မာတိကာသို့ ခုန်သွားရန်

သဠာယတနဝဂ္ဂ သံယုတ် ပါဠိတော်-ဒု

ဝီကီရင်းမြစ် မှ
5633ပိဋကတ်သုံးပုံ မြန်မာပြန်(ခ) သဠာယတနဝဂ္ဂ သံယုတ် ပါဠိတော်-ဒုသာသနာရေးဦးစီးဌာန

၄-ဇမ္ဗုခါဒကသံယုတ်

၁-နိဗ္ဗာနပဥှာသုတ်

၃၁၄။ အခါတစ်ပါး၌ အသျှင်သာရိပုတြာသည် မဂဓတိုင်း နာလကရွာငယ်၌ (သီတင်းသုံး) နေ၏၊ ထိုအခါ ဇမ္ဗုခါဒကပရိဗိုဇ်သည် အသျှင်သာရိပုတြာထံသို့ ချဉ်းကပ်၍ အသျှင်သာရိပုတြာနှင့်အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆိုပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် အသျှင်သာရိပုတြာအား- ငါ့သျှင် သာရိပုတြာ “နိဗ္ဗာန် နိဗ္ဗာန်”ဟု ဆိုအပ်၏၊ ငါ့သျှင် အဘယ်သည် နိဗ္ဗာန်နည်းဟု ဤစကားကိုလျှောက်၏။

ငါ့သျှင် ရာဂကုန်ရာ ဒေါသကုန်ရာ မောဟကုန်ရာကို “နိဗ္ဗာန်”ဟု ဆိုအပ်၏။ ငါ့သျှင် ဤနိဗ္ဗာန်ကိုမျက်မှောက်ပြုရန် လမ်းသည် ရှိ၏လော၊ အကျင့်သည် ရှိ၏လောဟု မေး၏။ ငါ့သျှင် ဤနိဗ္ဗာန်ကို မျက့်မှောက်ပြုရန် လမ်းသည် ရှိ၏၊ အကျင့်သည် ရှိ၏ဟု မိန့်ဆို၏။ ငါ့သျှင် ဤနိဗ္ဗာန်ကို မျက်မှောက်ပြုရန်လမ်းသည် အဘယ်နည်း၊ အကျင့်သည် အဘယ်နည်းဟု မေး၏။ ငါ့သျှင် ထိုနိဗ္ဗာန်ကို မျက်မှောက်ပြုရန် (လမ်းသည်, အကျင့်သည်ကား) အင်္ဂါရှစ်ပါးရှိသော ဤအရိယာမဂ်ပင်တည်း။ ဤသည်ကား အဘယ်နည်း-ိံမှန်ကန်သော မြင်ခြင်း ‘သမ္မာဒိဋ္ဌိ’၊ မှန်ကန်သော ကြံခြင်း ‘သမ္မာသင်္ကပ္ပ’၊ မှန်ကန်သော ပြောဆိုခြင်း'သမ္မာဝါစာ’၊ မှန်ကန်သော ပြုလုပ်ခြင်း'သမ္မာကမ္မန္တ’၊ မှန်ကန်သော အသက်မွေးခြင်း'သမ္မာအာဇီဝ’၊ မှန်ကန်သော အားထုတ်ခြင်း ‘သမ္မာဝါယာမ’၊ မှန်ကန်သော အောက်မေ့ခြင်း ‘သမ္မာသတိ’၊ မှန်ကန်သောတည် ကြည်ခြင်း ‘သမ္မာသမာဓိ’ တည်း။ ငါ့သျှင် ဤနိဗ္ဗာန်ကို မျက်မှောက်ပြုရန် လမ်းသည် ဤသည်ပင်တည်း၊ အကျင့်သည် ဤသည်ပင်တည်းဟု မိန့်ဆို၏။ ငါ့သျှင် ဤနိဗ္ဗာန်ကို မျက်မှောက်ပြုရန်လမ်းသည် ကောင်း၏၊ အကျင့်သည် ကောင်း၏။ ငါ့သျှင် သာရိပုတြာ မမေ့မလျော့ခြင်းငှါသင့်သည်သာတည်းဟု (ပြောဆို၏)။

ပဌမသုတ်။

--

၂-အရဟတ္တပဥှာသုတ်

၃၁၅။ ငါ့သျှင် သာရိပုတြာ “အရဟတ္တဖိုလ် အရဟတ္တဖိုလ် ”ဟု ဆိုအပ်၏၊ ငါ့သျှင် အဘယ်သည်အရဟတ္တဖိုလ်နည်းဟု မေး၏။ ငါ့သျှင် ရာဂကုန်ရာ ဒေါသကုန်ရာ မောဟကုန်ရာကို “အရဟတ္တဖိုလ်”ဟုဆိုအပ်၏ဟု မိန့်ဆို၏။ ငါ့သျှင် ဤအရဟတ္တဖိုလ်ကို မျက်မှောက်ပြုရန် လမ်းသည် ရှိသလော၊ အကျင့်သည် ရှိသလောဟု မေး၏။ ငါ့သျှင် ဤအရဟတ္တဖိုလ်ကို မျက်မှောက်ပြုရန် လမ်းသည် ရှိ၏၊ အကျင့်သည် ရှိ၏ဟု မိန့်ဆို၏။

ငါ့သျှင် ဤအရဟတ္တဖိုလ်ကို မျက်မှောက်ပြုရန် လမ်းသည် အဘယ်နည်း၊ အကျင့်သည် အဘယ်နည်းဟု မေး၏။ ငါ့သျှင် ထိုအရဟတ္တဖိုလ်ကို မျက်မှောက်ပြုရန် (လမ်းသည်, အကျင့်သည်ကား) အင်္ဂါရှစ်ပါးရှိသော ဤအရိယာမဂ်ပင်တည်း။ ဤသည်ကား အဘယ်နည်း၊ မှန်ကန်သောမြင်ခြင်း ‘သမ္မာဒိဋ္ဌိ’။ပ။ မှန်ကန်သော တည်ကြည်ခြင်း ‘သမ္မာသမာဓိ’ တည်း။ ငါ့သျှင် ဤအရဟတ္တဖိုလ်ကိုမျက်မှောက်ပြုရန် လမ်းသည် ဤသည်ပင်တည်း၊ အကျင့်သည် ဤသည်ပင်တည်းဟု မိန့်ဆို၏။ ငါ့သျှင် ဤအရဟတ္တဖိုလ်ကို မျက်မှောက်ပြုရန် လမ်းသည် ကောင်း၏၊ အကျင့်သည် ကောင်း၏။ ငါ့သျှင်သာရိပုတြာ မမေ့မလျော့ခြင်း ငှါ သင့်သည်သာတည်းဟု (ပြောဆို၏)။

ဒုတိယသုတ်။

--

၃-ဓမ္မဝါဒီပဥှာသုတ်

၃၁၆။ ငါ့သျှင် သာရိပုတြာ လောက၌ တရားကို ဆိုလေ့ရှိသူတို့သည် အဘယ်သူတို့နည်း၊ လောက၌ ကောင်းစွာ ကျင့်သူတို့သည် အဘယ်သူတို့နည်း၊ လောက၌ ကောင်းစွာ သွားသူတို့သည် အဘယ်သူတို့နည်းဟု မေး၏။

ငါ့သျှင် အကြင်သူတို့သည် ရာဂကို ပယ်ခြင်းငှါ တရားဟောကြကုန်၏၊ ဒေါသကို ပယ်ခြင်းငှါ တရားဟောကြကုန်၏၊ မောဟကို ပယ်ခြင်းငှါ တရားဟောကြကုန်၏၊ ထိုသူတို့သည် လောက၌ တရားကိုဆိုလေ့ ရှိသူတို့တည်း။ ငါ့သျှင် အကြင်သူတို့သည် ရာဂပယ်ခြင်းငှါ ကျင့်ကုန်၏၊ ဒေါသပယ်ခြင်းငှါကျင့်ကုန်၏၊ မောဟပယ်ခြင်းငှါ ကျင့်ကုန်၏၊ ထိုသူတို့သည် လောက၌ ကောင်းစွာ ကျင့်သူတို့တည်း။ ငါ့သျှင် အကြင် သူတို့သည်ကား ရာဂကို ပယ်အပ်၏၊ အမြစ်ရင်းကို အကြွင်းမဲ့ ဖြတ်ပြီး ဖြစ်၏၊ နုတ်ပြီးသော ထန်းပင် ရာကဲ့သို့ ပြုပြီး ဖြစ်၏၊ နောင်တစ်ဖန် ဖြစ်ခြင်း မရှိသည်ကို ပြုအပ်၏၊ နောင်အခါ မဖြစ်ပေါ်ခြင်းသဘော ရှိ၏။ ဒေါသကို ပယ်အပ်၏၊ အမြစ်ရင်းကို အကြွင်းမဲ့ ဖြတ်ပြီး ဖြစ်၏၊ နုတ်ပြီးသော ထန်းပင်ရာကဲ့သို့ ပြုပြီး ဖြစ်၏၊ နောင်တစ်ဖန် ဖြစ်ခြင်း မရှိသည်ကို ပြုအပ်၏၊ နောင်အခါမဖြစ်ပေါ်ခြင်းသဘော ရှိ၏။ မောဟကို ပယ်အပ်၏၊ အမြစ်ရင်းကို အကြွင်းမဲ့ ဖြတ်ပြီး ဖြစ်၏၊ နုတ်ပြီးသော ထန်းပင်ရာကဲ့သို့ ပြုပြီး ဖြစ်၏၊ နောင်တစ်ဖန် ဖြစ်ခြင်း မရှိသည်ကို ပြုအပ်၏၊ နောင်အခါမဖြစ်ပေါ်ခြင်းသဘော ရှိ၏။ ထိုသူတို့သည် လောက၌ ကောင်းစွာ သွားသူတို့တည်းဟု မိန့်ဆို၏။

ငါ့သျှင် ဤရာဂ ဒေါသ မောဟကို ပယ်ခြင်းငှါ လမ်းသည် ရှိသလော၊ အကျင့်သည် ရှိသလောဟုမေး၏။ ငါ့သျှင် ဤရာဂ ဒေါသ မောဟကို ပယ်ခြင်းငှါ လမ်းသည် ရှိ၏၊ အကျင့်သည် ရှိ၏ဟု မိန့်ဆို၏။

ငါ့သျှင် ဤရာဂ ဒေါသ မောဟကို ပယ်ခြင်းငှါ လမ်းသည် အဘယ်နည်း၊ အကျင့်သည် အဘယ်နည်းဟုမေး၏။ ငါ့သျှင် ထိုရာဂ ဒေါသ မောဟကို ပယ်ခြင်းငှါ (လမ်းသည်, အကျင့်သည်ကား) အင်္ဂါရှစ်ပါးရှိသော ဤအရိယာမဂ်ပင်တည်း။ ဤသည်ကား အဘယ်နည်း၊ မှန်ကန်သောမြင်ခြင်း ‘သမ္မာဒိဋ္ဌိ’။ပ။ မှန်ကန်သော တည်ကြည်ခြင်း ‘သမ္မာသမာဓိ’ တည်း။ ငါ့သျှင် ဤရာဂ ဒေါသမောဟကို ပယ်ခြင်းငှါ လမ်းသည် ဤသည် ပင်တည်း၊ အကျင့်သည် ဤသည်ပင်တည်းဟု မိန့်ဆို၏။

ငါ့သျှင် ဤရာဂ ဒေါသ မောဟကို ပယ်ခြင်းငှါ လမ်းသည် ကောင်း၏၊ အကျင့်သည် ကောင်း၏။ ငါ့သျှင်သာရိပုတြာ မမေ့မလျော့ခြင်းငှါ သင့်သည်သာ တည်းဟု ပြောဆို၏။

တတိယသုတ်။

--

၄-ကိမတ္ထိယသုတ်

၃၁၇။ ငါ့သျှင် သာရိပုတြာ အဘယ်အကျိုးငှါ ရဟန်းဂေါတမထံ၌ အကျင့်မြတ်ကို ကျင့်သုံးပါသနည်းဟုမေး၏။ ငါ့သျှင် ဆင်းရဲဒုက္ခကို ပိုင်းခြားသိခြင်းအကျိုးငှါ မြတ်စွာဘုရားထံ၌ အကျင့်မြတ်ကို ကျင့်သုံး၏ဟု မိန့်ဆို၏။ ငါ့သျှင် ဤဆင်းရဲဒုက္ခကို ပိုင်းခြားသိခြင်းငှါ လမ်းသည် ရှိသလော၊ အကျင့်သည် ရှိသလောဟု မေး၏။ ငါ့သျှင် ဤဆင်းရဲဒုက္ခကို ပိုင်းခြားသိခြင်းငှါ လမ်းသည် ရှိ၏၊ အကျင့်သည် ရှိ၏ဟုမိန့်ဆို၏။

ငါ့သျှင် ဤဆင်းရဲဒုက္ခကို ပိုင်းခြားသိခြင်းငှါ လမ်းသည် အဘယ်နည်း၊ အကျင့်သည် အဘယ်နည်းဟုမေး၏။ ငါ့သျှင် ဤဆင်းရဲဒုက္ခကို ပိုင်းခြားသိခြင်းငှါ (လမ်းသည်, အကျင့်သည်ကား) အင်္ဂါရှစ်ပါးရှိသော ဤအရိယာမဂ်ပင်တည်း။ ဤသည်ကား အဘယ်နည်း၊ မှန်ကန်သော မြင်ခြင်း ‘သမ္မာဒိဋ္ဌိ’။ပ။ မှန်ကန်သောတည်ကြည်ခြင်း ‘သမ္မာသမာဓိ'တည်း။ ငါ့သျှင် ဤဆင်းရဲဒုက္ခကို ပိုင်းခြားသိခြင်းငှါ လမ်းကား ဤသည်ပင်တည်း၊ အကျင့်ကား ဤသည်ပင်တည်းဟု မိန့်ဆို၏။ ငါ့သျှင် ဤဆင်းရဲဒုက္ခကို ပိုင်းခြားသိခြင်းငှါလမ်းသည် ကောင်း၏၊ အကျင့်သည် ကောင်း၏။ ငါ့သျှင် သာရိပုတြာ မမေ့မလျော့ခြင်းငှါ သင့်သည်သာတည်းဟု (ပြောဆို၏)။

စတုတ္ထသုတ်။

၅-အဿာသပ္ပတ္တသုတ်

၃၁၈။ ငါ့သျှင် သာရိပုတြာ “သက်သာရာသို့ ရောက်သူ သက်သာရာသို့ ရောက်သူ”ဟု ဆိုအပ်၏၊ ငါ့သျှင် အဘယ်မျှဖြင့် သက်သာရာသို့ ရောက်သူ ဖြစ်ပါသနည်းဟု မေး၏။ ငါ့သျှင် ရဟန်းသည် တွေ့ထိမှု၏ တည်ရာ ‘ဖဿာယတန’ တို့၏ ဖြစ်ကြောင်းကိုလည်းကောင်း၊ ချုပ်ကြောင်းကိုလည်းကောင်း၊ သာယာ ဖွယ်ကိုလည်းကောင်း၊ အပြစ်ကိုလည်းကောင်း၊ ထွက်မြောက်ရာကိုလည်းကောင်းဟုတ်တိုင်းမှန်စွာ သိ၏။ ငါ့သျှင် ဤမျှဖြင့် သက်သာရာသို့ ရောက်သူ ဖြစ်၏ဟု မိန့်ဆို၏။ ငါ့သျှင် ဤသက်သာရာကို မျက်မှောက် ပြုခြင်းငှါ လမ်းသည် ရှိသလော၊ အကျင့်သည် ရှိသလောဟု မေး၏။

ငါ့သျှင် ဤသက်သာရာကို မျက် မှောက်ပြုခြင်းငှါ လမ်းသည် ရှိ၏၊ အကျင့်သည် ရှိ၏ဟု မိန့်ဆို၏။

ငါ့သျှင် ဤသက်သာရာကို မျက်မှောက်ပြုခြင်းငှါ လမ်းသည် အဘယ်နည်း၊ အကျင့်သည် အဘယ်နည်းဟု မေး၏။ ငါ့သျှင် ဤသက်သာရာကို မျက်မှောက်ပြုခြင်းငှါ (လမ်းသည်, အကျင့်သည်ကား) အင်္ဂါရှစ်ပါးရှိသော ဤအရိယာမဂ်ပင်တည်း။ ဤသည်ကား အဘယ်နည်း၊ မှန်ကန်သော မြင်ခြင်း ‘သမ္မာဒိဋ္ဌိ’။ပ။ မှန်ကန်သော တည်ကြည်ခြင်း ‘သမ္မာသမာဓိ’ တည်း။ ငါ့သျှင် ဤသက်သာရာကို မျက်မှောက်ပြုခြင်းငှါလမ်းသည် ဤသည်ပင်တည်း၊ အကျင့်သည် ဤသည်ပင်တည်းဟု မိန့်ဆို၏။ ငါ့သျှင် ဤသက်သာရာကိုမျက် မှောက်ပြုခြင်းငှါ လမ်းသည် ကောင်း၏၊ အကျင့်သည် ကောင်း၏။ ငါ့သျှင် သာရိပုတြာမမေ့မလျော့ခြင်းငှါ သင့်သည်သာတည်းဟု ပြောဆို၏။

ပဉ္စမသုတ်။

--

၆-ပရမဿာသပ္ပတ္တသုတ်

၃၁၉။ ငါ့သျှင် သာရိပုတြာ “လွန်ကဲသော သက်သာရာသို့ ရောက်သူ လွန်ကဲသော သက်သာရာသို့ရောက်သူ”ဟု ဆိုအပ်၏၊ ငါ့သျှင် အဘယ်မျှဖြင့် လွန်ကဲသော သက်သာရာသို့ ရောက်သူ ဖြစ်သနည်းဟုမေး၏။ ငါ့သျှင် ရဟန်းသည် တွေ့ထိမှု၏ တည်ရာ ‘ဖဿာယတန’ ခြောက်ပါးတို့၏ ဖြစ်ကြောင်းကိုလည်းကောင်း၊ ချုပ်ကြောင်းကိုလည်းကောင်း၊ သာယာဖွယ်ကိုလည်းကောင်း၊ အပြစ်ကိုလည်းကောင်း၊ လွတ်မြောက်ရာကိုလည်းကောင်းဟုတ်တိုင်းမှန်စွာ သိ၍ မစွဲလမ်းဘဲ ကိလေသာတို့မှ လွတ်၏။ ငါ့သျှင် ဤမျှဖြင့် လွန်ကဲသော သက်သာရာသို့ ရောက်သူ ဖြစ်၏။ ငါ့သျှင် လွန်ကဲသော သက်သာရာကိုမျက်မှောက်ပြုခြင်း ငှါ လမ်းသည် ရှိသလော၊ အကျင့်သည် ရှိသလောဟု မေး၏။ ငါ့သျှင် လွန်ကဲသောသက်သာရာကို မျက် မှောက်ပြုခြင်းငှါ လမ်းသည် ရှိ၏၊ အကျင့်သည် ရှိ၏ဟု မိန့်ဆို၏။

ငါ့သျှင် ဤလွန်ကဲသော သက်သာရာကို မျက်မှောက်ပြုခြင်းငှါ လမ်းသည် အဘယ်နည်း၊ အကျင့်သည်အဘယ်နည်းဟု မေး၏။ ငါ့သျှင် ဤလွန်ကဲသော သက်သာရာကို မျက်မှောက်ပြုခြင်းငှါ (လမ်းသည်,အကျင့်သည်ကား) အင်္ဂါရှစ်ပါးရှိသော ဤအရိယာမဂ်ပင်တည်း။ ဤသည်ကား အဘယ်နည်း၊ မှန်ကန်သော မြင်ခြင်း ‘သမ္မာဒိဋ္ဌိ’။ပ။ မှန်ကန်သော တည်ကြည်ခြင်း ‘သမ္မာသမာဓိ’ တည်း။ ငါ့သျှင် ဤလွန်ကဲသော သက်သာရာကို မျက်မှောက်ပြုခြင်းငှါ လမ်းသည် ဤသည်ပင်တည်း၊ အကျင့်သည် ဤသည်ပင်တည်းဟု မိန့်ဆို၏။ ငါ့သျှင် ဤလွန်ကဲသော သက်သာရာကို မျက်မှောက်ပြုခြင်းငှါ လမ်းသည်ကောင်း၏၊ အကျင့်သည် ကောင်း၏။ ငါ့သျှင် သာရိပုတြာ မမေ့မလျော့ခြင်းငှါ သင့်သည်သာတည်းဟုပြောဆို၏။

ဆဋ္ဌသုတ်။

၇-ဝေဒနာပဥှာသုတ်

၃၂၀။ ငါ့သျှင် သာရိပုတြာ “ဝေဒနာ ဝေဒနာ”ဟု ဆိုအပ်၏၊ ငါ့သျှင် ဝေဒနာတို့သည် အဘယ်တို့နည်းဟု မေး၏။ ငါ့သျှင် ဤဝေဒနာတို့သည် သုံးပါးတို့တည်း။ အဘယ်သုံးပါးတို့နည်း၊ သုခဝေဒနာ၊ ဒုက္ခဝေဒနာ၊ ဥပေက္ခာဝေဒနာတို့တည်း။ ငါ့သျှင် ဤသုံးပါးတို့သည် ဝေဒနာတို့တည်းဟု မိန့်ဆို၏။

ငါ့သျှင် ဤသုံးပါးကုန်သော ဝေဒနာတို့ကို ပိုင်းခြားသိခြင်းငှါ လမ်းသည် ရှိသလော၊ အကျင့်သည်ရှိသလောဟု မေး၏။ ငါ့သျှင် ဤသုံးပါးကုန်သော ဝေဒနာတို့ကို ပိုင်းခြားသိခြင်းငှါ လမ်းသည် ရှိ၏၊ အကျင့်သည် ရှိ၏ဟု မိန့်ဆို၏။

--

ငါ့သျှင် ဤသုံးပါးကုန်သော ဝေဒနာတို့ကို ပိုင်းခြားသိခြင်းငှါ လမ်းသည် အဘယ်နည်း၊ အကျင့်သည်အဘယ်နည်းဟု မေး၏။ ငါ့သျှင် ဤသုံးပါးကုန်သော ဝေဒနာတို့ကို ပိုင်းခြားသိခြင်းငှါ (လမ်းသည်,့အကျင့်သည်ကား) အင်္ဂါရှစ်ပါးရှိသော ဤအရိယာမဂ်ပင်တည်း။ ဤသည်ကား အဘယ်နည်း၊ မှန်ကန်သော မြင်ခြင်း ‘သမ္မာဒိဋ္ဌိ’။ပ။ မှန်ကန်သော တည်ကြည်ခြင်း ‘သမ္မာသမာဓိ’ တို့တည်း။ ငါ့သျှင် ဤသုံးပါးကုန်သော ဝေဒနာတို့ကို ပိုင်းခြားသိခြင်းငှါ လမ်းသည် ဤသည်ပင်တည်း၊ အကျင့်သည် ဤသည်ပင် တည်းဟု မိန့်ဆို၏။ ငါ့သျှင် ဤသုံးပါးကုန်သော ဝေဒနာတို့ကို ပိုင်းခြားသိခြင်းငှါ လမ်းသည်ကောင်း၏၊ အကျင့်သည် ကောင်း၏။ ငါ့သျှင် သာရိပုတြာ မမေ့မလျော့ခြင်းငှါ သင့်သည်သာတည်းဟုပြောဆို၏။

သတ္တမသုတ်။

၈-အာသဝပဥှာသုတ်

၃၂၁။ ငါ့သျှင် သာရိပုတြာ “အာသဝ အာသဝ”ဟု ဆိုအပ်၏၊ ငါ့သျှင် အာသဝဟူသည် အဘယ်ပါနည်းဟု မေး၏။ ငါ့သျှင် ဤအာသဝတို့သည် သုံးပါးတို့တည်း။ ကာမာသဝ၊ ဘဝါသဝ၊ အဝိဇ္ဇာသဝ၊ ဤသုံးပါးတို့သည် အာသဝတို့တည်းဟု မိန့်ဆို၏။ ငါ့သျှင် ဤအာသဝတို့ကို ပယ်ခြင်းငှါ လမ်းသည်ရှိသလော၊ အကျင့်သည် ရှိသလောဟု မေး၏။ ငါ့သျှင် ဤအာသဝတို့ကို ပယ်ခြင်းငှါ လမ်းသည် ရှိ၏၊ အကျင့်သည် ရှိ၏ဟု မိန့်ဆို၏။

ငါ့သျှင် ဤအာသဝတို့ကို ပယ်ခြင်းငှါ လမ်းသည် အဘယ်နည်း၊ အကျင့်သည် အဘယ်နည်းဟု မေး၏။

ငါ့သျှင် အာသဝတို့ကို ပယ်ခြင်းငှါ (လမ်းသည်, အကျင့်သည်ကား) အင်္ဂါရှစ်ပါးရှိသော ဤအရိယာမဂ်ပင်တည်း။ ဤသည်ကား အဘယ်နည်း၊ မှန်ကန်သော မြင်ခြင်း ‘သမ္မာဒိဋ္ဌိ’။ပ။ မှန်ကန်သော တည်ကြည်ခြင်း ‘သမ္မာသမာဓိ’ တို့တည်း။ ငါ့သျှင် ဤအာသဝတို့ကို ပယ်ခြင်းငှါ လမ်းသည် ဤသည်ပင်တည်း၊ အကျင့်သည် ဤသည်ပင်တည်းဟု မိန့်ဆို၏။ ငါ့သျှင် ဤအာသဝတို့ကို ပယ်ခြင်းငှါ လမ်းသည်ကောင်း၏၊ အကျင့်သည် ကောင်း၏။ ငါ့သျှင် သာရိပုတြာ မမေ့မလျော့ခြင်းငှါ သင့်သည်သာတည်းဟုပြောဆို၏။

အဋ္ဌမသုတ်။

--

၉-အဝိဇ္ဇာပဥှာသုတ်

၃၂၂။ ငါ့သျှင် သာရိပုတြာ “အဝိဇ္ဇာ အဝိဇ္ဇာ”ဟု ဆိုအပ်၏၊ ငါ့သျှင် အဝိဇ္ဇာဟူသည် အဘယ်ပါနည်းဟု မေး၏။ ငါ့သျှင် ဆင်းရဲ ‘ဒုက္ခ’ ၌ မသိမှု၊ ဆင်းရဲဖြစ်ကြောင်း၌ မသိမှု၊ ဆင်းရဲချုပ်ရာ၌ မသိမှု၊ ဆင်းရဲချုပ်ရာသို့ ရောက်ကြောင်းအကျင့်၌ မသိမှုကို ‘အဝိဇ္ဇာ’ဟု ဆိုအပ်၏ဟု မိန့်ဆို၏။ ငါ့သျှင် ဤအဝိဇ္ဇာကို ပယ်ခြင်းငှါ လမ်းသည် ရှိသလော၊ အကျင့်သည် ရှိသလောဟု မေး၏။ ငါ့သျှင် ဤအဝိဇ္ဇာကိုပယ်ခြင်းငှါ လမ်းသည် ရှိ၏၊ အကျင့်သည် ရှိ၏ဟု မိန့်ဆို၏။

ငါ့သျှင် ဤအဝိဇ္ဇာကို ပယ်ခြင်းငှါ လမ်းသည် အဘယ်နည်း၊ အကျင့်သည် အဘယ်နည်းဟု မေး၏။ ငါ့သျှင် အဝိဇ္ဇာကို ပယ်ခြင်းငှါ (လမ်းသည်, အကျင့်သည်ကား) အင်္ဂါရှစ်ပါးရှိသော ဤအရိယာမဂ်ပင်တည်း။ ဤသည်ကား အဘယ်နည်း၊ မှန်ကန်သော မြင်ခြင်း ‘သမ္မာဒိဋ္ဌိ’။ပ။ မှန်ကန်သော တည်ကြည်ခြင်း'သမ္မာသမာဓိ'တို့တည်း။ ငါ့သျှင် ဤအဝိဇ္ဇာကို ပယ်ခြင်းငှါ လမ်းသည် ဤသည်ပင်တည်း၊ အကျင့်သည် ဤသည်ပင်တည်းဟု မိန့်ဆို၏။ ငါ့သျှင် ဤအဝိဇ္ဇာကို ပယ်ခြင်းငှါ လမ်းသည် ကောင်း၏၊ အကျင့်သည်ကောင်း၏။ ငါ့သျှင် သာရိပုတြာ မမေ့မလျော့ခြင်းငှါ သင့်သည်သာတည်းဟု ပြောဆို၏။

နဝမသုတ်။

၁၀-တဏှာပဥှာသုတ်

၃၂၃။ ငါ့သျှင် သာရိပုတြာ “တဏှာ တဏှာ”ဟု ဆိုအပ်၏၊ ငါ့သျှင် တဏှာဟူသည် အဘယ်ပါနည်းဟု မေး၏။ ငါ့သျှင် ဤတဏှာတို့သည် သုံးပါးတို့တည်း။ ကာမတဏှာ၊ ဘဝတဏှာ၊ ဝိဘဝတဏှာတို့တည်း။ ငါ့သျှင် ဤသုံးပါးတို့သည် တဏှာတို့တည်းဟု မိန့်ဆို၏။ ငါ့သျှင် ဤတဏှာတို့ကို ပယ်ခြင်းငှါလမ်းသည် ရှိသလော၊ အကျင့်သည် ရှိသလောဟု မေး၏။ ငါ့သျှင် ဤတဏှာတို့ကို ပယ်ခြင်းငှါ လမ်းသည် ရှိ၏၊ အကျင့်သည် ရှိ၏ဟု မိန့်ဆို၏။

ငါ့သျှင် ဤတဏှာတို့ကို ပယ်ခြင်းငှါ လမ်းသည် အဘယ်နည်း၊ အကျင့်သည် အဘယ်နည်းဟု မေး၏။

ငါ့သျှင် တဏှာတို့ကို ပယ်ခြင်းငှါ (လမ်းသည်, အကျင့်သည်ကား) အင်္ဂါရှစ်ပါးရှိသော ဤအရိယာမဂ်ပင်တည်း။ ဤသည်ကား အဘယ်နည်း၊ မှန်ကန်သော မြင်ခြင်း ‘သမ္မာဒိဋ္ဌိ’။ပ။ မှန်ကန်သော တည်ကြည်ခြင်း ‘သမ္မာသမာဓိ’ တို့တည်း။ ငါ့သျှင် ဤတဏှာတို့ကို ပယ်ခြင်းငှါ လမ်းသည် ဤသည်ပင်တည်း၊ အကျင့်သည် ဤသည်ပင်တည်းဟု မိန့်ဆို၏။ ငါ့သျှင် ဤတဏှာတို့ကို ပယ်ခြင်းငှါ လမ်းသည်ကောင်း၏၊ အကျင့်သည် ကောင်း၏။ ငါ့သျှင် သာရိပုတြာ မမေ့မလျော့ခြင်းငှါ သင့်သည်သာတည်းဟုပြောဆို၏။

ဒသမသုတ်။

--

၁၁-ဩဃပဥှာသုတ်

၃၂၄။ ငါ့သျှင် သာရိပုတြာ “ဩဃ ဩဃ”ဟု ဆိုအပ်၏၊ ငါ့သျှင် ဩဃဟူသည် အဘယ်ပါနည်းဟုမေး၏။ ငါ့သျှင် ဩဃတို့သည် ဤလေးပါးတို့တည်း။ ကာမောဃ၊ ဘဝေါဃ၊ ဒိဋ္ဌောဃ၊ အဝိဇ္ဇောဃတို့တည်း။ ငါ့သျှင် ဤလေးပါးတို့သည် ဩဃတို့တည်းဟု မိန့်ဆို၏။ ငါ့သျှင် ဤဩဃတို့ကို ပယ်ခြင်းငှါလမ်းသည် ရှိသလော၊ အကျင့်သည် ရှိသလောဟု မေး၏။ ငါ့သျှင် ဤဩဃတို့ကို ပယ်ခြင်းငှါလမ်းသည် ရှိ၏၊ အကျင့်သည် ရှိ၏ဟု မိန့်ဆို၏။

ငါ့သျှင် ဤဩဃတို့ကို ပယ်ခြင်းငှါ လမ်းသည် အဘယ်နည်း၊ အကျင့်သည် အဘယ်နည်းဟု မေး၏။

ငါ့သျှင် ဩဃတို့ကို ပယ်ခြင်းငှါ (လမ်းသည်, အကျင့်သည်ကား) အင်္ဂါရှစ်ပါးရှိသော ဤအရိယာမဂ်ပင်တည်း။ ဤသည်ကား အဘယ်နည်း၊ မှန်ကန်သော မြင်ခြင်း ‘သမ္မာဒိဋ္ဌိ’။ပ။ မှန်ကန်သော တည်ကြည်ခြင်း ‘သမ္မာသမာဓိ’ တို့တည်း။ ငါ့သျှင် ဤဩဃတို့ကို ပယ်ခြင်းငှါ လမ်းသည် ဤသည်ပင်တည်း၊ အကျင့်သည် ဤသည်ပင်တည်းဟု မိန့်ဆို၏။ ငါ့သျှင် ဤဩဃတို့ကို ပယ်ခြင်းငှါ လမ်းသည် ကောင်း၏၊ အကျင့်သည် ကောင်း၏။ ငါ့သျှင် သာရိပုတြာ မမေ့မလျော့ခြင်းငှါ သင့်သည်သာတည်းဟု ပြောဆို၏။

ဧကာဒသမသုတ်။

၁၂-ဥပါဒါနပဥှာသုတ်

၃၂၅။ ငါ့သျှင် သာရိပုတြာ “ဥပါဒါန် ဥပါဒါန်”ဟု ဆိုအပ်၏၊ ငါ့သျှင် ဥပါဒါန်ဟူသည် အဘယ်ပါနည်းဟု မေး၏။ ငါ့သျှင် ဥပါဒါန်တို့သည် ဤလေးပါးတို့တည်း။ ကာမုပါဒါန်၊ ဒိဋ္ဌုပါဒါန်၊ သီလဗ္ဗတုပါဒါန်၊ အတ္တဝါဒုပါဒါန်တို့တည်း။ ငါ့သျှင် ဤလေးပါးတို့သည် ဥပါဒါန်တို့တည်းဟု မိန့်ဆို၏။ ငါ့သျှင် ဤဥပါဒါန် တို့ကို ပယ်ခြင်းငှါ လမ်းသည် ရှိသလော၊ အကျင့်သည် ရှိသလောဟု မေး၏။ ငါ့သျှင် ဤဥပါဒါန်တို့ကို ပယ်ခြင်းငှါ လမ်းသည် ရှိ၏၊ အကျင့်သည် ရှိ၏ဟု မိန့်ဆို၏။

ငါ့သျှင် ဤဥပါဒါန်တို့ကို ပယ်ခြင်းငှါ လမ်းသည် အဘယ်နည်း၊ အကျင့်သည် အဘယ်နည်းဟု မေး၏။

ငါ့သျှင် ဥပါဒါန်တို့ကို ပယ်ခြင်းငှါ (လမ်းသည်, အကျင့်သည်ကား) အင်္ဂါရှစ်ပါးရှိသော ဤအရိယာမဂ်ပင်တည်း။ ဤသည်ကား အဘယ်နည်း၊ မှန်ကန်သော မြင်ခြင်း ‘သမ္မာဒိဋ္ဌိ’။ပ။ မှန်ကန်သောတည်ကြည် ခြင်း ‘သမ္မာသမာဓိ’ တို့တည်း။ ငါ့သျှင် ဤဥပါဒါန်တို့ကို ပယ်ခြင်းငှါ လမ်းသည့် ဤသည်ပင်တည်း၊ အကျင့်သည် ဤသည်ပင်တည်းဟု မိန့်ဆို၏။ ငါ့သျှင် ဤဥပါဒါန်တို့ကို ပယ်ခြင်းငှါလမ်းသည် ကောင်း၏၊ အကျင့်သည် ကောင်း၏။ ငါ့သျှင် သာရိပုတြာ မမေ့မလျော့ခြင်းငှါသင့်သည်သာတည်းဟု ပြောဆို၏။

ဒွါဒသမသုတ်။

၁၃-ဘဝပဥှာသုတ်

၃၂၆။ ငါ့သျှင် သာရိပုတြာ “ဘဝ ဘဝ”ဟု ဆိုအပ်၏၊ ငါ့သျှင် ဘဝဟူသည် အဘယ်နည်းဟု မေး၏။ ငါ့သျှင် ဘဝတို့သည် ဤသုံးပါးတို့တည်း။ ကာမဘဝ၊ ရူပဘဝ၊ အရူပဘဝတို့တည်း။ ငါ့သျှင် ဤသုံးပါးတို့သည် ဘဝတို့တည်းဟု မိန့်ဆို၏။ ငါ့သျှင် ဤဘဝတို့ကို ပိုင်းခြား၍ သိခြင်းငှါ လမ်းသည် ရှိသလော၊ အကျင့်သည် ရှိသလောဟု မေး၏။ ငါ့သျှင် ဤဘဝတို့ကို ပိုင်းခြား၍ သိခြင်းငှါ လမ်းသည် ရှိ၏၊ အကျင့်သည် ရှိ၏ဟု မိန့်ဆို၏။

ငါ့သျှင် ဤဘဝတို့ကို ပိုင်းခြား၍ သိခြင်းငှါ လမ်းသည် အဘယ်နည်း၊ အကျင့်သည် အဘယ်နည်းဟုမေး၏။ ငါ့သျှင် ဤဘဝတို့ကို ပိုင်းခြား၍ သိခြင်းငှါ (လမ်းသည်, အကျင့်သည်ကား) အင်္ဂါရှစ်ပါး ရှိသော ဤအရိယမဂ်ပင်တည်း။ ဤသည်ကား အဘယ်နည်း၊ မှန်ကန်သော မြင်ခြင်း ‘သမ္မာဒိဋ္ဌိ’။ပ။ မှန် ကန်သောတည်ကြည်ခြင်း'သမ္မာသမာဓိ'တို့တည်း။ ငါ့သျှင် ဤဘဝတို့ကို ပိုင်းခြား၍ သိခြင်းငှါ လမ်းသည် ဤသည်ပင်တည်း၊ အကျင့်သည် ဤသည်ပင်တည်းဟု မိန့်ဆို၏။ ငါ့သျှင် ဤဘဝတို့ကို ပိုင်းခြား၍ သိခြင်းငှါ လမ်းသည် ကောင်း၏၊ အကျင့်သည် ကောင်း၏။ ငါ့သျှင် သာရိပုတြာ မမေ့မလျော့ခြင်းငှါ သင့်သည်သာတည်းဟု ပြောဆို၏။

တေရသမသုတ်။

၁၄-ဒုက္ခပဥှာသုတ်

၃၂၇။ ငါ့သျှင် သာရိပုတြာ “ဒုက္ခ ဒုက္ခ္ခ”ဟု ဆိုအပ်၏၊ ငါ့သျှင် ဒုက္ခဟူသည် အဘယ်နည်းဟု မေး၏။ ငါ့သျှင် ဒုက္ခသဘောတို့သည် ဤသုံးပါးတို့တည်း။ ဒုက္ခဒုက္ခ္ခ၊ သင်္ခါရဒုက္ခ၊ ဝိပရိဏာမဒုက္ခ္ခတို့တည်း။ ငါ့သျှင် ဤသုံးပါးတို့သည် ဒုက္ခသဘောတို့တည်းဟု မိန့်ဆို၏။ ငါ့သျှင် ဤဒုက္ခသဘောတို့ကို ပိုင်းခြား၍ သိခြင်းငှါ လမ်းသည် ရှိသလော၊ အကျင့်သည် ရှိသလောဟု မေး၏။ ငါ့သျှင် ဤဒုက္ခသဘောတို့ကိုပိုင်းခြား၍ သိခြင်းငှါ လမ်းသည် ရှိ၏၊ အကျင့်သည် ရှိ၏ဟု မိန့်ဆို၏။

ငါ့သျှင် ဤဒုက္ခသဘောတို့ကို ပိုင်းခြား၍ သိခြင်းငှါ လမ်းသည် အဘယ်နည်း၊ အကျင့်သည်အဘယ်နည်းဟု မေး၏။ ငါ့သျှင် ဤဒုက္ခသဘောတို့ကို ပိုင်းခြား၍ သိခြင်းငှါ (လမ်းသည်, အကျင့်သည်ကား) အင်္ဂါရှစ်ပါးရှိသော ဤအရိယမဂ်ပင်တည်း။ ဤသည်ကား အဘယ်နည်း၊ မှန်ကန်သော မြင်ခြင်း'သမ္မာဒိဋ္ဌိ’။ပ။ မှန်ကန်သော တည်ကြည်ခြင်း ‘သမ္မာသမာဓိ’ တို့တည်း။ ငါ့သျှင် ဤဒုက္ခသဘောတို့ကို ပိုင်းခြား၍ သိခြင်းငှါ လမ်းသည် ဤသည်ပင်တည်း၊ အကျင့်သည် ဤသည်ပင်တည်းဟု မိန့်ဆို၏။ ငါ့သျှင် ဤဒုက္ခသဘောတို့ကို ပိုင်းခြား၍ သိခြင်းငှါ လမ်းသည် ကောင်း၏၊ အကျင့်သည် ကောင်း၏။ ငါ့သျှင်သာရိပုတြာ မမေ့မလျော့ခြင်းငှါ သင့်သည်သာတည်းဟု ပြောဆို၏။

စုဒ္ဒသမသုတ်။

--

၁၅-သက္ကာယပဥှာသုတ်

၃၂၈။ ငါ့သျှင် သာရိပုတြာ “သက္ကာယ သက္ကာယ”ဟု ဆိုအပ်၏၊ ငါ့သျှင် သက္ကာယဟူသည် အဘယ်ပါနည်းဟု မေး၏။ ငါ့သျှင် ငါးပါးကုန်သော ဤဥပါဒါနက္ခန္ဓာတို့ကို သက္ကာယဟု မြတ်စွာဘုရားသည့်ဟော တော်မူအပ်၏။ ဤငါးပါးတို့သည် အဘယ်နည်း၊ ရူပုပါဒါနက္ခန္ဓာ၊ ဝေဒနုပါဒါနက္ခန္ဓာ၊ သညုပါဒါနက္ခန္ဓာ၊ သင်္ခါရုပါဒါနက္ခန္ဓာ၊ ဝိညာဏုပါဒါနက္ခန္ဓာတို့တည်း။ ဤငါးပါးကုန်သောဥပါဒါနက္ခန္ဓာတို့ကို သက္ကာယဟု မြတ်စွာဘုရားသည် ဟောတော်မူအပ်၏ဟု မိန့်ဆို၏။ ငါ့သျှင် ဤသက္ကာယကို ပိုင်းခြား၍ သိခြင်းငှါ လမ်းသည် ရှိသလော၊ အကျင့်သည် ရှိသလောဟု မေး၏။

ငါ့သျှင် ဤသက္ကာယကို ပိုင်းခြား၍ သိခြင်းငှါ လမ်းသည် ရှိ၏၊ အကျင့်သည် ရှိ၏ဟု မိန့်ဆို၏။

ငါ့သျှင် ဤသက္ကာယကို ပိုင်းခြား၍ သိခြင်းငှါ လမ်းသည် အဘယ်နည်း၊ အကျင့်သည် အဘယ်နည်းဟုမေး၏။ ငါ့သျှင် ဤသက္ကာယကို ပိုင်းခြား၍ သိခြင်းငှါ (လမ်းသည်, အကျင့်သည်ကား) အင်္ဂါရှစ်ပါးရှိသော ဤအရိယမဂ်ပင်တည်း။ ဤသည်ကား အဘယ်နည်း၊ မှန်ကန်သော မြင်ခြင်း'သမ္မာဒိဋ္ဌိ’။ပ။ မှန်ကန်သော တည်ကြည်ခြင်း ‘သမ္မာသမာဓိ’ တို့တည်း။ ငါ့သျှင် ဤသက္ကာယတို့ကို ပိုင်းခြား၍ သိခြင်းငှါ လမ်းသည် ဤသည်ပင်တည်း၊ အကျင့်သည် ဤသည်ပင်တည်းဟု မိန့်ဆို၏။ ငါ့သျှင် ဤသက္ကာယတို့ကို ပိုင်းခြား၍ သိခြင်းငှါ လမ်းသည် ကောင်း၏၊ အကျင့်သည် ကောင်း၏။ ငါ့သျှင် သာရိပုတြာမမေ့မလျော့ခြင်းငှါ သင့်သည်သာတည်းဟု ပြောဆို၏။

ပန္နရသမသုတ်။

၁၆-ဒုက္ကရပဥှာသုတ်

၃၂၉။ ငါ့သျှင် သာရိပုတြာ ဤသာသနာတော်၌ ပြုနိုင်ခဲသော အရာသည် အဘယ်နည်းဟု မေး၏။

ငါ့သျှင် ဤသာသနာတော်၌ ပြုနိုင်ခဲသော အရာကား ရှင်ရဟန်းအဖြစ်တည်းဟု မိန့်ဆို၏။ ငါ့သျှင် ရဟန်းဖြစ်ပြီးသူသည် အဘယ်ကို ပြုနိုင်ခဲသနည်းဟု မေး၏။ ငါ့သျှင် ရဟန်းဖြစ်ပြီးသူသည် မွေ့လျော်ခြင်းကို ပြုနိုင်ခဲ၏ဟု မိန့်ဆို၏။ ငါ့သျှင် သာရိပုတြာ (ရဟန်းအဖြစ်၌ ) မွေ့လျော်သော သူသည် အဘယ်ကို ပြုနိုင်ခဲသနည်းဟု မေး၏။ ငါ့သျှင် (ရဟန်းအဖြစ်၌ ) မွေ့လျော်သော သူသည် တရားအား လျော်သောအကျင့်ကို ကျင့်ခြင်းငှါ ပြုနိုင်ခဲ၏ဟု မိန့်ဆို၏။ ငါ့သျှင် အဘယ်မျှကြာလျှင် တရားအား လျော်သောအကျင့်ကို ကျင့် သော ရဟန်းသည် ရဟန္တာဖြစ်ရာသနည်းဟု မေး၏။ ငါ့သျှင် မကြာမီရဟန္တာဖြစ်ရာ၏ဟု မိန့်ဆို၏။

သောဠသမသုတ်။

ဇမ္ဗုခါဒကသံယုတ် ပြီး၏။

--

၅-သာမဏ္ဍကသံယုတ်

၁-သာမဏ္ဍကသုတ်

၃၃၀။ အခါတစ်ပါး၌ အသျှင်သာရိပုတြာသည် ဝဇ္ဇီတိုင်း ဥက္ကစေလာမြို့ ဂင်္ဂါမြစ်ကမ်း၌ (သီတင်းသုံး) နေ၏၊ ထိုအခါ သာမဏ္ဍကပရိဗိုဇ်သည် အသျှင်သာရိပုတြာထံသို့ ချဉ်းကပ်၍ အသျှင်သာရိပုတြာနှင့် အတူဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆိုပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် အသျှင်သာရိပုတြာအား ငါ့သျှင် သာရိပုတြာ “နိဗ္ဗာန် နိဗ္ဗာန်”ဟု ဆိုအပ်၏၊ ငါ့သျှင် နိဗ္ဗာန်ဟူသည် အဘယ်နည်းဟူသော ဤစကားကို လျှောက်၏။ ငါ့သျှင် ရာဂကုန်ရာ ဒေါသကုန်ရာ မောဟကုန်ရာကို နိဗ္ဗာန်ဟု ဆိုအပ်၏ဟု မိန့်ဆို၏။ ငါ့သျှင် ဤနိဗ္ဗာန်ကို မျက်မှောက်ပြုရန် လမ်းသည် ရှိသလော၊ အကျင့်သည် ရှိသလောဟုမေး၏။ ငါ့သျှင် ဤနိဗ္ဗာန်ကို မျက်မှောက်ပြုရန် လမ်းသည် ရှိ၏၊ အကျင့်သည် ရှိ၏ဟု မိန့်ဆို၏။

ငါ့သျှင် ဤနိဗ္ဗာန်ကို မျက်မှောက်ပြုရန် လမ်းသည် အဘယ်ပါနည်း၊ အကျင့်သည် အဘယ်ပါနည်းဟုမေး၏။ ငါ့သျှင် ဤနိဗ္ဗာန်ကို မျက်မှောက်ပြုရန် (လမ်းသည်, အကျင့်သည်ကား) အင်္ဂါရှစ်ပါးရှိသော ဤအရိယမဂ်ပင်တည်း။ ဤသည်ကား အဘယ်နည်း၊ မှန်ကန်သော မြင်ခြင်း ‘သမ္မာဒိဋ္ဌိ’။ပ။ မှန်ကန်သော တည်ကြည်ခြင်း ‘သမ္မာသမာဓိ’ တို့တည်း။ ငါ့သျှင် ဤနိဗ္ဗာန်ကို ပိုင်းခြား၍ သိခြင်းငှါ လမ်းသည် ဤသည်ပင်တည်း၊ အကျင့်သည် ဤသည်ပင်တည်းဟု မိန့်ဆို၏။ ငါ့သျှင် ဤနိဗ္ဗာန်ကို ပိုင်းခြား၍ သိခြင်းငှါ လမ်းသည် ကောင်း၏။ အကျင့်သည် ကောင်း၏၊ ငါ့သျှင် သာရိပုတြာ မမေ့မလျော့ခြင်းငှါ သင့်သည် သာတည်းဟု ပြောဆို၏။

ပဌမသုတ်။

[ဇမ္ဗုခါဒကသုတ်ကဲ့သို့ ချဲ့အပ်၏]။

၁၆-ဒုက္ကရသုတ်

၃၃၁။ ငါ့သျှင် သာရိပုတြာ ဤသာသနာတော်၌ ပြုနိုင်ခဲသော အရာသည် အဘယ်ပါနည်းဟု မေး၏။

ငါ့သျှင် ဤသာသနာတော်၌ ရှင်ရဟန်းအဖြစ်သည် ပြုနိုင်ခဲ၏ဟု မိန့်ဆို၏။ ငါ့သျှင် ရဟန်းပြုပြီးသူသည်ကား အဘယ်ကို ပြုနိုင်ခဲသနည်းဟု မေး၏။ ငါ့သျှင် ရဟန်းပြုပြီးသူသည် မွေ့လျော်ခြင်းကို ပြုနိုင်ခဲ၏ဟု မိန့်ဆို၏။ ငါ့သျှင် (ရဟန်းအဖြစ်၌ ) မွေ့လျော်သောသူသည် အဘယ်ကို ပြုနိုင်ခဲသနည်းဟုမေး၏။ ငါ့သျှင် (ရဟန်းအဖြစ်၌ ) မွေ့လျော်သော သူသည် တရားအား လျော်စွာ ကျင့်ခြင်းကိုပြုနိုင်ခဲ၏ဟု မိန့်ဆို၏။ ငါ့သျှင် အဘယ်မျှကြာလျှင် တရားအား လျော်သော အကျင့်ကို ကျင့်သောရဟန်းသည် ရဟန္တာဖြစ် ရာသနည်းဟု မေး၏။ ငါ့သျှင် မကြာမီ ရဟန္တာဖြစ်ရာ၏ဟု မိန့်ဆို၏။

သောဠသမသုတ်။

သာမဏ္ဍကသံယုတ် ပြီး၏။

--

၆-မောဂ္ဂလာနသံယုတ်

၁-ပဌမ ဈာနပဥှာသုတ်

၃၃၂။ အခါတစ်ပါး၌ အသျှင်မဟာမောဂ္ဂလာန်သည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ် သောဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ အသျှင်မဟာမောဂ္ဂလာန်သည် ရဟန်း တို့ကို"ငါ့သျှင် ရဟန်းတို့”ဟု မိန့်တော်မူ၏၊ “ငါ့သျှင်”ဟု ထိုရဟန်းတို့သည် အသျှင်မဟာမောဂ္ဂလာန် အားပြန်ကြား လျှောက်ထားကြကုန်၏၊ အသျှင်မဟာမောဂ္ဂလာန်သည် ဤစကားကို မိန့်တော်မူ၏-ိံငါ့သျှင်တို့ ငါသည် ဆိတ်ငြိမ်ရာအရပ်သို့ ကပ်ရောက်လျက် တစ်ပါးတည်း ကိန်းအောင်းစဉ် “ပဌမ ဈာန်ပဌမဈာန်”ဟု ဆိုအပ်၏၊ အဘယ်သည် ပဌမဈာန်နည်းဟု စိတ်အကြံ ဖြစ်၏၊ ငါ့သျှင်တို့ ထိုငါ့အား ဤသို့ အကြံ ဖြစ်ပြန်၏- “ ဤသာသနာတော်၌ ရဟန်းသည် ကာမတို့မှ ဆိတ်၍ သာလျှင် အကုသိုတ်တရားတို့မှ ဆိတ်၍ သာလျှင် ကြံစည်မှု ‘ဝိတက်’ နှင့်တကွ သုံးသပ်မှု ‘ဝိစာရ’ နှင့်တကွ ဖြစ်သော နီဝရဏဆိတ်ခြင်းကြောင့် ဖြစ်သော နှစ်သိမ့်မှု ‘ပီတိ’ ချမ်းသာမှု ‘သုခ'ရှိသော ပဌမဈာန်သို့ ရောက်၍ နေ၏၊ ဤသည်ကို ပဌမဈာန်ဟု ဆိုအပ်၏ ”ဟု အကြံ ဖြစ်၏။ ငါ့သျှင်တို့ ထိုငါသည် ကာမတို့မှ ဆိတ်၍ သာလျှင်အကုသိုလ်တရားတို့မှ ဆိတ်၍ သာလျှင် ကြံစည်မှု ‘ဝိတက်’ နှင့်တကွ သုံးသပ်မှု ‘ဝိစာရ’ နှင့်တကွ ဖြစ်သောနီဝရဏဆိတ်ခြင်းကြောင့် ဖြစ်သော နှစ်သိမ့်မှု'ပီတိ’ ချမ်းသာမှု ‘သုခ'ရှိသော ပဌမဈာန်သို့ ရောက်၍ နေ၏။ ငါ့သျှင်တို့ ဤနေခြင်းဖြင့် နေသော ထိုငါ့အား ကာမနှင့် တကွဖြစ်သော အမှတ် ‘သညာ’ နှလုံးသွင်း'မနသိကာရ'တို့သည် ဖြစ်ကုန်၏။

ငါ့သျှင်တို့ ထိုအခါ ငါ့ကို မြတ်စွာဘုရားသည် တန်ခိုးတော်ဖြင့် ချဉ်းကပ်၍ “ ဗြာဟ္မဏဖြစ်သောမောဂ္ဂလာန် မောဂ္ဂလာန် ပဌမဈာန်ကို မမေ့လျော့လင့်၊ ပဌမဈာန်၌ စိတ်ကို ကောင်းစွာ တည်စေလော့၊ ပဌမဈာန်၌ စိတ်ကို တည်ကြည်အောင် ပြုလော့၊ ပဌမဈာန်၌ စိတ်ကို ကောင်းစွာ ထားလော့” ဟူသော ဤစကားကို မိန့်တော်မူ၏။ ငါ့သျှင်တို့ ထိုငါသည် အခါတစ်ပါး၌ ကာမတို့မှ ဆိတ်၍ သာလျှင် အကုသိုလ့်တရားတို့မှ ဆိတ်၍ သာလျှင် ကြံစည်မှု ‘ဝိတက်’ နှင့်တကွ သုံးသပ်မှု ‘ဝိစာရ’ နှင့်တကွ ဖြစ်သော နီဝရဏဆိတ်ခြင်းကြောင့် ဖြစ်သော နှစ်သိမ့်မှု ‘ပီတိ’ ချမ်းသာမှု'သုခ'ရှိသော ပဌမဈာန်သို့ ရောက်၍ နေခဲ့ပြီ။ ငါ့သျှင်တို့ “မြတ်စွာဘုရား ချီးမြှောက်အပ်သော ထူးမြတ်သော အသိဉာဏ်ရှိသည်၏အဖြစ်သို့ရောက်သော တပည့်”ဟူသော စကားကို ကောင်းစွာ ဆိုလိုသော သူသည် ကောင်းစွာ ဆိုလိုသော်ငါ့ကိုသာလျှင် ဆိုရာ၏ဟု (မိန့်ဆို၏)။

ပဌမသုတ်။

--

၂-ဒုတိယ ဈာနပဥှာသုတ်

၃၃၃။ “ဒုတိယဈာန် ဒုတိယဈာန်”ဟု ဆိုအပ်၏၊ အဘယ်သည် ဒုတိယဈာန်နည်းဟု စိတ်အကြံ ဖြစ်၏၊ ငါ့သျှင်တို့ ထိုငါ့အား ဤသို့ အကြံ ဖြစ်ပြန်၏- “ ဤသာသနာတော်၌ ရဟန်းသည် ဝိတက်ဝိစာရငြိမ်းခြင်းကြောင့် မိမိသန္တာန်၌ စိတ်ကို ကြည်လင်စေသော တည်ကြည်ခြင်း'သမာဓိ'ကို ပွါးစေတတ်သောကြံစည်ခြင်း ‘ဝိတက်’ မရှိသော သုံးသပ်ခြင်း ‘ဝိစာရ’ မရှိသော တည်ကြည်ခြင်း ‘သမာဓိ’ ကြောင့် ဖြစ်သောနှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ ရှိသော ဒုတိယဈာန်သို့ ရောက်၍ နေ၏၊ ဤသည်ကိုဒုတိယဈာန်ဟု ဆိုအပ်၏ ”ဟု အကြံ ဖြစ်၏။ ငါ့သျှင်တို့ ထိုငါသည် ဝိတက်ဝိစာရငြိမ်းခြင်းကြောင့်မိမိသန္တာန်၌ စိတ်ကို ကြည်လင်စေသော တည်ကြည်ခြင်း ‘သမာဓိ'ကို ပွါးစေတတ်သောကြံစည်ခြင်း ‘ဝိတက်’ မရှိသော သုံးသပ် ခြင်း ‘ဝိစာရ’ မရှိသော တည်ကြည်ခြင်း ‘သမာဓိ’ ကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ ရှိသော ဒုတိယဈာန်သို့ ရောက်၍ နေ၏၊ ငါ့သျှင်တို့ ဤနေခြင်းဖြင့် နေသော ထိုငါ့အား ကြံစည်ခြင်း ‘ဝိတက်’ နှင့် တကွသော အမှတ် ‘သညာ'နှလုံးသွင်း ‘မနသိကာရ’ တို့သည် ဖြစ်ကုန်၏။

ငါ့သျှင်တို့ ထိုအခါ ငါ့ကို မြတ်စွာဘုရားသည် တန်ခိုးတော်ဖြင့် ချဉ်းကပ်၍ “ ဗြာဟ္မဏဖြစ်သောမောဂ္ဂလာန် မောဂ္ဂလာန် ဒုတိယဈာန်ကို မမေ့လျော့လင့်၊ ဒုတိယဈာန်၌ စိတ်ကို ကောင်းစွာတည်စေလော့၊ ဒုတိယဈာန်၌ စိတ်ကို တည်ကြည်အောင် ပြုလော့၊ ဒုတိယဈာန်၌ စိတ်ကို ကောင်းစွာထားလော့” ဟူသော ဤစကားကို မိန့်တော်မူ၏။ ငါ့သျှင်တို့ ထိုငါသည် အခါတစ်ပါး၌ ဝိတက်ဝိစာရကင်းခြင်းကြောင့် မိမိ သန္တာန်၌ စိတ်ကို ကြည်လင်စေတတ်သောတည်ကြည်ခြင်း ‘သမာဓိ'ကို ပွါးစေတတ်သော ကြံစည်ခြင်း ‘ဝိတက်’ မရှိသော သုံးသပ်ခြင်း ‘ဝိစာရ'မရှိသော တည်ကြည်ခြင်း ‘သမာဓိ’ ကြောင့် ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ ရှိသောဒုတိယဈာန်သို့ ရောက်၍ နေခဲ့ပြီ။ ငါ့သျှင်တို့ “မြတ်စွာဘုရား ချီး မြှောက်အပ်သော ထူးမြတ်သောအသိဉာဏ်ရှိသည်၏အဖြစ်သို့ ရောက်သော တပည့် “ဟူသော စကားကို ကောင်းစွာ ဆိုလိုသော သူသည်ကောင်းစွာ ဆိုလိုသော် ငါ့ကိုသာလျှင် ဆိုရာ၏ဟု (မိန့်ဆို၏)။

ဒုတိယသုတ်။

--

၃-တတိယ ဈာနပဥှာသုတ်

၃၃၄။ “တတိယဈာန် တတိယဈာန်”ဟု ဆိုအပ်၏၊ အဘယ်သည် တတိယဈာန်နည်းဟု ဤသို့ အကြံဖြစ်၏၊ “ငါ့သျှင်တို့ ထိုငါ့အား ဤသာသနာတော်၌ ရဟန်းသည် နှစ်သိမ့်ခြင်း ‘ပီတိ'ကိုလည်း မတပ်မက်ခြင်းကြောင့် လျစ်လျူရှုလျက် သတိ, သမ္ပဇဉ်နှင့် ပြည့်စုံသည် ဖြစ်၍ နေ၏၊ သတိ, သမ္ပဇဉ်နှင့်ပြည့်စုံသည် ဖြစ်၍ ချမ်းသာခြင်း'သုခ'ကိုကိုယ်ဖြင့် ခံစား၏၊ အကြင် (တတိယဈာန်) ကြောင့် ထိုသူကို"လျစ်လျူ ရှုသူ၊ သတိရှိသူ၊ ချမ်းသာစွာ နေလေ့ရှိသူ”ဟု အရိယာပုဂ္ဂိုလ်တို့သည် ပြောကြားကုန်၏၊ ထိုတတိယဈာန် သို့ ရောက်၍ နေ၏၊ ဤသည်ကို တတိယဈာန်ဟု ဆိုအပ်၏ ”ဟု ဤအကြံသည် ဖြစ်၏၊ ငါ့သျှင်တို့ ထိုငါသည် နှစ်သိမ့်ခြင်း ‘ပီတိ'ကိုလည်း မတပ်မက်ခြင်းကြောင့် လျစ်လျူရှုလျက် နေ၏၊ သတိသမ္ပဇဉ်နှင့် ပြည့်စုံသည် ဖြစ်၍ ချမ်းသာခြင်း ‘သုခ'ကိုလည်းကိုယ်ဖြင့် ခံစား၏၊ အကြင်တတိယဈာန်ကြောင့် ထိုသူကို “လျစ် လျူရှုသူ၊ သတိရှိသူ၊ ချမ်းသာစွာ နေလေ့ ရှိသူ”ဟုအရိယာပုဂ္ဂိုလ်တို့သည် ပြောကြားကုန်၏၊ ထိုတတိယ ဈာန်သို့ ရောက်၍ နေ၏၊ ငါ့သျှင်တို့ ဤနေခြင်းဖြင့် နေသော ထိုငါ့အား နှစ်သိမ့်ခြင်း ‘ပီတိ’ နှင့် တကွ ဖြစ်သော အမှတ် ‘သညာ'နှလုံးသွင်း ‘မနသိကာရ’ တို့သည် ဖြစ်ကုန်၏။

ငါ့သျှင်တို့ ထိုအခါ ငါ့ကို မြတ်စွာဘုရားသည် တန်ခိုးတော်ဖြင့် ချဉ်းကပ်၍ “ဗြာဟ္မဏဖြစ်သောမောဂ္ဂလာန် မောဂ္ဂလာန် တတိယဈာန်ကို မမေ့လျော့လင့်၊ တတိယဈာန်၌ စိတ်ကို ကောင်းစွာ တည်စေလော့၊ တတိယဈာန်၌ စိတ်ကို တည်ကြည်အောင် ပြုလော့၊ တတိယဈာန်၌ စိတ်ကို ကောင်းစွာ ထားလော့” ဟူသော ဤစကားကို မိန့်တော်မူ၏။ ငါ့သျှင်တို့ ထိုငါသည် အခါတစ်ပါး၌ နှစ်သိမ့်ခြင်း ‘ပီတိ'ကိုလည်း မတပ်မက်ခြင်းကြောင့် သတိသမ္ပဇဉ်ရှိသည် ဖြစ်၍ လျစ်လျူရှုလျက် နေ၏၊ ချမ်းသာခြင်း'သုခ'ကိုလည်းကိုယ်ဖြင့် ခံစား၏၊ အကြင်တတိယဈာန်ကြောင့် ထိုသူကို “လျစ်လျူရှုသူ၊ သတိရှိသူ၊ ချမ်းသာစွာနေလေ့ရှိသူ”ဟု အရိယာပုဂ္ဂိုလ်တို့သည် ပြောကြားကုန်၏၊ ထိုတတိယဈာန်သို့ ရောက်၍ နေ၏၊ ငါ့သျှင်တို့ “မြတ်စွာဘုရား ချီးမြှောက်အပ်သော ထူးမြတ်သော အသိဉာဏ်ရှိသည်၏အဖြစ်သို့ရောက်သော တပည့်” ဟူသော စကားကို ကောင်းစွာ ဆိုလိုသော သူသည် ကောင်းစွာ ဆိုလိုသော်ငါ့ကိုသာလျှင် ဆိုရာ၏ဟု (မိန့်ဆို၏)။

တတိယသုတ်။

--

၄-စတုတ္ထ ဈာနပဥှာသုတ်

၃၃၅။ “စတုတ္ထဈာန် စတုတ္ထဈာန်”ဟု ဆိုအပ်၏၊ အဘယ်သည် စတုတ္ထဈာန်နည်းဟု ဤသို့ အကြံဖြစ်၏၊ “ငါ့သျှင်တို့ ထိုငါ့အား ဤသာသနာတော်၌ ရဟန်းသည် ချမ်းသာ ဆင်းရဲကိုပယ်ခြင်းကြောင့်လည်း ကောင်း၊ ရှေးဦးကပင်လျှင် ဝမ်းသာခြင်း နှလုံးမသာခြင်းတို့၏ချုပ်နှင့်ခြင်းကြောင့်လည်းကောင်း ဆင်းရဲ ချမ်းသာ မရှိသော လျစ်လျူရှုမှု ‘ဥပေက္ခာ’ ကြောင့် ဖြစ်သည့်သတိ၏ စင်ကြယ်ခြင်းရှိသော စတုတ္ထဈာန်သို့ ရောက်၍ နေ၏၊ ဤသည်ကို စတုတ္ထဈာန်ဟုဆိုအပ်၏ ”ဟု ဤအကြံသည် ဖြစ်၏၊ ငါ့သျှင်တို့ ထိုငါသည် ချမ်းသာဆင်းရဲကိုပယ်ခြင်းကြောင့်လည်းကောင်း၊ ရှေးဦးကပင်လျှင် ဝမ်းသာခြင်း နှလုံးမသာခြင်းတို့၏ချုပ်နှင့်ခြင်းကြောင့်လည်းကောင်း ဆင်းရဲချမ်းသာ မရှိသော လျစ်လျူရှုမှု ‘ဥပေက္ခာ ‘ကြောင့် ဖြစ်သည့်သတိ၏ စင်ကြယ်ခြင်းရှိသော စတုတ္ထဈာန်သို့ ရောက်၍ နေ၏၊ ငါ့သျှင်တို့ ဤနေခြင်းဖြင့် နေသော ထိုငါ့အား ချမ်းသာခြင်း'သုခ'နှင့် တကွသော အမှတ် ‘သညာ’ နှလုံးသွင်း ‘မနသိကာရ’ တို့သည် ဖြစ်ကုန်၏။

ငါ့သျှင်တို့ ထိုအခါ ငါ့ကို မြတ်စွာဘုရားသည် တန်ခိုးတော်ဖြင့် ချဉ်းကပ်၍ “ဗြာဟ္မဏဖြစ်သောမောဂ္ဂလာန် မောဂ္ဂလာန် စတုတ္ထဈာန်ကို မမေ့လျော့လင့်၊ စတုတ္ထဈာန်၌ စိတ်ကို ကောင်းစွာတည်စေလော့၊ စတုတ္ထဈာန်၌ စိတ်ကို တည်ကြည်အောင် ပြုလော့၊ စတုတ္ထဈာန်၌ စိတ်ကို ကောင်းစွာထားလော့” ဟူသော ဤစကားကို မိန့်တော်မူ၏။ ငါ့သျှင်တို့ ထိုငါသည် အခါတစ်ပါး၌ ချမ်းသာဆင်းရဲကိုပယ်ခြင်းကြောင့်လည်း ကောင်း၊ ရှေးဦးကပင်လျှင် ဝမ်းသာခြင်း နှလုံးမသာခြင်းတို့၏ချုပ်နှင့်ခြင်းကြောင့်လည်းကောင်း ဆင်းရဲ ချမ်းသာ မရှိသော လျစ်လျူရှုမှု ‘ဥပေက္ခာ’ ကြောင့် ဖြစ်သည့်သတိ၏ စင်ကြယ်ခြင်းရှိသော စတုတ္ထဈာန်သို့ ရောက်၍ နေ၏၊ ငါ့သျှင်တို့။ပ။ ထူးမြတ်သော အသိဉာဏ်ရှိသည်၏အဖြစ်သို့ ရောက်သော တပည့်”ဟူ သော စကားကို ကောင်းစွာ ဆိုလိုသော သူသည်ကောင်းစွာ ဆိုလိုသော် ငါ့ကိုသာလျှင် ဆိုရာ၏ဟု (မိန့်ဆို၏)။

စတုတ္ထသုတ်။

--

၅-အာကာသာနဉ္စာယတန ပဥှာသုတ်

၃၃၆။ “အာကာသာနဉ္စာယတနဈာန် အာကာသာနဉ္စာယတနဈာန်”ဟု ဆိုအပ်၏၊ အဘယ်သည်အာကာသာနဉ္စာယတနဈာန်နည်းဟု ဤသို့ အကြံ ဖြစ်၏၊ “ငါ့သျှင်တို့ ထိုငါ့အား ဤသာသနာတော်၌ ရဟန်းသည် ရူပသညာတို့ကို လုံးဝလွန်မြောက်ခြင်းကြောင့်, ပဋိဃသညာတို့၏ ချုပ်ခြင်းကြောင့် နာနတ္တသညာတို့ကို နှလုံးမသွင်းခြင်းကြောင့် “ကောင်းကင်သည် အဆုံးမရှိ ”ဟု စီးဖြန်းလျက် အာကာသာနဉ္စာယတနဈာန်သို့ ရောက်၍ နေ၏၊ ဤသည်ကို အာကာသာနဉ္စာယတနဈာန်ဟု ဆိုအပ်၏”ဟု ဤအကြံသည် ဖြစ်၏၊ ငါ့သျှင်တို့ ထိုငါသည် ရူပသညာတို့ကို လုံးဝလွန်မြောက်ခြင်းကြောင့်ပဋိဃသညာတို့၏ ချုပ်ခြင်း ကြောင့် နာနတ္တသညာတို့ကို နှလုံးမသွင်းခြင်းကြောင့် “ကောင်းကင်သည်အဆုံးမရှိ ”ဟု စီးဖြန်းလျက် အာကာသာနဉ္စာယတနဈာန်သို့ ရောက်၍ နေ၏၊ ငါ့သျှင်တို့ ဤနေခြင်းဖြင့်နေသော ထိုငါ့အား ရုပ်နှင့် တကွသော အမှတ် ‘သညာ’ နှလုံးသွင်း ‘မနသိကာရ’ တို့သည် ဖြစ်ကုန်၏။

ငါ့သျှင်တို့ ထိုအခါ ငါ့ကို မြတ်စွာဘုရားသည် တန်ခိုးတော်ဖြင့် ချဉ်းကပ်၍ “ဗြာဟ္မဏဖြစ်သောမောဂ္ဂလာန် မောဂ္ဂလာန် အာကာသာနဉ္စာယတနဈာန်ကို မမေ့လျော့လင့်၊ အာကာသာနဉ္စာယတနဈာန်၌ စိတ်ကို ကောင်းစွာ တည်စေလော့၊ အာကာသာနဉ္စာယတနဈာန်၌ စိတ်ကို တည်ကြည်အောင် ပြုလော့၊ အာကာသာနဉ္စာယတနဈာန်၌ စိတ်ကို ကောင်းစွာ ထားလော့” ဟူသော ဤစကားကို မိန့်တော်မူ၏။

ငါ့သျှင်တို့ ထိုငါသည် အခါတစ်ပါး၌ ရူပသညာတို့ကို လုံးဝလွန်မြောက်ခြင်းကြောင့် ပဋိဃသညာတို့၏ချုပ် ခြင်းကြောင့် နာနတ္တသညာတို့ကို နှလုံးမသွင်းခြင်းကြောင့် “ကောင်းကင်သည် အဆုံးမရှိ ”ဟုစီးဖြန်းလျက် အာကာသာနဉ္စာယတနဈာန်သို့ ရောက်၍ နေ၏။ ငါ့သျှင်တို့။ပ။ ထူးမြတ်သောအသိဉာဏ်ရှိသည်၏အဖြစ် သို့ ရောက်သော တပည့်”ဟူသော စကားကို ကောင်းစွာ ဆိုလိုသော သူသည်ကောင်းစွာ ဆိုလိုသော် ငါ့ကိုသာလျှင် ဆိုရာ၏ဟု (မိန့်ဆို၏)။

ပဉ္စမသုတ်။

--

၆-ဝိညာဏဉ္စာယတန ပဥှာသုတ်

၃၃၇။ “ဝိညာဏဉ္စာယတနဈာန် ဝိညာဏဉ္စာယတနဈာန်”ဟု ဆိုအပ်၏၊ အဘယ်သည် ဝိညာဏဉ္စာယတနဈာန်နည်းဟု ဤသို့ အကြံ ဖြစ်၏၊ “ငါ့သျှင်တို့ ထိုငါ့အား ဤသာသနာတော်၌ ရဟန်းသည်အာကာသာနဉ္စာယတနဈာန်ကို လုံးဝလွန်မြောက်၍ ‘ဝိညာဏ်သည် အဆုံးမရှိ’ဟု စီးဖြန်းလျက် ဝိညာဏဉ္စာယတနဈာန်သို့ ရောက်၍ နေ၏၊ ဤသည်ကို ဝိညာဏဉ္စာယတနဈာန်ဟု ဆိုအပ်၏ ”ဟု ဤအကြံသည် ဖြစ်၏။ ငါ့သျှင်တို့ ထိုငါသည် အာကာသာနဉ္စာယတနဈာန်ကို လုံးဝလွန်မြောက်၍ “ဝိညာဏ်သည်အဆုံးမရှိ ”ဟု စီးဖြန်းလျက် ဝိညာဏဉ္စာယတနဈာန်သို့ ရောက်၍ နေ၏၊ ငါ့သျှင်တို့ ဤနေခြင်းဖြင့် နေသော ထိုငါ့အား အာကာသာနဉ္စာယတနဈာန်နှင့် တကွသော အမှတ် ‘သညာ’ နှလုံးသွင်း ‘မနသိကာရ’ တို့သည် ဖြစ်ကုန်၏။

ငါ့သျှင်တို့ ထိုအခါ ငါ့ကို မြတ်စွာဘုရားသည် တန်ခိုးတော်ဖြင့် ချဉ်းကပ်၍ “ဗြာဟ္မဏဖြစ်သောမောဂ္ဂလာန် မောဂ္ဂလာန် ဝိညာဏဉ္စာယတနဈာန်ကို မမေ့လျော့လင့်၊ ဝိညာဏဉ္စာယတနဈာန်၌ စိတ်ကိုကောင်းစွာ တည်စေလော့၊ ဝိညာဏဉ္စာယတနဈာန်၌ စိတ်ကို တည်ကြည်အောင် ပြုလော့၊ ဝိညာဏဉ္စာယတနဈာန်၌ စိတ်ကို ကောင်းစွာ ထားလော့” ဟူသော ဤစကားကို မိန့်တော်မူ၏။ ငါ့သျှင်တို့ထိုငါသည် အခါတစ်ပါး၌ အာကာသာနဉ္စာယတနဈာန်ကို လုံးဝလွန်မြောက်၍ “ ဝိညာဏ်သည်အဆုံးမရှိ ”ဟု စီးဖြန်းလျက် ဝိညာဏဉ္စာယတနဈာန်သို့ ရောက်၍ နေ၏။ ငါ့သျှင်တို့။ပ။ ထူးမြတ်သော ဝိညာဏ်ရှိသည်၏အဖြစ်သို့ ရောက်သော တပည့်”ဟူသော စကားကို ကောင်းစွာ ဆိုလိုသော သူသည်ကောင်းစွာ ဆိုလိုသော် ငါ့ကိုသာလျှင် ဆိုရာ၏ဟု (မိန့်ဆို၏)။

ဆဋ္ဌသုတ်။

--

၇-အာကိဉ္စညာယတန ပဥှာသုတ်

၃၃၈။ “အာကိဉ္စညာယတနဈာန် အာကိဉ္စညာယတနဈာန်”ဟု ဆိုအပ်၏၊ အဘယ်သည် အာကိဉ္စညာယတနဈာန်နည်းဟု ဤသို့ အကြံ ဖြစ်၏၊ “ငါ့သျှင်တို့ ထိုငါ့အား ဤသာသနာတော်၌ ဝိညာဏဉ္စာယတနဈာန်ကို လုံးဝလွန်မြောက်၍ ‘စိုးစဉ်းမျှ မရှိ’ဟု စီးဖြန်းလျက် အာကိဉ္စညာယတနဈာန်သို့ ရောက်၍ နေ၏၊ ဤသည်ကို အာကိဉ္စညာယတနဈာန်ဟု ဆိုအပ်၏”ဟု ဤအကြံသည် ဖြစ်၏။ ငါ့သျှင်တို့ထိုငါသည် ဝိညာ ဏဉ္စာယတနဈာန်ကို လုံးဝလွန်မြောက်၍ “စိုးစဉ်းမျှ မရှိ ”ဟု စီးဖြန်းလျက်အာကိဉ္စညာယတနဈာန်သို့ ရောက်၍ နေ၏၊ ငါ့သျှင်တို့ ဤနေခြင်းဖြင့် နေသော ထိုငါ့အားဝိညာဏဉ္စာယတနဈာန်နှင့် တကွသော အမှတ် ‘သညာ’ နှလုံးသွင်း ‘မနသိကာရ’ တို့သည် ဖြစ်ကုန်၏။

ငါ့သျှင်တို့ ထိုအခါ ငါ့ကို မြတ်စွာဘုရားသည် တန်ခိုးတော်ဖြင့် ချဉ်းကပ်၍ “ဗြာဟ္မဏဖြစ်သောမောဂ္ဂလာန် မောဂ္ဂလာန် အာကိဉ္စညာယတနဈာန်ကို မမေ့လျော့လင့်၊ အာကိဉ္စညာယတနဈာန်၌ စိတ်ကိုကောင်းစွာ တည်စေလော့၊ အာကိဉ္စညာယတနဈာန်၌ စိတ်ကို တည်ကြည်အောင် ပြုလော့၊ အာကိဉ္စညာယတနဈာန်၌ စိတ်ကို ကောင်းစွာ ထားလော့” ဟူသော ဤစကားကို မိန့်တော်မူ၏။ ငါ့သျှင်တို့ထိုငါသည် အခါတစ်ပါး၌ ဝိညာဏဉ္စာယတနဈာန်ကို လုံးဝလွန်မြောက်၍ “စိုးစဉ်းမျှ မရှိ”ဟု စီးဖြန်းလျက်အာကိဉ္စညာ ယတနဈာန်သို့ ရောက်၍ နေ၏။ ငါ့သျှင်တို့။ပ။ ထူးမြတ်သော အသိဉာဏ်ရှိသည်၏အဖြစ်သို့ရောက်သော တပည့်” ဟူသော စကားကို ကောင်းစွာ ဆိုလိုသော သူသည် ကောင်းစွာ ဆိုလိုသော်ငါ့ကိုသာလျှင် ဆိုရာ၏ဟု (မိန့်ဆို၏)။

သတ္တမသုတ်။

--

၈-နေဝသညာနာသညာယတနပဥှာသုတ်

၃၃၉။ “နေဝသညာနာသညာယတနဈာန် နေဝသညာနာသညာယတနဈာန်”ဟု ဆိုအပ်၏၊ အဘယ်သည် နေဝသညာနာသညာယတနဈာန်နည်းဟု ဤသို့ အကြံ ဖြစ်၏၊ ငါ့သျှင်တို့ ထိုငါ့အား” ဤသာသနာ တော်၌ ရဟန်းသည် အာကိဉ္စညာယတနဈာန်ကို လုံးဝလွန်မြောက်၍ နေဝသညာနာသညာယတနဈာန်သို့ ရောက်လျက် နေ၏၊ ဤသည်ကို နေဝသညာနာသညာယတနဈာန်ဟုဆိုအပ်၏”ဟု ဤအကြံသည် ဖြစ်၏။ ငါ့သျှင်တို့ ထိုငါသည် အာကိဉ္စညာယတနဈာန်ကိုလုံးဝလွန်မြောက်၍ နေဝသညာနာသညာယတနဈာန်သို့ ရောက်၍ နေ၏။ ဤနေခြင်းဖြင့် နေသောထိုငါ့အား အာကိဉ္စညာယတနဈာန်နှင့် တကွသော အမှတ်'သညာ’ နှလုံးသွင်း ‘မနသိကာရ’ တို့သည်ဖြစ်ကုန်၏။

ငါ့သျှင်တို့ ထိုအခါ ငါ့ကို မြတ်စွာဘုရားသည် တန်ခိုးတော်ဖြင့် ချဉ်းကပ်၍ “ဗြာဟ္မဏဖြစ်သောမောဂ္ဂလာန် မောဂ္ဂလာန် နေဝသညာနာသညာယတနဈာန်ကို မမေ့လျော့လင့်၊ နေဝသညာနာသညာယတနဈာန်၌ စိတ်ကို ကောင်းစွာ တည်စေလော့၊ နေဝသညာနာသညာယတနဈာန်၌ စိတ်ကို တည်ကြည်အောင်ပြုလော့၊ နေဝသညာနာသညာယတနဈာန်၌ စိတ်ကို ကောင်းစွာ ထားလော့” ဟူသော ဤစကားကို မိန့်တော်မူ၏။ ငါ့သျှင်တို့ ထိုငါသည် အခါတစ်ပါး၌ အာကိဉ္စညာယတနဈာန်ကို လုံးဝလွန်မြောက်၍ နေဝသညာ နာသညာယတနဈာန်သို့ ရောက်၍ နေ၏။ ငါ့သျှင်တို့။ပ။ ထူးမြတ်သောအသိဉာဏ်ရှိသည်၏အဖြစ်သို့ ရောက်သော တပည့်”ဟူသော စကားကို ကောင်းစွာ ဆိုလိုသော သူသည့်ကောင်းစွာ ဆိုလိုသော် ငါ့ကို သာလျှင် ဆိုရာ၏ဟု (မိန့်ဆို၏)။

အဋ္ဌမသုတ်။

--

၉-အနိမိတ္တပဥှာသုတ်

၃၄၀။ “အနိမိတ္တစေတောသမာဓိ အနိမိတ္တစေတောသမာဓိ”ဟု ဆိုအပ်၏၊ အဘယ်သည် အနိမိတ္တစေတောသမာဓိနည်းဟု ဤသို့ အကြံ ဖြစ်၏၊ “ငါ့သျှင်တို့ ထိုငါ့အား ဤသာသနာတော်၌ နိစ္စနိမိတ်စသည် အလုံးစုံတို့ကို နှလုံး မသွင်းခြင်းကြောင့် နိစ္စနိမိတ်စသည် ကင်းဆိတ်သော စိတ်၏တည်ကြည်ခြင်းသို့ ရောက်၍ နေ၏၊ ဤသည်ကို အနိမိတ္တစေတောသမာဓိဟု ဆိုအပ်၏”ဟု ဤအကြံသည်ဖြစ်၏။ ငါ့သျှင်တို့ ထိုငါသည် နိစ္စနိမိတ်စသည် အလုံးစုံတို့ကို နှလုံးမသွင်းခြင်းကြောင့် နိစ္စနိမိတ်စသည်ကင်းဆိတ်သော စိတ်၏ တည်ကြည်ခြင်းသို့ ရောက်၍ နေ၏၊ ငါ့သျှင်တို့ ဤနေခြင်းဖြင့် နေသောထိုငါ့အား နိစ္စနိမိတ် စသည်သို့ အစဉ်လျှောက်သော ဝိညာဏ်သည် ဖြစ်၏။

ငါ့သျှင်တို့ ထိုအခါ ငါ့ကို မြတ်စွာဘုရားသည် တန်ခိုးတော်ဖြင့် ချဉ်းကပ်၍ “ဗြာဟ္မဏဖြစ်သောမောဂ္ဂလာန် မောဂ္ဂလာန် နိစ္စနိမိတ်စသည် ကင်းဆိတ်သော စိတ်၏ တည်ကြည်ခြင်းကို မမေ့မလျော့လင့်၊ နိစ္စနိမိတ်စသည် ကင်းဆိတ်သော စိတ်၏ တည်ကြည်ခြင်း၌ စိတ်ကို ကောင်းစွာ တည်စေလော့၊ နိစ္စနိမိတ် စသည် ကင်းဆိတ်သော စိတ်၏ တည်ကြည်ခြင်း၌ စိတ်ကို တည်ကြည်အောင် ပြုလော့၊ နိစ္စနိမိတ်စသည် ကင်းဆိတ်သော စိတ်၏ တည်ကြည်ခြင်း၌ စိတ်ကို ကောင်းစွာ ထားလော့” ဟူသော ဤစကားကို မိန့် တော်မူ၏။ ငါ့သျှင်တို့ ထိုငါသည် အခါတစ်ပါး၌ နိစ္စနိမိတ်စသည် အလုံးစုံတို့ကို နှလုံးမသွင်းခြင်းကြောင့် နိစ္စနိမိတ်စသည် ကင်းဆိတ်သော စိတ်၏ တည်ကြည်ခြင်းသို့ ရောက်၍ နေ၏၊ ငါ့သျှင်တို့ “မြတ်စွာဘုရားသည် ချီးမြှောက်အပ်သော ထူးမြတ်သော အသိဉာဏ်ရှိသည်၏အဖြစ်သို့ရောက်သော တပည့် “ဟူသော စကားကို ကောင်းစွာ ဆိုလိုသော သူသည် ကောင်းစွာ ဆိုလိုသော်ငါ့ကိုသာလျှင် ဆိုရာ၏ဟု (မိန့်ဆို၏)။

နဝမသုတ်။

--

၁၀-သက္ကသုတ်

၃၄၁။ ထိုအခါ အသျှင်မဟာမောဂ္ဂလာန်သည် အားရှိသော ယောကျ်ားသည် ကွေးထားသော လက်မောင်းကို ဆန့်သကဲ့သို့လည်းကောင်း၊ ဆန့်ထားသော လက်မောင်းကို ကွေးသကဲ့သို့လည်းကောင်း ဤအတူ ဇေတဝန်ကျောင်းတော်မှ ကွယ်ခဲ့၍ တာဝတိံသာနတ်ပြည်၌ ထင်ရှားဖြစ်၏။ ထိုအခါ နတ်တို့အရှင်သိကြားမင်းသည် ငါးရာကုန်သော နတ်တို့နှင့် အတူ အသျှင်မဟာမောဂ္ဂလာန်ထံသို့ ချဉ်းကပ်ပြီးလျှင်အသျှင်မဟာမောဂ္ဂလာန်ကို ရှိခိုး၍ တစ်ခုသော နေရာ၌ ရပ်တည်လေ၏။ တစ်ခုသော နေရာ၌ ရပ်တည်ပြီးသော် နတ်တို့အရှင် သိကြားမင်းအား အသျှင်မဟာမောဂ္ဂလာန်သည် ဤစကားကို ဆို၏-ိံနတ်တို့အရှင် သိကြားမင်း ဘုရားကိုကိုးကွယ်ဆည်းကပ်ခြင်းသည် ကောင်း၏၊ နတ်တို့အရှင်သိကြားမင်း ဘုရားကိုကိုးကွယ်ဆည်းကပ်ခြင်းကြောင့် ဤလောက၌ အချို့သော သတ္တဝါတို့သည်ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော သူတို့၏ လားရာဖြစ်သော နတ်ပြည်သို့ ရောက်ရကုန်၏။ နတ်တို့အရှင် သိကြားမင်း တရားကိုကိုးကွယ်ဆည်းကပ်ခြင်းသည် ကောင်း၏၊ နတ်တို့အရှင်သိကြားမင်း တရားကိုကိုးကွယ်ဆည်းကပ်ခြင်းကြောင့် ဤလောက၌ အချို့သော သတ္တဝါတို့သည်ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော သူတို့၏ လားရာဖြစ်သော နတ်ပြည်သို့ ရောက်ရကုန်၏။ နတ်တို့အရှင် သိကြားမင်း သံဃာကိုကိုးကွယ်ဆည်းကပ်ခြင်းသည် ကောင်း၏၊ နတ်တို့အရှင်သိကြားမင်း သံဃာကိုကိုးကွယ်ဆည်းကပ်ခြင်းကြောင့် ဤလောက၌ အချို့သော သတ္တဝါတို့သည်ကိုယ့်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော သူတို့၏ လားရာဖြစ်သော နတ်ပြည်သို့ ရောက်ရကုန်၏ဟု မိန့်ဆို၏။

အသျှင်မောဂ္ဂလာန် ဘုရားကိုကိုးကွယ်ဆည်းကပ်ခြင်းသည် ကောင်း၏၊ အသျှင်မောဂ္ဂလာန် ဘုရားကိုကိုးကွယ်ဆည်းကပ်ခြင်းကြောင့် ဤလောက၌ အချို့သော သတ္တဝါတို့သည်ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော သူတို့၏ လားရာဖြစ်သော နတ်ပြည်သို့ ရောက်ရကုန်၏။ အသျှင်မောဂ္ဂလာန် တရားကိုကိုးကွယ်ဆည်းကပ်ခြင်းသည် ကောင်း၏၊ အသျှင်မောဂ္ဂလာန် တရားကိုကိုးကွယ်ဆည်းကပ်ခြင်းကြောင့် ဤလောက၌ အချို့သော သတ္တဝါတို့သည်ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ကောင်းသော သူတို့၏ လားရာဖြစ်သော နတ်ပြည်သို့ ရောက်ရကုန်၏။ အသျှင်မောဂ္ဂလာန်သံဃာ။ပ။ ကောင်းသော သူတို့၏ လားရာ ဖြစ်သော နတ်ပြည်သို့ ရောက်ရကုန်၏ဟု လျှောက်၏။

--

ထိုအခါ နတ်တို့အရှင် သိကြားမင်းသည် ခြောက်ရာကုန်သော နတ်တို့နှင့် အတူ။ပ။ ထိုအခါ နတ်တို့အရှင် သိကြားမင်းသည် ခုနစ်ရာကုန်သော နတ်တို့နှင့် အတူ။ပ။ ထိုအခါ နတ်တို့အရှင်သိကြားမင်းသည် ရှစ်ရာကုန်သော နတ်တို့နှင့် အတူ။ပ။ ထိုအခါ နတ်တို့အရှင် သိကြားမင်းသည်ရှစ်သောင်းကုန်သော နတ်တို့နှင့် အတူ အသျှင်မဟာမောဂ္ဂလာန်ထံသို့ ချဉ်းကပ်၍ အသျှင်မဟာမောဂ္ဂလာန်ကို ရှိခိုးပြီးလျှင် တစ်ခု သော နေရာ၌ ရပ်တည်လေ၏။ တစ်ခုသော နေရာ၌ ရပ်တည်ပြီးသော် နတ်တို့အရှင် သိကြားမင်းအား အသျှင်မဟာမောဂ္ဂလာန်သည် ဤစကားကို ဆို၏-ိံနတ်တို့အရှင် သိကြားမင်း ဘုရားကိုကိုးကွယ်ဆည်းကပ်ခြင်းသည် ကောင်း၏၊ နတ်တို့အရှင်သိကြားမင်း ဘုရားကိုကိုးကွယ်ဆည်းကပ်ခြင်းကြောင့် ဤလောက၌ အချို့သော သတ္တဝါတို့သည်ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော သူတို့၏ လားရာဖြစ်သော နတ်ပြည်သို့ ရောက်ရကုန်၏။ နတ်တို့အရှင် သိကြားမင်း တရားကိုကိုးကွယ်ဆည်းကပ်ခြင်းသည် ကောင်း၏၊ နတ်တို့အရှင်သိကြားမင်း တရားကိုကိုးကွယ်ဆည်းကပ်ခြင်းကြောင့် ဤလောက၌ အချို့သော သတ္တဝါတို့သည်ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော သူတို့၏ လားရာဖြစ်သော နတ်ပြည်သို့ ရောက်ရကုန်၏။ နတ်တို့အရှင် သိကြားမင်း သံဃာကိုကိုးကွယ်ဆည်းကပ်ခြင်းသည် ကောင်း၏၊ နတ်တို့အရှင်သိကြားမင်း သံဃာကိုကိုးကွယ်ဆည်းကပ်ခြင်းကြောင့် ဤလောက၌ အချို့သော သတ္တဝါတို့သည်ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော သူတို့၏ လားရာဖြစ်သော နတ်ပြည်သို့ ရောက်ရကုန်၏ဟု မိန့်ဆို၏။

အသျှင်မောဂ္ဂလာန် ဘုရားကိုကိုးကွယ်ဆည်းကပ်ခြင်းသည် ကောင်း၏၊ အသျှင်မောဂ္ဂလာန် ဘုရားကိုကိုးကွယ်ဆည်းကပ်ခြင်းကြောင့် ဤလောက၌ အချို့သော သတ္တဝါတို့သည်ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော သူတို့၏ လားရာဖြစ်သော နတ်ပြည်သို့ ရောက်ရကုန်၏။ အသျှင်မောဂ္ဂလာန် တရားကိုကိုးကွယ်ဆည်းကပ်ခြင်းသည် ကောင်း၏။ပ။ အသျှင်မောဂ္ဂလာန် သံဃာကိုကိုးကွယ်ဆည်းကပ်ခြင်းသည် ကောင်း၏၊ အသျှင်မောဂ္ဂလာန် သံဃာကိုကိုးကွယ်ဆည်းကပ်ခြင်းကြောင့် ဤလောက၌ အချို့သော သတ္တဝါတို့သည်ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသောသူတို့၏ လားရာဖြစ်သော နတ်ပြည်သို့ ရောက်ရကုန်၏ဟု လျှောက်၏။

ထိုအခါ နတ်တို့အရှင် သိကြားမင်းသည် ငါးရာကုန်သော နတ်တို့နှင့်အတူ အသျှင်မဟာမောဂ္ဂလာန်ထံသို့ ချဉ်းကပ်၍ အသျှင်မဟာမောဂ္ဂလာန်ကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ရပ်တည်လေ၏၊ တစ်ခုသော နေရာ၌ ရပ်တည်ပြီးသော နတ်တို့အရှင် သိကြားမင်းအား အသျှင်မဟာမောဂ္ဂလာန်သည် ဤစကားကို ဆို၏။ နတ်တို့အရှင် သိကြားမင်း “ထိုမြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သောအကြောင်းကြောင့်လည်း ‘အရဟံ ‘မည်တော်မူ၏၊ (အလုံးစုံသော တရားတို့ကို)ကိုယ်တိုင်မှန်စွာ သိတော်မူသော အကြောင်းကြောင့်လည်း ‘သမ္မာသမ္ဗုဒ္ဓ’ မည်တော်မူ၏၊ အသိဉာဏ် ‘ဝိဇ္ဇာ’ အကျင့်'စရဏ'နှင့်ပြည့်စုံ တော်မူသော အကြောင်းကြောင့်လည်း ‘ဝိဇ္ဇာစရဏသမ္ပန္န’ မည်တော်မူ၏၊ ကောင်းသော စကားကိုဆိုတော် မူတတ်သော အကြောင်းကြောင့်လည်း ‘သုဂတ’ မည်တော်မူ၏၊ လောကကို သိတော်မူတတ်သောအကြောင်း ကြောင့်လည်း ‘လောကဝိဒူ’ မည်တော်မူ၏၊ ဆုံးမထိုက်သူကို ဆုံးမတတ်သည့်အတုမဲ့ပုဂ္ဂိုလ်ဖြစ်တော်မူသော အကြောင်းကြောင့်လည်း ‘အနုတ္တရော ပုရိသဒမ္မသာရထိ ‘မည်တော်မူ၏၊ နတ်လူတို့၏ ဆရာဖြစ်တော်မူ သော အကြောင်းကြောင့်လည်း ‘သတ္ထာ ဒေဝမနုဿာနံ’ မည်တော်မူ၏၊ (သစ္စာလေးပါးတရားတို့ကို) သိစေ တော်မူသော အကြောင်းကြောင့်လည်း ‘ဗုဒ္ဓ’ မည်တော်မူ၏၊ ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်းကြောင့်လည်း ‘ဘဂဝါ ‘မည်တော်မူ၏”ဟု ဘုရား၌ သက်ဝင်၍ ကြည်ညိုခြင်းနှင့် ပြည့်စုံခြင်းသည် ကောင်း၏။ နတ်တို့အရှင် သိကြားမင်း ဘုရား၌ သက်ဝင်၍ ကြည်ညိုခြင်းနှင့် ပြည့်စုံခြင်းကြောင့် ဤလောက၌ အချို့ သော သတ္တဝါတို့သည်ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော သူတို့၏ လားရာဖြစ် သော နတ်ပြည်သို့ ရောက်ရကုန်၏။

နတ်တို့အရှင် သိကြားမင်း “တရားတော်သည် မြတ်စွာဘုရား ကောင်းစွာ ဟောထားသော တရားတော်ပါပေတည်း၊ကိုယ်တိုင် သိမြင်နိုင်သော တရားတော်ပါပေတည်း၊ အခါမလင့် အကျိုးပေးတတ်သောတရားတော်ပါပေတည်း၊ လာလှည့် ရှုလှည့်ဟု ပြထိုက်သော တရားတော်ပါပေတည်း၊ မိမိ၏ကိုယ်ထဲစိတ်ထဲ၌ ဆောင်ယူထားထိုက်သော တရားတော်ပါပေတည်း၊ (အရိယာ) ပညာရှိတို့သာကိုယ်စီကိုယ်ငသိနိုင် ခံစားနိုင်သော တရားတော်ပါပေတည်း”ဟု တရား၌ သက်ဝင်၍ ကြည်ညိုခြင်းနှင့် ပြည့်စုံခြင်းသည်ကောင်း၏။ နတ်တို့အရှင် သိကြားမင်း တရား၌ သက်ဝင်၍ ကြည်ညိုခြင်းနှင့် ပြည့်စုံခြင်းကြောင့် ဤလောက၌ အချို့သော သတ္တဝါတို့သည်ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသောသူတို့၏ လားရာ ဖြစ်သော နတ်ပြည်သို့ ရောက်ရကုန်၏။

--

နတ်တို့အရှင် သိကြားမင်း “မြတ်စွာဘုရား၏ တပည့်သားသံဃာတော်သည် ကောင်းသော အကျင့်ရှိတော်မူပါပေ၏၊ မြတ်စွာဘုရား၏ တပည့်သားသံဃာတော်သည် ဖြောင့်မတ်သောအကျင့်ရှိတော်မူပါပေ၏၊ မြတ်စွာဘုရား၏ တပည့်သားသံဃာတော်သည် မှန်ကန်သောအကျင့်ရှိတော်မူပါပေ၏၊ မြတ်စွာဘုရား၏ တပည့်သားသံဃာတော်သည် လျော်ကန်သောအကျင့်ရှိတော်မူပါပေ၏၊ အစုံအားဖြင့် လေးစုံ, ပုဂ္ဂိုလ်အား ဖြင့် ရှစ်ပါးအရေအတွက်ရှိသောမြတ်စွာဘုရား၏ တပည့်သားသံဃာတော်သည် အရပ်ဝေးမှ ဆောင်လာ သော အလှူကိုခံတော်မူထိုက်ပါပေ၏၊ ဧည့်သည်တို့အလို့ငှါ စီမံထားသော အလှူကို ခံတော်မူထိုက်ပါပေ၏၊ တမလွန်အတွက် ရည်မျှော်သော အလှူကို ခံတော်မူထိုက်ပါပေ၏၊ လက်အုပ်ချီခြင်းငှါ ထိုက်ပါပေ၏၊ သတ္တဝါအပေါင်း၏ ကောင်းမှုပြုရန် အမြတ်ဆုံး လယ်မြေ ဖြစ်တော်မူပါပေ၏ ”ဟု သံဃာ၌ သက်ဝင်၍ ကြည်ညိုခြင်းနှင့် ပြည့်စုံခြင်းသည် ကောင်း၏။ နတ်တို့အရှင် သိကြားမင်း သံဃာ၌ သက်ဝင်၍ ကြည်ညိုခြင်းနှင့် ပြည့်စုံခြင်းကြောင့် ဤလောက၌ အချို့သော သတ္တဝါတို့သည်ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ကောင်းသော သူတို့၏ လားရာဖြစ်သော နတ်ပြည်သို့ ရောက်ရကုန်၏။

နတ်တို့အရှင် သိကြားမင်း မကျိုးမပေါက် မပြောက်မကျားမူ၍ (တဏှာကျွန်အဖြစ်မှ) လွတ်မြောက်လျက် ပညာရှိတို့ ချီးမွမ်းအပ် မှားသောအားဖြင့် မသုံးသပ်အပ် တည်ကြည်မှုကို ဖြစ်စေတတ်ကုန်သောအရိယာတို့ နှစ်သက်အပ်ကုန်သော သီလတို့နှင့် ပြည့်စုံခြင်းသည် ကောင်း၏။ နတ်တို့အရှင် သိကြားမင်းအရိယာတို့ နှစ်သက်အပ်ကုန်သော သီလတို့နှင့် ပြည့်စုံခြင်းကြောင့် ဤလောက၌ အချို့သော သတ္တဝါတို့သည်ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော သူတို့၏ လားရာဖြစ်သော နတ်ပြည်သို့ရောက်ရကုန်၏ဟူသော ဤစကားကို မိန့်ဆို၏။

အသျှင်မောဂ္ဂလာန် “ ဤအကြောင်းကြောင့်လည်း။ပ။ နတ်လူတို့၏ ဆရာဖြစ်တော်မူသော အကြောင်းကြောင့်လည်း သတ္ထာ ဒေဝမနုဿာနံ မည်တော်မူ၏၊ (သစ္စာလေးပါးတရားတို့ကို) သိစေတော်မူသော အကြောင်းကြောင့်လည်း ဗုဒ္ဓ မည်တော်မူ၏၊ ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်းကြောင့်လည်း ဘဂဝါမည်တော်မူ၏ ”ဟု ဘုရား၌ သက်ဝင်၍ ကြည်ညိုခြင်းသည် ကောင်း၏။ အသျှင်မောဂ္ဂလာန် ဘုရား၌ သက်ဝင်၍ ကြည်ညိုခြင်းနှင့် ပြည့်စုံခြင်းကြောင့် ဤလောက၌ အချို့သော သတ္တဝါတို့သည်ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော သူတို့၏ လားရာဖြစ်သော နတ်ပြည်သို့ ရောက်ရကုန်၏။

အသျှင်မောဂ္ဂလာန် “တရားတော်သည် မြတ်စွာဘုရား ကောင်းစွာ ဟောထားသော တရားတော်ပါပေတည်း။ပ။ (အရိယာ) ပညာရှိတို့သာကိုယ်စီကိုယ်င သိနိုင်ခံစားနိုင်သော တရားတော်ပါပေတည်း”ဟုတရား၌ သက်ဝင်၍ ကြည်ညိုခြင်းသည် ကောင်း၏။ အသျှင်မောဂ္ဂလာန် တရား၌ သက်ဝင်၍ ကြည်ညိုခြင်း နှင့် ပြည့်စုံခြင်းကြောင့် ဤလောက၌ အချို့သော သတ္တဝါတို့သည်ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော သူတို့၏ လားရာဖြစ်သော နတ်ပြည်သို့ ရောက်ရကုန်၏။

အသျှင်မောဂ္ဂလာန် “မြတ်စွာဘုရား၏ တပည့်သား သံဃာတော်သည် ကောင်းသော အကျင့်ရှိတော်မူပါပေ၏။ပ။ သတ္တဝါအပေါင်း၏ ကောင်းမှုပြုရန် အမြတ်ဆုံး လယ်မြေဖြစ်တော်မူပါပေ၏”ဟု သံဃာ၌ သက်ဝင်၍ ကြည်ညိုခြင်းသည် ကောင်း၏။ အသျှင်မောဂ္ဂလာန် သံဃာ၌ သက်ဝင်၍ ကြည်ညိုခြင်းနှင့်ပြည့်စုံခြင်းကြောင့် ဤလောက၌ အချို့သော သတ္တဝါတို့သည်ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ကောင်းသော သူတို့၏ လားရာဖြစ်သော နတ်ပြည်သို့ ရောက်ရကုန်၏။

အသျှင်မောဂ္ဂလာန် မကျိုးကုန်။ပ။ သမာဓိကို ဖြစ်စေတတ်ကုန်သော အရိယာတို့ နှစ်သက်အပ်ကုန်သော သီလတို့နှင့် ပြည့်စုံခြင်းသည် ကောင်း၏။ အသျှင်မောဂ္ဂလာန် အရိယာတို့ နှစ်သက်အပ်ကုန်သောသီလတို့နှင့် ပြည့်စုံခြင်းကြောင့် ဤလောက၌ အချို့သော သတ္တဝါတို့သည်ကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော သူတို့၏ လားရာဖြစ်သော နတ်ပြည်သို့ ရောက်ရကုန်၏ဟု လျှောက်၏။

--

ထိုအခါ၌ နတ်တို့အရှင် သိကြားမင်းသည် ခြောက်ရာကုန်သော နတ်တို့နှင့် အတူ။ပ။ ထိုအခါနတ်တို့အရှင် သိကြားမင်းသည် ခုနစ်ရာကုန်သော နတ်တို့နှင့် အတူ။ပ။ ထိုအခါ နတ်တို့အရှင် သိကြားမင်းသည် ရှစ်ရာကုန်သော နတ်တို့နှင့် အတူ။ပ။ ထိုအခါ နတ်တို့အရှင် သိကြားမင်းသည် ရှစ်သောင်းကုန်သော နတ်တို့နှင့် အတူ အသျှင်မဟာမောဂ္ဂလာန်ထံသို့ ချဉ်းကပ်၍ အသျှင်မဟာမောဂ္ဂလာန်ကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ရပ်တည်လေ၏။ တစ်ခုသော နေရာ၌ ရပ်တည်ပြီးသော် နတ်တို့အရှင်သိကြားမင်းအား အသျှင်မဟာမောဂ္ဂလာန်သည် ဤစကားကို ဆို၏-ိံနတ်တို့အရှင် သိကြားမင်း “ထိုမြတ်စွာဘုရားသည်။ပ။ နတ်လူတို့၏ ဆရာဖြစ်တော်မူသော အကြောင်းကြောင့်လည်း သတ္ထာ ဒေဝမနုဿာနံ မည်တော်မူ၏၊ (သစ္စာလေးပါးတရားတို့ကို) သိစေတော်မူသော အကြောင်းကြောင့်လည်း ဗုဒ္ဓ မည်တော်မူ၏၊ ဘုန်းတန်ခိုးကြီးတော်မူသောအကြောင်းကြောင့်လည်း ဘဂဝါ မည်တော်မူ၏”ဟု ဘုရား၌ သက်ဝင်၍ ကြည်ညိုခြင်းနှင့်ပြည့်စုံခြင်းသည် ကောင်း၏။ နတ်တို့ အရှင် သိကြားမင်း ဘုရား၌ သက်ဝင်၍ ကြည်ညိုခြင်းနှင့်ပြည့်စုံခြင်းကြောင့် ဤလောက၌ အချို့သော သတ္တဝါတို့သည်ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ကောင်းသော သူတို့၏ လားရာဖြစ်သော နတ်ပြည်သို့ ရောက်ရကုန်၏။

နတ်တို့အရှင် သိကြားမင်း “တရားတော်သည် မြတ်စွာဘုရား ကောင်းစွာ ဟောထားသော တရားတော်ပါပေတည်း။ပ။ (အရိယာ) ပညာရှိတို့သာကိုယ်စီကိုယ်င သိနိုင်ခံစားနိုင်သော တရားတော်ပါပေတည်း”ဟု တရား၌ သက်ဝင်၍ ကြည်ညိုခြင်းနှင့် ပြည့်စုံခြင်းသည် ကောင်း၏။ နတ်တို့အရှင် သိကြားမင်းတရား၌ သက်ဝင်၍ ကြည်ညိုခြင်းနှင့် ပြည့်စုံခြင်းကြောင့် ဤလောက၌ အချို့သော သတ္တဝါတို့သည်ကိုယ် ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော သူတို့၏ လားရာဖြစ်သော နတ်ပြည်သို့ရောက်ရ ကုန်၏။

နတ်တို့အရှင် သိကြားမင်း “မြတ်စွာဘုရား၏ တပည့်သားသံဃာတော်သည် ကောင်းသော အကျင့်ရှိတော်မူပါပေ၏။ပ။ သတ္တဝါအပေါင်း၏ ကောင်းမှုပြုရန် အမြတ်ဆုံး လယ်မြေဖြစ်တော်မူပါပေ၏ ”ဟုသံဃာ၌ သက်ဝင်၍ ကြည်ညိုခြင်းနှင့် ပြည့်စုံခြင်းသည် ကောင်း၏။ နတ်တို့အရှင် သိကြားမင်း သံဃာ၌ သက်ဝင်၍ ကြည်ညိုခြင်းနှင့် ပြည့်စုံခြင်းကြောင့် ဤလောက၌ အချို့သော သတ္တဝါတို့သည်ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော သူတို့၏ လားရာဖြစ်သော နတ်ပြည်သို့ ရောက်ရကုန်၏။

နတ်တို့အရှင် သိကြားမင်း မကျိုးကုန်။ပ။ တည်ကြည်ခြင်း ‘သမာဓိ'ကို ဖြစ်စေတတ်ကုန်သောအရိယာတို့ နှစ်သက်အပ်ကုန်သော သီလတို့နှင့် ပြည့်စုံခြင်းသည် ကောင်း၏။ နတ်တို့အရှင် သိကြားမင်းအရိယာတို့ နှစ်သက်အပ်ကုန်သော သီလတို့နှင့် ပြည့်စုံခြင်းကြောင့် ဤလောက၌ အချို့သော သတ္တဝါတို့သည်ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော သူတို့၏ လားရာဖြစ်သော နတ်ပြည်သို့ရောက်ရကုန်၏ ဟူသော ဤစကားကို မိန့်ဆို၏။

အသျှင်မောဂ္ဂလာန် “ထိုမြတ်စွာဘုရားသည်။ပ။ နတ်လူတို့၏ ဆရာဖြစ်တော်မူသော အကြောင်းကြောင့်လည်း သတ္ထာ ဒေဝမနုဿာနံ မည်တော်မူ၏၊ (သစ္စာလေးပါးတရားတို့ကို) သိစေတော်မူသောအကြောင်းကြောင့်လည်း ဗုဒ္ဓ မည်တော်မူ၏၊ ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်းကြောင့်လည်းဘဂဝါ မည်တော်မူ၏ ”ဟု ဘုရား၌ သက်ဝင်၍ ကြည်ညိုခြင်းနှင့် ပြည့်စုံခြင်းသည် ကောင်း၏။

အသျှင်မောဂ္ဂလာန် ဘုရား၌ သက်ဝင်၍ ကြည်ညိုခြင်းနှင့် ပြည့်စုံခြင်းကြောင့် ဤလောက၌ အချို့သောသတ္တဝါတို့သည်ကိုယ် ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော သူတို့၏ လားရာဖြစ်သောနတ်ပြည်သို့ ရောက်ရ ကုန်၏။

--

အသျှင်မောဂ္ဂလာန် “တရားတော်သည် မြတ်စွာဘုရား ကောင်းစွာ ဟောထားသော တရားတော်ပါပေတည်း။ပ။ (အရိယာ) ပညာရှိတို့သာကိုယ်စီကိုယ်င သိနိုင်ခံစားနိုင်သော တရားတော်ပါပေတည်း”ဟုတရား၌ သက်ဝင်၍ ကြည်ညိုခြင်းနှင့် ပြည့်စုံခြင်းသည် ကောင်း၏။ အသျှင်မောဂ္ဂလာန် တရား၌ သက်ဝင်၍ ကြည်ညိုခြင်းနှင့် ပြည့်စုံခြင်းကြောင့် ဤလောက၌ အချို့သော သတ္တဝါတို့သည်ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော သူတို့၏ လားရာဖြစ်သော နတ်ပြည်သို့ရောက်ရကုန်၏။

အသျှင်မောဂ္ဂလာန် “မြတ်စွာဘုရား၏ တပည့်သားသံဃာတော်သည် ကောင်းသော အကျင့်ရှိတော်မူပါပေ၏။ပ။ သတ္တဝါအပေါင်း၏ ကောင်းမှုပြုရန် အမြတ်ဆုံး လယ်မြေဖြစ်တော်မူပါပေ၏ ”ဟု သံဃာ၌ သက်ဝင်၍ ကြည်ညိုခြင်းနှင့် ပြည့်စုံခြင်းသည် ကောင်း၏။ အသျှင်မောဂ္ဂလာန် သံဃာ၌ သက်ဝင်၍ ကြည်ညိုခြင်းနှင့် ပြည့်စုံခြင်းကြောင့် ဤလောက၌ အချို့သော သတ္တဝါတို့သည်ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည် မှ နောက်၌ ကောင်းသော သူတို့၏ လားရာဖြစ်သော နတ်ပြည်သို့ ရောက်ရကုန်၏။

အသျှင်မောဂ္ဂလာန် မကျိုးကုန်။ပ။ တည်ကြည်ခြင်း ‘သမာဓိ'ကို ဖြစ်စေတတ်ကုန်သော အရိယာတို့နှစ်သက်အပ်ကုန်သော သီလတို့နှင့် ပြည့်စုံခြင်းသည် ကောင်း၏။ အသျှင်မောဂ္ဂလာန် အရိယာတို့နှစ်သက် အပ်ကုန်သော သီလတို့နှင့် ပြည့်စုံခြင်းကြောင့် ဤလောက၌ အချို့သော သတ္တဝါတို့သည်ကိုယ်ခန္ဓာပျက် စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော သူတို့၏ လားရာဖြစ်သော နတ်ပြည်သို့ရောက်ရကုန်၏ဟု လျှောက်၏။

ထိုအခါ နတ်တို့အရှင် သိကြားမင်းသည် ငါးရာကုန်သော နတ်တို့နှင့်အတူ အသျှင်မဟာမောဂ္ဂလာန်ထံသို့ ချဉ်းကပ်လေ၏။ပ။ တစ်ခုသော နေရာ၌ ရပ်တည်ပြီးသော် နတ်တို့အရှင် သိကြားမင်းအား အသျှင်မဟာမောဂ္ဂလာန်သည် ဤစကားကို ဆို၏။ နတ်တို့အရှင် သိကြားမင်း ဘုရားကိုကိုးကွယ်ဆည်းကပ်ခြင်းသည် ကောင်း၏။ နတ်တို့အရှင် သိကြားမင်း ဘုရားကိုကိုးကွယ်ဆည်းကပ်ခြင်းကြောင့် ဤလောက၌ အချို့သော သတ္တဝါတို့သည်ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော သူတို့၏လားရာ ဖြစ်သော နတ်ပြည်သို့ ရောက်ရကုန်၏။ ထိုနတ်တို့သည် နတ်၌ ဖြစ်သော အသက်, အဆင်း,့ချမ်းသာ, အခြံအရံ, အစိုးရခြင်း၊ နတ်၌ ဖြစ်သော ရူပါရုံ, သဒ္ဒါရုံ, ဂန္ဓာရုံ, ရသာရုံ, ဖောဋ္ဌဗ္ဗာရုံဟူကုန်သောဆယ်ပါး သော ဌာနတို့ဖြင့် အခြားနတ်တို့ကို လွှမ်းမိုးနိုင်ကုန်၏။

နတ်တို့အရှင် သိကြားမင်း တရားကိုကိုးကွယ်ဆည်းကပ်ခြင်းသည် ကောင်း၏။ နတ်တို့အရှင်သိကြားမင်း။ပ။ တရားကိုကိုးကွယ်ဆည်းကပ်ခြင်းကြောင့် ဤလောက၌ အချို့သော သတ္တဝါတို့သည်ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော သူတို့၏ လားရာဖြစ်သော နတ်ပြည်သို့ရောက်ရကုန်၏။ ထိုနတ်တို့သည် နတ်၌ ဖြစ်သော အသက်, အဆင်း, ချမ်းသာ, အခြံအရံ, အစိုးရခြင်း၊ နတ်၌ ဖြစ်သော ရူပါရုံ, သဒ္ဒါရုံ, ဂန္ဓာရုံ, ရသာရုံ, ဖောဋ္ဌဗ္ဗာရုံဟူကုန်သော ဆယ်ပါးသော ဌာနတို့ဖြင့်အခြားနတ်တို့ကို လွှမ်းမိုးနိုင်ကုန်၏။

နတ်တို့အရှင် သိကြားမင်း သံဃာကိုကိုးကွယ်ဆည်းကပ်ခြင်းသည် ကောင်း၏။ နတ်တို့အရှင်သိကြားမင်း သံဃာကိုကိုးကွယ်ဆည်းကပ်ခြင်းကြောင့် ဤလောက၌ အချို့သော သတ္တဝါတို့သည်ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော သူတို့၏ လားရာဖြစ်သော နတ်ပြည်သို့ ရောက်ရကုန်၏။ ထိုနတ်တို့သည် နတ်၌ ဖြစ်သော အသက်, အဆင်း, ချမ်းသာ, အခြံအရံ,အစိုးရခြင်း၊ နတ်၌ ဖြစ်သော ရူပါရုံ, သဒ္ဒါရုံ, ဂန္ဓာရုံ, ရသာရုံ ဖောဋ္ဌဗ္ဗာရုံဟူကုန်သော ဆယ်ပါးသော ဌာနတို့ဖြင့် အခြားနတ်တို့ကို လွှမ်းမိုးနိုင်ကုန်၏ဟု မိန့်ဆို၏။

အသျှင်မောဂ္ဂလာန် ဘုရားကိုကိုးကွယ်ဆည်းကပ်ခြင်းသည် ကောင်း၏။ အသျှင်မောဂ္ဂလာန် ဘုရားကိုကိုးကွယ်ဆည်းကပ်ခြင်းကြောင့် ဤလောက၌ အချို့သော သတ္တဝါတို့သည်ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော သူတို့၏ လားရာဖြစ်သော နတ်ပြည်သို့ ရောက်ရကုန်၏။ ထိုနတ်တို့သည် နတ်၌ ဖြစ်သော အသက်။ပ။ နတ်၌ ဖြစ်သော ရူပါရုံ, သဒ္ဒါရုံ, ဂန္ဓာရုံ, ရသာရုံ, ဖောဋ္ဌဗ္ဗာရုံဟူကုန်သော ဆယ်ပါးသော ဌာနတို့ဖြင့် အခြားနတ်တို့ကို လွှမ်းမိုးနိုင်ကုန်၏။

--

အသျှင်မောဂ္ဂလာန် တရားကိုကိုးကွယ်ဆည်းကပ်ခြင်းသည် ကောင်း၏။ပ။ သံဃာကိုကိုးကွယ်ဆည်းကပ်ခြင်းသည် ကောင်း၏။ အသျှင်မောဂ္ဂလာန် သံဃာကိုကိုးကွယ်ဆည်းကပ်ခြင်းကြောင့် ဤလောက ၌ အချို့သော သတ္တဝါတို့သည်ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသောသူတို့၏ လား ရာဖြစ်သော နတ်ပြည်သို့ ရောက်ရကုန်၏။ ထိုနတ်တို့သည် နတ်၌ ဖြစ်သော အသက်,အဆင်း, ချမ်းသာ, အခြံအရံ, အစိုးရခြင်း၊ နတ်၌ ဖြစ်သော ရူပါရုံ, သဒ္ဒါရုံ, ဂန္ဓာရုံ, ရသာရုံ,ဖောဋ္ဌဗ္ဗာရုံဟူကုန်သော ဆယ်ပါး သော ဌာနတို့ဖြင့် အခြားနတ်တို့ကို လွှမ်းမိုးနိုင်ကုန်၏ဟု လျှောက်၏။

ထိုအခါ နတ်တို့အရှင် သိကြားမင်းသည် ခြောက်ရာကုန်သော နတ်တို့နှင့်အတူ။ပ။ ထိုအခါ နတ်တို့အရှင် သိကြားမင်းသည် ခုနစ်ရာကုန်သော နတ်တို့နှင့်အတူ။ပ။ ထိုအခါ နတ်တို့အရှင် သိကြားမင်းသည်ရှစ်ရာကုန်သော နတ်တို့နှင့်အတူ။ပ။ ထိုအခါ နတ်တို့အရှင် သိကြားမင်းသည် ရှစ်သောင်းကုန်သော နတ်တို့နှင့်အတူ အသျှင်မဟာမောဂ္ဂလာန်ထံသို့ ချဉ်းကပ်၍ အသျှင်မဟာမောဂ္ဂလာန်ကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ရပ်တည်လေ၏။ တစ်ခုသော နေရာ၌ ရပ်တည်ပြီးသော နတ်တို့အရှင် သိကြားမင်းအားအသျှင်မဟာမောဂ္ဂလာန်သည် ဤစကားကို ဆို၏။ နတ်တို့အရှင် သိကြားမင်း ဘုရားကိုကိုးကွယ်ဆည်းကပ်ခြင်းသည် ကောင်း၏။ နတ်တို့အရှင် သိကြားမင်း ဘုရားကိုကိုးကွယ်ဆည်းကပ်ခြင်းကြောင့် ဤလောက၌ အချို့သော သတ္တဝါတို့သည်ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသောသူတို့၏ လားရာဖြစ်သော နတ်ပြည်သို့ ရောက်ရကုန်၏၊ ထိုနတ်တို့သည် နတ်၌ ဖြစ်သော အသက်။ပ။ နတ်၌ ဖြစ်သော ရူပါရုံ, သဒ္ဒါရုံ, ဂန္ဓာရုံ, ရသာရုံ, ဖောဋ္ဌဗ္ဗာရုံဟူကုန်သော ဆယ်ပါးသော ဌာနတို့ဖြင့်အခြားနတ်တို့ကို လွှမ်းမိုးနိုင်ကုန်၏။

နတ်တို့အရှင် သိကြားမင်း တရားကိုကိုးကွယ်ဆည်းကပ်ခြင်းသည် ကောင်း၏။ပ။

နတ်တို့အရှင် သိကြားမင်း သံဃာကိုကိုးကွယ်ဆည်းကပ်ခြင်းသည် ကောင်း၏။ နတ်တို့အရှင့်သိကြားမင်း သံဃာကိုကိုးကွယ်ဆည်းကပ်ခြင်းကြောင့် ဤလောက၌ အချို့သော သတ္တဝါတို့သည်ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော သူတို့၏ လားရာဖြစ်သော နတ်ပြည်သို့ ရောက်ရကုန်၏။ ထိုနတ်တို့သည် နတ်၌ ဖြစ်သော အသက်, အဆင်း, ချမ်းသာ, အခြံအရံ, အစိုးရခြင်း၊ နတ်၌ ဖြစ်သော ရူပါရုံ, သဒ္ဒါရုံ, ဂန္ဓာရုံ, ရသာရုံ, ဖောဋ္ဌဗ္ဗာရုံဟူကုန်သော ဆယ်ပါးသော ဌာနတို့ဖြင့် အခြားနတ်တို့ကို လွှမ်းမိုးနိုင်ကုန်၏ဟု မိန့်ဆို၏။

အသျှင်မောဂ္ဂလာန် ဘုရားကိုကိုးကွယ်ဆည်းကပ်ခြင်းသည် ကောင်း၏။ပ။ အသျှင်မောဂ္ဂလာန် တရားကိုကိုးကွယ်ဆည်းကပ်ခြင်းသည် ကောင်း၏။ပ။ အသျှင်မောဂ္ဂလာန် သံဃာကိုကိုးကွယ်ဆည်းကပ်ခြင်းသည် ကောင်း၏။ အသျှင်မောဂ္ဂလာန် သံဃာကိုကိုးကွယ်ဆည်းကပ်ခြင်းကြောင့် ဤလောက၌ အချို့သော သတ္တဝါတို့သည်ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော သူတို့၏ လားရာဖြစ်သော နတ်ပြည်သို့ ရောက်ရကုန်၏။ ထိုနတ်တို့သည် နတ်၌ ဖြစ်သော အသက်, အဆင်း, ချမ်းသာ,အခြံအရံ, အစိုးရခြင်း၊ နတ်၌ ဖြစ်သော ရူပါရုံ, သဒ္ဒါရုံ, ဂန္ဓာရုံ, ရသာရုံ, ဖောဋ္ဌဗ္ဗာရုံဟူကုန်သော ဆယ်ပါးသော ဌာနတို့ဖြင့် အခြားနတ်တို့ကို လွှမ်းမိုးနိုင်ကုန်၏ဟု လျှောက်၏။

ထိုအခါ နတ်တို့အရှင် သိကြားမင်းသည် ငါးရာကုန်သော နတ်တို့နှင့်အတူ အသျှင်မဟာမောဂ္ဂလာန်ထံသို့ ချဉ်းကပ်၍ အသျှင်မဟာမောဂ္ဂလာန်ကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ရပ်တည်လေ၏၊ တစ်ခုသော နေရာ၌ ရပ်တည်ပြီးသော နတ်တို့အရှင် သိကြားမင်းအား အသျှင်မဟာမောဂ္ဂလာန်သည် ဤစကားကို မိန့်ဆို၏။ နတ်တို့အရှင် သိကြားမင်း “မြတ်စွာဘုရားသည်း။ပ။ နတ်လူတို့၏ ဆရာဖြစ်တော်မူသောအကြောင်းကြောင့်လည်း သတ္ထာ ဒေဝမနုဿာနံ မည်တော်မူ၏။ (သစ္စာလေးပါးတရားတို့ကို) သိစေတော်မူသော အကြောင်းကြောင့်လည်း ဗုဒ္ဓ မည်တော်မူ၏၊ ဘုန်းတန်ခိုးကြီးတော်မူသောအကြောင်းကြောင့်လည်း ဘဂဝါ မည်တော်မူ၏”ဟု ဘုရား၌ သက်ဝင်၍ ကြည်ညိုခြင်းနှင့်ပြည့်စုံခြင်းသည် ကောင်း၏။ နတ်တို့ အရှင် သိကြားမင်း ဘုရား၌ သက်ဝင်၍ ကြည်ညိုခြင်းနှင့်ပြည့်စုံခြင်းကြောင့် ဤလောက၌ အချို့သော သတ္တဝါတို့သည်ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ကောင်းသော သူတို့၏ လားရာဖြစ်သော နတ်ပြည်သို့ ရောက်ရကုန်၏။ ထိုနတ်တို့သည် နတ်၌ ဖြစ်သော အသက်။ပ။ နတ်၌ ဖြစ်သော ရူပါရုံ, သဒ္ဒါရုံ, ဂန္ဓာရုံ, ရသာရုံ, ဖောဋ္ဌဗ္ဗာရုံဟူကုန်သောဆယ်ပါးသော ဌာနတို့ဖြင့် အခြားနတ်တို့ကို လွှမ်းမိုးနိုင် ကုန်၏။

--

နတ်တို့အရှင် သိကြားမင်း “တရားတော်သည် မြတ်စွာဘုရား ကောင်းစွာ ဟောထားသော တရားတော်ပါပေတည်း။ပ။ (အရိယာ) ပညာရှိတို့သာကိုယ်စီကိုယ်င သိနိုင်ခံစားနိုင်သော တရားတော်ပါပေတည်း”ဟု တရား၌ သက်ဝင်၍ ကြည်ညိုခြင်းနှင့် ပြည့်စုံခြင်းသည် ကောင်း၏။ နတ်တို့အရှင်သိကြားမင်း တရား၌ သက်ဝင်၍ ကြည်ညိုခြင်းနှင့် ပြည့်စုံခြင်းကြောင့် ဤလောက၌ အချို့သောသတ္တဝါတို့သည်ကိုယ် ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော သူတို့၏ လားရာဖြစ်သောနတ်ပြည်သို့ ရောက်ရ ကုန်၏။ပ။

နတ်တို့အရှင် သိကြားမင်း “မြတ်စွာဘုရား၏ တပည့်သားသံဃာတော်သည် ကောင်းသော အကျင့်ရှိတော်မူပါပေ၏။ပ။ သတ္တဝါအပေါင်း၏ ကောင်းမှုပြုရန် အမြတ်ဆုံး လယ်မြေဖြစ်တော်မူပါပေ၏”ဟုသံဃာ၌ သက်ဝင်၍ ကြည်ညိုခြင်းနှင့် ပြည့်စုံခြင်းသည် ကောင်း၏။ နတ်တို့အရှင် သိကြားမင်း သံဃာ၌ သက်ဝင်၍ ကြည်ညိုခြင်းနှင့် ပြည့်စုံခြင်းကြောင့် ဤလောက၌ အချို့သော သတ္တဝါတို့သည်ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော သူတို့၏ လားရာဖြစ်သော နတ်ပြည်သို့ ရောက်ရကုန်၏။

နတ်တို့အရှင် သိကြားမင်း မကျိုးကုန်။ပ။ တည်ကြည်ခြင်း ‘သမာဓိ'ကို ဖြစ်စေတတ်ကုန်သောအရိယာတို့ နှစ်သက်အပ်ကုန်သော သီလတို့နှင့် ပြည့်စုံခြင်းသည် ကောင်း၏။ နတ်တို့အရှင် သိကြားမင်းအရိယာတို့ နှစ်သက်အပ်ကုန်သော သီလတို့နှင့် ပြည့်စုံခြင်းကြောင့် ဤလောက၌ အချို့သော သတ္တဝါတို့သည်ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော သူတို့၏ လားရာဖြစ်သော နတ်ပြည်သို့ရောက်ရကုန်၏။ ထိုသူတို့သည် နတ်၌ ဖြစ်သော အသက်။ပ။ နတ်၌ ဖြစ်သော ရူပါရုံ, သဒ္ဒါရုံ, ဂန္ဓာရုံ,ရသာရုံ, ဖောဋ္ဌဗ္ဗာရုံဟူကုန်သော ဆယ်ပါးသော ဌာနတို့ဖြင့် အခြားနတ်တို့ကို လွှမ်းမိုးနိုင်ကုန်၏ဟုမိန့်ဆို၏။

အသျှင်မောဂ္ဂလာန် “ထိုမြတ်စွာဘုရားသည်။ပ။ နတ်လူတို့၏ ဆရာဖြစ်တော်မူသော အကြောင်းကြောင့်လည်း သတ္ထာ ဒေဝမနုဿာနံ မည်တော်မူ၏၊ (သစ္စာလေးပါးတရားတို့ကို) သိစေတော်မူသောအကြောင်းကြောင့်လည်း ဗုဒ္ဓ မည်တော်မူ၏၊ ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်းကြောင့်လည်းဘဂဝါ မည်တော်မူ၏ ”ဟု ဘုရား၌ သက်ဝင်၍ ကြည်ညိုခြင်းနှင့် ပြည့်စုံခြင်းသည် ကောင်း၏၊ အသျှင်မောဂ္ဂလာန် ဘုရား၌ သက်ဝင်၍ ကြည်ညိုခြင်းကြောင့် ဤလောက၌ အချို့သော သတ္တဝါတို့သည်ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော သူတို့၏ လားရာဖြစ်သော နတ်ပြည်သို့ရောက်ရကုန်၏၊ ထိုသူတို့သည် နတ်၌ ဖြစ်သော အသက်။ပ။ နတ်၌ ဖြစ်သော ဖောဋ္ဌဗ္ဗာရုံဟူကုန်သောဆယ်ပါးသော ဌာနတို့ဖြင့် အခြားနတ်တို့ကို လွှမ်းမိုးနိုင်ကုန်၏။

အသျှင်မောဂ္ဂလာန် “တရားတော်သည် မြတ်စွာဘုရား ကောင်းစွာ ဟောထားသော တရားတော်ပါပေတည်း။ပ။ (အရိယာ) ပညာရှိတို့သာ ကိုယ်စီကိုယ်င သိနိုင်ခံစားနိုင်သော တရားတော်ပါပေတည်း ”ဟုတရား၌ သက်ဝင်၍ ကြည်ညိုခြင်းနှင့် ပြည့်စုံခြင်းသည် ကောင်း၏၊ အသျှင်မောဂ္ဂလာန် တရား၌ သက်ဝင်၍ ကြည်ညိုခြင်းနှင့် ပြည့်စုံခြင်းကြောင့် ဤလောက၌ အချို့သော သတ္တဝါတို့သည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော သူတို့၏ လားရာဖြစ်သော နတ်ပြည်သို့ ရောက်ရကုန်၏၊ ထိုသူတို့သည် နတ်၌ ဖြစ်သော အသက်။ပ။ နတ်၌ ဖြစ်သော ဖောဋ္ဌဗ္ဗာရုံဟူကုန်သော ဆယ်ပါးသောဌာနတို့ဖြင့် အခြားနတ်တို့ကို လွှမ်းမိုးနိုင်ကုန်၏။

--

အသျှင်မောဂ္ဂလာန် “မြတ်စွာဘုရား၏ တပည့်သားသံဃာတော်သည် ကောင်းသော အကျင့်ရှိတော်မူပါပေ၏။ပ။ သတ္တဝါအပေါင်း၏ ကောင်းမှုပြုရန် အမြတ်ဆုံး လယ်မြေဖြစ်ပါပေ၏ ”ဟု သံဃာ၌ သက်ဝင်၍ ကြည်ညိုခြင်းနှင့် ပြည့်စုံခြင်းသည် ကောင်း၏၊ အသျှင်မောဂ္ဂလာန် သံဃာ၌ သက်ဝင်၍ ကြည်ညိုခြင်းနှင့် ပြည့်စုံခြင်းကြောင့် ဤလောက၌ အချို့သော သတ္တဝါတို့သည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှနောက်၌ ကောင်းသော သူတို့၏ လားရာဖြစ်သော နတ်ပြည်သို့ ရောက်ရကုန်၏၊ ထိုသူတို့သည် နတ်၌ ဖြစ်သော အသက်။ပ။ နတ်၌ ဖြစ်သော ဖောဋ္ဌဗ္ဗာရုံဟူကုန်သော ဆယ်ပါးသော ဌာနတို့ဖြင့် အခြားနတ်တို့ကို လွှမ်းမိုးနိုင်ကုန်၏။

အသျှင်မောဂ္ဂလာန် မကျိုးကုန်။ပ။ တည်ကြည်ခြင်း ‘သမာဓိ'ကို ဖြစ်စေတတ်ကုန်သော အရိယာတို့နှစ်သက်အပ်သော သီလတို့နှင့် ပြည့်စုံခြင်းသည် ကောင်း၏၊ အသျှင်မောဂ္ဂလာန် အရိယာတို့နှစ်သက်အပ် ကုန်သော သီလတို့နှင့် ပြည့်စုံခြင်းကြောင့် ဤလောက၌ အချို့သော သတ္တဝါတို့သည်ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော သူတို့၏ လားရာဖြစ်သော နတ်ပြည်သို့ရောက်ရကုန်၏၊ ထိုသူတို့သည် နတ်၌ ဖြစ်သော အသက်။ပ။ နတ်၌ ဖြစ်သော ဖောဋ္ဌဗ္ဗာရုံဟူကုန်သောဆယ်ပါးသော ဌာနတို့ဖြင့် အခြားနတ်တို့ကို လွှမ်းမိုးနိုင်ကုန်၏ဟု လျှောက်၏။

ထိုအခါ နတ်တို့အရှင် သိကြားမင်းသည် ခြောက်ရာကုန်သော နတ်တို့နှင့်အတူ။ပ။ ထိုအခါ နတ်တို့အရှင် သိကြားမင်းသည် ခုနစ်ရာကုန်သော နတ်တို့နှင့်အတူ။ပ။ ထိုအခါ နတ်တို့အရှင် သိကြားမင်းသည်ရှစ်ရာကုန်သော နတ်တို့နှင့်အတူ။ပ။ ထိုအခါ နတ်တို့အရှင် သိကြားမင်းသည် ရှစ်သောင်းကုန်သော နတ်တို့နှင့်အတူ အသျှင်မဟာမောဂ္ဂလာန်ထံသို့ ချဉ်းကပ်၍ အသျှင်မဟာမောဂ္ဂလာန်ကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ရပ်တည်လေ၏။ တစ်ခုသော နေရာ၌ ရပ်တည်ပြီးသော နတ်တို့အရှင် သိကြားမင်းအားအသျှင်မဟာမောဂ္ဂလာန်သည် ဤစကားကို မိန့်ဆို၏-

နတ်တို့အရှင် သိကြားမင်း “ထိုမြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သော အကြောင်းကြောင့်လည်း ‘အရဟံ’ မည်တော်မူ၏၊ (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသောအကြောင်းကြောင့်လည်း ‘သမ္မာသမ္ဗုဒ္ဓ’ မည်တော်မူ၏၊ အသိဉာဏ် ‘ဝိဇ္ဇာ’ အကျင့် ‘စရဏ'နှင့်ပြည်စုံတော်မူ သော အကြောင်းကြောင့်လည်း ‘ဝိဇ္ဇာစရဏသမ္ပန္န’ မည်တော်မူ၏၊ ကောင်းသော စကားကိုဆိုတော်မူတတ် သော အကြောင်းကြောင့်လည်း ‘သုဂတ’ မည်တော်မူ၏၊ လောကကို သိစေတော်မူသောအကြောင်းကြောင့်လည်း ‘လောကဝိဒူ’ မည်တော်မူ၏၊ ဆုံးမထိုက်သူကို ဆုံးမတတ်သည့် အတုမဲ့ပုဂ္ဂိုလ်ဖြစ်တော်မူသော အကြောင်းကြောင့်လည်း ‘အနုတ္တရော ပုရိသဒမ္မသာရထိ’ မည်တော်မူ၏၊ နတ်လခတို့၏ ဆရာဖြစ်တော်မူသော အကြောင်းကြောင့်လည်း ‘သတ္ထာ ဒေဝမနုဿာနံ’ မည်တော်မူ၏၊ (သစ္စာလေးပါးတရားတို့ကို) သိစေတော် မူသော အကြောင်းကြောင့်လည်း ‘ဗုဒ္ဓ’ မည်တော်မူ၏၊ ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်းကြောင့်လည်း ‘ဘဂဝါ’ မည်တော်မူ၏ဟု ဘုရား၌ သက်ဝင်၍ ကြည်ညိုခြင်းနှင့် ပြည့်စုံခြင်းသည် ကောင်း၏၊ နတ်တို့အရှင် သိကြားမင်း ဘုရား၌ သက်ဝင်၍ ကြည်ညိုခြင်းနှင့် ပြည့်စုံခြင်းကြောင့် အချို့သော သတ္တဝါ တို့သည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှနောက်၌ ကောင်းသော သူတို့၏ လားရာဖြစ်သော နတ်ပြည် သို့ ရောက်ရကုန်၏၊ ထိုသူတို့သည် နတ်၌ ဖြစ်သော အသက်, အဆင်း, ချမ်းသာ, အခြံအရံ, အစိုးရခြင်း၊ နတ်၌ ဖြစ်သော ရူပါရုံ, သဒ္ဒါရုံ, ဂန္ဓာရုံ,ရသာရုံ, ဖောဋ္ဌဗ္ဗာရုံဟူကုန်သော ဆယ်ပါးသော ဌာနတို့ဖြင့် အခြားနတ်တို့ကို လွှမ်းမိုးနိုင်ကုန်၏။

--

နတ်တို့အရှင် သိကြားမင်း “တရားတော်သည် မြတ်စွာဘုရား ကောင်းစွာ ဟောတော်မူသောတရားတော်ပါပေတည်း၊ ကိုယ်တိုင် သိမြင်နိုင်သော တရားတော်ပါပေတည်း၊ အခါမလင့် အကျိုးပေးတတ်သော တရားတော်ပါပေတည်း၊ လာလှည့် ရှုလှည့်ဟု ပြထိုက်သော တရားတော်ပါပေတည်း၊ မိမိ၏ကိုယ်ထဲစိတ်ထဲ၌ ဆောင်ယူထားထိုက်သော တရားတော်ပါပေတည်း၊ (အရိယာ) ပညာရှိတို့သာ ကိုယ်စီကိုယ်င သိနိုင်ခံစားနိုင်သော တရားတော်ပါပေတည်း ”ဟု တရား၌ သက်ဝင်၍ ကြည်ညိုခြင်းနှင့် ပြည့်စုံခြင်းသည် ကောင်း၏၊ နတ်တို့အရှင် သိကြားမင်း တရား၌ သက်ဝင်၍ ကြည်ညိုခြင်းနှင့်ပြည့်စုံခြင်းကြောင့် အချို့သော သတ္တဝါတို့သည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော သူတို့၏ လားရာ ဖြစ်သော နတ်ပြည်သို့ ရောက်ရကုန်၏၊ ထိုသူတို့သည် နတ်၌ ဖြစ်သောအသက်, အဆင်း, ချမ်းသာ, အခြံအရံ, အစိုးရခြင်း၊ နတ်၌ ဖြစ်သော ရူပါရုံ, သဒ္ဒါရုံ, ဂန္ဓာရုံ, ရသာရုံ,ဖောဋ္ဌဗ္ဗာရုံဟူကုန်သော ဆယ်ပါး သော ဌာနတို့ဖြင့် အခြားနတ်တို့ကို လွှမ်းမိုးနိုင်ကုန်၏။

နတ်တို့အရှင် သိကြားမင်း “မြတ်စွာဘုရား၏ တပည့်သားသံဃာတော်သည် ကောင်းသော အကျင့်ရှိတော်မူပါပေ၏၊ မြတ်စွာဘုရား၏ တပည့်သားသံဃာတော်သည် ဖြောင့်မတ်သောအကျင့်ရှိတော်မူပါပေ၏၊ မြတ်စွာဘုရား၏ တပည့်သား သံဃာတော်သည် မှန်ကန်သောအကျင့်ရှိတော်မူပါပေ၏၊ မြတ်စွာဘုရား၏ တပည့်သားသံဃာတော်သည် လျော်ကန်သောအကျင့်ရှိတော်မူပါပေ၏၊ အစုံအားဖြင့် လေးစုံ, ပုဂ္ဂိုလ်အား ဖြင့် ရှစ်ပါး အရေအတွက်ရှိသောမြတ်စွာဘုရား၏ တပည့်သားသံဃာတော်သည် အရပ်ဝေးမှ ဆောင်ယူ လာသော အလှူကိုခံတော်မူထိုက်ပါပေ၏၊ ဧည့်သည်တို့အလိုငှါ စီမံထားသော အလှူကို ခံတော်မူထိုက်ပါ ပေ၏၊ တမလွန်အတွက် ရည်မျှော်သော အလှူကို ခံတော်မူထိုက်ပါပေ၏၊ လက်အုပ်ချီခြင်းငှါ ထိုက်ပါပေ၏၊ သတ္တဝါအပေါင်း၏ ကောင်းမှုပြုရန် အမြတ်ဆုံးလယ်မြေ ဖြစ်တော်မူပါပေ၏”ဟု သံဃာ၌ သက်ဝင်၍ ကြည် ညိုခြင်းနှင့် ပြည့်စုံခြင်းသည် ကောင်း၏၊ နတ်တို့အရှင် သိကြားမင်း သံဃာ၌ သက်ဝင်၍ ကြည်ညိုခြင်းနှင့် ပြည့်စုံခြင်းကြောင့် အချို့သော သတ္တဝါတို့သည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှနောက်၌ ကောင်းသော သူတို့၏ လားရာဖြစ်သော နတ်ပြည်သို့ ရောက်ရကုန်၏၊ ထိုသူတို့သည် နတ်၌ ဖြစ်သော အသက်, အဆင်း, ချမ်းသာ, အခြံအရံ, အစိုးရခြင်း၊ နတ်၌ ဖြစ်သော ရူပါရုံ, သဒ္ဒါရုံ, ဂန္ဓာရုံ,့ရသာရုံ, ဖောဋ္ဌဗ္ဗာရုံ ဟူကုန်သော ဆယ်ပါးသော ဌာနတို့ဖြင့် အခြားနတ်တို့ကို လွှမ်းမိုးနိုင်ကုန်၏။

နတ်တို့အရှင် သိကြားမင်း မကျိုးမပေါက် မပြောက်မကျားမူ၍ တဏှာကျွန်အဖြစ်မှ လွတ်မြောက် လျက်ပညာရှိတို့ ချီးမွမ်းအပ် မှားသောအားဖြင့် မသုံးသပ်အပ် တည်ကြည်မှုကို ဖြစ်စေတတ်ကုန်သောအရိယာတို့ နှစ်သက်အပ်ကုန်သော သီလတို့နှင့် ပြည့်စုံခြင်းသည် ကောင်း၏၊ နတ်တို့အရှင် သိကြားမင်းအရိယာတို့ နှစ်သက်အပ်ကုန်သော သီလတို့နှင့် ပြည့်စုံခြင်းကြောင့် အချို့သော သတ္တဝါတို့သည်ခန္ဓာကိုယ် ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော သူတို့၏ လားရာဖြစ်သော နတ်ပြည်သို့ရောက်ရကုန်၏၊ ထိုသူတို့သည် နတ်၌ ဖြစ်သော အသက်, အဆင်း, ချမ်းသာ, အခြံအရံ, အစိုးရခြင်း၊ နတ်၌ ဖြစ်သော ရူပါရုံ, သဒ္ဒါရုံ, ဂန္ဓာရုံ, ရသာရုံ, ဖောဋ္ဌဗ္ဗာရုံဟူကုန်သော ဆယ်ပါးသော ဌာနတို့ဖြင့်အခြားနတ်တို့ကို လွှမ်းမိုးနိုင်ကုန်၏ဟု မိန့်တော်မူ၏။

--

အသျှင်မောဂ္ဂလာန် “ထိုမြတ်စွာဘုရားသည်။ပ။ နတ်လူတို့၏ ဆရာဖြစ်တော်မူသော အကြောင်းကြောင့်လည်း သတ္ထာ ဒေဝမနုဿာနံ မည်တော်မူ၏၊ (သစ္စာလေးပါးတရားတို့ကို) သိစေတော်မူသောအကြောင်းကြောင့်လည်း ဗုဒ္ဓ မည်တော်မူ၏၊ ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်းကြောင့်လည်းဘဂဝါ မည်တော်မူ၏ ”ဟု ဘုရား၌ သက်ဝင်၍ ကြည်ညိုခြင်းနှင့် ပြည့်စုံခြင်းသည် ကောင်း၏၊ အသျှင်မောဂ္ဂလာန် ဘုရား၌ သက်ဝင်၍ ကြည်ညိုခြင်းနှင့် ပြည့်စုံခြင်းကြောင့် ဤလောက၌ အချို့သောသတ္တဝါတို့သည် ခန္ဓာ ကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော သူတို့၏ လားရာဖြစ်သောနတ်ပြည်သို့ ရောက်ရ ကုန်၏၊ ထိုသူတို့သည် နတ်၌ ဖြစ်သော အသက်။ပ။ နတ်၌ ဖြစ်သော ရူပါရုံ,သဒ္ဒါရုံ, ရသာရုံ, ဖောဋ္ဌဗ္ဗာရုံ ဟူကုန်သော ဆယ်ပါးသော ဌာနတို့ဖြင့် အခြားနတ်တို့ကိုလွှမ်းမိုးနိုင်ကုန်၏။

အသျှင်မောဂ္ဂလာန် “တရားတော်သည် မြတ်စွာဘုရား ကောင်းစွာ ဟောထားသော တရားတော်ပါပေတည်း။ပ။ အရိယာပညာရှိတို့သာ ကိုယ်စီကိုယ်င သိနိုင်ခံစားနိုင်သော တရားတော်ပါပေတည်း”ဟုတရား၌ သက်ဝင်၍ ကြည်ညိုခြင်းနှင့် ပြည့်စုံခြင်းသည် ကောင်း၏၊ အသျှင်မောဂ္ဂလာန် တရား၌ သက်ဝင်၍ ကြည်ညိုခြင်းနှင့် ပြည့်စုံခြင်းကြောင့် ဤလောက၌ အချို့သော သတ္တဝါတို့သည်ခန္ဓာကိုယ်ပျက်စီး၍ သေ ပြီးသည်မှ နောက်၌ ကောင်းသော သူတို့၏ လားရာဖြစ်သော နတ်ပြည်သို့ရောက်ရကုန်၏၊ ထိုသူတို့သည် နတ်၌ ဖြစ်သော အသက်။ပ။ နတ်၌ ဖြစ်သော ဖောဋ္ဌဗ္ဗာရုံဟူကုန်သောဆယ်ပါးသော ဌာနတို့ဖြင့် အခြား နတ်တို့ကို လွှမ်းမိုးနိုင်ကုန်၏။

အသျှင်မောဂ္ဂလာန် “မြတ်စွာဘုရား၏ တပည့်သား သံဃာတော်သည် ကောင်းသော အကျင့်ရှိတော်မူပါပေ၏။ပ။ သတ္တဝါအပေါင်း၏ ကောင်းမှုပြုရန် အမြတ်ဆုံး လယ်မြေဖြစ်၏ ”ဟု သံဃာ၌ သက်ဝင်၍ ကြည်ညိုခြင်းနှင့် ပြည့်စုံခြင်းသည် ကောင်း၏၊ အသျှင်မောဂ္ဂလာန် သံဃာ၌ သက်ဝင်၍ ကြည်ညိုခြင်းနှင့်ပြည့်စုံခြင်းကြောင့် ဤလောက၌ အချို့သော သတ္တဝါတို့သည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှနောက်၌ ကောင်းသော သူတို့၏ လားရာဖြစ်သော နတ်ပြည်သို့ ရောက်ရကုန်၏၊ ထိုသူတို့သည် နတ်၌ ဖြစ်သော အသက်။ပ။ နတ်၌ ဖြစ်သော ဖောဋ္ဌဗ္ဗာရုံဟူကုန်သော ဆယ်ပါးသော ဌာနတို့ဖြင့်အခြားနတ်တို့ကို လွှမ်း မိုးနိုင်ကုန်၏။

အသျှင်မောဂ္ဂလာန် မကျိုးကုန်။ပ။ တည်ကြည်မှု ‘သမာဓိ’ ကို ဖြစ်စေတတ်ကုန်သော အရိယာတို့နှစ်သက်အပ်ကုန်သော သီလတို့နှင့် ပြည့်စုံခြင်းသည် ကောင်း၏၊ အသျှင်မောဂ္ဂလာန် အရိယာတို့နှစ်သက် အပ်ကုန်သော သီလတို့နှင့် ပြည့်စုံခြင်းကြောင့် ဤလောက၌ အချို့သော သတ္တဝါတို့သည်ခန္ဓာကိုယ် ပျက် စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော သူတို့၏ လားရာဖြစ်သော နတ်ပြည်သို့ရောက်ရကုန်၏၊ ထိုသူတို့သည် နတ်၌ ဖြစ်သော အသက်, အဆင်း, ချမ်းသာ, အခြံအရံ, အစိုးရခြင်း၊ နတ်၌ ဖြစ်သော ရူပါရုံ, သဒ္ဒါရုံ, ဂန္ဓာရုံ, ရသာရုံ, ဖောဋ္ဌဗ္ဗာရုံဟူကုန်သော ဆယ်ပါးသော ဌာနတို့ဖြင့်အခြားနတ်တို့ကို လွှမ်းမိုးနိုင်ကုန်၏ဟု (လျှောက်၏)။

ဒသမသုတ်။

၁၁-စန္ဒနသုတ်

၃၄၂။ ထိုအခါ စန္ဒနနတ်သားသည်။ပ။ ထိုအခါ သုယာမနတ်သားသည်။ပ။ ထိုအခါ သန္တုဿိတနတ်သားသည်။ပ။ ထိုအခါ သုနိမ္မိတနတ်သားသည်။ပ။ ထိုအခါ ဝသဝတ္တိနတ်သားသည်။ပ။ [ ဤငါးပါးကုန်သော ပေယျာလသုတ်တို့ကို သက္ကသုတ်ကဲ့သို့ ချဲ့အပ်ကုန်၏။ ]

ဧကာဒသမသုတ်။

မောဂ္ဂလာနသံယုတ် ပြီး၏။

--

၇-စိတ္တသံယုတ်

၁-သံယောဇနသုတ်

၃၄၃။ အခါတစ်ပါး၌ များစွာသော မထေရ်ရဟန်းတို့သည် မစ္ဆိကာသဏ္ဍအရပ် ဝှေးပင်တော၌ (သီတင်းသုံး) နေကုန်၏၊ ထိုအခါ ဆွမ်းစားပြီးနောက် ဆွမ်းခံရွာမှ ဖဲကုန်၍ တန်ဆောင်းဝန်း၌ စုဝေးထိုင်နေကုန်သော များစွာကုန်သော မထေရ်ရဟန်းတို့အား “ငါ့သျှင်တို့ သံယောဇဉ်ဟူ၍လည်းကောင်း၊ သံယော ဇနိယတရားတို့ဟူ၍လည်းကောင်း ဤတရားတို့သည် အနက်ထူး သဒ္ဒါထူးရှိကုန်သလော၊ သို့မဟုတ် အ နက်တူ၍ သဒ္ဒါသာလျှင်ထူးသလော”ဟု ဤအကြားစကားသည် ဖြစ်ပေါ်၏။ ထိုအခါအချို့သော မထေရ် ရဟန်းတို့သည် “ငါ့သျှင်တို့ သံယောဇဉ်ဟူ၍လည်းကောင်း၊ သံယောဇနိယတရားတို့ဟူ၍လည်းကောင်း ဤ တရားတို့သည် အနက်လည်းထူးသဒ္ဒါလည်းထူးကုန်၏”ဟု ဤသို့ ဖြေဆိုကြကုန်၏၊ အချို့သော မထေရ် ရဟန်းတို့သည် “ငါ့သျှင်တို့သံယောဇဉ်ဟူ၍လည်းကောင်း၊ သံယောဇနိယတရားတို့ဟူ၍လည်းကောင်း ဤ တရားတို့သည်အနက်တူ၍ သဒ္ဒါသာလျှင် ထူး၏”ဟု ဖြေဆိုကြကုန်၏။

ထိုအခါ စိတ္တသူကြွယ်သည် မိဂပထရွာငယ်သို့ တစ်စုံတစ်ခုသော ပြုဖွယ်ကိစ္စဖြင့် ရောက်လာ၏။

ဆွမ်းစားပြီးနောက် ဆွမ်းခံရွာမှ ဖဲကုန်၍ တန်ဆောင်းဝန်း၌ စုဝေးထိုင်နေကုန်သော များစွာကုန်သောမထေရ်ရဟန်းတို့အား “ငါ့သျှင်တို့ သံယောဇဉ်ဟူ၍လည်းကောင်း၊ သံယောဇနိယတရားတို့ဟူ၍လည်းကောင်း ဤတရားတို့သည် အနက်ထူး သဒ္ဒါထူးရှိကုန်သလော၊ သို့မဟုတ် အနက်တူ၍ သဒ္ဒါသာလျှင်ထူးသလော”ဟု ဤအကြားစကားသည် ဖြစ်ပေါ်၏။ ထိုအခါ အချို့သော မထေရ်ရဟန်းတို့သည် “ငါ့သျှင်တို့ သံယောဇဉ်ဟူ၍လည်းကောင်း၊ သံယောဇနိယတရားတို့ဟူ၍လည်းကောင်း ဤတရားတို့သည် အနက်လည်းထူး သဒ္ဒါလည်းထူးကုန်၏ ”ဟု ဖြေဆိုကြကုန်၏၊ အချို့သော မထေရ်ရဟန်းတို့သည် “ငါ့သျှင်တို့သံယောဇဉ်ဟူ၍လည်းကောင်း၊ သံယောဇနိယတရားတို့ဟူ၍လည်းကောင်း ဤတရားတို့သည် အနက်တူ၍ သဒ္ဒါသာလျှင် ထူး၏ဟု ဤသို့ ဖြေဆိုကြကုန်၏ ”ဟု စိတ္တသူကြွယ် ကြားလေ၏။

ထိုအခါ စိတ္တသူကြွယ်သည် မထေရ်ရဟန်းတို့ထံသို့ ချဉ်းကပ်၍ မထေရ်ရဟန်းတို့ကို ရှိခိုးပြီးလျှင်တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် မထေရ်ရဟန်းတို့အား ဤစကားကို လျှောက်၏-"အသျှင်ဘုရားတို့ဆွမ်းစားပြီးနောက် ဆွမ်းခံရွာမှ ဖဲခဲ့၍ တန်ဆောင်းဝန်း၌ စုဝေးထိုင်နေကုန်သော များစွာသော မထေရ်ရဟန်းတို့အား ‘ငါ့သျှင်တို့ သံယောဇဉ်ဟူ၍လည်းကောင်း၊ သံယောဇနိယတရားတို့ဟူ၍လည်းကောင်း ဤ တရားတို့သည် အနက်ထူး သဒ္ဒါထူးရှိကုန်သလော၊ သို့မဟုတ် အနက်တူ၍ သဒ္ဒါသာလျှင်ထူးသလော ‘ဟု ဤအကြားစကား ဖြစ်ပေါ်၏။ ထိုအခါ အချို့သော မထေရ်ရဟန်းတို့သည်’ ငါ့သျှင်တို့ သံယောဇဉ်ဟူ၍လည်းကောင်း၊ သံယောဇနိယတရားတို့ဟူ၍လည်းကောင်း့ ဤတရားတို့သည် အနက်လည်းထူး သဒ္ဒါလည်းထူးကုန်၏ ‘ဟု ဖြေဆိုကြကုန်၏၊ အချို့သောမထေရ်ရဟန်းတို့သည် ‘ငါ့သျှင်တို့ သံယောဇဉ်ဟူ၍လည်းကောင်း၊ သံယောဇနိယတရားတို့ဟူ၍လည်းကောင်း ဤတရားတို့သည် အနက်တူ၍ သဒ္ဒါသာလျှင် ထူး၏ ‘ဟုဖြေဆိုကြကုန်၏ဟု ဤအကြားစကား ဖြစ်ပေါ်လာသည်ကို တပည့်တော် ကြားရပါသည် ”ဟု လျှောက်၏။

“သူကြွယ် မှန်၏ ”ဟု မိန့်ဆိုကြကုန်၏။

--

အသျှင်ဘုရားတို့ သံယောဇဉ်ဟူ၍လည်းကောင်း၊ သံယောဇနိယတရားတို့ဟူ၍လည်းကောင်း ဤတရားတို့သည် အနက်လည်းထူး သဒ္ဒါလည်း ထူးကုန်၏။ အသျှင်ဘုရားတို့ ထိုကြောင့်ပင်လျှင် အသျှင်တို့အား ဥပမာကို ပြုအံ့။ ဤလောက၌ အချို့ကုန်သော ပညာရှိတို့သည် ဆိုအပ်သော စကား၏ အနက်ကို ဥပမာဖြင့်သာ သိကုန်ရာ၏။ အသျှင်ဘုရားတို့ ဥပမာသော်ကား နွားနက်ကိုလည်းကောင်း၊ နွားဖြူကိုလည်းကောင်း တစ်ချောင်းတည်းသော လျှော်ကြိုးဖြင့်ဖြစ်စေ၊ သားရေကြိုးဖြင့်ဖြစ်စေ ချည်ထားကုန်ရာ၏။

“နွားနက်သည် နွားဖြူ၏ အနှောင်အဖွဲ့တည်း၊ နွားဖြူသည် နွားနက်၏ အနှောင်အဖွဲ့တည်း”ဟု ဤသို့ပြောဆိုသော သူသည် ကောင်းစွာ ပြောဆိုသည် မည်ပါသလောဟု လျှောက်၏။ သူကြွယ် ကောင်းစွာပြောဆိုသည် မမည်သေး၊ သူကြွယ် နွားနက်သည် နွားဖြူ၏ အနှောင်အဖွဲ့ မဟုတ်၊ နွားဖြူသည်လည်းနွားနက်၏ အနှောင်အဖွဲ့ မဟုတ်၊ ထိုနွားနှစ်ကောင်တို့ကို ချည်ထားသော တစ်ချောင်းတည်းသော လျှော်ကြိုး၊ သို့မဟုတ် သားရေကြိုးသည်ပင် ထိုနွားနှစ်ကောင်တို့၌ အနှောင်အဖွဲ့တည်းဟု မိန့်ဆိုကုန်၏။

အသျှင်ဘုရားတို့ ဤအတူ မျက်စိသည် ရူပါရုံတို့၏ အနှောင်အဖွဲ့ မဟုတ်၊ ရူပါရုံတို့သည် မျက်စိ၏အနှောင်အဖွဲ့ မဟုတ်၊ အမှန်ကား ထိုနှစ်ပါးကို စွဲ၍ ဖြစ်သော လိုချင်စွဲမက်မှု ‘ဆန္ဒရာဂ'သည် ထိုနှစ်ပါးတို့၏ အနှောင်အဖွဲ့တည်း။ နားသည် သဒ္ဒါရုံတို့၏ အနှောင်အဖွဲ့ မဟုတ်။ နှာခေါင်းသည် ဂန္ဓာရုံတို့၏အနှောင်အဖွဲ့ မဟုတ်။ လျှာသည် ရသာရုံတို့၏ အနှောင်အဖွဲ့ မဟုတ်။ ကိုယ်သည် ဖောဋ္ဌဗ္ဗာရုံတို့၏အနှောင်အဖွဲ့ မဟုတ်။ ဖောဋ္ဌဗ္ဗာရုံတို့သည် ကိုယ်၏ အနှောင်အဖွဲ့ မဟုတ်။ အမှန်ကား ထိုနှစ်ပါးကို စွဲ၍ ဖြစ်သော လိုချင်စွဲမက်မှု ‘ဆန္ဒရာဂ'သည် ထိုနှစ်ပါးတို့၌ အနှောင်အဖွဲ့တည်း။ စိတ်သည် သဘောတရားတို့၏ အနှောင်အဖွဲ့ မဟုတ်၊ သဘောတရားတို့သည် စိတ်၏ အနှောင်အဖွဲ့ မဟုတ်၊ ထိုနှစ်ပါးကို စွဲ၍ ဖြစ်သော လိုချင်စွဲမက်မှု ‘ဆန္ဒရာဂ'သည် ထိုနှစ်ပါးတို့၌ အနှောင်အဖွဲ့တည်းဟု လျှောက်၏။ သူကြွယ်နက်နဲသော ဘုရားစကားတော်၌ ပညာမျက်စိကို ဆောင်နိုင်ပေရကား သင့်အား အရတော်ပေစွတကား၊ ကောင်းစွာ ရအပ်ပေစွတကားဟု (မိန့်ဆိုကုန်၏)။

ပဌမသုတ်။

၂-ပဌမ ဣသိဒတ္တသုတ်

၃၄၄။ အခါတစ်ပါး၌ များစွာကုန်သော မထေရ်ရဟန်းတို့သည် မစ္ဆိကာသဏ္ဍအရပ် ဝှေးပင်တော၌ သီတင်းသုံးနေကုန်၏၊ ထိုအခါ စိတ္တသူကြွယ်သည် မထေရ်ရဟန်းတို့ထံသို့ ချဉ်းကပ်၍ မထေရ်ရဟန်းတို့ကို ရှိခိုးပြီးလျှင် (တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် “အသျှင်ဘုရားတို့ မထေရ်ရဟန်းတို့သည်နက်ဖြန်အလို့ငှါ အကျွန်ုပ်၏ ဆွမ်းကို လက်ခံတော်မူပါကုန်လော့”ဟု လျှောက်ထား၏၊ မထေရ်ရဟန်းတို့သည် ဆိတ်ဆိတ် နေခြင်းဖြင့် လက်ခံကုန်၏၊ ထိုအခါ မထေရ်ရဟန်းတို့၏ လက်ခံခြင်းကို သိ၍ နေရာမှ ထပြီးလျှင် မထေရ်ရဟန်းတို့ကို ရှိခိုးလျက် အရိုအသေပြုကာ ဖဲသွားလေ၏၊ ထိုအခါ မထေရ်ရဟန်းတို့သည် ထိုညဉ့်လွန်ပြီးနောက် နံနက်အခါ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ဆောင်ယူပြီးလျှင် စိတ္တသူကြွယ် နေရာအိမ်သို့ ချဉ်းကပ်ကုန်၍ ခင်းထားပြီးသော နေရာ၌ ထိုင်နေကုန်၏။

--

ထိုအခါ စိတ္တသူကြွယ်သည် မထေရ်ရဟန်းတို့ထံသို့ ချဉ်းကပ်၍ မထေရ်ရဟန်းတို့ကို ရှိခိုးပြီးလျှင်တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် အသျှင်မထေရ်ကြီးအား ဤစကားကို လျှောက်၏- “မထေရ်ကြီး့ဘုရား ဓာတ်တို့၏ ထူးခြားမှု ဓာတ်တို့၏ ထူးခြားမှုဟု ဆိုအပ်ပါ၏၊ အဘယ်မျှဖြင့် ဓာတ်တို့၏ထူးခြား မှုကို မြတ်စွာဘုရား ဟောအပ်ပါသနည်း”ဟုလျှောက်၏။ ဤသို့ မေးလျှောက်သော်အသျင်မထေရ်ကြီးသည် ဆိတ်ဆိတ် နေ၏။ နှစ်ကြိမ်မြောက်လည်း စိတ္တသူကြွယ်သည်အသျှင်မထေရ်ကြီးအား “မထေရ်ကြီး ဘုရား ဓာတ်တို့၏ ထူးခြားမှု ဓာတ်တို့၏ ထူးခြားမှုဟုဆိုအပ်ပါ၏၊ အသျှင်ဘုရား အဘယ်မျှဖြင့် ဓာတ် တို့၏ ထူခြားမှုကို မြတ်စွာဘုရားဟောအပ်ပါသနည်း”ဟု လျှောက်၏၊ နှစ်ကြိမ်မြောက်လည်း အသျှင် မထေရ်ကြီးသည် ဆိတ်ဆိတ် နေ၏။

သုံးကြိမ်မြောက်လည်း စိတ္တသူကြွယ်သည် အသျှင်မထေရ်ကြီးအား “မထေရ်ကြီးဘုရား ဓာတ်တို့၏ထူးခြားမှု ဓာတ်တို့၏ ထူးခြားမှုဟု ဆိုအပ်ပါ၏၊ အသျှင်ဘုရား အဘယ် မျှဖြင့် ဓာတ်တို့၏ထူခြားမှုကို မြတ်စွာဘုရား ဟောအပ်ပါသနည်း”ဟု လျှောက်၏၊ သုံးကြိမ်မြောက်လည်းအသျှင်မထေရ်ကြီးသည် ဆိတ်ဆိတ် နေ၏။

ထိုအခါ အသျှင်ဣသိဒတ္တသည် ထိုရဟန်းသံဃာ၌ အလုံးစုံတို့အောက် ငယ်သူ ဖြစ်၏၊ ထိုအခါအသျှင်ဣသိဒတ္တသည် မထေရ်ကြီးအား “မထေရ်ကြီးဘုရား အကျွန်ုပ်သည် စိတ္တသူကြွယ်၏ ပြဿနာကိုဖြေကြားပါအံ့ ”ဟု လျှောက်၏၊ ဣသိဒတ္တသင်သည် စိတ္တသူကြွယ်၏ ဤပြဿနာကို ဖြေလော့ဟုမိန့်ဆို၏။ သူကြွယ် “မထေရ်ကြီးဘုရား ဓာတ်တို့၏ ထူးခြားမှု ဓာတ်တို့၏ ထူးခြားမှုဟု ဆိုအပ်၏၊ အသျှင်ဘုရား အဘယ်မျှဖြင့် ဓာတ်တို့၏ ထူးခြားမှုကို မြတ်စွာဘုရား ဟောအပ်ပါသနည်း”ဟု သင်မေးသည် မဟုတ် လော။ မှန်ပါသည် အသျှင်ဘုရား။ သူကြွယ် မြတ်စွာဘုရားဟောကြားတော်မူအပ်သော ဓာတ်တို့၏ ထူးခြားမှုကား စက္ခုဓာတ် ရူပဓာတ် စက္ခုဝိညာဏဓာတ်။ပ။ မနောဓာတ် ဓမ္မဓာတ် မနောဝိညာဏဓာတ် တို့တည်း။ သူကြွယ် ဤမျှဖြင့် ဓာတ်တို့၏ ထူးခြားမှုကိုမြတ်စွာဘုရား ဟောကြားတော်မူအပ်ပေ၏ဟု မိန့်ဆို၏။

ထိုအခါ စိတ္တသူကြွယ်သည် အသျှင်ဣသိဒတ္တ၏ စကားကို အလွန် နှစ်သက်ကာဝမ်းမြောက်၍ မထေရ်ရဟန်းတို့ကို မွန်မြတ်သော ခဲဖွယ်ဘောဇဉ်ဖြင့် ရောင့်ရဲသည့်တိုင်အောင် တားမြစ်သည့်တိုင်အောင် မိမိကိုယ်တိုင် လုပ်ကျွေး၏။ ထို့နောက် ဆွမ်းစားပြီး၍ သပိတ်မှ လက်ကို ဖယ်ပြီးသော အခါ မထေရ်ရဟန်းတို့သည် နေရာမှ ထ၍ ဖဲသွားကုန်၏။ ထိုအခါ မထေရ်ကြီးသည် အသျှင်ဣသိဒတ္တအား “ငါ့သျှင်ဣသိဒတ္တ ဤပြဿနာသည် သင်၏ ဉာဏ်၌ ကောင်းစွာ ထင်ပါပေ၏၊ ဤပြဿနာသည် ငါ၏ ဉာဏ်၌ မထင်ပေ၊ ငါ့သျှင်ဣသိဒတ္တ ထို့ကြောင့်ပင်လျှင် ဤသို့ သဘောရှိသော အခြားသော ပြဿနာ ရောက်လာသောအခါ သင်သည်သာလျှင် ဖြေဆိုပါလော့”ဟု ဤစကားကို မိန့်ဆို၏။

ဒုတိယသုတ်။

--

၃-ဒုတိယ ဣသိဒတ္တသုတ်

၃၄၅။ အခါတစ်ပါး၌ များစွာကုန်သော မထေရ်ရဟန်းတို့သည် မစ္ဆိကာသဏ္ဍအရပ် ဝှေးပင်တော၌ (သီတင်းသုံး) နေကုန်၏၊ ထိုအခါ စိတ္တသူကြွယ်သည် မထေရ်ရဟန်းတို့ထံသို့ ချဉ်းကပ်၍ မထေရ်ရဟန်းတို့ကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေလျက် မထေရ်ရဟန်းတို့အား “အသျှင်မထေရ်ရဟန်းတို့သည် နက်ဖြန်အလို့ငှါ အကျွန်ုပ်၏ ဆွမ်းကို လက်ခံတော်မူပါကုန်လော့”ဟု ဤစကားကို လျှောက်၏။

မထေရ်ရဟန်းတို့သည် ဆိတ်ဆိတ် နေခြင်းဖြင့် လက်ခံကုန်၏။ ထိုအခါ စိတ္တသူကြွယ်သည် မထေရ်ရဟန်းတို့၏ လက်ခံခြင်းကို သိ၍ နေရာမှ ထပြီးလျှင် မထေရ်ရဟန်းတို့ကို ရှိခိုး၍် အရိုအသေ ပြုကာ ဖဲသွားလေ၏။ ထိုအခါ မထေရ်ရဟန်းတို့သည် ထိုညဉ့် လွန်ပြီးနောက် နံနက်အခါ သင်္ကန်းကို ပြင်ဝတ်၍ သပိတ် သင်္ကန်းကို ဆောင်ယူပြီးလျှင် စိတ္တသူကြွယ်အိမ်သို့ ချဉ်းကပ်၍ ခင်းထားပြီးသော နေရာ၌ ထိုင်နေကြကုန်၏။

ထိုအခါ စိတ္တသူကြွယ်သည် မထေရ်ရဟန်းတို့ထံသို့ ချဉ်းကပ်၍ မထေရ်ရဟန်းတို့ကို ရှိခိုးပြီးလျှင်တစ်ခုသော နေရာ၌ ထိုင်နေ၍ မထေရ်ကြီးအား ဤစကားကို လျှောက်၏- “မထေရ်ကြီးဘုရား လောကသည် မြဲ၏ဟူ၍လည်းကောင်း၊ လောကသည် မမြဲဟူ၍လည်းကောင်း၊ လောကသည် အဆုံးရှိ၏ဟူ၍လည်းကောင်း၊ လောကသည် အဆုံးမရှိဟူ၍လည်းကောင်း၊ ထိုအသက်သည်ထိုကိုယ်ပင်တည်းဟူ၍လည်းကောင်း၊ အသက်သည် တခြား ကိုယ်သည် တခြားဟူ၍လည်းကောင်း၊ သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်၏ ဟူ၍လည်းကောင်း၊ သတ္တဝါသည် သေသည်မှ နောက်၌ မဖြစ်၏ဟူ၍လည်းကောင်း၊ သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်လည်း ဖြစ် မဖြစ်လည်းမဖြစ်ဟူ၍လည်းကောင်း၊ သတ္တဝါသည် သေသည်မှ နောက် ၌ ဖြစ်သည်လည်း မဟုတ် မဖြစ်သည်လည်းမဟုတ်ဟူ၍လည်းကောင်း များသော အပြားရှိကုန်သော မိစ္ဆာအယူတို့သည် လောက၌ ဖြစ်ပေါ်ကုန်၏။

ခြောက်ဆယ့်နှစ်ပါးသော ဤမိစ္ဆာအယူတို့ကိုလည်း ဗြဟ္မ ဇာလသုတ်၌ ဟောတော်မူအပ်ပါကုန်၏၊ အသျှင်ဘုရား ဤအယူတို့သည် အဘယ်တရားရှိသော် ဖြစ်ပါကုန် သနည်း၊ အဘယ်တရား မရှိသော်မဖြစ်ပါကုန်သနည်း”ဟု လျှောက်၏။

ဤသို့ မေးလျှောက်သော် မထေရ်ကြီးသည် ဆိတ်ဆိတ် နေ၏။ နှစ်ကြိမ်မြောက်လည်း စိတ္တသူကြွယ်သည်။ပ။ သုံးကြိမ်မြောက်လည်း စိတ္တသူကြွယ်သည် မထေရ်ကြီးအား ဤစကားကို လျှောက်၏ -"မထေရ်ကြီးဘုရား လောကသည် မြဲ၏ဟူ၍လည်းကောင်း၊ လောကသည် မမြဲဟူ၍လည်းကောင်း၊ လောကသည် အဆုံးရှိ၏ဟူ၍လည်းကောင်း၊ လောကသည် အဆုံး မရှိဟူ၍လည်းကောင်း၊ ထိုအသက်သည် ထို ကိုယ်ပင်တည်းဟူ၍လည်းကောင်း၊ အသက်သည် တခြား ကိုယ်သည်တခြားဟူ၍လည်းကောင်း၊ သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်၏ဟူ၍လည်းကောင်း၊ သတ္တဝါသည်သေသည်မှ နောက်၌ မဖြစ်ဟူ၍လည်းကောင်း၊ သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်လည်း ဖြစ်မဖြစ်လည်း မဖြစ်ဟူ၍လည်းကောင်း၊ သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ်မဖြစ်သည်လည်း မဟုတ်ဟူ၍လည်းကောင်း များသော အပြားရှိကုန်သော မိစ္ဆာအယူတို့သည် လောက၌ ဖြစ်ပေါ်ကုန်၏။ ခြောက်ဆယ့်နှစ်ပါးသော ဤ မိစ္ဆာအယူတို့ကိုလည်း ဗြဟ္မဇာလသုတ်၌ ဟောအပ်ပါကုန်၏၊ အသျှင်ဘုရား ဤအယူတို့သည် အဘယ် တရားရှိသော် ဖြစ်ပါကုန်သနည်း၊ အဘယ်တရား မရှိသော် မဖြစ်ပါကုန်သနည်း”ဟု လျှောက်၏။ သုံးကြိမ် မြောက်လည်း မထေရ်ကြီးသည်ဆိတ်ဆိတ် နေ၏။

--

ထိုအခါ အသျှင်ဣသိဒတ္တသည် ထိုရဟန်းသံဃာ၌ အလုံးစုံတို့ အောက် ငယ်သူ ဖြစ်၏၊ ထိုအခါအသျှင်ဣသိဒတ္တသည် မထေရ်ကြီးအား “အကျွန်ုပ်သည် စိတ္တသူကြွယ်၏ ပြဿနာကို ဖြေဆိုပါအံ့”ဟုလျှောက်၏။ ငါ့သျှင်ဣသိဒတ္တ သင်သည် စိတ္တသူကြွယ်၏ ပြဿနာကို ဖြေလော့ဟု မိန့်ဆို၏။ သူကြွယ်မထေရ်ရဟန်းအား လောကသည် မြဲ၏ဟူ၍လည်းကောင်း။ပ။ များပြားသော မိစ္ဆာအယူတို့သည် ဖြစ်ပေါ်ပါကုန်၏။ပ။ အသျှင်ဘုရား ဤအယူတို့သည် အဘယ်တရားရှိသော် ဖြစ်ကုန်သနည်း၊ အဘယ်တရား မရှိသော် မဖြစ်ကုန်သနည်းဟု သင် မေးလျှောက်သည် မဟုတ်လော။ မှန်ပါသည် အသျှင်ဘုရား။

သူကြွယ် လောကသည် မြဲ၏ဟူ၍လည်းကောင်း၊ လောကသည် မမြဲဟူ၍လည်းကောင်း၊ လောကသည်အဆုံးရှိ၏ဟူ၍လည်းကောင်း၊ လောကသည် အဆုံး မရှိဟူ၍လည်းကောင်း၊ ထိုအသက်သည် ထိုကိုယ်ပင်တည်းဟူ၍လည်းကောင်း၊ အသက်သည် တခြား ကိုယ်သည် တခြားဟူ၍လည်းကောင်း၊ သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်၏ဟူ၍လည်းကောင်း၊ သတ္တဝါသည် သေသည်မှ နောက်၌ မဖြစ်ဟူ၍လည်းကောင်း၊ သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်လည်း ဖြစ် မဖြစ်လည်း မဖြစ်ဟူ၍လည်းကောင်း၊ သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ် မဖြစ်သည်လည်း မဟုတ်ဟူ၍လည်းကောင်းများပြားသော မိစ္ဆာအယူတို့သည် လောက၌ ဖြစ်ပေါ်ကုန်၏။ ခြောက်ဆယ့်နှစ်ပါးသော ဤမိစ္ဆာအယူတို့ကို့လည်း ဗြဟ္မဇာလသုတ်၌ ဟောအပ်ပါကုန်၏။ သူကြွယ် ဤအယူတို့သည် သက္ကာယဒိဋ္ဌိရှိသော် ဖြစ်ကုန်၏၊ သက္ကာယဒိဋ္ဌိ မရှိသော် မဖြစ်ကုန်ဟု (မိန့်ဆို၏)။

အသျှင်ဘုရား အဘယ်သို့လျှင် သက္ကာယဒိဋ္ဌိ ဖြစ်ပါသနည်း။ သူကြွယ် ဤလောက၌ အကြားအမြင်မရှိသော, အရိယာတို့ကို မဖူးမြင်ဖူးသော, အရိယာတရား၌ မလိမ္မာသော, အရိယာတရား၌ မယဉ်ကျေးသော၊ သူတော်ကောင်းတို့ကို မဖူးမြင်ဖူးသော, သူတော်ကောင်းတရား၌ မလိမ္မာသော, သူတော်ကောင်းတရား၌ မယဉ်ကျေးသော ပုထုဇဉ်သည် ရုပ်ကို အတ္တဟူ၍ ရှု၏။ ရုပ်ရှိသော အတ္တဟူ၍လည်းကောင်း၊ အတ္တ၌ ရုပ်ဟူ၍လည်းကောင်း၊ ရုပ်၌ အတ္တဟူ၍လည်းကောင်း ရှု၏။ ဝေဒနာကို အတ္တဟူ၍ ရှု၏။ပ။ သညာကို။ပ။ သင်္ခါရတို့ကို။ပ။ ဝိညာဏ်ကို အတ္တဟူ၍ ရှု၏။ ဝိညာဏ်ရှိသော အတ္တဟူ၍လည်းကောင်း၊ အတ္တ၌ ဝိညာဏ်ဟူ၍လည်းကောင်း၊ ဝိညာဏ်၌ အတ္တဟူ၍လည်းကောင်း ရှု၏။ သူကြွယ် ဤသို့လျှင်သက္ကာယဒိဋ္ဌိ ဖြစ်၏ဟု (မိန့်ဆို၏)။

အသျှင်ဘုရား အဘယ်သို့လျှင် သက္ကာယဒိဋ္ဌိ မဖြစ်ပါသနည်း။ သူကြွယ် ဤလောက၌ အကြားအမြင်ရှိသော, အရိယာတို့ကို ဖူးမြင်ဖူးသော, အရိယာတရား၌ လိမ္မာသော, အရိယာတရား၌ ယဉ်ကျေးသော၊ သူတော်ကောင်းတို့ကို ဖူးမြင်ဖူးသော, သူတော်ကောင်းတရား၌ လိမ္မာသော,သူတော်ကောင်းတရား ၌ ယဉ်ကျေးသော အရိယာတပည့်သည် ရုပ်ကို အတ္တဟူ၍လည်းကောင်း၊ ရုပ်ရှိသော အတ္တဟူ၍လည်း ကောင်း၊ အတ္တ၌ ရုပ်ဟူ၍လည်းကောင်း၊ ရုပ်၌ အတ္တဟူ၍လည်းကောင်း မရှု။ ဝေဒနာကို။ သညာကို။ သင်္ခါရတို့ကို။ ဝိညာဏ်ကို အတ္တဟူ၍လည်းကောင်း၊ ဝိညာဏ်ရှိသောအတ္တဟူ၍လည်းကောင်း အတ္တ၌ ဝိညာဏ်ဟူ၍လည်းကောင်း၊ ဝိညာဏ်၌ အတ္တဟူ၍လည်းကောင်း မရှု။ သူကြွယ် ဤသို့လျှင် သက္ကာယဒိဋ္ဌိ မဖြစ်ဟု (မိန့်ဆို၏)။

အသျှင်ဘုရား အသျှင်ဣသိဒတ္တသည် အဘယ်အရပ်မှ လာပါသနည်း။ သူကြွယ် အဝန္တိတိုင်းမှ လာခဲ့၏။

အသျှင်ဘုရား အဝန္တိတိုင်း၌ အကျွန်ုပ်တို့ မမြင်ဖူးဘဲ မိတ်ဆွေဖြစ်သည့် ဣသိဒတ္တအမျိုးကောင်းသားသည် ရဟန်းပြုနေပါ၏၊ ထိုအသျှင်ကို အသျှင်ဘုရား မြင်ဖူးပါသလော။ သူကြွယ် မြင်ဖူး၏။ အသျှင်ဘုရား ထိုအသျှင်သည် ယခုအခါ အဘယ်အရပ်၌ နေပါသနည်းဟု မေးလျှောက်သော် အသျှင်ဣသိဒတ္တသည် ဆိတ်ဆိတ် နေ၏။ အသျှင်ဘုရား အသျှင်သည် အကျွန်ုပ်တို့၏ ဣသိဒတ္တပါလောဟု (လျှောက်၏)။

--

သူကြွယ်ဟုတ်မှန်၏။ အသျှင်ဘုရား အသျှင်ဣသိဒတ္တသည် မစ္ဆိကာသဏ္ဍ၌ မွေ့လျော်ပါလော့၊ ဝှေးပင်တောသည် မွေ့လျော်ဖွယ် ရှိပါ၏၊ အကျွန်ုပ်သည် အသျှင်ဣသိဒတ္တအား သင်္ကန်း ဆွမ်း ကျောင်းသူနာ၏ အထောက်အပံ့ဖြစ်သော ဆေးအသုံးအဆောင်တို့ဖြင့် ကြောင့်ကြပြုပါအံ့ဟု (လျှောက်၏)။

သူကြွယ် ကောင်းသည်ကို ဆိုအပ်၏ဟု (မိန့်ဆို၏)။

ထိုအခါ စိတ္တသူကြွယ်သည် အသျှင်ဣသိဒတ္တ၏ စကားကို အလွန်နှစ်သက်ဝမ်းမြောက်၍ မထေရ်ရဟန်းတို့ကို မွန်မြတ်သော ခဲဖွယ်ဘောဇဉ်ဖြင့် ရောင့်ရဲသည့်တိုင်အောင် တားမြစ်သည့်တိုင်အောင် မိမိကိုယ်တိုင် လုပ်ကျွေး၏။ ထို့နောက် ဆွမ်းစားပြီး၍ သပိတ်မှ လက်ကို ဖယ်ပြီးသော အခါ မထေရ်ရဟန်းတို့သည် နေရာမှ ထ၍ ဖဲကြွကုန်၏။ ထိုအခါ အသျှင်မထေရ်ကြီးသည် “အသျှင်ဣသိဒတ္တကို ငါ့သျှင်ဣသိဒတ္တ ဤပြဿနာသည် သင်၏ ဉာဏ်၌ ကောင်းစွာ ထင်ပါပေ၏၊ ဤပြဿနာသည် ငါ၏ ဉာဏ်၌ မထင်ပေ၊ ဣသိဒတ္တ ထို့ကြောင့်ပင်လျှင် ဤသို့ သဘောရှိသော အခြား ပြဿနာ ရောက်လာသော အခါသင်သည်သာလျှင် ဖြေဆိုပါလော့”ဟု ဤစကားကို မိန့်ဆို၏။ ထိုနောက် အသျှင်ဣသိဒတ္တသည် ကျောင်းအိပ်ရာကို သိုမှီးသိမ်းဆည်း၍ သပိတ်သင်္ကန်းကို ယူဆောင်ပြီးလျှင် တစ်ဖန် ပြန်မလာသော ဖဲသွားခြင်းဖြင့် မစ္ဆိကာသဏ္ဍမှ ဖဲသွားလေ၏။

တတိယသုတ်။

၄-မဟကပါဋိဟာရိယသုတ်

၃၄၆။ အခါတစ်ပါး၌ များစွာကုန်သော မထေရ်ရဟန်းတို့သည် မစ္ဆိကာသဏ္ဍအရပ် ဝှေးပင်တော၌ (သီတင်းသုံး) နေကုန်၏၊ ထိုအခါ စိတ္တသူကြွယ်သည် မထေရ်ရဟန်းတို့ထံသို့ ချဉ်းကပ်၍ မထေရ်ရဟန်းတို့ကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေပြီးလျှင် မထေရ်ရဟန်းတို့အား “အသျှင်ဘုရားတို့မထေရ် ရဟန်းတို့သည် နက်ဖြန်အလို့ငှါ အကျွန်ုပ်၏ ဆွမ်းကို လက်ခံတော်မူပါကုန်လော့”ဟုလျှောက်၏။ မထေရ် ရဟန်းတို့သည် ဆိတ်ဆိတ် နေခြင်းဖြင့် လက်ခံကုန်၏။ ထိုအခါ စိတ္တသူကြွယ်သည်မထေရ်ရဟန်းတို့၏ လက်ခံခြင်းကို သိ၍ နေရာမှ ထကာ မထေရ်ရဟန်းတို့ကို ရှိခိုးပြီးလျှင် အရိုအသေပြုကာ ဖဲသွားလေ၏။

ထိုအခါ မထေရ်ရဟန်းတို့သည် ထိုညဉ့်လွန်ပြီးနောက် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ဆောင်ယူပြီးလျှင် စိတ္တသူကြွယ်၏ နွားခြံရှိရာသို့ ချဉ်းကပ်ကုန်၍ ခင်းထားအပ်သော နေရာ၌ ထိုင်နေကုန်၏။ ထိုအခါ စိတ္တသူကြွယ်သည် မထေရ်ရဟန်းတို့ကို မွန်မြတ်သော ထောပတ်နို့ဃနာဖြင့်ရောင့်ရဲသည့်တိုင်အောင် တားမြစ်သည့်တိုင်အောင် မိမိကိုယ်တိုင် လုပ်ကျွေး၏။ ထို့နောက် ဆွမ်းစားပြီး၍ သပိတ်မှ လက်ကို ဖယ်ပြီးသောအခါ မထေရ်ရဟန်းတို့သည် နေရာမှ ထလျက် ဖဲကြွကုန်၏။

--

စိတ္တသူကြွယ်သည်လည်း “အကြွင်းကို စွန့်ကုန်လော့”ဟု မှာကြားပြောဆိုပြီးလျှင် မထေရ်ရဟန်းတို့သို့နောက်မှ နောက်မှ အစဉ်လိုက်၏။ ထိုအခါ နေ ခြစ်ခြစ်တောက် ပူ၏။ ထိုမထေရ်ရဟန်းတို့သည်လည်းဘောဇဉ်ကို စားပြီးခါစ သူတို့ကဲ့သို့ တွန့်ဆုတ်လေးလံဘိသကဲ့သို့သော ကိုယ်ဖြင့် ကြွသွားကြရကုန်၏။

ထိုအခါ အသျှင်မဟကသည် ထိုရဟန်းသံဃာ၌ အလုံးစုံတို့ အောက် ငယ်သူ ဖြစ်၏၊ ထိုအခါ အသျှင်မဟကသည် အသျှင်မထေရ်ကြီးကို “အသျှင်မထေရ်ဘုရား လေအေးလည်းတိုက် မိုးလည်းအုံ့ မိုးလည်းတစ်ပေါက်ချင်း ရွာခဲ့ပါမူ ကောင်းပါမည်လော”ဟု လျှောက်၏၊ ငါ့သျှင်မဟက လေအေးလည်းတိုက် မိုးလည်းအုံ့ မိုးလည်း တစ်ပေါက်ချင်း ရွာခဲ့မူ ကောင်းပေရာ၏ဟု မိန့်ဆို၏၊ ထိုအခါ အသျှင်မဟကသည်လေအေးလည်းတိုက် မိုးလည်းအုံ့ မိုးလည်း တစ်ပေါက်ချင်း ကျနိုင်လောက်သော သဘောရှိသော တန်ခိုးကို ဖန်ဆင်း၏၊ ထိုအခါ စိတ္တသူကြွယ်အား “ ဤရဟန်းသံဃာ၌ အလုံးစုံတို့ အောက် ငယ်သောရဟန်း၏ တန်ခိုးအာနုဘော်သည် ဤသို့ သဘောရှိ၏ “ဟူသော ဤအကြံသည် ဖြစ်၏။ ထို့နောက်အသျှင်မဟကသည် အရံသို့ ရောက်သော် အသျှင်မထေရ်ကို “အသျှင်မထေရ်ဘုရား ဤမျှဖြင့်သင့်တော်ပြီလော”ဟူသော ဤစကားကို လျှောက်၏။ ငါ့သျှင်မဟက ဤမျှဖြင့် သင့်တော်ပြီ၊ ငါ့သျှင်မဟက ဤမျှဖြင့် ပြုအပ်ပြီ၊ ငါ့သျှင်မဟက ဤမျှဖြင့် ပူဇော်အပ်ပြီဟု ဆို၏။ ထိုအခါမထေရ်ရဟန်းတို့သည် နေမြဲတိုင်းသော ကျောင်း သို့ ကြွကုန်၏၊ အသျှင်မဟကသည်လည်းမိမိကျောင်းသို့ ကြွ၏။

ထိုအခါ စိတ္တသူကြွယ်သည် အသျှင်မဟကထံသို့ ချဉ်းကပ်၍ အသျှင်မဟကကို ရှိခိုးပြီးလျှင် တစ်ခု သောနေရာ၌ ထိုင်နေပြီးသော် အသျှင်မဟကအား “အသျှင်ဘုရား တောင်းပန်ပါ၏၊ အကျွန်ုပ်အား အသျှင်မဟကသည် လူတို့၏ တရားထက် လွန်သော တန်ခိုးပြာဋိဟာကို ပြပါလော့”ဟု လျှောက်၏။ သူကြွယ်သို့ဖြစ်လျှင် သင်သည် အဝင်ဝ၌ အပေါ်ရုံကို ခင်း၍ မြက်စည်းကို ကြဲဖြန့်လော့ဟု မိန့်ဆို၏၊ “အသျှင်ဘုရား ကောင်းပါပြီ”ဟု စိတ္တသူကြွယ်သည် အသျှင်မဟကအား ဝန်ခံ၍ အဝင်ဝ၌ အပေါ်ရုံကို ခင်း၍ မြက်စည်းကို ကြဲဖြန့်၏။ ထိုအခါ အသျှင်မဟကသည် ကျောင်းသို့ ဝင်ပြီးလျှင် တံခါးကျင် (မင်းတုပ်) ချ၍ သံကောက်ပေါက်မှလည်းကောင်း၊ တံခါးရွက်ကြားမှလည်းကောင်း အလျှံထွက်ပြီးလျှင် မြက်တို့ကိုလောင်၍ အပေါ်ရုံကို မလောင်စေနိုင်သော သဘောရှိသော တန်ခိုးကို ဖန်ဆင်း၏၊ ထိုအခါစိတ္တသူကြွယ်သည် အပေါ်ရုံကို ခါ၍ ထိတ်လန့်လျက် ကြက်သီးမွေးညင်း ထခြင်းရှိသည် ဖြစ်၍ တစ်ခုသော နေရာ၌ ရပ်၏။

ထိုအခါ အသျှင်မဟကသည် ကျောင်းမှ ထွက်ပြီးလျှင် စိတ္တသူကြွယ်ကို “သူကြွယ် ဤမျှဖြင့် သင့်တော်ပြီလော “ ဟူသော ဤစကားကို ဆို၏။ အသျှင်မဟက ဤမျှဖြင့် သင့်တော်ပါပြီ၊ အသျှင်မဟက ဤမျှ ဖြင့် ပြုအပ်ပါပြီ၊ အသျှင်မဟက ဤမျှဖြင့် ပူဇော်အပ်ပါပြီ၊ အသျှင်မဟကသည် မစ္ဆိကာသဏ္ဍ၌ မွေ့လျော် ပါလော့၊ ဝှေးပင်တောသည် မွေ့လျော်ဖွယ်ရှိပါ၏၊ အကျွန်ုပ်သည် အသျှင်မဟကအား သင်္ကန်းဆွမ်း ကျောင်း သူနာ၏ အထောက်အပံ့ ဆေးအသုံးအဆောင်တို့ဖြင့် ကြောင့်ကြပြုပါအံ့။ သူကြွယ်ကောင်းသည် ကို ဆိုအပ်၏ဟု မိန့်ဆို၏။ ထိုနောက် အသျှင်မဟကသည် ကျောင်းအိပ်ရာကိုသိုမှီးသိမ်းဆည်း၍ သပိတ် သင်္ကန်းကို ဆောင်ယူလျက် တစ်ဖန် ပြန်မလာသော ဖဲသွားခြင်းဖြင့်မစ္ဆိကာသဏ္ဍမှ ဖဲသွားလေ၏။

စတုတ္ထသုတ်။

--

၅-ပဌမ ကာမဘူသုတ်

၃၄၇။ အခါတစ်ပါး၌ အသျှင်ကာမဘူသည် မစ္ဆိကာသဏ္ဍအရပ် ဝှေးပင်တော၌ (သီတင်းသုံး) နေ၏၊ ထိုအခါ စိတ္တသူကြွယ်သည် အသျှင်ကာမဘူထံသို့ ချဉ်းကပ်၍ အသျှင်ကာမဘူကို ရှိခိုးပြီးလျှင် တစ်ခုသောနေရာ၌ ထိုင်နေ၏၊ တစ်ခုသော နေရာ၌ ထိုင်နေသော စိတ္တသူကြွယ်အား အသျှင်ကာမဘူသည်"သူကြွယ် မြတ်စွာဘုရားသည်-

'အပြစ်ကင်းသော အစိတ်အပိုင်းရှိသော ဖြူသော အမိုးရှိသော တစ်ခုသော အကန့်ရှိသော ရထားသည်လည်၏၊ ဆင်းရဲခြင်း ကင်းလျက် အယဉ်ကို ဖြတ်ပြီး လျှင် အနှောင်အဖွဲ့ မရှိမူ၍ လာနေသူကိုရှုလော့’ဟု ဤဂါထာကို ဟောတော်မူ၏။

သူကြွယ် အကျဉ်းအားဖြင့် ဟောအပ်သော ဤစကား၏ အနက်ကို အကျယ်အားဖြင့် အဘယ်သို့မှတ်သင့်ပါသနည်း”ဟု မိန့်၏၊ အသျှင်ဘုရား ဤစကားကို မြတ်စွာဘုရား ဟောအပ်ပါသလော၊ သူကြွယ်ဟောအပ်သည် မှန်၏၊ အသျှင်ဘုရား သို့ဖြစ်လျှင် ထိုစကား၏ အနက်ကို ဆင်ခြင်ရန် တစ်ခဏမျှ ဆိုင်းငံ့ပါလော့၊ ထိုအခါ စိတ္တသူကြွယ်သည် တစ်ခဏမျှ ဆိတ်ဆိတ် နေ၍ အသျှင်ကာမဘူအား ဤစကားကိုလျှောက်၏-

အသျှင်ဘုရား “အပြစ်ကင်းသော အစိတ်အပိုင်း”ဟူသော ဤအမည်သည် သီလတို့၏ အမည်ပါ တည်း။ အသျှင်ဘုရား “ဖြူသော အမိုး”ဟူသော ဤအမည်သည် လွတ်မြောက်ခြင်း အရဟတ္တဖိုလ်၏အမည်ပါတည်း။ အသျှင်ဘုရား “တစ်ခုသော အကန့်”ဟူသော ဤအမည်သည် သတိ၏ အမည်ပါတည်း။ အသျှင်ဘုရား “လည်၏”ဟူသော ဤအမည်သည် ရှေ့သို့ တက်ခြင်း နောက်သို့ ဆုတ်ခြင်း၏ အမည်ပါတည်း။ အသျှင်ဘုရား “ရထား”ဟူသော ဤအမည်သည် မိဘတို့၏ သုက်သွေးကို မှီ၍ ဖြစ်သော ထမင်းမုယောမုန့်တို့ဖြင့် ကြီးပါွးရသော မမြဲခြင်း လိမ်းကျံပေးရခြင်း နှိပ်နယ်ပေးရခြင်း ပြိုကွဲပျက်စီးခြင်းသဘောရှိသော မဟာဘုတ်လေးပါးကို မှီသော ဤခန္ဓာကိုယ်၏ အမည်ပါတည်း။

အသျှင်ဘုရား စွဲမက်မှု ‘ရာဂ'သည် ဆင်းရဲတည်း၊ အမျက်ထွက်မှု ‘ဒေါသ'သည် ဆင်းရဲတည်း၊ တွေဝေမှု ‘မောဟ'သည် ဆင်းရဲတည်း။ ထိုဆင်းရဲတို့သည် အာသဝေါကုန်ပြီးဖြစ်သော ရဟန္တာပုဂ္ဂိုလ်အားပယ်အပ်ကုန်ပြီ၊ အမြစ်ရင်းကို အကြွင်းမဲ့ ဖြတ်ပြီးကုန်ပြီ၊ နုတ်ပြီးသော ထန်းပင်ရာကဲ့သို့ ပြုပြီးကုန်ပြီ၊ အသစ် မဖြစ်ခြင်းကို ပြုပြီးကုန်ပြီ၊ နောင်အခါ ဖြစ်ခြင်းသဘော မရှိကုန်။ ထို့ကြောင့် အာသဝေါ ကုန်ပြီးသော ရဟန္တာပုဂ္ဂိုလ်ကို “ဆင်းရဲခြင်း မရှိသူ”ဟု ဆိုအပ်၏။

အသျှင်ဘုရား “လာနေသူ “ ဟူသော ဤအမည်သည် ရဟန္တာ၏ အမည်ပါတည်း။ အသျှင်ဘုရား"အယဉ်” ဟူသော ဤအမည်သည် တပ်မက်မှု ‘တဏှာ'၏ အမည်ပါတည်း။ ထိုတပ်မက်မှု ‘တဏှာ'သည်အာသဝေါ ကုန်ပြီးဖြစ်သော ရဟန္တာပုဂ္ဂိုလ်အား ပယ်အပ်ကုန်ပြီ၊ အမြစ်ရင်းကို အကြွင်းမဲ့ ဖြတ်ပြီးကုန်ပြီ၊့နုတ်ပြီးသော ထန်းပင်ရာကဲ့သို့ ပြုပြီးကုန်ပြီ၊ အသစ်မဖြစ်ခြင်းကို ပြုပြီးကုန်ပြီ၊ နောင်အခါ ဖြစ်ခြင်းသဘော မရှိကုန်။ ထို့ကြောင့် အာသဝေါကုန်ပြီးသော ရဟန္တာပုဂ္ဂိုလ်ကို “အယဉ်ကို ဖြတ်ပြီးသူ”ဟုဆိုအပ်၏။

အသျှင်ဘုရား စွဲမက်မှု ‘ရာဂ'သည် အနှောင်အဖွဲ့တည်း၊ အမျက်ထွက်မှု ‘ဒေါသ'သည် အနှောင်အဖွဲ့တည်း၊ တွေဝေမှု ‘မောဟ'သည် အနှောင်အဖွဲ့တည်း၊ ထိုအနှောင်အဖွဲ့တို့သည်အာသဝေါကုန်ပြီးဖြစ်သော ရဟန္တာပုဂ္ဂိုလ်အား ပယ်အပ်ကုန်ပြီ၊ အမြစ်ရင်းကို အကြွင်းမဲ့ ဖြတ်ပြီးကုန်ပြီ၊ နုတ်ပြီးသော ထန်းပင်ရာ ကဲ့သို့ ပြုပြီးကုန်ပြီ၊ အသစ် မဖြစ်ခြင်းကို ပြုပြီးကုန်ပြီ၊ နောင်အခါဖြစ်ခြင်းသဘော မရှိကုန်။ ထို့ကြောင့် အာသဝေါကုန်ပြီးသော ရဟန္တာပုဂ္ဂိုလ်ကို “အယဉ်ကိုဖြတ်ပြီးသူ”ဟု ဆိုအပ်၏။

--

အသျှင်ဘုရား စွဲမက်မှု ‘ရာဂ'သည် အနှောင်အဖွဲ့တည်း၊ အမျက်ထွက်မှု ‘ဒေါသ'သည် အနှောင်အဖွဲ့တည်း၊ တွေဝေမှု ‘မောဟ'သည် အနှောင်အဖွဲ့တည်း။ ထိုအနှောင်အဖွဲ့တို့သည်အာသဝေါကုန်ပြီးဖြစ်သော ရဟန္တာပုဂ္ဂိုလ်အား ပယ်အပ်ကုန်ပြီ၊ အမြစ်ရင်းကို အကြွင်းမဲ့ ဖြတ်ပြီးကုန်ပြီ၊ နုတ်ပြီးသော ထန်းပင်ရာ ကဲ့သို့ ပြုပြီးကုန်ပြီ၊ အသစ် မဖြစ်ခြင်းကို ပြုပြီးကုန်ပြီ၊ နောင်အခါဖြစ်ခြင်းသဘော မရှိကုန်။ ထို့ကြောင့် အာသဝေါကုန်ပြီးသော ရဟန္တာပုဂ္ဂိုလ်ကို “အနှောင်အဖွဲ့မရှိသူ”ဟု ဆိုအပ်၏။ အသျှင်ဘုရား ဤသို့လျှင် မြတ်စွာဘုရားသည်-

“အပြစ်ကင်းသော အစိတ်အပိုင်းရှိသော ဖြူသော အမိုးရှိသော တစ်ခုသော အကန့်ရှိသော ရထားသည်လည်၏၊ ဆင်းရဲခြင်း ကင်းလျက် အယဉ်ကို ဖြတ်ပြီး လျှင် အနှောင်အဖွဲ့ မရှိမူ၍ လာနေသူကိုရှုလော့” ဟူသော ယင်းစကားကို ဟော တော်မူအပ်ပါ၏။

အသျှင်ဘုရား မြတ်စွာဘုရားသည် အကျဉ်းအားဖြင့် ဟောအပ်သော ဤစကား၏ အနက်ကိုအကျယ်အားဖြင့် ဤသို့ သိပါ၏ဟု လျှောက်၏။ သူကြွယ် နက်နဲသော ဘုရားစကားတော်၌ ပညာမျက်စိကို ဆောင်နိုင်ပေရကား သင့်အား အရတော်ပေစွတကား၊ ကောင်းစွာ ရအပ်ပေစွတကားဟု (မိန့်ဆို၏)။

ပဉ္စမသုတ်။

၆-ဒုတိယ ကာမဘူသုတ်

၃၄၈။ အခါတစ်ပါး၌ အသျှင်ကာမဘူသည် မစ္ဆိကာသဏ္ဍအရပ် ဝှေးပင်တော၌ (သီတင်းသုံး) နေ၏၊ ထိုအခါ စိတ္တသူကြွယ်သည် အသျှင်ကာမဘူထံသို့ ချဉ်းကပ်၍ တစ်ခုသောနေရာ၌ ထိုင်နေပြီးသော်"အသျှင် ဘုရား သင်္ခါရတို့သည် အဘယ်မျှတို့နည်း”ဟု လျှောက်၏။ သူကြွယ် သင်္ခါရတို့သည်ကာယသင်္ခါရ၊ ဝစီ သင်္ခါရ၊ စိတ္တသင်္ခါရဟု သုံးပါးတို့တည်း။ “အသျှင်ဘုရား ကောင်းပါပြီ”ဟုစိတ္တသူကြွယ်သည် အသျှင် ကာမဘူ၏ စကားကို အလွန်နှစ်သက်ဝမ်းမြောက်၍ အသျှင်ကာမဘူအားပြဿနာကို ထပ်မံမေးလျှောက် ပြန်၏- “အသျှင်ဘုရား အဘယ်သည် ကာယသင်္ခါရဖြစ်သနည်း၊ အဘယ်သည် ဝစီသင်္ခါရဖြစ်သနည်း၊ အဘယ်သည် စိတ္တသင်္ခါရဖြစ်သနည်း”။ သူကြွယ်ထွက်သက်ဝင်သက်တို့သည် ကာယသင်္ခါရတည်း၊ ဝိတက် ဝိစာရတို့သည် ဝစီသင်္ခါရတည်း၊ သညာဝေဒနာတို့သည် စိတ္တသင်္ခါရတည်းဟု မိန့်ဆို၏။

အသျှင်ဘုရား ကောင်းပါပြီဟု စိတ္တသူကြွယ်သည်။ပ။ ပြဿနာကို ထပ်မံမေးလျှောက်ပြန်၏။

“အသျှင်ဘုရား အဘယ့်ကြောင့် ထွက်သက်ဝင်သက်တို့သည် ကာယသင်္ခါရမည်ပါသနည်း၊ အဘယ့်ကြောင့်ဝိတက်ဝိစာရတို့သည် ဝစီသင်္ခါရမည်ပါသနည်း၊ အဘယ့်ကြောင့် သညာဝေဒနာတို့သည် စိတ္တသင်္ခါရမည်ပါသနည်း ”ဟု လျှောက်၏။ သူကြွယ် ထွက်သက်ဝင်သက်တို့သည် ကိုယ်၌ မှီကုန်၏၊ ထိုတရားတို့သည်ကိုယ်နှင့် စပ်ကုန်၏။ ထို့ကြောင့် ထွက်သက်ဝင်သက်တို့သည် ကာယသင်္ခါရမည်ပေ၏။ သူကြွယ့်ရှေးဦးစွာ ကြံစည်၍ သုံးသပ်၍ နောက်မှ စကားကို မြွက်ဆို၏။ ထို့ကြောင့် ဝိတက်ဝိစာရတို့သည်ဝစီသင်္ခါရမည်ပေ၏။ မှတ်သားမှု ‘သညာ'သည်လည်းကောင်း၊ ခံစားမှု ‘ဝေဒနာ'သည်လည်းကောင်းစိတ်၌ မှီ၏။ ထိုတရား တို့သည် စိတ်နှင့် စပ်ကုန်၏။ ထို့ကြောင့် သညာဝေဒနာတို့သည်စိတ္တသင်္ခါရမည်ပေ၏။

--

ကောင်းပါပြီ။ပ။ “အသျှင်ဘုရား အဘယ်သို့လျှင် သညာဝေဒနာတို့၏ ချုပ်မှု နိရောဓသမာပတ်သည်ဖြစ်သနည်း”ဟု ထပ်မံလျှောက်ပြန်၏။ သူကြွယ် သညာဝေဒနာတို့၏ ချုပ်ခြင်းသို့ ရောက်သောရဟန်းအား “ငါသည် သညာဝေဒနာတို့၏ ချုပ်ခြင်းသို့ ရောက်အံ့ “ဟူ၍လည်းကောင်း၊ “ငါသည် သညာဝေဒနာတို့၏ ချုပ်ခြင်းသို့ ရောက်၏ “ဟူ၍လည်းကောင်း၊ “ငါသည် သညာဝေဒနာတို့၏ ချုပ်ခြင်းသို့ရောက်ပြီ”ဟူ၍လည်းကောင်း ဤသို့ စိတ် မဖြစ်။ စင်စစ်သော်ကား ထိုနိရောဓသမာပတ်ကို ဝင်စားသောရဟန်းအား သညာဝေဒနာတို့ ချုပ်ရန်အလို့ငှါ ရှေးရှုဆောင်နိုင်လောက်သော စိတ်ကို ရှေးမဆွကပင်ပွါးပြီး ဖြစ်၏။

ကောင်းပါပြီ။ပ။ “အသျှင်ဘုရား သညာဝေဒနာတို့၏ ချုပ်ခြင်းသို့ ရောက်သော ရဟန်းအားအဘယ်တရားတို့သည် ရှေးဦးစွာ ချုပ်ခြင်းသို့ ရောက်ပါကုန်သနည်း။ ကာယသင်္ခါရလော၊ သို့မဟုတ်ဝစီသင်္ခါရလော၊ သို့မဟုတ် စိတ္တသင်္ခါရလော ”ဟု ပြဿနာကို ထပ်မံမေးလျှောက်ပြန်၏။ သူကြွယ်သညာ ဝေဒနာတို့၏ ချုပ်ခြင်းသို့ ရောက်သော ရဟန်းအား ဝစီသင်္ခါရသည် ရှေးဦးစွာ ချုပ်၏၊ ထို့နောက် ကာယသင်္ခါရ ချုပ်၏၊ ထို့နောက် စိတ္တသင်္ခါရ ချုပ်၏။

ကောင်းပါပြီ။ပ။ “အသျှင်ဘုရား သေသော ဘဝတစ်ပါးသို့ ပြောင်းသွားသော သူ (လူသေကောင်) နှင့်သညာဝေဒနာတို့၏ ချုပ်ခြင်းသို့ ရောက်သော (နိရောဓသမာပတ်ဝင်စားသော) ရဟန်းတို့၏ ထူးခြားခြင်းကား အဘယ်ပါနည်း”ဟု ပြဿနာကို ထပ်မံမေးလျှောက်ပြန်၏။ သူကြွယ် သေသော ဘဝတစ်ပါးသို့ပြောင်းသွားသော သူ (လူသေကောင်) အား ကာယသင်္ခါရ၊ ဝစီသင်္ခါရ၊ စိတ္တသင်္ခါရ ချုပ်ငြိမ်း၏၊ အသက်သည် ကုန်၏၊ အငွေ့ (ကမ္မဇတေဇော)သည် ငြိမ်း၏၊ ဣန္ဒြေတို့သည် ပျက်စီးကုန်၏။ သူကြွယ် သညာဝေဒနာတို့၏ ချုပ်ခြင်းသို့ ရောက်သော (နိရောဓသမာပတ်ဝင်စားသော) ရဟန်းအားမူ ကာယသင်္ခါရ၊ ဝစီသင်္ခါရ၊ စိတ္တသင်္ခါရ ချုပ်ငြိမ်း၏၊ အသက်သည် မကုန်၊ အငွေ့သည် မငြိမ်း၊ ဣန္ဒြေတို့သည် အလွန်ကြည်လင်ကုန်၏။ သူကြွယ် သေသော ဘဝတစ်ပါးသို့ ပြောင်းသွားသော သူ (လူသေကောင်) နှင့် သညာဝေဒနာတို့၏ ချုပ်ခြင်းသို့ ရောက်သော (နိရောဓသမာပတ်ဝင်စားသော) ရဟန်းတို့၏ ထူးခြားခြင်းကား ဤသည်ပင်တည်း။

ကောင်းပါပြီ။ပ။ “အသျှင်ဘုရား အဘယ်သို့လျှင် သညာဝေဒနာတို့၏ ချုပ်မှု နိရောဓသမာပတ်မှထပါသနည်း”ဟု ပြဿနာကို ထပ်မံမေးလျှောက်ပြန်၏။ သူကြွယ် သညာဝေဒနာတို့၏ ချုပ်မှု နိရောဓသမာပတ်မှ ထသော ရဟန်းအား “ငါသည် သညာဝေဒနာတို့၏ ချုပ်မှု နိရောဓသမာပတ်မှ ထအံ့”ဟူ၍လည်းကောင်း၊ “ငါသည် သညာဝေဒနာတို့၏ ချုပ်မှု နိရောဓသမာပတ်မှ ထ၏”ဟူ၍လည်းကောင်း၊ “ငါသည် သညာဝေဒနာတို့၏ ချုပ်မှု နိရောဓသမာပတ်မှ ထပြီ”ဟူ၍လည်းကောင်း ဤသို့ စိတ်မဖြစ်။ စင်စစ်သော်ကား ထိုနိရောဓသမာပတ်မှ ထသော ရဟန်းအား သညာဝေဒနာတို့ ချုပ်ရာ နိရောဓသမာပတ်မှထရန်အလို့ငှါ ရှေးရှု ဆောင်နိုင်လောက်သော စိတ်ကို ရှေးမဆွကပင် ပွါးပြီး ဖြစ်၏။

--

ကောင်းပါပြီ။ပ။ “အသျှင်ဘုရား သညာဝေဒနာတို့၏ ချုပ်မှု နိရောဓသမာပတ်မှ ထသောရဟန်း အားအဘယ်တရားတို့သည် ရှေးဦးစွာ ဖြစ်ပါသနည်း။ ကာယသင်္ခါရသည်ပင် ရှေးဦးစွာ ဖြစ်ပါသလော၊ ဝစီသင်္ခါရသည်ပင် ရှေးဦးစွာ ဖြစ်ပါသလော၊ စိတ္တသင်္ခါရသည်ပင် ရှေးဦးစွာ ဖြစ်ပါသလော ”ဟု ပြဿနာကို ထပ်မံမေးလျှောက်ပြန်၏၊ သူကြွယ် သညာဝေဒနာတို့၏ ချုပ်မှု နိရောဓသမာပတ်မှ ထသော ရဟန်းအား စိတ္တသင်္ခါရသည် ရှေးဦးစွာ ဖြစ်၏၊ ထို့နောက် ကာယသင်္ခါရသည် ဖြစ်၏၊ ထို့နောက့်ဝစီသင်္ခါရသည် ဖြစ်၏။

ကောင်းပါပြီ။ပ။ “အသျှင်ဘုရား သညာဝေဒနာတို့၏ ချုပ်မှု နိရောဓသမာပတ်မှ ထသော ရဟန်းကိုအဘယ်မျှသော တွေ့ထိမှု ‘ဖဿ’ တို့သည် တွေ့ထိပါကုန်သနည်း”ဟု ပြဿနာကို ထပ်မံမေးလျှောက်ပြန်၏။ သူကြွယ် သညာဝေဒနာတို့၏ ချုပ်မှု နိရောဓသမာပတ်မှ ထသော ရဟန်းကို သုညတဖဿ၊ အနိမိတ္တဖဿ၊ အပ္ပဏိဟိတဖဿဟူ၍ သုံးပါးကုန်သော တွေ့ထိခြင်း ‘ဖဿ’ တို့သည် တွေ့ထိကုန်၏။

ကောင်းပါပြီ။ပ။ “အသျှင်ဘုရား သညာဝေဒနာတို့၏ ချုပ်မှု နိရောဓသမာပတ်မှ ထသော ရဟန်း၏စိတ်သည် အဘယ်သို့ ညွတ်ပါသနည်း၊ အဘယ်သို့ ကိုင်းပါသနည်း၊ အဘယ်သို့ ရှိုင်းပါသနည်း”ဟုပြဿနာကို ထပ်မံမေးလျှောက်ပြန်၏။ သူကြွယ် သညာဝေဒနာတို့၏ ချုပ်မှု နိရောဓသမာပတ်မှ ထသောရဟန်း၏ စိတ်သည် ဆိတ်ငြိမ်ရာ (နိဗ္ဗာန်) သို့ ညွတ်၏၊ ဆိတ်ငြိမ်ရာ (နိဗ္ဗာန်) သို့ ကိုင်း၏၊ ဆိတ်ငြိမ်ရာ (နိဗ္ဗာန်) သို့ ရှိုင်း၏ဟု (မိန့်ဆို၏)။

အသျှင်ဘုရား ကောင်းပါပြီဟု စိတ္တသူကြွယ်သည် အသျှင်ကာမဘူ၏ စကားကို အလွန်နှစ်သက်ဝမ်းမြောက်လျက် အသျှင်ကာမဘူအား ပြဿနာကို ထပ်မံမေးလျှောက်၏။ အသျှင်ဘုရား သညာဝေဒနာတို့၏ ချုပ်ရာ နိရောဓသမာပတ်အား အဘယ်မျှသော တရားတို့သည် များစွာ ကျေးဇူးပြုကုန်သနည်း။ သူကြွယ် အမှန်အားဖြင့် ရှေးဦးစွာ မေးသင့်သော စကားကို ယခုမှ မေးဘိ၏၊ သို့သော်လည်း သင့်အားငါသည် ဖြေဆိုအံ့။ သူကြွယ် သညာဝေဒနာတို့၏ ချုပ်မှု နိရောဓသမာပတ်အား သမထဝိပဿနာဟု ဆိုအပ်သော တရားနှစ်ပါးတို့သည် များစွာ ကျေးဇူးပြုကုန်၏ဟု (မိန့်ဆို၏)။

ဆဋ္ဌသုတ်။

၇-ဂေါဒတ္တသုတ်

၃၄၉။ အခါတစ်ပါး၌ အသျှင်ဂေါဒတ္တသည် မစ္ဆိကာသဏ္ဍအရပ် ဝှေးပင်တော၌ (သီတင်းသုံး) နေ၏၊ ထိုအခါ စိတ္တသူကြွယ်သည် အသျှင်ဂေါဒတ္တထံသို့ ချဉ်းကပ်၍ အသျှင်ဂေါဒတ္တကို ရှိခိုးပြီးလျှင် တစ်ခုသောနေရာ၌ ထိုင်နေ၏၊ အသျှင်ဂေါဒတ္တသည် တစ်ခုသော နေရာ၌ ထိုင်နေသော စိတ္တသူကြွယ်အား “သူကြွယ်အပ္ပမာဏမည်သော စိတ်၏ လွတ်မြောက်မှု၊ အာကိဉ္စညာမည်သော စိတ်၏ လွတ်မြောက်မှု၊ အနိမိတ္တမည်သော စိတ်၏ လွတ်မြောက်မှု ဤတရားတို့သည် အနက်ထူး သဒ္ဒါထူးရှိကုန်သလော၊ သို့မဟုတ် အနက်တူ၍ သဒ္ဒါသာလျှင် ထူးသလော”ဟု မိန့်ဆို၏။ အသျှင်ဘုရား အကြောင်းပရိယာယ်သည် ရှိ၏၊ ယင်းအကြောင်းပရိယာယ်ကို စွဲ၍ ဤတရားတို့သည် အနက်လည်း ထူးကုန်၏၊ သဒ္ဒါလည်း ထူးကုန်၏၊ အသျှင် ဘုရား အကြောင်းပရိယာယ်သည် ရှိ၏၊ ယင်းအကြောင်းပရိယာယ်ကို စွဲ၍ ဤတရားတို့သည်အနက် တူ၍ သဒ္ဒါသာလျှင် ထူးကုန်၏။

--

အသျှင်ဘုရား ယင်းအကြောင်းပရိယာယ်ကို စွဲ၍ ဤတရားတို့သည် အနက်လည်း ထူးကုန်၏၊ သဒ္ဒါလည်း ထူးကုန်၏ဟူသော အကြောင်းကား အဘယ်နည်း။ အသျှင်ဘုရား ဤသာသနာတော်၌ ရဟန်းသည် ချမ်းသာစေလိုခြင်း မေတ္တာနှင့် ယှဉ်သော စိတ်ဖြင့် တစ်ခုသော အရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေ၏၊ ထို့ အတူ နှစ်ခုမြောက် အရပ်မျက်နှာကို။ သုံးခုမြောက် အရပ်မျက်နှာကို။ လေးခုမြောက်အရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေ၏။ ဤနည်းဖြင့် အထက် အောက် ဖီလာ အလုံးစုံသော အရပ်မျက်နှာတို့၌ ရှိသော သတ္တဝါ အားလုံးကို မိမိနှင့် အတူပြု၍ သတ္တဝါအားလုံး ပါဝင်သော သတ္တလောကကိုပြန့်ပြောသော မြင့်မြတ်သော အတိုင်းအရှည် မရှိသော ရန် မရှိသော ငြိုငြင်ခြင်း မရှိသော မေတ္တာနှင့်ယှဉ်သော စိတ်ဖြင့် ပျံ့နှံ့စေ၍ နေ၏။ သနားခြင်း ‘ကရုဏာ’ နှင့် ယှဉ်သော စိတ်ဖြင့်။ပ။ ဝမ်းမြောက်ခြင်း ‘မုဒိတာ’ နှင့် ယှဉ်သော စိတ်ဖြင့်။ပ။ လျစ်လျူရှုခြင်း ‘ဥပေက္ခာ’ နှင့် ယှဉ်သော စိတ်ဖြင့်တစ်ခုသော အရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေ၏၊ ထို့အတူ နှစ်ခုမြောက် အရပ်မျက်နှာကို။ သုံးခုမြောက့်အရပ်မျက်နှာကို။ လေးခုမြောက် အရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေ၏။ ဤနည်းဖြင့် အထက် အောက် ဖီလာအလုံးစုံသော အရပ်မျက်နှာတို့၌ ရှိသော သတ္တဝါ အားလုံးကို မိမိနှင့် အတူပြု၍ သတ္တဝါအားလုံးပါဝင်သော သတ္တလောကကို ပြန့်ပြောသော မြင့်မြတ်သော အတိုင်းအရှည် မရှိသော ရန် မရှိသောငြိုငြင်ခြင်း မရှိသော လျစ်လျူရှုခြင်း ‘ဥပေက္ခာ’ နှင့် ယှဉ်သော စိတ်ဖြင့် ပျံ့နှံ့စေ၍ နေ၏။ အသျှင်ဘုရား ဤသည်ကို အပ္ပမာဏမည်သော စိတ်၏ လွတ်မြောက်ခြင်းဟု ဆိုအပ်၏။

အသျှင်ဘုရား အာကိဉ္စညာမည်သော စိတ်၏ လွတ်မြောက်ခြင်းဟူသည် အဘယ်နည်း။ အသျှင်ဘုရား ဤသာသနာတော်၌ ရဟန်းသည် ဝိညာဏဉ္စာယတနဈာန်ကို လုံးဝလွန်မြောက်၍ “စိုးစဉ်းမျှမရှိ”ဟုစီးဖြန်းလျက် အာကိဉ္စညာယတနဈာန်သို့ ရောက်၍ နေ၏။ အသျှင်ဘုရား ဤသည်ကို အာကိဉ္စညာမည်သော စိတ်၏ လွတ်မြောက်ခြင်းဟု ဆိုအပ်၏။

အသျှင်ဘုရား သုညတမည်သော စိတ်၏ လွတ်မြောက်ခြင်းဟူသည် အဘယ်နည်း။ အသျှင်ဘုရား ဤသာသနာတော်၌ ရဟန်းသည် တောသို့ ကပ်၍ ဖြစ်စေ၊ သစ်ပင်ရင်းသို့ ကပ်၍ ဖြစ်စေ၊ ဆိတ်ငြိမ်ရာအရပ်သို့ ကပ်၍ ဖြစ်စေ “ ဤတရားကား အတ္တမှလည်းကောင်း၊ အတ္တနိယမှလည်းကောင်း ဆိတ်သုဉ်း၏”ဟု ဆင်ခြင်၏။ အသျှင်ဘုရား ဤသည်ကို သုညတမည်သော စိတ်၏ လွတ်မြောက်ခြင်းဟု ဆိုအပ်၏။

အသျှင်ဘုရား အနိမိတ္တမည်သော စိတ်၏ လွတ်မြောက်ခြင်းဟူသည် အဘယ်နည်း။ အသျှင်ဘုရား ဤသာသနာတော်၌ ရဟန်းသည် အလုံးစုံသော နိစ္စနိမိတ်စသည်တို့ကို နှလုံးမသွင်းခြင်းကြောင့် နိစ္စနိမိတ်စသည် မရှိသော စိတ်၏ တည်ကြည်ခြင်းသို့ ကပ်ရောက်ဝင်စား၍ နေ၏၊ အသျှင်ဘုရား ဤသည်ကိုအနိမိတ္တမည်သောစိတ်၏ လွတ်မြောက်ခြင်းဟု ဆိုအပ်၏။ အသျှင်ဘုရား ယင်းအကြောင်းပရိယာယ်ကို စွဲ၍ ဤတရားတို့သည် အနက်လည်းထူး သဒ္ဒါလည်းထူးကုန်၏ဟူသော အကြောင်းပရိယာယ်ကား ဤသည်ပင်တည်း။

အသျှင်ဘုရား ယင်းအကြောင်းပရိယာယ်ကို စွဲ၍ ဤတရားတို့သည် အနက်တူ၍ သဒ္ဒါသာလျှင်ထူး၏ဟူသော အကြောင်းပရိယာယ်သည် အဘယ်ပါနည်း။ အသျှင်ဘုရား စွဲမက်မှု ‘ရာဂ'သည် ပမာဏကို ပြုတတ်၏၊ အမျက်ထွက်မှု ‘ဒေါသ'သည် ပမာဏကို ပြုတတ်၏၊ တွေဝေမှု ‘မောဟ'သည် ပမာဏကိုပြုတတ်၏၊ ထိုတရားတို့သည် အာသဝေါကုန်ပြီးသော ရဟန္တာပုဂ္ဂိုလ်အား ပယ်အပ်ကုန်ပြီ၊ အမြစ်ရင်းကို အကြွင်း မဲ့ ဖြတ်ပြီးကုန်ပြီ၊ နုတ်ပြီးသော ထန်းပင်ရာကဲ့သို့ ပြုပြီးကုန်ပြီ၊ အသစ်မဖြစ်ခြင်းကို ပြုပြီးကုန်ပြီ၊ နောင် အခါ ဖြစ်ခြင်းသဘော မရှိကုန်။ အသျှင်ဘုရားပမာဏမရှိကုန်သော စိတ်၏ လွတ်မြောက်ခြင်းဟူသမျှတို့ ထက် မပျက်စီးသော စိတ်၏လွတ်မြောက်ခြင်းကို အမြတ်ဆုံးဟု ဆိုအပ်၏။ ထိုမပျက်စီးသော စိတ်၏ လွတ်မြောက်ခြင်းသည်ကားစွဲမက်မှု ‘ရာဂ’ မှ ဆိတ်သုဉ်း၏၊ အမျက်ထွက်မှု ‘ဒေါသ’ မှ ဆိတ်သုဉ်း၏၊ တွေဝေမှု ‘မောဟ’ မှဆိတ်သုဉ်း၏။

--

အသျှင်ဘုရား စွဲမက်မှု ‘ရာဂ'သည် ကြောင့်ကြမှုတည်း၊ အမျက်ထွက်မှု ‘ဒေါသ'သည် ကြောင့်ကြမှုတည်း၊ တွေဝေမှု ‘မောဟ'သည် ကြောင့်ကြမှုတည်း။ ထိုတရားတို့သည် အာသဝေါကုန်ပြီးသော ရဟန္တာပုဂ္ဂိုလ်အား ပယ်အပ်ကုန်ပြီ၊ အမြစ်ရင်းကို အကြွင်းမဲ့ ဖြတ်ပြီးကုန်ပြီ၊ နုတ်ပြီးသော ထန်းပင်ရာကဲ့သို့ပြုပြီးကုန်ပြီ၊ အသစ်မဖြစ်ခြင်းကို ပြုပြီးကုန်ပြီ၊ နောင်အခါ ဖြစ်ခြင်းသဘော မရှိကုန်။ အသျှင်ဘုရားကြောင့်ကြ မရှိကုန်သော စိတ်၏ လွတ်မြောက်ခြင်းဟူသမျှတို့ထက် မပျက်စီးသော စိတ်၏ လွတ်မြောက်ခြင်းကို အမြတ်ဆုံးဟု ဆိုအပ်၏၊ ထိုမပျက်စီးသော စိတ်၏ လွတ်မြောက်ခြင်းသည်ကား စွဲမက်မှု ‘ရာဂ’ မှဆိတ်သုဉ်း၏၊ အမျက်ထွက်မှု ‘ဒေါသ’ မှ ဆိတ်သုဉ်း၏၊ တွေဝေမှု ‘မောဟ’ မှ ဆိတ်သုဉ်း၏။

အသျှင်ဘုရား စွဲမက်မှု ‘ရာဂ'သည် နိစ္စနိမိတ်စသည်ကို ပြုတတ်၏၊ အမျက်ထွက်မှု ‘ဒေါသ'သည်နိစ္စနိမိတ်စသည်ကို ပြုတတ်၏၊ တွေဝေမှု ‘မောဟ'သည် နိစ္စနိမိတ်စသည်ကို ပြုတတ်၏။ ထိုတရားတို့သည် အာသဝေါကုန်ပြီးသော ရဟန္တာပုဂ္ဂိုလ်အား ပယ်အပ်ကုန်ပြီ၊ အမြစ်ရင်းကို အကြွင်းမဲ့ ဖြတ်ပြီးကုန်ပြီ၊ နုတ်ပြီးသော ထန်းပင်ရာကဲ့သို့ ပြုပြီးကုန်ပြီ၊ အသစ်မဖြစ်ခြင်းကို ပြုပြီးကုန်ပြီ၊ နောင်အခါ ဖြစ်ခြင်းသဘောမရှိကုန်။ အသျှင်ဘုရား နိစ္စနိမိတ်စသည် မရှိကုန်သော စိတ်၏ လွတ်မြောက်ခြင်းဟူသမျှတို့ထက်မပျက်စီးသော စိတ်၏ လွတ်မြောက်ခြင်းကို အမြတ်ဆုံးဟု ဆိုအပ်၏။ ထိုမပျက်စီးသော စိတ်၏ လွတ်မြောက်ခြင်းသည်ကား စွဲမက်မှု ‘ရာဂ'မှ ဆိတ်သုဉ်း၏၊ အမျက်ထွက်မှု ‘ဒေါသ’ မှ ဆိတ်သုဉ်း၏၊ တွေဝေမှု'မောဟ'မှ ဆိတ်သုဉ်း၏။

အသျှင်ဘုရား ယင်းအကြောင်းပရိယာယ်ကို စွဲ၍ ဤတရားတို့သည် အနက်တူ၍ သဒ္ဒါသာလျှင်ထူး၏ဟူသော အကြောင်းပရိယာယ်ကား ဤသည်ပင်တည်းဟု လျှောက်၏။ သူကြွယ် အကြင်နက်နဲသောဘုရားစကားတော်၌ ပညာမျက်စိကို ဆောင်နိုင်ပေရကား သင့်အား အရတော်ပေစွတကား၊ ကောင်းစွာရအပ်ပေစွတကားဟု (မိန့်ဆို၏)။

သတ္တမသုတ်။

--

၈-နိဂဏ္ဌနာဋပုတ္တသုတ်

၃၅၀။ ထိုအခါ၌ နိဂဏ္ဌနာဋပုတ္တသည် များစွာသော တက္ကတွန်းပရိသတ်နှင့် အတူ မစ္ဆိကာသဏ္ဍအရပ်သို့ ရောက်လာ၏။ စိတ္တသူကြွယ်သည် “နိဂဏ္ဌနာဋပုတ္တသည် များစွာသော တက္ကတွန်းပရိသတ်နှင့်အတူ မစ္ဆိကာသဏ္ဍအရပ်သို့ ရောက်လာသတတ်”ဟု ကြားလေ၏၊ ထိုအခါ စိတ္တသူကြွယ်သည် များစွာသော ဥပါသကာတို့နှင့် အတူ နိဂဏ္ဌနာဋပုတ္တထံသို့ ချဉ်းကပ်၍ နိဂဏ္ဌနာဋပုတ္တနှင့် အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆိုပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေ၏၊ တစ်ခုသော နေရာ၌ ထိုင်နေသောစိတ္တသူကြွယ်အား နိဂဏ္ဌနာဋပုတ္တသည် “သူကြွယ် သင်သည် ရဟန်းဂေါတမအား ကြံစည်မှု ‘ဝိတက်’ သုံးသပ်မှု ‘ဝိစာရ’ မရှိသော တည်ကြည်မှု ‘သမာဓိ'သည် ရှိ၏၊ ကြံစည်မှု ‘ဝိတက်’ သုံးသပ်မှု ‘ဝိစာရ’ တို့၏ချုပ်ခြင်းသည် ရှိ၏ဟု ယုံကြည်သလောဟု ပြောဆို၏။ အသျှင် အကျွန်ုပ်သည် ဤသာသနာတော်၌ ကြံစည် မှု ‘ဝိတက်’ သုံးသပ်မှု ‘ဝိစာရ’ မရှိသော တည်ကြည်မှု ‘သမာဓိ'သည် ရှိ၏၊ ကြံစည်မှု ‘ဝိတက်'သုံးသပ်မှု ‘ဝိစာရ’ တို့၏ ချုပ်ခြင်းသည် ရှိ၏”ဟု မြတ်စွာဘုရားအား ယုံကြည်ခြင်း'သဒ္ဓါ’ ဖြင့်ဆည်းကပ်သည် မဟုတ် ပါဟု ဆို၏။

ဤသို့ ဆိုသော် နိဂဏ္ဌနာဋပုတ္တသည် မော်ကြည့်၍ ဤသို့ ပြောဆို၏- “အသျှင်တို့ ဤသူကိုရှုကုန်လော့၊ ဤစိတ္တသူကြွယ်သည် အလွန်လျှင် ဖြောင့်မတ်သူတည်း၊ ဤစိတ္တသူကြွယ်သည် အလွန်လျှင်မစဉ်းလဲသူတည်း၊ ဤစိတ္တသူကြွယ်သည် အလွန်လျှင် မလှည့်ဖြားသူတည်း။ ကြံစည်မှု ‘ဝိတက်’ သုံးသပ်မှု'ဝိစာရ’ တို့ကို ချုပ်စေသင့်၏ဟု မှတ်ထင်သူသည် လေကို ပိုက်ကွန်ဖြင့် တားမြစ်သင့်၏ဟုသော်လည်းမှတ် ထင်ရာ၏။ ကြံစည်မှု'ဝိတက်’ သုံးသပ်မှု'ဝိစာရ'တို့ကို ချုပ်စေသင့်၏ဟု မှတ်ထင်သူသည် မိမိ၏လက်ဆုပ် ဖြင့် ဂင်္ဂါမြစ်ရေအလျဉ်ကို ပိတ်သင့်၏ဟုသော်လည်း မှတ်ထင်ရာ၏”ဟု ဆို၏။

အသျှင်ဘုရား ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ ဉာဏ်နှင့် သဒ္ဓါ နှစ်ပါးတို့တွင် အဘယ်ကသာ၍ မြတ်သနည်းဟု မေး၏။ သူကြွယ် သဒ္ဓါထက် ဉာဏ်သာလျှင် သာ၍ မြတ်၏ဟု ပြောဆို၏။

အသျှင် ဘုရား အကျွန်ုပ်သည် အလိုရှိတိုင်းသာလျှင် ကာမတို့မှ ကင်းဆိတ်၍ သာလျှင်အကုသိုလ်တရားတို့မှ ကင်း ဆိတ်၍ သာလျှင် ကြံစည်ခြင်း ‘ဝိတက်’ နှင့် တကွဖြစ်သောသုံးသပ်ဆင်ခြင်ခြင်း ‘ဝိစာရ’ နှင့် တကွဖြစ်သော နီဝရဏ ကင်းဆိတ်ခြင်းကြောင့် ဖြစ်သောနှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ ရှိသော ပဌမဈာန်သို့ ရောက်၍ နေ၏။ အသျှင်ဘုရားအကျွန်ုပ်သည် အလိုရှိတိုင်းသာလျှင် ကြံစည်ခြင်း ‘ဝိတက်’ နှင့် တကွ ဖြစ်သောသုံးသပ်ဆင်ခြင်ခြင်း ‘ဝိစာရ'နှင့်တကွ ဖြစ်သော နီဝရဏကင်းဆိတ်ခြင်းကြောင့်။ပ။ ဒုတိယဈာန်သို့ရောက်၍ နေ၏။ အသျှင်ဘုရား အကျွန်ုပ်သည် အလိုရှိတိုင်းသာလျှင် နှစ်သိမ့်ခြင်း ‘ပီတိ'ကိုလည်းစက်ဆုပ် ခြင်းကြောင့်။ပ။ တတိယဈာန်သို့ ရောက်၍ နေ၏။ အသျှင်ဘုရား အကျွန်ုပ်သည်အလိုရှိတိုင်းသာလျှင် ချမ်းသာခြင်း ‘သုခ’ ကိုလည်း ပယ်ခြင်းကြောင့်။ပ။ စတုတ္ထဈာန်သို့ ရောက်၍ နေ၏။

အသျှင်ဘုရား ဤသို့ သိသော ဤသို့ မြင်သော ထိုအကျွန်ုပ်သည် အခြားသောအဘယ်သမဏအားသော်လည်းကောင်း၊ အဘယ် ဗြာဟ္မဏအားသော်လည်းကောင်း ကြံစည်မှု ‘ဝိတက်'သုံးသပ်ဆင်ခြင်မှု ‘ဝိစာရ'တို့၏ ချုပ်ခြင်းသည် ရှိ၏ဟု ယုံကြည်မှု ‘သဒ္ဓါ’ တရားဖြင့် မချဉ်းကပ်ဘဲရှိပါအံ့နည်းဟု (ဆို၏)။

--

ဤသို့ ဆိုသော် နိဂဏ္ဌနာဋပုတ္တသည် မိမိပရိသတ်ကို စောင်းငဲ့ကြည့်၍ “အသျှင်တို့ ဤသူကို ရှုကုန်လော့၊ ဤစိတ္တသူကြွယ်သည် အလွန်လျှင် မဖြောင့်မတ်သူတည်း၊ ဤစိတ္တသူကြွယ်သည် အလွန်လျှင်စဉ်းလဲသူတည်း၊ ဤစိတ္တသူကြွယ်သည် အလွန်လျှင် လှည့်ဖြားသူတည်း”ဟု ဆို၏။

အသျှင် ယခုအခါ၌ ပင်လျှင်လည်း “အသျှင်တို့ ဤသူကို ရှုကုန်လော့၊ ဤစိတ္တသူကြွယ်သည် အလွန်လျှင် ဖြောင့်မတ်သူတည်း၊ ဤစိတ္တသူကြွယ်သည် အလွန်လျှင် မစဉ်းလဲသူတည်း၊ ဤစိတ္တသူကြွယ်သည်အလွန်လျှင် မလှည့်ဖြားသူတည်း”ဟု ဆိုအပ်သည်ကို အကျွန်ုပ်တို့ သိရပါကုန်၏၊ အသျှင် ယခုအခါ၌ ပင်လျှင်လည်း “အသျှင်တို့ ဤသူကို ရှုကုန်လော့၊ ဤစိတ္တသူကြွယ်သည် အလွန်လျှင် မဖြောင့်မတ်သူတည်း၊ ဤစိတ္တသူကြွယ်သည် အလွန်လျှင် စဉ်းလဲသူတည်း၊ ဤစိတ္တသူကြွယ်သည် အလွန်လျှင် လှည့်ဖြားသူတည်း”ဟု ဆိုအပ်သည်ကို အကျွန်ုပ်တို့ သိရပါကုန်၏။ အသျှင် သင့်၏ ရှေ့စကားသည် အကယ်၍ မှန်လျှင် သင်၏ နောက်စကားသည် မှား၏၊ အသျှင် သို့မဟုတ် သင်၏ ရှေ့စကားသည် အကယ်၍ မှားလျှင်သင်၏ နောက်စကားသည် မှန်၏။ အသျှင် စင်စစ် တစ်ခုသော ပြဿနာ တစ်ခုသော ဥဒ္ဒေသတစ်ခုသော အဖြေ၊ နှစ်ခုသော ပြဿနာ နှစ်ခုသော ဥဒ္ဒေသ နှစ်ခုသော အဖြေ၊ သုံးခုသော ပြဿနာသုံးခုသော ဥဒ္ဒေသ သုံးခုသော အဖြေ၊ လေးခုသော ပြဿနာ လေးခုသော ဥဒ္ဒေသ လေးခုသောအဖြေ၊ ငါးခုသော ပြဿနာ ငါးခုသော ဥဒ္ဒေသ ငါးခုသော အဖြေ၊ ခြောက်ခုသော ပြဿနာခြောက်ခုသော ဥဒ္ဒေသ ခြောက်ခုသော အဖြေ၊ ခုနစ်ခုသော ပြဿနာ ခုနစ်ခုသော ဥဒ္ဒေသ ခုနစ်ခုသောအဖြေ၊ ရှစ်ခုသော ပြဿနာ ရှစ်ခုသော ဥဒ္ဒေသ ရှစ်ခုသော အဖြေ၊ ကိုးခုသော ပြဿနာ ကိုးခုသောဥဒ္ဒေသ ကိုးခုသော အဖြေ၊ ဆယ်ခုသော ပြဿနာ ဆယ်ခုသော ဥဒ္ဒေသ ဆယ်ခုသော အဖြေတို့ဟူ၍ ဤဆယ်ပါးကုန်သော အကြောင်း နှင့် တကွကုန်သော ဤပြဿနာတို့သည် ရောက်လာပါကုန်၏၊ ထိုပြဿနာတို့၏ အနက်ကို သိလိုသော အခါ၌ တက္ကတွန်းပရိသတ်နှင့် အတူ အကျွန်ုပ်ထံသို့လာလှည့်ပါလော့ဟု လျှောက်၏။ ထို့နောက် စိတ္တ သူကြွယ်သည် နိဂဏ္ဌနာဋပုတ္တတက္ကတွန်းအား ဤဆယ်ပါးကုန်သော အကြောင်းနှင့် တကွသော ပြဿနာ တို့ဖြင့် ဖိတ်ကြား၍ နေရာမှ ထကာပြန်ခဲ့လေ၏။

အဋ္ဌမသုတ်။

--

၉-အစေလကဿပသုတ်

၃၅၁။ ထိုအခါ စိတ္တသူကြွယ်၏ လူ့ဘဝက သူငယ်ချင်းဟောင်းဖြစ်သော အစေလကဿပသည်မစ္ဆိကာသဏ္ဍအရပ်သို့ ရောက်လာ၏၊ စိတ္တသူကြွယ်သည် “ငါတို့၏ လူ့ဘဝကသူငယ်ချင်းဟောင်းဖြစ်သော အစေလကဿပသည် မစ္ဆိကာသဏ္ဍအရပ်သို့ ရောက်လာသတတ်”ဟုကြားလေ၏၊ ထိုအခါ စိတ္တသူကြွယ်သည် အစေလကဿပထံသို့ ချဉ်းကပ်၍ အစေလကဿပနှင့် အတူဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြော ဆိုပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေပြီးသော်အစေလကဿပအား “အသျှင်ကဿပ ရဟန်းပြုသည်မှာ အဘယ်မျှ ကြာပြီနည်း”ဟု မေး၏။ သူကြွယ့်ငါ ရဟန်းပြုခြင်းသည် အနှစ်သုံးဆယ်မျှ ရှိခဲ့ပြီ။ အသျှင် သင့်အား အနှစ်သုံးဆယ်တို့ပတ်လုံး လူတို့၏တရားထက် လွန်မြတ်သော အရိယာတို့၏ ဉာဏ်အမြင် တရားထူး တစ်စုံတစ်ရာကို ရ၍ ချမ်းသာစွာနေရခြင်း ရှိပါ၏လောဟု (ဆို၏)။ သူကြွယ် စင်စစ် ဤ အနှစ်သုံးဆယ်တို့ဖြင့် ရဟန်းပြုသော ငါ့အားအဝတ်မဝတ်ရခြင်း၊ ဦးပြည်းရခြင်း၊ တင်ပါး၌ ဖုံခါရန် ဥဒေါင်းမြီးစည်းကို ကိုင်ဆောင်ရခြင်းမှ တစ်ပါးလူတို့၏ တရားထက် လွန်မြတ်သော အရိယာတို့၏ ဉာဏ် အမြင်တရားထူး တစ်စုံတစ်ရာကို ရ၍ ချမ်းသာစွာ နေရခြင်း မည်သည် မရှိဟု ဆို၏။ ဤသို့ ဆိုသော် စိတ္တသူကြွယ်သည် အစေလကဿပအား ဤသို့ ဆို၏- “အချင်းတို့ အစေလကတို့၏ တရားသည် အံ့ဩ ဖွယ်ရှိပေစွတကား၊ မဖြစ်စဖူး အထူးဖြစ်စွတကား။ အနှစ်သုံးဆယ်တို့ပတ်လုံး အဝတ် မဝတ်ရခြင်း၊ ဦးပြည်းရခြင်း၊ တင်ပါး၌ ဖုံခါရန်ဥဒေါင်းမြီးစည်းကို ကိုင်ဆောင်ရခြင်းမှ တစ်ပါး လူတို့၏ တရားထက် လွန်မြတ်သော အရိယာတို့၏ဉာဏ်အမြင်တရားထူး တစ်စုံတစ်ရာကို ရ၍ ချမ်းသာစွာ နေရခြင်း မည်သည် မဖြစ်ရပလေ”ဟု (ဆို၏)။

သူကြွယ် သင်၏ ဥပါသကာအဖြစ်သို့ ကပ်ရောက်ခြင်းသည် အဘယ်မျှ ကြာပြီနည်းဟု (မေး၏)။

အသျှင် ဥပါသကာအဖြစ်သို့ ကပ်ရောက်သော အကျွန်ုပ်အားလည်း အနှစ်သုံးဆယ်မျှ ရှိပါပြီဟု (ဆို၏)။

သူကြွယ် သင့်အား ဤအနှစ်သုံးဆယ်တို့ဖြင့် လူတို့၏ တရားထက် လွန်မြတ်သော အရိယာတို့၏ ဉာဏ်အမြင်တရားထူး တစ်စုံတစ်ရာကို ရ၍ ချမ်းသာစွာ နေရခြင်း မည်သည် ရှိသလောဟု (မေး၏)။ အသျှင်အကျွန်ုပ်သည် လူဖြစ်သော်လည်း အလိုရှိတိုင်းသာလျှင် ကာမတို့မှ ဆိတ်၍ သာလျှင် အကုသိုလ်တရားတို့မှဆိတ်၍ သာလျှင် ကြံစည်ခြင်း ‘ဝိတက်’ နှင့် တကွဖြစ်သော သုံးသပ်ခြင်း ‘ဝိစာရ’ နှင့် တကွဖြစ်သောနီဝရဏ ဆိတ်ခြင်းကြောင့် ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ ရှိသော ပဌမဈာန်သို့ရောက်၍ နေရ ပါ၏၊ အသျှင် အကျွန်ုပ်သည် အလိုရှိတိုင်းသာလျှင် ကြံစည်ခြင်း ‘ဝိတက်'သုံးသပ်ခြင်း ‘ဝိစာရ’ တို့၏ မရှိ ခြင်းကြောင့် ဒုတိယဈာန်သို့ ရောက်၍ နေရပါ၏၊ အသျှင် အကျွန်ုပ်သည်အလိုရှိတိုင်းသာလျှင် နှစ်သိမ့် ခြင်း ‘ပီတိ’ ကိုလည်း စက်ဆုပ်ခြင်းကြောင့်။ပ။ တတိယဈာန်သို့ရောက်၍ နေရ ပါ၏၊ အသျှင် အကျွန်ုပ်သည် အလိုရှိတိုင်းသာလျှင် ချမ်းသာခြင်း ‘သုခ'ကိုလည်းပယ်ခြင်းကြောင့်။ပ။ စတုတ္ထဈာန်သို့ ရောက်၍ နေရပါ၏၊ အသျှင် အကျွန်ုပ်သည် မြတ်စွာဘုရား၏ရှေးဦးစွာ သေခဲ့ပါမူ “စိတ္တသူကြွယ်သည် ဤ (ကာမ) လောကသို့ တစ်ဖန်ပြန်လာနိုင်ကြောင်း ဖြစ်သောသံယောဇဉ် မရှိတော့”ဟု အကျွန်ုပ်ကို မြတ်စွာဘုရား မိန့်ဆိုတော် မူငြားအံ့၊ ထိုမိန့်ဆိုခြင်းသည်အံ့ဖွယ်မဟုတ်သည်သာတည်းဟု (ဆို၏)။ ဤသို့ဆိုသော် အစေလကဿပသည် စိတ္တသူကြွယ်ကို ဤသို့ဆို၏- “အချင်းတို့ မြတ်စွာဘုရားတရားတော်၏ ကောင်းစွာ ဟောအပ်သည်၏ အဖြစ်သည်အံ့ဖွယ်ရှိစွတကား၊ မဖြစ်စဖူး အထူးဖြစ်စွတကား၊ အဝတ်ဖြူဝတ်သော လူဖြစ်လျက် ဤသို့သဘောရှိသော လူတို့၏ တရားထက် လွန်မြတ်၍ ချမ်းသာစွာ နေရကြောင်းဖြစ်သော အရိယာ တို့၏ဉာဏ်အမြင်တရားထူးကို ရတုံဘိသေး၏။ သူကြွယ် အကျွန်ုပ်သည် ဤသာသနာတော်၌ ရှင်အဖြစ်ကိုရလိုပါ၏၊ ပဉ္စင်းအဖြစ်ကို ရလိုပါ၏ ”ဟု ဆို၏။

--

ထိုအခါ စိတ္တသူကြွယ်သည် အစေလကဿပကို ခေါ်၍ မထေရ်ကြီးဖြစ်သော ရဟန်းတို့ထံသို့ ချဉ်းကပ်ပြီးလျှင် မထေရ်ကြီးဖြစ်သော ရဟန်းတို့အား ဤသို့ လျှောက်၏- “အသျှင်ဘုရားတို့ ဤအစေလကဿပသည် အကျွန်ုပ်တို့၏ လူ့ဘဝက သူငယ်ချင်းဟောင်းပါတည်း၊ ဤသူကို မထေရ်ကြီးတို့သည်ရှင်ပြုကြပါကုန်လော့၊ အကျွန်ုပ်သည် ဤသူအား သင်္ကန်း ဆွမ်း ကျောင်း သူနာအထောက်အပံ့ဆေးအသုံးအဆောင်တို့ဖြင့် ကြောင့်ကြ ပြုပါအံ့”ဟု လျှောက်၏။

အစေလကဿပသည် ဤသာသနာတော်၌ ရှင်အဖြစ်ကို ရလေ၏၊ ပဉ္စင်းအဖြစ်ကို ရလေ၏၊ ပဉ္စင်းဖြစ်၍ မကြာသေးသော အသျှင်ကဿပသည် တစ်ယောက်တည်း ဆိတ်ငြိမ်ရာသို့ ကပ်လျက် မမေ့မလျော့ပြင်းစွာ အားထုတ်အပ်သော လုံ့လရှိသည် ဖြစ်၍ နိဗ္ဗာန်သို့ စေလွှတ်အပ်သော စိတ်ရှိလျက် နေသည့်ရှိသော် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက် ရဟန်းပြုကြသော အမျိုးကောင်းသားများ လိုလားတောင့်တအပ်သော အကျင့်မြတ်၏ အဆုံးဖြစ်သော အတုမရှိသော တရားကို မျက်မှောက်ဘဝ၌ ပင်လျှင်ကိုယ်တိုင် ထူးသော ဉာဏ်ဖြင့် မျက်မှောက်ပြုလျက် ရောက်၍ နေရ၏၊ “ပဋိသန္ဓနေမှု ကုန်ပြီ၊ အကျင့်မြတ်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ် (မဂ်) ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်ကိစ္စ) အလို့ငှါ တစ်ပါးသော ပြုဖွယ် မရှိတော့ပြီ”ဟု သိ၏။ အသျှင်ကဿပသည် ရဟန္တာတို့တွင် တစ်ပါးအပါအဝင် ဖြစ်လေ၏။

နဝမသုတ်။

၁၀-ဂိလာနဒဿနသုတ်

၃၅၂။ ထိုအခါ စိတ္တသူကြွယ်သည် အနာရောဂါနှိပ်စက်ရကား ဆင်းရဲခြင်းသို့ ရောက်လျက်သည်းထန်စွာ မကျန်းမမာ ဖြစ်နေ၏။ ထိုအခါ များစွာကုန်သော အရံစောင့်နတ်၊ တောစောင့်နတ်၊ သစ်ပင်စောင့်နတ်၊ ဆေးပင် မြက်ပင် တောစိုးပင်တို့၌ စိုးအုပ်ကုန်သော နတ်တို့သည် စည်းဝေးလာရောက်၍ စိတ္တသူကြွယ်အား “သူကြွယ် ‘အနာဂတ်ကာလ၌ စကြဝတေးမင်း ဖြစ်လို၏ ‘ဟု တောင့်တပါလော့”ဟုဆိုကုန်၏။

ဤသို့ ဆိုသော် စိတ္တသူကြွယ်သည် ထိုအရံစောင့်နတ်၊ တောစောင့်နတ်၊ သစ်ပင်စောင့်နတ်၊ ဆေးပင်မြက်ပင် တောစိုးပင်တို့၌ စိုးအုပ်ကုန်သော နတ်တို့အား “ ထိုစကြဝတေးမင်းအဖြစ်သည်လည်း မမြဲ၊ ထိုစကြဝတေးမင်းအဖြစ်သည်လည်း မခိုင်ခံ့၊ ထိုစကြဝတေးမင်းအဖြစ်ကို ပယ်၍ သွားအပ်၏”ဟု ဆို၏။

ဤသို့ ဆိုသော် စိတ္တသူကြွယ်၏ မိတ်ဆွေခင်ပွန်းဆွေမျိုးသားချင်းတို့သည် စိတ္တသူကြွယ်အား “အရှင့်သားသတိထားပါလော့၊ မယောင်ယမ်းပါလင့်”ဟု ဆိုကုန်၏။ သင်တို့သည် ငါ့ကို “အရှင့်သား သတိထားပါလော့၊ မယောင်ယမ်းပါလင့်”ဟူ၍ ယင်းစကားကို ဆိုကုန်၏၊ ငါသည် အဘယ်သို့လျှင် ဆိုသနည်းဟု (မေး၏)။ အရှင့်သား “ထိုစကြဝတေးမင်းအဖြစ်သည်လည်း မမြဲ၊ ထိုစကြဝတေးမင်းအဖြစ်သည်လည်း မခိုင်ခံ့၊ ထိုစကြဝတေးမင်းအဖြစ်ကို ပယ်၍ သွားအပ်၏”ဟု ဤသို့လျှင် သင်ဆို၏ဟု ဆို၏။

--

ထိုစကားသည် မှန်၏၊ ငါ့ကို အရံစောင့်နတ်၊ တောစောင့်နတ်၊ သစ်ပင်စောင့်နတ်၊ ဆေးပင် မြက်ပင်တောစိုးပင်တို့၌ စိုးအုပ်ကုန်သော နတ်တို့သည် “သူကြွယ် ‘အနာဂတ်ကာလ၌ စကြဝတေးမင်းဖြစ်ရလို၏ ‘ဟု တောင့်တပါ လော့”ဟု ဆိုကုန်၍ ထိုနတ်တို့ကို ငါသည်"ထိုစကြဝတေးမင်းအဖြစ်သည်လည်း မမြဲ၊ ထိုစကြဝတေးမင်း အဖြစ်သည်လည်း မခိုင်ခံ့၊ ထိုစကြဝတေးမင်းအဖြစ်ကို ပယ်၍ သွားအပ်၏ ”ဟု ငါ ဆို၏။ အရှင့်သား အရံစောင့်နတ်၊ တောစောင့်နတ်၊ သစ်ပင်စောင့်နတ်၊ ဆေးပင် မြက်ပင် တောစိုးပင်တို့၌ စိုးအုပ်ကုန်သော နတ်တို့သည်အဘယ်အကျိုးထူးကို မြင်၍ “သူကြွယ် ‘အနာဂတ်ကာလ၌ စကြဝတေးမင်း ဖြစ်ရလို၏ ‘ဟုတောင့်တပါလော့”ဟု ဆိုကုန်သနည်း။ ထိုအရံစောင့်နတ်၊ တောစောင့်နတ်၊ သစ်ပင်စောင့်နတ်၊ ဆေးပင်မြက်ပင် တောစိုးပင်တို့၌ စိုးအုပ်ကုန်သော နတ်တို့အား “ ဤစိတ္တသူကြွယ်ကား သီလရှိ၏၊ ကောင်းသောအကျင့်ရှိ၏၊ ‘အနာဂတ်ကာလ၌ စကြဝတေးမင်း ဖြစ်ရလို၏ ‘ဟု အကယ်၍ တောင့်တအံ့၊ သီလရှိသောထို သူကြွယ်အား ဤစိတ်၏ တောင့်တမှုသည် သီလ၏ စင်ကြယ်သည်၏ အဖြစ်ကြောင့် ပြည့်စုံလတ္တံ့၊ တရားရှိ သော သူသည် တရားအားလျော်သော အကျိုးကို မြင်ရ၏ ”ဟု ဤသို့ ကြံစည်၍ ထိုအရံစောင့်နတ်၊ တောစောင့်နတ်၊ သစ်ပင်စောင့်နတ်၊ ဆေးပင် မြက်ပင် တောစိုးပင်တို့၌ စိုးအုပ်ကုန်သော နတ်တို့သည် ဤ အကျိုးထူးကို မြင်ကုန်လျက် “သူကြွယ် ‘အနာဂတ်ကာလ၌ စကြဝတေးမင်း ဖြစ်ရလို၏ ‘ဟု တောင့်တပါ လော့”ဟု ဆိုကြကုန်၏။ ထိုနတ်တို့ကို"ထိုစကြဝတေးမင်းအဖြစ်သည်လည်း မမြဲ၊ ထိုစကြဝတေးမင်း အဖြစ်သည်လည်း မခိုင်ခံ့၊ ထိုစကြဝတေးမင်းအဖြစ်ကို ပယ်၍ သွားအပ်၏”ဟု ငါ ဆို၏။

အရှင့်သား သို့ဖြစ်လျှင် အကျွန်ုပ်တို့ကိုလည်း ဆုံးမပါလော့ဟု (ဆိုကုန်၏)။ “သို့ဖြစ်လျှင် သင်တို့သည် ‘ထိုမြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သော အကြောင်းကြောင့်လည်း ‘အရဟံ’မည်တော်မူ၏၊ (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော အကြောင်းကြောင့်လည်း'သမ္မာသမ္ဗုဒ္ဓ’ မည်တော်မူ၏၊ အသိဉာဏ် ‘အဝိဇ္ဇာ’ အကျင့် ‘စရဏ'နှင့် ပြည့်စုံတော်မူသောအကြောင်းကြောင့်လည်း ‘ဝိဇ္ဇာစရဏသမ္ပန္န’ မည်တော်မူ၏၊ ကောင်းသော စကားကိုဆိုတော်မူတတ်သော အကြောင်းကြောင့်လည်း ‘သုဂတ’ မည်တော်မူ၏၊ လောကကို သိတော်မူတတ်သောအကြောင်းကြောင့်လည်း ‘လောကဝိဒူ’ မည်တော်မူ၏၊ ဆုံးမထိုက်သူကို ဆုံးမတတ်သည့် အတုမဲ့ပုဂ္ဂိုလ်ဖြစ်တော်မူသော အကြောင်းကြောင့်လည်း ‘အနုတ္တရော ပုရိသဒမ္မသာရထိ’ မည်တော်မူ၏၊ နတ်လူတို့၏ဆရာဖြစ်တော်မူသော အကြောင်းကြောင့်လည်း ‘သတ္ထာဒေဝမနုဿာနံ’ မည်တော်မူ၏၊ သစ္စာလေးပါးတရားကို သိစေတော်မူသော အကြောင်းကြောင့်လည်း ‘ဗုဒ္ဓ’ မည်တော်မူ၏၊ ဘုန်းတန်ခိုးကြီးမားတော်မူသော အကြောင်းကြောင့်လည်း ‘ဘဂဝါ’ မည်တော် မူ၏ ‘ဟု ဘုရားအပေါ်၌ သက်ဝင်၍ ကြည်ညိုခြင်းနှင့် ပြည့်စုံကြကုန်အံ့။

'တရားတော်သည် မြတ်စွာဘုရား ကောင်းစွာ ဟောထားသော တရားတော်ပါပေတည်း၊ ကိုယ်တိုင်သိမြင်နိုင်သော တရားတော်ပါပေတည်း၊ အခါမလင့် အကျိုးပေးတတ်သော တရားတော်ပါပေတည်း၊ လာလှည့် ရှုလှည့်ဟု ပြထိုက်သော တရားတော်ပါပေတည်း၊ မိမိ၏ ကိုယ်ထဲစိတ်ထဲ၌ ဆောင်ယူထားထိုက်သော တရားတော်ပါပေတည်း (အရိယာ) ပညာရှိတို့သာ ကိုယ်စီကိုယ်ငသိနိုင်ခံစားနိုင်သော တရားတော်ပါပေ တည်း ‘ဟု တရားအပေါ်၌ သက်ဝင်၍ ကြည်ညိုခြင်းနှင့်ပြည့်စုံကြကုန်အံ့။

--

‘မြတ်စွာဘုရား၏ တပည့်သားသံဃာတော်သည် ကောင်းသော အကျင့်ရှိတော်မူပါပေ၏၊ မြတ်စွာဘုရား၏ တပည့်သားသံဃာတော်သည် ဖြောင့်မတ်သော အကျင့်ရှိတော်မူပါပေ၏၊ မြတ်စွာဘုရား၏တပည့် သားသံဃာတော်သည် မှန်ကန်သော အကျင့်ရှိတော်မူပါပေ၏၊ မြတ်စွာဘုရား၏တပည့်သားသံဃာတော်သည် လျော်ကန်သော အကျင့်ရှိတော်မူပါပေ၏၊ အစုံအားဖြင့် လေးစုံ,ပုဂ္ဂိုလ်အားဖြင့် ရှစ်ပါးရှိသော မြတ်စွာဘုရား၏ တပည့်သားသံဃာတော်သည် အရပ်ဝေးမှဆောင်လာ၍ သော်လည်း ပေးလှူပူဇော်ရန် ထိုက်တန်ပါပေ၏၊ ဧည့်သည်တို့အလို့ငှါ စီမံထားသောဝတ္ထုကိုသော်လည်း ပေးလှူပူဇော်ရန် ထိုက်တန်ပါပေ၏၊ တမလွန်အတွက် ရည်မျှော်သော အလှူကိုခံတော်မူထိုက်ပါပေ၏၊ လက်အုပ်ချီရန် ထိုက်ပါပေ၏၊ သတ္တဝါအပေါင်း၏ ကောင်းမှုပြုရန် အမြတ်ဆုံးလယ်မြေဖြစ်တော်မူပါပေ၏’ဟု သံဃာတော်အပေါ်၌ သက် ဝင်၍ ကြည်ညိုခြင်းနှင့် ပြည့်စုံကြကုန်အံ့။ အိမ်၌ ရှိသော ပေးလှူဖွယ်ဟူသမျှကို သီလရှိ၍ အကျင့်ကောင်း သူတို့နှင့် မခွဲခြားအံ့ဟု ဤသို့လျှင်သင်တို့ ကျင့်ရမည် ”ဟု ဆို၏။

ထို့နောက် စိတ္တသူကြွယ်သည် မိတ်ဆွေ ခင်ပွန်း ဆွေမျိုး သားချင်းတို့ကို ဘုရား၌လည်းကောင်း၊ တရား၌လည်းကောင်း၊ သံဃာ၌လည်းကောင်း၊ စွန့်ကြဲခြင်း၌လည်းကောင်း ဆောက်တည်စေ၍ ကွယ်လွန်လေ၏။

ဒသမသုတ်။

စိတ္တသံယုတ် ပြီး၏။

--

၈-ဂါမဏိသံယုတ်

၁-စဏ္ဍသုတ်

၃၅၃။ သာဝတ္ထိနိဒါန်း။ ထိုအခါ စဏ္ဍမည်သော ရွာသူကြီးသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍့မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား ဤစကားကိုလျှောက်၏- “အသျှင်ဘုရား ဤလောက၌ အချို့သော သူကို ‘ကြမ်းတမ်းသူ ကြမ်းတမ်းသူ’ ဟူ၍ သာလျှင်ခေါ်ဝေါ်ကြ၏၊ ထိုခေါ်ဝေါ်ခြင်း၏ အကြောင်းကား အဘယ်ပါနည်း၊ အထောက်အပံ့ကား အဘယ်ပါနည်း။ အသျှင်ဘုရား ဤလောက၌ အချို့သော သူကို ‘သိမ်မွေ့သူ သိမ်မွေ့သူ’ ဟူ၍ သာလျှင် ခေါ်ဝေါ်ကြ၏၊ ထိုခေါ်ဝေါ်ခြင်း၏ အကြောင်းကား အဘယ်ပါနည်း၊ အထောက်အပံ့ကား အဘယ်ပါနည်းဟု (လျှောက်၏)။

ရွာသူကြီး ဤလောက၌ အချို့သော သူသည် စွဲမက်မှု ‘ရာဂ’ ကို မပယ်အပ်၊ စွဲမက်မှု ‘ရာဂ’ ကိုမပယ်အပ်သည်၏ အဖြစ်ကြောင့် သူတစ်ပါးတို့က အမျက်ထွက်စေအပ်သော် အမျက်ကို ထင်စွာ ပြု၏၊ ထိုသူကို ကြမ်းတမ်းသူဟု ခေါ်ဝေါ်ကြ၏။ အမျက် ‘ဒေါသ’ ကို မပယ်အပ်၊ အမျက် ‘ဒေါသ’ ကို မပယ်အပ်သည်၏ အဖြစ်ကြောင့် သူတစ်ပါးတို့က အမျက်ထွက်စေအပ်သော် အမျက်ကို ထင်စွာ ပြု၏၊ ထိုသူကိုကြမ်းတမ်းသူဟု ခေါ်ဝေါ်ကြ၏။ တွေဝေမှု ‘မောဟ’ ကို မပယ်အပ်၊ တွေဝေမှု ‘မောဟ’ ကိုမပယ်အပ်သည်၏ အဖြစ်ကြောင့် သူတစ်ပါးတို့က အမျက်ထွက်စေအပ်သော် အမျက်ကို ထင်စွာ ပြု၏၊ ထိုသူကို ကြမ်းတမ်း သူဟု ခေါ်ဝေါ်ကြ၏။ ရွာသူကြီး ဤလောက၌ အချို့သော သူကို “ကြမ်းတမ်းသူကြမ်းတမ်းသူ” ဟူ၍ ခေါ်ဝေါ်ကြ၏၊ ထိုခေါ်ဝေါ်ခြင်း၏ အကြောင်းကား ဤသည်ပင်တည်း၊ အထောက်အပံ့ကား ဤသည်ပင် တည်း။

ရွာသူကြီး ဤလောက၌ အချို့သော သူသည် စွဲမက်မှု ‘ရာဂ’ ကို ပယ်အပ်၏၊ စွဲမက်မှု ‘ရာဂ’ ကိုပယ်ပြီးသည်၏ အဖြစ်ကြောင့် သူတစ်ပါးတို့က အမျက်ထွက်စေအပ်သော် အမျက်ကို ထင်စွာ မပြု၊ ထိုသူကို သိမ်မွေ့သူဟု ခေါ်ဝေါ်ကြ၏။ အမျက် ‘ဒေါသ’ ကို ပယ်အပ်၏၊ အမျက် ‘ဒေါသ’ ကို ပယ်ပြီးသည်၏အဖြစ်ကြောင့် သူတစ်ပါးတို့က အမျက်ထွက်စေအပ်သော် အမျက်ကို ထင်စွာ မပြု၊ ထိုသူကို သိမ်မွေ့သူဟုခေါ်ဝေါ်ကြ၏။ တွေဝေမှု ‘မောဟ’ ကို ပယ်အပ်၏၊ တွေဝေမှု ‘မောဟ’ ကို ပယ်အပ်ပြီးသည်၏အဖြစ်ကြောင့် သူတစ်ပါးတို့က အမျက်ထွက်စေအပ်သော် အမျက်ကို ထင်စွာ မပြု၊ ထိုသူကို သိမ်မွေ့သူဟုခေါ်ဝေါ်ကြ၏။ ရွာသူကြီး ဤလောက၌ အချို့သော သူကို “သိမ်မွေ့သူ သိမ်မွေ့သူ”ဟု ခေါ်ဝေါ်ကြ၏၊ ထိုခေါ်ဝေါ်ခြင်း၏ အကြောင်းကား ဤသည်ပင်တည်း၊ အထောက်အပံ့ကား ဤသည်ပင်တည်း။

ဤသို့ ဆိုသော် စဏ္ဍမည်သော ရွာသူကြီးသည် မြတ်စွာဘုရားကို “အသျှင်ဘုရား တရားတော်သည်အလွန်နှစ်သက်ဖွယ် ရှိပါပေ၏၊ အရှင်ဘုရား တရားတော်သည် အလွန်နှစ်သက်ဖွယ် ရှိပါပေ၏။

အသျှင်ဘုရား မှောက်ထားအပ်သော ဝတ္ထုကို လှန်ပြဘိသကဲ့သို့လည်းကောင်း၊ ဖုံးလွှမ်းထားအပ်သောဝတ္ထုကို ဖွင့်ပြဘိသကဲ့သို့လည်းကောင်း၊ မျက်စိလည်သောသူအား လမ်းမှန်ကို ပြောကြားသကဲ့သို့လည်းကောင်း၊ ‘မျက်စိအမြင်ရှိသူတို့သည် အဆင်းတို့ကို မြင်ကြလိမ့်မည်ဟု’ဟု အမိုက်မှောင်၌ ဆီမီးတန်ဆောင်ကို ဆောင်ပြသကဲ့သို့လည်းကောင်း ဤအတူ မြတ်စွာဘုရားသည် အမျိုးမျိုးသော အကြောင်းဖြင့် တရားတော်ကို ပြတော်မူပါပေ၏။ မြတ်စွာဘုရား ထိုအကျွန်ုပ်သည် မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ တရားတော်ကိုလည်းကောင်း၊ ရဟန်းသံဃာ တော်ကိုလည်းကောင်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။ မြတ်စွာဘုရားသည် အကျွန်ုပ်ကို ယနေ့မှ စ၍ အသက်ထက်ဆုံး (ရတနာသုံးပါးကို) ကိုးကွယ်ဆည်းကပ်ခြင်းသို့ ရောက်သော ဥပါသကာဟု မှတ်တော်မူပါလော့”ဟု လျှောက်၏။

ပဌမသုတ်။

--

၂-တာလပုဋသုတ်

၃၅၄။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည်၌ ရှဉ့်နက်တို့အား အစာပေးကျွေးရာ ဖြစ်သော ဝေဠုဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ တာလပုဋမည်သော ဇာတ်ဆရာကြီးသည်မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို ရှိခိုး၍ တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် ဤ့စကားကို လျှောက်၏ - “မြတ်စွာဘုရား ‘ပွဲအလယ် သဘင်အလယ်၌ မှန်မမှန်အားဖြင့် လူအပေါင်းကိုရွှင်ပျမွေ့လျော်စေသော ကချေသည်သည် ခန္ဓာပျက်ကြွေ သေပြီးသည်မှ နောက်၌ ပဟာသမည်သော နတ်တို့၏ အသင်းဝင် ဖြစ်ရ၏ ‘ဟု ပြောဆိုကြကုန်သော ရှေးဆရာ့ဆရာ ကချေသည်တို့၏ စကားကို ကြားရဖူးပါ၏၊ ဤအရာ၌ မြတ်စွာဘုရားသည် အဘယ်သို့ ဆိုလိုတော်မူပါသနည်း”ဟု (လျှောက်၏)။ ဇာတ်ဆရာကြီး မသင့်လျော်၊ ဤစကားကို ရပ်လော့၊ ငါ့ကို မမေးလင့်ဟု တားမြစ်တော်မူ၏။

နှစ်ကြိမ်မြောက်လည်း တာလပုဋဇာတ်ဆရာကြီးသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏-"မြတ်စွာဘုရား ‘ပွဲအလယ် သဘင်အလယ်၌ မှန်မမှန်အားဖြင့် လူအပေါင်းကို ရွှင်ပျမွေ့လျော်စေသောကချေသည်သည် ခန္ဓာပျက်ကြွေ သေပြီးသည်မှ နောက်၌ ပဟာသမည်သော နတ်တို့၏ အသင်းဝင် ဖြစ်ရ၏ ‘ဟု ပြောဆိုကြကုန်သော ရှေးဆရာ့ဆရာ ကချေသည်တို့၏ စကားကို ကြားရဖူးပါ၏၊ ဤအရာ၌ မြတ် စွာဘုရားသည် အဘယ်သို့ ဆိုလိုတော်မူပါသနည်း”ဟု (လျှောက်၏)။ ဇာတ်ဆရာကြီးမသင့်လျော်၊ ဤ စကားကို ရပ်လော့၊ ငါ့ကို မမေးလင့်ဟု တားမြစ်တော်မူ၏။

သုံးကြိမ်မြောက်လည်း တာလပုဋဇာတ်ဆရာကြီးသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏-"မြတ်စွာဘုရား ‘ပွဲအလယ် သဘင်အလယ်၌ မှန်မမှန်အားဖြင့် လူအပေါင်းကို ရွှင်ပျမွေ့လျော်စေသောကချေသည်သည် ခန္ဓာပျက်ကြွေ သေပြီးသည်မှ နောက်၌ ပဟာသမည်သော နတ်တို့၏ အသင်းဝင် ဖြစ်ရ၏ ‘ဟု ပြောဆိုကြကုန်သော ရှေးဆရာ့ဆရာ ကချေသည်တို့၏ စကားကို ကြားရဖူးပါ၏၊ ဤအရာ၌ မြတ် စွာဘုရားသည် အဘယ်သို့ ဆိုလိုတော်မူပါသနည်း”ဟု (လျှောက်၏)။

“ဇာတ်ဆရာကြီး မသင့်လျော်၊ ဤစကားကို ရပ်လော့၊ ငါ့ကို မမေးလင့် ”ဟု မချွတ်လျှင် သင့်ကို ငါပြော၍ မရခဲ့ပေ၊ သို့ဖြစ်လျှင် သင့်အား ငါ ဖြေကြားအံ့၊ ဇာတ်ဆရာကြီး ရှေးအစကပင် သတ္တဝါတို့သည် မကင်းသော စွဲမက်မှု ‘ရာဂ’ ရှိကုန်၏၊ စွဲမက်မှု ‘ရာဂ’ နှောင်ကြိုးဖြင့် ဖွဲ့အပ်ကုန်၏၊ ထိုသူတို့အားကချေသည်သည် ပွဲအလယ် သဘင်အလယ်၌ စွဲမက်မှုကို ဖြစ်စေတတ်သော တရားတို့ကို အတိုင်းထက်အလွန် ရှေးရှုဆောင်၏။ ဇာတ်ဆရာကြီး ရှေးအစကပင် သတ္တဝါတို့သည် မကင်းသော အမျက် ‘ဒေါသ'ရှိကုန်၏၊ အမျက် ‘ဒေါသ’ နှောင်ကြိုးဖြင့် ဖွဲ့အပ်ကုန်၏၊ ထိုသူတို့အား ကချေသည်သည် ပွဲအလယ်သဘင် အလယ်၌ အမျက်ထွက်စေတတ်သော တရားတို့ကို အတိုင်းထက်အလွန် ရှေးရှုဆောင်၏။

--

ဇာတ်ဆရာကြီး ရှေးအစကပင် သတ္တဝါတို့သည် မကင်းသော တွေဝေမှု ‘မောဟ’ ရှိကုန်၏၊ တွေဝေမှု ‘မောဟ’ နှောင်ကြိုးဖြင့် ဖွဲ့အပ်ကုန်၏၊ ထိုသူတို့အား ကချေသည်သည် ပွဲအလယ်သဘင်အလယ်၌ တွေဝေမှုကို ဖြစ်စေတတ်သော တရားတို့ကို အတိုင်းထက်အလွန် ရှေးရှုဆောင်၏။

ထိုကချေသည်သည် မိမိကိုယ်တိုင် ယစ်မူးမေ့လျော့လျက် သူတစ်ပါးတို့ကို ယစ်မူးမေ့လျော့စေရကားခန္ဓာပျက်ကြွေ သေပြီးသည်မှ နောက်၌ ပဟာသမည် သော ငရဲသို့ ရောက်ရ၏၊ “ပွဲအလယ်သဘင်အလယ်၌ မှန်မမှန်အားဖြင့် လူအပေါင်းကို ရွှင်ပျမွေ့လျော်စေ သော ကချေသည်သည်ခန္ဓာပျက်ကြွေ သေပြီးသည်မှ နောက်၌ ပဟာသမည်သော နတ်တို့၏ အသင်းဝင် အဖြစ်သို့ရောက်၏”ဟု ထိုသူအား အယူ ဖြစ်ခဲ့မူ ထိုသူ၏ အယူသည် မှားသော အယူသာ ဖြစ်၏၊ ဇာတ်ဆရာကြီး မှားသော အယူရှိသော ပုဂ္ဂိုလ်သတ္တဝါအား ငရဲတိရစ္ဆာန်ဟူသော လားရာ ‘ဂတိ’ နှစ်ပါးတို့တွင်တစ်ပါးပါးသော လားရာ ‘ဂတိ’ ကို ငါ ဟော၏ဟု မိန့်တော်မူ၏။

ဤသို့ မိန့်တော်မူသော် တာလပုဋဇာတ်ဆရာကြီးသည် ငိုလေ၏၊ မျက်ရည်ကျ၏။ “ဇာတ်ဆရာကြီးမသင့်လျော်၊ ဤစကားကို ရပ်လော့၊ ငါ့ကို မမေးပါလင့်”ဟု သင့်ကို ငါ ပြော၍ မရခဲ့ပေ။ အသျှင်ဘုရားမြတ်စွာဘုရား ဤသို့ မိန့်တော်မူသော စကားကို တပည့်တော် ရည်ရွယ်ပြီး ငိုသည် မဟုတ်ပါ၊ အမှန်စင်စစ်သော်ကား ပွဲအလယ် သဘင်အလယ်၌ မှန်မမှန်အားဖြင့် လူအပေါင်းကို ရွှင်ပျမွေ့လျော်စေသောကချေသည်သည် ခန္ဓာပျက်ကြွေ သေပြီးသည်မှ နောက်၌ ပဟာသမည်သော နတ်တို့၏ အသင်းဝင်အဖြစ့်သို့ ရောက်ရ၏ဟု ရှေးဆရာ့ဆရာ ကချေသည်တို့သည် တပည့်တော်ကို အချိန်ကြာမြင့်စွာကပင် ကောက်ကျစ်လှည့်ပတ် ဖြားယောင်းအပ်ပါ၏။

အသျှင်ဘုရား တရားတော်သည် အလွန်နှစ်သက်ဖွယ် ရှိပါပေစွ၊ အသျှင်ဘုရား တရားတော်သည်အလွန်နှစ်သက်ဖွယ် ရှိပါပေစွ။ အသျှင်ဘုရား ဥပမာအားဖြင့် မှောက်ထားအပ်သော ဝတ္ထုကို လှန်ပြဘိသကဲ့သို့လည်းကောင်း၊ ဖုံးလွှမ်းထားအပ်သောဝ တ္ထုကို ဖွင့်ပြဘိသကဲ့သို့လည်းကောင်း၊ မျက်စိလည်သောသူအား လမ်းမှန်ကို ပြောကြားသကဲ့သို့လည်းကောင်း၊ ‘မျက်စိအမြင်ရှိသူတို့သည် အဆင်းတို့ကို မြင်ကြလိမ့်မည်’ဟု အမိုက်မှောင်၌ ဆီမီးတန်ဆောင်ကို ဆောင်ပြသကဲ့သို့လည်းကောင်း ဤအတူသာလျှင်မြတ်စွာ ဘုရားသည် အကြောင်းအမျိုးမျိုးဖြင့် တရားတော်ကို ပြတော်မူပါပေ၏၊ အသျှင်ဘုရားထိုအကျွန်ုပ်သည် မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ တရားတော်ကိုလည်းကိုးကွယ်ရာဟူ၍ ဆည်းကပ် ပါ၏၊ ရဟန်းသံဃာတော်ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ အသျှင်ဘုရား တပည့်တော်သည် မြတ်စွာဘုရား၏ အထံ၌ ရှင်အဖြစ်ကို ရလိုပါ၏၊ ပဉ္စင်းအဖြစ်ကိုရလိုပါ၏ဟု (လျှောက်၏)။ တာလပုဋ ဇာတ်ဆရာကြီးသည် မြတ်စွာဘုရား၏ အထံ၌ ရှင်အဖြစ်ကို ရ၏၊ ပဉ္စင်းအဖြစ်ကို ရ၏၊ အသျှင်တာလပုဋသည် ပဉ္စင်းဖြစ်၍ မကြာမြင့်မီ။ပ။ ရဟန္တာတို့တွင်တစ်ပါးအပါအဝင် ဖြစ်လေ၏။

ဒုတိယသုတ်။

--

၃-ယောဓာဇီဝသုတ်

၃၅၅။ ထိုအခါ ယောဓာဇီဝမည်သော စစ်ဗိုလ်မှူးကြီးသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင်။ပ။ တစ်ခုသော နေရာ၌ ထိုင်နေလျက် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏- “အသျှင်ဘုရား'စစ်မြေပြင်၌ အားထုတ်ကြိုးစား (တိုက်ခိုက်) နေစဉ် တစ်ဖက် စစ်သည်တို့၏ ညှဉ်းဆဲသတ်ဖြတ် ခံရသောစစ်သည်သူရဲသည် ခန္ဓာပျက်ကြွေ သေပြီးသည်မှ နောက်၌ ပရဇိတမည်သော နတ်တို့၏ အသင်းဝင်အဖြစ်သို့ ရောက်ရ၏ ‘ဟု ပြောဆိုကြကုန်သော ရှေးဆရာ့ဆရာ စစ်သည်သူရဲတို့၏ စကားကို ကြားရဖူးပါ၏၊ ဤအရာ၌ မြတ်စွာဘုရား အဘယ်သို့ ဆိုလိုပါသနည်း”ဟု (လျှောက်၏)။ စစ်ဗိုလ်မှူး မသင့်လျော်၊ ဤစကားကို ရပ်လော့၊ ငါ့ကို မမေးလင့်။ နှစ်ကြိမ်မြောက်လည်း။ပ။ သုံးကြိမ်မြောက်လည်း ယောဓာဇီဝမည်သော စစ်ဗိုလ်မှူးသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏ - “အသျှင်ဘုရား ‘စစ်မြေပြင်၌ အားထုတ်ကြိုးစား (တိုက်ခိုက်) နေစဉ် တစ်ဖက် စစ်သည်တို့၏ ညှဉ်းဆဲသတ်ဖြတ် ခံရသော စစ်သည်သူရဲသည်ခန္ဓာပျက်ကြွေ သေပြီးသည်မှ နောက်၌ ပရဇိတမည်သော နတ်တို့၏ အသင်းဝင်အဖြစ်သို့ ရောက်ရ၏ ‘ဟုပြောဆိုကြကုန်သော ရှေးဆရာ့ ဆရာ စစ်သည်သူရဲတို့၏ စကားကို ကြားရဖူးပါ၏၊ ဤအရာ၌ မြတ်စွာဘုရား အဘယ်သို့ ဆိုလိုပါသနည်း”ဟု (လျှောက်၏)။

“စစ်ဗိုလ်မှူး မသင့်လျော်၊ ဤစကားကို ရပ်လော့၊ ငါ့ကို မမေးလင့်”ဟု မချွတ်လျှင် သင့်ကို ငါ ပြော၍ မရခဲ့ပေ၊ သို့ဖြစ်လျှင် သင့်အား ငါ ဖြေကြားအံ့၊ စစ်ဗိုလ်မှူး စစ်မြေပြင်၌ အားထုတ်ကြိုးစား (တိုက်ခိုက်) သူသည် “ ဤသတ္တဝါတို့သည် အသတ် ခံကြရပါစေ၊ အနှောင်အဖွဲ့ ခံကြရပါစေ၊ အဖြတ်ခံကြ ရပါစေ၊ ပျက်စီးကြပါစေ၊ ဤအတိုင်း မဖြစ်ဘဲ ရှိကြပါစေ” ဟူသော စိတ်ထားမျိုးကို ရှေးကပင်စွဲယူခဲ့၏၊ မကောင်းသဖြင့် ပြုခဲ့၏၊ မကောင်းသဖြင့် ထားခဲ့၏၊ အားထုတ်ကြိုးစား (တိုက်ခိုက်) နေစဉ်တစ်ဖက် စစ်သည်တို့၏ ညှဉ်းဆဲသတ်ဖြတ် ခံရသော စစ်သည်သူရဲသည် ခန္ဓာပျက်ကြွေ သေပြီးသည်မှနောက်၌ ပရဇိတမည်သော ငရဲသို့ ရောက်ရ၏၊ “စစ်မြေပြင်၌ အားထုတ်ကြိုးစား (တိုက်ခိုက်) နေစဉ်တစ်ဖက် စစ်သည်တို့၏ ညှဉ်းဆဲသတ်ဖြတ် ခံရသော စစ်သည်သူရဲသည် ခန္ဓာပျက်ကြွေ သေပြီးသည်မှနောက်၌ ပရဇိတနတ်တို့၏ အပေါင်းအဖော်အဖြစ်သို့ ရောက်ရ၏”ဟု ထိုသူအား အယူ ဖြစ်ခဲ့မူ ထိုသူ၏့အယူသည် မှားသော အယူဖြစ်၏၊ စစ်ဗိုလ်မှူး မှားသော အယူရှိသော ပုဂ္ဂိုလ်သတ္တဝါအား ငရဲတိရစ္ဆာန်ဟူသော လားရာ ‘ဂတိ’ နှစ်ပါးတို့တွင် တစ်ပါးပါးသော လားရာ ‘ဂတိ’ ကို ငါ ဟော၏ဟုမိန့်တော်မူ၏။

ဤသို့ မိန့်တော်မူသော် ယောဓာဇီဝမည်သော စစ်ဗိုလ်မှူးသည် ငိုလေ၏၊ မျက်ရည်ကျ၏။ “စစ်ဗိုလ်မှူးမသင့်လျော်၊ ဤစကားကို ရပ်လော့၊ ငါ့ကို မမေးလင့်”ဟု သင့်ကို ငါ ပြော၍ မရခဲ့ပေ။ အသျှင်ဘုရားမြတ်စွာဘုရား ဤသို့ မိန့်တော်မူသော စကားကို တပည့်တော် ရည်ရွယ်ပြီး ငိုသည် မဟုတ်ပါ၊ စင်စစ်သော်ကား “စစ်မြေပြင်၌ အားထုတ်ကြိုးစား (တိုက်ခိုက်) နေစဉ် တစ်ဖက် စစ်သည်တို့၏ညှဉ်းဆဲသတ်ဖြတ် ခံရသော စစ်သည်သူရဲသည် ခန္ဓာပျက်ကြွေ သေပြီးသည်မှ နောက်၌ ပရဇိတနတ်တို့၏အသင်းဝင်အဖြစ်သို့ ရောက်ရ၏”ဟု ရှေးဆရာ့ဆရာ စစ်သည်သူရဲတို့သည် တပည့်တော်ကိုအချိန်ကြာမြင့် စွာကပင် ကောက်ကျစ်လှည့်ပတ် ဖြားယောင်းအပ်ပါ၏။ အသျှင်ဘုရား တရားတော်သည်အလွန်နှစ်သက် ဖွယ်ရှိပါပေစွ။ပ။ ယနေ့မှ စ၍ အသက်ထက်ဆုံး ကိုးကွယ်ဆည်းကပ်သော ဥပါသကာဟုမှတ်တော်မူပါဟု (လျှောက်၏)။

တတိယသုတ်။

--

၄-ဟတ္ထာရောဟသုတ်

၃၅၆။ ထိုအခါ ဆင်စီးသူရဲကြီးသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင်။ပ။ ယနေ့မှစ၍ အသက်ထက်ဆုံး ကိုးကွယ်ဆည်းကပ်သော ဥပါသကာဟု မှတ်တော်မူပါဟု (လျှောက်၏)။

စတုတ္ထသုတ်။

၅-အဿာရောဟသုတ်

၃၅၇။ ထိုအခါ မြင်းစီးသူရဲကြီးသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင်။ပ။ တစ်ခုသော နေရာ၌ ထိုင်နေလျက် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏- “အသျှင်ဘုရား ‘စစ်မြေပြင်၌ အားထုတ်ကြိုးစား (တိုက်ခိုက်) နေစဉ် တစ်ဖက် စစ်သည်တို့၏ ညှဉ်းဆဲသတ်ဖြတ် ခံရသော မြင်းစီးသူရဲသည် ခန္ဓာပျက်ကြွေ သေပြီးသည်မှ နောက်၌ ပရဇိတမည်သော နတ်တို့၏ အသင်းဝင်အဖြစ်သို့ ရောက်ရ၏ ‘ဟုပြောဆိုကြကုန်သော ရှေးဆရာ့ဆရာ မြင်းစီးသူရဲတို့၏ စကားကို ကြားရဖူးပါ၏၊ ဤအရာ၌ မြတ်စွာဘုရားသည် အဘယ်သို့ ဆိုလိုပါသနည်း”ဟု (လျှောက်၏)။ မြင်းစီးသူရဲကြီး မသင့်လျော်၊ ဤစကားကိုရပ်လော့၊ ငါ့ကို မမေးလင့်။ နှစ်ကြိမ်မြောက်လည်း။ပ။ သုံးကြိမ်မြောက်လည်း မြင်းစီးသူရဲကြီးသည်မြတ်စွာဘုရားအား ဤစကားကို လျှောက်၏ -"အသျှင်ဘုရား ‘စစ်မြေပြင်၌ အားထုတ်ကြိုးစား (တိုက်ခိုက်) နေစဉ် တစ်ဖက် စစ်သည်တို့၏ ညှဉ်းဆဲသတ်ဖြတ် ခံရသောမြင်းစီးသူရဲသည် ခန္ဓာပျက်ကြွေ သေပြီးသည်မှ နောက်၌ ပရဇိတမည်သော နတ်တို့၏အသင်းဝင်အဖြစ်သို့ ရောက်ရ၏ ‘ဟု ပြောဆိုကြကုန်သော ရှေးဆရာ့ဆရာ မြင်းစီးသူရဲတို့၏ စကားကိုကြားရဖူးပါ၏၊ ဤအရာ၌ မြတ်စွာဘုရားသည် အဘယ်သို့ ဆိုလိုပါသနည်း”ဟု (လျှောက်၏)။

“မြင်းစီးသူရဲကြီး မသင့်လျော်၊ ဤစကားကို ရပ်လော့၊ ငါ့ကို မမေးလင့်”ဟု မချွတ်လျှင် သင့်ကို ငါပြော၍ မရခဲ့ပေ၊ သို့ဖြစ်လျှင် သင့်အား ငါ ဖြေကြားအံ့၊ မြင်းစီးသူရဲကြီး စစ်မြေပြင်၌ အားထုတ်ကြိုးစား (တိုက်ခိုက်) နေစဉ် တစ်ဖက် စစ်သည်တို့၏ ညှဉ်းဆဲသတ်ဖြတ် ခံရသော မြင်းစီးသူရဲသည် “ ဤသတ္တဝါတို့သည် အသတ် ခံကြရပါစေ၊ အနှောင်အဖွဲ့ ခံကြရပါစေ၊ အဖြတ် ခံကြရပါစေ၊ ပျက်စီးကြပါစေ၊ ဤအတိုင်း မဖြစ်ဘဲ ရှိကြပါစေ” ဟူသော စိတ်ထားမျိုးကို ရှေးကပင် စွဲယူခဲ့၏၊ မကောင်းသဖြင့် ပြုခဲ့၏၊ မကောင်းသဖြင့် ထားခဲ့၏၊ အားထုတ်ကြိုးစား (တိုက်ခိုက်) နေစဉ် တစ်ဖက့်စစ်သည်တို့၏ ညှဉ်းဆဲ သတ်ဖြတ် ခံရသော မြင်းစီးသူရဲသည် ခန္ဓာပျက်ကြွေ သေပြီးသည်မှ နောက်၌ ပရဇိတမည်သော ငရဲသို့ ရောက်ရ၏၊ “စစ်မြေပြင်၌ အားထုတ်ကြိုးစား (တိုက်ခိုက်) နေစဉ် တစ်ဖက်စစ်သည်တို့၏ ညှဉ်းဆဲ သတ်ဖြတ် ခံရသော မြင်းစီးသူရဲသည် ခန္ဓာပျက်ကြွေ သေပြီးသည်မှ နောက်၌ ပရဇိတနတ်တို့၏ အပေါင်း အဖော်အဖြစ်သို့ ရောက်ရ၏”ဟု ထိုသူအား အယူ ဖြစ်ခဲ့မူ ထိုသူ၏အယူသည် မှားသော အယူ ဖြစ်၏၊ မြင်းစီးသူရဲကြီး မှားသော အယူရှိသော ပုဂ္ဂိုလ်သတ္တဝါအား ငရဲတိရစ္ဆာန်ဟူသော လားရာ ‘ဂတိ’ နှစ်ပါး တို့တွင် တစ်ပါးပါးသော လားရာ ‘ဂတိ’ ကို ငါ ဟော၏ဟုမိန့်တော်မူ၏။

--

ဤသို့ မိန့်တော်မူသော် မြင်းစီးသူရဲကြီးသည် ငိုလေ၏၊ မျက်ရည်ကျလေ၏။ “မြင်းစီးသူရဲကြီးမသင့်လျော်၊ ဤစကားကို ရပ်လော့၊ ငါ့ကို မမေးလင့်”ဟု သင့်ကို ငါ ပြော၍ မရခဲ့ပေ။ အသျှင်ဘုရားမြတ်စွာဘုရား ဤသို့ မိန့်တော်မူသော စကားကို တပည့်တော် ရည်ရွယ်ပြီး ငိုသည် မဟုတ်ပါ၊ စင်စစ်သော်ကား စစ်မြေပြင်၌ အားထုတ်ကြိုးစား (တိုက်ခိုက်) နေစဉ် တစ်ဖက် စစ်သည်တို့၏ ညှဉ်းဆဲသတ်ဖြတ်ခံရသော မြင်းစီးသူရဲသည် ခန္ဓာပျက်ကြွေ သေပြီးသည်မှ နောက်၌ ပရဇိတနတ်တို့၏ အသင်းဝင်အဖြစ်သို့ရောက်ရ၏”ဟု ရှေးဆရာ့ဆရာ မြင်းစီးသူရဲတို့သည် အချိန်ကြာမြင့်စွာကပင် တပည့်တော်ကို ကောက်ကျစ်လှည့်ပတ် ဖြားယောင်းအပ်ပါ၏။ အသျှင်ဘုရား တရားတော်သည် အလွန်နှစ်သက်ဖွယ် ရှိပါပေစွ။ပ။ ယနေ့မှ စ၍ အသက်ထက်ဆုံး ကိုးကွယ်ဆည်းကပ်သော ဥပါသကာဟု မှတ်တော်မူပါဟု (လျှောက်၏)။

ပဉ္စမသုတ်။

၆-အသိဗန္ဓကပုတ္တသုတ်

၃၅၈။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် နာဠန္ဒမြို့ ပါဝါရိကသူဌေး၏ သရက်ဥယျာဉ်၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ အသိဗန္ဓက၏ သား ရွာသူကြီးသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏ - “အသျှင်ဘုရား ကရား ကိုင်ဆောင်ကုန်သော မှော်ပန်းကို ဆင်မြန်းကုန်သော ရေသို့ ဆင်းသက်တတ်ကုန်သော မီးကို လုပ်ကျွေးတတ်ကုန်သော ပစ္ဆာဘူမိ၌ နေကုန်သော ပုဏ္ဏားတို့သည် သေလွန်သူကိုအထက်သို့ ရောက်စေနိုင်ကုန်၏၊ ကောင်းစွာ သိစေနိုင်ကုန်၏၊ နတ်ပြည်သို့ပင် ရောက်စေနိုင်ကုန်၏၊ အသျှင်ဘုရား ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာသိတော် မူသော မြတ်စွာဘုရားသည်ကား လူအားလုံးကို ခန္ဓာပျက်ကြွေ သေပြီးသည်မှ နောက်၌ ကောင်းသော လားရာ နတ်ပြည်လောကသို့ ရောက်အောင် ပြုပြင်ခြင်းငှါ စွမ်းနိုင်ပါ၏လော ”ဟု (လျှောက်၏)။ ရွာသူကြီး သို့ဖြစ်လျှင် ဤအရာ၌ သင့်ကိုပင် ပြန်၍ မေးဦးအံ့၊ သင်နှစ်သက်သည့်အတိုင်း ဖြေဆိုလော့။

ရွာသူကြီး ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ ဤလောက၌ ယောကျ်ားသည် အသက်ကိုသတ်လေ့ရှိ၏၊ မပေးသည်ကို ယူလေ့ရှိ၏၊ ကာမတို့၌ မှားယွင်းစွာ ကျင့်လေ့ရှိ၏၊ မမှန် ပြောလေ့ရှိ၏၊ ကုန်းစကားကို ပြောတတ်၏၊ ကြမ်းတမ်းသော စကားကို ပြောတတ်၏၊ ပြိန်ဖျင်းသော စကားကို ပြောတတ်၏၊ မက်မောမှု ‘အဘိဇ္ဈာ’ များ၏၊ အမျက်ထွက်သော စိတ်ရှိ၏၊ မှားသော အယူရှိ၏၊ ထိုယောကျ်ားကို များစွာသော လူအပေါင်းသည် စည်းဝေး၍ “ ဤယောကျ်ားသည် ခန္ဓာပျက်ကြွေသေပြီးသည်မှ နောက်၌ ကောင်းသော လားရာ နတ်ပြည်လောကသို့ ရောက်ပါစေ” ဟူ၍ တောင်းပန်ရာ၏၊ ချီးမွမ်းရာ၏၊ လက် အုပ်ချီကာ အဖန်တစ်လဲလဲ ဆုတောင်းရာ၏။ ရွာသူကြီးထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ ထို ယောကျ်ားသည် များစွာသော လူအပေါင်းကတောင်းပန်ချီးမွမ်းခြင်းကြောင့်သော်လည်းကောင်း၊ လက်အုပ် ချီကာ အဖန်တစ်လဲလဲ့ဆုတောင်းခြင်းကြောင့်သော်လည်းကောင်း ခန္ဓာပျက်ကြွေ သေပြီးသည်မှ နောက်၌ ကောင်းသော လားရာနတ်ပြည်လောကသို့ ရောက်ရာသလော။ အသျှင်ဘုရား မရောက်ရာပါ။

--

ရွာသူကြီး ဥပမာသော်ကား ယောကျ်ားတစ်ယောက်သည် ကြီးစွာသော ကျောက်တုံးကို နက်စွာသောရေအိုင်၌ ချရာ၏၊ ထိုကျောက်တုံးကို များစွာသော လူအပေါင်းသည် စည်းဝေး၍ “ကျောက်တုံးထပါလော့၊ ကျောက်တုံး ပေါ်ပါလော့၊ ကျောက်တုံး ကုန်းသို့ တက်ပါလော့”ဟူ၍ တောင်းပန်ရာ၏၊ ချီးမွမ်း ရာ၏၊ လက်အုပ်ချီကာ အဖန်တစ်လဲလဲ ဆုတောင်းရာ၏။ ရွာသူကြီး ထိုအရာကို အဘယ်သို့မှတ်ထင်သ နည်း၊ ထိုကျောက်တုံးသည် များစွာသော လူအပေါင်း၏တောင်းပန်ချီးမွမ်းခြင်းကြောင့်သော်လည်းကောင်း၊ လက်အုပ်ချီကာ အဖန်တစ်လဲလဲဆုတောင်းခြင်းကြောင့်သော်လည်းကောင်း ထရာသလော၊ ပေါ်ရာသလော၊ ကုန်းသို့ တက်ရာသလော။ အသျှင်ဘုရား ဤသို့ မဖြစ်နိုင်ရာပါ။ ရွာသူကြီး ဤအတူ အကြင်ယောကျ်ားသည် အသက်သတ်လေ့ရှိ၏၊ မပေးသည်ကို ယူလေ့ရှိ၏၊ ကာမတို့၌ မှားယွင်းစွာ ကျင့်လေ့ရှိ၏၊ မမှန် ပြောလေ့ရှိ၏၊ ကုန်းစကား ပြောတတ်၏၊ ကြမ်းတမ်းသော စကားကို ပြောတတ်၏၊ ပြိန်ဖျင်းသော စကား ကိုပြောတတ်၏၊ မက်မောမှု ‘အဘိဇ္ဈာ’ များ၏၊ အမျက်ထွက်သော စိတ်ရှိ၏၊ မှားသော အယူရှိ၏၊ ထိုယောကျ်ားကို များစွာသော လူအပေါင်းသည် စည်းဝေး၍ “ ဤယောကျ်ားသည် ခန္ဓာပျက်ကြွေသေပြီးသည် မှ နောက်၌ ကောင်းသော လားရာ နတ်ပြည်သို့ ရောက်ပါစေ” ဟူ၍ တောင်းပန်စေကာမူချီးမွမ်းစေကာမူ လက်အုပ်ချီကာ အဖန်တစ်လဲလဲ ဆုတောင်းစေကာမူ ခန္ဓာပျက်ကြွေ သေပြီးသည်မှနောက်၌ မကောင်း သော လားရာ ပျက်စီးကျရောက်ရာ အပါယ်ငရဲသို့ ရောက်ရာ၏။

ရွာသူကြီး ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း။ ဤလောက၌ ယောကျ်ားသည် အသက် သတ်ခြင်းမှ ရှောင်ကြဉ်၏၊ မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်၏၊ ကာမတို့၌ မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင်ကြဉ်၏၊ မမှန်ပြောခြင်းမှ ရှောင်ကြဉ်၏၊ ကုန်းစကားပြောခြင်းမှ ရှောင်ကြဉ်၏၊ ကြမ်းတမ်းသောစကားကို ပြောခြင်းမှ ရှောင်ကြဉ်၏၊ ပြိန်ဖျင်းသော စကား ပြောခြင်းမှ ရှောင်ကြဉ်၏၊ မက်မောမှု ‘အဘိဇ္ဈာ’ မများ၊ အမျက်မထွက်သော စိတ်ရှိ၏၊ မှန်ကန်သော အယူရှိ၏၊ ထိုယောကျ်ားကိုများစွာသော လူအပေါင်းသည် စည်းဝေး၍ “ ဤယောကျ်ားသည် ခန္ဓာပျက်ကြွေ သေပြီးသည်မှ နောက်၌ မကောင်းသော လားရာ ပျက်စီး ကျရောက်ရာ အပါယ်ငရဲသို့ ရောက်ပါစေ”ဟူ၍ တောင်းပန်ရာ၏၊ ချီးမွမ်းရာ၏၊ လက်အုပ်ချီကာ အဖန် တစ်လဲလဲ ဆုတောင်းရာ၏။ ရွာသူကြီး ထိုအရာကို အဘယ်သို့မှတ်ထင်သနည်း၊ ထိုယောကျ်ားသည် များစွာသော လူအပေါင်း၏တောင်းပန်ချီးမွမ်းခြင်းကြောင့်သော်လည်းကောင်း၊ လက်အုပ်ချီကာ အဖန်တစ် လဲလဲအားထုတ်ခြင်းကြောင့်သော်လည်းကောင်း ခန္ဓာပျက်ကြွေ သေပြီးသည်မှ နောက်၌ မကောင်းသောလားရာ ပျက်စီးကျရောက်ရာ အပါယ်ငရဲသို့ ရောက်ရာသလော။ မရောက်ရာပါ အသျှင်ဘုရား။

ရွာသူကြီး ဥပမာသော်ကား ယောကျ်ားသည် ထောပတ်အိုးကိုသော်လည်းကောင်း၊ ဆီအိုးကိုသော်လည်းကောင်း နက်စွာသော ရေအိုင်၌ နစ်မြုပ်၍ ခွဲရာ၏၊ ထိုခွဲရာ၌ ကျောက်စရစ်အိုးခြမ်းတို့သည်အောက် သို့ ကျ၍ ထောပတ်သည်လည်းကောင်း၊ ဆီသည်လည်းကောင်း အထက်သို့ တက်ရာ၏၊ ထိုထောပတ်ဆီကို များစွာသော လူအပေါင်းသည် စည်းဝေး၍ “ထောပတ်ဆီ မြုပ်ပါလော့၊ ထောပတ်ဆီနစ်ပါလော့၊ ထောပတ်ဆီ အောက်သို့ သွားပါလော့” ဟူ၍ တောင်းပန်ရာ၏၊ ချီးမွမ်းရာ၏၊ လက်အုပ်ချီကာ အဖန်တစ် လဲလဲ ဆုတောင်းရာ၏။ ရွာသူကြီး ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ စင်စစ်သော်ကား ထောပတ် ဆီသည် များစွာသော လူအပေါင်း၏တောင်းပန်ချီးမွမ်းခြင်းကြောင့်သော်လည်းကောင်း၊ လက်အုပ်ချီကာ အဖန်တစ်လဲလဲဆုတောင်းခြင်းကြောင့်သော်လည်းကောင်း မြုပ်ရာသလော၊ နစ်ရာသလော၊ အောက်သို့ ကျရာသလော။

--

ဤသို့ မဖြစ်နိုင်ပါ အသျှင်ဘုရား။ ရွာသူကြီး ဤအတူ အကြင်သူသည် အသက်သတ်ခြင်းမှ ရှောင်ကြဉ်၏၊ မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်၏၊ ကာမတို့၌ မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင်ကြဉ်၏၊ မမှန်ပြောခြင်းမှ ရှောင်ကြဉ်၏၊ ကုန်းစကားပြောခြင်းမှ ရှောင်ကြဉ်၏၊ ကြမ်းတမ်းသော စကားကို ပြောခြင်းမှ ရှောင်ကြဉ်၏၊ ပြိန်ဖျင်းသောစကား ပြောခြင်းမှ ရှောင်ကြဉ်၏၊ မက်မောမှု ‘အဘိဇ္ဈာ’ မများ၊ အမျက် မထွက်သော စိတ်ရှိ၏၊ မှန်ကန်သော အယူရှိ၏၊ ထိုယောကျ်ားကို များစွာသော လူအပေါင်းသည်စည်း ဝေး၍ “ ဤယောကျ်ားသည် ခန္ဓာပျက်ကြွေ သေပြီးသည်မှ နောက်၌ မကောင်းသော လားရာပျက်စီးကျ ရောက်ရာ အပါယ်ငရဲသို့ ရောက်ပါစေ”ဟူ၍ တောင်းပန်စေကာမူ ချီးမွမ်းစေကာမူလက်အုပ်ချီကာ အဖန် တစ်လဲလဲ ဆုတောင်းစေကာမူ ထိုယောကျ်ားသည် ခန္ဓာပျက်ကြွေ သေပြီးသည်မှနောက်၌ ကောင်းသော လားရာ နတ်ပြည်လောကသို့ ရောက်ရာ၏။ ဤသို့ မိန့်တော်မူသော်အသိဗန္ဓက၏ သား ရွာသူကြီးသည် မြတ်စွာဘုရားအား “အသျှင်ဘုရား တရားတော်သည်အလွန်နှစ်သက်ဖွယ် ရှိပါပေစွ။ပ။ ယနေ့မှစ၍ အသက်ထက်ဆုံး ကိုးကွယ်ဆည်းကပ်သော ဥပါသကာဟုမှတ်တော်မူပါဟု”ဟု (လျှောက်၏)။

ဆဋ္ဌသုတ်။

၇-ခေတ္တူပမသုတ်

၃၅၉။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် နာဠန္ဒမြို့ ပါဝါရိကသူဌေး၏ သရက်ဥယျာဉ်၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ အသိဗန္ဓက၏ သား ရွာသူကြီးသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား “မြတ်စွာဘုရားသည်ခပ်သိမ်းသော သတ္တဝါတို့၏ စီးပွားကို လိုလားလျက် နေတော်မူသည် မဟုတ်ပါလော”ဟု လျှောက်၏။

ရွာသူကြီး မှန်၏၊ မြတ်စွာဘုရားသည် ခပ်သိမ်းသော သတ္တဝါတို့၏ စီးပွားကို လိုလားလျက် နေတော်မူ၏ဟု မိန့်၏။ အသျှင်ဘုရား ထိုသို့ဖြစ်လျက် အဘယ့်ကြောင့် မြတ်စွာဘုရားသည် (သတ္တဝါ) အချို့တို့အားကောင်းမွန်စွာ တရားဟော၍ (သတ္တဝါ) အချို့တို့အား ထိုကဲ့သို့ ကောင်းမွန်စွာ တရားမဟောပါသနည်းဟုလျှောက်၏။

ရွာသူကြီး သို့ဖြစ်လျှင် ဤအရာ၌ သင့်ကိုပင် ပြန်၍ မေးဦးအံ့၊ သင် နှစ်သက်သည့်အတိုင်း ဖြေဆိုလော့။ ရွာသူကြီး ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ ဤလောက၌ လယ်သမားဖြစ်သောသူကြွယ် အား အကောင်းစားလယ်တစ်ကွက်၊ အလတ်စားလယ်တစ်ကွက်၊ ကြတ်တီးကုန်း, ဆားမြေ,မြေညံ့ဟူသော အညံ့စားလယ်တစ်ကွက်ဟူ၍ လယ်သုံးကွက် ရှိရာ၏။ ရွာသူကြီး ထိုအရာကို အဘယ်သို့မှတ်ထင်သနည်း၊ ထိုလယ်သမားဖြစ်သော သူကြွယ်သည် မျိုးစေ့တို့ကို စိုက်ပျိုးလိုသော် ရှေးဦးစွာအဘယ်လယ်၌ စိုက်ပျိုး ရာသနည်း၊ အကောင်းစားလယ်၌ စိုက်ပျိုးမည်လော၊ အလတ်စားလယ်၌ စိုက်ပျိုးမည်လော၊ ကြတ်တည်း ကုန်း, ဆားမြေ, မြေညံ့ဟူသော အညံ့စားလယ်၌ စိုက်ပျိုးမည်လော။ အသျှင်ဘုရား ထိုလယ်သမား ဖြစ်သော သူကြွယ်သည် မျိုးစေ့တို့ကို စိုက်ပျိုးလိုသော် ရှေးဦးစွာအကောင်းစားလယ်၌ စိုက်ပျိုးရာ၏၊ ထိုအကောင်းစားလယ်၌ စိုက်ပျိုးစေပြီးလျှင် အလတ်စားလယ်၌ စိုက်ပျိုးရာ၏၊ ထိုအလတ်စားလယ်၌ စိုက် ပျိုးစေပြီးလျှင် ကြတ်တည်းကုန်း, ဆားမြေ, မြေညံ့ဟူသောအညံ့စားလယ်၌ အယုတ်ဆုံး နွားစာမျှပင် ဖြစ်လိမ့်ဦးမည် ဟူသော ရည်ရွယ်ချက်ဖြင့် စိုက်ပျိုးသော်လည်းစိုက်ပျိုးရာ၏၊ မစိုက်ပျိုးဘဲသော်လည်း ထားရာ၏ဟု လျှောက်၏။

--

ရွာသူကြီး ငါ၏ ရဟန်းယောကျ်ား ရဟန်းမိန်းမတို့သည် ထိုအကောင်းစားလယ်နှင့် တူကုန်၏၊ ရွာသူကြီး ထိုသူတို့သည် ငါသာလျှင် မှီခိုရာ ငါသာလျှင် လဲလျောင်းရာ ငါသာလျှင် ပုန်းအောင်းရာ ငါသာလျှင် ကိုးကွယ်ရာ ရှိ၍ နေကြသောကြောင့် ထိုသူတို့အား အစ၏ ကောင်းခြင်း အလယ်၏ ကောင်းခြင်း့အဆုံး၏ ကောင်းခြင်းရှိသော အနက်နှင့် ပြည့်စုံသော သဒ္ဒါနှင့် ပြည့်စုံသော တရားကို ငါ ဟော၏၊ အလုံးစုံ ပြည့်စုံသော ထက်ဝန်းကျင် စင်ကြယ်သော အကျင့်မြတ်ကို ငါ ပြ၏။ ရွာသူကြီး ငါ၏ သီတင်းသည် ဥပါသကာယောကျ်ား ဥပါသိကာမိန်းမတို့သည် အလတ်စားလယ်နှင့် တူကုန်၏၊ ထိုသူတို့သည် ငါသာလျှင် မှီခိုရာ ငါသာလျှင် လဲလျောင်းရာ ငါသာလျှင် ပုန်းအောင်းရာ ငါသာလျှင် ကိုးကွယ်ရာ ရှိ၍ နေကြသောကြောင့် ထိုသူတို့အား အစ၏ ကောင်းခြင်း အလယ်၏ ကောင်းခြင်း အဆုံး၏ကောင်းခြင်းရှိသော အနက်နှင့် ပြည့်စုံသော သဒ္ဒါနှင့် ပြည့်စုံသော တရားကို ငါ ဟော၏၊ အလုံးစုံပြည့်စုံသော ထက်ဝန်းကျင် စင်ကြယ်သော အကျင့်မြတ်ကို ငါ ပြ၏။

ရွာသူကြီး ငါ၏ သာသနာတော်မှ တစ်ပါးသော အယူရှိကုန်သော သမဏဗြာဟ္မဏအမည်ခံ ပရိဗိုဇ်တို့သည် ထိုကြတ်တီးကုန်း, ဆားမြေ, မြေညံ့ဟူသော အညံ့စားလယ်နှင့် တူကုန်၏၊ တစ်ပုဒ်မျှကိုသော်လည်း သိကြပါမူ ထိုသူတို့အား ရှည်ကြာစွာသော ကာလပတ်လုံး စီးပွားချမ်းသာအလို့ငှါဖြစ်ရာ၏ဟူသော ရည်ရွယ်ချက်ဖြင့် ထိုသူတို့အားလည်း အစ၏ ကောင်းခြင်း အလယ်၏ ကောင်းခြင်းအဆုံး၏ ကောင်းခြင်း ရှိသော အနက်နှင့် ပြည့်စုံသော သဒ္ဒါနှင့် ပြည့်စုံသော တရားကို ငါ ဟော၏၊ အလုံးစုံ ပြည့်စုံသော ထက် ဝန်းကျင် စင်ကြယ်သော အကျင့်မြတ်ကို ငါ ပြ၏။

ရွာသူကြီး ဥပမာတစ်နည်းသော်ကား ယောကျ်ားအား ရေလှောင်အိုးကြီး သုံးလုံးရှိ၏၊ ရေလှောင်အိုးကြီးတစ်လုံးကား မပေါက်၊ မယို၊ မစိမ့်၊ ရေလှောင်အိုးကြီးတစ်လုံးကား မပေါက်၊ ယို၏၊ စိမ့်၏၊ ရေလှောင်အိုးကြီးတစ်လုံးကား ပေါက်၏၊ ယို၏၊ စိမ့်၏။ ရွာသူကြီး ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ ထိုယောကျ်ားသည် ရေထည့်လိုသော် အဘယ်အိုး၌ ရှေးဦးစွာ ထည့်ရာသနည်း၊ မပေါက် မယို မစိမ့်သောရေလှောင်အိုးကြီး၌ ထည့်ရာသလော၊ မပေါက်မူ၍ ယိုသော စိမ့်သော ရေလှောင်အိုးကြီး၌ ထည့်ရာသလော၊ ပေါက်၍ ယို၍ စိမ့်သော ရေလှောင်အိုးကြီး၌ ထည့်ရာသလော။ အရှင်ဘုရား ထိုယောကျ်ားသည်ရေထည့်လိုသော် မပေါက် မယို မစိမ့်သော ရေလှောင်အိုးကြီး၌ ထည့်ရာ၏၊ ထိုရေလှောင်အိုးကြီး၌ ထည့်ပြီးလျှင် မပေါက်မူ၍ ယိုသော စိမ့်သော ရေလှောင်အိုးကြီး၌ ထည့်ရာ၏၊ ထိုရေလှောင်အိုးကြီး၌ ထည့်ပြီးလျှင် ပေါက်၍ ယို၍ စိမ့်သော ရေလှောင်အိုးကြီး၌ အယုတ်ဆုံး အသုံးအဆောင် ဆေးကြောခြင်းမျှသော်လည်း ဖြစ်လတ္တံ့ဟူသော ရည်ရွယ်ချက်ဖြင့် ထည့်သော်လည်း ထည့်ရာ၏၊ မထည့်ဘဲသော်လည်း ထားရာ၏။

ရွာသူကြီး ငါ၏ ရဟန်းယောကျ်ား ရဟန်းမိန်းမတို့သည် မပေါက် မယို မစိမ့်သော ရေလှောင်အိုးကြီးနှင့် တူကုန်၏၊ ထိုသူတို့သည် ငါသာလျှင် မှီခိုရာ ငါသာလျှင် လဲလျောင်းရာ ငါသာလျှင် ပုန်းအောင်းရာ ငါသာလျှင် ကိုးကွယ်ရာ ရှိ၍ နေကြသောကြောင့် ထိုသူတို့အား အစ၏ ကောင်းခြင်း အလယ်၏ကောင်းခြင်း အဆုံး၏ ကောင်းခြင်းရှိသော အနက်နှင့် ပြည့်စုံသော သဒ္ဒါနှင့် ပြည့်စုံသော တရားကို ငါဟော၏၊ အလုံးစုံ ပြည့်စုံသော ထက်ဝန်းကျင် စင်ကြယ်သော အကျင့်မြတ်ကို ငါ ပြ၏။

ရွာသူကြီး ငါ၏ သီတင်းသည် ဥပါသကာယောကျ်ား ဥပါသိကာမိန်းမတို့သည် မပေါက်မူ၍ ယိုသောစိမ့်သော ရေလှောင်အိုးကြီးနှင့် တူကုန်၏၊ ထိုသူတို့သည် ငါသာလျှင် မှီခိုရာ ငါသာလျှင် လဲလျောင်းရာငါသာလျှင် ပုန်းအောင်းရာ ငါသာလျှင် ကိုးကွယ်ရာ ရှိ၍ နေကြသောကြောင့် ထိုသူတို့အား အစ၏ကောင်းခြင်း အလယ်၏ ကောင်းခြင်း အဆုံး၏ ကောင်းခြင်းရှိသော အနက်နှင့် ပြည့်စုံသော သဒ္ဒါနှင့်ပြည့်စုံသော တရားကို ငါ ဟော၏၊ အလုံးစုံ ပြည့်စုံသော ထက်ဝန်းကျင် စင်ကြယ်သော အကျင့်မြတ်ကိုငါ ပြ၏။

--

ရွာသူကြီး ငါ၏ သာသနာတော်မှ တစ်ပါးသော အယူရှိကုန်သော သမဏဗြာဟ္မဏအမည်ခံ ပရိဗိုဇ်တို့သည် ပေါက်၍ ယိုသော စိမ့်သော ရေလှောင်အိုးကြီးနှင့် တူကုန်၏၊ တစ်ပုဒ်မျှကိုသော်လည်းသိကြပါမူ ထိုသူတို့အား ရှည်မြင့်စွာသော ကာလပတ်လုံး စီးပွားချမ်းသာအလို့ငှါ ဖြစ်ရာ၏ဟူသော ရည်ရွယ်ချက်ဖြင့် ထိုသူတို့အားလည်း အစ၏ ကောင်းခြင်း အလယ်၏ ကောင်းခြင်း အဆုံး၏ကောင်းခြင်းရှိသော အနက်နှင့် ပြည့်စုံသော သဒ္ဒါနှင့် ပြည့်စုံသော တရားကို ငါ ဟော၏၊ အလုံးစုံပြည့်စုံသော ထက်ဝန်းကျင် စင်ကြယ် သော အကျင့်မြတ်ကို ငါ ပြ၏။ ဤသို့ မိန့်တော်မူသော်အသိဗန္ဓက၏ သား ရွာသူကြီးသည် မြတ်စွာ ဘုရားအား “အသျှင်ဘုရား တရားတော်သည်အလွန်နှစ်သက်ဖွယ်ရှိပါပေစွ။ပ။ တပည့်တော်ကို မြတ်စွာ ဘုရားသည် ယနေ့မှ စ၍ အသက်ထက်ဆုံးကိုးကွယ်ဆည်းကပ်သော ဥပါသကာဟု မှတ်တော်မူပါဟု”ဟု (လျှောက်၏)။

သတ္တမသုတ်။

၈-သင်္ခဓမသုတ်

၃၆၀။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် နာဠန္ဒမြို့ ပါဝါရိကသူဌေး၏ သရက်ဥယျာဉ်၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ နိဂဏ္ဌ၏ တပည့်ဖြစ်သော အသိဗန္ဓက၏ သား ရွာသူကြီးသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေ၏၊ တစ်ခုသော နေရာ၌ ထိုင်နေပြီးသောအသိဗန္ဓက၏ သား ရွာသူကြီးအား မြတ်စွာဘုရားသည် “ရွာသူကြီး နိဂဏ္ဌနာဋပုတ္တသည် တပည့်တို့အားအဘယ်သို့ တရားဟောသနည်း”ဟု မိန့်တော်မူ၏၊ အသျှင်ဘုရား နိဂဏ္ဌနာဋပုတ္တသည် တပည့်တို့အား ဤသို့ တရား ဟောပါ၏ -"အသက်ကို သတ်သူဟူသမျှသည် အပါယ်ကျ၏၊ ငရဲကျ၏။ မပေးသည်ကိုခိုးယူသူဟူသမျှသည် အပါယ်ကျ၏၊ ငရဲကျ၏။ ကာမတို့၌ မှားယွင်းစွာ ကျင့်သူဟူသမျှသည် အပါယ်ကျ၏၊ ငရဲကျ၏။ မမှန် ပြောသူဟူသမျှသည် အပါယ်ကျ၏၊ ငရဲကျ၏။ များသော ထိုထိုကံက ဆောင်သွား၏”ဟုနိဂဏ္ဌနာဋပုတ္တသည် တပည့်တို့အား ဤသို့ တရားဟောပါ၏။

ရွာသူကြီး နိဂဏ္ဌနာဋပုတ္တ၏ စကားအရ များသော ထိုထိုကံက ဆောင်သွားခဲ့သော် တစ်ဦး တစ်ယောက်မျှ အပါယ်ကျသူ ငရဲကျသူဟူ၍ မဖြစ်တော့လတ္တံ့ဟု (မိန့်တော်မူ၏)။

ရွာသူကြီး ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း။ ယောကျ်ားတစ်ဦးတစ်ယောက်သည် ညဉ့်၌ ဖြစ်စေ၊ နေ့၌ ဖြစ်စေ အသက်ကို သတ်တတ်၏၊ သတ်သော အချိန် မသတ်သော အချိန်ကို ထောက်ဆလျှင်အသက်သတ်သော အချိန် မသတ်သော အချိန်တို့တွင် အဘယ်အချိန်က များသနည်း။ အသျှင်ဘုရားယောကျ်ားတစ်ဦးတစ်ယောက်သည် ညဉ့်၌ ဖြစ်စေ၊ နေ့၌ ဖြစ်စေ အသက်ကို သတ်တတ်၏၊ သတ်သော အချိန် မသတ်သော အချိန်ကို ထောက်ဆလျှင် အသက်သတ်သော အချိန်က နည်းပါ၏၊ စင်စစ်သော်ကား အသက် မသတ်သော အချိန်က များပါ၏။ ရွာသူကြီး နိဂဏ္ဌနာဋပုတ္တ၏ စကားအရများသော ထိုထိုကံက ဆောင် သွားခဲ့သော် တစ်ဦးတစ်ယောက်မျှ အပါယ်ကျသူ ငရဲကျသူဟူ၍ မဖြစ်တော့လတ္တံ့။

ရွာသူကြီး ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း။ ယောကျ်ားတစ်ဦးတစ်ယောက်သည် ညဉ့်၌ ဖြစ်စေ၊ နေ့၌ ဖြစ်စေ မပေးသည်ကို ခိုးယူတတ်၏၊ ခိုးယူသော အချိန် မခိုးယူသော အချိန်ကို ထောက်ဆ လျှင်မပေးသည်ကို ခိုးယူသော အချိန် မပေးသည်ကို မခိုးယူသော အချိန်တို့တွင် အဘယ်အချိန်က များသနည်း။ အသျှင်ဘုရား ယောကျ်ားတစ်ဦးတစ်ယောက်သည် ညဉ့်၌ ဖြစ်စေ၊ နေ့၌ ဖြစ်စေ မပေးသည်ကို ခိုးယူတတ်၏၊ ခိုးယူသော အချိန် မခိုးယူသော အချိန်ကို ထောက်ဆလျှင် မပေးသည်ကို ခိုးယူသောအချိန်က နည်းပါ၏၊ စင်စစ်သော်ကား မပေးသည်ကို မခိုးယူသော အချိန်က များပါ၏။ ရွာသူကြီးနိဂဏ္ဌနာဋပုတ္တ၏ စကားအရ များသော ထိုထိုကံက ဆောင်သွားခဲ့သော် တစ်ဦးတစ်ယောက်မျှအပါယ်ကျသူ ငရဲကျသူဟူ၍ မဖြစ်တော့လတ္တံ့ဟု (မိန့်တော်မူ၏)။

--

ရွာသူကြီး ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း။ ယောကျ်ားတစ်ဦးတစ်ယောက်သည် ညဉ့်၌ ဖြစ်စေ၊ နေ့၌ ဖြစ်စေ ကာမတို့၌ မှားယွင်းစွာ ကျင့်တတ်၏၊ မှားယွင်းစွာ ကျင့်သော အချိန် မှားယွင်းစွာ့မကျင့်သော အချိန်ကို ထောက်ဆလျှင် ကာမတို့၌ မှားယွင်းစွာ ကျင့်သော အချိန် ကာမတို့၌ မှားယွင်းစွာ မကျင့်သော အချိန်တို့တွင် အဘယ်အချိန်က များသနည်း။ အသျှင်ဘုရားယောကျ်ားတစ်ဦးတစ်ယောက်သည် ညဉ့်၌ ဖြစ်စေ၊ နေ့၌ ဖြစ်စေ ကာမတို့၌ မှားယွင်းစွာ ကျင့်တတ်၏၊ မှားယွင်းစွာ ကျင့်သော အချိန် မှားယွင်းစွာ မကျင့်သော အချိန်ကို ထောက်ဆလျှင် ကာမတို့၌ မှားယွင်းစွာ ကျင့်သော အချိန်က နည်း ပါ၏၊ စင်စစ်သော်ကား ကာမတို့၌ မှားယွင်းစွာ မကျင့်သောအချိန်က များပါ၏။ ရွာသူကြီး နိဂဏ္ဌ နာဋပုတ္တ၏ စကားအရ များသော ထိုထိုကံက ဆောင်သွားခဲ့သော်တစ်ဦးတစ်ယောက်မျှ အပါယ်ကျသူ ငရဲကျသူဟူ၍ မဖြစ်တော့လတ္တံ့ဟု (မိန့်တော်မူ၏)။

ရွာသူကြီး ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း။ ယောကျ်ားတစ်ဦးတစ်ယောက်သည် ညဉ့်၌ ဖြစ်စေ၊ နေ့၌ ဖြစ်စေ မမှန်ပြောတတ်၏၊ မမှန်ပြောသော အချိန် မမှန် မပြောသော အချိန်ကို ထောက်ဆ လျှင်မမှန်ပြောသော အချိန် မမှန် မပြောသော အချိန်တို့တွင် အဘယ်အချိန်က များသနည်း။ အသျှင် ဘုရားယောကျ်ားတစ်ဦးတစ်ယောက်သည် ညဉ့်၌ ဖြစ်စေ၊ နေ့၌ ဖြစ်စေ မမှန်ပြောတတ်၏၊ မမှန်ပြောသော အချိန်မမှန် မပြောသော အချိန်ကို ထောက်ဆလျှင် မမှန်ပြောသော အချိန်က နည်းပါ၏၊ စင်စစ်သော် ကားမမှန် မပြောသော အချိန်ကသာ များပါ၏။ ရွာသူကြီး နိဂဏ္ဌနာဋပုတ္တ၏ စကားအရ များသောထိုထိုကံက ဆောင်သွားခဲ့သော် တစ်ဦးတစ်ယောက်မျှ အပါယ်ကျသူ ငရဲကျသူဟူ၍ မဖြစ်တော့လတ္တံ့ဟု (မိန့်တော်မူ၏)။

ရွာသူကြီး ဤလောက၌ “အသက် သတ်သူဟူသမျှတို့သည် အပါယ်ကျ၏၊ ငရဲကျ၏။ မပေးသည်ကိုခိုးယူသူဟူသမျှသည် အပါယ်ကျ၏၊ ငရဲကျ၏။ ကာမတို့၌ ဖောက်ပြန်စွာ ကျင့်သူဟူသမျှသည်အပါယ်ကျ၏၊ ငရဲကျ၏။ မမှန်ပြောသူဟူသမျှသည် အပါယ်ကျ၏၊ ငရဲကျ၏”ဟု အချို့သော ဆရာသည်ဆိုလေ့ရှိ၏၊ ယူလေ့ရှိ၏၊ ရွာသူကြီး ထိုဆရာကို ကြည်ညိုသော တပည့်အား ဤသို့ အကြံသည် ဖြစ်၏-"အသက် သတ်သူဟူသမျှတို့သည် အပါယ်ကျ၏၊ ငရဲကျ၏ဟု ငါ၏ ဆရာသည် ဆိုလေ့ ယူလေ့ရှိ၏၊ အသက်ကို ငါ သတ်မိ၏၊ ငါသည်လည်း အပါယ်ကျသူ ငရဲကျသူ ဖြစ်၏ ”ဟု အယူမှားကို ရ၏။

ရွာသူကြီး ထိုစကားကို မပယ်လျှင် ထိုစိတ်ကို မပယ်လျှင် ထိုအယူကို မစွန့်လျှင် ဆောင်ယူခဲ့သောဝန်ထုပ်ကို ပစ်ချအပ်သကဲ့သို့ ဤအတူ ငရဲ၌ ကျရ၏။

'အကြင်သူသည် မပေးသည်ကို ခိုးယူသူဟူသမျှသည် အပါယ်ကျ၏၊ ငရဲကျ၏ ‘ဟု ငါ၏ ဆရာသည်ဆိုလေ့ရှိ၏၊ ယူလေ့ရှိ၏၊ မပေးသည်ကို ငါ ခိုးယူမိ၏၊ ငါသည်လည်း အပါယ်ကျသူ ငရဲကျသူ ဖြစ်၏ဟုအယူမှားကို ရ၏။ ရွာသူကြီး ထိုစကားကို မပယ်လျှင် ထိုစိတ်ကို မပယ်လျှင် ထိုအယူကို မစွန့်လျှင်ဆောင်ယူခဲ့သော ဝန်ထုပ်ကို ပစ်ချအပ်သကဲ့သို့ ဤအတူ ငရဲ၌ ကျရ၏။

'အကြင်သူသည် ကာမတို့၌ မှားယွင်းစွာ ကျင့်သူဟူသမျှသည် အပါယ်ကျ၏၊ ငရဲကျ၏ ‘ဟု ငါ၏ဆရာသည် ဆိုလေ့ရှိ၏၊ ယူလေ့ရှိ၏၊ ကာမတို့၌ မှားယွင်းစွာ ကျင့်မှုကို ငါ ကျင့်မိ၏၊ ငါသည်လည်းအပါယ်ကျသူ ငရဲကျသူ ဖြစ်၏ဟု အယူမှားကို ရ၏။ ရွာသူကြီး ထိုစကားကို မပယ်လျှင် ထိုစိတ်ကိုမပယ်လျှင် ထိုအယူကို မစွန့်လျှင် ဆောင်ယူခဲ့သော ဝန်ထုပ်ကို ပစ်ချအပ်သကဲ့သို့ ဤအတူ ငရဲ၌ ကျရ၏။

'အကြင်သူသည် မမှန်ပြောသူဟူသမျှသည် အပါယ်ကျ၏၊ ငရဲကျ၏’ဟု ငါ၏ ဆရာသည် ဆိုလေ့ရှိ၏၊ ယူလေ့ရှိ၏၊ မမှန်သည်ကို ငါ ပြောမိ၏၊ ငါသည်လည်း အပါယ်ကျသူ ငရဲကျသူ ဖြစ်၏ဟု အယူမှားကိုရ၏။ ရွာသူကြီး ထိုစကားကို မပယ်လျှင် ထိုစိတ်ကို မပယ်လျှင် ထိုအယူကို မစွန့်လျှင် ဆောင်ယူခဲ့သောဝန်ထုပ်ကို ပစ်ချအပ်သကဲ့သို့ ဤအတူ ငရဲ၌ ကျရ၏။

--

ရွာသူကြီး ဤလောက၌ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို)ကိုယ်တိုင်မှန်စွာ သိတော်မူသော အသိဉာဏ် ‘ဝိဇ္ဇာ’ အကျင့် ‘စရဏ’ နှင့် ပြည့်စုံတော်မူသော ကောင်းသောစကားကို ဆိုတော်မူတတ်သော လောကကို သိတော်မူသော ဆုံးမထိုက်သူကို ဆုံးမတတ်သည့်အတုမဲ့ပုဂ္ဂိုလ် ဖြစ် တော်မူသော နတ်လူတို့၏ ဆရာဖြစ်တော်မူသော သစ္စာလေးပါးတရားတို့ကိုသိစေတော်မူသော ဘုန်း တန်ခိုးကြီးတော်မူသော ထိုမြတ်စွာဘုရားသည် ပွင့်တော်မူ၏၊ ထိုမြတ်စွာဘုရားသည် အကြောင်းအမျိုးမျိုး ဖြင့် အသက်သတ်ခြင်းကို ကဲ့ရဲ့တော်မူ၏၊ အထူးကဲ့ရဲ့တော်မူ၏၊ “အသက်သတ်ခြင်းမှ ရှောင်ကြလော့ဟု"လည်း ဟောတော်မူ၏၊ မပေးသည်ကိုခိုးယူခြင်းကို ကဲ့ရဲ့တော်မူ၏၊ အထူး ကဲ့ရဲ့တော်မူ၏၊ “မပေးသည်ကို ခိုးယူခြင်းမှရှောင်ကြလော့”ဟုလည်း ဟောတော်မူ၏၊ ကာမတို့၌ မှားယွင်းစွာ ကျင့်ခြင်းကို ကဲ့ရဲ့တော်မူ၏၊ အထူးကဲ့ရဲ့တော်မူ၏၊ “ကာမတို့၌ မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင်ကြလော့”ဟုလည်း ဟောတော်မူ၏၊ မမှန်ပြောခြင်းကို ကဲ့ရဲ့တော်မူ၏၊ အထူး ကဲ့ရဲ့တော်မူ၏၊ “မမှန်ပြောခြင်းမှ ရှောင်ကြ လော့ ”ဟုလည်းဟောတော်မူ၏၊ ရွာသူကြီး ထိုဆရာ၌ အလွန်ကြည်ညိုသော တပည့်သည် ဤသို့ ဆင် ခြင်၏-

“မြတ်စွာဘုရားသည် အကြောင်းအမျိုးမျိုးဖြင့် အသက်သတ်ခြင်းကို ကဲ့ရဲ့တော်မူ၏၊ အထူး ကဲ့ရဲ့တော်မူ၏၊ ‘အသက်သတ်ခြင်းမှ ရှောင်ကြလော့’ဟုလည်း ဟောတော်မူ၏၊ သူ့အသက်ကို ဤ၍ ဤမျှ ငါသတ်မိ၏၊ သူ့အသက်ကို ဤ၍ ဤမျှ ငါသတ်မိခြင်းသည် မကောင်း၊ သို့သော်လည်း ငါသည်ထိုအကြောင်း ကြောင့် နှလုံးမသာ ဖြစ်ခဲ့ပါလျှင် ထိုမကောင်းမှုကို ငါ မပြုဟူ၍ ဖြစ်နိုင်လိမ့်မည်မဟုတ် ”ဟု ထိုသူသည် ဤသို့ ဆင်ခြင်၍ ထိုအသက်သတ်ခြင်းကို စွန့်၏၊ နောင်အခါ၌လည်းအသက်သတ်ခြင်းမှ ရှောင်ကြဉ်၏၊ ဤသို့ ထိုမကောင်းမှုကို ပယ်၏၊ ဤသို့ ထိုမကောင်းမှုမှလွန်မြောက်၏။

“မြတ်စွာဘုရားသည် အကြောင်းအမျိုးမျိုးဖြင့် မပေးသည်ကို ခိုးယူခြင်းကို ကဲ့ရဲ့တော်မူ၏၊ အထူးကဲ့ရဲ့တော်မူ၏၊ ‘မပေးသည်ကို ခိုးယူခြင်းမှ ရှောင်ကြလော့’ဟုလည်း ဟောတော်မူ၏၊ မပေးသည်ကို ဤ၍ ဤမျှ ငါခိုးယူမိခြင်းသည် မကောင်း၊ သို့သော်လည်း ငါသည် ထိုအကြောင်းကြောင့် နှလုံးမသာဖြစ်ခဲ့ပါ လျှင် ထိုမကောင်းမှုကို ငါမပြုဟူ၍ ဖြစ်နိုင်လိမ့်မည် မဟုတ် ”ဟု ထိုသူသည် ဤသို့ ဆင်ခြင်၍ ထိုမပေးသည်ကို ယူခြင်းကိုလည်း စွန့်၏၊ နောင်အခါ၌လည်း ထိုမပေးသည်ကို ခိုးယူခြင်းမှရှောင်ကြဉ်၏၊ ဤသို့ ထိုမကောင်းမှုကို ပယ်၏၊ ဤသို့ ထိုမကောင်းမှုမှ လွန်မြောက်၏။

“မြတ်စွာဘုရားသည် အကြောင်းအမျိုးမျိုးဖြင့် ကာမတို့၌ မှားယွင်းစွာ ကျင့်ခြင်းကို ကဲ့ရဲ့တော်မူ၏၊ အထူး ကဲ့ရဲ့တော်မူ၏၊ ‘ကာမတို့၌ မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင်ကြလော့ ‘ဟုလည်း ဟောတော်မူ၏၊ ကာမတို့၌ ဤ၍ ဤမျှ မှားယွင်းစွာ ကျင့်မှုကို ငါ ကျင့်မိ၏၊ ကာမတို့၌ ဤ၍ ဤမျှ မှားယွင်းစွာ ကျင့်မှုသည် မကောင်း၊ သို့သော်လည်း ငါသည် ထိုအကြောင်းကြောင့် နှလုံးမသာ ဖြစ်ခဲ့ပါလျှင်ထိုမကောင်းမှုကို ငါ မပြုဟူ၍ ဖြစ်နိုင်လိမ့်မည် မဟုတ် ”ဟု ထိုသူသည် ဤသို့ ဆင်ခြင်၍ ထိုကာမတို့၌ မှားယွင်းစွာ ကျင့်မှုကိုလည်း စွန့်၏၊ နောင်အခါ၌လည်း ကာမတို့၌ မှားယွင်းစွာ ကျင့်မှုမှ ရှောင်ကြဉ်၏၊ ဤသို့ ထို မကောင်းမှုကို ပယ်၏၊ ဤသို့ ထိုမကောင်းမှုမှ လွန်မြောက်၏။

“မြတ်စွာဘုရားသည် အကြောင်းအမျိုးမျိုးဖြင့် မမှန်ပြောခြင်းကို ကဲ့ရဲ့တော်မူ၏၊ အထူး ကဲ့ရဲ့တော်မူ၏၊ ‘မမှန်ပြောခြင်းမှ ရှောင်ကြလော့ ‘ဟုလည်း ဟောတော်မူ၏၊ မမှန်သည်ကို ဤ၍ ဤမျှ ငါပြောမိ၏၊ ဤမမှန်သည်ကို ဤ၍ ဤမျှ ငါပြောမိခြင်းသည် မကောင်း၊ သို့သော်လည်း ငါသည်ထိုအကြောင်းကြောင့် နှလုံးမသာ ဖြစ်ခဲ့ပါလျှင် ထိုမကောင်းမှုကို မပြုဟူ၍ ဖြစ်နိုင်လိမ့်မည် မဟုတ် ”ဟုထိုသူသည် ဤသို့ ဆင်ခြင်၍ ထိုမမှန်ပြောခြင်းကိုလည်း စွန့်၏၊ နောင်အခါ၌လည်း မမှန်ပြောခြင်းမှရှောင်ကြဉ်၏၊ ဤသို့ ထိုမကောင်းမှုကို ပယ်၏၊ ဤသို့ ထိုမကောင်းမှုမှ လွန်မြောက်၏။

--

ထိုသူသည် အသက်သတ်ခြင်းကို ပယ်၍ အသက်သတ်ခြင်းမှ ရှောင်ကြဉ်၏၊ မပေးသည်ကို ခိုးယူခြင်းကို ပယ်၍ မပေးသည်ကို ခိုးယူခြင်းမှ ရှောင်ကြဉ်၏၊ ကာမတို့၌ မှားယွင်းစွာ ကျင့်ခြင်းကို ပယ်၍ ကာမတို့၌ မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင်ကြဉ်၏၊ မမှန်ပြောခြင်းကို ပယ်၍ မမှန်ပြောခြင်းမှ ရှောင်ကြဉ့်၏၊ ကုန်းစကားပြောခြင်းကို ပယ်၍ ကုန်းစကားပြောခြင်းမှ ရှောင်ကြဉ်၏၊ ကြမ်းတမ်းသော စကားပြောခြင်းကို ပယ်၍ ကြမ်းတမ်းသော စကားပြောခြင်းမှ ရှောင်ကြဉ်၏၊ ပြိန်ဖျင်းသော စကားပြောခြင်းကိုပယ်၍ ပြိန်ဖျင်းသော စကားပြောခြင်းမှ ရှောင်ကြဉ်၏၊ (သူ့စည်းစိမ်ကို) ရှေးရှုကြံမှုကို ပယ်၍ (သူ့စည်းစိမ်ကို) ရှေးရှု မကြံဘဲလျက် နေ၏၊ သူတစ်ပါး ပျက်စီးစေလိုသော စိတ်ကို ပယ်၍ သူတစ်ပါးပျက်စီးစေလိုသော စိတ် မရှိဘဲလျက် နေ၏၊ အယူမှားကို ပယ်၍ ကောင်းသော အယူရှိလျက် နေ၏။

ရွာသူကြီး ထိုအရိယာတပည့်သည် ဤသို့ (သူ့စည်းစိမ်ကို) ရှေးရှုကြံမှု (သူတစ်ပါးကို) ပျက်စီးစေ လိုမှုကင်းသည်ဖြစ်၍ မတွေမဝေဘဲ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ’ ရှိလျက် ချမ်းသာစေလိုခြင်း ‘မေတ္တာ'နှင့် ယှဉ်သော စိတ်ဖြင့် တစ်ခုသော အရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေ၏။ ထို့အတူ နှစ်ခုမြောက် အရပ်မျက်နှာကို။ သုံးခုမြောက် အရပ်မျက်နှာကို။ လေးခုမြောက် အရပ်မျက်နှာကို ဤနည်းဖြင့်အထက် အောက် ဖီလာ အလုံးစုံသော အရပ်မျက်နှာတို့၌ ရှိသော သတ္တဝါအားလုံးကို မိမိနှင့် အတူပြု၍ သတ္တဝါအားလုံး ပါဝင်သော သတ္တလောကကို ပြန့်ပြောသော မြင့်မြတ်သော အတိုင်းအရှည် မရှိသော ရန်မရှိသော ငြိုငြင်ခြင်း မရှိသော မေတ္တာနှင့် ယှဉ်သော စိတ်ဖြင့် ပျံ့နှံ့စေ၍ နေ၏။

ရွာသူကြီး ဥပမာသော်ကား အားရှိသော ခရုသင်းမှုတ်သမားသည် မပင်ပန်းဘဲသာလျှင် အရပ်လေးမျက်နှာကို သိစေနိုင်သကဲ့သို့ ဤအတူ ချမ်းသာစေလိုခြင်း ‘မေတ္တာ’ ဟူသော လွတ်မြောက်သော စိတ်ကို ဤသို့ ပွားများအပ်သည်ရှိသော် ဤသို့ အကြိမ်များစွာ ပြုအပ်သည်ရှိသော် နှိုင်းယှဉ်ခြင်းကို ပြုတတ်သော ကာမာဝစရကံသည် မဟဂ္ဂုတ်ကံ၌ မကြွင်းကျန်၊ ထိုမဟဂ္ဂုတ်ကံ၌ မတည်နိုင်။ ရွာသူကြီး ထိုအရိယာတပည့်သည် ဤသို့ (သူ့စည်းစိမ်ကို) ရှေးရှုကြံမှု (သူတစ်ပါးကို) ပျက်စီးစေလိုမှု ကင်းသည်ဖြစ်၍ မတွေမဝေဘဲ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ’ ရှိလျက် သနားခြင်း ‘ကရုဏာ’ နှင့် ယှဉ်သော စိတ်ဖြင့်။ပ။ ဝမ်းမြောက်ခြင်း ‘မုဒိတာ'နှင့် ယှဉ်သော စိတ်ဖြင့်။ပ။ လျစ်လျူရှုခြင်း ‘ဥပေက္ခာ'နှင့်ယှဉ်သော စိတ်ဖြင့် တစ်ခုသော အရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေ၏။ ထို့အတူ နှစ်ခုမြောက် အရပ်မျက်နှာကို။ သုံးခုမြောက် အရပ်မျက်နှာကို။ လေးခုမြောက် အရပ်မျက်နှာကို ဤနည်းဖြင့် အထက် အောက်ဖီလာ အလုံးစုံသော အရပ်မျက်နှာတို့၌ ရှိသော သတ္တဝါအားလုံးကို မိမိနှင့် အတူပြု၍ သတ္တဝါအားလုံးပါဝင် သော သတ္တလောကကို ပြန့်ပြောသော မြင့်မြတ်သော အတိုင်းအရှည် မရှိသော ရန် မရှိသောငြိုငြင်ခြင်း မရှိသော ဥပေက္ခာနှင့် ယှဉ်သော စိတ်ဖြင့် ပျံ့နှံ့စေ၍ နေ၏။ ရွာသူကြီး ဥပမာသော်ကားအားရှိသော ခရုသင်းမှုတ်သမားသည် မပင်ပန်းဘဲသာလျှင် အရပ်လေးမျက်နှာကို သိစေနိုင်သကဲ့သို့ ဤအတူ လျစ်လျူ ရှုခြင်း ‘ဥပေက္ခာ’ ဟူသော လွတ်မြောက်သော စိတ်ကို ဤသို့ ပွားများအပ်သည်ရှိသော် ဤသို့ အကြိမ် များစွာ ပြုအပ်သည်ရှိသော် နှိုင်းယှဉ်ခြင်းကို ပြုတတ်သော ကာမာဝစရကံသည်ထိုမဟဂ္ဂုတ်ကံ၌ မကြွင်း ကျန်၊ ထိုမဟဂ္ဂုတ်ကံ၌ မတည်နိုင်။ ဤသို့ မိန့်တော်မူသော် အသိဗန္ဓက၏သား ရွာသူကြီးသည် မြတ်စွာ ဘုရားကို “အသျှင်ဘုရား (တရားတော်သည်) အလွန်နှစ်သက်ဖွယ်ရှိပါပေစွ၊ အသျှင်ဘုရား (တရားတော်သည်) အလွန်နှစ်သက်ဖွယ်ရှိပါပေစွ။ပ။ မြတ်စွာဘုရားသည် အကျွန်ုပ်ကိုယနေ့မှ စ၍ အသက်ထက်ဆုံးကိုးကွယ်ဆည်းကပ်သော ဥပါသကာဟု မှတ်တော်မူပါ ”ဟု (လျှောက်၏)။

အဋ္ဌမသုတ်။

--

၉-ကုလသုတ်

၃၆၁။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် များစွာသော ရဟန်းသံဃာနှင့် အတူ ကောသလတိုင်း တို့၌ ဒေသစာရီ လှည့်လည်တော်မူသော် နာဠန္ဒမြို့သို့ ရောက်တော်မူ၏၊ မြတ်စွာဘုရားသည် ထိုနာဠန္ဒမြို့ ဝယ်ပါဝါရိကသူဌေး၏ သရက်ဥယျာဉ်၌ (သီတင်းသုံး) နေတော်မူ၏။

ထိုအခါ နာဠန္ဒမြို့သည် အစာခေါင်းပါး၏၊ အသက်မွေးရန် ခဲယဉ်း၏၊ ဖွေးဖွေးဖြူသော အရိုးရှိ၏၊ စာရေးတံလက်မှတ်ဖြင့် အသက်မွေးရ၏၊ ထိုအခါ နိဂဏ္ဌနာဋပုတ္တသည် များစွာသော နိဂဏ္ဌပရိသတ်နှင့်အတူ နာဠန္ဒမြို့၌ နေ၏၊ ထိုအခါ နိဂဏ္ဌ၏ တပည့် အသိဗန္ဓက၏ သား ရွာသူကြီးသည် နိဂဏ္ဌနာဋပုတ္တထံသို့ ချဉ်းကပ်ပြီးလျှင် ရှိခိုးလျက် တစ်ခုသော နေရာ၌ ထိုင်နေ၏၊ တစ်ခုသော နေရာ၌ ထိုင်နေသောအသိဗန္ဓက၏ သား ရွာသူကြီးအား နိဂဏ္ဌနာဋပုတ္တသည် “ရွာသူကြီး လာလော့၊ ရဟန်းဂေါတမကို ဝါဒတင်ချေလော့၊ ဤသို့ ဝါဒတင်သော် အသိဗန္ဓက၏ သား ရွာသူကြီးသည် ဤသို့ တန်ခိုးအာနုဘော်ကြီးသော ရဟန်းဂေါတမကို ဝါဒတင်နိုင်၏ဟု သင်၏ ကောင်းသော ကျော်စောသံသည် ပျံ့နှံ့သွားလတ္တံ့”ဟူသော စကားကို ပြောဆို၏။

အသျှင် ဤသို့ တန်ခိုးအာနုဘော်ကြီးသော ရဟန်းဂေါတမကို အကျွန်ုပ်သည် အဘယ်သို့ ဝါဒတင်ရပါအံ့နည်း။ ရွာသူကြီး လာလော့၊ သင်သည် ရဟန်းဂေါတမထံသို့ ချဉ်းကပ်ပြီးလျှင် “အသျှင်ဘုရား မြတ်စွာဘုရားသည် အကြောင်းအမျိုးမျိုးဖြင့် အမျိုးသားတို့အား အစဉ်သနားခြင်းကို ချီးမွမ်းတော်မူသည်မဟုတ်လော၊ အစဉ်စောင့်ရှောက်ခြင်းကို ချီးမွမ်းတော်မူသည် မဟုတ်လော၊ အစဉ်ငဲ့ညှာခြင်းကို ချီးမွမ်းတော်မူသည် မဟုတ်လော ”ဟု ဤသို့ ဆိုလော့၊ ရွာသူကြီး ရဟန်းဂေါတမသည် ဤသို့ အမေးခံရသော်"ရွာသူကြီး မှန်၏၊ ငါဘုရားသည် အကြောင်းအမျိုးမျိုးဖြင့် အမျိုးသားတို့အား အစဉ်သနားခြင်းကို ချီးမွမ်း၏၊ အစဉ်စောင့်ရှောက်ခြင်းကို ချီးမွမ်း၏၊ အစဉ်ငဲ့ညှာခြင်းကို ချီးမွမ်း၏ “ဟူ၍ ဖြေခဲ့မူ “အသျှင်ဘုရားထိုသို့ဖြစ်လျှင် အဘယ့်ကြောင့် မြတ်စွာဘုရားသည် များစွာသော ရဟန်းသံဃာနှင့် အတူ အစာခေါင်းပါးသော အသက်မွေးရန် ခဲယဉ်းသော ဖွေးဖွေးဖြူသည့် အရိုးရှိသော စာရေးတံလက်မှတ်ဖြင့် အသက်မွေးရသော အရပ်သို့ ဒေသစာရီ လှည့်လည်ပါသနည်း၊ မြတ်စွာဘုရားသည် အမျိုးတို့၏ ပြတ်ခြင်းငှါ ကျင့်ပါသလော၊ မြတ်စွာဘုရားသည် အမျိုးတို့၏ အကျိုးမဲ့အောင် ကျင့်ပါသလော၊ မြတ်စွာဘုရားသည် အမျိုးတို့၏ ပျက်စီးအောင် ကျင့်ပါသလော ”ဟု ထိုရဟန်းဂေါတမကို ဤသို့ ဆိုလေလော့။ ရွာသူကြီး ရဟန်းဂေါတမသည် အစွန်း နှစ်ဖက်ရှိသော ပြဿနာ အမေးခံရသော် ထွေးအံခြင်းငှါ မစွမ်းနိုင်လတ္တံ့၊ မျိုခြင်းငှါမစွမ်းနိုင်လတ္တံ့။ အသျှင် ကောင်းပါပြီဟု အသိဗန္ဓက၏ သား ရွာသူကြီးသည် နိဂဏ္ဌနာဋပုတ္တ၏ စကားကိုဝန်ခံ၍ နေရာမှ ထကာ ရှိခိုးလျက် အရိုအသေ ပြုပြီးနောက် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင်တစ်ခု သော နေရာ၌ ထိုင်နေကာ “အသျှင်ဘုရား မြတ်စွာဘုရားသည် အကြောင်းအမျိုးမျိုးဖြင့်အမျိုးသားတို့ အား အစဉ်သနားခြင်းကို ချီးမွမ်းတော်မူသည် မဟုတ်လော၊ အစဉ်စောင့်ရှောက်ခြင်းကိုချီးမွမ်းတော်မူသည် မဟုတ်လော၊ အစဉ်ငဲ့ညှာခြင်းကို ချီးမွမ်းတော်မူသည် မဟုတ်လော” ဟူသော ဤစကားကို လျှောက်၏။

“ရွာသူကြီး မှန်၏၊ မြတ်စွာဘုရားသည် အကြောင်းအမျိုးမျိုးဖြင့် အမျိုးသားတို့အား အစဉ်သနားခြင်းကို ချီးမွမ်းတော်မူ၏၊ အစဉ်စောင့်ရှောက်ခြင်းကို ချီးမွမ်းတော်မူ၏၊ အစဉ်ငဲ့ညှာခြင်းကို ချီးမွမ်းတော်မူ၏ “။ အသျှင်ဘုရား သို့ဖြစ်လျှင် အဘယ့်ကြောင့် မြတ်စွာဘုရားသည် များစွာသော ရဟန်းသံဃာနှင့်အတူ အစာခေါင်းပါးသော အသက်မွေးရန် ခဲယဉ်းသော ဖွေးဖွေးဖြူသည့် အရိုးရှိသော စာရေးတံလက်မှတ်ဖြင့် အသက်မွေးရသော အရပ်သို့ ဒေသစာရီ လှည့်လည်ပါသနည်း၊ မြတ်စွာဘုရားသည် အမျိုးတို့၏ ပြတ်ခြင်းငှါ ကျင့်ပါသလော၊ မြတ်စွာဘုရားသည် အမျိုးတို့၏ အကျိုးမဲ့ခြင်းငှါ ကျင့်ပါသလော၊ မြတ်စွာဘုရားသည် အမျိုးတို့၏ ပျက်စီးခြင်းငှါ ကျင့်ပါသလောဟု (လျှောက်၏)။ ရွာသူကြီး ဤကမ္ဘာမှ (နောက်)ကိုးဆယ့်တစ်ကမ္ဘာတို့တိုင်အောင် ငါ အောက်မေ့သည်ရှိသော် ချက်ပြီးဆွမ်းကို လောင်းရုံမျှဖြင့်ပျက်စီးဖူးသော အမျိုးသားတစ်ဦးတစ်ယောက်ကိုမျှ ငါ သိမြင်တော်မမူ၊ စင်စစ်သော်ကားကြွယ်ဝကုန်သော များသော ဥစ္စာရှိကုန်သော များသော ရွှေငွေရှိကုန်သော များသောအသုံးအဆောင်ရှိကုန်သော များသော ဥစ္စာစပါးရှိကုန်သော အမျိုးသားအားလုံးတို့သည်ပေးလှူခြင်းကြောင့်လည်း ကြီးပွားကုန်၏၊ မှန်ကန်မှု သစ္စာကြောင့်လည်း ကြီးပွားကုန်၏၊ အကျင့်သီလကြောင့်လည်း ကြီးပွားကုန်၏။

--

ရွာသူကြီး အမျိုးတို့၏ ပျက်စီးခြင်းငှါ အကြောင်းအထောက်အပံ့တို့သည် ရှစ်မျိုးတို့တည်း။ အမျိုးတို့သည် မင်းကြောင့်လည်း ပျက်စီးခြင်းသို့ ရောက်ကုန်၏၊ ခိုးသားဓါးပြကြောင့်လည်း ပျက်စီးခြင်းသို့ရောက်ကုန်၏၊ မီးကြောင့်လည်း ပျက်စီးခြင်းသို့ ရောက်ကုန်၏၊ ရေကြောင့်လည်း ပျက်စီးခြင်းသို့ရောက် ကုန်၏၊ မြှုပ်ထားသော ဥစ္စာသည်လည်း တည်ရာမှ ရွေ့၏၊ အားထုတ်မှု မကောင်းသဖြင့်လည်းလုပ်ငန်း တို့ ပျက်စီးကုန်၏၊ အမျိုး၌လည်း ထိုစည်းစိမ်ဥစ္စာတို့ကို ကြဲဖြန့်မှုတ်လွှင့် ဖျက်စီးတတ်သူ'အမျိုးမီးခဲ ‘သည်လည်း ဖြစ်ပေါ်လာ၏၊ ရှစ်ခုမြောက်အကြောင်းကား မမြဲခြင်းသာလျှင်တည်း။ ရွာသူကြီးအမျိုးတို့၏ ပျက်စီးရန် အကြောင်းအထောက်အပံ့တို့သည် ဤရှစ်မျိုးတို့တည်း။

ရွာသူကြီး ဤရှစ်မျိုးသော အကြောင်းအထောက်အပံ့များ ရှိပါကုန်လျက် မြတ်စွာဘုရားသည်"အမျိုးတို့၏ ပြတ်ခြင်းငှါ ကျင့်၏၊ မြတ်စွာဘုရားသည် အမျိုးတို့၏ အကျိုးမဲ့ခြင်းငှါ ကျင့်၏၊ မြတ်စွာဘုရားသည် အမျိုးတို့၏ ပျက်စီးခြင်းငှါ ကျင့်၏”ဟု ငါဘုရားအား ဆိုသော သူသည် ထိုစကားကို မပယ်လျှင် ထိုစိတ်ကို မပယ်လျှင် ထိုအယူကို မစွန့်လျှင် ဆောင်ယူခဲ့သော ဝန်ထုပ်ကို ပစ်ချလိုက်သကဲ့သို့ ဤအတူ ငရဲ၌ ကျရ၏။ ဤသို့ မိန့်တော်မူသော် အသိဗန္ဓက၏ သား ရွာသူကြီးသည် မြတ်စွာဘုရားအား"အသျှင်ဘုရား (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေစွ၊ အသျှင်ဘုရား (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေစွ၊ မြတ်စွာဘုရားသည် အကျွန်ုပ်ကို ယနေ့မှ စ၍ အသက်ထက်ဆုံး (ရတနာသုံးပါးကို)ကိုးကွယ်ဆည်းကပ်သော ဥပါသကာဟု မှတ်တော်မူပါ”ဟု (လျှောက်၏)။

နဝမသုတ်။

--

၁၀-မဏိစူဠကသုတ်

၃၆၂။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ရှဉ့်နက်တို့ကို အစာကျွေးရာ ဖြစ်သောဝေဠုဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ နန်းတော်တွင် အညီအညွတ် စုဝေးထိုင်နေသောမင်းပရိသတ်၌ “သာကီဝင်မင်းသား မြတ်စွာဘုရား၏ တပည့်သားရဟန်းတို့အား ရွှေငွေသည် အပ်၏၊ သာကီဝင်မင်းသား မြတ်စွာဘုရား၏ တပည့်သားရဟန်းတို့သည် ရွှေငွေကို သာယာကုန်၏၊ သာကီဝင်မင်းသား မြတ်စွာဘုရား၏ တပည့်သားရဟန်းတို့သည် ရွှေငွေကို ခံယူကုန်၏ “ဟူသော အကြားစကားသည် ဖြစ်ပေါ်၏။

ထိုအခါ မဏိစူဠကရွာသူကြီးသည် ထိုပရိသတ်၌ ထိုင်လျက် ရှိ၏၊ ထိုအခါ မဏိစူဠကရွာသူကြီးသည်ထိုပရိသတ်ကို “အရှင်တို့ ဤသို့ မဆိုကြကုန်လင့်၊ သာကီဝင်မင်းသား မြတ်စွာဘုရား၏ တပည့်သားရဟန်းတို့အား ရွှေငွေသည် မအပ်၊ သာကီဝင်မင်းသား မြတ်စွာဘုရား၏ တပည့်သားရဟန်းတို့သည် ရွှေငွေကို မသာယာကုန်၊ သာကီဝင်မင်းသား မြတ်စွာဘုရား၏ တပည့်သားရဟန်းတို့သည် ရွှေငွေကို မခံယူကုန်၊ သာကီဝင်မင်းသား မြတ်စွာဘုရား၏ တပည့်သားရဟန်းတို့သည် ကျောက်မျက်နှင့် ရွှေငွေကို ပယ်ထားကုန်၏၊ ရွှေငွေမှ ကင်းကုန်၏ ”ဟု ပြောလေ၏။ မဏိစူဠကရွာသူကြီးသည် ထိုပရိသတ်ကိုသိစေခြင်းငှါ စွမ်းနိုင်လေ၏။

ထို့နောက် မဏိစူဠကရွာသူကြီးသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် ရှိခိုး၍ တစ်ခုသော နေရာ၌ ထိုင်နေလျက် “မြတ်စွာဘုရား ယခု နန်းတော်တွင်းဝယ် စုဝေးထိုင်နေသော မင်းပရိသတ်၌ သာကီဝင်မင်းသား မြတ်စွာဘုရား၏ တပည့်သားရဟန်းတို့အား ရွှေငွေသည် အပ်၏၊ သာကီဝင်မင်းသားမြတ်စွာဘုရား၏ တပည့်သားရဟန်းတို့သည် ရွှေငွေကို သာယာကုန်၏၊ သာကီဝင်မင်းသား မြတ်စွာဘုရား၏ တပည့်သားရဟန်းတို့သည် ရွှေငွေကို ခံယူကုန်၏”ဟူသော ဤအကြားစကားသည် ဖြစ်ပေါ်၏။

အသျှင် ဘုရား ဤသို့ ဆိုသော် အကျွန်ုပ်သည် ထိုပရိသတ်ကို “အရှင်တို့ ဤသို့ မဆိုကြကုန်လင့်၊့သာကီဝင်မင်း သား မြတ်စွာဘုရား၏ တပည့်သားရဟန်းတို့အား ရွှေငွေသည် မအပ်၊ သာကီဝင်မင်းသားမြတ်စွာဘုရား၏ တပည့်သားရဟန်းတို့သည် ရွှေငွေကို မသာယာကုန်၊ သာကီဝင်မင်းသားမြတ်စွာဘုရား၏ တပည့်သား ရဟန်းတို့သည် ရွှေငွေကို မခံယူကုန်၊ သာကီဝင်မင်းသား မြတ်စွာဘုရား၏တပည့်သားရဟန်းတို့သည် ကျောက်မျက်နှင့် ရွှေငွေကို ပယ်ထားကုန်၏၊ ရွှေငွေမှ ကင်းကုန်၏ ”ဟုပြောပါ၏၊ အသျှင်ဘုရား အကျွန်ုပ်သည် ထိုပရိသတ်ကို သိစေခြင်းငှါ စွမ်းနိုင်ပါ၏၊ အသျှင်ဘုရားအကျွန်ုပ်သည် ဤသို့ ဆိုသော် မြတ်စွာ ဘုရား၏ စကားတော်အတိုင်း ဆိုသည်လည်း ဖြစ်ပါ၏လော၊ မြတ်စွာဘုရားကို မဟုတ်မမှန် မစွပ်စွဲသည် မည်ပါ၏လော၊ တရားတော်အား လျော်သော တရားကိုလည်းဆိုသည် မည်ပါ၏လော၊ မြတ်စွာဘုရား၏ ဝါဒကို အတုယူ၍ ပြောခြင်းသည် အကြောင်းနှင့် တကွဖြစ်၍ အကဲ့ရဲ့ခံရခြင်းသို့ အနည်းငယ်မျှ မရောက်ဘဲ ရှိပါ၏လောဟု လျှောက်၏။

--

ရွာသူကြီး စင်စစ် သင်သည် ဤသို့ ဆိုသော် ငါ၏ စကားအတိုင်း ဆိုသည်လည်း ဖြစ်၏၊ ငါ့ကိုမဟုတ်မှန် မစွပ်စွဲသည်လည်း ဖြစ်၏၊ တရားတော်အား လျော်သော တရားကို ဆိုသည်လည်း မည်၏၊ ငါ၏ ဝါဒကို အတုယူ၍ ပြောခြင်းသည် အကြောင်းနှင့် တကွဖြစ်၍ အကဲ့ရဲ့ခံရခြင်းသို့ အနည်းငယ်မျှ မရောက်။ ရွာသူကြီး မှန်၏၊ သာကီဝင်မင်းသား မြတ်စွာဘုရား၏ တပည့်သားရဟန်းတို့အား ရွှေငွေသည်မအပ်၊ သာကီဝင်မင်းသား မြတ်စွာဘုရား၏ တပည့်သားရဟန်းတို့သည် ရွှေငွေကို မသာယာကုန်၊ သာကီဝင်မင်းသား မြတ်စွာဘုရား၏ တပည့်သားရဟန်းတို့သည် ရွှေငွေကို မခံယူကုန်၊ သာကီဝင်မင်းသား မြတ်စွာဘုရား၏ တပည့်သားရဟန်းတို့သည် ကျောက်မျက်နှင့် ရွှေငွေကို ပယ်ထားကုန်၏၊ ရွှေငွေမှ ကင်းကုန်၏။ ရွာသူကြီး ရွှေငွေကို အပ်သော သူအား ကာမဂုဏ်ငါးပါးတို့သည် အပ်ကုန်၏၊ ကာမဂုဏ်ငါးပါးအပ်သော သူကို စင်စစ်အားဖြင့် “ရဟန်းသဘော မရှိ၊ သာကီဝင်မင်းသား မြတ်စွာဘုရား၏ တပည့်သားသဘော မရှိ”ဟု မှတ်လေလော့။ ရွာသူကြီး စင်စစ်သော်ကား ငါသည် ဤသို့ ဟော၏-"မြက်ကိုအလိုရှိ သော သူသည် မြက်ကို ရှာသင့်၏၊ သစ်သားကို အလိုရှိသော သူသည် သစ်သားကို ရှာသင့်၏၊ လှည်းကို အလိုရှိသော သူသည် လှည်းကို ရှာသင့်၏၊ (အလုပ်သမား) ယောကျ်ားကို အလိုရှိသောသူသည် (အလုပ် သမား) ယောကျ်ားကို ရှာသင့်၏ “၊ ရွာသူကြီး “အဘယ်နည်းနှင့်မျှ ရွှေငွေကိုသာယာသင့်၏၊ ရှာသင့်၏ “ ဟူ၍ ငါဘုရား မဟောဟု (မိန့်တော်မူ၏)။

ဒသမသုတ်။

၁၁-ဘဒြကသုတ်

၃၆၃။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် မလ္လတိုင်း ဥရုဝေလကပ္ပမည်သော မလ္လမင်းတို့၏ နိဂုံး၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ ဘဒြကရွာသူကြီးသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် ရှိခိုး၍ တစ်ခုသော နေရာ၌ ထိုင်နေလျက် “အသျှင်ဘုရား တောင်းပန်ပါ၏၊ မြတ်စွာဘုရားသည် အကျွန်ုပ်အားဆင်းရဲဖြစ်ခြင်း ချုပ်ခြင်းကို ဟောတော်မူပါ”ဟု လျှောက်၏။ ရွာသူကြီး “လွန်ပြီးကာလ၌ ဤသို့ ဖြစ်ဖူးပြီ ”ဟု ငါသည် သင့်အား အတိတ်ကာလကို အကြောင်းပြု၍ ဆင်းရဲဖြစ်ခြင်း ချုပ်ခြင်းကို ဟောခဲ့မူထိုအတိတ် ကာလကို အကြောင်းပြု၍ သင့်အား ယုံမှား ဖြစ်ရာ၏၊ တွေးတောမှု ဖြစ်ရာ၏။ ရွာသူကြီး"အနာဂတ်ကာလ၌ ဤသို့ ဖြစ်လိမ့်မည်”ဟု ငါသည် သင့်အား အနာဂတ်ကာလကို အကြောင်းပြု၍ ဆင်းရဲဖြစ်ခြင်း ချုပ်ခြင်းကို ဟောခဲ့မူ ထိုအနာဂတ်ကာလ၌လည်း သင့်အား ယုံမှား ဖြစ်ရာ၏၊ တွေးတောမှု ဖြစ်ရာ၏။ ရွာသူကြီး စင်စစ် ငါသည် ဤနေရာ၌ ထိုင်လျက်ပင်လျှင် ဤနေရာ၌ ထိုင်လျက်ရှိသောသင့်အား ဆင်းရဲဖြစ်ခြင်း ချုပ်ခြင်းကို ဟောပေအံ့၊ ထိုတရားကို နာလော့၊ ကောင်းစွာ နှလုံးသွင်းလော့၊ ဟောပြပေအံ့ဟု (မိန့်တော်မူ၏)။ အသျှင်ဘုရား ကောင်းပါပြီဟု ဘဒြကရွာသူကြီးသည် မြတ်စွာဘုရား၏စကားကို ဝန်ခံ၏။ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏-

ရွာသူကြီး ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း။ သတ်ခြင်းကြောင့်သော်လည်းကောင်း၊ နှောင်ဖွဲ့ခြင်းကြောင့်သော်လည်းကောင်း၊ ဆုံးရံှုးခြင်းကြောင့်သော်လည်းကောင်း၊ ကဲ့ရဲ့ခြင်းကြောင့်သော်လည်းကောင်း ပူဆွေးမှု ငိုကြွေးမှုကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှုပြင်းစွာပင်ပန်းမှုများ ဖြစ်နိုင်ကုန်ရာသော သင်နှင့် စပ်သူ တို့သည် ဥရုဝေလကပ္ပ၌ ရှိကုန်သလော။ အသျှင်ဘုရား သတ်ခြင်းကြောင့်သော်လည်းကောင်း၊ နှောင်ဖွဲ့ခြင်း ကြောင့်သော်လည်းကောင်း၊ ဆုံးရံှုးခြင်းကြောင့်သော်လည်းကောင်း၊ ကဲ့ရဲ့ခြင်းကြောင့်သော်လည်းကောင်း ပူဆွေးမှု ငိုကြွေးမှုကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှု ပြင်းစွာပင်ပန်းမှုများ ဖြစ်နိုင်ကုန်ရာသော အကျွန်ုပ်နှင့် စပ်သူ တို့သည်ဥရုဝေလကပ္ပ၌ ရှိပါကုန်၏။ ရွာသူကြီး သတ်ခြင်းကြောင့်သော်လည်းကောင်း၊ နှောင်ဖွဲ့ခြင်းကြောင့်သော်လည်းကောင်း၊ ဆုံးရံှုးခြင်းကြောင့်သော်လည်းကောင်း၊ ကဲ့ရဲ့ခြင်းကြောင့်သော်လည်းကောင်းပူ ဆွေးမှု ငိုကြွေးမှုကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှု ပြင်းစွာပင်ပန်းမှုများ မဖြစ်နိုင်ကုန်ရာသော သင်နှင့်မစပ် သူ လူတို့သည် ဥရုဝေလကပ္ပ၌ ရှိကုန်သလော။ အသျှင်ဘုရားသတ်ခြင်းကြောင့်သော်လည်းကောင်း၊ နှောင်ဖွဲ့ခြင်းကြောင့်သော်လည်းကောင်း၊ ဆုံးရံှုးခြင်းကြောင့်သော်လည်းကောင်း၊ ကဲ့ရဲ့ခြင်းကြောင့်သော်လည်း ကောင်း ပူဆွေးမှု ငိုကြွေးမှုကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှု ပြင်းစွာပင်ပန်းမှုများ မဖြစ်နိုင်ကုန်ရာသော အကျွန်ုပ်နှင့် မစပ်သူလူတို့သည်လည်း ဥရုဝေလကပ္ပ၌ ရှိပါကုန်၏။

--

ရွာသူကြီး အချို့သော ဥရုဝေလကပ္ပ၌ နေသူလူတို့ကို သတ်ခြင်းကြောင့်သော်လည်းကောင်း၊ နှောင်ဖွဲ့ခြင်းကြောင့်သော်လည်းကောင်း၊ ဆုံးရံှုးခြင်းကြောင့်သော်လည်းကောင်း၊ ကဲ့ရဲ့ခြင်းကြောင့်သော်လည်းကောင်း ပူဆွေးမှု ငိုကြွေးမှုကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှုပြင်းစွာပင်ပန်းမှုများ ဖြစ်နိုင်ကုန်ရာသော အကြောင်း အထောက်အပံ့ကား အဘယ်နည်း။ အသျှင်ဘုရားသတ်ခြင်းကြောင့်သော်လည်းကောင်း၊ နှောင်ဖွဲ့ခြင်းကြောင့် သော်လည်းကောင်း၊ ဆုံးရံှုးခြင်းကြောင့်သော်လည်းကောင်း၊ ကဲ့ရဲ့ခြင်းကြောင့်သော်လည်းကောင်း ပူဆွေးမှု ငိုကြွေးမှုကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှု ပြင်းစွာပင်ပန်းမှုများ ဖြစ်နိုင်ကုန်ရာသော ဥရုဝေလကပ္ပ၌ နေကြသူအချို့လူတို့၌ အကျွန်ုပ်အား လိုချင်တပ်မက်မှု ‘ဆန္ဒရာဂ'ရှိပါ၏။ သတ်ခြင်းကြောင့်သော်လည်းကောင်း၊ နှောင်ဖွဲ့ခြင်းကြောင့်သော်လည်းကောင်း၊ ဆုံးရံှုးခြင်းကြောင့်သော်လည်းကောင်း၊ ကဲ့ရဲ့ခြင်းကြောင့်သော်လည်းကောင်း ပူဆွေးမှု ငိုကြွေးမှုကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှု ပြင်းစွာပင်ပန်းမှုများ မဖြစ်နိုင်ကုန်ရာသောဥရုဝေလကပ္ပ ၌ နေကြသူ အချို့လူတို့၌ အကျွန်ုပ်အား လိုချင်တပ်မက်မှု ‘ဆန္ဒရာဂ’ မရှိပါ။

ရွာသူကြီး သင်သည် မြင်အပ်သော သိအပ်သော ကာလ မခြားဘဲ ရောက်လာသော ဉာဏ်ဖြင့်သက်ဝင်နိုင်သော ဤသဘောဖြင့် အတိတ်အနာဂတ်၌ နည်းကို ဆောင်လေလော့၊ အတိတ်ကာလ၌ ဖြစ်ခဲ့သည့် ဆင်းရဲဟူသမျှ အလုံးစုံသည် လိုချင်မှု'ဆန္ဒ'လျှင် အရင်းခံရှိ၏၊ လိုချင်မှု'ဆန္ဒ'လျှင်အကြောင်းခံရှိ၏။ မှန်၏၊ လိုချင်မှု'ဆန္ဒ'သည် ဆင်းရဲ၏ အရင်းခံတည်း၊ အနာဂတ်ကာလ၌ ဖြစ်မည့်ဆင်းရဲဟူသမျှ အလုံးစုံသည် လိုချင်မှု'ဆန္ဒ’ လျှင် အရင်းခံရှိ၏၊ လိုချင်မှု ‘ဆန္ဒ’ လျှင် အကြောင်းခံရှိ၏။

မှန်၏၊ လိုချင်မှု'ဆန္ဒ'သည် ဆင်းရဲ၏ အရင်းခံတည်း။ အသျှင်ဘုရား တရားတော်သည် အံ့ဖွယ်ရှိပါပေစွ၊ အသျှင်ဘုရား တရားတော်သည် မဖြစ်ဖူးမြဲ ဖြစ်ပါပေစွ၊ “ဆင်းရဲဟူသမျှ အားလုံးသည်လိုချင်မှု ‘ဆန္ဒ’ လျှင် အရင်းခံရှိ၏၊ လိုချင်မှု ‘ဆန္ဒ’ လျှင် အကြောင်းခံရှိ၏”။ မှန်၏၊ လိုချင်မှု ‘ဆန္ဒ'သည်ဆင်းရဲ၏ အရင်းခံတည်းဟူသော ဤစကားကို မြတ်စွာဘုရားသည် အလွန်ကောင်းစွာ ဆိုတော်မူပါ၏။

အသျှင်ဘုရား အကျွန်ုပ်အား မြို့ပြင်ပအိမ်၌ နေ သော စိရဝါသိမည်သော သူငယ် ရှိပါ၏၊ အသျှင်ဘုရားအကျွန်ုပ်သည် နံနက်စောစော ထ၍ ယောကျ်ား တစ်ယောက်ကို “အချင်း သွားလော့၊ စိရဝါသိသူငယ်ကို့သိအောင် ပြုလေလော့”ဟု လွှတ်လိုက်ပါ၏၊ အသျှင်ဘုရား ထိုယောကျ်ား မလာသမျှကာလပတ်လုံးအကျွန်ုပ်မှာ “စိရဝါသိသူငယ်အား တစ်ခုခု ထိခိုက် မှု မဖြစ်ပါစေလင့်”ဟု စိတ်ဖောက်ပြန်မှုဖြစ်သည်သာလျှင်တည်း။

ရွာသူကြီး ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း။ စိရဝါသိသူငယ်ကို သတ်ခြင်းကြောင့်သော်လည်းကောင်း၊ နှောင်ဖွဲ့ခြင်းကြောင့်သော်လည်းကောင်း၊ ဆုံးရံှုးခြင်းကြောင့်သော်လည်းကောင်း၊ ကဲ့ရဲ့ခြင်းကြောင့်သော်လည်းကောင်း သင့်အား ပူဆွေးမှု ငိုကြွေးမှုကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှု ပြင်းစွာပင်ပန်းမှုတို့ ဖြစ်ကုန်ရာသလော။ အသျှင်ဘုရား စိရဝါသိသူငယ်ကို သတ်ခြင်းကြောင့်သော်လည်းကောင်း၊ နှောင်ဖွဲ့ခြင်းကြောင့်သော်လည်းကောင်း၊ ဆုံးရံှုးခြင်းကြောင့်သော်လည်းကောင်း၊ ကဲ့ရဲ့ခြင်းကြောင့်သော်လည်းကောင်း အကျွန်ုပ်အား အသက်သော်လည်း သေလောက်ရာ၏၊ ပူဆွေးမှုငိုကြွေးမှုကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှု ပြင်းစွာပင်ပန်းမှုတို့ကား အဘယ်မှာ မဖြစ်ကုန်ဘဲ ရှိပါအံ့နည်း။ ရွာသူကြီး ဤအကြောင်းကြောင့်လည်း “ဆင်းရဲဟူသမျှ အလုံးစုံသည် လိုချင်မှု'ဆန္ဒ'လျှင် အရင်းခံရှိ၏၊ လိုချင်မှု'ဆန္ဒ'လျှင် အကြောင်းခံရှိ၏။ မှန်၏၊ လိုချင်မှု'ဆန္ဒ'သည် ဆင်းရဲ၏ အရင်းခံတည်း”ဟု ဤအကြောင်းကို သိရမည်။ ရွာသူကြီး ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း။ စိရဝါသိမိခင်ကို သင်မမြင်ရ မကြားရသော အခါ သူ့အပေါ်မှာ သင်၏ နှစ်သက်မှု ‘ဆန္ဒ'သည်လည်းကောင်း၊ တပ်မက်မှု ‘ရာဂ'သည်လည်းကောင်း၊ ချစ်ခင်မှု ‘ပေမ'သည်လည်း ကောင်း ဖြစ်သလော။ အသျှင်ဘုရားမဖြစ်ပါ။ ရွာသူကြီး သင့်အား မြင်မှုကိုလည်းကောင်း၊ ကြားမှုကိုလည်းကောင်း စွဲ၍ စိရဝါသိ၏မိခင်အပေါ်မှာ ဤသို့ နှစ်သက်မှု ‘ဆန္ဒ'သည်လည်းကောင်း၊ တပ်မက်မှု ‘ရာဂ'သည်လည်းကောင်း၊ ချစ်ခင်မှု ‘ပေမ'သည်လည်းကောင်း ဖြစ်သလော။ အသျှင်ဘုရား ဖြစ်သည် မှန် ပါ၏။

--

ရွာသူကြီး ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း။ စိရဝါသိ၏ မိခင်ကို သတ်ခြင်းကြောင့်သော်လည်းကောင်း၊ နှောင်ဖွဲ့ခြင်းကြောင့်သော်လည်းကောင်း၊ ဆုံးရံှုးခြင်းကြောင့်သော်လည်းကောင်း၊ ကဲ့ရဲ့ခြင်းကြောင့်သော်လည်းကောင်း ပူဆွေးမှု ငိုကြွေးမှုကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှု ပြင်းစွာပင်ပန်းမှုတို့ ဖြစ်ကုန်ရာသလော။ အသျှင်ဘုရား စိရဝါသိမိခင်ကို သတ်ခြင်းကြောင့်သော်လည်းကောင်း၊ နှောင်ဖွဲ့ခြင်းကြောင့်သော်လည်းကောင်း၊ ဆုံးရံှုးခြင်းကြောင့်သော်လည်းကောင်း၊ ကဲ့ရဲ့ခြင်းကြောင့်သော်လည်းကောင်း အကျွန်ုပ်အား အသက်သော်လည်း သေလောက်ရာ၏၊ ပူဆွေးမှုငိုကြွေးမှုကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှု ပြင်းစွာပင်ပန်းမှု တို့ကား အဘယ်မှာ မဖြစ်ကုန်ဘဲ ရှိပါအံ့နည်း။ ရွာသူကြီး ဤအကြောင်းကြောင့်လည်း “ဆင်းရဲဟူသမျှ အလုံးစုံသည် လိုချင်မှု'ဆန္ဒ'လျှင် အရင်းခံရှိ၏၊ လိုချင်မှု ‘ဆန္ဒ'လျှင် အကြောင်းခံရှိ၏။ မှန်၏၊ လိုချင်မှု ‘ဆန္ဒ'သည် ဆင်းရဲ၏ အရင်းခံတည်း”ဟု ဤအကြောင်းကို သိအပ်၏ဟု (မိန့်တော်မူ၏)။

ဧကာဒသမသုတ်။

၁၂-ရာသိယသုတ်

၃၆၄။ ထိုအခါ ရာသိယရွာသူကြီးသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ရှိခိုးပြီးလျှင် တစ်ခုသောနေရာ၌ ထိုင်နေလျက် “အသျှင်ဘုရား ရဟန်းဂေါတမသည် ပြင်းထန်သော အကျင့်အားလုံးကို ကဲ့ရဲ့၏၊ ပြင်းထန်သော အကျင့်၌ မှီသူ၊ ခေါင်းပါးသော အသက်မွေးမှုရှိသူ အားလုံးကို တစ်ဖက်သတ် စွပ်စွဲ၏၊ ပုတ်ခတ်၏ဟူသော ဤစကားကို အကျွန်ုပ် ကြားရဖူးပါ၏။ အသျှင်ဘုရား ရဟန်းဂေါတမသည် ပြင်းထန်သော အကျင့်အားလုံးကို ကဲ့ရဲ့၏၊ ပြင်းထန်သော အကျင့်၌ မှီသူ၊ ခေါင်းပါးသော အသက်မွေးမှုရှိသူအားလုံးကို တစ်ဖက်သတ် စွပ်စွဲ၏၊ ပုတ်ခတ်၏ဟု ဤသို့ ဆိုကြသော သူတို့သည် မြတ်စွာဘုရား၏စကားတော်အတိုင်း ဆိုရာရောက်ပါ၏လော၊ မြတ်စွာဘုရားကို မဟုတ်မမှန်စွပ်စွဲရာ မရောက်ပါသလော၊့တရားတော်အား လျော်သော တရားကိုလည်း ဆိုရာရောက်ပါ၏လော၊ မြတ်စွာဘုရား၏ ဝါဒကို အတုလိုက်၍ ပြောခြင်းသည် အကြောင်းနှင့် တကွဖြစ်၍ အကဲ့ရဲ့ခံရခြင်းသို့ အနည်းငယ်မျှ မရောက်ဘဲ ရှိပါ၏လော”ဟု လျှောက်၏။

ရွာသူကြီး “ရဟန်းဂေါတမသည် ပြင်းထန်သော အကျင့်အားလုံးကို ကဲ့ရဲ့၏၊ ပြင်းထန်သော အကျင့် ၌ မှီသူ၊ ခေါင်းပါးသော အသက်မွေးမှုရှိသူ အားလုံးကို တစ်ဖက်သတ် စွပ်စွဲ၏၊ ပုတ်ခတ်၏ဟု ဤသို့ဆိုကြသော သူတို့သည် ငါ၏ စကားအတိုင်း ဆိုရာ မရောက်ကြကုန်၊ စင်စစ် ထိုသူတို့သည် ငါဘုရားကိုထင်ရှား မရှိသော အချည်းနှီးသော မဟုတ်မမှန်သော စကားဖြင့် စွပ်စွဲရာ ရောက်ကြကုန်၏ဟု (မိန့်တော်မူ၏)။

--

ရွာသူကြီး ယုတ်ညံ့သော ရွာသူတို့၏ အကျင့်ဖြစ်သော ပုထုဇဉ်တို့၏ အကျင့်ဖြစ်သော အရိယာတို့၏အကျင့်မဟုတ်သော အကျိုးမဲ့နှင့် စပ်သော ကာမဂုဏ်တို့၌ တွယ်တာငြိကပ်အားထုတ်သော အကျင့်သည်အစွန်းတစ်ဖက်တည်း၊ ဆင်းရဲသော အရိယာတို့၏ အကျင့်မဟုတ်သော အကျိုးမဲ့နှင့် စပ်သောကိုယ်ကိုပင်ပန်းစေသော အားထုတ်ခြင်းအကျင့်သည် အစွန်းတစ်ဖက်တည်း၊ ဤအစွန်းနှစ်ဖက်တို့ကို ရဟန်းသည်မမှီဝဲအပ်ကုန်။ ရွာသူကြီး ဤအစွန်းနှစ်ဖက်တို့ကို မကပ်မူ၍ ဉာဏ်မျက်စိကို ပြုတတ်သော အသိဉာဏ်ကိုပြုတတ်သော ငြိမ်းခြင်းငှါ အထူးသိခြင်းငှါ ထိုးထွင်း၍ သိခြင်းငှါ နိဗ္ဗာန်ရောက်ခြင်းငှါ အလယ်အလတ်ဖြစ်သော အကျင့်ကို မြတ်စွာဘုရားသည် ထိုးထွင်း၍ သိတော်မူ၏၊ ရွာသူကြီး မြတ်စွာဘုရား ထိုးထွင်း၍ သိတော်မူသော ဉာဏ်မျက်စိကို ပြုတတ်သော အသိဉာဏ်ကို ပြုတတ်သော ငြိမ်းခြင်းငှါ အထူးသိခြင်းငှါထိုးထွင်း၍ သိခြင်းငှါ နိဗ္ဗာန်ရောက်ခြင်းငှါ ဖြစ်သော ထိုအလယ်အလတ်အကျင့်ဟူသည် အဘယ်နည်း။ မှန်ကန်သော မြင်ခြင်း။ပ။ မှန်ကန်သော တည်ကြည်ခြင်း ဟူသော အင်္ဂါရှစ်ပါးရှိသော ဤအရိယာမဂ်ပင်တည်း။ ရွာသူကြီး ဉာဏ်မျက်စိကို ပြုတတ်သော အသိဉာဏ်ကို ပြုတတ်သောငြိမ်းခြင်းငှါ အထူးသိခြင်းငှါ ထိုး ထွင်း၍ သိခြင်းငှါ နိဗ္ဗာန်ရောက်ခြင်းငှါ ဖြစ်သော ဤအလယ်အလတ်အကျင့်ကို မြတ်စွာဘုရားသည် ထိုး ထွင်း၍ သိတော်မူ၏။

ရွာသူကြီး သုံးမျိုးသော ဤကာမဂုဏ်ခံစားသူတို့သည် လောက၌ ထင်ရှားရှိကုန်၏။ အဘယ်သုံးမျိုးတို့နည်း၊ ရွာသူကြီး ဤလောက၌ အချို့သော ကာမဂုဏ်ခံစားသူသည် အနိုင်အထက် ပြုလုပ်၍ စည်းစိမ်ဥစ္စာတို့ကို မတရား ရှာမှီး၏၊ အနိုင်အထက် ပြုလုပ်၍ စည်းစိမ်ဥစ္စာတို့ကို မတရား ရှာမှီးလျက် မိမိကိုယ်ကို မချမ်းသာစေ၊ မပြည့်ဖြိုးစေ၊ မဝေခြမ်း (မစွန့်ကြဲ)၊ ကောင်းမှုတို့ကို မပြု။ ရွာသူကြီး ထိုမှတစ်ပါး ဤလောက၌ အချို့သော ကာမဂုဏ်ခံစားသူသည် အနိုင်အထက် ပြုလုပ်၍ စည်းစိမ်ဥစ္စာတို့ကို မတရားရှာမှီး၏၊ အနိုင်အထက် ပြုလုပ်၍ စည်းစိမ်ဥစ္စာတို့ကို မတရား ရှာမှီးလျက် မိမိကိုယ်ကို ချမ်းသာစေ၏၊ ပြည့်ဖြိုးစေ၏၊ မဝေခြမ်း (မစွန့်ကြဲ)၊ ကောင်းမှုတို့ကို မပြု။ ရွာသူကြီး ထိုမှတစ်ပါး ဤလောက၌ အချို့သော ကာမဂုဏ်ခံစားသူသည် အနိုင်အထက် ပြုလုပ်၍ စည်းစိမ်ဥစ္စာတို့ကို မတရား ရှာမှီး၏၊ အနိုင်အထက် ပြုလုပ်၍ စည်းစိမ်ဥစ္စာတို့ကို မတရား ရှာမှီးလျက် မိမိကိုယ်ကို ချမ်းသာစေ၏၊ ပြည့်ဖြိုးစေ၏၊ ဝေခြမ်း (စွန့်ကြဲ) ၏၊ ကောင်းမှုတို့ကို ပြု၏။ (၁-၂-၃)

ရွာသူကြီး ဤလောက၌ အချို့သော ကာမဂုဏ်ခံစားသူသည် အနိုင်အထက်ပြုလုပ်၍ သော်လည်းကောင်း၊ အနိုင်အထက် မပြုလုပ်ဘဲသော်လည်းကောင်း စည်းစိမ်ဥစ္စာတို့ကို တရား မတရား နှစ်ပါးစုံဖြင့်ရှာမှီး၏။ အနိုင်အထက်ပြုလုပ်၍ သော်လည်းကောင်း၊ အနိုင်အထက် မပြုလုပ်ဘဲသော်လည်းကောင်းစည်းစိမ် ဥစ္စာတို့ကို တရား မတရား နှစ်ပါးစုံဖြင့် ရှာမှီးလျက် မိမိကိုယ်ကို မချမ်းသာစေ၊ မပြည့်ဖြိုးစေ၊ မဝေခြမ်း (မစွန့်ကြဲ)၊ ကောင်းမှုတို့ကို မပြု။ ရွာသူကြီး ထိုမှတပါး ဤလောက၌ အချို့သောကာမဂုဏ်ခံစားသူသည် အနိုင်အထက်ပြုလုပ်၍ သော်လည်းကောင်း၊ အနိုင်အထက်မပြုလုပ်ဘဲသော်လည်းကောင်း စည်းစိမ် ဥစ္စာတို့ကို တရား မတရား နှစ်ပါးစုံဖြင့် ရှာမှီး၏။

အနိုင်အထက်ပြုလုပ်၍ သော်လည်းကောင်း၊ အနိုင် အထက် မပြုလုပ်ဘဲသော်လည်းကောင်းစည်းစိမ်ဥစ္စာတို့ကို တရား မတရား နှစ်ပါးစုံဖြင့် ရှာမှီးလျက် မိမိကိုယ်ကို ချမ်းသာစေ၏၊ ပြည့်ဖြိုးစေ၏၊ မဝေခြမ်း (မစွန့်ကြဲ)၊ ကောင်းမှုတို့ကို မပြု။ ရွာသူကြီး ထိုမှတပါး ဤလောက၌ အချို့သောကာမဂုဏ်ခံစားသူသည် အနိုင်အထက် ပြုလုပ်၍ သော်လည်းကောင်း၊ အနိုင်အထက်မပြုလုပ်ဘဲသော်လည်းကောင်း စည်းစိမ်ဥစ္စာတို့ကို တရား မတရား နှစ်ပါးစုံဖြင့် ရှာမှီး လျက်မိမိကိုယ်ကို ချမ်းသာစေ၏၊ ပြည့်ဖြိုးစေ၏၊ ဝေခြမ်း (စွန့်ကြဲ) ၏၊ ကောင်းမှုတို့ကို ပြု၏။ (၄-၅-၆)

--

ရွာသူကြီး ထိုမှတစ်ပါး ဤလောက၌ အချို့သော ကာမဂုဏ်ခံစားသူသည် အနိုင်အထက် မပြုလုပ် ဘဲစည်းစိမ်ဥစ္စာတို့ကို တရားသဖြင့် ရှာမှီး၏၊ အနိုင်အထက် မပြုလုပ်ဘဲ စည်းစိမ်ဥစ္စာတို့ကို တရား သဖြင့်ရှာမှီးလျက် မိမိကိုယ်ကို မချမ်းသာစေ၊ မပြည့်ဖြိုးစေ၊ မဝေခြမ်း (မစွန့်ကြဲ)၊ ကောင်းမှုတို့ကို မပြု။ ရွာသူကြီး ထိုမှတစ်ပါး ဤလောက၌ အချို့သော ကာမဂုဏ်ခံစားသူသည် အနိုင်အထက် မပြုလုပ်ဘဲစည်းစိမ်ဥစ္စာတို့ကို တရားသဖြင့် ရှာမှီး၏၊ အနိုင်အထက် မပြုလုပ်ဘဲ စည်းစိမ်ဥစ္စာတို့ကို တရားသဖြင့်ရှာမှီးလျက် မိမိကိုယ်ကို ချမ်းသာစေ၏၊ ပြည့်ဖြိုးစေ၏၊ မဝေခြမ်း (မစွန့်ကြဲ)၊ ကောင်းမှုတို့ကို မပြု။ ရွာသူကြီး ထိုမှတစ်ပါး ဤလောက၌ အချို့သော ကာမဂုဏ်ခံစားသူသည် အနိုင်အထက် မပြုလုပ်ဘဲစည်းစိမ်ဥစ္စာတို့ကို တရားသဖြင့် ရှာမှီး၏၊ အနိုင်အထက် မပြုလုပ်ဘဲ စည်းစိမ်ဥစ္စာတို့ကို တရားသဖြင့်ရှာမှီးလျက် မိမိကိုယ်ကို ချမ်းသာစေ၏၊ ပြည့်ဖြိုးစေ၏၊ ဝေခြမ်း (စွန့်ကြဲ) ၏၊ ကောင်းမှုတို့ကို ပြု၏။

စည်းစိမ်ဥစ္စာတို့ကိုလည်း မက်မော တွေဝေ စွဲလမ်းလျက် အပြစ် မမြင်ဘဲ ထွက်မြောက်လိုသော ဉာဏ်မရှိမူ၍ သုံးဆောင်၏။ ရွာသူကြီး ထိုမှတစ်ပါး ဤလောက၌ အချို့သော ကာမဂုဏ်ခံစားသူသည် အနိုင်အထက် မပြုလုပ်ဘဲ စည်းစိမ်ဥစ္စာတို့ကို တရားသဖြင့် ရှာမှီး၏၊ အနိုင်အထက် မပြုလုပ်ဘဲ စည်းစိမ်ဥစ္စာတို့ကို တရားသဖြင့် ရှာမှီး၍ မိမိကိုယ်ကို ချမ်းသာစေ၏၊ ပြည့်ဖြိုးစေ၏၊ ဝေခြမ်း (စွန့်ကြဲ) ၏၊ ကောင်းမှုတို့ကို ပြု၏။ စည်းစိမ်ဥစ္စာတို့ကိုလည်း မမက်မော မတွေဝေဘဲလျက် မစွဲလမ်းဘဲလျက် အပြစ်မြင်ကာလွက်မြောက်လိုသော ဉာဏ်ရှိသည်ဖြစ်၍ သုံးဆောင်၏။ (၇-၈-၉)

ရွာသူကြီး ထိုပုဂ္ဂိုလ်တို့တွင် အကြင်ကာမဂုဏ်ခံစားသူသည် အနိုင်အထက်ပြုလုပ်၍ စည်းစိမ်ဥစ္စာတို့ကိုမတရား ရှာမှီး၏၊ အနိုင်အထက်ပြုလုပ်၍ စည်းစိမ်ဥစ္စာတို့ကို မတရား ရှာမှီး၍ မိမိကိုယ်ကို မချမ်းသာစေ၊ မပြည့်ဖြိုးစေ၊ မဝေခြမ်း (မစွန့်ကြဲ)၊ ကောင်းမှုတို့ကို မပြု။ ဤကာမဂုဏ်ခံစားသူသည် သုံးပါးသော အကြောင်းတို့ဖြင့် အကဲ့ရဲ့ခံရ၏။ အဘယ်သုံးပါးသော အကြောင်းတို့ဖြင့် အကဲ့ရဲ့ခံရသနည်း၊ အနိုင်အထက်ပြုလုပ်၍ စည်းစိမ်ဥစ္စာတို့ကို မတရားရှာမှီး၏ဟူသော ဤပဌမအကြောင်းဖြင့်လည်း အကဲ့ရဲ့ခံရ၏၊ မိမိကိုယ်ကို မချမ်းသာစေ၊ မပြည့်ဖြိုးစေဟူသော ဤဒုတိယအကြောင်းဖြင့်လည်း အကဲ့ရဲ့ခံရ၏၊ မဝေခြမ်း (မစွန့်ကြဲ)၊ ကောင်းမှုတို့ကို မပြုဟူသော ဤတတိယအကြောင်းဖြင့်လည်း အကဲ့ရဲ့ခံရ၏။ ရွာသူကြီး ဤကာမဂုဏ်ခံစားသူသည် ဤသုံးပါးသော အကြောင်းတို့ဖြင့် အကဲ့ရဲ့ခံရ၏။ (၁)

ရွာသူကြီး ထိုပုဂ္ဂိုလ်တို့တွင် အကြင်ကာမဂုဏ်ခံစားသူသည် အနိုင်အထက်ပြုလုပ်၍ စည်းစိမ်ဥစ္စာတို့ကို မတရား ရှာမှီး၏၊ အနိုင်အထက်ပြုလုပ်၍ စည်းစိမ်ဥစ္စာတို့ကို မတရား ရှာမှီးလျက် မိမိကိုယ်ကိုချမ်းသာစေ၏၊ ပြည့်ဖြိုးစေ၏၊ မဝေခြမ်း (မစွန့်ကြဲ)၊ ကောင်းမှုတို့ကို မပြု။ ဤကာမဂုဏ်ခံစားသူသည်နှစ်ပါးသော အကြောင်းတို့ဖြင့် အကဲ့ရဲ့ခံရ၏၊ တစ်ပါးသော အကြောင်းဖြင့် ချီးမွမ်းခံရ၏။ အဘယ်နှစ်ပါးသော အကြောင်းတို့ဖြင့် အကဲ့ရဲ့ခံရသနည်း၊ အနိုင်အထက်ပြုလုပ်၍ စည်းစိမ်ဥစ္စာတို့ကို မတရားရှာမှီး၏ဟူသော ဤပဌမအကြောင်းဖြင့်လည်း အကဲ့ရဲ့ခံရ၏၊ မဝေခြမ်း (မစွန့်ကြဲ)၊ ကောင်းမှုတို့ကို မပြုဟူသော ဤဒုတိယအကြောင်းဖြင့်လည်း အကဲ့ရဲ့ခံရ၏။ အဘယ်တစ်ပါးသော အကြောင်းဖြင့် ချီးမွမ်းခံရသနည်း၊ မိမိကိုယ်ကို ချမ်းသာစေ၏၊ ပြည့်ဖြိုးစေ၏ဟူသော ဤတစ်ပါးသော အကြောင်းဖြင့် အချီးမွမ်းခံရ၏။

ရွာသူကြီး ဤကာမဂုဏ်ခံစားသူသည် ဤနှစ်ပါးသော အကြောင်းတို့ဖြင့် အကဲ့ရဲ့ခံရ၏၊ ဤတစ်ပါးသောအကြောင်းဖြင့် အချီးမွမ်းခံရ၏။ (၂)

--

ရွာသူကြီး ထိုပုဂ္ဂိုလ်တို့တွင် အကြင်ကာမဂုဏ်ခံစားသူသည် အနိုင်အထက်ပြုလုပ်၍ စည်းစိမ်ဥစ္စာ တို့ကိုမတရား ရှာမှီး၏၊ အနိုင်အထက်ပြုလုပ်၍ စည်းစိမ်ဥစ္စာတို့ကို မတရား ရှာမှီးလျက် မိမိကိုယ်ကိုချမ်းသာစေ၏၊ ပြည့်ဖြိုးစေ၏၊ ဝေခြမ်း (စွန့်ကြဲ) ၏၊ ကောင်းမှုတို့ကို ပြု၏။ ဤကာမဂုဏ်ခံစားသူသည်တစ်ပါးသော အကြောင်းဖြင့် အကဲ့ရဲ့ခံရ၏၊ နှစ်ပါးသော အကြောင်းတို့ဖြင့် အချီးမွမ်းခံရ၏။ အဘယ်တစ်ပါးသော အကြောင်းဖြင့် အကဲ့ရဲ့ခံရသနည်း၊ အနိုင်အထက်ပြုလုပ်၍ စည်းစိမ်ဥစ္စာတို့ကို မတရားရှာမှီး၏ဟူသော ဤတစ်ပါးသော အကြောင်းဖြင့် အကဲ့ရဲ့ခံရ၏။ အဘယ်နှစ်ပါးသော အကြောင်းတို့ဖြင့်အချီးမွမ်းခံရသနည်း၊ မိမိကိုယ်ကို ချမ်းသာစေ၏၊ ပြည့်ဖြိုးစေ၏ ဟူသော ဤပဌမအကြောင်းဖြင့် အချီးမွမ်းခံရ၏။ ဝေခြမ်း (စွန့်ကြဲ) ၏၊ ကောင်းမှုတို့ကို ပြု၏ဟူသော ဤဒုတိယအကြောင်းဖြင့် အချီးမွမ်းခံရ၏။

ရွာသူကြီး ဤကာမဂုဏ်ခံစားသူသည် ဤတစ်ပါးသော အကြောင်းဖြင့် အကဲ့ရဲ့ခံရ၏၊ ဤနှစ်ပါးသောအကြောင်းတို့ဖြင့် အချီးမွမ်းခံရ၏။ (၃)

ရွာသူကြီး ထိုပုဂ္ဂိုလ်တို့တွင် အကြင်ကာမဂုဏ်ခံစားသူသည် အနိုင်အထက်ပြုလုပ်၍ သော်လည်း ကောင်း၊ အနိုင်အထက် မပြုလုပ်ဘဲသော်လည်းကောင်း တရား မတရား နှစ်ပါးစုံဖြင့် စည်းစိမ်ဥစ္စာတို့ကို ရှာမှီး၏။

အနိုင်အထက်ပြုလုပ်၍ သော်လည်းကောင်း၊ အနိုင်အထက် မပြုလုပ်ဘဲသော်လည်းကောင်း တရား မတရားနှစ်ပါးစုံဖြင့် စည်းစိမ်ဥစ္စာတို့ကို ရှာမှီးလျက် မိမိကိုယ်ကို မချမ်းသာစေ၊ မပြည့်ဖြိုးစေ၊ မဝေခြမ်း (မစွန့်ကြဲ)၊ ကောင်းမှုတို့ကို မပြု။ ဤကာမဂုဏ်ခံစားသူသည် တစ်ပါးသော အကြောင်းဖြင့် အချီးမွမ်းခံရ၏၊ သုံးပါးသော အကြောင်းတို့ဖြင့် အကဲ့ရဲ့ခံရ၏။ အဘယ်တစ်ပါးသော အကြောင်းဖြင့် အချီးမွမ်းခံရသနည်း၊ အနိုင်အထက် မပြုလုပ်ဘဲ စည်းစိမ်ဥစ္စာတို့ကို တရားသဖြင့် ရှာမှီး၏ ဟူသော ဤတစ်ပါးသောအကြောင်းဖြင့် အချီးမွမ်းခံရ၏။ အဘယ်သုံးပါးသော အကြောင်းတို့ဖြင့် အကဲ့ရဲ့ခံရသနည်း၊ အနိုင်အထက်ပြုလုပ်၍ စည်းစိမ်ဥစ္စာတို့ကို မတရား ရှာမှီး၏ဟူသော ဤပဌမအကြောင်းဖြင့် အကဲ့ရဲ့ခံရ၏၊ မိမိကိုယ်ကိုမချမ်းသာစေ၊ မပြည့်ဖြိုးစေဟူသော ဤဒုတိယအကြောင်းဖြင့် အကဲ့ရဲ့ခံရ၏၊ မဝေခြမ်း (မစွန့်ကြဲ)၊ ကောင်း မှုတို့ကို မပြုဟူသော ဤတတိယအကြောင်းဖြင့် အကဲ့ရဲ့ခံရ၏။ ရွာသူကြီး ဤကာမဂုဏ်ခံစားသူသည် ဤတစ်ပါးသော အကြောင်းဖြင့် အချီးမွမ်းခံရ၏၊ ဤသုံးပါးသောအကြောင်းတို့ဖြင့် အကဲ့ရဲ့ခံရ၏။ (၄)

ရွာသူကြီး ထိုပုဂ္ဂိုလ်တို့တွင် အကြင်ကာမဂုဏ်ခံစားသူသည် အနိုင်အထက်ပြုလုပ်၍ သော်လည်း ကောင်း၊ အနိုင်အထက် မပြုလုပ်ဘဲသော်လည်းကောင်း စည်းစိမ်ဥစ္စာတို့ကို တရား မတရား နှစ်ပါးစုံဖြင့်ရှာမှီး၏။ အနိုင်အထက်ပြုလုပ်၍ သော်လည်းကောင်း၊ အနိုင်အထက် မပြုလုပ်ဘဲသော်လည်းကောင်းစည်းစိမ် ဥစ္စာတို့ကို တရား မတရား နှစ်ပါးစုံဖြင့် ရှာမှီးလျက် မိမိကိုယ်ကို ချမ်းသာစေ၏၊ ပြည့်ဖြိုးစေ၏၊ မဝေ ခြမ်း (မစွန့်ကြဲ)၊ ကောင်းမှုတို့ကို မပြု။ ဤကာမဂုဏ်ခံစားသူသည် နှစ်ပါးသောအကြောင်းတို့ဖြင့် အချီး မွမ်းခံရ၏၊ နှစ်ပါးသော အကြောင်းတို့ဖြင့် အကဲ့ရဲ့ခံရ၏။ အဘယ်နှစ်ပါးသောအကြောင်းတို့ဖြင့် အချီး မွမ်းခံရသနည်း၊ အနိုင်အထက် မပြုလုပ်ဘဲ စည်းစိမ်ဥစ္စာတို့ကို တရားသဖြင့်ရှာမှီး၏ ဟူသော ဤပဌမ အကြောင်းဖြင့် အချီးမွမ်းခံရ၏၊ မိမိကိုယ်ကို ချမ်းသာစေ၏၊ ပြည့်ဖြိုးစေ၏ ဟူသော ဤဒုတိယအကြောင်း ဖြင့် အချီးမွမ်းခံရ၏။ အဘယ်နှစ်ပါးသော အကြောင်းတို့ဖြင့်အကဲ့ရဲ့ခံရသနည်း၊ အနိုင်အထက်ပြုလုပ်၍ စည်းစိမ်ဥစ္စာတို့ကို မတရားသဖြင့် ရှာမှီး၏ ဟူသော ဤပဌမအကြောင်းဖြင့် အကဲ့ရဲ့ခံရ၏၊ မဝေခြမ်း (မစွန့်ကြဲ)၊ ကောင်းမှုတို့ကို မပြုဟူသော ဤဒုတိယအကြောင်းဖြင့် အကဲ့ရဲ့ခံရ၏။ ရွာသူကြီး ဤ ကာမဂုဏ်ခံစားသူသည် ဤနှစ်ပါးသောအကြောင်းတို့ဖြင့် အချီးမွမ်းခံရ၏၊ ဤနှစ်ပါးသော အကြောင်း တို့ဖြင့် အကဲ့ရဲ့ခံရ၏။ (၅)

ရွာသူကြီး ထိုပုဂ္ဂိုလ်တို့တွင် အကြင်ကာမဂုဏ်ခံစားသူသည် အနိုင်အထက်ပြုလုပ်၍ သော်လည်း ကောင်း၊့အနိုင်အထက် မပြုလုပ်ဘဲသော်လည်းကောင်း စည်းစိမ်ဥစ္စာတို့ကို တရား မတရား နှစ်ပါးစုံဖြင့် ရှာမှီး၏။

--

အနိုင်အထက်ပြုလုပ်၍ သော်လည်းကောင်း၊ အနိုင်အထက် မပြုလုပ်ဘဲသော်လည်းကောင်း စည်းစိမ်ဥစ္စာတို့ကို တရား မတရား နှစ်ပါးစုံဖြင့် ရှာမှီး၍ မိမိကိုယ်ကို ချမ်းသာစေ၏၊ ပြည့်ဖြိုးစေ၏၊ ဝေခြမ်း (စွန့်ကြဲ) ၏၊ ကောင်းမှုတို့ကို ပြု၏။ ဤကာမဂုဏ်ခံစားသူသည် သုံးပါးသော အကြောင်းတို့ဖြင့် အချီးမွမ်းခံရ၏၊ တစ်ပါးသော အကြောင်းဖြင့် အကဲ့ရဲ့ခံရ၏၊ အဘယ်သုံးပါးသော အကြောင်းတို့ဖြင့် အချီးမွမ်းခံရသနည်း၊ အနိုင်အထက် မပြုလုပ်ဘဲ စည်းစိမ်ဥစ္စာတို့ကို တရားသဖြင့် ရှာမှီး၏ ဟူသော ဤပဌမအကြောင်းဖြင့် အချီးမွမ်းခံရ၏၊ မိမိကိုယ်ကို ချမ်းသာစေ၏၊ ပြည့်ဖြိုးစေ၏ ဟူသော ဤဒုတိယအကြောင်းဖြင့် အချီးမွမ်းခံရ၏၊ ဝေခြမ်း (စွန့်ကြဲ) ၏၊ ကောင်းမှုတို့ကို ပြု၏ ဟူသော ဤတတိယအကြောင်းဖြင့်အချီး မွမ်းခံရ၏။ အဘယ်တစ်ပါးသော အကြောင်းဖြင့် အကဲ့ရဲ့ခံရသနည်း၊ အနိုင်အထက်ပြုလုပ်၍ စည်းစိမ်ဥစ္စာ တို့ကို မတရားရှာမှီး၏ ဟူသော ဤတစ်ပါးသော အကြောင်းဖြင့် အကဲ့ရဲ့ခံရ၏။ ရွာသူကြီး ဤကာမဂုဏ် ခံစားသူသည် ဤသုံးပါးသော အကြောင်းတို့ဖြင့် အချီးမွမ်းခံရ၏၊ ဤတစ်ပါးသောအကြောင်းဖြင့် အကဲ့ရဲ့ ခံရ၏။ (၆)

ရွာသူကြီး ထိုပုဂ္ဂိုလ်တို့တွင် အကြင်ကာမဂုဏ်ခံစားသူသည် အနိုင်အထက် မပြုလုပ်ဘဲ စည်းစိမ်ဥစ္စာတို့ကို တရားသဖြင့် ရှာမှီး၏၊ အနိုင်အထက် မပြုလုပ်ဘဲ စည်းစိမ်ဥစ္စာတို့ကို တရားသဖြင့် ရှာမှီး၍ မိမိကိုယ်ကို မချမ်းသာစေ၊ မပြည့်ဖြိုးစေ၊ မဝေခြမ်း (မစွန့်ကြဲ)၊ ကောင်းမှုတို့ကို မပြု။ ရွာသူကြီး ဤကာမဂုဏ်ခံစားသူသည် တစ်ပါးသော အကြောင်းဖြင့် အချီးမွမ်းခံရ၏၊ နှစ်ပါးသော အကြောင်းတို့ဖြင့် အကဲ့ရဲ့ခံရ၏။ အဘယ်တစ်ပါးသော အကြောင်းဖြင့် အချီးမွမ်းခံရသနည်း၊ အနိုင်အထက် မပြုလုပ်ဘဲ စည်းစိမ်ဥစ္စာတို့ကို တရားသဖြင့် ရှာမှီး၏ဟူသော ဤတစ်ပါးသော အကြောင်းဖြင့် အချီးမွမ်းခံရ၏။ အဘယ်နှစ်ပါးသော အကြောင်းတို့ဖြင့် အကဲ့ရဲ့ခံရသနည်း၊ မိမိကိုယ်ကို မချမ်းသာစေ၊ မပြည့်ဖြိုးစေ ဟူသော ဤပဌမအကြောင်းဖြင့် အကဲ့ရဲ့ခံရ၏၊ မဝေခြမ်း (မစွန့်ကြဲ)၊ ကောင်းမှုတို့ကို မပြုဟူသော ဤဒုတိယအကြောင်းဖြင့် အကဲ့ရဲ့ခံရ၏။ ရွာသူကြီး ဤကာမဂုဏ်ခံစားသူသည် ဤတစ်ပါးသောအကြောင်းဖြင့် အချီးမွမ်းခံရ၏၊ ဤနှစ်ပါးသော အကြောင်းတို့ဖြင့် အကဲ့ရဲ့ခံရ၏။ (၇)

ရွာသူကြီး ထိုပုဂ္ဂိုလ်တို့တွင် အကြင်ကာမဂုဏ်ခံစားသူသည် အနိုင်အထက် မပြုလုပ်ဘဲ စည်းစိမ်ဥစ္စာတို့ကို တရားသဖြင့် ရှာမှီး၏၊ အနိုင်အထက် မပြုလုပ်ဘဲ စည်းစိမ်ဥစ္စာတို့ကို တရားသဖြင့် ရှာမှီး၍ မိမိကိုယ်ကို မချမ်းသာစေ၊ မပြည့်ဖြိုးစေ၊ မဝေခြမ်း (မစွန့်ကြဲ)၊ ကောင်းမှုတို့ကို မပြု။ ရွာသူကြီး ဤကာမဂုဏ်ခံစားသူသည် နှစ်ပါးသော အကြောင်းတို့ဖြင့် အချီးမွမ်းခံရ၏၊ တစ်ပါးသော အကြောင်းဖြင့် အကဲ့ရဲ့ခံရ၏။ အဘယ်နှစ်ပါးသော အကြောင်းတို့ဖြင့် အချီးမွမ်းခံရသနည်း၊ အနိုင်အထက် မပြုလုပ်ဘဲ စည်းစိမ်ဥစ္စာတို့ကို တရားသဖြင့် ရှာမှီး၏ ဟူသော ဤပဌမအကြောင်းဖြင့် အချီးမွမ်းခံရ၏၊ မိမိကိုယ်ကို ချမ်းသာစေ၏၊ ပြည့်ဖြိုးစေ၏ ဟူသော ဤဒုတိယအကြောင်းဖြင့် အချီးမွမ်းခံရ၏။ အဘယ်တစ်ခုသောအကြောင်းဖြင့် အကဲ့ရဲ့ခံရသနည်း၊ မဝေခြမ်း (မစွန့်ကြဲ)၊ ကောင်းမှုတို့ကို မပြုဟူသော ဤတစ်ပါးသောအကြောင်းဖြင့် အကဲ့ရဲ့ခံရ၏။ ရွာသူကြီး ဤကာမဂုဏ်ခံစားသူသည် ဤနှစ်ပါးသော အကြောင်းတို့ဖြင့်အချီးမွမ်းခံရ၏၊ ဤတစ်ပါးသော အကြောင်းဖြင့် အကဲ့ရဲ့ခံရ၏။ (၈)

ရွာသူကြီး ထိုပုဂ္ဂိုလ်တို့တွင် အကြင်ကာမဂုဏ်ခံစားသူသည် အနိုင်အထက် မပြုလုပ်ဘဲ စည်းစိမ်ဥစ္စာတို့ကို တရားသဖြင့် ရှာမှီး၏၊ အနိုင်အထက် မပြုလုပ်ဘဲ စည်းစိမ်ဥစ္စာတို့ကို တရားသဖြင့် ရှာမှီး၍ မိမိကိုယ်ကို ချမ်းသာစေ၏၊ ပြည့်ဖြိုးစေ၏၊ ဝေခြမ်း (စွန့်ကြဲ) ၏၊ ကောင်းမှုတို့ကို ပြု၏၊ စည်းစိမ်ဥစ္စာတို့ကိုလည်း မက်မော တွေဝေ စွဲလမ်းလျက် အပြစ် မမြင်ဘဲ ထွက်မြောက်လိုသော ဉာဏ် မရှိမူ၍ သုံးဆောင်၏။ ဤကာမဂုဏ်ခံစားသူသည် ဤသုံးပါးသော အကြောင်းတို့ဖြင့် အချီးမွမ်းခံရ၏၊ တစ်ပါးသော အကြောင်းဖြင့် အကဲ့ရဲ့ခံရ၏။ အဘယ်သုံးပါးသော အကြောင်းတို့ဖြင့် အချီးမွမ်းခံရသနည်း၊ အနိုင့်အထက် မပြုလုပ်ဘဲ စည်းစိမ်ဥစ္စာတို့ကို တရားသဖြင့် ရှာမှီး၏ဟူသော ဤပဌမအကြောင်းဖြင့် အချီးမွမ်းခံရ၏၊ မိမိကိုယ်ကို ချမ်းသာစေ၏၊ ပြည့်ဖြိုးစေ၏ ဟူသော ဤဒုတိယအကြောင်းဖြင့် အချီးမွမ်းခံရ၏၊ ဝေခြမ်း (စွန့်ကြဲ) ၏၊ ကောင်းမှုတို့ကို ပြု၏ ဟူသော ဤတတိယအကြောင်းဖြင့် အချီးမွမ်းခံရ၏။ အဘယ်တစ်ပါးသော အကြောင်းဖြင့် အကဲ့ရဲ့ခံရသနည်း၊ ထိုစည်းစိမ်ဥစ္စာတို့ကိုလည်း မက်မော တွေဝေ စွဲလမ်းကာ အပြစ် မမြင်ဘဲ ထွက်မြောက်လိုသော ဉာဏ် မရှိမူ၍ သုံးဆောင်၏ ဟူသော တစ်ပါးသောအကြောင်း ဖြင့် အကဲ့ရဲ့ခံရ၏။ ရွာသူကြီး ဤကာမဂုဏ်ခံစားသူသည် ဤသုံးပါးသော အကြောင်းတို့ဖြင့်အချီးမွမ်း ခံရ၏၊ တစ်ပါးသော အကြောင်းဖြင့် အကဲ့ရဲ့ခံရ၏။ (၉)

--

ရွာသူကြီး ထိုပုဂ္ဂိုလ်တို့တွင် အကြင်ကာမဂုဏ်ခံစားသူသည် အနိုင်အထက် မပြုလုပ်ဘဲ စည်းစိမ်ဥစ္စာတို့ကို တရားသဖြင့် ရှာမှီး၏၊ အနိုင်အထက် မပြုလုပ်ဘဲ စည်းစိမ်ဥစ္စာတို့ကို တရားသဖြင့် ရှာမှီး၍ မိမိကိုယ်ကို ချမ်းသာစေ၏၊ ပြည့်ဖြိုးစေ၏၊ ဝေခြမ်း (စွန့်ကြဲ) ၏၊ ကောင်းမှုတို့ကို ပြု၏၊ ထိုစည်းစိမ်ဥစ္စာတို့ကိုလည်း မမက်မော မတွေဝေ မစွဲလမ်းဘဲ အပြစ်မြင်လျက် ထွက်မြောက်လိုသော ဉာဏ်ရှိသည်ဖြစ်၍ သုံးဆောင်၏။ ဤကာမဂုဏ်ခံစားသူသည် ဤလေးပါးသော အကြောင်းတို့ဖြင့် အချီးမွမ်းခံရ၏။

အဘယ်လေးပါးသော အကြောင်းတို့ဖြင့် အချီးမွမ်းခံရသနည်း၊ အနိုင်အထက် မပြုလုပ်ဘဲ စည်းစိမ်ဥစ္စာတို့ကို တရားသဖြင့် ရှာမှီး၏ ဟူသော ဤပဌမအကြောင်းဖြင့် အချီးမွမ်းခံရ၏၊ မိမိကိုယ်ကို ချမ်းသာစေ၏၊ ပြည့်ဖြိုးစေ၏ ဟူသော ဤဒုတိယအကြောင်းဖြင့် အချီးမွမ်းခံရ၏၊ ဝေခြမ်း (စွန့်ကြဲ) ၏၊ ကောင်းမှုတို့ကိုပြု၏ဟူသော ဤတတိယအကြောင်းဖြင့် အချီးမွမ်းခံရ၏၊ ထိုစည်းစိမ်ဥစ္စာတို့ကိုလည်း မမက်မောမတွေဝေ မစွဲလမ်းဘဲ အပြစ်မြင်လျက် ထွက်မြောက်လိုသော ဉာဏ်ရှိသည်ဖြစ်၍ သုံးဆောင်၏ ဟူသော ဤစတုတ္ထ အကြောင်းဖြင့် အချီးမွမ်းခံရ၏။ ရွာသူကြီး ဤကာမဂုဏ်ခံစားသူသည် ဤလေးပါးသောအကြောင်းတို့ဖြင့် အချီးမွမ်းခံရ၏။ (၁၀)

ရွာသူကြီး ပြင်းထန်သော အကျင့်၌ မှီ၍ ခေါင်းပါးသော အသက်မွေးမှုရှိသော ဤသုံးယောက်သောသူတို့သည် လောက၌ ထင်ရှားရှိကုန်၏။ အဘယ်သုံးယောက်တို့နည်း၊ ရွာသူကြီး ဤလောက၌ ပြင်းထန်သော အကျင့်၌ မှီ၍ ခေါင်းပါးသော အသက်မွေးမှုရှိသော အချို့သော သူသည် “ကုသိုလ်တရားတို့ကိုရတန်ရာ၏၊ လူတို့၏ တရားထက် လွန်သော အရိယာတို့၏ ဉာဏ်အမြင်ထူးကို မျက်မှောက်ပြုနိုင်တန်ရာ၏” ဟူသော ယုံကြည်ချက်ဖြင့် လူ့ဘောင်မှ ထွက်၍ ရဟန်းဘောင်၌ ဝင်ရောက် ရဟန်းပြု၏၊ ထိုသူသည် မိမိကိုယ်ကို ပူပန်စေ၏၊ ပြင်းစွာ ပူပန်စေ၏၊ ကုသိုလ်တရားကိုလည်း မရ၊ လူတို့၏ တရားထက်လွန်သော အရိယာတို့၏ ဉာဏ်အမြင်ထူးကို မျက်မှောက် မပြုနိုင်။ (၁)

ရွာသူကြီး နောက်တစ်မျိုးကား ဤလောက၌ ပြင်းထန်သော အကျင့်၌ မှီ၍ ခေါင်းပါးသော အသက်မွေးမှုရှိသော အချို့သော သူသည် “ကုသိုလ်တရားတို့ကို ရတန်ရာ၏၊ လူတို့၏ တရားထက် လွန်သောအရိယာတို့၏ ဉာဏ်အမြင်ထူးကို မျက်မှောက်ပြုနိုင်တန်ရာ၏” ဟူသော ယုံကြည်ချက်ဖြင့် လူ့ဘောင်မှထွက်၍ ရဟန်းဘောင်၌ ဝင်ရောက် ရဟန်းပြု၏၊ ထိုသူသည် မိမိကိုယ်ကို ပူပန်စေ၏၊ ပြင်းစွာ ပူပန်စေ၏၊ ကုသိုလ်တရားကိုသာ ရ၏၊ လူတို့၏ တရားထက် လွန်သော အရိယာတို့၏ ဉာဏ်အမြင်ထူးကိုကားမျက်မှောက် မပြုနိုင်။ (၂)

ရွာသူကြီး နောက်တစ်မျိုးကား ဤလောက၌ ပြင်းထန်သော အကျင့်၌ မှီ၍ ခေါင်းပါးသော အသက်မွေးမှုရှိသော အချို့သော သူသည် “ကုသိုလ်တရားတို့ကို ရတန်ရာ၏၊ လူတို့၏ တရားထက် လွန်သောအရိယာတို့၏ ဉာဏ်အမြင်ထူးကို မျက်မှောက်ပြုနိုင်တန်ရာ၏” ဟူသော ယုံကြည်ချက်ဖြင့် လူ့ဘောင်မှထွက်၍ ရဟန်းဘောင်၌ ဝင်ရောက် ရဟန်းပြု၏။ ထိုသူသည် မိမိကိုယ်ကို ပူပန်စေ၏၊ ပြင်းစွာ ပူပန်စေ၏၊ ကုသိုလ်တရားတို့ကိုလည်း ရ၏၊ လူတို့၏ တရားထက် လွန်သော အရိယာတို့၏ ဉာဏ်အမြင်ထူးကိုမျက်မှောက်ပြုနိုင်၏။ (၃)

--

ရွာသူကြီး ထိုသုံးယောက်တို့တွင် ပြင်းထန်သော အကျင့်၌ မှီ၍ ခေါင်းပါးသော အသက်မွေးမှု ရှိသောအကြင်သူသည် မိမိကိုယ်ကို ပူပန်စေ၏၊ ပြင်းစွာ ပူပန်စေ၏၊ ကုသိုလ်တရားကိုလည်း မရ၊ လူတို့၏တရားထက် လွန်သော အရိယာတို့၏ ဉာဏ်အမြင်ထူးကိုလည်း မျက်မှောက် မပြုနိုင်။ ရွာသူကြီးပြင်းထန်သော အကျင့်၌ မှီ၍ ခေါင်းပါးသော အသက်မွေးမှုရှိသော ဤသူသည် သုံးပါးသော အကြောင်းတို့ဖြင့် အကဲ့ရဲ့ခံရ၏။ အဘယ်သုံးပါးသော အကြောင်းတို့ဖြင့် အကဲ့ရဲ့ခံရသနည်း၊ မိမိကိုယ်ကိုပူပန်စေ၏၊ ပြင်းစွာ ပူပန်စေ၏ ဟူသော ဤပဌမအကြောင်းဖြင့် အကဲ့ရဲ့ခံရ၏၊ ကုသိုလ်တရားကိုလည်းမရဟူသော ဤဒုတိယအကြောင်းဖြင့် အကဲ့ရဲ့ခံရ၏၊ လူတို့၏ တရားထက် လွန်သော အရိယာတို့၏ဉာဏ်အမြင်ထူးကိုလည်း မျက်မှောက်မပြုနိုင်ဟူသော ဤတတိယအကြောင်းဖြင့် အကဲ့ရဲ့ခံရ၏။

ရွာသူကြီး ပြင်းထန်သော အကျင့်၌ မှီ၍ ခေါင်းပါးသော အသက်မွေးမှုရှိသော ဤသူသည် ဤသုံးပါးသောအကြောင်းတို့ဖြင့် အကဲ့ရဲ့ ခံရ၏။ (၁)

ရွာသူကြီး ထိုသုံးယောက်တို့တွင် ပြင်းထန်သော အကျင့်၌ မှီ၍ ခေါင်းပါးသော အသက်မွေးမှုရှိ သောအကြင်သူသည် မိမိကိုယ်ကို ပူပန်စေ၏၊ ပြင်းစွာ ပူပန်စေ၏၊ ကုသိုလ်တရားကိုသာ ရ၏၊ လူတို့၏တရားထက် လွန်သော အရိယာတို့၏ ဉာဏ်အမြင်ထူးကိုကား မျက်မှောက်မပြုနိုင်။ ပြင်းထန်သောအကျင့် ၌ မှီ၍ ခေါင်းပါးသော အသက်မွေးမှုရှိသော ဤသူသည် နှစ်ပါးသော အကြောင်းတို့ဖြင့်အကဲ့ရဲ့ခံရ၏။ အဘယ်နှစ်ပါးသော အကြောင်းတို့ဖြင့် အကဲ့ရဲ့ခံရသနည်း၊ မိမိကိုယ်ကို ပူပန်စေ၏၊ ပြင်းစွာပူပန်စေ၏ဟူ သော ဤပဌမအကြောင်းဖြင့် အကဲ့ရဲ့ခံရ၏၊ လူတို့၏ တရားထက် လွန်သော အရိယာတို့၏ဉာဏ်အမြင် ထူးကိုကား မျက်မှောက်မပြုနိုင်ဟူသော ဤဒုတိယအကြောင်းဖြင့် အကဲ့ရဲ့ခံရ၏။

အဘယ်တစ်ပါးသော အကြောင်းဖြင့် အချီးမွမ်းခံရသနည်း။ ကုသိုလ်တရားကိုသာ ရ၏ဟူသော ဤတစ်ပါးသော အကြောင်းဖြင့် အချီးမွမ်းခံရ၏။ ရွာသူကြီး ပြင်းထန်သော အကျင့်၌ မှီ၍ ခေါင်းပါးသောအသက်မွေးမှုရှိသော ဤသူသည် နှစ်ပါးသော အကြောင်းတို့ဖြင့် အကဲ့ရဲ့ခံရ၏၊ ဤတစ်ပါးသောအကြောင်းဖြင့် အချီးမွမ်းခံရ၏။ (၂)

ရွာသူကြီး ထိုသုံးယောက်တို့တွင် ပြင်းထန်သော အကျင့်၌ မှီ၍ ခေါင်းပါးသော အသက်မွေးမှုရှိ သောအကြင်သူသည် မိမိကိုယ်ကို ပူပန်စေ၏၊ ပြင်းစွာ ပူပန်စေ၏၊ ကုသိုလ်တရားကိုလည်း ရ၏၊ လူတို့၏တရားထက် လွန်သော အရိယာတို့၏ ဉာဏ်အမြင်ထူးကိုလည်း မျက်မှောက်ပြုနိုင်၏။ ဤပြင်းထန်သောအကျင့်၌ မှီ၍ ခေါင်းပါးသော အသက်မွေးမှုရှိသော ဤသူသည် တစ်ပါးသော အကြောင်းဖြင့်အကဲ့ရဲ့ခံရ၏၊ နှစ်ပါးသော အကြောင်းတို့ဖြင့် အချီးမွမ်းခံရ၏။ အဘယ်တစ်ပါးသော အကြောင်းဖြင့်အကဲ့ရဲ့ခံရသနည်း၊ မိမိကိုယ်ကို ပူပန်စေ၏၊ ပြင်းစွာ ပူပန်စေ၏ ဟူသော ဤတစ်ပါးအကြောင်းဖြင့်အကဲ့ရဲ့ခံရ၏။ အဘယ်နှစ် ပါးသော အကြောင်းတို့ဖြင့် အချီးမွမ်းခံရသနည်း၊ ကုသိုလ်တရားကိုလည်းရ၏ဟူသော ဤပဌမအကြောင်း ဖြင့် အချီးမွမ်းခံရ၏၊ လူတို့၏ တရားထက်လွန်သော အရိယာတို့၏ဉာဏ်အမြင်ထူးကိုလည်း မျက်မှောက် ပြုနိုင်၏ဟူသော ဤဒုတိယအကြောင်းဖြင့် အချီးမွမ်းခံရ၏။

ရွာသူကြီး ပြင်းထန်သော အကျင့်၌ မှီ၍ ခေါင်း ပါးသော အသက်မွေးမှုရှိသော ဤသူသည် ဤတစ်ပါးသော အကြောင်းဖြင့် အကဲ့ရဲ့ခံရ၏၊ နှစ်ပါးသော အကြောင်းတို့ဖြင့် အချီးမွမ်းခံရ၏။ (၃)

ရွာသူကြီးကိုယ်တိုင် သိမြင်နိုင်သော အခါမလင့် အကျိုးပေးနိုင်သော လာလှည့် ရှုလှည့်ဟု ပြထိုက်သော မိမိ၏ကိုယ်ထဲစိတ်ထဲ၌ ဆောင်ယူထားထိုက်သော (အရိယာ) ပညာရှိတို့သာကိုယ်စီကိုယ်င သိနိုင်ခံစားနိုင်သော ကိလေသာပယ်ဖျက်မှုတို့သည် ဤသုံးမျိုးတို့တည်း။ အဘယ်သုံးမျိုးတို့နည်း၊

တပ်မက်သော သူသည် တပ်မက်ခြင်းအကြောင်းကြောင့် မိမိပျက်စီးအောင်လည်း အားထုတ်၏၊ သူတစ်ပါးပျက်စီးအောင်လည်း အားထုတ်၏၊ နှစ်ဦးလုံးပျက်စီးအောင်လည်း အားထုတ်၏။ တပ်မက်မှုကိုပယ်ပြီးသော် မိမိပျက်စီးအောင် အားမထုတ်၊ သူတစ်ပါးပျက်စီးအောင် အားမထုတ်၊ နှစ်ဦးလုံးပျက်စီး့အောင် အားမထုတ်။ ဤသည်ကားကိုယ်တိုင် သိမြင်နိုင်သော အခါမလင့် အကျိုးပေးနိုင်သော လာလှည့်ရှုလှည့်ဟု ပြထိုက်သော မိမိ၏ကိုယ်ထဲစိတ်ထဲ၌ ဆောင်ယူထားထိုက်သော (အရိယာ) ပညာရှိတို့သာကိုယ်စီကိုယ်င သိနိုင်ခံစားနိုင်သော ကိလေသာပယ်ဖျက်မှုတရားတည်း။

--

အမျက်ထွက်သော သူသည် အမျက်ထွက်ခြင်းအကြောင်းကြောင့် မိမိပျက်စီးအောင်လည်း အားထုတ်၏၊ သူတစ်ပါး ပျက်စီးအောင်လည်း အားထုတ်၏၊ နှစ်ဦးလုံးပျက်စီးအောင်လည်း အားထုတ်၏။ အမျက်ဒေါသကို ပယ်ပြီးသော် မိမိပျက်စီးအောင်လည်း အားမထုတ်၊ သူတစ်ပါးပျက်စီးအောင်လည်း အားမထုတ်၊ နှစ်ဦးလုံးပျက်စီးအောင်လည်း အားမထုတ်။ ဤသည်ကားကိုယ်တိုင် သိမြင်နိုင်သော အခါမလင့် အကျိုးပေးနိုင်သော လာလှည့် ရှုလှည့်ဟု ပြထိုက်သော မိမိ၏ကိုယ်ထဲစိတ်ထဲ၌ ဆောင်ယူထားထိုက်သော (အရိယာ) ပညာရှိတို့သာကိုယ်စီကိုယ်င သိနိုင်ခံစားနိုင်သော ကိလေသာပယ်ဖျက်မှုတည်း။

တွေဝေသော သူသည် တွေဝေခြင်းအကြောင်းကြောင့် မိမိပျက်စီးအောင်လည်း အားထုတ်၏၊ သူ့တစ်ပါးပျက်စီးအောင်လည်း အားထုတ်၏၊ နှစ်ဦးလုံးပျက်စီးအောင်လည်း အားထုတ်၏။ တွေဝေမှုကို ပယ်ပြီးသော် မိမိပျက်စီးအောင်လည်း အားမထုတ်၊ သူတစ်ပါးပျက်စီးအောင်လည်း အားမထုတ်၊ နှစ်ဦးလုံးပျက်စီးအောင်လည်း အားမထုတ်။ ဤသည်ကား ကိုယ်တိုင် သိမြင်နိုင်သော အခါမလင့် အကျိုးပေးနိုင်သော လာလှည့် ရှုလှည့်ဟု ပြထိုက်သော မိမိ၏ ကိုယ်ထဲစိတ်ထဲ၌ ဆောင်ယူထားထိုက်သော (အရိယာ) ပညာရှိတို့သာ ကိုယ်စီကိုယ်င သိနိုင်ခံစားနိုင်သော ကိလေသာပယ်ဖျက်မှုတည်း။ ရွာသူကြီး ကိုယ်တိုင်သိမြင်နိုင်သော အခါမလင့် အကျိုးပေးနိုင်သော လာလှည့် ရှုလှည့်ဟု ပြထိုက်သော (အရိယာ) ပညာရှိတို့သာ ကိုယ်စီကိုယ်င သိနိုင်ခံစားနိုင်သော ကိလေသာပယ်ဖျက်မှုတို့သည် ဤသည်တို့ပင်တည်း။

ဤသို့ မိန့်တော်မူသော် ရာသိယရွာသူကြီးသည် မြတ်စွာဘုရားအား “အသျှင်ဘုရား (တရားတော်သည်) အလွန်နှစ်သက်ဖွယ်ရှိပါပေစွ။ပ။ မြတ်စွာဘုရားသည် အကျွန်ုပ်ကို ယနေ့မှ စ၍ အသက်ထက်ဆုံးကိုးကွယ်ဆည်းကပ်သော ဥပါသကာဟု မှတ်တော်မူပါ”ဟု လျှောက်၏။

ဒွါဒသမသုတ်။

--

၁၃-ပါဋလိယသုတ်

၃၆၅။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ကောလိယမြို့ ဥတ္တရမည်သော ကောလိယမင်းတို့၏ နိဂုံး၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ ပါဋလိယရွာသူကြီးသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင်ရှိခိုး၍ တစ်ခုသော နေရာ၌ ထိုင်နေလျက် “အသျှင်ဘုရား ရဟန်းဂေါတမသည် လှည့်ပတ်မှု ‘မာယာ ‘ကိုသိ၏ဟူသော ဤစကားကို အကျွန်ုပ် ကြားရဖူးပါ၏၊ အသျှင်ဘုရား ရဟန်းဂေါတမသည် လှည့်ပတ်မှု’ မာယာ ‘ကို သိ၏ဟု ဤသို့ ဆိုကြသူတို့သည် မြတ်စွာဘုရား၏ စကားတော်အတိုင်း ဆိုသည် မည်ကြပါ၏လော၊ မြတ်စွာဘုရားကို မဟုတ်မမှန် စွပ်စွဲရာ မရောက်ပါသလော၊ တရားတော်အား လျော်သောတရားကိုလည်း ပြောဆိုသည် မည်ကြပါ၏လော၊ မြတ်စွာဘုရား၏ ဝါဒသို့ အတုလိုက်၍ ဆိုခြင်းသည်အကြောင်းနှင့် တကွဖြစ်၍ အကဲ့ရဲ့ခံရခြင်းသို့ အနည်းငယ်မျှ မရောက်ဘဲလည်း ရှိပါ၏လော၊ အသျှင်ဘုရား အကျွန်ုပ်တို့သည် မြတ်စွာဘုရားကို မစွပ်စွဲလိုပါကုန်”ဟု လျှောက်၏။

ရွာသူကြီး “ရဟန်းဂေါတမသည် လှည့်ပတ်မှု'မာယာ'ကို သိ၏ ”ဟု ဆိုကြသူတို့သည် ငါ၏ စကားအတိုင်းလည်း ဆိုသည် မည်ကုန်၏၊ ငါ့ကို မဟုတ်မမှန်လည်း စွပ်စွဲသည် မမည်ကုန်၊ တရားတော်အားလျော်သော တရားကိုလည်း ဆိုသည် မည်ကုန်၏၊ မြတ်စွာဘုရား၏ ဝါဒသို့ အတုလိုက်၍ ဆိုခြင်းသည် အကြောင်းနှင့် တကွဖြစ်၍ အကဲ့ရဲ့ခံရခြင်းသို့ အနည်းငယ်မျှလည်း မရောက်။ အချင်းတို့"ရဟန်းဂေါတမသည် လှည့်ပတ်မှု'မာယာ'ကို သိ၏ ”ဟု ဆိုသော ထိုသမဏဗြာဟ္မဏတို့၏ မှန်ကန်သောစကားကို ငါတို့ မယုံမိကုန်၊ အချင်းတို့ “စင်စစ်သော်ကား ရဟန်းဂေါတမသည့်လှည့်ပတ်တတ်သူတည်း”။ ရွာသူကြီး “လှည့်ပတ်မှု'မာယာ'ကို ငါ သိ၏ ”ဟု ပြောဆိုကာမျှဖြင့် “ငါကားလှည့်ပတ်တတ်သူ”ဟု ဆိုသည် မည်ရာ သလော။ ဘုန်းတန်ခိုးကြီးတော်မူသော မြတ်စွာဘုရားထိုစကားသည် ထိုအတိုင်း ဖြစ်ပါ၏၊ ကောင်းသော စကားကို ဆိုတော်မူသော မြတ်စွာဘုရားထိုစကားသည် ထိုအတိုင်း ဖြစ်ပါ၏။ ရွာသူကြီး သို့ဖြစ်လျှင် ဤအရာ၌ သင့်ကိုပင်လျှင် ပြန်၍ မေးအံ့၊ သင် နှစ်သက်သည့်အတိုင်း ဖြေဆိုလော့။

ရွာသူကြီး ထိုအရာကို သင် အဘယ်သို့ မှတ်ထင်သနည်း၊ သင်သည် ကောလိယမင်းတို့၏ လမ္ဗစူဠကမည်သော အမှုထမ်းတို့ကို သိ၏လော။ အသျှင်ဘုရား အကျွန်ုပ်သည် လမ္ဗစူဠကမည်သောအမှုထမ်း တို့ကို သိပါ၏။ ရွာသူကြီး ထိုအရာကို သင် အဘယ်သို့ မှတ်ထင်သနည်း၊ ကောလိယမင်းတို့၏ လမ္ဗစူဠက မည်သော အမှုထမ်းတို့သည် အဘယ်အကျိုးရှိကုန်သနည်း။ အသျှင်ဘုရား လမ္ဗစူဠကမည်သော အမှုထမ်း တို့သည် ကောလိယမင်းတို့အတွက် ခိုးသူတို့ကိုတားမြစ်ရန် ကောလိယမင်းတို့အတွက် တမန်အမှုတို့ကို ဆောင်ရွက်ရန် အကျိုးရှိပါကုန်၏။ ရွာသူကြီးထိုအရာကို သင် အဘယ်သို့ မှတ်ထင်သနည်း၊ သင်သည် ကောလိယမင်းတို့၏ လမ္ဗစူဠကမည်သောအမှုထမ်းတို့ကို သီလရှိသူတို့ဟူ၍လည်းကောင်း၊ သီလ မရှိသူ တို့ဟူ၍လည်းကောင်း သိ၏လော။ အသျှင်ဘုရား ကောလိယမင်းတို့၏ လမ္ဗစူဠကမည်သော အမှုထမ်းတို့သည် လောက၌ သီလမရှိယုတ်ညံ့သော သဘောရှိသူတို့တွင် အပါအဝင် ဖြစ်သည်ဟု သိပါ၏။ ရွာသူကြီး “ပါဋလိယရွာသူကြီးသည်ကောလိယမင်းတို့၏ လမ္ဗစူဠကမည်သော အမှုထမ်းတို့ကို သီလမရှိသူ၊ ယုတ်ညံ့ သော အကျင့်ရှိသူတို့ဟုသိ၏၊ ပါဋလိယရွာသူကြီးသည်လည်း သီလမရှိ၊ ယုတ်ညံ့သော အကျင့်ရှိသူတည်း”ဟု ဤသို့တစ်ဦးတစ်ယောက်က ဆိုပါလျှင် ကောင်းစွာ ဆိုသည် မည်ရာသလော။ အသျှင်ဘုရား မဖြစ် နိုင်ပါ။ ကောလိယမင်းတို့၏ လမ္ဗစူဠကမည်သော အမှုထမ်းတို့ကား တခြား, အကျွန်ုပ်ကား တခြားဖြစ် ပါ၏၊ ကောလိယမင်းတို့၏ လမ္ဗစူဠကမည်သော အမှုထမ်းတို့ကား သဘောတစ်မျိုး ရှိပါကုန်၏၊ အကျွန်ုပ် ကားသဘောတစ်မျိုး ရှိပါ၏။ ရွာသူကြီး “ပါဋလိယရွာသူကြီးသည် ကောလိယမင်းတို့၏ လမ္ဗစူဠကမည် သောအမှုထမ်းတို့ကို သီလမရှိသူ၊ ယုတ်ညံ့သော အကျင့်ရှိသူတို့ဟူ၍ သိ၏၊ ပါဋလိယရွာသူကြီးသည် ကားသီလမရှိသူ ယုတ်ညံ့သော အကျင့်ရှိသူ မဟုတ်”ဟူသော ဤအဖြစ်မျိုးကို သင်သော်မှ ရနိုင်လျှင်"မြတ်စွာဘုရားသည် လှည့်ပတ်မှု ‘မာယာ’ ကိုကား သိ၏၊ မြတ်စွာဘုရားသည် လှည့်ပတ်တတ်သူကား မဟုတ်”ဟု အဘယ့်ကြောင့် မြတ်စွာဘုရားသည် မရနိုင်အံ့နည်း။ ရွာသူကြီး ငါသည်လှည့်ပတ်မှု ‘မာယာ’ ကိုလည်း သိ၏၊ လှည့်ပတ်မှု ‘မာယာ'၏ အကျိုးကိုလည်း သိ၏၊ လှည့်ပတ်သောအကျင့်ကို ကျင့်သော သူသည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းရာမကောင်းသော သူတို့၏ လားရာ ပျက်စီးကျရောက်ရာ ငရဲသို့ ရောက်ရပုံကိုလည်း သိ၏။

--

ရွာသူကြီး ငါသည် အသက်သတ်ခြင်းကိုလည်းကောင်း၊ အသက်သတ်ခြင်း၏ အကျိုးကိုလည်းကောင်းသိ၏။ အသက်သတ်မှုကို ကျင့်သော သူသည်လည်း ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာ ကင်းရာ မကောင်းသော သူတို့၏ လားရာ ပျက်စီးကျရောက်ရာ ငရဲသို့ ရောက်ရပုံကိုလည်းသိ၏။ ရွာသူ ကြီး ငါသည် မပေးသည်ကို ခိုးယူခြင်းကိုလည်းကောင်း၊ မပေးသည်ကို ခိုးယူခြင်း၏အကျိုးကိုလည်း ကောင်း သိ၏။ မပေးသည်ကို ခိုးယူမှုကို ကျင့်သော သူသည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက် ၌ ချမ်းသာကင်းရာ မကောင်းသော သူတို့၏ လားရာ ပျက်စီးကျရောက်ရာငရဲသို့ ရောက်ရပုံကိုလည်း သိ၏။ ရွာသူကြီး ငါသည် ကာမတို့၌ မှားယွင်းစွာ ကျင့်ခြင်းကိုလည်းကောင်း၊ ကာမတို့၌ မှားယွင်းစွာ ကျင့်ခြင်း၏ အကျိုးကိုလည်းကောင်း သိ၏။ ကာမတို့၌ မှားယွင်းစွာ ကျင့်သောသူသည် ခန္ဓာကိုယ်ပျက် စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းရာ မကောင်းသော သူတို့၏လားရာ ပျက်စီးကျရောက်ရာ ငရဲသို့ ရောက်ရပုံကိုလည်း သိ၏။

ရွာသူကြီး ငါသည် မမှန်ပြောခြင်းကိုလည်း သိ၏၊ မမှန်ပြောခြင်း၏ အကျိုးကိုလည်း သိ၏၊ မမှန်ပြောမှုကို ကျင့်သော သူသည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းရာ မကောင်းသော သူတို့၏ လားရာ ပျက်စီးကျရောက်ရာ ငရဲသို့ ရောက်ရပုံကိုလည်း သိ၏။ ရွာသူကြီး ငါသည်ကုန်းစကားကိုလည်း သိ၏၊ ကုန်းစကား၏ အကျိုးကိုလည်း သိ၏၊ ကုန်းစကား ပြောမှုကို ကျင့်သောသူသည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းရာ မကောင်းသော သူတို့၏ လားရာပျက်စီးကျရောက်ရာ ငရဲသို့ ရောက်ရပုံကိုလည်း သိ၏။ ရွာသူကြီး ငါသည် ကြမ်းတမ်းသော စကားကိုလည်း သိ၏၊ ကြမ်းတမ်းသော စကား၏ အကျိုးကိုလည်း သိ၏၊ ကြမ်းတမ်းသော စကားပြောမှုကို ကျင့်သော သူသည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းရာ မကောင်းသော သူတို့၏လားရာ ပျက်စီးကျရောက်ရာ ငရဲသို့ ရောက်ရပုံကိုလည်း သိ၏။ ရွာသူကြီး ငါသည် ပြိန်ဖျင်းသော စကားကိုလည်း သိ၏၊ ပြိန်ဖျင်းသော စကား၏ အကျိုးကိုလည်း သိ၏၊ ပြိန်ဖျင်းသော စကားပြောမှုကို ကျင့်သော သူသည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းရာ မကောင်းသော သူတို့၏လားရာ ပျက်စီးကျရောက်ရာ ငရဲသို့ ရောက်ရပုံကိုလည်း သိ၏။

ရွာသူကြီး ငါသည် သူ့စည်းစိမ်ကို ရှေးရှုကြံမှုကိုလည်း သိ၏၊ သူ့စည်းစိမ်ကို ရှေးရှုကြံမှု၏အကျိုးကိုလည်း သိ၏၊ သူ့စည်းစိမ်ကို ရှေးရှုကြံမှုကို ကျင့်သော သူသည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းရာ မကောင်းသော သူတို့၏ လားရာ ပျက်စီးကျရောက်ရာ ငရဲသို့ရောက် ရပုံကိုလည်း သိ၏။ ရွာသူကြီး ငါသည် ဖျက်ဆီးလိုသော အမျက်ဒေါသကိုလည်း သိ၏၊ ဖျက်ဆီးလိုသော အမျက်ဒေါသ၏ အကျိုးကိုလည်း သိ၏၊ ဖျက်ဆီးလိုသော အမျက်ဒေါသရှိသော သူသည်ခန္ဓာကိုယ်ပျက်စီး ၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းရာ မကောင်းသော သူတို့၏ လားရာပျက်စီးကျရောက်ရာ ငရဲ သို့ ရောက်ရပုံကိုလည်း သိ၏။ ရွာသူကြီး ငါသည် မှားသော အယူကိုလည်းသိ၏၊ မှားသော အယူ၏ အကျိုးကိုလည်း သိ၏၊ မှားသော အယူရှိသူသည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာ ကင်းရာ မကောင်းသော သူတို့၏ လားရာ ပျက်စီးကျရောက်ရာငရဲသို့ ရောက်ရပုံကိုလည်း သိ၏။

--

ရွာသူကြီး “အသက်သတ်သူအားလုံးသည် မျက်မှောက်ဘဝ၌ ပင် ကိုယ်ဆင်းရဲ စိတ်ဆင်းရဲကို ခံစား ရ၏၊ မပေးသည်ကို ခိုးယူသူအားလုံးသည် မျက်မှောက်ဘဝ၌ ပင် ကိုယ်ဆင်းရဲ စိတ်ဆင်းရဲကို ခံစားရ၏၊ ကာမတို့၌ မှားယွင်းစွာ ကျင့်သောသူ အားလုံးသည် မျက်မှောက်ဘဝ၌ ပင် ကိုယ်ဆင်းရဲ စိတ်ဆင်းရဲကိုခံစားရ၏၊ မမှန်ပြောသူ အားလုံးသည် မျက်မှောက်ုဘဝ၌ ပင် ကိုယ်ဆင်းရဲ စိတ်ဆင်းရဲကို ခံစားရ၏ ”ဟု ဤသို့ ဝါဒရှိကုန်သော ဤသို့ အယူရှိကုန်သော အချို့သော သမဏဗြာဟ္မဏတို့သည် ရှိကုန်၏။

ရွာသူကြီး သို့သော်လည်း ဤလောက၌ ပန်းပန်ကာ နားတောင်းဆင်ပြီးလျှင် ကောင်းစွာ ရေမိုးချိုးကောင်းစွာ လိမ်းကျံ၍ ဆံမုတ်ဆိတ်ကို ပြုပြင်လျက် မိန်းမတို့နှင့် တကွ ကာမဂုဏ်တို့ဖြင့် မင်းကဲ့သို့မွေ့ လျော် ပျော်ပါးနေသူ အချို့ကို တွေ့မြင်ရ၏။ “အချင်းတို့ ပန်းပန်ကာ နားတောင်းဆင်ပြီးလျှင်ကောင်းစွာ ရေမိုးချိုး ကောင်းစွာ လိမ်းကျံ၍ ဆံမုတ်ဆိတ်ကို ပြုပြင်လျက် မိန်းမတို့နှင့် တကွကာမဂုဏ်တို့ဖြင့် မင်း ကဲ့သို့ မွေ့လျော် ပျော်ပါးနေဘိ၏၊ ဤယောက်ျားကား အဘယ်ကိုပြုခဲ့သနည်း”ဟု ထိုသူ့ကို ပြောဆို မေးမြန်းကြကုန်၏။ “အချင်းတို့ ဤယောက်ျားကား မင်း၏ ရန်သူကိုနှိပ်စက်၍ သတ်ခဲ့၏၊ မင်းသည် အလိုတော်ကျ၍ ထိုသူ့အား ဆုကို ပေးတော်မူ၏၊ ထို့ကြောင့် ဤယောက်ျားသည် ပန်းပန်ကာ နားတောင်း ဆင်လျက် ကောင်းစွာ ရေမိုးချိုး ကောင်းစွာ လိမ်းကျံ၍ ဆံမုတ်ဆိတ်ကို ပြုပြင်လျက် မိန်းမတို့နှင့် တကွ ကာမဂုဏ်တို့ဖြင့် မင်းကဲ့သို့ ပျော်ပါးနေ၏”ဟုထိုသူ့ကို ပြောဆိုကုန်၏။

ရွာသူကြီး ဤလောက၌ ခိုင်ခံ့သော ကြိုးဖြင့် လက်ပြန်မြဲအောင် နှောင်ဖွဲ့လျက် ခေါင်းတုံး တုံး၍့မြည်ဟီးသော ထက်စည်ဖြင့် လမ်းတစ်ခုမှ လမ်းတစ်ခုသို့ လမ်းဆုံတစ်ခုမှ လမ်းဆုံတစ်ခုသို့ ဆောင်ယူ၍ တောင်တံခါးမှ ထုတ်ပြီးလျှင် မြို့၏ တောင်ဘက်၌ ခေါင်းအဖြတ် ခံရသူအချို့ကို တွေ့မြင်ရ၏။

“အချင်းတို့ ခိုင်ခံ့သော ကြိုးဖြင့် လက်ပြန်မြဲအောင် နှောင်ဖွဲ့လျက် ခေါင်းတုံး တုံး၍ မြည်ဟီးသောထက်စည်ဖြင့် လမ်း တစ်ခုမှ လမ်းတစ်ခုသို့ လမ်းဆုံတစ်ခုမှ လမ်းဆုံတစ်ခုသို့ ဆောင်ယူ၍ တောင်တံခါးမှ ထုတ်ပြီးလျှင် မြို့၏ တောင်ဘက်၌ ခေါင်းအဖြတ် ခံရ၏၊ ဤယောက်ျားသည် အဘယ်ကိုပြုခဲ့သနည်း”ဟု ထိုသူ့ကို ပြောဆို ကုန်၏။ “အချင်းတို့ ဤယောက်ျားသည် မင်း၏ ရန်သူတည်း၊ မိန်းမကိုလည်း သတ်ခဲ့၏၊ ယောက်ျားကိုလည်း သတ်ခဲ့၏၊ ထို့ကြောင့် မင်းတို့သည် ထိုသူ့ကို ဖမ်း၍ ဤသို့သဘောရှိသော ညှဉ်းဆဲမှုတို့ကို ပြု စေကုန်၏ ”ဟု ထိုသူ့ကို ပြောဆိုကုန်၏။

ရွာသူကြီး ထိုအရာကို သင် အဘယ်သို့ မှတ်ထင်သနည်း၊ သင်သည် စင်စစ် ဤသို့သဘောရှိသည် ကိုမြင်ဖူး ကြားဖူး၏လော။ အသျှင်ဘုရား အကျွန်ုပ်တို့သည် မြင်လည်း မြင်ဖူးပါ၏၊ ကြားလည်း ကြားဖူးပါ၏၊ ကြားလည်း ကြားရပါလိမ့်မည်။ ရွာသူကြီး ထိုအရာ၌ “အသက်သတ်သူ အားလုံးသည် မျက်မှောက်ဘဝ၌ ပင် ကိုယ်ဆင်းရဲ စိတ်ဆင်းရဲကို ခံစားရ၏”ဟု ဤသို့ ဝါဒရှိသော ဤသို့ အယူရှိသော သမဏဗြာဟ္မဏတို့သည် အမှန်ကို ဆိုကုန်သလော၊ မမှန်ကို ဆိုကုန်သလော။ အသျှင်ဘုရား မမှန်သည်ကို ဆိုပါကုန်၏။ အချည်းနှီး မမှန်သည်ကို ဆိုသူတို့သည် သီလရှိသူတို့လော၊ သီလမရှိသူတို့လော။ အသျှင်ဘုရားသီလမရှိသူတို့ပါတည်း။ သီလမရှိသူ ယုတ်ညံ့သော အကျင့်ရှိသူတို့သည် မှားယွင်းစွာ ကျင့်သူတို့လော၊ မှန်ကန်စွာ ကျင့်သူတို့လော။ အသျှင်ဘုရား မှားယွင်းစွာ ကျင့်သူတို့ပါတည်။ မှားယွင်းစွာ ကျင့်သူတို့သည်မှားသော အယူရှိသူတို့လော၊ မှန်သော အယူရှိသူတို့လော။ အသျှင်ဘုရား မှားသော အယူရှိသူတို့ပါတည်း။ မှားသော အယူရှိသူတို့၌ ကြည်ညိုရန် လျော်ကန်ပါမည်လော။ အသျှင်ဘုရား မလျော်ကန်ပါ။ (၁)

--

ရွာသူကြီး တစ်မျိုးသော်ကား ဤလောက၌ ပန်းပန်ကာ နားတောင်းဆင်လျက်။ပ။ မိန်းမတို့နှင့် တကွကာမဂုဏ်တို့ဖြင့် မင်းကဲ့သို့ မွေ့လျော်ပျော်ပါးနေသူ အချို့ကို မြင်ရ၏။ “ အချင်းတို့ ဤယောက်ျားသည် အဘယ်ကို ပြုခဲ့သနည်း၊ ပန်းပန်ကာ နားတောင်းဆင်လျက်။ပ။ မိန်းမတို့နှင့် တကွ ကာမဂုဏ်တို့ဖြင့် မင်းကဲ့သို့ မွေ့လျော်ပျော်ပါးနေဘိ၏”ဟု ထိုသူ့ကို ပြောဆိုကုန်၏။ “အချင်းတို့ ဤယောက်ျားသည် မင်း၏ ရန်သူကို နှိပ်စက်၍ ရတနာကို ဆောင်ယူ၏၊ မင်းသည် အလိုတော်ကျ၍ ထိုသူ့အားဆုပေး တော်မူ၏၊ ထို့ကြောင့် ဤယောက်ျားသည် ပန်းပန်ကာ နားတောင်းဆင်လျက်။ပ။ မိန်းမတို့နှင့်တကွ ကာမဂုဏ်တို့ဖြင့် မင်းကဲ့သို့ မွေ့လျော်ပျော်ပါးနေ၏ ”ဟု ထိုသူ့ကို ပြောဆိုကုန်၏။

ရွာသူကြီး ဤလောက၌ ခိုင်ခံ့သော ကြိုးဖြင့်။ပ။ မြို့၏ တောင်ဘက်၌ ခေါင်းအဖြတ် ခံရသူ အချို့ကိုမြင်ရ၏။ “အချင်းတို့ ဤယောက်ျားသည် အဘယ်ကို ပြုခဲ့သနည်း၊ ခိုင်ခံ့သော ကြိုးဖြင့်။ပ။ မြို့၏တောင် ဘက်၌ ခေါင်းအဖြတ် ခံရ၏”ဟု ထိုသူ့ကို ပြောဆိုကုန်၏။ “အချင်းတို့ ဤယောက်ျားသည်ရွာမှလည်း ကောင်း၊ တောမှလည်းကောင်း မပေးသည်ကို ခိုးလိုစိတ်ဖြင့် ခိုးယူ၏။ ထို့ကြောင့်မင်းတို့သည် ထိုသူ့ကို ဖမ်း၍ ဤသို့သဘောရှိသော ညှဉ်းဆဲမှုတို့ကို ပြုကုန်၏”ဟု ထိုသူ့ကိုပြောဆိုကုန်၏။ ရွာသူကြီး ထိုအရာ ကို သင် အဘယ်သို့ မှတ်ထင်သနည်း၊ သင်သည် စင်စစ် ဤသို့သဘောရှိသော သူကို မြင်ဖူး ကြားဖူး၏လော။ အသျှင်ဘုရား အကျွန်ုပ်တို့သည် မြင်လည်းမြင်ဖူးပါ၏၊ ကြားလည်း ကြားဖူးပါ၏၊ ကြားလည်း ကြားရပါလိမ့်မည်။ ရွာသူကြီး ထိုအရာ၌ “မပေးသည်ကို ခိုးယူသူ အားလုံးသည် မျက်မှောက်ဘဝ၌ ပင် ကိုယ်ဆင်းရဲ စိတ်ဆင်းရဲ ခံစားရ၏”ဟု ဤသို့ ဝါဒရှိသော ဤသို့ အယူရှိသော သမဏဗြာဟ္မဏတို့သည် အမှန်ကို ဆိုကုန်သလော၊ မမှန်ကိုဆိုကုန်သလော။ပ။ ထိုသူတို့၌ ကြည်ညိုရန် လျော်ကန်ပါမည်လော။ အသျှင်ဘုရား မလျော်ကန်ပါ။ (၂)

ရွာသူကြီး နောက်တစ်မျိုးသော်ကား ဤလောက၌ ပန်းပန်ကာ နားတောင်းဆင်လျက်။ပ။ မိန်းမ တို့နှင့်တကွ ကာမဂုဏ်တို့ဖြင့် မင်းကဲ့သို့ မွေ့လျော်ပျော်ပါးနေသူ အချို့ကို မြင်ရ၏။ “အချင်းတို့ ဤ့ယောက်ျားသည် အဘယ်ကို ပြုခဲ့သနည်း၊ ပန်းပန်ကာ နားတောင်းဆင်လျက်။ပ။ မိန်းမတို့နှင့် တကွကာမဂုဏ်တို့ဖြင့် မင်းကဲ့သို့ မွေ့လျော်ပျော်ပါးနေဘိ၏”ဟု ထိုသူ့ကို ပြောဆိုကုန်၏။ “အချင်းတို့ ဤယောက်ျားသည် ဘုရင့်ရန်သူ၏ မယားတို့၌ လွန်ကျူး၍ ကျင့်ခြင်းသို့ ရောက်ခဲ့၏၊ မင်းသည် အလိုတော်ကျ၍ ထိုသူအား ဆုပေးတော်မူ၏။ ထို့ကြောင့် ဤယောက်ျားသည် ပန်းပန်ကာ နားတောင်းဆင်လျက်။ပ။ မိန်းမတို့နှင့် တကွ ကာမဂုဏ်တို့ဖြင့် မင်းကဲ့သို့ မွေ့လျော်ပျော်ပါး၏”ဟု ထိုသူ့ကို ပြောဆိုကုန်၏။

ရွာသူကြီး ဤလောက၌ ခိုင်ခံ့သော ကြိုးဖြင့်။ပ။ မြို့၏ တောင်ဘက်၌ ခေါင်းအဖြတ် ခံရသူ အချို့ကိုမြင်ရ၏။ “အချင်းတို့ ဤယောက်ျားသည် အဘယ်ကို ပြုခဲ့သနည်း၊ ခိုင်ခံ့သော ကြိုးဖြင့်။ပ။ မြို့၏တောင် ဘက်၌ ခေါင်းအဖြတ် ခံရ၏”ဟု ဤသို့ ထိုသူ့ကို ပြောဆိုကုန်၏။ “အချင်းတို့ ဤယောက်ျားသည် အမျိုး ကောင်းမိန်းမအို အမျိုးကောင်းမိန်းမပျိုတို့၌ လွန်ကျူး၍ ကျင့်ခြင်းသို့ရောက်ခဲ့၏၊ ထို့ကြောင့် မင်းတို့သည် ထိုသူကို ဖမ်း၍ ဤသို့သဘောရှိသော ညှဉ်းဆဲမှုကိုပြုကုန်၏ ”ဟု ထိုသူ့ကို ပြောဆိုကုန်၏။ ရွာသူကြီး ထိုအရာကို သင်အဘယ်သို့ မှတ်ထင်သနည်း၊ သင်သည် စင်စစ် ဤသို့သဘောရှိသော သူကို မြင်ဖူး ကြားဖူး၏လော။ အသျှင်ဘုရား အကျွန်ုပ်တို့သည်မြင်လည်း မြင်ဖူးပါ၏၊ ကြားလည်း ကြားဖူး ပါ၏၊ ကြားလည်း ကြားရပါလိမ့်မည်။ ရွာသူကြီးထိုအရာ၌ “ကာမတို့၌ မှားယွင်းစွာ ကျင့်သူ အားလုံးသည် မျက်မှောက်ဘဝ၌ ပင် ကိုယ်ဆင်းရဲစိတ်ဆင်းရဲကို ခံစားရ၏”ဟု ဤသို့ ဝါဒရှိသော ဤသို့ အယူရှိသော သမဏဗြာဟ္မဏတို့သည် အမှန်ကိုဆိုကုန်သလော၊ မမှန်ကို ဆိုကုန်သလော။ပ။ ထိုသူတို့၌ ကြည်ညိုရန် လျော်ကန်ပါမည်လော။ အသျှင်ဘုရား မလျော်ကန်ပါ။ (၃)

--

ရွာသူကြီး နောက်တစ်မျိုးသော်ကား ဤလောက၌ ပန်းပန်ကာ နားတောင်းဆင်လျက် ကောင်းစွာရေမိုးချိုး ကောင်းစွာ လိမ်းကျံ၍ ဆံမုတ်ဆိတ်ကို ပြုပြင်ပြီးလျှင် မိန်းမတို့နှင့် တကွ ကာမဂုဏ်တို့ဖြင့်မင်းကဲ့သို့ မွေ့လျော်ပျော်ပါးနေသူ အချို့ကို မြင်ရ၏။ “အချင်းတို့ ပန်းပန်ကာ နားတောင်းဆင်လျက်ကောင်းစွာ ရေမိုးချိုး ကောင်းစွာ လိမ်းကျံ၍ ဆံမုတ်ဆိတ်ကို ပြုပြင်ပြီးလျှင် မိန်းမတို့နှင့် တကွ ကာမဂုဏ်တို့ဖြင့် မင်းကဲ့သို့ မွေ့လျော်ပျော်ပါးနေသော ဤယောက်ျားသည် မမှန်ပြောခြင်းဖြင့် မင်းကို ရွှင်ပြစေ၏၊ မင်းသည် အလိုတော်ကျ၍ ထိုသူ့အား ဆုပေးတော်မူ၏။ ထို့ကြောင့် ဤယောက်ျားသည် ပန်းပန်ကာ နားတောင်းဆင်လျက် ကောင်းစွာ ရေမိုးချိုး ကောင်းစွာ လိမ်းကျံ၍ ဆံမုတ်ဆိတ်ကို ပြုပြင်ပြီးလျှင်မိန်းမတို့နှင့် တကွ ကာမဂုဏ်တို့ဖြင့် မင်းကဲ့သို့ မွေ့လျော်ပျော်ပါးနေ၏ ”ဟု ထိုသူ့ကို ပြောဆိုကုန်၏။

ရွာသူကြီး ဤလောက၌ ခိုင်ခံ့သော ကြိုးဖြင့် လက်ပြန်မြဲအောင် နှောင်ဖွဲ့လျက် ခေါင်းတုံး တုံး၍ မြည်ဟီးသော ထက်စည်ဖြင့် လမ်းတစ်ခုမှ လမ်းတစ်ခုသို့ လမ်းဆုံတစ်ခုမှ လမ်းဆုံတစ်ခုသို့ ဆောင်ယူ၍ တောင်တံခါးမှ ထုတ်ပြီးလျှင် မြို့၏ တောင်ဘက်၌ ခေါင်းအဖြတ် ခံရသူ အချို့ကို မြင်ရ၏။ “အချင်းတို့ခိုင်ခံ့သော ကြိုးဖြင့် လက်ပြန်မြဲအောင် နှောင်ဖွဲ့လျက် ခေါင်းတုံး တုံး၍ မြည်ဟီးသော ထက်စည်ဖြင့်လမ်း တစ်ခုမှ လမ်းတစ်ခုသို့ လမ်းဆုံတစ်ခုမှ လမ်းဆုံတစ်ခုသို့ ဆောင်ယူ၍ တောင်တံခါးမှထုတ်ပြီးလျှင် မြို့၏ တောင်ဘက်၌ ခေါင်းအဖြတ် ခံရ၏၊ ဤယောက်ျားသည် အဘယ်ကိုပြုခဲ့သနည်း”ဟု ထိုသူ့ကို ပြောဆို ကုန်၏။ “အချင်းတို့ ဤယောက်ျားသည် သူကြွယ်ကိုလည်းကောင်း၊ သူကြွယ်သားကိုလည်းကောင်း မမှန် ပြောခြင်းဖြင့် အကျိုးစီးပွားကို ဖျက်စီးခဲ့၏၊ ထို့ကြောင့် မင်းတို့သည်ထိုသူ့ကို ဖမ်း၍ ဤသို့သဘောရှိ သော ညှဉ်းဆဲမှုတို့ကို ပြုစေကုန်၏ ”ဟု ထိုသူ့ကို ပြောဆိုကုန်၏။

ရွာသူကြီး ထိုအရာကို သင် အဘယ်သို့ မှတ်ထင်သနည်း၊ သင်သည် စင်စစ် ဤသို့သဘောရှိသောသူကို မြင်ဖူး ကြားဖူး၏လော။ အသျှင်ဘုရား အကျွန်ုပ်တို့သည် မြင်လည်း မြင်ဖူးပါ၏၊ ကြားလည်းကြား ဖူးပါ၏၊ ကြားလည်း ကြားရပါလိမ့်မည်။ ရွာသူကြီး ထိုအရာ၌ “မမှန်ပြောသူ အားလုံးသည်မျက်မှောက် ဘဝ၌ ပင် ကိုယ်ဆင်းရဲ စိတ်ဆင်းရဲကို ခံစားရ၏”ဟု ဤသို့ ဝါဒရှိသော ဤသို့ အယူရှိသော သမဏ ဗြာဟ္မဏတို့သည် အမှန်ကို ဆိုကုန်သလော၊ မမှန်ကို ဆိုကုန်သလော။ အသျှင်ဘုရား မမှန်ကိုဆိုပါကုန်၏။ အချည်းနှီး မမှန်သည်ကို ဆိုသူတို့သည် သီလရှိသူတို့လော၊ သီလမရှိသူတို့လော။ အသျှင်ဘုရား သီလမရှိသူတို့ပါတည်း။ သီလမရှိ ယုတ်ညံ့သော အကျင့်ရှိသူတို့သည် မှားယွင်းစွာကျင့်သူတို့လော၊ မှန် ကန်စွာ ကျင့်သူတို့လော။ အသျှင်ဘုရား မှားယွင်းစွာ ကျင့်သူတို့ပါတည်း။ မှားယွင်းစွာ ကျင့်သူတို့သည် မှားသော အယူရှိသူတို့လော၊ မှန်သော အယူရှိသူတို့လော။ အသျှင်ဘုရားမှားသော အယူရှိသူတို့ပါ တည်း။ မှားသော အယူရှိသူတို့၌ ကြည်ညိုရန် လျော်ကန်ပါမည်လော။ အသျှင်ဘုရား မလျော်ကန်ပါ။ (၄)

အသျှင်ဘုရား တရားတော်သည် အံ့ဖွယ်ရှိပါပေစွ၊ အသျှင်ဘုရား တရားတော်သည် မဖြစ်ဖူးမြဲ ဖြစ်ပါပေစွ၊ အသျှင်ဘုရား အကျွန်ုပ်အား တည်းခိုရန် အိမ်ရှိပါ၏၊ ထိုတည်းခိုရန် အိမ်၌ ညောင်စောင်းငယ်များရှိပါကုန်၏၊ နေရာများ ရှိပါကုန်၏၊ ရေအိုးကြီး ရှိပါ၏၊ ဆီမီး ရှိပါ၏၊ ထိုတည်းခိုရန် အိမ်၌ နေခြင်းသို့ကပ်ရောက်သော သမဏဗြာဟ္မဏအား အကျွန်ုပ်သည် အစွမ်းရှိသလောက် အားရှိသလောက် ဝေငှခဲ့ပါ၏။

အသျှင်ဘုရား ရှေး၌ ဖြစ်ဖူးသည်ကား အယူတစ်မျိုးရှိကုန်သော အလိုတစ်မျိုးရှိကုန်သော အကြိုက်တစ်မျိုးရှိကုန်သော ဆရာလေးယောက်တို့သည် ထိုတည်းခိုအိမ်၌ နေခြင်းသို့ ကပ်ရောက်ကြပါကုန်၏။

ဆရာတစ်ယောက်ကား ဤသို့ ဝါဒရှိပါ၏၊ ဤသို့ အယူရှိပါ၏၊ “ပေးလှူခြင်းသည် မရှိ၊ ယစ်ပူဇော်ခြင်းသည် မရှိ၊ ဟုံးပူဇော်ခြင်းသည် မရှိ၊ ကောင်းမှု မကောင်းမှုတို့၏ အကျိုးဝိပါက်သည် မရှိ၊ ဤလောကသည် မရှိ၊ တမလွန်လောကသည် မရှိ၊ အမိသည် မရှိ၊ အဖသည် မရှိ၊ သေ၍ တစ်ဖန်ဖြစ်သော သတ္တဝါတို့သည် မရှိကုန်။ ဤလောကကိုလည်းကောင်း၊ တစ်ပါးသော လောကကိုလည်းကောင်း ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုလျက် ဟောကြားနိုင်ကုန်သော ညီညွတ်ကုန်သောကောင်းသော အကျင့် ရှိကုန်သော သမဏဗြာဟ္မဏတို့သည် လောက၌ မရှိကုန်”ဟု အယူရှိပါ၏။

--

ဆရာတစ်ယောက်ကား ဤသို့ ဝါဒရှိပါ၏၊ ဤသို့ အယူရှိပါ၏၊ “ပေးလှူခြင်းသည် ရှိ၏၊ ယစ်ပူဇော်ခြင်းသည် ရှိ၏၊ ဟုံးပူဇော်ခြင်းသည် ရှိ၏၊ ကောင်းမှုမကောင်းမှုတို့၏ အကျိုးဝိပါက်သည် ရှိ၏၊ ဤလောကသည် ရှိ၏၊ တမလွန်လောကသည် ရှိ၏၊ အမိသည် ရှိ၏၊ အဖသည် ရှိ၏၊ သေ၍ တစ်ဖန်ဖြစ်သော သတ္တဝါတို့သည် ရှိကုန်၏။ ဤလောကကိုလည်းကောင်း၊ တစ်ပါးသောလောကကိုလည်းကောင်း ကိုယ်တိုင် ထူးသော ဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုလျက်ဟောကြားနိုင်ကုန်သော ညီညွတ်ကုန်သော ကောင်းသော အကျင့်ရှိကုန်သော သမဏဗြာဟ္မဏတို့သည်လောက၌ ရှိကုန်၏ ”ဟု အယူရှိပါ၏။

ဆရာတစ်ယောက်ကား ဤသို့ ဝါဒရှိပါ၏၊ ဤသို့ အယူရှိပါ၏၊ “ပြုသူ ပြုစေသူ၊ ဖြတ်သူ ဖြတ်စေသူ၊ နှိပ်စက်သူ နှိပ်စက်စေသူ၊ ပူဆွေးအောင် ပြုသူ ပြုစေသူ၊ ပင်ပန်းအောင် ပြုသူ ပြုစေသူ၊ တုန်လှုပ်သူ တုန်လှုပ်စေသူ၊ အသက်ကို သတ်သူ သတ်စေသူ၊ ခိုးယူသူ ခိုးယူစေသူ၊ အိမ်ကို ဖောက်ထွင်းသူဖောက်ထွင်းစေသူ၊ ရွာကို တိုက်ခိုက်လုယူသူ တိုက်ခိုက်လုယူစေသူ၊ တစ်အိမ်တည်းကို တိုက်ခိုက်လုယူသူတိုက်ခိုက်လုယူစေသူ၊ ခရီးလမ်း၌ စောင့်၍ လုယက်သူ လုယက်စေသူ၊ သူ့မယားကို သွားလာသူ သွားလာစေသူ၊ မမှန်စကား ပြောသူ ပြောစေသူများသည် မကောင်းမှုကို ပြုသော်လည်း ပြုသည် မမည်၊ ဤမြေပေါ်ရှိ သတ္တဝါတို့ကို သင်တုန်းသွားစက်ဖြင့် တစ်ခုတည်းသော အသားစုအသားပုံဖြစ်အောင် အကယ်၍ ပြုစေကာမူ ထိုအကြောင်းကြောင့် မကောင်းမှု မရှိ၊ မကောင်းမှုဖြစ်ခြင်း မရှိ။ ဂင်္ဂါမြစ်၏တောင်ဘက်ကမ်း၌ နေသော သူသည်လည်း အသက်ကို သတ်လျက် သတ်စေလျက် ဖြတ်လျက်ဖြတ်စေလျက် နှိပ်စက်လျက် နှိပ်စက်စေလျက် သွားနေစေကာမူ ထို (သတ်ခြင်းစသော) အကြောင်းကြောင့်မကောင်းမှု မရှိ၊ မကောင်းမှု ဖြစ်ခြင်း မရှိ။ ဂင်္ဂါမြစ်၏ မြောက်ဘက်ကမ်း၌ နေသော သူသည် လှူလျက်လှူစေလျက် ပူဇော်လျက် ပူဇော်စေလျက် သွားစေကာမူ ထို (လှူခြင်းစသော) အကြောင်းကြောင့် ကောင်းမှု့မရှိ၊ ကောင်းမှုဖြစ်ခြင်း မရှိ၊ အလှူပေးခြင်း ဣန္ဒြေကို ဆုံးမခြင်း သီလစောင့်စည်းခြင်းအမှန်ဆိုခြင်းတို့ကြောင့် ကောင်းမှု မရှိ၊ ကောင်းမှုဖြစ်ခြင်း မရှိ”ဟု အယူရှိပါ၏။

ဆရာတစ်ယောက်ကား ဤသို့ ဝါဒရှိပါ၏၊ ဤသို့ အယူရှိပါ၏၊ “ပြုသူ ပြုစေသူ၊ ဖြတ်သူ ဖြတ်စေ သူ၊ နှိပ်စက်သူ နှိပ်စက်စေသူ၊ ပူဆွေးအောင် ပြုသူ ပြုစေသူ၊ ပင်ပန်းအောင် ပြုသူ ပြုစေသူ၊ တုန်လှုပ်သူတုန်လှုပ်စေသူ၊ အသက်ကို သတ်သူ သတ်စေသူ၊ ခိုးယူသူ ခိုးယူစေသူ၊ အိမ်ကို ဖောက်ထွင်းသူ ဖောက်ထွင်းစေသူ၊ ရွာကို တိုက်ခိုက်လုယူသူ တိုက်ခိုက်လုယူစေသူ၊ တစ်အိမ်တည်းကို တိုက်ခိုက်လုယူသူတိုက်ခိုက် လုယူစေသူ၊ ခရီးလမ်း၌ စောင့်၍ လုယက်သူ လုယက်စေသူ၊ သူ့မယားကို သွားလာသူသွားလာစေသူ၊ မမှန်စကားပြောသူ ပြောစေသူများသည် မကောင်းမှုကို ပြုသော် ပြုသည် မည်၏၊ ဤမြေပေါ်ရှိ သတ္တဝါ တို့ကို သင်တုန်းသွားစက်ဖြင့် တစ်ခုတည်းသော အသားစုအသားပုံဖြစ်အောင်အကယ်၍ ပြုခဲ့လျှင် ထို အကြောင်းကြောင့် မကောင်းမှု ရှိ၏၊ မကောင်းမှုဖြစ်ခြင်း ရှိ၏။ ဂင်္ဂါမြစ်၏တောင်ဘက်ကမ်း၌ နေသော သူသည် အသက်ကို သတ်လျက် သတ်စေလျက် ဖြတ်လျက် ဖြတ်စေလျက်နှိပ်စက်လျက် နှိပ်စက်စေလျက် သွားခဲ့လျှင် ထို (သတ်ခြင်းစသော) အကြောင်းကြောင့် မကောင်းမှု ရှိ၏၊ မကောင်းမှုဖြစ်ခြင်း ရှိ၏။ ဂင်္ဂါမြစ်၏ မြောက်ဖက်ကမ်း၌ နေသော သူသည် လှူလျက် လှူစေလျက်ပူဇော်လျက် ပူဇော်စေလျက် သွားခဲ့လျှင် ထို (လှူခြင်းစသော) အကြောင်းကြောင့် ကောင်းမှု ရှိ၏၊ ကောင်းမှုဖြစ်ခြင်း ရှိ၏၊ အလှူပေးခြင်း ဣန္ဒြေကို ဆုံးမခြင်း သီလစောင့်စည်းခြင်းအမှန်ဆိုခြင်းတို့ကြောင့် ကောင်းမှု ရှိ၏၊ ကောင်းမှုဖြစ်ခြင်း ရှိ၏”ဟု အယူ ရှိပါ၏။

အသျှင်ဘုရား ဤသမဏဗြာဟ္မဏတို့တွင် “အဘယ်သူသည် အမှန်ကို ပြောသနည်း၊ အဘယ်သူသည်မမှန်ပြောသနည်း”ဟု အကျွန်ုပ်အား ယုံမှားခြင်း ဖြစ်သည်သာတည်း၊ တွေးတောခြင်း ဖြစ်သည်သာတည်းဟု (လျှောက်၏)။

--

ရွာသူကြီး သင်သည် ယုံမှားခြင်းငှါ ထိုက်သည်သာတည်း၊ တွေးတောခြင်းငှါ ထိုက်သည်သာတည်း၊ စင်စစ်သော်ကား သင်သည် ယုံမှားသင့်သော နေရာ၌ ယုံမှားခြင်း ဖြစ်ပေါ်၏။ အသျှင်ဘုရား “မြတ်စွာဘုရားသည် ဤယုံမှားခြင်းသဘော ပျောက်အောင် အကျွန်ုပ်အား တရားဟောခြင်းငှါ စွမ်းနိုင်၏”ဟု မြတ်စွာဘုရား၌ ယုံကြည်ပါ၏ဟု လျှောက်၏။

ရွာသူကြီး လောကီသမာဓိဟူ၍ ရှိ၏၊ သင်သည် ထိုလောကီသမာဓိ၌ တည်၍ လောကုတ္တရာမဂ်သမာဓိကို ရပါလျှင် ဤယုံမှားခြင်းသဘော ပျောက်နိုင်ရာ၏။ ရွာသူကြီး လောကီသမာဓိဟူသည် အဘယ်နည်း၊ ရွာသူကြီး ဤလောက၌ အရိယာတပည့်သည် အသက်သတ်ခြင်းကို ပယ်၍ အသက်သတ်ခြင်းမှရှောင်ကြဉ်၏၊ မပေးသည်ကို ခိုးယူခြင်းကို ပယ်၍ မပေးသည်ကို ခိုးယူခြင်းမှ ရှောင်ကြဉ်၏၊ ကာမတို့၌ မှားယွင်းစွာ ကျင့်ခြင်းကို ပယ်၍ ကာမတို့၌ မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင်ကြဉ်၏၊ မမှန်ပြောခြင်းကိုပယ်၍ မမှန်ပြောခြင်းမှ ရှောင်ကြဉ်၏၊ ကုန်းစကားပြောခြင်းကို ပယ်၍ ကုန်းစကားပြောခြင်းမှ ရှောင်ကြဉ်၏၊ ကြမ်းတမ်းသောစကား ပြောခြင်းကို ပယ်၍ ကြမ်းတမ်းသောစကား ပြောခြင်းမှ ရှောင်ကြဉ်၏၊ ပြိန်ဖျင်းသောစကား ပြောခြင်းကို ပယ်၍ ပြိန်ဖျင်းသောစကား ပြောခြင်းမှ ရှောင်ကြဉ်၏၊ သူ့စည်းစိမ်ကိုရှေးရှုကြံခြင်းကို ပယ်၍ သူ့စည်းစိမ်ကို ရှေးရှု မကြံ၊ သူတစ်ပါးအား ဖျက်ဆီးလိုသော အမျက်ဒေါသကိုပယ်၍ သူတစ်ပါးအား မဖျက်ဆီးလိုသော စိတ်ရှိ၏၊ မှားသော အယူကို ပယ်၍ မှန်ကန်သော အယူရှိ၏။

ရွာသူကြီး ထိုအရိယာတပည့်သည် ဤသို့ (သူ့စည်းစိမ်ကို) ရှေးရှုကြံခြင်းမှ ကင်းလျက် (သူတစ်ပါးအား) ဖျက်ဆီးလိုခြင်း ကင်းလျက် မတွေဝေဘဲလျက် ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ’ ရှိလျက် ချမ်းသာစေလိုခြင်း ‘မေတ္တာ'နှင့် ယှဉ်သော စိတ်ဖြင့် တစ်ခုသော အရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေ၏၊ ထို့အတူ နှစ်ခုမြောက် အရပ်မျက်နှာကို။ သုံးခုမြောက် အရပ်မျက်နှာကို။ လေးခုမြောက် အရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေ၏၊ ဤနည်းဖြင့် အထက် အောက် ဖီလာ အလုံးစုံသော အရပ်မျက်နှာတို့၌ ရှိသော သတ္တဝါ အားလုံးကို မိမိနှင့် အတူပြု၍ သတ္တဝါအားလုံး ပါဝင်သော သတ္တလောကကို ပြန့်ပြောသောမြင့်မြတ်သော အတိုင်းအရှည် မရှိသော ရန် မရှိသော ငြိုငြင်ခြင်း မရှိသော မေတ္တာနှင့် ယှဉ်သောစိတ်ဖြင့် ပျံ့နှံ့စေ၍ နေ၏။

ထိုသူသည် ဤသို့ ဆင်ခြင်၏- “ပေးလှူခြင်းသည် မရှိ၊ ယဇ်ပူဇော်ခြင်းသည် မရှိ၊ ဟုံးပူဇော်ခြင်းသည်မရှိ၊ ကောင်းမှု မကောင်းမှုတို့၏ အကျိုးဝိပါက်သည် မရှိ၊ ဤလောကသည် မရှိ၊ တမလွန်လောကသည်မရှိ၊ အမိသည် မရှိ၊ အဖသည် မရှိ၊ သေ၍ တစ်ဖန်ဖြစ်သော သတ္တဝါတို့သည် မရှိကုန်။ ဤလောကကိုလည်းကောင်း၊ တမလွန်လောကကိုလည်းကောင်း ကိုယ်တိုင် ထူးသော ဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုလျက် ဟောကြားနိုင်ကုန်သော ညီညွတ်ကုန်သော ကောင်းသော အကျင့်ရှိကုန်သော သမဏဗြာဟ္မဏတို့သည် လောက၌ မရှိကုန်ဟု ဤသို့ ဝါဒရှိသူ ဤသို့ အယူရှိသူ အသျှင်ဆရာ၏ စကားသည် အကယ်၍ မှန်အံ့၊ ဤဆရာ့စကား၌ ငါ့အား အပြစ် မရှိ။ ငါသည် ရွေ့ရှားတတ်သော သတ္တဝါကိုလည်းကောင်း၊ မရွေ့ရှားတတ်သော သတ္တဝါကိုလည်းကောင်း တစ်ဦးတစ်ယောက်ကိုမျှ မနှိပ်စက်။ ငါသည် ကိုယ်ဖြင့်စောင့်စည်း၏၊ နှုတ်ဖြင့် စောင့်စည်း၏၊ စိတ်ဖြင့် စောင့်စည်း၏၊ ယင်းသို့ စောင့်စည်းခြင်းကြောင့် ခန္ဓာကိုယ် ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော သူတို့၏ လားရာ နတ်ပြည်သို့လည်းရောက်ရအံ့၊ ငါသည် ဤဝါဒနှစ်မျိုးလုံး၌ အနိုင်ရ၏”ဟု ( ဤသို့ ဆင်ခြင်၏)။ ထိုသူ့အားဝမ်းမြောက်ခြင်း ဖြစ်၏၊ ဝမ်း မြောက်သော သူအား နှစ်သိမ့်ခြင်း ဖြစ်၏၊ နှစ်သိမ့်သော စိတ်ရှိသူ၏ကိုယ်သည် ငြိမ်းအေး၏၊ ငြိမ်းအေး သော ကိုယ်ရှိသူသည် ချမ်းသာကို ခံစားရ၏၊ ချမ်းသာသူ၏စိတ်သည် တည်ကြည်၏။ ရွာသူကြီး ဤသည်ကား လောကီသမာဓိတည်း၊ ထိုလောကီသမာဓိ၌ တည်၍ လောကုတ္တရာမဂ်သမာဓိကို ရခဲ့လျှင် ဤ ယုံမှားခြင်းသဘော ပျောက်နိုင်ရာ၏။

--

ရွာသူကြီး ထိုအရိယာတပည့်သည် ဤသို့ (သူ့စည်းစိမ်ကို) ရှေးရှုကြံခြင်း ကင်းလျက် (သူတစ်ပါးအား) ဖျက်ဆီးလိုခြင်း ကင်းလျက် မတွေဝေဘဲလျက် ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်'အောက်မေ့မှု ‘သတိ’ ရှိလျက် ချမ်းသာစေလိုခြင်း ‘မေတ္တာ'နှင့် ယှဉ်သော စိတ်ဖြင့် တစ်ခုသောအရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေ၏၊ ထို့ အတူ နှစ်ခုမြောက် အရပ်မျက်နှာကို။ သုံးခုမြောက်အရပ်မျက်နှာကို။ လေးခုမြောက် အရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေ၏၊ ဤနည်းဖြင့် အထက် အောက် ဖီလာအလုံးစုံသော အရပ်မျက်နှာတို့၌ ရှိသော သတ္တဝါ အားလုံးကို မိမိနှင့် အတူပြု၍ သတ္တဝါအားလုံးပါဝင်သော သတ္တလောကကို ပြန့်ပြောသော မြင့်မြတ်သော အတိုင်းအရှည် မရှိသော ရန် မရှိသောငြိုငြင်ခြင်း မရှိသော မေတ္တာနှင့် ယှဉ်သော စိတ်ဖြင့် ပျံ့နှံ့စေ၍ နေ၏။

ထိုသူသည် ဤသို့ ဆင်ခြင်၏- “ပေးလှူခြင်းသည် ရှိ၏၊ ယဇ်ပူဇော်ခြင်းသည် ရှိ၏၊ ဟုံးပူဇော်ခြင်းသည် ရှိ၏၊ ကောင်းမှု မကောင်းမှုတို့၏ အကျိုးဝိပါက်သည် ရှိ၏၊ ဤလောကသည် ရှိ၏၊ တမလွန်လောကသည် ရှိ၏၊ အမိသည် ရှိ၏၊ အဖသည် ရှိ၏၊ သေ၍ တစ်ဖန်ဖြစ်သော သတ္တဝါတို့သည်ရှိကုန်၏။ ဤ လောကကိုလည်းကောင်း၊ တမလွန်လောကကိုလည်းကောင်း ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် သိ၍ မျက် မှောက်ပြုလျက် ဟောကြားနိုင်ကုန်သော ညီညွတ်ကုန်သော ကောင်းသောအကျင့်ရှိကုန်သော သမဏ ဗြာဟ္မဏတို့သည် လောက၌ ရှိကုန်၏ဟု ဤသို့ ဝါဒရှိသူ ဤသို့ အယူရှိသူအသျှင်ဆရာ၏ စကားသည် အကယ်၍ မှန်အံ့၊ ဤဆရာ့စကား၌ ငါ့အား အပြစ်မရှိ။ ငါသည်ရွေ့ရှားတတ်သော သတ္တဝါကိုလည်း ကောင်း၊ မရွေ့ရှားတတ်သော သတ္တဝါကိုလည်းကောင်းတစ်ဦးတစ်ယောက်ကိုမျှ မနှိပ်စက်။ ငါသည် ကိုယ် ဖြင့် စောင့်စည်း၏၊ နှုတ်ဖြင့် စောင့်စည်း၏၊ စိတ်ဖြင့်စောင့်စည်း၏၊ ယင်းသို့ စောင့်စည်းခြင်းကြောင့် ခန္ဓာ ကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော သူတို့၏ လားရာ နတ်ပြည်လောကသို့လည်း ရောက်ရအံ့၊ ငါသည် ဤဝါဒနှစ်မျိုးလုံး၌ အနိုင်ရ၏”ဟု ( ဤသို့ ဆင်ခြင်၏)။ ထိုသူ့အား ဝမ်းမြောက်ခြင်း ဖြစ်၏၊ ဝမ်းမြောက်သော သူအား့နှစ်သိမ့်ခြင်း ဖြစ်၏၊ နှစ်သိမ့်သော စိတ်ရှိသူ၏ ကိုယ်သည် ငြိမ်းအေး၏၊ ငြိမ်းအေးသော ကိုယ်ရှိသူသည်ချမ်းသာကို ခံစားရ၏၊ ချမ်းသာသူ၏ စိတ်သည် တည်ကြည်၏။ ရွာသူကြီး ဤသည်ကားလောကီသမာဓိတည်း၊ သင်သည် ထိုလောကီသမာဓိ၌ တည်၍ လောကုတ္တရာမဂ်သမာဓိကို ရခဲ့လျှင် ဤယုံမှားခြင်းသဘောကို ပယ်ဖျက်နိုင်ရာ၏။

ရွာသူကြီး ထိုအရိယာတပည့်သည် ဤသို့ (သူ့စည်းစိမ်ကို) ရှေးရှုကြံခြင်းမှ ကင်းလျက် (သူတစ်ပါးအား) ဖျက်ဆီးလိုခြင်း ကင်းလျက် မတွေဝေဘဲလျက် ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု'သတိ’ ရှိလျက် ချမ်းသာစေလိုခြင်း ‘မေတ္တာ'နှင့် ယှဉ်သော စိတ်ဖြင့် တစ်ခုသော အရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေ၏၊ ထို့အတူ နှစ်ခုမြောက် အရပ်မျက်နှာကို။ သုံးခုမြောက် အရပ်မျက်နှာကို။ လေးခုမြောက် အရပ်မျက်နှာကိုပျံ့နှံ့စေ၍ နေ၏၊ ဤနည်းဖြင့် အထက် အောက် ဖီလာ အလုံးစုံသော အရပ်မျက်နှာတို့၌ ရှိသောသတ္တဝါ အားလုံးကို မိမိနှင့် အတူပြု၍ သတ္တဝါအားလုံး ပါဝင်သော သတ္တလောကကို ပြန့်ပြောသောမြင့်မြတ်သော အတိုင်းအရှည် မရှိသော ရန် မရှိသော ငြိုငြင်ခြင်း မရှိသော မေတ္တာနှင့် ယှဉ်သောစိတ်ဖြင့် ပျံ့နှံ့စေ၍ နေ၏။

ထိုသူသည် ဤသို့ ဆင်ခြင်၏- “ပြုသူ ပြုစေသူ၊ ဖြတ်သူ ဖြတ်စေသူ၊ နှိပ်စက်သူ နှိပ်စက်စေသူ၊ ပူဆွေးအောင် ပြုသူ ပြုစေသူ၊ ပင်ပန်းအောင် ပြုသူ ပြုစေသူ၊ တုန်လှုပ်သူ တုန်လှုပ်စေသူ၊ အသက်ကိုသတ်သူ သတ်စေသူ၊ ခိုးယူသူ ခိုးယူစေသူ၊ အိမ်ကို ဖောက်ထွင်းသူ ဖောက်ထွင်းစေသူ၊ ရွာကို တိုက်ခိုက်လုယူသူ တိုက်ခိုက်လုယူစေသူ၊ တစ်အိမ်တည်းကို တိုက်ခိုက်လုယူသူ တိုက်ခိုက်လုယူစေသူ၊ ခရီးလမ်း၌ စောင့်၍ လုယက်သူ လုယက်စေသူ၊ သူ့မယားကို သွားလာသူ သွားလာစေသူ၊ မမှန်စကားပြောသူပြောစေ သူများသည် မကောင်းမှုကို ပြုသော်လည်း ပြုသည် မမည်၊ ဤမြေပေါ်ရှိ သတ္တဝါတို့ကိုသင်းတုန်းသွား စက်ဖြင့် တစ်ခုတည်းသော အသားစုအသားပုံဖြစ်အောင် အကယ်၍ ပြုခဲ့လျှင်ထိုအကြောင်းကြောင့် မ ကောင်းမှု မရှိ၊ မကောင်းမှုဖြစ်ခြင်း မရှိ။ ဂင်္ဂါမြစ်၏ တောင်ဘက်ကမ်း၌ နေသော သူသည် အသက်ကို သတ်လျက် သတ်စေလျက်၊ ဖြတ်လျက် ဖြတ်စေလျက်၊ နှိပ်စက်လျက်နှိပ်စက်စေလျက် သွားစေကာမူ ထို (သတ်ခြင်းစသော) အကြောင်းကြောင့် မကောင်းမှု မရှိ၊ မကောင်းမှုဖြစ်ခြင်း မရှိ။ ဂင်္ဂါမြစ်၏ မြောက်ဘက် ကမ်း၌ နေသော သူသည် လှူလျက် လှူစေလျက်၊ ပူဇော်လျက် ပူဇော်စေလျက် သွားစေကာမူ ထို (လှူ ခြင်းစသော) အကြောင်းကြောင့် ကောင်းမှု မရှိ၊ ကောင်းမှုဖြစ်ခြင်း မရှိ၊ အလှူပေးခြင်း ဣန္ဒြေကို ဆုံးမ ခြင်း သီလစောင့်စည်းခြင်းအမှန်ဆိုခြင်းတို့ကြောင့် ကောင်းမှု မရှိ၊ ကောင်းမှုဖြစ်ခြင်း မရှိဟု ဤသို့ ဝါဒ ရှိသူ ဤသို့ အယူရှိသူအသျှင်ဆရာ၏ စကားသည်၍ မှန်အံ့၊ ဤဆရာ့စကား၌ ငါ့အား အပြစ်မရှိ။ ငါသည် ရွေ့ရှားတတ်သောသတ္တဝါကိုလည်းကောင်း၊ မရွေ့ရှားတတ်သော သတ္တဝါကိုလည်းကောင်း တစ်ဦး တစ်ယောက်ကိုမျှမနှိပ်စက်။ ငါသည် ကိုယ်ဖြင့် စောင့်စည်း၏၊ နှုတ်ဖြင့် စောင့်စည်း၏၊ စိတ်ဖြင့် စောင့် စည်း၏၊ ယင်းသို့စောင့်စည်းခြင်းကြောင့် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော သူ တို့၏လားရာနတ်ပြည်လောကသို့ ရောက်ရအံ့၊ ငါသည် ဝါဒနှစ်မျိုးလုံး၌ အနိုင်ရ၏”ဟု ( ဤသို့ ဆင်ခြင်၏)။

--

ထိုသူ့အား ဝမ်းမြောက်ခြင်း ဖြစ်၏၊ ဝမ်းမြောက်သော သူအား နှစ်သိမ့်ခြင်း ဖြစ်၏၊ နှစ်သိမ့်သောစိတ်ရှိသူ၏ ကိုယ်သည် ငြိမ်းအေး၏၊ ငြိမ်းအေးသော ကိုယ်ရှိသူသည် ချမ်းသာကို ခံစားရ၏၊ ချမ်းသာသော သူ၏ စိတ်သည် တည်ကြည်၏။ ရွာသူကြီး ဤသည်ကား လောကီသမာဓိတည်း၊ သင်သည် ထိုလောကီသမာဓိ၌ တည်၍ လောကုတ္တရာမဂ်သမာဓိကို ရခဲ့လျှင် ဤယုံမှားခြင်းသဘောကို ပယ်ဖျက်နိုင်ရာ၏။

ရွာသူကြီး ထိုအရိယာတပည့်သည် ဤသို့ (သူ့စည်းစိမ်ကို) ရှေးရှုကြံခြင်းမှ ကင်းလျက် သူတစ်ပါးအား ဖျက်ဆီးလိုခြင်း ကင်းလျက် မတွေဝေဘဲလျက် ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ’ ရှိလျက်ချမ်းသာစေလိုခြင်း ‘မေတ္တာ’ နှင့် ယှဉ်သော စိတ်ဖြင့် တစ်ခုသော အရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေ၏၊ ထို့အတူ နှစ်ခုမြောက် အရပ်မျက်နှာကို။ သုံးခုမြောက် အရပ်မျက်နှာကို။ လေးခုမြောက် အရပ်မျက်နှာကို။ ဤ နည်းအားဖြင့် အထက် အောက် ဖီလာ အလုံးစုံသော အရပ်မျက်နှာတို့၌ ရှိသော သတ္တဝါအားလုံးကိုမိမိ နှင့် အတူပြု၍ သတ္တဝါအားလုံး ပါဝင်သော သတ္တလောကကို ပြန့်ပြောသော မြင့်မြတ်သောအတိုင်းအရှည် မရှိသော ရန် မရှိသော ငြိုငြင်ခြင်း မရှိသော မေတ္တာနှင့် ယှဉ်သော စိတ်ဖြင့် ပျံ့နှံ့စေ၍ နေ၏။

ထိုသူသည် ဤသို့ ဆင်ခြင်၏- “ ပြုသူ ပြုစေသူ၊ ဖြတ်သူ ဖြတ်စေသူ၊ နှိပ်စက်သူ နှိပ်စက်စေသူ၊ ပူဆွေးအောင် ပြုသူ ပြုစေသူ၊ ပင်ပန်းအောင် ပြုသူ ပြုစေသူ၊ တုန်လှုပ်သူ တုန်လှုပ်စေသူ၊ အသက်ကိုသတ်သူ သတ်စေသူ၊ ခိုးယူသူ ခိုးယူစေသူ၊ အိမ်ကို ဖောက်ထွင်းသူ ဖောက်ထွင်းစေသူ၊ ရွာကို တိုက်ခိုက်လုယူသူ တိုက်ခိုက်လုယူစေသူ၊ တစ်အိမ်တည်းကို တိုက်ခိုက်လုယူသူ တိုက်ခိုက်လုယူစေသူ၊ ခရီးလမ်း၌ စောင့်၍ လုယက်သူ လုယက်စေသူ၊ သူ့မယားကို သွားလာသူ သွားလာစေသူ၊ မမှန်စကား ပြောသူပြော စေသူများသည် မကောင်းမှုကို ပြုသော်လည်း ပြုသည် မည်၏၊ ဤမြေပေါ်ရှိ သတ္တဝါတို့ကိုသင်တုန်း သွားစက်ဖြင့် တစ်ခုတည်းသော အသားစုအသားပုံဖြစ်အောင် အကယ်၍ ပြုခဲ့မူထိုအကြောင်းကြောင့် မ ကောင်းမှု ရှိ၏၊ မကောင်းမှုဖြစ်ခြင်း ရှိ၏၊ ဂင်္ဂါမြစ်၏ တောင်ဘက်ကမ်း၌ နေသော သူသည် အသက်ကို သတ်လျက် သတ်စေလျက်၊ ဖြတ်လျက် ဖြတ်စေလျက်၊ နှိပ်စက်လျက်နှိပ်စက်စေလျက် သွားခဲ့မူ ထို (သတ်ခြင်းစသော) အကြောင်းကြောင့် မကောင်းမှု ရှိ၏၊ မကောင်းမှုဖြစ်ခြင်း ရှိ၏။ ဂင်္ဂါမြစ်၏ မြောက် ဘက်ကမ်း၌ နေသော သူသည် လှူလျက် လှူစေလျက်၊ ပူဇော်လျက် ပူဇော်စေလျက် သွားခဲ့သော် ထို (လှူခြင်းစသော) အကြောင်းကြောင့် ကောင်းမှု ရှိ၏၊ ကောင်းမှုဖြစ်ခြင်း ရှိ၏။ အလှူပေးခြင်း ဣန္ဒြေကို ဆုံးမခြင်း သီလစောင့်စည်းခြင်းအမှန်ဆိုခြင်းတို့ကြောင့် ကောင်းမှု ရှိ၏၊ ကောင်းမှုဖြစ်ခြင်း ရှိ၏ဟု ဤသို့ ဝါဒရှိသူ ဤသို့ အယူရှိသူအသျှင်ဆရာ၏ စကားသည် အကယ်၍ မှန်အံ့၊ ဤဆရာ့စကား၌ ငါ့အား အပြစ်မရှိ။ ငါသည်ရွေ့ရှားတတ်သော သတ္တဝါကိုလည်းကောင်း၊ မရွေ့ရှားတတ်သော သတ္တဝါကိုလည်း ကောင်းတစ်ဦးတစ်ယောက်ကိုမျှ မနှိပ်စက်။ ငါသည် ကိုယ်ဖြင့် စောင့်စည်း၏၊ နှုတ်ဖြင့် စောင့်စည်း၏၊ စိတ်ဖြင့်စောင့်စည်း၏။ ယင်းသို့ စောင့်စည်းခြင်းကြောင့် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော သူတို့၏ လားရာ နတ်ပြည်လောကသို့ ရောက်အံ့၊ ဤဝါဒနှစ်မျိုးလုံး၌ ငါသည်အနိုင်ရ၏”ဟု ဤသို့ ဆင်ခြင်၏။ ထိုသူ့အား ဝမ်းမြောက်ခြင်း ဖြစ်၏၊ ဝမ်းမြောက်သော သူအားနှစ်သိမ့်ခြင်း ဖြစ်၏၊ နှစ်သိမ့်သော စိတ်ရှိသူ၏ ကိုယ်သည် ငြိမ်းအေး၏၊ ငြိမ်းအေးသော ကိုယ်ရှိသူသည်ချမ်းသာကို ခံစားရ၏၊ ချမ်းသာသော သူ၏ စိတ်သည် တည်ကြည်၏။ ရွာသူကြီး ဤသည်ကားလောကီသမာဓိတည်း၊ သင်သည် ထိုလောကီသမာဓိ၌ တည်၍ လောကုတ္တရာမဂ်သမာဓိကို ရခဲ့လျှင် ဤယုံမှားခြင်းသဘောကို ပယ်ဖျက်နိုင် ရာ၏။

--

ရွာသူကြီး ထိုအရိယာတပည့်သည် ဤသို့ (သူ့စည်းစိမ်ကို) ရှေးရှုကြံခြင်း ကင်းလျက် (သူတစ်ပါးအား) ဖျက်ဆီးလိုခြင်း ကင်းလျက် မတွေဝေဘဲ ဆင်ခြင်ဉာဏ်'သမ္ပဇဉ်’ အောက်မေ့မှု'သတိ'ရှိလျက်သနား ခြင်း ‘ကရုဏာ’ နှင့် ယှဉ်သော စိတ်ဖြင့် တစ်ခုသော အရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေ၏၊ ဝမ်းမြောက်ခြင်း ‘မုဒိတာ'နှင့် ယှဉ်သော စိတ်ဖြင့် တစ်ခုသော အရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေ၏၊ ရွာသူကြီး ထိုအရိယာ တပည့်သည် ဤသို့ (သူ့စည်းစိမ်ကို) ရှေးရှုကြံခြင်း ကင်းလျက် (သူတစ်ပါးအား) ဖျက်ဆီးလိုခြင်း ကင်းလျက် မတွေဝေဘဲလျက် ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု'သတိ’ ရှိလျက်လျစ်လျူရှုခြင်း ‘ဥပေက္ခာ’ နှင့် ယှဉ်သော စိတ်ဖြင့် တစ်ခုသော အရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေ၏။

ထို့အတူ နှစ်ခုမြောက် အရပ်မျက်နှာ ကို။ သုံးခုမြောက် အရပ်မျက်နှာကို။ လေးခုမြောက် အရပ်မျက်နှာကိုပျံ့နှံ့စေ၍ နေ၏။ ဤနည်းဖြင့် အထက် အောက် ဖီလာ အလုံးစုံသော အရပ်မျက်နှာတို့၌ ရှိသော သတ္တဝါအားလုံးကို မိမိနှင့် အတူပြု၍ သတ္တဝါအားလုံး ပါဝင်သော သတ္တလောကကို ပြန့်ပြောသောမြင့်မြတ်သော အတိုင်းအရှည် မရှိသော ရန် မရှိသော ငြိုငြင်ခြင်း မရှိသော လျစ်လျူရှုခြင်း ‘ဥပေက္ခာ’ နှင့်ယှဉ်သော စိတ်ဖြင့် ပျံ့နှံ့စေ၍ နေ၏။

ထိုသူသည် ဤသို့ ဆင်ခြင်၏ -"ပေးလှူခြင်းသည် မရှိ၊ ယဇ်ပူဇော်ခြင်းသည် မရှိ၊ ဟုံးပူဇော်ခြင်းသည် မရှိ၊ ကောင်းမှု မကောင်းမှုတို့၏ အကျိုးဝိပါက်သည် မရှိ၊ ဤလောကသည် မရှိ၊ တမလွန်လောကသည် မရှိ၊ အမိသည် မရှိ၊ အဖသည် မရှိ၊ သေ၍ တစ်ဖန်ဖြစ်သော သတ္တဝါတို့သည် မရှိကုန်။ ဤလောကကိုလည်းကောင်း၊ တမလွန်လောကကိုလည်းကောင်း ကိုယ်တိုင် ထူးသော ဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုလျက် ဟောကြားနိုင်ကုန်သော ညီညွတ်ကုန်သော ကောင်းသော အကျင့်ရှိကုန်သော သမဏဗြာဟ္မဏတို့သည် လောက၌ မရှိကုန်ဟု ဤသို့ ဝါဒရှိသူ ဤသို့ အယူရှိသူ အသျှင်ဆရာ၏ စကားသည် အကယ်၍ မှန်အံ့၊ ဤဆရာ့စကား၌ ငါ့အား အပြစ်မရှိ။ ငါသည် ရွေ့ရှားတတ်သော သတ္တဝါကိုလည်းကောင်း၊ မရွေ့ရှားတတ်သော သတ္တဝါကိုလည်းကောင်း တစ်ဦးတစ်ယောက်ကိုမျှ မနှိပ်စက်။ ကိုယ်ဖြင့် စောင့်စည်း၏၊ နှုတ်ဖြင့် စောင့်စည်း၏၊ စိတ်ဖြင့် စောင့်စည်း၏၊ ယင်းသို့ စောင့်စည်းခြင်းကြောင့် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော သူတို့၏ လားရာ နတ်ပြည်လောကသို့ ရောက်ရအံ့၊ ဤဝါဒနှစ်မျိုး လုံး၌ ငါသည် အနိုင်ရ၏ ”ဟု ဤသို့ ဆင်ခြင်၏။ ထိုသူ့အား ဝမ်းမြောက်ခြင်း ဖြစ်၏၊ ဝမ်းမြောက်သော သူအား နှစ်သိမ့်ခြင်း ဖြစ်၏၊ နှစ်သိမ့်သော စိတ်ရှိသူ၏ ကိုယ်သည် ငြိမ်းအေး၏၊ ငြိမ်းအေးသော စိတ်ရှိ သူသည် ချမ်းသာကို ခံစားရ၏၊ ချမ်းသာသူ၏ စိတ်သည် တည်ကြည်၏။

ရွာသူကြီး ဤသည်ကား လောကီသမာဓိတည်း၊ သင်သည် ထိုလောကီသမာဓိ၌ တည်၍ လောကုတ္တရာမဂ်သမာဓိကို ရခဲ့လျှင် ဤ ယုံမှားခြင်းသဘောကို ပယ်ဖျောက်နိုင်ရာ၏။

ရွာသူကြီး ထိုအရိယာတပည့်သည် ဤသို့ (သူ့စည်းစိမ်ကို) ရှေးရှုကြံခြင်း ကင်းလျက် (သူတစ်ပါးအား) ဖျက်ဆီးလိုခြင်း ကင်းလျက် မတွေဝေဘဲလျက် ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်'အောက်မေ့မှု ‘သတိ’ ရှိလျက် လျစ်လျူရှုခြင်း ‘ဥပေက္ခာ’ နှင့် ယှဉ်သော စိတ်ဖြင့် တစ်ခုသောအရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေ၏၊ ထို့အတူ နှစ်ခုမြောက် အရပ်မျက်နှာကို။ သုံးခုမြောက်အရပ်မျက်နှာကို။ လေးခုမြောက် အရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေ၏၊ ဤနည်းဖြင့် အထက် အောက်ဖီလာ အလုံးစုံသော အရပ်မျက်နှာတို့၌ ရှိသော သတ္တဝါအားလုံးကို မိမိနှင့် အတူပြု၍ သတ္တဝါအားလုံးပါဝင်သော သတ္တလောကကို ပြန့်ပြောသော မြင့်မြတ်သော အတိုင်း အရှည် မရှိသော ရန် မရှိသောငြိုငြင်ခြင်း မရှိသော လျစ်လျူရှုခြင်း ‘ဥပေက္ခာ’ နှင့် ယှဉ်သော စိတ်ဖြင့် ပျံ့နှံ့စေ၍ နေ၏။

--

ထိုသူသည် ဤသို့ ဆင်ခြင်၏- “ပေးလှူခြင်းသည် ရှိ၏၊ ယဇ်ပူဇော်ခြင်းသည် ရှိ၏၊ ဟုံးပူဇော်ခြင်းသည် ရှိ၏၊ ကောင်းမှု မကောင်းမှုတို့၏ အကျိုးဝိပါက်သည် ရှိ၏၊ ဤလောကသည် ရှိ၏၊ တမလွန်လောကသည် ရှိ၏၊ အမိသည် ရှိ၏၊ အဖသည် ရှိ၏၊ သေ၍ တစ်ဖန်ဖြစ်သော သတ္တဝါတို့သည်ရှိကုန်၏။ ဤ လောကကိုလည်းကောင်း၊ တမလွန်လောကကိုလည်းကောင်း ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် သိ၍ မျက် မှောက်ပြုလျက် ဟောကြားနိုင်ကုန်သော ညီညွတ်ကုန်သော ကောင်းသောအကျင့်ရှိကုန်သော သမဏ ဗြာဟ္မဏတို့သည် လောက၌ ရှိကုန်၏ဟု ဤသို့ ဝါဒရှိသူ ဤသို့ အယူရှိသူအသျှင်ဆရာ၏ စကားသည် အကယ်၍ မှန်အံ့၊ ဤဆရာ့စကား၌ ငါ့အား အပြစ်မရှိ။ ငါသည်ရွေ့ရှားတတ်သော သတ္တဝါကိုလည်း ကောင်း၊ မရွေ့ရှားတတ်သော သတ္တဝါကိုလည်းကောင်းတစ်ဦးတစ်ယောက်ကိုမျှ မနှိပ်စက်။ ငါသည် ကိုယ် ဖြင့် စောင့်စည်း၏၊ နှုတ်ဖြင့် စောင့်စည်း၏၊ စိတ်ဖြင့်စောင့်စည်း၏၊ ယင်းသို့ စောင့်စည်းခြင်းကြောင့် ခန္ဓာ ကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော သူတို့၏ လားရာ နတ်ပြည်လောကသို့ ရောက် ရအံ့၊ ငါသည် ဤဝါဒနှစ်မျိုးလုံး၌ အနိုင်ရ၏”ဟု ဤသို့ ဆင်ခြင်၏။ ထိုသူ့အား ဝမ်းမြောက်ခြင်း ဖြစ်၏၊ ဝမ်းမြောက်သော သူအား့နှစ်သိမ့်ခြင်း ဖြစ်၏၊ နှစ်သိမ့်သော စိတ်ရှိသူ၏ ကိုယ်သည် ငြိမ်းအေး၏၊ ငြိမ်း အေးသော စိတ်ရှိသူသည်ချမ်းသာကို ခံစားရ၏၊ ချမ်းသာသူ၏ စိတ်သည် တည်ကြည်၏။ ရွာသူကြီး ဤသည်ကားလောကီသမာဓိတည်း၊ သင်သည် ထိုလောကီသမာဓိ၌ တည်၍ လောကုတ္တရာမဂ်သမာဓိကို ရခဲ့ လျှင် ဤယုံမှားခြင်းသဘောကို ပယ်ဖျောက်နိုင်ရာ၏။

ရွာသူကြီး ထိုအရိယာတပည့်သည် ဤသို့ (သူ့စည်းစိမ်ကို) ရှေးရှုကြံခြင်း ကင်းလျက် (သူတစ်ပါးအား) ဖျက်ဆီးလိုခြင်း ကင်းလျက် မတွေဝေဘဲ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ’ ရှိလျက်လျစ် လျူရှုခြင်း ‘ဥပေက္ခာ’ နှင့် ယှဉ်သော စိတ်ဖြင့် တစ်ခုသော အရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေ၏၊ ထို့အတူ နှစ်ခုမြောက် အရပ်မျက်နှာကို။ သုံးခုမြောက် အရပ်မျက်နှာကို။ လေးခုမြောက် အရပ်မျက်နှာကိုပျံ့နှံ့စေ၍ နေ၏။ ဤနည်းဖြင့် အထက် အောက် ဖီလာ အလုံးစုံသော အရပ်မျက်နှာတို့၌ ရှိသောသတ္တဝါအားလုံးကို မိမိနှင့် အတူပြု၍ သတ္တဝါအားလုံး ပါဝင်သော သတ္တလောကကို ပြန့်ပြောသောမြင့်မြတ်သော အတိုင်း အရှည် မရှိသော ရန် မရှိသော ငြိုငြင်ခြင်း မရှိသောလျစ်လျူရှုခြင်း ‘ဥပေက္ခာ’ နှင့် ယှဉ်သော စိတ်ဖြင့် ပျံ့နှံ့စေ၍ နေ၏။

ထိုသူသည် ဤသို့ ဆင်ခြင်၏-"ပြုသူ ပြုစေသူ၊ ဖြတ်သူ ဖြတ်စေသူ၊ နှိပ်စက်သူ နှိပ်စက်စေသူ၊ ပူဆွေးအောင် ပြုသူ ပြုစေသူ၊ ပင်ပန်းအောင် ပြုသူ ပြုစေသူ၊ တုန်လှုပ်သူ တုန်လှုပ်စေသူ၊ အသက်ကိုသတ်သူ သတ်စေသူ၊ ခိုးယူသူ ခိုးယူစေသူ၊ အိမ်ကို ဖောက်ထွင်းသူ ဖောက်ထွင်းစေသူ၊ ရွာကို တိုက်ခိုက်လုယူသူ တိုက်ခိုက်လုယူစေသူ၊ တစ်အိမ်တည်းကို တိုက်ခိုက်လုယူသူ တိုက်ခိုက်လုယူစေသူ၊ ခရီးလမ်း၌ စောင့်၍ လုယက်သူ လုယက်စေသူ၊ သူ့မယားကို သွားလာသူ သွားလာစေသူ၊ မမှန်စကားပြောသူပြောစေ သူများသည် မကောင်းမှုကို ပြုသော်လည်း ပြုသည် မမည်၊ ဤမြေပေါ်ရှိ သတ္တဝါတို့ကိုသင်တုန်းသွား စက်ဖြင့် တစ်ခုတည်းသော အသားစုအသားပုံဖြစ်အောင် အကယ်၍ ပြုခဲ့လျှင်ထိုအကြောင်းကြောင့် မ ကောင်းမှု မရှိ၊ မကောင်းမှုဖြစ်ခြင်း မရှိ။ ဂင်္ဂါမြစ်၏ တောင်ဘက်ကမ်း၌ နေသော သူသည် အသက်ကို သတ်လျက် သတ်စေလျက်၊ ဖြတ်လျက် ဖြတ်စေလျက်၊ နှိပ်စက်လျက်နှိပ်စက်စေလျက် အကယ်၍ သွားနေ စေကာမူ ထို (သတ်ခြင်းစသော) အကြောင်းကြောင့် မကောင်းမှုမရှိ၊ မကောင်းမှုဖြစ်ခြင်း မရှိ။ ဂင်္ဂါမြစ်၏ မြောက်ဘက်ကမ်း၌ နေသူသည် လှူလျက် လှူစေလျက်၊ ပူဇော်လျက် ပူဇော်စေလျက် အကယ်၍ သွားနေ စေကာမူ ထို (လှူခြင်းစသော) အကြောင်းကြောင့်ကောင်းမှု မရှိ၊ ကောင်းမှုဖြစ်ခြင်း မရှိ။ အလှူပေးခြင်း ဣန္ဒြေကို ဆုံးမခြင်း သီလစောင့်စည်းခြင်းအမှန်ဆိုခြင်းတို့ကြောင့် ကောင်းမှု မရှိ၊ ကောင်းမှုဖြစ်ခြင်း မရှိ ”ဟု ဤသို့ ဝါဒရှိသူ ဤသို့ အယူရှိသူအသျှင်ဆရာ၏ စကားသည် အကယ်၍ မှန်အံ့၊ ( ဤဆရာ့ စကား၌ ) ငါ့အား အပြစ်မရှိ။ ငါသည်ရွေ့ရှားတတ်သော သတ္တဝါကိုလည်းကောင်း၊ မရွေ့ရှားတတ်သော သတ္တဝါကိုလည်းကောင်းတစ်ဦးတစ်ယောက်ကိုမျှ မနှိပ်စက်။ ငါသည် ကိုယ်ဖြင့် စောင့်စည်း၏၊ နှုတ်ဖြင့် စောင့်စည်း၏၊ စိတ်ဖြင့်စောင့်စည်း၏၊ ယင်းသို့ စောင့်စည်းခြင်းကြောင့် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော သူတို့၏ လားရာ နတ်ပြည်လောကသို့ ရောက်ရအံ့၊ ဤဝါဒနှစ်မျိုးလုံး၌ ငါသည်အနိုင်ရ၏ ”ဟု ဤသို့ ဆင်ခြင်၏။ ထိုသူ့အား ဝမ်းမြောက်ခြင်း ဖြစ်၏၊ ဝမ်းမြောက်သူအား နှစ်သိမ့်ခြင်းဖြစ်၏၊ နှစ်သိမ့်သော စိတ်ရှိသူ၏ ကိုယ်သည် ငြိမ်းအေး၏၊ ငြိမ်းအေးသော ကိုယ်ရှိသူသည် ချမ်းသာကိုခံစားရ၏၊ ချမ်းသာသော သူ၏ စိတ်သည် တည်ကြည်၏။ ရွာသူကြီး ဤသည်ကားလောကီသမာဓိတည်း၊ သင်သည် ထိုလောကီသမာဓိ၌ တည်၍ လောကုတ္တရာမဂ်သမာဓိကို ရခဲ့လျှင် ဤယုံမှားခြင်းသဘောကို ပယ် ဖျက်နိုင်ရာ၏။

--

ရွာသူကြီး ထိုအရိယာတပည့်သည် ဤသို့ (သူ့စည်းစိမ်ကို) ရှေးရှုကြံခြင်း ကင်းလျက် (သူတစ်ပါး အား) ဖျက်ဆီးလိုခြင်း ကင်းလျက် မတွေဝေဘဲ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ’ ရှိလျက် လျစ့်လျူရှုခြင်း ‘ဥပေက္ခာ’ နှင့် ယှဉ်သော စိတ်ဖြင့် တစ်ခုသော အရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေ၏၊ ထို့အတူနှစ်ခုမြောက် အရပ်မျက်နှာကို။ သုံးခုမြောက် အရပ်မျက်နှာကို။ လေးခုမြောက် အရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေ၏၊ ဤနည်းဖြင့် အထက် အောက် ဖီလာ အလုံးစုံသော အရပ်မျက်နှာတို့၌ ရှိသောသတ္တဝါအားလုံးကို မိမိနှင့် အတူပြု၍ သတ္တဝါအားလုံး ပါဝင်သော သတ္တလောကကို ပြန့်ပြောသောမြင့်မြတ်သော အတိုင်း အရှည် မရှိသော ရန် မရှိသော ငြိုငြင်ခြင်း မရှိသောလျစ်လျူရှုခြင်း ‘ဥပေက္ခာ’ နှင့် ယှဉ်သော စိတ်ဖြင့် ပျံ့နှံ့စေ၍ နေ၏။

ထိုသူသည် ဤသို့ ဆင်ခြင်၏- “ပြုသူ ပြုစေသူ၊ ဖြတ်သူ ဖြတ်စေသူ၊ နှိပ်စက်သူ နှိပ်စက်စေသူ၊ ပူဆွေးအောင် ပြုသူ ပြုစေသူ၊ ပင်ပန်းအောင် ပြုသူ ပြုစေသူ၊ တုန်လှုပ်သူ တုန်လှုပ်စေသူ၊ အသက်ကိုသတ်သူ သတ်စေသူ၊ ခိုးယူသူ ခိုးယူစေသူ၊ အိမ်ကို ဖောက်ထွင်းသူ ဖောက်ထွင်းစေသူ၊ ရွာကို တိုက်ခိုက်လုယူသူ တိုက်ခိုက်လုယူစေသူ၊ တစ်အိမ်တည်းကို တိုက်ခိုက်လုယူသူ တိုက်ခိုက်လုယူစေသူ၊ ခရီးလမ်း၌ စောင့်၍ လုယက်သူ လုယက်စေသူ၊ သူ့မယားကို သွားလာသူ သွားလာစေသူ၊ မမှန်စကား ပြောသူပြော စေသူများသည် မကောင်းမှုကို ပြုသော် ပြုသည် မည်၏၊ ဤမြေပေါ်ရှိ သတ္တဝါတို့ကိုသင်တုန်းသွားစက် ဖြင့် တစ်ခုတည်းသော အသားစုအသားပုံဖြစ်အောင် အကယ်၍ ပြုခဲ့လျှင်ထိုအကြောင်းကြောင့် မကောင်းမှု ရှိ၏၊ မကောင်းမှုဖြစ်ခြင်း ရှိ၏။ ဂင်္ဂါမြစ်၏ တောင်ဘက်ကမ်း၌ နေသော သူသည် အသက်ကို သတ်လျက် သတ်စေလျက်၊ ဖြတ်လျက် ဖြတ်စေလျက်၊ နှိပ်စက်လျက်နှိပ်စက်စေလျက် သွားသည်ရှိသော် ထို (သတ်ခြင်း စသော) အကြောင်းကြောင့် မကောင်းမှု ရှိ၏၊ မကောင်းမှုဖြစ်ခြင်း ရှိ၏။ ဂင်္ဂါမြစ်၏ မြောက်ဘက်ကမ်း၌ လှူလျက် လှူစေလျက်၊ ပူဇော်လျက်ပူဇော်စေလျက် သွားခဲ့သော် ထို (လှူခြင်းစသော) အကြောင်းကြောင့် ကောင်းမှု ရှိ၏၊ ကောင်းမှုဖြစ်ခြင်းရှိ၏။ အလှူပေးခြင်း ဣန္ဒြေကို ဆုံးမခြင်း သီလစောင့်စည်းခြင်း အမှန် ဆိုခြင်းတို့ကြောင့် ကောင်းမှုရှိ၏၊ ကောင်းမှုဖြစ်ခြင်း ရှိ၏ဟု ဤသို့ ဝါဒရှိသူ ဤသို့ အမြင်ရှိသူ အသျှင် ဆရာ၏ စကားသည်အကယ်၍ မှန်အံ့၊ ဤဆရာ့စကား၌ ငါ့အား အပြစ်မရှိ။ ငါသည် ရွေ့ရှားတတ်သောသတ္တဝါကိုလည်းကောင်း၊ မရွေ့ရှားတတ်သော သတ္တဝါကိုလည်းကောင်း တစ်ဦးတစ်ယောက်ကိုမျှ မနှိပ်စက်။ ငါသည် ကိုယ်ဖြင့် စောင့်စည်း၏၊ နှုတ်ဖြင့် စောင့်စည်း၏၊ စိတ်ဖြင့် စောင့်စည်း၏၊ ယင်းသို့စောင့် စည်းခြင်းကြောင့် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော သူတို့၏ လားရာနတ်ပြည် သို့ ရောက်ရအံ့၊ ငါသည် ဤဝါဒနှစ်မျိုးလုံး၌ အနိုင်ရ၏”ဟု ဤသို့ ဆင်ခြင်၏၊ ထိုသူ့အားဝမ်းမြောက် ခြင်း ဖြစ်၏၊ ဝမ်းမြောက်သော သူအား နှစ်သိမ့်ခြင်း ဖြစ်၏၊ နှစ်သိမ့်သော စိတ်ရှိသူ၏ကိုယ်သည် ငြိမ်း အေး၏၊ ငြိမ်းအေးသော ကိုယ်ရှိသူသည် ချမ်းသာကို ခံစားရ၏ ချမ်းသာသော သူ၏စိတ်သည် တည် ကြည်၏။ ရွာသူကြီး ဤသည်ကား လောကီသမာဓိတည်း၊ သင်သည်ထိုလောကီသမာဓိ၌ တည်၍ လော ကုတ္တရာမဂ်သမာဓိကို ရခဲ့လျှင် ဤယုံမှားခြင်းသဘောကိုပယ်ဖျက်နိုင်ရာ၏ဟု (မိန့်တော်မူ၏)။

--

ဤသို့ မိန့်တော်မူလျှင် ပါဋလိယရွာသူကြီးသည် မြတ်စွာဘုရားကို “အသျှင်ဘုရား (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေစွ။ပ။ ယနေ့မှ စ၍ အသက်ထက်ဆုံး (ရတနာသုံးပါးကို) ကိုးကွယ်ဆည်းကပ်သော ဥပါသကာဟူ၍ မှတ်တော်မူပါ”ဟု လျှောက်၏။

တေရသမသုတ်။

ဂါမဏိသံယုတ် ပြီး၏။

--

၉-အသင်္ခတသံယုတ်

၁-ပဌမဝဂ်

၁-ကာယဂတာသတိသုတ်

၃၆၆။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ မပြုပြင်အပ်သော ‘အသင်္ခတ’ တရားကိုလည်းကောင်း၊ မပြုပြင်အပ်သော ‘အသင်္ခတ’ တရားသို့ ရောက်ကြောင်းလမ်းကိုလည်းကောင်း သင်တို့အား ဟောပေအံ့၊ ထိုတရား ကို နာကြကုန်လော့။

ရဟန်းတို့ မပြုပြင်အပ်သော ‘အသင်္ခတ’ တရားဟူသည် အဘယ်နည်း၊ ရာဂကုန်ရာ ဒေါသကုန်ရာမောဟကုန်ရာ (နိဗ္ဗာန်) ပင်တည်း။ ရဟန်းတို့ ဤသည်ကို မပြုပြင်အပ်သော ‘အသင်္ခတ’ တရားဟုဆိုရ၏။ ရဟန်းတို့ မပြုပြင်အပ်သော ‘အသင်္ခတ'တရားသို့ ရောက်ကြောင်းလမ်းဟူသည် အဘယ်နည်း၊ ရုပ်အပေါင်း ကာယ၌ ရုပ်အပေါင်းကာယဟု အောက်မေ့ဆင်ခြင်မှု ‘ကာယဂတာသတိ’ ပင်တည်း။ ရဟန်းတို့ ဤသည်ကို မပြုပြင်အပ်သော ‘အသင်္ခတ’ တရားသို့ ရောက်ကြောင်းလမ်းဟု ဆိုရ၏။

ရဟန်းတို့ ဤသို့လျှင် ငါသည် သင်တို့အား မပြုပြင်အပ်သော ‘အသင်္ခတ’ တရားကို ဟောခဲ့ပြီ၊ မပြုပြင်အပ်သော ‘အသင်္ခတ’ တရားသို့ ရောက်ကြောင်းလမ်းကို ဟောခဲ့ပြီ။ ရဟန်းတို့ တပည့်တို့၏စီးပွားကို လိုလားသော သနားတတ်သော ဆရာသည် သနားမှုကို အစွဲပြု၍ သင်တို့အတွက် ပြုသင့်သည်ကို ငါပြုပြီးပြီ၊ ရဟန်းတို့ ဤသည်တို့ကား သစ်ပင်ရင်းတို့တည်း၊ ဤသည်တို့ကား ဆိတ်ငြိမ်ရာ ကျောင်းတို့တည်း။ ရဟန်းတို့ ကပ်၍ ရှုကြကုန်လော့၊ မမေ့လျော့ကုန်လင့်၊ နောက်မှ နောင်တရသူတို့ မဖြစ်ကြကုန်လင့်၊ ဤသည်ကား သင်တို့အတွက် ငါတို့၏ အဆုံးအမတည်းဟု (မိန့်တော်မူ၏)။

ပဌမသုတ်။

၂-သမထဝိပဿနာသုတ်

၃၆၇။ ရဟန်းတို့ မပြုပြင်အပ်သော ‘အသင်္ခတ'တရားကိုလည်းကောင်း၊ မပြုပြင်အပ်သော ‘အသင်္ခတ'တရားသို့ ရောက်ကြောင်းလမ်းကိုလည်းကောင်း သင်တို့အား ဟောပေအံ့၊ ထိုတရားကို နာကြကုန်လော့။

ရဟန်းတို့ မပြုပြင်အပ်သော ‘အသင်္ခတ’ တရားဟူသည် အဘယ်နည်း၊ ရဟန်းတို့ ရာဂကုန်ရာဒေါသကုန်ရာ မောဟကုန်ရာ (နိဗ္ဗာန်) ပင်တည်း။ ဤသည်ကို မပြုပြင်အပ်သော ‘အသင်္ခတ’ တရားဟုဆိုရ၏။ ရဟန်းတို့ မပြုပြင်အပ်သော ‘အသင်္ခတ’ တရားသို့ ရောက်ကြောင်းလမ်းဟူသည် အဘယ်နည်း၊ သမထနှင့် ဝိပဿနာပင်တည်း။ ဤသည်ကို မပြုပြင်အပ်သော ‘အသင်္ခတ’ တရားသို့ ရောက်ကြောင်းလမ်းဟု ဆိုရ၏။ပ။

ဒုတိယသုတ်။

--

၃-သဝိတက္ကသဝိစာရသုတ်

၃၆၈။ ရဟန်းတို့ မပြုပြင်အပ်သော ‘အသင်္ခတ’ တရားသို့ ရောက်ကြောင်းလမ်းဟူသည် အဘယ်နည်း၊ ရဟန်းတို့ ကြံစည်မှု ‘ဝိတက်’ သုံးသပ်မှု ‘ဝိစာရ'နှင့် တကွသော တည်ကြည်မှု ‘သမာဓိ’၊ ကြံစည်မှု'ဝိတက်’ မရှိ သုံးသပ်မှု ‘ဝိစာရ’ မျှသာရှိသော တည်ကြည်မှု ‘သမာဓိ’၊ ကြံစည်မှု ‘ဝိတက်’ သုံးသပ်မှု ‘ဝိစာရ'မရှိသော တည်ကြည်မှု ‘သမာဓိ’ ပင်တည်း။ ဤသည်ကို မပြုပြင်အပ်သော ‘အသင်္ခတ’ တရားသို့ ရောက်ကြောင်းလမ်းဟု ဆိုရ၏။ပ။

တတိယသုတ်။

၄-သုညတသမာဓိသုတ်

၃၆၉။ ရဟန်းတို့ မပြုပြင်အပ်သော ‘အသင်္ခတ’ တရားသို့ ရောက်ကြောင်းလမ်းဟူသည် အဘယ်နည်း၊ ရဟန်းတို့ အတ္တမှ ကင်းဆိတ်သော တည်ကြည်မှု ‘သုညတသမာဓိ’၊ နိစ္စနိမိတ်မရှိသော တည်ကြည်မှု ‘အနိမိတ္တသမာဓိ’၊ ရာဂဟူသော တောင့်တမှုမရှိသော တည်ကြည်မှု ‘အပ္ပဏိဟိတသမာဓိ’ ပင်တည်း။ ဤ့သည်ကို မပြုပြင်အပ်သော ‘အသင်္ခတ’ တရားသို့ ရောက်ကြောင်းလမ်းဟု ဆိုရ၏။ပ။

စတုတ္ထသုတ်။

၅-သတိပဋ္ဌာနသုတ်

၃၇၀။ ရဟန်းတို့ မပြုပြင်အပ်သော ‘အသင်္ခတ’ တရားသို့ ရောက်ကြောင်းလမ်းဟူသည် အဘယ်နည်း၊ သတိပဋ္ဌာန်လေးမျိုးတို့ပင်တည်း။ ဤသည်ကို မပြုပြင်အပ်သော ‘အသင်္ခတ’ တရားသို့ ရောက်ကြောင်းလမ်းဟု ဆိုရ၏။ပ။

ပဉ္စမသုတ်။

--

၆-သမ္မပ္ပဓာနသုတ်

၃၇၁။ ရဟန်းတို့ မပြုပြင်အပ်သော ‘အသင်္ခတ'တရားသို့ ရောက်ကြောင်းလမ်းဟူသည် အဘယ်နည်း၊ ရဟန်းတို့ သမ္မပ္ပဓာန်လေးမျိုးတို့ပင်တည်း။ ဤသည်ကို မပြုပြင်အပ်သော ‘အသင်္ခတ’ တရားသို့ရောက်ကြောင်းလမ်းဟု ဆိုရ၏။ပ။

ဆဋ္ဌသုတ်။

၇-ဣဒ္ဓိပါဒသုတ်

၃၇၂။ ရဟန်းတို့ မပြုပြင်အပ်သော ‘အသင်္ခတ'တရားသို့ ရောက်ကြောင်းလမ်းဟူသည် အဘယ်နည်း၊ ဣဒ္ဓိပါဒ်လေးမျိုးတို့ပင်တည်း။ ဤသည်ကို မပြုပြင်အပ်သော ‘အသင်္ခတ’ တရားသို့ ရောက်ကြောင်းလမ်းဟု ဆိုရ၏။ပ။

သတ္တမသုတ်။

၈-ဣန္ဒြိယသုတ်

၃၇၃။ ရဟန်းတို့ မပြုပြင်အပ်သော ‘အသင်္ခတ’ တရားသို့ ရောက်ကြောင်းလမ်းဟူသည် အဘယ်နည်း၊ ဣန္ဒြေငါးမျိုးတို့ပင်တည်း။ ဤသည်ကို မပြုပြင်အပ်သော ‘အသင်္ခတ’ တရားသို့ ရောက်ကြောင်း လမ်းဟုဆိုရ၏။ပ။

အဋ္ဌမသုတ်။

--

၉-ဗလသုတ်

၃၇၄။ ရဟန်းတို့ မပြပြုင်အပ်သော ‘အသင်္ခတ’ တရားသို့ ရောက်ကြောင်းလမ်းဟူသည် အဘယ်နည်း၊ ဗိုလ်ငါးမျိုးတို့ပင်တည်း။ ဤသည်ကို မပြုပြင်အပ်သော ‘အသင်္ခတ’ တရားသို့ ရောက်ကြောင်းလမ်းဟုဆိုရ၏။ပ။

နဝမသုတ်။

၁၀-ဗောဇ္ဈင်္ဂသုတ်

၃၇၅။ ရဟန်းတို့ မပြုပြင်အပ်သော ‘အသင်္ခတ’ တရားသို့ ရောက်ကြောင်းလမ်းဟူသည် အဘယ်နည်း၊ ဗောဇ္ဈင်ခုနစ်မျိုးတို့ပင်တည်း။ ဤသည်ကို မပြုပြင်အပ်သော ‘အသင်္ခတ’ တရားသို့ ရောက်ကြောင်းလမ်းဟု ဆိုရ၏။ပ။

ဒသမသုတ်။

၁၁-မဂ္ဂင်္ဂသုတ်

၃၇၆။ ရဟန်းတို့ မပြုပြင်အပ်သော ‘အသင်္ခတ’ တရားသို့ ရောက်ကြောင်းလမ်းဟူသည် အဘယ်နည်း၊ အင်္ဂါရှစ်ပါးရှိသော အရိယမဂ်ပင်တည်း။ ဤသည်ကို မပြုပြင်အပ်သော ‘အသင်္ခတ’ တရားသို့ ရောက်ကြောင်းလမ်းဟု ဆိုရ၏။

ရဟန်းတို့ ဤသို့လျှင် ငါသည် သင်တို့အား မပြုပြင်အပ်သော ‘အသင်္ခတ’ တရားကို ဟောအပ်ပေပြီ၊ မပြုပြင်အပ်သော ‘အသင်္ခတ’ တရားသို့ ရောက်ကြောင်းလမ်းကို ဟောအပ်ပေပြီ။ ရဟန်းတို့ တပည့်တို့၏စီးပွားကို လိုလားသော သနားတတ်သော ဆရာသည် သနားမှုကို အစွဲပြု၍ သင်တို့အတွက် ပြုသင့်သည်ကို ငါ ပြုပြီးပြီ။ ရဟန်းတို့ ဤသည်တို့ကား သစ်ပင်ရင်းတို့တည်း၊ ဤသည်တို့ကား ဆိတ်ငြိမ်ရာကျောင်းတို့တည်း၊ ရဟန်းတို့ ကပ်၍ ရှုကြကုန်လော့၊ မမေ့မလျော့ကုန်လင့်၊ နောက်မှ နောင်တရသူတို့မဖြစ်ကြကုန်လင့်၊ ဤသည်ကား သင်တို့အတွက် ငါတို့၏ အဆုံးအမတည်းဟု (မိန့်တော်မူ၏)။

ဧကာဒသမသုတ်။

အသင်္ခတသံယုတ်၏ ပဌမဝဂ် ပြီး၏။

--

၂-ဒုတိယဝဂ်

၁-အသင်္ခတသုတ်

၃၇၇။ ရဟန်းတို့ မပြုပြင်အပ်သော ‘အသင်္ခတ’ တရားကိုလည်းကောင်း၊ မပြုပြင်အပ်သော'အသင်္ခတ'တရားသို့ ရောက်ကြောင်းလမ်းကိုလည်းကောင်း သင်တို့အား ဟောပေအံ့၊ ထိုတရားကို နာကုန်လော့။

ရဟန်းတို့ မပြုပြင်အပ်သော ‘အသင်္ခတ’ တရားဟူသည် အဘယ်နည်း၊ ရဟန်းတို့ ရာဂကုန်ရာဒေါသကုန်ရာ မောဟကုန်ရာ (နိဗ္ဗာန်) ပင်တည်း။ ဤသည်ကို မပြုပြင်အပ်သော ‘အသင်္ခတ’ တရားဟု ဆိုရ၏။ ရဟန်းတို့ မပြုပြင်အပ်သော ‘အသင်္ခတ’ တရားသို့ ရောက်ကြောင်းလမ်းဟူသည် အဘယ်နည်း၊ ရဟန်းတို့ သမထပင်တည်း။ ဤသည်ကို မပြုပြင်အပ်သော ‘အသင်္ခတ'တရားသို့ ရောက်ကြောင်းလမ်းဟုဆိုရ၏။

ရဟန်းတို့ ဤသို့လျှင် ငါသည် သင်တို့အတွက် မပြုပြင်အပ်သော ‘အသင်္ခတ’ တရားကို ဟောအပ် ပေပြီ၊ မပြုပြင်အပ်သော ‘အသင်္ခတ’ တရားသို့ ရောက်ကြောင်းလမ်းကို ဟောအပ်ပေပြီ။ ရဟန်းတို့ တပည့်တို့၏ စီးပွါးကို လိုလားသော သနားတတ်သော ဆရာသည် သနားမှုကို အစွဲပြု၍ သင်တို့အတွက် ပြုသင့်သည်ကို ငါ ပြုပြီးပြီ။ ရဟန်းတို့ ဤသည်တို့ကား သစ်ပင်ရင်းတို့တည်း၊ ဤသည်တို့ကား ဆိတ်ငြိမ်ရာကျောင်းတို့တည်း၊ ရဟန်းတို့ ကပ်၍ ရှုကြကုန်လော့၊ မမေ့လျော့ကုန်လင့်၊ နောက်မှ နောင်တရသူတို့မဖြစ်ကြကုန်လင့်။ ဤသည်ကား သင်တို့အတွက် ငါတို့၏ အဆုံးအမတည်း။ (၁)

ရဟန်းတို့ မပြုပြင်အပ်သော ‘အသင်္ခတ’ တရားကိုလည်းကောင်း၊ မပြုပြင်အပ်သော ‘အသင်္ခတ'တရား သို့ရောက်ကြောင်းလမ်းကိုလည်းကောင်း သင်တို့အား ဟောပေအံ့၊ ထိုတရားကို နာကုန်လော့။

ရဟန်းတို့ မပြုပြင်အပ်သော ‘အသင်္ခတ ‘တရားဟူသည် အဘယ်နည်း၊ ရဟန်းတို့ ရာဂကုန်ရာဒေါသကုန်ရာ မောဟကုန်ရာ (နိဗ္ဗာန်) ပင်တည်း။ ဤသည်ကို မပြုပြင်အပ်သော ‘အသင်္ခတ’ တရားဟု ဆိုရ၏။ ရဟန်းတို့ မပြုပြင်အပ်သော ‘အသင်္ခတ’ တရားသို့ ရောက်ကြောင်းလမ်းဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဝိပဿနာပင်တည်း။ ဤသည်ကို မပြုပြင်အပ်သော ‘အသင်္ခတ'တရားသို့ ရောက်ကြောင်းလမ်းဟု ဆိုရ၏။ ရဟန်းတို့ ဤသို့လျှင် ငါသည် သင်တို့အတွက် မပြုပြင်အပ်သော ‘အသင်္ခတ’ တရားကိုဟော အပ်ပေပြီ။ပ။ ဤသည်ကား သင်တို့အတွက် ငါတို့၏ အဆုံးအမတည်း။ (၂)

ရဟန်းတို့ မပြုပြင်အပ်သော ‘အသင်္ခတ’ တရားသို့ ရောက်ကြောင်းလမ်းဟူသည် အဘယ်နည်း၊ ကြံစည်မှု ‘ဝိတက်’ သုံးသပ်မှု ‘ဝိစာရ'နှင့် တကွသော တည်ကြည်မှု ‘သမာဓိ’ ပင်တည်း။ ဤသည်ကို မပြုပြင့်အပ်သော ‘အသင်္ခတ'တရားသို့ ရောက်ကြောင်းလမ်းဟု ဆိုရ၏။ပ။ ရဟန်းတို့မပြုပြင်အပ်သော ‘အသင်္ခတ’ တရားသို့ ရောက်ကြောင်းလမ်းဟူသည် အဘယ်နည်း၊ ရဟန်းတို့ကြံစည်မှု ‘ဝိတက်’ မရှိ, သုံးသပ်မှု ‘ဝိစာရ’ မျှသာရှိသော တည်ကြည်မှု ‘သမာဓိ’ ပင်တည်း။ ဤသည်ကိုမပြုပြင်အပ်သော ‘အသင်္ခတ’ တရားသို့ ရောက်ကြောင်းလမ်းဟု ဆိုရ၏။ပ။ ရဟန်းတို့မပြုပြင်အပ်သော ‘အသင်္ခတ’ တရားသို့ ရောက်ကြောင်း လမ်းဟူသည် အဘယ်နည်း၊ ကြံစည်မှု ‘ဝိတက်'မရှိ, သုံးသပ်မှု ‘ဝိစာရ’ မရှိသော တည်ကြည်မှု'သမာဓိ’ ပင်တည်း။ ဤသည်ကိုမပြုပြင်အပ်သော ‘အသင်္ခတ'တရားသို့ ရောက်ကြောင်းလမ်းဟု ဆိုရ၏။ပ။ (၃-၅)

--

ရဟန်းတို့ မပြုပြင်အပ်သော ‘အသင်္ခတ’ တရားသို့ ရောက်ကြောင်းလမ်းဟူသည် အဘယ်နည်း၊ ရဟန်းတို့ အတ္တမှ ဆိတ်သော တည်ကြည်မှု ‘သုညတသမာဓိ’ ပင်တည်း။ ဤသည်ကို မပြုပြင်အပ်သော'အသင်္ခတ’ တရားသို့ ရောက်ကြောင်းလမ်းဟု ဆိုရ၏။ပ။ ရဟန်းတို့မပြုပြင်အပ်သော'အသင်္ခတ'တရားသို့ ရောက်ကြောင်းလမ်းဟူသည် အဘယ်နည်း၊ ရဟန်းတို့ နိစ္စနိမိတ်မရှိသော တည်ကြည်မှု ‘အနိမိတ္တသမာဓိ’ ပင်တည်း။ ဤသည်ကို မပြုပြင်အပ်သော ‘အသင်္ခတ’ တရားသို့ရောက်ကြောင်းလမ်းဟု ဆိုရ၏။ပ။ ရဟန်း တို့ မပြုပြင်အပ်သော ‘အသင်္ခတ’ တရားသို့ရောက်ကြောင်းလမ်းဟူသည် အဘယ်နည်း၊ ရာဂဟူသော တောင့်တမှုမရှိသောတည်ကြည်မှု ‘အပ္ပဏိဟိတသမာဓိ'ပင်တည်း။ ဤသည်ကို မပြုပြင်အပ်သော'အသင်္ခတ’ တရားသို့ရောက်ကြောင်းလမ်းဟု ဆိုရ၏။ပ။ (၆-၈)

ရဟန်းတို့ မပြုပြင်အပ်သော ‘အသင်္ခတ’ တရားသို့ ရောက်ကြောင်းလမ်းဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ပြင်းစွာ အားထုတ်သော လုံ့လရှိသည်ဖြစ်၍ ဆင်ခြင်ဉာဏ်'သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ'ရှိသည် ဖြစ်၍ လောက၌ အဘိဇ္ဈာ ဒေါမနဿကို ပယ်ဖျောက်၍ ရုပ်အပေါင်း ‘ကာယ’၌ ရုပ်အပေါင်း ‘ကာယ'ကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏။ ရဟန်းတို့ ဤသည်ကို မပြု ပြင်အပ်သော ‘အသင်္ခတ’ တရားသို့ ရောက်ကြောင်းလမ်းဟု ဆိုရ၏။ပ။ ရဟန်းတို့မပြုပြင်အပ်သော ‘အသ င်္ခတ’ တရားသို့ ရောက်ကြောင်းလမ်းဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ဝေဒနာတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏။ပ။ ရဟန်းတို့ ဤသည်ကို မပြုပြင်အပ်သော ‘အသင်္ခတ’ တရားသို့ ရောက်ကြောင်းလမ်းဟု ဆိုရ၏။ပ။ ရဟန်းတို့မပြုပြင်အပ်သော ‘အသင်္ခတ’ တရား သို့ ရောက်ကြောင်းလမ်းဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် စိတ်၌ စိတ်ကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏။ပ။ ရဟန်းတို့ ဤသည်ကို မပြုပြင်အပ်သော ‘အသင်္ခတ’ တရားသို့ ရောက်ကြောင်းလမ်းဟု ဆိုရ၏။ပ။ ရဟန်းတို့မပြုပြင်အပ်သော ‘အသင်္ခတ’ တရားသို့ ရောက် ကြောင်းလမ်းဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် သဘောတရားတို့၌ သဘောတရားတို့ဟု အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။ပ။ ရဟန်းတို့ ဤသည်ကို မပြုပြင်အပ် သော ‘အသင်္ခတ’ တရားသို့ ရောက်ကြောင်းလမ်းဟုဆိုရ၏။ပ။ (၉-၁၂)

ရဟန်းတို့ မပြုပြင်အပ်သော ‘အသင်္ခတ’ တရားသို့ ရောက်ကြောင်းလမ်းဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် မဖြစ်သေးသော ယုတ်ညံ့သော အကုသိုလ်တရားတို့ မဖြစ်ရန် အလို ‘ဆန္ဒ'ကို ဖြစ်စေ၏၊ အားထုတ်၏၊ လုံ့လပြု၏၊ စိတ်ကို မြှင့်တင်၏၊ ဆောက်တည်၏။ ရဟန်းတို့ ဤသည်ကို မပြုပြင်အပ်သော ‘အသင်္ခတ'တရားသို့ ရောက်ကြောင်းလမ်းဟု ဆိုရ၏။ပ။ ရဟန်းတို့ မပြုပြင်အပ်သော ‘အသင်္ခတ’ တရားသို့ ရောက်ကြောင်းလမ်းဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ဖြစ်ပြီးသော ယုတ်ညံ့သော အကုသိုလ်တရားတို့ ပျောက်ရန် အလို ‘ဆန္ဒ’ ကို ဖြစ်စေ၏၊ အားထုတ်၏၊ လုံ့လပြု၏၊ စိတ်ကို မြှင့်တင်၏၊ ဆောက်တည်၏။ ရဟန်းတို့ ဤသည်ကို မပြုပြင်အပ့်သော ‘အသင်္ခတ’ တရားသို့ ရောက်ကြောင်းလမ်းဟု ဆိုရ၏။ပ။ ရဟန်းတို့ မပြုပြင်အပ်သော ‘အသင်္ခတ'တရားသို့ ရောက်ကြောင်းလမ်းဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် မဖြစ်သေးသော ကုသိုလ်တရားတို့ ဖြစ်ရန် အလို ‘ဆန္ဒ’ ကို ဖြစ်စေ၏၊ အားထုတ်၏၊ လုံ့လပြု၏၊ စိတ်ကို မြှင့်တင်၏၊ ဆောက်တည်၏။ ရဟန်းတို့ ဤသည်ကို မပြုပြင်အပ်သော ‘အသင်္ခတ’ တရားသို့ ရောက်ကြောင်းလမ်းဟု ဆိုရ၏။ပ။ ရဟန်းတို့ မပြုပြင်အပ်သော ‘အသင်္ခတ’ တရားသို့ ရောက်ကြောင်းလမ်းဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ဖြစ်ပြီးသော ကုသိုလ်တရားတို့ တည်တံ့ရန်မပျောက်ပျားရန် လွန်စွာဖြစ်ပွားရန် ပြန့်ပြောရန် တိုးပွားရန် ပြည့်စုံရန် အလို ‘ဆန္ဒ’ ကို ဖြစ်စေ၏၊ အားထုတ်၏၊ လုံ့လပြု၏၊ စိတ်ကို မြှင့်တင်၏၊ ဆောက်တည်၏။ ရဟန်းတို့ ဤသည်ကို မပြုပြင်အပ်သော'အသင်္ခတ’ တရားသို့ ရောက်ကြောင်းလမ်းဟု ဆိုရ၏။ပ။ (၁၃-၁၆)

--

ရဟန်းတို့ မပြုပြင်အပ်သော ‘အသင်္ခတ’ တရားသို့ ရောက်ကြောင်းလမ်းဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် အလို ‘ဆန္ဒ'ကြောင့် ဖြစ်သော သမာဓိ, အားထုတ်ခြင်း'ဝီရိယ’ နှင့် ပြည့်စုံသော တန်ခိုး၏ အခြေခံ ‘ဣဒ္ဓိပါဒ်'ကို ပွါးများ၏။ ရဟန်းတို့ ဤသည်ကို မပြုပြင်အပ်သော ‘အသင်္ခတ’ တရားသို့ ရောက်ကြောင်းလမ်းဟု ဆိုရ၏။ပ။ ရဟန်းတို့ မပြုပြင်အပ်သော ‘အသင်္ခတ'တရားသို့ ရောက်ကြောင်းလမ်းဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည်လုံ့လကြောင့် ဖြစ်သော သမာဓိ, အားထုတ်ခြင်း ‘ဝီရိယ’ နှင့် ပြည့်စုံသော တန်ခိုး၏ အခြေခံ ‘ဣဒ္ဓိပါဒ်’ ကိုပွါးများ၏။ ရဟန်းတို့ ဤသည်ကို မပြုပြင်အပ်သော ‘အသင်္ခတ’ တရားသို့ ရောက်ကြောင်းလမ်းဟု ဆိုရ၏။ပ။ ရဟန်းတို့ မပြုပြင်အပ်သော'အသင်္ခတ'တရားသို့ ရောက်ကြောင်းလမ်းဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် စိတ်ကြောင့် ဖြစ်သော သမာဓိ, အားထုတ်ခြင်း ‘ဝီရိယ’ နှင့် ပြည့်စုံသော တန်ခိုး၏ အခြေခံ ‘ဣဒ္ဓိပါဒ်'ကို ပွါးများ၏။ ရဟန်းတို့ ဤသည်ကို မပြုပြင်အပ်သော ‘အသင်္ခတ’ တရားသို့ ရောက်ကြောင်းလမ်းဟု ဆိုရ၏။ပ။ ရဟန်းတို့ မပြုပြင်အပ်သော ‘အသင်္ခတ’ တရားသို့ ရောက်ကြောင်းလမ်းဟူသည် အဘယ်နည်း၊ ရဟန်းတို့ စူးစမ်းမှုပညာကြောင့် ဖြစ်သော သမာဓိ, အားထုတ်ခြင်း'ဝီရိယ'နှင့် ပြည့်စုံသော တန်ခိုး၏ အခြေခံ ‘ဣဒ္ဓိပါဒ်’ ကို ပွါးများ၏။ ရဟန်းတို့ ဤသည်ကို မပြုပြင်အပ်သော ‘အသင်္ခတ’ တရားသို့ ရောက်ကြောင်းလမ်းဟု ဆိုရ၏။ပ။ (၁၇-၂၀)

ရဟန်းတို့ မပြုပြင်အပ်သော ‘အသင်္ခတ’ တရားသို့ ရောက်ကြောင်းလမ်းဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ဆိတ်ငြိမ်မှုကို မှီသော ရာဂကင်းခြင်းကို မှီသော ချုပ်ခြင်းကိုမှီသော နိဗ္ဗာန်သို့ ညွတ်သော သဒ္ဓိန္ဒြေကို ပွါးများ၏၊ ရဟန်းတို့ ဤသည်ကို မပြုပြင်အပ်သော ‘အသင်္ခတ'တရားသို့ ရောက်ကြောင်းလမ်းဟု ဆိုရ၏။ပ။ ရဟန်းတို့ မပြုပြင်အပ်သော ‘အသင်္ခတ’ တရားသို့ ရောက်ကြောင်းလမ်းဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ဆိတ်ငြိမ်မှုကို မှီသော။ပ။ ဝီရိယိန္ဒြေကို ပွါးများ၏၊ ရဟန်းတို့ ဤသည်ကို မပြုပြင်အပ်သော ‘အသင်္ခတ’ တရားသို့ ရောက်ကြောင်းလမ်းဟု ဆိုရ၏။ပ။ ရဟန်းတို့ မပြုပြင်အပ်သော ‘အသင်္ခတ’ တရားသို့ ရောက်ကြောင်းလမ်းဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည်။ပ။ သတိန္ဒြေကို ပွါးများ၏၊ ရဟန်းတို့ ဤသည်ကို မပြုပြင်အပ်သော ‘အသင်္ခတ’ တရားသို့ ရောက်ကြောင်းလမ်းဟု ဆိုရ၏။ပ။ ရဟန်းတို့ မပြုပြင်အပ်သော ‘အသင်္ခတ’ တရားသို့ ရောက်ကြောင်းလမ်းဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည်။ပ။ သမာဓိန္ဒြေကို ပွါးများ၏၊ ရဟန်းတို့ ဤသည်ကို မပြုပြင်အပ်သော ‘အသင်္ခတ'တရားသို့ ရောက်ကြောင်းလမ်းဟု ဆိုရ၏။ပ။ ရဟန်းတို့ မပြုပြင်အပ်သော ‘အသင်္ခတ’ တရားသို့ ရောက်ကြောင်းလမ်းဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ဆိတ်ငြိမ်မှုကို မှီသောရာဂကင်းခြင်းကို မှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သော ပညိန္ဒြေကို ပွါးများ၏၊ ရဟန်းတို့ ဤသည်ကို မပြုပြင်အပ်သော ‘အသင်္ခတ’ တရားသို့ ရောက်ကြောင်းလမ်းဟု ဆိုရ၏။ပ။ (၂၁-၂၅)

ရဟန်းတို့ မပြုပြင်အပ်သော ‘အသင်္ခတ’ တရားသို့ ရောက်ကြောင်းလမ်းဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ဆိတ်ငြိမ်မှုကို မှီသော။ပ။ သဒ္ဓါဗိုလ်ကို ပွါးများ၏၊ ရဟန်းတို့ ဤသည်ကို မပြုပြင်အပ်သော ‘အသင်္ခတ’ တရားသို့ ရောက်ကြောင်းလမ်းဟု ဆိုရ၏။ပ။ ရဟန်းတို့ မပြုပြင်အပ်သော ‘အသင်္ခတ’ တရားသို့ ရောက်ကြောင်းလမ်းဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည်။ပ။ ဝီရိယဗိုလ်ကို ပွါးများ၏။ ရဟန်းတို့ ဤသည်ကို မပြုပြင်အပ်သော ‘အသင်္ခတ'တရားသို့ ရောက်ကြောင်းလမ်းဟု ဆိုရ၏။ပ။ ရဟန်းတို့ မပြုပြင်အပ်သော ‘အသင်္ခတ’ တရားသို့ ရောက်ကြောင်းလမ်းဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည်။ပ။ သတိဗိုလ်ကို ပွါးများ၏။ ရဟန်းတို့ ဤသည်ကို မပြုပြင်အပ်သော ‘အသင်္ခတ'တရားသို့ ရောက်ကြောင်းလမ်းဟု ဆိုရ၏။ပ။ ရဟန်းတို့ မပြုပြင်အပ်သော ‘အသင်္ခတ’ တရားသို့ ရောက်ကြောင်းလမ်းဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည်။ပ။ သမာဓိဗိုလ်ကို ပွါးများ၏၊ ရဟန်းတို့ ဤသည်ကို မပြုပြင်အပ်သော'အသင်္ခတ'တရားသို့ ရောက်ကြောင်းလမ်းဟု ဆိုရ၏။ပ။ ရဟန်းတို့မပြုပြင်အပ်သော ‘အသင်္ခတ'တရားသို့ ရောက်ကြောင်းလမ်းဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ဆိတ်ငြိမ်မှုကို မှီသော ရာဂကင်းခြင်းကို မှီသော ချုပ်ခြင်းကို မှီသောနိဗ္ဗာန်သို့ ညွတ်သော ပညာဗိုလ်ကို ပွါးများ၏၊ ရဟန်းတို့ ဤသည်ကိုမပြုပြင်အပ်သော ‘အသင်္ခတ’ တရားသို့ ရောက်ကြောင်းလမ်းဟု ဆိုရ၏။ပ။ (၂၆-၃၀)

--

ရဟန်းတို့ မပြုပြင်အပ်သော ‘အသင်္ခတ’ တရားသို့ ရောက်ကြောင်းလမ်းဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ဆိတ်ငြိမ်မှုကို မှီသော ရာဂကင်းခြင်းကို မှီသော။ပ။ သတိသမ္ဗောဇ္ဈင်ကို ပွါးများ၏၊ ရဟန်းတို့ ဤသည်ကို မပြုပြင်အပ်သော ‘အသင်္ခတ’ တရားသို့ ရောက်ကြောင်းလမ်းဟု ဆိုရ၏။ပ။ ရဟန်းတို့ မပြုပြင်အပ်သော ‘အသင်္ခတ’ တရားသို့ ရောက်ကြောင်းလမ်းဟူသည်အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည်။ပ။ ဓမ္မဝိစယသမ္ဗောဇ္ဈင်ကို ပွါးများ၏။ ဝိရီယသမ္ဗောဇ္ဈင်ကို ပွါးများ၏။ပ။ ပီတိသမ္ဗောဇ္ဈင်ကို ပွါးများ၏။ပ။ ပဿဒ္ဓိသမ္ဗောဇ္ဈင်ကို ပွါးများ၏။ပ။ သမာဓိသမ္ဗောဇ္ဈင်ကို ပွါးများ၏။ပ။ ဆိတ်ငြိမ်မှုကို မှီသော ရာဂကင်းခြင်းကို မှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သော ဥပေက္ခာသမ္ဗောဇ္ဈင်ကို ပွါးများ၏။ ရဟန်းတို့ ဤသည်ကို မပြုပြင်အပ်သော ‘အသင်္ခတ'တရားသို့ ရောက်ကြောင်းလမ်းဟု ဆိုရ၏။ပ။ (၃၁-၃၇)

ရဟန်းတို့ မပြုပြင်အပ်သော ‘အသင်္ခတ’ တရားသို့ ရောက်ကြောင်းလမ်းဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ဆိတ်ငြိမ်မှုကို မှီသော ရာဂကင်းခြင်းကို မှီသော ချုပ်ခြင်းကိုမှီသော နိဗ္ဗာန်သို့ ညွတ်သော မှန်ကန်သော အမြင် ‘သမ္မာဒိဋ္ဌိ'ကို ပွါးများ၏။ ရဟန်းတို့ ဤသည်ကို မပြုပြင်အပ်သော ‘အသင်္ခတ’ တရားသို့ ရောက်ကြောင်းလမ်းဟု ဆိုရ၏။ပ။ ရဟန်းတို့ မပြုပြင်အပ်သော ‘အသင်္ခတ’ တရားသို့ ရောက်ကြောင်းလမ်းဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည်မှန်ကန်သော အကြံ ‘သမ္မာသင်္ကပ္ပ’ ကို ပွါးများ၏။ပ။ မှန်ကန်သော စကား ‘သမ္မာဝါစာ’ ကို ပွါးများ၏။ပ။ မှန်ကန်သော အလုပ် ‘သမ္မာကမ္မန္တ'ကို ပွါးများ၏။ပ။ မှန်ကန်သော အသက်မွေးမှု ‘သမ္မာအာဇီဝ’ ကို ပွါးများ၏။ပ။ မှန်ကန်သော အားထုတ်မှု ‘သမ္မာဝါယာမ’ ကို ပွါးများ၏။ပ။ မှန်ကန်သော အောက်မေ့မှု ‘သမ္မာသတိ'ကို ပွါးများ၏။ပ။ ရဟန်းတို့ မပြုပြင်အပ်သော ‘အသင်္ခတ’ တရားကိုလည်းကောင်း၊ မပြုပြင်အပ်သော ‘အသင်္ခတ’ တရားသို့ ရောက်ကြောင်းလမ်းကိုလည်းကောင်း သင်တို့အား ဟောပေအံ့၊ ထိုတရားကို နာကုန် လော့။ ရဟန်းတို့ မပြုပြင်အပ်သော ‘အသင်္ခတ’ တရားဟူသည် အဘယ်နည်း။ပ။ ရဟန်းတို့ မပြုပြင်အပ် သော ‘အသင်္ခတ’ တရားသို့ ရောက်ကြောင်းလမ်းဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ဆိတ်ငြိမ်မှုကို မှီသော ရာဂကင်းခြင်းကို မှီသော ချုပ်ခြင်းကိုမှီသော နိဗ္ဗာန်သို့ ညွတ်သော မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ’ ကို ပွါးများ၏၊ ရဟန်းတို့ ဤသည်ကို မပြုပြင်အပ်သော ‘အသ င်္ခတ’ တရားသို့ ရောက်ကြောင်းလမ်းဟု ဆိုရ၏။

ရဟန်းတို့ ဤသို့လျှင် ငါသည် မပြုပြင်အပ်သော ‘အသင်္ခတ’ တရားကို သင်တို့အား ဟောအပ်ပေပြီ၊ မပြုပြင်အပ်သော ‘အသင်္ခတ’ တရားသို့ ရောက်ကြောင်းလမ်းကို ဟောအပ်ပေပြီ။ ရဟန်းတို့ တပည့်တို့၏စီးပွားကို လိုလားသော သနားတတ်သော ဆရာသည် သနားမှုကို အစွဲပြု၍ သင်တို့အတွက် ပြုသင့်သည်ကို ငါ ပြုပြီးပြီ။ ရဟန်းတို့ ဤသည်တို့ကား သစ်ပင်ရင်းတို့တည်း၊ ဤသည်တို့ကား ဆိတ်ငြိမ်ရာကျောင်းတို့တည်း၊ ရဟန်းတို့ ကပ်၍ ရှုကြကုန်လော့၊ မမေ့လျော့ကုန်လင့်၊ နောက်မှ နောင်တရသူတို့မဖြစ်ကြကုန်လင့်၊ ဤသည်ကား သင်တို့အတွက် ငါတို့၏ အဆုံးအမတည်းဟု (မိန့်တော်မူ၏)။ (၃၈-၄၅)

ပဌမသုတ်။

--

၂-အနတသုတ်

၃၇၈။ ရဟန်းတို့ ညွတ်တတ်သော တဏှာ မရှိရာကိုလည်းကောင်း၊ ညွတ်တတ်သော တဏှာ မရှိရာသို့ရောက်ကြောင်းလမ်းကိုလည်းကောင်း သင်တို့အား ဟောပေအံ့၊ ထိုတရားကို နာကုန်လော့။ ရဟန်းတို့ညွတ်တတ်သော တဏှာ မရှိရာဟူသည် အဘယ်နည်း။ပ။ [အသင်္ခတဝဂ်၌ကဲ့သို့ ချဲ့အပ်၏]။

ဒုတိယသုတ်။

၃-၃၂-အနာသဝါဒိသုတ်

၃၇၉-၄၀၈။ ရဟန်းတို့ အာသဝေါ မရှိရာကိုလည်းကောင်း၊ အာသဝေါ မရှိရာသို့ ရောက်ကြောင်းလမ်းကိုလည်းကောင်း သင်တို့အား ဟောပေအံ့၊ ထိုတရားကို နာကုန်လော့။ ရဟန်းတို့ အာသဝေါမရှိရာ ဟူသည် အဘယ်နည်း။ပ။ ရဟန်းတို့ အမှန်တရားကိုလည်းကောင်း၊ အမှန်တရားသို့ရောက်ကြောင်းလမ်း ကိုလည်းကောင်း သင်တို့အား ဟောပေအံ့၊ ထိုတရားကို နာကုန်လော့။ ရဟန်းတို့အမှန်တရားဟူသည် အဘယ်နည်း။ပ။ ရဟန်းတို့ တစ်ဖက်ကမ်းကိုလည်းကောင်း၊ တစ်ဖက်ကမ်းသို့ရောက်ကြောင်းလမ်းကိုလည်းကောင်း သင်တို့အား ဟောပေအံ့၊ ထိုတရားကို နာကုန်လော့။ ရဟန်းတို့တစ်ဖက်ကမ်းဟူသည် အဘယ်နည်း။ပ။ ရဟန်းတို့ သိမ်မွေ့သော တရားကိုလည်းကောင်း၊ သိမ်မွေ့သောတရားသို့ ရောက် ကြောင်းလမ်းကိုလည်းကောင်း သင်တို့အား ဟောပေအံ့၊ ထိုတရားကို နာကုန်လော့။ ရဟန်းတို့ သိမ်မွေ့ သော တရားဟူသည် အဘယ်နည်း။ပ။ ရဟန်းတို့ အလွန်မြင်နိုင်ခဲသောတရားကိုလည်းကောင်း၊ အလွန် မြင်နိုင်ခဲသော တရားသို့ ရောက်ကြောင်းလမ်းကိုလည်းကောင်းသင်တို့အား ဟောပေအံ့၊ ထိုတရားကို နာကုန်လော့။ ရဟန်းတို့ အလွန်မြင်နိုင်ခဲသော တရားဟူသည်အဘယ်နည်း။ပ။ ရဟန်းတို့ ဆွေးမြေ့ ခြင်း မရှိသော တရားကိုလည်းကောင်း၊ ဆွေးမြေ့ခြင်း မရှိသောတရားသို့ ရောက်ကြောင်းလမ်းကိုလည်း ကောင်း သင်တို့အား ဟောပေအံ့၊ ထိုတရားကို နာကုန်လော့။ ရဟန်းတို့ ဆွေးမြေ့ခြင်း မရှိသောတရား ဟူသည် အဘယ်နည်း။ပ။ ရဟန်းတို့မြဲသော တရားကိုလည်းကောင်း၊ မြဲသော တရားသို့ ရောက်ကြောင်း လမ်းကိုလည်းကောင်း သင်တို့အားဟောပေအံ့၊ ထိုတရားကို နာကုန်လော့။ ရဟန်းတို့ မြဲသော တရားဟူသည် အဘယ်နည်း။ပ။ ရဟန်းတို့ မပျက်စီးသော တရားကိုလည်းကောင်း၊ မပျက်စီးသော တရားသို့ရောက်ကြောင်းလမ်းကိုလည်းကောင်း၊ သင်တို့အား ဟောပေအံ့၊ ထိုတရားကို နာကုန်လော့၊ ရဟန်းတို့မပျက်စီးသော တရားဟူသည် အဘယ်နည်း။ပ။ ရဟန်းတို့ မမြင်အပ်သော တရားကိုလည်းကောင်း၊ မမြင်အပ်သော တရားသို့ ရောက်ကြောင်းလမ်းကိုလည်းကောင်း သင်တို့အား ဟောပေအံ့၊ ထိုတရားကိုနာကုန် လော့။ ရဟန်းတို့ မမြင်အပ်သော တရားဟူသည် အဘယ်နည်း။ပ။ ရဟန်းတို့ ချဲ့ထွင်မှုမရှိသော တရား ကိုလည်းကောင်း၊ ချဲ့ထွင်မှု မရှိသော တရားသို့ ရောက်ကြောင်းလမ်းကိုလည်းကောင်း့သင်တို့အား ဟော ပေအံ့၊ ထိုတရားကို နာကုန်လော့။ ရဟန်းတို့ ချဲ့ထွင်မှု မရှိသော တရားဟူသည်အဘယ်နည်း။ပ။

--

ရဟန်းတို့ ငြိမ်းသော တရားကိုလည်းကောင်း၊ ငြိမ်းသော တရားသို့ ရောက်ကြောင်းလမ်းကိုလည်းကောင်း သင်တို့အား ဟောပေအံ့၊ ထိုတရားကို နာကုန်လော့။ ရဟန်းတို့ ငြိမ်းသော တရားဟူသည်အဘယ်နည်း။ပ။ ရဟန်းတို့ မသေရာဖြစ်သော တရားကိုလည်းကောင်း၊ မသေရာဖြစ်သော တရားသို့ရောက်ကြောင်းလမ်းကိုလည်းကောင်း သင်တို့အား ဟောပေအံ့၊ ထိုတရားကို နာကုန်လော့။ ရဟန်းတို့မသေရာဖြစ်သော တရားဟူသည် အဘယ်နည်း။ပ။ ရဟန်းတို့ မြတ်သော တရားကိုလည်းကောင်း၊ မြတ်သော တရားသို့ ရောက်ကြောင်းလမ်းကိုလည်းကောင်း သင်တို့အား ဟောပေအံ့၊ ထိုတရားကို နာကုန်လော့။ ရဟန်းတို့ မြတ်သော တရားဟူသည် အဘယ်နည်း။ပ။ ရဟန်းတို့ ငြိမ်းအေးသော တရားကိုလည်းကောင်း၊ ငြိမ်းအေးသော တရားသို့ ရောက်ကြောင်းလမ်းကိုလည်းကောင်း သင်တို့အား ဟောပေအံ့၊ ထိုတရားကို နာကုန်လော့။ ရဟန်းတို့ ငြိမ်းအေးသော တရားဟူသည် အဘယ်နည်း။ပ။ ရဟန်းတို့ဘေးကင်းရာကိုလည်းကောင်း၊ ဘေးကင်းရာသို့ ရောက်ကြောင်းလမ်းကိုလည်းကောင်း သင်တို့အား ဟောပေအံ့၊ ထိုတရားကို နာကုန်လော့။ ရဟန်းတို့ ဘေးကင်းရာဟူသည် အဘယ်နည်း။ပ။ ရဟန်းတို့ တဏှာကုန်ရာကိုလည်းကောင်း၊ တဏှာကုန်ရာသို့ ရောက်ကြောင်းလမ်းကိုလည်းကောင်း သင်တို့အားဟောပေအံ့၊ ထိုတရားကို နာကုန်လော့။ ရဟန်းတို့ တဏှာကုန်ရာဟူသည် အဘယ်နည်း။ပ။

ရဟန်းတို့ အံ့ဖွယ်ဖြစ်သော တရားကိုလည်းကောင်း၊ အံဖွယ်ဖြစ်သော တရားသို့ ရောက်ကြောင်းလမ်းကိုလည်းကောင်း သင်တို့အား ဟောပေအံ့၊ ထိုတရားကို နာကုန်လော့။ ရဟန်းတို့ အံ့ဖွယ်ဖြစ်သောတရားဟူသည် အဘယ်နည်း။ပ။ ရဟန်းတို့ မဖြစ်ဖူးမြဲဖြစ်သော တရားကိုလည်းကောင်း၊ မဖြစ်ဖူးမြဲဖြစ်သောတရားသို့ ရောက်ကြောင်းလမ်းကိုလည်းကောင်း သင်တို့အား ဟောပေအံ့၊ ထိုတရားကို နာကုန်လော့။ ရဟန်းတို့ မဖြစ်ဖူးမြဲဖြစ်သော တရားဟူသည် အဘယ်နည်း။ပ။ ရဟန်းတို့ ဆင်းရဲကင်းရာကိုလည်းကောင်း၊ ဆင်းရဲကင်းရာသို့ ရောက်ကြောင်းလမ်းကိုလည်းကောင်း သင်တို့အား ဟောပေအံ့၊ ထိုတရားကို နာကုန်လော့။ ရဟန်းတို့ ဆင်းရဲကင်းရာဟူသည် အဘယ်နည်း။ပ။ ရဟန်းတို့ ဆင်းရဲကင်းရာသဘောကိုလည်းကောင်း၊ ဆင်းရဲကင်းရာသဘောသို့ ရောက်ကြောင်းလမ်းကိုလည်းကောင်း သင်တို့အားဟောပေအံ့၊ ထိုတရားကို နာကုန်လော့။ ရဟန်းတို့ ဆင်းရဲကင်းရာသဘောဟူသည် အဘယ်နည်း။ပ။ ရဟန်းတို့ နိဗ္ဗာန်ကိုလည်းကောင်း၊ နိဗ္ဗာန်သို့ ရောက်ကြောင်းလမ်းကိုလည်းကောင်း သင်တို့အားဟောပေအံ့၊ ထိုတရားကို နာကုန်လော့။ ရဟန်းတို့ နိဗ္ဗာန်ဟူသည် အဘယ်နည်း။ပ။ ရဟန်းတို့ကြောင့်ကြမရှိ ရာကိုလည်းကောင်း၊ ကြောင့်ကြ မရှိရာသို့ ရောက်ကြောင်းလမ်းကိုလည်းကောင်းသင်တို့အား ဟောပေအံ့၊ ထိုတရားကို နာကုန်လော့။ ရဟန်းတို့ ကြောင့်ကြ မရှိရာဟူသည်အဘယ်နည်း။ပ။ ရဟန်းတို့ ရာဂကင်း ရာကိုလည်းကောင်း၊ ရာဂကင်းရာသို့ရောက်ကြောင်းလမ်းကိုလည်းကောင်း သင်တို့အား ဟောပေအံ့၊ ထို တရားကို နာကုန်လော့။ ရဟန်းတို့ရာဂကင်းရာဟူသည် အဘယ်နည်း။ပ။

--

ရဟန်းတို့ စင်ကြယ်ရာကိုလည်းကောင်း၊ စင်ကြယ်ရာသို့ ရောက်ကြောင်းလမ်းကိုလည်းကောင်းသင်တို့အား ဟောပေအံ့၊ ထိုတရားကို နာကုန်လော့။ ရဟန်းတို့ စင်ကြယ်ရာဟူသည် အဘယ်နည်း။ပ။ ရဟန်းတို့ လွတ်မြောက်ရာကိုလည်းကောင်း၊ လွတ်မြောက်ရာသို့ ရောက်ကြောင်းလမ်းကိုလည်းကောင်းသင်တို့အား ဟောပေအံ့၊ ထိုတရားကို နာကုန်လော့။ ရဟန်းတို့ လွတ်မြောက်ရာဟူသည်အဘယ်နည်း။ပ။ ရဟန်းတို့ ငြိတွယ်မှု မရှိရာကိုလည်းကောင်း၊ ငြိတွယ်မှု မရှိရာသို့ရောက်ကြောင်းလမ်းကိုလည်းကောင်း သင်တို့အား ဟောပေအံ့၊ ထိုတရားကို နာကုန်လော့။ ရဟန်းတို့ငြိတွယ်မှု မရှိရာဟူသည် အဘယ်နည်း။ပ။ ရဟန်းတို့ မှီခိုရာကိုလည်းကောင်း၊ မှီခိုရာသို့ရောက်ကြောင်းလမ်းကိုလည်းကောင်း သင်တို့အား ဟောပေအံ့၊ ထိုတရားကို နာကုန်လော့။ ရဟန်းတို့မှီခိုရာဟူသည် အဘယ်နည်း။ပ။ ရဟန်းတို့ ပုန်း အောင်းရာကိုလည်းကောင်း၊ ပုန်းအောင်းရာသို့ရောက်ကြောင်းလမ်းကိုလည်းကောင်း သင်တို့အား ဟော ပေအံ့၊ ထိုတရားကို နာကုန်လော့။ ရဟန်းတို့ပုန်းအောင်းရာဟူသည် အဘယ်နည်း။ပ။ ရဟန်းတို့ အား ထားရာကိုလည်းကောင်း၊ အားထားရာသို့ရောက်ကြောင်းလမ်းကိုလည်းကောင်း သင်တို့အား ဟောပေအံ့၊ ထိုတရားကို နာကုန်လော့။ ရဟန်းတို့အားထားရာဟူသည် အဘယ်နည်း။ပ။ ရဟန်းတို့ ကိုးကွယ်ရာကိုလည်းကောင်း၊ ကိုးကွယ်ရာသို့ရောက်ကြောင်းလမ်းကိုလည်းကောင်း သင်တို့အား ဟောပေအံ့၊ ထိုတရား ကို နာကုန်လော့။ ရဟန်းတို့ကိုးကွယ်ရာဟူသည် အဘယ်နည်း။ပ။

ဗာတ္တိံသတိမသုတ်။

၃၃-ပရာယနသုတ်

၄၀၉။ ရဟန်းတို့ လဲလျောင်းရာကိုလည်းကောင်း၊ လဲလျောင်းရာသို့ ရောက်ကြောင်းလမ်းကိုလည်းကောင်း သင်တို့အား ဟောပေအံ့၊ ထိုတရားကို နာကုန်လော့။ ရဟန်းတို့ လဲလျောင်းရာဟူသည် အဘယ်နည်း။ပ။ ရဟန်းတို့ ရာဂကုန်ရာ ဒေါသကုန်ရာ မောဟကုန်ရာ (နိဗ္ဗာန်) ကို လဲလျောင်းရာဟု ဆိုရ၏။

ရဟန်းတို့ လဲလျောင်းရာသို့ ရောက်ကြောင်းလမ်းဟူသည် အဘယ်နည်း၊ ရဟန်းတို့ ရုပ်အပေါင်းကာယ၌ ရုပ်အပေါင်းကာယဟု အောက်မေ့ဆင်ခြင်မှု ‘ကာယဂတာသတိ ‘ပင်တည်း။ ဤသည်ကို လဲလျောင်းရာသို့ရောက်ကြောင်းလမ်းဟု ဆိုရ၏။

ရဟန်းတို့ ဤသို့လျှင် ငါသည် သင်တို့အား လဲလျောင်းရာကို ဟောအပ်ပေပြီ၊ လဲလျောင်းရာသို့ရောက်ကြောင်းလမ်းကို ဟောအပ်ပေပြီ၊ ရဟန်းတို့ တပည့်တို့၏ စီးပွားကို လိုလားသော သနားတတ်သော ဆရာသည် သနားမှုကို အစွဲပြု၍ သင်တို့အတွက် ပြုသင့်သည်ကို ငါ ပြုခဲ့ပြီ။ ရဟန်းတို့ ဤသည်တို့ကား သစ်ပင်ရင်းတို့တည်း၊ ဤသည်တို့ကား ဆိတ်ငြိမ်ရာကျောင်းတို့တည်း။ ရဟန်းတို့ ကပ်၍ ရှုကြကုန်လော့၊ မမေ့မလျော့ကုန်လင့်၊ နောက်မှ နောင်တရသူတို့ မဖြစ်ကြကုန်လင့်၊ ဤသည်ကား သင်တို့အတွက် ငါတို့၏ အဆုံးအမတည်းဟု (မိန့်တော်မူ၏)။ [အသင်္ခတဝဂ်၌ကဲ့သို့ ချဲ့အပ်၏]။

တေတ္တိံသတိမသုတ်။

ဒုတိယဝဂ် ပြီး၏။

အသင်္ခတသံယုတ် ပြီး၏။

--

၁၀-အဗျာကတသံယုတ်

၁-ခေမာသုတ်

၄၁၀။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ ခေမာမည်သော ရဟန်းမသည် ကောသလတိုင်းတို့၌ ဒေသစာရီ လှည့်လည်သည်ရှိသော် သာဝတ္ထိပြည်နှင့် သာကေတမြို့အကြား တောရဏအရပ်၌ နေ၏။ ထိုအခါ ပသေနဒီကောသလမင်းသည် သာကေတမြို့မှ သာဝတ္ထိပြည်သို့ အသွား သာကေတမြို့နှင့် သာဝတ္ထိပြည်အကြား တောရဏအရပ်၌ တစ်ညဉ့်မျှ နေ၏၊ ထိုအခါ ပသေနဒီကောသလမင်းသည် မင်းချင်းတစ်ယောက်ကို “အချင်း ယောကျ်ား လာလော့၊ သင်သည် တောရဏအရပ်၌ ယနေ့ ငါ ဆည်းကပ်သင့်သောသဘောရှိသော သမဏကိုဖြစ်စေ၊ ဗြာဟ္မဏကိုဖြစ်စေ သိအောင် စုံစမ်းလော့”ဟု မိန့်ဆို၏။

ထိုယောကျ်ားသည် “မင်းမြတ် ကောင်းပါပြီ”ဟု ပသေနဒီကောသလမင်းအား ဝန်ခံ၍ တောရဏအရပ်အားလုံးသို့ လှည့်လည်သော်လည်း ပသေနဒီကောသလမင်း ဆည်းကပ်သင့်သော သဘောရှိသော သမဏကိုသော်လည်းကောင်း၊ ဗြာဟ္မဏကိုသော်လည်းကောင်း မတွေ့မမြင်ရ။ ထိုယောကျ်ားသည် ခေမာမည်သော ရဟန်းမကို တောရဏအရပ်၌ နေသည်ကို မြင်၍ ပသေနဒီကောသလမင်းထံသို့ ချဉ်းကပ်ပြီးလျှင်-"မင်းမြတ် တောရဏအရပ်၌ မင်းမြတ် ဆည်းကပ်သင့်သော သဘောရှိသော သမဏသည်လည်းကောင်း၊ ဗြာဟ္မဏသည်လည်းကောင်း မရှိပါ။ သို့ရာတွင် ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိမြင်သော ထိုမြတ်စွာဘုရား၏ တပည့် ခေမာမည်သော ရဟန်းမသည် ရှိပါ၏၊ ‘ပညာရှိ၏၊ လိမ္မာ၏၊ အကြားအမြင် များ၏၊ ဆန်းကြယ်သော စကားရှိ၏၊ ကောင်းသောထိုးထွင်းဉာဏ်ရှိ၏’ဟု ဤသို့ ထိုအရှင်မ၏ ကောင်းသော ကျော်စောသံသည် ပျံ့နှံ့၍ တက်ပါ၏၊ မင်းမြတ်သည် ထိုအရှင်မကို ဆည်းကပ်တော်မူပါလော့”ဟု လျှောက်၏။

ထိုအခါ ပသေနဒီကောသလမင်းသည် ရဟန်းမ ခေမာထံသို့ ချဉ်းကပ်ပြီးလျှင် ရှိခိုးလျက် တစ်ခုသောနေရာ၌ ထိုင်နေပြီးသော် “အရှင်မ သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်ပါသလော”ဟု လျှောက်၏၊ မင်းမြတ် “သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်၏ “ဟူသော ဤစကားကို မြတ်စွာဘုရား ဟောတော်မမူ။ အရှင်မ သို့ဖြစ်လျှင် သတ္တဝါသည် သေသည်မှ နောက်၌ မဖြစ်ပါသလော၊ မင်းမြတ် “သတ္တဝါသည် သေသည်မှ နောက်၌ မဖြစ်”ဟူသော ဤစကားကိုလည်း မြတ်စွာဘုရား ဟောတော်မမူ။ အရှင်မသတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်လည်း ဖြစ် မဖြစ်လည်း မဖြစ်ပါသလော၊ မင်းမြတ် “သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်လည်း ဖြစ် မဖြစ်လည်း မဖြစ်”ဟူသော ဤစကားကိုလည်း မြတ်စွာဘုရား ဟောတော်မမူ။ အရှင်မ သို့ဖြစ်လျှင် သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ်မဖြစ်သည်လည်း မဟုတ်ပါသလော၊ မင်းမြတ် “သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်သည်လည်းမဟုတ် မဖြစ်သည်လည်း မဟုတ်”ဟူသော ဤစကားကိုလည်း မြတ်စွာဘုရား ဟောတော်မမူဟု ဆို၏။

အရှင်မ သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်ပါသလောဟု ဤသို့ မေးလျှင် မင်းမြတ် “သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်၏”ဟူသော ဤစကားကို မြတ်စွာဘုရား ဟောတော်မမူဟု ဆို၏။

--

အရှင်မ သို့ဖြစ်လျှင် သတ္တဝါသည် သေသည်မှ နောက်၌ မဖြစ်ပါသလောဟု ဤသို့ မေးလျှင် မင်းမြတ်"သတ္တဝါသည် သေသည်မှ နောက်၌ မဖြစ်”ဟူသော ဤစကားကိုလည်း မြတ်စွာဘုရား ဟောတော်မမူဟုဆို၏။ အရှင်မ သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်လည်းဖြစ် မဖြစ်လည်း မဖြစ်ပါသလောဟု ဤသို့မေးလျှင် မင်းမြတ် “သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်လည်းဖြစ် မဖြစ်လည်း မဖြစ်”ဟူသော ဤစကားကိုလည်း မြတ်စွာဘုရား ဟောတော်မမူဟု ဆို၏။ အရှင်မ သို့ဖြစ်လျှင် သတ္တဝါသည် သေသည်မှနောက်၌ ဖြစ်သည်လည်း မဟုတ် မဖြစ်သည်လည်း မဟုတ်ပါသလောဟု ဤသို့ မေးလျှင် မင်းမြတ်"သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ် မဖြစ်သည်လည်း မဟုတ်”ဟူသော ဤစကားကိုလည်း မြတ်စွာဘုရား ဟောတော်မမူဟု ဆို၏။ အရှင်မ ဤစကားကို မြတ်စွာဘုရား ဟောတော်မမူခြင်း၏ အကြောင်းအထောက်အပံ့ကား အဘယ်ပါနည်းဟု (လျှောက်၏)။

မင်းမြတ် သို့ဖြစ်လျှင် ဤအရာ၌ သင့်ကိုသာ ပြန်၍ မေးဦးအံ့၊ သင် နှစ်သက်သည့်အတိုင်း ဖြေပါလော့။ မင်းမြတ် ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ ဂင်္ဂါမြစ်၌ “သဲများ ဤမျှလောက် ရှိ၏ “ဟူ၍လည်းကောင်း၊ “သဲရာပေါင်း ဤမျှလောက် ရှိ၏”ဟူ၍လည်းကောင်း၊ “သဲထောင်ပေါင်း ဤမျှလောက်ရှိ၏”ဟူ၍လည်းကောင်း၊ “သဲသိန်းပေါင်း ဤမျှလောက် ရှိ၏ “ဟူ၍လည်းကောင်း သဲများကို ရေတွက်ခြင်းငှါ စွမ်းနိုင်သော တစ်ဦးတစ်ယောက်သော ဂဏန်းသမားသည်လည်းကောင်း၊ လက်ချိုးရေသမားသည်လည်းကောင်း၊ အပေါင်းလိုက်ရေသမားသည်လည်းကောင်း သင့်မှာ ရှိသလော။ အရှင်မ မရှိပါ။ မဟာသမုဒ္ဒရာ၌ “ရေတို့သည် ဤမျှလောက် ကွန်းစားပမာဏရှိ၏ “ဟူ၍လည်းကောင်း၊ “ရေတို့သည် ဤမျှလောက် ကွန်းစားအရာပမာဏရှိ၏ “ ဟူ၍လည်းကောင်း၊ “ရေတို့သည် ဤမျှလောက် ကွန်းစားအထောင်ပမာဏရှိ၏ “ဟူ၍လည်းကောင်း၊ “ရေတို့သည် ဤမျှလောက် ကွန်းစားအသိန်းပမာဏရှိ၏”ဟူ၍လည်း့ကောင်း ရေ၏ ပမာဏကို ရေတွက်ခြင်းငှါ စွမ်းနိုင်သော တစ်ဦးတစ်ယောက်သော ဂဏန်းသမားသည်လည်းကောင်း၊ လက်ချိုးရေသမားသည်လည်းကောင်း၊ အပေါင်းလိုက်ရေသမားသည်လည်းကောင်း သင့်မှာရှိသလော။ အရှင်မ မရှိပါ။ အဘယ်ကြောင့်နည်းဆိုလျှင် မဟာသမုဒ္ဒရာသည် နက်လှပါ၏၊ မနှိုင်းရှည့်နိုင်ပါ၊ သက်ဝင်ရန် ခဲယဉ်းပါ၏။

မင်းမြတ် ဤအတူပင်လျှင် သတ္တဝါဟု ပညတ်လျှင် ပညတ်နိုင်ရာသော ရုပ်ကို မြတ်စွာဘုရားသည်ပယ်ပြီးပြီ၊ အမြစ်ရင်းကို အကြွင်းမဲ့ ဖြတ်ပြီးပြီ၊ နုတ်ပြီးသော ထန်းပင်ရာကဲ့သို့ ပြုပြီးပြီ၊ နောက်ထပ်မဖြစ်အောင် ပြုပြီးပြီ၊ နောင်တစ်ဖန် ဖြစ်ခြင်းသဘော မရှိ။ မင်းမြတ် ရုပ်ဟူသော ခေါ်ဝေါ်ခြင်းမှ လွတ်တော်မူသော မြတ်စွာဘုရားသည် မဟာသမုဒ္ဒရာကဲ့သို့ နက်၏၊ မနှိုင်းရှည့်နိုင်၊ သက်ဝင်ရန် ခဲယဉ်း၏။

ထိုကြောင့် “သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်၏”ဟူသော စကားသို့လည်း မရောက်၊ “သတ္တဝါသည် သေသည်မှ နောက်၌ မဖြစ် “ဟူသော စကားသို့လည်း မရောက်၊ သတ္တဝါသည်သေသည်မှ နောက်၌ ဖြစ်လည်းဖြစ် မဖြစ်လည်း မဖြစ် “ဟူသော စကားသို့လည်း မရောက်၊ “သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ် မဖြစ်သည်လည်း မဟုတ် “ဟူသော ဤစကားသို့လည်း မရောက်။

သတ္တဝါဟု ပညတ်လျှင် ပညတ်နိုင်ရာသော ဝေဒနာကို မြတ်စွာဘုရားသည် ပယ်ပြီးပြီ၊ အမြစ်ရင်းကိုအကြွင်းမဲ့ ဖြတ်ပြီးပြီ၊ နုတ်ပြီးသော ထန်းပင်ရာကဲ့သို့ ပြုပြီးပြီ၊ နောက်ထပ် မဖြစ်အောင် ပြုပြီးပြီ၊ နောင်တစ်ဖန် ဖြစ်ခြင်းသဘော မရှိ။ မင်းမြတ် ဝေဒနာဟူသော ခေါ်ဝေါ်ခြင်းမှ လွတ်တော်မူသော မြတ်စွာဘုရားသည် မဟာသမုဒ္ဒရာကဲ့သို့ နက်၏၊ မနှိုင်းရှည့်နိုင်၊ သက်ဝင်ရန် ခဲယဉ်း၏။ ထိုကြောင့် “သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်၏”ဟူသော စကားသို့လည်း မရောက်၊ “သတ္တဝါသည် သေသည်မှနောက်၌ မဖြစ်”ဟူသော စကားသို့လည်း မရောက်၊ သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်လည်းဖြစ်မဖြစ်လည်း မဖြစ်”ဟူသော စကားသို့လည်း မရောက်၊ “သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ် မဖြစ်သည်လည်း မဟုတ်”ဟူသော စကားသို့လည်း မရောက်။

--

သတ္တဝါဟု ပညတ်လျှင် ပညတ်နိုင်ရာသော သညာ။ပ။ သတ္တဝါဟု ပညတ်လျှင် ပညတ်နိုင်ရာသောသင်္ခါရတို့ကို မြတ်စွာဘုရားသည် ပယ်ပြီးပြီ၊ အမြစ်ရင်းကို အကြွင်းမဲ့ ဖြတ်ပြီးပြီ၊ နုတ်ပြီးသောထန်းပင်ရာကဲ့သို့ ပြုပြီးပြီ၊ နောက်ထပ် မဖြစ်အောင် ပြုပြီးပြီ၊ နောင်တစ်ဖန် ဖြစ်ခြင်းသဘော မရှိ။ မင်းမြတ် သင်္ခါရဟူသော ခေါ်ဝေါ်ခြင်းမှ လွတ်တော်မူသော မြတ်စွာဘုရားသည် မဟာသမုဒ္ဒရာကဲ့သို့နက်၏၊ မနှိုင်းရှည့်နိုင်၊ သက်ဝင်ရန် ခဲယဉ်း၏။ ထိုကြောင့် “သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်၏”ဟူသော စကားသို့လည်း မရောက်၊ “သတ္တဝါသည် သေသည်မှ နောက်၌ မဖြစ်”ဟူသော စကားသို့လည်း မရောက်၊ သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်လည်းဖြစ် မဖြစ်လည်း မဖြစ်”ဟူသော စကားသို့လည်း မရောက်၊ “သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ် မဖြစ်သည်လည်းမဟုတ်”ဟူသော ဤစကားသို့လည်း မရောက်။

သတ္တဝါဟု ပညတ်လျှင် ပညတ်နိုင်ရာသော ဝိညာဏ်ကို မြတ်စွာဘုရားသည် ပယ်ပြီးပြီ၊ အမြစ်ရင်းကိုအကြွင်းမဲ့ ဖြတ်ပြီးပြီ၊ နုတ်ပြီးသော ထန်းပင်ရာကဲ့သို့ ပြုပြီးပြီ၊ နောက်ထပ် မဖြစ်အောင် ပြုပြီးပြီ၊ နောင်တစ်ဖန် ဖြစ်ခြင်းသဘော မရှိ။ မင်းမြတ် ဝိညာဏ်ဟူသော ခေါ်ဝေါ်ခြင်းမှ လွတ်တော်မူသောမြတ်စွာ ဘုရားသည် မဟာသမုဒ္ဒရာကဲ့သို့ နက်၏၊ မနှိုင်းရှည့်နိုင်၊ သက်ဝင်ရန် ခဲယဉ်း၏။ ထိုကြောင့်"သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်၏” ဟူသော စကားသို့လည်း မရောက်၊ “သတ္တဝါသည်သေသည်မှ နောက်၌ မဖြစ်”ဟူသော စကားသို့လည်း မရောက်၊ သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်လည်းဖြစ် မဖြစ်လည်း မဖြစ်”ဟူသော စကားသို့လည်း မရောက်၊ “သတ္တဝါသည် သေသည်မှနောက်၌ ဖြစ်သည်လည်း မဟုတ် မဖြစ်သည်လည်း မဟုတ် “ဟူသော ဤစကားသို့လည်း မရောက်ဟု့မိန့်၏။ ထို့နောက် ပသေနဒီကောသလမင်းသည် ရဟန်းမ ခေမာ၏ စကားကို နှစ်သက်ဝမ်းမြောက်၍ နေရာမှ ထကာ ရှိခိုး ပြီးလျှင် အရိုအသေပြုကာ ဖဲသွားလေ၏။

ထို့နောက် ပသေနဒီကောသလမင်းသည် အခါတစ်ပါး၌ မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် ရှိခိုး၍ တစ်ခုသော နေရာ၌ ထိုင်နေကာ “အသျှင်ဘုရား သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်ပါသလော”ဟုလျှောက်၏၊ မင်းမြတ် “သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်၏”ဟူသော ဤစကားကို ငါ မဟော။ အသျှင်ဘုရား သို့ဖြစ်လျှင် သတ္တဝါသည် သေသည်မှ နောက်၌ မဖြစ်သလော၊ မင်းမြတ် “သတ္တဝါသည်သေသည်မှ နောက်၌ မဖြစ် “ဟူသော စကားကိုလည်း ငါ မဟော။ အသျှင်ဘုရား သတ္တဝါသည်သေသည် မှ နောက်၌ ဖြစ်လည်းဖြစ် မဖြစ်လည်း မဖြစ်ပါသလော၊ မင်းမြတ် “သတ္တဝါသည် သေသည်မှနောက်၌ ဖြစ်လည်းဖြစ် မဖြစ်လည်း မဖြစ် “ဟူသော ဤစကားကိုလည်း ငါ မဟော။ အသျှင်ဘုရားသို့ဖြစ်လျှင် သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ် မဖြစ်သည်လည်းမဟုတ်ပါသလော၊ မင်းမြတ် “သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ်မဖြစ်သည်လည်း မဟုတ်”ဟူသော ဤ စကားကိုလည်း ငါ မဟော။ အသျှင်ဘုရား သတ္တဝါသည်သေသည်မှ နောက်၌ ဖြစ်သလောဟု ဤသို့ မေးလျှင် မင်းမြတ် “သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်၏”ဟူသော ဤစကားကို ငါ မဟောဟု ဆို၏။ အသျှင်ဘုရား သတ္တဝါသည် သေသည်မှ နောက်၌ မဖြစ်သလောဟု ဤသို့ မေးလျှင် မင်းမြတ် “သတ္တဝါသည် သေသည်မှ နောက်၌ မဖြစ် “ဟူသော ဤစကားကိုလည်း ငါ မဟောဟု ဆို၏။ အသျှင် ဘုရား “သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်လည်းဖြစ် မဖြစ်လည်း မဖြစ်သလောဟု ဤသို့ မေးလျှင် မင်းမြတ် “သတ္တဝါသည် သေသည်မှနောက်၌ ဖြစ်လည်းဖြစ် မဖြစ်လည်း မဖြစ် “ဟူသော ဤစကားကိုလည်း ငါ မဟောဟု ဆို၏။

အသျှင်ဘုရား သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ် မဖြစ်သည်လည်းမဟုတ်သလောဟု ဤသို့ မေးလျှင် မင်းမြတ် “သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်သည်လည်းမဟုတ် မဖြစ်သည်လည်း မဟုတ်” ဟူသော ဤစကားကိုလည်း ငါ မဟောဟု ဆို၏။ အသျှင် ဘုရား ဤစကားကို မြတ်စွာဘုရား ဟောတော်မမူခြင်း၏ အကြောင်းအထောက်အပံ့ကား အဘယ်ပါနည်းဟု (လျှောက်၏)။

--

မင်းမြတ် သို့ဖြစ်လျှင် ဤအရာ၌ သင့်ကိုပင် တစ်ဖန် ပြန်၍ မေးဦးအံ့၊ သင် နှစ်သက်သည့်အတိုင်းဖြေလော့။ မင်းမြတ် ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ ဂင်္ဂါမြစ်၌ “သဲများ ဤမျှလောက် ရှိ၏”ဟူ၍လည်းကောင်း၊ “သဲရာပေါင်း ဤမျှလောက် ရှိ၏”ဟူ၍လည်းကောင်း၊ “သဲထောင်ပေါင်း ဤမျှလောက်ရှိ၏”ဟူ၍လည်းကောင်း၊ “သဲသိန်းပေါင်း ဤမျှလောက် ရှိ၏”ဟူ၍လည်းကောင်း သဲများကိုရေတွက်ခြင်းငှါ စွမ်းနိုင်သော တစ်ဦးတစ်ယောက်သော ဂဏန်းသမားသည်လည်းကောင်း၊ လက်ချိုးရေသမားသည်လည်း ကောင်း၊ အပေါင်းလိုက်ရေသမားသည်လည်းကောင်း သင့်အား ရှိသလော။ အသျှင်ဘုရား မရှိပါ။ မဟာ သမုဒ္ဒရာ၌ “ရေတို့သည် ဤမျှလောက်ကွန်းစားပမာဏရှိ၏ “ဟူ၍လည်းကောင်း။ပ။ “ရေတို့သည် ဤမျှ လောက်ကွန်းစားအသိန်းပမာဏရှိ၏” ဟူ၍လည်းကောင်း ရေ၏ ပမာဏကို ရေတွက်ခြင်းငှါ စွမ်းနိုင်သောတစ်ဦးတစ်ယောက်သော ဂဏန်းသမားသည်လည်းကောင်း၊ လက်ချိုးရေသမားသည်လည်းကောင်း၊ အပေါင်းလိုက်ရေသမားသည်လည်းကောင်း သင့်အား ရှိသလော။ အသျှင်ဘုရား မရှိပါ။ အဘယ်ကြောင့်ပါနည်းဆိုလျှင် မဟာသမုဒ္ဒရာသည် နက်လှပါ၏၊ မနှိုင်းရှည့်နိုင်ပါ၊ သက်ဝင်ရန် ခဲယဉ်းပါ၏။

မင်းမြတ် ဤအတူပင်လျှင် သတ္တဝါဟု ပညတ်လျှင် ပညတ်နိုင်ရာသော ရုပ်ကို မြတ်စွာဘုရားသည်ပယ်ပြီးပြီ၊ အမြစ်ရင်းကို အကြွင်းမဲ့ ဖြတ်ပြီးပြီ၊ နုတ်ပြီးသော ထန်းပင်ရာကဲ့သို့ ပြုပြီးပြီ၊ နောက်ထပ်မဖြစ်အောင် ပြုပြီးပြီ၊ နောင်တစ်ဖန် ဖြစ်ခြင်းသဘော မရှိ။ မင်းမြတ် ရုပ်ဟု ခေါ်ဝေါ်ခြင်းမှ လွတ်တော်မူ့သော မြတ်စွာဘုရားသည် မဟာသမုဒ္ဒရာကဲ့သို့ နက်၏။ မနှိုင်းရှည့်နိုင်၊ သက်ဝင်ရန် ခဲယဉ်း၏။ ထို့ကြောင့် “သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်၏”ဟူသော စကားသို့ မရောက်။ပ။ “သတ္တဝါသည်သေသည်မှ နောက်၌ ဖြစ်လည်းဖြစ် မဖြစ်လည်း မဖြစ်”ဟူသော စကားသို့လည်း မရောက်။

ဝေဒနာကို။ သညာကို။ သင်္ခါရတို့ကို။ပ။ သတ္တဝါဟု ပညတ်လျှင် ပညတ်နိုင်ရာသော ဝိညာဏ်ကိုမြတ်စွာဘုရားသည် ပယ်ပြီးပြီ၊ အမြစ်ရင်းကို အကြွင်းမဲ့ ဖြတ်ပြီးပြီ၊ နုတ်ပြီးသော ထန်းပင်ရာကဲ့သို့ ပြုပြီးပြီ၊ နောက်ထပ် မဖြစ်အောင် ပြုပြီးပြီ၊ နောင်တစ်ဖန် ဖြစ်ခြင်းသဘော မရှိ။ မင်းမြတ် ဝိညာဏ်ဟုခေါ်ဝေါ်ခြင်းမှ လွတ်တော်မူသော မြတ်စွာဘုရားသည် မဟာသမုဒ္ဒရာကဲ့သို့ နက်၏၊ မနှိုင်းရှည့်နိုင်၊ သက်ဝင်ရန် ခဲယဉ်း၏။ ထိုကြောင့် “သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်၏ “ဟူသော စကားသို့လည်းမရောက်၊ “သတ္တဝါသည် သေသည်မှ နောက်၌ မဖြစ်”ဟူသော စကားသို့လည်း မရောက်၊ သတ္တဝါသည်သေသည်မှ နောက်၌ ဖြစ်လည်းဖြစ် မဖြစ်လည်း မဖြစ်”ဟူသော စကားသို့လည်း မရောက်၊ “သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ် မဖြစ်သည်လည်း မဟုတ်”ဟူသော စကားသို့လည်းမရောက်ဟု မိန့်တော်မူ၏။

အသျှင်ဘုရား အံ့ဖွယ်ရှိပါပေ၏၊ အသျှင်ဘုရား မဖြစ်ဖူးမြဲ ဖြစ်ပါပေ၏၊ မြတ်စွာဘုရားနှင့် တပည့်မ၏တရားဟောရာ၌ အနက်အနက်ချင်း သဒ္ဒါသဒ္ဒါချင်း တစ်ထပ်တည်း ကျလှပါ၏၊ ညီညွတ်လှပါ၏၊ မဆန့်ကျင်ပါ။ အသျှင်ဘုရား အခါတစ်ပါး၌ အကျွန်ုပ်သည် ရဟန်းမိန်းမ ခေမာထံသို့ ချဉ်းကပ်ပြီးလျှင် ဤအကြောင်းကို မေးဖူးပါသည်၊ ထိုအရှင်မသည်လည်း ဤပုဒ်တို့ဖြင့် ဤသဒ္ဒါတို့ဖြင့် မြတ်စွာဘုရား ဖြေကြားသကဲ့သို့ ဖြေကြားပါ၏။ အသျှင်ဘုရား အံဩဖွယ်ရှိပါပေ၏၊ အသျှင်ဘုရား မဖြစ်ဖူးမြဲ ဖြစ်ပါပေ၏။

မြတ်စွာဘုရားနှင့် တပည့်မ၏ တရားဟောရာ၌ အနက်အနက်ချင်း သဒ္ဒါသဒ္ဒါချင်း တစ်ထပ်တည်း ကျလှပါ၏၊ ညီညွတ်လှပါ၏၊ မဆန့်ကျင်ပါ။ မြတ်စွာဘုရား ယခု အကျွန်ုပ်တို့ သွားပါဦးအံ့၊ အကျွန်ုပ်တို့သည်ကိစ္စများပါကုန်၏၊ ပြုဖွယ်များပါကုန်၏ဟု လျှောက်၏၊ မင်းမြတ် ယခု သွားခြင်း၏ အခါကို သင်သိ၏ (သွားရန်မှာ သင်မင်းကြီး၏ အလိုအတိုင်းပင် ဖြစ်၏)ဟု မိန့်တော်မူ၏။ ထို့နောက် ပသေနဒီကောသလမင်းသည် မြတ်စွာဘုရား၏ စကားကို အလွန်နှစ်သက်ဝမ်းမြောက်၍ နေရာမှ ထပြီးလျှင် မြတ်စွာဘုရားကိုရှိခိုး၍ အရိုအသေပြုကာ ဖဲသွားလေ၏။

ပဌမသုတ်။

--

၂-အနုရာဓသုတ်

၄၁၁။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဝေသာလီပြည် မဟာဝုန်တော ပြာသာဒ်ဆောင် ပေါက်သောကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ အသျှင်အနုရာဓသည် မြတ်စွာဘုရားနှင့် မနီးမဝေးဖြစ်သောတောကျောင်းငယ်၌ နေ၏၊ ထိုအခါ အယူတစ်မျိုးရှိသူ ပရိဗိုဇ်များစွာတို့သည် အသျှင်အနုရာဓထံသို့ချဉ်းကပ်ပြီးလျှင် အသျှင်အနုရာဓနှင့် အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက် ပြောဆိုပြီး၍ တစ်ခုသောနေရာ၌ ထိုင်နေကာ ဤစကားကို ဆိုကုန်၏- “ငါ့သျှင်အနုရာဓ မြတ်သော ယောက်ျားဖြစ်သောအလွန်မြတ်သော ယောက်ျားဖြစ်သော အမြတ်ဆုံးသို့ ရောက်သော ထို မြတ်စွာဘုရားသည်ပညတ်လိုသော် ‘သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်၏ ‘ဟူ၍လည်းကောင်း၊ ‘သတ္တဝါသည် သေသည်မှနောက်၌ မဖြစ် ‘ဟူ၍လည်း ကောင်း၊ သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်လည်းဖြစ် မဖြစ်လည်းမဖြစ် ‘ဟူ၍လည်းကောင်း၊ ‘သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ် မဖြစ်သည်လည်းမဟုတ် ‘ဟူ၍လည်းကောင်း ဤလေးဌာနတို့၌ ပညတ် သလော ”ဟု မေး၏။

ငါ့သျှင်တို့ ထိုမြတ်သော ယောက်ျားဖြစ်သော အလွန်မြတ်သော ယောက်ျားဖြစ်သော အမြတ်ဆုံးသို့ရောက်သော ထိုမြတ်စွာဘုရားသည် ပညတ်လိုသော် “သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်၏”ဟူ၍့လည်းကောင်း၊ “သတ္တဝါသည် သေသည်မှ နောက်၌ မဖြစ်”ဟူ၍လည်းကောင်း၊ “သတ္တဝါသည်သေသည်မှ နောက်၌ ဖြစ်လည်းဖြစ် မဖြစ်လည်း မဖြစ်” ဟူ၍လည်းကောင်း၊ “သတ္တဝါသည် သေသည်မှနောက်၌ ဖြစ်သည်လည်း မဟုတ် မဖြစ်သည်လည်း မဟုတ်”ဟူ၍လည်းကောင်း ဤလေးဌာနတို့ကိုဖယ်ထား၍ ပညတ်အပ်၏။ ဤသို့ ဆိုသော် ထိုအယူတစ်မျိုးရှိသူ ပရိဗိုဇ်တို့သည် အသျှင်အနုရာဓအား” ဤရဟန်းသည် ရဟန်းပြု၍ မကြာသေးသော သီတင်းငယ် ဖြစ်ပေလိမ့်မည်၊ မထေရ်ဖြစ်လျှင်လည်းမလိမ္မာသူ မကျွမ်းကျင်သူ ဖြစ်လိမ့်မည် “ဟူသော ဤစကားကို ဆိုကုန်၏။ ထို့နောက်ထိုအယူတစ်မျိုးရှိသူ ပရိဗိုဇ် တို့သည် အသျှင်အနုရာဓကို သီတင်းငယ်ဟူသော စကားဖြင့်လည်းကောင်း၊ မလိမ္မာသူဟူသော စကားဖြင့်လည်းကောင်း မောင်းမဲ၍ နေရာမှ ထကာ ဖဲသွားကြကုန်၏။

ထို့နောက် အယူတစ်မျိုးရှိသူ ပရိဗိုဇ်တို့ ဖဲသွား၍ မကြာမီ အသျှင်အနုရာဓအား ဤအကြံသည် ဖြစ်၏-"ထိုအယူတစ်မျိုးရှိသူ ပရိဗိုဇ်တို့သည် ဤထက်အလွန် မေးကြပါမူ ထိုအယူတစ်မျိုးရှိသူ ပရိဗိုဇ် တို့ကို ငါအဘယ်သို့ ဖြေပါက မြတ်စွာဘုရား၏ စကားတော်အတိုင်း ဆိုသူလည်း ဖြစ်ပါအံ့နည်း၊ မြတ်စွာဘုရားကို မဟုတ်မမှန်သော စကားဖြင့် စွပ်စွဲရာ မရောက်ဘဲ ရှိပါအံ့နည်း၊ တရားတော်အား လျော်သောတရားကိုလည်း ဖြေဆိုရာ ရောက်ပါအံ့နည်း၊ မြတ်စွာဘုရား၏ စကားသို့ အတုလိုက်၍ ပြောခြင်းသည်အကြောင်းနှင့် တကွဖြစ်၍ အကဲ့ရဲ့ခံရခြင်းသို့ အနည်းငယ်မျှ မရောက်ဘဲ ရှိပါအံ့နည်း”ဟု အကြံ ဖြစ်၏။

--

ထို့နောက် အသျှင်အနုရာဓသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် ရှိခိုး၍ တစ်ခုသော နေရာ၌ ထိုင်နေလျက် “အသျှင်ဘုရား ယခု အကျွန်ုပ်သည် မြတ်စွာဘုရားနှင့် မနီးမဝေးသော တောကျောင်းငယ်၌ နေပါ၏၊ အသျှင်ဘုရား ထိုအခါ အယူတစ်မျိုးရှိသူ ပရိဗိုဇ်များစွာတို့သည် အကျွန်ုပ်ထံသို့ ချဉ်းကပ်ပြီးလျှင်အကျွန်ုပ်နှင့် အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆိုပြီး၍ တစ်ခုသော နေရာ၌ ထိုင်နေပြီးလျှင်ငါ့သျှင် အနုရာဓ “မြတ်သော ယောက်ျားဖြစ်သော အလွန်မြတ်သော ယောက်ျားဖြစ်သော အမြတ်ဆုံးသို့ရောက် သော ထိုမြတ်စွာဘုရားသည် ပညတ်လိုသော် ‘သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်၏ ‘ဟူ၍လည်း ကောင်း၊ ‘သတ္တဝါသည် သေသည်မှ နောက်၌ မဖြစ် ‘ဟူ၍လည်းကောင်း၊ ‘သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်လည်းဖြစ် မဖြစ်လည်း မဖြစ် ‘ဟူ၍လည်းကောင်း၊ ‘သတ္တဝါသည်သေသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ် မဖြစ်သည်လည်း မဟုတ် ‘ဟူ၍လည်းကောင်း ဤလေးဌာနတို့၌ ပညတ်သလော”ဟူ သော ဤစကားကို ပြောကြပါသည်။ အသျှင်ဘုရား ဤသို့ပြောလျှင် အကျွန်ုပ်သည် ထိုအယူတစ်မျိုးရှိသူ ပရိဗိုဇ်တို့အား “ငါ့သျှင်တို့ မြတ်သော ယောက်ျားဖြစ်သောအလွန်မြတ်သော ယောက်ျားဖြစ်သော အမြတ် ဆုံးသို့ ရောက်သော ထိုမြတ်စွာဘုရားသည်ပညတ်လိုသော် ‘သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်၏ ‘ဟူ၍လည်းကောင်း၊ ‘သတ္တဝါသည်သေသည်မှ နောက်၌ မဖြစ်’ဟူ၍လည်းကောင်း၊ ‘သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်လည်းဖြစ်မဖြစ်လည်း မဖြစ်’ဟူ၍လည်းကောင်း၊ ‘သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ်မဖြစ်သည်လည်း မဟုတ်’ဟူ၍လည်းကောင်း ဤလေးဌာနတို့၌ ပညတ်၏ “ဟူ သော ဤစကားကိုပြောပါသည်၊ အသျှင်ဘုရား ဤသို့ ဆိုသော် ထိုအယူတစ်မျိုးရှိသူ ပရိဗိုဇ်တို့သည် အကျွန်ုပ်ကို” ဤရဟန်းသည် ရဟန်းပြု၍ မကြာသေးသော သီတင်းငယ် ဖြစ်လိမ့်မည်၊ မထေရ်ဖြစ်လျှင်လည်းမလိမ္မာသူ မကျွမ်းကျင်သူ ဖြစ်လိမ့်မည်”ဟူသော ဤစကားကို ပြောကြပါသည်၊ အသျှင်ဘုရား ထို့နောက်ထိုအယူတစ်မျိုးရှိသူ ပရိဗိုဇ်တို့သည် အကျွန်ုပ်ကို သီတင်းငယ်ဟူသော စကားဖြင့်လည်းကောင်း၊ မလိမ္မာသူ ဟူသော စကားဖြင့်လည်းကောင်း မောင်းမဲ၍ နေရာမှ ထကာ ပြန်ကြပါကုန်၏။

ထို့နောက် အယူတစ်မျိုးရှိသူ ပရိဗိုဇ်များ ဖဲသွား၍ မကြာမီ အကျွန်ုပ်အား ဤအကြံသည် ဖြစ်ပါ၏-"ထိုအယူတစ်မျိုးရှိသူ ပရိဗိုဇ်တို့သည် ဤထက်အလွန် မေးကြပါမူ ထိုအယူတစ်မျိုးရှိသူ ပရိဗိုဇ်တို့ကို ငါအဘယ်သို့ ဖြေပါက မြတ်စွာဘုရား၏ စကားတော်အတိုင်း ဆိုသူလည်း ဖြစ်ပါအံ့နည်း၊ မြတ်စွာဘုရားကို့မဟုတ်မမှန်သော စကားဖြင့် စွပ်စွဲရာ မရောက်ဘဲ ရှိပါအံ့နည်း၊ တရားတော်အား လျော်သောတရားကိုလည်း ဖြေဆိုရာ ရောက်ပါအံ့နည်း၊ မြတ်စွာဘုရား၏ စကားသို့ အတုလိုက်၍ ပြောခြင်းသည်အကြောင်းနှင့် တကွဖြစ်၍ အကဲ့ရဲ့ခံရခြင်းသို့ အနည်းငယ်မျှ မရောက်ဘဲ ရှိပါအံ့နည်း”ဟုအကြံဖြစ်ပါသည် ဟူသော ဤစကားကို လျှောက်၏။

အနုရာဓ ဤအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ ရုပ်သည် မြဲသလော၊ မမြဲသလော။ မမြဲပါအသျှင်ဘုရား။ မမြဲသော ရုပ်သည် ဆင်းရဲလော၊ ချမ်းသာလော။ ဆင်းရဲပါ အသျှင်ဘုရား။ မမြဲသောဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော ရုပ်ကို “ ဤရုပ်သည် ငါ၏ ဥစ္စာတည်း၊ ဤရုပ်သည် ငါဖြစ်၏၊ ဤရုပ်သည် ငါ၏ အတ္တတည်း”ဟု ရှုခြင်းငှါ သင့်လျော်ပါမည်လော။ မသင့်လျော်ပါ အသျှင်ဘုရား။ ဝေဒနာသည် မြဲသလော၊ မမြဲသလော။ပ။ သညာသည်။ သင်္ခါရတို့သည်။ ဝိညာဏသည် မြဲသလော၊ မမြဲသလော။ မမြဲပါ အသျှင်ဘုရား။ မမြဲသော ဝိညာဏ်သည် ဆင်းရဲလော၊ ချမ်းသာလော။ ဆင်းရဲပါအသျှင်ဘုရား။ မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်း သဘောရှိသော ဝိညာဏ်ကို “ ဤဝိညာဏ်သည်ငါ၏ ဥစ္စာ တည်း၊ ဤဝိညာဏ်သည် ငါ ဖြစ်၏၊ ဤဝိညာဏ်သည် ငါ၏ အတ္တတည်း”ဟု ရှုခြင်းငှါသင့်လျော်ပါမည်လော။ မသင့်လျော်ပါ အသျှင်ဘုရား။ အနုရာဓ ထိုသို့ဖြစ်သောကြောင့်အတိတ်အနာဂတ်ပစ္စုပ္ပန်လည်းဖြစ် သော ကိုယ်တွင်း ကိုယ်ပလည်းဖြစ်သော အကြမ်းအနုလည်းဖြစ်သောအယုတ်အမြတ်လည်းဖြစ်သော အဝေး အနီးလည်းဖြစ်သော ရုပ်အားလုံးကို “ ဤရုပ်သည် ငါ၏ဥစ္စာမဟုတ်၊ ဤရုပ်သည် ငါ မဟုတ်၊ ဤရုပ်သည် ငါ၏ အတ္တမဟုတ်”ဟု ဤသို့ဟုတ်မှန်သည့်အတိုင်းမှန်ကန်သော ပညာဖြင့် ရှုရမည်။ အတိတ် အနာဂတ်ပစ္စုပ္ပန်လည်းဖြစ်သောကိုယ်တွင်းကိုယ်ပလည်းဖြစ်သော အကြမ်းအနုလည်း ဖြစ်သော အယုတ်အမြတ်လည်းဖြစ်သောအဝေးအနီးလည်းဖြစ်သော ဝေဒနာအားလုံးကို။ သညာအားလုံးကို။ သင်္ခါရအားလုံး တို့ကို။ ဝိညာဏ်အားလုံးကို “ ဤဝိညာဏ်သည် ငါ၏ ဥစ္စာမဟုတ်၊ ဤဝိညာဏ်သည် ငါ မဟုတ်၊ ဤဝိညာဏ်သည် ငါ၏ အတ္တမဟုတ်”ဟု ဤသို့ဟုတ်မှန်သည့်အတိုင်း မှန်ကန်သော ပညာဖြင့် ရှုရမည်။ အနုရာဓ အကြားအမြင်ရှိသော အရိယာ တပည့်သည် ဤသို့ ရှုသော် ရုပ်၌လည်း ငြီးငွေ့၏၊ ဝေဒနာ၌လည်း ငြီးငွေ့၏၊ သညာ၌လည်း ငြီးငွေ့၏၊ သင်္ခါရတို့၌လည်း ငြီးငွေ့၏၊ ဝိညာဏ်၌လည်းငြီးငွေ့၏၊ ငြီးငွေ့သော် တပ်မက်မှု ကင်း၏၊ တပ်မက်မှု ကင်းခြင်းကြောင့် (ကိလေသာမှ) လွတ်မြောက်၏၊ (ကိလေသာမှ) လွတ် မြောက်သော် “ (ကိလေသာမှ) လွတ်မြောက်ပြီ”ဟု အသိဉာဏ်ဖြစ်ပေါ်၏၊ “ပဋိသန္ဓေနေမှု ကုန်ပြီ၊ အကျင့် မြတ်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ် (မဂ်) ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်) ကိစ္စအလို့ငှါ တစ်ဖန်ပြုဖွယ် မရှိတော့ပြီ”ဟု သိ၏။

--

အနုရာဓ ထိုအရာကို သင် အဘယ်သို့ မှတ်ထင်သနည်း၊ ရုပ်ကို သတ္တဝါဟု ရှုသလော၊ မရှုပါအသျှင်ဘုရား။ ဝေဒနာကို သတ္တဝါဟု ရှုသလော၊ မရှုပါ အသျှင်ဘုရား။ သညာကို သတ္တဝါဟုရှုသလော၊ မရှုပါ အသျှင်ဘုရား။ သင်္ခါရတို့ကို သတ္တဝါဟု ရှုသလော၊ မရှုပါ အသျှင်ဘုရား။ ဝိညာဏ်ကိုသတ္တဝါဟု ရှုသလော၊ မရှုပါ အသျှင်ဘုရား။ အနုရာဓ ထိုအရာကို သင်အဘယ်သို့ မှတ်ထင်သနည်း၊ ရုပ်၌ သတ္တဝါဟု ရှုသလော၊ မရှုပါ အသျှင်ဘုရား။ ရုပ်ကို ဖယ်ထား၍ သတ္တဝါဟု ရှုသလော၊ မရှုပါအသျှင်ဘုရား။ ဝေဒနာ၌ ။ပ။ ဝေဒနာကို ဖယ်ထား၍ ။ပ။ သညာ၌ ။ပ။ သညာကို ဖယ်ထား၍ ။ပ။ သင်္ခါရတို့၌ ။ပ။ သင်္ခါရ တို့ကို ဖယ်ထား၍ ။ပ။ ဝိညာဏ်၌ သတ္တဝါဟု ရှုသလော၊ မရှုပါ အသျှင်ဘုရား။ ဝိညာဏ်ကို ဖယ်ထား၍ သတ္တဝါဟု ရှုသလော၊ မရှုပါ အသျှင်ဘုရား။

အနုရာဓ ထိုအရာကို သင် အဘယ်သို့ မှတ်ထင်သနည်း၊ ရုပ်ကို ဝေဒနာကို သညာကို သင်္ခါရတို့ကိုဝိညာဏ်ကို သတ္တဝါဟု ရှုသလော၊ မရှုပါ အသျှင်ဘုရား။ အနုရာဓ ထိုအရာကို သင် အဘယ်သို့ မှတ်ထင်သနည်း၊ ဤသတ္တဝါသည် ရုပ်မရှိ ဝေဒနာမရှိ သညာမရှိ သင်္ခါရတို့မရှိ ဝိညာဏ်မရှိဟု ရှုသလော၊့မရှုပါ အသျှင်ဘုရား။ အနုရာဓ ဤမျက်မှောက်ဘဝ၌ ပင်လျှင် သင်သည် အမှန်အားဖြင့်အခိုင်အမာအားဖြင့် သတ္တဝါဟု မရအပ်ပါဘဲလျက် “ငါ့သျှင်တို့ မြတ်သော ယောက်ျား ဖြစ်သောအလွန်မြတ်သော ယောက်ျား ဖြစ်သော အမြတ်ဆုံးသို့ ရောက်သော ထိုမြတ်စွာဘုရားသည်ပညတ်လိုသော် သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်၏ဟူ၍လည်းကောင်း။ပ။ သတ္တဝါသည်သေသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ် မဖြစ်သည်လည်း မဟုတ်ဟူ၍လည်းကောင်း ဤလေးဌာနတို့ကို ဖယ်ထား၍ ပညတ်၏ ”ဟု ထိုဖြေဆိုမှုသည် သင့်လျော်ပါမည်လော။ မသင့်လျော်ပါဘုရား။ အနုရာဓ ကောင်းပေစွ၊ ကောင်းပေစွ၊ အနုရာဓ ရှေးအခါဖြစ် စေ၊ ယခုအခါဖြစ်စေဒုက္ခနှင့် ဒုက္ခ၏ ချုပ်ခြင်းကိုသာ ငါ ပညတ်၏ဟု (မိန့်တော်မူ၏)။

ဒုတိယသုတ်။

--

၃-ပဌမ သာရိပုတ္တ ကောဋ္ဌိကသုတ်

၄၁၂။ အခါတစ်ပါး၌ အသျှင်သာရိပုတြာနှင့် အသျှင်မဟာကောဋ္ဌိကတို့သည် ဗာရာဏသီပြည် ဣသိပတန မိဂဒါဝုန်တော၌ (သီတင်းသုံး) နေတော်မူကုန်၏၊ ထိုအခါ အသျှင်မဟာကောဋ္ဌိကသည် ညချမ်းအခါတစ်ပါးတည်း ကိန်းအောင်းရာမှ ထ၍ အသျှင်သာရိပုတြာထံသို့ ချဉ်းကပ်ပြီးလျှင် အသျှင်သာရိပုတြာနှင့်အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆိုပြီး၍ တစ်ခုသော နေရာ၌ ထိုင်နေလျက် အသျှင်သာရိပုတြာအား-ငါ့သျှင်သာရိပုတြာ သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်သလောဟု ဆို၏၊ ငါ့သျှင်"သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်၏”ဟူသော ဤစကားကို မြတ်စွာဘုရား ဟောတော်မမူ။ ငါ့သျှင်"သတ္တဝါသည် သေသည်မှ နောက်၌ မဖြစ်သလော၊ ငါ့သျှင် “သတ္တဝါသည် သေသည်မှ နောက်၌ မဖြစ်”ဟူသော ဤ စကားကိုလည်း မြတ်စွာဘုရား ဟောတော်မမူ။ ငါ့သျှင် သတ္တဝါသည် သေသည်မှနောက်၌ ဖြစ်လည်းဖြစ် မဖြစ်လည်း မဖြစ်သလော၊ ငါ့သျှင် “သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်လည်းဖြစ် မဖြစ်လည်း မဖြစ်”ဟူသော ဤစကားကိုလည်း မြတ်စွာဘုရား ဟောတော်မမူ။ ငါ့သျှင်သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ် မဖြစ်သည်လည်း မဟုတ်သလော၊ ငါ့သျှင်"သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ် မဖြစ်သည်လည်း မဟုတ် “ဟူသော ဤစကားကိုလည်း မြတ်စွာဘုရား ဟောတော်မမူ။

“ငါ့သျှင် သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်သလော”ဟု ဤသို့ မေးလျှင် “ငါ့သျှင် ‘သတ္တဝါသည်သေသည်မှ နောက်၌ ဖြစ်၏ ‘ဟူသော ဤစကားကို မြတ်စွာဘုရား ဟောတော်မမူ”ဟု ဆို၏။ပ။ “ငါ့သျှင်သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ် မဖြစ်သည်လည်း မဟုတ်သလော”ဟု ဤသို့ မေးလျှင် “ငါ့သျှင် ‘သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ် မဖြစ်သည်လည်း မဟုတ်’ဟူသော ဤစကားကိုလည်း မြတ်စွာဘုရား ဟောတော်မမူ”ဟု ဆို၏။ ငါ့သျှင် ဤစကားကို မြတ်စွာဘုရား ဟောတော်မမူခြင်း၏ အကြောင်းအထောက်အပံ့ကား အဘယ်ပါနည်း။

ငါ့သျှင် “သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်၏”ဟူသော ဤစကားသည် ရုပ်မျှသာတည်း၊ “သတ္တဝါသည် သေသည်မှ နောက်၌ မဖြစ်”ဟူသော ဤစကားသည် ရုပ်မျှသာတည်း၊ “သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်လည်းဖြစ် မဖြစ်လည်း မဖြစ်”ဟူသော ဤစကားသည် ရုပ်မျှသာတည်း၊ “သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ် မဖြစ်သည်လည်း မဟုတ်”ဟူသော ဤစကားသည်ရုပ်မျှသာတည်း။ ငါ့သျှင် “သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်၏”ဟူသော ဤစကားသည် ဝေဒနာမျှသာတည်း၊ “သတ္တဝါသည် သေသည်မှ နောက်၌ မဖြစ် “ဟူသော ဤစကားသည် ဝေဒနာမျှသာတည်း၊ “သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်လည်းဖြစ် မဖြစ်လည်း မဖြစ်”ဟူသော ဤစကားသည် ဝေဒနာမျှသာတည်း။ “သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ် မဖြစ်သည်လည်း မဟုတ်”ဟူ့သော ဤစကားသည် ဝေဒနာမျှသာတည်း။ ငါ့သျှင် “သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်၏ “ဟူသော ဤစကားသည် သညာမျှသာတည်း၊ “သတ္တဝါသည် သေသည်မှ နောက်၌ မဖြစ်”ဟူသော ဤစကားသည်သညာမျှသာတည်း၊ “သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်လည်းဖြစ် မဖြစ်လည်း မဖြစ်”ဟူသော ဤစကားသည် သညာမျှသာတည်း၊ “သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ် မဖြစ်သည်လည်း မဟုတ်”ဟူသော ဤစကားသည် သညာမျှသာတည်း။ ငါ့သျှင် “သတ္တဝါသည် သေသည်မှနောက်၌ ဖြစ်၏ “ဟူသော ဤစကားသည် သင်္ခါရမျှသာတည်း၊ “သတ္တဝါသည် သေသည်မှ နောက်၌ မဖြစ်”ဟူသော ဤစကားသည် သင်္ခါရမျှသာတည်း၊ “သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်လည်းဖြစ်မဖြစ်လည်း မဖြစ်”ဟူသော ဤစကားသည် သင်္ခါရမျှသာတည်း၊ “သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ် မဖြစ်သည်လည်း မဟုတ်”ဟူသော ဤစကားသည် သင်္ခါရမျှသာတည်း။ ငါ့သျှင်"သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်၏”ဟူသော ဤစကားသည် ဝိညာဏ်မျှသာတည်း၊ “သတ္တဝါသည် သေသည်မှ နောက်၌ မဖြစ်”ဟူသော ဤစကားသည် ဝိညာဏ်မျှသာတည်း၊ “သတ္တဝါသည်သေသည်မှ နောက်၌ ဖြစ်လည်းဖြစ် မဖြစ်လည်း မဖြစ်”ဟူသော ဤစကားသည် ဝိညာဏ်မျှသာတည်း၊ “သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ် မဖြစ်သည်လည်း မဟုတ်”ဟူသော ဤစကားသည် ဝိညာဏ်မျှသာ တည်း။ ငါ့သျှင် မြတ်စွာဘုရား ဟောတော်မမူခြင်း၏အကြောင်းအထောက်အပံ့ကား ဤသည်ပင်တည်းဟု (မိန့်တော်မူ၏)။

တတိယသုတ်။

--

၄-ဒုတိယ သာရိပုတ္တ ကောဋ္ဌိကသုတ်

၄၁၃။ အခါတစ်ပါး၌ အသျှင်သာရိပုတြာနှင့် အသျှင်မဟာကောဋ္ဌိကတို့သည် ဗာရာဏသီပြည် ဣသိပတန မိဂဒါဝုန်တော၌ (သီတင်းသုံး) နေတော်မူကုန်၏။ပ။ [ထိုအမေးမျိုးပင်တည်း။ ]

ငါ့သျှင် မြတ်စွာဘုရား ဟောတော်မမူခြင်း၏ အကြောင်းအထောက်အပံ့ကား အဘယ်ပါနည်း။ ငါ့သျှင်ရုပ်ကိုဟုတ်မှန်သည့်အတိုင်း မသိမမြင်သူအား ရုပ်ဖြစ်ကြောင်းကိုဟုတ်မှန်သည့်အတိုင်း မသိမမြင်သူအားရုပ်ချုပ်ရာကိုဟုတ်မှန်သည့်အတိုင်း မသိမမြင်သူအား ရုပ်ချုပ်ရာသို့ ရောက်ကြောင်းအကျင့်ကိုဟုတ်မှန်သည့်အတိုင်း မသိမမြင်သူအား “သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်၏” ဟူ၍လည်း (အယူ) ဖြစ်၏၊ “သတ္တဝါသည် သေသည်မှ နောက်၌ မဖြစ်”ဟူ၍လည်း (အယူ) ဖြစ်၏၊ “သတ္တဝါသည် သေသည်မှနောက် ၌ ဖြစ်လည်းဖြစ် မဖြစ်လည်း မဖြစ်”ဟူ၍လည်း (အယူ) ဖြစ်၏၊ “သတ္တဝါသည် သေသည်မှနောက်၌ ဖြစ်သည်လည်း မဟုတ် မဖြစ်သည်လည်း မဟုတ်”ဟူ၍လည်း (အယူ) ဖြစ်၏။ ဝေဒနာကို။ သညာကို။ သင်္ခါရ တို့ကို။ ဝိညာဏ်ကိုဟုတ်မှန်သည့်အတိုင်း မသိမမြင်သူအား ဝိညာဏ်ဖြစ်ကြေင်းကိုဟုတ်မှန်သည့်အတိုင်း မသိမမြင်သူအား ဝိညာဏ်ချုပ်ရာကိုဟုတ်မှန်သည့်အတိုင်း မသိမမြင်သူအားဝိညာဏ်ချုပ်ရာသို့ ရောက် ကြောင်းအကျင့်ကိုဟုတ်မှန်သည့်အတိုင်း မသိမမြင်သူအား “သတ္တဝါသည်သေသည်မှ နောက်၌ ဖြစ်၏” ဟူ၍လည်း (အယူ) ဖြစ်၏၊ “ သတ္တဝါသည် သေသည်မှ နောက်၌ မဖြစ်”ဟူ၍လည်း (အယူ) ဖြစ်၏၊ “သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်လည်းဖြစ် မဖြစ်လည်းမဖြစ် “ ဟူ၍လည်း (အယူ) ဖြစ်၏၊ “သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ်မဖြစ်သည်လည်း မဟုတ် “ဟူ၍လည်း (အယူ) ဖြစ်၏။

--

ငါ့သျှင် ရုပ်ကိုဟုတ်မှန်သည့်အတိုင်း သိမြင်သူအား ရုပ်ဖြစ်ကြောင်းကိုဟုတ်မှန်သည့်အတိုင်း သိမြင်သူအား ရုပ်ချုပ်ရာကိုဟုတ်မှန်သည့်အတိုင်း သိမြင်သူအား ရုပ်ချုပ်ရာသို့ ရောက်ကြောင်းအကျင့်ကိုဟုတ်မှန်သည့်အတိုင်း သိမြင်သူအား “သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်၏ “ ဟူ၍လည်း (အယူ) မဖြစ်။ပ။ “သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်လည်းဖြစ် မဖြစ်လည်း မဖြစ်”ဟူ၍လည်း (အယူ)့မဖြစ်။ ဝေဒနာကို။ သညာကို။ သင်္ခါရတို့ကို။ ဝိညာဏ်ကိုဟုတ်မှန်သည့်အတိုင်း သိမြင်သူအား ဝိညာဏ်ဖြစ်ကြောင်းကိုဟုတ်မှန်သည့်အတိုင်း သိမြင်သူအား ဝိညာဏ်ချုပ်ရာကိုဟုတ်မှန်သည့်အတိုင်း သိမြင်သူအား ဝိညာဏ်ချုပ်ရာသို့ ရောက်ကြောင်းအကျင့်ကိုဟုတ်မှန်သည့်အတိုင်း သိမြင်သူအား “သတ္တဝါသည်သေသည်မှ နောက်၌ ဖြစ်၏ “ ဟူ၍လည်း (အယူ) မဖြစ်၊ “သတ္တဝါသည် သေသည်မှ နောက်၌ မဖြစ်”ဟူ၍လည်း (အယူ) မဖြစ်၊ “သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်လည်းဖြစ် မဖြစ်လည်း မဖြစ်”ဟူ၍လည်း (အယူ) မဖြစ်၊ “ သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ် မဖြစ်သည်လည်းမဟုတ် “ဟူ၍လည်း (အယူ) မဖြစ်။ ငါ့သျှင် မြတ်စွာဘုရား ဟောတော်မမူခြင်း၏ အကြောင်းအထောက်အပံ့ကား ဤသည်ပင်တည်းဟု (မိန့်တော်မူ၏)။

စတုတ္ထသုတ်။

၅-တတိယ သာရိပုတ္တ ကောဋ္ဌိကသုတ်

၄၁၄။ အခါတစ်ပါး၌ အသျှင်သာရိပုတြာနှင့် အသျှင်မဟာကောဋ္ဌိကတို့သည် ဗာရာဏသီပြည် ဣသိပတန မိဂဒါဝုန်တော၌ (သီတင်းသုံး) နေတော်မူကုန်၏။ပ။ [ထိုအမေးမျိုးပင်တည်း။ ]

ငါ့သျှင် မြတ်စွာဘုရား ဟောတော်မမူခြင်း၏ အကြောင်းအထောက်အပံ့ကား အဘယ်ပါနည်းဟု မေး၏။ ငါ့သျှင် ရုပ်၌ စွဲမက်မှု မကင်းသူ လိုချင်မှု မကင်းသူ ချစ်ခင်မှု မကင်းသူ မွတ်သိပ်မှု မကင်းသူပူလောင်မှု မကင်းသူ တပ်မက်မှု မကင်းသူအား “ သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်၏ “ဟူ၍လည်း အယူဖြစ်၏။ပ။ “သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ်မဖြစ်သည်လည်း မဟုတ် “ ဟူ၍လည်း အယူဖြစ်၏။ ဝေဒနာ၌ ။ သညာ၌ ။ သင်္ခါရတို့၌ ။ ဝိညာဏ်၌ စွဲမက်မှု မကင်းသူ လိုချင်မှု မကင်းသူ ချစ်ခင်မှု မကင်းသူ မွတ်သိပ်မှု မကင်းသူ ပူလောင်မှု မကင်းသူတပ်မက်မှု မကင်းသူအား “သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်၏ “ဟူ၍လည်း အယူဖြစ်၏။ပ။ “ သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ် မဖြစ်သည်လည်း မဟုတ် “ ဟူ၍လည်းအယူဖြစ်၏။ ငါ့သျှင် ရုပ်၌ စွဲမက်မှု ကင်းသူ။ပ။ ဝေဒနာ၌ ။ သညာ၌ ။ သင်္ခါရတို့၌ ။ ဝိညာဏ်၌ စွဲမက်မှုကင်းသူ လိုချင်မှု ကင်းသူ ချစ်ခင်မှု ကင်းသူ မွတ်သိပ်မှု ကင်းသူ ပူလောင်မှု ကင်းသူ တပ်မက်မှုကင်းသူအား “သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်၏ “ဟူ၍လည်း အယူ မဖြစ်။ပ။ “သတ္တဝါသည်သေသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ် မဖြစ်သည်လည်း မဟုတ် “ဟူ၍လည်း အယူ မဖြစ်။ ငါ့သျှင် မြတ်စွာဘုရား ဟောတော် မမူခြင်း၏ အကြောင်းအထောက်အပံ့ကား ဤသည်ပင်တည်းဟု (မိန့်တော်မူ၏)။

ပဉ္စမသုတ်။

--

၆-စတုတ္ထ သာရိပုတ္တ ကောဋ္ဌိကသုတ်

၄၁၅။ အခါတစ်ပါး၌ အသျှင်သာရိပုတြာနှင့် အသျှင်မဟာကောဋ္ဌိကတို့သည် ဗာရာဏသီပြည် ဣသိပတန မိဂဒါဝုန်တော၌ (သီတင်းသုံး) နေတော်မူကုန်၏၊ ထိုအခါ အသျှင်သာရိပုတြာသည် ညချမ်းအခါတစ် ပါးတည်း ကိန်းအောင်းရာမှ ထ၍ အသျှင်မဟာကောဋ္ဌိကထံသို့ ချဉ်းကပ်ပြီးလျှင်အသျှင်မဟာကောဋ္ဌိကနှင့် အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆိုပြီး၍ တစ်ခုသော နေရာ၌ ထိုင်နေလျက် အသျှင်မဟာကောဋ္ဌိက အား- ငါ့သျှင်ကောဋ္ဌိက ‘သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်သလော ‘ဟု ဆို၏။ပ။ ‘ငါ့သျှင် သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ်မဖြစ်သည်လည်း မဟုတ်သလော ‘ဟု ဤသို့ မေး လျှင် ‘ငါ့သျှင် သတ္တဝါသည် သေသည် မှနောက်၌ ဖြစ်သည်လည်း မဟုတ် မဖြစ်သည်လည်း မဟုတ် ‘ဟူ သော ဤစကားကိုလည်း မြတ်စွာဘုရား့ဟောတော်မမူဟု ဆို၏။ ငါ့သျှင် မြတ်စွာဘုရား ဟောတော်မမူ ခြင်း၏ အကြောင်းအထောက်အပံ့ကားအဘယ်ပါနည်းဟု မေး၏။

ငါ့သျှင် ရုပ်ဟူသော မွေ့လျော်ရာရှိသော ရုပ်၌ ပျော်ပိုက်သော ရုပ်ကို နှစ်ခြိုက်သော ရုပ်ချုပ်ရာကိုဟုတ်မှန်သည့်အတိုင်း မသိမမြင်သော သူအား “ သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်၏ “ ဟူ၍လည်းအယူဖြစ်၏၊ “ သတ္တဝါသည် သေသည်မှ နောက်၌ မဖြစ် “ ဟူ၍လည်း အယူဖြစ်၏၊ “ သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်လည်းဖြစ် မဖြစ်လည်း မဖြစ် “ ဟူ၍လည်း အယူဖြစ်၏၊ “ သတ္တဝါသည် သေသည်မှနောက်၌ ဖြစ်သည်လည်း မဟုတ် မဖြစ်သည်လည်း မဟုတ် “ဟူ၍လည်း အယူဖြစ်၏။ ငါ့သျှင် ဝေဒနာဟူသော မွေ့လျော်ရာရှိသော ဝေဒနာ၌ ပျော်ပိုက်သော ဝေဒနာကို နှစ်ခြိုက်သော ဝေဒနာချုပ်ရာကိုဟုတ်မှန်သည့်အတိုင်း မသိမမြင်သော သူအား “သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်၏ “ ဟူ၍လည်းအယူ ဖြစ်၏။ပ။ ငါ့သျှင် သညာဟူသော မွေ့လျော်ရာရှိသော။ပ။ ငါ့သျှင် သင်္ခါရဟူသောမွေ့လျော်ရာရှိသော။ပ။ ငါ့သျှင် ဝိညာဏ်ဟူသော မွေ့လျော်ရာရှိသော ဝိညာဏ်၌ ပျော်ပိုက်သောဝိညာဏ်ကို နှစ်ခြိုက်သော ဝိညာဏ်ချုပ်ရာကိုဟုတ်မှန်သည့်အတိုင်း မသိမမြင်သော သူအား” သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်၏ “ ဟူ၍လည်း အယူဖြစ်၏။ပ။ “ သတ္တဝါသည် သေသည်မှနောက်၌ ဖြစ်သည်လည်း မဟုတ် မဖြစ်သည်လည်း မဟုတ် “ ဟူ၍လည်း အယူဖြစ်၏။

ငါ့သျှင် ရုပ်ဟူသော မွေ့လျော်ရာ မရှိသော ရုပ်၌ မပျော်ပိုက်သော ရုပ်ကို မနှစ်ခြိုက်သော ရုပ်ချုပ်ရာကိုဟုတ်မှန်သည့်အတိုင်း သိမြင်သော သူအား “သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်၏ “ ဟူ၍လည်း အယူ မဖြစ်။ပ။ “ သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ် မဖြစ်သည်လည်းမဟုတ် “ဟူ၍လည်း အယူ မဖြစ်။ ငါ့သျှင် ဝေဒနာဟူသော မွေ့လျော်ရာ မရှိသော။ပ။ ငါ့သျှင် သညာဟူသော မွေ့လျော်ရာ မရှိသော။ပ။ ငါ့သျှင် သင်္ခါရဟူသော မွေ့လျော်ရာ မရှိသော။ပ။ ငါ့သျှင် ဝိညာဏ်ဟူသော မွေ့လျော်ရာ မရှိသော ဝိညာဏ်၌ မပျော်ပိုက်သော ဝိညာဏ်ကို မနှစ်ခြိုက်သော ဝိညာဏ်ချုပ်ရာကိုဟုတ်မှန်သည့်အတိုင်း သိမြင်သော သူအား “သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်၏” ဟူ၍လည်းအယူ မဖြစ်။ပ။ “သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ် မဖြစ်သည်လည်း မဟုတ်”ဟူ၍လည်း အယူ မဖြစ်။ ငါ့သျှင် မြတ်စွာဘုရား ဟောတော်မမူခြင်း၏ အကြောင်းအထောက်အပံ့ကား ဤသည်ပင်တည်း။

--

ငါ့သျှင် မြတ်စွာဘုရား ဟောတော်မမူခြင်း၏ အကြောင်းပရိယာယ်တစ်မျိုးလည်း ရှိနိုင်သေးသလော။ ငါ့သျှင် ရှိနိုင်သေး၏၊ ငါ့သျှင် ဘဝဟူသော မွေ့လျော်ရာရှိသော ဘဝ၌ ပျော်ပိုက်သော ဘဝကို နှစ်ခြိုက်သော ဘဝချုပ်ရာကိုဟုတ်မှန်သည့်အတိုင်း မသိမမြင်သော သူအား “ သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်၏ “ ဟူ၍လည်း အယူဖြစ်၏။ပ။ “ သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ် မဖြစ်သည်လည်း မဟုတ် “ဟူ၍လည်း အယူဖြစ်၏။ ငါ့သျှင် ဘဝဟူသော မွေ့လျော်ရာ မရှိသော ဘဝ၌ မပျော် ပိုက်သော ဘဝကို မနှစ်ခြိုက်သော ဘဝချုပ်ရာကိုဟုတ်မှန်သည့်အတိုင်း သိမြင်သော သူအား"သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်၏ “ဟူ၍လည်း အယူ မဖြစ်။ပ။ “သတ္တဝါသည် သေသည်မှနောက်၌ ဖြစ်သည်လည်း မဟုတ် မဖြစ်သည်လည်း မဟုတ် “ဟူ၍လည်း အယူ မဖြစ်၊ ငါ့သျှင်မြတ်စွာဘုရား ဟောတော်မမူခြင်း၏ အကြောင်းပရိယာယ်ကား ဤသည်ပင်တည်း။

ငါ့သျှင် မြတ်စွာဘုရား ဟောတော်မမူခြင်း၏ အကြောင်းပရိယာယ်တစ်မျိုးလည်း ရှိနိုင်သေးသလော။ ငါ့သျှင် ရှိနိုင်သေး၏၊ ငါ့သျှင် ဥပါဒါန်ဟူသော မွေ့လျော်ရာရှိသော ဥပါဒါန်၌ ပျော်ပိုက်သော ဥပါဒါန်ကိုနှစ်ခြိုက်သော ဥပါဒါန်ချုပ်ရာကိုဟုတ်မှန်သည့်အတိုင်း မသိမမြင်သော သူအား “သတ္တဝါသည်သေသည်မှ နောက်၌ ဖြစ်၏”ဟူ၍လည်း အယူဖြစ်၏။ပ။ “ သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ် မဖြစ်သည်လည်း မဟုတ် “ဟူ၍လည်း အယူဖြစ်၏။ ငါ့သျှင် ဥပါဒါန်ဟူသော မွေ့လျော်ရာ မရှိသော ဥပါ ဒါန်၌ မပျော်ပိုက်သော ဥပါဒါန်ကို မနှစ်ခြိုက်သော ဥပါဒါန်ချုပ်ရာကိုဟုတ်မှန်သည့်အတိုင်း သိမြင်သော သူအား “ သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်၏ “ဟူ၍လည်းအယူ မဖြစ်။ပ။ “ သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ် မဖြစ်သည်လည်းမဟုတ် “ ဟူ၍လည်း အယူ မဖြစ်။ ငါ့သျှင် မြတ်စွာဘုရား ဟောတော်မမူခြင်း၏အကြောင်းပရိယာယ်ကား ဤသည်ပင်တည်း။

ငါ့သျှင် မြတ်စွာဘုရား ဟောတော်မမူခြင်း၏ အကြောင်းပရိယာယ်တစ်မျိုးလည်း ရှိနိုင်သေးသလော။ ငါ့သျှင် ရှိနိုင်သေး၏၊ ငါ့သျှင် တဏှာဟူသော မွေ့လျော်ရာရှိသော တဏှာ၌ ပျော်ပိုက်သော တဏှာကိုနှစ် ခြိုက်သော တဏှာချုပ်ရာကိုဟုတ်မှန်သည့်အတိုင်း မသိမမြင်သော သူအား “သတ္တဝါသည်သေသည်မှ နောက်၌ ဖြစ်၏ “ဟူ၍လည်း အယူဖြစ်၏။ပ။ “သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ် မဖြစ်သည်လည်း မဟုတ် “ဟူ၍လည်း အယူဖြစ်၏။ ငါ့သျှင် တဏှာဟူသောမွေ့လျော်ရာ မရှိသော တဏှာ၌ မပျော်ပိုက်သော တဏှာကို မနှစ်ခြိုက်သော တဏှာချုပ်ရာကိုဟုတ်မှန်သည့်အတိုင်း သိမြင်သော သူအား “သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်၏”ဟူ၍လည်းအယူ မဖြစ်။ပ။ “ သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ် မဖြစ်သည်လည်းမဟုတ် “ဟူ၍လည်း အယူ မဖြစ်၊ ငါ့သျှင် မြတ်စွာဘုရား ဟောတော်မမူခြင်း၏ အကြောင်းပရိယာယ်ကား ဤသည်ပင်တည်း။

ငါ့သျှင် မြတ်စွာဘုရား ဟောတော်မမူခြင်း၏ အကြောင်းပရိယာယ်တစ်မျိုးလည်း ရှိနိုင်သေးသလော။ ငါ့သျှင်သာရိပုတြာ ယခု ဤအရပ်၌ ဤထက်အလွန် အဘယ်ကို အလိုရှိသနည်း၊ ငါ့သျှင်သာရိပုတြာတဏှာ ကုန်သဖြင့် (ကိလေသာမှ) လွတ်မြောက်ပြီးသော ရဟန္တာပုဂ္ဂိုလ်အား ပညတ်ရန် ဝဋ်ဆင်းရဲသည်မရှိဟု (မိန့်ဆို၏)။

ဆဋ္ဌသုတ်။

--

၇-မောဂ္ဂလာနသုတ်

၄၁၆။ ထိုအခါ ဝစ္ဆဂေါတ္တပရိဗိုဇ်သည် အသျှင်မဟာမောဂ္ဂလာန်ထံသို့ ချဉ်းကပ်ပြီးလျှင် အသျှင်မဟာမောဂ္ဂလာန်နှင့် အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆိုပြီး၍ တစ်ခုသော နေရာ၌ ထိုင်နေလျက်အသျှင်မဟာမောဂ္ဂလာန်အား- အသျှင်မောဂ္ဂလာန် လောကသည် မြဲသလောဟု ဆို၏၊ ဝစ္ဆ"လောကသည် မြဲ၏ “ဟူသော ဤစကားကို မြတ်စွာဘုရား ဟောတော်မမူ။ အသျှင်မောဂ္ဂလာန်သို့ဖြစ်လျှင် လောကသည် မမြဲသလော၊ ဝစ္ဆ “လောကသည် မမြဲ”ဟူသော ဤစကားကိုလည်းမြတ်စွာဘုရား ဟောတော်မမူ။ အသျှင်မောဂ္ဂလာန် လောကသည် အဆုံးရှိသလော၊ ဝစ္ဆ “လောကသည်အဆုံးရှိ၏ “ဟူသော ဤစကားကိုလည်း မြတ်စွာဘုရား ဟောတော်မမူ။ အသျှင်မောဂ္ဂလာန် သို့ဖြစ်လျှင်လောကသည် အဆုံးမရှိသလော၊ ဝစ္ဆ “ လောကသည် အဆုံးမရှိ “ဟူသော ဤစကားကိုလည်းမြတ်စွာဘုရား ဟောတော်မမူ။ အသျှင်မောဂ္ဂ လာန် ထိုအသက်သည်ပင် ထိုကိုယ်လော၊ ဝစ္ဆ"ထိုအသက်သည်ပင် ထိုကိုယ်”ဟူသော ဤစကားကိုလည်း မြတ်စွာဘုရား ဟောတော်မမူ။ အသျှင်မောဂ္ဂလာန် အသက်သည် တခြား ကိုယ်သည် တခြားလော၊ ဝစ္ဆ “အသက်သည် တခြားကိုယ်သည် တခြား “ဟူသော ဤစကားကိုလည်း မြတ်စွာဘုရား ဟောတော်မမူ။ အသျှင်မောဂ္ဂလာန်သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်သလော၊ ဝစ္ဆ “ သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်၏ “ဟူသော ဤစကားကိုလည်း မြတ်စွာဘုရား ဟောတော်မမူ။ အသျှင်မောဂ္ဂလာန် သတ္တဝါသည်သေသည်မှ နောက်၌ မဖြစ်သလော၊ ဝစ္ဆ “ သတ္တဝါသည် သေသည်မှ နောက်၌ မဖြစ် “ ဟူသော ဤစကားကိုလည်း မြတ်စွာဘုရား ဟောတော်မမူ။ အသျှင်မောဂ္ဂလာန် သတ္တဝါသည် သေသည်မှ နောက်၌့ဖြစ်လည်းဖြစ် မဖြစ်လည်း မဖြစ်သလော၊ ဝစ္ဆ “သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်လည်းဖြစ် မဖြစ်လည်း မဖြစ် “ ဟူသော ဤစကားကိုလည်း မြတ်စွာဘုရား ဟောတော်မမူ။ အသျှင်မောဂ္ဂလာန် သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ် မဖြစ်သည်လည်း မဟုတ်သလော၊ ဝစ္ဆ “သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ် မဖြစ်သည်လည်း မဟုတ် “ ဟူသော ဤစကားကိုလည်း မြတ်စွာဘုရား ဟောတော်မမူ။

အသျှင်မောဂ္ဂလာန် အယူတစ်မျိုးရှိသူ ပရိဗိုဇ်တို့သည် ဤသို့ အမေးခံကြရလျှင် “လောကသည်မြဲ၏ “ဟူ၍လည်းကောင်း၊ “ လောကသည် မမြဲ”ဟူ၍လည်းကောင်း၊ “ လောကသည်အဆုံးရှိ၏”ဟူ၍လည်း ကောင်း၊ “လောကသည် အဆုံးမရှိ”ဟူ၍လည်းကောင်း၊ “ထိုအသက်သည်ပင်ထိုကိုယ်တည်း”ဟူ၍လည်း ကောင်း၊ “အသက်သည် တခြား ကိုယ်သည် တခြား”ဟူ၍လည်းကောင်း၊ “သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်၏”ဟူ၍လည်းကောင်း၊ “သတ္တဝါသည် သေသည်မှ နောက်၌ မဖြစ်”ဟူ၍လည်းကောင်း၊ “သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်လည်းဖြစ် မဖြစ်လည်းမဖြစ်”ဟူ၍လည်းကောင်း၊ “သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ် မဖြစ်သည်လည်းမဟုတ်”ဟူ၍လည်းကောင်း ဤသို့ ဖြေ ဆိုကြခြင်း၏ အကြောင်းအထောက်အပံ့ကား အဘယ်ပါနည်း။ ရဟန်းဂေါတမသည် ဤသို့ အမေးခံရလျှင် “လောကသည် မြဲ၏”ဟူ၍လည်းကောင်း၊ “လောကသည်မမြဲ”ဟူ၍လည်းကောင်း၊ “လောကသည် အဆုံး ရှိ၏”ဟူ၍လည်းကောင်း၊ “လောကသည် အဆုံးမရှိ”ဟူ၍လည်းကောင်း၊ “ထိုအသက်သည်ပင် ထိုကိုယ် တည်း”ဟူ၍လည်းကောင်း၊ “အသက်သည်တခြား ကိုယ်သည် တခြား”ဟူ၍လည်းကောင်း၊ “သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်၏”ဟူ၍လည်းကောင်း၊ “သတ္တဝါသည် သေသည်မှ နောက်၌ မဖြစ်”ဟူ၍လည်း ကောင်း၊ “သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်လည်းဖြစ် မဖြစ်လည်း မဖြစ်”ဟူ၍လည်းကောင်း၊ “သတ္တဝါသည်သေသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ် မဖြစ်သည်လည်း မဟုတ်”ဟူ၍လည်း ကောင်းမဖြေဆိုခြင်း၏ အကြောင်းအထောက်အပံ့ကား အဘယ်ပါနည်း။

--

ဝစ္ဆ အယူတစ်မျိုးရှိသူ ပရိဗိုဇ်တို့ကား မျက်စိကို “ ဤမျက်စိသည် ငါ့ဥစ္စာတည်း၊ ဤမျက်စိသည် ငါဖြစ်၏၊ ဤမျက်စိသည် ငါ၏ အတ္တတည်း”ဟု ရှုကြ၏။ပ။ လျှာကို “ ဤလျှာသည် ငါ့ဥစ္စာတည်း၊ ဤလျှာသည် ငါ ဖြစ်၏၊ ဤလျှာသည် ငါ၏ အတ္တတည်း”ဟု ရှုကြ၏။ပ။ စိတ်ကို “ ဤစိတ်သည် ငါ့ဥစ္စာတည်း၊ ဤစိတ်သည် ငါ ဖြစ်၏၊ ဤစိတ်သည် ငါ၏ အတ္တတည်း”ဟု ရှုကြ၏၊ ထို့ကြောင့် အယူတစ်မျိုးရှိသူပရိဗိုဇ်တို့သည် ဤသို့ အမေးခံကြရလျှင် “လောကသည် မြဲ၏”ဟူ၍လည်းကောင်း။ပ။ “သတ္တဝါသည်သေသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ် မဖြစ်သည်လည်း မဟုတ်”ဟူ၍လည်းကောင်း ဤသို့ဖြေဆိုကြ ခြင်း ဖြစ်၏။ ဝစ္ဆ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရားသည်ကား မျက်စိကို “ ဤမျက်စိသည် ငါ့ဥစ္စာ မဟုတ်၊ ဤမျက်စိသည် ငါ မဟုတ်၊ ဤမျက်စိသည် ငါ၏ အတ္တမဟုတ်”ဟု ရှုတော်မူ၏။ပ။ လျှာကို” ဤလျှာသည် ငါ့ဥစ္စာ မဟုတ်၊ ဤလျှာသည် ငါ မဟုတ်၊ ဤလျှာသည် ငါ၏ အတ္တမဟုတ်”ဟုရှုတော်မူ၏။ပ။ စိတ်ကို “ ဤစိတ်သည် ငါ့ဥစ္စာ မဟုတ်၊ ဤစိတ်သည် ငါ မဟုတ်၊ ဤစိတ်သည် ငါ၏အတ္တမဟုတ် ”ဟု ရှုတော်မူ၏၊ ထို့ကြောင့် မြတ်စွာဘုရားသည် ဤသို့ အမေးခံရလျှင် “လောကသည်မြဲ၏”ဟူ၍လည်းကောင်း။ပ။ “သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ်မဖြစ်သည်လည်း မဟုတ်”ဟူ၍လည်းကောင်း ဤသို့ မဖြေဆိုခြင်း ဖြစ်၏ဟု မိန့်တော်မူ၏။

ထို့နောက် ဝစ္ဆဂေါတ္တပရိဗိုဇ်သည် နေရာမှ ထကာ မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားနှင့် အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆိုပြီး၍ တစ်ခုသော နေရာ၌ ထိုင်နေလျက် မြတ်စွာဘုရားအား-အသျှင်ဂေါတမ “လောကသည် မြဲသလော”ဟု မေးလျှောက်၏။ ဝစ္ဆ “လောကသည့်မြဲ၏”ဟူ သော ဤစကားကို ငါ မဟော။ပ။ အသျှင်ဂေါတမ သို့ဖြစ်လျှင် သတ္တဝါသည် သေသည်မှနောက်၌ ဖြစ်သည်လည်း မဟုတ် မဖြစ်သည်လည်း မဟုတ်သလော။ ဝစ္ဆ “သတ္တဝါသည် သေသည်မှနောက်၌ ဖြစ်သည်လည်း မဟုတ် မဖြစ်သည်လည်း မဟုတ်”ဟူသော ဤစကားကိုလည်း ငါ မဟော။

အသျှင်ဂေါတမ အယူတစ်မျိုးရှိသူ ပရိဗိုဇ်တို့သည် ဤသို့ အမေးခံကြရလျှင် “လောကသည် မြဲ၏”ဟူ၍လည်းကောင်း။ပ။ “သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ် မဖြစ်သည်လည်းမဟုတ် “ဟူ၍လည်းကောင်း ဤသို့ ဖြေကြခြင်း၏ အကြောင်းအထောက်အပံ့ကား အဘယ်ပါနည်း။ အသျှင် ဂေါတမ အသျှင်ဂေါတမသည် ဤသို့ အမေးခံရလျှင် “လောကသည် မြဲ၏”ဟူ၍လည်းကောင်း။ပ။ “သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ် မဖြစ်သည်လည်းမဟုတ်”ဟူ၍လည်းကောင်း ဤသို့ မဖြေဆိုခြင်း၏ အကြောင်းအထောက်အပံ့ကား အဘယ်ပါနည်း။

ဝစ္ဆ အယူတစ်မျိုးရှိသူ ပရိဗိုဇ်တို့ကား မျက်စိကို “ ဤမျက်စိသည် ငါ့ဥစ္စာ ဖြစ်၏၊ ဤမျက်စိသည် ငါဖြစ်၏၊ ဤမျက်စိသည် ငါ၏ အတ္တတည်း”ဟု ရှုကြ၏။ပ။ လျှာကို “ ဤလျှာသည် ငါ့ဥစ္စာ ဖြစ်၏၊ ဤလျှာသည် ငါ ဖြစ်၏၊ ဤလျှာသည် ငါ၏ အတ္တတည်း”ဟု ရှုကြ၏။ပ။ စိတ်ကို “ ဤစိတ်သည် ငါ့ဥစ္စာဖြစ်၏၊ ဤစိတ်သည် ငါ ဖြစ်၏၊ ဤစိတ်သည် ငါ၏ အတ္တတည်း”ဟု ရှုကြ၏၊ ထို့ကြောင့် အယူတစ်မျိုးရှိသူ ပရိဗိုဇ်တို့သည် ဤသို့ အမေးခံကြရလျှင် “လောကသည် မြဲ၏”ဟူ၍လည်းကောင်း။ပ။ “သတ္တဝါသည်သေသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ် မဖြစ်သည်လည်း မဟုတ်”ဟူ၍လည်းကောင်း ဤသို့ ဖြေဆိုကြခြင်း ဖြစ်၏။ ဝစ္ဆ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရားသည်ကား မျက်စိကို “ ဤမျက်စိသည် ငါ့ဥစ္စာ မဟုတ်၊ ဤမျက်စိသည် ငါ မဟုတ်၊ ဤမျက်စိသည် ငါ၏ အတ္တမဟုတ်”ဟု ရှု၏။ပ။ လျှာကို “ ဤလျှာသည်ငါ့ဥစ္စာ မဟုတ်၊ ဤလျှာသည် ငါ မဟုတ်၊ ဤလျှာသည် ငါ၏ အတ္တမဟုတ်”ဟု ရှု၏။ပ။ စိတ်ကို” ဤစိတ်သည် ငါ့ဥစ္စာ မဟုတ်၊ ဤစိတ်သည် ငါ မဟုတ်၊ ဤစိတ်သည် ငါ၏ အတ္တမဟုတ်”ဟု ရှု၏၊ ထို့ကြောင့် မြတ်စွာဘုရားသည် ဤသို့ အမေးခံရလျှင် “လောကသည် မြဲ၏”ဟူ၍လည်းကောင်း၊ “လောကသည် မမြဲ”ဟူ၍လည်းကောင်း၊ “လောကသည် အဆုံးရှိ၏”ဟူ၍လည်းကောင်း၊ “လောကသည်အဆုံးမရှိ”ဟူ၍လည်းကောင်း၊ “ထိုအသက်သည်ပင် ထိုကိုယ်တည်း”ဟူ၍လည်းကောင်း၊ “အသက်သည်တခြား ကိုယ်သည် တခြား”ဟူ၍လည်း ကောင်း၊ “ သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်၏”ဟူ၍လည်းကောင်း၊ “သတ္တဝါသည် သေသည်မှ နောက်၌ မဖြစ်”ဟူ၍လည်းကောင်း၊ “သတ္တဝါသည်သေသည် မှနောက်၌ ဖြစ်လည်းဖြစ် မဖြစ်လည်း မဖြစ်”ဟူ၍လည်းကောင်း၊ “သတ္တဝါသည် သေသည်မှနောက်၌ ဖြစ်သည်လည်း မဟုတ် မဖြစ်သည်လည်း မဟုတ် “ ဟူ၍လည်းကောင်း ဤသို့ မဖြေဆိုခြင်းဖြစ်၏။

--

အသျှင်ဂေါတမ အံ့ဖွယ်ရှိပါပေစွ၊ အသျှင်ဂေါတမ မဖြစ်ဖူးမြဲ ဖြစ်ပါပေစွ၊ ဆရာနှင့် တပည့်၏ တရားဟောရာ၌ အနက်အနက်ချင်း သဒ္ဒါသဒ္ဒါချင်း တစ်ထပ်တည်း ကျလှပါ၏၊ ညီညွတ်လှပါ၏၊ မဆန့်ကျင်ဘဲရှိလှပါ၏။ အသျှင်ဂေါတမ အကျွန်ုပ်သည် ယခုပင် မဟာမောဂ္ဂလာန်ရဟန်းကို ချဉ်းကပ်ပြီးလျှင် ဤအနက်ကို မေးခဲ့ပါသည်၊ မဟာမောဂ္ဂလာန်ရဟန်းသည်လည်း ဤပုဒ်တို့ဖြင့် ဤသဒ္ဒါတို့ဖြင့် အသျှင်ဂေါတမကဲ့သို့ပင် ဤအနက်ကို ဖြေဆိုပါသည်။ အသျှင်ဂေါတမ အံ့ဖွယ်ရှိပါပေစွ၊ အသျှင်ဂေါတမ မဖြစ်ဖူးမြဲ ဖြစ်ပါပေစွ၊ ဆရာနှင့် တပည့်၏ တရားဟောရာ၌ အနက်အနက်ချင်း သဒ္ဒါသဒ္ဒါချင်း တစ်ထပ်တည်း ကျလှပါ၏၊ ညီညွတ်လှပါ၏၊ မဆန့်ကျင်ဘဲ ရှိလှပါ၏ဟု (လျှောက်၏)။

သတ္တမသုတ်။

၈-ဝစ္ဆဂေါတ္တသုတ်

၄၁၇။ ထိုအခါ ဝစ္ဆဂေါတ္တပရိဗိုဇ်သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားနှင့် အတူဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆိုပြီး၍ တစ်ခုသော နေရာ၌ ထိုင်နေလျက် ဤစကားကို ပြောဆို၏- အသျှင်ဂေါတမ “လောကသည် မြဲသလော”။ ဝစ္ဆ “လောကသည် မြဲ၏”ဟူသော ဤစကားကိုငါ မဟော။ပ။ အသျှင်ဂေါတမ သို့ဖြစ်လျှင် သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ်မဖြစ်သည်လည်း မဟုတ်သလော။ ဝစ္ဆ “သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ်မဖြစ်သည်လည်း မဟုတ်”ဟူသော ဤစကားကိုလည်း ငါ မဟော။

အသျှင်ဂေါတမ အယူတစ်မျိုးရှိသူ ပရိဗိုဇ်တို့သည် ဤသို့ အမေးခံကြရလျှင် “လောကသည် မြဲ၏”ဟူ၍လည်းကောင်း။ပ။ “သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ်၊ မဖြစ်သည်လည်းမဟုတ်”ဟူ၍လည်းကောင်း ဤသို့ ဖြေဆိုခြင်း၏ အကြောင်းအထောက်အပံ့ကား အဘယ်ပါနည်း၊ အသျှင်ဂေါတမသည် ဤသို့ အမေးခံရလျှင် “လောကသည် မြဲ၏”ဟူ၍လည်းကောင်း။ပ။ “သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ် မဖြစ်သည်လည်း မဟုတ်”ဟူ၍လည်းကောင်း ဤသို့ မဖြေဆိုခြင်း၏ အကြောင်းအထောက်အပံ့ကား အဘယ်ပါနည်း။

--

ဝစ္ဆ အယူတစ်မျိုးရှိသူ ပရိဗိုဇ်တို့ကား ရုပ်ကို အတ္တဟူ၍လည်းကောင်း၊ ရုပ်ရှိသော အတ္တဟူ၍လည်းကောင်း၊ အတ္တ၌ ရုပ်ဟူ၍လည်းကောင်း၊ ရုပ်၌ အတ္တဟူ၍လည်းကောင်း ရှုကြကုန်၏။ ဝေဒနာကိုအတ္တဟူ၍ ရှုကြကုန်၏။ပ။ သညာကို။ သင်္ခါရတို့ကို။ ဝိညာဏ်ကို အတ္တဟူ၍လည်းကောင်း၊ ဝိညာဏ်ရှိသော အတ္တဟူ၍လည်းကောင်း၊ အတ္တ၌ ဝိညာဏ်ဟူ၍လည်းကောင်း၊ ဝိညာဏ်၌ အတ္တဟူ၍လည်းကောင်း ရှုကြကုန်၏။ ထို့ ကြောင့် အယူတစ်မျိုးရှိသူ ပရိဗိုဇ်တို့သည် ဤသို့အမေးခံကြရလျှင် “လောကသည် မြဲ၏”ဟူ၍လည်း ကောင်း။ပ။ “သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ် မဖြစ်သည်လည်း မဟုတ်”ဟူ၍လည်းကောင်း ဤသို့ ဖြေဆိုခြင်း ဖြစ်၏။ ဝစ္ဆပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသောမြတ်စွာဘုရားသည်ကား ရုပ်ကို အတ္တဟူ၍လည်းကောင်း၊ ရုပ်ရှိသော အတ္တဟူ၍လည်းကောင်း၊ အတ္တ၌ ရုပ်ဟူ၍လည်းကောင်း၊ ရုပ်၌ အတ္တဟူ၍လည်းကောင်း မရှု။ ဝေဒနာကို အတ္တဟူ၍လည်းကောင်း။ပ။ သညာကို။ သင်္ခါရတို့ကို။ ဝိညာဏ်ကို အတ္တဟူ၍လည်းကောင်း၊ ဝိညာဏ်ရှိသော အတ္တဟူ၍လည်းကောင်း၊ အတ္တ၌ ဝိညာဏ်ဟူ၍လည်းကောင်း၊ ဝိညာဏ်၌ အတ္တဟူ၍လည်း ကောင်း မရှု။ ထို့ကြောင့်မြတ်စွာဘုရားသည် ဤသို့ အမေးခံရလျှင် “လောကသည် မြဲ၏”ဟူ၍လည်း ကောင်း။ပ။ “သတ္တဝါသည်သေသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ် မဖြစ်သည်လည်း မဟုတ်”ဟူ၍လည်းကောင်း ဤသို့မဖြေဆိုခြင်း ဖြစ်၏ဟု မိန့်တော်မူ၏။

ထို့နောက် ဝစ္ဆဂေါတ္တပရိဗိုဇ်သည် နေရာမှ ထ၍ အသျှင်မဟာမောဂ္ဂလာန်ထံသို့ ချဉ်းကပ်ပြီးလျှင်အသျှင်မဟာမောဂ္ဂလာန်နှင့် အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆိုပြီး၍ တစ်ခုသော နေရာ၌ ထိုင်နေလျက် အသျှင်မဟာမောဂ္ဂလာန်အား- အသျှင်မောဂ္ဂလာန် လောကသည် မြဲသလောဟုမေးလျှောက်၏၊ ဝစ္ဆ “ လောကသည် မြဲ၏ “ဟူသော ဤစကားကို မြတ်စွာဘုရား ဟောတော်မမူ။ပ။ အသျှင်မောဂ္ဂလာန် သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ် မဖြစ်သည်လည်းမဟုတ်သလော။ ဝစ္ဆ “သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ် မဖြစ်သည်လည်းမဟုတ် “ ဟူသော ဤ စကားကိုလည်း မြတ်စွာဘုရား ဟောတော်မမူ။

အသျှင်မောဂ္ဂလာန် အယူတစ်မျိုးရှိသူ ပရိဗိုဇ်တို့သည် ဤသို့ အမေးခံကြရလျှင် “လောကသည် မြဲ၏”ဟူ၍လည်းကောင်း။ပ။ “သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ် မဖြစ်သည်လည်းမဟုတ် “ဟူ၍လည်းကောင်း ဤသို့ ဖြေဆိုကြခြင်း၏ အကြောင်းအထောက်အပံ့ကား အဘယ်ပါနည်း၊ အသျှင်မောဂ္ဂလာန် ရဟန်းဂေါတမသည် ဤသို့ အမေးခံရလျှင် “လောကသည် မြဲ၏”ဟူ၍လည်းကောင်း့။ပ။ “သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ် မဖြစ်သည်လည်း မဟုတ်”ဟူ၍လည်းကောင်း ဤသို့ မဖြေဆိုခြင်း၏ အကြောင်းအထောက်အပံ့ကား အဘယ်ပါနည်း။

ဝစ္ဆ အယူတစ်မျိုးရှိသူ ပရိဗိုဇ်တို့ကား ရုပ်ကို အတ္တဟူ၍လည်းကောင်း၊ ရုပ်ရှိသော အတ္တဟူ၍လည်းကောင်း၊ အတ္တ၌ ရုပ်ဟူ၍လည်းကောင်း၊ ရုပ်၌ အတ္တဟူ၍လည်းကောင်း ရှုကြကုန်၏။ ဝေဒနာကိုအတ္တဟူ၍လည်းကောင်း။ပ။ သညာကို။ သင်္ခါရတို့ကို။ ဝိညာဏ်ကို အတ္တဟူ၍လည်းကောင်း၊ ဝိညာဏ်ရှိသော အတ္တ ဟူ၍လည်းကောင်း၊ အတ္တ၌ ဝိညာဏ်ဟူ၍လည်းကောင်း၊ ဝိညာဏ်၌ အတ္တဟူ၍လည်းကောင်း ရှုကြကုန်၏။ ထို့ကြောင့် အယူတစ်မျိုးရှိသူ ပရိဗိုဇ်တို့သည် ဤသို့အမေးခံကြရလျှင် “လောကသည် မြဲ၏”ဟူ၍လည်း ကောင်း။ပ။ “သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ် မဖြစ်သည်လည်း မဟုတ်”ဟူ၍လည်းကောင်း ဤသို့ ဖြေဆိုကြခြင်း ဖြစ်၏။

ဝစ္ဆ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသောမြတ်စွာဘုရားသည်ကား ရုပ်ကို အတ္တဟူ၍လည်းကောင်း၊ ရုပ်ရှိသော အတ္တဟူ၍လည်းကောင်း၊ အတ္တ၌ ရုပ်ဟူ၍လည်းကောင်း၊ ရုပ်၌ အတ္တဟူ၍လည်းကောင်း ရှုတော် မမူ။ ဝေဒနာကိုအတ္တဟူ၍လည်းကောင်း။ပ။ သညာကို။ သင်္ခါရတို့ကို။ ဝိညာဏ်ကို အတ္တဟူ၍လည်း ကောင်း၊ ဝိညာဏ်ရှိသော အတ္တဟူ၍လည်းကောင်း၊ အတ္တ၌ ဝိညာဏ်ဟူ၍လည်းကောင်း၊ ဝိညာဏ်၌ အတ္တဟူ၍လည်းကောင်း ရှုတော်မမူ။ ထို့ကြောင့် မြတ်စွာဘုရားသည် ဤသို့ အမေးခံရလျှင် “လောကသည်မြဲ၏”ဟူ၍လည်းကောင်း၊ “လောကသည် မမြဲ”ဟူ၍လည်းကောင်း၊ “လောကသည် အဆုံးရှိ၏”ဟူ၍လည်းကောင်း၊ “လောကသည် အဆုံးမရှိ”ဟူ၍လည်းကောင်း၊ “ထိုအသက်သည်ပင် ထိုကိုယ်တည်း”ဟူ၍လည်းကောင်း၊ “အသက်သည် တခြား ကိုယ်သည် တခြား”ဟူ၍လည်းကောင်း၊ “ သတ္တဝါသည် သေသည်မှနောက်၌ ဖြစ်၏”ဟူ၍လည်းကောင်း၊ “သတ္တဝါသည် သေသည်မှ နောက်၌ မဖြစ်”ဟူ၍လည်းကောင်း၊ “သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်လည်းဖြစ် မဖြစ်လည်း မဖြစ်”ဟူ၍လည်းကောင်း၊ “သတ္တဝါသည်သေသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ် မဖြစ်သည်လည်း မဟုတ်”ဟူ၍လည်းကောင်း ဤသို့ မဖြေဆိုခြင်း ဖြစ်၏ဟု မိန့်ဆို၏။

--

အသျှင်မောဂ္ဂလာန် အံ့ဖွယ်ရှိပါပေစွ၊ အသျှင်မောဂ္ဂလာန် မဖြစ်ဖူးမြဲ ဖြစ်ပါပေစွ၊ ဆရာနှင့် တပည့်၏တရားဟောရာ၌ အနက်အနက်ချင်း သဒ္ဒါသဒ္ဒါချင်း တစ်ထပ်တည်း ကျလှပါ၏၊ ညီညွတ်လှပါ၏၊ မဆန့်ကျင် ဘဲ ရှိလှပါ၏၊ အသျှင်မောဂ္ဂလာန် အကျွန်ုပ်သည် ယခုပင် ရဟန်းဂေါတမကို ချဉ်းကပ်ပြီးလျှင် ဤအနက်ကို မေးခဲ့ပါသည်၊ ရဟန်းဂေါတမသည်လည်း ဤပုဒ်တို့ဖြင့် ဤသဒ္ဒါတို့ဖြင့်အသျှင်မောဂ္ဂလာန်ကဲ့သို့ပင် ဤ အနက်ကို ဖြေဆိုပါသည်။ အသျှင်မောဂ္ဂလာန် အံ့ဖွယ်ရှိပါပေစွ၊ အသျှင်မောဂ္ဂလာန် မဖြစ်ဖူးမြဲ ဖြစ်ပါပေစွ၊ ဆရာနှင့် တပည့်၏ တရားဟောရာ၌ အနက်အနက်ချင်းသဒ္ဒါသဒ္ဒါချင်း တစ်ထပ်တည်း ကျလှပါ၏၊ ညီညွတ်လှပါ၏၊ မဆန့်ကျင်ဘဲ ရှိလှပါ၏ဟု (လျှောက်၏)။

အဋ္ဌမသုတ်။

၉-ကုတူဟလသာလာသုတ်

၄၁၈။ ထို့နောက် ဝစ္ဆဂေါတ္တပရိဗိုဇ်သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားနှင့် အတူဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်စကား ပြောဆိုပြီး၍ တစ်ခုသော နေရာ၌ ထိုင်နေလျက် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏-

“အသျှင်ဂေါတမ ယခင့်ယခင်နေ့တို့က အယူအမျိုးမျိုးရှိကုန်သော သမဏဗြာဟ္မဏဖြစ်သည့် ပရိဗိုဇ်များစွာတို့သည် ငြင်းခုံဆူညံရာ ကုတူဟလဇရပ်၌ စုဝေးထိုင်နေကြစဉ် ဤအကြားစကားသည် ဖြစ်ပေါ်ခဲ့၏- ဤပူရဏကဿပသည် တပည့်အပေါင်းနှင့်လည်း ပြည့်စုံ၏၊ ဂိုဏ်းနှင့်လည်း ပြည့်စုံ၏၊ ဂိုဏ်းဆရာ့လည်း ဖြစ်၏၊ ထင်ရှား၏၊ ကျော်စော၏၊ အယူဝါဒတီထွင်သူ ဖြစ်၏၊ သူတော်ကောင်းဟု လူအပေါင်းကသမုတ်ထားသူ ဖြစ်၏၊ ထိုပူရဏကဿပသည်လည်း ကွယ်လွန်သေပျောက်သူ တပည့်ကို ‘ဤသူသည် ဤဘဝ၌ ဖြစ်၏၊ ဤသူသည် ဤဘဝ၌ ဖြစ်၏ ‘ဟု ဖြစ်ရာ ဘဝတို့ကို ပြောကြား၏၊ မြတ်သော ယောကျ်ားအမြတ်ဆုံး ယောကျ်ားဖြစ်၍ အမြတ်ဆုံးသို့ ရောက်သူ ဖြစ်ပါလျက် ကွယ်လွန်သေပျောက်သူ ထိုပူရဏကဿပ၏ တပည့်ကိုလည်း ‘ဤသူသည် ဤဘဝ၌ ဖြစ်၏၊ ဤသူသည် ဤဘဝ၌ ဖြစ်၏ ‘ဟု ဖြစ်ရာဘဝတို့ကို ပြောကြား၏။ ဤမက္ခလိဂေါသာလသည်လည်း။ပ။ ဤနိဂဏ္ဌနာဋပုတ္တသည်လည်း။ ဤသဉ္ဇယဗေလဋ္ဌပုတ္တသည်လည်း။ ဤပကုဓကစ္စာနသည်လည်း။ ဤအဇိတကေသကမ္ဗလသည်လည်း တပည့်အပေါင်းနှင့် ပြည့်စုံ၏၊ ဂိုဏ်းနှင့်လည်း ပြည့်စုံ၏၊ ဂိုဏ်းဆရာလည်း ဖြစ်၏၊ ထင်ရှား၏၊ ကျော်စော၏၊ အယူဝါဒတီတွင်သူ ဖြစ်၏၊ သူတော်ကောင်းဟု လူအပေါင်းက သမုတ်ထားသူ ဖြစ်၏၊ ထိုအဇိတကေသကမ္ဗလသည်လည်း ကွယ်လွန်သေပျောက်သော တပည့်ကို ‘ဤသူသည် ဤဘဝ၌ ဖြစ်၏၊ ဤသူသည် ဤဘဝ၌ ဖြစ်၏ ‘ဟု ဖြစ်ရာဘဝတို့ကို ပြောကြား၏၊ မြတ်သော ယောကျ်ား အမြတ်ဆုံး ယောကျ်ားဖြစ်၍ အမြတ်ဆုံးသို့ရောက်သည် ဖြစ်ပါလျက် ကွယ်လွန်သေပျောက်သူ ထိုအဇိတကေသကမ္ဗလ၏ တပည့်ကိုလည်း’ ဤသူသည် ဤဘဝ၌ ဖြစ်၏၊ ဤသူသည် ဤဘဝ၌ ဖြစ်၏’ဟု ဖြစ်ရာ ဘဝကို ပြောကြား၏။

--

ဤရဟန်းဂေါတမသည်လည်း တပည့်အပေါင်းနှင့် ပြည့်စုံ၏၊ ဂိုဏ်းနှင့်လည်း ပြည့်စုံ၏၊ ဂိုဏ်းဆရာလည်း ဖြစ်၏၊ ထင်ရှား၏၊ ကျော်စော၏၊ အယူဝါဒတီထွင်သူ ဖြစ်၏၊ သူတော်ကောင်းဟု လူအပေါင်းကသမုတ်ထားသူ ဖြစ်၏၊ ထိုမြတ်စွာဘုရားသည်လည်း ကွယ်လွန်သေပျောက်သော တပည့်ကို ‘ဤသူသည် ဤဘဝ၌ ဖြစ်၏၊ ဤသူသည် ဤဘဝ၌ ဖြစ်၏’ဟု ဖြစ်ရာ ဘဝတို့ကို ပြောကြား၏၊ မြတ်သော ယောကျ်ား အမြတ်ဆုံး ယောကျ်ားဖြစ်၍ အမြတ်ဆုံးသို့ ရောက်သူ ဖြစ်ပါလျက်ကွယ်လွန်သေပျောက်သူ ထိုမြတ်စွာ ဘုရား၏ တပည့်ကိုကား ‘ဤသူသည် ဤဘဝ၌ ဖြစ်၏၊ ဤသူသည် ဤဘဝ၌ ဖြစ်၏’ဟု ဖြစ်ရာ ဘဝ တို့ကို ပြောကြားတော်မမူ။ စင်စစ်သော်ကား ထိုတပည့်သာဝကသည်'တဏှာကို ဖြတ်ပြီးပြီ၊ သံယောဇဉ် ကို ဖြတ်ပြီးပြီ၊ မာနကို ကောင်းစွာ ပယ်ပြီးသောကြောင့် ဆင်းရဲ၏အဆုံးကို ပြုလေပြီ ‘ဟုသာ ပြောကြား၏၊ အသျှင်ဂေါတမ ‘ရဟန်းဂေါတမ၏ တရားအထူးသိမှုသည်အဘယ်သို့ပါနည်း’ဟု အကျွန်ုပ်အား တွေး တောယုံမှား ဖြစ်မိပါ၏”ဟု လျှောက်၏။

ဝစ္ဆ သင်သည် တွေးတောခြင်းငှါ သင့်သည်သာတည်း၊ ယုံမှားခြင်းငှါ သင့်သည်သာတည်း၊ သင့်အားတွေးတောသင့်သော အရာ၌ ယုံမှားမှု ဖြစ်ပေ၏၊ ဝစ္ဆ ငါသည် စွဲလမ်းမှုရှိသူအား တစ်ဖန် ဘဝသစ် ဖြစ်ခြင်းကို ပညတ်၏၊ စွဲလမ်းမှု မရှိသူအား မပညတ်။ ဝစ္ဆ ဥပမာသော်ကား မီးသည် လောင်စာရှိသော်တောက်လောင်၏၊ လောင်စာ မရှိသော် မတောက်လောင်။ ဝစ္ဆ ဤအတူပင် ငါသည် စွဲလမ်းမှု ရှိသူအားတစ်ဖန် ဘဝသစ် ဖြစ်ခြင်းကို ပညတ်၏၊ စွဲလမ်းမှု မရှိသူအား မပညတ်ဟု မိန့်တော်မူ၏။

အသျှင်ဂေါတမ မီးလျှံသည် လေလွင့်သဖြင့် အဝေးသို့ ရောက်သော အခါ ဤမီးကား အဘယ်လောင်စာ ရှိသည်ဟု အသျှင်ဂေါတမ ပညတ်ပါသနည်း။ ဝစ္ဆ မီးလျှံသည် လေလွင့်သဖြင့် အဝေးသို့ရောက်သော အခါ၌ ထိုမီးကို လေဟူသော လောင်စာရှိသည်ဟု ငါ ပညတ်၏။ ဝစ္ဆ မှန်၏၊ ထိုအခါ၌ လေသည် ထိုမီး၏ လောင်စာဖြစ်၏။ အသျှင်ဂေါတမ ဤကိုယ်ကို ပစ်ချ၍ သတ္တဝါသည် တစ်ပါးသောကိုယ် သို့လည်း မကပ်ရောက်သော အခါ၌ သတ္တဝါအား အဘယ်စွဲလမ်းမှု ရှိသည်ဟု အသျှင်ဂေါတမပညတ်ပါ သနည်း။ ဝစ္ဆ ဤကိုယ်ကို ပစ်ချ၍ သတ္တဝါသည် တစ်ပါးသော ကိုယ်သို့လည်းမကပ်ရောက်သော အခါ၌ ထိုသတ္တဝါသည် တဏှာဟူသော စွဲလမ်းမှု ရှိ၏ဟု ငါ ဆို၏။ ဝစ္ဆ မှန်၏၊ ထိုအခါ၌ တဏှာသည် ထို သတ္တဝါ၏ စွဲလမ်းမှု ဖြစ်၏ဟု (မိန့်တော်မူ၏)။

နဝမသုတ်။

--

၁၀-အာနန္ဒသုတ်

၄၁၉။ ထိုအခါ ဝစ္ဆဂေါတ္တပရိဗိုဇ်သည် မြတ်စွာဘုရားအထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားနှင့် အတူဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆိုပြီး၍ တစ်ခုသော နေရာ၌ ထိုင်နေလျက် မြတ်စွာဘုရားအား-"အသျှင်ဂေါတမ အတ္တဟူ၍ ရှိပါသလော”ဟု ပြောဆို၏၊ ဤသို့ ပြောလျှင် မြတ်စွာဘုရားသည်ဆိတ်ဆိတ် နေတော်မူ၏၊ “အသျှင်ဂေါတမ အတ္တဟူ၍ မရှိသလော”ဟု ပြောဆို၏၊ ဒုတိယအကြိမ်လည်းမြတ်စွာဘုရားသည် ဆိတ်ဆိတ် နေတော်မူ၏၊ ထို့နောက် ဝစ္ဆဂေါတ္တပရိဗိုဇ်သည် နေရာမှ ထလျက်ဖဲသွားလေ၏၊ ထို့နောက် အသျှင်အာနန္ဒာသည် ဝစ္ဆဂေါတ္တ ဖဲသွား၍ မကြာမီမြတ်စွာဘုရားအား-” အသျှင်ဘုရား ဝစ္ဆဂေါတ္တပရိဗိုဇ် ပြဿနာ မေးအပ်ပါလျက် အဘယ်ကြောင့်မြတ်စွာဘုရား ဖြေတော်မမူပါသနည်း”ဟု လျှောက်၏။ အာနန္ဒာ ငါသည် “အတ္တဟူ၍ ရှိသလော”ဟုဝစ္ဆဂေါတ္တပရိဗိုဇ် အမေးခံရသည်ဖြစ်၍ “အတ္တ ဟူ၍ ရှိ၏”ဟု ဖြေဆိုငြားအံ့၊ အာနန္ဒာ ထိုအဖြေသည်သဿတဝါဒအယူရှိကြသော သမဏဗြာဟ္မဏနှင့် အတူဖြစ်ရာ၏။ အာနန္ဒာ ငါသည် “အတ္တဟူ၍ မရှိသလော”ဟု ဝစ္ဆဂေါတ္တပရိဗိုဇ် အမေးခံရသည်ဖြစ်၍ “အတ္တဟူ၍ မရှိ”ဟု ဖြေဆိုငြားအံ့၊ အာနန္ဒာထိုအဖြေသည် ဥစ္ဆေဒဝါဒအယူရှိကြသော သမဏဗြာဟ္မဏ တို့နှင့် အတူဖြစ်ရာ၏။ အာနန္ဒာ ငါသည်"အတ္တဟူ၍ ရှိသလော”ဟု ဝစ္ဆဂေါတ္တပရိဗိုဇ် အမေးခံရသည် ဖြစ်၍ “အတ္တဟူ၍ ရှိ၏”ဟု ဖြေဆိုငြားအံ့၊ အာနန္ဒာ ဤအဖြေသည် “ခပ်သိမ်းသော တရားတို့သည် အနတ္တတို့တည်း”ဟု အသိညာဏ်ဖြစ်ပေါ်ခြင်းငှါ လျော်နိုင်ရာသလော။ မလျော်နိုင်ပါ အသျှင်ဘုရား။ အာနန္ဒာ ငါသည် “အတ္တဟူ၍ မရှိသလော”ဟု ဝစ္ဆဂေါတ္တပရိဗိုဇ် အမေးခံရသည်ဖြစ်၍ “အတ္တဟူ၍ မရှိ”ဟု ဖြေဆိုငြားအံ့၊ အာနန္ဒာတွေဝေနေသော ဝစ္ဆဂေါတ္တပရိဗိုဇ်အား “ငါ့အား ရှေးက အတ္တဟူ၍ ရှိခဲ့လေယောင် တကား၊ ထိုအတ္တသည်ယခု မရှိတော့”ဟု အလွန်တွေဝေခြင်းငှါ ဖြစ်ရာ၏ဟု (မိန့်တော်မူ၏)။

ဒသမသုတ်။

၁၁-သဘိယကစ္စာနသုတ်

၄၂၀။ အခါတစ်ပါး၌ အသျှင်သဘိယကစ္စာနသည် ဉာတိကရွာ အုတ်ကျောင်း၌ (သီတင်းသုံး) နေလေ၏၊ ထိုအခါ ဝစ္ဆဂေါတ္တပရိဗိုဇ်သည် အသျှင်သဘိယကစ္စာနထံသို့ ချဉ်းကပ်ပြီးလျှင် အသျှင်သဘိယကစ္စာနနှင့်အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်စကား ပြောဆိုပြီး၍ တစ်ခုသော နေရာ၌ ထိုင်နေလျက် အသျှင်သဘိယကစ္စာနအား- အသျှင်ကစ္စာန “သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်သလော”ဟု ပြောဆို၏၊ ဝစ္ဆ “သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်၏”ဟူသော ဤစကားကိုလည်း မြတ်စွာဘုရားဟောတော်မမူ။ အသျှင်ကစ္စာန “သတ္တဝါသည် သေသည်မှ နောက်၌ မဖြစ်သလော”ဟု ပြောဆို၏၊ ဝစ္ဆ"သတ္တဝါသည် သေသည်မှ နောက်၌ မဖြစ်”ဟူသော ဤစကားကိုလည်း မြတ်စွာဘုရား ဟောတော်မမူ။ အသျှင်ကစ္စာန “သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်လည်းဖြစ် မဖြစ်လည်း မဖြစ်သလော"၊ အသျှင်ဝစ္ဆ “သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်လည်းဖြစ် မဖြစ်လည်း မဖြစ်”ဟူသော ဤစကားကိုလည်း မြတ်စွာဘုရား ဟောတော်မမူ။ အသျှင်ကစ္စာန “သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ် မဖြစ်သည်လည်း မဟုတ်သလော"၊ ဝစ္ဆ “ သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ် မဖြစ်သည်လည်း မဟုတ်”ဟူသော ဤစကားကိုလည်း မြတ်စွာဘုရားဟောတော်မမူ။

--

“အသျှင်ကစ္စာန သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်သလော”ဟု ဤသို့ မေးလျှင် “ဝစ္ဆသတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်၏”ဟူသော ဤစကားကိုလည်း မြတ်စွာဘုရား ဟောတော်မမူဟု့ဆို၏။ “အသျှင်ကစ္စာန သတ္တဝါသည် သေသည်မှ နောက်၌ မဖြစ်သလော”ဟု ဤသို့မေးလျှင် ဝစ္ဆ"သတ္တဝါသည် သေသည်မှ နောက်၌ မဖြစ်”ဟူသော ဤစကားကိုလည်း မြတ်စွာဘုရား ဟောတော်မမူဟုဆို၏။ “အသျှင်ကစ္စာန သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်လည်းဖြစ် မဖြစ်လည်း မဖြစ်သလော”ဟု ဤသို့ မေးလျှင် ဝစ္ဆ “ သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်လည်းဖြစ် မဖြစ်လည်း မဖြစ်”ဟူသော ဤစကားကိုလည်း မြတ်စွာဘုရား ဟောတော်မမူဟု ဆို၏။ “အသျှင်ကစ္စာန သတ္တဝါသည် သေသည်မှနောက်၌ ဖြစ်သည်လည်း မဟုတ် မဖြစ်သည်လည်း မဟုတ်သလော”ဟု ဤသို့ မေးလျှင် ဝစ္ဆ “သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ် မဖြစ်သည်လည်း မဟုတ်”ဟူသော ဤစကားကိုလည်း မြတ်စွာဘုရား ဟောတော်မမူဟု ဆို၏။ အသျှင်ကစ္စာန ဤစကားကို ရဟန်းဂေါတမမဟောခြင်း၏ အကြောင်းအထောက်အပံ့ကား အဘယ်ပါနည်းဟု မေးလျှောက်၏။ ဝစ္ဆ"ရုပ်ရှိ၏ဟူ၍ သော်လည်းကောင်း၊ ရုပ် မရှိဟူ၍ သော်လည်းကောင်း၊ သညာရှိ၏ဟူ၍ သော်လည်းကောင်း၊ သညာ မရှိဟူ၍ သော်လည်းကောင်း၊ သညာရှိသည်လည်း မဟုတ် မရှိသည်လည်းမဟုတ်”ဟူ၍ သော်လည်းကောင်း ပညတ်လျှင် ပညတ်နိုင်ရာ သော အကြောင်းအထောက်အပံ့သည်လုံးဝဥဿုံ အကြွင်းမဲ့ ချုပ်ငြိမ်းခဲ့ပါလျှင် အဘယ်အကြောင်းဖြင့် ထိုသတ္တဝါကို ပညတ်လိုသော်"ရုပ်ရှိ၏ဟူ၍ သော်လည်းကောင်း၊ ရုပ်မရှိဟူ၍ သော်လည်းကောင်း၊ သညာရှိ၏ဟူ၍ သော်လည်းကောင်း၊ သညာမရှိဟူ၍ သော်လည်းကောင်း၊ သညာရှိသည်လည်း မဟုတ် မရှိသည်လည်းမဟုတ်”ဟူ၍ သော်လည်းကောင်း ပညတ်ရာသလောဟု မိန့်ဆို၏။ အသျှင်ကစ္စာန ရဟန်းပြုသည်မှာ အဘယ်မျှ ကြာပြီနည်း။ ငါ့သျှင် မကြာသေး၊ သုံးနှစ်မျှသာ ရှိသေး၏။ ငါ့သျှင် ဤမျှလောက်သော အချိန်ကလေးဖြင့် ဤမျှသော ဤတရားစကားသည် များပြားသည်သာ ဖြစ်ရာ၏၊ ဤထက် အလွန်ရှိသော တရားစကား၌ အဘယ်ဆိုဖွယ်ရာ ရှိအံ့နည်းဟု (လျှောက်၏)။

ဧကာဒသမသုတ်။

အဗျာကတသံယုတ် ပြီး၏။

သဠာယတနဝဂ္ဂသံယုတ် ပြီး၏။