မာတိကာသို့ ခုန်သွားရန်

သစ္စပါရဂူကျမ်း

ဝီကီရင်းမြစ် မှ
6024သစ္စပါရဂူကျမ်း — သစ္စပါရဂူကျမ်းရွှေသိမ်တော်တောရ ဆရာတော်

သစ္စပါရဂူကျမ်း

▬ஜ۩۞۩ஜ▬

သစ္စပါရဂူကျမ်း နိဒါန်း

▬▬▬▬▬▬▬▬

(စိရံ တိဋ္ဌတု သဒ္ဓမ္မော)

စတုန္နံ ဘိက္ခဝေ အရိယသစ္စာနံ အနနုဗောဓာ အပ္ပဋိဝေဓာ ဧဝမိဒံ ဒီဃမဒ္ဓါနံ သန္ဓာဝိတံ သံသရိတံ မမဉ္စေဝ တုမှာကဉ္စ = ရဟန်းတို့ ... အရိယသစ္စာ လေးပါး တို့ကို အနုဗောဓသိအားဖြင့် မသိခြင်း, ပဋိဝေဓသိအားဖြင့် မသိခြင်း ဤ အကြောင်းရင်းများကြောင့် ငါဘုရားနှင့်တကွ သင်ချစ်သားတို့ပါ သံသရာစက် ရဟတ်၌ မရပ်မနား ပြေးသွား ကျင်လည်ခဲ့ရလှလေပြီ”

ဟူသော (ဝိနည်း မဟာဝဂ္ဂ၊ ကောဋိဂါမဝတ္ထု- စသည်လာ) တရားဒေသနာတော်အရ သစ္စာလေးပါး တရားကိုမသိလျှင် သံသရာ စက်ရဟတ် မရပ်နားမည်ကို၎င်း, သစ္စာလေးပါး တရားကို သိမြင်က သံသရာစက်ရဟတ် ရပ်နားမည်ကို၎င်း, မြတ်စွာဘုရား ဟောကြားတော်မူအပ်သည့်အတိုင်း ရဟန်း ရှင် လူ သူတော်စင် ဟူသမျှတို့ သစ္စာလေးချက် တရားနက်ကို ပြက်ပြက်ထင်ထင် သိမြင်ကြ၍ သံသရာ စက်ရဟတ် လျှင်မြန်စွာ ရပ်တန့်စေရန် ရည်သန် တောင့်တတော်မူ၍ မုံရွာခရိုင်၊ ကန္နီမြို့ ရွှေသိမ်တော်တောရ ဆရာတော်ဘုရားကြီးသည် အကြောင်းအရာ မာတိကာ ပိုဒ် ပေါင်း (၁ဝဝ) တစ်ရာ တို့ဖြင့် တန်းဆာဆင်၍ စာမျက်နှာ ၅၂ဝ၊ ကျော် ရှိသော “သစ္စပါရဂူကျမ်း” ကို ရေးသား ဖွင့်ဆိုတော် မူခဲ့ပါသည်။

ဆရာတော်ဘုရားကြီး ရေးသား ဖွင့်ဆိုအပ်သော ထိုသစ္စပါရဂူ ကျမ်းကို ကြည့်ရှု သုံးသပ်တော်မူကြသမျှသော ပရိယတ္တိဝန်ဆောင် ကျမ်းတတ် ဂန်တတ် ဆရာတော် တိုင်းပင် လက်ခံနှစ်သက်တော်မူ ကြသည့်ပြင်၊ အထူးအားဖြင့် ကျေးဇူးရှင် အဂ္ဂမဟာပဏ္ဍိတ အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ သံဃနာယက မစိုးရိမ် ဆရာတော်ဘုရားကြီး ကလည်း “သစ္စပါရဂူကျမ်းမှာ စကားခွန်းတိုင်း ခွန်းတိုင်းမှာပင် ပါဠိ, အဋ္ဌကထာ, ဋီကာ အကိုး သာဓကတို့နှင့် ပြည့်ဝစုံလင်သော ကျမ်းဖြစ်ကြောင်း” ချီးမွမ်းထောက်ခံစကား မိန့်ကြားတော် မူအပ်ပါသည်။

မှန်ပါသည် -
ဤသစ္စပါရဂူကျမ်းကြီးမှာ သစ္စာလေးပါးနှင့် စပ်၍ သိမှတ် လိုက်နာဖွယ် အနက် အဓိပ္ပါယ် အသွယ်သွယ်တို့ကို ထိုထို ပါဠိ အဋ္ဌကထာ ဋီကာကျမ်းတို့မှ အချက်အလက် စုံလင်စွာ စုဆောင်း ဖွင့်ပြထားသော ကျမ်းကြီးဖြစ်၍ ဗုဒ္ဓဘာသာ မြန်မာတိုင်းရင်းသူ တိုင်းရင်းသားတို့ အဖို့အရာ သစ္စာလေးပါး အကြောင်းအရာစုံ စုဆောင်းထားသည့် ဓမ္မဟင်းလေးအိုးကြီးသဖွယ် ဖြစ်ရကား ကြည့်ရှုလေ့လာ သူတိုင်းအား သစ္စာလေးပါးအတွက် အနုဗောဓဉာဏ် ပဋိဝေဓဉာဏ်အမြင်တို့ကို အစဉ်အတိုင်း ပေးသွားနိုင်မည်မှာ ဧကန်ပင် ဖြစ်ပါ၍ -

ပရိယတ်ဝန်ဆောင် ပဋိပတ်ဝန်ဆောင် ဆရာတော်ဘုရားများလည်း နှစ်သက်လက်ခံ ချီးမွမ်းအပ်၍၊ သာသနာတော်အားလည်း အထူးကျေးဇူးပြုမည့် ကျမ်းကြီးတဆူ ဖြစ်သည်ကို နှစ်သက်ကြည်ညို လှပသောကြောင့် ထို ကျမ်းကြီး၌ စကားအဖြတ် အတောက် မှစ၍ လိုအပ်သမျှကို ကြည့်ရှုတည်းဖြတ် မွမ်းမံပေးပါရန် ဓမ္မဒါနရှင် ဖြစ်သည့် ဘုရားဒါယိကာမကြီး မန္တလေးမြို့ ဒါးတန်းရပ် ရေခဲနှင့် ဘိလပ်ရေစက် ပိုင်ရှင် ဒေါ်ဒေါ်သန်းက တိပိဋကဓရ ဆရာတော် အရှင်ဝိစိတ္တသာရာဘိဝံသမထေရ် ကို တောင်းပန် လျှောက်ထားအပ်သည့်အတိုင်း၊ တိပိဋကဓရ ဆရာတော်ကလည်း နှစ်သက်ဝမ်းမြောက်စွာ သာသနာတော်နှင့် ဆရာတော်ဘုရားကြီး၏ ကျေးဇူးဂုဏ် တို့တို ကြည်ရုံကော်ရော် ပူဇော်သောအားဖြင့် မိမိဉာဏ်စွမ်း သိမှီသမျှ ထို သစ္စပါရဂူကျမ်းကြီးကို ကြည့်ရှု တည်းဖြတ် သုံးသပ်မွမ်းမံ ပြင်ဆင်ပေးခဲ့ပါသည်။

ထိုသို့ ဖေါ်ပြရာပါ အကြောင်းအင်္ဂါရပ်တို့နှင့် ပြည့်စုံ၍ သာသနာတော်အား မုချ ကျေးဇူးများမည့် ဤ သစ္စပါရဂူကျမ်းကြီးကို တည်းဖြတ်မွမ်းမံ ပြင်ဆင်ပေးပါရန် တောင်ပန်ရင်း အဘိယာစက ပုဂ္ဂိုလ်ဖြစ်သည့် မန္တလေးမြို့ ဒါးတန်းရပ်၊ ဒါးတန်းရေခဲ နှင့် ဘိလပ်ရေစက်ပိုင်ရှင် ဘုရားအမကြီး ဒေါ်ဒေါ်သန်း (နှင့်) သားမြေး တစုတို့က, ဓမ္မဒါန (အမြိုက်ဒါန) ၏ ဒါယိကာ ခံကြ၍၊ မန္တလေးမြို့ ဆိုင်းတန်းရပ် မန်းခေတ် ပုံနှိပ်တိုက်မှ သိုက်မြိုက် သပ်ယပ် တင့်တယ်စွာ စက်တင်ပုံနှိပ်အပ်ပါသည်။

ကိုယ်စိတ်နှစ်ဖြာ ချမ်းသာတော်မူကြပါစေ။

ဦးလှရွှေ
မန်းခေတ်ပုံနှိပ်တိုက်၊
၂၆-အာဇာနည်လမ်း၊ ဆိုင်းတန်းရပ်၊
မန္တလေးမြို့။
၁၃၂၃-ခု၊သီတင်းကျွတ်လပြည့် (အဘိဓမ္မာ) နေ့

သစ္စပါရဂူကျမ်း (မာတိကာ)

၁။ ပဏာမကို ပြခြင်း
၂။ နိဒါန်းကို ပြခြင်းအကြောင်း
၃။ သစ္စာလေးပါးကို ပြခြင်းအကြောင်း
၄။ သစ္စာလေးပါး၏ နက်နဲခက်ခဲ သိမြင်နိုင်ခဲသည်၏အဖြစ်ကို ပြခြင်းအကြောင်း
၅။ ဒုက္ခသစ္စာကို ပုစ္ဆာရှစ်ချက်ဖြင့် အမေးကို ပြခြင်းအကြောင်း
၆။ အဘယ့်ကြောင့် ဒုက္ခမည်သနည်း ဟူသော ပဌမပုစ္ဆာကို ဖြေရှင်း၍ပြခြင်း အကြောင်း
၇။ အဘယ့်ကြောင့် သစ္စာမည်သနည်း ဟူသော ဒုတိယပုစ္ဆာကို ဖြေရှင်း၍ပြခြင်း အကြောင်း
၈။ အဘယ့်ကြောင့် ဒုက္ခသစ္စာမည်သနည်း ဟူသော တတိယပုစ္ဆာကို ဖြေရှင်း၍ ပြခြင်းအကြောင်း
၉။ ဒုက္ခသစ္စာ၏ လက္ခဏာစသည်ကား အဘယ်နည်းဟူသော စတုတ္ထပုစ္ဆာကို ဖြေရှင်း၍ ပြခြင်းအကြောင်း
၁၀။ ဒုက္ခသစ္စာ၏ အာကာရတို့ကား အဘယ်နည်းဟူသော ပဉ္စမပုစ္ဆာကို ဖြေရှင်း၍ ပြခြင်းအကြောင်း
၁၁။ ပဋိသန္ဓေနေရခြင်း ဇာတိဒုက္ခကိုပြခြင်းအကြောင်း
၁၂။ ဝိသေသဒုက္ခကို ပြခြင်းအကြောင်း
၁၃။ ဇရာဒုက္ခကို ပြခြင်းအကြောင်း
၁၄။ ဗျာဓိဒုက္ခကို ပြခြင်းအကြောင်း
၁၅။ သုံးဆဲ့နှစ်ပါးသော ကမ္မကာရဏကို ပြခြင်းအကြောင်း
၁၆။ နှစ်ဆဲ့ငါးပါးသော ဘေးကို ပြခြင်းအကြောင်း
၁၇။ မရဏဒုက္ခကို ပြခြင်းအကြောင်း
၁၈။ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿုပါယာသကို ပြခြင်းအကြောင်း
၁၉။ အပ္ပိယသမ္ပယောဂကို ပြခြင်းအကြောင်း
၂၀။ ပိယဝိပ္ပယောဂကို ပြခြင်းအကြောင်း
၂၁။ ယံပိစ္ဆံ နလဗ္ဘတိ ဟူသော ဒုက္ခကိုပြခြင်းအကြောင်း
၂၂။ ပဉ္စုပါဒါနက္ခန္ဓာဒုက္ခကို ပြခြင်းအကြောင်း
၂၃။ ထိုဒုက္ခသစ္စာ၏ အပြားကား အဘယ်မျှရှိသနည်း ဟူသော ဆဋ္ဌပုစ္ဆာကို ဖြေရှင်း၍ပြခြင်း
၂၄။ သန္တာပဒုက္ခ စသည်ကို ပြခြင်းအကြောင်း
၂၅။ ခန္ဓာငါးပါး၏သရုပ်ကို ပြခြင်းအကြောင်း
၂၆။ အာယတန, ဓာတ်, သစ္စာ, ပဋိစ္စသမုပ္ပါဒ်ကို ပြခြင်းအကြောင်း
၂၇။ ပုဂ္ဂိုလ်ကိုစွဲ၍ ဘုံ၌ဖြစ်သော ခန္ဓာ, အာယတန, ဓာတ် သစ္စာ, ပဋိစ္စသမုပ္ပါဒ် တို့ကိုပြခြင်းအကြောင်း
၂၈။ ဌာနပရိစ္ဆေဒအားဖြင့် ခန္ဓာ, အာယတန, ဓာတ်, သစ္စာ, ပဋိစ္စသမုပ္ပါဒ်တို့ကို ပြခြင်းအကြောင်း
၂၉။ ဒွါရပရိစ္ဆေဒအားဖြင့် ခန္ဓာ, အာယတန, ဓာတ်, သစ္စာ, ပဋိစ္စသမုပ္ပါဒ်တို့ကို ပြခြင်းအကြောင်း
၃၀။ စက္ခုဒွါရ၌ ရထိုက်သော ပဋ္ဌာန်းပစ္စည်းတို့ကို ပြခြင်းအကြောင်း
၃၁။ သောတဒွါရ၌ ရုပ်နာမ်, ခန္ဓာ, အာယတန, ဓာတ်, သစ္စာ, ပဋိစ္စသမုပ္ပါဒ်တို့ကို ပြခြင်းအကြောင်း
၃၂။ ဃာနဒွါရ၌ ရုပ်နာမ်ခန္ဓာ, အာယတန, ဓာတ်, သစ္စာ, ပဋိစ္စသမုပ္ပါဒ်တို့ကို ပြုခြင်းအကြောင်း
၃၃။ ဇိဝှါဒွါရ၌ ရုပ်နာမ်, ခန္ဓာ, အာယတန, ဓာတ်, သစ္စာ ပဋိစ္စသမုပ္ပါဒ်တို့ကို ပြခြင်းအကြောင်း
၃၄။ ကာယဒွါရ၌ ရုပ်နာမ်ခန္ဓာ အာယတန, ဓာတ်, သစ္စာ, ပဋိစ္စသမုပ္ပါဒ်တို့ကို ပြခြင်းအကြောင်း
၃၅။ ကာယဝိညတ် လေးပါးတို့၌ ရုပ်နာမ်, ခန္ဓာ, အာယတန, ဓာတ်, သစ္စာ, ပဋိစ္စသမုပ္ပါဒ်တို့ကို ပြခြင်းအကြောင်း
၃၆။ ဝစီဝိညတ် လေးပါးတို့၌ ရုပ်နာမ်, ခန္ဓာ, အာယတန, ဓာတ် သစ္စာ, ပဋ္ဋိစ္စသမုပ္ပါဒ် တိုကို ပြခြင်းအကြောင်း
၃၇။ မနောဒွါရလေးပါးတို့၌ ရုပ်နာမ်, ခန္ဓာ, အာယတန ဓာတ် သစ္စာ, ပဋိစ္စသမုပ္ပါဒ် တို့ကို ပြခြင်းအကြောင်း
၃ဂ။ ထိုဒုက္ခသစ္စာ၏နယ်ကား အဘယ်မျှကျယ်သနည်း ဟူသော သတ္တမပုစ္ဆာကို ဖြေရှင်း၍ပြခြင်း
၃၉။ ထိုဒုက္ခသစ္စာကို အဘယ်သို့သိရုံမျှနှင့် သံသရာမှ မလွတ်သနည်း၊ အဘယ်သို့သိလျှင် သံသရာမှ လွတ်သနည်း ဟူသော အဋ္ဌမပုစ္ဆာကို ဖြေရှင်း၍ ပြခြင်း
၄၀။ ဒုက္ခသစ္စာ၌ အတ္တဘာဝအာဝီဘဝနာကာရ, အညဘာဝ အာဝီဘဝနာကာရ နည်းတို့ကို ပြခြင်းအကြောင်း

၄၁။ သမုဒယသစ္စာကို ပုစ္ဆာရှစ်ချက်ဖြင့် အမေးကို ပြခြင်းအကြောင်း
၄၂။ အဘယ့်ကြောင့် သမုဒယမည်သနည်း - ဟူသော ပဌမပုစ္ဆာကို ဖြေရှင်း၍ပြခြင်း အကြောင်း
၄၃။ ထိုသမုဒယသစ္စာ၏ လက္ခဏာ စသည်ကား အဘယ်နည်း - ဟူသော စတုတ္ထ ပုစ္ဆာကို ဖြေရှင်း၍ ပြခြင်းအကြောင်း
၄၄။ ထိုသမုဒယသစ္စာ၏ အာကာရတို့ကား အဘယ်နည်း - ဟူသော ပဉ္စမပုစ္ဆာကို ဖြေရှင်း၍ ပြခြင်းအကြောင်း
၄၅။ သမုဒယသစ္စာသည် ဥယျောဟဏ, ဩယောဟဏ, နေဝဥယျောဟဏ နဩယောဟဏ ဂုဏ်သုံးပါးတို့ကို ဆောင်ပုံကို ပြခြင်းအကြောင်း
၄၆။ ထိုသမုဒယသစ္စာ၏ အပြားကား အဘယ်မျှရှိသနည်း - ဟူသော ဆဋ္ဌပုစ္ဆာကို ဖြေရှင်း၍ ပြခြင်းအကြောင်း
၄၇။ စက္ခု အစရှိသော ဒွါရခြောက်ပါးတို့၌ အာသဝေါတရား လေးပါးတို့၏ ဖြစ်ဟန်ကို ပြဆိုခြင်း အကြောင်း
၄၈။ ဥပါဒါန်စသည်ကို ပြခြင်းအကြောင်း
၄၉။ ဟေတု စသော နှစ်ဆယ်သော ပစ္စည်းတို့သည် သမုဒယသစ္စာကို ပြုတတ်ခြင်း အကြောင်း
၅၀။ ထိုသမုဒယသစ္စာ၏ နယ်ကား အဘယ်မျှ ကျယ်သနည်း” ဟူသော သတ္တမ ပုစ္ဆာကို ဖြေရှင်း၍ ပြခြင်းအကြောင်း
၅၁။ ထိုသမုဒယသစ္စာကို အဘယ်သို့ သိရုံမျှနှင့် သံသရာမှ မလွတ်သနည်း၊ အဘယ်သို့သိလျှင် သံသရာမှ လွတ်သနည်း ဟူသော အဋ္ဌမပုစ္ဆာကို ဖြေရှင်း၍ ပြခြင်းအကြောင်း
၅၂။ ဩယောဟဏဂုဏ်ကိုဆောင်သော သမုဒယသစ္စာ၌ အတ္တဘာဝအာဝီဘဝနာ-ကာရသိခြင်း, အညဘာဝအာဝီဘဝနာကာရသိခြင်း, ဧကပဋိဝေဓအာဝီဘဝနာကာရ သိခြင်း သုံးပါးတို့ကို ပြခြင်းအကြောင်း

၅၃။ နိရောဓသစ္စာကို ပုစ္ဆာရှစ်ချက်ဖြင့် အမေးကိုပြခြင်းအကြောင်း
၅၄။ အဘယ်ကြောင့် နိရောဓမည်သနည်း - ဟူသော ပဌမပုစ္ဆာကို ဖြေရှင်း၍ပြခြင်း အကြောင်း
၅၅။ ထိုနိရောဓသစ္စာ၏ လက္ခဏာ စသည်ကား အဘယ်နည်း - ဟူသော စတုတ္ထ ပုစ္ဆာကို ဖြေရှင်း၍ ပြခြင်းအကြောင်း
၅၆။ ထိုနိရောဓသစ္စာ၏ အာကာရတို့ကား အဘယ်နည်း - ဟူသော ပဉ္စမပုစ္ဆာကို ဖြေရှင်း၍ ပြခြင်းအကြောင်း
၅၇။ နိဗ္ဗာန်ကို အဆင်းအားဖြင့်၎င်း သဏ္ဌာန်အားဖြင့်၎င်း အလွန်နူးညံ့သောကြောင့် ပြနိုင်ရန် ခက်ခဲခြင်းအကြောင်း
၅၈။ ထိုနိရောဓသစ္စာ၏ အပြားကား အဘယ်မျှရှိသနည်း - ဟူသော ဆဋ္ဌပုစ္ဆာကို ဖြေရှင်း၍ ပြခြင်းအကြောင်း
၅၉။ အနုပါဒိသေသနိဗ္ဗာန်ကို ပြခြင်းအကြောင်း
၆၀။ သုညတ အနိမိတ္တ အပ္ပဏိဟိတ နိဗ္ဗာန်တို့ကို ပြုခြင်းအကြောင်း
၆၁။ နိဗ္ဗာန်၏ပရိယာယ်ပုဒ်တို့ကို ပြခြင်းအကြောင်း
၆၂။ ထိုနိရောဓသစ္စာ၏နယ်ကား အဘယ်မျှကျယ်သနည်း ဟူသော သတ္တမပုစ္ဆာကို ဖြေရှင်း၍ ပြခြင်းအကြောင်း
၆၃။ ထိုနိရောဓသစ္စာကို အဘယ်သို့ သိရုံမျှနှင့် သံသရာမှ မလွတ်သနည်း၊ အဘယ်သို့သိလျှင် သံသရာမှ လွတ်သနည်း - ဟူသော အဋ္ဌမပုစ္ဆာကို ဖြေရှင်း၍ ပြခြင်းအကြောင်း
၆၄။ နိရောဓသစ္စာ၌ အတ္တဘာဝအာဝီဘဝနာကာရနည်း, အညဘာဝအာဝီဘဝနာ-ကာရနည်းတို့ကို ပြခြင်းအကြောင်း
၆၅။ နိရောဓသစ္စာ၌ ဧကပဋိဝေဓနည်းကို ပြခြင်းအကြောင်း
၆၆။ အသင်္ခတဓာတ် မြတ်သောနိဗ္ဗာန်ကို အမှတ်မရှိသော အရပ်ကနေ၍ သီလဝိသုဒ္ဓိနှင့် ပြည့်စုံသောသူတို့သည် မြင်နိုင်ကြခြင်းအကြောင်း
၆၇။ နိဗ္ဗာန်ကို အကြောင်းလေးပါးနှင့် ပြည့်စုံမှ မြင်နိုင်ခြင်းအကြောင်း
၆၈။ နိဗ္ဗာန်ကို အာရုံပြုရခြင်း အကြောင်း
၆၉။ ဝိဇ္ဇူပမမဂ် ဝဇိရူပမမဂ်တို့ကို ပြခြင်းအကြောင်း
၇၀။ နိရောဓသစ္စာ၌ အတ္တဘာဝအာဝီဘဝနာကာရနည်း, အညဘာဝအာဝီဘဝနာ-ကာရ နည်းတို့ကို ပြခြင်းအကြောင်း

၇၁။ မဂ္ဂသစ္စာကို ပုစ္ဆာရှစ်ချက်ဖြင့် ပြုခြင်းအကြောင်း
၇၂။ အဘယ်ကြောင့် မဂ္ဂမည်သနည်း - ဟူသော ပဌမပုစ္ဆာကို ဖြေရှင်း၍ပြခြင်း အကြောင်း
၇၃။ ထိုမဂ္ဂသစ္စာ၏ လက္ခဏာ စသည်ကား အဘယ်နည်း - ဟူသော စတုတ္ထပုစ္ဆာကို ဖြေရှင်း၍ ပြခြင်းအကြောင်း
၇၄။ ထိုမဂ္ဂသစ္စာ၏ အာကာရတို့ကား အဘယ်နည်းဟူသော ပဉ္စမပုစ္ဆာကို ဖြေရှင်း၍ပြခြင်းအကြောင်း
၇၅။ သမ္မာဒိဋ္ဌိကို ပြခြင်းအကြောင်း
၇၆။ သမ္မာသင်္ကပ္ပကို ပြခြင်းအကြောင်း
၇၇။ သမ္မာဝါစာကို ပြခြင်းအကြောင်း
၇၈။ သမ္မာကမ္မန္တကို ပြခြင်းအကြောင်း
၇၉။ သမ္မာအာဇီဝကို ပြခြင်းအကြောင်း
၈၀။ သမ္မာဝါယာမကို ပြခြင်းအကြောင်း
၈၁။ သမ္မာသတိကို ပြခြင်းအကြောင်း
၈၂။ သမ္မာသမာမိကို ပြခြင်းအကြောင်း
၈၃။ သမ္မာဒိဋ္ဌိ စသော မဂ္ဂင်ရှစ်ပါးတို့၏ အင်္ဂါကို ပြခြင်းအကြောင်း
၈၄။ ထိုမဂ္ဂသစ္စာ၏ အပြားကား အဘယ်မျှရှိသနည်း ဟူသော ဆဋ္ဌပုစ္ဆာကို ဖြေရှင်း၍ ပြခြင်းအကြောင်း
၈၅။ ထိုမဂ္ဂသစ္စာ၏ နယ်ကား အဘယ်မျှကျယ်သနည်း ဟူသော သတ္တမပုစ္ဆာကို ဖြေရှင်း၍ ပြခြင်းအကြောင်း
၈၆။ ထိုမဂ္ဂသစ္စာကို အဘယ်သို့သိရုံမျှနှင့် သံသရာမှ မလွတ်သနည်း၊ အဘယ်သို့ သိလျှင် သံသရာမှ လွတ်သနည်း - ဟူသော အဋ္ဌမပုစ္ဆာကို ဖြေရှင်း၍ ပြခြင်း အကြောင်း

၈၇။ သရဏဂုံသုံးပါးကို ပြခြင်းအကြောင်း
၈၈။ လောကီသရဏဂုံ လောကုတ္တရာသရဏဂုံတို့ကို ပြခြင်းအကြောင်း
၈၉။ အတ္တသန္နံယျာတန စသော သရဏဂုံလေးပါးတို့ကို ပြခြင်းအကြောင်း
၉၀။ ဉာတိ ဘယ - စသော ပဏိပါတသရဏဂုံ လေးပါးကို ပြခြင်းအကြောင်း
၉၁။ ပဉ္စသီလ စသည်ကို ပြခြင်းအကြောင်း
၉၂။ ဗြဟ္မစရိယပဉ္စမကသီလ စသည်ကို ပြခြင်း အကြောင်း
၉၃။ သုရာမေရယသိက္ခာပုဒ် အဆုံးအဖြတ်ကို ပြခြင်းအကြောင်း
၉၄။ ဝိကာလဘောဇနသိက္ခာပုဒ် အဆုံးအဖြတ်ကို ပြခြင်းအကြောင်း
၉၅။ နစ္စ ဂီတ ဝါဒိတ သိက္ခာပုဒ် အဆုံးအဖြတ်ကို ပြခြင်းအကြောင်း
၉၆။ မာလာဂန္ဓ, ဝိလေပန သိက္ခာပုဒ် အဆုံးအဖြတ်ကို ပြခြင်းအကြောင်း
၉၇။ ဥစ္စာသယနမဟာသယန သိက္ခာပုဒ် အဆုံးအဖြတ်ကို ပြခြင်းအကြောင်း
၉၈။ ဇာတရူပရဇတ သိက္ခာပုဒ်ကို ဆုံးဖြတ်၍ပြခြင်း အကြောင်း
၉၉။ ဤကျမ်း၌ အပြစ်ဒေါသတို့ကို ပညာရှင်ကြီးတို့အား တောင်းပန်ခြင်း
၁၀၀။ ကျမ်းပြီးဆုံးခြင်း နိဂုံးစကားရပ်ကို ပြခြင်း အကြောင်း

သစ္စပါရဂူကျမ်း၏ (မာတိကာ) ပြီး၏။

သစ္စပါရဂူကျမ်း

▬ஜ۩۞۩ஜ▬

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

၁ - ပဏာမကို ပြခြင်း

▬▬▬▬▬▬▬

သစ္စံ သစ္စေန ဒဿေန္တံ၊ သစ္စဉာဏေဟိ သံပုဏံ။
သစ္စိစ္ဆိတာနဉ္စ ဒေန္တံ၊ တံ ဗုဒ္ဓံ စ နမာမဟံ။

(တတိယ ဝိပုလာဂါထာ။ )

သစ္စတော သစ္စံ ဒဿေန္တံ၊ သစ္စေန စ ပရီပုရံ။
သစ္ဆိကာနံ သစ္စံ ဖဿံ၊ တံ ဓမ္မံ စ နမာမဟံ။

(ဝိပုလာဂါထာ။)

သစ္စံ သစ္စေန ပဿန္တံ၊ သစ္စေဟိ စ သမာပုဏံ။
သစ္စဓမ္မာနံ သုပဿံ၊ တံ သံဃံ စ နမာမဟံ။

(တတိယ ဝိပုလာဂါထာ။ )

ထေရဝံသပဒီပါနံ၊ ဓီရာနံ ဝိနယက္ကမေ။
ဆေကာဝဟာနံ အဆေကံ၊ ဂါရဝါနံ နမာမဟံ။

(တတိယ ဝိပုလာဂါထာ။)

သာဒရံ နမဿိတွာန၊ ကရိဿံ သစ္စာပါရဂုံ။
ယာစိတော သီလသမ္ပန္နော၊ ဓိတိယာ စ သမ္မာ ဌိတော။

(ဝိပုလာဂါထာ။)

ယော ထေရော ကေတုမာလာတိ၊
သုတေန စ သမာဂတော။
ဣစ္ဆိတာ ဝေါ သစ္စံ သဒါ၊
သန္တိကာဝ ဂဏှန္တူတိ။

(ဝိပရီတပထျာဝတ္တဂါထာ။)

အဟံ၊ ငါသည်။
သစ္စံ၊ ဘေးအပေါင်းတို၏ ဧငြိမ်းရာအမှန်ဖြစ်သော နိဗ္ဗာန်ကြီးကို။
သစ္စေန၊ မဘောက်မပြန် မှန်သောအတိုင်း အားဖြင့်။
ဒဿေန္တံ၊ ပြတော်မူတတ်ထ။
သစ္စဉာဏေဟိ၊ သစ္စာလေးပါး မြတ်တရားကို ပိုင်းခြား ဝေဘန် အမှန်သိတတ်သော ရွှေဉာဏ်တော်တို့နှင့်။
သံပုဏ္ဏံ၊ ကောင်းစွာ ပြည့်စုံထသော။
သစ္စိစ္ဆိတာနဉ္စ၊ သစ္စာလေးတန် မြတ်သည့်ဉာဏ်ကို အမှန်လိုလား အမျိုးသား တို့အားလည်း။
ဒေန္တံ၊ ပေးတော်မူတတ်ထသော။
တံ ဗုဒ္ဓံ စ၊ ထိုမြတ်စွာဘုရားကြီးကိုလည်း။
နမာမိ၊ ရိုသေစွာရှိခိုးပါ၏။

အဟံ၊ ငါသည်။
သစ္စံ၊ မဘောက်မပြန် အမှန်ဧငြိမ်းရာဖြစ်သော နိဗ္ဗာန်ကြီးကို။
သစ္စတော၊ မှန်သောအားဖြင့်။
ဒဿေန္တံ၊ ပြတော်မူတတ်ထသော။
သစ္စေန စ၊ မဘောက်မပြန် အမှန်ဧငြိမ်းသော သန္တိသုခကြီးနှင့်လည်း။
ပရိပူရံ၊ ပြည့်စုံစွာထသော။
သစ္စံ၊ မဘောက်မပြန် မှန်သောနိဗ္ဗာန်ကြီးကို။
သစ္ဆိကာနံံ၊ ဧကန်ဆတ်ဆတ် မျက်မှောက် ပြုတော်မူကြကုန်သော သူတော်ကောင်း တို့အား။
ဖဿံ၊ တွေ့ထိစွတ်စိုစေတတ်ထသော။
တံ ဓမ္မံ စ၊ ထိုမဂ်လေးတန် ဖိုလ်လေးတန် နိဗ္ဗာန် ပရိယတ်ဟု ဆိုအပ်သော ဆယ်ပါးသော တရားတော်မြတ် အပေါင်းကိုလည်း။
နမာမိ၊ ရိုသေစွာရှိခိုးပါ၏။

အဟံ၊ ငါသည်။
သစ္စံ၊ မီးဆယ့်တပါးတို့၏ ဧငြိမ်းရာအမှန် ဖြစ်သော နိဗ္ဗာန်ကြီးကို။
သစ္စေန၊ မဘောက်မပြန် မှန်သော အတိုင်းအားဖြင့်။
ပဿန္တံ၊ မြင်တော်မူတတ်ထသော။
သစ္စေဟိ စ မဘောက်မပြန် မှန်သော မဂ်ဉာဏ် ဖိုလ်ဉာဏ်တို့နှင့်လည်း။
သမာပုဏ္ဏံ၊ ကောင်းစွာပြည့်စုံတော်မူထသော။
သစ္စဓမ္မာနံ၊ သစ္စာလေးပါး မြတ်တရားအပေါင်းတို့ကိုလည်း။
သုပဿံ၊ ကောင်းစွာ မြင်တော်မူထသော။
တံ သံဃံစ၊ ထိုမဂ္ဂဋ္ဌာန်လေးယောက် ဖလဋ္ဌာန်လေးယောက် ဟုဆိုအပ်သော အရိယာ သံဃာတော်အပေါင်းကိုလည်း။
နမာမိ၊ ရိုသေစွာ ရှိခိုးပါ၏။

အဟံ၊ ငါသည်။
ထေရဝံသပဒီပါနံ၊ အရှင်မဟာကဿပ အစရှိကုန်သော ဆရာမြတ်ကြီးတို့၏ အနွယ်ကို ပြတတ်ကုန်ထသော။
ဝိနယက္ကမေ၊ သံဝရဝိနည်း ပဟာနဝိနည်း အစဉ်၌။
ဓီရာနံ၊ တည်ကြည်ခိုင်ခံ့ ကြန့်ကြန့်ရပ်သော နှလုံးလည်း ရှိကုန်ထသော။
အဆေကံ၊ မလိမ္မာမယဉ်ကျေးသော ငါစသော သူအပေါင်းကို။
ဆေကာဝဟာနံ၊ မယဉ်ကျေးလျှင် ယဉ်ကျေးရအောင် သွေးဆောင် ဆုံးမတော်မူ တတ်သော အလေ့လည်း ရှိကုန်ထသော။
မေ မမ၊ ငါ၏။ (ထည့်)။
ဂါရဝါန စ၊ မြင်းမိုရ်တောင်ဦး မကကြူးသည် ကျေးဇူးသခင် ဆရာရှင်တို့ အားလည်း။
နမာမိ၊ ရိုသေစွာရှိခိုးပါ၏။

နမဿိတွာန၊ ရိုသေစွာရှိခိုးပြီး၍။
သီလသမ္ပန္နော၊ ပါတိမောက္ခ သံဝရသီလစသော သီလတို့နှင့်လည်း ပြည့်စုံထသော။
ဓိတိယာ စ၊ ခဏိကစသော သမာဓိတရားအပေါင်း၌လည်း။
သမ္မာ ဌိတော၊ ကောင်းစွာတည်ထသော။
သုတေန စ၊ လောကုတ် လောကီ နှစ်လီကျမ်းဂန် အတန်တန်သော သုတမျိုး အပေါင်း ဖြင့်လည်း။
သမာဂတော၊ ကောင်းစွာရောက်ထသော။
ကေတုမာလာတိ ၊ ကေတုမာလာ ဟူ၍။
ဝိဿုတော၊ ထင်ပေါ်သော။ (ထည့်)။
ယောထေရော၊ အကြင်မထေရ်သည်။
အတ္ထိ၊ ရှိ၏။

တေန ထေရေန၊ ထို မထေရ်သည်။
သာဒရံ၊ ရိုသေစွာ။
ယာစိတော၊ တောင်းပန်အပ်သော ငါသည်။
သစ္စပါရဂုံ၊ မဖောက်မပြန် မှန်သော နိဗ္ဗာန်တည်းဟူသော ကမ်းကို ရောက်ရာ ရောက်ကြောင်းဖြစ်ခြင်းကြောင့် “သစ္စပါရဂူ” အမည်ရှိသော ကျမ်းကြီးကို။
ဝါ၊ သစ္စာလေးပါး မြတ်တရားကို ပိုင်းခြားထင်ထင် သိမြင်ရာသိမြင်ကြောင်း ဖြစ်ခြင်းကြောင့် သစ္စပါရဂူ အမည်ရှိသော ကျမ်းကြီးကို။
ကရိဿံ ကရိဿာမိ၊ ပြုပေအံ့။
သစ္စံ၊ မဘောက်မပြန် မှန်သော နိဗ္ဗာန်ကြီးကို။
ဝါ၊ မဘောက်မပြန် မှန်သော သစ္စာလေးပါး မြတ်တရားတော်ကြီးကို။
ဣစ္ဆိတာ၊ လိုချင်တောင့်တ နှစ်သက်ကြကုန်သော။
ဝေါ တုမှေဟိ၊ သင်သူတော်ကောင်း အပေါင်းတို့သည်။
သန္တိကာဝ၊ ငါ၏အထံမှသာလျှင်။
ဝါ၊ သစ္စပါရဂူအမည်ရှိသော ကျမ်းကြီး၌သာလျှင်။
သဒါ၊ အခါခပ်သိမ်း။
ဂဏှန္တု၊ သင်ယူမှတ်သား နာကြား ကျင့်ဆောင်ကြစေကုန်သတည်း။
ဣတိ အယံ၊ ဤသည်ကား။
ပရိသမာပနံ၊ ရတနတ္တယာဘိဓေယျာဒိ စသည့်ဥဿုံ အလုံးစုံကို ဆိုရာဆိုကြောင်း ဖြစ်သော စကားတရပ် အပြီးသတ်တည်း။

၂ - နိဒါန်းကို ပြခြင်း

▬▬▬▬▬▬▬

တြိ ခေတ္တ၊ သုံးလောကလုံး၊
နှုန်းဘက်မမြင်၊ ယှဉ်ဘက် မရ၊
သုဂတပရမံ၊ အရဟံ ဘဂဝါ၊ သမ္မာသမ္ဗုဒ္ဓ၊ အနုတ္တရ ဇိနော၊ တိလောကန္တဂူ၊ သယမ္ဘူ ဘဝိဿရ၊ ဓမ္မသာမိ၊ မုနိပုင်္ဂဝ၊ ရာဇ ရာဇာ၊ ဒေဝါတိ ဒေဝိန်၊ သက္ကာတိ သက္ကိန်၊ ဗြဟ္မာတိဗြဟ္မိန်
ဂုဏ်မဟိန်တို့ဖြင့်၊ ဘုမ္မိံ ဘောက်ထွက်၊
ဘဝဂဝီ်စိ၊ ထုတ်ချင်းထိ ထုတ်ချင်းဖြာ၊
ဖီလာပတ်ရစ်၊ သုံးခေတ်တိုင်တိုင်၊
ပြန့်လှိုင်ကျော်ဟိုး၊ မြေနှင့်မိုယ်းတို့၊
ကျိုးပျက်မလောက်၊ ထက်အောက်လျှံမျှ၊
ဂုဏ်နန္တတို့ကြောင့်၊ ပုံစံမျှမယူနိုင်၍၊
လူမှိုင် နတ်ငေး၊
နီး ဝေး နှိုင်းချိန်၊ သုခမိန်ဟူသမျှတို့၏၊
ဦးချညွှတ်ပျောင်း၊ ဦးခေါင်းဆံဖျားတို့ဖြင့်၊
ရွှေဘဝါးတော် ကြာပဒုံကို၊
ခိုလှုံဝပ်တွားခြင်းငှာ ထိုက်ပေသော၊
သုံးတိုက်လုံး ထွတ်ခေါင်၊
ငါးမာရ်အောင်ရာဇာ၊ စောသတ္တာသည် …
သင်္ချေလေးမြွှာ၊ ကမ္ဘာတသိန်း၊
တွက်ကိန်းနန္တ၊ ဘဝ ထိုထို၊
အဟိုဟိုဟူသမျှတို့၌။
ဝါ၊ နှစ်ဆယ်သင်္ချေ၊ ကပ္ပေတသိန်း၊
တွက်ကိန်းနန္တ၊ ဘဝထိုထို၊
အဟိုဟိုဟူသမျှတို့၌ -

ဒါနပါရမီ, သီလပါရမီ၊ နေက္ခမ္မပါရမီ, ပညာပါရမီ၊ ဝီရိယပါရမီ, ခန္တီပါရမီ၊ သစ္စာပါရမီ အဓိဋ္ဌာန်ပါရမီ၊ မေတ္တာပါရမီ, ဥပေက္ခာပါရမီဟု
ဆိုအပ်သော ပါရမီဆယ်ပါး။
၎င်းဆယ်ပါးတို့ဝယ် တပါးတပါး၌
ဒသပါရမီ, ဒသဥပပါရမီ၊ ဒသပရမတ္ထပါရမီ, ပြားရကား
အပြားသုံးဆယ်သော ပါရမီ၊
၎င်းသုံးဆယ်တို့ဝယ်
တပါးတပါးသောပါရမီ၌
ဟီန, မဇ္ဈိမ, ပဏီတ ပြားရကား
အားကိုးဆယ်သောပါရမီ။
တရားကိုယ်နှင့်တကွ ပါရမီဆယ်ပါး
အပြားတရာသော ပါရမီ ...
ဓနပရိစ္စာဂ, ပုတ္တပရိစ္စာဂ၊ ဘရိယပရိစ္စာဂ, အင်္ဂပရိစ္စာဂ၊ ဇီဝိတပရိစ္စာဂဟု
ဆိုအပ်သော စွန့်ခြင်း ကြီးငါးပါး …
လောကတ္ထစရိယ, ဉာတတ္ထစရိယ၊ ဗုဒ္ဓတ္ထစရိယဟု ဆိုအပ်သော စရိယသုံးပါး။
ဤသို့အားဖြင့်၊ များစွာဝတ္ထု၊
ကောင်းမှုဒဗ္ဗ၊ သမ္ဘာရတို့ကို၊
ဆယ်စထက် ဆယ်ဆဖြာစေလျက်၊
ကဋ္ဌဝါလုလင်ဘဝမှသည်၊ အန္တိမပိုင်ပိုင်၊
မင်းဝေဿန် အဖြစ်တိုင်အောင်၊
မယိုင်မယိမ်း၊ မတိမ်းမစောင်း၊
အလောင်းမြတ်ဖျား၊ ကိုယ်တော်အားကို၊
သနားခြင်း ရောင်အရိပ်ဖြင့်၊ တံဆိပ်မထင်စေဘဲ၊
ဒီပင်မြတ်စွာ၊ စောသတ္တာ၏၊
ရွှေဗျာတော် တံဆိပ်ရင်းဖြင့်၊
စိတ်တင်းဖြည့်ကျင့်တော်မူလျက်၊
ဆူဆူမြတ်စွာ၊ ဘဂဝါတို့၏၊
ဖြစ်ရာဒေသ၊ မဇ္ဈိမပိုင်၊
ခရိုင်ဌာနီ၊ ကပီနဂရ၊ ထိုဒေသ၌၊
ခတ္တိယ ဝံသာ၊ နေလာနွယ်ရင်း၊
အမင်းမင်းတို့၏၊ ဦးကင်း မကိုဋ်၊
တင်ထားထိုက်လှသော၊ ငါတို့ထွတ်စော၊
ဂေါတမကိုယ်တော်မြတ်သည် -

ဤကျွန်းရပ် ဇမ္ဗူတွင်၊ ပြိုင်မတူ ဘက်မရှိ၊
ဂုဏ်တန်ဆောင်ငြိရသော၊
သီရိမဟာ၊ မာယာဒေဝီ၊
ဝမ်းစေတီမှ၊ ကွန့်ချီပွင့်မြန်းတော်မူသဖြင့်၊
လူတွင်အထူး၊ မမြင်ဘူးမကြုံတောင်း၊
ချီးသောင်း အံ့မော၊ ပြောပထိုက်လှသော၊
အစ္ဆရိယ အဗ္ဘုတဂုဏ်ကိုခံလျက်၊
လူတန် ရွယ်သစ်၊ ဆယ့်ခြောက်နှစ်တိုင်၊
ဖြီးခိုင်လောက်လွေ့၊ ပြိုင်မဟေ့သော၊
အိမ်ရှေ့နန်းလျာ၊ ဥပရာအသွင်ဖြင့်၊
ပျော်ရွှင်မြူးထူးတော်မူ၍၊ လူတို့ရိပ်ငြိမ်၊
စည်းစိမ်စံလောက်၊ ရွယ်ရောက်သောခါ၊
မဟာသုဒ္ဓေါ်၊ မင်းကျော်ဘဘွားသည်၊
ငါ့သားရတနာ၊ လောင်းမြတ်စွာသည်၊
စကြာညီးညီး၊ ယာဉ်ပျံစီး၍၊
ကျွန်းကြီး လေးရပ်၊ ဝန်းကာပတ်သော၊
လောကဓာတ်တလွှားဝယ်၊ သိကြားမိုယ်းနတ်၊
မယှဉ်အပ်သော၊ မန္ဓာတ်မင်းစစ်၊
ဖြစ်သည်ကိုသာ၊ မြင်လိုပါသည်ဟု၊
ရမ္မ, သုဘ၊ သုရမ္မ ဗိမာန်၊
ဝေယန်ပြောင်ပြောင်၊ နန်းရွှေတောင်ထက်၊
ဆင်းရောင်မြုတေ၊ ကြက်သရေ စံပ၊
နတ်ဟန်လှသော၊ သာကိယဝံသာ၊
မဟာဆွေနွယ်၊ သက်ရွယ်မကြီး၊ ရှုမငြီးသော၊
မင်းကျီးပေါင်း လေးသောင်းနှင့်တကွ၊
ဒေဝဒဟ၊ တိုင်းမပြည်သူ၊
ဇမ္ဗူလုံး နှင်းဆီ၊ ဤကာမဓာတ်၊
ဆယ့်တရပ် ဘုံလုံးဝယ်၊ အဆုံးသတ် အထွတ်တင်၊
အလှတွင် စံလွန်သော၊ မိန်းမမွန် ရတနာ၊
ဗိမ္ဗာရွှေလှော်၊ မင်းယသော်နှင့်၊
ဂဟေဆော် စပ်သကဲ့သို့၊
လက်ထပ်ထိမ်းမြားတော်မူ၍ -

ဇမ္ဗူသိခ၊ ကပိလပရမေ၊
ပြည်ချက်ဗွေ၌၊ ဧကရာဇ်မင်းဆုံး၊
ကျွန်းအလုံးကို သိမ်းကျုံးပိုင်စိုး၊
ရှစ်ဆိုင်မိုး၍၊ နန်းရိုးစိုက်တော်မူသဖြင့်၊
ပစ္စူကနက်၊ ဖြန့်ကြက်ရိပ်ငြိမ်၊
စည်းစိမ်ဆယ့်သုံးနှစ် အကြာတွင်၊
သုဒ္ဓါဝါစံ၊ အနာဂါမ်နတ် ဗြဟ္မာနတ်တို့၊
ပြအပ်သော နိမိတ် လေးပါး၌၊
တရားသံဝေဂ၊ ယူဆပိုက်သိမ်းမိသဖြင့်၊
ကိလေဝဋ္ဋ၊ တိဘဝ စက်၊
ဂရက် ဝဲမော်၊ သဲသဲအော်မျှ၊
ခုန်ကျော်ပျံလူး၊ ငါလျှင်ကူး၍၊
မကူးမတက်၊ မထွက်နိုင်ကြ၊
ဝေနေယျကို၊ ခေမကမ်းစွယ်၊
မြိုက်ကျွန်းလယ်သို့၊ ငါကယ်တင်မည်ဟု၊
ကြံရည်တော်မူပြီးလျှင်၊ ညသန်းခေါင်းယံဝယ်၊
သံသရာထိုထို၊ အဟိုကမ္ဘာ၊
ဆက်များစွာက၊ တနာရီနက် မခွါရက်အောင်၊
အသက်တမျှ၊ ကြင်ခဲ့ကြသော၊
ဘဒ္ဒကဉ္ဇနာ၊ လက်ယာကြင်သူ၊
မင်းရာဟူတို့ကို၊ သည်းအူဆွေ့ဆွေ့၊
မေ့မျှမတတ်၊ ချစ်ကြိုးပတ်ကို၊
အဆုံးသတ် ဖြေတော်မူခြင်းငှါ၊
မတ်ဆန္န နောက်ပါ၊ ကဏ္ဍက ယဉ်သာနှင့်၊
မဟာဘိနိက္ခမဖြင့်၊ ထွက်ကြွတော်မူခဲ့၍၊
သဲဖြူသာယာ၊ အနော်မာ၌၊
ဗြဟ္မာ ဃဋိက၊ ကပ်လာ သသော၊
ကမ္ဘာ့တန်းဆာ၊ ရွှေကြာသင်္ကန်းဖြင့်၊
ရဟန်းပြုတော်မူပြီးလျှင် -

စိမ့်ကြီးရဂုံ၊ မြိုင်ရိပ်မြုံသို့၊ ခိုလှုံကပ်မှီ၍၊
တပသီအာဠာရဥဒက ရသေ့တို့၊
လေ့ကြသော ရူပဈာန် အရူပဈာန်ကို၊
အတံငယ် နည်းမှီ၍၊ ဝသီဘော်ငါးအင်ဖြင့်၊
ကျွမ်းကျင်အောင် ပြုသော်လည်း၊
စတုက သစ္စာကို၊ မြင်ခြင်းငှာ မထိုက်သေးရကား …
လောကီရေး သမာပတ်၊ ဘိညာဉ်ရပ်တို့ကို၊
အလေးအမြတ်ပြု၍၊ ဂရုမမူသာချေ၊
သဗ္ဗညုအခြေကို၊ ဖွေဦးမှသင့်မည်ဟု၊
ကြံရည်ဖန်လည်၍၊ ဝဂ္ဂီငါးပါးတို့၊
တည် နားသော တောယံသို့၊ တဖန်ကပ်ပြီးလျှင်၊
အနည်းနည်း အတန်တန်၊ ခြိုးခြံခေါင်းပါး၊
အစားပစ် အအိပ်ပစ်၊ ခြောက်နှစ်လုံးလုံး
အဆုံး မရှိ၊ အတိ ဒုက္ကရ
ပဓာနကျင့်တမ်းကို၊ ကြိုးပမ်း၍ကျင့်သော်လည်း၊
ပွင့်ခြင်းသို့ မရောက်နိုင်ရကား၊
ထို အမှားစရိုက်မှ ထွက်ပြန်၍၊
လေးတန်သော ဣရိယာဖြင့်၊
မျှခြင်းငှါ လည်လေသော်၊
မရှည်စလှ၊ ရာသုံးခုအကြုံ၊
ကဆုန်လ ပုဏ္ဏမေဝယ်၊ သေနနိဂုံး၊
လူလုံးခိုမှီသော၊ စေတီညောင်ရင်း၌၊
မှီတင်းစံနေရာ၊ ဘုရားလောင်းတကာ၊
ရမြဲသော ဓမ္မတာဖြင့်၊ ပါယာသဘတ်
ဃနာမြတ်ကို၊ တသိန်းခပ် ရွှေခွက်နှင့်တကွ၊
သူဌေးမ သုဇာတာ၊ လှူကပ်လာသောကြောင့်၊
ခံယူကြွခဲ့၍၊ စိမ်းစိမ်းမြ ကြည်ရွှင်သော၊
နေရဉ်မြစ်ကမ်း၌၊ အားရမ်းရွှင်လန်း၊
ထန်းမှည့်စေ့ပမာဏ၊ ကဗဠှဖြင့်၊
နဝတာလီ၊ ဆွမ်းတော်မှီ၍၊
နေ့ယံဆီအခါဝယ်၊ ကာယဂတာ ကမ္မဋ္ဌာန်းဖြင့်၊
နေ့သန့်စမ္ပယ်ခဲ့ပြီးမှ -

ညချမ်းသမယဝယ်၊ အဿတ္ထဒုမရာဇာ
ကမ္ဘာလုံး ကြက်သရေ၊ ညောင်ရွှေမဏ္ဍိုင်၊
ဦးကိုင်ပင်နန်းသို့ကပ်၊ အရှေ့လောကဓါတ်သို့၊
ရည်မှတ်ရှေးရှူ၊ နေတော်မူလျှင်၊
မိုဃ်းသူနေသား၊ များပြားအုန်းအင်း၊
ရုန်းရင်းအုတ်အုတ်၊ ရုတ်ရုတ်သောင်းညံ၊
ဗိုလ်ပေါင်းရံလျက်၊ တိုက်လှန် စစ်မူလာသော၊
ဝသဝတ္တီ၊ ပုရီအုပ်ခြုံ၊ မာရ်သူပုန်ကို၊
ချက်ကုန် အောင်တော်မူပြီး၍၊
အတီ နန္တရ၊ ဖြစ်သမျှကို၊
နှိုင်းဆဆင်ခြင်၍၊ မြင်တော်မူနိုင်သော ပုဗ္ဗေနိဝါသဉာဏ်
ကံ၏အလျှောက်၊ ဘောက်ဘောက် ပြန်ပြန်၊
အဘန် တလဲလဲ၊
သေရ-ဖြစ်ရသော-စုတိပဋိသန္ဓေနှင့်တကွ၊
လောကအလုံးကို၊ ကျုံး၍မြင်နိုင်သော ဒိဗ္ဗစက္ခုဉာဏ်
လေးတန်သောသစ္စာ၏၊ ဆယ့်ခြောက်ဖြာအနက်ကို၊
အချက်ကျ မြင်စော၍၊ အာသဝေါ ခပ်သိမ်း၊
ကင်းငြိမ်း ကုန်စင်စေတတ်သော အာသဝက္ခယဉာဏ်
ဤသုံးတန် ဝိဇ္ဇာနှင့်၊ ဆအသာဓာရုဏ်၊
ဂုဏ်တော် အနန္တကို၊ တပြိုင်တည်း ရသဖြင့်၊
လပြည့်နေ့အထွက်၊ နံနက် အရုဏ်လာတွင်၊
မဟာအရဟံ၊ ရွှေအောင်လံကို၊
ချွန်ချွန်စိုက်ထူ၍၊ သယမ္ဘူလျှံညီ၊
ဉာဏ်ကြီးမုံရင့်၊ အကုန်ပွင့်လျက်၊
နှိုင်းချင့်မဟဲ့ သုံးဆယ့်တခရိုင် ပြည်မဏ္ဍိုင်၌၊
ဦးကိုင်ဓမ္မရာဇ်၊ မင်းဆုံးဖြစ်ပေသော၊
ရှင်ချစ် ကိုယ်တော်မြတ်သည်၊
တပ်အပ်ထင်စွာ၊ လေးသစ္စာကို၊
ငါလျှင်တစိ၊ သိသည်အလား၊
သို့မခြားဘဲ၊ များပြား ဝေနေ၊
လူဗိုလ်ခြေကို၊ ခွဲဝေပိုင်းခြား၊
လွန်သနား၍၊ ဟောကြားတော်မူသည်ကား-

၃-သစ္စာလေးပါးကို ပြခြင်း

စတုန္နံ ဘိက္ခဝေ အရိယသစ္စာနံ အနနုဗောဓာ အပ္ပဋိ ဝေဓာ ဧဝမိဒံ ဒီဃမဒ္ဓါနံ သန္ဓာဝိတံ သံသရိတံ မမေဉ္စ၀ တုမှာကဉ္စ။ ကတမေသံ စတုန္နံ၊ ဒုက္ခဿ ဘိက္ခေ၀ အရိယ သစ္စဿ အနနုဗောဓာ အပ္ပဋိဝေဓာ ဧဝမိဒံ ဒီဃမဒ္ဓါနံ သန္ဓာဝိတံ သံသရိတံမမဉ္စေဝ တုမှာကဉ္စ၊ ဒုက္ခသမုဒယဿ အရိယသစ္စဿ အနနုဗောဓာ အပ္ပဋိဝေဓာ ဧဝမိဒံ ဒီဃ မဒ္ဓါနံ သန္ဓာဝိတံ သံသရိတံ မမေဉ္စဝ တုမှာကဉ္စ၊ ဒုက္ခ နိရောဓဿ အရိယသစ္စဿ အနနုဗောဓာ အပ္ပဋိဝေဓာ ဧဝမိဒံ ဒီဃမဒ္ဓါနံ သန္ဓာဝိတံ သံသရိတံ မမဉ္စေဝ တုမှာ ကဉ္စ၊ ဒုက္ခနိရောဓ ဂါမိနိယာ ပဋိပဒါယအရိယသစ္စဿ အနနုဗောဓာ အပ္ပဋိဝေဓာ ဧဝမိဒံ ဒီဃမဒ္ဓါနံ သန္ဓာဝိတံ သံသရိတံ မမဉ္စေဝ တုမှာကဉ္စ။
သစ္စသံယုတ်ပါဠိတော်။

ဘိက္ခဝေ၊ ရဟန်းတို့။
စတုန္နံ၊ လေးပါးကုန်သော။
အရိယသစ္စာနံ၊ အရိယသစ္စာတို့ကို။
အနနုဗောဓာ၊ လျှောက်ပတ်စွာမသိခြင်းကြောင့်။
အပ္ပဋိဝေဓာ၊ ထိုးထွင်း၍ မသိခြင်းကြောင့်။
မမဉ္စေဝ၊ ငါဘုရားသည် လည်းကောင်း။
တုမှာကဉ္စ၊ သင်တို့သည် လည်းကောင်း။
ဧဝံ၊ ဤသို့။
ဣဒံ ဒီဃမဒ္ဓါနံ၊ ဤရှည်မြင့်စွာသော သံသရာ ကာလပတ်လုံး။
သန္ဓာဝိတံ၊ တဘုံမှဘဘုံသို့ သေ၍ပြေးသွားရလှလေပြီ။
သံသရိတံ၊ တဘုံတည်း၌ အထပ်ထပ်သေ၍ ကျင်လည်ရလှလေပြီ။
ကတမေသံ စတုန္နံ၊ အဘယ်လေးပါးကုန်သော အရိယသစ္စာတို့ကို။
အနနုဗောဓာ၊ လျောက်ပတ်စွာ မသိခြင်းကြောင့်။
အပ္ပဋိဝေဓာ၊ ထိုးထွင်း၍မသိခြင်းကြောင့်။
မမဉ္စေဝ၊ ငါဘုရားသည် လည်းကောင်း။
တုမှာကဉ္စ၊ သင်တို့သည်လည်းကောင်း။
ဧဝံ၊ ဤသို့။
ဣဒံ ဒီဃမဒ္ဓါနံ၊ ဤရှည်မြင့်စွာသော သံသရာကာလပတ်လုံး။
သန္ဓာ ဝိတံ၊ တဘုံမှဘဘုံသို့ သေ၍ ပြေးသွားရလေသနည်း။
သံသရိတံ၊ တဘုံတည်း၌ အထပ်ထပ်သေ၍ ကျင်လည်ရလေသနည်း။

ဘိက္ခဝေ၊ ရဟန်းတို့။
ဒုက္ခဿ၊ ဆင်းရဲဖြစ်သော။
အရိယသစ္စဿ၊ အရိယသစ္စာကို။
အနနုဗောဓာ လျောက်ပတ်စွာ မသိခြင်းကြောင့်။
အပ္ပဋိဝေဓာ၊ ထိုးထွင်း၍မသိခြင်းကြောင့်။
မမဉ္စေဝ၊ ငါဘုရားသည် လည်းကောင်း။
တုမှာကဉ္စ၊ သင်တို့သည် လည်းကောင်း။
ဧဝံ၊ ဤသို့။
ဣဒံ ဒီဃမဒ္ဓါနံ၊ ဤရှည်မြင့်စွာသော သံသရာ ကာလပတ်လုံး။
သန္ဓာဝိတံ၊ တဘုံမှဘဘုံသို့ သေ၍ပြေးသွားရလှလေပြီ။
သံသရိတံ၊ တဘုံတည်း၌ အထပ်ထပ်သေ၍ ကျင်လည်ရလှလေပြီ။

ဒုက္ခသမုဒယဿ၊ ဆင်းရဲ၏အကြောင်းဖြစ်သော။
အရိယသစ္စဿ၊ အရိယသစ္စာကို။
အနနုဗောဓာ၊ လျောက်ပတ်စွာ မသိခြင်းကြောင့်။
အပ္ပဋိဝေဓာ၊ ထိုးထွင်း၍မသိခြင်းကြောင့်။
မမဉ္စေဝ၊ ငါဘုရားသည် လည်းကောင်း။
တုမှာကဉ္စ၊ သင်တို့သည်လည်းကောင်း။
ဧဝံ၊ ဤသို့။
ဣဒံ ဒီဃမဒ္ဓါနံ၊ ဤရှည်မြင့်စွာသော သံသရာ ကာလပတ်လုံး။
သန္ဓာဝိတံ၊ တဘုံမှဘဘုံသို့ သေ၍ပြေးသွားရလှလေပြီ။
သံသရိတံ၊ တဘုံတည်း၌ အထပ်ထပ်သေ၍ ကျင်လည်ရလှလေပြီ။

ဒုက္ခနိရောဓဿ၊ ဆင်းရဲ၏ချုပ်ရာဖြစ်သော။
အရိယသစ္စဿ၊ အရိယသစ္စာကို။
အနနုဗောဓာ၊ လျောက်ပတ်စွာ မသိခြင်းကြောင့်။
အပ္ပဋိဝေဓာ၊ ထိုးထွင်း၍မသိခြင်းကြောင့်။
မမဉ္စေဝ၊ ငါဘုရားသည် လည်းကောင်း။
တုမှာကဉ္စ၊ သင်တို့သည်လည်းကောင်း။
ဧဝံ၊ ဤသို့။
ဣဒံ ဒီဃမဒ္ဓါနံ၊ ဤရှည်မြင့်စွာသော သံသရာ ကာလပတ်လုံး။
သန္ဓာဝိတံ၊ တဘုံမှဘဘုံသို့ သေ၍ပြေးသွားရလှလေပြီ။
သံသရိတံ၊ တဘုံတည်း၌ အထပ်ထပ်သေ၍ ကျင်လည်ရလှလေပြီ။

ဒုက္ခနိရောဓ ဂါမိနိယာ ပဋိပဒါယ၊ ဆင်းရဲ၏ချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်းအကျင့် ဖြစ်သော။
အရိယသစ္စဿ၊ အရိယသစ္စာကို။
အနနုဗောဓာ၊ လျောက်ပတ်စွာ မသိခြင်းကြောင့်။
အပ္ပဋိဝေဓာ၊ ထိုးထွင်း၍ မသိခြင်းကြောင့်။
မမဉ္စေဝ၊ ငါဘုရားသည် လည်းကောင်း။
တုမှာကဉ္စ၊ သင်တို့သည်လည်းကောင်း။
ဧဝံ၊ ဤသို့။
ဣဒံ ဒီဃမဒ္ဓါနံ၊ ဤရှည်မြင့်စွာသော သံသရာ ကာလပတ်လုံး။
သန္ဓာဝိတံ၊ တဘုံမှဘဘုံသို့ သေ၍ပြေးသွားရလှလေပြီ။
သံသရိတံ၊ တဘုံတည်း၌ အထပ်ထပ်သေ၍ ကျင်လည်ရလှလေပြီ။

ဤသို့ ဟောတော်မူရာ ဒေသနာမြတ်ဝယ် အဓိပ္ပါယ်သော်ကား။

ချစ်သားတို့ … ဒုက္ခသစ္စာ သမုဒယသစ္စာ နိရောဓသစ္စာ မဂ္ဂသစ္စာ တည်းဟူသော ဤသစ္စာလေးပါး မြတ်တရားကို ကလျာဏ ပုထုဇ္ဇန်မှစ၍ မဂ်သို့ကျအောင် အနုဗောဓဉာဏ်အားဖြင့် လျှော်စွာ မသိခြင်းကြောင့် သောတာပတ္တိမဂ်မှစ၍ အရဟတ္တမဂ်သို့ကျအောင် ပဋိဝေဓဉာဏ်ဖြင့် ထိုးထွင်း၍ မသိခြင်းကြောင့်, ငါဘုရားသည်လည်းကောင်း သင်ချစ်သားတို့သည် လည်းကောင်း အစ မထင်သော သံသရာကြီးမှစ၍ ဤဘဝသို့ ရောက်သည်တိုင်အောင် တဘဝမှသည် တဘဝ, တဘဝတည်း၌သော်လည်း အထပ်ထပ် အကြိမ်ကြိမ် အဖန်ဖန် အတန်တန် ကျင်လည်ခဲ့ရလှလေပြီ။

ထို့ကြောင့် သင်ချစ်သားတို့သည် ထိုသစ္စာလေးပါး မြတ်တရားကို အနုဗောဓဉာဏ်အားဖြင့် လည်းကောင်း ပဋိဝေဓဉာဏ်အားဖြင့် လည်းကောင်း အဟုတ်အမှန် ထိုးထွင်း၍ သိကြလေကုန်ဟု အဿာဒ - အာဒီနဝဂုဏ်တို့ကို ပြတော်မူပြီး၍ အဝုတ္တသိဒ္ဓိအားဖြင့် အာဏတ္တိ ဥပါယ ဖလ ဂုဏ်ကြီးတို့ကို ပြတော်မူပေသည်။

ထိုသို့ပြတော်မူအပ် ဒေသနာတော်မြတ်ကြီး၌ အနုဗောဓအားဖြင့်သိခြင်း ပဋိဝေဓအားဖြင့်သိခြင်း နှစ်ပါးတို့တွင် အနုဗောဓ သိခြင်းဟူသည်ကား လောကီဉာဏ်ပင်တည်း။ အကြင် ပညာရှိတို့သည် ဆရာကောင်းတို့နှင့် ပေါင်းဖေါ်ကြ၍ ထို ဆရာကောင်းတို့ ဟောကြားသော အတိုင်းအားဖြင့် မှတ်သားကြရသဖြင့် မဂ်ဖိုလ် နိဗ္ဗာန်တို့၌ ရော်ရမ်းမှန်းဆ၍ သိကြရခြင်းသည် အနုဗောဓသိခြင်း မည်၏။

ပဋိဝေဓအားဖြင့်သိခြင်း ဟူသည်ကား လောကုတ္တရာဉာဏ်ပင်တည်း။ အကြင်ပညာရှိတို့သည် ဆရာကောင်းတိုနှင့် ပေါင်းဖေါ်မိကြ၍ ထိုဆရာကောင်းတို့ သင်ကြားသော အတိုင်းအားဖြင့် သီလဝိသုဒ္ဓိ စသော - လောကီဝိသုဒ္ဓိခြောက်ပါးတို့ကို ပြီးစေလျက် အကြင်အခါ နိဗ္ဗာန်ကို အာရမ္မဏပဋိဝေဓဖြင့် မျက်မှောက်ပြုရ၍ ကျန်သစ္စာသုံးပါးကို ကိစ္စပဋိဝေဓဖြင့် ထိုးထွင်း၍ သိကြရခြင်းသည် ပဋိဝေဓသိခြင်းမည်၏။

တတ္ထ အနုဗောဓဉာဏံ လောကိယံ အနုဿဝါဒိဝသေန နိုရောဓေ မဂ္ဂေစ ပဝတ္တတိ၊ ပဋိဝေဓဉာဏံ လောကုတ္တရံ နိရောဓမာရမ္မဏံ ကတွာ ကိစ္စတော စတ္တာရိ သစ္စာနိ ပဋိဝိဇ္ဈတိ။

တတ္ထ၊ ထိုနှစ်ပါးတို့တွင်။
အနုဗောဓဉာဏံ၊ အနုဗောဓဉာဏ်သည်။
လောကိယ၊ လောကီဖြစ်၍။
အနုဿဝါဒိဝသေန၊ ကြားနာရခြင်းစသော အစွမ်းအားဖြင့်။
နိရောဓေ စ၊ နိရောဓသစ္စာ၌၎င်း။
မဂ္ဂေ စ၊ မဂ္ဂသစ္စာ၌၎င်း။
ပဝတ္တေတိ၊ ဖြစ်၏။
ပဋိဝေဓဉာဏံ၊ ပဋိဝေဓဉာဏ်သည်။
လောကုတ္တရံ၊ လောကုတ္တရာတရား ဖြစ်၍။
နိရောဓံ၊ နိဗ္ဗာန်ကို။
အာရမ္မဏံ ကတွာ၊ အာရုံပြု၍။
ကိစ္စတော၊ ပိုင်းခြား၍သိခြင်း, ပယ်ခြင်း, ပွားခြင်းကိစ္စအားဖြင့်။
စတ္တာရိ၊ လေးပါးကုန်သော။
သစ္စာနိ၊ သစ္စာတို့ကို။
ပဋိဝိဇ္ဈတိ၊ ထိုးထွင်း၍သိ၏။


၄- သစ္စာလေးပါး၏ နက်နဲ - ခက်ခဲ - သိမြင်နိုင်ခဲသည်၏ အဖြစ်ကိုပြခြင်း

ထိုသိခြင်း နှစ်ပါးတို့တွင် ပဋိဝေဓသိခြင်းကို ထားဘိဦး။ အနုဗောဓသိခြင်း ဖြင့်ပင်လျှင် သိဘို့ရန် အလွန်ခဲယဉ်းလှ၏။ သိစေအံ့ ... သစ္စာလေးပါး တရားကို၎င်း သတ္တဝါတို့၏ဖြစ်ဟန်ကို၎င်း ပဋိသန္ဓေနေခြင်းကို၎င်း ပဋိစ္စသမုပ္ပါဒ်တို့ ဖြစ်ခြင်းကို၎င်း ထိုလေးပါးသော အခြင်းအရာတို့ကို အလွန်မြင်နိုင်ခဲ၏။ အလွန်ဟောကြားနိုင်ခဲ၏။

သစ္စံ သတ္တော ပဋိသန္ဓိ၊
ပစ္စယာကာရမေဝ စ။
ဒုဒ္ဒသာ စတုရော ဓမ္မာ၊
ဒေသေတုဉ္စ သုဒုက္ကရာ။
သမ္မောအဋ္ဌကထာ။

သစ္စံ၊ သစ္စာလေးပါး တရား၏ ဖြစ်ဟန် အခြင်းအရာ၎င်း။
သတ္တော၊ သတ္တဝါသင်္ခါရတို့၏ဖြစ်ဟန် အခြင်းအရာ၎င်း။
ပဋိသန္ဓိ၊ ပဋိသန္ဓေစွဲနေ ကပ်ငြိဟန် အခြင်းအရာ၎င်း။
ပစ္စယာကာရမေဝ စ၊ ပဋိစ္စသမုပ္ပါဒ် စက်ရဟတ်၏ဖြစ်ဟန် အခြင်းအရာ၎င်း။
စတုရော ဓမ္မာ၊ သစ္စာ သတ္တဝါ ပဋိသန္ဓေ ပဋိစ္စသမုပ္ပါဒ်အားဖြင့် လေးပါးကုန်သော တရားတို့သည်။
ဒုဒ္ဒသာ၊ ဉာဏ်ဖြင့် သိမြင်နိုင်ခဲကုန်၏။
ဒေသေတုဉ္စ၊ သူတပါးတို့ကို ဟောပြောခြင်းငှါလည်း။
သုဒုက္ကရာ၊ အလွန်ခဲယဉ်းကုန်၏။

ထိုသို့လွန်စွာ ခဲယဉ်းလှသည်၏ အဖြစ်ကြောင့် သစ္စာလေးပါး မြတ်တရားတို့၌ ရှေးဦးစွာ အနုဗောဓအားဖြင့် ဆရာသမားတို့ထံ၌ ဒုက္ခသစ္စာ - သမုဒယသစ္စာ နှစ်ပါးတို့ကို အကျဉ်းအကျယ်အားဖြင့် သင်ကြားခြင်း ဥဂ္ဂဟ၊ အဖန်တလဲလဲ မေးမြန်းခြင်း ပရိပုစ္ဆာ၊ နာခံ မှတ်သားခြင်း သဝန၊ ဆောင်ရွက်ခြင်း ဓာရဏ၊ သုံးသပ်ခြင်း သမ္မသနတို့ဖြင့် သိစေအပ်၏။

နိရောဓသစ္စာ - မဂ္ဂသစ္စာ နှစ်ပါးတို့ကား နာခံမှတ်သားခြင်း သဝနမျှဖြင့်သာလျှင် ထိုးထွင်း၍သိအပ်၏။ ဤကား အနုဗောဓဉာဏ်၏ အရာတည်း။ မဂ်သို့ရောက်သော အခါ၌ကား နိရောဓသစ္စာကို အာရမ္မဏပဋိဝေဓ ကျန်သုံးပါးကို ကိစ္စပဋိဝေဓဖြင့် ထိုးထွင်း၍သိစေအပ်၏။

ဧဝမဿ ပုဗ္ဗဘာဂေ ဒွီသု သစ္စေသု ဥဂ္ဂဟပရိပုစ္ဆာ သဝနဓာရဏသမ္မသနပဋိဝေဓော ဟောတိ၊ ဒွီသု သဝနပဋိဝေဓောယေဝ။ အပရဘာဂေ တီသု ကိစ္စတော ပဋိဝေဓော ဟောတိ၊ နိရောဓေ အာရမ္မဏပဋိဝေဓော။
သမ္မောအဋ္ဌကထာ။

ဧဝံ၊ ဤသို့။
အဿ၊ ထိုပုဂ္ဂိုလ်၏။
ဝါ၊ အား။
ပုဗ္ဗဘာဂေ၊ မဂ်သို့မရောက်မီ ရှေးအဘို့၌။
ဒွီသု၊ နှစ်ပါးကုန်သော။
သစ္စေသု၊ ဒုက္ခသစ္စာ - သမုဒယသစ္စာတို့၌။
ဥဂ္ဂဟ ပရိပုစ္ဆာ သဝန ဓာရဏ သမ္မသန ပဋိဝေဓော၊ သင်ကြားခြင်း မေးမြန်းခြင်း နာကြားခြင်း ဆောင်ခြင်း သုံးသပ်ခြင်းအားဖြင့် ထိုးထွင်း၍ သိခြင်းသည်။
ဟောတိ၊ ဖြစ်၏။
ဒွီသု၊ နှစ်ပါးကုန်သော နိရောဓသစ္စာ - မဂ္ဂသစ္စာတို့၌။
သဝန ပဋိဝေဓောယေဝ၊ နာကြားခြင်းဖြင့် ထိုးထွင်း၍သိခြင်း သည်သာလျှင်။
ဟောတိ၊ ဖြစ်၏။
အပရဘာဂေ၊ မဂ်သို့ရောက်သော ကာလ ခါသမယ၌။
တီသု၊ သုံးပါးကုန်သော ဒုက္ခသစ္စာ - သမုဒယသစ္စာ - မဂ္ဂသစ္စာတို့၌။
ကိစ္စတော၊ ပရိညာကိစ္စအစ ရှိသောအားဖြင့်။
ပဋိဝေဓော၊ ထိုးထွင်း၍သိခြင်းသည်။
ဟောတိ၊ ဖြစ်၏။
နိရောဓော၊ နိရောဓသစ္စာ၌။
အာရမ္မဏပဋိဝေဓော၊ အာရုံပြုသောအားဖြင့် ထိုးထွင်း၍သိခြင်းသည်။
ဟောတိ ၊ဖြစ်၏။

ထိုသို့ ပြတော်မူအပ်သော ဥဂ္ဂဟပဋိဝေဓ ပရိပုစ္ဆာပဋိဝေဓ သဝနပဋိဝေဓ ဓာရဏပဋိဝေဓ သမ္မသနပဋိဝေဓ အာရမ္မဏပဋိဝေဓ ကိစ္စပဋိဝေဓ ခုနှစ်ပါးတို့တွင် အာရမ္မဏပဋိဝေဓ ကိစ္စပဋိဝေဓ နှစ်ပါးတို့ကို သစ္စာလေးပါးကိုသိရာ၌ ပဋိဝေဓဉာဏ်၌ ၎င်း၊ သာဝကတို့အား ဘာဝနာမယဉာဏ်၌၎င်း၊ ဘုရား ပစ္စေကဗုဒ္ဓါတို့အား စိန္တာမယဉာဏ်၌၎င်း သင်္ဂြိုဟ်အပ်၏။ ကြွင်းသော ဥဂ္ဂဟစသော ငါးပါးသော ပဋိဝေဓကိုကား အနုဗောဓဉာဏ်၌၎င်း သာဝကတို့အား သုတမယဉာဏ်၌၎င်း သင်္ဂြိုဟ်အပ်၏။ အဘယ်ကြောင့်နည်းဟူမူ။ ထိုသာဝကတို့အား သစ္စာလေးပါး သိခြင်း၌ ဆရာသမားတို့နှင့်ကင်း၍ မဖြစ်သောကြောင့်တည်း။

ပရတော သုတွာ ပဋိလဘတီတိ ဧတ္ထ ကမ္မာယတနာ ဒီနိ ပရေန ကရီယမာနာနိ ဝါ ကတာနိ ဝါ ဒိသွာပိ ယဿ ကဿစိ ကထယမာနဿ ဝ စနံ သုတွာပိ အာစရိ ယဿ သန္တိကေ ဥဂ္ဂဟေတွာပိ ပဋိလဒ္ဓါ သဗ္ဗာ ပရတော သုတွာယေဝ ပဋိလဒ္ဓါ နာမာတိ ဝေဒိတဗ္ဗာ။
ဉာဏဝိဘင်္ဂအဋ္ဌကထာ။

ပရတော သုတွာ ပဋိလဘတီတိ ဧတ္ထ၊ ပရတော သုတွာ ပဋိလဘတိ ဟူသော ဤပုဒ်၌။
ကမ္မာယတနာ ဒီနိ၊ ကမ္မာယတန အစရှိသည်တို့ကို။
ပရေန၊ သူတပါးသည်။
ကရိယမာနာနိဝါ၊ ပြုကုန်သည်တို့ကို၎င်း။
ကတာနိဝါ ၊ ပြု၍ပြီးသည်တို့ကို၎င်း။
ဒိသွာပိ၊ မြင်၍၎င်း။
ယဿ ကဿစိ၊ တစုံတယောက်သော။
ကထယမာနဿ၊ ပြောဟောသောသူ၏။
ဝစနံ၊ စကားကို။
သုတွာပိ၊ ကြား၍၎င်း။
အာစရိယဿ သန္တိကေ၊ ဆရာ၏အထံ၌။
ဥဂ္ဂဟေတွာပိ၊ သင်၍၎င်း။
ယာ ပညာ၊ အကြင်ပညာကို။
ပဋိလဒ္ဓါ၊ ရအပ်၏။
သဗ္ဗာ၊ ကြွင်းမဲ့ဥဿုံ အလုံးစုံသော။
သာ ပညာ၊ ထိုပညာကို။
ပရတော၊ သူတပါးအထံမှ။
သုတွာယေဝ၊ ကြား၍သာလျှင်။
ပဋိလဒ္ဓါ နာမာတိ၊ ရအပ်သည်မည်၏ဟူ၍။
ဝါ၊ သုတမယဉာဏ်မည်၏ဟူ၍။
ဝေဒိတဗ္ဗာ၊ သိအပ် မှတ်အပ် ခံစားအပ်၏။
(ကမ္မာယတနာဒီနိ၌ အာဒိသဒ္ဒါကား သိပ္ပါယတန ဝိဇ္ဇာ ဌာန ကမ္မသကတာဉာဏ် သစ္စာနုလောမိကဉာဏ်ကိုယူ)။

ထို့ကြောင့် အနုဗောဓဉာဏ် သုတမယဉာဏ် စသည်တို့ ရင့်သန်ကြီးမားကြ၍ ပဋိဝေဓဉာဏ် ဘာဝနာမယဉာဏ်တို့ကို လျင်မြန်စွာ ရကြစေခြင်းအကျိုးငှါ ပါဠိအဋ္ဌကထာဋီကာစသော ကျမ်းတို့နှင့်အညီ၎င်း ဆရာသမားတို့၌ ရယူအပ်သော နယူပဒေသ အားဖြင့်၎င်း ငါ၏ ဉာဏ်စွမ်းသတ္တိရှိသည် အားလျော်စွာ သစ္စာလေးပါး မြတ်တရားကို ပိုင်းခြားဝေဘန်၍ ဧကန်ပြလိုက်ပေတော့အံ့။

အကြင်အကြင် ပညာရှိအပေါင်း သူတော်ကောင်းတို့သည် အကြောင်းယုတ္တိ ရှိသည် အရာတို့၌ ယူတော်မူကြပါကုန်။ အကြောင်းယုတ္တိမရှိသော နေရာတို့၌ ငါ့အား၎င်း သူတပါးအား၎င်း သနားသဖြင့် ပယ်ရှား စွန့်ပစ်တော်မူကြ ပါစေကုန်သတည်း။


၅ - ဒုက္ခသစ္စာကို ပုစ္ဆာရှစ်ချက်ဖြင့် အမေးကိုပြခြင်း

သစ္စာလေးပါးတို့တွင် ရှေးဦးစွာ ဒုက္ခသစ္စာ၌...

(၁) အဘယ်ကြောင့် ဒုက္ခမည်သနည်း။
(၂) အဘယ်ကြောင့် သစ္စာမည်သနည်း။
(၃) အဘယ်ကြောင့် ဒုက္ခသစ္စာမည်သနည်း။
(၄) ထိုဒုက္ခသစ္စာ၏ လက္ခဏာစသည်ကား အဘယ်နည်း။
(၅) ထိုဒုက္ခသစ္စာ၏ အာကာရတို့ကား အဘယ်နည်း၊
(၆) ထိုဒုက္ခသစ္စာ၏ အပြားကား အဘယ်မျှရှိသနည်း။
(၇) ထိုဒုက္ခသစ္စာ၏ နယ်ကား အဘယ်မျှ ကျယ်သနည်း။
(၈) ထိုဒုက္ခသစ္စာကို အဘယ်သို့သိရုံမျှနှင့် သံသရာမှ မလွတ်သနည်း။ အဘယ်သို့သိလျှင်- သံသရာမှ လွတ်သနည်း

ဟူ၍ ပုစ္ဆာရှစ်ချက်တို့ဖြင့် မေးအပ်၏။


၆ - အဘယ်ကြောင့် ဒုက္ခမည်သနည်း ဟူသော ပဋ္ဌမပုစ္ဆာကို ဖြေရှင်း၍ ပြခြင်း

ထိုသို့မေးအပ်သော ပုစ္ဆာရှစ်ချက်တို့ကို အစဉ်လိုက် ဖြေဆိုပေအံ့ –

(၁) အဘယ်ကြောင့် ဒုက္ခမည်သနည်း ဟူသော ပုစ္ဆာ၌ အဖြေဝိသဇ္ဇနာကား ဤသို့တည်း -

ဒုဋ္ဌုံ ခဏတီတိ ဒုက္ခံ။ ဒုဋ္ဌုံ ဝါ၊ ခါဒထီတိ ဒုက္ခံ။ ဒုဝါခံအဿာတိ ဒုက္ခံ။

ယော သဘာဝေါ၊ အကြင် သဘောတရားသည်။
ဒုဋ္ဌုံ၊ မကောင်းစွာ။
ခနတိ အဝဒါရယတိ၊ တူးဖြိုတတ်၏။
ဣတိ တသ္မာ၊ ထိုကြောင့်။
သောသဘာဝေါ၊ ထိုသဘောတရားသည်။
ဒုက္ခံ၊ ဒုက္ခမည်၏။ ။ ပဌမဝိဂြိုဟ်အနက်။

ဝါ၊ တနည်းကား။
ယော သဘာဝေါ၊ အကြင်သဘောတရားသည်။
ဒုဋ္ဌုံ၊ မကောင်းသဖြင့်။
အတ္တာနံ၊ မိမိဟုဆိုအပ်သော ခန္ဓာအစဉ်ကို။
ခါဒတိ ဘက္ခတိ၊ စားတတ်၏။
ဣတိ တသ္မာ၊ ထိုကြောင့်။
သောသဘာဝေါ၊ ထိုသဘောတရားသည်။
ဒုက္ခံ၊ ဒုက္ခ မည်၏။ ။ ဒုတိယဝိဂြိုဟ် အနက်။

ဝါ၊ တနည်ကား-
အဿာ ဝေဒနာယ၊ ထိုဝေဒနာအား။
ဒု၊ စက်ဆုပ်အပ်သော။
ခံ၊ အချည်းစည်းသော သဘောတရားသည်။
အတ္ထိ ၊ ရှိ၏။
ဣတိတသ္မာ၊ ထိုကြောင့်။
ဒုက္ခံ၊ ဒုက္ခမည်၏။ ။ တတိယ ဝိဂြိုဟ်အနက်။

၎င်းဝိဂြိုဟ် သုံးပါးတို့တွင် ပဌမဝိဂြိုဟ်၌ ဒုပုဗ္ဗ၊ ခနုဓာတ်၊ ရ ပစ္စည်း။ ကတ္တုသာဓန။ ၎င်း၌ ခနုဓာတ်၏အရကား ရုပ် နာမ် ခန္ဓာ အာယတန စသော သဘောတရား အပေါင်းကို ဥပါဒ် ဌီ ဘင် တို့ဖြင့် အစဉ်မပြတ်အောင် တူးဖြိုတတ်သော သဘောတရားကို မုချအားဖြင့်ရအပ်၏။

ရှေးရှေးသောအစဉ်၌ တူးဖြိုပြီးဖြစ်သော ဥပါဒ်- ဌီ- ဘင်တို့ကို ဖလူပစာအားဖြင့် ရအပ်ကုန်၏။ နောက်နောက်သော အစဉ်တို့၌ ဥပါဒ်- ဌီ- ဘင် တို့ဖြင့် တူးဖြို လတ္တံ့သော သဘောတရားတို့ကို ကာရဏူပစာအားဖြင့် ရအပ်ကုန်၏။ ရပစ္စည်း၏ အရကား ထိုမုချ ဖလူ ကာရဏူပစာရတ္ထ တို့ဖြင့် မှတ်အပ်သော သတ္တ-ပုဂ္ဂလပညတ် စသည်တို့ဖြင့် ဖုံးလွှမ်းအပ်သော သန္တာနဒြဗ်အစဉ်ကိုရအပ်၏။

ဒုတိယဝိဂြိုဟ်၌လည်း ခါဒဓာတ်၊ ရပစ္စည်း၊ ကတ္တုသာဓန။ အရကောက်ဟန်ကား ရှေ့ဝိဂြိုဟ်နှင့် အတူတူတည်း။

တတိယဝိဂြိုဟ်၌ ဗဟုဗ္ဗိဟိသမာသ်၌ ဒုခံဟူသောသမသ်ပုဒ်၏ အရကား ဇာတိ ဇရာ မရဏတို့ဖြင့် လွှမ်းမိုးအပ်သော စက်ဆုပ်ဘွယ်ရှိသော ခန္ဓာအစဉ်ကြီးကို မုချ အားဖြင့် ရအပ်၏။ စက်ဆုပ်အပ်သော ဒြဗ်ကြီး၏ အချည်းစည်းသုဉ်းသော သဘောနှင့် သာမိသံ အဖြစ်ဖြင့် စပ်ခြင်းဟု ဆိုအပ်သော သမ္ဗန်ကို ဌာနူပစာ အားဖြင့် ရအပ်၏။ အဿာဟူသော အညပုဒ်၏ အရကား ထိုမုချ ဌာနူပစာရတ္ထ တို့ဖြင့် မှတ်အပ်သော သတ္တ-ပုဂ္ဂလပညတ် စသည်တို့ဖြင့် လွှမ်းမိုးသော သန္တာန ဒြဗ်အစဉ်ကြီးကို ရအပ်၏။

ထိုဝိဂြိုဟ်သုံးပါးတို့တွင် ပဌမ-ဒုတိယ ဝိဂြိုဟ်နှစ်ပါးတို့ကို ဆရာကြီးတို့ ဆိုကြခြင်း သည်ကား။

“ဒုက္ခံ ဘန္တေတိ အဘိဏှပဋိ ပီဠနာကာရေန ဒုက္ခံ၊ ဥပ္ပါဒဧရာဘင်္ဂဝသေန ဟိ ရူပဿ နိရန္တရံ ဗာဓနံ ဟောတိ”။
အနတ္တ သုတ္တဝဏ္ဏနာ။

ဒုက္ခံ ဘန္တေတိ၊ ဒုက္ခံဘန္တေ ဟူသည်ကား။
အဘိဏှပီဠနာကာရေန၊ အစဉ်မပြတ် ကပ်၍နှိပ်စက်တတ်သော အခြင်းအရာကြောင့် ဒုက္ခံ၊ ဒုက္ခမည်၏။
ဟိ၊ ထိုစကားသင့်စွ။
ရူပဿ၊ ရုပ်တရားအပေါင်းအား။
ဝါ၊ ကို။
ဥပ္ပါဒဧရာဘင်္ဂဝသေန၊ ဥပါဒ် ဌီ ဘင် တို့၏ အစွမ်းအားဖြင့်။
နိရန္တရံ၊ မပြတ်။
ဗာဓနံ၊ ညှဉ်းဆဲနှိပ်စက်တတ်သည်။
ဟောတိ၊ ဖြစ်၏။

နာမက္ခန္ဓာကိုလည်း ၎င်းအတိုင်းမှတ်။ ဤသို့သော အဋ္ဌကထာကို ထောက်၍ ဆိုတော်မူကြပေသည်။

တတိယဝိဂြိုဟ်ကား -

“ဣဓ ဒုဣတိ အယံ သဒ္ဒေါ ကုစ္ဆိတေ ဒိဿတိ၊ ကုစ္ဆိတဥှိ ပုတ္တံ ဒုပုတ္တောတိ ဝဒန္တိ။ ခံသဒ္ဒေါ ပန တုစ္ဆေ၊ တုစ္ဆဥှိ အာကာသံ ခန္တိဝုစ္စတိ”။
ဝိသုဒ္ဓိမဂ်။

ဣဓ၊ ဤဒုက္ခံ ဟူသောပါဌ်၌။
ဒုဣတိ အယံသဒ္ဒေါ၊ ဒုဟူသော ဤသဒ္ဒါသည်။
ကုစ္ဆိတေ၊ စက်ဆုပ်အပ်သော အနက်၌။
ဒိဿတိ၊ ထင်လာ မြင်လာ၏။
ဟိ သစ္စံ၊ ထိုစကားသည်မှန်၏။
ကုစ္ဆိတံ၊ ကဲ့ရဲ့အပ်-စက်ဆုပ်အပ်သော။
ပုတ္တံ၊ သားဆိုး သားကြမ်း သားသ ရမ်းကို။
ဒုပုတ္တောတိ၊ ဒုပုတ္တဟူ၍။
ဝဒန္တိ၊ ဆိုကြကုန်၏။
ပန၊ ထိုမှတပါး။
ခံသဒ္ဒေါ၊ ခံသဒ္ဒါသည်။
တုစ္ဆေ၊ အချည်းနှီးဟူသော အနက်၌။
ဒိဿတိ၊ ထင်၏။
ဟိ သစ္စံ၊ ထိုစကားမှန်စွ။
တုစ္ဆံ၊ အချည်းနှီးသော။
အာကာသံ၊ ရေးခြစ်မထင် ထက်ကောင်းကင်ကို။
ခန္တိ၊ ခံ-ဟူ၍။
ဝုစ္စတိ၊ ဆိုအပ်၏။

ဤသို့ဆိုအပ်ပြီးသော ဝစနတ္ထ အဋ္ဌကထာဆရာတို့နှင့်ညီစွာ စက်ဆုပ်အပ်သည် ဖြစ်၍ တူးဖြိုတတ်သောအနက် စားတတ်သောအနက်, အချည်းစည်းသုဉ်းသော အနက် တို့ကြောင့် ဒုက္ခမည်ပေ၏ဟုဖြေ။

ပဌမပုစ္ဆာ- ပြီး၏။


၇ - အဘယ်ကြောင့် သစ္စာမည်သနည်းဟူသော ဒုတိယပုစ္ဆာကို ဖြေရှင်း၍ပြခြင်း

(၂) အဘယ်ကြောင့် သစ္စာမည်သနည်း - ဟူသော ဒုတိယပုစ္ဆာ၌ -

“သတနံ သစ္စံ”
သတနံ၊ မှန်ခြင်း။
သစ္စံ၊ မှန်ခြင်း။

သစ္စံကား သတဓာတ်၊ ဏျပစ္စည်း။ ဘာဝသာဓနတည်း။ သတဓာတ်၏ အရကား ဘာဝဝါစကပုဒ်တို့၏ သဘောသည် ဓာတ်အရ ပစ္စည်းအရ အထူးမရှိသောကြောင့် အမှန်ဖြစ်ခြင်းသဘောကို ရအပ်၏။

ထိုသစ္စာဟူသော သဘောသည် မဘောက်မပြန် မှန်သော သဘောလည်းရှိ၏။ မချွတ်ယွင်းသော သဘောလည်း ရှိ၏။ တပါးသော အခြင်းအရာအားဖြင့် မဖြစ်သော သဘောလည်းရှိ၏။ ထိုသဘောသည် အဘယ်သည်တို့နည်း ဟူမူကား။ ဒုက္ခ စသည်တို့ပင်တည်း။

စတ္တာရိမာနိ ဘိက္ခဝေ တထာနိ အဝိတသာနိ အနညထာနိ။ ကတမာနိ စတ္တာရိ။ ဣဒံ ဒုက္ခန္တိ ဘိက္ခဝေ တထ မေတံ အဝိတထမေတံ အနညတထမေတံ။
ပဋိသမ္ဘိဒါမဂ်ပါဠိတော်။

ဘိက္ခဝေ၊ ရဟန်းတို့။
ဣမာနိ စတ္တာရိ၊ ဤလေးပါးကုန်သော တရားတို့သည်။
ကထာနိ၊ မှန်ကုန်၏။
အဝိတထာနိ၊ မချွတ်ယွင်းကုန်။
အနညထာနိ၊ တပါးသော အခြင်းအရာအားဖြင့် မဖြစ်ကုန်။
စတ္တာရိ၊ လေးပါးကုန်သော တရားတို့ဟူသည်။
ကတမာနိ၊ အဘယ်သည်တို့နည်း။
ဘိက္ခဝေ၊ ရဟန်းတို့။
ဣဒံ၊ ဤတရားသည်။
ဒုက္ခံ၊ ဒုက္ခမည်၏။
ဣတိ၊ ဤသို့။
ယံ ဝစနံ၊ အကြင်စကားကို။
ဝုစ္စတိ၊ ဆိုအပ်၏။
ဧတံ ဝစနံ၊ ထိုစကားသည်။
တထံ၊ မှန်၏။
ဧတံ ဝစနံ၊ ဤစကားသည်။
အဝိတထံ၊ မချွတ်ယွင်း။
ဧတံ ဝစနံ၊ ဤစကားသည်။
အနညထံ၊ တပါးသော အခြင်းအရာအားဖြင့်မဖြစ်။

ဤသို့ မှန်သောသဘော, မချွတ်ယွင်းသောသဘော, တပါးသောအခြင်းအရာ အားဖြင့် မဖြစ်သော သဘောသည် သစ္စာမည်၏ဟုဖြေ။

ဒုတိယပုစ္ဆာ-ပြီး၏။

၈ - အဘယ်ကြောင့် ဒုက္ခသစ္စာ မည်သနည်း ဟူသော တတိယပုစ္ဆာကို ဖြေရှင်း၍ ပြခြင်း

(၃) အဘယ်ကြောင့် ဒုက္ခသစ္စာမည်သနည်း ဟူသောပုစ္ဆာ၌ -

ဒုက္ခဉ္စတံ သစ္စဉ္စာတိ ဒုက္ခသစ္စံ”။

ယံ ဓမ္မဇာတံ၊ အကြင် တရားသဘောသည်။
ဒုက္ခဉ္စ၊ စက်ဆုပ်အပ်သည်ဖြစ်၍ တူးဖြိုတတ်သည်လည်း။
ဟောတိ၊ ဖြစ်၏။
သစ္စဉ္စ၊ မှန်သောသဘောသည်လည်း။
ဟောတိ၊ ဖြစ်၏။
ဣတိ တသ္မာ၊ ထိုနှစ်ပါးသော သတ္တိကြောင့်။
တံ ဓမ္မဇာတံ၊ ထိုတရားသဘောသည်။
ဒုက္ခသစ္စံ၊ ဒုက္ခသစ္စာမည်၏။

ကမ္မဓာရယ်သမာသ်တည်း။ ၎င်းကမ္မဓာရယ်သမာသ်၌ ဒုက္ခံဟူသော ရှေ့ပုဒ် အရကား ယခင်ဆိုသောအတိုင်း တေဘူမကတရားကို မုချအားဖြင့်ရ၏။ စက်ဆုပ် အပ်သည်ဖြစ်၍ တူးဖြိုခြင်းစသော ဂုဏ်နှင့် ဂုဏ်-ဂုဏေ အဖြစ်ဖြင့်စပ်ခြင်းဟု ဆိုအပ်သောသမ္ဗန်ကို ဌာနူပစာအားဖြင့်ရ၏။

ဒုက္ခသစ္စံဟူသော သမာသ်ပုဒ်လုံး၏ အရကား ထိုမုချဌာနူပစာတို့ဖြင့် မှတ်အပ်သော တေဘူမကတရားတို့ မှန်သောသဘောကို ရအပ်၏။ တံကား နိပတ်မျှသာတည်း။ ဝါ၊ မုချဌာနူပစာတို့ဖြင့် ကောက်အပ်သော တရားတို့ကိုပင် ရအပ်ကုန်၏။ အာဂုံ မလိုတော့ပြီ။

တတိယပုစ္ဆာပြီး၏။

၉ - ဒုက္ခသစ္စာ၏ လက္ခဏာစသည်ကား အဘယ်နည်းဟူသော စတုတ္ထပုစ္ဆာကို ဖြေရှင်း၍ပြခြင်း။

(၄) ထိုဒုက္ခသစ္စာ၏ လက္ခဏာစသည်ကား အဘယ်နည်း ဟူရာ၌။ ။ ထိုဒုက္ခသစ္စာ၌ နှိပ်စက်ခြင်းလက္ခဏာရှိ၏။ ပူပန်ခြင်း ကိစ္စရှိ၏။ ဖြစ်ခြင်းပစ္စုပဋ္ဌာန်ရှိ၏။ ကံ, စိတ်, ဥတု အာဟာရ, တို့သည် ယထာရဟ နီးစွာသောအကြောင်းရှိ၏။

လက္ခဏာဒိပ္ပဘေဒတောတိ ဧတ္ထ ဟိ ဗာဓနလက္ခဏံ ဒုက္ခသစ္စံ သန္တာပနရသံ ပဝတ္တိပစ္စုပဋ္ဌာနံ

ဝိသုဒ္ဓိမဂ်။

ဟိ၊ ထိုစကားကို ထင်စွာဆိုဦးအံ့။
လက္ခဏာဒိပ္ပဘေဒတောတိ ဧတ္ထ၊ လက္ခဏာဒိပ္ပဘေဒတော ဟူသောဤပါဌ်၌။
ဒုက္ခသစ္စံ၊ ဒုက္ခသစ္စာသည်။
ဗာဓနလက္ခဏံ၊ ကျင်လည်တတ်သော သတ္တဝါဟု သမုတ်အပ်သော ခန္ဓာအစဉ်ကို နှိပ်စက်တတ်ခြင်း လက္ခဏာရှိ၏။
သန္တာပနရသံ၊ ဆယ့်တပါးတို့ဖြင့် ပူလောင်စေခြင်းကိစ္စ ရှိ၏။
ပဝတ္တိပစ္စုပဋ္ဌာနံ၊ အသစ်အသစ် ဖြစ်ပေါ်လာ၏ဟု ယောဂီ၏ဉာဏ်ဝ၌ ရှေ့ရှုထင်ခြင်း ရှိ၏။

ဘဝပစ္စယာဇာတိ-ဟူ၍ ဟောတော်မူရကား ကံစသောအကြောင်းသည် နီးစွာသော အကြောင်းရှိ၏။

ယထာရဟ-ယူဟန်ကား ပဋိသန္ဓေဝိညာဏ်မှာ ကံ၊ စိတ္တဇရုပ်တို့နှင့်တကွ နာမ်တို့မှာ စိတ်၊ သီတဥဏှတို့ကြောင့် ဘောက်ပြန်တတ်သော ရုပ်နာမ်တို့မှာ ဥတု၊ ဩဇဋ္ဌမက- ရုပ်တို့မှာ အာဟာရ - စသည်တို့ကို ပဒဋ္ဌာန်ထား၍ယူကြလေ။

စတုတ္ထပုစ္ဆာပြီး၏။

၁၀ - ဒုက္ခသစ္စာ၏ အာကာရတို့ကား အဘယ်နည်းဟူသော ပဉ္စမပုစ္ဆာကို ဖြေရှင်း၍ပြခြင်း

ထိုဒုက္ခသစ္စာ၏ အာကာရတို့ကား အဘယ်နည်း-ဟူရာ၌။

ဣဒံခေါ ပန ဘိက္ခဝေ ဒုက္ခံ အရိယသစ္စံ၊ ဇာတိပိ ဒုက္ခာ၊ ဇရာပိ ဒုက္ခာ၊ ဗျာဓိပိ ဒုက္ခော၊ မရဏမ္ပိ ဒုက္ခံ၊ အပ္ပိယေဟိ သမ္ပယောဂေါ ဒုက္ခော၊ ပိယေဟိ ဝိပ္ပယောဂေါ ဒုက္ခော၊ ယံပိစ္ဆံ န လဗ္ဘတိ၊ တမ္ပိ ဒုက္ခံ၊ သံခိတ္တေန ပစ္စုပါဒါ နက္ခန္ဓာ ဒုက္ခာ

ဟူ၍ ရှစ်ပါးသော အခြင်းအရာ အာကာရတို့ကို ဟောတော်မူသည်။

မဟာဝဂ္ဂ သံယုတ်ပါဠိတော်။

အဋ္ဌကထာတို့၌ကား -

ဇာတိအာဒီနံ နိစ္ဆယာတိ ယေ တေ အရိယသစ္စာနိ နိဒ္ဒိသန္တေန ဘဂဝတာ ဇာတိပိ ဒုက္ခာ၊ ဇရာပိ ဒုက္ခာ၊ မရဏမ္ပိ ဒုက္ခံ၊ သောကပရိဒေဝဒုက္ခ ဒေါမနဿုပါယာသာပိ ဒုက္ခာ၊ အပ္ပိယေဟိ သမ္ပယောဂေါ ဒုက္ခော၊ ပိယေဟိ ဝိပ္ပယောဂေါ ဒုက္ခော၊ ယံပိစ္ဆံ န လဗ္ဘတိ၊ တမ္ပိ ဒုက္ခံ။ သံခိတ္တေန ပဉ္စုပါဒါ နက္ခန္ဓာ ဒုက္ခာတိ ဒုက္ခ နိဒ္ဒေသေ ဒွါဒသ ဓမ္မာ”-

ဟူ၍ တဆယ့်နှစ်ပါးသော အခြင်းအရာကို ဟောတော်မူသည်။

ဝိသုဒ္ဓိမဂ်။

ဘိက္ခဝေ၊ ရဟန်းတို့။
ဇာတိပိ၊ ပဋိသန္ဓေနေရခြင်းသည်လည်း။
ဒုက္ခာ၊ ဆင်းရဲ၏။
ဇရာပိ၊ အိုရခြင်းသည်လည်း။
ဒုက္ခာ၊ ဆင်းရဲ၏။
ဗျာဓိပိ၊ နာရခြင်းသည်လည်း။
ဒုက္ခာ၊ ဆင်းရဲ၏။
မရဏမ္ပိ၊ သေရခြင်းသည်လည်း။
ဒုက္ခံ၊ ဆင်းရဲ၏၊
အပ္ပိယေဟိ၊ မချစ်နှစ်လိုအပ်သည်တို့နှင့်။
သမ္ပယောဂေါ၊ ယှဉ်တွဲ၍ နေရခြင်းသည်။
ဒုက္ခော၊ ဆင်းရဲ၏။
ပိယေဟိ၊ ချစ်နှစ်လိုအပ်သည်တို့နှင့်။
ဝိပ္ပယောဂေါ၊ ကွေကွင်း၍ နေရခြင်းသည်။
ဒုက္ခော၊ ဆင်းရဲ၏။
ယံပိစ္ဆံ၊ အကြင် အလိုရှိအပ်သော ဝတ္ထုကို။
န လဗ္ဘတိ၊ မရ။
တမ္ပိ၊ ထိုသို့မရခြင်းသည်လည်။
ဒုက္ခံ၊ ဆင်းရဲ၏။
သံခိတ္တေန၊ အကျဉ်းအားဖြင့်။
ပဉ္စ၊ ငါးပါးကုန်သော။
ဥပါဒါနက္ခန္ဓာ၊ ဥပါဒါန်၏ အာရုံဖြစ်သော ခန္ဓာတို့သည်။
ဒုက္ခာ၊ ဆင်းရဲကုန်၏။
ဣဒံ ခေါ ပန၊ ဤပဋိသန္ဓေနေခြင်း အစရှိသည်ကား။
ဒုက္ခံ၊ ဆင်းရဲဖြစ်သော။
အရိယသစ္စံ၊ အရိယသစ္စာတည်း။

ပါဠိတော်အနက်

ဇာတိအာဒီနံ နိစ္ဆယာတိ၊ ဇာတိအာဒီနံ နိစ္ဆယာ - ဟူသည်ကား။
အရိယသစ္စာနိ၊ အရိယသစ္စာတို့ကို။
နိဒ္ဒိသန္တေန၊ အကျယ်ပြတော်မူသော။
ဘဂဝတာ၊ မြတ်စွာဘုရားသည်။
ဇာတိပိ ဒုက္ခာ၊လ။ သံခိတ္တေန ပစ္စုပါဒါနက္ခန္ဓာ ဒုက္ခာတိ၊ -ဟူ၍။
ဒုက္ခနိဒ္ဒေသ၊ ဒုက္ခနိဒ္ဒေသ၌။
ဝုတ္တာ၊ ဟောတော်မူအပ်ကုန်သော။
ဒွါဒသ ဓမ္မာ၊ တဆယ့်နှစ်ပါးသော တရားတို့ကို။
ဘဂဝတာ၊ သည်။
ဝုတ္တာ၊ ဟောတော်မူအပ်ကုန်၏။

သာဓကအနက်ကား -

ဇာတိပိ၊ ဇာတိသည်လည်း။
ဒုက္ခာ၊ ဆင်းရဲ၏။
ဇရာပိ၊ ဇရာသည်လည်း။
ဒုက္ခာ၊ ဆင်းရဲ၏။
မရဏမ္ပိ၊ သေရခြင်းသည်လည်း။
ဒုက္ခံ၊ ဆင်းရဲ၏။
သောက ပရိဒေဝဒုက္ခ ဒေါမနဿုပါ ယာသာပိ၊ စိုးရိမ်ခြင်း ငိုကြွေးခြင်း ဆင်းရဲခြင်း နှလုံးမသာယာခြင်း ပြင်းစွာ ပင်ပန်းခြင်း တို့သည်လည်း။
ဒုက္ခာ၊ ဆင်းရဲကုန်၏။
အပ္ပိယေဟိ၊ မချစ်နှစ်လိုအပ်သည်တို့နှင့်။
သမ္ပယောဂေါ၊ ယှဉ်တွဲ၍ နေရခြင်းသည်။
ဒုက္ခော၊ ဆင်းရဲ၏။
ပိယေဟိ၊ ချစ်နှစ်လိုအပ်သည်တို့နှင့်။
ဝိပ္ပယောဂေါ၊ ကွေကွင်း၍ နေရခြင်းသည်။
ဒုက္ခော၊ ဆင်းရဲ၏။
ယံပိစ္ဆံ၊ အကြင် အလိုရှိအပ်သော ဝတ္ထုကို။
န လဗ္ဘတိ၊ မရ။
တမ္ပိ၊ ထိုသို့ မရခြင်းသည်လည်း။
ဒုက္ခံ၊ ဆင်းရဲ၏။
သံခိတ္တေန၊ အကျဉ်းအားဖြင့်။
ပဉ္စ၊ ငါးပါးကုန်သော။
ယေ တေ ဥပါဒါနက္ခန္ဓာ၊ အကြင်ဥပါဒါန်၏ အာရုံဖြစ်သော တရားတို့သည်လည်း။
ဒုက္ခာ၊ ဆင်းရဲကုန်၏။

အဋ္ဌကကာအနက်

ထိုသို့ပြတော်မူအပ်သော အာကာရရှစ်ပါး တဆယ့်နှစ်ပါးတို့တွင် “ဇာတိပိဒုက္ခာ” ဟူသောပုဒ်၌ ဇာတိသည် သာမညအားဖြင့် တပါးသာတည်း။ ဝိသေသအားဖြင့် သော်ကား ရုပ်ဇာတိ နာမ်ဇာတိဟူ၍ နှစ်ပါး၊
ကာမဇာတိ ရူပဇာတိ အရူပဇာတိဟူ၍ သုံးပါး၊
၎င်းနည်းတူ ဧကဝေါကာရဇာတိ စတုဝေါကာရဇာတိ ပဉ္စဝေါကာရဇာတိ ဟူ၍သုံးပါး။
သညီဇာတိ အသညီဇာတိ နေဝသညီနာသညီဇာတိ ဟူ၍ သုံးပါး အားဖြင့် ဇာတိကိုးပါး

၎င်းဇာတိ ကိုးပါးတို့ဝယ် လူနတ်စသော အမည်အမျိုးအားဖြင့် ရေတွက်အပ်သည် ရှိသော် မရေမတွက်နိုင်သော ဇာတိတို့သည် ဖြစ်ကုန်၏။ ထိုမရေမတွက်နိုင်သော ဇာတိမျိုးတို့၌ ယောနိလေးပါး တို့ဖြင့် ပိုင်းခြား၍ဇာတိတို့ဖြစ်ဟန်ကို ဤသို့သိအပ်၏

တတ္ထ ကတမာ ဇာတိ၊ ယာ တေသံ တေတံ သတ္တာနံ တမှိ တမှိ သတ္တနိကာယေ ဇာတိ သဉ္ဇာတိ သြက္ကန္တိ အဘိနိဗ္ဗတ္တိ ခန္ဓာနံ ပါတုဘာဝေါ အာယတနာနံ ပဋိလာဘော၊ အယံ ဝုစ္စတိ ဇာတိ

ဝိဘင်းပါဠိတော်။

တတ္ထ၊ ထိုဇာတိ စသည်တို့တွင်။
ဇာတိ၊ ဇာတိသည်။
ကတမာ၊ အဘယ်နည်း။
တေသံ တေသံ သတ္တာနံ၊ ထိုထိုသတ္တဝါတို့၏။
တမှိ တမှိ သတ္တ နိကာယေ၊ ထိုထို သတ္တဝါအပေါင်း၌။
ယာ ဇာတိ၊ အကြင်ဖြစ်ခြင်းသည်။
ယာ သဉ္ဇာတိ၊ အကြင်ပြည့်စုံသော အာယတန၏အစွမ်းဖြင့် ကောင်းမွန်စွာ ဖြစ်ခြင်းသည်။
ယာ ဩက္ကန္တိ၊ အကြင်ဥခွံတွင်း သူငယ်အိမ်တွင်းသို့ဝင်၍ ဖြစ်ခြင်းသည်။
ယာ အဘိနိဗ္ဗတ္တိ၊ အကြင် သံသေဒဇဥပပတ်၏အစွမ်းဖြင့် ထင်ရှား ဖြစ်ခြင်းသည်။
ခန္ဓာနံ၊ တခု လေးခု ငါးခုသော ခန္ဓာတို့၏။
ယော ပါတု ဘာဝေါ၊ အကြင် ထင်ရှားဖြစ်ခြင်းသည်။
အာယတနာနံ၊ အာယတနတို့ကို။
ယော ပဋိလာဘော၊ အကြင်ရခြင်းသည်။
အတ္ထိ၊ ရှိ၏။
အယံ၊ ဤဖြစ်ခြင်းအစရှိသည်ကို။
ဇာတိ၊ ဇာတိဟူ၍။
ဝုစ္စတိ၊ ဆိုအပ်၏။

ဤပါဠိတော်၌ “တေသံ တေသံ သတ္တာနံ” ဟူသော ဝိစ္ဆာသဒ္ဓါဖြင့် သတ္တဝါ အလုံးစုံကို အကုန်နှံ့စေ၍ အကျဉ်းအားဖြင့် သတ္တဝါအများတို့နှင့် ဆက်ဆံခြင်းကို ပြတော်မူသည်။

တမှိ တမှိ သတ္တနိကာယေ” ဟူသော ဝိစ္ဆာသဒ္ဒါဖြင့် ဂတိဇာတိ၏ အစွမ်းဖြင့် နှံ့စေ၍ သတ္တဝါအများတို့နှင့် ဆက်ဆံခြင်းကို ပြတော်မူသည်။

ဇာတိ”ဟူသောပုဒ်ဖြင့် အာယတနနှင့် မပြည့်မစုံဖြစ်ခြင်း သာမညကို ပြတော်မူသည်။

သဉ္ဇာတိ”ဟူသောပါဌ်ဖြင့် အာယတနနှင့် အပြည့်အစုံ ကောင်းစွာ ဖြစ်ခြင်းကို ပြတော်မူသည်။

သြက္ကန္တိ”ဟူသောပါဌ်ဖြင့် အဏ္ဍဇ ဇလာဗုဇ သတ္တဝါတို့၏ ဥခွံတွင်း သူငယ် အိမ်တွင်းသို့ ဝင်ရသကဲ့သို့ ဖြစ်ခြင်းကို ပြတော်မူသည်။

အဘိနိဗ္ဗတ္တိ”ဟူသော ပါဌ်ဖြင့် သံသေဒဇ သြပပါတိက သတ္တဝါတို့၏ ကိုယ်ထင်ရှား ဖြစ်ခြင်းကိုပြတော်မူသည်။

ခန္ဓာနံ ပါတုဘာဝေါ” ဟူသောပါဌ်ဖြင့် ပရမတ္ထအားဖြင့် သတ္တဝါတို့သည် ထင်ရှားဖြစ်သည် မဟုတ်ကုန်။ ခန္ဓာတို့သာ ထင်ရှားဖြစ်ကုန်၏ဟူသော အနက်ကို ပြတော်မူသည်။

အာယတနာနံ ပဋိလာဘော”ဟူသော ပါဌ်ဖြင့် ထိုထိုဘဝ၌ဖြစ်သော အာယတန တို့၏ အစွမ်းဖြင့် အတ္တဘောကိုရခြင်းကို ပြတော်မူသည်။

ထိုစကားရပ်တို့၌ ယောနိလေးပါး ဟူသော်ကား -

စတဿော ယောနိယော အဏ္ဍဇယောနိ ဇလာဗုဇယောနိ သံသေဒဇယောနိ သြပပါတိကယောနိ”- ဟု အရှင်သာရိပုတ္တရာ ဟောတော်မူ၏။

သင်္ဂီတိသုတ်ပါဠိတော်။

ယောနိယော၊ ယောနိတို့သည်။
အဏ္ဍဇယောနိ၊ အဏ္ဍဇယောနိ၎င်း။
ဇလာဗုဇယောနိ၊ ဇလာဗုဇယောနိ၎င်း။
သံသေဒဇယောနိ၊ သံသေဒဇယောနိ၎င်း။
သြပပါတိကယောနိ၊ သြပပါတိကယောနိ၎င်း။
ဣတိ၊ ဤသို့။
စတဿော၊ လေးပါးတို့တည်း။

ထိုလေးပါးတို့၏ အထူးကား -

အဏ္ဍေ ဇာတာတိ အဏ္ဍဇာ”- ဟူသော ပါထေယျအဋ္ဌကထာပါဌ် ဝစနတ္ထနှင့်အညီ အဥ၌ ဖြစ်သော ငှက် မြွေ အစရှိသော သတ္တဝါတို့သည် အဏ္ဍဇ မည်ကုန်၏။

ဇလာဗုမှိ ဇာတာတိ ဇလာဗုဇာ”- ဟူသော အဋ္ဌကထာ ပါဌ် ဝစနတ္ထနှင့်အညီ သူငယ်အိမ်၌ဖြစ်သော လူအစရှိသော သတ္တဝါတို့သည် ဇလာဗုဇ မည်ကုန်၏။

သံသေဒေ ဇာတာတိ သံသေဒဇာ” ဟူသော ၎င်းအဋ္ဌကထာပါဌ် ဝစနတ္ထနှင့် အညီ အညှိ၌ဖြစ်သော ပိုး လောက် အစရှိသော သတ္တဝါတို့သည် သံသေဒဇ မည်ကုန်၏။

ဝေဂေနအာဂန္တွာ ဥပပါတာဝိယာတိ သြပပါတိကာ”- ဟူသော ၎င်းအဋ္ဌကထာပါဌ် ဝစနတ္ထနှင့်အညီ လျင်သောအဟုန်ဖြင့် လာ၍ကျသကဲ့သို့ ဖြစ်ကုန်သော နတ် အစရှိသော သတ္တဝါတို့သည် သြပပါတိက မည်ကုန်၏။

ထို ယောနိလေးပါးတို့၏ သတ္တဝါတို့၌ဖြစ်ဟန်ကို လက်သန်း အဋ္ဌကထာတို့၌ လာသည်ကား -

ဘူမဝဇ္ဇေသု ဒေဝေသု၊ ပေတေ နိဇ္ဈာမတဏှိကေ။
နိရယေသု စ သမ္ဘောတိ၊ ယောနေကာဝေါပပါတိကာ။

နာမရူပ ပရိစ္ဆေဒ။

ဘူမဝဇ္ဇေသု၊ ဘူမဇိုဝ်း နတ်သည် ကြဉ်အပ်ကုန်သော။
ဒေဝေသု၊ နတ်တို့၌၎င်း။
နိဇ္ဈာမတဏှိကေ၊ နိဇ္ဈာမတဏှိက အမည်ရှိသော။
ပေတေစ၊ ပြိတ္တာ၌၎င်း။
နိရယေသု စ၊ ငရဲတို့၌၎င်း။
သြပပါတိကာ၊ သြပပါတိက အမည်ရှိသော။
ဧကာဝ၊ တခုသာလျှင်ဖြစ်သော။
ယောနိ၊ ယောနိသည်။
သမ္ဘောတိ၊ ဖြစ်၏။

ဂါထာ၏အဓိပ္ပါယ်ကား ထင်ရှားလှ၏။

ဘူမဒေဝမနုဿေသု၊
တိရစ္ဆာနေ ပရေတထာ။
ပေတေသု စာဝသေသေသု၊
စတဿောပိစ ယောနိယော။

လက်သန်းအဋ္ဌကထာ။

ဘူမဒေဝမနုဿေသု၊ ဘူမဇိုဝ်းနတ်, လူတို့၌၎င်း။
တထာ၊ ထိုမှတပါး။
အပရေ၊ တပါးသော။
တိရစ္ဆာနေ၊ တိရစ္ဆာန်၌၎င်း။
အဝသေသေသု၊ နိဇ္ဈာမတဏှိကပြိတ္တာမှ ကြွင်းကုန်သော။
ပေတေသုစ၊ ပြိတ္တာတို့၌၎င်း။
စတဿောပိ စ၊ လေးပါးလည်း ဖြစ်ကုန်သော။
ယောနိယော၊ ယောနိတို့သည်။
သမ္ဘောန္တိ၊ ဖြစ်ကုန်၏။

၎င်းဂါထာ၏ အဓိပ္ပါယ်လည်း ထင်ရှား၏။

ထိုဂါထာ၏ အဓိပ္ပါယ်ကိုယူ၍ အကျဉ်းအားဖြင့် ဆရာမြတ်တို့ မှတ်ကြသည်ကား -

ဘူမဇိုဝ်းပယ်၊ ကြွင်းဝယ်များစွာ၊
နတ်တကာနှင့်၊ နိဇ္ဈာမတဏှိက၊
နိရယတို့၊ နေကြလေရာ၊
ယောနိမှာ၊ တခုသာမှတ်၊
ဥပပါတ်

ဘူမဇိုဝ်းလူ၊ ထို့တူများစွာ၊
တိရစ္ဆာနှင့်၊ နိဇ္ဈာပယ်လျှင်း၊
ကြွင်းသည်ပြိတ္တာ၊ ယောနိမှာ၊
နေရာမလပ်၊ လေးပါးမှတ်

ထိုယောနိ လေးပါးတို့တွင် ဥပပတ် သံသေဒဇ နေသော သူတို့တွင် သံသေဒဇမှာ တလသား-နှစ်လသားခန့်မျှဖြစ်၏။ ဥပပါတ်မှာ တဆယ့်ငါးနှစ် တဆယ့်ခြောက်နှစ် ခန့်မျှဖြစ်၏။

တတ္ထ ဒေဝမနုဿေသု သံသေဒဇ သြပပါတိကာနံ အယံ ဝိသေသော၊ သံသေဒဇာ မန္ဒာ ဒဟရာ ဟုတွာ နိဗ္ဗတ္တန္တိ။ သြပပါတိကာ သောဠသဝဿုဒ္ဒေသိကာ ဟုတ္တာ။

ပါထေယျ အဋ္ဌကထာ။

တတ္ထ၊ ထိုသတ္တဝါတို့တွင်။
ဒေဝမနုဿေသု၊ နတ်လူတို့၌။
သံသေဒဇ သြပပါတိကာနံ၊ သံသေဒဇ သြပပါတိက ပဋိသန္ဓေ နေကုန်သော သူတို့၏။
အယံ၊ ဤဆိုလတ္တံ့သည်ကား။
ဝိသေသော၊ အထူးတည်း။
သံသေဒဇာ၊ သံသေဒဇပဋိသန္ဓေ နေကုန်သော သတ္တဝါတို့သည်။
မန္ဒာ၊ နည်းကုန်သည်။
ဒဟရာ၊ ငယ်ကုန်သည်။
ဟုတွာ၊ ဖြစ်ကုန်၍။
နိဗ္ဗတ္တန္တိ ၊ ဖြစ်ကုန်၏။
သြပပါတိကာ၊ ဥပပါတ် ပဋိသန္ဓေ နေကုန်သော သတ္တဝါတို့သည်။
သောဠသဝသုဒ္ဒေသိကာ၊ တဆယ့်ခြောက်နှစ်ဖြင့် ညွှန်းအပ်သောအရွယ်ရှိကုန်သည်။
ဟုတွာ၊ ဖြစ်ကုန်၍။
နိဗ္ဗတ္တန္တိ၊ ဖြစ်ကုန်၏။

ထိုယောနိလေးပါးတို့တွင် အဏ္ဍဇ ဇလာဗုဇ ပဋိသန္ဓေ နေကြကုန်သော သတ္တဝါတို့သည် မိဘတို့၏ မေထုန်ဟု ဆိုအပ်သော အဇ္ဈာစာရ ကြောင့်လည်း နေကြကုန်သည်။
ကိုယ်လက်နှီးနှောခြင်း ကာယသံသဂ္ဂကြောင့်၎င်း,
ပုဆိုးဖြင့် သုက်သွေးကိုယူခြင်း စောဠဂဟဏကြောင့်၎င်း,
သုတ်သွေးကို သောက်ခြင်း အသုစိပါနကြောင့်၎င်း,
ချက်ကိုသုံးသပ်ခြင်း နာဘိပရာမသနကြောင့်၎င်း,
အဆင်းကိုမြင်ခြင်း ရူပဒဿနကြောင့်၎င်း,
အသံကိုကြားခြင်း သဒ္ဒသဝနကြောင့်၎င်း,
အနံ့ကိုနမ်းခြင်း ဂန္ဓဃာယနကြောင့်၎င်း နေကြကုန်သည်။

ဤရှစ်ပါးသော အကြောင်းကြောင့် ပဋိသန္ဓေ နေကြကုန်သည်ဟု ဝိနည်းအဋ္ဌကထာ ၌လာသည်။

၁၁ - ပဋိသန္ဓေ နေရခြင်း၏ ဇာတိ ဒုက္ခကိုပြခြင်း

ထိုရှစ်ပါးသော အကြောင်းတို့တွင် ရှေးဦးစွာသော အကြောင်းသည်သာလျှင် များသောအားဖြင့် မြဲသောပဋိသန္ဓေရှိ၏။ ကြွင်းသော အကြောင်း ခုနစ်ပါးတို့သည် များသောအားဖြင့် မြဲသော ပဋိသန္ဓေမရှိ။ အနည်းငယ်မျှသာမြဲသည်။ ရှေးဦးစွာသော အကြောင်း၌ အမိအဘတို့သည် အညီအညွတ် စည်းဝေးကုန်သည်လည်း ဖြစ်စေ။

(၁) အမိ၏ ကြာတိုက်သည်လည်း ဥတုသက်ဆင်း၍ သန့်ရှင်းသည်လည်း ဖြစ်စေ။
(၂) ပဋိသန္ဓေနေသော သတ္တဝါသည်လည်း ရှေ့ရှုကပ်ရောက်သည်လည်းဖြစ်စေ။
(၃) ဤအင်္ဂါသုံးပါးတို့နှင့် ပြည့်စုံသော အခါကာလဝယ် ကလလရုပ်ဟု ဆိုအပ်သော ဇလာဗုဇ အဏ္ဍဇ ပဋိသန္ဓေနေခြင်းသည်ဖြစ်၏။

ထိုပဋိသန္ဓေခဏ၌ ထင်ရှားဖြစ်သော ကလလရေကြည် ဟုဆိုအပ်သော ရုပ်အစဉ် လည်း ယင်ငယ်သည် တကြိမ်သောလုံ့လဖြင့် သောက်လောက်ရုံမျှ အတိုင်းအရှည် ရှိသည်ဖြစ်၍ နည်းလှစွာ၏။ ဤသို့ဆိုအပ်ပြီး၍ တဖန် ယင်ငယ်သောက်လောက်ရုံမျှ ပမာဏရှိသော ကလလရေကြည်သည် အလွန် များသေး၏ဟု ပယ်ပြီး၍ သိမ်မွေ့ နူးညံ့လှစွာသော အပ်ကို ဆီ၌ချ၍ ဆယ်အပ်သည်ရှိသော် ယိုစီးလျက် အပ်ဖျားဝယ် တည်သော ဆီပေါက်ပမာဏ ရှိ၏ဟုဆို၏။

ထိုအပ်ဖျား၌တည်သော ဆီပေါက်ပမာဏရှိသော ကလလရေကြည်သည် အလွန် များသေး၏ဟု ပယ်ပြီး၍ ဆံပင်တချောင်းကို ဆီ၌ချ၍ ဆယ်အပ်သည်ရှိသော် ယိုစီးလျက် ဆံဖျားဝယ် တည်သော ဆီပေါက်ပမာဏ ရှိ၏ဟုဆို၏။

ထိုဆံဖျား၌ တည်သော ဆီပေါက် ပမာဏရှိသော ကလလရေကြည်သည် အလွန် များသေး၏ဟု ပယ်ပြီး၍ ဤဇမ္ဗူဒီပါကျွန်းသူတို့၏ဆံကို ရှစ်စိတ်ခွဲပြီးလျှင် ထိုရှစ်စိတ် တစိတ်ပမာဏသည် ဥတ္တရကုရု ကျွန်းသူတို့၏ ဆံပင်တည်း၊ ထိုဥတ္တရကုရုကျွန်းသူ တို့၏ ဆံကို ကြည်စွာသော ဆီ၌ ချ၍ ဆယ်အပ်သည်ရှိသော် ယိုစီးလျက် ဆံဖျားဝယ် တည်သော ဆီပေါက်ပမာဏ ရှိ၏ဟု ဆို၏။

ထိုဆံဖျား၌ တည်သော ဆီပေါက်ပမာဏရှိသော ကလလရေကြည်သည် အလွန် များသေး၏ ဟုပယ်ပြီးမှ ဇာတိဥဏ္ဏမည်သော သားကောင်၏ အမွေးသည် အလွန်သိမ်မွေ့၏။ ထိုဇာတိဥဏ္ဏ မည်သော သားကောင်၏ အမွေးတချောင်းကို ကြည်စွာသော ဆီ၌ ချ၍ ဆယ်အပ်သည်ရှိသော် ယိုစီးလျက်အမွေးဖျားဝယ် တည်သော ဆီပေါက်ပမာဏရှိ၏ ဆို၏။

ဤသို့လျှင် -

ယင်ငယ်သောက်လောက်၊ ထိုနောက်အပ်ဖျား၊
တောင်ကျွန်းသား၏၊ ဆံဖျားတသွယ်၊
မြောက်ဝယ်ကျွန်းသား၊ ဆံဖျားတင်ရှိ၊
ဇာတိဥဏ္ဏာ၊ သားမြတ်စွာ၏၊
မွေးမှာတမျှင်၊ အဖျားတွင်၌၊
တင်သည့်ဆီမျှ၊ ပမာရသည်။
ကလလရုပ်၏ အတိုင်းအရှည်တည်း။

ထို့ကြောင့် ...

တိလတေလဿ ယထာ ဗိန္ဒု၊
သပ္ပိမဏ္ဍော အနာဝိလော။
ဧဝံ ဝဏ္ဏပဋိဘာဂံ၊
ကလလံ သမ္ပဝုစ္စတိ။

ဟု အဋ္ဌကထာဆရာမြတ်တို့ မိန့်ဆိုတော်မူ၏။

တိလတေလဿ၊ နှမ်းဆီ၏။
ဗိန္ဒု ယထာ၊ အပေါက်ကဲ့သို့။
အနာဝိလော၊ နောက်ကျုခြင်း မရှိသော။
သပ္ပိမဏ္ဍော ယထာ၊ ထောပတ်ကြည်ကဲ့သို့။
ဧဝံတထာ၊ ထိုအတူ။
ကလလံ၊ ကလလရေ ကြည်ကို။
ဝဏ္ဏပဋိဘာဂံ၊ တူသောအဆင်းသဏ္ဌာန် ရှိ၏ဟူ၍။
သမ္ပဝုစ္စတိ၊ ကောင်းစွာ အပြားအားဖြင့် ဆိုအပ်၏။

ထိုကြည်လင်လှစွာသော ကာလလရေကြည်ဖြင့် ခုနစ်ရက်၊
၎င်းနောက် အမြှုပ် ခုနစ်ရက်၊
၎င်းနောက် သွေးခဲ ခုနစ်ရက်၊
၎င်းနောက် သားတစ် ခုနစ်ရက်၊
၎င်းနောက် ခက်မငါးဖြာတို့ ခုနစ်ရက်၊

ဤသို့စသည်ဖြင့် တနေ့ထက်တနေ့ ရင့်၍ တဆယ့်တစ် သတ္တာဟ၌။ စက္ခု, သောတ, ဃာန၊ ဇိဝှါတို့ ဖြစ်ကြလျက် လေး ဆယ့်နှစ်သတ္တာဟ။ (ဝါ) ကိုးလနှင့် နှစ်ဆယ့်လေးရက်တို့တိုင်တိုင် ဖြစ်၍ဖွါးမြင်ရလေ၏။

ထို့ကြောင့် ရှင်တော်ဘုရားသည် -

ပဌမံ ကလလံ ဟောတိ၊
ကလလာ ဟောတိ အဗ္ဗုဒံ။
အဗ္ဗုဒါ ဇာယတေ ပေသိ၊
ပေသိ နိဗ္ဗတ္တတီ ဃနော။
ဃနာ ပသာခါ ဇာယန္တိ၊
ကေသာ လောမာ နခါပိ စ။

လဉ္စဿ ဘုဉ္ဇတီ မာတာ၊
အန္နံ ပါနဉ္စ ဘောဇနံ။
တေန သော တတ္ထ ယာပေတိ၊
မာတုကုစ္ဆိဂတော နရော။

ဟူသော အခွဲနှင့်တကွ သုံးဂါထာ(၂-ဂါထာခွဲ) ကို ဟောတော် မူ၏။

သံယုတ်ပါဠိတော်။

ဂမ္ဘသေယျကာနံ အဇ္ဈတ္တိကာယတနေသု မနာယတန ကာယာယတနာနေဝ ပဋိသန္ဓိက္ခဏေ ဥပ္ပဇ္ဇန္တိ၊ သေသာနိ စတ္တာရိ သတ္တသတ္တတိရတ္တိမှိ။

ကထာဝတ္ထု အဋ္ဌကထာ။

ဣတော ပရံ ဆဋ္ဌသတ္တမာဒီနိ သတ္တာဟာနိ အတိက္ကမ္မ ဒေသနံ သံခိပိတွာ ဒွါစတ္တာလီသေ သတ္တာဟ ပရိဏတ ကာလံ ဂဟေတွာ ဒဿေန္တော ကေသာတိ အာဒိမာဟ။ တတ္ထ ကေသာ လောမာ နခါပိစာတိ ဒွါစတ္တာလီသေ သတ္တာဟေ ဧတာနိ ဇာယန္တိ။

သဂါထာဝဂ္ဂသံယုတ် ယက္ခသုတ်အဖွင့် အဋ္ဌကထာ။

ပဌမံ၊ ရှေးဦးစွာသောပဋိသန္ဓေဝိညာဏ်ဖြင့်။
ဝါ၊ ရှေးဦးစွာသော သတ္တာဟပတ်လုံး။
တလလံ၊ ကလလရေကြည်သည်။
ဟောတိ၊ ဖြစ်၏။
ကလလာ၊ ကာလလရေကြည်မှ။
သတ္တာဟစ္စယေန၊ ခုနစ်ရက်လွန်သဖြင့်။
(သတ္တာဟစ္စယေနကား ပါဌသေသ)
အဗ္ဗုဒံ၊ သားဆေးရေ အဆင်းရှိသော အမြှုပ်သည်။
ဟောတိ၊ ဖြစ်၏။
အဗ္ဗုဒါ၊ အမြှုပ်မှ။
သတ္တာဟစ္စယေန၊ ခုနစ်ရက်လွန်သဖြင့်။
ပေသိ၊ ကြည်စွာသော သလွဲနှင့်တူသော သားတစ်သည်။
ဇာယတေ၊ ဖြစ်၏။
ပေသိ၊ သားတစ်မှ။
သတ္တာဟစ္စယေန၊ ခုနစ်ရက်လွန်သဖြင့်။
ဃနော၊ ကြက်ဥသဏ္ဌာန်ရှိသော အသားခဲသည်။
နိဗ္ဗတ္တတိ၊ ဖြစ်၏။
ဃနာ၊ အသားခဲမှ။
သတ္တာဟစ္စယေန၊ ခုနှစ်ရက်လွန်သဖြင့်။
ပသာခါ၊ လက်နှစ်ချောင်း ခြေနှစ်ချောင်း ဦးခေါင်း အကျိုးငှါ ငါးဖြာသော အိုင်းအဖုတို့သည်။
ဇာယန္တိ၊ ဖြစ်ကုန်၏။
ကေသာစ၊ ဆံတို့သည်၎င်း။
လောမာစ၊ အမွေးတို့သည်၎င်း။
နခါစ၊ လက်သည်းခြေသည်းတို့သည်၎င်း။
ဇာယန္တိ၊ ဖြစ်ကုန်၏။

အဿ၊ ထိုသူငယ်၏။
မာတာ၊ အမိသည်။
ယဉ္စ အန္နံ၊ အကြင် ထမင်းကို၎င်း။
ယဉ္စ ပါနံ၊ အကြင်အဖျော်ကို၎င်း။
ယဉ္စ ဘောဇနံ၊ အကြင်ဘောဇဉ်ကို၎င်း။
ဘုဉ္ဇတိ၊ စား၏။
တေန၊ ထိုအမိစားသော ထမင်း အဖျော် ဘောဇဉ်ဖြင့်။
မာတုကုစ္ဆိဂတော၊ အမိဝမ်း၌တည်သော။
သော နရော၊ ထိုသတ္တဝါသည်။
တတ္ထ၊ ထိုအမိဝမ်း၌။
ယာပေတိ၊ မျှ၏။

ပါဠိတော်အနက်

ဂဗ္ဘသေယျကာနံ၊ ဂဗ္ဘသေယျက ပုဂ္ဂိုလ်တို့အား။
အဇ္ဈတ္တိကာယတနေသု၊ အဇ္ဈတ္တိကာယတန ခြောက်ပါးတို့တွင်။
မနာယတန ကာယာယတနာနေဝ၊ မနာယတန ကာယာယတနတို့သည်သာလျှင်။
ပဋိသန္ဓိက္ခဏေ၊ ပဋိသန္ဓေခဏ၌။
ဥပ္ပဇ္ဇန္တိ၊ ဖြစ်ကုန်၏။
သေသာနိ၊ ကြွင်းကုန်သော စက္ခာယတန, သောတာယတန, ဃာနာယတန, ဇီဝှါယတနတို့သည်။
သတ္တသတ္တတိရတ္တိမှိ၊ ခုနစ်ဆယ့် ခုနစ်ညဉ့် ၌။
(ဝါ) ဧကာဒသမသတ္တာဟ၌။
ဥပ္ပဇ္ဇန္တိ ၊ ဖြစ်ကုန်၏။

ကထာဝတ္ထု အဋ္ဌကထာအနက်

ဣတော၊ ခက်မငါးဖြာ ဖြစ်ရာ ဤပဉ္စမသတ္တာဟမှ။
ပရိ၊ နောက်၌။
ဆဋ္ဌသတ္တမာဒီနိ၊ ဆဋ္ဌသတ္တာဟ သတ္တမသတ္တာဟ အစရှိကုန်သော။
သတ္တာဟာနိ၊ သတ္တာဟတို့ကို။
အတိက္ကမ္မ၊ လွန်တော်မူ၍။
ဝါ၊ ခုန်တော်မူ၍။
ဒေသနံ၊ ပဌမံကလလံဟောတိ စသည်ဖြင့်ဟောရာ ဒေသနာတော်ကို။
သံခိပိတွာ၊ အကျဉ်းချုံးတော်မူ၍။
ဒ္ဓါစတ္တာလီသေ သတ္တာဟေ၊ လေးဆယ့်နှစ်သတ္တာဟ၌။
ပရိဏတ ကာလံ၊ ကိုယ်ဝန်ရင့်ရာကာလကို။
ဂဟေတွာ၊ ယူ၍။
ဒဿေန္တော၊ ပြတော်မူလိုသော မြတ်စွာဘုရားသည်။
ကေသာတိ အာဒိံ၊ ကေသာ ဤသို့အစရှိသော စကားကို။
အာဟ၊ ဟောတော်မူ၏။
တတ္ထ၊ ထိုကေသာစသော စကားရပ်၌။
ကေသာ လောမာ နခါပိစာတိ၊ ကေသာ လောမာ နခါပိစ ဟူသည်ကား။
ဒွါစတ္တာလီသေ သတ္တာဟေ၊ လေးဆယ့်နှစ်သတ္တာဟ၌။
ဧတာနိ၊ ထိုဆံ, အမွေး, လက်သည်း, ခြေသည်းတို့သည်။
ဇာယန္တိ၊ ဖြစ်ကုန်၏။

သဂါထာဝဂ္ဂ သံယုတ်ယက္ခသုတ်အဖွင့်အဋ္ဌကထာအနက်

၁၂ - ဝိသေသဒုက္ခကို ပြခြင်း

ဤသို့ဆိုအပ်ပြီးသော အဏ္ဍဇ ဇလာဗုဇ ပဋိသန္ဓေနှစ်ပါးတို့၌ ယထာရဟအားဖြင့် ဝိသေသဒုက္ခကို ဤဆိုလတ္တံ့သောနည်းဖြင့် သိအပ်၏။

ဝိသေသဒုက္ခသည်ကား -

  1. ဂဗ္ဘာဝေါက္ကန္တိကမူလကဒုက္ခ,
  2. ဂဗ္ဘပရိဟရဏမူလကဒုက္ခ,
  3. ဂဗ္ဘဝိပတ္တိမူလကဒုက္ခ,
  4. ဝိဇာယနမူလကဒုက္ခ,
  5. ဗဟိနိက္ခမနမူလကဒုက္ခ,
  6. အတ္တူပက္ကမမူလကဒုက္ခ,
  7. ပရူပက္ကမမူလကဒုက္ခ,

အားဖြင့် ခုနှစ်ပါးတို့တွင် ဤဆိုလတ္တံ့သည်ကား ဂဗ္ဘာဝေါက္ကန္တိကမူလကဒုက္ခတည်း။

ဤသတ္တဝါသည် အမိဝမ်းတိုက်၌ ဖြစ်ထိုက်သည်အလျောက် ဖြစ်ရသည်ရှိသော် ကြာညို ကြာနီ ကြာဖြူ ပဒုမာ ပုဏ္ဍရိက် အစရှိသည်တို့၌ ဖြစ်ရသည်မဟုတ်၊ စင်စစ်သော်ကား အစာသစ်အိမ်၏အောက် အစာဟောင်းအိမ်၏ အထက် နှစ်ဘက်သော ဝမ်းပျဉ်းလွှာ ကျောက်ဆူးရိုးတို့၏ အလယ် အလွန်ကျဉ်းမြောင်းသော တခဲနက်တက်သော အမိုက်တိုက်ရှိယော အထူးထူးသော ပိုးလောက်တို့၏ အနံ့ဖြင့် ထုံအပ်သော မစင်ကြယ် အလွန်စက်ဆုပ်ဖွယ်သော အနံ့တို့၏ ညှီနံ ညှော်လှောင်း မကောင်းသော သွားရာဖြစ်သော အလွန်စက်ဆုပ်ဖွယ် ရှိသော အမိဝမ်းတိုက်၌ ငါးပုပ် အမဲပုပ် တန်စီးကျင်း အစရှိသည်တို့၌ ပိုးလောက် အများတို့သည် ကံအားလျော်စွာ ဆင်း၍ ဖြစ်ရကုန်သကဲ့သို့ ဖြစ်ရ၏၊

ထိုအမိဝမ်းခေါင်း၌ အောင်းရသော သတ္တဝါတို့သည် ဆယ်လတို့ပတ်လုံး အမိဝမ်း၌ ဖြစ်သော ပူစွာသော သုက်သွေးဖြင့် ချက်ပြုတ်အပ်သော ထမင်းထုပ်ကဲ့သို့ ပေါင်းအပ်သော မုံ့ညက်စိုင်ကဲ့သို့ ကွေးခြင်း ဆန့်ခြင်း ထိုမှဤမှ ရွေ့ရှားခြင်း အစရှိသည်မှ ကင်းလျက် ပြင်းပြသော ဆင်းရဲကို အမြဲခံစားရ၏။ ဤဆင်းရဲကား ပစ္ဆိမဘဝိက - ဘုရားအလောင်းတော်မှတပါး ခပ်သိမ်းသော သတ္တဝါတို့အား ဖြစ်သည်သာတည်း။

သင်္ဃာတော်အား ကျောင်းဆောက်၍ လှူဘူးသော သတ္တဝါတို့သည် ဇာတိနှင့် မကင်း၍ အမိဝမ်းတွင်း၌ ပဋိသန္ဓေ နေရသော်လည်း အမိဝမ်းခေါင်းသည် ကျဉ်းမြောက်ခြင်းမရှိ။ တဆယ့်နှစ်တောင် ရှိသော တိုက်ခန်း၌ နေရသကဲ့သို့ ဖြစ်သည်ဟု ဥဒါန်းအဋ္ဌကထာ - သံယုတ်အဋ္ဌကထာ တို့၌ ဆိုသည်။

ကောင်းမှုထူးရှိသော သတ္တဝါတို့အား ကောင်းမှု အကျိုးကို ခံစားရသောအားဖြင့် ဖြစ်သောကြောင့် တပါးသော သတ္တဝါတို့လောက် ဆင်းရဲမရှိသည်ကို ရည်၍ ဆိုသည်။ ထို ပဋိသန္ဓေဒုက္ခ အခြင်းခပ်သိမ်း မရှိသောကြောင့် ဆိုသည် မဟုတ်၊ ချမ်းသာစွာ နေရခြင်းအကျိုးငှါ ဘုရားအလောင်းတော်ကို မယ်တော်ကြည့်သည် ရှိသော် ထက်ဝယ် ဖွဲ့ခွေနေသော ဘုရားအလောင်းကိုမြင်၏ ဟုဆိုရကား တပါးသတ္တဝါတို့ကဲ့သို့ မဆင်းရဲ၊ ချမ်းသာစွာနေရသည်

သုခဝါသတ္ထံ ဗောဓိသတ္တံ သြလောကယမာနာ ပလ္လင်္ကံ မာဘုဇိတွာ နိသိန္နံ ဗောဓိသတ္တံ ပဿတိ
သုတ်မဟာဝါအဋ္ဌကထာ။

သုခဝါသတ္ထံ၊ ချမ်းသာစွာ နေရခြင်း အကျိုးငှါ။
ဗောဓိသတ္တံ၊ ဘုရားလောင်းကို။
ဩလောကယမာနာ၊ ကြည့်လတ်သည်ရှိသော်။
ပလ္လင်္ကံ၊ ထက်ဝယ်ကို။
အာဘုဇိတွာ၊ ဖွဲ့ခွေ၍။
နိသိန္နံ၊ ထိုင်သော။
ဗောဓိသတ္တံ၊ ဘုရားလောင်းကို။
ပဿတိ၊ မြင်၏။

ဘုရားလောင်းတော်မှတပါး အခြားသော သတ္တဝါတို့လည်း အမိဝမ်း၌ တည်ကုန် သည်ရှိသော် အစာဟောင်းအိမ်ပေါ်ဝယ် ထိုင်လျက် အစာသစ်အိမ်ကိုရွက်လျက် အမိဝမ်းပျဉ်းလွှာကို ကျောပေးလျက် ကျောက်ဆူးရိုးကို ရှေ့ရှုမှီလျက် ဆောင့်ကြောင့် ထိုင်ပြီးလျှင် နှစ်ခုသော လက်ဆုပ်တို့၌ မေးကိုထား၍ မိုယ်းရွာသည် ရှိသော် သစ်ခေါင်း၌ မျောက်တို့ကဲ့သို့ နေရကုန်၏။

အညေ အန္တောကုစ္ဆိဂတာ ပက္ကာသယံ အဝတ္ထရိတွာ အာမာသယံ ဥက္ခိပိတွာ ဥဒရပဋလံ ပိဋ္ဌိတော ကတွာ ပိဋ္ဌိကဏ္ဍကံ နိဿာယ ဥက္ကုဋိကာ ဒွီသု မုဋ္ဌီသု ဟနုကံ ထပေတွာ ဒေဝေ ဝဿန္တေ ရုက္ခသုသိရေ မက္ကဋာဝိယ နိသီဒန္တိ
မဟာပဒါနသုတ်အဋ္ဌကထာ။

အညော၊ ဘုရားလောင်းမှ တပါးကုန်သော သတ္တဝါတို့သည်။
အန္တောကုစ္ဆိဂတာ၊ အမိဝမ်း၌ တည်ကုန်သည်ရှိသော်။
ပက္ကာသယံ၊ အစာဟောင်းအိမ်ကို။
အဝတ္ထရိတွာ၊ ဖိ၍။
အာမာသယံ၊ အစာသစ်အိမ်ကို။
ဥက္ခိပိတွာ၊ ရွက်၍။
ဥဒရပဋလံ၊ အမိ၏ဝမ်းပျဉ်းလွှာကို။
ပိဋ္ဌိတော ကတွာ၊ နောက်မှီပြု၍။
ပိဋ္ဌိကဏ္ဍကံ၊ ကျောက်ဆူးရိုးကို။
နိဿာယ၊ ရှေ့မှီပြု၍။
ဥက္ကုဋိကာ၊ ဆောင့်ကြောင့်ထိုင်ကုန်လျှက်။
ဒွီသု၊ နှစ်ပါးကုန်သော။
မုဋ္ဌီသု၊ လက်ဆုပ်တို့၌။
ဟနုကံ၊ မေးကို။
ထပေတွာ၊ ထား၍။
ဒေဝေ၊ မိုယ်းသည်။
ဝဿန္တေ၊ ရွာသည်ရှိသော်။
ရုက္ခသုသိရေ၊ သစ်ခေါင်း၌။
မက္ကာဋာဝိယ၊ မျောက်တို့ကဲ့သို့။
နိသီဒန္တိ၊ နေကုန်၏။

ဘုရားအလောင်းတော်မှာမူကား အမိ၏ကျောက်ဆူးရိုးတို့ကို ကျောမှီပြု၍ တရားဟောပလ္လင်၌ တရားဟောပုဂ္ဂိုလ်ကဲ့သို့ ထက်ဝယ်ဖွဲ့ခွေ၍ အမိဝမ်းပျဉ်းလွှာ သို့ရှေ့ရှုနေတော်မူ၏။

ဗောဓိသတ္တော ပန ပိဋ္ဌိကဏ္ဋကံ ပိဋ္ဌိတော ကတွာ ဓမ္မာသနေ ဓမ္မကထိကောဝိယ ပလ္လင်္ကံမာဘုဇိတွာ ပုရတ္ထာ ဘိမုခေါ နိသီဒတိ
သုတ်မဟာဝါအဋ္ဌကထာ။

ဗောဓိသတ္တောပန၊ ဘုရားလောင်းသည်ကား။
ပိဋ္ဌိကဏ္ဋကံ၊ အမိ၏ ကျောက်ဆူးရိုးကို။
ပိဋ္ဌိတော ကတွာ၊ ကျောမှီပြု၍။
ဓမ္မာသနေ၊ တရားဟောပလ္လင်၌။
ဓမ္မကထိကောဝိယ၊ တရားဟော ပုဂ္ဂိုလ်ကဲ့သို့။
ပလ္လင်င်္ကံ၊ ထက်ဝယ်ကို။
အာဘုဇိတွာ၊ ဖွဲ့ခွေ၍။
ပုရတ္ထာဘိမုခေါ၊ အမိ၏အရှေ့ရပ်သို့ရှေ့ရှု။
နိသီဒတိ၊ ထိုင်တော်မူ၏။

ဤသည်ကား ဂဗ္ဘာဝေါက္ကန္တိကမူလကဒုက္ခတည်း။

ဂဗ္ဘပရိဟရဏမူလကဒုက္ခ၌ ထိုအမိဝမ်းခေါင်း၌ အောင်းရသော သတ္တဝါသည် အမိ၏ အဆောတလျင် ချော်ချွတ်ခြင်း သွားခြင်း ထိုင်ခြင်း ထခြင်း ပြန်လှန်ခြင်း အစ ရှိသည်တို့၌ သေသောက်ကြူး၏ လက်သို့ရောက်သော ဆိတ်ငယ်ကဲ့သို့၎င်း အလမ္ပါယ် မြွေသမား၏ လက်တွင်းသို့ ဆင်းမိသော မြွေငယ်ကဲ့သို့၎င်း ရှေ့ရှုငင်ခြင်း ထက်ဝန်းကျင် ထိုမှဤမှငင်ခြင်း အောက်သို့ နှိပ်ခြင်း အထက်လှန်ခြင်း အစရှိသော လုံ့လဖြင့် ပြုအပ်သော ဆင်းရဲကိုလည်း ခံစားရ၏။

အမိ၏ ဧမြသောရေကို သောက်သောကာလ ဧမြသော နရက်ငရဲ၌ ကျသကဲ့သို့ ပူသော ယာဂုထမင်း အစရှိသည်ကို စားမျိုသော ကာလ အခိုးအလျှံ ကင်းသော မီးကျီးတွင်းသို့ ဆွဲငင်ကာ ပစ်သကဲ့သို့, အငန်အချဉ် အစရှိသည်ကို စားမျိုသော ကာလ လှံနှင့်ဆွ၍ ဆားမံခြင်း အစရှိသော ကမ္မကာရဏသို့ ရောက်သကဲ့သို့, ထက်စွာသော အကြင်ဆင်းရဲကိုလည်း ခံစားရ၏။

ဤဆင်းရဲသည် ကိုယ်ဝန်ဆောင်ခြင်းလျှင်အကြောင်း ရှိသောဆင်းရဲမည်၏။

ဂဗ္ဘဝိပတ္တိမူလကဒုက္ခ၌ တွေဝေနှောင့်ရှက်သော ကိုယ်ဝန်ရှိသောအမိ၏ အဆွေအမျိုး အဆွေခင်ပွန်း ချစ်ကျွမ်းဝင်သောသူ အစရှိသည်တို့ဖြင့် မြင်ခြင်းငှာ မထိုက်သော ဆင်းရဲဖြစ်ရာအရပ်၌ ဖြတ်ခြင်း ခွဲခြင်း အစရှိသည်တို့ကြောင့် အကြင်ဒုက္ခသည် ဖြစ်၏။ ဤဒုက္ခသည် ကိုယ်ဝန်ပျက်စီးခြင်းလျှင်အရင်းရှိသော ဒုက္ခမည်၏။

ဝိဇာယန မူလက ဒုက္ခ၌ သားဖွားသော အမိ၏ ကမ္မဇလေတို့သည် အောက်အထက် ပြန်လှန်၍ နရက်နောက်သို့ ဦးစောက်ချ သကဲ့သို့ အလွန်ကြောက်မက်ဖွယ်သော ယောနိဝသို့ ပစ်ချအပ်သော ကျဉ်းမြောင်းစွာသော သံကောက်ပေါက်ဖြင့် တောင် လောက်ပမာဏ ကြီးမြင့်လှသော ဆင်ပြောင်ကြီးကို ငင်သကဲ့သို့ အလွန်တရာ ကျဉ်းမြောင်းလှစွာသော ယောနိဝဖြင့် ငင်အပ်သော နရက်ငရဲ၌ကျသော သတ္တဝါ အား အရှေ့ အနောက် တောင်မြောက်မှ လာသော တောင်ကြီး လေးလုံးတို့ဖြင့် မုန့်မုန့် ညက်ညက် ပြုအပ်သော သတ္တဝါ၏ အကြင်ဆင်းရဲသည် ရှိ၏။

ဤဆင်းရဲသည် အမိဝမ်းမှ ဖွားပြီးသော နုသောအမာနှင့်တူသော အလွန် သိမ်မွေ့သော ကိုယ်ရှိသောသတ္တဝါအား လက်ဖြင့်ကိုင်ခြင်း ရေဖြင့်ဆေးကြောခြင်း ပုဆိုးဖြင့် သုတ်ခြင်း အစရှိသောကာလ၌ ထက်လှစွာသော အသွားရှိသော အပ်ဖျား သင်တုန်း သွားတို့ဖြင့် ထိုးခြင်း ခွဲခြင်း ဖြတ်ခြင်းနှင့်တူသော အကြင်ဒုက္ခသည်ဖြစ်၏။ ဤဒုက္ခသည် အမိဝမ်းမှ အပသို့ထွက်ခြင်းလျှင် အရင်းရှိသော ဒုက္ခ မည်၏။

အတ္တူပက္ကမမူလကဒုက္ခ၌ အမိဝမ်းမှ အပထွက်သည်နောက် ပဝတ္တိအခါ၌ မိမိသည်ပင် မိမိကိုယ်ကိုသတ်သော သတ္တဝါအား၎င်း, အစေလက အကျင့် အစရှိသည်တို့၏ အစွမ်းဖြင့် လွန်စွာ ပူပန်စေခြင်း ထက်ဝန်းကျင် ပူပန်စေခြင်း၌ အဘန်တလဲလဲ အားထုတ်ခြင်းကို လုံ့လပြုသော သတ္တဝါအား၎င်း, အမျက်၏ အစွမ်းဖြင့် မစားသောသူအား၎င်း, သေအံ့မူသောသူအား၎င်း, အကြင်ဒုက္ခသည် ဖြစ်၏။ ဤဒုက္ခသည် မိမိလုံ့လလျှင်အရင်းရှိသော ဒုက္ခမည်၏။

ယံ တတော ပရံ ပဝတ္တိယံ အတ္တနာဝ အတ္တာနံ ဝဓန္တဿ, အစေလကဝတာဒိဝသေန အာတာပနပရိတာ ပနာနုယောဂ မနုယုတ္တဿ ကောဓဝသေန အဘုဉ္ဇန္တဿ ဥဗ္ဗန္ဓဿ စ ဒုက္ခံ ဟောတိ၊ ဣဒံ အတ္တူပက္ကမမူလကံ ဒုက္ခံ
ဝိဘင်းအဋ္ဌကထာ။

တတော၊ ထိုအမိဝမ်းက ထွက်ပြီးသည်မှ။
ပရံ၊ နောက်၌။
ပဝတ္တိယံ၊ ပဝတ္တိအခါ၌။
အတ္တနာဝ၊ မိမိသည်ပင်လျှင်။
အတ္တာနံ၊ မိမိကိုယ်ကို။
ဝဓန္တဿ စ၊ သတ်သောသူအား၎င်း။
အစေလက ဝတာဒိဝသေန၊ အဝတ်မဝတ်ဘဲ ကျင့်ခြင်း အစရှိသည်တို့၏ အစွမ်းဖြင့်။
အာတာပနပရိတာ ပနာနုယောဂ၊ လွန်စွာပူပန်စေခြင်း ထက်ဝန်းကျင် ပူပန်စေခြင်း၌ အဘန်တလဲလဲ အားထုတ်ခြင်းကို။
အနုယုတ္တဿ စ၊ အဘန်တလဲလဲ အားထုတ်သော သူအား၎င်း။
ကောဓဝသေန၊ အဖျက်၏အစွမ်းဖြင့်။
အဘုဉ္ဇန္တဿ စ၊ မစားသောသူအား၎င်း။
ဥဗ္ဗန္ဓဿ စ၊ အထက်၌ကြိုးဖွဲ့၍ ဆွဲကြိုးချသော သူအား၎င်း။
ယံဒုက္ခံ၊ အကြင်ဒုက္ခသည်။
ဟောတိ၊ ဖြစ်၏။
ဣဒံ ဒုက္ခံ၊ ဤဒုက္ခသည်။
အတ္တူပက္ကမမူလကံ၊ မိမိလုံ့လလျှင် အကြောင်းရှိသော။
ဒုက္ခံ၊ ဒုက္ခမည်၏။

ပရူပက္ကမမူလကဒုက္ခ၌ သူတပါးမှသတ်ခြင်း နှောင်ဖွဲ့ခြင်း အစရှိသည်တို့ကို ခံစားရသောသူ၏ အကြင်ဒုက္ခသည် ရှိ၏၊ ဤဒုက္ခသည် သူတပါးလုံ့လလျှင် အကြောင်းရှိသော ဒုက္ခမည်၏။

ယံ ပန ပရတော ဝဓဗန္ဓာဒီနိ အနုဘဝန္တဿ ဒုက္ခံ ဥပ္ပဇ္ဇတိ၊ ဣဒံ ပရူပက္ကမမူလကံ ဒုက္ခံ
သမ္မောအဋ္ဌကထာ။

ပရတော၊ သူတပါးမှ။
ဝါ၊ သူတပါးကြောင့်။
ဝဓဗန္ဓာဒီနိ၊ သတ်ခြင်း နှောင်ခြင်း အစရှိသည်တို့ကို။
အနုဘဝန္တဿ၊ ခံစားသောသူ၏။
ယံ ပန ဒုက္ခံ၊ အကြင်ဒုက္ခသည်ကား။
ဥပ္ပဇ္ဇတိ၊ ဖြစ်၏။
ဣဒံ၊ ဤဒုက္ခသည်။
ပရူပက္ကမမူလကံ၊ သူတပါးလုံ့လလျှင် အကြောင်းရှိသော။
ဒုက္ခံ၊ ဒုက္ခမည်၏။

ဤဇာတိသည် ယင်းသို့ဆိုအပ်သော အလုံးစုံသော ဒုက္ခ၏ တည်ရာအကြောင်း ဖြစ်၏။

ဣတိ ဣမဿ သဗ္ဗဿာပိ ဒုက္ခဿ အယံ ဇာတိ ဝတ္ထု မေဝ ဟောတိ
ဝိသုဒ္ဓိမဂ်။

ဣတိ ဣမဿ၊ ဤသို့ဆိုအပ်ပြီးသော။
သဗ္ဗဿာပိ၊ အလုံးစုံလည်းဖြစ်သော။
ဒုက္ခဿ၊ ဒုက္ခ၏။
အယံ ဇာတိ၊ ဤဇာတိသည်။
ဝတ္ထုမေဝ၊ တည်ရာအကြောင်းသည်သာလျှင်။
ဟောတိ၊ ဖြစ်၏။

ဤသဗ္ဗညူဘုရား၏ ဉာဏ်တော်ဖြင့်သော်လည်း ထုတ်ဖော် ပိုင်းခြား၍ ရေတွက် ခြင်းငှါ အရာမဟုက်သော များစွာသော ဒုက္ခ၏ တည်ရာဖြစ်သောကြောင့်။

ဇာတိယေဝ ဒုက္ခံ ဒုက္ခာနံ ဝတ္ထုတ္တာတိ ဇာတိဒုက္ခံ”ဟူသော ဝစနတ္ထနှင့်အညီ ဇာတိသည်ပင် များစွာသော ဒုက္ခတို့၏ တည်ရာအကြောင်း ဖြစ်သည်၏ အဖြစ်ကြောင့် ဖလူပစာရအားဖြင့် ဇာတိဒုက္ခမည်သတည်း။

ဇာတိယေဝ၊ ဇာတိသည်သာလျှင်။
ဒုက္ခာနံ၊ များစွာသောဒုက္ခတို့၏။
ဝတ္ထုတ္တာ၊ တည်ရာအကြောင်းဖြစ်သည်၏ အဖြစ်ကြောင့်။
ဒုက္ခံ၊ ဒုက္ခမည်၏။
ဣတိ တသ္မာ၊ ထို့ကြောင့်။
ဇာတိ ဒုက္ခံ၊ ဇာတိဒုက္ခ မည်၏။

ဤသို့ဆိုအပ်ပြီးသော စကားအစဉ်ဖြင့် ဇာတိဒုက္ခ၏ အမှန်ဖြစ်သော သစ္စာ သဘောကိုသိအပ်၏။

ဇာတိပိဒုက္ခာပုဒ်ပြီး

၁၃- ဇရာဒုက္ခကို ပြခြင်း။

ဇရာပိဒုက္ခာ ဟူသောပုဒ်၌ -

တတ္ထ ကတမာ ဇရာ။ ယာ တေသံ သေသံ သတ္တာနံ တမှိ တမှိ သတ္တနိကာယေ ဇရာ ဇီရဏတာ ခဏ္ဍိစ္စံ ပါလိစ္စံ ဝလိတ္တစတာ အာယုနော သံဟာနိ ဣန္ဒြိယာနံ ပရိပါကော အယံ ဝုစ္စတိ ဇရာ
ဝိဘင်းပါဠိတော်။

တတ္ထ၊ ထိုဇာတိ အစရှိသည်တို့တွင်။
ကတမာ၊ အဘယ်တရားသည်။
ဇရာ၊ ဇရာမည်သနည်း။
တေသံ တေသံ သတ္တာနံ၊ ထိုထို သတ္တဝါတို့၏။
တမှိ တမှိ သတ္တနိကာယေ၊ ထိုထိုသော သတ္တဝါ အပေါင်း၌။
ယာ ဇရာ၊ အကြင် အရွယ်မှ ယုတ်ခြင်းသည်။
ယာ ဇီရဏတာ၊ အကြင် အရွယ်မှ ယုတ်သောအဖြစ်သည်။
ယံ ခဏ္ဍိစ္စံ၊ အကြင် လက်သည်း ခြေသည်း သွားတို့၏ ကျိုးသောအဖြစ်သည်။
ယံ ပါလိစ္စံ၊ အကြင် ဆံအမွေးတို့၏ ဖြူသောအဖြစ်သည်။
ယာ ဝလိတ္တစတာ၊ အကြင် အရေ၏ တွန့်လိပ်သောအဖြစ်သည်။
အာယုနော၊ အသက်၏။
ယာ သံဟာနိ၊ အကြင်ယုတ်ခြင်းသည်။
ဝါ၊ ယုတ်ကြောင်းသည်။
ဣန္ဒြိယာနံ၊ စက္ခု စသော ဣန္ဒြေ္ဒတို့၏။
ယော ပရိပါကော၊ အကြင် ရင့်ကျက်ခြင်းသည်။
(ဝါ) အကြင်ရင့်ကြောင်းသည်။
အတ္ထိ၊ ရှိ၏။
အယံ၊ ဤအရွယ်မှ ယုတ်ခြင်း အစရှိသည်ကို။
ဇရာ၊ ဇရာဟူ၍။
ဝုစ္စတိ၊ ဆိုအပ်၏။

ဤပါဠိတော်၌ “တေသံ တေသံ သတ္တာနံ” ဟူသော ဝိစ္ဆာသဒ္ဓါဖြင့် ဤဇရာကို ဒေဝဒတ်၏ဇရာ သောမဒတ်၏ဇရာ အစရှိသည်ဖြင့် သတ္တဝါတို့၏ အမည်နာမကို ထုတ်ဖော်၍ ဆိုအပ်သည် ရှိသော် ရက် လ နှစ် များစွာပင် ဆိုသော်လည်း ကုန်နိုင်ရာသော သဘော မရှိသောကြောင့် ဤနှစ်ပုဒ်ဖြင့် သတ္တဝါအလုံးစုံကို ကုန်စေ၍ သတ္တဝါအများနှင့် ဆက်ဆံခြင်းကို ပြတော်မူသည်။

တမှိ တမှိ သတ္တနိကာယေ” ဟူသော ဝိစ္ဆာသဒ္ဒါဖြင့် ဒုက္ခသဘောအားဖြင့် များစွာသော သတ္တဝါတို့နှင့် ဆက်ဆံခြင်းကို ပြတော်မူသည်။

ဇရာ” ဟူသော ပါဌ်ဖြင့် ဤဇရာကို အသီးသော သဘောဖြင့်ပြအပ်၏။

ဇီရဏတာ” ဟူသော ပါဌ်ဖြင့် အခြင်းအရာအားဖြင့် ပြအပ်၏။

ခဏ္ဍိစ္စံ”ဟူသော ပါဌ်ဖြင့် ပျိုနုသော အရွယ်ကာလကို လွန်သည်ရှိသော် သွား, လက်သည်း ခြေသည်း တို့၌ ကျိုးသောအဖြစ်ကို ပြုခြင်းကိစ္စဖြင့် ပြအပ်၏။

ပါလိစ္စံ” ဟူသော ပါဌ်ဖြင့် ဆံအမွေးတို့၏ ဖြူသော အဖြစ်ကိုပြုခြင်းကိစ္စအားဖြင့် ပြအပ်၏။

ဝလိတ္တစတာ” ဟူသောပါဌ်ဖြင့် အသားကို ညှိုးစေ၍ အရေ၌ တွန့်လိပ်သော အဖြစ်ကို ပြုခြင်းကိစ္စ အားဖြင့် ပြအပ်၏။

သွားကျိုးခြင်း ဆံခြင်း အရေတွန့်လိပ်ခြင်းဟုဆိုအပ်သော ဘောက်ပြန်ခြင်းတို့ကို မြင်သဖြင့် ဇရာတရားကို သိအပ်၏။ ဥပမာကား။ ရေ လေ မီး တို့၏ သွားရာ လမ်းခရီးသည် မြက် သစ်ပင် အစရှိသည်တို့၏ ကျိုးပြတ်သည်၏ အဖြစ်ကြောင့်၎င်း ကျွမ်းလောင်သည်၏ အဖြစ်ကြောင့်၎င်း အကယ်၍ကား ထင်ရှား၏ရှင့်၊

ယင်းသို့ထင်ရှားသော်လည်း ထိုသွားရာလမ်းခရီးသည် ရေ လေ မီး မဟုတ်။ သွားရာလမ်းခရီးကို မြင်သဖြင့်သာ ရေ လေ မီး တို့ကို သိအပ်ကုန်သကဲ့သို့ ဤအတူ ဇရာ၏သွားရာလမ်းခရီးသည် သွားကျိုးခြင်း ဆံဖြူခြင်း အရေတွန့်လိပ်ခြင်းကြောင့် အကယ်ထင်ရှား၏ရှင့်၊

ယင်းသို့ ထင်ရှားသော်လည်း ထိုသွားရာဖြစ်သော သွားကျိုးခြင်း အစရှိသော လမ်းခရီးသည် ဧရာမဟုတ်။ သွားကျိုးခြင်း အစရှိသည်ကို စက္ခုဝိညာဏ်ဖြင့် မြင်ကောင်း၏။ ဇရာကိုကား စက္ခုဝိညာဏ်ဖြင့် မမြင်ကောင်း။ မနောဝိညာဏ်ဖြင့်သာ ဆ၍ သိအပ်၏။

အိုခြင်းသို့ ရောက်သောသူအား အကြင်ကြောင့် အသက်သည် ယုတ်၏။ ထို့ကြောင့် ဇရာကို အာယုနော သံဟာနိ-ဟု ဖလူပစာရအားဖြင့် ဟောတော်မူအပ်၏။

ပဌမအရွယ် ငယ်စဉ်ကာလ အလွန်ကြည်လင်ကုန်သော သိမ်မွေ့သော မိမိအာရုံ ကိုလည်း ချမ်းသာလွယ်ကူသဖြင့် ယူခြင်းငှါ စွမ်းနိုင်ကုန်သော စက္ခုအစရှိသော ဣန္ဒြေတို့သည် အိုခြင်းသို့ ရောက်သောသူအား မှည့်ကုန် ချောက်ချားကုန် မသန့်ရှင်း ကုန်သည်ဖြစ်၍ ရုန့်ရင်းသော မိမိအာရုံကို သော်လည်း ယူခြင်းငှါ မစွမ်းနိုင်ကုန်။ ထို့ကြောင့် ဣန္ဒြိယာနံ ပရိပါကော-ဟု ဖလူပစာရအားဖြင့် ဟောတော်မူသည်။

ထိုဇရာသည် ပါကဋဇရာ - ပဋိစ္ဆန္နဇရာဟူ၍ ဇရာနှစ်မျိုး နှစ်ပါး အပြားရှိ၏။

ထိုနှစ်ပါးတို့တွင် သွားအစရှိသည်တို့၌ ကျိုးခြင်း စသောအဖြစ်ကို မြင်ခြင်းကြောင့် ရုပ်တရားတို့၌ ဇရာကား ပါကဋဇရာ မည်၏၊ နာမ်တရားတို့၏ ဇရာကား ထိုသို့ သဘောရှိသော ဘောက်ပြန်ခြင်းကို မမြင်ရသောကြောင့် ပဋိစ္ဆန္နဇရာမည်၏။

အကြင် သွားကျိုးခြင်း စသော အဖြစ်သည် ထင်၏၊ ထိုသွားကျိုးခြင်း စသော အဖြစ်သည် သွားအစရှိသည်တို့၏ သိလွယ်သည်၏ အဖြစ်ကြောင့် အဆင်းရူပါရုံ သာတည်း။ ထိုရူပါရုံကို စက္ခုဒွါရဖြင့်ကြည့်၍ မနောဒွါရဖြင့် ကြံဆပြီးလျှင် ဤ သွားတို့ကို ဧရာတရားသည် ပုတ်ခတ်အပ်ကုန်၏ဟု ဇရာကိုသိ၏။

အကြေ၌ ရေလာသည်ကို မြင်သဖြင့် အညာ၌မိုဃ်းရွာသည်ကို၎င်း၊ အထက်၌ အခိုးအလျှံကို မြင်သဖြင့် အောက်၌မီးကို၎င်း, ကာရဏာနု ဖလာနုမာနဉာဏ်ဖြင့် ဆ၍သိအပ်၏။

သဝီစိဇရာ အဝီစိဇရာ - ဟူ၍လည်း နှစ်ပါး အပြားရှိ၏။

ထိုနှစ်ပါးတို့တွင် ရွှေ, ငွေ, ပတ္တမြား သန္တာ, လ, နေ,အစရှိသည်တို့၏ ဇရာသည် အကြားအကြား၌ အဆင်းထူး အစရှိသည်တို့ကို သိနိုင်ခဲသည်၏ အဖြစ်ကြောင့် အဝီစိဇရာမည်၏။ အထူးမထင်သော ဧရာဟု ဆိုလိုသည်။

ထို ရွှေငွေ စသည်တို့မှ တပါးကုန်သော အကြင် အကြင် ဟောတော်မူအပ်ကုန်သော သွားအစရှိသည်တို့၌ ဇရာသည် အကြားအကြား၌ အဆင်းထူး အစရှိသည်တို့ကို သိလွယ်သည်၏ အဖြစ်ကြောင့် သဝီစိဇရာမည်၏၊ အထူးထင်သော ဇရာ ဟု ဆိုလိုသည်။

ထိုနှစ်ပါးတို့တွင် သဝီစိဇရာကို ဥပါဒိန္နက အနုပါဒိန္နက၏ အစွမ်းဖြင့် ဤသို့သိအပ်၏။ သူငယ်တို့အား ရှေးဦးစွာ နို့သွားတို့သည် ပေါက်ကုန်၏။ ထို နို့သွားတို့သည် မမြဲကုန်သေး။ ထို နို့သွားတို့သည် ကြွေကျကုန်သည်ရှိသော် သွားတို့သည် တဘန် ပေါက်ပြန်ကုန်၏။ ထို သွားတို့သည် ပဌမအရွယ် ငယ်စဉ်ကာလ ဖြူကုန်၏။ ဇရာလေဖြင့် တိုက်ဖျက်သောအခါ မည်းနက်ကုန်၏

ဆံပင်တို့သည် ပဌမအရွယ် ငယ်စဉ်ကာလ အချို့သောသူတို့အား နီကုန်၏။ အချို့သောသူတို့အား မည်းနက်ကုန်၏။ ဇရာလေဖြင့် တိုက်ဖျက်သောအခါ နီဖွေးဖွေး ဖြူကုန်၏။ အရေအသားတို့သည် ပဌမအရွယ် ငယ်စဉ်ကာလ တွန့်လိပ်ခြင်း မရှိ။ အချို့သော သူတို့အား နီကုန်၏။ အချို့သောသူတို့အား ဖြူကုန်၏။ အချို့သော သူတို့အား မည်းနက်ကုန်၏၊ ဇရာလေဖြင့် တိုက်ဖျက်သောအခါ အတွန့်အလိပ်ကို ယူကုန်၏

ထိုဇရာသည် ခန္ဓာတို့၏ရင့်ခြင်းလက္ခဏာရှိ၏၊ မရဏသို့ရှေ့ရှု ဆောင်ခြင်းကိစ္စရှိ၏။ အရွယ်နှင့်ပြည့်စုံခြင်းကို ဖျက်ဆီးခြင်းလျှင် ထင်သော အခြင်းအရာရှိ၏၊ ဇာတိလျှင် နီးစွာသောအကြောင်း ရှိ၏။

ဇရာ၏ ဒုက္ခသဘော၌ကား ဤဇရာသည်လည်း မိမိကား ဒုက္ခမဟုတ်။ စင်စစ်ကား ဒုက္ခ၏တည်ရာအကြောင်း ဖြစ်သောကြောင့်သာ ဒုက္ခဟုဟောတော်မူသည်။

အယံပိ သယံ န ဒုက္ခာ၊ ဒုက္ခဿ ပန ဝတ္ထု ဘာဝေန ဒုက္ခာတိ ဝုတ္တာ
သမ္မောအဋ္ဌကထာ။

အယံပိ၊ ဤဇရာသည်လည်း။
သယံ၊ မိမိသည်။
န ဒုက္ခာ၊ ဒုက္ခ မဟုတ်။
ပန၊ စင်စစ်သော်ကား။
ဒုက္ခဿ၊ ဒုက္ခ၏။
ဝတ္ထုဘာဝေန၊ တည်ရာအကြောင်း၏ အဖြစ်ကြောင့်။
ဒုက္ခာတိ၊ ဒုက္ခဟူ၍။
ဝုတ္တာ၊ ဟောတော်မူအပ်၏။

ဇရာယေဝ ဒုက္ခံ ဒုက္ခဿ ဝတ္ထုတ္တာတိ ဇရာဒုက္ခံ
ဟူသော ဝစနတ္ထကြောင့် ဇရာဒုက္ခမည်၏ ဟူလိုသည်။

ဇရာယေဝ၊ ဇရာသည်ပင်လျှင်။
ဒုက္ခဿ၊ ဒုက္ခ၏။
ဝတ္ထုတ္တာ၊ တည်ရာအကြောင်း၏ အဖြစ်ကြောင့်။
ဒုက္ခံ၊ ဒုက္ခမည်သတည်း။
ဣတိ တသ္မာ၊ ထိုကြောင့်။
ဇရာဒုက္ခံ၊ ဇရာဒုက္ခမည်၏။

ဤသို့လျှင် ဇရာဒုက္ခ၏ သစ္စာဖြစ် ကြောင်းကို သိအပ်၏။

ဇရာဒုက္ခပြီး၏

၁၄ - ဗျာဓိဒုက္ခကို ပြခြင်း

ဗျာဓိပိဒုက္ခာဟူသောပါဌ်၌ ဗျာဓိဟူသည်ကား -

စက္ခုရောဂေါ သောတရောဂေါ ဃာနရောဂေါ ဇိဝှါရောဂေါ ကာယရောဂေါ သီသရောဂေါ ကဏ္ဏရောဂေါ မုခရောဂေါ ဒန္တရောဂေါ ကာသော သာသော ပိနာသော ဍာဟော ဇရော ကုစ္ဆိရောဂေါ မုစ္ဆာ ပက္ခန္ဒိကာ သူလာ ဝိသုစိကာ ကုဋ္ဌံ ဂဏ္ဍော ကိလာသော သောသော အပမာရော ဒဒ္ဒု ကဏ္ဍု ကစ္ဆု နခသာ ဝိတစ္ဆိကာ လောဟိတပိတ္တံ မဓုမေဟော အရိသာ ပိဠကာ ဘဂန္ဒလာ

အင်္ဂုတ္တိုရ်ပါဠိတော်။
မဟာနိဒ္ဒေသလည်း နည်းတူပင် ဟောတော်မူ၏။

စက္ခုရောဂေါ၊ မျက်စိ၌ဖြစ်သောအနာ။
သောတရောဂေါ၊ နား၌ဖြစ်သောအနာ။
ဃာနရောဂေါ၊ နှာခေါင်း၌ဖြစ်သောအနာ။
ဇိဝှါရောဂေါ၊ လျှာ၌ဖြစ်သောအနာ။
ကာယရောဂေါ၊ ကိုယ်၌ဖြစ်သောအနာ။
သီသရောဂေါ၊ ဦးခေါင်း၌ဖြစ်သောအနာ။
ကဏ္ဏရောဂေါ၊ နားရွက်၌ဖြစ်သောအနာ။
မုခရောဂေါ၊ ခံတွင်းပါးစပ်၌ဖြစ်သောအနာ။
ဒန္တရောဂေါ၊ သွားတံကျင်နာ။
ကာသော၊ ချောင်းဆိုးနာ။ (ပေါင်း ၁၀)
သာသော၊ ကြို့ထိုးသောအနာ။
ပိနာသော၊ နှာခေါင်းပုပ်သောအနာ။
ဍာဟော၊ ကိုယ်တွင်း ပူသောအနာ။
ဇရော၊ ဖျားနာ။
ကုစ္ဆိရောဂေါ၊ ဝမ်း၌ဖြစ်သော အနာ။
မုစ္ဆာ၊ မူးဝေသောအနာ။
ပက္ခန္ဒိကာ၊ သွေးအန်သော အနာ။
သူလာ၊ ဝမ်းလေထိုးကျင့်သော အနာ။
ဝိသုစိကာ၊ ဝမ်းကျသော အနာ။
ကုဋ္ဌံ၊ နူနာ။ (ပေါင်း ၁၀)
ဂဏ္ဍော၊ ထွတ်မြင်းနာ။
ကိလာသော၊ ပြောက်ကြားညှင်းနာ။
သောသော၊ အသား ခန်းခြောက်စေတတ်သောအနာ။
အပမာရော၊ ဘီလူးဖမ်းသော ဝက်ရူးနာ။
ဒဒ္ဒု၊ ဝဲကြီး ဝဲစိုနာ။
ကဏ္ဍု၊ ဝဲခြောက်နာ။
ကစ္ဆု၊ ပွေးနာ။
နခသာ၊ လက်သည်းတို့ဖြင့် ခြစ်မိရာ၌ဖြစ်သောအနာ။
ဝိတစ္ဆိကာ၊ လက်ဖဝါးခြေဖဝါး ကွဲသောအနာ။
လောဟိတပိတ္တံ၊ ပိတ်ကိုက်နာ (ပေါင်း ၁၀)
မဓုမေဟော၊ မြင်းသရိုက်နာ။
အရိသာ၊ အရိယိုသောအနာ။
ပိဠကာ၊ ကိုယ်ယောင်သော အနာ။
ဘဂန္ဒလာ၊ ဘဂင်္ဂြိုလ်နာ (ပေါင်း ၄ ပါး)

အလုံးစုံ ပေါင်းသော် (၃၄) ပါးရှိ၏။

အကြောင်းကြောင့် ဖြစ်သော အနာရှစ်ပါးရှိသည်ကို ဤသို့ ဟောတော်မူ၏ -

ပိတ္တသမုဋ္ဌာနာ အာဗာဓာ,
သေမှသမုဋ္ဌာနာ အာဗာဓာ,
ဝါတသမုဋ္ဌာနာ အာဗာဓာ,
သန္နိပါတိကာ အာဗာဓာ,
ဥတု ပရိဏာမဇာ အာဗာဓာ,
ဝိသမ ပရိဟာရဇာ အာဗာဓာ,
ဩပက္ကမိကာ အာဗာဓာ,
ကမ္မ ဝိပါကဇာ အာဗာဓာ,

သံယုတ်ပါဠိတော်။

ပိတ္တသမုဋ္ဌာနာ၊ သည်းခြေကြောင့်ဖြစ်ကုန်သော။
အာဗာဓာ၊ အနာတို့။
သေမှသမုဋ္ဌာနာ၊ သလိပ်ကြောင့်ဖြစ်ကုန်သော။
အာဗာဓာ၊ အနာတို့။
ဝါတသမုဋ္ဌာနာ၊ လေကြောင့်ဖြစ်ကုန်သော။
အာဗာဓာ၊ အနာတို့။
သန္နိပါတိကာ၊ သည်းခြေ သလိပ် လေတို့ စုဝေးခြင်းကြောင့် ဖြစ်ကုန်သော။
အာဗာဓာ၊ အနာတို့။
ဥတုပရိဏာမဇာ၊ ဥတုရင့်ခြင်းကြောင့် ဖြစ်ကုန်သော။
အာဗာဓာ၊ အနာတို့။
ဝိသမ ပရိဟာရဇာ၊ ကိုယ်ကို မညီမညွှတ်ဆောင်ခြင်းကြောင့် ဖြစ်ကုန်သော။
အာဗာဓာ၊ အနာတို့။
ဩပက္ကမိကာ၊ လုံ့လကြောင့် ဖြစ်ကုန်သော။
အာဗာဓာ၊ အနာတို့။
ကမ္မဝိပါကာ၊ ကံ၏အကျိုး ဖြစ်ကုန်သော။
အာဗာဓာ၊ အနာတို့။

သည်ကိုရည်၍ ရှေးဆရာတို့လည်း -

“ပိတ္တ, သေမှ၊ ဝါတ သန္နိပတ်၊
မှတ်လေ တခု၊ ဥတု, ဝိသမ၊
ပက္က, ကမ္မာ၊ ဤရှစ်ဖြာကြောင့်၊
ရောဂါ ဥပဒ်၊ ဖြစ်တို့တတ်သည်။
ကျမ်းမြတ်ဖေါ်ထုတ်၊ ပြသံယုတ်က”
ဟု မိန့်ကုန်၏၊

ထိုရှစ်ပါးတို့တွင် ရှေးဖြစ်သော ခုနစ်ပါးသော အကြောင်းတို့ကြောင့် ဖြစ်ကုန်သော အနာတို့ကိုကား ဆေးပရိတ်ဖြင့်လည်း ပယ်ခြင်းငှါ တတ်ကောင်း၏။ ကံကြောင့် ဖြစ်သော အနာတို့ကိုကား ဆေးပရိတ်ဖြင့်လည်း ပယ်ခြင်းငှါ မတတ်နိုင်ကုန်။

ထိုကြောင့် အင်္ဂုတ္တိုရ်ဋီကာ၌ -

တတ္ထ ပုရိမေဟိ သတ္တဟိ ကာရဏေဟိ ဥပ္ပန္နေ သက္ကာ ပဋိဗာဟိတုံ၊ ကမ္မဝိပါကဇာ ပန သဗ္ဗဘေသဇ္ဇာနိပိ သဗ္ဗပရိတ္တာနိပိ နာလံ ပဋိဃာတာယ” ဟု မိန့်အပ်၏။

တတ္ထ၊ ထိုရှစ်ပါးတို့တွင်။
ပုရိမေဟိ၊ ရှေး၌ဖြစ်ကုန်သော။
သတ္တဟိ၊ ခုနစ်ပါးကုန်သော။
ကာရဏေဟိ၊ အကြောင်းတို့ကြောင့်။
ဥပ္ပန္နေ၊ ဖြစ်ကုန်သော အနာတို့ကို။
ပဋိဗာဟိတုံ၊ ဆေးပရိတ်တို့ဖြင့် ပယ်ခြင်းငှါ။
သက္ကာ၊ တတ်ကောင်း၏။
ကမ္မဝိပါကဇာပန၊ ကံကြောင့်ဖြစ်သော အနာတို့ကိုကား။
သဗ္ဗဘေသဇ္ဇာနိပိ၊ အလုံးစုံသော ဆေးတို့သည်၎င်း။
သဗ္ဗပရိတ္တာနိပိ၊ အလုံးစုံသော ပရိတ်တို့သည်၎င်း။
ပဋိဃာတာယ၊ ပယ်ခြင်းငှါ။
နာလံ၊ မစွမ်းနိုင်ကုန်။

အဇ္ဇေဝ ကိစ္စံ အာတပံ
ကော ဇညာ မရဏံ သုဝေ
န ဟိ နော သင်္ကရံ တေန
မဟာသေနေန မစ္စုနာ

ဥပရိပဏ္ဏာသပါဠိတော်။

အဇ္ဇေဝ၊ ယနေ့သာလျှင်။
အာတပံ၊ အားထုတ်ခြင်းအမှုကို။
ကိစ္စံ၊ ပြုအပ်၏။
သုဝေ၊ နက်ဖြန်။
မရဏံ၊ သေခြင်းကို။
ကော၊ အဘယ်သူသည်။
ဇညာ၊ သိနိုင်ချိမ့်နည်း။
ဟိ သစ္စံ၊ မှန်၏။
နော၊ ငါတို့အား။
မဟာသေနေန၊ များသောစစ်သည် ရှိသော။
တေန မစ္စုနာ၊ ထိုသေမင်းနှင့်။
သင်္ကရံ၊ နေ့ရက်အချိန်မှတ်၍ ဆုံးဖြတ်ခြင်းသည်။
န ဟိ-န ဧဝ၊ မရှိသည်သာလျှင်တည်း။

ထိုပါဠိတော်၌ မဟာသေနေနပုဒ်ကို -

မဟာသေနေနာတိ ပဉ္စဝီသတိဘယ ဒွတ္တိံ သကမ္မကာရဏ အဋ္ဌနဝုတိရောဂ ပမုခါဒိ ဝသေန ပုထုသေနေန

ဟု တေမိဇာတ်အဋ္ဌကထာ၌ ဖွင့်သည်။

မဟာသေနေနာတိ၊ မဟာသေနေန ဟူသည်ကား။
ပဉ္စဝီသတိဘယ ဒွတ္တိံ သကမ္မကာရဏ အဋ္ဌနဝုတိရောဂ ပမုခါဒိ ဝသေန၊ ၂၅-ပါးသော ဘေး, ၃၂-ပါးသော ကံကြမ္မာ, ၉၈-ပါးသောအနာ, အမှူးရှိသည်တို့၏ အစွမ်းဖြင့်။
ပူထုသေနေန၊ များသောစစ်သည် ရှိသော။

ဤအဋ္ဌကထာ၌ အဋ္ဌနဝုတိရောဂါ၏အရ သရုပ်ကို ပါဠိ အဋ္ဌကထာ ဋီကာတို့၌ မပြ။

မဟာနိဒ္ဒေသအဋ္ဌကထာ၌ -

ပိတ္တသမုဋ္ဌာနာတိ ပိတ္တေန သမုဋ္ဌာနံ ဥပ္ပတ္တိ ဧတေသန္တိ ပိတ္တသမုဋ္ဌာနာ၊ တေ ကိရ ဒွတ္တိံသ ဟောန္တိ။ သေမှသမုဋ္ဌာနာဒီသုပိ ဧသေဝနယော” ဟု မိန့်၏။

အင်္ဂုတ္တိုရ်အဋ္ဌကထာ၌လည်း နည်းတူပင် မိန့်၏။

ပိတ္တသမုဋ္ဌာနာတိ၊ ပိတ္တသမုဋ္ဌာနာ ဟူသည်ကား။
ဧတေသံ၊ ထိုအနာတို့အား။
ပိတ္တေန၊ သည်းခြေကြောင့်။
သမုဋ္ဌာနံ ဥပ္ပတ္တိ၊ ဖြစ်ခြင်းသည်။
အတ္တိ၊ ရှိ၏။
ဣတိ၊ ထိုကြောင့်။
ပိတ္တသမုဋ္ဌာနာ၊ ပိတ္တသမုဌာန မည်ကုန်၏။
တေ၊ ထိုသည်းခြေကြောင့် ဖြစ်သော အနာတို့သည်။
ဒွတ္တိံသ၊ သုံးဆယ့်နှစ်ပါးတို့သည်။
ဟောန္တိ ကိရ၊ ဖြစ်ကုန်သတတ်။
သေမှသမုဋ္ဌာနာဒီသုပိ၊ သလိပ်ကြောင့်ဖြစ်သော အနာ အစရှိသည်တို့၌လည်း။
ဧသေဝ နယော၊ ဤနည်းသာလျှင်နည်းရှိ၏။

ဤသို့ ဒွတ္တိံသဟု သရူပဝန္တ သင်္ချာကိုသာဆို၍ သရုပ်သင်္ချေယျသည် အဋ္ဌကထာ၌ မရှိ။ ယုတ္တိအားဖြင့်ဆိုသော် အောက်က ပြဆိုအပ်ပြီးသော အနာမျိုး သုံးဆယ့်လေးပါး တို့တွင် အပမာရောနှင့် နခသာကို နုတ်၍ သုံးဆယ့်နှစ်ပါးကို ဒွတ္တိံသ အရယူရမည်။

ထို သုံးဆယ့်နှစ်ပါးကို ပိတ္တ, သေမှ, ဝတ, သုံးပါးနှင့်မြှောက်ပွါး၍ ကိုးဆယ့်ခြောက်ပါး သော အနာကိုယူရမည်။ ဤ ကိုးဆယ့်ခြောက်ပါးကို ရည်၍ အချို့ ဇာတ်အဋ္ဌကထာ တို့၌ ဆနဝုတိရောဂါဟု ရှိသည်။ များစွာသော အဋ္ဌကထာ တို့၌ကား အဋ္ဌနဝုတိရောဂါ ဟု ရှိသည်။

မဟာနိဒ္ဒေသအဋ္ဌကထာ၌လည်း ဤနည်းတူပင် ရှိသည်။ ၎င်းအရှိအတိုင်းယူမူ ကိုးဆယ့်ခြောက်ပါးတွင် ယခင် နုတ်ထားအပ်သော အပမာရောနှင့် နခသာ အနာ နှစ်ပါးကိုထည့်၍ ကိုးဆယ့်ရှစ်ပါးယူရမည်။

အဘယ်ကြောင့် ထိုအနာနှစ်ပါးကို နုတ်ထားသနည်းဟူမူကား -

အပမာရောတိ အမနုဿဂါတော ဝေရိယက္ခာ ဗာဓော” ဟု မဟာနိဒ္ဒေသ-အဋ္ဌကထာ မိန့်သည်နှင့်အညီ ရန်သူ ဘီလူးဖမ်းသော အနာဖြစ်ရကား သည်းခြေ သလိပ်လေ ဟူသော အကြောင်းကြောင့် ဖြစ်သည်မဆို။

နခသာတိ နခေဟိ လိခိ တဋ္ဌာနေ ဥပ္ပဇ္ဇနကရောဂေါ” ဟု အဋ္ဌကထာ မိန့်သည်နှင့်အညီ လက်သည်းတို့နှင့် ခြစ်မိ ကုပ်မိသော အရာ၌ ဖြစ်သောအနာ ဖြစ်ရကား သည်းခြေ သလိပ် လေ ဟူသော အကြောင်းကြောင့် ဖြစ်သည်မဆိုသာ။ လုံ့လကြောင့်သာဖြစ်သည်။ ထို့ကြောင့် နုတ်ထားရသတည်း။

ဤ ကိုးဆယ့်ရှစ်ပါးသော အနာဟူသည် ဒုက္ခဝေဒနာအထူး တို့ပင်တည်း။ ၎င်း ဒုက္ခဝေဒနာသည် အနိဋ္ဌဖောဋ္ဌဗ္ဗာရုံကို ခံစားခြင်း လက္ခဏာရှိ၏၊ သမ္ပယုတ်တရား တို့၏ ညှိုးငယ်စေခြင်းကိစ္စ ရှိ၏၊ ကိုယ်ကျင်နာခြင်း ပစ္စုပဋ္ဌာန်ရှိ၏၊ ကာယိန္ဒြေလျှင် နီးစွာ သောအကြောင်းရှိ၏။

အနိဋ္ဌဖောဋ္ဌဗ္ဗာနုဘဝနလက္ခဏံ ဒုက္ခံ၊ သမ္ပယုတ္တာနံ မိလာပနရသံ၊ ကာယိကာဗာဓပစ္စုပဋ္ဌာနံ၊ ကာယိန္ဒြိယ ပဒဋ္ဌာနံ

ဝိသုဒ္ဓိမဂ်။

ဒုက္ခံ၊ ဒုက္ခသည်။
အနိဋ္ဌဖောဋ္ဌဗ္ဗာနုဘဝနလက္ခဏံ၊ အနိဋ္ဌဖြစ်သော ဖောဋ္ဌဗ္ဗာရုံကို ခံစားခြင်း လက္ခဏာ ရှိ၏။
သမ္ပယုတ္တာနံ၊ သမ္ပယုတ်တရားတို့ကို။
မိလာပနရသံ၊ ညှိုးကြုံစေခြင်း ကိစ္စရှိ၏။
ကာယိကာဗာဓပစ္စုပဋ္ဌာနံ၊ ကာယ၌ဖြစ်၍ နှိပ်စက်တတ်သည်၏ အဖြစ်ဖြင့် ဉာဏ်အား ရှေ့ရှု ထင်တတ်၏။
ကာယိန္ဒြိယ ပဒဋ္ဌာနံ၊ ကာယိန္ဒြေလျှင် နီးသောအကြောင်းရှိ၏။

၁၅ - သုံးဆဲ့နှစ်ပါးသော ကမ္မကာရဏကို ပြခြင်း

ဤရှစ်ပါးသောရောဂါနှင့် အလားတူသော …
၃၂-ပါးသောကံကြမ္မာ,
၂၅-ပါးသောဘေး,
၁၆-ပါးသောဥပဒ္ဒဝေါ,
၁၀-ပါးသောအပြစ်,
၈-ပါးသောဒဏ် တို့ဟူသည်ကား -

ဒွတ္တိံသ ကမ္မကာရဏ အရကိုလည်း ပါဠိ, အဋ္ဌကထာ, ဋီကာ, တို့၌ အစဉ်အတိုင်း သရုပ် သင်္ချာ စေ့အောင်မဆို။ အသင့်ယုတ္တိအားဖြင့် ဆိုပေအံ့

တမေနံ ရာဇာနော ဂဟေတွာ ဝိဝိဓာ ကမ္မကာရဏာ ကာရေန္တိ၊ ကသာဟိပိ တာဠေန္တိ၊ ဝေတ္တေဟိပိ တာဠေန္တိ၊ အဍ္ဎဒဏ္ဍကေဟိပိ တာဠေန္တိ၊ ဟတ္ထံပိ ဆိဒ္ဒန္တိ၊ ပါဒံပိ ဆိန္တန္တိ၊ ဟတ္ထပါဒံပိ ဆိန္ဒန္တိ၊ ကဏ္ဏံပိ ဆိန္ဒန္တိ၊ နာသံပိ ဆိန္ဒန္တိ၊ ကဏ္ဏနာသံပိ ဆိန္ဒန္တိ၊ ဗိလင်္ဂထာလိကံပိ ကရောန္တိ၊ သင်္ခမုဏ္ဍိကံပိ ကရောန္တိ၊ ရာဟုမုခံပိ ကရောန္တိ၊ ဇောတိ မာလိကံပိ ကရောန္တိ၊ ဟတ္ထပဇ္ဇောတိကံပိ ကရောန္တိ၊ ဧရကပတ္တိကံပိ ကရောန္တိ၊ စီရကဝါသိကံပိ ကရောန္တိ၊ ဧဏေယျကံပိ ကရောန္တိ၊ ဗလိသမံသိကံပိ ကရောန္တိ၊ ကဟာပဏိကံပိ ကရောန္တိ၊ ခါရာပဋိစ္ဆကံပိ ကရောန္တိ၊ ပလိဃပရိဝတ္တကံပိ ကရောန္တိ။ ပလာလပီဌကံပိ ကရောန္တိ၊ တတ္ထေနပိ တေလေန သြသိဉ္စန္တိ၊ သုနခေဟိပိ ခါဒါပေန္တိ၊ ဇီဝန္တံပိ သူလေ ဥတ္တာသေန္တိ၊ အသိနာပိ သီသံ ဆိန္ဒန္တိ

မဟာနိဒ္ဒေသပါဠိတော်။
အင်္ဂုတ္တိုရ်၌လည်း နည်းတူပင် ဟောတော်မူ၏။

တမေနံ၊ ထိုသူ့ကို။
ရာဇာနော၊ မင်းတို့သည်။
ဂဟေတွာ၊ ဖမ်း၍။
ဝိဝိဓာ၊ အထူးထူးအပြားပြားကုန်သော။
ကမ္မကာရဏာ၊ ညှဉ်းဆဲခြင်း အမှုတို့ကို။
ကာရေန္တိ၊ ပြုစေကုန်၏။
ကသာဟိပိ၊ အဆူးရှိသော ကြိမ်လုံးတို့ဖြင့်လည်း။
တာဠေန္တိ၊ ရိုက်နှက်ကုန်၏။
ဝေတ္တေဟိပိ၊ အဆူးမရှိသော ကြိမ်လုံးတို့ဖြင့်လည်း။
တာဠေန္တိ၊ ရိုက်နှက်ကုန်၏။
အဍ္ဎဒဏ္ဍကေဟိ၊ လေးတောင်ထက်ဝက် နှစ်တောင်မျှလောက်သော တုတ်လှံတံ တို့ဖြင့်လည်း။
တာဠေန္တိ၊ ရိုက်နှက်ကုန်၏။
ဟတ္ထံပိ၊ လက်ကိုလည်း။
ဆိန္ဒန္တိ၊ ဖြတ်ကုန်၏။
ပါဒံပိ၊ခြေကိုလည်း။
ဆိန္ဒန္တိ၊ ဖြတ်ကုန်၏။
ဟတ္ထပါဒံပိ၊ လက်ခြေကိုလည်း။
ဆိန္ဒန္တိ၊ ဖြတ်ကုန်၏။
ကဏ္ဏံပိ၊ နားကိုလည်း။
ဆိန္ဒန္တိ၊ ဖြတ်ကုန်၏။
နာသံပိ၊ နှာခေါင်းကိုလည်း။
ဆိန္ဒန္တိ၊ ဖြတ်ကုန်၏။
ကဏ္ဏနာသံပိ၊ နား နှာခေါင်းကိုလည်း။
ဆိန္ဒန္တိ၊ ဖြတ်ကုန်၏။
ဗိလင်္ဂထာလိကံပိ၊ ဗိလင်္ဂထာလိက မည်သော ကမ္မကာရဏကိုလည်း။
ကရောန္တိ၊ ပြုကုန်၏။
(ဤကမ္မကရဏကိုကား ဦးခေါင်းခွံကိုခွါ၍ လောလောပူသော သံတွေသံခဲကို ညှပ်ဖြင့် ကိုင်ယူ၍ ဦးခေါင်းထဲ၌ ထည့်သဖြင့် ကျိုက်ကျိုက်ဆူသော ပအုံးရည်အိုး သဖွယ် ရှိသည်ကိုဖြစ်စေ၍ ပြုကုန်၏)။ (ပေါင်း ၁၀)။

သင်္ခမုဏ္ဍိကံပိ၊ သင်္ခမုဏ္ဍိက မည်သော ကမ္မကာရဏကိုလည်း။
ကရောန္တိ၊ ပြုကုန်၏။
(ဤ ကမ္မကာရဏကိုကား အထက်နှုတ်ခမ်း နားပန်းဆံ နောက်ဆံတိုင်အောင် အရေကိုဖြတ်၍ ဆံပင်တို့ကို တပေါင်းတည်း လှံတံဖြင့် ရစ်ပတ်ပြီးလျှင် အရေနှင့် တကွ ဆုပ်ခွါ၍ ကြမ်းတမ်းသော အိုးခြမ်း ကျောက်စရစ်နှင့် ပွတ်တိုက်၍ ခရုသင်းသဖွယ် ဦးခေါင်းခွံရှိသည်ဖြစ်၍ ပြုကုန်၏။)

ရာဟုမုခံပိ၊ ရာဟုမုခ မည်သော ကမ္မကရဏကိုလည်း။
ကရောန္တိ၊ ပြုကုန်၏။
(ဤ ကမ္မကာရဏကိုကား သံတံသင်းဖြင့် ခံတွင်းကိုဖွင့်၍ ခံတွင်းထဲ၌ ဆီမီး ညှိထွန်း သဖြင့်၎င်း, နားပန်းဆံ မှစ၍ မျက်နှာကို ဆောက်နှင့်ရွေ၍ ခံတွင်းပြည့်အောင် သွေးယိုစေသဖြင့်၎င်း၊ နေကိုငုံသဖြင့် ရာဟုသဖွယ်ဖြစ်စေ၍ ပြုကုန်၏)

ဇောတိမာလိကံပိ၊ ဇောတိမာလိက အမည်ရှိသော ကမ္မကာရဏကိုလည်း။
ကရောန္တိ၊ ပြုကုန်၏။
(ဤ ကမ္မကာရဏကိုကား တကိုယ်လုံးကို ဆီစိမ်သော ပုဆိုးကြမ်းဖြင့် ရစ်ပတ်၍ မီးတိုက်သဖြင့် အလျှံကိုဖြစ်စေ၍ ပြုကုန်၏။)

ဟတ္ထပဇ္ဇောတိကံပိ၊ ဟတ္ထပဇ္ဇောတိက မည်သော ကမ္မကာရဏကိုလည်း။
ကရောန္တိ၊ ပြုကုန်၏။
(ဤကမ္မကာရဏကိုကား လက်၌ ဆီစိမ်သော ပုဆိုးကို ရစ်ပတ်၍ မီးညှိသဖြင့် ဆီမီးတောက်သဖွယ် ရှိသည်ကိုဖြစ်စေ၍ ပြုကုန်၏။)

ဧရကပတ္တိကံပိ၊ ဧရကပတ္တိက မည်သော ကမ္မကာရဏကိုလည်း။
ကရောန္တိ၊ ပြုကုန်၏။
(ဤကမ္မကာရဏကိုကား ရေမျိုအောက်မှစ၍ အရေအလွှာကိုခွါပြီးလျှင် ဖမျက်၌ ကျစေပြီးမှ ကြိုးဖြင့်ဖွဲ့၍ ငင်ကုန်လတ်သော် မိမိအရေ၌ နင်း၍ လည်းစေသဖြင့် ပိန်းမြက်ရွက်သဖွယ် အရေကွာခြင်းကို ဖြစ်စေ၍ ပြုကုန်၏။)

စီရကဝါသိကံပိ၊ စီရကဝါသိက မည်သော ကမ္မကာရဏကိုလည်း။
ကရောန္တိ၊ ပြုကုန်၏။
(ဤကမ္မကာရဏကိုကား လည်မှစ၍ အရေကိုခွါပြီးလျှင် ဖမျက်၌ထားသဖြင့် လျှော်တေဝတ်သဖွယ် ရှိသည်ကိုဖြစ်စေ၍ ပြုကုန်၏။)

ဧဏေယျကံပိ၊ ဧဏေယျက မည်သော ကမ္မကာရဏကိုလည်း။
ကရောန္တိ ၊ ပြုကုန်၏။
(ဤကမ္မကာရဏကိုကား တတောင်နှစ်ဘက် မြင်းခေါင်းနှစ်ဘက်တို့၌ သံခြေကျဉ်း သံကွင်း ခတ်လျှို၍ သံချောင်းနှက်ပြီးသော် ထက်ဝန်းကျင် မီးထည့်၍ ဧဏီ မည်သော သားကဲ့သို့ လေးဘက်တွားလျက် ရှိသည်ကို ဖြစ်စေ၍ ပြုကုန်၏။)

ဗလိသမံသိကံပိ၊ ဗလိသမံသိက မည်သော ကမ္မကာရဏကိုလည်း။
ကရောန္တိ၊ ပြုကုန်၏။
(ဤ ကမ္မကာရဏကိုကား နှစ်ဘက်အသွားရှိသော သံမျှားချိတ်ဖြင့် ချိတ်၍ အရေ အသား အကြောတို့ကို လျှောစေ၍ အရိုးကျဲတဲသာ တည်စေလျက် ပြုကုန်၏။)

ကဟာပဏိကံပိ၊ ကဟာပဏိက မည်သော ကမ္မကာရဏကိုလည်း။
ကရောန္တိ၊ ပြုကုန်၏။
(ဤကမ္မကာရဏကိုကား ထက်လှစွာသော ဓားမ ပဲခွပ် စသည်တို့ဖြင့် ရွေ၍ တသပြာ တသပြာ မျှသော အသားတစ်ကို ကျစေသဖြင့် ပြုကုန်၏။)

ခါရာပဋိစ္ဆကံပိ၊ ခါရာပဋိစ္ဆက မည်သော ကမ္မကာရဏကိုလည်း။
ကရောန္တိ၊ ပြုကုန်၏။
(ဤကမ္မကာရဏကိုကား ထိုထိုကိုယ်အစိတ်၌ လှံစသော လက်နက်ဖြင့် ခတ်ပြီးလျှင် ဝက်မှင်ဘီးဖြင့် အသား အရေ အကြာတို့ကို လျှော့စေ၍ အရိုးကျဲတဲသာ တည်စေလျက် ပြုကုန်၏။) (ပေါင်း ၂၀)

ပလိဃပရိဝတ္တကံပိ၊ ပလိဃပရိဝတ္တက မည်သော ကမ္မကာရဏကိုလည်း။
ကရောန္တိ၊ ပြုကုန်၏။
(ဤကမ္မကာရဏကိုကား နံပါးတဘက်စောင်း အိပ်စေ၍ နား၌သံတံကျင် မြေနှင့် စပ်အောင် နှက်ပြီးမှ ခြေကိုကိုင်၍ တံခါးကျင်ကို လည်စေသကဲ့သို့ ပြုကုန်၏။)

ပလာလပီဌကံပိ၊ ပလာလပီဌက မည်သော ကမ္မကာရဏ ကိုလည်း။
ကရောန္တိ၊ ပြုကုန်၏။
(ဤကမ္မကာရဏကိုကား အရေ အသားတို့ကို မစုတ်မပြဲစေဘဲ ကျောက်ဖြင့် အရိုးတို့ကို ထုပြီးသော် ဆံကိုကိုင်၍ အသားစုသာ ကျန်အောင်ခါပြီးမှ ဆံဖြင့်ပတ်၍ ကောက်ရိုးခွေကဲ့သို့ ပြုကုန်၏။)

တတ္ထေနပိ၊ ပူစွာသော။
တေလေနာပိ၊ ဆီဖြင့်လည်း။
သြသိဉ္စန္တိ၊ လောင်းကုန်၏။
သုနခေဟိပိ၊ နှစ်ရက် သုံးရက် အစာမကျွေးသော ခွေးတို့ကိုလည်း။
ခါဒါပေန္တိ၊ စားစေကုန်၏။
ဇီဝန္တံပိ၊ အသက်ရှည်စဉ်လည်း။
သူလေ၊ တံကျင်၌။
ဥတ္တာသေန္တိ၊ လျှိုကုန်၏။
အသိနာပိ၊ သန်လျက်ဖြင့်လည်း။
သီသံ၊ ဦးခေါင်းကို။
ဆိန္ဒန္တိ၊ ဖြတ်ကုန်၏။
(ပေါင်း ၆ ပါး)။
အားလုံးပေါင်းသော် (၂၆) ပါး ဖြစ်၏။

ပဉ္စဝိဓဗန္ဓနံနာမ ကမ္မကာရဏံ ကရောန္တိ၊ တတ္တံ အယောခိလံ ဟတ္ထေ ဂမေန္တိ၊ တတ္တံ အယောခိလံ ဒုတိယေ ဟတ္ထေ ဂမေန္တိ၊ တတ္တံ အယောခိလံ ပါဒေ ဂမေန္တိ၊ တတ္တံ အယောခိလံ ဒုတိယ ပါဒေ ဂမေန္တိ၊ တတ္တံ အဟောခိလံ မဇ္ဈေဥရသ္မိံ ဂမေန္တိ

ဒေဝဒူတသုတ် ပါဠိတော်။

ပဉ္စဝိဓဗန္ဓနံနာမ၊ ငါးပါးသော အပြားရှိသော နှောင်ဖွဲ့ခြင်း မည်သော။
ကမ္မကာရဏံ၊ ညှဉ်းဆဲခြင်းအမှုကို။
ကရောန္တိ၊ ပြုကုန်၏။
တတ္တံ၊ ပူစွာသော။
အယောခိလံ၊ သံတံသင်းကို။
ဟတ္ထေ၊ လက်ဝဲလက်၌။
ဂမေန္တိ၊ စိုက်နှက်ကုန်၏။
တတ္တံ၊ ပူစွာသော။
အယောခိလံံ၊ သံတံသင်းကို။
ဒုတိယေ ဟတ္ထေ၊ လက်ယာလက်၌။
ဂမေန္တိ၊ စိုက်နှက်ကုန်၏။
တတ္တံ၊ ပူစွာသော။
အယောခိလံ၊ သံတံသင်းကို။
ပါဒေ၊ လက်ဝဲခြေ၌။
ဂမေန္တိ၊ စိုက်နှက်ကုန်၏။
တတ္တံ၊ ပူစွာသော။
အယောခိလံ၊ သံတံသင်းကို။
ဒုတိယ ပါဒေ၊ လက်ယာခြေ၌။
ဂမေန္တိ၊ စိုက်နှက်ကုန်၏။
တတ္တံ၊ ပူစွာသော။
အယောခိလံ၊ သံတံသင်းကို။
မဇ္ဈေဥရသ္မိံ၊ ရင်လယ်၌။
ဂမေန္တိ၊ စိုက်နှက်ကုန်၏။

ယခင် (၂၆) ပါး၌ ဤ ပဉ္စဝိဓဗန္ဓနကို ထည့်သော် သုံးဆယ့်တပါး ဖြစ်၏။

၎င်း (၃၁) ပါး၌ -

ကုဓာရီဟိ တစ္ဆန္တိ ဝါ သီဟိ တစ္ဆန္တိ” ဟု ဒေဝဒူတသုတ်၌ ဟောတော်မူအပ်သော ဤနှစ်ပါးကို တခုပြု၍ ထည့်သော် (၃၂) ပါးသော ကမ္မကရဏတို့သည် ဖြစ်ကုန်၏။

ကုဓာရီဟိ၊ ဓားမတို့ဖြင့်။
တစ္ဆန္တိ၊ ရွေကုန်၏။
ဝါသီဟိ၊ ပဲခွပ်တို့ဖြင့်။
တစ္ဆန္တိ၊ ရွေကုန်၏။

၁၆ - နှစ်ဆဲ့ငါးပါးသော ဘေးကို ပြခြင်း

ပဉ္စဝီသတိဘယ-ဟူသော သရူပဝန္တသင်္ချာ၏ သရုပ်သင်္ချေယျကိုလည်း အစဉ်အတိုင်း အဋ္ဌကထာ ဋီကာတို့၌ ပေါင်း၍ ပြသော အရာမရှိ၊ မဟာနိဒ္ဒေသ အင်္ဂုတ္တိုရ်ပါဠိတော်, မိလိန္ဒပဥှာ - အစရှိသော ထိုထိုကျမ်းများ၌ လာသောဘေးတို့ကို ပေါင်း၍ အသင့် ယုတ္တိအားဖြင့် ပြပေအံ့ -

ဉာတိဗျသနံ ရောဂဗျသနံ ဘောဂဗျသနံ သီလဗျသနံ ဒိဋ္ဌိဗျသနံ ရာဇဘယံ စောရဘယံ ဝေရိဘယံ ဒုဗ္ဘိက္ခဘယံ အဂ္ဂိဘယံ ဥဒကဘယံ ဦမိဘယံ အာဝဋ္ဋဘယံ ကုမ္ဘီလဘယံ သုသုကာဘယံ အတ္တာနုဝါဒဘယံ ပရာနုဝါဒဘယံ ဒဏ္ဍဘယံ ဒုဂ္ဂတိဘယံ ပရိသသာရဇ္ဇဘယံ အာဇီဝကဘယံ ဇာတိဘယံ ဇရာဘယံ ဗျာဓိဘယံ မရဏဘယံ

ဉာတိဗျာသနံ၊ ဆွေမျိုး ပျက်စီးခြင်းဘေး။
ရောဂဗျသနံ၊ အနာကြောင့် ပျက်စီးခြင်းဘေး။
ဘောဂဗျသနံ၊ စည်းစိမ်ပျက်စီးခြင်းဘေး။
သီလဗျသနံ၊ သီလပျက်စီးခြင်းဘေး။
ဒိဋ္ဌိဗျသနံ၊ အယူပျက်စီးခြင်းဘေး။
ရာဇဘယံ၊ မင်းဘေး။
စောရဘယံ၊ ခိုးသူဘေး။
ဝေရိဘယံ၊ ရန်သူဘေး။
ဒုဗ္ဘိက္ခဘယံ၊ ငတ်မွတ်သောဘေး။
အဂ္ဂိဘယံ၊ မီးဘေး။
ဥဒကဘယံ၊ ရေဘေး။
ဦမိဘယံ၊ လှိုင်းတံပိုးဘေး။
အာဝဋ္ဋဘယံ၊ ဝဲဘေး။
ကုမ္ဘီလဘယံ၊ မိကျောင်းဘေး။
သုသုကာဘယံ၊ ငါးရဲဘေး။
အတ္တာနုဝါဒဘယံ၊ မိမိကိုယ်ကို မိမိ စွပ်စွဲသောဘေး။
ပရာနုဝါဒဘယံ၊ မိမိကိုယ်ကို သူတပါးစွပ်စွဲသောဘေး။
ဒဏ္ဍဘယံ၊ ပုတ်ခတ်သောဒဏ် ဥစ္စာဒဏ်ဘေး။
ဒုဂ္ဂတိ ဘယံ၊ ဒုဂ္ဂတိဘေး။
ပရိသသာရဇ္ဇဘယံ၊ ပရိသတ်၌ ရွံကြောက်သောဘေး။
အာဇီဝကဘယံ၊ သူတပါးကိုမှီ၍ အသက်မွေးရခြင်းဘေး။
ဇာတိဘယံ၊ ပဋိသန္ဓေနေရခြင်းဘေး။
ဇရာဘယံ၊ အိုရခြင်းဘေး။
ဗျာဓိဘယံ၊ နာရခြင်းဘေး။
မရဏဘယံ၊ သေရခြင်းဘေး။
ပေါင်း (၂၅) ပါးသောဘေး။

သည်မှတပါး ပရိတ်ကြီး၌ ရာဇတောဝါ စသည်ဖြင့် ဝါကျ ပြု၍ ပြအပ်သောဘေး တဆယ့်လေးပါး၊ စဏ္ဍဟတ္ထိ စသည်ဖြင့် သမာသ်ပြု၍ ပြအပ်ဘေး တဆယ့်လေးပါး၊ ပေါင်းနှစ်ဆယ့် ရှစ်ပါးတို့တွင် အဂဟိတ ဂဟဏနည်း ပရိသေသနည်းအားဖြင့် စဏ္ဍမဏိ သပ္ပဘေးကို စဏ္ဍအဟိဘေး၌ သင်္ဂြိုဟ်၍ စဏ္ဍယက္ခ ရက္ခသ နှစ်ပါးကို အမနုဿဘေး၌ သင်္ဂြိုဟ်၍ ကြွင်း နှစ်ဆယ့်ငါးပါးကို ပဉ္စဝီသတိဘယာ အရယူရမည်။

ရာဇဘယံ၊ မင်းဘေး။
စောရဘယံ၊ ခိုးသူဘေး။
မနုဿဘယံ၊ လူဘေး။
အမနုဿဘယံ၊ နတ်ဘီလူးဘေး။
အဂ္ဂိဘယံ၊ မီးဘေး။
ဥဒကဘယံ၊ ရေဘေး။
ပိသာစဘယံ၊ တစ္ဆေမြေဘုတ်ဘေး။
ခါဏုက ဘယံ၊ သစ်ငုတ် ခလုတ်ဘေး။
ကဏ္ဋကဘယံ၊ ဆူးငြောင့်ဘေး။
နက္ခတ္တဘယံ၊ မကောင်းသောနက္ခတ်ဘေး။
ဇနပဒရောဂဘယံ၊ ဇနပုဒ်၌ဖြစ်သော အနာရောဂါဘေး။
အသဒ္ဓမ္မဘယံ၊ မသူတော် တရားဘေး။
အသန္ဒိဋ္ဌိဘယံ၊ အမြင်မှားသောဘေး။
အသပ္ပုရိသ ဘယံ၊ သူတော်မဟုတ် သူယုတ်ဘေး။
စဏ္ဍဟတ္တိ ဘယံ၊ ဆင်ကြမ်းဘေး။
စဏ္ဍဿဘယံ၊ မြင်းကြမ်းဘေး။
စဏ္ဍေဂေါဏဘယံ၊ နွားကြမ်းဘေး။
စဏ္ဍကုက္ကုရဘယံ၊ ခွေးကြမ်းဘေး။
စဏ္ဍအဟိဘယံ။ မြွေကြမ်းဘေး။
စဏ္ဍဝိစ္ဆိကဘယံ၊ ကင်းဗုဇွန်ကြမ်းဘေး။
စဏ္ဍဒီပိဘယံ၊ သစ်ကြမ်းဘေး။
စဏ္ဍအစ္ဆဘယံ၊ ဝံကြမ်းဘေး။
စဏ္ဍတရစ္ဆဘယံ၊ အောင်းကြမ်းဘေး။
စဏ္ဍသူကရဘယံ၊ ဝက်ကြမ်းဘေး။
စဏ္ဍမဟိံသဘယံ၊ ကျွဲကြမ်းဘေး။
ပေါင်း - နှစ်ဆယ့်ငါးပါး

သောဠသဥပဒ္ဒဝါ အရ ဥပဒ္ဒဝေါ (၁၆) ပါး ဟူသော်ကား -

ကတမာနိ စတ္တာရိ ဘယာနိ။ ဇာတိဘယံ ဇရာဘယံ ဗျာဓိဘယံ မရဏဘယံ။ ဣမာနိ စတ္တာရိ ဘယာနိ

ကတမာနိ အပရာနိပိ စတ္တာရိ ဘယာနိ။ ရာဇဘယံ စောရဘယံ အဂ္ဂိဘယံ ဥဒကဘယံ၊ ဣမာနိ စတ္တာရိ ဘယာနိ

ကတမာနိ အပရာနိပိ စတ္တာရိ ဘယာနိ။ ဦမိဘယံ ကုမ္ဘိလဘယံ အာဝဋ္ဋကဘယံ သုသုကာဘယံ။ ဣမာနိ စတ္တာရိ ဘယာနိ

ကတမာနိ အပရာနိပိ စတ္တာရိ ဘယာနိ။ အတ္ထာနုဝါဒဘယံ ပရာနုဝါဒဘယံ ဒဏ္ဍဘယံ ဒုဂ္ဂတိဘယံ။ ဣမာနိ စတ္တာရိ ဘယာနိ

ခုဒ္ဒကဝတ္ထု ဝိဘင်းပါဠိတော်။

အနက်ကား အောက်က ဆိုအပ်ပြီးသောနည်းကိုမှီး၍ သိသာပြီ။

ဤစတုက္ကလေးပါးကို ပေါင်း၍ (၁၆) ပါးသော ဥပဒ္ဒဝေါဟု ဆိုသည်။

ဣမေဟိ စတူဟိ စတုက္ကေဟိ သောဠသ မဟာဘယာနိ နာမ ကထိတာနိ

သမ္မောအဋ္ဌကထာ။

ဣမေဟိ စတူဟိ စတုက္ကေဟိ၊ ဤလေးပါးသော စတုက္ကတို့ဖြင့်။
သောဠသ မဟာ ဘယာနိ နာမ၊ တဆယ့်ခြောက်ပါးသော ဘေးကြီး မည်သည်တို့ကို။
ကထိတာနိ၊ ဆိုအပ်ကုန်၏။

ဘယနှင့် ဥပဒ္ဒဝကား ပရိယာယ်ဖြစ်၍ ဥပဒ္ဒဝကို ဘယဟု ဟောတော်မူသည်။

ဤနည်းဖြင့် သောဠသဥပဒ္ဒဝ၏ အရသည် ပဉ္စဝီသတိ အတွင်း၌ဝင်သည်။

တနည်း -

ပရိဘာသတိ၊ အန္ဒုဗန္ဓနေန ဝါ ဗန္ဓာပေသိ၊ ရဇ္ဇုဗန္ဓနေ န ဝါ ဗန္ဓာပေသိ၊ သင်္ခလိကဗန္ဓနေန ဝါ ဗန္ဓာပေသိ၊ ဝေတ္တ ဗန္ဓနေန ဝါ ဗန္ဓာပေသိ၊ လတာဗန္ဓနေန ဝါ ဗန္ဓာပေသိ၊ ပက္ခေပဗန္ဓနေန ဝါ ဗန္ဓာပေသိ၊ ပရိခါဗန္ဓနေန ဝါ ဗန္ဓာ ပေသိ၊ ဂါမဗန္ဓနေန ဝါ ဗန္ဓာပေသိ၊ နိဂမဗန္ဓနေ န ၊ နိဂုံးအနှောင်အဖွဲ့ဖြင့်မူလည်း။ ဗန္ဓာပေသိ၊ နှောင်ဖွဲ့စေ၏။ နဂရဗန္နေနု ၊ မြို့အနှောင်အဖွဲ့ဖြင့်မူလည်း။ ဗန္ဓာပေသိ၊ နှောင်ဖွဲ့စေ၏။ ရဋ္ဌဗန္ဓနေနဝါ၊ တိုင်းအနှောင်အဖွဲ့ဖြင့်လည်း။ ဗန္ဓာပေသိ၊ နှောင်ဖွဲ့စေ၏။ ဇနပဒဗန္ဓနေန ဝါ၊ ဇနပုဒ်အနှောင်အဖွဲ့ ဖြင့်မူလည်း။ ဗန္ဓာပေသိ၊ နှောင်ဖွဲ့စေ၏။ သဝစနီယံပိ၊ သင်အား ပြုဘွယ်ရှိ၏၊ အရပ်တပါးသို့ တဖဝါးမျှ မသွားမရွေ့လင့်ဟု ဆို ခြင်းရှိသည်ကိုမူလည်း။ ကရောန္တိ၊ ပြုကုန်၏။ တဿ၊ ထိုသူ၏။ ဓနံ၊ ဥစ္စာကို။ သတံ ဝါ၊ အရာကို၎င်း။ သဟဿံ ဝါ၊ အထောင်ကို၎င်း။ သတသဟဿံ ဝါ၊ အသိန်းကို၎င်း။ ဟရာပေသိ၊ ဆောင်စေ၏။ တပ္ပစ္စယာပိ၊ ထိုရေရွတ်ခြင်း စသော အကြောင်းကြောင့်လည်း။ ဒုက္ခဒေါမနဿ၊ ဆင်းရဲခြင်း နှလုံးမသာယာခြင်းကို။ ပဋိသံဝေဒေတိ၊ ခံစားရ၏

မဟာနိဒ္ဒေသပါဠိတော်။

ပရိဘာသတိ၊ ရေရွတ်၏။
အန္ဒုဗန္ဓနေန ဝါ၊ ထိတ်ပင်းတံခါး အနှောင်အဖွဲ့ဖြင့်လည်း။
ဗန္ဓာပေသိ၊ နှောင်ဖွဲ့စေ၏။
ရဇ္ဇုဗန္ဓနေ န ဝါ၊ ကြိုးအနှောင်အဖွဲ့ဖြင့်လည်း။
ဗန္ဓာပေသိ၊ နှောင်ဖွဲ့စေ၏။
သင်္ခလိကဗန္ဓနေန ဝါ၊ သံခြေကျဉ်း အနှောင်အဖွဲ့ဖြင့်မူလည်း။
ဗန္ဓာပေသိ၊ နှောင်ဖွဲ့စေ၏။
ဝေတ္တဗန္ဓနေန ဝါ၊ ကြိမ်အနှောင်အဖွဲ့ဖြင့် မူလည်း။
ဗန္ဓာပေသိ၊ နှောင်ဖွဲ့စေ၏။
လတာဗန္ဓနေန ဝါ၊ နွယ် အနှောင်အဖွဲ့ဖြင့်လည်း။
ဗန္ဓာပေသိ၊ နှောင်ဖွဲ့စေ၏။
ပက္ခေပဗန္ဓနေန ဝါ၊ တိုက်တွင်း လှောင်ခြင်း အနှောင်အဖွဲ့ဖြင့် မူလည်း။
ဗန္ဓာပေသိ၊ နှောင်ဖွဲ့စေ၏။
ပရိခါ ဗန္ဓနေနဝါ၊ ကျုံးအနှောင်အဖွဲ့ ဖြင့်မူလည်း။
ဗန္ဓာပေသိ၊ နှောင်ဖွဲ့စေ၏။
ဂါမဗန္ဓနေန ဝါ၊ ရွာ အနှောင်အဖွဲ့ဖြင့်မူလည်း။
ဗန္ဓာပေသိ၊ နှောင်ဖွဲ့စေ၏။
နိဂမဗန္ဓနေ န ၊ နိဂုံးအနှောင်အဖွဲ့ဖြင့်မူလည်း။
ဗန္ဓာပေသိ၊ နှောင်ဖွဲ့စေ၏။
နဂရဗန္နေနု ၊ မြို့အနှောင်အဖွဲ့ဖြင့်မူလည်း။
ဗန္ဓာပေသိ၊ နှောင်ဖွဲ့စေ၏။
ရဋ္ဌဗန္ဓနေနဝါ၊ တိုင်းအနှောင်အဖွဲ့ဖြင့်လည်း။
ဗန္ဓာပေသိ၊ နှောင်ဖွဲ့စေ၏။
ဇနပဒဗန္ဓနေန ဝါ၊ ဇနပုဒ်အနှောင်အဖွဲ့ ဖြင့်မူလည်း။
ဗန္ဓာပေသိ၊ နှောင်ဖွဲ့စေ၏။
သဝစနီယံပိ၊ သင်အား ပြုဘွယ်ရှိ၏၊ အရပ်တပါးသို့ တဖဝါးမျှ မသွားမရွေ့လင့်ဟု ဆို ခြင်းရှိသည်ကိုမူလည်း။
ကရောန္တိ၊ ပြုကုန်၏။
တဿ၊ ထိုသူ၏။
ဓနံ၊ ဥစ္စာကို။
သတံ ဝါ၊ အရာကို၎င်း။
သဟဿံ ဝါ၊ အထောင်ကို၎င်း။
သတသဟဿံ ဝါ၊ အသိန်းကို၎င်း။
ဟရာပေသိ၊ ဆောင်စေ၏။
တပ္ပစ္စယာပိ၊ ထိုရေရွတ်ခြင်း စသော အကြောင်းကြောင့်လည်း။
ဒုက္ခဒေါမနဿ၊ ဆင်းရဲခြင်း နှလုံးမသာယာခြင်းကို။
ပဋိသံဝေဒေတိ၊ ခံစားရ၏။

ဤနည်းကား ပဉ္စဝီသတိဘယ၏ အရနှင့် မရောမယှက် သက်သက်တည်း။

ဒသဒဏ္ဍ၏အရကို ဃောသကဝတ္ထု၌ပြခဲ့ပြီ။ ဤ၌လည်း ပြဦးအံ့ -

ယော ဒဏ္ဍေန အဒဏ္ဍေသု၊
အပ္ပဒုဋ္ဌေသု ဒုဿတိ။
ဒသန္န မညတရံ ဌာနံ၊
ခိပ္ပမေဝ နိဂစ္ဆတိ


ဝေဒနံ ဖရုသံ ဇာနိံ၊
သရီရဿ စ ဘေဒနံ။
ဂရုကံ ဝါပိ အာဗာဓံ၊
စိတ္တက္ခေပဉ္စ ပါပုဏေ


ရာဇတော ဝါ ဥပသဂ္ဂံ၊
အဗ္ဘက္ခာနဉ္စ ဒါရုဏံ။
ပရိက္ခယဉ္စ ဉာတီနံ၊
ဘောဂါနဉ္စ ပဘင်္ဂုနံ


အထဿ စ အဂါရာနိ၊
အဂ္ဂိ ဍယှတိ ပါဝကော။
ကာယဿ ဘေဒါ ဒုပ္ပညော၊
နိရယံ သောပပဇ္ဇတိ

ဓမ္မပဒ ပါဠိတော်။

ယော၊ အကြင်သူသည်။
ဒဏ္ဍေန၊ ဒဏ်ဖြင့်။
အဒဏ္ဍေသု၊ ဒဏ်မထိုက်ကုန်သော၊
အပ္ပဒုဋ္ဌေသု၊ မပြစ်မှားအပ်ကုန်သော သူတို့၌။
ဒုဿတိ၊ ပြစ်မှား၏။
သော၊ ထိုသူသည်။
ဒသန္နံ၊ ဆယ်ပါးကုန်သော ဒဏ်တို့တွင်။
အညတရံ၊ အမှတ်မရှိသော။
ဌာနံ၊ ဒဏ်ဟူသော အကြောင်းကို။
ခိပ္ပမေဝ၊ လျင်စွာလျှင်။
နိဂစ္ဆတိ၊ ရောက်၏။

ဇာနိံ၊ အသွေးအသားကို ဆုတ်ယုတ်စေတတ်သော။
ဖရုသံ။ ကြမ်းကြုတ်သော။
ဝေဒနဉ္စ၊ ဆင်းရဲဝေဒနာသို့၎င်း။
သရီရဿ၊ ခန္ဓာကိုယ်၏။
ဘေဒနဉ္စ၊ ပျက်ခြင်းသို့၎င်း။
ဂရုကံ၊ သည်းမခံနိုင်အောင် လေးသော။
အာဗာဓံ ၊အနာသို့၎င်း။
စိတ္တက္ခေပဉ္စ၊ စိတ်ပြန့်လွင့်ခြင်းသို့၎င်း။
ပါပုဏေ၊ ရောက်၏။

ရာဇတောဝါ၊ မင်းမှမူလည်း။
ဥပသဂ္ဂဉ္စ၊ ဘေးရန်သို့၎င်း။
ဒါရုဏံ၊ ကြမ်းကြုတ်သော။
အဗ္ဘက္ခာနဉ္စ၊ စွပ်စွဲခြင်းသို့၎င်း။
ဉာတီနံ၊ ဆွေမျိုးတို့၏။
ပရိက္ခယဉ္စ၊ ကုန်ခြင်းသို့၎င်း။
ဘောဂါနံ၊ စည်းစိမ်တို့၏။
ပဘင်္ဂုနဉ္စ၊ ပျက်စီးခြင်းသို၎င်း။
ပါပုဏေ၊ ရောက်ရာ၏။

အထ၊ ထိုမှတပါး။
အဿ၊ ထိုမပြစ်မှားအပ်သောသူကို ပြစ်မှားသောသူ၏။
အဂါရာနိ၊ အိမ်တို့ကို။
ပါဝကော၊ ပါဝကဟုဆိုအပ်သော။
အဂ္ဂိ၊ မီးသည်။
ဍယှတိ၊ လောင်၏။
ကာယဿ၊ ဥပါဒိန္နက ခန္ဓာကိုယ်၏။
ဘေဒါ၊ ပျက်သည်မှ နောက်၌။
ဒုပ္ပညော၊ ပညာမဲ့သော။
သော၊ ထိုမပြစ်မှားအပ်သောသူကို ပြစ်မှားသောသူသည်။
နိရယံ၊ ငရဲ၌။
ဥပပဇ္ဇတိ၊ ဖြစ်ရ၏။

ဒသ၏သရုပ်ကား ဒုတိယဂါထာ၌ လေးပါဒ အရေအတွက် အားဖြင့်လေးပါး၊ တတိယ ဂါထာ၌လည်း လေးပါဒ အရေအတွက်အားဖြင့် လေးပါး၊ စတုတ္ထဂါထာ၌ ပုဗ္ဗဍ္ဎာပရမူ အရေအတွက် အားဖြင့် နှစ်ပါး၊ ပေါင်း (၁၀) ပါး။

အချို့ဓမ္မပဒနိသျည်း၌ ဇာနိံ၏အရကို ဥစ္စာစည်းစိမ်၏ ဆုံးရှုံးခြင်းဟု အနက်သမ္ဗန်၌ အသီးအခြား တပါးယူပြီးလျှင် နိရယံ သောပပဇ္ဇတိ၏ အရကို ဤပစ္စုပ္ပန်ဘဝကို မမှီ သောကြောင့် အသီးအခြား မယူရဟု မှာဆိုတော်မူကုန်၏။

ဇာနိံ၏အရကို ဥစ္စာစည်းစိမ်၏ ဆုံးရှုံးခြင်းဟု သမ္ဗန်သော အနက်သည် ဘောဂါနဉ္စ ပဘင်္ဂုနံ၏ အရနှင့် မထူးသောကြောင့် ထိုနိသျည်းဆရာ၏ စကားကို ဆင်ခြင် အပ်၏။

အဋ္ဌဒေါသ၏ အရကား -

အဋ္ဌ ခေါ ဂါမဏိ ဟေတူ အဋ္ဌ ပစ္စယာ ကုလာနံ ဥပဃာတာယ၊ ရာဇတော ဝါ ကုလာနိ ဥပဃာတံ ဂစ္ဆန္တိ၊ စောရတော ဝါ ကုလာနိ ဥပဃာတံဂစ္ဆန္တိ၊ အဂ္ဂိတော ဝါ ကုလာနိ ဥပဃာတံ ဂစ္ဆန္တိ၊ ဥဒကတော ဝါ ကုလာနိ ဥပဃာတံ ဂစ္ဆန္တိ၊ နိဟိတံ ဝါ ဋ္ဌာနာ ဝိဂစ္ဆတိ၊ ဒုပ္ပယုတ္တာ ဝါ ကမ္မန္တာ ဘိဇ္ဇန္တိ၊ ကုလေ ဝါ ကုလသင်္ကရော ဥပပဇ္ဇတိ၊ ယော တေသံ ဘောဂေ ဝိကိရတိ ဝိဓမတိ ဝိဓံသေတိ၊ အနိစ္စတာယေဝ အဋ္ဌမီ။ ဣမေ ခေါ ဂါမဏိ အဋ္ဌ ဟေတူ အဋ္ဌ ပစ္စယာ ကုလာနံ ဥပဃာတာယ

ဂါမဏိသံယုတ်ပါဠိတော်။

ဂါမဏိ၊ အသိဗန္ဓ-မည်သောသူ၏ သားဖြစ်သော ဂါမဏိ။
ကုလာနံ၊ အမျိုးတို့၏။
ဥပဃာတာယ၊ ပျက်စီးခြင်းငှါ။
ဟေတူ၊ အကြောင်းတို့သည်။
အဋ္ဌ၊ ရှစ်ပါးတို့တည်း။
ပစ္စယာ၊ အထောက်အပံ့တို့သည်။
အဋ္ဌ၊ ရှစ်ပါးတို့တည်း။

ရာဇတော ဝါ၊ မင်းကြောင့်လည်း။
ကုလာနိ၊ အမျိုးတို့သည်။
ဥပဃာတံ၊ ပျက်စီးခြင်းသို့။
ဂစ္ဆန္တိ၊ ရောက်ကုန်၏။
စောရတော ဝါ၊ ခိုးသူကြောင့်လည်း။
ကုလာနိ၊ အမျိုးတို့သည်။
ဥပဃာတံ၊ ပျက်စီးခြင်းသို့။
ဂစ္ဆန္တိ၊ ရောက်ကုန်၏။
အဂ္ဂိတော ဝါ၊ မီးကြောင့်လည်း။
ကုလာနိ၊ အမျိုးတို့သည်။
ဥပဃာတံ၊ ပျက်စီးခြင်းသို့။
ဂစ္ဆန္တိ၊ ရောက်ကုန်၏။
ဥဒကတော ဝါ၊ ရေကြောင့်လည်း။
ကုလာနိ၊ အမျိုးတို့သည်။
ဥပဃာတံ၊ ပျက်စီးခြင်းသို့။
ဂစ္ဆန္တိ၊ ရောက်ကုန်၏။
နိဟိတံ ဝါ၊ မြှုပ် ထားအပ်သော ဥစ္စာသည်လည်း။
ဌာနာ၊ ထားရာအရပ်မှ။
ဝိဂစ္ဆတိ၊ အရပ်တပါးသို့ ရွေ့ရှားပြောင်းသွား၏။
ဒုပ္ပယုတ္တာ၊ မကောင်းသဖြင့် ယှဉ်အပ်ကုန်သည်ဖြစ်၍။
ကမ္မန္တာ ဝါ၊ အမှု ကြီးငယ်တို့သည်လည်း။
ဘိဇ္ဇန္တိ၊ ပျက်ကုန်၏။
ယော၊ အကြင် အမျိုးအား နှောင့်ရှက်ခြင်းကို ပြုတတ်သောသူသည်။
တေသံ၊ ထိုအမျိုးတို့၏။
ဘောဂေ၊ စည်းစိမ်တို့ကို။
ဝိကိရတိ၊ ဖရိုဖရဲကြဲ၏။
ဝိဓမတိ၊ မှုတ်လွှင့်၏။
ဝိဓံသေတိ၊ ဖျက်ဆီး၏။
သော ကုလသင်္ကရော၊ ထိုအမျိုးတို့၏ နှောင့်ရှက်ခြင်းကို ပြုတတ်သောသူသည်။
ကုလေ၊ အမျိုး၌။
ဥပပဇ္ဇတိ၊ ဖြစ်၏။
အနိစ္စတာယေဝ၊ အမြဲမရှိသော အဖြစ်သည်သာလျှင်။
အဋ္ဌမီ၊ ရှစ်ခုမြောက်တည်း။

ဂါမဏိ၊ ဂါမဏိ။
ကုလာနံ၊ အမျိုးတို့၏။
ဥပဃာတာယ၊ ပျက်စီးခြင်းငှါ။
ဟေတူ၊ အကြောင်းတို့သည်။
ဣမေ ခေါ အဋ္ဌ၊ ဤရှစ်ပါးတို့တည်း။
ပစ္စယာ၊ အထောက်အပံ့တို့သည်။
ဣမေ ခေါ အဋ္ဌ၊ ဤရှစ်ပါးတို့တည်း။

ဤကား သာသနာတော်ကျမ်းဂန်တို့၌လာသော အဋ္ဌဒေါသ သရုပ်တို့တည်း။

လောကီကျမ်းဂန်တို့၌ကား -

ပထဝီ သံသုမာရောစ၊
ယက္ခော နာဝါ စ အသနီ။
ဗျဂ္ဃေါ လောဟိတုမ္မတ္တကော၊
အဋ္ဌ ဒေါသာ ဣမေ မတာ

ဟု ဂါထာဖြင့် အဋ္ဌဒေါသ၏ သရုပ်ကိုဆို၏။

ပထဝီ၊ မြေမျိုခြင်း၎င်း။
သံသုမာရော စ၊ မိကျောင်းမျိုခဲခြင်း၎င်း။
ယက္ခော၊ ဘီလူးဖမ်းခြင်း၎င်း။
နာဝါ စ၊ လှေနစ်ခြင်း၎င်း။
အသနီ၊ မိုးကြိုးလောင်မီးကျခြင်း၎င်း။
ဗျဂ္ဃေါ၊ ကျားစားခြင်း၎င်း။
လောဟိတံ၊ သွေးအန်ခြင်း၎င်း။
ဥမ္မတ္တကော၊ ရူးသွပ်ခြင်း၎င်း။
ဣမေ အဋ္ဌ၊ ဤရှစ်ပါးတို့ကို။
ဒေါသာ၊ အပြစ်တို့ဟူ၍။
မတာ၊ သိအပ်ကုန်၏။

ဤသို့ဆိုအပ်ပြီးသော အဋ္ဌနဝုတိရောဂါ စသည်တို့သည် အထူးထူး အပြားပြား များစွာသောဒုက္ခကို ဆောင်တတ် စီရင်တတ်သောကြောင့် ဗျသနမည်ကုန်၏။ ထိုဗျသနသည် မိမိကား ဒုက္ခ မဟုတ်၊ စင်စစ်သော်ကား များစွာသော ဒုက္ခ၏ တည်ရာအကြောင်း ဖြစ်သည်၏ အဖြစ်ကြောင့်။

ဗျသနံယေ၀ ဒုက္ခံ အနေကေသံ ဒုက္ခာနံ ဝတ္ထုတ္တာတိ ဗျသနဒုက္ခံ” ဟူသော ဝစနတ္ထနှင့်အညီ ဗျသနဒုက္ခမည်၏။

ဗျသနံယေဝ၊ ပျက်စီးခြင်းသည်သာလျှင်။
အနေကေသံ၊ များစွာကုန်သော။
ဒုက္ခာနံ၊ ဒုက္ခတို့၏။
ဝတ္ထုတ္တာ၊ တည်ရာအကြောင်း ဖြစ်သည်၏အဖြစ်ကြောင့်။
ဒုက္ခံ၊ ဒုက္ခတည်း။
ဣတိ တသ္မာ၊ ထိုကြောင့်။
ဗျသနဒုက္ခံ၊ ဗျသနဒုက္ခ မည်၏၊

အဘယ်ဒုက္ခတို့၏တည်ရာ အကြောင်းဖြစ်သနည်းဟူမူကား -

ကာယိကဒုက္ခ စေတသိကဒုက္ခတို့၏ တည်ရာ အကြောင်းဖြစ်သည် ဟူလို။

ဤသို့လျှင် ဗျာဓိဒုက္ခ၏ သစ္စာဖြစ်ကြောင်းကို သိအပ်၏။

၁၇ - မရဏ ဒုက္ခကို ပြခြင်း

မရဏမ္ပိဒုက္ခံ ဟူသော ပါဌ်အရ -

တတ္ထ ကတမံ မရဏံ။ ယာ တေသံ တေသံ သတ္တာနံ တမှာ တမှာ သတ္တနိကာယာ စုတိ စဝနတာ ဘေဒေါ အန္တရဓာနံ မတျု မရဏံ ကာလကိရိယာ ခန္ဓာနံ ဘေဒေါ ကဠေဝရဿ နိက္ခေပေါ ဇီဝိတိန္ဒြိယဿ ဥပစ္ဆေဒေါ၊ ဣဒံ ဝုစ္စတိ မရဏံ

ဟူ၍ ဝိဘင်းပါဠိတော်၌ ဟောတော်မူ၏။

တတ္ထ၊ ထိုဇာတိ အစရှိသည်တို့တွင်။
မရဏံ၊ မရဏသည်။
ကတမံ၊ အဘယ်နည်း။
တေသံ တေသံ သတ္တာနံ၊ ထိုထိုသတ္တဝါ တို့၏။
တမှာတမှာ သတ္တနိကာယာ၊ ထိုထိုသတ္တဝါ အပေါင်းမှ။
ယာ စုတိ၊ အကြင်ရွေ့ခြင်းသည်။
ယာ စဝနတာ၊ အကြင်ရွေ့သော အဖြစ်သည်။
ယော ဘေဒေါ၊ အကြင်ပျက်ခြင်းသည်။
ယံ အန္တရဓာနံ၊ အကြင်ကွယ်ခြင်းသည်။
ယော မတျု၊ အကြင် သေခြင်းသည်။
ယံ မရဏံ၊ အကြင်သေခြင်းသည်။
ယာ ကာလကိရိယာ၊ အကြင် အဆုံးကာလကို ပြုခြင်းသည်။
ယော ခန္ဓာနံ ဘေဒေါ၊ အကြင်ခန္ဓာတို့၏ ပျက်ခြင်းသည်။
ယော ကဠေဝရဿ နိက္ခေပေါ၊ အကြင်ကိုယ်ကောင်ကို ပစ်ချခြင်းသည်။
ယော ဇီဝိတိန္ဒြိယဿ ဥပစ္ဆေဒေါ၊၊ အကြင် ဇီဝိတိန္ဒြေ၏ ပြတ်ခြင်းသည်။
အတ္ထိ၊ ရှိ၏။
ဣဒံ၊ ဤရွေ့ခြင်းအစရှိသည်ကို။
မရဏံ၊ မရဏ ဟူ၍။
ဝုစ္စတိ၊ ဆိုအပ်၏။

ဤပါဠိတော်၌ ကိုယ်ကောင်ကိုပစ်ချခြင်း၏ အကြောင်းဖြစ် သောကြောင့် မရဏကို ဖလူပစာအားဖြင့် ကဠေဝရဿ နိက္ခေပေါ - ဟု ဟောတော်မူအပ်၏။

ဧတ္ထ စ ကဠေဝရဿ နိက္ခေပကာရဏတော မရဏံ ကဠေဝရဿ နိက္ခေပေါတိ ဝုစ္စတိ။
သမ္မောအဋ္ဌကထာ။

ဧတ္ထ စ၊ ဤပါဠိတော်၌ကား။
ကဠေဝရဿ၊ ကိုယ်ကောင်ကို။
နိက္ခေပကာရဏတော၊ ပစ်ချခြင်း၏ အကြောင်းဖြစ်သောကြောင့်။
မရဏံ၊ မရဏကို။
ကဠေဝရဿ နိက္ခေပေါတိ၊ ကဠေဝရဿ နိက္ခေပေါ ဟူ၍။
ဝုတ္တံ၊ ဟောတော်မူအပ်၏။

အဋ္ဌကထာကား။ “နိက္ခေပနံ နိက္ခေပေါ” ဟု ဘာဝသာဓန ပြုသည့်အခိုက်ကို ရည်သည်။

နိက္ခိပတိ ဧတေနာတိ နိက္ခပေါ” ဟု ကရဏသာဓန ပြုမူ မုချပင်သင့်၏။

ဇီဝိတိန္ဒြိယဿ ဥပစ္ဆေဒေါ - ဟူသောပါဠိဖြင့် ဣန္ဒြိယဗဒ္ဓ သဝိညာဏက၏သာလျှင် သေခြင်းမည်သည်ဖြစ်၏၊ အနိန္ဒြိယဗဒ္ဓ အဝိညာဏကအား သေခြင်းမည်သည်မရှိဟု ပြတော်မူ၏။

ကောက်ပင်သည်သေ၏၊ သစ်ပင်သည်သေ၏ ဟူသော စကားတို့ကား ဝေါဟာရ မျှသာ၊ အနက်အားဖြင့် ဤသို့သဘောရှိသော စကားတို့သည် ကောက်ပင် သစ်ပင်တို့၏ ကုန်ခြင်း ပျက်ခြင်း သဘောကို ပြကုန်၏။

မရဏသည် ခဏိကမရဏ သမ္မုတိမရဏ သမုစ္ဆေဒမရဏ ဟူ၍ သုံးပါး အပြားရှိ၏။

ထိုတွင် ပဝတ္တိအခါ ရုပ်နာမ်တို့၏ပျက်ခြင်းသည် ခဏိကမရဏ မည်၏။

တိဿသည် သေ၏။ ဖုဿသည် သေ၏ဟု ဆိုခြင်းသည် သမ္မုတိမရဏ မည်၏။

ရဟန္တာပုဂ္ဂိုလ်၏ တဖန် ပဋိသန္ဓေ မနေသောအားဖြင့် သေခြင်းသည် သမုစ္ဆေဒ မရဏ မည်၏။

ထိုသုံးပါးတို့တွင် ဤအရာ၌ သမ္မုတိမရဏကို အလိုရှိအပ်၏။

ထိုမရဏသည် ရွေ့ခြင်းလက္ခဏာရှိ၏၊ ဘဝ၌ မယှဉ်ခြင်း ကိစ္စရှိ၏၊ ကွေကွင်းခြင်း လျှင် ထင်သော အခြင်းအရာရှိ၏၊ ဇာတိလျှင် နီးစွာသောအကြောင်းရှိ၏။

ဤမရဏသည်လည်း မိမိကား ဒုက္ခမဟုတ်၊ စင်စစ်သော်ကား ကာယိကဒုက္ခ စေတသိကဒုက္ခ နှစ်ပါး၏ တည်ရာဖြစ်သောကြောင့် ဒုက္ခဟု ဟောတော်မူအပ်၏။

ဣဒံပိ သယံ န ဒုက္ခံ၊ ဒုက္ခဿ ပန ဝတ္ထုဘာဝေန ဒုက္ခန္တိ ဝုတ္တံ။
ဝိဘင်းအဋ္ဌကထာ။

ဣဒံပိ၊ ဤမရဏသည်လည်း။
သယံ၊ မိမိသည်။
နဒုက္ခံ၊ ဒုက္ခ မဟုတ်။
ပန၊ စင်စစ်သော်ကား။
ဒုက္ခဿ၊ ကာယိကဒုက္ခ စေတသိကဒုက္ခ၏။
ဝတ္ထုဘာဝေန၊ တည်ရာအကြောင်း၏ အဖြစ်ကြောင့်။
ဒုက္ခန္တိ၊ ဒုက္ခဟူ၍။
ဝုတ္တံ၊ ဟောတော်မူအပ်၏။

မရဏံယေဝ ဒုက္ခံ ဒုက္ခဿ ဝတ္ထုတ္တာတိ မရဏဒုက္ခံ
ဟူသော ဝစနတ္ထကြောင့် မရဏဒုက္ခမည်၏ ဟုပြသည်။

မရဏံယေဝ၊ မရဏသည်သာလျှင်။
ဒုက္ခဿ၊ ဒုက္ခ၏။
ဝတ္ထုတ္တာ၊ တည်ရာအကြောင်း၏ အဖြစ်ကြောင့်။
ဒုက္ခံ၊ ဒုက္ခတည်း။
ဣတိ၊ ထိုကြောင့်။
မရဏဒုက္ခံ၊ မရဏဒုက္ခ မည်၏။

မရဏဒုက္ခဟူသော သစ္စာ ပြီး၏။

---

၁၈ - သောက ပရိဒေဝ ဒုက္ခ ဒေါမနဿုပါယာသကို ပြခြင်း

သောက ပရိဒေဝ ဒုက္ခ ဒေါမနဿုပါယာသာပိဒုက္ခာ ဟူသော ပါဌ်တို့၌ သောက ဟူသည်ကား ဉာတိဗျသန ဘောဂဗျသန ရောဂဗျသန သီလဗျသန ဒိဋ္ဌိဗျသန တပါးပါးတို့သည် နှိပ်စက်အပ်သော တပါးပါးသော ဆင်းရဲခြင်း၏အကြောင်းသည် တွေ့သောသူ၏ စိုးရိမ်ခြင်းစသောအဖြစ်သည် သောကမည်၏။

ကတမော စ ဘိက္ခဝေ သောကော။ ယော ခေါ ဘိက္ခဝေ အညတရညတရေန ဗျသနေန သမန္နာဂတဿ အညတရညတရေန ဒုက္ခဓမ္မေန ဖုဋ္ဌဿ သောကော သောစနာ သောစိတတ္တံ အန္တောသောကော အန္တောပရိသောကော။ အယံ ဝုစ္စတိ ဘိက္ခဝေ သောကော။
မဟာသတိပဋ္ဌာနသုတ်ပါဠိတော်။

ဘိက္ခဝေ၊ ရဟန်းတို့။
ကတမောစ၊ အဘယ်တရားသည်လျှင်။
သောကော၊ သောကမည်သနည်း။
ဘိက္ခဝေ၊ ရဟန်းတို့။
အညတရညတရေန၊ အကြင်အမှတ်မဲ့ တပါးပါးသော။
ဗျသနေန၊ ဆွေမျိုးပျက်စီးခြင်း စသည်သည်။
သမန္နာဂဿ အဘိဘူတဿ၊ နှိပ်စက်အပ်သော။
အညတရညတရေန၊ အမှတ်မဲ့ တပါးပါးသော။
ဒုက္ခဓမ္မေန၊ ဆင်းရဲခြင်း၏ အကြောင်းသည်။
ဝါ၊ ဆင်းရဲခြင်းသဘောသည်။
ဖုဋ္ဌဿ၊ တွေ့အပ်သော။
သတ္တဿ၊ သတ္တဝါ၏။
ယော သောကော၊ အကြင်စိုးရိမ်ခြင်းသည်။
ယာ သောစနာ၊ အကြင်စိုးရိမ်သော အခြင်းအရာသည်။
ယံ သောစိတတ္တံ၊ အကြင်စိုးရိပ်သည်၏ အဖြစ်သည်။
ယော အန္တောသောကော၊ အကြင် အတွင်း၌ ပြင်းစွာ စိုးရိမ်ခြင်းသည်။
ယော အန္တောပရိသောကော၊ အကြင်အတွင်း၌ အဘန်တလဲလဲ စိုးရိမ်ခြင်းသည်။
အတ္ထိ၊ ရှိ၏။
ဘိက္ခဝေ၊ ရဟန်းတို့။
အယံ၊ ဤတရားကို။
သောကော၊ သောကဟူ၍။
ဝုစ္စတိ၊ ဆိုအပ်၏။

ဤသောကသည် အတွင်း၌ပူလောင်ခြင်း လက္ခဏစေတသိက်တို့ ထက်ဝန်းကျင်မှ ပူလောင်ခြင်းကိစ္စ, အဘန်တလဲလဲစိုးရိမ်ခြင်း ပစ္စုပဋ္ဌာန်ရှိ၏။

---

ပရိဒေဝ ဟူသည် တပါးပါးဗျသန နှိပ်စက်အပ်သော အမှတ်မဲ့ ဒုက္ခဖြင့်တွေ့သောသူ၏ ငိုမြည်တမ်းခြင်းစသော သဘောတရားသည် ပရိဒေဝမည်၏။

ကတမော စ ဘိက္ခဝေ ပရိဒေဝေါ။ ယော ခေါ ဘိက္ခဝေ အညတရညတရေန ဗျသနေန သမန္နာဂတဿ အညတရညတရေန ဒုက္ခဓမ္မေန ဖုဋ္ဌဿ အာဒေဝေါ ပရိဒေဝေါ အာဒေဝနာ ပရိဒေဝနာ အာဒေဝိတတ္တံ ပရိဒေဝိတတ္တံ၊ အယံ ဝုစ္စတိ ဘိက္ခဝေ ပရိဒေဝေါ။
၎င်းပါဠိတော်။

ဘိက္ခဝေ၊ ရဟန်းတို့။
ကတမောစ၊ အဘယ်တရားသည်ကား။
ပရိဒေဝေါ၊ ပရိဒေဝ မည်သနည်း။
ဘိက္ခဝေ၊ ရဟန်းတို့။
အညတရညတရေန ၊ အမှတ်မဲ့ တပါးပါးသော။
ဗျသနေန၊ ဆွေမျိုးပျက်စီးခြင်း စသည်ဖြင့်။
သမန္နာဂတဿ အဘိဘူတဿ၊ နှိပ်စက်အပ်သော။
အညတရညတရေန ၊ အမှတ်မဲ့ တပါးပါးသော။
ဒုက္ခဓမ္မေန၊ ဆင်းရဲ၏ အကြောင်းဖြင့်။
ဖုဋ္ဌဿ၊ တွေ့အပ်သော။
သတ္တဿ၊ သတ္တဝါ၏။
ယောခေါ အာဒေဝေါ၊ အကြင်သ္မီး စသည်ကို ရည်ညွှန်း၍ ငိုမြည်တမ်းခြင်းသည်။
ယော ပရိဒေဝေါ၊ အကြင်ဂုဏ်ကိုဆို၍ ငိုမြည်တမ်းခြင်းသည်။
ယာ အာဒေဝနာ၊ အကြင်ရည်ညွှန်း၍ ငိုမြည်တမ်းသော အခြင်းအရာသည်။
ယာ ပရိဒေဝနာ၊ အကြင် ဂုဏ်ကျေးဇူးကိုဆို၍ ငိုမြည်တမ်းသော အခြင်းအရာသည်။
ယံ အာဒေဝိတတ္တံ၊ အကြင် ရည်ညွှန်း၍ ငိုမြည်တမ်းသည်၏ အဖြစ်သည်။
ယံ ပရိဒေဝိတတ္တံ၊ အကြင် ဂုဏ်ကျေးဇူးကိုဆို၍ ငိုမြည်တမ်းသည်၏ အဖြစ်သည်။
အတ္ထိ၊ ရှိ၏၊
ဘိက္ခဝေ၊ ရဟန်းတို့။
အယံ၊ ဤတရားကို။
ပရိဒေဝေါ၊ ပရိဒေဝ ဟူ၍။
ဝုစ္စတိ၊ ဆိုအပ်၏။

ဤပရိဒေဝသည် မြည်တမ်းခြင်း လက္ခဏာ, ဂုဏ်အပြစ်ကို ကြားခြင်းကိစ္စ, စိတ်မူးနောက်ခြင်း ပစ္စုပဋ္ဌာန်ရှိ၏။

---

ဒုက္ခ ဟူသည်ကား ကာယပသာဒ၌မှီသော အကြင်ဆင်းရဲခြင်း၊ အကြင်မသာယာခြင်း စသောဝေဒနာသည် ဒုက္ခမည်၏။

ကတမဉ္စ ဘိက္ခဝေ ဒုက္ခံ၊ ယံ ခေါ ဘိက္ခဝေ ကာယိကံ ဒုက္ခံ ကာယိကံ အသာတံ ကာယသမ္ဖဿဇံ ဒုက္ခံ အသာတံ ဝေဒယိတံ၊ ဣဒံ ဝုစ္စတိ ဘိက္ခဝေ ဒုက္ခံ။
၎င်းပါဠိတော်။

ဘိက္ခဝေ၊ ရဟန်းတို့။
ဒုက္ခံ၊ ကိုယ်၏ဆင်းရဲခြင်းသည်။
ကတမဉ္စ၊ အဘယ်နည်းဟူမူကား။
ဘိက္ခဝေ၊ ရဟန်းတို့။
ကာယကံ၊ ကာယ ပသာဒ၌မှီသော။
ယံ ခေါ ဒုက္ခံ၊ အကြင်ဆင်းရဲခြင်းသည်။
ကာယိကံ၊ ကာယပသာဒ၌ မှီသော။
ယံ အသာတံ၊ အကြင် မသာယာခြင်းသည်။
ကာယသမ္ဖဿဇံ၊ ကာယပသာဒ၌မှီသော ဖဿကြောင့် ဖြစ်သော။
အသာတံ၊ မသာယာအပ်သော။
ယံ ဝေဒယိတံ၊ အကြင်ဝေဒနာသည်။
အတ္ထိ၊ ရှိ၏။
ဘိက္ခဝေ၊ ရဟန်းတို့။
ဣဒံ၊ ဤတရားကို။
ဒုက္ခံ၊ ကိုယ်၏ဆင်းရဲခြင်းဟူ၍၊
ဝုစ္စတိ၊ ဆိုအပ်၏။

ဤဒုက္ခသည် ကိုယ်ကိုနှိပ်စက်ခြင်း လက္ခဏာ, ပညာမဲ့သောသူတို့အား နှလုံး မသာယာခြင်း အကြောင်းရှိသောကိစ္စ, ကိုယ်ပင်ပန်းခြင်း ပစ္စုပဋ္ဌာန်ရှိ၏။

---

ဒေါမနဿ ဟူသည်ကား စိတ်၌မှီသောဆင်းရဲခြင်း စိတ်၌မှီသော မသာယာခြင်း စသည်တို့တည်း။

ကတမဉ္စ ဘိက္ခဝေ ဒေါမနသံ။ ယံ ခေါ ဘိက္ခဝေ စေတသိကံ ဒုက္ခံ စေတသိကံ အသာတံ မနောသမ္ဖဿဇံ ဒုက္ခံ အသာတံ ဝေဒယိတံ။ ဣဒံ ဝုစ္စဟိ ဘိက္ခဝေ ဒေါမနဿံ။
၎င်းပါဠိတော်။

ဘိက္ခဝေ၊ ရဟန်းတို့။
ဒေမနဿံ၊ နှလုံးမသာယာခြင်းသည်။
ကတမဉ္စ၊ အဘယ်နည်းဟူမူကား။
ဘိက္ခဝေ၊ ရဟန်းတို့။
စေတသိကံ၊ စိတ်၌မှီသော။
ယံ ဒုက္ခံ၊ အကြင်ဆင်းရဲခြင်းသည်။
စေတသိကံ၊ စိတ်၌မှီသော။
အသာတံ၊ မသာယာအပ်သော။
မနောသမ္ဖဿဇံ၊ စိတ်၌မှီသော ဖဿကြောင့် ဖြစ်သော။
ဒုက္ခံ၊ ဆင်းရဲသော။
အသာတံ၊ မသာယာအပ်သော။
ယံ ဝေဒယိတံ၊ အကြင် ဝေဒနာသည်။
အတ္ထိ၊ ရှိ၏။
ဘိက္ခဝေ၊ ရဟန်းတို့။
ဣဒံ၊ ဤတရားကို။
ဒေါမနဿံ၊ ဒေါမနဿဟူ၍။
ဝုစ္စတိ၊ ဆိုအပ်၏။

ဤဒေါမနဿသည် စိတ်ကိုနှိပ်စက်ခြင်း လက္ခဏာ, စိတ်ကို ညှဉ်းဆဲခြင်းကိစ္စ, နှလုံး၌ဖြစ်သော အနာဟူ၍ ရှေးရှုထင်ခြင်း ပစ္စုပဋ္ဌာန်ရှိ၏။

---

ဥပါယာသ ဟူသည်ကား ဗျသနတရားတပါးပါးဖြင့် နှိပ်စက်အပ်သော အမှတ်မဲ့သော ဒုက္ခဖြင့် တွေ့သောသူအား စိတ်၏ပင်ပန်းခြင်း လွန်စွာပင်ပန်းခြင်း စသည်တို့တည်း။

ကတမော စ ဘိက္ခဝေ ဥပါယာသော။ ယော ခေါ ဘိက္ခဝေ အညတရညတရေန ဗျသနေန သမန္နာဂတဿ အညတရညတရေန ဒုက္ခဓမ္မေန ဖုဋ္ဌဿ အာယာသော ဥပါယာသော အာယာသိတတ္တံ ဥပါယာသိတတ္တံ။ အယံ ဝုစ္စတိ ဘိက္ခဝေ ဥပါယာသော။
မဟာသတိပဋ္ဌာနသုတ်ပါဠိတော်။

ဘိက္ခဝေ၊ ရဟန်းတို့။
ဥပါယာသော၊ စိတ်၏ပင်ပန်းခြင်းသည်။
ကတမောစ၊ အဘယ်နည်းဟူမူကား။
ဘိက္ခဝေ၊ ရဟန်းတို့။
အညတရညတရေန၊ အမှတ်မဲ့ တပါးပါးသော။
ဗျသနေန၊ ဆွေမျိုး၏ ပျက်စီးခြင်းစသည်ဖြင့်။
သမန္နာဂတဿ အဘိဘူတဿ၊ နှိပ်စက်အပ်သော။
အညတရညတရေန၊အမှတ်မဲ့ တပါးပါးသော။
ဒုက္ခဓမ္မေန၊ ဆင်းရဲခြင်း သဘောဖြင့်။
ဖုဋ္ဌဿ၊ တွေ့အပ်သော။
သတ္တဿ၊ သတ္တဝါ၏။
ယော ခေါ အာယာသော၊ အကြင်စိတ်၏ ပင်ပန်းခြင်းသည်။
ယော ဥပါယာသော၊ အကြင်စိတ်၏ လွန်စွာပင်ပန်းခြင်းသည်။
ယံ အာယာသိတတ္တံ၊ အကြင်စိတ်၏ ပင်ပန်းသည်၏ အဖြစ်သည်။
ယံ ဥပါယာသိတတ္တံ၊ အကြင်စိတ်၏ လွန်စွာ ပင်ပန်းသည်၏အဖြစ်သည်။
အတ္ထိ ၊ ရှိ၏။
ဘိက္ခဝေ၊ ရဟန်းတို့။
အယံ၊ ဤတရားကို။
ဥပါယာသော၊ ဥပါယာသ ဟူ၍။
ဝုစ္စတိ၊ ဆိုအပ်၏။

ဤဥပါယာသသည် စိတ်ကို ထက်ဝန်းကျင်မှ ပူလောင်ခြင်း လက္ခဏာ, ငြီးတွားခြင်းကိစ္စ, စိတ်၏နစ်ခြင်းကို ဖြစ်စေခြင်း ပစ္စုပဋ္ဌာန်ရှိ၏။

---

၁၉ - အပ္ပိယသမ္ပယောဂကို ပြခြင်း

အပ္ပိယသမ္ပယောဂ ဟူသည်ကား ဤလောက၌ မနှစ်သက်အပ်သော ရူပ, သဒ္ဒ, ဂန္ဓ, ရသ, ဖောဋ္ဌဗ္ဗ, ဓမ္မ ဟု ဆိုအပ်သော သဝိညာဏက အဝိညာဏကတို့နှင့် ပေါင်းဘော် ယှဉ်တွဲရခြင်း စသည်တို့တည်း။

ကတမော စ ဘိက္ခဝေ အပ္ပိယေဟိ သမ္ပယောဂေါ ဒုက္ခော၊ ဣဓ ယဿ တေ ဟောန္တိ အနိဋ္ဌာ အကန္တာ အမနာပါ ရူပါ သဒ္ဒါ ဂန္ဓာ ရသာ ဖောဋ္ဌဗ္ဗာ ဓမ္မာ၊ယေဝါ ပနဿ တေ ဟောန္တိ အနတ္ထကာမာ အဟိကတာမာ အဖါသုက ကာမာ အယောဂက္ခေမကာမာ၊ ယာ တေဟိ သဒ္ဓိံ သင်္ဂတိ သမာဂမော သမောဓာနံ မိဿီဘာဝေါ။ အယံ ဝုစ္စတိ ဘိက္ခဝေ အပ္ပိယေဟိ သမ္ပယောဂေါ ဒုက္ခော။
၎င်းပါဠိတော်။

ဘိက္ခဝေ၊ ရဟန်းတို့။
အပ္ပိယေဟိ၊ မချစ်အပ်ကုန်သောသတ္တဝါ အာရုံတို့နှင့်။
သမ္ပယောဂေါ၊ ပေါင်းဘော်ခြင်းကြောင့်ဖြစ်သော။
ဒုက္ခော၊ ဆင်းရဲသည်။
ကတမောစ၊ အဘယ်နည်းဟူမူကား။
ဣဓ၊ ဤလောက၌။
ယေ ရူပါ၊ အကြင်မြင်အပ်သော ရူပါရုံတို့သည်။
ယေ သဒ္ဒါ ၊ အကြင်ကြားနာအပ်သော သဒ္ဒါရုံတို့သည်။
ယေ ဂန္ဓာ၊ အကြင်နံအပ်သော ဂန္ဓာရုံတို့သည်။
ယေ ရသာ၊ အကြင်စားအပ်သော ရသာရုံတို့သည်။
ယေ ဖောဋ္ဌဗ္ဗာ၊ အကြင် တွေ့ထိအပ်သော ဖောဋ္ဌဗ္ဗာရုံတို့သည်။
ယေ ဓမ္မာ၊ အကြင်သိအပ်သော ဓမ္မာရုံတို့သည်။
သန္တိ၊ ရှိကုန်၏။

တေ၊ ထိုအာရုံခြောက်ပါးတို့သည်။
အဿ၊ ထိုပုဂ္ဂိုလ်၏။
အနိဋ္ဌာ၊ အလိုမရှိအပ်သော အာရုံတို့သည်။
အကန္တာ၊ မနှစ်သက်အပ်ကုန်သော အာရုံတို့သည်။
အမနာပါ၊ နှလုံးကို မပွါးစေတတ်သော အာရုံတို့သည်။
ဟောန္တိ၊ ဖြစ်ကုန်၏။
ယေ ဝါ ပန သတ္တာ၊ အကြင်သတ္တဝါတို့သည်မူလည်း။
သန္တိ၊ ရှိကုန်၏။

တေ၊ ထိုသတ္တဝါတို့သည်။
အဿ၊ ထိုသူ၏။
အနတ္တကာမာ၊ အကျိုးမဲ့ကို အလိုရှိကုန်သည်။
အဟိတကာမာ၊ အစီးအပွါးမဲ့ကို အလိုရှိကုန်သည်။
အဖါသုကကာမာ၊ မချမ်းသာခြင်းကို အလိုရှိကုန်သည်။
အယောဂက္ခမကာမာ၊ ဘေးမကင်းခြင်းကို အလိုရှိကုန်သည်။
ဟောန္တိ၊ ဖြစ်ကုန်၏။
တေဟိ၊ ထိုမချစ်အပ်ကုန်သော သတ္တဝါအာရုံတို့နှင့်။
သဒ္ဓိံ၊ အတူတကွ။
ယာ သင်္ဂတိ၊ အကြင်တပေါင်းတည်း ဖြစ်ခြင်းသည်။
ယော သမာဂမော၊ အကြင် အတူစည်းဝေးခြင်းသည်။
ယံ သမောဓာနံ၊ အကြင်ပေါင်းဘော်ခြင်းသည်။
ယော မိဿီဘာဝေါ၊ အကြင် ရောနှောခြင်းသည်။
အတ္တိ၊ ရှိ၏။
ဘိက္ခဝေ၊ ရဟန်းတို့။
အယံ၊ ဤတရားကို။
အပ္ပိယေဟိ၊ မချစ်အပ်သော သတ္တဝါအာရုံတို့နှင့်။
သမ္ပယောဂေါ၊ ပေါင်းဘော်ခြင်းကြောင့်ဖြစ်သော။
ဒုက္ခော၊ ဆင်းရဲဟူ၍။
ဝုစ္စတိ၊ ဆိုအပ်၏။

ဤအပ္ပိယသမ္ပယောဂ၌ အနိဋ္ဌာရုံနှင့် တွေ့ကြုံရခြင်းလက္ခဏာ, စိတ်ပင်ပန်းခြင်းကိစ္စ ကိုယ်စိတ်နှစ်ပါးတို့၏ အကျိုးမဲ့ကို ထင်ရှားခြင်း ပစ္စုပဋ္ဌာန်ရှိ၏။

---

၂၀ - ပိယဝိပ္ပယောဂကို ပြခြင်း

မိယဝိပ္ပယောဂ ဟူသော်ကား ဤလောက၌ နှစ်သက်အပ်ကုန်သော ရူပ, သဒ္ဒ, ဂန္ဓ, ရသ, ဖောဋ္ဌဗ္ဗ, ဓမ္မ ဟု ဆိုအပ်ကုန်သော အဝိညာဏက သဝိညာဏကတို့နှင့် ကွေကွင်းရခြင်း စသည်တို့တည်း။

ကတမော စ ဘိက္ခဝေ ပိယေဟိ ဝိပ္ပယောဂေါ ဒုက္ခော။ ဣဓ ယဿ တေ ဟောန္တိ ဣဋ္ဌာ ကန္တာ မနာပါ ရူပါ သဒ္ဒါ ဂန္ဓာ ရသာ ဖောဋ္ဌဗ္ဗာ ဓမ္မာ၊ ယေ ဝါ ပနဿ တေ ဟောန္တိ အတ္ထကာမာ ဟိတကာမာ ဖါသုကကာမာ ယောဂက္ခေမကာမာ မာတာဝါ ပိတာဝါ ဘာတာဝါ ဘဂိနီဝါ ကနိဋ္ဌာဝါ မိတ္တာဝါ မစ္စာဝါ ဉာတိသာလောဟိတာ၊ ယာ တေဟိ သဒ္ဓိံ အသင်္ဂတိ အသမာဂမော အသမောဓါနံ အမိဿီ ဘာဝေါ။ အယံ ဝုစ္စတိ ဘိက္ခဝေ ပိယေဟိ ဝိပ္ပယောဂေါ ဒုက္ခော။
၎င်းပါဠိတော်။

ဘိက္ခဝေ၊ ရဟန်းတို့။
ပိယေဟိ၊ ချစ်အပ်ကုန်သော သတ္တဝါ အာရုံတို့နှင့်။
ဝိပ္ပယောဂေါ၊ ကွေကွင်း ကင်းကွာရခြင်းကြောင့် ဖြစ်သော။
ဒုက္ခော၊ ဒုက္ခသည်။
ကတမော စ၊ အဘယ်နည်းဟူမူကား။

ဣဓ၊ ဤလောက၌။
ယေ ရူပါ၊ အကြင်ရူပါရုံတို့သည်။
ယေ သဒ္ဒါ၊ အကြင်သဒ္ဒါရုံတို့သည်။
ယေ ဂန္ဓာ၊ အကြင် ဂန္ဓာရုံတို့သည်။
ယေ ရသာ၊ အကြင် ရသာရုံတို့သည်။
ယေ ဖောဋ္ဌဗ္ဗာ၊ အကြင် ဖောဋ္ဌဗ္ဗာရုံတို့သည်။
ယေ ဓမ္မာ၊ အကြင် ဓမ္မာရုံတို့သည်။
သန္တိ၊ ရှိကုန်၏။
တေ၊ ထိုအာရုံခြောက်ပါးတို့သည်။
အဿ၊ ထိုသူ၏။
ဣဋ္ဌာ၊ အလိုရှိအပ်ကုန်သော အာရုံတို့သည်။
ကန္တာ၊ နှစ်သက်အပ် ကုန်သော အာရုံတို့သည်။
မနာပါ၊ နှလုံးကို ပွါးစေတတ်သော အာရုံတို့သည်။
ဟောန္တိ၊ ဖြစ်ကုန်၏။
မာတာဝါ၊ အမိမူလည်း ဖြစ်သော။
ပိတာဝါ၊ အဘမူလည်း ဖြစ်သော။
ဘာတာဝါ၊ ညီ အစ်ကို မောင် မူလည်းဖြစ်သော။
ဘဂိနီဝါ၊ ညီမ အမ မူလည်း ဖြစ်သော။
မိတ္တာဝါ၊ အဆွေခင်ပွန်းမူလည်း ဖြစ်ကုန်သော။
မစ္စာ ဝါ၊ တကွ ဖြစ်ဘက်မူလည်း ဖြစ်ကုန်သော။
ဉာတိသာလောဟိတာဝါ၊ မိထွေး မိကြီး စသော အမိမျိုး, ဘထွေး ဘကြီး စသော အဘမျိုးလည်း ဖြစ်ကုန်သော။
ယေ ဝါ ပနသတ္တာ၊ အကြင် သတ္တဝါတို့သည်မူလည်း။
သန္တိ၊ ရှိကုန်၏။
တေ၊ ထိုမိဘစသော သတ္တဝါတို့သည်။
အဿ၊ ထိုသူ၏။
အတ္ထကာမာ၊ အကျိုးကို အလိုရှိကုန်သည်။
ဟိတကာမာ၊ အစီးအပွါးကို အလိုရှိကုန်သည်။
ဖါသုကကာမာ၊ ချမ်းသာခြင်းကို အလိုရှိကုန်သည်။
ယောဂက္ခေမကာမာ၊ ဘေးကင်းခြင်းကို အလိုရှိကုန်သည်။
ဟောန္တိ၊ ဖြစ်ကုန်၏။
တေသံ၊ ထိုချစ်အပ်ကုန်သော သတ္တဝါအာရုံတို့နှင့်။
ယာ အသင်္ဂတိ၊ အကြင် တပေါင်းတည်း မဖြစ်ခြင်းသည်။
ယော အသမာဂမော၊ အကြင် အတူမစည်းဝေးရခြင်းသည်။
ယံ အသမောဓါနံ၊ အကြင် မပေါင်းဘော်ရခြင်းသည်။
ယော အမိဿီဘာဝေါ၊ အကြင် မရောနှော သည်၏ အဖြစ်သည်။
အတ္ထိ၊ ရှိ၏။
ဘိက္ခဝေ၊ ရဟန်းတို့။
အယံ၊ ဤတရားကို။
ပိယေဟိ၊ ချစ်အပ်ကုန်သော သတ္တဝါအာရုံတို့နှင့်။
ဝိပ္ပယောဂေါ၊ ကွေကွင်းကင်းကွာခြင်းကြောင့် ဖြစ်သော။
ဒုက္ခော၊ ဒုက္ခဟူ၍။
ဝုစ္စတိ၊ ဆိုအပ်၏။

ဤ ပိယဝိပ္ပယောဂ၌ ဣဋ္ဌာရုံဝတ္ထုနှင့် ကွေကွင်းရခြင်း လက္ခဏာ, သောက ဖြစ်စေခြင်းကိစ္စ, ဆွေမျိုးတို့၏ ပျက်စီးခြင်းစသည် ဖြစ်၏ဟု ရှေးရှုထင်ခြင်း ပစ္စုပဋ္ဌာန်ရှိ၏။

---

၂၁ - ယမ္ပိစ္ဆံ နလဗ္ဘတိ ဟူသောဒုက္ခကို ပြခြင်း

ဣစ္ဆ-အလဗ္ဘ-၌ ဇာတိတရား ဇရာတရား မရဏတရား အစရှိသည် ရောက်လာ ကုန်သော သတ္တဝါတို့အား ငါတို့သည် ဤဇာတိ အစရှိကုန်သော သဘောရှိသူကို မဖြစ်ပါကုန်ငြားအံ့ ကောင်းလေစွ။ ငါတို့သို့ ဤဇာတိအစရှိသော သဘောတရား အပေါင်းသည် မလာပါမူကား ကောင်းလေစွ၊ ဤသို့သော အလိုသည် ဖြစ်၏။

ထိုအလိုသည် လိုတိုင်းမရအပ်သောကြောင့် “ယမ္ပိစ္ဆံ နလဗ္ဘတိ, တမ္ပိ ဒုက္ခံ” မည်၏။

ကတမဉ္စ ဘိက္ခဝေ ယံ ပိစ္ဆံ န လဗ္ဘတိ, တမ္ပိ ဒုက္ခံ။ ဇာတိဓမ္မာနံ ဘိက္ခဝေ သတ္တာနံ ဧဝံ ဣစ္ဆာ ဥပ္ပဇ္ဇတိ အဟော ဝတ မယံ န ဇာဟိဓမ္မာ အဿာမ၊ န စ ဝတ နော ဇာတိ အာဂစ္ဆေယျာတိ။ န ခေါ ပနေတံ ဣစ္ဆာယ ပတ္တဗ္ဗံ။ ဣဒံပိ ယမ္ပိစ္ဆံ နလဗ္ဘတိ, တမ္ပိ ဒုက္ခံ။
၎င်းပါဠိတော်။

ဘိက္ခဝေ၊ ရဟန်းတို့။
ယံ ပိ-ယေန ပိ ဓမ္မေန၊ အကြင်မဂ်ကို ပွါးစေခြင်းမှ တပါးသော တောင့်တခြင်း ဟူသော အကြောင်းဖြင့်လည်း။
အလဗ္ဘနေယျဝတ္ထုံ၊ မရအပ်သော ဝတ္ထုကို။
ဣစ္ဆံ ဣစ္ဆန္တော၊ အလိုရှိသောသူသည်။
န လဗ္ဘတိ၊ မရအပ်။
တမ္ပိ ဣစ္ဆနံ၊ ထိုမဂ်ကိုပွါးစေခြင်းမှ တပါးသော တောင့်တခြင်းကို အလိုရှိသည် လည်းဖြစ်သော။
ဒုက္ခံ၊ ဒုက္ခသည်။
ကတမဉ္စ၊ အဘယ်နည်း ဟူမူကား။

ဘိက္ခဝေ၊ ရဟန်းတို့။
ဇာတိဓမ္မာနံ၊ ပဋိသန္ဓေနေခြင်း သဘောရှိကုန်သော။
သတ္တာနံ၊ သတ္တဝါတို့အား။
မယံ၊ ငါတို့သည်။
ဇာတိဓမ္မာ၊ ပဋိသန္ဓေ နေခြင်းသဘော ရှိကုန်သည်။
န အဿာမ၊ မဖြစ်ပါကုန်ငြားအံ့။
အဟော ဝတ၊ သြော် ကောင်းလေစွ။
နော၊ ငါတို့သို့။
ဇာတိ၊ ပဋိသန္ဓေနေခြင်းသည်။
န စ ဝတ အာဂစ္ဆေယျ၊ စင်စစ် မလာသည်မူလည်း ဖြစ်ငြားအံ့။
အဟော ဝတ၊ သြော် ကောင်းလေစွ။
ဣတိ ဧဝံ ဣစ္ဆာ၊ ဤသို့သောအလိုသည်။
ဥပ္ပဇ္ဇတိ၊ ဖြစ်၏။
ဣစ္ဆာယ၊ လိုချင်တောင့်တခြင်းဖြင့်။
ဧတံ၊ ထိုပဋိသန္ဓေနေခြင်းသဘော၏ မရှိခြင်းဟူသော မရအပ်သောဝတ္ထုကို။
န ခေါ ပန ပတ္တဗ္ဗံ၊ မရအပ်သည်သာတည်း။
ဣဒံပိ၊ ဤမရအပ်သည်ကို တောင့်တခြင်းသည်လည်း။
ယမ္ပိစ္ဆံ နလဗ္ဘတိ, တမ္ပိ ဒုက္ခံ၊ မရအပ်သည်ကို တောင့်တခြင်းဒုက္ခမည်၏။

ဣစ္ဆာ န လဗ္ဘတိ-၌ တောင့်တ၍ မရကောင်းသော ဝတ္ထုကို လိုခြင်းလက္ခဏာ, ထိုမရကောင်းသောဝတ္ထုကို ရှာခြင်းကိစ္စ, ထို မရကောင်းသောဝတ္ထုကို မရနိုင်သည် ဖြစ်၍ ဉာဏ်အားရှေးရှုထင်ခြင်း ပစ္စုပဋ္ဌာန် ရှိ၏။

---

၂၂ - ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခကို ပြခြင်း

သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ ဟူသည်ကား ... ရှင်တော်ဘုရားသည် ဘုံသုံးဆယ့်တစ် သုံးခေတ်တိုင်တိုင် ပြန့်လှိုင်ကျော်ကြား များပြားလှစွာသော သဘာဝ တရားအစုတို့ကို ငါးခုသော သင်္ခေပနှင့်တကွ ဟောတော်မူအပ်သော ဥပါဒါန်၏ အာရုံဖြစ်သော ခန္ဓာတို့သည်ကား -

  1. ရူပုပါဒါနက္ခန္ဓာ
  2. ဝေဒနုပါဒါနက္ခန္ဓာ
  3. သညုပါဒါနက္ခန္ဓာ
  4. သင်္ခါရုပါဒါနက္ခန္ဓော
  5. ဝိညာဏုပါဒါနက္ခန္ဓော

အားဖြင့် ငါးပါး အပြားရှိကုန်၏။

ဤငါးပါးသော တရား အပေါင်းတို့သည် စင်စစ် ဒုက္ခလည်းဖြစ်သစ္စာလည်းဖြစ်၏ ဟူ၍ ဟောတော်မူသည်။

ကတမေ စ ဘိက္ခဝေ သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ။ သေယျထိဒံ၊ ရူပုပါဒါနက္ခန္ဓော ဝေဒနုပါဒါနက္ခန္ဓော သညုပါဒါနက္ခန္ဓော သင်္ခါရုပါဒါနက္ခန္ဓော ဝိညာဏပါဒါနက္ခန္ဓော။ ဣမေ ဝုစ္စန္တိ ဘိက္ခဝေ သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ။ ဣဒံ ဝုစ္စတိ ဘိက္ခဝေ ဒုက္ခံ အရိယသစ္စံ။
သတိပဋ္ဌာန်ပါဠိတော်။

ဘိက္ခဝေ၊ ရဟန်းတို့။
သံခိတ္တေန၊ အကျဉ်းအားဖြင့်။
ပဉ္စ၊ ငါးပါးကုန်သော။
ဥပါဒါနက္ခန္ဓာ၊ ဥပါဒါန်တို့၏ အာရုံဖြစ်သောခန္ဓာဟု ဆိုအပ်ကုန်သော။
ဒုက္ခာ၊ ဒုက္ခတို့သည်။
ကတမေစ၊ အဘယ်သည်တို့နည်း။

ဣဒံ-ဣမေ ပဉ္စုပါဒါနက္ခန္ဓာ၊ ဤငါးပါးကုန်သော ဥပါဒါန်၏ အာရုံဖြစ်ကုန်သော ခန္ဓာတို့သည်။
သေယျထာ = ကတမေ၊ အဘယ်သည်တို့နည်း။
ရူပုပါဒါနက္ခန္ဓော၊ ရုပ်ဟူသော ဥပါဒန်၏ အာရုံဖြစ်သော ခန္ဓာလည်းကောင်း။
ဝေဒနုပါဒါနက္ခန္ဓော၊ ဝေဒနာဟူသော ဥပါဒါန်၏အာရုံဖြစ်သော ခန္ဓာလည်းကောင်း။
သညုပါဒါနက္ခန္ဓော၊ သညာဟူသော ဥပါဒါန်၏ အာရုံဖြစ်သော ခန္ဓာလည်းကောင်း။
သင်္ခါရုပါဒါနက္ခန္ဓော၊ သင်္ခါရဟူသော ဥပါဒါန်၏ အာရုံဖြစ်သော ခန္ဓာလည်းကောင်း။
ဝိညာဏုပါဒါနက္ခန္ဓော၊ ဝိညာဏ်ဟူသော ဥပါဒါန်၏ အာရုံဖြစ်သော ခန္ဓာ လည်းကောင်း။
ဘိက္ခဝေ၊ ရဟန်းတို့။
ဣမေ၊ ဤသည်တို့ကို။
သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ၊ ဟူ၍။
ဝုစ္စန္တိ၊ ဆိုအပ်ကုန်၏။
ဘိက္ခဝေ၊ ရဟန်းတို့။
ဣဒံ၊ ဤဆိုအပ်ပြီးသော တရားအပေါင်းကို။
ဒုက္ခံ၊ ဒုက္ခဖြစ်သော။
အရိယသစ္စံ၊ အရိယသစ္စာဟူ၍။
ဝုစ္စတိ၊ ဆိုအပ်၏။

ဤသို့သော သဒ္ဓါအစဉ် အနက်အစဉ်အားဖြင့် ဇာတိအစ, ဥပါဒါနက္ခန္ဓာအဆုံး ရှိသော ဒေသနာတော်တို့ကို ရှင်ပင်ဘုရားကြီးသည် သင်္ခေပအားဖြင့် ဟောတော်မူပေ၏။ ထိုသို့သော ဟောကြားခြင်းသည် ဥပါဒါနက္ခန္ဓာတခုကိုသာ ဟောတော်မူသည်။

ထိုစကားသင့်စွ၊
ဥပါဒါနက္ခန္ဓာတို့၏ -
အစကား ဇာတိတည်း။
အလယ်ကား ဇရာတည်း။
အဆုံးကား မရဏတည်း။

မရဏန္တိက ဒုက္ခကြောင့် လွန်စွာစိုးရိမ်ရခြင်းသည် သောက မည်၏။

ထို သောက ကြောင့် ငိုကြွေးရခြင်းသည် ပရိဒေဝ မည်၏။

ထိုပရိဒေဝကြောင့် ဓာတ်တို့၏ ချောက်ချားခြင်း ပြင်းပြသည်ဖြစ်၍ ကိုယ်၏ ဆင်းရဲခြင်းသည် ဒုက္ခ မည်၏။

ထိုဒုက္ခသည် လွန်စွာ နှိပ်စက်အပ်ကုန်သော ပုထုဇ္ဇန်တို့အား ဒေါသ၏ ဖြစ်ခြင်းကြောင့် စိတ်နာကျင်ခြင်းသည် ဒေါမနဿ မည်၏။

ထိုဒေါမနဿကြောင့် အတွင်း၌ လွန်စွာပင်ပန်းခြင်း ဆင်းရဲခြင်းစသည်တို့ကြောင့် မြည်ကမ်းခြင်းသည် ဥပါယာသ မည်၏။

ဤသို့စသော အကြောင်းတို့နှင့် မပေါင်းဘက်လိုဘဲလျက်နှင့် ပေါင်းဘက်ရခြင်း သည် အပ္ပိယ သမ္မယောဂ လည်းမည်၏။ ပိယဝိပ္ပယောဂ လည်းမည်၏။ ဣစ္ဆိတ အလဗ္ဘ လည်းမည်၏။

ဤသို့ အထူးထူး အပြားပြားသော ဒုက္ခမျိုးသည် ဥပါဒါနက္ခန္ဓာမျှတို့သည် သာလျှင်တည်း။

ဥပါဒါနက္ခန္ဓာနဉ္စ အာဒိဒုက္ခံ ဇာတိ၊ မဇ္ဈေဒုက္ခံ ဇရာ၊ ပရိယောသာနဒုက္ခံ မရဏံ၊ မရဏန္တိကဒုက္ခာဘိဃာတေန ပရိဍယှနဒုက္ခံ သောကော၊ တဒသဟနတော လာလပ္ပန ဒုက္ခံ ပရိဒေဝေါ၊ တတော ဓာတုက္ခောဘသင်္ခါတအနိဋ္ဌ ဖောဋ္ဌဗ္ဗသမာယောဂတော ကာယဿ အာဗာဓန ဒုက္ခံ ဒုက္ခံ၊ တေန ဗာဓီယမာနာနံ ပုထုဇ္ဇနာနံ တတ္ထ ပဋိဃုပ္ပတ္တိတော စေတောဗာဓနကံ ဒုက္ခံ ဒေါမနဿံ၊ သောကာဒိ ဝုဒ္ဓိယာ ဇနိတဝိသာဒါနှံ အနုတ္ထုနနဒုက္ခံ ဥပါယာသော၊ မနောရထဝိဃာတပတ္တာနံ ဣစ္ဆာဝိဃာတဒုက္ခံ ဣစ္ဆိတာ လာဘောတိ ဧဝံ နာနပ္ပကာရတော ဥပပရိက္ခီယမာနာ ဥပါဒါနက္ခန္ဓာဝ ဒုက္ခာတိ။
ဝိသုဒ္ဓိမဂ်အဋ္ဌကထာ။

၊ ဆက်၍ဆိုဦးအံ့။
ဥပါဒါနက္ခန္ဓာနံ၊ ဥပါဒါန်၏ အာရုံဖြစ်သော ခန္ဓာတို့၏။
အာဒိဒုက္ခံ၊ အစဖြစ်သော ဆင်းရဲသည်။
ဇာတိ၊ ဇာတိတည်း။
မဇ္ဈေဒုက္ခံ၊ အလယ်ဖြစ်သော ဆင်းရဲသည်။
ဇရာ၊ ဧရာတည်း။
ပရိယောသာနဒုက္ခံ၊ အဆုံးဖြစ်သော ဆင်းရဲသည်။
မရဏံ၊ မရဏတည်း။

မရဏန္တိကဒုက္ခာဘိဃာတေန၊ သမားလက်ချ ခွင့်မရ၍ ပြင်းပြလွန်မင်း သေရခြင်း၏ အနီး၌ဖြစ်သော ဒုက္ခသည် အလွန် နှိပ်စက်ခြင်းကြောင့်။
ပရိဍယှနဒုက္ခ္ခံ၊ စိုးရိမ် ပူလောင်သော ဒုက္ခသည်။
သောကော၊ သောကမည်၏။

တဒသဟနတော၊ ထိုသေဝပါးနီး အားကြီးသော ဆင်းရဲကို သည်းမခံနိုင် ခြင်းကြောင့်။
လာလပ္ပနဒုက္ခံ၊ အထွေထွေ မြည်တမ်းခြင်း ဟူသော ဆင်းရဲသည်။
ပရိဒေဝေါ၊ ပရိဒေဝမည်၏။

တတော၊ ထိုပရိဒေဝမှ။
ဥဒ္ဓံ၊ အထက်၌။
ဝါ၊ တတော၊ ထိုပရိဒေဝထက်။
ဥဒ္ဓံ၊ အလွန်။
ဓာတုက္ခောဘသင်္ခါတအနိဋ္ဌ ဖောဋ္ဌဗ္ဗသမာယောဂတော၊ လည်ချောင်း ခြောက်သွေ့ခြင်း စသည် ရိုးဆက်တို့၏ အစပ်ကိုဖြတ်ခြင်း စသည်ကို ဖြစ်စေ တတ်သော သလိပ်သည်းခြေ သွေးလေမညီ ပထဝီ စသော ဓာတ်ချောက်ချားခြင်းဟု ဆိုအပ်သော အလိုမရှိအပ်သော ဗောဋ္ဌဗ္ဗာရုံနှင့် တွေ့ကြုံခြင်းကြောင့်။
ကာယဿ၊ ခန္ဓာကိုယ်၏။
အာဗာဓနဒုက္ခံ၊ နာကျင်ခြင်းဆင်းရဲသည်ကား။
ဒုက္ခံ၊ ဒုက္ခမည်၏။

တေန၊ ထိုကာယိကဒုက္ခသည်။
ဗာဓီယ မာနာနံ၊ နှိပ်စက်အပ်ကုန်သော။
ပုထုဇ္ဇနာနံ၊ ပုထုဇ္ဇန်ပုဂ္ဂိုလ်တို့အား။
တတ္ထ၊ ထိုကာယိကဒုက္ခ၌။
ပဋိဃုပ္ပတ္တိတော၊ ဒေါသ၏ဖြစ်ခြင်းကြောင့်။
စေတောဗာဓနကံ ဒုက္ခံ၊ စိတ်၏ နာကျင်ခြင်း ဆင်းရဲသည်။
ဝါ၊ စိတ်ကို နှိပ်စက်တတ်သော ဒုက္ခသည်။
ဒေါမနဿ၊ ဒေါမနဿ မည်၏။

သောကာဒိဝုဒ္ဓိယာ၊ သောက စသည်တို့၏ ပွါးခြင်းသည်။
ဇနိတဝိသာဒါနံ၊ ဖြစ်စေအပ်သော ပင်ပန်းခြင်းရှိသောသူတို့၏။
ဝါ၊ ဖြစ်စေအပ်သော ပြင်းပြစွာ နစ်ကုန်သောသူတို့၏။
အနုတ္ထုနနဒုက္ခံ၊ အတွင်း၌လောင်ကျွမ်းခြင်း ဆင်းရဲသည်ကား။
ဝါ၊ ငြီးတွားခြင်း ဆင်းရဲသည်ကား။
ဥပါယာသော၊ ဥပါယာသ မည်၏။

မနောရထဝိဃာတပတ္တာနံ၊ နှလုံးအလို ပင်ပန်းခြင်းသို့ ရောက်ကုန်သော သူတို့အား။
ဝါ၊ နှလုံးအလို ပျက်ခြင်းသို့ ရောက်ကုန်သော သူတို့အား။
ဣစ္ဆာဝိဃာတဒုက္ခံ၊ အလိုမပြည့် ပျက်ခြင်းကြောင့်ဖြစ်သော ဒုက္ခသည်။
ဣစ္ဆိတာလာဘော၊ အလိုရှိအပ်သည်ကို မရခြင်းမည်၏။
ဝါ၊ မရစကောင်းသည်ကို အလိုရှိသည် မည်၏။
ဣတိ ဧဝံ၊ ဤသို့။
နာနပ္ပကာရတော၊ အထူးထူး အပြားပြားအားဖြင့်။
ဥပပရိက္ခီယမာနာ၊ ဉာဏ်ဖြင့် စူးစမ်းဆင်ခြင် အပ်ကုန်သည်ရှိသော်။
ဥပါဒါနက္ခန္ဓာ၊ ဥပါဒါန်၏ အာရုံ ဖြစ်သော ခန္ဓာတို့သည်သာလျှင်။
ဒုက္ခာ၊ ဒုက္ခမည်၏။
ဣတိ၊ ဤသို့မှတ်အပ်၏။

ပဉ္စမပုစ္ဆာပြီး၏။

၂၃ - ထိုဒုက္ခသစ္စာ၏ အပြားကား အဘယ်မျှ ရှိသနည်း ဟူသော ဆဋ္ဌပုစ္ဆာကို ဖြေရှင်း၍ ပြခြင်း

(၆) ထိုဒုက္ခသစ္စာ၏ အပြားကား အဘယ်မျှ ရှိသနည်း ဟူရာ၌ - ဒုက္ခတို့သည်
၁။ ဒုက္ခဒုက္ခ,
၂။ ဝိပရိဏာမဒုက္ခ,
၃။ သင်္ခါရဒုက္ခ,
၄။ ပဋိစ္ဆန္နဒုက္ခ,
၅။ အပ္ပဋိစ္ဆန္နဒုက္ခ,
၆။ ပရိယာယဒုက္ခ,
၇။ နိပ္ပရိယာယဒုက္ခ -
ဟူ၍ (၇) ပါး အပြားရှိ၏။

ထိုတွင် ကိုယ် စိတ် နှစ်ပါးတို့ကို ဆင်းရဲစေတတ်သော ဒုက္ခဝေဒနာကို ဒုက္ခဒုက္ခ ဟု ဆိုအပ်၏။

ဒုက္ခဒုက္ခံ ဝိပရိဏာမဒုက္ခံ သင်္ခါရဒုက္ခံ ပဋိစ္ဆန္န ဒုက္ခံ အပ္ပဋိစ္ဆန္နဒုက္ခံ ပရိယာယဒုက္ခံ နိပ္ပရိယာယဒုက္ခန္တိ။ တတ္ထ ကာယိကစေတသိကာ ဒုက္ခာ ဝေဒနာ သဘာဝတောစ နာမတောစ ဒုက္ခတ္တာ ဒုက္ခဒုက္ခန္တိ ဝုစ္စတိ။

ဝိသုဒ္ဓိမဂ်။

ဒုက္ခဒုက္ခံ၊ ဒုက္ခဒုက္ခ၎င်း။
ဝိပရိဏာမဒုက္ခံ၊ ဝိပရိဏာမဒုက္ခ၎င်း။
သင်္ခါရဒုက္ခံ၊ သင်္ခါရဒုက္ခ၎င်း။
ပဋိစ္ဆန္နဒုက္ခံ၊ ပဋိစ္ဆန္နဒုက္ခ၎င်း။
အပ္ပဋိစ္ဆန္နဒုက္ခံ၊ အပ္ပဋိစ္ဆန္နဒုက္ခ၎င်း။
ပရိယာယဒုက္ခံ၊ ပရိယာယဒုက္ခ၎င်း။
နိပ္ပရိယာယဒုက္ခံ၊ နိပ္ပရိယာယဒုက္ခ၎င်း။
ဣတိ ဣမာနိ၊ ဤသည်တို့တည်း။

တတ္ထ၊ ထိုဒုက္ခဒုက္ခ စသည်တို့တွင်။
ကာယိကစေတသိကာ၊ ကာယိကစေတသိက ဖြစ်သော။
ဒုက္ခာ၊ ဆင်းရဲသော။
ဝေဒနာ၊ ဝေဒနာကို။
သဘာဝတောစ၊ ဒုက္ခဝေဒနာ၏အဖြစ် ဟူသော သဘောအားဖြင့်၎င်း။
နာမတောစ၊ ထိုသဘောအားဖြင့်ပင်လျှင် ရအပ်သော အမည်အားဖြင့်၎င်း။
တနည်း၊
နာမတောစ၊ ဖြစ်ခြင်းပျက်ခြင်း ရှိသည်၏အဖြစ်ဖြင့် ဒုက္ခဟု ရအပ်သော အမည် အားဖြင့်၎င်း။
ဒုက္ခတ္တာ၊ ဒုက္ခမည်သည်၏ အဖြစ်ကြောင့်။
ဒုက္ခဒုက္ခန္တိ၊ ဒုက္ခဒုက္ခဟူ၍။
ဝုစ္စတိ၊ ဆိုအပ်၏။

သုခဝေဒနာသည် ဖြစ်ပေါ်လာသော်လည်း တမုဟုတ္တမျှ ဖြစ်၍ ဘောက်ပြန် ပျက်စီး လတ်သော် ဒုက္ခ၏ အကြောင်း ဖြစ်သောကြောင့် ဝိပရိဏာမဒုက္ခ မည်၏။

“သုခါ ဝေဒနာ ဝိပရိဏာမေ ဒုက္ခုပ္ပတ္တိဟေတုတော ဝိပရိဏာမဒုက္ခံ။”

ဝိသုဒ္ဓိမဂ်။

သုခါ၊ သုခဖြစ်သော။
ဝေဒနာ၊ ဝေဒနာသည်။
ဝိပရိဏာမေ၊ ဘောက်ပြန် ပျက်စီးခြင်းသည်။
သတိ၊ ရှိသော်။
ဒုက္ခုပ္ပတ္တိဟေတုတော၊ အဝတ မေတံ နာ ဟောသိ ဟူသော စေတသိကဒုက္ခ ဖြစ်ခြင်း၏ အကြောင်း၏ အဖြစ်ကြောင့်။
ဝိပရိဏာမဒုက္ခံ၊ ဝိပရိဏာမဒုက္ခ မည်၏။

ဥပေက္ခာဝေဒနာသည်၎င်း, သုခ ဒုက္ခ ဥပေက္ခာမှ ကြွင်းကုန်သော တေဘူမက ဖြစ်ကုန်သော ဖြစ်ခြင်း ပျက်ခြင်းဖြင့် နှိပ်စက်အပ်ကုန်သော သင်္ခါရတရား ဟူသမျှ သည်၎င်း, သင်္ခါရဒုက္ခ မည်၏။

“ဥပေက္ခာ ဝေဒနာစေဝ အဝသေသာစ တေဘူမကာ သင်္ခါရာ ဥဒယဗ္ဗယ-ပဋိပီဠိတတ္တာ သင်္ခါရဒုက္ခံ”

ဝိသုဒ္ဓိမဂ်။

ဥပေက္ခာဝေဒနာစေဝ၊ ဥပေက္ခာဝေဒနာသည်၎င်း။
အဝသေသာ၊ သုခ ဒုက္ခ ဥပေက္ခာမှ ကြွင်းကုန်သော။
တေဘူမကာ၊ ဘုံသုံးပါး၌ဖြစ်ကုန်သော။
သင်္ခါရာ စ၊ သင်္ခါရတရား တို့သည်၎င်း။
ဥဒယဗ္ဗယပဋိပီဠိတတ္တာ၊ ဖြစ်ခြင်းပျက်ခြင်းသည် အဘန်တလဲလဲ နှိပ်စက်အပ်သည် ၏အဖြစ်ကြောင့်။
သင်္ခါရဒုက္ခံ၊ သင်္ခါရဒုက္ခမည်၏။

နားကိုက်ခြင်း၊ သွားကိုက်ခြင်း, ရာဂကြောင့်ဖြစ်သော ပူပန်ခြင်း, ဒေါသကြောင့် ဖြစ်သော ပူပန်ခြင်း အစရှိသော ကိုယ်, စိတ် နှစ်ပါးတို့၏ အနာသည် မေးမြန်းမှ သာလျှင် သိရသောကြောင့် ပဋိစ္ဆန္နဒုက္ခ မည်၏။

ကဏ္ဏသူလ, ဒန္တသူလ, ရာဂဇပရိဠာဟ,ဒေါသဇပရိဠာဟာဒိ ကာယိကစေတသိကော အာဗာဓော ပုစ္ဆိတွာ ဇာနိတဗ္ဗတော ဥပက္ကမဿ စ အပါကဋဘာဝတော ပဋိစ္ဆန္န ဒုက္ခံ နာမ။ အပါကဋဒုက္ခန္တိ ဝုစ္စတိ။

ဝိသုဒ္ဓိမဂ်။

ကဏ္ဏသူလ, ဒန္တသူလ, ရာဂဇပရိဠာဟ,ဒေါသဇပရိဠာဟာဒိ၊ နားကိုက်ခြင်း၊ သွားကိုက်ခြင်း, ရာဂကြောင့်ဖြစ်သော ပူပန်ခြင်း ဒေါသကြောင့်ဖြစ်သော ပူပန်ခြင်း အစရှိသော။
ကာယိကစေတသိကော၊ ကိုယ်ကိုမှီ စိတ်ကိုမှီသော။
အာဗာဓော၊ အနာသည်။
ပုစ္ဆိတွာ၊ မေးမြန်း၍။
ဇာနိတဗ္ဗတော စ၊ သိအပ်သည်၏ အဖြစ်ကြောင့်၎င်း။
ဥပက္ကမဿ၊ ညှဉ်းဆဲနှိပ်စက်ခြင်း ပယောဂ၏။
အပါကဋဘာဝတော စ၊ မထင်ရှားသည်၏ အဖြစ်ကြောင့်၎င်း။
ပဋိစ္ဆန္နဒုက္ခံနာမ၊ ဖုံးလွှမ်းအပ်သော ဒုက္ခမည်၏။
အပါကဋဒုက္ခန္တိပိ၊ မထင်ရှားသောဒုက္ခ ဟူ၍လည်း။
ဝုစ္စတိ၊ ဆိုအပ်၏။

သူတပါးတို့သည် မမေးမြန်းမူ၍ သိအပ်သောရောဂါ, ကမ္မကာရဏဘေးဘျမ်း, ဥပဒ္ဒဝေါ ဒဏ် စသည်တို့ဖြင့် ညှဉ်းဆဲနှိပ်စက်အပ်သော ဒုက္ခသည် အပ္ပဋိစ္ဆန္နဒုက္ခ မည်၏။

ဒွတ္တိံသကမ္မကာရဏာဒိသမုဋ္ဌာနော အာဗာဓော အပုစ္ဆိတွာ၀ ဇာနိတဗ္ဗတော ဥပက္ကမဿ စ ပါကဋဘာဝတော အပ္ပဋိစ္ဆန္နဒုက္ခံနာမ၊ ပါကဋဒုက္ခန္တိပိ ဝုစ္စတိ။

ဝိသုဒ္ဓိမဂ်။

ဒွတ္တိံသကမ္မကာရဏာဒိသမုဋ္ဌာနော၊ သုံးဆယ့်နှစ်ပါးသော ကံကြမ္မာအလျောက် ညှဉ်းဆဲခြင်း အစရှိသည်ကြောင့် ဖြစ်သော။
အာဗာဓော၊ အနာသည်။
အပုစ္ဆိတွာဝ၊ မမေးဘဲသာလျှင်။
ဇာနိတဗ္ဗတော စ၊ သိအပ်သောကြောင့်၎င်း။
ဥပက္ကမဿ၊ ညှဉ်းဆဲသော ပယောဂ၏။
ပါကဋဘာဝတော စ၊ ထင်ရှားသည်၏ အဖြစ်ကြောင့်၎င်း။
အပ္ပဋိစ္ဆန္နဒုက္ခံနာမ၊ မဖုံးလွှမ်းအပ်သောဒုက္ခ မည်၏။
ပါကဋဒုက္ခန္တိပိ ၊ ထင်ရှားသောဒုက္ခ ဟူ၍လည်း။
ဝုစ္စတိ၊ ဆိုအပ်၏။

ဒုက္ခ, ဒေါမနဿ, ဥပါယာသတို့နှင့်ယှဉ်သော ခန္ဓာတို့၏ ဒုက္ခကိုထား၍ ကြွင်းသော ဇာတိအစရှိသော ဒုက္ခအပေါင်းသည် ထိုထိုသို့သော ဒုက္ခအပေါင်း၏ တည်ရာ ဖြစ်သောကြောင့် ပရိယာယဒုက္ခ မည်၏။

ဒုက္ခ ဒုက္ခသည် နိပ္ပရိယာယဒုက္ခ မည်၏။

ထပေတွာ ဒုက္ခဒုက္ခံ သေသံ ဒုက္ခသစ္စဝိဘင်္ဂေ အာဂတံ ဇာတိအာဒိသဗ္ဗမ္ပိ တဿဘဿ ဒုက္ခဿ ဝတ္ထု ဘာဝတော ပရိယာယဒုက္ခံ၊ ဒုက္ခဒုက္ခံ ပန နိပ္ပရိယာယဒုက္ခန္တိ ဝုစ္စတိ။

ဝိသုဒ္ဓိမဂ်အဋ္ဌကထာ။

ဒုက္ခဒုက္ခံ၊ ဒုက္ခ ဒေါမနဿ ဥပါယာသကို။
ထပေတွာ၊ ချန်ထား၍။
သေသံ၊ ဒုက္ခဒုက္ခမှ ကြွင်းသော။
ဒုက္ခသစ္စဝိဘင်္ဂေ၊ ဒုက္ခသစ္စာ ဝိဘင်း၌။
အာဂတံ၊ ဇာတိပိဒုက္ခာ ဇရာပိဒုက္ခာ စသည်ဖြင့် လာသော။
ဇာတိအာဒိသဗ္ဗမ္ပိ၊ ဇာတိအစရှိသော အလုံးစုံသည်လည်း။
တဿ တဿ ဒုက္ခဿ၊ ထိုထိုဒုက္ခ၏။
ဝတ္ထု ဘာဝတော၊ တည်ရာ၏ အဖြစ်ကြောင့်။
ပရိယာယဒုက္ခံ၊ ပရိယာယဒုက္ခ မည်၏။
ပန၊ ထိုမှတပါး။
ဒုက္ခဒုက္ခံ၊ ဒုက္ခဒုက္ခကို။
နိပ္ပရိယာယဒုက္ခန္တိ၊ နိပ္ပရိယာယဒုက္ခ ဟူ၍။
ဝုစ္စတိ၊ ဆိုအပ်၏။

ဤ (၇) ပါးသော ဒုက္ခတို့သည်လည်း စင်စစ် အမှန်ဖြစ်သောကြောင့် မုချ အားဖြင့်၎င်း၊ ပရိယာယ် အားဖြင့်၎င်း ဒုက္ခသစ္စာမည်၏။

၂၄ - သန္တာပဒုက္ခ စသည်ကို ပြခြင်း

တနည်း ဒုက္ခသည် -

၁။ သန္တာပဒုက္ခ
၂။ ဒုက္ခမဒုက္ခ
၃။ ဒုက္ခဝတ္ထုကဒုက္ခ
၄။ သုခပဋိက္ခေပဒုက္ခ -
ဟူ၍ လေးပါးအပြားရှိ၏။

ထိုတွင် -

ဒုက္ခဒုက္ခ သင်္ခါရဒုက္ခ ဝိပရိဏာမဒုက္ခတို့ဖြင့် သတ္တဝါတို့၏ ခန္ဓာအစဉ်ကို မြစ်ရေအယဉ် ဆီမီးလျှံတို့ကဲ့သို့ အရှိန်မစဲ တဟုန်းဟုန်း နှိပ်စက်ပူလောင်ခြင်းသည် သန္တာပဒုက္ခ မည်၏။

ထို သန္တာပဒုက္ခတိုဖြင့် ပူလောင်သောကြောင့် အလွန်သည်းခံခက်သည်၏ အဖြစ်ကြောင့် ဒုက္ခမဒုက္ခ မည်၏။

ဒုက္ခဒုက္ခ သင်္ခါရဒုက္ခ ဝိပရိဏာမဒုက္ခ ဟုဆိုအပ်သော ဒုက္ခတာတို့၏၎င်း သံသရာ ဒုက္ခ၏၎င်း တည်ရာအဖြစ်ကြောင့် ဒုက္ခဝတ္ထုကဒုက္ခ မည်၏။

ဤသို့ ဆိုအပ်ပြီးသော သန္တာပစသော ဒုက္ခမျိုးတို့သည် စင်စစ် သုခဟု ဆိုအပ်သော ချမ်းသာသော သဘောတရား မရှိခြင်းကြောင့်။ ဝါ၊ ဘုရား ပစ္စေကဗုဒ္ဓါ စသော သူတော်ကောင်းတို့သည် သမုတ်သော ချမ်းသာသည် မျက်စိတမှိတ်ခန့်မျှ မရှိသည်၏ အဖြစ်ကြောင့် သုခပဋိက္ခေပဒုက္ခ မည်၏။

အထဝါ သန္တာပဋ္ဌေန ဒုက္ခမဋ္ဌေန ဒုက္ခဝတ္ထုကဋ္ဌေန သုခပဋိက္ခေပဋ္ဌေနာတိ စတူဟိ ကာရဏေဟိ ဒုက္ခံ။ ဧတ္ထ စ သန္တာပေါနာမ ဒုက္ခဒုက္ခတာဒိဝသေန သန္တာပနံ၊ တတော ဧဝ ဒုက္ခမသဟနတာယ ဒုက္ခမတာ၊ တိဿန္နံ ဒုက္ခတာနံ သံသာရဒုက္ခဿစ အဓိဋ္ဌာနတာယ ဒုက္ခဝတ္ထုကတာ၊ သုခဘာဝါဘာဝေါဧ၀ သုခပဋိက္ခေပေါ။

အနတ္တလက္ခဏသုတ်အဋ္ဌကထာ။

အထဝါ၊ တနည်းသော်ကား။
သန္တာပဋ္ဌေနစ၊ ပူလောင်စေတတ်သော အနက်သဘော သတ္တိကြောင့်၎င်း။
ဒုက္ခမဋ္ဌေနစ၊ သည်းခံနိုင်ခက်သော အနက်သဘော သတ္တိကြောင့်၎င်း။
ဒုက္ခဝတ္ထုကဋ္ဌေနစ၊ ဒုက္ခ၏တည်ရာ အနက်သဘော သတ္တိကြောင့်၎င်း။
သုခပဋိက္ခေပဋ္ဌေနစ၊ သုခ၏ ဆန့်ကျင်ဘက်ဖြစ်သော အနက်သဘောသတ္တိ ကြောင့်၎င်း။
ဣတိ၊ ဤသို့။
စတူဟိ၊ လေးပါးကုန်သော။
ကာရဏေဟိ၊ အကြောင်းတို့ကြောင့်။
ဒုက္ခံ၊ ဒုက္ခမည်၏။

၊ ဆက်၍ ဆိုဦးအံ့။
ဧတ္ထ၊ ဤလေးပါးတို့တွင်။
သန္တာပေါနာမ၊ သန္တာပဒုက္ခ မည်သည်ကား။
ဒုက္ခဒုက္ခတာဒိဝသေန၊ ဒုက္ခဒုက္ခ သင်္ခါရဒုက္ခ ဝိပရိဏာမဒုက္ခတို့၏ အစွမ်းအားဖြင့်။
သန္တာပနံ၊ ပူလောင်ခြင်းတည်း။
တတောဧဝ၊ ထိုပူလောင်တတ်သောကြောင့်သာလျှင်။
ဒုက္ခမသဟနတာယ၊ သည်းခံနိုင်ခက်သည်၏ အဖြစ်ကြောင့်။
ဒုက္ခမတာ၊ သည်းခံနိုင်ခက်သည်အဖြစ်ကြောင့် ဒုက္ခမဒုက္ခမည်၏။
တိဿန္နံ၊ သုံးပါးကုန်သော။
ဒုက္ခတာနဉ္စ၊ ဒုက္ခဒုက္ခ သင်္ခါရဒုက္ခ ဝိပရိဏာမဒုက္ခတို့၏၎င်း။
သံသာရဒုက္ခဿ စ၊ သံသရာဒုက္ခဆင်းရဲ၏၎င်း။
အဓိဋ္ဌာနတာယ၊ တည်ရာ၏ အဖြစ်ကြောင့်။
ဒုက္ခဝတ္ထုကတာ၊ ဒုက္ခ၏တည်ရာ အကြောင်း၏ အဖြစ်ကြောင့် ဒုက္ခဝတ္ထုက ဒုက္ခမည်၏။
သုခဘာဝါဘာဝေါဧဝ၊ သုခ၏မရှိခြင်းသည်သာလျှင်။
သုခပဋိက္ခေပေါ၊ သုခပဋိက္ခေပဒုက္ခ မည်၏။

တနည်း -

“သဗ္ဗေ သင်္ခါရာ အနိစ္စာ”ဟူ၍၎င်း
“သဗ္ဗေ သင်္ခါရာ ဒုက္ခာ” ဟူ၍၎င်း,
“ယဒနိစ္စံ၊ တံ ဒုက္ခံ” ဟူ၍၎င်း

ရှင်ပင်ဘုရားသည် ဟောတော်မူသည်၏ အဖြစ်ကြောင့်၎င်း,

“အနိစ္စန္တိ ကိံ အနိစ္စံ၊ ပဉ္စက္ခန္ဓာ အနိစ္စာ၊ ကေနဋ္ဌေန အနိစ္စာ၊ ဥဒယဝယဋ္ဌေန အနိစ္စာ”

ဟူ၍ ရှင်သာရိပုတ္တရာ ဟောတော်မူသောကြောင့်၎င်း, ဘုံသုံးပါးလုံး အတွင်း၌ ရှိရှိသမျှသော ခန္ဓာ အာယတန ဓာတ် သစ္စာ ပဋိစ္စသမုပ္ပါဒ် စသည်တို့သည် မုချ ဥပစာအားဖြင့် ဒုက္ခသစ္စာချည်း မည်ကုန်၏။

ထိုဒုက္ခသစ္စာကိုလည်း ကျေးဇူးရှင် ဘုရားကြီးသည် ဘုမ္မိပရိစ္ဆေဒ, ဌာနပရိစ္ဆေဒ, ဒွါရပရိစ္ဆေဒ ဤပရိစ္ဆေဒသုံးပါးတို့ဖြင့် ပိုင်းခြားဝေဘန်၍ ဓမ္မဒေသက ဖြစ်တော်မူသော ကိုယ်တော်မြတ်ကြီးသည် ဒေသေတဗ္ဗဖြစ်သော ခန္ဓာစသည်တို့ကို ပုဂ္ဂလဇ္ဈာသယ အားလျော်စွာ ယထာရဟထားတော်မူ၍ ဟောကြားတော်မူသည်။

သတိထား၍ ကြည့်ကြပါ။

အဘယ်သို့ ယထာရဟ ထား၍ ဟောတော်မူသနည်းဟူမူကား -

ပဉ္စက္ခန္ဓာရူပက္ခန္ဓော ဝေဒနာက္ခန္ဓော သညာက္ခန္ဓော သင်္ခါရက္ခန္ဓော ဝိညာဏက္ခန္ဓော

ဒွါဒသာယတနာနိ စက္ခာယတနံ သောတာယတနံ ဃာနာယတနံ ဇိဝှါယတနံ ကာယာယတနံ မနာယတနံ, ရူပါယတနံ သဒ္ဒါယတနံ ဂန္ဓာယတနံ ရသာယတနံ ဖောဋ္ဌဗ္ဗာယတနံ ဓမ္မာယတနံ

အဋ္ဌာရသဓာတုယော စက္ခုဓာတု သောတဓာတု ဃာနဓာတု ဇိဝှါဓာတု ကာယဓာတု ရူပဓာတု သဒ္ဒဓာတု ဂန္ဓဓာတု ရသဓာတု ဖောဋ္ဌဗ္ဗဓာတု, စက္ခုဝိညာဏဓာတု သောတဝိညာဏဓာတု ဃာနဝိညာဏဓာတု ဇိဝှါဝိညာဏဓာတု ကာယဝိညာဏ ဓာတု, မနောဓာတု မနောဝိညာဏဓာတု ဓမ္မဓာတု

စတ္တာရိအရိယသစ္စာနိ ဒုက္ခံအရိယသစ္စံ, ဒုက္ခသမုဒယော အရိယသစ္စံ, ဒုက္ခနိရောဓော အရိယသစ္စံ, ဒုက္ခနိရောဓဂါမိနီပဋိပဒါ အရိယသစ္စံ

အဝိဇ္ဇာပစ္စယာ သင်္ခါရာ၊ သင်္ခါရပစ္စယာ ဝိညာဏံ၊ ဝိညာဏပစ္စယာ နာမရူပံ၊ နာမရူပပစ္စယာ သဠာယတနံ၊ သဠာယတနပစ္စယာ ဖဿာ၊ ဖဿပစ္စယာ ဝေဒနာ၊ ဝေနာပစ္စယာ တဏှာ၊ တဏှာပစ္စယာ ဥပါဒါနံ၊ ဥပါဒါနပစ္စယာ ဘဝေါ၊ ဘဝပစ္စယာ ဇာတိ၊ ဇာတိပစ္စယာ ဇရာ မရဏံ သောက ပရိဒေ၀ ဒုက္ခ ဒေါမနဿုပါယာသာ သမ္ဘဝန္တိ၊ ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ -

ဟူ၍ ဘုမ္မိပရိစ္ဆေဒအားဖြင့် ယထာရဟထား၍ ဟောတော်မူသည်။

ရူပက္ခန္ဓောစ၊ ရုပ်နှစ်ဆယ့်ရှစ်ခုဟု ဆိုအပ်သော ရူပက္ခန္ဓာ၎င်း။
ဝေဒနာက္ခန္ဓောစ၊ ဝေဒနာစေတသိက်ဟု ဆိုအပ်သော ဝေဒနာက္ခန္ဓာ၎င်း။
သညာက္ခန္ဓောစ၊ သညာစေတသိက်ဟု ဆိုအပ်သော သညာက္ခန္ဓာ၎င်း။
သင်္ခါရက္ခန္ဓောစ၊ (ဝေဒနာ သညာမှကြွင်းသော) စေတသိက်ငါးဆယ် ဟုဆိုအပ်သော သင်္ခါရက္ခန္ဓာ၎င်း။
ဝိညာဏက္ခန္ဓောစ၊ စိတ်တခုယုတ် ကိုးဆယ်ဟု ဆိုအပ်သော ဝိညာဏက္ခန္ဓာ၎င်း။
ဣတိ၊ ဤသို့။
ခန္ဓာ၊ ခန္ဓာတို့သည်။
ပဉ္စ၊ ငါးပါးတို့တည်း။

စက္ခာယတနဉ္စ၊ စက္ခုပသာဒရုပ်ဟု ဆိုအပ်သော စက္ခာယတန၎င်း။
သောတာယတနဉ္စ၊ သောတပသာဒရုပ်ဟု ဆိုအပ်သော သောတာယတန၎င်း။
ဃာနာယတနဉ္စ၊ ဃာနပသာဒရုပ်ဟု ဆိုအပ်သော ဃာနာယတန၎င်း။
ဇိဝှါယတနဉ္စ၊ ဇိဝှါပသာဒရုပ်ဟု ဆိုအပ်သော ဇိဝှါယတန၎င်း။
ကာယာယတနဉ္စ၊ ကာယပသာဒရုပ် ဟုဆိုအပ်သော ကာယာယတန၎င်း။
ရူပါယတနဉ္စ၊ ရူပါရုံဟု ဆိုအပ်သော ရူပါယတန၎င်း။
သဒ္ဒါယတနဉ္စ၊ သဒ္ဒါရုံဟုဆိုအပ်သော သဒ္ဒါယတန၎င်း။
ဂန္ဓာယတနဉ္စ၊ ဂန္ဓာရုံဟုဆိုအပ်သော ဂန္ဓာယတန၎င်း။
ရသာယတနဉ္စ၊ ရသာရုံဟုဆိုအပ်သော ရသာယတန၎င်း။
ဖောဋ္ဌဗ္ဗာယတနဉ္စ၊ ဖောဋ္ဌဗ္ဗာရုံဟု ဆိုအပ်သော ဖောဋ္ဌဗ္ဗာယတန၎င်း။
မနာယတန၊ စိတ်တခုယုတ် ကိုးဆယ်ဟု ဆိုအပ်သော မနာယတန၎င်း။
ဓမ္မာယတနဉ္စ၊ သုခုမရုပ် တဆယ့်ခြောက်ခု, စေတသိက်ငါးဆယ့်နှစ်ခု, နိဗ္ဗာန်ဟု ဆိုအပ်သော ဓမ္မာယတန၎င်း။
ဣတိ၊ ဤသို့။
အာယတနာနိ၊ အာယတနတို့သည်။
ဒွါဒသ၊ တဆဲ့နှစ်ပါးတို့တည်း။

စက္ခုဓာတု စ၊ စက္ခာယတနဟု ဆိုအပ်သော စက္ခုဓာတ်၎င်း။
သောတဓာတု စ၊ သောတာယတနဟု ဆိုအပ်သော သောတဓာတ်၎င်း။
ဃာနဓာတု စ၊ ဃာနာယတနဟု ဆိုအပ်သော ဃာနဓာတ်၎င်း။
ဇိဝှါဓာတုစ၊ ဇိဝှါယတနဟု ဆိုအပ်သော ဇိဝှါဓာတ်၎င်း။
ကာယဓာတု စ၊ ကာယာယတနဟု ဆိုအပ်သော ကာယဓာတ်၎င်း။
ရူပဓာတု စ၊ ရူပါယတနဟု ဆိုအပ်သော ရူပဓာတ်၎င်း။
သဒ္ဒဓာတု စ၊ သဒ္ဓယတနဟု ဆိုအပ်သော သဒ္ဒဓာတ်၎င်း။
ဂန္ဓဓာတု စ၊ ဂန္ဓာယတနဟု ဆိုအပ်သော ဂန္ဓဓာတ်၎င်း။
ရသဓာတု စ၊ ရသာယာနဟု ဆိုအပ်သော ရသဓာတ်၎င်း။
ဖောဋ္ဌဗ္ဗဓာတု စ၊ ဖောဋ္ဌဗ္ဗာယတနဟု ဆိုအပ်သော ဖောဋ္ဌဗ္ဗဓာတ်၎င်း။
စက္ခုဝိညာဏဓာတု စ၊ စက္ခုဝိညာဏ်ဒွေး ဟုဆိုအပ်သော စက္ခုဝိညာဏဓာတ်၎င်း။
သောတဝိညာဏဓာတု စ၊ သောတဝိညာဏ်ဒွေး ဟုဆိုအပ်သော သောတဝိညာဏ ဓာတ်၎င်း။
ဃာနဝိညာဏဓာတု စ၊ ဃာနဝိညာဏ်ဒွေး ဟုဆိုအပ်သော ဃာနဝိညာဏဓာတ်၎င်း။
ဇိဝှါဝိညာဏဓာတုစ၊ ဇိဝှါဝိညာဏ်ဒွေး ဟုဆိုအပ်သော ဇိဝှါဝိညာဏဓာတ်၎င်း။
ကာယဝိညာဏဓာတု စ၊ ကာယဝိညာဏ်ဒွေး ဟုဆိုအပ်သော ကာယဝိညာဏ ဓာတ်၎င်း။
မနောဓာတု စ၊ ပဉ္စဒွါရာဝဇ္ဇန်း သမ္ပဋိစ္ဆိုင်းဒွေး ဟုဆိုအပ်သော မနောဓာတ်၎င်း။
မနောဝိညာဏဓာတု စ၊ (ဒွေပဉ္စဝိညာဏ် ၁၀, ပဉ္စဒွါရာဝဇ္ဇန်း, သမ္ပဋိစ္ဆိုင်းတို့မှ ကြွင်းကုန်သော) စိတ်- ၇၆ ပါးဟုဆိုအပ်သော မနောဝိညာဏဓာတ်၎င်း။
ဓမ္မဓာတု စ၊ သုခုမရုပ် ၁၆-ခု, စေတသိက် ၅၂-ခု, နိဗ္ဗာန် ဟုဆိုအပ်သော ဓမ္မဓာတ်၎င်း။
ဣတိ၊ ဤသို့။
ဓာတုယော၊ ဓာတ်တို့သည်။
အဋ္ဌာရသ၊ တဆယ့်ရှစ်ပါးတို့တည်း။

ဒုက္ခံအရိယသစ္စံ၊ စိတ်တခု ယုတ်ကိုးဆယ်, (လောဘကြဉ်သော) စေတသိက် ၅၁ ခု, ရုပ် ၂၈-ခုဟု ဆိုအပ်သော ဒုက္ခဖြစ်သော အရိယသစ္စာ၎င်း။
ဒုက္ခသမုဒယော အရိယသစ္စံ၊ လောဘစေတသိက်ဟု ဆိုအပ်သော သမုဒယ ဖြစ်သော အရိယသစ္စာ၎င်း။
ဒုက္ခနိရောဓော အရိယသစ္စံ၊ ဒုက္ခ၏ချုပ်ရာ နိဗ္ဗာန်ဟုဆိုအပ်သော အရိယသစ္စာ၎င်း။
ဒုက္ခနိရောဓဂါမိနီပဋိပဒါ အရိယသစ္စံ၊ ဒုက္ခ၏ချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်း ဖြစ်သော မဂ္ဂင်ရှစ်ပါးဟု ဆိုအပ်သော အရိယသစ္စာ၎င်း။
ဣတိ၊ ဤသို့။
အရိယသစ္စာနိ၊ အရိယသစ္စာတို့သည်။
စတ္တာရိ၊ လေးပါးတို့တည်း။

အဝိဇ္ဇာပစ္စယာ၊ သစ္စာလေးပါးကို မသိခြင်း လက္ခဏာရှိသော မောဟဟူသော အကြောင်းကြောင့်။
သင်္ခါရာ၊ ပြုပြင်ခြင်း လက္ခဏာရှိသော ကာမကုသိုလ် ရူပကုသိုလ်စေတနာ ၁၃-ခု ဟုဆိုအပ်သော ပုညာဘိသင်္ခါရ, အကုသိုလ်စေတနာ ၁၂-ခု ဟုဆိုအပ်သော အပုညာဘိသင်္ခါရ, အရူပကုသိုလ်စေတနာ ၄-ခု ဟုဆိုအပ်သော အာနေဉ္ဇာဘိသင်္ခါရတို့သည်။
သမ္ဘဝန္တိ၊ ဖြစ်ကုန်၏။

သင်္ခါရပစ္စယာ၊ သင်္ခါရဟူသော အကြောင်းကြောင့်။
ဝိညာဏံ၊ အာရုံ၏ သဘောကိုသိခြင်း လက္ခဏာရှိသော ပဋိသန္ဓေစိတ် ၁၉-ခုဟု ဆိုအပ်သော ပဋိသန္ဓေဝိညာဏ်, လောကီဝိပါက် ၃၂-ခုဟု ဆိုအပ်သော ပဝတ္တိဝိညာဏ်သည်။
သမ္ဘာတိ၊ ဖြစ်၏။

ဝိညာဏပစ္စယာ၊ ဝိညာဏ်ဟူသော အကြောင်းကြောင့်။
နာမရူပံ၊ အာရုံသို့ညွှတ်ခြင်း လက္ခဏာရှိသော ဝေဒနာ သညာ သင်္ခါရဟု ဆိုအပ်သောနာမ်, အချမ်း အပူ ဟူသော ဝိရောဓိ ပစ္စည်းတို့ကြောင့် ဘောက်ပြန်ခြင်း လက္ခဏာရှိသော အဋ္ဌဝီသ ဟုဆိုအပ်သောရုပ်သည်။
သမ္ဘဝတိ၊ ဖြစ်၏။

နာမရူပပစ္စယာ၊ နာမ်ရုပ်ဟူသော အကြောင်းကြောင့်။
သဠာယတနံ၊ ဝိညာဏ်စသည်တို့၏ တည်ရာမှီရာဟူသော လက္ခဏာရှိသော စက္ခာယတန, သောတာယတန, ဃာနာယတန, ဇိဝှါယတန, ကာယာယတန, မနာယတန ဟုဆိုအပ်သော အာယတန ခြောက်ပါးသည်။
သမ္ဘဝတိ၊ ဖြစ်၏။

သဠာယတနပစ္စယော၊ သဠာယတနဟူသော အကြောင်းကြောင့်။
ဖဿော၊ အာရုံ၏သဘောကို တွေ့ထိခြင်း လက္ခဏာရှိသော စက္ခုသမ္ဖဿ, သောတသမ္ဖဿ, ဃာနသမ္ဖဿ, ဇိဝှါသမ္ဖဿ ကာယသမ္ဖဿ, မနောသမ္ဖဿ ဟု ဆိုအပ်သော ဖဿခြောက်ပါးသည်။
သမ္ဘဝတိ၊ ဖြစ်၏။

ဖဿပစ္စယာ၊ ဖဿဟူသော အကြောင်းကြောင့်။
ဝေဒနာ၊ အာရုံ၏အရသာကို ခံစားခြင်း လက္ခဏာရှိသော စက္ခုသမ္ဖဿဇာဝေဒနာ, သောတသမ္ဖဿဇာဝေဒနာ, ဃာနသမ္ဖဿဇာဝေဒနာ, ဇိဝှါသမ္ဖဿဇာဝေဒနာ, ကာယသမ္ဖဿဇာဝေဒနာ, မနောသမ္ဖဿဇာဝေဒနာ ဟူသော ဝေဒနာခြောက်ပါး သည်။
သမ္ဘဝတိ၊ ဖြစ်၏။

ဝေဒနာပစ္စယာ၊ ဝေဒနာဟူသော အကြောင်းကြောင့်။
တဏှာ၊ ဆင်းရဲ၏ အကြောင်းရင်းဟူသော လက္ခဏာရှိသော ရူပတဏှာ, သဒ္ဒတဏှာ, ဂန္ဓတဏှာ, ရသတဏှာ, ဖောဋ္ဌဗ္ဗတဏှာ, ဓမ္မတဏှာ ဟူသော တဏှာခြောက်ပါးသည်။
ဝါ၊ ကာမတဏှာ, ဘဝတဏှာ,ဝိဘဝတဏှာ ဟူသော တဏှာသုံးပါးသည်။
သမ္ဘဝတိ၊ ဖြစ်၏။

တဏှာပစ္စယာ၊ တဏှာဟူသော အကြောင်းကြောင့်။
ဥပါဒါနံ၊ အာရုံကို ပြင်းစွာယူခြင်း လက္ခဏာရှိသော ကာမုပါဒန် ဒိဋ္ဌုပါဒါန် သီလဗ္ဗတုပါဒါန် အတ္တဝါဒုပါဒါန် ဟုဆိုအပ်သော ဥပါဒါန်လေးပါးသည်။
သမ္ဘဝတိ၊ ဖြစ်၏။

ဥပါဒါနပစ္စယာ၊ ဥပါဒါန်ဟူသော အကြောင်းကြောင့်။
ဘဝေါ၊ အမြဲမတည် ကျင်လည်ခြင်း လက္ခဏာရှိသော ပုညာဘိသင်္ခါရ - အပုညာဘိ သင်္ခါရဟုဆိုအပ်သော ကမ္မဘဝ,
(ဝါ) လောကီကုသိုလ် အကုသိုလ် ၂၀ ဟု ဆိုအပ်သော ကမ္မဘဝ, ကာမဘဝ ရူပဘဝ အရူပဘဝ သညီဘ၀ အသညီဘ၀ နေဝသညီနာသညီဘ၀ ဧကဝေါကာရဘ၀ စတုဝေါကာရဘဝ ပဉ္စဝေါကာရဘ၀ ဟု ဆိုအပ်သော ဥပပတ္တိဘဝ, သည်။
သမ္ဘဝတိ၊ ဖြစ်၏။

ဘဝပစ္စယာ၊ ဘဝဟူသော အကြောင်းကြောင့်။
ဇာတိ၊ ပစ္စုပ္ပန်ဘဝ၌ ရှေးဦးစွာ ဖြစ်ခြင်းလက္ခဏာရှိသော ရုပ်ဇာတိ နာမ်ဇာတိသည်။
သမ္ဘဝတိ၊ ဖြစ်၏။

ဇာတိပစ္စယာ၊ ဇာတိဟူသော အကြောင်းကြောင့်။
ဇရာ မရဏံ၊ ခန္ဓာတို့၏ ရင့်ခြင်း လက္ခဏာရှိသောဧရာ, ပစ္စုပ္ပန်ဘဝမှ ရွေ့ခြင်း လက္ခဏာရှိသော မရဏသည်။
သမ္ဘဝတိ၊ ဖြစ်၏။

သောက ပရိဒေ၀ ဒုက္ခ ဒေါမနဿုပါယာသာ
အတွင်း၌ ပူလောင်ခြင်း လက္ခဏာရှိသော သောက,
မြည်တမ်းခြင်း လက္ခဏာရှိသော ပရိဒေဝ,
ကိုယ်၏ပင်ပန်းခြင်း လက္ခဏာရှိသော ကာယိကဒုက္ခ,
စိတ်၏ပင်ပန်းခြင်း လက္ခဏာ ရှိသော စေတသိကဒုက္ခ,
နှိပ်စက်ခြင်း လက္ခဏာရှိသော ဒေါမနဿ,
ထက်ဝန်းကျင်မှ ပူလောင်ခြင်း လက္ခဏာရှိသော ဥပါယာသတို့သည်။
သမ္ဘဝန္တိ၊ ဖြစ်ကုန်၏။

ဧဝံ၊ ဤသို့။
ကေဝလဿ၊ ချမ်းသာခြင်းနှင့်မရော သက်သက်သော။
ဧတဿ ဒုက္ခက္ခန္ဓဿ၊ ထိုဆင်းရဲအစု၏။
သမုဒယော၊ ဖြစ်ခြင်းသည်။
ဟောတိ၊ ဖြစ်၏။

၂၅ - ခန္ဓာငါးပါး၏သရုပ်ကို ပြခြင်း

ဤဆိုအပ်ပြီးသော ခန္ဓာစသော သဘောတရား အပေါင်းတို့တွင် ခန္ဓာငါးပါး၌ ရုပ် ၂၈-ပါး ဟူသော်ကား -

ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယော ဟူသော ဘူတရုပ် (၄) ခု။
စက္ခု၊ သောတ၊ ဃာန၊ ဇိဝှါ၊ ကာယ ဟူသော ပသာဒရုပ် (၅) ခု။
ရူပ၊ သဒ္ဒ၊ ဂန္ဓ၊ ရသ၊ (အာပေါဓာတ်ကြဉ်သော) ဘူတရုပ် (၃) ခုဟု ဆိုအပ်သော ဖောဋ္ဌဗ္ဗ၊ ပေါင်း ဂေါစရရုပ် (၇) ခု။
ဣတ္ထိဘာဝ၊ ပုမ္ဘာဝ၊ ဘာဝရုပ် (၂) ခု။
ဟဒယဝတ္ထု (၁) ခု။
ဇီဝိတရုပ်(၁) ခု။
အာဟာရရုပ် (၁) ခု။
ပေါင်း နိပ္ဖန္နရုပ် (၁၈) ။

အာကသဓာတ်၊ ကာယဝိညတ်၊ ဝစီဝိညတ်၊ လဟုတာ၊ မုဒု တာ၊ ကမ္မညတာ၊ ပေါင်း ဝိကာရရုပ် (၅) ခု။
ဥပစယ၊ သန္တတိ၊ ဇရတာ၊ အနိစ္စတာ၊ ပေါင်း လက္ခဏရုပ် (၄) ခု
ပေါင်း အနိပ္ဖန္နရုပ် (၁၀) ခု။

ဤကား ရုပ် (၂၈) ခု၊

ဤရုပ်အပေါင်းသည် ရူပက္ခန္ဓာ မည်၏။

ဖဿ၊ ဝေဒနာ၊ သညာ၊ စေတနာ၊ ဧကဂ္ဂတာ၊ ဇီဝိတိန္ဒြိယ၊ မနသိကာရ။ သဗ္ဗစိတ္တသာဓာရဏစေတသိက် (၇)။

ဝိတက္က၊ ဝိစာရ၊ အဓိမောက္ခ၊ ဝီရိယ၊ ပီတိ၊ ဆန္ဒ။ ပကိဏ်း စေတသိက် (၆)။

ပေါင်း အညသမာန်း စေတသိက် (၁၃)။

မောဟ၊ အဟိရိက၊ အနောတ္တပ္ပ၊ ဥဒ္ဓစ္စ၊ လောဘ၊ ဒိဋ္ဌိ၊ မာန၊ ဒေါသ၊ ဣဿာ၊ မစ္ဆရိယ၊ ကုက္ကုစ္စ၊ ထိန၊ မိဒ္ဓ၊ ဝိစိကိစ္ဆာ၊ အကုသိုလ် စေတသိက် (၁၄)။

သဒ္ဓါ၊ သတိ၊ ဟိရီ၊ ဩတ္တပ္ပ၊ အလောဘ၊ အဒေါသ၊ တတြမဇ္ဈတ္တတာ၊ ကာယပဿဒ္ဓိ၊ စိတ္တပဿဒ္ဓိ၊ ကာယလဟုတာ၊ စိတ္တလဟုတာ၊ ကာယမုဒုတာ၊ စိတ္တမုဒုတာ၊ ကာယကမ္မညတာ၊ စိတ္တကမ္မညတာ၊ ကာယပါဂုညတာ၊ စိတ္တပါဂုညကာ၊ ကာယုဇုကတာ၊ စိတ္တုဇုကတာ၊ သောဘဏသာဓာရဏစေတသိက် (၁၉)။

သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ။ ဝိရတိ စေတသိက် (၃)။

ကရုဏာ၊ မုဒိတာ။ အပ္ပမညာစေတသိက် (၂)။

ပညိန္ဒြေ စေတသိက် (၁)။

သောဘဏစေတသိက် (၂၅)။

အားလုံးပေါင်း စေတသိက် (၅၂)။

ဤ (၅၂) ပါးတို့တွင် -

ဝေဒနာ စေတသိက်သည် ဝေဒနာက္ခန္ဓာ မည်၏။
သညာစေတသိက်သည် သညာက္ခန္ဓာ မည်၏။
ဝေဒနာ သညာမှ ကြွင်းသော စေတသိက် (၅၀) သည် သင်္ခါရက္ခန္ဓာ မည်၏။

သောမနဿ သဟဂုတ် ဒိဋ္ဌိဂတသမ္ပယုတ် အသင်္ခါရိကစိတ် (၁) ၊
သောမနဿ သဟဂုတ် ဒိဋ္ဌိဂတသမ္ပယုတ် သသင်္ခါရိက စိတ် (၂)၊
သာမနဿ သဟဂုတ် ဒိဋ္ဌိဂတဝိပ္ပယုတ် အသင်္ခါရိက စိတ် (၃)၊
သောမနဿ သဟဂုတ် ဒိဋ္ဌိဂတဝိပ္ပယုတ် သသင်္ခါရိက စိတ် (၄)၊
ဥပေက္ခာသဟဂုတ် ဒိဋ္ဌိဂတသမ္ပယုတ် အသင်္ခါရိက စိတ် (၅)၊
ဥပေက္ခာသဟဂုတ် ဒိဋ္ဌိဂတသမ္ပယုတ် သသင်္ခါရိက စိတ် (၆)၊
ဥပေက္ခာသဟဂုတ် ဒိဋ္ဌိဂတဝိပ္ပယုတ် အသင်္ခါရိကစိတ် (၇)၊
ဥပေက္ခာသဟဂုတ် ဒိဋ္ဌိဂတဝိပ္ပယုတ် သသင်္ခါရိကစိတ် (၈)။
လောဘမူစိတ်(၈)။

ဒေါမနဿ သဟဂုတ် ပဋိဃသမ္ပယုတ် အသင်္ခါရိကစိတ် (၁)၊
ဒေါမနဿ သဟဂုတ် ပဋိဃသမ္ပယုတ် သသင်္ခါရိကစိတ် (၂ )။
ဒေါသမူစိတ် (၂)။

ဥပေက္ခာ သဟဂုတ် ဝိစိကိစ္ဆာ သမ္ပယုတ်စိတ်(၁)၊
ဥပေက္ခာ သဟဂုတ် ဥဒ္ဓစ္စ သမ္ပယုတ်စိတ်(၂)။
မောဟစိတ် (၂)။

ပေါင်း အကုသိုလ်စိတ် (၁၂)။

ဥပေက္ခာ သဟဂုတ် စက္ခုဝိညာဏ်စိတ်(၁)၊
ဥပေက္ခာသဟဂုတ် သောတဝိညာဏ်စိတ်(၂)၊
ဥပေက္ခာ သဟဂုတ် ဃာနဝိညာဏ်စိတ်(၃)၊
ဥပေက္ခာ သဟဂုတ် ဇိဝှါဝိညာဏ်စိတ်(၄)၊
ဒုက္ခသဟဂုတ် ကာယဝိညာဏ်စိတ် (၅)၊
ဥပေက္ခာ သဟဂုတ် သမ္ပဋိစ္ဆိုင်းစိတ်(၆)၊
ဥပေက္ခာသဟဂုတ် သန္တီရဏစိတ်(၇)။
အကုသလဝိပါက်(၇)။

ဥပေက္ခာသဟဂုတ် ကုသလဝိပါက် စက္ခုဝိညာဏ်စိတ် (၁)၊
ဥပေက္ခာသဟဂုတ် ကုသလဝိပါက် သောတဝိညာဏ်စိတ် (၂)၊
ဥပေက္ခာသဟဂုတ် ကုသလဝိပါက် ဃာနဝိညာဏ်စိတ် (၃)၊
ဥပေက္ခာသဟဂုတ် ကုသလဝိပါက် ဇိဝှါဝိညာဏ်စိတ် (၄)၊
သုခသဟဂုတ် ကုသလဝိပါက် ကာယဝိညာဏ်စိတ် (၅)၊
ဥပေက္ခာသဟဂုတ် ကုသလဝိပါက် သမ္ပဋိစ္ဆိုင်းစိတ် (၆)၊
သောမနဿသဟဂုတ် ကုသလဝိပါက် သန္တီရဏစိတ်(၇)၊
ဥပေက္ခာသဟဂုတ် ကုသသဝိပါက် သန္တီရဏစိတ် (၈)။
ကုသလစိတ် (၈)။

ဥပေက္ခာသဟဂုတ် ပဉ္စဒွါရာဝဇ္ဇန်းစိတ် (၁)၊
ဥပေက္ခာသဟဂုတ် မနောဒွါရာဝဇ္ဇန်းစိတ် (၂)၊
သောမနဿသဟဂုတ် ဟသိတုပ္ပါဒ်စိတ် (၃)။
အဟိတ်ကြိယာ (၃)။

အားလုံးပေါင်း အဟိတ်စိတ်(၁၈)။

အကုသိုလ်စိတ်(၁၂)၊
အဟိတ်စိတ်(၁၈)၊
နှစ်ခုပေါင်း အသောဘဏစိတ်(၃၀)။

သောမနဿ သဟဂုတ် ဉာဏသမ္ပယုတ် အသင်္ခါရိကစိတ် (၁)၊
သောမဿ သဟဂုတ် ဉာဏသမ္ပယုတ် သသင်္ခါရိကစိတ် (၂)၊
သော မနဿ သဟဂုတ် ဉာဏဝိပ္ပယုတ် အသင်္ခါရိကစိတ်(၃)၊
သော မနဿ သဟဂုတ် ဉာဏဝိပ္ပယုတ် သသင်္ခါရိကစိတ် (၄)၊
ဥပေက္ခာ သဟဂုတ် ဉာဏသမ္ပယုတ် အသင်္ခါရိကစိတ် (၅)၊
ဥပေက္ခာသဟဂုတ် ဉာဏသမ္ပယုတ် သသင်္ခါရိကစိတ် (၆)၊
ဥပေက္ခာသဟဂုတ် ဉာဏဝိပ္ပယုတ် အသင်္ခါရိကစိတ် (၇)၊
ဥပေက္ခာသဟဂုတ် ဉာဏ ဝိပ္ပယုတ် သသင်္ခါရိကစိတ် (၈)။
ကာမာဝစရကုသိုလ် (၈)။

သောမနဿ သဟဂုတ် ဉာဏသမ္ပယုတ် အသင်္ခါရိကစိတ်(၁)၊
သောမနဿ သဟဂုတ် ဉာဏသမ္ပယုတ် သသင်္ခါရိကစိတ် (၂)၊
သောမနဿ သဟဂုတ် ဉာဏဝိပ္ပယုတ် အသင်္ခါရိကစိတ် (၃)၊
သောမနဿသဟဂုတ် ဉာဏဝိပ္ပယုတ် သသင်္ခါရိကစိတ် (၄)၊
ဥပေက္ခာသဟဂုတ် ဉာဏသမ္ပယုတ် အသင်္ခါရိကစိတ် (၅)၊
ဥပေက္ခာသဟဂုတ် ဉာဏသမ္ပယုတ် သသင်္ခါရိကစိတ် (၆)၊
ဥပေက္ခာသဟဂုတ် ဉာဏဝိပ္ပယုတ် အသင်္ခါရိကစိတ်(၇)၊
ဥပေက္ခာ သဟဂုတ် ဉာဏဝိပ္ပယုတ် သသင်္ခါရိကစိတ် (၈)။
ကာမာဝစရ ဝိပါက် (၈)။

သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် အသင်္ခါရိကစိတ်(၁)၊
သောမနဿသဟုတ် ဉာဏသမ္ပယုတ် သသင်္ခါရိကစိတ် (၂)၊
သောမနဿသဟဂုတ် ဉာဏဝိပ္ပယုတ် အသင်္ခါရိကစိတ် (၃)၊
သောမနဿသဟဂုတ် ဉာဏဝိပ္ပယုတ် သသင်္ခါရိကစိတ် (၄)၊
ဥပေက္ခာသဟဂုတ် ဉာဏသမ္ပယုတ် အသင်္ခါရိကစိတ် (၅)၊
ဥပေက္ခာသဟဂုတ် ဉာဏသမ္ပယုတ် သသင်္ခါရိကစိတ် (၆)၊
ဥပေက္ခာသဟဂုတ် ဉာဏဝိပ္ပယုတ် အသင်္ခါရိကစိတ် (၇)၊
ဥပေက္ခာ သဟဂုတ် ဉာဏဝိပ္ပယုတ် သသင်္ခါရိကစိတ ်(၈)။
ကာမာဝစရ ကြိယာ (၈)။

ကာမသောဘဏစိတ်ပေါင်း (၂၄)။

ဝိဘက္က- ဝိစာရ- ပီတိ- သုခ- ဧကဂ္ဂတာ တည်းဟူသော ဈာန်အင်္ဂါ ငါးပါးနှင့် တကွဖြစ်သော ပဌမဈာန် ကုသိုလ်စိတ် (၁)၊

ဝိစာရ- ပီတိ- သုခ- ဧကဂ္ဂတာ တည်းဟူသောဈာန် အင်္ဂါလေးပါးနှင့် တကွ ဖြစ်သော ဒုတိယဈာန် ကုသိုလ်စိတ ်(၂)၊

ပီတိ- သုခ- ဧကဂ္ဂတာ တည်းဟူသော ဈာန်အင်္ဂါသုံးပါးနှင့် တကွဖြစ်သော တတိယဈာန် ကုသိုလ်စိတ် (၃)၊

သုခ- ဧကဂ္ဂတာ တည်းဟူသော ဈာန်အင်္ဂါ နှစ်ပါးနှင့် တကွဖြစ်သော စတုတ္ထဈာန် ကုသိုလ်စိတ် (၄)၊

ဥပေက္ခာ- ဧကဂ္ဂတာ တည်းဟူသော ဈာန်အင်္ဂါ နှစ်ပါးနှင့် တကွ ဖြစ်သော ပဉ္စမဈာန် ကုသိုလ်စိတ် (၅)။

ရူပါဝစရ ကုသိုလ် စိတ် (၅)။

ဝိတက္က- ဝိစာရ- ပီတိ- သုခ- ဧကဂ္ဂတာ တည်းဟူသော ဈာန်အင်္ဂါငါးပါးနှင့် တကွဖြစ်သော ပဌမဈာန် ဝိပါက်စိတ် (၁)၊

ဝိစာရ- ပီတိ- သုခ- ဧကဂ္ဂတာ တည်းဟူသော ဈာန်အင်္ဂါလေးပါးနှင့် တကွဖြစ်သော ဒုတိယဈာန် ဝိပါက်စိတ် (၂)၊

ပီတိ- သုခ- ဧကဂ္ဂတာ တည်းဟူသော ဈာန်အင်္ဂါ သုံးပါးနှင့် တကွဖြစ်သော တတိယဈာန် ဝိပါက်စိတ်(၃)၊

သုခ- ဧကဂ္ဂတာ တည်းဟူသော ဈာန်အင်္ဂါနှစ်ပါးနှင့် တကွဖြစ်သော စတုတ္ထဈာန် ဝိပါက်စိတ်(၄)၊

ဥပေက္ခာ- ဧကဂ္ဂတာ တည်းဟူသော ဈာန်အင်္ဂါနှစ်ပါးနှင့် တကွ ဖြစ်သော ပဉ္စမဈာန် ဝိပါက်စိတ် (၅)။

ရူပါဝစရ ဝိပါက်စိတ် (၅)။

ဝိတက္က- ဝိစာရ- ပီတိ- သုခ - ဧကဂ္ဂတာ တည်းဟူသော ဈာန်အင်္ဂါ ငါးပါးနှင့် တကွဖြစ်သော ပဌမဈာန် ကြိယာစိတ် (၁)၊

ဝိစာရ- ပီတိ- သုခ- ဧကဂ္ဂတာ တည်းဟူသော ဈာန်အင်္ဂါလေးပါး နှင့် တကွဖြစ်သော ဒုတိယဈာန် ကြိယာစိတ် (၂)၊

ပီတိ- သုခ- ဧကဂ္ဂတာ တည်းဟူသော ဈာန်အင်္ဂါသုံးပါးနှင့် တကွဖြစ်သော တတိယဈာန် ကြိယာစိတ်(၃)၊

သုခ- ဧကဂ္ဂတာ တည်းဟူသော ဈာန်အင်္ဂါနှစ်ပါးနှင့် တကွ ဖြစ်သော စတုတ္ထဈာန် ကြိယာစိတ် (၄)၊

ဥပေက္ခာ- ဧကဂ္ဂတာ တည်းဟူသော ဈာန်အင်္ဂါနှစ်ပါးနှင့် တကွဖြစ်သော ပဉ္စမဈာန် ကြိယာစိတ် (၅)။

ရူပါဝစရကြိယာ စိတ် (၅)။

ပေါင်း ရူပါဝစရစိတ်(၁၅)။

အာကာသာနဉ္စာယတနကုသလစိတ္တံ၊ အာကာသာနဉ္စာယတနကုသိုလ်စိတ်(၁)၊
ဝိညာဏဉ္စာယတနကုသလစိတ္တံ၊ ဝိညာဏဉ္စာယတန ကုသိုလ်စိတ် (၂)၊
အာကိဉ္စညာယတနကုသလစိတ္တံ၊ အာကိစ္စညာယတန ကုသိုလ်စိတ် (၃)၊
နေဝသညာနာသညာယတန ကုသလစိတ္တံ၊ နေဝသညာနာသညာယတန ကုသိုလ် စိတ်(၄)။
အရူပါဝစရကုသိုလ်စိတ်(၄)။

အာကာသာနဉ္စာယတန ဝိပါကစိတ္တံ၊ အာကာသာနဉ္စာယတန ဝိပါက်စိတ် (၁)၊
ဝိညာဏဉ္စာယတနဝိပါကစိတ္တံ၊ ဝိညာဏဉ္စာယတန ဝိပါက်စိတ် (၂)၊
အာကိဉ္စညာယတနဝိပါကစိတ္တံ၊ အာကိဉ္စညာယတနဝိပါက်စိတ် (၃)၊
နေဝသညာ နာသညာ ယတန ဝိပါကစိတ္တံ၊ နေဝသညာနာသညာယတန ဝိပါက်စိတ် (၄)။
အရူပါဝစရဝိပါက်စိတ်(၄)။

အာကာသာနဉ္စာယတနကြိယစိတ္တံ၊ အာကာသာနဉ္စာယတန ကြိယာစိတ် (၁)၊
ဝိညာဏဉ္စာယတန ကြိယစိတ္တံ၊ ဝိညာဏဉ္စာယတန ကြိယာစိတ် (၂)၊
အာကိဉ္စညာယတန ကြိယစိတ္တံ၊ အာကိဉ္စညာယတန ကြိယာစိတ် (၃)၊
နေဝသညာ နာသညာယတန ကြိယစိတ္တံ၊ နေဝသညာနာသညာယတန ကြိယာစိတ် (၄) ။
အရူပါဝစရကြိယာစိတ် (၄)။

ပေါင်း အရူပါဝစရစိတ် (၁၂)။

သောတာပတ္တိမဂ္ဂစိတ္တံ၊ သောတာပတ္တိမဂ်စိတ် (၁)၊
သကဒါဂါမိမဂ္ဂစိတ္တံ၊ သကဒါဂါမိမဂ်စိတ် (၂)၊
အနာဂါမိမဂ္ဂစိတ္တံ၊ အနာဂါမိမဂ်စိတ်(၃)၊
အရဟတ္တမဂ္ဂစိတ္တံ၊ အရဟတ္တမဂ်စိတ် (၄)၊
လောကုတ္တရာကုသိုလ်စိတ် (၄)။

သောတာပတ္တိဖလစိတ္တံ၊ သောတာပတ္တိဖိုလ်စိတ် (၁)၊
သကဒါဂါမိဖလစိတ္တံ၊ သကဒါဂါမိဖိုလ်စိတ် (၂)၊
အနာဂါမိဖလစိတ္တံ၊ အနာဂါမိဖိုလ်စိတ် (၃)၊
အရဟတ္တဖလစိတ္တံ၊ အရဟတ္တဖိုလ်စိတ် (၄)။
လောကုတ္တရာ ဝိပါက်စိတ် (၄)။

ပေါင်း လောကုတ္တရာစိတ် (၈)။

အားလုံးပေါင်း -
သောဘဏစိတ် တခုယုတ် (၆ဝ),
အသောဘဏစိတ် (၃၀)
နှစ်ခုပေါင်း စိတ်တခုယုတ် (၉ဝ) သည် ဝိညာဏက္ခန္ဓာမည်၏။

၂၆ - အာယတန ဓာတ် သစ္စာ ပဋိစ္စသမုပ္ပါဒ် တို့ကို ပြခြင်း

၎င်း စိတ်တခုယုတ် (၉၀)၊ စေတသိက် ဒွေပညာသ (၅၂)၊ ရုပ် အဋ္ဌဝီသ (၂၈) တို့၌ အာယတန (၁၂)ပါး၊ ဓာတ် (၁၈)ပါး၊ သစ္စာ (၄)ပါး၊ ပဋိစ္စသမုပ္ပါဒ် (၁၂)ပါးတို့ကို ဤဆိုလတ္တံ့သော နည်းဖြင့် သိအပ်ကုန်၏။

အာယတန၌
စက္ခုပသာဒရုပ်သည် စက္ခာယတန မည်၏။ သောတပသာဒရုပ်သည် သောတာယတန မည်၏။ ၎င်းနည်းတူ ဃာနယတန, ဇိဝှါယတန၊ ကာယပသာဒ ရုပ်သည် ကာယာယတန မည်၏။

ရူပါရုံသည် ရူပါယတန မည်၏။ သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗာရုံသည် ဖောဋ္ဌဗ္ဗာယတန မည်၏။

စိတ်တခု ယုတ် (၉၀) သည် မနာယတန မည်၏။

သုခုမရုပ် (၁၆) စေတသိက် (၅၂) နိဗ္ဗာန်သည် ဓမ္မာယတနမည်၏။

၎င်းအာယတန(၁၂) ပါးတို့တွင် နိဗ္ဗာန်ကို အသီးထား၍ယူအပ်၏။ ဒုက္ခမဟုတ်

ဤအာယတန (၁၂)ပါးတို့ကို ဖွဲ့သည်မှ ကြွင်းသော ရုပ်တို့ကိုကား -

ဝုတ္တမှိ ဧကဓမ္မေ၊
ယေ ဓမ္မာ ဧကလက္ခဏာ ကေစိ၊
ဝုတ္တာ ဘဝန္တိ သဗ္ဗေ။
သောဟာရော လက္ခဏောနာမ။

ဟု နေတ္တိပါဠိတော်၌ ဟောတော်မူရကား – စက္ခု အစရှိသော ရုပ်တခု တခုတို့ကို ယူလျှင် ဒုက္ခသဘောအားဖြင့် တူကြကုန်သော ကြွင်းသော ရုပ်နာမ် စသည်တို့ကို လက္ခဏာဟာရ နည်းအားဖြင့် တပေါင်းတည်းယူရမည်။ နောက်ဆိုလတ္တံ့တို့၌ ၎င်းနည်းတူမှတ်။

ဓာတ် (၁၈)ပါး၌ စက္ခာယတနသည် စက္ခုဓာတ် မည်၏။ ၎င်းနည်းတူ သောတဓာတ် ဃာနဓာတ် ဇိဝှါဓာတ်၊ ကာယာယတနသည် ကာယဓာတ်မည်၏။ ရူပါယတနသည် ရူပဓာတ်မည်၏။ သဒ္ဒဓာတ် ဂန္ဓဓာတ် ရသဓာတ်၊ ဖောဋ္ဌဗ္ဗာယတနသည် ဖောဋ္ဌဗ္ဗဓာတ်မည်၏၊

စက္ခုဝိညာဏ်ဒွေးသည် စက္ခုဝိညာဏဓာတ် မည်၏။ သောတဝိညာဏဓာတ် ဃာနဝိညာဏဓာတ် ဇိဝှါဝိညာဏဓာတ်၊ ကာယဝိညာဏ်ဒွေးသည် ကာယဝိညာဏဓာတ်မည်၏။ ပဉ္စဒွါရာဝဇ္ဇန်း သမ္ပဋိစ္ဆိုင်းဒွေးသည် မနောဓာတ်မည်၏။

(ဒွေပဉ္စ ဝိညာဏ် (၁၀) ၊ ပဉ္စဒွါရာဝဇ္ဇန်း သမ္ပဋိစ္ဆိုင်းဒွေးမှ ကြွင်းကုန်သော) စိတ် (၇၆)ခုတို့သည် မနောဝိညာဏဓာတ် မည်၏။ သုခုမ ရုပ် (၁၆)ခု စေတသိက် (၅၂)ခု နိဗ္ဗာန်သည် ဓမ္မဓာတ်မည်၏။ ကြွင်းသော ရုပ်တို့ကိုကား လက္ခဏာဟာရနည်းဖြင့် သိအပ်၏။

သစ္စာလေးပါး၌ -
စိတ်တခုယုတ် (၉၀) လောဘကြဉ်သော စေတသိက် (၅၁) ရုပ် (၂၈) ခုသည် ဒုက္ခသစ္စာ မည်၏။
လောဘ စေတသိက်သည် သမုဒယသစ္စာ မည်၏။
နိဗ္ဗာန်သည် နိရောဓသစ္စာ မည်၏။
မဂ္ဂင်ရှစ်ပါးသည် မဂ္ဂသစ္စာ မည်၏။

ပဋိစ္စသမုပ္ပါဒ် (၁၂)ပါး၌အဝိဇ္ဇာပစ္စယာ စသောဝါရသည် လောဘဝါရသာတည်း။ ၎င်းဝါရကိုမြင်လျှင် ကြွင်းသောဝါရကိုလည်း သိအပ်၏။ ၎င်းလောဘဝါရ၌ မောဟ စေတသိက်သည် အဝိဇ္ဇာ မည်၏။ စေတနာစေတသိက်သည် သင်္ခါရနှင့်ဘဝမည်၏။

ရှေးရှေးသော ဘဝနှင့်စပ်၍ ကောက်မှု ပဋိသန္ဓေစိတ် (၁၉ )ခု၊ လောကီဝိပါက်စိတ် (၃၂)ခုတို့သည် ဝိညာဏ်မည်၏။

လောဘဝါရ သက်သက်ကောက်မူ၊ လောဘစိတ်သည် ဝိညာဏ်မည်၏။ ဖဿစေတသိက်သည် ဖဿမည်၏။ ဝေဒနာစေတသိက်သည် ဝေဒနာမည်၏။ လောဘစေတသိက် စသည်ကား နာမ်မည်၏။

၎င်းနာမ်တရား တို့နှင့်တကွ ရှေ့နောက်ဘောက်ပြန်တတ်သော ရုပ်အပေါင်းသည် ရုပ်မည်၏။ ထိုရုပ်နာမ်အပေါင်းအစုတို့၏ တည်ရာဖြစ်သော အာယတနတို့သည် သဠာယတနမည်၏။

ထိုအာယတန (၄)ပါး အာယတန (၆)ပါး စသည်တို့၏ ဖြစ်ပေါ်လာခြင်းသည် ဇာတိ မည်၏။ ဌီသို့ရောက်ခြင်းသည် ဇရာမည်၏။ ဘင်သို့ ရောက်ခြင်းသည် မရဏမည်၏။ ကြွင်းသောသဘောကို လက္ခဏဟာရနည်းဖြင့် မှတ်အပ်၏။

ဤသို့ ဟောတော်မူခြင်းကား ကာမလောက (အသညသတ် ကြဉ်သော) ရူပလောကတို့၌ ခန္ဓာငါးပါးတို့၏ အပြည့်အစုံ ဖြစ်ခြင်းကိုရည်၍ ဟောတော်မူ၏။ အာယတန စသည်တို့ကိုကား ဣန္ဒြေနှင့်ပြည့်စုံသော ကာမလောကဓာတ်၌ ဖြစ်ကုန်သော သူတို့ကိုသာ ရည်၍ ဟောတော်မူသည်။

ရူပလောကဓာတ် စသည်တို့၌ကား ဤသို့ ယထာရဟယူအပ်၏၊ (အသညသတ် ကြဉ်သော) ရူပလောက၌ စက္ခာယတန ရူပါယတန, သောတာယတန သဒ္ဒါယတန, မနာယတန ဓမ္မာယတန, ဤခြောက်ပါးကို ရအပ်၏။

စက္ခုဓာတ် ရူပဓာတ် စက္ခုဝိညာဏဓာတ်,
သောတဓာတ် သဒ္ဒဓာတ် သောတဝိညာဏဓာတ်,
မနောဓာတ် ဓမ္မဓာတ် မနောဝိညာဏဓာတ်,
ဤဓာတ် ကိုးပါးကို ရအပ်၏။

ဒုက္ခသစ္စာ သမုဒယသစ္စာ မဂ္ဂသစ္စာ ဤ သစ္စာသုံးပါးတို့ကို ရအပ်ကုန်၏။

ပဋိစ္စသမုပ္ပါဒ်ကိုကား (၁၂) ပါးလုံးကိုပင် ရအပ်၏။

အရူပလောက၌ကား နာမက္ခန္ဓာလေးပါးတို့ကိုသာ ရအပ်ကုန်၏။ မနာယတန ဓမ္မာယတန ဤအာယတန နှစ်ပါးတို့ကိုသာ ရအပ်ကုန်၏။ မနောဝိညာဏဓာတ် ဓမ္မဓာတ် ဤဓာတ် နှစ်ပါးတို့ကိုသာ ရအပ်ကုန်၏။ ဒုက္ခသစ္စာ သမုဒယသစ္စာ မဂ္ဂသစ္စာ ဤသစ္စာ သုံးပါးတို့ကိုသာ ရအပ်ကုန်၏။ အရူပလောက၌ ပဋိစ္စသမုပ္ပါဒ်ဝယ် ရုပ်ကိုပယ်၍ ယူအပ်၏။

ဤကား သာမညနည်းတည်း။

ဝိသေသသော်ကား - ကာမလောကဓာတ်၌ ပဋိသန္ဓေအခါဝယ် ခပ်သိမ်းသော သူတို့အား ခန္ဓာငါးပါးတို့ကို ရအပ်ကုန်၏။

အချို့သော -
ကာမာဝစရ နတ်တို့အား၎င်း
ကပ်ဦးသူတို့အား၎င်း
ဥပပါတ်ပြိတ္တာတို့အား၎င်း
ဥပပါတ်အသုရာတို့အား၎င်း
ဥပပါတ်တိရစ္ဆာန်တို့အား၎င်း
ငရဲသူတို့အား၎င်း
စက္ခာယတန ရူပါယတန သောတာယတန ဃာနာယတန ဂန္ဓာယတန ဇိဝှါယတန ရသာယတန ကာယာယတန ဖောဋ္ဌဗ္ဗာယတန မနာယတန ဓမ္မာယတန ဤ (၁၁) ပါးသော အာယတနတို့ကို ရအပ်ကုန်၏။

၎င်းနည်းတူ ကာမလောကဓာတ်၌ ပဋိသန္ဓေအခါဝယ် ဥပပါတ် ပြိတ္တာ အသုရာ တိရစ္ဆာန် ငရဲသူတို့အား၎င်း ဇစ္စန္ဓ ပုဂ္ဂိုလ်တို့အား၎င်း ရူပါယတန သောတာယတန ဃာနာယတန ဂန္ဓာယတန ဇိဝှါယတန ရသာယတန ကာယာယတန ဖောဋ္ဌဗ္ဗာယတန မနာယတန ဓမ္မာယတန ဤ (၁၀)ပါးသော အာယတနတို့ကို ရအပ်ကုန်၏။

ဤကား စက္ခုချို့သောအရာ၌ ယူပုံတည်း။

၎င်းနည်းတူ သောတချို့သော အရာ၌ကား စက္ခာယတနထည့်၍ သောတ သဒ္ဒကို နုတ်ပြီးလျှင် (၁၀) ပါးသော အာယတနတို့ကို ရအပ်ကုန်၏။

၎င်းနည်းတူ စက္ခု-သောတ ချို့သော သူတို့အား စက္ခာယတန-သောတာယတန-သဒ္ဒါယတန သုံးပါးကိုနုတ်၍ (၉)ပါးသော အာယတနတို့ကို ရအပ်ကုန်၏။

၎င်းနည်းတူ ဂဗ္ဘသေယျကပုဂ္ဂိုလ်တို့အား ရူပါယတန ဂန္ဓာယတန ရသာယတန ကာယာယတန ဖောဋ္ဌဗ္ဗာယတန မနာယတန ဓမ္မာယတန ဤ (၇)ပါးသော အာယတနတို့ကို ရအပ်ကုန်၏။

ဓာတ်အားဖြင့် သော်ကား ဥပပါတ် ပုဂ္ဂိုလ်လေးဦးတို့အား၎င်း ဂဗ္ဘသေယျက ပုဂ္ဂိုလ်တို့အား၎င်း အာယတနနှင့် နည်းတူ (၁၁)ပါး (၁၀)ပါး (၁၀)ပါး (၉)ပါး (၇)ပါး တို့ကို ရအပ်ကုန်၏။

စက္ခာယတန စသည်တို့နေရာမှာ စက္ခုဓာတ်စသည် ဆိုရုံမျှထူးသည်။

ရူပလောကဓာတ်၌ကား ပဋိသန္ဓေအခါဝယ် စက္ခာယတန ရူပါယတန သောတာယတန မနာယတန ဓမ္မာယတန ဤငါးပါးသော အာယတနတို့သည် ဖြစ်ကုန်၏။

ဓာတ်လည်း ၎င်းနည်းတူ ငါးပါးတို့သည် ဖြစ်ကုန်၏။

အသညသတ်ဗြဟ္မာတို့အားကား ခန္ဓာအားဖြင့် ရူပက္ခန္ဓာတခုကိုသာ ရအပ်ကုန်၏။ အာယတနအားဖြင့် ရူပါယတန ဓမ္မာယတန၊ ဓာတ်အားဖြင့် ရူပဓာတ် ဓမ္မဓာတ် တို့ကို ရအပ်ကုန်၏။

အရူပလောက၌ ခန္ဓာအားဖြင့် နာမက္ခန္ဓာ လေးပါးတို့ကို ရအပ်ကုန်၏။ အာယတနအားဖြင့် မနာယတန ဓမ္မာယတနတို့ကို ရအပ်ကုန်၏၊ ဓာတ်အားဖြင့် မနောဝိညာဏဓာတ် ဓမ္မဓာတ်တို့ကို ရအပ်ကုန်၏။

သစ္စာအားဖြင့်သော်ကား အလုံးစုံသော ကာမ ရူပ အရူပ တို့၌ ဒုက္ခသစ္စတခုကိုသာ ရအပ်ကုန်၏။

ပဋိစ္စသမုပ္ပါဒ် အားဖြင့်သော်ကား နုတ်အပ်သော သဘာဝတရားတို့ကို နုတ်၍ ယူအပ်၏။ ၎င်းတို့ နုတ်ခြင်း ပယ်ခြင်းစသည်ကို ရှေ့ဝိနိစ္ဆယတို့၌ တွေ့လတ္တံ့။ အာဂုမ်ကိုလိုမူ ဓမ္မဟဒယဝိဘင်းမှာ ယူလေ။

ဤကား ဘုံကိုစွဲ၍ ပုဂ္ဂိုလ်တို့၌ ခန္ဓာစသော ဒုက္ခသစ္စာမျိုးတို့ကို ပြအပ်သောနည်း တည်း။

၂၇ - ပုဂ္ဂိုလ်ကိုစွဲ၍ ဘုံ၌ဖြစ်သော ခန္ဓာ - အာယတန - ဓာတ် - သစ္စာ - ပဋိစ္စသမုပ္ပါဒ် တို့ကို ပြခြင်း

ပုဂ္ဂိုလ်ကိုစွဲ၍ ဘုံတို့၌ ပြအပ်သောနည်းကား ဤသို့တည်း -

ပုဂ္ဂိုလ်တို့သည် -
ဒုဂ္ဂတိ အဟိတ်, (၁)
သုဂတိ အဟိတ်, (၂)
ဒွိဟိတ်, (၃)
တိဟိတ်, (၄)
မဂ္ဂဋ္ဌာန် လေးယောက်, (၅-၈)
ဖလဋ္ဌာန် လေးယောက် (၉-၁၂)
အားဖြင့် တကျိပ်နှစ်ယောက် ရှိ၏။

ထိုတွင် အပါယ်ဘုံ၌ ဒုဂ္ဂတိ အဟိတ် ပုဂ္ဂိုလ်ကိုသာ ရအပ်၏။ [4]

လူ့ပြည်-စတုမဟာရာဇ်၌ ဒုဂ္ဂတိ အဟိတ် ကြဉ်သော (၁၁) ယောက်သော ပုဂ္ဂိုလ်တို့ကို ရအပ်ကုန်၏။ [22]

တာဝတိံသာ အစရှိသော နတ်ပြည်ငါးထပ်၌ ဒု-သု-ကြဉ်သော တကျိပ်သော ပုဂ္ဂိုလ်တို့ကို ရအပ်ကုန်၏။ [50]

ဗြဟ္မပါရိသဇ္ဇာ အစ ဝေဟပ္ဖိုလ် အဆုံးရှိသော ဗြဟ္မာ (၁၀) ဘုံတို့၌ တိဟိတ်, အရိယာရှစ်ယောက်တို့ကို ရအပ်ကုန်၏။ [90]

အသညသတ်ဘုံ၌ သုဂတိအဟိတ် ပုဂ္ဂိုလ်တယောက်ကိုသာ ရအပ်၏။ [1]

သုဒ္ဓါဝါသ ငါးဘုံ၌ အနာဂါမိဖိုလ် အရဟတ္တမဂ် အရဟတ္တဖိုလ် သုံးယောက် တို့ကိုသာ ရအပ်ကုန်၏။ [15]

တိဟိတ်၊ သောတာပတ္တိဖိုလ် စသော အရိယာ ခုနစ်ယောက်တို့ကို အရူပလေးဘုံတို့၌ ရအပ်ကုန်၏။ [32]

အားလုံးပေါင်းသော် (၂၁၄) ယောက်သော ပုဂ္ဂိုလ်တို့ကို ရအပ်ကုန်၏။ [214]

ဆောင်ရန်ကား

ပုဂ္ဂိုလ်အပြား၊ ဝါကရား၊ ခြားနားသိစိမ့်ငှါ။
ဒု-သု-ဒွိ-တိ၊ ယာအရိ၊ ပေါင်းညှိဒွါဒသာ။
အပါယမှိ၊ ဒုဂ္ဂတိ၊ ရဘိတယောက်သာ။
လူမဟာရာဇ်၊ ဘုံနှစ်ဆစ်၊ ကြဉ်ပစ်ဒုဂ္ဂတာ။
ဒု-သု-မဝင်၊ တကျိပ်လျှင်၊ ထက်ခွင်ငါးဘုံမှာ။
တိဟိတ်ရိယံ၊ ကိုးယောက်စံ၊ ဆယ်တန်ဗြဟ္မာ့ရွာ။
သုဂတိတစ်၊ ရပြန်လစ်၊ ရပ်ပစ်အသညာ။
သုဒ္ဓဘုံငါး၊ သုံးယောက်ထား၊ ထက်ဖျားအရိယာ။
မဂ်သောတာဖျောက်၊ တိဟိတ်လှောက်၊ ရှစ်ယောက်အရူပါ။
ပေါင်း၍မနှေး၊ ဘုံလိုက်မေး၊ တွက်ရေးဝါကရာ။
နှစ်ရာ့တဆယ်၊ လေးယောက်ကယ်၊ ဉာဏ်ဝယ်ခွဲစိတ်ဖြာ။

ထိုပုဂ္ဂိုလ်တို့တွင် …

ဒုဂ္ဂတိအဟိတ်ပုဂ္ဂိုလ်၌ -
အကုသိုလ်စိတ် (၁၂)၊
မဟာကုသိုလ်စိတ် (၈)၊
(ဟသိတုပ္ပါဒ်ကြဉ်သော) အဟိတ်စိတ် (၁၇)၊
၎င်းစိတ်တို့နှင့်ယှဉ်သော စေတသိက် (ဒွေပညာသ) ရုပ် (အဋ္ဌဝီသ)ဟုဆိုအပ်သော ခန္ဓာငါးပါး။

ဥပပါတ် ပုဂ္ဂိုလ်တို့အား -
သဒ္ဒကြဉ်သော အာယတန (၁၁)ပါး

ဇစ္စန္ဓပုဂ္ဂိုလ်တို့အား -
စက္ခု သဒ္ဒကြဉ်သော အာယတန (၁၀)ပါး
သောတ သဒ္ဒ ကြဉ်သော အာယတန(၁၀)ပါး
စက္ခု သောတ သဒ္ဒကြဉ်သော အာယတန (၉) ပါး

ဂဗ္ဘသေယျကပုဂ္ဂိုလ်တို့အား -
စက္ခု သောတ ဃာန ဇိဝှါ သဒ္ဒကြဉ်သော အာယတန (၇) ပါး
ဒုက္ခသစ္စာ (၁)ပါး
ပဋိစ္စသမုပ္ပါဒ် (၁၀) ပါးတို့ကို ရအပ်ကုန်၏။

ဓာတ်လည်း အာယတနနှင့်အတူတူ ကောက်ယူလေ။

လူ့ပြည် စတုမဟာရာဇ် သုဂတိအဟိတ် ဒွိဟိတ်ပုဂ္ဂိုလ်တို့ ဒုဂ္ဂတိအဟိတ် ပုဂ္ဂိုလ် ရသောစိတ် (၃၇)ပါးတွင် မဟာဝိပါက် ဉာဏဝိပ္ပယုတ် လေးခုထည့်၍ စိတ် လေးဆယ့်တစ်၊ စေတသိက် ပညာသ၊ ရုပ်အဋ္ဌဝီသ ဟုဆိုအပ်သော ခန္ဓာငါးပါး။ ဥပပါတ်တို့အား ဒုဂ္ဂတိအဟိတ်ပုဂ္ဂိုလ်၌ ဆိုအပ်ခဲ့ပြီးသော အာယတန ဓာတ် သစ္စာ ပဋိစ္စသမုပ္ပါဒ် တို့ကို အစဉ်အတိုင်း ရအပ်ကုန်၏။ ဂဗ္ဘသေယျကပုဂ္ဂိုလ်ဘို့အားလည်း ရှေးနည်းအတူ၊

တိဟိတ်ပုဂ္ဂိုလ်တို့အား -
ဒွိဟိတ်ပုဂ္ဂိုလ်ရသောစိတ် (၄၁) ပါးတွင် မဟာဝိပါက် ဉာဏသမ္ပယုတ် လေးခုထည့်၍ စိတ် (၄၅) ခု၊ စေတသိက် ဒွေပညာသ၊ ရုပ်အဋ္ဌဝီသ ဟုဆိုအပ်သော ခန္ဓာငါးပါး၊ ဥပပါတ် ဂဗ္ဘသေယျက တို့အားလည်း ရှေးနည်းအတူ အာယတန ဓာတ် သစ္စာ ပဋိစ္စသမုပ္ပါဒ်တို့ကို ရအပ်ကုန်၏။

ဈာန်မရသော တောတာပန် သကဒါဂါမ် ပုဂ္ဂိုလ်တို့အား -
တိဟိတ်ပုဂ္ဂိုလ်တို့ ရသောစိတ် ( ၄၅ ) ပါးတွင် ဒိဋ္ဌိဂတသမ္ပယုတ် လေးခု ဝိစိကိစ္ဆာကို နုတ်၍ မိမိတို့၏ ဖိုလ်တခုစီ ထည့်လျက် စိတ် (၄၁)ခု၊ စေတသိက် ဒွေပညာသ၊ ရုပ်အဋ္ဌဝီသ ဟု ဆိုအပ်သော ခန္ဓာငါးပါး။
အာယတန ဓာတ် သစ္စာ ပဋိစ္စသမုပ္ပါဒ် တို့ကို ရှေးနည်းအတိုင်း ရအပ်ကုန်၏။

ဈာန်မရသော အနာဂါမ်ပုဂ္ဂိုလ်တို့အား -
သကဒါဂမ်ရသော စိတ် (၄၁) ခုတို့တွင် ဒေါသမူဒွေးကို နုတ်၍ ဖိုလ်ချင်းလဲလျက် စိတ် (၃၉) ခု (ဒေါသ ဣသာ မစ္ဆရိယ ကုက္ကုစ္စ ကြဉ်သော) စေတသိက် (၄၈)ခု၊ ရုပ်အဋ္ဌဝီသ ဟုဆိုအပ်သော ခန္ဓာငါးပါးတို့ကို ရအပ်ကုန်၏။
အာယတန ဓာတ် သစ္စာ ပစ္စသမုပ္ပါဒ်တို့ကိုလည်း ရှေးနည်းအတိုင်း ယထာရဟ ယူအပ်ကုန်၏။

ရဟန္တာပုဂ္ဂိုလ်တို့အား -
ကာမဝိပါက်စိတ် တေဝီသ ကာမ ကြိယာစိတ် ဧကာဒသ အရဟတ္တဖိုလ်စိတ်တခုဟု ဆိုအပ်သော စိတ် (၃၅)ခု၊ စေတသိက် (၃၈)ခု၊ ရုပ်အဋ္ဌဝီသဟု ဆိုအပ်သော ခန္ဓာငါးပါးတို့ကို ရအပ်ကုန်၏။
အာယတန ဓာတ် သစ္စာ ပဋိစ္စသမုပ္ပါဒ်တို့ကို ရှေးနည်းအတိုင်း ယထာရဟ ယူအပ် ကုန်၏။

ဈာန်ရသော တိဟိတ် အောက်အရိယာ ပုဂ္ဂိုလ်တို့မှာမူကား -
ယခင်ဆိုအပ်ခဲ့ပြီးသော စိတ်ရအစဉ်တို့တွင် မဟဂ္ဂုတ်ကုသိုလ် (၉) ခုကို ထည့်၍ ယူကြလေ။
ရဟန္တာ ပုဂ္ဂိုလ်မှာမူကား မဟဂ္ဂုတ် ကြိယာ (၉)ခုကို ထည့်၍ ယူရမည်။
ဤလူ့ပြည် စတုမဟာရာဇ်ကို ပြသဖြင့် ကာမလောက၌ အကုန်သိရာ၏။

ရူပတိဟိတ် ပုဂ္ဂိုလ်တို့၌ကား -
ကာမဈာန်ရ တိဟိတ်ပုဂ္ဂိုလ်တို့ ရအပ်သော (၅၄) ပါးသော စိတ်တို့တွင် ဒေါသမူဒွေး ဃာနာ ဒိတ္တယ မဟာဝိပါက်တို့ကို နုတ်၍ ရူပဝိပါက်တို့ကို ထည့်လျက် (၄၃) ခုသောစိတ်၊ စေတသိက် (၄၈)၊
(ဃာနပသာဒ ဇိဝှါပသာဒ ကာယပသာဒ ဘာဝတို့သည် ကြဉ်အပ်သော) (၂၃) ပါးသော ရုပ် ဟုဆိုအပ်သော ခန္ဓာငါးပါးတို့ကို ရအပ်ကုန်၏။
အာယတန စသည်တို့မှာမူကား စက္ခာယတန ရူပါယတန သောတာယတန မနာယတန ဓမ္မာယတနအာယတန ငါးပါးတို့ကို ရအပ်ကုန်၏။
ဓာတ်လည်း ၎င်းနည်း ရအပ်၏။
သစ္စာလည်း ဒုက္ခသစ္စာ (၁)ခုတည်းကို ရအပ်၏။
ပဋိစ္စသမုပ္ပါဒ်လည်း ရှေးနည်းအတူ (၁၁) ပါးတို့ကို သင်္ဂြိုဟ်အပ်ကုန်၏။

အောက်ဖလဋ္ဌာန်သုံးယောက်၌ -
ဒိဋ္ဌိဂတသမ္ပယုတ် ဝိစိကိစ္ဆာတို့ကို နုတ်၍ မိမိတို့၏ ဖိုလ်ကိုထည့်လျက် စိတ် (၃၉)ခု၊ စေတသိက် (၄၃)၊ ရုပ် (၂၃)ခုဟု ဆိုအပ်သော ခန္ဓာငါးပါးတို့ကို ရအပ်ကုန်၏။
အာယတန ဓာတ် သစ္စာ ပဋိစ္စသမုပ္ပါဒ်တို့မှာ ရူပ တိဟိတ် ပုဂ္ဂိုလ်နှင့် အတူတူပင်တည်း။

ရဟန္တာပုဂ္ဂိုလ်တို့မှာ -
အဟိတ်စိတ် (၁၂ )ခု မဟာကြိယာစိတ် (၈)ခု ရူပဝိပါက် (၅)ခု မဟဂ္ဂုတ်ကြိယာ (၉) ခု အရဟတ္တဖိုလ်အားဖြင့် စိတ်(၃၅)ခု စေတသိက် (၄၈)ခု ရုပ်(၂၃)ခုဟု ဆိုအပ်သော ခန္ဓာငါးပါးတို့ကို ရအပ်ကုန်၏။
အာယတန ဓာတ် သစ္စာ ပဋိစ္စသမုပ္ပါဒ်တို့မှာ ရှေးနည်းနှင့် အတူတူပင်တည်း။

အသညသတ်ပုဂ္ဂိုလ်တို့၌ကား -
ခန္ဓာအားဖြင့် ရူပက္ခန္ဓာ
အာယတနအားဖြင့် ရူပါယတန ဓမ္မာယတန
ဓာတ်အားဖြင့် ရူပဓာတ် ဓမ္မဓာတ်
သစ္စာအားဖြင့် ဒုက္ခသစ္စာ
ပဋိစ္စသမုပ္ပဒ်အားဖြင့် ဇာတိ ဇရာ မရဏ
တို့ကိုသာ ရအပ်ကုန်၏။

အရူပတိဟိတ် ပုဂ္ဂိုလ်၌ကား -
(ဒေါသမူကြဉ်သော) အကုသိုလ် (၁၀) မနောဒွါရာဝဇ္ဇန်း မဟာကုသိုလ် အရူပ ကုသိုလ်ဝိပါက် ဤ (၂၇)ခုသောစိတ် စေတသိက်(၄၈)ခု ဟု ဆိုအပ်သော ခန္ဓာလေးပါးတို့ကို ရအပ်ကုန်၏။
အာယတန စသည်တို့၌ကား မနာယတန ဓမ္မာယတန
မနောဝိညာဏဓာတ် ဓမ္မဓာတ်
ဒုက္ခသစ္စာ တခုတည်းကိုသာ ရအပ်ကုန်၏။

အောက်ဖလဋ္ဌာန် သုံးယောက်တို့၌ကား -
အရူပတိဟိတ် ရအပ်သော စိတ် (၂၇) တို့တွင် ဒိဋ္ဌိဂတသမ္ပယုတ် ဝိစိကိစ္ဆာတို့ကို နုတ်၍ (၂၃) ခုသော စိတ် စေတသိက်(၄၈)ခုဟု ဆိုအပ်သော ခန္ဓာလေးပါးတို့ကိုသာ ရအပ်ကုန်၏။ အာယတန ဓာတ် သစ္စာ ပဋိစ္စသမုပ္ပဒ်တို့မှာ ရှေးနည်းနှင့် အတူတူပင်တည်း။

ရဟန္တာပုဂ္ဂိုလ်၌ကား -
မနောဒွါရာဝဇ္ဇန်း မဟာကြိယာ အရူပဝိပါက်ကြိယာ အရဟတ္တဖိုလ်ဟု ဆိုအပ်သော (၁၈) ပါးသော စိတ် စေတသိက်(၄ဂ)ခုဟု ဆိုအပ်သော ခန္ဓာလေးပါးတို့ကို ရအပ်ကုန်၏။
အာယတန ဓာတ် သစ္စာ ပဋိစ္စသမုပ္ပါဒ်တို့မှာ ရှေးနည်း နှင့် အတူတူပင်တည်း။

မဂ်စိတ်တို့၌ကား ပဝတ္တိသက်သက်ဖြစ်၍ မဖွဲ့လိုက်တော့ပြီ။

ဤကား ပုဂ္ဂိုလ်ကိုစွဲ၍ ဘုံတို့၌မှတ်အပ်သော ခန္ဓာ အာယတန ဓာတ် သစ္စာ ပဋိစ္စသမုပ္ပါဒ်ဟု ဆိုအပ်သော ဒုက္ခသစ္စာတို့၏ ဖြစ်ခြင်းအစဉ်တို့ပေတည်း။

ဤ ခန္ဓာ အာယတန ဓာတ် သစ္စာ ပဋိစ္စသမုပ္ပါဒ် ယူနည်းကား သက်သက် ပုထုဇ္ဇန်အရိယာတို့အား ပဋိသန္ဓေအခါတို့ကို ယူအပ်ကုန်၏။

အရိယာတို့မှာမူကား ခန္ဓာ အာယတန ဓာတ်တို့ကို ပဝတ္တိအခါတို့၌လည်း ရအပ်ကုန်၏။

ပဝတ္တိသက်သက် ယူနည်းတို့မှာ ဒွါရပရိစ္ဆေဒ၌ တွေ့လတ္တံ့။

ဘုမ္မိပရိစ္ဆေဒပြီး၏။

၂၈ - ဌာနပရိစ္ဆေဒ အားဖြင့် ခန္ဓာ - အာယတန - ဓါတ် - သစ္စာ - ပဋိစ္စသမုပ္ပါဒ်တို့ကို ပြခြင်း

ဌာနပရိစ္ဆေဒ ဟူသော်ကား ကာမ ရူပ အရူပ ဖြစ်ကုန်သော ပုဂ္ဂိုလ်အပေါင်းတို့တွင် တယောက်ယောက်သော ပုဂ္ဂိုလ်၏ သန္တာန်၌ တည်ဆဲဖြစ်သော ရုပ်နာမ်ခန္ဓာ စသည်တို့၏ အခိုက်အတန့်သည် မုချဥပစာအားဖြင့် ဒုက္ခသစ္စာမည်၏၊ ထိုဒုက္ခသစ္စာ တို့တွင် ယခုအခါ လူတို့၏သန္တာန်၌ တည်ဆဲဖြစ်သော ဌာန ပရိစ္ဆေဒကိုသာလျှင် ရှေးဦးစွာ သိအပ်သည်ဖြစ်၍ ပဓာနပြု၍ ပြပေအံ့ -

ကတမေ ဓမ္မာ အကုသလာ၊ ယသ္မိံ သမယေ အကုသလံ စိတ္တံ ဥပ္ပန္နံ ဟောတိ သောမနဿသဟဂတံ ဒိဋ္ဌိဂတသမ္ပယုတ္တံ ရူပါရမ္မဏံ ဝါ သဒ္ဒါရမ္မဏံ ဝါ ဂန္ဓာရမ္မဏံ ဝါ ရသာရမ္မဏံ ဝါ ဖောဋ္ဌဗ္ဗာရမ္မဏံ ဝါ ဓမ္မာရမ္မဏီ ဝါ၊ ယံယံ ဝါ မနာရဗ္ဘ၊ တသ္မိံ သမယေ ဖဿာ ဟောတိ၊ ဝေဒနာ ဟောတိ၊ သညာ ဟောတိ၊ စေတနာ ဟောတိ၊ စိတ္တံ ဟောတိ။ ဝိတက္ကော ဟောတိ၊ ဝိစာရော ဟောတိ၊ ပီတိ ဟောတိ၊ သုခံ ဟောတိ၊ စိတ္တဿကဂ္ဂတာ ဟောတိ၊ ဝီရိယိန္ဒြိယံ ဟောတိ၊ သမာဓိန္ဒြိယံ ဟောတိ၊ မနိန္ဒြိယံ ဟောတိ၊ သောမနဿိန္ဒြိယံ ဟောတိ၊ ဇီဝိတိန္ဒြိယံ ဟောတိ၊ မိစ္ဆာဒိဋ္ဌိ ဟောတိ၊ မိစ္ဆာသင်္ကပ္ပေါ ဟောတိ၊ မိစ္ဆာဝါယာမော ဟောတိ၊ မိစ္ဆာသမာဓိ ဟောတိ၊ ဝီရိယဗလံ ဟောတိ၊ သမာဓိဗလံ ဟောတိ၊ အဟိရီကဗလံ ဟောတိ၊ အနောတ္တပ္ပဗလံ ဟောတိ၊ လောဘော ဟောတိ၊ မောဟော ဟောတိ၊ အဘိဇ္ဈာ ဟောတိ၊ မိစ္ဆာဒိဋ္ဌိ ဟောတိ၊ အဟိရီကံ ဟောတိ၊ အနောတ္တပ္ပံ ဟောတိ၊ သမထော ဟောတိ၊ ပဂ္ဂါဟော ဟောတိ၊ အဝိက္ခေပေါ ဟောတိ၊ ယေ ဝါ ပန တသ္မိံ သမယေ အညေပိ အတ္ထိ ပဋိစ္စသမုပ္ပန္နာ အရူပိနော ဓမ္မာ၊ ဣမေ ဓမ္မာ အကုသလာ။

ဓမ္မသင်္ဂဏီပါဠိတော်။

ကတမေ၊ အဘယ်မည်ကုန်သော။
ဓမ္မာ၊ သဘောတရားတို့သည်။
အကုသလာ၊ အကုသိုလ် မည်ကုန်သနည်း။

ယသ္မိံ သမယေ၊ အကြင်အခါ၌။
သောမနဿသဟဂတံ၊ သောမနဿ ဝေဒနာနှင့်တကွ ဧကုပ္ပါဒ အစရှိသော အပြားအားဖြင့် ဖြစ်သော။
တနည်း၊ သောမနဿ ဝေဒနာနှင့် ဧကုပ္ပါဒ အစရှိသော အဖြစ်သို့ ရောက်သော။
ဒိဋ္ဌိဂတသမ္ပယုတ္တံ၊ မိစ္ဆာဒိဋ္ဌိနှင့် အညီအညွတ် ဧကုပ္ပါဒ အစရှိသော အပြားတို့ဖြင့် ယှဉ်သော။
အကုသလံ၊ အကုသိုလ်မည်သော။
စိတ္တံ၊ စိတ်သည်။
ရူပါရမ္မဏံ ဝါ၊ ရူပါရုံကိုလည်း။
အာရဗ္ဘ၊ အာရုံပြု၍။
ဥပ္ပန္နံ၊ ဥပါဒ်ဆဲသည်။
ဟောတိ၊ ဖြစ်၏။
သဒ္ဒါရမ္မဏံဝါ၊ သဒ္ဒါရုံကိုလည်း။
အာရဗ္ဘ၊ အာရုံပြု၍။
ဥပ္ပန္နံ၊ ဥပါဒ်ဆဲသည်။
ဟောတိ၊ ဖြစ်၏။
ဂန္ဓာရမ္မဏံ ဝါ၊ ဂန္ဓာရုံကိုလည်း။
အာရဗ္ဘ၊ အာရုံပြု၍။
ဥပ္ပန္နံ၊ ဥပါဒ်ဆဲသည်။
ဟောတိ၊ ဖြစ်၏။
ရသာရမ္မဏံဝါ၊ ရသာရုံကိုလည်း။
အာရဗ္ဘ၊ အာရုံပြု၍။
ဥပ္ပန္နံ၊ ဥပါဒ်ဆဲသည်။
ဟောတိ၊ ဖြစ်၏။
ဖောဋ္ဌဗ္ဗာရမ္မဏံ၊ ဖောဋ္ဌဗ္ဗာရုံကိုလည်း။
အာရဗ္ဘ၊ အာရုံပြု၍။
ဥပ္ပန္နံ၊ ဥပါဒ်ဆဲသည်။
ဟောတိ၊ ဖြစ်၏။
ဓမ္မာရမ္မဏံဝါ၊ ဓမ္မာရုံကိုလည်း။
အာရဗ္ဘ၊ အာရုံပြု၍။
ဥပ္ပန္နံ၊ ဥပါဒ်ဆဲသည်။
ဟောတိ၊ ဖြစ်၏။
ယံ ယံ ဝါ ပန၊ အကြင်အကြင်သို့ သဘောရှိသော ရူပါရုံ အစရှိသည်တို့တွင် အမှတ်မရှိ တပါးပါးသော အာရုံကို။
အာရဗ္ဘ၊ အာရုံပြု၍။
ဥပ္ပန္နံ၊ ဥပါဒ်ဆဲသည်။
ဟောတိ၊ ဖြစ်၏။
တသ္မိံ သမယေ၊ ထိုအခါ၌။
ဖဿော၊ ဖဿသည်။
ဟောတိ၊ ဖြစ်၏။
ဝေဒနာ၊ ဝေဒနာသည်။
ဟောတိ၊ ဖြစ်၏။
သညာ၊ သညာသည်။
ဟောတိ၊ ဖြစ်၏။
စေတနာ၊ စေတနာသည်။
ဟောတိ၊ ဖြစ်၏။
စိတ္တံ၊ စိတ်သည်။
ဟောတိ၊ ဖြစ်၏။
ဝိတက္ကော၊ ဝိတက်သည်။
ဟောတိ၊ ဖြစ်၏။
ဝိစာရော၊ ဝိစာရသည်။
ဟောတိ၊ ဖြစ်၏။
ပီတိ၊ ပီတိသည်။
ဟောတိ၊ ဖြစ်၏။
သုခံ၊ သုခသည်။
ဟောတိ၊ ဖြစ်၏။
စိတ္တဿေကဂ္ဂတာ၊ စိတ်၏တည်ကြည်ခြင်းသည်။
ဟောတိ၊ ဖြစ်၏။
ဝီရိယိန္ဒြိယံ၊ ဝီရိယိန္ဒြေသည်။
ဟောတိ၊ ဖြစ်၏။
သမာဓိန္ဒြိယံ၊ သမာဓိန္ဒြေသည်။
ဟောတိ၊ ဖြစ်၏။
မနိန္ဒြိယံ၊ မနိန္ဒြေသည်။
ဟောတိ၊ ဖြစ်၏။
သောမနဿိန္ဒြိယံ၊ သောမနဿိန္ဒြေသည်။
ဟောတိ၊ ဖြစ်၏။
ဇီဝိတိန္ဒြိယံ၊ ဇီဝိတိန္ဒြေသည်။
ဟောတိ၊ ဖြစ်၏။
မိစ္ဆာဒိဋ္ဌိ၊ မှားသောအယူသည်။
ဟောတိ၊ ဖြစ်၏။
မိစ္ဆာသင်္ကပ္ပေါ၊ မှားသောအကြံအစည်သည်။
ဟောတိ၊ ဖြစ်၏။
မိစ္ဆာဝါယာမော၊ မှားသောလုံ့လသည်။
ဟောတိ၊ ဖြစ်၏။
မိစ္ဆာသမာဓိ၊ မှားသော တည်ကြည်ခြင်းသည်။
ဟောတိ၊ ဖြစ်၏။
ဝီရိယဗလံ၊ ဝီရိယဗိုလ်သည်။
ဟောတိ၊ ဖြစ်၏။
သမာဓိဗလံ၊ သမာဓိဗိုလ်သည်။
ဟောတိ၊ ဖြစ်၏။
အဟိရီကဗလံ၊ အဟိရီကဗိုလ်သည်။
ဟောတိ၊ ဖြစ်၏။
အနောတ္တပ္ပဗလံ၊ အနောတ္တပ္ပဗိုလ်သည်။
ဟောတိ၊ ဖြစ်၏။
လောဘော၊ လောဘသည်။
ဟောတိ၊ ဖြစ်၏။
မောဟော၊ မောဟသည်။
ဟောတိ၊ ဖြစ်၏။
အဘိဇ္ဈာ၊ အဘိဇ္ဈာသည်။
ဟောတိ၊ ဖြစ်၏။
မိစ္ဆာဒိဋ္ဌိ၊ မှားသောအယူသည်။
ဟောတိ၊ ဖြစ်၏။
အဟိရီကံ၊ အဟိရီကသည်။
ဟောတိ၊ ဖြစ်၏။
အနောတ္တပ္ပံ၊ အနောတ္တပ္ပသည်။
ဟောတိ၊ ဖြစ်၏။
သမထော၊ သမထသည်။
ဟောတိ၊ ဖြစ်၏။
ပဂ္ဂါဟော၊ ပဂ္ဂါဟသည်။
ဟောတိ၊ ဖြစ်၏။
အဝိက္ခေပေါ၊ အဝိက္ခေပသည်။
ဟောတိ၊ ဖြစ်၏။
တသ္မိံ သမယေ၊ ထိုအခါ၌။
အညေပိ၊ တပါးလည်း ဖြစ်ကုန်သော။
ပဋိစ္စသမုပ္ပန္နာ၊ မိမိအား လျောက်ပတ်သော အကြောင်းကိုစွဲ၍ ဖြစ်ကုန်သော။
အရူပိနော၊ နာမ်ဖြစ်ကုန်သော။
ယေ ဝါ ပန ဓမ္မာ၊ သဘောအားဖြင့် ရအပ်ကုန်သော ဆန္ဒအစရှိကုန်သော အကြင် တရားတို့သည်။
အတ္ထိ သန္တိ ၊ ရှိကုန်၏။
သဗ္ဗေ၊ အလုံးစုံကုန်သော။
ဣမေ ဓမ္မာ၊ ဤတရားတို့သည်။
အကုသလာ၊ အကုသိုလ် မည်ကုန်၏။

ဤသို့ ဟောတော်မူအပ်သော ဒေသနာတော်မြတ်ဝယ် မှတ်ဘွယ်အဓိပ္ပါယ် သော်ကား။ အကြင်သတ္တဝါ၏သန္တာန်၌ လောဘစိတ်သည် ရူပါရုံ အစရှိသော ခြောက်ပါးသော အာရုံတို့တွင် တပါးပါးသော အာရုံကိုစွဲ၍ အကြင်အခါ၌ ဖြစ်၏။

ထိုအခါ ဖဿ အစရှိသော သဗ္ဗစိတ္တသာဓာရဏ စေတသိက်မျိုး မောဟအစရှိသော အကုသိုလ် စေတသိက်မျိုးတို့သည် ဣန္ဒြေ ဗိုလ် မဂ္ဂင် ဟူသော အမည်ကို ခံကြကုန်လျက် တပြိုင်နက် တချက်တည်း ဖြစ်ပေါ်လာကြကုန်၏။ (သာမညနည်းတည်း)။

ဝိသေသသော်ကား ထိုလောဘစိတ် ဖြစ်ပေါ်လာသောအခါ၌ အညသမာန်းတေရသ အကုသလသာဓာရဏ(၄) လောဘဒိဋ္ဌိ (၂) ဤတခု ယုတ်(၂၀) သော စေတသိက် တို့သည် တကွဖြစ်သောစိတ် တကွဖြစ်သောရုပ် တို့နှင့်အတူ ခန္ဓာ ဟူသောအမည် အာယတန ဓာတ် သစ္စာ ပဋိစ္စသမုပ္ပါဒ် ဣန္ဒြေ ဗိုလ် မဂ္ဂင် အစရှိသော အမည်တို့ကို ခံယူ၍ ဖြစ်ပျက်ကြကုန်၏။

အဘယ်မျှဖြစ်၍ အဘယ်မျှ ပျက်ကြကုန်သနည်းဟူမူ။

လောဘမူပဌမ အသင်္ခါရိက အခိုက်၌ လောဘစိတ်နှင့်တကွ စေတသိက်တခုယုတ် (၂၀) တို့သည် တပြိုင်နက်ဖြစ်၍ တပြိုင်နက် ပျက်ကြကုန်၏။

ဤနာမက္ခန္ဓာ တရား (၄) ပါးတို့သည် သာလျှင် ဖြစ်ပျက်ရကုန်သည် မဟုတ်သေး။ စင်စစ်မှာမူ ပဉ္စဝေါကာရ ဘုံသားတို့အား နာမ်ပျက်သည်ရှိသော် ရုပ်ပျက်မြဲ ရုပ်ပျက်သည်ရှိသော် နာမ်ပျက်မြဲဖြစ်၍ ရုပ်နာမ်နှစ်ပါးစုံသည် ခဏမတ္တမျှ တည်၍ ပျက်ကြရကုန်၏။

ယမကံ နာမရူပဉ္စ၊
ဥဘော အညောညနိဿိတာ။
ဧကသ္မိံ ဘိဇ္ဇာမာနသ္မိံ၊
ဥဘော ဘိဇ္ဇန္တိ ပစ္စယော။

ဝိသုဒ္ဓိမဂ်။

နာမဉ္စ၊ နာမ်၎င်း။
ရူပဉ္စ၊ ရုပ်၎င်း။
ဣတိ၊ ဤသို့။
ယမကံ၊ အစုံ ဖြစ်သော။
ယံ ဓမ္မဇာတံ၊ အကြင်တရားသဘောသည်။
အတ္ထိ၊ ရှိ၏။ (ထည့်)၊
တေ ဥဘော၊ ထိုနှစ်ပါးစုံသော တရားတို့သည်။
အညော ည နိဿိတာ၊ တပါးသည် တပါးကိုမှီ၍ ဖြစ်ကုန်၏။
တတောဧဝ၊ ထိုကြောင့်သာလျှင်။
ဧကသ္မိံ ၊ တပါးပါးသော တရားသည်။
ဘိဇ္ဇ မာနသ္မိံ၊ ပျက်သည်ရှိသော်။
ဥဘော၊ နှစ်ပါးစုံသော ရုပ်နာမ်တို့သည်။
ဘိဇ္ဇန္တိ၊ ပျက်ကုန်၏။
ယွာယံ-ယော အယံ ဘင်္ဂေါ၊ အကြင် ရုပ်နာမ်၏ ပျက်ခြင်းသည်။
အတ္ထိ၊ ရှိ၏။
သွာယံ-သော အယံ ဘင်္ဂေါ၊ ထိုရုပ်နာမ်၏ ပျက်ခြင်းသည်။
ပစ္စယာ-ပစ္စယနိရောဓန၊ အကြောင်းတရား ချုပ်ခြင်းကြောင့်။
ဟောတိ၊ ဖြစ်၏။

ဤသို့ နာမ်တရားဖြစ်လျှင် ရုပ်တရားသည် တကွဖြစ်တတ်သောကြောင့်၎င်း, နာမ်တရား ပျက်လျှင် ရုပ်တရား ပျက်တတ်သောကြောင့်၎င်း, ဥတု အဟာရဇ တို့မှာမူ ထိုစိတ္တဇတို့နှင့် ရှေ့နောက်အတူ ဖြစ်ပျက်တတ် သောကြောင့်၎င်း, တည်ဆဲခဏ၌ ဖြစ်ကြကုန်သော ရုပ်နာမ်ခန္ဓာ စသည်တို့သည် ဒုက္ခသစ္စာချည်းမည် ကုန်၏။

ထိုဒုက္ခသစ္စာ၏ တည်ခြင်း အကြောင်းကား။ ယခင်ဆိုခဲ့သော လောဘစိတ်-စေတသိက် (၁၉) ခုတို့ ဖြစ်ပေါ်လာရာ၌ ပဉ္စဝေါကာရ ဘုံသားတို့အား နာမ်ချည်း သက်သက် မဟုတ်၊ စိတ်ကြောင့်ဖြစ်သော စိတ္တဇရုပ်, ထောက်ပံ့ ရင့်ကျက်စေ တတ်သော ဥတုဇရုပ်, အဟာရဇရုပ်, စောင့်ရှောက်တတ်သော ကမ္မဇရုပ် တို့သည် ရှေ့နောက်အတူ ဖြစ်ကြကုန်၏။

ဖြစ်ဟန်ကား– ဣန္ဒြေနှင့် ပြည့်စုံသော သူတို့အား အကျဉ်းအားဖြင့် (၂၇) ပါးသော ရုပ်တို့သည် ဖြစ်ကုန်၏။ အကျယ်အားဖြင့်သော်ကား -

(ကရီသ၊ ဥဒရီယ ကြဉ်သော ) ပထဝီဓာတ် (၁၈) ခု၊ ပိတ္တ သေမှ လောဟိတ မေဒ ဝသာ လသိကာ အားဖြင့် အာပေါဓာတ်(၆)ပါး ... ပေါင်း (၂၄) ပါးသော ကောဋ္ဌာသ တို့သည် ကံ စိတ် ဥတု အာဟာရ တည်းဟူသော အကြောင်းတရား လေးပါး တို့ကြောင့် ဖြစ်ကုန်ရကား (၂၄)ပါးကုန်သော အစုတို့တွင် တခုတခု အစု၌ ကာယဒသက ကလာပ် ဘာဝဒသက ကလာပ်အားဖြင့် နှစ်ပါးကုန်သော ကံကြောင့် ဖြစ်ကုန်သော ဒသကကလာပ်တို့သည် ဖြစ်ကုန်ရကား (၄၈) ပါး ကုန်သော ဒသကကလာပ်တို့သည် ဖြစ်ကုန်၏။

စက္ခုဒသကကလာပ် သောတဒသက ကလာပ် ဃာနဒသကကလာပ် ဇိဝှါဒသက ကလာပ် ဝတ္ထုဒသကကလာပ် အားဖြင့် ပဒေသ ဒသကကလာပ်လည်း ငါးခု ဖြစ်ရကား ဒသကကလာပ်ပေါင်း (၅၃) ခု ဖြစ်၏။

သန္တပ္ပနတေဇော ဇီရဏတေဇော ဒဟတေဇော ဥဒ္ဓင်္ဂမ ဝါတာ အဓောဂမဝါတာ ကုစ္ဆိဌဝါတာ ကောဋ္ဌာသယဝါတာ အင်္ဂမင်္ဂါနုသာရိဝါတာ ဤရှစ်ပါးကုန်သော ကောဋ္ဌာသတို့သည်လည်း ကံ စိတ် ဥတု အာဟာရ တည်းဟူသော အကြောင်း တရား လေးပါးတို့ကြောင့် ဖြစ်ကုန်ရကား ထိုရှစ်ခုသော ကောဋ္ဌာသတို့၌ ဇီဝိတ နဝကကလာပ် (၈) ခု၊ ပါစကဂ္ဂိ၌ ဇီဝိတနဝကကလာပ် (၁) ခု၊ (စိတ္တဇဖြစ်သော) သဒ္ဒနဝကကလာပ် (၁)ခု၊ (ဥတုဇဖြစ်သော) သဒ္ဒနဝကကလာပ် (၁) ခုအားဖြင့် နဝကကလာပ် ပေါင်း (၁၁) ခု ဖြစ်၏။

သန္တပ္ပနတေဇော အစရှိသော (ရှေးဖေါ်ပြရာပါ) ရှစ်ပါး ကုန်သော ကောဋ္ဌာသတို့၌ စိတ္တသုဒ္ဓဌကကလာပ် (၈)ခု၊ ဥတုဇသုဒ္ဓဌကကလာပ် (၈)ခု၊ အာဟာရဇသုဋ္ဌက-ကလာပ် (၈)ခု ဖြစ်သောကြောင့် အဋ္ဌကကလာပ်ပေါင်း (၂၄)ခုဖြစ်၏။ (တရပ်)
ဆိုအပ်ခဲ့ပြီးသော (ကရီသ၊ ဥဒရီယ ကြဉ်သော) ပထဝီ ကောဋ္ဌာသ အာပေကောဋ္ဌာသ (၂၄) ပါးတို့၌လည်း စိတ္တဇသုဒ္ဓဋ္ဌက ကလာပ် (၂၄) ခု၊ ဥတုဇ-သုဋ္ဌကကလာပ်(၂၄) ခု၊ အာဟာရသုဒ္ဓဋ္ဌကကလာပ် (၂၄) ခု ဖြစ်သောကြောင့် အဋ္ဌကကလာပ် ပေါင်း (၇၂)ခု ဖြစ်၏။ (တရပ်)
ဒွိဇဖြစ်သော သေဒ သိင်္ဃာနိကာ အဿု ခေဠ ဤ (၄)ခုသော ကောဋ္ဌာသတို့တွင် တခုတခု၌ စိတ္တဇသုဒ္ဓဋ္ဌကကလာပ် (၁)၊ ဥတုဇသုဒ္ဓဋ္ဌကကလာပ် (၁) အားဖြင့် အဋ္ဌကကလာပ် (၂) ခုစီ ရသောကြောင့် ထို(၄) ခုသော ကောဋ္ဌာသတို့၌ အဋ္ဌကကလာပ် ပေါင်း (၈)ခုဖြစ်၏။ (တရပ်)
ဧကဇဖြစ်သော ပုဗ္ဗ မုတ္တ ကရီသ ဥဒရိယ ဟူသော လေးပါးသော ကောဋ္ဌာသတို့၌ ဥတုဇသုဒ္ဓဋ္ဌကကလာပ် (၄)ခု၊ အဿာသ ပဿာသ၌ စိတ္တဇသုဋ္ဌကကလာပ်(၁)ခု အားဖြင့် အဋ္ဌက ကလာပ်ပေါင်း (၅)ခုဖြစ်၏၊ (တရပ်)။
လေးရပ်ပေါင်းသော် အဋ္ဌကကလာပ်ပေါင်း (၁၀၉)ခု ဖြစ်၏။

ထို့ကြောင့် ဒသကကလာပ် (၅၃) ခုတို့၌ ရုပ်သေးပေါင်း (၅၃၀)ဖြစ်၏၊
နဝကကလာပ် (၁၁)ခုတို့၌ ရုပ်သေးပေါင်း၊ (၉၉) ဖြစ်၏။
အဋ္ဌကကလာပ်ပေါင်း (၁၀၉)ခုတို့၌ ရုပ်သေးပေါင်း (၈၇၂) ဖြစ်၏၊
အလုံးစုံ ပေါင်းသော် ရုပ်သေးပေါင်း၊ (၁၅၀၁) တထောင့်ငါးရာတခုဖြစ်၏။

ထို့ကြောင့် သစ္စသံခေပကျမ်း ပဌမပရိစ္ဆေဒ ရူပသံခေပ၌ -

သေကပဉ္ဇသတံ ကာယေ၊
သဟဿံ တံ ပဝတ္တတိ။
ပရိပုဏ္ဏိန္ဒြိယေ ရူပံ၊
နိပ္ဖန္နံ ဓာတုဘေဒတော။

ဟူသောပါဌ်ကို မိန့်ဆိုဖွင့်လှစ်တော်မူသတည်း။

ပရိပုဏ္ဏိန္ဒြိယေ၊ ပြည့်သော ဣန္ဒြေရှိသော။
ကာယေ၊ ကိုယ်၌။
နိပ္ဖန္နံ၊ ဖြစ်သော။
တံရူပံ၊ ထိုရုပ်သည်။
ဓာတုဘေဒတော၊ ဓာတ်အများအားဖြင့်။
သေကပဉ္စသတံ၊ ငါးရာတခုနှင့် တကွသော။
သဟဿံ၊ တထောင်သည်။
ပဝတ္တတိ၊ ဖြစ်၏။

လက္ခဏာကာသရူပါမိ၊ ကလာပေသု တဟိံ တဟိံ - ဟု ကျမ်းဆရာတို့ မိန့်ဆိုသောကြောင့် (၁၇၃) ခုသော ရုပ်ကလာပ် တို့၌ လက္ခဏရုပ် လေးခု အာကာသဓာတ်တို့သည် ဖြစ်ကုန်ရကား (၁၇၃)ခု ကို ငါးခုဖြင့်မြှောက်(၈၆၅)ခုသော ရုပ်တို့သည် ဖြစ်ကုန်၏။

လက္ခဏာကာသရူပါနိ၊ လက္ခဏရုပ်လေးခု အာကာသဓာတ်တို့သည်။
တဟိံ တဟိံ ကလာပေသု၊ ထိုထိုသို့သော ကလာပ်တို့၌။
ဟောန္တိ၊ ဖြစ်ကုန်၏။

ဤရုပ်အကျယ် (၁၅၀၁) ခုနှင့်တကွ လောဘစိတ် စေတသိက်တို့ တည်ခိုက်၌ ဖြစ်သင့်ရကား (၁၅၂၁) ခုသော ရုပ်နာမ်တို့ကို ရအပ်ကုန်၏။

၎င်းတို့ကို ခန္ဓာစသည် ဖွဲ့သော် -
(၁၅၀၁) ခုသည် ရူပက္ခန္ဓာ မည်၏။
ဝေဒနာ စေတသိက်သည် ဝေဒနာက္ခန္ဓာ မည်၏။
သညာ စေတသိက်သည် သညာက္ခန္ဓာ မည်၏။
(ဝေဒနာ သညာမှကြွင်းသော) စေတသိက် (၁၇) ခုသည် သင်္ခါရက္ခန္ဓာ မည်၏။
လောဘစိတ်သည် ဝိညာဏက္ခန္ဓာမည်၏။
ခန္ဓာဘို့။

အာယတန၌ကား -
ရူပါရုံသည် ရူပါယတနမည်၏။
ဂန္ဓာရုံသည် ဂန္ဓာယတနမည်၏။
ရသာရုံသည် ရသာယတနမည်၏။
လောဘစိတ်သည် မနာယတနမည်၏။
သုခုမရုပ် တို့နှင့်တကွ စေတသိက် (၁၉)ခုသည် ဓမ္မာယတနမည်၏။
ဤသို့ အာယတန အားဖြင့် (၅)ပါးတို့ကို ရအပ်ကုန်၏။

ဤ ရုပ်အာယတန သုံးခုခွဲမှ ကြွင်းကုန်သော ရုပ်ကလာပ် အပေါင်းတို့ကား လက္ခဏာဟာရ နည်းအားဖြင့် သိမ်းကျုံး၍ ယူအပ်ကုန်၏။ စက္ခုဒသက စသော ပဒေသကလာပ်မျိုး တို့ကိုကား စက္ခုဝိညာဏ်ဖြစ်ခိုက် စသည်တို့၌ ယူအပ်ကုန်၏။ ။ အာယတနဘို့။

ဓာတ်၌ကား -
ရူပါရုံသည် ရူပဓာတ်မည်၏။
ဂန္ဓာရုံသည် ဂန္ဓဓာတ်မည်၏။
ရသာရုံသည် ရသဓာတ်မည်၏။
လောဘစိတ်သည် မနောဝိညာဏဓာတ် မည်၏။
သုခုမရုပ်တို့နှင့်တကွ စေတသိက် (၁၉)ခုသည် ဓမ္မဓာတ်မည်၏။
ကြွင်းသော စကားရပ်တို့ကား အာယတနနှင့် နည်းတူပင်တည်း။ ။ ဓာတ်ဘို့။

သစ္စာအားဖြင့်သော်ကား အလုံးစုံသော ရုပ်နာမ်ဓမ္မတို့သည် ဒုက္ခသစ္စာချည်း မည်ကုန်၏။

လောဘစိတ် စေတသိက်တို့သည် သမုဒယထိုက်သည် မဟုတ်လောဟူမူ။

ဝတ္တမာနခန္ဓပရိယာ ပန္နတ္တာ သင်္ခါရဘာဝတောစ ဒုက္ခသစ္စံ

ဟူ၍ သာရတ္ထဒီပနီဋီကာဆရာ မိန့်မှာတော်မူရကား ပစ္စုပ္ပန်ခန္ဓာမျိုး၌ ၎င်းလောဘ စေတသိက်သည် အကျုံးဝင်သောကြောင့်၎င်း သင်္ခါရက္ခန္ဓာ ဖြစ်သောကြောင့်၎င်း ဒုက္ခသစ္စာ မည်ထိုက်ပေ၏။ သဘောအတိုင်းယူမူ လောဘစေတသိက်သည် သမုဒယသစ္စာ မည်၏။ ကြွင်းသော စိတ်-စေတသိက် ရုပ်တို့သည် ဒုက္ခသစ္စာ မည်ကုန်၏။ ။ သစ္စာဘို့။

ပစ္စသမုပ္ပါဒ်အားဖြင့်သော်ကား -
လောဘစိတ်နှင့် ယှဉ်သော မောဟစေတသိက်သည် အဝိဇ္ဇာမည်၏။
စေတနာစေတသိက်သည် သင်္ခါရနှင့်ဘဝမည်၏။
လောဘစိတ်သည် ဝိညာဏ်မည်၏။
ဖဿစေတသိက်သည် ဖဿမည်၏။
ဝေဒနာစေတသိက်သည် ဝေဒနာမည်၏။
လောဘစေတသိက်သည် တဏှာ ဥပါဒါန်မည်၏။
ကြွင်းသော စေတသိက်သည် နာမ်မည်၏။
တည်ဆဲဖြစ်သောရုပ်သည် ရူပမည်၏။
ထိုအခိုက်၌တည်သော အာယတနငါးပါး စသည်သည် သဠာယတန မည်၏။
ထိုအာယတနတို့၏ ဖြစ်ပေါ်လာခြင်းသည် ဇာတိမည်၏။
ရင့်ခြင်းသည် ဇရာမည်၏။
အာယတနတို့၏ ပျက်ခြင်းသည် မရဏမည်၏။ ။ ပဋိစ္စသမုပ္ပါဒ်ဘို့။

ဤသို့ လောဘစိတ်အခိုက်၌ တည်ဆဲဖြစ်သော ရုပ်နာမ်တို့ကို ပြလျှင် ကြွင်းသော အကုသိုလ်စိတ် ကုသိုလ်စိတ် ဝိပါက်စိတ် ကြိယာစိတ်တို့နှင့် တကူတည်၍ ပျက်ကြ ကုန်သော ရုပ် နာမ် ခန္ဓာ အာယတန ဓာတ် သစ္စာ ပဋိစ္စသမုပ္ပါဒ် တို့ကို သိအပ်ကုန်၏။

အထူးမှာမူကား -

တခုတခုသော နာမ်အခိုက်၌ ၎င်းစိတ်နှင့်တကွ ဖြစ်သော စေတသိက် တကိုယ်တည်းသော ရုပ်တို့ကို ပေါင်းစု၍ ခန္ဓာ စသည်ကို ဖွဲ့အပ်ကုန်၏။ အာယတန ဓာတ် စသည်တို့၌ မပါသေးသော ရုပ်နာမ်တို့ကို လက္ခဏာဟာရ နည်းအားဖြင့် ယူအပ်ကုန်၏။ အာယတန စသည်တို့ ဖြစ်ဟန်သည် အောက်၌ ထင်ရှားလတ္တံ့။

ဌာနပရိစ္ဆေဒ ပြီး၏။

၂၉ - ဒွါရပရိစ္ဆေဒ အားဖြင့် ခန္ဓာ - အာယတန - ဓါတ် - သစ္စာ - ပဋိစ္စသမုပ္ပါဒ်တို့ကို ပြခြင်း

ဒွါရပရိစ္ဆေဒ ဟူသော်ကား - စက္ခုဒွါရ သောတဒွါရ ဃာနဒွါရ ဇိဝှါဒွါရ အစောပန- ကာယဒွါရ စောပနကာယဒွါရ မနောဒွါရ အားဖြင့် ဒွါရရင်း ခြောက်ပါး၊ စောပနကာယ၌ ကာယဝိညတ် ဝစီဝိညတ်ကို ရရကား သံဝရဒွါရအားဖြင့် (၈)ပါး တို့ကို ရအပ်ကုန်၏။

ထို(၆)ပါး စသည်တို့တွင် စက္ခုဒွါရ၌ ဖြစ်ထိုက်သော ခန္ဓာအာယတန စသော ဒုက္ခသစ္စာ၏ ဖြစ်ခြင်းကို ဤဆိုလတ္တံ့သော နည်းဖြင့် သိအပ်၏။

စက္ခုဒသက (၁၀)
ကာယဒသက (၁၀)
ဘာဝဒသက (၁၀)
စိတ္တဇ (၈)
ဥတု (၈)
အာဟာရဇ (၈)
ပေါင်း စက္ခုပသာဒ၌ ရအပ်သော ရုပ် (၅၄)၊
ရူပါရုံ၌ရအပ်သော သုဒ္ဓဋ္ဌ (၈) ပေါင်း (၆၂) ပါးသောရုပ်ကို ရအပ်၏။

စက္ခုဝိညာဏ် (၁)
ဖဿ (၂)
ဝေဒနာ (၃)
သညာ (၄)
စေတနာ (၅)
ဧကဂ္ဂတာ(၆)
ဇီဝိတိန္ဒြေ (၇)
မနသိကာရ (၈) အားဖြင့် နာမ်ပေါင်း (၈)၊
ရုပ်ပေါင်း(၆၂)
နှစ်ခုပေါင်း (၇၀) သော သဘောတရားတို့ ပေါင်း၍ဖြစ်ခြင်းတည်း။

စက္ခုဒွါရသ္မိဥှိ စက္ခုကာယဘာဝဒသကဝသေန တိံသ ကမ္မဇရူပါနိ ဥပတ္ထမ္ဘကာနိ ပန တေသံ ဥတုစိတ္တာဟာရသမုဋ္ဌာနာနိ စတုဝီသတီတိ စတုပဏ္ဏာသာ ဟောန္တိ၊ တထာ သောတ ဃာန ဇိဝှါ ဒွါရေသု။
ဝိသုဒ္ဓိ

အဝိနိဗ္ဘောဂရူပံ ပန သုဒ္ဓဋ္ဌကံ။ . ဒွေပဉ္စဝိညာဏေ ပကိဏ္ဏကဝဇ္ဇိတာ
ဟူသော သင်္ဂြိုဟ်ကိုထောက်၍ ဖွဲ့အပ်သည်။

ဤ (၇၀) သော ရုပ်နာမ်တရားတို့တွင် -
ရုပ် (၆၂) ပါးသည် ရူပက္ခန္ဓာ မည်၏။
ဝေဒနာစေတသိက်သည် ဝေဒနာက္ခန္ဓာ မည်၏။
သညာစေတသိက်သည် သညာက္ခန္ဓာ မည်၏။
ဝေဒနာ သညာမှ ကြွင်းသော စေတသိက်(၅)ပါး အပေါင်းသည် သင်္ခါရက္ခန္ဓာ မည်၏။
စက္ခုဝိညာဏ်စိတ်သည် ဝိညာဏက္ခန္ဓာ မည်၏။

ဤခန္ဓာငါးပါးတို့ အညီအမျှ ပေါင်းဆုံကြသောအခါ၌ တည့်တည့် ကြည့်ခြင်း, စောင်း၍ ကြည့်ခြင်း စသည်တို့သည် ထင်ခဲ့၏။ ထိုသို့ တည့်တည့်ကြည့်ရာ, စောင်း၍ကြည့်ရာ၌ အဘယ် တယောက်သောသူသည် တည့်တည့် ကြည့်သနည်း၊ စောင်း၍ ကြည့်သနည်း၊

ရုပ်ချင်းချင်း ထိခိုက်၍ နာမ်ကမြင်ရခြင်းကြောင့် ကြည့်တတ်သောသူ နတ် လူ ဗြဟ္မာ သတ္တဝါ မရှိသည်သာလျှင်တည်း။ ထို့ကြောင့် တခါမြင်၍ချုပ်ခဲ့လျှင် အနိစ္စ ဒုက္ခ အနတ္တ ဟူ၍ နှလုံးသွင်းကြရမည်။

ဧတ္ထ ဟိ စက္ခုစေဝ ရူပဉ္စ ရူပက္ခန္ဓာ၊ ဒဿနံ ဝိညာဏက္ခန္ဓာ၊ တံသမ္ပယုတ္တာ ဝေဒနာ ဝေဒနာက္ခန္ဓာ၊ သညာ သညာက္ခန္ဓာ၊ ဖဿာဒိကာ သင်္ခါရက္ခန္ဓော၊ ဧဝမေ တေသံ ပဉ္စန္နံ ခန္ဓာနံ သမဝါယေ အာလောကန ဝိလောကနံ ပညာယတိ၊ တတ္ထ ကော ဧကော အာလောကေတိ၊ ကော ဝိလောကေတိ။
မူလပဏ္ဏာသအဋ္ဌကထာ

ဟိ သစ္စံ၊ ထိုစကားသည်မှန်၏။
ဧတ္ထ၊ ဤစကားရပ်၌။
စက္ခုစေဝ၊ စက္ခုပသာဒရုပ်သည်၎င်း။
ရူပဉ္စ၊ ရူပါရုံသည်၎င်း။
ရူပက္ခန္ဓာ၊ ရူပက္ခန္ဓာမည်၏။
ဒဿနံ၊ ရူပါရုံကို မြင်တတ်သော စက္ခုဝိညာဏ်စိတ်သည်။
ဝိညာဏက္ခန္ဓော၊ ဝိညာဏက္ခန္ဓာ မည်၏။
တံ သမ္ပယုတ္တာ၊ ထိုစက္ခုဝိညာဏ်နှင့် ယှဉ်သော။
ဝေဒနာ၊ ဝေဒနာ စေတသိက်သည်။
ဝေဒနာက္ခန္ဓာ၊ ဝေဒနာက္ခန္ဓာမည်၏။
သညာ၊ သညာစေတသိက်သည်။
သညာက္ခန္ဓာ၊ သညာက္ခန္ဓာမည်၏။
ဖဿာဒိကာ၊ ဖဿ အစရှိသော ငါးပါးသော စေတသိက်တို့သည်။
သင်္ခါရက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာမည်၏။
ဧဝံ၊ ဤသို့။
ဧတေသံ ပဉ္စန္နံ ခန္ဓာနံ၊ ဤငါးပါးကုန်သော ခန္ဓာတို့၏။
သမဝါယေ၊ ပေါင်းဆုံ စည်းဝေးကြသောအခါ၌။
အာလောကန ဝိလောကနံ၊ တည့်တည့်ကြည့်မှု တစောင်းကြည့်မှုသည်။
ပညာယတိ၊ ထင်ရှား၏။
တတ္ထ၊ ထိုတည့်တည့်ကြည့်ရာ တစောင်းကြည့်ရာ၌။
ကော ဧကော၊ အဘယ်သတ္တဝါ တယောက်သည်။
အာလောကေတိ၊ တည့်တည့်ကြည့်သနည်း။
ဝိလောကေတိ၊ စောင်း၍ကြည့်သနည်း။
နုတ္ထေဝ၊ ကြည့်တတ်မြင်တတ်သော သတ္တဝါသည် မှန်စွာစင်စစ် မရှိသည် သာလျှင်တည်း။ ။ ခန္ဓာဘို့။

---

အာယတန၌သော်ကား -
စက္ခုပသာဒရုပ်သည် စက္ခာယတန မည်၏။
ရူပါရုံသည် ရူပါယတန မည်၏။
စက္ခုဝိညာဏ်သည် မနာယတန မည်၏။
သုခုမရုပ်တို့နှင့်တကွ စေတသိက် (၇)ပါး သည် ဓမ္မာယတန မည်၏။

ဤအာယတန လေးပါးတို့၏ ပေါင်းဆုံကြခြင်းကြောင့် တည့်တည့် ကြည့်ခြင်း စောင်း၍ ကြည့်ခြင်း စသည်သည် ထင်၏။ ထိုတည့်တည့်ကြည့်ခြင်း စသည်၌ အဘယ် နတ် လူ ဗြဟ္မာ တယောက်သည် တည့်တည့် စသည် ကြည့်သနည်း။ ကြည့်တတ်သော လူနတ်ဗြဟ္မာ မရှိသည်သာလျှင်တည်း။

တထာ စက္ခု စက္ခာယတနံ၊ ရူပံ ရူပါယတနံ၊ ဒဿနံ မနာယတနံ၊ ဝေဒနာဒယော သမ္ပယုတ္တာ ဓမ္မာ ဓမ္မာယ တနံ၊ ဧဝ မေတေသံ စတုန္နံ အာယတနာနံ သမဝါယေ အာလောကန ဝိလောကနံ ပညာယတိ၊ တတ္ထ ကော ဧကော အာလောကေတိ၊ ကော ဝိလောကေတိ။
မူလပဏ္ဏာသအဋ္ဌကထာ

တထာ၊ ထိုအတူ။
စက္ခု၊ စက္ခုပသာဒရုပ်သည်။
စက္ခာယတနံ၊ စက္ခာယာန မည်၏။
ရူပံ၊ ရူပါရုံသည်။
ရူပါယတနံ၊ ရူပါယတန မည်၏။
ဒဿနံ၊ ရူပါရုံကိုမြင်တတ်သော စက္ခုဝိညာဏ်စိတ်သည်။
မနာယတနံ၊ မနာယတန မည်၏။
သမ္ပယုတ္တာ၊ စက္ခုဝိညာဏ်စိတ်နှင့် ယှဉ်ကုန်သာ။
ဝေဒနာ ၊ ဝေဒနာ အစရှိကုန်သော။
ဓမ္မာ၊ သုခုမရုပ်တို့နှင့်တကွ စေတသိက်တရားတို့သည်။
ဓမ္မာယတနံ၊ ဓမ္မာယတန မည်၏။
ဧဝံ၊ ဤသို့။
ဧတေသံ စတုန္နံ အာယတနာနံ၊ ဤလေးပါးကုန်သော အာယတနတို့၏။
သမဝါယေ၊ ပေါင်းဆုံစည်းဝေးကြသော အခါ၌။
အာလောကန ဝိလောကနံ၊ တည့်တည့်ကြည့်ခြင်း တစောင်းကြည့်ခြင်းသည်။
ပညာယတိ၊ ထင်ရှား၏။
တတ္ထ၊ ထိုတည့်တည့်ကြည့်ခြင်း တစောင်းကြည့်ခြင်း။
ကော၊ အဘယ်မည်သော။
ဧကော၊ တယောက်ယောက်သော နတ် လူဗြဟ္မာ သတ္တဝါသည်။
အာလောကေတိ၊ တည့်တည့်ကြည့်သနည်း။
ကော၊ နတ်နှင့်လူဝယ် အဘယ်သူသည်။
ဝိလောကေတိ၊ တစောင်းကြည့်သနည်း။
နတ္ထေဝ၊ ကြည့်တတ် မြင်တတ်သော နတ် လူ ဗြဟ္မာ သတ္တဝါမှန်စွာ စင်စစ် မရှိသည် သာလျှင်တည်း။

ကြွင်းသော သြဠာရိကရုပ်တို့ကိုကား လက္ခဏာဟာရနည်းအားဖြင့် သိအပ်၏။ ။ အာယတနဘို့။

---

ဓာတ်၌သော်ကား -
စက္ခုပသာဒရုပ်သည် စက္ခုဓာတ်မည်၏။
ရူပါရုံသည် ရူပဓာတ် မည်၏။
စက္ခုဝိညာဏ်သည် စက္ခုဝိညာဏဓာတ် မည်၏။
သုခုမရုပ်တို့နှင့်တကွ စေတသိက်(၇)ပါးသည် ဓမ္မဓာတ် မည်၏။

ဤဓာတ်လေးပါးတို့၏ ပေါင်းဆုံကြခြင်းကြောင့် တည့်တည့်ကြည့်ခြင်း စောင်း၍ ကြည့်ခြင်းသည် ထင်ခဲ့၏။ ထိုတည့်တည့်ကြည့်ခြင်း စသည်၌ အဘယ် နတ် လူ ဗြဟ္မာတယောက်သည် တည့်တည့်စသည် ကြည့်သနည်း။ ကြည့်တတ်သော နတ် လူ ဗြဟ္မာ သတ္တဝါ မရှိသည်သာလျှင်တည်း။

တထာ စက္ခု စက္ခုဓာတု၊ ရူပံ ရူပဓာတု၊ ဒဿနံ ဝိညာဏဓာတု၊ တံသမ္ပယုတ္တာ ဝေဒနာဒယော ဓမ္မာ ဓမ္မဓာတု။ ဧဝမေတသံ စတုန္နံ ဓာတူနံ သမဝါယေ အာလောကန ဝိလောကနံ ပညာယတိ၊ တတ္ထ ကော ဧကော အာလော ကေဘိ၊ ကော ဝိလောကေတိ။
မူလပဏ္ဏာသအဋ္ဌကထာ

တထာ၊ ထိုအာယတနအတူ။
စက္ခု၊ စက္ခုပသာဒရုပ်သည်။
စက္ခုဓာတု၊ စက္ခုဓာတ် မည်၏။
ရူပံ၊ ရူပါရုံသည်။
ရူပဓာတု၊ ရူပဓာတ် မည်၏။
ဒဿနံ၊ ရူပါရုံကို မြင်တတ်သော စက္ခုဝိညာဏ်စိတ်သည်။
ဝိညာဏဓာတု၊ ဝိညာဏဓာတ် မည်၏။
တံသမ္ပယုတ္တာ၊ ထိုစက္ခုဝိညာဏ်နှင့် ယှဉ်ကုန်သော။
ဝေဒနာဒယော၊ ဝေဒနာ အစရှိကုန်သော။
ဓမ္မာ၊ သုခုမရုပ်တို့နှင့်တကွ စေတသိက် တရားတို့သည်။
ဓမ္မဓာတု၊ ဓမ္မဓာတ် မည်၏။
ဧဝံ၊ ဤသို့။
ဧတေသံ စတုန္နံ ဓာတူနံ၊ ဤလေးပါးကုန်သော ဓာတ်တို့၏။
သမဝါယေ၊ အညီအမျှ ပေါင်းဆုံစည်းဝေး ကြသောအခါ၌။
အာလောကန ဝိလောကနံ၊ တည့်တည်ကြည့်ခြင်း တစောင်းကြည့်ခြင်းသည်။
ပညာယတိ၊ ထင်ရှား၏။
တတ္ထ၊ ထိုဘည့်တည့်ကြည့်ရာ တစောင်းကြည့်ရာ၌။
ကော၊ အဘယ်မည်သော။
ဧကော၊ တယောက်ယောက်သော နတ် လူ ဗြဟ္မာသည်။
အာလောကေတိ၊ တည့်တည့်ကြည့်သနည်း။
ကော၊ နတ်နှင့်လူဝယ် အဘယ်သူသည်။
ဝိလောကေတိ၊ တစောင်း ကြည့်သနည်း။
နတ္ထေဝ၊ ကြည့်တတ် မြင်တတ်သော နတ်လူ ဗြဟ္မာ သတ္တဝါ မှန်စွာစင်စစ် မရှိသည် သာလျှင်တည်း။ ။ ဓာတ်ဘို့။

---

သစ္စာအားဖြင့်ကား ဤ (၇၀) သော ရုပ်နာမ်တရားတို့သည် ဒုက္ခသစ္စာချည်း မည်ကုန်၏။ ။ သစ္စာဘို့။

---

ပဋိစ္စသမုပ္ပါဒ် အားဖြင့်သော်ကား -
သင်္ခါရ, ဝိညာဏ်, နာမ်, သဠာယတန, ဖဿ, ဝေဒနာ, ဘဝ, ဇာတိ, ဇရာမရဏ ဤ (၉)ပါး တို့ကို ရအပ်ကုန်၏။

ယသ္မိံ သမယေ ကာမာဝစရဿ ကုသလဿ ကမ္မဿ ကတတ္တာ ဥပစိတတ္တာ ဝိပါကံ စက္ခုဝိညာဏံ ဥပ္ပန္နံ ဟောတိ ဥပေက္ခာသဟဂတံ ရူပါရမ္မဏံ၊ တသ္မိံ သမယေ သင်္ခါရပစ္စယာ ဝိညာဏံ၊ ဝိညာဏပစ္စယာ နာမံ၊ နာမပစ္စယာ ဆဋ္ဌာယတနံ၊ ဆဋ္ဌာယတနပစ္စယာ ဖဿ၊ ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာပစ္စယာ ဘဝေါ၊ ဘဝပစ္စယာ ဇာတိ၊ ဇာတိပစ္စယာ ဇရာမရဏံ၊ ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။
ဝိဘင်းပါဠိတော်

ယသ္မိံ သမယေ၊ အကြင်အဗျာကတ ဖြစ်သောအခါ၌။
ကာမာဝစရဿ၊ ကာမာဝစရဖြစ်သော။
ကုသလဿ ကမ္မဿ၊ ကုသိုလ်ကံ၏။
ကတတ္တာ၊ ပြုအပ်သည်၏ အဖြစ်ကြောင့်။
ဥပစိတတ္တာ၊ ဆည်းပူးအပ်သည်၏ အဖြစ်ကြောင့်။
ဝိပါကံ၊ အကျိုးဖြစ်သော။
ဥပေက္ခာသဟဂတံ၊ ဥပေက္ခာဝေဒနာနှင့် တကွဖြစ်သော။
စက္ခုဝိညာဏံ၊ စက္ခုဝိညာဏ်စိတ်သည်။
ရူပါရမ္မဏံ၊ ရူပါရုံကို။
အာရဗ္ဘ အာရမ္မဏံ ကတွာ၊ အာရုံပြု၍။
ဥပ္ပန္နံ၊ ဖြစ်သည်။
ဟောတိ၊ ဖြစ်၏။
တသ္မိံ သမယေ၊ ထိုအခါ၌။
သင်္ခါရပစ္စယာ၊ သင်္ခါရ ဟူသော အကြောင်းကြောင့်။
ဝိညာဏံ၊ ဝိညာဏ်သည်။
သမ္ဘဝတိ၊ ဖြစ်၏။
ဝိညာဏပစ္စယာ၊ ဝိညာဏ်ဟူသော အကြောင်းကြောင့်။
နာမံ၊ နာမ်သည်။
သမ္ဘဝတိ၊ ဖြစ်၏။
နာမပစ္စယာ၊ နာမ်ဟူသော အကြောင်းကြောင့်။
ဆဋ္ဌာယတနံ၊ ဆဋ္ဌာယတနသည်။
ဝါ၊ အာယတနလေးပါးသည်။
သမ္ဘဝတိ၊ ဖြစ်၏။
ဆဋ္ဌာယတနပစ္စယာ၊ ဆဋ္ဌာယတနဟူသော အကြောင်းကြောင့်။
ဖဿော၊ ဖဿသည်။
သမ္ဘဝတိ၊ ဖြစ်၏။
ဖဿပစ္စယာ၊ ဖဿဟူသော အကြောင်းကြောင့်။
ဝေဒနာ၊ ဝေဒနာသည်။
သမ္ဘဝတိ၊ ဖြစ်၏။
ဝေဒနာ ပစ္စယာ၊ ဝေဒနာဟူသော အကြောင်းကြောင့်။
ဘဝေါ၊ ဘဝသည်။
သမ္ဘဝတိ၊ ဖြစ်၏။
ဘဝပစ္စယာ၊ ဘဝဟူသောအကြောင်းကြောင့်။
ဇာတိ၊ ဇာတိသည်။
သမ္ဘဝတိ၊ ဖြစ်၏။
ဇာတိပစ္စယာ၊ ဇာတိ ဟူသောအကြောင်းကြောင့်။
ဇရာမရဏံ၊ ဇရာမရဏသည်။
သမ္ဘဝတိ၊ ဖြစ်၏။
ဧဝံ၊ ဤသို့။
ကေဝလဿ၊ သက်သက်သော။
ဧတဿ ဒုက္ခက္ခန္ဓဿ၊ ထိုဆင်းရဲအစု၏။
သမုဒယော၊ ဖြစ်ခြင်းသည်။
ဟောတိ၊ ဖြစ်၏။

ထိုစက္ခုအခိုက်၌ (၁၁) ပါးသော ပဋိစ္စသမုပ္ပါဒ်တို့တွင် -
စေတနာစေတသိက်သည် သင်္ခါရနှင့် ဘ၀ မည်၏။
စက္ခုဝိညာဏ်စိတ်သည် ဝိညာဏ်မည်၏။
ဖဿစေတသိက်သည် ဖဿမည်၏။
ဝေဒနာစေတသိက်သည် ဝေဒနာမည်၏၊
ကြွင်းသောစေတသိက် (၄) ပါးသည် နာမ်မည်၏။
အနဝသေသနည်းအားဖြင့် ဆဋ္ဌာယတနံဟူ၍ ဟောတော်မူသည်။

သာဝသေသနည်းအားဖြင့် အာယတနလေးပါးကိုသာ ရအပ်၏။
ထိုအာယတန လေးပါးသည် အာယတန မည်၏။
ထို အာယတနတို့ ဖြစ်ပေါ်လာခြင်းသည် ဇာတိ မည်၏။
ရင့်ခြင်းသည် ဇရာ မည်၏။
ပျက်ခြင်းသည် မရဏ မည်၏။

ပဋိစ္စသမုပ္ပါဒ် ဒေသနာမျိုး၌ နာမ်ရုပ်နှစ်စုံကို ဟောရာဝယ် ရုပ်ကို နာမရူပဖြင့် သင်္ဂြိုဟ်၍ ဟောတော်မူ၏။ နာမ်သက်သက်ကို ဟောတော်မူရာဝယ် ရုပ်ကို အာယတနဖြင့် သင်္ဂြိုဟ်၍ ဟောတော်မူ၏။ ဤဝါရ၌လည်း ရုပ်ကို အာယတနဖြင့် သင်္ဂြိုဟ်၍ ဟောတော်မူသည်။ ။ ပဋိစ္စသမုပ္ပဒ်ဘို့။

---

၃ဝ - စက္ခုဒွါရ၌ ရထိုက်သော ပဋ္ဌာန်းပစ္စည်းတို့ကို ပြခြင်း

ပဋ္ဌာန်းနည်းအားဖြင့်သော်ကား -
စက္ခုပသာဒရုပ်သည် နိဿယပစ္စည်း မည်၏။
ရူပါရုံသည် အာရမ္မဏပစ္စည်း မည်၏။
ပဉ္စဒွါရာဝဇ္ဇန်းသည် အနန္တရ သမနန္တရ ဥပနိဿယ နတ္ထိ ဝိဂတပစ္စည်း မည်၏။
အာလောကသည် ဥပနိဿယပစ္စည်း မည်၏။
ဝေဒနာ စသော စေတသိက်တို့သည် သဟဇာတပစ္စည်း မည်၏။

ဤ(၉) ပါးသော ပစ္စည်းတို့ အညီအမျှ ပစ္စယုပ္ပန်တရားနှင့် ပေါင်းဆုံကြသည်ရှိသော် အာလောကနဝိလောန စသည်တို့သည် ဖြစ်ပေါ်လာ၏။ တစုံတယောက်သောသူ ဖြစ်ပေါ်လာသည်မဟုတ်။

တထာ စက္ခု နိဿယပစ္စယော၊ ရူပံ အာရမ္မဏပစ္စယော၊ အာဝဇ္ဇနံ အနန္တရ သမနန္တရူပနိဿယ နတ္ထိ ဝိဂတပစ္စယော၊ အာလောကော ဥပနိဿယပစ္စယော။ ဝေဒနာဒယော သဟဇာတပစ္စယော၊ ဧဝမေတေသံ ပစ္စယာနံ သမဝါယေ အာလောကနဝိလောကနံ ပညာယတိ၊ တတ္ထ ကော ဧကော အာလောကေတိ၊ ကော ဝိလောကေတိ။
မူလပဏ္ဏာသအဋ္ဌကထာ

တထာ၊ ထိုအတူ။
စက္ခု၊ စက္ခုပသာဒရုပ်သည်။
နိဿယပစ္စယော၊ နိဿယပစ္စည်း မည်၏။
ရူပံ၊ ရူပါရုံသည်။
အာရမ္မဏပစ္စယော၊ အာရမ္မဏပစ္စည်း မည်၏။
အာဝဇ္ဇနံ၊ ပဉ္စဒွါရာဝဇ္ဇန်းစိတ်သည်။
အနန္တရ သမနန္တရူပနိဿယ နတ္ထိ ဝိဂတ ပစ္စယော၊ အနန္တရ သမနန္တရ ဥပနိဿယ နတ္ထိ ဝိဂတပစ္စည်း မည်၏။
အာလောကော၊ အာလောကသည်။
ဥပနိဿယော၊ ဥပနိဿယပစ္စည်း မည်၏။
ဝေဒနာဒယော၊ ဝေဒနာ အစရှိကုန်သော စေတသိက်တရားတို့သည်။
သဟဇာတပစ္စယော၊ သဟဇာတပစ္စည်း မည်၏။
ဧဝံ၊ ဤသို့။
ဧတေသံ ပစ္စယာနံ၊ ဤပစ္စည်းတို့၏။
သမဝါယေ၊ အညီအမျှ ပေါင်းဆုံကြသည် ရှိသော်။
အာလောကန ဝိလောကနံ၊ တည့်တည့် ကြည့်ခြင်း တစောင်း ကြည့်ခြင်းသည်။
ပညာယတိ၊ ထင်ရှား၏။
တတ္ထ၊ ထိုတည့်တည့်ကြည့်ရာ စောင်း၍ကြည့်ရာ၌။
ကော ဧကော၊ အဘယ်မည်သော တယောက်ယောက်သော နတ် လူ ဗြဟ္မာ သတ္တဝါသည်။
အာလောကေတိ၊ တည့်တည့်ကြည့်သနည်း။
ကော၊ အဘယ်သူသည်။
ဝိလောကေကိ၊ စောင်း၍ ကြည့်သနည်း။
နတ္ထေဝ၊ ကြည့်တတ်သော နတ် လူ ဗြဟ္မာ သတ္တဝါ မှန်စွာစင်စစ် မရှိသည်သာလျှင် တည်း။

ဤသို့ပြခြင်းကား ယောဂါဝစရပုဂ္ဂိုလ်တို့ ကမ္မဋ္ဌာန်းစီးဖြန်း တတ်ရုံမျှသာ အကျဉ်း အားဖြင့် အဋ္ဌကထာရှင်ကြီးတို့ ပြတော်မူသည်။ ဤ စက္ခုဝိညာဏ်အခိုက်၌ ရအပ်သော (၇၀)သော ရုပ်နာမ်ဓမ္မတို့တွင် ပဓာနဖြစ်သော စက္ခုဝိညာဏ် ၎င်း၌ ယှဉ်သော စေတသိက်(၇)ပါးတို့ဝယ် ရထိုက်သော ပစ္စည်းတို့ကို အဋ္ဌကထာ ဆရာကြီးတို့ ပစ္စယနယ (၁၀)ပါးတို့တွင် ဧကဓမ္မ အနေကပစ္စယ ဖြစ်ဟန်ကို အတန်ငယ် ပြလိုက်ဦးအံ့ -

စက္ခုဝိညာဏ်အာရမ္မဏ အဓိပတိ အနန္တရ သမနန္တရ သဟဇာတ အညမည နိဿယ ဥပနိဿယ ပစ္ဆာဇာတ ဝိပါက အာဟာရ ဣန္ဒြိယ သမ္ပယုတ္တ ဝိပ္ပယုတ္တ အတ္ထိ နတ္ထိ ဝိဂတ အဝိဂတ ဤ (၁၈) ပစ္စည်းတို့ကို ရအပ်ကုန်၏။

စက္ခုဝိညာဏ်၌ ယှဉ်သော စေတသိက် (၇) ပါးတို့တွင် ဖဿစေတသိက်အာရမ္မဏ အဓိပတိ အနန္တရ သမနန္တရ သဟဇာတ အညမည နိဿယ ဥပနိဿယ ပစ္ဆာဇာတ ဝိပါက အာဟာရ သမ္ပယုတ္တ ဝိပ္ပယုတ္တ အတ္တိ နတ္ထိ ဝိဂတ အဝိဂတ ဤ (၁၇) ပစ္စည်း တို့ကို ရအပ်ကုန်၏။

ဝေဒနာစေတသိက်အာရမ္မဏ အဓိပတိ အနန္တရ သမနန္တရ သဟဇာတ အညမည နိဿယ ဥပနိဿယ ပစ္ဆာဇာတ ဝိပါက ဣန္ဒြိယ သမ္ပယုတ္တ ဝိပ္ပယုတ္တ အတ္ထိ နတ္ထိ ဝိဂတ အဝိဂတ (၁၇) ပါး ရ၏။

သညာစေတသိက်အာရမ္မဏ အဓိပတိ အနန္တရ သမနန္တရ သဟဇာတ အညမည နိဿယ ဥပနိဿယ ပစ္ဆာဇာက ဝိပါက သမ္ပယုတ္တ ဝိပ္ပယုတ္တ အတ္ထိ နတ္ထိ ဝိဂတ အဝိဂတ (၁၆) ပါးရ၏။

စေတနာစေတသိက်အာရမ္မဏ အဓိပတိ အနန္တရ သမနန္တရ သဟဇာတ အညမည နိဿယ ဥပနိဿယ ပစ္ဆာဇာတ ကမ္မ ဝိပါက အာဟာရ သမ္ပယုတ္တ ဝိပ္ပယုတ္တ အတ္ထိ နတ္ထိ ဝိဂတ အဝိဂတ (၁၈) ပါးရ၏။

ဧကဂ္ဂတာစေတသိက်အာရမ္မဏ အဓိပတိ အနန္တရ သမနန္တရ သဟဇာတ အညမည နိဿယ ဥပနိဿယ ပစ္ဆာဇာတ ဝိပါက ဣန္ဒြိယ သမ္ပယုတ္တ ဝိပ္ပယုတ္တ အတ္ထိ နတ္ထိ ဝိဂတ အဝိဂတ (၁၇) ပါးရ၏။

ဇီဝိတိန္ဒြိယစေတသိက်အာရမ္မဏ အဓိပတိ အနန္တရ သမနန္တရ သဟဇာတ အညမည နိဿယ ဥပနိဿယ ပစ္ဆာဇာတ ဝိပါက ဣန္ဒြိယ သမ္ပယုတ္တ ဝိပ္ပယုတ္တ အတ္ထိ နတ္ထိ ဝိဂတ အဝိဂတ (၁၇) ပါးရ၏။

မနသိကာရစေတသိက်အာရမ္မဏ အဓိပတိ အနန္တရ သမနန္တရ သဟဇာတ အညမည နိဿယ ဥပနိဿယ ပစ္ဆာဇာတ ဝိပါက သမ္ပယုတ္တ ဝိပ္ပယုတ္တ အတ္ထိ နတ္ထိ ဝိဂတ အဝိဂတ (၁၆) ပါးရ၏။

စေတသိက် (၇)ပါးတို့၌ ပစ္စည်းပေါင်း (၁၁၈) တို့ကို ရအပ်ကုန်၏။

ရူပါရုံ၌ ရထိုက်သော ပစ္စည်းကား ဘူတရုပ်လေးပါးတွင် အာရမ္မဏ အဓိပတိ သဟဇာတ အညမည နိဿယ ဥပနိဿယ ပုရေဇာတ အတ္ထိ အဝိဂတ (၉) ပစ္စည်းရ၏။

ဝဏ္ဏ ဂန္ဓ ရသ ဩဇာအာရမ္မဏ အဓိပတိ ဥပနိဿယ ပုရေဇာတ အတ္ထိ အဝိဂတ (၆) ပစ္စည်းရ၏။ ဤ(၁၅)ပစ္စည်းတို့ရအပ်ကုန်၏။

စက္ခုဒသကဝယ် အဝိနိဗ္ဘောဂ၌ ရူပါရုံက ဆိုအပ်ပြီးသော (၁၅) ပစ္စည်း။
ဇီဝိတအာရမ္မဏ အဓိပတိ ဥပနိဿယ ပုရေဇာတ ဣန္ဒြိယ အတ္ထိ အဝိဂတ (၇) ပစ္စည်း။
စက္ခုပသာဒအာရမ္မဏ အဓိပတိ နိဿယ ဥပနိဿယ ပုရေဇာတ ဣန္ဒြိယ ဝိပ္ပယုတ္တ အတ္ထိ အဝိဂတ (၉)ပစ္စည်း။
ဤ (၃၁)ပါးသော ပစ္စည်းတို့ကို ရအပ်ကုန်၏။

၎င်း စက္ခုဒသက ကလာပ်နှင့် တကွဖြစ်သော ကာယဒသက ကလာပ်၌လည်း (၃၁) ပါးသော ပစ္စည်းတို့ကို ရအပ်ကုန်၏။

ဘာဝဒသက ကလာပ်၌လည်း ကာယဒသက ကလာပ်ဝယ် ပသာဒရုပ်၏ပစ္စည်း (၉)ခုကိုနုတ်၍ ဘာဝရုပ်၌ရအပ်သော အာရမ္မဏ အဓိပတိ ဥပနိဿယ ပုရေဇာတ အတ္ထိ အဝိဂတ ဤ (၆) ပစ္စည်းကို ထည့်၍ (၂၈) ပစ္စည်းတို့ကို ရအပ်ကုန်၏။

၎င်း ကမ္မဇကလာပ်တို့နှင့် တကွဖြစ်သော စိတ္တဇကလာပ် ဥတုဇကလာပ် အာဟာရဇ ကလာပ် သုံးစည်းတို့၌ ရူပါရုံ၌ ရအပ်သော (၁၅) ပစ္စည်း သုံးလီ (၄၅) ပစ္စည်းတို့ကို ရအပ်ကုန်၏။

စက္ခုဝိညာဏ် အခိုက်၌ ကျေးဇူးပြုထိုက်သော ပစ္စည်းတွင် နာမ်၌ ကျေးဇူးပြုထိုက်သော ပစ္စည်းတို့ကား (၁၃၆) ပစ္စည်း။ ရုပ်၌ ကျေးဇူးပြုထိုက်သော ပစ္စည်းတို့ကား (၁၅၀) ပစ္စည်း။

ရူပါရုံက စက္ခုဝိညာဏ်အား ကျေးဇူးပြုသော အာရမ္မဏ ပုရေဇာတ အတ္ထိ အဝိဂတ (၄) ပစ္စည်း။

ပသာဒရုပ်က စက္ခု ဝိညာဏ်အား ကျေးဇူးပြုသော ဝိပ္ပယုတ္တ ပုရေဇာတ အတ္ထိ အဝိဂတ နိဿယ ဣန္ဒြိယ (၆) ပစ္စည်း။

၎င်းတို့ကိုပေါင်းသော် (၂၉၆) ပစ္စည်းတို့ကို ရအပ်ကုန်၏။

ထို (၂၉၆) ပစ္စည်း ပေါင်းဆုံသော အခါကာလ၌ ရူပါရုံကို စက္ခုဝိညာဏ်က မြင်ခြင်း ဖြစ်လေသည်။

ပဋ္ဌာန်းနည်းကိုကား နည်းရရုံမျှသာ သွတ်သွင်းလိုက်ရသည်။ သိနိုင်ခဲစွ။ နောက်နောက် ဒွါရတို့၌ကား ပဋိစ္စသမုပ္ပါဒ်နည်း တိုင်ရုံမျှသာ ရေးတော့အံ့။ ။ စက္ခုဒွါရဘို့။

---

၃၁ - သောတဒွါရ၌ ရုပ် - နာမ် - ခန္ဓာ - အာယတန - ဓါတ် - သစ္စာ - ပဋိစ္စသမုပ္ပါဒ် တို့ကို ပြခြင်း

သောတဒသက (၁၀) ကာယဒသက(၁ဝ) ဘာဝဒသက (၁၀) စိတ္တဇ (၈) ဥတုဇ (၈) အာဟာရဇ (၈) သဒ္ဒနဝက (၉) ပေါင်း ရုပ်သေး (၆၃) သောတဝိညာဏ် (၁) သဗ္ဗစိတ္တသာဓာရဏစေတသိက် (၇) ပေါင်းနာမ် (၈), ဤသို့ အပေါင်းအားဖြင့် (၇၁) ပါးဖြစ်၏။

ထိုတွင် -
ရုပ် (၆၃) ပါးသည် ရူပက္ခန္ဓာမည်၏။
ဝေဒနာစေတသိက်သည် ဝေဒနာက္ခမည်၏။
သညာစေတသိက်သည် သညာက္ခန္ဓာမည်၏။
ဝေဒနာ သညာမှ ကြွင်းသော စေတသိက် ငါးပါးသည် သင်္ခါရက္ခန္ဓာမည်၏။
သောတဝိညာဏ်စိတ်သည် ဝိညာဏက္ခန္ဓာမည်၏။

ထိုခန္ဓာငါးပါးတို့ အညီအမျှ ပေါင်းဆုံကြ သည်ရှိသော် ကြားခြင်း တဖန်ကြားခြင်း သည် ထင်၏။ ထိုသို့ ကြားခြင်း တဖန်ကြားခြင်း၌ အဘယ်တယောက်သော နတ် လူ ဗြဟ္မာသည် ကြားသနည်း တဖန်ကြားသနည်း။

ရုပ်ချင်းချင်း ခိုက်၍ နာမ်ကကြားသည် အဖြစ်ကြောင့် ကြားတတ်သူ မရှိသည် သာလျှင်တည်း။ ထို့ကြောင့် တခါကြား၍ ချုပ်ခဲ့လျှင် အနိစ္စ ဒုက္ခ အနတ္တ ဟူ၍ မှတ်။ အာဂုံကို စက္ခုဒွါရ၌ ဆောင်၍ ကာယတိုင်အောင် သိကြလေ။

ဧတ္ထ ဟိ သောတဉ္စေ၀ သဒ္ဒေါ စ ရူပက္ခန္ဓော၊ သဝနံ ဝိညာဏက္ခန္ဓော၊ တံသမ္ပယုတ္တာ ဝေဒနာ ဝေဒနာက္ခန္ဓော၊ သညာ သညာက္ခန္ဓော၊ ဖဿာဒိကာ သင်္ခါရက္ခန္ဓော၊ ဧဝမေ တေသံ ပဉ္စန္နံ ခန္ဓာနံ သမဝါယေ သဝနအနုသဝနံ ပညာယတိ၊ တတ္ထ ကော ဧကော သဝတိ၊ ကော အနုသဝတိ။
မူလပဏ္ဏာသအဋ္ဌကထာနယဂ္ဂါဟ

ဟိ သစ္စံ၊ မှန်၏။
ဧတ္ထ၊ ဤစကားရပ်၌။
သောတေဉ္စဝ၊ သောတပသာဒရုပ်သည်၎င်း။
သဒ္ဒေါစ၊ သဒ္ဒါရုံသည်၎င်း။
ရူပက္ခန္ဓော၊ ရူပက္ခန္ဓာ မည်၏။
သဝနံ၊ ကြားခြင်းသည်။
ဝိညာဏက္ခန္ဓော၊ ဝိညာဏက္ခန္ဓာ မည်၏။
တံသမ္ပယုတ္တာ၊ ထိုသောတဝိညာဏ်နှင့် ယှဉ်သော။
ဝေဒနာ၊ ဝေဒနာ စေတသိက်သည်။
ဝေဒနာက္ခန္ဓော၊ ဝေဒနာက္ခန္ဓာ မည်၏။
သညာ၊ သညာ စေတသိက်သည်။
သညာက္ခန္ဓော၊ သညာက္ခန္ဓာ မည်၏။
ဖဿာဒိကာ၊ ဖဿအစရှိကုန်သော ငါးပါးသော စေတသိက်တို့သည်။
သင်္ခါရက္ခန္ဓော၊ သင်္ခါရက္ခန္ဓာ မည်၏။
ဧဝံ၊ ဤသို့။
ဧတေသံ ပဉ္စန္နံ ခန္ဓာနံ၊ ဤငါးပါးကုန်သော ခန္ဓာတို့၏။
သမဝါယေ၊ ပေါင်းဆုံစည်းဝေးကြသောအခါ၌။
သဝနအနုသဝနံ၊ ကြားခြင်း တဘန်ကြားခြင်းသည်။
ပညာယတိ၊ ထင်ရှား၏။
တတ္ထ၊ ထိုကြားခြင်း တဖန်ကြားခြင်း၌။
ကော ဧကော၊ အဘယ် တယောက်ယောက်သောသူသည်။
သဝတိ၊ ကြားသနည်း။
ကော၊ အဘယ်သူသည်။
အနုသဝတိ၊ တဘန်ကြားသနည်း။
နတ္ထေဝ၊ ကြားတတ်သော နတ် လူ ဗြဟ္မာ မရှိသည်သာလျှင်တည်း။
(ခန္ဓာဘို့)။

---

အာယတန၌ -
သောတပသာဒရုပ်သည် သောတာယတန မည်၏။
သဒ္ဒါရုံသည် သဒ္ဒါယတန မည်၏။
သောတဝိညာဏ်သည် မနာယတန မည်၏။
သုခုမရုပ်တို့နှင့် တကွ စေတသိက် (၇) ပါးသည် ဓမ္မာယတန မည်၏။

ဤအာယတန လေးပါးတို့၏ ပေါင်းဆုံကြခြင်းကြောင့် ကြားခြင်း တဘန်ကြားခြင်း စသည်တို့သည် ထင်ကုန်၏။ ထိုကြားခြင်း တဘန်ကြားခြင်း စသည်၌ အဘယ် နတ် လူတယောက်သည် ကြားသနည်း။ ကြားတတ်သော နတ် လူ ဗြဟ္မာ မရှိသည် သာလျှင်တည်း။

တထာ သောတံ သောတာယတနံ၊ သဒ္ဒေါ သဒ္ဒါယတနံ၊ သဝနံ မနာယတနံ၊ ဝေဒနာဒယော သမ္ပယုတ္တာဓမ္မာ ဓမ္မာယတနံ၊ ဧဝမေတေသံ စတုန္နံ အာယတနာနံ သမဝါယေ သဝနအနုသဝနံ ပညာယတိ၊ တတ္ထ ကော ဧကော သဝတိ၊ ကော အနုသဝတိ။
မူလပဏ္ဏာသ အဋ္ဌကထာနယဂ္ဂါဟ

တထာ၊ ထိုအတူ။
သောတံ၊ သောတပသာဒရုပ်သည်။
သောတာယတနံ၊ သောတာယတန မည်၏။
သဒ္ဒေါ၊ သဒ္ဒါရုံသည်။
သဒ္ဒါယတနံ၊ သဒ္ဒါယတန မည်၏။
သဝနံ၊ ကြားခြင်းသည်။
မနာယတနံ၊ မနာယတနမည်၏။
သမ္ပယုတ္တာ၊ သောတဝိညာဏ်နှင့် ယှဉ်ကုန်သော။
ဝေဒနာဒယော၊ ဝေဒနာအစရှိကုန်သော။
ဓမ္မာ၊ သုခုမရုပ်ဘို့နှင့်တကွ စေတသိက်တရားတို့သည်။
ဓမ္မာယတနံ၊ ဓမ္မာယတန မည်၏။
ဧဝံ၊ ဤသို့။
ဧတေသံ စတုန္နံ အာယတနာနံ၊ ဤလေးပါးသော အာယတနတို့၏။
သမဝါယေ၊ အညီအမျှ ပေါင်းဆုံကြရာ၌။
သဝနအနုသဝနံ၊ ကြားခြင်း အဘန်တလဲလဲ ကြားခြင်းသည်။
ပညာယတိ၊ ထင်ရှား၏။
တတ္ထ၊ ထိုကြားခြင်း အဘန်တလဲလဲ ကြားခြင်း၌။
ကော ဧကော၊ အဘယ်တယောက်ယောက်သည်။
သဝတိ၊ ကြားသနည်း။
ကော၊ အဘယ်သူသည်။
အနုသဝတိ၊ အဘန်တလဲလဲ ကြားသနည်း။
နတ္ထေဝ၊ ကြားတတ်သော နတ် လူ ဗြဟ္မာ သတ္တဝါ မရှိသည်သာလျှင်တည်း။

ကြွင်းသော သြဠာရိကရုပ်တို့ကိုကား လက္ခဏာဟာရ နည်းအားဖြင့် သိအပ်၏။
(အာယတနဘို့)။

---

ဓာတ်အားဖြင့်သော်ကား -
သောတပသာဒရုပ်သည် သောတဓာတ် မည်၏။
သဒ္ဓါရုံသည် သဒ္ဒဓာတ်မည်၏။
သောတဝိညာဏ်သည် သောတဝိညာဏဓာတ်မည်၏။
သုခုမရုပ်တို့နှင့်တကွ စေတသိက် (၇)ပါးသည် ဓမ္မဓာတ် မည်၏။

ဤဓာတ်လေးပါးတို့၏ ပေါင်းဆုံကြခြင်းကြောင့် ကြားခြင်း အဘန်တလဲလဲကြားခြင်း စသည်ထင်ခဲ့၏။ ထိုကြားခြင်း အဘန်တလဲလဲ ကြားခြင်းစသည်၌ အဘယ် နတ် လူ တယောက်သည် ကြားခြင်းစသည် ဖြစ်သနည်း။ ကြားတတ်သော နတ် လူ ဗြဟ္မာ သတ္တဝါ မရှိသည်သာလျှင်တည်း။

တထာ သောတံ သောတဓာတု၊ သဒ္ဒေါ သဒ္ဒဓာတု၊ သဝနံ သောတဝိညာဏဓာတု၊ တံသမ္ပယုတ္တာ ဝေဒနာ ဒယော ဓမ္မာ ဓမ္မဓာတု၊ ဧဝမေတေသံ စတုန္နံ ဓာတူနံ သမဝါယေ သဝနအနုသဝနံ ပညာယတိ၊ တတ္ထ ကော ဧကော သဝတိ၊ ကော အနုသဝတိ။
အဋ္ဌကထာ၏နယဂ္ဂါဟ

တထာ၊ ထိုအတူ။
သောတံ၊ သောတပသာဒရုပ်သည်။
သောတဓာတု၊ သောတဓာတ် မည်၏။
သဒ္ဒေါ၊ သဒ္ဒါရုံသည်။
သဒ္ဒဓာတု၊ သဒ္ဒဓာတ် မည်၏။
သဝနံ၊ ကြားခြင်းသည်။
သောတဝိညာဏဓာတု၊ သောတဝိညာဏဓာတ် မည်၏။
တံသမ္ပယုတ္တာ၊ ထိုသောတဝိညာဏ်နှင့် ယှဉ်ကုန်သော။
ဝေဒနာဒယော ၊ ဝေဒနာအစရှိကုန်သော။
ဓမ္မာ၊ သုခုမရုပ်တို့နှင့်တကွ စေတသိက်တရားတို့သည်။
ဓမ္မဓာတု၊ ဓမ္မဓာတ်မည်၏။
ဧဝံ၊ ဤသို့။
ဧတေသံ စတုန္နံ ဓာတူနံ၊ ဤလေးပါးကုန်သော ဓာတ်တို့၏။
သမဝါယော၊ အညီအမျှ ပေါင်းဆုံကြရာ၌။
သဝနအနုသဝနံ၊ ကြားခြင်း အဘန်တလဲလဲ ကြားခြင်းသည်။
ပညာယတိ၊ ထင်ရှား၏။
တတ္ထ၊ ထိုကြားရာ၌။
ကော ဧကော၊ အဘယ်တယောက်ယောက်သော သူသည်။
သဝတိ၊ ကြားသနည်း။
ကော၊ အဘယ်သူသည်။
အနုသဝတိ၊ တဘန် ကြားသနည်း။
နတ္တေဝ၊ ကြားတတ်သော နတ် လူ ဗြဟ္မာ သတ္တဝါ မှန်စွာစင်စစ် မရှိသည် သာလျှင်တည်း။
(ဓာတ်ဘို့)။

---

သစ္စာအားဖြင့်သော်ကား -
သောတဒွါရ၌ ဖြစ်ထိုက်သော (၇၁) ပါးသော ရုပ်နာမ်တို့သည် ဒုက္ခသစ္စာချည်း မည်၏။
(သစ္စာဘို့)။

---

ပဋိစ္စသမုပ္ပါဒ်ဒဓားဖြင့်သော်ကား -
သင်္ခါရ, ဝိညာဏ်, နာမ်, သဠာယတန , ဖဿ, ဝေဒနာ, ဘဝ, ဇာတိ, ဇရာမရဏ (၉) ပါး တို့ကို ရအပ်ကုန်၏။

ယသ္မိံ သမယေ ကာမာဝစရဿ ကုသလဿ ကမ္မဿ ကတတ္တာ ဥပစိတတ္တာ ဝိပါကံ သောတဝိညာဏံ ဥပ္ပန္နံ ဟောတိ ဥပေက္ခာသဟဂတံ သဒ္ဒါရမ္မဏံ၊ တသ္မိံ သမယေ သင်္ခါရပစ္စယာ ဝိညာဏံ၊ ဝိညာဏပစ္စယာ နာမံ၊ နာမ ပစ္စယာ ဆဋ္ဌာယတနံ၊ ဆဋ္ဌာယတနပစ္စယာ ဖဿော၊ ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာပစ္စယာ ဘဝေါ၊ ဘဝပစ္စယော ဇာတိ၊ ဇာတိပစ္စယာ ဇရာမရဏံ၊ ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။
ဝိဘင်းပါဠိတော်

ယသ္မိံ သမယေ၊ အကြင်အဗျာကတ ဖြစ်သောအခါ၌။
ကာမာဝစရဿ၊ ကာမာဝစရဖြစ်သော။
ကုသလဿ ကမ္မဿ၊ ကုသိုလ်ကံ၏။
ကတတ္တာ၊ ပြုအပ်သည်၏ အဖြစ်ကြောင့်။
ဥပစိတတ္တာ၊ ဆည်းပူးအပ်သည်၏ အဖြစ်ကြောင့်။
ဝိပါကံ၊ အကျိုးဖြစ်သော။
ဥပေက္ခာသဟဂတံ၊ ဥပေက္ခာဝေဒနာနှင့် တကွဖြစ်သော။
သောတဝိညာဏံ၊ သောတဝိညာဏ်သည်။
သဒ္ဒါရမ္မဏံ၊ သဒ္ဒါရုံကို။
အာရဗ္ဘအာရမ္မဏံ ကတွာ၊ အာရုံပြု၍။
ဥပ္ပန္နံ၊ ဖြစ်သည်။
ဟောတိ၊ ဖြစ်၏။

တသ္မိံ သမယေ၊ ထိုအခါ၌။
သင်္ခါရပစ္စယာ၊ သင်္ခါရဟူသော အကြောင်းကြောင့်။
ဝိညာဏံ၊ ဝိညာဏ်သည်။
သမ္ဘဝတိ၊ ဖြစ်၏။
ဝိညာဏပစ္စယာ၊ ဝိညာဏ်ဟူသော အကြောင်းကြောင့်။
နာမံ၊ နာမ်သည်။
သမ္ဘဝတိ၊ ဖြစ်၏။
နာမပစ္စယာ၊ နာမ်ဟူသော အကြောင်းကြောင့်။
ဆဋ္ဌာယတနံ၊ ဆဋ္ဌာယတနသည်။
ဝါ၊ အာယတန လေးပါးသည်။
သမ္ဘဝတိ၊ ဖြစ်၏။
ဆဋ္ဌာယတနပစ္စယာ၊ ဆဠာယတန ဟူသော အကြောင်းကြောင့်။
ဖဿော၊ ဖဿသည်။
သမ္ဘဝတိ၊ ဖြစ်၏။
ဖဿပစ္စယာ၊ ဖဿဟူသော အကြောင်းကြောင့်။
ဝေဒနာ၊ ဝေဒနာသည်။
သမ္ဘဝတိ၊ ဖြစ်၏။
ဝေဒနာပစ္စယာ၊ ဝေဒနာဟူသော အကြောင်းကြောင့်။
ဘဝေါ၊ ဘဝသည်။
သမ္ဘဝတိ၊ ဖြစ်၏။
ဘဝပစ္စယော၊ ဘဝဟူသော အကြောင်းကြောင့်။
ဇာတိ၊ ဇာတိသည်။
သမ္ဘဝတိ၊ ဖြစ်၏။
ဇာတိပစ္စယာ၊ ဇာတိ ဟူသော အကြောင်းကြောင့်။
ဇရာမရဏံ၊ ဇရာမရဏသည်။
သမ္ဘဝတိ၊ ဖြစ်၏။
ဧဝံ၊ ဤသို့။
ကေဝလဿ၊ သက်သက်သော။
ဧတဿ ဒုက္ခက္ခန္ဓဿ၊ ထို ဆင်းရဲအစု၏။
သမုဒယော ၊ ဖြစ်ခြင်းသည်။
ဟောတိ၊ ဖြစ်၏။

သောတအခိုက်၌ (၉)ပါးသော ပဋိစ္စသမုပ္ပါဒ်တို့တွင် -
စေတနာ စေတသိက်သည် သင်္ခါရနှင့် ဘဝ မည်၏။
သောတဝိညာဏ်စိတ်သည် ဝိညာဏ်မည်၏။
ဖဿစေတသိက်သည် ဖဿ မည်၏။
ဝေဒနာစေတသိက်သည် ဝေဒနာမည်၏။
ကြွင်းသော စေတသိက် လေးပါးသည် နာမ်မည်၏။

အနဝသေသနည်းအားဖြင့် ဆဋ္ဌာယတနံ ဟူ၍ ဟောတော်မူသည်။
သာဝသေသ နည်းအားဖြင့်သော်ကား အာယတန လေးပါးကိုသာ ရအပ်၏။
ထို အာယတနလေးပါးသည် အာယတန မည်၏။
ထိုအာယတနတို့၏ ဖြစ်ပေါ်ခြင်းသည် ဇာတိမည်၏။
ရင့်ခြင်းသည် ဇရာမည်၏။
ပျက်ခြင်းသည် မရဏမည်၏။

ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်မျိုး၌ နာမ်ရုပ်နှစ်ပါး အစုံကို ဟောရာ၌ ရုပ်ကို နာမရူပဖြင့် သင်္ဂြိုဟ်၍ ဟောတော်မူ၏။ နာမ်သက်သက်ကို ဟောတော်မူရာ၌ ရုပ်ကို အာယတနဖြင့် သင်္ဂြိုဟ်၍ ဟောတော်မူ၏။

ဤ ဝါရ၌လည်း ရုပ်ကို အာယတနဖြင့် သင်္ဂြိုဟ်၍ ဟောတော်မူသည်။
(ပဋိစ္စသမုပ္ပါဒ်သောတဘို့)။

၃၂ - ဃာနဒွါရ၌ ရုပ် - နာမ် - ခန္ဓာ - အာယတန - ဓါတ် - သစ္စာ - ပဋိစ္စသမုပ္ပါဒ် တို့ကို ပြခြင်း

ဃာနဒသက (၁၀) ကာယဒသက (၁၀) ဘာဝဒသက (၁၀) စိတ္တဇ (၈) ဥတုဇ (၈) အဟာရဇ (၈) ဂန္ဓာရုံ (၈) ပေါင်း ရုပ်သေး (၆၂)ပါး။
ဃာနဝိညာဏ် (၁) သဗ္ဗစိတ္တသာဓာရဏ စေတသိက် (၇) ပေါင်းနာမ် (၈)။
ဤသို့ အပေါင်းအားဖြင့် (၇ဝ) ဖြစ်၏။

ခန္ဓာဘို့

ထိုတွင် -
ရုပ် (၆၂) ပါးသည် ရူပက္ခန္ဓာမည်၏။
ဝေဒနာစေတသိက်သည် ဝေဒနက္ခန္ဓာ မည်၏။
သညာစေတသိက်သည် သညာက္ခန္ဓာ မည်၏။
ဝေဒနာ သညာမှ ကြွင်းသော (၅)ပါးသော စေတသိက်တို့သည် သင်္ခါရက္ခန္ဓာ မည်၏။
ဃာနဝိညာဏ်စိတ်သည် ဝိညာဏက္ခန္ဓာ မည်၏။

ထိုခန္ဓာငါးပါးတို့၏ အညီအမျှ ပေါင်းဆုံ ကြသည်ရှိသော် နံခြင်း တဘန်နံခြင်းသည် ထင်ခဲ့၏။ ထိုသို့ နံခြင်း တဘန်နံခြင်း၌ အဘယ်မည်သော နတ် လူတယောက်သည် နံသနည်း တဘန်နံသနည်း။ ရုပ်ချင်းချင်း ထိခိုက်၍ နာမ်က နံအပ်သည် အဖြစ်ကြောင့် နံတတ်သောသူ မရှိသည်သာလျှင်တည်း။ ထို့ကြောင့် နံ၍ချုပ်ခဲ့လျှင် အနိစ္စ ဒုက္ခ အနတ္တ ဟူ၍မှတ်။

တတ္ထ ဟိ ဃာနေဉ္စ၀ ဂန္ဓော စ ရူပက္ခန္ဓော၊ ဃာယနံ ဝိညာဏက္ခန္ဓော၊ တံသမ္ပယုတ္တာ ဝေဒနာ ဝေဒနာက္ခန္ဓော၊ သညာ သညာက္ခန္ဓော၊ ဖဿာဒိကာ သင်္ခါရက္ခန္ဓော၊ ဧဝ မေတေတံ ပဉ္စန္နံ ခန္ဓာနံ သမဝါယေ ဃာယနအနုဃာယနံ ပညာယတိ၊ တတ္ထ ကော ဧကော ဃာယတိ၊ ကော အနုဃာယတိ။
မူလပဏ္ဏာသအဋ္ဌကထာ၏နယဂ္ဂါဟ။

ဟိ၊ ထိုစကားမှန်၏။
တတ္ထ၊ ထိုစကားရပ်၌။
ဃာနေဉ္စဝ၊ ဃာနပသာဒရုပ်သည်၎င်း။
ဂန္ဓော စ၊ ဂန္ဓာရုံသည်၎င်း။
ရူပက္ခန္ဓော၊ ရူပက္ခန္ဓာ မည်၏။
ဃာယနံ၊ နံတတ်သော ဃာနဝိညာဏ်စိတ်သည်။
ဝိညာဏက္ခန္ဓော၊ ဝိညာဏက္ခန္ဓာ မည်၏။
တံသမ္ပယုတ္တာ၊ ထိုဃာနဝိညာဏ်နှင့်ယှဉ်သော။
ဝေဒနာ၊ ဝေဒနာစေတသိက်သည်။
ဝေဒနာက္ခန္ဓော၊ ဝေဒနာက္ခန္ဓာမည်၏။
သညာ၊ သညာစေတသိက်သည်။
သညာက္ခန္ဓော၊ သညာက္ခန္ဓာ မည်၏။
ဖဿာဒိကာ၊ ဖဿ အစရှိကုန်သော ငါးပါးသော စေတသိက်တို့သည်။
သင်္ခါရက္ခန္ဓော၊ သင်္ခါရက္ခန္ဓာ မည်၏။
ဧဝံ၊ ဤသို့။
ဧတေသံ ပဉ္စန္နံ ခန္ဓာနံ၊ ဤငါးပါးကုန်သော ခန္ဓာတို့၏။
သမဝါယေ၊ ပေါင်းဆုံ စည်းဝေးကြသောအခါ၌။
ဃာယနအနုဃာယနံ၊ နံခြင်း တဘန်နံခြင်းသည်။
ပညာယတိ၊ ထင်ရှား၏။
တတ္ထ၊ ထိုနံခြင်း တဘန်နံခြင်း၌။
ကော ဧကော၊ အဘယ် သတ္တဝါ တယောက်သည်။
ဃာယတိ၊ နံသနည်း။
ကော၊ အဘယ်သူသည်။
အနုဃာယတိ၊ တဘန်နံသနည်း။
နတ္ထေဝ၊ နံတတ်သော ပုဂ္ဂိုလ်သတ္တဝါ မှန်စွာစင်စစ် မရှိသည်သာလျှင်တည်း။
(ခန္ဓာဘို့)။

အာယတနဘို့

အာယတန၌ -
ဃာနပသာဒရုပ်သည် ဃာနာယတန မည်၏။
ဂန္ဓာရုံသည် ဂန္ဓာယတန မည်၏။
ဃာနဝိညာဏ်သည် မနာယတန မည်၏။
သုခုမရုပ်တို့နှင့်တကွ စေတသိက် (၇) ပါးသည် ဓမ္မာယတန မည်၏။

ဤ အာယတနလေးပါးတို့၏ ပေါင်းဆုံကြခြင်းကြောင့် နံခြင်း တဘန်နံခြင်း စသည်သည် ထင်၏။ ထိုနံခြင်း စသည်၌ အဘယ် နတ် လူတယောက်သည် နံသနည်း။ နံတတ်သော နတ် လူ မရှိသည်သာတည်း။

တထာ ဃာနံ ဃာနာယတနံ၊ ဂန္ဓော ဂန္ဓာယတနံ၊ ဃာယနံ မနာယတနံ၊ ဝေဒနာဒယော သမ္ပယုတ္တာ ဓမ္မာ ဓမ္မာယတနံ၊ ဧဝမေတေသံ စတုန္နံ အာယတနာနံ သမဝါယေ ဃာယန အနုဃာယနံ ပညာယတိ၊ တတ္ထ ကော ဧကော ဃာယတိ၊ ကော အနုဃာယတိ။
မူလပဏ္ဏာသအဋ္ဌကထာ၏နယဂ္ဂါဟ။

တထာ၊ ထို့အတူ။
ဃာနံ၊ ဃာနပသာဒရုပ်သည်။
ဃာနာယတနံ၊ ဃာနာယတန မည်၏။
ဂန္ဓော၊ ဂန္ဓာရုံသည်။
ဂန္ဓာယတနံ၊ ဂန္ဓာယတန မည်၏။
ဃာယနံ၊ နံတတ်သော ဃာနဝိညာဏ်စိတ်သည်။
မနာယတနံ၊ မနာယတန မည်၏။
သမ္ပယုတ္တ၊ ဃာနဝိညာဏ်နှင့် ယှဉ်ကုန်သော။
ဝေဒနာဒယော၊ ဝေဒနာ အစရှိကုန်သော။
ဓမ္မာ၊ သုခုမရုပ်တို့နှင့်တကွ စေတသိက်တရားတို့သည်။
ဓမ္မာယတနံ၊ ဓမ္မာယတနမည်၏။
ဧဝံ၊ ဤသို့။
ဧတေသံ စတုန္နံ အာယတနာနံ၊ ဤလေးပါးကုန်သော အာယတနတို့၏။
သမဝါယေ၊ ပေါင်းဆုံ စည်းဝေးကြသောအခါ၌။
ဃာယနအနုဃာယနံ၊ နံခြင်း တဘန်နံခြင်းသည်။
ပညာယတိ၊ ထင်ရှား၏။
တတ္ထ၊ ထိုနံခြင်း တဘန်နံခြင်း၌။
ကော ဧကော၊ အဘယ်မည်သော သတ္တဝါတယောက်သည်။
ဃာယတိ၊ နံသနည်း။
ကော၊ အဘယ်သူသည်။
အနုဃာယတိ၊ တဘန်နံသနည်း။
နတ္ထေဝ၊ နံတတ်သော နတ် လူ သတ္တဝါ မရှိသည်သာတည်း။
(အာယတနဘို့)။

ဓာတ်ဘို့

ဓာတ်၌ -
ဃာနပသာဒရုပ်သည် ဃာနဓာတ်မည်၏။
ဂန္ဓာရုံသည် ဂန္ဓဓာတ် မည်၏။
ဃာနဝိညာဏ်စိတ်သည် ဃာနဝိညာဏဓာတ်မည်၏။
သုခုမရုပ်တို့နှင့်တကွ စေတသိက် (၇)ပါးသည် ဓမ္မဓာတ်မည်၏။

ဤဓာတ်(၄)ပါးတို့၏ ပေါင်းဆုံကြခြင်းကြောင့် နံခြင်း တဘန်နံခြင်း စသည်တို့သည် ထင်၏။ ထိုနံခြင်း စသည်တို့၌ အဘယ် နတ်လူတယောက်သည် နံသနည်း။ နံတတ် သော နတ်လူသတ္တဝါ မရှိသည်သာလျှင်တည်း။

တထာ ဃာနံ ဃာနဓာတု၊ ဂန္ဓော ဂန္ဓဓာတု၊ ဃာယနံ ဃာနဝိညာဏဓာတု တံသမ္ပယုတ္တာ ဝေဒနာဒယော ဓမ္မာ ဓမ္မဓာတု၊ ဧဝမေတေသံ စတုန္နံ ဓာတူနံ သမဝါယေ ဃာယန အနုဃာယနံ ပညာယတိ၊ တတ္ထ ကော ဧကော ဃာယတိ၊ ကော အနုဃာယတိ။
၎င်းအဋ္ဌကထာ၏ နယဂ္ဂါဟ။

တထာ၊ ထို့အတူ။
ဃာနံ၊ ဃာနပသာဒရုပ်သည်။
ဃာနဓာတု၊ ဃာနဓာတ်မည်၏။
ဂန္ဓော၊ ဂန္ဓာရုံသည်။
ဂန္ဓဓာတု၊ ဂန္ဓဓာတ် မည်၏။
ဃာယနံ၊ နံတတ်သော ဃာနဝိညာဏ်စိတ်သည်။
ဃာနဝိညာဏဓာတု၊ ဃာနဝိညာဏဓာတ် မည်၏။
တံသမ္ပယုတ္တာ၊ ထိုဃာနဝိညာဏ်နှင့် ယှဉ်ကုန်သော။
ဝေဒနာ၊ ဝေဒနာ အစရှိကုန်သော။
ဓမ္မာ၊ သုခုမရုပ်တို့နှင့်တကွ စေတသိက်တရားတို့သည်။
ဓမ္မဓာတု၊ ဓမ္မဓာတ်မည်၏။
ဧဝံ၊ ဤသို့။
ဧတေသံ စတုန္နံ ဓာတူနံ၊ ဤလေးပါးကုန်သော ဓာတ်တို့၏။
သမဝါယော၊ အညီအမျှ ပေါင်းဆုံ စည်းဝေးကြသောအခါ၌။
ဃာယနအနုဃာယနံ၊ နံခြင်း အဘန်တလဲလဲ နံခြင်းသည်။
ပညာယတိ၊ ထင်ရှား၏။
တတ္ထ၊ ထိုနံခြင်း တဘန်နံခြင်း၌။
ကော ဧကော၊ အဘယ်မည်သော တယောက်ယောက်သော သူသည်။
ဃာယတိ၊ နံသနည်း။
ကော၊ အဘယ်မည်သောသူသည်။
အနုဃာယတိ၊ တဘန်နံသနည်း။
နတ္ထေဝ၊ နံတတ်သော နတ်လူသတ္တဝါ မရှိသည်သာတည်း။
(ဓာတ်ဘို့)။

သစ္စာဘို့

သစ္စာအားဖြင့်သော်ကား -
ဤ (၇၀)သော ရုပ်နာမ်တရားတို့ သည် ဒုက္ခသစ္စာချည်း မည်ကုန်၏။
(သစ္စာဘို့)။

ပဋိစ္စသမုပ္ပါဒ်ဘို့

ပဋိစ္စသမုပ္ပါဒ်၌ကား -
သင်္ခါရ, ဝိညာဏ် နာမ်, သဠာယတန, ဖဿ, ဝေဒနာ, ဘဝ, ဇာတိ, ဇရာမရဏ (၉) ပါးတို့ကို ရအပ်ကုန်၏။

ယသ္မိံ သမယေ ကာမာဝစရဿ ကုသလဿ ကမ္မဿ ကတတ္တာ ဥပစိတတ္တာ ဝိပါကံ ဃာနဝိညာဏံ ဥပ္ပန္နံ ဟောတိ ဥပေက္ခာသဟဂတံ ဂန္ဓာရမ္မဏံ၊ တသ္မိံ သမယေ သင်္ခါရပစ္စယာ ဝိညာဏံ၊ ဝိညာဏပစ္စယာ နာမံ၊ နာမပစ္စယာ ဆဋ္ဌာယတနံ၊ ဆဋ္ဌာယတနပစ္စယာ ဖဿော၊ ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာပစ္စယာ ဘဝေါ၊ ဘဝပစ္စယာ ဇာတိ၊ ဇာတိပစ္စယာ ဇရာမရဏံ၊ ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။
ဝိဘင်းပါဠိတော်။

ယသ္မိံ သမယေ၊ အကြင် အဗျာကတဖြစ်သောအခါ၌။
ကာမာဝစရဿ၊ ကာမာဝစရဖြစ်သော။
ကုသလဿ ကမ္မဿ၊ ကုသိုလ်ကံ၏။
ကတတ္တာ၊ ပြုအပ်သည်၏ အဖြစ်ကြောင့်။
ဥပစိတတ္တာ၊ ဆည်းပူးအပ်သည်၏ အဖြစ်ကြောင့်။
ဝိပါကံ၊ အကျိုးဖြစ်သော။
ဥပေက္ခာသဟဂတံ၊ ဥပေက္ခာဝေဒနာနှင့် တကွဖြစ်သော။
ဃာနဝိညာဏံ၊ ဃာနဝိညာဏ်စိတ်သည်။
ဂန္ဓာရမ္မဏံ၊ ဂန္ဓာရုံကို။
အာရဗ္ဘ အာရမ္မဏံ ကတွာ၊ အာရုံပြု၍။
ဥပ္ပန္နံ၊ ဖြစ်သည်။
ဟောတိ၊ ဖြစ်၏။

တသ္မိံ သမယေ၊ ထိုအခါ၌။
သင်္ခါရပစ္စယာ၊ သင်္ခါရဟူသော အကြောင်းကြောင့်။
ဝိညာဏံ၊ ဝိညာဏ်သည်။
သမ္ဘဝတိ၊ ဖြစ်၏။
ဝိညာဏပစ္စယာ၊ ဝိညာဏ်ဟူသော အကြောင်းကြောင့်။
နာမံ၊ နာမ်သည်။
သမ္ဘဝတိ၊ ဖြစ်၏။
နာမပစ္စယာ၊ နာမ်ဟူသော အကြောင်းကြောင့်။
ဆဋ္ဌာယတနံ၊ ဆဋ္ဌာယတနသည်။
ဝါ၊ အာယတန လေးပါးသည်။
သမ္ဘဝတိ၊ ဖြစ်၏။
ဆဋ္ဌာယတနပစ္စယာ၊ ဆဋ္ဌာယတနဟူသော အကြောင်းကြောင့်။
ဖဿော၊ ဖဿသည်။
သမ္ဘဝတိ၊ ဖြစ်၏။
ဖဿပစ္စယာ၊ ဖဿဟူသော အကြောင်းကြောင့်။
ဝေဒနာ၊ ဝေဒနာသည်။
သမ္ဘဝတိ၊ ဖြစ်၏။
ဝေဒနာပစ္စယာ၊ ဝေဒနာဟူသော အကြောင်းကြောင့်။
ဘဝေါ၊ ဘဝသည်။
သမ္ဘဝတိ၊ ဖြစ်၏။
ဘဝပစ္စယာ၊ ဘဝဟူသော အကြောင်းကြောင့်။
ဇာတိ၊ ဇာတိသည်။
သမ္ဘဝတိ၊ ဖြစ်၏။
ဇာတိပစ္စယာ၊ ဇာတိဟူသော အကြောင်းကြောင့်။
ဇရာမရဏံ၊ ဇရာမရဏသည်။
သမ္ဘဝတိ၊ ဖြစ်၏။
ဧဝံ၊ ဤသို့။
ကေဝလဿ၊ သက်သက်သော။
ဧတဿ ဒုက္ခက္ခန္ဓဿ၊ ထိုဆင်းရဲအစု၏။
သမုဒယော၊ ဖြစ်ခြင်းသည်။
ဟောတိ၊ ဖြစ်၏။
(ပဋိစ္စသမုပ္ပါဒ်ဘို့)။

၃၃ - ဇိဝှါဒွါရ၌ ရုပ် - နာမ် - ခန္ဓာ - အာယတန - ဓါတ် - သစ္စာ - ပဋိစ္စသမုပ္ပါဒ် တို့ကို ပြခြင်း

ဇိဝှါဒသက (၁၀) ကာယဒသက (၁ဝ) ဘာဝဒသက (၁၀) စိတ္တဇ (၈) ဥတုဇ (၈) အာဟာရဇ (၈) ရသာရုံ (၈) ပေါင်း ရုပ်သေး (၆၂)။
ဇိဝှါဝိညာဏ် (၁) သဗ္ဗစိတ္တသာဓာရဏ (၇) ပေါင်း (၈)။
ဤသို့အပေါင်းအားဖြင့် (၇၀) ဖြစ်၏။

ခန္ဓာဘို့

ထိုတွင် -
ရုပ် (၆၂) ပါးသည် ရူပက္ခန္ဓာမည်၏။
ဝေဒနာစေတသိက်သည် ဝေဒနာက္ခန္ဓာ မည်၏။
သညာစေတသိက်သည် သညာက္ခန္ဓာ မည်၏။
ဝေဒနာ သညာမှ ကြွင်းသော စေတသိက်ငါးပါးတို့ သည် သင်္ခါရက္ခန္ဓာ မည်၏။
ဇိဝှါဝိညာဏ်စိတ်သည် ဝိညာဏက္ခန္ဓာ မည်၏။

ထိုခန္ဓာငါးပါးတို့၏ အညီအမျှ ပေါင်းဆုံကြသည်ရှိသော် လျက်ခြင်း တဘန်လျက်ခြင်း သည် ထင်ခဲ့၏။ ထိုသို့လျက်ခြင်း တဘန်လျက်ခြင်း၌ အဘယ်မည်သော နတ် လူတယောက်သည် လျက်သနည်း တဘန်လျက်သနည်း။ ရုပ်ချင်းချင်း ထိခိုက်၍ နာမ်က အရသာကို သိသည် အဖြစ်ကြောင့် လျက်တတ်သောသူ မရှိသည် သာလျှင်တည်း။ ထို့ကြောင့် တခါလျက်၍ ချုပ်ခဲ့လျှင် အနိစ္စ ဒုက္ခ အနတ္တ ဟူ၍မှတ်။

ဧတ္ထ ဟိ ဇီဝှါစ ရသောစ ရူပက္ခန္ဓော၊ သာယနံ ဝိညာဏက္ခန္ဓော၊ တံသမ္ပယုတ္တာ ဝေဒနာဝေဒနာက္ခန္ဓော၊ သညာ သညာက္ခန္ဓော၊ ဖဿဒိကာ သင်္ခါရက္ခန္ဓော၊ ဧဝမေတေသံ ပဉ္စန္နံ ခန္ဓာနံ သမဝါယေ သာယနအနုသာယနံ ပညာယတိ၊ တတ္ထ ကော ဧကော သာယတိ ကော အနုသာယတိ။
မူလပဏ္ဏာသအဋ္ဌကထာ၏ နယဂ္ဂါဟ။

ဟိသစ္စံ၊ မှန်၏။
ဧတ္ထ၊ ဤစကား၌။
ဇီဝှါ စ၊ ဇိဝှါပသာဒရုပ်သည်၎င်း။
ရသော စ၊ ရသာရုံသည်၎င်း။
ရူပက္ခန္ဓော၊ ရူပက္ခန္ဓာ မည်၏။
သာယနံ၊ လျက်တတ်သော ဇိဝှါဝိညာဏ်စိတ်သည်။
ဝိညာဏက္ခန္ဓော၊ ဝိညာဏက္ခန္ဓာ မည်၏။
တံသမ္ပယုတ္တာ၊ ထို ဝိညာဏ်နှင့်ယှဉ်သော။
ဝေဒနာ၊ ဝေဒနာစေတသိက်သည်။
ဝေဒနာက္ခန္ဓော၊ ဝေဒနာက္ခန္ဓာ မည်၏။
သညာ၊ သညာစေတသိက်သည်။
သညာက္ခန္ဓော၊ သညာက္ခန္ဓာ မည်၏။
ဖဿာဒိကာ၊ ဖဿ အစရှိကုန်သော ငါးပါးသော စေတသိက်တို့သည်။
သင်္ခါရက္ခန္ဓော၊ သင်္ခါရက္ခန္ဓာ မည်၏။
ဧဝံ၊ ဤသို့။
ဧတေသံ ပဉ္စန္နံ ခန္ဓာနံ၊ ဤငါးပါးကုန်သော ခန္ဓာတို့၏။
သမဝါယေ၊ ပေါင်းဆုံစည်းဝေး ကြသောအခါ၌။
သာယနအနုသယနံ၊ လျက်ခြင်း တဘန်လျက်ခြင်းသည်။
ပညာယတိ၊ ထင်ရှား၏။
တတ္ထ၊ ထိုလျက်ရာ၌။
ကော ဧကော၊ အဘယ် တယောက်ယောက်သော သူသည်။
သာယတိ၊ လျက်သနည်း။
ကော၊ အဘယ်သူသည်။
အနုသာယတိ၊ တဘန် လျက်သနည်း။
နတ္တေဝ၊ လျက်တတ်သော နတ် လူ သတ္တဝါ မရှိသည်သာတည်း။
(ခန္ဓာဘို့)။

အာယတနဘို့

အာယတန၌ -
ဇိဝှါပသာဒရုပ်သည် ဇိဝှါယတနမည်၏။
ရသာရုံသည် ရသာယတန မည်၏။
ဇိဝှါဝိညာဏ်သည် မနာယတန မည်၏။
သုခုမရုပ်တို့နှင့်တကွ စေတသိက် (၇) ပါးသည် ဓမ္မာယတန မည်၏။

ဤအာယတန (၄) ပါးတို့၏ ပေါင်းဆုံကြခြင်းကြောင့် လျက်ခြင်းစသည်သည် ထင်၏။ ထိုလျက်ခြင်း တဘန်လျက်ခြင်း စသည်၌ အဘယ် နတ်လူတယောက်သည် လျက်သနည်း။ လျက်တတ်သော နတ်လူသတ္တဝါ မရှိသည်သာတည်း။

တထာ ဇီဝှါ ဇိဝှာယတနံ၊ ရသော ရသာယတနံ၊ သာယနံ မနာယတနံ၊ ဝေဒနာဒယော သမ္ပယုတ္တာ ဓမ္မာ ဓမ္မာယတနံ၊ ဧဝမေသံ စတုန္နံ အာယတနာနံ သမဝါယေ သာယန အနုသယနံ ပညာယတိ၊ တတ္ထ ကော ဧကော သာယတိ၊ ကော အနုဿာယတိ။
မူလပဏ္ဏာသအဋ္ဌကထာ၏ နယဂ္ဂါဟ။

တထာ၊ ထို့အတူ။
ဇီဝှါ၊ ဇိဝှါပသာဒရုပ်သည်။
ဇိဝှါယတနံ၊ ဇိဝှါယတနမည်၏။
ရသော၊ ရသာရုံသည်။
ရသာယတနံ၊ ရသာယတန မည်၏။
သာယနံ၊ လျက်တတ်သော ဇိဝှါဝိညာဏ်စိတ်သည်။
မနာယတနံ၊ မနာယတန မည်၏။
သမ္ပယုတ္တာ၊ ဇိဝှါဝိညာဏ်နှင့် ယှဉ်ကုန်သော။
ဝေဒနာဒယော၊ ဝေဒနာအစရှိကုန်သော။
ဓမ္မာ၊ သုခုမရုပ်တို့နှင့်တကွ စေတသိက်တရားတို့သည်။
ဓမ္မာယတနံ၊ ဓမ္မာယတန မည်၏။
ဧဝံ၊ ဤသို့။
တေသံ စတုန္နံ အာယတနာနံ၊ ဤ လေးပါးကုန်သော အာယတနတို့၏။
သမဝါယေ၊ ပေါင်းဆုံစည်းဝေးကြသော အခါ၌။
သာယနအနုသယနံ၊ လျက်ခြင်း တဘန်လျက်ခြင်းသည်။
ပညာယတိ၊ ထင်ရှား၏။
တတ္ထ၊ ထိုလျက်ခြင်း တဘန်လျက်ခြင်း၌။
ကော ဧကော၊ အဘယ်မည်သော တယောက်ယောက်သော သူသည်။
သာယတိ၊ လျက်သနည်း။
ကော၊ အဘယ်သူသည်။
အနုသာယတိ၊ တဘန်လျက်သနည်း။
နတ္ထေဝ၊ လျက်တတ်သော နတ် လူ သတ္တဝါ မရှိသည်သာတည်း။
(အာယတနဘို့)။

ဓာတ်ဘို့

ဓာတ်၌ -
ဇိဝှါပသာဒရုပ်သည် ဇိဝှါဓာတ်မည်၏။
ရသာရုံသည် ရသဓာတ်မည်၏။
ဇိဝှါဝိညာဏ်သည် ဇိဝှါဝိညာဏဓာတ် မည်၏။
သုခုမရုပ်တို့နှင့်တကွ စေတသိက် (၈) ပါးသည် ဓမ္မဓာတ်မည်၏။

ဤဓာတ်လေးပါးတို့၏ ပေါင်းဆုံကြခြင်းကြောင့် လျက်ခြင်း တဘန်လျက်ခြင်း စသည်သည် ထင်၏။ ထိုလျက်ခြင်း အဘန်တလဲလဲ လျက်ခြင်း စသည်၌ အဘယ် နတ် လူတယောက်သည် လျက်သနည်း။ လျက်တတ်သော နတ် လူသတ္တဝါ မရှိသည်သာတည်း။

တထာ ဇီဝှါ ဇိဝှါဓာတု၊ ရသော ရသဓာတု၊ သာယနံ ဇိဝှါဝိညာဏဓာတု၊ တံသမ္ပယုတ္တာ ဝေဒနာဒယော ဓမ္မာ ဓမ္မဓာတု၊ ဧဝမေတေသံ စတုန္နံ ဓာတူနံ သမဝါယေ သာယန အနုသာယနံ ပညာယတိ၊ တတ္ထ ကော ဧကော သာယတိ၊ ကာ အနုသာယတိ။
မူလပဏ္ဏာသအဋ္ဌကထာ၏ နယဂ္ဂါဟ။

တထာ၊ ထို့အတူ။
ဇီဝှါ၊ ဇိဝှါပသာဒရုပ်သည်။
ဇိဝှါဓာတု၊ ဇိဝှါဓာတ်မည်၏။
ရသော၊ ရသာရုံသည်။
ရသဓာတု၊ ရသဓာတ်မည်၏။
သာယနံ၊ လျက်ခြင်းသည်။
ဇိဝှါဝိညာဏဓာတု၊ ဇိဝှါဝိညာဏဓာတ်မည်၏။
တံသမ္ပယုတ္တာ၊ ထိုဇိဝှါဝိညာဏ်နှင့် ယှဉ်ကုန်သော။
ဝေဒနာဒယော၊ ဝေဒနာအစရှိကုန်သော။
ဓမ္မာ၊ သုခုမရုပ်တို့နှင့် တကွ စေတသိက်တရားတို့သည်။
ဓမ္မဓာတု၊ ဓမ္မဓာတ်မည်၏။
ဧဝံ၊ ဤသို့။
ဧတေသံ စတုန္နံ ဓာတူနံ၊ ဤလေးပါးကုန်သော ဓာတ်တို့၏။
သမဝါယော၊ အညီအမျှ ပေါင်းဆုံကြရာ၌။
သာယနအနုသယနံ၊ လျက်ခြင်း တဘန်လျက်ခြင်းသည်။
ပညာယတိ၊ ထင်ရှား၏။
တတ္ထ၊ ထိုလျက်ခြင်း တဘန်လျက်ခြင်း၌။
ကော ဧကော၊ အဘယ်မည်သော တယောက်ယောက်သော သူသည်။
သာယတိ၊ လျက်သနည်း။
ကော၊ အဘယ်သူသည်။
အနုသာယတိ၊ တဘန် လျက်သနည်း။
နတ္ထေဝ၊ လျက်တတ်သော နတ် လူ သတ္တဝါ မရှိသည်သာတည်း။
(ဓာတ်ဘို့)။

သစ္စာဘို့

သစ္စာ၌ -
၎င်းဇိဝှါဒွါရ၌ ဖြစ်ထိုက်သော (၇၀) သော ရုပ်နာမ်တို့သည် ဒုက္ခသစ္စာချည်း မည်ကုန်၏။
(သစ္စာဘို့)။

ပဋိစ္စသမုပ္ပါဒ်ဘို့

ပဋိစ္စသမုပ္ပါဒ်၌ကား -
သင်္ခါရ, ဝိညာဏ်, နာမ်, သဠာယတန, ဖဿ, ဝေဒနာ, ဘဝ, ဇာတိ, ဇရာမရဏ (၉) ပါးတို့ကို ရအပ်ကုန်၏။

ယသ္မိံ သမယေ ကာမာဝစရဿ ကုသလဿ ကမ္မဿ ကတတ္တာ ဥပစိတတ္တာ ဝိပါကံ ဇိဝှါဝိညာဏံ ဥပ္ပန္နံ ဟောတိ ဥပေက္ခာသဟဂတံ ရသာရမ္မဏံ၊ တသ္မိံ သမယေ သင်္ခါရပစ္စယာ ဝိညာဏံ၊ ဝိညာဏပစ္စယာ နာမံ၊ နာမပစ္စယာ ဆဋ္ဌာယတနံ၊ ဆဋ္ဌာယတနပစ္စယာ ဖဿော၊ ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာပစ္စယာ ဘဝေါ၊ ဘဝပစ္စယာ ဇာတိ၊ ဇာတိပစ္စယာ ဇရာမရဏံ၊ ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။
ဝိဘင်းပါဠိတော်။

ယသ္မိံ သမယေ၊ အကြင် အဗျာကတ ဖြစ်သောအခါ၌။
ကာမာဝစရဿ၊ ကာမာဝစရဖြစ်သော။
ကုသလဿ ကမ္မဿ၊ ကုသိုလ်ကံ၏။
ကတတ္တာ၊ ပြုအပ်သည်၏ အဖြစ်ကြောင့်။
ဥပစိတတ္တာ၊ ဆည်းပူးအပ်သည်၏ အဖြစ်ကြောင့်။
ဝိပါကံ၊ အကျိုးဖြစ်သော။
ဥပေက္ခာသဟဂတံ၊ ဥပေက္ခာဝေဒနာနှင့် တကွဖြစ်သော။
ဇိဝှါဝိညာဏံ၊ ဇိဝှါဝိညာဏ်စိတ်သည်။
ရသာရမ္မဏံ၊ ရသာရုံကို။
အာရဗ္ဘ အာရမ္မဏံ ကတွာ၊ အာရုံပြု၍။
ဥပ္ပန္နံ၊ ဖြစ်သည်။
ဟောတိ၊ ဖြစ်၏။
တသ္မိံသမယေ၊ ထိုအခါ၌။
သင်္ခါရပစ္စယာ၊ သင်္ခါရဟူသော အကြောင်းကြောင့်။
ဝိညာဏံ၊ ဝိညာဏ်သည်။
သမ္ဘဝတိ၊ ဖြစ်၏။
ဝိညာဏပစ္စယာ၊ ဝိညာဏ်ဟူသော အကြောင်းကြောင့်။
နာမံ၊ နာမ်သည်။
သမ္ဘဝတိ၊ ဖြစ်၏။
နာမပစ္စယာ၊ နာမ်ဟူသော အကြောင်းကြောင့်။
ဆဋ္ဌာယတနံ၊ ဆဋ္ဌာယတနသည်။
ဝါ၊ အာယတန လေးပါးသည်။
သမ္ဘဝတိ၊ ဖြစ်၏။
ဆဋ္ဌာယတနပစ္စယာ၊ ဆဋ္ဌာယတနဟူသော အကြောင်းကြောင့်။
ဖဿော၊ ဖဿသည်။
သမ္ဘဝတိ၊ ဖြစ်၏။
ဖဿပစ္စယာ၊ ဖဿဟူသော အကြောင်းကြောင့်။
ဝေဒနာ၊ ဝေဒနာသည်။
သမ္ဘဝတိ၊ ဖြစ်၏။
ဝေဒနာပစ္စယာ၊ ဝေဒနာဟူသော အကြောင်းကြောင့်။
ဘဝေါ၊ ဘဝသည်။
သမ္ဘဝတိ၊ ဖြစ်၏။
ဘဝပစ္စယာ၊ ဘဝဟူသော အကြောင်းကြောင့်။
ဇာတိ၊ ဇာတိသည်။
သမ္ဘဝတိ၊ ဖြစ်၏။
ဇာတိပစ္စယာ၊ ဇာတိဟူသော အကြောင်းကြောင့်။
ဇရာမရဏံ၊ ဇရာမရဏသည်။
သမ္ဘဝတိ၊ ဖြစ်၏။
ဧဝံ၊ ဤသို့။
ကေဝလဿ၊ သက်သက်သော။
ဧတဿ ဒုက္ခက္ခန္ဓဿ၊ ထိုဆင်းရဲအစု၏။
သမုဒယော၊ ဖြစ်ခြင်းသည်။
ဟောတိ၊ ဖြစ်၏။
(ပဋိစ္စသမုပ္ပါဒ်ဘို့)။

၃၄ - ကာယဒွါရ၌ ရုပ် - နာမ် - ခန္ဓာ - အာယတန - ဓါတ် - သစ္စာ - ပဋိစ္စသမုပ္ပါဒ် တို့ကို ပြခြင်း

ကာယဒွါရ၌ကား -
ကာယဒွါရေ ကာယ ဘာဝ ဒသက ဝသေန စေဝ ဥတုသမုဋ္ဌာနာဒိဝသေန စ စတုစတ္တာလီသ
ဟူ၍ ဝိသုဒ္ဓိမဂ်အဋ္ဌကထာ မိန့်မှာတော်မူသောကြောင့် -

ကာယဒသက (၁၀) ဘာဝဒသက (၁၀) စိတ္တဇ (၈) ဥတုဇ (၈) အာဟာရဇ (၈) ဖောဋ္ဌဗ္ဗာရုံ (၈) ပေါင်းရုပ်သေး (၅၂)ပါး ။
ကာယဝိညာဏ် (၁) သဗ္ဗစိတ္တသာဓာရဏ (၇) ပေါင်းနာမ် (၈)ပါး။
ဤသို့ အပေါင်းအားဖြင့် (၆၀)ဖြစ်၏။

ခန္ဓာဘို့

ထိုတွင် -
ရုပ် (၅၂) ပါးသည် ရူပက္ခန္ဓာမည်၏။
ဝေဒနာစေတသိက်သည် ဝေဒနာက္ခန္ဓာ မည်၏။
သညာစေတသိက်သည် သညာက္ခန္ဓာမည်၏။
ဝေဒနာ သညာမှ ကြွင်းသော စေတသိက် ငါးပါးတို့သည် သင်္ခါရက္ခန္ဓာမည်၏။
ကာယဝိညာဏ်စိတ်သည် ဝိညာဏက္ခန္ဓာ မည်၏။

ထိုခန္ဓာငါးပါးတို့၏ အညီအမျှ ပေါင်းဆုံ ကြသည်ရှိသော် တွေ့ထိခြင်း တဘန် တွေ့ထိခြင်းသည် ထင်ခဲ့၏။ ထိုသို့တွေ့ထိခြင်း တဘန်တွေ့ထိခြင်း၌ အဘယ် မည်သော နတ် လူတယောက်သည် တွေ့ထိသနည်း တဘန်တွေ့ထိသနည်း။ ရုပ်ချင်းချင်း ထိခိုက်၍ နာမ်က တွေ့မှန်းသိသည် အဖြစ်ကြောင့် တွေ့ထိတတ်သော သူသည် မရှိသည်သာလျှင်တည်း။ ထို့ ကြောင့် တခါတွေ့ထိ၍ ချုပ်ခဲ့လျှင် အနိစ္စ ဒုက္ခ အနတ္တ ဟုမှတ်။

ဧတ္ထ ဟိ ကာယောစ ဖောဋ္ဌဗ္ဗဉ္စ ရူပက္ခန္ဓော၊ ဖုသနံ ဝိညာဏက္ခန္ဓော၊ တံသမ္ပယုတ္တာ ဝေဒနာ ဝေဒနာက္ခေန္ဓော၊ သညာ သညာက္ခန္ဓော၊ ဖဿာဒိကာ သင်္ခါရက္ခန္ဓော၊ ဧဝ မေတေသံ ပဉ္စန္နံ ခန္ဓာနံ သမဝါယေ ဖုသနအနုဖုသနံ ပညာယတိ၊ တတ္ထ ကော ဧကော ဖုသတိ၊ ကော အနုဖုသတိ။
မူလပဏ္ဏာသအဋ္ဌကထာ၏ နယဂ္ဂါဟ။

ဟိ သစ္စံ၊ မှန်၏။
ဧတ္တ၊ ဤစကားရပ်၌။
ကာယော စ၊ ကာယပသာဒရုပ်သည်၎င်း။
ဖောဋ္ဌဗ္ဗဉ္စ၊ ဖောဋ္ဌဗ္ဗာရုံသည်၎င်း။
ရူပက္ခန္ဓော၊ ရူပက္ခန္ဓာ မည်၏။
ဖုသနံ၊ တွေ့ထိတတ်သော ကာယဝိညာဏ်စိတ်သည်။
ဝိညာဏက္ခန္ဓော၊ ဝိညာဏက္ခန္ဓာ မည်၏။
တံသမ္ပယုတ္တာ၊ ထိုကာယဝိညာဏ်နှင့် ယှဉ်သော။
ဝေဒနာ၊ ဝေဒနာစေတသိက်သည်။
ဝေဒနာက္ခန္ဓော၊ ဝေဒနာက္ခန္ဓာ မည်၏။
သညာ၊ သညာစေတသိက်သည်။
သညာက္ခန္ဓော၊ သညာက္ခန္ဓာ မည်၏။
ဖဿာ ဒိကာ၊ ဖဿအစရှိကုန်သော ငါးပါးသော စေတသိက်တို့သည်။
သင်္ခါရက္ခန္ဓော၊ သင်္ခါရက္ခန္ဓာ မည်၏။
ဧဝံ၊ ဤသို့။
ဧတေသံ ပဉ္စန္နံ ခန္ဓာနံ၊ ထိုငါးပါးကုန်သော ခန္ဓာတို့၏။
သမဝါယေ၊ ပေါင်းဆုံ စည်းဝေးကြသောအခါ၌။
ဖုသနအနုဖုသနံ၊ တွေ့ထိခြင်း တဘန် တွေ့ထိခြင်းသည်။
ပညာယတိ၊ ထင်ရှား၏။
တတ္ထ၊ ထိုတွေ့ထိ တဘန်တွေ့ထိရာ၌။
ကော ဧကော၊ အဘယ်မည်သော သတ္တဝါ တယောက်သည်။
ဖုသတိ၊ တွေ့ထိသနည်း။
ကော၊ အဘယ်မည်သော သတ္တဝါသည်။
အနုဖုသတိ၊ တဘန်တွေ့ထိသနည်း။
နတ္ထေဝ၊ တွေ့ထိတတ်သော နတ် လူ သတ္တဝါ မရှိသည်သာတည်း။
(ခန္ဓာဘို့)။

အာယတနဘို့

အာယတန၌ကား -
ကာယပသာဒရုပ်သည် ကာယာယတန မည်၏။
ဖောဋ္ဌဗ္ဗာရုံသည် ဖောဋ္ဌဗ္ဗာယတန မည်၏။
ကာယဝိညာဏ်စိတ်သည် မနာယတနမည်၏။
သုခုမရုပ်တို့နှင့်တကွ စေတသိက် (၇) ပါးသည် ဓမ္မာယတန မည်၏။

ဤအာယတနလေးပါးတို့၏ ပေါင်းဆုံကြခြင်းကြောင့် တွေ့ထိခြင်း တဘန် တွေ့ထိခြင်း စသည်သည် ထင်၏။ ထိုတွေ့ထိခြင်း တဘန်တွေ့ထိခြင်း၌ အဘယ် နတ် လူ တယောက်သည် တွေ့ထိသနည်း။ တွေ့ထိတတ်သော နတ်လူ သတ္တဝါ မရှိသည်သာတည်း။

တထာ ကာယော ကာယာယတနံ၊ ဖောဋ္ဌဗ္ဗံ ဖောဋ္ဌဗ္ဗာယတနံ၊ ဖုသနံ မနာယတနံ၊ ဝေဒနာဒယော သမ္ပယုတ္တာ ဓမ္မာ ဓမ္မာယတနံ၊ ဧဝမေတေသံ စတုန္နံ အာယတနာနံ၊ သမဝါယေ ဖုသန အနုဖုသနံ ပညာယတိ၊ တတ္ထ ကော ဧကော ဖုသတိ၊ ကော အနုဖုသတိ။
မူလပဏ္ဏာသအဋ္ဌကထာ၏ နယဂ္ဂါဟ။

တထာ၊ ထို့အတူ။
ကာယော၊ ကာယပသာဒရုပ်သည်။
ကာယာယတနံ၊ ကာယာယတန မည်၏။
ဖောဋ္ဌဗ္ဗံ၊ ဖောဋ္ဌဗ္ဗာရုံသည်။
ဖောဋ္ဌဗ္ဗာယတနံ၊ ဖောဋ္ဌဗ္ဗာယတန မည်၏။
ဖုသနံ၊ တွေ့ထိတတ်သော ကာယဝိညာဏ်စိတ်သည်။
မနာယတနံ၊ မနာယတန မည်၏။
သမ္ပယုတ္တာ၊ ကာယဝိညာဏ်စိတ်နှင့် ယှဉ်ကုန်သော။
ဝေဒနာဒယော၊ ဝေဒနာ အစရှိကုန်သော။
ဓမ္မာ၊ သုခုမရုပ်တို့နှင့်တကွ စေတသိက်တရားတို့သည်။
ဓမ္မာယတနံ၊ ဓမ္မာယတနမည်၏။

ဧဝံ၊ ဤသို့။
ဧတေသံ စတုန္နံ အာယတနာနံ၊ ဤလေးပါးကုန်သော အာယတနတို့၏။
သမဝါယေ၊ ပေါင်းဆုံကြသောအခါ၌။
ဖုသန အနုဖုသနံ၊ တွေ့ထိခြင်း တဘန်တွေ့ထိခြင်းသည်။
ပညာယတိ၊ ထင်ရှား၏။
တတ္ထ၊ ထိုတွေ့ထိခြင်း တဘန်တွေ့ထိခြင်း၌။
ကော ဧကော၊ အဘယ်မည်သော တယောက်ယောက်သော နတ် လူ သတ္တဝါ သည်။
ဖုသတိ၊ တွေ့ထိသနည်း။
ကော၊ အဘယ်မည်သောသူသည်။
အနုဖုသတိ၊ တဘန် တွေ့ထိသနည်း။
နတ္တေဝ၊ တွေ့ထိတတ်သော နတ်လူသတ္တဝါ မရှိသည်သာတည်း။

ကြွင်းသော သြဠာရိကရုပ်တို့ကား လက္ခဏာဟာရ နည်းအားဖြင့် သိအပ်၏။
(အာယတနဘို့)။

ဓာတ်ဘို့

ဓာတ်၌ -
ကာယပသာဒရုပ်သည် ကာယဓာတ် မည်၏။
ဖေဋ္ဌာဗ္ဗာရုံသည် ဖောဋ္ဌဗ္ဗဓာတ် မည်၏။
ကာယဝိညာဏ်စိတ်သည် ကာယဝိညာဏဓာတ် မည်၏။
သုခုမရုပ်တို့နှင့်တကွ စေတသိက် (၇) ပါးသည် ဓမ္မဓာတ်မည်၏။

ဤဓာတ်လေးပါးတို့၏ ပေါင်းဆုံကြခြင်းကြောင့် ထိခြင်း တဘန်ထိခြင်း စသည်သည် ထင်၏။ ထို ထိခြင်းစသည်၌ အဘယ် နတ် လူတယောက်သည် ထိသနည်း။ ထိတတ်သော နတ်လူသတ္တဝါ မရှိသည်သာတည်း။

တထာ ကာယော ကာယဓာတု၊ ဖောဋ္ဌဗ္ဗံ ဖောဋ္ဌဗ္ဗဓာတု၊ ဖုသနံ ကာယဝိညာဏဓာတု၊ တံသမ္ပယုတ္တာ ဝေဒန ဒယော ဓမ္မာ ဓမ္မဓာတု၊ ဧဝမေသံ စတုန္နံ ဓာတူနံ သမဝါယေ ဖုသနအနုဖုသနံ ပညာယတိ၊ တတ္ထ ကော ဧကော ဖုသတိ၊ ကော အနုဖုသတိ။
မူလပဏ္ဏာသအဋ္ဌကထာ၏ နယဂ္ဂါဟ။

တထာ၊ ထို့အတူ။
ကာယော၊ ကာယပသာဒရုပ်သည်။
ကာယဓာတု၊ ကာယဓာတ်မည်၏။
ဖောဋ္ဌဗ္ဗံ၊ ဖောဋ္ဌဗ္ဗာရုံသည်။
ဖောဋ္ဌဗ္ဗဓာတု၊ ဖောဋ္ဌဗ္ဗဓာတ် မည်၏။
ဖုသနံ၊ တွေ့ထိတတ်သော ကာယဝိညာဏ်စိတ်သည်။
ကာယဝိညာဏဓာတု၊ ကာယဝိညာဏဓာတ် မည်၏။
တံသမ္ပယုတ္တာ၊ ထိုကာယဝိညာဏ်နှင့် ယှဉ်ကုန်သော။
ဝေဒနာ ဒယော၊ ဝေဒနာ အစရှိကုန်သော။
ဓမ္မာ၊ သုခုမရုပ်တို့နှင့်တကွ စေတသိက်တရားတို့သည်။
ဓမ္မဓာတု၊ ဓမ္မဓာတ်မည်၏။
ဧဝံ၊ ဤသို့။
ဧတေသံ စတုန္နံ ဓာတူနံ၊ ဤလေးပါးကုန်သော ဓာတ်တို့၏။
သမဝါယော၊ အညီအမျှ ပေါင်းဆုံကြသောအခါ၌။
ဖုသန အနုဖုသနံ၊ တွေ့ထိခြင်း တဘန်တွေ့ထိခြင်းသည်။
ပညာယတိ၊ ထင်ရှား၏။
တတ္ထ၊ ထိုတွေ့ထိခြင်း တဘန်တွေ့ထိခြင်း၌။
ကော ဧကော၊ အဘယ်မည်သော တယောက်ယောက်သော နတ် လူ သတ္တဝါသည်။
ဖုသတိ၊ တွေ့ထိသနည်း။
ကော၊ အဘယ်မည်သောသူသည်။
အနုဖုသတိ၊ တဘန်တွေ့ထိသနည်း။
နတ္ထေဝ၊ တွေ့ထိတတ်သော နတ် လူသတ္တဝါ မရှိသည်သာတည်း။
(ဓာတ်ဘို့)။

သစ္စာဘို့

သစ္စာအားဖြင့်သော်ကား -
ဤ (၆ဝ) သော ရုပ်နာမ်တရားတို့ သည် ဒုက္ခသစ္စာချည်းမည်ကုန်၏။
( သစ္စာဘို့)။

ပဋိစ္စသမုပ္ပါဒ်ဘို့

ပဋိစ္စသမုပ္ပါဒ်၌ကား -
သင်္ခါရ, ဝိညာဏ်, နာမ်, သဠာယတန, ဖဿ, ဝေဒနာ, ဘဝ, ဇာတိ, ဇရာမရဏ (၉) ပါးတို့ကို ရအပ်ကုန်၏။

ယသ္မိံ သမယေ ကာမာဝစရဿ ကုသလဿ ကမ္မဿ ကတတ္တာ ဥပစိတတ္တာ ဝိပါကံ ကာယဝိညာဏံ ဥပ္ပန္နံ ဟောတိ ဥပေက္ခာသဟဂတံ ဖောဋ္ဌဗ္ဗာရမ္မဏံ၊ တသ္မိံ သမယေ သင်္ခါရပစ္စယာ ဝိညာဏံ၊ ဝိညာဏပစ္စယာ နာမံ၊ နာမပစ္စယာ ဆဋ္ဌာယတနံ၊ ဆဋ္ဌာယတနပစ္စယာ ဖသော၊ ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာပစ္စယာ ဘဝေါ၊ ဘဝပစ္စယာ ဇာတိ၊ ဇာတိပစ္စယာ ဇရာမရဏံ။ ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။
ဝိဘင်းပါဠိတော်။

ယသ္မိံ သမယေ၊ အကြင်အဗျာကတ ဖြစ်သောအခါ၌။
ကာမာဝစရဿ၊ ကာမာဝရဖြစ်သော။
ကုသသဿ ကမ္မဿ၊ ကုသိုလ်ကံ၏။
ကတတ္တာ၊ ပြုအပ်သည်၏ အဖြစ်ကြောင့်။
ဥပစိတတ္တာ၊ ဆည်းပူးအပ်သည်၏ အဖြစ်ကြောင့်။
ဝိပါကံ၊ အကျိုးဖြစ်သော။
ဥပေက္ခာသဟဂတံ၊ ဥပေက္ခာဝေဒနာနှင့် တကွဖြစ်သော။
ကာယဝိညာဏံ၊ ကာယဝိညာဏ်စိတ်သည်။
ဖောဋ္ဌဗ္ဗာရမ္မဏံ၊ ဖောဋ္ဌဗ္ဗာရုံကို။
အာရဗ္ဘ အာရမ္မဏံ ကတွာ၊ အာရုံပြု၍။
ဥပ္ပန္နံ၊ ဖြစ်သည်။
ဟောတိ၊ ဖြစ်၏။

တသ္မိံ သမယေ၊ ထိုအခါ၌။
သင်္ခါရပစ္စယာ၊ သင်္ခါရဟူသော အကြောင်းကြောင့်။
ဝိညာဏံ၊ ဝိညာဏ်သည်။
သမ္ဘဝတိ၊ ဖြစ်၏။
ဝိညာဏပစ္စယာ၊ ဝိညာဏ်ဟူသော အကြောင်းကြောင့်။
နာမံ၊ နာမ်သည်။
သမ္ဘဝတိ၊ ဖြစ်၏။
နာမပစ္စယာ၊ နာမ်ဟူသော အကြောင်းကြောင့်။
ဆဋ္ဌာယတနံ၊ ဆဋ္ဌာယတနသည်။
ဝါ၊ အာယတနလေးပါးသည်။
သမ္ဘဝတိ၊ ဖြစ်၏။
ဆဋ္ဌာယတနပစ္စယာ၊ ဆဋ္ဌာယတနဟူသော အကြောင်းကြောင့်။
ဖဿော၊ ဖဿသည်။
သမ္ဘဝတိ၊ ဖြစ်၏။
ဖဿပစ္စယာ၊ ဖဿဟူသော အကြောင်းကြောင့်။
ဝေဒနာ၊ ဝေဒနာသည်။
သမ္ဘဝတိ၊ ဖြစ်၏။
ဝေဒနာပစ္စယာ၊ ဝေဒနာဟူသော အကြောင်းကြောင့်။
ဘဝေါ၊ ဘဝသည်။
သမ္ဘဝတိ၊ ဖြစ်၏။
ဘဝပစ္စယာ၊ ဘဝဟူသော အကြောင်းကြောင့်။
ဇာတိ၊ ဇာတိသည်။
သမ္ဘဝတိ၊ ဖြစ်၏။
ဇာတိပစ္စယာ၊ ဇာတိဟူသော အကြောင်းကြောင့်။
ဇရာ မရဏံ၊ ဇရာ မရဏသည်။
သမ္ဘဝတိ၊ ဖြစ်၏။
ဧဝံ၊ ဤသို့။
ကေဝလဿ၊ သက်သက်သာ။
ဧတဿ ဒုက္ခက္ခန္ဓဿ၊ ထိုဆင်းရဲအစု၏။
သမုဒယော၊ ဖြစ်ခြင်းသည်။
ဟောတိ၊ ဖြစ်၏။
(ပဋိစ္စသမုပ္ပါဒ်ဘို့)။

ဤကာယဒွါရ၌ ဤသို့ပြခြင်းသည် ကိုယ်အင်္ဂါ နှုတ်အင်္ဂါတို့ကို မလှုပ်ရှားစေဘဲ ဝိညတ်သို့ မရောက်စေဘဲ ဖြစ်သော ကာယင်္ဂ၌ ပြသော အခြင်းအရာတည်း။
အစောပနကာယ ပြီး၏။

၃၅ - ကာယဝိညတ်လေးပါးတို့၌ ရုပ် - နာမ် - ခန္ဓာ - အာယတန - ဓါတ် - သစ္စာ - ပဋိစ္စသမုပ္ပါဒ် တို့ကို ပြခြင်း

ကာယင်္ဂဝါစင်္ဂတို့ကို စောပနဖြစ်စေလျက် ဝိညတ်သို့ရောက်သော အခါ၌ကား အကြင်အကြင်သူသည် ငါသည် ရှေ့သို့တက်အံ့ နောက်သို့ဆုတ်အံ့ စသည်ဖြင့် စိတ်သည် ရှေးဦးစွာဖြစ်၍ ထိုနောင် ဝိညတ်ရုပ်သည် ကိုယ်ကိုပြည့်စေလျက် ရှေ့သိုမူလည်း တက်၏။ နောက်သို့မူလည်း ဆုတ်၏။ ဤကြိယာအတွင်း၌ သမ္ဗန္ဓ ဖြစ်သော ရုပ်နာမ်တို့ကား -

စိတ်သည် ဝတ္ထုရုပ်၌ မှီရသည်ဖြစ်၍ ဝတ္ထုဒသက (၁၀) ဘာဝဒသက (၁၀) ကာယဒသက (၁၀) စိတ္တဇ (၈) ဥတုဇ (၈) အာဟာရဇ (၈) ပေါင်းဝတ္ထုရုပ်၌ ရအပ်သော ရုပ် (၅၄)၊ နောက်ကိုလည်း နည်းတူမှတ်။
ထိုဝတ္ထုရုပ်၌ပါသော ဝါယောဓာတ်သည် ယဝိညတ္တိနဝကကို ဖြစ်စေ၏။ ထိုဝိညတ် ၌ပါသော ဝါယောဓာတ်သည် ရူပကာယ၌ တည်သော ကာယဒသက (၁ဝ) ဘာဝဒသက (၁၀) စိတ္တဇ (၈) ဥတုဇ (၈) အာဟာရဇ (၈) ဟူသော ရုပ်သေး (၄၄) ပါး၌ ပါသော ဝါယောဓာတ်တို့ကို အဆက်ဆက်ထောက်ပံ့၏။ ပေါင်းရုပ် (၁၀၇)။

စိတ်မှာ ဝုဋ္ဌော ကာမဇောတခု ယုတ်သုံးဆယ် အဘိညာဏ်ဒွေး တို့သည် ရုပ်ဣရိယာပုထ်ဝိညတ်တို့ကို ဖြစ်စေနိုင်ရကား သွားလိုသော လောဘစိတ် (၁) အကုသလသာဓာရဏစေတသိက် (၄) အညသမာန်းစေတသိက် (၁၃) လောဘဒိဋ္ဌိ (၂) ပါးအားဖြင့် စေတသိက်(၁၉)။ စိတ်နှင့်ရောသော် နာမ် (၂၀) ရ၏။ သရုပ်ကို ကြွင်းသော စိတ်တို့နှင့်တကွ မနောဒွါရ၌ တွေ့လတ္တံ့။

ဤသို့ အပေါင်းအားဖြင့်(၁၂၇) ပါး ဖြစ်၏။

ထိုတွင် ရုပ်ပေါင်း (၁၀၇) ပါးသည် ရူပက္ခန္ဓာမည်၏။
ဝေဒနာစေတသိက်သည် ဝေဒနာက္ခန္ဓာ မည်၏။
သညာစေတသိက်သည် သညာက္ခန္ဓာမည်၏။
ဝေဒနာ သညာ မှကြွင်းသော စေတသိက် (၁၇) ပါးသည် သင်္ခါရက္ခန္ဓာမည်၏။
လောဘစိတ်သည် ဝိညာဏက္ခန္ဓာမည်၏။

ထိုခန္ဓာငါးပါး၏ အညီအမျှ ပေါင်းဆုံကြသည်ရှိသော် ရှေ့သို့တက်ခြင်း- နောက်သို့ ဆုတ်ခြင်း စသည် ထင်ခဲ့၏။ ထိုသိုရှေ့သို့တက်ခြင်း- နောက်သို့ဆုတ်ခြင်း၌ အဘယ် တယောက်ယောက်သော နတ် လူ ဗြဟ္မာသည် ရှေ့ဘိုတက်သနည်း။ နောက်သို့ ဆုတ်သနည်း။ ရှေ့သို့တက်သောသူ နောက်သို့ ဆုတ်သောသူ မရှိသည် သာလျှင်တည်း။

ထို့ကြောင့် ရှေ့သိုတခါတက်၍ငြိမ်းလျှင်၎င်း နောက်သို့ တခါဆုတ်၍ ငြိမ်းလျှင်၎င်း အနိစ္စ ဒုက္ခ အနတ္တ ဟူ၍ မှတ်ရမည်။

ဤနည်းကိုမှီး၍ သွားခြင်း လာခြင်း ထိုင်ခြင်း ရပ်ခြင်း ကိုယ်လှုပ်ခြင်း ခြေလှုပ်ခြင်း မျက်စိမှိတ်ခြင်း နှုတ်ခမ်းလှုပ်ခြင်း လျှာလှုပ်ခြင်း စသည်တို့၌ တခါလှုပ်၍ တခါငြိမ်းလျှင် ခန္ဓာငါးပါး ချုပ်သည်အဖြစ်ကြောင့် အနိစ္စ ဒုက္ခ အနတ္တ ဟူ၍မှတ်။

ဂစ္ဆိဿာမီတိ စိတ္တံ ဥပ္ပဇ္ဇတိ၊ ငါသွားအံ့ဟု စိတ်သည် ဖြစ်၏။ တံ ဝါယံ ဇနေတိ၊ ထိုစိတ်သည် စိတ္တဇဝါယောဓာတ်ကို ဖြစ်စေ၏။ ဝါယော ဝိညတ္တိံ ဇနေတိ၊ စိတ္တဇဝါယောဓာတ်သည် ဝိညတ္တိနဝကကလာပ်ကို ဖြစ်စေ၏။ စိတ္တကိရိယ ဝါယောဓာတုဝိပ္ဖါရေန၊ စိတ်ကြောင့်ဖြစ်သော ဝါယောဓာတ်နှံ့သဖြင့်။ သကလကာယဿ ပုရတော အဘိနီဟာရော၊ အလုံးစုံသောကိုယ်ကို ရှေ့ရှုဆောင်ခြင်းကို။ ဂမနန္တိ ဝုစ္စတိ၊ သွားခြင်းဟူ၍ ဆိုအပ်၏။ ဌာနာဒီသု ဧသေဝ နယော၊ ရပ်ခြင်း အစရှိသည်တို့၌လည်း ဤနည်းလျှင် နည်းရှိ၏။

မူလပဏ္ဏာသအဋ္ဌကထာ။
၎င်းနည်းတူ အဋ္ဌသာလိနီ၊ သုတ်မဟာဝါ၊ နိပါတ်အဋ္ဌကထာတို့၌လည်း ရှိသေး၏။

အဟံ၊ ငါသည်။
ဂစ္ဆိဿာမိ၊ သွားအံ့။
ဣတိ၊ ဤသို့။
စိတ္တံ၊ စိတ်သည်။
ဥပ္ပဇ္ဇတိ၊ ဖြစ်၏။
တံ၊ ထိုစိတ်သည်။
ဝါယံ၊ စိတ္တဇဝါယောဓာတ်ကို။
ဇနေတိ၊ ဖြစ်စေ၏။
ဝါယော၊ စိတ္တဇ ဝါယောဓာတ်သည်။
ဝိညတ္တိံ၊ ဝိညတ္တိနဝကကလာပ်ကို။
ဇနေတိ၊ ဖြစ်စေ၏။
စိတ္တကိရိယ ဝါယောဓာတုဝိပ္ဖါရေန၊ စိတ်ကြောင့်ဖြစ်သော ဝါယောဓာတ်နှံ့သဖြင့်။
သကလကာယဿ၊ အလုံးစုံသောကိုယ်ကို။
ပုရတော၊ ရှေ့သို့။
အဘိနီဟာရော ၊ ရှေ့ရှုဆောင်ခြင်းကို။
ဂမနန္တိ၊ သွားခြင်းဟူ၍။
ဝုစ္စတိ၊ ဆိုအပ်၏။
ဌာနာဒီသုပိ၊ ရပ်ခြင်း အစရှိသည်တို့၌လည်း။
ဧသေ၀ နယော၊ ဤနည်းလျှင် နည်းရှိ၏။

တပါးသောစိတ် လဟုတာတို့မှာ လျော်စွာထည့်။

ဤကား လောဘနှင့်တကွဖြစ်သော ကာယဝိညတ်အတွက်မျှသာတည်း။

ဒေါသကာယဝိညတ်၌သော်ကား -

ဒေါသစိတ်(၁) အကုသလသာဓာရဏစေတသိက်(၄) ဒေါသ ဣဿာ မစ္ဆရိယ ကုက္ကုစ္စ (၄)ပါး ပီတိကြဉ်သော အညသမာန်း (၁၂) စိတ်နှင့်တကွ စေတသိက်ပေါင်း (၂၁) နာမ် (၁)။
လောဘကာယဝိညတ်၌ ဆိုအပ်ပြီးသောရုပ်(၁၀၇)ပါး၊
ပေါင်း (၁၂၈) ပါးသော ရုပ်နာမ် တို့ကို ရအပ်ကုန်၏။

၎င်းတို့တွင် -
ရုပ် (၁၀၇) ပါးသည် ရူပက္ခန္ဓာမည်၏။
ဝေဒနာ စေတသိက်သည် ဝေဒနာက္ခန္ဓာ မည်၏။
သညာစေတသိက်သည် သညာက္ခန္ဓာ မည်၏။
ဝေဒနာ သညာမှ ကြွင်းသော စေတသိက် (၁၈) ပါးသည် သင်္ခါရက္ခန္ဓာ မည်၏။
ဒေါသစိတ်သည် ဝိညာဏက္ခန္ဓာ မည်၏။

ဤခန္ဓာငါးပါးတို့၏ အညီအမျှ ပေါင်းဆုံကြသည်ရှိသော် ရှေ့သို့တက်ခြင်း နောက်သို့ ဆုတ်ခြင်း စသည် ထင်ခဲ့၏။ ထိုသို့ ရှေ့သို့တက်ခြင်း နောက်သို့ဆုတ်ခြင်း၌ အဘယ်တယောက်ယောက်သော နတ် လူ ဗြဟ္မာသည် ရှေ့သို့တက်သနည်း နောက်သို့ ဆုတ်သနည်း။ ရှေ့သို့တက်သူ နောက်သို့ ဆုတ်သောသူ မရှိသည် သာလျှင်တည်း။ ထိုကြောင့် ရှေ့သို့ တခါတက်၍ ငြိမ်းလျှင်၎င်း၊ ၎င်းနောက်သို့ တခါဆုတ်၍ငြိမ်းလျှင်၎င်း အနိစ္စ ဒုက္ခ အနတ္တ ဟူ၍ မှတ်ရမည်။

ဤနည်းကိုမှီး၍ သွားခြင်း, လာခြင်း ထိုင်ခြင်း, ရပ်ခြင်း၊ ကိုယ်လှုပ်ခြင်း, ခြေလှုပ်ခြင်း, မျက်စိမှိတ်ခြင်း၊ နှုတ်ခမ်းလှုပ်ခြင်း, လျှာလှုပ်ခြင်း စသည်တို့၌ တခါလှုပ်၍ တခါငြိမ်းလျှင် ခန္ဓာငါးပါးချုပ်သည် အဖြစ်ကြောင့် အနိစ္စ ဒုက္ခ အနတ္တ ဟူ၍မှတ်။

အာဂုံကို လောဘကာယဝိညတ်ကိုမှီး၍ သိကြလေ။ ၎င်းဒေါသကာယဝိညတ်၌လည်း ခန္ဓာငါးပါးဖွဲ့ဟန်ကို လောဘကာယ ဝိညတ်နှင့်အတူ ဖွဲ့ယူကြလေ။ သင်္ခါရက္ခန္ဓာသာ ထူးသည်။ သတိရှိကြစေ။
(ဒေါသကာယဝိညတ်ဘို့)။

မောဟကာယဝိညတ်၌လည်း -

မောဟစိတ် (၁) အကုသလသာဓာရဏစေတသိက် (၄) ဆန္ဒ ပီတိကြဉ်သော အညသမာန်း စေတသိက် (၁၁) ပေါင်း မောဟစိတ်နှင့်တကွ နာမ် (၁၆) ရ၏။ ၎င်းနာမ် (၁၆) ပါးနှင့် ယခင်ရုပ် (၁၀၇) ပါးနှင့် ပေါင်းသော် (၁၂၃) ပါးသော ရုပ်နာမ်တို့ကို ရအပ်ကုန်၏။ ၎င်းရုပ်နာမ်တို့ကို ခန္ဓာဖွဲ့ယူလေ။
(ဥဒ္ဓစ္စဘို့)။

ဝိစိကိစ္ဆာ၌ကား -

မောဟစိတ် (၁) အကုသလ သာဓာရဏ စေတသိက် (၄) ဆန္ဒ ပီတိ အဓိမောက္ခကို ကြဉ် ဝိစိကိစ္ဆာကိုထည့်၍ စေတသိက် (၁၅) စိတ်နှင့်တကွ (၁၆) ပါးရ၏။ ၎င်းနာမ် (၁၆)ပါး ရုပ် (၁၀၇) ပါး ပေါင်းသော် ရုပ် နာမ် (၁၂၃) ပါးကို ရ၏။ ခန္ဓာကို ရှေးနည်း အတူဖွဲ့လေ။
(မောဟဘို့)။

ကုသိုလ်စိတ်၌ကား -

ကာမာဝစရကုသိုလ်စိတ် (၁) ၎င်းနှင့် ယှဉ်သော အညသမာန်း စေတသိက် (၁၃) သောဘဏ စေတသိက် (၂၅) ပေါင်း စေတသိက် (၃၈) စိတ်နှင့်တကွ နာမ်(၃၉) ပါးကို ရအပ်ကုန်၏။ ၎င်းနာမ်(၃၉)ပါး ယခင်ရုပ် (၁၀၇)ပါး ပေါင်း ရုပ်နာမ် (၁၄၆) ပါးရ၏။

၎င်းတို့တွင် -
ရုပ် (၁၀၇) ပါးသည် ရူပက္ခန္ဓာ မည်၏။
ဝေဒနာစေတသိက်သည် ဝေဒနာက္ခန္ဓာ မည်၏။
သညာစေတသိက်သည် သညာက္ခန္ဓာ မည်၏။
ဝေဒနာ သညာမှကြွင်းသော စေတသိက် (၃၆) ပါးသည် သင်္ခါရက္ခန္ဓာ မည်၏။
ကာမာဝစကုသိုလ်စိတ်သည် ဝိညာဏက္ခန္ဓာ မည်၏။

ထိုခန္ဓာတို့၏ ပေါင်းဆုံကြခြင်းကြောင့် ရှေ့သို့တက်ခြင်း စသည်ဖြစ်၏။ ငါသူ ဖြစ်သည် မဟုတ်။ ဤသို့ လောဘ, ဒေါသ, မောဟ, ကုသိုလ် ဤစိတ်တို့၏ ကာယ ဝိညတ်ဖြစ်ဟန်ကိုပြလျှင် ကြွင်းသောဝိညတ် ဖြစ်ထိုက်သော စိတ်တို့၌ ဤနည်းအတူ သိအပ်၏။

ဤကာယဝိညတ် စသည်တို့၌ နာမ်တရားတို့ကို မနောဒွါရ၌သာ ပြဓာန်း၍ ခန္ဓာ စသည် ဖွဲ့ရာ၏။

အဘယ်ကြောင့် ပဉ္စဝိညာဏ်တို့ကို ပြဓာန်း၍ ခန္ဓာစသည် မဖွဲ့ရာသနည်းဟူမူ -

“ကာမာဝစရတော ဟိ အဋ္ဌ ကုသလာနိ မနောဓာတုဝဇ္ဇာ ဒသ ကြိယာ ကုသလကြိယတော ဒွေ အဘိညာ စိတ္တာနီတိ ဒွတ္တိံသ စိတ္တာနိ ရူပိရိယာပထံ ဝိညတ္တိဉ္စ ဇနေန္တိ”

ဟူ၍ ဝိသုဒ္ဓိမဂ်အဋ္ဌကထာ မိန့်မှာတော်မူသောကြောင့် ဒွေပဉ္စဝိညာဏ် တဆယ် တို့သည် ဝိညတ်ကို မဖြစ်စေနိုင်ရကား မနောဒွါရ၌ဖြစ်ထိုက်သော စသည်တို့ကိုသာ ဖွဲယူအပ်ကုန်၏။
(ခန္ဓာဘို့)။

အာယတန၌ လောဘကာယဝိညတ်ဝယ် -
ကာယပသာဒရုပ်သည် ကာယာယတန မည်၏။
ဖောဋ္ဌဗ္ဗာရုံသည် ဖောဋ္ဌဗ္ဗာယတန မည်၏။
လောဘစိတ်သည် မနာယတနမည်၏။
သုခုမရုပ်တို့နှင့် တကွ စေတသိက် (၁၉) ပါးသည် ဓမ္မာယတန မည်၏။
(ရုပ်အာယတန နှစ်ခုခွဲ နမ်အာယတန တခုခွဲ) ပေါင်း အာယတန လေးပါးတို့ကို ရအပ်ကုန်၏။

ထို အာယတန လေးပါးတို့ ဖြစ်ခြင်းကြောင့် ရှေ့သို့တက်ခြင်းစသည် ဖြစ်၏။ ကြွင်းသော ရုပ်နာမ်တို့ကိုကား လက္ခဏာဟာရ နည်းအားဖြင့် သိမ်းယူအပ် ကုန်၏။ နောက်ကိုလည်း နည်းတူမှတ်။
(လောဘကာယဝိညတ်ဘို့)။

ဒေါသကာယဝိညတ်၌ -
ကာယပသာဒရုပ်သည် ကာယာယတန မည်၏။
ဖောဋ္ဌဗ္ဗာရုံသည် ဖောဋ္ဌဗ္ဗာယတန မည်၏။
ဒေါသစိတ်သည် မနာယတန မည်၏။
သုခုမရုပ်တို့နှင့်တကွ စေတသိက် ဝီသသည် ဓမ္မာယတန မည်၏။
(ဒေါသကာယဝိညတ်ဘို့)။

မောဟကာယဝိညတ်၌ -
ကာယပသာဒရုပ်သည် ကာယာယတန မည်၏။
ဖောဋ္ဌဗ္ဗာရုံသည် ဖောဋ္ဌဗ္ဗာယတန မည်၏။
မောဟစိတ်သည် မနာယတန မည်၏။
သုခုမရုပ်တို့နှင့်တကွ စေတသိက် ပန္နရသသည် ဓမ္မာယတန မည်၏။
(မောဟနှစ်ခုဘို့)။

ကုသိုလ်ကာယဝိညတ်၌ -
ကာယပသာဒရုပ်သည် ကာယာယတန မည်၏။
ဖောဋ္ဌဗ္ဗာရုံသည် ဖောဋ္ဌဗ္ဗာယတန မည်၏။
ကာမာဝစရ ကုသိုလ်စိတ်သည် မနာယတန မည်၏။
သုခုမရုပ်တို့နှင့် တကွ စေတသိက် အဋ္ဌတိံသသည် ဓမ္မာယတန မည်၏။
(ကုသိုလ်ဘို့)။

အာယတနတို့ အတွက် -

ဓာတ်၌ ကာယပသာဒရုပ်သည် ကာယဓာတ် မည်၏။
ဖောဋ္ဌဗ္ဗာရုံသည် ဖောဋ္ဌဗ္ဗာဓာတ် မည်၏။
လောဘစိတ်သည် မနောဝိညာဏဓာတ် မည်၏။
သုခုမရုပ်တို့နှင့်တကွ စေတသိက်(၁၉) ပါးသည် ဓမ္မဓာတ် မည်၏။
(ရုပ်ဓာတ် နှစ်ခုခွဲ နာမ်ဓာတ်တခုခွဲ) ပေါင်း ဓာတ်လေးပါးတို့ကို ရအပ်ကုန်၏။

ထို ဓာတ်လေးပါးတို့ ဖြစ်သောကြောင့် ရှေ့သို့တက်ခြင်း စသည် ဖြစ်၏။ ကြွင်းသော ရုပ်နာမ်တို့ကိုကား လက္ခဏာဟာရနည်းဖြင့် သိမ်းယူအပ်ကုန်၏။ နောက်ကိုလည်း နည်းတူမှတ် ။
(လောဘကာယ ဝိညတ်ဘို့)။

ဒေါသကာယဝိညတ်၌ -

ကာယပသာဒရုပ်သည် ကာယဓာတ် မည်၏။
ဖောဋ္ဌဗ္ဗာရုံသည် ဖောဋ္ဌဗ္ဗဓာတ်မည်၏။
ဒေါသစိတ်သည် မနောဝိညာဏဓာတ် မည်၏။
သုခုမရုပ်တို့နှင့်တကွ စေတသိက် ဝီသ သည် ဓမ္မဓာတ်မည်၏။
(ဒေါသကာယဝိညတ်ဘို့)။

မောဟကာယဝိညတ်၌ -

ကာယပသာဒရုပ်သည် ကာယဓာတ် မည်၏။
ဖောဋ္ဌဗ္ဗာရုံသည် ဖောဋ္ဌဗ္ဗဓာတ်မည်၏။
မောဟစိတ်သည် မနောဝိညာဏဓာတ် မည်၏။
သုခုမရုပ်တို့နှင့်တကွ စေတသိက် ပန္နရသ သည် ဓမ္မဓာတ်မည်၏။
(မောဟ နှစ်ခုဘို့)။

ကုသိုလ်ဝိညတ်၌ -

ကာယပသာဒရုပ်သည် ကာယဓာတ် မည်၏။
ဖောဋ္ဌဗ္ဗာရုံသည် ဖောဋ္ဌဗ္ဗဓာတ်မည်၏။
ကာမာဝစရကုသိုလ်စိတ်သည် မနောဝိညာဏဓာတ် မည်၏။
သုခုမရုပ်တို့နှင့်တကွ စေတသိက် အဋ္ဌတိံသသည် ဓမ္မဓာတ်မည်၏။
(ကုသိုလ်ဘို့)။
ဓာတ်တို့အတွက်။

သစ္စာ၌ - အလုံးစုံသောဝိညတ်ဖြစ်ထိုက်သော ရုပ်နာမ်ဟူသမျှ သည် ဒုက္ခသစ္စာချည်း မည်၏။
(သစ္စာဘို့)။

ပဋိစ္စသမုပ္ပါဒ်၌ သုတ္တန္တဘာဇနိယ နည်းအားဖြင့် နာမ်ရုပ် နှစ်ပါး အစုံထား၍ ဟောတော်မူသည်။

အဘိဓမ္မာနည်း အားဖြင့် ရုပ်ကို အာယတနဖြင့်သင်္ဂြိုဟ်၍ နာမဝါရအားဖြင့် ဟောတော်မူအပ်သော ပဋိစ္စသမုပ္ပါဒ်သော်ကား ဤလောဘစသော ကာယဝိညတ်၌ - အဝိဇ္ဇာ, သင်္ခါရ, ဝိညာဏ်, နာမ်, သဠာယတန ,ဖဿ, ဝေဒနာ, တဏှာ, ဥပါဒါန်, ဘဝ, ဇာတိ, ဇရာမရဏ ဤတဆယ့်နှစ်ပါး တို့ကို ရအပ်ကုန်၏။

ယူဟန်ကား -

လောဘကာယဝိညတ် အတွင်း၌ (၁၂၇) ပါးသော ရုပ်နာမ်တို့တွင် -

မောဟစေတသိက်သည် အဝိဇ္ဇာ မည်၏။
စေတနာ စေတသိက်သည် သင်္ခါရနှင့် ဘဝ မည်၏။
လောဘစိတ်သည် ဝိညာဏ် မည်၏။
ဖဿစေတသိက်သည် ဖဿမည်၏။
ဝေဒနာစေတသိက်သည် ဝေဒနာ မည်၏။
လောဘစေတသိက်သည် တဏှာနှင့် ဥပါဒါန် မည်၏။
ကြွင်းသော စေတသိက် တဆယ့်လေးပါးသည် နာမ်မည်၏။
အာယတနခြောက်ပါးသည် သဠာယတန မည်၏။
ဝါ၊ အာယတနလေးပါးသည် သဠာယတန မည်၏။
ထိုအာယတနတို့၏ ဖြစ်ပေါ်ခြင်းသည် ဇာတိ မည်၏။
ရင့်ခြင်းသည် ဇရာ မည်၏။
ပျက်ခြင်းသည် မရဏ မည်၏။

ဤ ပဋိစ္စသမုပ္ပါဒ် တဆယ့်နှစ်ပါးကို ဖြစ်ပေါ်ခြင်းကြောင့် ရှေ့သို့တက်ခြင်း နောက်သို့ ဆုတ်ခြင်း စသည် ထင်ရှား၏။ နတ်လူဖြစ်သည် မဟုတ်။

ကတမေ ဓမ္မာ အကုသလာ။ အဘယ်မည်သော တရားတို့သည် အကုသိုလ် မည်ကုန်သနည်း။ ယသ္မိံ သမယေ၊ အကြင်အကုသိုလ် ဖြစ်သောအခါ၌။ ရူပါရမ္မဏံဝါ သဒ္ဒါရမ္မဏံ ဝါ ဂန္ဓာရမ္မဏံဝါ ရသာရမ္မဏံ ဝါ ဖောဋ္ဌဗ္ဗာရမ္မဏံဝါ ဓမ္မာရမ္မဏံ ဝါ ယံယံ ဝါ ပနာရဗ္ဘ၊ ရူပါရုံ, သဒ္ဒါရုံ, ဂန္ဓာရုံ, ရသာရုံ, ဖောဋ္ဌဗ္ဗာရုံ, ဓမ္မာရုံကို၎င်း၊ အကြင်အကြင်သို့သော အာရုံကို၎င်း အာရုံပြု၍။ သောမနဿသဟဂတံ၊ သောမနဿ ဝေဒနာနှင့်တကွ ဖြစ်သော။ ဒိဋ္ဌိဂတ သမ္ပယုတ္တံ၊ မိစ္ဆာဒိဋ္ဌိနှင့်ယှဉ်သော။ အကုသလံ စိတ္တံ ဥပ္ပန္နံ ဟောတိ၊ အကုသိုလ်စိတ်သည် ဖြစ်၏။

တသ္မိံ သမယေ၊ ထိုအကုသိုလ်စိတ် ဖြစ်သောအခါ၌။ အဝိဇ္ဇာပစ္စယာ သင်္ခါရာ၊ အဝိဇ္ဇာ ဟူသော အကြောင်းကြောင့် သင်္ခါရတို့သည် ဖြစ်ကုန်၏။ သင်္ခါရပစ္စယာ ဝိညာဏံ၊ သင်္ခါရဟူသော အကြောင်းကြောင့် ဝိညာဏ်သည် ဖြစ်၏။ ဝိညာဏပစ္စယာ နာမံ၊ ဝိညာဏ်ဟူသော အကြောင်းကြောင့် နာမ်သည်။ ဖြစ်၏။ နာပစ္စယာ ဆဋ္ဌာယတနံ၊ နာမ်ဟူသော အကြောင်းကြောင့် ဆဋ္ဌာယတနသည် ဝါ၊ အာယတနလေးပါးသည် ဖြစ်၏။ ဆဋ္ဌာယတနပစ္စယာ ဖဿော၊ ဆဋ္ဌာယတနဟူသော အကြောင်းကြောင့် ဖဿသည်။ ဖြစ်၏။ ဖဿပစ္စယာ ဝေဒနာ၊ ဖဿဟူသော အကြောင်းကြောင့် ဝေဒနာသည်။ ဖြစ်၏။ ဝေဒနာပစ္စယာ တဏှာ၊ ဝေဒနာဟူသော အကြောင်းကြောင့် တဏှာသည်။ ဖြစ်၏။ တဏှာပစ္စယာ ဥပါဒါနံ၊ တဏှာဟူသော အကြောင်းကြောင့် ဥပါဒါန်သည်။ ဖြစ်၏။ ဥပါဒါနပစ္စယာ ဘဝေါ၊ ဥပါဒါန်ဟူသော အကြောင်းကြောင့် ဘဝသည်။ ဖြစ်၏။ ဘဝပစ္စယာ ဇာတိ၊ ဘဝဟူသော အကြောင်းကြောင့် ဇာတိသည်။ ဖြစ်၏။ ဇာတိပစ္စယာ ဇရာမရဏံ၊ ဇာတိဟူသောအကြောင်းကြောင့် ဇရာမရဏသည်။ ဖြစ်၏။ ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ၊ ဤသို့ ချမ်းသာနှင့်မရော သက်သက်သော ထိုဆင်းရဲအစု၏ ဖြစ်ခြင်းသည်။ ဖြစ်၏။

ဝိဘင်းပါဠိတော်။

ကတမေ ဓမ္မာ၊ အဘယ်မည်သော တရားတို့သည်။
အကုသလာ၊ အကုသိုလ် မည်ကုန်သနည်း။
ယသ္မိံ သမယေ၊ အကြင်အကုသိုလ် ဖြစ်သောအခါ၌။
ရူပါရမ္မဏံ ဝါ၊ ရူပါရုံကို၎င်း။
သဒ္ဒရမ္မဏံ ဝါ၊ သဒ္ဒါရုံကို၎င်း။
ဂန္ဓာရမ္မဏီ ဝါ၊ ဂန္ဓာရုံကို၎င်း။
ရသာရမ္မဏံ ဝါ၊ ရသာရုံကို၎င်း။
ဖောဋ္ဌဗ္ဗာရမ္မဏံ ဝါ၊ ဖောဋ္ဌဗ္ဗာရုံကို၎င်း။
ဓမ္မာရမ္မဏံ ဝါ၊ ဓမ္မာရုံကို၎င်း။
ယံ ယံ ဝါ ပန အာရမ္မဏံ၊ အကြင်အကြင်သို့သော အာရုံကို၎င်း။
အာရဗ္ဘ အာရမ္မဏံ ကတွာ၊ အာရုံပြု၍။
သောမနဿသဟဂတံ၊ သောမနဿ ဝေဒနာနှင့်တကွ ဖြစ်သော။
ဒိဋ္ဌိဂတသမ္ပယုတ္တံ၊ မိစ္ဆာဒိဋ္ဌိနှင့်ယှဉ်သော။
အကုသလံ စိတ္တံ၊ အကုသိုလ်စိတ်သည်။
ဥပ္ပန္နံ၊ ဖြစ်သည်။
ဟောတိ၊ ဖြစ်၏။

တသ္မိံ သမယေ၊ ထိုအကုသိုလ်စိတ် ဖြစ်သောအခါ၌။
အဝိဇ္ဇာပစ္စယာ၊ အဝိဇ္ဇာ ဟူသော အကြောင်းကြောင့်။
သင်္ခါရာ၊ သင်္ခါရတို့သည်။
သမ္ဘဝန္တိ၊ ဖြစ်ကုန်၏။
သင်္ခါရပစ္စယာ၊ သင်္ခါရဟူသော အကြောင်းကြောင့်။
ဝိညာဏံ၊ ဝိညာဏ်သည်။
သမ္ဘဝတိ၊ ဖြစ်၏။
ဝိညာဏပစ္စယာ၊ ဝိညာဏ်ဟူသော အကြောင်းကြောင့်။
နာမံ၊ နာမ်သည်။
သမ္ဘဝတိ၊ ဖြစ်၏။
နာမပစ္စယာ၊ နာမ်ဟူသော အကြောင်းကြောင့်။
ဆဋ္ဌာယတနံ၊ ဆဋ္ဌာယတနသည်။
ဝါ၊ အာယတနလေးပါးသည်။
သမ္ဘဝတိ၊ ဖြစ်၏။
ဆဋ္ဌာယတနပစ္စယာ၊ ဆဋ္ဌာယတနဟူသော အကြောင်းကြောင့်။
ဖဿော၊ ဖဿသည်။
သမ္ဘဝတိ၊ ဖြစ်၏။
ဖဿ ပစ္စယာ၊ ဖဿဟူသော အကြောင်းကြောင့်။
ဝေဒနာ၊ ဝေဒနာသည်။
သမ္ဘဝတိ၊ ဖြစ်၏။
ဝေဒနာပစ္စယာ၊ ဝေဒနာဟူသော အကြောင်းကြောင့်။
တဏှာ၊ တဏှာသည်။
သမ္ဘဝတိ၊ ဖြစ်၏။
တဏှာ ပစ္စယာ၊ တဏှာဟူသော အကြောင်းကြောင့်။
ဥပါဒါနံ၊ ဥပါဒါန်သည်။
သမ္ဘဝတိ၊ ဖြစ်၏။
ဥပါဒါနပစ္စယာ၊ ဥပါဒါန်ဟူသော အကြောင်းကြောင့်။
ဘဝေါ၊ ဘဝသည်။
သမ္ဘဝတိ၊ ဖြစ်၏။
ဘဝ ပစ္စယာ၊ ဘဝဟူသော အကြောင်းကြောင့်။
ဇာတိ၊ ဇာတိသည်။
သမ္ဘဝတိ၊ ဖြစ်၏။
ဇာတိပစ္စယာ၊ဇာတိဟူသောအကြောင်းကြောင့်။
ဇရာမရဏံ၊ ဇရာမရဏသည်။
သမ္ဘဝတိ၊ ဖြစ်၏။
ဧဝံ၊ ဤသို့။
ကေဝလဿ၊ ချမ်းသာနှင့်မရော သက်သက်သာ။
ဧတဿ ဒုက္ခက္ခန္ဓဿ၊ ထိုဆင်းရဲအစု၏။
သမုဒယော၊ ဖြစ်ခြင်းသည်။
ဟောတိ၊ ဖြစ်၏။

လောဘကာယဝိညတ်၌ ဤပဋိစ္စသမုပ္ပါဒ် တဆယ့်နှစ်ပါးကို ပြသည်ကား အသင်္ခါရိကစိတ်၌ ဖြစ်သော သဘောကိုသာလျှင် ပြသည်။ သသင်္ခါရိကစိတ်မျိုး၌ အဝိဇ္ဇာ, သင်္ခါရ, ဝိညာဏ်, နာမ်, ဆဋ္ဌာယတန, ဖဿ, ဝေဒနာ, တဏှာ, အဓိမောက္ခ, ဘဝ, ဇာတိ, ဇရာမရဏ ဤ တဆယ့်နှစ်ပါးတို့ကို ရအပ်ကုန်၏။
(လောဘဘို့)။

ဒေါသကာယဝိညတ်၌ကား
အဝိဇ္ဇာ, သင်္ခါရ, ဝိညာဏ်, နာမ်, ဆဋ္ဌာယတန, ဖဿ, ဝေဒနာ, ပဋိဃ, အဓိမောက္ခ, ဘဝ, ဇာတိ, ဇရာမရဏ ဤတဆယ့်နှစ်ပါးတို့ကို ရအပ်ကုန်၏။
(ဒေါသဘို့)။

မောဟကာယဝိညတ်ဥဒ္ဓစ္စ၌ကား
အဝိဇ္ဇာ, သင်္ခါရ, ဝိညာဏ်, နာမ် ဆဋ္ဌာယတန ဖဿ, ဝေဒနာ, ဥဒ္ဓစ္စ, အဓိမောက္ခ, ဘဝ, ဇာတိ, ဇရာမရဏ ဤ တဆယ့်နှစ်ပါး တို့ကိုရအပ်ကုန်၏။
(ဥဒ္ဓစ္စဘို့)။

မောဟကာယဝိညတ်ဝိစိကိစ္ဆာ၌
အဝိဇ္ဇာ, သင်္ခါရ, ဝိညာဏ်, နာမ်, ဆဋ္ဌာယတန ဖဿ, ဝေဒနာ, ဝိစိကိစ္ဆာ, ဘဝ, ဇာတိ, ဇရာမရဏ ဤတဆယ့်တပါးတို့ကို ရအပ်ကုန်၏။
(မောဟဘို့)။

ဤသို့ -
လောဘ ကာယဝိညတ်၊
ဒေါသ ကာယဝိညတ်
မောဟ ကာယဝိညတ်
တို့၌ ပဋိစ္စသမုပ္ပါဒ်တို့ ယူဟန်ကို သိအပ်၏။

ကုသိုလ်ကာယဝိညတ်၌ကား -
ကုသလမူလ, သင်္ခါရ, ဝိညာဏ်, နာမ်, ဆဋ္ဌာယတန, ဖဿ, ဝေဒနာ, ပသာဒ, အဓိမောက္ခ, ဘဝ, ဇာတိ, ဇရာမရဏ တို့ကို ရအပ်ကုန်၏။

၎င်းတို့တွင် -
အလောဘ အဒေါသ အမောဟ စေတသိက်တို့သည် ကုသလမူလ မည်၏။
စေတနာစေတသိက်သည် သင်္ခါရနှင့် ဘဝ မည်၏။
မဟာကုသိုလ် ဉာဏသမ္ပယုတ် အသင်္ခါရိကစိတ်သည် ဝိညာဏ်မည်၏။
ဖဿ စေတသိက်သည် ဖဿမည်၏။
ဝေဒနာစေတသိက်သည် ဝေဒနာ မည်၏။
သဒ္ဓါစေတသိက်သည် ပသာဒ မည်၏။
အဓိမောက္ခ စေတသိက်သည် အဓိမောက္ခ မည်၏။
ကြွင်းသော စေတသိက် သုံးဆယ်သည် နာမ်မည်၏။
အာယတန ခြောက်ပါးသည် ဆဋ္ဌာယတနမည်၏။
ဝါ၊ အာယတနလေးပါး မည်၏။
ထိုအာယတနတို့၏ ဖြစ်ပေါ်ခြင်းသည် ဇာတိ မည်၏။
ရင့်ခြင်းသည် ဇရာ မည်၏။
ပျက်ခြင်းသည် မရဏ မည်၏။

ထို ပဋိစ္စသမုပ္ပါဒ်တဆယ် နှစ်ပါးတို့ ဖြစ်ပေါ်ခြင်းကြောင့် လက်အုပ်ချီခြင်း ဝပ်ခြင်း စသည်တို့သည် ဖြစ်ကုန်၏။

ကတမေ ဓမ္မာ ကုသလာ။ အဘယ်မည်သော တရားတို့သည် ကုသိုလ်မည်ကုန်သနည်း။ ယသ္မိံ သမယေ၊ အကြင်ကုသိုလ်စိတ် ဖြစ်သောအခါ၌။ ရူပါ ရမ္မဏံ ဝါ၊ သဒ္ဒါရမ္မဏံ ဝါ၊ ဂန္ဓာရမ္မဏံ ဝါ၊ ရသာရမ္မဏံ ဝါ ဖောဋ္ဌဗ္ဗာရမ္မဏံ ဝါ ဓမ္မာရမ္မဏံ ဝါ ယံယံ ဝါ ပနာရဗ္ဘ၊ ရူပါရုံ, သဒ္ဓါရုံ, ဂန္ဓာရုံ, ရသာရုံ, ဖောဋ္ဌဗ္ဗာရုံ, ဓမ္မာရုံကို၎င်း၊ အကြင်အကြင်သို့သော အာရုံကို၎င်း အာရုံပြု၍။ သောမနဿ သဟဂတံ၊ သောမနဿဝေဒနာနှင့်တကွ ဖြစ်သော။ ဉာဏသမ္ပယုတ္တံ၊ ဉာဏ်နှင့်ယှဉ်သော။ ကာမာဝစရံ ကုသလံ စိတ္တံ ဥပ္ပန္နံ ဟောတိ၊ ကာမာဝစရ ဖြစ်သော ကုသိုလ်စိတ်သည် ဖြစ်၏။

တသ္မိံ သမယေ၊ ထိုကုသိုလ်စိတ် ဖြစ်သောအခါ၌။ ကုသလ မူလပစ္စယာ သင်္ခါရော၊ ကုသိုလ်မူလဟူသော အကြောင်းကြောင့် သင်္ခါရသည်။ ဖြစ်၏။ သင်္ခါရပစ္စယာ ဝိညာဏံ၊ သင်္ခါရဟူသော အကြောင်းကြောင့် ဝိညာဏ်သည်။ ဖြစ်၏။ ဝိညာဏပစ္စယာ နာမံ၊ ဝိညာဏ်ဟူသော အကြောင်းကြောင့် နာမ်သည်။ ဖြစ်၏။ နာမပစ္စယာ ဆဋ္ဌာယတနံ၊ နာမ်ဟူသော အကြောင်းကြောင့် ဆဋ္ဌာယတနသည်။ ဖြစ်၏။ ဆဋ္ဌာယတနပစ္စယာ ဖဿော၊ ဆဋ္ဌာယတနဟူသော အကြောင်းကြောင့် ဖဿသည်။ ဖြစ်၏။ ဖဿပစ္စယာ ဝေဒနာ၊ ဖဿဟူသော အကြောင်းကြောင့် ဝေဒနာသည်။ ဖြစ်၏။ ဝေဒနာပစ္စယာ ပသာဒေါ၊ ဝေဒနာဟူသော အကြောင်းကြောင့် ပသာဒသည်။ ဖြစ်၏။ ပသာဒပစ္စယာ အဓိမောက္ခော၊ ပသာဒဟူသော အကြောင်းကြောင့် အဓိမောက္ခသည်။ ဖြစ်၏။ အဓိမောက္ခပစ္စယော ဘဝေါ၊ အဓိမောက္ခ ဟူသော အကြောင်းကြောင့် ဘဝသည်။ ဖြစ်၏။ ဘဝပစ္စာ ဇာတိ၊ ဘဝဟူသော အကြောင်းကြောင့် ဇာတိသည်။ ဖြစ်၏။ ဇာတိပစ္စယာ ဇရာမရဏံ၊ ဇာတိဟူသော အကြောင်းကြောင့် ဇရာမရဏသည်။ ဖြစ်၏။ ဧဝံ ဧတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ၊ ဤသို့ ချမ်းသာနှင့် မရော သက်သက်သော ထိုဆင်းရဲအစု၏ ဖြစ်ခြင်းသည်။ ဖြစ်၏။

ဝိဘင်းပါဠိတော်။

ဤပဋိစ္စသမုပ္ပါဒ် ဝါရတို့ကား ဉာဏသမ္ပယုတ္တဝါရတည်း။ ဉာဏဝိပ္ပယုတ္တဝါရ ကိုလည်း ကုသလမူလ၌ အမောဟကိုကြဉ်၍ ၎င်းအတိုင်း ဝါရတို့ကို ထုတ်အပ် ကုန်၏။ အာဂုံကိုလိုမူ ဝိဘင်းပါဠိတော်မှာယူလေ။
(ကာယဝိညတ်ဘို့)။

၃၆ - ဝစီဝိညတ် ဓလးပါးတို့၌ ရုပ် - နာမ် - ခန္ဓာ - အာယတန - ဓါတ် - သစ္စာ - ပဋိစ္စသမုပ္ပါဒ် တို့ကို ပြခြင်း

ငါသည် စကားဆိုအံ့ဟု စိတ်သည်ဖြစ်၏။ ထိုနောင် ဝိညတ်သည် ကိုယ်ကို ပြည့်စေလျက် စကားဆိုခြင်းသည် ဖြစ်၏။

ဤကြိယာအတွင်း၌ သမ္ဗန္ဓဖြစ်သော ရုပ်နာမ်တို့ကား -

စိတ်သည် ဝတ္ထုရုပ်၌ မှီရသည်ဖြစ်၍ ဝတ္ထုရုပ်၌ရအပ်သောရုပ် (၅၄) ပါး, ထိုရုပ်၌ ပါသော ပထဝီဓာတ်သည် ဥပါဒိန္နကကာယပသာဒ ဟုဆိုအပ်သော ဌာန်ငါးပါး၌ ရှိသော ကမ္မဇပထဝီဓာတ်ကို ခတ်လျက် စိတ္တဝိပ္ဖါရသဒ္ဒကို ဖြစ်စေ၍ ဝစီဝိညတ္တိ သဒ္ဒဒသကကလာပ်ရုပ်သေး (၁၀) ပါးသည် ဘုတ်အဆက်ဆက်ကို ထောက်ပံ့၍ ဖြစ်စေ၏။ ပေါင်း (၁၀၈) ပါးရ၏။ စိတ်မှာ ကာယဝိညတ်နှင့် တူစွာ (၂ဝ) စသည် ဖြစ်၍ ဤသို့အပေါင်းအားဖြင့် (၁၂၈) ပါး ဖြစ်၏။

၎င်းတို့တွင် -
ရုပ်ပေါင်း (၁၀၈) ပါးသည် ရူပက္ခန္ဓာ မည်၏။
ဝေဒနာသည် ဝေဒနာက္ခန္ဓာမည်၏။
သညာသည် သညာက္ခန္ဓာ မည်၏။
ဝေဒနာ သညာမှ ကြွင်းသော စေတသိက် (၁၇) ပါးသည် သင်္ခါရက္ခန္ဓာ မည်၏။
လောဘစိတ်သည် ဝိညာဏက္ခန္ဓာ မည်၏။

ထိုခန္ဓာငါးပါးတို့၏ အညီအမျှ ပေါင်းဆုံကြသည်ရှိသော် စကား တခွန်းဆိုခြင်း စကား နှစ်ခွန်းဆိုခြင်း စသည် ထင်ခဲ့၏။ ထိုသို့ တခွန်းဆိုခြင်း နှစ်ခွန်းဆိုခြင်း စသည်၌ အဘယ် တယောက်ယောက်သော နတ် လူ ဗြဟ္မာသည် ဆိုအံ့နည်း။ ဆိုတတ်သော နတ်လူဗြဟ္မာ မရှိသည်သာတည်း။ ထိုကြောင့် တခွန်းဆို၍ ငြိမ်းရာ၌၎င်း နှစ်ခွန်းဆို၍ ငြိမ်းရာ၌၎င်း အနိစ္စ ဒုက္ခ အနတ္တ ဟူ၍မှတ်။

ဤနည်းကိုမှီး၍ တခွန်းတခွန်း၌ ခန္ဓာငါးပါး ငါးပါး ချုပ်ပုံကို သိကြလေ။

ဣဒံ ဝက္ခာမိ, ဧတံ ဝက္ခာမီတိ၊ ဤစကားကို ဆိုအံ့၊ ဤစကားကို ဆိုအံ့ဟု။ ဥပ္ပဇ္ဇမာနံ ပန စိတ္တံ၊ ဖြစ်သော စိတ်သည်။ ပထဝီဓာတု အာပေါဓာတု တေဇောဓာတု ဝါယောဓာတု ဝဏ္ဏော ဂန္ဓော ရသော ဩဇာတိ အဋ္ဌ ရူပါနိ သမုဋ္ဌာပေတိ၊ ပထဝီဓာတ်, အာပေါဓာတ်, တေဇောဓာတ်, ဝါယောဓာတ်, အဆင်း, အနံ့, အရသာ, ဩဇာ ဤရှစ်ပါးသော ရုပ်တို့ကို ဖြစ်စေ၏။ တေသံ အဗ္ဘန္တရေ စိတ္တသမုဋ္ဌာနာ ပထဝီဓာတု၊ ထိုရှစ်ပါးသော ရုပ်တို့၏ အတွင်း၌ စိတ်ကြောင့် ဖြစ်သော ပထဝီဓာတ်သည်။ ဥပါဒိန္နကံ (ပထဝီဓာတ်ကို)၊ ဥပါဒိန္နက ဖြစ်သော (ကမ္မဇပထဝီဓာတ်ကို)။ သံဃဋ္ဋယမာနာ၀ ဥပ္ပဇ္ဇတိ၊ ထိခိုက်သည်ဖြစ်၍သာလျှင် ဖြစ်၏။ တေန ဓာတုသံဃဋ္ဋနေန သဟေ၀ သဒ္ဒေါ ဥပ္ပဇ္ဇတိ၊ ထို (စိတ္တဇ) ဓာတ်၏ (ကမ္မဇ) ဓာတ်ကို ထိခိုက်ခြင်းနှင့် တကွသာလျှင် အသံသည်။ ဖြစ်၏။ အယံ စိတ္တသမုဋ္ဌာန သဒ္ဒေါ နာမ၊ ဤအသံသည် စိတ်ကြောင့်ဖြစ်သော အသံမည်၏။ အယံ နု ဝိညတ္တိ၊ ဤစိတ်ကြောင့်ဖြစ်သော အသံသည် ဝိညတ်မမည်။ ပန၊ အလျော်ကို ဆိုဦးအံ့။ စိတ္တသမုဋ္ဌာနာယ တဿာ ပထဝီဓာတုယာ ဥပဒိန္နကဃဋ္ဋနဿ ပစ္စယဘူတော၊ စိတ်ကြောင့်ဖြစ်သော ထိုပထဝီဓာတ်၏ ကမ္မဇပထဝီကို ထိခိုက်ခြင်း၏ အကြောင်းဖြစ်၍ဖြစ်သော။ ဧကော အာကာရဝိကာရော (စိတ္တသမုဋ္ဌာန မဟာဘူတာနံ)၊ တခုသော (စိတ်ကြောင့် ဖြစ်သော မဟာဘုတ်တို့၏) အမူအရာအထူးသည်။ အတ္ထိ၊ ရှိ၏။ အယံ အာကာရဝိကာရော ဝစီဝိညတ္တိ နာမ၊ ဤအမူအရာအထူးသည် ဝစီဝိညတ် မည်၏။

အဋ္ဌသာလိနီ။

ရုပ် (၁၀၈) ပါးယူဟန်ကို ကာယဝိညတ်၌ ကြည့်၍ ယူလေ။
(လောဘဝစီဝိညတ်ဘို့)။

ဒေါသဝစီဝိညတ်၌ -

ရုပ် (၁ဝ၈) ပါးသည် ရူပက္ခန္ဓာ မည်၏။
ဝေဒနာစေတသိက်သည် ဝေဒနာက္ခန္ဓာ မည်၏။
သညာ စေတသိက်သည် သညာက္ခန္ဓာ မည်၏။
ဝေဒနာ သညာမှ ကြွင်းသော စေတသိက် (၁၈) ပါးသည် သင်္ခါရက္ခန္ဓာ မည်၏။
ဒေါသစိတ်သည် ဝိညာဏက္ခန္ဓာ မည်၏၊

ဤခန္ဓာငါးပါးတို့ ပေါင်းဆုံကြခြင်းကြောင့် ဆိုခြင်း ဆဲခြင်း စသည်ဖြစ်၏။ နတ် လူ ဖြစ်သည်မဟုတ်။
(ဒေါသဝစီဝိညတ်ဘို့)။

မောဟဝစီဝိညတ်၌ -

ရုပ် (၁၀၈) ပါးသည် ရူပက္ခန္ဓာ မည်၏။
ဝေဒနာစေတသိက်သည် ဝေဒနာက္ခန္ဓာ မည်၏။
သညာစေတသိက်သည် သညာက္ခန္ဓာ မည်၏။
ဝေဒနာသညာမှ ကြွင်းသော စေတသိက် (၁၃) ပါးသည် သင်္ခါရက္ခန္ဓာ မည်၏။
မောဟစိတ်သည် ဝိညာဏက္ခန္ဓာ မည်၏။

ဤခန္ဓာငါးပါးတို့ ပေါင်းဆုံ ကြခြင်းကြောင့် ဆိုမှန်းမသိဆို၏။ ပြောမှန်းမသိပြော၏။ နတ် လူ ဆိုသည် ပြောသည်မဟုတ်။
(မောဟဝစီဝိညတ်ဘို့)။

ကုသိုလ်ဝစီဝိညတ်၌ -

ရုပ် (၁၀၈) ပါးသည် ရူပက္ခန္ဓာ မည်၏။
ဝေဒနာစေတသိက်သည် ဝေဒနာက္ခန္ဓာ မည်၏။
သညာစေတသိက်သည် သညာက္ခန္ဓာ မည်၏။
ဝေဒနာ သညာမှ ကြွင်းသော စေတသိက် (၃၆) ပါးသည် သင်္ခါရက္ခန္ဓာ မည်၏။
ကာမကုသိုလ်စိတ်သည် ဝိညာဏက္ခန္ဓာ မည်၏။

ဤခန္ဓာငါးပါးတို့ ပေါင်းဆုံကြခြင်းကြောင့် တရားဟောခြင်း စာသရဇ္ဈာယ်ခြင်း စသည် ဖြစ်၏။ နတ် လူ ဖြစ်သည်မဟုတ်။
(ကုသိုလ်ဝစီဝိညတ်ဘို) ။

ခန္ဓာပြီး၏။

အာယတန၌ -

ကာယပသာဒရုပ်သည် ကာယာယတန မည်၏။
ဖောဋ္ဌဗ္ဗာရုံသည် ဖောဋ္ဌဗ္ဗာယတန မည်၏။
လောဘစိတ်သည် မနာယတန မည်၏။
သုခုမရုပ်တို့နှင့်တကွ စေတသိက် (၁၉) ခုသည် ဓမ္မာယတန မည်၏။

ဤအာယတန လေးပါးတို့၏ ပေါင်းဆုံကြ ခြင်းကြောင့် ပေးပါ ယူပါ စသည်ဆို၏။ နတ် လူ ဆိုသည်မဟုတ်။ ကြွင်းသောရုပ်နာမ်တို့ကို လက္ခဏာဟာရနည်းအားဖြင့် သိအပ်၏။
(လောဘဘို့)။

ဒေါသ၌ -
ကာယပသာဒရုပ်သည် ကာယာယတန မည်၏။
ဖောဋ္ဌာဗ္ဗာရုံသည် ဖောဋ္ဌဗ္ဗာယတန မည်၏။
ဒေါသစိတ်သည် မနာယတန မည်၏။
သုခုမရုပ်နှင့်တကွ စေတသိက် (၂၀) သည် ဓမ္မာယတန မည်၏။

ဤအာယတနလေးပါးတို့၏ ပေါင်းဆုံကြခြင်းကြောင့် ဆိုခြင်း ဆဲခြင်း စသည်ဖြစ်၏။ နတ် လူ ဆိုသည် ဆဲသည် မဟုတ်။
(ဒေါသဘို့)။

မောဟ၌ -

ကာယပသာဒရုပ်သည် ကာယာယတန မည်၏။
ဖောဋ္ဌဗ္ဗာရုံလည် ဖောဋ္ဌဗ္ဗာယတန မည်၏။
မောဟစိတ်သည် မနာယတန မည်၏။
သုခုမရုပ်တို့နှင့်တကွ စေတသိက် (၁၅) ခုသည် ဓမ္မာယတန မည်၏။

ဤ အာယတန လေးပါးတို့၏ ပေါင်းဆုံကြ ခြင်းကြောင့် မသိ၍ ဆိုခြင်း ပြောခြင်း စသည် ဖြစ်၏။ နတ်လူ ဆိုသည် ပြောသည် မဟုတ်။
(မောဟနှစ်ခုဘို့)။

ကုသိုလ်၌ -

ကာယပသာဒရုပ်သည် ကာယာယတန မည်၏။
ဖောဋ္ဌဗ္ဗာရုံသည် ဖေဋ္ဌဗ္ဗာယတန မည်၏။
ကုသိုလ်စိတ်သည် မနာယတန မည်၏။
သုခုမရုပ်တို့နှင့်တကွ စေတသိက် (၃၈) ခုသည် ဓမ္မာယတန မည်၏။

ဤ အာယတန လေးပါးတို့၏ ပေါင်းဆုံကြခြင်းကြောင့် တရားဟောခြင်း စာသရဇ္ဈာယ်ခြင်း စသည်ဖြစ်၏။ နတ်လူ ဟောသည် သရဇ္ဈာယ်သည် မဟုတ်။
(ကုသိုလ်ဘို့)။

အာယတနပြီး၏။

ဓာတ်၌ -

ကာယပသာဒရုပ်သည် ကာယဓာတ် မည်၏။
ဖောဋ္ဌဗ္ဗာရုံသည် ဖောဋ္ဌဗ္ဗာဓာတ် မည်၏။
လောဘစိတ်သည် မနောဝိညာဏဓာတ် မည်၏။
သုခုမရုပ်တို့နှင့်တကွ စေတသိက် (၁၉) ခုသည် ဓမ္မဓာတ် မည်၏။

ဤဓာတ်လေးပါးတို့ ပေါင်းဆုံကြခြင်းကြောင့် ပေးပါ ယူခဲ့ပါ စသည်ဆို၏။ နတ် လူ ဆိုသည် မဟုတ်။ ကြွင်းသော ရုပ်နာမ်တို့ကို လက္ခဏာဟာရနည်းအားဖြင့် သိအပ် ၏။
(လောဘဘို့)။

ဒေါသ၌ -

ကာယပသာဒရုပ်သည် ကာယဓာတ် မည်၏။
ဖောဋ္ဌဗ္ဗာရုံသည် ဖောဋ္ဌဗ္ဗဓာတ် မည်၏။
ဒေါသစိတ်သည် မနောဝိညာဏဓာတ် မည်၏။
သုခုမရုပ်တို့နှင့်တကွ စေတသိက် (၂၀) သည် ဓမ္မဓာတ် မည်၏။

ဤဓာတ်လေးပါးတို့ ပေါင်းဆုံကြခြင်းကြောင့် ဆိုခြင်း ဆဲခြင်း စသည်ဖြစ်၏။ နတ်လူ ဆိုသည်မဟုတ်။
(ဒေါသဘို့)။

မောဟ၌ -

ကာယပသာဒရုပ်သည် ကာယဓာတ် မည်၏။
ဖောဋ္ဌဗ္ဗာရုံသည် ဖောဋ္ဌဗ္ဗဓာတ် မည်၏။
မောဟစိတ်သည် မနောဝိညာဏဓာတ် မည်၏။
သုခုမရုပ်တို့နှင့်တကွ စေတသိက်(၁၅) သည် ဓမ္မဓာတ် မည်၏။

ဤဓာတ်လေးပါးတို့ ပေါင်းဆုံကြခြင်းကြောင့် မသိ၍ ဆိုခြင်း ပြောခြင်း စသည် ဖြစ်၏။ နတ် လူ ဆိုသည် မဟုတ်။
(မောဟဘို့)။

ကုသိုလ်၌ -

ကာယပသာဒရုပ်သည် ကာယဓာတ် မည်၏။
ဖောဋ္ဌဗ္ဗာရုံသည် ဖောဋ္ဌဗ္ဗဓာတ် မည်၏။
ကုသိုလ်စိတ်သည် မနောဝိညာဏဓာတ် မည်၏။
သုခုမရုပ်တို့နှင့်တကွ စေတသိက် (၃၈) သည် ဓမ္မဓာတ် မည်၏။

ဤဓာတ်လေးပါးတို့၏ ပေါင်းဆုံကြခြင်းကြောင့် တရားဟောခြင်း စာသရဇ္ဈာယ်ခြင်း စသည်ဖြစ်၏။ နတ် လူ ဟောသည် သရဇ္ဈာယ်သည် မဟုတ်။
(ကုသိုလ်ဘို့)။

ဓာတ်ပြီး၏။

သစ္စာ၌ -

အလုံးစုံ ဝစီဝိညတ် ဖြစ်ထိုက်သော ရုပ် နာမ် ခန္ဓာ အာယတန ဓာတ် တို့သည် ဒုက္ခသစ္စာချည်း မည်ကုန်၏။

လောဘဝစီဝိညတ်စသော ပဋိစ္စသမုပ္ပါဒ်၌ အဝိဇ္ဇာ, သင်္ခါရ, ဝိညာဏ်, နာမ်, သဠာယတန ,ဖဿ, ဝေဒနာ, တဏှာ, ဥပါဒါန်, ဘဝ, ဇာတိ, ဇရာမရဏ ဤတဆယ့်နှစ်ပါးတို့ကို ရအပ်ကုန်၏။

ယူဟန်ကား -

လောဘဝစီဝိညတ် (၁၂) ပါးသော ရုပ်နာမ်တို့တွင် -

မောဟစေတသိက်သည် အဝိဇ္ဇာ မည်၏။
စေတနာ စေတသိက်သည် သင်္ခါရနှင့် ဘဝ မည်၏။
လောဘစိတ်သည် ဝိညာဏ် မည်၏။
ဖဿစေတသိက်သည် ဖဿမည်၏။
ဝေဒနာစေတသိက်သည် ဝေဒနာမည်၏။
လောဘစေတသိက်သည် တဏှာနှင့် ဥပါဒါန် မည်၏။
ကြွင်းသော စေတသိက် (၁၄) ပါးသည် နာမ် မည်၏။
အာယတန (၆) ပါးသည် သဠာယတန မည်၏။
ဝါ၊ အာယတန လေးပါးသည် အာယတန မည်၏။
ထိုအာယတနတို့၏ ဖြစ်ပေါ်ခြင်းသည် ဇာတိမည်၏။
ရင့်ခြင်းသည် ဇရာမည်၏။
ပျက်ခြင်းသည် မရဏမည်၏။

ဤပဋိစ္စသမုပ္ပါဒ် တဆယ့်နှစ်ပါးတို့ ဖြစ်ပေါ်ခြင်းကြောင့် ပေးပါ ယူခဲ့ပါစသည် ဆိုခြင်းသည် ဖြစ်၏။ နတ် လူ ဖြစ်သည်မဟုတ်။

အာဂုံကို ကာယဝိညတ်မှာလေ။

လောဘဝစီဝိညတ်၌ -
ပဋိစ္စသမုပ္ပါဒ် တဆယ့်နှစ်ပါးကို ပြသည်ကား အသင်္ခါရိက စိတ်နှင့် ဖြစ်သော သဘောကိုသာလျှင် ပြသည်။ သသင်္ခါရိကစိတ်မျိုး၌မှာမူ အဝိဇ္ဇာ, သင်္ခါရ, ဝိညာဏ်, နာမ်, ဆဋ္ဌာယတန, ဖဿ, ဝေဒနာ, တဏှာ, အဓိမောက္ခ, ဘဝ, ဇာတိ, ဇရာမရဏ ၏ တဆယ့်နှစ်ပါး တို့ကို ရအပ်၏။
(လောဘဘို့)။

ဒေါသဝစီဝိညတ်၌ -
အဝိဇ္ဇာ, သင်္ခါရ, ဝိညာဏ်, နာမ်, ဆဋ္ဌာယတန ဖဿ, ဝေဒနာ, ပဋိဃ, အဓိမောက္ခ, ဘဝ, ဇာတိ, ဇရာမရဏ ဤတဆယ့်နှစ်ပါးတို့ကို ရအပ်၏။
(ဒေါသဘို့)။

မောဟဝစီဝိညတ်၌ -
အဝိဇ္ဇာ, သင်္ခါရ, ဝိညာဏ်, နာမ်, ဆဋ္ဌာယတန, ဖဿ, ဝေဒနာ, ဥဒ္ဓစ္စ, အဓိမောက္ခ, ဘဝ, ဇာတိ, ဇရာမရဏ ဤတဆယ့်နှစ်ပါးတို့ကို ရအပ်၏ ။
(ဥဒ္ဓစ္စဘို့)။

အဝိဇ္ဇာ, သင်္ခါရ, ဝိညာဏ်, နာမ်, ဆဠာယတန၊ ဖဿ, ဝေဒနာ, ဝိစိကိစ္ဆာ, ဘဝ, ဇာတိ, ဇရာမရဏ ဤ တဆယ့်တပါး တို့ကို ရအပ်၏။
(မောဟဘို့)။

ဤသို့ လောဘဝစီဝိညတ် ဒေါသဝစီဝိညတ် မောဟဝစီဝိညတ်တို့၏ ပဋိစ္စသမုပ္ပါဒ်တို့ ဖွဲ့ယူဟန်ကို သိအပ်၏။

ကုသိုလ်ဝစီဝိညတ် -

ကုသလမူလ, သင်္ခါရ, ဝိညာဏ်, နာမ်, ဆဋ္ဌာယတန, ဖဿ,ဝေဒနာ, ပသာဒ, အဓိမောက္ခ,ဘဝ, ဇာတိ, ဇရာမရဏတို့ကို ရအပ်ကုန်၏။ ၎င်းတို့တွင် -

အလောဘ အဒေါသ အမောဟ စေတသိက်တို့သည် ကုသလမူလ မည်၏။
စေတနာ စေတသိက်သည် သင်္ခါရနှင့် ဘဝမည်၏။
မဟာကုသိုလ်ဉာဏသမ္ပယုတ် အသင်္ခါရိကစိတ်သည် ဝိညာဏ် မည်၏။
ဖဿစေတသိက်သည် ဖဿမည်၏။
ဝေဒနာစေတသိက်သည် ဝေဒနာ မည်၏။
သဒ္ဓါစေတသိက်သည် ပသာဒ မည်၏။
အဓိမောက္ခစေတသိက်သည် အဓိမောက္ခ မည်၏။
ကြွင်းသော စေတသိက် (၃၀) သည် နာမ်မည်၏။
အာယတနခြောက်ပါးသည် ဆဋ္ဌာယတန မည်၏။
အာယတန လေးပါးသည် အာယတန မည်၏။
ထိုအာယတနတို့၏ ဖြစ်ပေါ်ခြင်းသည် ဇာတိမည်၏။
ရင့်ခြင်းသည် ဇရာ မည်၏။
ပျက်ခြင်းသည် မရဏ မည်၏။

ထိုပဋိစ္စသမုပ္ပါဒ် တဆယ့်နှစ်ပါးတို့ ဖြစ်ပေါ်ခြင်းကြောင့် တရားဟောခြင်း စာ သရဇ္ဈာယ်ခြင်း စသည်ဖြစ်၏။ နတ် လူသည် သရဇ္ဈာယ်သည် မဟုတ်။

ဤပဋိစ္စသမုပ္ပါဒ်ဝါရတို့ကား ဉာဏသမ္ပယုတ္တဝါရတည်း။ ဉာဏဝိပ္ပယုတ္တဝရကိုလည်း ကုသလမူလ၌ အမောဟကိုကြဉ်၍ ၎င်းအတိုင်း ဝါရတို့ကိုထုတ်အပ်ကုန်၏။ အာဂုံကိုယူလိုမူ ဝိဘင်းမှာ ယူလေ။
(ကာယဝိညတ်ဘို့)။

၃၇ - မနောဒွါရလေးပါးတို့၌ ရုပ် - နာမ် - ခန္ဓာ - အာယတန - ဓါတ် - သစ္စာ - ပဋိစ္စသမုပ္ပါဒ် တို့ကို ပြခြင်း

မနောဒွါရ၌ကား အလွန်အရာကျယ်၏။ သုံးပါးသော မနောဓာတ်၊ (၇၆) ပါးသော မနောဝိညာဏဓာတ်တို့၏ ကျက်စားရာ ဖြစ်၍ ယောဂီပုဂ္ဂိုလ်တို့၏ ကမ္မဋ္ဌာန်း စီးဖြန်းခြင်းငှါ နည်းရရုံမျှ ဖြစ်သော လောဘဌာန ဒေါသဌာန မောဟဌာန ကုသိုလ်ဌာန ဤ (၄) ခုတို့ကိုသာလျှင် ပြပေအံ့။

ကိုယ်အင်္ဂါ နှုတ်အင်္ဂါတို့ကို မလှုပ်ရှားစေမူ၍ မနောဒွါရဖြင့်သာလျှင် ဖြစ်သော ကံသည် မနောကံမည်၏။

စောပနံ အပတ္တံ အကုသလံ မနောကမ္မမေဝ

ဟူသော အဋ္ဌသာလိနီအဋ္ဌကထာနှင့် အညီတည်း။

ထိုမနောကံ ဟူသမျှသည် ဝတ္ထုရုပ်၌သာလျှင် နိဿယပစ္စည်းဖြစ်၍ ဝတ္ထုဒသက (၁၀) ကာယဒသက (၁၀) ဘာဝဒသက (၁၀) ဥတုဇ (၈) စိတ္တဇ (၈) အဟာရဇ (၈) တို့၏ အစွမ်းအားဖြင့် ၎င်းဝတ္ထုရုပ်၌ (၅၄) ပါးသော ရုပ်တို့ကို ရအပ်ကုန်၏။

မနောဒွါရေ ဟဒယဝတ္ထု ကာယဘာဝဒသကဝသေန စေ၀ ဥတုသမုဋ္ဌာနာဒိဝသေနစ စတုပဏ္ဏာသမေဝ

ဝိသုဒ္ဓိမဂ်။

မနောဒွါရေ၊ မနောဒွါရ၌။
ဟဒယဝတ္ထု ကာယ ဘာဝ ဒသက ဝသေနစေဝ၊ ဝတ္ထုဒသက ကာယဒသက ဘာဝဒသကတို့၏ အစွမ်းအားဖြင့်၎င်း။
ဥတုသမုဋ္ဌာနာဒိဝသေနစ၊ ဥတုသမုဋ္ဌာန် စသည်တို့၏ အစွမ်းအားဖြင့်၎င်း။
ဣတိ၊ ဤသို့။ (ထည့်)။
စတုပဏ္ဏာသမေဝ၊ ငါးဆယ့်လေးပါးတို့သည်သာလျှင်။
ဟောန္တိ၊ ဖြစ်ကုန်၏။

---

ယံ ဝတ္ထုံ နိဿာယ မနောဓာတု စ မနောဝိညာဏ ဓာတု စ ဝတ္တန္တိ၊ တံ ဝတ္ထု မနောဓာတုယာ စ မနောဝိညာဏဓာတုယော စ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ နိဿယပစ္စယေန ပစ္စယော

ပဋ္ဌာန်း။

ယံ ဝတ္ထုံ၊ အကြင်ဝတ္ထုကို။
နိဿာယ၊ မှီ၍။
မနောဓာတု စ၊ မနောဓာတ်သုံးခုသည်၎င်း။
မနောဝိညာဏဓာတု စ၊ (၇၆) ပါးသော မနောဝိညာဏဓာတ်သည်၎င်း။
ဝတ္တန္တိ၊ ဖြစ်ကုန်၏။
တံ ဝတ္တု၊ ထိုဝတ္ထုသည်။
မနောဓာတုယာ စ၊ မနောဓာတ်သုံးခုအား၎င်း။
မနောဝိညာဏဓာတုယာ စ၊ (၇၆) ပါးသော မနောဝိညာဏဓာတ်အား၎င်း။
တံသမ္ပယုတ္တကာနံ၊ ထိုမနောဓာတ် မနောဝိညာဏဓာတ်နှင့် ယှဉ်ကုန်သော။
ဓမ္မာနဉ္စ၊ တရားတို့အား၎င်း။
နိဿယ ပစ္စယေန၊ နိဿယပစ္စည်းဖြင့်။
ပစ္စယော ဥပကာရကော၊ ကျေးဇူးပြုတတ်သည်။
ဟောတိ၊ ဖြစ်၏။

---

စိတ်မှာမူကား -

လောဘစိတ်ဖြစ်ခိုက် ဖဿ ဝေဒနာ သညာ စေတနာ ဧကဂ္ဂတာ ဇီဝိတိန္ဒြေ မနသိကာရ ဝိတက် ဝိစာရ အဓိမောက္ခ ဝီရိယ ပီတိ ဆန္ဒ ဟူသော အညသမာန်းစေတသိက် (၁၃)၊ မောဟ အဟိရီက အနောတ္တပ္ပ ဥဒ္ဓစ္စ ဟူသော အကုသလ သာဓာရဏစေတသိက်(၄)ပါး၊ လောဘဒိဋ္ဌိတို့နှင့်တကွ (၁၉) ခုသော စေတသိက်တို့ကို ရေတွက်အပ်ကုန်၏။

အကုသလေသု ပန လောဘမူလေသု တာဝ ပဌမေ အသင်္ခါရိကေ အညသမာနာ တေရသ စေတသိကာ အကုသလသာဓာရဏာ စတ္တာရော စာတိ သတ္တရသ လောဘဒိဋ္ဌီဟိ သဒ္ဓိံ ဧကူနဝီသတိ ဓမ္မာ သင်္ဂဟံ ဂစ္ဆန္တိ

သင်္ဂြိုဟ်။

ပန၊ ကာမာဝစရ သောဘဏစိတ်၌ သင်္ဂဟနည်းမှတပါး အကုသိုလ်စိတ်၌ သင်္ဂဟ နည်းကို ဆိုဦးအံ့။
အကုသလေသု၊ အကုသိုလ်စိတ် တဆယ့်နှစ်ခုတို့တွင်။
လောဘမူလေသု၊ လောဘမူစိတ် ရှစ်ခုတို့၌။
တာဝ၊ ရှေးဦးစွာ။
သင်္ဂဟော၊ သင်္ဂဟနည်းကို။
မယာ၊ ငါသည်။
ဝုစ္စတေ၊ ဆိုအပ်၏။

ပဌမေ၊ ပဌမဖြစ်သော။
အသင်္ခါရိကေ၊ လောဘမူအသင်္ခါရိကစိတ်၌။
အညသမာနာ၊ အညသမာန်း အမည်ရှိကုန်သော။
တေရသ၊ တဆယ့်သုံးပါး ကုန်သော။
စေတသိကာ၊ စေတသိက်တို့၎င်း။
စတ္တာရော၊ လေးပါးကုန်သော။
အကုသလသာဓာရဏာ စ၊ အကုသလသာဓာရဏစေတသိက်တို့၎င်း။
ဣတိ၊ ဤသို့။
သတ္တရသ၊ တဆယ့်ခုနစ်ပါး ကုန်သော။
လောဘဒိဋ္ဌီဟိ၊ လောဘဒိဋ္ဌိတို့နှင့်။
သဒ္ဓိံ၊ တကွ။
ဧကူနဝီသတိ၊ တခုယုတ်နှစ်ဆယ်သော။
ဓမ္မာ၊ စေတသိက်တို့သည်။
သင်္ဂဟံ၊ ရေတွက်ခြင်းသို့။
ဝါ၊ ရေတွက်အပ်သည်အဖြစ်သို့။
ဝါ၊ ပေါင်းခြင်းသို့။
ဝါ၊ ပေါင်းအပ်သည်အဖြစ်သို။
ဂစ္ဆန္တိ၊ ရောက်ကုန်၏။

ဤသို့အပေါင်းအားဖြင့် (၇၄) ပါးသော ရုပ်နာမ်တို့ကို ရအပ်ကုန်၏။ ထိုတွင် -

  • ရုပ်ပေါင်း (၅၄) ပါးသည် ရူပက္ခန္ဓာ မည်၏။
  • ဝေဒနာသည် ဝေဒနက္ခန္ဓာ မည်၏။
  • သညာသည် သညာက္ခန္ဓာ မည်၏။
  • ကြွင်းသော စေတသိက် (၁၇) ပါးသည် သင်္ခါရက္ခန္ဓာ မည်၏။
  • လောဘစိတ်သည် ဝိညာဏက္ခန္ဓာ မည်၏။

ထိုခန္ဓာပါးပါးတို့၏ အညီအမျှ ပေါင်းဆုံကြသည်ရှိသော် ငါလိုချင်သည် သူလိုချင်သည် စသည်ထင်ခဲ့၏။ ထိုလိုချင်ခြင်း သူလိုချင်ခြင်း စသည်၌ အဘယ် တယောက်ယောက် သော လူ နတ် ဗြဟ္မာသည် လိုချင် သနည်း တဘန်လိုချင် သနည်း။ လိုချင်သောသူ နတ် လူ ဗြဟ္မာ မရှိသည်သာလျှင်တည်း။ ထိုကြောင့် တဘန်လိုချင်၍ တဘန် ငြိမ်းလျှင်လည်း အနိစ္စ ဒုက္ခ အနတ္တ ဟူ၍ မှတ်ရမည်။

ဤနည်းကိုမှီ၍ ငါလိုချင်သည် သူလိုချင်သည်, ငါရွှေလိုချင်သည် သူရွှေလိုချင်သည်, ငါငွေလိုချင်သည် သူငွေလိုချင်သည် စသည်တို့၌ ဒိဋ္ဌိဂတသမ္ပယုတ်အရာဝယ် ဤ (၇၄) ပါးသော ရုပ်နာမ်ဓမ္မသင်္ခါရတို့ ဖြစ်ပုံကို မှတ်ရမည်။ ဒိဋ္ဌိဂတဝိပ္ပယုတ်၌ကား ဒိဋ္ဌိကိုဖယ်၍ မာနကို သွတ်သွင်းလျက် ၎င်းနည်းတူပင်မှတ်။
(လောဘဘို့)။

---

ဒေါသဖြစ်သောအခါ၌ကား -

ဝတ္ထု ရုပ်မှာ (၅၄) ပါးရ၏။ ဒေါသစိတ် (၁) ပီတိကြဉ်သော အညသမာန်းစေတသိက် (၁၂) အကုသလသာဓာရဏစေတသိက် (၄) ဒေါသ ဣဿာ မစ္ဆရိယ ကုက္ကုစ္စ အားဖြင့် စေတသိက်(၂၀)တို့ကို ရအပ်ကုန်၏။

ပဉ္စမေ ပန ပဋိဃသမ္ပယုတ္တေ အသင်္ခါရိကေ ဒေါသော ဣဿာ မစ္ဆရိယံ ကုက္ကုစ္စဉ္စာတိ စတူဟိ သဒ္ဓိံ ပီတိဝဇ္ဇိတာ တေဧဝ ဝီသတိ ဓမ္မာ သင်္ဂယှန္တိ

သင်္ဂြိုဟ်။

ပန၊ လောဘမူ အသင်္ခါရိကမှ တပါး ဒေါသမူအသင်္ခါရိကကို ဆိုဦးအံ့။
ပဋိဃသမ္ပယုတ္တေ၊ ဒေါသနှင့်ယှဉ်သော။
ပဉ္စမေ၊ ပဉ္စမ ဖြစ်သော။
အသင်္ခါရိကေ၊ အသင်္ခါရိကစိတ်၌။
ဒေါသောစ၊ ဒေါသစေတသိက်၎င်း။
ဣဿာစ၊ ဣဿာစေတသိက်၎င်း။
မစ္ဆရိယဉ္စ၊ မစ္ဆရိယစေတသိက်၎င်း။
ကုက္ကုစ္စဉ္စ၊ ကုက္ကုစ္စ စေတသိက်၎င်း။
ဣတိ၊ ဤသို့။
စတူဟိ၊ လေးပါးကုန်သော စေတသိက်တို့နှင့်။
သဒ္ဓိံ၊ တကွ။
ပီတိ ဝဇ္ဇီတာ၊ ပီတိသည် ကြဉ်အပ်ကုန်သော။
ဝီသတိ၊ နှစ်ဆယ်သော။
တေဧဝ ဓမ္မာ၊ ထိုအညသမန်း အကုသိုလ်စေတသိက် တို့ကိုသာလျှင်။
သင်္ဂယှန္တိ၊ ရေတွက်အပ်၏။

ဤသို့ အပေါင်းအားဖြင့် (၇၅) ပါးသော ရုပ်နာမ်တို့ကို ရအပ်ကုန်၏။ ထိုတွင် -

  • ရုပ်ပေါင်း (၅၄) ပါးသည် ရူပက္ခန္ဓာ မည်၏။
  • ဝေဒနာ စေတသိက်သည် ဝေဒနက္ခန္ဓာ မည်၏။
  • သညာစေတသိက်သည် သညာက္ခန္ဓာ မည်၏။
  • ကြွင်းသော စေတသိက် (၁၈) ပါးသည် သင်္ခါရက္ခန္ဓာ မည်၏။
  • ဒေါသစိတ်သည် ဝိညာဏက္ခန္ဓာ မည်၏။

ထိုခန္ဓာငါးပါးတို့ အညီအမျှ ပေါင်းဆုံကြသည် ရှိသော် အမျက်ထွက်ခြင်း ရန်ငြိုးဖွဲ့ခြင်း စသည်ဖြစ်၏။ အာဃာတဝတ္ထု ကိုးပါး အဋ္ဌာနကောပနှင့်တကွ ဒေါသဖြစ်၏ဟူလို။ ထိုအမျက်ထွက်ခြင်း ရန်ငြိုးဖွဲ့ခြင်း စသည်၌ အဘယ် တယောက် ယောက်သော လူ နတ်သည် အမျက်ထွက်သနည်း ရန်ငြိုးဖွဲ့သနည်း။ အမျက် ထွက်သောသူ ရန်ငြိုးဖွဲ့သောသူ နတ် လူ မရှိသည်သာလျှင်တည်း။ ထို့ကြောင့် တဘန်အမျက်ထွက်၍ တဘန် ငြိမ်းခဲ့လျှင် တဘန် ရန်ငြိုးဖွဲ့၍ တဘန် ငြိမ်းလျှင် (အာရုံတခါဖြစ်သည်ကိုယူ) အနိစ္စ ဒုက္ခ အနတ္တ ဟူ၍မှတ်လေ။
(ဒေါသဘို့)။

---

မောဟ၌ -

ဆန္ဒ ပီတိကြဉ်သော အညသမာန်း (၁၁) အကုသလ သာဓာရဏစေတသိက် (၄) ၎င်းစေတသိက် (၁၅) ပါးနှင့်တကွ ဥဒ္ဓစ္စ၌ (၁၆) ပါးရ၏။ ဝတ္ထုရုပ် (၅၄) ပါးနှင့် ပေါင်းသော် (၇၀) ရ၏။ ထိုတွင် -

  • ရုပ် (၅၄) ပါးသည် ရူပက္ခန္ဓာ မည်၏။
  • ဝေဒနာ စေတသိက်သည် ဝေဒနက္ခန္ဓာ မည်၏။
  • သညာစေတသိက်သည် သညာက္ခန္ဓာ မည်၏။
  • ဝေဒနာသညာမှကြွင်းသော စေတသိက် (၁၃) ပါးသည် သင်္ခါရက္ခန္ဓာ မည်၏။
  • ဥဒ္ဓစ္စသည် ဝိညာဏက္ခန္ဓာ မည်၏။

ထိုခန္ဓာငါးပါးတို့ ပေါင်းဆုံကြခြင်းကြောင့် ကာမဝိတက်သို့ ရောက်အောင် ပျံလွင့်ခြင်း စသည်ဖြစ်သည်။ ဗျာပါဒဝိတက်သို့ ရောက်အောင် ပျံလွင့်ခြင်း ဝိဟိံသာဝိတက်သို့ ရောက်အောင် ပျံလွင့်ခြင်း စသည်ဖြစ်သည်။ နတ် လူ ဗြဟ္မာ ပျံ့လွင့်သည် မဟုတ်
(ဥဒ္ဓစ္စဘို့)။

ဝိစိကိစ္ဆာ၌ကား -

၎င်းဥဒ္ဓစ္စ ဝယ် အဓိမောက္ခကိုဖယ်၍ ဝိစိကိစ္ဆာ ထည့်ပြီးလျှင် ၎င်း ( ၇၀ ) အတိုင်း ခန္ဓာဖွဲ့ယူလေ။ အလို့လို့ ဖြစ်သည်သာ ထူးသည်။
(မောဟဘို့)။

---

ကုသိုလ်စိတ်၌ကား -

ကာမာဝစရကုသိုလ်စိတ် (၁) အညသမာန်းစေတသိက် (၁၃) သောဘဏ စေတသိက် (၂၅) ပါး စိတ်နှင့်တကွ နာမ်ပေါင်း (၃၉)ပါး ဝတ္ထု ရုပ် (၅၄) ဤသို့ အပေါင်းအားဖြင့် (၉၃) ပါးသော ရုပ်နာမ်တို့ကို ရအပ်ကုန်၏။ ထိုဘွင် -

  • ရုပ် (၅၄) ပါးသည် ရူပက္ခန္ဓာ မည်၏။
  • ဝေဒနာစေတသိက်သည် ဝေဒနာက္ခန္ဓာ မည်၏။
  • သညာစေတသိက်သည် သညာက္ခန္ဓာ မည်၏။
  • ဝေဒနာ သညာမှ ကြွင်းသော စေတသိက် (၃၆) ပါးသည် သင်္ခါရက္ခန္ဓာ မည်၏။
  • ကုသိုလ်စိတ်သည် ဝိညာဏက္ခန္ဓာ မည်၏။

ထိုခန္ဓာငါးပါးတို့ ပေါင်းဆုံကြခြင်းကြောင့် လှူလိုသည် လှူသည်, သီလကျင့်လိုသည် ကျင့်သည်, ဘာဝနာစီးဖြန်းလိုသည် စီးဖြန်းသည် စသည်ဖြစ်သည်။ တစုံတယောက် သော နတ် လူ ဗြဟ္မာ ဖြစ်သည်မဟုတ်။ ထိုကြောင့် တကြိမ်လှူလို၍ တကြိမ်ချုပ်လျှင် အနိစ္စ ဒုက္ခ အနတ္တ ဖြစ်သည်ဟူ၍ မှတ်။

၎င်းကာမကုသိုလ်အခိုက်၌ ဝဋ္ဋနိဿိတ ဝိဝဋ္ဋနိဿိတ နှစ်နည်းခွဲ၍ ယူကြလေ။ ရူပကုသိုလ် အရူပကုသိုလ်တို့၌လည်း ၎င်းနည်းကိုမှီး၍ ဖွဲယူကြလေ။ မခဲယဉ်းလှ။
(ခန္ဓာဘို့)။

---

အာယတန၌ကား ဝတ္ထုရုပ်ကိုသာလျှင် ပဓာနပြု၍ ဖွဲ့အပ်သောကြောင့် ၎င်း မနောဒွါရအတွင်း၌ လောဘစိတ်သည် မနာယတန မည်၏။ သုခုမရုပ်တို့နှင့်တကွ စေတသိက် (၁၉) ခုသည် ဓမ္မာယတနမည်၏။ ဤအာယတန နှစ်ပါးတို့ ပေါင်းဆုံကြခြင်းကြောင့် လိုချင်ခြင်း စသည်ဖြစ်သည်။ နတ် လူ ဗြဟ္မာ လိုချင်သည် မဟုတ်

---

ဒေါသ၌ ဒေါသစိတ်သည် မနာယတန မည်၏။ သုခုမရုပ်တို့နှင့်တကွ စေတသိက် (၂၀) သည် ဓမ္မာယ၏တန မည်၏။ ဤအာယတန နှစ်ပါးတို့ ပေါင်းဆုံကြခြင်း ကြောင့် အမျက်ထွက်ခြင်း စသည်ဖြစ်သည်။ နတ်လူဗြဟ္မာဖြစ်သည်မဟုတ်

---

မောဟ၌ မောဟစိတ်သည် မနာယတန မည်၏။ သုခုမရုပ်တို့နှင့်တကွ စေတသိက် (၁၅) ခုသည် ဓမ္မာယတနမည်၏။ ဤအာယတန နှစ်ပါးတို့ ပေါင်းဆုံကြခြင်းကြောင့် ပျံလွင့်ခြင်း စသည် ဖြစ်သည်။ နတ်လူဗြဟ္မာဖြစ်သည်မဟုတ်
(မောဟနှစ်ခုဘို့)။

ကုသိုလ်စိတ်၌ကား ကာမကုသိုလ်သည် မနာယတန မည်၏။ သုခုမရုပ်တို့နှင့်တကွ စေတသိက် (၃၈) ပါးသည် ဓမ္မာယတန မည်၏။ ဤအာယတနနှစ်ပါးတို့ ပေါင်းဆုံ ကြခြင်းကြောင့်။ လှူလိုခြင်း လှူခြင်း စသည်ဖြစ်သည်။ နတ်လူဗြဟ္မာဖြစ်သည် မဟုတ်
(အာယတနဘို့)။

---

ဓာတ်၌ကား -

လောဘစိတ်သည် မနောဝိညာဏဓာတ် မည်၏။ သုခုမရုပ်တို့နှင့်တကွ စေတသိက် (၁၉) ခုသည် ဓမ္မဓာတ် မည်၏။ ဤဓာတ်နှစ်ပါးတို့ ပေါင်းဆုံကြခြင်းကြောင့် လိုချင်ခြင်း စသည်ဖြစ်သည်။ နတ်လူဗြဟ္မာ လိုချင်သည်မဟုတ်

---

ဒေါသ၌ ဒေါသစိတ်သည် မနောဝိညာဏ ဓာတ်မည်၏။ သုခုမ ရုပ်တို့နှင့်တကွ စေတသိက် (၂၀) သည် ဓမ္မဓာတ်မည်၏။ ဤဓာတ်နှစ်ပါးတို့ ပေါင်းဆုံကြ ခြင်းကြောင့် အမျက်ထွက်ခြင်း စသည် ဖြစ်သည်။ လူနတ်ဗြဟ္မာ ဖြစ်သည်မဟုတ်

---

မောဟ၌ မောဟစိတ်သည် မနောဝိညာဏဓာတ် မည်၏။ သုခုမရုပ်တို့နှင့်တကွ စေတသိက် (၁၅) သည် ဓမ္မဓာတ် မည်၏။ ဤဓာတ်နှစ်ပါးတို့ ပေါင်းဆုံကြခြင်း ကြောင့် ပျံလွင့်ခြင်း စသည်ဖြစ်သည်။ နတ်လူဗြဟ္မာ ဖြစ်သည်မဟုတ်
(မောဟနှစ်ခုဘို့)။

---

ကုသိုလ်စိတ်၌ ကာမကုသိုလ်စိတ်သည် မနောဝိညာဏဓာတ် မည်၏။ သုခုမရုပ် တို့နှင့်တကွ စေတသိက် (၃၈) ခုသည် ဓမ္မဓာတ် မည်၏။ ဤဓာတ်နှစ်ပါးတို့ ပေါင်းဆုံကြခြင်းကြောင့် လှူလိုခြင်း လှူခြင်း စသည်ဖြစ်သည်။ နတ် လူ ဗြဟ္မာ ဖြစ်သည် မဟုတ်
(ဓာတ်ဘို့)။

---

သစ္စာအားဖြင့်ကား -

မနောဒွါရ၌ ဖြစ်ထိုက်သော ရုပ်နာမ် ဟူသမျှတို့သည် မုချအားဖြင့်၎င်း ဥပစာ အားဖြင့်၎င်း ဒုက္ခသစ္စာချည်း မည်ကုန်၏။
(သစ္စာဘို့)။

---

ပဋိစ္စသမုပ္ပါဒ်၌ကား -

လောဘမနောအတွင်း၌ အဝိဇ္ဇာ, သင်္ခါရ, ဝိညာဏ်, နာမ်, သဠာယတန, ဖဿ, ဝေဒနာ, တဏှာ, ဥပါဒါန်, ဘဝ, ဇာတိ, ဇရာ-မရဏ ဤတဆယ့်နှစ်ပါးတို့ကို ရအပ်ကုန်၏။ ထိုတွင် -

  • မောဟသည် အဝိဇ္ဇာမည်၏။
  • စေတနာစေတသိက်သည် သင်္ခါရနှင့် ဘဝ မည်၏။
  • လောဘစိတ်သည် ဝိညာဏ်မည်၏။
  • ဖဿ စေတသိက်သည် ဖဿမည်၏။
  • ဝေဒနာစေတသိက်သည် ဝေဒနာ မည်၏။
  • လောဘစေတသိက်သည် တဏှာနှင့် ဥပါဒါန် မည်၏။
  • ကြွင်းသော စေတသိက်(၁၄)ပါးသည် နာမ်မည်၏။
  • အာယတန (၆)ပါးသည် သဠာယတနမည်၏။
  • ဝါ၊ အာယတနနှစ်ပါးသည် အာယတန မည်၏။
  • ထိုအာယတနတို့၏ ဖြစ်ပေါ်ခြင်းသည် ဇာတိ မည်၏။
  • ရင့်ခြင်းသည် ဇရာမည်၏။
  • ပျက်ခြင်းသည် မရဏမည်၏။

ဤပဋိစ္စသမုပ္ပါဒ် တဆယ့်နှစ်ပါးတို့ ဖြစ်ပေါ်ခြင်းကြောင့် လိုချင်ခြင်း စသည်ဖြစ်၏။ နတ်လူဗြဟ္မာ ဖြစ်သည်မဟုတ်
။ အာဂုံကို ကာယဝိညတ်မှာယူလေ။

---

လောဘမနော၌ ဤပဋိစ္စသမုပ္ပါဒ် တဆယ့်နှစ်ပါးကို ပြသည်ကား အသရိကစိတ်နှင့် ဖြစ်သောသဘောကိုသာလျှင် ပြသည်။ သသင်္ခါရိက စိတ်မျိုး၌မှာမူကား အဝိဇ္ဇာ, သင်္ခါရ, ဝိညာဏ်, နာမ်, သဠာယတန, ဖဿ, ဝေဒနာ, တဏှာ, အဓိမောက္ခ, ဘဝ, ဇာတိ, ဇရာမရဏ ဤတဆယ့်နှစ်ပါးတို့ကိုရအပ်ကုန်၏။
(လောဘဘို့)။

---

ဒေါသမနော၌ကား အဝိဇ္ဇာ, သင်္ခါရ, ဝိညာဏ်, နာမ်, ဆဋ္ဌာယတန, ဖဿ, ဝေဒနာ, ပဋိဃ, အဓိမောက္ခ, ဘဝ, ဇာတိ, ဇရာမရဏ ဤတဆယ့်နှစ်ပါးတို့ကို ရအပ်ကုန်၏။
( ဒေါသဘို့)။

---

မောဟမနော၌ကား အဝိဇ္ဇာ, သင်္ခါရ, ဝိညာဏ်, နာမ်, ဆဋ္ဌာယတန, ဖဿ, ဝေဒနာ, ဥဒ္ဓစ္စ, အဓိမောက္ခ, ဘဝ, ဇာတိ, ဇရာမရဏ ဤတဆယ်နှစ်ပါးတို့ကို ရအပ်ကုန်၏။
(ဥဒ္ဓစ္စဘို့)။

---

ဝိစိကိစ္ဆာ၌ အဝိဇ္ဇာ, သင်္ခါရ, ဝိညာဏ်, နာမ်, ဆဋ္ဌာယတနေ, ဖဿ, ဝေဒနာ, ဝိစိကိစ္ဆာ, ဘဝ, ဇာတိ, ဇရာမရဏ ဤတဆယ့်တပါးတို့ကို ရအပ်ကုန်၏။
(မောဟဘို့)။

ဤသို့ လောဘမနော ဒေါသမနော မောဟမနောတို့၌ ပဋိစ္စသမုပ္ပါဒ်တို့ ဖွဲ့ယူဟန်ကို သိအပ်၏။

---

ကုသိုလ်မနား၌ကား ကုသလမူလ, သင်္ခါရ, ဝိညာဏ်, နာမ်, ဆဋ္ဌာယတန, ဖဿ, ဝေဒနာ, ပသာဒ, အဓိမောက္ခ, ဘဝ, ဇာတိ, ဇရာမရဏ တို့ကို ရအပ်ကုန်၏။ ထိုတွင် -

  • အလောဘ အဒေါသ အမောဟ စေတသိက်တို့သည် ကုသလမူလမည်ကုန်၏။
  • စေတနာ စေတသိက်သည် သင်္ခါရနှင့် ဘဝ မည်၏။
  • မဟာကုသိုလ် ဉာဏသမ္ပယုတ် အသင်္ခါရိကစိတ်သည် ဝိညာဏ် မည်၏။
  • ဖဿစေတသိက်သည် ဖဿမည်၏။
  • ဝေဒနာစေတသိက်သည် ဝေဒနာ မည်၏။
  • သဒ္ဓါစေတသိက်သည် ပသာဒ မည်၏။
  • အဓိမောက္ခ စေတသိက်သည် အဓိမောက္ခ မည်၏။
  • ကြွင်းသော စေတသိက် (၃၀) သည် နာမ်မည်၏။
  • အာယတနခြောက်ပါးသည် ဆဋ္ဌာယတနမည်၏။
  • ဝါ၊ အာယတနနှစ်ပါးသည် အာယတနမည်၏။
  • ထိုအာယတနတို့၏ ဖြစ်ပေါ်ခြင်းသည် ဇာတိမည်၏။
  • ရင့်ခြင်းသည် ဇရာမည်၏။
  • ပျက်ခြင်းသည် မရဏမည်၏။

ဤပဋိစ္စသမုပ္ပါဒ် တဆယ်နှစ်ပါးတို့ ဖြစ်ပေါ်ခြင်းကြောင့် လှူလိုခြင်း ကျင့်လိုခြင်း စသည်ဖြစ်၏။ နတ် လူ ဗြဟ္မာ ဖြစ်သည်မဟုတ်။ ဤပဋိစ္စသမုပ္ပါဒ် ဝါရကား ဉာဏသမ္ပယုတ္တဝရ တည်း။ ဉာဏဝိပ္ပယုတ္တ ဝါရကိုလည်း ကုသလမူလ၌ အမောဟ ကိုကြည့်၍ ၎င်းအတိုင်း ဝါရကို ထုတ်အပ်၏။
။ အာဂုံကိုလိုမူ ဝိဘင်းမှာယူလေ။

---

ဤသို့ ဆိုအပ်ခဲ့ပြီးသော စကားအစဉ်ဖြင့် ဒွါရပရိစ္ဆေဒ၌ ရအပ်သော ခန္ဓာ, အာယတန, ဓာတ်, သစ္စာ, ပဋိစ္စသမုပ္ပါဒ်တို့ကို -

  • အကျဉ်းအားဖြင့်ယူသော် (၁၇) ဝါရ။
  • အစိတ်အစိတ်အားဖြင့် ယူသော် ဒွေပဉ္စဝိညာဏ်တဆယ်၌ (၅၀)
  • ဝိညတ်ဒွေး၌ (၃၂၀)
  • မနောဓာတ် မနောဝိညာဏ်ဓာတ်၌ (၃၉၅)
  • အားလုံးပေါင်းသော် (၇၆၅) ဝါရတို့ကို ရအပ်ကုန်၏။

အာရုံခြောက်ပါး ကာလသုံးပါး သန္တာန်နှစ်ပါး စသည်တို့နှင့် မြှောက်ပွါး ရေတွက်အပ် သည်ရှိသော် မရေမတွက်နိုင်သော သဗ္ဗညုတဉာဏ်တော်၏ အာရုံသာလျှင် ကျက်စားရာဖြစ်သော ခန္ဓာ, အာယတန ဓာတ် သစ္စာ ပဋိစ္စသမုပ္ပါဒ်တို့ကိုသာလျှင် ရအပ်ကုန်၏။
(ဒွါရပရိစ္ဆေဒ)။

ဒုက္ခသစ္စာဟူသည် အကျဉ်းအားဖြင့် -

  • တေဘူမကတရားတို့၏ ဖြစ်တတ်သော လက္ခဏာ ရှိသည်ဖြစ်၍ ဖြစ်ခြင်း လက္ခဏာအားဖြင့် တပါး
  • ဖြစ်တတ်သော သဘော ဟူသမျှတို့သည် နာမ်ရုပ်မျှသာ ရှိသည်ဖြစ်၍ နာမ်ရုပ် အားဖြင့် နှစ်ပါး
  • ထို ဖြစ်တတ်သော နာမ်ရုပ်တို့သည် ကာမ ရူပ အရူပ ဘဝသုံးပါးကို မလွန်မူ၍ ဖြစ် တတ်သောကြောင့် ဘဝအားဖြင့် သုံးပါး
  • ထို ဘဝသုံးပါးတို့၌ ဖြစ်တတ်သော ရုပ်နာမ်တို့သည် အာဟာရ တည်းဟူသော အကြောင်းနှင့် မကင်းရကား အာဟာရအားဖြင့် လေးပါး
  • ထို အာဟာရကြောင့်ဖြစ်သော ရုပ်နာမ်တို့ကို အာသဝဥပါဒါန် မကင်းကြသေးသော ပုထုဇ္ဇန်မိုက်တို့၏ စွဲလမ်းအပ်သော ငါးပါးအဘို့အစု တို့ရှိခြင်းကြောင့် ဥပါဒါနက္ခန္ဓာ အားဖြင့် ငါးပါးသာရှိသည်။

သဗ္ဗမေဝ စေတ္ထ ဒုက္ခံ ဧကဝိဓံ ပဝတ္တိဘာဝတော၊ ဒုဝိဓံ နာမရူပတော၊ တိဝိဓံ ကာမရူပါရူပူပပတ္တိဘဝဘေဒတော၊ စတုဗ္ဗိဓံ စတုအာဟာရဘေဒတော၊ ပဉ္စဝိဓံ ပဉ္စုပါဒါနက္ခန္ဓာဘေဒတော

ဝိသုဒ္ဓိမဂ်။

ဧတ္ထ၊ ဤသစ္စာလေးပါးတို့တွင်။
သဗ္ဗမေဝ၊ အလုံးစုံသာလျှင်ဖြစ်သော။
ဒုက္ခံ၊ ဒုက္ခသည်။
သံသာရဿ၊ သံသရာ၏။ (ထည့်)။
ပဝတ္တိဘာဝတော၊ တလုံလဲလဲ မစဲမပြတ် ဖြစ်ခြင်းသဘောအားဖြင့်။
ဝါ၊ မပြတ်ဖြစ်တတ်သော သဘော၏ အဖြစ်ကြောင့်။
ဧကဓံ၊ တပါးအဘို့ရှိသည်။
ဟောတိ ၊ ဖြစ်၏။
နာမရူပတော၊ နာမ်ရုပ်အား ဖြင့်။
ဒုဝိဓံ၊ နှစ်ပါးအဘို့ရှိ၏။
ကာမရူပါရူပူပပတ္တိဘဝဘေဒတော၊၊ ကာမ ရူပ အရူပ ဟူသော ဥပပတ္တိဘဝ အပြားအားဖြင့်။
တိဝိဓံ၊ သုံးပါးအဘို့ရှိ၏။
စတုအာဟာရဘေဒတော၊ လေးပါးသော အာဟာရ၏ အပြားအားဖြင့်။
စတုဗ္ဗိဓံ၊ လေးပါးအဘို့ရှိ၏။
ပဉ္စုပါဒါနက္ခန္ဓာဘေဒတော၊ ငါးပါးသော ဥပါဒါနက္ခန္ဓာ၏ အပြားအားဖြင့်။
ပဉ္စဝိဓံ၊ ငါးပါးအဘို့ရှိသည်။
ဟောတိ၊ ဖြစ်၏။

ဆဋ္ဌပုစ္ဆာပြီး၏။

---

၃၈ - ထိုဒုက္ခသစ္စာ၏နယ်ကား အဘယ်မျှ ကျယ်သနည်းဟူသော သတ္တမပုစ္ဆာကို ဖြေရှင်း၍ပြခြင်း

(၇) ထို ဒုက္ခသစ္စာ၏နယ်ကား အဘယ်မျှ ကျယ်သနည်း ဟူရာ၌ ဤဒုက္ခသစ္စာ ဟူသည် သမုဒယသစ္စာ နှံ့သကဲ့သို့ နှံ့ ၏။ သမုဒယသစ္စာ ကျယ်သကဲ့သို့ ကျယ်၏။ သမုဒယသစ္စာရှိသမျှ ရှိ၏။ ထိုကြောင့် ၎င်း ပုစ္ဆာ၏အဖြေကို သမုဒယသစ္စာ၌ ထင်စွာ ပြလတ္တံ့။ ဤ၌ မရေးတော့ပြီ။

သတ္တမပုစ္ဆာ ပြီး၏။

---

၃၉ - ထို ဒုက္ခသစ္စာကို အဘယ်သို့ သိရုံမျှနှင့် သံသရာမှ မလွတ်သနည်း၊ အဘယ်သို့သိလျှင် သံသရာမှလွတ်သနည်း - ဟူသော အဋ္ဌမပုစ္ဆာကို ဖြေရှင်း၍ ပြခြင်း

(ဂ) ထိုဒုက္ခကို အဘယ်သို့သိရုံမျှနှင့် သံသရာမှ မလွတ်သနည်း။အဘယ်သို့ သိလျှင် သံသရာမှလွတ်သနည်း-ဟူရာ၌ -

ထိုဒုက္ခသစ္စာကို သိခြင်းသည်လည်း -

  1. အတ္တဘာဝ-အာဝီဘဝနာကာရ နည်းအားဖြင့် သိခြင်း,
  2. အညဘာဝ-အာဝီဘဝနာကာရ နည်းအားဖြင့် သိခြင်း,
  3. ဧကပဋိဝေဓ-အာဝီဘဝနာကာရ နည်းအားဖြင့် သိခြင်း

အားဖြင့် (၃) ပါးအပြားရှိ၏။ ထိုတွင်အစနည်း နှစ်ပါးသည် ဧကပဋိဝေဓနည်းကို အစိုးမရ။ ဧကပဋိဝေဓ နည်းသည် အစနည်းနှစ်ပါးကို အစိုးရ၏။

ထင်စွာဆိုဦးအံ့။

အကြင်ယောဂီသည် ထိုနည်းသုံးပါးတို့တွင် အတ္တဘာဝအာဝီဘဝနာကာရ နည်းအားဖြင့် ဒုက္ခသစ္စာကို သိလိုအံ့။ ထိုဒုက္ခသစ္စာထိုက်သော ခန္ဓာ, အာယတန, ဓာတ်, သစ္စာ, ပဋိစ္စသမုပ္ပါဒ်တို့ကို ရှေးဦးစွာ လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန် တို့နှင့်တကွ သဘာဝလက္ခဏာကို သိအောင် ဆရာကောင်းတို့ထံ၌ သင်ကြားရာ၏။

ဣမဿ စ ဘိက္ခုနော ပုဗ္ဗေ ပရိဂ္ဂဟတော ဒုက္ခံ ပရိဇာနာမိ”။

သမ္မော။

ဣမဿ စ ဘိက္ခုနော၊ ဤရဟန်းအားကား။
ပုဗ္ဗေ၊ မဂ်သို့မရောက်မီ ရှေ့အဘို့၌။
ပရိဂ္ဂဟတော၊ ဆရာကောင်းတို့ထံ၌ သင်ကြားသော အခါကာလမှ။
ပဋ္ဌာယ၊ စ၍။
ဒုက္ခံ၊ ဒုက္ခသစ္စာ၏သဘောကို။
ပရိဇာနာမိ၊ သိ၏။

ဤသို့ သင်ကြားပြီး၍ ထိုဒုက္ခသစ္စာ၌ သိထိုက်သော ဉာဏ်အားဖြင့် ဇာတိ အစရှိသော သဘောအမျိုးမျိုး ဘုမ္မိပရိစ္ဆေဒ ဌာနပရိစ္ဆေဒ ဒွါရပရိစ္ဆေဒ ရုပ်နာမ် ခန္ဓာ စသည်တို့ဖြစ်သမျှ၌ ဤသို့ သိအပ်၏။ အကြင်အခါ အပါယ် အစရှိသော ဇာတိစသော ဒုက္ခ အမျိုးမျိုးတို့တွင် တခုသော ဇာတိကို အောက်မေ့လျက် ဤဇာတိ ဟူသည် ကြောက်ဘွယ်ကောင်းလှ၏

အဘယ်ကြောင့်နည်း ဟူမူ။ ဤဇာတိတခုကို သိကြား ဗြဟ္မာ ဘုရား စသော သူတို့သည် ပြု၍ပေးနိုင်သည် မဟုတ်ကုန်။ စင်စစ်မှာမူ မိမိ၏ အကြောင်းကြောင့် ဖြစ်ပေါ်လာသော ဇာတိတခုဖြစ်သည့် အခါမှစ၍ ထို သတ္တဝါအား လွန်စွာ နှိပ်စက် တတ်သော သဘောရှိသည် ဖြစ်ရကား ပီဠနဂုဏ်လည်း ရှိ၏။

ထိုသို့နှိပ်စက်တတ်သော ဇာတိသည် ရှေးရှေးသော ဘဝတို့၌ ပြုပြင်အပ်သော အဝိဇ္ဇာ သင်္ခါရ တဏှာ ဥပါဒါန် ဘဝ တည်းဟူသော အကြောင်းတို့ကြောင့် အလွန်နှိပ်စက်ခြင်း ကို ခံရရကား သင်္ခတဂုဏ်လည်း ရှိ၏။

ထိုသို့ ပြုပြင်အပ်သောကြောင့် ဥပါဒ် ဌီ ဘင် တို့ဖြင့် အစဉ်မပြတ် စပ်၍စပ်၍ နှိပ် စက်တတ်သော ဤဇာတိသည် သတ္တဝါတို့၏ ခန္ဓာအစဉ်ကို ဇာတိ ဇရာ မရဏ တို့ဖြင့် ပူပန်စေခြင်း, ရာဂ ဒေါသ အစရှိသော ကိလေသာ တို့ဖြင့် ပူပန်စေခြင်း, ဤ ပူပန်စေခြင်းတို့ဖြင့် ပူပန်စေရကား သန္တာပဂုဏ်လည်းရှိ၏။

ထိုသို့ အရှိန်မစဲ တသဲသဲ နှိပ်စက်သော ဤဇာတိဒုက္ခသည် မျက်စိတမှိတ်ခန့်မျှ မဘောက်မပြန် တည်နိုင်သော သဘော မရှိရကား ဝိပရိဏာမဂုဏ်လည်းရှိ၏။

ဤသို့လျှင် ဇာတိတခု၏ နှိပ်စက်တတ်သော ပီဠန, သင်္ခတ, သန္တာပ, ဝိပရိဏာမ, တို့၏ သဘောကို မဖောက်မပြန် အမှန်သိခြင်းသည် ဒုက္ခသစ္စာ၌ အတ္တဘာဝ-အာဝီဘဝနာကာရ နည်းအားဖြင့် သိခြင်းမည်၏။

ဒုက္ခဿ ပီဠနဋ္ဌော သင်္ခတဋ္ဌော သန္တာပဋ္ဌော ဝိပရိဏာမဋ္ဌော တထဋ္ဌော

ပဋိသမ္ဘိဒါမဂ်။

ဒုက္ခဿ၊ ဒုက္ခသစ္စာ၏။
ပီဠနဋ္ဌော၊ ဇာတိ ဇရာ မရဏတို့ဖြင့် နှိပ်စက်တတ်သော သဘောသည်။
တထဋ္ဌော၊ မဘောက်မပြန် မှန်သော အနက်မည်၏။
သင်္ခတဋ္ဌော၊ နှိပ်စက်ခံရအောင် ပြုပြင်အပ်သော သဘောသည်။
တထဋ္ဌော၊ မဘောက်မပြန် မှန်သော အနက်မည်၏။
သန္တာပဋ္ဌော၊ နှိပ်စက်အပ်သည်ဖြစ်၍ ပူလောင်စေတတ်သော သဘောသည်။
တထဋ္ဌော၊ မဘောက်မပြန် မှန်သော အနက်မည်၏။
ဝိပရိဏာမဋ္ဌော၊ နှိပ်စက်ခြင်းအစဉ်၌ တမုဟုတ္တမျှ မဘောက်ပြန်ခြင်း မရှိသော သဘောသည်။
တထဋ္ဌော၊ မဘောက်မပြန် မှန်သော အနက်မည်၏။

ဤသို့ -

  1. နှိပ်စက်တတ်သောအနက်,
  2. ပြုပြင်အပ်သောအနက်,
  3. ပူပန်စေတတ်သောအနက်
  4. ဘောက်ပြန်စေတတ်သောအနက်

ဤအနက် လေးပါးတို့ကို တခုတခုသော ဇာတိ၌ အတ္တဘာဝ-အာဝီဘဝနာကာရ နည်းအားဖြင့် သိအပ်ကုန်၏။

---

အညဘာဝအာဝီဘဝနာကာရ နည်းအားဖြင့် သိလိုသော်ကား -
ရှင်တော်ဘုရားသည် ဇာတိအစရှိသော ဒုက္ခသစ္စာ အမျိုးမျိုးတို့၌ ပီဠနဋ္ဌ ကို ဟောတော်မူခြင်းသည် သဘောအားဖြင့် ဟုတ်ပေ၏။ သင်္ခတ အစရှိသော အနက်သုံးပါးတို့ကို အဘယ်ကို မြင်တော်မူသောကြောင့် ဟောတော်မူသနည်း။

ဤဇာတိ အစရှိသော ဒုက္ခအမျိုးမျိုးတို့၌ ဥပါဒ် ဌီ ဘင် တို့ဖြင့် နှိပ်စက်ခြင်းကို ခံရ သည်ကား တစုံတယောက်သော နတ် လူ ဗြဟ္မာ စသော သူတို့ကြောင့်မဟုတ်။ စင်စစ်မှာမူ သမုဒယဟူသော အကြောင်းကြောင့် ခံရသည်။ ထိုကြောင့် ပြုပြင်တတ်သော သမုဒယသစ္စာကို မြင်တော်မူသဖြင့် ပြုပြင်အပ်သော ဒုတိယ သင်္ခတဋ္ဌကို ဟောတော်မူသည်။

ဒုက္ခသစ္စာကြောင့် ရာဂ စသော မီးတို့သည် မပူလောင် စေအပ်သော မဂ္ဂသစ္စာကို မြင်တော်မူသဖြင့် ပူလောင်စေတတ်သော တတိယသန္တာပဋ္ဌကို ဟောတော်မူ၏။

ဒုက္ခသစ္စာကြောင့် တစုံတခု ဘောက်ပြန်ပျက်စီးအပ်သော သဘောမရှိသော နိရောဓ သစ္စာကို မြင်တော်မူသဖြင့် ဘောက်ပြန်ပျက်စီးတတ်သော စတုတ္ထ ဝိပရိဏာမဋ္ဌကို ဟောတော်မူ၏။

ဤသို့လျှင် မိမိတို့၏ သဘောဟု ဆိုအပ်သော ပီဠန သင်္ခတ သန္တာပ ဝိပရိဏာမ သဘောတို့ကို တပါးသော သမုဒယ အစရှိသော သစ္စာတို့ကို မြင်သဖြင့် သိအပ် သောကြောင့် အညဘာဝ-အာဝီဘဝနာကာရ နည်းအားဖြင့် သိအပ်ကုန်၏။

ဒုက္ခဒုက္ခတာတံနိမိတ္တာဟိ အနိဋ္ဌတာ ပီဠနဋ္ဌော၊ ဒွိဓာပိ ပရိဒဟနံ ကိလေသဒါဟသမာယောဂေါဝါ သန္တာပဋ္ဌော တိ အယမေတေသံ ဝိသေသော။ ပုဂ္ဂလဟိံသနံ ဝါ ပီဠနံ၊ အတ္တနောဧဝ တိခဏဘာဝေါ သန္တာပနံ သန္တာပေါတိ။ ဧတ္ထ စ ပီဠနဋ္ဌော ဒုက္ခဿ သရသေနေဝ အာဝီဘဝနာ ကာရော၊ ဣတရေ ယထာက္ကမံ သမုဒယ မဂ္ဂ နိရောဓ ဒဿနေဟိ အာဝီဘဝနာကောရာတိ အယံ စတုန္နမ္ပိ ဝိသေသော

သမ္မောမူလဋီကာ။

ဒုက္ခဒုက္ခတာ တံနိမိတ္တာဟိ၊ ဒုက္ခဒုက္ခ၏အဖြစ် ထိုဒုက္ခဒုက္ခ၏ အကြောင်း၏ အဖြစ်တို့ဖြင့်။
အနိဋ္ဌတာ၊ အလိုမရှိအပ်သည်၏ အဖြစ်သည်။
ပီဠနဋ္ဌော၊ ပီဠနဋ္ဌ မည်၏။
ဒွိဓာပိ၊ ဒုက္ခဒုက္ခ၏အဖြစ် ထို ဒုက္ခဒုက္ခ၏ အကြောင်း၏ အဖြစ်ဟူသော နှစ်ပါးသော အခြင်းအရာဖြင့်လည်း။
ပရိဒဟနံ၊ ပူပန်စေခြင်းသည်။
သန္တာပဋ္ဌော၊ သန္တာပဋ္ဌ မည်၏။
ဝါ၊ တနည်းကား။
ကိလေသ ဒါဟ သမာယောဂေါ၊ ကိလေသာ တည်းဟူသော ပူပန်ခြင်းနှင့် ယှဉ်ခြင်း သည်။
သန္တာပဋ္ဌော၊ သန္တာပဋ္ဌ မည်၏။
ဣတိ အယံ၊ ဤဆိုအပ်ပြီးသည်ကား။
ဧတေသံ၊ ထိုပီဠနဋ္ဌ သန္တာပဋ္ဌတို့၏။
ဝိသေသော၊ အထူးတည်း။
ဝါ၊ တနည်းကား။
ပုဂ္ဂလဟိံသနံ၊ ပုဂ္ဂိုလ်ကို ညှဉ်းဆဲခြင်းသည်။
ပီဠနံ၊ ပီဠန မည်၏။
အတ္တနောဧဝ၊ မိမိ၏သာလျှင်။
တိခိဏဘာဝေါ၊ ထက်မြက်သည်အဖြစ်ဟု ဆိုအပ်သော။
သန္တာပနံ၊ ပူပန်စေခြင်းသည်။
သန္တာပေါ၊သန္တပ မည်၏။
ဣတိ အယံ၊ ဤသည်ကား။
ဧတေသံ၊ ထိုပီဠနဋ္ဌ သန္တာပဋ္ဌတို့၏။
ဝိသေသော၊ အထူးတည်း။

၊ ဆက်၍ဆိုဦးအံ့။
ဧတ္ထ၊ ဤပီဠနဋ္ဌ စသည်တို့တွင်။
ပီဠနဋ္ဌော၊ ပီဠနဋ္ဌ သည်။
ဒုက္ခဿ၊ ဒုက္ခသစ္စာ၏။
သရသေနေဝ၊ မိမိသဘောအားဖြင့်ပင်လျှင်။
အာဝီဘဝနာကာရော၊ ထင်ရှားသော အခြင်းအရာတည်း။
ဣတရေ၊ ဤမှတပါးကုန်သော သင်္ခတဋ္ဌ စသည်ရှိသည်။
ယထာက္ကမံ၊ အစဉ်အတိုင်း။
သမုဒယ မဂ္ဂ နိရောဓ ဒဿနေဟိ၊ သမုဒယသစ္စာ မဂ္ဂသစ္စာ နိရောဓသစ္စာကို မြင်ခြင်းတို့ဖြင့်။
အာဝီဘဝနာကာရာ၊ ထင်ရှားသော အခြင်းအရာတို့သည်။
ဟောန္တိ၊ ဖြစ်ကုန်၏။
ဣတိ အယံ၊ ဤသည်ကား။
စတုန္နမ္ပိ၊ လေးပါးလည်းဖြစ်ကုန်သော သင်္ခတဋ္ဌ စသည်တို့၏။
ဝိသေသော၊ အထူးတည်း။

ဤဇာတိတခုကိုပြသဖြင့် -

  • အပါယ်လေးဘုံ၌ ဖြစ်သောဇာတိ
  • လူ့ပြည် နတ်ပြည်၌ ဖြစ်သောဇာတိ
  • ဗြဟ္မာပြည်၌ ဖြစ်သောဇာတိ
  • ပဋိသန္ဓေအခိုက်၌ ဖြစ်သောဇာတိ
  • ပဝတ္တိအခါ၌ ဖြစ်သောဇာတိ

ဤသို့အစရှိသောနည်းဖြင့် ဘုမ္မိပရိစ္ဆေဒ ဌာနပရိစ္ဆေဒ ဒွါရပစ္ဆေဒ အာရုံအာရမ္မဏိက ဖြစ်ဖြစ်သမျှသော တေဘူမကတရားတို့၌ တခုတခုသော ရုပ်တရား နာမ်တရား ခန္ဓာ စသည်တို့ဝယ် ပီဠန သင်္ခတ သန္တာပ ဝိပရိဏာမ၏ သဘောလေးပါးတို့သည် မုချဖြစ်လာရသည် အဖြစ်ကြောင့် ကြောက်ဘွယ်ကောင်းလှချေ၏

အလွန် ကြောက်ဘွယ် ကောင်းလှချေ၏။ အထူးသဖြင့် ကြောက်ဘွယ် ကောင်းလှ ချေ၏။ အထူးသဖြင့် အလွန်ကြောက်ဘွယ် ကောင်းလှချေ၏ ဟု မိမိ၏စိတ်ကို မြဲမြံစွာ သန္နိဋ္ဌာန်ချ၍ နိဗ္ဗာန်တိုင်အောင် အဓိမုတ္တအားဖြင့် လွတ်ကြကုန်ရာသည်။

---

ဇရာတရား၌ကား -

ဤဇရာဟူသည် ကြောက်ဘွယ် ကောင်းလှစွာ၏။ အဘယ်ကြောင့်နည်း ဟူမူ ဤဇရာတခုကို သိကြား ဗြဟ္မာ ဘုရား စသော သူတို့သည် ပြုပြင်၍ ပေးနိုင်သည် မဟုတ်။ စင်စစ်မှာမူ မိမိအကြောင်းကြောင့် ဖြစ်ပေါ်လာသော ဇရာတခု ဖြစ်သည် အခါမှစ၍ ထိုသတ္တဝါအား လွန်စွာနှိပ်စက်တတ်သော သဘောရှိသည်ဖြစ်ရကား ပီဠနဂုဏ်လည်း ရှိ၏။

ထိုသို့ နှိပ်စက်သော ဇရာသည် ရှေးရှေးသော ဘဝတို့၌ ပြုပြင်အပ်သော အဝိဇ္ဇာ သင်္ခါရ တဏှာ ဥပါဒါန် ဘဝ တည်းဟူသော အကြောင်းတို့ကြောင့် အလွန် နှိပ်စက်ခြင်းကို ခံရရကား သင်္ခတဂုဏ်လည်း ရှိ၏။

ထိုသို့ပြုပြင်သောကြောင့် ဥပါဒ် ဌီ ဘင် တို့ဖြင့် အစဉ်မပြတ် စပ်၍စပ်၍ နှိပ်စက် တတ်သော ဤဇရာသည် သတ္တဝါတို့၏ ခန္ဓာ အစဉ်ကို ဇာတိ ဇရာ မရဏ တို့ဖြင့် ပူပန်စေခြင်း ရာဂ ဒေါသအစရှိသော ကိလေသာတို့ဖြင့် ပူပန်စေခြင်း ဤ ပူပန်စေခြင်းတို့ဖြင့် ပူပန်စေရကား သန္တာပဂုဏ်လည်းရှိ၏။

ထိုသို့ အရှိန်မစဲ တသဲသဲ နှိပ်စက်သော ဤဇရာဒုက္ခသည် မျက်စိတမှိတ်ခန့်မျှ မဘောက်မပြန် တည်နိုင်သော သဘောမရှိရကား ဝိပရိဏာမဂုဏ်လည်း ရှိ၏။

ဤသို့လျှင် ဇရာ၏နှိပ်စက်အပ်သော ပီဠန သင်္ခတ သန္တာပ ဝိပရိဏာမ တို့၏ သဘောကို မဘောက်မပြန် အမှန်သိခြင်းသည် ဒုက္ခသစ္စာ၌ အတ္တဘာဝ-အာဝီဘဝနာကာရ နည်းအားဖြင့် သိခြင်း မည်၏။
။ (အာဂုံကို ဇာတိမှာယူလေ)။

ဤသို့ -

  1. နှိပ်စက်တတ်သောအနက်
  2. ပြုပြင်တတ်သောအနက်
  3. ပူပန်စေတတ်သောအနက်
  4. ဘောက်ပြန်တတ်သော အနက်

ဤအနက်လေးပါးတို့ကို တခုတခုသော ဇရာ၌ အတ္တဘာဝ-ဘာဝီဘဝနာကာရ နည်းအားဖြင့် သိအပ်၏။

အညဘာဝအာဝီဘဝနာကာရ နည်းအားဖြင့် သိလိုသော်ကား -
ရှင်တော်ဘုရားသည် ဇာတိအစရှိသော ဒုက္ခသစ္စာ အမျိုးမျိုးတို့၌ ပီဠနဋ္ဌ ကို ဟောတော်မူခြင်းသည် သဘောအားဖြင့်ဟုတ်ပေ၏။ သင်္ခတအစရှိသော အနက် သုံးပါးတို့ကို အဘယ်ကို မြင်တော်မူသောကြောင့် ဟောတော်မူလေသနည်းဟူမူ။ ဤဇရာ အစရှိသော ဒုက္ခအမျိုးမျိုးတို့၌ ဥပါဒ် ဌီ ဘင်တို့ဖြင့် ခံခက်ခြင်းကို ခံရ သည်ကား တစုံတယောက်သော နတ် လူ ဗြဟ္မာ စသော သူတို့ကြောင့်မဟုတ် စင်စစ်မှာမူ သမုဒယ ဟူသော အကြောင်းကြောင့် ခံရသည်။

ထို့ကြောင့် ပြုပြင်တတ်သော သမုဒယသစ္စာကို မြင်တော်မူသဖြင့် ပြုပြင်အပ်သော ဒုတိယ သင်္ခတဋ္ဌ ကို ဟောတော်မူသည်။

ဒုက္ခသစ္စာကြောင့် ရာဂစသော မီးတို့သည် မပူလောင်စေတတ်သော မဂ္ဂသစ္စာကို မြင်တော်မူသဖြင့် ပူလောင်စေတတ်သော တတိယ သန္တာပဋ္ဌကို ဟောတော်မူ၏။

ဒုက္ခသစ္စာကြောင့် တစုံတခု ဘောက်ပြန် ပျက်စီးစေအပ်သော သဘော မရှိသော နိရောဓသစ္စာကို မြင်တော်မူသဖြင့် ဘောက်ပြန် ပျက်စီးတတ်သော စတုတ္ထ ဝိပရိဏာမဋ္ဌကို ဟောတော်မူ၏။

ဤသို့လျှင် မိမိတို့၏ သဘောဟု ဆိုအပ်သော ပီဠန သင်္ခတ သန္တာပ ဝိပရိဏာမ သဘောတို့ကို တပါးသော သမုဒယအစရှိသော သစ္စာတို့ကို မြင်သဖြင့် သိအပ် သောကြောင့် အညဘာဝ-အာဝီဘဝနာကာရနည်းဖြင့် သိအပ်၏။
။ (အာဂုံကို ဇာတိမှာယူလေ)။

---

ဤ ဗျာဓိ ဟူသည် ကြောက်ဘွယ် ကောင်းလှစွာ၏

အဘယ့်ကြောင့်နည်းဟူမူ၊ ဤဗျာဓိတခုကို သိကြား ဗြဟ္မာ ဘုရား စသော သူတို့သည် ပြု၍ပေးနိုင်သည်မဟုတ်။ စင်စစ်မှာမူ မိမိ၏ အကြောင်းကြောင့် ဖြစ်ပေါ်လာသော ဗျာဓိတခုဖြစ်သည် အခါမှ စ၍ ထိုသတ္တဝါအား လွန်စွာ နှိပ်စက်တတ်သော သဘောရှိသည်ဖြစ်ရကား ပီဠနဂုဏ်လည်း ရှိ၏။

ထိုနှိပ်စက်သော ဗျာဓိ သည် ရှေးရှေးသောဘဝတို့၌ ပြုပြင်အပ်သော အဝိဇ္ဇာ သင်္ခါရ တဏှာ ဥပါဒါန် ဘဝ တည်းဟူသော အကြောင်းတို့ကြောင့် အလွန်နှိပ်စက်ခြင်းကို ခံရရကား သင်္ခတ ဂုဏ်လည်းရှိ၏။

ထိုသို့ ပြုပြင်အပ်သောကြောင့် ဥပါဒ် ဌီ ဘင် တို့ဖြင့် အစဉ်မပြတ် စပ်၍စပ်၍ နှိပ်စက် တတ်သော ဤဗျာဓိသည် သတ္တဝါတို့၏ ခန္ဓာအစဉ်ကို ဇာတိဇရာ မရဏတို့ဖြင့် ပူပန်စေခြင်း ရာဂ ဒေါသ အစရှိသော ကိလေသာ တို့ဖြင့် ပူပန်စေခြင်း ဤ ပူပန်စေခြင်းတို့ဖြင့် ပူပန်စေရကား သန္တာပ ဂုဏ်လည်းရှိ၏။

ထိုသို့ အရှိန်မစဲ တသဲသဲ နှိပ်စက်သော ဤဗျာဓိ ဒုက္ခသည် မျက်စိတမှိတ်ခန့်မျှ မဘောက်မပြန် တည်နိုင်သော သဘောမရှိရကား ဝိပရိဏာမဂုဏ်လည်းရှိ၏။

ဤသို့လျှင် ဗျာဓိတခု၏ နှိပ်စက်အပ်သော ပီဠန သင်္ခတ သန္တာပ ဝိပရိဏာမ တို့၏ သဘောကို မဘောက်မပြန် အမှန်သိခြင်းသည် ဒုက္ခသစ္စာ၌ အတ္တဘာဝ-အာဝီဘဝနာကာရ နည်းအားဖြင့် သိခြင်းမည်၏။
(အာဂုံကိုလိုမူ ဇာတိမှာယူလေ)။

ဤသို့ -

  1. နှိပ်စက်တတ်သော အနက်
  2. ပြုပြင်အပ်သော အနက်
  3. ပူပန်စေတတ် သော အနက်
  4. ဘောက်ပြန်တတ်သော အနက်

ဤအနက် လေးပါးတို့ကို တခု တခုသော ဗျာဓိ၌ အတ္တဘာဝအာဝီဘဝနာကာရ နည်းဖြင့် သိအပ်၏။

အညဘာဝအာဝီဘဝနာကာရ နည်းအားဖြင့် သိလိုသော်ကား -
ရှင်တော်ဘုရားသည် ဇာတိ အစရှိသော ဒုက္ခသစ္စာ အမျိုး မျိုးတို့၌ ပီဠနဋ္ဌကို ဟောတော်မူခြင်းသည် သဘောအားဖြင့် ဟုတ်ပေ၏။ သင်္ခတ အစရှိသော အနက် သုံးပါးတို့ကို အဘယ်ကို မြင်သောကြောင့် ဟောတော်မူလေသနည်းဟူမူ။

ဤဗျာဓိ အစရှိသော ဒုက္ခအမျိုးမျိုးတို့၌ ဥပါဒ် ဌီ ဘင် တို့ဖြင့် နှိပ်စက်ခြင်းကို ခံရ သည်ကား တစုံတခုသော နတ် လူ ဗြဟ္မာ စသောသူတို့ကြောင့် မဟုတ်၊ စင်စစ်မှာမူ သမုဒယဟူသော အကြောင်းကြောင့် ခံရသည်။ ထို့ကြောင့် ပြုပြင်တတ်သော သမုဒယသစ္စာကို မြင်တော်မူသဖြင့် ပြုပြင်အပ်သော ဒုတိယ သင်္ခတဋ္ဌကို ဟောတော်မူသည်။

ဒုက္ခသစ္စာကြောင့် ရာဂ စသော မီးတို့သည် မပူလောင်စေအပ်သော မဂ္ဂသစ္စာကို မြင်တော်မူသဖြင့် ပူလောင်စေတတ်သော တတိယ သန္တာပဋ္ဌကို ဟောတော်မူ၏။

ဒုက္ခသစ္စာကြောင့် တစုံတခု ဘောက်ပြန် ပျက်စီးစေတတ်သော သဘောမရှိသော နိရောဓသစ္စာကို မြင်တော်မူသဖြင့် ဘောက်ပြန် ပျက်စီးစေတတ်သော စတုတ္ထ ဝိပရိဏာမဋ္ဌ ကို ဟောတော်မူ၏။

ဤသို့လျှင် မိမိတို့၏ သဘောဟုဆိုအပ်သော ပီဠန, သင်္ခတ, သန္တာပ, ဝိပရိဏာမ သဘောတို့ကို တပါးသော သမုဒယ အစရှိသော သစ္စာတို့ကို မြင်သဖြင့် သိအပ် သောကြေင့် အညဘာဝအာဝီဘဝနာကာရ နည်းဖြင့် သိအပ်၏။
(အာဂုံကိုသိလိုမူ ဇာတိမှာ ယူလေ)။

---

ဤမရဏ ဟူသည် ကြောက်ဘွယ်ကောင်းလှစွာ၏

အဘယ်ကြောင့်နည်းဟူမူ။ ဤ မရဏတခုကို သိကြား ဗြဟ္မာ ဘုရား စသော သူတို့သည် ပြု၍ပေးနိုင်သည်မဟုတ်။ စင်စစ်မှာမူ မိမိ၏ အကြောင်းကြောင့် ဖြစ်ပေါ်လာသော မရဏတခု ဖြစ်သည်အခါမှစ၍ ထိုသတ္တဝါအား လွန်စွာ နှိပ်စက် တတ်သော သဘောရှိသည် ဖြစ်ရကား ပီဠနဂုဏ်လည်းရှိ၏။

ထိုသို့နှိပ်စက်သော မရဏသည် ရှေးရှေးသော ဘဝတို့၌ ပြုပြင်အပ်သော အဝိဇ္ဇာ သင်္ခါရ တဏှာ ဥပါဒါန် ဘဝ တည်းဟူသော အကြောင်းတို့ကြောင့် အလွန်နှိပ်စက် ခြင်းကို ခံရရကား သင်္ခတဂုဏ်လည်းရှိ၏။

ထိုသို့ ပြုပြင်အပ်သောကြောင့် ဥပါဒ် ဌီ ဘင် တို့ဖြင့် အစဉ်မပြတ် စပ်၍စပ်၍ နှိပ်စက်တတ်သော ဤမရဏသည် သတ္တဝါတို့၏ခန္ဓာအစဉ်ကို ဇာတိ ဇရာ မရဏ တို့ဖြင့် ပူပန်စေခြင်း ရာဂ ဒေါသ အစရှိသော ကိလေသာတို့ဖြင့် ပူပန်စေခြင်း ဤပူပန်စေခြင်းတို့ဖြင့် ပူပန်စေရကား သန္တာပဂုဏ် လည်းရှိ၏။

ထိုသို့ အရှိန်မစဲ တသဲသဲ နှိပ်စက်သော ဤမရဏ ဒုက္ခသည် မျက်စိတမှိတ်ခန့်မျှ မဘောက်မပြန် တည်နိုင်သော သဘောမရှိရကား ဝိပရိဏာမဂုဏ်လည်းရှိ၏။

ဤသို့လျှင် မရဏတခု၏ နှိပ်စက်အပ်သော ပီဠန, သင်္ခတ, သန္တာပ, ဝိပရိဏာမ တို့၏ သဘောကို မဘောက်မပြန် အမှန်သိခြင်းသည် ဒုက္ခသစ္စာ၌ အတ္တဘာဝ အာဝီဘဝနာကာရ နည်းအားဖြင့် သိခြင်းမည်၏။
(အာဂုံကိုလိုမူ ဇာတိမှာ ယူလေ )။

ဤသို့ -

  1. နှိပ်စက်တတ်သော အနက်
  2. ပြုပြင်အပ်သော အနက်
  3. ပူပန်စေတတ် သော အနက်
  4. ဘောက်ပြန်တတ်သော အနက်

ဤအနက် လေးပါးတို့ကို တခု တခုသော မရဏ၌ အတ္တဘာဝအာဝီဘဝနာကာရ နည်းဖြင့် သိအပ်၏။

အညဘာဝအာဝီဘဝနာကာရ နည်းအားဖြင့် သိလိုသော်ကား -
ရှင်တော်ဘုရားသည် ဇာတိအစရှိသော ဒုက္ခသစ္စာ အမျိုးမျိုးတို့၌ ပီဠနဋ္ဌကို ဟောတော်မူခြင်းသည် သဘောအားဖြင့် ဟုတ်ပေ၏။ သင်္ခတ အစရှိသော အနက်သုံးပါးတို့ကို အဘယ်ကို မြင်တော်မူသောကြောင့် ဟောတော်မူလေသနည်း ဟူမူ။

ဤမရဏ အစရှိသော ဒုက္ခအမျိုးမျိုးတို့၌ ဥပါဒ် ဌီ ဘင်တို့ဖြင့် နှိပ်စက်ခြင်းကို ခံရသည်ကား တစုံတခု နတ် လူ ဗြဟ္မာ စသော သူတို့ကြောင့် မဟုတ်။ စင်စစ်မှာမူ သမုဒယ ဟူသော အကြောင်းကြောင့် ခံရသည်။ ထို့ကြောင့် ပြုပြင်တတ်သော သမုဒယသစ္စာကို မြင်တော်မူသဖြင့် ပြုပြင်အပ်သော ဒုတိယ သင်္ခတဋ္ဌကို ဟောတော်မူသည်။

ဒုက္ခသစ္စာကြောင့် ရာဂ စသော မီးတို့သည် မပူလောင်စေအပ်သော မဂ္ဂသစ္စာကို မြင်တော်မူသဖြင့် ပူလောင်စေတတ်သော တတိယသန္တာပဋ္ဌကို ဟောတော်မူ၏။

ဒုက္ခသစ္စာကြောင့် တစုံတခု ဘောက်ပြန် ပျက်စီးစေအပ်သော သဘောမရှိသော နိရောဓသစ္စာကို မြင်တော်မူသဖြင့် ဘောက်ပြန် ပျက်စီးတတ်သော စတုတ္ထ ဝိပရိဏာမဋ္ဌ ကို ဟောတော်မူ၏။

ဤသို့လျှင် မိမိတို့၏ သဘောဟုဆိုအပ်သော ပီဠန, သင်္ခတ, သန္တာပ, ဝိပရိဏာမ သဘောတို့ကို တပါးသော သမုဒယ အစရှိသော သစ္စာတို့ကို မြင်သဖြင့် သိအပ် သောကြောင့် အညဘာဝအာဝီဘဝနာကာရ နည်းဖြင့် သိအပ်၏။
(အာဂုံကိုသိလိုမူ ဇာတိမှာ ယူလေ)။

ဤသို့လျှင် ဇာတိ ဇရာ ဗျာဓိ မရဏ တို့၌ အတ္တဘာဝအာဝီဘဝနာကာရ နည်းအားဖြင့်၎င်း၊ အညဘာဝအာဝီဘဝနာကာရ နည်းအားဖြင့်၎င်း ဒုက္ခသစ္စာ၏ သဘောကိုပြလျှင် ကြွင်းကုန်သော သောက ပရိဒေဝ, ဒုက္ခ, ဒေါမနဿ, ဥပါယာသ, အပ္ပိယသမ္ပယောဂ, ပိယဝိပ္ပယောဂ, ဣစ္ဆာအလဗ္ဘ, ဥပါဒါနက္ခန္ဓာ တို့၌၎င်း, ဘုံသုံးပါးလုံး၌ရှိသော ရုပ် နာမ် ခန္ဓာ အာယတန ဓာတ် သစ္စာ ပဋိစ္စသမုပ္ပါဒ် တို့၌၎င်း, တစုံတခုသော စိတ် စေတသိက် ရုပ် တို့၏ တည်ရာ ခန္ဓာ တို့၌၎င်း, စက္ခု သောတ ဃာန ဇိဝှါ ကာယ မန ဟုဆိုအပ်သော ဒွါရခြောက်ပါး သံဝရဒွါရအားဖြင့် ရှစ်ပါး တနည်း တဆယ့်ခုနှစ်ပါး အကျယ်အားဖြင့် (၇၆၅) ပါးသောခန္ဓာ အာယတန စသည်၌ ဆိုအပ်ခဲ့ပြီးသော ဇာတိအစရှိသော ဒုက္ခတို့ကို နည်းမှီး၍ တခုတခုသော ခန္ဓာစသည်တို့၌ အတ္တဘာဝအာဝီဘဝနာကာရနည်း အညဘာဝအာဝိဘဝနာကာရ နည်းတို့ဖြင့် ပိုင်းခြားဝေဘန်၍ ပီဠန, သင်္ခတ, သန္တာပ, ဝိပရိဏာမ ဟုဆိုအပ်သော ဒုက္ခသစ္စာ၏ သဘောကို သိအပ်၏။ သိကြလေ။ အဆုံးကိုသာ ပြလိုက်အံ့ -

၄၀ - ဒုက္ခသစ္စာ၌ အတ္တဘာဝအာဝီဘဝနာကာရ အညဘာဝအာဝိဘဝနာကာရ နည်းတို့ကို ပြခြင်း

ဤလောဘအခိုက်၌ ဖြစ်သော ခန္ဓာဟူသည် ကြောက်ဘွယ် ကောင်းလှစွာ၏။ အဘယ်ကြောင့်နည်းဟူမူကား။ ဤလောဘ အခိုက်၌ ဖြစ်သော ခန္ဓာတခုကို သိကြား ဗြဟ္မာ ဘုရား စသောသူ တို့သည် ပြု၍ ပေးနိုင်သည်မဟုတ်။ စင်စစ်မှာမူ မိမိ၏ အကြောင်းကြောင့် ဖြစ်ပေါ်လာသော လောဘအခိုက်၌ ဖြစ်သော ခန္ဓာတခု ဖြစ်သည်အခါမှစ၍ ထိုသတ္တဝါအား လွန်စွာ နှိပ်စက်တတ်သော သဘောရှိသည် ဖြစ်ရကား ပီဠန ဂုဏ်လည်းရှိ၏။

ထိုသို့ နှိပ်စက်သော လောဘအခိုက်၌ ဖြစ်သော ခန္ဓာသည် ရှေးရှေးသော ဘဝတို့၌ ပြုပြင်အပ်သော အဝိဇ္ဇာ သင်္ခါရ တဏှာ ဥပါဒါန် ဘဝ တည်းဟူသော အကြောင်း တို့ကြောင့် အလွန်နှိပ်စက်ခြင်းကို ခံရရကား သင်္ခတဂုဏ်လည်း ရှိ၏။

ထိုသို့ ပြုပြင်အပ်သောကြောင့် ဥပါဒ် ဌီ ဘင်တို့ဖြင့် အစဉ်မပြတ် စပ်၍စပ်၍ နှိပ်စက် တတ်သော ဤလောဘ အခိုက်၌ ဖြစ်သော ခန္ဓာသည် သတ္တဝါတို့၏ ခန္ဓာအစဉ်ကို ဇာတိ ဇရာ မရဏ တို့ဖြင့် ပူပန်စေခြင်း ရာဂ ဒေါသ အစရှိသော ကိလေသာတို့ဖြင့် ပူပန်စေခြင်း ဤပူပန်စေခြင်းတို့ဖြင့် ပူပန်စေရကား သန္တာပဂုဏ်လည်း ရှိ၏။

ထိုသို့ အရှိန်မစဲ တသဲသဲနှိပ်စက်သော ဤလောဘအခိုက်၌ ဖြစ်သော ခန္ဓာ ဒုက္ခသည် မျက်စိတမှိတ်ခန့်မျှ မဘောက်မပြန် တည်နိုင်သော သဘော မရှိရကား ဝိပရိဏာမ ဂုဏ်လည်းရှိ၏။

ဤသို့လျှင် လောဘအခိုက်ဖြစ်သော ခန္ဓာတခု၏ နှိပ်စက်အပ်သော ပီဠန သင်္ခတ သန္တာပ ဝိပရိဏာမ၏သဘောကို မဘောက်မပြန် အမှန်သိခြင်းသည် ဒုက္ခသစ္စာ၌ အတ္တဘာဝ အာဝီဘဝနာကာရ နည်းအားဖြင့် သိခြင်းမည်၏။
(အာဂုံကိုလိုမူ ဇာတိမှာယူလေ)။

ဤသို့ -
၁။ နှိပ်စက်တတ်သော အနက်
၂။ ပြုပြင်အပ်သော အနက်
၃။ ပူပန်စေတတ် သော အနက်
၄။ ဘောက်ပြန်တတ်သော အနက်

ဤအနက် လေးပါးတို့ကို တခု တခုသော လောဘ အခိုက်၌ အတ္တဘာဝ-အာဝီဘဝနာကာရ နည်းအားဖြင့် သိအပ်၏။

အညဘာဝအာဝီဘဝနာကာရ နည်းအားဖြင့် သိလိုသော်ကား -

ရှင်တော်ဘုရားသည် ဇာတိအစရှိသော ဒုက္ခသစ္စာ အမျိုးမျိုးတို့၌ ပီဠနဋ္ဌကို ဟောတော်မူခြင်းသည် သဘောအားဖြင့် ဟုတ်ပေ၏။ သင်္ခတ အစရှိသော အနက် သုံးပါးတို့ကို အဘယ်ကို မြင်တော်မူသောကြောင့် ဟောတော်မူလေသနည်း ဟူမူ။

ဤလောဘအခိုက်၌ဖြစ်သော ခန္ဓာ အစရှိသော ဒုက္ခအမျိုးမျိုးတို့၌ ဥပါဒ် ဌီ ဘင်တို့ဖြင့် နှိပ်စက်ခြင်းကို ခံရသည်ကား တစုံတခု နတ် လူ ဗြဟ္မာ စသော သူတို့ကြောင့် မဟုတ်။ စင်စစ်မှာမူ သမုဒယ ဟူသော အကြောင်းကြောင့် ခံရသည်။ ထို့ကြောင့် ပြုပြင် တတ်သော သမုဒယသစ္စာကို မြင်တော်မူသဖြင့် ပြုပြင်အပ်သော ဒုတိယ သင်္ခတဋ္ဌကို ဟောတော်မူသည်။

ဒုက္ခသစ္စာကြောင့် ရာဂ စသော မီးတို့သည် မပူလောင်စေအပ်သော မဂ္ဂသစ္စာကို မြင်တော်မူသဖြင့် ပူလောင်စေတတ်သော တတိယ သန္တာပဋ္ဌကို ဟောတော်မူ၏။

ဒုက္ခသစ္စာကြောင့် တစုံတခု ဘောက်ပြန် ပျက်စီးစေအပ်သော သဘောရှိသော နိရောဓသစ္စာကို မြင်တော်မူသဖြင့် ဘောက်ပြန် ပျက်စီးစေအပ်သော စတုတ္ထ ဝိပရိဏာမဋ္ဌ ကို ဟောတော်မူ၏။

ဤသို့လျှင် မိမိတို့၏ သဘောဟုဆိုအပ်သော ပီဠန, သင်္ခတ, သန္တာပ, ဝိပရိဏာမ သဘောတို့ကို တပါးသော သမုဒယ အစရှိသော သစ္စာတို့ကို မြင်သဖြင့် သိအပ် သောကြောင့် အညဘာဝ-အာဝီဘဝနာကာရ နည်းဖြင့် သိအပ်၏။
(အာဂုံကိုသိလိုမူ ဇာတိမှာ ယူလေ)။

ဤဒေါသအခိုက်၌ ဖြစ်သော ခန္ဓာဟူသည် ကြောက်ဘွယ် ကောင်းလှစွာ၏။ အဘယ်ကြောင့်နည်းဟူမူကား။ ဤဒေါသ အခိုက်၌ ဖြစ်သော ခန္ဓာတခုကို သိကြား ဗြဟ္မာ ဘုရား စသောသူတို့သည် ပြု၍ ပေးနိုင်သည်မဟုတ်။ စင်စစ်မှာမူ မိမိ၏ အကြောင်းကြောင့် ဖြစ်ပေါ်လာသော ဒေါသအခိုက်၌ ဖြစ်သော ခန္ဓာတခု ဖြစ်သည်အခါမှစ၍ ထိုသတ္တဝါအား လွန်စွာ နှိပ်စက်တတ်သော သဘောရှိသည် ဖြစ်ရကား ပီဠန ဂုဏ်လည်းရှိ၏။

ထိုသို့ ပြုပြင်အပ်သောကြောင့် ဥပါဒ် ဌီ ဘင် တို့ဖြင့် အစဉ်မပြတ် စပ်၍စပ်၍ နှိပ်စက်တတ်သော ဤဒေါသအခိုက်၌ဖြစ်သော ခန္ဓာသည် ရှေးရှေးသော ဘဝတို့၌ ပြုပြင်အပ်သော အဝိဇ္ဇာ သင်္ခါရ တဏှာ ဥပါဒါန် ဘဝ တည်းဟူသော အကြောင်း တို့ကြောင့် အလွန်နှိပ်စက်ခြင်းကို ခံရရကား သင်္ခတဂုဏ်လည်း ရှိ၏။

ထိုသို့ ပြုပြင်အပ်သောကြောင့် ဥပါဒ် ဌီ ဘင်တို့ဖြင့် အစဉ်မပြတ် စပ်၍စပ်၍ နှိပ်စက် တတ်သော ဤဒေါသ အခိုက်၌ ဖြစ်သော ခန္ဓာသည် သတ္တဝါတို့၏ ခန္ဓာအစဉ်ကို ဇာတိ ဇရာ မရဏ တို့ဖြင့် ပူပန်စေခြင်း ရာဂ ဒေါသ အစရှိသော ကိလေသာတို့ဖြင့် ပူပန်စေခြင်း ဤပူပန်စေခြင်းတို့ဖြင့် ပူပန်စေရကား သန္တာပဂုဏ်လည်း ရှိ၏။

ထိုသို့ အရှိန်မစဲ တသဲသဲနှိပ်စက်သော ဤဒေါသအခိုက်၌ ဖြစ်သော ခန္ဓာ ဒုက္ခသည် မျက်စိတမှိတ်ခန့်မျှ မဘောက်မပြန် တည်နိုင်သော သဘော မရှိရကား ဝိပရိဏာမ ဂုဏ်လည်းရှိ၏။

ဤသို့လျှင် ဒေါသအခိုက်ဖြစ်သော ခန္ဓာတခု၏ နှိပ်စက်အပ်သော ပီဠန သင်္ခတ သန္တာပ ဝိပရိဏာမ၏သဘောကို မဘောက်မပြန် အမှန်သိခြင်းသည် ဒုက္ခသစ္စာ၌ အတ္တဘာဝ အာဝီဘဝနာကာရ နည်းအားဖြင့် သိခြင်းမည်၏။
(အာဂုံကိုလိုမူ ဇာတိမှာယူလေ)။

ဤသို့ -
၁။ နှိပ်စက်တတ်သော အနက်
၂။ ပြုပြင်အပ်သော အနက်
၃။ ပူပန်စေတတ် သော အနက်
၄။ ဘောက်ပြန်တတ်သော အနက်

ဤအနက် လေးပါးတို့ကို တခု တခုသော ဒေါသအခိုက်၌ အတ္တဘာဝ-အာဝီဘဝနာကာရ နည်းအားဖြင့် သိအပ်၏။

အညဘာဝအာဝီဘဝနာကာရ နည်းအားဖြင့် သိလိုသော်ကား -

ရှင်တော်ဘုရားသည် ဇာတိအစရှိသော ဒုက္ခသစ္စာ အမျိုးမျိုးတို့၌ ပီဠနဋ္ဌကို ဟောတော်မူခြင်းသည် သဘောအားဖြင့် ဟုတ်ပေ၏။ သင်္ခတ အစရှိသော အနက် သုံးပါးတို့ကို အဘယ်ကို မြင်တော်မူသောကြောင့် ဟောတော်မူလေသနည်း ဟူမူ။

ဤဒေါသအခိုက်၌ဖြစ်သော ခန္ဓာ အစရှိသော ဒုက္ခအမျိုးမျိုးတို့၌ ဥပါဒ် ဌီ ဘင်တို့ဖြင့် နှိပ်စက်ခြင်းကို ခံရသည်ကား တစုံတခု နတ် လူ ဗြဟ္မာ စသော သူတို့ကြောင့် မဟုတ်။ စင်စစ်မှာမူ သမုဒယ ဟူသော အကြောင်းကြောင့် ခံရသည်။ ထို့ကြောင့် ပြုပြင် တတ်သော သမုဒယသစ္စာကို မြင်တော်မူသဖြင့် ပြုပြင်အပ်သော ဒုတိယ သင်္ခတဋ္ဌကို ဟောတော်မူသည်။

ဒုက္ခသစ္စာကြောင့် ရာဂ စသော မီးတို့သည် မပူလောင်စေအပ်သော မဂ္ဂသစ္စာကို မြင်တော်မူသဖြင့် ပူလောင်စေတတ်သော တတိယ သန္တာပဋ္ဌကို ဟောတော်မူ၏။

ဒုက္ခသစ္စာကြောင့် တစုံတခု ဘောက်ပြန် ပျက်စီးစေအပ်သော သဘောမရှိသော နိရောဓသစ္စာကို မြင်တော်မူသဖြင့် ဘောက်ပြန် ပျက်စီးတတ်သော စတုတ္ထ ဝိပရိဏာမဋ္ဌ ကို ဟောတော်မူ၏။

ဤသို့လျှင် မိမိတို့၏ သဘောဟုဆိုအပ်သော ပီဠန, သင်္ခတ, သန္တာပ, ဝိပရိဏာမ သဘောတို့ကို တပါးသော သမုဒယ အစရှိသော သစ္စာတို့ကို မြင်သဖြင့် သိအပ် သောကြောင့် အညဘာဝအာဝီဘဝနာကာရ နည်းဖြင့် သိအပ်၏။
(အာဂုံကိုလိုမူ ဇာတိမှာယူလေ)။

ဤမောဟအခိုက်၌ ဖြစ်သော ခန္ဓာဟူသည် ကြောက်ဘွယ် ကောင်းလှစွာ၏။ အဘယ်ကြောင့်နည်းဟူမူကား။ ဤမောဟ အခိုက်၌ ဖြစ်သော ခန္ဓာတခုကို သိကြား ဗြဟ္မာ ဘုရား စသောသူတို့သည် ပြု၍ ပေးနိုင်သည်မဟုတ်။ စင်စစ်မှာမူ မိမိ၏ အကြောင်းကြောင့် ဖြစ်ပေါ်လာသော မောဟအခိုက်၌ ဖြစ်သော ခန္ဓာတခု ဖြစ်သည်အခါမှစ၍ ထိုသတ္တဝါအား လွန်စွာ နှိပ်စက်တတ်သော သဘောရှိသည် ဖြစ်ရကား ပီဠန ဂုဏ်လည်းရှိ၏။

ထိုသို့ နှိပ်စက်တတ်သော ဤမောဟအခိုက်၌ဖြစ်သော ခန္ဓာသည် ရှေးရှေးသော ဘဝတို့၌ ပြုပြင်အပ်သော အဝိဇ္ဇာ သင်္ခါရ တဏှာ ဥပါဒါန် ဘဝ တည်းဟူသော အကြောင်း တို့ကြောင့် အလွန်နှိပ်စက်ခြင်းကို ခံရရကား သင်္ခတဂုဏ်လည်း ရှိ၏။

ထိုသို့ ပြုပြင်အပ်သောကြောင့် ဥပါဒ် ဌီ ဘင်တို့ဖြင့် အစဉ်မပြတ် စပ်၍စပ်၍ နှိပ်စက် တတ်သော ဤမောဟ အခိုက်၌ ဖြစ်သော ခန္ဓာသည် သတ္တဝါတို့၏ ခန္ဓာအစဉ်ကို ဇာတိ ဇရာ မရဏ တို့ဖြင့် ပူပန်စေခြင်း ရာဂ ဒေါသ အစရှိသော ကိလေသာတို့ဖြင့် ပူပန်စေခြင်း ဤပူပန်စေခြင်းတို့ဖြင့် ပူပန်စေရကား သန္တာပဂုဏ်လည်း ရှိ၏။

ထိုသို့ အရှိန်မစဲ တသဲသဲနှိပ်စက်သော ဤမောဟအခိုက်၌ ဖြစ်သော ခန္ဓာ ဒုက္ခသည် မျက်စိတမှိတ်ခန့်မျှ မဘောက်မပြန် တည်နိုင်သော သဘော မရှိရကား ဝိပရိဏာမ ဂုဏ်လည်းရှိ၏။

ဤသို့လျှင် မောဟအခိုက်ဖြစ်သော ခန္ဓာတခု၏ နှိပ်စက်အပ်သော ပီဠန သင်္ခတ သန္တာပ ဝိပရိဏာမ၏သဘောကို မဘောက်မပြန် အမှန်သိခြင်းသည် ဒုက္ခသစ္စာ၌ အတ္တဘာဝ အာဝီဘဝနာကာရ နည်းအားဖြင့် သိခြင်းမည်၏။
(အာဂုံကိုလိုမူ ဇာတိမှာယူလေ)။

ဤသို့ -
၁။ နှိပ်စက်တတ်သော အနက်
၂။ ပြုပြင်အပ်သော အနက်
၃။ ပူပန်စေတတ် သော အနက်
၄။ ဘောက်ပြန်တတ်သော အနက်

ဤအနက် လေးပါးတို့ကို တခု တခုသော မောဟအခိုက်၌ အတ္တဘာဝ-အာဝီဘဝနာကာရ နည်းအားဖြင့် သိအပ်၏။

အညဘာဝအာဝီဘဝနာကာရ နည်းအားဖြင့် သိလိုသော်ကား -

ရှင်တော်ဘုရားသည် ဇာတိအစရှိသော ဒုက္ခသစ္စာ အမျိုးမျိုးတို့၌ ပီဠနဋ္ဌကို ဟောတော်မူခြင်းသည် သဘောအားဖြင့် ဟုတ်ပေ၏။ သင်္ခတ အစရှိသော အနက် သုံးပါးတို့ကို အဘယ်ကို မြင်တော်မူသောကြောင့် ဟောတော်မူလေသနည်း ဟူမူ။

ဤမောဟအခိုက်၌ဖြစ်သော ခန္ဓာ အစရှိသော ဒုက္ခအမျိုးမျိုးတို့၌ ဥပါဒ် ဌီ ဘင်တို့ဖြင့် နှိပ်စက်ခြင်းကို ခံရသည်ကား တစုံတခု နတ် လူ ဗြဟ္မာ စသော သူတို့ကြောင့် မဟုတ်။ စင်စစ်မှာမူ သမုဒယ ဟူသော အကြောင်းကြောင့် ခံရသည်။ ထို့ကြောင့် ပြုပြင် တတ်သော သမုဒယသစ္စာကို မြင်တော်မူသဖြင့် ပြုပြင်အပ်သော ဒုတိယ သင်္ခတဋ္ဌကို ဟောတော်မူသည်။

ဒုက္ခသစ္စာကြောင့် ရာဂ စသော မီးတို့သည် မပူလောင်စေအပ်သော မဂ္ဂသစ္စာကို မြင်တော်မူသဖြင့် ပူလောင်စေတတ်သော တတိယ သန္တာပဋ္ဌကို ဟောတော်မူ၏။

ဒုက္ခသစ္စာကြောင့် တစုံတခု ဘောက်ပြန် ပျက်စီးစေအပ်သော သဘောမရှိသော နိရောဓသစ္စာကို မြင်တော်မူသဖြင့် ဘောက်ပြန် ပျက်စီးတတ်သော စတုတ္ထ ဝိပရိဏာမဋ္ဌ ကို ဟောတော်မူ၏။

ဤသို့လျှင် မိမိတို့၏ သဘောဟုဆိုအပ်သော ပီဠန, သင်္ခတ, သန္တာပ, ဝိပရိဏာမ သဘောတို့ကို တပါးသော သမုဒယ အစရှိသော သစ္စာတို့ကို မြင်သဖြင့် သိအပ် သောကြောင့် အညဘာဝ-အာဝီဘဝနာကာရ နည်းဖြင့် သိအပ်၏။
(အာဂုံကိုလိုမူ ဇာတိမှာယူလေ)။

ဤကုသိုလ်အခိုက်၌ ဖြစ်သော ခန္ဓာဟူသည် ကြောက်ဘွယ် ကောင်းလှစွာ၏။ အဘယ်ကြောင့်နည်းဟူမူကား။ ဤကုသိုလ် အခိုက်၌ ဖြစ်သော ခန္ဓာတခုကို သိကြား ဗြဟ္မာ ဘုရား စသောသူတို့သည် ပြု၍ ပေးနိုင်သည်မဟုတ်။ စင်စစ်မှာမူ မိမိ၏ အကြောင်းကြောင့် ဖြစ်ပေါ်လာသော ကုသိုလ်အခိုက်၌ ဖြစ်သော ခန္ဓာတခု ဖြစ်သည် အခါမှစ၍ ထိုသတ္တဝါအား လွန်စွာ နှိပ်စက်တတ်သော သဘောရှိသည် ဖြစ်ရကား ပီဠန ဂုဏ်လည်းရှိ၏။

ထိုသို့ နှိပ်စက်တတ်သော ဤကုသိုလ်အခိုက်၌ဖြစ်သော ခန္ဓာသည် ရှေးရှေးသော ဘဝတို့၌ ပြုပြင်အပ်သော အဝိဇ္ဇာ သင်္ခါရ တဏှာ ဥပါဒါန် ဘဝ တည်းဟူသော အကြောင်း တို့ကြောင့် အလွန်နှိပ်စက်ခြင်းကို ခံရရကား သင်္ခတဂုဏ်လည်း ရှိ၏။

ထိုသို့ ပြုပြင်အပ်သောကြောင့် ဥပါဒ် ဌီ ဘင်တို့ဖြင့် အစဉ်မပြတ် စပ်၍စပ်၍ နှိပ်စက် တတ်သော ဤကုသိုလ် အခိုက်၌ ဖြစ်သော ခန္ဓာသည် သတ္တဝါတို့၏ ခန္ဓာအစဉ်ကို ဇာတိ ဇရာ မရဏ တို့ဖြင့် ပူပန်စေခြင်း ရာဂ ဒေါသ အစရှိသော ကိလေသာတို့ဖြင့် ပူပန်စေခြင်း ဤပူပန်စေခြင်းတို့ဖြင့် ပူပန်စေရကား သန္တာပဂုဏ်လည်း ရှိ၏။

ထိုသို့ အရှိန်မစဲ တသဲသဲနှိပ်စက်သော ဤကုသိုလ်အခိုက်၌ ဖြစ်သော ခန္ဓာ ဒုက္ခသည် မျက်စိတမှိတ်ခန့်မျှ မဘောက်မပြန် တည်နိုင်သော သဘော မရှိရကား ဝိပရိဏာမ ဂုဏ်လည်းရှိ၏။

ဤသို့လျှင် ကုသိုလ်အခိုက်ဖြစ်သော ခန္ဓာတခု၏ သဘောကို မဘောက်မပြန် အမှန်သိခြင်းသည် ဒုက္ခသစ္စာ၌ အတ္တဘာဝ အာဝီဘဝနာကာရ နည်းအားဖြင့် သိခြင်းမည်၏။
(အာဂုံကိုလိုမူ ဇာတိမှာယူလေ)။

ဤသို့ -
၁။ နှိပ်စက်တတ်သော အနက်
၂။ ပြုပြင်အပ်သော အနက်
၃။ ပူပန်စေတတ် သော အနက်
၄။ ဘောက်ပြန်တတ်သော အနက်

ဤအနက် လေးပါးတို့ကို တခု တခုသော ကုသိုလ်အခိုက်၌ အတ္တဘာဝ-အာဝီဘဝနာကာရ နည်းအားဖြင့် သိအပ်၏။

အညဘာဝအာဝီဘဝနာကာရ နည်းအားဖြင့် သိလိုသော်ကား -

ရှင်တော်ဘုရားသည် ဇာတိအစရှိသော ဒုက္ခသစ္စာ အမျိုးမျိုးတို့၌ ပီဠနဋ္ဌကို ဟောတော်မူခြင်းသည် သဘောအားဖြင့် ဟုတ်ပေ၏။ သင်္ခတ အစရှိသော အနက် သုံးပါးတို့ကို အဘယ်ကို မြင်တော်မူသောကြောင့် ဟောတော်မူလေသနည်း ဟူမူ။

ဤကုသိုလ်အခိုက်၌ဖြစ်သော ခန္ဓာ အစရှိသော ဒုက္ခအမျိုးမျိုးတို့၌ ဥပါဒ် ဌီ ဘင်တို့ဖြင့် နှိပ်စက်ခြင်းကို ခံရသည်ကား တစုံတခု နတ် လူ ဗြဟ္မာ စသော သူတို့ကြောင့် မဟုတ်။ စင်စစ်မှာမူ သမုဒယ ဟူသော အကြောင်းကြောင့် ခံရသည်။ ထို့ကြောင့် ပြုပြင် တတ်သော သမုဒယသစ္စာကို မြင်တော်မူသဖြင့် ပြုပြင်အပ်သော ဒုတိယ သင်္ခတဋ္ဌကို ဟောတော်မူသည်။

ဒုက္ခသစ္စာကြောင့် ရာဂ စသော မီးတို့သည် မပူလောင်စေအပ်သော မဂ္ဂသစ္စာကို မြင်တော်မူသဖြင့် ပူလောင်စေတတ်သော တတိယ သန္တာပဋ္ဌကို ဟောတော်မူ၏။

ဒုက္ခသစ္စာကြောင့် တစုံတခု ဘောက်ပြန် ပျက်စီးစေအပ်သော သဘောမရှိသော နိရောဓသစ္စာကို မြင်တော်မူသဖြင့် ဘောက်ပြန် ပျက်စီးတတ်သော စတုတ္ထ ဝိပရိဏာမဋ္ဌ ကို ဟောတော်မူ၏။

ဤသို့လျှင် မိမိတို့၏ သဘောဟုဆိုအပ်သော ပီဠန, သင်္ခတ, သန္တာပ, ဝိပရိဏာမ သဘောတို့ကို တပါးသော သမုဒယ အစရှိသော သစ္စာတို့ကို မြင်သဖြင့် သိအပ် သောကြောင့် အညဘာဝ-အာဝီဘဝနာကာရ နည်းဖြင့် သိအပ်၏။
(အာဂုံကိုလိုမူ ဇာတိမှာယူလေ)။

ကာမ ကုသိုလ်ကိုယူလျှင် ကြွင်းကျန်သော ကုသိုလ် ဝိပါက် ကြိယာတို့ကို ယူလေ။

ဤသို့ပြခြင်းကား ဒုက္ခသစ္စာ၌ -
အတ္တဘာဝအာဝီဘဝနာကာရ နည်း
အညဘာဝအာဝီဘဝနာကာရ နည်း
နှစ်ပါးတို့ဖြင့် သိခြင်းမျှသာတည်း။

ထိုသို့သိခြင်းသည် အနုမာန အနုဗောဓ သိခြင်းမျှသာ ရှိသေးသည်။ သံသရာမှ ထွက်မြောက်နိုင်သေးသည် မဟုတ်။ စင်စစ်သော်ကား သံသရာမှ ထွက်မြောက် ကြောင်းကြီး ဥပနိဿယကိုကား ရ၏။

သိစေအံ့။

သံသရာမှ ထွက်မြောက်အောင် သိခြင်းဟူသည် -
အာရမ္မဏပဋိဝေဓ အသမ္မောဟပဋိဝေဓ၊
အာရမ္မဏပဋိဝေဓ ကိစ္စပဋိဝေဓ အားဖြင့် နှစ်ပါးအပြား ရှိ၏။

ထိုတွင် ထွက်မြောက်သော သူတို့၏ သိခြင်းမှာ သစ္စာလေးပါးကို တပြိုင်နက် သိသည်။ တနည်း နိရောဓသစ္စာကို အာရမ္မဏပဋိဝေဓ၊ ကျန်သော သစ္စာသုံးပါးကို အသမ္မောဟပဋိဝေဓတို့ဖြင့် တပြိုင်နက် သိသည်။

သင်္ခတတရားကိုလည်း အာရုံမပြု။ ယခုသစ္စာမှာမူ ဒုက္ခသစ္စာကို အာရုံပြု ရသေးသည်ဖြစ်၍ သံသရာမှ မထွက်မြောက်နိုင်။ ဤဒုက္ခသစ္စာ ဟူသည် ထွက်မြောက်သော သူတို့၏ အခိုက်၌ အသမ္မောဟပဋိဝေဓ မျှသာ ရအပ်၏။

ထိုကြေင့် ဧကပဋိဝေဓ အာဝီဘဝနာကာရ အားဖြင့် သံသရာမှ ထွက်မြောက် ထိုက်သောသူတို့သည် နိဗ္ဗာန်ကို မျက်မှောက်ပြုသည်နှင့် တပြိုင်နက် ဤ အတ္တဘာဝအာဝီဘဝနာကာရ နည်း အညဘာဝ-အာဝီဘဝနာကာရ နည်း နှစ်ပါးတို့ကို အစိုးရလျက် ကျန်သော ပရိညေယျ ပဟာတဗ္ဗ ဘာဝေတဗ္ဗ ထိုက်သော သစ္စာ သုံးပါးကို တပြိုင်နက် ကိစ္စပြီးအောင် ဖဿ သစ္ဆိကိရိယ ဖြင့် ဆောင်ရွက်တော် မူနိုင်သည်။

တဉ္စ နိရောဓသစ္စံ သစ္ဆိကိရိယာဘိသမယဝသေန အဘိသမာနေန္တေန ဝိသယတော ကိစ္စတော စ အာရမ္မဏတော စ အာရမ္မဏပဋိဝေဓေန အသမ္မောဟပဋိဝေဓေန စ ပဋိဝိဒ္ဓံ၊ ယထာ ပရိညာဘိသမယဝသေန ဒုက္ခသစ္စံ ဘာဝနာဘိသမယဝသေန မဂ္ဂသစ္စဉ္စ အသမ္မောဟတော ပဋိဝိဒ္ဓံ ဟောတိ၊ ဧဝံ ပဟာနာဘိသမယဝသေန အသမ္မောဟတောစ ပဋိဝိဒ္ဓါ တဏှာ ဟောတိ။

ဥဒါန်းအဋ္ဌကထာ။

တဉ္စ နိရောဓသစ္စံ၊ ထိုနိရောဓသစ္စာကိုလည်း။
သစ္ဆိကိရိယာဘိသမယဝသေန၊ မျက်မှောက်ပြုသောအားဖြင့် ထိုးထွင်း၍သိခြင်း၏ အစွမ်းဖြင့်။
ဝိသယတော၊ အာရုံပြုသောအားဖြင့်။
အဘိသမာနေန္တေန၊ ထူးသောမဂ်ဉာဏ်ဖြင့် သိသောသူသည်။
ကိစ္စတော စ၊ ကိစ္စသိဒ္ဓိအားဖြင့်၎င်း။
အာရမ္မဏတော စ၊ အာရုံပြုသောအားဖြင့်၎င်း။
အာရမ္မဏပဋိဝေဓေန စ၊ အာရမ္မဏပဋိဝေဓ အားဖြင့်၎င်း (အာရမ္မဏတော စ ကို ထပ်၍ဖွင့်ခြင်းဖြစ်သည်)။
အသမ္မောဟပဋိဝေဓေန စ၊ အသမ္မောဟပဋိဝေဓ အားဖြင့်၎င်း (ကိစ္စတောစ ကို ထပ်၍ဖွင့်ခြင်းဖြစ်သည်)။
ပဋိဝိဒ္ဓံ၊ ထိုထွင်း၍သိအပ်၏။
ဒုက္ခသစ္စံ၊ ဒုက္ခသစ္စာကို။
ပရိညာဘိသမယဝသေန၊ ပရိညာဘိသမယ၏ အစွမ်းအားဖြင့်၎င်း။
မဂ္ဂသစ္စံ၊ မဂ္ဂသစ္စာကို။
ဘာဝနာဘိသမယဝသေန စ၊ ဘာဝနာဘိသမယ၏ အစွမ်းအားဖြင့်၎င်း။
အသမ္မောဟတော၊ မတွေဝေသောအားဖြင့်။
ပဋိဝိဒ္ဓံ၊ ထိုးထွင်း၍ သိအပ်သည်။
ဟောတိ ယထာ၊ ဖြစ်သကဲ့သို့။
ဧဝံ၊ ဤအတူ။
တဏှာ၊ သမုဒယသစ္စာ တဏှာလောဘကို။
ပဟာနာဘိသမယဝသေန၊ ပဟာနာဘိသမယ၏ အစွမ်းအားဖြင့်။
အသမ္မောဟတော စ၊ မတွေဝေသောအားဖြင့်လည်း။
ပဋိဝိဒ္ဓါ၊ ထိုးထွင်းသိအပ်သည်။
ဟောတိ၊ ဖြစ်၏။

ဧကပဋိဝေဓ ကိုကား နိရောဓသစ္စာ စသည်၌ ထင်စွာဖြစ်လတ္တံ့။

ဤသို့ဆိုအပ်ခဲ့ပြီးသော စကားအစဉ်ဖြင့် ဒုက္ခသစ္စာကို အတ္တဘာဝအာဝီဘဝနာကာရ အညဘာဝအာဝီဘဝနာကာရ နည်းသို့တိုင်အောင် ဆရာကောင်းတို့၏ အထံ၌ ရုပ် နာမ် ခန္ဓာ အာယတန စသော သဘောတရားသည် ဒုက္ခသစ္စာတည်း။ တဏှာ စသော တဘောတရားသည် သမုဒယသစ္စာတည်း။

ဤသို့ အကျဉ်းအားဖြင့်၎င်း အကျယ်အားဖြင့်၎င်း သင်ကြား၍ အဘန်တလဲလဲ ရုပ် နာမ် စသော ဒုက္ခသစ္စာ ထိုက်သော သဘောတရားအပေါင်း ကို အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာရေး သုံးပါးတို့ဖြင့် ထင်အောင် မြင်အောင် မြဲအောင် အားထုတ်ရာ၏။ လက္ခဏာရေး တင်ဟန်ကို မဂ္ဂသစ္စာ၌ ထင်လတ္တံ့။

ပုရိမာနိ ဟိ ဒွေ သစ္စာနိ “ပဉ္စက္ခန္ဓာ ဒုက္ခံ တဏှာ သမုဒယော” တိဧဝံ သင်္ခေပေန စ “ကတမေ ပဉ္စက္ခန္ဓာ” တိ အာဒိနာ နယေန ဝိတ္ထာရေန စ အာစရိယဿ သန္တိကေ ဥဂ္ဂဏှိတွာ ဝါစာယ ပုနပ္ပုနံ ပရိဝတ္တေန္တော ယော ဂါဝစရော ကမ္မံ ကရောတိ။

သမ္မော။

ဟိ တဒေဝ သစ္စံ၊ ထိုစကားသည်မှန်၏။
ပုရိမာနိ၊ ရှေး၌ဖြစ်ကုန်သော။
ဒွေ သစ္စာနိ၊ နှစ်ပါးသော သစ္စာတို့ကို။
ပဉ္စက္ခန္ဓာ ဒုက္ခံ တဏှာ သမုဒယောတိ၊ ပဉ္စက္ခန္ဓာဒုက္ခံ တဏှာသမုဒယော ဟူ၍။
ဧဝံ၊ ဤသို့။
သင်္ခေပေန စ၊ အကျဉ်းအားဖြင့်၎င်း။
ကတမေ ပဉ္စက္ခန္ဓာတိ အာဒိနာ၊ ကတမေ ပဉ္စက္ခန္ဓာ ဤသို့ အစရှိသော။
နယေန၊ နည်းဖြင့်။
ဝိတ္ထာရေန စ၊ အကျယ်အားဖြင့်၎င်း။
အာစရိယဿ၊ ဆရာ၏။
သန္တိကေ၊ အထံ၌။
ဥဂ္ဂဏှိတွာ၊ သင်၍။
ဝါစာယ၊ နှုတ်ဖြင့်။
ပုနပ္ပုန္နံံ၊ အဘန်တလဲလဲ။
ပရိဝတ္တေန္တော၊ တပြောင်းပြန်ပြန်။
ယောဂါဝစရော၊ ယောဂီပုဂ္ဂိုလ်သည်။
ကမ္မံ၊ စီးဖြန်းသော အမှုကို။
ကရောတိ၊ ပြု၏။

ဤသိုသော စကားအစဉ်ဖြင့် ဆိုခြင်းသည်ကား ဒုက္ခသစ္စာ၏ အကျဉ်းမျှဖြစ်သော စကားမျှသာတည်း။

အကျယ်တဝင့် ဘွင့်လှစ်၍ ဒုက္ခသစ္စာထိုက်သော အကြင် တခုတခုသော တရားကို ပြ၍ ဆိုအပ်သည်ရှိသော် အဘယ်အခါ ပြီးဆုံးနိုင်တော့အံ့နည်း။ ငါသို့သော သူကို ထားဘိဦး၊ လေထု - ရေထု - မြေထု - စက္ကဝါ လေးဖြာရောင်စို မြင်းမိုရ် သတ္တရဗ္ဘန် တောင်ရံတို့နှင့်တကွဖြစ်သော အထုတို့ထက် ဆတက်ထင်ရာ ကဲလွန်သာသော ပညာရှိကြီးတို့သော်လည်း ၎င်းဒုက္ခသစ္စာ၏ အကျယ်ကို ကမ္ဘာ ရာ - ထောင် - သိန်း -သန်း - ဂဏန်းသင်္ချေ အစေ့နေ၍ ဘွင့်လေငြားသော်လည်း အပြီးအဆုံး နိဂုံး တိုင်အောင် ဘွင့်ခြင်းငှါ မစွမ်းနိုင်ရာ။

အသဒိသ အပမိတ အနန္တရွှေဉာဏ်တော်ရှင်ကြီး၏ အရာတော်ပေတည်း။ ထို့ကြောင့် ယောဂါဝစရပုဂ္ဂိုလ်တို့အား သဲလွန်စမျှ နည်းရရုံသာ သင်္ခေပအားဖြင့် အကျဉ်းရုံး၍ နိဂုံးသတ်လိုက်တော့ပြီ။

ယဒေတံ ဧကေကံ ဒဿေတွာ ဝုစ္စမာနံ အနေကေဟိ ကပ္ပေ ဟိ န သက္ကာ အသေသတော ဝတ္တုံ။

သမ္မော။

ဧကေကံ၊ တခုတခုစီ။
ဒဿေတွာ၊ ပြ၍။
ဝုစ္စမာနံ၊ ဟောတော်မူအပ်သည် ရှိသော်။
အနေကေဟိ၊ များစွာကုန်သော။
ကပ္ပေဟိပိ၊ ကမ္ဘာတို့ဖြင့်လည်း။
ယဒေတံ-ယံ ဧတံ ဒုက္ခံ၊ အကြင် ဒုက္ခသစ္စာကို။
အသေသတော၊ အကြွင်းမရှိသောအားဖြင့်။
ဝတ္တုံ၊ ဟောခြင်းငှါ ။
န သက္ကာ၊ မတတ်နိုင်။

ဒုက္ခသစ္စကဏ္ဍာ ပဌမော နိဋ္ဌိတော။

၄၁ - သမုဒယသစ္စာကို

ပုစ္ဆာရှစ်ချက်ဖြင့် အမေးကို ပြခြင်း

(၁) အဘယ်ကြောင့် သမုဒယမည်သနည်း။
(၂) အဘယ်ကြောင့် သစ္စာမည်သနည်း။
(၃) အဘယ်ကြောင့် သမုဒယသစ္စာ မည်သနည်း။
(၄) ထိုသမုဒယသစ္စာ၏ လက္ခဏာစသည်ကား အဘယ် နည်း။
(၅) ထိုသမုဒယသစ္စာ၏ အာကာရကား အဘယ်နည်း။
(၆) ထိုသမုဒယသစ္စာ၏ အပြားကား အဘယ်မျှရှိသနည်း။
(၇) ထိုသမုဒယသစ္စာ၏နယ်ကား အဘယ်မျှကျယ်သနည်း။
(၈) ထိုသမုဒယသစ္စာကို အဘယ်သို့သိရုံမျှနှင့် သံသရာမှ မလွတ်သနည်း။ အဘယ်သို့သိလျှင် သံသရာမှ လွတ်သနည်း။

၄၂ - အဘယ်ကြာင့် သမုဒယမည်သနည်း ဟူသော ပဌမပုစ္ဆာကို ဖြေရှင်း၍ ပြခြင်း

ထိုသို့ မေးအပ်သော ပုဏ္ဏာရှစ်ချက် တို့တွင် ရှေးဦးစွာသော (၁) အဘယ်ကြောင့် သမုဒယ မည်သနည်း ဟူသော ပုစ္ဆာ၌ အဖြေ ဝိသဇ္ဇနာကား ဤသို့တည်း။

သမ္မာ ဥဒေတိ ဖလံ ဧတေ နာတိ သမုဒယော။

ဧတေန ကာရဏေန၊ ထိုတဏှာတည်း ဟူသော အကြောင်းဖြင့်။
ဝါ၊ ကြောင့်။
ဖလံ၊ ဒုက္ခသစ္စာတည်းဟူသော အကျိုးသည်။
သမ္မာ၊ ပြည့်စုံစွာ။
ဥဒေတိ၊ ဖြစ်တတ်၏။
ဣတိ တသ္မာ၊ ထိုသို့ဖြစ်ကြောင်းဖြစ်သော သတ္တိကြောင့်။
သမုဒယော၊ သမုဒယမည်၏။

သမုဒယောကား ကရဏသာဓန၊ သံပုဗ္ဗ ဥဒ-ဓာတ် အယ-ပစ္စည်း။

ဥဒဓာတ်၏ အရကား ထိုဒုက္ခမျိုးအပေါင်းကို ပြုကြောင်းဖြစ်သော လောဘ စေတသိက် စသည်ကို မုချအားဖြင့် ရ၏။ ကတွတ္ထ ကရဏတ္ထ ဟေတွတ္ထတို့ကား ထို ဒုက္ခသစ္စာတို့ကို ပြုကြောင်းဖြစ်သော အာရမ္မဏ ဥပနိဿယ ပစ္စည်းသည် ဖလူပစာ။ အားဖြင့်ရ၏။ အယပစ္စည်း၏အရကား ထိုမုချ ဖလူပစာတို့ဖြင့် မှတ်အပ်သော အကြောင်းထိုက်သော တရားမျိုးတို့ကို ရအပ်ကုန်၏။

၎င်းအကြောင်းထိုက်သော အာဂုံကို ရှေ့၌ထင်လတ္တံ့။
ပဌမ။

(၂) (၃) ဒုတိယပုစ္ဆာ တတိယပုစ္ဆာတို့ကိုကား ဒုက္ခသစ္စာကိုမှီ၍ သိအပ်၏။
ဒုတိယ။ တတိယ။

၄၃ - ထို သမုဒယသစ္စာ၏ လက္ခဏာစသည် အဘယ်နည်း ဟူသော စတုတ္ထ ပုစ္ဆာကို ဖြေရှင်း၍ ပြခြင်း

(၄) ထိုသမုဒယသစ္စာ၏ လက္ခဏာ စသည်ကား အဘယ်နည်း ဟူရာ၌ -
သမုဒယသစ္စာသည် ဒုက္ခသစ္စာ၏ ဖြစ်ကြောင်း အမွန်ဟူသော လက္ခဏာ ရှိ၏။
အဘန်တလဲလဲ ဒုက္ခကို ဖြစ်စေခြင်း ဒုက္ခ၏မပြတ်မစဲခြင်းကို ပြုခြင်းကိစ္စ ရှိ၏။
ဘဝမှထွက်မြောက်ခြင်းကို တားမြစ်ခြင်း ပစ္စုပဋ္ဌာန် ရှိ၏။

ပဘဝလက္ခဏံ သမုဒယသစ္စံ၊ အနုပစ္ဆေဒကရဏရသံ၊ ပလိဗောဓပစ္စုပဋ္ဌာနံ။

ဝိသုဒ္ဓိမဂ်။

သမုဒယသစ္စံ၊ သမုဒယသစ္စာသည်။
ပဘဝလက္ခဏံ၊ ဒုက္ခ၏ မပြတ်မစဲဖြစ်ကြောင်း အမွန်အစ၏ အဖြစ်တည်းဟူသော လက္ခဏာရှိ၏။
ဝါ၊ ပုရိမဘဝနှင့်စပ်၍ မပြတ်မစဲ ပစ္ဆိမဘဝ၏ ဖြစ်ကြောင်း အမွန်၏ အဖြစ်တည်း ဟူသော လက္ခဏာရှိ၏။
အနုပစ္ဆေဒကရဏရသံ၊ အဘန်တလဲလဲ ဒုက္ခကို ဖြစ်စေခြင်း ဒုက္ခ၏ မပြတ်မစဲခြင်းကို ပြုခြင်းကိစ္စရှိ၏။
ပလိဗောဓပစ္စုပဋ္ဌာနံ၊ ဘဝမှ ထွက်မြောက်ခြင်းကို တားမြစ်ခြင်းလျှင် ဉာဏ်အား ထင်သော အခြင်းအရာရှိ၏။
ဝါ၊ ဘဝမှထွက်မြောက်ကြောင်း အရိယမဂ်ကို နှောင့်ရှက် တားမြစ်ခြင်းလျှင် ဉာဏ်အားထင်သော အခြင်းအရာ ရှိ၏။
စတုတ္ထ။

၄၄ - ထို သမုဒယသစ္စာ၏ အာကာရကား အဘယ်နည်းဟူသော ပဉ္စမ ပုစ္ဆာကို ဖြေရှင်း၍ ပြခြင်း

(၅) ထိုသမုဒယသစ္စာ၏ အာကာရကား အဘယ်နည်း ဟူသော ပုစ္ဆာ၌ -

ကတမဉ္စ ဘိက္ခဝေ ဒုက္ခသမုဒယံ အရိယသစ္စံ၊ ယာယံ တဏှာ ပေါနောဗ္ဘဝိကာ နန္ဒီရာဂသဟဂတာ တတြ တကြာ ဘိနန္ဒိနီ။ သေယျထိဒံ၊ ကာမတဏှာ ဘဝတဏှာ ဝိဘဝတဏှာ၊ သာခေါ ပနေသာ ဘိက္ခဝေ တဏှာ ကတ္ထ ဥပ္ပဇ္ဇမာနာ ဥပ္ပဇ္ဇတိ၊ ကတ္ထ နိဝိသမာနာ နိဝီသတိ။

သတိပဋ္ဌာန်ပါဠိတော်။

ဘိက္ခဝေ၊ ရဟန်းတို့။
ဒုက္ခသမုဒယံ၊ ဒုက္ခ၏ အကြောင်းဖြစ်သော။
အရိယသစ္စံ၊ အရိယသစ္စာသည်။
ကတမဉ္စ၊ အဘယ်နည်း ဟူမူကား။
ယာယံ တဏှာ၊ အကြင်တဏှာသည်။
ပေါနောဗ္ဘဝိကာ၊ တဘန် ဘဝသစ်ကို ဖြစ်စေတတ်သော အလေ့ ရှိ၏။
နန္ဒီရာဂသဟဂတာ၊ ပြင်းစွာ တပ်စွန်းသောအားဖြင့် ဖြစ်၏။
တတြ တတြ၊ ထိုထို အတ္တဘောအာရုံ၌။
အဘိနန္ဒိနီ၊ လွန်စွာနှစ်သက်တတ်၏။
ဣဒံ ဧသော တဏှာ၊ ဤတဏှာသည်။
သေယျထာ ကတမာ၊ အဘယ်နည်းဟူမူကား။
ကာမတဏှာ၊ ကာမဘုံ၌ တပ်တတ်သော တဏှာလည်းကောင်း။
ဘဝတဏှာ၊ ရူပဘဝ, အရူပဘဝ၌ တပ်တတ်သော တဏှာလည်းကောင်း။
ဝိဘဝတဏှာ၊ ဥစ္ဆေဒဒိဋ္ဌိနှင့် တကွဖြစ်သော တဏှာလည်းကောင်း။
ဣတိ ဧသာ၊ ဤတရားတည်း။

ဘိက္ခဝေ၊ ရဟန်းတို့။
သာခေါ ပနေသာ တဏှာ၊ ထိုတဏှာသည်။
ကတ္ထ၊ အဘယ်အာရုံ၌။
ဥပ္ပဇ္ဇမာနာ၊ ရှေးဦးစွာဖြစ်သည်ဖြစ်၍။
ဥပ္ပဇ္ဇတိ၊ ဖြစ်သနည်း။
ကတ္ထ၊ အဘယ်အာရုံ၌။
နိဝိသမာနာ၊ အဘန်တလဲလဲ ဖြစ်သောအားဖြင့် တည်သည်ဖြစ်၍။
နိဝီသတိ၊ တည်သနည်း။

ဤသို့ အာကာရ သုံးပါးတို့ဖြင့် ဟောတော်မူအပ်၏။ ထိုတွင် ကာမတဏှာ ဟူသည်ကား ရူပါရုံ, သဒ္ဒါရုံ, ဂန္ဓာရုံ, ရသာရုံ, ဖောဋ္ဌဗ္ဗာရုံ ဓမ္မာရုံဟုဆိုအပ်သော အာရုံခြောက်ပါးတို့တွင် အကြင်အခါ ရူပါရုံ၌ ဤသူလှလေ၏ဟူ၍ သာယာ၏၊ ရူပါရုံမျှဟု အမှန်ကိုမသိ၊ ထိုအခါ ကာမတဏှာသည်ဖြစ်၏။

အကြင်အခါ ဤသူ လှသည်ကား ကြာမြင့်ပြီဟု သဿတဒိဋ္ဌိနှင့် တကွယူ၍ သာယာ၏ ရုပ်တို့၏ အစဉ်မျှကို မသိ၊ ထိုအခါ ဘဝတဏှာသည်ဖြစ်၏။

အကြင်အခါ ဥစ္ဆေဒဒိဋ္ဌိနှင့် တကွဖြစ်၏။ ထိုအခါ ဝိဘဝတဏှာသည် ဖြစ်၏။

ဤနည်းအတူ သဒ္ဒါရုံစသည် တို့၌လည်း သုံးပါးသုံးပါးစီ ပြားရကား တဆယ့်ရှစ်ပါးသော တဏှာတို့သည် ဖြစ်ကုန်၏။

အဇ္ဈတ္တ ဗဟိဒ္ဓတ္ထိနှင့်ကား သုံးဆယ့်ခြောက်ပါး၊

အတိတ်, အနာဂတ်, ပစ္စုပ္ပန်တို့နှင့်ကား တရာ့ရှစ်ပါး၊

သော တဏှာတို့၏ အာကာရကို ယူအပ်၏။

ရူပတဏှာယေဝ ဟိ ယဒါ စက္ခုဿ အာပါထမာဂတံ ရူပါရမ္မဏံ ကာမာဿာဒဝသေန အဿာဒယမာနာ ပဝတ္တတိ၊ တဒါ ကာမတဏှာ နာမ ဟောတိ။ ယဒါ တဒေဝါရမ္မဏံ ဓုဝံ သဿဘန္တိ ပဝတ္တာယ သဿတဒိဋ္ဌိ ယာ သဒ္ဓိံ ပဝတ္တတိ၊ တဒါ ဘဝတဏှာ နာမ ဟောတိ၊ သဿတဒိဋ္ဌိသဟဂတော ဟိ ရာဂေါ ဘဝတဏှာတိ ဝုစ္စတိ။ ယဒါ ပန တဒေဝါရမ္မဏံ ဥစ္ဆိဇ္ဇတိ ဝိနဿတီတိ ပဝတ္တာယ ဥစ္ဆေဒဒိဋ္ဌိယာ သဒ္ဓိံ ပဝတ္တတိ၊ တဒါ ဝိဘဝတဏှာ နာမ ဟောတိ၊ ဥစ္ဆေဒဒိဋ္ဌိသဟဂတော ဟိ ရာဂေါ ဝိဘဝတဏှာတိ ဝုစ္စတိ။ ဧသနယော သဒ္ဒတဏှာ ဒိသုပီတိ ဧတာ အဋ္ဌာရသ တဏှာ ဟောန္တိ၊ တာ အဇ္ဈတ္တရူပဒီသု အဋ္ဌာရသ, ဗဟိဒ္ဓရူပါဒီသု အဋ္ဌာရသာတိ ဆတ္တိံသ၊ ဣတိ အတီတာ ဆတ္တိံသ, အနာဂတာ ဆတ္တိံသ, ပစ္စုပ္ပန္နာ ဆတ္တိံသာတိ အဋ္ဌသတ တဏှာ ဟောန္တိ။

ဝိသုဒ္ဓိမဂ်။

ဟိ၊ ချဲ့အံ့။
ရူပတဏှာယေဝ၊ ရူပတဏှာသည်ပင်လျှင်။
ယဒါ၊ အကြင်အခါ၌။
စက္ခုဿ၊ မျက်စိအား။
အပါထံ၊ ထင်ခြင်းသို့။
အာဂတံ၊ ရောက်သော။
ရူပါရမ္မဏံ၊ ရူပါရုံကို။
ကာမာဿာဒဝသေန၊ ကာမဂုဏ်ကို သာယာသည်၏ အစွမ်းအားဖြင့်။
အဿာဒယမာနာ၊ သာယာလျက်။
ပဝတ္တတိ၊ ဖြစ်၏။
တဒါ၊ ထိုအခါ၌။
ကာမတဏှာနာမ၊ ကာမတဏှာမည်သည်။
ဟောတိ၊ ဖြစ်၏။
ယဒါ၊ အကြင်အခါ၌။
တဒေဝါရမ္မဏံ၊ ထိုစက္ခု အား ထင်ခြင်းသို့ ရောက်သော ရူပါရုံကိုပင်လျှင်။
ဓုဝံ၊ မဘောက်မပြန် ခိုင်ခံ့၏။
သဿတံ၊ မပျက်မစီးမြဲ၏။
ဣတိ၊ ဤသို့။
ပဝတ္တာယ၊ ဖြစ်သော။
သဿတဒိဋ္ဌိယာ၊ သဿတဒိဋ္ဌိနှင့်။
သဒ္ဓိံ ၊ တကွ။
ပဝတ္တတိ၊ ဖြစ်၏။
တဒါ၊ ထိုအခါ၌။
ဘဝတဏှာနာမ၊ ဘဝတဏှာမည်သည်။
ဟောတိ၊ ဖြစ်၏။

ဟိ သစ္စံ၊ မှန်၏။
သဿတဒိဋ္ဌိသဟဂတော၊ သဿတဒိဋ္ဌိနှင့် တကွ ဖြစ်သော။
ရာဂေါ၊ ရာဂကို။
ဘဝတဏှာတိ၊ ဘဝတဏှာဟူ၍။
ဝုစ္စတိ၊ ဆိုအပ်၏။
ပန၊ ထိုမှတပါး။
ယဒါ၊ အကြင်အခါ၌။
တဒေဝါရမ္မဏံ၊ ထိုစက္ခုအား ထင်ခြင်းသို့ရောက်သော ရူပါရုံကိုပင်လျှင်။
ဥစ္ဆိဇ္ဇတိ၊ ပြတ်၏။
ဝိနဿတိ၊ ပျက်စီး၏။
ဣတိ၊ ဤသို့။
ပဝတ္တာယ၊ ဖြစ်သော။
ဥစ္ဆေဒဒိဋ္ဌိယာ၊ ဥစ္ဆေဒဒိဋ္ဌိနှင့်။
သဒ္ဓိံ၊ တကွ။
ပဝတ္တတိ၊ ဖြစ်၏။
တဒါ၊ ထိုအခါ၌။
ဝိဘဝတဏှာ နာမ၊ ဝိဘဝတဏှာ မည်သည်။
ဟောတိ၊ ဖြစ်၏။

ဟိ သစ္စံ၊ မှန်၏။
ဥစ္ဆေဒဒိဋ္ဌိသဟဂတော၊ ဥစ္ဆေဒဒိဋ္ဌိနှင့် တကွဖြစ်သော။
ရာဂေါ၊ ရာဂကို။
ဝိဘဝတဏှာတိ၊ ဝိဘဝတဏှာဟူ၍။
ဝုစ္စတိ၊ ဆိုအပ်၏။
သဒ္ဒတဏှာဒီသုပိ၊ သဒ္ဒတဏှာ အစရှိသည်တို့၌လည်း။
ဧသနယော၊ ဤတရားသဘောကို။
နေတဗ္ဗော၊ ဆောင်အပ်၏။
ဣတိ၊ ဤသို့။
ဧတော အဋ္ဌာရသ တဏှာ၊ ဤတဆယ့်ရှစ်ပါးသော တဏှာတို့သည်။
ဟောန္တိ၊ ဖြစ်ကုန်၏။
တာ၊ ထိုတဆယ့်ရှစ်ပါးသော တဏှာတို့သည်။
အဇ္ဈတ္တ ရူပါဒီသု၊ အဇ္ဇတ္တရူပါရုံ စသည်တို့၌။
အဋ္ဌာရသ၊ တဆယ့်ရှစ်ပါးတို့၎င်း။
ဗဟိဒ္ဓရူပါဒီသု၊ ဗဟိဒ္ဓရူပါရုံ စသည်တို့၌။
အဋ္ဌာရသ၊ တဆယ့်ရှစ်ပါးတို့၎င်း။
ဣတိ၊ ဤသို့။
ဆတ္တိံသ၊ သုံးဆယ့်ခြောက်ပါး တို့သည်။
ဟောန္တိ ၊ ဖြစ်ကုန်၏။
ဣတိ၊ ဤသို့။
အတီတာ၊ အတိတ်ဖြစ်ကုန်သော။
ဆတ္တိံသ၊ သုံးဆယ့်ခြောက်ပါးတို့၎င်း။
အနာဂတာ၊ အနာဂတ်ဖြစ်ကုန်သော။
ဆတ္တိံသ၊ သုံးဆယ့်ခြောက်ပါးတို့၎င်း။
ပစ္စုပ္ပန္နာ၊ ပစ္စုပ္ပန် ဖြစ်ကုန်သော။
ဆတ္တိံသ၊ သုံးဆယ့်ခြောက်ပါး တို့၎င်း။
ဣတိ ဣမိနာ ပဘေဒေန၊ ဤသို့သော အပြားအားဖြင့်။
အဋ္ဌ သတ တဏှာ၊ တရာ့ရှစ်ပါး အပြားရှိသော တဏှာတို့သည်။
ဟောန္တိ၊ ဖြစ်ကုန်၏။

ဤ တဏှာသုံးပါးတို့သည် ဒွါရခြောက်ပါးတို့၌ တွေ့ကြုံတိုင်း ဖြစ်တတ်ကြကုန်၏။
အကြောင်းကား ထိုသမုဒယသစ္စာသည် ခဲလိုသောအဖြစ် စားလိုသောအဖြစ် စသည်တို့၏ အစွမ်းအားဖြင့် ဖြစ်ခြင်းသည် ထင်ရှားလှ၏။

“သမုဒယမ္ပိ ခါဒိတု ကာမတာဘုဉ္စိတုကာမတာဒိဝသေန ဥပ္ပတ္တိတော ပါကဋံ”။

သမ္မော။

သမုဒယမ္ပိ၊ သမုဒယသစ္စာသည်လည်း။
ခါဒိတု ကာမတာဘုဉ္စိတုကာမတာဒိဝသေန၊ ခဲလိုသောအဖြစ် စားလိုသောအဖြစ် စသည်တို့၏ အ စွမ်း အား ဖြင့်။
ဥပ္ပတ္တိတော၊ ဖြစ်ခြင်းကြောင့်။
ပါကဋံ၊ ထင်ရှား၏။

ဤအဋ္ဌကထာ၌ အာဒိသဒ္ဒါနှင့် ပြတော်မူရကား -
မြင်လိုသော အဖြစ်၊
ကြားလိုသော အဖြစ်၊
နံလိုသောအဖြစ်၊
လျက်လိုသောအဖြစ်၊
တွေ့ထိလိုသောအဖြစ်၊
လှုပ်ရှားလိုသောအဖြစ်၊
ပြောဆို လိုသောအဖြစ်၊
ကြံစည်လိုသောအဖြစ်၊
အဖြစ်အမျိုးမျိုး စသည်တို့၌ ၎င်းတဏှာ သုံးပါးတို့သည် သမုဒယသစ္စာ၏ အစွမ်းအား ဖြင့် ဖြစ်ကြကုန်၏။

ယံ လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ဥပ္ပဇ္ဇမာနာ ဥပ္ပဇ္ဇတိ၊ ဧတ္ထ နိဝိသမာနာ နိဝိသတိ၊ ကိဉ္စ လောကေ ပိယရူပံ သာတရူပံ၊ စက္ခု လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ဥပ္ပဇ္ဇမာနာ ဥပ္ပဇ္ဇတိ၊ ဧတ္ထ နိဝိသမာနာ နိဝိသတိ၊ သောတံ လောကေ။ ဃာနံ လောကေ။ ဇိဝှါ လောကေ၊ ကာယော လောကေ၊ မနော လောကေ ပိယရူပံ သာတရူပံ။ ဧတ္တေသာ တဏှာ ဥပ္ပဇ္ဇမာနာ ဥပ္ပဇ္ဇတိ ဧတ္ထ နိဝိသမာနာ နိဝိသတိ။ ရူပါ လောကေ။ သဒ္ဒါ လောကေ။ ဂန္ဓာ လောကေ၊ ရသာ လောကေ။ ဖောဋ္ဌဗ္ဗာ လောကေ။ ဓမ္မာ လောကေ ဝိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ဥပ္ပဇ္ဇမာနာ ဥပ္ပဇ္ဇတိ၊ ဧတ္ထ နိဝိသမာနာ နိဝိသတိ။ စက္ခုဝိညာဏံ လောကေ။ သောတဝိညာဏံ လောကေ။ ဃာနဝိညာဏံ လောကေ။ ဇီဝှါဝိညာဏံ လောကေ။ ကာယဝိညာဏံ လောကေ။ မနောဝိညာဏံ လောကေ ပိယရူပံ သာတရူပံ ဧတ္ထေသာ တဏှာ ဥပ္ပဇ္ဇမာနာ ဥပ္ပဇ္ဇတိ၊ ဧတ္ထ နိဝိသမာနာ နိဝိသတိ။

သတိပဋ္ဌာန်ပါဠိတော်။

လောကေ၊ ဥပါဒါနက္ခန္ဓာ ဟူသော လောက၌။
ယံ ပိယရူပံ၊ အကြင် ချစ်အပ်သော သဘောရှိသော အာရုံသည်။
ယံ သာတရူပံ၊ အကြင် သာယာအပ်သော သဘောရှိသော အာရုံသည်။
အတ္ထိ၊ ရှိ၏။
ဧတ္ထ၊ ဤချစ်အပ် သာယာအပ်သော အာရုံ၌။
ဧသော တဏှာ၊ ဤတဏှာသည်။
ဥပ္ပဇ္ဇမာနာ၊ ရှေးဦးစွာဖြစ်သည်ဖြစ်၍။
ဥပ္ပဇ္ဇတိ၊ ဖြစ်၏။
ဧတ္ထ၊ ဤချစ်အပ် သာယာအပ်သော အာရုံ၌။
နိဝိသမာနာ၊ အဘန်တလဲလဲ ဖြစ်သောအားဖြင့် တည်သည် ဖြစ်၍။
နိဝိသတိ၊ တည်၏။
လောကေ၊ ဥပါဒါနက္ခန္ဓာဟူသော လောက၌။
ပိယရူပံ၊ ချစ်အပ်သော သဘောရှိသော အာရုံသည်။
သာတရူပံ၊ သာယာအပ်သော သဘောရှိသော အာရုံသည်။
ကိဉ္စ၊ အဘယ်နည်း။

လောကေ၊ ဥပါဒါနက္ခန္ဓာဟူသော လောက၌။
စက္ခု၊ စက္ခုပသာဒသည်။
ပိယရူပံ၊ ချစ်အပ်သော သဘောရှိသော အာရုံတည်း။
သာတရူပံ၊ သာယာအပ်သော သဘောရှိသော အာရုံတည်း။
ဧတ္ထ၊ ဤချစ်အပ် သာယာအပ်သော သဘောရှိသော စက္ခုပသာဒ၌။
ဧသာ တဏှာ၊ ဤတဏှာသည်။
ဥပ္ပဇ္ဇမာနာ၊ ရှေးဦးစွာဖြစ်သည်ဖြစ်၍။
ဥပ္ပဇ္ဇတိ၊ ဖြစ်၏။
ဧတ္ထ၊ ဤချစ်အပ် သာယာအပ်သော သဘောရှိသော စက္ခုပသာဒ၌။
နိဝိသမာနာ၊ အဘန်တလဲလဲ ဖြစ်သောအားဖြင့် တည်သည်ဖြစ်၍။
နိဝိသတိ၊ တည်၏။
လောကေ၊ ဥပါဒါနက္ခန္ဓာဟူသော လောက၌။
သောတံ၊ သောတပသာဒသည်။
ပိယရူပံ၊ ချစ်အပ်သော သဘောရှိသော အာရုံတည်း။
လောကေ၊ လောက၌။
ဃာနံ၊ ဃာနပသာဒသည်။
ပိယရူပံ၊ ချစ်အပ်သော သဘောရှိသော အာရုံတည်း။
လောကေ၊ လောက၌။
ဇိဝှါ၊ ဇီဝှါပသာဒသည်။
ပိယရူပံ၊ ချစ်အပ်သော သဘောရှိသော အာရုံတည်း။
လောကေ၊ လောက၌။
ကာယော၊ ကာယပသာဒသည်။
ပိယရူပံ၊ ချစ်အပ်သောသဘောရှိသော အာရုံတည်း။
လောကေ၊ လောက၌။
မနော၊ စိတ်သည်။
ပိယရူပံ၊ ချစ်အပ်သော သဘောရှိသော အာရုံတည်း။
သာတရူပံ၊ သာယာအပ်သော သဘောရှိသော အာရုံတည်း။
ဧတ္ထ၊ ဤချစ်အပ် သာယာအပ်သော သဘောရှိသော စိတ်အာရုံ၌။
ဧသော တဏှာ၊ ဤတဏှာသည်။
ဥပ္ပဇ္ဇမာနာ၊ ရှေးဦးစွာဖြစ်သည်ဖြစ်၍။
ဥပ္ပဇ္ဇတိ၊ ဖြစ်၏။
ဧတ္ထ၊ ဤချစ်အပ် သာယာအပ်သော သဘောရှိသော စိတ်အာရုံ၌။
နိဝိသမာနာ၊ အဘန်တလဲလဲဖြစ်သော အားဖြင့် တည်သည်ဖြစ်၍။
နိဝီသတိ၊ တည်၏။

လောကေ၊ လောက၌။
ရူပါ၊ ရူပါရုံတို့သည်။
သဒ္ဓါ၊ သဒ္ဓါရုံတို့သည်။
ဂန္ဓာ၊ဂန္ဓာရုံတို့သည်။
ရသာ၊ ရသာရုံတို့သည်။
ဖေါဋ္ဌဗ္ဗာ၊ ဖောဋ္ဌဗ္ဗာရုံတို့သည်။
ဓမ္မာ၊ ဓမ္မာရုံတို့သည်။
ပိယရူပံ၊ ချစ်အပ်သော သဘောရှိသော အာရုံတည်း။
သာတရူပံ၊ သာယာအပ်သော သဘောရှိသော အာရုံတည်း။၊
ဧတ္ထ၊ ဤချစ်အပ် သာယာအပ်သော သဘောရှိသော အာရုံ၌။
ဧသော တဏှာ၊ ဤတဏှာသည်။
ဥပ္ပဇ္ဇမာနာ၊ ရှေးဦးစွာ ဖြစ်သည်ဖြစ်၍။
ဥပ္ပဇ္ဇတိ၊ဖြစ်၏။
ဧတ္ထ၊ ဤအရုံ၌။
နိဝိသမာနာ၊ အဘန်တလဲလဲ ဖြစ်သောအားဖြင့် တည်သည်ဖြစ်၍။
နိဝိသတိ၊ တည်၏။
လောကေ၊ လောက၌။
စက္ခုဝိညာဏံ၊ စက္ခဝိညာဏ်သည်။
သောတဝိညာဏံ၊ သောတဝိညာဏ်သည်။
ဃာနဝိညာဏံ၊ ဃာနဝိညာဏ်သည်။
ဇီဝှါဝိညာဏံ၊ ဇီဝှါဝိညာဏ်သည်။
ကာယဝိညာဏံ၊ ကာယဝိညာဏ်သည်။
မနောဝိညာဏံ၊ မနောဝိညာဏ်သည်။
ပိယရူပံ၊ ချစ်အပ်သော သဘောရှိသော အာရုံတည်း။
သာတရူပံ၊ သာယာအပ်သော သဘောရှိသော အာရုံတည်း။
ဧတ္ထ၊ ဤချစ်အပ်သော သာယာအပ်သော သဘောရှိသော ဝိညာဏ်အာရုံ၌။
ဧသော တဏှာ၊ ဤတဏှာ သည်။
ဥပ္ပဇ္ဇမာနာ၊ ရှေးဦးစွာဖြစ်သည်ဖြစ်၍။
ဥပ္ပဇ္ဇတိ၊ ဖြစ်၏။
ဧတ္ထ၊ ဤဝိညာဏ်အာရုံ၌။
နိဝိသမာနာ၊အဘန်တလဲလဲ ဖြစ်သောအားဖြင့် တည်သည်ဖြစ်၍။
နိဝိသတိ၊ တည်၏။

စက္ခုပသာဒရုပ် ရူပါရုံ စက္ခုဝိညာဏ် သုံးပါးကိုပြလျှင် ကြွင်းသော -
ဖဿခြောက်ပါး၊
ဝေဒနာခြောက်ပါး၊
သညာခြောက်ပါး၊
စေတနာခြောက်ပါး၊
တဏှာခြောက်ပါး၊
ဝိတက်ခြောက်ပါး၊
ဝိစာရခြောက်ပါး -
ပေါင်း လေးဆယ့်နှစ်ပါးသော သဘောတရား တို့၌လည်း ကာမတဏှာ ဘဝတဏှာ ဝိဘဝတဏှာ သုံးပါးတို့၏ ဖြစ်ဟန်ကို ဧကန်သိအပ်၏။ တဏှာပေါင်း (၁၈၀) ရအပ်၏။

အဘယ်ကြောင့် ရှင်တော်ဘုရားသည် ဘုံသုံးပါးတို့၌ ဒေါသ အစရှိသော အကုသိုလ်အကြောင်း, သဒ္ဓါ အစရှိသော ကုသိုလ်အကြောင်းတို့သည် ထင်ရှား ရှိပါကုန်လျက် လောဘကိုသာလျှင် သမုဒယသစ္စာဟူ၍ ဟောတော်မူအပ်ပါ သနည်းဟု မေးခဲ့သော် တပါးသော အကြောင်းတို့သည် ရှိပါကုန်သော်လည်း ဤလောဘ ကဲ့သို့ အကြောင်းအထူး မပြုတတ်။ လောဘသည်သာလျှင် အကြောင်းထူးတို့ကို ပြုတတ်သည်၏ အဖြစ်ကြောင့် ဟောတော်မူအပ်သည် ဟုဖြေ။

ထင်စေအံ့။

မောဟသည် ဘဝတို့၌ အပြစ်ကို ဖုံးလွှမ်းရုံမျှသာ ရှိသည်။ ဒိဋ္ဌုပါဒါန် စသည်တို့သည် ကံတို့၏ အကြောင်းမျှသာ ဖြစ်သည်။ လောဘသည်ကား ထိုသို့သော ဘဝ, ယောနိ, ဂတိ, ဝိညာဏဋ္ဌိတိ သတ္တာဝါသ, အမျိုး, စည်းစိမ် အစိုးရခြင်း စသော ဆန်းကြယ်သော ဂုဏ်အပေါင်းကို လွန်စွာ တောင့်တတတ်၏။

ကံ၏ ဥပနိဿယ ကံ၏အဘော်လည်း ဖြစ်၏။ ထို့ကြောင့် ဒုက္ခတရားကို အထူးပြုတတ်သည်၏ အဖြစ်ကြောင့် လောဘကိုသာလျှင် သမုဒယသစ္စာဟူ၍ ဟောတော်မူ၏။

ကသ္မာ ပနေတ္ထ တဏှာဝ သမုဒယသစ္စံ ဝုတ္တာ၊ဝိသေသ ဟေတုဘာဝတော။ အဝိဇ္ဇာ ဟိ ဘဝေသု အာဒီနဝံ ပဋိစ္ဆာဒေတိ၊ ဒိဋ္ဌိအာဒိဥပါဒါနဉ္စ တတ္ထတတ္ထ အဘိနိဝိသ မာနံ တဏှံ အဘိဝဍ္ဎေတိ၊ ဒေါသာဒယော ကမ္မဿ ကာရဏံ ဟောန္တိ။ တဏှာ ပန တံတံဘဝယောနိဂတိ ဝိညာဏဋ္ဌိတိ သတ္တဝါသ သတ္တနိကာယ ကုလဘောဂိဿ ရိယာဝိစိတ္တတံ အဘိပတ္ထေတိ၊ ကမ္မဝိစိတ္တတာယ ဥပနိဿယတံ ကမ္မဿ စ သဟာယဘာဝံ ဥပဂစ္ဆတိ၊ ဘဝါဒိဝိစိတ္တတံ နိယမေတိ၊ တသ္မာ ဒုက္ခဿ ဝိသေသ ဟေတုဘာဝတော အညေသုပိ အဝိဇ္ဇာဥပါဒါနကမ္မာဒီသု သုတ္တေ အဘိမ္မေ စ အဝသေသ ကိလေသကုသလ မူလာဒီသု ပုတ္တေသု ဒုက္ခဟေတူသု ဝိဇ္ဇမာနေသု တဏှာဝ သမုဒယသစ္စန္တိ ဝုတ္တာတိ ဝေဒိတဗ္ဗံ။

တေရသကဏ်ဋီကာ။

ပန၊ စောဒနာနှင့်တကွ သောဓနာကို ဆိုဦးအံ့။
ဧတ္ထ၊ ဤသမုဒယသစ္စာ၌။
ကသ္မာ၊ အဘယ်ကြောင့်။
တဏှာဝ၊ တဏှာကိုသာလျှင်။
သမုဒယသစ္စံ၊ သမုဒယသစ္စာဟူ၍။
ဝုတ္တံ၊ ဟောတော်မူအပ်သနည်း။
အဇ္ဈတ္တိကသန္တာနေ၊ ကိုယ်တွင်းသန္တာန်၌။ (ထည့်)။
ဝိသေသ ဟေတုဘာဝတော၊ အထူးပြုတတ်သော အကြောင်း၏ အဖြစ်ကြောင့် တည်း။

ဟိ၊ ထိုစကားကို ထင်စွာပြုဦးအံ့။
အဝိဇ္ဇာ၊ အဝိဇ္ဇာသည်။
ဘဝေသု၊ ဘဝသုံးပါးတို့၌။
အာဒီနဝံ၊ အပြစ်ကို။
ပဋိစ္ဆာဒေတိ၊ ဖုံးလွှမ်းတတ်၏။
ဒိဋ္ဌိအာဒိ ဥပဒါနဉ္စ၊ ဒိဋ္ဌိ အစရှိသော ဥပါဒါန်အပေါင်းသည်လည်း။
တတ္ထ တတ္ထ၊ ထိုထိုသို့သော အာရုံ ဘဝတို့၌။
အဘိနိဝိသမာနံ၊ သက်ဝင်သည်ဖြစ်၍။
တဏှံ၊ တဏှာကို။
အဘိဝဍ္ဎေတိ၊ ပွါးစေတတ်၏။
ဒေါသာဒယောပိ ၊ ဒေါသစသော သဘောတရား အပေါင်းတို့သည်လည်း။
ကမ္မဿ၊ ကံ၏။
ကာရဏံ၊ အကြောင်းမျှသည်။
ဟောန္တိ၊ ဖြစ်ကုန်၏။
တဏှာပန၊ တဏှာသည်ကား။
တံတံဘဝယောနိဂတိ ဝိညာဏဋ္ဌိတိ သတ္တဝါသ သတ္တနိကာယ ကုလဘောဂိဿ ရိယာဝိစိတ္တတံ၊ ထိုထိုသော ဘဝ, ယောနိ, ဂတိ, ဝိညာဏဋ္ဌိတိ, သတ္တဝါသ, သတ္တနိကာယ, အမျိုး, စည်းစိမ်, အစိုးရခြင်း အစရှိကုန်သော အထူးထူးသော ဂုဏ်အပေါင်းကို။
အဘိပတ္ထေတိ၊ အလွန်တောင့်တတတ်၏။
ကမ္မဝိစိတ္တတာယ၊ ကံဆန်းကြယ်ခြင်း၏။
ဥပနိဿယတဉ္စ၊ ဥပနိဿယ အဖြစ်သို့၎င်း။
ကမ္မဿ၊ ကံ၏။
သဟာယဘာဝဉ္စ၊ အပေါင်းအဘော်၏ အဖြစ်သို့၎င်း။
ဥပဂစ္ဆတိ၊ ကပ်တတ်၏။
တတော ၊ ထိုဥပနိဿယ စသည်တို့ကြောင့်။ (ထည့်)။
ဘဝါဒိဝိစိတ္တတံ၊ ဘဝ စသည်တို့၏ အထူးဖြစ်ခြင်းကို။
နိယမေတိ၊ မှတ်၏။
တသ္မာ၊ ထို့ကြောင့်။
ဒုက္ခဿ၊ ဒုက္ခတရား၏။
ဝိသေသဟေတု ဘာဝတော၊ အထူးအကြောင်း၏ အဖြစ်ကြောင့်။
အညေသုပိ၊ တပါးလည်း ဖြစ်ကုန်သော။
အဝိဇ္ဇာဥပါဒါနကမ္မာဒီသု၊ အဝိဇ္ဇာ ဥပါဒါန် ကံ အစရှိကုန်သော။
သုတ္တေ စ၊ ထိုထိုသော သုတ်၌၎င်း။
အဘိဓမ္မေ စ၊ သစ္စဝိဘင်း၌၎င်း။
ဝုတ္တေသု၊ ဟောတော်မူအပ်ကုန်သော။
အဝသေသ ကိလေသကုသလမူလာသု၊ အဝသေသ ကိလေသာ ကုသလမူလ အစရှိကုန်သော။
ဒုက္ခဟေတူသု၊ ဒုက္ခ၏အကြောင်းတို့သည်။
ဝိဇ္ဇမာနေသု၊ ထင်ရှားရှိပါကုန်သော်လည်း။
တဏှာဝ၊ တဏှာကိုသာလျှင်။
သမုဒယသစ္စန္တိ၊ သမုဒယသစ္စာဟူ၍။
ဝုတ္တာ၊ ဟောတော်မူအပ်၏။
ဣတိ၊ ဤသို့။
ဝေဒိတဗ္ဗံ၊ သိအပ်၏။

၄၅ - သမုဒယ သစ္စာသည် ဥယျောဟဏ - ဩယောဟဏ - နေဝဥယျောဟဏ
နဩယောဟဏဂုဏ် သုံးပါးတို့ကို ဆောင်ပုံကို ပြခြင်း

ထို သမုဒယသစ္စာသည် -

၁။ ဥယျောဟဏဂုဏ်ကို ဆောင်သော သမုဒယသစ္စာလည်းတခု
၂။ ဩယောဟဏဂုဏ်ကို ဆောင်သော သမုဒယသစ္စာလည်းတခု,
၃။ နေဝဥယျာဟဏ နဩယောာဟဏဂုဏ်ကို ဆောင်သော သမုဒယသစ္စာလည်း တခု,
ဤသို့ သုံးပါးသောဂုဏ်ရှိ၏။

ထိုတွင် အကြင်လောဘစသော အကြောင်းသည် ခြံရံအပ်သော ဒါနစသော ပုညာဘိသင်္ခါရတို့ကို ဇာတိ ဇရာ ဗျာဓိ မရဏ စသော အပြစ်တို့ဖြင့် ပြွမ်းသော ကောင်းမှု၏ အကျိုးဟု ဆိုအပ်သော လူ နတ် ဗြဟ္မာ ၌ဖြစ်သော ဒုက္ခမျိုးအပေါင်းကို ဒုက္ခဟု မသိသည်ဖြစ်၍ ထို လူ နတ် ဗြဟ္မာ တို့၏ စည်းစိမ်ချမ်းသာကို ရအောင် ကိုယ် နှုတ် စိတ် တို့ဖြင့် အားထုတ်အပ်၏။

နတ်သ္မီးကို အလိုရှိသောသူသည် အသူတရာနက်သော ကမ်းပါးပြတ်ကို ဆင်းရဘိ သကဲ့သို့ မှားသောအားဖြင့် အားထုတ်၏။ ဤသူ၏ အားထုတ်ခြင်းသည် ထိုဒါန စသောကောင်းမှုတို့၌ ဒုက္ခကို တောင့်တသည် ဖြစ်၍ ပြုအပ်ရကား ဥယျောဟဏ ဂုဏ်ကို ဆောင်သော သမုဒယသစ္စာကို ပြုသည်မည်၏။

အပိစ သော ယာ စတူသု သစ္စေသု အပ္ပဟီနာဝိဇ္ဇ တာယ ဝိသေသတော ဇာတိ ဇရာ မရဏာဒိ အနေကာဒီ နဝ ဝေါကိဏ္ဏမ္ပိ ပုညဖလသင်္ခါတံ ဒုက္ခံ ဒုက္ခတော အဇာ နန္တော တဿ အဓိဂမာယ ကာယဝစီစိတ္ထသင်္ခါရဘေဒံ ပုညာဘိသင်္ခါရံ အာရဘတိ၊ ဒေဝစ္ဆရမကော ဝိယ မရုပပါတံ

ဝိသုဒ္ဓိမဂ်။

အပိစ၊ တနည်းလည်း။
သော၊ ထိုမောဟပိတ်ပင် ဉာဏ်အမြင် ကင်းသောသူသည်။
စတူသု သစ္စေသု၊ လေးပါးကုန်သော သစ္စာတို့၌။
တာယ အပ္ပဟီနာဝိဇ္ဇတာယ၊ ထိုသို့မပယ်အပ်သော အဝိဇ္ဇာရှိသည်၏အဖြစ်ကြောင့်။
ဝိသေသတော၊ အထူးအားဖြင့်။
ဇာတိ ဇရာ မရဏာဒိ အနေကာဒီနဝ ဝေါကိဏ္ဏမ္ပိ၊ ပဋိသန္ဓေနေခြင်း, အိုခြင်း သေခြင်း စသော တပါးမက များသော အပြစ်ဖြင့် ပြွမ်းသည်ဖြစ်လျက်လည်း။
ပုညဖလသင်္ခါတံ၊ ကောင်းမှု၏ အကျိုး ဟုဆိုအပ်သော။
ဒုက္ခံ၊ ဒုက္ခအပေါင်းကို။
ဒုက္ခတော၊ ဒုက္ခဟူ၍။
အဇာနန္တော၊ မသိသည်ဖြစ်၍။
ဝါ၊ မသိခြင်းကြောင့်။
တဿ၊ ထိုပုညဖလဟုဆိုအပ်သောဒုက္ခကို။
အဓိဂမာယ၊ ရခြင်းငှါ။
ကာယ ဝစီစိတ္တသင်္ခါရဘေဒံ၊ ကာယသင်္ခါရ, ဝစီသင်္ခါရ, စိတ္တသင်္ခါရ အပြားရှိသော။
ပုညာဘိသင်္ခါရံ၊ ပုညာဘိသင်္ခါရကို။
အာရဘတိ၊ အားထုတ်၏။
ကိမိဝ၊ ဥပမာပုံဆို ဘယ်လိုနည်းဟူမူကား။
ဒေဝစ္ဆရကာမကော၊ နတ်သမီးကို အလိုရှိသော သူသည်။
မရုပပါတံ၊ တောင်ဖျားမှ ခုန်ဆင်းခြင်းကို။
အာရဘတိ ဝိယ၊ အားထုတ်၏သို့တည်း။

အကြင်သူသည် မကောင်းသောအကျိုးကို ဖြစ်စေတတ်ကုန်သော ကာမဂုဏ်ကို မှီဝဲခြင်းစသည်တို့၌ အပြစ်ကိုမမြင်သည်ဖြစ်၍ ကောင်း၏ဟူသော အမှတ်ဖြင့်၎င်း ကိလေသာ နှိပ်စက်သည်၏ အဖြစ်ကြောင့်၎င်း ဒွါရသုံးပါးတို့နှင့်စပ်သော ပါဏာတိပါတ အဒိန္နာဒါန အစရှိသော ဒုစရိုက်ဆယ်ပါး ဟုဆိုအပ်သော အပုညာဘိသင်္ခါရကို မိုက်လှစွာသော သူငယ်သည် မစင်ကို ကစားသကဲ့သို့၎င်း သေလိုသောသူသည် အဆိပ်ကို စားသကဲ့သို၎င်း အားထုတ်၏။

ထိုသူ၏အားထုတ်ခြင်းသည် မိမိ၏ခန္ဓာအစဉ်ကို အပါယ်အစရှိသော ဒုက္ခအမျိုးမျိုး မရလျှင် ရအောင် အားထုတ်ရကား ဩယောဟဏဂုဏ်ကိုဆောင်သော သမုဒယသစ္စာကို ပြုသည်မည်၏။

ကာမူပသေဝနာဒီသု စ သဝိပါကေသု အာဒီနဝံ အပဿန္တော သုခသညာယ စေဝ ကိလေသာဘိဘူတ တာယ စ ဒွါရတ္တယပ္ပဝတ္တမ္ပိ အပုညာဘိသင်္ခါရံ အာရဘတိ၊ ဗာလော ဝိယ ဂူထကီဠနံ မရိတုကာမာဝိယ စ ဝိသခါဒါနံ

ဝိသုဒ္ဓိမဂ်။

၊ ထိုမှတပါး။
သဝိပါကေသု၊ မကောင်းကျိုးရှိကုန်သော။
ကာမူပသေဝနာဒီသု၊ ကာမဂုဏ်ကိုမှီဝဲခြင်း အစရှိသည်တို့၌။
အာဒီနဝံ၊ ကာမဂုဏ်၏အပြစ်ကို။
အပဿန္တော၊ မမြင်သည်ဖြစ်၍။
ဝါ၊ မမြင်သောကြောင့်။
သုခသညာယ စေဝ၊ သုခဟူသော အမှတ်ဖြင့်၎င်း။
ကိလေသာဘိဘူတတာယ စ၊ ကိလေသာ နှိပ်စက်သည်၏ အဖြစ်ဖြင့်၎င်း။
ဒွါရတ္တယပ္ပဝတ္တမ္ပိ၊ ဒွါရသုံးပါးအပေါင်း၌ ဖြစ်သည်လည်း ဖြစ်သော။
အပုညာဘိသင်္ခါရံ၊ အကုသိုလ်စေတနာ ဟူသော အပုညာဘိသင်္ခါရကို။
အာရဘတိ ၊အားထုတ်၏။
ကိမိဝ၊ ဥပမာပုံဆို အဘယ်လိုနည်း။
ဗာလော၊ သူငယ်သည်။
ဂူထကီဠနံ၊ မစင်ကစားခြင်းကို။
အာရဘတိ ဝိယ စ၊ အားထုတ်သကဲ့သို့၎င်း။
မရိတုကာမော၊ သေလိုသောသူသည်။
ဝိသခါဒနံ၊ အဆိပ်စားခြင်းကို။
အာရဘတိ ဝိယ စ၊ အားထုတ်သကဲ့သို့၎င်းတည်း။

“သေယျထာပိ စုန္ဒ ယေကေစိ အကုသလာ ဓမ္မာ၊ သဗ္ဗေ တေ အဓောဘာဂဂမနီယာ”

သံလေခသုတ်ပါဠိတော်၌ ဟောတော်မူ၏။

စုန္ဒ၊ စုန္ဒရဟန်း။
ယေကေစိ၊ ခပ်သိမ်းကုန်သော။
အကုသလာ၊ အကုသိုလ်ဖြစ်ကုန်သော။
ဓမ္မာ၊ သဘောတရားတို့သည်။
သန္တိ၊ ရှိကုန်၏။
သဗ္ဗေ၊ ခပ်သိမ်းကုန်သော။
တေ ဓမ္မာ၊ ထိုတရားတို့သည်။
အဓောဘာဂဂမနီယာ သေယျထာပိ၊ အောက်အဘို့သို့သာ လားတတ်ကုန်သကဲ့သို့ တည်း။

အကုသိုလ်ကံကို ဖြစ်စေ, ကုသိုလ်ကံကို ဖြစ်စေ, ပြုပြီး၍ ထိုကံ၏အကျိုးကို မခံစားရခြင်းသည် နေဝဥယျောဟဏ - နဩယောဟဏဂုဏ်ကို ဆောင်သော သမုဒယသစ္စာကို ပြုသည်မည်၏။

“အဟောသိ ဧဝ ကမ္မံ န တဿ ဝိပါကော အဟောသိ အတ္ထိ ဘဝိဿတိ စာတိ ဧဝံ ဝတ္တဗ္ဗ ကမ္မံ အဟောသိကမ္မိ”

ဋီကာကျော်။

အဟောသိ ဧဝ၊ ဖြစ်ပြီးသည်သာလျှင်။
ကမ္မံ၊ ကံတည်း။
တဿ၊ ထိုကံ၏။
ဝိပါကော၊ အကျိုးသည်။
နအဟောသိ၊ မဖြစ်ပြီ။
န အတ္ထိ၊ မရှိဘဲ။
နဘဝိဿတိ၊ ဖြစ်လည်း မဖြစ်လတ္တံ့။
ဣတိ ဧဝံ၊ ဤသို့။
ဝတ္တဗ္ဗ ကမ္မံ၊ ဆိုအပ်သောကံသည်။
အဟောသိ ကမ္မံ၊ အဟောသိကံ မည်၏။

သမုဒယသစ္စာဟုဆိုလျက် အဘယ်ကြောင့် ကံတို့ကို ဆိုသနည်း ဟူမူ။ ဇာတိကို ဖြစ်စေတတ်သော ကံဟူသမျှသည် အဝိဇ္ဇာနုသယ ခြံရံခြင်း တဏှာနုသယ အကြောင်းရင်း မကင်းခြင်းရှိသော အဖြစ်ကို -
“အဝိဇ္ဇာနုသယပရိက္ခိတ္တေန တဏှာနုသယ မူလ ကေန သင်္ခါရေန ဇနိယမာနံ” - ဟူ၍ လက်သန်းအဋ္ဌကထာဆရာ မိန့်မှာတော်မူသောကြောင့် ဇနကဟူသမျှတို့၌ များသော အားဖြင့် အဝိဇ္ဇာတဏှာမကင်းသောကြောင့် ကံ၏အရာ၌သော်လည်း ဆိုအပ်၏။

၄၆ - ထိုသမုဒယသစ္စာ၏ အပြားကာ၊ အဘယ်မျှ ရှိသနည်းဟူသော ဆဋ္ဌပုစ္ဆာကို ဖြေရှင်း၍ ပြခြင်း

(၆) ထိုသမုဒယသစ္စာ၏ အပြားကား အဘယ်မျှရှိသနည်း ဟူရာ၌ -

လောဘသည်လည်း သမုဒယမည်၏ (၁)။
လောဘမှကြွင်းသော ကိလေသာကိုးပါး သည်လည်း သမုဒယမည်၏ (၂)။
ကိလေသာမှ ကြွင်းသော အကုသိုလ်သည်လည်း သမုဒယမည်၏ (၃)။
အာသဝေ၏ အာရုံဖြစ်ကုန်သော သုံးပါးကုန်သော ကုသလမူလ တို့သည်လည်း သမုဒယမည်၏ (၄)။
ကုသလမူလမှ ကြွင်းကုန်သော အာသဝေါ၏ အာရုံဖြစ်ကုန်သော ကုသိုလ် တရားတို့သည်လည်း သမုဒယမည်၏ (၅)၊
ဤသို့ ငါးပါး အပြား ရှိကုန်၏။

တတ္ထ ကတမော ဒုက္ခသမုဒယာ။ တဏှာစ, အဝသေသာ စ ကိလေသာ, အဝသေသာ စ အကုသလာ ဓမ္မာ, တီဏိ စ ကုသလမူလာနိ သာသဝါနိ, အဝသေသာ စ သာသဝါ ကုသလာ ဓမ္မာ ။ အယံ ဝုစ္စတိ ဒုက္ခသမုဒယော

ဝိဘင်းပါဠိတော်။

တတ္ထ၊ ထိုစကား၌။
ကတမော၊ အဘယ်တရားသည်။
ဒုက္ခသမုဒယော၊ ဒုက္ခသမုဒယ မည်သနည်း။
တဏှာ စ၊ တဏှာ၎င်း။
အဝသေသာ၊ ထိုတဏှာမှ ကြွင်းကုန်သော။
ကိလေသာ စ၊ ကိလေသာတို့၎င်း။
အဝသေသာ၊ ကိလေသာမှ ကြွင်းကုန်သော။
အကုသလာ ဓမ္မာ စ၊ အကုသိုလ် တရားတို့၎င်း။
သာသဝါနိ၊ အာသဝေါတရားတို့နှင့် တကွဖြစ်ကုန်သော။
တီဏိ စ ကုသလ မူလာနိ၊ သုံးပါးသော ကုသလမူလတို့၎င်း။
အဝသေသာ၊ ကြွင်းကုန်သော။
သာသဝါ၊ အာသဝေါ၏အာရုံ ဖြစ်ကုန်သော။
ကုသလာ ဓမ္မာ စ၊ ကုသိုလ်တရားတို့၎င်း။
အယံ၊ ဤဆိုအပ်ပြီးသော တရားအပေါင်းကို။
ဒုက္ခသမုဒယော၊ ဒုက္ခသမုဒယ ဟူ၍။
ဝုစ္စတိ၊ ဆိုအပ်၏။

ဤငါးပါးသော ဒုက္ခသမုဒယတို့တွင် လောဘမှ ကြွင်းသော ကိလေသာ ကိုးပါး ဟူသော်ကား။ ဒေါသ မောဟ မာန ဒိဋ္ဌိ ဝိစိကိစ္ဆာ ထိန ဥဒ္ဓစ္စ အဟိရိက အနောတ္တပ္ပ တို့တည်း။ လောဘနှင့် ပေါင်းသော် ကိလေသာ ဆယ်ပါးဖြစ်၏။

ကိလေသာမှ ကြွင်းသော အကုသိုလ်ဟူသည် ဣဿာ မစ္ဆရိယ ကုက္ကုစ္စ မိဒ္ဓ တို့ တည်း။

အာသဝေါဟူသော်ကား ကာမာသဝ ဘဝါသဝ ဒိဋ္ဌာသ၀ အဝိဇ္ဇာသဝ တို့တည်း။

ကုသလမူလ ဟူသည်ကား အလောဘ အဒေါသ အမောဟတို့တည်း။

ဤသို့ငါးပါးသော သမုဒယကို ကိလေသာ အာသဝေါတို့ဖြင့် ပြဓာန်း၍ ရှင်တော်ဘုရား ဟောတော် မူအပ်သည်ကို မြင်လျှင် -

  • ဒိဋ္ဌိပရာမာသအားဖြင့် တပါး။
  • အဝိဇ္ဇာ တဏှာဖြင့် နှစ်ပါး၊
  • လောဘ ဒေါသ မောဟ ဟူသော မလအားဖြင့် သုံးပါး၊
  • တဏှာ မာန ဒိဋ္ဌိဟူသော ပပဉ္စအားဖြင့် သုံးပါး၊
  • ကာမာသဝ ဘဝါသဝ ဒိဋ္ဌာသဝ အာသဝ ဟူသော အာသဝလေးပါး၊
  • ကာမောဃ ဘဝေါဃ ဒိဋ္ဌောဃ အဝိဇ္ဇောဃ ဟူသော သြဃလေးပါး၊
  • ကာမယောဂ ဘဝယောဂ ဒိဋ္ဌိယောဂ အဝိဇ္ဇာယောဂ ဟူသော ယောဂလေးပါး
  • အဘိဇ္ဈာကာယဂန္ထ၊ ဗျာပါဒကာယဂန္ထ၊ သီလဗ္ဗတပရာမာသကာယဂန္ထ၊ ဣဒံသစ္စာဘိ နိဝေသကာယဂန္ထ ဟူသော ဂန္ထလေးပါး၊
  • ကာမုပါဒါန် ဒိဋ္ဌုပါဒါန် သီလဗ္ဗတုပါဒါန် အတ္တဝါဒုပါဒါန် ဟူသော ဥပါဒါန်လေးပါး၊
  • ဆန္ဒ ဒေါသ မောဟ ဘယ ဟူသော အဂတိလေးပါး၊
  • ကာမစ္ဆန္ဒနီဝရဏ ဗျာပါဒနီဝရဏ ထိနမိဒ္ဓနီဝရဏ ဥဒ္ဓစ္စကုက္ကုစ္စနီဝရဏ ဝိစိကိစ္ဆာနီဝရဏ ဟူသော နီဝရဏငါးပါး၊ ဝါ၊ ခုနစ်ပါး၊
  • ကာမရာဂ ပဋိဃ မာန ဒိဋ္ဌိ ဝိစိကိစ္ဆာ ဘဝရာဂ အဝိဇ္ဇာ ဟူသော အနုသယ ခုနစ်ပါး၊
  • အာဝါသမစ္ဆရိယ ကုလမစ္ဆရိယ လာဘမစ္ဆရိယ ဓမ္မမစ္ဆရိယ ဝဏ္ဏမစ္ဆရိယ ဟူသော မစ္ဆရိယ ငါးပါး၊
  • လာဘ အလာဘ ယသ အယသ သုခ ဒုက္ခ နိန္ဒာ ပသံသ ဟူသော လောကဓံရှစ်ပါး၊
  • ကာမရာဂ ရူပရာဂ အရူပရာဂ မာန ဥဒ္ဓစ္စ အဝိဇ္ဇာ သက္ကာယဒိဋ္ဌိ ဝိစိကိစ္ဆာ သီလဗ္ဗတပရာမာသ ပဋိဃ ဟူသော သံယောဇဉ်ဆယ်ပါး၊
  • လောဘ ဒေါသ မောဟ မာန ဒိဋ္ဌိ ဝိစိကိစ္ဆာ ထိန ဥဒ္ဓစ္စ အဟိရီက အနောတ္တပ္ပ ဟူသော ကိလေသာ ဆယ်ပါး၊
  • အနိစ္စေ နိစ္စ သညာ ဝိပလ္လာသ, ဒုက္ခေ သုခ သညာ ဝိပလ္လာသ, အနတ္တနိ အတ္တ သညာ ဝိပလ္လာသ, အသုဘေ သုဘ သညာ ဝိပလ္လာသ၊ အနိစ္စေ နိစ္စစိတ္တ ဝိပလ္လာသ, ဒုက္ခေ သုခစိတ္တ ဝိပလ္လာသ, အနတ္တနိ အတ္တ စိတ္တ ဝိပလ္လာသ, အသုဘေ သုဘ စိတ္တ ဝိပလ္လာသ, အနိစ္စေ နိစ္စဒိဋ္ဌိ ဝိပလ္လာသ, ဒုက္ခေ သုခ ဒိဋ္ဌိ ဝိပလ္လာသ, အနတ္တနိ အတ္တ ဒိဋ္ဌိ ဝိပလ္လာသ, အသုဘေ သုဘ ဒိဋ္ဌိ ဝိပလ္လာသ, ဟူသော ဝိပလ္လာသ တဆယ့်နှစ်ပါး၊
  • မိစ္ဆာဒိဋ္ဌိ မိစ္ဆာသင်္ကပ္ပ မိစ္ဆာဝါစာလေးပါး မိစ္ဆာကမ္မန္တလေးပါး မိစ္ဆာအာဇီဝ မိစ္ဆာဝါယာမ မိစ္ဆာသတိ မိစ္ဆာသမာဓိ မိစ္ဆာဝိမုတ္တိ မိစ္ဆာဉာဏ ဟူသော မိစ္ဆတ္တ တဆယ့်ခြောက်ပါး၊
  • ပါဏာတိပါတ အဒိန္နာဒါန ကာမေသုမိစ္ဆာစာရ မုသာဝါဒ ပိသုဏဝါစာ ဖရုသဝါစာ သမ္မပ္ပလာပ အဘိဇ္ဈာ ဗျာပါဒ မိစ္ဆာဒိဋ္ဌိ ဟူသော အကုသလကမ္မပထဆယ်ပါး၊
  • အကုသိုလ်စိတ် တဆယ့်နှစ်ပါး၊

ဤသို့အားဖြင့် များသောအပြားရှိ၏။ ထိုအပြားတို့တွင် ရှင်ပင်ဘုရားသည် ဟောတော်မူအပ်သော သမုဒယငါးပါးတို့၌ ကိလေသာ ဆယ်ပါး အာသဝေါ လေးပါးတို့ကို ပြဓာန်း၍ ဟောတော်မူရကား အာသဝေါတို့၏ ဖြစ်ဟန်ကို နောင်လာ နောက်သားတို့ နည်းရစေခြင်း အကျိုးငှါ၎င်း တပါးသော အကုသိုလ်တရားတို့၌ ၎င်းနည်းကိုမှီး၍ သွတ်သွင်းလျက် ယူတတ်စေခြင်း အကျိုးငှါ၎င်း, အမြွက်မျှ ပြလိုက်ဦးအံ့။

၄၇ - စက္ခုအစရှိသော ဒွါရခြောက်ပါးတို့၌ အာသဝေါတရား လေးပါးတို့၏ ဖြစ်ဟန်ကို ပြဆိုခြင်း

အကြင်သူသည် လှပတင့်တယ်သော ရူပါရုံကိုမြင်၏။ ထိုသို့မြင်သောအခါ ရာဂဖြင့် သာယာသည်ဖြစ်၍ နှစ်သက်၏။ ထိုအခါ ကာမာသဝသည် ဖြစ်၏။

ဤအဆင်း ကဲ့သို့ဤဘဝ၌ဖြစ်စေ နောက်ဘဝ၌ဖြစ်စေ လှပါမူ ကောင်းလေစွဟု တောင့်တ၏။ ထိုအခါ ဘဝါသဝသည် ဖြစ်၏။

ဤသူသည် လှ၏ ဤဝတ္ထု သည် လှ၏ဟု ယူ၏။ ထိုအခါ ဒိဋ္ဌာသဝသည် ဖြစ်၏။

ထိုကာမာသဝ ဘဝါသဝ ဒိဋ္ဌာသဝ တို့၏ ဖြစ်ခြင်းသဘောကို၎င်း သံသရာ၌ဖြစ်လတ္တံ့ သော ဘေးကို၎င်း မသိမမြင်ခြင်းသည် အဝိဇ္ဇာသဝ မည်၏။

စက္ခုဒွါရသ္မိံ ဣဋ္ဌာရမ္မဏံ အာပါထဂတံ ကာမဿာဒ ဝသေန အဿာဒယတော အဘိနန္ဒတော ကာမာသဝေါ ဥပ္ပဇ္ဇတိ၊ ဤဒိသံ အညသ္မိမ္ပိ သုဂတိဘဝေ လဘိဿာ မီတိ ဘဝပတ္ထနာယ အဿာဒယတော ဘဝါသဝေါ ဥပ္ပဇ္ဇတိ၊ သတ္တော အဿာတိ ဂဏှတော ဒိဋ္ဌာသဝေါ ဥပ္ပဇ္ဇတိ၊ သဗ္ဗေဟေဝ သဟဇာတံ အညာဏံ အဝိဇ္ဇာ သဝေါတိ စတ္တာရော အာသဝါ ဥပ္ပဇ္ဇန္တိ

အင်္ဂုတ္တိုရ်အဋ္ဌကထာ။

စက္ခုဒွါရသ္မိံ၊ စက္ခုဒွါရ၌။
အာပါထဂတံ၊ ထင်ခြင်းသို့ရောက်သော။
ဣဋ္ဌာရမ္မဏံ၊ နှစ်သက်အပ်သောရူပါရုံကို။
ကာမဿာဒဝသေန၊ ဝတ္ထုကာမကို ကိလေသာကာမဖြင့် သာယာသည်၏ အစွမ်းအားဖြင့်။
အဿာဒယတော၊ သာယာသောသူအား၎င်း။
အဘိနန္ဒတော၊ နှစ်သက်သော သူအား၎င်း။
ကာမာသဝေါ၊ ကာမာသဝသည်။
ဥပ္ပဇ္ဇတိ၊ ဖြစ်၏။
ဤဒိသံ၊ ဤသို့သောအဆင်းကို။
အညသ္မိမ္ပိ၊ တပါးသောအဘို့၌၎င်း။
သုဂတိဘာဝေပိ၊ သုဂတိဘဝ၌၎င်း။
လဘိဿာမိ၊ ရပါလို၏။
ဣတိ၊ ဤသို့။
ဘဝပတ္ထနာယ၊ ဘဝကို တောင့်တခြင်းဖြင့်။
ဝါ၊ ဖြစ်ခြင်းကို တောင့်တခြင်းဖြင့်။
အဿာဒယတော၊ သာယာသောသူအား။
ဘဝါသဝေါ၊ ဘဝါသဝသည်။
ဥပ္ပဇ္ဇတိ၊ ဖြစ်၏။
သတ္တော၊ သတ္တဝါသည်။
ဝါ၊ သူငါသည်။
ဝါ၊ လူနတ်ဗြဟ္မာသည်။
ဝါ၊ အဝတ် ပန်း စသည်သည်။
အဿ၊ ဖြစ်ရ၏။
ဣတိ၊ ဤသို့။
ဂဏှတော၊ ယူသောသူအား။
ဒိဋ္ဌာသဝေါ၊ ဒိဋ္ဌာသဝသည်။
ဥပ္ပဇ္ဇတိ၊ ဖြစ်၏။
သဗ္ဗေဟေဝ၊ အလုံးစုံသော ကာမာသဝ ဘဝါသဝ ဒိဋ္ဌာသဝ တို့နှင့် သာလျှင်။
သဟဇာတံ၊ တကွဖြစ်သော။
အညာဏံ၊ အမှန်မသိခြင်း တည်းဟူသော။
အဝိဇ္ဇာသဝေါ၊ အဝိဇ္ဇာသဝသည်။
ဥပ္ပဇ္ဇတိ၊ ဖြစ်၏။
ဣတိ၊ ဤသို့။
စတ္တာရော၊ လေးပါးကုန်သော။
အာသဝါ၊ အာသဝေါတရားတို့သည်။
ဥပ္ပဇ္ဇန္တိ၊ ဖြစ်ကုန်၏။

ဤရူပါရုံနှင့်နည်းတူ တစုံတခုသော အသံကို ကြားရာ၌ သာယာမူ ကာမာသဝ၊ ဤအသံကဲ့သို့ဖြစ်လိုမူ ဘဝါသဝ၊ လူသံ ငှက်သံ မောင်းသံ စသည်ဖြင့်ယူမူ ဒိဋ္ဌာသဝ၊ ဤအာသဝေါ သုံးပါး တို့ဖြစ်ခြင်းကို၎င်း အပြစ်ကို၎င်း မသိခြင်းသည် အဝိဇ္ဇာသဝ မည်၏။

သာယာအပ်သော အနံ့ ဟူသမျှ၌ သာယာမူ ကာမာသဝ၊ ဤအနံ့ကဲ့သိုဖြစ်လိုမူ ဘဝါသဝ၊ လူနံ့ ပန်းနံ့ စသည်ဖြင့်ယူမှု ဒိဋ္ဌာသဝ၊ ဤအာသဝေါ သုံးပါးတို့ ဖြစ်ခြင်းကို၎င်း အပြစ်ကို၎င်း မသိခြင်းသည် အဝိဇ္ဇာသဝမည်၏။

နှစ်သက်အပ်သော အရသာဟူသမျှ၌ သာယာမူ ကာမာသဝ၊ ဤအရသာကို သုံးဆောင်လိုမှု ဘဝါသဝ၊ ထမင်း ဟင်းလျာ အဝတ်ပုဆိုး စသည်ဖြင့်ယူမူ ဒိဋ္ဌာသဝ၊ ဤအာသဝေါ သုံးပါးတို့ ဖြစ်ခြင်းကို၎င်း အပြစ်ကို၎င်း မသိခြင်းသည် အဝိဇ္ဇာသဝ မည်၏။

ဤရသာရုံ၌ ရသသည် ရသရသ - ပရိဘောဂရသဟူ၍ နှစ်ပါးအပြားရှိ၏။ ထိုတွင် စားသောက်အပ်သော ဘောဇဉ် ခဲဘွယ် စသည်သည် ရသရသ မည်၏။ သုံးဆောင်အပ်သော အဝတ်ပုဆိုး စသည်သည် ပရိဘောဂရသမည်၏။

နှစ်သက်အပ်သော အတွေ့အထိ၌ သာယာမူ ကာမာသဝ၊ ၎င်းအတွေ့အထိကို ဖြစ်လိုမူ ဘဝါသဝ၊ မည်သူနုသည် မည်သူ အေးသည် ဤအဝတ်နုသည် ဤ အဝတ်အေးသည် စသည်ဖြင့် ယူမှု ဒိဋ္ဌာသဝ၊ ဤအာသဝေါ သုံးပါးတို့ ဖြစ်ခြင်းကို၎င်း အပြစ်ကို၎င်း မသိခြင်းသည် အဝိဇ္ဇာသဝမည်၏။

အတိတ် အနာဂတ် ပစ္စုပ္ပန် ကာလသုံးပါးတို့၌ ဓမ္မာရုံထိုက်သော စိတ် စေတသိက် စသည်ကို သာယာမူ ကာမာသဝ၊ ဤ သဘောအတိုင်းဖြစ်လိုမူ ဘဝါသဝ၊ ငါသိသည် သူသိသည် စသည်ဖြင့် ယူမူ ဒိဋ္ဌာသဝ၊ ဤအာသဝေါသုံးပါးတို့ ဖြစ်ခြင်းကို၎င်း အပြစ်ကို၎င်း မသိခြင်းသည် အဝိဇ္ဇာသဝမည်၏။

ထိုကြောင့် စူဠနိဒ္ဒေသ၌ အရှင်သာရိပုတ္တရာသည် -

သဝန္တီတိ သဝန္တိ အာသဝန္တိ သန္ဒန္တိ ပဝတ္တန္တိ၊ စက္ခုတော ရူပေ သဝန္တိ အာသဝန္တိ သန္ဒန္တိ ပဝတ္တန္တိ၊ သောတသော သတ္တေ သဝန္တိ၊ ဃာနတော ဂန္ဓေ သဝန္တိ၊ ဇိဝှါတော ရသေ သဝန္တိ၊ ကာယတော ဖေါဋ္ဌဗ္ဗေ သဝန္တိ၊ မနတော ဓမ္မေ သဝန္တိ အာသဝန္တိ သန္ဒန္တိ ပဝတ္တန္တိ

ဟူ၍ ဟောတော်မူသည်။

သဝန္တီတိ၊ သဝန္တိဟူသည်ကား။
သဝန္တိ၊ ဖြစ်တတ်ကုန်၏။
အာသဝန္တိ၊ ဘဝဂ်တိုင်အောင် ဂေါတြဘူတိုင်အောင် အဘန်တလဲလဲ ဖြစ်တတ် ကုန်၏။
သန္ဒန္တိ၊ စီးတတ်ကုန်၏။
ပဝတ္တန္တိ၊ အဘန်တလဲလဲ စီးတတ်ကုန်၏။
စက္ခုတော၊ စက္ခုဒွါရမှ။
ရူပေ၊ ရူပါရုံတို့သို့။
သဝန္တိ၊ ဖြစ်တတ်ကုန်၏။
အာသဝန္တိ၊ ဘဝဂ်တိုင်အောင် ဖြစ်တတ်ကုန်၏။
သန္ဒန္တိ၊ စီးတတ်ကုန်၏။
ပဝတ္တန္တိ၊ အဘန်တလဲလဲ စီးတတ်ကုန်၏။
သောတတော၊ သောတဒွါရမှ။
သဒ္ဒေ၊ သဒ္ဓါရုံတို့သို့။
သဝန္တိ၊ ဖြစ်တတ်ကုန်၏။
ဃာနတော၊ ဃာနဒွါရမှ။
ဂန္ဓေ၊ ဂန္ဓာရုံတို့သို့။
သဝန္တိ၊ ဖြစ်တတ်ကုန်၏။
ဇိဝှါတော၊ ဇိဝှါဒွါရမှ။
ရသေ၊ ရသာရုံတို့သို့။
သဝန္တိ၊ ဖြစ်တတ်ကုန်၏။
ကာယတော၊ ကာယဒွါရမှ။
ဖောဋ္ဌဗ္ဗေ၊ ဖောဋ္ဌဗ္ဗာရုံတို့သို့။
သဝန္တိ၊ ဖြစ်တတ်ကုန်၏။
မနတော၊ မနောဒွါရမှ။
ဓမ္မေ၊ ဓမ္မာရုံတို့သို။
သဝန္တိ၊ ဖြစ်တတ်ကုန်၏။
အာသဝန္တိ၊ ဘဝဂ်တိုင်အောင် ဖြစ်တတ်ကုန်၏။
သန္ဒန္တိ၊ စီးတတ်ကုန်၏။
ပဝတ္တန္တိ၊ အဘန်တလဲလဲ စီးတတ်ကုန်၏။

၄၈ - ဥပါဒါန် စသည်ကို ပြခြင်း

အာသဝေါတရား လေးပါးတို့သည် အာရုံခြောက်ပါးတို့၌ ဖြစ်ကုန်သကဲ့သို့ ဩဃလေးပါး ယောဂလေးပါး တို့သည်လည်း ဖြစ်ကြကုန်၏။ ဤအစုမှ ကြွင်းသော ဥပါဒါန်အစရှိသော တရားတို့သည်လည်း ဣဋ္ဌာရုံ အနိဋ္ဌာရုံ မဇ္ဈတ္တာရုံ တို့၌ ယထာရဟ ဖြစ်ကြကုန်၏။

အဘယ်သို့ဖြစ်သနည်းဟူမူ -

ဣဋ္ဌရူပါရုံ၌ စွဲလန်းမူ ကာမုပါဒန်
ဤသူလှ၏ဟုယူမူ ဒိဋ္ဌုပါဒါန်
လှပသောအလေ့ဟုယူမှု သီလဗ္ဗတုပါဒါန်
ဤသူ လှသည်ဟုယူမူ အတ္တဝါဒုပါဒါန်သည် ဖြစ်၏။
(ဥပါဒါန်ဘို့)။

၎င်းနည်းကိုမှီး၍ယူလေ။

အမြွက်မျှသာရေးအံ့ -

ဣဋ္ဌရူပါရုံ၌ ဆန္ဒ, မောဟ ဖြစ်၏။
အနိဋ္ဌ ရူပါရုံ၌ ဒေါသ, မောဟ, ဘယ ဖြစ်၏။
(ဂတိဘို့)။

ဣဋ္ဌရူပါရုံ၌ ကာမစ္ဆန္ဒနီဝရဏ ထိနမိဒ္ဓနီဝရဏ ဥဒ္ဓစ္စနီဝရဏ တို့ဖြစ်ကုန်၏။
အနိဋ္ဌရူပါရုံ၌ ဗျာပါဒနီဝရဏ, ထိနမိဒ္ဓနီဝရဏ, ဥဒ္ဓစ္စကုက္ကုစ္စနီဝရဏတို့ ဖြစ်ကုန်၏။
မဇ္ဈတ္တာရုံ၌ ဥဒ္ဓစ္စ, ဝိစိကိစ္ဆာ နီဝရဏတို့ဖြစ်ကုန်၏။
(နီဝရဏဘို့)။

ဣဋ္ဌာရုံ၌ ကာမရာဂ မာန ဒိဋ္ဌိ ဘဝရာဂ အဝိဇ္ဇာတို့ ဖြစ်ကုန်၏။
အနိဋ္ဌာရုံ၌ ပဋိဃ မာန အဝိဇ္ဇာတို့ဖြစ်ကုန်၏။
(အနုသယဘို့)။

ဣဋ္ဌာရုံ အနိဋ္ဌာရုံ နှစ်ပါးစုံ၌ အာဝါသ, ကုလ, လာဘ, ဓမ္မ, ဝဏ္ဏ, မစ္ဆရိယတို့ ဖြစ်ကြကုန်၏။
(မစ္ဆရိယဘို့)။

ဣဋ္ဌာရုံ၌ လာဘ, ယသ, သုခ, ပသံသတို့ ဖြစ်ကြကုန်၏။
အနိဋ္ဌာရုံ၌ အလာဘ အယသ ဒုက္ခ နိန္ဒာ တို့ဖြစ်ကြကုန်၏။
(လောကဓံဘို့)။

ဣဋ္ဌာရုံ၌ ကာမရာဂ ရူပရာဂ အရူပရာဂ မာန, ဥဒ္ဓစ္စ အဝိဇ္ဇာ, သက္ကာယဒိဋ္ဌိ, သီလဗ္ဗတပရာမာသတို့ ဖြစ်ကြကုန်၏။
အနိဋ္ဌာရုံ၌ ဥဒ္ဓစ္စ အဝိဇ္ဇာ ပဋိဃ တို့ဖြစ်ကြကုန်၏။
မဇ္ဈတ္တာရုံ၌ ဥဒ္ဓစ္စ အဝိဇ္ဇာ, ဝိစိကိစ္ဆာတို့ဖြစ်ကြကုန်၏။
(သံယောဇဉ်ဘို့)။

ဣဋ္ဌာရုံ၌ လောဘ မောဟ မာန ဒိဋ္ဌိ ထိန ဥဒ္ဓစ္စ အဟိရီက အနောတ္တပ္ပ တို့ဖြစ်ကြကုန်၏။
အနိဋ္ဌာရုံ၌ ဒေါသ မောဟ ထိန ဥဒ္ဓစ္စ အဟိရီက အနောတ္တပ္ပတို့ဖြစ်ကြကုန်၏။
မဇ္ဈတ္တာရုံ၌ မောဟ ဝိစိကိစ္ဆာ ဥဒ္ဓစ္စ အဟိရီက အနောတ္တပ္ပ တို့ဖြစ်ကြကုန်၏။
(ကိလေသာဘို့)။

ဣဋ္ဌာရုံ၌ နိစ္စ သုခ အတ္တ သုဘ ဝိပလ္လာသတို့ ဖြစ်ကြကုန်၏။
အနိဋ္ဌာရုံ မဇ္ဈတ္တာရုံတို့၌ အနိစ္စ ဒုက္ခ အနတ္တ အသုဘ ထင်ကုန်သည်ဖြစ်၍ ဝိပလ္လာသလေးပါးတို့မှ လွတ်ကြကုန်၏။
(ဝိပလ္လာသဘို့)။

အချို့သော ဣဋ္ဌာရုံ အနိဋ္ဌာရုံ မဇ္ဈတ္တာရုံတို့၌ မိစ္ဆာဒိဋ္ဌိစသော မိစ္ဆတ္တတရားတို့သည် ဖြစ်ကုန်၏။ အချို့သော အာရုံသုံးပါးတို့၌ မဖြစ်ကုန်။
(မိစ္ဆတ္တဘို့)။

ပါဏာတိပါတ စသော ဒုစရိုက်တရားတို့၌လည်း မိစ္ဆတ္တတရားနှင့် အတူတူပင် ယူအပ်၏။
(ဒုစရိုက်ဘို့)။

အကုသိုလ်စိတ်၌ လောဘသည် ဣဋ္ဌာရုံကို ငဲ့တတ်သည်။
ဒေါသသည် အနိဋ္ဌာရုံကို ငဲ့တတ်သည်။
မောဟသည် မဇ္ဈတ္တာရုံ ကိုငဲ့တတ်သည်။
(အကုသိုလ်စိတ်ဘို့)။

ကုသိုလ်အရာ၌ဖြစ်သော ဣဋ္ဌာရုံ အနိဋ္ဌာရုံ မဇ္ဈတ္တာရုံတို့ကား မယူအပ်။

အကျဉ်းအားဖြင့် သမုဒယသစ္စာသည် -

  • ဒုက္ခကိုဖြစ်စေခြင်းအားဖြင့် တပါး၊
  • ဒိဋ္ဌိသမ္ပယုတ် ဒိဋ္ဌိဝိပ္ပယုတ် အားဖြင့် နှစ်ပါး၊
  • ကာမတဏှာ ဘဝတဏှာ ဝိဘဝတဏှာ အားဖြင့် သုံးပါး၊
  • မဂ်လေးပါးပယ်သော အစဉ်အားဖြင့် လေးပါး၊
  • ခန္ဓာငါးပါးကို တပ်သော အစဉ်အားဖြင့် ငါးပါး၊
  • ရူပါရုံ စသည်ကို တပ်သောအားဖြင့် ခြောက်ပါး အပြားရှိ၏။

သမုဒယောပိ ဧကဝိဓော ပဝတ္တကဘာဝတော၊ ဒုဝိဓော ဒိဋ္ဌိသမ္ပယုတ္တာ သမ္ပယုတ္တတော၊ တိဝိဓော ကာမဘဝဝိဘဝ တဏှာဘေဒတော၊ စတုဗ္ဗိဓော စတုမဂ္ဂပ္ပဟေယျတော၊ ပဉ္စဝိဓော ရူပါဘိနန္ဒနာဒိဘေဒတော၊ ဆဗ္ဗိဓော ဆတဏှာ ကာယဘေဒတော

ဝိသုဒ္ဓိမဂ်အဋ္ဌကထာ။

သမုဒယောပိ၊ သမုဒယသစ္စာသည်လည်း။
ပဝတ္တကဘာဝတော၊ ပဝတ္တဟု ဆိုအပ်သော ဒုက္ခသစ္စာကို ဖြစ်စေတတ်သော သဘောအားဖြင့်။
ဧကော၊ တပါးအဘို့ ရှိ၏။
ဒိဋ္ဌိသမ္ပယုတ္တာ သမ္ပယုတ္တတော၊ ဒိဋ္ဌိသမ္ပယုတ် ဒိဋ္ဌိဝိပ္ပယုတ် အားဖြင့်။
ဒုဝိဓော၊ နှစ်ပါးအဘို့ရှိ၏။
ကာမ ဘဝ ဝိဘဝ တဏှာ ဘေဒတော၊ ကာမတဏှာ ဘဝတဏှာ ဝိဘဝတဏှာ အပြားအားဖြင့်။
တိဝိဓော၊ သုံးပါးအဘို့ရှိ၏။
စတုမဂ္ဂပ္ပဟေယျတော၊ လေးပါးသော မဂ်တို့သည် ပယ်အပ်သည်၏ အဖြစ်အားဖြင့်။
စတုဗ္ဗိဓော၊ လေးပါးအဘို့ရှိ၏။
ရူပါဘိနန္ဒနာဒိဘေဒတော၊ ရူပက္ခန္ဓာ၌ တပ်သော တဏှာ အစရှိသော အပြား အားဖြင့်။
ဝါ၊ ရူပါရုံ၌တပ်သော တဏှာ အစရှိသောအားဖြင့်။
ပဉ္စဝိဓော၊ ငါးပါးအဘို့ရှိ၏။
ဆတဏှာကာယဘေဒတော၊ ခြောက်ပါးသော တဏှာကာယ အပြားအားဖြင့်။
ဆဗ္ဗိဓော၊ ခြောက်ပါး အဘို့ရှိ၏။

ဤသို့ အကျယ်အားဖြင့်၎င်း အကျဉ်းအားဖြင့်၎င်း ပြအပ်ပြီးသော ကာမတဏှာ ဘဝတဏှာ ဝိဘဝတဏှာ အစရှိကုန်သော သမုဒယသစ္စာမျိုးတို့သည် အဘယ် အကြောင်းကြောင့် ဖြစ်ကုန်သနည်းဟူမူကား။

အနိစ္စ၌ နိစ္စ၊ ဒုက္ခ၌ သုခ၊ အနတ္တ၌ အတ္တ ဟူ၍ မသင့်မတင့် မလျော်ကန်သော အရိယာသူတော်ကောင်းတို့ စက်ဆုပ်အပ်သော အယောနိသော မနသိကာရကို အဘန်တလဲလဲ နှလုံးသွင်းကြခြင်းကြောင့်အဘန်တလဲလဲ သမုဒယဖြစ်ကြရကုန်၏။ အဘန်တလဲလဲ သမုဒယ ဖြစ်ကြရခြင်းကြောင့် အဘန်တလဲလဲ ဒုက္ခတို့သည် ဖြစ်ကြရကုန်၏။

အယောနိသော ဘိက္ခဝေ မနသိကရောတော အနုပ္ပန္နာ စေဝ အာသဝါ ဥပ္ပဇ္ဇန္တိ၊ ဥပ္ပန္နာ စ အာသဝါ ပဝဍ္ဎန္တိ

မူလပဏ္ဏာသပါဠိတော်။

ဘိက္ခဝေ၊ ရဟန်းတို့။
အယောနိသော မနသိကရော၊ မသင့်သောအားဖြင့် နှလုံးသွင်းသောသူအား။
အနုပ္ပန္နာ၊ မဖြစ်ကုန်သေးသော။
အာသဝါ စေဝ၊ ယိုစီးခြင်း အာသဝေါတရားတို့သည်လည်း။
ဥပ္ပဇ္ဇန္တိ၊ ဖြစ်ကုန်၏။
ဥပ္ပန္နာ၊ ဖြစ်ကုန်ပြီးသော။
အာသဝါစ၊ ယိုစီးခြင်း အာသဝေါတရားတို့သည်လည်း။
ပဝဍ္ဎန္တိ၊ ပွါးများကုန်၏။

ဤသို့ အဘန်တလဲလဲ ဖြစ်သော အယောနိသောမနသိကာရကြောင့် အဘန် တလဲလဲဖြစ်သော သမုဒယ, အဘန်တလဲလဲ ဖြစ်သော ဒုက္ခကို အဘယ်သို့ အကြောင်းအကျိုးဆက်၍ ဖြစ်သနည်း ဟူမူ။

မသင့်သောအားဖြင့် နှလုံးသွင်းခြင်းကြောင့် အဝိဇ္ဇာကို၎င်း တဏှာကို၎င်း ပြည့်စေသည်။ အဝိဇ္ဇာဖြစ်သည်ရှိသော် သင်္ခါရ စသော ဆင်းရဲအစုတို့သည် ဖြစ်ကုန်၏။ တဏှာဖြစ်သည်ရှိသော် ဥပါဒါန် အစရှိသော ဆင်းရဲအစုတို့သည် ဖြစ်ကုန်၏။ ဤသို့ မသင့်မတင့်သော နှလုံးသွင်းခြင်း များသော ပုဂ္ဂိုလ်သည် အဝိဇ္ဇာ တဏှာဟူသော အကြောင်းကြောင့် မဟာသမုဒ္ဒရာ ဗလဝါဝဲမုခ၌ လေအဟုန်ကြောင့် ပျက်စီးသော လှေသင်္ဘောတို့ကဲ့သို့၎င်း၊ လည်၌ ကြိုးဖွဲ့လျက်ကျသော နွားစု ကဲ့သို့၎င်း၊ ဆီညှစ်ယန္တရား၌ ကအပ်သော နွားလားကဲ့သို့၎င်း အဘန်တလဲလဲ ဘဝ, ယောနို, ဂတိ, ဝိညာဏဋ္ဌိတိ သတ္တာဝါသ ဘုံကိုးဝတို့၌ လည်ခြင်း အဘန်တလဲလဲ လည်ခြင်းကို ဤ အာယောနိသော မနသိကာရသည် ပြုသည် မည်၏။

အယောနိသောမနသိကာရော ဟိ ဝဍ္ဎမာနော ဒွေ ဓမ္မေ ပရိပူရေတိ အဝိဇ္ဇံ စ ဘဝတဏှံ စ။ အဝိဇ္ဇာယ စ သတိ အဝိဇ္ဇာပစ္စယာ သင်္ခါရာ။ပ။ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။ တဏှာယ သတိ တဏှာပစ္စယာ ဥပါဒါနံ။ပ။ သမုဒယော ဟောတီတိ ဧဝံ အယံ အယောနိသောမနသိကာရဗဟုလော ဝါတဝေဂါဘိဃာတေန ဝိပန္နဋ္ဌနာဝါ ဝိယ ဂင်္ဂါဝဋ္ဋေ ပတိတဂေါကုလံ ဝိယ စက္ကယန္တေ ယုတ္တ ဗလိ ဗဒ္ဓေါ ဝိယ စ ပုနပ္ပုနံ ဘဝယောဂတိဝိညာဏဋ္ဌိတိ သတ္တာဝါသေသု အာဝဋူပရိဝဋ္ဋံ ကရောတိ

မူလပဏ္ဏာသအဋ္ဌကထာ။

ဟိ၊ ထိုစကားကို ထင်စွာဆိုဦးအံ့။
အယောနိသော မနသိကာရော၊ မသင့်သောအားဖြင့် နှလုံးသွင်းခြင်းသည်။
ဝဍ္ဎမာနော၊ ပွါးသည်ရှိသော်။
ဒွေ ဓမ္မေ၊ နှစ်ပါးသော တရားတို့ကို။
ပရိပူရတိ၊ ပြည့်စေ၏။
အဝိဇ္ဇာယ စ၊ အဝိဇ္ဇာကို၎င်း။
ဘဝတဏှံ စ၊ ဘဝတဏှာကို၎င်း။
ပရိပူရေတိ၊ ပြည့်စေ၏။
အဝိဇ္ဇာယ စ၊အဝိဇ္ဇာသည်လည်း။
သတိ၊ ရှိသော်။
အဝိဇ္ဇာပစ္စယာ၊ အဝိဇ္ဇာ ဟူသော အကြောင်းကြောင့်။
သင်္ခါရာ၊ သင်္ခါရတရားတို့သည်။
သမ္ဘဝန္တိ၊ ဖြစ်ကုန်၏။ပ။
ဒုက္ခက္ခန္ဓဿ၊ ဒုက္ခအစု၏။
သမုဒယော၊ ဖြစ်ခြင်းသည်။
ဟောတိ၊ ဖြစ်၏။
တဏှာယ၊ တဏှာသည်။
သတိ၊ ရှိသော်။
တဏှာပစ္စယာ၊ တဏှာဟူသော အကြောင်းကြောင့်။
ဥပါဒါနံ၊ ဥပါဒါန်သည်။
သမ္ဘဝတိ၊ ဖြစ်၏။ပ။
သမုဒယော၊ ဖြစ်ခြင်းသည်။
ဟောတိ၊ ဖြစ်၏။
ဣတိ ဧဝံ၊ ဤသို့။
အယောနိသော မနသိကာရဗဟုလော၊ မသင့်မတင့် နှလုံးသွင်းခြင်းများ ရှိသော။
အယံ ပုဂ္ဂလော၊ ဤပုဂ္ဂိုလ်သည်။
ဂင်္ဂါဝဋ္ဋေ၊ ဂင်္ဂါဝဲဂရက်၌။
ဝါတဝေဂါဘိဃာတေန၊ လေ၏အဟုန် နှိပ်စက်သဖြင့်။
ဝိပန္နဋ္ဌနာဝါဝိယ စ၊ ကျိုးပဲ့ပျက်စီးသော လှေသင်္ဘော တို့ကဲ့သို၎င်း။
ဂင်္ဂါဝဋ္ဋေ၊ ဂင်္ဂါမြစ်ထဲ ဝဲဇလုပ်၌။
ပတိတဂေါကုလံဝိယ စ၊ လည်၌ကြိုးဖွဲ့လျက် ကျသောနွားလားစု ကဲ့သို့ ၎င်း။
စက္ကယန္တေ၊ ဆီညှစ်ယန္တရား၌။
ယုတ္တ ဗလိဗဒ္ဓေါ ဝိယ စ၊ ကအပ်သော နွားလားကဲ့သို့၎င်း။
ပုနပ္ပုနံ၊ အဘန်တလဲလဲ။
ဘဝ ယောနိ ဂတိ ဝိညာဏဋ္ဌိတိ သတ္တာဝါသေသု၊ ဘ၀ ယောနိ ဂတိ ဝိညာဏဋ္ဌိတိ သတ္တာဝါသ ဘုံကိုးဝတို့၌။
အာဝဋူပရိဝဋ္ဋံ၊ လည်ခြင်း အဘန်တလဲလဲ လည်ခြင်းကို။
ကရောတိ၊ ပြုတတ်၏။

အယောနိသောမနသိကာရကြောင့် အဝိဇ္ဇာတဏှာဖြစ်လျှင် အဝိဇ္ဇာတဏှာနှင့်အတူ သင်္ခါရ ဘဝ တို့ကိုလည်း တပေါင်းတည်း ယူအပ်ကုန်၏။

အဝိဇ္ဇာသင်္ခါရဂ္ဂဟဏေန ပနေတ္ထ တဏှုပါဒါနဘဝါပိ ဂဟိတာ ဘဝန္တိ၊ တထာ တဏှုပါဒါနဘဝဂ္ဂဟဏေနစ အဝိဇ္ဇာသင်္ခါရာ

သင်္ဂြိုဟ်။

ပန၊ အထူးကို ဆိုဦးအံ့။
ဧတ္ထ၊ ဤတဆယ့်နှစ်ပါးသော အင်္ဂါတို့တွင်။
အဝိဇ္ဇာသင်္ခါရဂ္ဂဟဏေန၊ အဝိဇ္ဇာသင်္ခါရကို ယူသဖြင့်။
တဏှုပါဒါနဘဝါပိ၊ တဏှာ ဥပါဒါန် ကမ္မဘဝ တို့ကိုလည်း။
ဝါ၊ တို့သည်လည်း။
ဂဟိတာ၊ ယူအပ်ကုန်သည်။
ဘဝန္တိ၊ ဖြစ်ကုန်၏။
တထာ၊ ထို့အတူ။
တဏှုပါဒါနဘဝဂ္ဂဟဏေနစ၊ တဏှာ ဥပါဒါန် ဘဝကို ယူသဖြင့်လည်း။
အဝိဇ္ဇာသင်္ခါရာ၊ အဝိဇ္ဇာ သင်္ခါရတို့ကို။
ဝါ၊ တို့သည်။
ဂဟိတာ၊ ယူအပ်ကုန်သည်။
ဘဝန္တိ၊ ဖြစ်ကုန်၏။

ဤသို့ အယောနိသော မနသိကာရကြောင့် အဝိဇ္ဇာ တဏှာဟူသော အကြောင်း နှစ်ပါးတို့သည် ဖြစ်ကုန်၏။ အဝိဇ္ဇာတဏှာ ဟူသော အကြောင်းနှစ်ပါးကြောင့် အဝိဇ္ဇာ သင်္ခါရ တဏှာ ဥပါဒါန် ဘဝဟု ဆိုအပ်သော အကြောင်းငါးပါးတို့သည် တဘန် ဒုက္ခသစ်ကို ရအောင် သမုဒယ အမျိုးမျိုးတို့ကို ပြုတတ်ကုန်၏။

ဣတိ ဣမသ္မိံ သတိ ဣဒံ ဟောတိ၊ ဣမဿုပ္ပါဒါ ဣဒံ ဥပ္ပဇ္ဇတိ။ ဣမသ္မိံ အသတိ ဣဒံ န ဟောတိ၊ ဣမဿ နိရောဓာ ဣဒံ နိရုဇ္ဈတိ။ ယဒိဒံ အဝိဇ္ဇာပစ္စယာ သင်္ခါရာ၊ သင်္ခါရပစ္စယာ ဝိညာဏံ။လ။ ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ

နိဒါနဝဂ္ဂ သံယုတ် ပါဠိတော်။

ဣတိ၊ ဤသို့။
ဣမသ္မိံ၊ ဤအဝိဇ္ဇာ အစရှိသော အကြောင်းတရားသည်။
သတိ၊ ဖြစ်သည်ရှိသော်။
ဣဒံ၊ ဤသင်္ခါရအစရှိသော အကျိုးတရားသည်။
ဟောတိ၊ ဖြစ်၏။
ဣမဿ၊ ဤအဝိဇ္ဇာ အစရှိသော အကြောင်းတရား၏။
ဥပ္ပါဒါ၊ ဖြစ်ခြင်းကြောင့်။
ဣဒံ၊ ဤသင်္ခါရ အစရှိသော အကျိုးတရားသည်။
ဥပ္ပဇ္ဇတိ၊ ဖြစ်၏။
ဣမသ္မိံ၊ ဤအဝိဇ္ဇာ အစရှိသော အကြောင်းတရားသည်။
အသတိ၊ မဖြစ်သည်ရှိသော်။
ဣဒံ၊ ဤသင်္ခါရ အစရှိသော အကျိုးတရားသည်။
နဟောတိ၊ မဖြစ်။
ဣမဿ၊ ဤအဝိဇ္ဇာ အစရှိသော အကြောင်းတရား၏။
နိရောဓာ၊ ချုပ်ခြင်းကြောင့်။
ဣဒံ၊ ဤသင်္ခါရ အစရှိသော အကျိုးတရားသည်။
နိရုဇ္ဈတိ၊ ချုပ်၏။
ယဒိဒံ-ယံ ဣဒံ ဥပ္ပဇ္ဇနံ၊ အကြင်သို့သော ဖြစ်ခြင်းသည်။
အတ္ထိ၊ ရှိ၏။
တဒိဒံ-တံဣဒံ ဥပ္ပဇ္ဇနံ၊ ထိုသို့သော ဖြစ်ခြင်းသည်။
အဝိဇ္ဇာပစ္စယာ၊ အဝိဇ္ဇာဟူသော အကြောင်းကြောင့်။
သင်္ခါရာ၊ သင်္ခါရကိုသည်။
သမ္ဘဝန္တိ၊ ဖြစ်ကုန်၏။
သင်္ခါရပစ္စယာ၊ သင်္ခါရဟူသော အကြောင်းကြောင့်။
ဝိညာဏံ၊ ဝိညာဏ်သည်။
သမ္ဘဝန္တိ၊ ဖြစ်၏။လ။
ဧဝံ၊ ဤသို့။
ကေဝလဿ၊ ချမ်းသာ အစရှိသည်တို့နှင့် မရော။
ဧတဿ ဒုက္ခက္ခန္ဓဿ၊ ထိုဆင်းရဲအစု၏။
သမုဒယော၊ ဖြစ်ခြင်းသည်။
ဟောတိ၊ ဖြစ်၏။

၄၉ -

ဟေတု စသောပစ္စည်းသည် သမုဒယသစ္စာကို ပြုတတ်ခြင်း

ဤ အဝိဇ္ဇာအစရှိသော အကြောင်းငါးပါးတို့သည် သမုဒယ အမျိုးမျိုးတို့ကို ပြုတတ်ကုန်သကဲ့သို့ ဟေတု အစရှိသော နှစ်ဆယ့်လေးပစ္စည်း တို့သည်လည်း ယထာရဟ သမုဒယတို့ကို ပြုတတ်ကုန်၏။

ထို နှစ်ဆယ့်လေးပါးသော ပစ္စည်းတို့တွင် ဧကန္တဒုက္ခ ဖြစ်အောင် ဇနကသတ္တိဖြင့် ကျေးဇူးပြုတတ်သော အနန္တရ သမနန္တရ အနန္တရူပနိဿယ ပကတူပနိဿယ အာသေဝန ကမ္မ နတ္ထိ ဝိဂတ ဤရှစ်ပစ္စည်းတို့သည် ဒုက္ခအမျိုးမျိုး တို့ကိုဖြစ်အောင် ဇနကသတ္တိဖြင့် ကျေးဇူးပြုတတ်ကုန်၏။

ပစ္ဆာဇာတပစ္စည်းသည် ထောက်ပံ့ရုံမျှ ဥပထမ္ဘကသတ္တိဖြင့် ကျေးဇူးပြုတတ်၏။ ကြွင်းကုန်သော ဟေတု, အာရမ္မဏ, အဓိပတိ, သဟဇာတ, အညမည, နိဿယ, အာရမ္မဏူပနိဿယ, ပုရေဇာတ, ဝိပါက, အာဟာရ, ဣန္ဒြိယ, ဈာန, မဂ္ဂ, သမ္ပယုတ္တ, ဝိပ္ပယုတ္တ, အတ္ထိ, အဝိဂတပစ္စည်းတို့သည် ရံခါဇနကလည်းဖြစ်၏။ ရံခါအဇနက လည်းဖြစ်၏။ ဥပထမ္ဘကလည်း ဖြစ်၏။

ဇနကာဇနကတောတိ ဧတေသု စ အနန္တရ သမနန္တရာ နန္တရူပနိဿယ-ပကတူပနိဿယာသေဝနပစ္စယာ နာနာက္ခဏိက ကမ္မပစ္စယော နတ္ထိဝိဂတ ပစ္စယောတိ ဣမေ ပစ္စယာ ဇနကာယေဝ၊ န အဇနကာ၊ ပစ္ဆာဇာတ ပစ္စယော ကေဝလံ ဥပထမ္ဘကောယေဝ၊ န ဇနကော။ သေသာ ဇနကာစ အဇနကာ စ ဥပထမ္ဘကာစာတိ အတ္ထော။
ပဋ္ဌာန်းအဋ္ဌကထာပါဋ္ဌ်။

ဇနကာဇနကတောတိ၊ ဇနကာဇနကတော ဟူသော မာတိကာပုဒ်၏။
ဝါ၊ ပုဒ်၌။
အတ္ထော၊ အနက်ကို။
ဝါ၊ ဝိနိစ္ဆယကို။
ဧဝံ၊ ဤဆိုအပ်လတ္တံ့သောနည်းဖြင့်။
ဝေဒိတဗ္ဗော၊ သိအပ်၏။
၊ ထိုမှတပါးလည်း။
ဧတေသု၊ ဤနှစ်ဆယ့်လေးပစ္စည်းတို့တွင်။
အနန္တရ သမနန္တရာ နန္တ ရူပနိဿယ ပကတူပနိဿယာသေဝနပစ္စယာ၊ အနန္တရပစ္စည်း သမနန္တရပစ္စည်း အနန္တ ရူပနိဿယပစ္စည်း ပကတူပနိဿယပစ္စည်း အာသေဝနပစ္စည်း တို့၎င်း။
နာနာက္ခဏိကာ၊ နာနာက္ခဏိက ဖြစ်သော။
ကမ္မပစ္စယော၊ ကမ္မပစ္စည်း၎င်း။
နတ္ထိ ဝိဂတပစ္စယာ၊ နတ္ထိ ဝိဂတ ပစ္စည်းတို့၎င်း။
ဣတိ ဣမေ ပစ္စယာ၊ ဤပစ္စည်းတို့သည်။
ဇနကာယေဝ၊ ဇနကသတ္တိ ပြဋ္ဌာန်းကုန်သည် သာလျှင်။
ဟောန္တိ၊ ဖြစ်ကုန်၏။
အဇနကာ၊ မဖြစ်စေတတ်သည် ဖြစ်၍ ဥပထမ္ဘကသတ္တိ ပြဋ္ဌာန်းကုန်သည်။
နဟောန္တိ၊ မဖြစ်ကုန်။
ပစ္ဆာဇာတပစ္စယော၊ ပစ္ဆာဇာတ ပစ္စည်းသည်။
ကေဝလံ၊ သက်သက်။
ဥပထမ္ဘကောယေဝ၊ ထောက်ပံ့တတ်သည်သာလျှင်။
ဟောတိ၊ ဖြစ်၏။
ဇနကာ၊ ဖြစ်စေတတ်သည်။
နဟောတိ၊ မဖြစ်။
သေသာ၊ အနန္တရပစ္စည်း အစရှိသော ဆိုအပ်ပြီးသည်မှ ကြွင်းကုန်သော ဟေတု, အာရမ္မဏ, အဓိပတိ, သဟဇာတ, အညမည, နိဿယ, အာရမ္မဏူပနိဿယ, ပုရေဇာတ, ဝိပါက, အာဟာရ, ဣန္ဒြိယ, ဈာန, မဂ္ဂ, သမ္ပယုတ္တ, ဝိပ္ပယုတ္တ, အတ္ထိ, အဝိဂတ ပစ္စည်းတို့သည်။
ဇနကာစ၊ ဖြစ်စေတတ်ကုန်သည်၎င်း။
အဇနကာစ၊ ဖြစ်စေတတ်သည် မဟုတ်ကုန်သည်၎င်း။
ဥပထမ္ဘကောစ၊ ထောက်ပံ့တတ်ကုန်သည်၎င်း။
ဟောန္တိ၊ ဖြစ်ကုန်၏။
ဣတိ အယံ၊ ဤသည်ကား။
အတ္ထော၊ အနက်တည်း။

ဤသို့ ကာမတဏှာ အစရှိသော သမုဒယ အမျိုးမျိုးတို့သည် -
အယောနိသော မနသိကာရ ဟူသောအကြောင်း,
ပဋိစ္စသမုပ္ပဒ် ဟူသောအကြောင်း,
ဟေတု အစရှိသော ပဋ္ဌာနအကြောင်း ဤ အကြောင်းတို့ကြောင့် ဖြစ်ကုန်၏။

ထိုသို့ သမုဒယတို့ ဖြစ်ရခြင်းသည် ကြောက်ဘွယ်ကောင်းလှ၏။ အလွန် ကြောက်ဘွယ်ကောင်းလှ၏၊ အထူးသဖြင့် ကြောက်ဘွယ်ကောင်းလှ၏၊ အထူးသဖြင့် အလွန်ကြောက်ဘွယ် ကောင်းလှ၏။ အဘယ်ကြောင့်နည်းဟူမူ။

ဤသမုဒယ အမျိုးမျိုးတို့ကို ပြုခြင်းသည် ဆိုအပ်ခဲ့ပြီးသော ဒုက္ခသစ္စာ၌ ဒုက္ခ အမျိုးမျိုးတို့ကို ဧကန်ခံစားရခြင်း အကြောင်းရှိသောကြောင့်တည်း။ ထို့ကြောင့် သုံးလောကမှန်ကူ သယမ္ဘူထွတ်ထား ရှင်တော်ဘုရားကြီးသည် ထိုသမုဒယ၏ အပြစ်ကို ထင်စွာပြတော်မူခြင်းအကျိုးငှာ -

ရတ္တော ခေါ ဗြဟ္မဏ ရာဂေန အဘိဘူတော ပရိယာ ဒိန္န စိတ္တော အတ္တဗျာပါဒါယပိ စေတေတိ၊ ပရာဗျာပါဒါ ယပိ စေတေတိ၊ ဥဘယဗျာပါဒါယပိ စေတေတိ၊ စေတသိကံ ဒုက္ခံ ဒေါမနဿံ ပဋိသံဝေဒေတိ၊ ရာဂေ ပဟီနေ နေဝ အတ္တဗျာပါဒါယ စေတေတိ၊ န ပရဗျာပါဒါယ စေတေတိ၊ န ဥဘယဗျာပါဒါယ စေတေတိ၊ န စေတသိကံ ဒုက္ခံ ဒေါမနဿံ ပဋိသံဝေဒေတိ။
အင်္ဂုတ္တိုရ်ပါဠိတော်။

ဗြဟ္မဏ၊ ပုဏ္ဏား။
ခေါ၊ စင်စစ်။
ရတ္တော၊ တပ်သောသူသည်။
ရာဂေန၊ ရာဂသည်။
အဘိဘူတော၊ နှိပ်စက်အပ်သည်ဖြစ်၍။
ပရိယာ ဒိန္နစိတ္တော၊ အလုံးစုံ ထက်ဝန်းကျင် သိမ်းကျုံးအပ်သော စိတ်ရှိသည်ဖြစ်၍။
အတ္တဗျာပါဒါယ၊ မိမိကိုယ်ကို နှိပ်စက်ဖျက်ဆီးခြင်းငှါလည်း။
စေတေဘိ၊ စေ့ဆော်၏။
ဝါ၊ လုံ့လပြု၏။
ပရဗျာပါဒါယပိ၊ သူတပါးကို နှိပ်စက်ဖျက်ဆီးခြင်းငှါလည်း။
စေတေတိ၊ စေ့ဆော်၏။
ဝါ၊ လုံ့လပြု၏။
ဥဘယဗျာပါဒါယပိ၊ နှစ်ပါးစုံကို နှိပ်စက်ဖျက်ဆီးခြင်းငှါလည်း။
စေတေတိ၊ စေ့ဆော်၏။
ဝါ၊ လုံ့လပြု၏။
စေတသိကံ၊ စိတ်၌မှီသော။
ဒုက္ခံ၊ ဒုက္ခကို။
ဒေါမနဿံ၊ နှလုံးမသာယာခြင်းကို။
ပဋိသံဝေဒေဟိ၊ ခံစား၏။
ရာဂေ၊ ရာဂကို။
ဝါ၊ ရာဂသည်။
ပဟီနေ၊ ပယ်အပ်ပြီးလတ်သော်။
ဝါ၊ ပျောက်ကင်းပြီးလတ်သော်။
အတ္တဗျာပါဒါယ၊ မိမိကိုယ်ကို နှိပ်စက်ဖျက်ဆီးခြင်းငှါ။
နေဝ စေတေတိ၊ မစေ့ဆော်။
ဝါ၊ လုံ့လမပြု။
ပရဗျာပါဒါယ၊ သူတပါးကို နှိပ်စက် ဖျက်ဆီးခြင်းငှါ။
န စေတေတိ၊ မစေ့ဆော်။
ဝါ၊ လုံ့လမပြု။
ဥဘယ ဗျာပါဒါယ၊ နှစ်ပါးစုံကို နှိပ်စက်ဖျက်ဆီးခြင်းဌါ။
န စေတေတိ၊ မစေ့ဆော်။
ဝါ၊ လုံ့လမပြု။
စေတတိကံ၊ စိတ်၌မှီသာ။
ဒုက္ခံ၊ ဒုက္ခကို။
ဒေါမနဿ၊ နှလုံးမသာယာခြင်းကို။
န ပသံဝေဒေတိ၊ မခံစား။

ဤနည်းအတူ တရားစစ်သူကြီး ဖြစ်တော်မူပေသော အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီးသည်လည်း ထိုထိုသော နိကာယ်တို့၌ သမုဒယသစ္စာ၏ အပြစ် ကို၎င်း သမုဒယသစ္စာကြောင့် ဖြစ်သော ဒုက္ခသစ္စာ၏ အပြစ်ကို၎င်း ဟောတော် မူကြောင်းကို မဟာနိဒ္ဒေသ၌ သက်သေပြတော်မူသည်ကား -

ဝုတ္တံ ဟေတံ ဘဂဝတော၊ တယော မေ ဘိက္ခဝေ အန္တရာ မလာ အန္တရာ အမိတ္တာ အန္တရာ သပတ္တာ အန္တရာ ဝကော အန္တရာ ပစ္စတ္တိကာ။ ကတမေ တယော။ လောဘော ဘိက္ခဝေ အန္တရာ မလံ အန္တရာ အမိတ္တော အန္တရာ သပတ္တော အန္တရာ ဝဓကော အန္တရာ ပစ္စတ္တိကော။ ဒေါသော။ပ။ မောဟော ဘိက္ခဝေ အန္တရာ မလံ အန္တရာ အမိတ္တော အန္တရာ သပတ္တော အန္တရာ ဝဓကော အန္တရာ ပစ္စတ္တိကော။ ဣမေ ခေါ ဘိက္ခဝေ တယော အန္တရာ မလာ အန္တရာ အမိတ္တာ အန္တရာ သပတ္တာ အန္တရာ ဝကော အန္တရာ ပစ္စတ္တိကော။
အနတ္ထဇနနော လောဘော၊
လောဘော စိတ္တပ္ပကောပနော။
ဘယမန္တရတော ဇာတံ၊
တံ ဇနော နာဝဗုဇ္ဈတိ။

လုဒ္ဓေါ အတ္ထံ န ဇာနာတိ၊
လုဒ္ဓေါ ဓမ္မံ န ပဿတိ။
အန္ဓတမံ တဒါ ဟောတိ၊
ယံ လောဘော သဟတေ နရံ။

အနတ္ထဇနနော ဒေါသော၊
ဒေါသော စိတ္တပ္ပကောပနော။
ဘယမန္တရတော ဇာတံ၊
တံ ဇနော နာဝဗုဇ္ဈတိ။

ကုဒ္ဓေါ အတ္ထံ န ဇာနာတိ၊
ကုဒ္ဓေါ ဓမ္မံ န ပဿတိ။
အန္ဓတမံ တဒါ ဟောတိ၊
ယံ ဒေါသော သဟတေ နရံ။

အနတ္ထဇနနော မောဟော၊
မောဟော စိတ္တပ္ပကောပနော။
ဘယမန္တရတော ဇာတံ၊
တံ ဇနော နာဝဗုဇ္ဈတိ။

မုဠှော အတ္ထံ န ဇာနာတိ၊
မုဠှော ဓမ္မံ န ပဿတိ။
အန္ဓတမံ တဒါ ဟောတိ၊
ယံ မောဟော သဟတေ နရန္တိ။

ဧဝမ္ပိ တတြ သယာတိ ပရိဿယာ။ ဝုတ္တံပိ ဟေတံ ဘဂဝတာ၊ တယော ခေါ မဟာရာဇ ပုရိသဿ ဓမ္မာ အဇ္ဈတ္တံ ဥပ္ပဇ္ဇမာနာ ဥပ္ပဇ္ဇန္တိ အဟိတာယ ဒုက္ခာယ အဖာသုဝိဟာရာယ။ ကတမေ တယော။ လောဘော မဟာရာဇ ပုရိသဿ ဓမ္မော အဇ္ဈတ္တံ ဥပ္ပဇ္ဇမာနော ဥပ္ပဇ္ဇတိ အဟိတာယ ဒုက္ခာယ အဖါသုဝိဟာရာယ။ ဒေါသော ခေါ မဟာရာဇ။ပ။ မောဟော ခေါ မဟာရာဇ ပုရိသဿ ဓမ္မော အဇ္ဈတ္တံ ဥပ္ပဇ္ဇမာနော ဥပ္ပဇ္ဇတိ အဟိတာယ ဒုက္ခာယ အဖာသုဝိဟာရာယ။ ဣမေ ခေါ မဟာရာဇ တယော ပုရိသဿ ဓမ္မာ အဇ္ဈတ္တံ ဥပ္ပဇ္ဇမာနာ ဥပ္ပဇ္ဇန္တိ အဟိတာယ ဒုက္ခာယ အဖာသု ဝိဟာရာယ။

လောဘော ဒေါသော စမောဟောစ၊
ပုရိသံ ပါပစေတသံ။
ဟိံ သန္တိ အတ္တသမ္ဘူတာ၊
တစသာရံဝ သဖလန္တိ။

ဧဝမ္မိ တတြသယာတိပရိဿယာ။
ဝုတ္တံပိ စေတံ ဘဂဝတော -

ရာဂေါ စ ဒေါသော စ နိဒါနာ၊
အရတိ ရတိ လောမဟံသော ဣတောဇာ။
ဣတော သမုဋ္ဌာယ မနော ဝိတက္ကာ။
ကုမာရကာ ဓင်္ကမိဝေါသဇန္တီတိ။

မဟာနိဒ္ဒေသပါဠိတော်။

ဟိ၊ ထိုစကားသည်သင့်စွ။
ဧတံ၊ ဤစကားကို။
ဘဂဝတာ၊ မြတ်စွာဘုရားသည်။
ဝုတ္တံ၊ ဟောတော်မူအပ်၏။

ဘိက္ခဝေ၊ ရဟန်းတို့။
အန္တရာ၊ အတွင်း၌ဖြစ်ကုန်သော။
မလာ၊ အညစ်အကြေးတို့သည် လည်းကောင်း။
အန္တရာ၊ အတွင်း၌ဖြစ်ကုန်သော။
အမိတ္တာ၊ ရန်သူတို့သည်၎င်း။
အန္တရာ၊ အတွင်း၌ဖြစ်ကုန်သော။
သပတ္တာ၊ မနှစ်လိုအပ်သူတို့သည်၎င်း။
အန္တရာ၊ အတွင်း၌ဖြစ်ကုန်သော။
ဝဓကာ၊ သတ်တတ်ကုန်သော သူတို့သည်၎င်း။
အန္တရာ၊ အတွင်း၌ဖြစ်ကုန်သော။
ပစ္စတ္ထိကာ၊ ဆန့်ကျင်ဘက်တို့သည်၎င်း။
ဣမေ တယော၊ ဤသုံးပါးတို့တည်း။
တယော၊ သုံးပါးတို့ဟူသည်။
ကတမေ၊ အဘယ်သည်တို့နည်း။

ဘိက္ခဝေ၊ ရဟန်းတို့။
လောဘော၊ လောဘသည်။
အန္တရာ၊ အတွင်း၌ဖြစ်သော။
မလံ၊ နေ၏အညစ်အကြေး ဖြစ်သော တိမ်တိုက်ကဲ့သို့ အညစ်အကြေးဖြစ်၏။
အန္တရာ၊ အတွင်း၌ဖြစ်သော။
အမိတ္တော၊ နေ၏ အညစ်အကြေးဖြစ်သော အခိုးကဲ့သို့ ရန်သူဖြစ်၏။
အန္တရာ၊ အတွင်း၌ဖြစ်သော။
သပတ္တော၊ နေ၏အညစ်အကြေးဖြစ်သော ဆီးနှင်းကဲ့သို့ ရန်သူဖြစ်၏။
အန္တရာ၊ အတွင်း၌ ဖြစ်သော။
ဝဓကော၊ နေ၏အညစ်အကြေးဖြစ်သော မြူကဲ့သို့ ညှဉ်းဆဲတတ်၏။
အန္တရာ၊ အတွင်း၌ဖြစ်သော။
ပစ္စတ္ထိကော၊ နေ၏ အညစ်အကြေးဖြစ်သော ရာဟုကဲ့သို့ ဆန့်ကျင်ဘက်ဖြစ်၏။
ဒေါသော၊ ဒေါသသည်။ပ။

ဘိက္ခဝေ၊ ရဟန်းတို့။
မောဟော၊ မောဟသည်။
အန္တရာ၊ အတွင်း၌ဖြစ်သော။
မလံ၊ နေ၏ အညစ်အကြေး ဖြစ်သော တိမ်တိုက်ကဲ့သို့ အညစ်အကြေး ဖြစ်၏။
အန္တရာ၊ အတွင်း ၌ဖြစ်သော။
အမိတ္တော၊ နေ၏အညစ်အကြေးဖြစ်သော အခိုးကဲ့သို့ ရန်သူဖြစ်၏။
အန္တရာ၊ အတွင်း၌ဖြစ်သော။
သပတ္တော၊ နေ၏အညစ်အကြေးဖြစ်သော ဆီးနှင်းကဲ့သို့ ရန်သူဖြစ်၏။
အန္တရာ၊ အတွင်း၌ ဖြစ်သော။
ဝဓကော၊ နေ၏အညစ်အကြေးဖြစ်သော မြူကဲ့သို့ ညှဉ်းဆဲတတ်၏။
အန္တရာ၊ အတွင်း၌ဖြစ်သော။
ပစ္စတ္တိကော၊ နေ၏ အညစ်အကြေးဖြစ်သော ရာဟုကဲ့သို ဆန့်ကျင်ဘက်ဖြစ်၏။

ဘိက္ခဝေ၊ ရဟန်းတို့။
အန္တရာ၊ အတွင်း၌ဖြစ်ကုန်သော။
မလာ၊ အညစ်အကြေး တို့သည်၎င်း။
အန္တရာ၊ အတွင်း၌ ဖြစ်ကုန်သော။
အမိတ္တာ၊ ရန်သူတို့သည်၎င်း။
အန္တရာ၊ အတွင်း၌ ဖြစ်ကုန်သော။
သပတ္တာ၊ မနှစ်လိုအပ်သော သူတို့သည်၎င်း။
အန္တရာ၊ အတွင်း၌ ဖြစ်ကုန်သော။
ဝဓကာ၊ သတ်တတ်ကုန်သော သူတို့သည်၎င်း။
အန္တရာ၊ အတွင်း၌ ဖြစ်ကုန်သော။
ပစ္စတ္ထိကာ၊ ဆန့်ကျင်ဘက်တို့သည်၎င်း။
ဣမေ ခေါ တယော၊ ဤသုံးပါးတို့တည်း။

လောဘော၊ လောဘသည်။
အနတ္ထဇနနော၊ အကျိုးကို ဖြစ်စေတတ်၏။
လောဘော၊ လောဘသည်။
စိတ္တပ္ပကောပနော၊ ကုသိုလ်စိတ်ကို ပိတ်ပင်တတ်၏။
အန္တရတော၊ ကိုယ်တွင်း၌။
ဘယံ၊ ဘေးသည်။
ဇာတံ၊ ဖြစ်၏။
တံ၊ ထိုဘေးကို။
ဇနော၊ မိုက်သော လူများသည်။
နာဝဗုဇ္ဈတိ၊ သက်၍မသိ။

လုဒ္ဓေါ၊ လောဘရှိသော ပုဂ္ဂိုလ်သည်။
အတ္ထံ၊ လောကီ လောကုတ္တရာ အကျိုးကို။
န ဇာနာတိ၊ မသိ။
လုဒ္ဓေါ၊ လောဘရှိသောပုဂ္ဂိုလ်သည်။
ဓမ္မံ၊ အကြောင်းကို။
န ပဿတိ၊ မမြင်။
တဒါ၊ ထိုအခါ၌။
အန္ဓတမံ၊ အလွန်မိုက်သည်။
ဟောတိ၊ ဖြစ်၏။
ယံ ယသ္မာ၊ အကြင်ကြောင့်။
လောဘော၊ လောဘသည်။
နရံ၊ လူကို။
သဟတေ၊ နှိပ်စက်၏။

ဒေါသော၊ ဒေါသသည်။
အနတ္ထဇနနော၊ အကျိုးမဲ့ကို ဖြစ်စေတတ်၏။
ဒေါသော၊ ဒေါသသည်။
စိတ္တပ္ပကောပနော၊ ကုသိုလ်စိတ်ကို ပိတ်ပင်တတ်၏။
အန္တရတော၊ ကိုယ်တွင်း၌။
ဘယံ၊ ဘေးသည်။
ဇာတံ၊ ဖြစ်၏။
တံ၊ ထိုဘေးကို။
ဇနော၊ မိုက်သောလူများသည်။
နာဝဗုဇ္ဈတိ၊ သက်၍မသိ။

ကုဒ္ဓေါ၊ အမျက်ရှိသော ပုဂ္ဂိုလ်သည်။
အတ္ထံ၊ လောကီ လောကုတ္တရာ အကျိုးကို။
န ဇာနာတိ၊ မသိ။
ကုဒ္ဓေါ၊ အမျက်ရှိသော ပုဂ္ဂိုလ်သည်။
ဓမ္မံ၊ အကြောင်းကို။
နပဿတိ၊ မမြင်။
တဒါ၊ ထိုအခါ၌။
အန္ဓတမံ၊ အလွန်မိုက်သည်။
ဟောတိ၊ ဖြစ်၏။
ယံ ယသ္မာ၊ အကြင်ကြောင့်။
ဒေါသော၊ ဒေါသသည်။
နရံ၊ လူကို။
သဟတေ၊ နှိပ်စက်၏။

မောဟော၊ မောဟသည်။
အနတ္ထဇနနော၊ အကျိုးမဲ့ကို ဖြစ်စေတတ်၏။
မောဟော၊ မောဟသည်။
စိတ္တပ္ပကောပနော၊ ကုသိုလ်စိတ်ကို ပိတ်ပင်တတ်၏။
အန္တရတော၊ ကိုယ်တွင်း၌။
ဘယံ၊ ဘေးသည်။
ဇာတံ၊ ဖြစ်၏။
တံ၊ ထိုဘေးကို။
ဇနော၊ မိုက်သော လူများသည်။
နာဝဗုဇ္ဈတိ၊ သက်၍မသိ။

မုဠှော၊ တွေဝေတတ်သောပုဂ္ဂိုလ်သည်။
အတ္ထံ၊ လောကီ လောကုတ္တရာ အကျိုးကို။
န ဇာနာဘိ၊ မသိ။
မုဠှော၊ တွေဝေတတ်သော ပုဂ္ဂိုလ်သည်။
ဓမ္မံ၊ အကြောင်းကို။
န ပဿတိ၊ မမြင်။
တဒါ၊ ထိုအခါ၌။
အန္ဓတမံ၊ အလွန်မိုက်သည်။
ဟောတိ၊ ဖြစ်၏။
ယံ ယသ္မာ၊ အကြင်ကြောင့်။
မောဟော၊ မောဟသည်။
နရံ၊ လူကို။
သဟတေ၊ နှိပ်စက်၏။
ဣတိ၊ ဤသို့။
ဝုတ္တံ၊ ဟောတော်မူအပ်၏။

ဧဝမ္ပိ၊ ဤသို့သော အပြားအားဖြင့်လည်း။
တတြ သယာတိ ပရိဿယာတိဒဿ၊ တတြသယာတိပရိဿယာ ဟူသောပုဒ်၏။
အတ္ထော၊ အနက်ကို။
ဝေဒိတဗ္ဗော၊ သိအပ်၏။
ဟိ၊ သင့်စွ။
ဧတံ၊ ဤ စကားကို။
ဘဂဝတာ၊ မြတ်စွာဘုရားသည်။
ဝုတ္တံ၊ ဟောတော်မူအပ်၏။

မဟာရာဇ၊ မြတ်သောမင်းကြီး။
ခေါ၊ စင်စစ်။
ပုရိသဿ၊ ယောက်ျားအား။
တယော၊ သုံးပါးကုန်သော။
ဓမ္မာ၊ တရားတို့သည်။
အဇ္ဈတ္တံ၊ မိမိသန္တာန်၌။
ဥပ္ပဇ္ဇမာနာ၊ ဖြစ်ကုန်သည်ရှိသော်။
အဟိတာယ၊ စိတ်ကိုမှီ၍ဖြစ်သော ဆင်းရဲခြင်းငှါ။
ဒုက္ခာယ၊ ကိုယ်ကိုမှီ၍ဖြစ်သော ဆင်းရဲခြင်းငှါ။
အဖာသုဝိဟာရာယ၊ မချမ်းသာသော နေခြင်းငှါ။
ဥပ္ပဇ္ဇန္တိ၊ ဖြစ်ကုန်၏။
တယော၊ သုံးပါးတို့သည်။
ကတမေ၊ အဘယ်သည်တို့နည်း။

မဟာရာဇ၊ မြတ်သောမင်းကြီး။
ပုရိသဿ၊ ယောက်ျားအား။
လောဘော၊ လောဘဖြစ်သော။
ဓမ္မော၊ တရားသည်။
အဇ္ဈတ္တံ၊ မိမိသန္တာန်၌။
ဥပ္ပဇ္ဇမာနော၊ ဖြစ်လတ်သော်။
အဟိတာယ၊ စိတ်ကိုမှီ၍ ဖြစ်သော ဆင်းရဲခြင်းငှါ။
ဒုက္ခာယ၊ ကိုယ်ကိုမှီ၍ဖြစ်သော ဆင်းရဲခြင်းငှါ။
အဖာသုဝိဟာရာယ၊ မချမ်းသာသော နေခြင်းငှါ။
ဥပ္ပဇ္ဇတိ၊ ဖြစ်၏။

မဟာရာဇ၊ မြတ်သောမင်းကြီး။
ပုရိသဿ၊ ယောက်ျားအား။
ဒေါသော၊ ဒေါသဖြစ်သော။
ဓမ္မော၊ တရားသည်။
အဇ္ဈတ္တံ၊ မိမိသန္တာန်၌။
ဥပ္ပဇ္ဇမာနာ၊ ဖြစ်ကုန်သည်ရှိသော်။
အဟိတာယ၊ စိတ်ကိုမှီ၍ဖြစ်သော ဆင်းရဲခြင်းငှါ။
ဒုက္ခာယ၊ ကိုယ်ကိုမှီ၍ဖြစ်သော ဆင်းရဲခြင်းငှါ။
အဖာသုဝိဟာရာယ၊ မချမ်းသာသော နေခြင်းငှါ။
ဥပ္ပဇ္ဇန္တိ၊ ဖြစ်ကုန်၏။

မဟာရာဇာ၊ မြတ်သောမင်းကြီး။
ပုရိသဿ၊ ယောက်ျားအား။
မောဟော၊ မောဟဖြစ်သော။
ဓမ္မော၊ တရားသည်။
အဇ္ဈတ္တံ၊ မိမိသန္တာန်၌။
ဥပ္ပဇ္ဇမာနာ၊ ဖြစ်ကုန်သည်ရှိသော်။
အဟိတာယ၊ စိတ်ကိုမှီ၍ဖြစ်သော ဆင်းရဲခြင်းငှါ။
ဒုက္ခာယ၊ ကိုယ်ကိုမှီ၍ဖြစ်သော ဆင်းရဲခြင်းငှါ။
အဖာသုဝိဟာရာယ၊ မချမ်းသာသော နေခြင်းငှါ။
ဥပ္ပဇ္ဇန္တိ၊ ဖြစ်ကုန်၏။

မဟာရာဇ၊ မြတ်သောမင်းကြီး။
ပုရိသဿ၊ ယောက်ျားအား။
တယော၊ သုံးပါးသော။
ဣမေ ခေါ ဓမ္မာ၊ ဤတရားတို့သည်လျှင်။
အဇ္ဈတ္တံ၊ မိမိသန္တာန်၌။
ဥပ္ပဇ္ဇမာနာ၊ ဖြစ်ကုန်သည်ရှိသော်။
အဟိတာယ၊ စိတ်ကိုမှီ၍ဖြစ်သော ဆင်းရဲခြင်းငှါ။
ဒုက္ခာယ၊ ကိုယ်ကိုမှီ၍ဖြစ်သော ဆင်းရဲခြင်းငှါ။
အဖာသုဝိဟာရာယ၊ မချမ်းသာသော နေခြင်းငှါ။
ဥပ္ပဇ္ဇန္တိ၊ ဖြစ်ကုန်၏။

လောဘော စ၊ လောဘသည်၎င်း။
ဒေါသော စ၊ ဒေါသသည်၎င်း။
မောဟော စ၊ မောဟသည်၎င်း။
ပါပစေတသံ၊ မကောင်းသောစိတ်ရှိသော။
ပုရိသံ၊ ယောက်ျားကို။
အတ္တသမ္ဘူတာ၊ မိမိကိုယ်၌ ထင်ရှားဖြစ်ကုန်၍။
ဟိံ သန္တိ၊ ညှဉ်းဆဲကုန်၏။
ကိမိဝ၊ အဘယ်ကဲ့သို့နည်း ဟူမူကား။
သံဖလံ၊ မိမိ၏အသီးသည်။
တစသာရံ၊ အခွံလျှင် အနှစ်ရှိသော ဝါးကို။
ဟိံ သတိ ဣဝ၊ ညှဉ်းဆဲဖျက်ဆီးသကဲ့သို့။
ဟိံ သန္တိ၊ ညှဉ်းဆဲကုန်၏။
ဣတိ၊ ဤသို့။
ပုတ္တံ၊ မိန့်ဆိုအပ်၏။

ဧဝမ္ပိ၊ ဤသို့သော အပြားအားဖြင့်လည်း။
တတြသယာတိ ပရိဿယာတိပဒဿ၊ တတြသဃာတိပရိဿယာ ဟူသော ပုဒ်၏။
အတ္ထော၊ အနက်ကို။
ဝေဒိတဗ္ဗော၊ သိအပ်၏။
ဟိ၊ သင့်စွ။
ဧတံ၊ ဤစကားကို။
ဘဂဝတာ၊ မြတ်စွာဘုရားသည်။
ဝုတ္တံ၊ ဟောတော်မူအပ်၏။

ရာဂေါ စ၊ ရာဂသည်၎င်း။
ဒေါသော စ၊ ဒေါသသည်၎င်း။
ဣတောနိဒါနာ၊ ဤအတ္တဘောသာပြုသော အကြောင်းရှိကုန်သည် ဖြစ်၍။
အရတိ၊ ကုသိုလ်ဓမ္မတို့၌ မမွေ့လျော်ခြင်း၎င်း။
ရတိ၊ ငါးပါးသော ကာမဂုဏ်တို့၌ မွေ့လျော်ခြင်း၎င်း။
လောမဟံသော၊ ဆူးနှင့် တူသည်ဖြစ်၍ အထက်သို့တက်သော အမွေးရှိခြင်း၎င်း။
ဣတော ဇာ၊ ဤအတ္တဘောမှ ဖြစ်ကုန်၏။
ဣတော၊ ဤအတ္တဘောမှ။
သမုဋ္ဌာယ၊ ထ၍။
ဝိတက္ကာ၊ မကောင်းသော အကြံတို့သည်။
မနော၊ စိတ်ကို။
ဩသဇန္တိ၊ စွန့်ကုန်၏။

ကိမိဝ၊ အဘယ်သို့နည်း။
ကုမာရကာ၊ သူငယ်တို့သည်။
ဇင်္ကံ၊ ကျီးကို။
ဩသဇန္တိဣဝ၊ ချည်၍လွှတ်ကုန်သကဲ့သို့။
ဣတော၊ ဤအတ္တဘောမှ။
သမုဋ္ဌာယ၊ ထ၍။
ဝိတက္ကာ၊ မကောင်းသော အကြံတို့သည်။
မနော၊ စိတ်ကို။
ဩသဇန္တိ ၊ စွန့်ကုန်၏။

ဆဋ္ဌပုစ္ဆာပြီး၏။