ဝိဘင်းပါဠိတော်-ဒု
၄-သစ္စဝိဘင်္ဂ
(အမှန်သဘော ‘သစ္စာ'တို့ကို ဝေဖန်၍ပြသော သစ္စဝိဘင်း)
၁-သုတ္တန္တဘာဇနီယ
(သုတ္တန်နည်းဖြင့် ဝေဖန်၍ ဟောကြားအပ်သော ‘သုတ္တန္တဘာဇနီယ'နည်း)
အရိယသစ္စာလေးပါး
၁၈၉။ ။ မဂ်ဖိုလ်ကို ရ၍ ဖြူစင်မြင့်မြတ်သဖြင့် ‘အရိယာ'၁ဟု ခေါ်တွင်သော ပုဂ္ဂိုလ်တို့ ထိုးထွင်း၍ သိအပ်သည့် အမှန်သဘော ‘အရိယသစ္စာ'လေးပါးတို့ကား-
(၁) အရိယာတို့ ထိုးထွင်း၍သိအပ်သော အမှန်ဆင်းရဲမှု ‘ဒုက္ခအရိယသစ္စာ’။
(၂) အရိယာတို့ ထိုးထွင်း၍သိအပ်သော အမှန်ဆင်းရဲမှု ဖြစ်ပွားကြောင်း ‘ဒုက္ခသမုဒယအရိယသစ္စာ’။
(၃) အရိယာတို့ ထိုးထွင်း၍သိအပ်သော အမှန်ဆင်းရဲချုပ်မှု ‘ဒုက္ခနိရောဓအရိယသစ္စာ’။
(၄) အရိယာတို့ ထိုးထွင်း၍သိအပ်သော အမှန်ဆင်းရဲချုပ်မှုသို့ ရောက်ကြောင်း အကျင့် ‘ဒုက္ခနိရောဓ ဂါမိနီ ပဋိပဒါအရိယသစ္စာ'တို့တည်း။
၁။ အရိယ= မဂ်ဖိုလ်ရသူ၊ ကိလေသာတို့မှ စင်ကြယ်သူ၊ ကိလေသာအညစ်အကြေးတို့မှ စင်ကြယ်၍ မြင့်မြတ်သူ။ = ကိလေသာအညစ်အကြေးတို့မှ ကင်းဝေးစေတတ်သော သဘော (အဘိ၊ ဋ္ဌ၊ ၁၊ နှာ-၃၈၄)။
--
၁-ဒုက္ခအရိယသစ္စာ
(အရိယာတို့ ထိုးထွင်း၍သိအပ်သော ဆင်းရဲမှုအမှန်သဘော)
ဒုက္ခအရိယသစ္စာ ၁၂-မျို
၁၉၀။ ထိုအရိယသစ္စာ ၄-မျိုးတို့တွင် အဘယ်သည် အရိယာတို့ ထိုးထွင်း၍ သိအပ်သော ဆင်းရဲမှု အမှန်သဘော ‘ဒုက္ခအရိယသစ္စာ’ မည်သနည်း။
(ဘဝသစ်၌ ရုပ်နာမ်တို့တစ်ဖန်) ဖြစ်ပေါ်ခြင်း ‘ဇာတိ’ (ပဋိသန္ဓေနေခြင်း) သည်လည်း ဆင်းရဲ၏။ အိုခြင်း ‘ဇရာ'သည်လည်း ဆင်းရဲ၏။ သေခြင်း ‘မရဏ'သည်လည်း ဆင်းရဲ၏။ စိုးရိမ်ပူဆွေးခြင်း ‘သောက’၊ ငိုကြွေး ပူဆွေး မြည်တမ်းခြင်း ‘ပရိဝေဒ’၊ (ကိုယ်) ဆင်းရဲခြင်း ‘ဒုက္ခ’၊ စိတ်နှလုံးမသာယာခြင်း ‘ဒေါမနဿ’၊ အလွန်အမင်း ပြင်းစွာ ပူဆွေး ပင်ပန်း ပူလောင်ခြင်း ‘ဥပါယာသ'တို့သည်လည်း ဆင်းရဲကုန်၏။ မချစ်မနှစ်သက်အပ်သည်တို့နှင့် အတူယှဉ်တွဲ ပေါင်းဖော်နေရခြင်းသည် ဆင်းရဲ၏။ ချစ်နှစ်သက်အပ်သည်တို့နှင့် ကွဲကွာကွေကွင်းရခြင်းသည် ဆင်းရဲ၏။ အကြင် အလိုရှိအပ်သည်ကိုလည်း မရ၊ ထိုမရခြင်းသည်လည်း ဆင်းရဲ၏။ အကျဉ်းချုပ်အားဖြင့် ဥပါဒါန်၏ (လောဘ, ဒိဋ္ဌိတို့၏) အာရုံဖြစ်သော ခန္ဓာငါးပါး၁တို့သည် ဆင်းရဲကုန်၏။
၁။ ဥပါဒါနက္ခန္ဓာ ၅-ပါး= လောကီနာမ်ခန္ဓာ ၄-ပါး၊ ရုပ်ခန္ဓာ ၁-ပါး။ (လောကီစိတ်, စေတသိက်, ရုပ်)
(၁) ဇာတိ
၁၉၁။ ထိုဒုက္ခအရိယသစ္စာ ၁၂-မျိုးတို့တွင် အဘယ်သည် (ဘဝသစ်၌ရုပ်နာမ်တို့တစ်ဖန်) ဖြစ်ပေါ်ခြင်း ‘ဇာတိ’ (ပဋိသန္ဓေနေခြင်း) မည်သနည်း။
ထိုထိုသတ္တဝါတို့၏ ထိုထိုသတ္တဝါအစုအပေါင်းအဖွဲ့၌ (ထိုထိုသတ္တဝါတို့ဖြစ်ရာဘုံဘဝ၌) အကြင် ဖြစ်ပေါ်ခြင်း ‘ဇာတိ’၊ ကောင်းစွာ (ပြည့်စုံစွာ) ဖြစ်ပေါ်ခြင်း ‘သဉ္ဇာတိ’၊ (အမိဝမ်းတွင်း, ဥခွံတွင်းသို့) ဝင်ရောက် သက်ရောက်ခြင်း ‘ဩက္က နိ ္ထ’၊ အသစ်ဖြစ်ပေါ်ခြင်း ‘အဘိနိဗ္ဗတ္တိ’၊ ခန္ဓာတို့၏ ထင်ရှားဖြစ်ပေါ်ခြင်း ‘ခန္ဓပါတုဘာဝ’၊ စိတ်စေတသိက်တို့ ဖြစ်ရာ ဖြစ်ကြောင်း ‘အာယတန'တို့ကို တစ်ဖန်ရခြင်းသည် ရှိ၏။ ဤဆိုခဲ့ပြီးသော သဘောကို (ဘဝသစ်၌ ရုပ်နာမ်တို့၏ တစ်ဖန်) ဖြစ်ပေါ်ခြင်း ‘ဇာတိ’ (ပဋိသန္ဓေနေခြင်း)ဟု ဆိုအပ်၏။
(၂) ဇရာ
၁၉၂။ ထိုဒုက္ခအရိယသစ္စာ ၁၂-မျိုးတို့တွင် အဘယ်သည် အိုခြင်း (ရင့်ရော်ခြင်း) ‘ဇရာ’ မည်သနည်း။
ထိုထိုသတ္တဝါတို့၏ ထိုထိုဘဝ၌ (ထိုထိုသတ္တဝါတို့၏ နေရာဘုံ၊ ထိုထိုသတ္တဝါတို့၏ ဘဝ၌) ထိုထိုသတ္တဝါအစုအပေါင်းအဖွဲ့၌ အကြင် အိုခြင်း (ရင့်ရော်ခြင်း) ‘ဇရာ’၊ အကြင် အိုမင်းရင့်ရော်ပုံ အခြင်းအရာ ‘ဇီရဏတာ’၊ အကြင်သွားကျိုးခြင်း ‘ခဏ္ဍိစ္စံ’၊ အကြင် ဆံပင်ဖြူခြင်း ‘ပါလိစ္စံ’၊ အကြင် အရေတွန့်ခြင်း ‘ဝလိတ္တစ တာ’၊ အကြင်အသက် ဆုတ်ယုတ်ခြင်း ‘အာယုနော သံဟာနိ’၊ အကြင် (မျက်စိ နားစသော) ဣန္ဒြေတို့၏ ရင့်ရော် (ယိုယွင်း) ခြင်း ‘ဣန္ဒြိယပရိပါက'သည် ရှိ၏။ ဤဆိုခဲ့ပြီးသော သဘောကို အိုခြင်း (ရင့်ရော်ခြင်း) ‘ဇရာ’ဟု ဆိုအပ်၏။
--
(၃) မရဏ
၁၉၃။ ထိုဒုက္ခအရိယသစ္စာ ၁၂-မျိုးတို့တွင် အဘယ်သည် သေခြင်း ‘မရဏ’ မည်သနည်း။
ထိုထိုသတ္တဝါတို့၏ ထိုထိုသတ္တဝါအစုအပေါင်းအဖွဲ့မှ (ထိုထိုသတ္တဝါအဖြစ်မှ) အကြင် ရွေ့လျောခြင်း ‘စုတိ’၊ အကြင် ရွေ့လျောသော အခြင်းအရာ ‘စဝနတာ’၊ အကြင် ပျက်စီးခြင်း ‘ဘေဒ’၊ အကြင် ကွယ်ပျောက်ခြင်း ‘အန္တရဓာန၊ အကြင် သေဆုံးခြင်း ‘မစ္စု’၊ အကြင် အသက်ကို စွန့်ခြင်း ‘မရဏ’၊ (အသက်ရှင်ခြင်း၏) အကြင်အဆုံးစွန်သောအခါကို ပြုခြင်း ‘ကာလကိရိယာ’၊ အကြင်ခန္ဓာတို့၏ ပျက်စီးခြင်း ‘ခန္ဓဘေဒ’၊ ခန္ဓာကိုယ်အကောင်ကို ပစ်ချခြင်း (အသုဘ အသေကောင်ကို မသာချခြင်း) ‘ကဠေဝရနိက္ခေပ’၊ ဇီဝိတိန္ဒြေ၏ ပြတ်စဲခြင်း (အသက်၏ပြတ်စဲခြင်း) ‘ဇီဝိတိန္ဒြိယ ဥပစ္ဆေဒ'သည် ရှိ၏။ ဤဆိုခဲ့ပြီးသော သဘောကို သေခြင်း ‘မရဏ’ဟု ဆိုအပ်၏။
(၄) သောက
၁၉၄။ ထိုဒုက္ခအရိယသစ္စာ ၁၂-မျိုးတို့တွင် အဘယ်သည် စိုးရိမ်ပူဆွေးခြင်း ‘သောက’ မည်သနည်း။
ဆွေမျိုး ပျက်စီးခြင်းနှင့် တွေ့သူ၏လည်းကောင်း ‘ဉာတိဗျသန’၊ စည်းစိမ်ဥစ္စာ ပျက်စီးခြင်းနှင့် တွေ့သူ၏လည်းကောင်း ‘ဘောဂဗျသန’၊ အနာရောဂါကြောင့် ပျက်စီးခြင်းနှင့် တွေ့သူ၏လည်းကောင်း ‘ရောဂဗျသန’၊ သီလပျက်စီးခြင်းနှင့် တွေ့သူ၏လည်းကောင်း ‘သီလဗျသန’၊ အယူ (ဝါဒ) ပျက်စီးခြင်းနှင့် တွေ့သူ၏လည်းကောင်း (မိစ္ဆာဒိဋ္ဌိအယူ ရှိသူ၏လည်းကောင်း) ‘ဒိဋ္ဌိဗျသန’၊ ပျက်စီးခြင်းတစ်ခုခုနှင့် ပြည့်စုံသူ၏လည်းကောင်း, (ပျက်စီးခြင်း တစ်စုံတစ်ခုနှင့် မလွတ်ကင်းသူ၏လည်းကောင်း)၊ ဆင်းရဲမှု သဘောတစ်ခုခုနှင့် တွေ့သူ၏လည်းကောင်း အကြင် စိုးရိမ်ပူဆွေးခြင်း ‘သောက’၊ အကြင် စိုးရိမ်သော အခြင်းအရာ ‘သောစနာ’၊ အကြင် စိုးရိမ်သူ၏အဖြစ် ‘သောစိတတ္တံ၊ အကြင် အတွင်း၌ ပူဆွေးခြင်း ‘အန္တောသောက’၊ အကြင် အတွင်း၌ လွန်စွာပူပန်ခြင်း ‘အန္တောပရိသောက’၊ အကြင် စိတ်ပူလောင်ခြင်း (မှိုင်တွေခြင်း) ‘စေတသော ပရိဇ္ဈာယန’၊ အကြင် စိတ်ဆင်းရဲခြင်း (စိတ်နှလုံးမသာယာခြင်း) ‘ဒေါမနဿ’၊ အကြင် စိုးရိမ်မှု စူးဝင်ခြင်း (သောကဟူသောငြောင့်) ‘သောကသလ္လ'သည် ရှိ၏။ ဤဆိုခဲ့ပြီးသော သဘောကို စိုးရိမ်ပူဆွေးခြင်း ‘သောက’ဟု ဆိုအပ်၏။
(၅) ပရိဒေဝ
၁၉၅။ ထိုဒုက္ခအရိယသစ္စာ ၁၂-မျိုးတို့တွင် အဘယ်သည် ငိုကြွေးမြည်တမ်းခြင်း ‘ပရိဒေဝ’ မည်သနည်း။
ဆွေမျိုး ပျက်စီးခြင်းနှင့် တွေ့သူ၏လည်းကောင်း ‘ဉာတိဗျသန’၊ စည်းစိမ်ဥစ္စာ ပျက်စီးခြင်းနှင့် တွေ့သူ၏လည်းကောင်း ‘ဘောဂဗျသန’၊ အနာရောဂါကြောင့် ပျက်စီးခြင်းနှင့် တွေ့သူ၏လည်းကောင်း ‘ရောဂဗျသန’၊ သီလပျက်စီးခြင်းနှင့် တွေ့သူ၏လည်းကောင်း ‘သီလဗျသန’၊ အယူဝါဒပျက်စီးခြင်းနှင့် တွေ့သူ၏လည်းကောင်း (မိစ္ဆာဒိဋ္ဌိအယူ ရှိသူ၏လည်းကောင်း) ‘ဒိဋ္ဌိဗျသန’၊ ပျက်စီးခြင်းတစ်ခုခုနှင့် ပြည့်စုံသူ၏လည်းကောင်း (ပျက်စီးခြင်း တစ်စုံတစ်ခုနှင့် မလွတ်ကင်းသူ၏လည်းကောင်း)၊ ဆင်းရဲမှု သဘောတစ်ခုခုနှင့် တွေ့သူ၏လည်းကောင်း အကြင် လွန်စွာ ငိုကြွေးမြည်တမ်းခြင်း (တစ်စုံတစ်ဦးကို ရည်ညွှန်းထုတ်ဖော်ခေါ်ဝေါ်၍ ငိုကြွေးမြည်တမ်းခြင်း) ‘အာဒေဝ’၊ အလွန်ပြင်းစွာ ငိုကြွေးခြင်း (ဂုဏ် ကျေးဇူးကို ဖွဲ့နွဲ့၍ လှိုက်လှိုက်လှဲလှဲ ငိုကြွေးမြည်တမ်းခြင်း) ‘ပရိဒေဝ’၊ လွန်စွာ ငိုကြွေးသော အခြင်း အရာ ‘အာဒေဝနာ’၊ အလွန်ပြင်းစွာ ငိုးကြွေးသော အခြင်းအရာ ‘ပရိဒေဝနာ’၊ လွန်စွာ ငိုကြွေးသူ၏အဖြစ် ‘အာဒေဝိတတ္တံ’၊ အလွန်ပြင်းစွာ ငိုကြွေးသူ၏အဖြစ် ‘ပရိဒေဝိတတ္တံ’၊ ဆိုမြည်တမ်းခြင်း ‘ဝါစာ’၊ အချည်းနှီး အကျိုးမရှိ ငိုယိုဆိုမြည်တမ်းခြင်း ‘ပလာပ'၁၊ ဖောက်ဖောက်ပြန်ပြန် ငိုယိုဆိုမြည်တမ်းခြင်း ‘ဝိပ္ပလာပ'၂၊ အဖန်ဖန် အထပ်ထပ် ငိုယိုမြည်တမ်းခြင်း ‘လာလပ္ပ’၊ အဖန်ဖန် အထပ်ထပ် ငိုယိုဆိုမြည်တမ်းသော အခြင်းအရာ ‘လာလပ္ပနာ’၊ အဖန်ဖန်အထပ်ထပ် ငိုယိုဆိုမြည်တမ်းသူ၏အဖြစ် ‘လာလပ္ပိတတ္တံ'သည် ရှိ၏။
ဤဆိုခဲ့ပြီးသော သဘောကို ငိုကြွေးမြည်တမ်းခြင်း ‘ပရိဒေဝ’ဟု ဆိုအပ်၏။
--
(၆) ဒုက္ခ
၁၉၆။ ထိုဒုက္ခအရိယသစ္စာ ၁၂-မျိုးတို့တွင် အဘယ်သည် ဆင်းရဲမှု ‘ဒုက္ခ’ မည်သနည်း။
အကြင် ကိုယ်၌ဖြစ်သော မသာယာခြင်း ‘ကာယိက အသာတ’၊ အကြင် ကိုယ်၌ဖြစ်သော ဆင်းရဲခြင်း ‘ကာယိကဒုက္ခ’၊ အကြင် ကိုယ်အတွေ့ကြောင့်ဖြစ်သော မသာယာခြင်းကို ခံစားမှု ‘ကာယသမ္ဖဿဇံ အသာတံ ဝေဒယိတံ’၊ (ကိုယ်အတွေ့ကြောင့်ဖြစ်သော) ဆင်းရဲမှုကို ခံစားခြင်း ‘ကာယသမ္ဖဿဇံ ဒုက္ခံ ဝေဒယိတံ’၊ အကြင် ကိုယ်အတွေ့ကြောင့်ဖြစ်သော မသာယာမှုကို ခံစားခြင်း ‘ကာယသမ္ဖဿဇာ အသာတာ ဝေဒနာ’၊ (ကိုယ်အတွေ့ကြောင့်ဖြစ်သော) ဆင်းရဲမှုကို ခံစားခြင်း ‘ကာယသမ္ဖဿဇာ ဒုက္ခာ ဝေဒနာ'သည် ရှိ၏။ ဤဆိုခဲ့ပြီးသော သဘောကို ဆင်းရဲမှု ‘ဒုက္ခ’ဟု ဆိုအပ်၏။
(၇) ဒေါမနဿ
၁၉၇။ ထိုဒုက္ခအရိယသစ္စာ ၁၂-မျိုးတို့တွင် အဘယ်သည် စိတ်နှလုံး မသာယာခြင်း ‘ဒေါမနဿ’ မည်သနည်း။
အကြင် စိတ်၌ဖြစ်သော မသာယာခြင်း ‘စေတသိကံ အသာတံ’၊ အကြင် စိတ်၌ဖြစ်သော ဆင်းရဲခြင်း ‘စေတသိကံ ဒုက္ခံ’၊ အကြင် စိတ်အတွေ့ကြောင့်ဖြစ်သော မသာယာမှုကို ခံစားခြင်း ‘စေတော သမ္ဖဿဇံ အသာတံ ဝေဒယိတံ’၊ အကြင် (စိတ်အတွေ့ကြောင့်ဖြစ်သော) ဆင်းရဲမှုကို ခံစားခြင်း ‘စေတော သမ္ဖဿဇံ ဒုက္ခံဝေဒယိတံ’၊ အကြင်စိတ်အတွေ့ကြောင့်ဖြစ်သော မသာယာမှုကို ခံစားခြင်း ‘စေတော သမ္ဖဿဇာ အသာတာ ဝေဒနာ’၊ အကြင် (စိတ်အတွေ့ကြောင့်ဖြစ်သော) ဆင်းရဲမှုကို ခံစားခြင်း ‘စေတော သမ္ဖဿဇာဒုက္ခာဝေဒနာ'သည် ရှိ၏။ ဤဆိုခဲ့ပြီးသောသဘောကို စိတ်နှလုံးမသာယာခြင်း ‘ဒေါမနဿ’ဟု ဆိုအပ်၏။
(၈) ဥပါယာသ
၁၉၈။ ထိုဒုက္ခအရိယသစ္စာ ၁၂-မျိုးတို့တွင် အဘယ်သည် အလွန်အမင်း ပြင်းစွာ ပူလောင်ပင်ပန်းခြင်း ‘ဥပါယာသ’ မည်သနည်း။
ဆွေမျိုးပျက်စီးခြင်းနှင့် တွေ့သူ၏လည်းကောင်း ‘ဉာတိဗျသန’၊ စည်းစိမ်ဥစ္စာ ပျက်စီးခြင်းနှင့် တွေ့သူ၏လည်းကောင်း ‘ဘောဂဗျသန’၊ အနာရောဂါကြောင့် ပျက်စီးခြင်းနှင့် တွေ့သူ၏လည်းကောင်း ‘ရောဂဗျသန’၊ သီလပျက်စီးခြင်းနှင့် တွေ့သူ၏လည်းကောင်း ‘သီလဗျသန’၊ အယူဝါဒပျက်စီးခြင်းနှင့် တွေ့သူ၏လည်းကောင်း (မိစ္ဆာဒိဋ္ဌိအယူရှိသူ၏လည်းကောင်း) ‘ဒိဋ္ဌိဗျသန’၊ ပျက်စီးခြင်းတစ်ခုခုနှင့် ပြည့်စုံသူ၏လည်းကောင်း (ပျက်စီးခြင်း တစ်စုံတစ်ခုနှင့် မလွတ်ကင်းသူ၏လည်းကောင်း)၊ တစ်ခုခုသော ဆင်းရဲမှုသဘော (ဆင်းရဲမှုအခြင်းအရာတစ်ခုခု) နှင့် တွေ့သူ၏လည်းကောင်း အကြင်လွန်စွာ ပူလောင် ပင်ပန်းခြင်း ‘အာယာသ’၊ အကြင် အလွန်အမင်း ပြင်းစွာ ပူလောင်ပင်ပန်းခြင်း ‘ဥပါယာသ’၊ အကြင် လွန်စွာ ပူလောင်ပင်ပန်းသူ၏အဖြစ် ‘အာယာသိတတ္တံ’၊ အကြင် အလွန်အမင်း ပြင်းစွာ ပူလောင် ပင်ပန်းသူ၏အဖြစ် ‘ဥပါယာသိတတ္တံ'သည် ရှိ၏။ ဤဆိုခဲ့ပြီးသော သဘောကို အလွန်အမင်း ပြင်းစွာ ပူလောင်ပင်ပန်းခြင်း ‘ဥပါယာသ’ဟု ဆိုအပ်၏။
--
၁။ သတိကင်းလွတ်လျက် မပြောသင့် မဆိုသင့်သော စကားတို့ကို ပရမ်းပတာ ဆိုမြည်တမ်းကာ ငိုယိုခြင်း။
၂။ သူရူးပမာ ဝါကျဆုံးအောင်မှ မပြောဆိုနိုင်ဘဲ အဆက်အစပ်မရှိ တစ်ခုပြီးတစ်ခု ယောင်ယမ်းမြည်တမ်းကာ ငိုယိုခြင်း။
(၉) အပ္ပိယသမ္ပယောဂဒုက္ခ
၁၉၉။ ထိုဒုက္ခအရိယသစ္စာ ၁၂-မျိုးတို့တွင် အဘယ်သည် မချစ်မနှစ်သက် အပ်သည်တို့နှင့်အတူ ယှဉ်တွဲ ပေါင်းဖော်နေရခြင်းကြောင့်ဖြစ်သော ဆင်းရဲ ‘အပ္ပိယသမ္ပယောဂဒုက္ခ’ မည်သနည်း။
ဤလောက၌ အလိုမရှိအပ် ‘အနိဋ္ဌ’၊ မနှစ်သက်အပ် ‘အကန္တ’၊ နှလုံးကို မပွားစေတတ် မမြတ်နိုး အပ် ‘အမနာပ’ ဖြစ်ကုန်သော ထိုအဆင်း ‘ရူပါရုံ’၊ ထိုအသံ ‘သဒ္ဒါရုံ’၊ ထိုအနံ့ ‘ဂန္ဓာရုံ’၊ ထိုအရသာ ‘ရသာရုံ’၊ ထိုအတွေ့ ‘ဖောဋ္ဌဗ္ဗာရုံ'တို့သည် အကြင်သူအား ဖြစ်ကုန်၏။ တစ်နည်းကား-အကြင်သူတို့သည် ထိုသူ၏ အကျိုးမဲ့ကို အလိုရှိကုန်၏ (အနတ္ထကာမာ)၊ စီးပွားမဲ့ကို အလိုရှိကုန်၏ (အဟိတကာမာ)၊ ချမ်းသာမဲ့ကို အလိုရှိကုန်၏ (အဖာသုကကာမာ)၊ ဝဋ်ဆင်းရဲ၌ ယှဉ်တွဲတတ်သည့် ယောဂလေးပါးတို့မှ မလွတ်မြောက်သည်ကို အလိုရှိကုန်၏ (အယောဂက္ခေမကာမာ)။ ထို (မချစ်မနှစ်သက်အပ်သော) အာရုံ, ထို (မချစ်မနှစ်သက်အပ်သော) သူတို့နှင့် အကြင် တွေ့ဆုံ ရခြင်း ‘သင်္ဂတိ’၊ အကြင် အတူစည်းဝေးပေါင်းဆုံရခြင်း ‘သမာဂမ’၊ အကြင်အတူ ပေါင်းဖော်နေထိုင် ရခြင်း ‘သမောဓာန’၊ အကြင် တစ်ပေါင်းတည်း ရောနှောခြင်း ‘မိဿီဘာဝ'သည် ရှိ၏။ ဤဆိုခဲ့ပြီးသော သဘောကို မချစ်မနှစ်သက်အပ်သည်တို့နှင့် အတူ ယှဉ်တွဲ ပေါင်းဖော်နေရခြင်း ကြောင့်ဖြစ်သော ဆင်းရဲမှု ‘အပ္ပိယသမ္ပယောဂဒုက္ခ’ဟု ဆိုအပ်၏။
(၁၀) ပိယဝိပ္ပယောဂဒုက္ခ
၂၀၀။ ထိုဒုက္ခအရိယသစ္စာ ၁၂-မျိုးတို့တွင် အဘယ်သည် ချစ်ခင်နှစ်သက် အပ်သည်တို့နှင့် ကွဲကွာ ကွေကွင်းရခြင်းကြောင့်ဖြစ်သော ဆင်းရဲ ‘ပိယဝိပ္ပယောဂဒုက္ခ’ မည်သနည်း။
ဤလောက၌ အလိုရှိအပ် ‘ဣဋ္ဌ’၊ နှစ်သက်အပ် ‘ကန္တ’၊ နှလုံးကို ပွားစေတတ် မြတ်နိုးအပ် ‘မနာပ’ ဖြစ်ကုန်သော ထိုအဆင်း ‘ရူပါရုံ’၊ ထိုအသံ ‘သဒ္ဒါရုံ’၊ ထိုအနံ့ ‘ဂန္ဓာရုံ’၊ ထိုအရသာ ‘ရသာရုံ’၊ ထိုအတွေ့ ‘ဖောဋ္ဌဗ္ဗာရုံ'တို့သည် အကြင်သူအား ဖြစ်ကုန်၏။ တစ်နည်းကား-အကြင် အမိသည်လည်းကောင်း (မာတာ)၊ အကြင် အဖသည်လည်းကောင်း (ပိတာ)၊ အကြင် ညီ, အစ်ကိုသည်လည်းကောင်း (ဘာတာ)၊ အကြင် အစ်မ, ညီမသည်လည်းကောင်း (ဘဂိနီ)၊ အကြင် မိတ်ဆွေတို့သည်လည်းကောင်း (မိတ္တာ)၊ အကြင်အပေါင်းအဖော်တို့သည်လည်းကောင်း (အမစ္စ)၊ အကြင် ဆွေမျိုးတို့သည်လည်းကောင်း (ဉာတိ)၊ အကြင် ဆွေမျိုး သွေးချင်းသားချင်းတို့သည်လည်း ကောင်း (သာလောဟိတ)၊ ထိုသူ၏ အကျိုးကို အလိုရှိကုန်၏ (အတ္ထကာမ)၊ စီးပွားကို အလို ရှိကုန်၏ (ဟိတကာမ)၊ ချမ်းသာကို အလိုရှိကုန်၏ (ဖာသုကကာမ)၊ ဝဋ်ဆင်းရဲ၌ ယှဉ်တွဲစေတတ်သည့် ယောဂ လေးပါးတို့မှ လွတ်မြောက်သည်ကို အလိုရှိကုန်၏ (ယောဂက္ခေမကာမ)။ ထိုချစ်ခင်နှစ်သက်အပ်သော အာရုံ, ထိုချစ်ခင်နှစ်သက်အပ်သော သူတို့နှင့် အကြင်အတူ မတွေ့ဆုံ ရခြင်း ‘အသင်္ဂတိ’၊ အကြင်အတူတကွ မစည်းဝေး မပေါင်းဆုံရခြင်း ‘အသမာဂမ’၊ အကြင်အတူတကွ မပေါင်းဖော် မနေထိုင်ရခြင်း ‘အသမောဓာန’၊ အကြင်တစ်ပေါင်းတည်း မရောနှောရခြင်း ‘အမိဿီဘာဝ'သည် ရှိ၏။ ဤဆိုခဲ့ပြီးသော သဘောကို ချစ်ခင်နှစ်သက်အပ်သည်တို့နှင့် ကွဲကွာကွေကွင်းရခြင်းကြောင့်ဖြစ်သော ဆင်းရဲ ‘ပိယဝိပ္ပယောဂဒုက္ခ’ဟု ဆိုအပ်၏။
--
(၁၁) ဣ စ္ဆိတ အလာဘဒုက္ခ
၂၀၁။ ထိုဒုက္ခအရိယသစ္စာ ၁၂-မျိုးတို့တွင် အဘယ်သည် အလိုရှိအပ် သည်ကို မရခြင်းကြောင့်ဖြစ်သော ဆင်းရဲ ‘ဣ စ္ဆိတအလာဘဒုက္ခ’ မည်သနည်း။
(ဘဝသစ်၌ ရုပ်နာမ်တို့တစ်ဖန်) ဖြစ်ပေါ်ခြင်း (ပဋိသန္ဓေနေခြင်း) ‘ဇာတိ'သဘောရှိသော သတ္တဝါတို့အား “ငါတို့မှာ (ဘဝသစ်၌ရုပ်နာမ်တို့တစ်ဖန်) ဖြစ်ပေါ်ခြင်း (ပဋိသန္ဓေနေခြင်း) ‘ဇာတိ'သဘောတို့ မဖြစ်ကြပါမူ ကောင်းလေစွ၊ ငါတို့အား (ဘဝသစ်၌ ရုပ်နာမ်တို့ တစ်ဖန်) ဖြစ်ပေါ်ခြင်း ‘ဇာတိ'သဘော မရောက်လာပါမူ ကောင်းလေစွ”ဟု ဤသို့သော လိုချင်တောင့်တခြင်းသည် ဖြစ်ပေါ်၏၊ ဤသို့ လိုချင် တောင့်တငြားသော်လည်း ဤဇာတိ မဖြစ်ခြင်းကို လိုချင်တောင့်တခြင်းမျှဖြင့် မရနိုင် မရောက်နိုင်ပေ၁။ ဤဆိုခဲ့ပြီးသော သဘောကိုလည်း အလိုရှိအပ်သည်ကို မရခြင်းကြောင့်ဖြစ်သော ဆင်းရဲ ‘ဣ စ္ဆိတ အ လာ ဘ ဒုက္ခ’ဟု ဆိုအပ်၏။ အိုခြင်းသဘော ‘ဇရာဓမ္မ'ရှိကုန်သော သတ္တဝါတို့အား။ပ။ နာခြင်းသဘော ‘ဗျာဓိဓမ္မ'ရှိကုန်သော သတ္တဝါတို့အား။ပ။ သေခြင်းသဘော ‘မရဏဓမ္မ'ရှိကုန်သော သတ္တဝါတို့အား။ပ။ စိုးရိမ်ပူဆွေးခြင်း ‘သောက’၊ ငိုကြွေးမြည်တမ်းခြင်း ‘ပရိဒေဝ’၊ ကိုယ်ဆင်းရဲခြင်း ‘ဒုက္ခ’၊ စိတ်နှလုံး မသာယာခြင်း ‘ဒေါမနဿ’၊ အလွန်အမင်း ပြင်းစွာ ပူလောင်ပင်ပန်းခြင်း ‘ဥပါယာသ'သဘောရှိကုန်သော သတ္တဝါတို့အား “ငါတို့မှာ စိုးရိမ်ပူဆွေးခြင်း ‘သောက’၊ ငိုကြွေးမြည်တမ်းခြင်း ‘ပရိဒေဝ’၊ ကိုယ် ဆင်းရဲခြင်း ‘ဒုက္ခ’၊ စိတ်နှလုံးမသာယာခြင်း ‘ဒေါမနဿ’၊ အလွန်အမင်း ပြင်းစွာ ပူလောင်ပင်ပန်းခြင်း ‘ဥပါယာသ'သဘောတို့ မဖြစ်ကြပါမူ ကောင်းလေစွ၊ ငါတို့အား စိုးရိမ်ပူဆွေးခြင်း ‘သောက’၊ ငိုကြွေး မြည်တမ်းခြင်း ‘ပရိဒေဝ’၊ ကိုယ်ဆင်းရဲခြင်း ‘ဒုက္ခ’၊ စိတ်နှလုံးမသာယာခြင်း ‘ဒေါမနဿ’၊ အလွန်အမင်း ပြင်းစွာ ပူလောင်ပင်ပန်းခြင်း ‘ဥပါယာသ'သဘောတို့ မရောက်လာကြပါမူ ကောင်းလေစွ’ဟု ဤသို့ သော လိုချင်တောင့်တခြင်းသည် ဖြစ်ပေါ်၏၊ ဤသို့ လိုချင်တောင့်တငြားသော်လည်း ဤစိုးရိမ်ပူဆွေးခြင်း၊ ငိုကြွေးမြည်တမ်းခြင်း စသည်တို့ မဖြစ်ခြင်းကို လိုချင်တောင့်တခြင်းမျှဖြင့် မရနိုင် မရောက်နိုင်ပေ။ ဤဆိုခဲ့ပြီးသော သဘောကိုလည်း အလိုရှိအပ်သည်ကို မရခြင်းကြောင့်ဖြစ်သော ဆင်းရဲ ‘ဣ စ္ဆိတ အ လာ ဘ ဒုက္ခ’ဟု ဆိုအပ်၏။
--
(၁၂) ပဉ္စုပါဒါနက္ခန္ဓဒုက္ခ
၂၀၂။ ထိုဒုက္ခအရိယသစ္စာ ၁၂-ပါးတို့တွင် အဘယ်တို့သည် အကျဉ်း အားဖြင့် ဥပါဒါန်၏ (တဏှာ, ဒိဋ္ဌိတို့၏) အာရုံဖြစ်သည့် ခန္ဓာငါးပါးတည်းဟူသော ဆင်းရဲ ‘ပဉ္စုပါဒါနက္ခန္ဓ ဒုက္ခ'တို့ မည်ကုန်သနည်း။
ထိုဥပါဒါနက္ခန္ဓာငါးပါးတို့ကား အဘယ်တို့နည်း။
ဥပါဒါန်၏ (တဏှာ, ဒိဋ္ဌိတို့၏) အာရုံဖြစ်သော ရုပ်အစု ‘ရူပက္ခန္ဓာ’၊ ဥပါဒါန်၏ အာရုံဖြစ်သော ခံစားမှုအစု ‘ဝေဒနာက္ခန္ဓာ’၊ ဥပါဒါန်၏ အာရုံဖြစ်သော မှတ်သားမှုအစု ‘သညာက္ခန္ဓာ’၊ ဥပါဒါန်၏ အာရုံ ဖြစ်သော ပြုပြင် စီရင်မှုအစု ‘သင်္ခါရက္ခန္ဓာ’၊ ဥပါဒါန်၏ အာရုံဖြစ်သော သိမှုအစု ‘ဝိညာဏက္ခန္ဓာ'တို့တည်း (လောကီတရားများ)။ ဤငါးပါးတို့ကို အကျဉ်းအားဖြင့် ဥပါဒါန်၏ အာရုံဖြစ်သည့် ခန္ဓာငါးပါးတည်းဟူသော ဆင်းရဲ ‘ပဉ္စုပါဒါနက္ခန္ဓာ'တို့ဟု ဆိုအပ်ကုန်၏။ ဤဆိုခဲ့ပြီးသော သဘောကို အရိယာတို့ ထိုးထွင်း၍ သိအပ်သော အမှန်ဆင်းရဲမှု ‘ဒုက္ခအရိယသစ္စာ’ဟု ဆိုအပ်၏။
(ဒုက္ခအရိယသစ္စာ ပြီး၏)။
၁။ လိုချင်တောင့်တကာမျှဖြင့် မရနိုင် မရောက်နိုင်၊ မဂ္ဂဘာဝနာပွားမှသာ ရောက်နိုင် ရနိုင်သည်။ (သမ္မောဟဝိနောဒနီ၊ နှာ-၁၀၂)
--
၂-သမုဒယ အရိယသစ္စာ
(အရိယာတို့ ထိုးထွင်း၍သိအပ်သော ဆင်းရဲမှုဖြစ်ကြောင်း အမှန်သဘော)
၂၀၃။ ထိုအရိယသစ္စာ ၄-ပါးတို့တွင် အဘယ်သည် မဂ်ဖိုလ်ကို ရ၍ ဖြူစင် မြင့်မြတ်သဖြင့် ‘အရိယာ’ဟု ခေါ်တွင်သော ပုဂ္ဂိုလ်တို့ ထိုးထွင်းသိအပ်သည့် ဆင်းရဲမှု ဖြစ်ပွားကြောင်း အမှန်သဘော ‘ဒုက္ခသမုဒယ အရိယသစ္စာ’ မည်သနည်း။
အကြင်တပ်မက်မှု ‘တဏှာ'သည် တစ်ဖန် ဘဝသစ်၌ ဖြစ်စေတတ်၏ ‘ပေါနောဘဝိကာ’၊ နှစ်သက်, တပ်မက်ခြင်းနှင့် တကွ ဖြစ်၏ ‘နိန္ဒိရာဂသဟဂတာ’၊ ထိုထို အာရုံတို့၌ လွန်စွာနှစ်သက်တတ်၏ ‘တတြတတြာဘိနန္ဒိနီ’။ ထိုတပ်မက်မှု ‘တဏှာ'ကား အဘယ်နည်း။ လိုချင်မှုဟူသော အနှောင်အဖွဲ့ ‘ကာမဂုဏ်’၌ တပ်မက်ခြင်း ‘ကာမတဏှာ’၊ ဘဝ၌ တပ်မက်ခြင်း ‘ဘဝတဏှာ'၁၊ ဘဝပြတ်စဲခြင်း၌ တပ်မက်ခြင်း ‘ဝိဘဝတဏှာ'၂တို့တည်း။ ထိုတပ်မက်မှု ‘တဏှာ'သည် ဖြစ်သည်ရှိသော် အဘယ်၌ ဖြစ်သနည်း၊ တည်သည်ရှိသော် အဘယ်၌ တည်သနည်း။
လောက၌ အကြင် ချစ်အပ်သောသဘော ‘ပိယရူပ’၊ သာယာအပ်သောသဘော ‘သာတရူပ'သည် ရှိ၏၊ ဤတပ်မက်မှု ‘တဏှာ'သည် ဖြစ်သည်ရှိသော် ဤချစ်အပ်သောသဘော ‘ပိယရူပ’၊ ဤသာယာအပ် သောသဘော ‘သာတရူပ’၌ ဖြစ်၏၊ တည်သည်ရှိသော် ဤချစ်အပ်သောသဘော ‘ပိယရူပ’၊ ဤသာယာ အပ်သောသဘော ‘သာတရူပ’၌ တည်၏။
၁။ ဘဝတဏှာ= သဿတဒိဋ္ဌိ။
၂။ ဝိဘဝတဏှာ= ဥစ္ဆေဒဒိဋ္ဌိ။
--
ပိယရူပ သာတရူပ ၁၀-မျိုး, ၆၀-ပါးတို့၌ တပ်မက်မှုဖြစ်ပုံ
၁။ လောက၌ ချစ်အပ်သောသဘော ‘ပိယရူပ’၊ သာယာအပ်သောသဘော ‘သာတရူပ'သည် အဘယ်နည်း။
အဇ္ဈတ္တိက အာယတန ၆-ပါး၌ တပ်မက်မှုဖြစ်ပုံ
(၁) လောက၌ မျက်စိအကြည် ‘စက္ခုပသာဒ'သည် ချစ်နှစ်သက်အပ်သောသဘော ‘ပိယရူပ’၊ သာယာအပ်သောသဘော ‘သာတရူပ’ ဖြစ်၏။ ဤတပ်မက်မှု ‘တဏှာ'သည် ဖြစ်သည်ရှိသော် ဤချစ်ခင် နှစ်သက်အပ်, သာယာအပ်သောသဘောရှိသည့် မျက်စိအကြည် ‘စက္ခုပသာဒ’၌ ဖြစ်၏၊ တည်သည်ရှိသော် ဤမျက်စိအကြည် ‘စက္ခုပသာဒ’၌ တည်၏။
(၂) လောက၌ နားအကြည် ‘သောတပသာဒ'သည်။ပ။
(၃) လောက၌ နှာခေါင်းအကြည် ‘ဃာနပသာဒ'သည်။ပ။
(၄) လောက၌ လျှာအကြည် ‘ဇိဝှါပသာဒ'သည်။ပ။
(၅) လောက၌ ကိုယ်အကြည် ‘ကာယပသာဒ'သည်။ပ။
(၆) လောက၌ စိတ် ‘မနော'သည် ချစ်နှစ်သက်အပ်သောသဘော ‘ပိယရူပ’၊ သာယာအပ်သော သဘော ‘သာတရူပ’ ဖြစ်၏။ ဤတပ်မက်မှု ‘တဏှာ'သည် ဖြစ်သည်ရှိသော် ဤချစ်နှစ်သက်အပ်, သာယာ အပ်သောသဘော ရှိသည့် စိတ် ‘မနော’၌ ဖြစ်၏၊ တည်သည်ရှိသော် ဤစိတ် ‘မနော’၌ တည်၏။
အာရုံဖြစ်သော အာရမ္မဏ ဓာတ် ၆-ပါး၌ တပ်မက်မှုဖြစ်ပုံ
(၇) လောက၌ အဆင်း ‘ရူပါရုံ'တို့သည် ချစ်နှစ်သက်အပ်သောသဘော ‘ပိယရူပ’၊ သာယာအပ်သော သဘော ‘သာတရူပ’ ဖြစ်၏။ ဤတပ်မက်မှု ‘တဏှာ'သည် ဖြစ်သည်ရှိသော် ဤချစ်နှစ်သက်အပ်, သာယာ အပ်သောသဘောရှိသည့် အဆင်း ‘ရူပါရုံ'တို့၌ ဖြစ်၏။ တည်သည်ရှိသော် ဤအဆင်း ‘ရူပါရုံ'တို့ ၌ တည်၏။
(၈) လောက၌ အသံ ‘သဒ္ဒါရုံ'တို့သည်။ပ။
(၉) လောက၌ အနံ့ ‘ဂန္ဓာရုံ'တို့သည်။ပ။
(၁၀) လောက၌ အရသာ ‘ရသာရုံ'တို့သည်။ပ။
(၁၁) လောက၌ အတွေ့ ‘ဖောဋ္ဌဗ္ဗာရုံ'တို့သည်။ပ။
(၁၂) လောက၌ စိတ်ဖြင့် သိအပ်သော အာရုံ ‘ဓမ္မာရုံ'တို့သည် ချစ်နှစ်သက်အပ်သောသဘော ‘ပိယရူပ’၊ သာယာအပ်သောသဘော ‘သာတရူပ’ ဖြစ်၏။ ဤတပ်မက်မှု ‘တဏှာ'သည် ဖြစ်သည်ရှိသော် ဤချစ်နှစ်သက်အပ်, သာယာအပ်သောသဘောရှိသည့် ဓမ္မာရုံတို့ ၌ ဖြစ်၏၊ တည်သည်ရှိသော် ဤဓမ္မာရုံ တို့၌ တည်၏။
--
ဝိညာဏ် ၆-ပါး၌ တပ်မက်မှုဖြစ်ပုံ
(၁၃) လောက၌ မြင်သိစိတ် ‘စက္ခုဝိညာဏ်'သည် ချစ်အပ်သောသဘော ‘ပိယရူပ’၊ သာယာအပ် သော သဘော ‘သာတရူပ’ ဖြစ်၏။ ဤတပ်မက်မှု ‘တဏှာ'သည် ဖြစ်သည်ရှိသော် ဤချစ်နှစ်သက်အပ်, သာယာအပ်သောသဘောရှိသည့် မြင်သိစိတ် ‘စက္ခုဝိညာဏ်’၌ ဖြစ်၏၊ တည်သည်ရှိသော် ဤမြင်သိစိတ် ‘စက္ခုဝိညာဏ်’၌ တည်၏။
(၁၄) လောက၌ ကြားသိစိတ် ‘သောတဝိညာဏ်'သည်။ပ။
(၁၅) လောက၌ နံသိစိတ် ‘ဃာနဝိညာဏ်'သည်။ပ။
(၁၆) လောက၌ လျက်သိစိတ် ‘ဇိဝှါဝိညာဏ်'သည်။ပ။
(၁၇) လောက၌ ထိသိစိတ် ‘ကာယဝိညာဏ်'သည်။ပ။
(၁၈) လောက၌ ကြံသိစိတ် ‘မနောဝိညာဏ်'သည် ချစ်အပ်သောသဘော ‘ပိယရူပ’၊ သာယာအပ် သော သဘော ‘သာတရူပ’ ဖြစ်၏။ ဤတပ်မက်မှု ‘တဏှာ'သည် ဖြစ်သည်ရှိသော် ဤချစ်နှစ်သက်အပ် သာယာအပ် သောသဘောရှိသည့် ကြံသိစိတ် ‘မနောဝိညာဏ်’၌ ဖြစ်၏၊ တည်သည်ရှိသော် ဤကြံသိစိတ် ‘မနောဝိညာဏ်’၌ တည်၏။
ဖဿ ၆-ပါး၌ တပ်မက်မှုဖြစ်ပုံ
(၁၉) လောက၌ မျက်စိအကြည် ‘စက္ခုပသာဒ'နှင့် အဆင်း ‘ရူပါရုံ'တို့ တွေ့ထိမှု ‘စက္ခုသမ္ဖဿ’ (မျက်စိအတွေ့တည်းဟူသော မြင်တွေ့မှု) သည် ချစ်အပ်သောသဘော ‘ပိယရူပ’၊ သာယာအပ်သော သဘော ‘သာတရူပ’ ဖြစ်၏။ ဤတပ်မက်မှု ‘တဏှာ'သည် ဖြစ်သည်ရှိသော် ဤချစ်နှစ်သက်အပ်, သာယာ အပ်သော သဘောရှိသည့် မျက်စိအတွေ့ ‘စက္ခုသမ္ဖဿ’၌ ဖြစ်၏၊ တည်သည်ရှိသော် ဤမျက်စိအတွေ့ ‘စက္ခုသမ္ဖဿ’၌ တည်၏။
(၂၀) လောက၌ နားအကြည် ‘သောတပသာဒ'နှင့် အသံ ‘သဒ္ဒါရုံ'တို့ တွေ့ထိမှု ‘သောတသမ္ဖဿ’ (နားအတွေ့= ကြားတွေ့မှု) သည်။ပ။
(၂၁) လောက၌ နှာခေါင်းအကြည် ‘ဃာနပသာဒ'နှင့် အနံ့ ‘ဂန္ဓာရုံ'တို့ တွေ့ထိမှု ‘ဃာနသမ္ဖဿ’ (နှာခေါင်းအတွေ့= နံတွေ့မှု) သည်။ပ။
(၂၂) လောက၌ လျှာအကြည် ‘ဇိဝှါပသာဒ'နှင့် အရသာ ‘ရသာရုံ'တို့ တွေ့ထိမှု ‘ဇိဝှါသမ္ဖဿ’ (လျှာအတွေ့= လျက်တွေ့မှု) သည်။ပ။
(၂၃) လောက၌ ကိုယ်အကြည် ‘ကာယပသာဒ'နှင့် အတွေ့ ‘ဖောဋ္ဌဗ္ဗာရုံ'တို့ တွေ့ထိမှု ‘ကာယသမ္ဖဿ’ (ကိုယ်အတွေ့= ထိတွေ့မှု) သည်။ပ။
(၂၄) လောက၌ စိတ်နှင့် ဓမ္မာရုံတို့ တွေ့ထိမှု ‘မနောသမ္ဖဿ’ (စိတ်အတွေ့= ကြံတွေ့မှု) သည် ချစ်အပ်သောသဘော ‘ပိယရူပ’၊ သာယာအပ်သောသဘော ‘သာတရူပ’ ဖြစ်၏။ ဤတပ်မက်မှု ‘တဏှာ'သည်ဖြစ်သည် ရှိသော် ဤချစ်နှစ်သက်အပ် သာယာအပ်သောသဘောရှိသည့် စိတ်အတွေ့ ‘မနောသမ္ဖဿ’၌ ဖြစ်၏၊ တည်သည် ရှိသော် ဤချစ်နှစ်သက်အပ် သာယာအပ်သော သဘောရှိသည့် စိတ်အတွေ့ ‘မနောသမ္ဖဿ’၌ တည်၏။
--
ဝေဒနာ ၆-ပါး၌ တပ်မက်မှုဖြစ်ပုံ
(၂၅) လောက၌ မျက်စိအကြည် ‘စက္ခုပသာဒ'နှင့် အဆင်း ‘ရူပါရုံ'တို့ တွေ့ထိမှု (မျက်စိအတွေ့) ကြောင့်ဖြစ်သော ခံစားမှု ‘စက္ခုသမ္ဖဿဇာ ဝေဒနာ'သည် ချစ်အပ်သောသဘော ‘ပိယရူပ’၊ သာယာ အပ်သောသဘော ‘သာတရူပ’ ဖြစ်၏။ ဤတပ်မက်မှု ‘တဏှာ'သည် ဖြစ်သည်ရှိသော် မျက်စိအတွေ့ ကြောင့်ဖြစ်သော ချစ်နှစ်သက်အပ်, သာယာအပ်သောသဘောရှိသည့် ခံစားမှု ‘စက္ခုသမ္ဖဿဇာဝေဒနာ’၌့ဖြစ်၏၊ တည်သည်ရှိသော် ဤမျက်စိအတွေ့ကြောင့်ဖြစ်သော ခံစားမှု ‘စက္ခုသမ္ဖဿဇာဝေဒနာ’၌ တည်၏။
(၂၆) လောက၌ နားအကြည် ‘သောတပသာဒ'နှင့် အသံ ‘သဒ္ဒါရုံ'တို့ တွေ့ထိမှု (နားအတွေ့) ကြောင့်ဖြစ်သော ခံစားမှု ‘သောတသမ္ဖဿဇာ ဝေဒနာ'သည်။ပ။
(၂၇) လောက၌ နှာခေါင်းအကြည် ‘ဃာနပသာဒ'နှင့် အနံ့ ‘ဂန္ဓာရုံ'တို့ တွေ့ထိမှု (နှာခေါင်းအတွေ့) ကြောင့်ဖြစ်သော ခံစားမှု ‘ဃာနသမ္ဖဿဇာ ဝေဒနာ'သည်။ပ။
(၂၈) လောက၌ လျှာအကြည် ‘ဇိဝှါပသာဒ'နှင့် အရသာ ‘ရသာရုံ'တို့ တွေ့ထိမှု (လျှာအတွေ့) ကြောင့်ဖြစ်သော ခံစားမှု ‘ဇိဝှါသမ္ဖဿဇာ ဝေဒနာ'သည်။ပ။
(၂၉) လောက၌ ကိုယ်အကြည် ‘ကာယပသာဒ'နှင့် အတွေ့ ‘ဖောဋ္ဌဗ္ဗာရုံ'တို့ တွေ့ထိမှု (ကိုယ်အတွေ့) ကြောင့်ဖြစ်သော ခံစားမှု ‘ကာယသမ္ဖဿဇာ ဝေဒနာ'သည်။ပ။
(၃၀) လောက၌ စိတ်နှင့် ဓမ္မာရုံတို့ တွေ့ထိမှု (စိတ်အတွေ့) ကြောင့်ဖြစ်သော ခံစားမှု ‘မနော သမ္ဖဿဇာဝေဒနာ'သည် ချစ်အပ်သောသဘော ‘ပိယရူပ’၊ သာယာအပ်သောသဘော ‘သာတရူပ’ ဖြစ်၏။ ဤတပ်မက်မှု ‘တဏှာ'သည် ဖြစ်သည်ရှိသော် ဤစိတ်အတွေ့ကြောင့်ဖြစ်သော ချစ်နှစ်သက်အပ်, သာယာ အပ်သောသဘော ရှိသည့် ခံစားမှု ‘မနောသမ္ဖဿဇာ ဝေဒနာ’၌ ဖြစ်၏၊ တည်သည်ရှိသော် ဤစိတ်အတွေ့ ကြောင့်ဖြစ်သော ခံစားမှု ‘မနောသမ္ဖဿဇာ ဝေဒနာ’၌ တည်၏။
--
သညာ ၆-ပါး၌ တပ်မက်မှုဖြစ်ပုံ
(၃၁) လောက၌ အဆင်း ‘ရူပါရုံ'ကို မှတ်သားမှု ‘သညာ’ (ရူပသညာ) သည် ချစ်အပ်သော သဘော ‘ပိယရူပ’၊ သာယာအပ်သောသဘော ‘သာတရူပ’ ဖြစ်၏။ ဤတပ်မက်မှု ‘တဏှာ'သည် ဖြစ်သည်ရှိသော် ဤအဆင်း ‘ရူပါရုံ'ကို ချစ်နှစ်သက်အပ်, သာယာအပ်သောသဘောရှိသည့် မှတ်သားမှု ‘သညာ’ (ရူပသညာ) ၌ ဖြစ်၏၊ တည်သည်ရှိသော် ဤအဆင်း ‘ရူပါရုံ'ကို ချစ်နှစ်သက်အပ်, သာယာအပ်သော သဘောရှိသည့် မှတ်သားမှု ‘သညာ’ (ရူပသညာ) ၌ တည်၏။
(၃၂) လောက၌ အသံ ‘သဒ္ဒါရုံ'ကို မှတ်သားမှု ‘သညာ’ (သဒ္ဒသညာ) သည်။ပ။
(၃၃) လောက၌ အနံ့ ‘ဂန္ဓာရုံ'ကို မှတ်သားမှု ‘သညာ’ (ဂန္ဓသညာ) သည်။ပ။
(၃၄) လောက၌ အရသာ ‘ရသာရုံ'ကို မှတ်သားမှု ‘သညာ’ (ရသသညာ) သည်။ပ။
(၃၅) လောက၌ အတွေ့ ‘ဖောဋ္ဌဗ္ဗာရုံ'ကို မှတ်သားမှု ‘သညာ’ (ဖောဋ္ဌဗ္ဗသညာ) သည်။ပ။
(၃၆) လောက၌ စိတ်ဖြင့် သိအပ်သော သဘောအာရုံ ‘ဓမ္မာရုံ'ကို မှတ်သားမှု ‘သညာ’ (ဓမ္မသညာ) သည် ချစ်အပ်သောသဘော ‘ပိယရူပ’၊ သာယာအပ်သောသဘော ‘သာတရူပ’ ဖြစ်၏။ ဤတပ်မက်မှု ‘တဏှာ'သည် ဖြစ်သည်ရှိသော် ဤဓမ္မာရုံကို ချစ်နှစ်သက်အပ်, သာယာအပ်သောသဘောရှိသည့် မှတ်သား မှု ‘သညာ’ (ဓမ္မသညာ) ၌ ဖြစ်၏၊ တည်သည်ရှိသော် ဤဓမ္မာရုံကို ချစ်နှစ်သက်အပ်, သာယာအပ်သော သဘောရှိသည့် မှတ်သားမှု ‘သညာ’ (ဓမ္မသညာ) ၌ တည်၏။
--
စေတနာ ၆-ပါး၌ တပ်မက်မှုဖြစ်ပုံ
(၃၇) လောက၌ အဆင်း ‘ရူပါရုံ’၌ ဖြစ်သော စေ့ဆော်မှုနှိုးဆော်မှု ‘စေတနာ’ (အဆင်း ‘ရူပါရုံ'ကို မြင်မှု၌ စေ့ဆော်တိုက်တွန်းအားထုတ်မှု ‘ရူပသေဉ္စတနာ') သည် ချစ်အပ်သောသဘော ‘ပိယရူပ’၊ သာယာအပ်သော သဘော ‘သာတရူပ’ ဖြစ်၏။ ဤတပ်မက်မှု ‘တဏှာ'သည် ဖြစ်သည်ရှိသော် ဤအဆင်း ‘ရူပါရုံ’၌ ဖြစ်သော စေ့ဆော်မှု နှိုးဆော်မှု ‘စေတနာ’၌ ဖြစ်၏၊ တည်သည်ရှိသော် ဤအဆင်း ‘ရူပါရုံ’၌ဖြစ်သော ချစ်နှစ်သက်အပ်, သာယာအပ်သောသဘောရှိသည့် စေ့ဆော်မှု နှိုးဆော်မှု ‘စေတနာ’၌ တည်၏။
(၃၈) လောက၌ အသံ ‘သဒ္ဒါရုံ’၌ဖြစ်သော စေ့ဆော်မှု နှိုးဆော်မှု ‘စေတနာ’ (အသံ ‘သဒ္ဒါရုံ'ကို ကြားမှု၌ စေ့ဆော်တိုက်တွန်းအားထုတ်မှု ‘သဒ္ဒသေဉ္စတနာ') သည်။ပ။
(၃၉) လောက၌ အနံ့ ‘ဂန္ဓာရုံ’၌ဖြစ်သော စေ့ဆော်မှု နှိုးဆော်မှု ‘စေတနာ’ (အနံ့ ‘ဂန္ဓာရုံ'ကို နံမှု၌ စေ့ဆော် တိုက်တွန်းအားထုတ်မှု ‘ဂန္ဓသေဉ္စတနာ') သည်။ပ။
(၄၀) လောက၌ အရသာ ‘ရသာရုံ’၌ဖြစ်သော စေ့ဆော်မှု နှိုးဆော်မှု ‘စေတနာ’ (အရသာ ‘ရသာရုံ'ကို လျက်မှု၌ စေ့ဆော်တိုက်တွန်းအားထုတ်မှု ‘ရသသေဉ္စတနာ') သည်။ပ။
(၄၁) လောက၌ အတွေ့ ‘ဖောဋ္ဌဗ္ဗာရုံ’၌ဖြစ်သော စေ့ဆော်မှု နှိုးဆော်မှု ‘စေတနာ’ (အတွေ့ ‘ဖောဋ္ဌဗ္ဗာရုံ'ကို တွေ့ထိမှု၌ စေ့ဆော်တိုက်တွန်းအားထုတ်မှု ‘ဖောဋ္ဌဗ္ဗသေဉ္စတနာ') သည်။ပ။
(၄၂) လောက၌ စိတ်ဖြင့် သိအပ်သော သဘော အာရုံ ‘ဓမ္မာရုံ’၌ဖြစ်သော စေ့ဆော်မှု နှိုးဆော်မှု စေတနာ (စိတ်ဖြင့် သိအပ်သော သဘော အာရုံ ‘ဓမ္မာရုံ'ကို သိမှု၌ စေ့ဆော်တိုက်တွန်းအားထုတ်မှု ‘ဓမ္မသေဉ္စတနာ') သည် ချစ်အပ်သောသဘော ‘ပိယရူပ’၊ သာယာအပ်သောသဘော ‘သာတရူပ’ ဖြစ်၏။ ဤတပ်မက်မှု ‘တဏှာ'သည် ဖြစ်သည်ရှိသော် ဤစိတ်ဖြင့် သိအပ်သော သဘောအာရုံ ‘ဓမ္မာရုံ’၌ ဖြစ်သော ချစ်နှစ်သက်အပ် သာယာအပ်သော သဘောရှိသည့် စေ့ဆော်မှု နှိုးဆော်မှု ‘စေတနာ’၌ ဖြစ်၏၊ တည်သည်ရှိသော် ဤစိတ်ဖြင့် သိအပ်သော သဘောအာရုံ ‘ဓမ္မာရုံ’၌ ဖြစ်သော ချစ်နှစ်သက်အပ်, သာယာအပ်သောသဘောရှိသည့် စေ့ဆော်မှု နှိုးဆော်မှု ‘စေတနာ’၌ တည်၏။
--
တဏှာ ၆-ပါး၌ တပ်မက်မှုဖြစ်ပုံ
(၄၃) လောက၌ အဆင်း ‘ရူပါရုံ’၌ တပ်မက်မှု ‘တဏှာ’ (ရူပတဏှာ) သည် ချစ်အပ်သောသဘော ‘ပိယရူပ’၊ သာယာအပ်သော သဘော ‘သာတရူပ’ ဖြစ်၏။ ဤတပ်မက်မှု ‘တဏှာ'သည် ဖြစ်သည်ရှိသော် ဤအဆင်း ‘ရူပါရုံ’၌ ဖြစ်သော တပ်မက်မှု ‘တဏှာ’ (ရူပတဏှာ) ၌ ဖြစ်၏၊ တည်သည်ရှိသော် ဤအဆင်း ‘ရူပါရုံ’၌ ဖြစ်သော တပ်မက်မှု ‘တဏှာ’ (ရူပတဏှာ) ၌ တည်၏။
(၄၄) လောက၌ အသံ ‘သဒ္ဒါရုံ’၌ တပ်မက်မှု ‘တဏှာ’ (သဒ္ဒတဏှာ) သည်။ပ။
(၄၅) လောက၌ အနံ့ ‘ဂန္ဓာရုံ’၌ တပ်မက်မှု ‘တဏှာ’ (ဂန္ဓတဏှာ) သည်။ပ။
(၄၆) လောက၌ အရသာ ‘ရသာရုံ’၌ တပ်မက်မှု ‘တဏှာ’ (ရသတဏှာ) သည်။ပ။
(၄၇) လောက၌ အတွေ့ ‘ဖောဋ္ဌဗ္ဗာရုံ’၌ တပ်မက်မှု ‘တဏှာ’ (ဖောဋ္ဌဗ္ဗတဏှာ) သည်။ပ။
(၄၈) လောက၌ စိတ်ဖြင့် သိအပ်သော သဘောအာရုံ ‘ဓမ္မာရုံ’၌ တပ်မက်မှု ‘တဏှာ’ (ဓမ္မတဏှာ) သည် ချစ်အပ်သော သဘော ‘ပိယရူပ’၊ သာယာအပ်သော သဘော ‘သာတရူပ’ ဖြစ်၏။ ဤတပ်မက်မှု ‘တဏှာ'သည် ဖြစ်သည်ရှိသော် ဤစိတ်ဖြင့် သိအပ်သော သဘောအာရုံ ‘ဓမ္မာရုံ’၌ ဖြစ်သော တပ်မက်မှု ‘တဏှာ’ (ဓမ္မတဏှာ) ၌ ဖြစ်၏၊ တည်သည်ရှိသော် ဤစိတ်ဖြင့် သိအပ်သော သဘောအာရုံ ‘ဓမ္မာရုံ’၌ ဖြစ်သော တပ်မက်မှု ‘တဏှာ’ (ဓမ္မတဏှာ) ၌ တည်၏။
--
ဝိတက် ၆-ပါး၌ တပ်မက်မှုဖြစ်ပုံ
(၄၉) လောက၌ အဆင်း ‘ရူပါရုံ'ကို ကြံစည်မှု ‘ဝိတက်’ (ရူပဝိတက်) သည် ချစ်အပ်သောသဘော ‘ပိယရူပ’၊ သာယာအပ်သော သဘော ‘သာတရူပ’ ဖြစ်၏။ ဤတပ်မက်မှု ‘တဏှာ'သည် ဖြစ်သည်ရှိသော် ဤအဆင်း ‘ရူပါရုံ'ကို ကြံစည်မှု ‘ဝိတက်’ (ရူပဝိတက်) ၌ ဖြစ်၏၊ တည်သည်ရှိသော် ဤအဆင်း ‘ရူပါရုံ'ကို ကြံစည်မှု ‘ဝိတက်’ (ရူပဝိတက်) ၌ တည်၏။
(၅၀) လောက၌ အသံ ‘သဒ္ဒါရုံ'ကို ကြံစည်မှု ‘ဝိတက်’ (သဒ္ဒဝိတက်) သည်။ပ။
(၅၁) လောက၌ အနံ့ ‘ဂန္ဓာရုံ'ကို ကြံစည်မှု ‘ဝိတက်’ (ဂန္ဓဝိတက်) သည်။ပ။
(၅၂) လောက၌ အရသာ ‘ရသာရုံ'ကို ကြံစည်မှု ‘ဝိတက်’ (ရသဝိတက်) သည်။ပ။
(၅၃) လောက၌ အတွေ့ ‘ဖောဋ္ဌဗ္ဗာရုံ'ကို ကြံစည်မှု ‘ဝိတက်’ (ဖောဋ္ဌဗ္ဗဝိတက်) သည်။ပ။
(၅၄) လောက၌ စိတ်ဖြင့် သိအပ်သော သဘောအာရုံ ‘ဓမ္မာရုံ'ကို ကြံစည်မှု ‘ဝိတက်’ (ဓမ္မဝိတက်) သည် ချစ်အပ်သော သဘော ‘ပိယရူပ’၊ သာယာအပ်သော သဘော ‘သာတရူပ’ ဖြစ်၏။ ဤတပ်မက်မှု ‘တဏှာ'သည် ဖြစ်သည်ရှိသော် ဤစိတ်ဖြင့် သိအပ်သော သဘောအာရုံ ‘ဓမ္မာရုံ'ကို ကြံစည်မှု ‘ဝိတက်’ (ဓမ္မဝိတက်) ၌ ဖြစ်၏၊ တည်သည်ရှိသော် ဤဓမ္မာရုံကို ကြံစည်မှု ‘ဝိတက်’ (ဓမ္မဝိတက်) ၌ တည်၏။
--
ဝိစာရ ၆-ပါး၌ တပ်မက်မှုဖြစ်ပုံ
(၅၅) လောက၌ အဆင်း ‘ရူပါရုံ'ကို သုံးသပ်မှု (အာရုံအပေါ်၌ အဖန်ဖန် ကျက်စားမှု) ‘ဝိစာရ’ (ရူပဝိစာရ) သည် ချစ်အပ်သောသဘော ‘ပိယရူပ’၊ သာယာအပ်သောသဘော ‘သာတရူပ’ ဖြစ်၏၊ ဤ တပ်မက်မှု ‘တဏှာ'သည် ဖြစ်သည်ရှိသော် ဤအဆင်း ‘ရူပါရုံ'ကို သုံးသပ်မှု ‘ဝိစာရ’ (အဆင်း ‘ရူပါရုံ'အပေါ်၌ အဖန်ဖန် ကျက်စားမှု ‘ရူပဝိစာရ') ၌ ဖြစ်၏၊ တည်သည်ရှိသော် ဤအဆင်း ‘ရူပါရုံ'ကို သုံးသပ်မှု ‘ဝိစာရ’ (အဆင်း ‘ရူပါရုံ'အပေါ်၌ အဖန်ဖန် ကျက်စားမှု ‘ရူပဝိစာရ') ၌ တည်၏။
(၅၆) လောက၌ အသံ ‘သဒ္ဒါရုံ'ကို သုံးသပ်မှု (အာရုံအပေါ်၌ အဖန်ဖန် ကျက်စားမှု) ‘ဝိစာရ’ (သဒ္ဒဝိစာရ) သည် ချစ်အပ်သောသဘော ‘ပိယရူပ’၊ သာယာအပ်သောသဘော ‘သာတရူပ’ ဖြစ်၏၊ ဤတပ်မက်မှု ‘တဏှာ'သည် ဖြစ်သည်ရှိသော် ဤအသံ ‘သဒ္ဒါရုံ'ကို သုံးသပ်မှု (အာရုံအပေါ်၌ အဖန်ဖန် ကျက်စားမှု) ‘ဝိစာရ’ (သဒ္ဒဝိစာရ) ၌ ဖြစ်၏၊ တည်သည်ရှိသော် ဤအသံ ‘သဒ္ဒါရုံ'ကို သုံးသပ်မှု (အာရုံ အပေါ်၌ အဖန်ဖန်ကျက်စားမှု) ‘ဝိစာရ’ (သဒ္ဒဝိစာရ) ၌ တည်၏။
(၅၇) လောက၌ အနံ့ ‘ဂန္ဓာရုံ'ကို သုံးသပ်မှု (အာရုံအပေါ်၌ အဖန်ဖန် ကျက်စားမှု) ‘ဝိစာရ'
(ဂန္ဓဝိစာရ) သည် ချစ်အပ်သောသဘော ‘ပိယရူပ’၊ သာယာအပ်သောသဘော ‘သာတရူပ’ ဖြစ်၏၊ ဤတပ်မက်မှု ‘တဏှာ'သည် ဖြစ်သည်ရှိသော် ဤအနံ့ ‘ဂန္ဓာရုံ'ကို သုံးသပ်မှု (အာရုံအပေါ်၌ အဖန်ဖန် ကျက်စားမှု) ‘ဝိစာရ’ (ဂန္ဓဝိစာရ) ၌ ဖြစ်၏၊ တည်သည်ရှိသော် ဤအနံ့ ‘ဂန္ဓာရုံ'ကို သုံးသပ်မှု (အာရုံ အပေါ်၌ အဖန်ဖန် ကျက်စားမှု) ‘ဝိစာရ’ (ဂန္ဓဝိစာရ) ၌ တည်၏။
(၅၈) လောက၌ အရသာ ‘ရသာရုံ'ကို သုံးသပ်မှု (အာရုံအပေါ်၌ အဖန်ဖန် ကျက်စားမှု) ‘ဝိစာရ’ (ရသဝိစာရ) သည် ချစ်အပ်သောသဘော ‘ပိယရူပ’၊ သာယာအပ်သောသဘော ‘သာတရူပ’ ဖြစ်၏၊ ဤတပ်မက်မှု ‘တဏှာ'သည် ဖြစ်သည်ရှိသော် ဤအရသာ ‘ရသာရုံ'ကို သုံးသပ်မှု (အာရုံအပေါ်၌ အဖန်ဖန်ကျက်စားမှု) ‘ဝိစာရ’ (ရသဝိစာရ) ၌ ဖြစ်၏၊ တည်သည်ရှိသော် ဤအရသာ ‘ရသာရုံ'ကို သုံးသပ်မှု (အာရုံအပေါ်၌ အဖန်ဖန် ကျက်စားမှု) ‘ဝိစာရ’ (ရသဝိစာရ) ၌ တည်၏။
(၅၉) လောက၌ အတွေ့ ‘ဖောဋ္ဌဗ္ဗာရုံ'ကို သုံးသပ်မှု (အာရုံအပေါ်၌ အဖန်ဖန်ကျက်စားမှု) ‘ဝိစာရ’ (ဖောဋ္ဌဗ္ဗဝိစာရ) သည် ချစ်အပ်သောသဘော ‘ပိယရူပ’၊ သာယာအပ်သောသဘော ‘သာတရူပ’ ဖြစ်၏၊ ဤတပ်မက်မှု ‘တဏှာ'သည် ဖြစ်သည်ရှိသော် ဤအတွေ့ ‘ဖောဋ္ဌဗ္ဗာရုံ'ကို သုံးသပ်မှု (အာရုံအပေါ်၌ အဖန်ဖန်ကျက်စားမှု) ‘ဝိစာရ’ (ဖောဋ္ဌဗ္ဗဝိစာရ) ၌ ဖြစ်၏၊ တည်သည်ရှိသော် ဤအတွေ့ ‘ဖောဋ္ဌဗ္ဗာရုံ'ကို သုံးသပ်မှု (အာရုံအပေါ်၌ အဖန်ဖန် ကျက်စားမှု) ‘ဝိစာရ’ (ဖောဋ္ဌဗ္ဗဝိစာရ) ၌ တည်၏။
(၆၀) လောက၌ စိတ်ဖြင့် သိအပ်သောသဘော အာရုံ ‘ဓမ္မာရုံ'ကို သုံးသပ်မှု (အာရုံအပေါ်၌ အဖန်ဖန် ကျက်စားမှု) ‘ဝိစာရ’ (ဓမ္မဝိစာရ) သည် ချစ်အပ်သောသဘော ‘ပိယရူပ’၊ သာယာအပ်သောသဘော ‘သာတရူပ’ ဖြစ်၏၊ ဤတပ်မက်မှု ‘တဏှာ'သည် ဖြစ်သည်ရှိသော် ဤစိတ်ဖြင့် သိအပ်သော သဘော အာရုံ ‘ဓမ္မာရုံ'ကို သုံးသပ်မှု (အာရုံအပေါ်၌ အဖန်ဖန် ကျက်စားမှု) ‘ဝိစာရ’ (ဓမ္မဝိစာရ) ၌ ဖြစ်၏၊ တည်သည်ရှိသော် ဤစိတ်ဖြင့် သိအပ်သောသဘော အာရုံ ‘ဓမ္မာရုံ'ကို သုံးသပ်မှု (အာရုံအပေါ်၌ အဖန်ဖန် ကျက်စားမှု) ‘ဝိစာရ’ (ဓမ္မဝိစာရ) ၌ တည်၏။ ဤဆိုခဲ့ပြီးသောသဘောကို မဂ်ဖိုလ်ကို ရပြီး၍ ဖြူစင်မြင့်မြတ်သဖြင့် ‘အရိယာ’ဟု ခေါ်တွင်သော ပုဂ္ဂိုလ်တို့ ထိုးထွင်းသိအပ်သည့် ဆင်းရဲမှုဖြစ်ကြောင်း အမှန်သဘော ‘ဒုက္ခသမုဒယအရိယသစ္စာ’ဟု ဆိုအပ်၏။
(ဒုက္ခသမုဒယအရိယသစ္စာ ပြီး၏)။
--
၃-နိရောဓအရိယသစ္စာ
(အရိယတို့ ထိုးထွင်း၍ သိအပ်သော ဆင်းရဲချုပ်မှုအမှန်သဘော)
၂၀၄။ ထိုအရိယသစ္စာ ၄-ပါးတို့တွင် အဘယ်သည် မဂ်ဖိုလ်ကို ရပြီး၍ ဖြူစင်မြင့်မြတ်သဖြင့် ‘အရိယာ’ဟု ခေါ်တွင်သော ပုဂ္ဂိုလ်တို့ ထိုးထွင်းသိအပ်သည့် ဆင်းရဲချုပ်မှုအမှန်သဘော ‘ဒုက္ခနိရောဓ အရိယသစ္စာ’ မည်သနည်း။
ထိုတပ်မက်မှု ‘တဏှာ'၏သာလျှင် အကြင် အကြွင်းမဲ့ကင်းခြင်း ချုပ်ပျောက်ခြင်း ‘အသေသဝိရာဂ၁နိရောဓ'၁၊ (အကြွင်းမဲ့) စွန့်ခြင်း ‘စာဂ'၁၊ (အကြွင်းမဲ့) လွတ်လွတ်ကင်းကင်း ဝေးဝေးစွန့်ခြင်း ‘ပဋိနိဿဂ္ဂ'၁၊ (အကြွင်းမဲ့) လွတ်မြောက်ခြင်း ‘မုတ္တိ'၁၊ မတွယ်တာမကပ်ငြိခြင်း ‘အနာလယ'၁သည် ရှိ၏။ ထိုတပ်မက်မှု ‘တဏှာ'ကို ပယ်အပ်သည်ရှိသော် အဘယ်၌ ပယ်သနည်း၊ ချုပ်သည်ရှိသော် အဘယ်၌ ချုပ်သနည်း။
လောက၌ အကြင် ချစ်အပ်သောသဘော ‘ပိယရူပ’၊ သာယာအပ်သောသဘော ‘သာတရူပ'သည် ဖြစ်၏၊ ဤတပ်မက်မှု ‘တဏှာ'ကို ပယ်အပ်သည်ရှိသော် ဤချစ်အပ်သောသဘော ‘ပိယရူပ'နှင့် သာယာ အပ်သော သဘော ‘သာတရူပ’၌ ပယ်အပ်၏၊ ချုပ်သည်ရှိသော် ဤချစ်အပ်သောသဘော ‘ပိယရူပ'နှင့် သာယာအပ်သောသဘော ‘သာတရူပ’၌ ချုပ်၏။
၁။ အသေသဝိရာဂနိရောဓ, စာဂ, ပဋိနိဿဂ္ဂ, မုတ္တိ, အနာလယ ပုဒ်တို့သည် နိဗ္ဗာန်၏ ပရိယာယ်များဖြစ်သည်။ (သမ္မော၊ အဘိ၊ ဋ္ဌ၊ နှာ-၁၀၆)။
--
ပိယရူပ သာတရူပ ၁၀-မျိုး, ၆၀-ပါးတို့၌ တပ်မက်မှုကို ပယ်ပုံ
လောက၌ ချစ်အပ်သောသဘော ‘ပိယရူပ’၊ သာယာအပ်သောသဘော ‘သာတရူပ'သည် အဘယ်နည်း။
အဇ္ဈတ္တိကအာယတန ၆-ပါး၌ တပ်မက်မှုချုပ်ငြိမ်းပုံ
(၁) လောက၌ မျက်စိအကြည် ‘စက္ခုပသာဒ'သည် ချစ်အပ်သောသဘော ‘ပိယရူပ’၊ သာယာအပ် သော သဘော ‘သာတရူပ’ ဖြစ်၏၊ ဤတပ်မက်မှု ‘တဏှာ'ကို ပယ်အပ်သည်ရှိသော် ဤချစ်နှစ်သက်အပ် သာယာအပ်သော သဘောရှိသည့် မျက်စိအကြည် ‘စက္ခုပသာဒ’၌ ပယ်အပ်၏၊ ချုပ်သည်ရှိသော် ဤမျက်စိအကြည် ‘စက္ခုပသာဒ’၌ ချုပ်၏။
(၂) လောက၌ နားအကြည် ‘သောတပသာဒ'သည်။ပ။
(၃) လောက၌ နှာခေါင်းအကြည် ‘ဃာနပသာဒ'သည်။ပ။
(၄) လောက၌ လျှာအကြည် ‘ဇိဝှါပသာဒ'သည်။ပ။
(၅) လောက၌ ကိုယ်အကြည် ‘ကာယပသာဒ'သည်။ပ။
(၆) လောက၌ အာရုံကို သိမှုစိတ် ‘မနော'သည် ချစ်အပ်သောသဘော ‘ပိယရူပ’၊ သာယာအပ်သော သဘော ‘သာတရူပ’ ဖြစ်၏။ ဤတပ်မက်မှု ‘တဏှာ'ကို ပယ်အပ်သည်ရှိသော် ဤချစ်နှစ်သက်အပ် သာယာ အပ်သော သဘောရှိသည့် သိမှုစိတ် ‘မနော’၌ ပယ်အပ်၏၊ ချုပ်သည်ရှိသော် ဤအာရုံကို သိမှုစိတ် ‘မနော’၌ ချုပ်၏။
ဗာဟိရအာယတန ၆-ပါး (အာရုံ ၆-ပါး) ၌ တပ်မက်မှု ချုပ်ငြိမ်းပုံ
(၇) လောက၌ အဆင်း ‘ရူပါရုံ'တို့သည် ချစ်အပ်သောသဘော ‘ပိယရူပ’၊ သာယာအပ်သောသဘော ‘သာတရူပ’ ဖြစ်၏။ ဤတပ်မက်မှု ‘တဏှာ'ကို ပယ်အပ်သည်ရှိသော် ဤ ချစ်နှစ်သက်အပ် သာယာအပ် သော သဘောရှိသည့် အဆင်း ‘ရူပါရုံ’၌ ပယ်အပ်၏၊ ချုပ်သည်ရှိသော် ဤအဆင်း ‘ရူပါရုံ’၌ ချုပ်၏။
(၈) လောက၌ အသံ ‘သဒ္ဒါရုံ'တို့သည်။ပ။
(၉) လောက၌ အနံ့ ‘ဂန္ဓာရုံ'တို့သည်။ပ။
(၁၀) လောက၌ အရသာ ‘ရသာရုံ'တို့သည်။ပ။
(၁၁) လောက၌ အတွေ့ ‘ဖောဋ္ဌဗ္ဗာရုံ'တို့သည်။ပ။
(၁၂) လောက၌ စိတ်ဖြင့် သိအပ်သော သဘောအာရုံ ‘ဓမ္မာရုံ'တို့သည် ချစ်အပ်သောသဘော ‘ပိယရူပ’၊ သာယာအပ်သောသဘော ‘သာတရူပ’ ဖြစ်၏။ ဤတပ်မက်မှု ‘တဏှာ'ကို ပယ်အပ်သည်ရှိသော် ဤချစ်နှစ်သက်အပ် သာယာအပ်သော သဘောရှိသော ‘ဓမ္မာရုံ’၌ ပယ်အပ်၏၊ ချုပ်သည်ရှိသော် ဤစိတ်ဖြင့် သိအပ်သော သဘော အာရုံ ‘ဓမ္မာရုံ’၌ ချုပ်၏။
--
ဝိညာဏဓာတ် ၆-ပါး၌ တပ်မက်မှု ချုပ်ငြိမ်းပုံ
(၁၃) လောက၌ မြင်သိစိတ် ‘စက္ခုဝိညာဏ်'သည် ချစ်အပ်သောသဘော ‘ပိယရူပ’၊ သာယာ အပ်သောသဘော ‘သာတရူပ’ ဖြစ်၏။ ဤတပ်မက်မှု ‘တဏှာ'ကို ပယ်အပ်သည်ရှိသော် ဤချစ်နှစ်သက်အပ် သာယာအပ်သော သဘောရှိသော မြင်သိစိတ် ‘စက္ခုဝိညာဏ်’၌ ပယ်အပ်၏၊ ချုပ်သည်ရှိသော် ဤမြင်သိစိတ် ‘စက္ခုဝိညာဏ်’၌ ချုပ်၏။
(၁၄) လောက၌ ကြားသိစိတ် ‘သောတဝိညာဏ်'သည်။ပ။
(၁၅) လောက၌ နံသိစိတ် ‘ဃာနဝိညာဏ်'သည်။ပ။
(၁၆) လောက၌ လျက်သိစိတ် ‘ဇိဝှါဝိညာဏ်'သည်။ပ။
(၁၇) လောက၌ ထိသိစိတ် ‘ကာယဝိညာဏ်'သည်။ပ။
(၁၈) လောက၌ ကြံသိစိတ် ‘မနောဝိညာဏ်'သည် ချစ်အပ်သောသဘော ‘ပိယရူပ’၊ သာယာအပ် သော သဘော ‘သာတရူပ’ ဖြစ်၏။ ဤတပ်မက်မှု ‘တဏှာ'ကို ပယ်အပ်သည်ရှိသော် ဤချစ်နှစ်သက်အပ် သာယာအပ်သော သဘောရှိသော ကြံသိစိတ် ‘မနောဝိညာဏ်’၌ ပယ်အပ်၏၊ ချုပ်သည်ရှိသော် ဤ ကြံသိစိတ် ‘မနောဝိညာဏ်’၌ ချုပ်၏။
--
ဖဿ ၆-ပါး၌ တပ်မက်မှု ချုပ်ငြိမ်းပုံ
(၁၉) လောက၌ မျက်စိအကြည် ‘စက္ခုပသာဒ'နှင့် အဆင်း ‘ရူပါရုံ'တို့ တွေ့ထိမှု မျက်စိအတွေ့ (မြင်တွေ့မှု) ‘စက္ခုသမ္ဖဿ'သည် ချစ်အပ်သောသဘော ‘ပိယရူပ’၊ သာယာအပ်သောသဘော ‘သာတရူပ’ ဖြစ်၏။ ဤတပ်မက်မှု ‘တဏှာ'ကို ပယ်အပ်သည်ရှိသော် ဤချစ်နှစ်သက်အပ်, သာယာအပ်သော သဘော ရှိသော မျက်စိအတွေ့ ‘စက္ခုသမ္ဖဿ’၌ ပယ်အပ်၏၊ ချုပ်သည်ရှိသော် ဤချစ်နှစ်သက်အပ်, သာယာ အပ်သော သဘောရှိသော (မျက်စိအကြည် ‘စက္ခုပသာဒ'နှင့် အဆင်းရူပါရုံတို့ တွေ့ထိမှု) မျက်စိအတွေ့ ‘စက္ခုသမ္ဖဿ’၌ ချုပ်၏။
(၂၀) လောက၌ နားအကြည် ‘သောတပသာဒ'နှင့် အသံ ‘သဒ္ဒါရုံ'တို့ တွေ့ထိမှု ‘သောတသမ္ဖဿ’ (နားအတွေ့= ကြားတွေ့မှု) သည်။ပ။
(၂၁) လောက၌ နှာခေါင်းအကြည် ‘ဃာနပသာဒ'နှင့် အနံ့ ‘ဂန္ဓာရုံ'တို့ တွေ့ထိမှု ‘ဃာနသမ္ဖဿ’ (နှာခေါင်းအတွေ့ = နံတွေ့မှု) သည်။ပ။
(၂၂) လောက၌ လျှာအကြည် ‘ဇိဝှါပသာဒ'နှင့် အရသာ ‘ရသာရုံ'တို့ တွေ့ထိမှု ‘ဇိဝှါသမ္ဖဿ’ (လျှာအတွေ့ = လျက်တွေ့မှု) သည်။ပ။
(၂၃) လောက၌ ကိုယ်အကြည် ‘ကာယပသာဒ'နှင့် အတွေ့ ‘ဖောဋ္ဌဗ္ဗာရုံ'တို့ တွေ့ထိမှု ‘ကာယသမ္ဖဿ’ (ကိုယ်အတွေ့ = ထိတွေ့မှု) သည်။ပ။
(၂၄) လောက၌ စိတ်နှင့် ဓမ္မာရုံတို့ တွေ့ထိမှု ‘မနောသမ္ဖဿ’ (စိတ်အတွေ့ = ကြံတွေ့မှု) သည် ချစ်အပ်သော သဘော ‘ပိယရူပ’၊ သာယာအပ်သောသဘော ‘သာတရူပ’ ဖြစ်၏။ ဤတပ်မက်မှု ‘တဏှာ'ကို ပယ်အပ်သည် ရှိသော် ဤချစ်အပ်သောသဘော ‘ပိယရူပ'နှင့် သာယာအပ်သောသဘော ‘သာတရူပ’ ဖြစ်သော ‘မနောသမ္ဖဿ’ (စိတ်အတွေ့) ၌ ပယ်အပ်၏၊ ချုပ်သည်ရှိသော် ဤချစ်နှစ်သက်အပ် သာယာ အပ်သော သဘောရှိသော (စိတ်နှင့် ဓမ္မာရုံတို့) တွေ့ထိမှု ‘မနောသမ္ဖဿ’ (စိတ်အတွေ့) ၌ ချုပ်၏။
--
ဝေဒနာ ၆-ပါး၌ တပ်မက်မှု ချုပ်ငြိမ်းပုံ
(၂၅) လောက၌ မျက်စိအကြည် ‘စက္ခုပသာဒ'နှင့် အဆင်း ‘ရူပါရုံ'တို့ တွေ့ထိမှု ‘စက္ခုသမ္ဖဿ’ (မျက်စိအတွေ့ = မြင်တွေ့မှု) ကြောင့်ဖြစ်သော ခံစားမှု ‘ဝေဒနာ’ (စက္ခုသမ္ဖဿဇာဝေဒနာ) သည် ချစ်အပ် သောသဘော ‘ပိယရူပ’၊ သာယာအပ်သောသဘော ‘သာတရူပ’ ဖြစ်၏။ ဤတပ်မက်မှု ‘တဏှာ'ကို ပယ်အပ်သည်ရှိသော် မျက်စိအကြည် ‘စက္ခုပသာဒ'နှင့် အဆင်း ‘ရူပါရုံ'တို့ တွေ့ထိမှု ‘စက္ခုသမ္ဖဿ’ (မျက်စိအတွေ့) ကြောင့်ဖြစ်သော ချစ်နှစ်သက်အပ်, သာယာအပ်သော သဘောရှိသော ခံစားမှု ‘ဝေဒနာ’ (စက္ခုသမ္ဖဿဇာ ဝေဒနာ) ၌ ပယ်အပ်၏၊ ချုပ်သည် ရှိသော် ဤမျက်စိအတွေ့ကြောင့်ဖြစ်သော ချစ်နှစ်သက် အပ်, သာယာအပ်သော သဘောရှိသော ခံစားမှု ‘ဝေဒနာ’ (စက္ခုသမ္ဖဿဇာ ဝေဒနာ) ၌ ချုပ်၏။
(၂၆) လောက၌ နားအကြည် ‘သောတပသာဒ'နှင့် အသံ ‘သဒ္ဒါရုံ'တို့ တွေ့ထိမှု ‘သောတသမ္ဖဿ’ (နားအတွေ့ = ကြားတွေ့မှု) ကြောင့်ဖြစ်သော ခံစားမှု ‘ဝေဒနာ’ (သောတသမ္ဖဿဇာဝေဒနာ) သည်။ပ။
(၂၇) လောက၌ နှာခေါင်းအကြည် ‘ဃာနပသာဒ'နှင့် အနံ့ ‘ဂန္ဓာရုံ'တို့ တွေ့ထိမှု ‘ဃာနသမ္ဖဿ’ (နှာခေါင်းအတွေ့ = နံတွေ့မှု) ကြောင့်ဖြစ်သော ခံစားမှု ‘ဝေဒနာ’ (ဃာနသမ္ဖဿဇာ ဝေဒနာ) သည်။ပ။
(၂၈) လောက၌ လျှာအကြည် ‘ဇိဝှါပသာဒ'နှင့် အရသာ ‘ရသာရုံ'တို့ တွေ့ထိမှု ‘ဇိဝှါသမ္ဖဿ’ (လျှာအတွေ့ = လျက်တွေ့မှု) ကြောင့်ဖြစ်သော ခံစားမှု ‘ဝေဒနာ’ (ဇိဝှါသမ္ဖဿဇာဝေဒနာ) သည်။ပ။
(၂၉) လောက၌ ကိုယ်အကြည် ‘ကာယပသာဒ'နှင့် အတွေ့ ‘ဖောဋ္ဌဗ္ဗာရုံ'တို့ တွေ့ထိမှု ‘ကာယ သမ္ဖဿ’ (ကိုယ်အတွေ့ = တွေ့ထိမှု) ကြောင့်ဖြစ်သော ခံစားမှု ‘ဝေဒနာ’ (ကာယသမ္ဖဿဇာဝေဒနာ) သည်။ပ။
(၃၀) လောက၌ စိတ်နှင့် ဓမ္မာရုံတို့ တွေ့ထိမှု ‘မနောသမ္ဖဿ’ (စိတ်အတွေ့ = ကြံတွေ့မှု) ကြောင့်ဖြစ်သော ခံစားမှု ‘ဝေဒနာ’ (မနောသမ္ဖဿဇာ ဝေဒနာ) သည် ချစ်အပ်သောသဘော ‘ပိယရူပ’၊ သာယာအပ်သော သဘော ‘သာတရူပ’ ဖြစ်၏။ ဤတပ်မက်မှု ‘တဏှာ'ကို ပယ်အပ်သည်ရှိသော် ဤ စိတ်အတွေ့ ‘မနောသမ္ဖဿ'ကြောင့်ဖြစ်သော ချစ်နှစ်သက်အပ်, သာယာအပ်သော သဘော ရှိသော ခံစားမှု ‘ဝေဒနာ’ (မနောသမ္ဖဿဇာဝေဒနာ) ၌ ပယ်အပ်၏၊ ချုပ်သည်ရှိသော် ဤစိတ်အတွေ့ ‘မနောသမ္ဖဿ'ကြောင့် ဖြစ်သော ချစ်နှစ်သက်အပ်, သာယာအပ်သော သဘောရှိသော ခံစားမှု ‘ဝေဒနာ’ (မနောသမ္ဖဿဇာ ဝေဒနာ) ၌ ချုပ်၏။
--
သညာ ၆-ပါး၌ တပ်မက်မှု ချုပ်ငြိမ်းပုံ
(၃၁) လောက၌ အဆင်း ‘ရူပါရုံ'ကို မှတ်သားမှု ‘သညာ’ (ရူပသညာ) သည်။ပ။
(၃၂) လောက၌ အသံ ‘သဒ္ဒါရုံ'ကို မှတ်သားမှု ‘သညာ’ (သဒ္ဒသညာ) သည်။ပ။
(၃၃) လောက၌ အနံ့ ‘ဂန္ဓာရုံ'ကို မှတ်သားမှု ‘သညာ’ (ဂန္ဓသညာ) သည်။ပ။
(၃၄) လောက၌ အရသာ ‘ရသာရုံ'ကို မှတ်သားမှု ‘သညာ’ (ရသသညာ) သည်။ပ။
(၃၅) လောက၌ အတွေ့ ‘ဖောဋ္ဌဗ္ဗာရုံ'ကို မှတ်သားမှု ‘သညာ’ (ဖောဋ္ဌဗ္ဗသညာ) သည်။ပ။
(၃၆) လောက၌ စိတ်ဖြင့်သိအပ်သော သဘောအာရုံ ‘ဓမ္မာရုံ'ကို မှတ်သားမှု ‘သညာ (ဓမ္မသညာ) သည် ချစ်အပ်သောသဘော ‘ပိယရူပ’၊ သာယာအပ်သောသဘော ‘သာတရူပ’ ဖြစ်၏။ ဤတပ်မက်မှု ‘တဏှာ'ကို ပယ်အပ်သည်ရှိသော် ဤစိတ်ဖြင့် သိအပ်သော သဘောအာရုံ ‘ဓမ္မာရုံ'ကို မှတ်သားမှု ‘သညာ’ (ဓမ္မသညာ) ၏ ချစ်နှစ်သက်ဖွယ် သဘော ‘ပိယရူပ'နှင့် သာယာဖွယ်သဘော ‘သာတရူပ’၌ ပယ်အပ်၏၊ ချုပ်သည်ရှိသော် ဤစိတ်ဖြင့် သိအပ်သော သဘောအာရုံ ‘ဓမ္မာရုံ'ကို မှတ်သားမှု ‘သညာ’ (ဓမ္မသညာ) ၏ ချစ်နှစ်သက်ဖွယ်သဘော ‘ပိယရူပ'နှင့် သာယာဖွယ်သော ‘သာတရူပ’၌ ချုပ်၏။
စေတနာ ၆-ပါး၌ တပ်မက်မှု ချုပ်ငြိမ်းပုံ
(၃၇) လောက၌ အဆင်း ‘ရူပါရုံ’၌ ဖြစ်သော စေ့ဆော်မှု နှိုးဆော်မှု ‘စေတနာ’ (အဆင်း ‘ရူပါရုံ'ကို မြင်မှု၌ စေ့ဆော်တိုက်တွန်း အားထုတ်မှု ‘ရူပသေဉ္စတနာ) သည်။ပ။
(၃၈) လောက၌ အသံ ‘သဒ္ဒါရုံ’၌ ဖြစ်သော စေ့ဆော်မှု နှိုးဆော်မှု ‘စေတနာ’ (အသံ ‘သဒ္ဒါရုံ'ကို ကြားမှု၌ စေ့ဆော်တိုက်တွန်း အားထုတ်မှု ‘သဒ္ဒသေဉ္စတနာ') သည်။ပ။
(၃၉) လောက၌ အနံ့ ‘ဂန္ဓာရုံ’၌ ဖြစ်သော စေ့ဆော်မှု နှိုးဆော်မှု ‘စေတနာ’ (အနံ့ ‘ဂန္ဓာရုံ'ကို နံမှု၌ စေ့ဆော်တိုက်တွန်း အားထုတ်မှု ‘ဂန္ဓသေဉ္စတနာ') သည်။ပ။
(၄၀) လောက၌ အရသာ ‘ရသာရုံ’၌ ဖြစ်သော စေ့ဆော်မှု နှိုးဆော်မှု ‘စေတနာ’ (အရသာ ‘ရသာရုံ'ကို လျက်မှု၌ စေ့ဆော်တိုက်တွန်း အားထုတ်မှု ‘ရသသေဉ္စတနာ') သည်။ပ။
(၄၁) လောက၌ အတွေ့ ‘ဖောဋ္ဌဗ္ဗာရုံ’၌ ဖြစ်သော စေ့ဆော်မှု နှိုးဆော်မှု ‘စေတနာ’ (အတွေ့ ‘ဖောဋ္ဌဗ္ဗာရုံ'ကို တွေ့ထိမှု၌ စေ့ဆော်တိုက်တွန်း အားထုတ်မှု ‘ဖောဋ္ဌဗ္ဗ သေဉ္စတနာ') သည်။ပ။
(၄၂) လောက၌ စိတ်ဖြင့်သိအပ်သော သဘောအာရုံ ‘ဓမ္မာရုံ’၌ဖြစ်သော စေ့ဆော်မှု နှိုးဆော်မှု ‘စေတနာ’ (စိတ်ဖြင့် သိအပ်သော သဘောအာရုံ ‘ဓမ္မာရုံ'ကို သိမှု၌ နှိုးဆော် တိုက်တွန်း အားထုတ်မှု ‘ဓမ္မသေဉ္စတနာ') သည် ချစ်အပ်သော သဘော ‘ပိယရူပ’၊ သာယာအပ်သော သဘော ‘သာတရူပ’ ဖြစ်၏။ ဤတပ်မက်မှု ‘တဏှာ'ကို ပယ်အပ်သည်ရှိသော် ဤစိတ်ဖြင့် သိအပ်သော သဘောအာရုံ ‘ဓမ္မာရုံ’၌ဖြစ်သော စေ့ဆော်မှု နှိုးဆော်မှု ‘စေတနာ’ (ဓမ္မသေဉ္စတနာ) ၏ ချစ်နှစ်သက်ဖွယ်သဘော ‘ပိယရူပ'နှင့် သာယာဖွယ် သဘော ‘သာတရူပ’၌ ပယ်အပ်၏၊ ချုပ်သည်ရှိသော် ဤစိတ်ဖြင့် သိအပ်သော သဘောအာရုံ ‘ဓမ္မာရုံ’၌ ဖြစ်သော စေ့ဆော်မှု နှိုးဆော်မှု ‘စေတနာ’ (ဓမ္မသေဉ္စတနာ) ၏ ချစ်နှစ်သက်ဖွယ်သဘော ‘ပိယရူပ'နှင့် သာယာဖွယ်သဘော ‘သာတရူပ’၌ ချုပ်၏။
--
တဏှာ ၆-ပါး၌ တပ်မက်မှု ချုပ်ငြိမ်းပုံ
(၄၃) လောက၌ အဆင်း ‘ရူပါရုံ’၌ တပ်မက်မှု ‘တဏှာ’ (ရူပတဏှာ) သည်။ပ။
(၄၄) လောက၌ အသံ ‘သဒ္ဒါရုံ’၌ တပ်မက်မှု ‘တဏှာ’ (သဒ္ဒတဏှာ) သည်။ပ။
(၄၅) လောက၌ အနံ့ ‘ဂန္ဓာရုံ’၌ တပ်မက်မှု ‘တဏှာ’ (ဂန္ဓတဏှာ) သည်။ပ။
(၄၆) လောက၌ အရသာ ‘ရသာရုံ’၌ တပ်မက်မှု ‘တဏှာ’ (ရသ တဏှာ) သည်။ပ။
(၄၇) လောက၌ အတွေ့ ‘ဖောဋ္ဌဗ္ဗာရုံ’၌ တပ်မက်မှု ‘တဏှာ’ (ဖောဋ္ဌဗ္ဗတဏှာ) သည်။ပ။
(၄၈) လောက၌ စိတ်ဖြင့် သိအပ်သော သဘောအာရုံ ‘ဓမ္မာရုံ’၌ တပ်မက်မှု ‘တဏှာ’ (ဓမ္မတဏှာ) သည် ချစ်အပ်သောသဘော ‘ပိယရူပ’၊ သာယာအပ်သောသဘော ‘သာတရူပ’ ဖြစ်၏။ ဤတပ်မက်မှု ‘တဏှာ'ကို ပယ်အပ်သည်ရှိသော် ဤဓမ္မာရုံ၌ဖြစ်သော တပ်မက်မှု ‘ဓမ္မတဏှာ'၏ ချစ်နှစ်သက်ဖွယ် သဘော ‘ပိယရူပ'နှင့် သာယာဖွယ်သဘော ‘သာတရူပ’၌ ပယ်အပ်၏၊ ချုပ်သည်ရှိသော် ဤဓမ္မာရုံကို တပ်မက်မှု ‘ဓမ္မတဏှာ'၏ ချစ်နှစ်သက်ဖွယ်သဘော ‘ပိယရူပ'နှင့်သာယာဖွယ်သဘော ‘သာတရူပ’၌ ချုပ်၏။
ဝိတက် ၆-ပါး၌ တပ်မက်မှု ချုပ်ငြိမ်းပုံ
(၄၉) လောက၌ အဆင်း ‘ရူပါရုံ'ကို ကြံစည်မှု ‘ဝိတက်’ (ရူပဝိတက်) သည်။ပ။
(၅၀) လောက၌ အသံ ‘သဒ္ဒါရုံ'ကို ကြံစည်မှု ‘ဝိတက်’ (သဒ္ဒဝိတက်) သည်။ပ။
(၅၁) လောက၌ အနံ့ ‘ဂန္ဓာရုံ'ကို ကြံစည်မှု ‘ဝိတက်’ (ဂန္ဓဝိတက်) သည်။ပ။
(၅၂) လောက၌ အရသာ ‘ရသာရုံ'ကို ကြံစည်မှု ‘ဝိတက်’ (ရသဝိတက်) သည်။ပ။
(၅၃) လောက၌ အတွေ့ ‘ဖောဋ္ဌဗ္ဗာရုံ'ကို ကြံစည်မှု ‘ဝိတက်’ (ဖောဋ္ဌဗ္ဗ ဝိတက်) သည်။ပ။
(၅၄) လောက၌ စိတ်ဖြင့်သိအပ်သော သဘောအာရုံ ‘ဓမ္မာရုံ'ကို ကြံစည်မှု ‘ဝိတက်’ (ဓမ္မဝိတက်) သည် ချစ်အပ်သော သဘော ‘ပိယရူပ’၊ သာယာအပ်သော သဘော ‘သာတရူပ’ ဖြစ်၏။ ဤ တပ်မက်မှု ‘တဏှာ'ကို ပယ်အပ်သည်ရှိသော် ဤ ဓမ္မာရုံကို ကြံစည်မှု ‘ဓမ္မဝိတက်'၏ ချစ်နှစ်သက်ဖွယ် သဘော ‘ပိယရူပ'နှင့် သာယာဖွယ်သဘော ‘သာတရူပ’၌ ပယ်အပ်၏၊ ချုပ်သည်ရှိသော် ဤ ဓမ္မာရုံကို ကြံစည်မှု ‘ဓမ္မဝိတက်'၏ ချစ်နှစ်သက်ဖွယ် သဘော ‘ပိယရူပ'နှင့် သာယာဖွယ်သဘော ‘သာတရူပ’၌ ချုပ်၏။
--
ဝိစာရ ၆-ပါး၌ တပ်မက်မှု ချုပ်ငြိမ်းပုံ
(၅၅) လောက၌ အဆင်း ‘ရူပါရုံ'ကို သုံးသပ်မှု (အာရုံအပေါ်၌ အဖန်ဖန် ကျက်စားမှု) ‘ဝိစာရ’ (ရူပဝိစာရ) သည်။ပ။
(၅၆) လောက၌ အသံ ‘သဒ္ဒါရုံ'ကို သုံးသပ်မှု (အာရုံအပေါ်၌ အဖန်ဖန် ကျက်စားမှု) ‘ဝိစာရ’ (သဒ္ဒဝိစာရ) သည်။ပ။
(၅၇) လောက၌ အနံ့ ‘ဂန္ဓာရုံ'ကို သုံးသပ်မှု (အာရုံအပေါ်၌ အဖန်ဖန် ကျက်စားမှု) ‘ဝိစာရ’ (ဂန္ဓဝိစာရ) သည်။ပ။
(၅၈) လောက၌ အရသာ ‘ရသာရုံ'ကို သုံးသပ်မှု (အာရုံအပေါ်၌ အဖန်ဖန် ကျက်စားမှု) ‘ဝိစာရ’ (ရသဝိစာရ) သည်။ပ။
(၅၉) လောက၌ အတွေ့ ‘ဖောဋ္ဌဗ္ဗာရုံ'ကို သုံးသပ်မှု (အာရုံအပေါ်၌ အဖန်ဖန် ကျက်စားမှု) ‘ဝိစာရ’ (ဖောဋ္ဌဗ္ဗဝိစာရ) သည်။ပ။
(၆၀) လောက၌ စိတ်ဖြင့် သိအပ်သော သဘောအာရုံ ‘ဓမ္မာရုံ'ကို သုံးသပ်မှု (အာရုံအပေါ်၌ အဖန်ဖန် ကျက်စားမှု) ‘ဝိစာရ’ (ဓမ္မဝိစာရ) သည် ချစ်အပ်သောသဘော ‘ပိယရူပ’၊ သာယာအပ်သောသဘော ‘သာတရူပ’ ဖြစ်၏။ ဤတပ်မက်မှု ‘တဏှာ'ကို ပယ်အပ်သည်ရှိသော် ဤဓမ္မာရုံကို သုံးသပ်မှု ‘ဓမ္မဝိစာရ'၏ ချစ်နှစ်သက်ဖွယ် သဘော ‘ပိယရူပ'နှင့် သာယာဖွယ်သဘော ‘သာတရူပ’၌ ပယ်အပ်၏၊ ချုပ်သည်ရှိသော် ဤဓမ္မာရုံကို သုံးသပ်မှု ‘ဓမ္မဝိစာရ'၏ ချစ်နှစ်သက်ဖွယ်သဘော ‘ပိယရူပ'နှင့် သာယာဖွယ်သဘော ‘သာတရူပ’၌ ချုပ်၏။ ဤဆိုခဲ့ပြီးသော သဘောကို မဂ်ဖိုလ်ကို ရပြီး၍ ဖြူစင်မြင့်မြတ်သဖြင့် ‘အရိယာ’ဟု ခေါ်တွင်သော ပုဂ္ဂိုလ်တို့ ထိုးထွင်းသိအပ်သော ဆင်းရဲချုပ်မှု အမှန်သဘော ‘ဒုက္ခနိရောဓအရိယသစ္စာ’ဟု ဆိုအပ်၏။
(ဒုက္ခနိရောဓ အရိယသစ္စာ ပြီး၏။)
--
၄-မဂ္ဂအရိယသစ္စာ
(ဒုက္ခနိရောဓဂါမိနိပဋိပဒါအရိယသစ္စာ)
(ဆင်းရဲချုပ်ရာသို့ ရောက်ကြောင်းအကျင့်ဖြစ်သည့် အရိယာပုဂ္ဂိုလ်တို့ ထိုးထွင်း၍သိအပ်သော အမှန်သဘော)
၂၀၅။ ထိုအရိယသစ္စ္စာ ၄-ပါးတို့တွင် အဘယ်သည် အရိယာတို့ ထိုးထွင်း၍ သိအပ်သော ဆင်းရဲမှုချုပ်ရာသို့ ရောက်ကြောင်း အကျင့်ဖြစ်သည့် အမှန်သဘော ‘ဒုက္ခနိရောဓဂါမိနီ ပဋိပဒါအရိယသစ္စာ'၁ မည်သနည်း။
အရိယာတို့ ထိုးထွင်း၍ သိအပ်သော ဆင်းရဲမှုချုပ်ရာသို့ ရောက်ကြောင်းအကျင့်သည် (ကိလေသာ တို့မှ) ဖြူစင်မြင့်မြတ်သော အင်္ဂါရှစ်ပါးရှိသည့် ဤနိဗ္ဗာန်သို့ ရောက်ကြောင်းလမ်း ‘မဂ္ဂ'ပင် တည်း။ ဤအင်္ဂါရှစ်ပါးရှိသည့် နိဗ္ဗာန်သို့ ရောက်ကြောင်းလမ်း ‘မဂ်’ဟူသည် အဘယ်နည်း။
၁။ မဂ္ဂင်ရှစ်ပါးသည်ပင် ‘ဒုက္ခနိရောဓဂါမိနီ ပဋိပဒါအရိယသစ္စာ’ ဖြစ်သည်။
မဂ္ဂင် ၈-ပါး
(၁) မဖောက်မပြန် မှန်ကန်စွာ သိမြင်ခြင်း ‘သမ္မာဒိဋ္ဌိ’။
(၂) မဖောက်မပြန် မှန်ကန်စွာ ကြံစည်ခြင်း ‘သမ္မာသင်္ကပ္ပ’။
(၃) မဖောက်မပြန် မှန်ကန်စွာ ပြောဆိုခြင်း ‘သမ္မာဝါစာ’။
(၄) မဖောက်မပြန် မှန်ကန်စွာ ပြုလုပ်ခြင်း ‘သမ္မာကမ္မန္တ’။
(၅) မဖောက်မပြန် မှန်ကန်စွာ အသက်မွေးခြင်း ‘သမ္မာအာဇီဝ’။
(၆) မဖောက်မပြန် မှန်ကန်စွာ ကြိုးစား အားထုတ် လုံ့လပြုခြင်း ‘သမ္မာဝါယာမ’။
(၇) မဖောက်မပြန် မှန်ကန်စွာ မမေ့မလျော့ စူးစူးစိုက်စိုက်အောက်မေ့ခြင်း ‘သမ္မာသတိ’။
(၈) မဖောက်မပြန် မှန်ကန်စွာ တည်ကြည်ခြင်း (စိတ်ကို အာရုံ၌ ကောင်းစွာ ထားခြင်း) ‘သမ္မာသမာဓိ’ (တည်းဟူသော ဤရှစ်ပါးတို့တည်း)။
သမ္မာဒိဋ္ဌိ
ထို မဂ္ဂင်ရှစ်ပါးတို့တွင် အဘယ်သည် မဖောက်မပြန် မှန်ကန်စွာ သိမြင်ခြင်း ‘သမ္မာဒိဋ္ဌိ’မည် သနည်း။
ဆင်းရဲ၌ သိမှု ‘ဒုက္ခေ ဉာဏံ’၊ ဆင်းရဲဖြစ်ကြောင်း၌ သိမှု ‘ဒုက္ခသမုဒယေ ဉာဏံ’၊ ဆင်းရဲချုပ်မှု၌ သိမှု ‘ဒုက္ခနိရောဓေ ဉာဏံ’၊ ဆင်းရဲချုပ်မှုသို့ ရောက်ကြောင်းအကျင့်၌ သိမှု ‘ဒုက္ခနိရောဓဂါမိနိယာ ပဋိပဒါယ ဉာဏံ’။ ဤသို့ဆိုခဲ့ပြီးသော သဘောကို မဖောက်မပြန် မှန်ကန်စွာ သိမြင်မှု ‘သမ္မာဒိဋ္ဌိ’ဟု ဆိုအပ်၏။
--
သမ္မာသင်္ကပ္ပ
ထို မဂ္ဂင်ရှစ်ပါးတို့တွင် အဘယ်သည် မဖောက်မပြန် မှန်ကန်စွာ ကြံစည်ခြင်း ‘သမ္မာသင်္ကပ္ပ'၁ မည်သနည်း။
(၁) ကာမအာရုံ ကာမဂုဏ် အနှောင်အဖွဲ့မှ လွတ်မြောက်သော ကြံစည်မှု ‘နေက္ခမ္မသင်္ကပ္ပ’။
(၂) ဒေါသလွတ်ကင်းသော ကြံစည်မှု (မေတ္တာနှင့်ယှဉ်သည့် ကြံစည်မှု) ‘အဗျာပါဒသင်္ကပ္ပ’။
(၃) ညှဉ်းဆဲနှိပ်စက်ခြင်းမှ လွတ်ကင်းသော ကြံစည်မှု (ကရုဏာနှင့် ယှဉ်သည့် ကြံစည်မှု) ‘အဝိဟိံသ သင်္ကပ္ပ’။
ဤဆိုခဲ့ပြီးသောသဘောကို မဖောက်မပြန် မှန်ကန်စွာ ကြံစည်မှု ‘သမ္မာသင်္ကပ္ပ’ဟု ဆိုအပ်၏။
သမ္မာဝါစာ
ထိုမဂ္ဂင်ရှစ်ပါးတို့တွင် အဘယ်သည် မဖောက်မပြန် မှန်ကန်စွာ ပြောဆိုခြင်း ‘သမ္မာဝါစာ’ မည်သနည်း။
မဟုတ်မမှန်သောစကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း ‘မုသာဝါဒါဝေရမဏိ’၊ ကုန်းချော ကုန်းတိုက်စကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း (အချင်းချင်း ချစ်ခင်မှုကို ကြိတ်ချေဖျက်ဆီးသော စကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်မှု) ‘ပိသုဏဝါစာ ဝေရမဏိ’၊ ကြမ်းတမ်းသောစကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း ‘ဖရုသဝါစာ ဝေရမဏိ’၊ အကျိုးမရှိ ပြိန်ဖျင်းသောစကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း ‘သမ ္ဖ ပ္ပလာပါဝေရမဏိ’။ ဤဆိုခဲ့ပြီးသော သဘောကို မဖောက်မပြန် မှန်ကန်စွာ ပြောဆိုခြင်း ‘သမ္မာဝါစာ’ဟု ဆိုအပ်၏။
သမ္မာကမ္မန္တ
ထိုမဂ္ဂင်ရှစ်ပါးတို့တွင် အဘယ်သည် မဖောက်မပြန် မှန်ကန်စွာ ပြုလုပ်ခြင်း ‘သမ္မာကမ္မန္တ’ မည်သနည်း။
သူ့အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း ‘ပါဏာတိပါတာ ဝေရမဏိ’၊ ပိုင်ရှင်မပေးအပ်သော သူတစ်ပါး၏ ပစ္စည်းဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြဉ်ခြင်း ‘အဒိန္နာဒါနာ ဝေရမဏိ’၊ ကာမဂုဏ်မေထုန်အမှု တို့ ၌ မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင်ကြဉ်ခြင်း ‘ကာမေသုမိစ္ဆာစာရာ ဝေရမဏိ’။ ဤဆိုခဲ့ပြီးသော သဘောကို မဖောက်မပြန် မှန်ကန်စွာ ပြုလုပ်မှု ‘သမ္မာကမ္မန္တ’ဟု ဆိုအပ်၏။
သမ္မာအာဇီဝ
ထို မဂ္ဂင်ရှစ်ပါးတို့တွင် အဘယ်သည် မဖောက်မပြန် မှန်ကန်စွာ အသက်မွေးခြင်း ‘သမ္မာအာဇီဝ'၂ မည်သနည်း။
ဤသာသနာတော်၌ (ကိလေသာတို့မှ) ဖြူစင်မြင့်မြတ်သဖြင့် အရိယာဟု ခေါ်တွင်သော တပည့်သည် မှားယွင်းစွာ အသက်မွေးမှုကို ပယ်စွန့်၍ မဖောက်မပြန် မှန်ကန်သော အသက်မွေးမှုဖြင့် အသက်မွေးခြင်း ကို ပြု၏။ ဤဆိုခဲ့ပြီးသော သဘောကို မဖောက်မပြန် မှန်ကန်သော အသက်မွေးခြင်း ‘သမ္မာအာဇီဝ’ဟု ဆိုအပ်၏။
--
သမ္မာဝါယာမ
ထိုမဂ္ဂင်ရှစ်ပါးတို့တွင် အဘယ်သည် မဖောက်မပြန် မှန်ကန်စွာ ကြိုးစားအားထုတ် လုံ့လပြုခြင်း ‘သမ္မာဝါယာမ'၃ မည်သနည်း။
ဤသာသနာတော်၌ ရဟန်းသည် မဖြစ်သေးကုန်သော ယုတ်မာကုန်သော အကုသိုလ်တရားတို့ကို မဖြစ်စေခြင်းငှါအားထုတ်လိုသောဆန္ဒကို ဖြစ်စေ၏ (ဆန္ဒံ ဇနေတိ)၊ လုံ့လပြု၏ (ဝါယမတိ)၊ ကြိုးစား အားထုတ်၏ (ဝီရိယံ အာရဘတိ)၊ စိတ်ကို ချီးမြှောက် (အားပေး) ၏ (ဝီရိယရှိစေ၏) (စိတ္တံ ပဂ္ဂဏှာတိ)၊ မဖြစ်မနေ စိတ်ကို ဆောက်တည်၍ အားထုတ်၏ (အင်္ဂါလေးပါး၄နှင့် ပြည့်စုံသော ဝီရိယကို ဆောက်တည်၏) (ပဒဟတိ)။ ဖြစ်ပြီးကုန်သော ယုတ်မာကုန်သော အကုသိုလ်တရားတို့ကို ပယ်စွန့်ခြင်းငှါအားထုတ်လိုသော ဆန္ဒကို ဖြစ်စေ၏ (ဆန္ဒံ ဇနေတိ)၊ လုံ့လပြု၏ (ဝါယမတိ)၊ ကြိုးစားအားထုတ်၏ (ဝီရိယံ အာရတတိ)၊ စိတ်ကို ချီးမြှောက် (အားပေး) ၏ (ဝီရိယရှိစေ၏) (စိတ္တံ ပဂ္ဂဏှာတိ)၊ မဖြစ်မနေ စိတ်ကို ဆောက်တည်၍ အားထုတ်၏ (အင်္ဂါလေးပါးနှင့် ပြည့်စုံသော ဝီရိယကို ဆောက်တည်၏) (ပဒဟတိ)။ မဖြစ်သေးကုန်သော ကုသိုလ်တရားတို့ကို ဖြစ်စေခြင်းငှါအားထုတ်လိုသော ဆန္ဒကို ဖြစ်စေ၏ (ဆန္ဒံ ဇနေတိ)၊ လုံ့လပြု၏ (ဝါယမတိ)၊ ကြိုးစားအားထုတ်၏ (ဝီရိယံ အာရဘတိ)၊ စိတ်ကို ချီးမြှောက် (အားပေး) ၏ (ဝီရိယရှိစေ၏) (စိတ္တံ ပဂ္ဂဏှာတိ)၊ မဖြစ်မနေ စိတ်ကို ဆောက်တည်၍ အားထုတ်၏ (အင်္ဂါလေးပါးနှင့် ပြည့်စုံသော ဝီရိယကို ဆောက်တည်၏) (ပဒဟတိ)။ ဖြစ်ပြီးကုန်သော ကုသိုလ်တရားတို့ကို တည်တံ့စေခြင်းငှါ(ဌိတိယာ), မပျောက်ပျက် မပျက်စီး စေခြင်းငှါ(အသမ္မောသာယ), များစွာတိုးပွါးစေခြင်းငှါ(ဘိယျောဘာဝါယ), ပြန့်ပြောစေခြင်းငှါ(ပြန့်ပွါး စေခြင်းငှါ) (ဝေပုလ္လာယ), ပွါးများမှု ပြည့်စုံစေခြင်းငှါ(ဘာဝနာယ ပါရိပူရိယာ), အားထုတ်လိုသော ဆန္ဒကို ဖြစ်စေ၏ (ဆန္ဒံ ဇနေတိ)၊ လုံ့လပြု၏ (ဝါယမတိ)၊ ကြိုးစားအားထုတ်၏ (ဝီရိယံ အာရဘတိ)၊ စိတ်ကို ချီးမြှောက် (အားပေး) ၏ (ဝီရိယ ရှိစေ၏) (စိတ္တံ ပဂ္ဂဏှာတိ)၊ မဖြစ်မနေ စိတ်ကို ဆောက် တည်၍ အားထုတ်၏ (အင်္ဂါလေးပါးနှင့် ပြည့်စုံသော ဝီရိယကို ဆောက်တည်၏) (ပဒဟတိ)။ ဤဆိုခဲ့ပြီးသော သဘောကို မဖောက်မပြန် မှန်ကန်စွာ ကြိုးစားအားထုတ် လုံ့လပြုခြင်း ‘သမ္မာဝါယာမ’ဟု ဆိုအပ်၏။
--
သမ္မာသတိ
ထိုမဂ္ဂင်ရှစ်ပါးတို့တွင် အဘယ်သည် မဖောက်မပြန် မှန်ကန်စွာ မမေ့မလျော့ စူးစူး စိုက်စိုက် အောက်မေ့ခြင်း ‘သမ္မာသတိ'၅ မည်သနည်း။
ဤသာသနာတော်၌ ရဟန်းသည် ကိလေသာအညစ်အကြေးတို့ကို ပူပန် (ခန်းခြောက်) စေတတ်သော လုံ့လရှိသည်ဖြစ်၍ (ပြင်းထန်သော လုံ့လဝီရိယရှိသည်ဖြစ်၍) (အာတာပီ), ကောင်းစွာအပြားအားဖြင့် ပိုင်းခြားသိတတ်သော ပညာနှင့် ပြည့်စုံသည်ဖြစ်၍ (သမ္ပဇာနော), မမေ့မလျော့ အောက်မေ့ခြင်း သတိ ရှိသည်ဖြစ်၍ (သတိမာ) လောက၌၆ ရှေးရှုကြံစည် သောအားဖြင့် အလွန်တပ်မက်မှု ‘အဘိဇ္ဈာ'နှင့် စိတ်နှလုံး မသာယာမှု ‘ဒေါမနဿ'ကို ပယ်ဖျောက်၍ ဆံပင်စသော စက်ဆုပ်ဖွယ်တရားတို့ ဖြစ်ပေါ်ရာ ခန္ဓာကိုယ် ရုပ်အပေါင်း၌ ဆံပင်စသော စက်ဆုပ်ဖွယ်တရားတို့ ဖြစ်ပေါ်ရာ ခန္ဓာကိုယ် ရုပ်အပေါင်းဟူ၍ အဖန်ဖန် ရှုလျက် နေ၏ (ကာယေ ကာယာနုပဿီ)။ ခံစားမှု ‘ဝေဒနာ'တို့၌။ပ။ သိမှု ‘စိတ်’၌။ပ။ ကိလေသာ အညစ်အကြေးတို့ကို ပူပန် (ခန်းခြောက်) စေတတ်သော လုံ့လရှိသည်ဖြစ်၍ (ပြင်းထန် သောလုံ့လ ဝီရိယရှိသည်ဖြစ်၍) (အာတာပီ), ကောင်းစွာအပြားအားဖြင့် ပိုင်းခြားသိတတ်သော ပညာနှင့် ပြည့်စုံသည် ဖြစ်၍ (သမ္ပဇာနော), မမေ့မလျော့ အောက်မေ့ခြင်း သတိရှိသည်ဖြစ်၍ (သတိမာ), လောက၌ ရှေးရှုကြံစည်သောအားဖြင့် အလွန်တပ်မက်မှု ‘အဘိဇ္ဈာ'နှင့် စိတ်နှလုံးမသာယာမှု ‘ဒေါမနဿ'ကို ပယ် ဖျောက်၍ နီဝရဏတရား, ခန္ဓာငါးပါးစသော တရားတို့၏ မမြဲသောသဘော အနိစ္စစသော သဘော တရားတို့၌ မမြဲသော သဘောတရားတို့ဟူ၍ အဖန်ဖန်ရှု၍နေ၏ (ဓမ္မေသု ဓမ္မာနုပဿီ)။ ဤဆိုခဲ့ပြီးသော သဘောကို မဖောက်မပြန် မှန်ကန်စွာ မမေ့မလျော့ စူးစူးစိုက်စိုက် အောက်မေ့မှု ‘သမ္မာသတိ’ဟု ဆိုအပ်၏။
--
သမ္မာသမာဓိ
ထိုမဂ္ဂင်ရှစ်ပါးတို့တွင် အဘယ်သည် မဖောက်မပြန် မှန်ကန်စွာ တည်ကြည်ခြင်း (စိတ်ကို အာရုံ၌ ကောင်းစွာထားခြင်း) ‘သမ္မာသမာဓိ’ မည်သနည်း။
၁။ သမ္မာသင်္ကပ္ပ ၃-ပါး= သမ္မာဝိတက် ၃-ပါး= နေက္ခမ္မဝိတက်, အဗျာပါဒဝိတက်, အဝိဟိံသဝိတက်။
၂။ သမ္မာအာဇီဝ= သမ္မာဝါစာ, သမ္မာကမ္မန္တအားဖြင့် အသက်မွေးခြင်း (သမ္မောဟဝိနောဒနီ၊ အဘိ၊ ဋ္ဌ၊ ၂၊ နှာ-၁၁၂)
၃။ သမ္မာဝါယာမ= သမ္မပ္ပဓာန် ၄-ပါး။
၄။ ဝီရိယအင်္ဂါ၄-ပါး = (၁) အရေကြွင်းစေ၊ (၂) အကြောကြွင်းစေ၊ (၃) အရိုးကြွင်းစေ၊ (၄) အသားအသွေး ခန်းခြောက်စေ-ဟု အားထုတ်ခြင်း။ မဇ္ဈိမပဏ္ဏာသပါဠိတော်၊ ကီဋာဂီရိသုတ်၊ နှာ-၁၄၆။
၅။ သမ္မာသတိ= သတိပဋ္ဌာန် ၄-ပါး၊ သတိသမ္ဗောဇ္ဈင်။
၆။ လောက = ဥပါဒါနက္ခန္ဓာ ၅-ပါး၊ သင်္ခါရတရားများ။
ပထမဈာန် သမ္မာသမာဓိ
ဤသာသနာတော်၌ ရဟန်းသည် ကာမဂုဏ်ငါးပါးတို့မှ ကင်းဆိတ်၍ (ကင်းလွတ်၍) သာလျှင် အကုသိုလ်တရားတို့မှ ကင်းဆိတ်၍ (ကင်း လွတ်၍) သာလျှင် ကြံစည်ခြင်း ‘ဝိတက်'နှင့် တကွဖြစ်သော (သဝိတက္က), အာရုံအပေါ်၌ အဖန်ဖန် ဆင်ခြင်သုံးသပ်ခြင်း ‘ဝိစာရ'နှင့် တကွဖြစ်သော (သဝိစာရ), နီဝရဏတရားတို့ ၏ ကင်းဆိတ်ခြင်း ကြောင့်ဖြစ်သော (ဝိဝေကဇ), နှစ်သက်ခြင်း ‘ပီတိ'ချမ်းသာခြင်း ‘သုခ'ရှိသော (ပီတိသုခ) ပဌမဈာန်သို့၁ ရောက်၍ နေ၏ (ပထမဈာန်ကို မျက်မှောက်ပြု၍ နေ၏)။
ဒုတိယဈာန်-သမ္မာသမာဓိ
ကြံစည်ခြင်း ‘ဝိတက်', ဆင်ခြင်သုံးသပ်ခြင်း ‘ဝိစာရ'တို့၏ ငြိမ်းအေးခြင်း ကြောင့် မိမိအတွင်းအဇ္ဈတ္တသန္တာန်၌ စိတ်ကို ကြည်လင်စေတတ်သော (သမ္ပသာဒန), တည်ကြည်ခြင်း ‘သမာဓိ'ကို ပွါးစေတတ်သော (ဧကောဒိဘာဝ), ကြံစည်ခြင်း ‘ဝိတက်'မရှိသော (အဝိတက္က), ဆင်ခြင်သုံးသပ်ခြင်း ‘ဝိစာရ'မရှိသော (အဝိစာရ), တည်ကြည်ခြင်း ‘သမာဓိ'ကြောင့်ဖြစ်သော (သမာဓိဇ), နှစ်သက်ခြင်း ‘ပီတိ'နှင့် ချမ်းသာခြင်း ‘သုခ'ရှိသော ဒုတိယဈာန်သို့၂ ရောက်၍နေ၏ (ဒုတိယဈာန်ကို မျက်မှောက်ပြု၍ နေ၏)။
၁။ ပထမဈာန်ကို သဝိတက္ကဈာန်, သဝိစာရဈာန်, ဝိဝေကဇဈာန်, ပီတိသုခဈာန်ဟု ခေါ်သည်။
၂။ ဒုတိယဈာန်ကို အဝိတက္က အဝိစာရဈာန်, သမာဓိဇဈာန်, ပီတိသုခဈာန်ဟု ခေါ်သည်။ (စတုက္ကနည်းအားဖြင့် ပြထားခြင်း ဖြစ်သည်။)
တတိယဈာန်-သမ္မာသမာဓိ
နှစ်သက်ခြင်း ‘ပီတိ'ကိုလည်း တပ်မက်မှုကင်းခြင်းကြောင့် (စက်ဆုပ်ခြင်းကြောင့်) လျစ်လျူရှုလျက်လည်း နေ၏ (ဥပေက္ခကော)၊ မမေ့မလျော့ အောက်မေ့ခြင်း ‘သတိ'ရှိလျက်လည်း နေ၏ (သတော)၊ ကောင်းစွာ အပြားအားဖြင့် ပိုင်းခြားသိတတ်သော ပညာနှင့် ပြည့်စုံသည် ဖြစ်လျက်လည်း နေ၏ (သမ္ပဇာနော)၊ ချမ်းသာခြင်း ‘သုခ'ကိုလည်း ကိုယ်စိတ်နှစ်ပါး အပေါင်းဖြင့် ခံစားလျက် နေ၏ (ကာယေန ပဋိသံဝေဒေတိ)၊ ယင်းတတိယဈာန်ရရှိသူကို လျစ်လျူရှုနိုင်သူ (ဥပေက္ခကော)၊ အောက်မေ့ခြင်း ‘သတိ'ရှိသူ (သတိမာ)၊ ချမ်းသာစွာနေလေ့ရှိသူ (သုခဝိဟာရီ)ဟု အရိယာ ပုဂ္ဂိုလ် သူတော်သူမြတ်တို့သည် မိန့်ကြားချီးမွမ်းတော်မူ ကုန်၏။ ထို တတိယဈာန်သို့၁၇ောက်၍ နေ၏ (မျက်မှောက်ပြု၍ နေ၏)။
--
စတုတ္ထဈာန်၂-သမ္မာသမာဓိ
ချမ်းသာခြင်း ‘သုခ'ကို ပယ်ခြင်းကြောင့်လည်းကောင်း, ဆင်းရဲခြင်း ‘ဒုက္ခ'ကို ပယ်ခြင်းကြောင့်လည်းကောင်း, ရှေးဦးမဆွကပင် ဝမ်းမြောက်ခြင်း ‘သောမနဿ'နှင့် စိတ်နှလုံးမသာယာခြင်း ‘ဒေါမနဿ'တို့၏ ချုပ်နှင့်ခြင်းကြောင့်လည်း ကောင်း ဆင်းရဲခြင်း ‘ဒုက္ခ'လည်းမဟုတ် ချမ်းသာခြင်း ‘သုခ'လည်း မဟုတ်သော (အဒုက္ခ မသုခဖြစ် သော), လျစ်လျူရှုခြင်း (ထိုထိုအာရုံ၌ အလယ်အလတ် အညီအမျှ ဖြစ်ခြင်း) ‘ဥပေက္ခာ'ကြောင့်ဖြစ်သော သတိ၏ အလုံးစုံ စင်ကြယ်ခြင်းရှိသော (အလွန်စင်ကြယ်သော သတိရှိသော) စတုတ္ထဈာန်သို့၃၇ောက်၍ နေ၏ (မျက်မှောက်ပြု၍ နေ၏)။ ဤဆိုခဲ့ပြီးသော ဈာန်လေးပါးကို မဖောက်မပြန် မှန်ကန်စွာ စိတ်ကို အာရုံ၌ ကောင်းစွာ ထားခြင်း တည်ကြည်မှု ‘သမ္မာသမာဓိ’ဟု ဆိုအပ်၏။
ဤဆိုခဲ့ပြီးသော သဘောကို အရိယာတို့ ထိုးထွင်း၍ သိအပ်သော ဆင်းရဲမှုချုပ်ရာသို့ ရောက် ကြောင်း အကျင့်ဖြစ်သည့် အမှန်သဘော ‘ဒုက္ခနိရောဓဂါမိနိပဋိပဒါအရိယသစ္စာ’ဟု ဆိုအပ်၏။
(ဒုက္ခနိရောဓဂါမိနိပဋိပဒါအရိယသစ္စာ ပြီး၏။)
သစ္စာ ၄-ပါးတို့ကို သုတ္တန်နည်းဖြင့် ဝေဖန်၍ ဟောကြားအပ်သော ‘သုတ္တန္တဘာဇနီယ'နည်း ပြီး၏။
၁။ တတိယဈာန်ကို ဥပေက္ခကဈာန်, သတိမာဈာန်, သုခဝိဟာရီဈာန်ဟု ခေါ်သည်။
၂။ ဈာန်လေးပါးဟု စတုက္ကနည်းဖြင့် ဟောထားခြင်း ဖြစ်သည်။
၃။ စတုတ္တဈာန်ကို အဒုက္ခမသုခဈာန်, ဥပေက္ခာသတိပါရိသုဒ္ဓိဈာန်ဟု ခေါ်သည်။
--
၂-အဘိဓမ္မဘာဇနီယ
(သစ္စာလေးပါးတို့ကို အဘိဓမ္မာနည်းဖြင့်ဝေဖန်၍ ဟောကြားအပ်သော ‘အဘိဓမ္မဘာဇနီယ'၁နည်း)
(၁။ အဘိဓမ္မဘာဇနီယနည်း၌ မဟာဝါရ ၃-ပါးရှိသည်။ ယင်း ၃-ပါးတို့ကား-
(၁) အဋ္ဌင်္ဂိကဝါရ= မဂ္ဂင် ၈-ပါးဖြင့် ဝေဖန်၍ မဂ္ဒသစ္စာ ဖွဲ့ပြသောနည်း။
(၂) ပဉ္စင်္ဂိကဝါရ= သီလမဂ္ဂင် ၃-ပါးမှတစ်ပါး ကျန် မဂ္ဂင် ၅-ပါးဖြင့် ဝေဖန်၍ မဂ္ဂသစ္စာ ဖွဲ့ပြသောနည်း။
(၃) သဗ္ဗသင်္ဂါဟိကဝါရ= ဖဿစသော တရားအပေါင်းဖြင့် ဝေဖန်၍ မဂ္ဂသစ္စာ ဖွဲ့ပြသောနည်း။)
အဋ္ဌင်္ဂိကဝါရ
(အဋ္ဌင်္ဂိကဝါရအားဖြင့် သစ္စာလေးပါး ဖွဲ့နည်း ၅-မျိုး)၂
(၂။ အဋ္ဌင်္ဂိကဝါရ ၅-မျိုးမှာ (၁) တဏှာ တစ်ခုတည်းကိုသာ သမုဒယသစ္စာဟု ဟောသောနည်း။ (၂) ကိလေသာ ၁၀-ပါးကို သမုဒယသစ္စာဟု ဟောသောနည်း။ (၃) အကုသိုလ်တရား အားလုံးကို သမုဒယသစ္စာဟု ဟောသောနည်း။ (၄) အကုသိုလ်တရား အားလုံးနှင့် လောကီကုသလမူလ ၃-ပါးတို့ကို သမုဒယသစ္စာဟု ဟောသောနည်း။ (၅) လောကီ ကုသိုလ်နှင့် အကုသိုလ် အားလုံးတို့ကို သမုဒယသစ္စာဟု ဟောသောနည်း။ ဤနည်း ၅-မျိုးကို ကောဋ္ဌာသ ၅-ပါးဟုလည်း ခေါ်သည်။)
--
၁-အဋ္ဌင်္ဂိကဝါရ ပဌမနည်း
(တဏှာကို သမုဒယသစ္စာဟု ဟောသောနည်း)
သစ္စာလေးပါး
၂၀၆။ သစ္စာလေးပါးတို့ကား-
(၁) ဆင်းရဲမှု အမှန်သဘော ‘ဒုက္ခသစ္စာ'၁။
(၂) ဆင်းရဲမှုဖြစ်ကြောင်း အမှန်သဘော ‘ဒုက္ခသမုဒယသစ္စာ’။
(၃) ဆင်းရဲချုပ်မှု အမှန်သဘော ‘ဒုက္ခနိရောဓသစ္စာ’။
(၄) ဆင်းရဲချုပ်မှုသို့ ရောက်ကြောင်းအကျင့် အမှန်သဘော ‘ဒုက္ခနိရောဓဂါမိနီ ပဋိပဒါသစ္စာ’ (မဂ္ဂသစ္စာ) တို့တည်း။
သမုဒယသစ္စာ
ထိုသစ္စာလေးပါတို့တွင် အဘယ်သည် ဆင်းရဲမှုဖြစ်ကြောင်း အမှန်သဘော ‘ဒုက္ခသမုဒယသစ္စာ’ မည်သနည်း။
အကြင် တပ်မက်မှု ‘တဏှာ'သည် ရှိ၏၊ ဤတပ်မက်မှု ‘တဏှာ'ကို ဆင်းရဲမှုဖြစ်ကြောင်း အမှန်သဘော ‘ဒုက္ခသမုဒယသစ္စာ'၂ဟု ဆိုအပ်၏။
ဒုက္ခသစ္စာ
ထိုသစ္စာလေးပါးတို့တွင် အဘယ်သည် ဆင်းရဲမှု အမှန်သဘော ‘ဒုက္ခသစ္စာ’ မည်သနည်း။
(တပ်မက်မှု ‘တဏှာ'မှ) ကြွင်းသော ပူပန်စေတတ် နှိပ်စက်တတ်သော ‘ကိလေသာ’ (၉-ပါး) တို့သည်လည်းကောင်း၊ (ကိလေသာ ၁၀-ပါးတို့မှ) ကြွင်းသော အပြစ်နှင့်တကွ ဖြစ်၍ မကောင်းကျိုးကို ပေးတတ်သော ‘အကုသိုလ်'တရားတို့သည်လည်းကောင်း၊ (သတ္တဝါတို့၏သန္တာန်၌) ယိုစီးဖြစ်ပွါးနေတတ်၍ မူးယစ်မိုက်မဲစေတတ်သည့် ‘အာသဝ’ (တဏှာ, ဒိဋ္ဌိ, မောဟတို့) ၏ အာရုံဖြစ်သော အပြစ်မရှိမူ၍ ကောင်းကျိုးကို ပေးတတ်သော အကြောင်းရင်း ‘ကုသလမူလ'သုံးခုတို့သည်လည်းကောင်း၊ (ကုသလမူလ သုံးခုတို့မှ) ကြွင်းသော အာသဝ၏ အာရုံဖြစ်သော လောကီကုသိုလ်တရားတို့သည်လည်းကောင်း၊ အာသဝ၏ အာရုံဖြစ်သော ကုသိုလ် အကုသိုလ်တရားတို့၏ အကျိုးတရား ‘ဝိပါက်'တို့သည်လည်းကောင်း၊ ကုသိုလ်လည်း မဟုတ်ကုန်သော, အကုသိုလ်လည်း မဟုတ်ကုန်သော, ကုသိုလ် အကုသိုလ်ကံ၏ အကျိုး ‘ဝိပါက်'လည်း မဟုတ်ကုန်သော အကြင်ပြုကာမျှသဘော ‘ကိရိယာတရား'တို့သည်လည်းကောင်း၊ အလုံးစုံသော ရုပ်သည်လည်းကောင်း ရှိ၏။ ဤဆိုခဲ့ပြီးသော တရားအပေါင်းကို ဆင်းရဲမှု အမှန်သဘော ‘ဒုက္ခသစ္စာ’ဟု ဆိုအပ်၏။
--
ဒုက္ခနိရောဓသစ္စာ
ထိုသစ္စာလေးပါးတို့တွင် အဘယ်သည် ဆင်းရဲချုပ်မှု အမှန်သဘော ‘ဒုက္ခနိရောဓ သစ္စာ’ မည်သနည်း။
အကြင်တပ်မက်မှု ‘တဏှာ'ကို ပယ်စွန့်ခြင်းသည် ရှိ၏၊ ဤတပ်မက်မှု ‘တဏှာ'ကို ပယ်ခြင်းကို ဆင်းရဲချုပ်မှု အမှန်သဘော ‘ဒုက္ခနိရောဓသစ္စာ’ဟု ဆိုအပ်၏။
မဂ္ဂသစ္စာ
ထိုသစ္စာလေးပါးတို့တွင် အဘယ်သည် ဆင်းရဲချုပ်မှုသို့ ရောက်ကြောင်းအကျင့် အမှန် သဘော ‘ဒုက္ခနိရောဓဂါမိနီပဋိပဒါသစ္စာ’ (မဂ္ဂသစ္စာ) မည်သနည်း။
ဤသာသနာတော်၌ ရဟန်းသည် အကြင်အခါ၌ အမြင်မှားမှု ‘ဒိဋ္ဌိ’ (ဒိဋ္ဌိနှင့် အကုသိုလ် အဖြစ်ချင်း တူသော ဖြစ်ခြင်းရှိကုန်သော ဝိစိကိစ္ဆာစသော အကုသိုလ်တရား) တို့ကို ပယ်ခြင်းငှါလည်းကောင်း၊ ပထမ အရိယာအဆင့် ဖြစ်သည့် သောတာပတ္တိဖိုလ်သို့ ရောက်ခြင်းငှါလည်းကောင်း၊ ဝဋ်ဆင်းရဲမှ ထွက်မြောက် တတ်သော ‘နိယျာနိက', နိဗ္ဗာန်သို့ ရောက်ကြောင်း ‘အပစယဂါမိ’ ဖြစ်သော လောကုတ္တရာဈာန်ကို ပွါး၏။ ကာမဂုဏ်တို့မှ ကင်းဆိတ်၍သာလျှင်။ပ။ ဆင်းရဲငြိုငြင်သော အကျင့်ရှိသော နုံ့နှေးသော အသိဉာဏ် ရှိသော ပဌမဈာန်သို့၃ ရောက်၍ (မျက်မှောက်ပြု၍) နေ၏။ ထိုအခါ၌ မဖောက်မပြန် မှန်ကန်စွာ သိမြင်ခြင်း ‘သမ္မာဒိဋ္ဌိ’။ပ။ မဖောက်မပြန် မှန်ကန်စွာ တည်ကြည်ခြင်း (စိတ်ကို အာရုံ၌ ကောင်းစွာ ထားခြင်း) ‘သမ္မာသမာဓိ’ဟူသော အင်္ဂါရှစ်ပါးရှိသည့် နိဗ္ဗာန်သို့ ရောက်ကြောင်းလမ်း ‘မဂ်'သည် ဖြစ်၏။
သမ္မာဒိဋ္ဌိ၄
ထိုမဂ္ဂင်ရှစ်ပါးတို့တွင် အဘယ်သည် မဖောက်မပြန် မှန်ကန်စွာ သိမြင်ခြင်း ‘သမ္မာဒိဋ္ဌိ’ မည်သနည်း အကြင် (ခွဲခွဲခြားခြား) အပြားအားဖြင့် ပိုင်းခြားသိမှု ‘ပညာ’၊ (ခွဲခွဲခြားခြား) အပြားအားဖြင့် ပိုင်းခြားသိမှု သဘော ‘ပဇာနနာ’။ပ။ (အမှန်သဘော၌) မတွေဝေမှု (အမှန်ကိုသိမှု) ‘အမောဟ’၊ (သစ္စာလေးပါး) တရားတို့ကို စိစစ်ခြင်းသဘော ‘ဓမ္မဝိစယ'၅၊ ကောင်းစွာ (အမှန်) သိမြင်မှု ‘သမ္မာဒိဋ္ဌိ’၊ သစ္စာ လေးပါးတရားတို့ကို ပိုင်းခြားစိစစ်ခြင်းသဘော ‘ဓမ္မဝိစယ’ ဖြစ်၍ သစ္စာလေးပါးတရားတို့ကို သိတတ် သော ဗောဓိဉာဏ်၏ အစိတ်အပိုင်းအင်္ဂါ'ဓမ္မဝိစယသမ္ဗာဇ္ဈင်’၊ (ကိလေသာတို့ကို ပယ်သတ်၍) နိဗ္ဗာန်သို့ ထွက်မြောက်ကြောင်းလမ်း ‘မဂ်'၏ အစိတ်အပိုင်း အင်္ဂါ'မဂ္ဂင်္ဂ’၊ (ဝဋ်ဆင်းရဲမှ) ထွက်မြောက်ကြောင်း ‘မဂ်’၌ အကျုံးဝင်ခြင်းသဘော ‘မဂ္ဂပရိယာပန္န'သည် ရှိ၏။ ဤဆိုခဲ့ပြီးသော သဘောကို မဖောက်မပြန် မှန်ကန်စွာ သိမြင်ခြင်း ‘သမ္မာဒိဋ္ဌိ’ဟု ဆိုအပ်၏။
--
သမ္မာသင်္ကပ္ပ
ထိုမဂ္ဂင်ရှစ်ပါးတို့တွင် အဘယ်သည် မဖောက်မပြန် မှန်ကန်စွာ ကြံစည်ခြင်း ‘သမ္မသင်္ကပ္ပ’ မည်သနည်း။
အကြင် ကြံစည်ခြင်းသဘော ‘တက္က’၊ အထူးကြံစည်ခြင်းသဘော ‘ဝိတက္က’။ပ။ ကောင်းစွာ ကြံစည် ခြင်းသဘော ‘သမ္မာသင်္ကပ္ပ’၊ ထွက်မြောက်ကြောင်းလမ်း ‘မဂ်'၏ အစိတ်အပိုင်းအင်္ဂါ'မဂ္ဂင်္ဂ’၊ ထွက် မြောက်ကြောင်း ‘မဂ်’၌ အကျုံးဝင်ခြင်းသဘော ‘မဂ္ဂပရိယာပန္န'သည် ရှိ၏။ ဤဆိုခဲ့ပြီးသောသဘောကို မဖောက်မပြန် မှန်ကန်စွာ ကြံစည်ခြင်း ‘သမ္မာသင်္ကပ္ပ’ဟု ဆိုအပ်၏။
သမ္မာဝါစာ
ထို မဂ္ဂင်ရှစ်ပါးတို့တွင် အဘယ်သည် မဖောက်မပြန် မှန်ကန်စွာ ပြောဆိုခြင်း ‘သမ္မာဝါစာ’ မည်သနည်း။
မကောင်းသော နှုတ်အကျင့် ‘ဝစီဒုစရိုက်'လေးပါးတို့မှ အကြင်ဝေးစွာ ရှောင်ကြဉ်ခြင်း ‘အာရတိ'၆၊ အထူးရှောင်ကြဉ်ခြင်း ‘ဝိရတိ'၇၊ နောက်သို့ဆုတ်၍ ရှောင်ကြဉ်ခြင်း ‘ပဋိဝိရတိ’၊ (မကောင်းမှုဝစီဒုစရိုက် ကျူးလွန်မိလျှင် ပေါ်ပေါက်တတ်သည့် မကောင်းကျိုးတည်းဟူသော) ဘေးရန်ကို ဖျက်ဆီးတတ်သော သဘော (ရှောင်ကြဉ်ခြင်းသဘော) ‘ဝေရမဏီ’၊ (မကောင်းမှုဝစီဒုစရိုက်ကို) မပြုခြင်းသဘော ‘အကိရိယ’၊ (မကောင်းမှုဝစီဒုစရိုက်ကို) မပြုလုပ်ခြင်း ‘အကရဏ’၊ မလွန်ကျူးခြင်း ‘အနဇ္ဈာပတ္တိ’၊ (ဝစီဒုစရိုက်ဟူသော) ကမ်းအပိုင်းအခြားကို မလွန်ခြင်းသဘော ‘ဝေလာအနတိက္ကမ’၊ (ဝစီဒုစရိုက်ဖြစ်ပေါ်ရန်) အကြောင်းကို သတ်ခြင်းသဘော ‘သေတုဃာတ’၊ ကောင်းစွာ ပြောဆိုမှု ‘သမ္မာဝါစာ’၊ (ကိလေသာတို့ကို ပယ်သတ်၍) နိဗ္ဗာန်သို့ ထွက်မြောက်ကြောင်းလမ်း ‘မဂ်'၏ အစိတ်အပိုင်းအင်္ဂါ'မဂ္ဂင်္ဂ’၊ (ဝဋ်ဆင်းရဲမှ) ထွက်မြောက်ကြောင်း ‘မဂ်’၌ အကျုံးဝင်ခြင်းသဘော ‘မဂ္ဂပရိယာပန္န'သည် ရှိ၏။ ဤဆိုခဲ့ပြီးသော သဘောကို မဖောက်မပြန် မှန်ကန်စွာ ပြောဆိုခြင်း ‘သမ္မာဝါစာ’ဟု ဆိုအပ်၏။
သမ္မာကမ္မန္တ
ထိုမဂ္ဂင်ရှစ်ပါးတို့တွင် အဘယ်သည် မဖောက်မပြန် မှန်ကန်စွာ ပြုလုပ်ခြင်း ‘သမ္မာကမ္မန္တ’ မည်သနည်း။
မကောင်းသော ကိုယ်အကျင့် ‘ကာယဒုစရိုက်'သုံးပါးတို့မှ အကြင်ဝေးစွာ ရှောင်ကြဉ်ခြင်းသဘော ‘အာရတိ’၊ အထူးရှောင်ကြဉ်ခြင်းသဘော ‘ဝိရတိ’၊ နောက်သို့ဆုတ်၍ ရှောင်ကြဉ်ခြင်းသဘော ‘ပဋိဝိရတိ’၊ (မကောင်းမှု ကာယဒုစရိုက်ကို ကျူးလွန်မိလျှင် ပေါ်ပေါက်တတ်သည့် မကောင်းကျိုးတည်းဟူသော) ဘေးရန်ကို ဖျက်ဆီးတတ်သော သဘော (ရှောင်ကြဉ်ခြင်းသဘော) ‘ဝေရမဏီ’၊ (မကောင်းမှုကာယ ဒုစရိုက်ကို) မပြုခြင်းသဘော ‘အကိရိယ’၊ (မကောင်းမှုကာယဒုစရိုက်ကို) မပြုလုပ်ခြင်း ‘အကရဏ’၊ (မကောင်းမှု ကာယဒုစရိုက်ကို) မလွန်ကျူးခြင်း ‘အနဇ္ဈာပတ္တိ’၊ (ကာယဒုစရိုက်ဟူသော) ကမ်းအပိုင်း အခြားကို မလွန်ခြင်းသဘော ‘ဝေလာအနတိက္ကမ’၊ (ကာယဒုစရိုက် ဖြစ်ပေါ်ရန် ရာဂစသော) အကြောင်းကို သတ်ခြင်းသဘော ‘သေတုဃာတ’၊ ကောင်းစွာပြုလုပ်မှု ‘သမ္မာကမ္မန္တ’၊ (ဝဋ်ဆင်းရဲမှ) ထွက်မြောက်ကြောင်း ‘မဂ်'၏ အစိတ်အပိုင်းအင်္ဂါ'မဂ္ဂင်္ဂ’၊ (ဝဋ်ဆင်းရဲမှ) ထွက်မြောက်ကြောင်း ‘မဂ်’၌ အကျုံးဝင်ခြင်းသဘော ‘မဂ္ဂပရိယာပန္န'သည် ရှိ၏။ ဤဆိုခဲ့ပြီးသော သဘောကို မဖောက်မပြန် မှန်ကန်စွာ ပြုလုပ်မှု ‘သမ္မာကမ္မန္တ’ဟု ဆိုအပ်၏။
--
သမ္မာအာဇီဝ
ထိုမဂ္ဂင်ရှစ်ပါးတို့တွင် အဘယ်သည် မဖောက်မပြန် မှန်ကန်စွာ အသက်မွေးမှု ‘သမ္မာအာဇီဝ’ မည်သနည်း။
မှားသော အသက်မွေးမှု ‘မိစ္ဆာအာဇီဝ'၈မှ အကြင်ဝေးစွာ ရှောင်ကြဉ်ခြင်းသဘော ‘အာရတိ’၊ အထူး ရှောင်ကြဉ်ခြင်းသဘော ‘ဝိရတိ’၊ နောက်သို့ ဆုတ်၍ ရှောင်ကြဉ်ခြင်းသဘော ‘ပဋိဝိရတိ’၊ (မကောင်းမှု မိစ္ဆာဇီဝကို ကျူးလွန်မိလျှင် ပေါ်ပေါက်လာတတ်သည့် မကောင်းကျိုးတည်းဟူသော) ဘေးရန်ကို ဖျက်ဆီး တတ်သော သဘော (ရှောင်ကြဉ်ခြင်းသဘော) ‘ဝေရမဏီ’၊ (မှားသောအသက်မွေးမှုကို) မပြုခြင်းသဘော ‘အကိရိယ’၊ (မှားသော အသက်မွေးမှုကို) မပြုလုပ်ခြင်း ‘အကရဏ’၊ (ကာယဒုစရိုက် ဝစီဒုစရိုက်တို့ကို) မလွန်ကျူးခြင်း ‘အနဇ္ဈာပတ္တိ’၊ (ကာယဒုစရိုက်, ဝစီဒုစရိုက်ဟူသော) ကမ်းအပိုင်းအခြားကို မလွန်ခြင်း ‘ဝေလာအနတိက္ကမ’၊ (ကာယဒုစရိုက်, ဝစီဒုစရိုက်တို့ဖြင့် မှားသော အသက်မွေးမှု ‘မိစ္ဆာအာဇီဝ’ ဖြစ်ပေါ်ရန် ရာဂစသော) အကြောင်းကို သတ်ခြင်း ‘သေတုဃာတ’၊ ကောင်းစွာအသက်မွေးခြင်း ‘သမ္မာအာဇီဝ’၊ (ဝဋ်ဆင်းရဲမှ) ထွက်မြောက်ကြောင်း ‘မဂ်'၏ အစိတ်အပိုင်း အင်္ဂါ'မဂ္ဂင်္ဂ’၊ (ဝဋ်ဆင်းရဲမှ) ထွက်မြောက် ကြောင်း ‘မဂ်’၌ အကျုံးဝင်ခြင်းသဘော ‘မဂ္ဂပရိယာပန္န'သည် ရှိ၏။ ဤဆိုခဲ့ပြီးသော သဘောကို မဖောက်မပြန် မှန်ကန်စွာ အသက်မွေးမှု ‘သမ္မာအာဇီဝ’ဟု ဆိုအပ်၏။
သမ္မာဝါယာမ
ထို မဂ္ဂင်ရှစ်ပါးတို့တွင် အဘယ်သည် မဖောက်မပြန် မှန်ကန်စွာ ကြိုးစားအားထုတ်မှု ‘သမ္မာဝါယာမ’ မည်သနည်း။
စိတ်၌ဖြစ်သော အကြင် ကြိုးစားအားထုတ်ခြင်း ‘ဝီရိယာရမ္ဘ’ (ဝီရိယစေတသိက်)။ပ။ ကောင်းစွာ အားထုတ်ခြင်း ‘သမ္မာဝါယာမ’၊ သစ္စာလေးပါးကို ကောင်းစွာ သိမှု ‘မဂ်ဉာဏ်’ (ဗောဓိဉာဏ်) ၏ အကြောင်း အင်္ဂါတစ်ပါးဖြစ်သောအားထုတ်မှု ‘ဝီရိယသမ္ဗောဇ္ဈင်’၊ (ဝဋ်ဆင်းရဲမှ) ထွက်မြောက်ကြောင်း ‘မဂ်'၏ အစိတ် အပိုင်းအင်္ဂါ'မဂ္ဂင်္ဂ’၊ (ဝဋ်ဆင်းရဲမှ) ထွက်မြောက်ကြောင်း ‘မဂ်’၌ အကျုံးဝင်ခြင်းသဘော ‘မဂ္ဂပရိယာပန္န'သည် ရှိ၏။ ဤ ဆိုခဲ့ပြီးသော သဘောကို မဖောက်မပြန် မှန်ကန်စွာကြိုးစားအားထုတ်မှု ‘သမ္မာဝါယာမ’ဟု ဆိုအပ်၏။
သမ္မာသတိ
ထိုမဂ္ဂင်ရှစ်ပါးတို့တွင် အဘယ်သည် မဖောက်မပြန် မှန်ကန်စွာ မမေ့မလျော့ စူးစူး စိုက်စိုက် အောက်မေ့မှု ‘သမ္မာသတိ’ မည်သနည်း။
အကြင်အောက်မေ့မှု ‘သတိ’၊ အစဉ်အောက်မေ့မှု ‘အနုဿတိ’။ပ။ ကောင်းစွာအောက်မေ့မှု ‘သမ္မာသတိ’၊ သစ္စာလေးပါး၌ ကောင်းစွာသိမှု ‘မဂ်ဉာဏ်'၏ (ဗောဓိဉာဏ်၏) အစိတ်အပိုင်းအင်္ဂါဖြစ်သော အောက်မေ့မှု ‘သတိသမ္ဗောဇ္ဈင်’၊ ထွက်မြောက်ကြောင်း ‘မဂ်'၏ အစိတ်အပိုင်းအင်္ဂါ'မဂ္ဂင်္ဂ’၊ ထွက်မြောက်ကြောင်း ‘မဂ်’၌ အကျုံးဝင်ခြင်းသဘော ‘မဂ္ဂပရိယာပန္န'သည် ရှိ၏။ ဤဆိုခဲ့ပြီးသော သဘောကို မဖောက်မပြန် မှန်ကန်စွာ အောက်မေ့မှု ‘သမ္မာသတိ’ဟု ဆိုအပ်၏။
--
သမ္မာသမာဓိ
ထိုမဂ္ဂင်ရှစ်ပါးတို့တွင် အဘယ်သည် မဖောက်မပြန် မှန်ကန်စွာ တည်ကြည်မှု (ကောင်းစွာစိတ်ကို အာရုံ၌ထားမှု) ‘သမ္မာသမာဓိ’ မည်သနည်း။
စိတ်၏ အကြင်တည်တံ့ခြင်း ‘ဌိတိ’၊ ကောင်းစွာတည်ခြင်း ‘သဏ္ဌိတိ’။ပ။ ကောင်းစွာတည်ကြည်မှု ‘သမ္မာသမာဓိ’၊ သစ္စာလေးပါး၌ ကောင်းစွာသိမှု ‘မဂ်ဉာဏ်’ (ဗောဓိဉာဏ်၏) အစိတ်အပိုင်းအင်္ဂါဖြစ်သော တည်ကြည်မှု ‘သမာဓိသမ္ဗောဇ္ဈင်’၊ ထွက်မြောက်ကြောင်း ‘မဂ်'၏ အစိတ်အပိုင်းအင်္ဂါ'မဂ္ဂင်္ဂ’၊ ထွက်မြောက် ကြောင်း ‘မဂ်’၌ အကျုံးဝင်ခြင်းသဘော ‘မဂ္ဂပရိယာပန္န'သည် ရှိ၏။ ဤဆိုခဲ့ပြီးသောသဘောကို မဖောက်မပြန် မှန်ကန်စွာ တည်ကြည်မှု ‘ကောင်းစွာ စိတ်ကို အာရုံ၌ ထားမှု ‘သမ္မာသမာဓိ’ဟု ဆိုအပ်၏။
ဤဆိုခဲ့ပြီးသော မဂ္ဂင်ရှစ်ပါးကို ဆင်းရဲချုပ်ခြင်းသို့ ရောက်ကြောင်းအကျင့် အမှန်သဘော ‘ဒုက္ခနိရောဓဂါမိနီပဋိပဒါသစ္စာ’ဟု ဆိုအပ်၏။
(မဂ္ဂင်ရှစ်ပါးမှတစ်ပါး) ကြွင်းကျန်သော (မဂ်စိတ္တုပ္ပါဒ်၌ရှိသော မဂ်စိတ်နှင့် စေတဘိတ် ၂၈-ပါး) တရားတို့သည် ဆင်းရဲချုပ်ခြင်းသို့ ရောက်ကြောင်း အကျင့် (မဂ္ဂသစ္စာ) နှင့် ယှဉ်ကုန်၏။
(တဏှာကို သမုဒယသစ္စာဟု ဟောသော အဋ္ဌင်္ဂိကဝါရ ပထမနည်း ပြီး၏)။
၁။ အဘိဓမ္မာနည်းဖြင့် ဝေဖန်ဟောကြားရာ၌ ‘ဒုက္ခသစ္စာ’ စသည်ဟုသာ ဟောသည်။ သုတ္တန်နည်း၌မူကား ‘ဒုက္ခအရိယသစ္စာ’ စသည်ဟုသာ ဟောတော်မူသည်။ အဘိဓမ္မာနည်း၌ သုတ္တန်နည်း၌ကဲ့သို့ ‘အရိယသစ္စာ’ဟု ဟောတော်မူလျှင် တဏှာမှ ကြွင်းသော အခြား ဒုက္ခဖြစ်ကြောင်း တရားများ ကျန်ရှိနေသေးသည်၊ ဒုက္ခဖြစ်ကြောင်း တရားများ အားလုံးပါဝင်စေရန် ‘သစ္စာ’ဟုသာ အဘိဓမ္မဘာဇနီယနည်း၌ ဟောတော်မူသည်။ (သမ္မော၊ ဋ္ဌ၊ နှာ-၁၁၄-၅)။
၂။ သတိပြုရန်- အဘိဓမ္မာနည်းဖြင့် ဝေဖန်၍ ဟောရာတွင် အကျယ်ဝေဖန်၍ ဟောသော နိဒ္ဒေသဝါရ၌ ‘သမုဒယ’ သစ္စာကို ရှေးဦးစွာ ဟောသည်။ အဘယ်ကြောင့်ဆိုသော် ဒုက္ခသစ္စာကို ပြသည့်အခါသမုဒယသစ္စာမှတစ်ပါး ကြွင်းသော လောကီတရားများ ဖြစ်သည်ဟု အကျဉ်းချုံး၍ အလွယ်တကူပြလိုသောကြောင့် ဖြစ်သည်။ (သမ္မော၊ ဋ္ဌ၊ နှာ-၁၁၅)
၃။ ဤနေရာ၌ အကျဉ်းချုံး၍ ပြထားသည်၊ ဓမ္မသင်္ဂဏီပါဠိတော်၌ လောကုတ္တရာဈာန်တို့ကို သုဒ္ဓိကပဋိပဒါနည်းမှစ၍ အကျယ်ဟောသကဲ့သို့ ဟောရန် ဖြစ်သည်၊ ဓမ္မသင်္ဂဏီစာပိုဒ် ၂၇၇-မှ ၃၆၄-အထိ အကျယ် ပြထားသည်။
၄။ မဂ္ဂင်ရှစ်ပါးတို့၏ အဓိပ္ပါယ်ကို ဓမ္မသင်္ဂဏီစာပိုဒ် ၂၉၇-၃၀၄-ကြည့်။ အဘိဓမ္မဘာဇနီယ၌ နည်းပေါင်း ခြောက်သောင်း (၆၀၀၀၀) ရှိသည်၊ အဘိဓမ္မဘာဇနီယ၌ (၁) အဋ္ဌင်္ဂိကဝါရ။ (၂) ပဉ္စင်္ဂိကဝါရ။ (၃) သဗ္ဗသင်္ဂါဟိကဝါရဟူ၍ မဟာဝါရ ၃-ဝါရရှိရာ မဟာဝါရတစ်ခု တစ်ခု၌ တဏှာယ ပဟာနံ (= တဏှာ တစ်ခုတည်းကိုသာ သမုဒယသစ္စာဟု ဟောသောနည်း) စသည်ဖြင့် ကောဋ္ဌာသ ၅-ပါးစီ, နည်းပေါင်း နှစ်သောင်း (၂၀၀၀၀) စီ ရှိသည်။ ထိုတွင် အဋ္ဌင်္ဂိကဝါရ ပထမကောဋ္ဌာသ၌ နည်းပေါင်းလေးထောင် (၄၀၀၀) ရှိသည်၊ ရှိပုံမှာ- သောတာပတ္တိမဂ်ဈာနာဘိ နိဝေသ၌ သုဒ္ဓိကပဋိပဒါစသော ၅-ဝါရကို စတုက္ကနည်း, ပဉ္စကနည်း -၂ ပါးနှင့် မြှောက်သော် နည်း ၁၀-ပါး ဖြစ်၏။ ယင်းနည်း ၁၀-ပါးကို ဈာနာဘိနိဝေသစသော အဘိနိဝေသ ၂၀-နှင့် မြှောက်သော် နည်း-၂၀၀ ဖြစ်သည်၊ ယင်းနည်းကို သုဒ္ဓိကနည်းဟု ခေါ်သည်။ တစ်ဖန် ယင်းသုဒ္ဓိကနည်း-၂၀၀ ကို အဓိပတိ ၄-ပါးနှင့် မြှောက်ပြန်သော် နည်းပေါင်း-၈၀၀ ဖြစ်သည်၊ ယင်းနည်းကို သာဓိပတိနည်းဟု ခေါ်သည်။ သုဒ္ဓိကနည်း-၂၀၀ နှင့် သာဓိပတိနည်း- ၈၀၀ ကို ပေါင်းသော် သောတာပတ္တိမဂ်၌ နည်းပေါင်းတစ်ထောင် (၁၀၀၀) ဖြစ်သည်။ ထို့အတူ သကဒါဂါမိမဂ်, အနာဂါမိမဂ်, အရဟတ္တမဂ်အသီးသီးတို့၌ နည်းပေါင်း တစ်ထောင် (၁၀၀၀) စီ ဖြစ်၍ ပထမ ကောဋ္ဌာသဟုခေါ်သော အဋ္ဌင်္ဂီကဝါရပထမနည်း၌ နည်းပေါင်း (၄၀၀၀) ဖြစ်သည်။ ထိုနည်းအလား အဋ္ဌင်္ဂီကဝါရဒုတိယနည်းစသည့် ကျန်ကောဋ္ဌာသ ၄-ပါး၌လည်း နည်းပေါင်း လေးထောင် (၄၀၀၀) စီ ရှိသည်၊ သို့ြဲဖစ်၍ အဋ္ဌင်္ဂီကဝါရ၌ ကောဋ္ဌာသ ၅-ပါးအတွက် နည်းပေါင်း ၂၀၀၀၀-ဖြစ်သည်။ ‘ထိုနည်းနှင်နှင် ပဉ္စင်္ဂိကဝါရ၌ နည်းပေါင်း နှစ်သောင်း (၂၀၀၀၀) ‘သဗ္ဗသင်္ဂါဟိကဝါရ၌ နည်းပေါင်း နှစ်သောင်း (၂၀၀၀၀) ရှိသည်။ သို့ဖြစ်သဖြင့် အဘိဓမ္မာဘာဇနီယ၌ မဟာဝါရ ၃-ပါး၊ ကောဋ္ဌာသ ၁၅-ပါး၊ ဟောနည်းပေါင်း ခြောက်သောင်း (၆၀၀၀၀) ရှိသည်။ သုဒ္ဓိကပဋိပဒါစသော ၅-ဝါရနှင့် ဈာနာဘိနိဝေသ စသော အဘိနိဝေသ ၂၀-ကို ဓမ္မသင်္ဂဏီစာပိုဒ် ၂၇၇-မှ ၃၆၄-၌ ရှုပါ။ (သမ္မောဟဝိနောဒနီ၊ ဋ္ဌ၊ နှာ-၁၁၅-၁၁၆) ကောဋ္ဌာသ ၅-ပါးရေတွက်ပုံကို ရှေ့အဋ္ဌင်္ဂိကဝါရ မှတ်ချက်၌ ပြန်ရှုပါ။
--
၅။ ဝိစယ= (ရုပ်နာမ်ဓမ္မသင်္ခါရတရားတို့၌ အနိစ္စလက္ခဏာ စသည်ဖြင့်) စိစစ်ခြင်း။
၆။ အာရတိ= စိတ်ဖြင့် ရှောင်ကြဉ်ခြင်း။
၇။ ဝိရတိ= ကိုယ်နှုတ်ဖြင့် ရှောင်ကြဉ်ခြင်း (ခုဒ္ဒကပါဌ၊ ဋ္ဌ၊ နှာ-၁၁၉) အထူးမှာထားချက်မှာ ‘အာရတိ’၊ ‘ဝိရတိ’၊ ‘ပဋိဝိရတိ'ပုဒ်တို့သည် ရှောင်ကြဉ်ခြင်း အနက်၏ စကားပရိယာယ် များသာ ဖြစ်သည် (အဋ္ဌသာလိနီ၊ နှာ-၂၆၃)
၈။ မိစ္ဆာဇီဝ= ကာယဒုစရိုက် ၃-ပါး, ဝစီဒုစရိုက် ၄-ပါးတို့ဖြင့် အသက်မွေးမှု။
--
၂-အဋ္ဌင်္ဂိကဝါရ ဒုတိယနည်း
(ကိလေသာ ၁၀-ပါးကို သမုဒယသစ္စာဟု ဟောသောနည်း)
သမုဒယသစ္စာ
၂၀၇။ ထိုသစ္စာလေးပါးတို့တွင် အဘယ်သည် ဆင်းရဲမှုဖြစ်ကြောင်း အမှန်သဘော ‘သမုဒယ သစ္စာ’ မည်သနည်း။
တပ်မက်မှု ‘တဏှာ'သည်လည်းကောင်း၊ (တဏှာမှတစ်ပါး) ကြွင်းသော ပူပန်စေတတ် နှိပ်စက်တတ် သော ‘ကိလေသာ'၉-ပါးတို့သည်လည်းကောင်း ရှိကုန်၏။ ဤဆိုခဲ့ပြီးသော ကိလေသာ ၁၀-ပါးကို ဆင်းရဲမှုဖြစ်ကြောင်း အမှန်သဘော ‘ဒုက္ခသမုဒယသစ္စာ’ဟု ဆိုအပ်၏။
ဒုက္ခသစ္စာ
ထိုသစ္စာလေးပါးတို့တွင် အဘယ်သည် ဆင်းရဲမှု အမှန်သဘော ‘ဒုက္ခသစ္စာ’ မည်သနည်း။
(ကိလေသသာ ၁၀-ပါးတို့မှ) ကြွင်းသော အကုသိုလ်တရားတို့သည်လည်းကောင်း၊ အာသဝ၏ (တဏှာ, ဒိဋ္ဌိ, မောဟတို့၏) အာရုံဖြစ်သော ကုသိုလ်၏ အကြောင်းရင်း ‘ကုသလမူလ'သုံးခု (အလောဘ, အဒေါသ, အမောဟ) တို့သည်လည်းကောင်း၊ (ကုသလမူလသုံးခုမှ) ကြွင်းသော အာသဝ၏ အာရုံဖြစ်သော (လောကီ) ကုသိုလ်တရားတို့သည်လည်းကောင်း၊ အာသဝ၏အာရုံဖြစ်သော ကုသိုလ် အကုသိုလ်တို့၏ အကျိုး ‘ဝိပါက်'တရားတို့သည်လည်းကောင်း၊ ကုသိုလ်, အကုသိုလ်လည်း မဟုတ်မူ၍ ကုသိုလ် အကုသိုလ်ကံ၏ အကျိုးတရားလည်း မဟုတ်သော အကြင်ပြုကာမျှသဘော ‘ကိရိယာ'တရားတို့သည် လည်းကောင်း၊ အလုံးစုံသော ရုပ်သည်လည်းကောင်း ရှိ၏။ ဤဆိုခဲ့ပြီးသော တရားအပေါင်းကို ဆင်းရဲမှုအမှန်သဘော ‘ဒုက္ခသစ္စာ’ဟု ဆိုအပ်၏။
နိရောဓသစ္စာ
ထိုသစ္စာလေးပါးတို့တွင် အဘယ်သည် ဆင်းရဲချုပ်မှု အမှန်သဘော ‘ဒုက္ခနိရောဓသစ္စာ’မည်သနည်း။
တပ်မက်မှု ‘တဏှာ'ကိုလည်းကောင်း၊ (တဏှာမှ) ကြွင်းသော ကိလေသာတို့ကိုလည်းကောင်း ပယ်စွန့်ခြင်းသည် ရှိ၏။ ဤကိလေသာ ၁၀-ပါးကို ပယ်စွန့်ခြင်းကို ဆင်းရဲချုပ်မှု အမှန်သဘော ‘ဒုက္ခနိရောဓသစ္စာ’ဟု ဆိုအပ်၏။
--
မဂ္ဂသစ္စာ
ထိုသစ္စာလေးပါးတို့တွင် အဘယ်သည် ဆင်းရဲချုပ်မှုသို့ ရောက်ကြောင်းအကျင့် အမှန် သဘော ‘ဒုက္ခနိရောဓဂါမိနီ ပဋိပဒါသစ္စာ’ (မဂ္ဂသစ္စာ) မည်သနည်း။
ဤသာသနာတော်၌ ရဟန်းသည် အကြင်အခါ၌ အမြင်မှားမှု ‘ဒိဋ္ဌိ’ (ဒိဋ္ဌိနှင့် အကုသိုလ်အဖြစ်ချင်း တူသော ဖြစ်ခြင်းရှိကုန်သော ဝိစိကိစ္ဆာစသော အကုသိုလ်တရား) တို့ကို ပယ်ခြင်းငှါလည်းကောင်း၊ ပထမ အရိယာအဆင့်ဖြစ်သည့် သောတာပတ္တိဖိုလ်သို့ ရောက်ခြင်းငှါလည်းကောင်း ဝဋ်ဆင်းရဲမှ ထွက်မြောက်တတ် သော ‘နိယျာနိက’၊ နိဗ္ဗာန်သို့ရောက်ကြောင်း ‘အပစယဂါမိ’ ဖြစ်သော လောကုတ္တရာဈာန်ကို ပွါး၏၊ ကာမဂုဏ်တို့မှ ကင်းဆိတ်၍သာလျှင်။ပ။ ဆင်းရဲငြိုငြင်သော အကျင့်ရှိသော, နုံ့နှေးသော အသိဉာဏ် ရှိသော ပဌမဈာန်သို့ ရောက်၍ (မျက်မှောက်ပြု၍) နေ၏။ ထိုအခါ၌ မဖောက်မပြန် မှန်ကန်စွာ သိမြင်ခြင်း ‘သမ္မာဒိဋ္ဌိ’။ပ။ မဖောက်မပြန် မှန်ကန်စွာ တည်ကြည်ခြင်း (စိတ်ကို အာရုံ၌ကောင်းစွာ ထား ခြင်း) ‘သမ္မာသမာဓိ’ဟူသော အင်္ဂါရှစ်ပါးရှိသည့် နိဗ္ဗာန်သို့ ရောက်ကြောင်းလမ်း ‘မဂ်'သည် ဖြစ်၏။ပ။**၁
ဤဆိုခဲ့ပြီးသော မဂ္ဂင်ရှစ်ပါးကို ဆင်းရဲချုပ်မှုသို့ ရောက်ကြောင်း အကျင့်အမှန်သဘော ‘ဒုက္ခနိရောဓ ဂါမိနီ ပဋိပဒါသစ္စာ’ (မဂ္ဂသစ္စာ)ဟု ဆိုအပ်၏။
(မဂ္ဂင်ရှစ်ပါးမှတစ်ပါး) ကြွင်းသော (မဂ်စိတ္တုပ္ပါဒ်၌ရှိသော မဂ်စိတ်နှင့် စေတသိက် ၂၈-ပါး) တရား တို့သည် ဆင်းရဲချုပ်မှုသို့ ရောက်ကြောင်း အကျင့် (မဂ္ဂသစ္စာ) နှင့် ယှဉ်ကုန်၏။
(ကိလေသာ ၁၀-ပါးကို သမုဒယသစ္စာဟု ဟောသော အဋ္ဌင်္ဂိကဝါရ ဒုတိယနည်း ပြီး၏။)
၁။ ** မဂ္ဂင်ရှစ်ပါးအကျယ်အဖွင့်ကို ပေယျာလချန်ခဲ့သည်၊ အဋ္ဌင်္ဂိကဝါရ ပထမနည်းအတိုင်း ချဲ့ရမည်ဖြစ်သည်၊ ကြွင်းသော အဋ္ဌင်္ဂိကဝါရ တတိယ, စတုတ္ထ, ပဉ္စမနည်းများမှာလည်း ပထမနည်းအတိုင်း ချဲ့ယူရမည်ဖြစ်သည်။
--
၃-အဋ္ဌင်္ဂိကဝါရ တတိယနည်း
(အကုသိုလ်တရား အားလုံးကို သမုဒယသစ္စာဟု ဟောသောနည်း)
သမုဒယသစ္စာ
၂၀၈။ ထိုသစ္စာလေးပါးတို့တွင် အဘယ်သည် ဆင်းရဲမှုဖြစ်ကြောင်းအမှန်သဘော ‘သမုဒယသစ္စာ’ မည်သနည်း။
တပ်မက်မှု ‘တဏှာ'သည်လည်းကောင်း၊ (တဏှာမှ) ကြွင်းသော ပူပန်စေတတ် နှိပ်စက်တတ်သော ‘ကိလေသာ'၉-ပါးတို့သည်လည်းကောင်း၊ (ကိလေသာ ၁၀-ပါးတို့မှ) ကြွင်းသော အကုသိုလ်တရား တို့သည်လည်းကောင်း ရှိကုန်၏။ ဤဆိုခဲ့ပြီးသော အကုသိုလ်တရားအားလုံးကို ဆင်းရဲမှုဖြစ်ကြောင်း အမှန်သဘော ‘သမုဒယသစ္စာ’ဟု ဆိုအပ်၏။
ဒုက္ခသစ္စာ
ထိုသစ္စာလေးပါးတို့တွင် အဘယ်သည် ဆင်းရဲမှု အမှန်သဘော ‘ဒုက္ခသစ္စာ’ မည်သနည်း။
အာသဝ၏ (လောဘ, ဒိဋ္ဌိ, မောဟတို့၏) အာရုံဖြစ်ကုန်သော ကုသိုလ်၏ အကြောင်းရင်း ‘ကုသလ မူလ'သုံးခု (အလောဘ, အဒေါသ, အမောဟ) တို့သည်လည်းကောင်း၊ (ကုသလမူလသုံးခုမှ) ကြွင်းသော အာသဝ၏ အာရုံဖြစ်ကုန်သော (လောကီ) ကုသိုလ်တရားတို့သည်လည်းကောင်း၊ အာသဝ၏ အာရုံဖြစ်ကုန် သော ကုသိုလ်တရားတို့၏ အကျိုး ‘ဝိပါက်'တရားတို့သည်လည်းကောင်း၊ ကုသိုလ် အကုသိုလ်လည်း မဟုတ်မူ၍ ကုသိုလ် အကုသိုလ်ကံ၏ အကျိုး ‘ဝိပါက်'လည်း မဟုတ်သော အကြင် ပြုကာမျှသဘော ‘ကိရိယာ'တရားတို့သည်လည်းကောင်း၊ အလုံးစုံသော ရုပ်သည်လည်းကောင်း ရှိ၏။ ဤဆိုခဲ့ပြီးသော တရားအပေါင်းကို ဆင်းရဲမှု အမှန်သဘော ‘ဒုက္ခသစ္စာ’ဟု ဆိုအပ်၏။
နိရောဓသစ္စာ
ထိုသစ္စာလေးပါးတို့တွင် အဘယ်သည် ဆင်းရဲချုပ်မှု အမှန်သဘော ‘ဒုက္ခနိရောဓသစ္စာ’ မည်သနည်း။
တပ်မက်မှု ‘တဏှာ'ကိုလည်းကောင်း၊ (တဏှာမှ) ကြွင်းသော ပူပန်စေတတ် နှိပ်စက်တတ်သော ‘ကိလေသာ'၉-ပါးတို့ကိုလည်းကောင်း၊ (ကိလေသာ ၁၀-ပါးတို့မှ) ကြွင်းသော အကုသိုလ်တရားတို့ကို လည်းကောင်း ပယ်စွန့်ခြင်းသည် ရှိ၏။ ဤအကုသိုလ်တရားအားလုံး ပယ်စွန့်ခြင်းကို ဆင်းရဲချုပ်မှု အမှန်သဘော ‘ဒုက္ခနိရောဓသစ္စာ’ဟု ဆိုအပ်၏။
--
မဂ္ဂသစ္စာ
ထိုသစ္စာလေးပါးတို့တွင် အဘယ်သည် ဆင်းရဲချုပ်မှုသို့ ရောက်ကြောင်းအကျင့် အမှန် သဘော ‘ဒုက္ခ နိရောဓဂါမိနီ ပဋိပဒါသစ္စာ’ (မဂ္ဂသစ္စာ) မည်သနည်း။
ဤသာသနာတော်၌ ရဟန်းသည် အကြင်အခါ၌ အမြင်မှားမှု ‘ဒိဋ္ဌိ’ (ဒိဋ္ဌိနှင့် အကုသိုလ်အဖြစ်ချင်း တူသော ဖြစ်ခြင်းရှိကုန်သော ဝိစိကိစ္ဆာစသော အကုသိုလ်တရား) တို့ကို ပယ်ခြင်းငှါလည်းကောင်း၊ ပထမ အရိယာ အဆင့်ဖြစ်သည့် သောတာပတ္တိဖိုလ်သို့ ရောက်ခြင်းငှါလည်းကောင်း ဝဋ်ဆင်းရဲမှ ထွက်မြောက် တတ်သော ‘နိယျာနိက'နိဗ္ဗာန်သို့ ရောက်ကြောင်း ‘အပစယဂါမိ’ ဖြစ်သော လောကုတ္တရာဈာန်ကို ပွါး၏၊ ကာမဂုဏ်တို့မှ ကင်းဆိတ်၍သာလျှင်။ပ။ ဆင်းရဲငြိုငြင်သော အကျင့်ရှိသော, နုံ့နှေးသော အသိဉာဏ် ရှိသော ပဌမဈာန်သို့ ရောက်၍ (မျက်မှောက်ပြု၍) နေ၏။ ထိုအခါ၌ မဖောက်မပြန်မှန်ကန်စွာ သိမြင်ခြင်း ‘သမ္မာဒိဋ္ဌိ’။ပ။ မဖောက်မပြန် မှန်ကန်စွာ တည်ကြည်ခြင်း (စိတ်ကို အာရုံ၌ ကောင်းစွာ ထားခြင်း) ‘သမ္မာသမာဓိ’ဟူသော အင်္ဂါရှစ်ပါးရှိသည့် နိဗ္ဗာန်သို့ ရောက်ကြောင်းလမ်း ‘မဂ်'သည် ဖြစ်၏။ပ။
ဤဆိုခဲ့ပြီးသော မဂ္ဂင်ရှစ်ပါးကို ဆင်းရဲချုပ်မှုသို့ ရောက်ကြောင်းအကျင့် အမှန်သဘော ‘ဒုက္ခ နိရောဓဂါမိနီ ပဋိပဒါသစ္စာ’ဟု ဆိုအပ်၏။
(မဂ္ဂင်ရှစ်ပါးမှတစ်ပါး) ကြွင်းသော (မဂ်စိတ္တုပ္ပါဒ်၌ရှိသော မဂ်စိတ်နှင့် စေတသိက် ၂၈-ပါး) တရား တို့သည် ဆင်းရဲချုပ်မှုသို့ ရောက်ကြောင်းအကျင့် (မဂ္ဂသစ္စာ) နှင့် ယှဉ်ကုန်၏။
(အကုသိုလ်တရားအားလုံးကို သမုဒယသစ္စာဟုဟောသော အဋ္ဌင်္ဂိကဝါရ တတိယနည်း ပြီး၏။)
--
၄-အဋ္ဌင်္ဂိကဝါရ-စတုတ္ထနည်း
(အကုသိုလ်တရား အားလုံးနှင့် လောကီကုသလမူလ ၃-ပါးတို့ကို သမုဒယသစ္စာဟု ဟောသောနည်း)
သမုဒယသစ္စာ
၂၀၉။ ထိုသစ္စာလေးပါးတို့တွင် အဘယ်သည် ဆင်းရဲမှုဖြစ်ကြောင်းအမှန်သဘော ‘ဒုက္ခသမုဒယသစ္စာ’ မည်သနည်း။
တပ်မက်မှု ‘တဏှာ'သည်လည်းကောင်း၊ (တဏှာမှ) ကြွင်းသော ပူပန်စေတတ် နှိပ်စက်တတ်သော ‘ကိလေသာ'တို့သည်လည်းကောင်း၊ (ကိလေသာ ၁၀-ပါးတို့မှ) ကြွင်းသော အကုသိုလ်တရားတို့သည် လည်းကောင်း၊ (သတ္တဝါတို့၏သန္တာန်၌) ယိုစီးဖြစ်ပွားနေတတ်၍ မူးယစ်မိုက်မဲစေတတ်သော ‘အာသဝ'၏ (လောဘ, ဒိဋ္ဌိ, မောဟတို့၏) အာရုံဖြစ်ကုန်သော လောကီကုသိုလ်၏ အကြောင်းရင်း ‘ကုသလမူလ’ (အလောဘ, အဒေါသ, အမောဟ) သုံးပါးတို့သည်လည်းကောင်း ရှိကုန်၏။ ဤဆိုခဲ့ပြီးသော အကုသိုလ်တရားအားလုံးနှင့် လောကီကုသလမူလ ၃-ပါး တရားအပေါင်းကို ဆင်းရဲမှု ဖြစ်ကြောင်း အမှန်သဘော ‘ဒုက္ခသမုဒယသစ္စာ’ဟု ဆိုအပ်၏။
ဒုက္ခသစ္စာ
ထိုသစ္စာလေးပါးတို့တွင် အဘယ်သည် ဆင်းရဲမှု အမှန်သဘော ‘ဒုက္ခသစ္စာ’ မည်သနည်း။
(အကုသိုလ်တရားအားလုံးနှင့် လောကီကုသလမူလသုံးပါးတို့မှ) ကြွင်းသော အာသဝ၏ အာရုံဖြစ် ကုန်သော လောကီကုသိုလ်တရားတို့သည်လည်းကောင်း၊ အာသဝ၏ အာရုံဖြစ်ကုန်သော ကုသိုလ် အကုသိုလ်တရားတို့၏ အကျိုး ‘ဝိပါက်'တို့သည်လည်းကောင်း၊ ကုသိုလ် အကုသိုလ်လည်း မဟုတ်မူ၍ ကုသိုလ် အကုသိုလ်ကံ၏ အကျိုး ‘တရား'လည်း မဟုတ်သော အကြင်ပြုကာမျှသဘော ‘ကိရိယာ'တရား တို့သည်လည်းကောင်း၊ အလုံးစုံသော ရုပ်သည်လည်းကောင်း ရှိ၏။ ဤဆိုခဲ့ပြီးသော တရားအပေါင်းကို ဆင်းရဲမှု အမှန်သဘော ‘ဒုက္ခသစ္စာ’ဟု ဆိုအပ်၏။
နိရောဓသစ္စာ
ထိုသစ္စာလေးပါးတို့တွင် အဘယ်သည် ဆင်းရဲချုပ်မှု အမှန်သဘော ‘ဒုက္ခနိရောဓသစ္စာ’ မည်သနည်း။
တပ်မက်မှု ‘တဏှာ'ကိုလည်းကောင်း၊ (တဏှာမှ) ကြွင်းသော ပူပန်စေတတ် နှိပ်စက်တတ်သော ‘ကိလေသာ'တို့ကိုလည်းကောင်း၊ (ကိလေသာ ၁၀-ပါးတို့မှ) ကြွင်းသော အကုသိုလ်တရားတို့ကိုလည်း ကောင်း၊ ‘အာသဝ'၏ (လောဘ, ဒိဋ္ဌိ, မောဟတို့၏) အာရုံဖြစ်ကုန်သော (လောကီ) ကုသိုလ်၏ အကြောင်း ရင်းဖြစ်သော ‘ကုသလမူလ'သုံးပါး (အလောဘ, အဒေါသ, အမောဟ) တို့ကိုလည်းကောင်း ပယ်စွန့်ခြင်း သည် ရှိ၏။ ဤအကုသိုလ်တရားအားလုံးနှင့် လောကီကုသလမူလ တရား၃-ပါးတို့ကို ပယ်စွန့်ခြင်းကို ဆင်းရဲ ချုပ်မှု အမှန်သဘော ‘ဒုက္ခနိရောဓသစ္စာ’ဟု ဆိုအပ်၏။
--
မဂ္ဂသစ္စာ
ထိုသစ္စာလေးပါးတို့တွင် အဘယ်သည် ဆင်းရဲချုပ်မှုသို့ ရောက်ကြောင်းအကျင့် အမှန် သဘော ‘ဒုက္ခနိရောဓဂါမိနီ ပဋိပဒါသစ္စာ’ (မဂ္ဂသစ္စာ) မည်သနည်း။
ဤသာသနာတော်၌ ရဟန်းသည် အကြင်အခါ၌ အမြင်မှားမှု ‘ဒိဋ္ဌိ’ (ဒိဋ္ဌိနှင့် အကုသိုလ်အဖြစ်ချင်းတူသော ဖြစ်ခြင်းရှိကုန်သော ဝိစိကိစ္ဆာစသော အကုသိုလ်တရား) တို့ကို ပယ်ခြင်းငှါလည်းကောင်း၊ ပထမ အရိယာအဆင့် ဖြစ်သည့် သောတာပတ္တိဖိုလ်သို့ ရောက်ခြင်းငှါလည်းကောင်း၊ ဝဋ်ဆင်းရဲမှ ထွက်မြောက် တတ်သော ‘နိယျာနိက'နိဗ္ဗာန်သို့ ရောက်ကြောင်း ‘အပစယဂါမိ’ ဖြစ်သော လောကုတ္တရာဈာန်ကို ပွါး၏၊ ကာမဂုဏ်တို့မှ ကင်းဆိတ်၍ သာလျှင်။ပ။ ဆင်းရဲငြိုငြင်သော အကျင့်ရှိသော, နုံ့နှေးသော အသိဉာဏ် ရှိသော ပဌမဈာန်သို့ ရောက်၍ (မျက်မှောက်ပြု၍) နေ၏။ ထိုအခါ၌ မဖောက်မပြန်မှန်ကန်စွာ သိမြင်ခြင်း ‘သမ္မာဒိဋ္ဌိ’။ပ။ မဖောက်မပြန် မှန်ကန်စွာ တည်ကြည်ခြင်း (စိတ်ကို အာရုံ၌ ကောင်းစွာ ထားခြင်း) ‘သမ္မာသမာဓိ’ဟူသော အင်္ဂါရှစ်ပါးရှိသည့် နိဗ္ဗာန်သို့ ရောက်ကြောင်းလမ်း ‘မဂ်'သည် ဖြစ်၏။ပ။
ဤဆိုခဲ့ပြီးသော မဂ္ဂင်ရှစ်ပါးကို ဆင်းရဲချုပ်မှုသို့ ရောက်ကြောင်းအကျင့် အမှန်သဘော ‘ဒုက္ခနိရောဓ ဂါမိနိပဋိပဒါသစ္စာ’ (မဂ္ဂသစ္စာ)ဟု ဆိုအပ်၏။
(မဂ္ဂင်ရှစ်ပါးမှတစ်ပါး) ကြွင်းသော (မဂ်စိတ္တုပ္ပါဒ်၌ရှိသော မဂ်စိတ်နှင့် စေတသိက် ၂၈-ပါး) တရား တို့သည် ဆင်းရဲချုပ်မှုသို့ ရောက်ကြောင်းအကျင့် (မဂ္ဂသစ္စာ) နှင့် ယှဉ်ကုန်၏။
(အကုသိုလ်တရားအားလုံးနှင့် လောကီကုသလမူလ ၃-ပါးတို့ကို သမုဒယသစ္စာဟု ဟောသော အဋ္ဌင်္ဂိကဝါရစတုတ္ထနည်း ပြီး၏။)
--
၅-အဋ္ဌင်္ဂိကဝါရ-ပဉ္စမနည်း
(လောကီကုသိုလ်နှင့် အကုသိုလ်အားလုံးတို့ကို သမုဒယသစ္စာဟု ဟောသောနည်း)
သမုဒယသစ္စာ
၂၁၀။ ထိုသစ္စာလေးပါးတို့တွင် အဘယ်သည် ဆင်းရဲမှုဖြစ်ကြောင်း အမှန်သဘော ‘ဒုက္ခသမုဒယသစ္စာ’ မည်သနည်း။
တပ်မက်မှု ‘တဏှာ'သည် လည်းကောင်း၊ (တဏှာမှ) ကြွင်းသော ပူပန်စေတတ် နှိပ်စက်တတ်သော ‘ကိလေသာ'တို့သည်လည်းကောင်း၊ (ကိလေသာ ၁၀-ပါးမှ) ကြွင်းသော အကုသိုလ်တရားတို့သည် လည်းကောင်း၊ အာသဝ၏ (လောဘ, ဒိဋ္ဌိ, မောဟတို့၏) အာရုံဖြစ်ကုန်သော လောကီကုသိုလ်၏ အကြောင်းရင်း ‘ကုသလမူလ'သုံးပါးတို့သည်လည်းကောင်း၊ ‘ကုသလမူလ'သုံးပါးမှ ကြွင်းသော အာသဝ၏ အာရုံဖြစ်ကုန်သော (လောကီ) ကုသိုလ်တရားတို့သည်လည်းကောင်း ရှိကုန်၏။ ဤဆိုခဲ့ပြီးသော လောကီကုသိုလ် အကုသိုလ် တရားအပေါင်းကို ဆင်းရဲမှုဖြစ်ကြောင်း အမှန်သဘော ‘ဒုက္ခသမုဒယသစ္စာ’ဟု ဆိုအပ်၏။
ဒုက္ခသစ္စာ
ထိုသစ္စာလေးပါးတို့တွင် အဘယ်သည် ဆင်းရဲမှု အမှန်သဘော ‘ဒုက္ခသစ္စာ’ မည်သနည်း။
(သတ္တဝါတို့၏ သန္တာန်၌) ယိုစီးဖြစ်ပွားနေတတ်၍ မူးယစ်မိုက်မဲစေတတ်သော ‘အာသဝ'၏ (တဏှာ, ဒိဋ္ဌိ, မောဟတို့၏) အာရုံဖြစ်သော ကုသိုလ်အကုသိုလ်တရားတို့၏ အကျိုး ‘ဝိပါက်'တရားတို့သည် လည်းကောင်း (အာသဝ၏ အာရုံဖြစ်သော လောကီဝိပါက်တရားတို့သည်လည်းကောင်း)၊ ကုသိုလ် အကုသိုလ်လည်း မဟုတ်မူ၍ ကုသိုလ် အကုသိုလ်ကံ၏ အကျိုး ‘ဝိပါက်'လည်း မဟုတ်သော အကြင် ပြုကာမျှသဘော ‘ကိရိယာ'တရားတို့သည်လည်းကောင်း၊ အလုံးစုံသော ရုပ်သည်လည်းကောင်းရှိ၏။ ဤလောကီဝိပါက်, ကြိယာ, ရုပ်အာလုံးကို ဆင်းရဲမှု အမှန်သဘော ‘ဒုက္ခသစ္စာ’ဟု ဆိုအပ်၏။
နိရောဓသစ္စာ
ထိုသစ္စာလေးပါးတို့တွင် အဘယ်သည် ဆင်းရဲချုပ်မှု အမှန်သဘော ‘ဒုက္ခနိရောဓသစ္စာ’ မည်သနည်း။
တပ်မက်မှု ‘တဏှာ'ကိုလည်းကောင်း၊ (တဏှာမှ) ကြွင်းသော ပူပန်စေတတ် နှိပ်စက်တတ်သော ‘ကိလေသာ'တို့ကိုလည်းကောင်း၊ (ကိလေသာ ၁၀-ပါးမှ) ကြွင်းသော အကုသိုလ်တရားတို့ကိုလည်း ကောင်း၊ အာသဝ၏ (တဏှာ, ဒိဋ္ဌိ, မောဟတို့၏) အာရုံဖြစ်သော (လောကီ) ကုသိုလ်၏ အကြောင်းရင်း ‘ကုသလမူလ'သုံးပါးတို့ကိုလည်းကောင်း၊ (ကုသလမူလသုံးပါးတို့မှ) ကြွင်းသော အာသဝ၏ အာရုံဖြစ်သော လောကီကုသိုလ်တရားတို့ကိုလည်းကောင်း ပယ်စွန့်ခြင်းသည် ရှိ၏။ ဤလောကီကုသိုလ် အကုသိုလ်တရားအပေါင်းကို ပယ်ခြင်းကို ဆင်းရဲချုပ်မှု အမှန်သဘော ‘ဒုက္ခနိရောဓသစ္စာ’ဟု ဆိုအပ်၏။
--
မဂ္ဂသစ္စာ
ထိုသစ္စာလေးပါးတို့တွင် အဘယ်သည် ဆင်းရဲချုပ်မှုသို့ ရောက်ကြောင်းအကျင့် အမှန် သဘော ‘ဒုက္ခနိရောဓဂါမိနီ ပဋိပဒါသစ္စာ’ (မဂ္ဂသစ္စာ) မည်သနည်း။
ဤသာသနာတော်၌ ရဟန်းသည် အကြင်အခါ၌ အမြင်မှားမှု ‘ဒိဋ္ဌိ’ (ဒိဋ္ဌိနှင့် အကုသိုလ်အဖြစ်ချင်း တူသော ဖြစ်ခြင်းရှိကုန်သော ဝိစိကိစ္ဆာစသော အကုသိုလ်တရား) တို့ကို ပယ်ခြင်းငှါလည်းကောင်း၊ ပထမ အရိယာ အဆင့်ဖြစ်သည့် သောတာပတ္တိဖိုလ်သို့ ရောက်ခြင်းငှါလည်းကောင်း ဝဋ်ဆင်းရဲမှ ထွက်မြောက် တတ်သော ‘နိယျာနိက'နိဗ္ဗာန်သို့ ရောက်ကြောင်း ‘အပစယဂါမိ’ ဖြစ်သော လောကုတ္တရာဈာန်ကို ပွါး၏၊ ကာမဂုဏ်တို့မှ ကင်းဆိတ်၍ သာလျှင်။ပ။ ဆင်းရဲငြိုငြင်သော အကျင့်ရှိသော, နုံ့နှေးသော အသိဉာဏ် ရှိသော ပဌမဈာန်သို့ ရောက်၍ (မျက်မှောက်ပြု၍) နေ၏။ ထိုအခါ၌ မဖောက်မပြန် မှန်ကန်စွာ သိမြင်ခြင်း ‘သမ္မာဒိဋ္ဌိ’။ပ။ မဖောက်မပြန် မှန်ကန်စွာ တည်ကြည်ခြင်း (စိတ်ကို အာရုံ၌ ကောင်းစွာ ထားခြင်း) ‘သမ္မာသမာဓိ’ဟူသော အင်္ဂါရှစ်ပါးရှိသည့် နိဗ္ဗာန်သို့ ရောက်ကြောင်းလမ်း ‘မဂ်'သည် ဖြစ်၏။ပ။
ဤဆိုခဲ့ပြီးသော မဂ္ဂင်ရှစ်ပါးကို ဆင်းရဲချုပ်မှုသို့ ရောက်ကြောင်းအကျင့် အမှန်သဘော ‘ဒုက္ခ နိရောဓဂါမိနီပဋိပဒါသစ္စာ’ (မဂ္ဂသစ္စာ)ဟု ဆိုအပ်၏။
(မဂ္ဂင်ရှစ်ပါးမှတစ်ပါး) ကြွင်းသော (မဂ်စိတ္တုပ္ပါဒ်၌ရှိသော မဂ်စိတ်နှင့် စေတသိက် ၂၈-ပါး) တရား တို့သည် ဆင်းရဲချုပ်မှုသို့ ရောက်ကြောင်းအကျင့် (မဂ္ဂသစ္စာ) နှင့် ယှဉ်ကုန်၏။
(လောကီကုသိုလ် အကုသိုလ်အားလုံးကို သမုဒယသစ္စာအဖြစ်ဖြင့် ဟောသော အဋ္ဌင်္ဂိကဝါရ ပဉ္စမနည်း ပြီး၏။)
အဋ္ဌင်္ဂိကဝါရ ၅-နည်း ပြီး၏။
--
၂-ပဉ္စင်္ဂိကဝါရ
(ပဉ္စင်္ဂိကဝါရအားဖြင့် သစ္စာလေးပါး ဖွဲ့နည်း ၅-မျိုး)
၁-ပဉ္စင်္ဂိကဝါရ-ပထမနည်း
(တဏှာကို သမုဒယသစ္စာအဖြစ်ဖြင့် ဟောသောနည်း)
သစ္စာလေးပါး
၂၁၁။ သစ္စာလေးပါးတို့ကား-
(၁) ဆင်းရဲမှု အမှန်သဘော ‘ဒုက္ခသစ္စာ’။
(၂) ဆင်းရဲမှုဖြစ်ကြောင်း အမှန်သဘော ‘ဒုက္ခသမုဒယသစ္စာ’။
(၃) ဆင်းရဲချုပ်မှု အမှန်သဘော ‘ဒုက္ခနိရောဓသစ္စာ’။
(၄) ဆင်းရဲချုပ်မှုသို့ ရောက်ကြောင်းအကျင့် အမှန်သဘော ‘ဒုက္ခနိရောဓဂါမိနီ ပဋိပဒါသစ္စာ’ (မဂ္ဂသစ္စာ) တို့တည်း။
သမုဒယသစ္စာ
ထိုသစ္စာလေးပါးတို့တွင် အဘယ်သည် ဆင်းရဲမှုဖြစ်ကြောင်း အမှန်သဘော ‘ဒုက္ခသမုဒယသစ္စာ’ မည်သနည်း။
အကြင် တပ်မက်မှု ‘တဏှာ'သည် ရှိ၏။ ဤတပ်မက်မှု ‘တဏှာ'ကို ဆင်းရဲမှုဖြစ်ကြောင်း အမှန် သဘော ‘ဒုက္ခသမုဒယသစ္စာ’ဟု ဆိုအပ်၏။
ဒုက္ခသစ္စာ
ထိုသစ္စာလေးပါးတို့တွင် အဘယ်သည် ဆင်းရဲမှု အမှန်သဘော ‘ဒုက္ခသစ္စာ’ မည်သနည်း။
(တဏှာမှ) ကြွင်းသော ပူပန်စေတတ် နှိပ်စက်တတ်သော ‘ကိလေသာ'တို့သည်လည်းကောင်း၊ (ကိလေသာ ၁၀-ပါးမှ) ကြွင်းသော အကုသိုလ်တရားတို့သည်လည်းကောင်း၊ (သတ္တဝါတို့၏ သန္တာန်၌)့ယိုစီးဖြစ်ပွားနေတတ်၍ မူးယစ်မိုက်မဲစေတတ်သော ‘အာသဝ'၏ (တဏှာ, ဒိဋ္ဌိ, မောဟတို့၏) အာရုံ ဖြစ်ကုန်သော (လောကီ) ကုသိုလ်၏ အကြောင်းရင်းဖြစ်သော ‘ကုသလမူလ'သုံးပါး (အလောဘ, အဒေါသ, အမောဟ) တို့သည်လည်းကောင်း၊ ‘ကုသလ မူလ'သုံးပါးတို့မှ ကြွင်းသော အာသဝ၏ အာရုံ ဖြစ်ကုန်သော (လောကီ) ကုသိုလ်တရားတို့သည်လည်းကောင်း၊ အာသဝ၏ အာရုံဖြစ်ကုန်သော ကုသိုလ် အကုသိုလ်တရားတို့၏ အကျိုး ‘ဝိပါက်'တရားတို့သည်လည်းကောင်း၊ ကုသိုလ် အကုသိုလ်လည်း မဟုတ်မူ၍ ကုသိုလ် အကုသိုလ်ကံ၏ အကျိုး ‘ဝိပါက်'လည်း မဟုတ်ကုန်သော အကြင်ပြုကာမျှသဘော ‘ကြိယာ'တရားတို့သည်လည်းကောင်း၊ အလုံးစုံသော ရုပ်သည်လည်းကောင်း ရှိ၏။ ဤဆိုခဲ့ပြီးသော တရားအပေါင်းကို ဆင်းရဲမှု အမှန်သဘော ‘ဒုက္ခသစ္စာ’ဟု ဆိုအပ်၏။
--
နိရောဓသစ္စာ
ထိုသစ္စာလေးပါးတို့တွင် အဘယ်သည် ဆင်းရဲချုပ်မှု အမှန်သဘော ‘ဒုက္ခနိရောဓသစ္စာ’ မည်သနည်း။
အကြင်တပ်မက်မှု ‘တဏှာ'ကို ပယ်ခြင်းသည် ရှိ၏။ ဤတပ်မက်မှု ‘တဏှာ'ကို ပယ်ခြင်းကို ဆင်းရဲ ချုပ်မှု အမှန်သဘော ‘ဒုက္ခနိရောဓသစ္စာ’ဟု ဆိုအပ်၏။
မဂ္ဂသစ္စာ
ထိုသစ္စာလေးပါးတို့တွင် အဘယ်သည် ဆင်းရဲချုပ်မှုသို့ ရောက်ကြောင်းအကျင့် အမှန် သဘော ‘ဒုက္ခနိရောဓဂါမိနီ ပဋိပဒါသစ္စာ’ (မဂ္ဂသစ္စာ) မည်သနည်း။
ဤသာသနာတော်၌ ရဟန်းသည် အကြင်အခါ၌ အမြင်မှားမှု ‘ဒိဋ္ဌိ’ (ဒိဋ္ဌိနှင့် အကုသိုလ်အဖြစ်ချင်း တူသော ဖြစ်ခြင်း ရှိကုန်သော ဝိစိကိစ္ဆာစသော အကုသိုလ်တရား) တို့ကို ပယ်ခြင်းငှါလည်းကောင်း၊ ပထမ အရိယာအဆင့်ဖြစ်သည့် သောတာပတ္တိဖိုလ်သို့ ရောက်ခြင်းငှါလည်းကောင်း ဝဋ်ဆင်းရဲမှ ထွက်မြောက် တတ်သော ‘နိယျာနိက'နိဗ္ဗာန်သို့ ရောက်ကြောင်း ‘အပစယဂါမိ’ ဖြစ်သော လောကုတ္တရာဈာန်ကို ပွါး၏၊ ကာမဂုဏ်တို့မှ ကင်းဆိတ်၍ သာလျှင်။ပ။ ဆင်းရဲငြိုငြင်သော အကျင့်ရှိသော, နုံ့နှေးသော အသိဉာဏ် ရှိသော ပဌမဈာန်သို့ ရောက်၍ (မျက်မှောက်ပြု၍) နေ၏။ ထိုအခါ၌ မဖောက်မပြန်မှန်ကန်စွာ သိမြင်ခြင်း ‘သမ္မာဒိဋ္ဌိ’၊ မဖောက်မပြန် မှန်ကန်စွာ ကြံစည်ခြင်း ‘သမ္မာသင်္ကပ္ပ’၊ မဖောက်မပြန် မှန်ကန်စွာ ကြိုးစား အားထုတ်ခြင်း ‘သမ္မာဝါယာမ’၊ မဖောက်မပြန် မှန်ကန်စွာ အောက်မေ့မှု ‘သမ္မာသတိ’၊ မဖောက်မပြန် မှန်ကန်စွာ တည်ကြည်မှု (စိတ်ကို အာရုံ၌ ကောင်းစွာ ထားခြင်း) ‘သမ္မာသမာဓိ’ ဟူသော အင်္ဂါငါးပါး၁၇ှိသည့် နိဗ္ဗာန်သို့ ရောက်ကြောင်းလမ်း ‘မဂ်'သည် ဖြစ်၏။
သမ္မာဒိဋ္ဌိ
ထိုမဂ္ဂင်ငါးပါးတို့တွင် အဘယ်သည် မဖောက်မပြန် မှန်ကန်စွာ သိမြင်ခြင်း ‘သမ္မာဒိဋ္ဌိ’ မည်သနည်း။
အကြင် (ခွဲခွဲခြားခြား) အပြားအားဖြင့် ပိုင်းခြားသိမှု ‘ပညာ’၊ (ခွဲခွဲခြားခြား) အပြားအားဖြင့် ပိုင်းခြားသိမှုသဘော ‘ပဇာနနာ’။ပ။ (အမှန်သဘော၌) မတွေဝေမှု (အမှန်ကိုသိမှု) ‘အမောဟ’၊ (သစ္စာလေးပါး) တရားတို့ကို ပိုင်းခြားစိစစ်ခြင်းသဘော ‘ဓမ္မဝိစယ’၊ ကောင်းစွာ အမှန်သိမြင်မှု ‘သမ္မာဒိဋ္ဌိ’၊ သစ္စာလေးပါးတရားတို့ကို ပိုင်းခြားစိစစ်ခြင်းသဘော ‘ဓမ္မဝိစယ’ ဖြစ်၍ (သစ္စာလေးပါး) တရား တို့ကို သိတတ်သော ‘ဗောဓိဉာဏ်'၏ အစိတ်အပိုင်း အင်္ဂါဖြစ်သော ‘ဓမ္မဝိစယသမ္ဗောဇ္ဈင်’၊ (ကိလေသာ တို့ကို ပယ်သတ်၍) နိဗ္ဗာန်သို့ ထွက်မြောက်ကြောင်း လမ်း ‘မဂ်'၏ အစိတ်အပိုင်းအင်္ဂါ'မဂ္ဂင်္ဂ’၊ (ဝဋ်ဆင်းရဲမှ) ထွက်မြောက်ကြောင်း ‘မဂ်’၌ အကျုံးဝင်ခြင်းသဘော ‘မဂ္ဂပရိယာပန္န'သည် ရှိ၏။ ဤဆိုခဲ့ပြီးသော သဘောကို မဖောက်မပြန် မှန်ကန်စွာ သိမြင်ခြင်း ‘သမ္မာဒိဋ္ဌိ’ဟု ဆိုအပ်၏။ (ဏီ၊ ပဒ-၂၉၇)
--
သမ္မာသင်္ကပ္ပ
ထိုမဂ္ဂင်ငါးပါးတို့တွင် အဘယ်သည် မဖောက်မပြန် မှန်ကန်စွာ ကြံစည်မှု ‘သမ္မာသင်္ကပ္ပ’ မည်သနည်း။
အကြင် ကြံစည်ခြင်းသဘော ‘တက္က’၊ အထူးကြံစည်ခြင်းသဘော ‘ဝိတက္က’။ပ။ ကောင်းစွာ ကြံစည်ခြင်း သဘော ‘သမ္မာသင်္ကပ္ပ’၊ ထွက်မြောက်ကြောင်းလမ်း ‘မဂ်'၏ အစိတ်အပိုင်းအင်္ဂါ'မဂ္ဂင်္ဂ’၊ ထွက်မြောက် ကြောင်း ‘မဂ်’၌ အကျုံးဝင်ခြင်းသဘော ‘မဂ္ဂပရိယာပန္န'သည် ရှိ၏။ ဤဆိုခဲ့ပြီးသော သဘောကို မဖောက်မပြန် မှန်ကန်စွာ ကြံစည်မှု ‘သမ္မာသင်္ကပ္ပ’ဟု ဆိုအပ်၏။ (ဏီ၊ ပဒ-၂၉၈)
သမ္မာဝါယာမ
ထိုမဂ္ဂင်ငါးပါးတို့တွင် အဘယ်သည် မဖောက်မပြန် မှန်ကန်စွာ ကြိုးစားအားထုတ်မှု ‘သမ္မာဝါယာမ’ မည်သနည်း။
စိတ်၌ဖြစ်သော အကြင် ကြိုးစား အားထုတ်ခြင်း လုံ့လ ‘ဝီရိယာရမ္ဘ’ (ဝီရိယစေတသိက်)။ပ။ ကောင်းစွာ အားထုတ်ခြင်း ‘သမ္မာဝါယာမ’၊ သစ္စာလေးပါးကို ကောင်းစွာသိမှု ‘ဗောဓိဉာဏ်’ (မဂ်ဉာဏ်) ၏ အကြောင်းအင်္ဂါတစ်ပါးဖြစ်သော ကြိုးစားအားထုတ်မှု လုံ့လ ‘ဝီရိယသမ္ဗောဇ္ဈင်’၊ (ဝဋ်ဆင်းရဲမှ) ထွက်မြောက် ကြောင်း ‘မဂ်'၏ အစိတ်အပိုင်းအင်္ဂါ'မဂ္ဂင်္ဂ’၊ (ဝဋ်ဆင်းရဲမှ) ထွက်မြောက်ကြောင်း ‘မဂ်’၌ အကျုံးဝင်ခြင်း သဘော ‘မဂ္ဂပရိယာပန္န'သည် ရှိ၏။ ဤဆိုခဲ့ပြီးသော သဘောကို မဖောက်မပြန် မှန်ကန်စွာ ကြိုးစားအားထုတ်မှု လုံ့လ ‘သမ္မာဝါယာမ’ဟု ဆိုအပ်၏။ (ဏီ၊ ပဒ-၃၀၂)
သမ္မာသတိ
ထိုမဂ္ဂင်ငါးပါးတို့တွင် အဘယ်သည် မဖောက်မပြန် မှန်ကန်စွာ မမေ့မလျော့စူးစူးစိုက်စိုက် အောက်မေ့မှု ‘သမ္မာသတိ’ မည်သနည်း။
အကြင်အောက်မေ့မှု ‘သတိ’၊ အစဉ်အမြဲအဖန်ဖန် အောက်မေ့မှု ‘အနုဿတိ’။ပ။ ကောင်းစွာ အောက်မေ့မှု ‘သမ္မာသတိ’၊ သစ္စာလေးပါးကို ကောင်းစွာ သိမှု ‘ဗောဓိဉာဏ်’ (မဂ်ဉာဏ်) ၏ အစိတ် အပိုင်းအင်္ဂါဖြစ်သော အောက်မေ့မှု ‘သတိသမ္ဗောဇ္ဈင်’၊ (ဝဋ်ဆင်းရဲမှ) ထွက်မြောက်ကြောင်း ‘မဂ်'၏ အစိတ်အပိုင်းအင်္ဂါ'မဂ္ဂင်္ဂ’၊ (ဝဋ်ဆင်းရဲမှ) ထွက်မြောက်ကြောင်း ‘မဂ်’၌ အကျုံးဝင်သော ‘မဂ္ဂပရိယာပန္န'သည် ရှိ၏။ ဤဆိုခဲ့ပြီးသော သဘောကို မဖောက်မပြန် မှန်ကန်စွာ အောက်မေ့မှု ‘သမ္မာသတိ’ဟု ဆိုအပ်၏။ (ဏီ၊ ပဒ -၃၀၃)
--
သမ္မာသမာဓိ
ထိုမဂ္ဂင်ငါးပါးတို့တွင် အဘယ်သည် မဖောက်မပြန် မှန်ကန်စွာ တည်ကြည်မှု (စိတ်ကို အာရုံ၌ ကောင်းစွာထားမှု) ‘သမ္မာသမာဓိ’ မည်သနည်း။
စိတ်၏ အကြင် တည်တံ့ခြင်း ‘ဌိတိ’။ပ။ ကောင်းစွာ တည်ကြည်မှု ‘သမ္မာသမာဓိ’၊ သစ္စာလေးပါးကို ကောင်းစွာသိမှု ‘ဗောဓိဉာဏ် (မဂ်ဉာဏ်) ၏ အစိတ်အပိုင်း အင်္ဂါဖြစ်သော တည်ကြည်မှု ‘သမာဓိ သမ္ဗောဇ္ဈင်’၊ (ဝဋ်ဆင်းရဲမှ) ထွက်မြောက်ကြောင်း ‘မဂ်'၏ အစိတ်အပိုင်း အင်္ဂါ'မဂ္ဂင်္ဂ’၊ (ဝဋ်ဆင်းရဲမှ) ထွက်မြောက်ကြောင်း ‘မဂ်’၌ အကျုံးဝင်သော ‘မဂ္ဂပရိယာပန္န'သည် ရှိ၏။ ဤဆိုခဲ့ပြီးသော သဘောကို မဖောက်မပြန် မှန်ကန်စွာ တည်ကြည်မှု (စိတ်ကို အာရုံ၌ ကောင်းစွာ ထားမှု) ‘သမ္မာသမာဓိ’ဟု ဆိုအပ်၏။ (ဏီ၊ ပဒ-၃၀၄) ဤဆိုခဲ့ပြီးသော မဂ္ဂင်ငါးပါးကို ဆင်းရဲမှုချုပ်ခြင်းသို့ ရောက်ကြောင်းအကျင့် အမှန်သဘော ‘ဒုက္ခနိရောဓ ဂါမိနီ ပဋိပဒါသစ္စာ’ (မဂ္ဂသစ္စာ) ဟု ဆိုအပ်၏။
(မဂ္ဂင်ငါးပါတို့မှ) ကြွင်းသော (မဂ်စိတ္တုပ္ပါဒ်၌ရှိသော မဂ်စိတ်နှင့် စေတသိက် ၂၈-ပါး)၂ တရား တို့သည် ဆင်းရဲချုပ်ခြင်းသို့ ရောက်ကြောင်းအကျင့် (မဂ္ဂသစ္စာ) နှင့် ယှဉ်ကုန်၏။ပ။**၃
(တဏှာကို သမုဒယသစ္စာအဖြစ်ဖြင့် ဟောသော ပဉ္စင်္ဂိကဝါရ၄ ပထမနည်း ပြီး၏။)
၁။ စာပိုဒ်ရေ-၂၀၆အစနှင့်၂၁၁-အဆုံး ကြည့်ပါ။
၂။ မဂ်စိတ်နှင့် ယှဉ်ဘက်စေတသိက် ၃၆-ပါးဖြစ်၍ မဂ္ဂင်၅-ပါးကြဉ်လျှင် စေတသိက် ၃၁-ပါးသာဖြစ်သည်။ စင်စစ်မှာ ပုဂ္ဂလဇ္ဈာသယအားဖြင့် သီလမဂ္ဂင် ၃-ပါးတို့မှာ မဂ်အခိုက်အတန့်မှာ ဖြစ်ဖွယ်မလိုဟု ယူဆထားရာ ဤနေရာ၌ ယှဉ်ဘက်စေတသိက် ၂၈-ပါးဟု ပြန်ဆိုလိုက်သည်။
၃။ **ပဉ္စင်္ဂိကဝါရ ဒုတိယနည်း (=ကိလေသာ ၁၀-ပါးကို သမုဒယသစ္စာဟု ဟောသောနည်း)။ တတိယနည်း (=အကုသိုလ်တရားအားလုံးကို သမုဒယသစ္စာဟု ဟောသောနည်း)။ စတုတ္ထနည်း (=အကုသိုလ်တရားအားလုံးနှင့် လောကီကုသလ မူလ ၃-ပါးတို့ကို သမုဒယသစ္စာဟု ဟောသောနည်း) တို့ကို ပေယျာလချန်ခဲ့သည်။
၄။ ပဉ္စင်္ဂိကဝါရဟု ဟောတော်မူရခြင်းအကြောင်း- (အဋ္ဌင်္ဂိကဝါရအစ ပြန်ကြည့်) (သီလမဂ္ဂင် ၃-ပါးကြဉ်သော) အင်္ဂါ၅-ပါးရှိသည့် ပဉ္စင်္ဂိကမဂ်ကို ဆင်းရဲချုပ်ခြင်း (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့် (မဂ္ဂသစ္စာ) ဟု ဟောတော်မူရခြင်းအကြောင်းမှာ- ပုဂ္ဂိုလ်၏ ကာယကံ, ဝစီကံ, အာဇီဝ= အသက်မွေးမှုသည် မဂ်မရမီ ရှေးမဆွကပင် သန့်ရှင်းစင်ကြယ်ပြီးဖြစ်သောကြောင့် မဂ်အခိုက်အတန့်၌ ယင်းသီလမဂ္ဂင် ၃-ပါး ဖြည့်ဖွယ် မရှိတော့ပြီ၊ ကြွင်းမဂ္ဂင် ၅-ပါးသာ ဖြည့်ရတော့သည်ဟု ယူဆသည့် ပုဂ္ဂိုလ်တို့၏ ပုဂ္ဂလဇ္ဈာသယအားဖြင့် ပဉ္စင်္ဂိကမဂ်ကို ဆင်းရဲချုပ်ခြင်း ‘နိဗ္ဗာန်'သို့ ရောက်ကြောင်းအကျင့် ‘မဂ္ဂသစ္စာ’ဟု ဟောတော်မူသည်။ (သမ္မော၊ ဋ္ဌ၊ နှာ-၁၁၅)
--
၅-ပဉ္စင်္ဂိကဝါရ ပဉ္စမနည်း
(လောကီကုသိုလ် အကုသိုလ်အားလုံးတို့ကို သမုဒယသစ္စာဟု ဟောသောနည်း)
သမုဒယသစ္စာ
၂၁၂။ ထိုသစ္စာလေးပါးတို့တွင် အဘယ်သည် ဆင်းရဲမှုဖြစ်ကြောင်း အမှန်သဘော ‘ဒုက္ခသမုဒယသစ္စာ’ မည်သနည်း။
တပ်မက်မှု ‘တဏှာ'သည်လည်းကောင်း၊ (တဏှာမှ) ကြွင်းသော ပူပန်စေတတ် နှိပ်စက်တတ်သော ‘ကိလေသာ'တို့သည်လည်းကောင်း၊ (ကိလေသာ ၁၀-ပါးတို့မှ) ကြွင်းသော အကုသိုလ်တရားတို့သည် လည်းကောင်း၊ (သတ္တဝါတို့၏သန္တာန်၌) ယိုစီးဖြစ်ပွားနေတတ်၍ မူးယစ်မိုက်မဲစေတတ်သော ‘အာသဝ'၏ (တဏှာ, ဒိဋ္ဌိ, မောဟတို့၏) အာရုံဖြစ်ကုန်သော (လောကီ) ကုသိုလ်၏ အကြောင်းရင်း ‘ကုသလမူလ'သုံးပါး (အလောဘ, အဒေါသ, အမောဟ) တို့သည်လည်းကောင်း၊ ‘ကုသလမူလ'သုံးပါးတို့မှ ကြွင်းသော အာသဝ၏ အာရုံဖြစ်ကုန်သော လောကီကုသိုလ်တရားတို့သည်လည်းကောင်း ရှိကုန်၏။ ဤဆိုခဲ့ပြီးသော တရားအပေါင်းကို ဆင်းရဲမှုဖြစ်ကြောင်း အမှန်သဘော ‘ဒုက္ခသမုဒယသစ္စာ’ဟု ဆိုအပ်၏။
ဒုက္ခသစ္စာ
ထိုသစ္စာလေးပါးတို့တွင် အဘယ်သည် ဆင်းရဲမှု အမှန်သဘော ‘ဒုက္ခသစ္စာ’ မည်သနည်း။
(သတ္တဝါတို့၏ သန္တာန်၌) ယိုစီးဖြစ်ပွားနေတတ်၍ မူးယစ်မိုက်မဲစေတတ်သော ‘အာသဝ'၏ (တဏှာ, ဒိဋ္ဌိ, မောဟတို့၏) အာရုံဖြစ်သော ကုသိုလ် အကုသိုလ်တရားတို့၏ အကျိုး ‘ဝိပါက်'တရားတို့ သည်လည်းကောင်း (အာသဝ၏ အာရုံဖြစ်သော လောကီဝိပါက်တရားတို့သည်လည်းကောင်း)၊ ကုသိုလ် အကုသိုလ်လည်း မဟုတ်မူ၍ ကုသိုလ် အကုသိုလ်ကံ၏ အကျိုးလည်း မဟုတ်သော အကြင် ပြုကာမျှ သဘော ‘ကြိယာ'တရားတို့သည်လည်းကောင်း၊ အလုံးစုံသော ရုပ်သည်လည်းကောင်း ရှိ၏။ ဤလောကီဝိပါက်, ကြိယာ, ရုပ်အားလုံးကို ဆင်းရဲမှု အမှန်သဘော ‘ဒုက္ခသစ္စာ’ဟု ဆိုအပ်၏။
နိရောဓသစ္စာ
ထိုသစ္စာလေးပါးတို့တွင် အဘယ်သည် ဆင်းရဲချုပ်မှု အမှန်သဘော ‘ဒုက္ခနိရောဓသစ္စာ’ မည်သနည်း။
တပ်မက်မှု ‘တဏှာ'ကိုလည်းကောင်း၊ (တဏှာမှ) ကြွင်းသော ပူပန်စေတတ် နှိပ်စက်တတ်သော ‘ကိလေသာ'တို့ကိုလည်းကောင်း၊ (ကိလေသာ ၁၀-ပါးတို့မှ) ကြွင်းသော အကုသိုလ်တရားတို့ကိုလည်း ကောင်း၊ ‘အာသဝ'၏ (တဏှာ, ဒိဋ္ဌိ, မောဟတို့၏) အာရုံဖြစ်ကုန်သော (လောကီ) ကုသိုလ်၏ အကြောင်းရင်းဖြစ်သော ‘ကုသလမူလ'သုံးပါးတို့ကိုလည်းကောင်း၊ ('ကုသလမူလ'သုံးပါးတို့မှ) ကြွင်း သော အာသဝ၏ အာရုံဖြစ်သော လောကီကုသိုလ် တရားတို့ကိုလည်းကောင်း ပယ်ခြင်းသည် ရှိ၏။ ဤလောကီကုသိုလ် အကုသိုလ်တရားအပေါင်းကို ပယ်ခြင်းကို ဆင်းရဲချုပ်မှု အမှန်သဘော ‘ဒုက္ခနိရောဓသစ္စာ’ဟု ဆိုအပ်၏။
--
မဂ္ဂသစ္စာ
ထိုသစ္စာလေးပါးတို့တွင် အဘယ်သည် ဆင်းရဲချုပ်မှုသို့ ရောက်ကြောင်းအကျင့် အမှန် သဘော ‘ဒုက္ခနိရောဓဂါမိနီ ပဋိပဒါသစ္စာ’ (မဂ္ဂသစ္စာ) မည်သနည်း။
ဤသာသနာတော်၌ ရဟန်းသည် အကြင်အခါ၌ အမြင်မှားမှု ‘ဒိဋ္ဌိ’ (ဒိဋ္ဌိနှင့် အကုသိုလ်အဖြစ်ချင်း တူသော ဖြစ်ခြင်း ရှိကုန်သော ဝိစိကိစ္ဆာစသော အကုသိုလ်တရား) တို့ကို ပယ်ခြင်းငှါလည်းကောင်း၊ ပထမ အရိယာ အဆင့်ဖြစ်သည့် သောတာပတ္တိဖိုလ်သို့ ရောက်ခြင်းငှါလည်းကောင်း ဝဋ်ဆင်းရဲမှ ထွက်မြောက် တတ်သော ‘နိယျာနိက'နိဗ္ဗာန်သို့ ရောက်ကြောင်း ‘အပစယဂါမိ’ ဖြစ်သော လောကုတ္တရာဈာန်ကို ပွါး၏၊ ကာမဂုဏ်တို့မှ ကင်းဆိတ်၍ သာလျှင်။ပ။ ဆင်းရဲငြိုငြင်သော အကျင့်ရှိသော, နုံ့နှေးသော အသိဉာဏ် ရှိသော ပဌမဈာန်သို့ ရောက်၍ (မျက်မှောက်ပြု၍) နေ၏။ ထိုအခါ၌ မဖောက်မပြန်မှန်ကန်စွာ သိမြင်ခြင်း ‘သမ္မာဒိဋ္ဌိ’၊ မဖောက်မပြန် မှန်ကန်စွာ ကြံစည်ခြင်း ‘သမ္မာသင်္ကပ္ပ’၊ မဖောက်မပြန် မှန်ကန်စွာ ကြိုးစား အားထုတ်ခြင်း ‘သမ္မာဝါယာမ’၊ မဖောက်မပြန် မှန်ကန်စွာ အောက်မေ့မှု ‘သမ္မာသတိ’၊ မဖောက်မပြန် မှန်ကန်စွာ တည်ကြည်မှု (စိတ်ကို အာရုံ၌ ကောင်းစွာ ထားခြင်း) ‘သမ္မာသမာဓိ’ဟူသော အင်္ဂါငါးပါး ရှိသည့် နိဗ္ဗာန်သို့ ရောက်ကြောင်းလမ်း ‘မဂ်'သည် ဖြစ်၏။ ဤဆိုခဲ့ပြီးသော မဂ္ဂင်ငါးပါးကို ဆင်းရဲမှုချုပ်ခြင်းသို့ ရောက်ကြောင်းအကျင့် အမှန်သဘော ‘ဒုက္ခနိရောဓဂါမိနီ ပဋိပဒါသစ္စာ’ (မဂ္ဂသစ္စာ)ဟု ဆိုအပ်၏။ပ။**၁ (မဂ္ဂင်ငါးပါးတို့မှ) ကြွင်းသော (မဂ်စိတ္တုပ္ပါဒ်၌ရှိသော မဂ်စိတ်နှင့် စေတသိက် ၂၈-ပါး) တရားတို့ သည် ဆင်းရဲမှုချုပ်ခြင်းသို့ ရောက်ကြောင်းအကျင့် (မဂ္ဂသစ္စာ) နှင့် ယှဉ်ကုန်၏။
(လောကီကုသိုလ် အကုသိုလ်အာလုံးကို သဒုဒယသစ္စာဟု ဟောသောနည်း ပဉ္စင်္ဂိကဝါရ ပဉ္စမနည်း ပြီး၏။)
ပဉ္စင်္ဂိကဝါရအားဖြင့် သစ္စာလေးပါးဖွဲ့နည်း ၅-မျိုး ပြီး၏။
၁။ ** မဂ္ဂင်၅-ပါး၏ အဓိပ္ပါယ်ကို ပေယျာလချန်ခဲ့သည်၊ ပထမနည်းအတိုင်း ချဲ့ယူရမည် ဖြစ်သည်။
--
၃-သဗ္ဗသင်္ဂါဟိကဝါရ
(သဗ္ဗသင်္ဂါဟိကဝါရအားဖြင့် သစ္စာလေးပါး ဖွဲ့နည်း ၅-မျိုး)
(သဗ္ဗ= အလုံးစုံ၊ မဂ်၌ယှဉ်သော သမ္ဂယုတ်တရား အားလုံး။ သင်္ဂါဟိက= (သံ= ကောင်းစွာ။ ဂါဟ= ယူခြင်း။ ဣက= ပြခြင်း) ကောင်းစွာသိမ်းယူ၍ပြခြင်း။ သဗ္ဗသင်္ဂါဟိက= မဂ်စိတ်နှင့် ယှဉ်ဘက် ဖဿ-စသော စေတသိက်များကို မဂ္ဂသစ္စာဟု သိမ်းကျုံး၍ ပြသည့်နည်း ဖြစ်သည်။)့
၁-သဗ္ဗသင်္ဂါဟိကဝါရ-ပထမနည်း
(တဏှာကို သမုဒယသစ္စာအဖြစ်ဖြင့် ဟောသောနည်း)
သစ္စာလေးပါး
၂၁၃။ သစ္စာလေးပါးတို့ကား-
(၁) ဆင်းရဲမှု အမှန်သဘော ‘ဒုက္ခသစ္စာ’။
(၂) ဆင်းရဲမှုဖြစ်ကြောင်း အမှန်သဘော ‘ဒုက္ခသမုဒယသစ္စာ’။
(၃) ဆင်းရဲချုပ်မှု အမှန်သဘော ‘ဒုက္ခနိရောဓသစ္စာ’။
(၄) ဆင်းရဲချုပ်မှုသို့ ရောက်ကြောင်းအကျင့် အမှန်သဘော ‘ဒုက္ခနိရောဓဂါမိနီပဋိပဒါသစ္စာ’ (မဂ္ဂသစ္စာ) တို့တည်း။
သမုဒယသစ္စာ
ထိုသစ္စာလေးပါးတို့တွင် အဘယ်သည် ဆင်းရဲမှုဖြစ်ကြောင်း အမှန်သဘော ‘ဒုက္ခ သမုဒယသစ္စာ’ မည်သနည်း။
အကြင် တပ်မက်မှု ‘တဏှာ'သည် ရှိ၏။ ဤတပ်မက်မှု ‘တဏှာ'ကို ဆင်းရဲမှုဖြစ်ကြောင်း အမှန် သဘော ‘ဒုက္ခသမုဒယသစ္စာ’ဟု ဆိုအပ်၏။
ဒုက္ခသစ္စာ
ထိုသစ္စာလေးပါးတို့တွင် အဘယ်သည် ဆင်းရဲမှု အမှန်သဘော ‘ဒုက္ခသစ္စာ’ မည်သနည်း။
(တဏှာမှ) ကြွင်းသော ပူပန်စေတတ် နှိပ်စက်တတ်သော ‘ကိလေသာ'တို့သည်လည်းကောင်း၊ (ကိလေသာ ၁၀-ပါးမှ) ကြွင်းသော အကုသိုလ်တရားတို့သည်လည်းကောင်း၊ (သတ္တဝါတို့၏သန္တာန်၌) ယိုစီးဖြစ်ပွားနေတတ်၍ မူးယစ်မိုက်မဲစေတတ်သော ‘အာသဝ'၏ (တဏှာ, ဒိဋ္ဌိ, မောဟတို့၏) အာရုံဖြစ် ကုန်သော (လောကီ) ကုသိုလ်၏ အကြောင်းရင်း ‘ကုသလမူလ'သုံးပါး (အလောဘ, အဒေါသ, အမောဟ) တို့သည်လည်းကောင်း၊ ‘ကုသလမူလ'သုံးပါးတို့မှ ကြွင်းသော အာသဝ၏ အာရုံဖြစ်ကုန်သော (လောကီ) ကုသိုလ်တရားတို့သည်လည်းကောင်း၊ အာသဝ၏ အာရုံဖြစ်ကုန်သော ကုသိုလ် အကုသိုလ်တရားတို့၏ အကျိုး ‘ဝိပါက်'တရားတို့သည်လည်းကောင်း၊ ကုသိုလ် အကုသိုလ်လည်း မဟုတ်မူ၍ ကုသိုလ် အကုသိုလ် ကံ၏ အကျိုး ‘ဝိပါက်'လည်း မဟုတ်ကုန်သော အကြင်ပြုကာမျှသဘော ‘ကြိယာ'တရားတို့သည် လည်း ကောင်း၊ အလုံးစုံသော ရုပ်သည်လည်းကောင်း ရှိ၏။ ဤဆိုခဲ့ပြီးသော တရားအပေါင်းကို ဆင်းရဲမှု အမှန်သဘော ‘ဒုက္ခသစ္စာ’ဟု ဆိုအပ်၏။
--
နိရောဓသစ္စာ
ထိုသစ္စာလေးပါးတို့တွင် အဘယ်သည် ဆင်းရဲချုပ်မှု အမှန်သဘော ‘ဒုက္ခနိရောဓသစ္စာ’ မည်သနည်း။
အကြင်တပ်မက်မှု ‘တဏှာ'ကို ပယ်ခြင်းသည် ရှိ၏။ ဤတပ်မက်မှု ‘တဏှာ'ကို ပယ်ခြင်းကို ဆင်းရဲချုပ်မှု အမှန်သဘော ‘ဒုက္ခနိရောဓသစ္စာ’ဟု ဆိုအပ်၏။
မဂ္ဂသစ္စာ
ထိုသစ္စာလေးပါးတို့တွင် အဘယ်သည် ဆင်းရဲချုပ်မှုသို့ ရောက်ကြောင်းအကျင့် အမှန် သဘော ‘ဒုက္ခ နိရောဓဂါမိနီ ပဋိပဒါသစ္စာ’ (မဂ္ဂသစ္စာ) မည်သနည်း။
ဤသာသနာတော်၌ ရဟန်းသည် အကြင်အခါ၌ အမြင်မှားမှု ‘ဒိဋ္ဌိ’ (ဒိဋ္ဌိနှင့် အကုသိုလ်အဖြစ်ချင်း တူသော ဖြစ်ခြင်း ရှိကုန်သော ဝိစိကိစ္ဆာစသော အကုသိုလ်တရား) တို့ကို ပယ်ခြင်းငှါလည်းကောင်း၊ ပထမ အရိယာအဆင့် ဖြစ်သည့် သောတာပတ္တိဖိုလ်သို့ ရောက်ခြင်းငှါလည်းကောင်း၊ ဝဋ်ဆင်းရဲမှ ထွက်မြောက် တတ်သော ‘နိယျာနိက'နိဗ္ဗာန်သို့ ရောက်ကြောင်း ‘အပစယဂါမိ’ ဖြစ်သော လောကုတ္တရာဈာန်ကို ပွါး၏၊ ကာမဂုဏ်တို့မှ ကင်းဆိတ်၍သာလျှင်။ပ။ ဆင်းရဲငြိုငြင်သော အကျင့်ရှိသော, နုံ့နှေးသော အသိဉာဏ် ရှိသော ပဌမဈာန်သို့ ရောက်၍ (မျက်မှောက်ပြု၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု ‘ဖဿ'သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု ‘အဝိက္ခေပ'သည် ဖြစ်၏။**၁ ဤဆိုခဲ့ပြီးသော ဖဿစသော တရားအပေါင်းကို ဆင်းရဲချုပ်မှုသို့ ရောက်ကြောင်းအကျင့် အမှန် သဘော ‘ဒုက္ခနိရောဓဂါမိနီ ပဋိပဒါသစ္စာ’ (မဂ္ဂသစ္စာ)၂ ဟု ဆိုအပ်၏။ပ။
(တဏှာကို သမုဒယသစ္စာအဖြစ်ဖြင့် ဟောသော သဗ္ဗသင်္ဂါဟိကဝါရ ပထမနည်း ပြီး၏။)
၁။ ** ဓမ္မသင်္ဂဏီစာပိုဒ်- ၂၇၇၊ နှာ-၇၂။
၂။ မဂ္ဂသစ္စာနှင့် ယှဉ်ဘက်ဖြစ်သော ဖဿစသော တရားအပေါင်း (=မဂ်စိတ်နှင့်ယှဉ်ဘက် စေတသိက်) သဗ္ဗသင်္ဂါဟိက တရားကို မဂ္ဂသစ္စာဟု ဟောတော်မူခြင်းအကြောင်းမှာ- မဂ်စိတ် ၄-ပါးနှင့် မဂ္ဂင်၈-ပါးကြဉ်သော စေတသိက် ၂၈-ပါးတို့ သည် မဂ္ဂသစ္စာနှင့် ယှဉ်ဘော်ယှဉ်ဘက် တရားများဖြစ်ကြသောကြောင့် ဆင်းရဲချုပ်မှု (နိဗ္ဗာန်) သို့ရောက်ကြောင်း (မဂ္ဂသစ္စာ) ဟု ဟောတော်မူသည်။ (သမ္မော၊ ဋ္ဌ၊ နှာ-၁၁၅) သဗ္ဗသင်္ဂါဟိကဝါရ ဒုတိယနည်း (=ကိလေသာ ၁၀-ပါးကို သမုဒယသစ္စာဟု ဟောသောနည်း)။ တတိယနည်း (=အကုသိုလ်တရားအားလုံးကို သမုဒယသစ္စာဟု ဟောသောနည်း)။ စတုတ္ထနည်း (=အကုသိုလ်တရားအားလုံးနှင့် လောကီကုသလမူလ ၃-ပါးတို့ကို သမုဒယသစ္စာဟု ဟောသောနည်း)။ ဤနည်း ၃-မျိုးကို ပေယျာလ ချန်ထားခဲ့သည်။
--
၅-သဗ္ဗသင်္ဂါဟိကဝါရ ပဉ္စမနည်း
(လောကီကုသိုလ်နှင့် အကုသိုလ်အားလုံးတို့ကို သမုဒယသစ္စာဟု ဟောသောနည်း)
(သမုဒယသစ္စာ, ဒုက္ခသစ္စာ, နိရောဓသစ္စာ, မဂ္ဂသစ္စာ)
သမုဒယသစ္စာ
၂၁၄။ ထိုသစ္စာလေးပါးတို့တွင် အဘယ်သည် ဆင်းရဲမှုဖြစ်ကြောင်း အမှန်သဘော ‘ဒုက္ခသမုဒယသစ္စာ’ မည်သနည်း။
တပ်မက်မှု ‘တဏှာ'သည်လည်းကောင်း၊ (တဏှာမှ) ကြွင်းသော ပူပန်စေတတ် နှိပ်စက်တတ်သော ကိလေသာတို့သည်လည်းကောင်း၊ (ကိလေသာ၁၀-ပါးတို့မှ) ကြွင်းသော အကုသိုလ်တရားတို့သည် လည်းကောင်း၊ (သတ္တဝါတို့၏သန္တာန်၌) ယိုစီးဖြစ်ပွါးနေတတ်၍ မူးယစ်မိုက်မဲစေတတ်သော ‘အာသဝ'၏ (တဏှာ, ဒိဋ္ဌိ, မောဟတို့၏) အာရုံဖြစ်ကုန်သော လောကီကုသိုလ်၏ အကြောင်းရင်း ‘ကုသလမူလ'သုံးပါး (အလောဘ, အဒေါသ, အမောဟ) တို့သည်လည်းကောင်း၊ (ကုသလမူလသုံးပါးတို့မှ) ကြွင်းသော အာသဝ၏ အာရုံဖြစ်ကုန်သော လောကီကုသိုလ်တရားတို့သည်လည်းကောင်း ရှိကုန်၏။ ဤဆိုခဲ့ပြီးသော တရားအပေါင်းကို ဆင်းရဲမှုဖြစ်ကြောင်းအမှန်သဘော ‘ဒုက္ခသမုဒယသစ္စာ’ဟု ဆိုအပ်၏။
ဒုက္ခသစ္စာ
ထိုသစ္စာလေးပါးတို့တွင် အဘယ်သည် ဆင်းရဲမှု အမှန်သဘော ‘ဒုက္ခသစ္စာ’ မည်သနည်း။
(သတ္တဝါတို့၏သန္တာန်၌) ယိုစီးဖြစ်ပွါးနေတတ်၍ မူးယစ် မိုက်မဲစေတတ်သော ‘အာသဝ'၏ (တဏှာ, ဒိဋ္ဌိ, မောဟတို့၏) အာရုံဖြစ်သော ကုသိုလ် အကုသိုလ်တရားတို့၏ အကျိုး ‘ဝိပါက်'တရားတို့သည် လည်းကောင်း (အာသဝ၏ အာရုံဖြစ်သော လောကီဝိပါက်တရားတို့သည်လည်းကောင်း)၊ ကုသိုလ် အကုသိုလ်လည်း မဟုတ်မူ၍ ကုသိုလ် အကုသိုလ်ကံ၏ အကျိုးလည်း မဟုတ်သော အကြင် ပြုကာမျှ သဘော ‘ကြိယာ'တရားတို့သည်လည်းကောင်း၊ အလုံးစုံသော ရုပ်သည်လည်းကောင်း ရှိ၏။ ဤလောကီဝိပါက်, ကြိယာ, ရုပ်အားလုံးကို ဆင်းရဲမှုအမှန်သဘော ‘ဒုက္ခသစ္စာ’ဟု ဆိုအပ်၏။
နိရောဓသစ္စာ
ထိုသစ္စာလေးပါးတို့တွင် အဘယ်သည် ဆင်းရဲချုပ်မှု အမှန်သဘော ‘ဒုက္ခနိရောဓသစ္စာ’ မည်သနည်း။
တပ်မက်မှု ‘တဏှာ'ကိုလည်းကောင်း၊ (တဏှာမှ) ကြွင်းသော ပူပန်စေတတ်သော နှိပ်စက်တတ်သော ‘ကိလေသာ'တို့ကိုလည်းကောင်း၊ (ကိလေသာ၁၀-ပါးမှ) ကြွင်းသော အကုသိုလ်တရားတို့ကိုလည်း ကောင်း၊ အာသဝ၏ (တဏှာ, ဒိဋ္ဌိ, မောဟတို့၏) အာရုံဖြစ်သော (လောကီ) ကုသိုလ်၏ အကြောင်းရင်း ‘ကုသလမူလ'သုံးပါးတို့ကိုလည်းကောင်း၊ (ကုသလမူလသုံးပါးတို့မှ) ကြွင်းသော အာသဝ၏ အာရုံဖြစ် သော လောကီကုသိုလ်တရားတို့ကိုလည်းကောင်း ပယ်ခြင်းသည် ရှိ၏။ ဤလောကီကုသိုလ်, အကုသိုလ်တရားအပေါင်းကို ပယ်ခြင်းကို ဆင်းရဲချုပ်မှု အမှန်သဘော ‘ဒုက္ခ နိရောဓသစ္စာ’ဟု ဆိုအပ်၏။
--
မဂ္ဂသစ္စာ
ထိုသစ္စာလေးပါးတို့တွင် အဘယ်သည် ဆင်းရဲချုပ်မှုသို့ရောက်ကြောင်းအကျင့် အမှန်သဘော ‘ဒုက္ခနိရောဓဂါမိနီပဋိပဒါသစ္စာ’ (မဂ္ဂသစ္စာ) မည်သနည်း။
ဤသာသနာတော်၌ ရဟန်းသည် အကြင်အခါ၌ အမြင်မှားမှု ‘ဒိဋ္ဌိ’ (ဒိဋ္ဌိနှင့် အချင်းချင်း အကုသိုလ် အဖြစ်ဖြင့် တူသောဖြစ်ခြင်းရှိကုန်သော ဝိစိကိစ္ဆာစသောအကုသိုလ်တရား) တို့ကို ပယ်ခြင်းငှါလည်းကောင်း၊ ပထမအရိယာအဆင့်ဖြစ်သည့် သောတာပတ္တိဖိုလ်သို့ ရောက်ခြင်းငှါလည်းကောင်း ဝဋ်ဆင်းရဲမှ ထွက်မြောက် တတ်သော ‘နိယျာနိက', နိဗ္ဗာန်သို့ ရောက်ကြောင်း ‘အပစယဂါမိ’ ဖြစ်သော လောကုတ္တရာဈာန်ကို ပွါး၏။ ကာမဂုဏ်တို့မှ ကင်းဆိတ်၍သာလျှင်။ပ။ ဆင်းရဲငြိုငြင်သော အကျင့်ရှိသော နုံ့နှေးသော အသိဉာဏ်ရှိသော ပထမဈာန်သို့ ရောက်၍ (မျက်မှောက်ပြု၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု ‘ဖဿ'သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု ‘အဝိက္ခေပ'သည် ဖြစ်၏။ ဤဆိုခဲ့ပြီးသော ဖဿစသော တရားအပေါင်းကို ဆင်းရဲချုပ်မှုသို့ ရောက်ကြောင်းအကျင့် အမှန် သဘော ‘ဒုက္ခနိရောဓဂါမိနီပဋိပဒါသစ္စာ’ (မဂ္ဂသစ္စာ)ဟု ဆိုအပ်၏။
(လောကီကုသိုလ် အကုသိုလ်အားလုံးကို သမုဒယသစ္စာအဖြစ်ဖြင့် ဟောသော သဗ္ဗသင်္ဂါဟိကဝါရ ပဉ္စမနည်း ပြီး၏။)
(သဗ္ဗသင်္ဂါဟိကဝါရ ပြီး၏။)
အဘိဓမ္မာနည်းဖြင့် ဝေဖန်၍ ဟောကြားအပ်သော ‘အဘိဓမ္မဘာဇနီယနည်း'ပြီး၏။
--
၃-ပဥှာပုစ္ဆက
(အမေး-အဖြေပြု၍ ဟောကြားသော ‘ပဥှာပုစ္ဆက'နည်း)
သစ္စာ ၄-ပါး
၂၁၅။ မဂ်ဖိုလ်ကို ရပြီး၍ ဖြူစင်မြင့် မြတ်သဖြင့် ‘အရိယာ’ဟု ခေါ်တွင်သော ပုဂ္ဂိုလ်မြတ် တို့ ထိုးထွင်း၍ သိအပ်သည့် အမှန်သဘော ‘အရိယသစ္စာ'လေးပါးတို့ကား-
(၁) အရိယာတို့ ထိုးထွင်း၍ သိအပ်သော ဆင်းရဲမှုအမှန်သဘော ‘ဒုက္ခအရိယသစ္စာ’။
(၂) အရိယာတို့ ထိုးထွင်း၍ သိအပ်သော ဆင်းရဲမှုဖြစ်ကြောင်း အမှန်သဘော ‘ဒုက္ခသမုဒယ အရိယသစ္စာ’။
(၃) အရိယာတို့ ထိုးထွင်း၍ သိအပ်သော ဆင်းရဲမှုချုပ်ရာ အမှန်သဘော ‘ဒုက္ခနိရောဓ အရိယသစ္စာ’။
(၄) အရိယာတို့ ထိုးထွင်း၍ သိအပ်သော ဆင်းရဲမှုချုပ်ရာသို့ ရောက်ကြောင်းအကျင့် အမှန် သဘော ‘ဒုက္ခနိရောဓဂါမိနီပဋိပဒါအရိယသစ္စာ'၁ တို့တည်း။
၁။ ဒုက္ခနိရောဓဂါမိနီပဋိပဒါအရိယသစ္စာ= မဂ္ဂသစ္စာ။
--
အမေးပုစ္ဆာ
သစ္စာ ၄-ပါးတို့ကို တိက်, ဒုက်တို့ဖြင့် ဝေဖန်၍ အမေးပုစ္ဆာနည်းသက်သက်ကို ပြခြင်း
၁-တိက် ၂၂-ပါးတို့ဖြင့် ဝေဖန်၍ အမေးပုစ္ဆာကို ပြခြင်း
(၁) ကုသလတိက် အမေးပုစ္ဆာ ၂၁၆။ အရိယာပုဂ္ဂိုလ်တို့ ထိုးထွင်း၍ သိအပ်သော အမှန်သဘော ‘အရိယသစ္စာ'၄-ပါးတို့တွင် အပြစ်မရှိမူ၍ ကောင်းကျိုး ချမ်းသာကိုသာ ပေးတတ်သော ‘ကုသိုလ်'သစ္စာတို့သည် အဘယ်မျှရှိကုန်သနည်း၊ အပြစ်နှင့်တကွဖြစ်၍ မကောင်းကျိုးဆင်းရဲကို ပေးတတ်သော ‘အကုသိုလ်'သစ္စာတို့သည် အဘယ်မျှရှိကုန်သနည်း၊ ကုသိုလ်, အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သော ‘အဗျာကတ'သစ္စာတို့သည် အဘယ်မျှရှိကုန်သနည်း။ပ။**၁
၁။ ** ဝေဒနာတိက် အမှတ် ၂-မှ သနိဒဿနတိက် အမှတ် ၂၂-အထိ တိက် ၂၁-ခုတို့၏ အမေးပုစ္ဆာများကို ပေယျာလ ချန်ခဲ့သည်။
၂-ဒုက်၁၀၀-တို့ဖြင့် ဝေဖန်၍ အမေးပုစ္ဆာကို ပြခြင်း
(၁၀၀) သရဏဒုက် အမေးပုစ္ဆာ
(အရိယသစ္စာ ၄-ပါးတို့တွင်) ငိုကြွေးကြောင်း (ရာဂစသော ကိလေသာ) ရှိသော ‘သရဏ'သစ္စာတို့သည် အဘယ်မျှရှိကုန် သနည်း။ ငိုကြွေးကြောင်း (ရာဂစသော ကိလေသာ) မရှိသော ‘အရဏ'သစ္စာတို့သည် အဘယ်မျှ ရှိကုန် သနည်း။**၁
၁။ ** ဟေတုဒုက် ဒုက်အမှတ် ၁-မှ သဥတ္တရဒုက် ဒုက်အမှတ် ၉၉-အထိ ဒုက် ၉၉-ခုတို့၏ အမေးပုစ္ဆာများကို ပေယျာလ လုံးဝချန်ခဲ့သည်။
--
အဖြေဝိသဇ္ဇနာ
သစ္စာ ၄-ပါးတို့ကို တိက်, ဒုက်တို့ဖြင့် ဝေဖန်၍ အဖြေ ‘ဝိသဇ္ဇနာ'ကို ပြခြင်း
၁-တိက ဝိသဇ္ဇနာ
(သစ္စာ ၄-ပါးတို့ကို တိက် ၂၂-ပါးတို့ဖြင့် ဝေဖန်၍ အဖြေ ‘ဝိသဇ္ဇနာ'ကို ပြခြင်း)
(၁) ကုသလတိက် အဖြေ ဝိသဇ္ဇနာ
၂၁၇။ ဆင်းရဲမှုဖြစ်ကြောင်း အမှန်သဘော ‘သမုဒယသစ္စာ'သည် အပြစ်နှင့် တကွဖြစ်၍ မကောင်းကျိုးဆင်းရဲကို ပေးတတ်သော ‘အကုသိုလ်’ ဖြစ်၏ (လောဘ)။ ဆင်းရဲမှုချုပ်ရာသို့ ရောက်ကြောင်းအကျင့် အမှန်သဘော ‘မဂ္ဂသစ္စာ'သည် အပြစ်မရှိမူ၍ ကောင်းကျိုး ချမ်းသာကို ပေးတတ်သော ‘ကုသိုလ်’ ဖြစ်၏ (မဂ္ဂင်ရှစ်ပါး)။ ဆင်းရဲမှုချုပ်ရာ အမှန်သဘော ‘နိရောဓသစ္စာ'သည် ကုသိုလ်, အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သော (ကုသိုလ်လည်း မဟုတ်မူ၍ အကုသိုလ်လည်း မဟုတ်သော) ‘အဗျာကတ’ ဖြစ်၏ (နိဗ္ဗာန်)။ အချို့သော ဆင်းရဲမှု အမှန်သဘော ‘ဒုက္ခသစ္စာ'သည် ကုသိုလ်ဖြစ်၏ (လောကီကုသိုလ်စိတ္တုပ္ပါဒ်၁များ)။ အချို့သော ဒုက္ခသစ္စာသည် အကုသိုလ်ဖြစ်၏ (လောဘကြဉ်သော အကုသိုလ်စိတ္တုပ္ပါဒ်)။ အချို့သော ဒုက္ခသစ္စာသည် အဗျာကတဖြစ်၏ (လောကီဝိပါက်စိတ္တုပ္ပါဒ်၊ ကြိယာစိတ္တုပ္ပါဒ်၊ ရုပ် ၂၈-ပါး)။
၁။ စိတ္တုပ္ပါဒ်သည် စိတ်နှင့်ယှဉ်ဘက် စေတသိက်များဟု ဆိုလိုသည်။
(၂) ဝေဒနာတိက် အဖြေဝိသဇ္ဇနာ
အချို့သော (သမုဒယသစ္စာ၊ မဂ္ဂသစ္စာ) သစ္စာနှစ်ပါးတို့သည် သုခဝေဒနာနှင့်ယှဉ်ကုန်၏ (လောဘမူ သောမနဿစိတ် ၄-ပါး၌ ရှိသော လောဘ၊ သောမနဿမဂ်ဈာန်စိတ်၁၆-ပါး၌ရှိသော မဂ္ဂင် ၈-ပါး)။ အချို့သော (သမုဒယသစ္စာ၊ မဂ္ဂသစ္စာ) သစ္စာနှစ်ပါးတို့သည် အဒုက္ခမသုခဝေဒနာ (ဥပေက္ခာဝေဒနာ) နှင့် ယှဉ်ကုန်၏ (လောဘမူ ဥပေက္ခာသဟဂုတ်စိတ် ၄-ပါး၌ ရှိသော လောဘ၊ ဥပေက္ခာသဟဂုတ် မဂ်ဈာန်စိတ် ၄-ပါး၌ ရှိသော မဂ္ဂင် ၈-ပါး)။ နိရောဓသစ္စာကို သုခဝေဒနာနှင့် ယှဉ်၏ဟူ၍လည်းကောင်း၊ ဒုက္ခဝေဒနာနှင့် ယှဉ်၏ဟူ၍လည်း ကောင်း၊ အဒုက္ခမသုခဝေဒနာနှင့် ယှဉ်၏ဟူ၍လည်းကောင်း မဆိုအပ်ချေ (နိဗ္ဗာန်)။ အချို့သော ဒုက္ခသစ္စာသည် သုခဝေဒနာနှင့် ယှဉ်၏ (လောကီသုခသဟဂုတ်စိတ် ၃၁-ပါး၊ လောဘ, ဒေါသ, ဣဿာ, မစ္ဆရိယ, ကုက္ကုစ္စ, ဝိစိကိစ္ဆာ, ဝေဒနာကြဉ် ယှဉ်ဘက် စေတသိက် ၄၅-ပါး)။ အချို့သော ဒုက္ခသစ္စာသည် ဒုက္ခဝေဒနာနှင့် ယှဉ်၏ (ဒေါသမူဒွေး၊ ဒုက္ခသဟဂုတ်ကာယဝိညာဉ်စိတ်)။ အချို့သော ဒုက္ခသစ္စာသည် အဒုက္ခမသုခဝေဒနာ (ဥပေက္ခာ) နှင့် ယှဉ်၏ (လောကီဥပေက္ခာသဂုတ်စိတ် ၄၇-ပါး၊ လောဘ, ဒေါသ, ဣဿာ, မစ္ဆရိယ, ကုက္ကုစ္စ, ပီတိ, ဝေဒနာကြဉ်သော ယှဉ်ဘက်စေတသိက် ၄၅-ပါး)။
တိက်မုတ်
အချို့သော ဒုက္ခသစ္စာသည် သုခဝေဒနာနှင့် ယှဉ်၏ဟူ၍လည်းကောင်း၊ ဒုက္ခဝေဒနာနှင့် ယှဉ်၏ဟူ၍လည်းကောင်း၊ အဒုက္ခမသုခဝေဒနာ (ဥပေက္ခာဝေဒနာ) နှင့် ယှဉ်၏ဟူ၍လည်း ကောင်း မဆိုအပ်ချေ (ဝေဒနာ၊ ရုပ် ၂၈-ပါး)။
--
(၃) ဝိပါကတိက် အဖြေဝိသဇ္ဇနာ
(သမုဒယသစ္စာ၊ မဂ္ဂသစ္စာ) သစ္စာနှစ်ပါးတို့သည် အကျိုး ‘ဝိပါက်'ကို ဖြစ်စေခြင်းသဘော (အကျိုး ‘ဝိပါက်'ကို ဖြစ်စေတတ်သော သဘော) ရှိသောတရား ဖြစ်ကုန်၏ (လောဘ၊ မဂ္ဂင် ၈-ပါး)။ နိရောဓသစ္စာသည် ကုသိုလ် အကုသိုလ်တို့၏ အကျိုး ‘ဝိပါက်'လည်း မဟုတ်မူ၍ အကျိုးကို ဖြစ်စေခြင်း သဘော (အကျိုး ‘ဝိပါက်'ကို ဖြစ်စေတတ်သောသဘော) ရှိသော တရားလည်း မဟုတ်ချေ (နိဗ္ဗာန်)။ အချို့သောဒုက္ခသစ္စာသည် ကုသိုလ် အကုသိုလ်တို့၏ အကျိုး ‘ဝိပါက်’ ဖြစ်၏ (လောကီဝိပါက်စိတ် ၃၂-ပါး၊ ယှဉ်ဘက်စေတသိတ် ၃၅-ပါး)။ အချို့သော ဒုက္ခသစ္စာသည် အကျိုး ‘ဝိပါက်'ကို ဖြစ်စေခြင်း သဘော (အကျိုး ‘ဝိပါက်'ကို ဖြစ်စေတတ်သောသဘော) ရှိသော တရားဖြစ်၏ (လောဘကြဉ်သော လောကီကုသိုလ်, အကုသိုလ် စိတ္တုပ္ပါဒ်)။ အချို့သော ဒုက္ခသစ္စာသည် ကုသိုလ် အကုသိုလ်တို့၏ အကျိုး ‘ဝိပါက်'လည်း မဟုတ်မူ၍ အကျိုး ‘ဝိပါက်'ကို ဖြစ်စေခြင်းသဘော (အကျိုး ‘ဝိပါက်'ကို ဖြစ်စေတတ်သော သဘော) ရှိသော တရားလည်း မဟုတ်ချေ (ကြိယာစိတ္တုပ္ပါဒ်၊ ရုပ် ၂၈-ပါး)။
(၄) ဥပါဒိဏ္ဏတိက် အဖြေဝိသဇ္ဇနာ
သမုဒယသစ္စာသည် တဏှာ, ဒိဋ္ဌိတို့ ကပ်အပ်သော ကံသည် အကျိုး၏ အဖြစ်ဖြင့် မယူအပ်မူ၍ (တဏှာ, ဒိဋ္ဌိတို့၏ အာရုံ ဖြစ်သည့် ကံကြောင့် မဖြစ်မူ၍) ဥပါဒါန်၏ (တဏှာ, ဒိဋ္ဌိတို့၏) အာရုံသာ ဖြစ်၏ (လောဘ)။ (နိရောဓသစ္စာ၊ မဂ္ဂသစ္စာ) သစ္စာနှစ်ပါးတို့သည် တဏှာ, ဒိဋ္ဌိတို့သည် ကပ်အပ်သောကံသည် အကျိုး၏ အဖြစ်ဖြင့်လည်း မယူအပ်မူ၍ (တဏှာ, ဒိဋ္ဌိတို့၏အာရုံဖြစ်သော လောကီကုသိုလ်ကံ အကုသိုလ်ကံ တို့ကြောင့် မဖြစ်မူ၍) ဥပါဒါန်၏ (တဏှာ, ဒိဋ္ဌိတို့၏) အာရုံလည်း မဟုတ်ကုန် (နိဗ္ဗာန်၊ မဂ္ဂင်-၈ပါး)။ အချို့သော ဒုက္ခသစ္စာသည် တဏှာဒိဋ္ဌိတို့သည် ကပ်အပ်သောကံသည် အကျိုး၏အဖြစ်ဖြင့်လည်း ယူအပ်၍ (တဏှာ, ဒိဋ္ဌိတို့၏ အာရုံဖြစ်သော ကံကြောင့်လည်း ဖြစ်၍) ဥပါဒါန်၏ (တဏှာ, ဒိဋ္ဌိတို့၏) အာရုံလည်း ဖြစ်၏ (လောကီဝိပါက်စိတ် ၃၂-ပါး၊ ယှဉ်ဘက်စေတသိက်၊ ကမ္မဇရုပ်)၊ အချို့သော ဒုက္ခသစ္စာသည် တဏှာ, ဒိဋ္ဌိတို့သည် ကပ်အပ်သော ကံသည် အကျိုး၏အဖြစ်ဖြင့် မယူအပ်မူ၍ (တဏှာ, ဒိဋ္ဌိတို့၏ အာရုံဖြစ်သော ကံကြောင့် မဖြစ်မူ၍) ဥပါဒါန်၏ (တဏှာ, ဒိဋ္ဌိတို့၏) အာရုံသာဖြစ်၏ (လောကီ ကုသိုလ်, ကြိယာစိတ္တုပ္ပါဒ်၊ လောဘကြဉ်သော အကုသိုလ် စိတ္တုပ္ပါဒ်၊ ကမ္မဇရုပ်ကြဉ်သော တိဇရုပ်)။
(၅) သံကိလိဋ္ဌတိက် အဖြေဝိသဇ္ဇနာ
သမုဒယသစ္စာသည် ပူပန်စေတတ်နှိပ်စက်တတ် ညစ်နွမ်းစေတတ်သော ကိလေသာတို့သည် ပူပန်စေအပ်သည်လည်း ဖြစ်၍ (ကိလေသာနှင့် ယှဉ်၍) ကိလေသာ၏ အာရုံလည်းဖြစ်၏ (လောဘ)။ (နိရောဓသစ္စာ၊ မဂ္ဂသစ္စာ) သစ္စာနှစ်ပါးတို့သည် ကိလေသာတို့သည် ပူပန်စေအပ်သည်လည်း မဟုတ်မူ၍ (ကိလေသာနှင့် မယှဉ်မူ၍) ကိလေသာ၏အာရုံလည်း မဟုတ်ကုန် (နိဗ္ဗာန်၊ မဂ် စိတ်နှင့်ယှဉ်သော မဂ္ဂင် ၈-ပါး)။ အချို့သော ဒုက္ခသစ္စာသည် ကိလေသာတို့သည် ပူပန်စေအပ်သည်လည်းဖြစ်၍ (ကိလေသာနှင့် ယှဉ်၍) ကိလေသာ၏အာရုံလည်းဖြစ်၏ (လောဘကြဉ်သော အကုသိုလ်စိတ္တုပ္ပါဒ်)၊ အချို့သော ဒုက္ခသစ္စာသည် ကိလေသာတို့သည် ပူပန်စေအပ်သည် မဟုတ်မူ၍ (ကိလေသာနှင့် မယှဉ်မူ၍) ကိလေသာ၏ အာရုံသာ ဖြစ်၏။ (လောကီကုသိုလ်, ဝိပါက်, ကြိယာစိတ္တုပ္ပါဒ်၊ ရုပ် ၂၈-ပါး)။
--
(၆) ဝိတက်တိက် အဖြေဝိသဇ္ဇနာ
သမုဒယသစ္စာသည် ဝိတက်လည်း ရှိ၍ (ဝိတက်နှင့်လည်း ယှဉ်၍) ဝိစာရလည်း ရှိ၏ (ဝိစာရနှင့်လည်း ယှဉ်၏) (လောဘမူစိတ်၌ ရှိသော လောဘ)။ နိရောဓသစ္စာသည် ဝိတက်လည်း မရှိမူ၍ (ဝိတက်နှင့်လည်း မယှဉ်မူ၍) ဝိစာရလည်း မရှိချေ (ဝိစာရနှင့်လည်း မယှဉ်) (နိဗ္ဗာန်)။ အချို့သော မဂ္ဂသစ္စာသည် ဝိတက်လည်းရှိ၍ (ဝိတက်နှင့်လည်းယှဉ်၍) ဝိစာရလည်းရှိ၏ (ဝိစာရနှင့် လည်း ယှဉ်၏) (မဂ်ပဌမဈာန်စိတ်၌ရှိသော ဝိတက်ကြဉ်သည့် မဂ္ဂင် ၇-ပါး)။ အချို့သော မဂ္ဂသစ္စာသည် ဝိတက်ကား မရှိမူ၍ (ဝိတက်နှင့် မယှဉ်မူ၍) ဝိစာရမျှသာ ရှိ၏ (ဝိစာရနှင့်သာယှဉ်၏) (မဂ်ဒုတိယဈာန် စိတ်၌ရှိသည့် သမ္မာသင်္ကပ္ပကြဉ်သော မဂ္ဂင် ၇-ပါး၊ မဂ်ပဌမဈာန်၌ရှိသော သမ္မာသင်္ကပ္ပ= ဝိတက်)။ အချို့သော မဂ္ဂသစ္စာသည် ဝိတက်လည်း မရှိမူ၍ ဝိစာရလည်း မရှိချေ (မဂ်တတိယဈာန်, စတုတ္ထဈာန်, ပဉ္စမဈာန်စိတ်တို့၌ရှိသော သမ္မာသင်္ကပ္ပကြဉ် မဂ္ဂင် ၇-ပါး)။ အချို့သော ဒုက္ခသစ္စာသည် ဝိတက်လည်း ရှိ၍ ဝိစာရလည်း ရှိ၏ (လောကီသဝိတက္ကစိတ် ၄၇-ပါး၊ လောဘ, ဝိတက်, ဝိစာရကြဉ် ယှဉ်ဘက်စေတသိတ် ၄၉-ပါး)။ အချို့သော ဒုက္ခသစ္စာသည် ဝိတက် မရှိမူ၍ ဝိစာရမျှသာရှိ၏ (လောကီဒုတိယဈာန် ၃-ပါးနှင့် ယှဉ်ဘက်စေတသိက်၊ လောကီသဝိတက္ကစိတ် ၄၇-ပါး၌ရှိသော ဝိတက် ၄၇-ပါး)။ အချို့သော ဒုက္ခသစ္စာသည် ဝိတက်လည်းမရှိမူ၍ ဝိစာရလည်း မရှိချေ (လောကီအဝိတက္က အဝိစာရစိတ် ၃၁-ပါး၊ ယှဉ်ဘက်စေတသိက် ၃၆-ပါး၊ လောကီ ဒုတိယဈာန့်စိတ် ၃-ပါး၌ရှိသော ဝိစာရ စေတသိတ် ၃-ပါး၊ ရုပ် ၂၈-ပါး)။
တိက်မုတ်
အချို့သော ဒုက္ခသစ္စာကို ဝိတက်လည်းရှိ၍ ဝိစာရလည်းရှိ၏ဟူ၍လည်းကောင်း ဝိတက် မရှိမူ၍ ဝိစာရမျှသာ ရှိ၏ဟူ၍လည်းကောင်း ဝိတက်လည်း မရှိမူ၍ ဝိစာရလည်း မရှိဟူ၍လည်းကောင်း မဆိုအပ်ချေ (လောကီ သဝိတက္ကစိတ် ၄၇-ပါး၌ရှိသော ဝိစာရစေတသိတ် ၄၇-ပါး)။
(၇) ပီတိတိက် အဖြေ ဝိသဇ္ဇနာ
အချို့သော (သမုဒယသစ္စာ၊ မဂ္ဂသစ္စာ) သစ္စာနှစ်ပါးတို့သည် ပီတိနှင့်တကွ ဖြစ်ကုန်၏ (ပီတိနှင့် ယှဉ်၏) (လောဘမူ သောမနဿစိတ်၌ရှိသော လောဘ၊ ပဌမ, ဒုတိယ, တတိယမဂ် ဈာန်စိတ်၁၂-ပါးတို့၌ရှိသော မဂ္ဂင် ၈-ပါး)။ အချို့သော (သမုဒယသစ္စာ၊ မဂ္ဂသစ္စာ) သစ္စာနှစ်ပါးတို့သည် သုခဝေဒနာနှင့်တကွ ဖြစ်ကုန်၏ (လောဘမူ သောမနဿစိတ်၌ရှိသော လောဘ၊ ပဌမ, ဒုတိယ, တတိယ, စတုတ္ထ မဂ်ဈာန်စိတ်၁၆-ပါး တို့၌ရှိသော မဂ္ဂင် ၈-ပါး)။ အချို့သော (သမုဒယသစ္စာ၊ မဂ္ဂသစ္စာ) သစ္စာနှစ်ပါးတို့သည် ဥပေက္ခာ ဝေဒနာနှင့်တကွ ဖြစ်ကုန်၏ (လောဘမူဥပေက္ခာ စိတ်၌ ရှိသော လောဘ၊ မဂ်ပဉ္စမဈာန်စိတ် ၄-ပါး၌ ရှိသော မဂ္ဂင် ၇-ပါး)။
--
တိက်မုတ်
နိရောဓသစ္စာကို ပီတိနှင့်တကွ ဖြစ်၏ (ပီတိနှင့်ယှဉ်၏)ဟူ၍လည်းကောင်း၊ သုခဝေဒနာနှင့်တကွ ဖြစ်၏ဟူ၍လည်ကောင်း၊ ဥပေက္ခာဝေဒနာနှင့်တကွ ဖြစ်၏ဟူ၍လည်းကောင်း မဆိုအပ်ချေ (နိဗ္ဗာန်)။ အချို့သော ဒုက္ခသစ္စာသည် ပီတိနှင့်တကွ ဖြစ်၏ (ပီတိနှင့်ယှဉ်၏) (လောကီပီတိသဟဂုတ်စိတ် ၂၇-ပါး၊ လောဘ, ပီတိ, ဒေါစတုက်, ဝိစိကိစ္ဆာကြဉ်သော ယှဉ်ဘက် စေတသိက် ၄၅-ပါး)။ အချို့သော ဒုက္ခသစ္စာသည် သုခဝေဒနာနှင့်တကွ ဖြစ်၏ (သုခဝေဒနာနှင့် ယှဉ်၏) (လောကီသုခသဟဂုတ်စိတ် ၃၁ပါး၊ လောဘ, ဝေဒနာ, ဒေါစတုက်, ဝိစိကိစ္ဆာကြဉ်သော ယှဉ်ဘက်စေတသိက် ၄၅-ပါး)။ အချို့သော ဒုက္ခသစ္စာသည် ဥပေက္ခာဝေဒနာနှင့်တကွ ဖြစ်၏။ (ဥပေက္ခာဝေဒနာနှင့် ယှဉ်၏) (လောကီဥပေက္ခာသဟ ဂုတ်စိတ် ၄၇-ပါး၊ လောဘ, ဝေဒနာ, ဒေါစတုက်, ပီတိကြဉ်သော ယှဉ်ဘက်စေတသိက် ၄၅-ပါး)။
တိက်မုတ်
အချို့သော ဒုက္ခသစ္စာကို ပီတိနှင့်တကွ ဖြစ်၏ဟူ၍လည်းကောင်း၊ သုခဝေဒနာနှင့်တကွ ဖြစ်၏ဟူ၍လည်းကောင်း၊ ဥပေက္ခာဝေဒနာနှင့်တကွ ဖြစ်၏ဟူ၍လည်းကောင်း မဆို အပ်ချေ (ဒုက္ခသဟဂုတ် စိတ္တုပ္ပါဒ်၊ ရုပ် ၂၈-ပါး၊ သုခသဟဂုတ်ကာယဝိညာဏ်နှင့် လောကီစတုတ္ထဈာန် စိတ် ၃-ပါးတို့၌ ရှိသော သုခဝေဒနာ ၄-ပါး၊ လောကီဥပေက္ခာသဟဂုတ်စိတ် ၄၇-ပါး၌ ရှိသော ဥပေက္ခာဝေဒနာ ၄၇-ပါး)။
(၈) ဒဿနတိက် အဖြေဝိသဇ္ဇနာ
(နိရောဓသစ္စာ၊ မဂ္ဂသစ္စာ) သစ္စာနှစ်ပါးတို့သည် နိဗ္ဗာန်ကို ရှေးဦးစွာ မြင်သဖြင့် ‘ဒဿန’မည်သော သောတာပတ္တိမဂ် သည် ပယ်အပ်သည်လည်း မဟုတ်မူ၍, (သောတာပတ္တိမဂ်မြင်ပြီးသော နိဗ္ဗာန်ကို ပွါးများခြင်းအားဖြင့် တစ်ဖန်ထပ်၍ မြင်သဖြင့် ‘ဘာဝနာ’မည်သော) အထက်မဂ်သုံးခုတို့သည် ပယ်အပ်သည်လည်း မဟုတ်ကုန် (နိဗ္ဗာန်၊ မဂ္ဂင် ၈-ပါး)။ အချို့သော သမုဒယသစ္စာသည် သောတာပတ္တိမဂ်သည် ပယ်အပ်သည် ဖြစ်၏ (ဒိဋ္ဌိဂတသမ္ပယုတ် စိတ် ၄-ပါး၌ရှိသော လောဘ)၊ အချို့သော သမုဒယသစ္စာသည် အထက်မဂ်သုံးခုတို့သည် ပယ်အပ်သည် ဖြစ်၏ (ဒိဋ္ဌိဂတ ဝိပ္ပယုတ်စိတ် ၄-ပါး၌ရှိသော လောဘ)။ အချို့သော ဒုက္ခသစ္စာသည် သောတာပတ္တိမဂ်သည် ပယ်အပ်၏ (ဒိဋ္ဌိဂတသမ္ပယုတ်စိတ် ၄-ခု၊ ဝိစိကိစ္ဆာစိတ်၊ လောဘကြဉ်သော ယှဉ်ဘက် စေတသစိတ်များ၊ အပါယဂမနိယဖြစ်သော အကုသိုလ် တရားများ)။ အချို့သော ဒုက္ခသစ္စာသည် အထက်မဂ်သုံးပါးတို့သည် ပယ်အပ်၏ (ကြွင်းအကုသိုလ်စိတ် ၇-ပါး၊ လောဘကြဉ်သော ယှဉ်ဘက်စေတသိတ်များ)။ အချို့သော ဒုက္ခသစ္စာသည် သောတာပတ္တိမဂ့်ပယ်အပ်သည်လည်း မဟုတ်မူ၍ အထက်မဂ်သုံးပါးတို့သည် ပယ်အပ်သည်လည်း မဟုတ်ကုန် (လောကီ ကုသိုလ်, ဝိပါက်, ကြိယာ စိတ္တုပ္ပါဒ်များ၊ ရုပ် ၂၈-ပါး)။
(၉) ဒဿနဟေတုတိက် အဖြေဝိသဇ္ဇနာ
(နိရောဓသစ္စာ၊ မဂ္ဂသစ္စာ) သစ္စာနှစ်ပါးတို့သည် သောတာပတ္တိမဂ်သည် ပယ်အပ်သော ဟိတ်ရှိ သည်လည်း မဟုတ် မူ၍ အထက်မဂ်သုံးပါးတို့ ပယ်အပ်သော ဟိတ်ရှိသည်လည်း မဟုတ်ကုန် (နိဗ္ဗာန်၊ မဂ်စိတ်တို့၌ ရှိသော မဂ္ဂင် ၈-ပါး)။ အချို့သော သမုဒယသစ္စာသည် သောတာပတ္တိမဂ်သည် ပယ်အပ်သော ဟိတ်ရှိ၏ (လောဘမူဒိဋ္ဌိဂတ သမ္ပယုတ်စိတ်၌ရှိသော လောဘ-မောဟဟိတ်နှင့် ယှဉ်၏)။ အချို့သော သမုဒယသစ္စာသည် အထက်မဂ် သုံးပါးတို့ ပယ်အပ်သော ဟိတ်ရှိ၏ (လောဘမူ ဒိဋ္ဌိဂတဝိပ္ပယုတ်စိတ်၌ရှိသော လောဘ)။ အချို့သော ဒုက္ခသစ္စာသည် သောတာပတ္တိမဂ်သည် ပယ်အပ်သော ဟိတ်ရှိ၏ (လောဘကြဉ်သော ဒိဋ္ဌိဂတသမ္ပယုတ်စိတ္တုပ္ပါဒ်၊ မောဟကြဉ်သော ဝိစိကိစ္ဆာစိတ္တုပ္ပါဒ်)။ အချို့သော ဒုက္ခသစ္စာသည် အထက်မဂ် သုံးပါးတို့ ပယ်အပ်သော ဟိတ်ရှိ၏ (လောဘကြဉ်သော ဒိဋ္ဌိဂတဝိပ္ပယုတ်စိတ္တုပ္ပါဒ်၊ ဒေါသမူစိတ္တုပ္ပါဒ်၊ မောဟကြဉ်သော ဥဒ္ဓစ္စသဟဂုတ်စိတ္တုပ္ပါဒ်)။ အချို့သော ဒုက္ခသစ္စာသည် သောတာပတ္တိမဂ် ပယ်အပ်သော ဟိတ်ရှိသည်လည်း မဟုတ်မူ၍ အထက်မဂ်သုံးပါးတို့ ပယ်အပ်သောဟိတ်ရှိသည်လည်း မဟုတ်ကုန် (မောဟမူဒွေး၌ရှိသော မောဟ, လောကီကုသိုလ်, ဝိပါက်, ကြိယာစိတ္တုပ္ပါဒ်၊ ရုပ် ၂၈-ပါး)။
--
(၁၀) အာစယဂါမိတိက် အဖြေဝိသဇ္ဇနာ
သမုဒယသစ္စာသည် စုတိ ပဋိသန္ဓေသို့ ရောက်ကြောင်း ဖြစ်၏ (လောဘ)။ မဂ္ဂသစ္စာသည် စုတိပဋိသန္ဓေမှကင်းသော နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်၏ (မဂ်စိတ် ၄-ပါး၌ရှိသည့် မဂ္ဂင် ၈-ပါး)။ နိရောဓသစ္စာသည် စုတိပဋိသန္ဓေသို့ ရောက်ကြောင်းလည်း မဟုတ်မူ၍ နိဗ္ဗာန်သို့ ရောက်ကြောင်း လည်း မဟုတ်ချေ (နိဗ္ဗာန်)။ အချို့သော ဒုက္ခသစ္စာသည် စုတိပဋိသန္ဓေသို့ ရောက်ကြောင်း ဖြစ်၏ (လောဘကြဉ်သည့် လောကီ ကုသိုလ်, အကုသိုလ်စိတ္တုပ္ပါဒ်)။ အချို့သော ဒုက္ခသစ္စာသည် စုတိပဋိသန္ဓေသို့ ရောက်ကြောင်းလည်း မဟုတ်မူ၍ နိဗ္ဗာန်သို့ ရောက်ကြောင်းလည်း မဟုတ်ချေ (လောကီဝိပါက်, ကြိယာစိတ္တုပ္ပါဒ်များ, ရုပ်၂၈-ပါး)။ [အာစယဂါမိ= အာ+စယ+ဂါမိ။ အာ= လွန်စွာ။ စယ= ဆည်းပူး။ ဂါမိ= ရောက်ကြောင်း။ = ကံ ကိလေသာတို့သည် ဆည်းပူးအပ်သော တရားသို့ရောက်ကြောင်း။ စုတိပဋိသန္ဓေသို့ ရောက်ကြောင်း ‘
(၁၁) သေက္ခတိက် အဖြေဝိသဇ္ဇနာ
မဂ္ဂသစ္စာသည် (အရဟတ္တဖိုလ်သို့ရောက်ရန်) ကျင့်ဆဲ ‘သေက္ခ'ပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်၏ (အရိယာ မဂ္ဂင်ရှစ်ပါး)။ (ဒုက္ခသစ္စာ၊ သမုဒယသစ္စာ၊ နိရောဓသစ္စာ) သစ္စာသုံးပါးတို့သည် (အရဟတ္တဖိုလ်သို့ရောက်ရန်) ကျင့်ဆဲ ‘သေက္ခ'ပုဂ္ဂိုလ်တို့၏ ဥစ္စာလည်းမဟုတ်မူ၍ (အရဟတ္တဖိုလ်သို့ရောက်ပြီး) ကျင့်ပြီး ‘အသေက္ခ’ (ရဟန္တာ) ပုဂ္ဂိုလ်တို့၏ ဥစ္စာလည်း မဟုတ်ကုန် (လောကီတရားများ၊ နိဗ္ဗာန်)။
(၁၂) ပရိတ္တတိက် အဖြေဝိသဇ္ဇနာ
သမုဒယသစ္စာသည် နည်းပါးသော တန်ခိုးအာနုဘော်ရှိသော ‘ပရိတ္တ'တရား (ကာမတရား) ဖြစ်၏ (လောဘ)။ (နိရောဓ သစ္စာ, မဂ္ဂသစ္စာ) သစ္စာနှစ်ပါးတို့သည် နှိုင်းယှဉ်မှုကို ပြုတတ်သော ကိလေသာတို့၏ ဆန့်ကျင်ဘက် ဖြစ်သော (မနှိုင်းယှဉ်အပ်သော) ‘အပ္ပမာဏ'တရားဖြစ်၏။ အချို့သော ဒုက္ခသစ္စာသည် နည်းပါးသော တန်ခိုးအာနုဘော်ရှိသော ‘ပရိတ္တ'တရား (ကာမတရား) ဖြစ်၏ (လောဘကြဉ်သော ကာမာဝစရစိတ္တုပ္ပါဒ်၊ ရုပ်)။ အချို့သော ဒုက္ခသစ္စာသည် ကြီးကျယ်မြင့်မြတ် သည်၏ အဖြစ်သို့ ရောက်သော ‘မဟဂ္ဂတ'တရားဖြစ်၏ (မဟဂ္ဂုတ်စိတ္တုပ္ပါဒ်)။ [ပမာဏ= တိုင်းတာအပ်သော၊ တိုင်းတာတတ်သော ကိလေသာရှိနေသူ ပုထုဇဉ်၏ ဂုဏ်မှာ ဤမျှ လောက် သာရှိ၏။ ဤမျှလောက်သာ ကြီး၏ဟု တိုင်းတာနှိုင်းယှဉ်၍ ရကောင်းသဖြင့် ကိလေသာကို ‘ပမာဏ'တရားဟု ခေါ်သည်။ ‘
--
(၁၃) ပရိတ္တာရမ္မဏတိက် အဖြေဝိသဇ္ဇနာ
နိရောဓသစ္စာသည် အာရုံပြုတတ်သော သဘောမရှိ (အာရုံ မပြုတတ်ချေ) (နိဗ္ဗာန်)။ မဂ္ဂသစ္စာသည် မနှိုင်းယှဉ်အပ်သော ‘အပ္ပမာဏ'တရား (လောကုတ္တရာတရားဖြစ်သော နိဗ္ဗာန်) ကို အာရုံပြု၏ (မဂ်စိတ်၌ ရှိသော မဂ္ဂင် ၈-ပါး)။ အချို့သော သမုဒယသစ္စာသည် ပရိတ္တတရား (ကာမတရား) ကို အာရုံပြု၏ (လောဘမူစိတ် ၈-ပါး ၌ ရှိသော လောဘ)။ အချို့သော သမုဒယသစ္စာသည် မဟဂ္ဂုတ်တရားကို အာရုံပြု၏ (ရပြီးဈာန်ကို သာယာမှုစသည် ဖြစ်သော အခိုက်အတန့်၌ ဖြစ်သော လောဘ)။ သမုဒယသစ္စာသည် အပ္ပမာဏတရား (လောကုတ္တရာတရား) ကို အာရုံမပြုချေ။ အချို့သော သမုဒယသစ္စာကို ပရိတ္တတရား (ကာမတရား) ကို အာရုံပြု၏ဟူ၍လည်းကောင်း၊ မဟဂ္ဂုတ်တရားကို အာရုံပြု၏ဟူ၍လည်းကောင်း မဆိုအပ်ချေ (ပညတ်ကို အာရုံပြုခိုက်ဖြစ်သော လောဘ)။ အချို့သော ဒုက္ခသစ္စာသည် ကာမကို အာရုံပြု၏ (ကာမတရားကို အာရုံပြုခိုက်ဖြစ်သော ကာမာဝစရစိတ္တုပ္ပါဒ်များနှင့် အဘိညာဉ်ဒွေး)။ အချို့သော ဒုက္ခသစ္စာသည် မဟဂ္ဂုတ်ကိုအာရုံပြု၏ (လောဘ ကြဉ်သော အကုသိုလ်စိတ္တုပ္ပါဒ်၊ အဘိညာဉ်ဒွေး၊ မနောဒွါရာဝဇ္ဇန်း, မဟာကုသိုလ်, မဟာကြိယာစိတ္တုပ္ပါဒ်၊ အရူပ ဒုတိယ-စတုတ္ထ စိတ္တုပ္ပါဒ်)။ အချို့သော ဒုက္ခသစ္စာသည် အပ္ပမာဏတရား (လောကုတ္တရာတရား) ကို အာရုံပြု၏ (မနောဒွါရာဝဇ္ဇန်း၊ ဉာဏသမ္ပယုတ် မဟာကုသိုလ်, မဟာကြိယာစိတ္တုပ္ပါဒ်၊ အဘိညာဉ်ဒွေး)။
တိက်မုတ်
အချို့သော ဒုက္ခသစ္စာကို ပရိတ္တတရား (ကာမတရား) ကို အာရုံပြု၏ဟူ၍လည်းကောင်း၊ မဟဂ္ဂုတ်တရားကို အာရုံပြု၏ဟူ၍လည်းကောင်း၊ အပ္ပမာဏတရား (လောကုတ္တရာ တရား) ကို အာရုံပြု၏ဟူ၍လည်းကောင်း မဆိုအပ်ချေ (ပညတ်ကို ဧကန်အာရုံပြုသော ရူပါဝစရစိတ္တုပ္ပါဒ်၊ မဟဂ္ဂုတ်ကို ဧကန် အာရုံပြုသော အရူပါဝစရ ပဌမ တတိယ စိတ္တုပ္ပါဒ်၊ ပညတ်ကို အနေကန် အာရုံ ပြုခိုက်ဖြစ်သော မနောဒွါရာဝဇ္ဇန်း, လောဘကြဉ်သော အကုသိုလ်စိတ္တုပ္ပါဒ်, မဟာကုသိုလ် မဟာကြိယာ စိတ္တုပ္ပါဒ်နှင့် အဘိညာဉ်ဒွေး၊ ရုပ် ၂၈-ပါး)။
(၁၄) ဟီနတိက် အဖြေဝိသဇ္ဇနာ
သမုဒယသစ္စာသည် ယုတ်ညံ့သော ‘ဟီန'တရားဖြစ်၏။ (လောဘ)။ (နိရောဓသစ္စာ၊ မဂ္ဂသစ္စာ) သစ္စာနှစ်ပါးတို့သည် မြင့်မြတ်သော ‘ပဏီတ'တရား ဖြစ်ကုန်၏ (နိဗ္ဗာန်၊ မဂ္ဂင် ၈-ပါး)။ အချို့သော ဒုက္ခသစ္စာသည် ယုတ်ညံ့သော ‘ဟီန'တရားဖြစ်၏ (လောဘကြဉ်သော အကုသိုလ် စိတ္တုပ္ပါဒ်)။ အချို့သော ဒုက္ခသစ္စာသည် အလယ်အလတ်ဖြစ်သော ‘မဇ္ဈိမ'တရားဖြစ်၏ (အကုသိုလ် ကြဉ်သော လောကီ စိတ္တုပ္ပါဒ်များ၊ ရုပ် ၂၈-ပါး)။
--
(၁၅) မိစ္ဆတ္တတိက်၁အဖြေဝိသဇ္ဇနာ
နိရောဓသစ္စာသည် မိစ္ဆတ္တနိယတ, သမ္မတ္တနိယတတရား မဟုတ်ချေ (အနိယတ၂တရားဖြစ်သည်) (နိဗ္ဗာန်)။ မဂ္ဂသစ္စာသည် မဖောက်ပြန်သော သဘောရှိ၍ မိမိ၏အခြားမဲ့၌ အကျိုးပေးမြဲသော ‘သမ္မတ္တနိယတ'တရားဖြစ်၏ (မဂ်စိတ္တုပ္ပါဒ်၌ရှိသော မဂ္ဂင် ၈-ပါး)။ အချို့သော (ဒုက္ခသစ္စာ၊ သမုဒယသစ္စာ) သစ္စာနှစ်ပါးတို့သည် ဖောက်ပြန်သော သဘောရှိ၍ စုတိ၏ အခြားမဲ့၌ (အပါယ်ငရဲ၌) အကျိုးပေးမြဲသော ‘မိစ္ဆတ္တနိယတ'တရား ဖြစ်ကုန်၏ (နိယတမိစ္ဆာဒိဋ္ဌိကံ၏ အစွမ်းအားဖြင့် ဖြစ်သောဒိဋ္ဌိဂတသမ္ပယုတ်စိတ် ၄-ပါးတို့၏ သတ္တမဇောစိတ္တုပ္ပါဒ်၊ ပဉ္စာနန္တရိယကံကို ကျူးလွန်သည့် ဒေါသမူဒွေး၏ သတ္တမဇောစိတ္တုပ္ပါဒ်)။ အချို့သော (ဒုက္ခသစ္စာ၊ သမုဒယသစ္စာ) သစ္စာ နှစ်ပါးတို့သည် မိစ္ဆတ္တနိယတ, သမ္မတ္တနိယတအားဖြင့် အကျိုးပေး မမြဲကုန် (ကြွင်းသော လောကီ စိတ္တုပ္ပါဒ်များ၊ ရုပ် ၂၈-ပါး)။
၁။ မိစ္ဆတ္တ= (မိစ္ဆာ= မှားသော။ အတ္တ= သဘော)။
၂။ အာယတနဝိဘင်္ဂ- ပဥှာပုစ္ဆက ပိုဒ်ရေ (၉၈)၊ ဓာတုဝိဘင်္ဂ- ပဥှာပုစ္ဆက ပိုဒ်ရေ (၁၅) (၉၈) ကြည့်ပါ။
(၁၆) မဂ္ဂါရမ္မဏတိက် အဖြေဝိသဇ္ဇနာ
နိရောဓသစ္စာသည် အာရုံပြုခြင်းသဘော မရှိချေ။ (အာရုံ မပြုတတ်ချေ) (နိဗ္ဗာန်)။
တိက်မုတ်
သမုဒယသစ္စာကို မဂ်ကို အာရုံပြု၏ဟူ၍လည်းကောင်း၊ မဂ်မည်သော အကြောင်းရင်းဟိတ် ‘မဂ္ဂဟိတ်'ရှိ၏ဟူ၍လည်းကောင်း (ကုသိုလ်ဟိတ်ဖြစ်သည့် အမောဟဟုဆိုအပ်သော သမ္မာ ဒိဋ္ဌိနှင့် ယှဉ်၏ဟူ၍လည်းကောင်း)၊ မဂ်မည်သော အကြီးအမှူး ‘မဂ္ဂါဓိပတိ'ရှိ၏ဟူ၍လည်းကောင်း (အဓိပတိ ထိုက်သော သမ္မာဒိဋ္ဌိမဂ္ဂင်= ဝီမံသာဓိပတိ၊ သမ္မာဝါယာမမဂ္ဂင်= ဝီရိယာဓိပတိတို့နှင့် ယှဉ်၏ဟူ၍လည်းကောင်း) မဆိုအပ်ချေ။ မဂ္ဂသစ္စာသည် မဂ်ကို အာရုံမပြုချေ (မဂ်စိတ်တို့၌ရှိသော မဂ္ဂသစ္စာဟု ဆိုအပ်သော မဂ္ဂင်ရှစ်ပါးသည် နိဗ္ဗာန်ကိုသာ အာရုံပြုသည်)။ မဂ္ဂသစ္စာသည် မဂ်မည်သော အကြောင်းဟိတ်ရှိ၏ (ဟိတ်ဟုဆိုအပ်သော မဂ္ဂင်နှင့် ယှဉ်၏) (သမ္မာဒိဋ္ဌိဖြစ်သော အမောဟကြဉ်သော မဂ္ဂင် ၇-ပါး)။ အချို့သော မဂ္ဂသစ္စာသည် မဂ်မည်သော အကြီးအမှူး ‘မဂ္ဂါဓိပတိ'ရှိ၏ (သမ္မာဒိဋ္ဌိတည်းဟူသော ဝီမံသာဓိပတိ၊ သမ္မာဝါယာမတည်းဟူသောဝီရိယာဓိပတိ-ဤတရား ၂-ပါးတို့ တစ်ပါးစီ အသီးအသီး အဓိပတိတပ်ခိုက်၌ ကြွင်းသော မဂ္ဂင် ၇-ပါးတို့သည် အဓိပတိတရားနှင့် ယှဉ်ကြသည်။ မဂ္ဂင် ၈-ပါး အားလုံးပင် မဂ္ဂါဓိပတိတရားနှင့် ယှဉ်သည်)။ အချို့သော မဂ္ဂသစ္စာသည် မဂ်မည်သော အကြီးအမှူး ‘မဂ္ဂါဓိပတိ'ရှိ၏ဟု မဆိုအပ်ချေ (ဆန္ဒနှင့်စိတ် တို့ အဓိပတိတပ်ခိုက်၌ မဂ္ဂင်ရှစ်ပါးသည် မဂ္ဂါဓိပတိတရားနှင့်မယှဉ်၁။ တစ်နည်း- အဓိပတိတပ်ခိုက် ဖြစ်သော သမ္မာဒိဋ္ဌိ မဂ္ဂင်, အဓိပတိတပ်ခိုက်ဖြစ်သော သမ္မာဝါယာမမဂ္ဂင်- ဤမဂ္ဂင် ၂-ပါး)။ အချို့သော ဒုက္ခသစ္စာသည် မဂ်ကို အာရုံပြု၏ (မနောဒွါရာဝဇ္ဇန်း၊ ဉာဏသမ္ပယုတ် မဟာကုသိုလ်, မဟာကြိယာ, အဘိညာဉ်ဒွေးစိတ္တုပ္ပါဒ်)။ အချို့သော ဒုက္ခသစ္စာသည် မဂ်မည်သော အကြောင်းဟိတ်မရှိ (ကုသိုလ်ဟိတ် ဖြစ်သော သမ္မာဒိဋ္ဌိ= အမောဟနှင့်မယှဉ်) (လောဘကြဉ်သော လောကီစိတ္တုပ္ပါဒ်များ၊ ရုပ် ၂၈-ပါး)။ အချို့သော ဒုက္ခသစ္စာသည် မဂ်မည်သော အကြီးအမှူးရှိ၏ (မဂ်ကို အလေးအမြတ်အာရုံပြုသည့် ဉာဏသမ္ပယုတ်မဟာကုသိုလ်, မဟာကြိယာစိတ္တုပ္ပါဒ်)။ အချို့သော ဒုက္ခသစ္စာသည် မဂ်ကို အာရုံပြု၏ဟူ၍လည်းကောင်း၊ မဂ်မည်သော အကြီးအမှူး ရှိ၏ဟူ၍လည်းကောင်း မဆိုအပ်ချေ (မဂ်ကို အာရုံမပြုခိုက် မပြုနေ လောဘကြဉ်သော လောကီ တရားများ)။
--
[မှတ်ချက်။ ။ မဂ္ဂါဓိပတိတရားမှာ မဂ္ဂင်ရှစ်ပါး၌လည်း ပါဝင်ရမည်၊ အဓိပတိကိစ္စ တပ်နိုင်သောတရား လည်း ဖြစ်ရမည်။ သမ္မာဒိဋ္ဌိသည် မဂ္ဂင်လည်းဖြစ်၍ ဝီမံသာဓိပတိလည်းဖြစ်သဖြင့် မဂ္ဂါဓိပတိတရား ဖြစ်သည်။ သမ္မာဝါယာမသည် မဂ္ဂင်လည်းဖြစ်၍ ဝီရိယာဓိပတိလည်း ဖြစ်နိုင်သဖြင့် မဂ္ဂါဓိပတိတရား ဖြစ်သည်။ ‘
၁။ ဆန္ဒနှင့် စိတ်တို့သည် အဓိပတိကိစ္စတပ်နိုင်သော်လည်း မဂ္ဂင်တရားများ မဟုတ်ချေ။ အဓိပတိကိစ္စလည်း တပ်နိုင်၍ မဂ္ဂင်လည်းဖြစ်သော တရားများမှာ သမ္မာဒိဋ္ဌိ (= ပညာ, ဝီမံသာဓိပတိ) နှင့် သမ္မာဝါယာမ (= ဝီရိယ, ဝီရိယာဓိပတိ) တို့ ဖြစ်သည်။
(၁၇) ဥပ္ပန္နတိက် အဖြေ ဝိသဇ္ဇနာ
အချို့သော (သမုဒယသစ္စာ၊ မဂ္ဂသစ္စာ) သစ္စာနှစ်ပါးတို့သည် ခဏသုံးပါးသို့ ရောက်ဆဲ ဖြစ်ဆဲဖြစ်သော ‘ဥပ္ပန္န'တရားဖြစ်ကုန်၏ (ပစ္စုပ္ပန်လောဘနှင့် မဂ္ဂင်ရှစ်ပါး)။ အချို့သော (သမုဒယသစ္စာ၊ မဂ္ဂသစ္စာ) သစ္စာနှစ်ပါးတို့သည် ခဏ သုံးပါးသို့ ရောက်ပြီးလည်း မဟုတ်မူ၍ ရောက်ဆဲလည်း မဟုတ်ကုန် (နောင်အနာဂတ်ကာလ၌ ဖြစ်မည် ဆိုကဖြစ်နိုင်သည့် ဖြစ်ကောင်းဖြစ်မည့် ‘အနုပ္ပန္န'တရား ဖြစ်သည်) (နောင်အနာဂတ်ကာလ၌ ဖြစ်လတ္တံ့ သော လောဘနှင့် မဂ္ဂင်ရှစ်ပါး)။ အချို့သော (သမုဒယသစ္စာ၊ မဂ္ဂသစ္စာ) သစ္စာနှစ်ပါးတို့သည် မချွတ်ဖြစ်လတ္တံ့ ဖြစ်ကုန်၏ဟု မဆိုအပ်ကုန် (နောင်အနာဂတ်ကာလ၌ ဖြစ်လတ္တံ့သော အကျိုးတရားများ မဟုတ်)။
တိက်မုတ်
နိရောဓသစ္စာကို ခဏသုံးပါးသို့ ရောက်ဆဲ ဖြစ်ဆဲဖြစ်သော ‘ဥပ္ပန္န'တရားဖြစ်၏ဟူ၍ လည်းကောင်း၊ ခဏသုံးပါးသို့ ရောက်ပြီးလည်း မဟုတ်မူ၍ ရောက်ဆဲလည်း မဟုတ် သော ‘အနုပ္ပန္န'တရား ဖြစ်၏ဟူ၍လည်းကောင်း၊ မချွတ်ဧကန်ဖြစ်လတ္တံ့ဖြစ်သော ‘ဥပ္ပါဒီ'တရားဖြစ်၏ဟူ၍လည်းကောင်း မဆိုအပ်ချေ (နိဗ္ဗာန်ကို အတိက်, အနာဂတ်, ပစ္စုပ္ပန်တရားဟု မဆိုအပ်ချေ)။ အချို့သော ဒုက္ခသစ္စာသည် ခဏသုံးပါးသို့ ရောက်ဆဲ ဖြစ်ဆဲဖြစ်သော ‘ဥပ္ပန္န'တရားဖြစ်၏ (ပစ္စုပ္ပန်တရားများဖြစ်သော လောဘကြဉ်သည့် လောကီတရားများ)။ အချို့သော ဒုက္ခသစ္စာသည် ခဏသုံးပါးသို့ ရောက်ပြီးလည်း မဟုတ်မူ၍ ရောက်ဆဲလည်း မဟုတ်ချေ (နောင်အနာဂတ်ကာလ၌ ဖြစ်မည်ဆိုက ဖြစ်ကောင်း ဖြစ်လတ္တံ့သောတရား ‘အနုပ္ပန္န'တရား ဖြစ်သည်) (နောင်အနာဂတ်၌ ဖြစ်လတ္တံ့သော လောဘနှင့် ဝိပါက်စိတ်တို့ကြဉ်သည့် လောကီစိတ္တုပ္ပါဒ်၊ ကမ္မဇရုပ်ကြဉ် သည့် တိဇရုပ်)။ အချို့သော ဒုက္ခသစ္စာသည် မချွတ်ဧကန် ဖြစ်လတ္တံ့ဖြစ်၏ (နောင်အနာဂတ်ကာလ၌ မချွတ်ဧကန် ဖြစ်မည့် ‘ဥပ္ပါဒီ'တရားဖြစ်၏) (လောကီဝိပါက်စိတ္တုပ္ပါဒ်၊ ကမ္မဇရုပ်)။
--
(၁၈) အတီတတိက် အဖြေဝိသဇ္ဇနာ
အချို့သော (ဒုက္ခသစ္စာ၊ သမုဒယသစ္စာ၊ မဂ္ဂသစ္စာ) သစ္စာသုံးပါးတို့သည် ဖြစ်ပြီး ‘အတိက်'တရား ဖြစ်ကုန် ၏။ အချို့သော သစ္စာသုံးပါးတို့သည် မရောက်သေး (ဖြစ်လတ္တံ့) သော ‘အနာဂတ်'တရား ဖြစ်ကုန်၏။ အချို့သော သစ္စာသုံးပါးတို့သည် ဖြစ်ဆဲ ‘ပစ္စုပ္ပန်'တရား ဖြစ်ကုန်၏ (လောကီ စိတ္တုပ္ပါဒ်များ၊ ရုပ် ၂၈-ပါး၊ မဂ်စိတ် ၄-ပါး၌ရှိသော မဂ္ဂင် ၈-ပါး)။
တိက်မုတ်
နိရောဓသစ္စာကို ဖြစ်ပြီး ‘အတိက်'တရားဖြစ်၏ဟူ၍လည်းကောင်း၊ မရောက်သေး (ဖြစ်လတ္တံ့) သော ‘အနာဂတ်'တရားဖြစ်၏ဟူ၍လည်းကောင်း၊ ဖြစ်ဆဲ ‘ပစ္စုပ္ပန်'တရားဖြစ်၏ဟူ၍လည်းကောင်း မဆိုအပ်ချေ (နိဗ္ဗာန်)။
(၁၉) အတီတာရမ္မဏတိက် အဖြေဝိသဇ္ဇနာ
နိရောဓသစ္စာသည် အာရုံပြုခြင်းသဘော မရှိ (အာရုံမပြုတတ်ချေ) (နိဗ္ဗာန်)။ မဂ္ဂသစ္စာကို ဖြစ်ပြီး ‘အတိက်'တရားကို အာရုံပြု၏ဟူ၍လည်းကောင်း၊ မရောက်သေး (ဖြစ်လတ္တံ့) သော ‘အနာဂတ်'တရားကို အာရုံပြု၏ဟူ၍လည်းကောင်း၊ ဖြစ်ဆဲ ‘ပစ္စုပ္ပန်'တရားကို အာရုံပြု၏ဟူ၍ လည်းကောင်း မဆိုအပ်ချေ (မဂ်စိတ် ၄-ပါး၌ရှိသော မဂ္ဂင် ၈-ပါးသည် နိဗ္ဗာန်ကိုသာ အာရုံပြုသည်)။
(တိက်မုတ်) အချို့သော (ဒုက္ခသစ္စာ၊ သမုဒယသစ္စာ) သစ္စာနှစ်ပါးတို့သည် ဖြစ်ပြီး ‘အတိက်'တရားကို အာရုံ ပြုကုန်၏ (အတိက်ကို ဧကန်အာရုံပြုသော အရူပ ဒုတိယ, စတုတ္ထ စိတ္တုပ္ပါဒ်များ၊ ဝိရတီနှင့်အပ္ပမညာ ကြဉ်သော အတိက်ကို အနေကန် အာရုံပြုသော မနောဒွါရာဝဇ္ဇန်း, ကာမဇော ၂၉, တဒါရုံ ၁၁, အဘိညာဉ်ဒွေး စိတ္တုပ္ပါဒ်များ)။ အချို့သော (ဒုက္ခသစ္စာ၊ သမုဒယသစ္စာ) သစ္စာနှစ်ပါးတို့သည် မရောက်သေး (ဖြစ်လတ္တံ့) သော ‘အနာဂတ်'တရားကို အာရုံပြုကုန်၏ (အနာဂတ်တရားကို အာရုံပြုခိုက်ဖြစ်သော အပ္ပမညာကြဉ်သည့် မနောဒွါရာဝဇ္ဇန်း, ကာမဇော ၂၉, တဒါရုံ ၁၁, အဘိညာဉ်ဒွေး စိတ္တုပ္ပါဒ်များ)။ အချို့သော (ဒုက္ခသစ္စာ၊ သမုဒယသစ္စာ) သစ္စာနှစ်ပါးတို့သည် ဖြစ်ဆဲ ‘ပစ္စုပ္ပန်'တရားကို အာရုံပြုကုန်၏ (ပစ္စုပ္ပန်တရားကို ဧကန် အာရုံပြုသော ဒွေးပဉ္စဝိညာဏ်-၁၀ နှင့် မနောဓာတ် ၃-ပါး၊ ယှဉ်ဘက်စေတသိတ်များ၊ ပစ္စုပ္ပန်တရားကို အနေကန်အာရုံပြုခိုက် မနောဒွါရာဝဇ္ဇန်း, ကာမဇော ၂၉, တဒါရုံ ၁၁, အဘိညာဉ်ဒွေး စိတ္တုပ္ပါဒ်များ)။
တိက်မုတ်
အချို့သော (ဒုက္ခသစ္စာ၊ သမုဒယသစ္စာ) သစ္စာနှစ်ပါးတို့သည် ဖြစ်ပြီး ‘အတိက်'တရားကိုအာရုံပြုကုန်၏ဟူ၍လည်းကောင်း၊ မရောက်သေး (ဖြစ်လတ္တံ့) သော ‘အနာဂတ်'တရားကို အာရုံပြုကုန်၏ဟူ၍လည်းကောင်း၊ ဖြစ်ဆဲ ‘ပစ္စုပ္ပန်'တရားကို အာရုံပြုကုန်၏ဟူ၍လည်းကောင်း မဆိုအပ်ချေ (ပညတ်ကို အာရုံပြုသော စိတ္တုပ္ပါဒ်များ၊ နိဗ္ဗာန်ကို အနေကန် အာရုံပြုသော မနေဒွါရာဝဇ္ဇန်း, ဉာဏသမ္ပယုတ် မဟာကုသိုလ်, မဟာကြိယာ, အဘိညာဉ်ဒွေး စိတ္တုပ္ပါဒ်များ၊ ရုပ် ၂၈-ပါး)။
--
(၂၀) အဇ္ဈတ္တတိက် အဖြေဝိသဇ္ဇနာ
နိရောဓသစ္စာသည် အပ ‘ဗဟိဒ္ဓ'သန္တာန်၌ ဖြစ်၏ (နိဗ္ဗာန်)။ ကြွင်းသော (ဒုက္ခသစ္စာ၊ သမုဒယသစ္စာ၊ မဂ္ဂသစ္စာ) သစ္စာသုံးပါးတို့သည် ရံခါအတွင်း ‘အဇ္ဈတ္တ'သန္တာန်၌ ဖြစ်ကုန်၏။ ရံခါအပ ‘ဗဟိဒ္ဓ'သန္တာန်၌ ဖြစ်ကုန်၏။ ရံခါအတွင်းအပ ‘အဇ္ဈတ္တဗဟိဒ္ဓ'သန္တာန်၌ ဖြစ်ကုန်၏။
(၂၁) အဇ္ဈတ္တာရမ္မဏတိက် အဖြေဝိသဇ္ဇနာ
နိရောဓသစ္စာသည် အာရုံပြုခြင်းသဘော မရှိချေ
(အာရုံမပြုတတ်ချေ) (နိဗ္ဗာန်)။ မဂ္ဂသစ္စာသည် အပ ‘ဗဟိဒ္ဓ'သန္တာန်၌ ဖြစ်သောတရား (နိဗ္ဗာန်) ကို အာရုံပြု၏ (မဂ် ၄-ပါး၌ရှိသော မဂ္ဂင် ၈-ပါး)။ သမုဒယသစ္စာသည် ရံခါအတွင်း ‘အဇ္ဈတ္တ'သန္တာန်၌ဖြစ်သော တရားကို အာရုံပြု၏။ သမုဒယ သစ္စာသည် ရံခါအပ ‘ဗဟိဒ္ဓ'သန္တာန်၌ဖြစ်သော တရားကို အာရုံပြု၏။ ရံခါအတွင်းအပ ‘အဇ္ဈတ္တဗဟိဒ္ဓ'သန္တာန်၌ ဖြစ်သော တရားကို အာရုံပြု၏ (လောဘ)။ အချို့သော ဒုက္ခသစ္စာသည် အတွင်း ‘အဇ္ဈတ္တ'သန္တာန်၌ဖြစ်သော တရားကို အာရုံပြု၏ (အဇ္ဈတ္တကို ဧကန်အာရုံပြုသော အရူပ ဒုတိယ, စတုတ္ထစိတ္တုပ္ပါဒ်များ၊ အနေကန် အာရုံပြုသော လောဘ, ဣဿာ, အပ္ပမညာကြဉ် ကာမစိတ္တုပ္ပါဒ်နှင့် အဘိညာဉ်ဒွေး စိတ္တုပ္ပါဒ်)။ အချို့သော ဒုက္ခသစ္စာသည် အပ ‘ဗဟိဒ္ဓ'သန္တာန်၌ ရှိသော တရားကို အာရုံပြု၏ (ဗဟိဒ္ဓကို ဧကန် အာရုံပြုသော ရူပါဝစရစိတ်၁၅-ပါး, အရူပ ပထမစိတ်နှင့် ယှဉ်ဘက် စေတသိက်များ၊ ဗဟိဒ္ဓကို အနေကန် အာရုံပြုသော လောဘ, မစ္ဆရိယကြဉ်သော လောကီစိတ္တုပ္ပါဒ်, အဘိညာဉ်ဒွေး စိတ္တုပ္ပါဒ်များ၁)။ အချို့သော ဒုက္ခသစ္စာသည် အတွင်း အပ ‘အဇ္ဈတ္တဗဟိဒ္ဓ'သန္တာန်၌ဖြစ်သော တရားကို အာရုံပြု၏ (အဇ္ဈတ္တဗဟိဒ္ဓတရားကို အနေကန် အာရုံပြုသော လောဘ, ဣဿာ, မစ္ဆရိယ, အပ္ပမညာကြဉ် ကာမ စိတ္တုပ္ပါဒ်, အဘိညာဉ်ဒွေး)။
တိက်မုတ်
အချို့သော ဒုက္ခသစ္စာသည် အတွင်း ‘အဇ္ဈတ္တ'သန္တာန်ကို အာရုံပြု၏ဟူ၍လည်းကောင်း၊ အပ ‘ဗဟိဒ္ဓ'သန္တာန်ကို အာရုံပြု၏ဟူ၍လည်းကောင်း မဆိုအပ်ချေ (နတ္ထိဘောပညတ်ကို ဧကန်အာရုံပြုသော အရူပ တတိယ စိတ္တုပ္ပါဒ်၊ အနေကန်အာရုံပြုသော မနောဒွါရာဝဇ္ဇန်း, ဟသိတုပ္ပါဒ်ကြဉ် ကာမဇော ၂၈, အဘိညာဉ် ဒွေး၊ လောဘ, ဝိရတီ, အပ္ပမညာ, ဣဿာ, မစ္ဆရိယ ကြဉ်သော ယှဉ်ဘက် စေတသိက်၊ ရုပ် ၂၈-ပါး)။
၁။ ဓမ္မသင်္ဂဏီ၊ စာပိုဒ် ၁၄၃၅, ၁၄၃၆, ၁၄၃၇, ၁၅၄၈။
--
(၂၂) သနိဒဿနတိက် အဖြေဝိသဇ္ဇနာ
(သမုဒယသစ္စာ၊ နိရောဓသစ္စာ၊ မဂ္ဂသစ္စာ) သစ္စာသုံးပါးတို့သည်မြင်အပ်သော သဘောလည်း မရှိမူ၍ ထိပါးတတ်သော သဘောလည်း မရှိကုန်။ အချို့သော ဒုက္ခသစ္စာသည် မြင်အပ်သော သဘောလည်း ရှိ၍ ထိပါးတတ်သော သဘောလည်း ရှိ၏ (ရူပါရုံ)။ အချို့သော ဒုက္ခသစ္စာသည် မြင်အပ်သော သဘော မရှိမူ၍ ထိပါးတတ်သော သဘောသာရှိ၏ (ရူပါရုံ ကြဉ်သော ဩဠာရိကရုပ် ၁၁-ပါး)။ အချို့သော ဒုက္ခသစ္စာသည် မြင်အပ်သော သဘောလည်း မရှိမူ၍ ထိပါးတတ်သော သဘောလည်း မရှိချေ (လောဘနှင့် ဩဠာရိကရုပ်၁၂-ပါး ကြဉ်သော လောကီ တရားများ)။
(တိက်တို့ဖြင့် ဝေဖန်ပြီးလျှင် အမေးအဖြေပြု၍ ဟောကြားအပ်သော ‘ပဥှာပုစ္ဆကနည်း'ပြီး၏။)
(သစ္စာလေးပါးတို့ကို တိက် ၂၂-ခုတို့ဖြင့် ဝေဖန်၍ အဖြေဝိသဇ္ဇနာကိုပြသော ‘ပဥှာပုစ္ဆကနည်း'ပြီး၏။)
--
၂-ဒုကဝိသဇ္ဇနာ
(သစ္စာ ၄-ပါးတို့ကို ဒုက်၁၀၀-တို့ဖြင့် ဝေဖန်၍ အဖြေ ‘ဝိသဇ္ဇနာ'ကို ပြခြင်း)
(၁-ဟေတုဂေါစ္ဆကဒုက် ၆-ခု အဖြေ ဝိသဇ္ဇနာ)
(၁) ဟေတုဒုက် အဖြေဝိသဇ္ဇနာ ၂၁၈။ သမုဒယသစ္စာသည် ဟိတ်မည်၏ (အကုသိုလ်ဟိတ်ဖြစ်သော လောဘ)။ နိရောဓသစ္စာသည် ဟိတ်မမည်ချေ (နိဗ္ဗာန်)။ အချို့သော (ဒုက္ခသစ္စာ၊ မဂ္ဂသစ္စာ) သစ္စာနှစ်ပါးတို့သည် ဟိတ်မည်ကုန်၏ (လောဘကြဉ်သော လောကီ စိတ်တို့၌ရှိသော ဒေါသ, မောဟ, အလောဘ, အဒေါသ, အမောဟ တည်းဟူသော ဟိတ် ၅-ပါး၊ မဂ်စိတ် ၄-ပါး၌ရှိသည့် အမောဟဖြစ်သော သမ္မာဒိဋ္ဌိမဂ္ဂင်)။ အချို့သော (ဒုက္ခသစ္စာ၊ မဂ္ဂသစ္စာ) သစ္စာ နှစ်ပါးတို့သည် ဟိတ်မမည်ကုန် (ဟိတ် ၆-ပါးကြဉ်သော လောကီစိတ္တုပ္ပါဒ်၊ ရုပ် ၂၈-ပါး၊ သမ္မာဒိဋ္ဌိ ကြဉ်သော မဂ္ဂင် ၇-ပါး)။
(၂) သဟေတုကဒုက် အဖြေဝိသဇ္ဇနာ
(သမုဒယသစ္စာ၊ မဂ္ဂသစ္စာ) သစ္စာနှစ်ပါးတို့သည် ဟိတ်ရှိကုန်၏၁ (ဟိတ်နှင့် ယှဉ်ကုန်၏)။ နိရောဓသစ္စာသည် ဟိတ်မရှိချေ (ဟိတ်နှင့် မယှဉ်ချေ) (နိဗ္ဗာန်)။ အချို့သော ဒုက္ခသစ္စာသည် ဟိတ်ရှိ၏ (ဟိတ်နှင့်ယှဉ်၏) (လောဘနှင့် မောဟမူဒွေး၌ မောဟ ကြဉ်သည့် လောကီသဟိတ်စိတ္တုပ္ပါဒ်)။ အချို့သော ဒုက္ခသစ္စာသည် ဟိတ်မရှိချေ (ဟိတ်နှင့်မယှဉ်ချေ) (မောဟမူဒွေး၌ မောဟ၊ အဟိတ်စိတ္တုပ္ပါဒ်၊ ရုပ် ၂၈-ပါး)။
၁။ လောဘမူစိတ်၌ရှိသော လောဘသည် မောဟဟိတ်နှင့်ယှဉ်၏။ မဂ်စိတ် ၄-ပါး၌ရှိသော မဂ္ဂင် ၈-ပါးသည် အလောဘ, အဒေါသ, အမောဟ ဟိတ်တို့နှင့် ထိုက်သည်အားလျော်စွာ ယှဉ်ကြသည်။
(၃) ဟေတုသမ္ပယုတ္တဒုက် အဖြေဝိသဇ္ဇနာ
(သမုဒယသစ္စာ၊ မဂ္ဂသစ္စာ) သစ္စာနှစ်ပါးတို့သည် ဟိတ်နှင့်ယှဉ်ကုန်၏။၁ နိရောဓသစ္စာသည် ဟိတ်နှင့်မယှဉ် (နိဗ္ဗာန်)။ အချို့သော ဒုက္ခသစ္စာသည် ဟိတ်နှင့်ယှဉ်၏ (လောဘနှင့် မောဟမူဒွေး၌ရှိသော မောဟကြဉ်သည့် လောကီ သဟိတ်စိတ္တုပ္ပါဒ်)။ အချို့သော ဒုက္ခသစ္စာသည် ဟိတ်နှင့် မယှဉ်ချေ (မောဟမူဒွေး၌ရှိသော မောဟ၊ အဟိတ် စိတ္တုပ္ပါဒ်၊ ရုပ် ၂၈-ပါး)။
၁။ လောဘမူစိတ်၌ရှိသော လောဘသည် မောဟဟိတ်နှင့် ယှဉ်၏။ မဂ်စိတ် ၄-ပါး၌ရှိသော မဂ္ဂင် ၈-ပါးသည် အလောဘ, အဒေါသ, အမောဟ ဟိတ်တို့နှင့် ထိုက်သည်အားလျော်စွာ ယှဉ်ကြသည်။
--
(၄) ဟေတု သဟေတုကဒုက် အဖြေဝိသဇ္ဇနာ
သမုဒယသစ္စာသည် ဟိတ်လည်း မည်၍ ဟိတ်လည်းရှိ၏ (ဟိတ်နှင့်လည်းယှဉ်၏) (လောဘမူစိတ်၌ရှိသော လောဘသည် မောဟဟိတ်နှင့် ယှဉ်၏)။
ဒုက်မုတ်
နိရောဓသစ္စာကို ဟိတ်လည်း မည်၍ ဟိတ်လည်း ရှိ၏ (ဟိတ်နှင့်ယှဉ်၏)ဟူ၍ လည်းကောင်း၊ ဟိတ်လည်း ရှိ၍ ဟိတ်လည်း မမည်ဟူ၍လည်းကောင်း မဆိုအပ်ချေ (နိဗ္ဗာန်)။ အချို့သော မဂ္ဂသစ္စာသည် ဟိတ်လည်း မည်၍ ဟိတ်လည်း ရှိ၏ (ဟိတ်နှင့်လည်း ယှဉ်၏) (အမောဟတည်းဟူသော သမ္မာဒိဋ္ဌိ)။ အချို့သော မဂ္ဂသစ္စာသည် ဟိတ်သာရှိ၍ ဟိတ်မမည်ချေ (မဂ်စိတ် ၄-ပါး၌ရှိသည့် သမ္မာဒိဋ္ဌိကြဉ်သော ကြွင်းမဂ္ဂင် ၇-ပါး-အလောဘ, အဒေါသ, အမောဟဟိတ်တို့နှင့် ယှဉ်ကြ သည်)။ အချို့သော ဒုက္ခသစ္စာသည် ဟိတ်လည်း မည်၍ ဟိတ်လည်း ရှိ၏ (ဟိတ်နှင့်လည်း ယှဉ်၏) (မောဟမူဒွေး၌ရှိသော မောဟနှင့် လောဘကြဉ်သော လောကီဟိတ် ၅-ပါး)။ အချို့သော ဒုက္ခသစ္စာသည် ဟိတ်သာရှိ၍ ဟိတ်မမည်ချေ (ဟိတ် ၆-ပါးကြဉ်သော လောကီသဟိတ်စိတ္တုပ္ပါဒ်)။
ဒုက်မုတ်
အချို့သော ဒုက္ခသစ္စာကို ဟိတ်လည်းမည်၍ ဟိတ်လည်းရှိ၏ (ဟိတ်နှင့်ယှဉ်၏)ဟူ၍ လည်းကောင်း၊ ဟိတ်သာရှိ၍ ဟိတ်မမည်ဟူ၍လည်းကောင်း မဆိုအပ်ချေ (မောဟမူဒွေး၌ ရှိသော မောဟ၊ အဟိတ်စိတ္တုပ္ပါဒ်၊ ရုပ် ၂၈-ပါး)။
(၅) ဟေတုဟေတုသမ္ပယုတ္တဒုက် အဖြေဝိသဇ္ဇနာ
သမုဒယသစ္စာသည် ဟိတ်လည်းမည်၍ ဟိတ်နှင့်လည်း ယှဉ်၏ (လောဘမူစိတ် ၈-ပါး၌ရှိသော လောဘဟိတ်-မောဟဟိတ်နှင့် ယှဉ်သည်)။
ဒုက်မုတ်
နိရောဓသစ္စာကို ဟိတ်လည်း မည်၍ ဟိတ်နှင့်လည်း ယှဉ်၏ဟူ၍လည်းကောင်း ဟိတ်နှင့်လည်း ယှဉ်၍ ဟိတ်လည်း မမည်ဟူ၍လည်းကောင်း မဆိုအပ်ချေ (နိဗ္ဗာန်)။ အချို့သော မဂ္ဂသစ္စာသည် ဟိတ်လည်းမည်၍ ဟိတ်နှင့်လည်း ယှဉ်၏ (အမောဟဟိတ်ဖြစ်သော သမ္မာဒိဋ္ဌိ-အလောဘ, အဒေါသဟိတ်တို့နှင့် ယှဉ်သည်)။ အချို့သော မဂ္ဂသစ္စာသည် ဟိတ်နှင့်သာယှဉ်၍ ဟိတ်မမည်ချေ (မဂ်စိတ် ၄-ပါး၌ရှိသည့် သမ္မာဒိဋ္ဌိကြဉ်သော ကြွင်း မဂ္ဂင် ၇-ပါး)။ အချို့သော ဒုက္ခသစ္စာသည် ဟိတ်လည်းမည်၍ ဟိတ်နှင့်လည်း ယှဉ်၏ (လောဘနှင့် မောဟမူ ဒွေး၌ရှိသော မောဟကြဉ်သည့် လောကီသဟိတ်စိတ်တို့၌ရှိသော ဟိတ် ၅-ပါး)။ အချို့သော ဒုက္ခသစ္စာ သည် ဟိတ်နှင့်သာ ယှဉ်၍ ဟိတ်မမည်ချေ (ဟိတ် ၆-ပါးကြဉ်သော လောကီသဟိတ်စိတ္တုပ္ပါဒ်)။
ဒုက်မုတ်
အချို့သော ဒုက္ခသစ္စာကို ဟိတ်လည်းမည်၍ ဟိတ်နှင့်လည်း ယှဉ်၏ဟူ၍လည်းကောင်း၊ ဟိတ်နှင့်သာယှဉ်၍ ဟိတ်မမည်ဟူ၍လည်းကောင်း မဆိုအပ်ချေ (မောဟမူဒွေး၌ရှိသော မောဟ၊ အဟိတ်စိတ္တုပ္ပါဒ်၊ ရုပ် ၂၈-ပါး)။
--
(၆) န ဟေတု သဟေတုကဒုက် အဖြေဝိသဇ္ဇနာ
နိရောဓသစ္စာသည် ဟိတ်လည်း မမည်မူ၍ ဟိတ်လည်း မရှိချေ (ဟိတ်နှင့်လည်း မယှဉ် ချေ) (နိဗ္ဗာန်)။
ဒုက်မုတ်
သမုဒယသစ္စာကို ဟိတ်မမည်မူ၍ ဟိတ်သာရှိ၏ဟူ၍လည်းကောင်း၊ ဟိတ်လည်းမမည်မူ၍ ဟိတ်လည်း မရှိဟူ၍လည်းကောင်း မဆိုအပ်ချေ (လောဘ)။ အချို့သော မဂ္ဂသစ္စာသည် ဟိတ်မမည်မူ၍ ဟိတ်သာ ရှိ၏ (ဟိတ်နှင့်သာ ယှဉ်၏) (သမ္မာဒိဋ္ဌိ ကြဉ်သည့် ကြွင်း မဂ္ဂင် ၇-ပါး)။
ဒုက်မုတ်
အချို့သော မဂ္ဂသစ္စာကို ဟိတ်မမည်မူ၍ ဟိတ်ရှိ၏ဟူ၍လည်းကောင်း၊ ဟိတ်လည်း မမည်မူ၍ ဟိတ်လည်း မရှိဟူ၍လည်းကောင်း မဆိုအပ်ချေ (အမောဟတည်းဟူသော သမ္မာဒိဋ္ဌိ)။ အချို့သော ဒုက္ခသစ္စာသည် ဟိတ်မမည်မူ၍ ဟိတ်သာရှိ၏ (ဟိတ် ၆-ပါးကြဉ်သော လောကီ သဟိတ်စိတ္တုပ္ပါဒ်)။ အချို့သော ဒုက္ခသစ္စာသည် ဟိတ်လည်း မမည်မူ၍ ဟိတ်လည်း မရှိချေ (အဟိတ် စိတ္တုပ္ပါဒ်၊ ရုပ် ၂၈-ပါး)။
ဒုက်မုတ်
အချို့သော ဒုက္ခသစ္စာကို ဟိတ်မမည်မူ၍ ဟိတ်သာရှိ၏ဟူ၍လည်းကောင်း၊ ဟိတ်လည်း မမည်မူ၍ ဟိတ်လည်း မရှိဟူ၍လည်းကောင်း မဆိုအပ်ချေ (လောဘကြဉ်သည့် လောကီ သဟိတ်စိတ်တို့၌ ရှိသော ဟိတ် ၅-ပါး)။
(ဟေတုဂေါစ္ဆကဒုက် ၆-ခု အဖြေ ဝိသဇ္ဇနာ ပြီး၏။)
--
(၂-စူဠန္တရဒုက် ၇-ခု အဖြေ ဝိသဇ္ဇနာ)
(၇) သပ္ပစ္စယဒုက် အဖြေဝိသဇ္ဇနာ
(ဒုက္ခသစ္စာ၊ သမုဒယသစ္စာ၊ မဂ္ဂသစ္စာ) သစ္စာသုံးပါးတို့သည် အကြောင်းနှင့် တကွ ဖြစ်ကုန်၏ (ကံ, စိတ်, ဥတု, အာဟာရ အကြောင်းတရားလေးပါးတို့ကြောင့် ဖြစ်ကုန်၏)။ နိရောဓသစ္စာသည် အကြောင်းနှင့်တကွ မဖြစ်ချေ (ကံ, စိတ်, ဥတု, အာဟာရတည်းဟူသော အကြောင်း တရားလေးပါတို့ကြောင့် မဖြစ်ချေ) (နိဗ္ဗာန်)။
(၈) သင်္ခတဒုက် အဖြေဝိသဇ္ဇနာ
(ဒုက္ခသစ္စာ၊ သမုဒယသစ္စာ၊ မဂ္ဂသစ္စာ) သစ္စာသုံးပါးတို့သည် ကံ, စိတ်, ဥတု, အာဟာရ အကြောင်းတရားလေးပါးတို့ ပြုပြင် အပ်သော ‘သင်္ခတ'တရား ဖြစ်ကုန်၏။ နိရောဓသစ္စာသည် ကံ, စိတ်, ဥတု, အာဟာရ အကြောင်းတရားလေးပါးတို့ မပြုပြင်အပ်သော ‘အသင်္ခတ'တရား ဖြစ်၏ (နိဗ္ဗာန်)။
(၉) သနိဒဿနဒုက် အဖြေဝိသဇ္ဇနာ
(သမုဒယသစ္စာ၊ နိရောဓသစ္စာ၊ မဂ္ဂသစ္စာ) သစ္စာသုံးပါးတို့သည် မြင်အပ်သော သဘော မရှိကုန်။ (စက္ခုပသာဒဖြင့် မမြင်နိုင်ချေ) (လောဘ၊ နိဗ္ဗာန်၊ မဂ္ဂင် ၈-ပါး) အချို့သော ဒုက္ခသစ္စာသည် မြင်အပ်သော သဘောရှိ၏ (စက္ခုပသာဒဖြင့် မြင်နိုင်၏) (အဆင်း ‘ရူပါရုံ)။ အချို့သော ဒုက္ခသစ္စာသည် မြင်အပ်သော သဘော မရှိချေ (လောဘနှင့် ရူပါရုံကြဉ်သော လောကီတရားများ)။
(၁၀) သပ္ပဋိဃဒုက် အဖြေဝိသဇ္ဇနာ
(သမုဒယသစ္စာ၊ နိရောဓသစ္စာ၊ မဂ္ဂသစ္စာ) သစ္စာသုံးပါးတို့သည် ထိပါးတတ်သော သဘော မရှိကုန် (လောဘ၊ နိဗ္ဗာန်၊ မဂ္ဂင် ၈-ပါး)။ အချို့သော ဒုက္ခသစ္စာသည် ထိပါးတတ်သော သဘောရှိ၏ (ဩဠာရိကရုပ်ဖြစ်သော ပသာဒရုပ် ၅-ပါးနှင့် အာရုံ ၅-ပါး)။ အချို့သော ဒုက္ခသစ္စာသည် ထိပါးတတ်သော သဘောမရှိချေ (သုခုမရုပ် ၁၆-ပါး၊ လောဘကြဉ်သည့် လောကီစိတ္တုပ္ပါဒ်)။
(၁၁) ရူပီဒုက် အဖြေဝိသဇ္ဇနာ
(သမုဒယသစ္စာ၊ နိရောဓသစ္စာ၊ မဂ္ဂသစ္စာ) သစ္စာသုံးပါတို့သည် ဖောက်ပြန်ခြင်းသဘောရှိသော ‘ရုပ်'မဟုတ်ချေ (လောဘ၊ နိဗ္ဗာန်၊ မဂ္ဂင် ၈-ပါး)။ အချို့သော ဒုက္ခသစ္စာသည် ဖောက်ပြန်ခြင်းသဘောရှိသော ‘ရုပ်’ ဖြစ်၏ (ရုပ် ၂၈-ပါး)။ အချို့သော ဒုက္ခသစ္စာသည် ဖောက်ပြန်ခြင်းသဘောရှိသော ‘ရုပ်'မဟုတ်ချေ (လောဘကြဉ်သော လောကီစိတ်, စေတသိက်များ)။
--
(၁၂) လောကိယဒုက် အဖြေဝိသဇ္ဇနာ
(ဒုက္ခသစ္စာ၊ သမုဒယသစ္စာ) သစ္စာနှစ်ပါးတို့သည် ပျက်စီးခြင်း သဘော ‘လောက’၌ အကျုံးဝင်သော ‘လောကိယ'တရား ဖြစ်ကုန်၏ (လောကီတရားများ)။ (နိရောဓသစ္စာ၊ မဂ္ဂသစ္စာ) သစ္စာနှစ်ပါးတို့သည် ပျက်စီးခြင်းသဘော ‘လောက'မှ ထွက်မြောက်သော ‘လောကုတ္တရာ'တရားဖြစ်ကုန်၏ (နိဗ္ဗာန်၊ မဂ္ဂင်ရှစ်ပါး)။
(၁၃) ကေနစိဝိညေယျဒုက် အဖြေဝိသဇ္ဇနာ
(သစ္စာလေးပါးတို့ကို) တစ်စုံတစ်ခုသော စိတ်သည် သိအပ်ကုန်၏။ (သစ္စာလေးပါးတို့ကို) တစ်စုံတစ်ခုသော စိတ်သည် မသိအပ်ကုန်။
(စူဠန္တရဒုက် ၇-ခု အဖြေ ဝိသဇ္ဇနာ ပြီး၏။)
--
(၃-အာသဝဂေါစ္ဆကဒုက် ၆-ခု အဖြေ ဝိသဇ္ဇနာ)
(၁၄) အာသဝဒုက် အဖြေဝိသဇ္ဇနာ
သမုဒယသစ္စာသည် (သတ္တဝါတို့၏သန္တာန်၌) ယိုစီးဖြစ်ပွါး နေတတ်၍ မူးယစ် မိုက်မဲစေတတ်သော သဘော ‘အာသဝ’ မည်၏ (လောဘ)။ (နိရောဓသစ္စာ၊ မဂ္ဂသစ္စာ) သစ္စာနှစ်ပါးတို့သည် အာသဝ မမည်ကုန် (နိဗ္ဗာန်၊ မဂ္ဂင် ၈-ပါး)။ အချို့သော ဒုက္ခသစ္စာသည် (သတ္တဝါတို့၏ သန္တာန်၌) ယိုစီးဖြစ်ပွါးနေတတ်၍ မူးယစ်မိုက်မဲစေတတ် သောသဘော ‘အာသဝ’ မည်၏ (ဒိဋ္ဌိ, မောဟ)။ အချို့သော ဒုက္ခသစ္စာသည် အာသဝမမည်ချေ (လောဘ, ဒိဋ္ဌိ, မောဟကြဉ်သော လောကီစိတ္တုပ္ပါဒ်၊ ရုပ် ၂၈-ပါး)။
(၁၅) သာသဝဒုက် အဖြေဝိသဇ္ဇနာ
(ဒုက္ခသစ္စာ၊ သမုဒယသစ္စာ) သစ္စာနှစ်ပါးတို့သည် အာသဝ၏ (တဏှာ, ဒိဋ္ဌိ, မောဟတို့၏) အာရုံ ဖြစ်ကုန်၏ (လောကီ တရားများ)။ (နိရောဓသစ္စာ၊ မဂ္ဂသစ္စာ) သစ္စာနှစ်ပါးတို့သည် အာသဝ၏ (တဏှာ, ဒိဋ္ဌိ, မောဟတို့၏) အာရုံ မဖြစ်ကုန် (နိဗ္ဗာန်၊ မဂ္ဂင်ရှစ်ပါး)။
(၁၆) အာသဝသမ္ပယုတ္တဒုက် အဖြေဝိသဇ္ဇနာ
သမုဒယသစ္စာသည် အာသဝနှင့် (ဒိဋ္ဌိ, မောဟနှင့်) ယှဉ်၏ (လောဘမူစိတ်ရှစ်ပါး၌ရှိသော လောဘ)။ (နိရောဓသစ္စာ၊ မဂ္ဂသစ္စာ) သစ္စာနှစ်ပါးတို့သည် အာသဝနှင့် (လောဘ, ဒိဋ္ဌိ, မောဟတို့နှင့်) မယှဉ်ကုန် (နိဗ္ဗာန်၊ မဂ္ဂင်ရှစ်ပါး)။ အချို့သော ဒုက္ခသစ္စာသည် အာသဝနှင့် (လောဘ, ဒိဋ္ဌိ, မောဟတို့နှင့်) ယှဉ်၏ (ဒေါသမူ မောဟမူတို့၌ ရှိသော မောဟနှင့် လောဘကြဉ်သော အကုသိုလ်စိတ္တုပ္ပါဒ်)။ အချို့သော ဒုက္ခသစ္စာသည် အာသဝနှင့် (လောဘ, ဒိဋ္ဌိ, မောတို့နှင့်) မယှဉ် (ဒေါသမူ မောဟမူတို့၌ရှိသော မောဟ၊ လောကီကုသိုလ်, ဝိပါက်, ကြိယာစိတ္တုပ္ပါဒ်၊ ရုပ် ၂၈-ပါး)။
(၁၇) အာသဝ သာသဝဒုက် အဖြေဝိသဇ္ဇနာ
သမုဒယသစ္စာသည် (သတ္တဝါတို့၏ သန္တာန်၌) ယိုစီးဖြစ်ပွါးနေတတ်၍ မူးယစ်မိုက်မဲ စေတတ် သော သဘော ‘အာသဝ'လည်း မည်၍ အာသဝ၏ အာရုံလည်း ဖြစ်၏ (လောဘ)။
ဒုက်မုတ်
(နိရောဓသစ္စာ၊ မဂ္ဂသစ္စာ) သစ္စာနှစ်ပါးတို့ကို အာသဝလည်းမည်၍ အာသဝနှင့်လည်း ယှဉ်ကုန်၏ဟူ၍လည်းကောင်း အာသဝ၏ အာရုံသာဖြစ်၍ အာသဝမမည်ကုန်ဟူ၍လည်း ကောင်း မဆိုအပ်ကုန် (နိဗ္ဗာန်၊ မဂ္ဂင် ၈-ပါး)။ အချို့သော ဒုက္ခသစ္စာသည် အာသဝလည်း မည်၍ အာသဝ၏ အာရုံလည်းဖြစ်၏ (ဒိဋ္ဌိ, မောဟ)။ အချို့သော ဒုက္ခသစ္စာသည် အာသဝ၏ အာရုံသာဖြစ်၍ အာသဝမမည်ချေ (လောဘ, ဒိဋ္ဌိ, မောဟတည်းဟူသော အာသဝတရားကိုယ်ကြဉ် လောကီစိတ္တုပ္ပါဒ်များ၊ ရုပ် ၂၈-ပါး)။
--
(၁၈) အာသဝ အာသဝသမ္ပယုတ္တဒုက် အဖြေဝိသဇ္ဇနာ
သမုဒယသစ္စာသည် အာသဝလည်းမည်၍ အာသဝနှင့်လည်း ယှဉ်၏ (ဒိဋ္ဌိ, မောဟ တို့နှင့် ယှဉ်သော လောဘ)။
ဒုက်မုတ်
(နိရောဓသစ္စာ၊ မဂ္ဂသစ္စာ) သစ္စာနှစ်ပါးတို့ကို အာသဝလည်း မည်၍ အာသဝနှင့်လည်း ယှဉ်ကုန်၏ဟူ၍လည်းကောင်း၊ အာသဝနှင့်သာယှဉ်၍ အာသဝမမည်ကုန်ဟူ၍လည်းကောင်း မဆိုအပ်ကုန် (နိဗ္ဗာန်၊ မဂ္ဂင် ၈-ပါး)။ အချို့သော ဒုက္ခသစ္စာသည် အာသဝလည်း မည်၍ အာသဝနှင့်လည်း ယှဉ်၏ (ဒေါသမူဒွေးနှင့် မောဟမူဒွေးတို့၌ရှိသော မောဟကြဉ်သည့် မောဟ, ဒိဋ္ဌိ)။ အချို့သော ဒုက္ခသစ္စာသည် အာသဝနှင့်သာ ယှဉ်၍ အာသဝ မမည်ချေ (လောဘ, ဒိဋ္ဌိ, မောဟ တည်းဟူသော အာသဝတရားကိုယ်ကြဉ်သော အကုသိုလ်စိတ္တုပ္ပါဒ်)။
ဒုက်မုတ်
အချို့သော ဒုက္ခသစ္စာကို အာသဝလည်း မည်၍ အာသဝနှင့်လည်း ယှဉ်၏ဟူ၍ လည်းကောင်း၊ အာသဝနှင့် သာယှဉ်၍ အာသဝမမည်ဟူ၍လည်းကောင်း မဆို အပ်ချေ (ဒေါသမူနှင့် မောဟမူ ဒွေး၌ ရှိသော မောဟ၊ လောကီကုသိုလ်, ဝိပါက်, ကြိယာစိတ္တုပ္ပါဒ်၊ ရုပ် ၂၈-ပါး)။
(၁၉) အာသဝဝိပ္ပယုတ္တသာသဝဒုက် အဖြေဝိသဇ္ဇနာ
(နိရောဓသစ္စာ၊ မဂ္ဂသစ္စာ) သစ္စာ နှစ်ပါးတို့သည် အာသဝနှင့်လည်း မယှဉ်မူ၍ အာသဝ၏ အာရုံ လည်း မဖြစ်ကုန် (နိဗ္ဗာန်၊ မဂ္ဂင် ၈-ပါး)။
ဒုက်မုတ်
သမုဒယသစ္စာကို အာသဝနှင့် မယှဉ်မူ၍ အာသဝ၏ အာရုံသာ ဖြစ်၏ဟူ၍လည်းကောင်း၊ အာသဝနှင့်လည်း မယှဉ်မူ၍ အာသဝ၏ အာရုံလည်း မဖြစ်ဟူ၍လည်းကောင်း မဆိုအပ်ချေ (လောဘ)။ အချို့သော ဒုက္ခသစ္စာသည် အာသဝနှင့် မယှဉ်မူ၍ အာသဝ၏ အာရုံသာ ဖြစ်၏ (ဒေါသမူဒွေးနှင့် မောဟမူဒွေးတို့၌ရှိသော မောဟ၊ လောကီကုသိုလ်, ဝိပါက်, ကြိယာစိတ္တုပ္ပါဒ်၊ ရုပ် ၂၈-ပါး)။
ဒုက်မုတ်
အချို့သော ဒုက္ခသစ္စာကို အာသဝနှင့် မယှဉ်မူ၍ အာသဝ၏ အာရုံသာ ဖြစ်၏ဟူ၍ လည်းကောင်း၊ အာသဝနှင့်လည်း မယှဉ်မူ၍ အာသဝ၏အာရုံလည်း မဖြစ်ဟူ၍လည်း ကောင်း မဆိုအပ်ချေ (ဒေါသမူဒွေးနှင့် မောဟမူဒွေးတို့၌ရှိသော မောဟကြဉ်သည့် မောဟ, ဒိဋ္ဌိ အာသဝ တရားကိုယ် ၂-ပါး)။
(အာသဝဂေါစ္ဆကဒုက် ၆-ခု အဖြေ ဝိသဇ္ဇနာ ပြီး၏။)
--
(၄-သညောဇနဂေါစ္ဆကဒုက် ၆-ခု အဖြေ ဝိသဇ္ဇနာ)
(၂၀) သညောဇနဒုက် အဖြေ ဝိသဇ္ဇနာ
သမုဒယသစ္စာသည် (သတ္တဝါတို့ကို ဝဋ်ဆင်းရဲ၌) ယှဉ်စေတတ်သော ‘သံယောဇဉ်’ မည်၏ (လောဘ)။ (နိရောဓသစ္စာ၊ မဂ္ဂသစ္စာ) သစ္စာနှစ်ပါးတို့သည် သံယောဇဉ် မမည်ကုန် (နိဗ္ဗာန်၊ မဂ္ဂင် ၈-ပါး)။ အချို့သော ဒုက္ခသစ္စာသည် သံယောဇဉ်မည်၏ (လောဘကြဉ်သော သံယောဇဉ်တရားကိုယ် ၇-ပါး= ဒေါသ, မောဟ, မာန, ဒိဋ္ဌိ, ဝိစိကိစ္ဆာ, ဣဿာ, မစ္ဆရိယ)။ အချို့သော ဒုက္ခသစ္စာသည် သံယောဇဉ် မမည်ချေ (သံယောဇဉ်တရားကိုယ်ကြဉ်သော လောကီတရားများ)။
(၂၁) သညောဇနိယဒုက် အဖြေ ဝိသဇ္ဇနာ
(ဒုက္ခသစ္စာ၊ သမုဒယသစ္စာ) သစ္စာနှစ်ပါးတို့သည် သံယောဇဉ်၏ အာရုံဖြစ်ကုန်၏ (လောကီတရားများ)။ (နိရောဓသစ္စာ၊ မဂ္ဂသစ္စာ) သစ္စာနှစ်ပါးတို့သည် သံယောဇဉ်၏ အာရုံမဖြစ်ကုန် (နိဗ္ဗာန်၊ မဂ္ဂင်၈-ပါး)။
(၂၂) သညောဇန သမ္ပယုတ္တဒုက် အဖြေဝိသဇ္ဇနာ
သမုဒယသစ္စာသည် သံယောဇဉ်နှင့်ယှဉ်၏ (လောဘမူစိတ်၌ ရှိသော လောဘ)။ (နိရောဓသစ္စာ၊ မဂ္ဂသစ္စာ) သစ္စာနှစ်ပါးတို့သည် သံယောဇဉ်နှင့် မယှဉ်ကုန် (နိဗ္ဗာန်၊ မဂ္ဂင် ၈-ပါး)။ အချို့သော ဒုက္ခသစ္စာသည် သံယောဇဉ်နှင့် ယှဉ်၏ (လောဘနှင့် ဥဒ္ဓစ္စသဟဂုတ်စိတ်၌ရှိသော မောဟ ကြဉ်သည့် အကုသိုလ်စိတ္တုပ္ပါဒ်များ)။ အချို့သော ဒုက္ခသစ္စာသည် သံယောဇဉ်နှင့် မယှဉ်ချေ (ဥဒ္ဓစ္စသဟ ဂုတ်စိတ်၌ ရှိသော မောဟ၊ လောကီကုသိုလ်, ဝိပါက်, ကြိယာ စိတ္တုပ္ပါဒ်၊ ရုပ် ၂၈-ပါး)။
(၂၃) သညောဇန သညောဇနိယဒုက် အဖြေဝိသဇ္ဇနာ
သမုဒယသစ္စာသည် သံယောဇဉ်လည်း မည်၍ သံယောဇဉ်၏ အာရုံလည်း ဖြစ်၏ (လောဘ)။
ဒုက်မုတ်
(နိရောဓသစ္စာ၊ မဂ္ဂသစ္စာ) သစ္စာနှစ်ပါးတို့ကို သံယောဇဉ်လည်းမည်၍ သံယောဇဉ်၏ အာရုံ လည်း ဖြစ်ကုန်၏ဟူ၍လည်းကောင်း၊ သံယောဇဉ်၏အာရုံသာဖြစ်၍ သံယောဇဉ်မမည်ကုန်ဟူ၍လည်းကောင်း မဆိုအပ်ကုန် (နိဗ္ဗာန်၊ မဂ္ဂင် ၈-ပါး)။ အချို့သော ဒုက္ခသစ္စာသည် သံယောဇဉ်လည်း မည်၍ သံယောဇဉ်၏အာရုံလည်း ဖြစ်၏ (လောဘ ကြဉ်သော ကြွင်းသံယောဇဉ်တရားကိုယ် ၇-ပါး)။ အချို့သော ဒုက္ခသစ္စာသည် သံယောဇဉ်၏ အာရုံသာ ဖြစ်၍ သံယောဇဉ်မမည်ချေ (သံယောဇဉ်တရားကိုယ် ၈-ပါးကြဉ်သော လောကီတရားများ)။
--
(၂၄) သညောဇန သညောဇနသမ္ပယုတ္တဒုက် အဖြေဝိသဇ္ဇနာ
သမုဒယသစ္စာသည် သံယောဇဉ်လည်း မည်၍ သံယောဇဉ်နှင့်လည်း ယှဉ်၏ (လောဘမူစိတ်၌ ရှိသော လောဘ)။
ဒုက်မုတ်
(နိရောဓသစ္စာ၊ မဂ္ဂသစ္စာ) သစ္စာနှစ်ပါးတို့ကို သံယောဇဉ်လည်းမည်၍ သံယောဇဉ်နှင့်လည်း ယှဉ်ကုန်၏ဟူ၍လည်းကောင်း သံယောဇဉ်နှင့်သာယှဉ်၍ သံယောဇဉ်မမည်ကုန်ဟူ၍လည်း ကောင်း မဆိုအပ်ကုန် (နိဗ္ဗာန်၊ မဂ္ဂင် ၈-ပါး)။ အချို့သော ဒုက္ခသစ္စာသည် သံယောဇဉ်လည်း မည်၍ သံယောဇဉ်နှင့်လည်း ယှဉ်၏ (လောဘနှင့် ဥဒ္ဓစ္စသဟဂုတ်စိတ်၌ရှိသော မောဟကြဉ်သည့် ကြွင်းသံယောဇဉ်တရားကိုယ် ၇-ပါး)။ အချို့သော ဒုက္ခ သစ္စာသည် သံယောဇဉ်နှင့်သာယှဉ်၍ သံယောဇဉ် မမည်ချေ (သံယောဇဉ်တရားကိုယ် ၈-ပါးကြဉ်သော အကုသိုလ်စိတ္တုပ္ပါဒ်များ)။
ဒုက်မုတ်
အချို့သော ဒုက္ခသစ္စာကို သံယောဇဉ်လည်း မည်၍ သံယောဇဉ်နှင့်လည်း ယှဉ်၏ဟူ၍ လည်းကောင်း၊ သံယောဇဉ်နှင့်သာယှဉ်၍ သံယောဇဉ် မမည်ဟူ၍လည်းကောင်း မဆို အပ်ချေ (ဥဒ္ဓစ္စသဟဂုတ်စိတ်၌ ရှိသော မောဟ၊ လောကီကုသိုလ်, ဝိပါက်, ကြိယာစိတ္တုပ္ပါဒ်များ၊ ရုပ် ၂၈-ပါး)။
(၂၅) သညောဇနဝိပ္ပယုတ္တသညောဇနိယဒုက် အဖြေဝိသဇ္ဇနာ
(နိရောဓသစ္စာ၊ မဂ္ဂသစ္စာ)
သစ္စာနှစ်ပါးတို့သည် သံယောဇဉ်နှင့်လည်း မယှဉ်မူ၍ သံယောဇဉ်၏ အာရုံလည်း မဖြစ်ကုန် (နိဗ္ဗာန်၊ မဂ္ဂင် ၈-ပါး)။
ဒုက်မုတ်
သမုဒယသစ္စာကို သံယောဇဉ်နှင့် မယှဉ်မူ၍ သံယောဇဉ်၏ အာရုံသာဖြစ်၏ဟူ၍ လည်း ကောင်း၊ သံယောဇဉ်နှင့်လည်း မယှဉ်မူ၍ သံယောဇဉ်၏အာရုံလည်း မဖြစ်ဟူ၍လည်း ကောင်း မဆိုအပ်ချေ (လောဘ)။ အချို့သော ဒုက္ခသစ္စာသည် သံယောဇဉ်နှင့် မယှဉ်မူ၍ သံယောဇဉ်၏ အာရုံသာ ဖြစ်၏ (ဥဒ္ဓစ္စ သဟဂုတ် စိတ်၌ရှိသော မောဟ၊ လောကီကုသိုလ်, ဝိပါက်, ကြိယာစိတ္တုပ္ပါဒ်များ၊ ရုပ် ၂၈-ပါး)။
ဒုက်မုတ်
အချို့သော ဒုက္ခသစ္စာကို သံယောဇဉ်နှင့် မယှဉ်မူ၍ သံယောဇဉ်၏ အာရုံသာဖြစ်၏ဟူ၍ လည်းကောင်း၊ သံယောဇဉ်နှင့်လည်း မယှဉ်မူ၍ သံယောဇဉ်၏ အာရုံလည်း မဖြစ်ဟူ၍ လည်းကောင်း မဆိုအပ်ချေ (လောဘနှင့် ဥဒ္ဓစ္စသဟဂုတ်စိတ်၌ရှိသော မောဟကြဉ်သည့် အကုသိုလ် စိတ္တုပ္ပါဒ်)။
(သညောဇနဂေါစ္ဆကဒုက် ၆-ခု အဖြေဝိသဇ္ဇနာ ပြီး၏။)
--
(၅-ဂန္ထဂေါစ္ဆကဒုက် ၆-ခု အဖြေဝိသဇ္ဇနာ)
(၂၆) ဂန္ထဒုက် အဖြေ ဝိသဇ္ဇနာ
သမုဒယသစ္စာသည် (သတ္တဝါတို့ကို ဝဋ်ဆင်းရဲ၌) ဆက်စပ်ထုံးဖွဲ့ တတ်သော ‘ဂန္ထ’ မည်၏ (လောဘ)။ (နိရောဓသစ္စာ၊ မဂ္ဂသစ္စာ) သစ္စာနှစ်ပါးတို့သည် ဂန္ထ မမည်ကုန် (နိဗ္ဗာန်၊ မဂ်စိတ် ၄-ပါး၌ရှိသော မဂ္ဂင် ၈-ပါး)။ အချို့သော ဒုက္ခသစ္စာသည် ဂန္ထမည်၏ (ဒေါသ, ဒိဋ္ဌိ)။ အချို့သော ဒုက္ခသစ္စာသည် ဂန္ထမမည်ချေ (လောဘ, ဒေါသ, ဒိဋ္ဌိတည်းဟူသော ဂန္ထတရားကိုယ်ကြဉ်သော လောကီစိတ္တုပ္ပါဒ်၊ ရုပ် ၂၈-ပါး)။
(၂၇) ဂန္ထနိယဒုက် အဖြေ ဝိသဇ္ဇနာ
(ဒုက္ခသစ္စာ၊ သမုဒယသစ္စာ) သစ္စာနှစ်ပါးတို့သည် ဂန္ထ၏ (လောဘ, ဒေါသ, ဒိဋ္ဌိတို့၏) အာရုံ ဖြစ်ကုန်၏ (လောကီ တရားများ)။ (နိရောဓသစ္စာ၊ မဂ္ဂသစ္စာ) သစ္စာနှစ်ပါးတို့သည် ဂန္ထ၏ အာရုံမဖြစ်ကုန် (နိဗ္ဗာန်၊ မဂ္ဂင် ၈-ပါး)။
(၂၈) ဂန္ထသမ္ပယုတ္တဒုက် အဖြေ ဝိသဇ္ဇနာ
(နိရောဓသစ္စာ၊ မဂ္ဂသစ္စာ) သစ္စာနှစ်ပါးတို့သည် ဂန္ထနှင့် (လောဘ, ဒေါသ, ဒိဋ္ဌိတို့နှင့်) မယှဉ်ကုန် (နိဗ္ဗာန်၊ မဂ္ဂင် ၈-ပါး)။ အချို့သော (ဒုက္ခသစ္စာ၊ သမုဒယသစ္စာ) သစ္စာနှစ်ပါးတို့သည် ဂန္ထနှင့် ယှဉ်ကုန်၏ (ဒိဋ္ဌိဂတ ဝိပ္ပယုတ်စိတ်၌ ရှိသော လောဘနှင့် ဒေါသမူဒွေး၌ရှိသော ဒေါသကြဉ်သည့် လောဘမူစိတ္တုပ္ပါဒ်, ဒေါသမူ စိတ္တုပ္ပါဒ်)။ အချို့သော (ဒုက္ခသစ္စာ၊ သမုဒယသစ္စာ) သစ္စာနှစ်ပါးတို့သည် ဂန္ထနှင့် မယှဉ်ကုန် (ဒိဋ္ဌိဂတ ဝိပ္ပယုတ်စိတ်၌ရှိသော လောဘ၊ ဒေါသမူဒွေး၌ရှိသော ဒေါသ၊ မောဟမူဒွေး, လောကီကုသိုလ်, ဝိပါက်, ကြိယာစိတ္တုပ္ပါဒ်၊ ရုပ် ၂၈-ပါး)။
(၂၉) ဂန္ထဂန္ထနိယဒုက် အဖြေ ဝိသဇ္ဇနာ
သမုဒယသစ္စာသည် ဂန္ထလည်းမည်၍ ဂန္ထ၏ အာရုံလည်း ဖြစ်၏ (လောဘ)။ ဒုက်မုတ်။ ။ (နိရောဓသစ္စာ၊ မဂ္ဂသစ္စာ) သစ္စာနှစ်ပါးတို့ကို ဂန္ထလည်းမည်၍ ဂန္ထ၏ အာရုံလည်း ဖြစ်ကုန်၏ဟူ၍ လည်းကောင်း၊ ဂန္ထ၏ အာရုံသာဖြစ်၍ ဂန္ထမမည်ကုန်ဟူ၍လည်းကောင်းမဆိုအပ်ကုန် (နိဗ္ဗာန်၊ မဂ္ဂင် ၈-ပါး)။ အချို့သော ဒုက္ခသစ္စာသည် ဂန္ထလည်းမည်၍ ဂန္ထ၏ အာရုံလည်း ဖြစ်၏ (ဒေါသ, ဒိဋ္ဌိ)။ အချို့သော ဒုက္ခသစ္စာသည် ဂန္ထ၏ အာရုံသာဖြစ်၍ ဂန္ထမမည်ချေ (လောဘ, ဒေါသ, ဒိဋ္ဌိတည်းဟူသော ဂန္ထတရားကိုယ်ကြဉ်သော လောကီတရားများ)။
--
(၃၀) ဂန္ထဂန္ထသမ္ပယုတ္တဒုက် အဖြေ ဝိသဇ္ဇနာ
သမုဒယသစ္စာသည် ဂန္ထလည်းမည်၍ ဂန္ထ နှင့် လည်း ယှဉ်၏ (ဒိဋ္ဌိဂတသမ္ပယုတ်စိတ်၌ရှိသော လောဘ)။
ဒုက်မုတ်
အချို့သော သမုဒယသစ္စာကို ဂန္ထလည်းမည်၍ ဂန္ထနှင့်လည်း ယှဉ်၏ဟူ၍လည်းကောင်း၊ ဂန္ထနှင့် သာယှဉ်၍ ဂန္ထမမည်ဟူ၍လည်းကောင်း မဆိုအပ်ချေ (ဒိဋ္ဌိဂတဝိပ္ပယုတ်စိတ်၌ ရှိသော လောဘ)။
ဒုက်မုတ်
(နိရောဓသစ္စာ၊ မဂ္ဂသစ္စာ) သစ္စာနှစ်ပါးတို့ကို ဂန္ထလည်းမည်၍ ဂန္ထနှင့်လည်း ယှဉ်ကုန်၏ဟူ၍လည်းကောင်း၊ ဂန္ထနှင့်သာယှဉ်၍ ဂန္ထမမည်ကုန်ဟူ၍လည်းကောင်း မဆိုအပ်ကုန် (နိဗ္ဗာန်၊ မဂ္ဂင် ၈-ပါး)။ အချို့သော ဒုက္ခသစ္စာသည် ဂန္ထလည်းမည်၍ ဂန္ထနှင့်လည်း ယှဉ်၏ (ဒိဋ္ဌိ)။ အချို့သော ဒုက္ခသစ္စာ သည် ဂန္ထနှင့်သာယှဉ်၍ ဂန္ထမမည်ချေ (ဂန္ထတရားကိုယ် ၃-ပါးကြဉ်သော လောဘမူ, ဒေါသမူ စိတ္တုပ္ပါဒ်များ)။
ဒုက်မုတ်
အချို့သော ဒုက္ခသစ္စာကို ဂန္ထလည်းမည်၍ ဂန္ထနှင့်လည်း ယှဉ်၏ဟူ၍လည်းကောင်း၊ ဂန္ထနှင့်သာ ယှဉ်၍ ဂန္ထမမည်ဟူ၍လည်းကောင်း၊ မဆိုအပ်ချေ (ဒေါသမူဒွေး၌ရှိသော ဒေါသ၊ မောဟမူဒွေး, လောကီကုသိုလ်, ဝိပါက်, ကြိယာစိတ္တုပ္ပါဒ်များ၊ ရုပ် ၂၈-ပါး)။
(၃၁) ဂန္ထဝိပ္ပယုတ္တဂန္ထနိယဒုက် အဖြေဝိသဇ္ဇနာ
(နိရောဓသစ္စာ၊ မဂ္ဂသစ္စာ) သစ္စာနှစ်ပါး တို့သည် ဂန္ထနှင့်လည်း မယှဉ်မူ၍ ဂန္ထ၏ အာရုံလည်း မဖြစ်ကုန် (နိဗ္ဗာန်၊ မဂ္ဂင် ၈-ပါး)။ အချို့သော (ဒုက္ခသစ္စာ၊ သမုဒယသစ္စာ) သစ္စာနှစ်ပါးတို့သည် ဂန္ထနှင့် မယှဉ်မူ၍ ဂန္ထ၏ အာရုံသာ ဖြစ်ကုန်၏ (ဒိဋ္ဌိဂတဝိပ္ပယုတ်စိတ်၌ရှိသော လောဘ၊ ဒေါသမူဒွေး၌ရှိသော ဒေါသ၊ မောဟမူဒွေး, လောကီီကုသိုလ်, ဝိပါက်၊ ကြိယာစိတ္တုပ္ပါဒ်များ၊ ရုပ် ၂၈-ပါး)။
ဒုက်မုတ်
အချို့သော (ဒုက္ခသစ္စာ၊ သမုဒယသစ္စာ) သစ္စာနှစ်ပါးတို့ကို ဂန္ထနှင့် မယှဉ်မူ၍ ဂန္ထ၏ အာရုံသာ ဖြစ်ကုန်၏ဟူ၍လည်းကောင်း ဂန္ထနှင့်လည်း မယှဉ်မူ၍ ဂန္ထ၏ အာရုံလည်း မဖြစ်ကုန်ဟူ၍လည်းကောင်း မဆိုအပ်ကုန် (ဒိဋ္ဌိဂတဝိပ္ပယုတ်စိတ်၌ရှိသော လောဘနှင့် ဒေါသမူဒွေး၌ရှိသော ဒေါသကြဉ်သည့် လောဘမူ, ဒေါသမူစိတ္တုပ္ပါဒ်)။
(ဂန္ထဂေါစ္ဆကဒုက် ၆-ခု အဖြေ ဝိသဇ္ဇနာ ပြီး၏။)
--
(၆-ဩဃဂေါစ္ဆကဒုက် ၆-ခု အဖြေ ဝိသဇ္ဇနာ)
(၃၂-၃၇)။ ။ သမုဒယသစ္စာသည် (သတ္တဝါတို့ကို ဝဋ်ဆင်းရဲ၌) နစ်မြုပ်စေတတ်သော ‘ဩဃ’ မည်၏။ပ။၁
(ဩဃဂေါစ္ဆကဒုက် ၆-ခု အဖြေဝိသဇ္ဇနာ ပြီး၏။)
၁။ ဩဃဂေါစ္ဆက ၆-ဒုက်နှင့် ယောဂဂေါစ္ဆက ၆-ဒုက် အဖြေ ဝိသဇ္ဇနာများသည် အာသဝဂေါစ္ဆက ၆-ဒုက်နှင့် ထပ်တူဖြစ်သဖြင့် ပေယျာလ လုံးဝချန်ခဲ့သည်။ အာသဝဂေါစ္ဆကဒုက် အဖြေဝိသဇ္ဇနာအတိုင်း ချဲ့ယူလေ့လာပါလေ။
-
(၇-ယောဂဂေါစ္ဆကဒုက် ၆-ခု အဖြေ ဝိသဇ္ဇနာ)
(၃၈-၄၃)။ ။ သမုဒယသစ္စာသည် (သတ္တဝါတို့ကို ဝဋ်ဆင်းရဲ၌) ယှဉ်စပ်တွယ်ကပ်စေတတ်သော ‘ယောဂ’ မည်၏။ပ။၁
(ယောဂဂေါစ္ဆကဒုက် ၆-ခု အဖြေဝိသဇ္ဇနာ ပြီး၏။)
၁။ ဩဃဂေါစ္ဆက ၆-ဒုက်နှင့် ယောဂဂေါစ္ဆက ၆-ဒုက် အဖြေဝိသဇ္ဇနာများသည် အာသဝဂေါစ္ဆက ၆-ဒုက်နှင့် ထပ်တူဖြစ်သဖြင့် ပေယျာလလုံးဝ ချန်ခဲ့သည်။ အာသဝဂေါစ္ဆကဒုက် အဖြေ ဝိသဇ္ဇနာအတိုင်း ချဲ့ယူလေ့လာပါလေ။
(၈-နီဝရဏဂေါစ္ဆကဒုက် ၆-ခု အဖြေ ဝိသဇ္ဇနာ)
(၄၄) နီဝရဏဒုက် အဖြေ ဝိသဇ္ဇနာ
သမုဒယသစ္စာသည် (ဈာန်, မဂ်, ဖိုလ်တရားတို့ကို) ပိတ်ပင်တားဆီးတတ်သော နီဝရဏမည်၏ (လောဘ)။ (နိရောဓသစ္စာ၊ မဂ္ဂသစ္စာ) သစ္စာနှစ်ပါးတို့သည် နီဝရဏမမည်ကုန် (နိဗ္ဗာန်၊ မဂ္ဂင် ၈-ပါး)။ အချို့သော ဒုက္ခသစ္စာသည် နီဝရဏမည်၏ (လောဘကြဉ်သော နီဝရဏတရားကိုယ် ၇-ပါး= ဒေါသ, ဝိစိကိစ္ဆာ, ဥဒ္ဓစ္စ, ကုက္ကုစ္စ, ထိန, မိဒ္ဓ, မောဟ)။ အချို့သော ဒုက္ခသစ္စာသည် နီဝရဏ မမည်ချေ (နီဝရဏတရားကိုယ် ၈-ပါးကြဉ်သော လောကီ တရားများ)။
(၄၅) နီဝရဏိယဒုက် အဖြေ ဝိသဇ္ဇနာ
(ဒုက္ခသစ္စာ၊ သမုဒယသစ္စာ) သစ္စာနှစ်ပါးတို့သည် နီဝရဏ၏ အာရုံ ဖြစ်ကုန်၏ (လောကီတရားများ)။ (နိရောဓသစ္စာ၊ မဂ္ဂသစ္စာ) သစ္စာနှစ်ပါးတို့သည် နီဝရဏ၏ အာရုံမဖြစ်ကုန် (နိဗ္ဗာန်၊ မဂ္ဂင်၈-ပါး)။
--
(၄၆) နီဝရဏသမ္ပယုတ္တဒုက် အဖြေ ဝိသဇ္ဇနာ
သမုဒယသစ္စာသည် နီဝရဏနှင့် ယှဉ်၏ (လောဘ)။ (နိရောဓသစ္စာ၊ မဂ္ဂသစ္စာ) သစ္စာနှစ်ပါးတို့သည် နီဝရဏနှင့် မယှဉ်ကုန် (နိဗ္ဗာန်၊ မဂ္ဂင် ၈-ပါး)။ အချို့သော ဒုက္ခသစ္စာသည် နီဝရဏနှင့် ယှဉ်၏ (လောဘကြဉ်သော အကုသိုလ်စိတ္တုပ္ပါဒ်)။ အချို့သော ဒုက္ခသစ္စာသည် နီဝရဏနှင့် မယှဉ်ချေ (လောကီကုသိုလ်, ဝိပါက်, ကြိယာစိတ္တုပ္ပါဒ်များ၊ ရုပ် ၂၈-ပါး)။
(၄၇) နီဝရဏ နီဝရဏိယဒုက် အဖြေ ဝိသဇ္ဇနာ
သမုဒယသစ္စာသည် နီဝရဏလည်း မည်၍ နီဝရဏ၏ အာရုံလည်း ဖြစ်၏ (ကာမစ္ဆန္ဒ နီဝရဏ= လောဘ)။
ဒုက်မုတ်
(နိရောဓသစ္စာ၊ မဂ္ဂသစ္စာ) သစ္စာနှစ်ပါးတို့ကို နီဝရဏလည်း မည်၍ နီဝရဏ၏ အာရုံလည်း ဖြစ်ကုန်၏ဟူ၍လည်းကောင်း၊ နီဝရဏ၏ အာရုံသာဖြစ်၍ နီဝရဏမမည်ကုန်ဟူ၍လည်း ကောင်း မဆိုအပ်ကုန် (နိဗ္ဗာန်၊ မဂ္ဂင် ၈-ပါး)။ အချို့သော ဒုက္ခသစ္စာသည် နီဝရဏလည်း မည်၍ နီဝရဏ၏ အာရုံလည်း ဖြစ်၏ (လောဘ ကြဉ်သော နီဝရဏတရားကိုယ် ၇-ပါး)။ အချို့သော ဒုက္ခသစ္စာသည် နီဝရဏ၏ အာရုံသာဖြစ်၍ နီဝရဏ မမည်ချေ (နီဝရဏတရားကိုယ် ၈-ပါးကြဉ်သည့် လောကီတရားများ)။
(၄၈) နီဝရဏ နီဝရဏသမ္ပယုတ္တဒုက် အဖြေ ဝိသဇ္ဇနာ
သမုဒယသစ္စာသည် နီဝရဏလည်း မည်၍ နီဝရဏနှင့်လည်း ယှဉ်၏ (လောဘ)။
ဒုက်မုတ်
(နိရောဓသစ္စာ၊ မဂ္ဂသစ္စာ) သစ္စာနှစ်ပါးတို့ကို နီဝရဏလည်း မည်၍ နီဝရဏနှင့်လည်း ယှဉ်ကုန်၏ဟူ၍လည်းကောင်း၊ နီဝရဏနှင့်သာ ယှဉ်၍ နီဝရဏ မမည်ကုန်ဟူ၍ လည်း ကောင်း မဆိုအပ်ကုန် (နိဗ္ဗာန်၊ မဂ္ဂင် ၈-ပါး)။ အချို့သော ဒုက္ခသစ္စာသည် နီဝရဏလည်း မည်၍ နီဝရဏနှင့်လည်း ယှဉ်၏ (လောဘကြဉ်သော နီဝရဏ တရားကိုယ် ၇-ပါး)။ အချို့သော ဒုက္ခသစ္စာသည် နီဝရဏနှင့်သာ ယှဉ်၍ နီဝရဏ မမည်ချေ (နီဝရဏတရားကိုယ် ၈-ပါးကြဉ်သော အကုသိုလ်စိတ္တုပ္ပါဒ်များ)။
ဒုက်မုတ်
အချို့သော ဒုက္ခသစ္စာကို နီဝရဏလည်း မည်၍ နီဝရဏနှင့်လည်း ယှဉ်၏ဟူ၍ လည်း ကောင်း၊ နီဝရဏနှင့် သာယှဉ်၍ နီဝရဏ မမည်ဟူ၍လည်းကောင်း မဆိုအပ်ချေ (လောကီ ကုသိုလ်, ဝိပါက်, ကြိယာစိတ္တုပ္ပါဒ်များ၊ ရုပ် ၂၈-ပါး)။
--
(၄၉) နီဝရဏဝိပ္ပယုတ္တနီဝရဏိယဒုက် အဖြေ ဝိသဇ္ဇနာ
(နိရောဓသစ္စာ၊ မဂ္ဂသစ္စာ) သစ္စာ နှစ်ပါးတို့သည် နီဝရဏနှင့်လည်း မယှဉ်မူ၍ နီဝရဏ ၏ အာရုံလည်း မဖြစ်ကုန် (နိဗ္ဗာန်၊ မဂ္ဂင် ၈-ပါး)။
ဒုက်မုတ်
သမုဒယသစ္စာကို နီဝရဏနှင့် မယှဉ်မူ၍ နီဝရဏ၏ အာရုံသာဖြစ်၏ဟူ၍လည်းကောင်း၊ နီဝရဏနှင့်လည်း မယှဉ်မူ၍ နီဝရဏ၏ အာရုံလည်း မဖြစ်ဟူ၍လည်းကောင်း မဆို အပ်ချေ (လောဘ)။ အချို့သော ဒုက္ခသစ္စာသည် နီဝရဏနှင့် မယှဉ်မူ၍ နီဝရဏ၏ အာရုံသာဖြစ်၏ (အကုသိုလ်စိတ္တုပ္ပါဒ် ကြဉ်သော လောကီတရားများ)။
ဒုက်မုတ်
အချို့သော ဒုက္ခသစ္စာကို နီဝရဏနှင့် မယှဉ်မူ၍ နီဝရဏ၏ အာရုံဖြစ်၏ဟူ၍လည်းကောင်း၊ နီဝရဏနှင့်လည်း မယှဉ်မူ၍ နီဝရဏ၏အာရုံလည်း မဖြစ်ဟူ၍လည်းကောင်း မဆိုအပ်ချေ (လောဘကြဉ်သော အကုသိုလ်စိတ္တုပ္ပါဒ်)။
(နီဝရဏဂေါစ္ဆကဒုက် ၆-ခု အဖြေ ဝိသဇ္ဇနာ ပြီး၏။)
--
(၉-ပရာမာသဂေါစ္ဆကဒုက် ၅-ခု အဖြေ ဝိသဇ္ဇနာ)
(၅၀) ပရာမာသဒုက် အဖြေ ဝိသဇ္ဇနာ
(သမုဒယသစ္စာ၊ နိရောဓသစ္စာ၊ မဂ္ဂသစ္စာ) သစ္စာသုံးပါး တို့သည် မှားသောအားဖြင့် သုံးသပ်မှု ‘ပရာမာသ’ (ဒိဋ္ဌိ) မမည်ကုန် (လောဘ၊ နိဗ္ဗာန်၊ မဂ္ဂင် ၈-ပါး)။ အချို့သော ဒုက္ခသစ္စာသည် ပရာမာသမည်၏ (ဒိဋ္ဌိ)၊ အချို့သော ဒုက္ခသစ္စာသည် ပရာမာသ မမည်ချေ (လောဘ, ဒိဋ္ဌိကြဉ်သော လောကီတရားများ)။
(၅၁) ပရာမဋ္ဌဒုက် အဖြေ ဝိသဇ္ဇနာ
(ဒုက္ခသစ္စာ၊ သမုဒယသစ္စာ) သစ္စာနှစ်ပါးတို့သည် ပရာမာသ၏ (ဒိဋ္ဌိ၏) အာရုံဖြစ်ကုန်၏ (လောကီ တရားများ)။ (နိရောဓသစ္စာ၊ မဂ္ဂသစ္စာ) သစ္စာနှစ်ပါးတို့သည် ပရာမာသ၏ (ဒိဋ္ဌိ၏) အာရုံ မဖြစ်ကုန် (နိဗ္ဗာန်၊ မဂ္ဂင် ၈-ပါး)။
(၅၂) ပရာမာသ သမ္ပယုတ္တဒုက် အဖြေ ဝိသဇ္ဇနာ
(နိရောဓသစ္စာ၊ မဂ္ဂသစ္စာ) သစ္စာနှစ်ပါးတို့သည်မှားသောအားဖြင့် သုံးသပ်မှု ‘ပရာမာသ'နှင့် (ဒိဋ္ဌိနှင့်) မယှဉ်ကုန် (နိဗ္ဗာန်၊ မဂ္ဂင် ၈-ပါး)။ အချို့သော သမုဒယသစ္စာသည် ပရာမာသနှင့် (ဒိဋ္ဌိနှင့်) ယှဉ်၏ (ဒိဋ္ဌိဂတသမ္ပယုတ်စိတ်၌ရှိသော လောဘ)၊ အချို့သော သမုဒယသစ္စာသည် ပရာမာသနှင့် (ဒိဋ္ဌိနှင့်) မယှဉ်ချေ (ဒိဋ္ဌိဂတဝိပ္ပယုတ်စိတ်၌ ရှိသော လောဘ)။ အချို့သော ဒုက္ခသစ္စာသည် ပရာမာသနှင့် (ဒိဋ္ဌိနှင့်) ယှဉ်၏ (လောဘနှင့် ဒိဋ္ဌိကြဉ်သော ဒိဋ္ဌိဂတ သမ္ပယုတ် စိတ္တုပ္ပါဒ်)၊ အချို့သော ဒုက္ခသစ္စာသည် ပရာမာသနှင့် (ဒိဋ္ဌိနှင့်) မယှဉ်ချေ (ဒိဋ္ဌိဂတသမ္ပယုတ် စိတ်ကြဉ်သော လောကီစိတ်များ၊ လောဘ, ဒိဋ္ဌိကြဉ် စေတသိက် ၅၀၊ ရုပ် ၂၈-ပါး)။
ဒုက်မုတ်
အချို့သော ဒုက္ခသစ္စာကို ပရာမာသနှင့် (ဒိဋ္ဌိနှင့်) ယှဉ်၏ဟူ၍လည်းကောင်း၊ ပရာမာသနှင့် မယှဉ်ဟူ၍လည်းကောင်း မဆိုအပ်ချေ (ဒိဋ္ဌိ) (ဒိဋ္ဌိကို ဒိဋ္ဌိနှင့် ယှဉ်၏ဟု မဆိုရချေ)။ (ဏီ၊ ပဒ-၁၅၂၀)
--
(၅၃) ပရာမာသ ပရာမဋ္ဌဒုက် အဖြေ ဝိသဇ္ဇနာ
သမုဒယသစ္စာကို ပရာမာသ (ဒိဋ္ဌိ) လည်းမည်၍ ပရာမာသ၏ (ဒိဋ္ဌိ၏) အာရုံလည်း ဖြစ်၏ဟု မဆိုအပ်ချေ (လောဘ)။ သမုဒယသစ္စာသည် ပရာမာသ၏ အာရုံသာဖြစ်၍ ပရာမာသ မမည်ချေ (လောဘ)။
ဒုက်မုတ်
(နိရောဓသစ္စာ၊ မဂ္ဂသစ္စာ) သစ္စာနှစ်ပါးတို့ကို ပရာမာသလည်း မည်၍ ပရာမာသ၏ (ဒိဋ္ဌိ၏) အာရုံလည်း ဖြစ်၏ဟူ၍လည်းကောင်း၊ ပရာမာသ၏ အာရုံသာဖြစ်၍ ပရာမာသ မမည်ဟူ၍လည်းကောင်း မဆိုအပ်ချေ (နိဗ္ဗာန်၊ မဂ္ဂင် ၈-ပါး)။ အချို့သော ဒုက္ခသစ္စာသည် ပရာမာသလည်း မည်၍ ပရာမာသ၏ အာရုံလည်း ဖြစ်၏ (ဒိဋ္ဌိ)။ အချို့သော ဒုက္ခသစ္စာသည် ပရာမာသ၏ အာရုံသာဖြစ်၍ ပရာမာသ မမည်ချေ (လောဘနှင့် ဒိဋ္ဌိကြဉ် သည့် လောကီတရားများ)။
(၅၄) ပရာမာသဝိပ္ပယုတ္တပရာမဋ္ဌဒုက် အဖြေ ဝိသဇ္ဇနာ
(နိရောဓသစ္စာ၊ မဂ္ဂသစ္စာ) သစ္စာနှစ်ပါးတို့သည် ပရာမာသ (ဒိဋ္ဌိ) နှင့်လည်း မယှဉ်မူ၍ ပရာမာသ၏ အာရုံလည်း မဖြစ်ကုန် (နိဗ္ဗာန်၊ မဂ္ဂင်ရှစ်ပါး)။ အချို့သော (ဒုက္ခသစ္စာ၊ သမုဒယသစ္စာ) သစ္စာနှစ်ပါးတို့သည် ပရာမာသနှင့် မယှဉ်မူ၍ ပရာမာသ၏ အာရုံသာ ဖြစ်ကုန်၏ (ဒိဋ္ဌိနှင့် ဒိဋ္ဌိဂတသမ္ပယုတ်စိတ္တုပ္ပါဒ်ကြဉ်သည့် လောကီတရားများ)။
ဒုက်မုတ်
အချို့သော (ဒုက္ခသစ္စာ၊ သမုဒယသစ္စာ) သစ္စာနှစ်ပါးတို့သည် ပရာမာသနှင့် မယှဉ်မူ၍ ပရာမာသ၏ အာရုံသာ ဖြစ်ကုန်၏ဟူ၍လည်းကောင်း၊ ပရာမာသနှင့်လည်း မယှဉ်မူ၍ ပရာမာသ၏ အာရုံလည်း မဖြစ်ကုန်ဟူ၍လည်းကောင်း မဆိုအပ်ကုန် (ဒိဋ္ဌိနှင့် ဒိဋ္ဌိဂတသမ္ပယုတ် စိတ္တုပ္ပါဒ်)။
(ပရာမာသဂေါစ္ဆကဒုက် ၅-ခု အဖြေဝိသဇ္ဇနာ ပြီး၏။)
--
(၁၀-မဟန္တရဒုက်၁၄-ခု အဖြေဝိသဇ္ဇနာ)
(၅၅) သာရမ္မဏဒုက် အဖြေ ဝိသဇ္ဇနာ
(သမုဒယသစ္စာ၊ မဂ္ဂသစ္စာ) သစ္စာနှစ်ပါးတို့သည် အာရုံပြုခြင်း ရှိကုန်၏ (အာရုံပြုတတ်၏) (လောဘ၊ မဂ္ဂင်ရှစ်ပါး)။ နိရောဓသစ္စာသည် အာရုံပြုခြင်းသဘော မရှိချေ (အာရုံမပြုတတ်ချေ) (နိဗ္ဗာန်)။ အချို့သော ဒုက္ခသစ္စာသည် အာရုံပြုခြင်းသဘော ရှိ၏ (အာရုံပြုတတ်၏) (လောဘကြဉ်သော လောကီစိတ္တုပ္ပါဒ်များ)။ အချို့သော ဒုက္ခသစ္စာသည် အာရုံပြု ခြင်းသဘော မရှိချေ (ရုပ် ၂၈-ပါး)။
(၅၆) စိတ္တဒုက် အဖြေ ဝိသဇ္ဇနာ
(သမုဒယသစ္စာ၊ နိရောဓသစ္စာ၊ မဂ္ဂသစ္စာ) သစ္စာသုံးပါး တို့သည် စိတ် မမည်ကုန် (လောဘ၊ နိဗ္ဗာန်၊ မဂ္ဂင် ရှစ်ပါး)။ အချို့သော ဒုက္ခသစ္စာသည် စိတ်မည်၏ (လောကီစိတ် ၈၁-ပါး)။ အချို့သော ဒုက္ခသစ္စာသည် စိတ် မမည်ချေ (လောဘကြဉ်သော လောကီစိတ်တို့၌ရှိသော စေတသိက်များ၊ ရုပ် ၂၈-ပါး)။
(၅၇) စေတသိကဒုက် အဖြေ ဝိသဇ္ဇနာ
(သမုဒယသစ္စာ၊ မဂ္ဂသစ္စာ) သစ္စာနှစ်ပါးတို့သည် စေတသိက် မည်ကုန်၏ (လောဘ၊ မဂ္ဂင် ၈-ပါး)။ နိရောဓသစ္စာသည် စေတသိက် မမည်ချေ (နိဗ္ဗာန်)။ အချို့သော ဒုက္ခသစ္စာသည် စေတသိက်မည်၏ (လောကီစိတ်တို့ ၌ရှိသော လောဘကြဉ်သည့် ယှဉ်ဘက် စေတသိက်များ)။ အချို့သော ဒုက္ခသစ္စာသည် စေတသိက် မမည်ချေ (လောကီစိတ် ၈၁-ပါး၊ ရုပ် ၂၈-ပါး)။
(၅၈) စိတ္တသမ္ပယုတ္တဒုက် အဖြေ ဝိသဇ္ဇနာ
(သမုဒယသစ္စာ၊ မဂ္ဂသစ္စာ) သစ္စာနှစ်ပါးတို့သည် စိတ်နှင့်ယှဉ်ကုန်၏ (လောဘ၊ မဂ္ဂင်ရှစ်ပါး)။ နိရောဓသစ္စာသည် စိတ်နှင့် မယှဉ်ချေ (နိဗ္ဗာန်)။ အချို့သော ဒုက္ခသစ္စာသည် စိတ်နှင့် ယှဉ်၏ (လောကီစိတ်နှင့် ယှဉ်သော လောဘကြဉ်သည့် စေတသိက်များ)။ အချို့သော ဒုက္ခသစ္စာသည် စိတ်နှင့် မယှဉ်ချေ (ရုပ် ၂၈-ပါး)။
ဒုက်မုတ်
အချို့သော ဒုက္ခသစ္စာကို စိတ်နှင့် ယှဉ်၏ဟူ၍လည်းကောင်း၊ စိတ်နှင့် မယှဉ်ဟူ၍ လည်းကောင်း မဆိုအပ်ချေ (လောကီစိတ် ၈၁-ပါး) (စိတ်ကို စိတ်နှင့် ယှဉ်၏ဟု မဆို ရချေ)။
--
(၅၉) စိတ္တသံသဋ္ဌဒုက် အဖြေ ဝိသဇ္ဇနာ
(သမုဒယသစ္စာ၊ မဂ္ဂသစ္စာ) သစ္စာနှစ်ပါးတို့သည် စိတ်နှင့်နှီးနှော ရောနှောကုန်၏ (စိတ်နှင့် ယှဉ်ကုန် ၏) (လောဘ၊ မဂ္ဂင်ရှစ်ပါး)။ နိရောဓသစ္စာသည် စိတ်နှင့် မနှီးနှော မရောနှောချေ (စိတ်နှင့် မယှဉ်ချေ) (နိဗ္ဗာန်)။ အချို့သော ဒုက္ခသစ္စာသည် စိတ်နှင့် နှီးနှော၏ (စိတ်နှင့်ယှဉ်၏) (လောကီစိတ်နှင့် ယှဉ်သည့် လောဘ ကြဉ်သော စေတသိက် ၅၁-ပါး)။ အချို့သော ဒုက္ခသစ္စာသည် စိတ်နှင့် မနှီးနှော မရောနှောချေ (စိတ်နှင့် မယှဉ်ချေ) (ရုပ် ၂၈-ပါး)။
ဒုက်မုတ်
အချို့သော ဒုက္ခသစ္စာကို စိတ်နှင့်နှီးနှော ရောနှော၏ (ယှဉ်၏)ဟူ၍လည်းကောင်း၊ စိတ်နှင့် မနှီးနှော မရောနှောဟူ၍လည်းကောင်း မဆိုအပ်ချေ (လောကီစိတ် ၈၁-ပါး)။
(၆၀) စိတ္တသမုဋ္ဌာနဒုက် အဖြေ ဝိသဇ္ဇနာ
(သမုဒယသစ္စာ၊ မဂ္ဂသစ္စာ) သစ္စာနှစ်ပါးတို့သည် စိတ်ကြောင့် ဖြစ်ကုန်၏ (လောဘ၊ မဂ္ဂင်ရှစ်ပါး)။ နိရောဓသစ္စာသည် စိတ်ကြောင့် မဖြစ်ချေ (နိဗ္ဗာန်)။ အချို့သော ဒုက္ခသစ္စာသည် စိတ်ကြောင့် ဖြစ်၏ (လောကီစိတ်၌ရှိသော လောဘကြဉ်သည့် စေတသိက်များ၊ စိတ္တဇရုပ်)။ အချို့သော ဒုက္ခသစ္စာသည် စိတ်ကြောင့် မဖြစ်ချေ (လောကီစိတ် ၈၁-ပါး၊ စိတ္တဇရုပ်မှ တစ်ပါးသော ကမ္မဇ, ဥတုဇ, အာဟာရဇ ရုပ်များ)။
(၆၁) စိတ္တသဟဘုဒုက် အဖြေ ဝိသဇ္ဇနာ
(သမုဒယသစ္စာ၊ မဂ္ဂသစ္စာ) သစ္စာနှစ်ပါးတို့သည် စိတ်နှင့် တကွ ဖြစ်ကုန်၏ (စိတ်နှင့်အတူဖြစ် အတူ ပျက် ဖြစ်ကုန်၏) (လောဘ၊ မဂ္ဂင်ရှစ်ပါး)။ နိရောဓသစ္စာသည် စိတ်နှင့်တကွ မဖြစ်ချေ (စိတ်နှင့် အတူဖြစ် အတူပျက် မဟုတ်ချေ) (နိဗ္ဗာန်)။ အချို့သော ဒုက္ခသစ္စာသည် စိတ်နှင့်တကွ ဖြစ်၏ (စိတ်နှင့် အတူဖြစ် အတူပျက် ဖြစ်၏) (လောကီ စိတ်၌ရှိသော လောဘကြဉ်သည့် စေတသိက် ၅၁-ပါး၊ ဝိညတ်ရုပ် ၂-ပါး)။ အချို့သော ဒုက္ခသစ္စာသည် စိတ်နှင့်တကွ မဖြစ်ချေ (စိတ်နှင့် အတူဖြစ် အတူပျက် မဟုတ်ချေ) (လောကီစိတ် ၈၁-ပါး၊ ဝိညတ် ဒွေးကြဉ် ရုပ် ၂၆-ပါး)။
(၆၂) စိတ္တာနုပရိဝတ္တိဒုက် အဖြေ ဝိသဇ္ဇနာ
(သမုဒယသစ္စာ၊ မဂ္ဂသစ္စာ) သစ္စာနှစ်ပါးတို့သည် စိတ်သို့ အစဉ်လိုက်၍ ဖြစ်ကုန်၏ (စိတ်နှင့် အတူဖြစ် အတူပျက် ဖြစ်၏) (လောဘ၊ မဂ္ဂင်ရှစ်ပါး)။ နိရောဓသစ္စာသည် စိတ်သို့ အစဉ်လိုက်၍ မဖြစ်ချေ (စိတ်နှင့် အတူဖြစ် အတူပျက် မဟုတ်ချေ) (နိဗ္ဗာန်)။ အချို့သော ဒုက္ခသစ္စာသည် စိတ်သို့ အစဉ်လိုက်၍ ဖြစ်၏ (စိတ်နှင့် အတူဖြစ် အတူပျက် ဖြစ်၏) (လောကီစိတ်၌ရှိသော လောဘကြဉ်သည့် စေတသိက် ၅၁-ပါး၊ ဝိညတ်ဒွေး)။ အချို့သော ဒုက္ခသစ္စာသည် စိတ်သို့ အစဉ်လိုက်၍ မဖြစ်ချေ (စိတ်နှင့် အတူဖြစ် အတူပျက် မဟုတ်ချေ) (လောကီစိတ် ၈၁-ပါး၊ ဝိညတ်ဒွေး ကြဉ်သော ရုပ် ၂၆-ပါး)။
--
(၆၃) စိတ္တသံသဋ္ဌသမုဋ္ဌာနဒုက် အဖြေ ဝိသဇ္ဇနာ
(သမုဒယသစ္စာ၊ မဂ္ဂသစ္စာ) သစ္စာနှစ်ပါး တို့သည်စိတ်နှင့်လည်း နှီးနှောရောနှော၍ (စိတ်နှင့်လည်း ယှဉ်၍) စိတ်ကြောင့်လည်း ဖြစ်ကုန်၏ (လောဘ၊ မဂ္ဂင်ရှစ်ပါး)။ နိရောဓသစ္စာသည် စိတ်နှင့်လည်း မနှီးနှော မရောနှောမူ၍ (မယှဉ်မူ၍) စိတ်ကြောင့်လည်း မဖြစ်ချေ (နိဗ္ဗာန်)။ အချို့သော ဒုက္ခသစ္စာသည် စိတ်နှင့်လည်း နှီးနှော ရောနှော၍ (စိတ်နှင့်လည်း ယှဉ်၍) စိတ်ကြောင့် လည်း ဖြစ်၏ (လောကီစိတ်၌ရှိသော လောဘကြဉ်သည့် စေတသိက်များ)။ အချို့သော ဒုက္ခသစ္စာသည် စိတ်နှင့်လည်း မနှီးနှော မရောနှောမူ၍ (စိတ်နှင့်လည်း မယှဉ်မူ၍) စိတ်ကြောင့်လည်း မဖြစ်ချေ (လောကီ စိတ် ၈၁-ပါး၊ ရုပ် ၂၈-ပါး)။
(၆၄) စိတ္တသံသဋ္ဌသမုဋ္ဌာနသဟဘုဒုက် အဖြေ ဝိသဇ္ဇနာ
(သမုဒယသစ္စာ၊ မဂ္ဂသစ္စာ) သစ္စာနှစ်ပါးတို့သည် စိတ်နှင့် လည်း နှီးနှော ရောနှော၍ (စိတ်နှင့်လည်း ယှဉ်၍) စိတ်ကြောင့်လည်း ဖြစ်၍ စိတ်နှင့်လည်း တကွ ဖြစ်ကုန်၏ (စိတ်နှင့် အတူဖြစ် အတူပျက် ဖြစ်ကုန်၏) (လောဘ၊ မဂ္ဂင်ရှစ်ပါး)။ နိရောဓသစ္စာသည် စိတ်နှင့်လည်း မနှီးနှော မရောနှောမူ၍ (စိတ်နှင့်လည်း မယှဉ်မူ၍) စိတ်ကြောင့် လည်း မဖြစ်မူ၍ စိတ်နှင့်လည်း တကွ မဖြစ်ချေ (စိတ်နှင့်လည်း အတူဖြစ် အတူပျက် မဟုတ်ချေ) (နိဗ္ဗာန်)။ အချို့သော ဒုက္ခသစ္စာသည် စိတ်နှင့်လည်း နှီးနှော ရောနှော၍ (စိတ်နှင့်လည်း ယှဉ်၍) စိတ်ကြောင့်လည်း ဖြစ်၍ စိတ်နှင့်လည်း တကွ ဖြစ်၏ (စိတ်နှင့် အတူဖြစ် အတူပျက် ဖြစ်၏) (လောကီစိတ်၌ရှိသော လောဘကြဉ်သည့် စေတသိက် ၅၁-ပါး)။ အချို့သော ဒုက္ခသစ္စာသည် စိတ်နှင့်လည်း မနှီးနှော မရောနှောမူ၍ (စိတ်နှင့်လည်း မယှဉ်မူ၍) စိတ်ကြောင့်လည်း မဖြစ်မူ၍ စိတ်နှင့်လည်း တကွမဖြစ်ချေ (စိတ်နှင့် အတူဖြစ် အတူပျက် မဟုတ်ချေ) (လောကီစိတ် ၈၁-ပါး၊ ရုပ် ၂၈-ပါး)။
(၆၅) စိတ္တသံသဋ္ဌသမုဋ္ဌာနာနုပရိဝတ္တိဒုက် အဖြေ ဝိသဇ္ဇနာ
(သမုဒယသစ္စာ၊ မဂ္ဂသစ္စာ) သစ္စာနှစ်ပါးတို့သည် စိတ် နှင့်လည်း နှီးနှောရောနှော၍ (စိတ်နှင့်လည်း ယှဉ်၍) စိတ်ကြောင့်လည်း ဖြစ်၍ စိတ်သို့လည်း အစဉ်လိုက်၍ ဖြစ်ကုန်၏ (စိတ်နှင့် အတူဖြစ် အတူပျက် ဖြစ်ကုန်၏) (လောဘ၊ မဂ္ဂင်ရှစ်ပါး)။ နိရောဓသစ္စာသည် စိတ်နှင့်လည်း မနှီးနှော မရောနှောမူ၍ (စိတ်နှင့်လည်းမယှဉ်မူ၍) စိတ်ကြောင့် လည်း မဖြစ်မူ၍ စိတ်သို့လည်း အစဉ်လိုက်၍ မဖြစ်ချေ (စိတ်နှင့် အတူဖြစ် အတူပျက် မဟုတ်ချေ) (နိဗ္ဗာန်)။ အချို့သော ဒုက္ခသစ္စာသည် စိတ်နှင့်လည်း နှီးနှော ရောနှော၍ (စိတ်နှင့်လည်း ယှဉ်၍) စိတ် ကြောင့်လည်း ဖြစ်၍ စိတ်သို့လည်း အစဉ်လိုက်၍ ဖြစ်၏ (စိတ်နှင့် အတူဖြစ် အတူပျက် ဖြစ်၏) (လောကီစိတ်တို့၌ရှိသော လောဘကြဉ်သည့် စေတသိက် ၅၁-ပါး)။ အချို့သော ဒုက္ခသစ္စာသည် စိတ်နှင့် လည်း မနှီးနှော မရောနှောမူ၍ စိတ်ကြောင့်လည်း မဖြစ်မူ၍ စိတ်သို့လည်း အစဉ်လိုက်၍ မဖြစ်ချေ (စိတ်နှင့် အတူဖြစ် အတူပျက် မဟုတ်ချေ) (လောကီစိတ် ၈၁-ပါး၊ ရုပ် ၂၈-ပါး)။
--
(၆၆) အဇ္ဈတ္တိကဒုက် အဖြေ ဝိသဇ္ဇနာ
(သမုဒယသစ္စာ၊ နိရောဓသစ္စာ၊ မဂ္ဂသစ္စာ) သစ္စာသုံးပါး တို့သည် အပ ‘ဗဟိဒ္ဓ'သန္တာန်၌ ဖြစ်ကုန်၏ (လောဘ၊ နိဗ္ဗာန်၊ မဂ္ဂင်ရှစ်ပါး)။ အချို့သော ဒုက္ခသစ္စာသည် အတွင်း ‘အဇ္ဈတ္တ'သန္တာန်၌ ဖြစ်၏ (လောကီစိတ် ၈၁-ပါး၊ ပသာဒရုပ် ၅-ပါး)။ အချို့သော ဒုက္ခသစ္စာသည် အပ ‘ဗဟိဒ္ဓ'သန္တာန်၌ ဖြစ်၏ (လောကီစိတ်၌ရှိသော လောဘကြဉ် သည့် စေတသိက် ၅၁-ပါး၊ ပသာဒရုပ် ၅-ပါးကြဉ်သော ရုပ် ၂၃-ပါး)။
(၆၇) ဥပါဒါဒုက် အဖြေ ဝိသဇ္ဇနာ
(သမုဒယသစ္စာ၊ နိရောဓသစ္စာ၊ မဂ္ဂသစ္စာ) သစ္စာ သုံးပါးတို့သည် မဟာဘုတ် ၄-ပါးတို့ကို မှီ၍ဖြစ်သော ‘ဥပါဒါရုပ်'မဟုတ်ချေ (လောဘ၊ နိဗ္ဗာန်၊ မဂ္ဂင်ရှစ်ပါး)။ အချို့သော ဒုက္ခသစ္စာသည် မဟာဘုတ် ၄-ပါးကို မှီ၍ ဖြစ်၏ (ဥပါဒါရုပ် ၂၄-ပါး)။ အချို့သော ဒုက္ခသစ္စာသည် မဟာဘုတ် ၄-ပါးကို မှီ၍ ဖြစ်သော ‘ဥပါဒါရုပ်'မဟုတ်ချေ (လောဘကြဉ်သော လောကီစိတ္တုပ္ပါဒ်၊ မဟာဘုတ် ၄-ပါး)။
(၆၈) ဥပါဒိဏ္ဏဒုက် အဖြေ ဝိသဇ္ဇနာ
(သမုဒယသစ္စာ၊ နိရောဓသစ္စာ၊ မဂ္ဂသစ္စာ) သစ္စာ သုံးပါးတို့သည် တဏှာဒိဋ္ဌိတို့ ကပ်အပ်သော ကံသည် အကျိုး၏ အဖြစ်ဖြင့် မယူအပ်ကုန် (တဏှာ, ဒိဋ္ဌိတို့ ကပ်အပ်သော ကံကြောင့် မဖြစ်ကုန်) (လောဘ၊ နိဗ္ဗာန်၊ မဂ္ဂင်ရှစ်ပါး)။ အချို့သော ဒုက္ခသစ္စာသည် တဏှာ, ဒိဋ္ဌိတို့သည် ကပ်အပ်သော ကံသည် အကျိုး၏ အဖြစ်ဖြင့် ယူအပ်၏ (လွန်ခဲ့သည့် အတိက်ဘဝကံကြောင့် ဖြစ်၏) (လောကီဝိပါက်စိတ္တုပ္ပါဒ်၊ ကမ္မဇရုပ်)။ အချို့သော ဒုက္ခသစ္စာသည် တဏှာဒိဋ္ဌိတို့သည် ကပ်အပ်သော ကံသည် အကျိုး၏ အဖြစ်ဖြင့် မယူအပ်ချေ (လွန်ခဲ့သည့် အတိက်ဘဝ ကံကြောင့် မဖြစ်ချေ) (လောကီကုသိုလ်၊ အကုသိုလ်၊ ကြိယာစိတ်၊ လောဘကြဉ်သော ယှဉ်ဘက် စေတသိက် ၅၁-ခု၊ ကမ္မဇရုပ်ကြဉ်သော တိဇရုပ်)။
(မဟန္တရဒုက်၁၄-ခု အဖြေ ဝိသဇ္ဇနာ ပြီး၏။)
--
(၁၁-ဥပါဒါနဂေါစ္ဆက ဒုက် ၆-ခု အဖြေ ဝိသဇ္ဇနာ)
(၆၉) ဥပါဒါနဒုက် အဖြေ ဝိသဇ္ဇနာ
သမုဒယသစ္စာသည် ပြင်းစွာ စွဲလမ်းတတ်သော ‘ဥပါဒါန်’ မည်၏ (လောဘ)။ (နိရောဓသစ္စာ၊ မဂ္ဂသစ္စာ) သစ္စာနှစ်ပါးတို့သည် ပြင်းစွာ စွဲလမ်းတတ်သော ‘ဥပါဒါန်'မမည်ကုန် (နိဗ္ဗာန်၊ မဂ္ဂင်ရှစ်ပါး)။ အချို့သော ဒုက္ခသစ္စာသည် ပြင်းစွာ စွဲလမ်းတတ်သော ‘ဥပါဒါန်’ မည်၏ (ဒိဋ္ဌိ)။ အချို့သော ဒုက္ခသစ္စာသည် ဥပါဒါန် မမည်ချေ (လောဘ, ဒိဋ္ဌိကြဉ်သော လောကီစိတ္တုပ္ပါဒ်၊ ရုပ် ၂၈-ပါး)။
(၇၀) ဥပါဒါနိယဒုက် အဖြေ ဝိသဇ္ဇနာ
(ဒုက္ခသစ္စာ၊ သမုဒယသစ္စာ) သစ္စာနှစ်ပါးတို့သည် ဥပါဒါန်၏ (တဏှာ, ဒိဋ္ဌိတို့၏) အာရုံဖြစ်ကုန်၏ (လောကီတရားများ)။ (နိရောဓသစ္စာ၊ မဂ္ဂသစ္စာ) သစ္စာနှစ်ပါးတို့သည် ဥပါဒါန်၏ (တဏှာ, ဒိဋ္ဌိတို့၏) အာရုံ မဖြစ်ကုန် (နိဗ္ဗာန်၊ မဂ္ဂင်ရှစ်ပါး)။
(၇၁) ဥပါဒါနသမ္ပယုတ္တဒုက် အဖြေ ဝိသဇ္ဇနာ
(နိရောဓသစ္စာ၊ မဂ္ဂသစ္စာ) သစ္စာနှစ်ပါးတို့သည် ဥပါဒါန်နှင့် (တဏှာ, ဒိဋ္ဌိတို့နှင့်) မယှဉ်ကုန် (နိဗ္ဗာန်၊ မဂ္ဂင်ရှစ်ပါး)။ အချို့သော (ဒုက္ခသစ္စာ၊ သမုဒယသစ္စာ) သစ္စာနှစ်ပါးတို့သည် ဥပါဒါန်နှင့် (လောဘ, ဒိဋ္ဌိနှင့်) ယှဉ်ကုန်၏ (လောဘမူစိတ် ၈-ပါး၊ ဒိဋ္ဌိဂတဝိပ္ပယုတ်စိတ် ၄-ပါး၌ရှိသော လောဘကြဉ်သည့် ယှဉ်ဘက် စေတသိက်များ)။ အချို့သော (ဒုက္ခသစ္စာ၊ သမုဒယသစ္စာ) သစ္စာနှစ်ပါးတို့သည် ဥပါဒါန်နှင့် မယှဉ်ကုန် (ဒိဋ္ဌိဂတဝိပ္ပယုတ်စိတ် ၄-ပါး၌ရှိသော လောဘ၊ မောဟမူ, ဒေါသမူစိတ္တုပ္ပါဒ်၊ လောကီကုသိုလ်, ဝိပါက်, ကြိယာစိတ္တုပ္ပါဒ်များ၊ ရုပ် ၂၈ပါး)။
(၇၂) ဥပါဒါန ဥပါဒါနိယဒုက် အဖြေ ဝိသဇ္ဇနာ
သမုဒယသစ္စာသည် ဥပါဒါန်လည်း မည်၍ ဥပါဒါန်၏ အာရုံလည်း ဖြစ်၏ (လောဘ)။
ဒုက်မုတ်
(နိရောဓသစ္စာ၊ မဂ္ဂသစ္စာ) သစ္စာနှစ်ပါးတို့ကို ဥပါဒါန်လည်း မည်၍ ဥပါဒါန်၏ အာရုံလည်း ဖြစ်၏ဟူ၍လည်းကောင်း၊ ဥပါဒါန်၏ အာရုံသာ ဖြစ်၍ ဥပါဒါန်မမည်ဟူ၍လည်းကောင်း မဆိုအပ်ကုန် (နိဗ္ဗာန်၊ မဂ္ဂင်ရှစ်ပါး)။ အချို့သော ဒုက္ခသစ္စာသည် ဥပါဒါန်လည်း မည်၍ ဥပါဒါန်၏ အာရုံလည်း ဖြစ်၏ (ဒိဋ္ဌိ)။ အချို့သော ဒုက္ခသစ္စာသည် ဥပါဒါန်၏ အာရုံသာ ဖြစ်၍ ဥပါဒါန် မမည်ချေ (လောကီစိတ်များ၊ လောဘ, ဒိဋ္ဌိကြဉ်သည့် ယှဉ်ဘက်စေတသိက် ၅၀၊ ရုပ် ၂၈-ပါး)။
--
(၇၃) ဥပါဒါန ဥပါဒါနသမ္ပယုတ္တဒုက် အဖြေ ဝိသဇ္ဇနာ
အချို့သော သမုဒယသစ္စာသည် ဥပါဒါန်လည်းမည်၍ ဥပါဒါန်နှင့် လည်း ယှဉ်၏ (ဒိဋ္ဌိဂတသမ္ပ ယုတ်စိတ် ၄-ပါး၌ရှိသော လောဘ)။
ဒုက်မုတ်
အချို့သော သမုဒယသစ္စာကို ဥပါဒါန်လည်း မည်၍ ဥပါဒါန်နှင့်လည်း ယှဉ်၏ဟူ၍ လည်းကောင်း၊ ဥပါဒါန်နှင့်သာ ယှဉ်၍ ဥပါဒါန်မမည်ဟူ၍လည်းကောင်း မဆိုအပ်ချေ (ဒိဋ္ဌိဂတဝိပ္ပယုတ် စိတ် ၄-ပါး၌ရှိသော လောဘ)။
ဒုက်မုတ်
(နိရောဓသစ္စာ၊ မဂ္ဂသစ္စာ) သစ္စာနှစ်ပါးတို့ကို ဥပါဒါန်လည်းမည်၍ ဥပါဒါန်နှင့်လည်း ယှဉ်ကုန်၏ဟူ၍လည်းကောင်း၊ ဥပါဒါန်နှင့်သာ ယှဉ်၍ ဥပါဒါန်မမည်ကုန်ဟူ၍ လည်းကောင်း မဆိုအပ်ကုန် (နိဗ္ဗာန်၊ မဂ္ဂင်ရှစ်ပါး)။ အချို့သော ဒုက္ခသစ္စာသည် ဥပါဒါန်လည်းမည်၍ ဥပါဒါန်နှင့်လည်း ယှဉ်၏ (ဒိဋ္ဌိ)။ အချို့သော ဒုက္ခသစ္စာသည် ဥပါဒါန်နှင့်သာ ယှဉ်၍ ဥပါဒါန်မမည်ချေ (လောဘ, ဒိဋ္ဌိကြဉ်သည့် လောဘမူစိတ္တုပ္ပါဒ်၁)။
ဒုက်မုတ်
အချို့သော ဒုက္ခသစ္စာကို ဥပါဒါန်လည်း မည်၍ ဥပါဒါန်နှင့်လည်း ယှဉ်၏ဟူ၍ လည်းကောင်း၊ ဥပါဒါန်နှင့်သာ ယှဉ်၍ ဥပါဒါန်မမည်ဟူ၍လည်းကောင်း မဆိုအပ်ချေ (လောဘမူစိတ္တုပ္ပါဒ် ကြဉ် လောကီစိတ္တုပ္ပါဒ်၊ ရုပ် ၂၈-ပါး)။
၁။ စိတ္တုပ္ပါဒ် = စိတ်နှင့်ယှဉ်ဘက်စေတသိက်။
(၇၄) ဥပါဒါနဝိပ္ပယုတ္တဥပါဒါနိယဒုက် အဖြေဝိသဇ္ဇနာ
(နိရောဓသစ္စာ၊ မဂ္ဂသစ္စာ) သစ္စာ နှစ်ပါးတို့သည်ဥပါဒါန်နှင့်လည်း (လောဘ, ဒိဋ္ဌိတို့နှင့်လည်း) မယှဉ်မူ၍ ဥပါဒါန်၏ အာရုံလည်း မဖြစ်ကုန် (နိဗ္ဗာန်၊ မဂ္ဂင်ရှစ်ပါး)။ အချို့သော (ဒုက္ခသစ္စာ၊ သမုဒယသစ္စာ) သစ္စာနှစ်ပါးတို့သည် ဥပါဒါန်နှင့် မယှဉ်မူ၍ ဥပါဒါန်၏ အာရုံသာ ဖြစ်ကုန်၏ (ဒိဋ္ဌိဂတဝိပ္ပယုတ်စိတ်၌ရှိသော လောဘ၊ လောဘမူစိတ္တုပ္ပါဒ်ကြဉ်သော လောကီ စိတ္တုပ္ပါဒ်များ၊ ရုပ် ၂၈-ပါး)။
ဒုက်မုတ်
အချို့သော (ဒုက္ခသစ္စာ၊ သမုဒယသစ္စာ) သစ္စာနှစ်ပါးတို့ကို ဥပါဒါန်နှင့် မယှဉ်မူ၍ ဥပါဒါန်၏ အာရုံသာ ဖြစ်ကုန်၏ဟူ၍လည်းကောင်း၊ ဥပါဒါန်နှင့်လည်း မယှဉ်မူ၍ ဥပါဒါန်၏ အာရုံလည်း မဖြစ်ကုန်ဟူ၍လည်းကောင်း မဆိုအပ်ကုန် (ဒိဋ္ဌိဂတဝိပ္ပယုတ်စိတ် ၄-ခု၌ရှိသော လောဘကြဉ်သည့် လောဘမူ စိတ္တုပ္ပါဒ်)။
(ဥပါဒါနဂေါစ္ဆကဒုက် ၆-ခု အဖြေဝိသဇ္ဇနာ ပြီး၏။)
--
(၁၂-ကိလေသဂေါစ္ဆကဒုက် ၈-ခု အဖြေ ဝိသဇ္ဇနာ)
(၇၅) ကိလေသဂေါစ္ဆကဒုက် အဖြေ ဝိသဇ္ဇနာ
သမုဒယသစ္စာသည် ပူပန်စေတတ် နှိပ်စက်တတ် ညစ်နွမ်းစေတတ်သော ‘ကိလေသာ’ မည်၏ (လောဘ)။ (နိရောဓသစ္စာ၊ မဂ္ဂသစ္စာ) သစ္စာနှစ်ပါးတို့သည် ကိလေသာ မမည်ကုန် (နိဗ္ဗာန်၊ မဂ္ဂင်ရှစ်ပါး)။ အချို့သော ဒုက္ခသစ္စာသည် ကိလေသာမည်၏ (ဒေါသ, မောဟ, မာန, ဒိဋ္ဌိ, ဝိစိကိစ္ဆာ, ထိန, ဥဒ္ဓစ္စ, အဟိရိက, အနောတ္တပ္ပ)။ အချို့သော ဒုက္ခသစ္ဒ္စာသည် ကိလေသာမမည်ချေ (ကိလေသာတရားကိုယ် ၁၀-ပါး ကြဉ်သော လောကီတရားများ)။
(၇၆) သံကိလေသိကဒုက် အဖြေ ဝိသဇ္ဇနာ
(ဒုက္ခသစ္စာ၊ သမုဒယသစ္စာ) သစ္စာနှစ်ပါးတို့သည် ကိလေသာ၏ အာရုံဖြစ်ကုန်၏ (လောကီတရားများ)။ (နိရောဓသစ္စာ၊ မဂ္ဂသစ္စာ) သစ္စာနှစ်ပါးတို့သည် ကိလေသာ၏ အာရုံမဖြစ်ကုန် (နိဗ္ဗာန်၊ မဂ္ဂင်ရှစ်ပါး)။
(၇၇) သံကိလိဋ္ဌဒုက် အဖြေ ဝိသဇ္ဇနာ
သမုဒယသစ္စာသည် ကိလေသာတို့ ပူပန်စေအပ် နှိပ်စက် အပ်၏ (ကိလေသာနှင့် ယှဉ်၏) (လောဘ)။ (နိရောဓသစ္စာ၊ မဂ္ဂသစ္စာ) သစ္စာနှစ်ပါးတို့သည် ကိလေသာတို့ မပူပန်စေအပ် မနှိပ်စက်အပ်ကုန် (ကိလေသာနှင့် မယှဉ်ကုန်) (နိဗ္ဗာန်၊ မဂ္ဂင်ရှစ်ပါး)။ အချို့သော ဒုက္ခသစ္စာသည် ကိလေသာတို့သည် ပူပန်စေအပ် နှိပ်စက်အပ်၏ (ကိလေသာနှင့် ယှဉ်၏) (လောဘကြဉ်သော အကုသိုလ်စိတ္တုပ္ပါဒ်)။ အချို့သော ဒုက္ခသစ္စာသည် ကိလေသာတို့ မပူပန်စေအပ် မနှိပ်စက်အပ်ချေ (ကိလေသာနှင့်မယှဉ်ချေ) (လောကီကုသိုလ်, ဝိပါက်, ကြိယာစိတ်နှင့် ယှဉ်ဘက် စေတသိက်များ၊ ရုပ်၂၈-ပါး)။
(၇၈) ကိလေသသမ္ပယုတ္တဒုက် အဖြေ ဝိသဇ္ဇနာ
သမုဒယသစ္စာသည် ကိလေသာနှင့် ယှဉ်၏ (လောဘ)။ (နိရောဓသစ္စာ၊ မဂ္ဂသစ္စာ) သစ္စာနှစ်ပါးတို့သည် ကိလေသာနှင့် မယှဉ်ချေ (နိဗ္ဗာန်၊ မဂ္ဂင်ရှစ်ပါး)။ အချို့သော ဒုက္ခသစ္စာသည် ကိလေသာနှင့် ယှဉ်၏ (လောဘကြဉ်သော အကုသိုလ်စိတ္တုပ္ပါဒ်)။ အချို့သော ဒုက္ခသစ္စာသည် ကိလေသာနှင့် မယှဉ်ချေ (လောကီကုသိုလ်, ဝိပါက်, ကြိယာစိတ္တုပ္ပါဒ်၊ ရုပ် ၂၈-ပါး)။
--
(၇၉) ကိလေသ သံကိလေသိကဒုက် အဖြေ ဝိသဇ္ဇနာ
သမုဒယသစ္စာသည် ကိလေသာလည်း မည်၍ကိလေသာ၏ အာရုံလည်း ဖြစ်၏ (လောဘ)။
ဒုက်မုတ်
(နိရောဓသစ္စာ၊ မဂ္ဂသစ္စာ) သစ္စာနှစ်ပါးတို့ကို ကိလေသာလည်း မည်၍ ကိလေသာ၏ အာရုံလည်း ဖြစ်ကုန်၏ဟူ၍လည်းကောင်း၊ ကိလေသာ၏ အာရုံသာဖြစ်၍ ကိလေသာ မမည်ကုန်ဟူ၍လည်းကောင်း မဆိုအပ်ကုန် (နိဗ္ဗာန်၊ မဂ္ဂင်ရှစ်ပါး)။ အချို့သော ဒုက္ခသစ္စာသည် ကိလေသာလည်း မည်၍ ကိလေသာ၏ အာရုံလည်း ဖြစ်၏ (လောဘ ကြဉ်သည့် ကိလေသာတရားကိုယ် ၉-ပါး)။ အချို့သော ဒုက္ခသစ္စာသည် ကိလေသာ၏ အာရုံသာဖြစ်၍ ကိလေသာ မမည်ချေ (ကိလေသာ၁၀-ပါးကြဉ်သော လောကီတရားများ)။
(၈၀) ကိလေသ သံကိလိဋ္ဌဒုက် အဖြေ ဝိသဇ္ဇနာ
သမုဒယသစ္စာသည် ကိလေသာလည်း မည်၍ ကိလေသာတို့သည် ပူပန်လည်း ပူပန်စေအပ်၏ (ကိလေသာနှင့် ယှဉ်၏) (လောဘ)။
ဒုက်မုတ်
(နိရောဓသစ္စာ၊ မဂ္ဂသစ္စာ) သစ္စာနှစ်ပါးတို့ကို ကိလေသာလည်း မည်၍ ကိလေသာတို့သည် ပူပန်လည်း ပူပန်စေအပ်ကုန်၏ (ကိလေသာနှင့်ယှဉ်ကုန်၏)ဟူ၍လည်းကောင်း၊ ကိလေသာ တို့သည် ပူပန်လည်း ပူပန်စေအပ်၍ (ကိလေသာနှင့်ယှဉ်၍) ကိလေသာလည်း မမည်ကုန်ဟူ၍လည်း ကောင်း မဆိုအပ်ကုန် (နိဗ္ဗာန်၊ မဂ္ဂင် ၈-ပါး)။ အချို့သော ဒုက္ခသစ္စာသည် ကိလေသာလည်း မည်၍ ကိလေသာတို့သည် ပူပန်လည်း ပူပန် စေအပ်၏ (ကိလေသာနှင့် ယှဉ်၏) (လောဘကြဉ်သော ကိလေသာတရားကိုယ် ၉-ပါး)။ အချို့သောဒုက္ခသစ္စာသည် ကိလေသာတို့သည် ပူပန်စေအပ်သည်သာဖြစ်၍ (ကိလေသာနှင့်သာယှဉ်၍) ကိလေသာ မမည်ချေ (ကိလေသာ၁၀-ပါးကြဉ်သော အကုသိုလ်စိတ္တုပ္ပါဒ်)။
ဒုက်မုတ်
အချို့သော ဒုက္ခသစ္စာကို ကိလေသာလည်း မည်၍ ကိလေသာတို့သည် ပူပန်လည်း ပူပန် စေအပ်၏ (ကိလေသာနှင့်ယှဉ်၏)ဟူ၍လည်းကောင်း၊ ကိလေသာတို့သည် ပူပန်စေအပ်၍ (ကိလေသာနှင့်ယှဉ်၍) ကိလေသာမမည်ဟူ၍လည်းကောင်း မဆိုအပ်ချေ (လောကီကုသိုလ်, ဝိပါက်, ကြိယာစိတ္တုပ္ပါဒ်များ၊ ရုပ် ၂ပါး)။
(၈၁) ကိလေသ ကိလေသသမ္ပယုတ္တဒုက် အဖြေ ဝိသဇ္ဇနာ
သမုဒယသစ္စာသည် ကိလေသာလည်းမည်၍ ကိလေသာနှင့်လည်း ယှဉ်၏ (လောဘ)။
ဒုက်မုတ်
(နိရောဓသစ္စာ၊ မဂ္ဂသစ္စာ) သစ္စာနှစ်ပါးတို့ကို ကိလေသာလည်း မည်၍ ကိလေသာ နှင့်လည်းယှဉ်ကုန်၏ဟူ၍လည်းကောင်း၊ ကိလေသာနှင့်သာ ယှဉ်၍ ကိလေသာမမည်ကုန်ဟူ၍လည်းကောင်း မဆိုအပ်ကုန် (နိဗ္ဗာန်၊ မဂ္ဂင် ၈-ပါး)။ အချို့သော ဒုက္ခသစ္စာသည် ကိလေသာလည်း မည်၍ ကိလေသာနှင့်လည်း ယှဉ်၏ (လောဘ ကြဉ်သော ကိလေသာတရားကိုယ် ၉-ပါး)။ အချို့သော ဒုက္ခသစ္စာသည် ကိလေသာနှင့်သာ ယှဉ်၍ ကိလေသာ မမည်ချေ (ကိလေသာ၁၀-ပါးကြဉ်သော အကုသိုလ်စိတ္တုပ္ပါဒ်)။
--
ဒုက်မုတ်
အချို့သော ဒုက္ခသစ္စာကို ကိလေသာလည်း မည်၍ ကိလေသာနှင့်လည်း ယှဉ်၏ဟူ၍ လည်းကောင်း၊ ကိလေသာနှင့်သာယှဉ်၍ ကိလေသာလည်း မမည်ဟူ၍လည်းကောင်း မဆိုအပ်ချေ (လောကီကုသိုလ်, ဝိပါက်, ကြိယာစိတ္တုပ္ပါဒ်များ၊ ရုပ် ၂၈-ပါး)။
(၈၂) ကိလေသဝိပ္ပယုတ္တသံကိလေသိကဒုက် အဖြေဝိသဇ္ဇနာ
(နိရောဓသစ္စာ၊ မဂ္ဂသစ္စာ) သစ္စာ နှစ်ပါး တို့သည် ကိလေသာနှင့်လည်း မယှဉ် မူ၍ ကိလေသာ၏ အာရုံလည်း မဖြစ်ကုန် (နိဗ္ဗာန်၊ မဂ္ဂင် ၈-ပါး)။
ဒုက်မုတ်
သမုဒယသစ္စာကို ကိလေသာနှင့် မယှဉ်မူ၍ ကိလေသာ၏ အာရုံသာဖြစ်၏ဟူ၍ လည်းကောင်း၊ ကိလေသာနှင့်လည်း မယှဉ်မူ၍ ကိလေသာ၏ အာရုံလည်း မဖြစ်ဟူ၍ လည်းကောင်း မဆိုအပ်ချေ (လောဘ)။ အချို့သော ဒုက္ခသစ္စာသည် ကိလေသာနှင့် မယှဉ်မူ၍ ကိလေသာ၏ အာရုံသာ ဖြစ်၏ (လောကီကုသိုလ်, ဝိပါက်, ကြိယာစိတ္တုပ္ပါဒ်၊ ရုပ် ၂၈-ပါး)။
ဒုက်မုတ်
အချို့သော ဒုက္ခသစ္စာကို ကိလေသာနှင့် မယှဉ်မူ၍ ကိလေသာ၏ အာရုံသာ ဖြစ်၏ဟူ၍ လည်းကောင်း၊ ကိလေသာနှင့်လည်း မယှဉ်မူ၍ ကိလေသာ၏ အာရုံလည်း မဖြစ်ဟူ၍ လည်းကောင်း မဆိုအပ်ချေ (လောဘကြဉ်သော အကုသိုလ်စိတ္တုပ္ပါဒ်)။
(ကိလေသဂေါစ္ဆကဒုက် ၈-ခု အဖြေဝိသဇ္ဇနာ ပြီး၏။)
--
(၁၃-ပိဋ္ဌိ ဒုက်၁၈-ခု အဖြေဝိသဇ္ဇနာ)
(၈၃) ဒဿနေနပဟာတဗ္ဗဒုက် အဖြေ ဝိသဇ္ဇနာ
(နိရောဓသစ္စာ၊ မဂ္ဂသစ္စာ) သစ္စာနှစ်ပါး တို့သည် (နိဗ္ဗာန်ကို ရှေးဦးစွာ မြင်သဖြင့် ‘ဒဿန’မည်သော) သောတာပတ္တိမဂ်သည် မပယ်အပ်ကုန် (နိဗ္ဗာန်၊ မဂ္ဂင် ၈-ပါး)။ အချို့သော (ဒုက္ခသစ္စာ၊ သမုဒယသစ္စာ) သစ္စာနှစ်ပါးတို့သည် သောတာပတ္တိမဂ်သည် ပယ်အပ်ကုန်၏ (ဒိဋ္ဌိ ဂတသမ္ပယုတ်စိတ္တုပ္ပါဒ်၊ ဝိစိကိစ္ဆာစိတ္တုပ္ပါဒ်)။ အချို့သော (ဒုက္ခသစ္စာ၊ သမုဒယသစ္စာ) သစ္စာ နှစ်ပါးတို့သည် သောတာပတ္တိမဂ်သည် မပယ်အပ်ကုန် (ကြွင်းသော လောကီစိတ္တုပ္ပါဒ်၊ ရုပ် ၂၈-ပါး)။
(၈၄) ဘာဝနာယပဟာတဗ္ဗဒုက် အဖြေဝိသဇ္ဇနာ
(နိရောဓသစ္စာ၊ မဂ္ဂသစ္စာ) သစ္စာနှစ်ပါး တို့သည် (သောတာပတ္တိမဂ် မြင်ပြီး ဖြစ်သော နိဗ္ဗာန်ကို ပွားများခြင်းအားဖြင့် တစ်ဖန်ထပ်မံ၍ မြင်သဖြင့် ‘ဘာဝနာ’မည်သော) အထက် မဂ်သုံးခုတို့သည် မပယ် အပ်ကုန် (နိဗ္ဗာန်၊ မဂ္ဂင် ၈-ပါး)။ အချို့သော (ဒုက္ခသစ္စာ၊ သမုဒယသစ္စာ) သစ္စာနှစ်ပါးတို့သည် အထက်မဂ်သုံးခုတို့သည် ပယ်အပ် ကုန်၏ (ဒိဋ္ဌိဂတဝိပ္ပယုတ်, ဒေါသမူဒွေး, ဥဒ္ဓစ္စသဟဂုတ်စိတ္တုပ္ပါဒ်များ)။ အချို့သော (ဒုက္ခသစ္စာ၊ သမုဒယ သစ္စာ) သစ္စာနှစ်ပါးတို့သည် အထက်မဂ်သုံးခုတို့သည် မပယ်အပ်ကုန် (ကြွင်းသော လောကီစိတ္တုပ္ပါဒ် များ၊ ရုပ် ၂၈-ပါး)။
(၈၅) ဒဿနေနပဟာတဗ္ဗဟေတုကဒုက် အဖြေဝိသဇ္ဇနာ
(နိရောဓသစ္စာ၊ မဂ္ဂသစ္စာ) သစ္စာနှစ်ပါးတို့သည် သောတာပတ္တိမဂ်သည် ပယ်အပ် ကုန်သော ဟိတ်၁မရှိကုန် (ဟိတ်နှင့် မယှဉ်ကုန်) (နိဗ္ဗာန်၊ မဂ္ဂင် ၈-ပါး)။ အချို့သော (ဒုက္ခသစ္စာ၊ သမုဒယသစ္စာ) သစ္စာနှစ်ပါးတို့သည် သောတာပတ္တိမဂ်သည် ပယ်အပ်သော ဟိတ် ရှိကုန်၏ (ဟိတ်နှင့်ယှဉ်ကုန်၏) (ဒိဋ္ဌိဂတသမ္ပယုတ်စိတ္တုပ္ပါဒ်၊ မောဟကြဉ်သော ဝိစိကိစ္ဆာ စိတ္တုပ္ပါဒ်)။ အချို့သော (ဒုက္ခသစ္စာ၊ သမုဒယသစ္စာ) သစ္စာနှစ်ပါးတို့သည် သောတာပတ္တိမဂ်သည် ပယ်အပ်သော ဟိတ်မရှိကုန် (ဟိတ်နှင့် မယှဉ်ကုန်) (ဝိစိကိစ္ဆာသဟဂုတ်စိတ်၌ရှိသော မောဟ၊ ကြွင်းသော လောကီစိတ္တုပ္ပါဒ်၊ ရုပ် ၂၈-ပါး)။
၁။ သောတာပတ္တိမဂ်သည် ဒိဋ္ဌိနှင့် ဝိစိကိစ္ဆာကို ပယ်သည်၊ တစ်နည်းအားဖြင့် လောဘမူဒိဋ္ဌိဂတသမ္ပယုတ်စိတ်နှင့် မောဟမူ ဝိစိကိစ္ဆာသမ္ပယုတ်စိတ်တို့ကို ပယ်သည်၊ ထို့ကြောင့် သောတာပတ္တိမဂ်ပယ်သော ဟိတ်များမှာ- လောဘမူဒိဋ္ဌိဂတသမ္ပယုတ်စိတ် ၄-ပါး၌ရှိသော လောဘနှင့် မောဟ၊ ဝိစိကိစ္ဆာသဟဂုတ်စိတ်၌ရှိသော မောဟတို့သာ ဖြစ်သည်။
--
(၈၆) ဘာဝနာယပဟာတဗ္ဗဟေတုကဒုက် အဖြေဝိသဇ္ဇနာ
(နိရောဓသစ္စာ၊ မဂ္ဂသစ္စာ) သစ္စာ နှစ်ပါးတို့သည် ဘာဝနာမည်သော အထက်မဂ်သုံးခု တို့သည် ပယ်အပ်သော ဟိတ်မရှိကုန် (ဟိတ်နှင့် မယှဉ်ကုန်) (နိဗ္ဗာန်၊ မဂ္ဂင်ရှစ်ပါး)။ အချို့သော (ဒုက္ခသစ္စာ၊ သမုဒယသစ္စာ) သစ္စာနှစ်ပါးတို့သည် ဘာဝနာမည်သော အထက်မဂ် သုံးခုတို့သည် ပယ်အပ်သော ဟိတ်ရှိကုန်၏ (ဟိတ်နှင့် ယှဉ်ကုန်၏) (ဒိဋ္ဌိဂတဝိပ္ပယုတ်စိတ္တုပ္ပါဒ်၊ ဒေါသမူ စိတ္တုပ္ပါဒ်၊ မောဟကြဉ်သည့် ဥဒ္ဓစ္စသဟဂုတ်စိတ္တုပ္ပါဒ်)။ အချို့သော (ဒုက္ခသစ္စာ၊ သမုဒယသစ္စာ) သစ္စာ နှစ်ပါးတို့သည် ဘာဝနာမည်သော အထက်မဂ်သုံးခုတို့သည် ပယ်အပ်သော ဟိတ် မရှိကုန် (ဟိတ်နှင့် မယှဉ်ကုန်) (ဥဒ္ဓစ္စသဟဂုတ်စိတ်၌ရှိသော မောဟ၊ ကြွင်းသော လောကီတရားများ)။
(၈၇) သဝိတက္ကဒုက် အဖြေဝိသဇ္ဇနာ
သမုဒယသစ္စာသည် ဝိတက်ရှိ၏ (ဝိတက်နှင့် ယှဉ်၏) (လောဘမူစိတ်၌ ရှိသော လောဘ)။ နိရောဓသစ္စာသည် ဝိတက်မရှိချေ (ဝိတက်နှင့် မယှဉ်ချေ) (နိဗ္ဗာန်)။ အချို့သော (ဒုက္ခသစ္စာ၊ မဂ္ဂသစ္စာ) သစ္စာနှစ်ပါးတို့သည် ဝိတက်ရှိကုန်၏ (ဝိတက်နှင့် ယှဉ်ကုန်၏) (လောဘနှင့် လောကီသဝိတက္ကစိတ် ၄၇-ပါး၌ရှိသော ဝိတက်ကြဉ်သည့် လောကီသဝိတက္ကစိတ္တုပ္ပါဒ်၊ မဂ် ပဌမဈာန် ၄-ပါး၌ရှိသော ဝိတက်ကြဉ်သည့် မဂ္ဂင် ၇-ပါး)။ အချို့သော (ဒုက္ခသစ္စာ၊ မဂ္ဂသစ္စာ) သစ္စာနှစ်ပါးတို့သည် ဝိတက်မရှိကုန် (ဝိတက်နှင့် မယှဉ်ကုန်) (လောကီသဝိတက္ကစိတ် ၄၇-ပါး၌ရှိသော ဝိတက့်၄၇-ပါး၊ လောကီအဝိတက္ကစိတ် ၃၄-ပါးနှင့် ယှဉ်ဘက်စေတသိက်များ၊ ကြွင်းသော မဂ်ဈာန် စိတ်၁၆-ပါး ၌ ရှိသော မဂ္ဂင် ၇-ပါး၊ ရုပ် ၂၈-ပါး)။
(၈၈) သဝိစာရဒုက် အဖြေဝိသဇ္ဇနာ
သမုဒယသစ္စာသည် ဝိစာရရှိ၏ (ဝိစာရနှင့်ယှဉ်၏) (လောဘမူစိတ်၌ရှိသော လောဘ)။ နိရောဓသစ္စာသည် ဝိစာရမရှိချေ (ဝိစာရနှင့် မယှဉ်ချေ) (နိဗ္ဗာန်)။ အချို့သော (ဒုက္ခသစ္စာ၊ မဂ္ဂသစ္စာ) သစ္စာနှစ်ပါးတို့သည် ဝိစာရရှိ၏ (ဝိစာရနှင့်ယှဉ်၏) (လောဘနှင့် လောကီ သဝိစာရစိတ် ၅၀-၌ရှိသော ဝိစာရကြဉ်သော ဝိစာရစိတ္တုပ္ပါဒ်၊ မဂ် ပဌမဈာန်, ဒုတိယဈာန် စိတ် ၈-ပါး၌ ရှိသော မဂ္ဂင် ၈-ပါး)။ အချို့သော (ဒုက္ခသစ္စာ၊ မဂ္ဂသစ္စာ) သစ္စာနှစ်ပါးတို့သည် ဝိစာရ မရှိကုန် (ဝိစာရနှင့်မယှဉ်ကုန်) (လောကီ သဝိစာရစိတ် ၅၀-၌ရှိသော ဝိစာရ ၅၀-ပါး၊ လောကီအဝိစာရစိတ် ၃၁-ပါးနှင့် ယှဉ်ဘက် စေတသိက်၊ မဂ် တတိယ, စတုတ္ထ, ပဉ္စမဈာန်စိတ်၁၂-ပါး၌ရှိသော မဂ္ဂင် ၇-ပါး၊ ရုပ် ၂၈-ပါး)။
(၈၉) သပ္ပီတိကဒုက် အဖြေဝိသဇ္ဇနာ
နိရောဓသစ္စာသည် ပီတိမရှိချေ (ပီတိနှင့် မယှဉ်ချေ) (နိဗ္ဗာန်)။ အချို့သော (ဒုက္ခသစ္စာ၊ သမုဒယသစ္စာ၊ မဂ္ဂသစ္စာ) သစ္စာသုံးပါးတို့သည် ပီတိရှိကုန်၏ (ပီတိနှင့် ယှဉ်ကုန်၏) (လောကီသပ္ပီတိကစိတ် ၂၇-ပါးနှင့် ပီတိကြဉ်သော ယှဉ်ဘက်စေတသိက်များ၊ မဂ်-ပဌမ, ဒုတိယ, တတိယဈာန်စိတ်၁၂-ပါး၌ရှိသော မဂ္ဂင် ၈-ပါး)။ အချို့သော (ဒုက္ခသစ္စာ၊ သမုဒယသစ္စာ၊ မဂ္ဂသစ္စာ) သစ္စာသုံးပါးတို့သည် ပီတိမရှိကုန် (ပီတိနှင့်မယှဉ်ကုန်) (လောကီသပ္ပီတိကစိတ် ၂၇-ပါး၌ ရှိသော ပီတိ ၂၇-ပါး၊ လောကီ အပ္ပီတိကစိတ် ၅၄-ပါးနှင့် ယှဉ်ဘက်စေတသိက်များ၊ မဂ်-စတုတ္ထဈာန်, ပဉ္စမဈာန်စိတ် ၈-ပါး၌ရှိသော သမ္မာသင်္ကပ္ပကြဉ်သော မဂ္ဂင် ၇-ပါး၊ ရုပ် ၂၈-ပါး)။
--
(၉၀) ပီတိသဟဂတဒုက် အဖြေဝိသဇ္ဇနာ
နိရောဓသစ္စာသည် ပီတိနှင့်တကွ မဖြစ်ချေ (ပီတိနှင့် မယှဉ်ချေ) (နိဗ္ဗာန်)။ အချို့သော (ဒုက္ခသစ္စာ၊ သမုဒယသစ္စာ၊ မဂ္ဂသစ္စာ) သစ္စာသုံးပါးတို့သည် ပီတိနှင့်တကွ ဖြစ်ကုန်၏ (ပီတိနှင့် ယှဉ်ကုန်၏) (လောကီသပ္ပီတိကစိတ် ၂၇-ပါးနှင့် ပီတိကြဉ်သော ယှဉ်ဘက်စေတသိက်များ၊ မဂ်-ပဌမ, ဒုတိယ, တတိယဈာန်စိတ်၁၂-ပါး၌ရှိသော မဂ္ဂင် ၈-ပါး)။ အချို့သော (ဒုက္ခသစ္စာ၊ သမုဒယ သစ္စာ၊ မဂ္ဂသစ္စာ) သစ္စာသုံးပါးတို့သည် ပီတိနှင့်တကွ မဖြစ်ကုန် (ပီတိနှင့် မယှဉ်ကုန်) (လောကီ သပ္ပီတိကစိတ် ၂၇-ပါး၌ ရှိသော ပီတိ ၂၇-ပါး၊ လောကီအပ္ပီတိကစိတ် ၅၄-ပါးနှင့် ယှဉ်ဘက် စေတသိက်များ၊ မဂ်-စတုတ္ထဈာန်, ပဉ္စမဈာန်စိတ် ၈-ပါး၌ရှိသော သမ္မာသင်္ကပ္ပကြဉ်သော မဂ္ဂင် ၇-ပါး၊ ရုပ် ၂၈-ပါး)။
(၉၁) သုခသဟဂတဒုက် အဖြေဝိသဇ္ဇနာ
နိရောဓသစ္စာသည် သုခဝေဒနာနှင့်တကွ မဖြစ်ချေ (သုခဝေဒနာနှင့် မယှဉ်ချေ) (နိဗ္ဗာန်)။ အချို့သော (ဒုက္ခသစ္စာ၊ သမုဒယသစ္စာ၊ မဂ္ဂသစ္စာ) သစ္စာသုံးပါးတို့သည် သုခဝေဒနာနှင့်တကွ ဖြစ်ကုန်၏ (သုခဝေဒနာနှင့် ယှဉ်ကုန်၏) (လောကီသုခသဟဂုတ်စိတ် ၃၁-ပါးနှင့် ဝေဒနာကြဉ်သော ယှဉ်ဘက်စေတသိက်၊ မဂ်သောမနဿ ပ, ဒု, တ, စတုတ္ထဈာန်စိတ်၌ရှိသော မဂ္ဂင် ၈-ပါး)။ အချို့သော (ဒုက္ခသစ္စာ၊ သမုဒယသစ္စာ၊ မဂ္ဂသစ္စာ) သစ္စာသုံးပါးတို့သည် သုခဝေဒနာနှင့် တကွ မဖြစ်ကုန် (သုခ့ဝေဒနာနှင့် မယှဉ်ချေ) (လောကီသုခသဟဂုတ် စိတ် ၃၁-ပါး၌ရှိသော ဝေဒနာ ၃၁-ပါး၊ ဒေါသမူဒွေး၊ ဒုက္ခသဟဂုတ်ကာယဝိညာဉ်၊ လောကီဥပေက္ခာသဟဂုတ် စိတ် ၄၇-ပါးနှင့် ယှဉ်ဘက်စေတသိက်၊ မဂ်ပဉ္စမ ဈာန်စိတ် ၄-ပါး၌ရှိသည့် သမ္မာသင်္ကပ္ပကြဉ် မဂ္ဂင် ၇-ပါး၊ ရုပ် ၂၈-ပါး)။
(၉၂) ဥပေက္ခာသဟဂတဒုက် အဖြေဝိသဇ္ဇနာ
နိရောဓသစ္စာသည် ဥပေက္ခာဝေဒနာနှင့်တကွ မဖြစ်ချေ (ဥပေက္ခာဝေဒနာနှင့် မယှဉ်ချေ) (နိဗ္ဗာန်)။ အချို့သော (ဒုက္ခသစ္စာ၊ သမုဒယသစ္စာ၊ မဂ္ဂသစ္စာ) သစ္စာသုံးပါးတို့သည် ဥပေက္ခာဝေဒနာနှင့်တကွ ဖြစ်ကုန်၏ (လောကီဥပေက္ခာသဟဂုတ်စိတ် ၄၇-ပါးနှင့်ဝေဒနာကြဉ်သည့် ယှဉ်ဘက်စေတသိက်၊ မဂ်ပဉ္စမ ဈာန်စိတ် ၄-ပါး၌ရှိသော မဂ္ဂင် ၇-ပါး)။ အချို့သော (ဒုက္ခသစ္စာ၊ သမုဒယသစ္စာ၊ မဂ္ဂသစ္စာ) သစ္စာ သုံးပါးတို့သည် ဥပေက္ခာဝေဒနာနှင့်တကွ မဖြစ်ကုန် (ဥပေက္ခာနှင့်မယှဉ်ကုန်) (လောကီဥပေက္ခာသဟ ဂုတ်စိတ် ၄၇-ပါး၌ရှိသော ဥပေက္ခာဝေဒနာ ၄၇-ပါး၊ ဒေါသမူဒွေးစိတ္တုပ္ပါဒ်၊ ဒုက္ခသဟဂုတ်စိတ္တုပ္ပါဒ်၊ လောကီသုခသဟဂုတ် ၃၁-ပါးနှင့် ယှဉ်ဘက်စေတသိက်များ၊ မဂ်-ပ, ဒု, တ, စတုတ္ထဈာန်၁၆-ပါး၌ရှိသော မဂ္ဂင် ၈-ပါး၊ ရုပ် ၂၈-ပါး)။
--
(၉၃) ကာမာဝစရဒုက် အဖြေဝိသဇ္ဇနာ
သမုဒယသစ္စာသည် ကာမတဏှာ၏ဖြစ်ရာ ကျင်လည်ရာ ဖြစ်သော (ကာမဘုံ၌ သက်ဝင်၍ ဖြစ်သော) ‘ကာမာဝစရ'တရားဖြစ်၏ (ကာမာဝစရမည်၏) (လောဘ)။ (နိရောဓသစ္စာ၊ မဂ္ဂသစ္စာ) သစ္စာနှစ်ပါးတို့သည် ကာမတဏှာ၏ ဖြစ်ရာ ကျင်လည်ရာဖြစ်သော ‘ကာမာဝစရ'တရား မဟုတ်ချေ (နိဗ္ဗာန်၊ မဂ္ဂင်ရှစ်ပါး)။ အချို့သော ဒုက္ခသစ္စာသည် ‘ကာမာဝစရ'တရား ဖြစ်၏ (လောဘကြဉ်သော ကာမစိတ္တုပ္ပါဒ်၊ ရုပ် ၂၈-ပါး)။ အချို့သော ဒုက္ခသစ္စာသည် ‘ကာမာဝစရ'တရား မဟုတ်ချေ (မဟဂ္ဂုတ်စိတ္တုပ္ပါဒ်)။
(၉၄) ရူပါဝစရဒုက် အဖြေဝိသဇ္ဇနာ
(သမုဒယသစ္စာ၊ နိရောဓသစ္စာ၊ မဂ္ဂသစ္စာ) သစ္စာ သုံးပါးတို့သည် ရူပတဏှာ၏ဖြစ်ရာ ကျင်လည်ရာ ဖြစ်သော (ရူပဘုံ၌ သက်ဝင်၍ ဖြစ်သော) ‘ရူပါဝစရ'တရား မဖြစ်ကုန် (လောဘ၊ နိဗ္ဗာန်၊ မဂ္ဂင် ၈-ပါး)။ အချို့သော ဒုက္ခသစ္စာသည် ‘ရူပါဝစရ'တရား ဖြစ်၏ (ရူပါဝစရစိတ္တုပ္ပါဒ်)။ အချို့သော ဒုက္ခသစ္စာ သည် ‘ရူပါဝစရ'တရား မဟုတ်ချေ (ကာမစိတ္တုပ္ပါဒ်၊ အရူပစိတ္တုပ္ပါဒ်၊ ရုပ် ၂၈-ပါး)။
(၉၅) အရူပါဝစရဒုက် အဖြေဝိသဇ္ဇနာ
(သမုဒယသစ္စာ၊ နိရောဓသစ္စာ၊ မဂ္ဂသစ္စာ) သစ္စာ သုံးပါးတို့သည် အရူပတဏှာ၏ ဖြစ်ရာကျင်လည်ရာ ဖြစ်သော (အရူပဘုံ၌ သက်ဝင်၍ ဖြစ်သော) ‘အရူပါဝစရ'တရား မဟုတ်ကုန် (အရူပါဝစရ မမည်ကုန်) (လောဘ၊ နိဗ္ဗာန်၊ မဂ္ဂင် ၈-ပါး)။ အချို့သော ဒုက္ခသစ္စာသည် ‘အရူပါဝစရ'တရား ဖြစ်၏ (အရူပါဝစရစိတ္တုပ္ပါဒ်)။ အချို့သော ဒုက္ခသစ္စာသည် ‘အရူပါဝစရ'တရား မဟုတ်ချေ (ကာမစိတ္တုပ္ပါဒ်၊ ရူပါဝစရစိတ္တုပ္ပါဒ်၊ ရုပ်၂၈-ပါး)။
(၉၆) ပရိယာပန္နဒုက် အဖြေဝိသဇ္ဇနာ
(ဒုက္ခသစ္စာ၊ သမုဒယသစ္စာ) သစ္စာနှစ်ပါးတို့သည် ဘုံသုံးပါး၌ ဖြစ်သော ဝဋ်ဆင်းရဲ၌ အကျုံးဝင်သော ‘ပရိယာပန္န'တရား ဖြစ်ကုန်၏ (လောကီတရားများ)။ (နိရောဓသစ္စာ၊ မဂ္ဂသစ္စာ) သစ္စာနှစ်ပါးတို့သည် ဘုံသုံးပါး၌ ဖြစ်သော ဝဋ်ဆင်းရဲ၌ အကျုံးမဝင် သော ‘အပရိယာပန္န'တရား ဖြစ်ကုန်၏ (နိဗ္ဗာန်၊ မဂ္ဂင် ၈-ပါး)။
(၉၇) နိယျာနိကဒုက် အဖြေဝိသဇ္ဇနာ
မဂ္ဂသစ္စာသည် ဝဋ်ဆင်းရဲမှ ထွက်မြောက်ကြောင်း ‘နိယျာနိက'တရား ဖြစ်၏ (မဂ္ဂင် ၈-ပါး)။ (ဒုက္ခသစ္စာ၊ သမုဒယသစ္စာ၊ နိရောဓသစ္စာ) သစ္စာသုံးပါးတို့သည် ဝဋ်ဆင်းရဲမှ ထွက်မြောက် ကြောင်း ‘နိယျာနိက'တရား မဟုတ်ကုန် (လောကီတရားများ၊ နိဗ္ဗာန်)။
--
(၉၈) နိယတဒုက် အဖြေဝိသဇ္ဇနာ
မဂ္ဂသစ္စာသည် အကျိုးပေးမြဲသော ‘နိယတ'တရား ဖြစ်၏ (မဂ္ဂင် ၈-ပါး)။ နိရောဓသစ္စာသည် အကျိုးပေး မမြဲသော ‘အနိယတ'တရားမည်၏ [ဖောက်ပြန်သော သဘောရှိ၍ စုတိ၏ အခြားမဲ့၌ (အပါယ်ငရဲ၌) အကျိုးပေးမြဲသော ‘မိစ္ဆတ္တနိယတ'တရားလည်း မဟုတ်မူ၍ မဖောက်ပြန် သော သဘောရှိ၍ မိမိ၏အခြားမဲ့၌ အကျိုးပေးမြဲသော ‘သမ္မတ္တနိယတ'တရားလည်း မဟုတ်ချေ ‘(နိယတ တရား မဟုတ်ချေ) (နိဗ္ဗာန်)။ အချို့သော (ဒုက္ခသစ္စာ၊ သမုဒယသစ္စာ) သစ္စာနှစ်ပါးတို့သည် အကျိုးပေးမြဲသော ‘နိယတ'တရား ဖြစ်ကုန်၏ (နိယတမိစ္ဆာဒိဋ္ဌိကံ၏ အစွမ်းအားဖြင့်ဖြစ်သော ဒိဋ္ဌိဂတသမ္ပယုတ်စိတ်၏ သတ္တမဇောစိတ္တုပ္ပါဒ်နှင့် ပဉ္စာနန္တရိယကံကို ကျူးလွန်သည့် ဒေါသမူဒွေးတို့၏ သတ္တမဇောစိတ္တုပ္ပါဒ်)။ အချို့သော (ဒုက္ခသစ္စာ၊ သမုဒယသစ္စာ) သစ္စာနှစ်ပါးတို့သည် အကျိုးပေးမမြဲသော ‘အနိယတ'၁ တရားဖြစ်ကုန်၏ (ကြွင်းသော လောကီစိတ္တုပ္ပါဒ်များ၊ ရုပ် ၂၈-ပါး)။
၁။ ဤကျမ်း ဓာတုဝိဘင်္ဂ- ပဥှာပုစ္ဆက- ပိုဒ်ရေ (၉၈) နိယတဒုက် အောက်ခြေမှတ်ချက်ကြည့်ပါ။
(၉၉) သဥတ္တရဒုက် အဖြေဝိသဇ္ဇနာ
(ဒုက္ခသစ္စာ၊ သမုဒယသစ္စာ) သစ္စာနှစ်ပါးတို့သည် မိမိထက် လွန်မြတ်သော တရားရှိသည့် ‘သဥတ္တရ'တရားဖြစ်ကုန်၏ (လောကီတရားများ)။ (နိရောဓသစ္စာ၊ မဂ္ဂသစ္စာ) သစ္စာနှစ်ပါးတို့သည် မိမိထက် လွန်မြတ်သော တရားမရှိသည့် ‘အနုတ္တရ'တရား ဖြစ်ကုန်၏ (နိဗ္ဗာန်၊ မဂ္ဂင် ၈-ပါး)။
(၁၀၀) သရဏဒုက် အဖြေဝိသဇ္ဇနာ
သမုဒယသစ္စာသည် ငိုကြွေးကြောင်း (ရာဂစသော ကိလေသာ) ရှိသော ‘သရဏ'တရားဖြစ်၏ (လောဘ)။ (နိရောဓသစ္စာ၊ မဂ္ဂသစ္စာ) သစ္စာနှစ်ပါးတို့သည် ငိုကြွေးကြောင်း (ရာဂစသော ကိလေသာ) မရှိသည့် ‘အရဏ'တရား ဖြစ်ကုန်၏ (နိဗ္ဗာန်၊ မဂ္ဂင် ၈-ပါး)။ အချို့သော ဒုက္ခသစ္စာသည် ငိုကြွေးကြောင်း (ရာဂစသော ကိလေသာ) ရှိသည့် ‘သရဏ'တရား ဖြစ်၏ (ကိလေသာနှင့်ယှဉ်၏) (လောဘကြဉ်သော အကုသိုလ်စိတ္တုပ္ပါဒ်)။ အချို့သော ဒုက္ခသစ္စာသည် ငိုကြွေးကြောင်း (ရာဂအစရှိသောကိလေသာ) မရှိသော ‘အရဏ'တရားဖြစ်၏ (ကိလေသာနှင့်မယှဉ်) (လောကီကုသိုလ်, ဝိပါက်, ကြိယာစိတ္တုပ္ပါဒ်၊ ရုပ် ၂၈-ပါး)။
(ပိဋ္ဌိဒုက်၁၈-ခု အဖြေဝိသဇ္ဇနာ ပြီး၏။)
(သစ္စာ ၄-ပါးတို့ကို ဒုက်၁၀၀-တို့ဖြင့် ဝေဖန်၍ အဖြေဝိသဇ္ဇနာကိုပြသော ‘ပဥှာပုစ္ဆက'နည်း ပြီး၏။)
သစ္စာ ၄-ပါးတို့ကို တိက်, ဒုက်တို့ဖြင့် ဝေဖန်၍ အမေးအဖြေပြု၍ ဟောကြားအပ်သော ‘ပဥှာပုစ္ဆက'နည်း ပြီး၏။
(သစ္စာ ၄-ပါးတို့ကို ဝေဖန်၍ ဟောကြားသည့် ‘သစ္စဝိဘင်း’ ပြီးပြီ။)
သစ္စဝိဘင်္ဂေါနိဋ္ဌိတော။
--
၅-ဣန္ဒြိယဝိဘင်္ဂ
(ရုပ်နာမ်တို့ကို အစိုးရသည့် ဣန္ဒြေတို့ကို ဝေဖန်၍ပြသော ဣန္ဒြိယဝိဘင်း)
၁-အဘိဓမ္မဘာဇနီယ
(အဘိဓမ္မာနည်းဖြင့် ဝေဖန်၍ ဟောကြားခြင်း)
ဣန္ဒြေ ၂၂-ပါး
၂၁၉။ ရုပ်နာမ်တရားတို့ကို အစိုးရသည့် ဣန္ဒြေနှစ်ဆယ့်နှစ်ပါးတို့ကား-
(၁) မြင်မှု၌ အစိုးရသည့် မျက်စိအကြည် (စက္ခုပသာဒ) စက္ခုန္ဒြေ၊
(၂) ကြားမှု၌ အစိုးရသည့် နားအကြည် (သောတပသာဒ) သောတိန္ဒြေ၊
(၃) နံမှု၌ အစိုးရသည့် နှာခေါင်းအကြည် (ဃာနပသာဒ) ဃာနိန္ဒြေ၊
(၄) လျက်မှု၌ အစိုးရသည့် လျှာအကြည် (ဇိဝှါပသာဒ) ဇိဝှိန္ဒြေ၊
(၅) ထိမှု၌ အစိုးရသည့် ကိုယ်အကြည် (ကာယပသာဒ) ကာယိန္ဒြေ၊
(၆) သိမှု၌ အစိုးရသည့် (စိတ် ၈၉-ခု) မနိန္ဒြေ၊
(၇) မိန်းမ (အမ) ဖြစ်ကြောင်း၌ အစိုးရသည့် (ဣတ္ထိဘာဝရုပ်) ဣတ္ထိန္ဒြေ၊
(၈) ယောက်ျား (အထီး အဖို) ဖြစ်ကြောင်း၌ အစိုးရသည့် (ပုမ္ဘာဝရုပ်) ပုရိသိန္ဒြေ၊
(၉) ရုပ်နာမ်နှစ်ပါးအသက်ရှင်မှု၌ အစိုးရသည့် (ရုပ်ဇီဝိတ, နာမ်ဇီဝိတ) ဇီဝိတိန္ဒြေ၊
(၁၀) ကိုယ်ချမ်းသာခံစားမှု၌ အစိုးရသည့် (သုခဝေဒနာ) သုခိန္ဒြေ၊
(၁၁) ကိုယ်ဆင်းရဲခံစားမှု၌ အစိုးရသည့် (ဒုက္ခဝေဒနာ) ဒုက္ခိန္ဒြေ၊
(၁၂) စိတ်ချမ်းသာမှု၌ အစိုးရသည့် (သောမနဿဝေဒနာ) သောမနဿိန္ဒြေ၊
(၁၃) စိတ်ဆင်းရဲမှု၌ အစိုးရသည့် (ဒေါမနဿဝေဒနာ) ဒေါမနဿိန္ဒြေ၊
(၁၄) ဆင်းရဲ ချမ်းသာမဟုတ်သည့် ခံစားမှု၌ အစိုးရသည့် (ဥပေက္ခာဝေဒနာ) ဥပေက္ခိန္ဒြေ၊
(၁၅) ယုံကြည်မှု၌ အစိုးရသည့် (သဒ္ဓါစေတသိက်) သဒ္ဓိန္ဒြေ၊
(၁၆) ကြိုးစားမှု၌ အစိုးရသည့် (ဝီရိယစေတသိက်) ဝီရိယိန္ဒြေ၊
--
(၁၇) အောက်မေ့မှု၌ အစိုးရသည့် (သတိစေတသိက်) သတိန္ဒြေ၊
(၁၈) တည်ကြည်မှု၌ အစိုးရသည့် (ဧကဂ္ဂတာစေတသိက်) သမာဓိန္ဒြေ၊
(၁၉) ခွဲခြမ်းဝေဖန်၍ သိမှု၌ အစိုးရသည့် (လောကီပညာစေတသိက်) ပညိန္ဒြေ၊
(၂၀) မသိဖူးသေးသည့် သစ္စာတရားတို့ကို ထိုးထွင်းသိမှု၌ အစိုးရသည့် (သောတာပတ္တိမဂ္ဂပညာ) အနညာတညဿာမီတိန္ဒြေ၊
(၂၁) သိပြီးသော သစ္စာတရားတို့ကို ထပ်၍ သိမှု၌ အစိုးရသည့် (အလယ်လောကုတ္တရာပညာခြောက်ပါး) အညိန္ဒြေ၊
(၂၂) ရဟန္တာပုဂ္ဂိုလ်၏ သစ္စာတရားတို့ကို သိမှု၌ အစိုးရသည့် (အရဟတ္တဖိုလ်ပညာ) အညာတာဝိန္ဒြေတို့တည်း။
--
ဣန္ဒြေ ၂၂-ပါး အမေးအဖြေ
(၁) စက္ခုန္ဒြေ
၂၂၀။ ထိုဣန္ဒြေ ၂၂-ပါးတို့တွင် အဘယ်သည် မြင်မှု၌ အစိုးရသည့် မျက်စိအကြည် (စက္ခုပသာဒ) စက္ခုန္ဒြေ မည်သနည်း။
အကြင် မျက်စိအကြည် (စက္ခုပသာဒ) သည် မဟာဘုတ်လေးပါးတို့ကို စွဲမှီ၍ ကြည်လင်၏။ပ။၁ စက္ခုဒွါရ၌ ဖြစ်သော စိတ်အများနှင့် ဆက်ဆံသဖြင့် သီးခြားပိုင်ရှင် ကင်းမဲ့သောကြောင့် လူဆိတ်သုဉ်းသောရွာ (သုညဂါမ) လည်း မည်၏၊ ဤသို့သဘောရှိသော ရုပ်ကို မြင်မှု၌ အစိုးရသည့် မျက်စိအကြည် (စက္ခုပသာဒ) စက္ခုန္ဒြေဟု ဆိုအပ်၏။
(၂) သောတိန္ဒြေ
အဘယ်သည် ကြားမှု၌ အစိုးရသည့် နားအကြည် (သောတပသာဒ) သောတိန္ဒြေ မည်သနည်း။ပ။၁
(၃) ဃာနိန္ဒြေ
အဘယ်သည် နံမှု၌ အစိုးရသည့် နှာခေါင်းအကြည် (ဃာနပသာဒ) ဃာနိန္ဒြေ မည်သနည်း။ပ။၁
(၄) ဇိဝှိန္ဒြေ
အဘယ်သည် လျက်မှု၌ အစိုးရသည့် လျှာအကြည် (ဇိဝှါပသာဒ) ဇိဝှိန္ဒြေ မည်သနည်း။ပ။၁
(၅) ကာယိန္ဒြေ
အဘယ်သည် ထိမှု၌ အစိုးရသည့် ကိုယ်အကြည် (ကာယပသာဒ) ကာယိန္ဒြေ မည်သနည်း။ပ။၁
အကြင်ထိသိစိတ် ကာယဝိညာဏ်ဖြစ်ရာ ကိုယ်အကြည် (ကာယပသာဒ) သည် မဟာဘုတ်လေးပါး တို့ကိုစွဲမှီ၍ ကြည်လင်၏။ပ။၁ ကာယဒွါရ၌ ဖြစ်သော စိတ်အများနှင့် ဆက်ဆံသဖြင့် သီးခြားပိုင်ရှင်ကင်းမဲ့သောကြောင့် လူဆိတ်သုဉ်းသောရွာ (သုညဂါမ) လည်း မည်၏၊ ဤသို့သဘောရှိသော ရုပ်ကိုထိမှု၌ အစိုးရသည့် ကိုယ်အကြည် (ကာယပသာဒ) ကာယိန္ဒြေဟု ဆိုအပ်၏။
--
(၆) မနိန္ဒြေ
ထိုဣန္ဒြေ ၂၂-ပါးတို့တွင် အဘယ်သည် သိမှု၌ အစိုးရသည့် (စိတ် ၈၉-ခု) မနိန္ဒြေ မည်သနည်း။
ဧကကနည်း
တစ်ပါးပြားသောနည်းအားဖြင့် မနိန္ဒြေသည် ဖြစ်၏၊ ဖဿနှင့်ယှဉ်သော မနိန္ဒြေတည်း။
ဒုကနည်း
နှစ်ပါးပြားသောနည်းအားဖြင့် မနိန္ဒြေသည် ဖြစ်၏။ ဟိတ်ရှိသော မနိန္ဒြေသည် ရှိ၏။ ဟိတ်မရှိသော မနိန္ဒြေသည် ရှိ၏။
တိကနည်း
သုံးပါးပြားသောနည်းအားဖြင့် မနိန္ဒြေသည် ဖြစ်၏။ ကုသိုလ်မနိန္ဒြေသည် ရှိ၏။ အကုသိုလ်မနိန္ဒြေသည် ရှိ၏။ အဗျာကတမနိန္ဒြေသည် ရှိ၏။
စတုက္ကနည်း
လေးပါးပြားသောနည်းအားဖြင့် မနိန္ဒြေသည် ဖြစ်၏။ ကာမဘုံ၌ ဖြစ်သော မနိန္ဒြေသည် ရှိ၏။ ရူပဘုံ၌ ဖြစ်သော မနိန္ဒြေသည် ရှိ၏။ အရူပဘုံ၌ ဖြစ်သော မနိန္ဒြေသည် ရှိ၏။ ဘုံသုံးပါး၌ အကျုံးမဝင်သော မနိန္ဒြေသည် ရှိ၏။
ပဉ္စကနည်း
ငါးပါးပြားသောနည်းအားဖြင့် မနိန္ဒြေသည် ဖြစ်၏။ သုခိန္ဒြေနှင့်ယှဉ်သော မနိန္ဒြေသည် ရှိ၏။ ဒုက္ခိန္ဒြေနှင့်ယှဉ်သော မနိန္ဒြေသည် ရှိ၏။ သောမနဿိန္ဒြေနှင့်ယှဉ်သော မနိန္ဒြေ သည် ရှိ၏။ ဒေါမနဿိန္ဒြေနှင့် ယှဉ်သော မနိန္ဒြေသည် ရှိ၏။ ဥပေက္ခိန္ဒြေနှင့်ယှဉ်သော မနိန္ဒြေသည် ရှိ၏။
ဆက္ကနည်း
ခြောက်ပါးပြားသောနည်းအားဖြင့် မနိန္ဒြေသည် ဖြစ်၏။ မြင်သိစိတ် (စက္ခုဝိညာဏ်) သည် ရှိ၏။ပ။ အထူးသိမှု မနောဝိညာဏ်သည် ရှိ၏။ ဤသို့ ခြောက်ပါးပြားသောနည်းအား ဖြင့် မနိန္ဒြေသည် ဖြစ်၏။
သတ္တကနည်း
ခုနစ်ပါးပြားသောနည်းအားဖြင့် မနိန္ဒြေသည် ဖြစ်၏။ မြင်သိစိတ် စက္ခုဝိညာဏ်သည် ရှိ၏။ပ။ ထိသိစိတ်ကာယဝိညာဏ်သည် ရှိ၏။ အာရုံကို သိကာမျှ မနောဓာတ်သည် ရှိ၏။ အထူးသိမှု မနောဝိညာဏဓါတ်သည် ရှိ၏။ ဤသို့ ခုနစ်ပါးပြားသောနည်းအားဖြင့် မနိန္ဒြေသည် ဖြစ်၏။
အဋ္ဌကနည်း
ရှစ်ပါးပြားသော နည်းအားဖြင့် မနိန္ဒြေသည် ဖြစ်၏။ မြင်သိစိတ် စက္ခုဝိညာဏ်သည် ရှိ၏။ပ။ ကိုယ်ချမ်းသာမှု (သုခဝေဒနာ) နှင့် တကွဖြစ်သော ထိသိစိတ် ကာယ ဝိညာဏ်သည် ရှိ၏။ ကိုယ်ဆင်းရဲမှု (ဒုက္ခဝေဒနာ) နှင့် တကွဖြစ်သော ထိသိစိတ် ကာယဝိညာဏ်သည် ရှိ၏။ အာရုံကိုသိကာမျှ မနောဓာတ်သည် ရှိ၏။ အထူးသိမှု မနောဝိညာဏဓာတ်သည် ရှိ၏။ ဤသို့ ရှစ်ပါးပြားသောနည်းအားဖြင့် မနိန္ဒြေသည် ဖြစ်၏။
နဝကနည်း
ကိုးပါးပြားသော နည်းအားဖြင့် မနိန္ဒြေသည် ဖြစ်၏။ မြင်သိစိတ် စက္ခုဝိညာဏ်သည် ရှိ၏။ပ။ ထိသိစိတ်ကာယဝိညာဏ်သည် ရှိ၏။ အာရုံကို သိကာမျှ မနောဓာတ်သည် ရှိ၏။ အာရုံကိုအထူးသိမှုကုသိုလ်မနောဝိညာဏဓာတ်သည် ရှိ၏။ အထူးသိမှု အကုသိုလ်မနောဝိညာဏ ဓာတ်သည် ရှိ၏။ အထူးသိမှု အဗျာကတ မနောဝိညာဏဓာတ်သည် ရှိ၏။ ဤသို့ ကိုးပါးပြားသော နည်းအားဖြင့်မနိန္ဒြေသည် ဖြစ်၏။
ဒသကနည်း
ဆယ်ပါးပြားသောနည်းအားဖြင့် မနိန္ဒြေသည် ဖြစ်၏။ မြင်သိစိတ် စက္ခုဝိညာဏ်သည် ရှိ၏။ပ။ ကိုယ်ချမ်းသာမှု သုခဝေဒနာနှင့် တကွဖြစ်သော ထိသိစိတ် ကာယဝိညာဏ် သည် ရှိ၏။ ကိုယ်ဆင်းရဲမှု ဒုက္ခဝေဒနာနှင့် တကွဖြစ်သော ထိသိစိတ် ကာယဝိညာဏ်သည် ရှိ၏။ အာရုံ ကို သိကာမျှမနောဓာတ်သည် ရှိ၏။ အထူးသိမှုကုသိုလ်မနောဝိညာဏဓာတ်သည် ရှိ၏။ အထူးသိမှု အကုသိုလ်မနောဝိညာဏဓာတ်သည် ရှိ၏။ အထူးသိမှု အဗျာကတမနောဝိညာဏဓာတ်သည် ရှိ၏။ ဤသို့ဆယ်ပါးပြားသော နည်းအားဖြင့် မနိန္ဒြေသည် ဖြစ်၏။ပ။၂ ဤသို့ များသော အပြားအားဖြင့် မနိန္ဒြေသည် ဖြစ်၏။ ဤသဘောကို မနိန္ဒြေဟု ဆိုအပ်၏။
--
(၇) ဣတ္ထိန္ဒြေ
ထိုဣန္ဒြေ ၂၂-ပါးတို့တွင် အဘယ်သည် မိန်းမ (အမ) ဖြစ်ကြောင်း၌ အစိုးရမှု ဣတ္ထိန္ဒြေ မည်သနည်း။
မိန်းမ၏ အကြင် (အရပ်၊ အမောင်း၊ လက်၊ ခြေစသော) မိန်းမ၏ ပုံသဏ္ဌာန် (ဣတ္ထိလိင်္ဂ)၊ (မိန်းမဟုသိကြောင်း) မိန်းမအမှတ်အသား (ဣတ္ထိနိမိတ္တ)၊ မိန်းမ၏ အမူအရာ (ဣတ္ထိကုတ္တ)၊ မိန်းမ၏ (သွားပုံလာပုံစသော) အသွင်အပြင် (ဣတ္ထာကပ္ပ)၊ မိန်းမ၏အဖြစ် (ဣတ္ထတ္တ)၊ မိန်းမ၏သဘော (ဣတ္ထိဘာဝ) သည် ရှိ၏။ ဤသို့သဘောရှိသော ရုပ်ကို မိန်းမ (အမ) ဖြစ်ကြောင်း၌ အစိုးရမှု ဣတ္ထိန္ဒြေ (ဣတ္ထိဘာဝရုပ်) ဟု ဆိုအပ်၏။
(၈) ပုရိသိန္ဒြေ
ထိုဣန္ဒြေ ၂၂-ပါးတို့တွင် အဘယ်သည် ယောက်ျား (အထီး အဖို) ဖြစ်ကြောင်း၌ အစိုးရမှု ပုရိသိန္ဒြေ (ပုရိသဘာဝရုပ်) မည်သနည်း။
ယောက်ျား၏ အကြင် (အရပ်၊ အမောင်း၊ လက်၊ ခြေစသော) ယောက်ျား၏ ပုံသဏ္ဌာန် (ပုရိသလိင်္ဂ)၊ (ယောက်ျားဟု သိကြောင်း) ယောက်ျားအမှတ်အသား (ပုရိသနိမိတ္တ)၊ ယောက်ျား၏ အမူအရာ (ပုရိသကုတ္တ)၊ ယောက်ျား၏ (သွားပုံလာပုံစသော) အသွင်အပြင် (ပုရိသာကပ္ပ)၊ ယောက်ျား၏အဖြစ် (ပုရိသတ္တ)၊ ယောက်ျား၏ သဘော (ပုရိသဘာဝ) သည် ရှိ၏။ ဤသို့ သဘောရှိသော ရုပ်ကိုယောက်ျား (အထီးအဖို) ဖြစ်ကြောင်း၌ အစိုးရမှု ပုရိသိန္ဒြေ (ပုရိသဘာဝရုပ်) ဟု ဆိုအပ်၏။
(၉) ဇီဝိတိန္ဒြေ
ထိုဣန္ဒြေ ၂၂-ပါးတို့တွင် အဘယ်သည် အသက်ရှည်ကြောင်း၌ အစိုးရမှု ဇီဝိတိန္ဒြေ မည်သနည်း။
အသက်ရှည်ကြောင်း၌ အစိုးရမှု ဇီဝိတိန္ဒြေသည် နှစ်ပါးအပြားအားဖြင့် ဖြစ်၏။ ရုပ်တရားတို့၏အသက်ရှည်ကြောင်း၌ အစိုးရမှု ရုပ်ဇီဝိတိန္ဒြေသည် ရှိ၏။ နာမ်တရားတို့၏ အသက်ရှည်ကြောင်း၌ အစိုးရမှု နာမ်ဇီဝိတိန္ဒြေသည် ရှိ၏။ ထိုအသက်ရှည်ကြောင်း၌ အစိုးရမှု ဇီဝိတိန္ဒြေနှစ်မျိုးတို့တွင် အဘယ်သည် ရုပ်တရားတို့၏ အသက်ရှည်ကြောင်း၌ အစိုးရမှု ရုပ်ဇီဝိတိန္ဒြေ မည်သနည်း။
ထိုရုပ်တရားတို့၏ အကြင်အသက်- အာယု၊ တည်ကြောင်းသဘော- ဌိတိ၊ (တည်တန့်စွာ) ဖြစ်နေခြင်းသဘော- ယပနာ၊ တည်တန့်စွာ ဖြစ်နေစေခြင်းသဘော- ယာပနာ၊ (တိုးပွါး၍) ဖြစ်နေမှု သဘော-ဣရိယနာ၊ (ဆက်လက်၍) ဖြစ်နေကြောင်းသဘော- ဝတ္တနာ၊ စောင့်ရှောက်ခြင်းသဘော- ပါလနာ၊ အသက်ရှည်ကြောင်းသဘော- ဇီဝိတ၊ အသက်ရှည်ကြောင်း၌ အစိုးရမှု ဇီဝိတိန္ဒြေသည် ရှိ၏။ ဤသို့သဘောရှိသော ရုပ်ကို ရုပ်တရားတို့ အသက်ရှည်ကြောင်း၌ အစိုးရမှု ရုပ်ဇီဝိတိန္ဒြေဟု ဆိုအပ်၏။
ထိုအသက်ရှည်ကြောင်း၌ အစိုးရမှု ဇီဝိတိန္ဒြေနှစ်မျိုးတို့တွင် အဘယ်သည် နာမ်တရားတို့ အသက်ရှည်ကြောင်း၌ အစိုးရမှု နာမ်ဇီဝိတိန္ဒြေ မည်သနည်း။
--
ထိုနာမ်တရားတို့၏ အကြင်အသက်- အာယု၊ တည်ကြောင်းသဘော- ဌိတိ၊ (တည်တန့်စွာ) ဖြစ်နေခြင်းသဘော- ယပနာ၊ တည်တန့်စွာ ဖြစ်နေစေခြင်းသဘော- ယာပနာ၊ (တိုးပွါး၍) ဖြစ်မှု သဘော- ဣရိယနာ၊ (ဆက်လက်၍) ဖြစ်ကြောင်းသဘော- ဝတ္တနာ၊ စောင့်ရှောက်ခြင်းသဘော-ပါလနာ၊ အသက်ရှည်ကြောင်း သဘော- ဇီဝိတ၊ အသက်ရှည်ကြောင်း၌ အစိုးရမှု ဇီဝိတိန္ဒြေသည် ရှိ၏။ ဤသို့ သဘောရှိသော ရုပ်ကို နာမ်တရားတို့ အသက်ရှည်ကြောင်း၌ အစိုးရမှု နာမ်ဇီဝိတိန္ဒြေဟုဆိုအပ်၏။
ထိုရုပ်ဇီဝိတိန္ဒြေ နာမ်ဇီဝိတိန္ဒြေ ၂-မျိုးလုံးကို အသက်ရှည်ကြောင်း၌ အစိုးရသည့် ဇီဝိတိန္ဒြေဟု ဆိုအပ်၏။
(၁၀) သုခိန္ဒြေ
ထိုဣန္ဒြေ ၂၂-ပါးတို့တွင် အဘယ်သည် ချမ်းသာခံစားမှု၌ အစိုးရသည့် သုခိန္ဒြေ မည်သနည်း။
အကြင်ကိုယ်၌ မှီသော သာယာမှု (ကာယိကသာတ)၊ ကိုယ်၌ မှီသော ချမ်းသာမှု (ကာယိကသုခ)၊ ကိုယ်၌ တွေ့ထိမှု ကြောင့်ဖြစ်သော သာယာဖွယ်ကို ခံစားမှု ချမ်းသာခံစားမှု (ဝေဒယိတ)၊ ကိုယ်၌ တွေ့ထိမှု ကြောင့်ဖြစ်သော သာယာဖွယ်ကို ခံစားမှု ချမ်းသာဖွယ်ကို ခံစားမှု (ဝေဒနာ) သည် ရှိ၏။ ဤသို့သဘောရှိသော ဝေဒနာကို ချမ်းသာခံစားမှု၌ အစိုးရသည့် သုခိန္ဒြေဟု ဆိုအပ်၏။
(၁၁) ဒုက္ခိန္ဒြေ
ထိုဣန္ဒြေ ၂၂-ပါးတို့တွင် အဘယ်သည် ဆင်းရဲခံစားမှု၌ အစိုးရသည့် ဒုက္ခိန္ဒြေ မည်သနည်း။
အကြင် ကိုယ်၌ မှီသော မသာယာမှု (ကာယိကအသာတ)၊ ကိုယ်၌ မှီသော ဆင်းရဲမှု (ကာယိကဒုက္ခ)၊ ကိုယ်၌ တွေ့ထိမှု ကြောင့်ဖြစ်သော မသာယာဖွယ်ကို ခံစားမှု ဆင်းရဲခံစားမှု (ဝေဒယိတ)၊ ကိုယ်၌ တွေ့ထိမှု ကြောင့် ဖြစ်သော မသာယာဖွယ်ကို ခံစားမှု ဆင်းရဲခံစားမှု (ဝေဒနာ) သည် ရှိ၏။ ဤသို့သဘောရှိသော ဝေဒနာကို ဆင်းရဲခံစားမှု၌ အစိုးရမှု ဒုက္ခိန္ဒြေဟု ဆိုအပ်၏။
(၁၂) သောမနဿိန္ဒြေ
ထိုဣန္ဒြေ ၂၂-ပါးတို့တွင် အဘယ်သည် စိတ်ချမ်းသာမှု၌ အစိုးရသည့်သောမနဿိန္ဒြေ မည်သနည်း။
အကြင် စိတ်၌ မှီသော သာယာမှု (စေတသိကသာတ)၊ စိတ်၌ မှီသော ချမ်းသာမှု (စေတသိက သုခ)၊ စိတ်၏ ကောင်းစွာတွေ့ထိမှု ကြောင့်ဖြစ်သော သာယာဖွယ်ကို ခံစားမှု ချမ်းသာဖွယ်ကို ခံစားမှု (ဝေဒယိတ)၊ စိတ်၏ ကောင်းစွာ တွေ့ထိမှု ကြောင့်ဖြစ်သော သာယာဖွယ်ကို ခံစားမှု ချမ်းသာဖွယ်ကိုခံစားမှု (ဝေဒနာ) သည် ရှိ၏။ ဤသို့သဘောရှိသော ဝေဒနာကို စိတ်ချမ်းသာမှု၌ အစိုးရသည့်သောမနဿိန္ဒြေဟု ဆိုအပ်၏။
--
(၁၃) ဒေါမနဿိန္ဒြေ
ထိုဣန္ဒြေ ၂၂-ပါးတို့တွင် အဘယ်သည် စိတ်ဆင်းရဲမှု၌ အစိုးရသည့် ဒေါမနဿိန္ဒြေ မည်သနည်း။
အကြင်စိတ်၌ မှီသော မသာယာမှု (စေတသိကအသာတ)၊ စိတ်၌ မှီသော မချမ်းသာမှု (စေတသိကဒုက္ခ)၊ စိတ်၏ တွေ့ထိမှု ကြောင့်ဖြစ်သော မသာယာဖွယ်ကို ခံစားမှု ဆင်းရဲခံစားမှု (ဝေဒယိတ)၊ စိတ်၏တွေ့ထိမှု ကြောင့်ဖြစ်သော မသာယာဖွယ်ကို ခံစားမှု ဆင်းရဲခံစားမှု (ဝေဒနာ) သည် ရှိ၏။ ဤသို့သဘောရှိသော ဝေဒနာကို စိတ်ဆင်းရဲမှု၌ အစိုးရမှု ဒေါမနဿိန္ဒြေဟု ဆိုအပ်၏။
(၁၄) ဥပေက္ခိန္ဒြေ
ထိုဣန္ဒြေ ၂၂-ပါးတို့တွင် အဘယ်သည် ဆင်းရဲချမ်းသာမဟုတ်သော ခံစားမှု၌ အစိုးရသည့် ဥပေက္ခိန္ဒြေ မည်သနည်း။
အကြင် စိတ်၌ မှီသော သာယာမှု လည်းမဟုတ် မသာယာမှု လည်းမဟုတ်သော (နေဝသာတ နာသာတ)၊ စိတ်၏ တွေ့ထိမှု ကြောင့်ဖြစ်သော ဆင်းရဲချမ်းသာမဟုတ်သော ခံစားမှု (ဝေဒယိတ)၊ စိတ်၏တွေ့ထိမှု ကြောင့် ဖြစ်သော ဆင်းရဲချမ်းသာမဟုတ်သော ခံစားမှု (ဝေဒနာ) သည် ရှိ၏။ ဤသို့သဘောရှိသော ဝေဒနာကို ဆင်းရဲ ချမ်းသာမဟုတ်သော ခံစားမှု၌ အစိုးရသည့် ဥပေက္ခိန္ဒြေဟု ဆိုအပ်၏။
(၁၅) သဒ္ဓိန္ဒြေ
ထိုဣန္ဒြေ ၂၂-ပါးတို့တွင် အဘယ်သည် ယုံကြည်မှု၌ အစိုးရသည့် သဒ္ဓိန္ဒြေ မည်သနည်း။
အကြင် ယုံကြည်မှု (သဒ္ဓါ)၊ ယုံကြည်မှု အခြင်းအရာ (သဒ္ဒဟနာ)၊ သက်ဝင်ပုံအခြင်းအရာ (ဩကပ္ပနာ)၊ အလွန်ကြည်လင်မှု (အဘိပ္ပသာဒ)၊ ယုံကြည်မှု (သဒ္ဓါ)၊ ယုံကြည်မှု၌ အစိုးရမှု (သဒ္ဓိန္ဒြေ)၊ မတုန်မလှုပ်ယုံကြည်မှု (သဒ္ဓါဗိုလ်) သည် ရှိ၏။ ဤသို့သဘောရှိသော ယုံကြည်မှုကို ယုံကြည်မှု၌ အစိုးရသည့်သဒ္ဓိန္ဒြေဟု ဆိုအပ်၏။
(၁၆) ဝီရိယိန္ဒြေ
ထိုဣန္ဒြေ ၂၂-ပါးတို့တွင် အဘယ်သည် အားထုတ်မှု၌ အစိုးရသည့် ဝီရိယိန္ဒြေ မည်သနည်း။
အကြင်စိတ်၌ မှီသော ကြိုးစားအားထုတ်မှု (ဝီရိယာရမ္ဘ)၊ ပျင်းရိခြင်းမှ ထွက်မြောက်မှု (နိက္ကမ)၊ အဆင့်ဆင့်တိုးတက်အားထုတ်မှု (ပရက္ကမ)၊ အထက်ရောက်အောင်ကြိုးပမ်းမှု (ဥယျာမ)၊ လုံ့လစိုက်မှု (ဝါယာမ)၊ ဆင်းရဲကို သည်းခံမှု (ဥဿာဟ)၊ ပြင်းပြင်းထန်ထန်ကြိုးစားမှု (ဥဿောဠှီ)၊ ခိုင်မြဲမှု (ထာမ)၊ ဆောင်ထားမှု (ဓိတိ)၊ မလျော့သောအားထုတ်မှု ရှိခြင်း (အသိထိလပရက္ကမတာ)၊ မချအပ်သောအလိုဆန္ဒရှိခြင်း (အနိက္ခိတ္တဆန္ဒတာ)၊ မချအပ်သော တာဝန်ရှိခြင်း (အနိက္ခိတ္တဓုရတာ)၊ တာဝန်ကိုကောင်းစွာ ထမ်းဆောင်မှု (ဓုရသမ္ပဂ္ဂါဟ)၊ ရဲရင့်သူတို့၏ အဖြစ် (ဝီရိယ)၊ အားထုတ်မှု၌ အစိုးရမှု (ဝီရိယိန္ဒြေ)၊ မတုန်မလှုပ် အားထုတ်မှု (ဝီရိယဗိုလ်)၊ ကောင်းစွာအားထုတ်မှု (သမ္မာဝါယမ) သည် ရှိ၏။ ဤသို့သဘောရှိသောအားထုတ်မှုကို အားထုတ်မှု၌ အစိုးရသည့် ဝီရိယိန္ဒြေဟု ဆိုအပ်၏။
--
(၁၇) သတိန္ဒြေ
ထိုဣန္ဒြေ ၂၂-ပါးတို့တွင် အဘယ်သည် အောက်မေ့မှု၌ အစိုးရသည့် သတိန္ဒြေ မည်သနည်း။
အကြင်အောက်မေ့မှု (သတိ)၊ အဖန်ဖန်အောက်မေ့မှု (အနုဿတိ)၊ တစ်ဖန်အောက်မေ့မှု (ပဋိဿတိ)၊ သတိဟူသော အောက်မေ့ပုံအခြင်းအရာ (သတိသရဏတာ)၊ ဆောင်ပုံအခြင်းအရာ (ဓာရဏတာ)၊ ကုသိုလ်တရားတို့ကို ပေါ်စေသောအခြင်းအရာ (အပိလာပနတာ)၊ မမေ့ပျောက်မှု (အသမ္မုဿနတာ)၊ အောက်မေ့မှု (သတိ)၊ အောက်မေ့မှု၌ အစိုးရမှု (သတိန္ဒြေ)၊ မတုန်မလှုပ် အောက်မေ့မှု (သတိဗိုလ်)၊ ကောင်းစွာ အောက်မေ့မှု (သမ္မာသတိ) သည် ရှိ၏။ ဤသို့သဘောရှိသော အောက်မေ့မှုကို အောက်မေ့မှု၌ အစိုးရသည့် သတိန္ဒြေဟု ဆိုအပ်၏။
(၁၈) သမာဓိန္ဒြေ
ထိုဣန္ဒြေ ၂၂-ပါးတို့တွင် အဘယ်သည် တည်ကြည်မှု၌ အစိုးရသည့် (ဧကဂ္ဂတာစေတသိက်) သမာဓိန္ဒြေ မည်သနည်း။
အကြင် စိတ်၏တည်မှု (ဌိတိ)၊ ကောင်းစွာတည်မှု (သဏ္ဌိတိ)၊ သက်ဝင်၍တည်မှု (အဝဋ္ဌိတိ)၊ မရွေ့ရှားမှု (အဝိသာဟာရ)၊ မပျံ့လွင့်မှု (အဝိက္ခေပ)၊ မရွေ့ရှားသော စိတ်ရှိသူ၏အဖြစ် (အဝိသာဟဋမာနသတာ)၊ ငြိမ်သက်မှု (သမထ)၊ တည်ကြည်မှု၌ အစိုးရမှု (သမာဓိန္ဒြေ)၊ မတုန်မလှုပ်တည်ကြည်မှု (သမာဓိဗိုလ်)၊ ကောင်းစွာ တည်ကြည်မှု (သမ္မာသမာဓိ) သည် ရှိ၏။ ဤသို့သဘောရှိသော တည်ကြည်မှုကို တည်ကြည်မှု၌ အစိုးရသည့် သမာဓိန္ဒြေဟု ဆိုအပ်၏။
(၁၉) ပညိန္ဒြေ
ထိုဣန္ဒြေ ၂၂-ပါးတို့တွင် အဘယ်သည် အပြားအားဖြင့် သိမှု၌ အစိုးရသည့် ပညိန္ဒြေ မည်သနည်း။
အကြင်အပြားအားဖြင့် သိမှု (ပညာ) ၊ အပြားအားဖြင့်သိသော အခြင်းအရာ (ပဇာနနာ)။ပ။ မတွေဝေမှု (အမောဟ)၊ သစ္စာလေးပါးတရားတို့ကို စိစစ်ခြင်းသဘော (ဓမ္မဝိစယ)၊ ကောင်းစွာ သိမြင် ခြင်း (သမ္မာဒိဋ္ဌိ) သည် ရှိ၏။ ဤသို့သဘောရှိသော သိမှုကို အပြားအားဖြင့် သိမှု၌ အစိုးရသည့် ပညိန္ဒြေဟုဆိုအပ်၏။
(၂၀) အနညာတညဿာမီတိန္ဒြေ
ထိုဣန္ဒြေ ၂၂-ပါးတို့တွင် အဘယ်သည် မသိဖူးသေးသည့် သစ္စာတရားတို့ကို ထိုးထွင်းသိမှု၌ အစိုးရသည့် (သောတာပတ္တိမဂ္ဂပညာ) အနညာတညဿာမီတိန္ဒြေ မည်သနည်း။
မသိအပ်ကုန်, မမြင်အပ်ကုန်, မရောက်အပ်ကုန်, မထင်ရှားကုန်, မျက်မှောက်မပြုအပ်ကုန်သေး သောထိုတရားတို့ကို မျက်မှောက်ပြုခြင်းငှါ အကြင်အပြားအားဖြင့် သိမှု (ပညာ)၊ အပြားအားဖြင့်သိသောအခြင်းအရာ (ပဇာနနာ)။ပ။ မတွေဝေမှု (အမောဟ)၊ သစ္စာလေးပါးတရားတို့ကို စိစစ်မှု (ဓမ္မဝိစယ)၊ ကောင်းစွာ သိမြင်ခြင်း (သမ္မာဒိဋ္ဌိ)၊ မဂ်၏ အစိတ်အပိုင်းအင်္ဂါ (မဂ္ဂင်) ဖြစ်သော၊ မဂ်၌ အကျုံးဝင်သော၊ ကောင်းစွာသိမှု မဂ်ဉာဏ်၏ အစိတ်အပိုင်းအင်္ဂါဖြစ်သော သစ္စာလေးပါးတရားတို့ကို စိစစ်မှု (ဓမ္မဝိစယသမ္ဗောဇ္ဈင်) သည် ရှိ၏။ ဤသို့သဘောရှိသော သိမှုကို မသိဖူးသေးသည့် သစ္စာတရားတို့ကို ထိုးထွင်းသိမှု၌ အစိုးရသည့် အနညာတညဿာမီတိန္ဒြေဟု ဆိုအပ်၏။
--
(၂၁) အညိန္ဒြေ
ထိုဣန္ဒြေ ၂၂-ပါးတို့တွင် အဘယ်သည် သိပြီးသော သစ္စာတရားတို့ကို ထပ်၍ သိမှု၌ အစိုးရသည့် (အလယ်လောကုတ္တရာပညာ ၆-ပါး) အညိန္ဒြေ မည်သနည်း။
သိအပ်ကုန်, မြင်အပ်ကုန်, ရောက်အပ်ကုန်, ထင်ရှားအပ်ကုန်, မျက်မှောက်ပြုအပ်ကုန်သော ထိုတရားတို့ကို မျက်မှောက်ပြုခြင်းငှါ အကြင်အပြားအားဖြင့် သိမှု (ပညာ)၊ အပြားအားဖြင့် သိသောအခြင်းအရာ (ပဇာနနာ)။ပ။ မတွေဝေမှု (အမောဟ)၊ သစ္စာလေးပါးတရားတို့ကို စိစစ်မှု (ဓမ္မဝိစယ)၊ ကောင်းစွာ သိမြင်ခြင်း (သမ္မာဒိဋ္ဌိ)၊ မဂ်၏ အစိတ်အပိုင်းအင်္ဂါ (မဂ္ဂင်) ဖြစ်သော၊ မဂ်၌ အကျုံးဝင်သော၊ ကောင်းစွာသိမှု မဂ်ဉာဏ်၏ အစိတ်အပိုင်းအင်္ဂါဖြစ်သော သစ္စာလေးပါးတရားတို့ကို စိစစ်မှု (ဓမ္မဝိစယသမ္ဗောဇ္ဈင်) သည် ရှိ၏။ ဤသို့သဘောရှိသော သိမှုကို သိပြီးသော သစ္စာတရားတို့ကို ထပ်၍ သိမှု၌ အစိုးရသည့် (အလယ်လောကုတ္တရာပညာ ၆-ပါး) အညိန္ဒြေဟု ဆိုအပ်၏။
(၂၂) အညာတာဝိန္ဒြေ
ထိုဣန္ဒြေ ၂၂-ပါးတို့တွင် အဘယ်သည် ရဟန္တာပုဂ္ဂိုလ်၏ သိမှု၌ အစိုးရသည် (အရဟတ္တဖိုလ်ပညာ) အညာတာဝိန္ဒြေ မည်သနည်း။
သိအပ်ပြီးကုန်, မြင်အပ်ပြီးကုန်, ရောက်အပ်ပြီးကုန်, ထင်ရှားအပ်ပြီးကုန်, မျက်မှောက်ပြုအပ်ပြီးကုန်သော ထိုတရားတို့ကို မျက်မှောက်ပြုခြင်းငှာ အကြင်အပြားအားဖြင့် သိသောအခြင်းအရာ (ပဇာနနာ)။ပ။ မတွေဝေမှု- (အမောဟ)၊ သစ္စာလေးပါးတရားတို့ကို စိစစ်မှု (ဓမ္မဝိစယ)၊ ကောင်းစွာ သိမြင်ခြင်း (သမ္မာဒိဋ္ဌိ)၊ မဂ်၏ အစိတ်အပိုင်းအင်္ဂါ (မဂ္ဂင်) ဖြစ်သော၊ မဂ်၌ အကျုံးဝင်သော၊ ကောင်းစွာသိမှု မဂ်ဉာဏ်၏ အစိတ်အပိုင်းအင်္ဂါဖြစ်သော သစ္စာလေးပါးတရားတို့ကို စိစစ်မှု (ဓမ္မဝိစယသမ္ဗောဇ္ဈင်) သည် ရှိ၏။ ဤသို့သဘောရှိသော သိမှုကို ရဟန္တာပုဂ္ဂိုလ်၏ သိမှု၌ အစိုးရသည့် (အရဟတ္တဖိုလ်ပညာ) အညာတာ ဝိန္ဒြေဟု ဆိုအပ်၏။
အဘိဓမ္မာနည်းဖြင့် ဝေဖန်၍ ဟောကြားသော အဘိဓမ္မဘာဇနီယနည်း ပြီး၏။
၁။ ဝိဘင်းမြန်မာပြန် ပထမအုပ်-နှာ- ၂၄၉-မှ ၂၅၃ (စာပိုဒ်-၁၅၆-၁၆၀) အထိ စက္ခာယတန သောတာယတန ဃာနာယတန ဇိဝှါယတန ကာယာယတန အဖွင့်များကို မှီး၍ ပေယျာလဖေါ်ပါ။
၂။ ဤမနိန္ဒြေအဖွင့်၌- ဒုကမူလကနည်း၊ တိကမူလကနည်း၊ ဥဘတောဝဍ္ဎကနည်း၊ သတ္တကနည်း၊ စတုဝီသတိဝိဓနည်း၊ တိံသဝိဓနည်း၊ ဗဟုဝိဓနည်းတို့ကို ပေယျာလ မြှုပ်ထားသည်။ ဝိဘင်းမြန်မာပြန် ပဌမတွဲ မူရင်းကျမ်း စာမျက်နှာ ၁၈၇-မှ ၂၁၅ ဝိညာဏက္ခန္ဓာအဖွင့်ကို ကြည့်၍ ပေယျာလ ဖေါ်ပါ။
--
၂-ပဥှာပုစ္ဆက
(အမေးအဖြေပြု၍ ဟောကြားသော ပဥှာပုစ္ဆကနည်း)
ဣန္ဒြေ ၂၂-ပါး
၂၂၁။ ရုပ်နာမ်တရားတို့ကို အစိုးရသည့် ဣန္ဒြေ ၂၂-ပါးတို့ကား-
(၁) မြင်မှု၌ အစိုးရသည့် မျက်စိအကြည် (စက္ခုပသာဒ) စက္ခုန္ဒြေ၊
(၂) ကြားမှု၌ အစိုးရသည့် နားအကြည် (သောတပသာဒ) သောတိန္ဒြေ၊
(၃) နံမှု၌ အစိုးရသည့် နှာခေါင်းအကြည် (ဃာနပသာဒ) ဃာနိန္ဒြေ၊
(၄) လျက်မှု၌ အစိုးရသည့် လျှာအကြည် (ဇိဝှါပသာဒ) ဇိဝှိန္ဒြေ၊
(၅) ထိမှု၌ အစိုးရသည့် ကိုယ်အကြည် (ကာယပသာဒ) ကာယိန္ဒြေ၊
(၆) သိမှု၌ အစိုးရသည့် (စိတ် ၈၉-ခု) မနိန္ဒြေ၊
(၇) မိန်းမ (အမ) ဖြစ်ကြောင်း၌ အစိုးရသည့် (ဣတ္ထိဘာဝရုပ်) ဣတ္ထိန္ဒြေ၊
(၈) ယောက်ျား (အထီး အဖို) ဖြစ်ကြောင်း၌ အစိုးရသည့် (ပုမ္ဘာဝရုပ်) ပုရိသိန္ဒြေ၊
(၉) ရုပ်နာမ်နှစ်ပါး အသက်ရှင်မှု၌ အစိုးရသည့် (ရုပ်ဇီဝိတ-နာမ်ဇီဝိတ) ဇီဝိတိန္ဒြေ၊
(၁၀) ကိုယ်ချမ်းသာခံစားမှု၌ အစိုးရသည့် (သုခဝေဒနာ) သုခိန္ဒြေ၊
(၁၁) ကိုယ်ဆင်းရဲခံစားမှု၌ အစိုးရသည့် (ဒုက္ခဝေဒနာ) ဒုက္ခိန္ဒြေ၊
(၁၂) စိတ်ချမ်းသာမှု၌ အစိုးရသည့် (သောမနဿဝေဒနာ) သောမနဿိန္ဒြေ၊
(၁၃) စိတ်ဆင်းရဲမှု၌ အစိုးရသည့် (ဒေါမနဿဝေဒနာ) ဒေါမနဿိန္ဒြေ၊
(၁၄) ဆင်းရဲချမ်းသာမဟုတ်သည့် ခံစားမှု၌ အစိုးရသည့် (ဥပေက္ခာဝေဒနာ) ဥပေက္ခိန္ဒြေ၊
(၁၅) ယုံကြည်မှု၌ အစိုးရသည့် (သဒ္ဓါစေတသိက်) သဒ္ဓိန္ဒြေ၊
(၁၆) ကြိုးစားမှု၌ အစိုးရသည့် (ဝီရိယစေတသိက်) ဝီရိယိန္ဒြေ၊
(၁၇) အောက်မေ့မှု၌ အစိုးရသည့် (သတိစေတသိက်) သတိန္ဒြေ၊
(၁၈) တည်ကြည်မှု၌ အစိုးရသည့် (ဧကဂ္ဂတာစေတသိက်) သမာဓိန္ဒြေ၊
(၁၉) ခွဲခြမ်းဝေဖန်၍ သိမှု၌ အစိုးရသည့် (လောကီပညာစေတသိက်) ပညိန္ဒြေ၊
(၂၀) မသိဖူးသေးသည့် သစ္စာတရားတို့ကို ထိုးထွင်းသိမှု၌ အစိုးရသည့် (သောတာပတ္တိမဂ္ဂ ပညာ) အနညာတညဿာမီတိန္ဒြေ၊
(၂၁) သိပြီးသော သစ္စာတရားတို့ကို ထပ်၍ သိမှု၌ အစိုးရသည့် (အလယ်လောကုတ္တရာ ပညာခြောက်ပါး) အညိန္ဒြေ၊
(၂၂) ရဟန္တာပုဂ္ဂိုလ်တို့၏ သိမှုကို အစိုးရသည့် (အရဟတ္တဖိုလ်ပညာ) အညာတာဝိန္ဒြေ တို့တည်း။
--
အမေးပုစ္ဆာ
ဣန္ဒြေ ၂၂-ပါးတို့ကို တိက်ဒုက်တို့ဖြင့် ဝေဖန်၍ အမေးပုစ္ဆာနည်းသက်သက်ကို ပြခြင်း
၁-တိက်တို့ဖြင့် ဝေဖန်၍ အမေးပုစ္ဆာကို ပြခြင်း
(၁) ကုသလတိက်အမေးပုစ္ဆာ ၂၂၂။ ။ ဣန္ဒြေ ၂၂-ပါးတို့တွင် အပြစ်မရှိမူ၍ ကောင်းကျိုးချမ်းသာကိုပေးတတ်သော ကုသိုလ်ဣန္ဒြေတို့သည် အဘယ်မျှရှိကုန်သနည်း။ အပြစ်နှင့်တကွ ဖြစ်၍မကောင်းကျိုးဆင်းရဲကို ပေးတတ်သော အကုသိုလ်ဣန္ဒြေတို့သည် အဘယ်မျှ ရှိကုန်သနည်း။ ကုသိုလ်အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သော အဗျာကတဣန္ဒြေတို့သည် အဘယ်မျှ ရှိကုန်သနည်း။ပ။
(တိက်အမှတ် ၂-မှ ၂၁-အထိ ပေယျာလချန်ထားသည်)။
၂ -ဒုက်တို့ဖြင့် ဝေဖန်၍ အမေးပုစ္ဆာကို ပြခြင်း
(ဒုက်အမှတ် ၁-မှ ၉၉-အထိ ပေယျာလချန်ထားသည်)
(၁၀၀) သရဏဒုက်အမေးပုစ္ဆာ
ငိုကြွေးကြောင်း ရာဂစသော (ကိလေသာ) ရှိသော သရဏဣန္ဒြေတို့သည် အဘယ်မျှရှိကုန်သနည်း။ ငိုကြွေးကြောင်း ရာဂစသော (ကိလေသာ) မရှိသောအရဏဣန္ဒြေတို့သည် အဘယ်မျှရှိကုန်သနည်း။
--
အဖြေဝိသဇ္ဇနာ
ဣန္ဒြေ ၂၂-ပါးတို့ကို တိက် ဒုက်တို့ဖြင့် ဝေဖန်၍ အဖြေဝိသဇ္ဇနာကို ပြခြင်း
၁။ တိကဝိသဇ္ဇနာ
၁-ဣန္ဒြေ ၂၂-ပါးတို့ကို တိက်တို့ဖြင့် ဝေဖန်၍ အဖြေဝိသဇ္ဇနာကို ပြခြင်း
(၁) ကုသလတိက်အဖြေဝိသဇ္ဇနာ ၂၂၃
အစိုးရသည့် ဣန္ဒြေဆယ်ပါး (ရုပ်ဣန္ဒြေ-၇၊ နာမ်ဣန္ဒြေသုခ, ဒုက္ခ, အညာတာဝိန္ဒြေ-၃) တို့သည် ကုသိုလ် အကုသိုလ် အဖြစ်ဖြင့် မဟောအပ်သောအဗျာကတဖြစ်ကုန်၏။ စိတ်ဆင်းရဲမှု၌ အစိုးရသည့် ဒေါမနဿိန္ဒြေသည် အပြစ်နှင့်တကွဖြစ်၍ မကောင်းကျိုးဆင်းရဲကိုပေးတတ်သော အကုသိုလ်ဖြစ်၏။ မသိအပ်သေးသော သစ္စာတရားတို့ကို သိမှု၌ အစိုးရသည့် (သောတာပတ္တိမဂ်ပညာ) အနညာတညဿာမီတိန္ဒြေသည် အပြစ်မရှိမူ၍ ကောင်းကျိုးချမ်းသာကို ပေးတတ်သော ကုသိုလ်ဖြစ်၏။ အစိုးရသည့် ဣန္ဒြေလေးပါး (သဒ္ဓါ, သတိ, ပညာ, အညိန္ဒြေ) တို့သည် အချို့ အပြစ်မရှိမူ၍ကောင်းကျိုးချမ်းသာကို ပေးတတ်သော ကုသိုလ်ဖြစ်ကုန်၏။ အချို့ ကုသိုလ်အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သော အဗျာကတ ဖြစ်ကုန်၏။ အစိုးရသည့် ဣန္ဒြေခြောက်ပါး (မန, ဇီဝိတ, သောမနဿ, ဥပေက္ခာ, ဝီရိယ, သမာဓိ) တို့သည် အချို့အပြစ်မရှိမူ၍ ကောင်းကျိုးချမ်းသာကို ပေးတတ်သော ကုသိုလ်ဖြစ်ကုန်၏။ အချို့အပြစ်နှင့် တကွ ဖြစ်၍မကောင်းကျိုးဆင်းရဲကို ပေးတတ်သော အကုသိုလ်ဖြစ်ကုန်၏။ အချို့ကုသိုလ် အကုသိုလ်အဖြစ်ဖြင့်မဟောကြား အပ်သော အဗျာကတဖြစ်ကုန်၏။
(၂) ဝေဒနာတိက်အဖြေဝိသဇ္ဇနာ
အစိုးရသည့် ဣန္ဒြေ (ဝေဒနိန္ဒြေ ၅, ရုပ်ဣန္ဒြေ ၇) တစ်ဆယ့်နှစ်ပါးတို့ကို သုခဝေဒနာနှင့်ယှဉ်ကုန်၏ဟူ၍ လည်းကောင်း၊ ဒုက္ခဝေဒနာနှင့်ယှဉ်ကုန်၏ဟူ၍လည်းကောင်း၊ အဒုက္ခမသုခဝေဒနာနှင့် ယှဉ်ကုန်၏ဟူ၍ လည်းကောင်း မဆိုအပ်ကုန်။ အစိုးရသည့် ဣန္ဒြေ (သဒ္ဓါ, သတိ ၂၊ ပညာဣန္ဒြေ ၄) ခြောက်ပါးတို့သည် အချို့ သုခဝေဒနာနှင့်ယှဉ်ကုန်၏။ အချို့ အဒုက္ခမသုခဝေဒနာနှင့် ယှဉ်ကုန်၏။ အစိုးရသည့် ဣန္ဒြေ (မန, ဝီရိယ, သမာဓိ) သုံးပါးတို့သည် အချို့ သုခဝေဒနာနှင့် ယှဉ်ကုန်၏။ အချို့ဒုက္ခဝေဒနာနှင့် ယှဉ်ကုန်၏။ အချို့ အဒုက္ခမသုခဝေဒနာနှင့် ယှဉ်ကုန်၏။ နာမ်တရားတို့ အသက်ရှင်မှု၌ အစိုးရသည့် နာမ်ဇီဝိတိန္ဒြေသည် အချို့ သုခဝေဒနာနှင့် ယှဉ်၏။ အချို့ဒုက္ခဝေဒနာနှင့် ယှဉ်၏။ အချို့ အဒုက္ခမသုခဝေဒနာနှင့် ယှဉ်၏။ ရုပ်တရားတို့ အသက်ရှင်မှု၌ အစိုးရသည့် ရုပ်ဇီဝိတိန္ဒြေကို သုခဝေဒနာနှင့် ယှဉ်၏ဟူ၍လည်းကောင်း၊ ဒုက္ခဝေဒနာနှင့် ယှဉ်၏ဟူ၍လည်းကောင်း၊ အဒုက္ခမသုခဝေဒနာနှင့် ယှဉ်၏ဟူ၍လည်းကောင်း မဆိုအပ်။
(၃) ဝိပါကတိက်အဖြေဝိသဇ္ဇနာ
အစိုးရသည့် (စက္ခု, သောတ, ဃာန, ဇိဝှါ, ကာယ, ဣတ္ထိဘာဝ, ပုရိသဘာဝ) ဣန္ဒြေခုနစ်ပါးတို့သည် ကုသိုလ် အကုသိုလ်တို့၏အကျိုးလည်းမဟုတ်အကျိုးကိုဖြစ်စေတတ်သော တရားလည်း မဟုတ်ကုန် (နေဝဝိပါက နဝိပါက ဓမ္မဓမ္မာ)။ အစိုးရသည့် ဣန္ဒြေ (သုခ, ဒုက္ခ, အညာတာဝိန္ဒြေ) သုံးပါးတို့သည် ကုသိုလ် အကုသိုလ်တို့၏အကျိုးဖြစ်ကုန်၏ (ဝိပါကဓမ္မာ)။ အစိုးရသည့် ဣန္ဒြေ (ဒေါမနဿနှင့် အနညာတာ) နှစ်ပါးတို့သည် အကျိုးကို ဖြစ်စေတတ်သောတရားဖြစ်ကုန်၏ (ဝိပါကဓမ္မဓမ္မာ)။ သိပြီးသော သစ္စာတရားတို့ကို ထပ်၍ သိမှု၌ အစိုးရသည့် အညိန္ဒြေသည် အချို့ ကုသိုလ်တို့၏အကျိုးဖြစ်၏ (ဝိပါကဓမ္မ)၊ အချို့ အကျိုးကို ဖြစ်စေတတ်သော တရားဖြစ်၏ (ဝိပါကဓမ္မဓမ္မာ)။ အစိုးရသည့် ဣန္ဒြေ (မန, ဇီဝိတ, သောမနဿ, ဥပေက္ခာ, သဒ္ဓါ, ဝီရိယ, သတိ, သမာဓိ, ပညာ) ကိုးပါးတို့သည် အချို့ ကုသိုလ်အကုသိုလ်တို့၏ အကျိုးဖြစ်ကုန်၏ (ဝိပါကဓမ္မ)၊ အချို့ အကျိုးကိုဖြစ်စေတတ်သော တရားဖြစ်ကုန်၏ (ဝိပါကဓမ္မဓမ္မာ)၊ အချို့ ကုသိုလ်အကုသိုလ်တို့၏ အကျိုးလည်းမဟုတ်မူ၍ အကျိုးကို ဖြစ်စေတတ်သော တရားလည်း မဟုတ်ကုန် (နေဝဝိပါက န ဝိပါကဓမ္မဓမ္မာ)။
--
(၄) ဥပါဒိန္နတိက်အဖြေဝိသဇ္ဇနာ
အစိုးရသည့်ဣန္ဒြေ (ရုပ်သက်သက်ဣန္ဒြေ-၇၊ သုခ, ဒုက္ခ-၂) ကိုးပါးတို့သည် တဏှာဒိဋ္ဌိတို့သည် ကပ်အပ်သော ကံသည် အကျိုး၏ အဖြစ်ဖြင့် ယူအပ်ကုန်၍ဥပါဒါန်တို့၏ အာရုံဖြစ်ကုန်၏။ နှလုံးမသာယာမှု၌ အစိုးရသည့် ဒေါမနဿိန္ဒြေသည် တဏှာဒိဋ္ဌိတို့သည် ကပ်အပ်သော ကံသည်အကျိုး၏ အဖြစ်ဖြင့် မယူအပ်ကုန်မူ၍ ဥပါဒါန်တို့၏ အာရုံသာဖြစ်၏။ အစိုးရသည့် လောကုတ္တရာဣန္ဒြေသုံးပါးတို့သည် တဏှာဒိဋ္ဌိတို့သည် ကပ်အပ်သော ကံသည် အကျိုး၏အဖြစ်ဖြင့် မယူအပ်ကုန်မူ၍ ဥပါဒါန်တို့၏ အာရုံမဖြစ်ကုန်။ အစိုးရသည့် ဣန္ဒြေ (မန, ဇီဝိတ, သောမနဿ, ဥပေက္ခာ, သဒ္ဓါ, ဝီရိယ, သတိ, သမာဓိ, ပညာ) ကိုးပါးတို့သည် အချို့ တဏှာဒိဋ္ဌိတို့သည် ကပ်အပ်သော ကံသည် အကျိုး၏အဖြစ်ဖြင့် ယူအပ် ကုန်၍ဥပါဒါန်တို့၏ အာရုံဖြစ်ကုန်၏။ အချို့ တဏှာဒိဋ္ဌိတို့သည် ကပ်အပ်သော ကံသည် အကျိုး၏ အဖြစ်ဖြင့်မယူအပ်ကုန်မူ၍ ဥပါဒါန်တို့၏ အာရုံသာ ဖြစ်ကုန်၏။ အချို့ တဏှာဒိဋ္ဌိတို့သည် ကပ်အပ်သော ကံသည်အကျိုး၏ အဖြစ်ဖြင့် မယူအပ်ကုန်မူ၍ ဥပါဒါန်တို့၏ အာရုံမဖြစ်ကုန်။
(၅) သံကိလိဋ္ဌတိက်အဖြေဝိသဇ္ဇနာ
အစိုးရသည့်ဣန္ဒြေ (ရုပ်သက်သက်ဣန္ဒြေ-၇၊ သုခ, ဒုက္ခ-၂) ကိုးပါးတို့သည် ကိလေသာတို့သည် မပူပန်စေအပ်မူ၍ ကိလေသာတို့၏ အာရုံဖြစ်ကုန်၏။ နှလုံးမသာယာမှု၌ အစိုးရသည့် ဒေါမနဿိန္ဒြေသည် ကိလေသာတို့သည် ပူပန်စေအပ်၍ ကိလေသာတို့၏ အာရုံဖြစ်၏။ အစိုးရသည့် ဣန္ဒြေ (လောကုတ္တရာဣန္ဒြေ) သုံးပါးတို့သည် ကိလေသာတို့သည် မပူပန်စေအပ်မူ၍ကိလေသာတို့၏ အာရုံမဖြစ်ကုန်။ အစိုးရသည့် ဣန္ဒြေ (သဒ္ဓါ, သတိ, ပညာ) သုံးပါးတို့သည် အချို့ ကိလေသာတို့သည် မပူပန်စေအပ်မူ၍ ကိလေသာတို့၏ အာရုံဖြစ်ကုန်၏။ အချို့ ကိလေသာတို့သည် မပူပန်စေအပ်မူ၍ ကိလေသာတို့၏ အာရုံမဖြစ်ကုန်။ အစိုးရသည့် ဣန္ဒြေ (မန, ဇီဝိတ, သောမနဿ, ဥပေက္ခာ, ဝီရိယ, သမာဓိ) ခြောက်ပါးတို့သည် အချို့ကိလေသာတို့သည် ပူပန်စေအပ်၍ ကိလေသာတို့၏ အာရုံဖြစ်ကုန်၏။ အချို့ ကိလေသာတို့သည်မပူပန်စေအပ်မူ၍ ကိလေသာတို့၏ အာရုံဖြစ်ကုန်၏။ အချို့ ကိလေသာတို့သည် မပူပန်စေအပ်မူ၍ကိလေသာတို့၏ အာရုံမဖြစ်ကုန်။
(၆) ဝိတက်တိက်အဖြေဝိသဇ္ဇနာ
အစိုးရသည့်ဣန္ဒြေ (ရုပ်သက်သက်ဣန္ဒြေ-၇၊ သုခ, ဒုက္ခ-၂) ကိုးပါးတို့သည် ဝိတက်လည်း မရှိ၊ ဝိစာရလည်း မရှိကုန်။ စိတ်ဆင်းရဲမှု၌ အစိုးရသည့် ဒေါမနဿိန္ဒြေသည် ဝိတက်လည်း ရှိ၊ ဝိစာရလည်း ရှိ၏။ ဆင်းရဲချမ်းသာမဟုတ်သည့် ခံစားမှု၌ အစိုးရသည့် ဥပေက္ခိန္ဒြေသည် အချို့ ဝိတက်လည်း ရှိ၊ ဝိစာရလည်း ရှိ၏။ အချို့ ဝိတက်လည်း မရှိ၊ ဝိစာရလည်း မရှိ။ အစိုးရသည့် ဣန္ဒြေ (မန, ဇီဝိတ, သောမနဿ, သဒ္ဓါ, ဝီရိယ, သတိ, သမာဓိ, ပညာ ဣန္ဒြေ-၄) တစ်ဆယ့်တစ်ပါးတို့သည် အချို့ ဝိတက်လည်း ရှိ၊ ဝိစာရလည်း ရှိကုန်၏။ အချို့ ဝိတက် ကား မရှိ၊ ဝိစာရမျှသာ ရှိကုန်၏။ အချို့ ဝိတက်လည်း မရှိ၊ ဝိစာရလည်း မရှိကုန်။
--
(၇) ပီတိတိက်အဖြေဝိသဇ္ဇနာ
အစိုးရသည့် ဣန္ဒြေ (ရုပ်ဣန္ဒြေ- ၇၊ သောမနဿိန္ဒြေမှတစ်ပါးဝေဒနိန္ဒြေ- ၄) တစ်ဆယ့်တစ်ပါးတို့ကို ပီတိနှင့်တကွ ဖြစ်ကုန်၏ဟူ၍လည်းကောင်း၊ သုခဝေဒနာနှင့်တကွ ဖြစ်ကုန်၏ဟူ၍လည်းကောင်း၊ ဥပေက္ခာဝေဒနာနှင့်တကွ ဖြစ်ကုန်၏ဟူ၍လည်းကောင်း မဆိုအပ်ကုန်။ စိတ်ချမ်းသာမှု၌ အစိုးရသည့် အချို့ သောမနဿိန္ဒြေသည် ပီတိနှင့် တကွဖြစ်၏။ သုခဝေဒနာနှင့် တကွမဖြစ်၊ ဥပေက္ခာဝေဒနာနှင့်လည်း တကွမဖြစ်၊ အချို့ သောမနဿိန္ဒြေကို ပီတိနှင့် တကွဖြစ်၏ဟု မဆိုအပ်။ အစိုးရသည့် ဣန္ဒြေ (မန, ဇီဝိတ, သဒ္ဓါ, ဝီရိယ, သတိ, သမာဓိ) ခြောက်ပါးတို့သည် အချို့ ပီတိနှင့်တကွဖြစ်ကုန်၏။ အချို့ သုခဝေဒနာနှင့်တကွဖြစ်ကုန်၏။ အချို့ ဥပေက္ခာဝေဒနာနှင့်တကွ ဖြစ်ကုန်၏။**၁ အစိုးရသည့် ပညာတရားကိုယ်ရသော ဣန္ဒြေလေးပါးတို့သည် အချို့ ပီတိနှင့်တကွဖြစ်ကုန်၏။ အချို့သုခဝေဒနာနှင့်တကွဖြစ်ကုန်၏။ အချို့ ဥပေက္ခာဝေဒနာနှင့်တကွဖြစ်ကုန်၏။ အချို့ပီတိနှင့်တကွဖြစ်ကုန်၏ဟူ၍လည်းကောင်း၊ သုခဝေဒနာနှင့်တကွဖြစ်ကုန်၏ဟူ၍လည်းကောင်း၊ ဥပေက္ခာဝေဒနာနှင့်တကွ ဖြစ်ကုန်၏ဟူ၍လည်းကောင်း မဆိုအပ်ကုန်။
(၈) ဒဿနတိက်အဖြေဝိသဇ္ဇနာ
အစိုးရသည့်ဣန္ဒြေ (ရုပ်ဣန္ဒြေ-၇၊ သုခ, ဒုက္ခ, သဒ္ဓါ, သတိ, ပညာဣန္ဒြေ-၄) တစ်ဆယ့်ငါးပါးတို့သည် သောတာပတ္တိမဂ်သည် ပယ်အပ် သည်လည်း မဟုတ်၊ အထက်မဂ် သုံးခုသည် ပယ်အပ်သည်လည်း မဟုတ်ကုန်။ စိတ်ဆင်းရဲမှု၌ အစိုးရသည့် ဒေါမနဿိန္ဒြေကို အချို့ သောတာပတ္တိမဂ်သည် ပယ်အပ်၏။ အချို့အထက်မဂ်သုံးခုသည် ပယ်အပ်၏။
အစိုးရသည့် ဣန္ဒြေ (မန, ဇီဝိတ, သောမနဿ, ဥပေက္ခာ, ဝီရိယ, သမာဓိ) ခြောက်ပါးတို့ကို အချို့သောတာပတ္တိမဂ်သည် ပယ်အပ်ကုန်၏။ အချို့ အထက်မဂ်သုံးခုသည် ပယ်အပ်ကုန်၏။ အချို့သောတာပတ္တိမဂ်သည် ပယ်အပ်သည်လည်း မဟုတ်ကုန်၊ အထက်မဂ်သုံးခုသည် ပယ်အပ်သည်လည်းမဟုတ်ကုန်။
(၉) ဒဿနဟေတုတိက်အဖြေဝိသဇ္ဇနာ
အစိုးရသည့် ဣန္ဒြေ (ရုပ်ဣန္ဒြေ- ၇၊ သုခ, ဒုက္ခ, သဒ္ဓါ, သတိ, ပညာဣန္ဒြေ- ၄) တစ်ဆယ့်ငါးပါးတို့သည် သောတာ ပတ္တိမဂ်သည် ပယ်အပ်သောဟိတ်ရှိသည်လည်း မဟုတ်၊ အထက်မဂ်သုံးခုသည် ပယ်အပ်သော ဟိတ်ရှိ သည်လည်း မဟုတ်ကုန်။ စိတ်ဆင်းရဲမှု၌ အစိုးရသည့် ဒေါမနဿိန္ဒြေသည် အချို့ သောတာပတ္တိမဂ်သည် ပယ်အပ်သောဟိတ်ရှိ၏။ အချို့ အထက်မဂ်သုံးခုသည် ပယ်အပ်သော ဟိတ်ရှိ၏။ အစိုးရသည့်ဣန္ဒြေ (မန, ဇီဝိတ, သောမနဿ, ဥပေက္ခာ, ဝီရိယ, သမာဓိ) ခြောက်ပါးတို့သည် အချို့သောတာပတ္တိမဂ်သည် ပယ်အပ်သော ဟိတ်ရှိကုန်၏။ အချို့ အထက်မဂ်သုံးခုသည် ပယ်အပ်သောဟိတ်ရှိကုန်၏။ အချို့ သောတာပတ္တိမဂ်သည် ပယ်အပ်သော ဟိတ်ရှိသည်လည်း မဟုတ်၊ အထက်မဂ့်သုံးခုသည် ပယ်အပ်သော ဟိတ်ရှိသည်လည်း မဟုတ်ကုန်။
--
(၁၀) အာစယဂါမိတိက်အဖြေဝိသဇ္ဇနာ
အစိုးရသည့် ဣန္ဒြေ (ရုပ်ဣန္ဒြေ- ၇၊ သုခ, ဒုက္ခ, အညာတာဝိန္ဒြေ) ဆယ်ပါးတို့သည် စုတိပဋိသန္ဓေသို့ ရောက်ကြောင်း လည်း မဟုတ်ကုန်၊ နိဗ္ဗာန်သို့ရောက်ကြောင်းလည်း မဟုတ်ကုန်။ စိတ်ဆင်းရဲမှု၌ အစိုးသည့် ဒေါမနဿိန္ဒြေသည် စုတိပဋိသန္ဓေသို့ ရောက်ကြောင်း ဖြစ်၏။ မသိဖူးသေးသည့် သစ္စာတရားတို့ကို ထိုးထွင်း၍ သိမှု၌ အစိုးရသည့် အနညာတညဿာမီတိန္ဒြေ သည်နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်၏။ သိပြီးသော သစ္စာတရားတို့ကို ထပ်၍ သိမှု၌ အစိုးရသည့် အညိန္ဒြေသည် အချို့ နိဗ္ဗာန်သို့ရောက်ကြောင်းဖြစ်၏။ အချို့ စုတိပဋိသန္ဓေသို့ ရောက်ကြောင်းလည်း မဟုတ်၊ နိဗ္ဗာန်သို့ ရောက်ကြောင်းလည်း မဟုတ်။ အစိုးရသည့် ဣန္ဒြေ (မန, ဇီဝိတ, သောမနဿ, ဥပေက္ခာ, သဒ္ဓါ, ဝီရိယ, သတိ, သမာဓိ, ပညာ) ကိုးပါးတို့သည် အချို့ စုတိပဋိသန္ဓေသို့ ရောက်ကြောင်းဖြစ်ကုန်၏။ အချို့ နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်ကုန်၏။ အချို့ စုတိပဋိသန္ဓေသို့ ရောက်ကြောင်းလည်း မဟုတ်၊ နိဗ္ဗာန်သို့ ရောက်ကြောင်းလည်း မဟုတ်ကုန်။
(၁၁) သေက္ခတိက်အဖြေဝိသဇ္ဇနာ
အစိုးရသည့် ဣန္ဒြေ (ရုပ်ဣန္ဒြေ- ၇၊ သုခ, ဒုက္ခ, ဒေါမနဿ) ဆယ်ပါးတို့သည် သေက္ခပုဂ္ဂိုလ်တို့၏ ဥစ္စာလည်း မဟုတ်ကုန်၊ ရဟန္တာပုဂ္ဂိုလ်တို့၏ ဥစ္စာလည်းမဟုတ်ကုန်။ အစိုးရသည့်ဣန္ဒြေ (အနညာတညနှင့် အညိန္ဒြေ) နှစ်ပါးတို့သည် သေက္ခပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်ကုန်၏။ ရဟန္တာပုဂ္ဂိုလ်တို့၏ သိမှု၌ အစိုးရသည့် အညာတာဝိန္ဒြေသည် ရဟန္တာ (အသေက္ခ) ပုဂ္ဂိုလ်တို့၏ဥစ္စာဖြစ်၏။ အစိုးရသည့်ဣန္ဒြေ (မန, ဇီဝိတ, သောမနဿ, ဥပေက္ခာ, သဒ္ဓါ, ဝီရိယ, သတိ, သမာဓိနှင့် ပညာ) ကိုးပါးတို့သည် အချို့ သေက္ခပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်ကုန်၏။ အချို့ ရဟန္တာ (အသေက္ခ) ပုဂ္ဂိုလ် တို့၏ဥစ္စာဖြစ်ကုန်၏။ အချို့ သေက္ခပုဂ္ဂိုလ်တို့၏ ဥစ္စာလည်း မဟုတ်၊ ရဟန္တာ (အသေက္ခ) ပုဂ္ဂိုလ်တို့၏ဥစ္စာလည်း မဟုတ်ကုန်။
(၁၂) ပရိတ္တတိက်အဖြေဝိသဇ္ဇနာ
အစိုးရသည့် ဣန္ဒြေ (ရုပ်ဣန္ဒြေ-၇၊ သုခ, ဒုက္ခ, ဒေါမနဿ) ဆယ်ပါးတို့သည်နည်းသော အာနုဘော်ရှိသော ကာမတရားတို့ ဖြစ်ကုန်၏။ အစိုးရသည့်ဣန္ဒြေ (လောကုတ္တရာဣန္ဒြေ) သုံးပါးတို့သည် နှိုင်းယှဉ်တတ်သော ကိလေသာတို့၏ဆန့်ကျင်ဘက် လောကုတ္တရာတရားတို့ ဖြစ်ကုန်၏။ အစိုးရသည့်ဣန္ဒြေ (မန, ဇီဝိတ, သောမနဿ, ဥပေက္ခာ, သဒ္ဓါ, ဝီရိယ, သတိ, သမာဓိနှင့် ပညာ) ကိုးပါးတို့သည် အချို့ နည်းသော အာနုဘော်ရှိသော ကာမတရားတို့ ဖြစ်ကုန်၏။ အချို့ မြတ်သည်၏အဖြစ်သို့ ရောက်သော မဟဂ္ဂုတ်တရားတို့ ဖြစ်ကုန်၏။ အချို့ နှိုင်းယှဉ်တတ်သော ကိလေသာတို့၏ ဆန့်ကျင်ဘက် လောကုတ္တရာတရားတို့ ဖြစ်ကုန်၏။
--
(၁၃) ပရိတ္တာရမ္မဏတိက်အဖြေဝိသဇ္ဇနာ
အစိုးရသည့် ရုပ်ဣန္ဒြေ ၇-ပါးတို့သည် အာရုံပြုခြင်း မရှိကုန်။ အစိုးရသည့်ဣန္ဒြေ (သုခနှင့် ဒုက္ခ) နှစ်ပါးတို့သည် ကာမကို အာရုံပြုကုန်၏။ အစိုးရသည့် လောကုတ္တရာဣန္ဒြေသုံးပါးတို့သည် လောကုတ္တရာကို အာရုံပြုကုန်၏။ စိတ်ဆင်းရဲမှု၌ အစိုးသည့် ဒေါမနဿိန္ဒြေသည် အချို့ ကာမကို အာရုံပြု၏။ အချို့ မဟဂ္ဂုတ်ကိုအာရုံပြု၏။ လောကုတ္တရာကို အာရုံမပြု။ အချို့ ကာမကို အာရုံပြု၏ဟူ၍လည်းကောင်း၊ မဟဂ္ဂုတ်ကိုအာရုံပြု၏ဟူ၍လည်းကောင်း မဆိုအပ်ချေ။ အစိုးရသည့်ဣန္ဒြေ (မန, ဇီဝိတ, သောမနဿ, ဥပေက္ခာ, သဒ္ဓါ, ဝီရိယ, သတိ, သမာဓိနှင့် ပညာ) ကိုးပါးတို့သည် အချို့ ကာမကို အာရုံပြုကုန်၏။ အချို့ မဟဂ္ဂုတ်ကို အာရုံပြုကုန်၏။ အချို့လောကုတ္တရာကို အာရုံပြုကုန်၏။ အချို့ ကာမကို အာရုံပြုကုန်၏ဟူ၍လည်းကောင်း၊ မဟဂ္ဂုတ်ကို အာရုံပြုကုန်၏ဟူ၍လည်းကောင်း၊ လောကုတ္တရာကို အာရုံပြုကုန်၏ဟူ၍လည်းကောင်း မဆိုအပ်ကုန်။
(၁၄) ဟီနတိက်အဖြေဝိသဇ္ဇနာ
အစိုးရသည့် ဣန္ဒြေ (ရုပ်ဣန္ဒြေ-၇၊ သုခ, ဒုက္ခ) ကိုးပါးတို့သည်အလယ်အလတ်တရားတို့ ဖြစ်ကုန်၏။ စိတ်ဆင်းရဲမှု၌ အစိုးသည့် ဒေါမနဿိန္ဒြေသည် ယုတ်ညံ့သော တရားဖြစ်၏။ အစိုးရသည့် လောကုတ္တရာဣန္ဒြေသုံးပါးတို့သည် မွန်မြတ်သော တရားတို့ ဖြစ်ကုန်၏။ အစိုးရသည့် ဣန္ဒြေ (သဒ္ဓါ, သတိ, ပညာ) သုံးပါးတို့သည် အချို့ အလယ်အလတ်တရားတို့ ဖြစ်ကုန်၏။ အချို့ မွန်မြတ်သော တရားတို့ ဖြစ်ကုန်၏။ အစိုးရသည့် ဣန္ဒြေ (မန, ဇီဝိတ, သောမနဿ, ဥပေက္ခာ, ဝီရိယ, သမာဓိ) ခြောက်ပါးတို့သည်အချို့ ယုတ်ညံ့သော တရားတို့ ဖြစ်ကုန်၏။ အချို့ အလယ်အလတ်တရားတို့ ဖြစ်ကုန်၏။ အချို့မွန်မြတ်သော တရားတို့ ဖြစ်ကုန်၏။
(၁၅) မိစ္ဆတ္တတိက်အဖြေဝိသဇ္ဇနာ
အစိုးရသည့် ဣန္ဒြေ (ရုပ်ဣန္ဒြေ- ၇၊ သုခ, ဒုက္ခ, အညာတာဝိန္ဒြေ) ဆယ်ပါးတို့သည် နှစ်ပါးသော အခြင်း အရာအားဖြင့် အကျိုးပေး မမြဲကုန်။ မသိဖူးသေးသည့် သစ္စာတရားတို့ကို ထိုးထွင်းသိမှု၌ အစိုးရသည့် အနညာတညဿာမီတိန္ဒြေသည်မဖောက်ပြန်သော သဘောရှိ၍ မိမိ၏အခြားမဲ့၌ အကျိုးပေးမြဲ၏။ အစိုးရသည့် ဣန္ဒြေ (သဒ္ဓါ, သတိ, ပညာ, အညိန္ဒြေ) လေးပါးတို့သည် အချို့ မဖောက်ပြန်သောသဘော ရှိ၍ မိမိ၏အခြားမဲ့၌ အကျိုးပေးမြဲကုန်၏။ အချို့ နှစ်ပါးသော အခြင်းအရာအားဖြင့် အကျိုးပေးမမြဲကုန်။ စိတ်ဆင်းရဲမှု၌ အစိုးသည့် ဒေါမနဿိန္ဒြေသည် အချို့ ဖောက်ပြန်သော သဘောရှိ၍ စုတိ၏ အခြားမဲ့၌ အကျိုးပေးမြဲ၏။ အချို့ နှစ်ပါးသော အခြင်းအရာအားဖြင့် အကျိုးပေးမမြဲ။ အစိုးရသည့်ဣန္ဒြေ (မန, ဇီဝိတ, သောမနဿ, ဥပေက္ခာ, ဝီရိယ, သမာဓိ) ခြောက်ပါးတို့သည် အချို့ဖောက်ပြန်သော သဘောရှိ၍ စုတိ၏ အခြားမဲ့၌ အကျိုးပေးမြဲကုန်၏။ အချို့ မဖောက်ပြန်သောသဘောရှိ၍ မိမိ၏ အခြားမဲ့၌ အကျိုးပေးမြဲကုန်၏။ အချို့ နှစ်ပါးသော အခြင်းအရာအားဖြင့် အကျိုးပေးမမြဲကုန်။
--
(၁၆) မဂ္ဂါရမ္မဏတိက်အဖြေဝိသဇ္ဇနာ
အစိုးရသည့် ရုပ်ဣန္ဒြေခုနစ်ပါးတို့သည် အာရုံပြုခြင်း မရှိကုန်။ အစိုးရသည့်ဣန္ဒြေ (သုခ, ဒုက္ခ, ဒေါမနဿ, အညာတာဝိန္ဒြေ) လေးပါးတို့ကို မဂ်ကို အာရုံပြုကုန်၏ဟူ၍လည်းကောင်း၊ မဂ်ဟုဆိုအပ်သော အကြောင်းရှိကုန်၏ဟူ၍လည်းကောင်း၊ မဂ်ဟု ဆိုအပ်သောအကြီးအမှူးရှိကုန်၏ဟူ၍လည်းကောင်း မဆိုအပ်ကုန်။ မသိဖူးသေးသည့် သစ္စာလေးပါးတရားတို့ကို သိမှု၌ အစိုးရသည့် အနညာတညဿာမီတိန္ဒြေသည် မဂ်ကိုအာရုံမပြု၊ အချို့ မဂ်ဟုဆိုအပ်သော အကြောင်းရှိ၏၊ အချို့ မဂ်ဟုဆိုအပ်သော အကြီးအမှူးရှိ၏။ အချို့မဂ်ဟု ဆိုအပ်သော အကြောင်းရှိ၏ဟူ၍လည်းကောင်း၊ အချို့ မဂ်ဟုဆိုအပ်သော အကြီးအမှူးရှိ၏ဟူ၍လည်းကောင်း မဆိုအပ်။ သိပြီးသော သစ္စာလေးပါးတရားတို့ကို ထပ်၍သိမှု၌ အစိုးရသည့် အညိန္ဒြေသည် မဂ်ကို အာရုံမပြု၊ အချို့ မဂ်ဟုဆိုအပ်သော အကြောင်းရှိ၏။ အချို့ မဂ်ဟုဆိုအပ်သော အကြီးအမှူးရှိ၏။ အချို့ မဂ်ဟုဆိုအပ်သော အကြောင်းရှိ၏ဟူ၍လည်းကောင်း၊ အချို့ မဂ်ဟုဆိုအပ်သော အကြီးအမှူးရှိ၏ဟူ၍လည်းကောင်း မဆိုအပ်။ အစိုးရသည့်ဣန္ဒြေ (မန, ဇီဝိတ, သောမနဿ, ဥပေက္ခာ, သဒ္ဓါ, ဝီရိယ, သတိ, သမာဓိ, ပညာ) ကိုးပါးတို့သည် အချို့ မဂ်ကို အာရုံပြုကုန်၏။ အချို့ မဂ်ဟုဆိုအပ်သော အကြောင်းရှိကုန်၏။ အချို့မဂ်ဟုဆိုအပ်သော အကြီးအမှူးရှိကုန်၏။ အချို့ မဂ်ကို အာရုံပြုကုန်၏ဟူ၍လည်းကောင်း၊ အချို့မဂ်ဟုဆိုအပ်သော အကြောင်းရှိကုန်၏ဟူ၍လည်းကောင်း၊ အချို့ မဂ်ဟုဆိုအပ်သော အကြီးအမှူး ရှိကုန်၏ဟူ၍လည်းကောင်း မဆိုအပ်ကုန်။
(၁၇) ဥပ္ပန္နတိက်အဖြေဝိသဇ္ဇနာ
အစိုးရသည့် ဣန္ဒြေ (ရုပ်ဣန္ဒြေ- ၇၊ သုခိန္ဒြေ, ဒုက္ခိန္ဒြေ, အညာတာဝိန္ဒြေ) ဆယ်ပါးတို့သည် အချို့ခဏ သုံးပါးသို့ ရောက်ဆဲ ဖြစ်ကုန်၏။ အချို့ပြီးပြီးသော အကြောင်းတစ်စိတ်ရှိသည်၏ အဖြစ်ကြောင့် မချွတ်ဖြစ်လတ္တံ့ ဖြစ်ကုန်၏။ ခဏသုံးပါးသို့ရောက်ပြီး ရောက်ဆဲမဟုတ်ဟု မဆိုအပ်ကုန်။ အစိုးရသည့်ဣန္ဒြေ (ဒေါမနဿနှင့် အနညာတည) နှစ်ပါးတို့သည် အချို့ ခဏသုံးပါးသို့ ရောက်ဆဲဖြစ်ကုန်၏။ အချို့ ခဏသုံးပါးသို့ ရောက်ပြီး ရောက်ဆဲမဟုတ်ကုန်။ ပြီးပြီးသော အကြောင်းတစ်စိတ်ရှိသည်၏အဖြစ်ကြောင့် မချွတ်ဖြစ်လတ္တံ့ဟု မဆိုအပ်ကုန်။ အစိုးရသည့် (ကြွင်းသော) ဣန္ဒြေဆယ်ပါးတို့သည် အချို့ ခဏသုံးပါးသို့ ရောက်ဆဲဖြစ်ကုန်၏။ အချို့ခဏသုံးပါးသို့ ရောက်ပြီး ရောက်ဆဲမဟုတ်ကုန်။ အချို့ ပြီးပြီးသော အကြောင်းတစ်စိတ်ရှိသည်၏အဖြစ်ကြောင့် မချွတ်ဖြစ်လတ္တံ့ဖြစ်ကုန်၏။
(၁၈) အတီတတိက်အဖြေဝိသဇ္ဇနာ
(အစိုးရသည့် ဣန္ဒြေ ၂၂-ပါးတို့သည်) အချို့ ဖြစ်ပြီး (အတိတ်) ဖြစ်ကုန်၏။ အချို့မရောက်သေးသော (အနာဂတ်) ဖြစ်ကုန်၏။ အချို့ ဖြစ်ဆဲ (ပစ္စုပ္ပန်) ဖြစ်ကုန်၏။
--
(၁၉) အတီတာရမ္မဏတိက်အဖြေဝိသဇ္ဇနာ
အစိုးရသည့် ရုပ်ဣန္ဒြေခုနစ်ပါးတို့သည် အာရုံပြုခြင်း မရှိကုန်။ အစိုးရသည့်ဣန္ဒြေ (သုခနှင့် ဒုက္ခ) နှစ်ပါးတို့သည် ဖြစ်ဆဲ (ပစ္စုပ္ပန်) ကို အာရုံပြုကုန်၏။ အစိုးရသည့် လောကုတ္တရာဣန္ဒြေ သုံးပါးတို့ကို ဖြစ်ပြီး (အတိတ်) ကို အာရုံပြုကုန်၏ဟူ၍လည်းကောင်း၊ ဖြစ်လတ္တံ့ (အနာဂတ်) ကို အာရုံပြုကုန်၏ဟူ၍လည်းကောင်း၊ ဖြစ်ဆဲ (ပစ္စုပ္ပန်) ကို အာရုံပြုကုန်၏ဟူ၍လည်းကောင်း မဆိုအပ်ကုန်။ အစိုးရသည့် (ကြွင်းသော) ဣန္ဒြေဆယ်ပါးတို့သည် အချို့ ဖြစ်ပြီး (အတိတ်) ကို အာရုံပြုကုန်၏။ အချို့ဖြစ်လတ္တံ့ (အနာဂတ်) ကို အာရုံပြုကုန်၏။ အချို့ ဖြစ်ဆဲ (ပစ္စုပ္ပန်) ကို အာရုံပြုကုန်၏။ အချို့ ဖြစ်ပြီး (အတိတ်) ကို အာရုံပြုကုန်၏ဟူ၍လည်းကောင်း၊ အချို့ ဖြစ်လတ္တံ့ (အနာဂတ်) ကို အာရုံပြုကုန်၏ဟူ၍လည်းကောင်း၊ အချို့ ဖြစ်ဆဲ (ပစ္စုပ္ပန်) ကို အာရုံပြုကုန်၏ဟူ၍လည်းကောင်း မဆိုအပ်ကုန်။
(၂၀) အဇ္ဈတ္တတိက်အဖြေဝိသဇ္ဇနာ
(အစိုးရသည့်ဣန္ဒြေ ၂၂-ပါးတို့သည်) အချို့ အတွင်း ‘အဇ္ဈတ္တ’ သန္တာန်၌ ဖြစ်ကုန်၏။ အချို့ အပ ‘ဗဟိဒ္ဓ'သန္တာန်၌ ဖြစ်ကုန်၏။ အချို့ အတွင်းအပ'အဇ္ဈတ္တဗဟိဒ္ဓ’ သန္တာန် ၂-ပါး၌ ဖြစ်ကုန်၏။
(၂၁) အဇ္ဈတ္တာရမ္မဏတိက်အဖြေဝိသဇ္ဇနာ
အစိုးရသည့် ရုပ်ဣန္ဒြေခုနစ်ပါးတို့သည် အာရုံပြုခြင်း မရှိကုန်။ အစိုးရသည့် လောကုတ္တရာဣန္ဒြေသုံးပါးတို့သည် အပ'ဗဟိဒ္ဓ'အာရုံကို အာရုံပြုကုန်၏။ အစိုးရသည့် ဣန္ဒြေ (သုခ, ဒုက္ခ, သောမနဿ, ဒေါမနဿ) လေးပါးတို့သည် အချို့ အတွင်း ‘အဇ္ဈတ္တ’ သန္တာန်ကို အာရုံပြုကုန်၏။ အချို့ အပ ‘ဗဟိဒ္ဓ’ သန္တာန်ကို အာရုံပြုကုန်၏။ အချို့ အတွင်းအပ'အဇ္ဈတ္တဗဟိဒ္ဓ’ သန္တာန်ကို အာရုံပြုကုန်၏။
အစိုးရသည့် (ကြွင်းသော) ဣန္ဒြေရှစ်ပါးတို့သည် အချို့ အတွင်း ‘အဇ္ဈတ္တ'သန္တာန်ကို အာရုံပြုကုန်၏။ အချို့ အပ'ဗဟိဒ္ဓ'သန္တာန်ကို အာရုံပြုကုန်၏။ အချို့ အတွင်းအပ ‘အဇ္ဈတ္တဗဟိဒ္ဓ’ သန္တာန်ကို အာရုံပြုကုန်၏။ အချို့ အတွင်း ‘အဇ္ဈတ္တ’ သန္တာန်ကို အာရုံပြုကုန်၏ဟူ၍လည်းကောင်း၊ အပ ‘ဗဟိဒ္ဓ’ သန္တာန်ကိုအာရုံပြုကုန်၏ဟူ၍လည်းကောင်း၊ အတွင်းအပ ‘အဇ္ဈတ္တဗဟိဒ္ဓ’ သန္တာန်ကိုအာရုံပြုကုန်၏ဟူ၍လည်းကောင်း မဆိုအပ်ကုန်။
(၂၂) သနိဒဿနတိက်အဖြေဝိသဇ္ဇနာ
အစိုးရသည့် ပသာဒိန္ဒြေငါးပါးတို့သည် မြင်အပ်သောသဘောမရှိမူ၍ ထိပါးတတ်သော သဘောရှိကုန်၏။ အစိုးရသည့် (ကြွင်းသော) ဣန္ဒြေတစ်ဆယ့်ခုနစ်ပါးတို့သည် မြင်အပ်သော သဘောလည်း မရှိ၊ ထိပါးတတ်သော သဘောလည်း မရှိကုန်။
ဣန္ဒြေ ၂၂-ပါးတို့ကို တိက်တို့ဖြင့် ဝေဖန်၍ အဖြေဝိသဇ္ဇနာကို ပြခြင်း ပြီး၏။
၁။ ** ရုပ်ဇီဝိတိန္ဒြေ ကျန်သည်။
--
၂။ ဒုကဝိသဇ္ဇနာ
၂-ဣန္ဒြေ ၂၂-ပါးတို့ကို ဒုက်၁၀၀-တို့ဖြင့် ဝေဖန်၍ အဖြေဝိသဇ္ဇနာကို ပြခြင်း
၁-ဟေတုဂေါစ္ဆကအဖြေဝိသဇ္ဇနာ
(၁) ဟေတုဒုက်အဖြေဝိသဇ္ဇနာ ၂၂၄
အစိုးရသည့် ပညာတရားကိုယ် ဣန္ဒြေလေးပါးတို့သည်ဟိတ် မည်ကုန်၏။ အစိုးရသည့် (ကြွင်းသော) ဣန္ဒြေ တစ်ဆယ့် ရှစ်ပါးတို့သည် ဟိတ်မမည်ကုန်။
(၂) သဟေတုဒုက်အဖြေဝိသဇ္ဇနာ
အစိုးရသည့် ဣန္ဒြေ (ဒေါမနဿ, သဒ္ဓါ, သတိ နှင့် ပညာဣန္ဒြေ-၄) ခုနစ်ပါးတို့သည် ဟိတ်ရှိကုန်၏။ အစိုးရသည့် ဣန္ဒြေ (ရုပ်ဣန္ဒြေ ၇- ပါး, သုခ, ဒုက္ခ) ကိုးပါးတို့သည် ဟိတ်မရှိကုန်။ အစိုးရသည့် (ကြွင်းသော) ဣန္ဒြေခြောက်ပါးတို့သည် အချို့ ဟိတ်ရှိကုန်၏၊ အချို့ ဟိတ်မရှိကုန်။
(၃) ဟေတုသမ္ပယုတ္တဒုက်အဖြေဝိသဇ္ဇနာ
အစိုးရသည့် ဣန္ဒြေ (ဒေါမနဿ, သဒ္ဓါ, သတိနှင့်ပညာဣန္ဒြေ ၄) ခုနစ်ပါးတို့သည် ဟိတ်နှင့် ယှဉ်ကုန်၏။ အစိုးရသည့် ဣန္ဒြေ (ရုပ်ဣန္ဒြေ ၇- ပါး, သုခ, ဒုက္ခ) ကိုးပါးတို့သည် ဟိတ်နှင့် မယှဉ်ကုန်။ အစိုးရသည့် (ကြွင်းသော) ဣန္ဒြေခြောက်ပါးတို့သည် အချို့ ဟိတ်နှင့် ယှဉ်ကုန်၏။ အချို့ ဟိတ်နှင့်မယှဉ်ကုန်။
(၄) ဟေတုသဟေတုကဒုက်အဖြေဝိသဇ္ဇနာ
အစိုးရသည့် ပညာတရားကိုယ်ရသော ဣန္ဒြေလေးပါးတို့သည် ဟိတ်လည်း မည်၊ ဟိတ်လည်း ရှိကုန်၏။ အစိုးရသည့် ဣန္ဒြေ (ရုပ်ဣန္ဒြေ ၇- ပါး, သုခ, ဒုက္ခ) ကိုးပါးတို့ကို ဟိတ်လည်းမည်၊ ဟိတ်လည်းရှိကုန်၏ဟူ၍လည်းကောင်း၊ ဟိတ်သာရှိ၍ ဟိတ်မမည်ကုန်ဟူ၍လည်းကောင်း မဆိုအပ်ကုန်။ အစိုးရသည့် ဣန္ဒြေ (ဒေါမနဿ, သဒ္ဓါ, သတိ) သုံးပါးတို့ကို ဟိတ်လည်းမည်၊ ဟိတ်လည်းရှိကုန်၏ဟု မဆိုအပ်ကုန်၊ ၎င်းသုံးပါးတို့သည် ဟိတ်သာရှိ၍ ဟိတ်မမည်ကုန်။ အစိုးရသည့် ဣန္ဒြေ (မန, ဇီဝိတ, သောမနဿ, ဥပေက္ခာ, ဝီရိယ, သမာဓိ) ခြောက်ပါးတို့ကိုဟိတ်လည်း မည်၊ ဟိတ်လည်း ရှိကုန်၏ဟု မဆိုအပ်ကုန်။ ၎င်းခြောက်ပါးတို့သည် အချို့ ဟိတ်သာ ရှိ၍ဟိတ်မမည်ကုန်၊ ၎င်းတို့ကို အချို့ ဟိတ်သာ ရှိ၍ ဟိတ်မမည်ကုန်ဟု မဆိုအပ်ကုန်။
--
(၅) ဟေတု ဟေတုသမ္ပယုတ္တဒုက်အဖြေဝိသဇ္ဇနာ
အစိုးရသည့် ပညာတရားကိုယ်ဣန္ဒြေလေးပါးတို့သည်ဟိတ်လည်းမည်၊ ဟိတ်နှင့်လည်း ယှဉ် ကုန်၏။ အစိုးရသည့် ဣန္ဒြေကိုးပါး (ရုပ်ဣန္ဒြေ ၇- ပါး, သုခ, ဒုက္ခ) တို့ကို ဟိတ်လည်း မည်၊ ဟိတ်နှင့်လည်း ယှဉ်ကုန်၏ဟူ၍လည်းကောင်း၊ ဟိတ်နှင့်သာ ယှဉ်၍ ဟိတ်မမည်ကုန်ဟူ၍လည်းကောင်း မဆိုအပ်ကုန်။ အစိုးရသည့် ဣန္ဒြေသုံးပါး (ဒေါမနဿ, သဒ္ဓါ, သတိ) တို့ကို ဟိတ်လည်း မည်၊ ဟိတ်နှင့်လည်းယှဉ်ကုန်၏ဟု မဆိုအပ်ကုန်။ (၎င်းသုံးပါးတို့သည်) ဟိတ်နှင့်သာ ယှဉ်၍ ဟိတ်မမည်ကုန်။ အစိုးရသည့် ဣန္ဒြေခြောက်ပါး (မန, ဇီဝိတ, သောမနဿ, ဥပေက္ခာ, ဝီရိယ, သမာဓိ) တို့ကိုဟိတ်လည်း မည်၊ ဟိတ်နှင့်လည်း ယှဉ်ကုန်၏ဟု မဆိုအပ်ကုန်။ (၎င်းခြောက်ပါးတို့သည်) အချို့ဟိတ်နှင့်သာ ယှဉ်၍ ဟိတ် မမည်ကုန်။ (၎င်းတို့ကို) အချို့ဟိတ်နှင့်သာ ယှဉ်၍ ဟိတ်မမည်ကုန်ဟု မဆိုအပ်ကုန်။
(၆) န ဟေတု သဟေတုကဒုက်အဖြေဝိသဇ္ဇနာ
အစိုးရသည့် ဣန္ဒြေကိုးပါး (ရုပ်ဣန္ဒြေ ၇-ပါး, သုခ, ဒုက္ခ) တို့သည် ဟိတ်လည်း မမည်၊ ဟိတ်လည်း မရှိကုန်။ အစိုးရသည့် ဣန္ဒြေသုံးပါး (ဒေါမနဿ, သဒ္ဓါ, သတိ) တို့သည် ဟိတ်မမည်မူ၍ ဟိတ်သာ ရှိကုန်၏။ အစိုးရသည့် ပညာတရားကိုယ်ရသော ဣန္ဒြေလေးပါးတို့ကို ဟိတ်မမည်မူ၍ ဟိတ်သာ ရှိကုန်၏ဟူ၍လည်းကောင်း၊ ဟိတ်လည်း မမည်, ဟိတ်လည်း မရှိကုန်ဟူ၍လည်းကောင်း မဆိုအပ်ကုန်။ အစိုးရသည့် (ကြွင်းသော) ဣန္ဒြေခြောက်ပါးတို့သည် အချို့ ဟိတ်မမည်မူ၍ ဟိတ်သာ ရှိကုန်၏၊ အချို့ဟိတ်လည်း မမည်၊ ဟိတ်လည်း မရှိကုန်။
--
၂-စူဠန္တရဒုက်အဖြေဝိသဇ္ဇနာ
(၇) သပ္ပစ္စယဒုက်အဖြေဝိသဇ္ဇနာ
(ဣန္ဒြေ ၂၂-ပါးတို့သည်) ကံ, စိတ်, ဥတု, အာဟာရ တည်းဟူသော အကြောင်းတရားလေးပါးတို့နှင့်တကွ ဖြစ်ကုန်၏။
(၈) သင်္ခတဒုက်အဖြေဝိသဇ္ဇနာ
(ဣန္ဒြေ ၂၂-ပါးတို့သည်) ကံ, စိတ်, ဥတု, အာဟာရတည်းဟူသော အကြောင်းတရားလေးပါးတို့ ပြုပြင်စီရင်အပ်သော တရားတို့ဖြစ်ကုန်၏။
(၉) သနိဒဿနဒုက်အဖြေဝိသဇ္ဇနာ
(ဣန္ဒြေ ၂၂-ပါးတို့သည်) မြင်အပ်သော သဘော မရှိကုန်။
(၁၀) သပ္ပဋိဃဒုက်အဖြေဝိသဇ္ဇနာ
ပသာဒဣန္ဒြေငါးပါးတို့သည် ထိပါးတတ်သော သဘောရှိကုန်၏။ (ကြွင်းသော) ဣန္ဒြေတစ်ဆယ့်ခုနစ်ပါးတို့သည် ထိပါးတတ်သော သဘော မရှိကုန်။
(၁၁) ရူဝီဒုက်အဖြေဝိသဇ္ဇနာ
အစိုးရသည့် ရုပ်ဣန္ဒြေခုနစ်ပါးတို့သည် ရုပ်တရားတို့ ဖြစ်ကုန်၏။ (ရုပ်ဣန္ဒြေနှင့် ဇီဝိတိန္ဒြေမှ ကြွင်းသော) ဣန္ဒြေ တစ်ဆယ့်လေးပါးတို့ သည် နာမ်တရားတို့ဖြစ်ကုန်၏။ ဇီဝိတိန္ဒြေသည် အချို့ ရုပ်တရားဖြစ်၍ အချို့ နာမ်တရားဖြစ်၏။
(၁၂) လောကိယဒုက်အဖြေဝိသဇ္ဇနာ
အစိုးရသည့် ဣန္ဒြေ (ရုပ်ဣန္ဒြေ-၇, သုခ, ဒုက္ခ, ဒေါမနဿဟူသော) ဆယ်ပါးတို့သည် လောက၌ အကျုံးဝင်ကုန်၏။ အစိုးရသည့် နောက်ဆုံးဣန္ဒြေသုံးပါးတို့သည် လောကမှ ထွက်မြောက်ကုန်၏။ အစိုးရသည့် (ကြွင်းသော) ဣန္ဒြေကိုးပါးတို့သည် အချို့လောက၌ အကျုံးဝင်ကုန်၏၊ အချို့ လောကမှထွက်မြောက်ကုန်၏။
(၁၃) ကေနစိဝိညေယျဒုက်အဖြေဝိသဇ္ဇနာ
အစိုးရသည့် ဣန္ဒြေ ၂၂-ပါးတို့သည် စက္ခုဝိညာဏ်စသော တစ်စုံတစ်ခုသော စိတ်သည် သိအပ်ကုန်၏။
အစိုးရသည့် ဣန္ဒြေ ၂၂-ပါးတို့သည် စက္ခုဝိညာဏ်စသော တစ်စုံတစ်ခုသော စိတ်သည် မသိ အပ်ကုန်။
--
၃-အာသဝဂေါစ္ဆကအဖြေဝိသဇ္ဇနာ
(၁၄) အာသဝဒုက်အဖြေဝိသဇ္ဇနာ
အစိုးရသည့် ဣန္ဒြေ ၂၂-ပါးတို့သည် အာသဝမမည်ကုန်။
(၁၅) သာသဝဒုက်အဖြေဝိသဇ္ဇနာ
အစိုးရသည့် ဣန္ဒြေဆယ်ပါး (ရုပ်ဣန္ဒြေ ၇-ပါး, သုခ, ဒုက္ခ, ဒေါမနဿ) တို့သည် အာသဝ၏ အာရုံဖြစ်ကုန်၏။ အစိုးရသည့် လောကုတ္တရာဣန္ဒြေသုံးပါးတို့သည် အာသဝ၏ အာရုံမဖြစ်ကုန်။ အစိုးရသည့် (ကြွင်းသော) ဣန္ဒြေကိုးပါးတို့သည် အချို့ အာသဝ၏ အာရုံဖြစ်ကုန်၏။ အချို့ အာသဝ၏အာရုံမဖြစ်ကုန်။
(၁၆) အာသဝသမ္ပယုတ္တဒုက်အဖြေဝိသဇ္ဇနာ
အစိုးရသည့် (မန, ဇီဝိတ, သောမနဿ, ဒေါမနဿ, ဥပေက္ခာ, ဝီရိယ, သမာဓိတို့မှ ကြွင်းသော) ဣန္ဒြေ တစ်ဆယ့်ငါးပါးတို့သည် အာသဝနှင့် မယှဉ်ကုန်၊ စိတ်ဆင်းရဲမှု၌ အစိုးရသည့် ဒေါမနဿိန္ဒြေသည် အာသဝနှင့် ယှဉ်၏။ အစိုးရသည့် ဣန္ဒြေခြောက်ပါး (မန, ဇီဝိတ, သောမနဿ, ဥပေက္ခာ, ဝီရိယ, သမာဓိ) တို့သည်အချို့ အာသဝနှင့် ယှဉ်ကုန်၏၊ အချို့ အာသဝနှင့် မယှဉ်ကုန်။
(၁၇) အာသဝသာသဝဒုက်အဖြေဝိသဇ္ဇနာ
အစိုးရသည့် ဣန္ဒြေဆယ်ပါး (ရုပ်ဣန္ဒြေ ၇-ပါး, သုခ, ဒုက္ခ, ဒေါမနဿ) တို့ကို အာသဝလည်း မည်၊ အာသဝ၏ အာရုံလည်း ဖြစ်ကုန်၏ဟု မဆိုအပ်ကုန်၊ (ယင်းတို့သည်) အာသဝ၏ အာရုံသာဖြစ်၍ အာသဝမမည်ကုန်။ အစိုးရသည့် လောကုတ္တရာဣန္ဒြေသုံးပါးတို့ကို အာသဝလည်း မည်၊ အာသဝ၏အာရုံလည်း ဖြစ်ကုန်၏ဟူ၍လည်းကောင်း၊ အာသဝ၏ အာရုံသာဖြစ်၍ အာသဝမမည်ကုန်ဟူ၍လည်းကောင်း မဆိုအပ်ကုန်။ အစိုးရသည့် (ကြွင်းသော) ဣန္ဒြေကိုးပါးတို့ကို အာသဝလည်း မည်၊ အာသဝ၏ အာရုံလည်း ဖြစ်ကုန်၏ဟူ၍ မဆိုအပ်ကုန်၊ (ယင်းတို့သည်) အချို့ အာသဝ၏ အာရုံသာဖြစ်၍ အာသဝမမည်ကုန်။ (ယင်းတို့ကို) အချို့ အာသဝ၏ အာရုံသာဖြစ်၍ အာသဝမမည်ကုန်ဟု မဆိုအပ်ကုန်။
(၁၈) အာသဝ အာသဝသမ္ပယုတ္တဒုက်အဖြေဝိသဇ္ဇနာ
အစိုးရသည့် (မန, ဇီဝိတ, သောမနဿ, ဒေါမနဿ, ဥပေက္ခာ, ဝီရိယ, သမာဓိတို့မှ ကြွင်းသော) ဣန္ဒြေ၁၅-ပါးတို့ကိုအာသဝလည်းမည်၊ အာသဝနှင့်လည်း ယှဉ်ကုန်၏ဟူ၍လည်းကောင်း၊ အာသဝနှင့်သာ ယှဉ်၍ အာသဝမမည်ကုန်ဟူ၍လည်းကောင်း မဆိုအပ်ကုန်။ စိတ်ဆင်းရဲမှု၌ အစိုးသည့် ဒေါမနဿိန္ဒြေကို အာသဝလည်းမည်၊ အာသဝနှင့်လည်းယှဉ်၏ဟု မဆိုအပ်၊ (ယင်းသည်) အာသဝနှင့်သာ ယှဉ်၍ အာသဝမမည်။ အစိုးရသည့် ဣန္ဒြေခြောက်ပါး (မန, ဇီဝိတ, သောမနဿ, ဥပေက္ခာ, ဝီရိယ, သမာဓိ) တို့ကိုအာသဝလည်း မည်၊ အာသဝနှင့်လည်း ယှဉ်ကုန်၏ဟု မဆိုအပ်ကုန်၊ (ယင်းတို့သည်) အချို့ အာသဝနှင့်သာ ယှဉ်၍ အာသဝမမည်ကုန်။ (ယင်းတို့ကို) အချို့ အာသဝနှင့်သာ ယှဉ်၍ အာသဝမမည်ကုန်ဟု မဆိုအပ်ကုန်။
--
(၁၉) အာသဝဝိပ္ပယုတ္တသာသဝဒုက်အဖြေဝိသဇ္ဇနာ
အစိုးရသည့် ဣန္ဒြေကိုးပါး (ရုပ်ဣန္ဒြေ ၇, သုခ, ဒုက္ခ) တို့သည် အာသဝနှင့် မယှဉ်မူ၍ အာသဝ၏ အာရုံဖြစ်ကုန်၏။ အစိုးရသည့် လောကုတ္တရာဣန္ဒြေသုံးပါးတို့သည် အာသဝနှင့်လည်း မယှဉ်၊ အာသဝ၏ အာရုံလည်းမဟုတ်ကုန်။ စိတ်ဆင်းရဲမှု၌ အစိုးသည့် ဒေါမနဿိန္ဒြေကို အာသဝနှင့် မယှဉ်မူ၍ အာသဝ၏ အာရုံဖြစ်၏ဟူ၍လည်းကောင်း၊ အာသဝနှင့်လည်း မယှဉ်၊ အာသဝ၏ အာရုံလည်း မဟုတ်ဟူ၍လည်းကောင်း မဆိုအပ်။
အစိုးရသည့် ဣန္ဒြေသုံးပါး (သဒ္ဓါ, သတိ, ပညာ) တို့သည် အချို့ အာသဝနှင့် မယှဉ်မူ၍ အာသဝ၏အာရုံသာ ဖြစ်ကုန်၏၊ အချို့ အာသဝနှင့် မယှဉ်မူ၍ အာသဝ၏ အာရုံလည်း မဖြစ်ကုန်။ အစိုးရသည့် (ကြွင်းသော) ဣန္ဒြေခြောက်ပါးတို့သည် အချို့ အာသဝနှင့် မယှဉ်မူ၍ အာသဝ၏ အာရုံသာဖြစ်ကုန်၏။ အချို့ အာသဝနှင့် မယှဉ်မူ၍ အာသဝ၏ အာရုံလည်း မဖြစ်ကုန်၊ (ယင်းတို့ကို) အချို့အာသဝနှင့် မယှဉ်မူ၍ အာသဝ၏ အာရုံသာ ဖြစ်ကုန်၏ဟူ၍လည်းကောင်း၊ အာသဝနှင့်လည်းမယှဉ်၊ အာသဝ၏ အာရုံလည်း မဖြစ်ကုန်ဟူ၍လည်းကောင်း မဆိုအပ်ကုန်။
၄-သံယောဇနဂေါစ္ဆကအဖြေဝိသဇ္ဇနာ
(၂၀) သံယောဇနဒုက် အဖြေဝိသဇ္ဇနာ
အစိုးရသည့် ဣန္ဒြေ ၂၂-ပါးတို့သည် သံယောဇဉ် မမည်ကုန်။
(၂၁) သံယောဇနိယဒုက်အဖြေဝိသဇ္ဇနာ
အစိုးရသည့် ဣန္ဒြေဆယ်ပါး (ရုပ်ဣန္ဒြေ-၇, သုခ, ဒုက္ခ, ဒေါမနဿ) တို့သည် သံယောဇဉ်၏ အာရုံဖြစ်ကုန်၏။ အစိုးရသည့် လောကုတ္တရာဣန္ဒြေသုံးပါးတို့သည် သံယောဇဉ်၏ အာရုံ မဖြစ်ကုန်။ အစိုးရသည့် (ကြွင်းသော) ဣန္ဒြေကိုးပါးတို့သည် အချို့ သံယောဇဉ်၏ အာရုံဖြစ်ကုန်၏။ အချို့သံယောဇဉ်၏ အာရုံမဖြစ်ကုန်။
(၂၂) သံယောဇနသမ္ပယုတ္တဒုက်အဖြေဝိသဇ္ဇနာ
အစိုးရသည့် (မန, ဇီဝိတ, သောမနဿ, ဒေါမနဿ, ဥပေက္ခာ, ဝီရိယ, သမာဓိတို့မှ ကြွင်းသော) ဣန္ဒြေ တစ်ဆယ့်ငါးပါးတို့သည် သံယောဇဉ်နှင့်မယှဉ်ကုန်။ စိတ်ဆင်းရဲမှု၌ အစိုးသည့် ဒေါမနဿိန္ဒြေသည် သံယောဇဉ်နှင့် ယှဉ်၏။ အစိုးရသည့် ဣန္ဒြေခြောက်ပါး (မန, ဇီဝိတ, သောမနဿ, ဥပေက္ခာ, ဝီရိယ, သမာဓိ) တို့သည် အချို့သံယောဇဉ်နှင့် ယှဉ်ကုန်၏၊ အချို့ သံယောဇဉ်နှင့် မယှဉ်ကုန်။
--
(၂၃) သံယောဇနသံယောဇနိယဒုက်အဖြေဝိသဇ္ဇနာ
အစိုးရသည့် ဣန္ဒြေဆယ်ပါး (ရုပ်ဣန္ဒြေ-၇, သုခ, ဒုက္ခ, ဒေါမနဿ) တို့ကို သံယောဇဉ်လည်း မည်၊ သံယောဇဉ်၏ အာရုံလည်း ဖြစ်ကုန်၏ဟုမဆိုအပ်ကုန်၊ (ယင်းတို့သည်) သံယောဇဉ်၏ အာရုံသာဖြစ်၍ သံယောဇဉ် မမည်ကုန်။ အစိုးရသည့် လောကုတ္တရာဣန္ဒြေသုံးပါးတို့ကို သံယောဇဉ်လည်း မည်၊ သံယောဇဉ်၏အာရုံလည်းဖြစ်ကုန်၏ဟူ၍လည်းကောင်း၊ သံယောဇဉ်၏ အာရုံသာဖြစ်၍ သံယောဇဉ် မမည်ကုန်ဟူ၍လည်းကောင်းမဆိုအပ်ကုန်။ အစိုးရသည့် (ကြွင်းသော) ဣန္ဒြေကိုးပါးတို့ကို သံယောဇဉ်လည်းမည်၊ သံယောဇဉ်၏ အာရုံလည်းဖြစ်ကုန်၏ဟု မဆိုအပ်ကုန်၊ (ယင်းတို့သည်) အချို့ သံယောဇဉ်၏ အာရုံသာဖြစ်၍ သံယောဇဉ် မမည်ကုန်၊ (ယင်းတို့ကို) အချို့ သံယောဇဉ်၏ အာရုံသာဖြစ်၍ သံယောဇဉ် မမည်ကုန်ဟု မဆိုအပ်ကုန်။
(၂၄) သံယောဇနသံယောဇနသမ္ပယုတ္တဒုက်အဖြေဝိသဇ္ဇနာ
အစိုးရသည့် (မန, ဇီဝိတ, သောမနဿ, ဒေါမနဿ, ဥပေက္ခာ, ဝီရိယ, သမာဓိ တို့မှ ကြွင်းသော) ဣန္ဒြေတစ်ဆယ့်ငါးပါးတို့ကိုသံယောဇဉ်လည်း မည်၊ သံယောဇဉ်နှင့်လည်း ယှဉ်ကုန်၏ဟူ၍လည်းကောင်း၊ သံယောဇဉ်နှင့်သာ ယှဉ်၍သံယောဇဉ် မမည်ကုန်ဟူ၍လည်းကောင်း မဆိုအပ်ကုန်။ စိတ်ဆင်းရဲမှု၌ အစိုးသည့် ဒေါမနဿိန္ဒြေကို သံယောဇဉ်လည်း မည်၊ သံယောဇဉ်နှင့်လည်း ယှဉ်၏ဟုမဆိုအပ်၊ ယင်းသည် သံယောဇဉ်နှင့်သာ ယှဉ်၍ သံယောဇဉ် မမည်။ အစိုးရသည့် ဣန္ဒြေခြောက်ပါး (မန, ဇီဝိတ, သောမနဿ, ဥပေက္ခာ, ဝီရိယ, သမာဓိ) တို့ကိုသံယောဇဉ်လည်း မည်၊ သံယောဇဉ်နှင့်လည်း ယှဉ်ကုန်၏ဟု မဆိုအပ်ကုန်၊ ယင်းတို့သည် အချို့သံယောဇဉ်နှင့်သာ ယှဉ်၍ သံယောဇဉ် မမည်ကုန်၊ ယင်းတို့ကို အချို့ သံယောဇဉ်နှင့်သာ ယှဉ်၍့သံယောဇဉ် မမည်ကုန်ဟု မဆိုအပ်ကုန်။
(၂၅) သံယောဇနဝိပ္ပယုတ္တသံယောဇနိယဒုက်အဖြေဝိသဇ္ဇနာ
အစိုးရသည့် ဣန္ဒြေကိုးပါး (ရုပ်ဣန္ဒြေ-၇, သုခ, ဒုက္ခ) တို့သည် သံယောဇဉ်နှင့် မယှဉ်မူ၍ သံယောဇဉ်၏ အာရုံသာ ဖြစ်ကုန်၏။ အစိုးရသည့် လောကုတ္တရာဣန္ဒြေသုံးပါးတို့သည် သံယောဇဉ်နှင့်လည်း မယှဉ်၊ သံယောဇဉ်၏ အာရုံလည်း မဖြစ်ကုန်။ စိတ်ဆင်းရဲမှု၌ အစိုးသည့် ဒေါမနဿိန္ဒြေကို သံယောဇဉ်နှင့် မယှဉ်မူ၍ သံယောဇဉ်၏ အာရုံသာဖြစ်၏ဟူ၍လည်းကောင်း၊ သံယောဇဉ်နှင့်လည်း မယှဉ်၊ သံယောဇဉ်၏ အာရုံလည်း မဖြစ်ဟူ၍လည်းကောင်း မဆိုအပ်။ အစိုးရသည့် ဣန္ဒြေသုံးပါး (သဒ္ဓါ, သတိ, ပညာ) တို့သည် အချို့ သံယောဇဉ်နှင့် မယှဉ်မူ၍သံယောဇဉ်၏ အာရုံသာ ဖြစ်ကုန်၏။ အချို့ သံယောဇဉ်နှင့်လည်း မယှဉ်၊ သံယောဇဉ်၏ အာရုံလည်းမဖြစ်ကုန်။ အစိုးရသည့် (ကြွင်းသော) ဣန္ဒြေခြောက်ပါးတို့သည် အချို့ သံယောဇဉ်နှင့် မယှဉ်မူ၍ သံယောဇဉ်၏အာရုံသာ ဖြစ်ကုန်၏။ အချို့ သံယောဇဉ်နှင့်လည်း မယှဉ် သံယောဇဉ်၏ အာရုံလည်း မဖြစ်ကုန်။ ယင်းတို့ကို အချို့ သံယောဇဉ်နှင့် မယှဉ်မူ၍ သံယောဇဉ်၏ အာရုံသာ ဖြစ်ကုန်၏ဟူ၍လည်းကောင်း၊ သံယောဇဉ်နှင့်လည်း မယှဉ် သံယောဇဉ်၏ အာရုံလည်း မဖြစ်ကုန်ဟူ၍လည်းကောင်း မဆိုအပ်ကုန်။
--
၅-ဂန္ထဂေါစ္ဆကအဖြေဝိသဇ္ဇနာ
(၂၆) ဂန္ထဒုက်အဖြေဝိသဇ္ဇနာ
(အစိုးရသည့် ဣန္ဒြေ ၂၂-ပါးတို့သည်) ဂန္ထမမည်ကုန်။
(၂၇) ဂန္ထနိယဒုက်အဖြေဝိသဇ္ဇနာ
အစိုးရသည့် ဣန္ဒြေဆယ်ပါး (ရုပ်ဣန္ဒြေ- ၇, သုခ, ဒုက္ခ, ဒေါမနဿ) တို့သည် ဂန္ထ၏ အာရုံဖြစ်ကုန်၏။ အစိုးရသည့် လောကုတ္တရာဣန္ဒြေသုံးပါးတို့သည် ဂန္ထ၏ အာရုံမဖြစ်ကုန်။ အစိုးရသည့် (ကြွင်းသော) ဣန္ဒြေကိုးပါးတို့သည် အချို့ ဂန္ထ၏ အာရုံဖြစ်ကုန်၏၊ အချို့ ဂန္ထ၏ အာရုံမဖြစ်ကုန်။
(၂၈) ဂန္ထသမ္ပယုတ္တဒုက်အဖြေဝိသဇ္ဇနာ
အစိုးရသည့် (မန, ဇီဝိတ, သောမနဿ, ဒေါမနဿ, ဥပေက္ခာ, ဝီရိယ, သမာဓိတို့မှ ကြွင်းသော) ဣန္ဒြေ တစ်ဆယ့်ငါးပါးတို့သည် ဂန္ထနှင့်မယှဉ်ကုန်။ စိတ်ဆင်းရဲမှု၌ အစိုးသည့် ဒေါမနဿိန္ဒြေသည် ဂန္ထနှင့် ယှဉ်၏။ အစိုးရသည့် ဣန္ဒြေခြောက်ပါး (မန, ဇီဝိတ, သောမနဿ, ဥပေက္ခာ, ဝီရိယ, သမာဓိ) တို့သည်အချို့ ဂန္ထနှင့် ယှဉ်ကုန်၏၊ အချို့ ဂန္ထနှင့် မယှဉ်ကုန်။
(၂၉) ဂန္ထ ဂန္ထနိယဒုက်အဖြေဝိသဇ္ဇနာ
အစိုးရသည့် ဣန္ဒြေဆယ်ပါး (ရုပ်ဣန္ဒြေ-၇, သုခ, ဒုက္ခ, ဒေါမနဿ) တို့ကို ဂန္ထလည်း မည်၊ ဂန္ထ၏ အာရုံလည်း ဖြစ်ကုန်၏ဟု မဆိုအပ်ကုန်။ (ယင်းတို့သည်) ဂန္ထ၏ အာရုံသာဖြစ်၍ ဂန္ထမမည်ကုန်။ အစိုးရသည့် လောကုတ္တရာဣန္ဒြေသုံးပါးတို့ကို ဂန္ထလည်း မည်၊ ဂန္ထ၏ အာရုံလည်း ဖြစ်ကုန်၏ဟူ၍လည်းကောင်း၊ ဂန္ထ၏ အာရုံသာဖြစ်၍ ဂန္ထမမည်ကုန်ဟူ၍လည်းကောင်း မဆိုအပ်ကုန်။ အစိုးရသည့် (ကြွင်းသော) ဣန္ဒြေကိုးပါးတို့ကို ဂန္ထလည်း မည်၊ ဂန္ထ၏ အာရုံလည်း ဖြစ်ကုန်၏ဟုမဆိုအပ်ကုန်၊ ယင်းတို့သည် အချို့ ဂန္ထ၏ အာရုံသာဖြစ်၍ ဂန္ထမမည်ကုန်။ ယင်းတို့ကို အချို့ ဂန္ထ၏အာရုံသာ ဖြစ်၍ ဂန္ထမမည်ကုန်ဟု မဆိုအပ်ကုန်။
(၃၀) ဂန္ထ ဂန္ထသမ္ပယုတ္တဒုက်အဖြေဝိသဇ္ဇနာ
အစိုးရသည့် (မန, ဇီဝိတ, သောမနဿ, ဒေါမနဿ,့ဥပေက္ခာ, ဝီရိယ, သမာဓိတို့မှ ကြွင်းသော) ဣန္ဒြေ တစ်ဆယ့်ငါးပါးတို့ကို ဂန္ထလည်း မည်၊ ဂန္ထနှင့်လည်း ယှဉ်ကုန်၏ဟူ၍လည်းကောင်း၊ ဂန္ထနှင့်သာ ယှဉ်၍ ဂန္ထမမည်ကုန်ဟူ၍လည်းကောင်းမဆိုအပ်ကုန်။ စိတ်ဆင်းရဲမှု၌ အစိုးသည့် ဒေါမနဿိန္ဒြေကို ဂန္ထလည်း မည်၊ ဂန္ထနှင့်လည်း ယှဉ်၏ဟု မဆိုအပ်၊ ယင်းသည် ဂန္ထနှင့်သာ ယှဉ်၍ ဂန္ထမမည်။ အစိုးရသည့် ဣန္ဒြေခြောက်ပါး (မန, ဇီဝိတ, သောမနဿ, ဥပေက္ခာ, ဝီရိယ, သမာဓိ) တို့ကိုဂန္ထလည်း မည်၊ ဂန္ထနှင့်လည်း ယှဉ်ကုန်၏ဟု မဆိုအပ်ကုန်၊ (ယင်းတို့သည်) အချို့ ဂန္ထနှင့်သာ ယှဉ်၍ဂန္ထမမည်ကုန်၊ (ယင်းတို့ကို) အချို့ ဂန္ထနှင့်သာ ယှဉ်၍ ဂန္ထမမည်ကုန်ဟု မဆိုအပ်ကုန်။
--
(၃၁) ဂန္ထဝိပ္ပယုတ္တဂန္ထနိယဒုက်အဖြေဝိသဇ္ဇနာ
အစိုးရသည့် ဣန္ဒြေကိုးပါး (ရုပ်ဣန္ဒြေ-၇, သုခ, ဒုက္ခ) တို့သည် ဂန္ထနှင့် မယှဉ်မူ၍ ဂန္ထ၏ အာရုံသာ ဖြစ်ကုန်၏။ အစိုးရသည့် လောကုတ္တရာဣန္ဒြေသုံးပါးတို့သည် ဂန္ထနှင့်လည်း မယှဉ်၊ ဂန္ထ၏ အာရုံလည်းမဖြစ်ကုန်။ စိတ်ဆင်းရဲမှု၌ အစိုးသည့် ဒေါမနဿိန္ဒြေကို ဂန္ထနှင့် မယှဉ်မူ၍ ဂန္ထ၏ အာရုံသာ ဖြစ်၏ဟူ၍လည်းကောင်း၊ ဂန္ထနှင့်လည်း မယှဉ်၊ ဂန္ထ၏ အာရုံလည်း မဖြစ်ဟူ၍လည်းကောင်း မဆိုအပ်။ အစိုးရသည့် (သဒ္ဓါ, သတိ, ပညာ) ဣန္ဒြေသုံးပါးတို့သည် အချို့ ဂန္ထနှင့် မယှဉ်မူ၍ ဂန္ထ၏ အာရုံသာဖြစ်ကုန်၏၊ အချို့ ဂန္ထနှင့်လည်း မယှဉ်၊ ဂန္ထ၏ အာရုံလည်း မဖြစ်ကုန်။ အစိုးရသည့် (ကြွင်းသော) ဣန္ဒြေခြောက်ပါးတို့သည် အချို့ ဂန္ထနှင့် မယှဉ်မူ၍ ဂန္ထ၏ အာရုံသာဖြစ်ကုန်၏။ အချို့ ဂန္ထနှင့်လည်း မယှဉ် ဂန္ထ၏ အာရုံလည်း မဖြစ်ကုန်၊ ယင်းတို့ကို အချို့ ဂန္ထနှင့်မယှဉ်မူ၍ ဂန္ထ၏ အာရုံသာ ဖြစ်ကုန်၏ဟူ၍လည်းကောင်း၊ ဂန္ထနှင့်လည်း မယှဉ်၊ ဂန္ထ၏ အာရုံလည်းမဖြစ်ကုန်ဟူ၍လည်းကောင်း မဆိုအပ်ကုန်။
၆-ဩဃဂေါစ္ဆကအဖြေဝိသဇ္ဇနာ
(၃၂) ဩဃဒုက်အဖြေဝိသဇ္ဇနာ
အစိုးရသည့် ဣန္ဒြေ ၂၂-ပါးတို့သည် ဩဃ မမည်ကုန်။ပ။
(၃၃၊ ဩဃနိယဒုက်မှ- ၃၇၊ ဩဃဝိပ္ပယုတ္တဩဃနိယဒုက်အထိ ပေယျာလချန်ထားသည်။ အာသဝဂေါစ္ဆကနှင့် တူ၏)။
၇-ယောဂဂေါစ္ဆကအဖြေဝိသဇ္ဇနာ
(၃၈) ယောဂဒုက်အဖြေဝိသဇ္ဇနာ
အစိုးရသည့် ဣန္ဒြေ ၂၂-ပါးတို့သည် ယောဂမမည်ကုန်။ပ။
(၃၉၊ ယောဂနိယဒုက်မှ--၄၃၊ ယောဂဝိပ္ပယုတ္တယောဂနိယဒုက်အထိ ပေယျာလချန်ထားသည်။ အာသဝဂေါစ္ဆကနှင့် တူ၏)။
--
၈-နီဝရဏဂေါစ္ဆကအဖြေဝိသဇ္ဇနာ
(၄၄) နီဝရဏဒုက်အဖြေဝိသဇ္ဇနာ
အစိုးရသည့် ဣန္ဒြေ ၂၂-ပါးတို့သည် နီဝရဏမမည်ကုန်။
(၄၅) နီဝရဏိယဒုက်အဖြေဝိသဇ္ဇနာ
အစိုးရသည့် ဣန္ဒြေဆယ်ပါး (ရုပ်ဣန္ဒြေ-၇, သုခ, ဒုက္ခ, ဒေါမနဿ) တို့သည် နီဝရဏ၏ အာရုံဖြစ်ကုန်၏။ အစိုးရသည့် လောကုတ္တရာဣန္ဒြေသုံးပါးတို့သည် နီဝရဏ၏ အာရုံမဖြစ်ကုန်။ အစိုးရသည့် (ကြွင်းသော) ဣန္ဒြေကိုးပါးတို့သည် အချို့ နီဝရဏ၏ အာရုံဖြစ်ကုန်၏၊ အချို့ နီဝရဏ၏အာရုံမဖြစ်ကုန်။
(၄၆) နီဝရဏသမ္ပယုတ္တဒုက်အဖြေဝိသဇ္ဇနာ
အစိုးရသည့် (မန, ဇီဝိတ, သောမနဿ, ဒေါမနဿ, ဥပေက္ခာ, ဝီရိယ, သမာဓိတို့မှ ကြွင်း သော) ဣန္ဒြေ တစ်ဆယ့်ငါးပါးတို့သည် နီဝရဏနှင့်မယှဉ်ကုန်။ စိတ်ဆင်းရဲမှု၌ အစိုးသည့် ဒေါမနဿိန္ဒြေသည် နီဝရဏနှင့် ယှဉ်၏။ အစိုးရသည့် ဣန္ဒြေခြောက်ပါး (မန, ဇီဝိတ, သောမနဿ, ဥပေက္ခာ, ဝီရိယ, သမာဓိ) တို့သည် အချို့နီဝရဏနှင့် ယှဉ်ကုန်၏၊ အချို့ နီဝရဏနှင့် မယှဉ်ကုန်။
(၄၇) နီဝရဏနီဝရဏိယဒုက်အဖြေဝိသဇ္ဇနာ
အစိုးရသည့် ဣန္ဒြေဆယ်ပါး (ရုပ်ဣန္ဒြေ-၇, သုခ, ဒုက္ခ, ဒေါမနဿ) တို့ကိုနီဝရဏလည်းမည်၊ နီဝရဏ၏ အာရုံ လည်း ဖြစ်ကုန်၏ဟု မဆိုအပ်ကုန်၊ ယင်းတို့သည် နီဝရဏ၏ အာရုံသာ ဖြစ်၍ နီဝရဏမမည်ကုန်။ အစိုးရသည့် လောကုတ္တရာဣန္ဒြေသုံးပါးတို့ကို နီဝရဏလည်း မည်၊ နီဝရဏ၏ အာရုံလည်းဖြစ်ကုန်၏ဟူ၍လည်းကောင်း၊ နီဝရဏ၏ အာရုံသာဖြစ်၍ နီဝရဏမမည်ကုန်ဟူ၍လည်းကောင်း မဆိုအပ်ကုန်။ အစိုးရသည့် (ကြွင်းသော) ဣန္ဒြေကိုးပါးတို့ကို နီဝရဏလည်း မည်၊ နီဝရဏ၏ အာရုံလည်းဖြစ်ကုန်၏ဟု မဆိုအပ်ကုန်၊ (ယင်းတို့သည်) အချို့ နီဝရဏ၏ အာရုံသာဖြစ်၍ နီဝရဏမမည်ကုန်။ (ယင်းတို့ကို) အချို့ နီဝရဏ၏ အာရုံသာဖြစ်၍ နီဝရဏမမည်ကုန်ဟု မဆိုအပ်ကုန်။
(၄၈) နီဝရဏနီဝရဏသမ္ပယုတ္တဒုက်အဖြေဝိသဇ္ဇနာ
အစိုးရသည့် (မန, ဇီဝိတ, သောမနဿ, ဒေါမနဿ, ဥပေက္ခာ, ဝီရိယ, သမာဓိ တို့မှကြွင်းသော) ဣန္ဒြေတစ်ဆယ့်ငါးပါးတို့ကိုနီဝရဏလည်း မည်၊ နီဝရဏနှင့်လည်း ယှဉ်ကုန်၏ဟူ၍လည်းကောင်း၊ နီဝရဏနှင့်သာ ယှဉ်၍ နီဝရဏမမည်ကုန်ဟူ၍လည်းကောင်း မဆိုအပ်ကုန်။ စိတ်ဆင်းရဲမှု၌ အစိုးရသည့် ဒေါမနဿိန္ဒြေကို နီဝရဏလည်း မည်၊ နီဝရဏနှင့်လည်း ယှဉ်၏ဟုမဆိုအပ်။ (ယင်းသည်) နီဝရဏနှင့်သာ ယှဉ်၍ နီဝရဏမမည်။ အစိုးရသည့် ဣန္ဒြေခြောက်ပါး (မန, ဇီဝိတ, သောမနဿ, ဥပေက္ခာ, ဝီရိယ, သမာဓိ) တို့ကိုနီဝရဏလည်း မည်၊ နီဝရဏနှင့်လည်း ယှဉ်ကုန်၏ဟု မဆိုအပ်ကုန်။ (ယင်းတို့သည်) အချို့ နီဝရဏနှင့်သာ ယှဉ်၍ နီဝရဏမမည်ကုန်၊ (ယင်းတို့ကို) အချို့ နီဝရဏနှင့်သာ ယှဉ်၍ နီဝရဏမမည်ကုန်ဟုမဆိုအပ်ကုန်။
--
(၄၉) နီဝရဏဝိပ္ပယုတ္တနီဝရဏိယဒုက်အဖြေဝိသဇ္ဇနာ
အစိုးရသည့် ဣန္ဒြေကိုးပါး (ရုပ်ဣန္ဒြေ-၇, သုခ, ဒုက္ခ) တို့သည် နီဝရဏနှင့် မယှဉ်မူ၍ နီဝရဏ၏ အာရုံသာ ဖြစ်ကုန်၏။ အစိုးရသည့် လောကုတ္တရာဣန္ဒြေသုံးပါးတို့သည် နီဝရဏနှင့်လည်း မယှဉ်၊ နီဝရဏ၏အာရုံလည်းမဖြစ်ကုန်။ စိတ်ဆင်းရဲမှု၌ အစိုးရသည့် ဒေါမနဿိန္ဒြေကို နီဝရဏနှင့် မယှဉ်မူ၍ နီဝရဏ၏ အာရုံသာ ဖြစ်၏ဟူ၍လည်းကောင်း၊ နီဝရဏနှင့်လည်း မယှဉ်၊ နီဝရဏ၏ အာရုံလည်း မဖြစ်ဟူ၍လည်းကောင်း မဆိုအပ်။ အစိုးရသည့် ဣန္ဒြေသုံးပါး (သဒ္ဓါ, သတိ, ပညာ) တို့သည် အချို့ နီဝရဏနှင့် မယှဉ်မူ၍ နီဝရဏ၏အာရုံသာ ဖြစ်ကုန်၏။ အချို့ နီဝရဏနှင့်လည်း မယှဉ်၊ နီဝရဏ၏ အာရုံလည်း မဖြစ်ကုန်။ အစိုးရသည့် (ကြွင်းသော) ဣန္ဒြေခြောက်ပါးတို့သည် အချို့ နီဝရဏနှင့် မယှဉ်မူ၍ နီဝရဏ၏ အာရုံသာဖြစ်ကုန်၏၊ အချို့ နီဝရဏနှင့်လည်း မယှဉ်၊ နီဝရဏ၏ အာရုံလည်း မဖြစ်ကုန်။ ယင်းတို့ကို အချို့နီဝရဏနှင့် မယှဉ်မူ၍ နီဝရဏ၏ အာရုံသာ ဖြစ်ကုန်၏ဟူ၍လည်းကောင်း၊ နီဝရဏနှင့်လည်း မယှဉ်၊ နီဝရဏ၏ အာရုံလည်း မဖြစ်ကုန်ဟူ၍လည်းကောင်း မဆိုအပ်ကုန်။
၉-ပရာမာသဂေါစ္ဆကအဖြေဝိသဇ္ဇနာ
(၅၀) ပရာမာသဒုက်အဖြေဝိသဇ္ဇနာ
အစိုးရသည့် ဣန္ဒြေ ၂၂-ပါးတို့သည် ပရာမာသမမည်ကုန်။
(၅၁) ပရာမဋ္ဌဒုက်အဖြေဝိသဇ္ဇနာ
အစိုးရသည့် ဣန္ဒြေဆယ်ပါး (ရုပ်ဣန္ဒြေ-၇, သုခ, ဒုက္ခ, ဒေါမနဿ) တို့သည် ပရာမာသ၏ အာရုံဖြစ်ကုန်၏။ အစိုးရသည့် လောကုတ္တရာဣန္ဒြေသုံးပါးတို့သည် ပရာမာသ၏ အာရုံမဖြစ်ကုန်။ အစိုးရသည့် (ကြွင်းသော) ဣန္ဒြေကိုးပါးတို့သည် အချို့ ပရာမာသ၏ အာရုံဖြစ်ကုန်၏၊ အချို့ပရာမာသ၏ အာရုံမဖြစ်ကုန်။
(၅၂) ပရာမာသသမ္ပယုတ္တဒုက်အဖြေဝိသဇ္ဇနာ
အစိုးရသည့် (မန, ဇီဝိတ, သောမနဿ, ဥပေက္ခာ, ဝီရိယ, သမာဓိတို့မှ ကြွင်းသော) ဣန္ဒြေ တစ်ဆယ့် ခြောက်ပါးတို့သည် ပရာမာသနှင့်မယှဉ်ကုန်။ အစိုးရသည့် ဣန္ဒြေခြောက်ပါး (မန, ဇီဝိတ, သောမနဿ, ဥပေက္ခာ, ဝီရိယ, သမာဓိ) တို့သည်အချို့ ပရာမာသနှင့် ယှဉ်ကုန်၏၊ အချို့ ပရာမာသနှင့် မယှဉ်ကုန်။
--
(၅၃) ပရာမာသပရာမဋ္ဌဒုက်အဖြေဝိသဇ္ဇနာ
အစိုးရသည့် ဣန္ဒြေဆယ်ပါး (ရုပ်ဣန္ဒြေ- ၇, သုခ, ဒုက္ခ, ဒေါမနဿ) တို့ကို ပရာမာသလည်း မည် ပရာမာသ၏ အာရုံလည်း ဖြစ်ကုန်၏ဟု မဆိုအပ်ကုန်၊ (ယင်းတို့သည်) ပရာမာသ၏ အာရုံသာဖြစ်၍ ပရာမာသ မမည်ကုန်။ အစိုးရသည့် လောကုတ္တရာဣန္ဒြေသုံးပါးတို့ကို ပရာမာသလည်း မည်၊ ပရာမာသ၏ အာရုံလည်းဖြစ်ကုန်၏ဟူ၍လည်းကောင်း၊ ပရာမာသ၏ အာရုံသာဖြစ်၍ ပရာမာသမမည်ကုန်ဟူ၍လည်းကောင်းမဆိုအပ်ကုန်။ အစိုးရသည့် (ကြွင်းသော) ဣန္ဒြေကိုးပါးတို့ကို ပရာမာသလည်းမည်၊ ပရာမာသ၏ အာရုံလည်းဖြစ်ကုန်၏ဟု မဆိုအပ်ကုန်၊ (ယင်းတို့သည်) အချို့ ပရာမာသ၏ အာရုံသာ ဖြစ်၍ ပရာမာသအာရုံမမည်ကုန်၊ (ယင်းတို့ကို) အချို့ ပရာမာသ၏ အာရုံသာဖြစ်၍ ပရာမာသမမည်ကုန်ဟု မဆိုအပ်ကုန်။
(၅၄) ပရာမာသဝိပ္ပယုတ္တပရာမဋ္ဌဒုက် အဖြေဝိသဇ္ဇနာ
အစိုးရသည့် ဣန္ဒြေဆယ်ပါး (ရုပ်ဣန္ဒြေ- ၇, သုခ, ဒုက္ခ, ဒေါမနဿ) တို့သည် ပရာမာ သနှင့် မယှဉ် မူ၍ ပရာမာသ၏ အာရုံသာ ဖြစ်ကုန်၏။ အစိုးရသည့် လောကုတ္တရာဣန္ဒြေသုံးပါးတို့သည် ပရာမာသနှင့်လည်း မယှဉ်၊ ပရာမာသ၏ အာရုံလည်းမဖြစ်ကုန်။ အစိုးရသည့် ဣန္ဒြေသုံးပါး (သဒ္ဓါ, သတိ, ပညာ) တို့သည် အချို့ ပရာမာသနှင့် မယှဉ်မူ၍ ပရာမာသ၏အာရုံသာ ဖြစ်ကုန်၏၊ အချို့ ပရာမာသနှင့်လည်း မယှဉ်၊ ပရာမာသ၏ အာရုံလည်း မဖြစ်ကုန်။ အစိုးရသည့် (ကြွင်းသော) ဣန္ဒြေခြောက်ပါးတို့သည် အချို့ ပရာမာသနှင့် မယှဉ်မူ၍ ပရာမာသ၏အာရုံသာ ဖြစ်ကုန်၏၊ အချို့ ပရာမာသနှင့်လည်း မယှဉ်၊ ပရာမာသ၏ အာရုံလည်း မဖြစ်ကုန်။ ယင်းတို့ကို အချို့ ပရာမာသနှင့် မယှဉ်မူ၍ ပရာမာသ၏ အာရုံသာ ဖြစ်ကုန်၏ဟူ၍လည်းကောင်း၊ ပရာမာသနှင့်လည်း မယှဉ်၊ ပရာမာသ၏ အာရုံလည်း မဖြစ်ကုန်ဟူ၍လည်းကောင်း မဆိုအပ်ကုန်။
--
၁၀-မဟန္တရဒုက်အဖြေဝိသဇ္ဇနာ
(၅၅) သာရမ္မဏဒုက်အဖြေဝိသဇ္ဇနာ
အစိုးရသည့် ရုပ်ဣန္ဒြေခုနစ်ပါးတို့သည် အာရုံပြုခြင်း မရှိကုန်။ အစိုးရသည့် နာမ်ဣန္ဒြေတစ်ဆယ့်လေးပါးတို့သည် အာရုံပြုခြင်း ရှိကုန်၏။ အသက်ရှင်မှု၌ အစိုးရသည့် ဇီဝိတိန္ဒြေသည် အချို့ အာရုံပြုခြင်း ရှိ၏၊ အချို့ အာရုံပြုခြင်း မရှိ။
(၅၆) စိတ္တဒုက်အဖြေဝိသဇ္ဇနာ
အစိုးရသည့် (မနိန္ဒြေမှကြွင်းသော) ဣန္ဒြေနှစ်ဆယ့်တစ်ပါးတို့သည်စိတ် မမည်ကုန်။ သိမှု၌ အစိုးရသည့် မနိန္ဒြေသည် စိတ်မည်၏။
(၅၇) စေတသိကဒုက်အဖြေဝိသဇ္ဇနာ
(ဆိုလတ္တံ့သော ကိုးပါးမှ ကြွင်းသော) ဣန္ဒြေတစ်ဆယ့်သုံးပါးတို့သည် စေတသိက် မည်ကုန်၏။ အစိုးရသည့် (ရုပ်ဣန္ဒြေ-၇, မနိန္ဒြေ) ရှစ်ပါးတို့သည် စေတသိက်မမည်ကုန်။ အသက်ရှင်မှု၌ အစိုးရသည့် ဇီဝိတိန္ဒြေသည် အချို့ စေတသိက်မည်၏၊ အချို့ စေတသိက်မမည်။
(၅၈) စိတ္တသမ္ပယုတ္တဒုက်အဖြေဝိသဇ္ဇနာ
အစိုးရသည့် (ဆိုလတ္တံ့သော ဣန္ဒြေကိုးပါးမှ ကြွင်းသော) ဣန္ဒြေ တစ်ဆယ့်သုံးပါးတို့သည် စိတ်နှင့်ယှဉ်ကုန်၏။ အစိုးရသည့် ရုပ်ဣန္ဒြေခုနစ်ပါးတို့သည် စိတ်နှင့်မယှဉ်ကုန်။ အသက်ရှင်မှု၌ အစိုးရသည့် ဇီဝိတိန္ဒြေသည် အချို့ စိတ်နှင့်ယှဉ်၍ အချို့ စိတ်နှင့်မယှဉ်။ သိမှု၌ အစိုးရသည့် မနိန္ဒြေကို စိတ်နှင့် ယှဉ်၏ဟူ၍လည်းကောင်း၊ စိတ်နှင့် မယှဉ်ဟူ၍လည်းကောင်းမဆိုအပ်။
(၅၉) စိတ္တသံသဋ္ဌဒုက်အဖြေဝိသဇ္ဇနာ
အစိုးရသည့် (ဆိုလတ္တံ့သော ဣန္ဒြေကိုးပါးမှ ကြွင်းသော) ဣန္ဒြေ တစ်ဆယ့်သုံးပါးတို့သည် စိတ်နှင့် နှီးနှောကုန်၏။ အစိုးရသည့် ရုပ်ဣန္ဒြေခုနစ်ပါးတို့သည် စိတ်နှင့် မနှီးနှောကုန်။ အသက်ရှင်မှု၌ အစိုးရသည့် ဇီဝိတိန္ဒြေသည် အချို့ စိတ်နှင့်နှီးနှော၏၊ အချို့ စိတ်နှင့်မနှီးနှော။ သိမှု၌ အစိုးရသည့် မနိန္ဒြေကို စိတ်နှင့် နှီးနှော၏ဟူ၍လည်းကောင်း၊ စိတ်နှင့် မနှီးနှောဟူ၍လည်းကောင်း မဆိုအပ်။
(၆၀) စိတ္တသမုဋ္ဌာနဒုက်အဖြေဝိသဇ္ဇနာ
အစိုးရသည့် (ဆိုလတ္တံ့သော ဣန္ဒြေကိုးပါးမှ ကြွင်းသော) ဣန္ဒြေ တစ်ဆယ့်သုံးပါးတို့သည် စိတ်ကြောင့် ဖြစ်ကုန်၏။ အစိုးရသည့် ဣန္ဒြေရှစ်ပါး (ရုပ်ဣန္ဒြေ-၇, မနိန္ဒြေ) တို့သည် စိတ်ကြောင့် မဖြစ်ကုန်။ အသက်ရှင်မှု၌ အစိုးရသည့် ဇီဝိတိန္ဒြေသည် အချို့ စိတ်ကြောင့်ဖြစ်၏၊ အချို့ စိတ်ကြောင့်မဖြစ်။
--
(၆၁) စိတ္တသဟဘူဒုက်အဖြေဝိသဇ္ဇနာ
အစိုးရသည့် (ဆိုလတ္တံ့သော ဣန္ဒြေကိုးပါးမှ ကြွင်းသော) ဣန္ဒြေ တစ်ဆယ့်သုံးပါးတို့သည် စိတ်နှင့် တကွဖြစ်ကုန်၏။ အစိုးရသည့် ဣန္ဒြေရှစ်ပါး (ရုပ်ဣန္ဒြေ-၇, မနိန္ဒြေ) တို့သည် စိတ်နှင့် တကွမဖြစ်ကုန်။ အသက်ရှင်မှု၌ အစိုးရသည့် ဇီဝိတိန္ဒြေသည် အချို့ စိတ်နှင့် တကွဖြစ်၏၊ အချို့ စိတ်နှင့် တကွ မဖြစ်။
(၆၂) စိတ္တာနုပရိဝတ္တိဒုက်အဖြေဝိသဇ္ဇနာ
အစိုးရသည့် (ဆိုလတ္တံ့သော ဣန္ဒြေကိုးပါးမှကြွင်းသော) ဣန္ဒြေ တစ်ဆယ့်သုံးပါးတို့သည် စိတ် သို့အစဉ်လိုက်၍ ဖြစ် ကုန်၏။ အစိုးရသည့် ဣန္ဒြေရှစ်ပါး (ရုပ်ဣန္ဒြေ-၇, မနိန္ဒြေ) တို့သည် စိတ်သို့ အစဉ်လိုက်၍ မဖြစ်ကုန်။ အသက်ရှင်မှု၌ အစိုးရသည့် ဇီဝိတိန္ဒြေသည် အချို့ စိတ်သို့အစဉ်လိုက်၍ ဖြစ်၏၊ အချို့ စိတ်သို့အစဉ်လိုက်၍ မဖြစ်။
(၆၃) စိတ္တသံသဋ္ဌသမုဋ္ဌာနဒုက်အဖြေဝိသဇ္ဇနာ
အစိုးရသည့် (ဆိုလတ္တံ့သော ဣန္ဒြေကိုးပါးမှကြွင်းသော) ဣန္ဒြေတစ်ဆယ့်သုံးပါးတို့သည် စိတ်နှင့်လည်းနှီးနှော၊ စိတ်ကြောင့်လည်း ဖြစ်ကုန်၏။ အစိုးရသည့် ဣန္ဒြေရှစ်ပါး (ရုပ်ဣန္ဒြေ-၇, မနိန္ဒြေ) တို့သည် စိတ်နှင့်လည်း မနှီးနှော၊ စိတ်ကြောင့်လည်း မဖြစ်ကုန်။ အသက်ရှင်မှု၌ အစိုးရသည့် ဇီဝိတိန္ဒြေသည် အချို့ စိတ်နှင့်လည်း နှီးနှော၊ စိတ်ကြောင့်လည်း ဖြစ်၏၊ အချို့ စိတ်နှင့်လည်း မနှီးနှော၊ စိတ်ကြောင့်လည်း မဖြစ်။
(၆၄) စိတ္တသံသဋ္ဌသမုဋ္ဌာနသဟဘူဒုက်အဖြေဝိသဇ္ဇနာ
အစိုးရသည့် (ဆိုလတ္တံ့သော ဣန္ဒြေကိုးပါးမှကြွင်းသော) ဣန္ဒြေတစ်ဆယ့်သုံးပါးတို့သည် စိတ်နှင့်လည်း နှီးနှော၊ စိတ်ကြောင့်လည်းဖြစ်၊ စိတ်နှင့်လည်းတကွဖြစ်ကုန်၏။
အစိုးရသည့် ဣန္ဒြေရှစ်ပါး (ရုပ်ဣန္ဒြေ-၇, မနိန္ဒြေ) တို့သည် စိတ်နှင့်လည်း မနှီးနှော၊ စိတ်ကြောင့်လည်း မဖြစ်၊ စိတ်နှင့်လည်း တကွမဖြစ်ကုန်။ အသက်ရှင်မှု၌ အစိုးရသည့် ဇီဝိတိန္ဒြေသည် အချို့ စိတ်နှင့်လည်း နှီးနှော၊ စိတ်ကြောင့်လည်း ဖြစ်၊ စိတ်နှင့်လည်း တကွဖြစ်၏၊ အချို့ စိတ်နှင့်လည်း မနှီးနှော၊ စိတ်ကြောင့်လည်း မဖြစ်၊ စိတ်နှင့်လည်းတကွမဖြစ်။
(၆၅) စိတ္တသံသဋ္ဌသမုဋ္ဌာနာနုပရိဝတ္တိဒုက်အဖြေဝိသဇ္ဇနာ
အစိုးရသည့် (ဆိုလတ္တံ့သောဣန္ဒြေကိုးပါးမှ ကြွင်းသော) ဣန္ဒြေတစ်ဆယ့်သုံးပါးတို့သည် စိတ်နှင့်လည်း နှီးနှော၊ စိတ်ကြောင့်လည်းဖြစ်၊ စိတ်သို့လည်း အစဉ်လိုက်၍ ဖြစ်ကုန်၏။ အစိုးရသည့် ဣန္ဒြေရှစ်ပါး (ရုပ်ဣန္ဒြေ-၇, မနိန္ဒြေ) တို့သည် စိတ်နှင့်လည်း မနှီးနှော၊ စိတ်ကြောင့်လည်း မဖြစ်၊ စိတ်သို့လည်း အစဉ်လိုက်၍ မဖြစ်ကုန်။ အသက်ရှင်မှု၌ အစိုးရသည့် ဇီဝိတိန္ဒြေသည် အချို့ စိတ်နှင့်လည်း နှီးနှော၊ စိတ်ကြောင့်လည်း ဖြစ်၊ စိတ်သို့လည်း အစဉ်လိုက်၏၊ အချို့ စိတ်နှင့်လည်း မနှီးနှော၊ စိတ်ကြောင့်လည်း မဖြစ်၊ စိတ်သို့ လည်းအစဉ်လိုက်၍ မဖြစ်။
--
(၆၆) အဇ္ဈတ္တိကဒုက်အဖြေဝိသဇ္ဇနာ
အစိုးရသည့် ဣန္ဒြေခြောက်ပါး (ပသာဒိန္ဒြေ-၅, မနိန္ဒြေ) တို့သည် အတွင်း ‘အဇ္ဈတ္တ’ သန္တာန်၌ ဖြစ်ကုန်၏။ အစိုးရသည့် (ကြွင်းသော) ဣန္ဒြေတစ်ဆယ့်ခြောက်ပါးတို့သည် အပ ‘ဗဟိဒ္ဓ’ သန္တာန်၌ ဖြစ်ကုန်၏။
(၆၇) ဥပါဒါဒုက်အဖြေဝိသဇ္ဇနာ
အစိုးရသည့် ရုပ်ဣန္ဒြေခုနစ်ပါးတို့သည် မဟာဘုတ်ကိုမှီ၍ ဖြစ်ကုန်၏။ အစိုးရသည့် (ရုပ်ဣန္ဒြေ-၇, ဇီဝိတိန္ဒြေမှ ကြွင်းသော) ဣန္ဒြေတစ်ဆယ့်လေးပါးတို့သည် မဟာဘုတ်ကိုမှီ၍ မဖြစ်ကုန်။ အသက်ရှင်မှု၌ အစိုးရသည့် ဇီဝိတိန္ဒြေသည် အချို့ မဟာဘုတ်ကိုမှီ၍ ဖြစ်၏၊ အချို့ မှီ၍ မဖြစ်။
(၆၈) ဥပါဒိန္နဒုက်အဖြေဝိသဇ္ဇနာ
အစိုးရသည့် ဣန္ဒြေကိုးပါး (ရုပ်ဣန္ဒြေ-၇, သုခ, ဒုက္ခ) တို့သည်တဏှာဒိဋ္ဌိတို့သည် ကပ်အပ်သော ကံသည် အကျိုး၏အဖြစ်ဖြင့် ယူအပ်ကုန်၏။ အစိုးရသည့် ဣန္ဒြေလေးပါး (ဒေါမနဿနှင့် လောကုတ္တရာဣန္ဒြေ-၃) တို့သည် တဏှာဒိဋ္ဌိတို့သည်ကပ်အပ်သော ကံသည် အကျိုး၏ အဖြစ်ဖြင့် မယူအပ်ကုန်။ အစိုးရသည့် (ကြွင်းသော) ဣန္ဒြေကိုးပါးတို့သည် အချို့ တဏှာ ဒိဋ္ဌိတို့သည် ကပ်အပ်သော ကံသည်အကျိုး၏ အဖြစ်ဖြင့် ယူအပ်ကုန်၏၊ အချို့ တဏှာဒိဋ္ဌိတို့သည် ကပ်အပ်သော ကံသည် အကျိုး၏အဖြစ်ဖြင့် မယူအပ်ကုန်။
၁၁-ဥပါဒါနဂေါစ္ဆကအဖြေဝိသဇ္ဇနာ
(၆၉) ဥပါဒါနဒုက်အဖြေဝိသဇ္ဇနာ
အစိုးရသည့် ဣန္ဒြေ ၂၂-ပါးတို့သည် ဥပါဒါန်မမည်ကုန်။
(၇၀) ဥပါဒါနိယဒုက်အဖြေဝိသဇ္ဇနာ
အစိုးရသည့် ဣန္ဒြေဆယ်ပါး (ရုပ်ဣန္ဒြေ-၇, သုခ, ဒုက္ခ, ဒေါမနဿ) တို့သည် ဥပါဒါန်၏ အာရုံဖြစ်ကုန်၏။ အစိုးရသည့် လောကုတ္တရာဣန္ဒြေ သုံးပါးတို့သည် ဥပါဒါန်၏ အာရုံမဖြစ်ကုန်။ အစိုးရသည့် (ကြွင်းသော) ဣန္ဒြေကိုးပါးတို့သည် အချို့ ဥပါဒါန်၏ အာရုံဖြစ်ကုန်၏၊ အချို့ ဥပါဒါန်၏အာရုံ မဖြစ်ကုန်။
--
(၇၁) ဥပါဒါနသမ္ပယုတ္တဒုက်အဖြေဝိသဇ္ဇနာ
အစိုးရသည့် (မန, ဇီဝိတ, သောမနဿ, ဥပေက္ခာ, ဝီရိယ, သမာဓိတို့မှ ကြွင်းသော) ဣန္ဒြေတစ်ဆယ့် ခြောက်ပါးတို့သည် ဥပါဒါန်နှင့် မယှဉ်ကုန်။ အစိုးရသည့် ဣန္ဒြေခြောက်ပါး (မန, ဇီဝိတ, သောမနဿ, ဥပေက္ခာ, ဝီရိယ, သမာဓိ) တို့သည့်အချို့ ဥပါဒါန်နှင့် ယှဉ်ကုန်၏၊ အချို့ ဥပါဒါန်နှင့် မယှဉ်ကုန်။
(၇၂) ဥပါဒါန ဥပါဒါနိယဒုက်အဖြေဝိသဇ္ဇနာ
အစိုးရသည့် ဣန္ဒြေဆယ်ပါး (ရုပ်ဣန္ဒြေ-၇, သုခ, ဒုက္ခ, ဒေါမနဿ) တို့ကို ဥပါဒါန်လည်း မည် ဥပါဒါန်၏ အာရုံ လည်း ဖြစ်ကုန်၏ဟု မဆိုအပ်ကုန်၊ (ယင်းတို့သည်) ဥပါဒါန်၏ အာရုံသာဖြစ်၍ ဥပါဒါန်မမည်ကုန်။ အစိုးရသည့် လောကုတ္တရာဣန္ဒြေ သုံးပါးတို့ကို ဥပါဒါန်လည်း မည်၊ ဥပါဒါန်၏ အာရုံလည်း ဖြစ်ကုန်၏ဟူ၍လည်းကောင်း၊ ဥပါဒါန်၏ အာရုံသာဖြစ်၍ ဥပါဒါန်မမည်ကုန်ဟူ၍လည်းကောင်း မဆိုအပ်ကုန်။ အစိုးရသည့် (ကြွင်းသော) ဣန္ဒြေကိုးပါးတို့ကို ဥပါဒါန်လည်း မည်၊ ဥပါဒါန်၏ အာရုံလည်းဖြစ်ကုန်၏ဟု မဆိုအပ်ကုန်၊ (ယင်းတို့သည်) အချို့ ဥပါဒါန်၏ အာရုံသာဖြစ်၍ ဥပါဒါန် မမည်ကုန်၊ (ယင်းတို့ကို) အချို့ ဥပါဒါန်၏ အာရုံသာဖြစ်၍ ဥပါဒါန် မမည်ကုန်ဟု မဆိုအပ်ကုန်။
(၇၃) ဥပါဒါန ဥပါဒါနသမ္ပယုတ္တဒုက်အဖြေဝိသဇ္ဇနာ
အစိုးရသည့် (မန, ဇီဝိတ, သောမနဿ, ဥပေက္ခာ, ဝီရိယ, သမာဓိတို့မှ ကြွင်းသော) ဣန္ဒြေတစ်ဆယ့်ခြောက်ပါးတို့ကို ဥပါဒါန်လည်းမည်၊ ဥပါဒါန်နှင့်လည်း ယှဉ်ကုန်၏ဟူ၍ လည်းကောင်း၊ ဥပါဒါန်နှင့်သာ ယှဉ်၍ဥပါဒါန်မမည်ကုန်ဟူ၍လည်းကောင်း မဆိုအပ်ကုန်။ အစိုးရသည့် ဣန္ဒြေခြောက်ပါး (မန, ဇီဝိတ, သောမနဿ, ဥပေက္ခာ, ဝီရိယ, သမာဓိ) တို့ကိုဥပါဒါန်လည်း မည်၊ ဥပါဒါန်နှင့်လည်း ယှဉ်ကုန်၏ဟု မဆိုအပ်ကုန်၊ (ယင်းတို့သည်) အချို့ ဥပါဒါန်နှင့်သာ ယှဉ်၍ ဥပါဒါန် မမည်ကုန်၊ (ယင်းတို့ကို) အချို့ ဥပါဒါန်နှင့်သာ ယှဉ်၍ ဥပါဒါန်မမည်ကုန်ဟုမဆိုအပ်ကုန်။
(၇၄) ဥပါဒါနဝိပ္ပယုတ္တဥပါဒါနိယဒုက် အဖြေဝိသဇ္ဇနာ
အစိုးရသည့် ဣန္ဒြေဆယ်ပါး (ရုပ်ဣန္ဒြေ-၇, သုခ, ဒုက္ခ, ဒေါမနဿ) တို့သည် ဥပါဒါန် နှင့် မယှဉ်မူ၍ ဥပါဒါန်၏ အာရုံသာ ဖြစ်ကုန်၏။ အစိုးရသည့် လောကုတ္တရာဣန္ဒြေ သုံးပါးတို့သည် ဥပါဒါန်နှင့်လည်း မယှဉ်၊ ဥပါဒါန်၏ အာရုံလည်းမဖြစ်ကုန်။ အစိုးရသည့် (သဒ္ဓါ, သတိ, ပညာ) ဣန္ဒြေသုံးပါးတို့သည် အချို့ ဥပါဒါန်နှင့် မယှဉ်မူ၍ ဥပါဒါန်၏အာရုံသာ ဖြစ်ကုန်၏၊ အချို့ ဥပါဒါန်နှင့်လည်း မယှဉ်၊ ဥပါဒါန်၏အာရုံလည်း မဖြစ်ကုန်။ အစိုးရသည့် (ကြွင်းသော) ဣန္ဒြေခြောက်ပါးတို့သည် အချို့ ဥပါဒါန်နှင့် မယှဉ်မူ၍ ဥပါဒါန်၏ အာရုံသာဖြစ်ကုန်၏၊ အချို့ ဥပါဒါန်နှင့်လည်း မယှဉ်၊ ဥပါဒါန်၏အာရုံလည်း မဖြစ်ကုန်၊ (ယင်းတို့ကို) အချို့ဥပါဒါန်နှင့် မယှဉ်မူ၍ ဥပါဒါန်၏ အာရုံသာ ဖြစ်ကုန်၏ဟူ၍လည်းကောင်း၊ ဥပါဒါန်နှင့်လည်း မယှဉ်၊ ဥပါဒါန်၏အာရုံလည်း မဖြစ်ကုန်ဟူ၍လည်းကောင်း မဆိုအပ်ကုန်။
--
၁၂-ကိလေသဂေါစ္ဆကအဖြေဝိသဇ္ဇနာ
(၇၅) ကိလေသဒုက်အဖြေဝိသဇ္ဇနာ
အစိုးရသည့် ဣန္ဒြေ ၂၂-ပါးတို့သည် ကိလေသာ မမည်ကုန်။
(၇၆) သံကိလေသိကဒုက်အဖြေဝိသဇ္ဇနာ
အစိုးရသည့် ဣန္ဒြေဆယ်ပါး (ရုပ်ဣန္ဒြေ-၇, သုခ, ဒုက္ခ, ဒေါမနဿ) တို့သည် ကိလေသာ၏ အာရုံ ဖြစ်ကုန်၏။ အစိုးရသည့် လောကုတ္တရာဣန္ဒြေသုံးပါးတို့သည် ကိလေသာ၏ အာရုံမဖြစ်ကုန်။ အစိုးရသည့် (ကြွင်းသော) ဣန္ဒြေကိုးပါးတို့သည် အချို့ ကိလေသာ၏ အာရုံဖြစ်ကုန်၏၊ အချို့ကိလေသာ၏ အာရုံမဖြစ်ကုန်။
(၇၇) သံကိလိဋ္ဌဒုက်အဖြေဝိသဇ္ဇနာ
အစိုးရသည့် (ဆိုလတ္တံ့သော ဣန္ဒြေခုနစ်ပါးမှ ကြွင်းသော) ဣန္ဒြေတစ်ဆယ့်ငါးပါးတို့သည် ကိလေသာတို့ အပူပန် မခံရကုန်။ စိတ်ဆင်းရဲမှု၌ အစိုးရသည့် ဒေါမနဿိန္ဒြေသည် ကိလေသာတို့ အပူပန်ခံရ၏။
အစိုးရသည့် ဣန္ဒြေခြောက်ပါး (မန, ဇီဝိတ, သောမနဿ, ဥပေက္ခာ, ဝီရိယ, သမာဓိ) တို့သည်အချို့ ကိလေသာတို့ အပူပန်ခံရကုန်၏၊ အချို့ ကိလေသာတို့ အပူပန်မခံရကုန်။
(၇၈) ကိလေသသမ္ပယုတ္တဒုက်အဖြေဝိသဇ္ဇနာ
အစိုးရသည့် (ဆိုလတ္တံ့သော ဣန္ဒြေခုနစ်ပါးမှကြွင်းသော) ဣန္ဒြေတစ်ဆယ့်ငါးပါးတို့သည် ကိလေသာနှင့် မယှဉ်ကုန်။ စိတ်ဆင်းရဲမှု၌ အစိုးရသည့် ဒေါမနဿိန္ဒြေသည် ကိလေသာနှင့် ယှဉ်၏။ အစိုးရသည့် ဣန္ဒြေခြောက်ပါး (မန, ဇီဝိတ, သောမနဿ, ဥပေက္ခာ, ဝီရိယ, သမာဓိ) တို့သည်အချို့ ကိလေသာနှင့် ယှဉ်ကုန်၏၊ အချို့ ကိလေသာနှင့် မယှဉ်ကုန်။
(၇၉) ကိလေသ သံကိလေသိကဒုက် အဖြေဝိသဇ္ဇနာ
အစိုးရသည့် ဣန္ဒြေဆယ်ပါး (ရုပ်ဣန္ဒြေ- ၇, သုခ, ဒုက္ခ, ဒေါမနဿ) တို့ကို ကိလေသာ လည်း မည်၊ ကိလေသာ၏ အာရုံလည်း ဖြစ်ကုန်၏ဟုမဆိုအပ်ကုန်၊ (ယင်းတို့သည်) ကိလေသာ၏အာရုံသာဖြစ်၍ ကိလေသာ မမည်ကုန်။ အစိုးရသည့် လောကုတ္တရာဣန္ဒြေသုံးပါးတို့ကို ကိလေသာလည်း မည်၊ ကိလေသာ၏အာရုံလည်းဖြစ်ကုန်၏ဟူ၍လည်းကောင်း၊ ကိလေသာ၏အာရုံသာဖြစ်၍ ကိလေသာ မမည်ကုန်ဟူ၍လည်းကောင်းမဆိုအပ်ကုန်။ အစိုးရသည့် (ကြွင်းသော) ဣန္ဒြေကိုးပါးတို့ကို ကိလေသာလည်း မည်၊ ကိလေသာ၏ အာရုံလည်းဖြစ်ကုန်၏ဟု မဆိုအပ်ကုန်၊ (ယင်းတို့သည်) အချို့ ကိလေသာ၏ အာရုံသာ ဖြစ်၍ ကိလေသာ မမည်ကုန်၊ (ယင်းတို့ကို) အချို့ ကိလေသာ၏ အာရုံသာ ဖြစ်၍ ကိလေသာ မမည်ကုန်ဟု မဆိုအပ်ကုန်။
--
(၈၀) ကိလေသ သံကိလိဋ္ဌဒုက်အဖြေဝိသဇ္ဇနာ
အစိုးရသည့် (ဆိုလတ္တံ့သော ဣန္ဒြေခုနစ်ပါးမှကြွင်းသော) ဣန္ဒြေ၁၅-ပါးတို့ကို ကိလေသာ လည်း မည်၊ ကိလေသာတို့အပူပန်လည်း ခံရကုန်၏ဟူ၍လည်းကောင်း၊ ကိလေသာတို့အပူပန်သာ ခံရ၍ ကိလေသာမမည်ကုန်ဟူ၍လည်းကောင်း မဆိုအပ်ကုန်။ စိတ်ဆင်းရဲမှု၌ အစိုးရသည့် ဒေါမနဿိန္ဒြေကို ကိလေသာလည်း မည်၊ ကိလေသာတို့အပူပန်လည်းခံရကုန်၏ဟု မဆိုအပ်၊ (ယင်းသည်) ကိလေသာတို့အပူပန်သာ ခံရ၍ ကိလေသာ မမည်။ အစိုးရသည့် (မန, ဇီဝိတ, သောမနဿ, ဥပေက္ခာ, ဝီရိယ, သမာဓိ) ဣန္ဒြေခြောက်ပါးတို့ကိုကိလေသာလည်း မည်၊ ကိလေသာတို့အပူပန်လည်း ခံရကုန်၏ဟု မဆိုအပ်ကုန်၊ (ယင်းတို့သည်) အချို့ကိလေသာတို့ အပူပန်သာ ခံရ၍ ကိလေသာ မမည်ကုန်၊ (ယင်းတို့ကို) အချို့ ကိလေသာတို့ အပူပန်သာခံရ၍ ကိလေသာ မမည်ကုန်ဟု မဆိုအပ်ကုန်။
(၈၁) ကိလေသ ကိလေသသမ္ပယုတ္တဒုက်အဖြေဝိသဇ္ဇနာ
အစိုးရသည့် (ဆိုလတ္တံ့သော ဣန္ဒြေခုနစ်ပါးမှကြွင်းသော) ဣန္ဒြေတစ်ဆယ့်ငါးပါးတို့ကို ကိလေသာလည်း မည်၊ ကိလေသာနှင့်လည်းယှဉ်ကုန်၏ဟူ၍လည်းကောင်း၊ ကိလေသာနှင့်သာ ယှဉ်၍ ကိလေသာ မမည်ကုန်ဟူ၍လည်းကောင်းမဆိုအပ်ကုန်။ စိတ်ဆင်းရဲမှု၌ အစိုးရသည့် ဒေါမနဿိန္ဒြေကို ကိလေသာလည်း မည်၊ ကိလေသာနှင့်လည်း ယှဉ်၏ ဟုမဆိုအပ်၊ (ယင်းသည်) ကိလေသာနှင့်သာ ယှဉ်၍ ကိလေသာ မမည်။ အစိုးရသည့် ဣန္ဒြေခြောက်ပါး (မန, ဇီဝိတ, သောမနဿ, ဥပေက္ခာ, ဝီရိယ, သမာဓိ) တို့ကိုကိလေသာလည်းမည်၊ ကိလေသာနှင့်လည်း ယှဉ်ကုန်၏ဟု မဆိုအပ်ကုန်။ (ယင်းတို့သည်) အချို့ကိလေသာနှင့်သာ ယှဉ်၍ ကိလေသာ မမည်ကုန်၊ (ယင်းတို့ကို) အချို့ ကိလေသာနှင့်သာ ယှဉ်၍ကိလေသာ မမည်ကုန်ဟု မဆိုအပ်ကုန်။
(၈၂) ကိလေသဝိပ္ပယုတ္တသံကိလေသိကဒုက် အဖြေဝိသဇ္ဇနာ
အစိုးရသည့် ဣန္ဒြေကိုးပါး (ရုပ်ဣန္ဒြေ-၇, သုခ, ဒုက္ခ) တို့သည် ကိလေသာနှင့် မယှဉ်မူ၍ ကိလေသာ၏ အာရုံသာ ဖြစ်ကုန်၏။
အစိုးရသည့် လောကုတ္တရာဣန္ဒြေ သုံးပါးတို့သည် ကိလေသာနှင့်လည်း မယှဉ်၊ ကိလေသာ၏အာရုံလည်း မဖြစ်ကုန်။ စိတ်ဆင်းရဲမှု၌ အစိုးရသည့် ဒေါမနဿိန္ဒြေကို ကိလေသာနှင့် မယှဉ်မူ၍ ကိလေသာ၏အာရုံသာဖြစ်၏ဟူ၍လည်းကောင်း၊ ကိလေသာနှင့်လည်း မယှဉ်၊ ကိလေသာ၏အာရုံလည်း မဖြစ်ဟူ၍လည်းကောင်းမဆိုအပ်။ အစိုးရသည့် (သဒ္ဓါ, သတိ, ပညာ) ဣန္ဒြေသုံးပါးတို့သည် အချို့ ကိလေသာနှင့် မယှဉ်မူ၍ ကိလေသာ၏အာရုံသာ ဖြစ်ကုန်၏၊ အချို့ ကိလေသာနှင့်လည်း မယှဉ် ကိလေသာ၏ အာရုံလည်း မဖြစ်ကုန်။ အစိုးရသည့် (ကြွင်းသော) ဣန္ဒြေခြောက်ပါးတို့သည် အချို့ ကိလေသာနှင့် မယှဉ်မူ၍ ကိလေသာ၏အာရုံသာ ဖြစ်ကုန်၏၊ အချို့ ကိလေသာနှင့်လည်း မယှဉ်၊ ကိလေသာ၏အာရုံလည်း မဖြစ်ကုန်။ (ယင်းတို့ကို) အချို့ ကိလေသာနှင့် မယှဉ်မူ၍ ကိလေသာ၏ အာရုံသာ ဖြစ်ကုန်၏ဟူ၍လည်းကောင်း၊ ကိလေသာနှင့်လည်း မယှဉ်၊ ကိလေသာ၏ အာရုံလည်း မဖြစ်ကုန်ဟူ၍လည်းကောင်း မဆိုအပ်ကုန်။
--
၁၃-ပိဋ္ဌိဒုက်အဖြေဝိသဇ္ဇနာ
(၈၃) ဒဿနေန ပဟာတဗ္ဗဒုက် အဖြေဝိသဇ္ဇနာ
(ဆိုလတ္တံ့သော ဣန္ဒြေခုနစ်ပါးတို့မှ ကြွင်းသော) အစိုးရသည့် ဣန္ဒြေတစ်ဆယ့်ငါးပါးတို့ကို သောတာပတ္တိမဂ်သည် မပယ်အပ်ကုန်။ အစိုးရသည့် ဣန္ဒြေခုနစ်ပါး (မန, ဇီဝိတ, သောမနဿ, ဒေါမနဿ, ဥပေက္ခာ, ဝီရိယ, သမာဓိ) တို့ကို အချို့ သောတာပတ္တိမဂ်သည် ပယ်အပ်ကုန်၏၊ အချို့ သောတာပတ္တိမဂ်သည် မပယ်အပ်ကုန်။
(၈၄) ဘာဝနာယ ပဟာတဗ္ဗဒုက် အဖြေဝိသဇ္ဇနာ
(ဆိုလတ္တံ့သော ဣန္ဒြေခုနစ်ပါးမှ ကြွင်းသော) အစိုးရသည့် ဣန္ဒြေတစ်ဆယ့်ငါးပါးတို့ကို အထက်မဂ်သုံးခု သည် မပယ်အပ်ကုန်။ အစိုးရသည့် ဣန္ဒြေခုနစ်ပါး (မန, ဇီဝိတ, သောမနဿ, ဒေါမနဿ, ဥပေက္ခာ, ဝီရိယ, သမာဓိ) တို့ကို အချို့ အထက်မဂ်သုံးခုသည် ပယ်အပ်ကုန်၏၊ အချို့ အထက်မဂ်သုံးခုသည် မပယ်အပ်ကုန်။
(၈၅) ဒဿနေန ပဟာတဗ္ဗဟေတုကဒုက် အဖြေဝိသဇ္ဇနာ
(ဆိုလတ္တံ့သော ဣန္ဒြေခုနစ်ပါးမှကြွင်းသော) ဣန္ဒြေတစ်ဆယ့် ငါးပါးတို့သည် သောတာပတ္တိ မဂ်သည် ပယ်အပ်သော ဟိတ်မရှိကုန်။ အစိုးရသည့် ဣန္ဒြေခုနစ်ပါး (မန, ဇီဝိတ, သောမနဿ, ဒေါမနဿ, ဥပေက္ခာ, ဝီရိယ, သမာဓိ) တို့သည် အချို့ သောတာပတ္တိမဂ်သည် ပယ်အပ်သော ဟိတ်ရှိကုန်၏၊ အချို့ သောတာပတ္တိမဂ် သည်ပယ်အပ်သော ဟိတ်မရှိကုန်။
(၈၆) ဘာဝနာယ ပဟာတဗ္ဗဟေတုကဒုက် အဖြေဝိသဇ္ဇနာ
(ဆိုလတ္တံ့သော ဣန္ဒြေခုနစ်ပါးမှကြွင်းသော) ဣန္ဒြေတစ်ဆယ့် ငါးပါးတို့သည် အထက်မဂ် သုံးခုသည် ပယ်အပ်သော ဟိတ်မရှိကုန်။ အစိုးရသည့် ဣန္ဒြေခုနစ်ပါး (မန, ဇီဝိတ, သောမနဿ, ဒေါမနဿ, ဥပေက္ခာ, ဝီရိယ, သမာဓိ) တို့သည် အချို့ အထက်မဂ်သုံးခုသည် ပယ်အပ်သော ဟိတ်ရှိကုန်၏၊ အချို့ အထက်မဂ်သုံးခု သည်ပယ်အပ်သော ဟိတ်မရှိကုန်။
(၈၇) သဝိတက္ကဒုက် အဖြေဝိသဇ္ဇနာ
အစိုးရသည့်ဣန္ဒြေကိုးပါး (ရုပ်ဣန္ဒြေ-၇, သုခ, ဒုက္ခ) တို့သည်ဝိတက် မရှိကုန်။ စိတ်ဆင်းရဲမှု၌ အစိုးရသည့် ဒေါမနဿိန္ဒြေသည် ဝိတက်ရှိ၏။ (ကြွင်းသော) ဣန္ဒြေ၁၂-ပါးတို့သည် အချို့ ဝိတက်ရှိကုန်၏၊ အချို့ ဝိတက်မရှိကုန်။
--
(၈၈) သဝိစာရဒုက် အဖြေဝိသဇ္ဇနာ
အစိုးရသည့်ဣန္ဒြေကိုးပါး (ရုပ်ဣန္ဒြေ-၇, သုခ, ဒုက္ခ) တို့သည်ဝိစာရမရှိကုန်။ စိတ်ဆင်းရဲမှု၌ အစိုးရသည့် ဒေါမနဿိန္ဒြေသည် ဝိစာရရှိ၏။
အစိုးရသည့် (ကြွင်းသော) ဣန္ဒြေ၁၂-ပါးတို့သည် အချို့ ဝိစာရရှိကုန်၏။ အချို့ ဝိစာရမရှိကုန်။
(၈၉) သပ္ပီတိကဒုက် အဖြေဝိသဇ္ဇနာ
အစိုးရသည့်ဣန္ဒြေတစ်ဆယ့်တစ်ပါး (ရုပ်ဣန္ဒြေ- ၇, သုခ, ဒုက္ခ, ဒေါမနဿ, ဥပေက္ခာ) တို့သည် ပီတိမရှိကုန်။ အစိုးရသည့် (ကြွင်းသော) ဣန္ဒြေတစ်ဆယ့်တစ်ပါးတို့သည် အချို့ ပီတိရှိကုန်၏၊ အချို့ ပီတိမရှိကုန်။
(၉၀) ပီတိသဟဂတဒုက် အဖြေဝိသဇ္ဇနာ
အစိုးရသည့် ဣန္ဒြေတစ်ဆယ့်တစ်ပါး (ရုပ်ဣန္ဒြေ-၇, သုခ, ဒုက္ခ, ဒေါမနဿ, ဥပေက္ခာ) တို့သည် ပီတိနှင့် တကွ မဖြစ်ကုန်။ အစိုးရသည့် (ကြွင်းသော) ဣန္ဒြေတစ်ဆယ့်တစ်ပါးတို့သည် အချို့ ပီတိနှင့် တကွဖြစ်ကုန်၏၊ အချို့ပီတိနှင့် တကွ မဖြစ်ကုန်။
(၉၁) သုခသဟဂတဒုက် အဖြေဝိသဇ္ဇနာ
အစိုးရသည့်ဣန္ဒြေတစ်ဆယ့်နှစ်ပါး (ရုပ်ဣန္ဒြေ-၇, သုခ, ဒုက္ခ, သောမနဿ, ဒေါမနဿ, ဥပေက္ခာ) တို့သည် သုခဝေဒနာ နှင့် တကွ မဖြစ်ကုန်။ အစိုးရသည့် (ကြွင်းသော) ဣန္ဒြေဆယ်ပါးတို့သည် အချို့ သုခဝေဒနာနှင့် တကွဖြစ်ကုန်၏၊ အချို့သုခဝေဒနာနှင့် တကွ မဖြစ်ကုန်။
(၉၂) ဥပေက္ခာသဟဂတဒုက် အဖြေဝိသဇ္ဇနာ
အစိုးရသည့် ဣန္ဒြေတစ်ဆယ့်နှစ်ပါး (ရုပ်ဣန္ဒြေ-၇, သုခ, ဒုက္ခ, သောမနဿ, ဒေါမနဿ, ဥပေက္ခာ) တို့သည် ဥပေက္ခာဝေဒနာနှင့် တကွ မဖြစ်ကုန်။ အစိုးရသည့် (ကြွင်းသော) ဣန္ဒြေဆယ်ပါးတို့သည် အချို့ ဥပေက္ခာဝေဒနာနှင့် တကွ ဖြစ်ကုန်၏၊ အချို့ဥပေက္ခာဝေဒနာနှင့် တကွ မဖြစ်ကုန်။
(၉၃) ကာမာဝစရဒုက် အဖြေဝိသဇ္ဇနာ
အစိုးရသည့် ဣန္ဒြေဆယ်ပါး (ရုပ်ဣန္ဒြေ-၇, သုခ, ဒုက္ခ, ဒေါမနဿ) တို့သည် ကာမတဏှာ၏ ကျင်လည်ရာ ဖြစ် ကုန်၏။ အစိုးရသည့် လောကုတ္တရာဣန္ဒြေသုံးပါးတို့သည် ကာမတဏှာ၏ ကျင်လည်ရာ မဖြစ်ကုန်။ အစိုးရသည့် (ကြွင်းသော) ဣန္ဒြေကိုးပါးတို့သည် အချို့ ကာမတဏှာ၏ ကျင်လည်ရာ ဖြစ်ကုန်၏၊ အချို့ ကာမတဏှာ၏ ကျင်လည်ရာ မဖြစ်ကုန်။
--
(၉၄) ရူပါဝစရဒုက် အဖြေဝိသဇ္ဇနာ
အစိုးရသည့် ဣန္ဒြေတစ်ဆယ့်သုံးပါး (ရုပ်ဣန္ဒြေ-၇, သုခ, ဒုက္ခ, ဒေါမနဿ, လောကုတ္တရာဣန္ဒြေ ၃-ပါး) တို့သည် ရူပတဏှာ၏ ကျင်လည်ရာ မဖြစ်ကုန်။ အစိုးရသည့် (ကြွင်းသော) ဣန္ဒြေကိုးပါးတို့သည် အချို့ ရူပတဏှာ၏ ကျင်လည်ရာ ဖြစ်ကုန်၏၊ အချို့ရူပတဏှာ၏ ကျင်လည်ရာ မဖြစ်ကုန်။
(၉၅) အရူပါဝစရဒုက် အဖြေဝိသဇ္ဇနာ
အစိုးရသည့် ဣန္ဒြေတစ်ဆယ့်လေးပါး (ရုပ်ဣန္ဒြေ-၇, သုခ, ဒုက္ခ, ဒေါမနဿ, သောမနဿ, လောကုတ္တရာဣန္ဒြေ သုံးပါး) တို့သည် အရူပတဏှာ၏ကျင်လည်ရာ မဖြစ်ကုန်။ အစိုးရသည့် (ကြွင်းသော) ဣန္ဒြေရှစ်ပါးတို့သည် အချို့ အရူပတဏှာ၏ ကျင်လည်ရာ ဖြစ်ကုန်၏၊ အချို့ အရူပတဏှာ၏ ကျင်လည်ရာ မဖြစ်ကုန်။
(၉၆) ပရိယာပန္နဒုက် အဖြေဝိသဇ္ဇနာ
အစိုးရသည့်ဣန္ဒြေဆယ်ပါး (ရုပ်ဣန္ဒြေ- ၇, သုခ, ဒုက္ခ, ဒေါမနဿ) တို့သည် ဘုံသုံးပါး၌ အကျုံးဝင်ကုန်၏။ အစိုးရသည့် လောကုတ္တရာဣန္ဒြေသုံးပါးတို့သည် ဘုံသုံးပါး၌ အကျုံးမဝင်ကုန်။ အစိုးရသည့် (ကြွင်းသော) ဣန္ဒြေကိုးပါးတို့သည် အချို့ ဘုံသုံးပါး၌ အကျုံးဝင်ကုန်၏၊ အချို့ဘုံသုံးပါး၌ အကျုံးမဝင်ကုန်။
(၉၇) နိယျာနိကဒုက် အဖြေဝိသဇ္ဇနာ
အစိုးရသည့် ဣန္ဒြေ၁၁-ပါး (ရုပ်ဣန္ဒြေ- ၇, သုခ, ဒုက္ခ, ဒေါနဿ, အညာတာ) တို့သည် ဝဋ်ဆင်းရဲမှထွက်မြောက် ကြောင်း မဟုတ်ကုန်။ သစ္စာတရားတို့ကို ထိုးထွင်းသိမှု၌ အစိုးရသည့် အနညာတညဿာမီတိန္ဒြေသည် ဝဋ်ဆင်းရဲမှ့ထွက်မြောက်ကြောင်းဖြစ်၏။ အစိုးရသည့် (ကြွင်းသော) ဣန္ဒြေဆယ်ပါးတို့သည် အချို့ ဝဋ်ဆင်းရဲမှ ထွက်မြောက်ကြောင်း ဖြစ်ကုန်၏၊ အချို့ ဝဋ်ဆင်းရဲမှ ထွက်မြောက်ကြောင်း မဟုတ်ကုန်။
(၉၈) နိယတဒုက် အဖြေဝိသဇ္ဇနာ
အစိုးရသည့် ဣန္ဒြေဆယ်ပါး (ရုပ်ဣန္ဒြေ-၇, သုခ, ဒုက္ခ, အညာတာဝိန္ဒြေ) တို့သည် မိမိ၏ အခြားမဲ့၌လည်းကောင်း၊ စုတိ၏ အခြားမဲ့၌လည်းကောင်းအကျိုးပေးမမြဲကုန်။ သစ္စာတရားတို့ကို ထိုးထွင်းသိမှု၌ အစိုးရသည့် အနညာတညဿာမီတိန္ဒြေသည် မိမိ၏ အခြားမဲ့၌လည်းကောင်း၊ စုတိ၏ အခြားမဲ့၌လည်းကောင်း အကျိုးပေးမြဲ၏။ အစိုးရသည့် (ကြွင်းသော ဣန္ဒြေတစ်ဆယ့်တစ်ပါးတို့သည် အချို့ မိမိ၏ အခြားမဲ့၌လည်းကောင်း၊ စုတိ၏ အခြားမဲ့၌လည်းကောင်း အကျိုးပေးမြဲကုန်၏၊ အချို့ မိမိ၏ အခြားမဲ့၌လည်းကောင်း၊ စုတိ၏အခြားမဲ့၌လည်းကောင်း အကျိုးပေးမမြဲကုန်။
--
(၉၉) သဥတ္တရဒုက် အဖြေဝိသဇ္ဇနာ
အစိုးရသည့် ဣန္ဒြေဆယ်ပါး (ရုပ်ဣန္ဒြေ- ၇, သုခ, ဒုက္ခ, ဒေါမနဿ) တို့သည် မိမိထက် လွန်မြတ်သော တရား ရှိကုန်၏။ အစိုးရသည့် လောကုတ္တရာဣန္ဒြေသုံးပါးတို့သည် မိမိထက်လွန်မြတ်သော တရားမရှိကုန်။ အစိုးရသည့် (ကြွင်းသော) ဣန္ဒြေကိုးပါးတို့သည် အချို့ မိမိထက်လွန်မြတ်သော တရားရှိကုန်၏၊ အချို့မိမိထက် လွန်မြတ်သော တရားမရှိကုန်။
(၁၀၀) သရဏဒုက် အဖြေဝိသဇ္ဇနာ
အစိုးရသည့် (ဆိုလတ္တံ့သော ဣန္ဒြေခုနစ်ပါးမှ ကြွင်းသော) ဣန္ဒြေတစ်ဆယ့် ငါးပါးတို့သည် ငိုကြွေးကြောင်း ကိလေသာမရှိကုန်။ စိတ်ဆင်းရဲမှု၌ အစိုးရသည့် ဒေါမနဿိန္ဒြေသည် ငိုကြွေးကြောင်း ကိလေသာရှိ၏။ အစိုးရသည့် ဣန္ဒြေခြောက်ပါး (မန, ဇီဝိတ, သောမနဿ, ဥပေက္ခာ, ဝီရိယ, သမာဓိ) တို့သည်အချို့ ငိုကြွေးကြောင်း ကိလေသာရှိကုန်၏၊ အချို့ ငိုကြွေးကြောင်း ကိလေသာ မရှိကုန်။
ဣန္ဒြေ ၂၂-ပါးတို့ကို ဒုက်၁၀၀-တို့ဖြင့် ဝေဖန်၍ပြသော အဖြေဝိသဇ္ဇနာ ပြီး၏။
အမေးအဖြေပြု၍ ဟောကြားသော ပဥှာပုစ္ဆကနည်း ပြီးပြီ။
ရုပ်နာမ်တို့ကို အစိုးရသည့် ဣန္ဒြေတို့ကို ဝေဖန်၍ပြသော ဣန္ဒြိယဝိဘင်း ပြီးပြီ။
--
၆-ပဋိစ္စသမုပ္ပါဒဝိဘင်္ဂ
(ရုပ်နာမ်တရားတို့ကို ပဋိစ္စသမုပ္ပါဒ်နည်းဖြင့် ဝေဖန်ဟောကြားသော ပဋိစ္စသမုပ္ပါဒ်ဝိဘင်း)
၁-သုတ္တန္တဘာဇနီယ
(သုတ္တန်နည်းဖြင့် ဝေဖန်ဟောကြားသော သုတ္တန္တဘာဇနီယနည်း)
<ph3>ပဋိစ္စသမုပ္ပါဒ်အင်္ဂါ (၁၂) ပါး</ph3>
၂၂၅။ (၁) သစ္စာလေးပါးတို့ကို မသိခြင်း ‘အဝိဇ္ဇာ’ဟူသော အကြောင်းကြောင့် ပြုပြင်စီရင်မှု ‘သင်္ခါရ'တို့ ဖြစ်ကုန်၏။
(၂) ပြုပြင်စီရင်မှု ‘သင်္ခါရ’ဟူသော အကြောင်းကြောင့် သိမှု ‘ဝိညာဏ်’ သည် ဖြစ်၏။
(၃) သိမှု ‘ဝိညာဏ်’ဟူသော အကြောင်းကြောင့် ‘နာမ်ရုပ်’ သည် ဖြစ်၏။
(၄) ‘နာမ်ရုပ်’ဟူသော အကြောင်းကြောင့် ‘အာယတန’ ခြောက်ပါးသည် ဖြစ်၏။
(၅) ‘အာယတန’ ခြောက်ပါးဟူသော အကြောင်းကြောင့် တွေ့ထိမှု ‘ဖဿ’ သည် ဖြစ်၏။
(၆) တွေ့ထိမှု ‘ဖဿ’ဟူသော အကြောင်းကြောင့် ခံစားမှု ‘ဝေဒနာ'သည် ဖြစ်၏။
(၇) ခံစားမှု ‘ဝေဒနာ’ဟူသော အကြောင်းကြောင့် တပ်မက်မှု ‘တဏှာ'သည် ဖြစ်၏။
(၈) တပ်မက်မှု ‘တဏှာ’ဟူသော အကြောင်းကြောင့် စွဲလမ်းမှု ‘ဥပါဒါန်’ သည် ဖြစ်၏။
(၉) စွဲလမ်းမှု ‘ဥပါဒါန်’ဟူသော အကြောင်းကြောင့် ‘ဘဝ'သည် ဖြစ်၏။
(၁၀) ‘ဘဝ’ဟူသော အကြောင်းကြောင့် ပဋိသန္ဓေနေခြင်း ‘ဇာတိ’ သည် ဖြစ်၏။
(၁၁) ပဋိသန္ဓေနေခြင်း ‘ဇာတိ’ဟူသော အကြောင်းကြောင့် အိုခြင်း ‘ဇရာ', သေခြင်း ‘မရဏ’ သည်ဖြစ်၏။
(၁၂) အိုခြင်း ‘ဇရာ', သေခြင်း ‘မရဏ’ဟူသော အကြောင်းကြောင့် စိုးရိမ်ပူဆွေးခြင်း ‘သောက’၊ ငိုကြွေးခြင်း ‘ပရိဒေဝ’၊ ကိုယ်ဆင်းရဲခြင်း ‘ဒုက္ခ’၊ စိတ်ဆင်းရဲခြင်း ‘ဒေါမနဿ’၊ ပြင်းစွာပူလောင်ခြင်း ‘ဥပါယာသ’ တို့သည် ဖြစ်ကုန်၏။ ဤဆိုခဲ့ပြီးသောနည်းဖြင့်ချမ်းသာနှင့် မရောသော ဤဆင်းရဲမှု အစုအပုံ၏ ထင်ရှားဖြစ်ပေါ်ခြင်းသည် ဖြစ်၏။
--
ပဋိစ္စသမုပါဒ်အင်္ဂါ၁၂-ပါး အကျယ်ပြခြင်း
(၁) အဝိဇ္ဇာ
၂၂၆။ ထိုအင်္ဂါ၁၂-ပါးတို့တွင် အဘယ်သည် သစ္စာလေးပါးကို မသိခြင်း ‘အဝိဇ္ဇာ’ မည်သနည်း။
(က) ဆင်းရဲမှု အမှန်တရား (ဒုက္ခသစ္စာ)၌ မသိခြင်း၊
(ခ) ဆင်းရဲမှု ဖြစ်ကြောင်း အမှန်တရား (သမုဒယသစ္စာ)၌ မသိခြင်း၊
(ဂ) ဆင်းရဲမှု ချုပ်ရာ အမှန်တရား (နိရောဓသစ္စာ)၌ မသိခြင်း၊
(ဃ) ဆင်းရဲမှု ချုပ်ရာသို့ရောက်ကြောင်း အမှန်တရား (မဂ္ဂသစ္စာ)၌ မသိခြင်း၊
ဤသဘောကို သစ္စာလေးပါးကို မသိခြင်း ‘အဝိဇ္ဇာ’ ဟု ဆိုအပ်၏။
(၂) သင်္ခါရ
ထိုအင်္ဂါ၁၂-ပါးတို့တွင် အဘယ်သည် သစ္စာလေးပါးကို မသိခြင်းဟူသော အကြောင်းကြောင့် ဖြစ်သော ပြုပြင်စီရင်မှု ‘သင်္ခါရ’ တို့ မည်ကုန်သနည်း။
(က) ကုသိုလ်ကောင်းမှုကို ပြုလုပ်မှု (ပုညာဘိသင်္ခါရ)၊
(ခ) မကောင်းမှု အကုသိုလ်ကို ပြုလုပ်မှု (အပုညာဘိသင်္ခါရ)၊
(ဂ) အရူပဈာန်တရားအားထုတ်မှု (အာနေဉ္ဇာဘိသင်္ခါရ)၊
(ဃ) ကိုယ်ဖြင့် ပြုလုပ်မှု (ကာယသင်္ခါရ)၊
(င) နှုတ်ဖြင့် ပြောဆိုမှု (ဝစီသင်္ခါရ)၊
(စ) စိတ်ဖြင့် ကြံစည်မှု (စိတ္တသင်္ခါရ)၊ ဤပြုလုပ်မှု တို့ကို ‘သင်္ခါရ’ ဟု ဆိုအပ်ကုန်၏။
(က) ထိုသင်္ခါရတို့တွင် အဘယ်သည် ကုသိုလ်ကောင်းမှုကို ပြုလုပ်မှု (ပုညာဘိသင်္ခါရ) မည်သနည်း။
ကာမတဏှာ၏ ကျင်လည်ရာဖြစ်သော, ရူပတဏှာ၏ ကျင်လည်ရာဖြစ်သော ဒါနပြုသောအခါ သီလဆောက်တည်သောအခါ သမထဝိပဿနာအားထုတ်သောအခါ လောကီကုသိုလ်စေတနာသည် ရှိ၏။ ဤစေတနာကို ကုသိုလ်ကောင်းမှု ပြုလုပ်မှု (ပုညာဘိသင်္ခါရ) ဟု ဆိုအပ်၏။
(ခ) ထိုသင်္ခါရတို့တွင် အဘယ်သည် မကောင်းမှု အကုသိုလ်ကို ပြုလုပ်မှု (အပုညာဘိသင်္ခါရ) မည်သနည်း။
ကာမတဏှာ၏ ကျင်လည်ရာဖြစ်သော အကုသိုလ်စေတနာသည် ရှိ၏၊ ဤစေတနာကို မကောင်းမှု အကုသိုလ်ပြုလုပ်မှု (အပုညာဘိသင်္ခါရ) ဟု ဆိုအပ်၏။
(ဂ) ထိုသင်္ခါရတို့တွင် အဘယ်သည် အရူပဈာန်တရားအားထုတ်မှု (အာနေဉ္ဇာဘိသင်္ခါရ) မည်သနည်း။
အရူပတဏှာ၏ ကျင်လည်ရာဖြစ်သော အရူပကုသိုလ်စေတနာသည် ရှိ၏၊ ဤစေတနာကို အရူပဈာန်တရားအားထုတ်မှု (အာနေဉ္ဇာဘိသင်္ခါရ) ဟု ဆိုအပ်၏။
(ဃ၊ င၊ စ) ထိုသင်္ခါရတို့တွင် အဘယ်သည် ကိုယ်ဖြင့် ပြုလုပ်မှု (ကာယသင်္ခါရ) စသည် မည်သနည်း။
--
ကိုယ်အမူအရာကို ဖြစ်စေတတ်သော စေတနာသည် ကာယသင်္ခါရမည်၏။ နှုတ်အမူအရာကို ဖြစ်စေတတ်သော စေတနာသည် ဝစီသင်္ခါရမည်၏။ စိတ်အမူအရာကို ဖြစ်စေတတ်သော စေတနာသည် စိတ္တသင်္ခါရမည်၏။ ဤစေတနာတို့ကို သစ္စာလေးပါးကို မသိခြင်းဟူသော အကြောင်းကြောင့်ဖြစ်သော ပြုပြင်စီရင်မှု ‘သင်္ခါရ’ တို့ဟု ဆိုအပ်ကုန်၏။
(၃) ဝိညာဏ်
၂၂၇။ ထိုအင်္ဂါ၁၂-ပါးတို့တွင် အဘယ်သည် ပြုပြင်စီရင်မှု ‘သင်္ခါရ’ဟူသော အကြောင်းကြောင့် ဖြစ်သော သိမှု ‘ဝိညာဏ်’ မည်သနည်း။
မြင်သိစိတ် ‘စက္ခုဝိညာဏ်’၊ ကြားသိစိတ် ‘သောတဝိညာဏ်’၊ နံသိစိတ် ‘ဃာနဝိညာဏ်’၊ လျက်သိစိတ် ‘ဇိဝှါဝိညာဏ်’၊ ထိသိစိတ် ‘ကာယဝိညာဏ်’၊ ကြံသိစိတ် ‘မနောဝိညာဏ်’ သည် ရှိ၏။ ဤသိမှု သဘောကို ပြုပြင်စီရင်မှု ‘သင်္ခါရ’ဟူသော အကြောင်းကြောင့်ဖြစ်သော သိမှု ‘ဝိညာဏ်’ဟု ဆိုအပ်၏။
(၄) နာမ်ရုပ်
၂၂၈။ ထိုအင်္ဂါ၁၂-ပါးတို့တွင် အဘယ်သည် သိမှု ‘ဝိညာဏ်’ဟူသော အကြောင်းကြောင့်ဖြစ်သော နာမ်ရုပ် မည်သနည်း။
နာမ်သည် ရှိ၏၊ ရုပ်သည် ရှိ၏။ ထိုနာမ်ရုပ်တွင် အဘယ်သည် နာမ် မည်သနည်း။
ခံစားမှု အစု ‘ဝေဒနာက္ခန္ဓာ’၊ မှတ်သားမှု အစု ‘သညာက္ခန္ဓာ’၊ ပြုပြင်မှု အစု ‘သင်္ခါရက္ခန္ဓာ’ သည် ရှိ၏၊ ဤသဘောကို နာမ်ဟု ဆိုအပ်၏။
ထိုနာမ်ရုပ်တွင် အဘယ်သည် ရုပ် မည်သနည်း။
မဟာဘုတ်လေးပါးတို့သည်လည်းကောင်း၊ မဟာဘုတ်လေးပါးတို့ကို မှီ၍ဖြစ်သော ရုပ်သည်လည်းကောင်း ရှိ၏၊ ဤသဘောကို ရုပ်ဟု ဆိုအပ်၏။
ဤဆိုခဲ့ပြီးသော နာမ်ကိုလည်းကောင်း၊ ဤဆိုခဲ့ပြီးသော ရုပ်ကိုလည်းကောင်း သိမှု ‘ဝိညာဏ်’ဟူသောအကြောင်းကြောင့်ဖြစ်သော နာမ်ရုပ်ဟု ဆိုအပ်၏။
(၅) သဠာယတန
၂၂၉။ ထိုအင်္ဂါ၁၂-ပါးတို့တွင် အဘယ်သည် နာမ်ရုပ်ဟူသော အကြောင်းကြောင့်ဖြစ်သော အာယတနခြောက်ပါး မည်သနည်း။
မြင်သိစိတ်ဖြစ်ရာ မျက်စိအကြည် ‘စက္ခာယတန’၊ ကြားသိစိတ်ဖြစ်ရာ နားအကြည် ‘သောတာယတန’၊ နံသိစိတ်ဖြစ်ရာ နှာခေါင်းအကြည် ‘ဃာနာယတန’၊ လျက်သိစိတ်ဖြစ်ရာ လျှာအကြည် ‘ဇိဝှါ ယတန’၊ ထိသိစိတ်ဖြစ်ရာ ကိုယ်အကြည် ‘ကာယာယတန’၊ သိမှု စိတ်ဖြစ်ရာ မနောအကြည် ‘မနာ ယတန’ သည် ရှိ၏။ ဤသဘောကို နာမ်ရုပ်ဟူသော အကြောင်းကြောင့်ဖြစ်သော အာယတနခြောက်ပါး ဟု ဆိုအပ်၏။
--
(၆) ဖဿ
၂၃၀။ ထိုအင်္ဂါ၁၂-ပါးတို့တွင် အဘယ်သည် အာယတနခြောက်ပါးဟူသော အကြောင်းကြောင့် ဖြစ်သော တွေ့ထိမှု ‘ဖဿ’ မည်သနည်း။
မြင်သိစိတ်နှင့်ယှဉ်သော တွေ့ထိမှု ‘ဖဿ’၊ ကြားသိစိတ်နှင့်ယှဉ်သော တွေ့ထိမှု ‘ဖဿ’၊ နံသိစိတ်နှင့်ယှဉ်သော တွေ့ထိမှု ‘ဖဿ’၊ လျက်သိစိတ်နှင့်ယှဉ်သော တွေ့ထိမှု ‘ဖဿ’၊ ထိသိစိတ်နှင့်ယှဉ်သောတွေ့ထိမှု ‘ဖဿ’၊ သိမှု စိတ်နှင့်ယှဉ်သော တွေ့ထိမှု ‘ဖဿ’ သည် ရှိ၏။ ဤသဘောကို အာယတနခြောက်ပါးဟူသော အကြောင်းကြောင့်ဖြစ်သော တွေ့ထိမှု ‘ဖဿ’ ဟု ဆိုအပ်၏။
(၇) ဝေဒနာ
၂၃၁။ ထိုအင်္ဂါ၁၂-ပါးတို့တွင် အဘယ်သည် တွေ့ထိမှု ‘ဖဿ’ဟူသော အကြောင်းကြောင့်ဖြစ်သော ခံစားမှု ‘ဝေဒနာ’ မည်သနည်း။
မြင်သိစိတ်နှင့်ယှဉ်သော တွေ့ထိမှု ‘ဖဿ’ ကြောင့်ဖြစ်သော ခံစားမှု ‘ဝေဒနာ’၊ ကြားသိစိတ်နှင့် ယှဉ်သောတွေ့ထိမှု ‘ဖဿ’ ကြောင့်ဖြစ်သော ခံစားမှု ‘ဝေဒနာ’၊ နံသိစိတ်နှင့်ယှဉ်သော တွေ့ထိမှု ‘ဖဿ’ ကြောင့်ဖြစ်သော ခံစားမှု ‘ဝေဒနာ’၊ လျက်သိစိတ်နှင့်ယှဉ်သော တွေ့ထိမှု ‘ဖဿ’ ကြောင့်ဖြစ်သော ခံစားမှု ‘ဝေဒနာ’၊ ထိသိစိတ်နှင့် ယှဉ်သော တွေ့ထိမှု ‘ဖဿ’ ကြောင့်ဖြစ်သော ခံစားမှု ‘ဝေဒနာ’၊ သိမှု စိတ်နှင့်ယှဉ်သော တွေ့ထိမှု ‘ဖဿ’ ကြောင့် ဖြစ်သော ခံစားမှု ‘ဝေဒနာ’ သည် ရှိ၏၊ ဤသဘောကို တွေ့ထိမှု ‘ဖဿ’ဟူသော အကြောင်းကြောင့်ဖြစ်သော ခံစားမှု ဝေဒနာဟု ဆိုအပ်၏။
(၈) တဏှာ
၂၃၂။ ထိုအင်္ဂါ၁၂-ပါးတို့တွင် အဘယ်သည် ခံစားမှု ဝေဒနာဟူသော အကြောင်းကြောင့်ဖြစ်သော တပ်နှစ်သက်မှု ‘တဏှာ’ မည်သနည်း။
အဆင်းရူပါရုံ၌ တပ်နှစ်သက်မှု ၊ အသံသဒ္ဒါရုံ၌ တပ်နှစ်သက်မှု ၊ အနံ့ဂန္ဓာရုံ၌ တပ်နှစ်သက်မှု ၊ အရသာရသာရုံ၌ တပ်နှစ်သက်မှု ၊ အတွေ့ဖေါဋ္ဌဗ္ဗာရုံ၌ တပ်နှစ်သက်မှု ၊ သဘောတရား ဓမ္မာရုံ၌ တပ်နှစ်သက်မှုသည် ရှိ၏၊ ဤသဘောကို ခံစားမှု ဝေဒနာဟူသော အကြောင်းကြောင့်ဖြစ်သော တပ်နှစ်သက်မှု ‘တဏှာ’ ဟု ဆိုအပ်၏။
(၉) ဥပါဒါန်
၂၃၃။ ထိုအင်္ဂါ၁၂-ပါးတို့တွင် အဘယ်သည် တပ်နှစ်သက်မှု ‘တဏှာ’ဟူသော အကြောင်းကြောင့်ဖြစ်သော စွဲလမ်းမှု ‘ဥပါဒါန်’ မည်သနည်း။
ကာမဂုဏ်တို့ကို စွဲလမ်းမှု ‘ကာမုပါဒါန်’၊ မှားသောအယူဝါဒကို စွဲလမ်းမှု ‘ဒိဋ္ဌုပါဒါန်’၊ မှားသောသီလအကျင့်တို့ကို စွဲလမ်းမှု ‘သီလဗ္ဗတုပါဒါန်’၊ အတ္တရှိ၏ဟူသော ဝါဒကို စွဲလမ်းမှု ‘အတ္တဝါဒုပါဒါန်’ သည် ရှိ၏။ ဤသဘောကို တပ်နှစ်သက်မှု ‘တဏှာ’ဟူသော အကြောင်းကြောင့်ဖြစ်သော စွဲလမ်းမှု ‘ဥပါဒါန်’ ဟု ဆိုအပ်၏။
--
(၁၀) ဘဝ
၂၃၄။ ထိုအင်္ဂါ၁၂-ပါးတို့တွင် အဘယ်သည် စွဲလမ်းမှု ‘ဥပါဒါန်’ဟူသော အကြောင်းကြောင့်ဖြစ်သော ‘ဘဝ’ မည်သနည်း။
နှစ်ပါးအပြားအားဖြင့် ဘဝသည် ဖြစ်၏။
(က) ဘုံဘဝသို့ ရောက်စေတတ်သော ကုသိုလ်, အကုသိုလ်ကံဟူသော ကမ္မဘဝသည် ရှိ၏။
(ခ) သတ္တဝါတို့၏ဖြစ်ရာ ဘုံဘဝဟူသော ဥပပတ္တိဘဝသည် ရှိ၏။
ကမ္မဘဝ
ထိုဘဝနှစ်မျိုးတို့တွင် အဘယ်သည် ဘုံဘဝသို့ ရောက်စေတတ်သော ကုသိုလ်, အကုသိုလ်ကံဟူသော ကမ္မဘဝ မည်သနည်း။
လောကီ (ကာမ, ရူပ) ကောင်းမှုကုသိုလ် ပြုလုပ်မှု ‘ပုညာဘိသင်္ခါရ’၊ မကောင်းမှု အကုသိုလ် ပြုလုပ်မှု ‘အပုညာဘိသင်္ခါရ’၊ အရူပဈာန်တရားအားထုတ်မှု ‘အာနေဉ္ဇာဘိသင်္ခါရ’ သည် ရှိ၏။ ဤသဘောကိုကမ္မဘဝ ဟု ဆိုအပ်၏။ ဘုံဘဝသို့ ရောက်စေတတ်သော ကံတရားအားလုံးသည်လည်း ကမ္မဘဝမည်၏။
ဥပပတ္တိဘဝ
ထိုဘဝနှစ်မျိုးတို့တွင် အဘယ်သည် သတ္တဝါတို့၏ ဖြစ်ရာဘုံဘဝဟူသော ဥပပတ္တိဘဝ မည်သနည်း။
(က) ကာမသတ္တဝါတို့၏ဖြစ်ရာ ကာမ-၁၁-ဘုံဟူသော ကာမဘ၀။
(ခ) ရူပဗြဟ္မာတို့၏ဖြစ်ရာ ရူပ၁၆-ဘုံဟူသော ရူပဘ၀။
(ဂ) အရူပဗြဟ္မာတို့၏ဖြစ်ရာ အရူပ ၄-ဘုံဟူသော အရူပဘ၀။
(ဃ) နာမ်ရှိသော သတ္တဝါတို့၏ဖြစ်ရာ သညီဘ၀။
(င) နာမ်မဲ့သောသတ္တဝါတို့၏ဖြစ်ရာ အသညီဘ၀။
(စ) နာမ်ရှိလည်းမဟုတ် နာမ်မဲ့လည်းမဟုတ် (ထင်ရှားသော နာမ်မရှိ, သိမ်မွေ့သော နာမ်သာရှိ) သော သတ္တဝါတို့၏ဖြစ်ရာ နေဝသညီနာသညီဘ၀။
(ဆ) ခန္ဓာတစ်ပါးသာရှိသော သတ္တဝါတို့၏ဖြစ်ရာ ဧကဝေါကာရဘ၀။
(ဇ) နာမ်ခန္ဓာလေးပါးရှိသော သတ္တဝါတို့၏ဖြစ်ရာ စတုဝေါကာရဘ၀။
(ဈ) ခန္ဓာငါးပါးရှိသော သတ္တဝါတို့၏ဖြစ်ရာ ပဉ္စဝေါကာရဘဝသည် ရှိ၏။
ဤသဘောကို သတ္တဝါတို့၏ ဖြစ်ရာ ဘုံဘဝဟူသော ဥပပတ္တိဘဝဟု ဆိုအပ်၏။
ဤတရားတို့ကို စွဲလမ်းမှုဟူသော အကြောင်းကြောင့်ဖြစ်သော ဘဝဟု ဆိုအပ်ကုန်၏။
(၁၁) ဇာတိ
၂၃၅။ ထိုအင်္ဂါ၁၂-ပါးတို့တွင် အဘယ်သည် ဘဝဟူသော အကြောင်းကြောင့်ဖြစ်သောပဋိသန္ဓေ နေခြင်း ‘ဇာတိ’ မည်သနည်း။
ထိုထိုသတ္တဝါတို့၏ ထိုထိုအမျိုးဇာတ်၌ ပဋိသန္ဓေနေခြင်း ‘ဇာတိ’၊ ကောင်းစွာပဋိသန္ဓေနေခြင်း ‘သဉ္စာတိ’၊ အမိဝမ်းသို့သက်ဝင်ခြင်း ‘ဩက္ကန္တိ’၊ ကိုယ်ထင်ရှားဖြစ်ခြင်း ‘အဘိနိဗ္ဗတ္တိ’၊ ခန္ဓာတို့၏ ထင်ရှားဖြစ်ခြင်း ‘ပါတုဘာဝ’၊ အာယတနတို့ကို အသစ်ရခြင်း ‘ပဋိလာဘ’ သည် ရှိ၏။ ဤသဘောကိုဘဝဟူသော အကြောင်းကြောင့်ဖြစ်သော ပဋိသန္ဓေနေခြင်း ‘ဇာတိ’ ဟု ဆိုအပ်၏။
--
(၁၂) ဇရာမရဏ
၂၃၆။ ထိုအင်္ဂါ၁၂-ပါးတို့တွင် အဘယ်သည် ပဋိသန္ဓေနေခြင်း ဇာတိ’ဟူသောအကြောင်းကြောင့်ဖြစ်သော အိုခြင်း, သေခြင်း ‘ဇရာမရဏ’ မည်သနည်း။
အိုခြင်း ‘ဇရာ’ သည် ရှိ၏၊ သေခြင်း ‘မရဏ’ သည် ရှိ၏။
ဇရာ
ထိုနှစ်ပါးတို့တွင် အဘယ်သည် အိုခြင်း ‘ဇရာ’ မည်သနည်း။
ထိုထိုသတ္တဝါတို့၏ ထိုထိုသတ္တဝါအပေါင်း၌ အိုမင်းခြင်း ‘ဇရာ’၊ ရင့်ရော်ခြင်း ‘ဇီရဏတာ’၊ သွားကျိုးခြင်း ‘ခဏ္ဍိစ္စ’၊ ဆံဖြူခြင်း ‘ပါလိစ္စ’၊ အရေတွန့်ခြင်း ‘ဝလိတ္တစတာ’၊ အသက်၏ဆုတ်ယုတ်ခြင်း ‘သံဟာနိ’၊ ဣန္ဒြေတို့၏ ရင့်ကျက်ခြင်း ‘ပရိပါက’ သည် ရှိ၏။ ဤသဘောကို အိုခြင်း ‘ဇရာ’ ဟု ဆိုအပ်၏။
မရဏ
ထိုနှစ်မျိုးတို့တွင် အဘယ်သည် သေခြင်း ‘မရဏ’ မည်သနည်း။
ထိုထိုသတ္တဝါတို့၏ ထိုထိုသတ္တဝါအပေါင်းမှ စုတေခြင်း ‘စုတိ’၊ ရွေ့လျော့ခြင်း ‘စဝနတာ’၊ ပျက်စီးခြင်း ‘ဘေဒေါ’၊ ကွယ်ပျောက်ခြင်း ‘အန္တရဓာန’၊ သက်ပြတ်သေဆုံးခြင်း ‘မစ္စုမရဏ’၊ သေဆုံးချိန်ကို ပြုခြင်း ‘ကာလကိရိယာ’၊ ခန္ဓာတို့၏ ပျက်စီးခြင်း ‘ခန္ဓဘေဒ’၊ အလောင်းကောင်ကို စွန့်ပစ်ခြင်း ‘ကဠေဝရနိက္ခေပ’၊ ဇီဝိတိန္ဒြေ၏ ပြတ်ခြင်း ‘ဇီဝိတိန္ဒြိယဥပစ္ဆေဒ’ သည် ရှိ၏။ ဤသဘောကို သေခြင်း ‘မရဏ’ ဟု ဆိုအပ်၏။
ဤသို့ ဤဆိုခဲ့ပြီးသော အိုခြင်း ‘ဇရာ', ဤဆိုခဲ့ပြီးသော သေခြင်း ‘မရဏ’ ကို ပဋိသန္ဓေနေခြင်း ‘ဇာတိ’ဟူသော အကြောင်းကြောင့်ဖြစ်သော အိုခြင်း ဇရာ', သေခြင်း ‘မရဏ’ ဟု ဆိုအပ်၏။
--
ဇာတိအကျိုးဆက်တရား ငါးပါး
သောက
၂၃၇။ ထိုငါးပါးတို့တွင် အဘယ်သည် စိုးရိမ်ခြင်း ‘သောက’ မည်သနည်း။
ဆွေမျိုးပျက်စီးခြင်းနှင့် တွေ့သောသူ၏လည်းကောင်း၊ စီးပွါးပျက်စီးခြင်းနှင့် တွေ့သောသူ၏ လည်းကောင်း၊ အနာရောဂါနှိပ်စက်ခြင်းနှင့် တွေ့သောသူ၏လည်းကောင်း၊ သီလပျက်စီးခြင်းနှင့် တွေ့သောသူ၏လည်းကောင်း၊ အယူပျက်စီးခြင်းနှင့် တွေ့သောသူ၏လည်းကောင်း၊ ပျက်စီးခြင်းတစ်ခုခုနှင့်တွေ့သောသူ၏ လည်းကောင်း၊ ဆင်းရဲမှု တစ်ခုခုနှင့် တွေ့သောသူ၏လည်းကောင်း စိုးရိမ်ခြင်း ‘သောက’၊ စိုးရိမ်ခြင်း အခြင်းအရာ ‘သောစနာ’၊ စိုးရိမ်သူ၏အဖြစ် ‘သောစိတတ္တ’၊ အတွင်းဆွေးဆွေးခြင်း ‘အန္တောသောက’၊ အတွင်းပူပူခြင်း ‘အန္တောပရိသောက’၊ ကြံမှိုင်ခြင်း ‘ပရိဇ္ဈာယန’၊ စိတ်ဆင်းရဲခြင်း ‘ဒေါမနဿ’၊ သောက ငြောင့်စူးဝင်ခြင်း ‘သောကသလ္လ’ သည် ရှိ၏။ ဤသဘောကို စိုးရိမ်မှု ‘သောက’ ဟု ဆိုအပ်၏။
ပရိဒေဝ
၂၃၈။ ထိုငါးပါးတို့တွင် အဘယ်သည် ငိုကြွေးခြင်း ‘ပရိဒေဝ’ မည်သနည်း။
ဆွေမျိုးပျက်စီးခြင်းနှင့် တွေ့သောသူ၏လည်းကောင်း၊ စီးပွါးပျက်စီးခြင်းနှင့် တွေ့သောသူ၏လည်းကောင်း၊ အနာရောဂါနှိပ်စက်ခြင်းနှင့် တွေ့သောသူ၏လည်းကောင်း၊ သီလပျက်စီးခြင်းနှင့်တွေ့သော သူ၏လည်းကောင်း၊ အယူပျက်စီးခြင်းနှင့် တွေ့သောသူ၏လည်းကောင်း၊ ပျက်စီးခြင်းတစ်ခုခုနှင့် တွေ့သောသူ၏လည်းကောင်း၊ ဆင်းရဲမှု တစ်ခုခုနှင့် တွေ့သောသူ၏လည်းကောင်း၊ တစ်စုံတစ်ယောက်ကို ရည်ညွှန်း၍ ငိုကြွေးခြင်း ‘အာဒေဝ’၊ ဂုဏ်ကျေးဇူးကို ဖွဲ့နွဲ့၍ ငိုကြွေးခြင်း ‘ပရိဒေဝ’၊ တစ်စုံတစ်ယောက်ကိုရည်ညွှန်း၍ ငိုကြွေးသောအခြင်းအရာ ‘အာဒေဝနာ’၊ ဂုဏ်ကျေးဇူးကို ဖွဲ့နွဲ့၍ငိုကြွေးသောအခြင်းအရာ ‘ပရိဒေဝနာ’၊ တစ်စုံတစ်ယောက်ကိုရည်ညွှန်း၍ ငိုကြွေးသူ၏အဖြစ် ‘အာဒေဝိတတ္တ’၊ ဂုဏ်ကျေးဇူးကို ဖွဲ့နွဲ့၍ ငိုကြွေးသူ၏ အဖြစ် ‘ပရိဒေဝိတတ္တ’၊ ပြော၍ငိုခြင်း ‘ဝါစာ’၊ အကျိုးမဲ့ကိုပြော၍ငိုခြင်း ‘ပလာပ’၊ ကယောင်ကတမ်း ပြောဆို ငိုကြွေးခြင်း ‘ဝိပ္ပလာပ’၊ အထပ်ထပ်ပြောဆိုငိုကြွေးခြင်း ‘လာလပ္ပ’၊ အထပ်ထပ်ပြောဆိုငိုကြွေးသော အခြင်း အရာ ‘လာလပ္ပနာ’၊ အထပ်ထပ်ပြောဆိုငိုကြွေးသူ၏အဖြစ် ‘လာလပ္ပိတတ္တ'သည် ရှိ၏။ ဤသဘောကို ငိုကြွေးခြင်း ‘ပရိဒေဝ’ ဟု ဆိုအပ်၏။
ဒုက္ခ
၂၃၉။ ထိုငါးပါးတို့တွင် အဘယ်သည် ကိုယ်ဆင်းရဲမှု ‘ဒုက္ခ’ မည်သနည်း။
ကိုယ်၌ ဖြစ်သော မသာယာမှု ၊ ကိုယ်၌ ဖြစ်သော ဆင်းရဲမှု ၊ ကိုယ်အတွေ့၌ ဖြစ်သော မသာယာမှု ၊ ဆင်းရဲကိုခံစားမှု ၊ ကိုယ်အတွေ့ကြောင့်ဖြစ်သော မသာယာဖွယ်ဆင်းရဲကို ခံစားသောအခြင်းအရာသည် ရှိ၏။ ဤသဘောကို ကိုယ်ဆင်းရဲမှု ‘ဒုက္ခ’ ဟု ဆိုအပ်၏။
--
ဒေါမနဿ
၂၄၀။ ထိုငါးပါးတို့တွင် အဘယ်သည် စိတ်ဆင်းရဲမှု ‘ဒေါမနဿ’ မည်သနည်း။
စိတ်၌ ဖြစ်သော မသာယာမှု ၊ စိတ်၌ ဖြစ်သော ဆင်းရဲမှု ၊ စိတ်အတွေ့ကြောင့်ဖြစ်သော မသာယာမှု ၊ စိတ်ဆင်းရဲမှုကို ခံစားရမှု ၊ စိတ်အတွေ့ကြောင့်ဖြစ်သော မသာယာဖွယ်ဆင်းရဲကို ခံစားသောအခြင်းအရာသည် ရှိ၏။ ဤသဘောကို စိတ်ဆင်းရဲမှု ‘ဒေါမနဿ’ ဟု ဆိုအပ်၏။
ဥပါယာသ
၂၄၁။ ထိုငါးပါးတို့တွင် အဘယ်သည် ပြင်းစွာပူပန်ခြင်း ‘ဥပါယာသ’ မည်သနည်း။
ဆွေမျိုးပျက်စီးခြင်းနှင့် တွေ့သောသူ၏လည်းကောင်း၊ စီးပွါးပျက်စီးခြင်းနှင့် တွေ့သောသူ၏လည်းကောင်း၊ အနာရောဂါနှိပ်စက်ခြင်းနှင့် တွေ့သောသူ၏လည်းကောင်း၊ သီလပျက်စီးခြင်းနှင့် တွေ့သောသူ၏လည်းကောင်း၊ အယူပျက်စီးခြင်းနှင့် တွေ့သောသူ၏လည်းကောင်း၊ ပျက်စီးခြင်းတစ်ခုခုနှင့်တွေ့သောသူ၏ လည်းကောင်း၊ ဆင်းရဲမှု တစ်ခုခုနှင့် တွေ့သောသူ၏လည်းကောင်း ပြင်းစွာပူလောင်ပင်ပန်းခြင်း (အာယာသ)၊ အလွန်ပြင်းစွာ ပူလောင်ပင်ပန်းခြင်း (ဥပါယာသ)၊ ပြင်းစွာပူလောင်ပင်ပန်းသူ၏အဖြစ် (အာယာသိတက္က)၊ အလွန်ပြင်းစွာ ပူလောင်ပင်ပန်းသူ၏အဖြစ် (ဥပါယာသိတက္က) သည် ရှိ၏။ ဤသဘော ကို ပြင်းစွာပူပန်ခြင်း ‘ဥပါယာသ’ ဟု ဆိုအပ်၏။
၂၄၂။ “ဤဆိုခဲ့ပြီးသောနည်းဖြင့် ချမ်းသာနှင့်မရောသော ဤဆင်းရဲအစုအပုံ၏ ထင်ရှား ဖြစ်ပေါ်ခြင်းသည် ဖြစ်၏”ဟူသော စကား၌ ဆင်းရဲအစု၏ ပေါင်းဆုံခြင်းသည် အညီအညွတ် ရောက်ခြင်းသည်ပေါင်းခြင်းသည် ထင်ရှားဖြစ်ခြင်းသည် ဖြစ်၏ဟု ဆိုလိုသည်။
သုတ္တန်နည်းဖြင့် ဝေဖန်ဟောကြားသော ‘သုတ္တန္တဘာဇနီယနည်း’ ပြီး၏။
--
၂ -အဘိဓမ္မာဘာဇနီယ
(အဘိဓမ္မာနည်းဖြင့်ဝေဖန်ဟောကြားသော ‘အဘိဓမ္မာဘာဇနီယ'နည်း)
၁-အကုသိုလ်တရားတို့၌ ပဋိစ္စသမုပ္ပါဒ်လှည့်နည်းအကျဉ်း
၁-အဝိဇ္ဇာကို အဦးထားသော အဝိဇ္ဇာမူလကနယအကျဉ်း
၁-ပစ္စယသဒ္ဒါနှင့် ဟောသော ဝါရလေးမျိုးအကျဉ်း
(၁) မပြည့်မစုံ အင်္ဂါ၁၂-ပါးရှိသော ဝါရ။
၂၄၃။ (၁) မသိမှု ‘အဝိဇ္ဇာ’ကြောင့် ပြုစီရင်မှု ‘သင်္ခါရ'ဖြစ်၏။
(၂) ပြုစီရင်မှု ‘သင်္ခါရ'ကြောင့် သိမှု ‘ဝိညာဏ်'ဖြစ်၏။
(၃) ‘သိမှု'ဝိညာဏ်ကြောင့် နာမ်ဖြစ်၏။
(၄) နာမ်ကြောင့် ခြောက်ခုမြောက်မနာယတနဖြစ်၏။
(၅) ခြောက်ခုမြောက်မနာယတနကြောင့် တွေ့ထိမှု ‘ဖဿ’ ဖြစ်၏။
(၆) တွေ့ထိမှု ‘ဖဿ’ ကြောင့် ခံစားမှု ‘ဝေဒနာ’ ဖြစ်၏။
(၇) ခံစားမှု ဝေဒနာကြောင့် တပ်မက်မှု ‘တဏှာ’ ဖြစ်၏။
(၈) တပ်မက်မှု ‘တဏှာ'ကြောင့် စွဲလမ်းမှု ‘ဥပါဒါန်’ ဖြစ်၏။
(၉) စွဲလမ်းမှု ‘ဥပါဒါန်’ ကြောင့် ကမ္မဘဝဖြစ်၏။
(၁၀) ကမ္မဘဝကြောင့် ပဋိသန္ဓေနေခြင်း ‘ဇာတိ’ ဖြစ်၏။
(၁၁) ပဋိသန္ဓေနေခြင်း ‘ဇာတိ'ကြောင့်
(၁၂) အိုခြင်း သေခြင်း ‘ဇရာမရဏ’ ဖြစ်၏။ ဤဆိုခဲ့ပြီးသောနည်းဖြင့် ချမ်းသာနှင့် မရောသော ဤဆင်းရဲအစုအပုံ၏ ထင်ရှားဖြစ်ပေါ်မှုသည် ဖြစ်၏။
မှတ်ချက်။ ။ ဤဝါရ၌ အင်္ဂါ-၁၂-ပါးဆိုသော်လည်း နာမ်ရုပ်ဟူသော အင်္ဂါ၊ သဠာယတနဟူသော အင်္ဂါ- ၂-ပါး အပြည့်အစုံမပါသဖြင့် အပရိပုဏ္ဏအင်္ဂဒွယယုတ္တဒွါဒသင်္ဂိကဝါရဟု အဋ္ဌကထာ (နှာ-၁၉၀)၌ ဆိုသည်)။
--
(၂) မပြည့်မစုံ အင်္ဂါ-၁၁-ပါးရှိသောဝါရ
(၁) ‘မသိမှု'အဝိဇ္ဇာကြောင့် ပြုစီရင်မှု ‘သင်္ခါရ'ဖြစ်၏။
(၂) ပြုစီရင်မှု ‘သင်္ခါရ'ကြောင့် သိမှု ‘ဝိညာဏ်’ ဖြစ်၏။
(၃) သိမှု ‘ဝိညာဏ်'ကြောင့် နာမ်ဖြစ်၏။
(၄) နာမ်ကြောင့် တွေ့ထိမှု ‘ဖဿ’ ဖြစ်၏။
(၅) တွေ့ထိမှု ‘ဖဿ’ ကြောင့် ခံစားမှု ‘ဝေဒနာ’ ဖြစ်၏။
(၆) ခံစားမှု ‘ဝေဒနာ’ ကြောင့် တပ်မက်မှု ‘တဏှာ’ ဖြစ်၏။
(၇) တပ်မက်မှု ‘တဏှာ’ ကြောင့် စွဲလမ်းမှု ‘ဥပါဒါန်’ ဖြစ်၏။
(၈) စွဲလမ်းမှု ‘ဥပါဒါန်’ ကြောင့် ကမ္မဘဝဖြစ်၏။
(၉) ကမ္မဘဝကြောင့် ပဋိသန္ဓေနေခြင်း ‘ဇာတိ’ ဖြစ်၏။
(၁၀) ပဋိသန္ဓေနေခြင်း ‘ဇာတိ'ကြောင့်
(၁၁) အိုခြင်း သေခြင်း ‘ဇရာမရဏ’ ဖြစ်၏။ ဤဆိုခဲ့ပြီးသောနည်းဖြင့် ချမ်းသာနှင့် မရောသော ဤဆင်းရဲမှု အစုအပုံ၏ ထင်ရှားဖြစ်ပေါ်မှုသည် ဖြစ်၏။
မှတ်ချက်။ ။ ဤဝါရကို သဠာယတနအင်္ဂါမပါသောကြောင့် အပရိပုဏ္ဏဧကာဒသင်္ဂိကဝါရဟု အဋ္ဌကထာ (၁၉၀)၌ ဆိုသည်။
--
(၃) အပြည့်အစုံ အင်္ဂါ-၁၂-ပါးရှိသော ဝါရ
(၁) မသိမှု အဝိဇ္ဇာကြောင့် ပြုစီရင်မှု သင်္ခါရဖြစ်၏။
(၂) ပြုစီရင်မှု သင်္ခါရကြောင့် သိမှု ဝိညာဏ်ဖြစ်၏။
(၃) သိမှု ဝိညာဏ်ကြောင့် နာမ်ရုပ်ဖြစ်၏။
(၄) နာမ်ရုပ်ကြောင့် မနာယတနဖြစ်၏။
(၅) မနာယတနကြောင့် တွေ့ထိမှု ‘ဖဿ’ ဖြစ်၏။
(၆) တွေ့ထိမှု ‘ဖဿ’ ကြောင့် ခံစားမှု ‘ဝေဒနာ’ သည် ဖြစ်၏။
(၇) ခံစားမှု ‘ဝေဒနာ’ ကြောင့် တပ်မက်မှု ‘တဏှာ’ ဖြစ်၏။
(၈) တပ်မက်မှု ‘တဏှာ’ ကြောင့် စွဲလမ်းမှု ‘ဥပါဒါန်’ ဖြစ်၏။
(၉) စွဲလမ်းမှု ‘ဥပါဒါန်’ ကြောင့် ‘ကမ္မဘဝ’ သည် ဖြစ်၏။
(၁၀) ကမ္မဘဝကြောင့် ပဋိသန္ဓေနေခြင်း ‘ဇာတိ’ သည် ဖြစ်၏။
(၁၁) ပဋိသန္ဓေနေခြင်း ‘ဇာတိ’ ကြောင့်
(၁၂) အိုခြင်း သေခြင်း ‘ဇရာမရဏ’ သည် ဖြစ်၏။ ဤဆိုခဲ့ပြီးသော နည်းဖြင့် ချမ်းသာနှင့် မရောသော ဤဆင်းရဲမှု အစုပုံ၏ ထင်ရှားဖြစ်ပေါ်မှုသည် ဖြစ်၏။
မှတ်ချက်။ ။ ဤဝါရကို သဠာယတနနေရာ၌ ဆဋ္ဌာယတနဟု ဆိုသောကြောင့် ပရိပုဏ္ဏဒွါဒသင်္ဂိကဝါရဟုအဋ္ဌကထာ (၁၉၀)၌ ဆိုသည်။
--
(၄) လုံးဝပြည့်စုံအင်္ဂါ-၁၂-ပါးရှိသောဝါရ
(၁) မသိမှု အဝိဇ္ဇာကြောင့် ပြုစီရင်မှု သင်္ခါရဖြစ်၏။
(၂) ပြုစီရင်မှု သင်္ခါရကြောင့် သိမှု ဝိညာဏ်ဖြစ်၏။
(၃) သိမှု ဝိညာဏ်ကြောင့် နာမ်ရုပ်ဖြစ်၏။
(၄) နာမ်ရုပ်ကြောင့် အာယတနခြောက်ပါး ဖြစ်၏။
(၅) မနာယတနကြောင့် တွေ့ထိမှု ‘ဖဿ’ ဖြစ်၏။
(၆) တွေ့ထိမှု ‘ဖဿ’ ကြောင့် ခံစားမှု ‘ဝေဒနာ’ သည် ဖြစ်၏။
(၇) ခံစားမှု ‘ဝေဒနာ’ ကြောင့် တပ်မက်မှု ‘တဏှာ’ ဖြစ်၏။
(၈) တပ်မက်မှု ‘တဏှာ’ ကြောင့် စွဲလမ်းမှု ‘ဥပါဒါန်’ ဖြစ်၏။
(၉) စွဲလမ်းမှု ‘ဥပါဒါန်’ ကြောင့် ကမ္မဘဝ ဖြစ်၏။
(၁၀) ကမ္မဘဝကြောင့် ပဋိသန္ဓေနေခြင်း ‘ဇာတိ’ ဖြစ်၏။
(၁၁) ပဋိသန္ဓေနေခြင်း ‘ဇာတိ'ကြောင့်
(၁၂) အိုခြင်း သေခြင်း ‘ဇရာမရဏ’ ဖြစ်၏။ ဤဆိုခဲ့ပြီးသောနည်းဖြင့် ချမ်းသာနှင့်မရောသော ဤဆင်းရဲအစုအပုံ၏ ထင်ရှားဖြစ်ပေါ်မှုသည် ဖြစ်၏။
ပစ္စယသဒ္ဒါဖြင့်ဟောသော ဝါရလေးမျိုးအကျဉ်းပြီး၏။
--
၂ -ဟေတုသဒ္ဒါနှင့် ဟောသော ဝါရလေးမျိုးအကျဉ်း
(၁) မပြည့်မစုံ အင်္ဂါ၁၂-ပါးရှိသောဝါရ
၂၄၄။ (၁) မသိမှု ‘အဝိဇ္ဇာ’ကြောင့်ဖြစ်သော ပြုစီရင်မှု ‘သင်္ခါရ'သည် မသိမှု ‘အဝိဇ္ဇာ’ဟူသော ဟိတ်ရှိ၏။
(၂) ပြုစီရင်မှု ‘သင်္ခါရ’ ကြောင့်ဖြစ်သော သိမှု ‘ဝိညာဏ်’ သည် ပြုစီရင်မှု (သင်္ခါရ)ဟူသော ဟိတ်ရှိ၏။
(၃) သိမှု ‘ဝိညာဏ်’ ကြောင့်ဖြစ်သော နာမ်သည် သိမှု ‘ဝိညာဏ်’ဟူသော ဟိတ်ရှိ၏။
(၄) နာမ်ကြောင့်ဖြစ်သော ခြောက်ခုမြောက်မနာယတနသည် နာမ်ဟူသော ဟိတ်ရှိ၏။
(၅) ခြောက်ခုမြောက်မနာယတနကြောင့်ဖြစ်သော တွေ့ထိမှု ‘ဖဿ’ သည် ခြောက်ခုမြောက်မနာယတနဟူသော ဟိတ်ရှိ၏။
(၆) တွေ့ထိမှု ‘ဖဿ’ ကြောင့်ဖြစ်သော ခံစားမှု ‘ဝေဒနာ’ သည် တွေ့ထိမှု ‘ဖဿ’ဟူသော ဟိတ်ရှိ၏။
(၇) ခံစားမှု ‘ဝေဒနာ’ ကြောင့်ဖြစ်သော တပ်မက်မှု ‘တဏှာ’ သည် ခံစားမှု ‘ဝေဒနာ’ဟူသော ဟိတ်ရှိ၏။
(၈) တပ်မက်မှု ‘တဏှာ’ ကြောင့်ဖြစ်သော စွဲလမ်းမှု ‘ဥပါဒါန်’ သည် တပ်မက်မှု ‘တဏှာ’ဟူသောဟိတ်ရှိ၏။
(၉) စွဲလမ်းမှု ‘ဥပါဒါန်’ ကြောင့် ‘ကမ္မဘဝ’ ဖြစ်၏။
(၁၀) ကမ္မဘဝကြောင့် ပဋိသန္ဓေနေခြင်း ‘ဇာတိ’ ဖြစ်၏။
(၁၁) ပဋိသန္ဓေနေခြင်း ‘ဇာတိ’ ကြောင့်
(၁၂) အိုခြင်း သေခြင်း ‘ဇရာမရဏ’ ဖြစ်၏။ ဤဆိုခဲ့ပြီးသောနည်းဖြင့် ချမ်းသာနှင့်မရောသော ဤဆင်းရဲအစုအပုံ၏ ထင်ရှားဖြစ်ပေါ်မှုသည် ဖြစ်၏။
--
(၂) မပြည့်မစုံ အင်္ဂါ၁၁-ပါးရှိသော ဝါရ
(၁) မသိမှု အဝိဇ္ဇာကြောင့်ဖြစ်သော ပြုစီရင်မှု ‘သင်္ခါရ'သည် မသိမှု အဝိဇ္ဇာဟူသော ဟိတ်ရှိ၏။
(၂) ပြုစီရင်မှု ‘သင်္ခါရ’ ကြောင့်ဖြစ်သော သိမှု ‘ဝိညာဏ်’ သည် ပြုစီရင်မှု သင်္ခါရဟူသော ဟိတ် ရှိ၏။
(၃) သိမှု ‘ဝိညာဏ်’ ကြောင့်ဖြစ်သော နာမ်သည် သိမှု ‘ဝိညာဏ်’ဟူသော ဟိတ်ရှိ၏။
(၄) နာမ်ကြောင့်ဖြစ်သော တွေ့ထိမှု ‘ဖဿ’ သည် နာမ်ဟူသော ဟိတ်ရှိ၏။
(၅) တွေ့ထိမှု ‘ဖဿ’ ကြောင့်ဖြစ်သော ခံစားမှု ‘ဝေဒနာ’ သည် တွေ့ထိမှု ‘ဖဿ’ဟူသော ဟိတ်ရှိ၏။
(၆) ခံစားမှု ‘ဝေဒနာ’ ကြောင့်ဖြစ်သော တပ်မက်မှု ‘တဏှာ’ သည် ခံစားမှု ‘ဝေဒနာ’ဟူသော ဟိတ်ရှိ၏။
(၇) တပ်မက်မှု ‘တဏှာ’ ကြောင့်ဖြစ်သော စွဲလမ်းမှု ‘ဥပါဒါန်’ သည် တပ်မက်မှု ‘တဏှာ’ဟူသောဟိတ် ရှိ၏။
(၈) စွဲလမ်းမှု ‘ဥပါဒါန်’ ကြောင့် ‘ကမ္မဘဝ’ ဖြစ်၏။
(၉) ကမ္မဘဝကြောင့် ပဋိသန္ဓေနေခြင်း ‘ဇာတိ’ ဖြစ်၏။
(၁၀) ပဋိသန္ဓေနေခြင်း ‘ဇာတိ’ ကြောင့်
(၁၁) အိုခြင်း သေခြင်း ‘ဇရာမရဏ’ ဖြစ်၏။ ဤဆိုခဲ့ပြီးသောနည်းဖြင့် ချမ်းသာနှင့်မရောသော ဤဆင်းရဲအစုအပုံ၏ ထင်ရှားဖြစ်ပေါ်မှုသည် ဖြစ်၏။
--
(၃) အပြည့်အစုံ အင်္ဂါ-၁၂-ပါးရှိသော ဝါရ
(၁) ‘မသိမှု'အဝိဇ္ဇာကြောင့်ဖြစ်သော ပြုစီရင်မှု ‘သင်္ခါရ'သည် မသိမှု ‘အဝိဇ္ဇာ’ဟူသော ဟိတ်ရှိ၏။
(၂) ပြုစီရင်မှု ‘သင်္ခါရ’ ကြောင့်ဖြစ်သော သိမှု ‘ဝိညာဏ်’ သည် ပြုစီရင်မှု သင်္ခါရဟူသော ဟိတ်ရှိ၏။
(၃) သိမှု ‘ဝိညာဏ်’ ကြောင့်ဖြစ်သော နာမ်ရုပ်သည် သိမှု ‘ဝိညာဏ်’ဟူသော ဟိတ်ရှိ၏။
(၄) နာမ်ရုပ်ကြောင့်ဖြစ်သော ခြောက်ခုမြောက်မနာယတနသည် နာမ်ရုပ်ဟူသော ဟိတ်ရှိ၏။
(၅) ခြောက်ခုမြောက်မနာယတနကြောင့်ဖြစ်သော တွေ့ထိမှု ‘ဖဿ’ သည် ခြောက်ခုမြောက်မနာယတနဟူသော ဟိတ်ရှိ၏။
(၆) တွေ့ထိမှု ‘ဖဿ’ ကြောင့်ဖြစ်သော ခံစားမှု ‘ဝေဒနာ’ သည် တွေ့ထိမှု ‘ဖဿ’ဟူသော ဟိတ်ရှိ၏။
(၇) ခံစားမှု ဝေဒနာကြောင့်ဖြစ်သော တပ်မက်မှု ‘တဏှာ’ သည် ခံစားမှု ‘ဝေဒနာ’ဟူသော ဟိတ်ရှိ၏။
(၈) တပ်မက်မှု ‘တဏှာ’ ကြောင့်ဖြစ်သော စွဲလမ်းမှု ‘ဥပါဒါန်’ သည် တပ်မက်မှု ‘တဏှာ’ဟူသောဟိတ်ရှိ၏။
(၉) စွဲလမ်းမှု ‘ဥပါဒါန်’ ကြောင့် ကမ္မဘဝ ဖြစ်၏။
(၁၀) ကမ္မဘဝကြောင့် ပဋိသန္ဓေနေခြင်း ‘ဇာတိ’ ဖြစ်၏။
(၁၁) ပဋိသန္ဓေနေခြင်း ‘ဇာတိ’ ကြောင့်
(၁၂) အိုခြင်း သေခြင်း ‘ဇရာမရဏ’ ဖြစ်၏။ ဤဆိုခဲ့ပြီးသောနည်းဖြင့် ချမ်းသာနှင့်မရောသော ဤဆင်းရဲအစုအပုံ၏ ထင်ရှားဖြစ်ပေါ်မှုသည် ဖြစ်၏။
--
(၄) လုံးဝပြည့်စုံသည့် အင်္ဂါ-၁၂-ပါးရှိသော ဝါရ
(၁) မသိမှု ‘အဝိဇ္ဇာ’ကြောင့်ဖြစ်သော ပြုစီရင်မှု ‘သင်္ခါရ'သည် မသိမှု ‘အဝိဇ္ဇာ’ဟူသော ဟိတ်ရှိ၏။
(၂) ပြုစီရင်မှု ‘သင်္ခါရ’ ကြောင့်ဖြစ်သော သိမှု ‘ဝိညာဏ်’ သည် ပြုစီရင်မှု ‘သင်္ခါရ’ဟူသော ဟိတ်ရှိ၏။
(၃) သိမှု ‘ဝိညာဏ်’ ကြောင့်ဖြစ်သော နာမ်ရုပ်သည် သိမှု ‘ဝိညာဏ်’ဟူသော ဟိတ်ရှိ၏။
(၄) နာမ်ရုပ်ကြောင့်ဖြစ်သော အာယတနခြောက်ပါးသည် နာမ်ရုပ်ဟူသော ဟိတ်ရှိ၏။
(၅) ခြောက်ခုမြောက်မနာယတနကြောင့်ဖြစ်သော တွေ့ထိမှု ‘ဖဿ’ သည် ခြောက်ခုမြောက်မနာယတနဟူသော ဟိတ်ရှိ၏။
(၆) တွေ့ထိမှု ‘ဖဿ’ ကြောင့်ဖြစ်သော ခံစားမှု ‘ဝေဒနာ’ သည် တွေ့ထိမှု ‘ဖဿ’ဟူသော ဟိတ်ရှိ၏။
(၇) ခံစားမှု ဝေဒနာကြောင့်ဖြစ်သော တပ်မက်မှု ‘တဏှာ’ သည် ခံစားမှု ‘ဝေဒနာ’ဟူသော ဟိတ်ရှိ၏။
(၈) တပ်မက်မှု ‘တဏှာ’ ကြောင့်ဖြစ်သော စွဲလမ်းမှု ‘ဥပါဒါန်’ သည် တပ်မက်မှု ‘တဏှာ’ဟူသောဟိတ်ရှိ၏။
(၉) စွဲလမ်းမှု ‘ဥပါဒါန်’ ကြောင့် ကမ္မဘဝသည် ဖြစ်၏။
(၁၀) ကမ္မဘဝကြောင့် ပဋိသန္ဓေနေခြင်း ‘ဇာတိ’ သည် ဖြစ်၏။
(၁၁) ပဋိသန္ဓေနေခြင်း ‘ဇာတိ’ ကြောင့်
(၁၂) အိုခြင်း သေခြင်း ‘ဇရာမရဏ’ သည် ဖြစ်၏။ ဤဆိုခဲ့ပြီးသောနည်းဖြင့် ချမ်းသာနှင့်မရောသော ဤဆင်းရဲအစုအပုံ၏ ထင်ရှားဖြစ်ပေါ်မှုသည် ဖြစ်၏။
ဟေတုသဒ္ဒါဖြင့်ဟောသော ဝါရလေးမျိုးအကျဉ်း ပြီး၏။
--
၃-သမ္ပယုတ္တသဒ္ဒါနှင့်ဟောသော ဝါရလေးမျိုးအကျဉ်း
(၁) မပြည့်မစုံ အင်္ဂါ-၁၂-ပါးရှိသောဝါရ
၂၄၅။ (၁) မသိမှု ‘အဝိဇ္ဇာ’ ကြောင့်ဖြစ်သော ပြုစီရင်မှု ‘သင်္ခါရ'သည် မသိမှု ‘အဝိဇ္ဇာ’ နှင့် ယှဉ်၏။
(၂) ပြုစီရင်မှု ‘သင်္ခါရ’ ကြောင့်ဖြစ်သော သိမှု ‘ဝိညာဏ်’ သည် ပြုစီရင်မှု ‘သင်္ခါရ’ နှင့် ယှဉ်၏။
(၃) သိမှု ‘ဝိညာဏ်’ ကြောင့်ဖြစ်သော နာမ်သည် သိမှု ‘ဝိညာဏ်’ နှင့် ယှဉ်၏။
(၄) နာမ်ကြောင့်ဖြစ်သော ခြောက်ခုမြောက်မနာယတနသည် နာမ်နှင့် ယှဉ်၏။
(၅) ခြောက်ခုမြောက်မနာယတနကြောင့်ဖြစ်သော တွေ့ထိမှု ‘ဖဿ’ သည် ခြောက်ခုမြောက်မနာယတနနှင့် ယှဉ်၏။
(၆) တွေ့ထိမှု ‘ဖဿ’ ကြောင့်ဖြစ်သော ခံစားမှု ‘ဝေဒနာ’ သည် တွေ့ထိမှု ‘ဖဿ’ နှင့် ယှဉ်၏။
(၇) ခံစားမှု ‘ဝေဒနာ’ ကြောင့်ဖြစ်သော တပ်မက်မှု ‘တဏှာ’ သည် ခံစားမှု ‘ဝေဒနာ’ နှင့် ယှဉ်၏။
(၈) တပ်မက်မှု ‘တဏှာ’ ကြောင့်ဖြစ်သော စွဲလမ်းမှု ‘ဥပါဒါန်’ သည် တပ်မက်မှု ‘တဏှာ’ နှင့်ယှဉ်၏။
(၉) စွဲလမ်းမှု ‘ဥပါဒါန်’ ကြောင့် ကမ္မဘဝ ဖြစ်၏။
(၁၀) ကမ္မဘဝကြောင့် ပဋိသန္ဓေနေခြင်း ‘ဇာတိ’ ဖြစ်၏။
(၁၁) ပဋိသန္ဓေနေခြင်း ‘ဇာတိ’ ကြောင့်
(၁၂) အိုခြင်း သေခြင်း ‘ဇရာမရဏ'ဖြစ်၏။ ဤဆိုခဲ့ပြီးသောနည်းဖြင့် ချမ်းသာနှင့်မရောသော ဤဆင်းရဲအစုအပုံ၏ ထင်ရှားဖြစ်ပေါ်မှုသည် ဖြစ်၏။
--
(၂) မပြည့်မစုံ အင်္ဂါ-၁၁-ပါးရှိသောဝါရ
(၁) မသိမှု ‘အဝိဇ္ဇာ’ ကြောင့်ဖြစ်သော ပြုစီရင်မှု ‘သင်္ခါရ'သည် မသိမှု ‘အဝိဇ္ဇာ’ နှင့် ယှဉ်၏။
(၂) ပြုစီရင်မှု ‘သင်္ခါရ’ ကြောင့်ဖြစ်သော သိမှု ‘ဝိညာဏ်’ သည် ပြုစီရင်မှု ‘သင်္ခါရ’ နှင့် ယှဉ်၏။
(၃) သိမှု ‘ဝိညာဏ်’ ကြောင့်ဖြစ်သော နာမ်သည် သိမှု ‘ဝိညာဏ်’ နှင့် ယှဉ်၏။
(၄) နာမ်ကြောင့်ဖြစ်သော တွေ့ထိမှု ‘ဖဿ’ သည် နာမ်နှင့် ယှဉ်၏။
(၅) တွေ့ထိမှု ‘ဖဿ’ ကြောင့်ဖြစ်သော ခံစားမှု ‘ဝေဒနာ’ သည် တွေ့ထိမှု ‘ဖဿ’ နှင့် ယှဉ်၏။
(၆) ခံစားမှု ‘ဝေဒနာ’ ကြောင့်ဖြစ်သော တပ်မက်မှု ‘တဏှာ’ သည် ခံစားမှု ‘ဝေဒနာ’ နှင့် ယှဉ်၏။
(၇) တပ်မက်မှု ‘တဏှာ’ ကြောင့်ဖြစ်သော စွဲလမ်းမှု ‘ဥပါဒါန်’ သည် တပ်မက်မှု ‘တဏှာ’ နှင့် ယှဉ်၏။
(၈) စွဲလမ်းမှု ‘ဥပါဒါန်’ ကြောင့် ကမ္မဘဝ ဖြစ်၏။
(၉) ကမ္မဘဝကြောင့် ပဋိသန္ဓေနေခြင်း ‘ဇာတိ’ ဖြစ်၏။
(၁၀) ပဋိသန္ဓေနေခြင်း ‘ဇာတိ’ ကြောင့်
(၁၁) အိုခြင်း သေခြင်း ‘ဇရာမရဏ’ ဖြစ်၏။ ဤဆိုခဲ့ပြီးသောနည်းဖြင့် ချမ်းသာနှင့်မရောသော ဤဆင်းရဲအစုအပုံ၏ ထင်ရှားဖြစ်ပေါ်မှုသည် ဖြစ်၏။
--
(၃) အပြည့်အစုံ အင်္ဂါ-၁၂-ပါးရှိသောဝါရ
(၁) မသိမှု ‘အဝိဇ္ဇာ’ ကြောင့်ဖြစ်သော ပြုစီရင်မှု ‘သင်္ခါရ'သည် မသိမှု ‘အဝိဇ္ဇာ’ နှင့် ယှဉ်၏။
(၂) ပြုစီရင်မှု ‘သင်္ခါရ’ ကြောင့်ဖြစ်သော သိမှု ‘ဝိညာဏ်’ သည် ပြုစီရင်မှု ‘သင်္ခါရ’ နှင့် ယှဉ်၏။
(၃) သိမှု ‘ဝိညာဏ်’ ကြောင့်ဖြစ်သော နာမ်, ရုပ်တွင် နာမ်သည် သိမှု ‘ဝိညာဏ်’ နှင့် ယှဉ်၏။
(၄) နာမ်ရုပ်ကြောင့်ဖြစ်သော ခြောက်ခုမြောက် (မနာယတန) သည် နာမ်နှင့် ယှဉ်၏။
(၅) ခြောက်ခုမြောက် (မနာယတန) ကြောင့်ဖြစ်သော တွေ့ထိမှု ‘ဖဿ'သည် ခြောက်ခုမြောက် (မနာယတန) နှင့်ယှဉ်၏။
(၆) တွေ့ထိမှု ‘ဖဿ’ ကြောင့်ဖြစ်သော ခံစားမှု ‘ဝေဒနာ’ သည် တွေ့ထိမှု ‘ဖဿ’ နှင့် ယှဉ်၏။
(၇) ခံစားမှု ‘ဝေဒနာ’ ကြောင့်ဖြစ်သော တပ်မက်မှု ‘တဏှာ’ သည် ခံစားမှု ‘ဝေဒနာ’ နှင့် ယှဉ်၏။
(၈) တပ်မက်မှု ‘တဏှာ’ ကြောင့်ဖြစ်သော စွဲလမ်းမှု ‘ဥပါဒါန်’ သည် တပ်မက်မှု ‘တဏှာ’ နှင့်ယှဉ်၏။
(၉) စွဲလမ်းမှု ‘ဥပါဒါန်’ ကြောင့် ကမ္မဘဝသည် ဖြစ်၏။
(၁၀) ကမ္မဘဝကြောင့် ပဋိသန္ဓေနေခြင်း ဇာတိသည် ဖြစ်၏။
(၁၁) ပဋိသန္ဓေနေခြင်း ‘ဇာတိ’ ကြောင့်
(၁၂) အိုခြင်း သေခြင်း ‘ဇရာမရဏ’ သည် ဖြစ်၏။ ဤဆိုခဲ့ပြီးသောနည်းဖြင့် ချမ်းသာနှင့်မရောသော ဤဆင်းရဲအစုအပုံ၏ ထင်ရှားဖြစ်ပေါ်မှုသည် ဖြစ်၏။
--
(၄) လုံးဝပြည့်စုံသည့်အင်္ဂါ-၁၂-ပါးရှိသောဝါရ
(၁) မသိမှု ‘အဝိဇ္ဇာ’ ကြောင့်ဖြစ်သော ပြုစီရင်မှု ‘သင်္ခါရ'သည် မသိမှု ‘အဝိဇ္ဇာ’ နှင့် ယှဉ်၏။
(၂) ပြုစီရင်မှု ‘သင်္ခါရ’ ကြောင့်ဖြစ်သော သိမှု ‘ဝိညာဏ်’ သည် ပြုစီရင်မှု ‘သင်္ခါရ’ နှင့် ယှဉ်၏။
(၃) သိမှု ‘ဝိညာဏ်’ ကြောင့်ဖြစ်သော နာမ်, ရုပ်တွင် နာမ်သည် သိမှု ‘ဝိညာဏ်’ နှင့် ယှဉ်၏။
(၄) နာမ်ရုပ်ကြောင့်ဖြစ်သော ခြောက်ခုမြောက် ‘မနာယတန’ သည် နာမ်နှင့် ယှဉ်၏။
(၅) ခြောက်ခုမြောက် ‘မနာယတန'ကြောင့်ဖြစ်သော တွေ့ထိမှု ‘ဖဿ'သည် ခြောက်ခုမြောက် ‘မနာယတန'နှင့် ယှဉ်၏။
(၆) တွေ့ထိမှု ‘ဖဿ’ ကြောင့်ဖြစ်သော ခံစားမှု ‘ဝေဒနာ’ သည် တွေ့ထိမှု ‘ဖဿ’ နှင့် ယှဉ်၏။
(၇) ခံစားမှု ‘ဝေဒနာ’ ကြောင့်ဖြစ်သော တပ်မက်မှု ‘တဏှာ’ သည် ခံစားမှု ‘ဝေဒနာ’ နှင့် ယှဉ်၏။
(၈) တပ်မက်မှု ‘တဏှာ’ ကြောင့်ဖြစ်သော စွဲလမ်းမှု ‘ဥပါဒါန်’ သည် တပ်မက်မှု ‘တဏှာ’ နှင့် ယှဉ်၏။
(၉) စွဲလမ်းမှု ‘ဥပါဒါန်’ ကြောင့် ကမ္မဘဝ ဖြစ်၏။
(၁၀) ကမ္မဘဝကြောင့် ပဋိသန္ဓေနေခြင်း ‘ဇာတိ’ ဖြစ်၏။
(၁၁) ပဋိသန္ဓေနေခြင်း ‘ဇာတိ’ ကြောင့်
(၁၂) အိုခြင်း သေခြင်း ‘ဇရာမရဏ’ ဖြစ်၏။ ဤဆိုခဲ့ပြီးသောနည်းဖြင့် ချမ်းသာနှင့်မရောသော ဤဆင်းရဲအစုအပုံ၏ ထင်ရှားဖြစ်ပေါ်မှုသည် ဖြစ်၏။
သမ္ပယုတ္တသဒ္ဒါဖြင့်ဟောသော ဝါရလေးမျိုးအကျဉ်း ပြီး၏။
--
၄-အညမည (အချင်းချင်းအပြန်အလှန်ကြောင်းကျိုးဖြစ်ပုံ) ဟောသော ဝါရလေးမျိုးအကျဉ်း
(၁) မပြည့်မစုံ အင်္ဂါ-၁၂-ပါးရှိသောဝါရ
၂၄၆။ (၁) မသိမှု ‘အဝိဇ္ဇာ’ ကြောင့်ဖြစ်သော ပြုစီရင်မှု ‘သင်္ခါရ’ သည် ဖြစ်၏၊ ပြုစီရင်မှု ‘သင်္ခါရ’ ကြောင့်လည်းမသိမှု ‘အဝိဇ္ဇာ’ သည် ဖြစ်၏။
(၂) ပြုစီရင်မှု ‘သင်္ခါရ’ ကြောင့် သိမှု ‘ဝိညာဏ်’ သည် ဖြစ်၏၊ သိမှု ‘ဝိညာဏ်’ ကြောင့်လည်းပြုစီရင်မှု ‘သင်္ခါရ’ သည် ဖြစ်၏။
(၃) သိမှု ‘ဝိညာဏ်’ ကြောင့် နာမ်သည် ဖြစ်၏၊ နာမ်ကြောင့်လည်း သိမှု ‘ဝိညာဏ်’ သည် ဖြစ်၏။
(၄) နာမ်ကြောင့် ခြောက်ခုမြောက် ‘မနာယတန’ သည် ဖြစ်၏၊ ခြောက်ခုမြောက် ‘မနာယတန’ ကြောင့်လည်း နာမ်သည် ဖြစ်၏။
(၅) ခြောက်ခုမြောက် ‘မနာယတန’ ကြောင့် တွေ့ထိမှု ‘ဖဿ’ သည် ဖြစ်၏၊ တွေ့ထိမှု ‘ဖဿ'ကြောင့်လည်း ခြောက်ခုမြောက် ‘မနာယတန’ သည် ဖြစ်၏။
(၆) တွေ့ထိမှု ‘ဖဿ’ ကြောင့် ခံစားမှု ‘ဝေဒနာ'သည် ဖြစ်၏၊ ခံစားမှု ‘ဝေဒနာ’ ကြောင့်လည်းတွေ့ထိမှု ‘ဖဿ’ သည် ဖြစ်၏။
(၇) ခံစားမှု ‘ဝေဒနာ’ ကြောင့် တပ်မက်မှု ‘တဏှာ’ သည် ဖြစ်၏၊ တပ်မက်မှု ‘တဏှာ’ ကြောင့်လည်း ခံစားမှု ‘ဝေဒနာ'သည် ဖြစ်၏။
(၈) တပ်မက်မှု ‘တဏှာ’ ကြောင့် စွဲလမ်းမှု ‘ဥပါဒါန်’ သည် ဖြစ်၏၊ စွဲလမ်းမှု ‘ဥပါဒါန်’ ကြောင့်လည်း တပ်မက်မှု ‘တဏှာ’ သည် ဖြစ်၏။
(၉) စွဲလမ်းမှု ‘ဥပါဒါန်’ ကြောင့် ကမ္မဘဝသည် ဖြစ်၏။
(၁၀) ကမ္မဘဝကြောင့် ပဋိသန္ဓေနေခြင်း ‘ဇာတိ'သည် ဖြစ်၏။
(၁၁) ပဋိသန္ဓေနေခြင်း ‘ဇာတိ'ကြောင့်
(၁၂) အိုခြင်း သေခြင်း ‘ဇရာမရဏ'သည် ဖြစ်၏။ ဤဆိုခဲ့ပြီးသောနည်းဖြင့် ချမ်းသာနှင့် မရောသော ဤဆင်းရဲအစုအပုံ၏ ထင်ရှားဖြစ်ပေါ်မှုသည် ဖြစ်၏။
--
(၂) မပြည့်မစုံ အင်္ဂါ-၁၁-ပါးရှိသောဝါရ
(၁) မသိမှု ‘အဝိဇ္ဇာ’ ကြောင့် ပြုစီရင်မှု ‘သင်္ခါရ’ သည် ဖြစ်၏။ ပြုစီရင်မှု ‘သင်္ခါရ’ ကြောင့်လည်းမသိမှု ‘အဝိဇ္ဇာ’ သည် ဖြစ်၏။
(၂) ပြုစီရင်မှု ‘သင်္ခါရ’ ကြောင့် သိမှု ‘ဝိညာဏ်’ သည် ဖြစ်၏၊ သိမှု ‘ဝိညာဏ်’ ကြောင့်လည်း ပြုစီရင်မှု ‘သင်္ခါရ’ သည် ဖြစ်၏။
(၃) သိမှု ‘ဝိညာဏ်’ ကြောင့် နာမ်သည် ဖြစ်၏၊ နာမ်ကြောင့်လည်း သိမှု ‘ဝိညာဏ်’ သည်ဖြစ်၏။
(၄) နာမ်ကြောင့် တွေ့ထိမှု ‘ဖဿ’ သည် ဖြစ်၏၊ တွေ့ထိမှု ‘ဖဿ’ ကြောင့်လည်း နာမ်သည်ဖြစ်၏။
(၅) တွေ့ထိမှု ‘ဖဿ’ ကြောင့် ခံစားမှု ‘ဝေဒနာ’ သည် ဖြစ်၏၊ ခံစားမှု ‘ဝေဒနာ’ ကြောင့်လည်းတွေ့ထိမှု ‘ဖဿ’ သည် ဖြစ်၏။
(၆) ခံစားမှု ‘ဝေဒနာ'ကြောင့် တပ်မက်မှု ‘တဏှာ'သည် ဖြစ်၏၊ တပ်မက်မှု ‘တဏှာ'ကြောင့်လည်းခံစားမှု ‘ဝေဒနာ’ သည် ဖြစ်၏။
(၇) တပ်မက်မှု ‘တဏှာ’ ကြောင့် စွဲလမ်းမှု ‘ဥပါဒါန်’ သည် ဖြစ်၏။ စွဲလမ်းမှု ‘ဥပါဒါန်’ ကြောင့်လည်း တပ်မက်မှု ‘တဏှာ’ သည် ဖြစ်၏။
(၈) စွဲလမ်းမှု ‘ဥပါဒါန်’ ကြောင့် ကမ္မဘဝသည် ဖြစ်၏။
(၉) ကမ္မဘဝကြောင့် ပဋိသန္ဓေနေခြင်း ‘ဇာတိ’ သည် ဖြစ်၏။
(၁၀) ပဋိသန္ဓေနေခြင်း ‘ဇာတိ’ ကြောင့်
(၁၁) အိုခြင်း သေခြင်း ‘ဇရာမရဏ’ သည် ဖြစ်၏။ ဤဆိုခဲ့ပြီးသောနည်းဖြင့် ချမ်းသာနှင့် မရောသော ဤဆင်းရဲအစုအပုံ၏ ထင်ရှားဖြစ်ပေါ်မှုသည် ဖြစ်၏။
--
(၃) အပြည့်အစုံ အင်္ဂါ-၁၂-ပါးရှိသောဝါရ
(၁) မသိမှု ‘အဝိဇ္ဇာ’ ကြောင့် ပြုစီရင်မှု ‘သင်္ခါရ’ သည် ဖြစ်၏။ ပြုစီရင်မှု ‘သင်္ခါရ’ ကြောင့်လည်းမသိမှု ‘အဝိဇ္ဇာ’ သည် ဖြစ်၏။
(၂) ပြုစီရင်မှု ‘သင်္ခါရ’ ကြောင့် သိမှု ‘ဝိညာဏ်’ သည် ဖြစ်၏၊ သိမှု ‘ဝိညာဏ်’ ကြောင့်လည်းပြုစီရင်မှု ‘သင်္ခါရ’ သည် ဖြစ်၏။
(၃) သိမှု ‘ဝိညာဏ်’ ကြောင့် နာမ်ရုပ်သည် ဖြစ်၏၊ နာမ်ရုပ်ကြောင့်လည်း သိမှု ‘ဝိညာဏ်’ သည်ဖြစ်၏။
(၄) နာမ်ရုပ်ကြောင့် ခြောက်ခုမြောက် မနာယတနသည် ဖြစ်၏၊ ခြောက်ခုမြောက် ‘မနာယတန’ ကြောင့်လည်း နာမ်ရုပ်သည် ဖြစ်၏။
(၅) ခြောက်ခုမြောက် မနာယတနကြောင့် တွေ့ထိမှု ‘ဖဿ’ သည် ဖြစ်၏၊ တွေ့ထိမှု ‘ဖဿ’ ကြောင့်
လည်း ခြောက်ခုမြောက် မနာယတနသည် ဖြစ်၏။
(၆) တွေ့ထိမှု ‘ဖဿ’ ကြောင့် ခံစားမှု ‘ဝေဒနာ’ သည် ဖြစ်၏၊ ခံစားမှု ‘ဝေဒနာ’ ကြောင့်လည်းတွေ့ထိမှု ‘ဖဿ’ သည် ဖြစ်၏။
(၇) ခံစားမှု ‘ဝေဒနာ’ ကြောင့် တပ်မက်မှု ‘တဏှာ’ သည် ဖြစ်၏၊ တပ်မက်မှု ‘တဏှာ’ ကြောင့်လည်း ခံစားမှု ‘ဝေဒနာ’ သည် ဖြစ်၏။
(၈) တပ်မက်မှု ‘တဏှာ’ ကြောင့် စွဲလမ်းမှု ‘ဥပါဒါန်’ သည် ဖြစ်၏။ စွဲလမ်းမှု ‘ဥပါဒါန်’ ကြောင့်လည်း တပ်မက်မှု ‘တဏှာ’ သည် ဖြစ်၏။
(၉) စွဲလမ်းမှု ‘ဥပါဒါန်’ ကြောင့် ကမ္မဘဝသည် ဖြစ်၏။
(၁၀) ကမ္မဘဝကြောင့် ပဋိသန္ဓေနေခြင်း ‘ဇာတိ'သည် ဖြစ်၏။
(၁၁) ပဋိသန္ဓေနေခြင်း ‘ဇာတိ’ ကြောင့်
(၁၂) အိုခြင်း သေခြင်း ‘ဇရာမရဏ’ သည် ဖြစ်၏။ ဤဆိုခဲ့ပြီးသောနည်းဖြင့် ချမ်းသာနှင့်မရောသော ဤဆင်းရဲအစုအပုံ၏ ထင်ရှားဖြစ်ပေါ်မှုသည် ဖြစ်၏။
--
(၄) လုံးဝပြည့်စုံသည့်အင်္ဂါ-၁၂-ပါးရှိသောဝါရ
(၁) မသိမှု ‘အဝိဇ္ဇာ’ ကြောင့် ပြုစီရင်မှု ‘သင်္ခါရ’ သည် ဖြစ်၏။ ပြုစီရင်မှု ‘သင်္ခါရ’ ကြောင့်လည်းမသိမှု ‘အဝိဇ္ဇာ’ သည် ဖြစ်၏။
(၂) ပြုစီရင်မှု ‘သင်္ခါရ’ ကြောင့် သိမှု ‘ဝိညာဏ်’ သည် ဖြစ်၏၊ သိမှု ‘ဝိညာဏ်’ ကြောင့်လည်းပြုစီရင်မှု ‘သင်္ခါရ’ သည် ဖြစ်၏။
(၃) သိမှု ‘ဝိညာဏ်'ကြောင့် နာမ်ရုပ်သည် ဖြစ်၏၊ နာမ်ရုပ်ကြောင့်လည်း သိမှု ‘ဝိညာဏ်’ သည်ဖြစ်၏။
(၄) နာမ်ရုပ်ကြောင့် ‘အာယတန'ခြောက်ပါး သည် ဖြစ်၏၊ ခြောက်ခုမြောက် ‘မနာယတန’ ကြောင့်လည်း နာမ်ရုပ်သည် ဖြစ်၏။
(၅) ခြောက်ခုမြောက် ‘မနာယတန’ ကြောင့် တွေ့ထိမှု ‘ဖဿ’ သည်ဖြစ်၏၊ တွေ့ထိမှု ‘ဖဿ'ကြောင့်လည်း ခြောက်ခုမြောက် ‘မနာယတန’ သည် ဖြစ်၏။
(၆) တွေ့ထိမှု ‘ဖဿ’ ကြောင့် ခံစားမှု ‘ဝေဒနာ’ သည် ဖြစ်၏၊ ခံစားမှု ‘ဝေဒနာ’ ကြောင့်လည်းတွေ့ထိမှု ‘ဖဿ’ သည်ဖြစ်၏။
(၇) ခံစားမှု ‘ဝေဒနာ’ ကြောင့် တပ်မက်မှု ‘တဏှာ’ သည်ဖြစ်၏၊ တပ်မက်မှု ‘တဏှာ'ကြောင့်လည်းခံစားမှု ‘ဝေဒနာ’ သည် ဖြစ်၏။
(၈) တပ်မက်မှု ‘တဏှာ’ ကြောင့် စွဲလမ်းမှု ‘ဥပါဒါန်’ သည် ဖြစ်၏။ စွဲလမ်းမှု ‘ဥပါဒါန်’ ကြောင့်လည်းတပ်မက်မှု ‘တဏှာ’ သည် ဖြစ်၏။
(၉) စွဲလမ်းမှု ‘ဥပါဒါန်’ ကြောင့် ကမ္မဘဝသည် ဖြစ်၏။
(၁၀) ကမ္မဘဝကြောင့် ပဋိသန္ဓေနေခြင်း'ဇာတိ’ သည် ဖြစ်၏။
(၁၁) ပဋိသန္ဓေနေခြင်း ‘ဇာတိ’ ကြောင့်
(၁၂) အိုခြင်း သေခြင်း ‘ဇရာမရဏ’ သည် ဖြစ်၏။ ဤဆိုခဲ့ပြီးသောနည်းဖြင့် ချမ်းသာနှင့်မရောသော ဤဆင်းရဲအစုအပုံ၏ ထင်ရှားဖြစ်ပေါ်မှုသည် ဖြစ်၏။
အညမည (အချင်းချင်းအပြန်အလှန်ကြောင်းကျိုးဖြစ်ပုံ) ဟောသော ဝါရလေးမျိုးအကျဉ်းပြီး၏။
အဝိဇ္ဇာကို အဦးထားသော (အဝိဇ္ဇာမူလကနယ) အကျဉ်းပြီး၏။
--
၂-သင်္ခါရကို အဦးထားသော ‘သင်္ခါရမူလကနယ’ အကျဉ်း
၂၄၇။ (၁) ပြုစီရင်မှု ‘သင်္ခါရ'ကြောင့် မသိမှု ‘အဝိဇ္ဇာ’သည် ဖြစ်၏။ပ။
၃-ဝိညာဏ်ကို အဦးထားသော ‘ဝိညာဏမူလကနယ’ အကျဉ်း
(၁) သိမှု ‘ဝိညာဏ်'ကြောင့် မသိမှု (အဝိဇ္ဇာ) သည် ဖြစ်၏။ပ။
၄-နာမ်ကို အဦးထားသော ‘နာမမူလကနယ’ အကျဉ်း
(၁) နာမ်ကြောင့် မသိမှု ‘အဝိဇ္ဇာ’ သည် ဖြစ်၏။ပ။
၅-ဆဠာယတနကို အဦးထားသော ‘ဆဠာယတနမူလကနယ’ အကျဉ်း
(၁) ခြောက်ခုမြောက် မနာယတနကြောင့် မသိမှု ‘အဝိဇ္ဇာ’သည် ဖြစ်၏။ပ။
၆-ဖဿကို အဦးထားသော ‘ဖဿမူလကနယ’ အကျဉ်း
(၁) တွေ့ထိမှု ဖဿကြောင့် မသိမှု ‘အဝိဇ္ဇာ’ သည် ဖြစ်၏။ပ။
၇-ဝေဒနာကို အဦးထားသော ‘ဝေဒနာမူလကနယ’ အကျဉ်း
(၁) ခံစားမှု ‘ဝေဒနာ’ ကြောင့် မသိမှု ‘အဝိဇ္ဇာ’သည် ဖြစ်၏။ပ။
၈-တဏှာကို အဦးထားသော ‘တဏှာမူလကနယ’ အကျဉ်း
(၁) တပ်မက်မှု ‘တဏှာ'ကြောင့် မသိမှု ‘အဝိဇ္ဇာ’သည် ဖြစ်၏။ပ။
--
၉-ဥပါဒါန်ကို အဦးထားသော ‘ဥပါဒါနမူလကနယ’ အကျဉ်း
(၁)။ စွဲလမ်းမှု ‘ဥပါဒါန်’ ကြောင့် မသိမှု ‘အဝိဇ္ဇာ’ သည် ဖြစ်၏။ပ။
မှတ်ချက်။ ။ သင်္ခါရမူလကနယမာတိကာစသော ၈-ခုတို့၌ ပေယျာလ၏ အဓိပ္ပါယ်မှာ- ဆိုခဲ့ပြီးသောအဝိဇ္ဇာ မူလကနယမာတိကာကဲ့သို့ နယတစ်ခုစီ၌ ပစ္စယစတုက္က, ဟေတုစတုက္က, သမ္ပယုတ္တစတုက္က, အညမညစတုက္ကဟု လေးခုစီရှိသည်၊ ယင်းစတုက္ကတစ်ခုစီ၌လည်း မပြည့်မစုံအင်္ဂါ ၁၁-ပါး ရှိသော ဝါရစသည်ဖြင့် လေးဝါရ စီရှိပါသည်။ ထို့ကြောင့် ယင်းပေယျာလကို ဖော်ထုတ်ရလျှင် (၈ ှ ၄ = ၃၂ ှ ၄ =၁၂၈) ဝါရပေါင်း၁၂၈- ဝါရကုန်စင်အောင် ဟောရပါမည်။ ပေါင်း (၉ ှ ၄ = ၃၆ ှ ၄ =၁၄၄) နည်း၊ ၉-မျိုး၊ စတုက္က-၃၆၊ ဝါရ-၁၄၄ ဖြစ်သည်။
အကုသိုလ်စိတ္တက္ခဏတစ်ခု၌ ပဋိစ္စသမုပ္ပါဒ်အင်္ဂါ၁၂-ပါးဖြစ်ပုံ အကျဉ်း
(၁) မသိမှု ‘အဝိဇ္ဇာ’ ကြောင့် ပြုစီရင်မှု ‘သင်္ခါရ’ သည် ဖြစ်၏။
(၂) ပြုစီရင်မှု ‘သင်္ခါရ’ ကြောင့် သိမှု ‘ဝိညာဏ်’ သည် ဖြစ်၏။
(၃) သိမှု ‘ဝိညာဏ်’ ကြောင့် နာမ်သည် ဖြစ်၏။
(၄) နာမ်ကြောင့် ခြောက်ခုမြောက် မနာယတနသည် ဖြစ်၏။
(၅) ခြောက်ခုမြောက် ‘မနာယတန’ ကြောင့် တွေ့ထိမှု ‘ဖဿ’ သည် ဖြစ်၏။
(၆) တွေ့ထိမှု ‘ဖဿ’ ကြောင့် ခံစားမှု ‘ဝေဒနာ’ သည် ဖြစ်၏။
(၇) ခံစားမှု ‘ဝေဒနာ’ ကြောင့် တပ်မက်မှု ‘တဏှာ’ သည် ဖြစ်၏။
(၈) တပ်မက်မှု ‘တဏှာ’ ကြောင့် စွဲလမ်းမှု ‘ဥပါဒါန်’ သည် ဖြစ်၏။
(၉) စွဲလမ်းမှု ‘ဥပါဒါန်’ ကြောင့် ကမ္မဘဝသည် ဖြစ်၏။
(၁၀) ကမ္မဘဝကြောင့် နာမ်တရားဖြစ်ပေါ်မှု ‘ဇာတိ’ သည် ဖြစ်၏။
(၁၁) နာမ်တရားဖြစ်ပေါ်မှု ‘ဇာတိ’ ကြောင့်
(၁၂) အိုခြင်း ‘ဇရာ’ သေခြင်း ‘မရဏ’ သည် ဖြစ်၏။ ဤဆိုခဲ့ပြီးသောနည်းဖြင့် ချမ်းသာနှင့် မရောသော ဤဆင်းရဲအစုအပုံ၏ ထင်ရှားဖြစ်ပေါ်မှုသည် ဖြစ်၏။
အကျဉ်းပြီး၏။
--
၂-အကုသိုလ်တရားတို့၌ ပဋိစ္စသမုပ္ပါဒ်လှည့်နည်းအကျယ်
၁-အဝိဇ္ဇာကိုအဦးထားသော (အဝိဇ္ဇာမူလကနယ) အကျယ်
၅-ပစ္စယသဒ္ဒါဖြင့်ဟောသော (ဝါရလေးမျိုး) အကျယ်
လောဘမူ သောမနဿ ဒိဋ္ဌိဂတသမ္ပယုတ် အသင်္ခါရိကစိတ်၌ ပဋိစ္စသမုပ္ပါဒ်လှည့်နည်း
၂၄၈။ (၁) မပြည့်မစုံ အင်္ဂါ၁၂-ပါးရှိသော ဝါရ
အဘယ်တို့သည် အကုသိုလ်တရားတို့ မည်ကုန်သနည်း။
အကြင်အခါ၌ သောမနဿဝေဒနာနှင့် တကွဖြစ်သော (မိစ္ဆာ) ဒိဋ္ဌိနှင့် ယှဉ်သော ရူပါရုံ, သဒ္ဒါရုံ, ဂန္ဓာရုံ, ရသာရုံ, ဖေါဋ္ဌဗ္ဗာရုံ, ဓမ္မာရုံတို့တွင် (အမှတ်မရှိ) တစ်ပါးပါးသော အာရုံကို အာရုံပြုသောအကုသိုလ်စိတ်သည် ဖြစ်၏။ ထိုအခါ-
(၁) မသိမှု မောဟဟူသော ‘အဝိဇ္ဇာ’ ကြောင့် ပြုစီရင်မှု (အကုသိုလ်စေတနာ) သည် ဖြစ်၏။
(၂) ပြုစီရင်မှု (အကုသိုလ်စေတနာ) ကြောင့် သိမှု (လောဘမူပဌမစိတ်ဝိညာဏ်) သည် ဖြစ်၏။
(၃) သိမှု (လောဘမူပဌမစိတ်ဝိညာဏ်) ကြောင့် နာမ် (စေတသိက်ခန္ဓာသုံးပါး) သည် ဖြစ်၏။
(၄) နာမ် (စေတသိက်ခန္ဓာသုံးပါး) ကြောင့် ခြောက်ခုမြောက် (လောဘမူ) မနာယတနသည် ဖြစ်၏။
(၅) ခြောက်ခုမြောက် (လောဘမူ) မနာယတနကြောင့် တွေ့ထိမှု ‘ဖဿ’ သည် ဖြစ်၏။
(၆) တွေ့ထိမှု ‘ဖဿ'ကြောင့် ခံစားမှု (သောမနဿဝေဒနာ) သည် ဖြစ်၏။
(၇) ခံစားမှု ‘သောမနဿဝေဒနာ’ ကြောင့် တပ်မက်မှု ‘တဏှာ’ သည် ဖြစ်၏။
(၈) တပ်မက်မှု ‘တဏှာ’ ကြောင့် စွဲလမ်းမှု ‘ဒိဋ္ဌိဥပါဒါန်'သည် ဖြစ်၏။
(၉) စွဲလမ်းမှု ‘ဒိဋ္ဌိဥပါဒါန်’ ကြောင့် နာမ်ခန္ဓာလေးပါးဘဝသည် ဖြစ်၏။
(၁၀) နာမ်ခန္ဓာလေးပါးဘဝကြောင့် နာမ်တရားတို့၏ အသစ်ဖြစ်ပေါ်မှု ‘ဇာတိ'သည် ဖြစ်၏။
(၁၁) နာမ်တရားတို့ အသစ်ဖြစ်ပေါ်မှု ‘ဇာတိ'ကြောင့်
(၁၂) အိုခြင်း သေခြင်း ‘ဇရာမရဏ’ သည် ဖြစ်၏၊ ဤဆိုခဲ့ပြီးသောနည်းဖြင့် ချမ်းသာနှင့် မရောသော ဤဆင်းရဲမှု အစုအပုံ၏ ထင်ရှားဖြစ်ပေါ်မှုသည် ဖြစ်၏။
--
မပြည့်မစုံ အင်္ဂါ-၁၂-ပါးရှိသောဝါရအကျယ်
၂၄၉။ (၁) အဝိဇ္ဇာ။ ။ ထိုအင်္ဂါ၁၂-ပါးတို့တွင် အဘယ်သည် မသိမှု မောဟဟူသော ‘အဝိဇ္ဇာ’ မည်သနည်း။
အကြင်မသိခြင်းသဘော ‘အညာဏ’၊ မမြင်ခြင်းသဘော ‘အဒဿန’။ပ။ တံခါးကျင် (မင်းတုပ်) နှင့်တူသော မသိမှု သဘော ‘အဝိဇ္ဇာလင်္ဂီ’၊ အကုသိုလ်မူလဟုဆိုအပ်သော တွေဝေမှု ‘မောဟ’ သည် ရှိ၏။
ဤသဘောကို မသိမှု ‘အဝိဇ္ဇာ’ဟု ဆိုအပ်၏။
(၂) သင်္ခါရ
ထိုအင်္ဂါ၁၂-ပါးတို့တွင် အဘယ်သည် မသိမှု (အဝိဇ္ဇာ) ကြောင့်ဖြစ်သောပြုစီရင်မှု (သင်္ခါရ) မည်သနည်း။
အကြင်စေ့ဆော်မှု သဘော ‘စေတနာ’၊ ကောင်းစွာစေ့ဆော်မှု သဘော ‘သေဉ္စတနာ’၊ စေ့ဆော်တတ်သည်၏ အဖြစ် ‘သေဉ္စတယိတတ္တ’ သည် ရှိ၏။ ဤသဘောကို မသိမှု (အဝိဇ္ဇာ) ကြောင့်ဖြစ်သောပြုစီရင်မှု (သင်္ခါရ) ဟု ဆိုအပ်၏။
(၃) ဝိညာဏ်
ထိုအင်္ဂါ၁၂-ပါးတို့တွင် အဘယ်သည် ပြုစီရင်မှု (သင်္ခါရ) ကြောင့်ဖြစ်သောသိမှု (ဝိညာဏ်) မည်သနည်း။
အကြင်ဆန်းကြယ်သောသဘော ‘စိတ္တ’၊ သိခြင်းသဘော ‘မန’၊ သိမှု သဘော ‘မာနသ’၊ စိတ်နှလုံး ‘ဟဒယ’၊ ဖြူစင်ခြင်း ‘ပဏ္ဍရ’၊ အသိသဘော ‘မန’၊ သိမှု ဖြစ်ရာဌာန ‘မနာယတန’၊ အစိုးတရသိမှု ‘မနိန္ဒြေ’၊ အထူးသိမှု ‘ဝိညာဏ’၊ အထူးသိမှု အစု ‘ဝိညာဏက္ခန္ဓာ’၊ ထိုစိတ်အားလျော်သော အထူးသိမှု သဘော ‘တဇ္ဇာမနောဝိညာဏဓာတ်’ သည် ရှိ၏။ ဤသဘောကို ပြုစီရင်မှု ‘သင်္ခါရ'ကြောင့်ဖြစ်သောသိမှု ‘ဝိညာဏ်’ ဟု ဆိုအပ်၏။
(၄) နာမ်
ထိုအင်္ဂါ၁၂-ပါးတို့တွင် အဘယ်သည် သိမှု ‘ဝိညာဏ်'ကြောင့်ဖြစ်သော နာမ် မည်သနည်း။
ခံစားမှု အစု ‘ဝေဒနာက္ခန္ဓာ’၊ မှတ်သားမှု အစု ‘သညာက္ခန္ဓာ’၊ ပြုစီရင်မှု အစု ‘သင်္ခါရက္ခန္ဓာ’၊ ဤသဘော ကိုသိမှု ‘ဝိညာဏ်'ကြောင့်ဖြစ်သော နာမ်ဟု ဆိုအပ်၏။
(၅) မနာယတန
ထိုအင်္ဂါ၁၂-ပါးတို့တွင် အဘယ်သည် နာမ်ကြောင့်ဖြစ်သော ခြောက်ခုမြောက် မနာယတန မည်သနည်း။
အကြင်ဆန်းကြယ်သောသဘော ‘စိတ္တ’၊ သိခြင်းသဘော ‘မန’၊ သိမှု သဘော ‘မာနသ’၊ စိတ်နှလုံး ‘ဟဒယ’၊ ဖြူစင်ခြင်း ‘ပဏ္ဍရ’၊ အသိသဘော ‘မန’၊ သိမှု ဖြစ်ရာဌာန ‘မနာယတန’၊ အစိုးတရသိမှု ‘မနိန္ဒြေ’၊ အထူးသိမှု ‘ဝိညာဏ’၊ အထူးသိမှု အစု ‘ဝိညာဏက္ခန္ဓာ’၊ ထိုစိတ်အားလျော်သော အထူးသိမှု သဘော ‘တဇ္ဇာမနောဝိညာဏဓာတ်'သည် ရှိ၏။ ဤသဘောကို နာမ်ကြောင့်ဖြစ်သော ခြောက်ခုမြောက်မနာယတနဟု ဆိုအပ်၏။
--
(၆) ဖဿ
ထိုအင်္ဂါ၁၂-ပါးတို့တွင် အဘယ်သည် ခြောက်ခုမြောက် မနာယတနကြောင့်ဖြစ်သော တွေ့ထိမှု ‘ဖဿ’ မည်သနည်း။
အကြင် တွေ့ထိမှု သဘော ‘ဖဿ’၊ တွေ့ထိသောအခြင်းအရာ ‘ဖုသနာ’၊ ကောင်းစွာတွေ့ထိသောအခြင်းအရာ ‘သမ္ဖုသနာ’၊ ကောင်းစွာ တွေ့ထိတတ်သည်၏ အဖြစ် ‘သမ္ဖုသိတတ္တ’ သည် ရှိ၏။ ဤသဘောကို ခြောက်ခုမြောက် မနာယတနကြောင့်ဖြစ်သော တွေ့ထိမှု ‘ဖဿ’ ဟု ဆိုအပ်၏။
(၇) ဝေဒနာ
ထိုအင်္ဂါ၁၂-ပါးတို့တွင် အဘယ်သည် တွေ့ထိမှု (ဖဿ) ကြောင့် ဖြစ်သောခံစားမှု ‘ဝေဒနာ’ မည်သနည်း။
အကြင်စိတ်၌ ဖြစ်သော သာယာမှု ‘စေတသိကသာတ’၊ စိတ်၌ ဖြစ်သောချမ်းသာမှု ‘စေတသိကသုခ’၊ စိတ်၌ တွေ့ထိမှု ကြောင့်ဖြစ်သော သာယာဖွယ်ကောင်းသော ချမ်းသာသော ခံစားမှု ‘စေတော သမ္ဖဿဇ သာတသုခ ဝေဒယိတ’၊ စိတ်အတွေ့ကြောင့်ဖြစ်သော သာယာဖွယ်ကောင်းသော ချမ်းသာသော ခံစားမှု သဘော ‘စေတောသမ္ဖဿဇာ သာတသုခဝေဒနာ’ သည် ရှိ၏၊ ဤသဘောကို တွေ့ထိမှု ‘ဖဿ’ ကြောင့်ဖြစ်သော ခံစားမှု ‘ဝေဒနာ’ ဟု ဆိုအပ်၏။
(၈) တဏှာ
ထိုအင်္ဂါ-၁၂-ပါးတို့တွင် အဘယ်သည် ခံစားမှု (ဝေဒနာ) ကြောင့်ဖြစ်သောတပ်မက်မှု (တဏှာ) မည်သနည်း။
အကြင် တပ်မက်ခြင်းသဘော (ရာဂ)၊ ပြင်းစွာတပ်မက်ခြင်းသဘော (သာရာဂ)၊ အဖန်ဖန်ဆွဲဆောင်ခြင်း သဘော (အနုနယ)၊ မဆန့်ကျင်ခြင်းသဘော (အနုရောဓ)၊ နှစ်သက်ခြင်းသဘော (နန္ဒီ)၊ နှစ်သက်တပ်မက်ခြင်းသဘော (နန္ဒိရာဂ)၊ စိတ်၏ ပြင်းစွာတပ်မက်ခြင်းသဘော (စိတ္တသာရာဂ) သည် ရှိ၏။ ဤသဘောကို ခံစားမှု ‘ဝေဒနာ’ ကြောင့်ဖြစ်သော တပ်မက်မှု ‘တဏှာ’ ဟု ဆိုအပ်၏။
(၉) ဥပါဒါန်
ထိုအင်္ဂါ၁၂-ပါးတို့တွင် အဘယ်သည် တပ်မက်မှု ‘တဏှာ’ ကြောင့်ဖြစ်သောစွဲလမ်းမှု (ဥပါဒါန်) မည်သနည်း။
အကြင်အမြင်မှားမှု (ဒိဋ္ဌိ)၊ အမြင်မှားမှု တို့၌ ပါဝင်ခြင်းသဘော (ဒိဋ္ဌိဂတ)၊ အမြင်မှားမှုဟူသောတောအုပ် (ဒိဋ္ဌိဂဟန)၊ အမြင်မှားမှုဟူသောခရီးခဲ (ဒိဋ္ဌိကန္တာရ)၊ အမြင်မှန်ကို ထွင်းဖောက်ဖျက်ဆီးခြင်း သဘော (ဒိဋ္ဌိဝိသူကာယိက)၊ အမြင်မှားမှုဟူသော ဖေါက်ပြန်တုန်လှုပ်ခြင်းသဘော (ဒိဋ္ဌိဝိပ္ဖန္ဒိတ)။ပ။
ဖောက်ပြန်မှားယွင်းသောအားဖြင့် စွဲယူခြင်းသဘော (ဝိပရိယာသဂ္ဂါဟ) သည် ရှိ၏။ ဤသဘောကိုတပ်မက်မှု (တဏှာ) ကြောင့်ဖြစ်သော စွဲလမ်းမှု ‘ဥပါဒါန်’ ဟု ဆိုအပ်၏။
(၁၀) ဘဝ
ထိုအင်္ဂါ၁၂-ပါးတို့တွင် အဘယ်သည် စွဲလမ်းမှု ‘ဥပါဒါန်'ကြောင့်ဖြစ်သောဘဝ မည်သနည်း။
စွဲလမ်းမှု ‘ဥပါဒါန်’ ကို ထား၍ ခံစားမှု အစု ‘ဝေဒနာက္ခန္ဓာ’၊ မှတ်သားမှု အစု ‘သညာက္ခန္ဓာ’၊ ပြုပြင်မှု အစု ‘သင်္ခါရက္ခန္ဓာ’၊ သိမှု အစု ‘ဝိညာဏက္ခန္ဓာ'သည် ရှိ၏။ ဤသဘောတရားတို့ကို စွဲလမ်းမှု ‘ဥပါဒါန်’ ကြောင့်ဖြစ်သော ဘဝဟု ဆိုအပ်၏။
--
(၁၁) ဇာတိ
ထိုအင်္ဂါ၁၂-ပါးတို့တွင် အဘယ်သည် ဘဝကြောင့်ဖြစ်သော ဇာတိ မည်သနည်း။
ထိုထိုတရားတို့၏ အကြင်ဖြစ်ခြင်း ‘ဇာတိ’၊ ကောင်းစွာဖြစ်ခြင်း ‘သဉ္ဇာတိ’၊ ဖြစ်ပေါ်ခြင်း ‘နိဗ္ဗတ္တိ’၊ အသစ်ဖြစ်ပေါ်ခြင်း ‘အဘိနိဗ္ဗတ္တိ’၊ ထင်ရှားဖြစ်ခြင်း ‘ပါတုဘာဝ’ သည် ရှိ၏။ ဤသဘောကို ဘဝကြောင့်ဖြစ်သော ဇာတိဟု ဆိုအပ်၏။
(၁၂) ဇရာ မရဏ
ထိုအင်္ဂါ၁၂-ပါးတို့တွင် အဘယ်သည် ဇာတိကြောင့်ဖြစ်သော အိုခြင်း ‘ဇရာ'သေခြင်း ‘မရဏ’ မည်သနည်း။
အိုခြင်း ‘ဇရာ’ သည် ရှိ၏၊ သေခြင်း ‘မရဏ’ သည် ရှိ၏။ ထိုနှစ်ပါးတို့တွင် အဘယ်သည် အိုခြင်း ‘ဇရာ’ မည်သနည်း။
ထိုထိုတရားတို့၏ အကြင်အိုခြင်း ‘ဇရာ’၊ ရင့်ရော်ခြင်း ‘ဇီရဏတာ’၊ အသက်ဆုတ်ယုတ်ခြင်း ‘အာယုသံဟာနိ’ သည် ရှိ၏။ ဤသဘောကို အိုခြင်း ‘ဇရာ’ ဟု ဆိုအပ်၏။
ထိုနှစ်ပါးတို့တွင် အဘယ်သည် သေခြင်း ‘မရဏ’ မည်သနည်း။
ထိုထိုတရားတို့၏ အကြင်ကုန်ခြင်း ‘ခယ’၊ ပျက်ခြင်း ‘ဝယ’၊ ကွဲပြိုခြင်း ‘ဘေဒ’၊ ထက်ဝန်းကျင်ကွဲပြိုခြင်း ‘ပရိဘေဒ’၊ မမြဲခြင်း ‘အနိစ္စတာ’၊ ကွယ်ပျောက်ခြင်း ‘အန္တရဓာန'သည် ရှိ၏။ ဤသဘောကိုသေခြင်း (မရဏ) ဟု ဆိုအပ်၏။
ဤသို့ အိုခြင်း ‘ဇရာ'သည်လည်းကောင်း သေခြင်း ‘မရဏ'သည်လည်းကောင်း ရှိ၏၊ ဤသဘောကိုဇာတိကြောင့်ဖြစ်သော အိုခြင်း ‘ဇရာ’၊ သေခြင်း ‘မရဏ’ဟု ဆိုအပ်၏။ ဤဆိုခဲ့ပြီးသော နည်းဖြင့်ချမ်းသာနှင့် မရောသော ဤဆင်းရဲအစုအပုံ၏ ထင်ရှားဖြစ်ပေါ်မှုသည် ဖြစ်၏ဟူသော ဤစကား၌ ချမ်းသာနှင့် မရောသော ဆင်းရဲအစု၏ ပေါင်းဆုံခြင်းသည် ဖြစ်၏၊ အညီအညွတ်ရောက်ခြင်းသည် ဖြစ်၏၊ ပေါင်းရုံးခြင်းသည် ဖြစ်၏၊ ထင်ရှားဖြစ်ပေါ်ခြင်းသည် ဖြစ်၏။
--
(၂)။ မပြည့်မစုံ အင်္ဂါ-၁၁-ပါးရှိသောဝါရ
၂၅၀။ (၁) ထိုအခါ မသိမှု ‘အဝိဇ္ဇာ’ ကြောင့် ပြုစီရင်မှု ‘သင်္ခါရ’ သည် ဖြစ်၏။
(၂) ပြုစီရင်မှု သင်္ခါရကြောင့် သိမှု ‘ဝိညာဏ်’ သည် ဖြစ်၏။
(၃) သိမှု ‘ဝိညာဏ်’ ကြောင့် နာမ်သည် ဖြစ်၏။
(၄) နာမ်ကြောင့် တွေ့ထိမှု ‘ဖဿ’ သည် ဖြစ်၏။
(၅) တွေ့ထိမှု ‘ဖဿ’ ကြောင့် ခံစားမှု ‘ဝေဒနာ’ သည် ဖြစ်၏။
(၆) ခံစားမှု ‘ဝေဒနာ’ ကြောင့် တပ်မက်မှု ‘တဏှာ’ သည် ဖြစ်၏။
(၇) တပ်မက်မှု ‘တဏှာ’ ကြောင့် စွဲလမ်းမှု ‘ဥပါဒါန်’ သည် ဖြစ်၏။
(၈) စွဲလမ်းမှု ‘ဥပါဒါန်’ ကြောင့် ဘဝသည် ဖြစ်၏။
(၉) ဘဝကြောင့် ဇာတိသည် ဖြစ်၏။
(၁၀) ဇာတိကြောင့်-
(၁၁) အိုခြင်း ‘ဇရာ’ သေခြင်း ‘မရဏ’ သည် ဖြစ်၏။ ဤဆိုခဲ့ပြီးသောနည်းဖြင့် ချမ်းသာနှင့်မရောသော ဤဆင်းရဲအစုအပုံ၏ ထင်ရှားဖြစ်ပေါ်မှုသည် ဖြစ်၏။
--
(၂) မပြည့်မစုံ အင်္ဂါ-၁၁-ပါးရှိသောဝါရအကျယ်
၂၅၁။ (၁) အဝိဇ္ဇာ။ ။ ထိုအင်္ဂါ- ၁၁-ပါးတို့တွင် အဘယ်သည် မသိမှု မောဟဟူသော (အဝိဇ္ဇာ) မည်သနည်း။
အကြင်မသိခြင်းသဘော ‘အညာဏ’၊ မမြင်ခြင်းသဘော ‘အဒဿန’။ပ။ တံခါးကျင် (မင်းတုပ်) နှင့်တူသော မသိမှု သဘော ‘အဝိဇ္ဇာလင်္ဂီ’၊ အကုသိုလ်မူလဟုဆိုအပ်သော တွေဝေမှု ‘မောဟ’ သည် ရှိ၏၊ ဤသဘောကို မသိမှု ‘အဝိဇ္ဇာ’ ဟု ဆိုအပ်၏။
(၂) သင်္ခါရ
ထိုအင်္ဂါ၁၁-ပါးတို့တွင် အဘယ်သည် မသိမှု ‘အဝိဇ္ဇာ’ ကြောင့်ဖြစ်သော ပြုစီရင်မှု ‘သင်္ခါရ’ မည်သနည်း။
အကြင်စေ့ဆော်မှု သဘော ‘စေတနာ’၊ ကောင်းစွာစေ့ဆော်မှု သဘော ‘သေဉ္စတနာ’၊ စေ့ဆော်တတ်သည်၏ အဖြစ် ‘သေဉ္စတယိတတ္တ’ သည် ရှိ၏။ ဤသဘောကို မသိမှု ‘အဝိဇ္ဇာ’ ကြောင့်ဖြစ်သော ပြုစီရင်မှု'သင်္ခါရ’ ဟု ဆိုအပ်၏။
(၃) ဝိညာဏ်
ထိုအင်္ဂါ၁၁-ပါးတို့တွင် အဘယ်သည် ပြုစီရင်မှု ‘သင်္ခါရ’ ကြောင့်ဖြစ်သောသိမှု ‘ဝိညာဏ်’ မည်သနည်း။
အကြင်ဆန်းကြယ်သောသဘော ‘စိတ္တ’၊ သိခြင်းသဘော ‘မန’၊ သိမှု သဘော ‘မာနသ’။ပ။
ထိုစိတ်အားလျော်သော အထူးသိမှု သဘော ‘တဇ္ဇာမနောဝိညာဏဓာတ်’ သည် ရှိ၏။ ဤသဘောကိုပြုစီရင်မှု ‘သင်္ခါရ’ ကြောင့်ဖြစ်သော သိမှု ‘ဝိညာဏ်’ ဟု ဆိုအပ်၏။
(၄) နာမ်
ထိုအင်္ဂါ၁၁-ပါးတို့တွင် အဘယ်သည် သိမှု ‘ဝိညာဏ်’ ကြောင့်ဖြစ်သော နာမ် မည်သနည်း။
ခံစားမှု အစု ‘ဝေဒနာက္ခန္ဓာ’၊ မှတ်သားမှု အစု ‘သညာက္ခန္ဓာ’၊ ပြုစီရင်မှု အစု ‘သင်္ခါရက္ခန္ဓာ’ သည် ရှိ၏။ ဤသဘောကို သိမှု ‘ဝိညာဏ်’ ကြောင့်ဖြစ်သော နာမ်ဟု ဆိုအပ်၏။
နာမ်ကြောင့် တွေ့ထိမှု ‘ဖဿ'သည် ဖြစ်၏ ဟုဆိုရာ၌ အဘယ်သည် နာမ် မည်သနည်း။
တွေ့ထိမှု ‘ဖဿ’ ကို ထား၍ ခံစားမှု အစု ‘ဝေဒနာက္ခန္ဓာ’၊ မှတ်သားမှု အစု ‘သညာက္ခန္ဓာ’၊ ပြုပြင်မှု အစု ‘သင်္ခါ ရက္ခန္ဓာ’၊ သိမှု အစု ‘ဝိညာဏက္ခန္ဓာ’ သည် ရှိ၏။ ဤသဘောကို နာမ်ဟု ဆိုအပ်၏။
(၅) ဖဿ
ထိုအင်္ဂါ၁၁-ပါးတို့တွင် အဘယ်သည် နာမ်ကြောင့် ဖြစ်သော တွေ့ထိမှု ‘ဖဿ’ မည်သနည်း။
အကြင်တွေ့ထိမှု သဘော ‘ဖဿ’၊ တွေ့ထိသောအခြင်းအရာ ‘ဖုသနာ’၊ ကောင်းစွာတွေ့ထိသော အခြင်းအရာ ‘သမ္ဖုသနာ’၊ ကောင်းစွာတွေ့ထိတတ်သည်၏အဖြစ် ‘သမ္ဖုသိတတ္တ’ သည် ရှိ၏။ ဤသဘောကို နာမ်ကြောင့် ဖြစ်သော တွေ့ထိမှု (ဖဿ) ဟု ဆိုအပ်၏။ပ။ ထို့ကြောင့် ဤဆိုအပ်ပြီးသော နည်းဖြင့်ချမ်းသာနှင့်မရောသော ဤဆင်းရဲအစုအပုံ၏ ထင်ရှားဖြစ်ပေါ်မှုသည် ဖြစ်၏ဟု ဆိုအပ်၏။
--
(၃) အပြည့်အစုံ အင်္ဂါ၁၂-ပါးရှိသော ဝါရ
၂၅၂။ (၁) ထိုအခါ မသိမှု ‘အဝိဇ္ဇာ’ကြောင့် ပြုစီရင်မှု ‘သင်္ခါရ'သည် ဖြစ်၏။
(၂) ပြုစီရင်မှု ‘သင်္ခါရ'ကြောင့် သိမှု ‘ဝိညာဏ်'သည် ဖြစ်၏။
(၃) သိမှု ‘ဝိညာဏ်’ ကြောင့် နာမ်ရုပ်သည် ဖြစ်၏။
(၄) နာမ်ရုပ်ကြောင့် ခြောက်ခုမြောက် မနာယတနသည် ဖြစ်၏။
(၅) ခြောက်ခုမြောက် ‘မနာယတန’ ကြောင့် တွေ့ထိမှု (ဖဿ) သည် ဖြစ်၏။
(၆) တွေ့ထိမှု ‘ဖဿ’ ကြောင့် ခံစားမှု ‘ဝေဒနာ'သည် ဖြစ်၏။
(၇) ခံစားမှု ‘ဝေဒနာ’ ကြောင့် တပ်မက်မှု ‘တဏှာ’ သည် ဖြစ်၏။
(၈) တပ်မက်မှု ‘တဏှာ’ ကြောင့် စွဲလမ်းမှု ‘ဥပါဒါန်’ သည် ဖြစ်၏။
(၉) စွဲလမ်းမှု ‘ဥပါဒါန်’ ကြောင့် ဘဝသည် ဖြစ်၏။
(၁၀) ဘဝကြောင့် ဇာတိသည် ဖြစ်၏။
(၁၁) ဇာတိကြောင့်-
(၁၂) အိုခြင်း သေခြင်း ‘ဇရာမရဏ'သည် ဖြစ်၏။
ဤဆိုခဲ့ပြီးသောနည်းဖြင့် ချမ်းသာနှင့်မရောသော ဤဆင်းရဲအစုအပုံ၏ ထင်ရှားဖြစ်ပေါ်မှုသည် ဖြစ်၏။
--
(၃) အပြည့်အစုံ အင်္ဂါ၁၂-ပါးရှိသော ဝါရအကျယ်
၂၅၃။ (၁) အဝိဇ္ဇာ။ ။ ထိုအင်္ဂါ၁၂-ပါးတို့တွင် အဘယ်သည် မသိမှု (အဝိဇ္ဇာ) မည်သနည်း။
အကြင်မသိခြင်းသဘော ‘အညာဏ’၊ မမြင်ခြင်းသဘော ‘အဒဿန’။ပ။ တံခါးကျင် (မင်းတုပ်) နှင့် တူသော မသိမှု သဘော ‘အဝိဇ္ဇာလင်္ဂီ’၊ အကုသိုလ်မူလဟုဆိုအပ်သော တွေဝေမှု ‘မောဟ’ သည် ရှိ၏။ ဤသဘောကို မသိမှု (အဝိဇ္ဇာ) ဟု ဆိုအပ်၏။
(၂) သင်္ခါရ
ထိုအင်္ဂါ၁၂-ပါးတို့တွင် အဘယ်သည် မသိမှု ‘အဝိဇ္ဇာ’ကြောင့်ဖြစ်သော ပြုစီရင်မှု ‘သင်္ခါရ’ မည်သနည်း။
အကြင်စေ့ဆော်မှု သဘော ‘စေတနာ’၊ ကောင်းစွာစေ့ဆော်မှု သဘော ‘သေဉ္စတနာ’၊ စေ့ဆော်တတ်သည်၏ အဖြစ် ‘သေဉ္စတယိတတ္တ’ သည် ရှိ၏။ ဤသဘောကို မသိမှု ‘အဝိဇ္ဇာ’ ကြောင့် ဖြစ်သောပြုစီရင်မှု ‘သင်္ခါရ’ ဟု ဆိုအပ်၏။
(၃) ဝိညာဏ်
ထိုအင်္ဂါ၁၂-ပါးတို့တွင် အဘယ်သည် ပြုစီရင်မှု (သင်္ခါရ) ကြောင့်ဖြစ်သော သိမှု ‘ဝိညာဏ်’ မည်သနည်း။
အကြင်ဆန်းကြယ်သောသဘော ‘စိတ္တ’၊ သိခြင်းသဘော ‘မန’၊ သိမှု သဘော ‘မာနသ’၊ ထိုစိတ်အားလျော်သော အထူးသိမှု သဘော ‘တဇ္ဇာမနောဝိညာဏဓာတ်’ သည် ရှိ၏။ ဤသဘောကိုပြုစီရင်မှု (သင်္ခါရ) ကြောင့်ဖြစ်သော သိမှု (ဝိညာဏ်) ဟု ဆိုအပ်၏။
(၄) နာမ်ရုပ်
ထိုအင်္ဂါ၁၂-ပါးတို့တွင် အဘယ်သည် သိမှု (ဝိညာဏ်) ကြောင့်ဖြစ်သော နာမ်ရုပ် မည်သနည်း။
နာမ်သည် ရှိ၏။ ရုပ်သည် ရှိ၏။ ထိုနာမ်ရုပ် ၂-ပါးတို့တွင် အဘယ်သည် နာမ် မည်သနည်း။
ခံစားမှု အစု ‘ဝေဒနာက္ခန္ဓာ’၊ မှတ်သားမှု အစု ‘သညာက္ခန္ဓာ’၊ ပြုပြင်မှု အစု ‘သင်္ခါရက္ခန္ဓာ’ သည် ရှိ၏။ ဤသဘောကို နာမ်ဟု ဆိုအပ်၏။
ထို၂-ပါးတို့တွင် အဘယ်သည် ရုပ် မည်သနည်း။
စက္ခာယတန၏ကြီးပွါးမှု ၊ သောတာယတန၏ကြီးပွါးမှု ၊ ဃာနာယတန၏ကြီးပွါးမှု ၊ ဇိဝှါယတန၏ကြီးပွါးမှု ၊ ကာယာယတန၏ကြီးပွါးမှုသည် ရှိ၏။ ကမ္မဇရုပ်မှ တစ်ပါးသော စိတ်ဟူသော ဟိတ်ရှိသောစိတ်ကြောင့်ဖြစ်သော အကြင်စိတ္တဇရုပ်သည်လည်း ရှိ၏။ ဤကမ္မဇရုပ် စိတ္တဇရုပ် ၂-မျိုးကို ရုပ်ဟု ဆိုအပ်၏။ ဤဆိုခဲ့ပြီးသော နာမ်နှင့်ရုပ်တို့ကို သိမှု (ဝိညာဏ်) ကြောင့်ဖြစ်သော နာမ်ရုပ်ဟု ဆိုအပ်ကုန်၏။ နာမ် ရုပ်အကြောင်းကြောင့်ဖြစ်သော ခြောက်ခုမြောက်မနာယတနသည် ဖြစ်၏ဟု ဆိုရာ၌-
နာမ်သည် ရှိ၏၊ ရုပ်သည် ရှိ၏၊ ထို ၂-ပါးတို့တွင် အဘယ်သည် နာမ် မည်သနည်း။
ခံစားမှု အစု ‘ဝေဒနာက္ခန္ဓာ’၊ မှတ်သားမှု အစု ‘သညာက္ခန္ဓာ’၊ ပြုပြင်မှု အစု ‘သင်္ခါရက္ခန္ဓာ’ သည် ရှိ၏။ ဤသဘောကို နာမ်ဟု ဆိုအပ်၏။
--
ထို ၂-ပါးတို့တွင် အဘယ်သည် ရုပ် မည်သနည်း။
အကြင်ဟဒယဝတ္ထုရုပ်ကို မှီ၍ မနောဝိညာဏဓာတ်သည် ဖြစ်၏၊ ဤသဘောကို ရုပ်ဟု ဆိုအပ်၏။
ဤဆိုခဲ့ပြီးသော နာမ်နှင့် ရုပ်တို့ကို နာမ်ရုပ်ဟု ဆိုအပ်ကုန်၏။
(၅) မနာယတန
ထိုအင်္ဂါ-၁၂-ပါးတို့တွင် အဘယ်သည် နာမ်ရုပ်ကြောင့်ဖြစ်သော ခြောက်ခုမြောက် မနာယတန မည်သနည်း။
အကြင်ဆန်းကြယ်သောသဘော ‘စိတ္တ’၊ သိမှု သဘော ‘မန’၊ သိခြင်းသဘော ‘မာနသ’။ပ။ ထိုစိတ်အားလျော်သော အထူးသိမှု သဘော ‘တဇ္ဇာမနောဝိညာဏဓာတ်’ သည် ရှိ၏။ ဤသဘောကို နာမ်ရုပ်ကြောင့် ဖြစ်သော ခြောက်ခုမြောက် မနာယတနဟု ဆိုအပ်ကုန်၏။
(၆) ဖဿ
ထိုအင်္ဂါ၁၂-ပါးတို့တွင် အဘယ်သည် ခြောက်ခုမြောက် မနာယတနကြောင့်ဖြစ်သော တွေ့ထိမှု ‘ဖဿ’ မည်သနည်း။
အကြင်တွေ့ထိမှု သဘော ‘ဖဿ’၊ တွေ့ထိသောအခြင်းအရာ ‘ဖုသနာ’၊ ကောင်းစွာတွေ့ထိသောအခြင်း အရာ ‘သမ္ဖုသနာ’၊ ကောင်းစွာတွေ့ထိတတ်သည်၏အဖြစ် ‘သမ္ဖုသိတတ္တ’ သည် ရှိ၏။ ဤသဘောကိုခြောက်ခုမြောက် မနာယတနကြောင့်ဖြစ်သော တွေ့ထိမှု ‘ဖဿ’ဟု ဆိုအပ်၏။ပ။ ထို့ကြောင့် ဤဆိုအပ်ခဲ့ပြီးသောနည်းဖြင့် ချမ်းသာနှင့်မရောသော ဤဆင်းရဲအစုအပုံ၏ ထင်ရှားဖြစ်ပေါ်မှုသည် ဖြစ်၏။
--
(၄) လုံးဝပြည့်စုံသည့်အင်္ဂါ၁၂-ပါးရှိသော ဝါရ
၂၅၄။ (၁) ထိုအခါ မသိမှု ‘အဝိဇ္ဇာ’ ကြောင့် ပြုစီရင်မှု ‘သင်္ခါရ’ သည် ဖြစ်၏။
(၂) ပြုစီရင်မှု ‘သင်္ခါရ’ ကြောင့် သိမှု (ဝိညာဏ်) သည် ဖြစ်၏။
(၃) သိမှု ‘ဝိညာဏ်’ ကြောင့် နာမ်ရုပ်သည် ဖြစ်၏။
(၄) နာမ်ရုပ်ကြောင့် ‘အာယတန’ ခြောက်ပါးသည် ဖြစ်၏။
(၅) ခြောက်ခုမြောက် ‘မနာယတန’ ကြောင့် တွေ့ထိမှု ‘ဖဿ’ သည် ဖြစ်၏။
(၆) တွေ့ထိမှု ‘ဖဿ’ ကြောင့် ခံစားမှု ‘ဝေဒနာ ‘သည် ဖြစ်၏။
(၇) ခံစားမှု ‘ဝေဒနာ’ ကြောင့် တပ်မက်မှု ‘တဏှာ’ သည် ဖြစ်၏။
(၈) တပ်မက်မှု ‘တဏှာ’ ကြောင့် စွဲလမ်းမှု ‘ဥပါဒါန်’ သည် ဖြစ်၏။
(၉) စွဲလမ်းမှု ‘ဥပါဒါန်’ ကြောင့် ဘဝသည် ဖြစ်၏။
(၁၀) ဘဝကြောင့် ဇာတိသည် ဖြစ်၏။
(၁၁) ဇာတိကြောင့်-
(၁၂) အိုခြင်း သေခြင်း ‘ဇရာမရဏ’ သည် ဖြစ်၏။ ဤဆိုခဲ့ပြီးသောနည်းဖြင့် ချမ်းသာနှင့်မရောသော ဤဆင်းရဲအစုအပုံ၏ ထင်ရှားဖြစ်ပေါ်မှုသည် ဖြစ်၏။
--
(၄) လုံးဝပြည့်စုံသည့်အင်္ဂါ၁၂-ပါးရှိသော ဝါရအကျယ်
၂၅၅။ (၁) အဝိဇ္ဇာ။ ။ ထိုအင်္ဂါ-၁၂-ပါးတို့တွင် အဘယ်သည် မသိမှု (အဝိဇ္ဇာ) မည်သနည်း။
အကြင်မသိခြင်းသဘော ‘အညာဏ’၊ မမြင်ခြင်းသဘော ‘အဒဿန’။ပ။ တံခါးကျင် (မင်းတုပ်) နှင့်တူသော မသိမှု သဘော ‘အဝိဇ္ဇာလင်္ဂီ’၊ အကုသိုလ်မူလဟုဆိုအပ်သော တွေဝေမှု ‘မောဟ’ သည် ရှိ၏။ ဤသဘောကို မသိမှု ‘အဝိဇ္ဇာ’ ဟု ဆိုအပ်၏။
(၂) သင်္ခါရ
ထိုအင်္ဂါ၁၂-ပါးတို့တွင် အဘယ်သည် မသိမှု ‘အဝိဇ္ဇာ’ကြောင့်ဖြစ်သော ပြုစီရင်မှု ‘သင်္ခါရ’ မည်သနည်း။
အကြင်စေ့ဆော်မှု သဘော ‘စေတနာ’၊ ကောင်းစွာစေ့ဆော်မှု သဘော ‘သေဉ္စတနာ’၊ စေ့ဆော်တတ်သည်၏ အဖြစ် ‘သေဉ္စတယိတတ္တ’ သည် ရှိ၏။ ဤသဘောကို မသိမှု ‘အဝိဇ္ဇာ’ကြောင့်ဖြစ်သော ပြုစီရင်မှု ‘သင်္ခါရ’ ဟု ဆိုအပ်၏။
(၃) ဝိညာဏ်
ထိုအင်္ဂါ၁၂-ပါးတို့တွင် အဘယ်သည် ပြုစီရင်မှု ‘သင်္ခါရ'ကြောင့်ဖြစ်သော သိမှု ‘ဝိညာဏ်’ မည်သနည်း။
အကြင် ဆန်းကြယ်သောသဘော ‘စိတ္တ’၊ သိခြင်းသဘော ‘မန’၊ သိမှု သဘော ‘မာနသ’။ပ။ ထိုစိတ်အားလျော်သော အထူးသိမှု သဘော ‘တဇ္ဇာမနောဝိညာဏဓာတ်’ သည် ရှိ၏။ ဤသဘောကိုပြုစီရင်မှု ‘သင်္ခါရ’ ကြောင့်ဖြစ်သော သိမှု ‘ဝိညာဏ်’ ဟု ဆိုအပ်၏။
(၄) နာမ်ရုပ်
ထိုအင်္ဂါ၁၂-ပါးတို့တွင် အဘယ်သည် သိမှု ‘ဝိညာဏ်’ ကြောင့်ဖြစ်သော နာမ်ရုပ် မည်သနည်း။
နာမ်သည် ရှိ၏။ ရုပ်သည် ရှိ၏။ ထို ၂-ပါးတို့တွင် အဘယ်သည် နာမ် မည်သနည်း။
ခံစားမှု အစု ‘ဝေဒနာက္ခန္ဓာ’၊ မှတ်သားမှု အစု ‘သညာက္ခန္ဓာ’၊ ပြုပြင်မှု အစု ‘သင်္ခါရက္ခန္ဓာ’ သည် ရှိ၏။ ဤသဘောကို နာမ်ဟု ဆိုအပ်၏။
ထို ၂-ပါးတို့တွင် အဘယ်သည် ရုပ် မည်သနည်း။
စက္ခာယတန၏ ကြီးပွါးမှု ၊ သောတာယတန၏ကြီးပွါးမှု ၊ ဃာနာယတန၏ကြီးပွါးမှု ၊ ဇိဝှါယတန၏ကြီးပွါးမှု ၊ ကာယာယတန၏ကြီးပွါးမှုသည် ရှိ၏။ ကမ္မဇရုပ်မှ တစ်ပါးသော စိတ်ဟူသော ဟိတ်ရှိသောစိတ်ကြောင့်ဖြစ်သော အကြင်စိတ္တဇရုပ်သည်လည်း ရှိ၏။ ဤကမ္မဇရုပ်နှင့် စိတ္တဇရုပ်ကို ရုပ်ဟု ဆိုအပ်ကုန်၏။ ဆိုအပ်ခဲ့ပြီးသော နာမ်နှင့် ရုပ်ကို သိမှု (ဝိညာဏ်) ကြောင့်ဖြစ်သော နာမ်ရုပ်ဟု ဆိုအပ်၏။
နာမ် ရုပ်ကြောင့် အာယတနခြောက်ပါးဖြစ်၏ဟု ဆိုရာ၌-
နာမ်သည် ရှိ၏၊ ရုပ်သည် ရှိ၏။ ထို ၂-ပါးတို့တွင် အဘယ်သည် နာမ် မည်သနည်း။
ခံစားမှု အစု ‘ဝေဒနာက္ခန္ဓာ’၊ မှတ်သားမှု အစု ‘သညာက္ခန္ဓာ’၊ ပြုပြင်မှု အစု ‘သင်္ခါရက္ခန္ဓာ’ သည် ရှိ၏။ ဤသဘောကို နာမ်ဟု ဆိုအပ်၏။
--
ထို ၂-ပါးတို့တွင် အဘယ်သည် ရုပ် မည်သနည်း။
မဟာဘုတ်လေးပါးတို့သည်လည်းကောင်း၊ မနောဝိညာဏဓာတ်၏မှီရာဖြစ်သော ဟဒယဝတ္ထုရုပ့်သည်လည်းကောင်း ရှိ၏၊ ဤမဟာဘုတ်နှင့် ဟဒယဝတ္ထုကို ရုပ်ဟု ဆိုအပ်၏။ ဤဆိုအပ်ခဲ့ပြီးသောနာမ်နှင့် ရုပ်ကို နာမ်ရုပ်ဟု ဆိုအပ်၏။
(၅) သဠာယတန
ထိုအင်္ဂါ၁၂-ပါးတို့တွင် အဘယ်သည် နာမ် ရုပ်ကြောင့်ဖြစ်သော ‘အာယတန’ ခြောက်ပါး မည်သနည်း။
မြင်သိစိတ်ဖြစ်ရာ မျက်စိအကြည် ‘စက္ခာယတန’၊ ကြားသိစိတ်ဖြစ်ရာ နားအကြည် ‘သောတာ ယတန’၊ နံသိစိတ်ဖြစ်ရာ နှာခေါင်းအကြည် ‘ဃာနာယတန’၊ လျက်သိစိတ်ဖြစ်ရာ လျှာအကြည် ‘ဇိဝှါ ယတန’၊ ထိသိစိတ်ဖြစ်ရာ ကိုယ်အကြည် ‘ကာယာယတန’၊ ကြံသိစိတ်ဖြစ်ရာ မနောအကြည် ‘မနာယတန’ သည် ရှိ၏။ ဤသဘောကို နာမ်, ရုပ်ကြောင့်ဖြစ်သော ‘အာယတန’ ခြောက်ပါးဟု ဆိုအပ်၏။
(၆) ဖဿ
ထိုအင်္ဂါ၁၂-ပါးတို့တွင် အဘယ်သည် ခြောက်ခုမြောက် ‘မနာယတန’ ကြောင့်ဖြစ်သော တွေ့ထိမှု ‘ဖဿ’ မည်သနည်း။
အကြင်တွေ့ထိမှု သဘော ‘ဖဿ’၊ တွေ့ထိသောအခြင်းအရာ ‘ဖုသနာ’၊ ကောင်းစွာတွေ့ထိသော အခြင်း အရာ ‘သမ္ဖုသနာ’၊ ကောင်းစွာတွေ့ထိတတ်သည်၏အဖြစ် ‘သမ္ဖုသိတတ္တ’ သည် ရှိ၏။ ဤသဘောကိုခြောက်ခုမြောက် ‘မနာယတန’ ကြောင့်ဖြစ်သော တွေ့ထိမှု ‘ဖဿ’ဟု ဆိုအပ်၏။ပ။ ထို့ကြောင့် ဤဆိုအပ်ခဲ့ပြီးသော နည်းဖြင့် ချမ်းသာနှင့်မရောသော ဤဆင်းရဲအစုအပုံ၏ ထင်ရှားဖြစ်ပေါ်မှုသည် ဖြစ်၏။
ပစ္စယသဒ္ဒါဖြင့် ဟောသော ဝါရလေးမျိုး အကျယ်ပြီး၏။
--
၆-ဟေတုသဒ္ဒါဖြင့် ဟောသော ဝါရလေးမျိုးအကျယ်
(၁) မပြည့်မစုံ အင်္ဂါ၁၂-ပါးရှိသောဝါရ
၂၅၆။ (၁) ထိုအခါ၌ မသိမှု ‘အဝိဇ္ဇာ’ ကြောင့်ဖြစ်သော ပြုစီရင်မှု ‘သင်္ခါရ’ သည် မသိမှု ‘အဝိဇ္ဇာ’ဟူသောဟိတ်ရှိ၏။
(၂) ပြုစီရင်မှု ‘သင်္ခါရ’ ကြောင့်ဖြစ်သော သိမှု ‘ဝိညာဏ်’ သည် ပြုစီရင်မှု ‘သင်္ခါရ’ဟူသောဟိတ်ရှိ၏။
(၃) သိမှု ‘ဝိညာဏ်’ ကြောင့်ဖြစ်သော နာမ်သည် သိမှု ‘ဝိညာဏ်’ဟူသော ဟိတ်ရှိ၏။
(၄) နာမ်ကြောင့်ဖြစ်သော ခြောက်ခုမြောက် ‘မနာယတန’ သည် နာမ်ဟူသော ဟိတ်ရှိ၏။
(၅) ခြောက်ခုမြောက် ‘မနာယတန'ကြောင့်ဖြစ်သော တွေ့ထိမှု ‘ဖဿ'သည် ခြောက်ခုမြောက် ‘မနာယတန’ဟူသော ဟိတ်ရှိ၏။
(၆) တွေ့ထိမှု ‘ဖဿ’ ကြောင့်ဖြစ်သော ခံစားမှု ‘ဝေဒနာ'သည် တွေ့ထိမှု ‘ဖဿ’ဟူသော ဟိတ်ရှိ၏။
(၇) ခံစားမှု ‘ဝေဒနာ’ ကြောင့်ဖြစ်သော တပ်မက်မှု ‘တဏှာ’ သည် ခံစားမှု ‘ဝေဒနာ’ဟူသော ဟိတ်ရှိ၏။
(၈) တပ်မက်မှု ‘တဏှာ’ ကြောင့်ဖြစ်သော စွဲလမ်းမှု ‘ဥပါဒါန်’ သည် တပ်မက်မှု ‘တဏှာ’ဟူသောဟိတ်ရှိ၏။
(၉) စွဲလမ်းမှု ‘ဥပါဒါန်’ ကြောင့် ဘဝသည် ဖြစ်၏။
(၁၀) ကမ္မဘဝကြောင့် ဇာတိသည် ဖြစ်၏။
(၁၁) ဇာတိကြောင့်-
(၁၂) အိုခြင်း သေခြင်း ‘ဇရာမရဏ’ သည် ဖြစ်၏။ ဤဆိုအပ်ခဲ့ပြီးသောနည်းဖြင့် ချမ်းသာနှင့်မရောသော ဤဆင်းရဲအစုအပုံ၏ ထင်ရှားဖြစ်ပေါ်မှုသည် ဖြစ်၏။
--
(၁) မပြည့်မစုံ အင်္ဂါ၁၂-ပါးရှိသော ဝါရအကျယ်
၂၅၇။ (၁) အဝိဇ္ဇာ။ ။ ထိုအင်္ဂါ၁၂-ပါးတို့တွင် အဘယ်သည် မသိမှု ‘အဝိဇ္ဇာ’ မည်သနည်း။
အကြင်မသိမှု သဘော ‘အညာဏ’၊ မမြင်ခြင်းသဘော ‘အဒဿန’။ပ။ တံခါးကျင် (မင်းတုပ်) နှင့်တူသော မသိမှု သဘော ‘အဝိဇ္ဇာလင်္ဂီ’၊ အကုသိုလ်မူလဟုဆိုအပ်သော တွေဝေမှု ‘မောဟ’ သည် ရှိ၏။ ဤသဘောကို မသိမှု ‘အဝိဇ္ဇာ’ဟု ဆိုအပ်၏။
(၂) သင်္ခါရ
ထိုအင်္ဂါ၁၂-ပါးတို့တွင် အဘယ်သည် မသိမှု ‘အဝိဇ္ဇာ’ ကြောင့်ဖြစ်သော မသိမှု ‘အဝိဇ္ဇာ’ဟူသော ဟိတ်ရှိသော ပြုစီရင်မှု ‘သင်္ခါရ’ မည်သနည်း။
အကြင်စေ့ဆော်မှု သဘော ‘စေတနာ’၊ ကောင်းစွာစေ့ဆော်သော အခြင်းအရာ ‘သေဉ္စတနာ’၊ ကောင်းစွာစေ့ဆော်တတ်သည်၏အဖြစ် ‘သေဉ္စတယိတက္က’ သည် ရှိ၏။ ဤသဘောကို မသိမှု ‘အဝိဇ္ဇာ’ကြောင့်ဖြစ်သော မသိမှု ‘အဝိဇ္ဇာ’ဟူသော ဟိတ်ရှိသော ပြုစီရင်မှု ‘သင်္ခါရ’ ဟု ဆိုအပ်၏။
(၃) ဝိညာဏ်
ထိုအင်္ဂါ၁၂-ပါးတို့တွင် အဘယ်သည် ပြုစီရင်မှု ‘သင်္ခါရ’ ကြောင့်ဖြစ်သောပြုစီရင်မှု ‘သင်္ခါရ’ဟူသော ဟိတ်ရှိသော သိမှု ‘ဝိညာဏ်’ မည်သနည်း။
အကြင်ဆန်းကြယ်သောသဘော ‘စိတ္တ’၊ သိခြင်းသဘော ‘မန’၊ သိမှု သဘော ‘မာနသ’။ပ။ ထိုစိတ်အားလျော်သော အထူးသိမှု သဘော ‘တဇ္ဇာမနောဝိညာဏဓာတ်’ သည် ရှိ၏။ ဤသဘောကိုပြုစီရင်မှု ‘သင်္ခါရ'ကြောင့် ဖြစ်သော ပြုစီရင်မှု ‘သင်္ခါရ’ဟူသော ဟိတ်ရှိသော သိမှု ‘ဝိညာဏ်’ ဟု ဆိုအပ်၏။
(၄) နာမ်
ထိုအင်္ဂါ၁၂-ပါးတို့တွင် အဘယ်သည် သိမှု ‘ဝိညာဏ်’ ကြောင့်ဖြစ်သော သိမှု ‘ဝိညာဏ်’ဟူသော ဟိတ်ရှိသော နာမ် မည်သနည်း။
ခံစားမှု အစု ‘ဝေဒနာက္ခန္ဓာ’၊ မှတ်သားမှု အစု ‘သညာက္ခန္ဓာ’၊ ပြုစီရင်မှု အစု ‘သင်္ခါရက္ခန္ဓာ’ သည် ရှိ၏။ ဤသဘောကို သိမှု ‘ဝိညာဏ်'ကြောင့်ဖြစ်သော သိမှု ‘ဝိညာဏ်’ဟူသော ဟိတ်ရှိသော နာမ်ဟု ဆိုအပ်၏။
(၅) မနာယတန
ထိုအင်္ဂါ၁၂-ပါးတို့တွင် အဘယ်သည် နာမ်ကြောင့်ဖြစ်သော နာမ်ဟူသောဟိတ်ရှိသော ခြောက်ခုမြောက် မနာယတန မည်သနည်း။
အကြင်ဆန်းကြယ်သောသဘော ‘စိတ္တ’၊ သိခြင်းသဘော ‘မန’၊ သိမှု သဘော ‘မာနသ’။ပ။ ထိုစိတ် အားလျော်သော အထူးသိမှု သဘော ‘တဇ္ဇာမနောဝိညာဏဓာတ်’ သည် ရှိ၏။ ဤသဘောကို နာမ်ကြောင့်ဖြစ်သော နာမ်ဟူသော ဟိတ်ရှိသော ခြောက်ခုမြောက် မနာယတန ဟု ဆိုအပ်၏။
--
(၆) ဖဿ
ထိုအင်္ဂါ၁၂-ပါးတို့တွင် အဘယ်သည် ခြောက်ခုမြောက် မနာယတန ကြောင့်ဖြစ်သော ခြောက်ခုမြောက် မနာယတနဟူသော ဟိတ်ရှိသော တွေ့ထိမှု ‘ဖဿ’ မည်သနည်း။
အကြင်တွေ့ထိခြင်းသဘော ‘ဖဿ’၊ တွေ့ထိသောအခြင်းအရာ ‘ဖုသနာ’၊ ကောင်းစွာ တွေ့ထိသောအခြင်းအရာ ‘သမ္ဖုသနာ’၊ ကောင်းစွာ တွေ့ထိတတ်သည်၏အဖြစ် ‘သမ္ဖုသိတတ္တ’ သည် ရှိ၏။ ဤသဘောကို ခြောက်ခုမြောက် မနာယတန ကြောင့်ဖြစ်သော ခြောက်ခုမြောက် မနာယတနဟူသော ဟိတ်ရှိသော တွေ့ထိမှု ဖဿ ဟု ဆိုအပ်၏။
(၇) ဝေဒနာ
ထိုအင်္ဂါ၁၂-ပါးတို့တွင် အဘယ်သည် တွေ့ထိမှု ‘ဖဿ'ကြောင့်ဖြစ်သောတွေ့ထိမှု ‘ဖဿ’ဟူသော ဟိတ်ရှိသော ခံစားမှု ‘ဝေဒနာ’ မည်သနည်း။
အကြင်စိတ်၌ ဖြစ်သော သာယာမှု ၊ စိတ်၌ ဖြစ်သော ချမ်းသာမှု ၊ စိတ်၌ တွေ့ထိမှု ကြောင့်ဖြစ်သောသာယာဖွယ်ကောင်းသော ချမ်းသာသော ခံစားမှု ၊ စိတ်အတွေ့ကြောင့်ဖြစ်သော သာယာဖွယ်ကောင်းသောချမ်းသာသော ခံစားမှု သဘောသည် ရှိ၏၊ ဤသဘောကို တွေ့ထိမှု ‘ဖဿ’ ကြောင့်ဖြစ်သော တွေ့ထိမှု ‘ဖဿ’ဟူသော ဟိတ်ရှိသော ခံစားမှု ‘ဝေဒနာ’ဟု ဆိုအပ်၏။
(၈) တဏှာ
ထိုအင်္ဂါ၁၂-ပါးတို့တွင် အဘယ်သည် ခံစားမှု ‘ဝေဒနာ’ ကြောင့်ဖြစ်သော ခံစားမှု ‘ဝေဒနာ’ဟူသော ဟိတ်ရှိသော တပ်မက်မှု ‘တဏှာ’ မည်သနည်း။
အကြင်တပ်မက်ခြင်း ‘ရာဂ’၊ ပြင်းစွာတပ်မက်ခြင်း ‘သာရာဂ’။ပ။ စိတ်၏ ပြင်းစွာတပ်မက်ခြင်း ‘စိတ္တသာရာဂ’ သည် ရှိ၏။ ဤသဘောကို ခံစားမှု ‘ဝေဒနာ’ ကြောင့်ဖြစ်သော ခံစားမှု ‘ဝေဒနာ’ဟူသောဟိတ်ရှိသော တပ်မက်မှု ‘တဏှာ’ ဟု ဆိုအပ်၏။
(၉) ဥပါဒါန်
ထိုအင်္ဂါ၁၂-ပါးတို့တွင် အဘယ်သည် တပ်မက်မှု ‘တဏှာ’ ကြောင့်ဖြစ်သောတပ်မက်မှု ‘တဏှာ’ဟူသော ဟိတ်ရှိသော စွဲလမ်းမှု ‘ဥပါဒါန်’ မည်သနည်း။
အကြင် အမြင်မှားမှု ‘ဒိဋ္ဌိ’၊ အမြင်မှားမှု၌ ပါဝင်သောသဘော ‘ဒိဋ္ဌိဂတ’။ပ။ မိစ္ဆာအယူဟူသောတည်ရာ ‘တိတ္ထာယတန’၊ ဖောက်ပြန်သောအားဖြင့် စွဲယူခြင်းသဘော ‘ဝိပရိယာသဂ္ဂါဟ’ သည် ရှိ၏။ ဤသဘောကို တပ်မက်မှု ‘တဏှာ’ ကြောင့်ဖြစ်သော တပ်မက်မှု ‘တဏှာ’ဟူသော ဟိတ်ရှိသော စွဲလမ်းမှု ‘ဥပါဒါန်’ ဟု ဆိုအပ်၏။ပ။
ထို့ကြောင့် ဤဆိုခဲ့ပြီးသောနည်းဖြင့် ချမ်းသာနှင့်မရောသော ဤဆင်းရဲအစုအပုံ၏ ထင်ရှားဖြစ်ပေါ်မှုသည် ဖြစ်၏ဟု ဆိုအပ်၏။
--
(၂) မပြည့်မစုံ အင်္ဂါ၁၁-ပါးရှိသော ဝါရ
၂၅၈။ (၁) ထိုအခါ၌ မသိမှု ‘အဝိဇ္ဇာ’ ကြောင့်ဖြစ်သော၊ မသိမှု ‘အဝိဇ္ဇာ’ဟူသော ဟိတ်ရှိသော ပြုစီရင်မှု ‘သင်္ခါရ’ သည် ဖြစ်၏။
(၂) ပြုစီရင်မှု ‘သင်္ခါရ’ ကြောင့်ဖြစ်သော၊ ပြုစီရင်မှု ‘သင်္ခါရ’ဟူသော ဟိတ်ရှိသော သိမှု ‘ဝိညာဏ်'သည် ဖြစ်၏။
(၃) သိမှု ‘ဝိညာဏ်’ ကြောင့်ဖြစ်သော၊ သိမှု ‘ဝိညာဏ်’ဟူသော ဟိတ်ရှိသော နာမ်သည် ဖြစ်၏။
(၄) နာမ်ကြောင့်ဖြစ်သော၊ နာမ်ဟူသော ဟိတ်ရှိသော တွေ့ထိမှု ‘ဖဿ’ သည် ဖြစ်၏။
(၅) တွေ့ထိမှု ‘ဖဿ’ ကြောင့်ဖြစ်သော၊ တွေ့ထိမှု ‘ဖဿ’ဟူသောဟိတ်ရှိသော ခံစားမှု ‘ဝေဒနာ'သည် ဖြစ်၏။
(၆) ခံစားမှု ‘ဝေဒနာ’ ကြောင့်ဖြစ်သော၊ ခံစားမှု ‘ဝေဒနာ’ဟူသော ဟိတ်ရှိသော တပ်မက်မှု ‘တဏှာ’ သည် ဖြစ်၏။
(၇) တပ်မက်မှု ‘တဏှာ’ ကြောင့်ဖြစ်သော၊ တပ်မက်မှု ‘တဏှာ’ဟူသော ဟိတ်ရှိသော စွဲလမ်းမှု ‘ဥပါဒါန်’ သည် ဖြစ်၏။
(၈) စွဲလမ်းမှု ‘ဥပါဒါန်’ ကြောင့် ဘဝသည် ဖြစ်၏။
(၉) ဘဝကြောင့် ဇာတိသည် ဖြစ်၏။
(၁၀) ဇာတိကြောင့်-
(၁၁) အိုခြင်း, သေခြင်း ‘ဇရာမရဏ’ သည် ဖြစ်၏။ ဤဆိုခဲ့ပြီးသောနည်းဖြင့် ချမ်းသာနှင့်မရောသော ဤဆင်းရဲအစုအပုံ၏ ထင်ရှားဖြစ်ပေါ်မှုသည် ဖြစ်၏။
--
(၂) မပြည့်မစုံ အင်္ဂါ၁၁-ပါးရှိသော ဝါရအကျယ်
၂၅၉။ (၁) အဝိဇ္ဇာ။ ။ ထိုအင်္ဂါ၁၁-ပါးတို့တွင် အဘယ်သည် မသိမှု ‘အဝိဇ္ဇာ’ မည်သနည်း။
အကြင် မသိခြင်းသဘော ‘အညာဏ’၊ မမြင်ခြင်းသဘော ‘အဒဿန’။ပ။ တံခါးကျင် (မင်းတုပ်) နှင့်တူသော မသိမှု သဘော ‘အဝိဇ္ဇာလင်္ဂီ’၊ အကုသိုလ်မူလဟု ဆိုအပ်သော တွေဝေမှု (မောဟ) သည် ရှိ၏။ ဤသဘောကို မသိမှု ‘အဝိဇ္ဇာ’ ဟု ဆိုအပ်၏။
(၂) သင်္ခါရ
ထိုအင်္ဂါ၁၁-ပါးတို့တွင် အဘယ်သည် မသိမှု (အဝိဇ္ဇာ) ကြောင့်ဖြစ်သော၊ မသိမှု ‘အဝိဇ္ဇာ’ဟူသော ဟိတ်ရှိသော ပြုစီရင်မှု ‘သင်္ခါရ’ မည်သနည်း။
အကြင် စေ့ဆော်ခြင်းသဘော ‘စေတနာ’၊ ကောင်းစွာစေ့ဆော်ခြင်းသဘော ‘သေဉ္စတနာ’၊ ကောင်းစွာစေ့ဆော်တတ်သည်၏အဖြစ် ‘သေဉ္စတယိတက္က’ သည် ရှိ၏။ ဤသဘောကို မသိမှု ‘အဝိဇ္ဇာ’ကြောင့် ဖြစ်သော မသိမှု ‘အဝိဇ္ဇာ’ဟူသော ဟိတ်ရှိသော ပြုစီရင်မှု ‘သင်္ခါရ’ ဟု ဆိုအပ်၏။
(၃) ဝိညာဏ်
ထိုအင်္ဂါ၁၁-ပါးတို့တွင် အဘယ်သည် ပြုစီရင်မှု ‘သင်္ခါရ’ ကြောင့်ဖြစ်သောပြုစီရင်မှု ‘သင်္ခါရ’ဟူသော ဟိတ်ရှိသော သိမှု ‘ဝိညာဏ်’ မည်သနည်း။
အကြင်ဆန်းကြယ်သောသဘော ‘စိတ္တ’၊ သိခြင်းသဘော ‘မန’၊ သိမှု သဘော ‘မာနသ’။ပ။ ထိုစိတ်အားလျော်သော အထူးသိမှု သဘော ‘တဇ္ဇာမနောဝိညာဏဓာတ်’ သည် ရှိ၏။ ဤသဘောကို ပြုစီရင်မှု ‘သင်္ခါရ'ကြောင့် ဖြစ်သော ပြုစီရင်မှု ‘သင်္ခါရ’ဟူသော ဟိတ်ရှိသော သိမှု ‘ဝိညာဏ်’ ဟု ဆိုအပ်၏။
(၄) နာမ်
ထိုအင်္ဂါ၁၁-ပါးတို့တွင် အဘယ်သည် သိမှု ‘ဝိညာဏ်’ ကြောင့်ဖြစ်သော၊ သိမှု ‘ဝိညာဏ်’ဟူသော ဟိတ်ရှိသော နာမ် မည်သနည်း။
ခံစားမှု အစု ‘ဝေဒနာက္ခန္ဓာ’၊ မှတ်သားမှု အစု ‘သညာက္ခန္ဓာ’၊ ပြုပြင်မှု အစု ‘သင်္ခါရက္ခန္ဓာ’ သည် ရှိ၏။ ဤသဘောကို သိမှု ‘ဝိညာဏ်’ ကြောင့်ဖြစ်သော သိမှု ‘ဝိညာဏ်’ဟူသော ဟိတ်ရှိသော နာမ်ဟု ဆိုအပ်၏။
နာမ်ကြောင့်ဖြစ်သော၊ နာမ်ဟူသော ဟိတ်ရှိသော တွေ့ထိမှု ‘ဖဿ’ သည် ဖြစ်၏ဟုဆိုရာ၌ အဘယ်သည် နာမ် မည်သနည်း။
တွေ့ထိမှု ‘ဖဿ’ ကို ထား၍ ခံစားမှု အစု ‘ဝေဒနာက္ခန္ဓာ’၊ မှတ်သားမှု အစု ‘သညာက္ခန္ဓာ’၊ ပြုပြင်မှု အစု ‘သင်္ခါရက္ခန္ဓာ’၊ သိမှု အစု ‘ဝိညာဏက္ခန္ဓာ’ သည် ရှိ၏။ ဤသဘောကို နာမ်ဟု ဆိုအပ်၏။
--
(၅) ဖဿ
ထိုအင်္ဂါ၁၁-ပါးတို့တွင် အဘယ်သည် နာမ်ကြောင့်ဖြစ်သော နာမ်ဟူသော ဟိတ်ရှိသော တွေ့ထိမှု ‘ဖဿ’ မည်သနည်း။
အကြင် တွေ့ထိခြင်းသဘော ‘ဖဿ’၊ တွေ့ထိသောအခြင်းအရာ ‘ဖုသနာ’၊ ကောင်းစွာတွေ့ထိသောအခြင်းအရာ ‘သမ္ဖုသနာ’၊ ကောင်းစွာတွေ့ထိတတ်သည်၏အဖြစ် ‘သမ္ဖုသိတတ္တ’ သည် ရှိ၏။ ဤသဘောကို နာမ်ကြောင့် ဖြစ်သော နာမ်ဟူသော ဟိတ်ရှိသော တွေ့ထိမှု ‘ဖဿ’ဟု ဆိုအပ်၏။ပ။
ထို့ကြောင့် ဤဆိုခဲ့ပြီးသောနည်းဖြင့် ချမ်းသာနှင့် မရောသော ဤဆင်းရဲအစုအပုံ၏ ထင်ရှားဖြစ်ပေါ်မှုသည် ဖြစ်၏။
--
(၃) အပြည့်အစုံ အင်္ဂါ၁၂-ပါးရှိသော ဝါရ
၂၆၀။ (၁) ထိုအခါ၌ မသိမှု ‘အဝိဇ္ဇာ’ ကြောင့်ဖြစ်သော၊ မသိမှု ‘အဝိဇ္ဇာ’ဟူသောဟိတ်ရှိသော ပြုစီရင်မှု ‘သင်္ခါရ’ သည် ဖြစ်၏။
(၂) ပြုစီရင်မှု ‘သင်္ခါရ’ ကြောင့်ဖြစ်သော၊ ပြုစီရင်မှု ‘သင်္ခါရ’ဟူသောဟိတ်ရှိသော သိမှု ‘ဝိညာဏ်’ သည် ဖြစ်၏။
(၃) သိမှု ‘ဝိညာဏ်’ ကြောင့်ဖြစ်သော၊ သိမှု ‘ဝိညာဏ်’ဟူသော ဟိတ်ရှိသော နာမ်ရုပ်သည်ဖြစ်၏။
(၄) နာမ်ရုပ်ကြောင့်ဖြစ်သော၊ နာမ်ရုပ်ဟူသောဟိတ်ရှိသော ခြောက်ခုမြောက် မနာယတနသည်ဖြစ်၏။
(၅) ခြောက်ခုမြောက် မနာယတနကြောင့်ဖြစ်သော၊ ခြောက်ခုမြောက် မနာယတနဟူသော ဟိတ်ရှိသော တွေ့ထိမှု ‘ဖဿ’ သည် ဖြစ်၏။
(၆) တွေ့ထိမှု ‘ဖဿ’ ကြောင့်ဖြစ်သော၊ တွေ့ထိမှု ‘ဖဿ’ဟူသော ဟိတ်ရှိသော ခံစားမှု ‘ဝေဒနာ'သည် ဖြစ်၏။
(၇) ခံစားမှု ‘ဝေဒနာ’ ကြောင့်ဖြစ်သော၊ ခံစားမှု ‘ဝေဒနာ’ဟူသော ဟိတ်ရှိသော တပ်မက်မှု ‘တဏှာ’ သည် ဖြစ်၏။
(၈) တပ်မက်မှု ‘တဏှာ’ ကြောင့်ဖြစ်သော၊ တပ်မက်မှု ‘တဏှာ’ဟူသော ဟိတ်ရှိသော စွဲလမ်းမှု ‘ဥပါဒါန်’ သည် ဖြစ်၏။
(၉) စွဲလမ်းမှု ‘ဥပါဒါန်’ ကြောင့် ဘဝသည် ဖြစ်၏။
(၁၀) ဘဝကြောင့် ဇာတိသည် ဖြစ်၏။
(၁၁) ဇာတိကြောင့်-
(၁၂) အိုခြင်း, သေခြင်း ‘ဇရာမရဏ’ သည် ဖြစ်၏။ ဤဆိုခဲ့ပြီးသော နည်းဖြင့် ချမ်းသာနှင့်မရောသော ဤဆင်းရဲအစုအပုံ၏ ထင်ရှားဖြစ်ပေါ်မှုသည် ဖြစ်၏။
--
(၃) အပြည့်အစုံ အင်္ဂါ-၁၂-ပါးရှိသော ဝါရအကျယ်
၂၆၁။ (၁) အဝိဇ္ဇာ။ ။ ထိုအင်္ဂါ၁၂-ပါးတို့တွင် အဘယ်သည် မသိမှု ‘အဝိဇ္ဇာ’ မည်သနည်း။
အကြင် မသိခြင်းသဘော ‘အညာဏ’၊ မမြင်ခြင်းသဘော ‘အဒဿန’။ပ။ တံခါးကျင် (မင်းတုပ်) နှင့်တူသော မသိမှု သဘော ‘အဝိဇ္ဇာလင်္ဂီ’၊ အကုသိုလ်မူလဟု ဆိုအပ်သော တွေဝေမှု ‘မောဟ’ သည် ရှိ၏။ ဤသဘောကို မသိမှု ‘အဝိဇ္ဇာ’ ဟု ဆိုအပ်၏။
(၂) သင်္ခါရ
ထိုအင်္ဂါ၁၂-ပါးတို့တွင် အဘယ်သည် မသိမှု ‘အဝိဇ္ဇာ’ ကြောင့်ဖြစ်သော၊ မသိမှု ‘အဝိဇ္ဇာ’ဟူသော ဟိတ်ရှိသော ပြုစီရင်မှု ‘သင်္ခါရ’ မည်သနည်း။
အကြင် စေ့ဆော်ခြင်းသဘော ‘စေတနာ’၊ ကောင်းစွာ စေ့ဆော်ခြင်းသဘော ‘သေဉ္စတနာ’၊ ကောင်းစွာစေ့ဆော်တတ်သည်၏အဖြစ် ‘သေဉ္စတယိတက္က’ သည် ရှိ၏။ ဤသဘောကိုမသိမှု (အဝိဇ္ဇာ) ကြောင့်ဖြစ်သော၊ မသိမှု ‘အဝိဇ္ဇာ’ဟူသော ဟိတ်ရှိသော ပြုစီရင်မှု ‘သင်္ခါရ’ဟု ဆိုအပ်၏။
(၃) ဝိညာဏ်
ထိုအင်္ဂါ၁၂-ပါးတို့တွင် အဘယ်သည် ပြုစီရင်မှု ‘သင်္ခါရ’ ကြောင့်ဖြစ်သော၊ ပြုစီရင်မှု ‘သင်္ခါရ’ဟူသော ဟိတ်ရှိသော သိမှု ‘ဝိညာဏ်’ မည်သနည်း။
အကြင် ဆန်းကြယ်သောသဘော ‘စိတ္တ’၊ သိခြင်းသဘော ‘မန’၊ သိမှု သဘော ‘မာနသ’။ပ။ ထိုစိတ်အားလျော်သော သိမှု သဘော ‘တဇ္ဇာမနောဝိညာဏဓာတ်’ သည် ရှိ၏။ ဤသဘောကို ပြုစီရင်မှု ‘သင်္ခါရ'ကြောင့် ဖြစ်သော၊ ပြုစီရင်မှု ‘သင်္ခါရ’ဟူသော ဟိတ်ရှိသော သိမှု ‘ဝိညာဏ်’ ဟု ဆိုအပ်၏။
(၄) နာမ်ရုပ်
ထိုအင်္ဂါ၁၂-ပါးတို့တွင် အဘယ်သည် သိမှု ‘ဝိညာဏ်’ ကြောင့်ဖြစ်သော သိမှု ‘ဝိညာဏ်’ဟူသော ဟိတ်ရှိသော နာမ်ရုပ် မည်သနည်း။
နာမ်သည် ရှိ၏။ ရုပ်သည် ရှိ၏။ ထိုနှစ်ပါးတို့တွင် အဘယ်သည် နာမ် မည်သနည်း။
ခံစားမှု အစု ‘ဝေဒနာက္ခန္ဓာ’၊ မှတ်သားမှု အစု ‘သညာက္ခန္ဓာ’၊ ပြုပြင်မှု အစု ‘သင်္ခါရက္ခန္ဓာ’ သည် ရှိ၏။ ဤသဘောကို နာမ်ဟု ဆိုအပ်၏။
ထိုနှစ်ပါးတို့တွင် အဘယ်သည် ရုပ် မည်သနည်း။
စက္ခာယတန၏ကြီးပွါးမှု ၊ သောတာယတန၏ကြီးပွါးမှု ၊ ဃာနာယတန၏ကြီးပွါးမှု ၊ ဇိဝှါယတန၏ကြီးပွါးမှု ၊ ကာယာယတန၏ကြီးပွါးမှုသည် ရှိ၏။ ကမ္မဇရုပ်မှ တစ်ပါးသော စိတ်ကြောင့်ဖြစ်သောစိတ်ဟူသော ဟိတ်ရှိသော အကြင်စိတ္တဇရုပ်သည်လည်း ရှိ၏။ ဤကမ္မဇရုပ် စိတ္တဇရုပ်ကို ရုပ်ဟု ဆိုအပ်၏။
ဤဆိုအပ်ခဲ့ပြီးသော နာမ်နှင့် ရုပ်ကို သိမှု ‘ဝိညာဏ်'ကြောင့်ဖြစ်သော၊ သိမှု ‘ဝိညာဏ်’ဟူသောဟိတ်ရှိသော နာမ်ရုပ်ဟု ဆိုအပ်၏။
နာမ် ရုပ်ကြောင့်ဖြစ်သော၊ နာမ်ရုပ်ဟူသော ဟိတ်ရှိသော ခြောက်ခုမြောက် မနာယတနသည် ဖြစ်၏ ဟုဆိုရာ၌ နာမ်သည် ရှိ၏၊ ရုပ်သည် ရှိ၏။ ထို ၂-ပါးတို့တွင် အဘယ်သည် နာမ် မည်သနည်း။
--
ခံစားမှု အစု ‘ဝေဒနာက္ခန္ဓာ’၊ မှတ်သားမှု အစု ‘သညာက္ခန္ဓာ’၊ ပြုပြင်မှု အစု ‘သင်္ခါရက္ခန္ဓာ’ သည် ရှိ၏။ ဤသဘောကို နာမ်ဟု ဆိုအပ်၏။
ထို ၂-ပါးတို့တွင် အဘယ်သည် ရုပ် မည်သနည်း။
အကြင် ဟဒယဝတ္ထုရုပ်ကိုမှီ၍ မနောဝိညာဏဓာတ်သည် ဖြစ်၏။ ဤဟဒယဝတ္ထုကို ရုပ်ဟု ဆိုအပ်၏။
ဤဆိုခဲ့ပြီးသော နာမ်နှင့်ဝတ္ထုရုပ်ကို နာမ်ရုပ်ဟု ဆိုအပ်၏။
(၅) မနာယတန
ထိုအင်္ဂါ၁၂-ပါးတို့တွင် အဘယ်သည် နာမ်ရုပ်ကြောင့်ဖြစ်သော၊ နာမ်ရုပ်ဟူသော ဟိတ်ရှိသော ခြောက်ခုမြောက် မနာယတန မည်သနည်း။
အကြင်ဆန်းကြယ်သောသဘော ‘စိတ္တ’၊ သိခြင်းသဘော ‘မန’၊ သိမှု သဘော ‘မာနသ’။ပ။ ထိုစိတ်အားလျော်သော အထူးသိမှု သဘော ‘တဇ္ဇာမနောဝိညာဏဓာတ်’ သည် ရှိ၏။ ဤသဘောကိုနာမ်ရုပ်ကြောင့် ဖြစ်သော နာမ်ရုပ်ဟူသော ဟိတ်ရှိသော ခြောက်ခုမြောက် မနာယတနဟု ဆိုအပ်၏။
(၆) ဖဿ
ထိုအင်္ဂါ၁၂-ပါးတို့တွင် အဘယ်သည် ခြောက်ခုမြောက် မနာယတနကြောင့်ဖြစ်သော ခြောက်ခုမြောက် မနာယတနဟူသော ဟိတ်ရှိသော တွေ့ထိမှု ‘ဖဿ’ မည်သနည်း။
အကြင်တွေ့ထိမှု သဘော ‘ဖဿ’၊ တွေ့ထိသောအခြင်းအရာ ‘ဖုသနာ’၊ ကောင်းစွာတွေ့ထိသောအခြင်းအရာ ‘သမ္ဖုသနာ’၊ ကောင်းစွာတွေ့ထိတတ်သည်၏အဖြစ် ‘သမ္ဖုသိတတ္တ’ သည် ရှိ၏။ ဤသဘောကို ခြောက်ခုမြောက် မနာယတန ကြောင့်ဖြစ်သော၊ ခြောက်ခုမြောက် ‘မနာယတန’ဟူသောဟိတ်ရှိသော တွေ့ထိမှု ‘ဖဿ’ဟု ဆိုအပ်၏။ပ။
ထို့ကြောင့် ဤဆိုအပ်ခဲ့ပြီးသော နည်းဖြင့် ချမ်းသာနှင့် မရောသော ဤဆင်းရဲအစုအပုံ၏ ထင်ရှားဖြစ်ပေါ်မှုသည် ဖြစ်၏ဟု ဆိုအပ်၏။
--
(၄) လုံးဝပြည့်စုံသည့်အင်္ဂါ၁၂-ပါးရှိသော ဝါရ
၂၆၂။ (၁) ထိုအခါ၌ မသိမှု ‘အဝိဇ္ဇာ’ ကြောင့်ဖြစ်သော၊ မသိမှု ‘အဝိဇ္ဇာ’ဟူသောဟိတ်ရှိသော ပြုစီရင်မှု ‘သင်္ခါရ’ သည် ဖြစ်၏။
(၂) ပြုစီရင်မှု ‘သင်္ခါရ’ ကြောင့်ဖြစ်သော၊ ပြုစီရင်မှု ‘သင်္ခါရ’ဟူသော ဟိတ်ရှိသော သိမှု ‘ဝိညာဏ်'သည် ဖြစ်၏။
(၃) သိမှု ‘ဝိညာဏ်’ ကြောင့်ဖြစ်သော၊ သိမှု ‘ဝိညာဏ်’ဟူသော ဟိတ်ရှိသော နာမ်ရုပ်သည်ဖြစ်၏။
(၄) နာမ်ရုပ်ကြောင့်ဖြစ်သော၊ နာမ်ရုပ်ဟူသော ဟိတ်ရှိသော အာယတနခြောက်ပါးသည် ဖြစ်၏။
(၅) ခြောက်ခုမြောက် မနာယတန ကြောင့်ဖြစ်သော၊ ခြောက်ခုမြောက် မနာယတနဟူသော ဟိတ်ရှိသော တွေ့ထိမှု ‘ဖဿ’ သည် ဖြစ်၏။
(၆) တွေ့ထိမှု ‘ဖဿ’ ကြောင့်ဖြစ်သော၊ တွေ့ထိမှု ‘ဖဿ’ဟူသော ဟိတ်ရှိသော ခံစားမှု ‘ဝေဒနာ’ သည် ဖြစ်၏။
(၇) ခံစားမှု ‘ဝေဒနာ’ ကြောင့်ဖြစ်သော၊ ခံစားမှု ‘ဝေဒနာ’ဟူသော ဟိတ်ရှိသော တပ်မက်မှု ‘တဏှာ’ သည် ဖြစ်၏။
(၈) တပ်မက်မှု (တဏှာ) ကြောင့်ဖြစ်သော၊ တပ်မက်မှု (တဏှာ)ဟူသောဟိတ်ရှိသော စွဲလမ်းမှု (ဥပါဒါန်) သည် ဖြစ်၏။
(၉) စွဲလမ်းမှု (ဥပါဒါန်) ကြောင့် ဘဝသည် ဖြစ်၏။
(၁၀) ဘဝကြောင့် ဇာတိသည် ဖြစ်၏။
(၁၁) ဇာတိကြောင့်-
(၁၂) အိုခြင်း, သေခြင်း ‘ဇရာမရဏ’ သည် ဖြစ်၏။ ဤဆိုခဲ့ပြီးသော နည်းဖြင့် ချမ်းသာနှင့် မရောသော ဤဆင်းရဲအစုအပုံ၏ ထင်ရှားဖြစ်ပေါ်မှုသည် ဖြစ်၏။
--
(၄) လုံးဝပြည့်စုံသည့်အင်္ဂါ၁၂-ပါးရှိသော ဝါရအကျယ်
၂၆၃။ (၁) အဝိဇ္ဇာ။ ။ ထိုအင်္ဂါ၁၂-ပါးတို့တွင် အဘယ်သည် မသိမှု ‘အဝိဇ္ဇာ’ မည်သနည်း။
အကြင် မသိခြင်းသဘော ‘အညာဏ’၊ မမြင်ခြင်းသဘော ‘အဒဿန’။ပ။ တံခါးကျင် (မင်းတုပ်) နှင့်တူသော မသိမှု သဘော ‘အဝိဇ္ဇာလင်္ဂီ’၊ အကုသိုလ်မူလဟုဆိုအပ်သော တွေဝေမှု ‘မောဟ’ သည် ရှိ၏။ ဤသဘောကို မသိမှု ‘အဝိဇ္ဇာ’ ဟု ဆိုအပ်၏။
(၂) သင်္ခါရ
ထိုအင်္ဂါ၁၂-ပါးတို့တွင် အဘယ်သည် မသိမှု (အဝိဇ္ဇာ) ကြောင့်ဖြစ်သော၊ မသိမှု ‘အဝိဇ္ဇာ’ဟူသော ဟိတ်ရှိသော ပြုစီရင်မှု (သင်္ခါရ) မည်သနည်း။
အကြင် စေ့ဆော်ခြင်းသဘော ‘စေတနာ’၊ ကောင်းစွာ စေ့ဆော်ခြင်းသဘော ‘သေဉ္စတနာ’၊ ကောင်းစွာစေ့ဆော်တတ်သည်၏အဖြစ် ‘သေဉ္စတယိတက္က’ သည် ရှိ၏။ ဤသဘောကိုမသိမှု ‘အဝိဇ္ဇာ’ ကြောင့်ဖြစ်သော၊ မသိမှု ‘အဝိဇ္ဇာ’ဟူသော ဟိတ်ရှိသော ပြုစီရင်မှု ‘သင်္ခါရ’ ဟု ဆိုအပ်၏။
(၃) ဝိညာဏ်
ထိုအင်္ဂါ၁၂-ပါးတို့တွင် အဘယ်သည် ပြုစီရင်မှု ‘သင်္ခါရ’ ကြောင့်ဖြစ်သော၊ ပြုစီရင်မှု ‘သင်္ခါရ’ဟူသော ဟိတ်ရှိသော သိမှု ‘ဝိညာဏ်’ မည်သနည်း။
အကြင်ဆန်းကြယ်သောသဘော ‘စိတ္တ’၊ သိခြင်းသဘော ‘မန’၊ သိမှု သဘော ‘မာနသ’။ပ။ ထိုစိတ်အားလျော်သော အထူးသိမှု သဘော ‘တဇ္ဇာမနောဝိညာဏဓာတ်’ သည် ရှိ၏။ ဤသဘောကို ပြုစီရင်မှု ‘သင်္ခါရ’ ကြောင့် ဖြစ်သော၊ ပြုစီရင်မှု ‘သင်္ခါရ’ဟူသော ဟိတ်ရှိသော သိမှု ‘ဝိညာဏ်’ ဟု ဆိုအပ်၏။
(၄) နာမ်ရုပ်
ထိုအင်္ဂါ၁၂-ပါးတို့တွင် အဘယ်သည် သိမှု ‘ဝိညာဏ်’ ကြောင့်ဖြစ်သော၊ သိမှု ‘ဝိညာဏ်’ဟူသော ဟိတ်ရှိသော နာမ်ရုပ် မည်သနည်း။
နာမ်သည် ရှိ၏။ ရုပ်သည် ရှိ၏။ ထို ၂-ပါးတို့တွင် အဘယ်သည် နာမ် မည်သနည်း။
ခံစားမှု အစု ‘ဝေဒနာက္ခန္ဓာ’၊ မှတ်သားမှု အစု ‘သညာက္ခန္ဓာ’၊ ပြုပြင်မှု အစု ‘သင်္ခါရက္ခန္ဓာ’ သည် ရှိ၏။ ဤသဘောကို နာမ်ဟု ဆိုအပ်၏။
ထို ၂-ပါးတို့တွင် အဘယ်သည် ရုပ် မည်သနည်း။
စက္ခာယတန၏ကြီးပွါးမှု ၊ သောတာယတန၏ကြီးပွါးမှု ၊ ဃာနာယတန၏ကြီးပွါးမှု ၊ ဇိဝှါယတန၏ကြီးပွါးမှု ၊ ကာယာယတန၏ကြီးပွါးမှုသည် ရှိ၏။ ကမ္မဇရုပ်မှ တစ်ပါးသော စိတ်ဟူသော ဟိတ်ရှိသောစိတ်ကြောင့်ဖြစ်သော အကြင်စိတ္တဇရုပ်သည်လည်း ရှိ၏။ ဤကမ္မဇရုပ်နှင့် စိတ္တဇရုပ်ကို ရုပ်ဟု ဆိုအပ်ကုန်၏။ ဤဆိုခဲ့ပြီးသော နာမ်နှင့် ရုပ်ကို သိမှု ‘ဝိညာဏ်’ ကြောင့်ဖြစ်သော၊ သိမှု ‘ဝိညာဏ်’ဟူသော ဟိတ်ရှိသော နာမ်ရုပ်ဟု ဆိုအပ်၏။
နာမ်ရုပ်ကြောင့်ဖြစ်သော၊ နာမ်ရုပ်ဟူသော ဟိတ်ရှိသော အာယတနခြောက်ပါးသည် ဖြစ်၏ဟု ဆိုရာ၌ နာမ်သည် ရှိ၏၊ ရုပ်သည် ရှိ၏။ ထို ၂-ပါးတို့တွင် အဘယ်သည် နာမ် မည်သနည်း။
--
ခံစားမှု အစု ‘ဝေဒနာက္ခန္ဓာ’၊ မှတ်သားမှု အစု ‘သညာက္ခန္ဓာ’၊ ပြုပြင်မှု အစု ‘သင်္ခါရက္ခန္ဓာ’ သည် ရှိ၏။
ဤသဘောကို နာမ်ဟု ဆိုအပ်၏။
ထို ၂-ပါးတို့တွင် အဘယ်သည် ရုပ် မည်သနည်း။
မဟာဘုတ်လေးပါးတို့သည်လည်းကောင်း၊ မနောဝိညာဏဓာတ်၏မှီရာဖြစ်သော ဟဒယဝတ္ထုရုပ်သည်လည်းကောင်း ရှိ၏။ ဤမဟာဘုတ်နှင့် ဟဒယဝတ္ထုရုပ်ကို ရုပ်ဟု ဆိုအပ်၏။
ဤဆိုခဲ့ပြီးသော နာမ်နှင့်ရုပ်ကို နာမ်ရုပ်ဟု ဆိုအပ်၏။
(၅) သဠာယတန
ထိုအင်္ဂါ၁၂-ပါးတို့တွင် အဘယ်သည် နာမ်ရုပ်ကြောင့်ဖြစ်သော နာမ်ရုပ်ဟူသော ဟိတ်ရှိသော အာယတနခြောက်ပါး မည်သနည်း။
မြင်သိစိတ်ဖြစ်ရာ မျက်စိအကြည် ‘စက္ခာယတန’၊ ကြားသိစိတ်ဖြစ်ရာ နားအကြည် ‘သောတာ ယတန’၊ နံသိစိတ်ဖြစ်ရာ နှာခေါင်းအကြည် ‘ဃာနာယတန’၊ လျက်သိစိတ်ဖြစ်ရာ လျှာအကြည် ‘ဇိဝှါ ယတန’၊ ထိသိစိတ်ဖြစ်ရာ ကိုယ်အကြည် ‘ကာယာယတန’၊ ကြံသိစိတ်ဖြစ်ရာ မနောအကြည် ‘မနာယတန’ သည် ရှိ၏။ ဤသဘောကို နာမ်ရုပ်ကြောင့်ဖြစ်သော၊ နာမ်ရုပ်ဟူသော ဟိတ်ရှိသော အာယတန ခြောက်ပါးဟု ဆိုအပ်၏။
(၆) ဖဿ
ထိုအင်္ဂါ၁၂-ပါးတို့တွင် အဘယ်သည် ခြောက်ခုမြောက် မနာယတနကြောင့်ဖြစ်သော၊ ခြောက်ခုမြောက် မနာယတနဟူသော ဟိတ်ရှိသော တွေ့ထိမှု ‘ဖဿ’ မည်သနည်း။
အကြင်တွေ့ထိမှု သဘော ‘ဖဿ’၊ တွေ့ထိသောအခြင်းအရာ ‘ဖုသနာ’၊ ကောင်းစွာ တွေ့ထိသောအခြင်းအရာ ‘သမ္ဖုသနာ’ ကောင်းစွာ တွေ့ထိတတ်သည်၏အဖြစ် ‘သမ္ဖုသိတတ္တ’ သည် ရှိ၏။ ဤသဘောကို ခြောက်ခုမြောက် မနာယတနကြောင့်ဖြစ်သော၊ ခြောက်ခုမြောက် မနာယတနဟူသော ဟိတ်ရှိသောတွေ့ထိမှု ‘ဖဿ’ ဟု ဆိုအပ်၏။
(၇) ဝေဒနာ
ထိုအင်္ဂါ၁၂-ပါးတို့တွင် အဘယ်သည် တွေ့ထိမှု ‘ဖဿ’ ကြောင့်ဖြစ်သော၊ တွေ့ထိမှု ‘ဖဿ’ဟူသော ဟိတ်ရှိသော ခံစားမှု ‘ဝေဒနာ’ မည်သနည်း။
အကြင်စိတ်၌ ဖြစ်သော သာယာမှု ၊ စိတ်၌ ဖြစ်သော ချမ်းသာမှု ၊ စိတ်အတွေ့ကြောင့်ဖြစ်သော သာယာဖွယ်ကောင်းသော ချမ်းသာသော ခံစားမှု ၊ စိတ်အတွေ့အကြောင့်ဖြစ်သော သာယာဖွယ် ကောင်း သောချမ်းသာသော ခံစားခြင်းသဘောသည် ရှိ၏။ ဤသဘောကို တွေ့ထိမှု ‘ဖဿ’ ကြောင့် ဖြစ်သော၊ တွေ့ထိမှု ‘ဖဿ’ဟူသော ဟိတ်ရှိသော ခံစားမှု ‘ဝေဒနာ’ဟု ဆိုအပ်၏။
(၈) တဏှာ
ထိုအင်္ဂါ၁၂-ပါးတို့တွင် အဘယ်သည် ခံစားမှု ‘ဝေဒနာ’ ကြောင့်ဖြစ်သော၊ ခံစားမှု ‘ဝေဒနာ’ဟူသော ဟိတ်ရှိသော တပ်မက်မှု ‘တဏှာ’ မည်သနည်း။
အကြင်တပ်မက်ခြင်းသဘော ‘ရာဂ’၊ ပြင်းစွာတပ်မက်ခြင်းသဘော ‘သာရာဂ’။ပ။ စိတ်၏ ပြင်းစွာတပ်မက်ခြင်း ‘စိတ္တသာရာဂ'သည် ရှိ၏။ ဤသဘောကို ခံစားမှု ‘ဝေဒနာ'ကြောင့် ဖြစ်သော၊ ခံစားမှု ‘ဝေဒနာ’ဟူသော ဟိတ် ရှိသော တပ်မက်မှု ‘တဏှာ’ ဟု ဆိုအပ်၏။
--
(၉) ဥပါဒါန်
ထိုအင်္ဂါ၁၂-ပါးတို့တွင် အဘယ်သည် တပ်မက်မှု ‘တဏှာ’ ကြောင့်ဖြစ်သော၊ တပ်မက်မှု ‘တဏှာ’ဟူသော ဟိတ်ရှိသော စွဲလမ်းမှု ‘ဥပါဒါန်’ မည်သနည်း။
အကြင် အမြင်မှားမှု ‘ဒိဋ္ဌိ’၊ အမြင်မှားမှု၌ ပါဝင်ခြင်းသဘော ‘ဒိဋ္ဌိဂတ’။ပ။ မိစ္ဆာအယူဟူသော တည်ရာ ‘တိတ္ထာယတန’၊ ဖောက်ပြန်သောအားဖြင့် စွဲယူခြင်းသဘော ‘ဝိပရိယာသဂ္ဂါဟ’ သည် ရှိ၏။ ဤသဘောကိုတပ်မက်မှု ‘တဏှာ'ကြောင့်ဖြစ်သော၊ တပ်မက်မှု ‘တဏှာ’ဟူသော ဟိတ်ရှိသော စွဲလမ်းမှု ‘ဥပါဒါန်’ ဟု ဆိုအပ်၏။ပ။
ထို့ကြောင့် ဤဆိုအပ်ခဲ့ပြီးသောနည်းဖြင့် ချမ်းသာနှင့်မရောသော ဤဆင်းရဲအစုအပုံ၏ ထင်ရှားဖြစ်ပေါ်မှုသည် ဖြစ်၏ဟု ဆိုအပ်၏။
ဟေတုသဒ္ဒါဖြင့် ဟောသော ဝါရလေးမျိုးအကျယ် ပြီး၏
--
၇-သမ္ပယုတ္တသဒ္ဒါဖြင့် ဟောသော ဝါရလေးမျိုးအကျယ်
(၁) မပြည့်မစုံ အင်္ဂါ၁၂-ပါးရှိသော ဝါရ
၂၆၄။ (၁) ထိုအခါ၌ မသိမှု ‘အဝိဇ္ဇာ’ ကြောင့်ဖြစ်သော ပြုစီရင်မှု ‘သင်္ခါရ'သည်၊ မသိမှု ‘အဝိဇ္ဇာ’နှင့်ယှဉ်၏။
(၂) ပြုစီရင်မှု ‘သင်္ခါရ’ ကြောင့်ဖြစ်သော သိမှု ‘ဝိညာဏ်’ သည် ပြုစီရင်မှု ‘သင်္ခါရ'နှင့်ယှဉ်၏။
(၃) သိမှု ‘ဝိညာဏ်’ ကြောင့်ဖြစ်သော နာမ်သည် သိမှု ဝိညာဏ် နှင့်ယှဉ်၏။
(၄) နာမ်ကြောင့်ဖြစ်သော ခြောက်ခုမြောက် မနာယတနသည် နာမ်နှင့်ယှဉ်၏။
(၅) ခြောက်ခုမြောက် မနာယတနကြောင့်ဖြစ်သော တွေ့ထိမှု ဖဿသည် ခြောက်ခုမြောက်မနာယတနနှင့် ယှဉ်၏။
(၆) တွေ့ထိမှု ‘ဖဿ’ ကြောင့်ဖြစ်သော ခံစားမှု ‘ဝေဒနာ'သည် တွေ့ထိမှု ‘ဖဿ’ နှင့်ယှဉ်၏။
(၇) ခံစားမှု ‘ဝေဒနာ’ ကြောင့်ဖြစ်သော တပ်မက်မှု ‘တဏှာ’ သည် ခံစားမှု ‘ဝေဒနာ'နှင့်ယှဉ်၏။
(၈) တပ်မက်မှု ‘တဏှာ’ ကြောင့်ဖြစ်သော စွဲလမ်းမှု ‘ဥပါဒါန်’ သည် တပ်မက်မှု ‘တဏှာ’ နှင့်ယှဉ်၏။
(၉) စွဲလမ်းမှု ‘ဥပါဒါန်’ ကြောင့် ဘဝသည် ဖြစ်၏။
(၁၀) ဘဝကြောင့် ဇာတိသည် ဖြစ်၏။
(၁၁) ဇာတိ ကြောင့်-
(၁၂) အိုခြင်း, သေခြင်း ‘ဇရာမရဏ’ သည် ဖြစ်၏။ ဤဆိုအပ်ခဲ့ပြီးသောနည်းဖြင့် ချမ်းသာနှင့်မရောသော ဤဆင်းရဲအစုအပုံ၏ ထင်ရှားဖြစ်ပေါ်မှုသည် ဖြစ်၏။
--
(၁) မပြည့်မစုံ အင်္ဂါ၁၂-ပါးရှိသော ဝါရအကျယ်
၂၆၅။ (၁) အဝိဇ္ဇာ။ ။ ထိုအင်္ဂါ၁၂-ပါးတို့တွင် အဘယ်သည် မသိမှု ‘အဝိဇ္ဇာ’ မည်သနည်း။
အကြင် မသိခြင်းသဘော ‘အညာဏ’၊ မမြင်ခြင်းသဘော ‘အဒဿန’။ပ။ တံခါးကျင် (မင်းတုပ်) နှင့်တူသော မသိမှု သဘော ‘အဝိဇ္ဇာလင်္ဂီ’၊ အကုသိုလ်မူလဟုဆိုအပ်သော တွေဝေမှု ‘မောဟ'သည် ရှိ၏။ ဤသဘောကို မသိမှု ‘အဝိဇ္ဇာ’ ဟု ဆိုအပ်၏။
(၂) သင်္ခါရ
ထိုအင်္ဂါ၁၂-ပါးတို့တွင် အဘယ်သည် မသိမှု ‘အဝိဇ္ဇာ’ ကြောင့်ဖြစ်သော၊ မသိမှု ‘အဝိဇ္ဇာ’ နှင့်ယှဉ်သော ပြုစီရင်မှု ‘သင်္ခါရ’ မည်သနည်း။
အကြင် စေ့ဆော်ခြင်းသဘော ‘စေတနာ’၊ ကောင်းစွာ စေ့ဆော်ခြင်းသဘော ‘သေဉ္စတနာ’၊ ကောင်းစွာစေ့ဆော်တတ်သည်၏အဖြစ် ‘သေဉ္စတယိတက္က’ သည် ရှိ၏။ ဤသဘောကို မသိမှု ‘အဝိဇ္ဇာ’ ကြောင့်ဖြစ်သော၊ မသိမှု ‘အဝိဇ္ဇာ’ နှင့် ယှဉ်သော ပြုစီရင်မှု ‘သင်္ခါရ’ ဟု ဆိုအပ်၏။
(၃) ဝိညာဏ်
ထိုအင်္ဂါ၁၂-ပါးတို့တွင် အဘယ်သည် ပြုစီရင်မှု ‘သင်္ခါရ’ ကြောင့်ဖြစ်သော၊ ပြုစီရင်မှု ‘သင်္ခါရ’ နှင့် ယှဉ်သော သိမှု ‘ဝိညာဏ်’ မည်သနည်း။
အကြင်ဆန်းကြယ်သောသဘော ‘စိတ္တ’၊ သိခြင်းသဘော ‘မန’၊ သိမှု သဘော ‘မာနသ’။ပ။ ထိုစိတ်အားလျော်သော အထူးသိမှု သဘော ‘တဇ္ဇာမနောဝိညာဏဓာတ်’ သည် ရှိ၏။ ဤသဘောကို ပြုစီရင်မှု ‘သင်္ခါရ’ ကြောင့် ဖြစ်သော၊ ပြုစီရင်မှု ‘သင်္ခါရ’ နှင့် ယှဉ်သော သိမှု ‘ဝိညာဏ်’ ဟု ဆိုအပ်၏။
(၄) နာမ်
ထိုအင်္ဂါ၁၂-ပါးတို့တွင် အဘယ်သည် သိမှု ‘ဝိညာဏ်'ကြောင့်ဖြစ်သော၊ သိမှု ‘ဝိညာဏ်’ နှင့် ယှဉ်သော နာမ် မည်သနည်း။
ခံစားမှု အစု ‘ဝေဒနာက္ခန္ဓာ’၊ မှတ်သားမှု အစု ‘သညာက္ခန္ဓာ’၊ ပြုစီရင်မှု အစု ‘သင်္ခါရက္ခန္ဓာ’ သည် ရှိ၏။
ဤသဘောကို သိမှု ‘ဝိညာဏ်’ ကြောင့်ဖြစ်သော၊ သိမှု ‘ဝိညာဏ်’ နှင့် ယှဉ်သော နာမ်ဟု ဆိုအပ်၏။
(၅) မနာယတန
ထိုအင်္ဂါ၁၂-ပါးတို့တွင် အဘယ်သည် နာမ်ကြောင့်ဖြစ်သော၊ နာမ်နှင့်ယှဉ်သော ခြောက်ခုမြောက် ‘မနာယတန’ မည်သနည်း။
အကြင်ဆန်းကြယ်သောသဘော ‘စိတ္တ’၊ သိခြင်းသဘော ‘မန’၊ သိမှု သဘော ‘မာနသ’။ပ။ ထိုစိတ် အားလျော်သော အထူးသိမှု သဘော ‘တဇ္ဇာမနောဝိညာဏဓာတ်’ သည် ရှိ၏။ ဤသဘောကို နာမ်ကြောင့်ဖြစ်သော၊ နာမ်နှင့် ယှဉ်သော ခြောက်ခုမြောက် မနာယတန ဟု ဆိုအပ်၏။
--
(၆) ဖဿ
ထိုအင်္ဂါ၁၂-ပါးတို့တွင် အဘယ်သည် ခြောက်ခုမြောက် မနာယတနကြောင့်ဖြစ်သော၊ ခြောက်ခုမြောက် မနာယတနနှင့် ယှဉ်သော တွေ့ထိမှု ဖဿ မည်သနည်း။
အကြင် တွေ့ထိမှု သဘော ‘ဖဿ’၊ တွေ့ထိသော အခြင်းအရာ ‘ဖုသနာ’၊ ကောင်းစွာ တွေ့ထိသောအခြင်းအရာ ‘သမ္ဖုသနာ’၊ ကောင်းစွာ တွေ့ထိတတ်သည်၏အဖြစ် ‘သမ္ဖုသိတတ္တ’ သည် ရှိ၏။ ဤသဘောကို ခြောက်ခုမြောက် ‘မနာယတန'ကြောင့်ဖြစ်သော၊ ခြောက်ခုမြောက် ‘မနာယန’ နှင့် ယှဉ်သောတွေ့ထိမှု ‘ဖဿ’ ဟု ဆိုအပ်၏။
(၇) ဝေဒနာ
ထိုအင်္ဂါ-၁၂-ပါးတို့တွင် အဘယ်သည် တွေ့ထိမှု (ဖဿ) ကြောင့်ဖြစ်သော၊ တွေ့ထိမှု (ဖဿ) နှင့် ယှဉ်သော ခံစားမှု (ဝေဒနာ) မည်သနည်း။
အကြင်စိတ်၌ ဖြစ်သော သာယာမှု ၊ စိတ်၌ ဖြစ်သောချမ်းသာမှု ၊ စိတ်အတွေ့ကြောင့်ဖြစ်သော သာယာဖွယ်ကောင်းသော ချမ်းသာသော ခံစားမှု ၊ စိတ်အတွေ့ကြောင့်ဖြစ်သော သာယာဖွယ်ကောင်းသောချမ်းသာသော ခံစားခြင်းသဘောသည် ရှိ၏။ ဤသဘောကို တွေ့ထိမှု ‘ဖဿ’ ကြောင့် ဖြစ်သော၊ တွေ့ထိမှု ‘ဖဿ’ နှင့် ယှဉ်သော ခံစားမှု ‘ဝေဒနာ’ဟု ဆိုအပ်၏။
(၈) တဏှာ
ထိုအင်္ဂါ၁၂-ပါးတို့တွင် အဘယ်သည် ခံစားမှု ‘ဝေဒနာ'ကြောင့် ဖြစ်သော၊ ခံစားမှု ‘ဝေဒနာ’ နှင့် ယှဉ်သော တပ်မက်မှု ‘တဏှာ’ မည်သနည်း။
အကြင်တပ်မက်ခြင်း ‘ရာဂ’၊ ပြင်းစွာတပ်မက်ခြင်း ‘သာရာဂ’။ပ။ စိတ်၏ပြင်းစွာ တပ်မက်ခြင်း ‘စိတ္တသာရာဂ'သည် ရှိ၏။ ဤသဘောကို ခံစားမှု ‘ဝေဒနာ’ ကြောင့်ဖြစ်သော၊ ခံစားမှု ‘ဝေဒနာ'နှင့်ယှဉ်သော တပ်မက်မှု ‘တဏှာ’ဟု ဆိုအပ်၏။
(၉) ဥပါဒါန်
ထိုအင်္ဂါ၁၂-ပါးတို့တွင် အဘယ်သည် တပ်မက်မှု ‘တဏှာ’ ကြောင့်ဖြစ်သော၊ တပ်မက်မှု ‘တဏှာ’ နှင့် ယှဉ်သော စွဲလမ်းမှု ‘ဥပါဒါန်’ မည်သနည်း။
အကြင် အမြင်မှားမှု ‘ဒိဋ္ဌိ’၊ အမြင်မှားမှု တို့၌ ပါဝင်ခြင်းသဘော ‘ဒိဋ္ဌိဂတ’။ပ။ မိစ္ဆာအယူတည်းဟူသောရေဆိပ် ‘တိတ္ထာယတန’၊ ဖောက်ပြန်သောအားဖြင့် စွဲယူခြင်းသဘော ‘ဝိပရိယာသဂ္ဂါဟ’ သည် ရှိ၏။ ဤသဘောကို တပ်မက်မှု ‘တဏှာ’ ကြောင့်ဖြစ်သော၊ တပ်မက်မှု ‘တဏှာ’ နှင့် ယှဉ်သော စွဲလမ်းမှု ‘ဥပါဒါန်’ ဟု ဆိုအပ်၏။ပ။
ထို့ကြောင့် ဤဆိုအပ်ခဲ့ပြီးသောနည်းဖြင့် ချမ်းသာနှင့်မရောသော ဤဆင်းရဲအစုအပုံ၏ ထင်ရှားဖြစ်ပေါ်မှုသည် ဖြစ်၏ဟု ဆိုအပ်၏။
--
(၂) မပြည့်မစုံ အင်္ဂါ၁၁-ပါးရှိသော ဝါရ
၂၆၆။ (၁) ထိုအခါ၌ မသိမှု ‘အဝိဇ္ဇာ’ ကြောင့်ဖြစ်သော ပြုစီရင်မှု ‘သင်္ခါရ'သည် မသိမှု ‘အဝိဇ္ဇာ’ နှင့်ယှဉ်၏။
(၂) ပြုစီရင်မှု ‘သင်္ခါရ’ ကြောင့်ဖြစ်သော သိမှု ‘ဝိညာဏ်’ သည် ပြုစီရင်မှု ‘သင်္ခါရ'နှင့် ယှဉ်၏။
(၃) သိမှု ‘ဝိညာဏ်’ ကြောင့်ဖြစ်သော နာမ်သည် သိမှု ‘ဝိညာဏ်’ နှင့် ယှဉ်၏။
(၄) နာမ်ကြောင့်ဖြစ်သော တွေ့ထိမှု ‘ဖဿ’ သည် နာမ်နှင့် ယှဉ်၏။
(၅) တွေ့ထိမှု ‘ဖဿ’ ကြောင့်ဖြစ်သော ခံစားမှု ‘ဝေဒနာ'သည် တွေ့ထိမှု ‘ဖဿ’ နှင့် ယှဉ်၏။
(၆) ခံစားမှု ‘ဝေဒနာ'ကြောင့်ဖြစ်သော တပ်မက်မှု ‘တဏှာ'သည် ခံစားမှု ‘ဝေဒနာ’ နှင့် ယှဉ်၏။
(၇) တပ်မက်မှု ‘တဏှာ’ ကြောင့်ဖြစ်သော စွဲလမ်းမှု ‘ဥပါဒါန်'သည် တပ်မက်မှု ‘တဏှာ'နှင့်ယှဉ်၏။
(၈) စွဲလမ်းမှု ‘ဥပါဒါန်’ ကြောင့် ဘဝသည် ဖြစ်၏။
(၉) ဘဝကြောင့် ဇာတိသည် ဖြစ်၏။
(၁၀) ဇာတိ ကြောင့်-
(၁၁) အိုခြင်း, သေခြင်း ‘ဇရာမရဏ’ သည် ဖြစ်၏။ ဤဆိုအပ်ခဲ့ပြီးသောနည်းဖြင့် ချမ်းသာနှင့်မရောသော ဤဆင်းရဲအစုအပုံ၏ ထင်ရှားဖြစ်ပေါ်မှုသည် ဖြစ်၏။
--
(၂) မပြည့်မစုံ အင်္ဂါ-၁၁-ပါးရှိသောဝါရအကျယ်
၂၆၇။ (၁) အဝိဇ္ဇာ။ ။ ထိုအင်္ဂါ၁၁-ပါးတို့တွင် အဘယ်သည် မသိမှုဟူသော ‘အဝိဇ္ဇာ’ မည်သနည်း။
အကြင် မသိခြင်းသဘော ‘အညာဏ’၊ မမြင်ခြင်းသဘော ‘အဒဿန’။ပ။ တံခါးကျင် (မင်းတုပ်) နှင့်တူသော မသိမှု သဘော ‘အဝိဇ္ဇာလင်္ဂီ’၊ အကုသိုလ်မူလဟု ဆိုအပ်သော တွေဝေမှု ‘မောဟ'သည် ရှိ၏၊ ဤသဘောကို မသိမှု ‘အဝိဇ္ဇာ’ ဟု ဆိုအပ်၏။
(၂) သင်္ခါရ
ထိုအင်္ဂါ၁၁-ပါးတို့တွင် အဘယ်သည် မသိမှု ‘အဝိဇ္ဇာ’ ကြောင့်ဖြစ်သော၊ မသိမှု ‘အဝိဇ္ဇာ’ နှင့် ယှဉ်သော ပြုစီရင်မှု ‘သင်္ခါရ’ မည်သနည်း။
အကြင်စေ့ဆော်မှု သဘော ‘စေတနာ’၊ ကောင်းစွာ စေ့ဆော်မှု သဘော ‘သေဉ္စတနာ’၊ ကောင်းစွာစေ့ဆော်တတ်သည်၏အဖြစ် ‘သေဉ္စတယိတတ္တ’ သည် ရှိ၏။ ဤသဘောကို မသိမှု ‘အဝိဇ္ဇာ’ကြောင့်ဖြစ်သော၊ မသိမှု ‘အဝိဇ္ဇာ’နှင့် ယှဉ်သော ပြုစီရင်မှု ‘သင်္ခါရ’ ဟု ဆိုအပ်၏။
(၃) ဝိညာဏ်
ထိုအင်္ဂါ၁၁-ပါးတို့တွင်အဘယ်သည် ပြုစီရင်မှု ‘သင်္ခါရ’ ကြောင့်ဖြစ်သော၊ ပြုစီရင်မှု ‘သင်္ခါရ’ နှင့် ယှဉ်သော သိမှု ‘ဝိညာဏ်’ မည်သနည်း။
အကြင်ဆန်းကြယ်ခြင်းသဘော ‘စိတ္တ’၊ သိခြင်းသဘော ‘မန’၊ သိမှု သဘော ‘မာနသ’။ပ။ ထိုစိတ်အားလျော်သော အထူးသိမှု သဘော ‘တဇ္ဇာမနောဝိညာဏဓာတ်’ သည် ရှိ၏။ ဤသဘောကို ပြုစီရင်မှု ‘သင်္ခါရ'ကြောင့် ဖြစ်သော၊ ပြုစီရင်မှု ‘သင်္ခါရ’ နှင့်ယှဉ်သော သိမှု ‘ဝိညာဏ်’ဟု ဆိုအပ်၏။
(၄) နာမ်
ထိုအင်္ဂါ၁၁-ပါးတို့တွင် အဘယ်သည် သိမှု ‘ဝိညာဏ်'ကြောင့်ဖြစ်သော၊ သိမှု ‘ဝိညာဏ်'နှင့် ယှဉ်သော နာမ် မည်သနည်း။
ခံစားမှု အစု ‘ဝေဒနာက္ခန္ဓာ’၊ မှတ်သားမှု အစု ‘သညာက္ခန္ဓာ’၊ ပြုစီရင်မှု အစု ‘သင်္ခါရက္ခန္ဓာ’ သည် ရှိ၏။ ဤသဘောကို သိမှု ‘ဝိညာဏ်’ ကြောင့်ဖြစ်သော၊ သိမှု ‘ဝိညာဏ်’ နှင့်ယှဉ်သော နာမ်ဟု ဆိုအပ်၏။
နာမ်ကြောင့်ဖြစ်သော၊ နာမ်နှင့်ယှဉ်သော တွေ့ထိမှု (ဖဿ) သည် ဖြစ်၏ဟု ဆိုရာ၌ အဘယ်သည် နာမ် မည်သနည်း။
တွေ့ထိမှု ‘ဖဿ’ ကို ထား၍ ခံစားမှု အစု ‘ဝေဒနာက္ခန္ဓာ’၊ မှတ်သားမှု အစု ‘သညာက္ခန္ဓာ’၊ ပြုပြင်မှု အစု ‘သင်္ခါရက္ခန္ဓာ’၊ သိမှု အစု ‘ဝိညာဏက္ခန္ဓာ’ သည် ရှိ၏။ ဤသဘောကို နာမ်ဟု ဆိုအပ်၏။
--
(၅) ဖဿ
ထိုအင်္ဂါ၁၁-ပါးတို့တွင် အဘယ်သည် နာမ်ကြောင့်ဖြစ်သော၊ နာမ်နှင့်ယှဉ်သောတွေ့ထိမှု ‘ဖဿ’ မည်သနည်း။
အကြင်တွေ့ထိခြင်းသဘော ‘ဖဿ’၊ တွေ့ထိသောအခြင်းအရာ ‘ဖုသနာ’၊ ကောင်းစွာတွေ့ထိသောအခြင်းအရာ ‘သမ္ဖုသနာ’၊ ကောင်းစွာတွေ့ထိတတ်သည်၏အဖြစ် ‘သံမ္ဖုသိတတ္တ’ သည် ရှိ၏။ ဤသဘောကိုနာမ်ကြောင့် ဖြစ်သော၊ နာမ်နှင့်ယှဉ်သော တွေ့ထိမှု (ဖဿ) ဟု ဆိုအပ်၏။ပ။
ထို့ကြောင့် ဤဆိုအပ်ခဲ့ပြီးသောနည်းဖြင့် ချမ်းသာနှင့်မရောသော ဤဆင်းရဲအစုအပုံ၏ ထင်ရှားဖြစ်ပေါ်မှုသည် ဖြစ်၏ဟု ဆိုအပ်၏။
--
(၃) အပြည့်အစုံ အင်္ဂါ၁၂-ပါးရှိသော ဝါရ
၂၆၈။ (၁) ထိုအခါ၌ မသိမှု ‘အဝိဇ္ဇာ’ ကြောင့်ဖြစ်သော ပြုစီရင်မှု ‘သင်္ခါရ'သည် မသိမှု ‘အဝိဇ္ဇာ’ နှင့် ယှဉ်၏။
(၂) ပြုစီရင်မှု ‘သင်္ခါရ’ ကြောင့်ဖြစ်သော သိမှု ‘ဝိညာဏ်’ သည် ပြုစီရင်မှု ‘သင်္ခါရ’ နှင့် ယှဉ်၏။
(၃) သိမှု ‘ဝိညာဏ်’ ကြောင့်ဖြစ်သော နာမ်, ရုပ်တွင် နာမ်သည် သိမှု ‘ဝိညာဏ်’ နှင့် ယှဉ်၏။
(၄) နာမ်ရုပ်ကြောင့်ဖြစ်သော ခြောက်ခုမြောက် မနာယတန သည် နာမ်နှင့် ယှဉ်၏။
(၅) ခြောက်ခုမြောက် မနာယတနကြောင့်ဖြစ်သော တွေ့ထိမှု ဖဿသည် ခြောက်ခုမြောက် မနာယတနနှင့် ယှဉ်၏။
(၆) တွေ့ထိမှု ‘ဖဿ’ ကြောင့်ဖြစ်သော ခံစားမှု ‘ဝေဒနာ'သည် တွေ့ထိမှု ‘ဖဿ’ နှင့် ယှဉ်၏။
(၇) ခံစားမှု ‘ဝေဒနာ’ ကြောင့်ဖြစ်သော တပ်မက်မှု ‘တဏှာ’ သည် ခံစားမှု ‘ဝေဒနာ’ နှင့် ယှဉ်၏။
(၈) တပ်မက်မှု ‘တဏှာ’ ကြောင့်ဖြစ်သော စွဲလမ်းမှု ‘ဥပါဒါန်’ သည် တပ်မက်မှု ‘တဏှာ'နှင့် ယှဉ်၏။
(၉) စွဲလမ်းမှု ‘ဥပါဒါန်’ ကြောင့် ဘဝသည် ဖြစ်၏။
(၁၀) ဘဝကြောင့် ဇာတိသည် ဖြစ်၏။
(၁၁) ဇာတိ ကြောင့်-
(၁၂) အိုခြင်း၊ သေခြင်း ‘ဇရာမရဏ’ သည် ဖြစ်၏။ ဤဆိုအပ်ခဲ့ပြီးသောနည်းဖြင့် ချမ်းသာနှင့်မရောသော ဤဆင်းရဲအစုအပုံ၏ ထင်ရှားဖြစ်ပေါ်မှုသည် ဖြစ်၏။
--
(၃) အပြည့်အစုံ အင်္ဂါ၁၂-ပါးရှိသော ဝါရအကျယ်
၂၆၉။ (၁) အဝိဇ္ဇာ။ ။ ထိုအင်္ဂါ၁၂-ပါးတို့တွင် အဘယ်သည် မသိမှု ‘အဝိဇ္ဇာ’ မည်သနည်း။
အကြင်မသိခြင်းသဘော ‘အညာဏ’၊ မမြင်ခြင်းသဘော ‘အဒဿန’။ပ။ တံခါးကျင် (မင်းတုပ်) နှင့်တူသော မသိမှု သဘော ‘အဝိဇ္ဇာလင်္ဂီ’၊ အကုသိုလ်မူလဟုဆိုအပ်သော တွေဝေမှု ‘မောဟ'သည် ရှိ၏။ ဤသဘောကို မသိမှု ‘အဝိဇ္ဇာ’ ဟု ဆိုအပ်၏။
(၂) သင်္ခါရ
ထိုအင်္ဂါ၁၂-ပါးတို့တွင် အဘယ်သည် မသိမှု ‘အဝိဇ္ဇာ’ ကြောင့်ဖြစ်သော၊ မသိမှု ‘အဝိဇ္ဇာ’နှင့်ယှဉ်သော ပြုစီရင်မှု ‘သင်္ခါရ’ မည်သနည်း။
အကြင် စေ့ဆော်မှု ‘စေတနာ’၊ ကောင်းစွာ စေ့ဆော်သောအခြင်းအရာ ‘သေဉ္စတနာ’၊ ကောင်းစွာစေ့ဆော်တတ်သည်၏အဖြစ် ‘သေဉ္စတယိတတ္တ’ သည် ရှိ၏။ ဤသဘောကို မသိမှု ‘အဝိဇ္ဇာ’ ကြောင့်ဖြစ်သော၊ မသိမှု ‘အဝိဇ္ဇာ’ နှင့် ယှဉ်သော ပြုစီရင်မှု ‘သင်္ခါရ’ဟု ဆိုအပ်၏။
(၃) ဝိညာဏ်
ထိုအင်္ဂါ၁၂-ပါးတို့တွင် အဘယ်သည် ပြုစီရင်မှု ‘သင်္ခါရ’ ကြောင့်ဖြစ်သော၊ ပြုစီရင်မှု ‘သင်္ခါရ’ နှင့် ယှဉ်သော သိမှု ‘ဝိညာဏ်’ မည်သနည်း။
အကြင် ဆန်းကြယ်သောသဘော ‘စိတ္တ’၊ သိခြင်းသဘော ‘မန’၊ သိမှု သဘော ‘မာနသ’။ပ။ ထိုစိတ်အား လျော်သော အထူးသိမှု သဘော ‘တဇ္ဇာမနောဝိညာဏဓာတ်’ သည် ရှိ၏။ ဤသဘောကို ပြုစီရင်မှု ‘သင်္ခါရ’ ကြောင့် ဖြစ်သော၊ ပြုစီရင်မှု ‘သင်္ခါရ’ နှင့်ယှဉ်သော သိမှု ‘ဝိညာဏ်’ ဟု ဆိုအပ်၏။
(၄) နာမ်ရုပ်
ထိုအင်္ဂါ၁၂-ပါးတို့တွင် သိမှု ‘ဝိညာဏ်’ ကြောင့်ဖြစ်သော နာမ်ရုပ်တွင်နာမ်သည် သိမှု ‘ဝိညာဏ်’ နှင့် ယှဉ်၏ဟူသော စကား၌ အဘယ်သည် နာမ်ရုပ် မည်သနည်း။
နာမ်သည် ရှိ၏။ ရုပ်သည် ရှိ၏။ ထို ၂-ပါးတို့တွင် အဘယ်သည် နာမ် မည်သနည်း။
ခံစားမှု အစု ‘ဝေဒနာက္ခန္ဓာ’၊ မှတ်သားမှု အစု ‘သညာက္ခန္ဓာ’၊ ပြုပြင်မှု အစု ‘သင်္ခါရက္ခန္ဓာ’ သည် ရှိ၏။ ဤသဘောကို နာမ်ဟု ဆိုအပ်၏။
ထို ၂-ပါးတို့တွင် အဘယ်သည် ရုပ် မည်သနည်း။
စက္ခာယတန၏ကြီးပွါးမှု ၊ သောတာယတန၏ကြီးပွါးမှု ၊ ဃာနာယတန၏ကြီးပွါးမှု ၊ ဇိဝှါယတန၏ကြီးပွါးမှု ၊ ကာယာယတန၏ကြီးပွါးမှုသည် ရှိ၏။ ဤကမ္မဇရုပ်မှ တစ်ပါးသော စိတ်လျှင် အကြောင်းရှိသော စိတ်ကြောင့်ဖြစ်သော အကြင် စိတ္တဇရုပ်သည်လည်း ရှိ၏။ ဤသဘောကို ရုပ်ဟု ဆိုအပ်၏။
ဤဆိုခဲ့ပြီးသော နာမ်နှင့် ကမ္မဇရုပ် စိတ္တဇရုပ်ကို သိမှု ‘ဝိညာဏ်’ ကြောင့်ဖြစ်သော နာမ်ရုပ်တွင် နာမ်သည်သိမှု ‘ဝိညာဏ်’ နှင့်ယှဉ်၏ဟူသော စကား၌ နာမ်ရုပ်ဟု ဆိုအပ်၏။
နာမ် ရုပ်ကြောင့်ဖြစ်သော နာမ်နှင့်ယှဉ်သော ခြောက်ခုမြောက် မနာယတနသည် ဖြစ်၏ဟုဆိုရာ၌ နာမ်သည် ရှိ၏၊ ရုပ်သည် ရှိ၏။ ထို ၂-ပါးတို့တွင် အဘယ်သည် နာမ် မည်သနည်း။
--
ခံစားမှု အစု ‘ဝေဒနာက္ခန္ဓာ’၊ မှတ်သားမှု အစု ‘သညာက္ခန္ဓာ’၊ ပြုပြင်မှု အစု ‘သင်္ခါရက္ခန္ဓာ’ သည် ရှိ၏။ ဤသဘောကို နာမ်ဟု ဆိုအပ်၏။
ထို ၂-ပါးတို့တွင် အဘယ်သည် ရုပ် မည်သနည်း။
မနောဝိညာဏဓာတ်၏ မှီရာဖြစ်သော အကြင်ဟဒယဝတ္ထုရုပ်သည် ရှိ၏။ ဤသဘောကို ရုပ်ဟု ဆိုအပ်၏။ ဤစေတသိက်ခန္ဓာသုံးပါးနှင့် ဟဒယဝတ္ထုရုပ်ကို နာမ်ရုပ်ဟု ဆိုအပ်၏။
(၅) မနာယတန
ထိုအင်္ဂါ၁၂-ပါးတို့တွင် အဘယ်သည် နာမ်ရုပ်ကြောင့်ဖြစ်သော၊ နာမ်နှင့်ယှဉ်သော ခြောက်ခုမြောက် မနာယတန မည်သနည်း။
အကြင်ဆန်းကြယ်သောသဘော ‘စိတ္တ’၊ သိခြင်းသဘော ‘မန’၊ သိမှု သဘော ‘မာနသ’။ပ။ ထိုစိတ်အား လျော်သော အထူးသိမှု သဘော ‘တဇ္ဇာမနောဝိညာဏဓာတ်’ သည် ရှိ၏။ ဤသဘောကိုနာမ်ရုပ်ကြောင့်ဖြစ်သော၊ နာမ်နှင့်ယှဉ်သော ခြောက်ခုမြောက် မနာယတန ဟု ဆိုအပ်၏။
(၆) ဖဿ
ထိုအင်္ဂါ၁၂-ပါးတို့တွင် အဘယ်သည် ခြောက်ခုမြောက် မနာယတနကြောင့်ဖြစ်သော၊ ခြောက်ခုမြောက် မနာယတန နှင့်ယှဉ်သော တွေထိမှု ‘ဖဿ’ မည်သနည်း။
အကြင် တွေ့ထိမှု သဘော ‘ဖဿ’၊ တွေ့ထိသော အခြင်းအရာ ‘ဖုသနာ’၊ ကောင်းစွာ တွေ့ထိသောအခြင်းအရာ ‘သမ္ဖုသနာ’၊ ကောင်းစွာတွေ့ထိတတ်သည်၏အဖြစ် ‘သမ္ဖုသိတတ္တ’ သည် ရှိ၏။ ဤသဘောကိုခြောက်ခုမြောက်မနာယတနကြောင့်ဖြစ်သော၊ ခြောက်ခုမြောက် မနာယတနနှင့်ယှဉ်သောတွေ့ထိမှု ‘ဖဿ’ဟု ဆိုအပ်၏။ပ။ ထို့ကြောင့် ဤဆိုအပ်ခဲ့ပြီးသောနည်းဖြင့် ချမ်းသာနှင့်မရောသော ဤဆင်းရဲအစုအပုံ၏ ထင်ရှားဖြစ်ပေါ်မှုသည်ဖြစ်၏ဟု ဆိုအပ်၏။
--
(၄) လုံးဝအပြည့်အစုံ အင်္ဂါ၁၂-ပါးရှိသော ဝါရ
၂၇၀။ (၁) ထိုအခါ၌ မသိမှု ‘အဝိဇ္ဇာ’ ကြောင့်ဖြစ်သော ပြုစီရင်မှု ‘သင်္ခါရ'သည် မသိမှု ‘အဝိဇ္ဇာ’နှင့် ယှဉ်၏။
(၂) ပြုစီရင်မှု ‘သင်္ခါရ’ ကြောင့်ဖြစ်သော သိမှု ‘ဝိညာဏ်’ သည် ပြုစီရင်မှု ‘သင်္ခါရ’ နှင့် ယှဉ်၏။
(၃) သိမှု ‘ဝိညာဏ်’ ကြောင့်ဖြစ်သော နာမ်ရုပ်တွင် နာမ်သည် သိမှု ဝိညာဏ်နှင့် ယှဉ်၏။
(၄) နာမ်ရုပ်ကြောင့်ဖြစ်သော အာယတန ခြောက်ပါးတွင် ခြောက်ခုမြောက် မနာယတန သည် နာမ်နှင့်ယှဉ်၏။
(၅) ခြောက်ခုမြောက် မနာယတနကြောင့်ဖြစ်သော တွေ့ထိမှု ‘ဖဿ’ သည် ခြောက်ခုမြောက် ‘မနာယတန’ နှင့် ယှဉ်၏။
(၆) တွေ့ထိမှု ‘ဖဿ’ ကြောင့်ဖြစ်သော ခံစားမှု ‘ဝေဒနာ’ သည် တွေ့ထိမှု ‘ဖဿ’ နှင့် ယှဉ်၏။
(၇) ခံစားမှု ‘ဝေဒနာ’ ကြောင့်ဖြစ်သော တပ်မက်မှု ‘တဏှာ’ သည် ခံစားမှု ‘ဝေဒနာ’ နှင့် ယှဉ်၏။
(၈) တပ်မက်မှု ‘တဏှာ’ ကြောင့်ဖြစ်သောစွဲလမ်းမှု ‘ဥပါဒါန်’ သည်တပ်မက်မှု ‘တဏှာ’ နှင့် ယှဉ်၏။
(၉) စွဲလမ်းမှု ‘ဥပါဒါန်’ ကြောင့် ဘဝသည် ဖြစ်၏။
(၁၀) ဘဝကြောင့် ဇာတိသည် ဖြစ်၏။
(၁၁) ဇာတိကြောင့်-
(၁၂) အိုခြင်း, သေခြင်း ‘ဇရာမရဏ’ သည် ဖြစ်၏။ ဤဆိုအပ်ခဲ့ပြီးသောနည်းဖြင့် ချမ်းသာနှင့်မရောသော ဤဆင်းရဲအစုအပုံ၏ ထင်ရှားဖြစ်ပေါ်မှုသည် ဖြစ်၏။
--
(၄) လုံးဝအပြည့်အစုံ အင်္ဂါ၁၂-ပါးရှိသော ဝါရအကျယ်
၂၇၁။ (၁) အဝိဇ္ဇာ။ ။ ထိုအင်္ဂါ၁၂-ပါးတို့တွင် အဘယ်သည် မသိမှု ‘အဝိဇ္ဇာ’ မည်သနည်း။
အကြင်မသိခြင်းသဘော ‘အညာဏ’၊ မမြင်ခြင်းသဘော ‘အဒဿန’။ပ။ တံခါးကျင် (မင်းတုပ်) နှင့်တူသော မသိမှု သဘော ‘အဝိဇ္ဇာလင်္ဂီ’၊ အကုသိုလ်မူလဟုဆိုအပ်သော တွေဝေမှု ‘မောဟ’ သည် ရှိ၏။ ဤသဘောကို မသိမှု ‘အဝိဇ္ဇာ’ ဟု ဆိုအပ်၏။
(၂) သင်္ခါရ
ထိုအင်္ဂါ၁၂-ပါးတို့တွင် အဘယ်သည် မသိမှု ‘အဝိဇ္ဇာ’ကြောင့်ဖြစ်သော၊ မသိမှု ‘အဝိဇ္ဇာ’ နှင့်ယှဉ်သော ပြုစီရင်မှု ‘သင်္ခါရ’ မည်သနည်း။
အကြင် စေ့ဆော်ခြင်းသဘော ‘စေတနာ’၊ ကောင်းစွာ စေ့ဆော်ခြင်းသဘော ‘သေဉ္စတနာ’၊ ကောင်းစွာစေ့ဆော်တတ်သည်၏ အဖြစ် ‘သေဉ္စတယိတတ္တ’ သည် ရှိ၏။ ဤသဘောကို မသိမှု ‘အဝိဇ္ဇာ’ ကြောင့်ဖြစ်သော၊ မသိမှု ‘အဝိဇ္ဇာ’နှင့် ယှဉ်သော ပြုစီရင်မှု ‘သင်္ခါရ’ ဟု ဆိုအပ်၏။
(၃) ဝိညာဏ်
ထိုအင်္ဂါ၁၂-ပါးတို့တွင် အဘယ်သည် ပြုစီရင်မှု ‘သင်္ခါရ’ ကြောင့်ဖြစ်သော၊ ပြုစီရင်မှု ‘သင်္ခါရ’ နှင့် ယှဉ်သော သိမှု ‘ဝိညာဏ်’ မည်သနည်း။
အကြင်ဆန်းကြယ်သောသဘော ‘စိတ္တ’၊ သိခြင်းသဘော ‘မန’၊ သိမှု သဘော ‘မာနသ’။ပ။ ထိုစိတ်အားလျော်သော အထူးသိမှု သဘော ‘တဇ္ဇာမနောဝိညာဏဓာတ်’ သည် ရှိ၏။ ဤသဘောကို ပြုစီရင်မှု (သင်္ခါရ) ကြောင့် ဖြစ်သော၊ ပြုစီရင်မှု (သင်္ခါရ) နှင့်ယှဉ်သော သိမှု (ဝိညာဏ်) ဟု ဆိုအပ်၏။
(၄) နာမ်ရုပ်
ထိုအင်္ဂါ၁၂-ပါးတို့တွင် သိမှု ‘ဝိညာဏ်'ကြောင့်ဖြစ်သော၊ နာမ်ရုပ်တွင် နာမ်သည် သိမှု ‘ဝိညာဏ်’ နှင့် ယှဉ်၏ဟူသော စကား၌ အဘယ်သည် နာမ်ရုပ် မည်သနည်း။
နာမ်သည် ရှိ၏။ ရုပ်သည် ရှိ၏။ ထို ၂-ပါးတို့တွင် အဘယ်သည် နာမ် မည်သနည်း။
ခံစားမှု အစု ‘ဝေဒနာက္ခန္ဓာ’၊ မှတ်သားမှု အစု ‘သညာက္ခန္ဓာ’၊ ပြုပြင်မှု အစု ‘သင်္ခါရက္ခန္ဓာ’ သည် ရှိ၏။ ဤသဘောကို နာမ်ဟု ဆိုအပ်၏။
ထို ၂-ပါးတို့တွင် အဘယ်သည် ရုပ် မည်သနည်း။
စက္ခာယတန၏ကြီးပွါးမှု ၊ သောတာယတန၏ကြီးပွါးမှု ၊ ဃာနာယတန၏ကြီးပွါးမှု ၊ ဇိဝှါယတန၏ကြီးပွါးမှု ၊ ကာယာယတန၏ကြီးပွါးမှုသည် ရှိ၏။ ဤကမ္မဇရုပ်မှ တစ်ပါးသော စိတ်လျှင်အကြောင်းရှိသော စိတ်ကြောင့် ဖြစ်သော အကြင်စိတ္တဇရုပ်သည်လည်း ရှိ၏။ ဤသဘောကို ရုပ်ဟု ဆိုအပ်၏။
ဤဆိုခဲ့ပြီးသော နာမ်နှင့်ရုပ်ကို သိမှု ‘ဝိညာဏ်’ ကြောင့်ဖြစ်သော နာမ်ရုပ်တွင် နာမ်သည်သိမှု ‘ဝိညာဏ်'နှင့် ယှဉ်၏ဟူသော စကား၌ နာမ်ရုပ်ဟု ဆိုအပ်၏။
နာမ် ရုပ်ကြောင့်ဖြစ်သော အာယတန ခြောက်ပါးတွင် ခြောက်ခုမြောက် မနာယတနသည် နာမ်နှင့် ယှဉ်၏ဟူသော စကား၌ နာမ်သည် ရှိ၏၊ ရုပ်သည် ရှိ၏။
--
ထို ၂-ပါးတို့တွင် အဘယ်သည် နာမ် မည်သနည်း။
ခံစားမှု အစု ‘ဝေဒနာက္ခန္ဓာ’၊ မှတ်သားမှု အစု ‘သညာက္ခန္ဓာ’၊ ပြုပြင်မှု အစု ‘သင်္ခါရက္ခန္ဓာ’ သည် ရှိ၏။ ဤသဘောကို နာမ်ဟု ဆိုအပ်၏။
ထို ၂-ပါးတို့တွင် အဘယ်သည် ရုပ် မည်သနည်း။
မဟာဘုတ်လေးပါးတို့သည်လည်းကောင်း၊ မနောဝိညာဏဓာတ်၏ မှီရာဖြစ်သော အကြင်ဟဒယဝတ္ထုရုပ်သည်လည်းကောင်း ရှိ၏။ ဤသဘောကို ရုပ်ဟု ဆိုအပ်၏။ ဤဆိုအပ်ခဲ့ပြီးသော နာမ်နှင့် ရုပ်ကို ‘နာမ်ရုပ်’ ဟု ဆိုအပ်၏။
(၅) သဠာယတန
ထိုအင်္ဂါ၁၂-ပါးတို့တွင် နာမ် ရုပ်ကြောင့်ဖြစ်သော ‘အာယတန’ ခြောက်ပါးတွင် ခြောက်ခုမြောက် ‘မနာယတန’ သည် နာမ်နှင့်ယှဉ်၏ဟူသော စကား၌ အဘယ်သည်အာယတန ခြောက်ပါး မည်သနည်း။
မြင်သိစိတ်ဖြစ်ရာ မျက်စိအကြည် ‘စက္ခာယတန’၊ ကြားသိစိတ်ဖြစ်ရာ နားအကြည် ‘သောတာယတန’၊ နံသိစိတ်ဖြစ်ရာ နှာခေါင်းအကြည် ‘ဃာနာယတန’၊ လျက်သိစိတ်ဖြစ်ရာ လျှာအကြည် ‘ဇိဝှါယတန’၊ ထိသိစိတ်ဖြစ်ရာ ကိုယ်အကြည် ‘ကာယာယတန’၊ တွေးသိစိတ်ဖြစ်ရာ မနောအကြည် ‘မနာယတန’ သည် ရှိ၏။ ဤသဘောကို နာမ်ရုပ်ကြောင့်ဖြစ်သော ‘အာယတန’ ခြောက်ပါးတွင် ခြောက်ခုမြောက် ‘မနာယတန'သည် နာမ်နှင့် ယှဉ်၏ဟူသော စကား၌ ‘အာယတန’ ခြောက်ပါးဟု ဆိုအပ်၏။
(၆) ဖဿ
ထိုအင်္ဂါ၁၂-ပါးတို့တွင် အဘယ်သည် ခြောက်ခုမြောက် ‘မနာယတန’ ကြောင့် ဖြစ်သော၊ ခြောက်ခုမြောက် ‘မနာယတန'နှင့် ယှဉ်သော တွေ့ထိမှု ‘ဖဿ’ မည်သနည်း။
အကြင်တွေ့ထိမှု သဘော ‘ဖဿ’၊ တွေ့ထိသောအခြင်းအရာ ‘ဖုသနာ’၊ ကောင်းစွာတွေ့ထိသော အခြင်းအရာ ‘သံမ္ဖုသနာ’၊ ကောင်းစွာ တွေ့ထိတတ်သည်၏အဖြစ် ‘သံမ္ဖုသိတတ္တ’ သည် ရှိ၏။ ဤသဘောကို ခြောက်ခုမြောက် ‘မနာယတန'ကြောင့်ဖြစ်သော၊ ခြောက်ခုမြောက် ‘မနာယတန’ နှင့်ယှဉ်သော တွေ့ထိမှု ‘ဖဿ’ဟု ဆိုအပ်၏။ပ။ ထို့ကြောင့် ဤဆိုအပ်ခဲ့ပြီးသောနည်းဖြင့် ချမ်းသာနှင့်မရောသော ဤဆင်းရဲအစုအပုံ၏ ထင်ရှားဖြစ်ပေါ်မှုသည် ဖြစ်၏ဟု ဆိုအပ်၏။
သမ္ပယုတ္တသဒ္ဒါဖြင့် ဟောသော ဝါရလေးမျိုးအကျယ်ပြီး၏
--
၈-အညမည (အချင်းချင်းကြောင်းကျိုးဖြစ်ပုံ) ဟောသော ဝါရလေးမျိုးအကျယ်
(၁) မပြည့်မစုံ အင်္ဂါ၁၂-ပါးရှိသော ဝါရ
၂၇၂။ (၁) ထိုအခါ၌ မသိမှု ‘အဝိဇ္ဇာ’ ကြောင့် ပြုစီရင်မှု ‘သင်္ခါရ’ သည် ဖြစ်၏။ ပြုစီရင်မှု ‘သင်္ခါရ'ကြောင့်လည်း မသိမှု ‘အဝိဇ္ဇာ’ သည် ဖြစ်၏။
(၂) ပြုစီရင်မှု ‘သင်္ခါရ’ ကြောင့် သိမှု ‘ဝိညာဏ်'သည် ဖြစ်၏။ သိမှု ‘ဝိညာဏ်’ ကြောင့်လည်းပြုစီရင်မှု ‘သင်္ခါရ’ သည် ဖြစ်၏။
(၃) သိမှု ‘ဝိညာဏ်’ ကြောင့် နာမ်သည် ဖြစ်၏။ နာမ်ကြောင့်လည်း သိမှု ‘ဝိညာဏ်'သည်ဖြစ်၏။
(၄) နာမ်ကြောင့် ခြောက်ခုမြောက် မနာယတနသည် ဖြစ်၏၊ ခြောက်ခုမြောက် မနာယတနကြောင့်လည်း နာမ်သည် ဖြစ်၏။
(၅) ခြောက်ခုမြောက် မနာယတနကြောင့် တွေ့ထိမှု ‘ဖဿ’ သည် ဖြစ်၏၊ တွေ့ထိမှု ‘ဖဿ'ကြောင့်လည်း ခြောက်ခုမြောက် ‘မနာယတန’ သည် ဖြစ်၏။
(၆) တွေ့ထိမှု ‘ဖဿ’ ကြောင့် ခံစားမှု ‘ဝေဒနာ’ သည် ဖြစ်၏၊ ခံစားမှု ‘ဝေဒနာ'ကြောင့်လည်းတွေ့ထိမှု ‘ဖဿ’ သည် ဖြစ်၏။
(၇) ခံစားမှု ‘ဝေဒနာ’ ကြောင့် တပ်မက်မှု ‘တဏှာ’ သည် ဖြစ်၏။ တပ်မက်မှု ‘တဏှာ’ ကြောင့်လည်းခံစားမှု ‘ဝေဒနာ'သည် ဖြစ်၏။
(၈) တပ်မက်မှု ‘တဏှာ’ ကြောင့် စွဲလမ်းမှု ‘ဥပါဒါန်'သည် ဖြစ်၏။ စွဲလမ်းမှု ‘ဥပါဒါန်'ကြောင့်လည်းတပ်မက်မှု ‘တဏှာ’ သည် ဖြစ်၏။
(၉) စွဲလမ်းမှု ‘ဥပါဒါန်’ ကြောင့် ဘဝသည် ဖြစ်၏။
(၁၀) ဘဝကြောင့် ဇာတိသည် ဖြစ်၏။
(၁၁) ဇာတိကြောင့်-
(၁၂) အိုခြင်း, သေခြင်း ‘ဇရာမရဏ’ သည် ဖြစ်၏။ ဤဆိုအပ်ခဲ့ပြီးသောနည်းဖြင့် ချမ်းသာနှင့်မရောသော ဤဆင်းရဲအစုအပုံ၏ ထင်ရှားဖြစ်ပေါ်မှုသည် ဖြစ်၏။
--
(၁) မပြည့်မစုံ အင်္ဂါ၁၂-ပါးရှိသော ဝါရအကျယ်
၂၇၃။ (၁) အဝိဇ္ဇာ။ ။ ထိုအင်္ဂါ၁၂-ပါးတို့တွင် အဘယ်သည် မသိမှု ‘အဝိဇ္ဇာ’ မည်သနည်း။
အကြင် မသိခြင်းသဘော ‘အညာဏ’၊ မမြင်ခြင်းသဘော ‘အဒဿန’။ပ။ တံခါးကျင် (မင်းတုပ်) နှင့်တူသော မသိမှု သဘော ‘အဝိဇ္ဇာလင်္ဂီ’၊ အကုသိုလ်မူလဟု ဆိုအပ်သော တွေဝေမှု ‘မောဟ’ သည် ရှိ၏။ ဤသဘောကို မသိမှု ‘အဝိဇ္ဇာ’ဟု ဆိုအပ်၏။
(၂) သင်္ခါရ
ထိုအင်္ဂါ၁၂-ပါးတို့တွင် အဘယ်သည် မသိမှု ‘အဝိဇ္ဇာ’ ကြောင့်ဖြစ်သော ပြုစီရင်မှု ‘သင်္ခါရ’ မည်သနည်း။
အကြင်စေ့ဆော်မှု သဘော ‘စေတနာ’၊ ကောင်းစွာစေ့ဆော်မှု သဘော ‘သေဉ္စတနာ’၊ ကောင်းစွာ စေ့ဆော်တတ်သည်၏အဖြစ် ‘သေဉ္စတယိတတ္တ’ သည် ရှိ၏။ ဤသဘောကို မသိမှု ‘အဝိဇ္ဇာ’ ကြောင့်ဖြစ်သောပြုစီရင်မှု ‘သင်္ခါရ’ ဟု ဆိုအပ်၏။
ထိုအင်္ဂါ၁၂-ပါးတို့တွင် အဘယ်သည် ပြုစီရင်မှု ‘သင်္ခါရ’ ကြောင့် ဖြစ်သော မသိမှု ‘အဝိဇ္ဇာ’ မည်သနည်း။ အကြင်မသိခြင်းသဘော ‘အညာဏ’၊ မမြင်ခြင်းသဘော ‘အဒဿန’။ပ။ တံခါးကျင် (မင်းတုပ်) နှင့်တူသော မသိမှု သဘော ‘အဝိဇ္ဇာလင်္ဂီ’၊ အကုသိုလ်မူလဟုဆိုအပ်သော တွေဝေမှု ‘မောဟ’ သည် ရှိ၏။ ဤသဘောကို ပြုစီရင်မှု ‘သင်္ခါရ’ ကြောင့်ဖြစ်သော မသိမှု ‘အဝိဇ္ဇာ’ ဟု ဆိုအပ်၏။
(၃) ဝိညာဏ်
ထိုအင်္ဂါ၁၂-ပါးတို့တွင် အဘယ်သည် ပြုစီရင်မှု ‘သင်္ခါရ'ကြောင့်ဖြစ်သော သိမှု ‘ဝိညာဏ်’ မည်သနည်း။
အကြင်ဆန်းကြယ်သောသဘော ‘စိတ္တ’၊ သိခြင်းသဘော ‘မန’၊ သိမှု သဘော ‘မာနသ’။ပ။ ထိုစိတ်အားလျော်သော အထူးသိမှု သဘော ‘တဇ္ဇာမနောဝိညာဏဓာတ်’ သည် ရှိ၏။ ဤသဘောကိုပြုစီရင်မှု ‘သင်္ခါရ'ကြောင့် ဖြစ်သော သိမှု ‘ဝိညာဏ်’ ဟု ဆိုအပ်၏။
ထိုအင်္ဂါ၁၂-ပါးတို့တွင် အဘယ်သည် သိမှု ‘ဝိညာဏ်'ကြောင့်ဖြစ်သော ပြုစီရင်မှု ‘သင်္ခါရ’ မည်သနည်း။
အကြင်စေ့ဆော်ခြင်း ‘စေတနာ’၊ ကောင်းစွာစေ့ဆော်ခြင်း ‘သေဉ္စတနာ’၊ ကောင်းစွာစေ့ဆော်တတ်သည်၏ အဖြစ် ‘သေဉ္စတယိတတ္တ’ သည် ရှိ၏။ ဤသဘောကို သိမှု ‘ဝိညာဏ်’ ကြောင့်ဖြစ်သော ပြုစီရင်မှု ‘သင်္ခါရ’ ဟု ဆိုအပ်၏။
--
(၄) နာမ်
ထိုအင်္ဂါ၁၂-ပါးတို့တွင် အဘယ်သည် သိမှု ‘ဝိညာဏ်’ ကြောင့်ဖြစ်သော နာမ် မည်သနည်း။
ခံစားမှု အစု ‘ဝေဒနာက္ခန္ဓာ’၊ မှတ်သားမှု အစု ‘သညာက္ခန္ဓာ’၊ ပြုပြင်မှု အစု ‘သင်္ခါရက္ခန္ဓာ’ သည် ရှိ၏။
ဤသဘောကို သိမှု ‘ဝိညာဏ်’ ကြောင့်ဖြစ်သော နာမ်ဟု ဆိုအပ်၏။
ထိုအင်္ဂါ၁၂-ပါးတို့တွင် အဘယ်သည် နာမ်ကြောင့်ဖြစ်သော သိမှု ‘ဝိညာဏ်’ မည်သနည်း။
အကြင်ဆန်းကြယ်သောသဘော ‘စိတ္တ’၊ သိခြင်းသဘော ‘မန’၊ သိမှု သဘော ‘မာနသ’။ပ။ ထိုစိတ်အားလျော်သော အထူးသိမှု သဘော ‘တဇ္ဇာမနောဝိညာဏဓာတ်’ သည် ရှိ၏။ ဤသဘောကို နာမ်ကြောင့်ဖြစ်သော သိမှု ‘ဝိညာဏ်’ ဟု ဆိုအပ်၏။
(၅) ဆဋ္ဌာယတန
ထိုအင်္ဂါ၁၂-ပါးတို့တွင် အဘယ်သည် နာမ်ကြောင့်ဖြစ်သော ခြောက်ခုမြောက် မနာယတန မည်သနည်း။
အကြင်ဆန်းကြယ်သောသဘော ‘စိတ္တ’၊ သိခြင်းသဘော ‘မန’၊ သိမှု သဘော ‘မာနသ’။ပ။ ထိုစိတ်အားလျော်သော အထူးသိမှု သဘော ‘တဇ္ဇာမနောဝိညာဏဓာတ်’ သည် ရှိ၏။ ဤသဘောကို နာမ်ကြောင့် ဖြစ်သော ခြောက်ခုမြောက် မနာယတနဟု ဆိုအပ်၏။
ထိုအင်္ဂါ၁၂-ပါးတို့တွင် အဘယ်သည် ခြောက်ခုမြောက် မနာယတနကြောင့်ဖြစ်သော နာမ် မည်သနည်း။
ခံစားမှု အစု ‘ဝေဒနာက္ခန္ဓာ’၊ မှတ်သားမှု အစု ‘သညာက္ခန္ဓာ’၊ ပြုပြင်မှု အစု ‘သင်္ခါရက္ခန္ဓာ’ သည် ရှိ၏။ ဤသဘောကို ခြောက်ခုမြောက် မနာယတနကြောင့်ဖြစ်သော နာမ်ဟု ဆိုအပ်၏။
(၆) ဖဿ
ထိုအင်္ဂါ၁၂-ပါးတို့တွင် အဘယ်သည် ခြောက်ခုမြောက် မနာယတန ကြောင့် ဖြစ်သော တွေ့ထိမှု ဖဿ မည်သနည်း။
အကြင်တွေ့ထိခြင်းသဘော ‘ဖဿ’၊ တွေ့ထိသောအခြင်းအရာ ‘ဖုသနာ’၊ ကောင်းစွာတွေ့ထိသောအခြင်းအရာ ‘သမ္ဖုသနာ’၊ ကောင်းစွာတွေ့ထိတတ်သည်၏ အဖြစ် ‘သမ္ဖုသိတတ္တ’ သည် ရှိ၏။ ဤသဘောကို ခြောက်ခုမြောက် ‘မနာယတန’ ကြောင့်ဖြစ်သော တွေ့ထိမှု ‘ဖဿ’ ဟု ဆိုအပ်၏။ ထိုအင်္ဂါ၁၂-ပါးတို့တွင် အဘယ်သည် တွေ့ထိမှု ‘ဖဿ’ ကြောင့်ဖြစ်သော ခြောက်ခုမြောက် မနာယတန မည်သနည်း။
အကြင်ဆန်းကြယ်သောသဘော ‘စိတ္တ’၊ သိခြင်းသဘော ‘မန’၊ သိမှု သဘော ‘မာနသ’။ပ။ ထိုစိတ်အားလျော်သော အထူးသိမှု သဘော ‘တဇ္ဇာမနောဝိညာဏဓာတ်’ သည် ရှိ၏။ ဤသဘောကို တွေ့ထိမှု ‘ဖဿ’ ကြောင့် ဖြစ်သော ခြောက်ခုမြောက် ‘မနာယတန’ ဟု ဆိုအပ်၏။
--
(၇) ဝေဒနာ
ထိုအင်္ဂါ၁၂-ပါးတို့တွင် အဘယ်သည် တွေ့ထိမှု ‘ဖဿ’ ကြောင့်ဖြစ်သောခံစားမှု ‘ဝေဒနာ’ မည်သနည်း။
အကြင်စိတ်၌ ဖြစ်သော သာယာမှု ၊ စိတ်၌ ဖြစ်သော ချမ်းသာမှု ၊ စိတ်အတွေ့ကြောင့်ဖြစ်သောသာယာဖွယ်ကောင်းသော ချမ်းသာသော ခံစားမှု ၊ စိတ်အတွေ့ကြောင့်ဖြစ်သော သာယာဖွယ်ကောင်းသောချမ်းသာသော ခံစားခြင်းသဘောသည် ရှိ၏။ ဤသဘောကို တွေ့ထိမှု ‘ဖဿ’ ကြောင့်ဖြစ်သော ခံစားမှု ‘ဝေဒနာ’ဟု ဆိုအပ်၏။
ထိုအင်္ဂါ၁၂-ပါးတို့တွင် အဘယ်သည် ခံစားမှု ‘ဝေဒနာ’ ကြောင့်ဖြစ်သော တွေ့ထိမှု ‘ဖဿ’ မည်သနည်း။
အကြင်တွေ့ထိမှု သဘော ‘ဖဿ’၊ တွေ့ထိသောအခြင်းအရာ ‘ဖုသနာ’၊ ကောင်းစွာတွေ့ထိတတ်သောအခြင်းအရာ ‘သမ္ဖုသနာ’၊ ကောင်းစွာတွေ့ထိတတ်သည်၏အဖြစ် ‘သမ္ဖုသိတတ္တ’ သည် ရှိ၏။ ဤသဘောကိုခံစားမှု ‘ဝေဒနာ'ကြောင့်ဖြစ်သော တွေ့ထိမှု ‘ဖဿ’ ဟု ဆိုအပ်၏။
(၈) တဏှာ
ထိုအင်္ဂါ၁၂-ပါးတို့တွင် အဘယ်သည် ခံစားမှု ‘ဝေဒနာ’ ကြောင့်ဖြစ်သောတပ်မက်မှု ‘တဏှာ’ မည်သနည်း။
အကြင် တပ်မက်မှု ‘ရာဂ’၊ ပြင်းစွာတပ်မက်မှု ‘သာရာဂ’။ပ။ စိတ်၏ ပြင်းစွာတပ်မက်မှု ‘စိတ္တသာရာဂ'သည် ရှိ၏။ ဤသဘောကို ခံစားမှု ‘ဝေဒနာ’ ကြောင့်ဖြစ်သော တပ်မက်မှု ‘တဏှာ’ဟု ဆိုအပ်၏။
ထိုအင်္ဂါ၁၂-ပါးတို့တွင် အဘယ်သည် တပ်မက်မှု ‘တဏှာ'ကြောင့် ဖြစ်သော ခံစားမှု ‘ဝေဒနာ’ မည့်သနည်း။
အကြင် စိတ်၌ ဖြစ်သော သာယာမှု ၊ စိတ်၌ ဖြစ်သော ချမ်းသာမှု ၊ စိတ်အတွေ့ကြောင့်ဖြစ်သောသာယာဖွယ်ကောင်းသော ချမ်းသာသော ခံစားမှု ၊ စိတ်အတွေ့ကြောင့်ဖြစ်သော သာယာဖွယ်ကောင်းသောချမ်းသာသော ခံစားခြင်းသဘောသည် ရှိ၏။ ဤသဘောကို တပ်မက်မှု ‘တဏှာ'ကြောင့်ဖြစ်သော ခံစားမှု ‘ဝေဒနာ’ဟု ဆိုအပ်၏။
(၉) ဥပါဒါန်
ထိုအင်္ဂါ၁၂-ပါးတို့တွင် အဘယ်သည် တပ်မက်မှု ‘တဏှာ’ ကြောင့်ဖြစ်သောစွဲလမ်းမှု ‘ဥပါဒါန်’ မည်သနည်း။
အကြင် အမြင်မှားမှု ‘ဒိဋ္ဌိ’၊ အမြင်မှားမှု၌ ပါဝင်သောသဘော ‘ဒိဋ္ဌိဂတ’။ပ။ အကျိုးမဲ့တို့၏ တည်ရာဖြစ်သည့် မှားသောအယူ ‘တိတ္ထာယတန’၊ ဖေါက်ပြန်မှားယွင်းသောအားဖြင့် စွဲယူခြင်းသဘော ‘ဝိပရိယာသဂ္ဂါဟ’ သည် ဖြစ်၏။ ဤသဘောကို တပ်မက်မှု ‘တဏှာ’ ကြောင့်ဖြစ်သော စွဲလမ်းမှု ‘ဥပါဒါန်’ ဟု ဆိုအပ်၏။
ထိုအင်္ဂါ၁၂-ပါးတို့တွင် အဘယ်သည် စွဲလမ်းမှု ‘ဥပါဒါန်’ ကြောင့်ဖြစ်သော တပ်မက်မှု ‘တဏှာ’ မည်သနည်း။
အကြင် တပ်မက်မှု ‘ရာဂ’။ပ။ စိတ်၏ပြင်းစွာတပ်မက်မှု ‘စိတ္တသာရာဂ’ သည် ရှိ၏။ ဤသဘောကိုစွဲလမ်းမှု ‘ဥပါဒါန်’ ကြောင့်ဖြစ်သော တပ်မက်မှု ‘တဏှာ’ ဟု ဆိုအပ်၏။
--
(၁၀) ဘဝ
ထိုအင်္ဂါ၁၂-ပါးတို့တွင် အဘယ်သည် စွဲလမ်းမှု ‘ဥပါဒါန်'ကြောင့်ဖြစ်သော ဘဝ မည်သနည်း။
စွဲလမ်းမှု ‘ဥပါဒါန်'ကို ထား၍ ခံစားမှု အစု ‘ဝေဒနာက္ခန္ဓာ’၊ မှတ်သားမှု အစု ‘သညာက္ခန္ဓာ’၊ ပြုပြင်မှု အစု ‘သင်္ခါရက္ခန္ဓာ’၊ သိမှု အစု ‘ဝိညာဏက္ခန္ဓာ’ သည် ရှိ၏။ ဤသဘောကို စွဲလမ်းမှု ‘ဥပါဒါန်’ ကြောင့်ဖြစ်သော ဘဝဟု ဆိုအပ်၏။
(၁၁) ဇာတိ
ထိုအင်္ဂါ၁၂-ပါးတို့တွင် အဘယ်သည် ဘဝကြောင့်ဖြစ်သော ဇာတိ မည်သနည်း။
ထိုထိုနာမ်တရားတို့၏ အကြင် (ဥပါဒ်အားဖြင့်) ဖြစ်ခြင်း ‘ဇာတိ’၊ ကောင်းစွာဖြစ်ခြင်း ‘သဉ္ဇာတိ’၊ ဖြစ်ပေါ်လာခြင်း ‘နိဗ္ဗတ္တိ’၊ အသစ်ဖြစ်ပေါ်လာခြင်း ‘အဘိနိဗ္ဗတ္တိ’၊ ထင်ရှားဖြစ်ခြင်း ‘ပါတုဘာဝ’ သည် ရှိ၏။ ဤသဘောကို ဘဝကြောင့်ဖြစ်သော ဇာတိ ဟု ဆိုအပ်၏။
(၁၂) ဇရာမရဏ
အဘယ်သည် ဇာတိကြောင့်ဖြစ်သော အိုခြင်း သေခြင်း ‘ဇရာမရဏ’ မည်သနည်း။
အိုခြင်း ‘ဇရာ’ သည် ရှိ၏။ သေခြင်း ‘မရဏ’ သည် ရှိ၏။ ထို ၂-ပါးတို့တွင် အဘယ်သည် အိုခြင်း ‘ဇရာ’ မည်သနည်း။
ထိုထို နာမ်တရားတို့၏ အကြင် အိုခြင်း ‘ဇရာ’၊ ရင့်ရော်ခြင်း ‘ဇီရဏတာ’၊ အသက်၏ဆုတ်ယုတ်ခြင်း ‘အာယုသံဟာနိ’ သည် ရှိ၏။ ဤသဘောကို အိုခြင်း ‘ဇရာ’ဟု ဆိုအပ်၏။
ထို ၂-ပါးတို့တွင် အဘယ်သည် သေခြင်း ‘မရဏ’ မည်သနည်း။
ထိုထိုနာမ်တရားတို့၏ အကြင်ကုန်ခြင်း ‘ခယ’၊ ပျက်ခြင်း ‘ဝယ’၊ ပြိုကွဲခြင်း ‘ဘေဒ’၊ ဖရိုဖရဲ ပြိုကွဲခြင်း ‘ပရိဘေဒ’၊ မမြဲခြင်း ‘အနိစ္စတာ’၊ ပျောက်ကွယ်ခြင်း ‘အန္တရဓာန’ သည် ရှိ၏။ ဤသဘောကို သေခြင်း ‘မရဏ’ ဟု ဆိုအပ်၏။ ဤဆိုအပ်ခဲ့ပြီးသော အိုခြင်း ‘ဇရာ', သေခြင်း ‘မရဏ’ ကို ဇာတိကြောင့် ဖြစ်သောအိုခြင်း, သေခြင်း ‘ဇရာမရဏ’ ဟု ဆိုအပ်၏။
ဤဆိုအပ်ခဲ့ပြီးသောနည်းဖြင့် ချမ်းသာနှင့်မရောသော ဤဆင်းရဲအစုအပုံ၏ ထင်ရှားဖြစ်ပေါ်မှုသည်ဖြစ်၏ဟု ဆိုရာ၌။ပ။ ပေါင်းဆုံခြင်းသည် ဖြစ်၏။ အညီအညွတ်ရောက်ခြင်းသည် ဖြစ်၏။ ပေါင်းရုံးခြင်း သည် ဖြစ်၏။ ထင်ရှားဖြစ်ခြင်းသည် ဖြစ်၏။ ထို့ကြောင့် ဤဆိုခဲ့ပြီးသောနည်းဖြင့်ချမ်းသာနှင့်မရောသော ဤဆင်းရဲအစုအပုံ၏ ထင်ရှားဖြစ်ပေါ်မှုသည် ဖြစ်၏ဟု ဆိုအပ်၏။
--
(၂) မပြည့်မစုံ အင်္ဂါ၁၁-ပါးရှိသော ဝါရ
၂၇၄။ (၁) ထိုအခါ၌ မသိမှု ‘အဝိဇ္ဇာ’ကြောင့် ပြုစီရင်မှု ‘သင်္ခါရ’ သည် ဖြစ်၏။ ပြုစီရင်မှု ‘သင်္ခါရ'ကြောင့်လည်း မသိမှု ‘အဝိဇ္ဇာ’သည် ဖြစ်၏။
(၂) ပြုစီရင်မှု ‘သင်္ခါရ’ ကြောင့် သိမှု ‘ဝိညာဏ်’ သည် ဖြစ်၏။ သိမှု ‘ဝိညာဏ်'ကြောင့်လည်းပြုစီရင်မှု ‘သင်္ခါရ'သည် ဖြစ်၏။
(၃) သိမှု ‘ဝိညာဏ်'ကြောင့် နာမ်သည်ဖြစ်၏။ နာမ်ကြောင့်လည်း သိမှု ‘ဝိညာဏ်'သည် ဖြစ်၏။
(၄) နာမ်ကြောင့် တွေ့ထိမှု ‘ဖဿ'သည် ဖြစ်၏၊ တွေ့ထိမှု ‘ဖဿ'ကြောင့်လည်း နာမ်သည်ဖြစ်၏။
(၅) တွေ့ထိမှု ‘ဖဿ’ ကြောင့် ခံစားမှု ‘ဝေဒနာ’ သည် ဖြစ်၏၊ ခံစားမှု ‘ဝေဒနာ’ ကြောင့်လည်းတွေ့ထိမှု ‘ဖဿ'သည် ဖြစ်၏။
(၆) ခံစားမှု ‘ဝေဒနာ’ ကြောင့် တပ်မက်မှု ‘တဏှာ’ သည် ဖြစ်၏။ တပ်မက်မှု ‘တဏှာ’ ကြောင့်လည်းခံစားမှု ‘ဝေဒနာ'သည် ဖြစ်၏။
(၇) တပ်မက်မှု ‘တဏှာ’ ကြောင့် စွဲလမ်းမှု ‘ဥပါဒါန်’ သည် ဖြစ်၏။ စွဲလမ်းမှု ‘ဥပါဒါန်’ ကြောင့်လည်းတပ်မက်မှု ‘တဏှာ’ သည် ဖြစ်၏။
(၈) စွဲလမ်းမှု ‘ဥပါဒါန်’ ကြောင့် ဘဝသည် ဖြစ်၏။
(၉) ဘဝကြောင့် ဇာတိသည် ဖြစ်၏။
(၁၀) ဇာတိကြောင့်-
(၁၁) အိုခြင်း သေခြင်း ‘ဇရာမရဏ'သည် ဖြစ်၏။ ဤဆိုအပ်ခဲ့ပြီးသောနည်းဖြင့် ချမ်းသာနှင့်မရောသော ဤဆင်းရဲအစုအပုံ၏ ထင်ရှားဖြစ်ပေါ်မှုသည် ဖြစ်၏။
--
(၂) မပြည့်မစုံ အင်္ဂါ၁၁-ပါးရှိသော ဝါရအကျယ်
၂၇၅။ (၁) အဝိဇ္ဇာ။ ။ ထိုအင်္ဂါ၁၁-ပါးတို့တွင် အဘယ်သည် မသိမှု ‘အဝိဇ္ဇာ’ မည်သနည်း။
အကြင် မသိခြင်းသဘော ‘အညာဏ’၊ မမြင်ခြင်းသဘော ‘အဒဿန’။ပ။ တံခါးကျင် (မင်းတုပ်နှင့်) တူသော မသိမှု သဘော ‘အဝိဇ္ဇာလင်္ဂီ’၊ အကုသိုလ်မူလဟုဆိုအပ်သော တွေဝေမှု ‘မောဟ’ သည် ရှိ၏၊ ဤသဘောကို မသိမှု ‘အဝိဇ္ဇာ’ ဟု ဆိုအပ်၏။
(၂) သင်္ခါရ
ထိုအင်္ဂါ၁၁-ပါးတို့တွင် အဘယ်သည် မသိမှု ‘အဝိဇ္ဇာ’ ကြောင့်ဖြစ်သော ပြုစီရင်မှု ‘သင်္ခါရ’ မည်သနည်း။
အကြင် စေ့ဆော်ခြင်း ‘စေတနာ’၊ ကောင်းစွာ စေ့ဆော်ခြင်း ‘သေဉ္စတနာ’၊ ကောင်းစွာ စေ့ဆော်တတ်သည်၏အဖြစ် ‘သေဉ္စတယိတတ္တ’ သည် ရှိ၏။ ဤသဘောကို မသိမှု ‘အဝိဇ္ဇာ’ ကြောင့် ဖြစ်သောပြုစီရင်မှု ‘သင်္ခါရ’ဟု ဆိုအပ်၏။
ထိုအင်္ဂါ၁၁-ပါးတို့တွင် အဘယ်သည် ပြုစီရင်မှု ‘သင်္ခါရ’ ကြောင့်လည်း ဖြစ်သော မသိမှု ‘အဝိဇ္ဇာ’ မည်သနည်း။
အကြင် မသိခြင်းသဘော ‘အညာဏ’၊ မမြင်ခြင်းသဘော ‘အဒဿန’။ပ။ တံခါးကျင် (မင်းတုပ်) နှင့်တူသော မသိမှု သဘော ‘အဝိဇ္ဇာလင်္ဂီ’၊ အကုသိုလ်မူလဟုဆိုအပ်သော တွေဝေမှု ‘မောဟ'သည် ရှိ၏၊ ဤသဘောကို ပြုစီရင်မှု ‘သင်္ခါရ'ကြောင့်လည်းဖြစ်သော မသိမှု ‘အဝိဇ္ဇာ’ ဟု ဆိုအပ်၏။
(၃) ဝိညာဏ်
ထိုအင်္ဂါ၁၁-ပါးတို့တွင် အဘယ်သည် ပြုစီရင်မှု ‘သင်္ခါရ'ကြောင့် ဖြစ်သော
သိမှု ‘ဝိညာဏ်’ မည်သနည်း။
အကြင်ဆန်းကြယ်သောသဘော ‘စိတ္တ’၊ သိခြင်းသဘော ‘မန’၊ သိမှု သဘော ‘မာနသ’။ပ။ ထိုစိတ်အားလျော်သော အထူးသိမှု သဘော ‘တဇ္ဇာမနောဝိညာဏဓာတ်’ သည် ရှိ၏။ ဤသဘောကို ပြုစီရင်မှု ‘သင်္ခါရ'ကြောင့် ဖြစ်သော သိမှု ‘ဝိညာဏ်’ ဟု ဆိုအပ်၏။
ထိုအင်္ဂါ၁၁-ပါးတို့တွင် အဘယ်သည် သိမှု ‘ဝိညာဏ်'ကြောင့်လည်း ဖြစ်သော ပြုစီရင်မှု ‘သင်္ခါရ’ မည်သနည်း။
အကြင် စေ့ဆော်ခြင်းသဘော ‘စေတနာ’၊ ကောင်းစွာစေ့ဆော်ခြင်းသဘော ‘သေဉ္စတနာ’၊ ကောင်းစွာစေ့ဆော်တတ်သည်၏အဖြစ် ‘သေဉ္စတယိတတ္တ’ သည် ရှိ၏။ ဤသဘောကို သိမှု ‘ဝိညာဏ်'ကြောင့် ဖြစ်သော ပြုစီရင်မှု ‘သင်္ခါရ’ ဟု ဆိုအပ်၏။
--
(၄) နာမ်
ထိုအင်္ဂါ၁၁-ပါးတို့တွင် အဘယ်သည် သိမှု ‘ဝိညာဏ်’ ကြောင့်ဖြစ်သော နာမ် မည်သနည်း။
ခံစားမှု အစု ‘ဝေဒနာက္ခန္ဓာ’၊ မှတ်သားမှု အစု ‘သညာက္ခန္ဓာ’၊ ပြုပြင်မှု အစု ‘သင်္ခါရက္ခန္ဓာ’ သည် ရှိ၏။ ဤသဘောကို သိမှု ‘ဝိညာဏ်'ကြောင့်ဖြစ်သော နာမ်ဟု ဆိုအပ်၏။
ထိုအင်္ဂါ၁၁-ပါးတို့တွင် အဘယ်သည် နာမ်ကြောင့်ဖြစ်သော သိမှု ‘ဝိညာဏ်’ မည်သနည်း။
အကြင် ဆန်းကြယ်သောသဘော ‘စိတ္တ’၊ သိခြင်းသဘော ‘မန’၊ သိမှု သဘော ‘မာနသ’။ပ။ ထိုစိတ်အားလျော်သော အထူးသိမှု သဘော ‘တဇ္ဇာမနောဝိညာဏဓာတ်’ သည် ရှိ၏။ ဤသဘောကို နာမ်ကြောင့်ဖြစ်သော သိမှု ‘ဝိညာဏ်’ဟု ဆိုအပ်၏။
နာမ်ကြောင့် တွေ့ထိမှု ‘ဖဿ’ သည် ဖြစ်၏ဟု ဆိုရာ၌ အဘယ်သည် နာမ် မည်သနည်း။
တွေ့ထိမှု ‘ဖဿ'ကို ထား၍ ခံစားမှု အစု ‘ဝေဒနာက္ခန္ဓာ’၊ မှတ်သားမှု အစု ‘သညာက္ခန္ဓာ’၊ ပြုပြင်မှု အစု ‘သင်္ခါရက္ခန္ဓာ’၊ သိမှု အစု ‘ဝိညာဏက္ခန္ဓာ’ သည် ရှိ၏။ ဤသဘောကို နာမ်ဟု ဆိုအပ်၏။
(၅) ဖဿ
ထိုအင်္ဂါ၁၁-ပါးတို့တွင် အဘယ်သည် နာမ်ကြောင့်ဖြစ်သော တွေ့ထိမှု ‘ဖဿ’ မည်သနည်း။
အကြင်တွေ့ထိမှု သဘော ‘ဖဿ’၊ တွေ့ထိသောအခြင်းအရာ ‘ဖုသနာ’၊ ကောင်းစွာ တွေ့ထိသော အခြင်း အရာ ‘သမ္ဖုသနာ’၊ ကောင်းစွာ တွေ့ထိတတ်သည်၏အဖြစ် ‘သမ္ဖုသိတတ္တ’ သည် ရှိ၏။ ဤသဘောကိုနာမ်ကြောင့် ဖြစ်သော တွေ့ထိမှု ‘ဖဿ’ ဟု ဆိုအပ်၏။ ထိုအင်္ဂါ၁၁-ပါးတို့တွင် အဘယ်သည် တွေ့ထိမှု ‘ဖဿ'ကြောင့်ဖြစ်သော နာမ် မည်သနည်း။
ခံစားမှု အစု ‘ဝေဒနာက္ခန္ဓာ’၊ မှတ်သားမှု အစု ‘သညာက္ခန္ဓာ’၊ ပြုပြင်မှု အစု ‘သင်္ခါရက္ခန္ဓာ’၊ သိမှု အစု ‘ဝိညာဏက္ခန္ဓာ’ သည် ရှိ၏။ ဤသဘောကို တွေ့ထိမှု ‘ဖဿ'ကြောင့်ဖြစ်သော နာမ်ဟု ဆိုအပ်၏။ပ။
ထို့ကြောင့် ဤဆိုအပ်ခဲ့ပြီးသောနည်းဖြင့် ချမ်းသာနှင့်မရောသော ဤဆင်းရဲအစုအပုံ၏ ထင်ရှားဖြစ်ပေါ်မှုသည်ဖြစ်၏ဟု ဆိုအပ်၏။
[မှတ်ချက်- ဥဒ္ဒေသ၌ ပါခဲ့သော အင်္ဂါတို့၏ အကျယ်ကို အပြည့်အစုံမပြဘဲ ပေယျာလ၌ သွင်းလိုက်သည်။ ပါဠိတော် နှာ (၁၆၇) ကြည့်လေ]
--
(၃) အပြည့်အစုံ အင်္ဂါ၁၂-ပါးရှိသော ဝါရ
၂၇၆။ (၁) ထိုအခါ၌ မသိမှု ‘အဝိဇ္ဇာ’ ကြောင့် ပြုစီရင်မှု ‘သင်္ခါရ’ သည် ဖြစ်၏။ ပြုစီရင်မှု ‘သင်္ခါရ’ ကြောင့်လည်း မသိမှု (အဝိဇ္ဇာ) သည် ဖြစ်၏။
(၂) ပြုစီရင်မှု ‘သင်္ခါရ’ ကြောင့် သိမှု ‘ဝိညာဏ်’ သည် ဖြစ်၏။ သိမှု ‘ဝိညာဏ်’ ကြောင့်လည်းပြုစီရင်မှု ‘သင်္ခါရ'သည် ဖြစ်၏။
(၃) သိမှု ‘ဝိညာဏ်’ ကြောင့် နာမ်ရုပ်သည် ဖြစ်၏။ နာမ်ရုပ်ကြောင့်လည်း သိမှု ‘ဝိညာဏ်'သည်ဖြစ်၏။
(၄) နာမ်ရုပ်ကြောင့် ခြောက်ခုမြောက် မနာယတနသည် ဖြစ်၏၊ ခြောက်ခုမြောက် မနာယတနကြောင့်လည်း နာမ်ရုပ်သည် ဖြစ်၏။
(၅) ခြောက်ခုမြောက် ‘မနာယတန’ ကြောင့် တွေ့ထိမှု ‘ဖဿ'သည် ဖြစ်၏၊ တွေ့ထိမှု ‘ဖဿ’ ကြောင့်လည်း ခြောက်ခုမြောက် ‘မနာယတန'သည် ဖြစ်၏။
(၆) တွေ့ထိမှု ‘ဖဿ'ကြောင့် ခံစားမှု ‘ဝေဒနာ’ သည် ဖြစ်၏၊ ခံစားမှု ‘ဝေဒနာ’ ကြောင့်လည်းတွေ့ထိမှု ‘ဖဿ’ သည် ဖြစ်၏။
(၇) ခံစားမှု ‘ဝေဒနာ’ ကြောင့် တပ်မက်မှု ‘တဏှာ’ သည် ဖြစ်၏။ တပ်မက်မှု ‘တဏှာ’ ကြောင့်လည်းခံစားမှု (ဝေဒနာ) သည် ဖြစ်၏။
(၈) တပ်မက်မှု ‘တဏှာ'ကြောင့် စွဲလမ်းမှု ‘ဥပါဒါန်’ သည် ဖြစ်၏။ စွဲလမ်းမှု ‘ဥပါဒါန်’ ကြောင့်လည်းတပ်မက်မှု ‘တဏှာ’ သည် ဖြစ်၏။
(၉) စွဲလမ်းမှု ‘ဥပါဒါန်’ ကြောင့် ဘဝသည် ဖြစ်၏။
(၁၀) ဘဝကြောင့် ဇာတိသည် ဖြစ်၏။
(၁၁) ဇာတိကြောင့်-
(၁၂) အိုခြင်း သေခြင်း ‘ဇရာမရဏ'သည် ဖြစ်၏။ ဤဆိုအပ်ခဲ့ပြီးသောနည်းဖြင့် ချမ်းသာနှင့်မရောသော ဤဆင်းရဲအစုအပုံ၏ ထင်ရှားဖြစ်ပေါ်မှုသည် ဖြစ်၏။
--
(၃) အပြည့်အစုံ အင်္ဂါ၁၂-ပါးရှိသော ဝါရအကျယ်
၂၇၇။ (၁) အဝိဇ္ဇာ။ ။ ထိုအင်္ဂါ-၁၂-ပါးတို့တွင် အဘယ်သည် မသိမှု ‘အဝိဇ္ဇာ’ မည်သနည်း။
အကြင် မသိခြင်းသဘော ‘အညာဏ’၊ မမြင်ခြင်းသဘော ‘အဒဿန’။ပ။ တံခါးကျင် (မင်းတုပ်) နှင့်တူသော မသိမှု သဘော ‘အဝိဇ္ဇာလင်္ဂီ’၊ အကုသိုလ်မူလဟုဆိုအပ်သော တွေဝေမှု ‘မောဟ'သည် ရှိ၏။ ဤ သဘောကို မသိမှု ‘အဝိဇ္ဇာ’ဟု ဆိုအပ်၏။
(၂) သင်္ခါရ
ထိုအင်္ဂါ၁၂-ပါးတို့တွင် အဘယ်သည် မသိမှု ‘အဝိဇ္ဇာ’ ကြောင့်ဖြစ်သောပြုစီရင်မှု ‘သင်္ခါရ’ မည်သနည်း။
အကြင် စေ့ဆော်ခြင်းသဘော ‘စေတနာ’၊ ကောင်းစွာ စေ့ဆော်ခြင်းသဘော ‘သေဉ္စတနာ’၊ ကောင်းစွာစေ့ဆော်တတ်သည်၏အဖြစ် ‘သေဉ္စတယိတတ္တ’ သည် ရှိ၏။ ဤသဘောကို မသိမှု ‘အဝိဇ္ဇာ’ကြောင့်ဖြစ်သောပြုစီရင်မှု ‘သင်္ခါရ’ ဟု ဆိုအပ်၏။
ထိုအင်္ဂါ၁၂-ပါးတို့တွင် အဘယ်သည် ပြုစီရင်မှု ‘သင်္ခါရ’ ကြောင့်ဖြစ်သော မသိမှု ‘အဝိဇ္ဇာ’ မည်သနည်း။
အကြင် မသိခြင်းသဘော ‘အညာဏ’၊ မမြင်ခြင်းသဘော ‘အဒဿန’။ပ။ တံခါးကျင် (မင်းတုပ်) နှင့်တူသော မသိမှု သဘော ‘အဝိဇ္ဇာလင်္ဂီ’၊ အကုသိုလ်မူလဟုဆိုအပ်သော တွေဝေမှု ‘မောဟ’ သည် ရှိ၏။ ဤသဘောကို ပြုစီရင်မှု ‘သင်္ခါရ’ ကြောင့်ဖြစ်သော မသိမှု ‘အဝိဇ္ဇာ’ ဟု ဆိုအပ်၏။
(၃) ဝိညာဏ်
ထိုအင်္ဂါ၁၂-ပါးတို့တွင် အဘယ်သည် ပြုစီရင်မှု ‘သင်္ခါရ’ ကြောင့်ဖြစ်သောသိမှု ‘ဝိညာဏ်’ မည်သနည်း။
အကြင်ဆန်းကြယ်သောသဘော ‘စိတ္တ’၊ သိခြင်းသဘော ‘မန’၊ သိမှု သဘော ‘မာနသ’။ပ။ ထိုစိတ်အားလျော်သော အထူးသိမှု သဘော ‘တဇ္ဇာမနောဝိညာဏဓာတ်’ သည် ရှိ၏။ ဤသဘောကို ပြုစီရင်မှု ‘သင်္ခါရ’ ကြောင့် ဖြစ်သော သိမှု ‘ဝိညာဏ်’ ဟု ဆိုအပ်၏။
ထိုအင်္ဂါ၁၂-ပါးတို့တွင် အဘယ်သည် သိမှု ‘ဝိညာဏ်'ကြောင့်ဖြစ်သော ပြုစီရင်မှု ‘သင်္ခါရ’ မည်သနည်း။
အကြင် စေ့ဆော်ခြင်းသဘော ‘စေတနာ’၊ ကောင်းစွာ စေ့ဆော်ခြင်းသဘော ‘သေဉ္စတနာ’၊ ကောင်းစွာစေ့ဆော်တတ်သည်၏အဖြစ် ‘သေဉ္စတယိတတ္တ’ သည် ရှိ၏။ ဤသဘောကို သိမှု ‘ဝိညာဏ်’ ကြောင့်လည်းဖြစ်သော ပြုစီရင်မှု ‘သင်္ခါရ’ ဟု ဆိုအပ်၏။
--
(၄) နာမ်ရုပ်
ထိုအင်္ဂါ၁၂-ပါးတို့တွင် အဘယ်သည် သိမှု ‘ဝိညာဏ်'ကြောင့်ဖြစ်သော နာမ်ရုပ် မည်သနည်း။
နာမ်သည် ရှိ၏။ ရုပ်သည် ရှိ၏။ ထို ၂-ပါးတို့တွင် အဘယ်သည် နာမ် မည်သနည်း။
ခံစားမှု အစု ‘ဝေဒနာက္ခန္ဓာ’၊ မှတ်သားမှု အစု ‘သညာက္ခန္ဓာ’၊ ပြုပြင်မှု အစု ‘သင်္ခါရက္ခန္ဓာ’ သည် ရှိ၏။ ဤသဘောကို နာမ်ဟု ဆိုအပ်၏။
ထို ၂-ပါးတို့တွင် အဘယ်သည် ရုပ် မည်သနည်း။
စက္ခာယတန၏ကြီးပွါးမှု ၊ သောတာယတန၏ကြီးပွါးမှု ၊ ဃာနာယတန၏ကြီးပွါးမှု ၊ ဇိဝှာယတန၏ကြီးပွါးမှု ၊ ကာယာယတန၏ကြီးပွါးမှုသည် ရှိ၏။ ဤကမ္မဇရုပ်မှ တစ်ပါးသော စိတ်ဟူသော ဟိတ်ရှိသော စိတ်ကြောင့် ဖြစ်သော အကြင်စိတ္တဇရုပ်သည်လည်း ရှိ၏။ ဤဆိုခဲ့ပြီးသော နာမ်နှင့် ကမ္မဇရုပ်စိတ္တဇရုပ်ကို သိမှု ‘ဝိညာဏ်’ ကြောင့်ဖြစ်သော နာမ်ရုပ်ဟု ဆိုအပ်၏။
နာမ် ရုပ်ကြောင့်လည်း သိမှု ‘ဝိညာဏ်’ ဖြစ်၏ဟု ဆိုရာ၌-
နာမ်သည် ရှိ၏၊ ရုပ်သည် ရှိ၏၊ ထို ၂-ပါးတို့တွင် အဘယ်သည် နာမ် မည်သနည်း။
ခံစားမှု အစု ‘ဝေဒနာက္ခန္ဓာ’၊ မှတ်သားမှု အစု ‘သညာက္ခန္ဓာ’၊ ပြုပြင်မှု အစု ‘သင်္ခါရက္ခန္ဓာ'သည် ရှိ၏။ ဤသဘောကို နာမ်ဟု ဆိုအပ်၏။
ထို ၂-ပါးတို့တွင် အဘယ်သည် ရုပ် မည်သနည်း။
မနောဝိညာဏဓာတ်၏ မှီရာဖြစ်သော အကြင်ဟဒယဝတ္ထုရုပ်သည် ရှိ၏။ ဤသဘောကို ရုပ်ဟု ဆိုအပ်၏။
ဤဆိုခဲ့ပြီးသော နာမ်နှင့်ရုပ်တို့ကို နာမ်ရုပ်ဟု ဆိုအပ်၏။
ထိုအင်္ဂါ-၁၂-ပါးတို့တွင် အဘယ်သည် နာမ်ရုပ်ကြောင့်လည်းဖြစ်သော သိမှု (ဝိညာဏ်) မည်သနည်း။
အကြင်ဆန်းကြယ်သောသဘော ‘စိတ္တ’၊ သိခြင်းသဘော ‘မန’၊ သိမှု သဘော ‘မာနသ’။ပ။ ထိုစိတ်အားလျော်သော အထူးသိမှု သဘော ‘တဇ္ဇာမနောဝိညာဏဓာတ်’ သည် ရှိ၏။ ဤသဘောကို ရုပ်နာမ်ကြောင့်လည်း ဖြစ်သော သိမှု ‘ဝိညာဏ်’ ဟု ဆိုအပ်၏။
နာမ်ရုပ်ကြောင့် ခြောက်ခုမြောက် ‘မနာယတန’ သည် ဖြစ်၏ဟု ဆိုရာ၌-
နာမ်သည် ရှိ၏၊ ရုပ်သည် ရှိ၏။ ထို ၂-ပါးတို့တွင် အဘယ်သည် နာမ် မည်သနည်း။
ခံစားမှု အစု ‘ဝေဒနာက္ခန္ဓာ’၊ မှတ်သားမှု အစု ‘သညာက္ခန္ဓာ’၊ ပြုပြင်မှု အစု ‘သင်္ခါရက္ခန္ဓာ’ သည် ရှိ၏။ ဤသဘောကို နာမ်ဟု ဆိုအပ်၏။
ထို ၂-ပါးတို့တွင် အဘယ်သည် ရုပ် မည်သနည်း။
မနောဝိညာဏဓာတ်၏ မှီရာဖြစ်သော အကြင်ဟဒယဝတ္ထုရုပ်သည် ရှိ၏။ ဤသဘောကို ရုပ်ဟု ဆိုအပ်၏။
ဤဆိုခဲ့ပြီးသော နာမ်နှင့်ရုပ်ကို နာမ်ရုပ်ဟု ဆိုအပ်၏။
--
(၅) ဆဋ္ဌာယတန
ထိုအင်္ဂါ၁၂-ပါးတို့တွင် အဘယ်သည် နာမ်ရုပ်ကြောင့်ဖြစ်သော ခြောက်ခုမြောက် မနာယတန မည်သနည်း။
အကြင် ဆန်းကြယ်သောသဘော ‘စိတ္တ’၊ သိခြင်းသဘော ‘မန’၊ သိမှု သဘော ‘မာနသ’။ပ။ ထိုစိတ်အား လျော်သော အထူးသိမှု သဘော ‘တဇ္ဇာမနောဝိညာဏဓာတ်’ သည် ရှိ၏။ ဤသဘောကိုနာမ်ရုပ်ကြောင့် ဖြစ်သော ခြောက်ခုမြောက် ‘မနာယတန’ဟု ဆိုအပ်၏။
ထိုအင်္ဂါ၁၂-ပါးတို့တွင် အဘယ်သည် ခြောက်ခုမြောက် မနာယတန ကြောင့်လည်း ဖြစ်သော နာမ်ရုပ် မည်သနည်း။
နာမ်သည် ရှိ၏။ ရုပ်သည် ရှိ၏။ ထို ၂-ပါးတို့တွင် အဘယ်သည် နာမ် မည်သနည်း။
ခံစားမှု အစု ‘ဝေဒနာက္ခန္ဓာ’၊ မှတ်သားမှု အစု ‘သညာက္ခန္ဓာ’၊ ပြုပြင်မှု အစု ‘သင်္ခါရက္ခန္ဓာ’ သည် ရှိ၏။ ဤသဘောကို နာမ်ဟု ဆိုအပ်၏။
ထို ၂-ပါးတို့တွင် အဘယ်သည် ရုပ် မည်သနည်း။
စက္ခာယတန၏ကြီးပွါးမှု ၊ သောတာယတန၏ကြီးပွါးမှု ၊ ဃာနာယတန၏ကြီးပွါးမှု ၊ ဇိဝှါယတန၏ကြီးပွါးမှု ၊ ကာယာယတန၏ကြီးပွါးမှုသည် ရှိ၏။ ဤကမ္မဇရုပ်မှ တစ်ပါးသော စိတ်ဟူသော ဟိတ်ရှိသော စိတ်ကြောင့် ဖြစ်သော အကြင်စိတ္တဇရုပ်သည်လည်း ရှိ၏။ ဤကမ္မဇရုပ်နှင့်စိတ္တဇရုပ်ကို ရုပ်ဟု ဆိုအပ်၏။ ဤဆိုခဲ့ပြီးသော နာမ်နှင့်ရုပ်ကို ခြောက်ခုမြောက် (မနာယတန) ကြောင့်လည်းဖြစ်သော နာမ်ရုပ်ဟု ဆိုအပ်၏။
(၆) ဖဿ
ထိုအင်္ဂါ၁၂-ပါးတို့တွင် အဘယ်သည် ခြောက်ခုမြောက် ‘မနာယတန'ကြောင့် ဖြစ်သော တွေ့ထိမှု ‘ဖဿ’ မည်သနည်း။
အကြင်တွေ့ထိမှု သဘော ‘ဖဿ’၊ တွေ့ထိသောအခြင်းအရာ ‘ဖုသနာ’၊ ကောင်းစွာ တွေ့ထိသောအခြင်း အရာ ‘သမ္ဖုသနာ’၊ ကောင်းစွာ တွေ့ထိတတ်သည်၏အဖြစ် ‘သမ္ဖုသိတတ္တ’ သည် ရှိ၏။ ဤသဘောကိုခြောက်ခုမြောက် မနာယတန ကြောင့်ဖြစ်သော တွေ့ထိမှု ဖဿဟု ဆိုအပ်၏။ ထိုအင်္ဂါ၁၂-ပါးတို့တွင် အဘယ်သည် တွေ့ထိမှု ‘ဖဿ’ ကြောင့်လည်း ဖြစ်သော ခြောက်ခုမြောက်မနာယတန မည်သနည်း။
အကြင် ဆန်းကြယ်သောသဘော ‘စိတ္တ’၊ သိခြင်းသဘော ‘မန’၊ သိမှု သဘော ‘မာနသ’။ပ။ ထိုစိတ်အား လျော်သော အထူးသိမှု သဘော ‘တဇ္ဇာမနောဝိညာဏဓာတ်’ သည် ရှိ၏။ ဤသဘောကို တွေ့ထိမှု ‘ဖဿ'ကြောင့်လည်းဖြစ်သော ခြောက်ခုမြောက် မနာယတနဟု ဆိုအပ်၏။ပ။
ထို့ကြောင့် “ဤဆိုအပ်ခဲ့ပြီးသော နည်းဖြင့် ချမ်းသာနှင့်မရောသော ဤဆင်းရဲအစုအပုံ၏ ထင်ရှားဖြစ်ပေါ်မှုသည် ဖြစ်၏”ဟု ဆိုအပ်၏။
--
(၄) လုံးဝအပြည့်အစုံ အင်္ဂါ၁၂-ပါးရှိသော ဝါရ
၂၇၈။ (၁) ထိုအခါ၌ မသိမှု ‘အဝိဇ္ဇာ’ ကြောင့် ပြုစီရင်မှု ‘သင်္ခါရ’ သည် ဖြစ်၏။ ပြုစီရင်မှု ‘သင်္ခါရ’ ကြောင့်လည်း မသိမှု ‘အဝိဇ္ဇာ’ နှင့် ဖြစ်၏။
(၂) ပြုစီရင်မှု ‘သင်္ခါရ’ ကြောင့် သိမှု ‘ဝိညာဏ်’ သည် ဖြစ်၏။ သိမှု ‘ဝိညာဏ်'ကြောင့်လည်းပြုစီရင်မှု (သင်္ခါရ) သည် ဖြစ်၏။
(၃) သိမှု ‘ဝိညာဏ်’ ကြောင့် နာမ်ရုပ်သည် ဖြစ်၏။ နာမ်ရုပ်ကြောင့်လည်း သိမှု ‘ဝိညာဏ်'သည်ဖြစ်၏။
(၄) နာမ်ရုပ်ကြောင့် ‘အာယတန’ ခြောက်ပါးသည် ဖြစ်၏၊ ခြောက်ခုမြောက် ‘မနာယတန’ ကြောင့်လည်း နာမ်ရုပ်သည် ဖြစ်၏။
(၅) ခြောက်ခုမြောက် ‘မနာယတန’ ကြောင့် တွေ့ထိမှု ‘ဖဿ'သည် ဖြစ်၏၊ တွေ့ထိမှု ‘ဖဿ'ကြောင့်
လည်း ခြောက်ခုမြောက် (မနာယတန) သည် ဖြစ်၏။
(၆) တွေ့ထိမှု ‘ဖဿ'ကြောင့် ခံစားမှု ‘ဝေဒနာ'သည် ဖြစ်၏၊ ခံစားမှု ‘ဝေဒနာ’ ကြောင့်လည်းတွေ့ထိမှု ‘ဖဿ’ သည် ဖြစ်၏။
(၇) ခံစားမှု ‘ဝေဒနာ’ ကြောင့် တပ်မက်မှု ‘တဏှာ'သည် ဖြစ်၏။ တပ်မက်မှု ‘တဏှာ'ကြောင့်လည်းခံစားမှု (ဝေဒနာ) သည် ဖြစ်၏။
(၈) တပ်မက်မှု ‘တဏှာ’ ကြောင့် စွဲလမ်းမှု ‘ဥပါဒါန်’ သည် ဖြစ်၏။ စွဲလမ်းမှု ‘ဥပါဒါန်’ ကြောင့်လည်းတပ်မက်မှု ‘တဏှာ’ သည် ဖြစ်၏။
(၉) စွဲလမ်းမှု ‘ဥပါဒါန်'ကြောင့် ဘဝသည် ဖြစ်၏။
(၁၀) ဘဝကြောင့် ဇာတိသည် ဖြစ်၏။
(၁၁) ဇာတိကြောင့်-
(၁၂) အိုခြင်း သေခြင်း ‘ဇရာမရဏ’ သည် ဖြစ်၏။ ဤဆိုအပ်ခဲ့ပြီးသောနည်းဖြင့် ချမ်းသာနှင့်မရောသော ဤဆင်းရဲအစုအပုံ၏ ထင်ရှားဖြစ်ပေါ်မှုသည် ဖြစ်၏။
--
(၄) လုံးဝအပြည့်အစုံ အင်္ဂါ၁၂-ပါးရှိသော ဝါရအကျယ်
၂၇၉။ (၁) အဝိဇ္ဇာ။ ။ ထိုအင်္ဂါ၁၂-ပါးတို့တွင် အဘယ်သည် မသိမှု ‘အဝိဇ္ဇာ’ မည်သနည်း။
အကြင် မသိခြင်းသဘော ‘အညာဏ’၊ မမြင်ခြင်းသဘော ‘အဒဿန’။ပ။ တံခါးကျင် (မင်းတုပ်နှင့်) တူသော မသိမှု သဘော ‘အဝိဇ္ဇာလင်္ဂီ’၊ အကုသိုလ်မူလဟုဆိုအပ်သော တွေဝေမှု ‘မောဟ’ သည် ရှိ၏။ ဤသဘောကို မသိမှု ‘အဝိဇ္ဇာ’ ဟု ဆိုအပ်၏။
(၂) သင်္ခါရ
ထိုအင်္ဂါ၁၂-ပါးတို့တွင် အဘယ်သည် မသိမှု ‘အဝိဇ္ဇာ’ကြောင့်ဖြစ်သော ပြုစီရင်မှု ‘သင်္ခါရ’ မည်သနည်း။
အကြင် စေ့ဆော်ခြင်းသဘော ‘စေတနာ’၊ ကောင်းစွာစေ့ဆော်ခြင်းသဘော ‘သေဉ္စတနာ’၊ ကောင်းစွာစေ့ဆော်တတ်သည်၏အဖြစ် ‘သေဉ္စတယိတတ္တ’ သည် ရှိ၏။ ဤသဘောကို မသိမှု ‘အဝိဇ္ဇာ’ ကြောင့်ဖြစ်သော ပြုစီရင်မှု ‘သင်္ခါရ’ ဟု ဆိုအပ်၏။
ထိုအင်္ဂါ၁၂-ပါးတို့တွင် အဘယ်သည် ပြုစီရင်မှု ‘သင်္ခါရ’ ကြောင့်လည်းဖြစ်သော မသိမှု ‘အဝိဇ္ဇာ’ မည်သနည်း။
အကြင် မသိခြင်းသဘော ‘အညာဏ’၊ မမြင်ခြင်းသဘော ‘အဒဿန’။ပ။ တံခါးကျင် (မင်းတုပ်) နှင့်တူသော မသိမှု သဘော ‘အဝိဇ္ဇာလင်္ဂီ’၊ အကုသိုလ်မူလဟု ဆိုအပ်သော တွေဝေမှု ‘မောဟ'သည် ရှိ၏။ ဤသဘောကို ပြုစီရင်မှု ‘သင်္ခါရ'ကြောင့်လည်းဖြစ်သော မသိမှု ‘အဝိဇ္ဇာ’ ဟု ဆိုအပ်၏။
(၃) ဝိညာဏ်
ထိုအင်္ဂါ၁၂-ပါးတို့တွင် အဘယ်သည် ပြုစီရင်မှု ‘သင်္ခါရ'ကြောင့် ဖြစ်သောသိမှု ‘ဝိညာဏ်’ မည်သနည်း။
အကြင် ဆန်းကြယ်သောသဘော ‘စိတ္တ’၊ သိခြင်းသဘော ‘မန’၊ သိမှု သဘော ‘မာနသ’။ပ။ ထိုစိတ်အားလျော်သော အထူးသိမှု သဘော ‘တဇ္ဇာမနောဝိညာဏဓာတ်’ သည် ရှိ၏။ ဤသဘောကို ပြုစီရင်မှု ‘သင်္ခါရ'ကြောင့် ဖြစ်သော သိမှု ‘ဝိညာဏ်’ဟု ဆိုအပ်၏။
ထိုအင်္ဂါ၁၂-ပါးတို့တွင် အဘယ်သည် သိမှု ‘ဝိညာဏ်’ ကြောင့်လည်းဖြစ်သော ပြုစီရင်မှု ‘သင်္ခါရ’ မည်သနည်း။
အကြင် စေ့ဆော်ခြင်းသဘော ‘စေတနာ’၊ ကောင်းစွာစေ့ဆော်ခြင်းသဘော ‘သေဉ္စတနာ’၊ ကောင်းစွာစေ့ဆော်တတ်သည်၏အဖြစ် ‘သေဉ္စတယိတတ္တ’ သည် ရှိ၏။ ဤသဘောကို သိမှု ‘ဝိညာဏ်’ ကြောင့်လည်းဖြစ်သော ပြုစီရင်မှု ‘သင်္ခါရ’ ဟု ဆိုအပ်၏။
--
(၄) နာမ်ရုပ်
ထိုအင်္ဂါ၁၂-ပါးတို့တွင် အဘယ်သည် သိမှု ‘ဝိညာဏ်'ကြောင့်ဖြစ်သော နာမ်ရုပ် မည်သနည်း။
နာမ်သည် ရှိ၏။ ရုပ်သည် ရှိ၏။ ထို ၂-ပါးတို့တွင် အဘယ်သည် နာမ် မည်သနည်း။
ခံစားမှု အစု ‘ဝေဒနာက္ခန္ဓာ’၊ မှတ်သားမှု အစု ‘သညာက္ခန္ဓာ’၊ ပြုပြင်မှု အစု ‘သင်္ခါရက္ခန္ဓာ’ သည် ရှိ၏။ ဤသဘောကို နာမ်ဟု ဆိုအပ်၏။
ထို ၂-ပါးတို့တွင် အဘယ်သည် ရုပ် မည်သနည်း။
စက္ခာယတန၏ကြီးပွါးမှု ၊ သောတာယတန၏ကြီးပွါးမှု ၊ ဃာနာယတန၏ကြီးပွါးမှု ၊ ဇိဝှာယတန၏ကြီးပွါးမှု ၊ ကာယာယတန၏ ကြီးပွါးမှုသည် ရှိ၏။ ဤကမ္မဇရုပ်မှ တစ်ပါးသော စိတ်ဟူသော ဟိတ်ရှိသော စိတ်ကြောင့် ဖြစ်သော အကြင်စိတ္တဇရုပ်သည်လည်း ရှိ၏။ ဤကမ္မဇရုပ်နှင့်စိတ္တဇရုပ်ကို ရုပ်ဟု ဆိုအပ်၏။ ဤဆိုခဲ့ပြီးသော နာမ်နှင့်ရုပ်ကို သိမှု ‘ဝိညာဏ်’ ကြောင့်ဖြစ်သော နာမ်ရုပ်ဟု ဆိုအပ်၏။
နာမ်ရုပ်ကြောင့်လည်း သိမှု ‘ဝိညာဏ်'သည် ဖြစ်၏ဟု ဆိုရာ၌-
နာမ်သည် ရှိ၏။ ရုပ်သည် ရှိ၏။ ထို၂-ပါးတို့တွင် အဘယ်သည် နာမ် မည်သနည်း။
ခံစားမှု အစု ‘ဝေဒနာက္ခန္ဓာ’၊ မှတ်သားမှု အစု ‘သညာက္ခန္ဓာ’၊ ပြုပြင်မှု အစု ‘သင်္ခါရက္ခန္ဓာ’ သည် ရှိ၏။ ဤသဘောကို နာမ်ဟု ဆိုအပ်၏။
ထို ၂-ပါးတို့တွင် အဘယ်သည် ရုပ် မည်သနည်း။
မနောဝိညာဏဓာတ်၏ မှီရာဖြစ်သော အကြင်ဟဒယဝတ္ထုရုပ်သည် ရှိ၏။ ဤသဘောကို ရုပ်ဟု ဆိုအပ်၏။ ဤဆိုခဲ့ပြီးသော နာမ်နှင့် ရုပ်ကို နာမ်ရုပ်ဟု ဆိုအပ်၏။
ထိုအင်္ဂါ၁၂-ပါးတို့တွင် အဘယ်သည် နာမ်ရုပ်ကြောင့်လည်းဖြစ်သော သိမှု ‘ဝိညာဏ်’ မည်သနည်း။
အကြင် ဆန်းကြယ်သောသဘော ‘စိတ္တ’၊ သိခြင်းသဘော ‘မန’၊ သိမှု သဘော ‘မာနသ’။ပ။ ထိုစိတ်အားလျော်သော အထူးသိမှု သဘော ‘တဇ္ဇာမနောဝိညာဏဓာတ်’ သည် ရှိ၏။ ဤသဘောကို နာမ်ရုပ်ကြောင့်ဖြစ်သော သိမှု ‘ဝိညာဏ်’ ဟု ဆိုအပ်၏။
နာမ်ရုပ်ကြောင့် အာယတနခြောက်ပါးသည် ဖြစ်၏ဟု ဆိုရာ၌-
နာမ်သည် ရှိ၏။ ရုပ်သည် ရှိ၏။ ထို ၂-ပါးတို့တွင် အဘယ်သည် နာမ် မည်သနည်း။
ခံစားမှု အစု ‘ဝေဒနာက္ခန္ဓာ’၊ မှတ်သားမှု အစု ‘သညာက္ခန္ဓာ’၊ ပြုပြင်မှု အစု ‘သင်္ခါရက္ခန္ဓာ’ သည် ရှိ၏။ ဤသဘောကို နာမ်ဟု ဆိုအပ်၏။
ထို ၂-ပါးတို့တွင် အဘယ်သည် ရုပ် မည်သနည်း။
မဟာဘုတ်လေးပါးတို့သည်လည်းကောင်း၊ အကြင်မနောဝိညာဏဓာတ်၏ မှီရာဖြစ်သော ဟဒယဝတ္ထုရုပ်သည်လည်းကောင်း ရှိ၏။ ဤသဘောကို ရုပ်ဟု ဆိုအပ်၏။ ဤဆိုခဲ့ပြီးသော နာမ်နှင့်ရုပ်ကိုနာမ်ရုပ်ဟု ဆိုအပ်၏။
--
(၅) သဠာယတန
ထိုအင်္ဂါ၁၂-ပါးတို့တွင် အဘယ်သည် နာမ် ရုပ်ကြောင့်ဖြစ်သော အာယတနခြောက်ပါး မည်သနည်း။
မျက်စိအကြည် ‘စက္ခာယတန’၊ နားအကြည် ‘သောတာယတန’၊ နှာခေါင်းအကြည် ‘ဃာနာယတန’၊ လျှာအကြည် ‘ဇိဝှါယတန’၊ ကိုယ်အကြည် ‘ကာယာယတန’၊ မနောအကြည် ‘မနာယတန’ သည် ရှိ၏။ ဤသဘောကို နာမ်ရုပ်ကြောင့်ဖြစ်သော အာယတန ခြောက်ပါးဟု ဆိုအပ်၏။
ထိုအင်္ဂါ၁၂-ပါးတို့တွင် အဘယ်သည် ခြောက်ခုမြောက် မနာယတနကြောင့်လည်းဖြစ်သော နာမ်ရုပ့် မည်သနည်း။
နာမ်သည် ရှိ၏။ ရုပ်သည် ရှိ၏။ ထို ၂-ပါးတို့တွင် အဘယ်သည် နာမ် မည်သနည်း။
ခံစားမှု အစု ‘ဝေဒနာက္ခန္ဓာ’၊ မှတ်သားမှု အစု ‘သညာက္ခန္ဓာ’၊ ပြုပြင်မှု အစု ‘သင်္ခါရက္ခန္ဓာ’ သည် ရှိ၏။ ဤသဘောကို နာမ်ဟု ဆိုအပ်၏။
ထို ၂-ပါးတို့တွင် အဘယ်သည် ရုပ် မည်သနည်း။
စက္ခာယတန၏ကြီးပွါးမှု ၊ သောတာယတန၏ကြီးပွါးမှု ၊ ဃာနာယတန၏ကြီးပွါးမှု ၊ ဇိဝှါယတန၏ကြီးပွါးမှု ၊ ကာယာယတန၏ ကြီးပွါးမှုသည် ရှိ၏။ ဤကမ္မဇရုပ်မှ တစ်ပါးသော စိတ်ဟူသော ဟိတ်ရှိသော စိတ်ကြောင့် ဖြစ်သော အကြင် စိတ္တဇရုပ်သည်လည်း ရှိ၏။ ဤကမ္မဇရုပ်နှင့် စိတ္တဇရုပ်ကို ရုပ်ဟု ဆိုအပ်၏။ ဤဆိုခဲ့ပြီးသော နာမ်နှင့်ရုပ်ကို ခြောက်ခုမြောက်မနာယတနကြောင့်လည်းဖြစ်သော နာမ်ရုပ်ဟု ဆိုအပ်၏။
(၆) ဖဿ
ထိုအင်္ဂါ၁၂-ပါးတို့တွင် အဘယ်သည် ခြောက်ခုမြောက် မနာယတနကြောင့်ဖြစ်သော တွေ့ထိမှု ‘ဖဿ’ မည်သနည်း။
အကြင်တွေ့ထိခြင်းသဘော ‘ဖဿ’၊ တွေ့ထိသောအခြင်းအရာ ‘ဖုသနာ’၊ ကောင်းစွာ တွေ့ထိသောအခြင်းအရာ ‘သံမ္ဖုသနာ’၊ ကောင်းစွာတွေ့ထိတတ်သည်၏အဖြစ် ‘သံမ္ဖုသိတတ္တ’ သည် ရှိ၏။ ဤသဘောကိုခြောက်ခုမြောက် မနာယတနကြောင့်ဖြစ်သော တွေ့ထိမှု ‘ဖဿ’ဟု ဆိုအပ်၏။ ထိုအင်္ဂါ၁၂-ပါးတို့တွင် အဘယ်သည် တွေ့ထိမှု ဖဿ ကြောင့်လည်းဖြစ်သော ခြောက်ခုမြောက်မနာယတန မည်သနည်း။
အကြင် ဆန်းကြယ်ခြင်းသဘော ‘စိတ္တ’၊ သိခြင်းသဘော ‘မန’၊ သိမှု သဘော ‘မာနသ’။ပ။ ထိုစိတ်အားလျော်သော အထူးသိမှု သဘော ‘တဇ္ဇာမနောဝိညာဏဓာတ်’ သည် ရှိ၏။ ဤသဘောကို တွေ့ထိမှု ‘ဖဿ'ကြောင့်လည်းဖြစ်သော ခြောက်ခုမြောက် မနာယတနဟု ဆိုအပ်၏။
(၇) ဝေဒနာ
ထိုအင်္ဂါ၁၂-ပါးတို့တွင် အဘယ်သည် တွေ့ထိမှု ‘ဖဿ'ကြောင့်ဖြစ်သော ခံစားမှု ‘ဝေဒနာ’ မည်သနည်း။
အကြင် စိတ်၌ ဖြစ်သော သာယာမှု ၊ စိတ်၌ ဖြစ်သော ချမ်းသာမှု ၊ စိတ်အတွေ့ကြောင့်ဖြစ်သော သာယာချမ်းသာကို ခံစားမှု ၊ စိတ်အတွေ့ကြောင့်ဖြစ်သော သာယာချမ်းသာကို ခံစားသောအခြင်းအရာသည် ရှိ၏။ ဤသဘောကို တွေ့ထိမှု ‘ဖဿ’ ကြောင့်ဖြစ်သော ခံစားမှု ‘ဝေဒနာ’ ဟု ဆိုအပ်၏။ပ။
ထို့ကြောင့် ဤဆိုအပ်ခဲ့ပြီးသော နည်းဖြင့် ချမ်းသာနှင့်မရောသော ဤဆင်းရဲအစုအပုံ၏ ထင်ရှားဖြစ်ပေါ်မှုသည် ဖြစ်၏ဟု ဆိုအပ်၏။
အညမညစတုက္ကနည်း အညမည (အချင်းချင်းကြောင်း, ကျိုးဖြစ်ပုံ) ဟောသော ဝါရလေးပါးအကျယ် ပြီး၏
--
၉-အကုသိုလ်စိတ် ပဋိစ္စသမုပ္ပါဒ်လှည့်နည်းအကျယ်
လောဘမူ သောမနဿ ဒိဋ္ဌိဂတသမ္ပယုတ် သသင်္ခါရိကစိတ်၌ ပဋိစ္စသမုပ္ပါဒ်လှည့်နည်းအကျယ်
၂၈၀။ အဘယ်တရားတို့သည် အကုသိုလ် မည်ကုန်သနည်း။
အကြင်အခါ၌ သောမနဿဝေဒနာနှင့် တကွဖြစ်သော အကုသိုလ်စိတ်သည် ဖြစ်ဆဲဖြစ်၏။ မိစ္ဆာ အယူနှင့်ယှဉ်သော တိုက်တွန်းခြင်းနှင့် တကွဖြစ်သော။ပ။
သောမနဿ ဒိဋ္ဌိဂတဝိပ္ပယုတ်စိတ် ၂-ခု၌ ပဋိစ္စသမုပ္ပါဒ်လှည့်နည်းအကျဉ်း
သောမနဿဝေဒနာနှင့် တကွဖြစ်သော မိစ္ဆာအယူနှင့်မယှဉ်သော ရူပါရုံကိုလည်း အာရုံပြုသောအကုသိုလ်စိတ်သည် ဖြစ်ဆဲဖြစ်၏။ပ။
သောမနဿဝေဒနာနှင့် တကွဖြစ်သော မိစ္ဆာအယူနှင့်မယှဉ်သော တိုက်တွန်းခြင်းနှင့် တကွဖြစ်သောရူပါရုံကိုလည်း အာရုံပြုသော၊ သဒ္ဒါရုံကိုလည်း အာရုံပြုသော၊ ဂန္ဓာရုံကိုလည်း အာရုံပြုသော၊ ရသာရုံကိုလည်း အာရုံပြုသော၊ ဖောဋ္ဌဗ္ဗာရုံကိုလည်း အာရုံပြုသော၊ ဓမ္မာရုံကိုလည်း အာရုံပြုသော၊ အမှတ်မရှိသော အာရုံကိုလည်း အာရုံပြုသော အကုသိုလ်စိတ်သည် ဖြစ်ဆဲဖြစ်၏။
(၁) ထိုအခါ၌ မသိမှု ‘အဝိဇ္ဇာ’ ကြောင့် ပြုစီရင်မှု ‘သင်္ခါရ’ သည် ဖြစ်၏။
(၂) ပြုစီရင်မှု ‘သင်္ခါရ’ ကြောင့် သိမှု ‘ဝိညာဏ်’ သည် ဖြစ်၏။
(၃) သိမှု ‘ဝိညာဏ်’ ကြောင့် နာမ်သည် ဖြစ်၏။
(၄) နာမ်ကြောင့် ခြောက်ခုမြောက် ‘မနာယတန’ သည် ဖြစ်၏။
(၅) ခြောက်ခုမြောက် ‘မနာယတန’ ကြောင့် တွေ့ထိမှု ‘ဖဿ’ သည် ဖြစ်၏။
(၆) တွေ့ထိမှု ‘ဖဿ’ ကြောင့် ခံစားမှု ‘ဝေဒနာ’ သည် ဖြစ်၏။
(၇) ခံစားမှု ‘ဝေဒနာ’ ကြောင့် တပ်မက်မှု ‘တဏှာ’ သည် ဖြစ်၏။
(၈) တပ်မက်မှု ‘တဏှာ’ ကြောင့် ဆုံးဖြတ်မှု ‘အဓိမောက္ခ’ သည် ဖြစ်၏။
(၉) ဆုံးဖြတ်မှု ‘အဓိမောက္ခ’ ကြောင့် ဘဝသည် ဖြစ်၏။
(၁၀) ဘဝကြောင့် ဇာတိသည် ဖြစ်၏။
(၁၁) ဇာတိကြောင့်
(၁၂) အိုခြင်း သေခြင်း ‘ဇရာမရဏ’ သည် ဖြစ်၏။ ဤဆိုအပ်ခဲ့ပြီးသောနည်းဖြင့် ချမ်းသာနှင့်မရောသော ဤဆင်းရဲအစုအပုံ၏ ထင်ရှားဖြစ်ပေါ်မှုသည် ဖြစ်၏။
--
အင်္ဂါ-၁၂-ပါးအကျယ်
၂၈၁။ (၁) အဝိဇ္ဇာ။ ။ ထိုအင်္ဂါ-၁၂-ပါးတို့တွင် အဘယ်သည် မသိမှု (အဝိဇ္ဇာ) မည်သနည်း။
အကြင် မသိခြင်းသဘော ‘အညာဏ’၊ မမြင်ခြင်းသဘော ‘အဒဿန’။ပ။ တံခါးကျင် (မင်းတုပ်) နှင့်တူသော မသိမှု သဘော ‘အဝိဇ္ဇာလင်္ဂီ’၊ အကုသိုလ်မူလဟုဆိုအပ်သော တွေဝေမှု ‘မောဟ’ သည် ရှိ၏။ ဤသဘောကို မသိမှု ‘အဝိဇ္ဇာ’ဟု ဆိုအပ်၏။
(၂) သင်္ခါရ
ထိုအင်္ဂါ၁၂-ပါးတို့တွင် အဘယ်သည် မသိမှု ‘အဝိဇ္ဇာ’ကြောင့်ဖြစ်သော ပြုစီရင်မှု ‘သင်္ခါရ’ မည်သနည်း။
အကြင် စေ့ဆော်ခြင်းသဘော ‘စေတနာ’၊ ကောင်းစွာစေ့ဆော်ခြင်းသဘော ‘သေဉ္စတနာ’၊ ကောင်းစွာစေ့ဆော်တတ်သည်၏အဖြစ် ‘သေဉ္စတယိတတ္တ’ သည် ရှိ၏။ ဤသဘောကို မသိမှု ‘အဝိဇ္ဇာ’ ကြောင့် ဖြစ်သော ပြုစီရင်မှု ‘သင်္ခါရ’ ဟု ဆိုအပ်၏။ပ။
(၉) အဓိမောက္ခ
ထိုအင်္ဂါ၁၂-ပါးတို့တွင် အဘယ်သည် တပ်မက်မှု ‘တဏှာ’ ကြောင့် ဖြစ်သောဆုံးဖြတ်မှု ‘အဓိမောက္ခ’ မည်သနည်း။
အကြင်စိတ်၏ (အာရုံကို) ဆုံးဖြတ်ခြင်းသည်၊ ဆုံးဖြတ်သောအခြင်းအရာသည်၊ ထိုအာရုံကို ဆုံးဖြတ်သော အဖြစ်သည် ရှိ၏၊ ဤသဘောကို တပ်မက်မှု ‘တဏှာ’ ကြောင့်ဖြစ်သော ဆုံးဖြတ်မှု ‘အဓိမောက္ခ’ ဟု ဆိုအပ်၏။
(၁၀) ဘဝ
ထိုအင်္ဂါ၁၂-ပါးတို့တွင် အဘယ်သည် ဆုံးဖြတ်မှု ‘အဓိမောက္ခ’ ကြောင့် ဖြစ်သော ‘ဘဝ’ မည်သနည်း။
ဆုံးဖြတ်မှု ‘အဓိမောက္ခ'ကို ထား၍ ခံစားမှု အစု ‘ဝေဒနာက္ခန္ဓာ’၊ မှတ်သားမှု အစု ‘သညာက္ခန္ဓာ’၊ ပြုပြင်မှု အစု ‘သင်္ခါရက္ခန္ဓာ’၊ သိမှု အစု ‘ဝိညာဏက္ခန္ဓာ’ သည် ရှိ၏။ ဤသဘောကို ဆုံးဖြတ်မှု ‘အဓိမောက္ခ'ကြောင့်ဖြစ်သော ဘဝဟု ဆိုအပ်၏။ပ။
ထို့ကြောင့် “ဤဆိုအပ်ခဲ့ပြီးသောနည်းဖြင့် ချမ်းသာနှင့်မရောသော ဤဆင်းရဲအစုအပုံ၏ ထင်ရှားဖြစ်ပေါ်မှုသည် ဖြစ်၏”ဟု ဆိုအပ်၏။
--
လောဘမူ ဥပေက္ခာ ဒိဋ္ဌိဂတသမ္ပယုတ် အသင်္ခါရိကစိတ်၌ ပဋိစ္စသမုပ္ပါဒ်လှည့်နည်း
၂၈၂။ အဘယ်တရားတို့သည် အကုသိုလ် မည်သနည်း။
အကြင်အခါ၌ ဥပေက္ခာဝေဒနာနှင့် တကွဖြစ်သော မိစ္ဆာအယူနှင့်ယှဉ်သော ရူပါရုံကိုလည်း အာရုံပြုသော၊ သဒ္ဒါရုံကိုလည်း အာရုံပြုသော၊ ဂန္ဓာရုံကိုလည်း အာရုံပြုသော၊ ရသာရုံကိုလည်း အာရုံပြုသော၊ ဖောဋ္ဌဗ္ဗာရုံကိုလည်း အာရုံပြုသော၊ ဓမ္မာရုံကိုလည်း အာရုံပြုသော၊ အမှတ်မရှိသော အာရုံကိုလည်း အာရုံပြုသော အကုသိုလ်စိတ်သည် ဖြစ်ဆဲဖြစ်၏။
(၁) ထိုအခါ၌ မသိမှု ‘အဝိဇ္ဇာ’ ကြောင့် ပြုစီရင်မှု ‘သင်္ခါရ’ သည် ဖြစ်၏။
(၂) ပြုစီရင်မှု ‘သင်္ခါရ’ ကြောင့် သိမှု ‘ဝိညာဏ်’ သည် ဖြစ်၏။
(၃) သိမှု ‘ဝိညာဏ်’ ကြောင့် နာမ်သည် ဖြစ်၏။
(၄) နာမ်ကြောင့် ခြောက်ခုမြောက် ‘မနာယတန’ သည် ဖြစ်၏။
(၅) ခြောက်ခုမြောက် ‘မနာယတန’ ကြောင့် တွေ့ထိမှု ‘ဖဿ’ သည် ဖြစ်၏။
(၆) တွေ့ထိမှု ‘ဖဿ’ ကြောင့် ခံစားမှု ‘ဝေဒနာ’ သည် ဖြစ်၏။
(၇) ခံစားမှု ‘ဝေဒနာ’ ကြောင့် တပ်မက်မှု ‘တဏှာ’ သည် ဖြစ်၏။
(၈) တပ်မက်မှု ‘တဏှာ’ ကြောင့် စွဲလမ်းမှု ‘ဥပါဒါန်’ သည် ဖြစ်၏။
(၉) စွဲလမ်းမှု ‘ဥပါဒါန်’ ကြောင့် ဘဝသည် ဖြစ်၏။
(၁၀) ဘဝကြောင့် ဇာတိသည် ဖြစ်၏။
(၁၁) ဇာတိကြောင့်
(၁၂) အိုခြင်း သေခြင်း ‘ဇရာမရဏ’ သည် ဖြစ်၏။ ဤဆိုအပ်ခဲ့ပြီးသောနည်းဖြင့် ချမ်းသာဖြင့်မရောသော ဤဆင်းရဲအစုအပုံ၏ ထင်ရှားဖြစ်ပေါ်မှုသည် ဖြစ်၏။
--
အင်္ဂါ-၁၂-ပါးအကျယ်
၂၈၃။ (၁) အဝိဇ္ဇာ။ ။ ထိုအင်္ဂါ၁၂-ပါးတို့တွင် အဘယ်သည် မသိမှု ‘အဝိဇ္ဇာ’ မည်သနည်း။
အကြင် မသိခြင်းသဘော ‘အညာဏ’၊ မမြင်ခြင်းသဘော ‘အဒဿန’။ပ။ တံခါးကျင် (မင်းတုပ်) နှင့်တူသော မသိမှု သဘော ‘အဝိဇ္ဇာလင်္ဂီ’၊ အကုသိုလ်မူလဟုဆိုအပ်သော တွေဝေမှု ‘မောဟ’ သည် ရှိ၏။ ဤသဘောကို မသိမှု ‘အဝိဇ္ဇာ’ ဟု ဆိုအပ်၏။ပ။
(၇) ဝေဒနာ
ထိုအင်္ဂါ၁၂-ပါးတို့တွင် အဘယ်သည် တွေ့ထိမှု ‘ဖဿ’ ကြောင့်ဖြစ်သောခံစားမှု ‘ဝေဒနာ’ မည်သနည်း။
အကြင် စိတ်၌ ဖြစ်သော သာယာမှု လည်း မဟုတ်၊ မသာယာမှု လည်း မဟုတ်ခြင်းသည်၊ စိတ်အတွေ့ကြောင့် ဖြစ်သော ဆင်းရဲချမ်းသာမဟုတ်သော ခံစားခြင်းသည်၊ စိတ်အတွေ့ကြောင့်ဖြစ်သော ဆင်းရဲချမ်းသာ မဟုတ်သော ခံစားသောသဘောသည် ရှိ၏။ ဤသဘောကို တွေ့ထိမှု ‘ဖဿ’ ကြောင့်ဖြစ်သောခံစားမှု ‘ဝေဒနာ’ ဟု ဆိုအပ်၏။ပ။ (*)
ထို့ကြောင့် “ဤဆိုအပ်ခဲ့ပြီးသောနည်းဖြင့် ချမ်းသာနှင့်မရောသော ဤဆင်းရဲအစုအပုံ၏ ထင်ရှားဖြစ်ပေါ်မှုသည် ဖြစ်၏”ဟု ဆိုအပ်၏။
(*) [မှတ်ချက်။ ပေယျာလတွင် ပဌမအကုသိုလ်စိတ်၌ စတုက္ကလေးမျိုး, ဝါရလေးမျိုးကို အကျယ်ချဲ့၍ ဟောသကဲ့သို့ ဤ၌လည်း အကျယ်ချဲ့၍ ဟောရမည်။ နောက်၌ လည်း (*) ဤအမှတ်ပါသော ပေယျာလတိုင်း၌ စတုက္ကလေးမျိုး, ဝါရလေးမျိုး စုံအောင် ဟောရမည်။]
လောဘမူ ဥပေက္ခာ ဒိဋ္ဌိဂတသမ္ပယုတ် သသင်္ခါရိကစိတ်၌ ပဋိစ္စသမုပ္ပါဒ်လှည့်နည်း
၂၈၄။ အဘယ်တရားတို့သည် အကုသိုလ် မည်ကုန်သနည်း။
အကြင်အခါ၌ ဥပေက္ခာဝေဒနာနှင့် တကွဖြစ်သော မိစ္ဆာအယူနှင့်ယှဉ်သော တိုက်တွန်းခြင်းနှင့် တကွဖြစ်သော အကုသိုလ်စိတ်သည်ဖြစ်ဆဲ ဖြစ်၏။ပ။
--
လောဘမူ ဥပေက္ခာ ဒိဋ္ဌိဂတဝိပ္ပယုတ်စိတ် ၂-ခု၌ ပဋိစ္စသမုပ္ပါဒ်လှည့်နည်း
ဥပေက္ခာဝေဒနာနှင့် တကွဖြစ်သော မိစ္ဆာအယူနှင့် မယှဉ်သော ရူပါရုံကိုလည်း အာရုံပြုသော။ပ။ ဥပေက္ခာဝေဒနာနှင့် တကွဖြစ်သော မိစ္ဆာအယူနှင့် မယှဉ်သော တိုက်တွန်းခြင်းနှင့် တကွဖြစ်သောရူပါရုံကိုလည်း အာရုံပြုသော၊ သဒ္ဒါရုံကိုလည်း အာရုံပြုသော၊ ဂန္ဓာရုံကိုလည်း အာရုံပြုသော၊ ရသာရုံကိုလည်း အာရုံပြုသော၊ ဖောဋ္ဌဗ္ဗာရုံကိုလည်း အာရုံပြုသော၊ ဓမ္မာရုံကိုလည်း အာရုံပြုသော၊ အမှတ်မရှိသော အာရုံကိုလည်း အာရုံပြုသော အကုသိုလ်စိတ်သည် ဖြစ်ဆဲဖြစ်၏။
(၁) ထိုအခါ၌ မသိမှု ‘အဝိဇ္ဇာ’ ကြောင့် ပြုစီရင်မှု ‘သင်္ခါရ’ သည် ဖြစ်၏။
(၂) ပြုစီရင်မှု ‘သင်္ခါရ’ ကြောင့် သိမှု ‘ဝိညာဏ်’ သည် ဖြစ်၏။
(၃) သိမှု ‘ဝိညာဏ်’ ကြောင့် နာမ်သည် ဖြစ်၏။
(၄) နာမ်ကြောင့် ခြောက်ခုမြောက် ‘မနာယတန’ သည် ဖြစ်၏။
(၅) ခြောက်ခုမြောက် ‘မနာယတန’ ကြောင့် တွေ့ထိမှု ‘ဖဿ’ သည် ဖြစ်၏။
(၆) တွေ့ထိမှု ‘ဖဿ’ ကြောင့် ခံစားမှု ‘ဝေဒနာ’ သည် ဖြစ်၏။
(၇) ခံစားမှု ‘ဝေဒနာ’ ကြောင့် တပ်မက်မှု ‘တဏှာ’ သည် ဖြစ်၏။
(၈) တပ်မက်မှု ‘တဏှာ’ ကြောင့် ဆုံးဖြတ်မှု ‘အဓိမောက္ခ’ သည် ဖြစ်၏။
(၉) ဆုံးဖြတ်မှု ‘အဓိမောက္ခ’ ကြောင့် ဘဝသည် ဖြစ်၏။
(၁၀) ဘဝကြောင့် ဇာတိသည် ဖြစ်၏။
(၁၁) ဇာတိကြောင့်
(၁၂) အိုခြင်း သေခြင်း ‘ဇရာမရဏ’ သည် ဖြစ်၏။
ဤဆိုအပ်ခဲ့ပြီးသောနည်းဖြင့် ချမ်းသာနှင့် မရောသော ဤဆင်းရဲအစုအပုံ၏ ထင်ရှားဖြစ်ပေါ်မှုသည် ဖြစ်၏
အင်္ဂါ၁၂-ပါးအကျယ်
၂၈၅။ (၁) အဝိဇ္ဇာ။ ။ ထိုအင်္ဂါ၁၂-ပါးတို့တွင် အဘယ်သည် မသိမှု ‘အဝိဇ္ဇာ’ မည်သနည်း။ပ။
ထို့ကြောင့် “ဤဆိုအပ်ခဲ့ပြီးသောနည်းဖြင့် ချမ်းသာနှင့်မရောသော ဤဆင်းရဲအစုအပုံ၏ ထင်ရှားဖြစ်ပေါ်မှုသည် ဖြစ်၏” ဟု ဆိုအပ်၏။
--
ဒေါသမူစိတ် ၂-ခု၌ ပဋိစ္စသမုပ္ပါဒ်လှည့်နည်း
၂၈၆။ အဘယ်တရားတို့သည် အကုသိုလ် မည်ကုန်သနည်း။
အကြင်အခါ၌ ဒေါမနဿဝေဒနာနှင့်တကွဖြစ်သော ထိခိုက်မှု (ဒေါသ) နှင့်ယှဉ်သော ရူပါရုံကိုလည်းအာရုံပြုသော။ပ။ အကုသိုလ်စိတ်သည် ဖြစ်ဆဲဖြစ်၏။ပ။ (*) ဒေါမနဿဝေဒနာနှင့်တကွဖြစ်သော ထိခိုက်မှု ဒေါသနှင့်ယှဉ်သော တိုက်တွန်းခြင်းနှင့်တကွဖြစ်သော၊ ရူပါရုံကိုလည်း အာရုံပြုသော၊ သဒ္ဒါရုံကိုလည်း အာရုံပြုသော၊ ဂန္ဓာရုံကိုလည်း အာရုံပြုသော၊ ရသာရုံကိုလည်း အာရုံပြုသော၊ ဖေါဋ္ဌဗ္ဗာရုံကိုလည်း အာရုံပြုသော၊ ဓမ္မာရုံကိုလည်း အာရုံပြုသော၊ အမှတ်မရှိသောအာရုံကိုလည်း အာရုံပြုသော အကုသိုလ်စိတ်သည် ဖြစ်ဆဲဖြစ်၏။
(၁) ထိုအခါ၌ မသိမှု ‘အဝိဇ္ဇာ’ ကြောင့် ပြုစီရင်မှု ‘သင်္ခါရ’ သည် ဖြစ်၏။
(၂) ပြုစီရင်မှု ‘သင်္ခါရ’ ကြောင့် သိမှု ‘ဝိညာဏ်’ သည် ဖြစ်၏။
(၃) သိမှု ‘ဝိညာဏ်’ ကြောင့် နာမ်သည် ဖြစ်၏။
(၄) နာမ်ကြောင့် ခြောက်ခုမြောက် ‘မနာယတန’ သည် ဖြစ်၏။
(၅) ခြောက်ခုမြောက် ‘မနာယတန’ ကြောင့် တွေ့ထိမှု ‘ဖဿ’ သည် ဖြစ်၏။
(၆) တွေ့ထိမှု ‘ဖဿ’ ကြောင့် ခံစားမှု ‘ဝေဒနာ’ သည် ဖြစ်၏။
(၇) ခံစားမှု ‘ဝေဒနာ’ ကြောင့် ထိခိုက်မှု ‘ဒေါသ’ သည် ဖြစ်၏။
(၈) ထိခိုက်မှု ‘ဒေါသ’ ကြောင့် ဆုံးဖြတ်မှု ‘အဓိမောက္ခ’ သည် ဖြစ်၏။
(၉) ဆုံးဖြတ်မှု ‘အဓိမောက္ခ’ ကြောင့် ဘဝသည် ဖြစ်၏။
(၁၀) ဘဝကြောင့် ဇာတိသည် ဖြစ်၏။
(၁၁) ဇာတိကြောင့်-
(၁၂) အိုခြင်း သေခြင်း ‘ဇရာမရဏ’ သည် ဖြစ်၏။ ဤဆိုအပ်ခဲ့ပြီးသောနည်းဖြင့် ချမ်းသာနှင့်မရောသော ဤဆင်းရဲအစုအပုံ၏ ထင်ရှားဖြစ်ပေါ်မှုသည် ဖြစ်၏။
--
အင်္ဂါ-၁၂-ပါးအကျယ်
၂၈၇။ (၁) အဝိဇ္ဇာ။ ။ ထိုအင်္ဂါ-၁၂-ပါးတို့တွင် အဘယ်သည် မသိမှု ‘အဝိဇ္ဇာ’ မည်သနည်း။
အကြင် မသိခြင်းသဘော ‘အညဏ’၊ မမြင်ခြင်းသဘော ‘အဒဿန’။ပ။ တံခါးကျင် (မင်းတုပ်) နှင့်တူသော မသိမှု သဘော ‘အဝိဇ္ဇာလင်္ဂီ’၊ အကုသိုလ်မူလဟုဆိုအပ်သော တွေဝေမှု ‘မောဟ'သည် ရှိ၏။ ဤ သဘောကို မသိမှု ‘အဝိဇ္ဇာ’ ဟု ဆိုအပ်၏။ပ။ ဤသဘောကို ခြောက်ခုမြောက် ‘မနာယတန’ ကြောင့်ဖြစ်သော တွေ့ထိမှု ‘ဖဿ’ ဟု ဆိုအပ်၏။
(၇) ဝေဒနာ
ထိုအင်္ဂါ၁၂-ပါးတို့တွင် အဘယ်သည် တွေ့ထိမှု ‘ဖဿ’ ကြောင့်ဖြစ်သောခံစားမှု ‘ဝေဒနာ’ မည်သနည်း။
အကြင်စိတ်၌ ဖြစ်သော မသာယာမှု ၊ စိတ်၌ ဖြစ်သော ဆင်းရဲမှု ၊ စိတ်အတွေ့ကြောင့် ဖြစ်သော မသာယာမှု ၊ ဆင်းရဲမှုကို ခံစားခြင်း၊ စိတ်အတွေ့ကြောင့်ဖြစ်သော မသာယာမှု ၊ ဆင်းရဲမှုကို ခံစားသောသဘောသည် ရှိ၏။ ဤသဘောကို တွေ့ထိမှု ‘ဖဿ’ ကြောင့်ဖြစ်သော ခံစားမှု ‘ဝေဒနာ’ဟု ဆိုအပ်၏။
(၈) ဒေါသ
ထိုအင်္ဂါ၁၂-ပါးတို့တွင် အဘယ်သည် ခံစားမှု ‘ဝေဒနာ’ ကြောင့်ဖြစ်သောထိခိုက်မှု (ဒေါသ) မည်သနည်း။
အကြင်စိတ်၏ ထိခိုက်မှု ‘စိတ္တအာဃာတ’။ပ။ ကြမ်းတမ်းသူ၏အဖြစ် ‘စဏ္ဍိက္က’၊ ကောင်းမွန် ပြည့်စုံစွာမပြောဆိုနိုင်ခြင်း (မကောင်းသဖြင့်ပြောဆိုခြင်း) ‘အသုရောပ’၊ စိတ်၏မနှစ်လိုခြင်း ‘အနတ္တမနတာ’ သည် ရှိ၏။ ဤသဘောကို ခံစားမှု ‘ဝေဒနာ’ ကြောင့်ဖြစ်သော ထိခိုက်မှု (ဒေါသ) ဟု ဆိုအပ်၏။
(၉) အဓိမောက္ခ
ထိုအင်္ဂါ၁၂-ပါးတို့တွင် အဘယ်သည် ထိခိုက်မှု (ဒေါသ) ကြောင့်ဖြစ်သောဆုံးဖြတ်မှု ‘အဓိမောက္ခ’ မည်သနည်း။
အကြင် စိတ်၏ (အာရုံကို) ဆုံးဖြတ်ခြင်း ‘စိတ္တအဓိမောက္ခ’၊ ဆုံးဖြတ်သော အခြင်းအရာ ‘အဓိမုစ္စနာ’၊ ထို (အာရုံကို) ဆုံးဖြတ်သော အဖြစ် ‘တဒဓိမုတ္တတာ’ သည် ရှိ၏။ ဤသဘောကို ထိခိုက်မှု (ဒေါသ) ကြောင့်ဖြစ်သော ဆုံးဖြတ်မှု ‘အဓိမောက္ခ’ ဟု ဆိုအပ်၏။
(၁၀) ဘဝ
ထိုအင်္ဂါ၁၂-ပါးတို့တွင် အဘယ်သည် ဆုံးဖြတ်မှု ‘အဓိမောက္ခ'ကြောင့် ဖြစ်သော ဘဝ မည်သနည်း။
ဆုံးဖြတ်မှု (အဓိမောက္ခ) ကို ထား၍ ခံစားမှု အစု ‘ဝေဒနာက္ခန္ဓာ’၊ မှတ်သားမှု အစု ‘သညာက္ခန္ဓာ’၊ ပြုပြင်မှု အစု ‘သင်္ခါရက္ခန္ဓာ’၊ သိမှု အစု ‘ဝိညာဏက္ခန္ဓာ’ သည် ရှိ၏။ ဤသဘောကို ဆုံးဖြတ်မှု ‘အဓိမောက္ခ'ကြောင့်ဖြစ်သော ဘဝဟု ဆိုအပ်၏။ပ။ (*) ထို့ကြောင့် “ဤဆိုအပ်ခဲ့ပြီးသောနည်းဖြင့် ချမ်းသာနှင့်မရောသော ဤဆင်းရဲအစုအပုံ၏ ထင်ရှားဖြစ်ပေါ်မှုသည် ဖြစ်၏” ဟု ဆိုအပ်၏။
--
မောဟမူစိတ် ၂-ခုတွင် ဝိစိကိစ္ဆာစိတ်၌ ပဋိစ္စသမုပ္ပါဒ်လှည့်နည်း
၂၈၈။ အဘယ်တရားတို့သည် အကုသိုလ် မည်ကုန်သနည်း။
အကြင်အခါ၌ ဥပေက္ခာဝေဒနာနှင့်တကွဖြစ်သော ဝိစိကိစ္ဆာနှင့်ယှဉ်သော ရူပါရုံကိုလည်း အာရုံပြုသော၊ သဒ္ဒါရုံကိုလည်း အာရုံပြုသော၊ ဂန္ဓာရုံကိုလည်း အာရုံပြုသော၊ ရသာရုံကိုလည်း အာရုံပြုသော၊ ဖောဋ္ဌဗ္ဗာရုံကိုလည်း အာရုံပြုသော၊ ဓမ္မာရုံကိုလည်း အာရုံပြုသော၊ အမှတ်မရှိသော အာရုံကိုလည်း အာရုံပြုသော အကုသိုလ်စိတ်သည် ဖြစ်ဆဲဖြစ်၏။
(၁) ထိုအခါ၌ မသိမှု ‘အဝိဇ္ဇာ’ ကြောင့် ပြုစီရင်မှု ‘သင်္ခါရ’ သည် ဖြစ်၏။
(၂) ပြုစီရင်မှု ‘သင်္ခါရ’ ကြောင့် သိမှု ‘ဝိညာဏ်’ သည် ဖြစ်၏။
(၃) သိမှု ‘ဝိညာဏ်’ ကြောင့် နာမ်သည် ဖြစ်၏။
(၄) နာမ်ကြောင့် ခြောက်ခုမြောက် ‘မနာယတန’ သည် ဖြစ်၏။
(၅) ခြောက်ခုမြောက် ‘မနာယတန’ ကြောင့် တွေ့ထိမှု ‘ဖဿ’ သည် ဖြစ်၏။
(၆) တွေ့ထိမှု ‘ဖဿ’ ကြောင့် ခံစားမှု ‘ဝေဒနာ’ သည် ဖြစ်၏။
(၇) ခံစားမှု ‘ဝေဒနာ’ ကြောင့် အာရုံကိုမဆုံးဖြတ်နိုင်မှု ‘ဝိစိကိစ္ဆာ’ သည် ဖြစ်၏။
(၈) အာရုံကို မဆုံးဖြတ်နိုင်မှု ‘ဝိစိကိစ္ဆာ’ ကြောင့် ဘဝသည် ဖြစ်၏။
(၉) ဘဝကြောင့် ဇာတိသည် ဖြစ်၏။
(၁၀) ဇာတိကြောင့်-
(၁၁) အိုခြင်း သေခြင်း ‘ဇရာမရဏ’ သည် ဖြစ်၏။ ဤဆိုအပ်ခဲ့ပြီးသောနည်းဖြင့် ချမ်းသာနှင့်မရောသော ဤဆင်းရဲအစုအပုံ၏ ထင်ရှားဖြစ်ပေါ်မှုသည် ဖြစ်၏။
--
အင်္ဂါ-၁၁-ပါးအကျယ်
၂၈၉။ (၁) အဝိဇ္ဇာ။ ။ ထိုအင်္ဂါ-၁၁-ပါးတို့တွင် အဘယ်သည် မသိမှု ‘အဝိဇ္ဇာ’ မည်သနည်း။
အကြင် မသိခြင်းသဘော ‘အညာဏ’၊ မမြင်ခြင်းသဘော ‘အဒဿန’။ပ။ တံခါးကျင် (မင်းတုပ်) နှင့်တူသော မသိမှု သဘော ‘အဝိဇ္ဇာလင်္ဂီ’၊ အကုသိုလ်မူလဟု ဆိုအပ်သော တွေဝေမှု ‘မောဟ’ သည် ရှိ၏။ ဤသဘောကို မသိမှု ‘အဝိဇ္ဇာ’ ဟု ဆိုအပ်၏။ပ။ ဤသဘောကို ခြောက်ခုမြောက် ‘မနာယတန’ ကြောင့်ဖြစ်သော တွေ့ထိမှု ‘ဖဿ’ ဟု ဆိုအပ်၏။
(၇) ဝေဒနာ
ထိုအင်္ဂါ၁၁-ပါးတို့တွင် အဘယ်သည် တွေ့ထိမှု ‘ဖဿ’ ကြောင့်ဖြစ်သောခံစားမှု ‘ဝေဒနာ’ မည်သနည်း။
အကြင် စိတ်၌ ဖြစ်သော သာယာ, မသာယာ မဟုတ်ခြင်းသည်၊ စိတ်အတွေ့ကြောင့်ဖြစ်သော ဆင်းရဲ, ချမ်းသာ မဟုတ်သော ခံစားခြင်းသည်၊ စိတ်အတွေ့ကြောင့်ဖြစ်သော ဆင်းရဲ, ချမ်းသာ မဟုတ် သောခံစားခြင်းသဘောသည် ရှိ၏။ ဤသဘောကို တွေ့ထိမှု ‘ဖဿ'ကြောင့်ဖြစ်သော ခံစားမှု ‘ဝေဒနာ’ ဟု ဆိုအပ်၏။
(၈) ဝိစိကိစ္ဆာ
ထိုအင်္ဂါ၁၁-ပါးတို့တွင် အဘယ်သည် ခံစားမှု ‘ဝေဒနာ’ ကြောင့်ဖြစ်သောအာရုံကို မဆုံးဖြတ်နိုင်မှု ‘ဝိစိကိစ္ဆာ’ မည်သနည်း။
အကြင်ယုံမှားမှု ‘ကင်္ခါ’၊ ယုံမှားသောအခြင်းအရာ ‘ကင်္ခါယနာ’၊ ယုံမှားတတ်သည်၏အဖြစ် ‘ကင်္ခါယိတတ္တ’၊ တွေးတောခြင်း ‘ဝိမတိ’၊ မဆုံးဖြတ်နိုင်ခြင်း ‘ဝိစိကိစ္ဆာ’၊ နှလုံးနှစ်ခွဖြစ်ခြင်း ‘ဒွေဠှက’၊ လမ်းနှစ်ခွဖြစ်ခြင်း ‘ဒွိဓာပထ’၊ ထက်ဝန်းကျင်ယုံမှားခြင်း ‘သံသယ’၊ တထစ်ချမယူဆနိုင်ခြင်း ‘အနေကံသဂ္ဂါဟ’၊ အာရုံမှ ရှေးရှုရွေ့လျားဆုတ်နစ်ခြင်း ‘အာသပ္ပနာ’၊ အာရုံမှ ထက်ဝန်းကျင်ရွေ့လျားဆုတ်နစ်ခြင်း ‘ပရိသပ္ပနာ’၊ ဉာဏ်ဖြင့်သက်ဝင်၍ မယူနိုင်ခြင်း ‘အပရိယောဂါဟဏ’၊ စိတ်၏ခက်တရော်ရှိသည်၏ အဖြစ် ‘ဆမ္ဘိတတ္တ’၊ စိတ်ကို ရေးခြစ်သကဲ့သို့ဖြစ်ခြင်း ‘မနောဝိလေခ'သည် ရှိ၏။ ဤသဘောကို ခံစားမှု ‘ဝေဒနာ'ကြောင့် ဖြစ်သော မဆုံးဖြတ်နိုင်မှု ‘ဝိစိကိစ္ဆာ’ဟု ဆိုအပ်၏။
(၉) ဘဝ
ထိုအင်္ဂါ၁၁-ပါးတို့တွင် အဘယ်သည် မဆုံးဖြတ်မှု ‘ဝိစိကိစ္ဆာ’ ကြောင့်ဖြစ်သောဘဝ မည်သနည်း။
မဆုံးဖြတ်မှု ‘ဝိစိကိစ္ဆာ'ကို ထား၍ ခံစားမှု အစု ‘ဝေဒနာက္ခန္ဓာ’၊ မှတ်သားမှု အစု ‘သညာက္ခန္ဓာ’၊ ပြုပြင်မှု အစု ‘သင်္ခါရက္ခန္ဓာ’၊ သိမှု အစု ‘ဝိညာဏက္ခန္ဓာ’ သည် ရှိ၏။ ဤသဘောကို မဆုံးဖြတ်နိုင်မှု ‘ဝိစိကိစ္ဆာ’ ကြောင့်ဖြစ်သော ဘဝဟု ဆိုအပ်၏။ပ။ (*) ထို့ကြောင့် “ဤဆိုအပ်ခဲ့ပြီးသော နည်းဖြင့် ချမ်းသာနှင့်မရောသော ဤဆင်းရဲအစုအပုံ၏ ထင်ရှားဖြစ်ပေါ်မှုသည် ဖြစ်၏” ဟု ဆိုအပ်၏။
--
ဥဒ္ဓစ္စသမ္ပယုတ်စိတ်၌ ပဋိစ္စသမုပ္ပါဒ်လှည့်နည်း
၂၉၀။ အဘယ်တရားတို့သည် အကုသိုလ် မည်ကုန်သနည်း။
အကြင်အခါ၌ ဥပေက္ခာဝေဒနာနှင့် တကွဖြစ်သော ပျံ့လွင့်မှု ‘ဥဒ္ဓစ္စ'နှင့်ယှဉ်သော ရူပါရုံကိုလည်းအာရုံပြုသော၊ သဒ္ဒါရုံကိုလည်း အာရုံပြုသော၊ ဂန္ဓာရုံကိုလည်း အာရုံပြုသော၊ ရသာရုံကိုလည်း အာရုံပြုသော၊ ဖောဋ္ဌဗ္ဗာရုံကိုလည်း အာရုံပြုသော၊ ဓမ္မာရုံကိုလည်း အာရုံပြုသော၊ အမှတ်မရှိသောအာရုံကိုလည်း အာရုံပြုသော အကုသိုလ်စိတ်သည် ဖြစ်ဆဲဖြစ်၏။
(၁) ထိုအခါ၌ မသိမှု ‘အဝိဇ္ဇာ’ ကြောင့် ပြုစီရင်မှု ‘သင်္ခါရ’ သည် ဖြစ်၏။
(၂) ပြုစီရင်မှု ‘သင်္ခါရ’ ကြောင့် သိမှု ‘ဝိညာဏ်’ သည် ဖြစ်၏။
(၃) သိမှု ‘ဝိညာဏ်’ ကြောင့် နာမ်သည် ဖြစ်၏။
(၄) နာမ်ကြောင့် ခြောက်ခုမြောက် ‘မနာယတန’ သည် ဖြစ်၏။
(၅) ခြောက်ခုမြောက် ‘မနာယတန’ ကြောင့် တွေ့ထိမှု ‘ဖဿ’ သည် ဖြစ်၏။
(၆) တွေ့ထိမှု ‘ဖဿ’ ကြောင့် ခံစားမှု ‘ဝေဒနာ’ သည် ဖြစ်၏။
(၇) ခံစားမှု ‘ဝေဒနာ’ ကြောင့် ပျံ့လွင့်မှု ‘ဥဒ္ဓစ္စ’ သည် ဖြစ်၏။
(၈) ပျံ့လွင့်မှု ‘ဥဒ္ဓစ္စ’ ကြောင့် ဆုံးဖြတ်မှု ‘အဓိမောက္ခ’ သည် ဖြစ်၏။
(၉) ဆုံးဖြတ်မှု ‘အဓိမောက္ခ’ ကြောင့် ဘဝသည် ဖြစ်၏။
(၁၀) ဘဝကြောင့် ဇာတိသည် ဖြစ်သည်။
(၁၁) ဇာတိကြောင့်-
(၁၂) အိုခြင်း သေခြင်း ‘ဇရာမရဏ’ သည် ဖြစ်၏။ ဤဆိုအပ်ခဲ့ပြီးသောနည်းဖြင့် ချမ်းသာနှင့်မရောသော ဤဆင်းရဲအစုအပုံ၏ ထင်ရှားဖြစ်ပေါ်မှုသည် ဖြစ်၏။
--
အင်္ဂါ-၁၂-ပါးအကျယ်
၂၉၁။ (၁) အဝိဇ္ဇာ။ ။ ထိုအင်္ဂါ၁၂-ပါးတို့တွင် အဘယ်သည် မသိမှု ‘အဝိဇ္ဇာ’ မည်သနည်း။
အကြင် မသိခြင်းသဘော ‘အညာဏ’၊ မမြင်ခြင်းသဘော ‘အဒဿန’။ပ။ တံခါးကျင် (မင်းတုပ်) နှင့်တူသော မသိမှု သဘော ‘အဝိဇ္ဇာလင်္ဂီ’၊ အကုသိုလ်မူလဟုဆိုအပ်သော တွေဝေမှု ‘မောဟ’ သည် ရှိ၏။ ဤသဘောကို မသိမှု ‘အဝိဇ္ဇာ’ဟု ဆိုအပ်၏။ပ။ ဤသဘောကို ခြောက်ခုမြောက် ‘မနာယတန’ ကြောင့်ဖြစ်သော တွေ့ထိမှု ‘ဖဿ’ ဟု ဆိုအပ်၏။
(၇) ဝေဒနာ
ထိုအင်္ဂါ၁၂-ပါးတို့တွင် အဘယ်သည် တွေ့ထိမှု ‘ဖဿ’ ကြောင့်ဖြစ်သောခံစားမှု ‘ဝေဒနာ’ မည်သနည်း။
အကြင် စိတ်၌ ဖြစ်သော သာယာ, မသာယာမဟုတ်ခြင်းသည်၊ စိတ်အတွေ့ကြောင့်ဖြစ်သော ဆင်းရဲ, ချမ်းသာ မဟုတ်သော ခံစားခြင်းသည်၊ စိတ်အတွေ့ကြောင့်ဖြစ်သော ဆင်းရဲ, ချမ်းသာမဟုတ်သောခံစားခြင်း သဘောသည် ရှိ၏။ ဤသဘောကို တွေ့ထိမှု ‘ဖဿ’ ကြောင့်ဖြစ်သော ခံစားမှု ‘ဝေဒနာ’ ဟု ဆိုအပ်၏။
(၈) ဥဒ္ဓစ္စ
ထိုအင်္ဂါ၁၂-ပါးတို့တွင် အဘယ်သည် ခံစားမှု ‘ဝေဒနာ'ကြောင့်ဖြစ်သော ပျံ့လွင့်မှု ‘ဥဒ္ဓစ္စ’ မည်သနည်း။
အကြင်စိတ်၏ ပျံ့လွင့်ခြင်း ‘ဥဒ္ဓစ္စ’၊ မငြိမ်းအေးခြင်း ‘အဝူပသမ’၊ စိတ်၏ ဖရိုဖရဲဖြစ်ခြင်း ‘စေတသောဝိက္ခေပ’၊ စိတ်၏ တုန်လှုပ်ခြင်း'စိတ္တဘန္တတ္တ’ သည် ရှိ၏။ ဤသဘောကိုခံစားမှု ‘ဝေဒနာ'ကြောင့်ဖြစ်သော ပျံ့လွင့်မှု ‘ဥဒ္ဓစ္စ’ ဟု ဆိုအပ်၏။
(၉) အဓိမောက္ခ
ထိုအင်္ဂါ၁၂-ပါးတို့တွင် အဘယ်သည် ပျံ့လွင့်မှု ‘ဥဒ္ဓစ္စ'ကြောင့် ဖြစ်သောဆုံးဖြတ်မှု ‘အဓိမောက္ခ’ မည်သနည်း။
အကြင် စိတ်၏ အာရုံကို ဆုံးဖြတ်ခြင်း ‘အဓိမောက္ခ’၊ ဆုံးဖြတ်သော အခြင်းအရာ ‘အဓိမုစ္စနာ’၊ ထိုအာရုံကို ဆုံးဖြတ်တတ်သည်၏အဖြစ် ‘တဒဓိမုတ္တတာ'သည် ရှိ၏။ ဤသဘောကို ပျံ့လွင့်မှု ‘ဥဒ္ဓစ္စ’ ကြောင့်ဖြစ်သော ဆုံးဖြတ်မှု ‘အဓိမောက္ခ’ဟု ဆိုအပ်၏။
(၁၀) ဘဝ
ထိုအင်္ဂါ၁၂-ပါးတို့တွင် အဘယ်သည် ဆုံးဖြတ်မှု ‘အဓိမောက္ခ'ကြောင့်ဖြစ်သောဘဝ မည်သနည်း။
ဆုံးဖြတ်မှု ‘အဓိမောက္ခ'ကို ထား၍ ခံစားမှု အစု ‘ဝေဒနာက္ခန္ဓာ’၊ မှတ်သားမှု အစု ‘သညာက္ခန္ဓာ’၊ ပြုပြင်မှု အစု ‘သင်္ခါရက္ခန္ဓာ’၊ သိမှု အစု ‘ဝိညာဏက္ခန္ဓာ’ သည် ရှိ၏။ ဤသဘောကို ဆုံးဖြတ်မှု ‘အဓိမောက္ခ’ ကြောင့်ဖြစ်သော ဘဝ ဟု ဆိုအပ်၏။ပ။ (*) ထို့ကြောင့် “ဤဆိုအပ်ခဲ့ပြီးသောနည်းဖြင့် ချမ်းသာနှင့်မရောသော ဤဆင်းရဲအစုအပုံ၏ ထင်ရှားဖြစ်ပေါ်မှုသည် ဖြစ်၏”ဟု ဆိုအပ်၏။
အကုသိုလ်တရားတို့၌ ပဋိစ္စသမုပ္ပါဒ်လှည့်နည်း ပြီး၏
--
၁၀-ကုသိုလ်တရားတို့၌ ပဋိစ္စသမုပ္ပါဒ်လှည့်နည်း
ကာမာဝစရကုသိုလ်စိတ်၌ ပဋိစ္စသမုပ္ပါဒ်လှည့်နည်း
၁-သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် အသင်္ခါရိကစိတ်၌ ပဋိစ္စသမုပ္ပါဒ်လှည့်နည်း
၁-ပစ္စယစတုက္ကနည်း
၂၉၂။ အဘယ်တရားတို့သည် ကုသိုလ်တရား မည်ကုန်သနည်း။
အကြင်အခါ၌ သောမနဿဝေဒနာနှင့် တကွဖြစ်သောဉာဏ်နှင့်ယှဉ်သော (တိုက်တွန်းခြင်းမရှိသော) ရူပါရုံကိုလည်း အာရုံပြုသော၊ သဒ္ဒါရုံကိုလည်း အာရုံပြုသော၊ ဂန္ဓာရုံကိုလည်း အာရုံပြုသော၊ ရသာရုံကိုလည်း အာရုံပြုသော၊ ဖေါဋ္ဌဗ္ဗာရုံကိုလည်း အာရုံပြုသော၊ ဓမ္မာရုံကိုလည်း အာရုံပြုသော၊ အမှတ်မရှိသောအာရုံကိုလည်း အာရုံပြုသော ကာမဘုံ၌ များသောအားဖြင့်ဖြစ်သော ကာမာဝစရကုသိုလ် စိတ်သည်ဖြစ်ဆဲဖြစ်၏။
(၁) ထိုအခါ၌ ကုသိုလ်မူလဟူသော အကြောင်းကြောင့် ပြုစီရင်မှု ‘သင်္ခါရ’ သည် ဖြစ်၏။
(၂) ပြုစီရင်မှု ‘သင်္ခါရ’ဟူသော အကြောင်းကြောင့် သိမှု ‘ဝိညာဏ်’ သည် ဖြစ်၏။
(၃) သိမှု ‘ဝိညာဏ်’ဟူသော အကြောင်းကြောင့် နာမ်သည် ဖြစ်၏။
(၄) နာမ်ဟူသော အကြောင်းကြောင့် ခြောက်ခုမြောက် ‘မနာယတန’ သည် ဖြစ်၏။
(၅) ခြောက်ခုမြောက် မနာယတနဟူသော အကြောင်းကြောင့် တွေ့ထိမှု ‘ဖဿ'သည် ဖြစ်၏။
(၆) တွေ့ထိမှု ‘ဖဿ’ဟူသော အကြောင်းကြောင့် ခံစားမှု ‘ဝေဒနာ'သည် ဖြစ်၏။
(၇) ခံစားမှု ‘ဝေဒနာ’ဟူသော အကြောင်းကြောင့် ကြည်လင်မှု ‘သဒ္ဓါ’ သည် ဖြစ်၏။
(၈) ကြည်လင်မှု ‘သဒ္ဓါ’ဟူသော အကြောင်းကြောင့် ဆုံးဖြတ်မှု ‘အဓိမောက္ခ'သည် ဖြစ်၏။
(၉) ဆုံးဖြတ်မှု ‘အဓိမောက္ခ’ဟူသောအကြောင်းကြောင့် ဘဝသည် ဖြစ်၏။
(၁၀) ဘဝဟူသောအကြောင်းကြောင့် ဇာတိသည်ဖြစ်သည်။
(၁၁) ဇာတိဟူသောအကြောင်းကြောင့်-
(၁၂) အိုခြင်း သေခြင်း ‘ဇရာမရဏ’ သည် ဖြစ်၏။
ဤဆိုအပ်ခဲ့ပြီးသောနည်းဖြင့် ချမ်းသာနှင့်မရောသော ဤဆင်းရဲအစုအပုံ၏ ထင်ရှားဖြစ်ပေါ်မှုသည် ဖြစ်၏။
--
အင်္ဂါ-၁၂-ပါးအကျယ်
၂၉၃။ (၁) ကုသလမူလ။ ။ ထိုအင်္ဂါ-၁၂-ပါးတို့တွင် အဘယ်တရားတို့သည် ကုသိုလ်မူလတို့ မည်ကုန်သနည်း။
မလိုချင်မတပ်မက်မှု ‘အလော ဘ’၊ အမျက်မထွက်မှု ‘အဒေါသ’၊ မတွေဝေမှု ‘အမောဟ’ ဤသုံးပါးတို့တည်း။
အလောဘ။ ။ ထိုသုံးပါးတို့တွင် အဘယ်သည် မလိုချင်မတပ်မက်မှု ‘အလောဘ’ မည်သနည်း။
အကြင်မလိုချင်မှု ‘အလောဘ’၊ မလိုချင်သော အခြင်းအရာ ‘အလုဗ္ဘနာ’၊ မလိုချင်တတ်သည်၏အဖြစ် ‘အလုဗ္ဘိတတ္တ’၊ မစွဲလမ်းမှု ‘အသာရာဂ’၊ မစွဲလမ်းတတ်သော အခြင်းအရာ ‘အသာရဇ္ဇနာ’၊ မစွဲလမ်းတတ့်သည်၏အဖြစ် ‘အသာရဇ္ဇိတတ္တ’၊ (သူ့စည်းစိမ်ကို) ရှေ့ရှုမကြံခြင်း ‘အနဘိဇ္ဈာ’၊ ကုသိုလ်မူလဟု ဆိုအပ်သော မလိုချင်မှု (အလောဘ) သည် ရှိ၏။ ဤသဘောကို မလိုချင်မတပ်မက်မှု ‘အလောဘ’ ဟု ဆိုအပ်၏။
အဒေါသ။ ။ ထိုသုံးပါးတို့တွင် အဘယ်သည် အမျက်မထွက်မှု ‘အဒေါသ’ မည်သနည်း။
အကြင်အမျက်မထွက်မှု ‘အဒေါသ’၊ အမျက်မထွက်သောအခြင်းအရာ ‘အဒုဿနာ’၊ အမျက်မထွက်တတ်သည်၏အဖြစ် ‘အဒုဿိတတ္တ’၊ မဖျက်ဆီးမှု ‘အဗျာပါဒ’၊ မဖျက်ဆီးတတ်သည်၏အဖြစ် ‘အဗျာပဇ္ဇ’၊ ကုသိုလ်မူလဟုဆိုအပ်သော မကြမ်းတမ်းမှု ‘အဒေါသ'သည် ရှိ၏။ ဤသဘောကို အမျက်မထွက်မှု ‘အဒေါသ’ ဟု ဆိုအပ်၏။
အမောဟ။ ။ ထိုသုံးပါးတို့တွင် အဘယ်သည် မတွေဝေမှု ‘အမောဟ’ မည်သနည်း။
အကြင်အပြားအားဖြင့် သိမှု ‘ပညာ’၊ အပြားအားဖြင့် သိသောအခြင်းအရာ ‘ပဇာနနာ’။ပ။ မတွေ ဝေမှု ‘အမောဟ’၊ တရားတို့ကို စိစစ်မှု ‘ဓမ္မဝိစယ’၊ အမှန်ကိုသိမြင်မှု ‘သမ္မာဒိဋ္ဌိ’ သည် ရှိ၏။ ဤသဘောကိုမတွေဝေမှု ‘အမောဟ’ ဟု ဆိုအပ်၏။ ဤတရားတို့ကို ကုသိုလ်၏ အခြေအမြစ် ‘ကုသိုလ်မူလ’ဟုဆိုအပ် ကုန်၏။
(၂) သင်္ခါရ
ထိုအင်္ဂါ၁၂-ပါးတို့တွင် အဘယ်သည် ကုသိုလ်မူလဟူသော အကြောင်းကြောင့်ဖြစ်သော ပြုစီရင်မှု ‘သင်္ခါရ’ မည်သနည်း။
အကြင်စေ့ဆော်မှု ‘စေတနာ’၊ ကောင်းစွာစေ့ဆော်မှု ‘သေဉ္စတနာ’၊ ကောင်းစွာ စေ့ဆော်တတ်သည်၏အဖြစ် ‘သေဉ္စတယိတတ္တ’ သည် ရှိ၏။ ဤသဘောကို ကုသိုလ်မူလဟူသော အကြောင်းကြောင့်ဖြစ်သောပြုစီရင်မှု ‘သင်္ခါရ’ ဟု ဆိုအပ်၏။
(၃) ဝိညာဏ်
ထိုအင်္ဂါ၁၂-ပါးတို့တွင် အဘယ်သည် ပြုစီရင်မှု ‘သင်္ခါရ’ဟူသော အကြောင်းကြောင့် ဖြစ်သော သိမှု ‘ဝိညာဏ်’ မည်သနည်း။ပ။ (*)
(၄) နာမ်
အဘယ်သည် သိမှု (ဝိညာဏ်)ဟူသော အကြောင်းကြောင့်ဖြစ်သော နာမ် မည်သနည်း။ပ။ (*)
--
(၅) မနာယတန
အဘယ်သည် နာမ်ဟူသော အကြောင်းကြောင့်ဖြစ်သော ခြောက်ခုမြောက် ‘မနာယတန’ မည်သနည်း။ပ။
(၆) ဖဿ
အဘယ်သည် ခြောက်ခုမြောက် မနာယတန ကြောင့်ဖြစ်သော တွေ့ထိမှု ‘ဖဿ’ မည်သနည်း။ပ။
(၇) ဝေဒနာ
အဘယ်သည် တွေ့ထိမှု ‘ဖဿ’ ကြောင့်ဖြစ်သော ခံစားမှု ‘ဝေဒနာ’ မည်သနည်း။ပ။
(၈) သဒ္ဓါ
ထိုအင်္ဂါ၁၂-ပါးတို့တွင် အဘယ်သည် ခံစားမှု ‘ဝေဒနာ’ဟူသော အကြောင်း ကြောင့်ဖြစ်သော ကြည်လင်မှု ‘သဒ္ဓါ’ မည်သနည်း။
အကြင် ယုံကြည်ခြင်း ‘သဒ္ဓါ’၊ ယုံကြည်သော အခြင်းအရာ ‘သဒ္ဒဟနာ’၊ သက်ဝင်၍ ယုံကြည်မှု ‘ဩကပ္ပနာ’၊ အလွန်ကြည်ညိုမှု ‘အဘိပ္ပသာဒ’ သည် ရှိ၏။် ဤသဘောကို ခံစားမှု ‘ဝေဒနာ’ဟူသောအကြောင်းကြောင့်ဖြစ်သော ကြည်လင်မှု ‘သဒ္ဓါ’ ဟု ဆိုအပ်၏။
(၉) အဓိမောက္ခ
ထိုအင်္ဂါ၁၂-ပါးတို့တွင် အဘယ်သည် ကြည်လင်မှု ‘သဒ္ဓါ’ဟူသော အကြောင်းကြောင့် ဖြစ်သော ဆုံးဖြတ်မှု ‘အဓိမောက္ခ’ မည်သနည်း။
အကြင်စိတ်၏ (အာရုံကို) ဆုံးဖြတ်ခြင်း ‘အဓိမောက္ခ’၊ ဆုံးဖြတ်သော အခြင်းအရာ ‘အဓိမုစ္စနာ’၊ ထို (အာရုံ) ကို ဆုံးဖြတ်တတ်သည်၏အဖြစ် ‘တဒဓိမုတ္တတာ’ သည် ရှိ၏။ ဤသဘောကို ကြည်လင်မှု ‘သဒ္ဓါ’ဟူသော အကြောင်းကြောင့်ဖြစ်သော ဆုံးဖြတ်မှု ‘အဓိမောက္ခ’ ဟု ဆိုအပ်၏။
(၁၀) ဘဝ
ထိုအင်္ဂါ၁၂-ပါးတို့တွင် အဘယ်သည် ဆုံးဖြတ်မှု ‘အဓိမောက္ခ’ဟူသော အကြောင်းကြောင့်ဖြစ်သော ဘဝ မည်သနည်း။
ဆုံးဖြတ်မှု ‘အဓိမောက္ခ'ကို ထား၍ ခံစားမှု အစု ‘ဝေဒနာက္ခန္ဓာ’၊ မှတ်သားမှု အစု ‘သညာက္ခန္ဓာ’၊ ပြုပြင်မှု အစု ‘သင်္ခါရက္ခန္ဓာ’၊ သိမှု အစု ‘ဝိညာဏက္ခန္ဓာ’ သည် ရှိ၏။ ဤသဘောကို ဆုံးဖြတ်မှု ‘အဓိမောက္ခ’ဟူသော အကြောင်းကြောင့်ဖြစ်သော ဘဝဟု ဆိုအပ်၏။ပ။
ထို့ကြောင့် “ဤဆိုအပ်ခဲ့ပြီးသောနည်းဖြင့် ချမ်းသာနှင့်မရောသော ဤဆင်းရဲအစုအပုံ၏ ထင်ရှားဖြစ်ပေါ်မှုသည်ဖြစ်၏”ဟု ဆိုအပ်၏။
--
၂ -သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် သသင်္ခါရိကစိတ်၌ ပဋိစ္စသမုပ္ပါဒ်လှည့်နည်း
၁-ပစ္စယစတုက္ကနည်း
၂၉၄။ အဘယ်တရားတို့သည် ကုသိုလ် မည်ကုန်သနည်း။
အကြင်အခါ၌ သောမနဿဝေဒနာနှင့် တကွဖြစ်သော၊ ဉာဏ်နှင့် ယှဉ်သော၊ တိုက်တွန်းခြင်းနှင့် တကွဖြစ်သော၊ ရူပါရုံကိုလည်း အာရုံပြုသော။ပ။ ကာမဘုံ၌ များသောအားဖြင့် ဖြစ်သော ကာမာဝစရကုသိုလ်စိတ်သည် ဖြစ်ဆဲဖြစ်၏။ပ။
သောမနဿသဟဂုတ် ဉာဏဝိပ္ပယုတ်စိတ် ၂-ခု၌ ပဋိစ္စသမုပ္ပါဒ်လှည့်နည်း
၁-ပစ္စယစတုက္ကနည်း
(အကြင်အခါ၌) သောမနဿဝေဒနာနှင့်တကွဖြစ်သောဉာဏ်နှင့်မယှဉ်သော (တိုက်တွန်းခြင်းမရှိသော) ရူပါရုံကိုလည်း အာရုံပြုသော။ပ။ (*)
(အကြင်အခါ၌) သောမနဿဝေဒနာနှင့် တကွဖြစ်သောဉာဏ်နှင့်မယှဉ်သော တိုက်တွန်းခြင်းနှင့် တကွဖြစ်သော ရူပါရုံကိုလည်း အာရုံပြုသော၊ သဒ္ဒါရုံကိုလည်း အာရုံပြုသော၊ ဂန္ဓာရုံကိုလည်း အာရုံပြုသော၊ ရသာရုံကိုလည်း အာရုံပြုသော၊ ဖောဋ္ဌဗ္ဗာရုံကိုလည်း အာရုံပြုသော၊ ဓမ္မာရုံကိုလည်း အာရုံပြုသော၊ အမှတ်မရှိသော အာရုံကိုလည်း အာရုံပြု၍ဖြစ်သော ကာမာဝစရကုသိုလ်စိတ်သည် ဖြစ်ဆဲဖြစ်၏။
(၁) ထိုအခါ၌ ကုသိုလ်မူလဟူသောအကြောင်းကြောင့် ပြုစီရင်မှု ‘သင်္ခါရ’ သည် ဖြစ်၏။
(၂) ပြုစီရင်မှု ‘သင်္ခါရ’ဟူသောအကြောင်းကြောင့် သိမှု ‘ဝိညာဏ်’ သည် ဖြစ်၏။
(၃) သိမှု ‘ဝိညာဏ်’ဟူသောအကြောင်းကြောင့် နာမ်သည် ဖြစ်၏။
(၄) နာမ်ဟူသောအကြောင်းကြောင့် ခြောက်ခုမြောက် ‘မနာယတန’ သည် ဖြစ်၏။
(၅) ခြောက်ခုမြောက် ‘မနာယတန’ဟူသောအကြောင်းကြောင့် တွေ့ထိမှု ‘ဖဿ’ သည် ဖြစ်၏။
(၆) တွေ့ထိမှု ‘ဖဿ’ဟူသောအကြောင်းကြောင့် ခံစားမှု ‘ဝေဒနာ’ သည် ဖြစ်၏။
(၇) ခံစားမှု ‘ဝေဒနာ’ဟူသောအကြောင်းကြောင့် ကြည်လင်မှု ‘သဒ္ဓါ’ သည် ဖြစ်၏။
(၈) ကြည်လင်မှု ‘သဒ္ဓါ’ဟူသောအကြောင်းကြောင့် ဆုံးဖြတ်မှု ‘အဓိမောက္ခ’ သည် ဖြစ်၏။
(၉) ဆုံးဖြတ်မှု ‘အဓိမောက္ခ’ဟူသောအကြောင်းကြောင့် ဘဝသည် ဖြစ်၏။
(၁၀) ဘဝဟူသောအကြောင်းကြောင့် ဇာတိသည် ဖြစ်သည်။
(၁၁) ဇာတိဟူသောအကြောင်းကြောင့်-
(၁၂) အိုခြင်း သေခြင်း (ဇရာမရဏ) သည် ဖြစ်၏။ ဤဆိုအပ်ခဲ့ပြီးသောနည်းဖြင့် ချမ်းသာနှင့်မရောသော ဤဆင်းရဲအစုအပုံ၏ ထင်ရှားဖြစ်ပေါ်မှုသည် ဖြစ်၏။
--
အင်္ဂါ-၁၂-ပါးအကျယ်
၂၉၅။ (၁) ကုသိုလ်မူလ
ထိုအင်္ဂါ၁၂-ပါးတို့တွင် အဘယ်တရားတို့သည် ကုသိုလ်မူလတို့ မည်ကုန်သနည်း။
မလိုချင်မမက်မောမှု ‘အလောဘ’၊ အမျက်မထွက်မှု ‘အဒေါသ’၊ ဤနှစ်ပါးတို့သည် ကုသိုလ်မူလတို့ မည်ကုန်၏။ ထို ၂-ပါးတို့တွင် အဘယ်သည် မလိုချင် မမက်မောမှု ‘အလောဘ’ မည်သနည်း။
အကြင် မလိုချင်မှု ‘အလောဘ’၊ မလိုချင်သော အခြင်းအရာ ‘အလုဗ္ဘနာ’၊ မလိုချင်တတ်သည်၏အဖြစ် ‘အလုဗ္ဘိတတ္တ’၊ ပြင်းစွာမတပ်မက်ခြင်း ‘အသာရာဂ’၊ ပြင်းစွာမတပ်မက်သောအခြင်းအရာ ‘အသာရဇ္ဇနာ’၊ ပြင်းစွာမတပ်မက်သည်၏အဖြစ် ‘အသာရဇ္ဇိတတ္တ’၊ မမက်မောမှု ‘အနဘိဇ္ဈာ’၊ ကုသိုလ်မူလဟုဆိုအပ်သောမလိုချင်မှု ‘အလောဘ’ သည် ရှိ၏။ ဤသဘောကို မလိုချင်မမက်မောမှု ‘အလောဘ’ ဟု ဆိုအပ်၏။
ထို ၂-ပါးတို့တွင် အဘယ်သည် အမျက်မထွက်မှု ‘အဒေါသ’ မည်သနည်း။
အကြင် အမျက်မထွက်မှု ‘အဒေါသ’၊ အမျက်မထွက်သောအခြင်းအရာ ‘အဒုဿနာ’၊ အမျက်မထွက်တတ်သည်၏အဖြစ် ‘အဒုဿိတတ္တ’၊ မပျက်စီးစေလိုမှု ‘အဗျာပါဒ’၊ မပျက်စီးစေလိုသည်၏အဖြစ် ‘အဗျာပဇ္ဇ’၊ ကုသိုလ်မူလဟုဆိုအပ်သော အမျက်မထွက်မှု ‘အဒေါသ’ သည် ရှိ၏။ ဤသဘောကို အမျက်မထွက်မှု ‘အဒေါသ’ ဟု ဆိုအပ်၏။ ဤတရားတို့ကို ကုသိုလ်မူလဟုဆိုအပ်ကုန်၏။
(၂) သင်္ခါရ
ထိုအင်္ဂါ၁၂-ပါးတို့တွင် အဘယ်သည် ကုသိုလ်မူလကြောင့်ဖြစ်သော ပြုစီရင်မှု ‘သင်္ခါရ’ မည်သနည်း။
အကြင်စေ့ဆော်ခြင်း ‘စေတနာ’၊ ကောင်းစွာစေ့ဆော်ခြင်း ‘သေဉ္စတနာ၊ ကောင်းစွာ စေ့ဆော်တတ်သည်၏ အဖြစ် ‘သေဉ္စတယိတတ္တ’ သည် ရှိ၏။ ဤသဘောကို ကုသိုလ်မူလဟူသော အကြောင်းကြောင့်ဖြစ်သော ပြုစီရင်မှု ‘သင်္ခါရ’ ဟု ဆိုအပ်၏။ပ။ ဤသဘောကို ခြောက်ခုမြောက်မနာယတနကြောင့်ဖြစ်သော တွေ့ထိမှု ‘ဖဿ’ ဟု ဆိုအပ်၏။
(၇) ဝေဒနာ
ထိုအင်္ဂါ၁၂-ပါးတို့တွင် အဘယ်သည် တွေ့ထိမှု ‘ဖဿ’ ကြောင့်ဖြစ်သောခံစားမှု ‘ဝေဒနာ’ မည်သနည်း။
အကြင်စိတ်၌ ဖြစ်သော သာယာမှု ၊ စိတ်၌ ဖြစ်သော ချမ်းသာမှု ၊ စိတ်အတွေ့ကြောင့်ဖြစ်သောသာယာဖွယ်ကောင်းသော ချမ်းသာသော ခံစားမှု ၊ စိတ်အတွေ့ကြောင့်ဖြစ်သော သာယာဖွယ်ကောင်းသော ချမ်းသာသော ခံစားခြင်းသဘောသည် ရှိ၏။ ဤသဘောကိုတွေ့ထိမှု ‘ဖဿ’ ကြောင့်ဖြစ်သော ခံစားမှု ‘ဝေဒနာ’ ဟု ဆိုအပ်၏။ပ။ (*) ထို့ကြောင့် “ဤဆိုအပ်ခဲ့ပြီးသောနည်းဖြင့် ချမ်းသာနှင့်မရောသော ဤဆင်းရဲအစုအပုံ၏ ထင်ရှားဖြစ်ပေါ်မှုသည် ဖြစ်၏” ဟု ဆိုအပ်၏။
--
ဥပေက္ခာသဟဂုတ် ဉာဏသမ္ပယုတ်စိတ် ၂-ခု၌ ပဋိစ္စသမုပ္ပါဒ်လှည့်နည်း
၁-ပစ္စယစတုက္ကနည်း
၂၉၆။ အဘယ်တရားတို့သည် ကုသိုလ် မည်ကုန်သနည်း။
အကြင်အခါ၌ ဥပေက္ခာဝေဒနာနှင့် တကွဖြစ်သောဉာဏ်နှင့်ယှဉ်သော (တိုက်တွန်းခြင်းမရှိသော) ရူပါရုံကိုလည်း အာရုံပြုသော။ပ။ ကာမဘုံ၌ များသောအားဖြင့်ဖြစ်သော ကာမာဝစရကုသိုလ်စိတ်သည်ဖြစ်ဆဲဖြစ်၏။ပ။ (*)
(အကြင်အခါ၌) ဥပေက္ခာဝေဒနာနှင့် တကွဖြစ်သောဉာဏ်နှင့်ယှဉ်သော တိုက်တွန်းခြင်းနှင့် တကွဖြစ်သော ရူပါရုံကိုလည်း အာရုံပြုသော၊ သဒ္ဒါရုံကိုလည်း အာရုံပြုသော၊ ဂန္ဓာရုံကိုလည်း အာရုံပြုသော၊ ရသာရုံကိုလည်း အာရုံပြုသော၊ ဖောဋ္ဌဗ္ဗာရုံကိုလည်း အာရုံပြုသော၊ ဓမ္မာရုံကိုလည်း အာရုံပြုသော၊ အမှတ်မရှိသောအာရုံကိုလည်း အာရုံပြုသော ကာမဘုံ၌ များသောအားဖြင့်ဖြစ်သော ကာမာဝစရကုသိုလ်စိတ်သည် ဖြစ်ဆဲဖြစ်၏။
(၁) ထိုအခါ၌ ကုသိုလ်မူလဟူသော အကြောင်းကြောင့် ပြုစီရင်မှု ‘သင်္ခါရ’ သည် ဖြစ်၏။
(၂) ပြုစီရင်မှု ‘သင်္ခါရ’ဟူသောအကြောင်းကြောင့် သိမှု ‘ဝိညာဏ်’ သည် ဖြစ်၏။
(၃) သိမှု ‘ဝိညာဏ်’ဟူသောအကြောင်းကြောင့် နာမ်သည် ဖြစ်၏။
(၄) နာမ်ဟူသောအကြောင်းကြောင့် ခြောက်ခုမြောက် ‘မနာယတန’ သည် ဖြစ်၏။
(၅) ခြောက်ခုမြောက် ‘မနာယတန’ဟူသောအကြောင်းကြောင့် တွေ့ထိမှု ‘ဖဿ’ သည် ဖြစ်၏။
(၆) တွေ့ထိမှု ‘ဖဿ’ဟူသောအကြောင်းကြောင့် ခံစားမှု ‘ဝေဒနာ’ သည် ဖြစ်၏။
(၇) ခံစားမှု ‘ဝေဒနာ’ဟူသောအကြောင်းကြောင့် ကြည်လင်မှု ‘သဒ္ဓါ’ သည် ဖြစ်၏။
(၈) ကြည်လင်မှု ‘သဒ္ဓါ’ဟူသောအကြောင်းကြောင့် ဆုံးဖြတ်မှု ‘အဓိမောက္ခ’ သည် ဖြစ်၏။
(၉) ဆုံးဖြတ်မှု ‘အဓိမောက္ခ’ဟူသောအကြောင်းကြောင့် ဘဝသည် ဖြစ်၏။
(၁၀) ဘဝဟူသောအကြောင်းကြောင့် ဇာတိသည်ဖြစ်သည်။
(၁၁) ဇာတိဟူသောအကြောင်းကြောင့်-
(၁၂) အိုခြင်း သေခြင်း ‘ဇရာမရဏ’ သည် ဖြစ်၏။ ဤဆိုအပ်ခဲ့ပြီးသော နည်းဖြင့် ချမ်းသာနှင့်မရောသော ဤဆင်းရဲအစုအပုံ၏ ထင်ရှားဖြစ်ပေါ်မှုသည် ဖြစ်၏။
--
အင်္ဂါ-၁၂-ပါးအကျယ်
၂၉၇။ (၁) ကုသိုလ်မူလ။ ။ ထိုအင်္ဂါ၁၂-ပါးတို့တွင် အဘယ်တရားတို့သည် ကုသိုလ်မူလတို့နည်း။ မလိုချင် မမက်မောမှု ‘အလောဘ’၊ အမျက်မထွက်မှု ‘အဒေါသ’၊ မတွေဝေမှု ‘အမောဟ’၊ ဤတရားတို့ကို ကုသိုလ်မူလတို့ဟု ဆိုအပ်ကုန်၏။
(၂) သင်္ခါရ
ထိုအင်္ဂါ၁၂-ပါးတို့တွင် အဘယ်သည် ကုသိုလ်မူလကြောင့်ဖြစ်သော ပြုစီရင်မှု ‘သင်္ခါရ’ မည်သနည်း။
အကြင်စေ့ဆော်မှု ‘စေတနာ’၊ ကောင်းစွာ စေ့ဆော်မှု ‘သေဉ္စတနာ’၊ ကောင်းစွာ စေ့ဆော်တတ်သည်၏အဖြစ် ‘သေဉ္စတယိတတ္တ’ သည် ရှိ၏။ ဤသဘောကို ကုသိုလ်မူလကြောင့်ဖြစ်သော ပြုစီရင်မှု ‘သင်္ခါရ’ ဟု ဆိုအပ်၏။ပ။ ဤသဘောကို ခြောက်ခုမြောက် ‘မနာယတန’ ကြောင့်ဖြစ်သော တွေ့ထိမှု ‘ဖဿ’ ဟု ဆိုအပ်၏။
(၇) ဝေဒနာ
ထိုအင်္ဂါ၁၂-ပါးတို့တွင် အဘယ်သည် တွေ့ထိမှု ‘ဖဿ’ ကြောင့်ဖြစ်သောခံစားမှု ‘ဝေဒနာ’ မည်သနည်း။
အကြင်စိတ်၌ ဖြစ်သော သာယာဖွယ်လည်းမဟုတ်, မသာယာဖွယ်လည်းမဟုတ်သော သဘောသည်၊ စိတ်အတွေ့ကြောင့်ဖြစ်သော ဆင်းရဲ, ချမ်းသာ မဟုတ်သော ခံစားခြင်းသည်၊ စိတ်အတွေ့ကြောင့်ဖြစ်သောဆင်းရဲ, ချမ်းသာမဟုတ်သော ခံစားမှု သဘောသည် ရှိ၏။ ဤသဘောကို တွေ့ထိမှု ‘ဖဿ’ ကြောင့်ဖြစ်သော ခံစားမှု ‘ဝေဒနာ’ ဟု ဆိုအပ်၏။ပ။ (*) ထို့ကြောင့် “ဤဆိုအပ်ခဲ့ပြီးသော နည်းဖြင့် ချမ်းသာနှင့်မရောသော ဤဆင်းရဲအစုအပုံ၏ ထင်ရှားဖြစ်ပေါ်မှုသည်ဖြစ်၏” ဟု ဆိုအပ်၏။
--
ဥပေက္ခာသဟဂုတ် ဉာဏဝိပ္ပယုတ်စိတ် ၂-ခု၌ ပဋိစ္စသမုပ္ပါဒ်လှည့်နည်း
၁-ပစ္စယစတုက္ကနည်း
၂၉၈။ အဘယ်တရားတို့သည် ကုသိုလ် မည်ကုန်သနည်း။
အကြင်အခါ၌ ဥပေက္ခာဝေဒနာနှင့် တကွဖြစ်သော ဉာဏ်နှင့် မယှဉ်သော ရူပါရုံကိုလည်း အာရုံပြုသော။ပ။ ကာမဘုံ၌ များသောအားဖြင့်ဖြစ်သော ကာမာဝစရကုသိုလ်စိတ်သည် ဖြစ်ဆဲဖြစ်၏။ပ။ (*) (အကြင်အခါ၌) ဥပေက္ခာဝေဒနာနှင့် တကွဖြစ်သောဉာဏ်နှင့်မယှဉ်သော တိုက်တွန်းခြင်းနှင့် တကွဖြစ်သော ရူပါရုံကိုလည်း အာရုံပြုသော၊ သဒ္ဒါရုံကိုလည်း အာရုံပြုသော၊ ဂန္ဓာရုံကိုလည်း အာရုံပြုသော၊ ရသာရုံကိုလည်း အာရုံပြုသော၊ ဖောဋ္ဌဗ္ဗာရုံကိုလည်း အာရုံပြုသော၊ ဓမ္မာရုံကိုလည်း အာရုံပြုသော၊ အမှတ်မရှိသောအာရုံကိုလည်း အာရုံပြုသော ကာမဘုံ၌ များသောအားဖြင့်ဖြစ်သော ကာမာဝစရကုသိုလ်စိတ်သည် ဖြစ်ဆဲဖြစ်၏။
(၁) ထိုအခါ၌ ကုသိုလ်မူလဟူသော အကြောင်းကြောင့် ပြုစီရင်မှု ‘သင်္ခါရ’ သည် ဖြစ်၏။
(၂) ပြုစီရင်မှု ‘သင်္ခါရ’ဟူသော အကြောင်းကြောင့် သိမှု ‘ဝိညာဏ်’ သည် ဖြစ်၏။
(၃) သိမှု ‘ဝိညာဏ်’ဟူသော အကြောင်းကြောင့် နာမ်သည် ဖြစ်၏။
(၄) နာမ်ဟူသော အကြောင်းကြောင့် ခြောက်ခုမြောက် ‘မနာယတန’ သည် ဖြစ်၏။
(၅) ခြောက်ခုမြောက် ‘မနာယတန’ဟူသော အကြောင်းကြောင့် တွေ့ထိမှု ‘ဖဿ’ သည် ဖြစ်၏။
(၆) တွေ့ထိမှု ‘ဖဿ’ဟူသောအကြောင်းကြောင့် ခံစားမှု ‘ဝေဒနာ’ သည် ဖြစ်၏။
(၇) ခံစားမှု ‘ဝေဒနာ’ဟူသောအကြောင်းကြောင့် ကြည်လင်မှု ‘သဒ္ဓါ’ သည် ဖြစ်၏။
(၈) ကြည်လင်မှု ‘သဒ္ဓါ’ဟူသောအကြောင်းကြောင့် ဆုံးဖြတ်မှု ‘အဓိမောက္ခ’ သည် ဖြစ်၏။
(၉) ဆုံးဖြတ်မှု ‘အဓိမောက္ခ’ဟူသောအကြောင်းကြောင့် ဘဝသည် ဖြစ်၏။
(၁၀) ဘဝဟူသောအကြောင်းကြောင့် ဇာတိသည် ဖြစ်သည်။
(၁၁) ဇာတိဟူသောအကြောင်းကြောင့်-
(၁၂) အိုခြင်း သေခြင်း ‘ဇရာမရဏ’ သည် ဖြစ်၏။ ဤဆိုအပ်ခဲ့ပြီးသော နည်းဖြင့် ချမ်းသာနှင့်မရောသော ဤဆင်းရဲအစုအပုံ၏ ထင်ရှားဖြစ်ပေါ်မှုသည်ဖြစ်၏။
--
အင်္ဂါ-၁၂-ပါးအကျယ်
၂၉၉။ (၁) ကုသိုလ်မူလ
ထိုအင်္ဂါ၁၂-ပါးတို့တွင် အဘယ်တရားတို့သည် ကုသိုလ်မူလတို့နည်း။ မလိုချင် မမက်မောမှု ‘အလောဘ’၊ အမျက်မထွက်မှု ‘အဒေါသ’၊ ဤတရားတို့ကို ကုသိုလ်မူလတို့ဟုဆိုအပ်ကုန်၏။
(၂) သင်္ခါရ
ထိုအင်္ဂါ၁၂-ပါးတို့တွင် အဘယ်သည် ကုသိုလ်မူလကြောင့်ဖြစ်သော ပြုစီရင်မှု ‘သင်္ခါရ’ မည်သနည်း။
အကြင် စေ့ဆော်မှု ‘စေတနာ’၊ ကောင်းစွာစေ့ဆော်မှု ‘သေဉ္စတနာ’၊ ကောင်းစွာ စေ့ဆော်တတ်သည်၏အဖြစ် ‘သေဉ္စတယိတတ္တ’ သည် ရှိ၏။ ဤသဘောကို ကုသိုလ်မူလကြောင့်ဖြစ်သော ပြုစီရင်မှု ‘သင်္ခါရ’ ဟု ဆိုအပ်၏။ပ။ (*) ထို့ကြောင့် “ဤဆိုအပ်ခဲ့ပြီးသော နည်းဖြင့် ချမ်းသာနှင့်မရောသော ဤဆင်းရဲအစုအပုံ၏ ထင်ရှားဖြစ်ပေါ်မှုသည်ဖြစ်၏” ဟု ဆိုအပ်၏။
--
ရူပါဝစရကုသိုလ်စိတ်၌ ပဋိစ္စသမုပ္ပါဒ်လှည့်နည်း
၁-ပစ္စယစတုက္ကနည်း
၃၀၀။ အဘယ်တရားတို့သည် ကုသိုလ် မည်ကုန်သနည်း။
အကြင်အခါ၌ ရူပဘုံ၌ ဖြစ်ရန် ရောက်ကြောင်း (ဈာန်) ကို ပွါးများအားထုတ်၏၊ ကာမတတို့မှကင်းဆိတ်၍ သာလျှင်။ပ။ ပထဝီကသိုဏ်းကို အာရုံပြုသော ပထမဈာန်ကို ပြည့်စုံစေ၍ နေ၏။
(၁) ထိုအခါ၌ ကုသိုလ်မူလဟူသောအကြောင်းကြောင့် ပြုစီရင်မှု ‘သင်္ခါရ’ သည် ဖြစ်၏။
(၂) ပြုစီရင်မှု ‘သင်္ခါရ’ဟူသောအကြောင်းကြောင့် သိမှု ‘ဝိညာဏ်’ သည် ဖြစ်၏။
(၃) သိမှု ‘ဝိညာဏ်’ဟူသောအကြောင်းကြောင့် နာမ်သည် ဖြစ်၏။
(၄) နာမ်ဟူသောအကြောင်းကြောင့် ခြောက်ခုမြောက် ‘မနာယတန’ သည် ဖြစ်၏။
(၅) ခြောက်ခုမြောက် ‘မနာယတန’ဟူသောအကြောင်းကြောင့် တွေ့ထိမှု ‘ဖဿ’ သည် ဖြစ်၏။
(၆) တွေ့ထိမှု ‘ဖဿ’ဟူသောအကြောင်းကြောင့် ခံစားမှု ‘ဝေဒနာ’ သည် ဖြစ်၏။
(၇) ခံစားမှု ‘ဝေဒနာ’ဟူသောအကြောင်းကြောင့် ကြည်လင်မှု ‘သဒ္ဓါ’ သည် ဖြစ်၏။
(၈) ကြည်လင်မှု ‘သဒ္ဓါ’ဟူသောအကြောင်းကြောင့် ဆုံးဖြတ်မှု ‘အဓိမောက္ခ’ သည် ဖြစ်၏။
(၉) ဆုံးဖြတ်မှု ‘အဓိမောက္ခ’ဟူသောအကြောင်းကြောင့် ဘဝသည် ဖြစ်၏။
(၁၀) ဘဝဟူသောအကြောင်းကြောင့် ဇာတိသည် ဖြစ်သည်။
(၁၁) ဇာတိဟူသောအကြောင်းကြောင့်-
(၁၂) အိုခြင်း သေခြင်း ‘ဇရာမရဏ’ သည် ဖြစ်၏။ ဤဆိုအပ်ခဲ့ပြီးသောနည်းဖြင့် ချမ်းသာနှင့်မရောသော ဤဆင်းရဲအစုအပုံ၏ ထင်ရှားဖြစ်ပေါ်မှုသည် ဖြစ်၏။
--
အင်္ဂါ-၁၂-ပါးအကျယ်
၃၀၁။ (၁) ကုသလမူလ
ထိုအင်္ဂါ၁၂-ပါးတို့တွင် အဘယ်တရားတို့သည် ကုသိုလ်မူလတို့နည်း။ မလိုချင်မမက်မောမှု ‘အလောဘ’၊ အမျက်မထွက်မှု ‘အဒေါသ’၊ မတွေဝေမှု ‘အမောဟ’၊ ဤတရားတို့ကို ကုသိုလ်မူလတို့ဟု ဆိုအပ်ကုန်၏။
(၂) သင်္ခါရ
ထိုအင်္ဂါ၁၂-ပါးတို့တွင် အဘယ်သည် ကုသိုလ်မူလကြောင့်ဖြစ်သော ပြုစီရင်မှု ‘သင်္ခါရ’ မည်သနည်း။
အကြင် စေ့ဆော်မှု ‘စေတနာ’၊ ကောင်းစွာ စေ့ဆော်မှု ‘သေဉ္စတနာ’၊ ကောင်းစွာစေ့ဆော်တတ်သည်၏အဖြစ် ‘သေဉ္စတယိတတ္တ’ သည် ရှိ၏။ ဤသဘောကို ကုသလမူလဟူသော အကြောင်းကြောင့်ဖြစ်သောပြုစီရင်မှု ‘သင်္ခါရ’ ဟု ဆိုအပ်၏။ပ။ (*) ထို့ကြောင့် “ဤဆိုအပ်ခဲ့ပြီးသောနည်းဖြင့် ချမ်းသာနှင့်မရောသော ဤဆင်းရဲအစုအပုံ၏ ထင်ရှားဖြစ်ပေါ်မှုသည်ဖြစ်၏” ဟု ဆိုအပ်ကုန်၏။
--
အရူပါဝစရကုသိုလ်စိတ်၌ ပဋိစ္စသမုပ္ပါဒ်လှည့်နည်း
၁-ပစ္စယစတုတ္ထနည်း
၃၀၂။ အဘယ်တရားတို့သည် ကုသိုလ် မည်ကုန်သနည်း။
အကြင်အခါ၌ အရူပဘုံ၌ ဖြစ်ရန် ရောက်ကြောင်း (ဈာန်) ကို ပွါးများအားထုတ်၏၊ အာကိဉ္စညာယတနဈာန်ကို လုံးဝ လွန်မြောက်၍ နေဝသညာနာသညာယတန သညာနှင့် တကွဖြစ်သော၊ ချမ်းသာခြင်း ‘သုခ'ကို လည်း ပယ်ခြင်းကြောင့်။ပ။ စတုတ္ထဈာန်ကို ပြည့်စုံစေ၍ နေ၏။
(၁) ထိုအခါ၌ ကုသိုလ်မူလဟူသောအကြောင်းကြောင့် ပြုစီရင်မှု ‘သင်္ခါရ’ သည် ဖြစ်၏။
(၂) ပြုစီရင်မှု ‘သင်္ခါရ’ဟူသောအကြောင်းကြောင့် သိမှု ‘ဝိညာဏ်’ သည် ဖြစ်၏။
(၃) သိမှု ‘ဝိညာဏ်’ဟူသောအကြောင်းကြောင့် နာမ်သည် ဖြစ်၏။
(၄) နာမ်ဟူသောအကြောင်းကြောင့် ခြောက်ခုမြောက် ‘မနာယတန’ သည် ဖြစ်၏။
(၅) ခြောက်ခုမြောက် ‘မနာယတန’ဟူသောအကြောင်းကြောင့် တွေ့ထိမှု ‘ဖဿ’ သည် ဖြစ်၏။
(၆) တွေ့ထိမှု ‘ဖဿ’ဟူသောအကြောင်းကြောင့် ခံစားမှု ‘ဝေဒနာ’ သည် ဖြစ်၏။
(၇) ခံစားမှု ‘ဝေဒနာ’ဟူသောအကြောင်းကြောင့် ကြည်လင်မှု ‘သဒ္ဓါ’ သည် ဖြစ်၏။
(၈) ကြည်လင်မှု ‘သဒ္ဓါ’ဟူသောအကြောင်းကြောင့် ဆုံးဖြတ်မှု ‘အဓိမောက္ခ’ သည် ဖြစ်၏။
(၉) ဆုံးဖြတ်မှု ‘အဓိမောက္ခ’ဟူသောအကြောင်းကြောင့် ဘဝသည် ဖြစ်၏။
(၁၀) ဘဝဟူသောအကြောင်းကြောင့် ဇာတိသည် ဖြစ်သည်။
(၁၁) ဇာတိဟူသောအကြောင်းကြောင့်-
(၁၂) အိုခြင်း သေခြင်း ‘ဇရာမရဏ’ သည် ဖြစ်၏။ ဤဆိုအပ်ခဲ့ပြီးသော နည်းဖြင့် ချမ်းသာနှင့်မရောသော ဤဆင်းရဲအစုအပုံ၏ ထင်ရှားဖြစ်ပေါ်မှုသည်ဖြစ်၏။
--
အင်္ဂါ-၁၂-ပါးအကျယ်
၃၀၃။ (၁) ကုသလမူလ
ထိုအင်္ဂါ၁၂-ပါးတို့တွင် အဘယ်တရားတို့သည် ကုသိုလ်မူလတို့နည်း။ မလိုချင်မမက်မောမှု ‘အလောဘ’၊ အမျက်မထွက်မှု ‘အဒေါသ’၊ မတွေဝေမှု ‘အမောဟ’၊ ဤတရားတို့ကို ကုသိုလ်မူလတို့ဟု ဆိုအပ်ကုန်၏။
(၂) သင်္ခါရ
ထိုအင်္ဂါ၁၂-ပါးတို့တွင် အဘယ်တရားသည် ကုသိုလ်မူလကြောင့်ဖြစ်သောပြုစီရင်မှု ‘သင်္ခါရ’ မည်သနည်း။
အကြင်စေ့ဆော်မှု ‘စေတနာ’၊ ကောင်းစွာစေ့ဆော်မှု ‘သေဉ္စတနာ’၊ ကောင်းစွာစေ့ဆော်တတ်သည်၏အဖြစ် ‘သေဉ္စတယိတတ္တ’ သည် ရှိ၏။ ဤသဘောကို ကုသိုလ်မူလကြောင့်ဖြစ်သော ပြုစီရင်မှု ‘သင်္ခါရ’ ဟု ဆိုအပ်၏။ပ။ ဤသဘောကို ခြောက်ခုမြောက် ‘မနာယတန’ ကြောင့်ဖြစ်သော တွေ့ထိမှု ‘ဖဿ’ ဟု ဆိုအပ်၏။
(၇) ဝေဒနာ
ထိုအင်္ဂါ၁၂-ပါးတို့တွင် အဘယ်တရားသည် တွေ့ထိမှု ‘ဖဿ’ ကြောင့် ဖြစ်သောခံစားမှု ‘ဝေဒနာ’ မည်သနည်း။
အကြင် စိတ်၌ ဖြစ်သော သာယာဖွယ်လည်းမဟုတ်, မသာယာဖွယ်လည်းမဟုတ်သော သဘောသည်၊ စိတ်အတွေ့ကြောင့် ဖြစ်သော ဆင်းရဲ, ချမ်းသာမဟုတ်သော ခံစားခြင်းသည်၊ စိတ်အတွေ့ကြောင့်ဖြစ်သောဆင်းရဲ, ချမ်းသာမဟုတ်သော ခံစားမှု သဘောသည် ရှိ၏။ ဤသဘောကို တွေ့ထိမှု ‘ဖဿ’ ကြောင့်ဖြစ်သော ခံစားမှု ‘ဝေဒနာ’ ဟု ဆိုအပ်၏။ပ။ (*) ထို့ကြောင့် “ဤဆိုအပ်ခဲ့ပြီးသောနည်းဖြင့် ချမ်းသာနှင့်မရောသော ဤဆင်းရဲအစုအပုံ၏ ထင်ရှားဖြစ်ပေါ်မှုသည်ဖြစ်၏” ဟု ဆိုအပ်၏။
မှတ်ချက်။ ။ ဤအရူပါဝစရစိတ်၌ ဥပေက္ခာဝေဒနာသာ ဖြစ်သင့်ပါသည်။ ဆဋ္ဌသံဂါယနာပါဠိတော် စာမူ၌ ဝေဒနာအကျယ်ကို ပြရာတွင် သုခဝေဒနာဖြစ်နေပါသည်၊ သတိပြုရန်။
--
လောကုတ္တရာကုသိုလ်စိတ်၌ ပဋိစ္စသမုပ္ပါဒ်လှည့်နည်း
၁-ပစ္စယစတုက္ကနည်း
၃၀၄။ အဘယ်တရားတို့သည် ကုသိုလ် မည်ကုန်သနည်း။
အကြင်အခါ၌ ဝဋ်ဆင်းရဲမှ လွတ်မြောက်တတ်သော၊ နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်သော သက္ကာယဒိဋ္ဌိစသော တရားတို့ကို ပယ်ရန်၊ ပဌမဘုံ (သောတာပန်အဆင့်) သို့ ရောက်ရန် လောကုတ္တရာဈာန်တရား ကို ပွါးများ အားထုတ်၏၊ ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ ဆင်းရဲသော အကျင့်ရှိသော,့နုံ့နှေး သော အသိဉာဏ်ရှိသော ပဌမဈာန်ကို ပြည့်စုံစေ၍ နေ၏။
(၁) ထိုအခါ၌ ကုသိုလ်မူလဟူသော အကြောင်းကြောင့် ပြုစီရင်မှု ‘သင်္ခါရ’ သည် ဖြစ်၏။
(၂) ပြုစီရင်မှု ‘သင်္ခါရ’ဟူသော အကြောင်းကြောင့် သိမှု ‘ဝိညာဏ်’ သည် ဖြစ်၏။
(၃) သိမှု ‘ဝိညာဏ်’ဟူသော အကြောင်းကြောင့် နာမ်သည် ဖြစ်၏။
(၄) နာမ်ဟူသော အကြောင်းကြောင့် ခြောက်ခုမြောက် ‘မနာယတန’ သည် ဖြစ်၏။
(၅) ခြောက်ခုမြောက် ‘မနာယတန’ဟူသော အကြောင်းကြောင့် တွေ့ထိမှု ‘ဖဿ’ သည် ဖြစ်၏။
(၆) တွေ့ထိမှု ‘ဖဿ’ဟူသော အကြောင်းကြောင့် ခံစားမှု ‘ဝေဒနာ’ သည် ဖြစ်၏။
(၇) ခံစားမှု ‘ဝေဒနာ’ဟူသော အကြောင်းကြောင့် ကြည်လင်မှု ‘သဒ္ဓါ’ သည် ဖြစ်၏။
(၈) ကြည်လင်မှု ‘သဒ္ဓါ’ဟူသော အကြောင်းကြောင့် ဆုံးဖြတ်မှု ‘အဓိမောက္ခ’ သည် ဖြစ်၏။
(၉) ဆုံးဖြတ်မှု ‘အဓိမောက္ခ’ဟူသော အကြောင်းကြောင့် ဘဝသည် ဖြစ်၏။
(၁၀) ဘဝဟူသော အကြောင်းကြောင့် ဇာတိသည် ဖြစ်၏။
(၁၁) ဇာတိဟူသော အကြောင်းကြောင့်-
(၁၂) အိုခြင်း သေခြင်း ‘ဇရာမရဏ'သည် ဖြစ်၏။
ဤဆိုအပ်ခဲ့ပြီးသောနည်းဖြင့် ဤတရားတို့၏ ထင်ရှားဖြစ်ပေါ်မှုသည် ဖြစ်၏။
--
အင်္ဂါ-၁၂-ပါးအကျယ်
၃၀၅။ (၁) ကုသလမူလ
ထိုအင်္ဂါ၁၂-ပါးတို့တွင် အဘယ်တရားတို့သည် ကုသိုလ်မူလတို့နည်း။ မလိုချင် မမက်မောမှု ‘အလောဘ’၊ အမျက်မထွက်မှု ‘အဒေါသ’၊ မတွေဝေမှု ‘အမောဟ’၊ ဤတရားတို့ကို ကုသိုလ်မူလတို့ဟု ဆိုအပ်ကုန်၏။ ထို ၃-ပါးတို့တွင် အဘယ်သည် မလိုချင် မမက်မောမှု ‘အလောဘ’ နည်း။ပ။
အဘယ်သည် အမျက်မထွက်မှု ‘အဒေါသ’ နည်း။ပ။
အဘယ်သည် မတွေဝေမှု ‘အမောဟ’ နည်း။ အကြင်အပြားအားဖြင့် သိမှု ‘ပညာ’၊ အပြားအားဖြင့် သိသောအခြင်းအရာ ‘ပဇာနနာ’။ပ။ မတွေဝေမှု ‘အမောဟ’၊ တရားတို့ကို စိစစ်မှု ‘ဓမ္မဝိစယ’၊ မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ’၊ တရားတို့ကို စိစစ်မှု မဂ်ဉာဏ်၏ အစိတ်အပိုင်းအင်္ဂါ ‘ဓမ္မဝိစယသမ္ဗောဇ္ဈင်’၊ မဂ်၏အစိတ်အပိုင်းအင်္ဂါ ‘မဂ္ဂင်္ဂ’၊ မဂ်၌ အကျုံးဝင်ခြင်း ‘မဂ္ဂပရိယာပန္န’ သည် ရှိ၏။ ဤသဘောကို မတွေဝေမှု ‘အမောဟ’ ဟု ဆိုအပ်၏။
ဤတရားတို့ကို ကုသိုလ်မူလတို့ဟု ဆိုအပ်ကုန်၏။
(၂) သင်္ခါရ
ထိုအင်္ဂါ၁၂-ပါးတို့တွင် အဘယ်သည် ကုသိုလ်မူလဟူသောအကြောင်းကြောင့်ဖြစ်သော ပြုစီရင်မှု ‘သင်္ခါရ’ မည်သနည်း။
အကြင်စေ့ဆော်မှု ‘စေတနာ’၊ ကောင်းစွာ စေ့ဆော်မှု ‘သေဉ္စတနာ’၊ ကောင်းစွာ စေ့ဆော်တတ်သည်၏အဖြစ် ‘သေဉ္စတယိတတ္တ’ သည် ရှိ၏။ ဤသဘောကို ကုသိုလ်မူလဟူသော အကြောင်းကြောင့်ဖြစ်သောပြုစီရင်မှု ‘သင်္ခါရ’ ဟု ဆိုအပ်၏။ပ။ ဤသဘောကို ခြောက်ခုမြောက် ‘မနာယတန’ ကြောင့်ဖြစ်သောတွေ့ထိမှု ‘ဖဿ’ ဟု ဆိုအပ်၏။
(၇) ဝေဒနာ
ထိုအင်္ဂါ၁၂-ပါးတို့တွင် အဘယ်သည် တွေ့ထိမှု ‘ဖဿ’ဟူသော အကြောင်းကြောင့် ဖြစ်သော ခံစားမှု ‘ဝေဒနာ’ မည်သနည်း။
အကြင်စိတ်၌ ဖြစ်သော သာယာမှု ၊ စိတ်၌ ဖြစ်သော ချမ်းသာမှု ၊ စိတ်အတွေ့ကြောင့်ဖြစ်သော သာယာဖွယ်ကောင်းသော ချမ်းသာသော ခံစားမှု ၊ စိတ်အတွေ့ကြောင့်ဖြစ်သော သာယာဖွယ်ကောင်းသောချမ်းသာသော ခံစားခြင်းသဘောသည် ရှိ၏။ ဤသဘောကို တွေ့ထိမှု ‘ဖဿ’ ကြောင့်ဖြစ်သော ခံစားမှု ‘ဝေဒနာ’ ဟု ဆိုအပ်၏။
(၈) သဒ္ဓါ
ထိုအင်္ဂါ၁၂-ပါးတို့တွင် အဘယ်သည် ခံစားမှု ‘ဝေဒနာ’ဟူသော အကြောင်း ကြောင့်ဖြစ်သော ကြည်လင်မှု ‘သဒ္ဓါ’ မည်သနည်း။
အကြင် ယုံကြည်မှု ‘သဒ္ဓါ’၊ ယုံကြည်သောအခြင်းအရာ ‘သဒ္ဒဟနာ’၊ သက်ဝင်မှု ‘ဩကပ္ပနာ’၊ အလွန်ကြည်လင်မှု ‘အဘိပ္ပသာဒ’ သည် ရှိ၏။ ဤသဘောကို ခံစားမှု ‘ဝေဒနာ’ဟူသော အကြောင်းကြောင့် ဖြစ်သော ကြည်လင်မှု ‘သဒ္ဓါ’ ဟု ဆိုအပ်၏။
--
(၉) အဓိမောက္ခ
ထိုအင်္ဂါ၁၂-ပါးတို့တွင် အဘယ်သည် ကြည်လင်မှု ‘သဒ္ဓါ’ဟူသောအကြောင်းကြောင့်ဖြစ်သော ဆုံးဖြတ်မှု ‘အဓိမောက္ခ’ မည်သနည်း။
အကြင် စိတ်၏ (အာရုံကို) ဆုံးဖြတ်ခြင်း ‘အဓိမောက္ခ’၊ ဆုံးဖြတ်သော အခြင်းအရာ ‘အဓိမုစ္စနာ’၊ ထို (အာရုံ) ကို ဆုံးဖြတ်တတ်သည်၏အဖြစ် ‘တဒမိမုတ္တတာ’ သည် ရှိ၏။ ဤသဘောကို ကြည်လင်မှု ‘သဒ္ဓါ’ဟူသော အကြောင်းကြောင့်ဖြစ်သော ဆုံးဖြတ်မှု ‘အဓိမောက္ခ’ ဟု ဆိုအပ်၏။
(၁၀) ဘဝ
ထိုအင်္ဂါ၁၂-ပါးတို့တွင် အဘယ်သည် ဆုံးဖြတ်မှု ‘အမိမောက္ခ’ ကြောင့်ဖြစ်သောဘဝ မည်သနည်း။
ဆုံးဖြတ်မှု ‘အမိမောက္ခ’ ကို ထား၍ ခံစားမှု အစု ‘ဝေဒနာက္ခန္ဓာ’၊ မှတ်သားမှု အစု ‘သညာက္ခန္ဓာ’၊ ပြုပြင်မှု အစု ‘သင်္ခါရက္ခန္ဓာ’၊ သိမှု အစု ‘ဝိညာဏက္ခန္ဓာ’ သည် ရှိ၏။ ဤသဘောကို ဆုံးဖြတ်မှု ‘အမိမောက္ခ’ဟူသော အကြောင်းကြောင့်ဖြစ်သော ဘဝဟု ဆိုအပ်၏။ပ။ ဤသဘောကို ဇာတိဟူသော အကြောင်းကြောင့်ဖြစ်သော အိုခြင်းသေခြင်း ‘ဇရာမရဏ’ ဟု ဆိုအပ်၏။
ဤဆိုအပ်ခဲ့ပြီးသောနည်းဖြင့် ထိုတရားတို့၏ ထင်ရှားဖြစ်ပေါ်မှုသည် ဖြစ်၏’ဟု ဆိုရာ၌ ဤသို့ဤတရားတို့၏ စုရုံးခြင်းသည် ဖြစ်၏၊ အညီအညွတ်ရောက်ခြင်းသည် ဖြစ်၏၊ ပေါင်းရုံးခြင်းသည် ဖြစ်၏၊ ထင်ရှားခြင်းသည် ဖြစ်၏၊ ထို့ကြောင့် “ဤဆိုအပ်ခဲ့ပြီးသောနည်းဖြင့် ဤတရားတို့၏ ထင်ရှားဖြစ်ပေါ်မူသည် ဖြစ်၏” ဟု ဆိုအပ်၏။
ကုသိုလ်တရားတို့၏ ပဋိစ္စသမုပ္ပါဒ်လှည့်နည်း ပြီး၏
--
၁၁-အဗျာကတတရားတို့၌ ပဋိစ္စသမုပ္ပါဒ်လှည့်နည်း
အဟိတ်ကာမာဝစရကုသလဝိပါက် စက္ခုဝိညာဏ်စိတ်၌ ပဋိစ္စသမုပ္ပါဒ်လှည့်နည်း
၁-ပစ္စယစတုက္ကနည်း
၃၀၆။ အဘယ်တရားတို့သည် အဗျာကတ မည်ကုန်သနည်း။
အကြင်အခါ၌ ကာမာဝစရကုသိုလ်ကံကို ပြုခဲ့ဆည်းပူးခဲ့၍ ဥပေက္ခာဝေဒနာနှင့် တကွဖြစ်သော ရူပါရုံကိုအာရုံပြုသော အကျိုးဖြစ်သော မြင်သိစိတ် ‘စက္ခုဝိညာဏ်'သည် ဖြစ်ဆဲဖြစ်၏။
(၁) ထိုအခါ၌ ပြုစီရင်မှု ‘သင်္ခါရ’ ကြောင့် သိမှု ‘ဝိညာဏ်’ သည် ဖြစ်၏။
(၂) သိမှု ‘ဝိညာဏ်’ ကြောင့် နာမ်သည် ဖြစ်၏။
(၃) နာမ်ကြောင့် ခြောက်ခုမြောက် ‘မနာယတန’ သည် ဖြစ်၏။
(၄) ခြောက်ခုမြောက် ‘မနာယတန’ ကြောင့် တွေ့ထိမှု ‘ဖဿ’ သည် ဖြစ်၏။
(၅) တွေ့ထိမှု ‘ဖဿ’ ကြောင့် ခံစားမှု ‘ဝေဒနာ’ သည် ဖြစ်၏။
(၆) ခံစားမှု ‘ဝေဒနာ’ ကြောင့် ဘဝသည် ဖြစ်၏။
(၇) ဘဝကြောင့် ဇာတိသည် ဖြစ်၏။
(၈) ဇာတိကြောင့်-
(၉) အိုခြင်း သေခြင်း ‘ဇရာမရဏ’ သည် ဖြစ်၏။ ဤဆိုအပ်ခဲ့ပြီးသောနည်းဖြင့် ချမ်းသာနှင့်မရောသော ဤဆင်းရဲအစုအပုံ၏ ထင်ရှားဖြစ်ပေါ်မှုသည် ဖြစ်၏။
--
အင်္ဂါ ၉-ပါးအကျယ်
၃၀၇။ (၁) သင်္ခါရ။ ။ ထိုအင်္ဂါ ၉-ပါးတို့တွင် အဘယ်တရားသည် ပြုစီရင်မှု ‘သင်္ခါရ’ မည်သနည်း။
အကြင်စေ့ဆော်မှု ‘စေတနာ’၊ ကောင်းစွာစေ့ဆော်မှု ‘သေဉ္စတနာ’၊ ကောင်းစွာစေ့ဆော်တတ်သည်၏အဖြစ် ‘သေဉ္စတယိတတ္တ’ သည် ရှိ၏။ ဤသဘောကို ပြုစီရင်မှု ‘သင်္ခါရ’ ဟု ဆိုအပ်၏။
(၂) ဝိညာဏ်
ထိုအင်္ဂါ ၉-ပါးတို့တွင် အဘယ်တရားသည် ပြုစီရင်မှု ‘သင်္ခါရ'ကြောင့်ဖြစ်သော သိမှု ‘ဝိညာဏ်’ မည်သနည်း။
အကြင် ဆန်းကြယ်သောသဘော ‘စိတ္တ’၊ သိမှု သဘော ‘မန’၊ သိခြင်းသဘော ‘မာနသ’။ပ။ ထိုစိတ် အားလျော်သော မြင်သိမှု သဘော ‘တဇ္ဇာစက္ခုဝိညာဏဓာတ်’ သည် ရှိ၏။ ဤသဘောကို ပြုစီရင်မှု ‘သင်္ခါရ’ ကြောင့်ဖြစ်သော သိမှု ‘ဝိညာဏ်’ ဟု ဆိုအပ်၏။
(၃) နာမ်
ထိုအင်္ဂါ ၉-ပါးတို့တွင် အဘယ်တရားသည် သိမှု ‘ဝိညာဏ်’ ကြောင့်ဖြစ်သော နာမ် မည်သနည်း။
ခံစားမှု အစု ‘ဝေဒနာက္ခန္ဓာ’၊ မှတ်သားမှု အစု ‘သညာက္ခန္ဓာ’၊ ပြုစီရင်မှု အစု ‘သင်္ခါရက္ခန္ဓာ’ သည် ရှိ၏။ ဤသဘောကို သိမှု ‘ဝိညာဏ်’ ကြောင့်ဖြစ်သော နာမ်ဟု ဆိုအပ်၏။
(၄) ဆဋ္ဌာယတန
ထိုအင်္ဂါ ၉-ပါးတို့တွင် အဘယ်တရားသည် နာမ်ကြောင့်ဖြစ်သော ခြောက်ခုမြောက် ‘မနာယတန’ မည်သနည်း။
အကြင် ဆန်းကြယ်သောသဘော ‘စိတ္တ’၊ သိခြင်းသဘော ‘မန’၊ သိမှု သဘော ‘မာနသ’။ပ။ ထိုစိတ်အား လျော်သော မြင်သိမှု သဘော ‘တဇ္ဇာစက္ခုဝိညာဏဓာတ်’ သည် ရှိ၏။ ဤသဘောကို နာမ်ကြောင့် ဖြစ်သော ခြောက်ခုမြောက် ‘မနာယတန’ ဟု ဆိုအပ်၏။
(၅) ဖဿ
ထိုအင်္ဂါ ၉-ပါးတို့တွင် အဘယ်တရားသည် ခြောက်ခုမြောက် ‘မနာယတန'ကြောင့်ဖြစ်သော တွေ့ထိမှု ‘ဖဿ’ မည်သနည်း။
အကြင်တွေ့ထိမှု သဘော ‘ဖဿ’၊ တွေ့ထိသောအခြင်းအရာ ‘ဖုသနာ’၊ ကောင်းစွာတွေ့ထိတတ်သောအခြင်းအရာ ‘သံမ္ဖုသနာ’၊ ကောင်းစွာတွေ့ထိတတ်သည်၏အဖြစ် ‘သံမ္ဖုသိတတ္တ'သည် ရှိ၏။ ဤသဘောကိုခြောက်ခုမြောက် ‘မနာယတန’ ကြောင့်ဖြစ်သော တွေ့ထိမှု ‘ဖဿ’ ဟု ဆိုအပ်၏။
--
(၆) ဝေဒနာ
ထိုအင်္ဂါ ၉-ပါးတို့တွင် အဘယ်တရားသည် တွေ့ထိမှု ‘ဖဿ'ကြောင့်ဖြစ်သောခံစားမှု ‘ဝေဒနာ’ မည်သနည်း။
အကြင် စိတ်၌ ဖြစ်သော သာယာဖွယ်လည်းမဟုတ်, မသာယာဖွယ်လည်းမဟုတ်သော သဘောသည်၊ စိတ်အတွေ့ကြောင့်ဖြစ်သော ဆင်းရဲ, ချမ်းသာမဟုတ်သော ခံစားခြင်းသည်၊ စိတ်အတွေ့ကြောင့်ဖြစ်သောဆင်းရဲ, ချမ်းသာမဟုတ်သော ခံစားမှု သဘောသည် ရှိ၏။ ဤသဘောကို တွေ့ထိမှု ‘ဖဿ’ ကြောင့်ဖြစ်သော ခံစားမှု ‘ဝေဒနာ’ဟု ဆိုအပ်၏။
(၇) ဘဝ
ထိုအင်္ဂါ ၉-ပါးတို့တွင် အဘယ်သည် ခံစားမှု ‘ဝေဒနာ'ကြောင့်ဖြစ်သော ဘဝ မည်သနည်း။
ခံစားမှု ‘ဝေဒနာ'ကို ထား၍ မှတ်သားမှု အစု ‘သညာက္ခန္ဓာ’၊ ပြုပြင်မှု အစု ‘သင်္ခါရက္ခန္ဓာ’၊ သိမှု အစု ‘ဝိညာဏက္ခန္ဓာ’ သည် ရှိ၏။ ဤသဘောကို ခံစားမှု ‘ဝေဒနာ'ကြောင့်ဖြစ်သော ဘဝဟု ဆိုအပ်၏။ပ။
ထို့ကြောင့် ဤဆိုအပ်ခဲ့ပြီးသောနည်းဖြင့် ချမ်းသာနှင့်မရောသော ဤဆင်းရဲအစုအပုံ၏ ထင်ရှားဖြစ်ပေါ်မှုသည် ဖြစ်၏ဟု ဆိုအပ်၏။
--
၂-ဟေတုစတုက္ကနည်း
၃၀၈။ (၁) ထိုအခါ၌ ပြုစီရင်မှု ‘သင်္ခါရ’ ကြောင့်၊ ပြုစီရင်မှု ‘သင်္ခါရ'လျှင်အကြောင်းရှိသော သိမှု ‘ဝိညာဏ်’ သည် ဖြစ်၏။
(၂) သိမှု ‘ဝိညာဏ်’ ကြောင့်၊ သိမှု ‘ဝိညာဏ်'လျှင်အကြောင်းရှိသော နာမ်သည် ဖြစ်၏။
(၃) နာမ်ကြောင့်၊ နာမ်လျှင်အကြောင်းရှိသော ခြောက်ခုမြောက် ‘မနာယတန’ သည် ဖြစ်၏။
(၄) ခြောက်ခုမြောက် ‘မနာယတန’ ကြောင့်၊ ခြောက်ခုမြောက် ‘မနာယတန'လျှင် အကြောင်းရှိသော တွေ့ထိမှု ‘ဖဿ’ သည် ဖြစ်၏။
(၅) တွေ့ထိမှု ‘ဖဿ’ ကြောင့်၊ တွေ့ထိမှု ‘ဖဿ'လျှင်အကြောင်းရှိသော ခံစားမှု ‘ဝေဒနာ’ သည်ဖြစ်၏။
(၆) ခံစားမှု ‘ဝေဒနာ’ ကြောင့် ဘဝသည် ဖြစ်၏။
(၇) ဘဝကြောင့် ဇာတိသည် ဖြစ်၏။
(၈) ဇာတိကြောင့်-
(၉) အိုခြင်း သေခြင်း ‘ဇရာမရဏ’ သည် ဖြစ်၏။ ဤဆိုအပ်ခဲ့ပြီးသောနည်းဖြင့် ချမ်းသာနှင့်မရောသော ဤဆင်းရဲအစုအပုံ၏ ထင်ရှားဖြစ်ပေါ်မှုသည်ဖြစ်၏။
--
၃-သမ္ပယုတ္တစတုက္ကနည်း
၃၀၉။ (၁) ထိုအခါ၌ ပြုစီရင်မှု ‘သင်္ခါရ’ ကြောင့်၊ ပြုစီရင်မှု ‘သင်္ခါရ'နှင့်ယှဉ်သော သိမှု ‘ဝိညာဏ်'သည်ဖြစ်၏။
(၂) သိမှု ‘ဝိညာဏ်’ ကြောင့်၊ သိမှု ‘ဝိညာဏ်’ နှင့်ယှဉ်သော နာမ်သည် ဖြစ်၏။
(၃) နာမ်ကြောင့်၊ နာမ်နှင့်ယှဉ်သော ခြောက်ခုမြောက် ‘မနာယတန’ သည် ဖြစ်၏။
(၄) ခြောက်ခုမြောက် ‘မနာယတန’ ကြောင့်၊ ခြောက်ခုမြောက် ‘မနာယတန’ နှင့်ယှဉ်သောတွေ့ထိမှု ‘ဖဿ’ သည် ဖြစ်၏။
(၅) တွေ့ထိမှု ‘ဖဿ’ ကြောင့်၊ တွေ့ထိမှု ‘ဖဿ’ နှင့်ယှဉ်သော ခံစားမှု ‘ဝေဒနာ’ သည် ဖြစ်၏။
(၆) ခံစားမှု ‘ဝေဒနာ’ ကြောင့် ဘဝသည် ဖြစ်၏။
(၇) ဘဝကြောင့် ဇာတိသည် ဖြစ်၏။
(၈) ဇာတိကြောင့်-
(၉) အိုခြင်း သေခြင်း ‘ဇရာမရဏ’ သည် ဖြစ်၏။ ဤဆိုအပ်ခဲ့ပြီးသောနည်းဖြင့် ချမ်းသာနှင့်မရောသော ဤဆင်းရဲအစုအပုံ၏ ထင်ရှားဖြစ်ပေါ်မှုသည် ဖြစ်၏။
--
၄-အညမညစတုက္ကနည်း
၃၁၀။ (၁) ထိုအခါ၌ ပြုစီရင်မှု ‘သင်္ခါရ’ ကြောင့် သိမှု ‘ဝိညာဏ်’ သည် ဖြစ်၏၊ သိမှု ‘ဝိညာဏ်’ ကြောင့်လည်း ပြုစီရင်မှု ‘သင်္ခါရ’ သည် ဖြစ်၏။
(၂) သိမှု ‘ဝိညာဏ်’ ကြောင့် နာမ်သည် ဖြစ်၏၊ နာမ်ကြောင့်လည်း သိမှု ‘ဝိညာဏ်’ သည်ဖြစ်၏။
(၃) နာမ်ကြောင့် ခြောက်ခုမြောက် ‘မနာယတန’ သည် ဖြစ်၏၊ ခြောက်ခုမြောက် ‘မနာယတန'ကြောင့်လည်း နာမ်သည်ဖြစ်၏။
(၄) ခြောက်ခုမြောက် ‘မနာယတန’ ကြောင့် တွေ့ထိမှု ‘ဖဿ’ သည် ဖြစ်၏၊ တွေ့ထိမှု ‘ဖဿ’ ကြောင့်လည်း ခြောက်ခုမြောက် ‘မနာယတန’ သည်ဖြစ်၏။
(၅) တွေ့ထိမှု ‘ဖဿ’ ကြောင့် ခံစားမှု ‘ဝေဒနာ’ သည် ဖြစ်၏၊ ခံစားမှု ‘ဝေဒနာ’ ကြောင့်လည်းတွေ့ထိမှု ‘ဖဿ’ သည် ဖြစ်၏။
(၆) ခံစားမှု ‘ဝေဒနာ’ ကြောင့် ဘဝသည် ဖြစ်၏။
(၇) ဘဝကြောင့် ဇာတိသည် ဖြစ်၏်။
(၈) ဇာတိကြောင့်-
(၉) အိုခြင်း သေခြင်း ‘ဇရာမရဏ’ သည် ဖြစ်၏။ ဤဆိုအပ်ခဲ့ပြီးသောနည်းဖြင့် ချမ်းသာနှင့်မရောသော ဤဆင်းရဲအစုအပုံ၏ ထင်ရှားဖြစ်ပေါ်မှုသည် ဖြစ်၏။
--
သောတဝိညာဏ် စသည်တို့၌ ပဋိစ္စသမုပ္ပါဒ်လှည့်နည်း
၁-ပစ္စယစတုက္ကနည်း
၃၁၁။ အဘယ်တရားတို့သည် အဗျာကတ မည်ကုန်သနည်း။
အကြင်အခါ၌ ကာမာဝစရကုသိုလ်ကံကို ပြုခဲ့ဆည်းပူးခဲ့၍ ဥပေက္ခာဝေဒနာနှင့် တကွဖြစ်သော သဒ္ဒါရုံကိုအာရုံပြုသော အကျိုးဖြစ်သော ကြားသိစိတ် သောတဝိညာဏ်စိတ်သည် ဖြစ်ဆဲဖြစ်၏။ပ။ (*) ဥပေက္ခာဝေဒနာနှင့် တကွဖြစ်သော ဂန္ဓာရုံကို အာရုံပြုသော နံသိစိတ် ‘ဃာနဝိညာဏ်’ စိတ်သည်ဖြစ်ဆဲဖြစ်၏။ပ။ (*) ဥပေက္ခာဝေဒနာနှင့် တကွဖြစ်သော ရသာရုံကို အာရုံပြုသော လျက်သိစိတ် ‘ဇိဝှါဝိညာဏ်စိတ်'သည်ဖြစ်ဆဲ ဖြစ်၏။ပ။ (*) သုခဝေဒနာနှင့် တကွဖြစ်သော ဖောဋ္ဌဗ္ဗာရုံကို အာရုံပြုသော ထိသိစိတ် ‘ကာယဝိညာဏ်စိတ်'သည်ဖြစ်ဆဲ ဖြစ်၏။
(၁) ထိုအခါ၌ ပြုစီရင်မှု ‘သင်္ခါရ’ ကြောင့် သိမှု ‘ဝိညာဏ်’ သည် ဖြစ်၏။
(၂) သိမှု ‘ဝိညာဏ်’ ကြောင့် နာမ်သည် ဖြစ်၏။
(၃) နာမ်ကြောင့် ခြောက်ခုမြောက် ‘မနာယတန’ သည် ဖြစ်၏။
(၄) ခြောက်ခုမြောက် ‘မနာယတန’ ကြောင့် တွေ့ထိမှု ‘ဖဿ’ သည် ဖြစ်၏။
(၅) တွေ့ထိမှု ‘ဖဿ’ ကြောင့် ခံစားမှု ‘ဝေဒနာ’ သည် ဖြစ်၏။
(၆) ခံစားမှု ‘ဝေဒနာ’ ကြောင့် ဘဝသည် ဖြစ်၏။
(၇) ဘဝကြောင့် ဇာတိသည်ဖြစ်၏။
(၈) ဇာတိကြောင့်-
(၉) အိုခြင်း သေခြင်း ‘ဇရာမရဏ'သည် ဖြစ်၏။ ဤဆိုအပ်ခဲ့ပြီးသောနည်းဖြင့် ချမ်းသာနှင့်မရောသော ဤဆင်းရဲအစုအပုံ၏ ထင်ရှားဖြစ်ပေါ်မှုသည် ဖြစ်၏။
--
အင်္ဂါ ၉-ပါးအကျယ်
၃၁၂။ (၁) သင်္ခါရ။ ။ ထိုအင်္ဂါ ၉-ပါးတို့တွင် အဘယ်တရားသည် ပြုစီရင်မှု ‘သင်္ခါရ’ မည်သနည်း။
အကြင် စေ့ဆော်မှု ‘စေတနာ’၊ ကောင်းစွာ စေ့ဆော်မှု ‘သေဉ္စတနာ’၊ ကောင်းစွာ စေ့ဆော်တတ်သည်၏အဖြစ် ‘သေဉ္စတယိတတ္တ’ သည် ရှိ၏။ ဤသဘောကို ပြုစီရင်မှု ‘သင်္ခါရ’ ဟု ဆိုအပ်၏။ပ။ ဤသဘောကိုခြောက်ခုမြောက် ‘မနာယတန’ ကြောင့်ဖြစ်သော တွေ့ထိမှု ‘ဖဿ’ ဟု ဆိုအပ်၏။
(၆) ဝေဒနာ
ထိုအင်္ဂါ ၉-ပါးတို့တွင် အဘယ်သည် တွေ့ထိမှု ‘ဖဿ’ ကြောင့်ဖြစ်သော ခံစားမှု ‘ဝေဒနာ’ မည်သနည်း။
အကြင် ကိုယ်၌ ဖြစ်သော သာယာမှု ၊ ကိုယ်၌ ဖြစ်သော ချမ်းသာမှု ၊ ကိုယ်အတွေ့ကြောင့်ဖြစ်သောသာယာဖွယ်ကောင်းသော ချမ်းသာသော ခံစားမှု ၊ ကိုယ်အတွေ့ကြောင့်ဖြစ်သော သာယာ ဖွယ်ကောင်းသောချမ်းသာသော ခံစားခြင်းသဘောသည် ရှိ၏။ ဤသဘောကို တွေ့ထိမှု ‘ဖဿ’ ကြောင့်ဖြစ်သော ခံစားမှု ‘ဝေဒနာ’ဟု ဆိုအပ်၏။
(၇) ဘဝ
ထိုအင်္ဂါ ၉-ပါးတို့တွင် အဘယ်သည် ခံစားမှု ‘ဝေဒနာ ‘ကြောင့်ဖြစ်သော ဘဝ မည်သနည်း။
ခံစားမှု ‘ဝေဒနာ'ကို ထား၍ မှတ်သားမှု အစု ‘သညာက္ခန္ဓာ’၊ ပြုပြင်မှု အစု ‘သင်္ခါရက္ခန္ဓာ’၊ သိမှု အစု ‘ဝိညာဏက္ခန္ဓာ’ သည် ရှိ၏။ ဤသဘောကို ခံစားမှု ‘ဝေဒနာ’ ကြောင့်ဖြစ်သော ဘဝဟု ဆိုအပ်၏။ပ။ (*) ထို့ကြောင့် “ဤဆိုအပ်ခဲ့ပြီးသော နည်းဖြင့် ချမ်းသာနှင့်မရောသော ဤဆင်းရဲအစုအပုံ၏ ထင်ရှားဖြစ်ပေါ်မှုသည်ဖြစ်၏”ဟု ဆိုအပ်၏။
--
သမ္ပဋိစ္ဆိုန်းခေါ် မနောဓာတ်၌ ပဋိစ္စသမုပ္ပါဒ်လှည့်နည်း
၁-ပစ္စယစတုက္ကနည်း
၃၁၃။ အဘယ်တရားတို့သည် အဗျာကတ မည်ကုန်သနည်း။
အကြင်အခါ၌ ကာမာဝစရကုသိုလ်ကံကို ပြုခဲ့ဆည်းပူးခဲ့၍ ဥပေက္ခာဝေဒနာနှင့် တကွဖြစ်သော ရူပါရုံကိုလည်း အာရုံပြုသော၊ သဒ္ဒါရုံကိုလည်း အာရုံပြုသော၊ ဂန္ဓာရုံကိုလည်း အာရုံပြုသော၊ ရသာရုံကိုလည်းအာရုံပြုသော၊ ဖောဋ္ဌဗ္ဗာရုံကိုလည်း အာရုံပြုသော၊ အမှတ်မရှိသော အာရုံကိုလည်း အာရုံပြုသော၊ အကျိုးဖြစ်သော သိကာမျှဖြစ်သော သမ္ပဋိစ္ဆိုန်း ခေါ် မနောဓာတ်သည် ဖြစ်ဆဲဖြစ်၏။
(၁) ထိုအခါ၌ ပြုစီရင်မှု ‘သင်္ခါရ’ ကြောင့် သိမှု ‘ဝိညာဏ်’ သည် ဖြစ်၏။
(၂) သိမှု ‘ဝိညာဏ်’ ကြောင့် နာမ်သည် ဖြစ်၏။
(၃) နာမ်ကြောင့် ခြောက်ခုမြောက် ‘မနာယတန’ သည် ဖြစ်၏။
(၄) ခြောက်ခုမြောက် ‘မနာယတန’ ကြောင့် တွေ့ထိမှု ‘ဖဿ’ သည် ဖြစ်၏။
(၅) တွေ့ထိမှု ‘ဖဿ’ ကြောင့် ခံစားမှု ‘ဝေဒနာ’ သည် ဖြစ်၏။
(၆) ခံစားမှု ‘ဝေဒနာ’ ကြောင့် ဆုံးဖြတ်မှု ‘အဓိမောက္ခ’ သည် ဖြစ်၏။
(၇) ဆုံးဖြတ်မှု ‘အဓိမောက္ခ’ ကြောင့် ဘဝသည် ဖြစ်၏။
(၈) ဘဝကြောင့် ဇာတိသည် ဖြစ်၏။
(၉) ဇာတိကြောင့်-
(၁၀) အိုခြင်း သေခြင်း ‘ဇရာမရဏ’ သည် ဖြစ်၏။ ဤဆိုအပ်ခဲ့ပြီးသောနည်းဖြင့် ချမ်းသာနှင့်မရောသော ဤဆင်းရဲအစုအပုံ၏ ထင်ရှားဖြစ်ပေါ်မှုသည် ဖြစ်၏။
--
အင်္ဂါ-၁၀-ပါးအကျယ်
၃၁၄။ (၁) သင်္ခါရ။ ။ ထိုအင်္ဂါ၁၀-ပါးတို့တွင် အဘယ်သည် ပြုစီရင်မှု ‘သင်္ခါရ’ မည်သနည်း။
အကြင် စေ့ဆော်မှု ‘စေတနာ’၊ ကောင်းစွာ စေ့ဆော်မှု ‘သေဉ္စတနာ’၊ ကောင်းစွာ စေ့ဆော်တတ်သည်၏အဖြစ် ‘သေဉ္စတယိတတ္တ’ သည် ရှိ၏။ ဤသဘောကို ပြုစီရင်မှု ‘သင်္ခါရ’ဟု ဆိုအပ်၏။
(၂) ဝိညာဏ်
ထိုအင်္ဂါ၁၀-ပါးတို့တွင် အဘယ်သည် ပြုစီရင်မှု ‘သင်္ခါရ’ ကြောင့် ဖြစ်သောသိမှု ‘ဝိညာဏ်’ မည်သနည်း။
အကြင် ဆန်းကြယ်ခြင်းသဘော ‘စိတ္တ’၊ သိမှု သဘော ‘မန’၊ သိခြင်းသဘော ‘မာနသ’။ပ။ ထိုစိတ့်အား လျော်သော သိမှု သဘော ‘တဇ္ဇာမနောဓာတ်’ သည် ရှိ၏။ ဤသဘောကို ပြုစီရင်မှု ‘သင်္ခါရ’ ကြောင့်ဖြစ်သော သိမှု ‘ဝိညာဏ်’ ဟု ဆိုအပ်၏။ပ။ ဤသဘောကို ခြောက်ခုမြောက် ‘မနာယတန’ ကြောင့်ဖြစ်သော တွေ့ထိမှု ‘ဖဿ’ ဟု ဆိုအပ်၏။
(၆) ဝေဒနာ
ထိုအင်္ဂါ၁၀-ပါးတို့တွင် အဘယ်သည် တွေ့ထိမှု ‘ဖဿ'ကြောင့်ဖြစ်သော ခံစားမှု ‘ဝေဒနာ’ မည်သနည်း။
အကြင် စိတ်၌ ဖြစ်သော သာယာဖွယ်လည်းမဟုတ်, မသာယာဖွယ်လည်းမဟုတ်သော သဘောသည်၊ စိတ်အတွေ့ကြောင့်ဖြစ်သော ဆင်းရဲ, ချမ်းသာမဟုတ်သော ခံစားခြင်းသည်၊ စိတ်အတွေ့ကြောင့်ဖြစ်သောဆင်းရဲ, ချမ်းသာမဟုတ်သော ခံစားမှု သဘောသည် ရှိ၏။ ဤသဘောကိုတွေ့ထိမှု ‘ဖဿ'ကြောင့်ဖြစ်သော ခံစားမှု ‘ဝေဒနာ’ဟု ဆိုအပ်၏။
(၇) အဓိမောက္ခ
ထိုအင်္ဂါ၁၀-ပါးတို့တွင် အဘယ်သည် ခံစားမှု ‘ဝေဒနာ’ ကြောင့်ဖြစ်သော ဆုံးဖြတ်မှု ‘အဓိမောက္ခ’ မည်သနည်း။
အကြင်စိတ်၏ (အာရုံကို) ဆုံးဖြတ်မှု ‘အဓိမောက္ခ’၊ ဆုံးဖြတ်သောအခြင်းအရာ ‘အဓိမုစ္စနာ’၊ ထိုအာရုံကို ဆုံးဖြတ်တတ်သည်၏အဖြစ် ‘တဒဓိမုတ္တတာ’ သည် ရှိ၏။ ဤသဘောကို ခံစားမှု ‘ဝေဒနာ’ ကြောင့် ဖြစ်သော ဆုံးဖြတ်မှု ‘အဓိမောက္ခ’ ဟု ဆိုအပ်၏။
(၈) ဘဝ
ထိုအင်္ဂါ၁၀-ပါးတို့တွင် အဘယ်သည် ဆုံးဖြတ်မှု ‘အဓိမောက္ခ’ ကြောင့်ဖြစ်သောဘဝ မည်သနည်း။
ဆုံးဖြတ်မှု ‘အဓိမောက္ခ'ကို ထား၍ ခံစားမှု အစု ‘ဝေဒနာက္ခန္ဓာ’၊ မှတ်သားမှု အစု ‘သညာက္ခန္ဓာ’၊ ပြုပြင်မှု အစု ‘သင်္ခါရက္ခန္ဓာ’၊ သိမှု အစု ‘ဝိညာဏက္ခန္ဓာ’ သည် ရှိ၏။ ဤသဘောကို ဆုံးဖြတ်မှု ‘အဓိမောက္ခ'ကြောင့် ဖြစ်သော ဘဝဟု ဆိုအပ်၏။ပ။ (*) ထို့ကြောင့် “ဤဆိုအပ်ခဲ့ပြီးသော နည်းဖြင့် ချမ်းသာနှင့်မရောသော ဤဆင်းရဲအစုအပုံ၏ ထင်ရှားဖြစ်ပေါ်မှုသည် ဖြစ်၏”ဟု ဆိုအပ်၏။
--
သောမနဿ သန္တီရဏစိတ်၌ ပဋိစ္စသမုပ္ပါဒ်လှည့်နည်း
၁-ပစ္စယစတုက္ကနည်း
၃၁၅။ အဘယ်တရားတို့သည် အဗျာကတ မည်ကုန်သနည်း။
အကြင်အခါ၌ ကာမာဝစရကုသိုလ်ကံကို ပြုခဲ့ဆည်းပူးခဲ့၍ ရူပါရုံကိုလည်း အာရုံပြုသော၊ သဒ္ဒါရုံကိုလည်း အာရုံပြုသော၊ ဂန္ဓာရုံကိုလည်း အာရုံပြုသော၊ ရသာရုံကိုလည်း အာရုံပြုသော၊ ဖောဋ္ဌဗ္ဗာရုံကိုလည်း အာရုံပြုသော၊ ဓမ္မာရုံကိုလည်း အာရုံပြုသော၊ အမှတ်မရှိသော အာရုံကိုလည်း အာရုံပြုသောသောမနဿဝေဒနာနှင့် တကွဖြစ်သော ဝိပါက်ဖြစ်သော မနောဝိညာဏဓာတ် ခေါ် ‘သန္တီရဏစိတ်’ သည်ဖြစ်ဆဲဖြစ်၏။
(၁) ထိုအခါ၌ ပြုစီရင်မှု ‘သင်္ခါရ’ ကြောင့် သိမှု ‘ဝိညာဏ်’ သည် ဖြစ်၏။
(၂) သိမှု ‘ဝိညာဏ်’ ကြောင့် နာမ်သည် ဖြစ်၏။
(၃) နာမ်ကြောင့် ခြောက်ခုမြောက် ‘မနာယတန’ သည် ဖြစ်၏။
(၄) ခြောက်ခုမြောက် ‘မနာယတန’ ကြောင့် တွေ့ထိမှု ‘ဖဿ’ သည် ဖြစ်၏။
(၅) တွေ့ထိမှု ‘ဖဿ’ ကြောင့် ခံစားမှု ‘ဝေဒနာ’ သည် ဖြစ်၏။
(၆) ခံစားမှု ‘ဝေဒနာ’ ကြောင့် ဆုံးဖြတ်မှု ‘အဓိမောက္ခ’ သည် ဖြစ်၏။
(၇) ဆုံးဖြတ်မှု ‘အဓိမောက္ခ’ ကြောင့် ဘဝသည် ဖြစ်၏။
(၈) ဘဝကြောင့် ဇာတိသည် ဖြစ်၏။
(၉) ဇာတိကြောင့်-
(၁၀) အိုခြင်း သေခြင်း ‘ဇရာမရဏ'သည် ဖြစ်၏။ ဤဆိုအပ်ခဲ့ပြီးသောနည်းဖြင့် ချမ်းသာနှင့်မရောသော ဤဆင်းရဲအစုအပုံ၏ ထင်ရှားဖြစ်ပေါ်မှုသည် ဖြစ်၏။
--
အင်္ဂါ-၁၀-ပါးအကျယ်
၃၁၆။ (၁) သင်္ခါရ။ ။ ထိုအင်္ဂါ၁၀-ပါးတို့တွင် အဘယ်သည် ပြုစီရင်မှု ‘သင်္ခါရ’ မည်သနည်း။
အကြင်စေ့ဆော်မှု ‘စေတနာ’၊ ကောင်းစွာစေ့ဆော်မှု ‘သေဉ္စတနာ’၊ ကောင်းစွာစေ့ဆော်တတ်သည်၏အဖြစ် ‘သေဉ္စတယိတတ္တ’ သည် ရှိ၏။ ဤသဘောကို ပြုစီရင်မှု ‘သင်္ခါရ’ ဟု ဆိုအပ်၏။
(၂) ဝိညာဏ်
ထိုအင်္ဂါ၁၀-ပါးတို့တွင် အဘယ်သည် ပြုစီရင်မှု ‘သင်္ခါရ’ ကြောင့်ဖြစ်သောသိမှု ‘ဝိညာဏ်’ မည်သနည်း။
အကြင်ဆန်းကြယ်မှု သဘော ‘စိတ္တ’၊ သိမှု သဘော ‘မန’၊ သိခြင်းသဘော ‘မာနသ’။ပ။ ထိုစိတ်အားလျော်သော သိမှု သဘော ‘တဇ္ဇာမနောဝိညာဏဓာတ်’ သည် ရှိ၏။ ဤသဘောကို ပြုစီရင်မှု ‘သင်္ခါရ'ကြောင့် ဖြစ်သော သိမှု ‘ဝိညာဏ်’ ဟု ဆိုအပ်၏။ပ။ ဤသဘောကို ခြောက်ခုမြောက် ‘မနာယတန’ ကြောင့်ဖြစ်သော တွေ့ထိမှု ‘ဖဿ’ ဟု ဆိုအပ်၏။
(၆) ဝေဒနာ
ထိုအင်္ဂါ၁၀-ပါးတို့တွင် အဘယ်သည် တွေ့ထိမှု ‘ဖဿ’ ကြောင့် ဖြစ်သောခံစားမှု ‘ဝေဒနာ’ မည်သနည်း။
အကြင်စိတ်၌ ဖြစ်သော သာယာမှု ၊ စိတ်၌ ဖြစ်သော ချမ်းသာမှု ၊ စိတ်အတွေ့ကြောင့်ဖြစ်သော သာယာဖွယ်ကောင်းသော ချမ်းသာသော ခံစားမှု ၊ စိတ်အတွေ့ကြောင့်ဖြစ်သော သာယာဖွယ်ကောင်းသောချမ်းသာသော ခံစားခြင်းသဘောသည် ရှိ၏။ ဤသဘောကို တွေ့ထိမှု ‘ဖဿ’ ကြောင့်ဖြစ်သော ခံစားမှု ‘ဝေဒနာ’ ဟု ဆိုအပ်၏။
(၇) အဓိမောက္ခ
ထိုအင်္ဂါ၁၀-ပါးတို့တွင် အဘယ်သည် ခံစားမှု ‘ဝေဒနာ'ကြောင့်ဖြစ်သော ဆုံးဖြတ်မှု ‘အဓိမောက္ခ’ မည်သနည်း။
အကြင်စိတ်၏ (အာရုံကို) ဆုံးဖြတ်မှု ‘အမိမောက္ခ’၊ ဆုံးဖြတ်သောအခြင်းအရာ ‘အမိမုစ္စနာ’၊ ထို (အာရုံကို) ဆုံးဖြတ်တတ်သည်၏အဖြစ် ‘တဒဓိမုတ္တတာ’ သည် ရှိ၏။ ဤသဘောကိုခံစားမှု ‘ဝေဒနာ’ ကြောင့် ဖြစ်သော ဆုံးဖြတ်မှု ‘အဓိမောက္ခ’ ဟု ဆိုအပ်၏။
(၈) ဘဝ
ထိုအင်္ဂါ ၁၀-ပါးတို့တွင် အဘယ်သည် ဆုံးဖြတ်မှု ‘အဓိမောက္ခ’ ကြောင့်ဖြစ်သော ဘဝ မည်သနည်း။
ဆုံးဖြတ်မှု ‘အဓိမောက္ခ'ကို ထား၍ ခံစားမှု အစု ‘ဝေဒနာက္ခန္ဓာ’၊ မှတ်သားမှု အစု ‘သညာက္ခန္ဓာ’၊ ပြုပြင်မှု အစု ‘သင်္ခါရက္ခန္ဓာ’၊ သိမှု အစု ‘ဝိညာဏက္ခန္ဓာ’ သည် ရှိ၏။ ဤသဘောကို ဆုံးဖြတ်မှု ‘အဓိမောက္ခ’ ကြောင့်ဖြစ်သော ဘဝဟု ဆိုအပ်၏။ပ။ (*) ထို့ကြောင့် “ဤဆိုအပ်ခဲ့ပြီးသောနည်းဖြင့် ချမ်းသာနှင့်မရောသော ဤဆင်းရဲအစုအပုံ၏ ထင်ရှားဖြစ်ပေါ်မှုသည်ဖြစ်၏” ဟု ဆိုအပ်၏။
--
ဥပေက္ခာသန္တီရဏစိတ်၌ ပဋိစ္စသမုပ္ပါဒ်လှည့်နည်း
၁-ပစ္စယစတုက္ကနည်း
၃၁၇။ အဘယ်တရားတို့သည် အဗျာကတ မည်ကုန်သနည်း။
အကြင်အခါ၌ ကာမာဝစရကုသိုလ်ကံကို ပြုခဲ့ဆည်းပူးခဲ့၍ ရူပါရုံကိုလည်း အာရုံပြုသော၊ သဒ္ဒါရုံကိုလည်း အာရုံပြုသော၊ ဂန္ဓာရုံကိုလည်း အာရုံပြုသော၊ ရသာရုံကိုလည်း အာရုံပြုသော၊ ဖောဋ္ဌဗ္ဗာရုံကို့လည်း အာရုံပြုသော၊ ဓမ္မာရုံကိုလည်း အာရုံပြုသော၊ အမှတ်မရှိသောအာရုံကိုလည်း အာရုံပြုသောဥပေက္ခာဝေဒနာနှင့်တကွဖြစ်သော အကျိုးဖြစ်သော မနောဝိညာဏဓာတ်ခေါ် သန္တီရဏစိတ်သည် ဖြစ်ဆဲဖြစ်၏။
(၁) ထိုအခါ၌ ပြုစီရင်မှု ‘သင်္ခါရ’ ကြောင့် သိမှု ‘ဝိညာဏ်’ သည် ဖြစ်၏။
(၂) သိမှု ‘ဝိညာဏ်’ ကြောင့် နာမ်သည် ဖြစ်၏။
(၃) နာမ်ကြောင့် ခြောက်ခုမြောက် ‘မနာယတန’ သည် ဖြစ်၏။
(၄) ခြောက်ခုမြောက် ‘မနာယတန’ ကြောင့် တွေ့ထိမှု ‘ဖဿ’ သည် ဖြစ်၏။
(၅) တွေ့ထိမှု ‘ဖဿ’ ကြောင့် ခံစားမှု ‘ဝေဒနာ’ သည် ဖြစ်၏။
(၆) ခံစားမှု ‘ဝေဒနာ’ ကြောင့် ဆုံးဖြတ်မှု ‘အဓိမောက္ခ’ သည် ဖြစ်၏။
(၇) ဆုံးဖြတ်မှု ‘အဓိမောက္ခ’ ကြောင့် ဘဝသည် ဖြစ်၏။
(၈) ဘဝကြောင့် ဇာတိသည် ဖြစ်၏။
(၉) ဇာတိကြောင့်-
(၁၀) အိုခြင်း သေခြင်း ‘ဇရာမရဏ’ သည် ဖြစ်၏။ ဤဆိုအပ်ခဲ့ပြီးသောနည်းဖြင့် ချမ်းသာနှင့်မရောသော ဤဆင်းရဲအစုအပုံ၏ ထင်ရှားဖြစ်ပေါ်မှုသည် ဖြစ်၏။
--
အင်္ဂါ-၁၀-ပါးအကျယ်
၃၁၈။ (၁) သင်္ခါရ။ ။ ထိုအင်္ဂါ၁၀-ပါးတို့တွင် အဘယ်သည် ပြုစီရင်မှု ‘သင်္ခါရ’ မည်သနည်း။
အကြင် စေ့ဆော်မှု ‘စေတနာ’၊ ကောင်းစွာ စေ့ဆော်မှု ‘သေဉ္စတနာ’၊ ကောင်းစွာ စေ့ဆော်တတ်သည်၏အဖြစ် ‘သေဉ္စတယိတတ္တ’ သည် ရှိ၏။ ဤသဘောကို ပြုစီရင်မှု ‘သင်္ခါရ’ ဟု ဆိုအပ်၏။
(၂) ဝိညာဏ်
ထိုအင်္ဂါ၁၀-ပါးတို့တွင် အဘယ်သည် ပြုစီရင်မှု ‘သင်္ခါရ’ ကြောင့်ဖြစ်သောသိမှု ‘ဝိညာဏ်’ မည်သနည်း။
အကြင် ဆန်းကြယ်သောသဘော ‘စိတ္တ’၊ သိခြင်းသဘော ‘မန’၊ သိမှု သဘော ‘မာနသ’။ပ။ ထိုစိတ်အား လျော်သော အထူးသိမှု သဘော ‘တဇ္ဇာမနောဝိညာဏဓာတ်’ သည် ရှိ၏။ ဤသဘောကို ပြုစီရင်မှု ‘သင်္ခါရ'ကြောင့် ဖြစ်သော သိမှု ‘ဝိညာဏ်’ ဟု ဆိုအပ်၏။ပ။ ဤသဘောကို ခြောက်ခုမြောက် ‘မနာယတန’ ကြောင့် ဖြစ်သော တွေ့ထိမှု ‘ဖဿ’ ဟု ဆိုအပ်၏။
(၆) ဝေဒနာ
ထိုအင်္ဂါ၁၀-ပါးတို့တွင် အဘယ်သည် တွေ့ထိမှု ‘ဖဿ’ ကြောင့်ဖြစ်သောခံစားမှု ‘ဝေဒနာ’ မည်သနည်း။
အကြင် စိတ်၌ ဖြစ်သော သာယာဖွယ်လည်းမဟုတ်, မသာယာဖွယ်လည်းမဟုတ်သော သဘောသည်၊ စိတ် အတွေ့ကြောင့်ဖြစ်သော ဆင်းရဲ, ချမ်းသာမဟုတ်သော ခံစားခြင်းသည်၊ စိတ်အတွေ့ကြောင့်ဖြစ်သောဆင်းရဲ, ချမ်းသာမဟုတ်သော ခံစားမှု သဘောသည် ရှိ၏။ ဤသဘောကို တွေ့ထိမှု ‘ဖဿ'ကြောင့်ဖြစ်သော ခံစားမှု ‘ဝေဒနာ’ဟု ဆိုအပ်၏။
(၇) အဓိမောက္ခ
ထိုအင်္ဂါ၁၀-ပါးတို့တွင် အဘယ်သည် ခံစားမှု ‘ဝေဒနာ'ကြောင့် ဖြစ်သောဆုံးဖြတ်မှု ‘အဓိမောက္ခ’ မည်သနည်း။
အကြင်စိတ်၏ (အာရုံကို) ဆုံးဖြတ်မှု ‘အမိမောက္ခ’၊ ဆုံးဖြတ်သောအခြင်းအရာ ‘အမိမုစ္စနာ’၊ ထို (အာရုံကို) ဆုံးဖြတ်တတ်သည်၏ အဖြစ် ‘တဒဓိမုတ္တတာ’ သည် ရှိ၏။ ဤသဘောကို ခံစားမှု ‘ဝေဒနာ’ ကြောင့် ဖြစ်သော ဆုံးဖြတ်မှု ‘အဓိမောက္ခ’ ဟု ဆိုအပ်၏။
(၈) ဘဝ
ထိုအင်္ဂါ၁၀-ပါးတို့တွင် အဘယ်သည် ဆုံးဖြတ်မှု ‘အဓိမောက္ခ'ကြောင့်ဖြစ်သော ဘဝ မည်သနည်း။
ဆုံးဖြတ်မှု ‘အဓိမောက္ခ’ ကိုထား၍ ခံစားမှု အစု ‘ဝေဒနာက္ခန္ဓာ’၊ မှတ်သားမှု အစု ‘သညာက္ခန္ဓာ’၊ ပြုပြင်မှု အစု ‘သင်္ခါရက္ခန္ဓာ’၊ သိမှု အစု ‘ဝိညာဏက္ခန္ဓာ'သည် ရှိ၏။ ဤသဘောကို ဆုံးဖြတ်မှု ‘အဓိမောက္ခ'ကြောင့်ဖြစ်သော ဘဝဟု ဆိုအပ်၏။ပ။
ထို့ကြောင့် “ဤဆိုအပ်ခဲ့ပြီးသော နည်းဖြင့် ချမ်းသာနှင့်မရောသော ဤဆင်းရဲအစုအပုံ၏ ထင်ရှားဖြစ်ပေါ်မှုသည်ဖြစ်၏”ဟု ဆိုအပ်၏။
--
မဟာဝိပါက်စိတ် ၈-ခုတို့၌ ပဋိစ္စသမုပ္ပါဒ်လှည့်နည်း
၁-ပစ္စယစတုက္ကနည်း
၃၁၉။ အဘယ်တရားတို့သည် အဗျာကတ မည်ကုန်သနည်း။
အကြင်အခါ၌ ကာမာဝစရကုသိုလ်ကံကို ပြုခဲ့ဆည်းပူးခဲ့၍ သောမနဿဝေဒနာနှင့် တကွဖြစ်သော၊ ဉာဏ်နှင့် ယှဉ်သော၊ (တိုက်တွန်းခြင်းမရှိသော)၊ အကျိုးဖြစ်သော မနောဝိညာဏဓာတ်ခေါ် မဟာဝိပါက်စိတ်သည် ဖြစ်ဆဲ ဖြစ်၏။ပ။ (*) သောမနဿဝေဒနာနှင့် တကွဖြစ်သော၊ ဉာဏ်နှင့်ယှဉ်သော၊ တိုက်တွန်းခြင်းနှင့် တကွဖြစ်သော။ပ။ (*) သောမနဿဝေဒနာနှင့် တကွဖြစ်သော၊ ဉာဏ်နှင့်မယှဉ်သော။ပ။ (*) သောမနဿဝေဒနာနှင့် တကွဖြစ်သော၊ ဉာဏ်နှင့်မယှဉ်သော၊ တိုက်တွန်းခြင်းနှင့် တကွဖြစ်သော။ပ။ (*) ဥပေက္ခာဝေဒနာနှင့် တကွဖြစ်သော၊ ဉာဏ်နှင့်ယှဉ်သော။ပ။
ဥပေက္ခာဝေဒနာနှင့် တကွဖြစ်သော၊ ဉာဏ်နှင့်ယှဉ်သော၊ တိုက်တွန်းခြင်းနှင့် တကွဖြစ်သော။ပ။ (*) ဥပေက္ခာဝေဒနာနှင့် တကွဖြစ်သော၊ ဉာဏ်နှင့်မယှဉ်သော။ပ။ (*) ဥပေက္ခာဝေဒနာနှင့် တကွဖြစ်သော၊ ဉာဏ်နှင့်မယှဉ်သော၊ တိုက်တွန်းခြင်းနှင့် တကွဖြစ်သော ရူပါရုံကိုလည်း အာရုံပြုသော။ပ။ ဓမ္မာရုံကိုလည်း အာရုံပြုသော၊ အမှတ်မရှိသောအာရုံကိုလည်း အာရုံပြုသော၊ အကျိုးဖြစ်သော မနောဝိညာဏဓာတ်ခေါ် မဟာဝိပါက်စိတ်သည် ဖြစ်ဆဲဖြစ်၏။
(၁) ထိုအခါ၌ ပြုစီရင်မှု ‘သင်္ခါရ’ ကြောင့် သိမှု ‘ဝိညာဏ်’ သည် ဖြစ်၏။
(၂) သိမှု ‘ဝိညာဏ်’ ကြောင့် နာမ်သည် ဖြစ်၏။
(၃) နာမ်ကြောင့် ခြောက်ခုမြောက် ‘မနာယတန’ သည် ဖြစ်၏။
(၄) ခြောက်ခုမြောက် ‘မနာယတန’ ကြောင့် တွေ့ထိမှု ‘ဖဿ’ သည် ဖြစ်၏။
(၅) တွေ့ထိမှု ‘ဖဿ’ ကြောင့် ခံစားမှု ‘ဝေဒနာ’ သည် ဖြစ်၏။
(၆) ခံစားမှု ‘ဝေဒနာ’ ကြောင့် ကြည်လင်မှု ‘သဒ္ဓါ’ သည် ဖြစ်၏။
(၇) ကြည်လင်မှု ‘သဒ္ဓါ’ ကြောင့် ဆုံးဖြတ်မှု ‘အဓိမောက္ခ’ သည် ဖြစ်၏။
(၈) ဆုံးဖြတ်မှု ‘အဓိမောက္ခ’ ကြောင့် ဘဝသည် ဖြစ်၏။
(၉) ဘဝကြောင့် ဇာတိသည် ဖြစ်၏။
(၁၀) ဇာတိကြောင့်-
(၁၁) အိုခြင်း သေခြင်း ‘ဇရာမရဏ’ သည် ဖြစ်၏။ ဤဆိုအပ်ခဲ့ပြီးသောနည်းဖြင့် ချမ်းသာနှင့်မရောသော ဤဆင်းရဲအစုအပုံ၏ ထင်ရှားဖြစ်ပေါ်မှုသည် ဖြစ်၏။
--
အင်္ဂါ-၁၁-ပါးအကျယ်
၃၂၀။ (၁) သင်္ခါရ။ ။ ထိုအင်္ဂါ၁၁-ပါးတို့တွင် အဘယ်သည် ပြုစီရင်မှု ‘သင်္ခါရ’ မည်သနည်း။
အကြင် စေ့ဆော်မှု ‘စေတနာ’၊ ကောင်းစွာ စေ့ဆော်ခြင်း ‘သေဉ္စတနာ’၊ ကောင်းစွာ စေ့ဆော်တတ်သည်၏ အဖြစ် ‘သေဉ္စတယိတတ္တ’ သည် ရှိ၏။ ဤသဘောကို ပြုစီရင်မှု ‘သင်္ခါရ’ဟု ဆိုအပ်၏။
(၂) ဝိညာဏ်
ထိုအင်္ဂါ၁၁-ပါးတို့တွင် အဘယ်သည် ပြုစီရင်မှု ‘သင်္ခါရ’ ကြောင့်ဖြစ်သောသိမှု ‘ဝိညာဏ်’ မည်သနည်း။
အကြင်ဆန်းကြယ်သောသဘော ‘စိတ္တ’၊ သိခြင်းသဘော ‘မန’၊ သိမှု သဘော ‘မာနသ’။ပ။ ထိုစိတ်အားလျော်သော အထူးသိမှု သဘော ‘တဇ္ဇာမနောဝိညာဏဓာတ်’ သည် ရှိ၏။ ဤသဘောကိုပြုစီရင်မှု ‘သင်္ခါရ'ကြောင့် ဖြစ်သော သိမှု ‘ဝိညာဏ်’ ဟု ဆိုအပ်၏။ပ။ ဤသဘောကို တွေ့ထိမှု ‘ဖဿ’ ကြောင့်ဖြစ်သော ခံစားမှု ‘ဝေဒနာ’ ဟု ဆိုအပ်၏။
(၇) သဒ္ဓါ
ထိုအင်္ဂါ၁၁-ပါးတို့တွင် အဘယ်သည် ခံစားမှု ‘ဝေဒနာ’ ကြောင့်ဖြစ်သောကြည်လင်မှု ‘သဒ္ဓါ’ မည်သနည်း။
အကြင်ယုံကြည်မှု ‘သဒ္ဓါ’၊ ယုံကြည်သောအခြင်းအရာ ‘သဒ္ဒဟနာ’၊ သက်ဝင်မှု ‘ဩကပ္ပနာ’၊ အလွန်ကြည်လင်မှု ‘အဘိပ္ပသာဒ’ သည် ရှိ၏။ ဤသဘောကို ခံစားမှု ‘ဝေဒနာ'ကြောင့်ဖြစ်သော ကြည်လင်မှု ‘သဒ္ဓါ’ဟု ဆိုအပ်၏။
(၈) အဓိမောက္ခ
ထိုအင်္ဂါ၁၁-ပါးတို့တွင် အဘယ်သည် ကြည်လင်မှု ‘သဒ္ဓါ'ကြောင့်ဖြစ်သောဆုံးဖြတ်မှု ‘အဓိမောက္ခ’ မည်သနည်း။
အကြင်စိတ်၏ (အာရုံကို) ဆုံးဖြတ်မှု ‘အဓိမောက္ခ’၊ ဆုံးဖြတ်သောအခြင်းအရာ ‘အဓိမုစ္စနာ’၊ ထို (အာရုံကို) ဆုံးဖြတ်တတ်သည်၏ အဖြစ် ‘တဒဓိမုတ္တတာ’ သည် ရှိ၏။ ဤသဘောကို ကြည်လင်မှု ‘သဒ္ဓါ’ ကြောင့်ဖြစ်သော ဆုံးဖြတ်မှု ‘အဓိမောက္ခ’ ဟု ဆိုအပ်၏။
(၉) ဘဝ
ထိုအင်္ဂါ၁၁-ပါးတို့တွင် အဘယ်သည် ဆုံးဖြတ်မှု ‘အဓိမောက္ခ'ကြောင့်ဖြစ်သောဘဝ မည်သနည်း။
ဆုံးဖြတ်မှု ‘အဓိမောက္ခ'ကို ထား၍ ခံစားမှု အစု ‘ဝေဒနာက္ခန္ဓာ’၊ မှတ်သားမှု အစု ‘သညာက္ခန္ဓာ’၊ ပြုပြင်မှု အစု ‘သင်္ခါရက္ခန္ဓာ’၊ သိမှု အစု ‘ဝိညာဏက္ခန္ဓာ’ သည် ရှိ၏။ ဤသဘောကို ဆုံးဖြတ်မှု ‘အဓိမောက္ခ'ကြောင့် ဖြစ်သော ဘဝဟု ဆိုအပ်၏။ပ။
ထို့ကြောင့် “ဤဆိုအပ်ခဲ့ပြီးသောနည်းဖြင့် ချမ်းသာနှင့်မရောသော ဤဆင်းရဲအစုအပုံ၏ ထင်ရှားဖြစ်ပေါ်မှုသည်ဖြစ်၏”ဟု ဆိုအပ်၏။
--
ရူပါဝစရဝိပါက်စိတ်၌ ပဋိစ္စသမုပ္ပါဒ်လှည့်နည်း
၁-ပစ္စယစတုက္ကနည်း
၃၂၁။ အဘယ်တရားတို့သည် အဗျာကတ မည်ကုန်သနည်း။
အကြင်အခါ၌ ရူပဘုံ၌ ဖြစ်ရန် ရောက်ကြောင်း (ဈာန်) ကို ပွါးများအားထုတ်၏၊ ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ ပထဝီကသိုဏ်းကို အာရုံပြုသော ပထမဈာန်ကို ပြည့်စုံစေ၍ နေ၏။ ထိုအခါ၌ တွေ့ထိမှု ‘ဖဿ’ သည် ဖြစ်၏။ပ။ မပျံ့လွင့်ခြင်း ‘အဝိက္ခေပ’ သည် ဖြစ်၏။ ဤတရားတို့သည် ကုသိုလ်တရားတို့ မည်ကုန်၏။ ထိုရူပါဝစရကုသိုလ်ကံကိုသာလျှင် ပြုခဲ့ဆည်းပူးခဲ့၍ ကာမဂုဏ်တို့မှ ကင်းဆိတ်၍သာလျှင်။ပ။ ပထဝီကသိုဏ်းကို အာရုံပြုသော အကျိုးဖြစ်သော ပထမဈာန်ကို ပြည့်စုံစေ၍ နေ၏။
(၁) ထိုအခါ၌ ပြုစီရင်မှု ‘သင်္ခါရ’ ကြောင့် သိမှု ‘ဝိညာဏ်’ သည် ဖြစ်၏။
(၂) သိမှု ‘ဝိညာဏ်’ ကြောင့် နာမ်သည် ဖြစ်၏။
(၃) နာမ်ကြောင့် ခြောက်ခုမြောက် ‘မနာယတန’ သည် ဖြစ်၏။
(၄) ခြောက်ခုမြောက် ‘မနာယတန’ ကြောင့် တွေ့ထိမှု ‘ဖဿ’ သည် ဖြစ်၏။
(၅) တွေ့ထိမှု ‘ဖဿ’ ကြောင့် ခံစားမှု ‘ဝေဒနာ’ သည် ဖြစ်၏။
(၆) ခံစားမှု ‘ဝေဒနာ’ ကြောင့် ကြည်လင်မှု ‘သဒ္ဓါ’ သည် ဖြစ်၏။
(၇) ကြည်လင်မှု ‘သဒ္ဓါ’ ကြောင့် ဆုံးဖြတ်မှု (အဓိမောက္ခ) သည် ဖြစ်၏။
(၈) ဆုံးဖြတ်မှု (အဓိမောက္ခ) ကြောင့် ဘဝသည် ဖြစ်၏။
(၉) ဘဝကြောင့် ဇာတိသည် ဖြစ်၏။
(၁၀) ဇာတိကြောင့်-
(၁၁) အိုခြင်း သေခြင်း ‘ဇရာမရဏ’ သည် ဖြစ်၏။ ဤဆိုအပ်ခဲ့ပြီးသောနည်းဖြင့် ချမ်းသာနှင့်မရောသော ဤဆင်းရဲအစုအပုံ၏ ထင်ရှားဖြစ်ပေါ်မှုသည် ဖြစ်၏။
--
အရူပါဝစရဝိပါက်စိတ်၌ ပဋိစ္စသမုပ္ပါဒ်လှည့်နည်း
၁-ပစ္စယစတုက္ကနည်း
၃၂၂။ အဘယ်တရားတို့သည် အဗျာကတ မည်ကုန်သနည်း။
အကြင်အခါ၌ အရူပဘုံ၌ ဖြစ်ရန် ရောက်ကြောင်းဈာန်ကို ပွါးများအားထုတ်၏၊ အာကိဉ္စညာယတနဈာန်ကို လုံးဝ လွန်မြောက်၍ နေဝသညာနာသညာယတန သညာနှင့် တကွသော၊ ချမ်းသာခြင်း ‘သုခ'ကိုလည်း ပယ်ခြင်းကြောင့်။ပ။ စတုတ္ထဈာန်ကို ပြည့်စုံစေ၍ နေ၏။ ထိုအခါ တွေ့ထိမှု ‘ဖဿ'သည် ဖြစ်၏။ပ။ မပျံ့လွင့်ခြင်း ‘အဝိက္ခေပ’ သည် ဖြစ်၏။ ဤတရားတို့သည် ကုသိုလ်တရားတို့ မည်ကုန်၏။ ထိုအရူပါဝစရကုသိုလ်ကံကိုသာလျှင် ပြုခဲ့ဆည်းပူးခဲ့၍ အာကိဉ္စညာယတနဈာန်ကို လုံးဝ လွန်မြောက်၍နေဝသညာနာသညာယတန သညာနှင့်တကွသော၊ ချမ်းသာမှု ‘သုခ'ကိုလည်း ပယ်ခြင်းကြောင့်။ပ။ အကျိုးဖြစ်သော စတုတ္ထဈာန်ကို ပြည့်စုံစေ၍ နေ၏။
(၁) ထိုအခါ၌ ပြုစီရင်မှု ‘သင်္ခါရ’ ကြောင့် သိမှု ‘ဝိညာဏ်’ သည် ဖြစ်၏။
(၂) သိမှု ‘ဝိညာဏ်’ ကြောင့် နာမ်သည် ဖြစ်၏။
(၃) နာမ်ကြောင့် ခြောက်ခုမြောက် ‘မနာယတန’ သည် ဖြစ်၏။
(၄) ခြောက်ခုမြောက် ‘မနာယတန’ ကြောင့် တွေ့ထိမှု ‘ဖဿ’ သည် ဖြစ်၏။
(၅) တွေ့ထိမှု ‘ဖဿ’ ကြောင့် ခံစားမှု ‘ဝေဒနာ’ သည် ဖြစ်၏။
(၆) ခံစားမှု ‘ဝေဒနာ’ ကြောင့် ကြည်လင်မှု ‘သဒ္ဓါ’ သည် ဖြစ်၏။
(၇) ကြည်လင်မှု ‘သဒ္ဓါ’ ကြောင့် ဆုံးဖြတ်မှု (အဓိမောက္ခ) သည် ဖြစ်၏။
(၈) ဆုံးဖြတ်မှု (အဓိမောက္ခ) ကြောင့် ဘဝသည် ဖြစ်၏။
(၉) ဘဝကြောင့် ဇာတိသည် ဖြစ်၏။
(၁၀) ဇာတိကြောင့်-
(၁၁) အိုခြင်း သေခြင်း ‘ဇရာမရဏ’ သည် ဖြစ်၏။ ဤဆိုအပ်ခဲ့ပြီးသောနည်းဖြင့် ချမ်းသာနှင့်မရောသော ဤဆင်းရဲအစုအပုံ၏ ထင်ရှားဖြစ်ပေါ်မှုသည် ဖြစ်၏။
--
လောကုတ္တရာဝိပါက်စိတ်၌ ပဋိစ္စသမုပ္ပါဒ်လှည့်နည်း
၁-ပစ္စယစတုက္ကနည်း
၃၂၃။ အဘယ်တရားတို့သည် အဗျာကတ မည်ကုန်သနည်း။
အကြင်အခါ၌ ဝဋ်ဆင်းရဲမှ ထွက်မြောက်တတ်သော၊ နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်သော သက္ကာယဒိဋ္ဌိစသော တရားတို့ကို ပယ်ရန်၊ ပဌမဘုံ (သောတာပန်အဆင့်) သို့ ရောက်ရန် လောကုတ္တရာဈာန် တရားကို ပွါးများ အားထုတ်၏။ ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ ဆင်းရဲသော အကျင့်ရှိသော, နုံ့နှေးသော အသိဉာဏ်ရှိသော ပဌမဈာန်ကို ပြည့်စုံစေ၍ နေ၏၊ ထိုအခါ၌ တွေ့ထိမှု ‘ဖဿ’ သည် ဖြစ်၏။ပ။
မပျံ့လွင့်ခြင်း ‘အဝိက္ခေပ’ သည် ဖြစ်၏။ ဤတရားတို့သည် ကုသိုလ်တရားတို့ မည်ကုန်၏။ ထိုလောကုတ္တရာကုသိုလ်ဈာန်ကိုသာလျှင် ဆည်းပူးပြုလုပ် အားထုတ်ခဲ့၍ ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ ဆင်းရဲသော အကျင့်ရှိသော, နုံ့နှေးသော အသိဉာဏ်ရှိသော ပဌမဈာန်ဝိပါတ်ကို ပြည့်စုံ၍နေ၏။
(၁) ထိုအခါ၌ ပြုစီရင်မှု ‘သင်္ခါရ’ ကြောင့် သိမှု ‘ဝိညာဏ်'သည် ဖြစ်၏။
(၂) သိမှု ‘ဝိညာဏ်’ ကြောင့် နာမ်သည် ဖြစ်၏။
(၃) နာမ်ကြောင့် ခြောက်ခုမြောက် ‘မနာယတန’ သည် ဖြစ်၏။
(၄) ခြောက်ခုမြောက် ‘မနာယတန’ ကြောင့် တွေ့ထိမှု ‘ဖဿ’ သည် ဖြစ်၏။
(၅) တွေ့ထိမှု ‘ဖဿ’ ကြောင့် ခံစားမှု ‘ဝေဒနာ’ သည် ဖြစ်၏။
(၆) ခံစားမှု ‘ဝေဒနာ’ ကြောင့် ကြည်လင်မှု ‘သဒ္ဓါ’ သည် ဖြစ်၏။
(၇) ကြည်လင်မှု ‘သဒ္ဓါ’ ကြောင့် ဆုံးဖြတ်မှု ‘အဓိမောက္ခ'သည် ဖြစ်၏။
(၈) ဆုံးဖြတ်မှု (အဓိမောက္ခ) ကြောင့် ဘဝသည် ဖြစ်၏။
(၉) ဘဝကြောင့် ဇာတိသည် ဖြစ်၏။
(၁၀) ဇာတိကြောင့်-
(၁၁) အိုခြင်း သေခြင်း ‘ဇရာမရဏ'သည် ဖြစ်၏။
ဤဆိုအပ်ခဲ့ပြီးသောနည်းဖြင့် ဤတရားတို့ ထင်ရှားဖြစ်ပေါ်မှုသည် ဖြစ်၏။ (*)
--
အကုသလဝိပါက်စိတ်ငါးခု၌ ပဋိစ္စသမုပ္ပါဒ်လှည့်နည်း
၁-ပစ္စယစတုက္ကနည်း
၃၂၄။ အဘယ်တရားတို့သည် အဗျာကတ မည်ကုန်သနည်း။
အကြင်အခါ၌ အကုသိုလ်ကံကို ပြုခဲ့ဆည်းပူးခဲ့၍ ဥပေက္ခာဝေဒနာနှင့် တကွဖြစ်သော၊ ရူပါရုံကိုလည်းအာရုံပြုသော၊ အကျိုးဖြစ်သော စက္ခုဝိညာဏ်စိတ်သည် ဖြစ်ဆဲဖြစ်၏။ပ။ (*) ဥပေက္ခာဝေဒနာနှင့်တကွဖြစ်သော၊ သဒ္ဒါရုံကိုလည်းအာရုံပြုသော၊ အကျိုးဖြစ်သော သောတဝိညာဏ်စိတ်သည် ဖြစ်ဆဲဖြစ်၏။ပ။ (*) ဥပေက္ခာဝေဒနာနှင့်တကွဖြစ်သော၊ ဂန္ဓာရုံကိုလည်းအာရုံပြုသော၊ အကျိုးဖြစ်သော ဃာနဝိညာဏ်စိတ်သည် ဖြစ်ဆဲဖြစ်၏။ပ။ (*) ဥပေက္ခာဝေဒနာနှင့်တကွဖြစ်သော၊ ရသာရုံကိုလည်းအာရုံပြုသော၊ အကျိုးဖြစ်သော ဇိဝှာဝိညာဏ်စိတ်သည် ဖြစ်ဆဲဖြစ်၏။ပ။ (*) ဒုက္ခဝေဒနာနှင့်တကွဖြစ်သော၊ ဖေါဌဗ္ဗာရုံကိုလည်းအာရုံပြုသော၊ အကျိုးဖြစ်သော ကာယဝိညာဏ်စိတ်သည် ဖြစ်ဆဲဖြစ်၏။
(၁) ထိုအခါ၌ ပြုစီရင်မှု ‘သင်္ခါရ’ ကြောင့် သိမှု ‘ဝိညာဏ်’ သည် ဖြစ်၏။
(၂) သိမှု ‘ဝိညာဏ်’ ကြောင့် နာမ်သည် ဖြစ်၏။
(၃) နာမ်ကြောင့် ခြောက်ခုမြောက် ‘မနာယတန’ သည် ဖြစ်၏။
(၄) ခြောက်ခုမြောက် ‘မနာယတန’ ကြောင့် တွေ့ထိမှု ‘ဖဿ’ သည် ဖြစ်၏။
(၅) တွေ့ထိမှု ‘ဖဿ’ ကြောင့် ခံစားမှု ‘ဝေဒနာ’ သည် ဖြစ်၏။
(၆) ခံစားမှု ‘ဝေဒနာ’ ကြောင့် ဘဝသည် ဖြစ်၏။
(၇) ဘဝကြောင့် ဇာတိသည် ဖြစ်၏။
(၈) ဇာတိကြောင့်-
(၉) အိုခြင်း သေခြင်း ‘ဇရာမရဏ’ သည် ဖြစ်၏။ ဤဆိုအပ်ခဲ့ပြီးသောနည်းဖြင့် ချမ်းသာနှင့်မရောသော ဤဆင်းရဲအစုအပုံ၏ ထင်ရှားဖြစ်ပေါ်မှုသည် ဖြစ်၏။
--
အင်္ဂါ ၉-ပါးအကျယ်
၃၂၅။ (၁) သင်္ခါရ။ ။ ထိုအင်္ဂါ ၉-ပါးတို့တွင် အဘယ်သည် ပြုစီရင်မှု ‘သင်္ခါရ’ မည်သနည်း။
အကြင်စေ့ဆော်မှု ‘စေတနာ’၊ ကောင်းစွာစေ့ဆော်ခြင်း ‘သေဉ္စတနာ’၊ ကောင်းစွာစေ့ဆော်တတ်သည်၏အဖြစ် ‘သေဉ္စတယိတတ္တ’ သည် ရှိ၏။ ဤသဘောကို ပြုစီရင်မှု ‘သင်္ခါရ’ ဟု ဆိုအပ်၏။
(၂) ဝိညာဏ်
ထိုအင်္ဂါ ၉-ပါးတို့တွင် အဘယ်သည် ပြုစီရင်မှု ‘သင်္ခါရ’ ကြောင့်ဖြစ်သောသိမှု ‘ဝိညာဏ်’ မည်သနည်း။
အကြင်ဆန်းကြယ်သောသဘော ‘စိတ္တ’၊ သိခြင်းသဘော ‘မန’၊ သိမှု သဘော ‘မာနသ’။ပ။ ထိုစိတ် အားလျော်သော ကိုယ်၌ သိမှု သဘော ‘တဇ္ဇာကာယဝိညာဏဓာတ်’ သည် ရှိ၏။ ဤသဘောကို ပြုစီရင်မှု ‘သင်္ခါရ’ ကြောင့် ဖြစ်သော သိမှု ‘ဝိညာဏ်’ ဟု ဆိုအပ်၏။ပ။ ဤသဘောကို ခြောက်ခုမြောက် ‘မနာယတန’ ကြောင့်ဖြစ်သော တွေ့ထိမှု ‘ဖဿ’ ဟု ဆိုအပ်၏။
(၆) ဝေဒနာ
ထိုအင်္ဂါ ၉-ပါးတို့တွင် အဘယ်သည် တွေ့ထိမှု ‘ဖဿ’ ကြောင့်ဖြစ်သော ခံစားမှု ‘ဝေဒနာ’ မည်သနည်း။
အကြင်ကိုယ်၌ ဖြစ်သော မသာယာမှု ၊ ကိုယ်၌ ဖြစ်သော ဆင်းရဲမှု ၊ ကိုယ်အတွေ့ကြောင့်ဖြစ်သောမသာယာမှု, ဆင်းရဲမှုကို ခံစားခြင်း၊ ကိုယ်အတွေ့ကြောင့်ဖြစ်သော မသာယာမှု, ဆင်းရဲမှုကို ခံစားသောသဘောသည် ရှိ၏။ ဤသဘောကို တွေ့ထိမှု ‘ဖဿ’ ကြောင့်ဖြစ်သော ခံစားမှု ‘ဝေဒနာ’ ဟု ဆိုအပ်၏။
(၇) ဘဝ
ထိုအင်္ဂါ ၉-ပါးတို့တွင် အဘယ်သည် ခံစားမှု ‘ဝေဒနာ’ ကြောင့်ဖြစ်သော ဘဝ မည်သနည်း။
ခံစားမှု ‘ဝေဒနာ'ကို ထား၍ မှတ်သားမှု ‘သညာက္ခန္ဓာ’၊ ပြုပြင်မှု အစု ‘သင်္ခါရက္ခန္ဓာ’၊ သိမှု အစု ‘ဝိညာဏက္ခန္ဓာ’ သည် ရှိ၏။ ဤသဘောကို ခံစားမှု ‘ဝေဒနာ’ ကြောင့်ဖြစ်သော ဘဝဟု ဆိုအပ်၏။ပ။ (*) ထို့ကြောင့် “ဤဆိုအပ်ခဲ့ပြီးသောနည်းဖြင့် ချမ်းသာနှင့်မရောသော ဤဆင်းရဲအစုအပုံ၏ ထင်ရှားဖြစ်ပေါ်မှုသည် ဖြစ်၏”ဟု ဆိုအပ်၏။ (*)
--
အကုသလဝိပါက် သမ္ပဋိစ္ဆိုန်းစိတ်၌ ပဋိစ္စသမုပ္ပါဒ်လှည့်နည်း
၁-ပစ္စယစတုက္ကနည်း
၃၂၆။ အဘယ်တရားတို့သည် အဗျာကတ မည်ကုန်သနည်း။
အကြင်အခါ၌ အကုသိုလ်ကံကို ပြုခဲ့ဆည်းပူးခဲ့၍ ဥပေက္ခာဝေဒနာနှင့်တကွဖြစ်သော ရူပါရုံကိုလည်းအာရုံပြုသော၊ သဒ္ဒါရုံကိုလည်း အာရုံပြုသော၊ ဂန္ဓာရုံကိုလည်း အာရုံပြုသော၊ ရသာရုံကိုလည်း အာရုံပြုသော၊ ဖောဋ္ဌဗ္ဗာရုံကိုလည်း အာရုံပြုသော၊ အမှတ်မရှိသော အာရုံကိုလည်း အာရုံပြု၍ဖြစ်သော အကျိုးဖြစ်သော သမ္ပဋိစ္ဆိုန်း ခေါ် မနောဓာတ်သည် ဖြစ်ဆဲဖြစ်၏။
(၁) ထိုအခါ၌ ပြုစီရင်မှု ‘သင်္ခါရ’ ကြောင့် သိမှု ‘ဝိညာဏ်’ သည် ဖြစ်၏။
(၂) သိမှု ‘ဝိညာဏ်’ ကြောင့် နာမ်သည် ဖြစ်၏။
(၃) နာမ်ကြောင့် ခြောက်ခုမြောက် ‘မနာယတန’ သည် ဖြစ်၏။
(၄) ခြောက်ခုမြောက် ‘မနာယတန’ ကြောင့် တွေ့ထိမှု ‘ဖဿ’ သည် ဖြစ်၏။
(၅) တွေ့ထိမှု ‘ဖဿ’ ကြောင့် ခံစားမှု ‘ဝေဒနာ’ သည် ဖြစ်၏။
(၆) ခံစားမှု ‘ဝေဒနာ’ ကြောင့် ဆုံးဖြတ်မှု ‘အဓိမောက္ခ’ သည် ဖြစ်၏။
(၇) ဆုံးဖြတ်မှု ‘အဓိမောက္ခ’ ကြောင့် ဘဝသည် ဖြစ်၏။
(၈) ဘဝကြောင့် ဇာတိသည် ဖြစ်၏။
(၉) ဇာတိကြောင့်-
(၁၀) အိုခြင်း သေခြင်း ‘ဇရာမရဏ’ သည် ဖြစ်၏။ ဤဆိုအပ်ခဲ့ပြီးသောနည်းဖြင့် ချမ်းသာနှင့်မရောသော ဤဆင်းရဲအစုအပုံ၏ ထင်ရှားဖြစ်ပေါ်မှုသည် ဖြစ်၏။
--
အင်္ဂါ-၁၀-ပါးအကျယ်
၃၂၇။ (၁) သင်္ခါရ။ ။ ထိုအင်္ဂါ၁၀-ပါးတို့တွင် အဘယ်သည် ပြုစီရင်မှု ‘သင်္ခါရ’ မည်သနည်း။
အကြင် စေ့ဆော်မှု ‘စေတနာ’၊ ကောင်းစွာစေ့ဆော်မှု ‘သေဉ္စတနာ’၊ ကောင်းစွာ စေ့ဆော်တတ်သည်၏အဖြစ် ‘သေဉ္စတယိတတ္တ’ သည် ရှိ၏။ ဤသဘောကို ပြုစီရင်မှု ‘သင်္ခါရ’ဟု ဆိုအပ်၏။
(၂) ဝိညာဏ်
ထိုအင်္ဂါ၁၀-ပါးတို့တွင် အဘယ်သည် ပြုစီရင်မှု ‘သင်္ခါရ’ ကြောင့်ဖြစ်သောသိမှု ‘ဝိညာဏ်’ မည်သနည်း။
အကြင် ဆန်းကြယ်သောသဘော ‘စိတ္တ’၊ သိခြင်းသဘော ‘မန’၊ သိမှု သဘော ‘မာနသ’။ပ။ ထိုစိတ်အားလျော်သော သိကာမျှသဘော ‘တဇ္ဇာမနောဓာတ်’ သည် ရှိ၏။ ဤသဘောကို ပြုစီရင်မှု ‘သင်္ခါရ'ကြောင့်ဖြစ်သော သိမှု ‘ဝိညာဏ်’ ဟု ဆိုအပ်၏။ပ။ ဤသဘောကို ခြောက်ခုမြောက် ‘မနာယတန'ကြောင့်ဖြစ်သော တွေ့ထိမှု ‘ဖဿ’ဟု ဆိုအပ်၏။
(၆) ဝေဒနာ
ထိုအင်္ဂါ၁၀-ပါးတို့တွင် အဘယ်သည် တွေ့ထိမှု ‘ဖဿ'ကြောင့်ဖြစ်သော ခံစားမှု ‘ဝေဒနာ’ မည်သနည်း။
အကြင် စိတ်၌ ဖြစ်သော သာယာဖွယ်လည်း မဟုတ်, မသာယာဖွယ်လည်း မဟုတ်သော သဘော သည်၊ စိတ်အတွေ့ကြောင့်ဖြစ်သော ဆင်းရဲ, ချမ်းသာမဟုတ်သော ခံစားခြင်းသည်၊ စိတ်အတွေ့ကြောင့် ဖြစ်သောဆင်းရဲ, ချမ်းသာမဟုတ်သော ခံစားမှု သဘောသည် ရှိ၏။ ဤသဘောကို တွေ့ထိမှု ‘ဖဿ’ ကြောင့်ဖြစ်သော ခံစားမှု ‘ဝေဒနာ’ဟု ဆိုအပ်၏။
(၇) အဓိမောက္ခ
ထိုအင်္ဂါ၁၀-ပါးတို့တွင် အဘယ်သည် ခံစားမှု ‘ဝေဒနာ’ ကြောင့်ဖြစ်သောဆုံးဖြတ်မှု ‘အဓိမောက္ခ’ မည်သနည်း။
အကြင်စိတ်၏ (အာရုံကို) ဆုံးဖြတ်မှု ‘အဓိမောက္ခ’၊ ဆုံးဖြတ်သောအခြင်းအရာ ‘အဓိမုစ္စနာ’၊ ထို (အာရုံ) ကို ဆုံးဖြတ်တတ်သည်၏ အဖြစ် ‘တဒဓိမုတ္တတာ’ သည် ရှိ၏။ ဤသဘောကို ခံစားမှု ‘ဝေဒနာ'ကြောင့်ဖြစ်သော ဆုံးဖြတ်မှု ‘အဓိမောက္ခ’ ဟု ဆိုအပ်၏။
(၈) ဘဝ
ထိုအင်္ဂါ၁၀-ပါးတို့တွင် အဘယ်သည် ဆုံးဖြတ်မှု ‘အဓိမောက္ခ’ ကြောင့်ဖြစ်သောဘဝ မည်သနည်း။
ဆုံးဖြတ်မှု ‘အဓိမောက္ခ'ကိုထား၍ ခံစားမှု အစု ‘ဝေဒနာက္ခန္ဓာ’၊ မှတ်သားမှု အစု ‘သညာက္ခန္ဓာ’၊ ပြုပြင်မှု အစု ‘သင်္ခါရက္ခန္ဓာ’၊ သိမှု အစု ‘ဝိညာဏက္ခန္ဓာ’ သည် ရှိ၏။ ဤသဘောကို ဆုံးဖြတ်မှု ‘အဓိမောက္ခ’ ကြောင့်ဖြစ်သော ဘဝဟု ဆိုအပ်၏။ပ။ (*) ထို့ကြောင့် ‘ဤဆိုအပ်ခဲ့ပြီးသော နည်းဖြင့် ချမ်းသာနှင့်မရောသော ဤဆင်းရဲအစုအပုံ၏ ထင်ရှားဖြစ်ပေါ်မှုသည်ဖြစ်၏’ဟု ဆိုအပ်၏။
--
အကုသလဝိပါက် သန္တီရဏစိတ်၌ ပဋိစ္စသမုပ္ပါဒ်လှည့်နည်း
၁-ပစ္စယစတုက္ကနည်း
၃၂၈။ အဘယ်တရားတို့သည် အဗျာကတ မည်ကုန်သနည်း။
အကြင်အခါ၌ အကုသိုလ်ကံကို ပြုခဲ့ဆည်းပူးခဲ့၍ ဥပေက္ခာဝေဒနာနှင့် တကွဖြစ်သော ရူပါရုံကိုလည်းအာရုံပြုသော။ပ။ ဓမ္မာရုံကိုလည်း အာရုံပြုသော၊ အမှတ်မရှိသောအာရုံကိုလည်း အာရုံပြုသော၊ အကျိုးဖြစ်သော သနီ ္တရဏခေါ် မနောဝိညာဏဓာတ်သည် ဖြစ်ဆဲဖြစ်၏။
(၁) ထိုအခါ၌ ပြုစီရင်မှု ‘သင်္ခါရ’ ကြောင့် သိမှု ‘ဝိညာဏ်’ သည် ဖြစ်၏။
(၂) သိမှု ‘ဝိညာဏ်’ ကြောင့် နာမ်သည် ဖြစ်၏။
(၃) နာမ်ကြောင့် ခြောက်ခုမြောက် ‘မနာယတန’ သည် ဖြစ်၏။
(၄) ခြောက်ခုမြောက် ‘မနာယတန’ ကြောင့် တွေ့ထိမှု ‘ဖဿ’ သည် ဖြစ်၏။
(၅) တွေ့ထိမှု ‘ဖဿ’ ကြောင့် ခံစားမှု ‘ဝေဒနာ’ သည် ဖြစ်၏။
(၆) ခံစားမှု ‘ဝေဒနာ’ ကြောင့် ဆုံးဖြတ်မှု ‘အဓိမောက္ခ’ သည် ဖြစ်၏။
(၇) ဆုံးဖြတ်မှု ‘အဓိမောက္ခ’ ကြောင့် ဘဝသည် ဖြစ်၏။
(၈) ဘဝကြောင့် ဇာတိသည် ဖြစ်၏။
(၉) ဇာတိကြောင့်-
(၁၀) အိုခြင်း သေခြင်း ‘ဇရာမရဏ’ သည် ဖြစ်၏။ ဤဆိုအပ်ခဲ့ပြီးသောနည်းဖြင့် ချမ်းသာနှင့်မရောသော ဤဆင်းရဲအစုအပုံ၏ ထင်ရှားဖြစ်ပေါ်မှုသည် ဖြစ်၏။
--
အင်္ဂါ-၁၀-ပါးအကျယ်
၃၂၉။ (၁) သင်္ခါရ။ ။ ထိုအင်္ဂါ၁၀-ပါးတို့တွင် အဘယ်သည် ပြုစီရင်မှု ‘သင်္ခါရ’ မည်သနည်း။
အကြင်စေ့ဆော်မှု ‘စေတနာ’၊ ကောင်းစွာစေ့ဆော်မှု ‘သေဉ္စတနာ’၊ ကောင်းစွာ စေ့ဆော်တတ်သည်၏အဖြစ် ‘သေဉ္စတယိတတ္တ’ သည် ရှိ၏။ ဤသဘောကို ပြုစီရင်မှု ‘သင်္ခါရ’ ဟု ဆိုအပ်၏။
(၂) ဝိညာဏ်
ထိုအင်္ဂါ၁၀-ပါးတို့တွင် အဘယ်သည် ပြုစီရင်မှု ‘သင်္ခါရ’ ကြောင့်ဖြစ်သောသိမှု ‘ဝိညာဏ်’ မည်သနည်း။
အကြင်ဆန်းကြယ်သောသဘော ‘စိတ္တ’၊ သိခြင်းသဘော ‘မန’၊ သိမှု သဘော ‘မာနသ’။ပ။ ထိုစိတ်အားလျော်သော အထူးသိမှု သဘော ‘တဇ္ဇာမနောဝိညာဏဓာတ်’ သည် ရှိ၏။ ဤသဘောကိုပြုစီရင်မှု ‘သင်္ခါရ'ကြောင့် ဖြစ်သော သိမှု ‘ဝိညာဏ်’ ဟု ဆိုအပ်၏။ပ။ (*) ထို့ကြောင့် “ဤဆိုအပ်ခဲ့ပြီးသော နည်းဖြင့် ချမ်းသာနှင့်မရောသော ဤဆင်းရဲအစုအပုံ၏ ထင်ရှားဖြစ်ပေါ်မှုသည်ဖြစ်၏”ဟု ဆိုအပ်၏။
အဟိတ်ကြိယာပဉ္စဒွါရာဝဇ္ဇန်းစိတ်၌ ပဋိစ္စသမုပ္ပါဒ်လှည့်နည်း
၁-ပစ္စယစတုက္ကနည်း
၃၃၀။ အဘယ်တရားတို့သည် အဗျာကတ မည်ကုန်သနည်း။
အကြင်အခါ၌ ကုသိုလ်လည်းမဟုတ် အကုသိုလ်လည်းမဟုတ်သော ကံ၏အကျိုးလည်းမဟုတ်သောဥပေက္ခာဝေဒနာနှင့် တကွဖြစ်သော ရူပါရုံကိုလည်း အာရုံပြုသော။ပ။ ဖောဋ္ဌဗ္ဗာရုံကိုလည်း အာရုံပြုသော ပြုကာမျှသဘော ‘ကြိယာ’ ဖြစ်သော ပဉ္စဒွါရာဝဇ္ဇန်းခေါ် မနောဓာတ်သည် ဖြစ်ဆဲဖြစ်၏။ပ။ (*)
--
အဟိတ်ကြိယာဟသိတုပ္ပါဒ်စိတ်၌ ပဋိစ္စသမုပ္ပါဒ်လှည့်နည်း
၁-ပစ္စယစတုက္ကနည်း
(အကြင်အခါ၌) ကုသိုလ်လည်းမဟုတ် အကုသိုလ်လည်းမဟုတ်သော၊ ကံ၏ အကျိုးလည်း မဟုတ်သော၊ သောမနဿဝေဒနာနှင့် တကွဖြစ်သော၊ ရူပါရုံကိုလည်း အာရုံပြုသော။ပ။ ဓမ္မာရုံကိုလည်းအာရုံပြု သော ပြုကာမျှ သဘော ‘ကြိယာ’ ဖြစ်သော ဟသိတုပ္ပါဒ်ခေါ် မနောဝိညာဏဓာတ်သည်ဖြစ်ဆဲဖြစ်၏။ပ။ (*)
အဟိတ်ကြိယာမနောဒွါရာဝဇ္ဇာန်းစိတ်၌ ပဋိစ္စသမုပ္ပါဒ်လှည့်နည်း
၁-ပစ္စယစတုက္ကနည်း
(အကြင်အခါ၌) ကုသိုလ်လည်းမဟုတ် အကုသိုလ်လည်းမဟုတ်သော ကံ၏အကျိုးလည်းမဟုတ်သောဥပေက္ခာဝေဒနာနှင့် တကွဖြစ်သော ရူပါရုံကိုလည်း အာရုံပြုသော။ပ။ ဓမ္မာရုံကိုလည်း အာရုံပြုသော၊ အမှတ်မရှိသော အာရုံကိုလည်း အာရုံပြု၍ဖြစ်သော ပြုကာမျှသဘော ‘ကြိယာ’ ဖြစ်သောမနောဒွါရာဝဇ္ဇာန်း ခေါ်မနောဝိညာဏဓာတ်သည် ဖြစ်ဆဲဖြစ်၏။ပ။ (*)
(၁) ထိုအခါ၌ ပြုစီရင်မှု ‘သင်္ခါရ’ ကြောင့် သိမှု ‘ဝိညာဏ်’ သည် ဖြစ်၏။
(၂) သိမှု ‘ဝိညာဏ်’ ကြောင့် နာမ်သည် ဖြစ်၏။
(၃) နာမ်ကြောင့် ခြောက်ခုမြောက် ‘မနာယတန’ သည် ဖြစ်၏။
(၄) ခြောက်ခုမြောက် ‘မနာယတန’ ကြောင့် တွေ့ထိမှု ‘ဖဿ’ သည် ဖြစ်၏။
(၅) တွေ့ထိမှု ‘ဖဿ’ ကြောင့် ခံစားမှု ‘ဝေဒနာ’ သည် ဖြစ်၏။
(၆) ခံစားမှု ‘ဝေဒနာ’ ကြောင့် ဆုံးဖြတ်မှု ‘အဓိမောက္ခ’ သည် ဖြစ်၏။
(၇) ဆုံးဖြတ်မှု ‘အဓိမောက္ခ’ ကြောင့် ဘဝသည် ဖြစ်၏။
(၈) ဘဝကြောင့် ဇာတိသည် ဖြစ်၏။
(၉) ဇာတိကြောင့်-
(၁၀) အိုခြင်း သေခြင်း ‘ဇရာမရဏ’ သည် ဖြစ်၏။ ဤဆိုအပ်ခဲ့ပြီးသော နည်းဖြင့် ချမ်းသာနှင့်မရောသော ဤဆင်းရဲအစုအပုံ၏ ထင်ရှားဖြစ်ပေါ်မှုသည်ဖြစ်၏။
--
မဟာကြိယာစိတ် ၈-ခုတို့၌ ပဋိစ္စသမုပ္ပါဒ်လှည့်နည်း
၁-ပစ္စယစတုက္ကနည်း
၃၃၁။ အဘယ်တရားတို့သည် အဗျာကတ မည်ကုန်သနည်း။
အကြင်အခါ၌ ကုသိုလ်လည်းမဟုတ် အကုသိုလ်လည်း မဟုတ်သော၊ ကံ၏ အကျိုးလည်း မဟုတ်သော၊ သောမနဿဝေဒနာနှင့် တကွဖြစ်သော၊ ဉာဏ်နှင့်ယှဉ်သော၊ (တိုက်တွန်းခြင်းမရှိသော) ကြိယာမနောဝိညာဏဓာတ်သည် ဖြစ်ဆဲဖြစ်၏။ပ။
သောမနဿဝေဒနာနှင့်တကွဖြစ်သော၊ ဉာဏ်နှင့်ယှဉ်သော၊ တိုက်တွန်းခြင်းနှင့် တကွဖြစ်သော။ပ။
သောမနဿဝေဒနာနှင့်တကွဖြစ်သော၊ ဉာဏ်နှင့်မယှဉ်သော။ပ။
သောမနဿဝေဒနာနှင့်တကွဖြစ်သော၊ ဉာဏ်နှင့်မယှဉ်သော၊ တိုက်တွန်းခြင်းနှင့် တကွဖြစ်သော။ပ။
ဥပေက္ခာဝေဒနာနှင့်တကွဖြစ်သော၊ ဉာဏ်နှင့်ယှဉ်သော။ပ။
ဥပေက္ခာဝေဒနာနှင့်တကွဖြစ်သော၊ ဉာဏ်နှင့်ယှဉ်သော၊ တိုက်တွန်းခြင်းနှင့် တကွဖြစ်သော။ပ။
ဥပေက္ခာဝေဒနာနှင့်တကွဖြစ်သော၊ ဉာဏ်နှင့်မယှဉ်သော။ပ။
ဥပေက္ခာဝေဒနာနှင့်တကွဖြစ်သော၊ ဉာဏ်နှင့်မယှဉ်သော၊ တိုက်တွန်းခြင်းနှင့် တကွဖြစ်သော၊ ရူပါရုံကိုလည်း အာရုံပြုသော။ပ။ ဓမ္မာရုံကိုလည်း အာရုံပြုသော၊ အမှတ်မရှိသော အာရုံကိုလည်း အာရုံပြု၍ဖြစ်သော ကြိယာမနောဝိညာဏဓာတ်သည် ဖြစ်ဆဲဖြစ်၏။
(၁) ထိုအခါ၌ ပြုစီရင်မှု ‘သင်္ခါရ’ ကြောင့် သိမှု ‘ဝိညာဏ်’ သည် ဖြစ်၏။
(၂) သိမှု ‘ဝိညာဏ်’ ကြောင့် နာမ်သည် ဖြစ်၏။
(၃) နာမ်ကြောင့် ခြောက်ခုမြောက် ‘မနာယတန’ သည် ဖြစ်၏။
(၄) ခြောက်ခုမြောက် ‘မနာယတန’ ကြောင့် တွေ့ထိမှု ‘ဖဿ’ သည် ဖြစ်၏။
(၅) တွေ့ထိမှု ‘ဖဿ’ ကြောင့် ခံစားမှု ‘ဝေဒနာ’ သည် ဖြစ်၏။
(၆) ခံစားမှု ‘ဝေဒနာ’ ကြောင့် ကြည်လင်မှု ‘သဒ္ဓါ’ သည် ဖြစ်၏။
(၇) ကြည်လင်မှု ‘သဒ္ဓါ’ ကြောင့် ဆုံးဖြတ်မှု ‘အဓိမောက္ခ’ သည် ဖြစ်၏။
(၈) ဆုံးဖြတ်မှု ‘အဓိမောက္ခ’ ကြောင့် ဘဝသည် ဖြစ်၏။
(၉) ဘဝကြောင့် ဇာတိသည် ဖြစ်၏။
(၁၀) ဇာတိကြောင့်-
(၁၁) အိုခြင်း သေခြင်း ‘ဇရာမရဏ’ သည် ဖြစ်၏။ ဤဆိုအပ်ခဲ့ပြီးသောနည်းဖြင့် ချမ်းသာနှင့်မရောသော ဤဆင်းရဲအစုအပုံ၏ ထင်ရှားဖြစ်ပေါ်မှုသည် ဖြစ်၏။
--
ရူပါဝစရကြိယာစိတ်ငါးခု၌ ပဋိစ္စသမုပ္ပါဒ်လှည့်နည်း
၁-ပစ္စယစတုက္ကနည်း
၃၃၂။ အဘယ်တရားတို့သည် အဗျာကတ မည်ကုန်သနည်း။
အကြင်အခါ၌ ကုသိုလ်လည်းမဟုတ် အကုသိုလ်လည်းမဟုတ်သော၊ ကံ၏အကျိုးလည်းမဟုတ်သော၊ မျက်မှောက်ဘဝ၌ ချမ်းသာစွာ နေရကြောင်းဖြစ်သော၊ ကြိယာဖြစ်သော ရူပါဝစရဈာန်ကို ပွါးများအားထုတ်၏။ ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ ပထဝီကသိုဏ်းကို အာရုံပြုသော ပဌမဈာန်ကိုပြည့်စုံစေ၍ နေ၏။
(၁) ထိုအခါ၌ ပြုစီရင်မှု ‘သင်္ခါရ’ ကြောင့် သိမှု ‘ဝိညာဏ်’ သည် ဖြစ်၏။
(၂) သိမှု ‘ဝိညာဏ်’ ကြောင့် နာမ်သည် ဖြစ်၏။
(၃) နာမ်ကြောင့် ခြောက်ခုမြောက် ‘မနာယတန’ သည် ဖြစ်၏။
(၄) ခြောက်ခုမြောက် ‘မနာယတန’ ကြောင့် တွေ့ထိမှု ‘ဖဿ’ သည် ဖြစ်၏။
(၅) တွေ့ထိမှု ‘ဖဿ’ ကြောင့် ခံစားမှု ‘ဝေဒနာ’ သည် ဖြစ်၏။
(၆) ခံစားမှု ‘ဝေဒနာ’ ကြောင့် ကြည်လင်မှု ‘သဒ္ဓါ’ သည် ဖြစ်၏။
(၇) ကြည်လင်မှု ‘သဒ္ဓါ’ ကြောင့် ဆုံးဖြတ်မှု ‘အဓိမောက္ခ’ သည် ဖြစ်၏။
(၈) ဆုံးဖြတ်မှု ‘အဓိမောက္ခ’ ကြောင့် ဘဝသည် ဖြစ်၏။
(၉) ဘဝကြောင့် ဇာတိသည် ဖြစ်၏။
(၁၀) ဇာတိကြောင့်-
(၁၁) အိုခြင်း သေခြင်း ‘ဇရာမရဏ’ သည် ဖြစ်၏။ ဤဆိုအပ်ခဲ့ပြီးသောနည်းဖြင့် ချမ်းသာနှင့်မရောသော ဤဆင်းရဲအစုအပုံ၏ ထင်ရှားဖြစ်ပေါ်မှုသည် ဖြစ်၏။
--
အရူပါဝစရစိတ်လေးခု၌ ပဋိစ္စသမုပ္ပါဒ်လှည့်နည်း
(၁) ပစ္စယစတုက္ကနည်း
၃၃၃။ အဘယ်တရားတို့သည် အဗျာကတ မည်ကုန်သနည်း။
အကြင်အခါ၌ ကုသိုလ်လည်းမဟုတ် အကုသိုလ်လည်းမဟုတ်သော၊ ကံ၏အကျိုးလည်းမဟုတ်သော၊ မျက်မှောက်ဘဝ၌ ချမ်းသာစွာ နေရကြောင်းဖြစ်သော၊ ကြိယာဖြစ်သော အရူပါဝစရဈာန်ကို ပွါးများအားထုတ်၏။ အာကိဉ္စညာယတနဈာန်ကို လုံးဝလွန်မြောက်၍ နေဝသညာနာသညာယတနသညာနှင့် တကွ့ဖြစ်သော ချမ်းသာခြင်း ‘သုခ'ကိုလည်း ပယ်ခြင်းကြောင့်။ပ။ စတုတ္ထဈာန်ကို ပြည့်စုံစေ၍ နေ၏။
(၁) ထိုအခါ၌ ပြုစီရင်မှု ‘သင်္ခါရ’ ကြောင့် သိမှု ‘ဝိညာဏ်’ သည် ဖြစ်၏။
(၂) သိမှု ‘ဝိညာဏ်’ ကြောင့် နာမ်သည် ဖြစ်၏။
(၃) နာမ်ကြောင့် ခြောက်ခုမြောက် ‘မနာယတန’ သည် ဖြစ်၏။
(၄) ခြောက်ခုမြောက် ‘မနာယတန’ ကြောင့် တွေ့ထိမှု ‘ဖဿ’ သည် ဖြစ်၏။
(၅) တွေ့ထိမှု ‘ဖဿ’ ကြောင့် ခံစားမှု ‘ဝေဒနာ’ သည် ဖြစ်၏။
(၆) ခံစားမှု ‘ဝေဒနာ’ ကြောင့် ကြည်လင်မှု ‘သဒ္ဓါ’ သည် ဖြစ်၏။
(၇) ကြည်လင်မှု ‘သဒ္ဓါ’ ကြောင့် ဆုံးဖြတ်မှု ‘အဓိမောက္ခ’ သည် ဖြစ်၏။
(၈) ဆုံးဖြတ်မှု ‘အဓိမောက္ခ’ ကြောင့် ဘဝသည် ဖြစ်၏။
(၉) ဘဝကြောင့် ဇာတိသည် ဖြစ်၏။
(၁၀) ဇာတိကြောင့်-
(၁၁) အိုခြင်း သေခြင်း ‘ဇရာမရဏ’ သည် ဖြစ်၏။ ဤဆိုအပ်ခဲ့ပြီးသော နည်းဖြင့် ချမ်းသာနှင့်မရောသော ဤဆင်းရဲအစုအပုံ၏ ထင်ရှားဖြစ်ပေါ်မှုသည် ဖြစ်၏။
အဗျာကတတရားတို့၌ ပဋိစ္စသမုပ္ပါဒ်လှည့်နည်း ပြီး၏
--
၁၂-အဝိဇ္ဇာမူလက ကုသလနိဒ္ဒေသ
နည်းတစ်မျိုးဖြင့် ကုသိုလ်တရားတို့၌ ပဋိစ္စသမုပ္ပါဒ်လှည့်နည်း
၁-မဟာကုသိုလ် ပဌမစိတ်၌ ပဋိစ္စသမုပ္ပါဒ်လှည့်နည်း
ပဌမပစ္စယဝါရ
၃၃၄။ အဘယ်တရားတို့သည် ကုသိုလ် မည်ကုန်သနည်း။
အကြင်အခါ၌ သောမနဿဝေဒနာနှင့် တကွဖြစ်သော၊ ဉာဏ်နှင့်ယှဉ်သော၊ ရူပါရုံကိုလည်း အာရုံပြုသော။ပ။ ဓမ္မာရုံကိုလည်း အာရုံပြုသော၊ အမှတ်မရှိသော အာရုံကိုလည်း အာရုံပြု၍ဖြစ်သောကာမာဝစရကုသိုလ်စိတ်သည် ဖြစ်ဆဲဖြစ်၏။
(၁) ထိုအခါ၌ မသိမှု ‘အဝိဇ္ဇာ’ ကြောင့် ပြုစီရင်မှု ‘သင်္ခါရ’ သည် ဖြစ်၏။
(၂) ပြုစီရင်မှု ‘သင်္ခါရ’ ကြောင့် သိမှု ‘ဝိညာဏ်’ သည်ဖြစ်၏။
(၃) သိမှု ‘ဝိညာဏ်’ ကြောင့် နာမ်သည် ဖြစ်၏။
(၄) နာမ်ကြောင့် ခြောက်ခုမြောက် ‘မနာယတန’ သည် ဖြစ်၏။
(၅) ခြောက်ခုမြောက် ‘မနာယတန’ ကြောင့် တွေ့ထိမှု ‘ဖဿ’ သည် ဖြစ်၏။
(၆) တွေ့ထိမှု ‘ဖဿ’ ကြောင့် ခံစားမှု ‘ဝေဒနာ’ သည် ဖြစ်၏။
(၇) ခံစားမှု ‘ဝေဒနာ’ ကြောင့် ကြည်လင်မှု ‘သဒ္ဓါ’ သည် ဖြစ်၏။
(၈) ကြည်လင်မှု ‘သဒ္ဓါ’ ကြောင့် ဆုံးဖြတ်မှု ‘အဓိမောက္ခ’ သည် ဖြစ်၏။
(၉) ဆုံးဖြတ်မှု ‘အဓိမောက္ခ’ ကြောင့် ဘဝသည် ဖြစ်၏။
(၁၀) ဘဝကြောင့် ဇာတိသည် ဖြစ်၏။
(၁၁) ဇာတိကြောင့်-
(၁၂) အိုခြင်း၊ သေခြင်း ‘ဇရာမရဏ’ သည် ဖြစ်၏။
ဤဆိုအပ်ခဲ့ပြီးသော နည်းဖြင့် ချမ်းသာနှင့်မရောသော ဤဆင်းရဲအစုအပုံ၏ ထင်ရှားဖြစ်ပေါ်မှုသည်ဖြစ်၏။
--
အင်္ဂါ-၁၂-ပါးအကျယ်
၃၃၅။ (၁) သင်္ခါရ။ ။ ထိုအင်္ဂါ၁၂-ပါးတို့တွင် အဘယ်သည် မသိမှု ‘အဝိဇ္ဇာ’ ကြောင့်ဖြစ်သော ပြုစီရင်မှု ‘သင်္ခါရ’ မည်သနည်း။
အကြင် စေ့ဆော်ခြင်း ‘စေတနာ’၊ ကောင်းစွာစေ့ဆော်ခြင်း ‘သေဉ္စတနာ’၊ ကောင်းစွာ စေ့ဆော်တတ်သည်၏အဖြစ် ‘သေဉ္စတယိတတ္တ’ သည် ရှိ၏။ ဤသဘောကို မသိမှု ‘အဝိဇ္ဇာ’ ကြောင့်ဖြစ်သော ပြုစီရင်မှု ‘သင်္ခါရ’ ဟု ဆိုအပ်၏။ပ။ ဤသဘောကို ခြောက်ခုမြောက် ‘မနာယတန’ ကြောင့်ဖြစ်သော တွေ့ထိမှု ‘ဖဿ’ ဟု ဆိုအပ်၏။
(၆) ဝေဒနာ
ထိုအင်္ဂါ၁၂-ပါးတို့တွင် အဘယ်သည် တွေ့ထိမှု ‘ဖဿ’ ကြောင့်ဖြစ်သောခံစားမှု ‘ဝေဒနာ’ မည်သနည်း။
အကြင် စိတ်၌ ဖြစ်သော သာယာမှု ၊ စိတ်၌ ဖြစ်သော ချမ်းသာမှု ၊ စိတ်အတွေ့ကြောင့်ဖြစ်သောသာယာဖွယ်ကောင်းသော ချမ်းသာသော ခံစားခြင်း၊ စိတ်အတွေ့ကြောင့်ဖြစ်သောသာယာဖွယ်ကောင်းသော ချမ်းသာသော ခံစားမှု သဘောသည် ရှိ၏။ ဤသဘောကိုတွေ့ထိမှု ‘ဖဿ’ ကြောင့်ဖြစ်သော ခံစားမှု ‘ဝေဒနာ’ ဟု ဆိုအပ်၏။
(၇) သဒ္ဓါ
ထိုအင်္ဂါ၁၂-ပါးတို့တွင် အဘယ်သည် ခံစားမှု ‘ဝေဒနာ’ ကြောင့်ဖြစ်သောကြည်လင်မှု ‘သဒ္ဓါ’ မည်သနည်း။
အကြင် ယုံကြည်မှု ‘သဒ္ဓါ’၊ ယုံကြည်သောအခြင်းအရာ ‘သဒ္ဒဟနာ’၊ သက်ဝင်ခြင်း ‘ဩကပ္ပနာ’၊ အလွန်ကြည်လင်မှု ‘အဘိပ္ပသာဒ’ သည် ရှိ၏။ ဤသဘောကို ခံစားမှု ‘ဝေဒနာ'ကြောင့် ဖြစ်သော ကြည်လင်မှု ‘သဒ္ဓါ’ ဟု ဆိုအပ်၏။
(၈) အဓိမောက္ခ
ထိုအင်္ဂါ၁၂-ပါးတို့တွင် အဘယ်သည် ယုံကြည်မှု ‘သဒ္ဓါ’ ကြောင့်ဖြစ်သောဆုံးဖြတ်မှု ‘အဓိမောက္ခ’ မည်သနည်း။
အကြင် စိတ်၏ အာရုံကိုဆုံးဖြတ်မှု ‘အဓိမောက္ခ’၊ ဆုံးဖြတ်သောအခြင်းအရာ ‘အဓိမုစ္စနာ’၊ ထို (အာရုံ) ကို ဆုံးဖြတ်တတ်သည်၏အဖြစ် ‘တဒမိမုတ္တတာ’ သည် ရှိ၏။ ဤသဘောကို ကြည်လင်မှု ‘သဒ္ဓါ’ ကြောင့်ဖြစ်သော ဆုံးဖြတ်မှု ‘အဓိမောက္ခ’ ဟု ဆိုအပ်၏၊
--
(၉) ဘဝ
ထိုအင်္ဂါ၁၂-ပါးတို့တွင် အဘယ်သည် ဆုံးဖြတ်မှု ‘အဓိမောက္ခ'ကြောင့်ဖြစ်သောဘဝ မည်သနည်း။
ဆုံးဖြတ်မှု ‘အဓိမောက္ခ’ ကို ထား၍ ခံစားမှု အစု ‘ဝေဒနာက္ခန္ဓာ’၊ မှတ်သားမှု အစု ‘သညာက္ခန္ဓာ’၊ ပြုပြင်မှု အစု ‘သင်္ခါရက္ခန္ဓာ’၊ သိမှု အစု ‘ဝိညာဏက္ခန္ဓာ’ သည် ရှိ၏။ ဤသဘောကို ဆုံးဖြတ်မှု ‘အဓိမောက္ခ’ ကြောင့်ဖြစ်သော ဘဝဟု ဆိုအပ်၏။ပ။
ထို့ကြောင့် “ဤဆိုအပ်ခဲ့ပြီးသော နည်းဖြင့် ချမ်းသာနှင့်မရောသော ဤဆင်းရဲအစုအပုံ၏ ထင်ရှားဖြစ်ပေါ်မှုသည်ဖြစ်၏”ဟု ဆိုအပ်၏။
ဒုတိယပစ္စယဝါရ
၃၃၆။ (၁) ထိုအခါ၌ မသိမှု ‘အဝိဇ္ဇာ’ ကြောင့် ပြုစီရင်မှု ‘သင်္ခါရ’ သည် ဖြစ်၏။
(၂) ပြုစီရင်မှု ‘သင်္ခါရ’ ကြောင့် သိမှု ‘ဝိညာဏ်’ သည်ဖြစ်၏။
(၃) သိမှု ‘ဝိညာဏ်’ ကြောင့် နာမ်သည် ဖြစ်၏။
(၄) နာမ်ကြောင့် တွေ့ထိမှု ‘ဖဿ’ သည် ဖြစ်၏။
(၅) တွေ့ထိမှု ‘ဖဿ’ ကြောင့် ခံစားမှု ‘ဝေဒနာ’ သည် ဖြစ်၏။
(၆) ခံစားမှု ‘ဝေဒနာ’ ကြောင့် ယုံကြည်မှု ‘သဒ္ဓါ’ သည် ဖြစ်၏။
(၇) ယုံကြည်မှု ‘သဒ္ဓါ’ ကြောင့် ဆုံးဖြတ်မှု ‘အဓိမောက္ခ’ သည် ဖြစ်၏။
(၈) ဆုံးဖြတ်မှု ‘အဓိမောက္ခ’ ကြောင့် ဘဝသည် ဖြစ်၏။
(၉) ဘဝကြောင့် ဇာတိသည် ဖြစ်၏။
(၁၀) ဇာတိကြောင့်-
(၁၁) အိုခြင်း သေခြင်း ‘ဇရာမရဏ’ သည် ဖြစ်၏။ ဤဆိုအပ်ခဲ့ပြီးသောနည်းဖြင့် ချမ်းသာနှင့်မရောသော ဤဆင်းရဲအစုအပုံ၏ ထင်ရှားဖြစ်ပေါ်မှုသည် ဖြစ်၏။
--
တတိယပစ္စယဝါရ
၃၃၇။ (၁) ထိုအခါ၌ မသိမှု ‘အဝိဇ္ဇာ’ ကြောင့် ပြုစီရင်မှု ‘သင်္ခါရ’ သည် ဖြစ်၏။
(၂) ပြုစီရင်မှု ‘သင်္ခါရ’ ကြောင့် သိမှု ‘ဝိညာဏ်’ သည် ဖြစ်၏။
(၃) သိမှု ‘ဝိညာဏ်’ ကြောင့် နာမ်ရုပ်သည် ဖြစ်၏။
(၄) နာမ်ရုပ်ကြောင့် ခြောက်ခုမြောက် ‘မနာယတန’ သည် ဖြစ်၏။
(၅) ခြောက်ခုမြောက် ‘မနာယတန’ ကြောင့် တွေ့ထိမှု ‘ဖဿ’ သည် ဖြစ်၏။
(၆) တွေ့ထိမှု ‘ဖဿ’ ကြောင့် ခံစားမှု ‘ဝေဒနာ’ သည် ဖြစ်၏။
(၇) ခံစားမှု ‘ဝေဒနာ’ ကြောင့် ကြည်လင်မှု ‘သဒ္ဓါ’ သည် ဖြစ်၏။
(၈) ကြည်လင်မှု ‘သဒ္ဓါ’ ကြောင့် ဆုံးဖြတ်မှု ‘အဓိမောက္ခ’ သည် ဖြစ်၏။
(၉) ဆုံးဖြတ်မှု ‘အဓိမောက္ခ’ ကြောင့် ဘဝသည် ဖြစ်၏။
(၁၀) ဘဝကြောင့် ဇာတိသည်ဖြစ်သည်။
(၁၁) ဇာတိကြောင့်-
(၁၂) အိုခြင်း၊ သေခြင်း ‘ဇရာမရဏ’ သည် ဖြစ်၏။ ဤဆိုအပ်ခဲ့ပြီးသောနည်းဖြင့် ချမ်းသာနှင့်မရောသော ဤဆင်းရဲအစုအပုံ၏ ထင်ရှားဖြစ်ပေါ်မှုသည် ဖြစ်၏။
--
စတုတ္ထပစ္စယဝါရ
၃၃၈။ (၁) ထိုအခါ၌ မသိမှု ‘အဝိဇ္ဇာ’ ကြောင့် ပြုစီရင်မှု ‘သင်္ခါရ’ သည် ဖြစ်၏။
(၂) ပြုစီရင်မှု ‘သင်္ခါရ’ ကြောင့် သိမှု ‘ဝိညာဏ်’ သည်ဖြစ်၏။
(၃) သိမှု ‘ဝိညာဏ်’ ကြောင့် နာမ်ရုပ်သည် ဖြစ်၏။
(၄) နာမ်ရုပ်ကြောင့် အာယတနခြောက်ပါးသည် ဖြစ်၏။
(၅) ခြောက်ခုမြောက် ‘မနာယတန’ ကြောင့် တွေ့ထိမှု ‘ဖဿ’ သည် ဖြစ်၏။
(၆) တွေ့ထိမှု ‘ဖဿ’ ကြောင့် ခံစားမှု ‘ဝေဒနာ’ သည် ဖြစ်၏။
(၇) ခံစားမှု ‘ဝေဒနာ’ ကြောင့် ကြည်လင်မှု ‘သဒ္ဓါ’ သည် ဖြစ်၏။
(၈) ကြည်လင်မှု ‘သဒ္ဓါ’ ကြောင့် ဆုံးဖြတ်မှု ‘အဓိမောက္ခ’ သည် ဖြစ်၏။
(၉) ဆုံးဖြတ်မှု ‘အဓိမောက္ခ’ ကြောင့် ဘဝသည် ဖြစ်၏။
(၁၀) ဘဝကြောင့် ဇာတိသည် ဖြစ်၏။
(၁၁) ဇာတိကြောင့်-
(၁၂) အိုခြင်း သေခြင်း ‘ဇရာမရဏ’ သည် ဖြစ်၏။
ဤဆိုအပ်ခဲ့ပြီးသောနည်းဖြင့် ချမ်းသာနှင့်မရောသော ဤဆင်းရဲအစုအပုံ၏ ထင်ရှားဖြစ်ပေါ်မှုသည် ဖြစ်၏။
--
(၂-၈) မဟာကုသိုလ်ဒုတိယစိတ်စသည်တို့၌ ပဋိစ္စသမုပ္ပါဒ်လှည့်နည်း
၃၃၉။ အဘယ်တရားတို့သည် ကုသိုလ် မည်ကုန်သနည်း။
အကြင်အခါ၌ သောမနဿဝေဒနာနှင့် တကွဖြစ်သော၊ ဉာဏ်နှင့်ယှဉ်သော၊ တိုက်တွန်းခြင်းနှင့် တကွဖြစ်သော ကာမာဝစရကုသိုလ်စိတ်သည် ဖြစ်ဆဲဖြစ်၏။ပ။
သောမနဿဝေဒနာနှင့် တကွဖြစ်သော၊ ဉာဏ်နှင့်မယှဉ်သော။ပ။
သောမနဿဝေဒနာနှင့် တကွဖြစ်သော၊ ဉာဏ်နှင့်မယှဉ်သော၊ တိုက်တွန်းခြင်းနှင့် တကွဖြစ်သော။ပ။
ဥပေက္ခာဝေဒနာနှင့် တကွဖြစ်သော၊ ဉာဏ်နှင့်ယှဉ်သော။ပ။
ဥပေက္ခာဝေဒနာနှင့် တကွဖြစ်သော၊ ဉာဏ်နှင့်ယှဉ်သော၊ တိုက်တွန်းခြင်းနှင့် တကွဖြစ်သော။ပ။
ဥပေက္ခာဝေဒနာနှင့် တကွဖြစ်သော၊ ဉာဏ်နှင့်မယှဉ်သော။ပ။
ဥပေက္ခာဝေဒနာနှင့် တကွဖြစ်သော၊ ဉာဏ်နှင့်မယှဉ်သော၊ တိုက်တွန်းခြင်းနှင့်တကွဖြစ်သော၊ ရူပါရုံကိုလည်း အာရုံပြုသော။ပ။ ဓမ္မာရုံကိုလည်း အာရုံပြုသော၊ အမှတ်မရှိသော အာရုံကိုလည်း အာရုံပြု၍ဖြစ်သော ကာမာဝစရကုသိုလ်စိတ်သည် ဖြစ်ဆဲဖြစ်၏။
(၁) ထိုအခါ၌ မသိမှု ‘အဝိဇ္ဇာ’ ကြောင့် ပြုစီရင်မှု ‘သင်္ခါရ’ သည် ဖြစ်၏။
(၂) ပြုစီရင်မှု ‘သင်္ခါရ’ ကြောင့် သိမှု ‘ဝိညာဏ်’ သည် ဖြစ်၏။
(၃) သိမှု ‘ဝိညာဏ်’ ကြောင့် နာမ်သည် ဖြစ်၏။
(၄) နာမ်ကြောင့် ခြောက်ခုမြောက် ‘မနာယတန’ သည် ဖြစ်၏။
(၅) ခြောက်ခုမြောက် ‘မနာယတန’ ကြောင့် တွေ့ထိမှု ‘ဖဿ’ သည် ဖြစ်၏။
(၆) တွေ့ထိမှု ‘ဖဿ’ ကြောင့် ခံစားမှု ‘ဝေဒနာ’ သည် ဖြစ်၏။
(၇) ခံစားမှု ‘ဝေဒနာ’ ကြောင့် ကြည်လင်မှု ‘သဒ္ဓါ’ သည် ဖြစ်၏။
(၈) ကြည်လင်မှု ‘သဒ္ဓါ’ ကြောင့် ဆုံးဖြတ်မှု ‘အဓိမောက္ခ’ သည် ဖြစ်၏။
(၉) ဆုံးဖြတ်မှု ‘အဓိမောက္ခ’ ကြောင့် ဘဝသည် ဖြစ်၏။
(၁၀) ဘဝကြောင့် ဇာတိသည် ဖြစ်၏။
(၁၁) ဇာတိကြောင့်-
(၁၂) အိုခြင်း သေခြင်း ‘ဇရာမရဏ’ သည် ဖြစ်၏။ ဤဆိုအပ်ခဲ့ပြီးသော နည်းဖြင့် ချမ်းသာနှင့်မရောသော ဤဆင်းရဲအစုအပုံ၏ ထင်ရှားဖြစ်ပေါ်မှုသည်ဖြစ်၏။
--
ရူပါဝစရကုသိုလ်စိတ်၌ ပဋိစ္စသမုပ္ပါဒ်လှည့်နည်း
၃၄၀။ အဘယ်တရားတို့သည် ကုသိုလ် မည်ကုန်သနည်း။
အကြင်အခါ၌ ရူပဘုံ၌ ဖြစ်ရန် ရောက်ကြောင်း (ဈာန်) ကို ပွါးများအားထုတ်၏၊ ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ ပထဝီကသိုဏ်းကို အာရုံပြုသော ပဌမဈာန်ကို ပြည့်စုံစေ၍ နေ၏။
(၁) ထိုအခါ၌ မသိမှု ‘အဝိဇ္ဇာ’ ကြောင့် ပြုစီရင်မှု ‘သင်္ခါရ’ သည် ဖြစ်၏။
(၂) ပြုစီရင်မှု ‘သင်္ခါရ’ ကြောင့် သိမှု ‘ဝိညာဏ်’ သည် ဖြစ်၏။
(၃) သိမှု ‘ဝိညာဏ်’ ကြောင့် နာမ်သည် ဖြစ်၏။
(၄) နာမ်ကြောင့် ခြောက်ခုမြောက် ‘မနာယတန’ သည် ဖြစ်၏။
(၅) ခြောက်ခုမြောက် ‘မနာယတန’ ကြောင့် တွေ့ထိမှု ‘ဖဿ’ သည် ဖြစ်၏။
(၆) တွေ့ထိမှု ‘ဖဿ’ ကြောင့် ခံစားမှု ‘ဝေဒနာ’ သည် ဖြစ်၏။
(၇) ခံစားမှု ‘ဝေဒနာ’ ကြောင့် ကြည်လင်မှု ‘သဒ္ဓါ’ သည် ဖြစ်၏။
(၈) ကြည်လင်မှု ‘သဒ္ဓါ’ ကြောင့် ဆုံးဖြတ်မှု ‘အဓိမောက္ခ’ သည် ဖြစ်၏။
(၉) ဆုံးဖြတ်မှု ‘အဓိမောက္ခ’ ကြောင့် ဘဝသည် ဖြစ်၏။
(၁၀) ဘဝကြောင့် ဇာတိသည် ဖြစ်၏။
(၁၁) ဇာတိကြောင့်-
(၁၂) အိုခြင်း သေခြင်း ‘ဇရာမရဏ’ သည် ဖြစ်၏။ ဤဆိုအပ်ခဲ့ပြီးသောနည်းဖြင့် ချမ်းသာနှင့်မရောသော ဤဆင်းရဲအစုအပုံ၏ ထင်ရှားဖြစ်ပေါ်မှုသည် ဖြစ်၏။
--
အရူပါဝစရကုသိုလ်စိတ်၌ ပဋိစ္စသမုပ္ပါဒ်လှည့်နည်း
၃၄၁။ အဘယ်တရားတို့သည် ကုသိုလ် မည်ကုန်သနည်း။
အကြင်အခါ၌ အရူပဘုံ၌ ဖြစ်ရန် ရောက်ကြောင်းဈာန်ကို ပွါးများအားထုတ်၏၊ အာကိဉ္စညာယတနဈာန်ကို လုံးဝ လွန်မြောက်၍ နေဝသညာနာသညာယတန သညာနှင့် တကွဖြစ်သော၊ ချမ်းသာခြင်း ‘သုခ'ကို လည်း ပယ်ခြင်းကြောင့်။ပ။ စတုတ္ထဈာန်ကို ပြည့်စုံစေ၍ နေ၏။
(၁) ထိုအခါ၌ မသိမှု ‘အဝိဇ္ဇာ’ ကြောင့် ပြုစီရင်မှု, သင်္ခါရ’ သည် ဖြစ်၏။
(၂) ပြုစီရင်မှု ‘သင်္ခါရ’ ကြောင့် သိမှု ‘ဝိညာဏ်’ သည် ဖြစ်၏။
(၃) သိမှု ‘ဝိညာဏ်’ ကြောင့် နာမ်သည် ဖြစ်၏။
(၄) နာမ်ကြောင့် ခြောက်ခုမြောက် ‘မနာယတန’ သည် ဖြစ်၏။
(၅) ခြောက်ခုမြောက် ‘မနာယတန’ ကြောင့် တွေ့ထိမှု ‘ဖဿ’ သည် ဖြစ်၏။
(၆) တွေ့ထိမှု ‘ဖဿ’ ကြောင့် ခံစားမှု ‘ဝေဒနာ’ သည် ဖြစ်၏။
(၇) ခံစားမှု ‘ဝေဒနာ’ ကြောင့် ကြည်လင်မှု ‘သဒ္ဓါ’ သည် ဖြစ်၏။
(၈) ကြည်လင်မှု ‘သဒ္ဓါ’ ကြောင့် ဆုံးဖြတ်မှု ‘အဓိမောက္ခ’ သည် ဖြစ်၏။
(၉) ဆုံးဖြတ်မှု ‘အဓိမောက္ခ’ ကြောင့် ဘဝသည် ဖြစ်၏။
(၁၀) ဘဝကြောင့် ဇာတိသည် ဖြစ်၏။
(၁၁) ဇာတိကြောင့်-
(၁၂) အိုခြင်း သေခြင်း ‘ဇရာမရဏ’ သည် ဖြစ်၏။ ဤဆိုအပ်ခဲ့ပြီးသောနည်းဖြင့် ချမ်းသာနှင့်မရောသော ဤဆင်းရဲအစုအပုံ၏ ထင်ရှားဖြစ်ပေါ်မှုသည် ဖြစ်၏။
--
လောကုတ္တရာကုသိုလ်စိတ်၌ ပဋိစ္စသမုပ္ပါဒ်လှည့်နည်း
၃၄၂။ အဘယ်တရားတို့သည် ကုသိုလ် မည်ကုန်သနည်း။
အကြင်အခါ၌ သက္ကာယဒိဋ္ဌိစသော မိစ္ဆာအယူတို့ကို ပယ်ရန်၊ ပဌမဘုံ (သောတာပန်အဆင့်) သို့ရောက်ရန် ဝဋ်ဆင်းရဲမှ လွတ်မြောက်တတ်သော၊ နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်သော လောကုတ္တရာဈာန်တရားကို ပွါးများ အားထုတ်၏။ ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ ဆင်းရဲသော အကျင့်ရှိသော, နုံ့နှေးသော အသိဉာဏ်ရှိသော ပဌမဈာန်ကို ပြည့်စုံစေ၍ နေ၏။
(၁) ထိုအခါ၌ မသိမှု ‘အဝိဇ္ဇာ’ ကြောင့် ပြုစီရင်မှု, သင်္ခါရ’ သည် ဖြစ်၏။
(၂) ပြုစီရင်မှု ‘သင်္ခါရ’ ကြောင့် သိမှု ‘ဝိညာဏ်’ သည် ဖြစ်၏။
(၃) သိမှု ‘ဝိညာဏ်’ ကြောင့် နာမ်သည် ဖြစ်၏။
(၄) နာမ်ကြောင့် ခြောက်ခုမြောက် ‘မနာယတန’ သည် ဖြစ်၏။
(၅) ခြောက်ခုမြောက် ‘မနာယတန’ ကြောင့် တွေ့ထိမှု ‘ဖဿ’ သည် ဖြစ်၏။
(၆) တွေ့ထိမှု ‘ဖဿ’ ကြောင့် ခံစားမှု ‘ဝေဒနာ’ သည် ဖြစ်၏။
(၇) ခံစားမှု ‘ဝေဒနာ’ ကြောင့် ကြည်လင်မှု ‘သဒ္ဓါ’ သည် ဖြစ်၏။
(၈) ကြည်လင်မှု ‘သဒ္ဓါ’ ကြောင့် ဆုံးဖြတ်မှု ‘အဓိမောက္ခ’ သည် ဖြစ်၏။
(၉) ဆုံးဖြတ်မှု ‘အဓိမောက္ခ’ ကြောင့် ဘဝသည် ဖြစ်၏။
(၁၀) ဘဝကြောင့် ဇာတိသည် ဖြစ်၏။
(၁၁) ဇာတိကြောင့်-
(၁၂) အိုခြင်း သေခြင်း ‘ဇရာမရဏ’ သည် ဖြစ်၏။
ဤဆိုအပ်ခဲ့ပြီးသောနည်းဖြင့် ဤတရားတို့၏ ထင်ရှားဖြစ်ပေါ်မှုသည် ဖြစ်၏။
အဝိဇ္ဇာမူလကကုသလနိဒ္ဒေသ ပြီး၏
--
(၁၃) ကုသလမူလကဝိပါကနိဒ္ဒေသ
ကုသလဝိပါက်စိတ်တို့၌ ပဋိစ္စသမုပ္ပါဒ်လှည့်နည်း
အဟိတ်ကုသလဝိပါက် စက္ခုဝိညာဏ်စိတ်၌ ပဋိစ္စသမုပ္ပါဒ်လှည့်နည်း
၃၄၃။ အဘယ်တရားတို့သည် အဗျာကတ မည်ကုန်သနည်း။
အကြင်အခါ၌ ကာမာဝစရကုသိုလ်ကံကို ပြုခဲ့ဆည်းပူးခဲ့၍ ဥပေက္ခာဝေဒနာနှင့် တကွဖြစ်သော၊ ရူပါရုံကိုအာရုံပြုသော အကျိုးဖြစ်သော စက္ခုဝိညာဏ်စိတ်သည် ဖြစ်ဆဲဖြစ်၏။
(၁) ထိုအခါ၌ ကုသိုလ်မူလကြောင့် ပြုစီရင်မှု ‘သင်္ခါရ’ သည် ဖြစ်၏။
(၂) ပြုစီရင်မှု ‘သင်္ခါရ’ ကြောင့် သိမှု ‘ဝိညာဏ်’ သည် ဖြစ်၏။
(၃) သိမှု ‘ဝိညာဏ်’ ကြောင့် နာမ်သည် ဖြစ်၏။
(၄) နာမ်ကြောင့် ခြောက်ခုမြောက် ‘မနာယတန’ သည် ဖြစ်၏။
(၅) ခြောက်ခုမြောက် ‘မနာယတန’ ကြောင့် တွေ့ထိမှု ‘ဖဿ’ သည် ဖြစ်၏။
(၆) တွေ့ထိမှု ‘ဖဿ’ ကြောင့် ခံစားမှု ‘ဝေဒနာ’ သည် ဖြစ်၏။
(၇) ခံစားမှု ‘ဝေဒနာ’ ကြောင့် ဘဝသည် ဖြစ်၏။
(၈) ဘဝကြောင့် ဇာတိသည် ဖြစ်၏။
(၉) ဇာတိကြောင့်-
(၁၀) အိုခြင်း သေခြင်း ‘ဇရာမရဏ’ သည် ဖြစ်၏။ ဤဆိုအပ်ခဲ့ပြီးသောနည်းဖြင့် ချမ်းသာနှင့်မရောသော ဤဆင်းရဲအစုအပုံ၏ ထင်ရှားဖြစ်ပေါ်မှုသည် ဖြစ်၏။
အင်္ဂါ-၁၀-ပါးအကျယ်
၃၄၄။ ထိုအင်္ဂါ၁၀-ပါးတို့တွင် အဘယ်သည် ကုသိုလ်မူလကြောင့်ဖြစ်သော ပြုစီရင်မှု ‘သင်္ခါရ’ မည်သနည်း။
အကြင် စေ့ဆော်မှု ‘စေတနာ’၊ ကောင်းစွာစေ့ဆော်မှု ‘သေဉ္စတနာ’၊ ကောင်းစွာစေ့ဆော်တတ်သည်၏အဖြစ် ‘သေဉ္စတယိတတ္တ’ သည် ရှိ၏။ ဤသဘောကို ကုသိုလ်မူလကြောင့်ဖြစ်သော ပြုစီရင်မှု ‘သင်္ခါရ’ ဟု ဆိုအပ်၏။ပ။
ထို့ကြောင့် “ဤဆိုအပ်ခဲ့ပြီးသော နည်းဖြင့် ချမ်းသာနှင့်မရောသော ဤဆင်းရဲအစုအပုံ၏ ထင်ရှားဖြစ်ပေါ်မှုသည် ဖြစ်၏” ဟု ဆိုအပ်၏။
--
အဟိတ်ကုသလဝိပါက် သောတဝိညာဏ်စိတ် စသည်တို့၌ ပဋိစ္စသမုပ္ပါဒ်လှည့်နည်း
၃၄၅။ အဘယ်တရားတို့သည် အဗျာကတ မည်ကုန်သနည်း။
အကြင်အခါ၌ ကာမာဝစရကုသိုလ်ကံကို ပြုခဲ့ ဆည်းပူးခဲ့၍ ဥပေက္ခာဝေဒနာနှင့် တကွဖြစ်သော၊ သဒ္ဒါရုံကိုလည်း အာရုံပြုသော၊ အကျိုးဖြစ်သော သောတဝိညာဏ်စိတ်သည် ဖြစ်ဆဲဖြစ်၏။ပ။
ဥပေက္ခာဝေဒနာနှင့် တကွဖြစ်သော၊ ဂန္ဓာရုံကိုလည်း အာရုံပြုသော၊ ဃာနဝိညာဏ်စိတ်သည် ဖြစ်ဆဲဖြစ်၏။ပ။
ဥပေက္ခာဝေဒနာနှင့် တကွဖြစ်သော၊ ရသာရုံကိုလည်း အာရုံပြုသော ဇိဝှာဝိညာဏ်စိတ်သည် ဖြစ်ဆဲဖြစ်၏။ပ။
သုခဝေဒနာနှင့် တကွဖြစ်သော၊ ဖောဋ္ဌဗ္ဗာရုံကိုလည်း အာရုံပြုသော၊ ကာယဝိညာဏ်စိတ်သည် ဖြစ်ဆဲဖြစ်၏။ပ။
ဥပေက္ခာဝေဒနာနှင့် တကွဖြစ်သော၊ ရူပါရုံကိုလည်း အာရုံပြုသော။ပ။ ဖောဋ္ဌဗ္ဗာရုံကိုလည်း အာရုံပြုသော သမ္ပဋိစ္ဆိုန်းခေါ် မနောဓာတ်သည် ဖြစ်ဆဲဖြစ်၏။ပ။
သောမနဿဝေဒနာနှင့် တကွဖြစ်သော၊ ရူပါရုံကိုလည်း အာရုံပြုသော။ပ။ ဓမ္မာရုံကိုလည်း အာရုံပြုသော သနီ ္တရဏခေါ် မနောဝိညာဏဓာတ်သည် ဖြစ်ဆဲဖြစ်၏။ပ။
ဥပေက္ခာဝေဒနာနှင့် တကွဖြစ်သော၊ ရူပါရုံကိုလည်း အာရုံပြုသော။ပ။ ဓမ္မာရုံကိုလည်း အာရုံပြုသော၊ အမှတ်မရှိသော အာရုံကိုလည်း အာရုံပြု၍ဖြစ်သော သန္တီရဏခေါ် မနောဝိညာဏဓာတ်သည် ဖြစ်ဆဲဖြစ်၏။
(၁) ထိုအခါ၌ ကုသိုလ်မူလကြောင့် ပြုစီရင်မှု ‘သင်္ခါရ’ သည် ဖြစ်၏။
(၂) ပြုစီရင်မှု ‘သင်္ခါရ’ ကြောင့် သိမှု ‘ဝိညာဏ်’ သည် ဖြစ်၏။
(၃) သိမှု ‘ဝိညာဏ်’ ကြောင့် နာမ်သည် ဖြစ်၏။
(၄) နာမ်ကြောင့် ခြောက်ခုမြောက် ‘မနာယတန’ သည် ဖြစ်၏။
(၅) ခြောက်ခုမြောက် ‘မနာယတန’ ကြောင့် တွေ့ထိမှု ‘ဖဿ’ သည် ဖြစ်၏။
(၆) တွေ့ထိမှု ‘ဖဿ’ ကြောင့် ခံစားမှု ‘ဝေဒနာ’ သည် ဖြစ်၏။
(၇) ခံစားမှု ‘ဝေဒနာ’ ကြောင့် ဆုံးဖြတ်မှု ‘အဓိမောက္ခ’ သည် ဖြစ်၏။
(၈) ဆုံးဖြတ်မှု ‘အဓိမောက္ခ’ ကြောင့် ဘဝသည် ဖြစ်၏။
(၉) ဘဝကြောင့် ဇာတိသည် ဖြစ်၏။
(၁၀) ဇာတိကြောင့်-
(၁၁) အိုခြင်း သေခြင်း ‘ဇရာမရဏ’ သည် ဖြစ်၏။ ဤဆိုအပ်ခဲ့ပြီးသောနည်းဖြင့် ချမ်းသာနှင့်မရောသော ဤဆင်းရဲအစုအပုံ၏ ထင်ရှားဖြစ်ပေါ်မှုသည် ဖြစ်၏။
--
မဟာဝိပါက်စိတ် ၈-ခုတို့၌ ပဋိစ္စသမုပ္ပါဒ်လှည့်နည်း
၃၄၆။ အဘယ်တရားတို့သည် အဗျာကတ မည်ကုန်သနည်း။
အကြင်အခါ၌ ကာမာဝစရကုသိုလ်ကံကို ပြုခဲ့ ဆည်းပူးခဲ့၍ သောမနဿဝေဒနာနှင့် တကွဖြစ်သော၊ ဉာဏ်နှင့် ယှဉ်သော၊ (တိုက်တွန်းခြင်းမရှိသော)၊ အကျိုးဖြစ်သော မနောဝိညာဏဓာတ်သည် ဖြစ်ဆဲဖြစ်၏။ပ။
သောမနဿဝေဒနာနှင့် တကွဖြစ်သော၊ ဉာဏ်နှင့်ယှဉ်သော၊ တိုက်တွန်းခြင်းနှင့် တကွဖြစ်သော။ပ။
သောမနဿဝေဒနာနှင့် တကွဖြစ်သော၊ ဉာဏ်နှင့်မယှဉ်သော၊ (တိုက်တွန်းခြင်းမရှိသော)။ပ။
သောမနဿဝေဒနာနှင့် တကွဖြစ်သော၊ ဉာဏ်နှင့်မယှဉ်သော၊ တိုက်တွန်းခြင်းနှင့် တကွဖြစ်သော။ပ။
ဥပေက္ခာဝေဒနာနှင့် တကွဖြစ်သော၊ ဉာဏ်နှင့်ယှဉ်သော၊ (တိုက်တွန်းခြင်းမရှိသော)။ပ။
ဥပေက္ခာဝေဒနာနှင့် တကွဖြစ်သော၊ ဉာဏ်နှင့်ယှဉ်သော၊ တိုက်တွန်းခြင်းနှင့် တကွဖြစ်သော။ပ။
ဥပေက္ခာဝေဒနာနှင့် တကွဖြစ်သော၊ ဉာဏ်နှင့်မယှဉ်သော၊ (တိုက်တွန်းခြင်းမရှိသော)။ပ။
ဥပေက္ခာဝေဒနာနှင့်တကွဖြစ်သော၊ ဉာဏ်နှင့်မယှဉ်သော၊ တိုက်တွန်းခြင်းနှင့် တကွဖြစ်သော ရူပါရုံကိုလည်း အာရုံပြုသော။ပ။ ဓမ္မာရုံကိုလည်း အာရုံပြုသော၊ အမှတ်မရှိသော အာရုံကိုလည်း အာရုံပြု၍ဖြစ်သော၊ အကျိုးဖြစ်သော မနောဝိညာဏဓာတ်သည် ဖြစ်ဆဲဖြစ်၏။
(၁) ထိုအခါ၌ ကုသိုလ်မူလကြောင့် ပြုစီရင်မှု ‘သင်္ခါရ’ သည် ဖြစ်၏။
(၂) ပြုစီရင်မှု ‘သင်္ခါရ’ ကြောင့် သိမှု ‘ဝိညာဏ်’ သည် ဖြစ်၏။
(၃) သိမှု ‘ဝိညာဏ်’ ကြောင့် နာမ်သည် ဖြစ်၏။
(၄) နာမ်ကြောင့် ခြောက်ခုမြောက် ‘မနာယတန’ သည် ဖြစ်၏။
(၅) ခြောက်ခုမြောက် ‘မနာယတန’ ကြောင့် တွေ့ထိမှု ‘ဖဿ’ သည် ဖြစ်၏။
(၆) တွေ့ထိမှု ‘ဖဿ’ ကြောင့် ခံစားမှု ‘ဝေဒနာ’ သည် ဖြစ်၏။
(၇) ခံစားမှု ‘ဝေဒနာ’ ကြောင့် ကြည်လင်မှု ‘သဒ္ဓါ’ သည် ဖြစ်၏။
(၈) ကြည်လင်မှု ‘သဒ္ဓါ’ ကြောင့် ဆုံးဖြတ်မှု ‘အဓိမောက္ခ’ သည် ဖြစ်၏။
(၉) ဆုံးဖြတ်မှု ‘အဓိမောက္ခ’ ကြောင့် ဘဝသည် ဖြစ်၏။
(၁၀) ဘဝကြောင့် ဇာတိသည် ဖြစ်၏။
(၁၁) ဇာတိကြောင့်-
(၁၂) အိုခြင်း သေခြင်း ‘ဇရာမရဏ’ သည် ဖြစ်၏။ ဤဆိုအပ်ခဲ့ပြီးသောနည်းဖြင့် ချမ်းသာနှင့်မရောသော ဤဆင်းရဲအစုအပုံ၏ ထင်ရှားဖြစ်ပေါ်မှုသည် ဖြစ်၏။
--
ရူပါဝစရဝိပါက်စိတ်တို့၌ ပဋိစ္စသမုပ္ပါဒ်လှည့်နည်း
၃၄၇။ အဘယ်တရားတို့သည် အဗျာကတ မည်ကုန်သနည်း။
အကြင်အခါ၌ ရူပဘုံ၌ ဖြစ်ရန် ရောက်ကြောင်း ဈာန်ကို ပွါးများအားထုတ်၏။ ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ ပထဝီကသိုဏ်းကို အာရုံပြုသော ပဌမဈာန်ကို ပြည့်စုံစေ၍ နေ၏။ ထိုအခါ၌ တွေ့ထိမှု ‘ဖဿ’ သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု ‘အဝိက္ခေပ’ သည် ဖြစ်၏။ ဤတရားတို့သည် ကုသိုလ်တရားတို့ မည်ကုန်၏။ ထိုရူပါဝစရကုသိုလ်ကံကိုသာလျှင် ပြုခဲ့ ဆည်းပူးခဲ့၍ ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ ပထဝီကသိုဏ်းကို အာရုံပြုသော၊ အကျိုးဝိပါက်ဖြစ်သော ပဌမဈာန်ကို ပြည့်စုံစေ၍ နေ၏။
(၁) ထိုအခါ၌ ကုသိုလ်မူလကြောင့် ပြုစီရင်မှု ‘သင်္ခါရ’ သည် ဖြစ်၏။
(၂) ပြုစီရင်မှု ‘သင်္ခါရ’ ကြောင့် သိမှု ‘ဝိညာဏ်’ သည် ဖြစ်၏။
(၃) သိမှု ‘ဝိညာဏ်’ ကြောင့် နာမ်သည် ဖြစ်၏။
(၄) နာမ်ကြောင့် ခြောက်ခုမြောက် ‘မနာယတန’ သည် ဖြစ်၏။
(၅) ခြောက်ခုမြောက် ‘မနာယတန’ ကြောင့် တွေ့ထိမှု ‘ဖဿ’ သည် ဖြစ်၏။
(၆) တွေ့ထိမှု ‘ဖဿ’ ကြောင့် ခံစားမှု ‘ဝေဒနာ’ သည် ဖြစ်၏။
(၇) ခံစားမှု ‘ဝေဒနာ’ ကြောင့် ကြည်လင်မှု ‘သဒ္ဓါ’ သည် ဖြစ်၏။
(၈) ကြည်လင်မှု ‘သဒ္ဓါ’ ကြောင့် ဆုံးဖြတ်မှု ‘အဓိမောက္ခ’ သည် ဖြစ်၏။
(၉) ဆုံးဖြတ်မှု ‘အဓိမောက္ခ’ ကြောင့် ဘဝသည် ဖြစ်၏။
(၁၀) ဘဝကြောင့် ဇာတိသည် ဖြစ်၏။
(၁၁) ဇာတိကြောင့်-
(၁၂) အိုခြင်း သေခြင်း ‘ဇရာမရဏ’ သည် ဖြစ်၏။ ဤဆိုအပ်ခဲ့ပြီးသော နည်းဖြင့် ချမ်းသာနှင့်မရောသော ဤဆင်းရဲအစုအပုံ၏ ထင်ရှားဖြစ်ပေါ်မှုသည်ဖြစ်၏။
--
အရူပါဝစရဝိပါက်စိတ်တို့၌ ပဋိစ္စသမုပ္ပါဒ်လှည့်နည်း
၃၄၈။ အဘယ်တရားတို့သည် အဗျာကတ မည်ကုန်သနည်း။
အကြင်အခါ၌ အရူပဘုံ၌ ဖြစ်ရန် ရောက်ကြောင်းဈာန်ကို ပွါးများအားထုတ်၏၊ အာကိဉ္စညာယတနဈာန်ကို လုံးဝလွန်မြောက်၍ နေဝသညာနာသညာယတန သညာနှင့် တကွဖြစ်သော၊ ချမ်းသာခြင်း ‘သုခ'ကို လည်း ပယ်ခြင်းကြောင့်။ပ။ စတုတ္ထဈာန်ကို ပြည့်စုံစေ၍ နေ၏၊ ထိုအခါ၌ တွေ့ထိမှု ‘ဖဿ’ သည်ဖြစ်၏။ပ။ မပျံ့လွင့်ခြင်း ‘အဝိက္ခေပ’ သည် ဖြစ်၏။ ဤတရားတို့သည် ကုသိုလ်တရားတို့ မည်ကုန်၏။ ထိုအရူပါဝစရကုသိုလ်ကံကိုသာလျှင် ပြုခဲ့ ဆည်းပူးခဲ့၍၊ အာကိဉ္စညာယတနဈာန်ကို လုံးဝ လွန်မြောက်၍နေဝသညာနာသညာယတန သညာနှင့် တကွဖြစ်သော၊ ချမ်းသာခြင်း ‘သုခ'ကိုလည်း ပယ်ခြင်းကြောင့်။ပ။
အကျိုး ဝိပါက်ဖြစ်သော စတုတ္ထဈာန်ကို ပြည့်စုံစေ၍ နေ၏၊
(၁) ထိုအခါ၌ ကုသိုလ်မူလကြောင့် ပြုစီရင်မှု ‘သင်္ခါရ'သည် ဖြစ်၏။
(၂) ပြုစီရင်မှု ‘သင်္ခါရ’ ကြောင့် သိမှု ‘ဝိညာဏ်'သည် ဖြစ်၏။
(၃) သိမှု ‘ဝိညာဏ်’ ကြောင့် နာမ်သည် ဖြစ်၏။
(၄) နာမ်ကြောင့် ခြောက်ခုမြောက် ‘မနာယတန’ သည် ဖြစ်၏။
(၅) ခြောက်ခုမြောက် ‘မနာယတန’ ကြောင့် တွေ့ထိမှု ‘ဖဿ’ သည် ဖြစ်၏။
(၆) တွေ့ထိမှု ‘ဖဿ’ ကြောင့် ခံစားမှု ‘ဝေဒနာ’ သည် ဖြစ်၏။
(၇) ခံစားမှု ‘ဝေဒနာ’ ကြောင့် ကြည်လင်မှု ‘သဒ္ဓါ’ သည် ဖြစ်၏။
(၈) ကြည်လင်မှု ‘သဒ္ဓါ’ ကြောင့် ဆုံးဖြတ်မှု ‘အဓိမောက္ခ’ သည် ဖြစ်၏။
(၉) ဆုံးဖြတ်မှု ‘အဓိမောက္ခ’ ကြောင့် ဘဝသည် ဖြစ်၏။
(၁၀) ဘဝကြောင့် ဇာတိသည် ဖြစ်၏။
(၁၁) ဇာတိကြောင့်-
(၁၂) အိုခြင်း သေခြင်း ‘ဇရာမရဏ’ သည် ဖြစ်၏။ ဤဆိုအပ်ခဲ့ပြီးသောနည်းဖြင့် ချမ်းသာနှင့်မရောသော ဤဆင်းရဲအစုအပုံ၏ ထင်ရှားဖြစ်ပေါ်မှုသည် ဖြစ်၏။
--
လောကုတ္တရာဝိပါက်စိတ်တို့၌ ပဋိစ္စသမုပ္ပါဒ်လှည့်နည်း
၃၄၉။ အဘယ်တရားတို့သည် အဗျာကတ မည်ကုန်သနည်း။
အကြင်အခါ၌ သက္ကာယဒိဋ္ဌိစသော မိစ္ဆာအယူတို့ကို ပယ်ရန်၊ ပဌမဘုံ (သောတာပန်အဆင့်) သို့ရောက်ရန် ဝဋ်ဆင်းရဲမှ ထွက်မြောက်တတ်သော၊ နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်သော လောကုတ္တရာဈာန်တရားကို ပွါးများ အားထုတ်၏။ ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ ဆင်းရဲသော အကျင့်ရှိသော, နုံ့နှေးသော အသိဉာဏ်ရှိသော ပဌမဈာန်ကို ပြည့်စုံစေ၍ နေ၏၊ ထိုအခါ၌ တွေ့ထိမှု ‘ဖဿ'သည် ဖြစ်၏။ပ။ မပျံ့လွင့်ခြင်း ‘အဝိက္ခေပ’ သည် ဖြစ်၏၊ ဤတရားတို့သည် ကုသိုလ်တရားတို့ မည်ကုန်၏။ ထိုလောကုတ္တရာကုသိုလ်ဈာန်ကိုသာလျှင် ပြုခဲ့ ပွါးများအားထုတ်ခဲ့၍ ကာမတို့မှ ကင်းဆိတ်၍သာလျှင့်။ပ။ ဆင်းရဲသော အကျင့်ရှိသော၊ နုံ့နှေးသော အသိဉာဏ်ရှိသော၊ အတ္တမှဆိတ်သော၊ အကျိုး ဝိပါက်ဖြစ်သော ပဌမဈာန်ကို ပြည့်စုံစေ၍ နေ၏။
(၁) ထိုအခါ၌ ကုသိုလ်မူလကြောင့် ပြုစီရင်မှု ‘သင်္ခါရ’ သည် ဖြစ်၏။
(၂) ပြုစီရင်မှု ‘သင်္ခါရ’ ကြောင့် သိမှု ‘ဝိညာဏ်’ သည် ဖြစ်၏။
(၃) သိမှု ‘ဝိညာဏ်’ ကြောင့် နာမ်သည် ဖြစ်၏။
(၄) နာမ်ကြောင့် ခြောက်ခုမြောက် ‘မနာယတန’ သည် ဖြစ်၏။
(၅) ခြောက်ခုမြောက် ‘မနာယတန’ ကြောင့် တွေ့ထိမှု ‘ဖဿ’ သည် ဖြစ်၏။
(၆) တွေ့ထိမှု ‘ဖဿ’ ကြောင့် ခံစားမှု ‘ဝေဒနာ’ သည် ဖြစ်၏။
(၇) ခံစားမှု ‘ဝေဒနာ’ ကြောင့် ကြည်လင်မှု ‘သဒ္ဓါ’ သည် ဖြစ်၏။
(၈) ကြည်လင်မှု ‘သဒ္ဓါ’ ကြောင့် ဆုံးဖြတ်မှု ‘အဓိမောက္ခ’ သည် ဖြစ်၏။
(၉) ဆုံးဖြတ်မှု ‘အဓိမောက္ခ’ ကြောင့် ဘဝသည် ဖြစ်၏။
(၁၀) ဘဝကြောင့် ဇာတိသည် ဖြစ်၏။
(၁၁) ဇာတိကြောင့်-
(၁၂) အိုခြင်း သေခြင်း ‘ဇရာမရဏ’ သည် ဖြစ်၏။
ဤဆိုအပ်ခဲ့ပြီးသောနည်းဖြင့် ဤတရားတို့၏ ထင်ရှားဖြစ်ပေါ်မှုသည် ဖြစ်၏။
ကုသိုလ်ဝိပါက်စိတ်တို့၌ ပဋိစ္စသမုပ္ပါဒ်လှည့်နည်း ပြီး၏
--
၁၄။ အကုသလမူလကဝိပါကနိဒ္ဒေသ
အကုသိုလ်ဝိပါက်စိတ်တို့၌ ပဋိစ္စသမုပ္ပါဒ်လှည့်နည်း
စက္ခုဝိညာဏ်စိတ်၌ ပဋိစ္စသမုပ္ပါဒ်လှည့်နည်း
၃၅၀။ အဘယ်တရားတို့သည် အဗျာကတ မည်ကုန်သနည်း။
အကြင်အခါ၌ အကုသိုလ်ကံကို ပြုခဲ့ဆည်းပူးခဲ့၍ ဥပေက္ခာဝေဒနာနှင့် တကွဖြစ်သော၊ ရူပါရုံကိုအာရုံပြုသော၊ အကျိုးဝိပါက်ဖြစ်သော စက္ခုဝိညာဏ်စိတ်သည် ဖြစ်ဆဲဖြစ်၏။
(၁) ထိုအခါ၌ အကုသိုလ်မူလကြောင့် ပြုစီရင်မှု ‘သင်္ခါရ’ သည် ဖြစ်၏။
(၂) ပြုစီရင်မှု ‘သင်္ခါရ’ ကြောင့် သိမှု ‘ဝိညာဏ်’ သည် ဖြစ်၏။
(၃) သိမှု ‘ဝိညာဏ်’ ကြောင့် နာမ်သည် ဖြစ်၏။
(၄) နာမ်ကြောင့် ခြောက်ခုမြောက် ‘မနာယတန’ သည် ဖြစ်၏။
(၅) ခြောက်ခုမြောက် ‘မနာယတန’ ကြောင့် တွေ့ထိမှု ‘ဖဿ’ သည် ဖြစ်၏။
(၆) တွေ့ထိမှု ‘ဖဿ’ ကြောင့် ခံစားမှု ‘ဝေဒနာ’ သည် ဖြစ်၏။
(၇) ခံစားမှု ‘ဝေဒနာ’ ကြောင့် ဘဝသည် ဖြစ်၏။
(၈) ဘဝကြောင့် ဇာတိသည် ဖြစ်၏။
(၉) ဇာတိကြောင့်-
(၁၀) အိုခြင်း သေခြင်း ‘ဇရာမရဏ’ သည် ဖြစ်၏။ ဤဆိုအပ်ခဲ့ပြီးသော နည်းဖြင့် ချမ်းသာနှင့်မရောသော ဤဆင်းရဲအစုအပုံ၏ ထင်ရှားဖြစ်ပေါ်မှုသည်ဖြစ်၏။
အင်္ဂါ-၁၀-ပါးအကျယ်
၃၅၁။ ထိုအင်္ဂါ၁၀-ပါးတို့တွင် အဘယ်သည် အကုသိုလ်မူလကြောင့်ဖြစ်သော ပြုစီရင်မှု ‘သင်္ခါရ’ မည်သနည်း။
အကြင်စေ့ဆော်မှု ‘စေတနာ’၊ ကောင်းစွာစေ့ဆော်မှု ‘သေဉ္စတနာ’၊ ကောင်းစွာ စေ့ဆော်တတ်သည်၏အဖြစ် ‘သေဉ္စတယိတတ္တ’ သည် ရှိ၏။ ဤသဘောကို အကုသိုလ်မူလကြောင့်ဖြစ်သော ပြုစီရင်မှု ‘သင်္ခါရ’ ဟု ဆိုအပ်၏။ပ။
ထို့ကြောင့် “ဤဆိုအပ်ခဲ့ပြီးသော နည်းဖြင့် ချမ်းသာနှင့်မရောသော ဤဆင်းရဲအစုအပုံ၏ ထင်ရှားဖြစ်ပေါ်မှုသည် ဖြစ်၏” ဟု ဆိုအပ်၏။
--
သောတဝိညာဏ်စသည်တို့၌ ပဋိစ္စသမုပ္ပါဒ်လှည့်နည်း
၃၅၂။ အဘယ်တရားတို့သည် အဗျာကတ မည်ကုန်သနည်း။
အကြင်အခါ၌ အကုသိုလ်ကံကို ပြုခဲ့ဆည်းပူးခဲ့၍ ဥပေက္ခာဝေဒနာနှင့် တကွဖြစ်သော၊ သဒ္ဒါရုံကို အာရုံပြုသော အကျိုးဝိပါက်ဖြစ်သော သောတဝိညာဏ်စိတ်သည် ဖြစ်ဆဲဖြစ်၏။ပ။
ဥပေက္ခာဝေဒနာနှင့် တကွဖြစ်သော၊ ဂန္ဓာရုံကို အာရုံပြုသော၊ အကျိုးဝိပါက်ဖြစ်သော ဃာနဝိညာဏ်စိတ်သည် ဖြစ်ဆဲဖြစ်၏။ပ။
ဥပေက္ခာဝေဒနာနှင့် တကွဖြစ်သော၊ ရသာရုံကို အာရုံပြုသော၊ အကျိုးဝိပါက် ဖြစ်သော ဇိဝှါဝိညာဏ်စိတ်သည် ဖြစ်ဆဲဖြစ်၏။ပ။
ဒုက္ခဝေဒနာနှင့် တကွဖြစ်သော၊ ဖောဋ္ဌဗ္ဗာရုံကို အာရုံပြုသော၊ အကျိုးဝိပါက် ဖြစ်သော ကာယဝိညာဏ်စိတ်သည် ဖြစ်ဆဲဖြစ်၏။ပ။
ဥပေက္ခာဝေဒနာနှင့် တကွဖြစ်သော၊ ရူပါရုံကိုလည်း အာရုံပြုသော။ပ။ ဖောဋ္ဌဗ္ဗာရုံကိုလည်း အာရုံပြုသော၊ အမှတ်မရှိသော အာရုံကိုလည်း အာရုံပြုသော သမ္ပဋိစ္ဆိုန်းခေါ် မနောဓာတ်သည် ဖြစ်ဆဲဖြစ်၏။
(၁) ထိုအခါ၌ အကုသိုလ်မူလကြောင့် ပြုစီရင်မှု ‘သင်္ခါရ’ သည် ဖြစ်၏။
(၂) ပြုစီရင်မှု ‘သင်္ခါရ’ ကြောင့် သိမှု ‘ဝိညာဏ်’ သည် ဖြစ်၏။
(၃) သိမှု ‘ဝိညာဏ်’ ကြောင့် နာမ်သည် ဖြစ်၏။
(၄) နာမ်ကြောင့် ခြောက်ခုမြောက် ‘မနာယတန’ သည် ဖြစ်၏။
(၅) ခြောက်ခုမြောက် ‘မနာယတန’ ကြောင့် တွေ့ထိမှု ‘ဖဿ’ သည် ဖြစ်၏။
(၆) တွေ့ထိမှု ‘ဖဿ’ ကြောင့် ခံစားမှု ‘ဝေဒနာ’ သည် ဖြစ်၏။
(၇) ခံစားမှု ‘ဝေဒနာ’ ကြောင့် ဆုံးဖြတ်မှု ‘အဓိမောက္ခ’ သည် ဖြစ်၏။
(၈) ဆုံးဖြတ်မှု ‘အဓိမောက္ခ’ ကြောင့် ဘဝသည် ဖြစ်၏။
(၉) ဘဝကြောင့် ဇာတိသည် ဖြစ်၏။
(၁၀) ဇာတိကြောင့်-
(၁၁) အိုခြင်း သေခြင်း ‘ဇရာမရဏ’ သည် ဖြစ်၏။ ဤဆိုအပ်ခဲ့ပြီးသောနည်းဖြင့် ချမ်းသာနှင့်မရောသော ဤဆင်းရဲအစုအပုံ၏ ထင်ရှားဖြစ်ပေါ်မှုသည် ဖြစ်၏။
--
ဥပေက္ခာသန္တီရဏစိတ်တို့၌ ပဋိစ္စသမုပ္ပါဒ်လှည့်နည်း
၃၅၃။ အဘယ်တရားတို့သည် အဗျာကတ မည်ကုန်သနည်း။
အကြင်အခါ၌ အကုသိုလ်ကံကို ပြုခဲ့ဆည်းပူးခဲ့၍ ဥပေက္ခာဝေဒနာနှင့် တကွဖြစ်သော ရူပါရုံကိုလည်းအာရုံပြုသော။ပ။ ဓမ္မာရုံကိုလည်း အာရုံပြုသော၊ အမှတ်မရှိသော အာရုံကိုလည်း အာရုံပြု၍ဖြစ်သော၊ အကျိုးဝိပါက်ဖြစ်သော သန္တီရဏခေါ် မနောဝိညာဏဓာတ်သည် ဖြစ်ဆဲဖြစ်၏။
(၁) ထိုအခါ၌ အကုသိုလ်မူလကြောင့် ပြုစီရင်မှု ‘သင်္ခါရ’ သည် ဖြစ်၏။
(၂) ပြုစီရင်မှု ‘သင်္ခါရ’ ကြောင့် သိမှု ‘ဝိညာဏ်’ သည် ဖြစ်၏။
(၃) သိမှု ‘ဝိညာဏ်’ ကြောင့် နာမ်သည် ဖြစ်၏။
(၄) နာမ်ကြောင့် ခြောက်ခုမြောက် (မနာယတန) သည် ဖြစ်၏။
(၅) ခြောက်ခုမြောက် (မနာယတန) ကြောင့် တွေ့ထိမှု ‘ဖဿ’ သည် ဖြစ်၏။
(၆) တွေ့ထိမှု ‘ဖဿ’ ကြောင့် ခံစားမှု ‘ဝေဒနာ’ သည် ဖြစ်၏။
(၇) ခံစားမှု ‘ဝေဒနာ’ ကြောင့် ဆုံးဖြတ်မှု ‘အဓိမောက္ခ’ သည် ဖြစ်၏။
(၈) ဆုံးဖြတ်မှု ‘အဓိမောက္ခ’ ကြောင့် ဘဝသည် ဖြစ်၏။
(၉) ဘဝကြောင့် ဇာတိသည် ဖြစ်၏။
(၁၀) ဇာတိကြောင့်-
(၁၁) အိုခြင်း သေခြင်း ‘ဇရာမရဏ’ သည် ဖြစ်၏။ ဤဆိုအပ်ခဲ့ပြီးသော နည်းဖြင့် ချမ်းသာနှင့်မရောသော ဤဆင်းရဲအစုအပုံ၏ ထင်ရှားဖြစ်ပေါ်မှုသည်ဖြစ်၏။
--
အင်္ဂါ၁၁-ပါးအကျယ်
၃၅၄။ (၁) သင်္ခါရ။ ။ ထိုအင်္ဂါ၁၁-ပါးတို့တွင် အဘယ်သည် အကုသိုလ်မူလကြောင့်ဖြစ်သော ပြုစီရင်မှု ‘သင်္ခါရ’ မည်သနည်း။
အကြင်စေ့ဆော်မှု ‘စေတနာ’၊ ကောင်းစွာစေ့ဆော်မှု ‘သေဉ္စတနာ’၊ ကောင်းစွာစေ့ဆော်တတ်သည်၏အဖြစ် ‘သေဉ္စတယိတတ္တ’ သည် ရှိ၏။ ဤသဘောကို အကုသိုလ်မူလကြောင့်ဖြစ်သော ပြုစီရင်မှု ‘သင်္ခါရ’ဟု ဆိုအပ်၏။
(၂) ဝိညာဏ်
ထိုအင်္ဂါ၁၁-ပါးတို့တွင် အဘယ်သည် ပြုစီရင်မှု ‘သင်္ခါရ’ ကြောင့်ဖြစ်သောသိမှု ‘ဝိညာဏ်’ မည်သနည်း။
အကြင်ဆန်းကြယ်သောသဘော ‘စိတ္တ’၊ သိခြင်းသဘော ‘မန’၊ သိမှု သဘော ‘မာနသ’။ပ။ ထိုစိတ် အားလျော်သော အထူးသိမှု သဘော ‘တဇ္ဇာမနောဝိညာဏဓာတ်’ သည် ရှိ၏။ ဤသဘောကို ပြုစီရင်မှု ‘သင်္ခါရ'ကြောင့် ဖြစ်သော သိမှု ‘ဝိညာဏ်’ ဟု ဆိုအပ်၏။
(၃) နာမ်
ထိုအင်္ဂါ၁၁-ပါးတို့တွင် အဘယ်သည် သိမှု ‘ဝိညာဏ်’ ကြောင့်ဖြစ်သော ‘နာမ်’ မည်သနည်း။
ခံစားမှု အစု ‘ဝေဒနာက္ခန္ဓာ’၊ မှတ်သားမှု အစု ‘သညာက္ခန္ဓာ’၊ ပြုစီရင်မှု အစု ‘သင်္ခါရက္ခန္ဓာ’ သည် ရှိ၏။ ဤသဘောကို သိမှု ‘ဝိညာဏ်’ ကြောင့်ဖြစ်သော နာမ်ဟု ဆိုအပ်၏။
(၄) မနာယတန
ထိုအင်္ဂါ၁၁-ပါးတို့တွင် အဘယ်တရားသည် နာမ်ကြောင့်ဖြစ်သောခြောက်ခုမြောက် ‘မနာယတန’ မည်သနည်း။
အကြင်ဆန်းကြယ်သောသဘော ‘စိတ္တ’၊ သိခြင်းသဘော ‘မန’၊ သိမှု သဘော ‘မာနသ’။ပ။ ထိုစိတ်အားလျော်သော အထူးသိမှု သဘော ‘တဇ္ဇာမနောဝိညာဏဓာတ်’ သည် ရှိ၏။ ဤသဘောကို နာမ်ကြောင့်ဖြစ်သော ခြောက်ခုမြောက် ‘မနာယတန’ ဟု ဆိုအပ်၏။
(၅) ဖဿ
ထိုအင်္ဂါ၁၁-ပါးတို့တွင် အဘယ်သည် ခြောက်ခုမြောက် ‘မနာယတန'ကြောင့် ဖြစ်သော တွေ့ထိမှု ‘ဖဿ’ မည်သနည်း။
အကြင်တွေ့ထိမှု သဘော ‘ဖဿ’၊ တွေ့ထိသောအခြင်းအရာ ‘ဖုသနာ’၊ ကောင်းစွာတွေ့ထိသောအခြင်းအရာ ‘သမ္ဖုသနာ’၊ ကောင်းစွာတွေ့ထိတတ်သည်၏ အဖြစ် ‘သမ္ဖုသိတတ္တ’ သည် ရှိ၏။ ဤ့သဘောကို ခြောက်ခုမြောက် ‘မနာယတန’ ကြောင့်ဖြစ်သော တွေ့ထိမှု ‘ဖဿ’ ဟု ဆိုအပ်၏။
--
(၆) ဝေဒနာ
ထိုအင်္ဂါ၁၁-ပါးတို့တွင် အဘယ်သည် တွေ့ထိမှု ‘ဖဿ'ကြောင့်ဖြစ်သောခံစားမှု ‘ဝေဒနာ’ မည်သနည်း။
အကြင်စိတ်၌ ဖြစ်သော သာယာဖွယ်လည်းမဟုတ်, မသာယာဖွယ်လည်းမဟုတ်သော သဘောသည်၊ စိတ်အတွေ့ကြောင့်ဖြစ်သော ဆင်းရဲ, ချမ်းသာမဟုတ်သော ခံစားခြင်းသည်၊ စိတ်အတွေ့ကြောင့်ဖြစ်သောဆင်းရဲ, ချမ်းသာမဟုတ်သော ခံစားမှု သဘောသည် ရှိ၏။ ဤသဘောကို တွေ့ထိမှု ‘ဖဿ’ ကြောင့် ဖြစ်သော ခံစားမှု ‘ဝေဒနာ’ ဟု ဆိုအပ်၏။
(၇) အဓိမောက္ခ
ထိုအင်္ဂါ၁၁-ပါးတို့တွင် အဘယ်သည် ခံစားမှု ‘ဝေဒနာ’ ကြောင့်ဖြစ်သောဆုံးဖြတ်မှု ‘အဓိမောက္ခ’ မည်သနည်း။
အကြင်စိတ်၏ (အာရုံကို) ဆုံးဖြတ်မှု ‘အဓိမောက္ခ’၊ ဆုံးဖြတ်သောအခြင်းအရာ ‘အဓိမုစ္စနာ’၊ ထို (အာရုံ) ကို ဆုံးဖြတ်တတ်သည်၏အဖြစ် ‘တဒဓိမုတ္တတာ’ သည် ရှိ၏။ ဤသဘောကို ခံစားမှု ‘ဝေဒနာ’ ကြောင့်ဖြစ်သော ဆုံးဖြတ်မှု ‘အဓိမောက္ခ’ဟု ဆိုအပ်၏။
(၈) ဘဝ
ထိုအင်္ဂါ၁၁-ပါးတို့တွင် အဘယ်သည် ဆုံးဖြတ်မှု ‘အဓိမောက္ခ’ ကြောင့်ဖြစ်သောဘဝ မည်သနည်း။
ဆုံးဖြတ်မှု ‘အဓိမောက္ခ’ ကို ထား၍ ခံစားမှု အစု ‘ဝေဒနာက္ခန္ဓာ’၊ မှတ်သားမှု အစု ‘သညာက္ခန္ဓာ’၊ ပြုပြင်မှု အစု ‘သင်္ခါရက္ခန္ဓာ’၊ သိမှု အစု ‘ဝိညာဏက္ခန္ဓာ’ သည် ရှိ၏။ ဤသဘောကို ဆုံးဖြတ်မှု ‘အဓိမောက္ခ'ကြောင့် ဖြစ်သော ဘဝဟု ဆိုအပ်၏။
(၉) ဇာတိ
ထိုအင်္ဂါ၁၁-ပါးတို့တွင် အဘယ်သည် ဘဝကြောင့်ဖြစ်သော ဇာတိ မည်သနည်း။
အကြင်ထိုထိုတရားတို့၏ ဖြစ်ပေါ်မှု ‘ဇာတိ’၊ ကောင်းစွာဖြစ်ပေါ်မှု ‘သဉ္စာတိ’၊ အသစ်ဖြစ်ပေါ်မှု ‘နိဗ္ဗတ္တိ’၊ တစ်ဖန်အသစ်ဖြစ်ပေါ်မှု ‘အဘိနိဗ္ဗတ္တိ’၊ ထင်ရှားဖြစ်ပေါ်မှု ‘ပါတုဘာဝ’ သည် ရှိ၏။ ဤသဘောကိုဘဝကြောင့်ဖြစ်သော ဇာတိဟု ဆိုအပ်၏။
(၁၀) ဇရာမရဏ
ထိုအင်္ဂါ၁၁-ပါးတို့တွင် အဘယ်သည် အိုခြင်း သေခြင်း ‘ဇရာမရဏ’ မည်သနည်း။
အိုခြင်း ‘ဇရာ’ သည် ရှိ၏၊ သေခြင်း ‘မရဏ’ သည် ရှိ၏။ ထိုနှစ်ပါးတို့တွင် အဘယ်သည် အိုခြင်း ‘ဇရာ’ မည်သနည်း။
အကြင်ထိုထိုတရားတို့၏ အိုခြင်း ‘ဇရာ’၊ ရင့်ရော်ခြင်း ‘ဇီရဏတာ’၊ အသက်ဆုတ်ယုတ်ခြင်း ‘အာယုသံဟာနိ’ သည် ရှိ၏။ ဤသဘောကို အိုခြင်း ‘ဇရာ’ ဟု ဆိုအပ်၏။
ထိုနှစ်ပါးတို့တွင် အဘယ်သည် သေခြင်း ‘မရဏ’ မည်သနည်း။
အကြင်ထိုထိုတရားတို့၏ ကုန်ခြင်း ‘ခယ’၊ ပျက်ခြင်း ‘ဝယ’၊ ပြိုကွဲခြင်း ‘ဘေဒ’၊ ထက်ဝန်းကျင်ပြိုကွဲခြင်း ‘ပရိဘေဒ’၊ မမြဲခြင်း ‘အနိစ္စတာ’၊ ကွယ်ပျောက်ခြင်း ‘အန္တရဓာန’ သည် ရှိ၏။ ဤသဘောကိုသေခြင်း ‘မရဏ’ဟု ဆိုအပ်၏။ ဤဆိုခဲ့ပြီးသော အိုခြင်း ‘ဇရာ', သေခြင်း ‘မရဏ’ ကိုဇာတိကြောင့်ဖြစ်သော ဇရာမရဏဟု ဆိုအပ်၏။
--
“ဤဆိုခဲ့ပြီးသော နည်းဖြင့် ချမ်းသာနှင့်မရောသော ဤဆင်းရဲအစုအပုံ၏ ထင်ရှားဖြစ်ပေါ်မှုသည်ဖြစ်၏” ဟု ဆိုရာ၌ ဤသို့အလုံးစုံသော ဤဆင်းရဲအစု၏ ရုံးစုခြင်းသည် ဖြစ်၏၊ အညီအညွတ်ရောက်ခြင်းသည် ဖြစ်၏၊ ပေါင်းရုံးခြင်းသည် ဖြစ်၏၊ ထင်ရှားဖြစ်ခြင်းသည် ဖြစ်၏၊ ထို့ကြောင့်"ဤဆိုအပ်ခဲ့ပြီးသောနည်းဖြင့် ချမ်းသာနှင့် မရောသော ဤဆင်းရဲအစုအပုံ၏ ထင်ရှားဖြစ်ပေါ်မှုသည်ဖြစ်၏”ဟု ဆိုအပ်၏။
အကုသလဝိပါက်စိတ်တို့၌ ပဋိစ္စသမုပ္ပါဒ်လှည့်နည်းပြီးပြီ။
အဘိဓမ္မာနည်းဖြင့်ဝေဖန်ဟောကြားသော အဘိဓမ္မာဘာဇနီယနည်း ပြီး၏။
ရုပ်နာမ်တရားတို့ကို ပဋိစ္စသမုပ္ပါဒ်နည်းဖြင့် ဝေဖန်ဟောကြားသော
ပဋိစ္စသမုပ္ပါဒ်ဝိဘင်း ပြီးပြီ။
--
၇-သတိပဋ္ဌာနဝိဘင်္ဂ
(သတိပဋ္ဌာန်လေးပါးတို့ကို ဝေဖန်၍ပြသော ဝိဘင်း)
၁-သုတ္တန္တဘာဇနီယနည်း
(သုတ္တန်နည်းဖြင့် ဝေဖန်၍ဟောကြားခြင်း)
သတိပဋ္ဌာန်လေးပါး
၃၅၅။ သတိပဋ္ဌာန်လေးပါးတို့ကား-
(၁) ကာယာနုပဿနာ
ဤသာသနာတော်၌ ရဟန်းသည် ကိလေသာကို ပြင်းစွာပူပန်စေတတ်သော လုံ့လ, ကောင်းစွာအပြားအားဖြင့် သိသောပညာ, အောက်မေ့မှု သတိရှိလျက် (ခန္ဓာကိုယ်တည်းဟူသော) လောက၌ တပ်မက်မှု ‘အဘိဇ္ဈာ’၊ နှလုံးမသာယာမှု ‘ဒေါမနဿ'ကို ပယ်ဖျောက်၍ မိမိ၏ ခန္ဓာကိုယ်၌ (ဆံပင်စသော) ရုပ်အပေါင်းကို အဖန်ဖန် အထပ်ထပ်ရှုလျက် နေ၏။ သူတစ်ပါး ခန္ဓာကိုယ်၌ (ဆံပင်စသော) ရုပ်အပေါင်းကို အဖန်ဖန်အထပ်ထပ်ရှုလျက် နေ၏။ မိမိခန္ဓာကိုယ်, သူတစ်ပါးခန္ဓာကိုယ်၌ (ဆံပင်စသော) ရုပ်အပေါင်းကို အဖန်ဖန် အထပ်ထပ်ရှုလျက် နေ၏။
(၂) ဝေဒနာနုပဿနာ
ကိလေသာကို ပြင်းစွာပူပန်စေတတ်သော လုံ့လ, ကောင်းစွာ အပြားအားဖြင့်သိသောပညာ, အောက်မေ့မှု သတိရှိလျက် (ခန္ဓာကိုယ်တည်းဟူသော) လောက၌ တပ်မက်မှု ‘အဘိဇ္ဈာ’၊ နှလုံးမသာယာမှု ‘ဒေါမနဿ'ကို ပယ်ဖျောက်၍ မိမိ၏ ခံစားမှု ‘ဝေဒနာ'တို့၌ ချမ်းသာစသော ခံစားမှု ‘ဝေဒနာ’ ကိုအဖန်ဖန် အထပ်ထပ်ရှုလျက် နေ၏။ သူတစ်ပါး ခံစားမှု ‘ဝေဒနာ'တို့၌ ချမ်းသာစသော ခံစားမှု ‘ဝေဒနာ’ ကို အဖန်ဖန် အထပ်ထပ် ရှုလျက်နေ၏။ မိမိ, သူတစ်ပါး ခံစားမှု ‘ဝေဒနာ'တို့၌ ချမ်းသာစသော ခံစားမှု ‘ဝေဒနာ'ကို အဖန်ဖန် အထပ်ထပ်ရှုလျက် နေ၏။
--
(၃) စိတ္တာနုပဿနာ
ကိလေသာကို ပြင်းစွာပူပန်စေတတ်သော လုံ့လ, ကောင်းစွာ အပြားအားဖြင့် သိသောပညာ, အောက်မေ့မှု သတိရှိလျက် (ခန္ဓာကိုယ်တည်းဟူသော) လောက၌ တပ်မက်မှု ‘အဘိဇ္ဈာ’၊ နှလုံးမသာယာမှု ‘ဒေါမနဿ’ ကို ပယ်ဖျောက်၍ မိမိ၏ စိတ်၌ (ဖြစ်ပေါ်လာသည့် သရာဂစသော) စိတ်ကိုအဖန်ဖန် အထပ်ထပ်ရှုလျက် နေ၏။ သူတစ်ပါးစိတ်၌ (ဖြစ်ပေါ်လာသည့် သရာဂစသော) စိတ်ကို အဖန်ဖန် အထပ်ထပ် ရှုလျက် နေ၏။ မိမိ, သူတစ်ပါးစိတ်၌ (ဖြစ်ပေါ်လာသည့် သရာဂစသော) စိတ်ကို အဖန်ဖန် အထပ်ထပ် ရှုလျက် နေ၏။
(၄) ဓမ္မာနုပဿနာ
ကိလေသာကို ပြင်းစွာပူပန်စေတတ်သော လုံ့လ, ကောင်းစွာ အပြားအားဖြင့် သိသောပညာ, အောက်မေ့မှု သတိရှိလျက် (ခန္ဓာကိုယ်တည်းဟူသော) လောက၌ တပ်မက်မှု ‘အဘိဇ္ဈာ’၊ နှလုံးမသာယာမှု ‘ဒေါမနဿ'ကို ပယ်ဖျောက်၍ မိမိသန္တာန်၌ (ဖြစ်ပေါ်လာသော) တရားတို့၌ (ဖြစ်ပေါ်လာသော ကာမစ္ဆန္ဒစသော) တရားကို အဖန်ဖန် အထပ်ထပ်ရှုလျက် နေ၏။ သူတစ်ပါးသန္တာန်၌ (ဖြစ်ပေါ်လာသော) တရားတို့၌ (ဖြစ်ပေါ်လာသော ကာမစ္ဆန္ဒစသော) တရားကိုအဖန်ဖန် အထပ်ထပ်ရှုလျက် နေ၏။ မိမိသန္တာန်, သူတစ်ပါးသန္တာန်၌ (ဖြစ်ပေါ်လာသော) တရားတို့၌ (ဖြစ်ပေါ်လာသော ကာမစ္ဆန္ဒ စသော) တရားကို အဖန်ဖန် အထပ်ထပ်ရှုလျက် နေ၏။
--
၁-ကာယာနုပဿနာအကျယ်
မိမိ၏ခန္ဓာကိုယ်၌ ရှူနည်း
၃၅၆။ အဘယ်သို့လျှင် ရဟန်းသည် မိမိခန္ဓာကိုယ်၌ (ဆံပင်စသော) ရုပ်အပေါင်းကို အဖန်ဖန်အထပ်ထပ် ရှုလျက် နေသနည်း။
ဤသာသနာတော်၌ ရဟန်းသည် အထူးထူးအပြားပြားသော မစင်ဖြင့် ပြည့်သော၊ အောက်ခြေဖဝါးအပြင်မှ အထက်ဆံဖျားတိုင်အောင်, အထက်ဆံဖျားမှ အောက်ခြေဖဝါးအပြင်တိုင်အောင် အရေပါးအဆုံးအပိုင်းခြားရှိသော မိမိ၏ ခန္ဓာကိုယ်ကို ရှုဆင်ခြင်၏- “ဤခန္ဓာကိုယ်၌ ဆံပင်၊ အမွေး၊ ခြေသည်းလက်သည်း၊ သွား၊ အရေ+အသား၊ အကြော၊ အရိုး၊ ရိုးတွင်းခြင်ဆီ၊ အညှို့+နှလုံး၊ အသည်း၊ အမြှေး၊ အဖျဉ်း၊ အဆုပ်+အူမ၊ အူသိမ်၊ အစာသစ်၊ အစာဟောင်း၊ (ဦးနှောက်)၁+သည်းခြေ၊ သလိပ်၊ ပြည်၊ သွေး၊ ချွေး၊ အဆီခဲ+မျက်ရည်၊ ဆီကြည်၊ တံတွေး၊ နှပ်၊ အစေး၊ ကျင်ငယ်တို့သည် ရှိကုန်၏”ဟု ရှုဆင်ခြင်၏။ ထိုရဟန်းသည် ထို (ဆံပင်စသော) ကမ္မဋ္ဌာန်းအာရုံကို မှီဝဲ၏၊ ပွါးများ၏၊ အကြိမ်များစွာ ပြု၏၊ ကောင်းစွာ ပိုင်းခြား မှတ်သား၏။ ထိုရဟန်းသည် ထို (ဆံပင်စသော) ကမ္မဋ္ဌာန်းအာရုံကို မှီဝဲ၍ ပွါးများ၍ အကြိမ်များစွာ ပြု၍ ကောင်းစွာ ပိုင်းခြားမှတ်သား၍ သူတစ်ပါး၏ ခန္ဓာကိုယ်၌ မိမိ၏ စိတ်ကို ဆောင်၍ထား၏ (ညွတ်စေ၏)။
သူတစ်ပါးခန္ဓာကိုယ်၌ ရှူနည်း
အဘယ်သို့လျှင် ရဟန်းသည် သူတစ်ပါး၏ ခန္ဓာကိုယ်၌ (ဆံပင်စသော) ရုပ်အပေါင်းကို အဖန်ဖန်အထပ်ထပ် ရှုလျက် နေသနည်း။
ဤသာသနာတော်၌ ရဟန်းသည် အထူးထူးအပြားပြားသော မစင်ဖြင့် ပြည့်သော၊ အောက်ခြေဖဝါးအပြင်မှ အထက်ဆံဖျားတိုင်အောင်, အထက်ဆံဖျားမှ အောက်ခြေဖဝါးအပြင်တိုင်အောင် အရေပါးအဆုံးအပိုင်းခြားရှိသော သူတစ်ပါး၏ ခန္ဓာကိုယ်ကို ရှုဆင်ခြင်၏- “ထိုသူတစ်ပါး၏ကိုယ်၌ ဆံပင်၊ အမွေး၊ ခြေသည်းလက်သည်း၊ သွား၊ အရေ+အသား၊ အကြော၊ အရိုး၊ ရိုးတွင်းခြင်ဆီ၊ အညှို့+နှလုံး၊ အသည်း၊ အမြှေး၊ အဖျဉ်း၊ အဆုပ်+အူမ၊ အူသိမ်၊ အစာသစ်၊ အစာဟောင်း၊ (ဦးနှောက်)+သည်းခြေ၊ သလိပ်၊ ပြည်၊ သွေး၊ ချွေး၊ အဆီခဲ၊ မျက်ရည်၊ ဆီကြည်၊ တံတွေး၊ နှပ်၊ အစေး၊ ကျင်ငယ်တို့သည် ရှိကုန်၏။ ထိုရဟန်းသည် ထို (ဆံပင်စသော) ကမ္မဋ္ဌာန်းအာရုံကို မှီဝဲ၏၊ ပွါးများ၏၊ အကြိမ်များစွာပြု၏။ ကောင်းစွာ ပိုင်းခြား မှတ်သား၏။ ထိုရဟန်းသည် ထို (ဆံပင်စသော) ကမ္မဋ္ဌာန်းအာရုံကို မှီဝဲ၍ပွါးများ၍ အကြိမ်များစွာ ပြု၍ ကောင်းစွာ ပိုင်းခြား မှတ်သား၍ မိမိ၏ခန္ဓာကိုယ် သူတစ်ပါးခန္ဓာကိုယ်၌ မိမိစိတ်ကို ဆောင်၍ ထား၏ (ညွတ်စေ၏)။
--
မိမိသူတစ်ပါးနှစ်ဦးသားတို့ကိုယ်၌ ရှူနည်း
အဘယ်သို့လျှင် ရဟန်းသည် မိမိခန္ဓာကိုယ်, သူတစ်ပါးခန္ဓာကိုယ်၌ (ဆံပင်စသော) ရုပ်အပေါင်းကိုအဖန်ဖန် အထပ်ထပ်ရှုလျက် နေသနည်း။
ဤသာသနာတော်၌ ရဟန်းသည် အထူးထူးအပြားပြားသော မစင်ဖြင့် ပြည့်သော၊ အောက်ခြေဖဝါးအပြင်မှ အထက်ဆံဖျားတိုင်အောင်, အထက်ဆံဖျားမှ အောက်ခြေဖဝါးအပြင်တိုင်အောင် အရေပါးအဆုံးအပိုင်းခြားရှိသော မိမိခန္ဓာကိုယ် သူတစ်ပါးခန္ဓာကိုယ်ကို ရှုဆင်ခြင်၏- “ဤခန္ဓာကိုယ်၌ ဆံပင်၊ အမွေး၊ ခြေသည်းလက်သည်း၊ သွား၊ အရေ+အသား၊ အကြော၊ အရိုး၊ ရိုးတွင်းခြင်ဆီ၊ အညှို့+နှလုံး၊ အသည်း၊ အမြှေး၊ အဖျဉ်း၊ အဆုပ်+အူမ၊ အူသိမ်၊ အစာသစ်၊ အစာဟောင်း၊ (ဦးနှောက်)+သည်းခြေ၊ သလိပ်၊ ပြည်၊ သွေး၊ ချွေး၊ အဆီခဲ+မျက်ရည်၊ ဆီကြည်၊ တံတွေး၊ နှပ်၊ အစေး၊ ကျင်ငယ်တို့သည် ရှိကုန်၏”ဟု ရှုဆင်ခြင်၏။ ဤသို့ ရဟန်းသည် ကိလေသာကို ပြင်းစွာပူပန်စေတတ်သော လုံ့လ, ကောင်းစွာ အပြားအားဖြင့်သိသောပညာ, အောက်မေ့မှု သတိရှိလျက် (ခန္ဓာကိုယ်တည်းဟူသော) လောက၌ တပ်မက်မှု ‘အဘိဇ္ဈာ’၊ နှလုံး မသာယာမှု ‘ဒေါမနဿ’ ကို ပယ်ဖျောက်၍ မိမိခန္ဓာကိုယ်, သူတစ်ပါးခန္ဓာကိုယ်၌ (ဆံပင်စသော) ရုပ်အပေါင်းကို အဖန်ဖန် အထပ်ထပ်ရှုလျက် နေ၏။
၃၅၇။ “အဖန်ဖန်အထပ်ထပ်ရှုလျက်”ဟု ဆိုရာ၌ အဘယ်သည် အဖန်ဖန် အထပ်ထပ်ရှုခြင်း မည်သနည်း-
အကြင်အပြားအားဖြင့် သိမှု ‘ပညာ’၊ အပြားအားဖြင့် သိသော အခြင်းအရာ ‘ပဇာနနာ’။ပ။ မတွေဝေမှု ‘အမောဟ’၊ တရားကို စိစစ်ခြင်း ‘ဓမ္မဝိစယ’၊ မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ'သည် ရှိ၏။ ဤသဘောကိုအဖန်ဖန် အထပ်ထပ်ရှုခြင်းဟု ဆိုအပ်၏။ ဤအဖန်ဖန် အထပ်ထပ်ရှုသော ပညာနှင့် ပြည့်စုံ၏၊ ကောင်းစွာ ပြည့်စုံ၏၊ ပြည့်စုံခြင်းသို့ ရောက်၏၊ ကောင်းစွာ ပြည့်စုံခြင်းသို့ ရောက်၏၊ ထို့ကြောင့် “အဖန်ဖန် အထပ်ထပ် ရှုလျက်” ဟု ဆိုအပ်၏။
၃၅၈။ “နေ၏”ဟု ဆိုရာ၌ ဣရိယာပုတ်လေးပါးနှင့် ပြည့်စုံ၏၊ ဖြစ်၏၊ စောင့်ရှောက်၏၊ မျှတ၏၊ မျှတစေ၏။ ဣရိယာပုထ်တစ်ပါးဖြင့် ဣရိယာပုထ်တစ်ပါးကို ဖြတ်လျက် ဆောင်၏။ ထို့ကြောင့် “နေ၏”ဟု ဆိုအပ်၏။
၃၅၉။ “ကိလေသာကို ပြင်းစွာ ပူပန်စေတတ်သော လုံ့လရှိလျက်” ဟု ဆိုရာ၌ အဘယ်သည်ကိလေသာကို ပူပန်စေတတ်သော တရား မည်သနည်း-
အကြင်စိတ်၌ ဖြစ်သောအားထုတ်မှု ‘ဝီရိယာရမ္ဘ’။ပ။ ကောင်းစွာအားထုတ်မှု ‘သမ္မာဝါယာမ'သည် ရှိ၏။ ဤသဘောကို ကိလေသာကို ပြင်းစွာပူပန်စေတတ်သော တရားဟု ဆိုအပ်၏၊ ဤကိလေသာကိုပြင်းစွာပူပန်စေတတ်သော ဝီရိယနှင့် ပြည့်စုံ၏၊ ကောင်းစွာ ပြည့်စုံ၏၊ ပြည့်စုံခြင်းသို့ ရောက်၏၊ ကောင်းစွာ ပြည့်စုံခြင်းသို့ ရောက်၏။ ထို့ကြောင့် “ကိလေသာကို ပြင်းစွာပူပန်စေတတ်သော လုံ့လရှိလျက်”ဟု ဆိုအပ်၏။
၃၆၀။ “ကောင်းစွာအပြားအားဖြင့် သိတတ်သော ပညာ ရှိလျက်”ဟု ဆိုရာ၌ အဘယ်သည်ကောင်းစွာ အပြားအားဖြင့် သိသောတရား မည်သနည်း-
အကြင်အပြားအားဖြင့် သိမှု ‘ပညာ’၊ အပြားအားဖြင့် သိသော အခြင်းအရာ ‘ပဇာနနာ’။ပ။ မတွေဝေမှု ‘အမောဟ’၊ တရားကို စိစစ်မှု ‘ဓမ္မဝိစယ’၊ မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ'သည် ရှိ၏။ ဤ သဘောကိုကောင်းစွာ အပြားအားဖြင့် သိသောတရားဟု ဆိုအပ်၏။ ဤကောင်းစွာ အပြားအားဖြင့် သိသောပညာနှင့် ပြည့်စုံ၏၊ ကောင်းစွာ ပြည့်စုံ၏၊ ပြည့်စုံခြင်းသို့ ရောက်၏၊ ကောင်းစွာ ပြည့်စုံခြင်းသို့ရောက်၏။ ထို့ကြောင့် “ကောင်းစွာ အပြားအားဖြင့် သိတတ်သော ပညာ ရှိလျက်”ဟု ဆိုအပ်၏။
--
၃၆၁။ “အောက်မေ့တတ်သော သတိရှိလျက်”ဟု ဆိုရာ၌ အဘယ်သည် အောက်မေ့တတ်သောတရား မည်သနည်း-
အကြင်အောက်မေ့မှု ‘သတိ’ အထပ်ထပ်အောက်မေ့မှု ‘အနုဿတိ’။ပ။ ကောင်းစွာ အောက်မေ့မှု ‘သမ္မာသတိ’ သည် ရှိ၏။ ဤအောက်မေ့တတ်သော သတိနှင့် ပြည့်စုံ၏။ ကောင်းစွာ ပြည့်စုံ၏၊ ပြည့်စုံခြင်း သို့ ရောက်၏၊ ကောင်းစွာ ပြည့်စုံခြင်းသို့ ရောက်၏။ ထို့ကြောင့် “အောက်မေ့တတ်သောသတိရှိလျက်” ဟု ဆိုအပ်၏။
၃၆၂။ “ခန္ဓာကိုယ်တည်းဟူသော လောက၌ တပ်မက်မှု ‘အဘိဇ္ဈာ’၊ နှလုံးမသာယာမှု ‘ဒေါမနဿ’ ကိုပယ်ဖျောက်၍”ဟု ဆိုရာ၌ အဘယ်သည် လောက မည်သနည်း။
ထို (ဆံပင်အစရှိသော) ရူပကာယသည်ပင်လျှင် လောကမည်၏။ (တစ်နည်း) ဥပါဒါနက္ခန္ဓာ ငါးပါးတို့သည်လည်း လောကမည်၏။ ဤသဘောကို လောကဟု ဆိုအပ်၏။
ထိုတွင် အဘယ်သည် တပ်မက်မှု ‘အဘိဇ္ဈာ’ မည်သနည်း။
အကြင် တပ်မက်မှု ‘ရာဂ’၊ ပြင်းစွာ တပ်မက်မှု ‘သာရာဂ’။ပ။ စိတ်၏ ပြင်းစွာ တပ်မက်မှု ‘စိတ္တသာရာဂ’ သည် ရှိ၏။ ဤသဘောကို တပ်မက်မှု ‘အဘိဇ္ဈာ’ဟု ဆိုအပ်၏။
ထိုတွင် အဘယ်သည် နှလုံးမသာယာမှု ‘ဒေါမနဿ’ မည်သနည်း။
အကြင် စိတ်၌ ဖြစ်သော မသာယာခြင်းသည်၊ စိတ်၌ ဖြစ်သော ဆင်းရဲခြင်းသည်၊ စိတ်အတွေ့ ကြောင့်ဖြစ်သော မသာယာမှု ၊ ဆင်းရဲမှုကို ခံစားခြင်းသည်၊ စိတ်အတွေ့ကြောင့် ဖြစ်သော မသာယာမှု ဆင်းရဲမှုကို ခံစားသော အခြင်းအရာသည် ရှိ၏။ ဤသဘောကို နှလုံးမသာယာမှု ‘ဒေါမနဿ’ဟုဆိုအပ်၏။
ဤသို့ ဤတပ်မက်မှု ‘အဘိဇ္ဈာ’ ကိုလည်းကောင်း၊ ဤနှလုံးမသာယာမှု ‘ဒေါမနဿ’ ကိုလည်းကောင်းဤခန္ဓာကိုယ်တည်းဟူသော လောက၌ ပယ်အပ်ကုန်၏၊ အထပ်ထပ် ပယ်အပ်ကုန်၏၊ ငြိမ်သက်စေအပ်ကုန်၏၊ ငြိမ်းစေအပ်ကုန်၏၊ အထူးသဖြင့် ငြိမ်းစေအပ်ကုန်၏၊ ချုပ်ခြင်းသို့ ရောက်စေအပ်ကုန်၏၊ အလွန်ချုပ်ခြင်းသို့ ရောက်စေအပ်ကုန်၏၊ ဖျက်ဆီးအပ်ကုန်၏၊ အထူးဖျက်ဆီးအပ်ကုန်၏၊ ခြောက်သွေ့စေအပ်ကုန်၏၊ အထူးခြောက်သွေ့စေအပ်ကုန်၏၊ ကင်းအောင် ပြုအပ်ကုန်၏။ ထို့ကြောင့် “ခန္ဓာကိုယ်တည်းဟူသော လောက၌ တပ်မက်မှု ‘အဘိဇ္ဈာ’၊ နှလုံးမသာယာမှု ‘ဒေါမနဿ'ကို ပယ်ဖျောက်၍”ဟု ဆိုအပ်၏။
ကာယာနုပဿနာအကျယ်ပြီးပြီ။
၁။ ပါဠိတော်၌ မတ္ထလုင်္ဂ- မပါပါ၊ အဋ္ဌကထာ၌ ပါသည်။
--
၂-ဝေဒနာနုပဿနာအကျယ်
မိမိ၏ခံစားမှု ‘ဝေဒနာ’ တို့၌ ရှူနည်း
၃၆၃။ အဘယ်သို့လျှင် ရဟန်းသည် မိမိ၏ ခံစားမှု ‘ဝေဒနာ'တို့၌ ခံစားမှု ‘ဝေဒနာ’ တို့ကို အဖန်ဖန် အထပ်ထပ် ရှုလျက် နေသနည်း။
ဤသာသနာတော်၌ ရဟန်းသည် ချမ်းသာသောခံစားမှု ‘သုခဝေဒနာ'ကို ခံစားသည်ရှိသော် “(ငါသည်) ချမ်းသာသောခံစားမှု ‘သုခဝေဒနာ'ကို ခံစား၏ ဟု ပိုင်းခြား၍ သိ၏။ ဆင်းရဲသောခံစားမှု ‘ဒုက္ခဝေဒနာ'ကိုခံစားသည်ရှိသော် ‘(ငါသည်) ဆင်းရဲသောခံစားမှု ‘ဒုက္ခဝေဒနာ'ကို ခံစား၏”ဟု ပိုင်းခြား၍ သိ၏။ ဆင်းရဲ ချမ်းသာ မဟုတ်သော ခံစားမှု ‘ဥပေက္ခာဝေဒနာ'ကို ခံစားသည်ရှိသော် “(ငါသည်) ဆင်းရဲချမ်းသာ မဟုတ်သောခံစားမှု ‘ဥပေက္ခာဝေဒနာ'ကို ခံစား၏”ဟု ပိုင်းခြား၍ သိ၏။ ကာမဂုဏ်နှင့်စပ်သော လူတို့၌ ဖြစ်သော ချမ်းသာခံစားမှု ‘သုခဝေဒနာ'ကိုလည်း ခံစားသည်ရှိသော် “(ငါသည်) ကာမဂုဏ်နှင့်စပ်သော ချမ်းသာခံစားမှု ‘သုခဝေဒနာ'ကို ခံစား၏”ဟု ပိုင်းခြား၍ သိ၏။ ကာမ ဂုဏ်နှင့် မစပ်သော ချမ်းသာခံစားမှု ‘သုခဝေဒနာ'ကိုလည်း ခံစားသည်ရှိသော် “(ငါသည်) ကာမဂုဏ်နှင့် မစပ်သော ချမ်းသာခံစားမှု ‘သုခဝေဒနာ'ကို ခံစား၏”ဟု ပိုင်းခြား၍ သိ၏။ ကာမဂုဏ်နှင့်စပ်သော လူတို့၌ ဖြစ်သော ဆင်းရဲခံစားမှု ‘ဒုက္ခဝေဒနာ'ကိုလည်း ခံစားသည်ရှိသော် “(ငါသည်) ကာမဂုဏ်နှင့်စပ်သော ဆင်းရဲခံစားမှု ‘ဒုက္ခဝေဒနာ'ကို ခံစား၏”ဟု ပိုင်းခြား၍ သိ၏။ ကာမဂုဏ်နှင့် မစပ်သော ဆင်းရဲခံစားမှု ‘ဒုက္ခဝေဒနာ'ကိုလည်း ခံစားသည်ရှိသော် “(ငါသည်) ကာမဂုဏ်နှင့်မစပ်သော ဆင်းရဲခံစားမှု ‘ဒုက္ခဝေဒနာ'ကို ခံစား၏”ဟု ပိုင်းခြား၍ သိ၏။ ကာမဂုဏ်နှင့်စပ်သော ဆင်းရဲ ချမ်းသာမဟုတ်သောခံစားမှု ‘ဥပေက္ခာဝေဒနာ'ကိုလည်း ခံစားသည်ရှိသော် “(ငါသည်) ကာမဂုဏ်နှင့်စပ်သော ဆင်းရဲချမ်းသာမဟုတ်သော ခံစားမှု ‘ဥပေက္ခာဝေဒနာ'ကိုခံစား၏” ဟု ပိုင်းခြား၍ သိ၏။ ကာမဂုဏ်နှင့်မစပ်သော ဆင်းရဲချမ်းသာမဟုတ်သော ခံစားမှု ‘ဥပေက္ခာဝေဒနာ'ကိုလည်း ခံစားသည်ရှိသော် “(ငါသည်) ကာမဂုဏ်နှင့်မစပ်သော ဆင်းရဲချမ်းသာ မဟုတ်သောခံစားမှု ‘ဥပေက္ခာဝေဒနာ'ကို ခံစား၏”ဟု ပိုင်းခြား၍ သိ၏။ ထိုရဟန်းသည် ထို (ခံစားမှု ဝေဒနာတည်းဟူသော) အာရုံကို မှီဝဲ၏၊ ပွါးများ၏၊ အကြိမ်များစွာ ပြု၏၊ ကောင်းစွာ ပိုင်းခြား မှတ်သား၏။ ထိုရဟန်းသည် ထို (ခံစားမှု ဝေဒနာတည်းဟူသော) အာရုံကို မှီဝဲ၍ပွါးများ၍ အကြိမ်များစွာ ပြု၍ ကောင်းစွာ ပိုင်းခြား မှတ်သား၍ သူတစ်ပါး ခံစားမှု ‘ဝေဒနာ’ တို့၌ မိမိ၏ စိတ်ကို ဆောင်၍ ထား၏၊ ညွတ်စေ၏။ သူတစ်ပါးခံစားမှု ‘ဝေဒနာ'တို့၌ ရှူနည်း အဘယ်သို့လျှင် ရဟန်းသည် သူတစ်ပါးခံစားမှု ‘ဝေဒနာ'တို့၌ ခံစားမှု ‘ဝေဒနာ'ကို အဖန်ဖန် အထပ်ထပ်ရှုလျက်နေသနည်း။
ဤသာသနာတော်၌ ရဟန်းသည် ချမ်းသာခံစားမှု ‘သုခဝေဒနာ'ကို ခံစားသော သူတစ်ပါးကို “(သူသည်) ချမ်းသာခံစားမှု ‘သုခဝေဒနာ'ကို ခံစား၏”ဟု ပိုင်းခြား၍ သိ၏။ ဆင်းရဲခံစားမှု ‘ဒုက္ခ ဝေဒနာ'ကိုခံစားသော သူတစ်ပါးကို “(သူသည်) ဆင်းရဲခံစားမှု ‘ဒုက္ခဝေဒနာ'ကို ခံစား၏”ဟု ပိုင်းခြား၍ သိ၏။ ဆင်းရဲချမ်းသာမဟုတ်သောခံစားမှု ‘ဥပေက္ခာဝေဒနာ'ကို ခံစားသော သူတစ်ပါးကို “(သူသည်) ဆင်းရဲချမ်းသာမဟုတ်သော ခံစားမှု ‘ဥပေက္ခာဝေဒနာ'ကို ခံစား၏” ဟု ပိုင်းခြား၍ သိ၏။ ကာမဂုဏ်နှင့်စပ်သော ချမ်းသာခံစားမှု ‘သုခဝေဒနာ'ကိုလည်း ခံစားသောသူတစ်ပါးကို “(သူသည်) ကာမဂုဏ်နှင့်စပ်သော ချမ်းသာခံစားမှု ‘သုခဝေဒနာ'ကို ခံစား၏”ဟု ပိုင်းခြား၍ သိ၏။ ကာမဂုဏ်နှင့်မစပ်သော ချမ်းသာခံစားမှု ‘သုခဝေဒနာ'ကိုလည်း ခံစားသောသူတစ်ပါးကို “(သူသည်) ကာမဂုဏ်နှင့်မစပ်သော ချမ်းသာခံစားမှု ‘သုခဝေဒနာ'ကို ခံစား၏”ဟု ပိုင်းခြား၍ သိ၏။ ကာမဂုဏ်နှင့်စပ်သော ဆင်းရဲခံစားမှု ‘ဒုက္ခဝေဒနာ'ကိုလည်း ခံစားသော သူတစ်ပါးကို “(သူသည်) ကာမဂုဏ်နှင့်စပ်သော ဆင်းရဲခံစားမှု ‘ဒုက္ခဝေဒနာ'ကို ခံစား၏”ဟု ပိုင်းခြား၍ သိ၏။
--
ကာမဂုဏ်နှင့်မစပ်သော ဆင်းရဲခံစားမှု ‘ဒုက္ခဝေဒနာ'ကိုလည်း ခံစားသည်ရှိသော် “(သူသည်) ကာမဂုဏ်နှင့် မစပ်သောဆင်းရဲခံစားမှု ‘ဒုက္ခ ဝေဒနာ'ကို ခံစား၏”ဟု ပိုင်းခြား၍ သိ၏။ ကာမဂုဏ်နှင့်စပ်သော ဆင်းရဲချမ်းသာမဟုတ်သော ခံစားမှု ‘ဥပေက္ခာဝေဒနာ'ကိုလည်း ခံစားသောသူတစ်ပါးကို “(သူသည်) ကာမဂုဏ်နှင့်စပ်သော ဆင်းရဲချမ်းသာမဟုတ်သော ခံစားမှု ‘ဥပေက္ခာဝေဒနာ'ကိုခံစား၏” ဟု ပိုင်းခြား၍ သိ၏။ ကာမဂုဏ်နှင့်မစပ်သော ဆင်းရဲချမ်းသာမဟုတ်သောခံစားမှု ‘ဥပေက္ခာဝေဒနာ'ကိုလည်း ခံစားသော သူတစ်ပါးကို “(သူသည်) ကာမဂုဏ်နှင့်မစပ်သော ဆင်းရဲချမ်းသာမဟုတ်သော ခံစားမှု ‘ဥပေက္ခာဝေဒနာ'ကို ခံစား၏” ဟု ပိုင်းခြား၍ သိ၏။
ထိုရဟန်းသည် (ခံစားမှု ဝေဒနာတည်းဟူသော) အာရုံကို မှီဝဲ၏၊ ပွါးများ၏၊ အကြိမ်များစွာ ပြု၏၊ ကောင်းစွာ ပိုင်းခြား မှတ်သား၏။ ထိုရဟန်းသည် ထို (ခံစားမှု ဝေဒနာတည်းဟူသော) အာရုံကို မှီဝဲ၍ပွါးများ၍ အကြိမ်များစွာ ပြု၍ ကောင်းစွာ ပိုင်းခြား မှတ်သား၍ မိမိ, သူတစ်ပါးခံစားမှု ‘ဝေဒနာ’ တို့၌ စိတ်ကို ဆောင်၍ ထား၏၊ ညွတ်စေ၏။
မိမိသူတစ်ပါးခံစားမှု ‘ဝေဒနာ'တို့၌ ရှူနည်း
အဘယ်သို့လျှင် ရဟန်းသည် မိမိ, သူတစ်ပါးခံစားမှု ‘ဝေဒနာ'တို့၌ ခံစားမှု ‘ဝေဒနာ'တို့ကို အဖန်ဖန်အထပ်ထပ် ရှုလျက် နေသနည်း။
ဤသာသနာတော်၌ ရဟန်းသည် ချမ်းသာခံစားမှု ‘သုခဝေဒနာ'ကို “ချမ်းသာခံစားမှု ‘သုခ ဝေဒနာ"’ဟု ပိုင်းခြား၍ သိ၏။ ဆင်းရဲခံစားမှု ‘ဒုက္ခဝေဒနာ'ကို “ဆင်းရဲခံစားမှု ‘ဒုက္ခဝေဒနာ"’ဟု ပိုင်းခြား၍သိ၏။ ဆင်းရဲ ချမ်းသာမဟုတ်သော ခံစားမှု ‘ဥပေက္ခာဝေဒနာ'ကို “ဆင်းရဲချမ်းသာမဟုတ် သော ခံစားမှု ‘ဥပေက္ခာဝေဒနာ"’ဟု ပိုင်းခြား၍ သိ၏။ ကာမဂုဏ်နှင့်စပ်သော ချမ်းသာခံစားမှု ‘သုခဝေဒနာ'ကိုလည်း “ကာမဂုဏ်နှင့်စပ်သော ချမ်းသာ ခံစားမှု ‘သုခဝေဒနာ"’ဟု ပိုင်းခြား၍ သိ၏။ ကာမဂုဏ်နှင့်မစပ်သော ချမ်းသာခံစားမှု ‘သုခဝေဒနာ’ ကိုလည်း “ကာမဂုဏ်နှင့်မစပ်သော ချမ်းသာခံစားမှု ‘သုခဝေဒနာ"’ဟု ပိုင်းခြား၍ သိ၏။ ကာမဂုဏ်နှင့်စပ်သော ဆင်းရဲခံစားမှု ‘ဒုက္ခဝေဒနာ'ကိုလည်း “ကာမဂုဏ်နှင့်စပ်သော ဆင်းရဲခံစားမှု ‘ဒုက္ခဝေဒနာ"’ဟု ပိုင်းခြား၍ သိ၏။ ကာမဂုဏ်နှင့် မစပ်သော ဆင်းရဲခံစားမှု ‘ဒုက္ခဝေဒနာ'ကိုလည်း “ကာမဂုဏ်နှင့် မစပ်သော ဆင်းရဲခံစားမှု ‘ဒုက္ခဝေဒနာ"’ဟု ပိုင်းခြား၍ သိ၏။ ကာမဂုဏ်နှင့်စပ်သော ဆင်းရဲချမ်းသာမဟုတ်သော ခံစားမ ှု'ဥပေက္ခာဝေဒနာ'ကိုလည်း “ကာမဂုဏ်နှင့်စပ်သော ဆင်းရဲချမ်းသာမဟုတ်သော ခံစားမှု ‘ဥပေက္ခာဝေဒနာ"’ဟု ပိုင်းခြား၍ သိ၏။ ကာမဂုဏ်နှင့်မစပ်သော ဆင်းရဲချမ်းသာမဟုတ်သော ခံစားမှု ‘ဥပေက္ခာဝေဒနာ'ကိုလည်း “ကာမဂုဏ်နှင့် မစပ်သောဆင်းရဲချမ်းသာမဟုတ်သော ခံစားမှု ‘ဥပေက္ခာဝေဒနာ"’ဟု ပိုင်းခြား၍ သိ၏။ ဤသို့ ရဟန်းသည် ကိလေသာကို ပြင်းစွာပူပန်စေတတ်သော လုံ့လ, ကောင်းစွာ အပြားအားဖြင့်သိသော ပညာ, အောက်မေ့မှု သတိရှိလျက် (ခန္ဓာကိုယ်တည်းဟူသော) လောက၌ တပ်မက်မှု ‘အဘိဇ္ဈာ’၊ နှလုံးမသာယာမှု ‘ဒေါမနဿ'ကို ပယ်ဖျောက်၍ မိမိ, သူတစ်ပါးခံစားမှု ‘ဝေဒနာ'တို့၌ ခံစားမှု ‘ဝေဒနာ'ကိုအဖန်ဖန် အထပ်ထပ်ရှုလျက် နေ၏။
--
၃၆၄။ “အဖန်ဖန် အထပ်ထပ် ရှုလျက်” ဟု ဆိုရာ၌။ပ။-
“နေ၏”ဟု ဆိုရာ၌။ပ။-
“ကိလေသာကို ပြင်းစွာပူပန်စေတတ်သော လုံ့လရှိလျက်”ဟု ဆိုရာ၌။ပ။-
“ကောင်းစွာအပြားအားဖြင့်သိသောပညာရှိလျက်”ဟု ဆိုရာ၌။ပ။-
“အောက်မေ့မှု သတိရှိလျက်”ဟု ဆိုရာ၌။ပ။-
“ခန္ဓာကိုယ်တည်းဟူသော လောက၌ တပ်မက်မှု ‘အဘိဇ္ဈာ’၊ နှလုံးမသာယာမှု ‘ဒေါမနဿ'ကို ပယ်ဖျောက်၍”ဟု ဆိုရာ၌ အဘယ်သည် လောက မည်သနည်း။
ထိုခံစားမှု ‘ဝေဒနာ'သည်ပင်လျှင် လောက မည်၏။ ဥပါဒါန်၏ အာရုံဖြစ်သော ခန္ဓာငါးပါးတို့သည် လည်းလောကမည်၏။ ဤသဘောကို လောကဟု ဆိုအပ်၏။
ထိုတရားတို့တွင် အဘယ်သည် တပ်မက်မှု ‘အဘိဇ္ဈာ’ မည်သနည်း။
အကြင်တပ်မက်မှု ‘ရာဂ’၊ ပြင်းစွာတပ်မက်မှု ‘သာရာဂ’။ပ။ စိတ်၏ ပြင်းစွာ တပ်မက်မှု ‘စိတ္တသာရာဂ'သည် ရှိ၏။ ဤသဘောကို တပ်မက်မှု ‘အဘိဇ္ဈာ’ ဟု ဆိုအပ်၏။
ထိုတရားတို့တွင် အဘယ်သည် နှလုံးမသာယာမှု ‘ဒေါမနဿ’ မည်သနည်း။
အကြင်စိတ်၌ ဖြစ်သော မသာယာခြင်းသည်၊ စိတ်၌ ဖြစ်သော ဆင်းရဲခြင်းသည်၊ စိတ်အတွေ့ကြောင့်ဖြစ်သော မသာယာမှု ဆင်းရဲမှုကို ခံစားခြင်းသည်၊ စိတ်အတွေ့ကြောင့် ဖြစ်သော မသာယာမှု ဆင်းရဲမှုကိုခံစားသော အခြင်းအရာသည် ရှိ၏။ ဤသဘောကို နှလုံးမသာယာမှု ‘ဒေါမနဿ’ဟု ဆိုအပ်၏။
ဤသို့ ဤတပ်မက်မှု ‘အဘိဇ္ဈာ'ကိုလည်းကောင်း၊ ဤနှလုံးမသာယာမှု ‘ဒေါမနဿ'ကိုလည်းကောင်း ဤ (ခန္ဓာကိုယ်တည်းဟူသော) လောက၌ ပယ်အပ်ကုန်၏။ အထပ်ထပ်ပယ်အပ်ကုန်၏။ ငြိမ်သက်စေအပ်ကုန်၏။ ငြိမ်းစေအပ်ကုန်၏၊ အထူးသဖြင့် ငြိမ်းစေအပ်ကုန်၏၊ ချုပ်ခြင်းသို့ ရောက်စေအပ်ကုန်၏။ အလွန်ချုပ်ခြင်းသို့ ရောက်စေအပ်ကုန်၏။ ဖျက်ဆီးအပ်ကုန်၏။ အထူးဖျက်ဆီးအပ်ကုန်၏။ ခြောက်သွေ့စေအပ်ကုန်၏။ အထူး ခြောက်သွေ့စေအပ်ကုန်၏။ ကင်းအောင် ပြုအပ်ကုန်၏။ ထို့ကြောင့်"(ခန္ဓာကိုယ် တည်းဟူသော) လောက၌ တပ်မက်မှု ‘အဘိဇ္ဈာ’ နှလုံးမသာယာမှု ‘ဒေါမနဿ'ကိုပယ်ဖျောက်၍”ဟု ဆိုအပ်၏။
ဝေဒနာနုပဿနာအကျယ်ပြီးပြီ။
--
၃-စိတ္တာနုပဿနာအကျယ်
မိမိစိတ်၌ ရှူနည်း
၃၆၅။ အဘယ်သို့လျှင် ရဟန်းသည် မိမိ၏ စိတ်၌ စိတ်ကို အဖန်ဖန် အထပ်ထပ်ရှုလျက် နေသနည်း။ ဤသာသနာတော်၌ ရဟန်းသည် တပ်မက်မှု ‘ရာဂ’ နှင့် တကွဖြစ်သော စိတ်ကိုလည်း “ငါ၏ စိတ်သည်တပ်မက်မှု ‘ရာဂ'နှင့် တကွဖြစ်သော စိတ်”ဟူ၍ သိ၏။ တပ်မက်မှု ‘ရာဂ’ ကင်းသော စိတ်ကို လည်း “ငါ၏ စိတ်သည် တပ်မက်မှု ‘ရာဂ'ကင်းသော စိတ်”ဟူ၍ သိ၏။ အမျက်ထွက်မှု ‘ဒေါသ’ နှင့် တကွဖြစ်သော စိတ်ကိုလည်း “ငါ၏ စိတ်သည် အမျက်ထွက်မှု ‘ဒေါသ'နှင့်တကွဖြစ်သော စိတ်”ဟူ၍ သိ၏။ အမျက်ထွက်မှု ‘ဒေါသ’ ကင်းသော စိတ်ကိုလည်း “ငါ၏ စိတ်သည်အမျက်ထွက်မှု ‘ဒေါသ’ ကင်းသော စိတ်”ဟူ၍ သိ၏။ အမှန်ကို မသိမှု ‘မောဟ'နှင့် တကွဖြစ်သော စိတ်ကိုလည်း “ငါ၏ စိတ်သည် အမှန်ကို မသိမှု ‘မောဟ’ နှင့် တကွဖြစ်သော စိတ်”ဟူ၍ သိ၏။ အမှန်ကို မသိမှု ‘မောဟ’ ကင်းသော စိတ်ကိုလည်း “ငါ၏ စိတ်သည် အမှန်ကို မသိမှု ‘မောဟ’ ကင်းသော စိတ်”ဟူ၍ သိ၏။
(ထိုင်းမှိုင်းခြင်း ထိနမိဒ္ဓနှင့် တကွဖြစ်သော) တွန့်ဆုတ်သော ‘သံခိတ္တ’ စိတ်ကိုလည်း “ငါ၏ စိတ် သည် (ထိုင်းမှိုင်းခြင်း ထိနမိဒ္ဓနှင့် တကွဖြစ်သော) တွန့်ဆုတ်သော ‘သံခိတ္တ'စိတ်”ဟူ၍ သိ၏။ ဥဒ္ဓစ္စနှင့်တကွဖြစ်သော ပျံ့လွင့်သော ‘ဝိက္ခတ္တ’ စိတ်ကိုလည်း “ငါ၏ စိတ်သည် ‘ဥဒ္ဓစ္စ'နှင့် တကွဖြစ်သောပျံ့လွင့်သော ‘ဝိက္ခိတ္တ'စိတ်”ဟူ၍ သိ၏။ မြင့်မြတ်သည်၏ အဖြစ်သို့ရောက်သော ‘မဟဂ္ဂုတ်’ စိတ်ကိုလည်း “ငါ၏ စိတ်သည် မြင့်မြတ်သည်၏အဖြစ်သို့ ရောက်သော ‘မဟဂ္ဂုတ်’ စိတ်”ဟူ၍ သိ၏။ မြင့်မြတ်သည်၏ အဖြစ်သို့ မရောက်သော ‘ကာမာဝစရ’ စိတ်ကိုလည်း “ငါ၏ စိတ်သည် မြင့်မြတ်သည်၏ အဖြစ်သို့ မရောက်သော ‘ကာမာဝစရ'စိတ်”ဟူ၍ သိ၏။ မိမိထက် သာလွန်သော တရားရှိသော ‘သဥတ္တရ’ (ကာမာဝစရ) စိတ်ကိုလည်း “ငါ၏ စိတ်သည်မိမိထက် သာလွန်သော တရားရှိသော ‘သဥတ္တရ’ (ကာမာဝစရ) စိတ်”ဟူ၍ သိ၏။ မိမိထက်သာလွန်သောတရားမရှိသော ‘အနုတ္တရ’ (မဟဂ္ဂုတ်) စိတ်ကိုလည်း “ငါ၏ စိတ်သည် မိမိထက်သာလွန်သော တရားမရှိသော ‘အနုတ္တရ’ (မဟဂ္ဂုတ်) စိတ်”ဟူ၍ သိ၏။ တည်ကြည်သော ‘သမာဟိတ'စိတ်ကိုလည်း “ငါ၏ စိတ်သည် တည်ကြည်သော ‘သမာဟိတ'စိတ်ဟူ၍သိ၏။ မတည်ကြည်သော ‘အသမာဟိတ'စိတ်ကိုလည်း “ငါ၏ စိတ်သည် မတည်ကြည်သော ‘အသမာဟိတ’ စိတ်”ဟူ၍ သိ၏။
(တဒင်္ဂ, ဝိက္ခမ္ဘနအားဖြင့်) လွတ်မြောက်သော ‘ဝိမုတ္တ'စိတ်ကိုလည်း “ငါ၏ စိတ်သည် လွတ်မြောက် သော ‘ဝိမုတ္တ'စိတ်ဟူ၍ သိ၏။ (တဒင်္ဂ, ဝိက္ခမ္ဘနအားဖြင့်) မလွတ်မြောက်သော ‘အဝိမုတ္တ'စိတ်ကိုလည်း “ငါ၏စိတ်သည် မလွတ်မြောက်သော ‘အဝိမုတ္တ'စိတ်”ဟူ၍ သိ၏။ ထိုရဟန်းသည် (စိတ်တည်းဟူသော) အာရုံကို မှီဝဲ၏၊ ပွါးများ၏၊ အကြိမ်များစွာ ပြု၏၊ ကောင်းစွာပိုင်းခြား မှတ်သား၏။ ထိုရဟန်းသည် ထို (စိတ်တည်းဟူသော) အာရုံကို မှီဝဲ၍ ပွါးများ၍အကြိမ်များစွာ ပြု၍ ကောင်းစွာ ပိုင်းခြား မှတ်သား၍ သူတစ်ပါး၏စိတ်၌ မိမိစိတ်ကို ဆောင်၍ ထား၏၊ ညွတ်စေ၏။
--
သူတစ်ပါးစိတ်၌ ရှူနည်း
အဘယ်သို့လျှင် ရဟန်းသည် သူတစ်ပါးစိတ်၌ စိတ်ကို အဖန်ဖန် အထပ်ထပ်ရှုလျက် နေသနည်း။
ဤသာသနာတော်၌ ရဟန်းသည် ထိုသူ၏ တပ်မက်မှု ‘ရာဂ’ နှင့် တကွဖြစ်သော စိတ်ကိုလည်း “တပ်မက်မှု ‘ရာဂ'နှင့် တကွဖြစ်သော စိတ်”ဟူ၍ သိ၏။ ထိုသူ၏ တပ်မက်မှု ‘ရာဂ’ ကင်းသော စိတ်ကိုလည်း “တပ်မက်မှု ‘ရာဂ'ကင်းသော စိတ်”ဟူ၍ သိ၏။ ထိုသူ၏ အမျက်ထွက်မှု ‘ဒေါသ’ နှင့် တကွဖြစ်သော စိတ်ကိုလည်း “အမျက်ထွက်မှု ‘ဒေါသ'နှင့် တကွဖြစ်သော စိတ်”ဟူ၍ သိ၏။ ထိုသူ၏ အမျက်ထွက်မှု ‘ဒေါသ’ ကင်းသော စိတ်ကိုလည်း အမျက်ထွက်မှု ‘ဒေါသ’ ကင်းသော စိတ်ဟူ၍ သိ၏။ ထိုသူ၏အမှန်ကို မသိမှု ‘မောဟ'နှင့်တကွ ဖြစ်သော စိတ်ကိုလည်း “အမှန်ကို မသိမှု ‘မောဟ’ နှင့် တကွဖြစ်သော စိတ်”ဟူ၍ သိ၏။ ထိုသူ၏ အမှန်ကို မသိမှု ‘မောဟ’ ကင်းသော စိတ်ကိုလည်း “အမှန်ကိုမသိမှု ‘မောဟ’ ကင်းသော စိတ်”ဟူ၍ သိ၏။ ထိုသူ၏ ထိုင်း မှိုင်းခြင်းထိနမိဒ္ဓနှင့် တကွဖြစ်သော တွန့်ဆုတ်သော ‘သံခိတ္တ'စိတ်ကိုလည်း “ထိုင်းမှိုင်းခြင်း ထိနမိဒ္ဓနှင့် တကွဖြစ်သော တွန့်ဆုတ်သော ‘သံခိတ္တ'စိတ်”ဟူ၍ သိ၏။ ထိုသူ၏ ဥဒ္ဓစ္စနှင့်တကွဖြစ်သော ပျံ့လွင့်သော ‘ဝိက္ခိတ္တ’ စိတ်ကိုလည်း “ဥဒ္ဓစ္စနှင့် တကွဖြစ်သော ပျံ့လွင့်သော ‘ဝိက္ခတ္တ’ စိတ်”ဟူ၍သိ၏။ ထိုသူ၏ မြင့်မြတ်သည်၏ အဖြစ်သို့ ရောက်သော ‘မဟဂ္ဂုတ်’ စိတ်ကိုလည်း “မြင့်မြတ်သည်၏ အဖြစ်သို့ရောက်သော ‘မဟဂ္ဂုတ်'စိတ်”ဟူ၍ သိ၏။ ထိုသူ၏ မြင့်မြတ်သည်၏အဖြစ်သို့ မရောက်သော ‘ကာမာဝစရ’ စိတ်ကိုလည်း “မြင့်မြတ်သည်၏ အဖြစ်သို့ မရောက်သော ‘ကာမာဝစရ'စိတ်”ဟူ၍ သိ၏။ ထိုသူ၏ မိမိထက်သာလွန်သော တရားရှိသော ‘သဥတ္တရ’ (ကာမာဝစရ) စိတ်ကိုလည်း “မိမိထက်သာလွန်သော တရားရှိသော ‘သဥတ္တရ’ (ကာမာဝစရ) စိတ်ဟူ၍ သိ၏။ ထိုသူ၏ မိမိထက်သာလွန်သောတရားမရှိသော ‘အနုတ္တရ’ (မဟဂ္ဂုတ်) စိတ်ကိုလည်း “မိမိထက် သာလွန်သော တရားမရှိသော ‘အနုတ္တရ’ (မဟဂ္ဂုတ်) စိတ်”ဟူ၍ သိ၏။ ထိုသူ၏ တည်ကြည်သော ‘သမာဟိတ’ စိတ်ကိုလည်း “တည်ကြည်သော ‘သမာဟိတ’ စိတ်”ဟူ၍သိ၏။ ထိုသူ၏ မတည်ကြည်သော ‘အသမာဟိတ'စိတ်ကိုလည်း “မတည်ကြည်သော အသမာဟိတ'စိတ်”ဟူ၍ သိ၏။ ထိုသူ၏ (တဒင်္ဂဝိက္ခမ္ဘနအားဖြင့်) လွတ်မြောက်သော ‘ဝိမုတ္တ'စိတ်ကိုလည်း “လွတ်မြောက်သော ‘ဝိမုတ္တ'စိတ်”ဟူ၍ သိ၏။ ထိုသူ၏ (တဒင်္ဂဝိက္ခမ္ဘနအားဖြင့်) မလွတ်မြောက်သော ‘အဝိမုတ္တ'စိတ်ကိုလည်း “မလွတ်မြောက်သော ‘အဝိမုတ္တ'စိတ်”ဟူ၍ သိ၏။ ထိုရဟန်းသည် (စိတ်တည်းဟူသော) အာရုံကို မှီဝဲ၏၊ ပွါးများ၏၊ အကြိမ်များစွာ ပြု၏၊ ကောင်းစွာပိုင်းခြား မှတ်သား၏။ ထိုရဟန်းသည် ထို (စိတ်တည်းဟူသော) အာရုံကို မှီဝဲ၍ ပွါးများ၍ အကြိမ်များစွာ ပြု၍ ကောင်းစွာ ပိုင်းခြား မှတ်သား၍ မိမိ, သူတစ်ပါးစိတ်၌ မိမိစိတ်ကို ဆောင်၍ ထား၏၊ ညွတ်စေ၏။
--
မိမိသူတစ်ပါးစိတ်၌ ရှူနည်း
အဘယ်သို့လျှင် ရဟန်းသည် မိမိ, သူတစ်ပါးစိတ်၌ စိတ်ကို အဖန်ဖန် အထပ်ထပ် ရှုလျက် နေသနည်း။
ဤသာသနာတော်၌ ရဟန်းသည် တပ်မက်မှု ‘ရာဂ'နှင့် တကွဖြစ်သော စိတ်ကိုလည်း “တပ်မက်မှု ‘ရာဂ'နှင့် တကွဖြစ်သော စိတ်”ဟူ၍ သိ၏။ တပ်မက်မှု ‘ရာဂ’ ကင်းသော စိတ်ကိုလည်း “တပ်မက်မှု ‘ရာဂ'ကင်းသော စိတ်”ဟူ၍ သိ၏။ အမျက်ထွက်မှု ‘ဒေါသ'နှင့် တကွဖြစ်သော စိတ်ကိုလည်း “အမျက်ထွက်မှု ‘ဒေါသ’ နှင့် တကွဖြစ်သော စိတ်”ဟူ၍ သိ၏။ အမျက်ထွက်မှု ‘ဒေါသ’ ကင်းသော စိတ်ကိုလည်းအမျက်ထွက်မှု ‘ဒေါသ’ ကင်းသော စိတ်”ဟူ၍ သိ၏။ အမှန်ကို မသိမှု ‘မောဟ’ နှင့် တကွဖြစ်သောစိတ်ကိုလည်း “အမှန်ကို မသိမှု ‘မောဟ’ နှင့် တကွဖြစ်သော စိတ်”ဟူ၍ သိ၏။ အမှန်ကို မသိမှု ‘မောဟ'ကင်းသော စိတ်ကိုလည်း “အမှန်ကို မသိမှု ‘မောဟ’ ကင်းသော စိတ်”ဟူ၍ သိ၏။ ထိုင်းမှိုင်းခြင်း ထိနမိဒ္ဓနှင့် တကွဖြစ်သော တွန့်ဆုတ်သော ‘သံခိတ္တ'စိတ်ကိုလည်း “ထိုင်းမှိုင်းခြင်း ထိနမိဒ္ဓနှင့် တကွဖြစ်သော တွန့်ဆုတ်သော ‘သံခိတ္တ'စိတ်”ဟူ၍ သိ၏။ ဥဒ္ဓစ္စနှင့် တကွဖြစ်သော ပျံ့လွင့်သော ‘ဝိက္ခိတ္တ’ စိတ်ကိုလည်း “ဥဒ္ဓစ္စနှင့် တကွဖြစ်သော ပျံ့လွင့်သော ‘ဝိက္ခိတ္တ’ စိတ်”ဟူ၍ သိ၏။ မြင့်မြတ်သည်၏ အဖြစ်သို့ ရောက်သော ‘မဟဂ္ဂုတ်’ စိတ်ကိုလည်း “မြင့်မြတ်သည်၏အဖြစ်သို့ရောက်သော ‘မဟဂ္ဂုတ်'စိတ်”ဟူ၍ သိ၏။ မြင့်မြတ်သည်၏ အဖြစ်သို့ မရောက်သော ‘ကာမာဝစရ’ စိတ်ကိုလည်း “မြင့်မြတ်သည်၏ အဖြစ်သို့ မရောက်သော ‘ကာမာဝစရ'စိတ်”ဟူ၍ သိ၏။ မိမိထက် သာလွန်သော တရားရှိသော ‘သဥတ္တရ’ (ကာမာဝစရ) စိတ်ကိုလည်း “မိမိထက် သာလွန်သော တရားရှိသော ‘သဥတ္တရ’ (ကာမာဝစရ) စိတ်”ဟူ၍ သိ၏။ မိမိထက် သာလွန်သော တရားမရှိသော ‘အနုတ္တရ’ (မဟဂ္ဂုတ်) စိတ်ကိုလည်း မိမိထက် သာလွန်သော တရားမရှိသော ‘အနုတ္တရ’ (မဟဂ္ဂုတ်) စိတ်ဟူ၍ သိ၏။ တည်ကြည်သော ‘သမာဟိတ’ စိတ်ကိုလည်း “တည်ကြည်သော ‘သမာဟိတ’ စိတ်”ဟူ၍ သိ၏။ မတည်ကြည်သော ‘အသမာဟိတ’ စိတ်ကိုလည်း “မတည်ကြည်သော ‘အသမာဟိတ'စိတ်”ဟူ၍ သိ၏။
(တဒင်္ဂ, ဝိက္ခမ္ဘနအားဖြင့်) လွတ်မြောက်သော ‘ဝိမုတ္တ’ စိတ်ကိုလည်း “လွတ်မြောက်သော ‘ဝိမုတ္တ'စိတ်”ဟူ၍ သိ၏။ (တဒင်္ဂ, ဝိက္ခမ္ဘနအားဖြင့်) မလွတ်မြောက်သော ‘အဝိမုတ္တ’ စိတ်ကိုလည်း “မလွတ်မြောက်သော ‘အဝိမုတ္တ’ စိတ်”ဟူ၍ သိ၏။ ဤသို့ ရဟန်းသည် ကိလေသာကို ပြင်းစွာပူပန်စေတတ်သော လုံ့လ, ကောင်းစွာ အပြားအားဖြင့်သိသော ပညာ, အောက်မေ့မှု သတိရှိလျက် (ခန္ဓာကိုယ်တည်းဟူသော) လောက၌ တပ်မက်မှု ‘အဘိဇ္ဈာ’၊ နှလုံးမသာယာမှု ‘ဒေါမနဿ'ကို ပယ်ဖျောက်၍ မိမိ, သူတစ်ပါးစိတ်၌ စိတ်ကို အဖန်ဖန် အထပ်ထပ်ရှုလျက် နေ၏။
၃၆၆။ “အဖန်ဖန် အထပ်ထပ် ရှုလျက်”ဟု ဆိုရာ၌။ပ။-
“နေ၏”ဟု ဆိုရာ၌။ပ။-
“ကိလေသာကို ပူပန်စေတတ်သော လုံ့လရှိလျက်”ဟု ဆိုရာ၌။ပ။-
“ကောင်းစွာအပြားအားဖြင့်သိသော ပညာရှိလျက်”ဟု ဆိုရာ၌။ပ။-
“အောက်မေ့မှု သတိရှိလျက်”ဟု ဆိုရာ၌။ပ။-
--
“လောက၌ တပ်မက်မှု ‘အဘိဇ္ဈာ’၊ နှလုံးမသာယာမှု ‘ဒေါမနဿ'ကို ပယ်ဖျောက်၍”ဟု ဆိုရာ၌- အဘယ်သည် လောက မည်သနည်း။
ထိုစိတ်သည်ပင်လျှင် လောကမည်၏၊ ဥပါဒါန်၏အာရုံဖြစ်သော ခန္ဓာငါးပါးတို့သည်လည်း လောကမည်၏။
ထိုတရားတို့တွင် အဘယ်သည် တပ်မက်မှု ‘အဘိဇ္ဈာ’ မည်သနည်း။
အကြင်တပ်မက်မှု ‘ရာဂ’၊ ပြင်းစွာတပ်မက်မှု ‘သာရာဂ’။ပ။ စိတ်၏ ပြင်းစွာတပ်မက်မှု ‘စိတ္တသာရာဂ'သည် ရှိ၏။ ဤသဘောကို တပ်မက်မှု ‘အဘိဇ္ဈာ’ ဟု ဆိုအပ်၏။
ထိုတရားတို့တွင် အဘယ်သည် နှလုံးမသာယာမှု ‘ဒေါမနဿ’ မည်သနည်း။
အကြင်စိတ်၌ ဖြစ်သော မသာယာခြင်းသည်၊ စိတ်၌ ဖြစ်သော ဆင်းရဲခြင်းသည်၊ စိတ်အတွေ့ကြောင့်ဖြစ်သော မသာယာမှု ဆင်းရဲမှုကို ခံစားခြင်းသည်၊ စိတ်အတွေ့ကြောင့် ဖြစ်သော မသာယာမှု ဆင်းရဲမှုကိုခံစားသော အခြင်းအရာသည် ရှိ၏။ ဤသဘောကို နှလုံးမသာယာမှု ‘ဒေါမနဿ’ဟု ဆိုအပ်၏။
ဤသို့ ဤတပ်မက်မှု ‘အဘိဇ္ဈာ'ကိုလည်းကောင်း၊ ဤနှလုံးမသာယာမှု ‘ဒေါမနဿ'ကိုလည်းကောင်းဤ (ခန္ဓာကိုယ်တည်းဟူသော) လောက၌ ပယ်အပ်ကုန်၏၊ အထပ်ထပ်ပယ်အပ်ကုန်၏၊ ငြိမ်သက်စေအပ်ကုန်၏၊ ငြိမ်းစေအပ်ကုန်၏၊ အထူးသဖြင့် ငြိမ်းစေအပ်ကုန်၏၊ ချုပ်ခြင်းသို့ ရောက်စေအပ်ကုန်၏၊ အလွန်ချုပ်ခြင်းသို့ ရောက်စေအပ်ကုန်၏၊ ဖျက်ဆီးအပ်ကုန်၏၊ အထူးဖျက်ဆီးအပ်ကုန်၏၊ ခြောက်သွေ့စေအပ်ကုန်၏၊ အထူးခြောက်သွေ့စေအပ်ကုန်၏၊ ကင်းအောင် ပြုအပ်ကုန်၏။ ထို့ကြောင့် (ခန္ဓာကိုယ်တည်းဟူသော) လောက၌ တပ်မက်မှု ‘အဘိဇ္ဈာ’၊ နှလုံးမသာယာမှု ‘ဒေါမနဿ'ကို ပယ်ဖျောက်၍ဟု ဆိုအပ်၏။
စိတ္တာနုပဿနာအကျယ်ပြီးပြီ။
--
၄-ဓမ္မာနုပဿနာအကျယ်
မိမိသန္တာန်၌ ဖြစ်သော နီဝရဏတရားတို့၌ ရှုနည်း
၃၆၇။ ရဟန်းသည် အဘယ်သို့လျှင် မိမိသန္တာန်၌ (ဖြစ်သော) တရားတို့၌ တရားတို့ကို အဖန်ဖန်အထပ်ထပ်ရှုလျက် နေသနည်း။
၁။ ဤသာသနာတော်၌ ရဟန်းသည် မိမိသန္တာန်၌ (မပြတ်ဖြစ်သောအားဖြင့်) ထင်ရှားရှိသော ကာမဂုဏ်ကို လိုချင်နှစ်သက်မှု ‘ကာမစ္ဆန္ဒ’ ကိုလည်း “ငါ၏ သန္တာန်၌ ကာမဂုဏ်ကို လိုချင်နှစ်သက်မှု ‘ကာမစ္ဆန္ဒ'သည် ရှိ၏”ဟူ၍ သိ၏။ မိမိသန္တာန်၌ ထင်ရှားမရှိသော ကာမဂုဏ်ကို လိုချင်နှစ်သက်မှု ‘ကာမစ္ဆန္ဒ'ကိုလည်း “ငါ၏ သန္တာန်၌ ကာမဂုဏ်ကို လိုချင်နှစ်သက်မှု ‘ကာမစ္ဆန္ဒ'သည် မရှိ”ဟူ၍ သိ၏။ မဖြစ်သေးသော ကာမဂုဏ်ကို လိုချင်နှစ်သက်မှု ‘ကာမစ္ဆန္ဒ'၏ ဖြစ်ပေါ်ခြင်းအကြောင်းကိုလည်း သိ၏။ ဖြစ်ပေါ်ပြီးသော ကာမဂုဏ်ကို လိုချင်နှစ်သက်မှု ‘ကာမစ္ဆန္ဒ'ကို ပယ်ခြင်း၏ အကြောင်းကိုလည်း သိ၏။ ပယ်ပြီးသောကာမဂုဏ်ကို လိုချင်နှစ်သက်မှု ‘ကာမစ္ဆန္ဒ'၏ နောင်အခါ မဖြစ်ခြင်း၏ အကြောင်းကိုလည်း သိ၏။
၂။ မိမိသန္တာန်၌ ထင်ရှားရှိသော အမျက်ထွက်မှု ‘ဒေါသ'ကို။ပ။
၃။ မိမိသန္တာန်၌ ထင်ရှားရှိသော ထိုင်းမှိုင်းမှု ‘ထိနမိဒ္ဓ'ကိုလည်း။ပ။
၄။ မိမိသန္တာန်၌ ထင်ရှားရှိသော ပျံ့လွင့်မှု ‘ဥဒ္ဓစ္စ’ နောင်တတစ်ဖန်ပူပန်မှု ‘ကုက္ကုစ္စ'ကိုလည်း။ပ။
၅။ မိမိသန္တာန်၌ ထင်ရှားရှိသော ယုံမှားမှု ‘ဝိစိကိစ္ဆာ’ ကိုလည်း “ငါ၏ သန္တာန်၌ ယုံမှားမှု ‘ဝိစိကိစ္ဆာ'သည် ရှိ၏”ဟူ၍ သိ၏။ မိမိသန္တာန်၌ ထင်ရှားမရှိသော ယုံမှားမှု ‘ဝိစိကိစ္ဆာ’ ကိုလည်း “ငါ၏ သန္တာန်၌ ယုံမှားမှု ‘ဝိစိကိစ္ဆာ'သည် မရှိ”ဟူ၍ သိ၏။ မဖြစ်သေးသော ယုံမှားမှု ‘ဝိစိကိစ္ဆာ'၏ ဖြစ်ပေါ်ခြင်း အကြောင်းကိုလည်း သိ၏။ ဖြစ်ပေါ်ပြီးသော ယုံမှားမှု ‘ဝိစိကိစ္ဆာ’ ကို ပယ်ခြင်း၏ အကြောင်းကိုလည်းသိ၏။ ပယ်ပြီးသော ယုံမှားမှု ‘ဝိစိကိစ္ဆာ'၏ နောင်အခါ မဖြစ်ခြင်း၏ အကြောင်းကိုလည်း သိ၏။
--
မိမိသန္တာန်၌ ဖြစ်သော ဗောဇ္ဈင်တရားတို့၌ ရှုနည်း
၁။ မိမိသန္တာန်၌ ထင်ရှားရှိသော သစ္စာလေးပါးကို သိကြောင်းဖြစ်သော အောက်မေ့မှု ‘သတိသမ္ဗောဇ္ဈင်'ကိုလည်း “ငါ၏ သန္တာန်၌ သစ္စာလေးပါးကို သိကြောင်းဖြစ်သော အောက်မေ့မှု ‘သတိသမ္ဗောဇ္ဈင်’ သည် ရှိ၏”ဟူ၍ သိ၏။ မိမိသန္တာန်၌ ထင်ရှားမရှိသော သစ္စာလေးပါးကို သိကြောင်းဖြစ်သော အောက်မေ့မှု ‘သတိသမ္ဗောဇ္ဈင်’ ကိုလည်း “ငါ၏ သန္တာန်၌ သစ္စာလေးပါးကို သိကြောင်းဖြစ်သော အောက်မေ့မှု ‘သတိသမ္ဗောဇ္ဈင်'သည် မရှိ”ဟူ၍ သိ၏။ မဖြစ်သေးသော သစ္စာလေးပါးကို သိကြောင်းဖြစ်သောအောက်မေ့မှု ‘သတိသမ္ဗောဇ္ဈင်'၏ ဖြစ်ပေါ်ခြင်းအကြောင်းကိုလည်း သိ၏။ ဖြစ်ပေါ်ပြီးသော သစ္စာလေးပါးကို သိကြောင်းဖြစ်သော အောက်မေ့မှု ‘သတိသမ္ဗောဇ္ဈင်'ကို ပွါးများခြင်း၏ ပြည့်စုံခြင်းအကြောင်းကိုလည်းသိ၏။
၂။ မိမိသန္တာန်၌ ထင်ရှားရှိသော သစ္စာလေးပါးကို သိကြောင်းဖြစ်သော တရားကို စိစစ်မှု ‘ဓမ္မဝိစယသမ္ဗောဇ္ဈင်'ကိုလည်း။ပ။
၃။ မိမိသန္တာန်၌ ထင်ရှားရှိသော သစ္စာလေးပါးကို သိကြောင်းဖြစ်သောအားထုတ်မှု ‘ဝီရိယသမ္ဗောဇ္ဈင်’ ကိုလည်း။ပ။
၄။ မိမိသန္တာန်၌ ထင်ရှားရှိသော သစ္စာလေးပါးကို သိကြောင်းဖြစ်သော နှစ်သက်မှု ‘ပီတိသမ္ဗောဇ္ဈင်'ကိုလည်း။ပ။
၅။ မိမိသန္တာန်၌ ထင်ရှားရှိသော သစ္စာလေးပါးကို သိကြောင်းဖြစ်သော စိတ်စေတသိက်တို့၏ငြိမ်းအေးမှု ‘ပဿဒ္ဓိသမ္ဗောဇ္ဈင်'ကိုလည်း။ပ။
၆။ မိမိသန္တာန်၌ ထင်ရှားရှိသော သစ္စာလေးပါးကို သိကြောင်းဖြစ်သော တည်ကြည်မှု ‘သမာဓိသမ္ဗောဇ္ဈင်’ ကိုလည်း။ပ။
၇။ မိမိသန္တာန်၌ ထင်ရှားရှိသော သစ္စာလေးပါးကို သိကြောင်းဖြစ်သော လျစ်လျူရှုမှု ‘ဥပေက္ခာသမ္ဗောဇ္ဈင်’ ကိုလည်း “ငါ၏ သန္တာန်၌ သစ္စာလေးပါးကို သိကြောင်းဖြစ်သော လျစ်လျူရှုမှု ‘ဥပေက္ခာသမ္ဗောဇ္ဈင်'သည် ရှိ၏”ဟူ၍ သိ၏။ မိမိသန္တာန်၌ ထင်ရှားမရှိသော သစ္စာလေးပါးကို သိကြောင်းဖြစ်သော လျစ်လျူရှုမှု ‘ဥပေက္ခာသမ္ဗောဇ္ဈင်'ကိုလည်း “ငါ၏ သန္တာန်၌ သစ္စာလေးပါးကို သိကြောင်းဖြစ်သော လျစ်လျူရှုမှု ‘ဥပေက္ခာသမ္ဗောဇ္ဈင်'သည် မရှိ”ဟူ၍ သိ၏။ မဖြစ်သေးသော သစ္စာလေးပါးကိုသိကြောင်း ဖြစ်သော လျစ်လျူရှုမှု ‘ဥပေက္ခာသမ္ဗောဇ္ဈင်'၏ ဖြစ်ပေါ်ခြင်းအကြောင်းကိုလည်း သိ၏။ ဖြစ်ပေါ်ပြီးသော သစ္စာလေးပါးကို သိကြောင်းဖြစ်သော လျစ်လျူရှုမှု ‘ဥပေက္ခာသမ္ဗောဇ္ဈင်'ကို ပွါးများခြင်း၏ ပြည့်စုံခြင်းအကြောင်းကိုလည်း သိ၏။ ထိုရဟန်းသည် ထို (တရားတည်းဟူသော) အာရုံကို မှီဝဲ၏၊ ပွါးများ၏၊ အကြိမ်များစွာ ပြု၏၊ ကောင်းစွာ ပိုင်းခြား မှတ်သား၏။ ထိုရဟန်းသည် ထို (တရားတည်းဟူသော) အာရုံကို မှီဝဲ၍ ပွါးများ၍အကြိမ်များစွာ ပြု၍ ကောင်းစွာ ပိုင်းခြား မှတ်သား၍ သူတစ်ပါးသန္တာန်၌ ဖြစ်သော တရားတို့၌ မိမိစိတ်ကို ဆောင်၍ ထား၏၊ ညွတ်စေ၏။
--
သူတစ်ပါးသန္တာန်၌ ဖြစ်သော နီဝရဏတရားတို့၌ ရှုနည်း
အဘယ်သို့လျှင် ရဟန်းသည် သူတစ်ပါးသန္တာန်၌ (ဖြစ်သော) တရားတို့၌ တရားတို့ကို အဖန်ဖန်အထပ်ထပ် ရှုလျက် နေသနည်း။
၁။ ဤသာသနာတော်၌ ရဟန်းသည် ထိုသူ၏ (သန္တာန်၌) (မပြတ်ဖြစ်သောအားဖြင့်) ထင်ရှား ရှိသောကာမဂုဏ်ကို လိုချင်နှစ်သက်မှု ‘ကာမစ္ဆန္ဒ'ကိုလည်း “ထိုသူ၌ ကာမဂုဏ်ကို လိုချင်နှစ်သက်မှု ‘ကာမစ္ဆန္ဒ'သည် ရှိ၏”ဟူ၍ သိ၏။ ထိုသူ၏ (သန္တာန်၌) ထင်ရှားမရှိသော ကာမဂုဏ်ကို လိုချင်နှစ်သက်မှု ‘ကာမစ္ဆန္ဒ’ ကိုလည်း “ထိုသူ၌ ကာမဂုဏ်ကို လိုချင်နှစ်သက်မှု ‘ကာမစ္ဆန္ဒ'သည် မရှိ”ဟူ၍ သိ၏။ မဖြစ်သေးသော ကာမဂုဏ်ကို လိုချင်နှစ်သက်မှု ‘ကာမစ္ဆန္ဒ'၏ ဖြစ်ပေါ်ခြင်းအကြောင်းကိုလည်း သိ၏။ ဖြစ်ပေါ်ပြီးသော ကာမဂုဏ်ကို လိုချင်နှစ်သက်မှု ‘ကာမစ္ဆန္ဒ'ကို ပယ်ခြင်း၏ အကြောင်းကိုလည်း သိ၏။ ပယ်ပြီးသော ကာမဂုဏ်ကို လိုချင်နှစ်သက်မှု ‘ကာမစ္ဆန္ဒ'၏ နောင်အခါ မဖြစ်ခြင်း၏ အကြောင်းကိုလည်းသိ၏။
၂။ ထိုသူ၏ (သန္တာန်၌) ထင်ရှားရှိသော အမျက်ထွက်မှု ‘ဗျာပါဒ'ကိုလည်း။ပ။
၃။ ထိုသူ၏ (သန္တာန်၌) ထင်ရှားရှိသော စိတ်စေတသိက်တို့၏ ထိုင်းမှိုင်းမှု ‘ထိနမိဒ္ဓ'ကိုလည်း။ပ။
၄။ ထိုသူ၏ (သန္တာန်၌) ထင်ရှားရှိသော စိတ်ပျံ့လွင့်မှု ‘ဥဒ္ဓစ္စ', နောင်တတစ်ဖန်ပူပန်မှု ‘ကုက္ကုစ္စ'ကိုလည်း။ပ။
၅။ ထိုသူ၏ (သန္တာန်၌) ထင်ရှားရှိသော ယုံမှားမှု ‘ဝိစိကိစ္ဆာ'ကိုလည်း “ထိုသူ၌ ယုံမှားမှု ‘ဝိစိကိစ္ဆာ'သည် ရှိ၏”ဟူ၍ သိ၏။ ထိုသူ၏ (သန္တာန်၌) ထင်ရှားမရှိသော ယုံမှားမှု ‘ဝိစိကိစ္ဆာ'ကိုလည်း “ထိုသူ၌ ယုံမှားမှု ‘ဝိစိကိစ္ဆာ’ သည် မရှိ”ဟူ၍ သိ၏။ မဖြစ်သေးသော ယုံမှားမှု ‘ဝိစိကိစ္ဆာ'၏ ဖြစ်ပေါ်ခြင်း အကြောင်းကိုလည်း သိ၏။ ဖြစ်ပေါ်ပြီးသော ယုံမှားမှု ‘ဝိစိကိစ္ဆာ'ကို ပယ်ခြင်း၏ အကြောင်းကိုလည်းသိ၏။ ပယ်ပြီးသော ယုံမှားမှု ‘ဝိစိကိစ္ဆာ'၏ နောင်အခါ မဖြစ်ခြင်း၏ အကြောင်းကိုလည်း သိ၏။
--
သူတစ်ပါးသန္တာန်၌ ဖြစ်သော ဗောဇ္ဈင်တရားတို့၌ ရှုနည်း
၁။ ထိုသူ၏ (သန္တာန်၌) ထင်ရှားရှိသော သစ္စာလေးပါးကို သိကြောင်းဖြစ်သော အောက်မေ့မှု ‘သတိသမ္ဗောဇ္ဈင်'ကိုလည်း “ထိုသူ၌ သစ္စာလေးပါးကို သိကြောင်းဖြစ်သော အောက်မေ့မှု ‘သတိသမ္ဗောဇ္ဈင်'သည် ရှိ၏”ဟူ၍ သိ၏။ ထိုသူ၏ (သန္တာန်၌) ထင်ရှားမရှိသော သစ္စာလေးပါးကို သိကြောင်းဖြစ်သောအောက်မေ့မှု ‘သတိသမ္ဗောဇ္ဈင်'ကိုလည်း “ထိုသူ၌ သစ္စာလေးပါးကို သိကြောင်းဖြစ်သော အောက်မေ့မှု ‘သတိသမ္ဗောဇ္ဈင်'သည် မရှိ”ဟူ၍ သိ၏။ မဖြစ်သေးသော သစ္စာလေးပါးကို သိကြောင်းဖြစ်သောအောက်မေ့မှု ‘သတိသမ္ဗောဇ္ဈင်'၏ ဖြစ်ပေါ်ခြင်း အကြောင်းကိုလည်း သိ၏။ ဖြစ်ပေါ်ပြီးသော သစ္စာလေးပါးကို သိကြောင်းဖြစ်သော အောက်မေ့မှု ‘သတိသမ္ဗောဇ္ဈင်'ကို ပွါးများခြင်း၏ ပြည့်စုံခြင်း အကြောင်းကိုလည်း သိ၏။
၂။ ထိုသူ၏ (သန္တာန်၌) ထင်ရှားရှိသော သစ္စာလေးပါးကို သိကြောင်းဖြစ်သော တရားကို စိစစ်မှု ‘ဓမ္မဝိစယသမ္ဗောဇ္ဈင်'ကိုလည်း။ပ။
၃။ ထိုသူ၏ (သန္တာန်၌) ထင်ရှားရှိသော သစ္စာလေးပါးကို သိကြောင်းဖြစ်သောအားထုတ်မှု ‘ဝီရိယသမ္ဗောဇ္ဈင်’ ကိုလည်း။ပ။
၄။ ထိုသူ၏ (သန္တာန်၌) ထင်ရှားရှိသော သစ္စာလေးပါးကို သိကြောင်းဖြစ်သော နှစ်သက်မှု ‘ပီတိသမ္ဗောဇ္ဈင်’ ကိုလည်း။ပ။
၅။ ထိုသူ၏ (သန္တာန်၌) ထင်ရှားရှိသော သစ္စာလေးပါးကို သိကြောင်းဖြစ်သော စိတ်စေတသိက် တို့၏ငြိမ်းအေးမှု ‘ပဿဒ္ဓိသမ္ဗောဇ္ဈင်'ကိုလည်း။ပ။
၆။ ထိုသူ၏ (သန္တာန်၌) ထင်ရှားရှိသော သစ္စာလေးပါးကို သိကြောင်းဖြစ်သော တည်ကြည်မှု ‘သမာဓိသမ္ဗောဇ္ဈင်'ကိုလည်း။ပ။
၇။ ထိုသူ၏ (သန္တာန်၌) ထင်ရှားရှိသော သစ္စာလေးပါးကို သိကြောင်းဖြစ်သော လျစ်လျူရှုမှု ‘ဥပေက္ခာသမ္ဗောဇ္ဈင်'ကိုလည်း “ထိုသူ၌ သစ္စာလေးပါးကို သိကြောင်းဖြစ်သော လျစ်လျူရှုမှု ‘ဥပေက္ခာသမ္ဗောဇ္ဈင်'သည် ရှိ၏”ဟူ၍ သိ၏။ ထိုသူ၏ (သန္တာန်၌) ထင်ရှားမရှိသော သစ္စာလေးပါးကို သိကြောင်းဖြစ်သော လျစ်လျူရှုမှု ‘ဥပေက္ခာသမ္ဗောဇ္ဈင်'ကိုလည်း “ထိုသူ၌ သစ္စာလေးပါးကို သိကြောင်းဖြစ်သောလျစ်လျူရှုမှု ‘ဥပေက္ခာသမ္ဗောဇ္ဈင်’ သည် မရှိ”ဟူ၍ သိ၏။ မဖြစ်သေးသော သစ္စာလေးပါးကို သိကြောင်းဖြစ်သော လျစ်လျူရှုမှု ‘ဥပေက္ခာသမ္ဗောဇ္ဈင်'၏ ဖြစ်ပေါ်ခြင်း အကြောင်းကိုလည်း သိ၏။ ဖြစ်ပေါ်ပြီးသောသစ္စာလေးပါးကို သိကြောင်းဖြစ်သော လျစ်လျူရှုမှု ‘ဥပေက္ခာသမ္ဗောဇ္ဈင်'ကို ပွါးများခြင်း၏ ပြည့်စုံခြင်း အကြောင်းကိုလည်း သိ၏။ ထိုရဟန်းသည် ထို (တရားတည်းဟူသော) အာရုံကို မှီဝဲ၏၊ ပွါးများ၏၊ အကြိမ်များစွာ ပြု၏၊ ကောင်းစွာ ပိုင်းခြား မှတ်သား၏။ ထိုရဟန်းသည် ထို (တရားတည်းဟူသော) အာရုံကို မှီဝဲ၍ ပွါးများ၍့အကြိမ်များစွာ ပြု၍ ကောင်းစွာ ပိုင်းခြားမှတ်သား၍ မိမိ, သူတစ်ပါးသန္တာန်၌ ဖြစ်သော တရားတို့၌ မိမိစိတ်ကို ဆောင်၍ ထား၏၊ ညွတ်စေ၏။
--
မိမိ, သူတစ်ပါးသန္တာန်၌ ဖြစ်သောနီဝရဏတရားတို့၌ ရှူနည်း
အဘယ်သို့လျှင် ရဟန်းသည် မိမိ, သူတစ်ပါးသန္တာန်၌ ဖြစ်သော တရားတို့၌ တရားတို့ကို အဖန်ဖန်အထပ်ထပ် ရှုလျက် နေသနည်း။
၁။ ဤသာသနာတော်၌ ရဟန်းသည် ထင်ရှားရှိသော ကာမဂုဏ်ကို လိုချင်နှစ်သက်မှု ‘ကာမစ္ဆန္ဒ'ကိုလည်း “ကာမဂုဏ်ကိုလိုချင်နှစ်သက်မှု ‘ကာမစ္ဆန္ဒ'သည် ရှိ၏”ဟူ၍ သိ၏။ ထင်ရှားမရှိသော ကာမဂုဏ်ကိုလိုချင်နှစ်သက်မှု ‘ကာမစ္ဆန္ဒ'ကိုလည်း “ကာမဂုဏ်ကို လိုချင်နှစ်သက်မှုကာမစ္ဆန္ဒ'သည် မရှိ”ဟူ၍ သိ၏။ မဖြစ်သေးသော ကာမဂုဏ်ကို လိုချင်နှစ်သက်မှု ‘ကာမစ္ဆန္ဒ'၏ ဖြစ်ပေါ်ခြင်း အကြောင်းကို လည်း သိ၏။ ဖြစ်ပေါ်ပြီးသော ကာမဂုဏ်ကို လိုချင်နှစ်သက်မှု ‘ကာမစ္ဆန္ဒ'ကို ပယ်ခြင်းအကြောင်းကိုလည်း သိ၏။ ပယ်ပြီး သော ကာမဂုဏ်ကိုလိုချင်နှစ်သက်မှု ‘ကာမစ္ဆန္ဒ'၏ နောင်အခါ မဖြစ်ပေါ်ခြင်း၏အကြောင်းကိုလည်း သိ၏။
၂။ ထင်ရှားရှိသော အမျက်ထွက်မှု ‘ဗျာပါဒ'ကိုလည်း။ပ။
၃။ ထင်ရှားရှိသော စိတ်စေတသိက်တို့၏ ထိုင်းမှိုင်းမှု ‘ထိနမိဒ္ဓ'ကိုလည်း။ပ။
၄။ ထင်ရှားရှိသော စိတ်ပျံ့လွင့်မှု ‘ဥဒ္ဓစ္စ’ နောင်တ တစ်ဖန် ပူပန်မှု ‘ကုက္ကုစ္စ'ကိုလည်း။ပ။
၅။ ထင်ရှားရှိသော ယုံမှားမှု ‘ဝိစိကိစ္ဆာ'ကိုလည်း “ယုံမှားမှု ‘ဝိစိကိစ္ဆာ'သည် ရှိ၏”ဟူ၍ သိ၏။ ထင်ရှားမရှိသော ယုံမှားမှု ‘ဝိစိကိစ္ဆာ’ ကိုလည်း “ယုံမှားမှု ‘ဝိစိကိစ္ဆာ'သည် မရှိ”ဟူ၍ သိ၏။ မဖြစ်သေးသော ယုံမှားမှု ‘ဝိစိကိစ္ဆာ'၏ ဖြစ်ပေါ်ခြင်းအကြောင်းကိုလည်း သိ၏။ ဖြစ်ပေါ်ပြီးသော ယုံမှားမှု ‘ဝိစိကိစ္ဆာ'၏ ပယ်ခြင်းအကြောင်းကိုလည်း သိ၏။ ပယ်ပြီးသော ယုံမှားမှု ‘ဝိစိကိစ္ဆာ'၏ နောင်အခါမဖြစ်ခြင်း၏ အကြောင်းကိုလည်း သိ၏။
--
မိမိ, သူတစ်ပါးသန္တာန်၌ ဖြစ်သော ဗောဇ္ဈင်တရားတို့၌ ရှုနည်း
၁။ ထင်ရှားရှိသော သစ္စာလေးပါးကို သိကြောင်းဖြစ်သော အောက်မေ့မှု ‘သတိသမ္ဗောဇ္ဈင်'ကိုလည်း “သစ္စာလေးပါးကို သိကြောင်းဖြစ်သော အောက်မေ့မှု ‘သတိသမ္ဗောဇ္ဈင်'သည် ရှိ၏”ဟူ၍ သိ၏။ ထင်ရှားမရှိသော သစ္စာလေးပါးကို သိကြောင်းဖြစ်သော အောက်မေ့မှု ‘သတိသမ္ဗောဇ္ဈင်'ကိုလည်း “သစ္စာလေးပါးကိုသိကြောင်းဖြစ်သော အောက်မေ့မှု ‘သတိသမ္ဗောဇ္ဈင်'သည် မရှိ”ဟူ၍ သိ၏။ မဖြစ်သေးသော သစ္စာလေးပါးကို သိကြောင်းဖြစ်သော အောက်မေ့မှု ‘သတိသမ္ဗောဇ္ဈင်'၏ ဖြစ်ပေါ်ခြင်း အကြောင်းကိုလည်းသိ၏။ ဖြစ်ပေါ်ပြီးသော သစ္စာလေးပါးကို သိကြောင်းဖြစ်သော အောက်မေ့မှု ‘သတိသမ္ဗောဇ္ဈင်'ကိုပွါးများခြင်း၏ ပြည့်စုံခြင်းအကြောင်းကိုလည်း သိ၏။
၂။ ထင်ရှားရှိသော သစ္စာလေးပါးကို သိကြောင်းဖြစ်သော တရားကို စိစစ်မှု ‘ဓမ္မဝိစယသမ္ဗောဇ္ဈင်'ကိုလည်း။ပ။
၃။ ထင်ရှားရှိသော သစ္စာလေးပါးကို သိကြောင်းဖြစ်သောအားထုတ်မှု ‘ဝီရိယသမ္ဗောဇ္ဈင်'ကိုလည်း။ပ။
၄။ ထင်ရှားရှိသော သစ္စာလေးပါးကို သိကြောင်းဖြစ်သော နှစ်သက်မှု ‘ပီတိသမ္ဗောဇ္ဈင်'ကိုလည်း။ပ။
၅။ ထင်ရှားရှိသော သစ္စာလေးပါးကို သိကြောင်းဖြစ်သော စိတ်စေတသိက်တို့၏ ငြိမ်းအေးမှု ‘ပဿဒ္ဓိသမ္ဗောဇ္ဈင်'ကိုလည်း။ပ။
၆။ ထင်ရှားရှိသော သစ္စာလေးပါးကို သိကြောင်းဖြစ်သော တည်ကြည်မှု ‘သမာဓိသမ္ဗောဇ္ဈင်'ကို လည်း။ပ။
၇။ ထင်ရှားရှိသော သစ္စာလေးပါးကို သိကြောင်းဖြစ်သော လျစ်လျူရှုမှု ‘ဥပေက္ခာသမ္ဗောဇ္ဈင်'ကိုလည်းလျစ်လျူရှုမှု ‘ဥပေက္ခာသမ္ဗောဇ္ဈင်'သည် ရှိ၏”ဟူ၍ သိ၏။ ထင်ရှားမရှိသော သစ္စာလေးပါးကိုသိကြောင်းဖြစ်သော လျစ်လျူရှုမှု ‘ဥပေက္ခာသမ္ဗောဇ္ဈင်'ကိုလည်း သစ္စာလေးပါးကို သိကြောင်းဖြစ်သော လျစ်လျူရှုမှု ‘ဥပေက္ခာသမ္ဗောဇ္ဈင်'သည် မရှိ”ဟူ၍ သိ၏။ မဖြစ်သေးသော သစ္စာလေးပါးကို သိကြောင်းဖြစ်သော လျစ်လျူရှုမှု ‘ဥပေက္ခာသမ္ဗောဇ္ဈင်'၏ ဖြစ်ပေါ်ခြင်း အကြောင်းကိုလည်း သိ၏။ ဖြစ်ပေါ်ပြီးသောသစ္စာလေးပါးကို သိကြောင်းဖြစ်သော လျစ်လျူရှုမှု ‘ဥပေက္ခာသမ္ဗောဇ္ဈင်'ကို ပွါးများခြင်း၏ ပြည့်စုံခြင်း အကြောင်းကိုလည်း သိ၏။ ဤသို့ ရဟန်းသည် ကိလေသာကို ပြင်းစွာပူပန်စေတတ်သော လုံ့လ, ကောင်းစွာ အပြားအားဖြင့်သိသော ပညာ, အောက်မေ့မှု သတိရှိလျက် (ခန္ဓာကိုယ်တည်းဟူသော) လောက၌ တပ်မက်မှု ‘အဘိဇ္ဈာ’၊ နှလုံးမသာယာမှု ‘ဒေါမနဿ'ကို ပယ်ဖျောက်၍ မိမိ, သူတစ်ပါး၌ ဖြစ်သော တရားတို့၌ တရားတို့ကိုအဖန်ဖန် အထပ်ထပ်ရှုလျက် နေ၏။
၃၆၈။ “အဖန်ဖန် အထပ်ထပ် ရှုလျက်”ဟု ဆိုရာ၌ အဘယ်သည် အဖန်ဖန် အထပ်ထပ်ရှုခြင်း မည်သနည်း။
အကြင်အပြားအားဖြင့် သိမှု ‘ပညာ’၊ အပြားအားဖြင့် သိသော အခြင်းအရာ ‘ပဇာနနာ’။ပ။ မတွေဝေမှု ‘အမောဟ’၊ တရားကို စိစစ်မှု ‘ဓမ္မဝိစယ’၊ မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ'သည် ရှိ၏။ ဤသဘောကိုအဖန်ဖန် အထပ်ထပ်ရှုခြင်းဟု ဆိုအပ်၏၊ ဤအဖန်ဖန်အထပ်ထပ်ရှုသော ပညာနှင့် ပြည့်စုံ၏၊ ကောင်းစွာပြည့်စုံ၏၊ ပြည့်စုံခြင်းသို့ ရောက်၏၊ ကောင်းစွာ ပြည့်စုံခြင်းသို့ ရောက်၏။ ထို့ကြောင့်"အဖန်ဖန် အထပ်ထပ်ရှုလျက်” ဟု ဆိုအပ်၏။
--
၃၆၉။ “နေ၏”ဟု ဆိုရာ၌ ဣရိယာပုထ်လေးပါးနှင့်ပြည့်စုံ၏၊ ဖြစ်၏၊ စောင့်ရှောက်၏၊ မျှတ၏၊ မျှတစေ၏၊ ဣရိယာပုထ်တစ်ပါးဖြင့် ဣရိယာပုတ်တစ်ပါးကို ဖြတ်လျက် ဆောင်၏။ ထို့ကြောင့်"နေ၏”ဟု ဆိုအပ်၏။
၃၇၀။ “ကိလေသာကို ပြင်းစွာပူပန်စေတတ်သော လုံ့လရှိလျက်”ဟု ဆိုရာ၌ အဘယ်သည်ကိလေသာကို ပူပန်စေတတ်သောတရား မည်သနည်း။
အကြင်စိတ်၌ ဖြစ်သောအားထုတ်မှု ‘ဝီရိယာရမ္ဘ’။ပ။ ကောင်းစွာအားထုတ်မှု ‘သမ္မာဝါယာမ’ သည် ရှိ၏။ ဤသဘောကို ကိလေသာကို ပြင်းစွာပူပန်စေတတ်သောတရားဟု ဆိုအပ်၏၊ ဤကိလေသာကိုပူပန်စေတတ်သော ဝီရိယနှင့် ပြည့်စုံ၏၊ ကောင်းစွာ ပြည့်စုံ၏၊ ပြည့်စုံခြင်းသို့ ရောက်၏၊ ကောင်းစွာပြည့်စုံခြင်းသို့ ရောက်၏၊ ။ ထို့ကြောင့် “ကိလေသာကို ပြင်းစွာပူပန်စေတတ်သော လုံ့လရှိလျက်”ဟုဆိုအပ်၏။
၃၇၁။ “ကောင်းစွာအပြားအားဖြင့် သိသော ပညာရှိလျက်”ဟု ဆိုရာ၌ အဘယ်သည် ကောင်းစွာအပြားအားဖြင့် သိသောတရား မည်သနည်း။
အကြင်အပြားအားဖြင့် သိမှု ‘ပညာ’၊ အပြားအားဖြင့် သိသော အခြင်းအရာ ‘ပဇာနနာ’။ပ။ မတွေဝေမှု ‘အမောဟ’၊ တရားကိုစိစစ်မှု ‘ဓမ္မဝိစယ’၊ မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ'သည် ရှိ၏။ ဤသဘောကို ကောင်းစွာ အပြားအားဖြင့် သိသောတရားဟု ဆိုအပ်၏။ ဤကောင်းစွာ အပြားအားဖြင့်သိသော ပညာနှင့် ပြည့်စုံ၏၊ ကောင်းစွာ ပြည့်စုံ၏၊ ပြည့်စုံခြင်းသို့ ရောက်၏၊ ကောင်းစွာပြည့်စုံခြင်းသို့ ရောက်၏။ ထို့ကြောင့် “ကောင်းစွာ အပြားအားဖြင့် သိသော ပညာရှိလျက်”ဟု ဆိုအပ်၏။
၃၇၂။ “အောက်မေ့မှု ‘သတိ'ရှိလျက်”ဟု ဆိုရာ၌ အဘယ်သည် အောက်မေ့တတ်သောတရား မည်သနည်း။
အကြင်အောက်မေ့မှု ‘သတိ’၊ အထပ်ထပ်အောက်မေ့မှု ‘အနုဿတိ’။ပ။ ကောင်းစွာအောက်မေ့မှု ‘သမ္မာသတိ'သည် ရှိ၏။ ဤသဘောကို အောက်မေ့တတ်သော တရားဟု ဆိုအပ်၏။ ဤအောက်မေ့တတ်သော သတိနှင့် ပြည့်စုံ၏။ ကောင်းစွာ ပြည့်စုံ၏၊ ပြည့်စုံခြင်းသို့ ရောက်၏၊ ကောင်းစွာ ပြည့်စုံခြင်း သို့ ရောက်၏။ ထို့ကြောင့် “အောက်မေ့မှု သတိရှိလျက်” ဟု ဆိုအပ်၏။
၃၇၃။ “လောက၌ တပ်မက်မှု ‘အဘိဇ္ဈာ’၊ နှလုံးမသာယာမှု ‘ဒေါမနဿ'ကို ပယ်ဖျောက်၍” ဟု ဆိုရာ၌ အဘယ်သည် လောက မည်သနည်း။
ထိုနီဝရဏစသောတရားတို့သည်ပင်လျှင် လောက မည်၏။ ဥပါဒါန်၏ အာရုံဖြစ်သော ခန္ဓာငါးပါးတို့သည်လည်း လောက မည်၏။ ဤသဘောကို လောကဟု ဆိုအပ်၏။
ထိုတွင် အဘယ်သည် တပ်မက်မှု ‘အဘိဇ္ဈာ’ မည်သနည်း။
အကြင်တပ်မက်မှု ‘ရာဂ’၊ ပြင်းစွာ တပ်မက်မှု ‘သာရာဂ’။ပ။ စိတ်၏ ပြင်းစွာတပ်မက်မှု ‘စိတ္တသာရာဂ'သည် ရှိ၏။ ဤသဘောကို တပ်မက်မှု ‘အဘိဇ္ဈာ’ဟု ဆိုအပ်၏။
ထိုတွင် အဘယ်သည် နှလုံးမသာယာမှု ‘ဒေါမနဿ’ မည်သနည်း။
အကြင်စိတ်၌ ဖြစ်သော မသာယာခြင်းသည် စိတ်၌ ဖြစ်သော ဆင်းရဲခြင်း စိတ်အတွေ့ကြောင့်ဖြစ်သော မသာယာမှု, ဆင်းရဲမှုကို ခံစားခြင်းသည် စိတ်အတွေ့ကြောင့် ဖြစ်သော မသာယာမှု, ဆင်းရဲမှုကိုခံစားသော အခြင်းအရာသည် ရှိ၏။ ဤသဘောကို နှလုံးမသာယာမှု ‘ဒေါမနဿ’ဟု ဆိုအပ်၏။
--
ဤသို့ ဤတပ်မက်မှု ‘အဘိဇ္ဈာ’ ကိုလည်းကောင်း၊ ဤနှလုံးမသာယာမှု ‘ဒေါမနဿ’ ကိုလည်းကောင်းဤ (ခန္ဓာကိုယ်တည်းဟူသော) လောက၌ ပယ်အပ်ကုန်၏၊ အထပ်ထပ် ပယ်အပ်ကုန်၏၊ ငြိမ်သက် စေအပ်ကုန်၏၊ ငြိမ်းစေအပ်ကုန်၏၊ အထူးသဖြင့် ငြိမ်းစေအပ်ကုန်၏၊ ချုပ်ခြင်းသို့ ရောက်စေအပ်ကုန်၏၊ အလွန်ချုပ်ခြင်းသို့ ရောက်စေအပ်ကုန်၏၊ ဖျက်ဆီးအပ်ကုန်၏၊ အထူးဖျက်ဆီးအပ်ကုန်၏၊ ခြောက်သွေ့စေအပ်ကုန်၏၊ အထူးခြောက်သွေ့စေအပ်ကုန်၏၊ ကင်းအောင်ကို ပြုအပ်ကုန်၏။ ထို့ကြောင့် “(ခန္ဓာကိုယ်တည်းဟူသော) လောက၌ တပ်မက်မှု ‘အဘိဇ္ဈာ’၊ နှလုံးမသာယာမှု ‘ဒေါမနဿ'ကို ပယ်ဖျောက်၍” ဟုဆိုအပ်၏။
ဓမ္မာနုပဿနာ အကျယ်ပြီးပြီ။
သုတ္တန်နည်းဖြင့် ဝေဖန်ဟောကြားအပ်သော သုတ္တန္တဘာဇနီယနည်းပြီးပြီ။
--
၂- အဘိဓမ္မာဘာဇနီယနည်း
(အဘိဓမ္မာနည်းဖြင့် ဝေဖန်၍ ဟောကြားခြင်း)
ကုသိုလ်သတိပဋ္ဌာန်လေးပါး
၃၇၄။ သတိပဋ္ဌာန်လေးပါးတို့ကား- ဤသာသနာတော်၌ ရဟန်းသည် ခန္ဓာကိုယ်၌ (ဆံပင်စသော) ရုပ်အပေါင်းကို အဖန်ဖန် အထပ်ထပ် ရှုလျက် နေ၏။ ခံစားမှု ‘ဝေဒနာ'တို့၌ (ချမ်းသာစသော) ခံစားမှု ‘ဝေဒနာ'ကို အဖန်ဖန် အထပ်ထပ် ရှုလျက် နေ၏။ စိတ်၌ (ဖြစ်ပေါ်လာသည့် ရာဂစသော) စိတ်ကိုအဖန်ဖန် အထပ်ထပ် ရှုလျက် နေ၏။ ဖြစ်ပေါ်လာသော တရားတို့၌ (ကာမစ္ဆန္ဒစသော) တရားကိုအဖန်ဖန် အထပ်ထပ် ရှုလျက် နေ၏။
လောကုတ္တရာကုသိုလ်စိတ်၌ အဘိဓမ္မာဘာဇနီယနည်း
(၁) ကာယာနုပဿနာ
၃၇၅။ အဘယ်သို့လျှင် ရဟန်းသည် ခန္ဓာကိုယ်၌ (ဆံပင်စသော) ရုပ်အပေါင်းကို အဖန်ဖန်အထပ်ထပ် ရှုလျက် နေသနည်း။
ဤသာသနာတော်၌ ရဟန်းသည် အကြင်အခါ၌ မိစ္ဆာအယူတို့ကို ပယ်ရန်၊ ပဌမဘုံ (သောတာပန်အဆင့်) သို့ ရောက်ရန် ဝဋ်ဆင်းရဲမှ ထွက်မြောက်တတ်သော၊ နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်သော လောကုတ္တရာဈာန်တရားကို ပွါးများအားထုတ်၏၊ ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ ကိုယ်၌ (ဆံပင်စသော) ရုပ်အပေါင်းကို အဖန်ဖန် အထပ်ထပ်ရှုလျက် ဆင်းရဲသော အကျင့်ရှိသော, နုံ့နှေးသော အသိဉာဏ်ရှိသော ပဌမဈာန်ကို ပြည့်စုံစေ၍ နေ၏။ ထိုအခါ၌ အကြင်အောက်မေ့မှု ‘သတိ’၊ အထပ်ထပ်အောက်မေ့မှု ‘အနုဿတိ’၊ ကောင်းစွာ အောက်မေ့မှု ‘သမ္မာသတိ’၊ မဂ်၏ အင်္ဂါဖြစ်သော၊ မဂ်၌ အကျုံးဝင်သော၊ သစ္စာလေးပါးကို သိကြောင်း ဖြစ်သောအောက်မေ့မှု ‘သတိသမ္ဗောဇ္ဈင်’ သည် ရှိ၏။ ဤသဘောကို သတိပဋ္ဌာန်ဟု ဆိုအပ်၏။ သတိမှကြွင်းသော တရားတို့သည် သတိပဋ္ဌာန်နှင့် ယှဉ်သော (သတိပဋ္ဌာနသမ္ပယုတ္တ) တရားတို့ မည်ကုန်၏။
(၂) ဝေဒနာနုပဿနာ။
၃၇၆။ အဘယ်သို့လျှင် ရဟန်းသည် ခံစားမှု ‘ဝေဒနာ’ တို့၌ ချမ်းသာစသော ခံစားမှု ‘ဝေဒနာ'တို့ကိုအဖန်ဖန် အထပ်ထပ်ရှုလျက် နေသနည်း။
ဤသာသနာတော်၌ ရဟန်းသည် အကြင်အခါ၌ မိစ္ဆာအယူတို့ကို ပယ်ရန်၊ ပဌမဘုံ (သောတာပန်အဆင့်) သို့ ရောက်ရန် ဝဋ်ဆင်းရဲမှ ထွက်မြောက်တတ်သော၊ နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်သော လောကုတ္တရာဈာန်တရားကို ပွါးများအားထုတ်၏၊ ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ ခံစားမှု ‘ဝေဒနာ’ တို့၌ ချမ်းသာစသော ခံစားမှု ‘ဝေဒနာ'တို့ကို အဖန်ဖန် အထပ်ထပ် ရှုလျက် ဆင်းရဲသော အကျင့်ရှိသော, နုံ့နှေးသော အသိဉာဏ်ရှိသော ပဌမဈာန်ကို ပြည့်စုံစေ၍ နေ၏။ ထိုအခါ၌ အကြင်အောက်မေ့မှု ‘သတိ’၊ အထပ်ထပ်အောက်မေ့မှု ‘အနုဿတိ’၊ ကောင်းစွာ အောက်မေ့မှု ‘သမ္မာသတိ’၊ မဂ်၏ အင်္ဂါဖြစ်သော၊ မဂ်၌ အကျုံးဝင်သော၊ သစ္စာလေးပါးကို သိကြောင်းဖြစ်သော အောက်မေ့မှု ‘သတိသမ္ဗောဇ္ဈင်’ သည် ရှိ၏။ ဤ သဘောကို သတိပဋ္ဌာန်ဟု ဆိုအပ်၏။ သတိမှ ကြွင်းသော တရားတို့သည် သတိ ပဋ္ဌာန်နှင့်ယှဉ်သော (သတိပဋ္ဌာနသမ္ပယုတ္တ) တရားတို့ မည်ကုန်၏။
--
(၃) စိတ္တာနုပဿနာ
၃၇၇။ အဘယ်သို့လျှင် ရဟန်းသည် စိတ်၌ (ဖြစ်ပေါ်လာသည့် ရာဂစသော) စိတ်ကို အဖန်ဖန်အထပ်ထပ် ရှုလျက် နေသနည်း။
ဤသာသနာတော်၌ ရဟန်းသည် အကြင်အခါ၌ မိစ္ဆာအယူတို့ကို ပယ်ရန်၊ ပဌမဘုံ (သောတာပန်အဆင့်) သို့ ရောက်ရန် ဝဋ်ဆင်းရဲမှ ထွက်မြောက်တတ်သော၊ နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်သော လောကုတ္တရာဈာန်တရားကို ပွါးများအားထုတ်၏၊ ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ စိတ်၌ ဖြစ်ပေါ်လာသည့် ရာဂစသောစိတ်ကို အဖန်ဖန် အထပ်ထပ် ရှုလျက် ဆင်းရဲသော အကျင့်ရှိသော, နုံ့နှေးသောအသိဉာဏ်ရှိသော ပဌမဈာန်ကို ပြည့်စုံစေ၍ နေ၏။ ထိုအခါ၌ အကြင်အောက်မေ့မှု ‘သတိ’၊ အထပ်ထပ်အောက်မေ့မှု ‘အနုဿတိ’၊ ကောင်းစွာ အောက်မေ့မှု ‘သမ္မာသတိ’၊ မဂ်၏ အင်္ဂါဖြစ်သော၊ မဂ်၌ အကျုံးဝင်သော၊ သစ္စာလေးပါးကို သိကြောင်းဖြစ်သော အောက်မေ့မှု ‘သတိသမ္ဗောဇ္ဈင်'သည် ရှိ၏။ ဤသဘောကို သတိပဋ္ဌာန်ဟု ဆိုအပ်၏။ သတိမှ ကြွင်းသော တရားတို့သည် သတိပဋ္ဌာန်နှင့် ယှဉ်သော
(သတိပဋ္ဌာနသမ္ပယုတ္တ) တရားတို့ မည်ကုန်၏။
(၄) ဓမ္မာနုပဿနာ
၃၇၈။ အဘယ်သို့လျှင် ရဟန်းသည် (ဖြစ်ပေါ်လာသော) တရားတို့၌ (ကာမစ္ဆန္ဒစသော) တရားတို့ကိုအဖန်ဖန် အထပ်ထပ် ရှုလျက် နေသနည်း။
ဤသာသနာတော်၌ ရဟန်းသည် အကြင်အခါ၌ မိစ္ဆာအယူတို့ကို ပယ်ရန်၊ ပဌမဘုံ (သောတာပန်အဆင့်) သို့ ရောက်ရန် ဝဋ်ဆင်းရဲမှ ထွက်မြောက်တတ်သော၊ နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်သော လောကုတ္တရာဈာန်တရားကို ပွါးများအားထုတ်၏၊ ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ တရားတို့၌ ကာမစ္ဆန္ဒစသော တရားတို့ကို အဖန်ဖန် အထပ်ထပ် ရှုလျက် ဆင်းရဲသော အကျင့်ရှိသော, နုံ့နှေးသော အသိဉာဏ်ရှိသော ပဌမဈာန်ကို ပြည့်စုံစေ၍ နေ၏။ ထိုအခါ၌ အကြင်အောက်မေ့မှု ‘သတိ’၊ အထပ်ထပ်အောက်မေ့မှု ‘အနုဿတိ’၊ ကောင်းစွာ အောက်မေ့မှု ‘သမ္မာသတိ’၊ မဂ်၏ အင်္ဂါဖြစ်သော၊ မဂ်၌ အကျုံးဝင်သော၊ သစ္စာလေးပါးကို သိကြောင်းဖြစ်သော အောက်မေ့မှု ‘သတိသမ္ဗောဇ္ဈင်’ သည် ရှိ၏။ ဤသဘောကို သတိပဋ္ဌာန်ဟု ဆိုအပ်၏။ သတိမှ ကြွင်းသောတရားတို့သည် သတိပဋ္ဌာန်နှင့် ယှဉ်သော (သတိပဋ္ဌာန သမ္ပယုတ္တ) တရားတို့ မည်ကုန်၏။
--
သတိပဋ္ဌာန်အရကောက်
၃၇၉။ ထိုတရားတို့တွင် အဘယ်သည် သတိပဋ္ဌာန် မည်သနည်း။
ဤသာသနာတော်၌ ရဟန်းသည် အကြင်အခါ၌ မိစ္ဆာအယူတို့ကို ပယ်ရန်၊ ပဌမဘုံ (သောတာပန်အဆင့်) သို့ ရောက်ရန် ဝဋ်ဆင်းရဲမှ ထွက်မြောက်တတ်သော၊ နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်သော လောကုတ္တရာဈာန်တရားကို ပွါးများအားထုတ်၏၊ ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ တရားတို့၌ ကာမစ္ဆန္ဒစသော တရားတို့ကို အဖန်ဖန် အထပ်ထပ် ရှုလျက် ဆင်းရဲသော အကျင့်ရှိသော, နုံ့နှေးသော အသိဉာဏ်ရှိသော ပဌမဈာန်ကို ပြည့်စုံစေ၍ နေ၏။ ထိုအခါ၌ အကြင်အောက်မေ့မှု ‘သတိ’၊ အထပ်ထပ်အောက်မေ့မှု ‘အနုဿတိ’၊ ကောင်းစွာ အောက်မေ့မှု ‘သမ္မာသတိ’၊ မဂ်၏ အင်္ဂါဖြစ်သော၊ မဂ်၌ အကျုံးဝင်သော၊ သစ္စာလေးပါးကို သိကြောင်းဖြစ်သော အောက်မေ့မှု ‘သတိသမ္ဗောဇ္ဈင်’ သည် ရှိ၏။ ဤသဘောကို သတိပဋ္ဌာန်ဟု ဆိုအပ်၏။ သတိမှ ကြွင်းသော တရားတို့သည် သတိပဋ္ဌာန်နှင့် ယှဉ်သော (သတိပဋ္ဌာန သမ္ပယုတ္တ) တရားတို့ မည်ကုန်၏။
--
ဝိပါက်သတိပဋ္ဌာန်လေးပါး
၃၈၀။ သတိပဋ္ဌာန်လေးပါးတို့ကား-
ဤသာသနာတော်၌ ရဟန်းသည် ခန္ဓာကိုယ်၌ (ဆံပင်စသော) ရုပ်အပေါင်းကို အဖန်ဖန်အထပ်ထပ်ရှုလျက် နေ၏။ ခံစားမှု ‘ဝေဒနာ'တို့၌ ချမ်းသာစသော ခံစားမှု ‘ဝေဒနာ’ဟု အဖန်ဖန် အထပ်ထပ်ရှုလျက် နေ၏။ စိတ်၌ (ဖြစ်ပေါ်လာသည့် ရာဂစသော) စိတ်ကို အဖန်ဖန် အထပ်ထပ် ရှုလျက် နေ၏။ (ဖြစ်ပေါ်လာသော) တရားတို့၌ ကာမစ္ဆန္ဒစသော တရားတို့ကို အဖန်ဖန် အထပ်ထပ် ရှုလျက် နေ၏။
(၁) ကာယာနုပဿနာ
၃၈၁။ အဘယ်သို့လျှင် ရဟန်းသည် ခန္ဓာကိုယ်၌ (ဆံပင်စသော) ကိုယ်ကို အဖန်ဖန် အထပ်ထပ်ရှုလျက် နေသနည်း။
ဤသာသနာတော်၌ ရဟန်းသည် အကြင်အခါ၌ မိစ္ဆာအယူတို့ကို ပယ်ရန်၊ ပဌမဘုံ (သောတာပန်အဆင့်) သို့ ရောက်ရန် ဝဋ်ဆင်းရဲမှ ထွက်မြောက်တတ်သော နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်သော လောကုတ္တရာဈာန်တရားကို ပွါးများအားထုတ်၏၊ ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ ဆင်းရဲသော အကျင့်ရှိသော, နုံ့နှေးသော အသိဉာဏ်ရှိသော ပဌမဈာန်ကို ပြည့်စုံစေ၍နေ၏။ ထိုအခါ၌ တွေ့ထိမှု ‘ဖဿ’ သည်ဖြစ်၏။ပ။ မပျံ့လွင့်မှု ‘အဝိက္ခေပ’ သည် ဖြစ်၏။ ဤတရားတို့သည် ကုသိုလ်တရားတို့ မည်ကုန်၏။ ထိုလောကုတ္တရာကုသိုလ်ဈာန်ကိုသာလျှင် ပြုခဲ့ ဆည်းပူးခဲ့၍ ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ ခန္ဓာကိုယ်၌ (ဆံပင်စသော) ရုပ်အပေါင်းကို အဖန်ဖန် အထပ်ထပ် ရှုလျက် ဆင်းရဲသော အကျင့်ရှိသော, နုံ့နှေးသော အသိဉာဏ်ရှိသော၊ အတ္တမှ ဆိတ်သော၊ အကျိုး ‘ဝိပါက်’ ဖြစ်သော ပဌမဈာန်ကို ပြည့်စုံစေ၍ နေ၏။ ထိုအခါ၌ အကြင် အောက်မေ့မှု ‘သတိ’၊ အထပ်ထပ်အောက်မေ့မှု ‘အနုဿတိ’၊ ကောင်းစွာအောက်မေ့မှု ‘သမ္မာသတိ’၊ မဂ်၏ အင်္ဂါဖြစ်သော၊ မဂ်၌ အကျုံးဝင်သော၊ သစ္စာလေးပါးကို သိကြောင်းဖြစ်သော အောက်မေ့မှု ‘သတိသမ္ဗောဇ္ဈင်’ သည် ရှိ၏။ ဤသဘောကို သတိပဋ္ဌာန်ဟု ဆိုအပ်၏။ သတိမှကြွင်းသော တရားတို့သည် သတိပဋ္ဌာန်နှင့် ယှဉ်သော (သတိပဋ္ဌာနသမ္ပယုတ္တ) တရားတို့ မည်ကုန်၏။
(၂) ဝေဒနာနုပဿနာ
၃၈၂။ အဘယ်သို့လျှင် ရဟန်းသည် ခံစားမှု ‘ဝေဒနာ'တို့၌ ချမ်းသာစသော ခံစားမှု ‘ဝေဒနာ'တို့ကိုအဖန်ဖန် အထပ်ထပ် ရှုလျက် နေသနည်း။
ဤသာသနာတော်၌ ရဟန်းသည် အကြင်အခါ၌ မိစ္ဆာအယူတို့ကို ပယ်ရန် ပဌမဘုံ (သောတာပန်အဆင့်) သို့ ရောက်ရန် ဝဋ်ဆင်းရဲမှ ထွက်မြောက်တတ်သော နိဗ္ဗာန်သို့ရောက်ကြောင်းဖြစ်သော လောကုတ္တရာဈာန်တရားကို ပွါးများအားထုတ်၏၊ ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ ဆင်းရဲသော အကျင့်ရှိသော, နုံ့နှေးသော အသိဉာဏ်ရှိသော ပဌမဈာန်ကို ပြည့်စုံစေ၍ နေ၏။ ထိုအခါ၌ တွေ့ထိမှု ‘ဖဿ'သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု ‘အဝိက္ခေပ’ သည် ဖြစ်၏။ ဤတရားတို့သည် ကုသိုလ်တို့ မည်ကုန်၏။ ထိုလောကုတ္တရာကုသိုလ်ဈာန်ကို သာလျှင် ပြုခဲ့ ဆည်းပူးခဲ့၍ ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ ခံစားမှု ‘ဝေဒနာ'တို့၌ ခံစားမှု ‘ဝေဒနာ'တို့ကို အဖန်ဖန် အထပ်ထပ်ရှုလျက် ဆင်းရဲသောအကျင့်ရှိသော, နုံ့နှေးသော အသိဉာဏ်ရှိသော၊ အတ္တမှ ဆိတ်သော၊ အကျိုး ဝိပါက်ဖြစ်သောပဌမဈာန်ကို ပြည့်စုံစေ၍ နေ၏။ ထိုအခါ၌ အကြင် အောက်မေ့မှု ‘သတိ’၊ အထပ်ထပ် အောက်မေ့မှု ‘အနုဿတိ’၊ ကောင်းစွာ အောက်မေ့မှု ‘သမ္မာသတိ’၊ မဂ်၏ အင်္ဂါဖြစ်သော၊ မဂ်၌ အကျုံးဝင်သော၊ သစ္စာလေးပါးကို သိကြောင်း ဖြစ်သော အောက်မေ့မှု ‘သတိသမ္ဗောဇ္ဈင်’ သည် ရှိ၏။ ဤသဘောကိုသတိပဋ္ဌာန်ဟု ဆိုအပ်၏။ သတိမှ ကြွင်းသော တရားတို့သည် သတိပဋ္ဌာန်နှင့် ယှဉ်သော (သတိပဋ္ဌာနသမ္ပယုတ္တ) တရားတို့ မည်ကုန်၏။
--
(၃) စိတ္တာနုပဿနာ
၃၈၃။ အဘယ်သို့လျှင် ရဟန်းသည် စိတ်၌ (ဖြစ်ပေါ်လာသည့် ရာဂစသော) စိတ်ကို အဖန်ဖန်အထပ်ထပ်ရှုလျက် နေသနည်း။
ဤသာသနာတော်၌ ရဟန်းသည် အကြင်အခါ၌ မိစ္ဆာအယူတို့ကို ပယ်ရန်၊ ပဌမဘုံ (သောတာပန်အဆင့်) သို့ ရောက်ရန် ဝဋ်ဆင်းရဲမှ ထွက်မြောက်တတ်သော၊ နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်သော လောကုတ္တရာဈာန်တရားကို ပွါးများအားထုတ်၏၊ ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ ဆင်းရဲသော အကျင့်ရှိသော, နုံ့နှေးသော အသိဉာဏ် ရှိသော ပဌမဈာန်ကို ပြည့်စုံစေ၍ နေ၏။ ထိုအခါ၌ တွေ့ထိမှု ‘ဖဿ’ သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု ‘အဝိက္ခေပ’ သည် ဖြစ်၏။ ဤတရားတို့သည် ကုသိုလ်တို့ မည်ကုန်၏။ ထိုလောကုတ္တရာကုသိုလ်ဈာန်ကိုသာလျှင် ပြုခဲ့ ဆည်းပူးခဲ့၍ ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ စိတ်၌ စိတ်ကို အဖန်ဖန် အထပ်ထပ်ရှုလျက် ဆင်းရဲသော အကျင့်ရှိသော, နုံ့နှေးသောအသိဉာဏ်ရှိသော၊ အတ္တမှ ဆိတ်သော၊ အကျိုး ‘ဝိပါက်’ ဖြစ်သော ပဌမဈာန်ကို ပြည့်စုံစေ၍ နေ၏။ ထိုအခါ၌ အကြင်အောက်မေ့မှု ‘သတိ’၊ အထပ်ထပ် အောက်မေ့မှု ‘အနုဿတိ’၊ ကောင်းစွာ အောက်မေ့မှု ‘သမ္မာသတိ’၊ မဂ်၏ အင်္ဂါဖြစ်သော၊ မဂ်၌ အကျုံးဝင်သော၊ သစ္စာလေးပါးကို သိကြောင်း ဖြစ်သော၊ အောက်မေ့မှု ‘သတိသမ္ဗောဇ္ဈင်’ သည် ရှိ၏။ ဤသဘောကို သတိပဋ္ဌာန်ဟု ဆိုအပ်၏။ သတိမှကြွင်းသော တရားတို့သည် သတိပဋ္ဌာန်နှင့် ယှဉ်သော (သတိပဋ္ဌာနသမ္ပယုတ္တ) တရားတို့ မည်ကုန်၏။
(၄) ဓမ္မာနုပဿနာ
၃၈၄။ အဘယ်သို့လျှင် ရဟန်းသည် တရားတို့၌ ကာမစ္ဆန္ဒစသော တရားတို့ကို အဖန်ဖန်အထပ်ထပ် ရှုလျက် နေသနည်း။
ဤသာသနာတော်၌ ရဟန်းသည် အကြင်အခါ၌ မိစ္ဆာအယူတို့ကို ပယ်ရန် ပဌမဘုံ (သောတာပန်အဆင့်) သို့ ရောက်ရန် ဝဋ်ဆင်းရဲမှ ထွက်မြောက်တတ်သော၊ နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်သော လောကုတ္တရာဈာန်တရားကို ပွါးများအားထုတ်၏၊ ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ ဆင်းရဲသော အကျင့်ရှိသော, နုံ့နှေးသော အသိဉာဏ် ရှိသော ပဌမဈာန်ကို ပြည့်စုံစေ၍ နေ၏။ ထိုအခါ၌ တွေ့ထိမှု ‘ဖဿ'သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု ‘အဝိက္ခေပ’ သည် ဖြစ်၏။ ဤတရားတို့သည် ကုသိုလ်တို့ မည်ကုန်၏။ ထိုလောကုတ္တရာကုသိုလ်ဈာန်ကိုသာလျှင် ပြုခဲ့ ဆည်းပူးခဲ့၍ ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။
တရားတို့၌ သဘောတရားတို့ကို အဖန်ဖန် အထပ်ထပ် ရှုလျက် ဆင်းရဲသော အကျင့်ရှိသော, နုံ့နှေးသော အသိဉာဏ်ရှိသော၊ အတ္တမှ ဆိတ်သော၊ အကျိုး ‘ဝိပါက်’ ဖြစ်သော ပဌမဈာန်ကို ပြည့်စုံစေ၍နေ၏။ ထိုအခါ၌ အကြင်အောက်မေ့မှု ‘သတိ’၊ အထပ်ထပ် အောက်မေ့မှု ‘အနုဿတိ’၊ ကောင်းစွာအောက်မေ့မှု ‘သမ္မာသတိ’၊ မဂ်၏ အင်္ဂါဖြစ်သော၊ မဂ်၌ အကျုံးဝင်သော၊ သစ္စာလေးပါးကိုသိကြောင်းဖြစ်သော အောက်မေ့မှု ‘သတိသမ္ဗောဇ္ဈင်’ သည် ရှိ၏။ ဤသဘောကို သတိပဋ္ဌာန်ဟုဆိုအပ်၏။ သတိမှ ကြွင်းသော တရားတို့သည် သတိပဋ္ဌာန်နှင့် ယှဉ်သော (သတိပဋ္ဌာနသမ္ပယုတ္တ) တရားတို့ မည်ကုန်၏။
--
သတိပဋ္ဌာန်အရကောက်
၃၈၅။ ထိုတရားတို့တွင် အဘယ်သည် သတိပဋ္ဌာန် မည်သနည်း။
ဤသာသနာတော်၌ ရဟန်းသည် အကြင်အခါ၌ မိစ္ဆာအယူတို့ကို ပယ်ရန်၊ ပဌမဘုံ (သောတာပန်အဆင့်) သို့ ရောက်ရန် ဝဋ်ဆင်းရဲမှ ထွက်မြောက်တတ်သော၊ နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်သော လောကုတ္တရာဈာန်တရားကို ပွါးများအားထုတ်၏၊ ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ ဆင်းရဲသော အကျင့်ရှိသော, နုံ့နှေးသော အသိဉာဏ် ရှိသော ပဌမဈာန်ကို ပြည့်စုံစေ၍ နေ၏။ ထိုအခါ၌ တွေ့ထိမှု ‘ဖဿ'သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု ‘အဝိက္ခေပ’ သည် ဖြစ်၏။ ဤတရားတို့သည် ကုသိုလ်တို့ မည်ကုန်၏။ ထိုလောကုတ္တရာကုသိုလ်ဈာန်ကိုသာလျှင် ပြုခဲ့ ဆည်းပူးခဲ့၍ ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ ဆင်းရဲသော အကျင့်ရှိသော, နုံ့နှေးသော အသိဉာဏ်ရှိသော၊ အတ္တမှ ဆိတ်သော၊ အကျိုး ‘ဝိပါက်'ဖြစ်သော ပဌမဈာန်ကို ပြည့်စုံစေ၍ နေ၏။ ထိုအခါ၌ အကြင် အောက်မေ့မှု ‘သတိ’၊ အထပ်ထပ်အောက်မေ့မှု ‘အနုဿတိ’၊ ကောင်းစွာ အောက်မေ့မှု ‘သမ္မာသတိ’၊ မဂ်၏ အင်္ဂါဖြစ်သော၊ မဂ်၌ အကျုံးဝင်သော၊ သစ္စာလေးပါးကို သိကြောင်းဖြစ်သော အောက်မေ့မှု ‘သတိသမ္ဗောဇ္ဈင်'သည် ရှိ၏။ ဤသဘောကို သတိပဋ္ဌာန်ဟု ဆိုအပ်၏။ သတိမှ ကြွင်းသော တရားတို့သည် သတိပဋ္ဌာန်နှင့် ယှဉ်သော (သတိပဋ္ဌာန သမ္ပယုတ္တ) တရားတို့ မည်ကုန်၏။
အဘိဓမ္မဘာဇနီယနည်းပြီးပြီ။
--
၃- ပဥှာပုစ္ဆကနည်း
(အမေးအဖြေပြု၍ ဟောကြားသောနည်း)
သတိပဋ္ဌာန်လေးပါး
၃၈၆။ သတိပဋ္ဌာန်လေးပါးတို့ကား-
(၁) ဤသာသနာတော်၌ ရဟန်းသည် ကိလေသာကို ပြင်းစွာပူပန်စေတတ်သော လုံ့လ, ကောင်းစွာအပြားအားဖြင့် သိသော ပညာ, အောက်မေ့မှု သတိရှိလျက် (ခန္ဓာကိုယ်တည်းဟူသော) လောက၌ တပ်မက်မှု ‘အဘိဇ္ဈာ’၊ နှလုံးမသာယာမှု ‘ဒေါမနဿ'ကို ပယ်ဖျောက်၍ ကိုယ်ခန္ဓာ၌ (ဆံပင်စသော) ရုပ်အပေါင်းကို အဖန်ဖန် အထပ်ထပ် ရှုလျက် နေ၏။
(၂) ကိလေသာကို ပြင်းစွာပူပန်စေတတ်သော လုံ့လ, ကောင်းစွာ အပြားအားဖြင့်သိသော ပညာ, အောက်မေ့မှု ‘သတိ'ရှိလျက် (ခန္ဓာကိုယ်တည်းဟူသော) လောက၌ တပ်မက်မှု ‘အဘိဇ္ဈာ’၊ နှလုံးမသာယာမှု ‘ဒေါမနဿ'ကို ပယ်ဖျောက်၍ ခံစားမှု ‘ဝေဒနာ'တို့၌ ချမ်းသာစသော ခံစားမှု ‘ဝေဒနာ'တို့ကို အဖန်ဖန်အထပ်ထပ် ရှုလျက် နေ၏။
(၃) ကိလေသာကို ပြင်းစွာပူပန်စေတတ်သော လုံ့လ, ကောင်းစွာ အပြားအားဖြင့်သိသော ပညာ, အောက်မေ့မှု ‘သတိ'ရှိလျက် (ခန္ဓာကိုယ်တည်းဟူသော) လောက၌ တပ်မက်မှု ‘အဘိဇ္ဈာ’၊ နှလုံးမသာယာမှု ‘ဒေါမနဿ'ကို ပယ်ဖျောက်၍ စိတ်၌ (ဖြစ်ပေါ်လာသည့် ရာဂစသော) စိတ်ကို အဖန်ဖန် အထပ်ထပ့်ရှုလျက် နေ၏။
(၄) ကိလေသာကို ပြင်းစွာပူပန်စေတတ်သော လုံ့လ, ကောင်းစွာ အပြားအားဖြင့်သိသော ပညာ, အောက်မေ့မှု ‘သတိ'ရှိလျက် (ခန္ဓာကိုယ်တည်းဟူသော) လောက၌ တပ်မက်မှု ‘အဘိဇ္ဈာ’၊ နှလုံးမသာယာမှု ‘ဒေါမနဿ'ကို ပယ်ဖျောက်၍ တရားတို့၌ (ကာမစ္ဆန္ဒစသော) တရားတို့ကို အဖန်ဖန်အထပ်ထပ် ရှုလျက် နေ၏။
--
အမေးပုစ္ဆာ
သတိပဋ္ဌာန်လေးပါးတို့ကို တိက် ဒုက်တို့ဖြင့် ဝေဖန်၍ အမေးပုစ္ဆာနည်းသက်သက်ကိုပြခြင်း
တိက်၂၂-ပါးတို့ဖြင့် ဝေဖန်၍ အမေးပုစ္ဆာကို ပြခြင်း
(၁) ကုသလတိက်အမေးပုစ္ဆာ။
၃၈၇။ သတိပဋ္ဌာန်လေးပါးတို့တွင်-
ကုသိုလ်တရားတို့သည် အဘယ်မျှ ရှိကုန်သနည်း။ အကုသိုလ်တရားတို့သည် အဘယ်မျှရှိကုန် သနည်း။ အဗျာကတတရားတို့သည် အဘယ်မျှ ရှိကုန်သနည်း။ပ။
မှတ်ချက်။ ။ ဝေဒနာတိက်မှစ၍ သနိဒဿနတိက်အထိ ၂၁-တိက်နှင့် ဟေတုဒုက်မှ သဥတ္တရဒုက်အထိ ၉၉-ဒုက်တို့ကို ပေယျာလဖော်၍ ဟောပါ။
ဒုက်၁၀၀ တို့ဖြင့် ဝေဖန်၍ အမေးပုစ္ဆာကိုပြခြင်း
(၁၀၀) သရဏဒုက်အမေးပုစ္ဆာ
ကိလေသာနှင့် တကွဖြစ်သော တရားတို့သည် အဘယ်မျှရှိကုန်သနည်း။ ကိလေသာနှင့် တကွမဖြစ်သော တရားတို့သည် အဘယ်မျှရှိကုန်သနည်း။
--
အဖြေဝိသဇ္ဇနာ
သတိပဋ္ဌာန်လေးပါးတို့ကို တိက်, ဒုက်တို့ဖြင့် ဝေဖန်၍ အဖြေဝိသဇ္ဇနာကိုပြခြင်း
တိကဝိသဇ္ဇနာ
တိက်-၂၂-ပါးတို့ဖြင့် ဝေဖန်၍အဖြေဝိသဇ္ဇနာကို ပြခြင်း
(၁) ကုသလတိက်အဖြေ။
၃၈၈။ (သတိပဋ္ဌာန်လေးပါးတို့သည်) ရံခါ ကုသိုလ် ဖြစ်ကုန်၏၊ ရံခါ အဗျာကတ ဖြစ်ကုန်၏။
(၂) ဝေဒနာတိက်အဖြေ။
ရံခါ သုခဝေဒနာနှင့် ယှဉ်ကုန်၏၊ ရံခါ ဥပေက္ခာဝေဒနာနှင့် ယှဉ်ကုန်၏။
(၃) ဝိပါကတိက်အဖြေ။
ရံခါ အချင်းချင်းထူးကုန်သော (ကုသိုလ်အကုသိုလ်တို့၏) အကျိုး ‘ဝိပါက်’ ဖြစ်ကုန်၏။ ရံခါ အကျိုး ကိုဖြစ်စေတတ်သော သဘောတရား ဖြစ်ကုန်၏။
(၄) ဥပါဒိန္နတိက်အဖြေ။
တဏှာဒိဋ္ဌိတို့သည် ကပ်အပ်သောကံသည် အကျိုး၏ အဖြစ်ဖြင့်လည်း မယူအပ်၊ ဥပါဒါန်၏ အာရုံလည်း မဖြစ်ကုန်။
(၅) သံကိလိဋ္ဌတိက်အဖြေ။
ကိလေသာတို့သည် ပူပန်စေအပ်သည်လည်း မဟုတ်၊ ကိလေသာ၏ အာရုံလည်း မဖြစ်ကုန်။
(၆) ဝိတက္ကတိက်အဖြေ။
ရံခါ ဝိတက်နှင့်လည်း တကွ၊ ဝိစာရနှင့်လည်း တကွ ဖြစ်ကုန်၏။ ရံခါ ဝိတက်ကား မရှိ၊ ဝိစာရ့မျှသာ ရှိကုန်၏။ ရံခါဝိတက်လည်း မရှိ၊ ဝိစာရလည်း မရှိကုန်။
(၇) ပီတိတိက်အဖြေ။
ရံခါ ပီတိနှင့်တကွ ဖြစ်ကုန်၏။ ရံခါ သုခဝေဒနာနှင့်တကွ ဖြစ်ကုန်၏။ ရံခါ ဥပေက္ခာဝေဒနာနှင့် တကွဖြစ်ကုန်၏။
(၈) ဒဿနတိက်အဖြေ။
သောတာပတ္တိမဂ်သည် ပယ်အပ်သည်လည်း မဟုတ်၊ အထက်မဂ်သုံးခုသည် ပယ်အပ်သည်လည်းမဟုတ်ကုန်။
(၉) ဒဿနဟေတုတိက်အဖြေ။
သောတာပတ္တိမဂ်သည် ပယ်အပ်သော ဟိတ်ရှိသည်လည်း မဟုတ်၊ အထက်မဂ်သုံးခုသည် ပယ်အပ် သောဟိတ်ရှိသည်လည်း မဟုတ်ကုန်။
(၁၀) အာစယဂါမိတိက်အဖြေ။
ရံခါ နိဗ္ဗာန်သို့ ရောက်ကြောင်း ဖြစ်ကုန်၏။ ရံခါ စုတိပဋိသန္ဓေသို့ ရောက်ကြောင်းလည်း မဟုတ်၊ နိဗ္ဗာန်သို့ ရောက်ကြောင်းလည်း မဟုတ်ကုန်။
(၁၁) သေက္ခတိက်အဖြေ။
ရံခါ သေက္ခပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်ကုန်၏။ ရံခါ ရဟန္တာပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်ကုန်၏။
(၁၂) ပရိတ္တတိက်အဖြေ။
နှိုင်းယှဉ်ခြင်းကို ပြုတတ်သော ကိလေသာ၏ ဆန့်ကျင်ဘက် ဖြစ်ကုန်၏။
(၁၃) ပရိတ္တာရမ္မဏတိက်အဖြေ။
အပ္ပမာဏ (လောကုတ္တရာ) တရားကို အာရုံပြုကုန်၏။
(၁၄) ဟီနတိက်အဖြေ။
(အယုတ်, အလတ်, အမြတ်တို့တွင်) အမြတ်ဖြစ်ကုန်၏။
(၁၅) မိစ္ဆတ္တတိက်အဖြေ။
ရံခါ မဖောက်ပြန်သော သဘောရှိ၍ မိမိ၏ အခြားမဲ့၌ အကျိုးပေးမြဲကုန်၏။ ရံခါ နှစ်ပါးသောအခြင်းအရာအားဖြင့် အကျိုးပေး မမြဲကုန်။
--
(၁၆) မဂ္ဂါရမ္မဏတိက်အဖြေ။
မဂ်ကို အာရုံမပြုမူ၍ ရံခါ မဂ်ဟု ဆိုအပ်သော အကြောင်း (ဟိတ်) ရှိကုန်၏။ ရံခါမဂ်ဟု ဆိုအပ် သောအဓိပတိပစ္စည်း ရှိကုန်၏။ ရံခါ မဂ်ဟု ဆိုအပ်သော အကြောင်းရှိကုန်၏ဟူ၍လည်းကောင်း၊ မဂ်ဟုဆိုအပ်သော အဓိပတိပစ္စည်းရှိကုန်၏ဟူ၍လည်းကောင်း မဆိုအပ်ကုန်။
(၁၇) ဥပ္ပန္နတိက်အဖြေ။
ရံခါ ခဏသုံးပါးသို့ ရောက်ဆဲဖြစ်ကုန်၏။ ရံခါ ခဏသုံးပါးသို့ ရောက်ပြီး ရောက်ဆဲ မဟုတ်ကုန်။ ရံခါဖြစ်လတ္တံ့ဖြစ်ကုန်၏။
(၁၈) အတီတတိက်အဖြေ။
ရံခါ ဖြစ်ပြီး ‘အတိတ်’ ဖြစ်ကုန်၏။ ရံခါ မရောက်သေး (ဖြစ်လတ္တံ့) ‘အနာဂတ်’ ဖြစ်ကုန်၏။ ရံခါဖြစ်ဆဲ ‘ပစ္စုပ္ပန်’ ဖြစ်ကုန်၏။
(၁၉) အတီတာရမ္မဏတိက်အဖြေ (တိက်မုတ်)။ ဖြစ်ပြီး ‘အတိတ်'ကို အာရုံပြုကုန်၏ဟူ၍လည်းကောင်း၊ မရောက်သေး (ဖြစ်လတ္တံ့) ‘အနာဂါတ်'ကိုအာရုံပြုကုန်၏ဟူ၍လည်းကောင်း၊ ဖြစ်ဆဲ ‘ပစ္စုပ္ပန်'ကို အာရုံပြုကုန်၏ဟူ၍လည်းကောင်း မဆိုအပ်ကုန်။
(၂၀) အဇ္ဈတ္တတိက်အဖြေ။
ရံခါ အတွင်း ‘အဇ္ဈတ္တ'သန္တာန်၌ ဖြစ်ကုန်၏။ ရံခါ အပ'ဗဟိဒ္ဓ'သန္တာန်၌ ဖြစ်ကုန်၏။ ရံခါ အတွင်း အပ'အဇ္ဈတ္တဗဟိဒ္ဓ'သန္တာန်၌ ဖြစ်ကုန်၏။
(၂၁) အဇ္ဈတ္တာရမ္မဏတိက်အဖြေ။
အပ ‘ဗဟိဒ္ဓ'သန္တာန်ကို အာရုံပြုကုန်၏။
(၂၂) အနိဒဿနတိက်အဖြေ။
မြင်အပ်သော သဘောလည်း မရှိ၊ ထိပါးတတ်သော သဘောလည်း မရှိကုန်။
--
ဒုကဝိသဇ္ဇနာ
ဒုက်၁၀၀-တို့ဖြင့် ဝေဖန်၍ အဖြေဝိသဇ္ဇနာကို ပြခြင်း
ဟေတုဂေါစ္ဆကအဖြေ
(၁) ဟေတုဒုက်
၃၈၉။ (သတိပဋ္ဌာန်လေးပါးတို့သည်) ဟိတ်မမည်ကုန်။
(၂) သဟေတုကဒုက်
(သတိပဋ္ဌာန်လေးပါးတို့သည်) ဟိတ်ရှိကုန်၏။
(၃) ဟေတုသမ္ပယုတ္တဒုက်
(သတိပဋ္ဌာန်လေးပါးတို့သည်) ဟိတ်နှင့် ယှဉ်ကုန်၏။
(၄) ဟေတုသဟေတုကဒုက်
(သတိပဋ္ဌာန်လေးပါးတို့သည်) ဟိတ်လည်း မည်၊ ဟိတ်လည်း ရှိကုန်၏ဟု မဆိုအပ်ကုန်။ ဟိတ်သာရှိ၍ ဟိတ် မမည်ကုန်။
(၅) ဟေတုဟေတုသမ္ပယုတ္တဒုက်
(သတိပဋ္ဌာန်လေးပါးတို့သည်) ဟိတ်လည်း မည်၊ ဟိတ်နှင့်လည်း ယှဉ်ကုန်၏ဟု မဆိုအပ်ကုန်။ ဟိတ်နှင့်သာယှဉ်၍ ဟိတ်မမည်ကုန်။
(၆) နဟေတုသဟေတုကဒုက်
(သတိပဋ္ဌာန်လေးပါးတို့သည်) ဟိတ်မမည်မူ၍ ဟိတ်သာ ရှိကုန်၏။
စူဠန္တရဒုက်အဖြေ
(၇) သပ္ပစ္စယဒုက်
(သတိပဋ္ဌာန်လေးပါးတို့သည်) ကံ စိတ် ဥတု အာဟာရဟူသော အကြောင်းနှင့်တကွ ဖြစ်ကုန်၏။
(၈) သင်္ခတဒုက်
(သတိပဋ္ဌာန်လေးပါးတို့သည်) ကံ စိတ် ဥတု အာဟာရဟူသော အကြောင်းတရားတို့သည်ပြုပြင်အပ်ကုန်၏။
--
(၉) သနိဒဿနဒုက်
(သတိပဋ္ဌာန်လေးပါးတို့သည်) မြင်အပ်သော သဘော မရှိကုန်။
(၁၀) သပ္ပဋိဃဒုက်
(သတိပဋ္ဌာန်လေးပါးတို့သည်) ထိပါးတတ်သော သဘော မရှိကုန်။
(၁၁) ရူပီဒုက်
(သတိပဋ္ဌာန်လေးပါးတို့သည်) နာမ်တရားဖြစ်ကုန်၏။
(၁၂) လောကိယာဒုက်
(သတိပဋ္ဌာန်လေးပါးတို့သည်) လောကမှလွတ်မြောက်တတ်ကုန်၏။
(၁၃) ကေနစိဝိညေယျဒုက်
(သတိပဋ္ဌာန်လေးပါးတို့သည်) တစ်စုံတစ်ခုသော စိတ်သည် သိအပ်သော သဘောရှိကုန်၏။ တစ်စုံတစ်ခုသော စိတ်သည် မသိအပ်သော သဘောရှိကုန်၏။
အာသဝဂေါစ္ဆကအဖြေ
(၁၄) အာသဝဒုက်
(သတိပဋ္ဌာန်လေးပါးတို့သည်) အာသဝ မမည်ကုန်။
(၁၅) သာသဝဒုက်
(သတိပဋ္ဌာန်လေးပါးတို့သည်) အာသဝ၏ အာရုံ မဖြစ်ကုန်။
(၁၆) အာသဝသမ္ပယုတ္တဒုက်
(သတိပဋ္ဌာန်လေးပါးတို့သည်) အာသဝနှင့် မယှဉ်ကုန်။
--
(၁၇) အာသဝသာသဝဒုက် (ဒုက်မုတ်)
(သတိပဋ္ဌာန်လေးပါးတို့ကို) အာသဝလည်းမည်, အာသဝ၏ အာရုံလည်း ဖြစ်ကုန်၏ဟူ၍လည်းကောင်း၊ အာသဝ၏ အာရုံသာဖြစ်၍ အာသဝမမည်ကုန်ဟူ၍လည်းကောင်း မဆိုအပ်ကုန်။
(၁၈) အာသဝအာသဝသမ္ပယုတ္တဒုက်
(သတိပဋ္ဌာန်လေးပါးတို့ကို) အာသဝလည်း မည်, အာသဝနှင့်လည်း ယှဉ်ကုန်၏ဟူ၍လည်းကောင်း၊ အာသဝနှင့်သာ ယှဉ်၍ အာသဝမမည်ကုန်ဟူ၍လည်းကောင်း မဆိုအပ်ကုန်။
(၁၉) အာသဝဝိပ္ပယုတ္တသာသဝဒုက်
(သတိပဋ္ဌာန်လေးပါးတို့သည်) အာသဝနှင့် မယှဉ်မူ၍ အာသဝ၏ အာရုံလည်း မဖြစ်ကုန်။
သံယောဇနဂေါစ္ဆကအဖြေ
(၂၀-၂၅) သံယောဇနဒုက်
(သတိပဋ္ဌာန်လေးပါးတို့သည်) သံယောဇဉ် မမည်ကုန်။ပ။
ဂန္ထဂေါစ္ဆကအဖြေ
(၂၆-၃၁) ဂန္ထဒုက်
(သတိပဋ္ဌာန်လေးပါးတို့သည်) ဂန္ထ မမည်ကုန်။ပ။
ဩဃဂေါစ္ဆကအဖြေ
(၃၂-၃၇) ဩဃဒုက်
(သတိပဋ္ဌာန်လေးပါးတို့သည်) ဩဃ မမည်ကုန်။ပ။
--
ယောဂဂေါစ္ဆကအဖြေ
(၃၈-၄၃) ယောဂဒုက်
(သတိပဋ္ဌာန်လေးပါးတို့သည်) ယောဂ မမည်ကုန်။ပ။
နီဝရဏဂေါစ္ဆကအဖြေ
(၄၄-၄၉) နီဝရဏဒုက်
(သတိပဋ္ဌာန်လေးပါးတို့သည်) နီဝရဏ မမည်ကုန်။ပ။
ပရာမာသဂေါစ္ဆကအဖြေ
(၅၀-၅၄) ပရာမာသဒုက်
(သတိပဋ္ဌာန်လေးပါးတို့သည်) ပရာမာသ မမည်ကုန်။ပ။
မှတ်ချက်။ ။ သံယောဇနဂေါစ္ဆကမှစ၍ ပရာမာသဂေါစ္ဆကအထိ ပေယျာလများကို အာသဝဂေါစ္ဆကကဲ့သို့ ဖော်၍ ဟောရမည်။
မဟန္တရဒုက်အဖြေ
(၅၅) သာရမ္မဏဒုက်
(သတိပဋ္ဌာန်လေးပါးတို့သည်) အာရုံပြုခြင်း ရှိကုန်၏။
(၅၆) စိတ္တဒုက်
(သတိပဋ္ဌာန်လေးပါးတို့သည်) စိတ်မမည်ကုန်။
(၅၇) စေတသိကဒုက်
(သတိပဋ္ဌာန်လေးပါးတို့သည်) စေတသိက် မည်ကုန်၏။
--
(၅၈) စိတ္တသမ္ပယုတ္တဒုက်
(သတိပဋ္ဌာန်လေးပါးတို့သည်) စိတ်နှင့်ယှဉ်ကုန်၏။
(၅၉) စိတ္တသံသဋ္ဌဒုက်
(သတိပဋ္ဌာန်လေးပါးတို့သည်) စိတ်နှင့်နှီးနှောကုန်၏။
(၆၀) စိတ္တသမုဋ္ဌာနဒုက်
(သတိပဋ္ဌာန်လေးပါးတို့သည်) စိတ်ကြောင့်ဖြစ်ကုန်၏။
(၆၁) စိတ္တသဟဘုဒုက်
(သတိပဋ္ဌာန်လေးပါးတို့သည်) စိတ်နှင့်တကွ ဖြစ်ကုန်၏။
(၆၂) စိတ္တာနုပရိဝတ္တိဒုက်
(သတိပဋ္ဌာန်လေးပါးတို့သည်) စိတ်သို့ အစဉ်လိုက်၍ ဖြစ်ကုန်၏။
(၆၃) စိတ္တသံသဋ္ဌသမုဋ္ဌာနဒုက်
(သတိပဋ္ဌာန်လေးပါးတို့သည်) စိတ်နှင့်လည်း နှီးနှော၊ စိတ်ကြောင့်လည်း ဖြစ်ကုန်၏။
(၆၄) စိတ္တသံသဋ္ဌသမုဋ္ဌာနသဟဘုဒုက်
(သတိပဋ္ဌာန်လေးပါးတို့သည်) စိတ်နှင့်လည်း နှီးနှော၊ စိတ်ကြောင့်လည်း ဖြစ်၊ စိတ်နှင့်လည်း တကွဖြစ်ကုန်၏။
(၆၅) စိတ္တသံသဋ္ဌသမုဋ္ဌာနာနုပရိဝတ္တိဒုက်
(သတိပဋ္ဌာန်လေးပါးတို့သည်) စိတ်နှင့်လည်း နှီးနှော၊ စိတ်ကြောင့်လည်း ဖြစ်၊ စိတ်သို့လည်းအစဉ်လိုက်၍ ဖြစ်ကုန်၏။
(၆၆) အဇ္ဈတ္တိကဒုက်
(သတိပဋ္ဌာန်လေးပါးတို့သည်) အပ'ဗဟိဒ္ဓ’၌ ဖြစ်ကုန်၏။
(၆၇) ဥပါဒါဒုက်
(သတိပဋ္ဌာန်လေးပါးတို့သည်) မဟာဘုတ်လေးပါးကို မှီ၍ မဖြစ်ကုန်။
--
(၆၈) ဥပါဒိန္နဒုက်
(သတိပဋ္ဌာန်လေးပါးတို့သည်) တဏှာဒိဋ္ဌိတို့သည် ကပ်အပ်သော ကံသည် အကျိုး၏ အဖြစ်ဖြင့် မယူအပ်ကုန်။
ဥပါဒါနဂေါစ္ဆကအဖြေ
(၆၉-၇၄) ဥပါဒါနဒုက်
(သတိပဋ္ဌာန်လေးပါးတို့သည်) ဥပါဒါန် မမည်ကုန်။ပ။
ကိလေသဂေါစ္ဆကအဖြေ
(၇၅-၈၂) ကိလေသဒုက်
(သတိပဋ္ဌာန်လေးပါးတို့သည်) ကိလေသာ မမည်ကုန်။ပ။
မှတ်ချက်။ ။ ဥပါဒါနဂေါစ္ဆကနှင့် ကိလေသဂေါစ္ဆက၌ ပေယျာလတို့ကို အာသဝဂေါစ္ဆကကဲ့သို့ ဖော်၍ ဟောပါလေ။
ပိဋ္ဌိဒုက်အဖြေဝိသဇ္ဇနာ
(၈၃) ဒဿနေနပဟာတဗ္ဗဒုက်
(သတိပဋ္ဌာန်လေးပါးတို့သည်) သောတာပတ္တိမဂ်ဖြင့် ပယ်အပ်သော တရားတို့ မဟုတ်ကုန်။
(၈၄) ဘာဝနာယပဟာတဗ္ဗဒုက်
(သတိပဋ္ဌာန်လေးပါးတို့သည်) အထက်မဂ်သုံးခုဖြင့် ပယ်အပ်သော တရားတို့ မဟုတ်ကုန်။
(၈၅) ဒဿနေနပဟာတဗ္ဗဟေတုကဒုက်
(သတိပဋ္ဌာန်လေးပါးတို့သည်) သောတာပတ္တိမဂ်ဖြင့် ပယ်အပ်သော ဟိတ်ရှိသော တရားတို့ မဟုတ်ကုန်။
--
(၈၆) ဘာဝနာယပဟာတဗ္ဗဟေတုကဒုက်
(သတိပဋ္ဌာန်လေးပါးတို့သည်) အထက်မဂ်သုံးခုဖြင့် ပယ်အပ်သော ဟိတ်ရှိသော တရားတို့ မဟုတ်ကုန်။
(၈၇) သဝိတက္ကဒုက်
(သတိပဋ္ဌာန်လေးပါးတို့သည်) ရံခါ ဝိတက်နှင့် တကွ ဖြစ်ကုန်၏။ ရံခါ ဝိတက်နှင့် တကွ မဖြစ်ကုန်။
(၈၈) သဝိစာရဒုက်
(သတိပဋ္ဌာန်လေးပါးတို့သည်) ရံခါ ဝိစာရနှင့် တကွ ဖြစ်ကုန်၏။ ရံခါ ဝိစာရနှင့် တကွ မဖြစ်ကုန်။
(၈၉) သပ္ပီတိကဒုက်
(သတိပဋ္ဌာန်လေးပါးတို့သည်) ရံခါ ပီတိရှိကုန်၏။ ရံခါ ပီတိ မရှိကုန်။
(၉၀) ပီတိသဟဂတဒုက်
(သတိပဋ္ဌာန်လေးပါးတို့သည်) ရံခါပီတိနှင့် တကွ ဖြစ်ကုန်၏။ ရံခါပီတိနှင့် တကွ မဖြစ်ကုန်။
(၉၁) သုခသဟဂတဒုက်
(သတိပဋ္ဌာန်လေးပါးတို့သည်) ရံခါ သုခဝေဒနာနှင့် တကွ ဖြစ်ကုန်၏။ ရံခါ သုခဝေဒနာနှင့် တကွမဖြစ်ကုန်။
(၉၂) ဥပေက္ခာသဟဂတဒုက်
(သတိပဋ္ဌာန်လေးပါးတို့သည်) ရံခါ ဥပေက္ခာဝေဒနာနှင့် တကွ ဖြစ်ကုန်၏။ ရံခါ ဥပေက္ခာဝေဒနာနှင့်တကွ မဖြစ်ကုန်။
(၉၃) ကာမာဝစရဒုက်
(သတိပဋ္ဌာန်လေးပါးတို့သည်) ကာမာဝစရ မမည်ကုန်။
(၉၄) ရူပါဝစရဒုက်
(သတိပဋ္ဌာန်လေးပါးတို့သည်) ရူပါဝစရ မမည်ကုန်။
--
(၉၅) အရူပါဝစရဒုက်
(သတိပဋ္ဌာန်လေးပါးတို့သည်) အရူပါဝစရ မမည်ကုန်။
(၉၆) ပရိယာပန္နဒုက်
(သတိပဋ္ဌာန်လေးပါးတို့သည်) ဝဋ်တရား၌ အကျုံးမဝင်ကုန်။
(၉၇) နိယျာနိကဒုက်
(သတိပဋ္ဌာန်လေးပါးတို့သည်) အချို့ ဝဋ်ဆင်းရဲမှ ထွက်မြောက်ကြောင်း ဖြစ်ကုန်၏၊ အချို့ ဝဋ်ဆင်းရဲမှထွက်မြောက်ကြောင်း မဖြစ်ကုန်။
(၉၈) နိယတဒုက်
(သတိပဋ္ဌာန်လေးပါးတို့သည်) အချို့ မိမိ၏ အခြားမဲ့၌ အကျိုးပေးမြဲကုန်၏။ အချို့ အကျိုးပေးမမြဲကုန်။
(၉၉) သဥတ္တရဒုက်
(သတိပဋ္ဌာန်လေးပါးတို့သည်) မိမိထက်လွန်မြတ်သော တရား မရှိကုန်။
(၁၀၀) သရဏဒုက်
(သတိပဋ္ဌာန်လေးပါးတို့သည်) ငိုကြွေးကြောင်း ကိလေသာ မရှိကုန်။
သတိပဋ္ဌာန်လေးပါးတို့ကို တိက်, ဒုက်တို့ဖြင့် အမေးအဖြေပြုလုပ်၍ ပြသော ပဥှာပုစ္ဆကနည်း ပြီး၏။
သတိပဋ္ဌာန်လေးပါးတို့ကိုဝေဖန်၍ ပြသော သတိပဋ္ဌာန်ဝိဘင်းပြီး၏။
--
၈-သမ္မပ္ပဓာနဝိဘင်္ဂ
(သမ္မပ္ပဓာန်လေးပါးတို့ကို ဝေဖန်၍ပြသော ဝိဘင်း)
၁-သုတ္တန္တဘာဇနီယနည်း
(သုတ္တန်နည်းဖြင့် ဝေဖန်၍ ဟောကြားသောနည်း)
သမ္မပ္ပဓာန်လေးပါး
(တရားအားထုတ်ခြင်း လုံ့လ လေးမျိုး)
(၁) အကုသိုလ်မဖြစ်ရန် ကြိုးစားမှု
၃၉၀။ တရားအားထုတ်ခြင်း ‘သမ္မပ္ပဓာန်’ လေးပါးတို့ကား- ဤသာသနာတော်၌ ရဟန်းသည်မဖြစ်သေးသော အကုသိုလ်တရားယုတ်တို့ မဖြစ်ပေါ်အောင် ဆန္ဒကို ဖြစ်စေ၏၊ လုံ့လပြု၏၊ လုံ့လထုတ်၏၊ စိတ်ကို မြှောက်ပင့်၏၊ အဆက်မပြတ်အားထုတ်၏။
(၂) အကုသိုလ်ပယ်ရန် ကြိုးစားမှု
ဖြစ်ပြီးသော (မဖြစ်တော့ဟု မဆိုနိုင်သော) အကုသိုလ်တရားယုတ်တို့ကို ပယ်ရန် ဆန္ဒကို ဖြစ်စေ၏၊ လုံ့လပြု၏၊ လုံ့လထုတ်၏၊ စိတ်ကို မြှောက်ပင့်၏၊ အဆက်မပြတ်အားထုတ်၏။
(၃) ကုသိုလ်ဖြစ်ရန် ကြိုးစားမှု
မဖြစ်ဖူးသေးသော ကုသိုလ်တရားတို့ ဖြစ်ပေါ်ရန် ဆန္ဒကို ဖြစ်စေ၏၊ လုံ့လပြု၏၊ လုံ့လထုတ်၏၊ စိတ်ကို မြှောက်ပင့်၏၊ အဆက်မပြတ်အားထုတ်၏။
(၄) ကုသိုလ်တည်တံ့တိုးပွါးရန် ကြိုးစားမှု
ဖြစ်ပြီးသော ကုသိုလ်တရားတို့ တည်တံ့ရန် မပျောက်ပျက်ရန် များစွာဖြစ်ပွါးရန် ပြန့်ပြောရန် တိုးပွါးရန်ပြည့်စုံစေရန် ဆန္ဒကို ဖြစ်စေ၏၊ လုံ့လပြု၏၊ လုံ့လထုတ်၏၊ စိတ်ကို မြှောက်ပင့်၏၊ အဆက်မပြတ်အားထုတ်၏။
--
သမ္မပ္ပဓာန်လေးပါးအကျယ်
(၁) အကုသိုလ်မဖြစ်ရန် ကြိုးစားမှု အကျယ်။
၃၉၁။ အဘယ်သို့လျှင် ရဟန်းသည် မဖြစ်သေးသော အကုသိုလ်တရားယုတ်တို့ မဖြစ်ပေါ်အောင်ဆန္ဒကို ဖြစ်စေသနည်း၊ လုံ့လပြုသနည်း၊ လုံ့လထုတ်သနည်း၊ စိတ်ကို မြှောက်ပင့်သနည်း၊ အဆက်မပြတ် အားထုတ်သနည်း။
ထိုစကားရပ်၌ အဘယ်တို့သည် မဖြစ်သေးသော အကုသိုလ်တရားယုတ်တို့ မည်သနည်း။
လိုချင်တပ်မက်မှု ‘လောဘ’၊ ကြမ်းတမ်းမှု ‘ဒေါသ’၊ တွေဝေမှု (အမှန်မသိမှု) ‘မောဟ’ဟု ဆိုအပ်သောအကုသိုလ်မူသုံးပါးတို့သည်လည်းကောင်း၊ ထိုအကုသိုလ်မူသုံးပါးနှင့် အတူဖြစ်သော ကိလေသာတို့သည်လည်းကောင်း၊ ထိုအကုသိုလ်မူသုံးပါးနှင့် ယှဉ်သော ခံစားမှု အစု ‘ဝေဒနာက္ခန္ဓာ’၊ မှတ်သားမှု အစု ‘သညာက္ခန္ဓာ’၊ ပြုပြင်မှု အစု ‘သင်္ခါရက္ခန္ဓာ’၊ သိမှု အစု ‘ဝိညာဏက္ခန္ဓာ'သည်လည်းကောင်း၊ ထိုအကုသိုလ်မူသုံးပါးကြောင့်ဖြစ်သော ကိုယ်ဖြင့် ပြုအပ်သော အမှု ‘ကာယကံ’၊ နှုတ်ဖြင့် ပြုအပ်သော အမှု ‘ဝစီကံ’၊ စိတ်ဖြင့် ပြုအပ်သော အမှု ‘မနောကံ'သည်လည်းကောင်း ရှိ၏။ ဤတရားတို့ကို မဖြစ် သေးသောအကုသိုလ်တရားတို့ဟု ဆိုအပ်ကုန်၏။ ဤသို့ ဤမဖြစ်သေးသော အကုသိုလ်တရားတို့ မဖြစ်ပေါ်အောင် ဆန္ဒကို ဖြစ်စေ၏၊ လုံ့လပြု၏၊ လုံ့လ ထုတ်၏၊ စိတ်ကို မြှောက်ပင့်၏၊ အဆက်မပြတ်အားထုတ်၏။
၃၉၂။ “ဆန္ဒကို ဖြစ်စေ၏”ဟု ဆိုရာ၌ အဘယ်သည် ဆန္ဒ မည်သနည်း။
အကြင် လိုလားမှု ‘ဆန္ဒ’၊ လိုလားသည်၏ အဖြစ် ‘ဆန္ဒိကတာ’၊ ပြုလိုသည်၏ အဖြစ် ‘ကတ္တုကမျတာ’၊ ကုသိုလ်တရားကို လိုလားမှု ‘ကုသလဓမ္မစ္ဆန္ဒ'သည် ရှိ၏။ ဤသဘောကို ဆန္ဒဟု ဆိုအပ်၏။
ဤဆန္ဒကို ဖြစ်စေ၏၊ ကောင်းစွာ ဖြစ်စေ၏၊ ထစေ၏၊ ကောင်းစွာ ထစေ၏၊ ဖြစ်ပေါ်စေ၏၊ အသစ်ဖြစ်ပေါ်စေ၏၊ ထို့ကြောင့် “ဆန္ဒကို ဖြစ်စေ၏”ဟု ဆိုအပ်၏။
၃၉၃။ “လုံ့လပြု၏”ဟု ဆိုရာ၌ အဘယ်သည် လုံ့လ မည်သနည်း။
အကြင်စိတ်၌ ဖြစ်ပေါ်သောအားထုတ်မှု ‘ဝီရိယာရမ္ဘ’။ပ။ ကောင်းစွာ အားထုတ်မှု ‘သမ္မာဝါယာမ’ သည် ရှိ၏၊ ဤသဘောကို လုံ့လဟု ဆိုအပ်၏။
ဤလုံ့လနှင့် ပြည့်စုံစေ၏၊ ကောင်းစွာ ပြည့်စုံစေ၏၊ ပြည့်စုံ၏၊ ကောင်းစွာ ပြည့်စုံ၏၊ ပြည့်စုံခြင်းသို့ရောက်၏၊ ကောင်းစွာ ပြည့်စုံခြင်းသို့ ရောက်၏။ ထို့ကြောင့် “လုံ့လပြု၏”ဟု ဆိုအပ်၏။
၃၉၄။ “လုံ့လထုတ်၏”ဟု ဆိုရာ၌ အဘယ်သည် လုံ့လ မည်သနည်း။
အကြင်စိတ်၌ ဖြစ်ပေါ်သောအားထုတ်မှု ဝီရိယာရမ္ဘ’။ပ။ ကောင်းစွာ အားထုတ်မှု ‘သမ္မာဝါယာမ'သည် ရှိ၏၊ ဤသဘောကို လုံ့လဟု ဆိုအပ်၏။
ဤလုံ့လကို ထုတ်၏၊ ကောင်းစွာ အားထုတ်၏၊ မှီဝဲ၏၊ တိုးပွါးစေ၏၊ အကြိမ်များစွာပြု၏၊ ထို့ကြောင့် “လုံ့လကို ထုတ်၏” ဟု ဆိုအပ်၏။
၃၉၅။ “စိတ်ကို မြှောက်ပင့်၏”ဟု ဆိုရာ၌ အဘယ်သည် စိတ် မည်သနည်း။
--
အကြင်ဆန်းကြယ်မှု ‘စိတ္တ’၊ သိမှု သဘော ‘မန’၊ သိခြင်းသဘော ‘မာနသ’။ပ။ ထိုစိတ် အားလျော်သော အထူးသိမှု သဘော ‘တဇ္ဇာမနောဝိညာဏဓာတ်’ သည် ရှိ၏။ ဤသဘောကို စိတ်ဟု ဆိုအပ်၏။
ဤစိတ်ကို မြှောက်ပင့်၏၊ ကောင်းစွာ မြှောက်ပင့်၏၊ ထောက်ပံ့၏၊ အထပ်ထပ်ထောက်ပံ့၏၊ ထို့ကြောင့်"စိတ်ကို မြှောက်ပင့်၏”ဟု ဆိုအပ်၏။
၃၉၆။ “အဆက်မပြတ်အားထုတ်၏”ဟု ဆိုရာ၌ အဘယ်သည် အားထုတ်ခြင်း မည်သနည်း။
အကြင်စိတ်၌ ဖြစ်ပေါ်သောအားထုတ်မှု ‘ဝီရိယာရမ္ဘ’။ပ။ ကောင်းစွာ အားထုတ်မှု ‘သမ္မာဝါယာမ’ သည် ရှိ၏။ ဤသဘောကို အားထုတ်ခြင်းဟု ဆိုအပ်၏။
ဤအားထုတ်ခြင်းနှင့် ပြည့်စုံ၏။ပ။ ကောင်းစွာ ပြည့်စုံခြင်းသို့ ရောက်၏။ ထို့ကြောင့် “အဆက် မပြတ်အားထုတ်၏”ဟု ဆိုအပ်၏။
(၂) အကုသိုလ်ပယ်ရန် ကြိုးစားမှု အကျယ်
၃၉၇။ အဘယ်သို့လျှင် ရဟန်းသည် ဖြစ်ပြီးသော အကုသိုလ်တရားယုတ်တို့ကို ပယ်ရန် ဆန္ဒကိုဖြစ်စေသနည်း၊ လုံ့လပြုသနည်း၊ လုံ့လထုတ်သနည်း၊ စိတ်ကို မြှောက်ပင့်သနည်း၊ အဆက်မပြတ်အားထုတ်သနည်း။
ထိုစကားရပ်၌ အဘယ်တို့သည် ဖြစ်ပြီးသော အကုသိုလ်တရားယုတ်တို့ မည်ကုန်သနည်း။
လိုချင်တပ်မက်မှု ‘လောဘ’၊ ကြမ်းတမ်းမှု ‘ဒေါသ’၊ တွေဝေမှု (အမှန်မသိမှု) ‘မောဟ’ ဟု ဆိုအပ်သော အကုသိုလ်မူသုံးပါးတို့သည်လည်းကောင်း၊ ထိုအကုသိုလ်မူသုံးပါးနှင့် အတူဖြစ်သော ကိလေသာတို့သည်လည်းကောင်း၊ ထိုအကုသိုလ်မူသုံးပါးနှင့်ယှဉ်သော ခံစားမှု အစု ‘ဝေဒနာက္ခန္ဓာ’၊ မှတ်သားမှု အစု ‘သညာက္ခန္ဓာ’၊ ပြုပြင်မှု အစု ‘သင်္ခါရက္ခန္ဓာ’၊ သိမှု အစု ‘ဝိညာဏက္ခန္ဓာ'သည်လည်းကောင်း၊ ထိုအကုသိုလ်မူသုံးပါးကြောင့်ဖြစ်သော ကိုယ်ဖြင့် ပြုအပ်သော အမှု ‘ကာယကံ’၊ နှုတ်ဖြင့် ပြုအပ်သော အမှု ‘ဝစီကံ’၊ စိတ်ဖြင့် ပြုအပ်သော အမှု ‘မနောကံ'သည်လည်းကောင်း ရှိ၏။ ဤတရားတို့ကို ဖြစ်ပြီးသော အကုသိုလ်တရားယုတ်တို့ဟု ဆိုအပ်ကုန်၏။ ဤသို့ ဤဖြစ်ပြီးသော အကုသိုလ်တရားယုတ်တို့ကို ပယ်ရန် ဆန္ဒကို ဖြစ်စေ၏၊ လုံ့လပြု၏၊ လုံ့လထုတ်၏၊ စိတ်ကို မြှောက်ပင့်၏၊ အဆက်မပြတ်အားထုတ်၏။
၃၉၈။ “ဆန္ဒကို ဖြစ်စေ၏”ဟု ဆိုရာ၌ အဘယ်သည် ဆန္ဒ မည်သနည်း။
အကြင်လိုလားမှု ‘ဆန္ဒ’၊ လိုလားသည်၏ အဖြစ် ‘ဆန္ဒိကတာ’၊ ပြုလိုသည်၏ အဖြစ် ‘ကတ္တုကမျတာ’၊ ကုသိုလ်တရားတို့ကို လိုလားမှု ‘ကုသလဓမ္မစ္ဆန္ဒ’ သည် ရှိ၏။ ဤသဘောကို ဆန္ဒဟု ဆိုအပ်၏။
ဤဆန္ဒကို ဖြစ်စေ၏၊ ကောင်းစွာ ဖြစ်စေ၏၊ ထစေ၏၊ ကောင်းစွာ ထစေ၏၊ ဖြစ်ပေါ်စေ၏၊ အသစ်ဖြစ်ပေါ်စေ၏။ ထို့ကြောင့် “ဆန္ဒကို ဖြစ်စေ၏”ဟု ဆိုအပ်၏။
--
၃၉၉။ “လုံ့လပြု၏” ဟု ဆိုရာ၌ အဘယ်သည် လုံ့လ မည်သနည်း။
အကြင်စိတ်၌ ဖြစ်ပေါ်သောအားထုတ်မှု ‘ဝီရိယာရမ္ဘ’။ပ။ ကောင်းစွာ အားထုတ်မှု ‘သမ္မာဝါယာမ’ သည် ရှိ၏။ ဤသဘောကို လုံ့လဟု ဆိုအပ်၏။
ဤလုံ့လနှင့် ပြည့်စုံစေ၏။ပ။ ကောင်းစွာ ပြည့်စုံခြင်းသို့ ရောက်၏။ ထို့ကြောင့် လုံ့လပြု၏ ဟုဆိုအပ်၏။
၄၀၀။ “လုံ့လထုတ်၏”ဟု ဆိုရာ၌ အဘယ်သည် လုံ့လ မည်သနည်း။
အကြင်စိတ်၌ ဖြစ်ပေါ်သောအားထုတ်မှု ‘ဝီရိယာရမ္ဘ’။ပ။ ကောင်းစွာ အားထုတ်မှု ‘သမ္မာဝါယာမ’ သည် ရှိ၏။ ဤသဘောကို လုံ့လဟု ဆိုအပ်၏။
ဤလုံ့လကို ထုတ်၏၊ ကောင်းစွာ ထုတ်၏၊ မှီဝဲ၏၊ တိုးပွါးစေ၏၊ အကြိမ်များစွာပြု၏။ ထို့ကြောင့်"လုံ့လကို ထုတ်၏”ဟု ဆိုအပ်၏။
၄၀၁။ “စိတ်ကိုမြှောက်ပင့်၏”ဟု ဆိုရာ၌ အဘယ်သည် စိတ် မည်သနည်း။
အကြင် ဆန်းကြယ်မှု ‘စိတ္တ’၊ သိမှု သဘော ‘မန’၊ သိခြင်းသဘော ‘မာနသ’။ပ။ ထိုစိတ်အား လျော်သော အထူးသိမှု သဘော ‘တဇ္ဇာမနောဝိညာဏဓာတ်’ သည် ရှိ၏။ ဤသဘောကို စိတ်ဟု ဆိုအပ်၏။
ဤစိတ်ကို မြှောက်ပင့်၏၊ ကောင်းစွာ မြှောက်ပင့်၏၊ ထောက်ပံ့၏၊ အထပ်ထပ်ထောက်ပံ့၏။ ထို့ကြောင့်"စိတ်ကို မြှောက်ပင့်၏”ဟု ဆိုအပ်၏။
၄၀၂။ “အဆက်မပြတ်အားထုတ်၏”ဟု ဆိုရာ၌ အဘယ်သည် အားထုတ်ခြင်း မည်သနည်း။
အကြင်စိတ်၌ ဖြစ်ပေါ်သောအားထုတ်မှု ‘ဝီရိယာရမ္ဘ’။ပ။ ကောင်းစွာ အားထုတ်မှု ‘သမ္မာဝါယာမ'သည် ရှိ၏။ ဤသဘောကို အားထုတ်ခြင်းဟု ဆိုအပ်၏။
ဤအားထုတ်ခြင်းနှင့် ပြည့်စုံ၏။ပ။ ပြည့်စုံခြင်းသို့ ရောက်၏။ ထို့ကြောင့် “အဆက်မပြတ်အားထုတ်၏” ဟု ဆိုအပ်၏။
--
(၃) ကုသိုလ်ဖြစ်ရန် ကြိုးစားမှု အကျယ်
၄၀၃။ အဘယ်သို့လျှင် ရဟန်းသည် မဖြစ်သေးသော ကုသိုလ်တရားတို့ ဖြစ်ပေါ်ရန် ဆန္ဒကိုဖြစ်စေသနည်း၊ လုံ့လပြုသနည်း၊ လုံ့လထုတ်သနည်း၊ စိတ်ကို မြှောက်ပင့်သနည်း၊ အဆက်မပြတ်အားထုတ်သနည်း။
ထိုစကားရပ်၌ အဘယ်တို့သည် မဖြစ်သေးသော ကုသိုလ်တရားတို့ မည်ကုန်သနည်း။
မလိုချင်မတပ်မက်မှု ‘အလောဘ’၊ မကြမ်းတမ်းမှု ‘အဒေါသ’၊ မတွေဝေမှု (အမှန်သိမှု) ‘အမောဟ’ ဟုဆိုအပ်သော ကုသိုလ်မူသုံးပါးတို့သည်လည်းကောင်း၊ ထိုကုသိုလ်မူသုံးပါးနှင့်ယှဉ်သော ခံစားမှု အစု ‘ဝေဒနာက္ခန္ဓာ’၊ မှတ်သားမှု အစု ‘သညာက္ခန္ဓာ’၊ ပြုပြင်မှု အစု ‘သင်္ခါရက္ခန္ဓာ’၊ သိမှု အစု ‘ဝိညာဏက္ခန္ဓာ'သည်လည်းကောင်း၊ ထိုကုသိုလ်မူသုံးပါးကြောင့်ဖြစ်သော ကိုယ်ဖြင့် ပြုအပ်သော အမှု ‘ကာယကံ’၊ နှုတ်ဖြင့် ပြုအပ်သော အမှု ‘ဝစီကံ’၊ စိတ်ဖြင့် ပြုအပ်သော အမှု ‘မနောကံ’ သည်လည်းကောင်း ရှိ၏။ ဤတရား တို့ကို မဖြစ်သေးသော ကုသိုလ်တရားတို့ဟု ဆိုအပ်ကုန်၏။ ဤသို့ ဤမဖြစ်သေးသော ကုသိုလ်တရားတို့ ဖြစ်ပေါ်ရန် ဆန္ဒကို ဖြစ်စေ၏၊ လုံ့လပြု၏၊ လုံ့လထုတ်၏၊ စိတ်ကို မြှောက်ပင့်၏၊ အဆက်မပြတ်အားထုတ်၏။
၄၀၄။ “ဆန္ဒကို ဖြစ်စေ၏”ဟု ဆိုရာ၌။ပ။
“လုံ့လပြု၏”ဟု ဆိုရာ၌။ပ။
“လုံ့လထုတ်၏”ဟု ဆိုရာ၌။ပ။
“စိတ်ကိုမြှောက်ပင့်၏”ဟု ဆိုရာ၌။ပ။
“အဆက်မပြတ်အားထုတ်၏”ဟု ဆိုရာ၌ အဘယ်သည် အားထုတ်ခြင်း မည်သနည်း။
အကြင်စိတ်၌ ဖြစ်ပေါ်သောအားထုတ်မှု ‘ဝီရိယာရမ္ဘ’။ပ။ ကောင်းစွာ အားထုတ်မှု ‘သမ္မာဝါယာမ’ သည် ရှိ၏။ ဤသဘောကို အားထုတ်ခြင်းဟု ဆိုအပ်၏။
ဤအားထုတ်ခြင်းနှင့် ပြည့်စုံ၏။ပ။ ပြည့်စုံခြင်းသို့ ရောက်၏၊ ထို့ကြောင့် “အဆက်မပြတ်အားထုတ်၏” ဟု ဆိုအပ်၏။
--
(၄) ကုသိုလ်တည်တံ့တိုးပွါးရန် ကြိုးစားမှု အကျယ်
၄၀၅။ အဘယ်သို့လျှင် ရဟန်းသည် ဖြစ်ပြီးသော ကုသိုလ်တရားတို့ တည်တံ့ရန် မပျောက်ပျက်ရန်များစွာဖြစ်ပွါးရန် ပြန့်ပြောရန် တိုးပွါးရန် ပြည့်စုံစေရန် ဆန္ဒကို ဖြစ်စေသနည်း၊ လုံ့လပြုသနည်း၊ လုံ့လထုတ်သနည်း၊ စိတ်ကို မြှောက်ပင့်သနည်း၊ အဆက်မပြတ် အားထုတ်သနည်း။
ထိုစကားရပ်၌ အဘယ်တို့သည် ဖြစ်ပြီးသော ကုသိုလ်တရားတို့ မည်ကုန်သနည်း။
မလိုချင်မတပ်မက်မှု ‘အလောဘ’၊ မကြမ်းတမ်းမှု ‘အဒေါသ’၊ မတွေဝေမှု (အမှန်သိမှု) ‘အမောဟ’ ဟုဆိုအပ်သော ကုသိုလ်မူသုံးပါးတို့သည်လည်းကောင်း၊ ထိုကုသိုလ်မူသုံးပါးနှင့်ယှဉ်သော ခံစားမှု အစု ‘ဝေဒနာက္ခန္ဓာ’၊ မှတ်သားမှု အစု ‘သညာက္ခန္ဓာ’၊ ပြုပြင်မှု အစု ‘သင်္ခါရက္ခန္ဓာ’၊ သိမှု အစု ‘ဝိညာဏက္ခန္ဓာ'သည်လည်းကောင်း၊ ထိုကုသိုလ်မူသုံးပါးကြောင့်ဖြစ်သော ကိုယ်ဖြင့် ပြုအပ်သော အမှု ‘ကာယကံ’၊ နှုတ်ဖြင့် ပြုအပ်သော အမှု ‘ဝစီကံ’၊ စိတ်ဖြင့် ပြုအပ်သော အမှု ‘မနောကံ’ သည်လည်းကောင်း ရှိ၏။ ဤတရားတို့ကို ဖြစ်ပြီးသော ကုသိုလ်တရားတို့ဟု ဆိုအပ်ကုန်၏။ ဤသို့ ဤဖြစ်ပြီးသော ကုသိုလ်တရားတို့ တည်တံ့ရန် မပျောက်ပျက်ရန် များစွာဖြစ်ပွါးရန် ပြန့်ပြောရန်တိုးပွါးရန် ပြည့်စုံစေရန် ဆန္ဒကို ဖြစ်စေ၏၊ လုံ့လပြု၏၊ လုံ့လထုတ်၏၊ စိတ်ကို မြှောက်ပင့်၏၊ အဆက်မပြတ် အားထုတ်၏။
၄၀၆။ “တည်တံ့ရန်”ဟု ဆိုရာ၌ တည်တံ့ခြင်းဟူသည် မပျောက်ပျက်ခြင်းတည်း၊ မပျောက်ပျက်ခြင်းဟူသည် များစွာဖြစ်ပွါးခြင်းတည်း၊ များစွာဖြစ်ပွါးခြင်းဟူသည် ပြန့်ပြောခြင်းတည်း၊ ပြန့်ပြောခြင်းဟူသည်တိုးပွါးခြင်းတည်း၊ တိုးပွါးခြင်းဟူသည် ပြည့်စုံခြင်းတည်း။
၄၀၇။ “ဆန္ဒကို ဖြစ်စေ၏”ဟု ဆိုရာ၌။ပ။
“လုံ့လပြု၏” ဟု ဆိုရာ၌။ပ။
“လုံ့လထုတ်၏” ဟု ဆိုရာ၌။ပ။
“စိတ်ကိုမြှောက်ပင့်၏” ဟု ဆိုရာ၌။ပ။
“အဆက်မပြတ်အားထုတ်၏” ဟု ဆိုရာ၌ အဘယ်သည် အားထုတ်ခြင်း မည်သနည်း။
အကြင်စိတ်၌ ဖြစ်ပေါ်သောအားထုတ်မှု ‘ဝီရိယာရမ္ဘ’။ပ။ ကောင်းစွာ အားထုတ်မှု ‘သမ္မာဝါယာမ'သည် ရှိ၏။ ဤသဘောကို အားထုတ်ခြင်းဟု ဆိုအပ်၏။
ဤအားထုတ်ခြင်းနှင့် ပြည့်စုံ၏။ပ။ ကောင်းစွာ ပြည့်စုံခြင်းသို့ ရောက်၏၊ ထို့ကြောင့် အဆက်မပြတ်အားထုတ်၏ ဟု ဆိုအပ်၏။
သုတ္တန်နည်းဖြင့် ဝေဖန်၍ ဟောကြားသော သုတ္တန္တဘာဇနီယနည်း ပြီး၏။
--
၂-အဘိဓမ္မဘာဇနီယနည်း
(အဘိဓမ္မာနည်းဖြင့် ဝေဖန်၍ ဟောကြားသောနည်း)
သမ္မပ္ပဓာန်လေးပါး
(တရားအားထုတ်ခြင်းလေးမျိုး)
(၁) အကုသိုလ်မဖြစ်ရန်ကြိုးစားမှု
၄၀၈။ တရားအားထုတ်ခြင်း (သမ္မပ္ပဓာန်) လေးပါးတို့ကား- ဤသာသနာတော်၌ ရဟန်းသည်မဖြစ်သေးသော အကုသိုလ်တရားယုတ်တို့ မဖြစ်ပေါ်အောင် ဆန္ဒကို ဖြစ်စေ၏၊ လုံ့လပြု၏၊ လုံ့လထုတ်၏၊ စိတ်ကို မြှောက်ပင့်၏၊ အဆက်မပြတ်အားထုတ်၏။
(၂) အကုသိုလ်ပယ်ရန်ကြိုးစားမှု
ဖြစ်ပြီးသော (မဖြစ်တော့ဟု မဆိုနိုင်သော) အကုသိုလ်တရားယုတ်တို့ကို ပယ်ရန် ဆန္ဒကို ဖြစ်စေ၏၊ လုံ့လပြု၏၊ လုံ့လထုတ်၏၊ စိတ်ကို မြှောက်ပင့်၏၊ အဆက်မပြတ်အားထုတ်၏။
(၃) ကုသိုလ်ဖြစ်ရန်ကြိုးစားမှု
မဖြစ်ဖူးသေးသော ကုသိုလ်တရားတို့ ဖြစ်ပေါ်ရန် ဆန္ဒကို ဖြစ်စေ၏၊ လုံ့လပြု၏၊ လုံ့လထုတ်၏၊ စိတ်ကို မြှောက်ပင့်၏၊ အဆက်မပြတ်အားထုတ်၏။
(၄) ကုသိုလ်တည်တံ့တိုးပွါးရန်ကြိုးစားမှု
ဖြစ်ပြီးသော ကုသိုလ်တရားတို့ တည်တံ့ရန် မပျောက်ပျက်ရန် များစွာဖြစ်ပွါးရန် ပြန့်ပြောရန် တိုးပွါးရန်ပြည့်စုံစေရန် ဆန္ဒကို ဖြစ်စေ၏၊ လုံ့လပြု၏၊ လုံ့လထုတ်၏၊ စိတ်ကို မြှောက်ပင့်၏၊ အဆက်မပြတ်အားထုတ်၏။
--
သမ္မပ္ပဓာန်လေးပါးအကျယ်
(၁) အကုသိုလ်မဖြစ်ရန်ကြိုးစားမှု အကျယ်
၄၀၉။ အဘယ်သို့လျှင် ရဟန်းသည် မဖြစ်သေးသော အကုသိုလ်တရားယုတ်တို့ကို မဖြစ်ပေါ်စေရန်ဆန္ဒကို ဖြစ်စေသနည်း၊ လုံ့လပြုသနည်း၊ လုံ့လထုတ်သနည်း၊ စိတ်ကို မြှောက်ပင့်သနည်း၊ အဆက်မပြတ်အားထုတ်သနည်း။
ဤသာသနာတော်၌ ရဟန်းသည် အကြင်အခါ၌ မိစ္ဆာအယူတို့ကို ပယ်ရန် ပဌမဘုံ (သောတာပန်အဆင့်) သို့ ရောက်ရန် ဝဋ်ဆင်းရဲမှ ထွက်မြောက်တတ်သော၊ နိဗ္ဗာန်သို့ ရောက်ကြောင်း ဖြစ်သောလောကုတ္တရာဈာန်ကို ပွါးများအားထုတ်၏၊ ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ ဆင်းရဲသော အကျင့်ရှိသော, နုံ့နှေးသော အသိဉာဏ်ရှိသော ပဌမဈာန်ကို ပြည့်စုံစေ၍ နေ၏။ ဤသို့ မဖြစ်သေးသောအကုသိုလ်တရားယုတ်တို့ မဖြစ်ပေါ်စေရန် ဆန္ဒကို ဖြစ်စေ၏၊ လုံ့လပြု၏၊ လုံ့လထုတ်၏၊ စိတ်ကိုမြှောက်ပင့်၏၊ အဆက်မပြတ်အားထုတ်၏။
၄၁၀။ “ဆန္ဒကို ဖြစ်စေ၏” ဟု ဆိုရာ၌ အဘယ်သည် ဆန္ဒ မည်သနည်း။
အကြင်လိုလားမှု ‘ဆန္ဒ’၊ လိုလားသည်၏ အဖြစ် ‘ဆန္ဒိကတာ’၊ ပြုလိုသည်၏ အဖြစ် ‘ကတ္တုကမျတာ’၊ ကုသိုလ်တရားတို့ကို လိုလားမှု ‘ကုသလဓမ္မစ္ဆန္ဒ'သည် ရှိ၏။ ဤသဘောကို ဆန္ဒဟု ဆိုအပ်၏။
ဤဆန္ဒကို ဖြစ်စေ၏၊ ကောင်းစွာ ဖြစ်စေ၏၊ ထစေ၏၊ ကောင်းစွာ ထစေ၏၊ ဖြစ်ပေါ်စေ၏၊ အသစ်ဖြစ်ပေါ်စေ၏။ ထို့ကြောင့် “ဆန္ဒကို ဖြစ်စေ၏”ဟု ဆိုအပ်၏။
၄၁၁။ “လုံ့လပြု၏”ဟု ဆိုရာ၌ အဘယ်သည် လုံ့လ'ဝါယာမ’ မည်သနည်း။
အကြင် စိတ်၌ ဖြစ်ပေါ်သောအားထုတ်မှု ‘ဝီရိယာရမ္ဘ’။ပ။ ကောင်းစွာ အားထုတ်မှု ‘သမ္မာဝါယာမ’၊ မဂ်၏ အင်္ဂါဖြစ်သော၊ မဂ်၌ အကျုံးဝင်သော၊ သစ္စာလေးပါးတို့ကို သိကြောင်းဖြစ်သောအားထုတ်မှု ‘ဝီရိယသမ္ဗောဇ္ဈင်’ သည် ရှိ၏။ ဤသဘောကို လုံ့လဟု ဆိုအပ်၏။
ဤလုံ့လနှင့် ပြည့်စုံစေ၏၊ ကောင်းစွာ ပြည့်စုံစေ၏၊ ပြည့်စုံ၏၊ ကောင်းစွာ ပြည့်စုံ၏၊ ပြည့်စုံခြင်းသို့ရောက်၏၊ ကောင်းစွာ ပြည့်စုံခြင်းသို့ ရောက်၏။ ထို့ကြောင့် “လုံ့လပြု၏”ဟု ဆိုအပ်၏။
၄၁၂။ “လုံ့လထုတ်၏”ဟု ဆိုရာ၌ အဘယ်သည် လုံ့လ'ဝီရိယ’ မည်သနည်း။
အကြင်စိတ်၌ ဖြစ်ပေါ်သောအားထုတ်မှု ‘ဝီရိယာရမ္ဘ’။ပ။ ကောင်းစွာ အားထုတ်မှု ‘သမ္မာဝါယာမ’၊ မဂ်၏ အင်္ဂါဖြစ်သော၊ မဂ်၌ အကျုံးဝင်သော၊ သစ္စာလေးပါးတို့ကို သိကြောင်း ဖြစ်သောအားထုတ်မှု ‘ဝီရိယသမ္ဗောဇ္ဈင်’ သည် ရှိ၏။ ဤသဘောကို လုံ့လဟု ဆိုအပ်၏။ ဤလုံ့လကို ထုတ်၏၊ ကောင်းစွာအားထုတ်၏၊ မှီဝဲ၏၊ တိုးပွါးစေ၏၊ အကြိမ်များစွာပြု၏။ ထို့ကြောင့် “လုံ့လထုတ်၏”ဟု ဆိုအပ်၏။
၄၁၃။ “စိတ်ကို မြှောက်ပင့်၏”ဟု ဆိုရာ၌ အဘယ်သည် စိတ် မည်သနည်း။
အကြင် ဆန်းကြယ်မှု ‘စိတ္တ’၊ သိမှု သဘော ‘မန’၊ သိခြင်းသဘော ‘မာနသ’။ပ။ ထိုစိတ်အားလျော်သော အထူးသိမှု သဘော ‘တဇ္ဇာမနောဝိညာဏဓာတ်’ သည် ရှိ၏။ ဤသဘောကို စိတ်ဟုဆိုအပ်၏။ ဤစိတ်ကို မြှောက်ပင့်၏၊ ကောင်းစွာ မြှောက်ပင့်၏၊ ထောက်ပံ့၏၊ အထပ်ထပ် ထောက်ပံ့၏။ ထို့ကြောင့် “စိတ်ကို မြှောက်ပင့်၏့ဟု ဆိုအပ်၏။
--
၄၁၄။ ‘အဆက်မပြတ်အားထုတ်၏’ဟု ဆိုရာ၌ အဘယ်သည် အားထုတ်မှု ‘သမ္မပ္ပဓာန်’ မည်သနည်း။
အကြင်စိတ်၌ ဖြစ်ပေါ်သောအားထုတ်မှု ‘ဝီရိယာရမ္ဘ’။ပ။ ကောင်းစွာ အားထုတ်မှု ‘သမ္မာဝါယာမ’၊ မဂ်၏ အင်္ဂါဖြစ်သော၊ မဂ်၌ အကျုံးဝင်သော၊ သစ္စာလေးပါးတို့ကို သိကြောင်းဖြစ်သောအားထုတ်မှု ‘ဝီရိယသမ္ဗောဇ္ဈင်’ သည် ရှိ၏။ ဤသဘောကို အားထုတ်မှု ‘သမ္မပ္ပဓာန်’ဟု ဆိုအပ်၏။
ကြွင်းသောတရားတို့သည် အားထုတ်မှု ‘သမ္မပ္ပဓာန်'နှင့် ယှဉ်သော တရားတို့ မည်ကုန်၏။
(၂) အကုသိုလ်မဖြစ်ရန် ကြိုးစားမှု အကျယ်
၄၁၅။ အဘယ်သို့လျှင် ရဟန်းသည် ဖြစ်ပြီးသော (မဖြစ်တော့ဟု မဆိုနိုင်သော) အကုသိုလ်တရားယုတ်တို့ကို ပယ်ရန် ဆန္ဒကို ဖြစ်စေသနည်း၊ လုံ့လပြုသနည်း၊ လုံ့လထုတ်သနည်း၊ စိတ်ကို မြှောက်ပင့်သနည်း၊ အဆက်မပြတ်အားထုတ်သနည်း။
ဤသာသနာတော်၌ ရဟန်းသည် အကြင်အခါ၌ မိစ္ဆာအယူတို့ကို ပယ်ရန်၊ ပဌမဘုံ (သောတာပန်အဆင့်) သို့ ရောက်ရန် ဝဋ်ဆင်းရဲမှ ထွက်မြောက်တတ်သော၊ နိဗ္ဗာန်သို့ရောက်ကြောင်းဖြစ်သောလောကုတ္တရာဈာန်ကို ပွါးများ အားထုတ်၏၊ ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ ဆင်းရဲသောအကျင့်ရှိသော, နုံ့နှေးသော အသိဉာဏ်ရှိသော ပဌမဈာန်ကို ပြည့်စုံစေ၍ နေ၏။ ထိုအခါ၌ ဖြစ်ပေါ်ပြီးသော အကုသိုလ်တရားတို့ကို ပယ်ရန် ဆန္ဒကို ဖြစ်စေ၏၊ လုံ့လပြု၏၊ လုံ့လထုတ်၏၊ စိတ်ကိုမြှောက်ပင့်၏၊ အဆက်မပြတ်အားထုတ်၏။
၄၁၆။ “ဆန္ဒကို ဖြစ်စေ၏” ဟု ဆိုရာ၌။ပ။
“လုံ့လပြု၏” ဟု ဆိုရာ၌။ပ။
“လုံ့လထုတ်၏”ဟု ဆိုရာ၌။ပ။
“စိတ်ကိုမြှောက်ပင့်၏” ဟု ဆိုရာ၌။ပ။
“အဆက်မပြတ်အားထုတ်၏”ဟု ဆိုရာ၌ အဘယ်သည် အားထုတ်ခြင်း ‘သမ္မပ္ပဓာန်’ မည်သနည်း။
အကြင်စိတ်၌ ဖြစ်ပေါ်သောအားထုတ်မှု ‘ဝီရိယာရမ္ဘ’။ပ။ ကောင်းစွာ အားထုတ်မှု ‘သမ္မာဝါယာမ’၊ မဂ်၏ အင်္ဂါဖြစ်သော၊ မဂ်၌ အကျုံးဝင်သော၊ သစ္စာလေးပါးတို့ကို သိကြောင်းဖြစ်သောအားထုတ်မှု ‘ဝီရိယသမ္ဗောဇ္ဈင်'သည် ရှိ၏။ ဤသဘောကို အားထုတ်မှု ‘သမ္မပ္ပဓာန်’ဟု ဆိုအပ်၏။
ကြွင်းသောတရားတို့သည် ကောင်းသောအားထုတ်မှု ‘သမ္မပ္ပဓာန်'နှင့်ယှဉ်သော တရားတို့ မည်ကုန်၏။
--
(၃) ကုသိုလ်ဖြစ်ရန်ကြိုးစားမှု အကျယ်
၄၁၇။ အဘယ်သို့လျှင် ရဟန်းသည် မဖြစ်သေးသော ကုသိုလ်တရားတို့ကို ဖြစ်ပေါ်စေရန် ဆန္ဒကိုဖြစ်စေသနည်း၊ လုံ့လပြုသနည်း၊ လုံ့လထုတ်သနည်း၊ စိတ်ကို မြှောက်ပင့်သနည်း၊ အဆက်မပြတ်အားထုတ်သနည်း။
ဤသာသနာတော်၌ ရဟန်းသည် အကြင်အခါ၌ မိစ္ဆာအယူတို့ကို ပယ်ရန်၊ ပဌမဘုံ (သောတာပန်အဆင့်) သို့ ရောက်ရန် ဝဋ်ဆင်းရဲမှ ထွက်မြောက်တတ်သော နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်သောလောကုတ္တရာဈာန်ကို ပွါးများ အားထုတ်၏၊ ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ ဆင်းရဲသော အကျင့်ရှိသော, နုံ့နှေးသော အသိဉာဏ်ရှိသော ပဌမဈာန်ကို ပြည့်စုံစေ၍ နေ၏။ ထိုအခါ၌ မဖြစ်သေးသောကုသိုလ်တရားတို့ကို ဖြစ်ပေါ်စေရန် ဆန္ဒကို ဖြစ်စေ၏၊ လုံ့လပြု၏၊ လုံ့လထုတ်၏၊ စိတ်ကို မြှောက်ပင့်၏၊ အဆက်မပြတ်အားထုတ်၏။
၄၁၈။ “ဆန္ဒကို ဖြစ်စေ၏” ဟု ဆိုရာ၌။ပ။
“လုံ့လပြု၏” ဟု ဆိုရာ၌။ပ။
“လုံ့လထုတ်၏” ဟု ဆိုရာ၌။ပ။
“စိတ်ကိုမြှောက်ပင့်၏” ဟု ဆိုရာ၌။ပ။
“အဆက်မပြတ်အားထုတ်၏” ဟု ဆိုရာ၌ အဘယ်သည် အားထုတ်ခြင်း ‘သမ္မပ္ပဓာန်’ မည်သနည်း။
အကြင်စိတ်၌ ဖြစ်ပေါ်သောအားထုတ်မှု ‘ဝီရိယာရမ္ဘ’။ပ။ ကောင်းစွာ အားထုတ်မှု ‘သမ္မာဝါယာမ’၊ မဂ်၏ အင်္ဂါဖြစ်သော၊ မဂ်၌ အကျုံးဝင်သော၊ သစ္စာလေးပါးတို့ကို သိကြောင်းဖြစ်သောအားထုတ်မှု ‘ဝီရိယသမ္ဗောဇ္ဈင်’ သည် ရှိ၏။ ဤသဘောကို အားထုတ်မှု ‘သမ္မပ္ပဓာန်’ဟု ဆိုအပ်၏။
ကြွင်းသောတရားတို့သည် ကောင်းသောအားထုတ်မှု ‘သမ္မပ္ပဓာန်’ နှင့်ယှဉ်သော တရားတို့ မည်ကုန်၏။
--
(၄) ကုသိုလ်တည်တံ့တိုးပွါးရန် ကြိုးစားမှု အကျယ်
၄၁၉။ အဘယ်သို့လျှင် ရဟန်းသည် ဖြစ်ပြီးသော ကုသိုလ်တရားတို့ တည်တံ့ရန်၊ မပျောက် ပျက်ရန်၊ များစွာ ဖြစ်ပွါးရန်၊ ပြန့်ပြောရန်၊ တိုးပွါးရန်၊ ပြည့်စုံစေရန် ဆန္ဒကို ဖြစ်စေသနည်း၊ လုံ့လပြု သနည်း၊ လုံ့လထုတ်သနည်း၊ စိတ်ကို မြှောက်ပင့်သနည်း၊ အဆက်မပြတ်အားထုတ်သနည်း။
ဤသာသနာတော်၌ ရဟန်းသည် အကြင်အခါ၌ မိစ္ဆာအယူတို့ကို ပယ်ရန်၊ ပဌမဘုံ (သောတာပန်အဆင့်) သို့ ရောက်ရန် ဝဋ်ဆင်းရဲမှ ထွက်မြောက်တတ်သော နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်သောလောကုတ္တရာဈာန်ကို ပွါးများ အားထုတ်၏၊ ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ ဆင်းရဲသော အကျင့်ရှိသော, နုံ့နှေးသော အသိဉာဏ်ရှိသော ပဌမဈာန်ကို ပြည့်စုံစေ၍ နေ၏။ ထိုအခါ၌ ဖြစ်ပြီးသောကုသိုလ် တရားတို့ တည်တံ့ရန်၊ မပျောက်ပျက်ရန်၊ များစွာဖြစ်ပွါးရန်၊ ပြန့်ပြောရန်၊ တိုးပွါးရန်၊ ပြည့်စုံစေရန် ဆန္ဒကို ဖြစ်စေ၏၊ လုံ့လပြု၏၊ လုံ့လထုတ်၏၊ စိတ်ကို မြှောက်ပင့်၏၊ အဆက်မပြတ်အားထုတ်၏။
၄၂၀။ “တည်တံ့ရန်”ဟု ဆိုရာ၌ တည်တံ့ခြင်းဟူသည် မပျောက်ပျက်ခြင်းတည်း၊ မပျောက်ပျက်ခြင်းဟူသည် များစွာဖြစ်ပွါးခြင်းတည်း၊ များစွာဖြစ်ပွါးခြင်းဟူသည် ပြန့်ပြောခြင်းတည်း၊ ပြန့်ပြောခြင်းဟူသည်တိုးပွါးခြင်းတည်း၊ တိုးပွါးခြင်းဟူသည် ပြည့်စုံခြင်းတည်း။
၄၂၁။ “ဆန္ဒကို ဖြစ်စေ၏”ဟု ဆိုရာ၌ အဘယ်သည် ဆန္ဒ မည်သနည်း။
အကြင်လိုလားမှု ‘ဆန္ဒ’၊ လိုလားသည်၏ အဖြစ် ‘ဆန္ဒိကတာ’၊ ပြုလိုသည်၏ အဖြစ် ‘ကတ္တုကမျတာ’၊ ကုသိုလ်တရားတို့ကို လိုလားမှု ‘ကုသလဓမ္မစ္ဆန္ဒ'သည် ရှိ၏။ ဤသဘောကို ဆန္ဒဟု ဆိုအပ်၏။
ဤဆန္ဒကို ဖြစ်စေ၏၊ ကောင်းစွာ ဖြစ်စေ၏၊ ထစေ၏၊ ကောင်းစွာ ထစေ၏၊ ဖြစ်ပေါ်စေ၏၊ အသစ်ဖြစ်ပေါ်စေ၏။ ထို့ကြောင့် “ဆန္ဒကို ဖြစ်စေ၏”ဟု ဆိုအပ်၏။
၄၂၂။ “လုံ့လပြု၏” ဟု ဆိုရာ၌ အဘယ်သည် လုံ့လ'ဝါယာမ’ မည်သနည်း။
အကြင် စိတ်၌ ဖြစ်ပေါ်သောအားထုတ်မှု ‘ဝီရိယာရမ္ဘ’။ပ။ ကောင်းစွာ အားထုတ်မှု ‘သမ္မာဝါယာမ’၊ မဂ်၏ အင်္ဂါဖြစ်သော၊ မဂ်၌ အကျုံးဝင်သော၊ သစ္စာလေးပါးတို့ကို သိကြောင်းဖြစ်သောအားထုတ်မှု ‘ဝီရိယသမ္ဗောဇ္ဈင်’ သည် ရှိ၏။ ဤသဘောကို လုံ့လ'ဝါယာမ’ဟု ဆိုအပ်၏။ ဤလုံ့လနှင့် ပြည့်စုံစေ၏။ပ။ ကောင်းစွာ ပြည့်စုံခြင်းသို့ ရောက်၏။ ထို့ကြောင့် “လုံ့လပြု၏” ဟု ဆိုအပ်၏။
၄၂၃။ “လုံ့လထုတ်၏”ဟု ဆိုရာ၌ အဘယ်သည် လုံ့လ'ဝီရိယ’ မည်သနည်း။
အကြင် စိတ်၌ ဖြစ်ပေါ်သောအားထုတ်မှု ‘ဝီရိယာရမ္ဘ’။ပ။ ကောင်းစွာ အားထုတ်မှု ‘သမ္မာဝါယာမ’၊ မဂ်၏ အင်္ဂါဖြစ်သော၊ မဂ်၌ အကျုံးဝင်သော၊ သစ္စာလေးပါးတို့ကို သိကြောင်းဖြစ်သောအားထုတ်မှု ‘ဝီရိယသမ္ဗောဇ္ဈင်'သည် ရှိ၏။ ဤသဘောကို လုံ့လ'ဝီရိယ’ဟု ဆိုအပ်၏။ ဤလုံ့လ'ဝီရိယ'ကို အားထုတ်၏၊ ကောင်းစွာ အားထုတ်၏၊ မှီဝဲ၏၊ ပွါးများ၏၊ အကြိမ်များစွာပြု၏။ ထို့ကြောင့် “လုံ့လကိုထုတ်၏”ဟု ဆိုအပ်၏။
၄၂၄။ “စိတ်ကို မြှောက်ပင့်၏” ဟု ဆိုရာ၌ အဘယ်သည် စိတ် မည်သနည်း။
--
အကြင် ဆန်းကြယ်မှု ‘စိတ္တ’၊ သိမှု သဘော ‘မန’၊ သိခြင်းသဘော ‘မာနသ’။ပ။ ထိုစိတ်အားလျော်သော အထူးသိမှု သဘော ‘တဇ္ဇာမနောဝိညာဏဓာတ်’ သည် ရှိ၏။ ဤသဘောကို စိတ်ဟုဆိုအပ်၏။ ဤစိတ်ကို မြှောက်ပင့်၏၊ ကောင်းစွာ မြှောက်ပင့်၏၊ ထောက်ပံ့၏၊ အထပ်ထပ် ထောက်ပံ့၏။ ထို့ကြောင့် “စိတ်ကို မြှောက်ပင့်၏”ဟု ဆိုအပ်၏။
၄၂၅။ “အဆက်မပြတ်အားထုတ်၏” ဟု ဆိုရာ၌ အဘယ်သည် အားထုတ်မှု ‘သမ္မပ္ပဓာန်’ မည်သနည်း။ အကြင်စိတ်၌ ဖြစ်ပေါ်သောအားထုတ်မှု ‘ဝီရိယာရမ္ဘ’။ပ။ ကောင်းစွာ အားထုတ်မှု ‘သမ္မာဝါယာမ’၊ မဂ်၏ အင်္ဂါဖြစ်သော၊ မဂ်၌ အကျုံးဝင်သော၊ သစ္စာလေးပါးတို့ကို သိကြောင်းဖြစ်သောအားထုတ်မှု ‘ဝီရိယသမ္ဗောဇ္ဈင်'သည် ရှိ၏။ ဤသဘောကို အားထုတ်မှု ‘သမ္မပ္ပဓာန်’ဟု ဆိုအပ်၏။ ကြွင်းသောတရားတို့သည် အားထုတ်မှု ‘သမ္မပ္ပဓာန်’ နှင့်ယှဉ်သော တရားတို့ မည်ကုန်၏။
သမ္မပ္ပဓာန်အရကောက်
၄၂၆။ ထိုတရားတို့တွင် အဘယ်သည် အားထုတ်မှု ‘သမ္မပ္ပဓာန်’ မည်သနည်း။
ဤသာသနာတော်၌ ရဟန်းသည် အကြင်အခါ၌ မိစ္ဆာအယူတို့ကို ပယ်ရန်၊ ပဌမဘုံ (သောတာပန်အဆင့်) သို့ ရောက်ရန် ဝဋ်ဆင်းရဲမှ ထွက်မြောက်တတ်သော နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်သောလောကုတ္တရာဈာန်ကို ပွါးများ အားထုတ်၏၊ ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ ဆင်းရဲသော အကျင့်ရှိသော, နုံ့နှေးသော အသိဉာဏ်ရှိသော ပဌမဈာန်ကို ပြည့်စုံစေ၍ နေ၏။ ထိုအခါ၌ စိတ်၌ ဖြစ်သောအားထုတ်မှု ‘ဝီရိယာရမ္ဘ’။ပ။ ကောင်းစွာ အားထုတ်မှု ‘သမ္မာဝါယာမ’၊ မဂ်၏ အင်္ဂါဖြစ်သော၊ မဂ်၌ အကျုံးဝင်သော၊ သစ္စာလေးပါးတို့ကို သိကြောင်း ဖြစ်သောအားထုတ်မှု ‘ဝီရိယသမ္ဗောဇ္ဈင်'သည် ရှိ၏။ ဤသဘောကို အားထုတ်မှု ‘သမ္မပ္ပဓာန်’ဟု ဆိုအပ်၏။
ကြွင်းသောတရားတို့သည် အားထုတ်မှု ‘သမ္မပ္ပဓာန်'နှင့်ယှဉ်သော တရားတို့ မည်ကုန်၏။
အဘိဓမ္မာနည်းဖြင့် ဝေဖန်ဟောကြားသော အဘိဓမ္မဘာဇနီယနည်းပြီး၏။
--
၃-ပဥှာပုစ္ဆကနည်း
(အမေးအဖြေပြု၍ ဟောကြားသောနည်း)
သမ္မပ္ပဓာန်လေးပါး
၄၂၇။ သမ္မပ္ပဓာန်လေးပါးတို့ကား-
(၁) ဤသာသနာတော်၌ ရဟန်းသည် မဖြစ်သေးသော အကုသိုလ်တရားယုတ်တို့ မဖြစ်ပေါ် စေရန်ဆန္ဒကို ဖြစ်စေ၏၊ လုံ့လပြု၏၊ လုံ့လထုတ်၏၊ စိတ်ကို မြှောက်ပင့်၏။ ပြင်းစွာ အားထုတ်၏။
(၂) ဖြစ်ပြီးသော (မဖြစ်တော့ဟု မဆိုနိုင်သော) အကုသိုလ်တရားယုတ်တို့ကို ပယ်ရန်။ပ။
(၃) မဖြစ်ဖူးသေးသော ကုသိုလ်တရားတို့ ဖြစ်ပေါ်စေရန်။ပ။ (၄) ဖြစ်ပြီးသော ကုသိုလ်တရားတို့ တည်တံ့ရန် မပျောက်ပျက်ရန် များစွာဖြစ်ပွါးရန် ပြန့်ပြော ရန်တိုးပွါးရန် ပြည့်စုံစေရန် ဆန္ဒကို ဖြစ်စေ၏၊ လုံ့လပြု၏၊ လုံ့လထုတ်၏၊ စိတ်ကို မြှောက်ပင့်၏၊ အဆက်မပြတ် အားထုတ်၏။
--
အမေးပုစ္ဆာ
သမ္မပ္ပဓာန်လေးပါးတို့ကို တိက်, ဒုက်တို့ဖြင့် ဝေဖန်၍ အမေးပုစ္ဆာနည်းသက်သက်ကို ပြခြင်း
တိက် ၂၂-ပါးတို့ဖြင့် ဝေဖန်၍ အမေးပုစ္ဆာကို ပြခြင်း
(၁) ကုသလတိက်အမေးပုစ္ဆာ။
၄၂၈။ သမ္မပ္ပဓာန်လေးပါးတို့တွင်- ကုသိုလ်တရားတို့သည် အဘယ်မျှ ရှိကုန်သနည်း။
အကုသိုလ်တရားတို့သည် အဘယ်မျှ ရှိကုန်သနည်း။
အဗျာကတတရားတို့သည် အဘယ်မျှ ရှိကုန်သနည်း။ပ။
ဒုက်၁၀၀-တို့ဖြင့် ဝေဖန်၍ အမေးပုစ္ဆာကိုပြခြင်း
(၁၀၀) သရဏဒုက်အမေးပုစ္ဆာ
ကိလေသာနှင့် တကွဖြစ်သော တရားတို့သည် အဘယ်မျှရှိကုန်သနည်း။
ကိလေသာနှင့် တကွမဖြစ်သော တရားတို့သည် အဘယ်မျှရှိကုန်သနည်း။
မှတ်ချက်။ ။ ဝေဒနာတိက်မှစ၍ သနိဒဿနတိက်အထိ ၂၁-တိက်နှင့် ဟေတုဒုက်မှ သဥတ္တရဒုက်အထိ ၉၉-ဒုက်တို့ကို ပေယျာလဖော်၍ ဟောပါ။
--
အဖြေဝိသဇ္ဇနာ
သမ္မပ္ပဓာန်လေးပါးတို့ကို တိက်, ဒုက်တို့ဖြင့် ဝေဖန်၍ အဖြေဝိသဇ္ဇနာကိုပြခြင်း
တိကဝိသဇ္ဇနာ
တိက် ၂၂-ပါးတို့ဖြင့် ဝေဖန်၍ အဖြေဝိသဇ္ဇနာကို ပြခြင်း
(၁) ကုသလတိက်အဖြေဝိသဇ္ဇနာ
၄၂၉။ (သမ္မပ္ပဓာန်လေးပါးတို့သည်) ကုသိုလ်တရားတို့ ဖြစ်ကုန်၏။
(၂) ဝေဒနာတိက်အဖြေ
(သမ္မပ္ပဓာန်လေးပါးတို့သည်) ရံခါ သုခဝေဒနာနှင့်ယှဉ်ကုန်၏၊ ရံခါ ဥပေက္ခာဝေဒနာနှင့် ယှဉ်ကုန်၏။
(၃) ဝိပါကတိက်အဖြေ
(သမ္မပ္ပဓာန်လေးပါးတို့သည်) အကျိုးကို ဖြစ်စေခြင်းသဘော ရှိကုန်၏။
(၄) ဥပါဒိန္နတိက်အဖြေ
(သမ္မပ္ပဓာန်လေးပါးတို့သည်) တဏှာဒိဋ္ဌိတို့သည်ကပ်အပ်သော ကံသည်အကျိုး၏ အဖြစ်ဖြင့်လည်းမယူအပ်၊ ဥပါဒါန်၏ အာရုံလည်း မဖြစ်ကုန်။
(၅) သံကိလိဋ္ဌတိက်အဖြေ
(သမ္မပ္ပဓာန်လေးပါးတို့သည်) ကိလေသာတို့သည်ပူပန်စေအပ်သည်လည်း မဟုတ်၊ ကိလေသာ၏အာရုံလည်း မဟုတ်ကုန်။
(၆) ဝိတက်တိက်အဖြေ
(သမ္မပ္ပဓာန်လေးပါးတို့သည်) ရံခါ ဝိတက်လည်း ရှိ၊ ဝိစာရလည်း ရှိကုန်၏။ ရံခါ ဝိတက်ကား မရှိ၊ ဝိစာရမျှသာ ရှိကုန်၏။ ရံခါဝိတက်လည်း မရှိ၊ ဝိစာရလည်း မရှိကုန်။
(၇) ပီတိတိက်အဖြေ
(သမ္မပ္ပဓာန်လေးပါးတို့သည်) ရံခါ ပီတိနှင့်တကွ ဖြစ်ကုန်၏၊ ရံခါ သုခဝေဒနာနှင့်တကွ ဖြစ်ကုန်၏။ ရံခါဥပေက္ခာဝေဒနာနှင့်တကွ ဖြစ်ကုန်၏။
(၈) ဒဿနတိက်အဖြေ
(သမ္မပ္ပဓာန်လေးပါးတို့သည်) သောတာပတ္တိမဂ်ဖြင့် ပယ်အပ်သည်လည်း မဟုတ်၊ အထက်မဂ်သုံးခုဖြင့်ပယ်အပ်သည်လည်း မဟုတ်ကုန်။
--
(၉) ဒဿနဟေတုတိက်အဖြေ။
(သမ္မပ္ပဓာန်လေးပါးတို့သည်) သောတာပတ္တိမဂ်ဖြင့် ပယ်အပ်သော ဟိတ်ရှိသည်လည်း မဟုတ်၊ အထက်မဂ်သုံးခုဖြင့် ပယ်အပ်သော ဟိတ်ရှိသည်လည်း မဟုတ်ကုန်။
(၁၀) အာစယဂါမိတိက်အဖြေ
(သမ္မပ္ပဓာန်လေးပါးတို့သည်) နိဗ္ဗာန်သို့ ရောက်ကြောင်း ဖြစ်ကုန်၏။
(၁၁) သေက္ခတိက်အဖြေ
(သမ္မပ္ပဓာန်လေးပါးတို့သည်) သေက္ခပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်ကုန်၏။
(၁၂) ပရိတ္တတိက်အဖြေ
(သမ္မပ္ပဓာန်လေးပါးတို့သည်) နှိုင်းယှဉ်ခြင်းကို ပြုတတ်သော ကိလေသာ၏ ဆန့်ကျင်ဘက်ဖြစ်ကုန်၏။
(၁၃) ပရိတ္တာရမ္မဏတိက်အဖြေ
(သမ္မပ္ပဓာန်လေးပါးတို့သည်) လောကုတ္တရာ (အပ္ပမာဏ) ကို အာရုံပြုကုန်၏။
(၁၄) ဟီနတိက်အဖြေ
(သမ္မပ္ပဓာန်လေးပါးတို့သည်) (အယုတ်အလတ်အမြတ်တို့တွင်) အမြတ်ဖြစ်ကုန်၏။
(၁၅) မိစ္ဆတ္တတိက်အဖြေ
(သမ္မပ္ပဓာန်လေးပါးတို့သည်) မဖောက်ပြန်သော သဘောရှိ၍ မိမိ၏ အခြားမဲ့၌ အကျိုးပေးမြဲ ကုန်၏။
(၁၆) မဂ္ဂါရမ္မဏတိက်အဖြေ
(သမ္မပ္ပဓာန်လေးပါးတို့သည်) မဂ်ကို အာရုံ မပြုမူ၍ မဂ်ဟု ဆိုအပ်သော အကြောင်း (ဟိတ်) ရှိကုန်၏။ ရံခါ မဂ်ဟု ဆိုအပ်သော အဓိပတိပစ္စည်း ရှိကုန်၏။ ရံခါ မဂ်ဟု ဆိုအပ်သော အဓိပတိပစ္စည်းရှိကုန်၏ ဟု မဆိုအပ်ကုန်။
--
(၁၇) ဥပ္ပန္နတိက်အဖြေ။
(သမ္မပ္ပဓာန်လေးပါးတို့သည်) ရံခါ ခဏသုံးပါးသို့ ရောက်ဆဲဖြစ်ကုန်၏။ ရံခါ ခဏသုံးပါးသို့ ရောက်ပြီးရောက်ဆဲ မဟုတ်ကုန်။ ပြီးပြီးသော အကြောင်းတစ်စိတ်ရှိသည်၏ အဖြစ်ကြောင့် မချွတ် ဖြစ်လတ္တံ့ဖြစ်ကုန်၏ ဟု မဆိုအပ်ကုန်။
(၁၈) အတီတတိက်အဖြေ
(သမ္မပ္ပဓာန်လေးပါးတို့သည်) ရံခါ ဖြစ်ပြီး (အတိတ်) ဖြစ်ကုန်၏။ ရံခါ မရောက်သေး (အနာဂတ်) ဖြစ်ကုန်၏။ ရံခါ ဖြစ်ဆဲ (ပစ္စုပ္ပန်) ဖြစ်ကုန်၏။
(၁၉) အတီတာရမ္မဏတိက်အဖြေ (တိက်မုတ်)
(သမ္မပ္ပဓာန်လေးပါးတို့သည်) ဖြစ်ပြီး (အတိတ်) ကို အာရုံပြုကုန်၏ဟူ၍ လည်းကောင်း၊ မရောက်သေး (အနာဂတ်) ကို အာရုံပြုကုန်၏ဟူ၍လည်းကောင်း၊ ဖြစ်ဆဲ (ပစ္စုပ္ပန်) ကို အာရုံပြုကုန်၏ဟူ၍လည်းကောင်း မဆိုအပ်ကုန်။
(၂၀) အဇ္ဈတ္တတိက်အဖြေ
(သမ္မပ္ပဓာန်လေးပါးတို့သည်) ရံခါ အတွင်း ‘အဇ္ဈတ္တ'သန္တာန်၌ ဖြစ်ကုန်၏။ ရံခါ အပ'ဗဟိဒ္ဓ'သန္တာန်၌ ဖြစ်ကုန်၏။ ရံခါ အတွင်းအပ'အဇ္ဈတ္တဗဟိဒ္ဓ'သန္တာန်၌ ဖြစ်ကုန်၏။
(၂၁) အဇ္ဈတ္တာရမ္မဏတိက်အဖြေ
(သမ္မပ္ပဓာန်လေးပါးတို့သည်) အပ (ဗဟိဒ္ဓတရား=နိဗ္ဗာန်) ကို အာရုံပြုကုန်၏။
(၂၂) သနိဒဿနတိက်အဖြေ
(သမ္မပ္ပဓာန်လေးပါးတို့သည်) မြင်ခြင်းလည်း မရှိ၊ ထိပါးခြင်းလည်း မရှိကုန်။
--
ဒုကဝိသဇ္ဇနာ
ဒုက်၁၀၀-တို့ဖြင့် ဝေဖန်၍ အဖြေဝိသဇ္ဇနာကိုပြခြင်း
ဟေတုဂေါစ္ဆကအဖြေဝိသဇ္ဇနာ
(၁) ဟေတုဒုက်
၄၃၀။ (သမ္မပ္ပဓာန်လေးပါးတို့သည်) ဟိတ်မမည်ကုန်။
(၂) သဟေတုကဒုက်
(သမ္မပ္ပဓာန်လေးပါးတို့သည်) ဟိတ်ရှိကုန်၏။
(၃) ဟေတုသမ္ပယုတ္တဒုက်
(သမ္မပ္ပဓာန်လေးပါးတို့သည်) ဟိတ်နှင့် ယှဉ်ကုန်၏။
(၄) ဟေတုသဟေတုကဒုက်
(သမ္မပ္ပဓာန်လေးပါးတို့သည်) ဟိတ်လည်း မည်၊ ဟိတ်လည်း ရှိကုန်၏ဟု မဆိုအပ်ကုန်၊ ဟိတ် သာရှိ၍ဟိတ်မမည်ကုန်။
(၅) ဟေတုဟေတုသမ္ပယုတ္တဒုက်
(သမ္မပ္ပဓာန်လေးပါးတို့သည်) ဟိတ်လည်း မည်၊ ဟိတ်နှင့်လည်း ယှဉ်ကုန်၏ဟု မဆိုအပ်ကုန်။ ဟိတ်နှင့်သာယှဉ်၍ ဟိတ်မမည်ကုန်။
(၆) နဟေတုသဟေတုကဒုက်
(သမ္မပ္ပဓာန်လေးပါးတို့သည်) ဟိတ်မမည်မူ၍ ဟိတ်သာ ရှိကုန်၏။
--
စူဠန္တရဒုက်အဖြေဝိသဇ္ဇနာ
(၇) သပ္ပစ္စယဒုက်
(သမ္မပ္ပဓာန်လေးပါးတို့သည်) ကံ, စိတ်, ဥတု, အာဟာရဟူသော အကြောင်းနှင့် တကွ ဖြစ် ကုန်၏။
(၈) သင်္ခတဒုက်
(သမ္မပ္ပဓာန်လေးပါးတို့သည်) ကံ, စိတ်, ဥတု, အာဟာရဟူသော အကြောင်းတရားတို့သည်ပြုပြင်အပ်ကုန်၏။
(၉) သနိဒဿနဒုက်
(သမ္မပ္ပဓာန်လေးပါးတို့သည်) မြင်အပ်သော သဘော မရှိကုန်။
(၁၀) သပ္ပဋိဃဒုက်
(သမ္မပ္ပဓာန်လေးပါးတို့သည်) ထိပါးတတ်သော သဘော မရှိကုန်။
(၁၁) ရူပီဒုက်
(သမ္မပ္ပဓာန်လေးပါးတို့သည်) နာမ်တရားဖြစ်ကုန်၏။
(၁၂) လောကိယာဒုက်
(သမ္မပ္ပဓာန်လေးပါးတို့သည်) လောကမှ လွတ်မြောက်တတ်ကုန်၏။
(၁၃) ကေနစိဝိညေယျဒုက်
(သမ္မပ္ပဓာန်လေးပါးတို့သည်) တစ်စုံတစ်ခုသော စိတ်သည် သိအပ်သော သဘောရှိကုန်၏။ တစ်စုံတစ်ခုသော စိတ်သည် မသိအပ်သော သဘောရှိကုန်၏။
--
အာသဝဂေါစ္ဆကဒုက်အဖြေဝိသဇ္ဇနာ
(၁၄) အာသဝဒုက်
(သမ္မပ္ပဓာန်လေးပါးတို့သည်) အာသဝ မမည်ကုန်။
(၁၅) သာသဝဒုက်
(သမ္မပ္ပဓာန်လေးပါးတို့သည်) အာသဝ၏ အာရုံ မဖြစ်ကုန်။
(၁၆) အာသဝသမ္ပယုတ္တဒုက်
(သမ္မပ္ပဓာန်လေးပါးတို့သည်) အာသဝနှင့် မယှဉ်ကုန်။
(၁၇) အာသဝသာသဝဒုက် (ဒုက်မုတ်)
(သမ္မပ္ပဓာန်လေးပါးတို့သည်) အာသဝလည်းမည်၊ အာသဝ၏ အာရုံလည်း ဖြစ်ကုန်၏ဟူ၍လည်းကောင်း၊ အာသဝ၏ အာရုံသာဖြစ်၍ အာသဝမမည်ကုန်ဟူ၍လည်းကောင်း မဆိုအပ်ကုန်။
(၁၈) အာသဝအာသဝသမ္ပယုတ္တဒုက် (ဒုက်မုတ်)
(သမ္မပ္ပဓာန်လေးပါးတို့သည်) အာသဝလည်း မည်၊ အာသဝနှင့်လည်း ယှဉ်ကုန်၏ဟူ၍လည်းကောင်း၊ အာသဝနှင့်ယှဉ်၍ အာသဝမမည်ကုန်ဟူ၍လည်းကောင်း မဆိုအပ်ကုန်။
(၁၉) အာသဝဝိပ္ပယုတ္တဒုက်
(သမ္မပ္ပဓာန်လေးပါးတို့သည်) အာသဝနှင့်လည်း မယှဉ်၊ အာသဝ၏ အာရုံလည်း မဖြစ်ကုန်။
--
သံယောဇနဂေါစ္ဆကအဖြေ
(၂၀-၂၅) သံယောဇနဒုက်
(သမ္မပ္ပဓာန်လေးပါးတို့သည်) သံယောဇဉ် မမည်ကုန်။ပ။
ဂန္ထဂေါစ္ဆကအဖြေ
(၂၆-၃၁) ဂန္ထဒုက်
(သမ္မပ္ပဓာန်လေးပါးတို့သည်) ဂန္ထမမည်ကုန်။ပ။
ဩဃဂေါစ္ဆကအဖြေ
(၃၂-၃၇) ဩဃဒုက်
(သမ္မပ္ပဓာန်လေးပါးတို့သည်) ဩဃ မမည်ကုန်။ပ။
ယောဂဂေါစ္ဆကအဖြေ
(၃၈-၄၃) ယောဂဒုက်
(သမ္မပ္ပဓာန်လေးပါးတို့သည်) ယောဂ မမည်ကုန်။ပ။
--
နီဝရဏဂေါစ္ဆကအဖြေ
(၄၄-၄၉) နီဝရဏဒုက်
(သမ္မပ္ပဓာန်လေးပါးတို့သည်) နီဝရဏ မမည်ကုန်။ပ။
ပရာမာသဂေါစ္ဆကအဖြေ
(၅၀-၅၄) ပရာမာသဒုက်
(သမ္မပ္ပဓာန်လေးပါးတို့သည်) ပရာမာသ မမည်ကုန်။ပ။
မှတ်ချက်။ ။ သံယောဇနဂေါစ္ဆကမှစ၍ ပရာမာသဂေါစ္ဆကအထိ ပေယျာလများကို အာသဝဂေါစ္ဆကကဲ့သို့ဖော်၍ ဟောရမည်။
မဟန္တရဒုက်အဖြေ
(၅၅) သာရမ္မဏဒုက်
(သမ္မပ္ပဓာန်လေးပါးတို့သည်) အာရုံပြုခြင်း ရှိကုန်၏။
(၅၆) စိတ္တဒုက်
(သမ္မပ္ပဓာန်လေးပါးတို့သည်) စိတ်မမည်ကုန်။
(၅၇) စေတသိကဒုက်
(သမ္မပ္ပဓာန်လေးပါးတို့သည်) စေတသိက် မည်ကုန်၏။
(၅၈) စိတ္တသမ္ပယုတ္တဒုက်
(သမ္မပ္ပဓာန်လေးပါးတို့သည်) စိတ်နှင့်ယှဉ်ကုန်၏။
(၅၉) စိတ္တသံသဋ္ဌဒုက်
(သမ္မပ္ပဓာန်လေးပါးတို့သည်) စိတ်နှင့်နှီးနှောကုန်၏။
(၆၀) စိတ္တသမုဋ္ဌာနဒုက်
(သမ္မပ္ပဓာန်လေးပါးတို့သည်) စိတ်ကြောင့်ဖြစ်ကုန်၏။
--
(၆၁) စိတ္တသဟဘုဒုက်
(သမ္မပ္ပဓာန်လေးပါးတို့သည်) စိတ်နှင့်တကွ ဖြစ်ကုန်၏။
(၆၂) စိတ္တာနုပရိဝတ္တိဒုက်
(သမ္မပ္ပဓာန်လေးပါးတို့သည်) စိတ်သို့ အစဉ်လိုက်၍ ဖြစ်ကုန်၏။
(၆၃) စိတ္တသံသဋ္ဌသမုဋ္ဌာနဒုက်
(သမ္မပ္ပဓာန်လေးပါးတို့သည်) စိတ်နှင့်လည်း နှီးနှော၊ စိတ်ကြောင့်လည်း ဖြစ်ကုန်၏။
(၆၄) စိတ္တသံသဋ္ဌသမုဋ္ဌာနသဟဘုဒုက်
(သမ္မပ္ပဓာန်လေးပါးတို့သည်) စိတ်နှင့်လည်း နှီးနှော၊ စိတ်ကြောင့်လည်း ဖြစ်၊ စိတ်နှင့်လည်း တကွဖြစ်ကုန်၏။
(၆၅) စိတ္တသံသဋ္ဌသမုဋ္ဌာနာနုပရိဝတ္တိဒုက်
(သမ္မပ္ပဓာန်လေးပါးတို့သည်) စိတ်နှင့်လည်း နှီးနှော၊ စိတ်ကြောင့်လည်း ဖြစ်၊ စိတ်သို့လည်းအစဉ်လိုက်၍ ဖြစ်ကုန်၏။
(၆၆) အဇ္ဈတ္တိကဒုက်
(သမ္မပ္ပဓာန်လေးပါးတို့သည်) အပ'ဗဟိဒ္ဓ’၌ ဖြစ်ကုန်၏။
(၆၇) ဥပါဒါဒုက်
(သမ္မပ္ပဓာန်လေးပါးတို့သည်) မဟာဘုတ်လေးပါးကို မှီ၍ မဖြစ်ကုန်။
(၆၈) ဥပါဒိန္နဒုက်
(သမ္မပ္ပဓာန်လေးပါးတို့သည်) တဏှာဒိဋ္ဌိတို့သည် ကပ်အပ်သောကံသည် အကျိုး၏အဖြစ်ဖြင့် မယူအပ်ကုန်။
--
ဥပါဒါနဂေါစ္ဆကအဖြေ
(၆၉-၇၄) ဥပါဒါနဒုက်
(သမ္မပ္ပဓာန်လေးပါးတို့သည်) ဥပါဒါန် မမည်ကုန်။ပ။
မှတ်ချက်။ ။ ဥပါဒါနဂေါစ္ဆကနှင့် ကိလေသဂေါစ္ဆက၌ ပေယျာလတို့ကို အာသဝဂေါစ္ဆကကဲ့သို့ ဖော်၍ဟောပါလေ။
ကိလေသဂေါစ္ဆကအဖြေ
(၇၅-၈၂) ကိလေသဒုက်
(သမ္မပ္ပဓာန်လေးပါးတို့သည်) ကိလေသာ မမည်ကုန်။ပ။
ပိဋ္ဌိဒုက်အဖြေ
(၈၃) ဒဿနေနပဟာတဗ္ဗဒုက်
(သမ္မပ္ပဓာန်လေးပါးတို့သည်) သောတာပတ္တိမဂ်ဖြင့် ပယ်အပ်သော တရားတို့ မဟုတ်ကုန်။
(၈၄) ဘာဝနာယပဟာတဗ္ဗဒုက်
(သမ္မပ္ပဓာန်လေးပါးတို့သည်) အထက်မဂ်သုံးခုဖြင့် ပယ်အပ်သော တရားတို့ မဟုတ်ကုန်။
(၈၅) ဒဿနေနပဟာတဗ္ဗဟေတုကဒုက်
(သမ္မပ္ပဓာန်လေးပါးတို့သည်) သောတာပတ္တိမဂ်ဖြင့် ပယ်အပ်သော ဟိတ်ရှိသော တရားတို့ မဟုတ်ကုန်။
(၈၆) ဘာဝနာယပဟာတဗ္ဗဟေတုကဒုက်
(သမ္မပ္ပဓာန်လေးပါးတို့သည်) အထက်မဂ်သုံးခုဖြင့် ပယ်အပ်သော ဟိတ်ရှိသော တရားတို့ မဟုတ်ကုန်။
--
(၈၇) သဝိတက္ကဒုက်
(သမ္မပ္ပဓာန်လေးပါးတို့သည်) ရံခါ ဝိတက်နှင့် တကွ ဖြစ်ကုန်၏။ ရံခါ ဝိတက်နှင့် တကွ မဖြစ်ကုန်။
(၈၈) သဝိစာရဒုက်
(သမ္မပ္ပဓာန်လေးပါးတို့သည်) ရံခါ ဝိစာရနှင့် တကွ ဖြစ်ကုန်၏။ ရံခါ ဝိစာရနှင့် တကွ မဖြစ်ကုန်။
(၈၉) သပ္ပီတိကဒုက်
(သမ္မပ္ပဓာန်လေးပါးတို့သည်) ရံခါ ပီတိရှိကုန်၏။ ရံခါ ပီတိ မရှိကုန်။
(၉၀) ပီတိသဟဂတဒုက်
(သမ္မပ္ပဓာန်လေးပါးတို့သည်) ရံခါ ပီတိနှင့် တကွ ဖြစ်ကုန်၏။ ရံခါ ပီတိနှင့် တကွ မဖြစ်ကုန်။
(၉၁) သုခသဟဂတဒုက်
(သမ္မပ္ပဓာန်လေးပါးတို့သည်) ရံခါ သုခဝေဒနာနှင့် တကွ ဖြစ်ကုန်၏။ ရံခါ သုခဝေဒနာနှင့် တကွမဖြစ်ကုန်။
(၉၂) ဥပေက္ခာသဟဂတဒုက်
(သမ္မပ္ပဓာန်လေးပါးတို့သည်) ရံခါ ဥပေက္ခာဝေဒနာနှင့်တကွ ဖြစ်ကုန်၏။ ရံခါ ဥပေက္ခာဝေဒနာနှင့် တကွမဖြစ်ကုန်။
(၉၃) ကာမာဝစရဒုက်
(သမ္မပ္ပဓာန်လေးပါးတို့သည်) ကာမာဝစရ မမည်ကုန်။
(၉၄) ရူပါဝစရဒုက်
(သမ္မပ္ပဓာန်လေးပါးတို့သည်) ရူပါဝစရ မမည်ကုန်။
(၉၅) အရူပါဝစရဒုက်
(သမ္မပ္ပဓာန်လေးပါးတို့သည်) အရူပါဝစရ မမည်ကုန်။
--
(၉၆) ပရိယာပန္နဒုက်
(သမ္မပ္ပဓာန်လေးပါးတို့သည်) ဝဋ်တရား၌ အကျုံးမဝင်ကုန်။
(၉၇) နိယျာနိကဒုက်
(သမ္မပ္ပဓာန်လေးပါးတို့သည်) ဝဋ်ဆင်းရဲမှ ထွက်မြောက်ကြောင်း ဖြစ်ကုန်၏၊
(၉၈) နိယတဒုက်
(သမ္မပ္ပဓာန်လေးပါးတို့သည်) မိမိ၏ အခြားမဲ့၌ အကျိုးပေးမြဲကုန်၏။
(၉၉) သဥတ္တရဒုက်
(သမ္မပ္ပဓာန်လေးပါးတို့သည်) မိမိထက်လွန်မြတ်သော တရား မရှိကုန်။
(၁၀၀) သရဏဒုက်
(သမ္မပ္ပဓာန်လေးပါးတို့သည်) ငိုကြွေးကြောင်း ကိလေသာ မရှိကုန်။
သမ္မပ္ပဓာန်လေးပါးတို့ကိုတိက်, ဒုက်တို့ဖြင့် အမေးအဖြေပြု၍ ဟောကြားသော ပဥှာပုစ္ဆကနည်းပြီး၏။
သမ္မပ္ပဓာန်လေးပါးတို့ကို ဝေဖန်၍ ပြသော သမ္မပ္ပဓာနဝိဘင်းပြီးပြီ။
--