဂ'သည် ရှိ၏။ ဤသဘောကို အပြိုင်ပြုမှု ‘ပဠာသ’ဟု ဆိုအပ်၏။ (၂)
--
မနာလိုမှု ‘ဣဿာ'
၈၉၃။ ထိုတွင် အဘယ်သည် မနာလိုမှု ‘ဣဿာ’ မည်သနည်း။
သူတစ်ပါးတို့၏ လာဘ်ရမှု၊ အရိုအသေခံရမှု၊ အလေးပြုခံရမှု၊ မြတ်နိုးခံရမှု၊ ရှိခိုးခံရမှု၊ ပူဇော်ခံရမှုတို့၌ အကြင် မနာလိုမှု ‘ဣဿာ’၊ မနာလိုသော အခြင်းအရာ ‘ဣဿာယနာ’၊ မနာလိုသောအဖြစ် ‘ဣဿာယိတတ္တ’၊ ငြူစူမှု ‘ဥသူယာ’၊ ငြူစူသောအခြင်းအရာ ‘ဥသူယနာ’၊ ငြူစူသောအဖြစ် ‘ဥသူယိတတ္တ'သည် ရှိ၏။ ဤသဘောကို မနာလိုမှု ‘ဣဿာ’ဟု ဆိုအပ်၏။
ဝန်တိုမှု ‘မစ္ဆရိယ'ထိုတွင် အဘယ်သည် ဝန်တိုမှု ‘မစ္ဆရိယ’ မည်သနည်း။
ဝန်တိုမှုမစ္ဆရိယငါးပါးတို့ကား ကျောင်း၌ ဝန်တိုမှု၊ အမျိုး (ဒါယကာ)၌ ဝန်တိုမှု၊ ပစ္စည်း လာဘ်၌ ဝန်တိုမှု၊ အဆင်း၌ ဝန်တိုမှု၊ တရား၌ ဝန်တိုမှုတို့တည်း။ ဤသို့သဘောရှိသော အကြင်ဝန်တိုမှု ‘မစ္ဆရိယ’၊ ဝန်တိုသော အခြင်းအရာ ‘မစ္ဆရာယနာ’၊ ဝန်တိုသောအဖြစ် ‘မစ္ဆရာယိတတ္တ’၊ ပျံ့နှံ့ခြင်းငှါအလို မရှိမှု ‘ဝေဝိစ္ဆ’၊ ကပ်စေးနှဲမှု ‘ကဒရိယ’၊ ခါးစပ်မှု ‘ကဋုကဉ္စုကတာ’၊ ဝန်တိုသော စိတ်ကိုယူထားမှု ‘စိတ္တဂ္ဂဟိတတ္တ’ သည် ရှိ၏။ ဤသဘောကို ဝန်တိုမှု ‘မစ္ဆရိယ’ဟု ဆိုအပ်၏။ (၃)
လှည့်ပတ်မှု ‘မာယာ'
၈၉၄။ ထိုတွင် အဘယ်သည် လှည့်ပတ်မှု ‘မာယာ’ မည်သနည်း။
ဤလောက၌ အချို့သူသည် ကိုယ်ဖြင့် မကောင်းသော အကျင့်ကို ကျင့်၍၊ နှုတ်ဖြင့် မကောင်းသောအကျင့်ကို ကျင့်၍၊ စိတ်ဖြင့် မကောင်းသော အကျင့်ကို ကျင့်၍ ထို (မကောင်းသော အကျင့်) ကို ဖုံးလွှမ်းခြင်းငှါ ယုတ်မာသော အလိုကို ရှေ့ရှုထား၏။ ငါ့ကို မသိစေလင့်ဟု အလိုရှိ၏၊ ငါ့ကို မသိစေလင့်ဟုကြံစည်၏။ ငါ့ကို မသိစေလင့်ဟု စကားဆို၏၊ ငါ့ကို မသိစေလင့်ဟု ကိုယ်ဖြင့် လုံ့လပြု၏၊ ဤသို့သဘောရှိသော အကြင် လှည့်ပတ်မှု ‘မာယာ’၊ လှည့်ပတ်သော အခြင်းအရာ ‘မာယာဝိတာ’၊ ဖြားယောင်း မှု ‘အစ္စာသရာ’၊ လိမ်လည်မှု ‘ဝဉ္စနာ’၊ စဉ်းလဲမှု ‘နိကတိ’၊ ဖရိုဖရဲကျမှု ‘ဝိကိရဏာ’၊ ပစ်ပယ်မှု ‘ပရိဟရဏာ’၊ လျှို့ဝှက်မှု ‘ဂူဟနာ’၊ ထက်ဝန်းကျင် လျှို့ဝှက်မှု ‘ပရိဂူဟနာ’၊ ဖုံးလွှမ်းမှု ‘ဆာဒနာ’၊ အထပ်ထပ်ဖုံးလွှမ်းမှု ‘ပဋိစ္ဆာဒနာ’၊ မပေါ်လွင်အောင်ပြုမှု ‘အနုတ္တာနီကမ္မ’၊ ထင်စွာမပြုမှု ‘အနာဝိကမ္မ’၊ အထူးဖုံးလွှမ်းခြင်း ‘ဝေါစ္ဆာဒနာ’၊ မကောင်းသော အပြုအမူ ‘ပါပကိရိယာ’ သည် ရှိ၏။ ဤသဘောကို လှည့်ပတ်မှု ‘မာယာ’ဟု ဆိုအပ်၏။
ကောက်ကျစ်မှု ‘သာဌေယျ'
ထိုတွင် အဘယ်သည် ကောက်ကျစ်မှု ‘သာဌေယျ’ မည်သနည်း။
ဤလောက၌ အချို့သူသည် ကောက်ကျစ်၏၊ ထက်ဝန်းကျင် ကောက်ကျစ်၏၊ ထို၌ အကြင်ကောက်ကျစ်မှု ‘သဌ’၊ ကောက်ကျစ်သော အခြင်းအရာ ‘သဌတာ’၊ ကောက်ကျစ်သော အဖြစ် ‘သာဌေယျ’၊ ကြမ်းတမ်းသော အခြင်းအရာ ‘ကက္ကရတာ’၊ ကြမ်းတမ်းမှု ‘ကက္ကရိယ’၊ (အပြစ်ကို) ကာကွယ်သော အခြင်းအရာ ‘ပရိက္ခတ္တတာ’၊ အပြစ်ကို ကာကွယ်မှု ‘ပါရိက္ခတ္တိယ’ သည် ရှိ၏။ ဤသဘောကို ကောက်ကျစ်မှု ‘သာဌေယျ’ဟု ဆိုအပ်၏။ (၄)
--
မသိမှု ‘အဝိဇ္ဇာ’
၈၉၅။ ထိုတွင် အဘယ်သည် မသိမှု ‘အဝိဇ္ဇာ’ မည်သနည်း။
အကြင် မသိမှု ‘အညာဏ’၊ မမြင်မှု ‘အဒဿန’။ပ။ မသိမှုတံခါးကျင် ‘အဝိဇ္ဇာလင်္ဂီ’၊ တွေဝေမှု ‘မောဟ’ဟူသော အကုသိုလ်အမြစ်အရင်းသည် ရှိ၏။ ဤသဘောကို မသိမှု ‘အဝိဇ္ဇာ’ ဟု ဆိုအပ်၏။
ဘဝ၌ တပ်မက်မှု ‘ဘဝတဏှာ’ ထိုတွင် အဘယ်သည် ဘဝကို တပ်မက်မှု ‘ဘဝတဏှာ’ မည်သနည်း။
ဘဝတို့၌ အကြင်လိုချင်မှု ‘ဘဝစ္ဆန္ဒ’၊ ဘဝ၌ တပ်မက်မှု ‘ဘဝရာဂ’၊ ဘဝ၌ နှစ်သက်မှု ‘ဘဝနန္ဒီ’၊ ဘဝ၌ တပ်မက်မှု ‘ဘဝတဏှာ’၊ ဘဝ၌ စေးကပ်မှု ‘ဘဝသိနေဟ’၊ ဘဝ၌ ပူလောင်မှု ‘ဘဝပရိဠာဟ’၊ ဘဝ၌ တွေဝေမှု ‘ဘဝမုစ္ဆာ’၊ မျိုမတတ် ဘဝကို တပ်မက်မှု ‘ဘဝဇ္ဈောသာန'သည် ရှိ၏။ ဤသဘောကို ဘဝ၌ တပ်မက်မှု ‘ဘဝတဏှာ’ဟု ဆိုအပ်၏။ (၅)
ဘဝမြဲ၏ဟူသောအယူ ‘ဘဝဒိဋ္ဌိ'
၈၉၆။ ထိုတွင် အဘယ်သည် “ဘဝသည် မြဲ၏”ဟူသော အယူ ‘ဘဝဒိဋ္ဌိ’ မည်သနည်း။
“အတ္တသည်လည်းကောင်း၊ လောကသည်လည်းကောင်း ဖြစ်လတ္တံ့”ဟု ဤသို့သဘောရှိသော အကြင်မှားသော အယူ ‘ဒိဋ္ဌိ’၊ မှားသော အယူဖြစ်မှု ‘ဒိဋ္ဌိဂတ’။ပ။ ဖောက်ပြန်မှားယွင်းသောအားဖြင့် စွဲယူမှု ‘ဝိပရိယာသဂ္ဂါဟ’ သည် ရှိ၏။ ဤသဘောကို ဘဝကို မြဲ၏ဟူ၍ အယူရှိမှု ‘ဘဝဒိဋ္ဌိ’ ဟု ဆိုအပ်၏။
ဘဝပြတ်၏ဟူသော အယူ ‘ဝိဘဝဒိဋ္ဌိ'ထိုတွင် အဘယ်သည် “ဘဝသည် ကင်းပြတ်၏”ဟူသော အယူ ‘ဝိဘဝဒိဋ္ဌိ’ မည်သနည်း။
“အတ္တသည်လည်းကောင်း၊ လောကသည်လည်းကောင်း မဖြစ်လတ္တံ့”ဟု ဤသို့သဘောရှိသော အကြင် မှားသော အယူ ‘ဒိဋ္ဌိ’၊ မှားသော အယူဖြစ်မှု ‘ဒိဋ္ဌိဂတ’။ပ။ ဖောက်ပြန်မှားယွင်းသောအားဖြင့်စွဲယူမှု ‘ဝိပရိယာသဂ္ဂါဟ'သည် ရှိ၏။ ဤသဘောကို ဘဝကင်းပြတ်၏ဟူသော အယူ ‘ဝိဘဝဒိဋ္ဌိ’ဟု ဆိုအပ်၏။ (၆)
--
မြဲ၏ဟူသောအယူ ‘သဿတဒိဋ္ဌိ'
၈၉၇။ ထိုတွင် အဘယ်သည် မြဲ၏ဟူသော အယူ ‘သဿတဒိဋ္ဌိ’ မည်သနည်း။
“အတ္တသည်လည်းကောင်း၊ လောကသည်လည်းကောင်း မြဲ၏”ဟု ဤသို့သဘောရှိသော အကြင်မှားသော အယူ ‘ဒိဋ္ဌိ’၊ မှားသော အယူဖြစ်မှု ‘ဒိဋ္ဌိဂတ’။ပ။ ဖောက်ပြန်မှားယွင်းသောအားဖြင့် စွဲယူမှု ‘ဝိပရိယာသဂ္ဂါဟ'သည် ရှိ၏။ ဤသဘောကို မြဲ၏ဟူသောအယူ ‘သဿတဒိဋ္ဌိ’ဟု ဆိုအပ်၏။
ပြတ်၏ဟူသောအယူ ‘ဥစ္ဆေဒဒိဋ္ဌိ'ထိုတွင် အဘယ်သည် ပြတ်၏ဟူသော အယူရှိမှု ‘ဥစ္ဆေဒဒိဋ္ဌိ’ မည်သနည်း။
“အတ္တသည်လည်းကောင်း၊ လောကသည်လည်းကောင်း ပြတ်လတ္တံ့”ဟု ဤသို့သဘောရှိသောအကြင်မှားသော အယူ ‘ဒိဋ္ဌိ’၊ မှားသော အယူဖြစ်မှု ‘ဒိဋ္ဌိဂတ’။ပ။ ဖောက်ပြန်မှားယွင်းသောအားဖြင့်စွဲယူမှု ‘ဝိပရိယာသဂ္ဂါဟ'သည် ရှိ၏။ ဤသဘောကို ပြတ်၏ဟူသော အယူ ‘ဥစ္ဆေဒဒိဋ္ဌိ’ဟု ဆိုအပ်၏။ (၇)
အန္တဝါဒိဋ္ဌိ
၈၉၈။ ထိုတွင် အဘယ်သည် အဆုံးရှိ၏ဟူသောအယူ ‘အန္တဝါဒိဋ္ဌိ’ မည်သနည်း။
“အတ္တသည်လည်းကောင်း၊ လောကသည်လည်းကောင်း အဆုံးရှိ၏”ဟု ဤသို့သဘောရှိသောအကြင်မှားသော အယူ ‘ဒိဋ္ဌိ’၊ မှားသော အယူဖြစ်မှု ‘ဒိဋ္ဌိဂတ’။ပ။ ဖောက်ပြန်မှားယွင်းသောအားဖြင့်စွဲယူမှု ‘ဝိပရိယာသဂ္ဂါဟ'သည် ရှိ၏။ ဤသဘောကို အဆုံးရှိ၏ဟူသော အယူ ‘အန္တဝါဒိဋ္ဌိ’ဟု ဆိုအပ်၏။
အနန္တဝါဒိဋ္ဌိထိုတွင် အဘယ်သည် ဘဝသည် အဆုံးမရှိဟူသောအယူ ‘အနန္တဝါဒိဋ္ဌိ’ မည်သနည်း။
“အတ္တသည်လည်းကောင်း၊ လောကသည်လည်းကောင်း အဆုံးမရှိ”ဟု ဤသို့သဘောရှိသောအကြင်မှားသော အယူ ‘ဒိဋ္ဌိ’၊ မှားသော အယူဖြစ်မှု ‘ဒိဋ္ဌိဂတ’။ပ။ ဖောက်ပြန်မှားယွင်းသောအားဖြင့်စွဲယူမှု ‘ဝိပရိယာ သဂ္ဂါဟ'သည် ရှိ၏။ ဤသဘောကို အဆုံးမရှိဟူသော အယူ ‘အန္တဝါဒိဋ္ဌိ’ဟု ဆိုအပ်၏။ (၈)
ပုဗ္ဗန္တာနုဒိဋ္ဌိ
၈၉၉။ ထိုတွင် အဘယ်သည် ရှေ့အဖို့သို့ အစဉ်လိုက်သောအယူ ‘ပုဗ္ဗန္တာနုဒိဋ္ဌိ’ မည်သနည်း။
ရှေ့အဖို့ကို အကြောင်းပြု၍ ဖြစ်သော အကြင် မှားသောအယူ ‘ဒိဋ္ဌိ’၊ မှားသော အယူဖြစ်မှု ‘ဒိဋ္ဌိဂတ’။ပ။ ဖောက်ပြန်မှားယွင်းသောအားဖြင့် စွဲယူမှု ‘ဝိပရိယာသဂ္ဂါဟ'သည် ရှိ၏။ ဤသဘောကိုရှေ့အဖို့သို့ အစဉ်လိုက်သောအယူ ‘ပုဗ္ဗန္တာနုဒိဋ္ဌိ’ ဟု ဆိုအပ်၏။
အပရန္တာနုဒိဋ္ဌိ ထိုတွင်အဘယ်သည် နောက်အဖို့သို့ အစဉ်လိုက်သောအယူ ‘အပရန္တာနုဒိဋ္ဌိ’ မည်သနည်း။
နောက်အဖို့ကို အကြောင်းပြု၍ ဖြစ်သော အကြင်မှားသော အယူ ‘ဒိဋ္ဌိ’၊ မှားသောအယူဖြစ်မှု ‘ဒိဋ္ဌိဂတ’။ပ။ ဖောက်ပြန်မှားယွင်းသောအားဖြင့် စွဲယူမှု ‘ဝိပရိယာသဂ္ဂါဟ'သည် ရှိ၏။ ဤသဘောကို နောက်အဖို့သို့ အစဉ်လိုက်သော အယူ ‘အပရန္တာနုဒိဋ္ဌိ’ဟု ဆိုအပ်၏။ (၉)
--
အရှက်မရှိမှု ‘အဟိရိက'
၉၀၀။ ထိုတွင် အဘယ်သည် အရှက်မရှိမှု ‘အဟိရိက’ မည်သနည်း။
အကြင် သဘောသည် ရှက်သင့်သော ကာယဒုစရိုက်စသည်ကို မရှက်တတ်၊ ယုတ်မာသောအကုသိုလ်တရားတို့သို့ ရောက်ခြင်းကို မရှက်တတ်။ ဤသဘောကို အရှက်မရှိမှု ‘အဟိရိက’ဟု ဆိုအပ်၏။
အကြောက်အလန့်မရှိမှု ‘အနောတ္တပ္ပ'ထိုတွင် အဘယ်သည် အကြောက်အလန့်မရှိမှု ‘အနောတ္တပ္ပ’ မည်သနည်း။
အကြင်သဘောသည် ကြောက်လန့်သင့်သော ကာယဒုစရိုက်စသည်မှ မကြောက်လန့်တတ်၊ ယုတ်မာသော အကုသိုလ်တို့သို့ ရောက်ခြင်းမှ မကြောက်လန့်တတ်။ ဤသဘောကို အကြောက်အလန့်မရှိမှု ‘အနောတ္တပ္ပ’ဟု ဆိုအပ်၏။ (၁၀)
ဆုံးမခက်မှု ‘ဒေါဝစဿတာ'
၉၀၁။ ထိုတွင် အဘယ်သည် ဆိုဆုံးမခက်မှု ‘ဒေါဝစဿတာ’ မည်သနည်း။
အကြောင်းနှင့်တကွ ဆိုဆုံးမသည်ရှိသော် ဆုံးမခက်သော အခြင်းအရာ ‘ဒေါဝစဿာယ’၊ ဆုံးမခက်မှု ‘ဒေါဝစဿိယ’၊ ဆုံးမခက်သည်၏အဖြစ် ‘ဒေါဝစဿတာ’၊ ဆန့်ကျင်ဘက်ကို ယူလေ့ရှိမှု ‘ဝိပ္ပဋိကုလဂ္ဂါဟိတာ’၊ ဆန့်ကျင်သည်ကို သာယာမှု ‘ဝိပစ္စနီကသာတတာ’၊ မရိုသေမှု ‘အနာဒရိယ’၊ မရိုသေသည်၏အဖြစ် ‘အနာဒရတာ’၊ အလေးမပြုသည်၏ အဖြစ် ‘အဂါရဝတာ’၊ မတုပ်ဝပ်သည်၏အဖြစ် ‘အပ္ပတိဿဝတာ'သည် ရှိ၏။ ဤသဘောကို ဆုံးမခက်မှု ‘ဒေါဝစဿတာ’ဟု ဆိုအပ်၏။
မကောင်းသောအဆွေခင်ပွန်းရှိမှု ‘ပါပမိတ္တတာ'ထိုတွင် အဘယ်သည် မကောင်းသော အဆွေခင်ပွန်းရှိမှု ‘ပါပမိတ္တတာ’ မည်သနည်း။
အကြင် ပုဂ္ဂိုလ်တို့သည် သဒ္ဓါတရားမရှိကုန်၊ သီလမရှိကုန်၊ အကြားအမြင်နည်းကုန်၏၊ ဝန်တို ကုန်၏၊ ပညာနည်းကုန်၏၊ ထိုသူတို့ကို အကြင်မှီဝဲခြင်းသည်၊ မပြတ်မှီဝဲခြင်း သည်၊ ကောင်းစွာ မှီဝဲခြင်းသည်၊ ဆည်းကပ်ခြင်းသည်၊ ကောင်းစွာ ဆည်းကပ်ခြင်းသည်၊ ခစားခြင်း သည်၊ ကောင်းစွာ ခစားခြင်းသည်၊ ထိုသူတို့၌ ကိုယ်စိတ်အားဖြင့် ညွတ်ကိုင်းသည်၏ အဖြစ်သည် ရှိ၏။ ဤသဘောကို မကောင်းသောအဆွေခင်ပွန်းရှိမှု ‘ပါပမိတ္တတာ’ဟု ဆိုအပ်၏။ (၁၁)
--
မဖြောင့်မတ်ခြင်း ‘အနဇ္ဇဝ'
၉၀၂။ ထိုတွင် အဘယ်သည် မဖြောင့်မတ်ခြင်း ‘အနဇ္ဇဝ’ မည်သနည်း။
အကြင် မဖြောင့်မတ်ခြင်းသည်၊ မဖြောင့်မတ်သော အခြင်းအရာသည်၊ (လရေးကောက်=အဖျား နှစ်ဖက်)့ကောက်ခြင်းသည်၊ (နွားသေးကောက်=အစအဆုံး) ကွေးခြင်းသည်၊ (ထယ်ကိုင်းကောက်=အဖျား တစ်ဖက်) ကိုင်းခြင်းသည် ရှိ၏။ ဤသဘောကို မဖြောင့်မတ်မှု ‘အနဇ္ဇဝ’ ဟု ဆိုအပ်၏။
မနူးညံ့ခြင်း ‘အမဒ္ဒဝ'ထိုတွင် အဘယ်သည် မနူးညံ့ခြင်း ‘အမဒ္ဒဝ’ မည်သနည်း။
အကြင် မနူးညံ့ခြင်းသည်၊ မနူးညံ့သော အခြင်းအရာသည်၊ ခက်မာခြင်းသည်၊ ကြမ်းတမ်း ခြင်းသည်၊ ခက်မာတတ်သည်၏ အဖြစ်သည်၊ ခိုင်ခံ့ခြင်းသည်၊ (မနှိမ့်ချဘဲ) စိတ်ဖြောင့်ရှိခြင်း သည်၊ မနူးညံ့ခြင်းသည် ရှိ၏။ ဤသဘောကို မနူးညံ့မှု ‘အမဒ္ဒဝ’ဟု ဆိုအပ်၏။ (၁၂)
သည်းမခံမှု ‘အက္ခန္တိ'
၉၀၃။ ထိုတွင် အဘယ်သည် သည်းမခံမှု ‘အက္ခန္တိ’ မည်သနည်း။
အကြင်သည်းမခံခြင်းသည်၊ သည်းမခံသော အခြင်းအရာသည်၊ ဆိတ်ဆိတ်မနေခြင်းသည်၊ ကြမ်းတမ်းခြင်းသည်၊ စကားကို ကောင်းစွာ မပြောနိုင်ခြင်းသည်၊ စိတ်နှလုံးမသာခြင်းသည် ရှိ၏။ ဤသဘောကိုသည်းမခံမှု ‘အက္ခန္တိ’ ဟု ဆိုအပ်၏။
မမွေ့လျော်မှု ‘အသောရစ္စ'ထိုတွင် အဘယ်သည် ကောင်းသောအမှု၌ မမွေ့လျော်မှု ‘အသောရစ္စ’ မည်သနည်း။
ကိုယ်ဖြင့် ပြုအပ်သော လွန်ကျူးခြင်းသည်၊ နှုတ်ဖြင့် ပြုအပ်သော လွန်ကျူးခြင်းသည်၊ ကိုယ်နှုတ် ဖြင့်ပြုအပ်သော လွန်ကျူးခြင်းသည် ရှိ၏။ ဤသဘောကို ကောင်းသောအမှု၌ မမွေ့လျော်မှု ‘အသောရစ္စ’ဟု ဆိုအပ်၏။ သီလမရှိမှုအလုံးစုံကိုလည်းကောင်းသော အမှု၌ မမွေ့လျော်မှု ‘အသောရစ္စ’ဟု ဆိုအပ်၏။ (၁၃)
--
မပြေပြစ်သောစကား ‘အသာခလျ'
၉၀၄။ ထိုတွင် အဘယ်သည် မပြေပြစ်သောစကား ‘အသာခလျ’ မည်သနည်း။
အကြင် စကားသည် ကြမ်းတမ်း၏၊ မချောမွတ်၊ သူတစ်ပါးနား၌ ခါးစပ်၏၊ သူတစ်ပါးကို ငြိကပ်တတ်၏၊ အမျက်ထွက်မှုနှင့် နီး၏၊ မတည်ကြည်ခြင်းကို ဖြစ်စေတတ်၏၊ ထိုသို့သဘောရှိသော စကားကိုဆို၏။ ထို၌ အကြင် မသိမ်မွေ့သောစကား၊ မပြေပြစ်သောစကား၊ ကြမ်းတမ်းသော စကားသည် ရှိ၏။ ဤသဘောကို မပြေပြစ်သောစကား ‘အသာခလျ’ ဟု ဆိုအပ်၏။
မစေ့စပ်မှု ‘အပ္ပဋိသန္ထာရ'ထိုတွင် အဘယ်သည် မစေ့စပ်မှု ‘အပ္ပဋိသန္ထာရ’ မည်သနည်း။
စေ့စပ်ခြင်းတို့ကား ပစ္စည်းအာမိသဖြင့် စေ့စပ်ခြင်း ‘အာမိသပဋိသန္ထာရ’၊ တရားဓမ္မဖြင့် စေ့စပ်ခြင်း ‘ဓမ္မပဋိသန္ထာရ’ဟူ၍ နှစ်ပါးရှိ၏။ ဤလောက၌ အချို့သူသည် ပစ္စည်းအာမိသဖြင့် စေ့စပ်ခြင်းဖြင့်သော်လည်းကောင်း တရားဓမ္မဖြင့်စေ့စပ်ခြင်းဖြင့်သော်လည်းကောင်း မစေ့စပ်တတ်၊ ဤသဘောကို မစေ့စပ်မှု ‘အပ္ပဋိသန္ထာရ’ ဟု ဆိုအပ်၏။ (၁၄)
ဣန္ဒြေမစောင့်ထိန်းမှု
၉၀၅။ ထိုတွင် အဘယ်သည် ဣန္ဒြေတို့၌ တံခါးကို မစောင့်ရှောက်မှု မည်သနည်း။
ဤလောက၌ အချို့သူသည် မျက်စိဖြင့် ရူပါရုံကို မြင်သည်ရှိသော် (ယောက်ျား မိန်းမစသော) ပုံသဏ္ဌာန်နိမိတ်ကို စွဲယူလေ့ရှိ၏။ (လက်ခြေစသော အင်္ဂါ ပြုံးဟန် ရယ်ဟန်စသော အမူအရာ) အသေးစိတ် အမှတ် လက္ခဏာကို စွဲယူလေ့ရှိ၏၊ အကြင်စက္ခုန္ဒြေကိုမစောင့်စည်းခြင်းတည်းဟူသောအကြောင်းကြောင့် စက္ခုန္ဒြေကို မစောင့်စည်းမူ၍ နေသော ထိုရဟန်းကိုမက်မောခြင်း ‘အဘိဇ္ဈာ’၊ နှလုံးမသာယာခြင်း ‘ဒေါမနဿ’ဟု ဆိုအပ်ကုန်သော ယုတ်မာကုန်သော အကုသိုလ်တရားတို့သည် အဖန်တလဲလဲ နှိပ်စက် ကုန်ရာ၏။ ထိုစက္ခုန္ဒြေကို စောင့်ရှောက်ခြင်းငှါ မကျင့်၊ စက္ခုန္ဒြေကို မစောင့်ရှောက်၊ စက္ခုန္ဒြေ၌ စောင့်ရှောက်ခြင်းသို့ မရောက်။ နားဖြင့် သဒ္ဒါရုံကို ကြားသည်ရှိသော်။ပ။
နှာခေါင်းဖြင့် ဂန္ဓာရုံကို နမ်းသည်ရှိသော်။ပ။
လျှာဖြင့် ရသာရုံကို လျက်သည်ရှိသော်။ပ။
ကိုယ်ဖြင့် ဖေါဋ္ဌဗ္ဗာရုံကို တွေ့ထိသည်ရှိသော်။ပ။
စိတ်ဖြင့် ဓမ္မာရုံကို သိသည်ရှိသော် (ယောက်ျားမိန်းမစသော) ပုံသဏ္ဌာန်နိမိတ်ကို စွဲယူလေ့ရှိ၏။ (လက်ခြေစသော အင်္ဂါ ပြုံးဟန် ရယ်ဟန်ခြင်းစသော အမူအရာ) အသေးစိတ် အမှတ်လက္ခဏာကို စွဲယူလေ့ရှိ၏၊ အကြင် မနိန္ဒြေကို မစောင့်စည်းခြင်းတည်းဟူသော အကြောင်းကြောင့် မနိန္ဒြေကို မစောင့်စည်းမူ၍နေသော ထိုရဟန်းကို မက်မောခြင်း ‘အဘိဇ္ဈာ’၊ နှလုံးမသာယာခြင်း ‘ဒေါမနဿ’ဟု ဆိုအပ်ကုန်သောယုတ်မာကုန်သော အကုသိုလ်တရား တို့သည် အဖန်တလဲလဲ နှိပ်စက်ကုန်ရာ၏။ ထိုမနိန္ဒြေကိုစောင့်ရှောက် ခြင်းငှါ မကျင့်၊ မနိန္ဒြေကို မစောင့်ရှောက်၊ မနိန္ဒြေ၌ စောင့်ရှောက်ခြင်းသို့ မရောက်။ ဤဣန္ဒြေ ခြောက်ပါးတို့ကို အကြင်မလုံခြုံစေခြင်းသည် မလုံခြုံစေသော အခြင်းအရာသည်၊ မစောင့်ရှောက်ခြင်းသည်၊ မပိတ်ပင်ခြင်းသည် ရှိ၏။ ဤသဘောကို ဣန္ဒြေတို့၌ တံခါးကိုမစောင့်ရှောက်ခြင်းဟု ဆိုအပ်၏။
--
ဘောဇဉ်၌ အတိုင်းအရှည်မသိမှုထိုတွင် အဘယ်သည် ဘောဇဉ်၌ အတိုင်းအရှည်မသိမှု မည်သနည်း။
ဤလောက၌ အချို့သူသည် မသင့်သော အကြောင်းအားဖြင့် (ပညာဖြင့်) မဆင်ခြင်မူ၍ မြူးထူးနိုင်ရန်အလို့ငှါ ယစ်မူးနိုင်ရန်အလို့ငှါ ခန္ဓာကိုယ်ပြည့်ဖြိုးရန်အလို့ငှါ အသားအရေ ကြည်လင်ရန်အလို့ငှါ အစာအာဟာရကို စားသောက်၏။ ထိုတွင် ဘောဇဉ်၌ အကြင် မရောင့်ရဲခြင်းသည် အတိုင်းအရှည်ကို မသိခြင်းသည် ဘောဇဉ်၌ မဆင်ခြင်ခြင်းသည် ရှိ၏။ ဤသဘောကို ဘောဇဉ်၌ အတိုင်းအရှည်ကို မသိမှုဟု ဆိုအပ်၏။ (၁၅)
သတိလွတ်မှု ‘မုဋ္ဌဿစ္စ'
၉၀၆။ ထိုတွင် အဘယ်သည် သတိလွတ်မှု ‘မုဋ္ဌဿစ္စ’ မည်သနည်း။
အကြင် မအောက်မေ့မှု ‘အဿတိ’၊ အဖန်ဖန်မအောက်မေ့မှု ‘အနနုဿတိ’၊ အထပ်ထပ် မအောက် မေ့မှု ‘အပ္ပဋိဿတိ’၊ မအောက်မေ့မှု ‘အဿတိ’၊ မအောက်မေ့သော အခြင်းအရာ ‘အဿရဏတာ’၊ မဆောင်နိုင်သော အခြင်းအရာ ‘အဓာရဏတာ’၊ ပေါ်သောအခြင်းအရာ ‘ပိလာပနတာ’၊ မေ့သောအခြင်းအရာ ‘သမ္မုသနတာ'သည် ရှိ၏။ ဤသဘောကို သတိလွတ်မှု ‘မုဋ္ဌဿစ္စ’ ဟု ဆိုအပ်၏။
ပညာမရှိမှု ‘အသမ္ပဇည'ထိုတွင် အဘယ်သည် ပညာမရှိမှု ‘အသမ္ပဇည’ မည်သနည်း။
အကြင် မသိမှု ‘အညာဏ’၊ မမြင်မှု ‘အဒဿန’။ပ။ မသိမှုတံခါးကျင် ‘အဝိဇ္ဇာလင်္ဂီ’၊ အကုသိုလ်တို့၏အခြေအမြစ်ဖြစ်သော တွေဝေမှု ‘မောဟအကုသလမူလ'သည် ရှိ၏။ ဤသဘောကို ပညာမရှိမှု ‘အသမ္ပဇည’ဟု ဆိုအပ်၏။ (၁၆)
သီလပျက်စီးမှု ‘သီလဝိပတ္တိ'
၉၀၇။ ထိုတွင် အဘယ်သည် သီလပျက်စီးမှု ‘သီလဝိပတ္တိ’ မည်သနည်း။
ကိုယ်ဖြင့် ပြုအပ်သော လွန်ကျူးမှု၊ နှုတ်ဖြင့် ပြုအပ်သော လွန်ကျူးမှု၊ ကိုယ်နှုတ်ဖြင့် ပြုအပ်သောလွန်ကျူးမှုသည် ရှိ၏။ ဤသဘောကို သီလပျက်စီးမှု ‘သီလဝိပတ္တိ’ဟု ဆိုအပ်၏။ သီလမရှိခြင်း အလုံးစုံကိုလည်း ‘သီလဝိပတ္တိ’ဟု ဆိုအပ်၏။
အယူပျက်စီးမှု ‘ဒိဋ္ဌိဝိပတ္တိ'ထိုတွင် အဘယ်သည် အယူပျက်စီးမှု ‘ဒိဋ္ဌိဝိပတ္တိ’ မည်သနည်း။
ပေးလှူခြင်း (အကျိုး) သည် မရှိ၊ ယဇ်ကြီး (အလှူကြီး) ပူဇော်ရခြင်း အကျိုးသည် မရှိ။ပ။ ဤလောကကိုလည်းကောင်း၊ တမလွန်လောကကိုလည်းကောင်း၊ ကိုယ်တိုင်ထူးသောဉာဏ်ဖြင့် သိ၍မျက်မှောက် ပြုကာ ပြောကြားနိုင်ကုန်သော၊ ဖြောင့်မှန်သော အရိယမဂ်သို့ ရောက်ကုန်သော၊ ကောင်းသော အကျင့် ရှိကုန်သော သမဏဗြာဟ္မဏတို့သည် လောက၌ မရှိကုန်ဟု ဤသို့သဘောရှိသောမှားသော အယူသည်၊ မှားသော အယူဖြစ်ခြင်းသည်။ပ။ ဖောက်ပြန်မှားယွင်းသောအားဖြင့် စွဲယူမှုသည် ရှိ၏။ ဤသဘောကို အယူပျက်စီးမှု ‘ဒိဋ္ဌိဝိပတ္တိ’ ဟု ဆိုအပ်၏။ မှားသောအယူ အလုံးစုံကိုလည်း ‘ဒိဋ္ဌိဝိပတ္တိ’ဟု ဆိုအပ်၏။ (၁၇)
--
အဇ္ဈတ္တသံယောဇဉ်
၉၀၈။ ထိုတွင် အဘယ်သည် အတွင်းသန္တာန်၌ ဖြစ်သော ‘အဇ္ဈတ္တ'သံယောဇဉ် မည်သနည်း။
အောက်မဂ်သည် ပယ်အပ်သော သံယောဇဉ်ငါးပါးတို့သည် အတွင်းသန္တာန်၌၂ဖြစ်သော ‘အဇ္ဈတ္တ'သံယောဇဉ်တည်း။
အထက်မဂ်သည် ပယ်အပ်သော သံယောဇဉ်ငါးပါးတို့သည် အပသန္တာန်၌၃ဖြစ်သော ‘ဗဟိဒ္ဓ'သံယောဇဉ်တည်း။ (၁၈)
နှစ်ပါးစုတရားများကို အကျယ်ပြဆိုခြင်း ပြီး၏။
၁။ အဿုရောပ ရှိလျှင် မျက်ရည်ယိုမှုဟု ပြန်လေ၊ မူကွဲ
၂။ “အတွင်းသန္တာန်၌ ဖြစ်”ဟူသည် ကာမဘဝတည်း။
၃။ “အပသန္တာန်၌ ဖြစ်”ဟူသည် ရူပဘဝ အရူပဘဝတို့တည်း။ သမ္မော၊ ဋ္ဌ။ ၄၇၆။
--
၃-တိကနိဒ္ဒေသ
(သုံးပါးစုတရားများကို အကျယ်ပြဆိုခြင်း)
(၁) အကုသိုလ်အခြေအမြစ်သုံးပါး
၉၀၉။ ထိုတွင် အဘယ်တို့သည် အကုသိုလ်တို့၏ အခြေအမြစ်အရင်းမူလသုံးပါးတို့ မည်သနည်း။
လိုချင်မှု ‘လောဘ’၊ ပြစ်မှားမှု ‘ဒေါသ’၊ တွေဝေမှု ‘မောဟ’ တို့တည်း။
လိုချင်မှု ‘လောဘ'
ထိုတွင် အဘယ်သည် လိုချင်မှု ‘လောဘ’ မည်သနည်း။
အကြင်တပ်မက်မှု ‘ရာဂ’၊ ပြင်းစွာတပ်မက်မှု ‘သာရာဂ’၊ အဖန်ဖန်ဆွဲဆောင်မှု ‘အနုနယ’၊ မဆန့်ကျင်မှု ‘အနုရောဓ’၊ နှစ်သက်မှု ‘နန္ဒီ’၊ နှစ်သက်တပ်မက်မှု ‘နန္ဒိရာဂ’၊ စိတ်၏ ပြင်းစွာတပ်မက်မှု ‘စိတ္တသာရာဂ’၊ လိုလားမှု ‘ဣစ္ဆာ’၊ တပ်မက် တွေဝေမှု ‘မုစ္ဆာ’၊ မျိုမတတ်တပ်မက်မှု ‘အဇ္ဈောသာန’၊ ဆာလောင်မှု ‘ဂေဓ’၊ ထက်ဝန်းကျင်ဆာလောင်မှု ‘ပရိဂေဓ’၊ တွယ်တာမှု ‘သဂ’၊ စေးကပ်မှု ‘ပင်္က’၊ ဆွဲငင်မှု ‘ဧဇာ’၊ လှည့်ပတ်မှု ‘မာယာ’၊ ဖြစ်စေမှု ‘ဇနိကာ’၊ ကောင်းစွာ ဖြစ်စေမှု ‘သဉ္ဇနနီ’၊ ချုပ်စပ်မှု ‘သိဗ္ဗိနီ’၊ ဖွဲ့ယှက်မှု ‘ဇာလိနီ’၊ အောက်မေ့စီးဆင်းမှု ‘သရိတာ’၊ စွဲငြိမှု ‘ဝိသတ္တိကာ’၊ ယိုစီးမှု ‘သောတ’၊ ပျံ့နှံ့တပ်မက်မှု ‘ဝိသဋာ’၊ (အာရုံကို) ရရန်အားထုတ်မှု ‘အာယူဟနီ’၊ အဖော်ဖြစ်မှုသဘော ‘ဒုတိယာ’၊ တောင့်တမှု ‘ပဏိဓိ’၊ ဘဝ၌ နှောင်ဖွဲ့တတ်သော ကြိုးနှင့်တူသော သဘော ‘ဘဝနေတ္တိ’၊ တောနှင့်တူသော သဘော ‘ဝန’၊ တောကြီးနှင့်တူသော သဘော ‘ဝနထ’၊ ပေါင်းဖော်ခြင်းသဘော ‘သန္ထဝ’၊ စေးကပ်ခြင်း သဘော ‘သိနေဟ’၊ ငဲ့ကွက်ခြင်းသဘော ‘အပေက္ခာ’၊ အထပ်ထပ်နှောင်ဖွဲ့ခြင်းသဘော ‘ပဋိဗန္ဓု’၊ လိုချင်မှု့'အာသာ’၊ လိုချင်သော အခြင်းအရာ ‘အာသီသနာ’၊ လိုချင်တတ်သည်၏ အဖြစ် ‘အာသီသိတတ္တ’၊ ရူပါရုံကို လိုချင်မှု ‘ရူပါသာ’၊ သဒ္ဒါရုံကို လိုချင်မှု ‘သဒ္ဒါသာ’၊ ဂန္ဓာရုံကို လိုချင်မှု ‘ဂန္ဓာသာ’၊ ရသာရုံကိုလိုချင်မှု ‘ရသာသာ’၊ ဖောဋ္ဌဗ္ဗာရုံကို လိုချင်မှု ‘ဖောဋ္ဌဗ္ဗာသာ’၊ လာဘ်ကို လိုချင်မှု ‘လာဘာသာ’၊ ဥစ္စာကိုလိုချင်မှု ‘ဓနာသာ’၊ သားသမီးကို လိုချင်မှု ‘ပုတ္တာသာ’၊ အသက်ကို လိုချင်မှု ‘ဇီဝိတာသာ’၊ ငါ့ဥစ္စာဟုပြောဆို စေတတ်သော သဘော ‘ဇပ္ပါ’၊ အလွန်ပြောဆိုစေတတ်သော သဘော ‘အဘိဇပ္ပါ’၊ ပြောဆိုစေတတ်သော အခြင်းအရာ ‘ဇပ္ပနာ’၊ ပြောဆိုစေတတ်သည်၏အဖြစ် ‘ဇပ္ပိတတ္တ’၊ အာရုံ၌ လုယက်ခြင်းသဘော ‘လောလုပ္ပ’၊ အာရုံ၌ လုယက်သောအခြင်းအရာ ‘လောလုပ္ပါယနာ’၊ အာရုံ၌ လုယက်တတ်သည်၏အဖြစ် ‘လောလုပ္ပါယိ တတ္တ’၊ အမြီးနန့်သကဲ့သို့ ဖြစ်သောသဘော ‘ပုစ္ဆဉ္ဇိကတာ’၊ အကောင်းကြိုက်မှု ‘သာဓုကမျတာ’၊ မတရား တပ်မက်မှု ‘အဓမ္မရာဂ’၊ အဆမတန်လိုချင်မှု ‘ဝိသမလောဘ’၊ နှစ်သက်မှု ‘နိကန္တိ’၊ နှစ်သက်သော အခြင်းအရာ ‘နိကာမနာ’၊ မျှော်လင့်မှု ‘ပတ္ထနာ’၊ ချစ်ခင်မှု ‘ပိဟနာ’၊ အလွန်မျှော်လင့်မှု ‘သမ္ပတ ္ထနာ’၊ ကာမဂုဏ်၌ တပ်မက်မှု ‘ကာမတဏှာ’၊ ဘဝ၌ တပ်မက်မှု ‘ဘဝတဏှာ’၊ ဘဝကင်းပြတ်သည်၌ တပ်မက်မှု ‘ဝိဘဝတဏှာ’၊ ရူပဘုံ၌ တပ်မက်မှု ‘ရူပတဏှာ’၊ အရူပဘုံ၌ တပ်မက်မှု ‘အရူပတဏှာ’၊ ဘဝချုပ်ခြင်း၌ တပ်မက်မှု ‘နိရောဓတဏှာ’၊ အသံ၌ တပ်မက်မှု ‘သဒ္ဒတဏှာ’၊ အနံ့၌ တပ်မက်မှု ‘ဂန္ဓတဏှာ’၊ အရသာ၌ တပ်မက်မှု ‘ရသတဏှာ’၊ အတွေ့၌ တပ်မက်မှု ‘ဖောဋ္ဌဗ္ဗတဏှာ’၊ တရား၌ တပ်မက်မှု ‘ဓမ္မတဏှာ’၊ ဝဋ်ဆင်းရဲ၌ နစ်မြုပ်စေခြင်းသဘော ‘ဩဃ’၊ ယှဉ်စေခြင်းသဘော ‘ယောဂ’၊ ထုံးဖွဲ့ခြင်းသဘော ‘ဂန္ထ’၊ စွဲလန်းမှုသဘော ‘ဥပါဒါန်’၊ ပိတ်ပင်ခြင်းသဘော ‘အာဝရဏ’၊ တားမြစ်ခြင်းသဘော ‘နီဝရဏ’၊ ဖုံးကွယ်ခြင်းသဘော ‘ဆဒန’၊ နှောင်ဖွဲ့ခြင်းသဘော ‘ဗန္ဓန’၊ ညစ်နွမ်းစေတတ်သောသဘော ‘ဥပက္ကိလေသ’၊ ဖြစ်ပေါ်တတ်သောသဘော ‘အနုသယ’၊ ထကြွတတ်သောသဘော ‘ပရိယုဋ္ဌာန’၊ ရစ်ပတ်တတ်သော သဘော ‘လတာ’၊ အမျိုးမျိုးအလိုရှိခြင်းသဘော ‘ဝေဝိစ္ဆ’၊ ဆင်းရဲမှု၏ အခြေအမြစ် ‘ဒုက္ခမှုလ’၊ ဆင်းရဲမှု၏ အကြောင်းရင်း ‘ဒုက္ခနိဒါန’၊ ဆင်းရဲမှု၏ အမွန်အစ ‘ဒုက္ခပ္ပဘဝ’၊ မာရ်မင်းကျော့ကွင်း ‘မာရပါသ’၊ မာရ်မင်းငါးမျှားချိတ် ‘မာရဗဠိသ’၊ မာရ်မင်း၏ နယ်ပယ် ‘မာရဝိသယ’၊ တပ်မက်မှုတဏှာမြစ် ‘တဏှာနဒီ’၊ တပ်မက်မှုကွန်ရက် ‘တဏှာဇာလ’၊ တပ်မက်မှုတဏှာတောက် ‘တဏှာဂဒ္ဒုလ’၊ တပ်မက်မှုတဏှာသမုဒ္ဒရာ ‘တဏှာသမုဒ္ဒ’၊ လိုချင်မက်မောမှု ‘အဘိဇ္ဈာ’၊ လိုချင်မှု ‘လောဘ’ဟူသော အကုသိုလ်တို့၏ အခြေအမြစ် အရင်းမူလသည် ရှိ၏။ ဤသဘောကို လိုချင်မှု ‘လောဘ’ဟု ဆိုအပ်၏။
--
ဖျက်ဆီးပြစ်မှားမှု ‘ဒေါသ'
ထိုတွင် အဘယ်သည် ဖျက်ဆီးပြစ်မှားမှု ‘ဒေါသ’ မည်သနည်း။
ငါ၏ အကျိုးမဲ့ကို ပြုကျင့်ခဲ့ပြီဟု ရန်ငြိုးဖွဲ့မှု ‘အာဃာတ'သည် ဖြစ်၏။ ငါ၏ အကျိုးမဲ့ကို ပြုကျင့် ဆဲဟုရန်ငြိုးဖွဲ့မှု ‘အာဃာတ'သည် ဖြစ်၏။ ငါ၏အကျိုးမဲ့ကို ပြုကျင့်လတ္တံဟု ရန်ငြိုးဖွဲ့မှု ‘အာဃာတ’ သည်ဖြစ်၏။ ငါ့ ချစ်သူ ခင်မင်သူ၏ အကျိုးမဲ့ကို ပြုကျင့်ခဲ့ပြီဟု။ပ။ အကျိုးမဲ့ကို ပြုကျင့်ဆဲဟု။ပ။ အကျိုးမဲ့ကိုပြုကျင့်လတ္တံ့ဟု ရန်ငြိုးဖွဲ့မှု ‘အာဃာတ'သည် ဖြစ်၏။ ငါမချစ်သူ မခင်မင်သူ၏ အကျိုး စီးပွါးကိုပြုကျင့်ခဲ့ပြီဟု။ပ။ အကျိုးစီးပွါးကို ပြုကျင့်ဆဲဟု။ပ။ အကျိုးစီးပွါးကို ပြုကျင့်လတ္တံ့ဟု ရန်ငြိုးဖွဲ့မှု ‘အာဃာတ'သည် ဖြစ်၏။ အရာမဟုတ်သည်၌ လည်း ရန်ငြိုးဖွဲ့မှု ‘အာဃာတ'သည် ဖြစ်၏။ ဤသို့သဘောရှိသော စိတ်၏ အကြင်ရန်ငြိုးဖွဲ့မှု ‘အာဃာတ’၊ အထပ်ထပ်ရန်ငြိုးဖွဲ့မှု ‘ပဋိဃာတ’၊ ထိပါးမှု ‘ပဋိဃ’၊ အလွန်ဆန့်ကျင်မှု ‘ပဋိဝိရောဓ’၊ စိတ်ဆိုးမှု ‘ကောပ’၊ အလွန်စိတ်ဆိုးမှု ‘ပကောပ’၊ ပြင်းစွာစိတ်ဆိုးမှု ‘သမ္ပကောပ’၊ ဖျက်ဆီးပြစ်မှားမှု ‘ဒေါသ’၊ လွန်စွာဖျက်ဆီး ပြစ်မှားမှု ‘ပဒေါသ’၊ ပြင်းစွာဖျက်ဆီးပြစ်မှားမှု ‘သမ္ပဒေါသ’၊ စိတ်ဖောက်ပြန်မှု ‘စိတ္တဗျာပတ္တိ’၊ စိတ်ပျက်စီးမှု ‘မနောပဒေါသ’၊ အမျက်ထွက်မှု ‘ကောဓ’၊ အမျက်ထွက်သော အခြင်းအရာ ‘ကုဇ္ဈနာ’၊ အမျက်ထွက်သည်၏ အဖြစ် ‘ကုဇ္ဈိတတ္တ’၊ ဖျက်ဆီးပြစ်မှားမှု ‘ဒေါသ’၊ ဖျက်ဆီးပြစ်မှားသော အခြင်းအရာ ‘ဒုဿနာ’၊ ဖျက်ဆီးပြစ်မှားသည်၏အဖြစ် ‘ဒုဿိတတ္တ’၊ ဖောက်ပြန်ပျက်စီးမှု ‘ဗျာပတ္တိ’၊ ဖောက်ပြန်ပျက်စီးသော အခြင်းအရာ ‘ဗျာပဇ္ဇနာ’၊ ဖောက်ပြန်ပျက်စီးသည်၏ အဖြစ် ‘ဗျာပဇ္ဇိတတ္တ’၊ ဆန့်ကျင်မှု ‘ဝိရေဓ’၊ အထပ်ထပ်ဆန့်ကျင်မှု ‘ပဋိဝိရောဓ’၊ ကြမ်းတမ်းမှု ‘စဏ္ဍိက္က’၊ ကောင်းစွာ မပြောဆိုနိုင်ခြင်း ‘အသုရောပ’၊ စိတ်မနှစ်လိုမှု ‘အနတ္တမနတာ’ သည် ရှိ၏။ ဤသဘောကို ဖျက်ဆီးပြစ်မှားမှု ‘ဒေါသ’ဟု ဆိုအပ်၏။
တွေဝေမှု ‘မောဟ'
ထိုတွင် အဘယ်သည် တွေဝေမှု ‘မောဟ’ မည်သနည်း။
ဆင်းရဲခြင်း၌ မသိမှု၊ ဆင်းရဲဖြစ်ကြောင်း၌ မသိမှု၊ ဆင်းရဲချုပ်ရာ၌ မသိမှု၊ ဆင်းရဲချုပ်ရာသို့ရောက်ကြောင်း အကျင့်၌ မသိမှု၊ ရှေ့အဖို့၌ မသိမှု၊ နောက်အဖို့၌ မသိမှု၊ ရှေ့နောက်အဖို့၌ မသိမှု၊ အကြောင်းကိုစွဲ၍ ဖြစ်ကုန်သော အကျိုးတရား (ဟူသော ပဋိစ္စသမုပ္ပါဒ်) တို့၌ မသိမှုသည် ရှိ၏။ ဤသို့သဘောရှိသော အကြင် မသိမှု ‘အညာဏ’၊ မမြင်မှု ‘အဒဿန’။ပ။ အဝိဇ္ဇာတည်းဟူသော တံခါးကျင် ‘အဝိဇ္ဇာလင်္ဂီ’၊ တွေဝေမှု ‘မောဟ’ဟူသော အကုသိုလ်တို့၏ အခြေအမြစ်အရင်းမူလသည် ရှိ၏။ ဤသဘောကို တွေဝေမှု “မောဟ”ဟု ဆိုအပ်၏။
ဤသည်တို့သည် အကုသိုလ်တို့၏ အခြေအမြစ်အရင်းမူလသုံးပါးတို့တည်း။
--
(၂) အကုသိုလ်ဝိတက်သုံးပါး
၉၁၀။ ထိုတွင် အဘယ်တို့သည် အကုသိုလ်ဝိတက်သုံးပါးတို့နည်း။ ကာမဝိတက်, ဗျာပါဒဝိတက်, ဝိဟိံသာဝိတက်တို့တည်း။
ကာမဝိတက်
ထိုတွင် အဘယ်သည် ကာမဝိတက် မည်သနည်း။
လိုချင်မှု ‘ကာမ'နှင့် စပ်သော ကြံစည်မှု ‘တက္က’၊ အထူးကြံစည်မှု ‘ဝိတက္က’၊ မှားယွင်းသော ကြံစည်မှု ‘မိစ္ဆာသင်္ကပ္ပ'သည် ရှိ၏။ ဤသဘောကို ကာမဝိတက်ဟု ဆိုအပ်၏။
ဗျာပါဒဝိတက်
ထိုတွင် အဘယ်သည် ဗျာပါဒဝိတက် မည်သနည်း။
ပျက်စီးစေလိုမှု ‘ဗျာပါဒ’ နှင့် စပ်သော ကြံစည်မှု ‘တက္က’၊ အထူးကြံစည်မှု ‘ဝိတက္က’၊ မှားယွင်းသောကြံစည်မှု ‘မိစ္ဆာသင်္ကပ္ပ'သည် ရှိ၏။ ဤသဘောကို ဗျာပါဒဝိတက်ဟု ဆိုအပ်၏။
ဝိဟိံသာဝိတက်
ထိုတွင် အဘယ်တို့သည် ဝိဟိံသာဝိတက် မည်သနည်း။
ညှဉ်းဆဲမှု ‘ဝိဟိံသာ'နှင့် စပ်သော ကြံစည်မှု ‘တက္က’၊ အထူးကြံစည်မှု ‘ဝိတက္က’၊ မှားယွင်းသောကြံစည်မှု “မိစ္ဆာသင်္ကပ္ပ"သည် ရှိ၏။ ဤသဘောကို ဝိဟိံသာဝိတက်ဟု ဆိုအပ်၏။
ဤသည်တို့သည် အကုသိုလ်ဝိတက်သုံးပါးတို့တည်း။
(၃) အကုသိုလ်သညာသုံးပါး
၉၁၁။ ထိုတွင် အဘယ်တို့သည် အကုသိုလ်သညာသုံးပါးတို့နည်း။ ကာမသညာ, ဗျာပါဒသညာ, ဝိဟိံသာသညာ တို့တည်း။
ကာမသညာ
ထိုတွင် အဘယ်သည် ကာမသညာ မည်သနည်း။
လိုချင်မှု ‘ကာမ'နှင့် စပ်သော မှတ်သားမှု ‘သညာ’၊ မှတ်သားသော အခြင်းအရာ ‘သဉ္ဇာနနာ’၊ မှတ်သားသည်၏အဖြစ် ‘သဉ္ဇာနိတတ္တ'သည် ရှိ၏။ ဤသဘောကို ‘ကာမသညာ’ဟု ဆိုအပ်၏။
ဗျာပါဒသညာ
ထိုတွင် အဘယ်သည် ဗျာပါဒသညာ မည်သနည်း။
ပျက်စီးစေလိုမှု ‘ဗျာပါဒ'နှင့် စပ်သော မှတ်သားမှု ‘သညာ’၊ မှတ်သားသော အခြင်းအရာ ‘သဉ္ဇာနနာ’၊ မှတ်သားသည်၏အဖြစ် ‘သဉ္ဇာနိတတ္တ’ သည် ရှိ၏။ ဤသဘောကို ‘ဗျာပါဒသညာ’ ဟု ဆိုအပ်၏။
ဝိဟိံသာသညာ
ထိုတွင် အဘယ်သည် ဝိဟိံသာသညာ မည်သနည်း။
'ညှဉ်းဆဲမှု’ ဝိဟိံသာနှင့် စပ်သော မှတ်သားမှု ‘သညာ’၊ မှတ်သားသော အခြင်းအရာ ‘သဉ္ဇာနနာ’၊ မှတ်သားသည်၏အဖြစ် ‘သဉ္ဇာနိတတ္တ'သည် ရှိ၏။ ဤသဘောကို ‘ဝိဟိံသာသညာ’ ဟု ဆိုအပ်၏။
ဤသည်တို့သည် အကုသိုလ်သညာသုံးပါးတို့တည်း။
--
(၄) အကုသိုလ်ဓာတ်သုံးပါး
၉၁၂။ ထိုတွင် အဘယ်တို့သည် အကုသိုလ်ဓာတ်သုံးပါးတို့နည်း။ ကာမဓာတ်, ဗျာပါဒဓာတ်, ဝိဟိံသာဓာတ်တို့တည်း။
ကာမဓာတ်
ထိုတွင် အဘယ်သည် ကာမဓာတ် မည်သနည်း။
ကာမဝိတက်သည် ကာမဓာတ်မည်၏။
ဗျာပါဒဓာတ်
ဗျာပါဒဝိတက်သည် ဗျာပါဒဓာတ်မည်၏။
ဝိဟိံသာဓာတ်
ဝိဟိံသာဝိတက်သည် ဝိဟိံသာဓာတ်မည်၏။ ထိုတွင် အဘယ်သည် “ကာမဝိတက်” မည်သနည်း။
လိုချင်မှု ‘ကာမ'နှင့် စပ်သော ကြံစည်မှု ‘တက္က’၊ အထူးကြံစည်မှု ‘ဝိတက္က’၊ မှားသော ကြံစည်မှု ‘မိစ္ဆာသင်္ကပ္ပ'သည် ရှိ၏။ ဤသဘောကို “ကာမဝိတက်”ဟု ဆိုအပ်၏။
ထိုတွင် အဘယ်သည် “ဗျာပါဒဝိတက်” မည်သနည်း။
ပျက်စီးစေလိုမှု ‘ဗျာပါဒ’ နှင့် စပ်သော ကြံစည်မှု ‘တက္က’၊ အထူးကြံစည်မှု ‘ဝိတက္က’၊ မှားသောကြံစည်မှု ‘မိစ္ဆာသင်္ကပ္ပ'သည် ရှိ၏။ ဤသဘောကို “ဗျာပါဒဝိတက်”ဟု ဆိုအပ်၏။
ထိုတွင် အဘယ်သည် “ဝိဟိံသာဝိတက်” မည်သနည်း။
ညှဉ်းဆဲမှု ‘ဝိဟိံသာ'နှင့် စပ်သော ကြံစည်မှု ‘တက္က’၊ အထူးကြံစည်မှု ‘ဝိတက္က’၊ မှားသော ကြံစည်မှု ‘မိစ္ဆာသင်္ကပ္ပ'သည် ရှိ၏။ ဤသဘောကို “ဝိဟိံသာဝိတက်” ဟု ဆိုအပ်၏။
ဤသည်တို့သည် အကုသိုလ်ဓာတ်သုံးပါးတို့တည်း။
--
(၅) ဒုစရိုက် ၃-ပါး
၉၁၃။ ထိုတွင် အဘယ်တို့သည် ဒုစရိုက်သုံးပါးတို့နည်း။ ကိုယ်ဖြင့် ပြုအပ်သော မကောင်းသော အကျင့် ‘ကာယဒုစရိုက်’၊ နှုတ်ဖြင့် ပြုအပ်သော မကောင်းသော အကျင့် ‘ဝစီဒုစရိုက်’၊ စိတ်ဖြင့် ပြုအပ်သော မကောင်းသော အကျင့် ‘မနောဒုစရိုက်’ တို့တည်း။
ကာယဒုစရိုက်
ထိုတွင် အဘယ်သည် ကိုယ်ဖြင့် ပြုအပ်သော မကောင်းသော အကျင့် ‘ကာယဒုစရိုက်’ မည်သနည်း။
အသက်ကို သတ်ခြင်းသည်၊ မပေးသည်ကို ယူခြင်းသည်၊ ကာမဂုဏ်တို့၌ မှားသော ကျင့်ခြင်းသည် ရှိ၏။ ဤသဘောကို ကိုယ်ဖြင့် ပြုအပ်သော မကောင်းသော အကျင့် ‘ကာယဒုစရိုက်’ဟု ဆိုအပ်၏။
ဝစီဒုစရိုက်
ထိုတွင် အဘယ်သည် နှုတ်ဖြင့် ပြုအပ်သော မကောင်းသော အကျင့် ‘ဝစီဒုစရိုက်’ မည်သနည်း။
မမှန်သည်ကို ပြောဆိုခြင်းသည်၊ ကုန်းစကားကို ပြောဆိုခြင်းသည်၊ ကြမ်းတမ်းသော စကားကိုပြောဆိုခြင်းသည်၊ ပြိန်ဖျင်းသော စကားကို ပြောဆိုခြင်းသည် ရှိ၏။ ဤသဘောကို နှုတ်ဖြင့်ပြုအပ်သော မကောင်းသော အကျင့် ‘ဝစီဒုစရိုက်’ ဟု ဆိုအပ်၏။
မနောဒုစရိုက်
ထိုတွင် အဘယ်သည် စိတ်ဖြင့် ပြုအပ်သော မကောင်းသော အကျင့် ‘မနောဒုစရိုက်’ မည်သနည်း။
သူတစ်ပါးပစ္စည်းကို မတရားလိုချင်တပ်မက်မှု ‘အဘိဇ္ဈာ’၊ ပျက်စီးစေလိုမှု ‘ဗျာပါဒ’၊ မှားသောအယူ ‘မိစ္ဆာဒိဋ္ဌိ'သည် ရှိ၏။ ဤသဘောကို စိတ်ဖြင့် ပြုအပ်သော မကောင်းသော အကျင့် ‘မနောဒုစရိုက်’ဟု ဆိုအပ်၏။
တစ်နည်း ဒုစရိုက် ၃-ပါး
ထိုတွင် အဘယ်သည် ကိုယ်ဖြင့် ပြုအပ်သော မကောင်းသော အကျင့် ‘ကာယဒုစရိုက်’ မည်သနည်း။
အကုသိုလ် ကာယကံသည် ကာယဒုစရိုက်မည်၏၊ အကုသိုလ် ဝစီကံသည် ဝစီဒုစရိုက်မည်၏။
အကုသိုလ် မနောကံသည် မနောဒုစရိုက်မည်၏။ ထိုတွင် အဘယ်သည် အကုသိုလ် ကာယကံ မည်သနည်း။
အကုသိုလ်ဖြစ်သော ကိုယ်၌ ဖြစ်သည့် စေတနာသည် အကုသိုလ်ကာယကံ မည်၏။ အကုသိုလ် ဖြစ်သောနှုတ်၌ ဖြစ်သည့် စေတနာသည် အကုသိုလ်ဝစီကံ မည်၏။ အကုသိုလ်ဖြစ်သော စိတ်၌ ဖြစ်သည့်စေတနာသည် အကုသိုလ်မနောကံမည်၏။ ဤသည်တို့သည် ဒုစရိုက်သုံးပါးတို့တည်း။
--
(၆) အလွန်ယိုစီးမှု ‘အာသဝတရား’ သုံးပါး။
၉၁၄။ ထိုတွင် အဘယ်တို့သည် အလွန်ယိုစီးမှု ‘အာသဝ’ သုံးပါးတို့နည်း။ ကာမ၌ လိုချင်မှုဟူသော ယိုစီးခြင်း ‘ကာမာသဝ’၊ (ရူပ, အရူပ) ဘဝ့၌ တပ်မက်မှုဟူသော ယိုစီးခြင်း ‘ဘဝါသဝ’၊ မသိမှု ‘အဝိဇ္ဇာ’ဟူသော ယိုစီးခြင်း ‘အဝိဇ္ဇာသဝ'တို့တည်း။
ကာမာသဝ
ထိုတွင် အဘယ်သည် ကာမ၌ လိုချင်မှုဟူသော ယိုစီးခြင်း ‘ကာမာသဝ’ မည်သနည်း။
ကာမဂုဏ်တို့၌ အကြင် လိုချင်တောင့်တမှု ‘ကာမစ္ဆန္ဒ’၊ လိုချင်တပ်စွန်းမှု ‘ကာမရာဂ’၊ လိုချင်နှစ်သက်မှု ‘ကာမနန္ဒီ’၊ လိုချင်တပ်မက်မှု ‘ကာမတဏှာ’၊ လိုချင်ကပ်ငြိမှု ‘ကာမသိနေဟ’၊ လိုချင်ပူလောင်မှု ‘ကာမပရိဠာဟ’၊ လိုချင်မိန်းမောမှု ‘ကာမမုစ္ဆာ’၊ မျိုမတတ်လိုချင်မှု ‘ကာမဇ္ဈောသာန'သည် ရှိ၏။ ဤသဘောကို ကာမ၌ လိုချင်မှုဟူသော ယိုစီးခြင်း ‘ကာမာသဝ’ဟု ဆိုအပ်၏။
ဘဝါသဝ
ထိုတွင် အဘယ်သည် (ရူပ, အရူပ) ဘဝ၌ တပ်မက်မှုဟူသော ယိုစီးခြင်း ‘ဘဝါသဝ’ မည်သနည်း။
ရူပဘဝ အရူပဘဝတို့၌ အကြင် လိုချင်တောင့်တမှုဘဝဆန္ဒ။ပ။ ဘဝကို မျိုမတပ် လိုချင်မှု ‘ဘဝဇ္ဈောသာန’ သည် ရှိ၏။ ဤသဘောကို (ရူပ, အရူပ) ဘဝ၌ တပ်မက်မှုဟူသောယိုစီးခြင်း ‘ဘဝါသဝ’ဟု ဆိုအပ်၏။
အဝိဇ္ဇာသဝ
ထိုတွင် အဘယ်သည် မသိမှုအဝိဇ္ဇာဟူသော ယိုစီးခြင်း ‘အဝိဇ္ဇာသဝ’ မည်သနည်း။
ဆင်းရဲမှုဒုက္ခသစ္စာ၌ မသိမှု ‘အညာဏ’။ပ။ တံခါးကျင်နှင့်တူသော မသိမှု ‘အဝိဇ္ဇာလင်္ဂီ’၊ အကုသိုလ်တို့၏ အခြေအမြစ်ဖြစ်သော မသိမှု ‘မောဟအကုသလမူလ'သည် ရှိ၏။ ဤသဘောကို မသိမှုအဝိဇ္ဇာဟူသော ယိုစီခြင်း ‘အဝိဇ္ဇာသဝ’ ဟု ဆိုအပ်၏။
ဤသည်တို့သည် အလွန်ယိုစီးမှုအာသဝတရားသုံးပါးတို့တည်း။
--
(၇) သံယောဇဉ် သုံးပါး
၉၁၅။ ထိုတွင် အဘယ်တို့သည် သံယောဇဉ်သုံးပါးတို့နည်း။
ထင်ရှားရှိသော ခန္ဓာကိုယ်၌ အမြင်မှားမှု ‘သက္ကာယဒိဋ္ဌိ’၊ ယုံမှားမှု ‘ဝိစိကိစ္ဆာ’၊ (ခွေး, နွား စသည်တို့၏) အလေ့အကျင့်တို့ကို (ကိလေသာစင်ကြယ်ကြောင်းဟု) မှားသောအားဖြင့် သုံးသပ်မှု ‘သီလဗ္ဗတပရာမာသ’ တို့တည်း။
သက္ကာယဒိဋ္ဌိ
ထိုတွင် အဘယ်သည် သက္ကာယဒိဋ္ဌိ မည်သနည်း။
ဤသာသနာတော်၌ အကြားအမြင်နည်းပါးသော၊ အရိယာတို့ကို ဖူးမြင်လေ့မရှိသော၊ အရိယာ တရား၌ မလိမ္မာသော၊ အရိယာတရား၌ မဆုံးမအပ်သော၊ သူတော်ကောင်းတို့ကို ဖူးမြင်လေ့မရှိသော၊ သူတော်ကောင်း တရား၌ မလိမ္မာသော၊ သူတော်ကောင်းတရား၌ မဆုံးမအပ်သော ပုထုဇဉ်သည် ရုပ်ကိုအတ္တဟု ရှု၏၊ အတ္တကို ရုပ်ရှိ၏ဟုလည်း ရှု၏၊ အတ္တ၌ ရုပ်ဟုလည်း ရှု၏၊ ရုပ်၌ အတ္တဟုလည်း ရှု၏။ ဝေဒနာကို။ပ။ သညာကို။ပ။ သင်္ခါရတို့ကို။ပ။ ဝိညာဏ်ကို အတ္တဟု ရှု၏၊ အတ္တကို ဝိဉာဏ်ရှိ၏ဟုလည်း ရှု၏၊ အတ္တ၌ ဝိညာဏ်ဟုလည်း ရှု၏၊ ဝိညာဏ်၌ အတ္တဟုလည်း ရှု၏၊ ဤသို့သဘောရှိသော အကြင် မှားသောအမြင် ‘ဒိဋ္ဌိ’၊ မှားသောအယူဖြစ်မှု ‘ဒိဋ္ဌိဂတ’။ပ။ ဖောက်ပြန်မှားယွင်းသောအားဖြင့် စွဲယူမှု ‘ဝိပရိယာသဂ္ဂါဟ'သည် ရှိ၏။ ဤသဘောကို ‘သက္ကာယဒိဋ္ဌိ’ ဟု ဆိုအပ်၏။
ဝိစိကိစ္ဆာ
ထိုတွင် အဘယ်သည် ယုံမှားမှု ‘ဝိစိကိစ္ဆာ’ မည်သနည်း။
ဘုရား၌ ယုံမှား၏၊ တရား၌ ယုံမှား၏၊ သံဃာ၌ ယုံမှား၏၊ ကျင့်ဝတ် (သိက္ခာ)၌ ယုံမှား၏၊ ရှေ့အစွန်း၌ ယုံမှား၏၊ နောက်အစွန်း၌ ယုံမှား၏၊ ရှေ့အစွန်း နောက်အစွန်း၌ ယုံမှား၏၊ အကြောင်းကိုစွဲ၍ အကျိုးဖြစ်မှု ‘ပဋိစ္စသမုပ္ပါဒ်'တရားတို့၌ ယုံမှား၏၊ ဤသို့သဘောရှိသော အကြင်ယုံမှားမှု ‘ကင်္ခါ’၊ ယုံမှားသော အခြင်းအရာ ‘ကင်္ခါယနာ’၊ ယုံမှားတတ်သည်၏အဖြစ် ‘ကင်္ခါယိတတ္တ’၊ စိတ်ခက်တရော်ဖြစ်မှု ‘စိတ္တထမ္ဘိတတ္တ’၊ နှလုံးအရေးအကြောင်းဖြစ်မှု ‘မနောဝိလေခ'သည် ရှိ၏၊ ဤသဘောကို ယုံမှားမှု ‘ဝိစိကိစ္ဆာ’ ဟု ဆိုအပ်၏။
သီလဗ္ဗတပရာမာသ
ထိုတွင် အဘယ်သည် ‘သီလဗ္ဗတပရာမာသ’ မည်သနည်း။
ဤသာသနာတော်မှ အပဖြစ်သော သမဏဗြဟ္မဏတို့၏ (နွား ခွေးစသည်တို၏) အလေ့ ‘သီလ’ ဖြင့် (ကိလေသာ) စင်ကြယ်၏၊ (နွား ခွေးစသည်တို၏) အကျင့် ‘ဝတ'ဖြင့် (ကိလေသာ) စင်ကြယ်၏၊ (နွား ခွေး စသည်တို့၏) အလေ့အကျင့် ‘သီလဗ္ဗတ'ဖြင့် (ကိလေသာ) စင်ကြယ်၏ဟု ဤသို့သဘောရှိသောအကြင် မှားသောအယူ ‘ဒိဋ္ဌိ’၊ မှားသော အယူဖြစ်မှု ‘ဒိဋ္ဌိဂတ’။ပ။ ဖေါက်ပြန်မှားယွင်းသောအားဖြင့်စွဲယူမှု ‘ဝိပရိယာသဂ္ဂါဟ'သည် ရှိ၏။ ဤသဘောကို ‘သီလဗ္ဗတပရာမာသ’ဟု ဆိုအပ်၏။
ဤသည်တို့သည် သံယောဇဉ်သုံးပါးတို့တည်း။
--
(၈) တဏှာသုံးပါး
၉၁၆။ ။ ထိုတွင် အဘယ်တို့သည် တပ်မက်ခြင်း ‘တဏှာ’ သုံးပါးတို့နည်း။ ကာမဂုဏ်၌ တပ်မက်မှု ‘ကာမတဏှာ’၊ ဘဝ၌ တပ်မက်မှု ‘ဘဝတဏှာ’၊ ဘဝကင်းပြတ်သည်၌ တပ်မက်မှု ‘ဝိဘဝတဏှာ'တို့တည်း။
ဘဝတဏှာ
ထိုတွင် အဘယ်သည် ဘဝ၌ တပ်မက်မှု ‘ဘဝတဏှာ’ မည်သနည်း။
ဘဝမြဲ၏ဟု အယူမှားခြင်း ‘ဘဝဒိဋ္ဌိ’ နှင့် တကွသော တပ်မက်မှု ‘ရာဂ’၊ ပြင်းစွာတပ်မက်မှု'သာရာဂ’၊ စိတ်၏ ပြင်းစွာ တပ်မက်မှု ‘စိတ္တသာရာဂ’ သည် ရှိ၏။ ဤသဘောကို ဘဝ၌ တပ်မက်မှု ‘ဘဝတဏှာ’ ဟု ဆိုအပ်၏။
ဝိဘဝတဏှာ
ထိုတွင် အဘယ်သည် ဘဝကင်းပြတ်သည်၌ တပ်မက်မှု ‘ဝိဘဝတဏှာ’ မည်သနည်း။
ဘဝကင်းပြတ်၏ဟု အယူမှားခြင်း ‘ဥစ္ဆေဒဒိဋ္ဌိ’ နှင့် တကွသော တပ်မက်မှု ‘ရာဂ’၊ ပြင်းစွာ တပ်မက်မှု ‘သာရာဂ’၊ စိတ်၏ ပြင်းစွာ တပ်မက်မှု ‘စိတ္တသာရာဂ’ သည် ရှိ၏။ ဤသဘောကို ဘဝ ကင်းပြတ်သည်၌ တပ်မက်မှု ‘ဝိဘဝတဏှာ’ဟု ဆိုအပ်၏။
ကာမတဏှာ
ကြွင်းသော တပ်မက်ခြင်းသည် ကာမဂုဏ်၌ တပ်မက်မှု ‘ကာမတဏှာ’ တည်း။
တစ်နည်းအားဖြင့်-
ထိုတွင်အဘယ်သည်ကာမဂုဏ်၌ တပ်မက်မှု ‘ကာမတဏှာ’ မည်သနည်း။
ကာမဓာတ်နှင့် စပ်သော တပ်မက်မှု ‘ရာဂ’၊ ပြင်းစွာ တပ်မက်မှု ‘သာရာဂ’၊ စိတ်၏ ပြင်းစွာတပ်မက်မှု ‘စိတ္တသာရာဂ'သည် ရှိ၏။ ဤသဘောကို ကာမဂုဏ်၌ တပ်မက်မှု ‘ကာမတဏှာ’ဟု ဆိုအပ်၏။
ရူပဓာတ်, အရူပဓာတ်နှင့် စပ်သော တပ်မက်မှု ‘ရာဂ’၊ ပြင်းစွာ တပ်မက်မှု ‘သာရာဂ’၊ စိတ်၏ ပြင်းစွာတပ်မက်မှု ‘စိတ္တသာရာဂ'သည် ရှိ၏။ ဤသဘောကို ဘဝ၌ တပ်မက်မှု ‘ဘဝတဏှာ’ဟု ဆိုအပ်၏။
ဘဝကင်းပြတ်၏ဟု အယူမှားခြင်း ‘ဥစ္ဆေဒဒဋ္ဌိ'နှင့် တကွသော တပ်မက်မှု ‘ရာဂ’၊ ပြင်းစွာ တပ်မက်မှု့'သာရာဂ’၊ စိတ်၏ ပြင်းစွာ တပ်မက်မှု ‘စိတ္တသာရာဂ’ သည် ရှိ၏။ ဤသဘောကို ဘဝ ကင်းပြတ်သည်၌ တပ်မက်မှု ‘ဝိဘဝတဏှာ’ဟု ဆိုအပ်၏။
ဤသည်တို့သည် တဏှာသုံးပါးတို့တည်း။
--
(၉) တစ်နည်း တဏှာသုံးပါး
၉၁၇။ ။ ထိုတွင် အဘယ်တို့သည် တစ်နည်းအားဖြင့် တပ်မက်ခြင်း တဏှာသုံးပါးတို့နည်း။ ကာမဘုံ၌ တပ်မက်မှု ‘ကာမတဏှာ’၊ ရူပဘုံ၌ တပ်မက်မှု ‘ရူပတဏှာ’၊ အရူပဘုံ၌ တပ်မက်မှု ‘အရူပတဏှာ’ တို့တည်း။
ထိုတွင် အဘယ်သည် ကာမဘုံ၌ တပ်မက်မှု ‘ကာမတဏှာ’ မည်သနည်း။
ကာမဓာတ်နှင့် စပ်သော တပ်မက်မှု ‘ရာဂ’၊ ပြင်းစွာ တပ်မက်မှု ‘သာရာဂ’၊ စိတ်၏ ပြင်းစွာ တပ်မက်မှု ‘စိတ္တသာရာဂ'သည် ရှိ၏။ ဤသဘောကို ကာမဘုံ၌ တပ်မက်မှု ‘ကာမတဏှာ’ ဟု ဆိုအပ်၏။
ထိုတွင် အဘယ်သည် ရူပဘုံ၌ တပ်မက်မှု ‘ရူပတဏှာ’ မည်သနည်း။
ရူပဓာတ်နှင့် စပ်သော တပ်မက်မှု ‘ရာဂ’၊ ပြင်းစွာ တပ်မက်မှု ‘သာရာဂ’၊ စိတ်၏ ပြင်းစွာ တပ်မက်မှု ‘စိတ္တသာရာဂ'သည် ရှိ၏။ ဤသဘောကို ရူပဘုံ၌ တပ်မက်မှု ‘ရူပတဏှာ’ဟု ဆိုအပ်၏။
ထိုတွင် အဘယ်သည် အရူပဘုံ၌ တပ်မက်မှု ‘အရူပတဏှာ’ မည်သနည်း။
အရူပဓာတ်နှင့် စပ်သော တပ်မက်မှု ‘ရာဂ’၊ ပြင်းစွာ တပ်မက်မှု ‘သာရာဂ’၊ စိတ်၏ ပြင်းစွာတပ်မက်မှု ‘စိတ္တသာရာဂ'သည် ရှိ၏။ ဤသဘောကို အရူပဘုံ၌ တပ်မက်မှု ‘အရူပတဏှာ’ဟု ဆိုအပ်၏။
ဤသည်တို့သည် တပ်မက်ခြင်း ‘တဏှာ’ သုံးပါတို့တည်း။
(၁၀) တစ်နည်း တဏှာသုံးပါး
၉၁၈။ ထိုတွင် အဘယ်တို့သည် တစ်နည်းအားဖြင့် တပ်မက်မှု ‘တဏှာ’ သုံးပါးတို့နည်း။ ရူပဘုံ၌ တပ်မက်မှု ‘ရူပတဏှာ’၊ အရူပဘုံ၌ တပ်မက်မှု ‘အရူပတဏှာ’၊ ဘဝချုပ်ငြိမ်းသည်၌ တပ်မက်မှု ‘နိရောဓတဏှာ'တို့တည်း။
ထိုတွင် အဘယ်သည် ရူပဘုံ၌ တပ်မက်မှု ‘ရူပတဏှာ’ မည်သနည်း။
ရူပဓာတ်နှင့် စပ်သော တပ်မက်မှု ‘ရာဂ’၊ ပြင်းစွာ တပ်မက်မှု ‘သာရာဂ’၊ စိတ်၏ ပြင်းစွာ တပ်မက်မှု ‘စိတ္တသာရာဂ'သည် ရှိ၏။ ဤသဘောကို ရူပဘုံ၌ တပ်မက်မှု ‘ရူပတဏှာ’ဟု ဆိုအပ်၏။
ထိုတွင် အဘယ်သည် အရူပဘုံ၌ တပ်မက်မှု ‘အရူပတဏှာ’ မည်သနည်း။
အရူပဓာတ်နှင့် စပ်သော တပ်မက်မှု ‘ရာဂ’၊ ပြင်းစွာတပ်မက်မှု ‘သာရာဂ’၊ စိတ်၏ ပြင်းစွာ တပ်မက်မှု ‘စိတ္တသာရာဂ'သည် ရှိ၏။ ဤသဘောကို အရူပဘုံ၌ တပ်မက်မှု ‘အရူပတဏှာ’ဟု ဆိုအပ်၏။
ထိုတွင် အဘယ်သည် ဘဝချုပ်ငြိမ်းသည်၌ တပ်မက်မှု ‘နိရောဓတဏှာ’ မည်သနည်း။
ဘဝကင်းပြတ်၏ဟု အယူမှားခြင်း ‘ဥစ္ဆေဒဒိဋ္ဌိ'နှင့် တကွသော တပ်မက်မှု ‘ရာဂ’၊ ပြင်းစွာ တပ်မက်မှု ‘သာရာဂ’၊ စိတ်၏ ပြင်းစွာ တပ်မက်မှု ‘စိတ္တသာရာဂ’ သည် ရှိ၏။ ဤသဘောကို ဘဝ ချုပ်ငြိမ်းသည်၌ တပ်မက်မှု ‘နိရောဓတဏှာ’ဟု ဆိုအပ်၏။
ဤသည်တို့သည် တပ်မက်ခြင်း ‘တဏှာ’ သုံးပါးတို့တည်း။
--
(၁၁) ရှာမှီးမှုဧသနာ သုံးပါး
၉၁၉။ ထိုတွင် အဘယ်တို့သည် ရှာမှီးမှု ‘ဧသနာ’ သုံးပါးတို့နည်း။ ကာမဂုဏ်ကို ရှာမှီးမှု ‘ကာမေသနာ’၊ ဘဝကို ရှာမှီးမှု ‘ဘဝေသနာ’၊ (မှားသောအယူ အကျင့်ဖြင့်) ဗြဟ္မစရိယကို ရှာမှီးမှု ‘ဗြဟ္မစရိယေသနာ'တို့တည်း။
ကာမေသနာ
ထိုတွင် အဘယ်သည် ကာမဂုဏ်ကို ရှာမှီးမှု ‘ကာမေသနာ’ မည်သနည်း။
ကာမဂုဏ်တို့၌ အကြင်လိုလားတောင့်တမှု ‘ကာမစ္ဆန္ဒ’။ပ။ မျိုမတတ်လိုလားမှု ‘ကာမဇ္ဈောသာန'သည့်ရှိ၏။ ဤသဘောကို ကာမဂုဏ်ကို ရှာမှီးမှု ‘ကာမေသနာ’ဟု ဆိုအပ်၏။
ဘဝေသနာ
ထိုတွင် အဘယ်သည် ဘဝကို ရှာမှီးမှု ‘ဘဝေသနာ’ မည်သနည်း။
ဘဝတို့၌ အကြင် လိုချင်တောင့်တမှု ‘ဘဝစ္ဆန္ဒ’။ပ။ မျိုမတတ်လိုလားမှု ‘ဘဝဇ္ဈောသာန'သည် ရှိ၏။ ဤသဘောကို ဘဝကို ရှာမှီးမှု ‘ဘဝေသနာ’ဟု ဆိုအပ်၏။
ဗြဟ္မစရိယေသနာ
ထိုတွင် အဘယ်သည် (မှားသော အယူ အကျင့်) ဗြဟ္မစရိယကို ရှာမှီးမှု ‘ဗြဟ္မစရိယေသနာ’ မည်သနည်း။
လောကသည် မြဲ၏ဟု၍လည်းကောင်း၊ လောကသည် မမြဲဟူ၍လည်းကောင်း။ပ။ သတ္တဝါသည်သေပြီးနောက် ဖြစ်သည်လည်း မဟုတ်, မဖြစ်သည်လည်း မဟုတ်ဟူ၍လည်းကောင်း ဤသို့သဘောရှိသော အကြင် မှားသောအမြင် ‘ဒိဋ္ဌိ’၊ မှားသော အယူဖြစ်မှု ‘ဒိဋ္ဌိဂတ’။ပ။ ဖေါက်ပြန်မှားယွင်းသောအားဖြင့် ယူစွဲမှု ‘ဝိပရိယာသဂ္ဂါဟ'သည် ရှိ၏။ ဤသဘောကို (မှားသောအယူ အကျင့်ဖြင့်) ဗြဟ္မစရိယကိုရှားမှီးမှု ‘ဗြဟ္မစရိယေသနာ’ဟု ဆိုအပ်၏။
တစ်နည်းအားဖြင့်ကား-
ထိုတွင်အဘယ်သည် ကာမဂုဏ်ကို ရှာမှီးမှု ‘ကာမေသနာ’ မည်သနည်း။
ကာမဂုဏ်၌ တပ်စွဲခြင်း ‘ကာမရာဂ’၊ ထိုကာမရာဂနှင့် တကွဖြစ်သော အကုသိုလ်ကာယကံ, ဝစီကံ, မနောကံသည် ရှိ၏။ ဤသဘောကို ကာမဂုဏ်ကို ရှာမှီးမှု ‘ကာမေသနာ’ဟု ဆိုအပ်၏။
ထိုတွင် အဘယ်သည် ဘဝကို ရှာမှီးမှု ‘ဘဝေသနာ’ မည်သနည်း။
ဘဝ၌ တပ်ခြင်း ‘ဘဝရာဂ’၊ ထိုဘဝရာဂနှင့် တကွဖြစ်သော အကုသိုလ်ကာယကံ, ဝစီကံ, မနောကံသည် ရှိ၏။ ဤသဘောကို ဘဝကို ရှာမှီးမှု ‘ဘဝေသနာ’ ဟု ဆိုအပ်၏။
ထိုတွင် အဘယ်သည် (မှားသောအယူ အကျင့်ဖြင့်) ဗြဟ္မစရိယကို ရှာမှီးမှု ‘ဗြဟ္မစရိယေသနာ’ မည်သနည်း။
ဘဝသည် အဆုံးရှိ၏ဟု စွဲယူခြင်း ဒိဋ္ဌိ၊ ထိုဒိဋ္ဌိနှင့် တကွဖြစ်သော အကုသိုလ်ကာယကံ, ဝစီကံ, မနောကံသည် ရှိ၏။ ဤသဘောကို (မှားသောအယူ အကျင့်ဖြင့်) ဗြဟ္မစရိယကို ရှာမှီးမှု ‘ဗြဟ္မစရိယေသနာ’ ဟု ဆိုအပ်၏။
ဤသည်တို့သည် ရှာမှီးခြင်း ‘ဧသနာ’ သုံးပါးတို့တည်း။
--
(၁၂) မာန်ထောင်မှု ‘ဝိဓ'သုံးမျိုး
၉၂၀။ ထိုတွင် အဘယ်တို့သည် မာန်ထောင်မှု ‘ဝိဓ’ သုံးမျိုးတို့ မည်သနည်း။
ငါ (သင့်ထက်) မြတ်၏ဟု မာန်ထောင်မှု ‘သေယျဝိဓ’၊ ငါ (သင်နှင့်) တူ၏ဟု မာန်ထောင်မှု ‘သဒိသဝိဓ’၊ ငါ (သင့်အောက်) ယုတ်၏ဟု မာန်ထောင်မှု ‘ဟီနဝိဓ'သည် ရှိ၏။ ဤသည်တို့သည်မာန်ထောင်မှု ‘ဝိဓ'သုံးပါး တို့တည်း။
(၁၃) ဘေးသုံးပါး
၉၂၁။ ထိုတွင် အဘယ်တို့သည် ကြောက်အပ်သော ဘေးသုံးပါးတို့နည်း။ ဖြစ်မှု (ပဋိသန္ဓေနေခြင်း)ဟူသော ဇာတိဘေး၊ အိုမှုဟူသော ဇရာဘေး၊ သေမှုဟူသော မရဏဘေးတို့တည်း။
ဇာတိဘေး
ထိုတွင် အဘယ်သည် ဖြစ်မှုဟူသော ပဋိသန္ဓေနေခြင်း ဇာတိဘေး မည်သနည်း။
ဖြစ်မှု (ပဋိသန္ဓေ) ကို စွဲ၍ ကြောက်ခြင်းသည်၊ ကြောက်ဖွယ်ဖြစ်ခြင်းသည်၊ ကိုယ်ခက်တရော်ဖြစ်ခြင်း သည်၊ အမွေးတို့၏ရွှင်ခြင်း (ကြက်သီးမွေးညင်းထခြင်း) သည် စိတ်ထိတ်လန့်ခြင်းသည် ရှိ၏။ ဤသဘောကို ဖြစ်မှုဟူသော ပဋိသန္ဓေနေခြင်း ဇာတိဘေးဟု ဆိုအပ်၏။
ဇရာဘေး
ထိုတွင် အဘယ်သည် အိုမှုဟူသော ဇရာဘေး မည်သနည်း။
အိုမှုကိုစွဲ၍ ကြောက်ခြင်းသည်၊ ကြောက်ဖွယ်ဖြစ်ခြင်းသည်၊ ကိုယ်ခက်တရော်ဖြစ်ခြင်းသည်၊ အမွေးတို့၏ ရွှင်ခြင်း (ကြက်သီးမွေးညင်းထခြင်း) သည် စိတ်ထိတ်လန့်ခြင်းသည် ရှိ၏။ ဤသဘောကို အိုမှုဟူသော ဇရာဘေး ဟု ဆိုအပ်၏။
မရဏဘေး
ထိုတွင် အဘယ်သည် သေမှုဟူသော မရဏဘေး မည်သနည်း။
သေမှုကိုစွဲ၍ ကြောက်ခြင်းသည်၊ ကြောက်ဖွယ်ဖြစ်ခြင်းသည်၊ ကိုယ်ခက်တရော်ဖြစ်ခြင်းသည်၊ အမွေးတို့၏ ရွှင်ခြင်း (ကြက်သီးမွေးညင်းထခြင်း) သည်၊ စိတ်ထိတ်လန့်ခြင်းသည် ရှိ၏။ ဤသဘောကိုသေမှုဟူသော မရဏဘေးဟု ဆိုအပ်၏။
ဤသည်တို့သည် ကြောက်အပ်သော ဘေးသုံးပါးတို့တည်း။
(၁၄) အမိုက်သုံးပါး
၉၂၂။ ထိုတွင် အဘယ်တို့သည် အမိုက်သုံးပါးတို့နည်း။ အတိတ်ကာလကို အကြောင်းပြု၍ ယုံမှား၏၊ သို့လော သို့လော တွေးတော၏၊ မဆုံးဖြတ်နိုင်၊ မကြည်လင်နိုင်။ အနာဂတ်ကာလကို အကြောင်းပြု၍လည်း ယုံမှား၏၊ သို့လော သို့လော တွေးတော၏၊ မဆုံးဖြတ်နိုင်၊ မကြည်လင်နိုင်။ ယခုပစ္စုပ္ပန်ကာလကို အကြောင်းပြု၍လည်း ယုံမှား၏၊ သို့လောသို့လော တွေးတော၏၊ မဆုံးဖြတ်နိုင်၊ မကြည်လင်နိုင်။ ဤသည်တို့သည် အမိုက်သုံးပါးတို့တည်း။
--
(၁၅) ဆိပ်ကမ်းပမာ တိတ္ထိတို့၏ အယူမှားပေါက်ဖွားရာ အကြောင်းသုံးပါး
၉၂၃။ ထိုတွင် အဘယ်တို့သည် ဆိပ်ကမ်းပမာ တိတ္ထိတို့၏ အယူမှား ပေါက်ဖွားရာ အကြောင်းသုံးပါးတို့နည်း။
ပုဗ္ဗကမ္မဝါဒ
ဤလောက၌ အချို့သော သမဏဗြာဟ္မဏသည် ဤသို့ ဝါဒရှိ၏၊ ဤသို့ အယူရှိ၏- “ဤသတ္တဝါဖြစ်သော ပုဂ္ဂိုလ်သည် အကြင်တစ်စုံတစ်ခုသော ချမ်းသာသုခကို ဖြစ်စေ၊ ဆင်းရဲဒုက္ခကို ဖြစ်စေ၊ ချမ်းသာဆင်းရဲမဟုတ်သည့် (ဥပေက္ခာ) ကို ဖြစ်စေ ခံစား၏။ ထိုခံစားမှုအားလုံးသည် ရှေးကပြုဖူးသော အကြောင်းကံကြောင့်သာလျှင် ဖြစ်၏”ဟု အယူရှိ၏။
ဣဿရနိမ္မာနဝါဒ
ဤလောက၌ အချို့သော သမဏဗြာဟ္မဏသည်ကား ဤသို့ ဝါဒရှိ၏၊ ဤသို့အယူရှိ၏- “ဤသတ္တဝါဖြစ်သော ပုဂ္ဂိုလ်သည် အကြင် တစ်စုံတစ်ခုသော ချမ်းသာ သုခကိုဖြစ်စေ၊ ဆင်းရဲဒုက္ခကို ဖြစ်စေ၊ ချမ်းသာဆင်းရဲမဟုတ်သည့် (ဥပေက္ခာ) ကို ဖြစ်စေ ခံစား၏။ ထိုခံစားမှုအားလုံးသည် လောကကို အစိုးရသည့် ဗြဟ္မာကြီး ဖန်ဆင်းမှုဟူသောအကြောင်းကြောင့်သာလျှင် ဖြစ်၏” ဟု အယူရှိ၏။
အဟေတုကဝါဒ
ဤလောက၌ အချို့သော သမဏဗြာဟ္မဏသည်ကား ဤသို့ ဝါဒရှိ၏၊ ဤသို့ အယူရှိ၏- “ဤသတ္တဝါဖြစ်သော ပုဂ္ဂိုလ်သည် အကြင်တစ်စုံတစ်ခုသော ချမ်းသာသုခကို ဖြစ်စေ၊ ဆင်းရဲဒုက္ခကို ဖြစ်စေ၊ ချမ်းသာဆင်းရဲမဟုတ်သည့် (ဥပေက္ခာ) ကို ဖြစ်စေ ခံစား၏။ ထိုခံစားမှုအားလုံးသည် အကြောင်း မရှိဘဲ၊ အထောက်အပံ့မရှိဘဲ ဖြစ်၏”ဟု အယူရှိ၏။ ဤသည်တို့သည် ဆိပ်ကမ်းပမာ တိတ္ထိတို့၏ အယူမှားပေါက်ဖွားရာ အကြောင်းသုံးပါးတို့တည်း။
(၁၆) ကြောင့်ကြခြင်းသုံးပါး
၉၂၄။ ထိုတွင် အဘယ်တို့သည် ကြောင့်ကြခြင်း ‘ကိဉ္စန’ သုံးပါးတို့နည်း။ တပ်မက်မှု ‘ရာဂ’ ဟူသော ကြောင့်ကြခြင်း၊ ပြစ်မှားမှု ‘ဒေါသ’ဟူသော ကြောင့်ကြခြင်း၊ တွေဝေမှု ‘မောဟ’ဟူသော ကြောင့်ကြခြင်းတို့တည်း။
ဤသည်တို့သည် ကြောင့်ကြခြင်း ‘ကိဉ္စန’ သုံးပါးတို့တည်း။
(၁၇) ကိလေသာ ‘အင်္ဂဏ’ သုံးပါး
(၁၇) ကိလေသာ ‘အင်္ဂဏ’ သုံးပါးထိုတွင် အဘယ်တို့သည် ကိလေသာ ‘အင်္ဂဏ’ သုံးပါးတို့နည်း။
တပ်မက်မှု ‘ရာဂ'ကိလေသာ၊ ပြစ်မှားမှု ‘ဒေါသ'ကိလေသာ၊ တွေဝေမှု ‘မောဟ'ကိလေသာတို့တည်း။
ဤသည်တို့သည် ကိလေသာ ‘အင်္ဂဏ’ သုံးပါးတို့တည်း။
(၁၈) အညစ်အကြေးသုံးပါး
(၁၈) အညစ်အကြေးသုံးပါးထိုတွင် အဘယ်တို့သည် အညစ်အကြေး ‘မလ’ သုံးပါးတို့နည်း။ တပ်မက်မှု ‘ရာဂ’ အညစ်အကြေး၊ ပြစ်မှားမှု ‘ဒေါသ’ အညစ်အကြေး၊ တွေဝေမှု ‘မောဟ’ အညစ်အကြေးတို့တည်း။
ဤသည်တို့သည် အညစ်အကြေး ‘မလ’ သုံးပါးတို့တည်း။
--
(၁၉) မညီညွတ်ခြင်းသုံးပါး
ထိုတွင် အဘယ်တို့သည် မညီညွတ်ခြင်း ‘ဝိသမ’ သုံးပါးတို့နည်း။ တပ်မက်မှု ‘ရာဂ'မညီညွတ်ခြင်း၊ ပြစ်မှားမှု ‘ဒေါသ'မညီညွတ်ခြင်း၊ တွေဝေမှု ‘မောဟ'မညီညွတ်ခြင်း တို့တည်း။
ဤသည်တို့သည် မညီညွတ်ခြင်း ‘ဝိသမ’ သုံးပါးတို့တည်း။
(၂၀) တစ်နည်း မညီညွတ်ခြင်းသုံးပါး
ထိုတွင် အဘယ်တို့သည် တစ်နည်းအားဖြင့် မညီညွတ်ခြင်း ‘ဝိသမ’ သုံးပါးတို့နည်း။ ကိုယ်မညီညွတ်ခြင်း၊ နှုတ်မညီညွတ်ခြင်း၊ စိတ်မညီညွတ်ခြင်းတို့တည်း။
ဤသည်တို့သည် မညီညွတ်ခြင်း ‘ဝိသမ’ သုံးပါးတို့တည်း။
(၂၁) မီးသုံးပါး
ထိုတွင် အဘယ်တို့သည် မီးသုံးပါးတို့နည်း။ တပ်မက်မှု ‘ရာဂ’ မီး၊ စိတ်ဆိုးမှု ‘ဒေါသ’ မီး၊ တွေဝေမှု ‘မောဟ’ မီးတို့တည်း။
ဤသည်တို့သည် မီးသုံးပါးတို့တည်း။
(၂၂) ဖန်ရည်သုံးပါး
ထိုတွင် အဘယ်တို့သည် ဖန်ရည် ‘ကသာဝ’ သုံးပါးတို့နည်း။ တပ်မက်မှုဖန်ရည် ‘ရာဂကသာဝ’၊ စိတ်ဆိုးမူမှုဖန်ရည် ‘ဒေါသကသာဝ’၊ တွေဝေမှုဖန်ရည် ‘မောဟကသာဝ’ တို့တည်း။
ဤသည်တို့သည် ဖန်ရည် ‘ကသာဝ’ သုံးပါးတို့တည်း။
(၂၃) တစ်နည်း ဖန်ရည်သုံးပါး
ထိုတွင် အဘယ်တို့သည် တစ်နည်းအားဖြင့် ဖန်ရည် ‘ကသာဝ’ သုံးပါးတို့နည်း။ ကိုယ်ဖန်ရည် ‘ကာယကသာဝ’၊ နှုတ်ဖန်ရည် ‘ဝစီကသာဝ’၊ စိတ်ဖန်ရည် ‘မနောကသာဝ’ တို့တည်း။
ဤသည်တို့သည် ဖန်ရည် ‘ကသာဝ’ သုံးပါးတို့တည်း။
--
(၂၄) သာယာမှုနှင့်စပ်သော မှားသောအယူ ‘အဿာဒဒိဋ္ဌိ'
၉၂၅။ ထိုတွင် အဘယ်သည် သာယာမှုနှင့်စပ်သော မှားသော အယူ ‘အဿာဒဒိဋ္ဌိ’ မည်သနည်း။
ဤလောက၌ အချို့သော သမဏဗြာဟ္မဏသည် ဤသို့ ပြောလေ့ရှိ၏၊ ဤသို့ယူလေ့ရှိ၏- “ကာမဂုဏ်တို့၌ (ခံစားခြင်းသည်) အပြစ်မရှိ”ဟု အယူရှိ၏။ ထိုသူသည် ကာမဂုဏ်တို့၌ သုံးဆောင် ခံစားခြင်းသို့ ရောက်၏။ ဤသဘောကို သာယာမှုနှင့်စပ်သော မှားသောအယူ ‘အဿာဒဒိဋ္ဌိ’ဟု ဆိုအပ်၏။
အတ္တကို စွဲ၍ ဖြစ်သော မှားသောအယူ ‘အတ္တာနုဒိဋ္ဌိ'ထိုတွင် အဘယ်သည် အတ္တကို စွဲ၍ ဖြစ်သော မှားသောအယူ ‘အတ္တာနုဒိဋ္ဌိ’ မည်သနည်း။
ဤလောက၌ အကြားအမြင်နည်းသော၊ အရိယာတို့ကို မဖူးမြင်ဖူးသော၊ အရိယာတရား၌ မလိမ္မာသော၊ အရိယာတရား၌ မဆုံးမအပ်သော၊ သူတော်ကောင်းတို့ကို မဖူးမြင်ဖူးသော၊ သူတော် ကောင်းတရား၌ မလိမ္မာသော၊ သူတော်ကောင်းတရား၌ မဆုံးမအပ်သော ပုထုဇဉ်သည် ရုပ်ကို အတ္တဟု ရှု၏၊ အတ္တကိုရုပ်ရှိ၏ဟုလည်း ရှု၏၊ အတ္တ၌ ရုပ်ဟုလည်း ရှု၏၊ ရုပ်၌ အတ္တဟုလည်း ရှု၏။ ဝေဒနာကို။ပ။ သညာကို။ပ။ သင်္ခါရတို့ကို။ပ။ ဝိညာဏ်ကို အတ္တဟု ရှု၏၊ အတ္တကို ဝိညာဏ်ရှိ၏ဟုလည်း ရှု၏၊ အတ္တ၌ ဝိညာဏ်ဟုလည်း ရှု၏၊ ဝိညာဏ်၌ အတ္တဟုလည်း ရှု၏၊ ဤသို့သဘောရှိသော အကြင် မှားသော အယူ ‘ဒိဋ္ဌိ'သည်၊ မှားသောအယူဖြစ်ခြင်း ‘ဒိဋ္ဌိဂတ’ သည်။ပ။ ဖောက်ပြန်မှားယွင်းသောအားဖြင့် စွဲယူခြင်း ‘ဝိပရိယာသဂ္ဂါဟ'သည် ရှိ၏။ ဤသဘောကို အတ္တကို စွဲ၍ ဖြစ်သော မှားသော အယူ ‘အတ္တာနုဒိဋ္ဌိ’ဟု ဆိုအပ်၏။
မှားသောအယူ ‘မိစ္ဆာဒိဋ္ဌိ'ထိုတွင် အဘယ်သည် မှားသောအယူ ‘မိစ္ဆာဒိဋ္ဌိ’ မည်သနည်း။
ပေးလှူခြင်း (အကျိုး) သည် မရှိ၊ ယဇ်ကြီး (အလှူကြီး) ပူဇော်ရခြင်းအကျိုးသည် မရှိ။ပ။ ဤလောကကိုလည်းကောင်း၊ တမလွန်လောကကိုလည်းကောင်း ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် သိ၍မျက်မှောက်ပြုကာ ဟောကြားနိုင်ကုန်သော၊ ဖြောင့်မှန်သော အရိယမဂ်သို့ ရောက်ကုန်သော၊ ကောင်းသော အကျင့်ရှိကုန်သော သမဏဗြာဟ္မဏတို့သည် လောက၌ မရှိကုန်ဟု ဤသို့သဘောရှိသော အကြင်မှားသောအယူ ‘ဒိဋ္ဌိ'သည်၊ မှားသော အယူဖြစ်ခြင်း ‘ဒိဋ္ဌိဂတ'သည်။ပ။ ဖောက်ပြန်မှားယွင်းသောအားဖြင့်စွဲယူခြင်း ‘ဝိပရိယာသဂ္ဂါဟ’ သည် ရှိ၏။ ဤသဘောကို မှားသောအယူ ‘မိစ္ဆာဒိဋ္ဌိ’ဟု ဆိုအပ်၏။
အဿာဒဒိဋ္ဌိသည် သဿတဒိဋ္ဌိမည်၏။ အတ္တာနုဒိဋ္ဌိသည် သက္ကာယဒိဋ္ဌိမည်၏။ မိစ္ဆာဒိဋ္ဌိသည် ဥစ္ဆေဒဒိဋ္ဌိမည်၏။
--
(၂၅) မမွေ့လျော်မှု ‘အရတိ'
၉၂၆။ ထိုတွင် အဘယ်သည် မမွေ့လျော်မှု ‘အရတိ’ မည်သနည်း။
အစွန်အဖျားကျသော တောကျောင်းတို့၌လည်းကောင်း၊ အမှတ်မထား တစ်ပါးပါးကုန်သော လွန်ကဲသော ကုသိုလ်တရားတို့၌လည်းကောင်း မမွေ့လျော်မှု ‘အရတိ’၊ မမွေ့လျော်သော အခြင်းအရာ ‘အရတိတာ’၊ အလွန် မမွေ့လျော်မှု ‘အနဘိရတိ’၊ အလွန်မမွေ့လျော်သော အခြင်းအရာ ‘အနဘိရမဏာ’၊ ပျင်းရိမှု ‘ဥက္ကဏ္ဌိတာ’၊ ခြောက်တပ်မှု ‘ပရိတဿိတာ'သည် ရှိ၏။ ဤသဘောကို မမွေ့လျော်မှု ‘အရတိ’ဟု ဆိုအပ်၏။
ညှဉ်းဆဲခြင်း ‘ဝိဟေသာ'
ထိုတွင် အဘယ်သည် ညှဉ်းဆဲမှု ‘ဝိဟေသာ’ မည်သနည်း။
ဤလောက၌ အချို့သူသည် လက်ဖြင့်လည်းကောင်း၊ ခဲဖြင့်လည်းကောင်း၊ တုတ်ဖြင့်လည်းကောင်း၊ ဓါးဖြင့်လည်းကောင်း၊ ကြိုးဖြင့်လည်းကောင်း အမှတ်မထား တစ်ပါးပါးဖြင့် သတ္တဝါတို့ကို ညှဉ်းဆဲ၏။ ဤသို့ သဘောရှိသော အကြင်နှိပ်စက်မှု ‘ဟေဌနာ’၊ အထူးနှိပ်စက်မှု ‘ဝိဟေဌနာ’၊ ညှဉ်းဆဲမှု ‘ဟိံသနာ’၊ အထူး ညှဉ်းဆဲမှု ‘ဝိဟိံသနာ’၊ ခြုတ်ခြယ်မှု ‘ရောသနာ’၊ အထူးခြုတ်ခြယ်မှု ‘ဝိရောသနာ’၊ သူတစ်ပါးကို သတ်မှု ‘ပရူပဃာတ'သည် ရှိ၏။ ဤသဘောကို ညှဉ်းဆဲမှု ‘ဝိဟေသာ’ ဟု ဆိုအပ်၏။
မတရားကျင့်မှု ‘အဓမ္မစရိယ'
ထိုတွင် အဘယ်သည် မတရားကျင့်မှု ‘အဓမ္မစရိယ’ မည်သနည်း။
ကိုယ်ဖြင့် မတရားကျင့်မှုမညီမမျှကျင့်မှု၊ နှုတ်ဖြင့် မတရားကျင့်မှုမညီမမျှကျင့်မှု၊ စိတ်ဖြင့်မတရားကျင့်မှုမညီမမျှကျင့်မှုသည် ရှိ၏။ ဤသဘောကို မတရားကျင့်မှု ‘အဓမ္မစရိယ’ ဟု ဆိုအပ်၏။
--
(၂၆) ဆိုဆုံးမခက်မှု ‘ဒေါဝစဿတာ'
၉၂၇။ ထိုတွင် အဘယ်သည် ဆိုဆုံးမခက်မှု ‘ဒေါဝစဿတာ’ မည်သနည်း။
အကြောင်းနှင့်တကွ ပြောဆိုသည်ရှိသော် အပြောအဆိုခက်မှုသည်၊ အပြောအဆိုခက်သော အခြင်း အရာသည် အပြောအဆိုခက်သည်၏အဖြစ်သည်၊ မလျော်သည်ကို ယူခြင်းသည်၊ ဆန့်ကျင်ဘက်ကိုသာယာ ခြင်းသည်၊ မရိုသေခြင်းသည်၊ မရိုသေသည်၏ အဖြစ်သည်၊ အလေးမပြုခြင်းသည်၊ မတုပ်ဝပ်ခြင်းသည် ရှိ၏။ ဤသဘောကို ဆိုဆုံးမခက်မှု ‘ဒေါဝစဿတာ’ဟု ဆိုအပ်၏။
မိတ်ဆွေယုတ်ရှိခြင်း ‘ပါပမိတ္တတာ'
ထိုတွင် အဘယ်သည် မိတ်ဆွေယုတ်ရှိမှု ‘ပါပမိတ္တတာ’ မည်သနည်း။
အကြင် ပုဂ္ဂိုလ်တို့သည် သဒ္ဓါတရားမရှိကုန်၊ သီလမရှိကုန်၊ အကြားအမြင်နည်းကုန်၏၊ ဝန်တို ကုန်၏၊ ပညာနည်းကုန်၏၊ ထိုသူတို့ကို အကြင် မှီဝဲခြင်းသည်၊ အမြဲမှီဝဲခြင်းသည်၊ ကောင်းစွာ မှီဝဲခြင်း သည်၊ အထပ်ထပ် မှီဝဲခြင်းသည်၊ ဆည်းကပ်ခြင်းသည်၊ ကောင်းစွာ ဆည်းကပ်ခြင်းသည်၊ ခစားခြင်း သည်၊ ကောင်းစွာ ခစားခြင်းသည်၊ ထိုသူတို့၌ ကိုယ်စိတ်အားဖြင့် ညွတ်ကိုင်းသည်၏ အဖြစ်သည် ရှိ၏၊ ဤသဘောကို မိတ်ဆွေယုတ်ရှိမှု ‘ပါပမိတ္တတာ’ဟု ဆိုအပ်၏။
အမျိုးမျိုးသော အမှတ်သညာ ‘နာနတ္တသညာ'
ထိုတွင် အဘယ်တို့သည် အမျိုးမျိုးသော အမှတ်သညာ ‘နာနတ္တသညာ’ တို့ မည်သနည်း။
လိုချင်မှု ‘ကာမ'အမှတ်သညာ၊ အမျက်ထွက်မှု ‘ဒေါသ'အမှတ်သညာ၊ ညှဉ်းဆဲမှု ‘ဝိဟိံသာ'အမှတ်သညာတို့တည်း။ ဤသဘောကို အမျိုးမျိုးသော အမှတ်သညာ ‘နာနတ္တသညာ’ ဟု ဆိုအပ်၏။
အကုသိုလ်အမှတ်သညာ အလုံးစုံတို့သည်လည်း အမျိုးမျိုးသော အမှတ်သညာ ‘နာနတ္တသညာ’ တို့တည်း။
--
(၂၇) ပျံ့လွင့်မှု ‘ဥဒ္စစ္စ'
၉၂၈။ ထိုတွင် အဘယ်သည် ပျံ့လွင့်မှု ‘ဥဒ္စစ္စ’ မည်သနည်း။
စိတ်၏ အကြင် ပျံ့လွင့်မှုသည်၊ မငြိမ်သက်မှုသည်၊ စိတ်ပစ်လွင့်မှုသည်၊ စိတ်တုန်လှုပ်မှုသည် ရှိ၏။ ဤသဘောကို ပျံ့လွင့်မှု ‘ဥဒ္စစ္စ’ဟု ဆိုအပ်၏။
ပျင်းရိမှု ‘ကောသဇ္ဇ'
ထိုတွင် အဘယ်သည် ပျင်းရိမှု ‘ကောသဇ္ဇ’ မည်သနည်း။
ကိုယ်ဖြင့် ပြုအပ်သော ကာယဒုစရိုက်၌လည်းကောင်း၊ နှုတ်ဖြင့် ပြုအပ်သော ဝစီဒုစရိုက်၌လည်းကောင်း၊ စိတ်ဖြင့် ပြုအပ်သော မနောဒုစရိုက်၌လည်းကောင်း၊ ကာမဂုဏ်ငါးပါးတို့၌လည်းကောင်းစိတ်ကို လွှတ်ထားခြင်းသည်၊ လွှတ်ထားခြင်းကို အားပေးခြင်းသည်၊ ကုသိုလ်တရားတို့ကို တိုးပွါးစေရန်ရိုရို သေသေပြုခြင်းမရှိသူ၏အဖြစ်သည်၊ အမြဲမပြတ်ပြုခြင်းမရှိသူ၏ အဖြစ်သည်၊ မရပ်မနားပြုခြင်းမရှိသူ၏အဖြစ်သည်၊ တွန့်ဆုတ်သော ဖြစ်ခြင်းရှိသူ၏ အဖြစ်သည်၊ အလိုဆန္ဒကို ချထားသူ၏ အဖြစ်သည်၊ တာဝန်ကို ချထားသူ၏အဖြစ်သည်၊ မမှီဝဲခြင်းသည်၊ မပွါးများခြင်းသည်၊ အကြိမ်များစွာ မပြုခြင်းသည်၊ ကောင်းမှု၌ စွဲမြဲစွာ တည်တံ့ခြင်းမရှိသည်၊ အဖန်ဖန် အားမထုတ်ခြင်းသည်၊ မေ့လျော့ခြင်းသည် ရှိ၏။ ဤသဘောကို ပျင်းရိမှု ‘ကောသဇ္ဇ’ဟု ဆိုအပ်၏။
မေ့လျော့ခြင်း ‘ပမာဒ'
ထိုတွင် အဘယ်သည် မေ့လျော့မှု (ပမာဒ) မည်သနည်း။
ကိုယ်ဖြင့် ပြုအပ်သော ကာယဒုစရိုက်၌လည်းကောင်း၊ နှုတ်ဖြင့် ပြုအပ်သော ဝစီဒုစရိုက်၌လည်းကောင်း၊ စိတ်ဖြင့် ပြုအပ်သော မနောဒုစရိုက်၌လည်းကောင်း၊ ကာမဂုဏ်ငါးပါးတို့၌လည်းကောင်း၊ စိတ်ကို လွှတ်ထားခြင်းသည်၊ လွှတ်ထားခြင်းကို အားပေးခြင်းသည်၊ ကုသိုလ်တရားတို့ကို တိုးပွါးစေရန်ရိုရို သေသေပြုခြင်းမရှိသူ၏ အဖြစ်သည်၊ အမြဲမပြတ်ပြုခြင်းမရှိသူ၏ အဖြစ်သည်၊ မရပ်မနားပြုခြင်းမရှိသူ၏ အဖြစ်သည်၊ တွန့်ဆုတ်သော ဖြစ်ခြင်းရှိသူ၏ အဖြစ်သည်၊ အလိုဆန္ဒကိုချထားသူ၏ အဖြစ်သည်၊ တာဝန်ကို ချထားသူ၏ အဖြစ်သည်၊ မမှီဝဲခြင်းသည်၊ မပွါးများခြင်းသည်၊ အကြိမ်များစွာ မပြုခြင်းသည်၊ ကောင်းမှု၌ စွဲမြဲစွာ တည်တံ့ခြင်း မရှိသည်၊ အဖန်ဖန်အားမထုတ်ခြင်းသည်၊ မေ့လျော့ခြင်းသည် ရှိ၏။ ဤသို့သဘောရှိသော အကြင် မေ့လျော့မှု ‘ပမာဒ’၊ မေ့လျော့သော အခြင်းအရာ ‘ပမဇ္ဇနာ’၊ မေ့လျော့ တတ်သည်၏ အဖြစ် ‘ပမဇ္ဇိတတ္တ'သည် ရှိ၏၊ ဤသဘောကို မေ့လျော့ခြင်း ‘ပမာဒ’ ဟု ဆိုအပ်၏။
--
(၂၈) မရောင့်ရဲမှု ‘အသန္တုဋ္ဌိတာ'
၉၂၉။ ထိုတွင် အဘယ်သည် မရောင့်ရဲမှု ‘အသန္တုဋ္ဌိတာ’ မည်သနည်း။
တစ်ပါးပါးသော သင်္ကန်း, ဆွမ်း, ကျောင်း, သူနာ၏ အထောက်အပံ့ဆေး အသုံးအဆောင်တို့ဖြင့်လည်းကောင်း၊ ကာမဂုဏ်ငါးပါးတို့ဖြင့်လည်းကောင်း မရောင့်ရဲသူအား များစွာလိုချင်ခြင်းသည် ရှိ၏။ ဤသို့သဘော ရှိသော အကြင်လိုချင်မှု ‘ဣစ္ဆာ’၊ လိုချင်မှုဖြစ်ခြင်း ‘ဣစ္ဆာဂတ’၊ မရောင့်ရဲမှု ‘အသန္တုဋ္ဌိတာ’၊ တပ်မက်မှု ‘ရာဂ’၊ ပြင်းစွာတပ်မက်မှု ‘သာရာဂ’၊ စိတ်၏ ပြင်းစွာတပ်မက်မှု ‘စိတ္တသာရာဂ'သည် ရှိ၏။ ဤသဘောကို မရောင့်ရဲမှု ‘အသန္တုဋ္ဌိတာ’ဟု ဆိုအပ်၏။
ပညာမရှိမှု ‘အသမ္ပဇညတာ'
ထိုတွင် အဘယ်သည် ပညာမရှိမှု ‘အသမ္ပဇညတာ’ မည်သနည်း။
အကြင် မသိမှု ‘အညာဏ’၊ မမြင်မှု ‘အဒဿန’။ပ။ တံခါးကျည် မင်းတုပ်နှင့်တူသော မသိမှု ‘အဝိဇ္ဇာလဂ Ð’၊ အကုသိုလ်တို့၏ အခြေအမြစ်ဖြစ်သော တွေဝေမှု ‘အကုသလမှုလ'သည် ရှိ၏၊ ဤသဘောကို ပညာမရှိမှု ‘အသမ္ပဇညတာ’ဟု ဆိုအပ်၏။
အလိုကြီးမှု ‘မဟိစ္ဆတာ'
ထိုတွင် အဘယ်သည် အလိုကြီးမှု ‘မဟိစ္ဆတာ’ မည်သနည်း။
တစ်ပါးပါးသော သင်္ကန်း, ဆွမ်း, ကျောင်း, သူနာ၏ အထောက်အပံ့ဆေး အသုံးအဆောင်တို့ဖြင့်လည်းကောင်း၊ ကာမဂုဏ်ငါးပါးတို့ဖြင့်လည်းကောင်း မရောင့်ရဲသူအား များစွာလိုချင်ခြင်းသည် ရှိ၏။ ဤသို့သဘောရှိသော အကြင် လိုချင်မှု ‘ဣစ္ဆာ’၊ လိုချင်မှုဖြစ်ခြင်း ‘ဣစ္ဆာဂတ’၊ အလိုကြီးမှု ‘မဟိစ္ဆတာ’၊ တပ်မက်မှု ‘ရာဂ’၊ ပြင်းစွာ တပ်မက်မှု ‘သာရာဂ’၊ စိတ်၏ ပြင်းစွာတပ်မက်မှု ‘စိတ္တသာရာဂ'သည် ရှိ၏။ ဤသဘောကို အလိုကြီးမှု ‘မဟိစ္ဆတာ’ ဟု ဆိုအပ်၏။
--
(၂၉) အရှက်မရှိခြင်း ‘အဟိရိက'
၉၃၀။ ထိုတွင် အဘယ်သည် အရှက်မရှိမှု ‘အဟိရိက’ မည်သနည်း။
အကြင်သဘောသည် ရှက်သင့်သော ကာယဒုစရိုက်စသည်ကို မရှက်တတ်၊ ယုတ်မာသော အကုသိုလ်တရားများသို့ ရောက်ခြင်းကို မရှက်တတ်၊ ဤသဘောကို အရှက်မရှိမှု ‘အဟိရိက’ဟု ဆိုအပ်၏။
အကြောက်အလန့်မရှိမှု ‘အနောတ္တပ္ပ'
ထိုတွင် အဘယ်သည် အကြောက်အလန့်မရှိမှု ‘အနောတ္တပ္ပ’ မည်သနည်း။
အကြင် သဘောကို ကြောက်လန့်သင့်သော ကာယဒုစရိုက်စသည်မှ မကြောက်လန့်တတ်၊ ယုတ်မာသော အကုသိုလ်တရားများသို့ ရောက်ခြင်းမှ မကြောက်လန့်တတ်၊ ဤသဘောကို အကြောက်အလန့်မရှိမှု ‘အနောတ္တပ္ပ’ဟု ဆိုအပ်၏။
မေ့လျော့မှု ‘ပမာဒ'
ထိုတွင် အဘယ်သည် မေ့လျော့မှု ‘ပမာဒ’ မည်သနည်း။
ကိုယ်ဖြင့် ပြုအပ်သော ကာယဒုစရိုက်၌လည်းကောင်း၊ နှုတ်ဖြင့် ပြုအပ်သော ဝစီဒုစရိုက်၌လည်းကောင်း၊ စိတ်ဖြင့် ပြုအပ်သော မနောဒုစရိုက်၌လည်းကောင်း၊ ကာမဂုဏ်ငါပါးတို့၌လည်းကောင်း စိတ်ကို့လွှတ်ထားခြင်းသည်၊ လွှတ်ထားခြင်းကို အားပေးခြင်းသည်၊ ကုသိုလ်တရားတို့ကို တိုးပွါးစေရန် ရိုရိုသေသေပြုခြင်းမရှိသူ၏ အဖြစ်သည်၊ အမြဲမပြတ်ပြုခြင်းမရှိသူ၏ အဖြစ်သည်၊ မရပ်မနားပြုခြင်းမရှိသူ၏အဖြစ်သည်၊ တွန့်ဆုတ်သော ဖြစ်ခြင်းရှိသူ၏ အဖြစ်သည်၊ အလိုဆန္ဒကို ချထားသူ၏ အဖြစ်သည်၊ တာဝန်ကို ချထားသူ၏ အဖြစ်သည်၊ မမှီဝဲခြင်းသည်၊ မပွါးများခြင်းသည်၊ အကြိမ်များစွာ မပြုခြင်းသည်၊ ကောင်းမှု၌ စွဲမြဲစွာ တည်တံ့ခြင်း မရှိသည်၊ အဖန်ဖန် အားမထုတ်ခြင်းသည်၊ မေ့လျော့ခြင်းသည် ရှိ၏။ ဤသို့သဘောရှိသော အကြင် မေ့လျော့မှု ‘ပမာဒ’၊ မေ့လျော့သော အခြင်းအရာ ‘ပမဇ္ဇနာ’၊ မေ့လျော့တတ်သည်၏အဖြစ် ‘ပမဇ္ဇိတတ္တ'သည် ရှိ၏၊ ဤသဘောကို မေ့လျော့ခြင်း ‘ပမာဒ’ ဟု ဆိုအပ်၏။
--
(၃၀) မရိုသေခြင်း ‘အနာဒရိယ'
၉၃၁။ ထိုတွင် အဘယ်သည် မရိုသေမှု ‘အနာဒရိယ’ မည်သနည်း။
မရိုသေမှု ‘အနာဒရိယ’၊ မရိုသေသော အခြင်းအရာ ‘အနာဒရတာ’၊ အလေးမပြုမှု ‘အဂါရဝတာ’၊ မတုပ်ဝပ်မှု ‘အပ္ပဋိဿဝတာ’၊ မနာယူမှု ‘အနဒ္ဒါ’၊ မနာယူသော အခြင်းအရာ ‘အနဒ္ဒါယနာ’၊ မနာယူသော အဖြစ် ‘အနဒ္ဒါယိတတ္တ’၊ သီလမရှိမှု ‘အသီလျ’၊ ရိုသေလေးစားခြင်းကို မပြုမှု ‘အစိတ္တီကာရ'သည် ရှိ၏။ ဤသဘောကို မရိုသေမှု ‘အနာဒရိယ’ ဟု ဆိုအပ်၏။
ဆိုဆုံးမခက်မှု ‘ဒေါဝစဿတာ'
ထိုတွင် အဘယ်သည် ဆိုဆုံးမခက်မှု ‘ဒေါဝစဿတာ’ မည်သနည်း။
အကြောင်းနှင့် တကွ ပြောဆိုသည်ရှိသော် အပြောအဆိုခက်မှုသည်၊ အပြောအဆိုရခက်သော အခြင်း အရာသည်၊ အပြောအဆိုခက်သည်၏ အဖြစ်သည်၊ မလျော်သည်ကို ယူခြင်းသည်၊ ဆန့်ကျင်ဘက်ကိုသာယာခြင်းသည်၊ မရိုသေခြင်းသည်၊ မရိုသေသည်၏အဖြစ်သည်၊ အလေးမပြုခြင်းသည်၊ မတုပ်ဝပ်ခြင်း သည် ရှိ၏။ ဤသဘောကို ဆိုဆုံးခက်မှု ‘ဒေါဝစဿတာ’ ဟု ဆိုအပ်၏။
မိတ်ဆွေယုတ်ရှိမှု ‘ပါပမိတ္တတာ'
ထိုတွင် အဘယ်သည် မိတ်ဆွေယုတ်ရှိမှု ‘ပါပမိတ္တတာ’ မည်သနည်း။
အကြင် ပုဂ္ဂိုလ်တို့သည် သဒ္ဓါတရားမရှိကုန်၊ သီလမရှိကုန်၊ အကြားအမြင်နည်းကုန်၏၊ ဝန်တို ကုန်၏၊ ပညာနည်းကုန်၏၊ ထိုသူတို့ကို အကြင်မှီဝဲခြင်းသည်၊ အမြဲမှီဝဲခြင်းသည်၊ ကောင်းစွာ မှီဝဲခြင်း သည်၊ အထပ်ထပ် မှီဝဲခြင်းသည်၊ ဆည်းကပ်ခြင်းသည်၊ ကောင်းစွာ ဆည်းကပ်ခြင်းသည်၊ ခစားခြင်း သည်၊ ကောင်းစွာ ခစားခြင်းသည်၊ ထိုသူတို့၌ ကိုယ်စိတ်အားဖြင့် ညွတ်ကိုင်းသည်၏ အဖြစ်သည် ရှိ၏။ ဤသဘောကို မိတ်ဆွေယုတ် ရှိမှု ‘ပါပမိတ္တတာ’ဟု ဆိုအပ်၏။
--
(၃၁) ယုံကြည်မှုမရှိခြင်း ‘အဿဒ္ဓိယ'
၉၃၂။ ထိုတွင် အဘယ်သည် ယုံကြည်မှုမရှိခြင်း ‘အဿဒ္ဓိယ’ မည်သနည်း။
ဤလောက၌ အချို့သူသည် ယုံကြည်မှုမရှိ၊ ဘုရားကိုလည်းကောင်း၊ တရားကိုလည်းကောင်း၊ သံဃာကိုလည်းကောင်း မယုံကြည်၊ ဤသို့သဘောရှိသော အကြင် မယုံကြည်မှု ‘အဿဒ္ဓိယ’၊ မယုံကြည်သော အခြင်းအရာ ‘အဿဒ္ဒဟနာ’၊ မသက်ဝင်မှု ‘အနောကပ္ပနာ’၊ မကြည်လင်မှု ‘အနဘိပ္ပသာဒ'သည် ရှိ၏။ ဤသဘောကို ယုံကြည်မှုမရှိခြင်း ‘အဿဒ္ဓိယ’ဟု ဆိုအပ်၏။
တောင်းရမ်းအလှူခံပြောဆိုအပ်သည့် စကားကို နားမလည်မှု ‘အဝဒညုတာ'
ထိုတွင် အဘယ်သည် တောင်းရမ်းအလှူခံပြောဆိုအပ်သည့် စကားကို နားမလည်ခြင်း ‘အဝဒညုတာ’ မည်သနည်း။
ဝန်တိုခြင်းငါးပါးတို့ကား နေရာကျောင်းကန်၌ ဝန်တိုခြင်း၊ အမျိုး (ဒါယကာစသည်)၌ ဝန်တိုခြင်း၊ လာဘ်၌ ဝန်တိုခြင်း၊ အဆင်း၌ ဝန်တိုခြင်း၊ တရား၌ ဝန်တိုခြင်း တို့တည်း။ ဤသို့သဘောရှိသောဝန်တိုမှု ‘မစ္ဆရိယ’၊ ဝန်တိုသောအခြင်းအရာ ‘မစ္ဆရာယနာ’၊ ဝန်တိုတတ်သည်၏ အဖြစ် ‘မစ္ဆရာယိတတ္တ’၊ (မိမိစည်းစိမ်ကို ပျံ့နှံ့စေရန်) အလိုမရှိမှု ‘ဝေဝိစ္ဆ’၊ စေးနှဲမှု ‘ကဒရိယ’၊ ခါးစပ်မှု ‘ကဋုကဉ္စုကတာ’၊ စိတ်မစွဲယူမှု ‘အဂ္ဂဟိတတ္တ’ သည် ရှိ၏။ ဤသဘောကို တောင်းရမ်းအလှူခံပြောဆိုအပ်သည့် စကားကိုနားမလည်မှု ‘အဝဒညုတာ’ဟု ဆိုအပ်၏။
ပျင်းရိမှု ‘ကောသဇ္ဇ'
ထိုတွင် အဘယ်သည် ပျင်းရိမှု ‘ကောသဇ္ဇ’ မည်သနည်း။
ကိုယ်ဖြင့် ပြုအပ်သော ကာယဒုစရိုက်၌လည်းကောင်း၊ နှုတ်ဖြင့် ပြုအပ်သော ဝစီဒုစရိုက်၌လည်းကောင်း၊ စိတ်ဖြင့် ပြုအပ်သော မနောဒုစရိုက်၌လည်းကောင်း၊ ကာမဂုဏ်ငါပါးတို့၌လည်းကောင်း စိတ်ကိုလွှတ်ထားခြင်းသည်၊ လွှတ်ထားခြင်းကို အားပေးခြင်းသည်၊ ကုသိုလ်တရားတို့ကို တိုးပွါးစေရန် ရိုရိုသေသေပြုခြင်းမရှိသူ၏ အဖြစ်သည်၊ အမြဲမပြတ်ပြုခြင်းမရှိသူ၏ အဖြစ်သည်၊ မရပ်မနားပြုခြင်းမရှိသူ၏အဖြစ်သည်၊ တွန့်ဆုတ်သော ဖြစ်ခြင်းရှိသူ၏ အဖြစ်သည်၊ အလိုဆန္ဒကို ချထားသူ၏ အဖြစ်သည်၊ တာဝန်ကို ချထားသူ၏ အဖြစ်သည်၊ မမှီဝဲခြင်းသည်၊ မပွါးများခြင်းသည်၊ အကြိမ်များစွာ မပြုခြင်းသည်၊ ကောင်းမှု၌ စွဲမြဲစွာ တည်တံ့ခြင်းမရှိသည်၊ အဖန်ဖန်အားမထုတ်ခြင်းသည်၊ မေ့လျော့ခြင်းသည် ရှိ၏။ ဤသဘောကို ပျင်းရိမှု ‘ကောသဇ္ဇ’ဟု ဆိုအပ်၏။
--
(၃၂) ပျံ့လွင့်မှု ‘ဥဒ္စစ္စ'
၉၃၃။ ထိုတွင် အဘယ်သည် ပျံ့လွင့်မှု ‘ဥဒ္စစ္စ’ မည်သနည်း။
စိတ်၏ အကြင် ပျံ့လွင့်မှုသည်၊ မငြိမ်သက်မှုသည်၊ စိတ်ပစ်လွင့်မှုသည်၊ စိတ်တုန်လှုပ်မှုသည် ရှိ၏။ ဤသဘောကို ပျံ့လွင့်မှု ‘ဥဒ္စစ္စ’ဟု ဆိုအပ်၏။
မစောင့်စည်းမှု ‘အသံဝရ'
ထိုတွင် အဘယ်သည် မစောင့်စည်းမှု “အသံဝရ” မည်သနည်း။
ဤလောက၌ အချို့သူသည် မျက်စိဖြင့် ရူပါရုံကို မြင်သည်ရှိသော် (ယောက်ျား, မိန်းမစသော) ပုံသဏ္ဌာန်နိမိတ်ကို စွဲယူလေ့ရှိ၏၊ (လက်ခြေစသော အင်္ဂါ ပြုံးဟန် ရယ်ဟန်စသော အမူအရာ) အသေးစိတ်အမှတ်လက္ခဏာကို စွဲယူလေ့ရှိ၏၊ အကြင် စက္ခုန္ဒြေကို မစောင့်စည်းခြင်းတည်းဟူသော အကြောင်းကြောင့် စက္ခုန္ဒြေကို မစောင့်စည်းမူ၍ နေသော ထိုရဟန်းကို မက်မောခြင်း ‘အဘိဇ္ဈာ’၊ နှလုံးမသာယာခြင်း ‘ဒေါမနဿ’ဟု ဆိုအပ်ကုန်သော ယုတ်မာကုန်သော အကုသိုလ်တရားတို့သည် အဖန်တလဲလဲ နှိပ်စက် ကုန်ရာ၏။ ထိုစက္ခုန္ဒြေကို စောင့်ရှောက်ခြင်းငှါ မကျင့်၊ စက္ခုန္ဒြေကို မစောင့်ရှောက်၊ စက္ခုန္ဒြေ၌ စောင့်ရှောက်ခြင်းသို့ မရောက်။ နားဖြင့် အသံကို ကြားသည်ရှိသော်။ပ။
နှာခေါင်းဖြင့် အနံ့ကို နမ်းသည်ရှိသော်။ပ။
လျှာဖြင့် အရသာကို လျက်သည်ရှိသော်။ပ။
ကိုယ်ဖြင့် ဖေါဋ္ဌဗ္ဗာရုံကို တွေ့ထိသည်ရှိသော်။ပ။
စိတ်ဖြင့် ဓမ္မာရုံကို သိသည်ရှိသော် (ယောက်ျား, မိန်းမ စသော) ပုံသဏ္ဌာန်နိမိတ်ကို စွဲယူလေ့ရှိ၏။
(လက်ခြေစသော အင်္ဂါ ပြုံးဟန် ရယ်ဟန်စသော အမူအရာ) အသေးစိတ် အမှတ်လက္ခဏာကို စွဲယူလေ့ရှိ၏၊ အကြင် မနိန္ဒြေကို မစောင့်စည်းခြင်းတည်းဟူသော အကြောင်းကြောင့် မနိန္ဒြေကို မစောင့်စည်းမူ၍နေသော ထိုရဟန်းကို မက်မောခြင်း ‘အဘိဇ္ဈာ’၊ နှလုံးမသာယာခြင်း ‘ဒေါမနဿ’ ဟု ဆိုအပ်ကုန်သောယုတ်မာကုန်သော အကုသိုလ်တရားတို့သည် အဖန်တလဲလဲ နှိပ်စပ်ကုန်ရာ၏။ ထိုမနိန္ဒြေကို စောင့်ရှောက်ခြင်းငှါ မကျင့်၊ မနိန္ဒြေကို မစောင့်ရှောက်၊ မနိန္ဒြေ၌ စောင့်ရှောက်ခြင်းသို့ မရောက်။ ဤသဘောကိုမစောင့်စည်းမှု ‘အသံဝရ’ ဟု ဆိုအပ်၏။
သီလမရှိမှု ‘ဒုဿီလျ'
ထိုတွင် အဘယ်သည် သီလမရှိမှု ‘ဒုဿီလျ’ မည်သနည်း။
ကိုယ်ဖြင့် ပြုအပ်သော လွန်ကျူးခြင်း၊ နှုတ်ဖြင့် ပြုအပ်သော လွန်ကျူးခြင်း၊ ကိုယ်, နှုတ်ဖြင့်ပြုအပ်သော လွန်ကျူးခြင်းသည် ရှိ၏။ ဤသဘောကို သီလမရှိမှု ‘ဒုဿီလျ’ ဟု ဆိုအပ်၏။
--
(၃၃) အရိယာတို့ကို မဖူးမြင်လိုမှု
၉၃၄။ ထိုတွင် အဘယ်သည် အရိယာတို့ကို မဖူးမြင်လိုမှု ‘အရိယာနံအဒဿနကမျတာ’ မည်သနည်း။
ထိုတွင် အဘယ်တို့သည် အရိယာတို့ မည်သနည်း။
ဘုရားရှင်တို့ကိုလည်းကောင်း၊ ဘုရားရှင်၏ သာဝကတို့ကိုလည်းကောင်း အရိယာတို့ဟု ဆိုအပ်ကုန်၏။ ဤအရိယာတို့ကို အကြင် မဖူးလိုခြင်းသည်၊ မမြင်လိုခြင်းသည်၊ မကပ်ရောက်လိုခြင်းသည်၊ မတွေ့ဆုံလိုခြင်းသည် ရှိ၏၊ ဤသဘောကို အရိယာတို့ကို မဖူးမြင်လိုမှုဟု ဆိုအပ်၏။
သူတော်ကောင်းတရားကို မနာကြားလိုမှုထိုတွင် အဘယ်သည် သူတော်ကောင်းတရားကို မနာကြားလိုမှုမည်သနည်း။
ထိုတွင် အဘယ်သည် “သူတော်ကောင်းတရား” မည်သနည်း။
သတိပဋ္ဌာန်လေးပါး၊ သမ္မမ္ပဓာန်လေးပါး၊ ဣဒ္ဓိပါဒ်လေးပါး၊ ဣန္ဒြေငါးပါး၊ ဗိုလ်ငါးပါး၊ ဗောဇ္ဈင်ခုနစ်ပါး၊ အရိယမဂ္ဂင်ရှစ်ပါးသည် ရှိ၏၊ ဤသဘောကို “သူတော်ကောင်းတရား”ဟု ဆိုအပ်၏။
ဤသူတော်ကောင်းတရားကို အကြင် မနာယူလိုမှု၊ မကြားလိုမှု၊ မသင်လိုမှု၊ မဆောင်လိုမှုသည် ရှိ၏။ ဤသဘောကို သူတော်ကောင်းတရားကို မနာကြားလိုမှုဟု ဆိုအပ်၏။
ခြုတ်ခြယ်လိုသော စိတ်ရှိမှု
ထိုတွင် အဘယ်သည် ခြုတ်ခြယ်လိုသောစိတ်ရှိမှုမည်သနည်း။
ထိုတွင် အဘယ်သည် ခြုတ်ခြယ်ခြင်း မည်သနည်း။
အကြင် ခြုတ်ခြယ်ခြင်းသည်၊ အထပ်ထပ် ခြုတ်ခြယ်ခြင်းသည်၊ ခြုတ်ခြယ်သော အခြင်းအရာသည်၊ အထပ်ထပ် ခြုတ်ခြယ်သော အခြင်းအရာသည်၊ အထပ်ထပ်ခြုတ်ခြယ်သောအဖြစ်သည်၊ အယုတ်သိခြင်း သည်၊ မထီမဲ့သိခြင်းသည်၊ နှိပ်စက်ခြင်းသည်၊ (ခြုတ်ခြယ်ရန်) အခွင့်ကို ရှာခြင်းသည် ရှိ၏။ ဤသဘောကို ခြုတ်ခြယ်လိုသောစိတ်ရှိမှုဟု ဆိုအပ်၏။
--
(၃၄) သတိလွတ်မှု ‘မုဋ္ဌဿစ္စ'
၉၃၅။ ထိုတွင် အဘယ်သည် သတိလွတ်မှု ‘မုဋ္ဌဿစ္စ’ မည်သနည်း။
အကြင် မအောက်မေ့မှု ‘အဿတိ’၊ အဖန်ဖန် မအောက်မေ့မှု ‘အနနုဿတိ’၊ အထပ်ထပ်မအောက်မေ့မှု ‘အပ္ပဋိဿတိ’၊ မအောက်မေ့မှု ‘အဿတိ’၊ မအောက်မေ့သော အခြင်းအရာ ‘အဿရဏတာ’၊ မဆောင်ထားမှု ‘အဓာရဏတာ’၊ ပေါလောပေါ်မှု ‘ပိလာပနတာ’၊ မေ့လျော့မှု ‘သမ္မုသနတာ'သည် ရှိ၏။ ဤသဘောကို သတိလွတ်မှု ‘မုဋ္ဌဿစ္စ’ဟု ဆိုအပ်၏။
ပညာမရှိမှု ‘အသမ္ပဇည'
ထိုတွင် အဘယ်သည် ပညာမရှိမှု ‘အသမ္ပဇည’ မည်သနည်း။
အကြင် မသိမှု ‘အညာဏ’၊ မမြင်မှု ‘အဒဿန’။ပ။ အဝိဇ္ဇာတည်းဟူသော တံခါးကျင် ‘အဝိဇ္ဇာလင်္ဂီ’၊ တွေဝေမှု ‘မောဟ’ဟူသော အကုသိုလ်အခြေအမြစ်အရင်းမူလသည် ရှိ၏။ ဤသဘောကို ပညာမရှိမှု ‘အသမ္ပဇည’ ဟု ဆိုအပ်၏။
စိတ်လွင့်မှု ‘စိတ္တဝိက္ခေပ'
ထိုတွင် အဘယ်သည် စိတ်လွင့်မှု “စေတသောဝိက္ခေပ” မည်သနည်း။
စိတ်၏ အကြင်ပျံ့လွင့်မှုသည်၊ မငြိမ်မသက်မှုသည်၊ စိတ်ကို ပစ်လွင့်မှုသည်၊ စိတ်တုန်လှုပ်မှုသည် ရှိ၏။ ဤသဘောကို စိတ်လွင့်မှု “စေတသောဝိက္ခေပ”ဟု ဆိုအပ်၏။
--
၃၅-မသင့်မတင့်နှလုံးသွင်းမှု ‘အယောနိသော မနသိကာရ'
၉၃၆။ ထိုတွင် အဘယ်သည် မသင့်မတင့်နှလုံးသွင်းမှုမည်သနည်း။
အနိစ္စ၌ နိစ္စဟု မသင့်သော အကြောင်းအားဖြင့် နှလုံးသွင်းခြင်း၊ ဒုက္ခ၌ သုခဟု မသင့်သောအကြောင်းအားဖြင့် နှလုံးသွင်းခြင်း၊ အနတ္တ၌ အတ္တဟု မသင့်သောအကြောင်းအားဖြင့် နှလုံးသွင်းခြင်း၊ အသုဘ၌ သုဘဟု မသင့်သော အကြောင်းအားဖြင့် နှလုံးသွင်းခြင်း၊ တစ်နည်း-သစ္စာလေးပါးအားမလျော်သည်၏ အဖြစ်အားဖြင့် စိတ်ကို လည်စေခြင်း၊ အဖန်ဖန် လည်စေခြင်း၊ နှလုံးသွင်းခြင်း၊ ကောင်းစွာရှေးရှုဆောင်ခြင်း၊ နှလုံးပြုခြင်းသည် ရှိ၏။ ဤသဘောကို မသင့်မတင့်နှလုံးသွင်းမှုဟု ဆိုအပ်၏။
လမ်းမှားလိုက်မှု ‘ကုမ္မဂ္ဂသေဝနာ'
ထိုတွင် အဘယ်သည် လမ်းမှားလိုက်မှု ‘ကုမ္မဂ္ဂသေဝနာ’ မည်သနည်း။
ထိုတွင် အဘယ်သည် လမ်းမှား မည်သနည်း။
မှားသော အယူ ‘မိစ္ဆာဒိဋ္ဌိ'သည်၊ မှားသော အကြံ ‘မိစ္ဆာသင်္ကပ္ပ'သည်၊ မှားသော စကား ‘မိစ္ဆာဝါစာ'သည်၊ မှားသော လုပ်ကိုင်မှု ‘မိစ္ဆာကမ္မန္တ'သည်၊ မှားသော အသက်မွေးမှု ‘မိစ္ဆာအာဇီဝ'သည်၊ မှားသောအားထုတ်မှု ‘မိစ္ဆာဝါယာမ'သည်၊ မှားသော အောက်မေ့မှု ‘မိစ္ဆာသတိ'သည်၊ မှားသော တည်ကြည်မှု ‘မိစ္ဆာသမာဓိ'သည် ရှိ၏၊ ဤသဘောကို လမ်းမှားမှု ‘ကုမ္မဂ္ဂ’ဟု ဆိုအပ်၏။ ဤလမ်းမှားကို အကြင်မှီဝဲမှု ‘သေဝနာ’၊ အမြဲမှီဝဲမှု ‘နိသေဝနာ’၊ ကောင်းစွာမှီဝဲမှု ‘သံသေဝနာ’၊ ဆည်းကပ်မှု ‘ဘဇနာ’၊ ကောင်းစွာ ဆည်းကပ်မှု ‘သမ္ဘဇနာ’၊ ခစားမှု ‘ဘတ္တိ’၊ ကောင်းစွာ ခစားမှု ‘သမ္ဘတ္တိ’၊ ထိုလမ်းမှားသို့ကိုယ်စိတ်အားဖြင့် ညွတ်ကိုင်းမှု ‘တံသမ္ပဝင်္ကတာ'သည် ရှိ၏။ ဤသဘောကို လမ်းမှားလိုက်မှု ‘ကုမ္မဂ္ဂသေဝနာ’ ဟု ဆိုအပ်၏။
စိတ်တွန့်တိုမှု ‘စေတသော လီနတ္တ'
ထိုတွင် အဘယ်သည် စိတ်တွန့်တိုမှု ‘စေတသော လီနတ္တ’ မည်သနည်း။
စိတ်၏ အကြင် မကျန်းမာခြင်းသည်၊ မခံ့ကျန်းခြင်းသည်၊ အယုတ်အားဖြင့် တွန့်ခြင်းသည်၊ ပြင်းစွာတွန့်ခြင်းသည်၊ တွန့်ခြင်းသည်၊ တွန့်သော အခြင်းအရာသည်၊ တွန့်သော အဖြစ်သည်၊ ထိုင်းခြင်းသည်၊ ထိုင်းသောအခြင်းအရာသည်၊ စိတ်၏ ထိုင်းသော အဖြစ်သည် ရှိ၏၊ ဤသဘောကို စိတ်တွန့်တိုမှု ‘စေတသောလီနတ္တ’ဟု ဆိုအပ်၏။
သုံးပါးစုတရားများကို အကျယ်ပြဆိုခြင်း ပြီး၏။
--
၄-စတုက္ကနိဒ္ဒေသ
(လေးပါးစုတရားများကို အကျယ်ပြဆိုခြင်း)
(၁) အရက်နှင့် တူသော အာသဝတရား
၉၃၇။ ထိုတွင် အဘယ်တို့သည် အရက်နှင့် တူသော အာသဝလေးပါးတို့ မည်သနည်း။
ကာမ၌ လိုချင်မှုဟူသော ယိုစီးခြင်း ‘ကာမာသဝ’၊ (ရူပ, အရူ) ဘဝ၌ လိုချင်မှုဟူသော ယိုစီးခြင်း ‘ဘဝါသဝ’၊ အယူမှားမှု ‘ဒိဋ္ဌိ’ဟူသော ယိုစီးခြင်း ‘ဒိဋ္ဌာသဝ’၊ သိအပ်သည်ကို မသိမှု ‘အဝိဇ္ဇာ’ဟူသောယိုစီးခြင်း ‘အဝိဇ္ဇာသဝ’ တို့တည်း။
ထိုတွင် အဘယ်သည် ကာမ၌ လိုချင်မှုဟူသော ယိုစီးခြင်း ‘ကာမာသဝ’ မည်သနည်း။
ကာမတရားတို့၌ အကြင် လိုချင်မှု ‘ကာမစ္ဆန္ဒ’၊ ကာမတရားတို့၌ တပ်စွန်းမှု ‘ကာမရာဂ’၊ ကာမတရားတို့၌ နှစ်သက်မှု ‘ကာမနန္ဒီ’၊ ကာမတရားတို့၌ တပ်မက်မှု ‘ကာမတဏှာ’၊ ကာမတရားတို့၌ အစေးကပ်မှု ‘ကာမသိနေဟ’၊ ကာမတရားတို့၌ ပူလောင်မှု ‘ကာမပရိဠာဟ’၊ ကာမတရားတို့၌ တွေဝေ့မိန့်မောမှု ‘ကာမမုစ္ဆာ’၊ ကာမတရားတို့၌ မျိုမတတ်သက်ဝင်လိုချင်မှု ‘ကာမဇ္ဈောသာန’ သည် ရှိ၏၊ ဤသဘောကို ကာမ၌ လိုချင်မှုဟူသော ယိုစီးမှု ‘ကာမာသဝ’ဟု ဆိုအပ်၏။
ထိုတွင် အဘယ်သည် (ရူပ, အရူပ) ဘဝ၌ လိုချင်မှုဟူသော ယိုစီးခြင်း ‘ဘဝါသဝ’ မည်သနည်း။
ရူပ, အရူပဘုံတို့၌ အကြင်လိုချင်မှု ‘ဘဝစ္ဆန္ဒ’။ပ။ ရူပ, အရူပဘုံတို့၌ မျိုမတတ်သက်ဝင် လိုချင်မှု ‘ဘဝဇ္ဈောသာန'သည် ရှိ၏။ ဤသဘောကို ‘ရူပ, အရူပ’ ဘဝ၌ လိုချင်မှုဟူသော ယိုစီးမှု ‘ဘဝါသဝ’ဟု ဆိုအပ်၏။
ထိုတွင် အဘယ်သည် အယူမှားမှု ‘ဒိဋ္ဌိ’ဟူသော ယိုစီးခြင်း ‘ဒိဋ္ဌာသဝ’ မည်သနည်း။
လောကသည် မြဲ၏ဟူ၍လည်းကောင်း၊ လောကသည် မမြဲဟူ၍လည်းကောင်း၊ လောကသည် အဆုံးရှိ၏ဟူ၍လည်းကောင်း၊ လောကသည် အဆုံးမရှိဟူ၍လည်းကောင်း၊ အသက်သည် ကိုယ်တည်းဟူ၍လည်းကောင်း၊ အသက်တခြား ကိုယ်တခြားဟူ၍လည်းကောင်း၊ သတ္တဝါသည် သေပြီးနောက် ဖြစ်၏ဟူ၍လည်းကောင်း၊ သတ္တဝါသည် သေပြီးနောက် မဖြစ်ဟူ၍လည်းကောင်း၊ သတ္တဝါသည် သေပြီးနောက် ဖြစ်လည်းဖြစ်, မဖြစ်လည်း မဖြစ်ဟူ၍လည်းကောင်း၊ သတ္တဝါသည် သေပြီးနောက်ဖြစ်သည်လည်း မဟုတ်, မဖြစ်သည်လည်း မဟုတ်ဟူ၍လည်းကောင်း ဤသို့သဘောရှိသော အကြင်မှားသော အယူ ‘ဒိဋ္ဌိ’၊ မှားသောအယူဖြစ်ခြင်း ‘ဒိဋ္ဌိဂတ’။ပ။ ဖေါက်ပြန်မှားယွင်းသောအားဖြင့် စွဲယူမှု ‘ဝိပရိယာသဂ္ဂါဟ’ သည် ရှိ၏၊ ဤသဘောကို အယူမှားမှုဒိဋ္ဌိဟူသော ယိုစီးခြင်း ‘ဒိဋ္ဌာသဝ’ဟု ဆိုအပ်၏။ မှားသော အယူအလုံးစုံသည်လည်း အယူမှားမှုဒိဋ္ဌိဟူသော ယိုစီးခြင်း ‘ဒိဋ္ဌာသဝ’ မည်သည်သာတည်း။
ထိုတွင် အဘယ်သည် သိအပ်သည်ကို မသိမှု ‘အဝိဇ္ဇာ’ဟူသော ယိုစီးခြင်း “အဝိဇ္ဇာသဝ” မည်သနည်း။
--
ဆင်းရဲ၌ မသိခြင်းသည်၊ ဆင်းရဲဖြစ်ကြောင်း၌ မသိခြင်းသည်၊ ဆင်းရဲချုပ်ရာ၌ မသိခြင်းသည်၊ ဆင်းရဲချုပ်ရာသို့ ရောက်ကြောင်းအကျင့်၌ မသိခြင်းသည်၊ ရှေ့အစွန်း၌ မသိခြင်းသည်၊ နောက်အစွန်း၌ မသိခြင်းသည်၊ ရှေ့အစွန်၊ နောက်အစွန်း၌ မသိခြင်းသည်၊ အကြောင်းကို စွဲ၍ ဖြစ်ကုန်သော ‘ပဋိစ္စသမုပ္ပါဒ်’ တရားတို့၌ မသိခြင်းသည် ရှိ၏။ ဤသို့သဘောရှိသော အကြင် မသိမှု ‘အညာဏ’၊ မမြင်မှု ‘အဒဿန’။ပ။ အဝိဇ္ဇာတည်းဟူသော တံခါးကျင် ‘အဝိဇ္ဇာလင်္ဂီ’၊ တွေဝေမှု ‘မောဟ’ဟူသောအကုသိုလ်အမြစ်အရင်းသည် ရှိ၏။ ဤသဘောကို သိအပ်သည်ကို မသိမှု ‘အဝိဇ္ဇာ’ဟူသော ယိုစီးခြင်း ‘အဝိဇ္ဇာသဝ’ဟု ဆိုအပ်၏။
ဤသည်တို့သည် အရက်နှင့် တူသော အာသဝလေးပါးတို့တည်း။
(၂-၅) ဆက်စပ်ထုံးဖွဲ့တတ်သောဂန္တလေးပါးစသည်။
၉၃၈။ ထိုတွင် အဘယ်တို့သည် (ဝဋ်ဆင်းရဲ၌) ဆက်စပ်ထုံးဖွဲ့တတ်သော ဂန္ထလေးပါးတို့ မည်သနည်း။ပ။
(ဝဋ်ဆင်းရဲ၌) နစ်မြုပ်စေတတ်သော ဩဃလေးပါးတို့ မည်သနည်း။
(ဝဋ်ဆင်းရဲ၌) ယှဉ်စေတတ်သော ယောဂလေးပါးတို့ မည်သနည်း။ပ။
ပြင်းစွာ စွဲလမ်းမှုဥပါဒါန်လေးပါးတို့ မည်သနည်း။
ကာမဂုဏ်တို့ကို ပြင်းစွာစွဲလမ်းမှု ‘ကာမုပါဒါန်’၊ အမြင်မှားမှုကို ပြင်းစွာ စွဲလမ်းမှု ‘ဒိဋ္ဌုပါဒါန်’၊ နွား, ခွေးစသည်တို့၏ အလေ့အကျင့်တို့ကို ပြင်းစွာ စွဲလမ်းမှု ‘သီလဗ္ဗတုပါဒါန်’၊ အတ္တဝါဒ၌ ပြင်းစွာ စွဲလမ်းမှု ‘အတ္တဝါဒုပါဒါန်'တို့တည်း။
ထိုတွင် အဘယ်သည် ကာမဂုဏ်တို့ကို ပြင်းစွာ စွဲလမ်းမှု ‘ကာမုပါဒါန်’ မည်သနည်း။
ကာမဂုဏ်တို့၌ အကြင်အလွန်လိုချင်မှု ‘ကာမစ္ဆန္ဒ’။ပ။ မျိုမတတ်သက်ဝင်လိုချင်မှု ‘ကာမဇ္ဈောသာန'သည် ရှိ၏။ ဤသဘောကို ကာမဂုဏ်တို့ကို ပြင်းစွာ စွဲလမ်းမှု ‘ကာမုပါဒါန်’ဟု ဆိုအပ်၏။
ထိုတွင် အဘယ်သည် အယူမှားမှုကို ပြင်းစွာစွဲလမ်းမှု ‘ဒိဋ္ဌုပါဒါန်’ မည်သနည်း။
ပေးလှူခြင်း (အကျိုး) သည် မရှိ၊ ယဇ်ကြီး (အလှူကြီး) ပူဇော်ရခြင်းအကျိုးသည် မရှိ။ပ။
ဤလောကကိုလည်းကောင်း၊ တမလွန်လောကကိုလည်းကောင်း ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် သိ၍မျက်မှောက်ပြုကာ ဟောကြားနိုင်ကုန်သော၊ ဖြောင့်မှန်သော အရိယမဂ်သို့ ရောက်ကုန်သော၊ ကောင်းသော အကျင့်ရှိကုန်သော သမဏဗြာဟ္မဏတို့သည် လောက၌ မရှိကုန်ဟု ဤသို့သဘောရှိသော အကြင်မှားသော အယူသည်၊ မှားသော အယူဖြစ်ခြင်းသည်။ပ။ ဖောက်ပြန်မှားယွင်းသောအားဖြင့် စွဲယူခြင်းသည် ရှိ၏။ ဤသဘောကို အယူမှားမှုကို ပြင်းစွာစွဲလမ်းမှု ‘ဒိဋ္ဌုပါဒါန်’ဟု ဆိုအပ်၏။ ခွေး နွား စသည်တို့၏အလေ့အကျင့်တို့ကို ပြင်းစွာစွဲလန်းမှု ‘သီလဗ္ဗတုပါဒါန်'ကိုလည်းကောင်း၊ အတ္တဝါဒ၌ ပြင်းစွာစွဲလမ်းမှု ‘အတ္တဝါဒုပါဒါန်'ကိုလည်းကောင်း ထား၍ မှားသော အယူအလုံးစုံသည်လည်း အယူမှားမှုကို ပြင်းစွာစွဲလန်းမှု ‘ဒိဋ္ဌုပါဒါန်’ မည်၏။ ထိုတွင် အဘယ်သည် နွား, ခွေးစသည်တို့၏ အလေ့အကျင့်တို့ကို ပြင်းစွာ စွဲလမ်းမှု ‘သီလဗ္ဗတုပါဒါန်’ မည်သနည်း။
--
ဤသာသနာတော်မှ အပဖြစ်ကုန်သော သမဏဗြဟ္မဏတို့၏ (နွား ခွေး စသည်တို၏) အလေ့ ‘သီလ’ ဖြင့် (ကိလေသာ) စင်ကြယ်၏၊ (နွား ခွေးစသည်တို၏) အကျင့် ‘ဝတ'ဖြင့် (ကိလေသာ) စင်ကြယ်၏၊ (နွား ခွေးစသည်တို့၏) အလေ့အကျင့် ‘သီဗ္ဗတ'ဖြင့် (ကိလေသာ) စင်ကြယ်၏ဟု ဤသို့သဘောရှိသောအကြင်မှားသော အယူ ‘ဒိဋ္ဌိ’၊ မှားသော အယူဖြစ်မှု ‘ဒိဋ္ဌိဂတ’။ပ။ ဖေါက်ပြန်မှားယွင်းသောအားဖြင့်စွဲယူမှု ‘ဝိပရိယာသဂ္ဂါဟ'သည် ရှိ၏။ ဤသဘောကို နွား, ခွေး စသည်တို့၏ အလေ့အကျင့်တို့ကို ပြင်းစွာစွဲလမ်းမှု ‘သီလဗ္ဗတုပါဒါန်’ဟု ဆိုအပ်၏။
ထိုတွင် အဘယ်သည် အတ္တဝါဒ၌ ပြင်းစွာစွဲလမ်းမှု ‘အတ္တဝါဒုပါဒါန်’ မည်သနည်း။
ဤလောက၌ အကြားအမြင်နည်းသော၊ အရိယာတို့ကို မဖူးမြင်ဖူးသော၊ အရိယာတရား၌ မလိမ္မာသော၊ အရိယာတရား၌ မဆုံးမအပ်သော၊ သူတော်ကောင်းတို့ကို မဖူးမြင်ဖူးသော၊ သူတော်ကောင်းတရား၌ မလိမ္မာသော၊ သူတော်ကောင်းတရား၌ မဆုံးမအပ်သော ပုထုဇဉ်သည် ရုပ်ကို အတ္တဟု ရှု၏၊ အတ္တကို ရုပ်ရှိ၏ဟုလည်း ရှု၏၊ အတ္တ၌ ရုပ်ဟုလည်း ရှု၏၊ ရုပ်၌ အတ္တဟုလည်း ရှု၏။ ဝေဒနာကို။ပ။ သညာကို။ပ။ သင်္ခါရတို့ကို။ပ။ ဝိညာဏ်ကို အတ္တဟု ရှု၏၊ အတ္တကို ဝိညာဏ်ရှိ၏ဟု ရှု၏၊ အတ္တ၌ ဝိညာဏ်ဟုလည်း ရှု၏၊ ဝိညာဏ်၌ လည်း အတ္တဟု ရှု၏။ ဤသို့သဘောရှိသော အကြင် မှားသောအယူသည်၊ မှားသော အယူဖြစ်ခြင်းသည်။ပ။ ဖောက်ပြန် မှားယွင်းသောအားဖြင့် စွဲယူခြင်းသည် ရှိ၏၊ ဤသဘောကို အတ္တဝါဒ၌ ပြင်းစွာစွဲလမ်းမှု ‘အတ္တဝါဒုပါဒါန်’ဟု ဆိုအပ်၏။ ဤသည်တို့သည် ပြင်းစွာစွဲလမ်းမှု ဥပါဒါန်လေးပါးတို့တည်း။
(၆) တဏှာဖြစ်ခြင်း ‘တဏှုပ္ပါဒ'လေးပါး
၉၃၉။ ထိုတွင် အဘယ်တို့သည် တဏှာဖြစ်ခြင်း ‘တဏှုပ္ပါဒ’ လေးပါးတို့ မည်သနည်း။
သင်္ကန်းအကြောင်းကြောင့်လည်း ရဟန်းအား တဏှာဖြစ်တတ်၏၊ ဆွမ်းအကြောင်းကြောင့်လည်းရဟန်းအား တဏှာဖြစ်တတ်၏၊ ကျောင်းအကြောင်းကြောင့်လည်း ရဟန်းအား တဏှာဖြစ်တတ်၏။ ဤသို့ သင်္ကန်းစသည်တို့၏ များပြားခြင်း, နည်းပါးခြင်းဟူသော အကြောင်းကြောင့်လည်း ရဟန်းအားတဏှာ ဖြစ်တတ်၏။ ဤသည်တို့သည် တဏှာဖြစ်ခြင်း ‘တဏှုပ္ပါဒ’ လေးပါးတို့တည်း။
(၇) မလိုက်အပ်သည့်ဘက်သို့ လိုက်ခြင်း ‘အဂတိ ဂမန’ လေးပါး
ထိုတွင် အဘယ်တို့သည် မလိုက်အပ်သည့်ဘက်သို့ လိုက်ခြင်း ‘အဂတိဂမန’ လေးပါးတို့ မည်သနည်း။
ချစ်သဖြင့် မလိုက်အပ်သည့်ဘက်သို့ လိုက်၏၊ မုန်းသဖြင့် မလိုက်အပ်သည့်ဘက်သို့ လိုက်၏၊ မသိ့သဖြင့် မလိုက်အပ်သည့်ဘက်သို့ လိုက်၏၊ ကြောက်သဖြင့် မလိုက်အပ်သည့်ဘက်သို့ လိုက်၏။ ဤသို့သဘောရှိသော အကြင်မလိုက်အပ်မလိုက်သင့်သောသဘောသည်၊ မလိုက်အပ်သည့်ဘက်သို့လိုက်ခြင်းသည်၊ အလိုသို့ လိုက်ခြင်းသည်၊ မညီမညွတ် (မမျှမတ) လိုက်ခြင်းသည်၊ ရေအလျဉ်ကဲ့သို့လိုက်ခြင်းသည် ရှိ၏။ ဤသည်တို့သည် မလိုက်အပ်သည့်ဘက်သို့ လိုက်ခြင်း ‘အဂတိဂမန'လေးပါးတို့တည်း။
--
(၈) ဖောက်ပြန်သော သဘောတရား လေးပါး
ထိုတွင် အဘယ်တို့သည် ဖောက်ပြန်သော သဘောတရား လေးပါးတို့ မည်သနည်း။
မမြဲသည်၌ မြဲ၏ဟု ဖောက်ပြန်သောအားဖြင့် မှတ်သားမှုသညာဖြစ်မှု ‘သညာဝိပရိယာသ’၊ ဖောက်ပြန်သောအားဖြင့် စိတ်ဖြစ်မှု ‘စိတ္တဝိပရိယာသ’၊ ဖောက်ပြန်သောအားဖြင့် အယူဖြစ်မှု ‘ဒိဋ္ဌိဝိပရိယာသ’၊ ဆင်းရဲသည်၌ ချမ်းသာဟု ဖောက်ပြန်သောအားဖြင့် မှတ်သားမှုသညာဖြစ်မှု ‘သညာဝိပရိယာသ’၊ ဖောက်ပြန်သောအားဖြင့် စိတ်ဖြစ်မှု ‘စိတ္တဝိပရိယာသ’၊ ဖောက်ပြန်သောအားဖြင့်အယူဖြစ်မှု ‘ဒိဋ္ဌိဝိပရိယာသ’၊ အတ္တမဟုတ်သည်၌ အတ္တဟု ဖောက်ပြန်သောအားဖြင့် မှတ်သားမှုသညာဖြစ်မှု ‘သညာဝိပရိယာသ’၊ ဖောက်ပြန်သောအားဖြင့် စိတ်ဖြစ်မှု ‘စိတ္တဝိပရိယာသ’၊ ဖောက်ပြန်သောအားဖြင့် အယူဖြစ်မှု ‘ဒိဋ္ဌိဝိပရိယာသ’၊ မတင့်တယ်သည်၌ တင့်တယ်၏ဟု ဖောက်ပြန်သောအားဖြင့် မှတ်သားမှုသညာဖြစ်မှု ‘သညာဝိပရိယာသ’၊ ဖောက်ပြန်သောအားဖြင့် စိတ်ဖြစ်မှု ‘စိတ္တဝိပရိယာသ’၊ ဖောက်ပြန်သောအားဖြင့် အယူဖြစ်မှု ‘ဒိဋ္ဌိဝိပရိယာသ’၊ ဤသည်တို့သည် ဖောက်ပြန်သော သဘောတရား လေးပါးတို့တည်း။
(၉) အရိယာမဟုတ်သူတို့၏ ပြောဆိုခြင်းလေးပါး
ထိုတွင် အဘယ်တို့သည် အရိယာမဟုတ်သူ (ပုထုဇဉ်) တို့၏ ပြောဆိုခြင်းလေးပါးတို့ မည်သနည်း။
မမြင်အပ်သည်၌ မြင်၏ဟု ဆိုခြင်း၊ မကြားသည်၌ ကြား၏ဟု ဆိုခြင်း၊ မတွေ့သည်၌ တွေ့၏ဟုဆိုခြင်း၊ မသိသည်၌ သိ၏ဟု ဆိုခြင်း၊ ဤသည်တို့သည် အရိယာမဟုတ်သူ (ပုထုဇဉ်) တို့၏ ပြောဆိုခြင်း လေးပါးတို့တည်း။
(၁၀) တစ်နည်း အရိယာမဟုတ်သူတို့၏ ပြောဆိုခြင်းလေးပါး
ထိုတွင် အဘယ်တို့သည် တစ်နည်းအားဖြင့် အရိယာမဟုတ်သူ (ပုတုဇဉ်) တို့၏ ပြောဆိုခြင်းလေးပါး တို့ မည်သနည်း-မြင်သည်၌ မမြင်ဟု ဆိုခြင်း၊ ကြားသည်၌ မကြားဟု ဆိုခြင်း၊ တွေ့သည်၌ မတွေ့ဟု ဆိုခြင်း၊ သိသည်၌ မသိဟု ဆိုခြင်း။ ဤသည်တို့သည် အရိယာမဟုတ်သူ (ပုထုဇဉ်) တို့၏ ပြောဆိုခြင်းလေးပါးတို့တည်း။
(၁၁) ဒုစရိုက်လေးပါး
ထိုတွင် အဘယ်တို့သည် ဒုစရိုက်လေးပါးတို့ မည်သနည်း။
အသက်ကို သတ်ခြင်း၊ မပေးသည်ကို ယူခြင်း၊ ကာမဂုဏ်တို့၌ မှားသောအားဖြင့် ကျင့်ခြင်း၊ မမှန်သည်ကို ဆိုခြင်း။ ဤသည်တို့သည် ဒုစရိုက်လေးပါးတို့တည်း။
--
(၁၂) တစ်နည်း ဒုစရိုက်လေးပါး
ထိုတွင် အဘယ်တို့သည် တစ်နည်းအားဖြင့် ဒုစရိုက်လေးပါးတို့ မည်သနည်း။
မမှန်သည်ကို ပြောဆိုခြင်း၊ ကုန်းစကားကို ပြောဆိုခြင်း၊ ကြမ်းတမ်းသောစကားကို ပြောဆိုခြင်း၊ ပြိန်ဖျင်းသော စကားကို ပြောဆိုခြင်း။ ဤသည်တို့သည် ဒုစရိုက်လေးပါးတို့တည်း။
(၁၃) ဘေးလေးပါး
ထိုတွင် အဘယ်တို့သည် ဘေးလေးပါးတို့ မည်သနည်း။
ဖြစ်ခြင်း ‘ဇာတိ’ ဘေး၊ အိုဘေး၊ နာဘေး၊ သေဘေး။ ဤသည်တို့သည် ဘေးလေးပါးတို့တည်း။
(၁၄) တစ်နည်း ဘေးလေးပါး
ထိုတွင် အဘယ်တို့သည် တစ်နည်းအားဖြင့် ဘေးလေးပါးတို့ မည်သနည်း။
မင်းဘေး၊ ခိုးသူဘေး၊ မီးဘေး၊ ရေဘေး။ ဤသည်တို့သည် ဘေးလေးပါးတို့တည်း။
(၁၅) တစ်နည်း ဘေးလေးပါး
ထိုတွင် အဘယ်တို့သည် တစ်နည်းအားဖြင့် ဘေးလေးပါးတို့ မည်သနည်း။
လှိုင်းတံပိုးဘေး၊ မိကျောင်းဘေး၊ ဝဲဘေး၊ ငါးမန်းဘေး။ ဤသည်တို့သည် ဘေးလေးပါး တို့တည်း။
(၁၆) တစ်နည်း ဘေးလေးပါး
ထိုတွင် အဘယ်တို့သည် တစ်နည်းအားဖြင့် ဘေးလေးပါးတို့ မည်သနည်း။
မိမိကိုယ်ကို မိမိစွပ်စွဲသော ‘အတ္တာနုဝါဒ’ ဘေး၊ (မိမိကို) သူတစ်ပါးတို့ စွပ်စွဲသော ‘ပရာနုဝါဒ'ဘေး၊ အပြစ်ဒဏ်ဟူသော ‘ဒဏ္ဍ'ဘေး၊ မကောင်းသောလားရာ ‘ဒုဂ္ဂတိ'ဘေး။ ဤသည်တို့သည် ဘေးလေးပါးတို့တည်း။
--
(၁၇) ဒိဋ္ဌိလေးပါး
ထိုတွင် အဘယ်တို့သည် ဒိဋ္ဌိလေးပါးတို့ မည်သနည်း။
“ချမ်းသာ ဆင်းရဲကို ကိုယ်တိုင် ပြုအပ်၏”ဟု အမှန်အကန် အခိုင်အမာအားဖြင့် မှားသောအယူ ဖြစ်၏၊ “ချမ်းသာဆင်းရဲကို သူတစ်ပါး ပြုအပ်၏”ဟု အမှန်အကန် အခိုင်အမာအားဖြင့် မှားသောအယူ ဖြစ်၏၊ “ချမ်းသာဆင်းရဲကို ကိုယ်တိုင်လည်း ပြုအပ်၏၊ သူတစ်ပါးလည်း ပြုအပ်၏”ဟု အမှန်အကန်အခိုင်အမာအားဖြင့် မှားသော အယူ ဖြစ်၏၊ “ချမ်းသာဆင်းရဲကို ကိုယ်တိုင်လည်း မပြုအပ်၊ သူတစ်ပါးလည်း မပြုအပ်၊ အကြောင်းကို မစွဲမူ၍ ဖြစ်၏”ဟု အမှန်အကန် အခိုင်အမာအားဖြင့် မှားသောအယူဖြစ်၏။ ဤသည်တို့သည် ဒိဋ္ဌိလေးပါးတို့တည်း။
လေးပါးစုတရားများကို အကျယ်ပြဆိုခြင်းပြီး၏။
၅-ပဉ္စကနိဒ္ဒေသ
(ငါးပါးစုတရားများကို အကျယ်ပြဆိုခြင်း)
(၁) အောက်ပိုင်းသံယောဇဉ်ငါးပါး
၉၄၀။ ထိုတွင် အဘယ်တို့သည် အောက်မဂ်ဖြင့် ပယ်အပ်သော အဖို့ရှိသော သံယောဇဉ်ငါးပါးတို့ မည်သနည်း။
ပရမတ္ထအားဖြင့် ထင်ရှားရှိသော (ခန္ဓာငါးပါး) အပေါင်း၌ အမြင်မှားမှု ‘သက္ကာယဒိဋ္ဌိ’၊ တွေးတောယုံမှားမှု ‘ဝိစိကိစ္ဆာ’၊ နွား, ခွေးစသည်တို့၏ အလေ့အကျင့်၌ မှားသောသုံးသပ်မှု ‘သီလဗ္ဗတပရာမာသ’၊ လိုချင်တောင့်တမှု ‘ကာမစ္ဆန္ဒ’၊ ပြစ်မှားဖျက်ဆီးမှု ‘ဗျာပါဒ'သည် ရှိ၏။ ဤသည်တို့သည် အောက်မဂ်ဖြင့်ပယ်အပ်သော အဖို့ရှိသော သံယောဇဉ် ငါးပါးတို့တည်း။
(၂) အထက်ပိုင်းသံယောဇဉ်ငါးပါး။
ထိုတွင် အဘယ်တို့သည် အထက်မဂ်ဖြင့် ပယ်အပ်သော အဖို့ရှိသော သံယောဇဉ်ငါးပါးတို့ မည်သနည်း။
ရူပဘုံ၌ တပ်မက်မှု ‘ရူပရာဂ’၊ အရူပဘုံ၌ တပ်မက်မှု ‘အရူပရာဂ’၊ ထောင်လွှားမှု ‘မာန’၊ ပျံ့လွင့်မှု ‘ဥဒ္ဓစ’၊ မသိမှု ‘အဝိဇ္ဇာ’သည် ရှိ၏။ ဤသည်တို့သည် အထက်မဂ်ဖြင့် ပယ်အပ်သော အဖို့ရှိသော သံယောဇဉ်ငါးပါးတို့တည်း။
(၃) ဝန်တိုခြင်း မစ္ဆရိယငါးမျိုး
ထိုတွင် အဘယ်တို့သည် ဝန်တိုမှု “မစ္ဆရိယ"ငါးပါးတို့ မည်သနည်း။
နေရာကျောင်းကန်၌ ဝန်တိုမှု ၊ အမျိုး (ဒါယကာ)၌ ဝန်တိုမှု ၊ လာဘ်လာဘ၌ ဝန်တိုမှု ၊ အဆင်း၌ ဝန်တိုမှု ၊ တရား၌ ဝန်တိုမှုသည် ရှိ၏။ ဤသည်တို့သည် ဝန်တိုမှု ‘မစ္ဆရိယ’ ငါးပါးတို့တည်း။
(၄) ကပ်ငြိခြင်းငါးပါး
ထိုတွင် အဘယ်တို့သည် ကပ်ငြိမှု ‘သင်္ဂ’ ငါးပါးတို့ မည်သနည်း။
တပ်မက်ခြင်းဟူသော ကပ်ငြိမှု ‘ရာဂသင်္ဂ’၊ ပြစ်မှားခြင်းဟူသော ကပ်ငြိမှု ‘ဒေါသသင်္ဂ’၊ တွေဝေခြင်းဟူသော ကပ်ငြိမှု ‘မောဟသင်္ဂ’၊ ထောင်လွှားခြင်းဟူသော ကပ်ငြိမှု ‘မာနသင်္ဂ’၊ အယူမှားခြင်းဟူသော ကပ်ငြိမှု ‘ဒိဋ္ဌိသင်္ဂ'သည် ရှိ၏။ ဤသည်တို့သည် ကပ်ငြိမှု ‘သင်္ဂ’ ငါးပါးတို့တည်း။
--
(၅) မြားငါးပါး
ထိုတွင် အဘယ်တို့သည် မြားငါးပါးတို့ မည်သနည်း။
တပ်မက်မှုဟူသောမြား ‘ရာဂသလ္လ’၊ ပြစ်မှားမှုဟူသောမြား ‘ဒေါသသလ္လ’၊ တွေဝေမှုဟူသောမြား ‘မောဟသလ္လ’၊ ထောင်လွှားမှုဟူသောမြား ‘မာနသလ္လ’၊ အယူမှားမှုဟူသောမြား ‘ဒိဋ္ဌိသလ္လ'သည် ရှိ၏။ ဤသည်တို့သည် မြားငါးပါးတို့တည်း။
(၆) ဆူးငါးပါး
၉၄၁။ ထိုတွင် အဘယ်တို့သည် စိတ်ကို စူးဝင်တတ်သော ဆူးငါးပါးတို့ မည်သနည်း။
ဘုရား၌ ယုံမှား၏၊ တွေးတော၏၊ မဆုံးဖြတ်နိုင်၊ မကြည်လင်နိုင်။ တရား၌ ယုံမှား၏၊ တွေးတော၏၊ မဆုံးဖြတ်နိုင်၊ မကြည်လင်နိုင်။ သံဃာ၌ ယုံမှား၏၊ တွေးတော၏၊ မဆုံးဖြတ်နိုင်၊ မကြည်လင်နိုင်။ ကျင့်ဝတ် (သိက္ခာ)၌ ယုံမှား၏၊ တွေးတော၏၊ မဆုံးဖြတ်နိုင်၊ မကြည်လင်နိုင်။ သီတင်း သုံးဖေါ်တို့၌ အမျက်ထွက်၏၊ နှလုံးမသာယာ၊ ထိပါးပုတ်ခတ်လိုသော စိတ်ရှိ၏၊ ဆူးကဲ့သို့ဖြစ်၏။ ဤသည်တို့သည်စိတ်ကို စူးဝင်တတ်သော ဆူးငါးပါးတို့တည်း။
(၇) စိတ်အနှောင်အဖွဲ့ငါးပါး
ထိုတွင် အဘယ်တို့သည် စိတ်အနှောင်အဖွဲ့ ငါးပါးတို့ မည်သနည်း။
ကာမဂုဏ်တို့၌ မကင်းသော စွဲမက်မှု ၊ မကင်းသော လိုချင်မှု ၊ မကင်းသော ချစ်ခင်မှု ၊ မကင်းသောမွတ်သိပ်မှု ၊ မကင်းသော ပူလောင်မှု ၊ မကင်းသော တပ်မက်မှု ရှိ၏။ ကိုယ်၌ မကင်းသော စွဲမက်မှု ။ပ။ ရှိ၏။ ရုပ်၌ မကင်းသော စွဲမက်မှု ။ပ။ ရှိ၏။ အလိုရှိတိုင်း ဝမ်းပြည့်အောင် စား၍ အိပ်မှု ချမ်းသာ, လျောင်းမှု ချမ်းသာ, ငိုက်မြည်းမှု ချမ်းသာကိုအားထုတ်လျက် နေ၏။ အမှတ်မထား တစ်ပါးပါးသော နတ်ပြည်ကို တောင့်တ၍ အကျင့်မြတ်ကို ကျင့်၏- “ငါသည်ဤသီလဖြင့်လည်းကောင်း၊ ဤဓုတင်အကျင့်ဖြင့်လည်းကောင်း၊ ဤကျင့်ဝတ်ဖြင့်လည်းကောင်း၊ ဤအကျင့်မြတ်ဖြင့်လည်းကောင်း၊ တန်ခိုးကြီးသော နတ်သော်လည်းကောင်း၊ တစ်မျိုးမျိုးသော နတ်သော်လည်းကောင်း ဖြစ်ရအံ့” ဟု (တောင့်တ၍) ကျင့်၏။ ဤသည်တို့သည် စိတ်အနှောင်အဖွဲ့ ငါးပါးတို့တည်း။
--
(၈) ပိတ်ပင်တားဆီးတတ်သောတရားငါးပါး။
ထိုတွင် အဘယ်တို့သည် (ဈာန်မဂ်ဖိုလ်တရားတို့ကို) ပိတ်ပင်တားဆီးတတ်သော ‘နီဝရဏ’ တရားငါးပါးတို့ မည်သနည်း။
ကာမတို့၌ လိုချင်တောင်းတမူဟူသော ပိတ်ပင်တားဆီးမှု ‘ကာမစ္ဆန္ဒနီဝရဏ’၊ အမျက်ထွက်မှုဟူသော ပိတ်ပင်တားဆီးမှု ‘ဗျာပါဒနီဝရဏ’၊ (စိတ်, စေတသိက်တို့၏) မခံ့မှု ငိုက်မည်းမှုဟူသော ပိတ်ပင်တားဆီးမှု ‘ထိနမိဒ္ဓနီဝရဏ’၊ ပျံ့လွင့်မှု, နောင်တတဖန်ပူပန်မှုဟူသော ပိတ်ပင်တားဆီးမှု ‘ဥဒ္ဓစ္စ ကုက္ကုစ္စနီဝရဏ’၊ တွေးတောယုံမှားမှုဟူသော ပိတ်ပင်တားဆီးမှု ဝိစိကိစ္ဆာနီဝရဏ။ ဤသည်တို့သည် (ဈာန်မဂ်ဖိုလ်တရားတို့ကို) ပိတ်ပင်တားဆီးတတ်သော ‘နီဝရဏ’ တရားငါးပါး တို့တည်း။
(၉) အာနန္တရိကကံငါးပါး
ထိုတွင် အဘယ်တို့သည် အခြားမဲ့ဘဝ၌ အကျိုးပေးသော အာနန္တရိကကံငါးပါးတို့ မည်သနည်း။
အမိကို အသေသတ်၏၊ အဖကို အသေသတ်၏၊ ရဟန္တာကို အသေသတ်၏၊ ပြစ်မှားသော စိတ်ဖြင့်မြတ်စွာဘုရားအား သွေးခြည်ဥရန် ဖြစ်စေ၏၊ သံဃာကို သင်းခွဲ၏။ ဤသည်တို့သည် အခြားမဲ့ဘဝ၌ အကျိုးပေးသော အာနန္တရိကကံတို့တည်း။
(၁၀) မှားသော အယူငါးမျိုး။
ထိုတွင် အဘယ်တို့သည် မှားသောအယူ ‘ဒိဋ္ဌိ’ ငါးမျိုးတို့ မည်သနည်း။
“အတ္တသည် သညာရှိ၏၊ သေပြီးနောက် ပျက်စီးခြင်းမရှိ (မြဲ၏)”ဟု ဤသို့ အချို့သူတို့က ပြောဆိုကြကုန်၏။ “အတ္တသည် သညာရှိ၏၊ သေပြီးနောက် ပျက်စီးမရှိ (မြဲ၏)”ဟု ဤသို့ အချို့သူတို့က ပြောဆိုကြကုန်၏။ “အတ္တသည် သညာရှိလည်း မဟုတ်, သညာမရှိလည်း မဟုတ်၊ သေပြီးနောက် ပျက်စီးခြင်းမရှိ
(မြဲ၏)”ဟု ဤသို့ အချို့သူတို့က ပြောဆိုကုန်၏။ ထင်ရှားရှိသော သတ္တဝါ၏ ပြတ်စဲခြင်း ပျက်စီးခြင်း ကင်းပျောက်ခြင်းကိုလည်း ပညတ်တင်ပြကြ ကုန်၏။ မျက်မှောက်ဘဝ၌ ဖြစ်သော ‘ဒိဋ္ဌဓမ္မနိဗ္ဗာန်’ ကိုလည်း အချို့သူတို့က ပြောဆိုကြကုန်၏။ ဤသည်တို့သည် မှားသောအယူ ‘ဒိဋ္ဌိ'ငါးပါးတည်း။
--
(၁၁) ရန်ငါးပါး။
၉၄၂။ ထိုတွင် အဘယ်တို့သည် ရန်ငါးပါးတို့ မည်သနည်း။
အသက်ကို သတ်ခြင်း၊ မပေးသည်ကို ယူခြင်း၊ ကာမဂုဏ်တို့၌ မှားသောအားဖြင့် ကျင့်ခြင်း၊ မမှန်သည်ကို ဆိုခြင်း၊ မူးယစ်မေ့လျော့ကြောင်းဖြစ်သော သေအရက်ကို သောက်ခြင်း။ ဤသည်တို့သည်ရန်ငါးပါးတို့တည်း။
(၁၂) ပျက်စီးခြင်းငါးပါး။
ထိုတွင် အဘယ်တို့သည် ပျက်စီးခြင်းငါးပါးတို့ မည်သနည်း။
ဆွေမျိုးပျက်စီးခြင်း၊ စည်းစိမ်ပျက်စီးခြင်း၊ အနာရောဂါဖြင့် ပျက်စီးခြင်း၊ သီလပျက်စီးခြင်း၊ အယူပျက်စီးခြင်း။ ဤသည်တို့သည် ပျက်စီးခြင်းငါးပါးတို့တည်း။
(၁၃) သည်းမခံခြင်း၏ အပြစ်ငါးမျိုး။
ထိုတွင် အဘယ်တို့သည် သည်းမခံခြင်း၏ အပြစ်ငါးမျိုးတို့ မည်သနည်း။
လူအများ မချစ်မနှစ်သက်အပ်၊ ရန်များ၏၊ အပြစ်များ၏၊ တွေတွေဝေဝေ သေရ၏၊ ခန္ဓာကိုယ် ပျက်ကြွေသေသည်မှ နောက်၌ ချမ်းသာကင်းရာ မကောင်းသောလားရာ ဖရိုဖရဲပျက်စီး၍ ကျရောက်ရာ ဖြစ်သောငရဲသို့ ကပ်ရောက်ရ၏။ ဤသည်တို့သည် သည်းမခံခြင်း၏ အပြစ်ငါးပါးတို့တည်း။
--
(၁၄) ဘေးငါးမျိုး
ထိုတွင် အဘယ်တို့သည် ဘေးငါးပါတို့ မည်သနည်း။
အသက်မွေးမှု ဘေး၊ အကျော်အစောမဲ့ဘေး၊ ပရိသတ်ကို ကြောက်ရွံ့ခြင်းဘေး၊ သေဘေး၊ မကောင်းသော လားရာဘေးသည် ရှိ၏။ ဤသည်တို့သည် ဘေးငါးပါးတို့တည်း။
(၁၅) မျက်မှောက်နိဗ္ဗာန်ဝါဒငါးမျိုး။
၉၄၃။ ထိုတွင် အဘယ်တို့သည် မျက်မှောက်ဘဝ၌ နိဗ္ဗာန်ကို ဆိုသော ဝါဒငါးပါးတို့ မည်သနည်း။
ဤလောက၌ အချို့သော သမဏဗြာဟ္မဏသည် ဤသို့ ဆိုလေ့ရှိ၏၊ ဤသို့ ယူလေ့ရှိ၏- “အချင်းတို့ဤကိုယ် ‘အတ္တ'သည် အကြင့်ကြောင့် ကာမဂုဏ်ငါးပါးတို့ဖြင့် ကုံလုံပြည့်စုံစွာ ပျော်ရွှင် ခံစားရ၏။ အချင်းတို့ ဤမျှဖြင့် ဤကိုယ် ‘အတ္တ'သည် အမြတ်ဆုံး မျက်မှောက်ဘဝ'ဒိဋ္ဌဓမ္မ'နိဗ္ဗာန်သို့ ရောက်၏”ဟုဆိုလေ့ရှိ၏၊ ယူလေ့ရှိ၏။ ဤသို့ အချို့သူတို့သည် ထင်ရှားရှိသော သတ္တဝါ၏ အမြတ်ဆုံးမျက်မှောက်ဘဝ'ဒိဋ္ဌဓမ္မ'နိဗ္ဗာန်ကို ပညတ်ကြကုန်၏။ ထိုသူကို အခြား တစ်ယောက်သောသူက ဤသို့ ဆို၏- “အချင်း သင်ဆိုသော ဤကိုယ် ‘အတ္တ’ သည်ရှိသည်သာတည်း၊ မရှိဟု ငါ မဆို၊ အချင်း ဤကိုယ် ‘အတ္တ’ သည် ဤမျှတည်းဖြင့် အမြတ်ဆုံးမျက်မှောက်ဘဝ ‘ဒိဋ္ဌဓမ္မ’ နိဗ္ဗာန်သို့ မရောက်သေး၊ အဘယ့်ကြောင့်နည်းဟူမူ- အချင်း အကြင့်ကြောင့်ကာမဂုဏ်တို့သည် မမြဲကုန်၊ ဆင်းရဲကုန်၏၊ ဖေါက်ပြန်ပြောင်းလဲခြင်း သဘောရှိကုန်၏၊ ထိုကာမဂုဏ်တို့၏ဖေါက်ပြန်ပြောင်းလဲခြင်း တစ်မျိုးတစ်ဖုံဖြစ်ခြင်းကြောင့် စိုးရိမ်ခြင်း ငိုကြွေးခြင်း ဆင်းရဲခြင်း နှလုံးမသာယာခြင်း ပြင်းစွာပင်ပန်းခြင်းတို့ ဖြစ်ကုန်၏။ အချင်း ဤကိုယ် ‘အတ္တ’ သည် အကြင့်ကြောင့်ကာမဂုဏ်တို့မှ ကင်းဆိတ်၍သာလျှင်။ပ။ ပဌမဈာန် ရောက်၍ နေ၏။ အချင်း ဤမျှဖြင့်ဤကိုယ် ‘အတ္တ’ သည် အမြတ်ဆုံး မျက်မှောက်ဘဝ ‘ဒိဋ္ဌဓမ္မ’ နိဗ္ဗာန်သို့ ရောက်၏” ဟု ဆှိ၏။ ဤသို့လျှင် အချို့သူတို့ သည် ထင်ရှားရှိသော သတ္တဝါ၏ အမြတ်ဆုံး မျက်မှောက်ဘဝ ‘ဒိဋ္ဌဓမ္မ’ နိဗ္ဗာန်ကိုပညတ်ကြကုန်၏။ တိုသူကို အခြား တစ်ယောက်သောသူက ဤသို့ ဆို၏- “အချင်း သင်ဆိုသော ဤကိုယ် ‘အတ္တ'သည်ရှိသည်သာတည်း၊ မရှိဟု ငါ မဆို၏၊ အချင်း ဤကိုယ် ‘အတ္တ'သည် ဤမျှတည်းဖြင့် အမြတ်ဆုံးမျက်မှောက် ဘဝ'ဒိဋ္ဌဓမ္မ’ နိဗ္ဗာန်သို့ မရောက်သေး၊ အဘယ့်ကြောင့်နည်းဟူမူ- ထို (ပဌမဈာန်)၌ ဝိတက်, ဝိစာရရှိနေသေးသောကြောင့် ဤ (ပဌမဈာန်) ကို ရုန့်ရင်းကြမ်းတမ်း၏ဟု ဆိုအပ်၏။ အချင်း အကြင့်ကြောင့် ဤကိုယ် ‘အတ္တ'သည် ဝိတက်, ဝိစာရတို့၏ ချုပ်ငြိမ်းခြင်းကြောင့်။ပ။ ဒုတိယဈာန်သို့ ရောက်၍နေ၏။ အချင်း ဤမျှဖြင့် ဤကိုယ် ‘အတ္တ'သည် အမြတ်ဆုံး မျက်မှောက်ဘဝ'ဒိဋ္ဌဓမ္မ'နိဗ္ဗာန်သို့ရောက်၏”ဟု ဆို၏။ ဤသို့လျှင် အချို့သူတို့သည် ထင်ရှားရှိသော သတ္တဝါ၏ အမြတ်ဆုံး မျက်မှောက်ဘဝ ‘ဒိဋ္ဌဓမ္မ'နိဗ္ဗာန်ကို ပညတ်ကြကုန်၏။ ထိုသူကို အခြား တစ်ယောက်သောသူက ဤသို့ ဆို၏- “အချင်း သင် ဆိုသော ဤကိုယ် ‘အတ္တ'သည် ရှိသည်သာတည်း၊ မရှိဟု ငါ မဆို။ အချင်း ဤကိုယ် ‘အတ္တ'သည် ဤမျှတည်းဖြင့် မြတ်ဆုံးမျက်မှောက်ဘဝ ‘ဒိဋ္ဌဓမ္မ’ နိဗ္ဗာန်သို့ မရောက်သေး၊ အဘယ်ကြောင့်နည်းဟူမူ- ထို (ဒုတိယဈာန်)၌ စိတ်၏ပေါ်လွင်တက်ကြွသည်၏ အဖြစ်ဟူသော နှစ်သိမ့်ခြင်းပီတိ ရှိနေသေး သောကြောင့် ဤ (ဒုတိယဈာန်) ကိုရုန့်ရင်းကြမ်းတမ်း၏ဟု ဆိုအပ်၏၊
--
အချင်း အကြင့်ကြောင့် ဤကိုယ် ‘အတ္တ'သည် ပီတိကိုလည်း စက်ဆုပ်ခြင်းကြောင့်။ပ။ တတိယဈာန်သို့ ရောက်၍ နေ၏။ အချင်း ဤမျှဖြင့် ဤကိုယ် ‘အတ္တ'သည် အမြတ်ဆုံးမျက်မှောက်ဘဝ ‘ဒိဋ္ဌဓမ္မ’ နိဗ္ဗာန်သို့ ရောက်၏”ဟု ဆို၏။ ဤသို့လျှင် အချို့သူတို့သည် ထင်ရှားရှိသောသတ္တဝါ၏ အမြတ်ဆုံး မျက်မှောက်ဘဝ ‘ဒိဋ္ဌဓမ္မ’ နိဗ္ဗာန်ကို ပညတ်ကြကုန်၏။ ထိုသူကို အခြား တစ်ယောက်သောသူက ဤသို့ ဆို၏၊ “အချင်း သင် ဆိုသော ဤကိုယ် ‘အတ္တ'သည်ရှိသည်သာတည်း၊ မရှိဟု ငါ မဆို၊ အချင်း ဤကိုယ် ‘အတ္တ'သည် ဤမျှတည်းဖြင့် အမြတ်ဆုံးမျက်မှောက်ဘဝ ‘ဒိဋ္ဌဓမ္မ'နိဗ္ဗာန်သို့ မရောက်သေး၊ အဘယ်ကြောင့်နည်းဟူမူ ထို (တတိယဈာန်)၌ ချမ်းသာလေစွဟု စိတ်၏ နှလုံးသွင်းခြင်းရှိနေသေးသောကြောင့် ဤ (တတိယဈာန်) ကို ရုန့်ရင်းကြမ်းတမ်း၏ဟု ဆိုအပ်၏၊ အချင်း အကြင့်ကြောင့် ဤကိုယ် ‘အတ္တ'သည် သုခကိုလည်း ပယ်ခြင်းကြောင့်။ပ။ စတုတ္ထဈာန်သို့ ရောက်၍ နေ၏။ အချင်း ဤမျှဖြင့် ဤကိုယ် ‘အတ္တ'သည် အမြတ်ဆုံးမျက်မှောက်ဘဝ ‘ဒိဋ္ဌဓမ္မ’ နိဗ္ဗာန်သို့ ရောက်၏ဟု ဆို၏။ ဤသို့လျှင် အချို့ သူတို့သည် ထင်ရှားရှိသောသတ္တဝါ၏ အမြတ်ဆုံး မျက်မှောက် ဘဝ ‘ဒိဋ္ဌဓမ္မ’ နိဗ္ဗာန်ကို ပညတ်ကြကုန်၏။ ဤသည်တို့သည် မျက်မှောက်ဘဝ'ဒိဋ္ဌဓမ္မ’ နိဗ္ဗာန်ကို ဆိုသော ဝါဒငါးပါးတို့တည်း။
ငါးပါးစုတရားများကို အကျယ်ပြဆိုခြင်း ပြီး၏။
--
၆-ဆက္ကနိဒ္ဒေသ
(ခြောက်ပါးစုတရားများကို အကျယ်ပြဆိုခြင်း)
(၁) ငြင်းခုန်မှု အခြေခံတရားခြောက်ပါး
၉၄၄။ ထိုတွင် အဘယ်တို့သည် ငြင်းခုန်မှု အခြေခံတရား ခြောက်ပါးတို့ မည်သနည်း။
အမျက်ထွက်ခြင်း၊ ကျေးဇူးကန်းခြင်း၊ ငြူစူခြင်း၊ စဉ်းလဲခြင်း၊ ယုတ်မာသော အလိုရှိခြင်း၊ မိမိအယူကိုမှားသောအားဖြင့် သုံးသပ်ခြင်း။ ဤသည်တို့သည် ငြင်းခုန်မှု အခြေခံတရား ခြောက်ပါးတို့တည်း။
(၂) ပြင်းစွာတပ်မက်မှု ခြောက်ပါး
ထိုတွင် အဘယ်တို့သည် ပြင်းစွာတပ်မက်မှု ခြောက်ပါးတို့ မည်သနည်း။
ပြင်းစွာတပ်မက်ခြင်းတို့သည် (ကိလေသာဟူသော) အိမ်ကို မှီသော တရားတို့တည်း။
နှလုံးကို ပွါးစေတတ်ကုန်သော အဆင်း ‘ရူပါရုံ'တို့၌ ကိလေသာအိမ်ကို မှီသော တပ်မက်ခြင်း ‘ရာဂ'သည်၊ ပြင်းစွာ တပ်မက်ခြင်း ‘သာရာဂ'သည်၊ စိတ်၏ ပြင်းစွာ တပ်မက်ခြင်း ‘စိတ္တသာရာဂ'သည် ရှိ၏။ နှလုံးကို ပွါးစေတတ်ကုန်သော အသံ'သဒ္ဒါရုံ'တို့၌။ပ။
နှလုံးကို ပွါးစေတတ်ကုန်သော အနံ့ ‘ဂန္ဓာရုံ’ တို့၌။ပ။
နှလုံးကို ပွါးစေတတ်ကုန်သော အရသာ ‘ရသာရုံ’ တို့၌။ပ။
နှလုံးကို ပွါးစေတတ်ကုန်သော အတွေ့ ‘ဖောဋ္ဌဗ္ဗာရုံ’ တို့၌။ပ။
နှလုံးကို ပွါးစေတတ်ကုန်သော သဘော ‘ဓမ္မာရုံ’ တို့၌ ကိလေသာအိမ်ကို မှီသော တပ်မက်ခြင်း ‘ရာဂ'သည်၊ ပြင်းစွာ တပ်မက်ခြင်း ‘သာရာဂ'သည်၊ စိတ်၏ ပြင်းစွာ တပ်မက်ခြင်း ‘စိတ္တသာရာဂ'သည် ရှိ၏။ ဤသည်တို့သည် ပြင်းစွာတပ်မက်မှု ခြောက်ပါးတို့တည်း။
--
(၃) ဆန့်ကျင်မှု ဝတ္ထုခြောက်ပါး
ထိုတွင် အဘယ်တို့သည် ဆန့်ကျင်မှု ‘ဝိရောဓ’ ဝတ္ထု ခြောက်ပါးတို့ မည်သနည်း။
နှလုံးကို မပွါးစေတတ်ကုန်သော ရူပါရုံတို့၌ စိတ်၏ အမျက်ထွက်ခြင်းသည်၊ အထပ်ထပ် အမျက်ထွက်ခြင်းသည်၊ ကြမ်းတမ်းခြင်းသည်၊ ပြည့်စုံစွာ မပြောဆိုနိုင်ခြင်းသည်၊ စိတ်နှလုံးမသာခြင်းသည် ရှိ၏။ နှလုံးကို မပွါးစေတတ်ကုန်သော သဒ္ဒါရုံတို့၌။ပ။
နှလုံးကို မပွါးစေတတ်ကုန်သော ဂန္ဓာရုံတို့၌။ပ။
နှလုံးကို မပွါးစေတတ်ကုန်သော ရသာရုံတို့၌။ပ။
နှလုံးကို မပွါးစေတတ်ကုန်သော ဖောဋ္ဌဗ္ဗာရုံတို့၌။ပ။
နှလုံးကို မပွါးစေတတ်ကုန်သော ဓမ္မာရုံတို့၌ စိတ်၏ အမျက်ထွက်ခြင်းသည်၊ အထပ်ထပ်အမျက်ထွက်ခြင်းသည်၊ ကြမ်းတမ်းခြင်းသည်၊ ပြည့်စုံစွာ မပြောဆိုနိုင်ခြင်းသည်၊ စိတ်နှလုံးမသာခြင်းသည် ရှိ၏။ ဤသည်တို့သည် ဆန့်ကျင်မှု (ဝိရောဓ) ဝတ္ထု ခြောက်ပါးတို့တည်း။
(၄) တဏှာအပေါင်းခြောက်ပါး
ထိုတွင် အဘယ်တို့သည် တဏှာအပေါင်းခြောက်ပါးတို့ မည်သနည်း။
ရူပါရုံ၌ တပ်မက်ခြင်း ‘ရူပတဏှာ’၊ သဒ္ဒါရုံ၌ တပ်မက်ခြင်း ‘သဒ္ဒတဏှာ’၊ ဂန္ဓာရုံ၌ တပ်မက်ခြင်း ‘ဂန္ဓတဏှာ’၊ ရသာရုံ၌ တပ်မက်ခြင်း ‘ရသတဏှာ’၊ ဖောဋ္ဌဗ္ဗာရုံ၌ တပ်မက်ခြင်း ‘ဖေါဋ္ဌဗ္ဗတဏှာ’၊ ဓမ္မာရုံ၌ တပ်မက်ခြင်း ‘ဓမ္မတဏှာ’။ ဤသည်တို့သည် တဏှာအပေါင်းခြောက်ပါးတို့တည်း။
(၅) မရိုသေခြင်းခြောက်ပါး
၉၄၅။ ထိုတွင် အဘယ်တို့သည် မရိုသေခြင်း ခြောက်ပါးတို့ မည်သနည်း။
ဘုရား၌ မရိုသေ မတုပ်ဝပ်ဘဲ နေ၏၊ တရား၌ မရိုသေ မတုပ်ဝပ်ဘဲ နေ၏၊ သံဃာ၌ မရိုမသေ မတုပ်ဝပ်ဘဲ နေ၏၊ ကျင့်ဝတ် (သိက္ခာ) ၌ မရိုသေ မတုပ်ဝပ်ဘဲ နေ၏၊ မမေ့မလျော့မှု (အပ္ပမာဒတရား)၌ မရိုသေ မတုပ်ဝပ်ဘဲ နေ၏၊ ဆက်ဆံစေ့စပ်မှု (လောကဝတ်) ၌ မရိုသေ မတုပ်ဝပ်ဘဲ နေ၏။ ဤသည်တို့သည် မရိုသေခြင်း ခြောက်ပါးတို့တည်း။
--
(၆) ဆုတ်ယုတ်ကြောင်းတရား ခြောက်ပါး
ထိုတွင် အဘယ်တို့သည် ယုတ်လျော့ကြောင်းတရား ခြောက်ပါးတို့ မည်သနည်း။
အမှုကိစ္စ၌ မွေ့လျော်ခြင်း၊ စကားပြောဆိုမှု၌ မွေ့လျော်ခြင်း၊ အိပ်ခြင်း၌ မွေ့လျော်ခြင်း၊ အပေါင်းအဖော်၌ မွေ့လျော်ခြင်း၊ အမျိုးသမီးတို့နှင့် ရောနှောမှု၌ မွေ့လျော်ခြင်း၊ သံသရာချဲ့ထွင်သောတရား၌ မွေ့လျော်ခြင်း။ ဤသည်တို့သည် ဆုတ်ယုတ်ကြောင်းတရား ခြောက်ပါးတို့တည်း။
(၇) တစ်နည်း ဆုတ်ယုတ်ကြောင်းတရား ခြောက်ပါး
၉၄၆။ ထိုတွင် အဘယ်တို့သည် တစ်နည်းအားဖြင့် ဆုတ်ယုတ်ကြောင်းတရား ခြောက်ပါးတို့ မည်သနည်း။
အမှုကိစ္စ၌ မွေ့လျော်ခြင်း၊ စကားပြောဆိုမှု၌ မွေ့လျော်ခြင်း၊ အိပ်ခြင်း၌ မွေ့လျော်ခြင်း၊ အပေါင်းအဖေါ်၌ မွေ့လျော်ခြင်း၊ ဆိုဆုံးမခက်ခြင်း၊ မိတ်ဆွေယုတ်ရှိခြင်း။ ဤသည်တို့သည် ဆုတ်ယုတ်ကြောင်းတရား ခြောက်ပါးတို့တည်း။
(၈) ဝမ်းမြောက်ဝမ်းသာဆင်ခြင်ခြင်း ခြောက်ပါး
ထိုတွင် အဘယ်တို့သည် ဝမ်းမြောက်မှုနှင့်တကွ ဆင်ခြင်ခြင်းခြောက်ပါးတို့ မည်သနည်း။
မျက်စိဖြင့် ရူပါရုံကို မြင်သည်ရှိသော် ဝမ်းမြောက်မှု၏ အကြောင်းဖြစ်သော ရူပါရုံကို ဆင်ခြင်၏။ နားဖြင့် သဒ္ဒါရုံကို ကြားသည်ရှိသော်။ပ။
နှာခေါင်းဖြင့် ဂန္ဓာရုံကို နမ်းသည်ရှိသော်။ပ။
လျှာဖြင့် ရသာရုံကို လျက်သည်ရှိသော်။ပ။
ကိုယ်ဖြင့် ဖောဋ္ဌဗ္ဗာရုံကို တွေ့ထိသည်ရှိသော်။ပ။
စိတ်ဖြင့် ဓမ္မာရုံကို သိသည်ရှိသော် ဝမ်းမြောက်မှု၏အကြောင်းဖြစ်သော ဓမ္မာရုံကို ဆင်ခြင်၏။ ဤသည်တို့သည် ဝမ်းမြောက်မှုနှင့်တကွ ဆင်ခြင်ခြင်း ခြောက်ပါးတို့တည်း။
--
(၉) ဝမ်းနည်းဆင်ခြင်ခြင်း ခြောက်ပါး
ထိုတွင် အဘယ်တို့သည် ဝမ်းနည်းမှုနှင့်တကွ ဆင်ခြင်ခြင်း ခြောက်ပါးတို့ မည်သနည်း။
မျက်စိဖြင့် ရူပါရုံကို မြင်သည်ရှိသော် နှလုံးမသာယာမှု၏ အကြောင်းဖြစ်သော ရူပါရုံကို ဆင်ခြင်၏။ နားဖြင့် သဒ္ဒါရုံကို ကြားသည်ရှိသော်။ပ။
နှာခေါင်းဖြင့် ဂန္ဓာရုံကို နမ်းသည်ရှိသော်။ပ။
လျှာဖြင့် ရသာရုံကို လျက်သည်ရှိသော်။ပ။
ကိုယ်ဖြင့် ဖောဋ္ဌဗ္ဗာရုံကို တွေ့ထိသည်ရှိသော်။ပ။
စိတ်ဖြင့် ဓမ္မာရုံကို သိသည်ရှိသော် နှလုံးမသာယာမှု၏ အကြောင်းဖြစ်သော ဓမ္မာရုံကို ဆင်ခြင်၏။ ဤသည်တို့သည် ဝမ်းနည်းမှုနှင့်တကွ ဆင်ခြင်ခြင်း ခြောက်ပါးတို့တည်း။
(၁၀) လျစ်လျူရှုဆင်ခြင်မှု ခြောက်ပါး
ထိုတွင် အဘယ်တို့သည် လျစ်လျူရှုမှုနှင့်တကွ ဆင်ခြင်မှု ခြောက်ပါးတို့ မည်သနည်း။
မျက်စိဖြင့် ရူပါရုံကို မြင်သည်ရှိသော် လျစ်လျူရှုမှု၏ အကြောင်းဖြစ်သော ရူပါရုံကို ဆင်ခြင်၏။ နားဖြင့် သဒ္ဒါရုံကို ကြားသည်ရှိသော်။ပ။
နှာခေါင်းဖြင့် ဂန္ဓာရုံကို နမ်းသည်ရှိသော်။ပ။
လျှာဖြင့် ရသာရုံကို လျက်သည်ရှိသော်။ပ။
ကိုယ်ဖြင့် ဖောဋ္ဌဗ္ဗာရုံကို တွေ့ထိသည်ရှိသော်။ပ။
စိတ်ဖြင့် ဓမ္မာရုံကို သိသည်ရှိသော် လျစ်လျူရှုမှု၏ အကြောင်းဖြစ်သော ဓမ္မာရုံကို ဆင်ခြင်၏။ ဤသည်တို့သည် လျစ်လျူရှုမှုနှင့်တကွ ဆင်ခြင်မှု ခြောက်ပါးတို့တည်း။
--
(၁၁) ကိလေသာအိမ်ကိုမှီသော ဝမ်းမြောက်ခြင်း ခြောက်ပါး
၉၄၇။ ထိုတွင် အဘယ်တို့သည် ကိလေသာအိမ်ကိုမှီသော ဝမ်းမြောက်ခြင်း ခြောက်ပါးတို့ မည်သနည်း။
နှလုံးကို ပွါးစေတတ်ကုန်သော ရူပါရုံတို့၌ ကိလေသာအိမ်ကို မှီသော စိတ်၌ ဖြစ်သော သာယာခြင်း, စိတ်၌ ဖြစ်သော ချမ်းသာခြင်းသည်၊ စိတ်အတွေ့ကြောင့် ဖြစ်သော သာယာ, ချမ်းသာသောခံစားခြင်းသည်၊ စိတ်အတွေ့ကြောင့် ဖြစ်သော သာယာ, ချမ်းသာသော ခံစားခြင်းဝေဒနာသည် ရှိ၏။ နှလုံးကို ပွါးစေတတ်ကုန်သော သဒ္ဒါရုံတို့၌။ပ။
နှလုံးကို ပွါးစေတတ်ကုန်သော ဂန္ဓာရုံတို့၌။ပ။
နှလုံးကို ပွါးစေတတ်ကုန်သော ရသာရုံတို့၌။ပ။
နှလုံးကို ပွါးစေတတ်ကုန်သော ဖောဋ္ဌဗ္ဗာရုံတို့၌။ပ။
နှလုံးကို ပွါးစေတတ်ကုန်သော ဓမ္မာရုံတို့၌ ကိလေသာအိမ်ကို မှီသော စိတ်၌ ဖြစ်သော သာယာခြင်း, စိတ်၌ ဖြစ်သော ချမ်းသာခြင်းသည်၊ စိတ်အတွေ့ကြောင့်ဖြစ်သော သာယာ, ချမ်းသာသော ခံစားခြင်းသည်၊ စိတ်အတွေ့ကြောင့်ဖြစ်သော သာယာ, ချမ်းသာသော ခံစားခြင်းဝေဒနာသည် ရှိ၏။ ဤသည်တို့သည်ကိလေသာအိမ်ကို မှီသော ဝမ်းမြောက်ခြင်း ခြောက်ပါးတို့တည်း။
(၁၂) ကိလေသာအိမ်ကိုမှီသော ဝမ်းနည်းခြင်း ခြောက်ပါး
ထိုတွင် အဘယ်တို့သည် ကိလေသာအိမ်ကိုမှီသော ဝမ်းနည်းခြင်း ခြောက်ပါးတို့ မည်သနည်း။
နှလုံးကို မပွါးစေတတ်ကုန်သော ရူပါရုံတို့၌ ကိလေသာအိမ်ကို မှီသော စိတ်၌ ဖြစ်သော မသာယာ ခြင်း, စိတ်၌ ဖြစ်သော ဆင်းရဲခြင်းသည်၊ စိတ်အတွေ့ကြောင့်ဖြစ်သော မသာယာ, ဆင်းရဲသော ခံစားခြင်း သည်၊ စိတ်အတွေ့ကြောင့်ဖြစ်သော မသာယာ, ဆင်းရဲသော ခံစားခြင်းဝေဒနာသည် ရှိ၏။ နှလုံးကို မပွါးစေတတ်ကုန်သော သဒ္ဒါရုံတို့၌။ပ။
နှလုံးကို မပွါးစေတတ်ကုန်သော ဂန္ဓာရုံတို့၌။ပ။
နှလုံးကို မပွါးစေတတ်ကုန်သော ရသာရုံတို့၌။ပ။
နှလုံးကို မပွါးစေတတ်ကုန်သော ဖောဋ္ဌဗ္ဗာရုံတို့၌။ပ။
နှလုံးကို မပွါးစေတတ်ကုန်သော ဓမ္မာရုံတို့၌ ကိလေသာအိမ်ကို မှီသော စိတ်၌ ဖြစ်သော မသာယာခြင်း, စိတ်၌ ဖြစ်သော ဆင်းရဲခြင်းသည်၊ စိတ်အတွေ့ကြောင့်ဖြစ်သော မသာယာ, ဆင်းရဲသော ခံစားခြင်းသည်၊ စိတ်အတွေ့ကြောင့် ဖြစ်သော မသာယာ, ဆင်းရဲသော ခံစားခြင်းဝေဒနာသည် ရှိ၏။ ဤသည်တို့သည်ကိလေသာအိမ်ကို မှီသော ဝမ်းနည်းခြင်း ခြောက်ပါးတို့တည်း။
--
(၁၃) ကိလေသာအိမ်ကိုမှီသော လျစ်လျူရှုခြင်း ခြောက်ပါး
ထိုတွင် အဘယ်တို့သည် ကိလေသာအိမ်ကို မှီသော လျစ်လျူရှုခြင်း ခြောက်ပါးတို့ မည်သနည်း။
လျစ်လျူရှုမှု၏ အကြောင်းဖြစ်ကုန်သော ရူပါရုံတို့၌ ကိလေသာအိမ်ကို မှီသော စိတ်၌ ဖြစ်သောသာယာသည်လည်း မဟုတ်, မသာယာသည်လည်း မဟုတ်ခြင်းသည်၊ စိတ်အတွေ့ကြောင့် ဖြစ်သောဆင်းရဲ, ချမ်းသာ မဟုတ်သော ခံစားခြင်းသည်၊ စိတ်အတွေ့ကြောင့် ဖြစ်သော ဆင်းရဲ, ချမ်းသာမဟုတ်သော ခံစားခြင်းဝေဒနာသည် ရှိ၏။ လျစ်လျူရှုမှု၏ အကြောင်းဖြစ်ကုန်သော သဒ္ဒါရုံတို့၌။ပ။
လျစ်လျူရှုမှု၏ အကြောင်းဖြစ်ကုန်သော ဂန္ဓာရုံတို့၌။ပ။
လျစ်လျူရှုမှု၏ အကြောင်းဖြစ်ကုန်သော ရသာရုံတို့၌။ပ။
လျစ်လျူရှုမှု၏ အကြောင်းဖြစ်ကုန်သော ဖောဋ္ဌဗ္ဗာရုံတို့၌။ပ။
လျစ်လျူရှုမှု၏ အကြောင်းဖြစ်ကုန်သော ဓမ္မာရုံတို့၌ ကိလေသာအိမ်ကို မှီသော စိတ်၌ ဖြစ်သောသာယာသည်လည်း မဟုတ်, မသာယာသည်လည်း မဟုတ်ခြင်းသည်၊ စိတ်အတွေ့ကြောင့် ဖြစ်သောဆင်းရဲ, ချမ်းသာ မဟုတ်သော ခံစားခြင်းသည်၊ စိတ်အတွေ့ကြောင့် ဖြစ်သော ဆင်းရဲ, ချမ်းသာ မဟုတ်သော ခံစားခြင်းဝေဒနာသည် ရှိ၏။ ဤသည်တို့သည် ကိလေသာအိမ်ကို မှီသော လျစ်လျူရှုခြင်း ခြောက်ပါးတို့တည်း။
(၁၄) မှားသောအယူ ခြောက်ပါး
၉၄၈။ ထိုတွင် အဘယ်တို့သည် မှားသောအယူ ‘ဒိဋ္ဌိ’ ခြောက်ပါးတို့ မည်သနည်း။
“ငါ့အား အတ္တရှိ၏”ဟုလည်း ထိုသူအား အမှန်အားဖြင့်, အခိုင်အမာအားဖြင့် မှားသောအယူ ဖြစ်၏။ “ငါ့အား အတ္တမရှိ”ဟုလည်း ထိုသူအား အမှန်အားဖြင့်, အခိုင်အမာအားဖြင့် မှားသောအယူ ဖြစ်၏။ “အတ္တဖြင့် အတ္တကို သိ၏”ဟုလည်း ထိုသူအား အမှန်အားဖြင့်, အခိုင်အမာအားဖြင့် မှားသော အယူဖြစ်၏။ “အတ္တဖြင့် အတ္တမဟုတ်သည်ကို သိ၏”ဟုလည်း ထိုသူအား အမှန်အားဖြင့်, အခိုင်အမာအားဖြင့်မှားသောအယူ ဖြစ်၏။ “အတ္တမဟုတ်သည်ဖြင့် အတ္တကို သိ၏”ဟုလည်း ထိုသူအား အမှန်အားဖြင့်, အခိုင်အမာအားဖြင့်မှားသောအယူ ဖြစ်၏။ ထိုပြင် ထိုသူအား ဤသို့ မှားသောအယူ ဖြစ်၏- “ထိုအတ္တသည် ငါ၏ ဤကိုယ်ပင်တည်း၊ ဆိုတတ်၏၊ သိတတ်၏၊ ထိုထို (အာရုံ) တို့၌ ရှည်စွာသော နေ့ညဉ့်ပတ်လုံး ကောင်း, မကောင်းသောကံတို့၏ အကျိုးကို ခံစားတတ်၏၊ ထိုအတ္တသည် မဖြစ်ပေါ်တတ်သည် ဖြစ်၍ မဖြစ်ဖူးပြီ၊ ထိုအတ္တသည်မဖြစ်ပေါ်တတ်သည် ဖြစ်၍ မဖြစ်လတ္တံ့၊ မြဲ၏၊ ခိုင်ခန့်၏၊ အခါခပ်သိမ်း တည်၏၊ ဖေါက်ပြန်သောသဘော မရှိ”ဟုလည်း ထိုသူအား အမှန်အားဖြင့်, အခိုင်အမာအားဖြင့် မှားသောအယူ ဖြစ်၏။ ဤသည်တို့သည် မှားသောအယူ (ဒိဋ္ဌိ) ခြောက်ပါးတို့တည်း။
ခြောက်ပါးစုတရားများကို အကျယ်ပြဆိုခြင်းပြီး၏။
--
၇-သတ္တကနိဒ္ဒေသ
(ခုနစ်ပါးစုတရားများကို အကျယ်ပြဆိုခြင်း)
အနုသယ
၉၄၉။ ထိုတွင် အဘယ်တို့သည် အနုသယခုနစ်ပါးတို့ မည်သနည်း။
လိုချင်တပ်မက်မှု အနုသယ၊ အမျက်ထွက်မှု အနုသယ၊ ထောင်လွှားမှု အနုသယ၊ အယူမှားမှု အနုသယ၊ တွေးတောယုံမှားမှု အနုသယ၊ ဘဝ၌ တပ်မက်မှု အနုသယ၊ မသိမှု အနုသယ။ ဤသည်တို့သည် အနုသယ ခုနစ်ပါးတို့တည်း။ (၁)
သံယောဇဉ်
ထိုတွင် အဘယ်တို့သည် သံယောဇဉ်ခုနစ်ပါးတို့ မည်သနည်း။
လိုချင်တပ်မက်မှု သံယောဇဉ်၊ အမျက်ထွက်မှု သံယောဇဉ်၊ ထောင်လွှားမှု သံယောဇဉ်၊ အယူမှားမှု သံယောဇဉ်၊ တွေးတောယုံမှားမှု သံယောဇဉ်၊ ဘဝ၌ တပ်မက်မှု သံယောဇဉ်၊ မသိမှု သံယောဇဉ်။ ဤသည်တို့သည် သံယောဇဉ်ခုနစ်ပါးတို့တည်း။ (၂)
ထကြွသောင်းကျန်းမှု ‘ပရိယုဋ္ဌာန'
ထိုတွင် အဘယ်တို့သည် ထကြွသောင်းကျန်းမှု ခုနစ်ပါးတို့ မည်သနည်း။
လိုချင်တပ်မက်မှု ထကြွသောင်းကျန်းခြင်း၊ အမျက်ထွက်မှု ထကြွသောင်းကျန်းခြင်း၊ ထောင်လွှားမှု ထကြွသောင်းကျန်းခြင်း၊ အယူမှားမှု ထကြွသောင်းကျန်းခြင်း၊ တွေးတောယုံမှားမှု ထကြွသောင်းကျန်းခြင်း၊ ဘဝ၌ တပ်မက်မှု ထကြွသောင်းကျန်းခြင်း၊ မသိမှု ထကြွသောင်းကျန်းခြင်း။ ဤသည်တို့သည်ထကြွသောင်းကျန်းမှု ခုနစ်ပါးတို့တည်း။ (၃)
သူယုတ်မာတရား
၉၅၀။ ထိုတွင် အဘယ်တို့သည် သူယုတ်မာတရား ခုနစ်ပါးတို့ မည်သနည်း။
သဒ္ဓါတရား မရှိ၊ အရှက်မရှိ၊ အကြောက်အလန့်မရှိ၊ အကြားအမြင်နည်း၏၊ ပျင်းရိ၏၊ သတိလွတ်၏၊ ပညာမဲ့၏။ ဤသည်တို့သည် သူယုတ်မာတရား ခုနစ်ပါးတို့တည်း။ (၄)
ဒုစရိုက်တရား
ထိုတွင် အဘယ်တို့သည် ဒုစရိုက်ခုနစ်ပါးတို့ မည်သနည်း။
အသက်ကို သတ်ခြင်း၊ မပေးသည်ကို ယူခြင်း၊ ကာမဂုဏ်တို့၌ မှားသောအားဖြင့် ကျင့်ခြင်း၊ မမှန်သည်ကို ဆိုခြင်း၊ ကုန်းတိုက်ခြင်း၊ ကြမ်းတမ်းစွာ ပြောဆိုခြင်း၊ အကျိုးမရှိသည်ကို ဆိုခြင်း။ ဤသည်တို့သည် ဒုစရိုက်ခုနစ်ပါးတို့တည်း။ (၅)
မာန်ထောင်ခြင်း
ထိုတွင် အဘယ်တို့သည် မာန်ထောင်ခြင်း ခုနစ်ပါးတို့ မည်သနည်း။
မာန်ထောင်ခြင်း၊ အလွန်မာန်ထောင်ခြင်း၊ အလွန့်အလွန်မာန်ထောင်ခြင်း၊ ယုတ်သောအားဖြင့် မာန်ထောင်ခြင်း၊ အထင်ကြီးခြင်း၊ ငါဖြစ်၏ဟု မာန်ထောင်ခြင်း၊ မှားသော မာန်ထောင်ခြင်း။ ဤသည်တို့သည် မာန်ထောင်ခြင်း ခုနစ်ပါးတို့တည်း။ (၆)
--
အယူမှားယွင်းမှု
၉၅၁။ ထိုတွင် အဘယ်တို့သည် အယူမှားမှု ခုနစ်ပါးတို့ မည်သနည်း။
ဤလောက၌ အချို့သော သမဏဗြာဟ္မဏသည် ဤသို့ ဆိုလေ့ရှိ၏၊ ဤသို့ ယူလေ့ရှိ၏- “အချင်းအကြင့်ကြောင့် ဤအတ္တသည် ရုပ်ရှိ၏၊ မဟာဘုတ်လေးပါးဖြင့် ပြီး၏။ မိဘတို့၏ သုက်သွေး ကြောင့်ဖြစ်၏၊ ကိုယ်ခန္ဓာပျက်စီးသော် ပြတ်စဲ၏၊ ပျက်စီး၏၊ သေပြီးနောက် မဖြစ်။ အချင်း ဤမျှဖြင့်ဤအတ္တသည် လုံးဝ ပြတ်စဲ၏”ဟု ဆိုလေ့ရှိ၏၊ ယူလေ့ရှိ၏။ ဤသို့ အချို့သူတို့သည် ထင်ရှားရှိသောသတ္တဝါ၏ ပြတ်စဲခြင်း, ပျက်စီးခြင်း, မဖြစ်ခြင်းကို ပညတ်ကြကုန်၏။ (၆-၁)
ထိုသူ့ကို အခြားသူက ဤသို့ ဆို၏- “အချင်း သင်ဆိုသော ဤအတ္တသည် ရှိသည်သာတည်း။ မရှိဟုငါ မဆို။ အချင်း ဤအတ္တသည် ဤမျှတည်းဖြင့် လုံးဝ ပြတ်စဲသည် မဟုတ်သေး။ အချင်း ကာမာဝစရနတ်ပြည်၌ ဖြစ်သော ကဗဠီကာရအာဟာရဟူသော နတ်သုဒ္ဓါကို စားသောက်သော ရုပ်ရှိသောအခြားအတ္တသည် ရှိသေး၏၊ ထိုအတ္တကို သင် မသိ၊ မမြင်။ ထိုအတ္တကို ငါ သိ၏၊ မြင်၏။ အချင်းထိုအတ္တသည် အကြင့်ကြောင့် ကိုယ်ခန္ဓာပျက်စီးသော် ပြတ်စဲ၏၊ ပျက်စီး၏၊ သေပြီးနောက် မဖြစ်တော့။ အချင်း ဤမျှဖြင့် ဤအတ္တသည် လုံးဝ ပြတ်စဲ၏”ဟု ဆို၏။ ဤသို့လျှင် အချို့သူတို့သည်ထင်ရှားရှိသော သတ္တဝါ၏ ပြတ်စဲခြင်း, ပျက်စီးခြင်း, မဖြစ်ခြင်းကို ပညတ်ကြကုန်၏။ (၆-၂)
ထိုသူ့ကို အခြားသူက ဤသို့ ဆို၏- “အချင်း သင်ဆိုသော ဤအတ္တသည် ရှိသည်သာတည်း၊ မရှိဟုငါ မဆို။ အချင်း ဤအတ္တသည် ဤမျှတည်းဖြင့် လုံးဝ ပြတ်စဲသည် မဟုတ်သေး။ အချင်း ရူပဗြဟ္မာ့ပြည်၌ ဖြစ်သော ဈာန်စိတ်ဖြင့်ပြီးသော အင်္ဂါကြီးငယ် အလုံးစုံ ပြည့်စုံသော ဣန္ဒြေမချို့တဲ့သော ရုပ်ရှိသောအတ္တသည် ရှိသေး၏။ ထိုအတ္တကို သင် မသိ၊ မမြင်။ ထိုအတ္တကို ငါ သိ၏၊ မြင်၏။ အချင်းထိုအတ္တသည် အကြင့်ကြောင့် ကိုယ်ခန္ဓာပျက်စီးသော် ပြတ်စဲ၏၊ ပျက်စီး၏၊ သေပြီးနောက် မဖြစ်တော့။ အချင်း ဤမျှဖြင့် ဤအတ္တသည် လုံးဝ ပြတ်စဲ၏”ဟု ဆို၏။ ဤသို့လျှင် အချို့သူတို့သည် ထင်ရှားရှိသောသတ္တဝါ၏ ပြတ်စဲခြင်း, ပျက်စီးခြင်း, မဖြစ်ခြင်းကို ပညတ်ကြကုန်၏။ (၆-၃)
ထိုသူ့ကို အခြားသူက ဤသို့ ဆို၏- “အချင်း သင်ဆိုသော ဤအတ္တသည် ရှိသည်သာတည်း၊ မရှိဟုငါ မဆို။ အချင်း ဤအတ္တသည် ဤမျှတည်းဖြင့် လုံးဝ ပြတ်စဲသည် မဟုတ်သေး။ အချင်းရူပသညာတို့ကို လုံးဝလွန်မြောက်၍့ ပဋိဃသညာတို့ လုံးဝချုပ်သည့်အပြင် နာနတ္တသညာတို့ကို လုံးဝနှလုံးမသွင်းမူ၍ ‘ကောင်းကင်သည် အဆုံးမရှိ’ဟု (နှလုံးသွင်းလျက်) အာကာသာနဉ္စာယတနဗြဟ္မာ့ဘုံသို့ကပ်ရောက်သော အခြားအတ္တသည် ရှိသေး၏။ ထိုအတ္တကို သင် မသိ၊ မမြင်။ ထိုအတ္တကို ငါ သိ၊ မြင်၏။ အချင်း ထိုအတ္တသည် အကြင့်ကြောင့် ကိုယ်ခန္ဓာပျက်စီးသော် ပြတ်စဲ၏၊ ပျက်စီး၏၊ သေပြီးနောက် မဖြစ် တော့။ အချင်း ဤမျှဖြင့် ဤအတ္တသည် လုံးဝပြတ်၏”ဟု ဆို၏။ ဤသို့လျှင်အချို့သူတို့သည် ထင်ရှား ရှိသော သတ္တဝါ၏ ပြတ်စဲခြင်း, ပျက်စီးခြင်း, မဖြစ်ခြင်းကို ပညတ်ကြကုန်၏။ (၆-၄)
ထိုသူ့ကို အခြားသူက ဤသို့ ဆို၏- “အချင်း သင်ဆိုသော ဤအတ္တသည် ရှိသည်သာတည်း။ မရှိဟုငါ မဆို။ အချင်း ဤအတ္တသည် ဤမျှတည်းဖြင့် လုံးဝပြတ်စဲသည် မဟုတ်သေး။ အချင်းအာကာသာနဉ္စာယတနဈာန်ကို လုံးဝလွန်မြောက်၍ ‘ဝိညာဏ်သည် အဆုံးအပိုင်းအခြားမရှိ’ဟု (နှလုံးသွင်းလျက်) ဝိညာဏဉ္စာယတန ဗြဟ္မာ့ဘုံသို့ ကပ်ရောက်သော အခြားအတ္တသည် ရှိသေး၏။ ထိုကိုယ်ကို သင်မသိ၊ မမြင်။ ထိုအတ္တကို ငါ သိ၏၊ မြင်၏။ အချင်း ထိုအတ္တသည် အကြင့်ကြောင့် ကိုယ်ခန္ဓာပျက်စီးသော်ပြတ်စဲ၏၊ ပျက်စီး၏။ သေပြီးနောက် မဖြစ်တော့။ အချင်း ဤမျှဖြင့် ဤအတ္တသည် လုံးဝ ပြတ်စဲ၏”ဟုဆို၏။ ဤသို့ အချို့သူတို့သည် ထင်ရှားရှိသော သတ္တဝါ၏ ပြတ်ခြင်း, ပျက်စီးခြင်း, မဖြစ်ခြင်းကိုပညတ်ကြကုန်၏။ (၆-၅)
--
ထိုသူ့ကို အခြားသူက ဤသို့ ဆို၏- “အချင်း သင်ဆိုသော ဤအတ္တသည် ရှိသည်သာတည်း။ မရှိဟုငါ မဆို၏။ အချင်း ဤအတ္တသည် ဤမျှတည်းဖြင့် လုံးဝပြတ်စဲသည် မဟုတ်သေး။ အချင်းဝိညာဏဉ္စာယတနဈာန်ကို လုံးဝလွန်မြောက်၍ ‘စိုးစဉ်းမျှ မရှိ’ဟု (နှလုံးသွင်းလျက်) အာကိဉ္စညာယတနဗြဟ္မာ့ဘုံသို့ ကပ်ရောက်သော အခြားအတ္တသည် ရှိသေး၏။ ထိုအတ္တကို သင် မသိ၊ မမြင်။ ထိုအတ္တကိုငါ သိ၏၊ မြင်၏။ အချင်း ထိုအတ္တသည် အကြင့်ကြောင့် ကိုယ်ခန္ဓာပျက်စီးသော် ပြတ်၏၊ ပျက်စီး၏၊ သေပြီးနောက် မဖြစ်တော့။ အချင်း ဤမျှတည်းဖြင့် ဤကိုယ်သည် လုံးဝပြတ်စဲ၏”ဟု ဆို၏။ ဤသို့လျှင် အချို့သူတို့သည် ထင်ရှားရှိသော သတ္တဝါ၏ ပြတ်ခြင်း ပျက်စီးခြင်း မဖြစ်ခြင်းကို ပညတ်ကြကုန်၏။ (၆-၆)
ထိုသူ့ကို အခြားသူက ဤသို့ ဆို၏- “အချင်း သင်ဆိုသော ဤအတ္တသည် ရှိသည် သာတည်း။ မရှိဟုငါ မဆို။ အချင်း ဤအတ္တသည် ဤမျှတည်းဖြင့် လုံးဝပြတ်သည် မဟုတ်သေး။ အချင်းအာကိဉ္စညာယတနဈာန်ကို လုံးဝလွန်မြောက်၍ နေဝသညာနာသညာယတန ဗြဟ္မာ့ဘုံသို့ ကပ်ရောက်သောအခြားအတ္တသည် ရှိသေး၏။ ထိုအတ္တကို သင် မသိ၊ မမြင်။ ထိုအတ္တကို ငါ သိ၏၊ မြင်၏။ အချင်းထိုအတ္တသည် အကြင့်ကြောင့် ကိုယ်ခန္ဓာပျက်စီးသော် ပြတ်စဲ၏၊ ပျက်စီး၏၊ သေပြီးနောက် မဖြစ်တော့။ အချင်း ဤမျှဖြင့် ဤအတ္တသည် လုံးဝ ပြတ်စဲ၏”ဟု ဆို၏။ ဤသို့လျှင် အချို့သူတို့သည် ထင်ရှားရှိသော သတ္တဝါ၏ ပြတ်စဲခြင်း, ပျက်စီးခြင်း, မဖြစ်ခြင်းကို ပညတ်ကြကုန်၏။ ဤသည်တို့သည့်အယူမှားမှု ဒိဋ္ဌိခုနစ်ပါးတို့တည်း။ (၆-၇)
ခုနစ်ပါးစုတရားများကို အကျယ်ပြဆိုခြင်းပြီး၏။
--
၈-အဋ္ဌကနိဒ္ဒေသ
(ရှစ်ပါးစုတရားများကို အကျယ်ပြဆိုခြင်း)
ကိလေသာ
၉၅၂။ ထိုတွင် အဘယ်တို့သည် ကိလေသာရှစ်ပါးတို့ မည်သနည်း။
လိုချင်မှု ‘လောဘ’၊ ပြစ်မှားမှု ‘ဒေါသ’၊ တွေဝေမှု ‘မောဟ’၊ ထောင်လွှားမှု ‘မာန’၊ အယူမှားမှု ‘ဒိဋ္ဌိ’၊ တွေးတောယုံမှားမှု ‘ဝိစိကိစ္ဆာ’၊ ထိုင်းမှိုင်းမှု ‘ထိန’၊ ပျံ့လွင့်မှု ‘ဥဒ္ဓစ္စ’။ ဤသည်တို့သည် ကိလေသာရှစ်ပါးတို့တည်း။
ပျင်းရိခြင်းအကြောင်း ၉၅၃။ ထိုတွင် အဘယ်တို့သည် ပျင်းရိခြင်းအကြောင်း ရှစ်ပါးတို့ မည်သနည်း။
ဤသာသနာတော်၌ ရဟန်းသည် အမှုကို ပြုရ၏၊ ထိုရဟန်းအား ဤသို့ အကြံဖြစ်၏-"ငါသည်အမှုကို ပြုရလိမ့်မည်၊ အမှုကို ပြုရသော ငါ၏ ကိုယ်သည် ပင်ပန်းလိမ့်မည်၊ ယခု ငါသည်အိပ်ဦးမည်”ဟု (နှလုံးပြု၍) ထိုရဟန်းသည် အိပ်၏၊ မရောက်အပ်သေးသည်သို့ ရောက်ရန်၊ မရအပ်သေးသည်ကို ရရန်၊ မျက်မှောက်မပြုအပ်သေးသည်ကို မျက်မှောက်ပြုရန် ဝီရိယကို အားမထုတ်။ ဤသည်ကား ရှေးဦးစွာ သော ပျင်းရိခြင်းအကြောင်းတည်း။
ထို့ပြင်လည်း ရဟန်းသည် အမှုကို ပြုပြီးဖြစ်၏၊ ထိုရဟန်းအား ဤသို့ အကြံဖြစ်၏- “ငါသည် အမှုကိုပြုပြီးလေပြီ၊ အမှုကို ပြုပြီးသော ငါ၏ ကိုယ်သည် ပင်ပန်း၏၊ ယခု ငါသည် အိပ်ဦးမည်”ဟု (နှလုံးပြု၍) ထိုရဟန်းသည် အိပ်၏၊ မရောက်အပ်သေးသည်သို့ ရောက်ရန်၊ မရအပ်သေးသည်ကို ရရန်၊ မျက်မှောက်မပြုအပ်သေးသည်ကို မျက်မှောက်ပြုရန် ဝီရိယကို အားမထုတ်။ ဤသည်ကား နှစ်ခုမြောက်သော ပျင်းရိခြင်း အကြောင်းတည်း။
ထို့ပြင်လည်း ရဟန်းသည် ခရီးသွားမည် ဖြစ်၏။ ထိုရဟန်းအား ဤသို့ အကြံဖြစ်၏- “ငါသည်ခရီးသွားရလိမ့်မည်၊ ခရီးသွားသော ငါ၏ ကိုယ်သည် ပင်ပန်းလိမ့်မည်၊ ယခု ငါသည် အိပ်ဦးမည်”ဟု (နှလုံးပြု၍) ထိုရဟန်းသည် အိပ်၏၊ မရောက်အပ်သေးသည်သို့ ရောက်ရန်၊ မရအပ်သေးသည်ကို ရရန်၊ မျက်မှောက်မပြုအပ်သေးသည်ကို မျက်မှောက်ပြုရန် ဝီရိယကို အားမထုတ်။ ဤသည်ကား သုံးခုမြောက်သော ပျင်းရိခြင်း အကြောင်းတည်း။
ထို့ပြင်လည်း ရဟန်းသည် ခရီးသွားပြီး ဖြစ်၏။ ထိုရဟန်းအား ဤသို့ အကြံဖြစ်၏- “ငါသည်ခရီးသွားပြီးလေပြီ၊ ခရီးသွားပြီးသော ငါ၏ ကိုယ်သည် ပင်ပန်း၏၊ ယခုငါသည် အိပ်ဦးမည်”ဟု (နှလုံးပြု၍) ထိုရဟန်းသည် အိပ်၏၊ မရောက်အပ်သေးသည်သို့ ရောက်ရန်၊ မရအပ်သေးသည်ကို ရရန်၊ မျက်မှောက်မပြုအပ်သေးသည်ကို မျက်မှောက်ပြုရန် ဝီရိယကို အားမထုတ်။ ဤသည်ကား လေးခုမြောက်သော ပျင်းရိခြင်းအကြောင်းတည်း။
ထို့ပြင်လည်း ရဟန်းသည် ရွာ, နိဂုံးသို့ ဆွမ်းအလို့ငှါ လှည့်လည်သော် ကြမ်းတမ်းသောဘောဇဉ်ကိုလည်းကောင်း၊ မွန်မြတ်သော ဘောဇဉ်ကိုလည်းကောင်း အလိုရှိတိုင်း ပြည့်စုံအောင် မရ။ ထိုရဟန်းအား ဤသို့ အကြံဖြစ်၏- “ငါသည် ရွာ, နိဂုံးသို့ ဆွမ်းအလို့ငှါ လှည့်လည်သော် ကြမ်းတမ်းသောဘောဇဉ်ကိုလည်းကောင်း၊ မွန်မြတ်သော ဘောဇဉ်ကိုလည်းကောင်း အလိုရှိတိုင်း ပြည့်စုံအောင် မရ။ ထို (မရသော) ငါ၏ ကိုယ်သည် ပင်ပန်း၏၊ မခံ့ကျန်း၊ ယခု ငါသည် အိပ်ဦးမည်”ဟု (နှလုံးပြု၍) ထိုရဟန်းသည် အိပ်၏၊ မရောက်အပ်သေးသည်သို့ ရောက်ရန်၊ မရအပ်သေးသည်ကို ရရန်၊ မျက်မှောက်မပြုအပ်သေး သည်ကို မျက်မှောက်ပြုရန် ဝီရိယကို အားမထုတ်။ ဤသည်ကား ငါးခုမြောက်သော ပျင်းရိခြင်း အကြောင်းတည်း။
--
ထို့ပြင်လည်း ရဟန်းသည် ရွာ, နိဂုံးသို့ ဆွမ်းအလို့ငှါ လှည့်လည်သော် ကြမ်းတမ်းသော ဘောဇဉ်ကိုလည်းကောင်း၊ မွန်မြတ်သော ဘောဇဉ်ကိုလည်းကောင်း အလိုရှိတိုင်း ပြည့်စုံအောင် ရ၏။ ထိုရဟန်းအား ဤသို့ အကြံဖြစ်၏- “ငါသည် ရွာ, နိဂုံးသို့ ဆွမ်းအလို့ငှါ လှည့်လည်သော် ကြမ်းတမ်းသော ဘောဇဉ်ကိုလည်းကောင်း၊ မွန်မြတ်သော ဘောဇဉ်ကိုလည်းကောင်း အလိုရှိတိုင်း ပြည့်စုံအောင်ရ၏။ ထို (ရသော) ငါ၏ ကိုယ်သည် ပင်ပန်း၏၊ မခံ့ကျန်း၊ စိုစွတ်သော ပဲကြီးနှင့် တူသရောင်ထင်၏။ ယခု ငါသည် အိပ်ဦးမည်”ဟု (နှလုံးပြု၍) ထိုရဟန်းသည် အိပ်၏၊ မရောက်အပ်သေးသည်သို့ ရောက်ရန်၊ မရအပ်သေးသည်ကို ရရန်၊ မျက်မှောက်မပြုအပ်သေးသည်ကို မျက်မှောက်ပြုရန် ဝီရိယကို အားမထုတ်။ ဤသည်ကား ခြောက်ခုမြောက်သော ပျင်းရိခြင်း အကြောင်းတည်း။
ထို့ပြင်လည်း ရဟန်းသည် အနာရောဂါအနည်းငယ်ဖြစ်၏။ ထိုရဟန်းအား ဤသို့ အကြံဖြစ်၏- “ငါ့အား အနာရောဂါအနည်းငယ် ဖြစ်၏။ အိပ်ရန် သင့်သော အခွင့်သည် ရှိနေ၏။ ယခု ငါသည်အိပ်ဦးမည်”ဟု (နှလုံးပြု၍) ထိုရဟန်းသည် အိပ်၏၊ မရောက်အပ်သေးသည်သို့ ရောက်ရန်၊ မရအပ်သေးသည်ကို ရရန်၊ မျက်မှောက်မပြုအပ်သေးသည်ကို မျက်မှောက်ပြုရန် ဝီရိယကို အားမထုတ်။ ဤသည်ကား ခုနစ်ခုမြောက်သော ပျင်းရိခြင်းအကြောင်းတည်း။
ထို့ပြင်လည်း ရဟန်းသည် အနာ (ရောဂါ) ပျောက်ပြီ၊ အနာ (ရောဂါ) ပျောက်သည်ကား မကြာသေး၊ ထိုရဟန်းအား ဤသို့ အကြံဖြစ်၏-"ငါသည် အနာ (ရောဂါ) ပျောက်ပြီ၊ အနာ (ရောဂါ) ပျောက်သည်ကား မကြာသေး၊ ထို (အနာရောဂါပျောက်စဖြစ်သော) ငါ၏ ကိုယ်သည် အားနည်း၏၊ မခံ့ကျန်း၊ ယခု ငါသည်အိပ်ဦးမည်ဟု (နှလုံးပြု၍) ထိုရဟန်းသည် အိပ်၏၊ မရောက်အပ်သေးသည်သို့ ရောက်ရန်၊ မရအပ်သေးသည်ကို ရရန်၊ မျက်မှောက်မပြုအပ်သေး သည်ကို မျက်မှောက်ပြုရန် အားမထုတ်။ ဤသည်ကား ရှစ်ခုမြောက်သော ပျင်းရိခြင်း အကြောင်းတည်း။
ဤသည်တို့သည် ပျင်းရိခြင်း အကြောင်းရှစ်ပါးတို့တည်း။
စိတ်ပင်ပန်းကြောင်း လောကဓံတရား
၉၅၄။ ထိုတွင် အဘယ်လောကဓံရှစ်ပါးတို့ဖြင့် စိတ်ပင်ပန်းခြင်း ဖြစ်သနည်း။
လာဘ်ရခြင်းကြောင့် ပြင်းစွာတပ်မက်ခြင်း၊ လာဘ်မရခြင်းကြောင့် နှလုံးမသာယာခြင်း၊ အခြံအရံ (အကျော်အစော) ကြောင့် ပြင်းစွာတပ်မက်ခြင်း၊ အခြံအရံ (အကျော်အစော) မရှိခြင်းကြောင့် နှလုံးမသာယာခြင်း၊ ချီးမွမ်းခြင်းကြောင့် ပြင်းစွာတပ်မက်ခြင်း၊ ကဲ့ရဲ့ခြင်းကြောင့် နှလုံးမသာယာခြင်း၊ ချမ်းသာခြင်း ကြောင့် ပြင်းစွာတပ်မက်ခြင်း၊ ဆင်းရဲခြင်းကြောင့် နှလုံးမသာယာခြင်း။ ဤလောကဓံရှစ်ပါးတို့ကြောင့်စိတ်ပင်ပန်းခြင်း ဖြစ်၏။
ယုတ်ညံ့သူတို့၏ ပြောဆိုခြင်း
၉၅၅။ ထိုတွင် အဘယ်တို့သည် အရိယာမဟုတ် (ယုတ်ညံ့) သူတို့၏ပြောဆိုခြင်း ရှစ်ပါးတို့ မည်သနည်း။
မမြင်သည်၌ မြင်၏ဟု ဆိုခြင်း၊ မကြားသည်၌ ကြား၏ဟု ဆိုခြင်း၊ မတွေ့ထိသည်၌ တွေ့ထိ၏ဟုဆိုခြင်း၊ မသိသည်၌ သိ၏ဟု ဆိုခြင်း၊ မြင်သည်၌ မမြင်ဟု ဆိုခြင်း၊ ကြားသည်၌ မကြားဟု ဆိုခြင်း၊ တွေ့ထိသည်၌ မတွေ့ထိဟု ဆိုခြင်း၊ သိသည်၌ မသိဟု ဆိုခြင်း။ ဤသည်တို့သည် အရိယာမဟုတ် (ယုတ်ညံ့) သူတို့၏ ပြောဆိုခြင်း ရှစ်ပါးတို့တည်း။
--
မှားသော သဘောတရား
၉၅၆။ ထိုတွင် အဘယ်တို့သည် မှားသော သဘောတရား ရှစ်ပါးတို့ မည်သနည်း။
မှားသော အမြင် ‘မိစ္ဆာဒိဋ္ဌိ’၊ မှားသော ကြံစည်မှု ‘မိစ္ဆာသင်္ကပ္ပ’၊ မှားသော ပြောဆိုမှု ‘မိစ္ဆာဝါစာ’၊ မှားသော ပြုလုပ်မှု ‘မိစ္ဆာကမ္မ န္တ၊ မှားသော အသက်မွေးမှု ‘မိစ္ဆာအာဇီဝ’၊ မှားသော လုံ့လ ‘မိစ္ဆာဝါယာမ’၊ မှားသော အောက်မေ့မှု ‘မိစ္ဆာသတိ’၊ မှားသော တည်ကြည်မှု ‘မိစ္ဆာသမာဓိ’။ ဤသည်တို့သည် မှားသော သဘောတရား ရှစ်ပါးတို့တည်း။
ယောက်ျားတို့၏ အပြစ်
၉၅၇။ ထိုတွင် အဘယ်တို့သည် ယောက်ျားတို့၏ အပြစ်ရှစ်ပါးတို့ မည်သနည်း-
ဤသာသနာတော်၌ ရဟန်းတို့သည် ရဟန်း (တစ်ပါး) ကို အာပတ်ဖြင့် အပြစ်တင် စွပ်စွဲကုန်၏။ ထိုရဟန်းသည် ရဟန်းတို့က အာပတ်ဖြင့် အပြစ်တင်စွပ်စွဲအပ်သည်ရှိသော် “ငါ မအောက်မေ့မိ၊ ငါမအောက်မေ့မိ”ဟု အမှတ်မရသဖြင့်သာ ဖြေရှင်း၏။ ဤသည်ကား ရှေးဦးစွာသော ယောက်ျားတို့၏အပြစ်တည်း။
ထို့ပြင်လည်း ရဟန်းတို့သည် ရဟန်း (တစ်ပါး) ကို အာပတ်ဖြင့် အပြစ်တင် စွပ်စွဲကုန်၏။ ထိုရဟန်းသည်ရဟန်းတို့က အာပတ်ဖြင့် အပြစ်တင်စွပ်စွဲအပ်သည်ရှိသော် အပြစ်တင်စွပ်စွဲသူကိုသာ “မိုက်မဲ မလိမ္မာသောသင်၏ ပြောဆိုခြင်းဖြင့် အဘယ်မူအံ့နည်း၊ သင်ကဲ့သို့သော (ပုဂ္ဂိုလ်) က ငါ့ကို ဆိုစရာမှတ်ထင်သလော”ဟု ဆန့်ကျင်ဘက်ဖြစ်၍ တည်၏။ ဤသည်ကား နှစ်ခုမြောက်သော ယောက်ျားတို့၏ အပြစ်တည်း။
ထို့ပြင်လည်း ရဟန်းတို့သည် ရဟန်း (တစ်ပါး) ကို အာပတ်ဖြင့် အပြစ်တင် စွပ်စွဲကုန်၏။ ထိုရဟန်းသည် ရဟန်းတို့က အာပတ်ဖြင့် အပြစ်တင်စွပ်စွဲအပ်သည်ရှိသော် အပြစ်တင်စွပ်စွဲသူကိုသာ “သင်လည်း ဤမည်သော အာပတ်သို့ ရောက်သည် မဟုတ်လော၊ သင်သည် လက်ဦးစွာ ကုစားဦးလော့”ဟု ပြန်၍ အပြစ်တင် စွပ်စွဲ၏။ ဤသည်ကား သုံးခုမြောက်သော ယောက်ျားတို့၏ အပြစ်တည်း။
ထို့ပြင်လည်း ရဟန်းတို့သည် ရဟန်း (တစ်ပါး) ကို အာပတ်ဖြင့် အပြစ်တင် စွပ်စွဲကုန်၏။ ထိုရဟန်းသည်ရဟန်းတို့က အာပတ်ဖြင့် အပြစ်တင်စွပ်စွဲအပ်သည်ရှိသော် အကြောင်းတစ်ပါးဖြင့် အကြောင်းတစ်ပါးကို ဖုံးလွှမ်း၏။ စကားကို အပ၌ ပစ်လွှင့်၏။ အမျက်ထွက်ခြင်းကို လည်းကောင်း၊ စိတ်ဆိုးခြင်းကိုလည်းကောင်း၊ မနှစ်သက်ခြင်းကိုလည်းကောင်း ထင်ရှားစွာ ပြု၏။ ဤသည်ကား လေးခုမြောက်သော ယောက်ျားတို့၏ အပြစ်တည်း။
ထို့ပြင်လည်း ရဟန်းတို့သည် ရဟန်း (တစ်ပါး) ကို အာပတ်ဖြင့် အပြစ်တင် စွပ်စွဲကုန်၏။ ထိုရဟန်းသည် ရဟန်းတို့က အာပတ်ဖြင့် အပြစ်တင်စွပ်စွဲအပ်သည်ရှိသော် သံဃာ့အလယ်၌ လက်သီး, လက်မောင်းတန်း၍ အရှက်မရှိသော စကားကို ဆို၏၊ ဤသည်ကား ငါးခုမြောက်သော ယောက်ျားတို့၏အပြစ်တည်း။
ထို့ပြင်လည်း ရဟန်းတို့သည် ရဟန်း (တစ်ပါး) ကို အာပတ်ဖြင့် အပြစ်တင် စွပ်စွဲကုန်၏။ ထိုရဟန်းသည်ရဟန်းတို့က အာပတ်ဖြင့် အပြစ်တင်စွပ်စွဲအပ်သည်သည်ရှိသော် “ငါ အာပတ် မသင့်၊ ငါ အာပတ်မသင့်သည် မဟုတ်”ဟု (မပြောမဆို) ဆိတ်ဆိတ်ဖြစ်၍ သံဃာကို ညှဉ်းဆဲ၏။ ဤသည်ကားခြောက်ခုမြောက်သော ယောက်ျားတို့၏ အပြစ်တည်း။
ထို့ပြင်လည်း ရဟန်းတို့သည် ရဟန်း (တစ်ပါး) ကို အာပတ်ဖြင့် အပြစ်တင် စွပ်စွဲကုန်၏။ ထိုရဟန်းသည် ရဟန်းတို့က အာပတ်ဖြင့် အပြစ်တင်စွပ်စွဲအပ်သည်ရှိသော် သံဃာကို အရေးမစိုက်မူ၍ အပြစ်တင်သူကိုအရေးမစိုက်မူ၍ အာပတ်ရှိလျက်သာ အလိုရှိသော အရပ်သို့ ဖဲသွား၏။ ဤသည်ကား ခုနစ်ခုမြောက်သော ယောက်ျားတို့၏ အပြစ်တည်း။
--
ထို့ပြင်လည်း ရဟန်းတို့သည် ရဟန်း (တစ်ပါး) ကို အာပတ်ဖြင့် အပြစ်တင် စွပ်စွဲကုန်၏။ ထိုရဟန်းသည်ရဟန်းတို့က အာပတ်ဖြင့် အပြစ်တင်စွပ်စွဲအပ်သည်ရှိသော် “အရှင်ဘုရားတို့ သင်တို့သည် ကျွန်ုပ်၌ အဘယ့်ကြောင့် အလွန်အမင်း ကြောင့်ကြစိုက်ကြသနည်း၊ ယခု ကျွန်ုပ်သည် သိက္ခာချ၍ လူထွက်တော့အံ့” ဟု ဤသို့ ဆို၏။ ထိုရဟန်းသည် သိက္ခာချ၍ လူထွက်ပြီးလျှင် “အရှင်ဘုရားတို့ သင်တို့သည်ယခုအခါ နှစ်လိုဝမ်းမြောက်တော်မူကြပါ”ဟု ဤသို့ ဆို၏။ ဤသည်ကား ရှစ်ခုမြောက်သော ယောက်ျားတို့၏ အပြစ်တည်း။
ဤသည်တို့ကား ယောက်ျားတို့၏ အပြစ်ရှစ်ပါးတို့ မည်ကုန်၏။
အသညီဝါဒ
၉၅၈။ ထိုတွင် အဘယ်တို့သည် သညာမရှိဟုဖြစ်သော အယူရှစ်ပါးတို့ မည်သနည်း။
အတ္တသည် ရုပ်ရှိ၏၊ သေပြီးနောက် ပျက်စီးခြင်းမရှိ (မြဲ၏)၊ ထိုအတ္တကို “သညာမရှိ”ဟု ပညတ်ကြကုန်၏။ အတ္တသည် ရုပ်မရှိ။ပ။
ရုပ်လည်း ရှိ၏၊ ရုပ်လည်း မရှိ။ပ။
ရုပ်ရှိသည်လည်း မဟုတ် ရုပ်မရှိသည်လည်း မဟုတ်။ပ။
အတ္တသည် အဆုံးရှိ၏၊ သေပြီးနောက် ပျက်စီးခြင်းမရှိ (မြဲ၏)၊ “သညာမရှိ”ဟု ထိုအတ္တကိုပညတ်ကြကုန်၏။ အတ္တသည် အဆုံးမရှိ၊ သေပြီးနောက် ပျက်စီးခြင်းမရှိ (မြဲ၏)၊ “သညာမရှိ”ဟု ထိုအတ္တကိုပညတ်ကြကုန်၏။ အတ္တသည် အဆုံးလည်း ရှိ၏၊ အဆုံးလည်း မရှိ၊ သေပြီးနောက် ပျက်စီးခြင်းမရှိ (မြဲ၏)၊ “သညာမရှိ”ဟု ထိုအတ္တကို ပညတ်ကြကုန်၏။ အတ္တသည် အဆုံးရှိသည်လည်း မဟုတ်၊ အဆုံးမရှိသည်လည်း မဟုတ်၊ သေပြီးနောက် ပျက်စီးခြင်းမရှိ (မြဲ၏)၊ “သညာမရှိ”ဟု ပညတ်ကြကုန်၏။ ဤသည်တို့သည် သညာမရှိဟု ဖြစ်သော အယူရှစ်ပါးတို့ မည်ကုန်၏။
နေဝသညီနာသညီဝါဒ
၉၅၉။ ထိုတွင် အဘယ်တို့သည် သညာရှိသည်လည်း မဟုတ်၊ သညာမရှိသည်လည်းမဟုတ်ဟု ဖြစ်သော အယူရှစ်ပါးတို့ မည်သနည်း။
အတ္တသည် ရုပ်ရှိ၏၊ သေပြီးနောက် ပျက်စီးခြင်းရှိ (မြဲ၏)၊ “သညာရှိသည်လည်း မဟုတ်၊ သညာမရှိသည်လည်း မဟုတ်”ဟု ထိုအတ္တကို ပညတ်ကြကုန်၏။ အတ္တသည် ရုပ်မရှိ။ သေပြီးနောက် ပျက်စီးခြင်းမရှိ (မြဲ၏)၊ “သညာရှိသည်လည်း မဟုတ်၊ သညာမရှိသည်လည်း မဟုတ်”ဟု ထိုအတ္တကို ပညတ်ကြကုန်၏။ အတ္တသည် ရုပ်လည်း ရှိ၏၊ ရုပ်လည်း မရှိ၊ သေပြီးနောက် ပျက်စီးခြင်းမရှိ (မြဲ၏)၊ “သညာရှိသည်လည်း မဟုတ်၊ သညာမရှိသည်လည်း မဟုတ်”ဟု ထိုအတ္တကို ပညတ်ကြကုန်၏။ အတ္တသည် ရုပ်ရှိသည်လည်း မဟုတ်၊ ရုပ်မရှိသည်လည်း မဟုတ်၊ သေပြီးနောက် ပျက်စီးခြင်းမရှိ (မြဲ၏)၊ “သညာရှိသည်လည်း မဟုတ်၊ သညာမရှိသည်လည်း မဟုတ့်”ဟု ထိုအတ္တကို ပညတ်ကြကုန်၏။ အတ္တသည် အဆုံးရှိ၏၊ သေပြီးနောက် ပျက်စီးခြင်းမရှိ (မြဲ၏)၊ “သညာရှိသည်လည်း မဟုတ်၊ သညာမရှိသည်လည်း မဟုတ်”ဟု ထိုအတ္တကို ပညတ်ကြကုန်၏။ အတ္တသည် အဆုံးမရှိ၊ သေပြီးနောက် ပျက်စီးခြင်းမရှိ (မြဲ၏)၊ “သညာရှိသည်လည်း မဟုတ်၊ သညာမရှိသည်လည်း မဟုတ်”ဟု ထိုအတ္တကို ပညတ်ကြကုန်၏။ အတ္တသည် အဆုံးလည်း ရှိ၏၊ အဆုံးလည်း မရှိ၊ သေပြီးနောက် ပျက်စီးခြင်းမရှိ (မြဲ၏)၊ “သညာရှိသည်လည်း မဟုတ်၊ သညာမရှိသည်လည်း မဟုတ်”ဟု ထိုအတ္တကို ပညတ်ကြကုန်၏။ အတ္တသည် အဆုံးရှိသည်လည်း မဟုတ်၊ အဆုံးမရှိသည်လည်း မဟုတ်၊ သေပြီးနောက် ပျက်စီးခြင်းမရှိ (မြဲ၏)၊ “သညာရှိသည်လည်း မဟုတ်၊ သညာမရှိသည်လည်း မဟုတ်”ဟု ထိုအတ္တကို ပညတ် ကြကုန်၏။ ဤသည်တို့သည် သညာရှိသည်လည်း မဟုတ်၊ သညာမရှိသည်လည်း မဟုတ်ဟု ဖြစ်သော အယူရှစ်ပါးတို့ မည်ကုန်၏။
ရှစ်ပါးစုတရားများကို အကျယ်ပြဆိုခြင်း ပြီး၏။
--
နဝကနိဒ္ဒေသ
(ကိုးပါးအစုတရားများကိုအကျယ်ပြဆိုခြင်း)
ရန်ငြိုးဖွဲ့ခြင်းအကြောင်း
၉၆၀။ ထိုတွင် အဘယ်တို့သည် ရန်ငြိုးဖွဲ့ခြင်းအကြောင်း ကိုးပါးတို့ မည်သနည်း။
ငါ၏ အကျိုးမဲ့ကို ပြုကျင့်ခဲ့ပြီဟု ရန်ငြိုးဖွဲ့ခြင်း ဖြစ်၏၊ ငါ၏ အကျိုးမဲ့ကို ပြုကျင့်နေဆဲဟု ရန်ငြိုးဖွဲ့ခြင်း ဖြစ်၏၊ ငါ၏ အကျိုးမဲ့ကို ပြုကျင့်လိမ့်မည်ဟု ရန်ငြိုးဖွဲ့ခြင်း ဖြစ်၏။ ငါချစ်မြတ်နိုးသူ၏အကျိုးမဲ့ကို ပြုကျင့်ခဲ့ပြီ။ပ။ အကျိုးမဲ့ကို ပြုကျင့်နေဆဲ။ပ။ အကျိုးမဲ့ကို ပြုကျင့်လိမ့်မည်ဟု ရန်ငြိုးဖွဲ့ခြင်း ဖြစ်၏။ ငါ မချစ်မြတ်နိုးသူ၏ အကျိုးကို ပြုကျင့်ခဲ့ပြီ။ပ။ အကျိုးကို ပြုကျင့်နေဆဲ။ပ။ အကျိုးကိုပြုကျင့်လိမ့်မည်ဟု ရန်ငြိုးဖွဲ့ခြင်း ဖြစ်၏။ ဤသည်တို့သည် ရန်ငြိုးဖွဲ့ခြင်း အကြောင်းကိုးပါးတို့ မည်ကုန်၏။
ယောက်ျားတို့၏အညစ်အကြေး
၉၆၁။ ထိုတွင် အဘယ်တို့သည် ယောက်ျားတို့၏ အညစ်အကြေးကိုးပါးတို့ မည်သနည်း။
အမျက်ထွက်မှု ‘ကောဓ’၊ ကျေးဇူးကန်းမှု ‘မက္ခ’၊ ငြူစူမှု ‘ဣဿာ’၊ ဝန်တိုမှု ‘မစ္ဆရိယ’၊ လှည့်ပတ်မှု ‘မာယာ’၊ စဉ်းလဲမှု ‘သာဌေယျ’၊ လိမ်ညာပြောမှု ‘မုသာဝါဒ’၊ ယုတ်မာသောအလိုရှိမှု ‘ပါပိစ္ဆတာ’၊ မှားသော အယူရှိမှု ‘မိစ္ဆာဒိဋ္ဌိ’။ ဤသည်တို့သည် ယောက်ျားတို့၏ အညစ်အကြေးကိုးပါးတို့ မည်ကုန်၏။
မာန်ထောင်ခြင်း
၉၆၂။ ထိုတွင် အဘယ်တို့သည် မာန်ထောင်ခြင်း ကိုးပါးတို့ မည်သနည်း။
မြတ်သော သူ၏ “ငါ (သင့်ထက်) မြတ်၏”ဟု မာန်ထောင်ခြင်း၊ မြတ်သော သူ၏ “ငါ (သင့်နှင့်) တူ၏”ဟု မာန်ထောင်ခြင်း၊ မြတ်သော သူ၏ “ငါ (သင့်အောက်) ယုတ်၏”ဟု မာန်ထောင်ခြင်း။ တူသော သူ၏ “ငါ (သင့်ထက်) မြတ်၏”ဟု မာန်ထောင်ခြင်း၊ တူသော သူအား “ငါ (သင်နှင့်) တူ၏” ဟု မာန်ထောင်ခြင်း၊ တူသော သူ၏ “ငါ (သင့်အောက်) ယုတ်၏”ဟု မာန်ထောင်ခြင်း။ ယုတ်သောသူ၏ “ငါ (သင့်ထက်) မြတ်၏”ဟု မာန်ထောင်ခြင်း၊ ယုတ်သော သူ၏ “ငါ (သင့်နှင့်) တူ၏” ဟု မာန်ထောင်ခြင်း၊ ယုတ်သောသူ၏ “ငါ (သင့်အောက်) ယုတ်၏”ဟု မာန်ထောင်ခြင်း။ ဤသည် တို့သည် မာန်ထောင်ခြင်း ကိုးပါးတို့ မည်ကုန်၏။
တဏှာမူလကတရား
၉၆၃။ ထိုတွင် အဘယ်တို့သည် တပ်မက်ခြင်း (တဏှာ) အရင်းခံတရားကိုးပါးတို့ မည်သနည်း။
(၁) တပ်မက်ခြင်း ‘တဏှာ'ကို စွဲ၍ ရှာမှီးခြင်း ဖြစ်၏။ (၂) ရှာမှီးခြင်းကို စွဲ၍ ရခြင်း ဖြစ်၏၏။ (၃) ရခြင်းကို စွဲ၍ ကြံစည်ဆုံးဖြတ်ခြင်း ဖြစ်၏။ (၄) ကြံစည်ဆုံးဖြတ်ခြင်းကို စွဲ၍ ပြင်းစွာ လိုချင်တပ်မက်ခြင်း ဖြစ်၏။ (၅) ပြင်းစွာလိုချင်တပ်မက်ခြင်းကို စွဲ၍ (ငါ, ငါ့ဟာဟု) အားကြီးသော အပြီးသတ် သက်ဝင်ဆုံးဖြတ်ချက်ချခြင်း ဖြစ်၏။ (၆) (ငါ, ငါ့ဟာ ဟု) အားကြီးသော အပြီးသတ်သက်ဝင် ဆုံးဖြတ်ချက်ချခြင်းကို စွဲ၍ သိမ်းဆည်းခြင်း ဖြစ်၏။ (၇) သိမ်းဆည်းခြင်းကို စွဲ၍ ဝန်တိုခြင်း ဖြစ်၏။ (၈) ဝန်တိုခြင်းကို စွဲ၍ စောင့်ရှောက်ခြင်း ဖြစ်၏။ (၉) စောင့်ရှောက်ခြင်းအကြောင်းကြောင့် တုတ်ကိုင်ခြင်း၊ ဓားစွဲခြင်း၊ ခိုက်ရန်ဖြစ်ခြင်း၊ ငြင်းခုန်ခြင်း၊ ဆန့်ကျင်ဘက် ပြောခြင်း၊ နင်ပဲငဆ ပြောခြင်း၊ ကုန်းတိုက်ခြင်း၊ မမှန်သည်ကို ဆိုခြင်းဟူသော များစွာကုန်သော ယုတ်မာကုန်သော အကုသိုလ်တရားတို့သည် ဖြစ်ကုန်၏။ ဤသည်တို့သည် တပ်မက်ခြင်း ‘တဏှာ’ အရင်းခံတရား ကိုးပါးတို့ မည်ကုန်၏။
--
တုန်လှုပ်ခြင်း
၉၆၄။ ထိုတွင် အဘယ်တို့သည် တုန်လှုပ်ခြင်း ကိုးပါးတို့ မည်သနည်း။
ဖြစ်၏ဟု တုန်လှုပ်ခြင်း၊ ငါဖြစ်၏ဟု တုန်လှုပ်ခြင်း၊ ဤဟာ ငါဖြစ်ဟု တုန်လှုပ်ခြင်း၊ ဖြစ်လိမ့်မည်ဟုတုန်လှုပ်ခြင်း၊ ရုပ်ရှိဖြစ်လိမ့်မည်ဟု တုန်လှုပ်ခြင်း၊ နာမ်ရှိဖြစ်လိမ့်မည်ဟု တုန်လှုပ်ခြင်း၊ သညာရှိဖြစ်လိမ့်မည်ဟု တုန်လှုပ်ခြင်း၊ သညာမရှိဖြစ်လိမ့်မည်ဟု တုန်လှုပ်ခြင်း၊ သညာရှိသည်လည်း မဟုတ်, သညာမရှိသည်လည်း မဟုတ် ဖြစ်လိမ့်မည်ဟု တုန်လှုပ်ခြင်း။ ဤသည်တို့သည် တုန်လှုပ်ခြင်းကိုးပါးတို့ မည်ကုန်၏။
မှတ်ထင်ခြင်း (မညိတ)
၉၆၅။ ထိုတွင် အဘယ်တို့သည် မှတ်ထင်ခြင်း ကိုးပါးတို့ မည်သနည်း။
ဖိမ့်ဖိမ့်တုန်လှုပ်ခြင်း ကိုးပါးတို့ မည်သနည်း-
ချဲ့ထွင်ခြင်း ကိုးပါးတို့ မည်သနည်း-
ပြုပြင်ခြင်း ကိုးပါးတို့ မည်သနည်း-
ဖြစ်၏ဟု ပြုပြင်ခြင်း၊ ငါဖြစ်၏ဟု ပြုပြင်ခြင်း၊ ဤဟာ ငါဖြစ်၏ဟု ပြုပြင်ခြင်း၊ ဖြစ်လိမ့်မည်ဟုပြုပြင်ခြင်း၊ ရုပ်ရှိဖြစ်လိမ့်မည်ဟု ပြုပြင်ခြင်း၊ နာမ်ရှိဖြစ်လိမ့်မည်ဟု ပြုပြင်ခြင်း၊ သညာရှိဖြစ်လိမ့်မည်ဟုပြုပြင်ခြင်း၊ သညာမရှိဖြစ်လိမ့်မည်ဟု ပြုပြင်ခြင်း၊ သညာရှိသည်လည်း မဟုတ်, သညာမရှိသည်လည်းမဟုတ် ဖြစ်လိမ့်မည်ဟု ပြုပြင်ခြင်း။ ဤသည်တို့သည် ပြုပြင်ခြင်း ကိုးပါးတို့ မည်ကုန်၏။
ကိုးပါးစုတရားများကို အကျယ်ပြဆိုခြင်း ပြီး၏။
--
ဒသကနိဒ္ဒေသ
(ဆယ်ပါးစုတရားများကို အကျယ်ပြဆိုခြင်း)
ကိလေသာဝတ္ထု
၉၆၆။ ထိုတွင် အဘယ်တို့သည် ကိလေသာအကြောင်းဆယ်ပါးတို့ မည်သနည်း။
လိုချင်မှု ‘လောဘ’၊ ပြစ်မှားမှု ‘ဒေါသ’၊ တွေဝေမှု ‘မောဟ’၊ မာန်ထောင်မှု ‘မာန’၊ အယူမှားမှု ‘ဒိဋ္ဌိ’၊ တွေးတောယုံမှားမှု ‘ဝိစိကိစ္ဆာ’၊ ထိုင်းမှိုင်းမှု ‘ထိန’၊ ပျံ့လွင့်မှု ‘ဥဒ္ဓစ္စ’၊ မရှက်မှု ‘အဟိရိက’၊ မကြောက်လန့်မှု ‘အနောတ္တပ္ပ’၊ ဤသည်တို့သည် ကိလေသာအကြောင်းဆယ်ပါးတို့ မည်ကုန်၏။
ရန်ငြိုးဖွဲ့ကြောင်း
၉၆၇။ ထိုတွင် အဘယ်တို့သည် ရန်ငြိုးဖွဲ့ခြင်းအကြောင်း ဆယ်ပါးတို့ မည်သနည်း။
ငါ၏ အကျိုးမဲ့ကို ပြုကျင့်ခဲ့ပြီဟု ရန်ငြိုးဖွဲ့ခြင်း ဖြစ်၏၊ ငါ၏ အကျိုးမဲ့ကို ပြုကျင့်နေဆဲဟု ရန်ငြိုးဖွဲ့ခြင်း ဖြစ်၏၊ ငါ၏ အကျိုးမဲ့ကို ပြုကျင့်လိမ့်မည်ဟု ရန်ငြိုးဖွဲ့ခြင်း ဖြစ်၏။ ငါချစ်မြတ်နိုးသူ၏ အကျိုးမဲ့ကိုပြုကျင့်ခဲ့ပြီ။ပ။ အကျိုးမဲ့ကို ပြုကျင့်နေဆဲ။ပ။ အကျိုးမဲ့ကို ပြုကျင့်လိမ့်မည်ဟု ရန်ငြိုးဖွဲ့ခြင်း ဖြစ်၏။ ငါမချစ်မြတ်နိုးသူ၏ အကျိုးကို ပြုကျင့်ခဲ့ပြီ။ပ။ အကျိုးကို ပြုကျင့်နေဆဲ။ပ။ အကျိုးကို ပြုကျင့်လိမ့်မည်ဟုရန်ငြိုးဖွဲ့ခြင်း ဖြစ်၏။ ထို့ပြင် အရာမဟုတ်သည်၌ လည်း ရန်ငြိုးဖွဲ့ခြင်း ဖြစ်၏။ ဤသည်တို့သည်ရန်ငြိုးဖွဲ့ခြင်းအကြောင်းဆယ်ပါးတို့ မည်ကုန်၏။
အကုသိုလ်ကမ္မပထတရား
၉၆၈။ ထိုတွင် အဘယ်တို့သည် အကုသိုလ်ကမ္မပထတရား ဆယ်ပါးတို့ မည်သနည်း။
အသက်ကို သတ်ခြင်း၊ မပေးသည်ကို ယူခြင်း၊ ကာမဂုဏ်တို့၌ မှားသောအားဖြင့် ကျင့်ခြင်း၊ မဟုတ်မမှန်သည်ကို ဆိုခြင်း၊ ကုန်းတိုက်ခြင်း၊ ကြမ်းတမ်းသောစကားကို ဆိုခြင်း၊ ပြိန်ဖျင်းသောစကားကိုဆိုခြင်း၊ သူတစ်ပါးပစ္စည်းကို မတရားရယူရန် ကြံစည်ခြင်း၊ သူတစ်ပါး သေကြေပျက်စီးရန် ကြံစည်ခြင်း၊ အယူ မှားခြင်း။ ဤသည်တို့သည် အကုသိုလ်ကမ္မပထတရား ဆယ်ပါးတို့ မည်ကုန်၏။
သံယောဇဉ်တရား
၉၆၉။ ထိုတွင် အဘယ်တို့သည် သံယောဇဉ်ဆယ်ပါးတို့ မည်သနည်း။
ကာမ၌ တပ်မက်မှု ‘ကာမရာဂ’ သံယောဇဉ်၊ အမျက်ထွက်မှု ‘ပဋိဃ’ သံယောဇဉ်၊ ထောင်လွှားမှု ‘မာန’ သံယောဇဉ်၊ အယူမှားမှု ‘ဒိဋ္ဌိ’ သံယောဇဉ်၊ တွေးတောယုံမှားမှု ‘ဝိစိကိစ္ဆာ’ သံယောဇဉ်၊ (ခွေး, နွား စသည်တို့၏) အလေ့အကျင့်ကို (ကိလေသာစင်ကြယ်ကြောင်းဟု) မှားသော သုံးသပ်မှု ‘သီလဗ္ဗတပရာသ’ သံယောဇဉ်၊ ဘဝ၌ တပ်မက်မှု ‘ဘဝရာဂ’ သံယောဇဉ်၊ ငြူစူမှု ‘ဣဿာ'သံယောဇဉ်၊ ဝန်တိုမှု ‘မစ္ဆရိယ’ သံယောဇဉ်၊ မသိမှု ‘အဝိဇ္ဇာ’ သံယောဇဉ်။ ဤသည်တို့သည်သံယောဇဉ်ဆယ်ပါးတို့ မည် ကုန်၏။
မှားသောသဘောတရား
၉၇၀။ ထိုတွင် အဘယ်တို့သည် မှားသောသဘောတရား ဆယ်ပါးတို့ မည်သနည်း။
မှားသော အယူ၊ မှားသော အကြံ၊ မှားသော စကား၊ မှားသော အမှု ၊ မှားသော အသက်မွေးမှု ၊ မှားသောအားထုတ်မှု ၊ မှားသော အောက်မေ့မှု ၊ မှားသော တည်ကြည်မှု ၊ မှားသောဉာဏ်၊ မှားသောလွတ်မြောက်မှု ။ ဤသည်တို့သည် မှားသောသဘောတရားဆယ်ပါးတို့ မည်ကုန်၏။
--
ဒသဝတ္ထုက မိစ္ဆာဒိဋ္ဌိ
၉၇၁။ ထိုတွင် အဘယ်တို့သည် ဝတ္ထုဆယ်ပါးရှိသော မှားသောအယူ မည်သနည်း။
ပေးလှူခြင်း (အကျိုး) သည် မရှိ၊ ယဇ်ကြီး (အလှူကြီး) ပူဇော်ရခြင်း (အကျိုး) သည် မရှိ၊ ယဇ်ငယ် (အလှူငယ်) ပူဇော်ရခြင်း (အကျိုး) သည် မရှိ၊ ကောင်းမှုကံ မကောင်းမှုကံတို့၏ အကျိုးရင်း အကျိုးဖျားသည် မရှိ၊ ဤလောကသည် မရှိ၊ တမလွန်လောကသည် မရှိ၊ အမိသည် မရှိ၊ အဖသည် မရှိ၊ သေ၍တစ်ဖန်ဖြစ်သော သတ္တဝါတို့သည် မရှိကုန်၊ ဤလောကကိုလည်းကောင်း၊ တမလွန်လောကကိုလည်းကောင်း ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုလျက် ဟောကြားနိုင်ကုန်သော၊ ဖြောင့်မှန်သော အရိယမဂ်သို့ ရောက်ကုန်သော၊ ကောင်းသော ကျင့်ရှိကုန်သော သမဏဗြာဟ္မဏတို့သည်လောက၌ မရှိကုန်။ ဤသည်တို့သည် ဝတ္ထုဆယ်ပါး ရှိသော မှားသောအယူ မည်ကုန်၏။
တစ်ဖက်စွန်းရောက်ဒိဋ္ဌိ ‘အန္တဂ္ဂါဟိကဒိဋ္ဌိ'
၉၇၂။ ထိုတွင် အဘယ်သည် ဝတ္ထုဆယ်ပါးရှိသောတစ်ဖက်စွန်းရောက် မှားသောအယူ မည်သနည်း။
လောကသည် မြဲ၏ဟု ယူခြင်း၊ လောကသည် မမြဲဟု ယူခြင်း၊ လောကသည် အဆုံးရှိ၏ဟု ယူခြင်း၊ လောကသည် အဆုံးမရှိဟု ယူခြင်း၊ အသက်သည် ကိုယ်တည်းဟု ယူခြင်း၊ အသက်တခြားကိုယ်တခြားဟု ယူခြင်း၊ သတ္တဝါသည် သေပြီးနောက်ဖြစ်၏ဟု ယူခြင်း၊ သတ္တဝါသည် သေပြီးနောက်မဖြစ်ဟု ယူခြင်း၊ သတ္တဝါသည် သေပြီးနောက် ဖြစ်လည်းဖြစ် မဖြစ်လည်း မဖြစ်ဟု ယူခြင်း၊ သတ္တဝါသည် သေပြီးနောက် ဖြစ်သည်လည်း မဟုတ်, မဖြစ်သည်လည်း မဟုတ်ဟု ယူခြင်း။ ဤသည်တို့သည်ဝတ္ထုဆယ်ပါးရှိသော တစ်ဖက်စွန်းရောက် မှားသောအယူ မည်ကုန်၏။
ဆယ်ပါးစုတရားများကို အကျယ်ပြဆိုခြင်း ပြီး၏။
--
တဏှာဖြစ်ခြင်းတို့ကို အကျယ်ပြဆိုခြင်း
အတွင်းသန္တာန်ကို စွဲ၍ တဏှာဖြစ်ခြင်း၁၈-ပါး
၉၇၃။ ထိုတွင် အဘယ်တို့သည် အတွင်းသန္တာန်ကို စွဲ၍ တဏှာဖြစ်ခြင်း တစ်ဆယ့်ရှစ်ပါးတို့ မည်သနည်း။
ငါဖြစ်သည်ဟု ဖြစ်၏။ ဤအပြားအားဖြင့် ငါဖြစ်သည်ဟု ဖြစ်၏။ ဤသို့ ငါဖြစ်သည်ဟု ဖြစ်၏။ တစ်ပါးသော အခြင်းအရာအားဖြင့် ငါဖြစ်သည်ဟု ဖြစ်၏။ ငါဖြစ်လိမ့်မည်ဟု ဖြစ်၏။ ဤအပြားအားဖြင့်ငါဖြစ်လိမ့်မည်ဟု ဖြစ်၏။ ဤသို့ ငါဖြစ်လိမ့်မည်ဟု ဖြစ်၏။ တစ်ပါးသော အခြင်းအရာအားဖြင့်ငါဖြစ်လိမ့်မည်ဟု ဖြစ်၏။ အမြဲဖြစ်သည်ဟု ဖြစ်၏။ အမြဲ မဖြစ်ဟု ဖြစ်၏။ ဖြစ်ရာသည်ဟု ဖြစ်၏။ ဤအပြားအားဖြင့် ဖြစ်ရာသည်ဟု ဖြစ်၏။ ဤသို့ ဖြစ်ရာသည်ဟု ဖြစ်၏။ တစ်ပါးသော အခြင်းအရာအားဖြင့် ဖြစ်ရာသည်ဟု ဖြစ်၏။ စင်စစ် ငါဖြစ်ရာသည်ဟု ဖြစ်၏။ စင်စစ် ငါ ဤအပြားအားဖြင့်ဖြစ်ရာသည်ဟု ဖြစ်၏။ စင်စစ် ငါ ဤသို့ ဖြစ်ရာသည်ဟု ဖြစ်၏။ စင်စစ် ငါ တစ်ပါးသောအခြင်းအရာအားဖြင့် ဖြစ်ရာသည်ဟု ဖြစ်၏။
၉၇၄။ အဘယ်သို့လျှင် “ငါ ဖြစ်သည်”ဟု ဖြစ်သနည်း။
တစ်စုံတစ်ခုသောတရားကို ခွဲခြားမှု မပြုမူ၍ ရုပ်, ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ်တို့ကို ငါဟု လိုလားနှစ်သက်တပ်မက်မှု ‘တဏှာ'ကို ရ၏။ ငါဖြစ်သည်ဟု ထောင်လွှားမှု ‘မာန'ကို ရ၏၊ ငါဖြစ်သည်ဟု အယူမှားမှု ‘ဒိဋ္ဌိ'ကို ရ၏၊ ထိုတဏှာ, မာန, ဒိဋ္ဌိသုံးပါးအပေါင်းသည် ဖြစ်လတ်သော် ဤအပြားအားဖြင့်ငါဖြစ်သည်ဟူ၍လည်းကောင်း၊ ဤသို့ ငါ ဖြစ်သည်ဟူ၍လည်းကောင်း၊ တစ်ပါးသောအခြင်းအရာအားဖြင့် ငါဖြစ်သည်ဟူ၍လည်းကောင်း ဤချဲ့ထွင်မှု ‘ပပဉ္စ’ တရားတို့သည် ဖြစ်ကုန်၏။ (၁)
အဘယ်သို့လျှင် “ဤအပြားအားဖြင့် ငါဖြစ်သည်”ဟု ဖြစ်သနည်း။
ငါ မင်းမျိုးဖြစ်၏ဟူ၍လည်းကောင်း၊ ငါ ပုဏ္ဏားမျိုးဖြစ်၏ဟူ၍လည်းကောင်း၊ ငါ ကုန်သည်မျိုးဖြစ်၏ဟူ၍လည်းကောင်း၊ ငါ သူဆင်းရဲမျိုးဖြစ်၏ဟူ၍လည်းကောင်း၊ ငါ (အိမ်နေသူ) လူဝတ်ကြောင်ဖြစ်၏ဟူ၍လည်းကောင်း၊ ငါ ရဟန်းဖြစ်၏ဟူ၍လည်းကောင်း၊ ငါ နတ်ဖြစ်၏ဟူ၍လည်းကောင်း၊ ငါလူသားဖြစ်၏ဟူ၍ လည်းကောင်း၊ ငါ ရုပ်ရှိသူဟူ၍လည်းကောင်း၊ ငါ ရုပ်မရှိသူဟူ၍လည်းကောင်း၊ ငါသညာရှိသူဟူ၍ လည်းကောင်း၊ ငါ သညာမရှိသူဟူ၍လည်းကောင်း၊ ငါ သညာရှိသူလည်း မဟုတ်, သညာမရှိသူလည်း မဟုတ်ဟူ၍လည်းကောင်း ဤသို့လျှင် “ဤအပြားအားဖြင့် ငါဖြစ်သည်”ဟု ဖြစ်၏။ (၂)
အဘယ်သို့လျှင် “ဤသို့ ငါဖြစ်သည်”ဟု ဖြစ်သနည်း။
အခြားပုဂ္ဂိုလ်ကို ထောက်၍ ထိုသူ မင်းမျိုးဖြစ်သကဲ့သို့ ထို့အတူ ငါ မင်းမျိုးဖြစ်၏ဟူ၍လည်းကောင်း၊ ထိုသူ ပုဏ္ဏားမျိုးဖြစ်သကဲ့သို့ ထို့အတူ ငါ ပုဏ္ဏားမျိုးဖြစ်၏ဟူ၍လည်းကောင်း၊ ထိုသူ ကုန်သည်မျိုးဖြစ်သကဲ့သို့ ထို့အတူ ငါ ကုန်သည်မျိုးဖြစ်၏ဟူ၍လည်းကောင်း၊ ထိုသူ သူဆင်းရဲမျိုးဖြစ်သကဲ့သို့ထို့အတူ ငါ သူဆင်းရဲမျိုးဖြစ်၏ဟူ၍လည်းကောင်း၊ ထိုသူ (အိမ်နေသူ) လူဝတ်ကြောင်ဖြစ်သကဲ့သို့ထို့အတူ ငါ (အိမ်နေသူ) လူဝတ်ကြောင် ဖြစ်၏ဟူ၍လည်းကောင်း၊ ထိုသူ ရဟန်းဖြစ်သကဲ့သို့ ထို့အတူငါ ရဟန်းဖြစ်၏ဟူ၍လည်းကောင်း၊ ထိုသူ နတ်ဖြစ်သကဲ့သို့ ထို့အတူ ငါနတ်ဖြစ်၏ဟူ၍ လည်းကောင်း၊ ထိုသူ လူသားဖြစ်သကဲ့သို့ ထို့အတူ ငါ လူသားဖြစ်၏ဟူ၍လည်းကောင်း၊ ထိုသူ ရုပ်ရှိသကဲ့သို့ ထို့အတူငါ ရုပ်ရှိ၏ဟူ၍လည်းကောင်း၊ ထိုသူ ရုပ်မရှိသကဲ့သို့ ထို့အတူ ငါ ရုပ်မရှိ ဟူ၍လည်းကောင်း၊ ထိုသူသညာ ရှိသကဲ့သို့ ထို့အတူ ငါ သညာရှိ၏ဟူ၍လည်းကောင်း၊ ထိုသူ သညာမရှိသကဲ့သို့ ထို့အတူ ငါသညာမရှိဟူ၍လည်းကောင်း၊ ထိုသူ သညာရှိသည်လည်း မဟုတ် သညာမရှိသည်လည်း မဟုတ်သကဲ့သို့ထို့အတူ ငါ သညာရှိသည်လည်း မဟုတ် သညာမရှိသည်လည်း မဟုတ်ဟူ၍လည်းကောင်း ဤ်သို့လျှင် “ဤသို့ ငါဖြစ်သည်”ဟု ဖြစ်၏။ (၃)
--
အဘယ်သို့လျှင် “တစ်ပါးသော အခြင်းအရာအားဖြင့် ငါဖြစ်သည်”ဟု ဖြစ်သနည်း။
အခြားပုဂ္ဂိုလ်ကို ထောက်၍ ထိုသူမင်းမျိုးဖြစ်သကဲ့သို့ ထို့အတူ ငါ မင်းမျိုးမဖြစ်ဟူ၍ လည်းကောင်း၊ ထိုသူပုဏ္ဏားမျိုးဖြစ်သကဲ့သို့ ထို့အတူ ငါ ပုဏ္ဏားမျိုးမဖြစ်ဟူ၍လည်းကောင်း၊ ထိုသူ ကုန်သည်မျိုးဖြစ်သကဲ့သို့ ထို့အတူ ငါ ကုန်သည်မျိုးမဖြစ်ဟူ၍လည်းကောင်း၊ ထိုသူ သူဆင်းရဲမျိုး ဖြစ်သကဲ့သို့ ထို့အတူ ငါသူဆင်းရဲမျိုးမဖြစ်ဟူ၍လည်းကောင်း၊ ထိုသူ (အိမ်နေသူ) လူဝတ်ကြောင် ဖြစ်သကဲ့သို့ ထို့အတူ ငါ (အိမ်နေသူ) လူဝတ်ကြောင် မဖြစ်ဟူ၍လည်းကောင်း၊ ထိုသူ ရဟန်းဖြစ် သကဲ့သို့ ထို့အတူ ငါ ရဟန်းမဖြစ်ဟူ၍လည်းကောင်း၊ ထိုသူ နတ်ဖြစ်သကဲ့သို့ ထို့အတူ ငါ နတ်မဖြစ်ဟူ၍လည်းကောင်း၊ ထိုသူ လူသားဖြစ်သကဲ့သို့ ထို့အတူ ငါ လူသားမဖြစ်ဟူ၍ လည်းကောင်း၊ ထိုသူ ရုပ်ရှိသကဲ့သို့ ထို့အတူ ငါ ရုပ်မရှိဟူ၍လည်းကောင်း၊ ထိုသူ ရုပ်မရှိသကဲ့သို့ ထို့အတူ ငါ ရုပ်မရှိသည် မဟုတ်ဟူ၍လည်းကောင်း၊ ထိုသူ သညာရှိသကဲ့သို့ ထို့အတူ ငါ သညာမရှိဟူ၍လည်းကောင်း၊ ထိုသူ သညာမရှိသကဲ့သို့ ထို့အတူ ငါ သညာမရှိသည် မဟုတ်ဟူ၍လည်းကောင်း၊ ထိုသူ သညာရှိသည်လည်း မဟုတ် သညာမရှိသည်လည်း မဟုတ်သကဲ့သို့ ထို့အတူ ငါ သညာရှိသည်လည်း မဟုတ် သညာမရှိသည်လည်း မဟုတ်သည် မဟုတ်ဟူ၍လည်းကောင်း ဤသိုလျှင် “ဤသို့ တစ်ပါးသော အခြင်းအရာအားဖြင့် ငါဖြစ်သည်”ဟု ဖြစ်၏။ (၄)
အဘယ်သို့လျှင် “ငါ ဖြစ်လိမ့်မည်”ဟု ဖြစ်သနည်း။
တစ်စုံတစ်ခုသော တရားကို ခွဲခြားမှု မပြုမူ၍ ရုပ်, ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ်တို့ကို ငါ့ဖြစ်လိမ့်မည်ဟု လိုလားနှစ်သက်တပ်မက်မှု ‘တဏှာ'ကို ရ၏။ ငါ ဖြစ်လိမ့်မည်ဟု ထောင်လွှားမှု ‘မာန'ကိုရ၏၊ ငါ ဖြစ်လိမ့်မည်ဟု အယူမှားမှု ‘ဒိဋ္ဌိ'ကို ရ၏၊ ထိုသို့တဏှာ, မာန, ဒိဋ္ဌိ သုံးပါးအပေါင်းသည် ဖြစ်လတ်သော် ဤအပြားအားဖြင့် ငါ ဖြစ်လိမ့်မည်ဟူ၍လည်းကောင်း၊ ဤသို့ ငါ ဖြစ်လိမ့်မည်ဟူ၍ လည်းကောင်း၊ တစ်ပါးသော အခြင်းအရာအားဖြင့် ငါ ဖြစ်လိမ့်မည်ဟူ၍လည်းကောင်း ဤချဲ့ထွင်မှု ‘ပပဉ္စ'တရားတို့ဖြစ်ကုန်၏။ (၅)
အဘယ်သို့လျှင် “ဤအပြားအားဖြင့် ဖြစ်လိမ့်မည်”ဟု ဖြစ်သနည်း။
မင်းမျိုး ဖြစ်လိမ့်မည်ဟူ၍လည်းကောင်း၊ ပုဏ္ဏားမျိုး ဖြစ်လိမ့်မည်ဟူ၍လည်းကောင်း၊ ကုန်သည်မျိုးဖြစ်လိမ့်မည်ဟူ၍လည်းကောင်း၊ သူဆင်းရဲမျိုး ဖြစ်လိမ့်မည်ဟူ၍လည်းကောင်း၊ (အိမ်နေသူ) လူဝတ်ကြောင်ဖြစ်လိမ့်မည်ဟူ၍လည်းကောင်း၊ ရဟန်း ဖြစ်လိမ့်မည်ဟူ၍ လည်းကောင်း၊ နတ်ဖြစ်လိမ့်မည်ဟူ၍လည်းကောင်း၊ လူသားဖြစ်လိမ့်မည်ဟူ၍လည်းကောင်း၊ ရုပ်ရှိသူဖြစ်လိမ့်မည်ဟူ၍လည်းကောင်း၊ ရုပ်မရှိသူဖြစ်လိမ့်မည်ဟူ၍လည်းကောင်း၊ သညာရှိသူဖြစ်လိမ့်မည်ဟူ၍လည်းကောင်း၊ သညာမရှိသူဖြစ်လိမ့်မည်ဟူ၍လည်းကောင်း၊ သညာရှိသူလည်း မဟုတ် သညာမရှိသူလည်းမဟုတ် ဖြစ်လိမ့်မည်ဟူ၍လည်းကောင်းဤသို့လျှင် “ဤအပြားအားဖြင့် ဖြစ်လိမ့်မည်” ဟု ဖြစ်၏။ (၆)
အဘယ်သို့လျှင် ဤသို့ ငါဖြစ်လိမ့်မည်ဟု ဖြစ်သနည်း။
အခြားပုဂ္ဂိုလ်ကို ထောက်၍ ထိုသူ မင်းမျိုးဖြစ်သကဲ့သို့ ထို့အတူ ငါ မင်းမျိုးဖြစ်လိမ့်မည်ဟူ၍ လည်းကောင်း၊ ထိုသူ ပုဏ္ဏားမျိုးဖြစ်သကဲ့သို့ ထို့အတူ ငါ ပုဏ္ဏားမျိုးဖြစ်လိမ့်မည်ဟူ၍ လည်းကောင်း။ပ။
--
ထိုသူ သညာရှိသည်လည်းမဟုတ်, သညာမရှိသည်လည်း မဟုတ်ဖြစ်သကဲ့သို့ ထို့အတူ ငါ သညာရှိသည်လည်း မဟုတ်, သညာ မရှိသည်လည်း မဟုတ်သည် မဟုတ် ဖြစ်လိမ့်မည်ဟူ၍လည်းကောင်း ဤသို့လျှင် “ဤသို့ ငါဖြစ်လိမ့်မည်”ဟု ဖြစ်၏။ (၇)
အဘယ်သို့လျှင် “တစ်ပါးသော အခြင်းအရာအားဖြင့် ဖြစ်လိမ့်မည်”ဟု ဖြစ်သနည်း။
အခြားပုဂ္ဂိုလ်ကို ထောက်၍ ထိုသူ မင်းမျိုးဖြစ်သကဲ့သို့ ထို့အတူ ငါမင်းမျိုး ဖြစ်လိမ့်မည် မဟုတ်ဟူ၍လည်းကောင်း၊ ထိုသူ ပုဏ္ဏားမျိုးဖြစ်သကဲ့သို့ ထို့အတူ ငါပုဏ္ဏားမျိုး ဖြစ်လိမ့်မည်မဟုတ်ဟူ၍လည်းကောင်း။ပ။ ထိုသူ သညာရှိသည်လည်း မဟုတ,် သညာမရှိသည်လည်း မဟုတ်သကဲ့သို့ ထို့အတူ ငါသညာရှိသည်လည်း မဟုတ်, သညာမရှိသည်လည်း မဟုတ်ဖြစ်လိမ့်မည် မဟုတ်ဟူ၍လည်းကောင်း ဤသို့လျှင် “တစ်ပါးသော အခြင်းအရာအားဖြင့် ဖြစ်လိမ့်မည်”ဟု ဖြစ်၏။ (၈)
အဘယ်သို့လျှင် “အမြဲ ဖြစ်သည်”ဟု ဖြစ်သနည်း။
တစ်စုံတစ်ခုသော တရားကို ခွဲခြားမှု မပြုမူ၍ ရုပ်, ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ်တို့ကို (အပျက်အစီးမရှိ) မြဲ၏ (နိစ္စဖြစ်၏)၊ (ထင်ရှားတည်တံ့) ခိုင်ခံ့၏ (ဓုဝဖြစ်၏)၊ တည်တံ့၏ (သဿတဖြစ်၏)၊ ဖောက်ပြန်ခြင်းသဘောမရှိ (အဝိပရိဏာမဓမ္မဖြစ်၏)ဟူ၍ ဤသို့လျှင် “အမြဲ ဖြစ်သည်”ဟု ဖြစ်၏။ (၉)
အဘယ်သို့လျှင် “အမြဲ မဖြစ်”ဟု ဖြစ်သနည်း။
တစ်စုံတစ်ခုသော တရားကို ခွဲခြားမှု မပြုမူ၍ ရုပ်, ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ်တို့ကို ပြတ်လိမ့်မည်, ပျက်စီးလိမ့်မည်, ဖြစ်လိမ့်မည် မဟုတ်ဟူ၍ ဤသို့လျှင် “အမြဲ မဖြစ်”ဟု ဖြစ်၏။ (၁၀)
အဘယ်သို့လျှင် “ဖြစ်ရာသည်”ဟု ဖြစ်သနည်း။
တစ်စုံတစ်ခုသော တရားကို ခွဲခြားမှု မပြုမူ၍ ရုပ်, ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ်တို့ကို ငါ ဖြစ်ရာသည်ဟု လိုလားနှစ်သက်တပ်မက်မှု ‘တဏှာ'ကို ရ၏။ ငါ ဖြစ်ရာသည်ဟု ထောင်လွှားမှု ‘မာန'ကို ရ၏၊ ငါ ဖြစ်ရာသည်ဟု အယူမှားမှု ‘ဒိဋ္ဌိ'ကို ရ၏၊ ထိုတဏှာ, မာန, ဒိဋ္ဌိ သုံးပါးအပေါင်းသည် ဖြစ်လတ်သော်ဤအပြားအားဖြင့် ဖြစ်ရာသည်ဟူ၍လည်းကောင်း၊ ဤသို့ ဖြစ်ရာသည်ဟူ၍လည်းကောင်း၊ တစ်ပါးသော အခြင်းအရာအားဖြင့် ဖြစ်ရာသည်ဟူ၍လည်းကောင်း ဤချဲ့ထွင်မှု ‘ပပဉ္စ’ တရားတို့ ဖြစ်ကုန်၏။ (၁၁)့အဘယ်သို့လျှင် “ဤအပြားအားဖြင့် ဖြစ်ရာသည်”ဟု ဖြစ်သနည်း။ မင်းမျိုး ဖြစ်ရာသည်ဟူ၍လည်းကောင်း၊ ပုဏ္ဏားမျိုး ဖြစ်ရာသည်ဟူ၍လည်းကောင်း၊ ကုန်သည်မျိုးဖြစ်ရာသည်ဟူ၍လည်းကောင်း၊ သူဆင်းရဲမျိုး ဖြစ်ရာသည်ဟူ၍လည်းကောင်း၊ (အိမ်နေသူ) လူဝတ်ကြောင်ဖြစ်ရာသည် ဟူ၍လည်းကောင်း၊ ရဟန်း ဖြစ်ရာသည်ဟူ၍လည်းကောင်း၊ နတ်ဖြစ်ရာသည်ဟူ၍ လည်းကောင်း၊ လူသား ဖြစ်ရာသည်ဟူ၍လည်းကောင်း၊ ရုပ်ရှိသူ ဖြစ်ရာသည်ဟူ၍လည်းကောင်း၊ ရုပ်မရှိသူဖြစ်ရာသည်ဟူ၍လည်းကောင်း၊ သညာရှိသူ ဖြစ်ရာသည်ဟူ၍လည်းကောင်း၊ သညာ မရှိသူ ဖြစ်ရာသည်ဟူ၍လည်းကောင်း၊ သညာရှိသူလည်း မဟုတ်, သညာမရှိသူလည်း မဟုတ် ဖြစ်ရာသည်ဟူ၍လည်းကောင်း ဤသို့လျှင် “ဤအပြားအားဖြင့် ဖြစ်ရာသည်”ဟု ဖြစ်၏။ (၁၂)
အဘယ်သို့လျှင် “ဤသို့ ဖြစ်ရာသည်”ဟု ဖြစ်သနည်း။
အခြားပုဂ္ဂိုလ်ကို ထောက်၍ ထိုသူ မင်းမျိုးဖြစ်သကဲ့သို့ ထို့အတူ ငါ မင်းမျိုးဖြစ်ရာသည်ဟူ၍လည်းကောင်း၊ ထိုသူ ပုဏ္ဏားမျိုးဖြစ်သကဲ့သို့ ထို့အတူ ငါ ပုဏ္ဏားမျိုးဖြစ်ရာသည်ဟူ၍လည်းကောင်း။ပ။ ထိုသူသညာရှိသည်လည်း မဟုတ် သညာမရှိသည်လည်းမဟုတ်သကဲ့သို့ ထို့အတူ ငါ သညာရှိသည်လည်းမဟုတ်, သညာမရှိသည်လည်း မဟုတ် ဖြစ်ရာသည်ဟူ၍လည်းကောင်း ဖြစ်၏။ ဤသို့လျှင် “ဤသို့ ဖြစ်ရာသည်”ဟု ဖြစ်၏။ (၁၃)
--
အဘယ်သို့လျှင် “တစ်ပါးသော အခြင်းအရာအားဖြင့် ဖြစ်ရာသည်”ဟု ဖြစ်သနည်း။
အခြားပုဂ္ဂိုလ်ကို ထောက်၍ ထိုသူ မင်းမျိုးဖြစ်သကဲ့သို့ ထို့အတူ ငါ မင်းမျိုးမဖြစ်ရာဟူ၍လည်းကောင်း၊ ထိုသူ ပုဏ္ဏားမျိုးဖြစ်သကဲ့သို့ ထို့အတူ ငါ ပုဏ္ဏားမျိုးမဖြစ်ရာဟူ၍လည်းကောင်း။ပ။ ထိုသူသညာရှိသည်လည်း မဟုတ်, သညာမရှိသည်လည်း မဟုတ်ဖြစ်သကဲ့သို့ ထို့အတူ ငါ သညာရှိသည်လည်းမဟုတ်, သညာမရှိသည်လည်း မဟုတ်သည် မဖြစ်ရာဟူ၍လည်းကောင်း ဤသို့လျှင် “တစ်ပါးသော အခြင်းအရာအားဖြင့် ဖြစ်ရာသည်”ဟု ဖြစ်၏။ (၁၄)
အဘယ်သို့လျှင် “စင်စစ် ငါ ဖြစ်ရာသည်”ဟု ဖြစ်သနည်း။
တစ်စုံတစ်ခုသော တရားကို ခွဲခြားမှု မပြုမူ၍ ရုပ်, ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ်တို့ကို စင်စစ် ငါဖြစ်ရာသည်ဟု လိုလားနှစ်သက်တပ်မက်မှု ‘တဏှာ'ကို ရ၏။ စင်စစ် ငါ ဖြစ်ရာသည်ဟု ထောင်လွှားမှု ‘မာန'ကို ရ၏၊ စင်စစ် ငါ ဖြစ်ရာသည်ဟု အယူမှားမှု ‘ဒိဋ္ဌိ’ ရ၏၊ ထိုတဏှာ, မာန, ဒိဋ္ဌိသုံးပါးအပေါင်းသည် ဖြစ်လတ်သော် စင်စစ် ငါ ဤအပြားအားဖြင့် ဖြစ်ရာသည်ဟူ၍လည်းကောင်း၊ စင်စစ်ငါ ဤသို့ ဖြစ်ရာသည်ဟူ၍လည်းကောင်း၊ စင်စစ် ငါ တစ်ပါးသော အခြင်းအရာအားဖြင့် ဖြစ်ရာသည်ဟူ၍လည်းကောင်း ဤချဲ့ထွင်မှု ‘ပပဉ္စ’ တရားတို့ ဖြစ်ကုန်၏။ (၁၅)
အဘယ်သို့လျှင် “စင်စစ် ငါ ဤအပြားအားဖြင့်ဖြင့် ဖြစ်ရာသည်”ဟု ဖြစ်သနည်း။
စင်စစ် ငါ မင်းမျိုးဖြစ်ရာသည်ဟူ၍လည်းကောင်း၊ စင်စစ် ငါ ပုဏ္ဏားမျိုးဖြစ်ရာသည်ဟူ၍ လည်းကောင်း၊ စင်စစ် ငါကုန်သည်မျိုးဖြစ်ရာသည်ဟူ၍လည်းကောင်း၊ စင်စစ် ငါ သူဆင်းရဲမျိုးဖြစ်ရာသည်ဟူ၍လည်းကောင်း၊ စင်စစ် ငါ (အိမ်နေသူ) လူဝတ်ကြောင်ဖြစ်ရာသည် ဟူ၍လည်းကောင်း၊ စင်စစ် ငါ ရဟန်းဖြစ်ရာသည်ဟူ၍လည်းကောင်း၊ စင်စစ် ငါ နတ်ဖြစ်ရာ သည်ဟူ၍လည်းကောင်း၊ စင်စစ် ငါ လူသားဖြစ်ရာသည်ဟူ၍လည်းကောင်း၊ စင်စစ် ငါ ရုပ်ရှိသူ ဖြစ်ရာသည်ဟူ၍လည်းကောင်း၊ စင်စစ် ငါ ရုပ်မရှိသူဖြစ်ရာသည်ဟူ၍လည်းကောင်း၊ စင်စစ် ငါ သညာရှိသူ ဖြစ်ရာသည်ဟူ၍လည်းကောင်း၊ စင်စစ် ငါ သညာမရှိသူ ဖြစ်ရာသည်ဟူ၍ လည်းကောင်း၊ စင်စစ် ငါ သညာရှိသူလည်း မဟုတ်, သညာမရှိသူလည်း မဟုတ် ဖြစ်ရာသည် ဟူ၍လည်းကောင်း ဤသို့လျှင် “စင်စစ် ငါ ဤအပြားအားဖြင့် ဖြစ်ရာသည်”ဟု ဖြစ်၏။ (၁၆)
အဘယ်သို့လျှင် “စင်စစ် ငါ ဤသို့ ဖြစ်ရာသည်”ဟု ဖြစ်သနည်း။
အခြားပုဂ္ဂိုလ်ကို ထောက်၍ ထိုသူ မင်းမျိုးဖြစ်သကဲ့သို့ ထို့အတူ စင်စစ် ငါ မင်းမျိုးဖြစ်ရာသည့်ဟူ၍လည်းကောင်း၊ ထိုသူ ပုဏ္ဏားမျိုးဖြစ်သကဲ့သို့ ထို့အတူ စင်စစ် ငါ ပုဏ္ဏားမျိုးဖြစ်ရာသည်ဟူ၍လည်းကောင်း။ပ။ ထိုသူ သညာရှိသည်လည်း မဟုတ်, သညာမရှိသည်လည်း မဟုတ်ဖြစ်သကဲ့သို့ ထို့အတူစင်စစ် ငါ သညာရှိသည်လည်း မဟုတ်, သညာမရှိသည်လည်း မဟုတ် ဖြစ်ရာသည်ဟူ၍လည်းကောင်း ဤသို့လျှင် “စင်စစ် ဤသို့ ငါ ဖြစ်ရာသည်”ဟု ဖြစ်၏။ (၁၇)
အဘယ်သို့လျှင် “စင်စစ် ငါ တစ်ပါးသော အခြင်းအရာအားဖြင့် ဖြစ်ရာသည်”ဟု ဖြစ်သနည်း။
အခြားပုဂ္ဂိုလ်ကို ထောက်၍ ထိုသူ မင်းမျိုးဖြစ်သကဲ့သို့ ထို့အတူ စင်စစ် ငါ မင်းမျိုးမဖြစ်ရာဟူ၍လည်းကောင်း၊ ထိုသူ ပုဏ္ဏားမျိုးဖြစ်သကဲ့သို့ ထို့အတူ စင်စစ် ငါ ပုဏ္ဏားမျိုးမဖြစ်ရာဟူ၍လည်းကောင်း။ပ။ ထိုသူ သညာရှိသည်လည်း မဟုတ် သညာမရှိသည်လည်း မဟုတ်ဖြစ်သကဲ့သို့ ထို့အတူစင်စစ် ငါ သညာရှိသည်လည်း မဟုတ် သညာမရှိသည်လည်း မဟုတ်သည် မဖြစ်ရာဟူ၍လည်းကောင်း ဤသို့လျှင် “စင်စစ် ငါ တစ်ပါးသော အခြင်းအရာအားဖြင့် ဖြစ်ရာသည်”ဟု ဖြစ်၏။ (၁၈)
ဤသည်တို့သည် မိမိသန္တာန်၌ ဖြစ်သော တရားကို စွဲ၍ တဏှာဖြစ်ခြင်း တစ်ဆယ့်ရှစ်ပါး တို့တည်း။
--
အပသန္တာန်ကို စွဲ၍ တဏှာဖြစ်ခြင်း၁၈-ပါး
၉၇၅။ ထိုတွင် အဘယ်တို့သည် အပသန္တာန်ကို စွဲ၍ တဏှာဖြစ်ခြင်း တစ်ဆယ့်ရှစ်ပါးတို့ မည်သနည်း။
ဤရုပ်စသည်ဖြင့် ငါ ဖြစ်သည်ဟု ဖြစ်၏။ ဤရုပ်စသည်ဖြင့် ငါ ဤအပြားအားဖြင့် ဖြစ်သည်ဟု ဖြစ်၏။ ဤရုပ်စသည်ဖြင့် ဤသို့ ငါ ဖြစ်သည်ဟု ဖြစ်၏။ ဤရုပ်စသည်ဖြင့် ငါ တစ်ပါးသော အခြင်း အရာအားဖြင့် ဖြစ်သည်ဟု ဖြစ်၏။ ဤရုပ်စသည်ဖြင့် ငါဖြစ်လိမ့်မည်ဟု ဖြစ်၏။ ဤရုပ်စသည်ဖြင့်ဤအပြားအားဖြင့် ငါဖြစ်လိမ့်မည်ဟု ဖြစ်၏။ ဤရုပ်စသည်ဖြင့် ငါ ဤသို့ ဖြစ်လိမ့်မည်ဟု ဖြစ်၏။ ဤရုပ်စသည်ဖြင့် ငါ တစ်ပါးသောအခြင်းအရာအားဖြင့် ဖြစ်လိမ့်မည်ဟု ဖြစ်၏။ ဤရုပ်စသည်ဖြင့် အမြဲဖြစ်သည်ဟု ဖြစ်၏။ ဤရုပ်စသည်ဖြင့် အမြဲ မဖြစ်ဟု ဖြစ်၏။ ဤရုပ်စသည်ဖြင့် ငါ ဖြစ်ရာသည်ဟု ဖြစ်၏။ ဤရုပ်စသည်ဖြင့် ငါ ဤအပြားအားဖြင့် ဖြစ်ရာသည်ဟု ဖြစ်၏။ ဤရုပ်စသည်ဖြင့် ဤသို့ ငါ ဖြစ်ရာသည်ဟု ဖြစ်၏။ ဤရုပ်စသည်ဖြင့် တစ်ပါးသော အခြင်းအရာအားဖြင့် ငါ ဖြစ်ရာသည်ဟု ဖြစ်၏။ ဤရုပ်စသည်ဖြင့် စင်စစ် ငါ ဖြစ်ရာသည်ဟု ဖြစ်၏။ ဤရုပ်စသည်ဖြင့် စင်စစ် ငါ ဤအပြားအားဖြင့်ဖြစ်ရာသည်ဟု ဖြစ်၏။ ဤရုပ်စသည်ဖြင့် စင်စစ် ဤသို့ ငါ ဖြစ်ရာသည်ဟု ဖြစ်၏။ ဤရုပ်စသည်ဖြင့်စင်စစ် ငါ တစ်ပါးသော အခြင်းအရာအားဖြင့် ဖြစ်ရာသည်ဟု ဖြစ်၏။
၉၇၆။ အဘယ်သို့လျှင် “ဤရုပ်စသည်ဖြင့် ငါ ဖြစ်သည်”ဟု ဖြစ်သနည်း။
တစ်စုံတစ်ခုသော တရားကို ခွဲခြားမှု မပြုမူ၍ ရုပ်, ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ်တို့ကို ဤရုပ်စသည်ဖြင့် ငါ ဖြစ်သည်ဟု လိုလားနှစ်သက် တပ်မက်မှု ‘တဏှာ'ကို ရ၏။ ဤရုပ်စသည်ဖြင့် ငါ ဖြစ်သည်ဟု ထောင်လွှားမှု ‘မာန'ကို ရ၏၊ ဤရုပ်စသည်ဖြင့် ငါ ဖြစ်သည်ဟု အယူမှားမှု ‘ဒိဋ္ဌိ'ကို ရ၏၊ ထိုတဏှာ, မာန, ဒိဋ္ဌိ သုံးပါးအပေါင်းသည် ဖြစ်လတ်သော် ဤရုပ်စသည်ဖြင့် ငါ ဤအပြားအားဖြင့် ဖြစ်သည်ဟူ၍လည်းကောင်း၊ ဤရုပ်စသည်ဖြင့် ဤသို့ ငါ ဖြစ်သည်ဟူ၍လည်းကောင်း၊ ဤရုပ်စသည်ဖြင့် တစ်ပါးသော အခြင်းအရာအားဖြင့် ငါ ဖြစ်သည်ဟူ၍လည်းကောင်း ဤချဲ့ထွင်မှု ‘ပပဉ္စ'တရားတို့ ဖြစ်ကုန်၏။ (၁)
အဘယ်သို့လျှင် “ဤရုပ်စသည်ဖြင့် ဤအပြားအားဖြင့် ငါ ဖြစ်သည်”ဟု ဖြစ်သနည်း။