မာတိကာသို့ ခုန်သွားရန်

သုတေသနသရုပ်ပြအဘိဓာန်

ဝီကီရင်းမြစ် မှ
5977သုတေသနသရုပ်ပြအဘိဓာန် — ဖျာပုံတိုက်သစ်ဆရာတောာ် အရှင်ဩဘာသာဘိဝံသ

ကံ ၃-ပါး

ကိုယ် နှုတ် စိတ်တို့ဖြင့်ပြုလုပ်သော ကောင်းမှု မကောင်းမှုများ။
(၁) ကာယကံ- ကိုယ်ဖြင့်ပြုသောအမှု၊
(၂) ဝစီကံ- နှုတ်ဖြင့်ပြုသောအမှု၊
(၃) မနောကံ- စိတ်ဖြင့်ပြုသောအမှု။

ကံ ၅-ပါး

လူတိုင်းစောင့်ထိန်းအပ်သောတရား ငါးပါးဖြစ်သည်။ ၎င်းကိုပင် ငါးပါးသီလဟူ၍လည်းကောင်း၊ကမ္ဘာစောင့်တရားဟူ၍လည်းကောင်း၊ နိစ္စသီလ ဟူ၍လည်းကောင်း ခေါ်ဝေါ်ကြကုန်၏၊ သရုပ်ကို (ငါးပါးသီလ)၌ ရှုလေ။

ကတော်ကြီး ၄-ပါး

ဒုစရိုက်ဆယ်ပါး၊ သုစရိုက်ဆယ်ပါး၊ ကုသလ ကမ္မပထတရား ဆယ်ပါး၊ အကုသလ ကမ္မပထတရားဆယ်ပါး၊ ကုသိုလ်မျိုးဆယ်ပါး၊ ပုညကိရိယာဝတ္ထုဆယ်ပါး တို့ကို သာမန်အားဖြင့် ]ကံဆယ်ပါး}ဟု ခေါ်ကြ၏၊ သရုပ်ကို ဆိုင်ရာစကားရပ်တို့၌ ယူပါကုန်။

ကံကြမ္မာ ၃၂-ပါး

သံ၊ဋ္ဌ၊၃၊၆၂။ မဟာနိ၊၂၈၉။ မဟာနိ၊ဋ္ဌ၊၃၄၈။ ကမ္မကရဏဝဂ်။ အံ၊၁၊၄၉။ နှင့် အံ၊ဋ္ဌ၊၂၊၁။ မ၊၁၊၁၂၁။ မ၊ဋ္ဌ၊၁၃၆၃-စသည်တို့၌ တချို့တဝက်စီပါရှိ၏။ အပြည့်အစုံရှာမရချေ။ မင်းပြစ်မင်းဒဏ်သင့်သူတို့ ခံရသည့် ညှဉ်းဆဲမှုများ။
(၁) ဆူးရှိသောကြိမ်ဖြင့်ရိုက်ခြင်း၊
(၂) ဆူးမရှိသောကြိမ်ဖြင့်ရိုက်ခြင်း၊
(၃) တုတ်တို ဆောက်ပုတ် နံပါတ်တုတ်ဖြင့်ရိုက်ခြင်း၊
(၄) လက်ကို ဖြတ်ခြင်း၊
(၅) ခြေကို ဖြတ်ခြင်း၊
(၆) နားကို ဖြတ်ခြင်း၊
(၇) နှာခေါင်းကိုဖြတ်ခြင်း၊
(၈) နား နှာခေါင်းကိုဖြတ်ခြင်း၊
(၉) ဦးခေါင်းခွံကိုခွာ၍ ပူလွန်းသောသံတွေကို ထည့်သဖြင့် ကျိုက်ကျိုက်ဆူအောင်ပြုခြင်း၊
(၁၀) နားပန် အပိုင်းအခြားရှိ အရေနှင့်တကွသော ဆံပင်ကိုနုတ်၍ ကြမ်းတမ်းသောကျောက်ဖြင့် ပွတ်တိုက်လျက် ခရုသင်းသဖွယ်ဖြစ်အောင်ပြုခြင်း။
(၁၁) သံတံကျင်ဖြင့် ခံတွင်းကိုဖွင့်စေလျက်မီးညှိထွန်းခြင်း၊ မျက်နှာကိုပဲခွပ်ဖြင့်ရွေ၍ ခံတွင်း၌ သွေးပြည့်စေလျက် ရေကိုငုံသော ရာဟုသဖွယ်ပြုစေခြင်း၊
(၁၂) ကိုယ်အလုံးကို ဆီစိမ်သောအဝတ်ဖြင့် ရစ်ပတ်စေ၍ မီးညှိ၍ ဆီမီးတိုင်သဖွယ်ပြုစေခြင်း၊
(၁၃) ထို့အတူ လက်၌မီးညှိ၍ ဆီမီးတိုင်သဖွယ်ပြုစေခြင်း၊
(၁၄) ရေမျိုအောက်မှစ၍ ဖမျက်တိုင်အောင် အရေခွာပြီးမှ ကြိုးဖြင့်ဖွဲ့စည်းငင်လျက် မိမိအရေကို နယ်ကန်စေသဖြင့် ပိတ်မြက်ရွက်သဖွယ် အရေခွာခြင်းကိုပြုခြင်း၊
(၁၅) လက်မှစ၍အရေခွာသဖြင့် ခါး၌ထားခြင်း၊ ခါးမှစ၍ အရေခွာသဖြင့် ဖမျက်၌ထားခြင်း၊
(၁၆) တတောင်နှစ်ဘက်၌ သံခြေချင်းခတ်၍ သံချောင်းနှက်ပြီးသော် ထက်ဝန်းကျင် က မီးထည့်၍ လေးဘက်တွားလျက်ရှိစေခြင်း၊
(၁၇) နှစ်ဘက်အသွားရှိသော ငါးမျှားချိတ်ဖြင့် ချိတ်၍ အရေ အသား အကြောတို့ကို ကွာလျောကျစေခြင်း၊
(၁၈) ထက်လှစွာသော ပဲခွပ်ဖြင့် ရွေလျက် တစ်သပြာမျှလောက်သောသားတစ်ဖတ်ကလေးတွေကို ကျစေခြင်း၊
(၁၉) ထိုထို ကိုယ် အစိတ်အပိုင်း၌ လှံ ငါးမျှားချိတ်စသည်တို့ဖြင့် ထိုးချိတ်ခပ်နှိပ်၍ ဝက်မှင်ဘီးဖြင့် ဆားငန်ရေစသည်ကို ပွတ်၍ အရေ အသား အကြောတို့ကို လျောကျစေလျက် အရိုးသာတည်စေခြင်း၊
(၂၀) နံပါးတစ်ဖက် စောင်းအိပ်စေလျက် နားထင်ကို သံတံကျင်နှင့်မြေဝယ်ကျအောင် နှက်သွင်းပြီးမှ ခြေဖျားမှကိုင်၍ လှည့်ခြင်း။
(၂၁) အပေါ် အရေအသားတို့ကို မစုတ်မပဲ့စေဘဲ ကျောက်တုံးဖြင့်အရိုးကိုထုပြီးသော် ဆံဖြင့်ရစ်၍ ခွေလျက်ထားခြင်း၊
(၂၂) ကျိုက်ကျိုက်ဆူသော ဆီပူဖြင့်လောင်းခြင်း၊
(၂၃) နှစ်ရက်သုံးရက်မျှ အစာငတ် ထားပြီးသောခွေးဆိုးတို့ကို ခဲစားစေခြင်း၊ သို့မဟုတ် ကြွက်တို့ကို သံချိုင့်တွင်ထည့်၍ ဝမ်းဗိုက်ကိုကိုက်စေခြင်း၊
(၂၄) အသက်ရှင်လျက် တံကျင်၌လျှို၍ထားခြင်း၊
(၂၅) သန်လျက်ဖြင့် ဦးခေါင်းကိုဖြတ်ခြင်း၊
(၂၆) ပူစွာသော သံတံကျင်ကို လက်ဝဲဘက်လက်၌ စိုက်ခြင်း၊
(၂၇) ပူစွာသော သံတံကျင်ကို လက်ယာဘက်လက်၌ စိုက်ခြင်း၊
(၂၈) ပူစွာသော သံတံကျင်ကို လက်ဝဲခြေ၌စိုက်ခြင်း၊
(၂၉) ပူစွာသော သံတံကျင်ကို လက်ယာခြေ၌ စိုက်ခြင်း၊
(၃၀) ပူစွာသော သံတံကျင်ကို ရင်ဝ၌ စိုက်ခြင်း၊
(၃၁) ဓားမတို့ဖြင့် ရွေခြင်း၊
(၃၂) ပဲခွပ်တို့ဖြင့် ရွေခြင်း။

ကံကြီး ၅-ပါး

ပဉ္စာနန္တရိယကံကိုခေါ်သည်၊ ၎င်းသရုပ်အဓိပ္ပါယ် (ပဉ္စာနန္တရိယကံ၅-ပါး)၌ ကြည့်ပါ။

ကင်းစီးအနက် ၊ မျိုး ၄-ချက်၊ တင်ဆက်ဖြေတော်မူ

“ င် ” ဟူသော ငသတ်ဗျည်းကို ဂဏန်းအက္ခရာပေါ်၌ တင်ထားလျှင် ကင်းစီးခေါ်၏၊
(၁) တင်း ကင်းစီး -၁င်္ ၂င်္ ဆန် ပဲစသည် ချင်တွယ်ရာ၌ တစ်တင်း နှစ်တင်း အနက်၊
(၂) တောင် ကင်းစီး ၁င်္ ၂င်္ သစ် ဝါးစသည်တိုင်းရာ၌ တစ်တောင် နှစ်တောင် အနက်၊
(၃) အင်္ဂါကင်းစီး- ၁င်္ ၂င်္ ပေစာ၌ တစ်အင်္ဂါ နှစ်အင်္ဂါဟူသောအနက်၊ က-မှ ကား-အထိ ၁၂-ရွက်ကို တအင်္ဂါ ခေါ်သည်။
(၄) ဇင်း ကင်းစီး ၁င်္ ၂င်္ ပိတ်ဖျင်တို့၌ တစ်ဇင်း နှစ်ဇင်းဟူသော အနက် “၂၄-တောင်ရှိသော ဖျင်အုပ်ကို တစ်ဇင်းဟုခေါ်၏”။

ကင်းထောက်လုလင်၊ ကမ္ဘာတွင်၊ ကြည်လင်ဝတ်၁၀-ပါး

ကမ္ဘာ့ကင်းထောက်လုလင်တိုင်း လိုက်နာကျင့်သုံးအပ်သော ဥပဒေဆယ်ပါးဟု အကျဉ်းမှတ်ပါ။
(၁) သူတစ်ပါး၏ယုံကြည်ကိုးစားမှုကို ခံယူနိုင်သော ဂုဏ်သိက္ခာရှိရမည်။
(၂) တည်ကြည်ဖြောင့်မတ်မှု သစ္စာတရားရှိရမည်။
(၃) အသုံးဝင်သည့်နည်းဖြင့် တစ်ပါးသူတို့အား အကူအညီပေးရမည့် ဝတ္တရားနှင့်ပြည့်စုံရမည်။
(၄) လူတိုင်း၏အဆွေခင်ပွန်းလည်းဖြစ်စေ၍မိမိတို့ချင်းလည်း ညီရင်းအစ်ကိုကဲ့သို့မှတ်ထင်ရမည်။
(၅) ယဉ်ကျေးသိမ်မွေ့သော ကိုယ်နှုတ်စိတ် ရှိရမည်။
(၆) တိရိစ္ဆာန်တို့၏ အဆွေခင်ပွန်းလည်း ဖြစ်ရမည်။
(၇) အခက်အခဲဟူသမျှနှင့် ကြုံတိုင်း ပြုံးရွှင်ကြည်လင်စွာ ရင်ဆိုင်ရမည်။
(၈) အထက်အမိန့်ကို တသွေမတိမ်း နာခံရမည်။
(၉) ချွေတာစွာ သုံးစွဲရမည်။ http://en.wikipedia.org/wiki/Scout_Law မှာ အသေးစိပ်ကြည့်နိုင်သည်။

ကစားသမားတို့ အပြစ် ၆-ပါး

ဒီ၊၃၊၁၄၉။ဒီ၊ဋ္ဌ၊၃၊၁၂၉။ ၎င်း သရုပ်။
(၁) နိုင်သူရန်ပွား၊
(၂) ရှုံးလျှင်စိုးရမ်၊
(၃) ပစ္စည်းဥစ္စာကုန်ခန်း၊
(၄) သူတစ်ပါးတို့ အယုံအကြည်ကင်းမဲ့၊
(၅) ဆွေမျိုးမိတ်ဆွေကောင်းတို့နှင့်ကင်းကွာ၊
(၆) အိမ်ထောင်ပြုဘက် မရှိတတ်ခြင်းများ။

ကဆုန်လ၏ မှတ်သားဖွယ်ကြီး ၁၆-ချက်

ကဆုန်လနှင့်စပ်၍ မှတ်သားဖွယ်အချက်များကား ၁၆-ချက်မျှအကျဉ်းတွေ့၏။
(၁) အလောင်းတော် သုမေဓါသည် ဒီပင်္ကရာမြတ်စွာဘုရားထံ နိယတဗျာဒိတ်ခံယူသောလ။
(၂) အလောင်းတော် သိဒ္ဓတ္ထမင်းသား ဖွားမြင်တော်မူသောလ။
(၃) တောထွက်တော်မူသော လ။ (နာနာဆန္ဒပျို့)
(၄) သစ္စာလေးပါးနှင့်တကွ ဘုရားအဖြစ်ကို ရယူသော လ။
(၅) ပရိနိဗ္ဗာန် စံဝင်တော်မူသော လ။
(၆) ဗောဓိပင်မြတ်ကို ညောင်ရေဓါတ်သွန်းလောင်းသော လ။
(၇) စံကားပန်းပွင့်သော လ။
(၈) ဝိသာခါနက္ခတ်နှင့် စန်းယှဉ်၍ ပြည့်သော လ။
(၉) တံငါတာရာ ထွန်းသော လ။ သက္ကဋ နက္ခတ္တဒီပနီအလို ဆင်တာရာထွန်းသော လ။
(၁၀) နေ့နာရီ ၃၂၊ ညနာရီ ၂၈-ရှိ၍ ညတာတိုသော လ။
(၁၁) ရက်စုံသတ်သော လ။
(၁၂) နဂါးဦးခေါင်း အနောက် မြောက်မှာ ဝမ်းပြင် တောင်ခွင်ကျောသား မြီးကားအရှေ့သို့ထားသော လ။
(၁၃) စနေ ကြာသပတေး ရက်ရာဇာ၊ ဗုဒ္ဓဟူး သောကြာ ပြဿဒါးဖြစ်သော လ။
(၁၄) နှစ်ဖဝါးဖြင့် မွန်းတည့်သော လ။
(၁၅) ပြိဿရာသီ မည်သော လ။
(၁၆) ဖွားဘက်တော် ၇-ပါး မွေးဖွားဖြစ်ပေါ်သော လ။
မှတ်ချက်။ ။ တောထွက်ကြောင်းနှစ်မူကွဲရာ အောက်ပါ နာနာဆန္ဒပျို့အရ ပြလိုက်သည်၊ အကျယ် ကျွန်ုပ်တို့ “စံပြမြန်မာအဘိဓါန်“၌ က-ပိုင်းမှာကြည့်ပါ။ “ရွှေနန်းတော်ထက်၊ လရက်လှည့်ပြောင်း၊ နှစ်ပေါင်းဆယ့်သုံး၊ ပွားပြုံးတေဇာ၊ အာကာလန်းလူ၊ စံတော်မူ၍၊ တွက်ယူပြဲ့ပြဲ့၊ ကိုးဆယ့်ခုနစ် (၉၇)၊ သက္ကရာဇ်ကျ၊ ကဆုန်လတွင်၊ ပြည့်ထစန္ဒာ၊ သန်းခေါင်ခါ၌၊ လေးဖြာ နိမိတ်၊ သံဝေဟိတ်ကြောင့်၊ ရွှင်စိတ်နှစ်သက်၊ တောသို့ထွက်သော်၊“(မုံရွေး)

ကညာမျိုးပြား ၃-ပါး၊ ၄-ပါး၊ ၇-ပါး၊ ၉-ပါး

၎င်း သရုပ်ကို (အပျိုစင်မျိုး ၃-ပါး၊ ၄-ပါး၊ ၇-ပါး၊ ၉-ပါး)၌ ပြခဲ့ပြီ။

ကဏ္ဌဇ အက္ခရာ ၁၀-လုံး

လည်ချောင်းအရပ်၌ ဖြစ်ပေါ်တတ်သော အက္ခရာဆယ်လုံး ဟူလို။
(အ အာ က ခ ဂ ဃ င ဟ ဧ ဩ။)

ကတော်ကြီး ၄-ပါး

မှော်ပညာနှင့် အောက်လမ်း ပယောဂဆရာတို့ အသုံးပြုသော ကတော်ကြီး လေးပါဟူ၏။(၁) အနောက်ဖက် ရှင်မကတော်၊
(၂) မြောက်ဘက်ရှင်မကတော်၊
(၃) ရေယဉ်ကတော်၊
(၄) နှဲးကတော်(မနှဲးလေး)။

ကတော် ၇-ပါး

ကဝေသာရကျမ်းဆရာတို့အလို၊
(၁) ယော ကတော်၊
(၂) နှော ကတော်၊
(၃) ရေယဉ် ကတော်၊
(၄) စကြာရှင် ကတော်၊
(၅) အနောက်ဖက် ရှင်မ ကတော်၊
(၆) စံကားရှင်မ ကတော်၊
(၇) မြောက်ဖက်ရှင်မ ကတော်။

ကထာ ၃-ရပ်၊ ပိဋကတ်၊ မိန့်မှတ် သာသနာ

ပိဋက ၃-ပုံကို ကထာအားဖြင့် ပြားသော် ၃-ပါးဟူ၏။
(၁) သံဝရာ သံဝရ ကထာ- ကိုယ် နှုတ်နှစ်ပါးတို့ဖြင့် ကျူးလွန်မှုများ၏ ဆန့်ကျင့်ဘက်ဖြစ်သော စောင့်စည်းခြင်းတရားခေါ် ဝိနည်းပိဋက အဆုံးအမတော်။
(၂) ဒိဋ္ဌိ ဝိနိဝေဓန ကထာ- ၆၂-ပါးသော ဒိဋ္ဌိတို့၏ အယူအစွဲအထုံးအဖွဲ့တို့ကို ဖြေခွဲဖျဉ်ရှင်းခြင်းငှာ ဟောကြားတော်မူအပ်သော သုတ္တန်ပိဋက စကားတော်။
(၃) နာမရူပ ပရိစ္ဆေဒ ကထာ- ရာဂ အတ္တစသော ကိလေသာတို့၏ ဆန့်ကျင်ဘက်တရား နာမ် ရုပ် များကို ပိုင်းခြားဝေဖန်၍ ဟောကြားဆုံးမတော်မူအပ်သော အဘိဓမ္မာ ပိဋကစကားတော်။

ကထာမျိုး ၇-ပါး

ကောင်း မကောင်းစကားမျိုး ၇-ပါးလည်း ဟူ၏။
(၁) တိရစ္ဆာန ကထာ- သူတော်ကောင်းတို့အလိုမရှိသော မဂ်ဖိုလ်မှ ဖီလာကန့်လန့် စကားဟူသမျှ၊ တိုင်းရေး ပြည်ရေး သားရေး သမီးရေး စကားမျိုး၊
(၂) ဒါန ကထာ- စွန့်ကြဲပေးကမ်း လှူဒါန်းမှုစကား၊
(၃) သီလ ကထာ- သီလနှင့်စပ်သောစကား၊
(၄) သဂ္ဂ ကထာ- နတ်ရွာနှင့်စပ်သောစကား၊
(၅) မဂ္ဂ ကထာ- စျာန်မဂ်ဖိုလ်နှင့်စပ်သောစကား၊
(၆) ကာမာဒီနဝ ကထာ- ကာမဂုဏ်၏ စက်ဆုပ်ဖွယ်ရာ အပြစ်စကား၊
(၇) နေက္ခမာနိသံသ ကထာ- ကာမတရားစွန့်ပယ်ရှားရေး အကျိုးကျေးဇူးစကား။

ကထာမျိုး ၁၀-ပါး

မ၊၁၊၁၉၉။ မ၊ဋ္ဌ၊၂၊၄၀ မှ ၄၄အထိ ရှုပါ။ ကောင်းစွာဟောအပ်သော ကထာဝတ္ထုခေါ် စကားအပြားဆယ်ပါးဟူ၏၊ အကျယ်လိုမူ မဇ္ဈိမနိကာယ် ဝေဒလ္လသုတ်အဖွင့်၌ ရှုပါကုန်။
(၁) အပ္ပိစ္ဆာ ကထာ- အလိုနည်းမှုနှင့်စပ်သောစကား၊
(၂) သန္တုဋ္ဌိ ကထာ- ရောင့်ရဲလွယ်မှုနှင့်စပ်သောစကား၊
(၃) ပဝိဝေက ကထာ- ဆိတ်ငြိမ်မှုနှင့်စပ်သောစကား၊
(၄) အ သံသဂ ္ဂကထာ- ကာယသံသဂ္ဂစသည်နှင့် မနှီးနှော မရောပြွမ်းသောစကား၊
(၅) ဝီရိယာရမ္ဘ ကထာ- ဘာဝနာတရားကို မတွန့်မဆုတ်ကြိုးစားအားထုတ်ခြင်းနှင့် စပ်သောစကား၊
(၆) သီလ ကထာ- ပဉ္စ အဋ္ဌ နဝ ဒသ သီလနှင့် စပ်သောစကား၊
(၇) သမာဓိ ကထာ- ဥပစာရသမာဓိ အပ္ပနာသမာဓိ စသည်နှင့်စပ်သောစကား၊
(၈) ဉာဏ ကထာ-လောကီပညာ လောကုတ္တရာပညာတို့နှင့်စပ်သောစကား၊
(၉) ဝိမုတ္တိ ကထာ- ဖိုလ်တရား လေးပါးတို့နှင့်စပ်သောစကား၊
(၁၀) ဝိမုတ္တိ ဉာဏဒဿန ကထာ- ပစ္စဝေက္ခဏာဉာဏ်နှင့်စပ်သော စကားစု။

ကထာမျိုး ၁၀-ပါး တစ်နည်း

စကားအရာ လိမ္မာစေမှု နည်းညွှန်ပြုသည့် ကထာမျိုး ၁၀-ပါး။
(၁) ကာလဝါဒီ- ဆိုရန်အချိန်သင့်မှ ပြောဆိုရခြင်း၊
(၂) ဘူတ ဝါဒီ- ဖြစ်သမျှကိုသာ လျှော်စွာ ပြောဆိုရခြင်း၊
(၃) ဓမ္မဝါဒီ- တရားမျှတစွာပြောဆိုရခြင်း၊
(၄) သစ္စ ဝါဒီ- မှန်ကန်တိကျစွာ ပြောဆိုရခြင်း၊
(၅) အတ္ထ ဝါဒီ- အကျိုးရှိမည့်စကားကိုသာ ပြောဆိုရခြင်း၊
(၆) မိဟိတ ပုဗ္ဗဘာဏီ- အမြဲ ပြုံးရွှင်မှုရှေ့ရှိ၍သာ ပြောဆိုရခြင်း၊
(၇) မိတ ဘာဏီ- သင့်မသင့် ထောက်ချင့်ချိန်ဆ၍ သင့်မှပြောရခြင်း၊
(၈) အ တုရိတ ဝါဒီ- မဆောတလျင် မပြောရခြင်း၊
(၉) ပေါရီ- အထက်တန်းစား မြို့သုံး နန်းသုံးစကားတို့ကိုဆိုရခြင်း၊
(၁၀) ဝိသာဒ ဝါဒီ- လေယူလေသိမ်းဟန်ကျလျက် ပီသစွာပြောဆိုရခြင်း။

ကထိန်အာနိသင် ၅-ပါး

ကထိန်ခင်းရသော ရဟန်းတော်များ ခံစားရသည့် ကထိန်အကျိုး ၅-ပါးဟူလို။ကထိန်နှင့်စပ်၍ ဝိနည်းမဟာဝါ- ကထိနက္ခန္ဓက၌ အကျယ်ရှုပါ။
(၁) အနာမန္တ စာရ- ထင်ရှားရှိသော ရဟန်းကို မပန်ကြားမူ၍ မြို့တွင်းရွာတွင်း ဆွမ်းဖိတ်ရာအိမ်သို့သွားနိုင်ခြင်း၊
(၂) အ သမာဒါန စာရ- အဓိဋ္ဌာန်တင်ပြီး ဆောင်သောသင်္ကန်းကို မယူမူ၍ သွားနိုင် နေနိုင်ခြင်း၊
(၃) ယာဝ ဒတ္ထ စီဝရ- အလိုရှိတိုင်း သင်္ကန်းကို အဓိဋ္ဌာန် ဝိကပ္ပနာမပြုမူ၍ထားနိုင်ခြင်း၊
(၄) ဂဏ ဘောဇန- ထမင်းစားကြွပါ စသည်ဖြင့် မအပ်သောဖိတ်ခြင်းရှိသော ဂဏဘောဇဉ်ကို စားနိုင်ခြင်း၊
(၅) ကထိန်ခင်းသော ကျောင်းတိုက်၌ ကထိန်ခင်းပြီးနောက် တပေါင်းလပြည့်နေ့အတွင်း သံဃာအားလှူသော သင်္ကန်းလျာပုဆိုးကိုလည်းကောင်း၊ သို့မဟုတ် သင်္ကန်းကိုလည်းကောင်း၊ ထိုကျောင်းတိုက်ရှိ ကထိန် အနုမောဒနာပြုသော ရဟန်းတို့သာ ရနိုင်ခြင်း¯

ကထိန်ခင်းမည့်ရဟန်း၏ အင်္ဂါ ၈-ပါး

၎င်းအင်္ဂါရှစ်ပါးနှင့်ပြည့်စုံသော ရဟန်းမှသာ ကထိန်ခင်းထိုက်သည်ဟူ၏။ အဓိပ္ပါယ်ကို တတ်သိသူတို့ထံ မေးမြန်းစုံစမ်းလေ။
(၁) ပုဗ္ဗကရဏံ ဇာနာတိ- ရှေးဦးစွာ ပြုလုပ်ရမည့်ကိစ္စရပ်တို့ကို သိရ ပြုရခြင်း၊
(၂) ပစ္စုဒ္ဓါရံ- ပစ္စုဒ္ဓိရ်ပြုတတ်ရခြင်း၊
(၃) အဓိဋ္ဌာနံ- အဓိဋ္ဌာန်တင်တတ်ရခြင်း၊
(၄) အတ္ထာရံ- ခင်းပုံခင်းနည်း သိထားရခြင်း၊
(၅) မာတိကံ- မာတိကာကို သိထားရခြင်း၊
(၆) ပလိဗောဓံ- ကြောင့်ကြကို သိထားရခြင်း၊
(၇) ဥဒ္ဓါရံ- ကထိန်နှုတ်ပုံကို သိထားရခြင်း၊
(၈) အာနိသံသံ- အာနိသင်တို့ကို သိထားရခြင်း။

ကထိန်ခင်းရန်၊ ထုတ်မိန့်ပြန်၊ ၃-တန်သင်္ကန်းမျိုး

ကထိန်ခင်းရန်အတွက် ဘုရားရှင်ခွင့်ပြုတော်မူခဲ့သောသင်္ကန်းသုံးထည်ကို ဆိုသည်။
(၁) သံဃာဋိ- ဒုကုဋ်ခေါ် နှစ်ထပ်သင်္ကန်းကြီး၊
(၂) ဥတ္တရာသင်္ဂေါ- ကိုယ်ဝတ်ခေါ် ဧကသီ၊
(၃) အန္တရ ဝါသကော- ခါးဝတ်ခေါ် သင်းပိုင်။

ကထိန်ခင်းရန် ကိစ္စ ၈-ပါး

(၁) ကထိန်သင်္ကန်းကို အလှူခံမှု၊
(၂) ကထိန်ခံထိုက်သောပုဂ္ဂိုလ်ကို သံဃာတော်တို့က စိစစ်ရွေးချယ်ပေးမှု၊
(၃) ထိုရွေးချယ်ခံရသူအား သိမ်တွင်း၌ ကမ္မဝါဖတ်၍ ကထိန်သင်္ကန်းကို ပေးမှု၊
(၄) တိစီဝရိက် အဓိဋ္ဌာန်တင် သင်္ကန်းဟောင်းကို ပစ္စဒ္ဓိုရ်ပြု အဓိဋ္ဌာန်စွန့်မှု၊
(၅) ခင်းမည့် သင်္ကန်းသစ်ကို ကပ္ပဗိန္ဒုထိုးမှု၊
(၆) သင်္ကန်းအမည်ဖြင့် အဓိဋ္ဌာန်တင်မှု၊
(၇) နှုတ်မြွက်၍ ခင်းမှု၊
(၈) အနုမောဒနာပြုမှု။

ကန္တာရမျိုး ၈-ပါး

လွန်မြောက်နိုင်ခဲသည်ဖြစ်၍ ခဲယဉ်း ဆင်းရဲငြိုငြင်စွာနှင့်သွားရသော ခရီးလမ်း ၈-မျိုးဟူ၏။ အပဏ္ဏကဇာတ်စသည်။
(၁) စောရ ကန္တာရ- ခိုးသားဓါးပြ ဘေးရန်ရှိသော ခရီးခက်၊
(၂) ဝါဠ ကန္တာရ- သားရဲတိရိစ္ဆန်ဘေးရန်ရှိသော ခရီးခက်၊
(၃) နိရုဒက ကန္တာရ- ရေမရှိသော ခရီးခက်၊
(၄) အ မနုဿ ကန္တာရ-နတ်ဆိုး ဘီလူးသရဲရှိသော ခရီးခက်၊
(၅) အပ္ပ ဘက္ခာ ကန္တာရ- စားဖွယ် ခဲဖွယ်အစာအာဟာရ မရှိသောခရီးခက်။ ဤကား အပဏ္ဏကဇာတ် အဋ္ဌကထာလာ ကန္တာရငါးပါးတည်း။ ထိုမှတစ်ပါးလည်း၊
(၆) ဥဒကကန္တာရ- အလွန်ကျယ်ပြောသော ရေပြင်ရှိသော ခရီးခက်၊
(၇) ဝါဠု ကန္တာရ- အလွန်ရှည်လျားသော သဲပြင်ရှိသော ခရီးခက်၊
(၈) ဝန ကန္တာရ- လွန်မြောက်နိုင်ခဲသော တောအုပ်ရှိသော ခရီးခက် စသည်များစွာ ရှိကုန်သေး၏။

ကန့်မျိုး ၄-ပါး

ယင်းကျမ်းစာအတိုင်း ဖေါ်ပြထားသည်။ ကန့်ဖြစ်ပေါ်လာပုံအကြောင်းကား- သကဋဘာသာလာ ရသမဉ္ဇရီကျမ်း၌-လွန်လေပြီးသောအခါ နတ်သမီးတစ်စုသည် နို့သစ်ဖြင့်ပြီးသော ခီရနဒီ၌ ရေကစားမြူးထူးစံပယ်လျက် အဝတ်ကိုဖွပ်လျှော်ခြင်း ချေးတွန်းခြင်းတို့ကိုပြု၍ ကမ်းနှစ်ဘက်၌ ကိုယ်ချေးနှင့်တကွ အနံ့ပြင်းစွာသော ကန့်သည်ဖြစ်လေ၏၊ ထိုသို့ဖြစ်သောအခါ ဓေါတဟူသော အမည်သည်လည်းကောင်း၊ ဂန္ဓကဟူသော အမည်သည်လည်းကောင်း ထင်ရှားစွာဖြစ်သည် ဟူ၏။
(၁) ကန့်နီ- ၎င်းသည် ရွှေကိစ္စ သုက်ကိစ္စကို ပြီးစေနိုင်၏၊
(၂) ကန့်ရွှေဝါ- သွေးစုနာ အနာပေါက်စသည်တို့၌ လိမ်းလျှင် ပျောက်စေနိုင်၏၊
(၃) ကန့်ဖြူ- ၎င်းသည် ချီးမွမ်းအပ်သည်သာတည်း၊
(၄) ကန့်နက်-၎င်းကိုကား ရခဲလှစွာ၏ဟု ရသမဉ္ဇရီခေါ် လောကီကျမ်းကြီး၌ မျိုးခွဲ၍ဆိုထားသည်။

ကနုတံ၏ အပြစ် ၆-ပါး

ဝိနည်းတော်လာ ရဟန်းတော်များ အသုံးကောင်းသော ကနုတံမျိုး ၆-ပါး။
(၁) အကွဲပါသော ကနုတံ၊
(၂) အဆစ်ပါသော ကနုတံ၊
(၃) ဖုထစ် ပါသော ကနုတံ၊
(၄) ဆူးရှိသောကနုတံ၊
(၅) အခေါင်းရှိသော ကနုတံ၊
(၆) ကြမ်းတမ်းသော ကနုတံ။

ကပ် ၃-ပါး

ဒီ၊၃၊၆၀။ ဒီ၊ဋ္ဌ၊၃၊၃၈။ ကပ္ပ= စီရင်ခြင်း၊ သတ္တဝါတို့၏အပြုအမူ ကံအလျောက်စီရင်ခြင်း ၃-ပါး။
(၁) ဒုဗ္ဘိက္ခန္တရ ကပ်- သတ္တဝါတို့၏ လောဘတရား ပိုမိုအားကြီးလာသောအခါ မိုးခေါင်ရေရှား ငတ်မွတ်ခေါင်းပါး၍ သေကြေပျက်စီးခြင်းမျိုး၊ ဤသတ္တဝါတို့ကား များသောအားဖြင့် ပြိတ္တာဘုံသို့ ရောက်ကြရ၏။
(၂) သတ္ထန္တရ ကပ်- သတ္တဝါတို့ ဒေါသတရား ပိုမိုအားကြီးလာသောအခါ မေတ္တာရှားပါး၍ တစ်ဦးနှင့်တစ်ဦး ထိုးခုတ် ရိုက်နှက် သတ်ဖြတ်ခြင်း ဘေးရန်တို့ကြောင့် သေကြေပျက်စီးရခြင်းမျိုး၊ ဤသတ္တဝါတို့ကား များသောအားဖြင့် ငရဲဘုံသို့ရောက်ကြရ၏။
(၃) ရောဂန္တရကပ်- အနာရောဂါ ကျရောက် သေကြေပျက်စီးခြင်းမျိုး၊ ဤသတ္တဝါတို့ကား များသောအားဖြင့်နတ်ရွာသုဂတိသို့ ရောက်ကြရကုန်၏။

ကပ် ၄-ပါး တစ်နည်း

ဝိသုဒ္ဓိ၊၂၊၄၄-၌ အကျယ်ရှု။
(၁) သံဝဋ္ဋ ကပ်၊
(၂) သံဝဋ္ဋဌာယီ ကပ်၊
(၃) ဝိဝဋ္ဋ ကပ်၊
(၄) ဝိဝဋ္ဋ ဌာယီ ကပ်။

ကပ်ကြီး ၄-ပါး

ကပ်ကြီး ၄-ပါး

ကပ္ပဋ္ဌိတိမျိုး ၄-ပါး

မ၊ဋ္ဌ၊၃၊၁၂၅-နှင့် ဇာတ်အဋ္ဌကထာ။ ပ-အုပ်။ ၁၈၈-တို့၌ အကျယ်ရှု။ ကမ္ဘာတည်နေသမျှတည်နေသော အရာဝတ္ထုကြီး ၄-ပါး။
(၁) ယက္ခိုသ်စောင့်သော ရေအိုင်ဝယ် အလောင်းတော်မြတ် မျောက်မင်းဖြစ်တော်မူစဉ်အခါက ကျူဆစ်တို့ကိုဖေါက်၍ ရေကိုသောက်ဖူးသောကျူတော၏ တစ်ကမ္ဘာလုံးအဆစ်မရှိဘဲတည်နေခြင်း တစ်ပါး။
(၂) အလောင်းတော်မြတ် ငုံးမင်းဖြစ်တော်မူစဉ် သစ္စာအဓိဋ္ဌာန်ကြောင့် တစ်ကမ္ဘာတိုင်အောင် မီးမလောင်နိုင်သော ၁၆-မင်းပယ်စာ အရပ်လည်းတစ်ပါး။
(၃) ကဿပဘုရား လက်ထက်တော်အခါက ဃဋိကာရအိမ် တည်ရာ၌ တစ်ကမ္ဘာလုံး မိုးရေမစွတ်စိုနိုင်ခြင်းလည်း တစ်ပါး။
(၄) အလောင်းတော် ယုန်မင်းဖြစ်စဉ်အခါက လဝန်း၌ရေးခဲ့သောယုန်ရုပ်၏ မပျောက်မပျက် တစ်ကမ္ဘာလုံးတည်နေခြင်းလည်း တစ်ပါး။
ကျက်မှတ်ရန်ကဗျာ။ ။ ထုံးမတိမ်၊ ငုံး အိမ် ကျူ လ နှယ်၊ တူမျှစံနှိုင်း။ ထပ်တညီ၊ ကပ္ပဋ္ဌီတင်ထိုက်တဲ့၊ ခင်သိုက်ညာမေနှင့်၊ ငါးဆင့်သမိုင်း။

ကပ်မျိုး ၅-ပါး

ထိုထိုသောဆေးကျမ်းတို့၌ ကပ်မျိုး ငါးပါးဟု အပေါင်းစကားနှင့်ညွှန်းဆိုလျှင် အောက်ပါကပ်မျိုးငါးပါးတို့ကိုသာ သမားတော်ကြီးများ အလိုရှိကြကုန်၏၊ ဤကား အပြင်ကပ်မျိုး ငါးပါးဖြစ်၏။
(၁) ကပ္ဖိုလ်၊
(၂) ကပ်မ၊
(၃) ကတြသင်္ချေ၊
(၄) စူလာနဖာ၊
(၅) ဆောင်းမေးခါး။

ကပ်မျိုး ၅-ပါး တစ်နည်း

ဤကား အတွင်းကပ်မျိုး ငါးပါးတည်း။
(၁) ပန်းနု၊
(၂) ပန်းမ၊
(၃) စူလာနဖာ၊
(၄) ဆောင်းမေးခါး၊
(၅) ကတြသင်္ချေ။

ကပ်မျိုး ၇-ပါး တစ်နည်း

ဆေးကျမ်းလာဝေါဟာရ၊ ၎င်းကို အပြင်ကပ်မျိုး ၇-ပါးဟုလည်း ခေါ်ကြသည်။
(၁) ပန်းနု၊
(၂) ပန်းမ၊
(၃) စူလာနဖာ၊
(၄) ကတြသင်္ချေ၊
(၅) ကုလားဆောင်းမေးခါး၊
(၆) ကွတ်ကရာ၊
(၇) ကပ္ဖိုလ်။

ကပ္ပိခြင်းမျိုး ၃-ပါး

ရဟန်းတော်များနှင့်အပ်အောင် ပြုပေးခြင်း ၃-ပါး၊ အကျယ် စူဠဝါ ပါဠိတော်၌ ရှု။ ဘူတဂါမ် ဗီဇဂါမ်တို့ကို ဒါယကာလုပ်သူက-
(၁) လက်သည်းဖြင့် ဖြစ်စေ၊
(၂) အသွားထက်သော ဓါးလှံ သံချွန်စသည်ဖြင့် ဖြစ်စေ၊
(၃) မီးဖြင့် ဖြစ်စေ ဆိတ်ယူ ထိုးခုတ် ရှို့တိုက်၍ ပေးခြင်းမျိုး။
မှတ်ချက်။ ။ ရဟန်းတော်က ကိုင်ထားပြီး “ကပ္ပိယံ ကရောဟိ”ဟု ဆိုလျှင် ဒါယကာက “ကပ္ပိယံ ဘန္တေ”ဟုဆိုကာ ဆိတ် ထိုး ခုတ် ရှို့လိုက်ရသည်။

ကပ္ပိယ ကုဋိအင်္ဂါ ၄-ပါး

ရဟန်းတော်တို့ သုံးဆောင်ကောင်းသည့် ဝိနည်းတော်လာ ကျောင်းအင်္ဂါ လေးပါး။
(၁) ရဟန်း သံဃာတို့အပိုင်ဥစ္စာဖြစ်ခြင်း၊
(၂) ရဟန်းသံဃာတို့ အမြဲနေဖို့ရာ ကျောင်းဖြစ်ခြင်း၊
(၃) သဟသေယျ အာပတ် မသင့်နိုင်သော အမိုးအကာနှင့် ပြည့်စုံခြင်း၊
(၄) ကပ္ပိယ ကုဋိ ၄-ပါးတွင် လျော်စွာဖြစ်ခြင်း။

ကပ္ပိယ ကုဋိမျိုး ၄-ပါး

ဝိနည်းတော်လာ ရဟန်းတို့ကျောင်းမျိုး ၄-ပါးဟူ၏။
(၁) ဂဟပတိကုဋိ- မလှူမီလူတို့ပိုင်ခြင်း လှူသောအခါ ကပ္ပိယဝေါဟာရဖြင့် မြွက်ဆိုလှူဒါန်းခြင်း အင်္ဂါနှစ်ပါးစုံ ကျောင်း၊
(၂) သမ္မုတိကုဋိ- ကပ္ပိယကုဋိအင်္ဂါချို့တဲ့သောကျောင်းကို ကပ္ပိယကုဋိဖြစ်အောင် ဉတ္တိဒုတိယ ကမ္မဝါစာဖြင့် သမုတ်၍ပေးသော ကုဋီ၊
(၃) ဂေါနိသာဒိကာ ကုဋိ- အရံအတားမရှိသော ကျောင်း၊
(၄) ဥဿာဝနန္တိကာ ကုဋိ- ရဟန်းတို့ကိုယ်တိုင်ချီကြွလျက် “ကပ္ပိယကုဋိံ ကရောမ”ဟုဆိုကာ တစ်ပြိုင်နက် မြေသို့ချစိုက် ပြီးဆုံးစေသော ကုဋီ။

ကမ္ဘာ့ အနုမြူလက်နက်ပိုင် နိုင်ငံကြီး ၉-ခု

၎င်းသရုပ်ကို (အနုမြူနိုင်ငံကြီး ၉ )၌ ကြည့်ပါ။ မှတ်ချက်။ ။ ဤကျမ်းစပြုသော ၁၉၅၅-ခုနှစ်ကရှိသော နိုင်ငံကြီး ၆-နိုင်ငံမှ ယခု(၂၀၀၈)၌ကား နိုင်ငံ ၉-နိုင်ငံရှိနေပြီဖြစ်၏။

ကမ္ဘာအပြားမျိုး ၆-ပါး

ဗုဒ္ဓဝံ၊ဋ္ဌ၊၂၂၇-၌ အကျယ်ရှု။ ဘုရားပွင့်သောကမ္ဘာငါးပါးနှင့် ဘုရားမပွင့်သောကမ္ဘာတစ်ပါးဟူ၏။
(၁) သာရ ကမ္ဘာ- ဘုရားတစ်ဆူသာ ပွင့်သောကမ္ဘာ၊
(၂) မဏ္ဍ ကမ္ဘာ- ဘုရားနှစ်ဆူပွင့်သောကမ္ဘာ၊
(၃) ဝရ ကမ္ဘာ- ဘုရားသုံးဆူပွင့်သော ကမ္ဘာ၊
(၄) သာရ မဏ္ဍ ကမ္ဘာ- ဘုရား လေးဆူပွင့်သောကမ္ဘာ၊
(၅) ဘဒ္ဒ ကမ္ဘာ- ဘုရားငါးဆူပွင့်သောကမ္ဘာ၊
(၆) သုည ကမ္ဘာ- ဘုရားမပွင့်သောကမ္ဘာ။

ကမ္ဘာအပြားမျိုး ၆-ပါး တစ်နည်း

၎င်းအကျယ် ဗုဒ္ဓသာသန မဟာဗုဒ္ဓဝင်၊ ပ-တွဲ၊ ပ-ပိုင်း၊ (ကု)၌ ကြည့်ရှုကြပါကုန်။
(၁) မဟာကပ်ကမ္ဘာ၊
(၂) အသင်္ချေယျကပ် ကမ္ဘာ၊
(၃) အန္တရကပ် ကမ္ဘာ၊
(၄) အာယုကပ်ကမ္ဘာ၊
(၅) ဟာယနကပ် ကမ္ဘာ၊
(၆) ဝဍ္ဎုနကပ် ကမ္ဘာ။
မှတ်ချက်။ ။ ကပ်နှင့်ကမ္ဘာ အတူတူဟုသာ မှတ်ရမည်။ ပါဠိလို ကပ္ပ။ မြန်မာလို ကမ္ဘာ။

ကမ္ဘာ့အိုင်ကြီး ၁၈-အိုင်

၎င်းတို့၏အကျယ်အဝန်းနှင့် သရုပ်များကို (အိုင်ကြီး ၁၈-အိုင်)၌ ရှုပါ။

ကမ္ဘာ့ကုလသမဂ္ဂအတွင်းရေးမှူးချုပ်များ(UN Secretaries-Generals)

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်များကြည့်။

ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင် ၁၉၂-နိုင်ငံနှင့် မြို့တော်များ

၎င်းတို့၏ သရုပ်အမည်များကို (ကုလသမဂ္ဂ အဖွဲ့ဝင် ၁၉၂) ၌ ကြည့်ပါ။

ကမ္ဘာကျော်ခေါင်းလောင်းကြီး ၁၀-လုံး

၎င်းတို့၏သရုပ်များကို (ခေါင်းလောင်းကြီး ၁၀-လုံး) ၌ ကြည့်ပါ။

ကမ္ဘာစောင့်တရား ၂-ပါး၊ ၄-ပါး၊ ၅-ပါး

ကမ္ဘာ့ငြိမ်းချမ်းတိုးတက် သာယာရေးတရား ၂-ပါးဖြစ်သည်။ ၎င်းသရုပ်ကို (လောကပါလ တရား ၂-ပါး) ၌ ကြည့်လေ။

ကမ္ဘာတည် အရာဝတ္ထုကြီးမျိုး ၄-ပါး

၎င်းသရုပ် (ကပ္ပဋ္ဌိတိမျိုး ၄-ပါး)၌ ရှုပါ။

ကမ္ဘာ့တိုက်ကြီး ၇-တိုက်

ကမ္ဘာပေါ်ရှိ အကြီးဆုံးသောကုန်းမြေပြင်နှင့် တောတောင်အပိုင်းအခြားကြီးများဟူ၏၊ ကမ္ဘာ့ပထဝီဝင်စာအုပ်များနှင့် ထိုထိုမှတ်တမ်းများမှ။
(၁) အာရှတိုက်- တူရကီနိုင်ငံ ဆားမားနားမြို့၏အနောက်ဘက်ဒေသတစ်ခု၏အမည်ကို စွဲ၍ ခေါ်ဆိုခြင်းပြုသည်။ တစ်နည်း၊ ဖြူစင်သောအကျင့်ရှိသူ (အရဟ)များ၊ သို့မဟုတ် အရိယာခေါ် သူတော်စင်များနေထိုင်ရာ အရဟ လူမျိုး၊ ဝါ- အရိယာလူမျိုးများ၏ဒေသကိုစွဲ၍ ခေါ်ဆိုသည်ဟူ၏။
(၂) ဥရောပတိုက်- မက်စီဒိုနီယာနိုင်ငံရှိ (ဥရိုပတ်) မြို့ကို အသိအမှတ်ပြု၍ ခေါ်ဝေါ်သည်ဟူ၏။
(၃) အာဖရိကတိုက်- ရောမ နိုင်ငံသားတို့သည် တူနီးရှားနိုင်ငံမှ အာဖရိကလူမျိုးစုကိုအစွဲပြု၍ ခေါ်ဆိုကြသည်။
(၄) ဩစတေးလျတိုက်- တောင်ဘက်တိုက်ဟူလို၊ အဓိပ္ပါယ်ရှိသောတိုက်ဟူ၏။ ၎င်းတိုက်ကြီး ၄-တိုက်တို့သည်ကမ္ဘာဟောင်းခေါ် ကမ္ဘာလုံး၏အရှေ့ဘက်ခြမ်း၌ ရှိကြသည်။
(၅) အမေရိကတိုက်- ၎င်းသည် တောင်အမေရိကနှင့် မြောက်အမေရိကဟု ၂-တိုက်ရှိသည်၊ ကမ္ဘာသစ်၏ကမ်းရိုးတန်းများကို (ဒေသအစိတ်အပိုင်းများနှင့်) ရှေးဦးစွာရှာဖွေတွေ့ရှိသူ (အမေရီဂိုစပွတ်ချီ)ကိုဂုဏ်ပြု၍ ခေါ်ဆိုကြသည်။
(၆) မြောက်အမေရိကတိုက်- အမေရိကန်မြောက်ပိုင်း ကုန်းမြေပြင်ကိုခေါ်ဆိုသည်။
(၇) အန္တာတိတ်ကာတိုက် တောင်ဝန်ရိုးဖျားအနီး အန္တာတိတ်သမုဒ္ဒရာ၌ ရှိသည်။
http://en.wikipedia.org/wiki/Continent

ကမ္ဘာ့နိယာမတရားကြီး ၅-ပါး

၎င်းသရုပ်ကို (နိယာမတရား ၁၅-ပါး)၌ ရှုပါလေ။

ကမ္ဘာ့သဲကန္တာရကြီး ၁၉-ပါး

၎င်း၏ သရုပ်များကို (သဲကန္တာရကြီးမျိုး ၁၉-ပါး)၌ ကြည့်ပါ။

ကမ္မဇ ကလာပ် ၉-စည်း

ကံကြောင့်ဖြစ်သော ရုပ်စည်း ရုပ်စုမျိုး ၉-ပါး။
(၁) စက္ခု ဒသက ကလာပ်၊
(၂) သောတ ဒသက ကလာပ်၊
(၃) ဃာန ဒသက ကလာပ်၊
(၄) ဇိဝှါ ကသပ ကလာပ်၊
(၅) ကာယဒသက ကလာပ်၊
(၆) ဣတ္ထိဘာဝ ဒသက ကလာပ်၊
(၇) ပုမ္ဘာဝ ဒသက ကလာပ်၊
(၈)ဝတ္ထု ဒသက ကလာပ်၊
(၉) ဇီဝိတ နဝက ကလာပ်။

ကမ္မဋ္ဌာန်း ၄၀

ယောဂီပုဂ္ဂိုလ်တို့၏ လုပ်ငန်းဌာန လေးဆယ်။
(၁) ကသိုဏ်း ဆယ်ပါး၊
(၂) အသုဘ ဆယ်ပါး၊
(၃) အနုဿတိဆယ်ပါး၊
(၄) ဗြဟ္မဝိဟာရ လေးပါး၊
(၅) အာဟာရေ ပဋိကူလသညာတစ်ပါး၊
(၆) စတုဓါတုဝဝတ္ထန် တစ်ပါး၊
(၇) အရူပ လေးပါး။

ကမ္မဋ္ဌာန်းအားထုတ်ချိန်မဟုတ်သော အခါ ၅-ပါး

ပဉ္စင်္ဂုတ္တရ ပါဠိတော် နီဝရဏဝဂ်မှ။
(၁) ဇိဏ္ဏ ဇရာဘိဘူတ-ဇရာထောင်း၍ အိုဟောင်းရွတ်တွသောအခါ၊
(၂) ဗျာဓိနာ ဘိဘူတ- မကျန်းမမာ အနာဘေးနှိပ်စက်သောအခါ၊
(၃) ဒုဘိက္ခ ဒုလ္လဘ ပိဏ္ဍ- ငတ်မွတ်ခေါင်းပါး အစာရှားသောအခါ၊
(၄) ဝိဝါဒ ဘယ ပတ္တ- အသင်းကွဲပါတီကွဲ ဝါဒကွဲ ပြည်ထဲရေးသူပုန်ထပြီးအချင်းချင်းတိုက်ခိုက်နေသောအခါ၊
(၅) သံဃဘိန္န- သံဃာချင်းကွဲပြားပြီး အငြင်းပွားနေသောအခါ။

ကမ္မဋ္ဌာန်းပေးစွမ်းနိုင်သော ဆရာအပြား ၆-ပါး

ကမ္မဋ္ဌာန်းယူလိုသောပုဂ္ဂိုလ်တို့သည် ထိုဆရာမျိုးကို ရှာဖွေစစ်ဆေးရာ၏။ ဝိသုဒ္ဓိမဂ်မှ၊
(၁) ရဟန္တာပုဂ္ဂိုလ်၊
(၂) အနာဂါမ်၊
(၃) သကဒါဂါမ်၊
(၄) သောတာပန်၊
(၅) စျာနလာဘီ ခေါ် စျာန်ရပုဂ္ဂိုလ်၊
(၆) ပိဋက ၃-ပုံဆောင်ပုဂ္ဂိုလ်, နှစ်ပုံဆောင် ပုဂ္ဂိုလ်, တစ်ပုံဆောင်ပုဂ္ဂိလ်, အဋ္ဌကထာဆောင်ပုဂ္ဂိုလ်, ကမ္မဋ္ဌာန်းတရား အားထုတ်လေ့လာဆည်းပူးသူ, သီလဝန္တ လဇ္ဇီပေသလ ဗဟုဿုတပုဂ္ဂိုလ်တို့ဟူ၏။

ကမ္မဋ္ဌာန်းတရား၏ အင်္ဂါ ၅-ပါး

၎င်းသရုပ် (ပဓါနိယင်္ဂတရား ၅-ပါး) ၌ ရှုပါ။

ကမ္မပထံ၊ ပြီးမြောက်ရန်၊ ၆-တန် ပယောဂ

၎င်းသရုပ်ကို (ပယောဂ ၆-မျိုး)၌ ရှုပါကုန်။

ကမ္မဝါ ၉-ခန်း

၎င်းသရုပ်များကို (ကိုးခန်း ကမ္မဝါ) ၌ ပြဆိုအံ့။

ကမ္မဝါစာ အပြစ် (ဒေါသ) မျိုး ၅-ပါး

သံဃကံပြုရာ၌ ကမ္မဝါစာရွတ်ဖတ်သောအခါ ကံပျက်ခြင်းများဟူ၏။ အကျယ် ဝိနည်းဝိ၊၅၊၃၈၁-၌ ရှုပါ။
(၁)ဝတ္ထုကို မသုံးသပ်ခြင်း၊
(၂) သံဃာကို မသုံးသပ်ခြင်း၊
(၃) ပုဂ္ဂိုလ်ကို မသုံးသပ်ခြင်း၊
(၄) ကမ္မဝါစာ၏ ပုဒ် အက္ခရာတို့ကို မရွတ်ဖတ်ခြင်း၊
(၅) ဉ တ်မပါပဲရွတ်ဖတ်ခြင်းတို့ဖြစ်၏။

ကရိယာ ၅-တန်

၎င်းသရုပ် အကျယ်ကို (ကြိယာ ၅-တန်)၌ ကြည့်ပါလေ၊ ရေးသားပုံမျှခြား၏။

ကရိယာ ၆၀

ရတု ကဗျာ စီကုံးရေးသားရာ၌ ကဗျာလင်္ကာလိုက်စားသူတိုင်း အသုံးချရမည့် ရှေးဆရာကြီးတို့၏ဂရုပဒေသ နယုပဒေသ နယဂ္ဂါဟဖြစ်သော မြန်မာဘာသာ အခေါ် ကရိယာ၊ သို့မဟုတ် ကြိယာခြောက်ဆယ်ကိုကဝိပါသဏ္ဍကျမ်းမှယူ၍ ဤ၌ အမြွက်မျှ ပြဆိုပါအံ့။ “မဉ္ဇူဘုန်းမော်၊ ပွင့်ချိန်မျှော်သည်၊ ဗန်းမော်ခေါင်ထိ၊ တုမရှိသည်၊ ကဝိကဝေ၊ စောမြုတေ။
နှစ်ထွေလင်္ကာ၊ ကျမ်း၌လာသား၊ နည်းနာနယ၊ ဝိတ္ထာရဖြင့်၊ သုံးတန်ဆင့်၍၊ ဖွင့်သည့်ကဗျာ၊ ကြိယာတွင်၊
သမာသေန၊ မူလမဇ္ဈေ၊ ကိုသာပေတည့်၊ သံခြေပျံ့ညင်း၊ ကျွန်ုပ်ခင်းပိမ့်။
(လျှင်, လျှင်း, မူကား၊ ဝယ်, သား, တမင့်၊ ချိမ့်, ဖြင့်, တွင်, ၏၊ ပိမ့်, လှည့်, မည်, အံ့၊ လော, တုံ, မံ့, တည်း။
သော်, ခံ့, ဘူး, သော၊ မူလော, ရကား၊ မူ, အား, မှ, က၊ လိမ့်, စွာ, တံ့, လည်း၊ တည့်, တည်း, ချည်း, ဟု၊ ခဲ့, နည်း, နှိုက်, လျက်၊ ကြောင့်, ထက်, မို့, လည်၊ စံ့, သည်, စိမ့်, တုံ၊ လိမ့်, တည့်, တော, ကား၊ လော့, ၍, လား, သို့၊ မျှ, တို့, ငှါ, ရှင့်၊ တမို့, နှင့်, ကို၊) ရှင့်ပင့်ဉာဏ်တော်၊ ထွန်းပေါ်ကျယ်ချဲ့၊ ယှဉ်ခဲ့တတ်တော်မူ ဘုရား။

ကရိုဏ်း ၄-ပါး

အက္ခရာသံတို့၏ အသံမြည်အောင် ကြိုးစားခြင်းနှင့် ဖြစ်ကြောင်းဌာန အစိတ်အပိုင်းကို ခေါ်သော သဒ္ဒါဝေါဟာရ။
(၁) ဇိဝှါမဇ္ဈ ကရိုဏ်း- လျာလယ်အရပ်၊ တာလုဇအက္ခရာရှစ်လုံးတို့ ဖြစ်ရာ၊
(၂) ဇိဝှေါပဂ္ဂ ကရိုဏ်း- လျှာဖျားအနီးအရပ်၊ မုဒ္ဓဇအက္ခရာ ၇-လုံးတို့ဖြစ်ရာ၊
(၃) ဇိဝှဂ္ဂ ကရိုဏ်း- လျှာဖျားအရပ်၊ ဒန္တဇအက္ခရာ ၇-လုံးတို့ဖြစ်ရာ၊
(၄) သကဋ္ဌာန ကရိုဏ်း- မိမိတို့မူလဌာန ကခဂဃင, ပဖဗဘမ, ဝဟ, အံ, အအာဥဦဧဩ တို့၏ ဖြစ်ရာ။

ကရိုဏ်း ၁၁-ပါး တစ်နည်း

တိထီ ကရိုဏ်း ၁၁-ပါး ဟူ၍လည်း ဗေဒင်ကျမ်းတို့၌ ခေါ်ဆို၏။
(၁) ဗဗ ကရိုဏ်း၊
(၂) ဗာလဝ ကရိုဏ်း၊
(၃) ကောလဝ ကရိုဏ်း၊
(၄) တေထိလ ကရိုဏ်း၊
(၅) ဂရဇ ကရိုဏ်း၊
(၆) ဝဏိဇ ကရိုဏ်း၊
(၇) ဗိဋ္ဌိ ကရိုဏ်း၊
(၈) သကုဏိ ကရိုဏ်း၊
(၉) နာဂ ကရိုဏ်း၊
(၁၀) စတုပဒ ကရိုဏ်း၊
(၁၁) ကိတုဃန ကရိုဏ်း။
မှတ်ချက်။ ။ ၎င်းတွက်နည်းကို ဤလင်္ကာဖြင့် သိရာ၏။ “လဆန်း သုည၊ လဆုတ်ကျမူ၊ တည်ထ ဆယ့်ငါး၊ ကိန်းကိုထားမှ၊ နှောငြားတက္ကာ၊ တိထီသာတည့်၊ မှန်စွာမဖေါက်၊ နှစ်ခုမြှောက်၍၊ အောက်အောက်ခြောက်ဆယ်၊ ဖြိုတက်ဆွယ်လျက်၊ အောက်ဝယ်ကြွင်းလျှင်၊ ထက်ဧက်တင်လော့၊ ထိုတွင်စပြု၊ ကိတုဃန၊ ဘို့ဘာဂတွက်၊ ဧကနုတ်ထား၊ သတ္တစားရှင့်၊ လဒ်ကား ခုနစ်၊ အတွင်းဖြစ်၍၊ ကြွင်းရစ် သေသ၊ ဧကဖြစ်မူ၊ ဗဗ ဟူ၏။ ဒွေမူ ဗာလဝ၊ သုံးကျ ကောလဝါ၊ လေးမှာတေထိလ၊ ပဉ္စ ဂရဇံ၊ ခြောက်မှန် ဝဏိဇ၊ သုည ဗိဋ္ဌိ၊ ရှစ်ကြိမ်လှည့်၍၊ လဒ်ရှိ အဌ်မြင်၊ အကြွင်းတွင်ကား၊ တစ်လျှင် သကုဏိ၊ နှစ်ရှိ နာဂ၊ သုံးဝကြွင်းမူ၊ စတုပဒ၊ ကရိုဏ်းကျတွင်၊ အစ ဗိဋ္ဌိ၊ အဆုံးထိကို၊ ကြဉ်ဘိရှောင်ရန်၊ ကြွင်းအကျန်သည်၊ ဆောင်ရန်အကောင်း ကရိုဏ်းတည်း။“

ကလာအတတ် ၆၄-ရပ်

သိပ္ပံပညာခေါ် လက်မှုပညာအတတ် ၆၄-ရပ်ကို လိုရင်းပဓါနမျှထုတ်ပြသော သုကြနီတိကျမ်းလာ ဖြစ်၏၊ ဘာဂဝတ ပုရဏ်စသည်တို့၌လည်း ကလာအတတ်ပေါင်းများစွာရှိသေးသည်။
(၁) နစ္စ-အကမျိုးစုံအတတ်၊
(၂) ဝါဒန- တီးမှုတ်မျိုးစုံအတတ်၊
(၃) ဝတ္ထာလင်္ကာရ သန္ဓာန- လူနှင့်လျော်အောင် အဝတ်တန်ဆာဆင်ယင်ပေးမှုအတတ်၊
(၄) အနေက ရူပ ဝိဘာဝ ကရဏ- အဆင်းသဏ္ဍန် မျက်နှာရုပ်ပုံအမျိုးမျိုးတို့ကို ကောင်းစွာလှပအောင် ပြုပြင်ပေးနိုင်ခြင်း၊ အလှပြင်အတတ်၊
(၅) သေယျတ္ထရဏာဒိ သံယောဂ ပုပ္ဖါဒိ ဂန္ထန- အိပ်ရာ ကုတင်စသည်တို့ကို တင့်တယ်ဖွယ်ရာစွာ ပြင်ဆင်ခင်းကျင်း
တတ်ခြင်း၊ ပန်းစသည်တို့ကိုသီကုံးပြုပြင်တတ်ခြင်းအတတ်၊
(၆) အနေက ကီဠာရဉ္စန- ကစားမျိုးစုံတို့ဖြင့် လူအပေါင်းအား နှစ်သက်စေနိုင်ခြင်းအတတ်၊
(၇) အနေကာသန သန္ဓာန ရတိဇာနန- နေရာအမျိုးမျိုး နည်းအမျိုးမျိုးဖြင့် ကာမ မွေ့လျော် ခံစားပြုလုပ်ပုံနည်းကို သိသောအတတ်၊
(၈) မဇ္ဇ သဝါဒိကရဏ- သေရည်သေရက် အမျိုးမျိုး စိမ်ချက်မှုအတတ်၊
(၉) သလ္လဟာရဏ ဝဏဝိဇ္ဈန- စူးဝင်သောမြား ကျည်ဆန်နှင့် အနာဟူသမျှတို့ကို ခွဲစိတ်ကုသနိုင်ခြင်းအတတ်၊
(၁၀) အန္နာဒိပဝန- အချက်အပြုတ် စဖိုစသည်အတတ်။
(၁၁) ဗီဇာရောပနာဒိ- သစ်ပင်မျိုးစေ့တို့ကို စိုက်ပျိုးစောင့်ရှောက်ခြင်း လယ်ယာ ဥယျာဉ်မှူးအတတ်၊
(၁၂) ပါသာဏ ဓါတွာဒိ ဝိဓါကရဏ ဘသ္မီကရဏ- ကျောက်ခဲ ရွှေ ငွေ သံ စသောဓါတ်တို့ကို ခွဲစိတ်ခြင်း၊ သန့်စင်ခြင်း၊ ပြာချခြင်းအတတ်၊
(၁၃) ဥစ္ဆု ဝိကာရ ကရဏ- ထန်းလျက် ကြံသကာ တင်လဲ သကြားစသည် ချက်လုပ်မှုအတတ်၊
(၁၄) ဓါတောသဓိ သံယောဂါဓိ ကိရိယာ- ရွှေစသောဓါတ်နှင့်ဆေးတို့ကို ယှဉ်စပ်သောအတတ်၊
(၁၅) ဓါတု သံယောဂ ဝိဘာဂ ကရဏ- ရွှေ ငွေစသော ဓါတ်တို့ကို ရောစပ်ခြင်း ခွဲထုတ်ခြင်းဟူသော ဓါတုဘေဒအတတ်၊
(၁၆) ဓါတွာဒိ သံယောဂ ပုဗ္ဗဝိညာဏ- ဓါတ်မျိုးစုံစပ်နည်းကို ရှေးဦးစွာစတင်စမ်းသပ်ပြုလုပ်နိုင်ခြင်း အတတ်၊
(၁၇) ခါရနိက္ကာသန- ယမ်း ဆား ဆပ်ပြာထုတ်လုပ်တတ်မှု၊
(၁၈) သတ္ထ သန္ဓာန ဝိက္ခေပ- အလိုရှိရာ၌ ကျရောက်ထိမှန်နိုင်စေရန် လက်နက်ကို ချိန်ရွယ်ပစ်လွှတ်ခြင်းအတတ်၊
(၁၉) မလ္လယုဒ္ဓ- လက်ပမ်းလုံးခြင်းအတတ်၊
(၂၀) ဗာဟု ယုဒ္ဓ- လက်ဝှေ့သတ်ခြင်းအတတ်။
(၂၁) ပတိကိရိယာ- ရန်သူလက်ချက်မှလွတ်မြောက်အောင် ရှောင်လွှဲခြင်းအတတ်၊
(၂၂) ဗျူဟာစရနာဒိ ကရဏ- စည် မောင်း ဘင် ခရာအမှတ်ဖြင့် စစ်ဆင် စစ်တက်အမျိုးမျိုး ယန္တရားလက်နက်တို့ကို စနစ်တကျ စီစဉ်ချထားပစ်ခတ်ခြင်းအတတ်၊
(၂၃) ဒေဝတာတောသန- နတ်တို့အားနှစ်သက်စေခြင်း မေတ္တာပို့အမျှပေးဝေမှုအတတ်၊
(၂၄) သာရယျ ဟတ္ထိ အဿ ဂတိ သိက္ခာ- ရထားမောင်း ဆင်စီး မြင်းစီးအတတ်၊
(၂၅) မတ္တိကာဘဏ္ဍ သံကိရိယာ- အိုး အင် အုတ်လုပ် အိုးထိန်းသည်အတတ်၊
(၂၆) ကဋ္ဌာ ဘဏ္ဍ သံကိရိယာ- သစ်သားထည်မျိုးစုံ ပန်းပု လက်သမားအတတ်၊
(၂၇) ပါသာဏ ဘဏ္ဍ သံကိရိယာ- ကျောက်ရုပ်ကျောက်ပန်း ကျောက်ဆစ်အတတ်၊
(၂၈) ဓါတု ဘဏ္ဍ သံကိရိယာ- ကြေးထည် သံထည်မျိုးစုံ ပန်းပဲပန်းတင်းအတတ်၊
(၂၉) စိတ္တာဒျာလေခန- ပန်းချီပုံဆွဲအတတ်၊
(၃၀) တဠာက ပိပါသာဒ သမဘူမိကိရိယာ-ချောင်း မြောင်း ရေတွင်းရေကန်တူးခြင်း၊ ကျုံးတူးခြင်း၊ တိုက်အိမ် မြို့ကွက်တို့၌၊ မြေညှိခြင်းအတတ်။
(၃၁) ယန္တရ ကရဏ- နာရီ စက် တူရိယာမျိုးစုံ ပြုလုပ်နိုင်ခြင်းအတတ်၊
(၃၂) ဝဏ္ဏ ရဉ္ဇန-အရောင်မျိုးစုံ ဆေးဆိုးပန်းရိုက် လုပ်ငန်းအတတ်၊
(၃၃) ဇလ ဝါယွဂ္ဂိ သံယောဂ နိရောဓ ကိရိယာ- ရေစက်လေစက် မီးစက် အင်ဂျင်စက် အတတ်၊
(၃၄) ယာန ကရဏ- ယာဉ်မျိုးစုံတို့ကို တည်ဆောက်ပြုလုပ်ခြင်းအတတ်၊
(၃၅) သုတ္တာဒိ ရဇ္ဇ ကရဏ- ချည်မျှင် ချည်ကြိုး အမျိုးမျိုးငင်လုပ်သောအတတ်၊
(၃၆)ဝတ္ထုဝါယန- အထည်မျိုးစုံရက်လုပ်သောအတတ်၊
(၃၇) ရတနဝေဓါဒိ သန္တသန္တညာန- ရတနာတို့၏ အနေအထားအပေါက်စသည်တို့၌ ကောင်း မကောင်းသိသောအတတ်၊
(၃၈) သုဝဏ္ဏာဒိ ယထာယထဝိညာဏ- ရွှေစသည်တို့ကို အမျိုးမှန် မမှန်၊ ကောင်း မကောင်းသိသောအတတ်၊
(၃၉) ကိတ္တိမ သုဝဏ္ဏရတနာဒိ ကိရိယာဝိညာပန-ပြုလုပ်အပ်သော ရွှေစသည့် ကိတ်ရတနာတို့ကို ပြုလုပ်နိုင်ခြင်း ရွှေဖြစ် ငွေဖြစ် အတတ်၊
(၄၀) လေပါဒိသံကိရိယာ-ပန်းရံ အတတ်။
(၄၁) စမ္မမဒ္ဒဝါဒိကိရိယာ- သားရေနယ်အမျိုးမျိုးနှင့် ၎င်းတို့ကိုဆေးဆိုးခြင်း သားရေနယ်အတတ်၊
(၄၂) သုဝဏ္ဏဒျာလင်္ကာရကိရိယာ- ပုံစံမျိုးစုံလုပ်နိုင်သော ရွှေပန်းထိမ်အတတ်၊
(၄၃) ပသုစမ္မင်္ဂနီဟာရ ကိရိယာ-သားကောင်ပုံမပျက်အောင် သားရေကိုခွာဆုတ်နိုင်သောအတတ်၊
(၄၄) ဒုဒ္ဓဒေါဟာဒိဝိညာဏ- နို့ညှစ်မှစ၍ထောပတ်အထိပြုလုပ်နိုင်ခြင်း အတတ်၊
(၄၅) ကဉ္ဇကာဒိ သီဝန- ချပ်ဝတ် သင်တိုင်း အင်္ကျီစသည်တို့ကို ချုပ်လုပ်သီတွယ် ဖြတ်ညှပ်မှုအတတ်၊
(၄၆) ဇလ တရဏ- ရေကူး ရေငုပ်အတတ်၊
(၄၇) ဂေဟ ဘဏ္ဍာဒိမဇ္ဇန-အိမ်သုံးပရိဘောဂအိုးခွက် စသည်တို့ကို ပြောင်လက်စင်ကြယ်အောင်ပြုလုပ်ခြင်းအတတ်၊
(၄၈) ဝတ္ထသမ္မဇ္ဇန- ခဝါသည်အတတ်၊
(၄၉) ခုရကမ္မ- ဆတ္တာသည် အတတ်၊
(၅၀) တိလ မံသာဒိ သိနေဟ နိဏ္ဏသန- နှမ်းဆီ အမဲဆီစသည်တို့ကို ထုတ်ယူခြင်းအတတ်။
(၅၁) သီရာဒျာကဿက- လယ်ထွန်အတတ်၊
(၅၂) ရုက္ခာရောဟ- သစ်ပင်တက်အတတ်၊
(၅၃) မနောနုကူလ သေဝါကရဏ- အရှင့်စိတ်တိုင်းကျအောင် ခစားလုပ်ကျွေးခြင်းအတတ်၊
(၅၄) ဝေဏုတိဏာဒိ ပတ္တ ကရဏ- နှီးခွက် နှီးဖျာ မြက်ခွက် မြက်ဖျာစသည်အတတ်၊
(၅၅) ကာစ ပတ္တာဒိ ကရဏ-စဉ့်အိုးခွက်, ကြွေ, ဖလ်အိုးခွက်, ပန်းကန်ပြုလုပ်ခြင်း အတတ်၊
(၅၆) ဇလ သံသေစန ဟရဏ- ရေယူ ရေထုတ် ရေလှောင် ရေပေး ဆည်မြောင်းအတတ်၊
(၅၇) လောဟာဘိသာရ သတ္ထကရဏ- သံမဏိ သံရေကြိုစက် လက်နက်မျိုးစုံလုပ်ခြင်းအတတ်၊
(၅၈) ဟတ္ထိ အဿာဒိ ပိဌရဏကိရိယာ- ဆင်ကုန်း မြင်းကုန်းစသည် လုပ်ခြင်းအတတ်၊
(၅၉) သီသုသံရက္ခဏ ဓါရဏာဒိကိရိယာ-ကလေးသူငယ်စောင့်ရှောက်မွေးမြူရေး ကလေးထိန်းအတတ်၊
(၆၀) အပရာဓိတာဠနဉာဏ- အပြစ်ရှိသူကိုအပြစ်နှင့်လျော်စွာ ပုတ်ခတ်ရိုက်နှက်ခြင်းအတတ်။
(၆၁) နာနာဒေသိယ ဝဏ္ဏ လေခန- ဘာသာမျိုးစုံတို့၏ စာပေအက္ခရာကို ရေးသားမှုအတတ်၊
(၆၂) တမ္ဗူလာရက္ခာဒိကိရိယာ- ကွမ်းယာ ကွမ်းပြင်စသည်အတတ်၊
(၆၃) ပြဆိုပြီး ၆၂-ပါးသောကလာတို့၌လေးဆေးသင့်လျှင် လေးဆေးစွာပြုလုပ်တတ်ခြင်း အာဒါနဂုဏ်၊
(၆၄) လျင်မြန်သင့်လျှင် လျင်မြန်စွာပြုလုပ်တတ်ခြင်း ပတိဒါနဂုဏ်။

ကလျာနမိတ္တအင်္ဂါ ၇-ပါး

သပ္ပုရိသ ခေါ် မိတ်ဆွေကောင်းမိတ်ဆွေမြတ်တို့၏ အင်္ဂါ ၇-ပါးဟူ၏။
(၁) သီလ-ကိုယ်ကျင့်သီလနှင့်ပြည့်စုံခြင်း၊
(၂) သမာဓိ- ကိုယ်နှုတ်စိတ် ငြိမ်သက်တည်ကြည်ခြင်း၊
(၃) ပညာ- ရုပ် နာမ် ပဋိစ္စသမုပ္ပါဒ်တို့ကိုသိခြင်း၊
(၄) ဓမ္မ ဒါန- သစ္စာလေးပါး ဘာဝနာတရားတို့ကို ဟောကြားနိုင်ခြင်း၊
(၅) ပေယျ ဝါစာ- လိုက်နာဖွယ်သောစကားတို့ကို ဆိုတတ်ခြင်း၊
(၆) အတ္ထစရိယာ- သူ့ကောင်းကျိုးကိုကျင့်သုံးနိုင်ခြင်း၊
(၇) သမာနတ္ထတာ- မိမိနှင့်တူမျှသောအကျိုးတရားကို ဖြစ်စေနိုင်ခြင်း။

ကလျာနမိတ္တဖြစ်ကြောင်း ဂုဏ်အင်္ဂါ ၇-ပါး

မိတ်ကောင်းဖြစ်ခြင်းအင်္ဂါ ၇-ပါး။ သတ္တင်္ဂုတ္တရ ပါဠိတော်ကလျာနမိတ္တသုတ်။
(၁) ဂရုဂုဏ်- အထက်ပါ ကလျာဏမိတ္တ အင်္ဂါ ၇-ပါးနှင့် ပြည်စုံသူဖြစ်၍ အလေးအမြတ်ပြုအပ်သောဂုဏ်။
(၂) ဘာဝနီယဂုဏ်- ထို့အတူဖြစ်၍ ချီးမွမ်းအပ်သောဂုဏ်။
(၃) ဝတ္တာရဂုဏ်- သူတစ်ပါးတို့အား ဆိုဆုံးမချင်သောဂုဏ်။
(၄) ဝစနက္ခမဂုဏ်- မသိ၍ သူတစ်ပါးတို့မေးလျှောက်သောစကားကို ခံနိုင် ဖြည့်စွမ်းနိုင်သောဂုဏ်။
(၅) ဂမ္ဘီရ ကထံ ကထာဂုဏ်- ရုပ်နာမ်နှင့်စပ်၍ နက်နဲစွာဟောပြောတတ်သောဂုဏ်။
(၆) အဋ္ဌာနေ နော စ နိယောဇိတ ဂုဏ်- အကျိုးမဲ့ရာတို့၌ မပြောဆို မတိုက်တွန်း မယှဉ်စပ်သောဂုဏ်။
(၇) ဘဇိတဗ္ဗ ဂုဏ်- သိက္ခာသုံးပါး သင်္ဂဟတရားလေးပါးတို့နှင့် ပြည့်စုံသည်ဖြစ်၍ မှီဝဲဆည်းကပ်ခံထိုက်သောဂုဏ်။

ကလျာဏမိတ္တ၊ ခေါ်ဆိုကြ၊ သုံးဝပုဂ္ဂိုလ်အဘယ်နည်း

သတ္တဝါတို့အား အကျိုးကျေးဇူးအထူးများစေသောသပ္ပုရိသ ကလျာဏမိတ္တ ပုဂ္ဂိုလ်ကြီး ၃-ယောက်။ ဗဟုဇနဟိတ သုတ်မှ။
(၁) သမ္မာသမ္ဗုဒ္ဓ- သဗ္ဗညုမြတ်စွာဘုရား၊
(၂) အရဟန္တ- ရဟန္တာပုဂ္ဂိုလ်၊
(၃) သေက္ခ- တရားကျင့်ဆဲ သီလဝန္တ ပုဂ္ဂိုလ်။

ကဝဂ် ၅-လုံး

ဗျည်း ၃၃-လုံးတို့တွင် “က ခ ဂ ဃ ခ“ဤငါးလုံးအစုကို ခေါ်သည်။

ကဝိမျိုး ၄-ပါး

ဒီ၊၁၊၁၀။ ဒီ၊ဋ္ဌ၊၁၊၉၀။ အံ၊၁၊၅၅၃။ အံ၊ဋ္ဌ၊၂၊၃၉၀။ ပညာရှိကြီးလေးပါးဟူ၏။
(၁)ဝတ္ထု အနုသန္ဓေကို ကြံစည်တွေးဆ၍ ကျနသေချာစွာပြုလုပ်တတ်သော စိန္တာကဝိ။
(၂) တစ်စုံတစ်ခုကိုကြားရသောအခါ ကြားသည်မှတစ်ပါး အခြားမကြားသေးသော အရာများ
ကိုပါ စပ်ဟပ်လျော်ကန်အောင် ပြုလုပ်တတ်သော သုတ ကဝိ။
(၃) တစ်စုံတစ်ခုသောအနက်ကို စုံစမ်း၍ ချုံ့ခြင်း ချဲ့ခြင်းစသည်ပြုလုပ်နိုင်သော အတ္ထ ကဝိ။
(၄) တစ်စုံတစ်ခုသောဝတ္ထုကို မြင်ကာမျှဖြင့် ထိုနှင့်အလားတူ တစ်ခဏခြင်းမိမိပညာဖြင့် ဖြစ်စေနိုင်သောပဋိဘာဏ ကဝိ။

ကသည်း ၃-စု၊ ဝါ၊ ၃-စို့

ဤကား မြန်မာရာဇဝင်နှင့် လွှတ်တော်အမှတ်အသားလာ ဝေါဟာရများဖြစ်သည်၊”စု“နှင့် “စို့“ကား အစု အစို့ အသင်း အဖွဲ့ဟု အဓိပ္ပါယ်ရသည်၊ ကသည်း ၃-စို့ဆိုသည်ကား ကျောက်မျက်ရတနာများထွက်သည့်
(၁) မိုးကုတ်နယ်တစ်စို့၊
(၂) ကျပ်ပြင်နယ် တစ်စို့၊
(၃) ကသည်းနယ်တစ်စို့၊
အားဖြင့် ကသည်း ၃-စို့ဟု ရေးမှတ်ခေါ်ဝေါ်ကြကုန်၏။

က, သတ်ကာရန်၊ ရေးထုံးမှန်၊ ၃-တန်မြန်မာ့နည်း

မြန်မာ့ကာရန် သတ်ပုံထုံးနည်း၌ ကာရန်ငယ် ၆၄-ပါးတွင် က, သတ် ကာရန်များဖြစ်သော“အက်, အိုက်, အောက်“၎င်း ၃-ပါးကို ဆိုသည်။

ကသိုဏ်း ၁၀-ပါး

ဒီ၊၃၊၂၂၃- ၂၅၇။ ဒီ၊ဋ္ဌ၊၃၊၂၃၀။ ယောဂီပုဂ္ဂိုလ်တို့အတွက် ရှုကျင့်
တရားဆယ်ပါး။
(၁) ပထဝီကသိုဏ်း- ပိုင်းခြားအပ်သည့် မြေကသိုဏ်းဝန်းအတွင်း အကြွင်းအကျန်မရှိ သမာဓိရအောင်အာရုံပြုအပ် စီးဖြန်းအပ်သော မြေကသိုဏ်း၊
(၂) အာပေါ ကသိုဏ်း- ပိုင်းခြားအပ်သည့်အတွင်း ရေအကြွင်းအကျန်မရှိ သမာဓိရအောင်အာရုံပြုအပ် စီးဖြန်းအပ်သော ရေကသိုဏ်း၊ (၃) တေဇောကသိုဏ်း- ပိုင်းခြားအပ်သည့်မီးအတွင်း အကြွင်းအကျန်မရှိ သမာဓိရအောင်အာရုံပြုအပ် စီးဖြန်းအပ်သော မီးကသိုဏ်း၊
(၄) ဝါယောကသိုဏ်း-။ ယ။ လေကသိုဏ်း၊
(၅) နီလကသိုဏ်း-။ယ။ ညိုသော ကသိုဏ်း၊
(၆) ပီတ ကသိုဏ်း- ။ ယ။ဝါရွှေသောကသိုဏ်း၊
(၇) လောဟိတ ကသိုဏ်း- ။ ယ။ နီမြန်းသောကသိုဏ်း၊
(၈) ဩဒါတ ကသိုဏ်း-။ ယ။ ဖြူသော ကသိုဏ်း၊
(၉) အာကာသ ကသိုဏ်း- ။ ယ။ ကောင်းကင်ကသိုဏ်း၊
(၁၀) အာလောကကသိုဏ်း- ပိုင်းခြားအပ်သည့် အလင်းရောင်ကသိုဏ်းဝန်းအတွင်း အကြွင်းအကျန်မရှိ သမာဓိရအောင်အာရုံပြုအပ် စီးဖြန်းအပ်သော အလင်းရောင်ခြည်ကသိုဏ်း။
မှတ်ချက်။ ။ ဤ၌ နံပါတ် ၄ ၅ ၆ ၇ ၈ ၉ အထိ ။ ယ။ ထိုးပြထားသည်ကား ပါဠိလို “ပေယာလ”ဟုခေါ်သည်။ ယင်း၏အနက်အဓိပ္ပါယ်ကား ဤနေရာ၌မြှုပ်ထားသောစကားတို့ကို အထက်ပါ နံပါတ် ၁ ၂ ၃ တို့အတိုင်း ထုတ်ဖေါ်ယူပါလေဟူ၏၊ စာပေရေးရာ၌ ပေယာလ ထိုးပုံနည်း လေးပါးရှိ၏၊ ၎င်းတို့အဓိပ္ပါယ်ကို ပေယာလမျိုး ၄-ပါး၌ ဖေါ်ပြထားသည်။
အထူးသတိထားရန်ကား- သမထတရားပွားများအားထုတ်သော ယောဂီသည် မိမိရှုမှတ်ပွားများကြိုးစားစူးစိုက် လျက်ရှိသော ကသိုဏ်းဝန်းအာရုံတစ်ခုတည်းမျှကိုသာသိ၍ မှတ်၍ သမာဓိယူနေရမည်၊ တစ်ခြားသိစရာမှတ်စရာဆို၍ ဘာတစ်ခုမျှ မသိ မဝင် မလာစေရ။ နောက်ဆုံးမှာကြားလိုက်မည်၊ ကသိုဏ်းဝန်းတစ်ခုကို ရှုတ်မှတ်ပွားများကြိုးစားအားထုတ်နေသော သမထယောဂီသည် မိမိရှုမှတ်ပွားများနေသော ကသိုဏ်းဝန်းအာရုံတစ်ခုမှတစ်ပါး အခြား မိုးကြိုးပစ်ခတ်လိုက်သောအသံအာရုံကိုသော်မျှ မကြားမသိစေရအောင် တည်ကြည်ခိုင်ခန့်သောသမာဓိ ရှိစေရမည်ဟူ၏။ ထို့ကြောင့်စျာန်လုပ်ငန်းကား ခက်ခဲသည်ဟု ဆိုသည်။

ကာကနီခေါ်၊ စုန်းမကျော်၊ ၄-ဖေါ်အဘယ်နည်း

ကာကနီကား စုန်းမဟုတ်၊ နဖူးစီး မှန်ကူပါသော နတ်စိမ်းမျိုးသားဖြစ်သည်၊ ယခုခေတ် မင်းညီနောင် ဘိုးမင်းကျော် ဦးရှင်ကြီး စသည်တို့လို အစားမျိုးဟုမှတ်ရာ၏၊အကျယ်ကို သဒ္ဒကပ္ပဒုမ ခေါ် လောကီကျမ်း၌ ရှုလေ။
(၁) ဒေဝ ကာကနီ- အောက်တန်းစား နတ်ဆိုးနတ်ယုတ်များ၊
(၂) ဗျဂ္ဃကာကနီ- ကျားနှင့်ယှဉ်သော နတ်စိမ်းများ၊
(၃) ယက္ခ ကာကနီ- ဘီလူး သရဲဖုတ် ပြိတ္တာကြီးများ၊
(၄) ဣန္ဒ ကာကနီ- ထိုကာကနီတို့၏ အကြီးအကဲနတ်စိမ်း။

ကာမ ၁၀-ဘုံ

ကာမပုဂ္ဂိုလ်တို့လားရောက်ရာ ၁၁-ဘုံ ဟူလို။
အပါယ် ၄-ဘုံ၊ လူ့ဘုံ၊
နတ်ပြည် ၆-ထပ်၊
ပေါင်း ၁၁-ဘုံ။

ကာမဂုဏ် ၅-ပါး

သံ၊၂၊၄၂၄။ သံ၊ဋ္ဌ၊၃၊၁၂၀-၌ အကျယ်ရှု။ ကိလေသာအာရုံ၌ ဖွဲ့စည်းတတ်သောတရား ငါးပါး။
(၁) ရူပါရုံ- အဆင်းအာရုံ၊
(၂) သဒ္ဒါရုံ- အသံအာရုံ၊
(၃) ဂန္ဓာရုံ- အနံ့ အာရုံ၊
(၄) ရသာရုံ- အရသာအာရုံ၊
(၅) ဖောဋ္ဌဗ္ဗာရုံ- အတွေ့အထိအာရုံ။

ကာမတရား ၂-ပါး

ပဋိသံ၊၈၁။ ပဋိသံ၊ဋ္ဌ၊၁၊၂၆၈-၌ အကျယ်ရှု။ ယုတ်ညံ့သေးသိမ်သောတရား ၂-ပါး။ (၁)ဝတ္ထုကာမ- တဏှာ၏အာရုံအကြောင်းဖြစ်သော ရွှေ ငွေ စိန် ကျောက် ဆင် မြင်းကျွဲ နွား သားမယားစသည်မျိုးကိုခေါ်သည်၊
(၂) ကိလေသာကာမ- တဏှာခေါ် လောဘစေတသိက်တရားကိုခေါ်သည်။

ကာမသုဂတိ ၇-ဘုံ

ကောင်းသောလားခြင်းရှိသော ကာမပုဂ္ဂိုလ်တို့၏ နေရာ ၇-ဘုံ၊
(၁) လူ့ဘုံ၊
(၂) နတ်ပြည်ခြောက်ထပ်၊
ပေါင်း ၇-ဘုံ။

ကာမေသုကံ၊ ကျိုးပြစ်ဒဏ်၊ ထိမှန် ၁၅-ပါး

သူ့သားမယား၌ သွားလာလွန်ကျူးသူတို့ ရရှိသော မကောင်းကျိုးအပြစ်ဆယ့်ငါးပါးဟူ၏။ ထိုထိုကျမ်းစာတို့၌ အမျိုးမျိုးလာရှိသည်။
(၁) အပါယ် ၄-ပါးသို့လားရခြင်း၊
(၂) မိန်းမ ပဏ္ဍုက်ဖြစ်ရခြင်း၊
(၃) ရန်သူနှင့်တွေ့ရခြင်း၊
(၄) လူအများ မုန်းခြင်း၊
(၅) စား ဝတ် အိပ်ယာရခဲခြင်း၊
(၆) ဆင်းဆင်းရဲရဲ အိပ်ရ နိုးရခြင်း၊
(၇) အမျက်ဒေါသကြီးခြင်း၊
(၈) လောကုတ္တရာတရား မရရှိနိုင်ခြင်း၊
(၉) စည်းစိမ်ဥစ္စာ ပျက်ပြုန်းရခြင်း၊
(၁၀) ယုံကြည်မှု ကင်းမဲ့ခံရခြင်း၊
(၁၁) ဘေးတွေ့ရခြင်း၊
(၁၂) ယုံမှားသံသယများခြင်း၊
(၁၃) ချစ်သူတို့နှင့် ခွဲနေရခြင်း၊
(၁၄) အသက်တိုခြင်း၊
(၁၅) ဆင်းရဲကြီးစွာတွေ့ရခြင်း။

ကာမေသုကံ၊ ထိမည်မှန်၊ ရှောင်ရန်မိန်းမ ၄၁

၎င်းသုတေသနရပ်ကို (အုပ်ထိန်းခြင်းရှိသော မိန်းမမျိုး ၂၀)(အုပ်ထိန်းရာသောမိန်းမ ၂၁-ယောက်)၌ ဆိုခဲ့ပြီ။

ကာမေသုမိစ္ဆာစာရ အင်္ဂါ ၄-ပါး

ကာမကိစ္စ၌ ကံမြောက်နိုင်သည့်အင်္ဂါလေးပါး။
(၁) အ ဂမနိယဝတ္ထု ၂၀-တို့တွင်ပါဝင်ခြင်း၊
(၂) ကျင့်ပြု မှီဝဲလိုစိတ်ရှိခြင်း၊
(၃) ရနိုင်သောနည်းဖြင့် လုံ့လလည်းပြုခြင်း၊
(၄) ပြုကျင့်ခြင်းကိုလည်း သာယာခြင်း။

ကာယကံမျိုး ၃-ပါး

ကိုယ်ဖြင့် ပြုလုပ်ကျူးလွန်သော ကံသုံးပါး။
(၁) ပါဏာတိပါတ- သူ့အသက်ကို သတ်ခြင်း၊
(၂) အဒိန္နာဒါန- အရှင်မပေးသောသူ့ဥစ္စာကို ခိုးခြင်း၊
(၃) ကာမေသု မိစ္ဆာစာရ- ကိုယ်ပိုင်မဟုတ်သော သူ့မယား သမီးသားကို ဖောဋ္ဌဗ္ဗ တဏှာဖြင့် ကျူးလွန်ပြစ်မှားခြင်း။

ကာယကတာ သတိမျိုး ၁၈-ပါး

ဥပရိပဏ္ဏာသ ကာယဂတာသတိသုတ် ပါဠိတော်မှ။
(၁) အာနာပါနပိုင်း၊
(၂) ဣရိယာပထပိုင်း၊
(၃) သမ္ပဇညပိုင်း၊
(၄) ပဋိကူလပိုင်း၊
(၅) ဓါတု ဝဝတ္ထာန်ပိုင်း၊
(၁၄) သိဝထိက ၉-ပါးနှင့်တကွ
(၁၅) ပဌမစျာန်၊
(၁၆) ဒုတိယစျာန်၊
(၁၇) တတိယစျာန်၊
(၁၈) စတုတ္ထစျာန်တို့ ဖြစ်၏။

ကာယကြီး ၄-ပါး

ကာယဂတာ သတိအရာ၌ သုံးသပ်ရသော ၄၂-ပါးသော ကာယအစု ၄-မျိုးကို ဆိုသည်။
(က) ပထဝီကာယ ၂၀။
(ခ) အာပေါကာယ ၁၂၊
(ဂ) တေဇော ကာယ ၄၊
(ဃ) ဝါယော ကာယ ၆၊ ပေါင်း ၄၂-ပါး။

ကာယဒုစရိုက် ၃-ပါး

၎င်း၏ သရုပ်အဖြေ (ဒုစရိုက် ၁၀-ပါး)မှာ ထင်ရှားအံ့။

ကာယဒွါရ ၃-ပါး

၎င်း၏ သရုပ်အဓိပ္ပါယ် (ကာယကံမျိုး ၃-ပါး) နှင့် အရတူဖြစ်သည်။

ကာယမျိုး ၃-ပါး

ကာယခေါ် အမျိုးအစား ၃-ပါး။
(၁) သသမ္ဘာရကာယ- ၃၂ ကောဋ္ဌာသ အဆောင်အဦနှင့်တကွဖြစ်သော ကိုယ်ခန္ဓာ၊
(၂) ပသာဒ ကာယ- ကာယပသာဒရုပ်တွေ့ထိမှု အသိရှိရာဌာန၊
(၃) စောပန ကာယ- လက်ခြေစသည် လှုပ်ရှားအောင် ပြုမူတတ်သော ဝိညတ်။

ကာယာနုဂတတရား ၁၀-ပါး

ဘုရား ပစ္စေကဗုဒ္ဓါ ရဟန္တာတို့သော်မှ မရှောင် မချန် မည်သည့်ကုသိုလ်ကံမျိုးကမှတားမြစ်၍မပေးနိုင်၊ ကိုယ်ကာယရရှိသူတိုင်း အစဉ်အမြဲလိုက်၍ နှိပ်စက်တတ်သောတရားမျိုးဟူ၏။ ဆဋ္ဌ-မိလိန္ဒ၊၂၄၆။
(၁) သီတံ- အအေး၊
(၂) ဥဏှံ- အပူ၊
(၃) ဇိဃစ္ဆာ- ဆာလောင်၊
(၄) ပိပါသာ-ရေငတ်၊
(၅) ဥစ္စာရော- ကျင်ကြီးစွန့်၊
(၆) ပဿာဝ- ကျင်ငယ်စွန့်၊
(၇) ထိနမိဒ္ဓ- အိပ်ငိုက်၊
(၈) ဇရာ-အိုမင်းကြီးရင့်၊
(၉) ဗျာဓိ- နာ၊
(၁၀) မရဏ- သေရခြင်း။

ကာရက ၆-ပါး

မြန်မာသဒ္ဒါနှင့် ပါဠိသဒ္ဒါဆရာတို့ အသုံးပြုသည့် လက္ခဏာ ၆-ပါးဟူလို။
(၁) က၊ သည်၊ လက္ခဏာရှိသော ကတ္တုကာရက၊ ကတ္တား၊
(၂) ကို၊ သို့၊ လက္ခဏာရှိသော ကမ္မကာရက၊ ကံ၊
(၃) ဖြင့် လက္ခဏာရှိသော ကရဏ ကာရက၊ ကရိုဏ်း၊
(၄) အား၊ ငှာ၊ လက္ခဏာရှိသော သမ္ပဒါနကာရက၊ သမ္ပဒါန်၊
(၅) က၊ မှ၊ အောက် ထက် လက္ခဏာရှိသော အပါဒါနကာရက၊ အပါဒါန်၊
(၆) က၊ ၌၊ တွင်၊ မှာ လက္ခဏာရှိသော ဩကာသ ကာရက၊ ဩကာသ။

ကာရန်ကြီး ၁၆-ပါး၊ ကာရန်ငယ် ၆၄-ပါး

ဤ၌ ကာရန်ကြီးကို “မူလကာရန်“ကာရန်ငယ်ကို “အသံကာရန်“ဟူ၍ ခေါ်ဆိုကြကုန်သေး၏၊ မြန်မာ့ ကဗျာစာဆိုတော် ပညာရှိကြီးများသည် ကာရန်ကို လွန်စွာ အလေးပြုရိုသေကြကုန်၏၊
၃-လုံးစပ်၊ ၄-လုံးစပ်၊ ၅-လုံးစပ်၊ လင်္ကာဟူသမျှ မူလကာရန် ၁၆-တန်အတိုင်းသာ လိုက်နာ စပ်ဆိုမြဲပြုကြကုန်သည်။
၁။ အ ကာရန္တာဒိ ကာရန်ကြီး ၃-လုံး။
(၁) အ။
(၂) အာ။
(၃) အား။
၂။ ဣ ကာရန္တာဒိ ကာရန်ကြီး ၃-လုံး။
(၄) အိ (မူလ ရေးနည်း)၊ -------ဣ (အတို ရေးနည်း)။
(၅) အီ (မူလ ရေးနည်း)၊ -------ဤ (အတို ရေးနည်း)။
(၆) အီး (မူလ ရေးနည်း)။
၃။ ဥ ကာရန္တာဒိ ကာရန်ကြီး ၃-လုံး။
(၇) အု (မူလ ရေးနည်း)------- ဥ (အတို ရေးနည်း)။
(၈) အူ (မူလ ရေးနည်း) -------ဦ ဥု (အတို ရေးနည်း)။
(၉) အူး (မူလ ရေးနည်း)------- ဦး ဥုး (အတို ရေးနည်း)။
များသောအားဖြင့် ဦ၊ ဦး- သုဓမ္မာဂိုဏ်းသုံး၊ ဥု၊ ဥုး- ရွှေကျင်ဂိုဏ်းသုံး။
၄။ အေ ကာရန္တာဒိ ကာရန်ကြီး ၃-လုံး။
(၁၀) အေ (မူလ ရေးနည်း)------- ဧ(အတို ရေးနည်း)။
(၁၁) အေ့ (မူလ ရေးနည်း)------- ဧ့ (အတို ရေးနည်း)။
(၁၂) အေး(မူလ ရေးနည်း)------- ဧး(အတို ရေးနည်း)။
၅။ အယ်ကာရန္တာဒိ ၃-လုံး
(၁၃) အဲ အယ် (မူလ ရေးနည်း)------- အဲ (အတို ရေးနည်း)။
(၁၄) အဲ့ အယ့် (မူလ ရေးနည်း)------- အဲ့ (အတို ရေးနည်း)။
(၁၅) အဲး အယ်း (မူလ ရေးနည်း)------- အဲး (အတို ရေးနည်း)။
နောက်ပစ် ယသတ် အသံတူ။
၆။ အော် ကာရန္တာဒိ ၃-လုံး
(၁၆) အော် (မူလ ရေးနည်း)------- အ်(အတို ရေးနည်း)။
(၁၇) အော့ (မူလ ရေးနည်း)------- ဩ့(အတို ရေးနည်း)။
(၁၈) အော (မူလ ရေးနည်း)------- ဩ(အတို ရေးနည်း)။
၇။ က, သတ်ကာရန် ၃-လုံး
(၁၉) အက်
(၂၀) အိုက်
(၂၁) အောက်
၈။ င, သတ်ကာရန် ၉-လုံး
(၂၂) အင်
(၂၃) အင့်
(၂၄) အင်း
(၂၅) အိုင်
(၂၆) အိုင့်
(၂၇) အိုင်း
(၂၈) အောင် (မူလ ရေးနည်း)------- ဩီ(အတို ရေးနည်း)။
(၂၉) အောင့်
(၃၀) အောင်း (မူလ ရေးနည်း)------- ဩင်း ဩီ (အတို ရေးနည်း)။
ပိတ်ရွတ်(အေည်)နှင့် မစပ်ကောင်း
၉။ စ, သတ် ကာရန် ၁-လုံး
(၃၁) အစ်
၁၀။ ပိတ်ရွတ် ညသတ်ကာရန် ၃-လုံး
(၃၂) အေည် (မူလ ရေးနည်း)------- အှေ် (အတို ရေးနည်း)။
(၃၃) အေည့် (မူလ ရေးနည်း)------- အှေ့် (အတို ရေးနည်း)။
(၃၄) အေည်း (မူလ ရေးနည်း)------- အှေ်း(အတို ရေးနည်း)။
ပိတ်ရွတ် (အေည်)နှင့် င, သတ်မစပ်ကောင်း
၁၁။ ဖွင့်ရွတ် ညသတ်ကာရန် ၃-လုံး
(၃၅) အည် (မူလ ရေးနည်း)------- အှ် (အတို ရေးနည်း)။
(၃၆) အည့် (မူလ ရေးနည်း)------- ၏ (အတို ရေးနည်း)။
(၃၇) အည်း (မူလ ရေးနည်း)------- အှ်း(အတို ရေးနည်း)။
လုံးတင်နှင့်မစပ်ကောင်း
၁၂။ တ, သတ် ကာရန် ၃-လုံး။
(၃၈) အတ်
(၃၉) အိတ်
(၄၀) အုတ်
ပ, သတ် နှင့်မစပ်အောင်း
၁၃။ န, သတ် ကာရန် ၉-လုံး
(၄၁) အန်
(၄၂) အန့်
(၄၃) အန်း
(၄၄) အိန်
(၄၅) အိန့်
(၄၆) အိန်း
(၄၇) အုန်
(၄၈) အုန့်
(၄၉) အုန်း
မ, သတ် နှင့် မစပ်ကောင်း
၁၄။ ပ, သတ် ကာရန် ၃-လုံး
(၅၀) အပ်
(၅၁) အိပ်
(၅၂) အုပ်
တ, သတ် နှင့် မစပ်ကောင်း
၁၅။ မ, သတ် ကာရန် ၉-လုံး
(၅၃) အမ် (မူလ ရေးနည်း)------- အံ(အတို ရေးနည်း)။
(၅၄) အမ့် (မူလ ရေးနည်း)------- အံ့ (အတို ရေးနည်း)။
(၅၅) အမ်း (မူလ ရေးနည်း)------- အံး (အတို ရေးနည်း)။
(၅၆) အိမ် (မူလ ရေးနည်း)------- အိံ (အတို ရေးနည်း)။
(၅၇) အိမ့် (မူလ ရေးနည်း)------- အိံ့ (အတို ရေးနည်း)။
(၅၈) အိမ်း (မူလ ရေးနည်း)------- အိံး (အတို ရေးနည်း)။
(၅၉) အုမ် (မူလ ရေးနည်း)------- အုံ ဥံ (အတို ရေးနည်း)။
(၆၀) အုမ့် (မူလ ရေးနည်း)------- အုံ့ (အတို ရေးနည်း)။
(၆၁) အုမ်း (မူလ ရေးနည်း)------- အုံး(အတို ရေးနည်း)။
န, သတ်နှင့် မ, သတ်မစပ်ကောင်း “ဥသရတွင်၊ လဝက်တင်၊ ထိုတွင်ဗိန္ဓုစက်။
ဥုံဟု ဖတ်လေ၊ ပါဌ်အနေ၊ အောင်မြင်စေ အနက်။“
၎င်း ဥပဒေသ အလို (ဥံ)မှ ယခုသုံး ဥုံ သို့ ပြောင်း လာကြောင်းမှတ်လေ။
၁၆။ ဝ, သတ်ကာရန် ၃-လုံး
(၆၂) အိုဝ် (မူလ ရေးနည်း)------- အို (အတို ရေးနည်း)။
(၆၃) အိုဝ့် (မူလ ရေးနည်း)------- အို့ (အတို ရေးနည်း)။
(၆၄) အိုဝ်း (မူလ ရေးနည်း)------- အိုး(အတို ရေးနည်း)။
* ဝ, သတ်အထူး ၁-လုံး
အောဝ် (မူလ ရေးနည်း)------- ဩောဝ် (အတို ရေးနည်း)။
၎င်းကို ကာရန်ကြီး ၁၆-ပါး၊ ကာရန်ငယ် ၆၄-ပါးမှ လွှတ်ထား ကြသည်။

ကာလ ၃-ပါး

ပဋိသံ၊၅၁။ ပဋိသံ၊ဋ္ဌ၊၁၊၂၂၇- ၂၂၈၊ အချိန်အခါမျိုး ၃-ပါးဟူ၏။
(၁) အတီသ-လွန်လေပြီးသော အတိတ်ကာလ၊
(၂) အနာဂတ- မလာရောက်သေး မဖြစ်သေးသော အနာဂတ်ကာလ၊
(၃) ပစ္စုပ္ပန္န- ယခုဖြစ်ဆဲ ပစ္စုပ္ပန်ကာလ။

ကာလ ဒါနမျိုး ၅-ပါး

သင့်လျော် လျောက်ပတ်ကောင်းမြတ်သော ပေးလှူခြင်းငါးပါးဟူ၏၊ ပဉ္စင်္ဂုတ္တရပါဠိတော်သုမနဝဂ်။
(၁) အာဂန္တုကဒါန- ဧည့်သည်များအား ပေးလှူခြင်း၊
(၂) ဂမိက ဒါန- ခရီးသွားများအားပေးလှူခြင်း၊
(၃) ဂိလာန ဒါန- လူနာများအားပေးလှူခြင်း၊
(၄) ဒုဘိက္ခ ဒါန- ငတ်မွတ်ပါးရှား ဒုက္ခသည်များအားပေးလှူခြင်း၊
(၅) သီလဝန္တ နဝဖလ ဒါန- မိမိတို့ လယ်ယာဥယျာဉ်မှ ပေါ်ဦးစသီးနှံတို့ကို သီလရှိသူတို့အားပေးလှူပြီးမှ စားခြင်း။

ကာလိက ၄-ပါး

ရဟန်းတော်များအား အခါအခွင့်နှင့်ပိုင်းခြား၍ အကပ်ခံရပုံနှင့် မည်သည့်ဝတ္ထုကို မည်သည့်အချိန်အခါ အထိသာသုံးဆောင်နိုင်ကြောင်းကိုဆိုသော ဘုရားရှင် ပညတ်ချက် လေးပါး၊ ဥပုသ်သည်များနှင့်လည်းသက်ဆိုင်သည်။
(၁) ယာဝ ကာလိက- စပါးမျိုး ပဲမျိုး အသီးကြီး ၉-မျိုးစသော အာဟာရကိစ္စကို ပြီးစေနိုင်သည့်ဝတ္ထုဟူသမျှ၊ ၎င်းကို အာရုဏ်တက်ချိန်မှ မွန်းတည့်အထိသာ အကပ်ခံကောင်း သုံးဆောင်ကောင်း သည်။
(၂) ယာမ ကာလိက- ဘုရားခွင့်ပြုတော်မူသော အဖျော်ရှစ်ပါးနှင့် အနုလောမ အဖျော်တို့တည်း၊ ၎င်းကိုယနေ့ နေအာရုဏ်တက်မှ နက်ဖြန် အာရုဏ်တက်အထိ တစ်ယံအတွင်း သုံးဆောင်ကောင်း အကပ်ခံကောင်းသည်။
(၃) သတ္တာဟ ကာလိက- ထောပတ် ဆီဦး ဆီ ပျား တင်လဲ ထန်းလျက် သကြား ကြံသကာ ဆေးငါးပါးတို့တည်း၊ ၎င်းကို တစ်ခါအကပ်ခံထားလျှင် ခုနစ်ရက်အထိ သုံးဆောင်ကောင်းသည်။
(၄) ယာဝ ဇီဝက- ပြခဲ့ပြီးသော ကာလိက ၃-ပါးနှင့် ကာလိကမှ လွတ်သော ရေ ဒန်ပူချန်ထား၍ ကြွင်းသော ဆီးဖြူ သျှိသျှား သဖန်းခါးစသော အာဟာရကိစ္စကို မပြီးစေနိုင်သည့် ဆေးဘက်ဝင်သောအမြစ် အရွက် အသီး အခေါက်စသည်တို့တည်း၊ ၎င်းကို တစ်ခါအကပ်ခံ ထားလျှင် အသက်ရှင်နေသမျှ ကာလပတ်လုံး သုံးဆောင်နိုင်သည်၊ ရေ ဒန်ပူတို့ကား ကာလိကလေးပါးမှ လွတ်သည်၊ အကပ်ခံဖွယ် ကိစ္စမရှိ၊ ဥပုသ်သည်များကား ယာဝကာလိကကို နေလွဲသည်မှ မစားရချေ၊ ကျန် ၃-ပါးကား စားနိုင်၏။

ကိကီမင်းကြီး၏ သမီးတော် ၇-ယောက်

ဇာတက၊ဋ္ဌ၊၇၊၂၄၃-၌ ရှုပါ။ ကဿပဘုရားရှင်လက်ထက်၌
(၁) သမဏီ၊
(၂) သမဏ ဂုတ္တာ၊
(၃) ဘိက္ခုနီ၊
(၄) ဘိက္ခုဒါယိကာ၊
(၅) ဓမ္မာ၊
(၆) သုဓမ္မာ၊
(၇) သံဃဒါသီ။
ဂေါတမမြတ်စွာဘုရားလက်ထက်တော်၌၊
(၁) ခေမာ၊
(၂) ဥပ္ပလဝဏ်၊
(၃) ပဋာစာရီ၊
(၄) ဂေါတမီ၊
(၅) ဓမ္မဒိန္နာ၊
(၆) မဟာမာယာ၊
(၇) ဝိသာခါ။

ကိတ် ၃-ပါး

ဇမ္ဗူဒိပ် နိမိတ်ဟူသော ရှေးဥဒါန်းအရ အသက်ရှိသော သဝိညာဏကခေါ် သတ္တဝါတို့၏ ကမ္မပစ္စယကိုအကြောင်းပြု၍ သုဘာသုဘ ကောင်းကျိုးမကောင်းကျိုးကိုပြသော နိမိတ်ကြီး ၃-ပါးဟူလို။
(၁) အာကာသ ကိတ်- ထူးခြားစွာ ကြယ်ပျံခြင်း၊ ကြယ်ကြွေခြင်း၊ ဥက္ကာကျခြင်း၊ နေလကြတ်ခြင်း၊ ကြယ်တံခွန်လွှတ်ခြင်း၊ တိမ်တံခွန် ထွက်ခြင်း၊ ဂြိုလ်အသွားအလာဖေါက်ပြန်ခြင်း၊ ဗျဂ္ဃဇာ ဝက္ကဇာ သီဟဇာကျင့်ခြင်းစသော ကောင်းကင်မှဖြစ်ပေါ်သည့်နိမိတ်ဟူသမျှကို “အာကာသ ကိတ်”ဟုခေါ်သည်။
(၂) ဘောမ ကိတ်- တောင်ပို့ပေါက်ခြင်း၊ တောင်ကြီးတော်ငယ်ပေါ်ခြင်း၊ တောင်ပြိုခြင်း၊ မြေပြိုခြင်း၊ ပင်လယ်ဝေခြင်း၊ တော်လည်း၊ ငလျင်လှုပ်ခြင်း၊ မြေမှ အခိုးအလျှံထွက်ခြင်း၊ အိမ်အောက် နန်းအောက် ကျောင်းအောက်တို့၌ မှိုပွင့်ကြီးများပေါက်ခြင်း၊ ကြာပေါက်ခြင်းစသော မြေကြီးနှင့်စပ်၍ဖြစ်ပေါ်သည့် နိမိတ်ဟူသမျှကို “ဘောမ ကိတ်”ဟု ခေါ်ဆိုသည်။
(၃) အန္တလိက္ခ ကိတ်- ဘုရားစေတီတော်တို့မှ ရောင်ခြည်တော် အကြိမ်ကြိမ်လွှတ်ခြင်း၊ မျက်ရည်ယိုခြင်း၊သွေးစိမ်းရှင်ရှင်ယိုခြင်း၊ ချွေးထွက်ခြင်း၊ အမွေးပေါက်ခြင်း၊ သစ်ပင်တို့မှ ရေမီးထွက်ခြင်း၊ အခိုးအလျှံထွက်ခြင်း၊ အခါမဟုတ်ပွင့်ခြင်း၊ ဇရပ် တန်ဆောင်း ကျောင်း နန်းတော်တို့မှ အခိုးအလျှံထွက်ခြင်း၊ အရောင်လွှတ်ခြင်းစသော မြေကြီးနှင့် ကောင်းကင်စပ်ကြားမှ ဖြစ်ပေါ်သည့် နိမိတ်ဟူသမျှကို “အန္တလိက္ခကိတ်”ဟု မှတ်ရာသည်။

ကိတ္ထိမသား၊ မျိုး ၂-ပါး၊ ခံငြား အမွေ၊ အဘယ်နည်း

၎င်းသရုပ်ကို (မွေးစားသား ၂-မျိုး)၌ ရှုပါ။

ကိန္နရာမျိုး ၇-ပါး

ဤကား အသီတိနိပါတ် မဟာကုဏာလ ဇာတ်လာ ကိန္နရာမျိုးတို့တည်း၊ အာဒိသဒ္ဒါဖြင့်ပြထားရကား ကိန္နရာမျိုးများစွာရှိကြောင်း သိရာ၏။ ကိံ- အဘယ်နည်း။ နရာ- လူလော နတ်လော ဟုမေးရသော သတ္တဝါတစ်မျိုး။ ထိုသတ္တဝါ၏သဏ္ဍာန်မှာ မြင်း၏မျက်နှာ ငှက်မျက်နှာ လူမျက်နှာ နတ်မျက်နှာ လူနှင့်တူသော ကိုယ်လက်အင်္ဂါရှိကြောင်း၊ နတ်မျိုး နတ်နွယ်ဖြစ်ကြောင်း သိရှိရ၏။
(၁) ဒေဝ ကိန္နရာ၊
(၂) စန္ဒ ကိန္နရာ၊
(၃) ဒုမ ကိန္နရာ၊
(၄) ဒဏ္ဍမာဏဝိက ကိန္နရာ၊
(၅) ကောန္တ ကိန္နရာ၊
(၆) သကုဏကိန္နရာ၊
(၇) ကဏ္ဏပါဝုရဏ ကိန္နရာ။

ကိန်းမျိုး ၂-ပါး

၎င်းသရုပ် (ဝုစ်မျိုး ၂-ပါး)၌ ရှုပါ။

ကိရိယာ ၆၀

၎င်းသရုပ် အဓိပ္ပါယ်အလုံးစုံတို့သည် (ကြိယာ ၆၀)နှင့် တူ၏။

ကိလေသာစက် ၃၀၀၀-ဝက်

ဤ၌ “သုံးထောင်ဝက်”ဟူသည်၊ သုံးထောင်၏ထက်ဝက်ဖြစ်သော ထောင့်ငါးရာကိုဆိုသည်၊ ၎င်း၏သရုပ်အဓိပ္ပါယ် (ကိလေသာ ၁၅၀၀)၌ ကြည့်ရှုပါ။

ကိလေသာမျိုး ၃-ပါး

အခိုက်အတံ့အားဖြင့် ထူးခြားသော ကိလေသာ ၃-ပါး။
(၁) အနုသယ ကိလေသာ- ဥပါဒ် ဌိ ဘင် ထင်ရှားမရှိ မိမိတို့ခန္ဓာအစဉ်၌ အမြဲကိန်းမြုံပါလာသော ကိလေသာ ဓါတ်ထူး။
(၂) ပရိယုဋ္ဌာန ကိလေသာ- ဥပါဒ် ဌိ ဘင်အားဖြင့် ထင်ရှားထကြွလာလျက် ကာယကံမြောက် ဖေါက်ပြန်ကျူးလွန်မှု မပြုလုပ်နိုင်သော ကိလေသာတစ်မျိုး။
(၃) ဝီတိက္ကမ ကိလေသာ- ၃-ပါး ဒွါရမှ ထကြွရုံတွင်မကဘဲ လောဘ ဒေါသအလျောက် ဖေါက်ပြန် ကျူးလွန်မှုပြုစေတတ်သော ကိလေသာမျိုး။

ကိလေသာ ၁၀-ပါး

ပူပန်ဆင်းရဲစေတတ်သော တရား ၁၀-ပါး။
(၁) လောဘ- ကာမဂုဏ်ငါးပါး၌ သာယာခင်မင် လိုချင်တပ်မက်ခြင်းသဘော၊
(၂) ဒေါသ- ကြမ်းတမ်း ဖျက်ဆီး ပြစ်မှားခြင်းသဘော၊
(၃) မောဟ-အကြောင်းအကျိုးကို အမှန်မသိ တွေဝေမိန်းမောခြင်းသဘော၊
(၄) မာန- စိတ်ထောင်လွှားတက်ကြွခြင်းသဘော၊
(၅) ဒိဋ္ဌိ- အယူမှားခြင်း၊ အမှားကို သိမြင်စွဲလမ်းခြင်း သဘော၊
(၆) ဝီစိကိစ္ဆာ- “မယုံ့တယုံ”တွေးတောယုံမှားခြင်းသဘော၊
(၇) ထိန- ကုသိုလ်ထဲ၌ စိတ်မခံ့ခြင်း၊ လျော့ပါးဆုတ်နစ်ခြင်း သဘော၊
(၈) ဥဒ္ဓစ္စ- စိတ်၏ကောင်းမှုမှ ပျံ့လွင့်တုန်လှုပ်ခြင်းသဘော၊
(၉) အဟိရိက- မကောင်းမှုမှ မရှက်ခြင်းသဘော၊
(၁၀) အနောတ္တပ္ပ- မကောင်းမှုမှ မကြောက်မလန့်ခြင်းသဘော။

ကိလေသာ ၁၅၀၀

သတ္တဝါတို့၏ကိုယ်စိတ်နှစ်ပါးကို ဆင်းရဲညစ်နွမ်းပူပန်စေကြောင်းဖြစ်သော တရားမျိုးဟူလို။၁၅၀၀-ကိလေသာ မြှောက်ပွားပုံကို ဤသို့သိလေ။ “နာမ် တေပညာသ (၅၃)၊ နိပ္ဖန္နရုပ် (၁၈)၊ လက္ခဏရုပ် (၄)၊ ၎င်းတို့ကိုပေါင်းသော် နာမ်ရုပ်ပေါင်းရ၅-ပါး ရသည်။
၎င်းကို အဇ္ဈတ္တ ဗဟိဒ္ဓ သန္တာန် ၂-ပါးနှင့်မြှောက် (၁၅၀) ရသည်။
၎င်းကို ကိလေသာ ၁၀-ပါးနှင့်မြှောက်သော် (၁၅၀၀) ဖြစ်သည်။
ကျက်မှတ်ရန်။ သံပေါက်ဆောင်ပုဒ်
နာမ် တေပညာ၊ နိပ္ဖန္နာ၊ တည်ပါ လက္ခဏ။
သန္တာန်နှစ်ဖြာ၊ မြှောက်ပွားခါ၊ တစ်ရာငါးဆယ်ရ။
ယင်းကိုတစ်ဖြာ၊ ကိလေသာ၊ ဆယ်ဖြာ မြှောက်ပြန်ရ။
တစ်ထောင့်ငါးရာ၊ ကိလေသာ၊ ထိုခါ ဖြစ်သည်ပ။

ကုံကုမံမျိုး ၄-ပါး

ထိုထိုဆေးကျမ်းတို့၌ “ကုင်္ကု မာလာ“ခေါ် ကုံကုမံမျိုးကို အောက်ပါအတိုင်း ၄-မျိုးခွဲခြား၍ပြကုန်၏။
(၁) ကုမုဒ္ဒရာ ကုံကုမံ၊
(၂) ပဒုမ္မာ ကုံကုမံ၊
(၃) ကုသုမာ ကုံကုမံ၊
(၄) ကုင်္ကုမာ ကုံကုမံ။

ကုက္ကုစ္စတရား ၃-ပါး

ဝိဘင်္ဂ။ပါ။ဌ။ ပြုပြီးသား မကောင်းမှု, မပြုမိခဲ့သော ကောင်းမှုတို့ကို တွေးတောပူပန်စိတ်နှလုံး မသာယာမှု နောင်တ ခေါ် အပိုအလုပ်မျိုးကို ကုက္ကုစ္စခေါ်၏၊ အင်္ကုရဋီကာ။
(၁) နီဝရဏ ကုက္ကုစ္စ- နီဝရဏ၌လာသော အထက်ပါအဓိပ္ပါယ်အတိုင်းဖြစ်သော ကုက္ကုစ္စမျိုး၊ “ကုက္ကုစ္စစေတသိက်”။
(၂) ဝိနယ ကုက္ကုစ္စ- အပ်လေသလော မအပ်လေသလောဟု ဝိနည်းအရာ၌ ကြံစည်စဉ်းစားမှု၊ ပုထုဇဉ်, သေက္ခ, ရဟန္တာများ၌လည်းဖြစ်နိုင်သည်၊ “ကုသိုလ်နှင့် ကိရိယာစိတ္တုပ္ပါဒ်”။
(၃) အ သံဟတ ကုက္ကုစ္စ- ဘုရားဝတ်ကပ်နှင့် သံဃပရိသတ်စသည်တို့၌ ရိုသေငြိမ်သက်စွာမနေ ဣန္ဒြေမရ ခြေလှုပ်လက်ရမ်း မဟူးအဟမ်းနှင့်သလိပ်ခတ် လက်ဆစ်ချိုး စကားပြော စသော မသင့်လျော်သည့်အပြုအမူများ၊ “မောဟ ဦးစီးသော အကုသိုလ်”။

ကုဋ္ဌမျိုး ၁၈-ပါး

အမရိတ ဘေသဇ္ဇ ဆေးကျမ်းကြီးမှ ယူပြသည်၊ ၎င်းသရုပ်ကို (နူနာမျိုး ၁၈-ပါး)၌ရှုပါလေ။

ကုန်းကြည်းပျော်နေ၊ သတ္တဝါတွေ၊ ၉-ကုဋေခေါ်၊ အဘယ်နည်း

၎င်းသရုပ်ကို (ကုန်းကြည်းပျော်နေ၊ သတ္တဝါတွေ)၌ ရှုလေ။

ကုန်းတိုက်ချောပစ်၊ ကံကျိုးပြစ်၊ မှတ်ရစ် ၇-ပါး

၎င်း ၇-ပါးကို ဓမ္မပဒ အင်္ဂုတ္တရ ပါဠိတော်တို့နှင့်ခုဒ္ဒကပါဌ အဋ္ဌကထာမှ စုပေါင်း ဖြေဆိုထားသည်။ (ပိသုဏဝါစာ ကံ၏ အကျိုး ၇-ပါး)၌ ရှုပါကုန်။(အချို့ဆရာတို့ ကုန်းကို “ဂုံး”ဟု ရေးသည်။)

ကုန်းဘောင်မင်း ၁၁-ဆက်

ဒေဝဒဟ ကောလိယ ကပ္ပိလမှ ဆက်၍ အထက်အညာ တကောင်း သရေခေတ္တရာ, ပုဂံ, မြင်စိုင်း, ပင်းယ, အဝ, တိုင်အောင် သာကီနွယ်ရိုး သတိုး အဆက်ဆက်မှ ဆင်းသက်ကာ ညောင်ရမ်းဆယ်ဆက်ဖြစ်သော ဟံသာဝတီပါမင်းတရားကြီး လက်ထက် ရတနာပူရ အဝနေပြည်တော်ကြီး၌ သာကီနွယ်ရိုး သတိုးမင်းဆက်ပြတ်သွားပေရာ သင်္ဘော လှေ ဖေါင်ကြီးနှင့်ကမ်းပါး ကွာခြားပြတ်ကင်းနေရာတွင် တံတားကုန်းဘောင်သဖွယ် ဆက်သွယ်ပေးနိုင်သော အလောင်းမင်းတရားကြီးဖွားမြင်ရာ ဌာနကိုပင် ဗေဒင်ကျမ်းအရ ဓါတ်မြတ်ဓါတ်ထူးဖြစ်သော “ဂဗ္ဘေ”ဓါတ်ရိုက်၍ “ကုန်းဘောင်“မြို့တော်ဟု သမုတ်လေသည်၊ ထိုသည့် ကုန်းဘောင်မင်း ၁၁-ဆက်တို့ကို အကျဉ်းမျှပြအံ့။
(၁) ရွှေချက်သိုစေတီဒါယကာ အလောင်းမင်းတရားကြီးဟူသော ဘွဲ့တံဆိပ် နာမံတော်နှင့် ၁၁၁၄-ခုနှစ်နန်းတက် နန်းစည်းစိမ်ရှစ်နှစ်စံ၊ အိမ်နိမ့် ၃၈-နှစ်စံ၊ နံတော် သောကြာသား၊ သက်တော် ၄၆-နှစ်၌ နတ်ရွာစံတော်မူသည်။ (အချို့ကား အိမ်နိမ့် ၃၇-နှစ် ဟူသေး၏။)
(၂) အလောင်းမင်းတရားကြီး၏သားတော် စစ်ကိုင်းမင်း၊ နောင်တော်ကြီးလည်းခေါ် မဟာနန္ဒ ကန်တွင်းစည်ခုံစေတီ ဒါယကာ၊ ဒုတိယစစ်ကိုင်းမြို့တည် နောင်တော်မင်းတရားကြီး သိရီပဝရ ဓမ္မရာဇာဟူသောဘွဲ့တံဆိပ် နာမံတော်ဖြင့် ၁၁၂၃-ခုနှစ် နန်းတက်၍ နန်းစည်းစိမ် ၃-နှစ်စံ၊ အိမ်နိမ့် ၂၆-နှစ်စံ၊ နံတော်အင်္ဂါသား၊ သက်တော် ၂၉-နှစ်၌ နတ်ရွာစံသည်၊ ငယ်မည်တော် ဦးလောက်။
(၃) ညီတော် ဆင်ဖြူရှင်ခေါ် နိဗ္ဗာန်ဆိပ်ဦးစေတီတော် ဒါယကာ၊ တတိယ အဝမြို့တည်၊ ဆင်ဖြူ ရှင်မင်းတရား၊ သီရိပဝရ သုဓမ္မ မဟာဓမ္မ ရာဇာဓိရာဇာဟူသော ဘွဲ့တံဆိပ်နာမံတော်ဖြင့် ၁၁၂၅-ခုနှစ်၌နန်းတက်၍ နန်းစည်းစိမ် ၁၃-နှစ်၊ အိမ်နိမ့် ၂၇-နှစ်၊ နံတော် တနင်္ဂနွေသား၊ သက်တော် ၄၀-နှစ်၌ နတ်ရွာစံ၊ (အချို့ကား နန်းစည်းစိမ် ၁၂-နှစ် ဟူသေး၏၊) အလောင်းမင်းတရားကြီး၏ ဒုတိယသားတော်၊ငယ်မည် ဦးရွ။
(၄) သားတော် စဉ့်ကူးမင်း မိုးထိကျောင်းဒါယကာ ၁၁၃၈-ခုနှစ် နန်းတက်၍ နန်းစည်းစိမ် ၆-နှစ်စံ၊ အိမ်နိမ့် ၂၀-နှစ်စံ၊ နံတော် တနင်းလာသား၊ သက်တော် ၂၆-နှစ်၌ နတ်ရွာစံ၊ ဆင်ဖြူရှင်မင်းတရား၏ဒုတိယသားတော်၊ ငယ်မည် မောင်ရဲလှ။
(၅) ဖောင်းကားမင်း ၁၁၄၃-ခုနှစ် နန်းတက်၍ နန်းစည်းစိမ် ၇-ရက်စံရသည်၊ အိမ်နိမ့် ၁၈-နှစ်စံ၊ နံတော် ကြာသပတေးသား၊ သက်တော် ၁၈-နှစ်၌ ကံတော်ကုန်၊ “နောင်တော်ကြီးဘုရား၏သားတော်“ငယ်မည် မောင်မောင်။
(၆) ဘိုးတော် ပဒုံမင်းခေါ် ဘိုးတော်ဦးဝိုင်းခေါ် ဆင်ဖြူများရှင်မင်းတရားကြီးခေါ် ဘိုးတော် ဘုရားခေါ် အောင်မြေလောကစေတီဒါယကာ အမရပူရ ပဌမမြို့တည် နန်းတည် မင်းတရားကြီး သိရီပဝရဝိဇယာနန္တ ယသတြိ ဘဝနာဒိတျာဓိပတိ ပဏ္ဍိတ မဟာဓမ္မ ရာဇာဓိရာဇာဟူသော ဘွဲ့တံဆိပ်နာမံတော်ဖြင့်၁၁၄၃-ခုနှစ်နန်းတက်တော်မူ၍ နန်းစည်းစိမ် ၃၇-နှစ်၊ အိမ်နိမ့် ၃၈-နှစ်စံ၊ နံတော် တနင်းလာသား၊ သက်တော်ရ၅-နှစ်၌ ကံတော်ကုန်၊ အလောင်းမင်းတရားကြီး၏ ဆဋ္ဌမမြောက်သားတော်၊ ငယ်မည် ဦးဝိုင်းဟူ၏။
(၇) ဘကြီးတော် (ဖန်နန်းရှင်) မှန်နန်းရှင်ဘုရားခေါ် မဟာဝိဇယရံသီ စေတီဒါယကာ စတုတ္ထ အဝမြို့တည် နန်းတည်မင်းတရားကြီး သိရီ တြိဘဝနာဒိတျ ပဝရပဏ္ဍိတ မဟာဓမ္မရာဇာဓိရာဇာဘွဲ့ တံဆိပ်တော်ဖြင့် ၁၁၈၁-ခုနှစ် နန်းတက်တော်မူ၍ နန်းစည်းစိမ် ၁၈-နှစ် (၁၉-နှစ်ဟုလည်း မူကွဲရှိသည်၊) အိမ်နိမ့်စံ ၃၄-နှစ်၊ နံတော် သောကြာသား၊ သက်တော် ၆၁-နှစ်၌ နတ်ရွာစံသည်၊ ငယ်မည် မောင်စိန်။ မှတ်ချက်။ ။ နန်းကျပြီးနောက် ၈-နှစ်ကြာမှ နတ်ရွာစံသည် ဟူ၏။
(၈) ညီတော် သာယာဝတီမင်း ကုန်းဘောင်မင်းလည်း ဟူ၏၊ လောကမဏိစူဠစေတီ ဒါယကာ အမရပူရ ဒုတိယ မြို့တည် နန်းတည်မင်းတရားကြီး သိရီပဝရာဒိတျ လောကာဓိပတိ ဝိဇယ မဟာဓမ္မရာဇာဓိရာဇာ-ဟူသော ဘွဲ့တံဆိပ်နာမံတော်ဖြင့် ၁၁၉၉-ခုနှစ် နန်းတက်တော်မူ၍ နန်းစည်းစိမ် ၉-နှစ်စံ၊ အိမ်နိမ့်၅၀-နှစ်စံ၊ နံတော် ဗုဒ္ဓဟူးသား၊ သက်တော် ၅၉-နှစ်၌ ကံတော်ကုန်သည်၊ ဘကြီးတော် (ဖန်နန်းရှင်) မှန်နန်းရှင်ဘုရား၏ ညီတော်၊ ငယ်မည် မောင်ခင်ဟူ၏။
(၉) သားတော် ပုဂံမင်းခေါ် မဟာလောကရံသီစေတီ ဒါယကာ၊ သိရီသုဓမ္မ တိလောကပဝရ မဟာဓမ္မရာဇာဓိရာဇာ ဘွဲ့တံဆိပ်နာမံတော်ဖြင့် ၁၂၀၈-ခုနှစ် နန်းတက်တော်မူ၍ နန်းစည်းစိမ် ၆-နှစ်စံ၊အိမ်နိမ့် ၃၅-နှစ်စံ၊ နံတော် သောကြာသား၊ သက်တော် ၄၁-နှစ်၌ နတ်ရွာစံသည်၊ ကုန်းဘောင်မင်းတရားကြီး၏သားတော်၊ ငယ်မည် မောင်ထောင်၊ ပုဂံမြို့စားဟူ၏။
(၁၀) ပုဂံမင်း၏ညီတော် မင်းတုန်းမင်းခေါ် မဟာလောကမာရဇိန်စေတီဒါယကာ မန္တလေးရတနာပုံ မြို့တည် နန်းတည် ပဉ္စမသင်္ဂါယနာတင်ဘဝရှင်မင်းတရားကြီး သိရီပဝရ ဝိဇယာနန္တ ယသပဏ္ဍိတ တြိဘာဝနာဓိတျာဓိပတိ မဟာဓမ္မ ရာဇာဓိရာဇာ ဘွဲ့တံဆိပ်တော်ဖြင့် ၁၂၁၄-ခုနှစ် နန်းတက်တော်မူ၍ နန်းစည်းစိမ်၂၆-နှစ်၊ အိမ်နိမ့်စံ ၃၈-နှစ်၊ နံတော် အင်္ဂါသား၊ သက်တော် ၆၄-နှစ်၌ နတ်ရွာစံသည်၊ ငယ်မည်မောင်လွင်ဟူ၏။
(၁၁) သားတော် သီပေါမင်း မာန်အောင်ရတနာစေတီ ဒါယကာ မန္တလေး ရတနာပုံ ဒုတိယနန်းစံ၊ သိရီပဝရ ဝိဇယာနန္တ ယသတိလောကာ ဓိပတိ ပဏ္ဍိတ မဟာဓမ္မရာဇာဓိရာဇာ ဘွဲ့တံဆိပ်နာမံတော်ဖြင့်၁၂၄၀-ခုနှစ်၌ နန်းတက်စံမြန်း၍ နန်းစည်းစိမ် ၇-နှစ်၊ နံတော် စနေသား၊ ငယ်မည် မောင်ရေစက်ဖြစ်လေသည်၊ ၁၂၄၇-ခုနှစ်၌ ကုလားဖြူတို့က မင်းနှစ်ပါးဖမ်းယူလျက် မိမိတို့တိုင်းပြည်ကြီး သိမ်းပိုက်ကြီးစိုးလျက် မြန်မာလူမျိုးတို့အား ကျွန်သဘောက်ဘဝထားကာ အမျိုးဘာသာ သာသနာကို ဖျက်ကြလေတော့သည်။

ကုလ ဒူသက ၈-ပါး

ဝိ၊၅၊၂၄၃။ ဝိ၊ဋ္ဌ၊၄၊၁၈၀။ လူဒါယကာတို့၏ သဒ္ဓါရိုးရိုးကို လက်ဆောင်ထိုး၍ ဖျက်ဆီးခြင်းမျိုး ၈-ပါး၊ ရဟန်းများ ကိုယ့်ကိုကြည်ညိုအောင် ဤနည်းဖြင့်မလုပ်ရ။
(၁) သစ်သီးပေးခြင်း၊
(၂) ကသယ်မှုန့်ပေးခြင်း၊
(၃) ဒန်ပူပေးခြင်း၊
(၄) ဝါးပေးခြင်း၊
(၅) ဆေးကုပေးခြင်း၊
(၆) ဒါယကာတို့ အစေအပါးခံခြင်း၊
(၇) သစ်ပေးခြင်း၊
(၈) မြေဖြူပေးခြင်းတို့တည်း။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်များ

(၁) ထရက်ဂျ်ဗ် လီ, နော်ဝေး - -Trygve Lie, Norway , ၁၉၄၆-၁၉၅၃
(၂) ဒက် ဟာမာရှိုး, ဆွီဒင်- Dag Hammarskjöld, Sweden, ၁၉၅၃-၁၉၆၁
(၃) ဦးသန့်, မြန်မာ- U Thant, Myanmar (Burma), ၁၉၆၁-၁၉၇၁
(၄) ကွတ်ဝေါဟိုင်း, ဩစတြီးယား- Kurt Waldheim, Austria, ၁၉၇၂-၁၉၈၁
(၅) ပဲရစ်ဇ် ဒီ ကွေးလီးယား, ပီရူး- Perez de Cuellar, Peru , ၁၉၈၂-၁၉၉၁
(၆) ဘူးထရို့စ် ဘူးထရို့စ် ဂါလီ, - Boutros Boutros-Ghali, Egypt, အီဂျစ်- ၁၉၉၂-၁၉၉၆
(၇) ကိုဖီ အာနန်, ဂါနာ- Kofi Annan, Ghana , ၂၀၀၆
(၈) ဘန်ကီမွန်း, ;-Ban Ki-moon South Korea, တောင်ကိုးရီးယား- ၂၀၀၇-
http://en.wikipedia.org/wiki/Secretary-General_of_the_United_Nations

ကုလသမဂ္ဂအဖွဲ့ဝင် (၁၉၂)နိုင်ငံ၊ မြို့တော်များ နှင့် လူဦးရေများ(၂၀၁၀)

အမှတ်စဉ်နှင့်နိုင်ငံ ------------- ---- မြို့တော် --------------------- လူဦးရေ
၁ အာဖဂန်နစ္စတန်-Afghanistan -------ကဘူးလ်-Kabul ------ ၂၈,၁၅၀,ဝဝဝ(၂၀၀၉)
၂ အယ်လ်ဘေးနီးယား-Albania ------- တိုင်ရားနာ -Tirane ---- ၃,၁၇၀,ဝဝဝ (၂၀၀၈)။
၃ အယ်လ်ဂျီးရီးယား-Algeria ------- အယ်လ်ဂျီးယားစ် -Algiers-------- ၃၄,၈၉၅,ဝဝဝ(၂၀၀၉) ။
၄ အင်ဒိုးရာ-Andorra ----------အင်ဒိုးရာ လာဗယ်လာ - Andorra la Vella -------၈၆,ဝဝဝ (၂၀၀၉)
၅ အင်ဂိုလာ-Angola ---------------- -လူအန်ဒါ - Luanda -------------------- ၁၈,၄၉၈,ဝဝဝ (၂၀၀၉)
၆ အင်တီဂါ နှင့် ဘာဘူဒါ -Antigua and Barbuda -------- -စိန့်ဂျွန်းစ်- Saint John’s --------- ၈၈,ဝဝဝ (၂၀၀၉)
၇ အာဂျင်တီးနား-Argentina ------------ဗျူနိုစ်အေရိစ်- Buenos Aires ------------ ၄၀,၁၃၄,၄၂၅ (၂၀၀၉)
၈ အာမေးနီးယား-Armenia ----------------ရီရယ်ဗင်-Yerevan -------------------- ၃,၂၃၀,၁၀၀(၂၀၀၈) ။
၉ ဩစတေးလျ-Australia ---------------- ကင်ဘာရာ- Canberra ------------------- ၂၂,၁၁၄,ဝဝဝ(၂၀၁၀) ။
၁၀ ဩစတြီးယား-Austria ---------------- ဗီယင်နာ - Vienna ------------------------ ၈,၃၇၂,၉၃၀ (၂၀၁၀)
၁၁ အဇာဘိုင်ဂျန်း-Azerbaijan------------ ဘက်ခူး- - Baku ------------------------ ၈,၉၂၂,၃၀၀(၂၀၀၉) ။
၁၂ ဘဟားမားစ် --Bahamas ---------------- နာဆူး- Nassau ------------------------ ၃၄၂,ဝဝဝ (၂၀၀၉)။
၁၃ ဘာရိန်း-Bahrain ------------------------ မာနာမာ- Manama -------------------- ၇၉၁,ဝဝဝ (၂၀၀၉)။
၁၄ ဘင်္ဂလားဒက်ရှ်-Bangladesh ------------ ဒက္ကာ-Dhaka ------------------------ ၁၆၂,၂၂၁,ဝဝဝ (၂၀၀၉)။
၁၅ ဘာဘေးဒိုးစ်- Barbados ---------------- ဘရစ်တောင်း- Bridgetown ---------------- ၂၅၆,ဝဝဝ (၂၀၀၉)။
၁၆ ဘီလာရု(စ်)-Belarus -------------------- မင့်စ်ခ်- Minsk ------------------------ ၉,၆၇၁,၉၀၀ (၂၀၀၉)
၁၇ ဘယ်လ်ဂျီယန်-Belgium ---------------- ဘရပ်ဆဲလ်စ်- Brussels ---------------- ၁၀,၈၂၇,၅၁၉ (၂၀၀၉)
၁၈ ဘယ်လီးဇီ-Belize ------------------------ ဘယ်မိုပန်း- Belmopan ---------------- ၃၂၂,၁၀၀ ။(၂၀၀၉)
၁၉ ဘီနင် -Benin ------------------------ ပေါတိုနိုဗို - Porto-Novo ----------------- ၈,၉၃၅,ဝဝဝ (၂၀၀၉)
၂၀ ဘူတန် -Bhutan -------------------- သင်ဖူ- Thimphu ------------------------------ ၆၉၇,ဝဝဝ (၂၀၀၉)။
၂၁ ဘိုလ်ဗီယား-Bolivia ------- လာပတ်-La Paz (အုပ်ချုပ်)၊ ဆူးခရေ-ှSucre(တရားရုံး)------ ၉,၈၇၉,ဝဝဝ (၂၀၀၉)။
၂၂ ဘော့စ်နီးယားနှင့်ဟာဇီဂိုးဗီးယား -Bosnia and Herzegovina--ဆာရာရေဗို-Sarajevo ---- ၃,၇၆၇,ဝဝဝ (၂၀၀၉)။
၂၃ ဘော့စဝါနာ-Botswana --------------- ဂတ်ဘိုရွန် -- Gaborone -------------------- ၁,၉၅၀,ဝဝဝ (၂၀၀၉)။
၂၄ ဘရာဇီးလ် -Brazil ---------------- ဘရာဇီးလီယာ- Brasilia -----------------၁၉၂,၃၂၅,ဝဝဝ (၂၀၁၀)
၂၅ ဘရူနိုင်းလ် ဒါရူဆလမ်-Brunei Darussalam--ဘင်ဒါဆာရီ ဘဂါဝမ်-Bandar Seri Begawan--၄၀၀,ဝဝဝ (၂၀၀၉)
၂၆ ဘူဂေးရီးယား--Bulgaria ----------------ဆိုဖီယာ-- Sofia -------------------------- ၇,၅၇၆,၇၅၁ (၂၀၁၀) ။
၂၇ ဘာကီနာ ဖဆို--Burkina Faso ---------- ဝါဂဒူးကို- - Ouagadougou -----------------၁၅,၇၅၇,ဝဝဝ (၂၀၁၀)။
၂၈ ဘူရွန်ဒီ- Burundi -----------------------ဘုဂျန်ဘူရာ - Bujumbura -------------------- ၈,၃၀၃,ဝဝဝ (၂၀၁၀)။
၂၉ ကမ္ဘောဒီးယား --Cambodia ------------- ဖနွန်ပင်- - Phnom Penh --------------------- ၁၄,၈၀၅,ဝဝဝ (၂၀၁၀)။
၃၀ ကင်မရွန်-Cameroon ---------------------ယာအွန်ဒေး-Yaounde -------------------- ၁၉,၅၂၂,ဝဝဝ (၂၀၁၀)။
၃၁ ကနေဒါ--Canada -----------------------အော့တဝါ - - Ottawa ----------------------- ၃၃,၉၆၅,၇၀၀ (၂၀၁၀)
၃၂ ကိပ် ဗဲရ်ဒ်-Cape Verde ------------------ပရိုင်ယာ - Praia ------------------------------ ၅၀၆,ဝဝဝ (၂၀၁၀)
၃၃ ဗဟိုအာဖရိကသမ္မတနိုင်ငံ- Central African Republic ---- ဘန်ဂူ - Bangui ------------ ၄,၄၂၂,ဝဝဝ (၂၀၁၀)
၃၄ ချတ်ဒ်သမ္မတနိုင်ငံ--Chad ----------------အင်ဂျာမိန်နာ-- N’Djamena ------------------- ၁၁,၂၇၄,၁၀၆ (၂၀၀၉) ။
၃၅ ချီလီသမ္မတနိုင်ငံ- Chile -----------------စန်တီယာဂို-- Santiago --------------------- ၁၇,ဝ၁၈,ဝဝဝ (၂၀၁၀) ။
၃၆ တရုတ်ပြည်သူ့သမ္မတနိုင်ငံ-China ------ပေကျင်း(ပီကင်း) - Beijing ---------၁,၃၃၅,၂၃၀,ဝဝဝ (၂၀၁၀)
၃၇ ကိုလံဘီယာ--Colombia ----------------ဘိုဂိုတာ- - Bogota ----------------------- ၄၅,၂၆၃,ဝဝဝ (၂၀၁၀)
၃၈ ကိုမိုရော့စ်--Comoros ---------------- မိုရိုနီ- - Moroni ------------------------- ၆၇၆,ဝဝဝ
၃၉ ကွန်ဂိုသမ္မတနိုင်ငံ -Congo, Republic of the ----ဘရာဇာဗယ်လ် -Brazzaville ------- ၃,၆၈၃,ဝဝဝ (၂၀၀၉)
၄၀ကွန်ဂို ဒီမိုကရက်တစ်-Congo, Democratic Republic of the --ကင်ရှားစာ-Kinshasa --- ၆၆,ဝ၂၀,ဝဝဝ (၂၀၀၉)
၄၁ ကော့စတာရီကာသမ္မတနိုင်ငံ -Costa Rica ---- စန်ဟိုဇေး-San Jose -------------------- ၄,၅၇၉,ဝဝဝ ။ (၂၀၀၉)
၄၂ ကော့ဒီဘွား(အိုင်ဗရီကို့စ်)နိုင်ငံ -Cote d’Ivoire----------
---------ရာမူဆူးခရို(တရားဝင်)-Yamoussoukro; အဘစ်ဂျန်--Abidjan(အုပ်ချုပ်) -------- -၂၁,ဝ၇၅,ဝဝဝ ။ (၂၀၀၉)
၄၃ ခရိုအေးရှား--Croatia -------------------ဇာဂရက်ဘ်- - Zagreb------------------ ၄,၄၃၅,ဝ၅၆ (၂၀၀၉) ။
၄၄ ကျူးဘားသမ္မတနိုင်ငံ--Cuba -------------ဟာဗာနာ -- Havana ------------------ ၁၁,၂၀၄,ဝဝဝ (၂၀၀၉)
၄၅ ဆိုင်းပရတ်သမ္မတနိုင်ငံ--Cyprus -------- နစ်ကိုစီယာ-- Nicosia --------------------- ၈၀၁,၈၅၁(၂၀၁၀)။
၄၆ ချက်သမ္မတနိုင်ငံ-Czech Republic--------- ပရတ်-Prague ------------------------- ၁၀,၅၁၂,၃၉၇ (၂၀၁၀) ။
၄၇ ဒိန်းမတ် --Denmark v--------------------ကိုပင်ဟေဂင်-Copenhagen--------------- ၅,၅၃၂,၅၃၁ (၂၀၀၉) ။
၄၈ ဒီဘူးတီ - Djibouti ------------------------- ဒီဘူးတီ - Djibouti----------------------- ၈၆၄,ဝဝဝ (၂၀၀၉) ။
၄၉ ဒိုမီနီကာ--Dominica -------------------- ရိုဆဲ-- Roseau -------------------- ၆၇,ဝဝဝ (၂၀၀၉)။
၅၀ ဒိုမီနီကန်သမ္မတနိုင်ငံ-Dominican Republic---စန်တိုဒိုမင်ဂို-Santo Domingo --- ၁၀,ဝ၉၀,ဝဝဝ (၂၀၀၉)
၅၁ အရှေ့တီမော East Timor (Timor-Leste)--------- ဒီလီ - Dili ------------------ ၁,၁၃၄,ဝဝဝ (၂၀၀၉)
၅၂ အီကွေဒေါသမ္မတနိုင်ငံ--Ecuador ------------ ခီးတို - Quito ------------------------ ၁၄,၁၁၁,ဝဝဝ (၂၀၁၀)
၅၃ အာရပ်အီဂျစ်သမ္မတနိုင်ငံ--Egypt ------------ ကိုင်ရို - - Cairo ------------------ ၇၇,၇၂၄,ဝဝဝ (၂၀၁၀)
၅၄ အယ်လ်ဆယ်လ်ဗာဒေါသမ္မတနိုင်ငံ-El Salvador ------ စန်ဆယ်ဗာဒို-San Salvador-----၆,၁၆၃,ဝဝဝ (၂၀၀၉)
၅၅ အီကွီတိုရီးယား ဂီနီ-Equatorial Guinea ------ မလားဘို-- Malabo ------------ ၆၇၆,ဝဝဝ (၂၀၀၉)
၅၆ အရစ်ထွေးယား-- Eritrea ------------------ အက်စ်မားရာ- - Asmara ------------ ၅,ဝ၇၃,ဝဝဝ (၂၀၀၉)
၅၇ အစ်တိုနီးယား--Estonia ------------------ ထဲလငန်-Tallinn ------------------ ၁,၃၄၀,၄၁၅ (၂၀၀၉)
၅၈အီသီယိုပီယာ--Ethiopia -------------------- အဒစ်အဘာဘာ-Addis Ababa------ ၇၉,၂၂၁,ဝဝဝ (၂၀၀၈)
၅၉ ဖူဂျီ--Fiji ------------------------------------ ဆူးဗာ-- Suva ------------------------ ၈၄၉,ဝဝဝ (၂၀၀၉)
၆၀ ဖင်လန်သမ္မတနိုင်ငံ--Finland ------------------ ဟယ်လ်စင်ကီ-- Helsinki ------------ ၅,၃၅၃,၆၀၀ (၂၀၁၀)
၆၁ ပြင်သစ်သမ္မတနိုင်ငံ- France ------------------ ပါရီ- - Paris ------------------------ ၆၅,ဝရ၃,၄၈၂ (၂၀၀၉)
၆၂ ဂ,ဘွန်- Gabon ------------------------------လီးဘရယ်ဗယ်လ်-- Libreville ------------ ၁,၄၇၅,ဝဝဝ (၂၀၀၉)
၆၃ ဂမ်ဘီရာ- Gambia ------------------------ဘန်ဂျူးလ် -- Banjul --------------------- ၁,၇၀၅,ဝဝဝ (၂၀၀၉)
၆၄ ဂျော်ဂျီယာ- Georgia ------------------------ တဘယ်လီးဆီ- - Tbilisi ------------------ ၄,၃၈၅,၄၀၀ (၂၀၀၉)
၆၅ ဂျာမနီ - Germany ------------------------ ဘာလင်- - Berlin ----------------၈၁,၈၈၂,၃၄၂ (၂၀၀၉)
၆၆ ဂါနာသမ္မတနိုင်ငံ -Ghana ------------------ အက်ခရာ-- Accra ----------------- ၂၃,၈၃၇,ဝဝဝ (၂၀၀၉)
၆၇ ဂရိစ် (ဟယ်လင်နစ်သမ္မတနိုင်ငံ) - Greece ---အေသင် - Athens -----------------------၁၁,၃၀၆,၁၈၃ (၂၀၁၀)
၆၈ ဂရနေဒါ- Grenada ------------------------ စိန့်ဂျော့စ် - Saint George’s --------------- ၁၀၄,ဝဝဝ (၂၀၀၉)
၆၉ ဂွါတီမာလာသမ္မတနိုင်ငံ -Guatemala ------ ဂွါတီမာလာစီတီ - Guatemala City ------ ၁၄,ဝ၂၇,ဝဝဝ (၂၀၀၉)
၇၀ ဂီနီသမ္မတနိုင်ငံ--Guinea ------------------ ကိန်နခရိ - - Conakry ------------------ ၁၀,ဝ၆၉,ဝဝဝ (၂၀၀၉)
၇၁ ဂီနီဘီဆောင်--Guinea-Bissau ------------ ဘီဆောင်- - Bissau ----------------------- ၁,၆၁၁,ဝဝဝ
၇၂ ဂါယားနာ- Guyana ------------------------ ဂျော့တောင်-- Georgetown ------------ ၇၆၂,ဝဝဝ (၂၀၀၉)
၇၃ ဟေတီသမ္မတနိုင်ငံ- Haiti ------------------ ပေါ်ထောပရင့် -Port-au-Prince ------------ ၁၀,ဝ၃၃,ဝဝဝ ။
၇၄ ဟွန်ဒူးရပ်စ်- Honduras ---------------------တက်ဂူစီဂါလ်ပါ-- Tegucigalpa ---------------၇,၄၆၆,ဝဝဝ (၂၀၀၉)
၇၅ ဟန်ဂေရီသမ္မတနိုင်ငံ- Hungary ------------ဘူဒါပက် - - Budapest -------------------- ၁၀,ဝ၁၃,၆၂၈ (၂၀၁၀)
၇၆ အိုက်စလန်သမ္မတနိုင်ငံ--Iceland ------------ရေကျာဗစ် -- Reykjavik ------------------ ၃၁၇,၅၉၃ (၂၀၀၉)
၇၇ အိန္ဒိယသမ္မတနိုင်ငံ-India ------------------နယူးဒေလီ- New Delhi ----------------- ၁,၁၇၅,၅၀၀,ဝဝဝ (၂၀၁၀)
၇၈ အင်ဒိုနီးရှားသမ္မတနိုင်ငံ-Indonesia------------ ဂျကာတာ-Jakarta ------------ ၂၃၁,၃၆၉,၅၀၀ (၂၀၀၉)
၇၉ အီရန်--Iran ------------------------------ တီဟီရန်-- Tehran ------------------------ ၇၄,၁၉၆,ဝဝဝ (၂၀၀၉)
၈၀ အီရတ် -Iraq ------------------------ ဘက္ကဒက် - Baghdad -----------------------၃၀,၇၄၇,ဝဝဝ (၂၀၀၉)
၈၁ အိုင်ယာလန်-Ireland ------------------ ဒပ်ဘလင် - Dublin ------------------------ ၄,၄၅၉,၃၀၀ (၂၀၀၉)
၈၂ အစ္စရေး-Israel ------------------------ ဂျေရုစလင် - Jerusalem ------------------------ ၇,၅၀၉,ဝဝဝ (၂၀၀၉)
၈၃ အီတလီသမ္မတနိုင်ငံ--Italy ------------ ရောမ - Rome ------------------------ ၆၀,၂၃၁,၂၁၄ (၂၀၀၉)
၈၄ ဂျမေကာ ---Jamaica ------------------ ကင်စတန် - Kingston ------------------ ၂,၇၁၉,ဝဝဝ (၂၀၀၉)
၈၅ ဂျပန်----Japan ------------------------ တိုကျို - Tokyo ------------------------ ၁၂၇,၅၃၀,ဝဝဝ (၂၀၀၉)
၈၆ ဂျော်ဒန်-Jordan ------------------ ------ အမ္မန် - - Amman ------------------------ ၆,၃၁၆,ဝဝဝ (၂၀၀၉)
၈၇ ကယ်ဇာစတန်-Kazakhstan ------------------ အက်တာနာ- - Astana ------------------ ၁၅,၇၇၆,၄၉၂ (၂၀၀၉)
၈၈ ကင်ညာသမ္မတနိုင်ငံ--Kenya ------------------နိုင်ရိုဘီ-- Nairobi ------------------ ၃၉,၈၀၂,ဝဝဝ (၂၀၀၉)
၈၉ ခီရီဘတ်-Kiribati ------------------------ တာရာဝါအတို-- Tarawa Atoll ------------ ၉၈,ဝဝဝ (၂၀၀၉)
၉၀ မြောက်ကိုရီးယား--Korea, North ------------ပြုံယမ်း-- Pyongyang ------------------ ၂၄,ဝ၅၁,၇၀၆ (၂၀၀၈)
၉၁တောင်ကိုရီးယား--Korea, South ------------ ဆိုးလ် -Seoul ------------------------ ၄၈,၃၃၃,ဝဝဝ (၂၀၀၉)
၉၂ ကူဝိတ် -Kuwait ------------------------ ကူဝိတ် - - Kuwait City ------------------ ၂,၉၈၅,ဝဝဝ (၂၀၀၉)
၉၃ ကရယ်ဂစ်စတန်--Kyrgyzstan ---------------- ဘစ်ရှကက်-- Bishkek ------------------၅,၄၈၂,ဝဝဝ (၂၀၀၉)
၉၄ လာအိုဒီမိုကရက်တစ်သမ္မတနိုင်ငံ -Laos ------ဗီယန်တိန်း- Vientiane ------------------ ၆,၃၂၀,ဝဝဝ (၂၀၀၉)
၉၅ လက်ဗီယာ--Latvia ------------------------ ရီးဂါ -- Riga ------------------------ ၂,၂၄၉,ရဝဝ (၂၀၀၉)
၉၆ လီဘာနွန်သမ္မတနိုင်ငံ--Lebanon ------------ဘေရွတ်-- Beirut ---------------------- ၄,၂၂၄,ဝဝဝ (၂၀၀၉)
၉၇ လီဆိုသို--Lesotho ------------------------ မာဆဲရူ- Maseru ------------------------၂,ဝ၆၇,ဝဝဝ (၂၀၀၉)
၉၈ လစ်ဘားရီးယားသမ္မတနိုင်ငံ --Liberia ------ မွန်ရိုးဗီးယား- Monrovia --------------- ၃,၄၇၆,၆၀၈ (၂၀၀၈)
၉၉ လစ်ဗျား--Libya ------------------------ ထရီပိုလီ- Tripoli --------------------- ၆,၄၂၀,ဝဝဝ (၂၀၀၉)
၁၀၀ လစ်ချင်စတိုင်-Liechtenstein------------ ဘယ်ဒု,ဇ် --Vaduz ------------------------ ၃၅,၅၉၃ (၂၀၀၉)
၁၀၁ လစ်သူရေးနီးယာ-Lithuania ------------ ဗေနီးယပ်စ်- Vilnius ------------------ ၃,၃၂၉,၂၂၇ (၂၀၁၀)
၁၀၂ လပ်ဇင်ဘတ် -Luxembourg------------လပ်ဇင်ဘတ်-Luxembourg ------------------ ၅၀၂,၂၀၇ (၂၀၁၀)
၁၀၃ မက်စီဒိုးနီးယား--Macedonia ----------စကော့ပီယိတ်-- Skopje ----------------------၂,ဝ၄၈,၆၂၀ (၂၀၀၉)
၁၀၄ မက်ဒက်ဂတ်စတာ-Madagascar ------အငန်တင်နာ,နာရီဗို-Antananarivo ---- ၁၉,၆၂၅,ဝဝဝ (၂၀၀၉)
၁၀၅ မာလာဝီသမ္မတနိုင်ငံ-Malawi ------------ လီလွန်ဝေ-- Lilongwe ------------------ ၁၅,၂၆၃,ဝဝဝ (၂၀၀၉)
၁၀၆ မလေးရှား-Malaysia ------------------ ကွာလာလန်ပူလ်- Kuala Lumpur ---------- ၂၈,၃၀၆,ရဝဝ (၂၀၀၉)
၁၀၇ မောဒိုက်ဗ်စ်-Maldives ------------ မောလေး- Male ------------------------ ၃၀၉,ဝဝဝ (၂၀၀၉)
၁၀၈ မာလီသမ္မတနိုင်ငံ-Mali ------------------ ဘာမာကို- Bamako ----------------- ၁၄,၅၁၇,၁၇၆ (၂၀၀၉)
၁၀၉ မောလတာသမ္မတနိုင်ငံ-Malta ------------ဗာလက်တာ- Valletta ------------------ ၄၁၆,၃၃၃ (၂၀၁၀)
၁၁၀ မာရှယ်ကျွန်းစု -Marshall Islands------ မာဂျူရို- Majuro------------------ ၆၂,ဝဝဝ (၂၀၀၉)
၁၁၁ မော်ရီတန်နီယာ--Mauritania နွယ်ရှော့(တ်)-- Nouakchott-----၃,၂၉၁,ဝဝဝ (၂၀၀၉)
၁၁၂ မောရစ်ရှပ်စ်-Mauritius ------------------ ပို့တ် လူဝီ - Port Louis ------------ ၁,၂၈၈,ဝဝဝ (၂၀၀၉)
၁၁၃ မက္ကဆီကို -Mexico ------------------------ မက္ကဆီကိုစီတီ- Mexico City ------ ၁၀၇,၅၅၀,၆၉၇ (၂၀၀၉)
၁၁၄ မိုင်ခရိုနီးရှား-Micronesia, Federated States of ------ ပလီကာ-Palikir------ ၁၁၁,ဝဝဝ (၂၀၀၉)
၁၁၅ မောဒိုဗာ--Moldova ------------------ ချီဆီနော- Chisinau------------ ၃,၅၆၇,၅၀၀ (၂၀၀၉)
၁၁၆ မောနကို-Monaco ------------------------မောနကို- Monaco------------------ ၃၃,ဝဝဝ (၂၀၀၉)
၁၁၇ မွန်ဂိုလီးယားသမ္မတနိုင်ငံ -Mongolia ------ ယူလန်ဘေတာ- Ulaanbaatar -----၂,၆၇၁,ဝဝဝ (၂၀၀၉)
၁၁၈ မွန်တီနီးဂရို-Montenegro ------------ ပေါ်ဂိုးရစ်ဆာ- Podgorica ------------ ၆၂၄,ဝဝဝ (၂၀၀၉)
၁၁၉ မော်ရကို-Morocco ------------------ ရာဘတ်- Rabat ------------------၃၁,၆၉၅,ဝဝဝ (၂၀၁၀)
၁၂၀ မောဇမ်ဘစ်သမ္မတနိုင်ငံ -Mozambique -----မပူတို- Maputo --------------- ၂၀,၂၂၆,၂၉၆ (၂၀၀၇)
၁၂၁ ပြည်ထောင်စုမြန်မာနိုင်ငံ---------------------ရန်ကုန်-Yangon(Rangoon);---- ၅၀,ဝ၂၀,ဝဝဝ (၂၀၀၉)--------Myanmar(Burma)-------------------နေပြည်တော်-Nay Pyi Taw
၁၂၂ နမ်မီးဘီယာ- Namibia ------------------ ဝင်းထွတ်ခ်-Windhoek ------------၂,၁၇၁,ဝဝဝ (၂၀၀၉)
၁၂၃ နာဦးရူ -Nauru----- တရားဝင်မြို့တော်မရှိ ၊ Yaren--ယရင်းနယ်တွင်အစိုးရရုံးများရှိ။---၁၀,ဝဝဝ (၂၀၀၉)
၁၂၄ နီပေါ--Nepal ------------------------ ကတ်မန်ဒူ- Kathmandu ------------၂၉,၃၃၁,ဝဝဝ (၂၀၀၉)
၁၂၅ နယ်သာလင်-Netherlands --------------အမ်စတာဒမ်-Amsterdam;-----------၁၆,၅၈၁,၉၀၀ (၂၀၁၀)--------------------------------------------သည်ဟိတ်-The Hague အစိုးရရုံး
၁၂၆ နယူးဇီလန်-New Zealand ------------ ဝဲလ်လင်တန်-Wellington ------------ ၄,၃၅၀,၁၀၀ (၂၀၁၀)
၁၂၇ နစ်ကာရာဂွါ-Nicaragua -------------- မနာဂွါ- Managua ------------------ ၅,၇၄၃,ဝဝဝ (၂၀၁၀)
၁၂၈ နစ်ဂါသမ္မတနိုင်ငံ -Niger ------------ နီယာမေ -Niamey ------------------ ၁၅,၂၉၀,ဝဝဝ (၂၀၁၀)
၁၂၉ နိုင်ဂျီးရီးယား -Nigeria ------------ အဘူးကြာ- Abuja ------------------ ၁၅၄,၇၂၉,ဝဝဝ (၂၀၁၀)
၁၃၀ နော်ဝေ-Norway ------------------ အော်စလို- Oslo ------------------ ၄,၈၅၃,၈၀၀ (၂၀၁၀)
၁၃၁ အိုမန် -Oman ------------------------ မတ်ကက်- Muscat------------ ၂,၈၄၅,ဝဝဝ (၂၀၀၉)
၁၃၂ ပါကစ္စတန်--Pakistan --------------- အစ္စလာမ်မာဘတ်- Islamabad-----၁၆၈,၄၅၈,ဝဝဝ (၂၀၁၀)
၁၃၃ ပါလာအူ--Palau ------------------ မီလီကီအော့ခ် - Melekeok ------------ ၂၀,ဝဝဝ(၂၀၁၀)
၁၃၄ ပနာမားသမ္မတနိုင်ငံ-Panama------ ပနာမားစီတီ- Panama City ------------ ၃,၄၅၄,ဝဝဝ (၂၀၀၉)
၁၃၅ ပါပူအာနယူးဂီနီ-Papua New Guinea ----ပို့တ် မိုရက်ဘိုင်-Port Moresby -----၆,၇၃၂,ဝဝဝ (၂၀၀၉)
၁၃၆ ပါရာဂွေးသမ္မတနိုင်ငံ--Paraguay ----- အစွမ်စီယွန်-Asuncion ---------- ၆,၃၄၉,ဝဝဝ (၂၀၀၉)
၁၃၇ ပီရူးသမ္မတနိုင်ငံ--Peru --------------- လီမာ Lima -------------------- ၂၉,၁၃၂,ဝ၁၃ (၂၀၀၉)
၁၃၈ ဖိလိပိုင်သမ္မတနိုင်ငံ -Philippines ----- မနီလာ - Manila -------------------- ၉၂,၂၂၆,၆၀၀ (၂၀၀၉)
၁၃၉ ပိုလန်သမ္မတနိုင်ငံ -Poland ------------- ဝါဆော- Warsaw --------------- ၃၈,၁၀၀,ရဝဝ (၂၀၀၉)
၁၄၀ ပေါ်တူဂီသမ္မတနိုင်ငံ-Portugal ----------လစ္စဘွန်- Lisbon --------------- ၁၀,၆၃၆,၈၈၈ (၂၀၁၀)
၁၄၁ ကာတာ-Qatar -------------------- ဒိုးဟာ - Doha -------------------- ၁,၄၀၉,ဝဝဝ (၂၀၀၉)
၁၄၂ ရိုးမေးနီးယားသမ္မတနိုင်ငံ-Romania-----ဘူခါရက်- Bucharest ---------- ၂၁,၄၆၆,၁၇၄ (၂၀၁၀)
၁၄၃ ရုရှား --Russia Federation--------------မော်စကို-- Moscow---------- ၁၄၁,၉၁၅,၉၇၉ (၂၀၀၉)
၁၄၄ ရဝမ်ဒါသမ္မတနိုင်င-ံRwanda--------------- ကီဂါလီ--Kigali --------------- ၉,၉၉၈,ဝဝဝ (၂၀၀၉)
၁၄၅ စိန့်ကစတ်စ် နှင့် နီးဗစ် Saint Kitts and Nevis ----ဘက်စ်ထဲရ်-Basseterre ----- ၅၂,ဝဝဝ (၂၀၀၉)
၁၄၆ စိန့်လူစီယာ-Saint Lucia ------------------ ကက်စ်ထရီးစ်-Castries ---------- ၁၇၂,ဝဝဝ (၂၀၀၉)
၁၄၇ စိန့် ဗင်းဆင့်နှင့် ဂရီနာဒိုင်းစ်-Saint Vincent and the Grenadines -----
--------------------------------------------------ကင်းစတောင်း-Kingstown----------၁၀၉,ဝဝဝ (၂၀၀၉)
၁၄၈ စမိုးအာ-Samoa------------------------- အက်ပီယာ -- Apia --------------- ၁၇၉,ဝဝဝ (၂၀၀၉)
၁၄၉ ဆန်မရီးနို-San Marino --------------- ဆန်မရီးနို-San Marino --------------- ၃၀,၈၀၀ (၂၀၀၈)
၁၅၀ ဆွာတုံး နှင့် ပရင်ဆယ်ပယ် -Sao Tome and Principe ----------
--------------------------------------------------ဆွာတုံး-Sao Tome ---------------၁၆၃,ဝဝဝ (၂၀၀၉)
၁၅၁ ဆော်ဒီအာရေဗျ-Saudi Arabia ---------- ရီယာ့ဒ်-Riyadh ---------------၂၅,၇၂၁,ဝဝဝ (၂၀၀၉)
၁၅၂ ဆီနီဂေါသမ္မတနိုင်ငံ-Senegal ------------ဒက်ကာ- Dakar --------------- ၁၂,၅၃၄,ဝဝဝ (၂၀၀၉)
၁၅၃ ဆားဘီယာ-Serbia -------------------- ဘယ်လ်ဂရိတ် Belgrade----------၉,၈၅၀,ဝဝဝ (၂၀၀၉)
၁၅၄ ဆေရှဲလ်စ်-Seychelles (ဆိုခါလက်စ်သမ္မတနိုင်ငံ) ----------
-------------------------------------------------- ဗစ်ထိုးရိယာ- Victoria--------------- ၈၄,ဝဝဝ (၂၀၀၉)
၁၅၅ ဆီရိယာလီရွန်းသမ္မတနိုင်ငံ-Sierra Leone----ဖရီတောင်း-Freetown---------- ၅,၆၉၆,ဝဝဝ (၂၀၀၉)
၁၅၆ စင်ကာပူ-Singapore -------------------- စင်ကာပူ-Singapore------------၄,၉၈၇,၆၀၀ (၂၀၀၉)
၁၅၇ ဆလိုဘက်ကီယာ-Slovakia---------------ဘရက်တီဆလာဗား-- Bratislava ----- ၅,၄၂၁,၉၃၇ (၂၀၀၉)
၁၅၈ ဆလိုဗီးနီးယား-Slovenia--------------- လူဖလီယားနား-Ljubljana ---------- ၂,ဝ၅၁,၇၇၀ (၂၀၁၀)
၁၅၉ ဆောလမွန်ကျွန်းစု -Solomon Islands -----ဟိုနီယားနာ-Honiara --------------- ၅၂၃,ဝဝဝ (၂၀၁၀)
၁၆၀ ဆိုမာလီဒီမိုကရက်တစ်သမ္မတနိုင်ငံ-Somalia-----မိုဂါဒစ်ရူ-Mogadishu-----
၉,၁၃၃,ဝဝဝ (၂၀၀၉)
၁၆၁ တောင်အာဖရိကသမ္မတနိုင်ငံ-South Africa----ပရက်တိုရီးယား-Pretoria (အုပ်ချုပ်)----၄၉,၃၂၀,၅၀၀ (၂၀၀၉) ----------------------ကိပ်တောင်း-Cape Town (ဥပဒေ)း ဖလွန်းဘောင်ထိန်း-Bloemfontein (တရားရုံး)
၁၆၂ စပိန်-Spain------------------------------ မဒရစ်- Madrid --------------------၄၅,၉၆၇,၆၃၂ (၂၀၀၉)
၁၆၃ သီရိလင်္ကာဒီမိုကရက်တစ်သမ္မတနိုင်ငံ-Sri Lanka---ကိုလံဘို-Colombo---------- ၂၀,၂၃၈,ဝဝဝ (၂၀၀၉)
၁၆၄ ဆူဒန်ဒီမိုကရက်တစ်သမ္မတနိုင်ငံ-Sudan----- ခါထွန်း- Khartoum ---------- ၃၉,၁၅၄,၄၉၀ (၂၀၀၈)
၁၆၅ ဆူရီနားမီ--Suriname-------------------- ပါရာမာရီဘို-Paramaribo ---------- ၅၂၀,ဝဝဝ (၂၀၀၉)
၁၆၆ ဆွာဇီလန်-Swaziland --------------- အမ်ဘာဘားနီ- Mbabana---------- ၁,၁၈၅,ဝဝဝ (၂၀၀၉)
၁၆၇ ဆွီဒင် -Sweden ------------------------- စတော့ဟုမ်း-- Stockholm ---------- ၉,၃၃၁,၅၂၃ (၂၀၀၉)
၁၆၈ ဆွစ်ဇာလန်-Switzerland -------------------- ဘန်း-- Bern --------------- ၇,၇၇၁,၆၀၀ (၂၀၀၉)
၁၆၉ ဆီးရီးယား-Syria------------------------- ဒမတ်စကတ်- Damascus-----၂၁,၉၀၆,ဝဝဝ (၂၀၀၉)
၁၇၀ တာဂျီကီစတန်း--Tajikistan --------------- ဒူရှန်ဘေ- Dushanbe ----------၆,၉၅၂,ဝဝဝ (၂၀၀၉)
၁၇၁ တန်ဇန်းနီးယား-Tanzania --------------- ဒါရတ်စလမ်-Dares Salaam; -----၄၃,၇၃၉,ဝဝဝ (၂၀၀၉)
၁၇၂ ထိုင်းလင်းThailand -------------------- ဘန်ကောက် - Bangkok ------၆၃,၃၈၉,၇၃၀ (၂၀၀၉)
၁၇၃ တိုဂိုသမ္မတနိုင်ငံ--Togo--------------- လိုမေ- Lome --------------- ၆,၆၁၉,ဝဝဝ (၂၀၀၉)
၁၇၄ တွန်ဂါ --Tonga -------------------- နိုကူအာလိုဖာ- Nuku’alofa --------------- ၁၀၄,ဝဝဝ (၂၀၀၉)
၁၇၅ ထရီနီဒက်နှင့်တိုဘက်ဂို-Trinidad and Tobago----ပို့အော့စပိန်-Port-of-Spain-----၁,၃၃၉,ဝဝဝ (၂၀၀၉)
၁၇၆ ကျူနစ်ရှား-Tunisia --------------- ကျူးနစ်-Tunis ------------------------- ၁၀,၃၂၇,၈၀၀ (၂၀၀၈)
၁၇၇ တူရကီသမ္မတနိုင်ငံTurkey ---------------အင်ကာရာ- Ankara --------------- ၇၁,၅၁၇,၁၀၀ (၂၀၀၈)
၁၇၈ တတ်ခ်မင်နစ်စတန်း -Turkmenistan----- အက်ရှဘကတ်- Ashgabat ---------- ၅,၁၁၀,ဝဝဝ (၂၀၀၉)
၁၇၉ တူဗားလို-Tuvalu -------------------- ဖူနာဖူးတီ-Funafuti -------------------- ၁၀,ဝဝဝ (၂၀၀၉)
၁၈၀ ယူဂန်ဒါသမ္မတနိုင်ငံ-Uganda ---------- ကမ်ပါလာ- Kampala --------------- ၃၂,၇၁၀,ဝဝဝ (၂၀၀၉)
၁၈၁ ယူခရိန်း-Ukraine -------------------- ခီးရက်ဗ်-Kyiv ------------------၄၆,ဝ၁၁,၃၄၅ (၂၀၀၉)
၁၈၂ အာရပ်စော်ဘွားများနိုင်ငံ-United Arab Emirates-----အဘူဒါဘီ-Abu Dhabi----- ၄,၅၉၉,ဝဝဝ (၂၀၀၉)
၁၈၃ (အင်္ဂလန်)ယူနိုက်တက်ကင်းဒမ်း-United Kingdom-----လန်ဒန်-London-----၆၂,ဝ၄၁,၇၀၈ (၂၀၁၀)
၁၈၄ အမေရိကန်ပြည်ထောင်စု-United States of America-----ဝါရှင်တန်ဒီစီ-Washington D.C.-----
--------------------------------------------------------------------------------၃၀၈,၃၅၄,ဝဝဝ (၂၀၁၀)
၁၈၅ ဥရုဂွေး -Uruguay -------------------- မွန်တီဘီဒေးယို-Montevideo---------- ၃,၃၆၁,ဝဝဝ (၂၀၀၉)
၁၈၆ ဥဘက်ခစ်စတန်း--Uzbekistan---------- တတ်ရှကင့တ် Tashkent ---------- ၂၇,၄၈၈,ဝဝဝ (၂၀၀၉)
၁၈၇ ဗင်နအာတူ--Vanuatu -------------------- ပို့တ် ဗီးလာ-- Port-Vila---------- ၂၄၀,ဝဝဝ (၂၀၀၉)
၁၈၈ ဗယ်နီဇွဲလားသမ္မတနိုင်ငံ -Venezuela ------- ကာရာကတ်- Caracas ---------- ၂၈,၆၂၃,ဝဝဝ (၂၀၁၀)
၁၈၉ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ-Vietnam-----ဟနွိုင်း-Hanoi --------------- ၈၅,၇၈၉,၅၇၃ (၂၀၀၉)
၁၉၀ ယီမင်နိုင်ငံ-Yemen------------------------- ဆာနာအာ -Sanaa --------------- ၂၃,၅၈၀,ဝဝဝ (၂၀၀၉)
၁၉၁ ဇမ်ဘီယာသမ္မတနိုင်ငံ -Zambia---------------လူဆားကာ -Lusaka ---------- ၁၂,၉၃၅,ဝဝဝ (၂၀၀၉)
၁၉၂ ဇင်ဘာဘွေ--Zimbabwe-------------------- ဟာရာရေလ်-Harare ---------- ၁၂,၅၂၃,ဝဝဝ (၂၀၀၉)
မှတ်ချက်။ ။ အထက်နိုင်ငံများ၏ လူဦးရေများမှာ ၂၀၀၉-အတွင်း ဇူလိုင်လ ၁-ရက်နေ့အထိ ကုလသမဂ္ဂ၏ ခန့်မှန်းထုတ်ပြန်ထားချက်များအရ ဖြစ်သည်။ အမေရိကန် သန်းကောင်စာရင်း
ဌာန၏ ခန့်မှန်းထုတ်ပြန်ချက်အရ ၂၀၁၀-ဇန်နဝါရီလ(၁၃) ရက်နေ့တွင် ကမ္ဘာ့လူဦးရေ
၆,၇၉၆,ဝဝဝ,ဝဝဝ ရှိသည်။ ဤစာရင်းတွင် ကုလသမဂ္ဂအဖွဲ့ဝင်မဟုတ်သော တရုတ်(တိုင်ဝမ်)-Taiwan, မြို့တော် တိုင်ပေ--Taipei လူဦးရေ ၂၃,ဝ၆၉,၃၄၅ (၂၀၀၉)၊ ပါလက်စ ပါလက်စတိုင်း Palestinian လူဦးရေ ၃,၇၆၁,၆၄၆(၂၀၀၇)၊ ဗာတင်ကန်မြို့တော်- Vatican City (Holy See) - လူဦးရေ ၈၀၀(၂၀၀၉) စသည်တို့လည်းပါဝင်သည်။
http://en.wikipedia.org/wiki/List_of_countries_by_population

ကုလားမျိုး ၆၀

ဇမ္ဗူတံဆိပ်ကျမ်း၊ ဤ၌ ရှေးသူဟောင်းတို့ ခေတ်သမယ ယဉ်ကျေးမှု
မှတ်စုများကို သိစေရန်မျှဖြစ်သည်၊ ယခုခေတ်ကား ကုလားမျိုးတွေပိုများဘိ၏။
၁-သူတယ်၊
၂-ပူရန္တေ၊
၃-အာသံ၊
၅-ရေသူ၊
၅-ပန်းသေး၊
၆-ပဋိက္ခယား၊
၇-နောင်လာ၊
၈-ကုလားဖြူ၊
၉-ဘုရင်ဂျီ၊
၁၀-ဘာလီ။
၁၁-လဝီ၊
၁၂- သီဟိုဠ်၊
၁၃-သိန်း၊
၁၄-စန္ဒာ၊
၁၅-မောပါ၊
၁၆-ဒေးကိုး၊
၁၇-နာထိုး၊
၁၈- စောရာ၊
၁၉-ပစ္ဆိဟ၊
၂၀- ဘောဓ၊
၂၁-သုတ္တံ၊
၂၂-ဓင်းကျံ၊
၂၃-ဥမြဲ၊
၂၄-ဇိနပတ္တ၊
၂၅-ပုရံ၊
၂၆-သင်းတွဲ၊
၂၇-စေတုတ္တရာ၊
၂၈- သက္ကတံ၊
၂၉-ဝိန်ရိုး၊
၃၀-မက္ကတိ။
၃၁- သူလီ၊
၃၂-မန္တရာဇ်၊
၃၃-အော်လံတေ၊
၃၄-အော်လံတစ်၊
၃၅-ယစ်ပလစ်၊
၃၆-ဟော်ရတော်၊
၃၇-ဇဝီ၊
၃၈-ပသီ၊
၃၉-ဟိန္ဒူ၊
၄၀-ကလယ်။
၄၁- အင်္ဂလိပ်၊
၄၂-ပြင်သစ်၊
၄၃- ရုရှား၊
၄၄-ကျေးကုလား၊
၄၅-ဒုံးကလား၊
၄၆-ဇော်ဂီ၊
၄၇-မာလီ၊
၄၈-ဘောရီ၊
၄၉-သောယုတ်၊
၅၀-လဟုတ်။
၅၁-ဒေါရော၊
၅၂-ခန္တီ၊
၅၃-ပသျှူး၊
၅၄-ပတသီ၊
၅၅-ဟာရီ၊
၅၆-လာကာ၊
၅၇-ဝိစ္ဆဒေါလာ၊
၅၈-ဒေါရဏ၊
၅၉-ဘင်္ဂလီ၊
၆၀-ဗာရာဏသီ။
ဟူ၍ ဇမ္ဗူတံဆိပ်ကျမ်းမှာလာသည်၊ ထိုကျမ်း၌မပါသော ယခုလက်ထက်ပွားကုလားမျိုးတို့လည်း
အများအပြားပင်ရှိပေသေး၏။ ကျွန်ုပ်တို့သိရသလောက်ပင် အိန္ဒိယတွင် လူမျိုး ၃၀၀၊ ဘာသာစကား ၃၀၀၊ ဇာတ် ၂၀၀-ကျော်ရှိသည် ဟူ၏။

ကုသလ ကမ္မပထတရား ၁၀-ပါး

၎င်းသရုပ်ကို (ကုသိုလ် ၁၀-ပါး)၌ ပြမည်။

ကုသိုလ်မျိုး ၃-ပါး

အပြစ်မရှိ ကောင်းသောအကျိုးကိုပေးတတ်သော တရားမျိုး ၃-ပါး။
(၁) ကာမာဝစရ ကုသိုလ်၊
(၂) မဟုဂ္ဂုတ် ကုသိုလ်၊
(၃) လောကုတ္တရာ ကုသိုလ်။

ကုသိုလ်မျိုး ၃-ပါး တစ်နည်း

ဒါန ကုသိုလ်၊ သီလ ကုသိုလ်၊ ဘာဝနာ ကုသိုလ်။

ကုသိုလ်မျိုး ၈-ပါး

လောက၌ ထင်ရှားပေါ်လွင်သော ကုသိုလ်တရားရှစ်ပါးဟူ၏။
(၁) ကာမကုသိုလ်-ကာမသုဂတိ ၇-ဘုံသို့လားစေတတ်သော ကုသိုလ်စု၊
(၂) ရူပကုသိုလ်- ရူပ ၁၆-ဘုံသို့လားစေတတ်သောကုသိုလ်စု၊
(၃) အရူပကုသိုလ်- အရူပ ၄-ဘုံသို့ လားစေတတ်သော ကုသိုလ်စု၊
(၄) လောကီကုသိုလ်-သုဂတိ ၂၇-ဘုံသို့လားစေတတ်သော ကုသိုလ်စု၊
(၅) လောကုတ္တရာကုသိုလ်- မဂ်စိတ်လေးပါး၊
(၆) ဒါန ကုသိုလ်- ၎င်းနှင့်ဆိုင်ရာ ကုသိုလ် ၄-ပါး၊
(၇) သီလ ကုသိုလ်- ၎င်းနှင့်ဆိုင်ရာ ကုသိုလ် ၄-ပါး၊
(၈) ဘာဝနာကုသိုလ်- ၎င်းနှင့်ဆိုင်ရာ ကုသိုလ် ၄-ပါး။

ကုသိုလ်မျိုး ၁၀-ပါး

လူ နတ် နိဗ္ဗာန် သုံးတန်သောချမ်းသာကို ပေးစေတတ်သော တရားဆယ်ပါး။ ၎င်းကို”သုစရိုက် ဆယ်ပါး”ဟူ၍လည်းကောင်း၊ “ကုသလကမ္မပထတရား ဆယ်ပါး”ဟူ၍လည်းကောင်း၊ “ပုညကိရိယာဝတ္ထုဆယ်ပါး”ဟူ၍လည်းကောင်း ခေါ်ဆိုကြ၏။
(၁) ဒါန- သဒ္ဓါကြည်ဖြူ ပေးလှူရခြင်း၊
(၂) သီလ- ကာယဝစီ ထိုနှစ်လီသောဒုစရိုက်ကိုမလိုက်ပယ်ကြဉ်ရခြင်း၊
(၃) ဘာဝနာ- သမထ ဝိပဿနာ ထိုနှစ်ဖြာကို လေ့လာပွားများရခြင်း၊
(၄) အပစာယန-ရတနာသုံးပါး ဆရာ မိဘစသောသူများကို ရိုသေရခြင်း၊
(၅) ဝေယျာဝစ္စ- ကုသိုလ်ဖြစ်ဖွယ် ဝတ်ကြီးဝတ်ငယ်ကိုသယ်ပိုးဆောင်ရွက်ရခြင်း၊
(၆) ပတ္တိဒါန- မိမိပြုရ ကုသလကို အမျှပေးဝေရခြင်း၊
(၇) ပတ္တာနုမောဒန-သူတစ်ပါးပြု မြတ်ကောင်းမှုကို သာဓုနုမော် ကောင်းချီးခေါ်ရခြင်း၊
(၈) ဓမ္မသဝန- ဘုရားစကား မြတ်တရားကိုကြားနာရခြင်း၊
(၉) ဓမ္မဒေသနာ- ဘုရားစကား မြတ်တရားကို ဟောကြားရခြင်း၊
(၁၀) ဒိဋ္ဌိဇုကမ္မ-နိဗ္ဗာန်ရောက်ကြောင်း ကောင်းသောအယူကို ဖြောင့်မှန်စွာယူရခြင်း။

ကုသလ ကမ္မပထတရား ၁၀-ပါး

ကုသလ-ကုသိုလ်၊ ကမ္မ- ကိုယ် စိတ် နှုတ်ဖြင့် ပြုလုပ်သောကံ၊ ပထ-အကျိုးပေးကြောင်း။ “ပဋိသန္ဓေအကျိုးပေးကြောင်း ကုသိုလ်ကံ ဆယ်ပါး“ဟူလို။
(၁) ပါဏာတိပါတာ ဝေရမဏိ- သေစေလိုသော စေတနာနှင့် သူ့အသက်ကိုသတ်ခြင်းမှ ရှောင်ကြဉ်ခြင်း၊
(၂) အဒိန္နာဒါနာဝေရမဏိ- ခိုးလိုသောစိတ်ဖြင့် သူတစ်ပါး၏ဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြဉ်ခြင်း၊
(၃) ကာမေသုမိစ္ဆာစာရာ ဝေရမဏိ- မေထုန်အမှု၌ သူ့သားမယားကို သွားလာမှုမှ ရှောင်ကြဉ်ခြင်း၊
(၄) မုသာဝါဒါ ဝေရမဏိ- မဟုတ်မမှန်သောစကားကို ပြောဆိုလိမ်လည်မှုမှ ရှောင်ကြဉ်ခြင်း၊
(၅) ပိသုဏ ဝါစာ ဝေရမဏိ- ချစ်သူနှစ်ဦးတို့ ကွဲပြားအောင် ကုန်းတိုက်မှုမှရှောင်ကြဉ်ခြင်း၊
(၆) ဖရုသဝါစာ ဝေရမဏိ-ကြမ်းတမ်းယုတ်မာသောစကားကို ပြောဆိုမှုမှရှောင်ကြဉ်ခြင်း၊
(၇) သမ္ဖပ္ပလာပ ဝါစာ ဝေရမဏိ- အပေါ့အဖျင်း အနှစ်ကင်းသောစကားကို ပြောဆိုမှုမှ ရှောင်ကြဉ်ခြင်း၊
(၈) အနဘိဇ္ဈာ- သူတစ်ပါးဥစ္စာကို ငါ့ဥစ္စာဖြစ်လာမူ တော်လေစွဟု စိတ်ဖြင့် မကြံစည် မအောက်မေ့ခြင်း၊
(၉) အဗျာပါဒ- သူတစ်ပါးတို့ သေကျေက တော်လေစွဟု စိတ်မှ မကြံစည်ခြင်း
(၁၀) သမ္မာဒိဋ္ဌိ- ကုသိုလ်ကံ အကုသိုလ်ကံ၏ ကောင်းကျိုး မကောင်းကျိုးကို ယုံကြည်ခြင်း။

ကူဋမျိုး ၃-ပါး

အလေး တင်း တောင်း အတိုင်းအတာတို့ကို ခိုးဝှက်စဉ်းလဲခြင်းမျိုး၊ ဒီ၊၁၊၅။ ဒီ၊ဋ္ဌ၊၁၊၇၇။ (၁) တုလာကူဋ- အလေး ချိန် စဉ်းလဲ၊
(၂) ကံသကူဋ-တင်း တောင်း ပြည် ခွက် စဉ်းလဲ၊
(၃) မာနကူဋ- လက်မ, လက်သစ်, မိုက်, တောင်, တာ, ပေ, ကိုက်, စဉ်းလဲ။

ကောဋုဟလမျိုး ၅-ပါး

ခုဒ္ဒက၊ဋ္ဌ၊၁၀၁။ သုတ္တနိ၊ဋ္ဌ၊၂၊၃-တို့၌ ရှုပါ။ တစ်စုံတစ်ခုသောသတင်းစကား၏ ရှေ့ပြေးနိမိတ်, နောက်ခါဖြစ်ပေါ်ရန် ကျော်ကြားခြင်း ပဲ့တင်သံ ၅-ပါး။ “ကောလာဟလ”ဟုလည်းခေါ်၏။
(၁) ဗုဒ္ဓ ကောလာဟလ- ဘုရားမပွင့်မီ နှစ်ပေါင်းတစ်ထောင်က ကျော်ကြားသောပဲ့တင်သံ၊
(၂) ကပ္ပ ကောလာဟလ- ကမ္ဘာမပျက်မီ နှစ်ပေါင်းတစ်သိန်းက ကျော်ကြားသောပဲ့တင်သံ၊
(၃) စက္ကဝတ္တိကောလာဟလ- စကြာမင်းမပေါ်မီ နှစ်ပေါင်းတစ်ရာက ကျော်ကြားသောပဲ့တင်သံ၊
(၄) မောနေယျ ကောလာဟလ-မောနေယျအကျင့်ကို မေးလျောက်ကျင့်ကြံသော ပုဂ္ဂိုလ်မပေါ်မီ ၇-နှစ်က ကျော်ကြားသောပဲ့တင်သံ၊
(၅) မင်္ဂလကောလာဟလ-မင်္ဂလာတရားမဟောမီ ၁၂-နှစ်ကာလမှ ကျော်ကြားနေသောပဲ့တင်သံ။

ကောဋ္ဌာသ ၃၂-ပါး

၎င်း၏သရုပ်များကို (သုံးဆယ့်နှစ်ကောဋ္ဌာသ)၌ ရှုပါ။

ကောလမျိုး ၅-ပါး

ဆေးကျမ်းလာ အပေါင်းဝေါဟာရ။ ၎င်း ဆေးငါးပါးအပေါင်းကို “ပဉ္စကူ”ဟူ၍လည်းကောင်း၊”ကောလငါးပါး”ဟူ၍လည်းကောင်း ဝေါဟာရ ပြုကြကုန်၏။
(၁) ပိတ်ချင်းသီး၊
(၂) ပိတ်ချင်းမြစ်၊
(၃) စရိုမြစ်၊
(၄) ကန့်ချုပ်နီ၊
(၅) ချင်းခြောက်။

ကောလာဟလမျိုး ၅-ပါး

၎င်းသရုပ်ကို (ကောဋုဟလ ၅-ပါး)၌ ရှုပါ။

ကောသမျိုး ၂-ပါး

တာ, ယူဇနာ ဖွဲ့ရာ၌ တိုင်းတာသော ဝေါဟာရဖြစ်သည်၊ ၎င်းအကျယ်ကို ဆရာတော် ဦးဩဘာသ၏ မြန်မာအဘိဓါန်ကျမ်း ပထမတွဲ အမှတ် (၁) စာမျက်နှာ ၁၅၀၊ (ကောသ)ဟူသော အဘိဓါန်ပုဒ်၌ ကြည့်ပါလေ။
(၁) စူဠကောသ- အလံ ၅၀၀၊
(၂) မဟာကောသ အလံ ၂၀၀၀။

ကောသလအိမ်မက် ၁၆-ချက်

သုတ ကာမီတို့အတွက် အမေး အဖြေကိစ္စပြီး ရှစ်လုံးဖွဲ့မြန်မာကဗျာ၊ စီကုံးသူလယ်တီပဏ္ဍိတဆရာ-ဦးမောင်ကြီးအားဂုဏ်ပြုလျက် ဖေါ်ပြပါသည်။ အကျယ် တေရသကဏ်ဋီကာ”ပ”၌ ကြည့်။
(၁) အမေး ။ နွားနက်လေးခု၊ ဝှေ့မှုဟန်ပြင်၊ မဝှေ့ကြဘဲ၊ ရှောင်လွဲသည်မြင်။
အဖြေ ။ အရှေ့အနောက်၊ တောင် မြောက် မိုးဆင်၊ ခြိမ်းသံပေး မိုးဝေးလွင့်ပျောက်စင်။
(၂) အမေး ။ မြေကမ<က၊ ငယ်လှသစ်ပင်၊ ဖူးငုံရင့်ပြီး၊ ပွင့်သီးတွေ့မြင်။
အဖြေ ။ အရွယ်မမျှ၊ ပျိုမ လုံခင်၊ သမီးသား၊ လင်ထား အိမ်ထောင်ဆင်။
(၃) အမေး ။ ယနေ့ဖွားစ၊ နွားမနို့သာ၊ မိခင်နွားကြီး၊ စို့ပြီးနေရှာ။
အဖြေ ။ သမီးနှင့်သား၊ စီးပွားဆိုင်ရာ၊ မိနှင့်ဖ၊ ကျွေးမှစားရမှာ။
(၄) အမေး ။ နွားကြီးမကြိုက်၊ ဝန်တိုက်နွားယေ်၊ မရုန်းနိုင်ဘဲ၊ ဝပ်လဲနေတယ်။
အဖြေ ။ ကြီးသူပယ်ရှား၊ မြှောက်ထားလူငယ်၊ တိုင်းပြည်ရေး၊ ရှုပ်ထွေးပွေတော့မယ်။
(၅) အမေး ။ ခံတွင်းနှစ်ခွ၊ မြင်းလှရာဇာ၊ ကျွေးမွေးသမျှ၊ မဝနိုင်ပါ။
အဖြေ ။ မှူးမတ်မင်းစိုး၊ လာဘ်ထိုးသူရှာ၊ နှစ်ဘက်စား၊ တရားစီရင်မှာ။
(၆) အမေး ။ ခွေးအိုထံဆက်၊ ရွှေခွက်သိန်းတန်၊ ကျင်ငယ်အမြဲ၊ ခွက်ထဲစွန့်ပြန်။
အဖြေ ။ မျိုးမြတ်သမီး၊ ပစ္စည်းမက်ဟန်၊ အမျိုးယုတ်၊ လင်လုပ်ပေါင်းဆက်ဆံ။
(၇) အမေး ။ ရှေ့ကကျစ်ချ၊ လွန်စကြိုးကို၊ ခွေးမခိုးစား၊ ကိုက်ဝါးကာမျို။
အဖြေ ။ လင်ကြီးပစ္စည်း၊ သိမ်းဆည်းမသို၊ လင်ငယ်အား မယားလောကွတ်ပို။
(၈) အမေး ။ အိုးငယ်ချည်းနှီး၊ အိုးကြီးရေလျှံ၊ အိုးကြီးကိုဘဲ၊ ရေဆွဲလောင်းပြန်။
အဖြေ ။ ဆင်းရဲသူများ၊ ဝတ်စားမကျန်၊ အခွန်တွက်၊ နှိပ်စက်ငွေကောက်ခံ။
(၉) အမေး ။ ကြာမျိုးငါးဝ၊ ပွင့်ကြရေကန်၊ ရေလယ်နောက်လျက်၊ ကမ်းဘက်ကြည်ပြန်။
အဖြေ ။ မြို့တွင်းပွေရှုပ်၊ ခွန်တုတ်ကောက်ခံ၊ မြို့ပြင်ထွက်၊ ပြည့်နှက်စည်ကားရန်။
(၁၀) အမေး ။ တစ်အိုးတည်းချက်၊ အကျက်မညီ၊ ထမင်းမာဆတ်၊ ပျော့နပ်သုံးလီ။
အဖြေ ။ မင်းနှင့်လူများ၊ တရားမညီ၊ မိုးသုံးစား၊ ကွက်ကြားရွာချမည်။
(၁၁) အမေး ။ မွှေးထုံနဲ့ကြူး၊ စန္ဒကူးသိန်းတန်၊ ပုန်းရည်နှင့်လဲ၊ သုံးစွဲစားပြန်။
အဖြေ ။ အလဇ္ဇီများ၊ တရားဖိုးတန်၊ ငွေနှင့်လဲ၊ အမြဲဟောမည်မှန်။
(၁၂) အမေး ။ သံကြေးမပေါင်း၊ ဘူးတောင်း ဘူးအုံ၊ ရေတွင်စုပ်စုပ်၊ နစ်မြုပ်လုံးစုံ။
အဖြေ ။ ပညာရှိများ၊ စကားဥဿုံ၊ ပြောသမျှ၊ လောကမသုံးကုန်။
(၁၃) အမေး ။ အိမ်လုံး တောင်လုံး၊ ကျောက်တုံးကျောက်ဖျာ၊ ရေမှာဘွားဘွား၊ ထင်ရှားပေါ်လာ။
အဖြေ ။ ရဟန်းရှင်ဆိုး၊ လူဆိုးများသာ၊ ဂုဏ်ရောင်တိုး၊ တန်ခိုးပေါ်ထွက်မှာ။
(၁၄) အမေး ။ အဆိပ်ပြင်းတောက်၊ မေဟောက်ကြီးကို၊ ဖားငယ်မများ၊ ကိုက်ဝါးကာမျို။
အဖြေ ။ ကညာယူထား၊ သက်ကြားဘိုးအို၊ မယားဆဲ၊ အမြဲအော်ငေါက်ဆို။
(၁၅) အမေး ။ အဆင်းမည်းနက်၊ ကျီးငှက်ထံမှာ၊ ရွှေဟင်္သာများ၊ ခစားနေရှာ။
အဖြေ ။ ပညာသီလ၊ ပြည့်ဝသူဟာ၊ သူယုတ်အား၊ ဝပ်တွားနေရမှာ။
(၁၆) အမေး ။ ဆိတ်ကိုမြင်ငြား၊ ကြောက်အားပြင်းထန်၊ ခြင်္သေ့သစ်ကျား၊ ခုန်လွှားပြေးပြန်။
အဖြေ ။ သူယုတ်မာများ၊ ထောင်လွှားနိုင်ငံ၊ သူတော်ကောင်း ပုန်းအောင်းတောမြိုင်ယံ။

ကောက်ဦးဒါနမျိုး ၉-ပါး

ဤသာသနာ၌ တရားဦးသိသူ အရှင်ကောဏ္ဍညနှင့် မြတ်ဘုရားထံ နောက်ဆုံးတရားထူးခံယူသူ သုဘဒ္ဒပရိဗိုဇ်တို့ဝတ္ထုကြောင်း၌ အကျယ်ယူပါ။
(၁) ကောက်ဦးနို့ရည်ထည့်သော စပါးတို့ကို ခွဲထုတ်ညှစ်ယူ၍ ပျားထောပတ်တို့ ရောက်စပ်လျက်”ကောက်သားဦး“လှူခြင်း၊
(၂) မုန့်ဆန်းထောင်းကာ ပေးလှူခြင်း၊
(၃) ကောက်ရိတ်ကောက်ဆုပ်တို့ကိုစု၍ “ရိတ်ဦးဆွမ်း”ပေးလှူခြင်း၊
(၄) ကောက်လှိုင်းထုံးဖွဲ့သောအခါ ရှေးဦးစွာသော ကောက်လှိုင်းများကိုပေးလှုခြင်း၊
(၅) ကောက်လှိုင်းများစုပုံသောအခါ “ကောက်ပုံဦး”ဒါနကိုပြုခြင်း၊
(၆) စပါးနယ်သောအခါ”ကောက်နယ်ဦး”ဒါနကို ပေးလှူခြင်း၊
(၇) နယ်ပြီး လှေ့ပြီး၍ တလင်းပြင်၌ စုပုံသောအခါ “စပါးပုံဦး”ဒါနကိုပေးလှူခြင်း၊
(၈) ကျီအတွင်းသို့ သွင်းသောအခါ “ကျီဦး”ဒါနကို ပေးလှူခြင်း၊
(၉) ကောက်စပါး စတင် စိုက်ပျိုးသောအခါ မျိုးစပါးထဲမှ အဦးအဖျားကိုယူ၍ “မျိုးဦးဆွမ်း”ဒါနကို ပေးလှူခြင်း ဟူ၏။

ကောက်မျိုး ၇-ပါး

ဝိ၊၂၊၁၁၁။ ဝိ၊ဋ္ဌ၊၃၊၈၉။ စပါးမျိုး ၇-ပါးလည်းဟူ။
(၁) သာလိ- သလေး, ကောက်ကြီး, ကောက်ညှင်း၊
(၂) ဝီဟိ- ကောက်လတ်, ကောက်ကြမ်း, ငစိန်, ငကျောက်၊
(၃) ကုဒြူသ- လူး၊
(၄) ဂေါဓူမ- နတ်ကောက်, ဂျုံ၊
(၅) ဝရက- ပြောင်း၊
(၆) ယဝ- မုယော, ဗာလီ၊
(၇) ကင်္ဂု- ဆပ်။

ကောက်စပါးမျိုး ၁၈၇-ပါး တစ်နည်း

ရှေးမြန်မာ ဘုရင်များ၏ ယဉ်ကျေးမှု သုတေသနမှတ်တမ်းများဖြစ်သည်။သက္ကရာဇ် ၁၂၂၉-ခုနှစ် စိန္တကျော်သူ ဦးဩရေး မဟာအဓိကရကန်တော်ကြီး မော်ကွန်း၌ ကောက်ကြီးမျိုး ၁၂၆-ပါး၊ ကောက်လတ်မျိုး ၁၀-ပါး၊ ကောက်လျင်မျိုး ၁၁-ပါး၊ ကောက်ညှင်းမျိုး ၃၄-ပါး၊ မုရင်းမျိုး ၆-ပါးဟုလာရှိရာ ဤ၌ အစဉ်အတိုင်းပြသွားအံ့။

ကောက်ကြီးမျိုး ၁၂၆-ပါး

(၁) စော်ဘွား၊ ရကော့၊ ဘော့ကြီး၊ ကြွယ်ကြီး၊ ကြွယ်ပုံဖြူ၊ ငလုံးကြီး၊ ရှင်ကြီး၊ လုံးဖြူ၊ စပါးဖြူကလေး၊ တောင်လုံးမွှေး (၁၀)။
(၁၁) ရသေး (ကောက်နံ့သာ၊) နှံဝါ၊ ရိုးလှ၊ တစ်ဆစ်လှ၊ ပေါက်လှ၊ ပူဇော်၊ ကန်တော်၊ ကန်တောင်၊ပန်းရောင်၊ စံကားဝါ (၂၀)။
(၂၁) ပင်သာ၊ ရခိုင်၊ ရေမနိုင်၊ ကြောင်ငို၊ တိမ်လုံးညို၊ ခြေတို၊ စပါးနက်၊ ကက်ကက်၊ ပန်းကျား၊ ကြွက်သွား (၃၀)။
(၃၁) ကြွက်မြီး၊ ပွဲတော်ကြီး၊ ကျွဲမြီး၊ ကောက်မြီး၊ ကောက်ဝင်းကြီး၊ ပုတီးပု၊ တောင်ယာ၊ သီဒါ၊ ငယွန်း၊ သာထွန်းဖြူ (၄၀)။
(၄၁) မုယော၊ လင်ပန်းချော၊ ကောက်သွယ်၊ ကောက်ပင်ကြွယ်၊ စံပယ်ဖူး၊ စာမစား၊ ဝက်မစား၊ ငါးဝင်စား၊ ငါးရိုး၊ မိုးမခ (၅၀)။
(၅၁) မိုးမလို၊ ကောက်ပိန်ညို၊ မြီးရှည်၊ ကောက်ပင်စည်၊ နောင်တု၊ ကြာဥ၊ ဦးရူ၊ တလိုင်းဖြူ၊ ပင်ခိုင်၊ တွေးနိုင် (၆၀)။
(၆၁) နံ့သာဆီ၊ စပါးနီ၊ ဆန်နီမ၊ ရွာလယ်၊ ကောက်ငယ်၊ ကြိမ်သီး၊ ငှက်ကြီး၊ ငကျွဲ၊ တောင်ဝဲ၊ တောင်ပြန် (၇၀)။
(၇၁) ငသလွန်၊ ငဆောက်၊ ငကျောက်၊ အင်္ဂရင်း၊ ကြိုင်သင်း၊ မြွေစွယ်၊ ရေသွယ်၊ ချုံကြား၊ အောက်ဖါး၊ သဇင်ခက် (၈၀)။
(၈၁) စမုန်နက်ကလေး၊ ကောက်မွှေး၊ ဂေါ်ရွတ်၊ ခရုပတ်၊ မျိုးဆန်း၊ တောင်ထိပ်ပိန်း၊ မှော်တိုက်၊ ကောက်ထနောင်း၊ လက်သည်းစောင်း၊ ထောင်ဖြိုး (၉၀)။
(၉၁) ဝက်တိုး၊ မှိုင်းလုံး၊ မြီးတုံး၊ မြီးလတ်၊ ကွန်ခေါင်း၊ ပေါင်းမသွန်၊ ခွတုံး၊ ခွကြမ်း၊ ငဆီချမ်း၊ လုံးထပ် (၁၀၀)။
(၁၀၁) သီးလျင်၊ လုံးစင်း၊ စံရွှေထွန်း၊ လူပေါ်ကြီး၊ မျိုးတော်၊ ငကြည်း၊ ငကြင်း၊ လွန်ဘက်၊ ဆင်လျော့၊ ဧည့်မထ (၁၁၀)။
(၁၁၁) ဝေသာလီ၊ ခွံနီ၊ ပန်းထိမ်၊ မွေ့သိမ်၊ ကျီတောင်၊ ငစိန်၊ လောက်စာထိုး၊ ပြည်မအိပ်၊ ကျီးကန်း၊ ကောက်နံ့သာ (၁၂၀)။
(၁၂၁) ခွေးစာမေ့၊ ပျားကြီးခေါင်း၊ ကောက်မကျဉ်း၊ ဗျပ်စု၊ ခေါ်ဝက်၊ ငကျောက် (၁၂၆)။

ကောက်ညှင်းမျိုး ၃၄-ပါး

(၁) ခွေးအာကပ်၊ ချင်းတွင်း၊ နနွင်းဝါ၊ ဝက်လည်ရွဲ၊ အိပ်ပုံ၊ အိပ်သွန်၊ ပိုးစောင်ခြုံ၊ မုရင်းပြန်၊ ခွံဝါ၊ ပေါက်ဝါကြီး (၁၀)။
(၁၁) ကောက်ညှင်းဖြူ၊ ငနှံကြီး၊ ငဆားကြီး၊ ငပြာကြီး၊ ဆင်ပေါင်၊ ပဇင်းတောင်၊ မဲစောင်ခြုံ၊ ရှင့်သွေး၊ ရှစ်သောင်းမွှေး၊ ခေါ်မောက် (၂၀)။ (၂၁) ချိုးလည်ပြောက်၊ မဲပန်းညို၊ အုန်းခိုင်၊ မော်လမြိုင်၊ မီးတုတ်၊ မောင်မခေါ်၊ ခေါ်လိန်၊ ခေါ်သာ၊ မကိုဋ်၊ ဝက်ဆီ (၃၀)။
(၃၁) ဝက်လက်သည်း၊ ငချိတ်မည်း၊ ကြွက်သွား၊ ဆင်ဝမ်းပျဉ် (၃၄)။

ကောက်မုရင်းမျိုး ၆-ပါး

(၁) ငမန်းဥနီ၊ ငမန်းဥဖြူ၊ ပုဖြူမုရင်း၊ ငလူးအိုင်၊ ဥသျှစ်၊ ဗျပ်ကလေး (၆)။

ကောက်လတ်မျိုး ၁၀-ပါး

(၁) ဂေါတာ၊ မယ်စော၊ အံ့ပေါ၊ ပြစ်ထူ၊ သလဲဖြူ၊ ဆန်ဖြူကြမ်း၊ ရွှေအပ်၊ ဖွတ်မြီး၊ ငှက်ပျောညွှန့်၊ နမသလေး (၁၀)။

ကောက်လျင်မျိုး ၁၁-ပါး

(၁) ပုန့်သင်ကြောင်၊ ပုန့်သင်ဖြူ၊ ကောက်လျင်ဖြူ၊ ကောက်လျင်နီ၊ ဗောင်ပလောင်၊ ဝင်မစဲ၊ စသာ၊ ရေနွယ်၊ နီဖြူ၊ ကွမ်းစား၊ မက်လိပ်မျိုး-မုရင်း (၁၁) ။
မှတ်ချက်။ ။ ၎င်း ကောက်မျိုး ၁၈၇-ပါးကို ရည်ရွယ်၍
(တွက်ယူမှန်စွာ၊ ကောက်ကြီးမှာသော်၊ တစ်ရာကမောက်၊ နှစ်ဆယ့်ခြောက်တည့်၊ ကောက်လတ်တစ်ဆယ်၊ တစ်သွယ် ကောက်လျင်၊ ဆယ့်တစ်ပင်တည့်၊ ခြောက်လျှင်မုရင်း၊ ကောက်ညှင်းသုံးဆယ်၊ စွန်းကယ်လေးခု၊ စုစုပေါင်းမှာ၊ တစ်ရာကသော်၊ ရှစ်ဆယ်ကျော်၏) မဟာအဓိကရ ကန်တော်ကြီးမော်ကွန်း။

ကောင်းကင်အပြား၊ မျိုးလေးပါး၊ ထင်ရှား အာကာသ

၎င်းသရုပ်ကို (အာကာသ ၄-မျိုး)၌ ဆိုခဲ့ပြီ။

ကောင်း ၆၄-ရပ်

ကောင်းခြင်း ၄၆-မျိုး၊ ဤ၌ ၆၄-ရပ် ယူပုံကား မိန်းမမျိုး ၄-ပါးတို့တွင် ပဒုမ္မနီအစားကိုသာအလိုရှိသည်၊
၎င်းပဒုမ္မနီ၌လည်း “အသားရွှေ၊ အသားနီ၊ အသားဖြူ၊ အသားညို”ဟူ၍ ပဒုမ္မနီမိန်းမမျိုး၄-ပါး ရ၏။
ထိုလေးပါးတို့တွင် တစ်ပါးတစ်ပါး၌လည်း၊ ဆူ ကြုံ နိမ့် မြင့်အားဖြင့် ၄-ပါးစီ ပြားပြန်ရကား ပဒုမ္မနီမိန်းမပေါင်း ၁၆-ပါး ရ၏။
ထို ၁၆-ပါးတွင် တစ်ပါးတစ်ပါး၌ “ဥက္ကဋ္ဌ၊ ပဏီတ၊ မဇ္ဈိမ၊ ဟီန“အားဖြင့် လေးပါးစီပြားပြန်ရကား
-ပဒုမ္မနီမိန်းမပေါင်း ၆၄-ပါး ဖြစ်သတည်း။
ဤသို့လျှင် ကောင်းသောပဒုမ္မနီမိန်းမကိုစွဲ၍ (ကောင်းခြောက်ဆယ့်လေးရပ်၊ သွေးထပ်ထပ်ရုပ်ညီ)
စသည်ဖြင့် “ဦးပုည”ရေးသည့်၊ တစ်နည်း “ဘိုးသူတော်ဦးမင်း“ရေးသည့် တေးထပ်ဖြစ်ပေါ်လာ၏၊
ဤကား ဣတ္ထိသျှတ္တရကျမ်းတို့ အလိုတည်း။

ကောင်း ၆၄-ရပ် တစ်နည်း

၁၁၄၁-ခုနှစ်တွင် ကင်းဝန်မင်းကြီးရေးသော “ရွှေကိုယ်တော်ကြီး ဧချင်း၌
“လက္ခဏာရေး၊ ခြောက်ဆယ်လေးက၊ စသည်များပြင်၊ အတင်တင်တည့်”ဟူသော စပ်ဆိုမှုကို ၆၄-ပါးအရ ဝိသောဓနီစံပြကျမ်း၌ ဖြေကြားသည်မှာ-
(၁) ခြေဖဝါးလက္ခဏာ ၁၃-ပါး၊
(၂) ကိုယ်လက္ခဏာ ၁၆-ပါး၊
(၃) စိတ်လက္ခဏာ ၆-ပါး၊
(၄) လက်ဖဝါးလက္ခဏာ ၉-ပါး၊
(၅) လည်ပင်းလက္ခဏာ ၁-ပါး၊
(၆) အသံလက္ခဏာ ၃-ပါး၊
(၇) မျက်နှာလက္ခဏာ ၈-ပါး၊
(၈) သွားလက္ခဏာ ၁-ပါး၊
(၉) မျက်စိလက္ခဏာ ၄-ပါး၊
(၁၀) ဆံပင်လက္ခဏာ ၃-ပါး၊ ပေါင်း ၆၄-ပါးဖြစ်၏၊ အကျယ်ကို ၎င်းကျမ်းရင်း၌ရှုလေ။

ကောင်းခြင်း ၃-ဖြာ သာသနာ

ဘုရားမြတ်၏ ဆုံးမမှု ဓမ္မဓါတ်၌ စ လယ် ဆုံး ၃-ပါးလုံး ကောင်းခြင်း။
(၁) အာဒိ ကလျာဏ- သီလတရားသည် အစ၏ကောင်းခြင်းမည်၏၊
(၂) မဇ္ဈေ ကလျာဏ- သမာဓိ လုပ်ငန်းသည် အလယ်၏ကောင်းခြင်း၊
(၃) ပရိယောသာန ကလျာဏ- မဂ် ဖိုလ် ပညာနိဗ္ဗာန်သည် အဆုံး၏ကောင်းခြင်း မည်၏။

ကောင်းခြင်း ၅-ဖြာ

သံ၊ဋ္ဌ၊၃၊၂၂၉။ နှင့် ဓမ္မပဒအဋ္ဌကထာ၌လာသောနည်း။
(၁) ကေသာ -နက်မှောင်ရှည်လျားသော ဆံပင်၊
(၂) ဝယ- ၁၆-နှစ်အရွယ် ပျိုမြစ်နုနယ်၍ နေခြင်း၊
(၃) မံသ- စိုပြည်ပြည့်ဖြိုးသောအသားစိုင်များ ရှိခြင်း၊
(၄) အဋ္ဌိ- ဖြူစင်တောက်ပသော သွား၊ နီသောလက်သည်းများ၊
(၅) ဆဝိ- ဝါရွှေသန့်စင်သော အရည်အဆင်းရှိခြင်း။

ကောင်းခြင်း ၅-ဖြာ တစ်နည်း

မိန်းမများအဖို့ ကြန်အင်ငါးဖြာ ကောင်းခြင်း ငါးမျိုးကို ဆိုသည်၊ တေလပတ္တဇာတ်အဋ္ဌကထာမှ -
(၁) ဆဝိကလျာဏ- ပန်းပိတောက် အဆင်း ရွှေအဆင်းကဲ့သို့ ဝါဝင်းသော အရေအဆင်း၏ ကောင်းခြင်း။
(၂) မံသ ကလျာဏ- ချိပ်ရည်ဆိုးသကဲ့သို့ လက်ခြေ နှုတ်ခမ်းဖျား သန္တာအဆင်းရှိသော အသား၏ကောင်းခြင်း။
(၃) နှာရု ကလျာဏ- အသားနှင့်ညီမျှသောအရပ်၌ ချိပ်ရည်ဖြင့်ပြည့်သကဲ့သို့ လက်သည့်ခြေသည်း ရှိခြင်း၊ အသားလွတ်ရာ၌ နို့ရည်စိုင်အဆင်းရှိသည်ဖြစ်၍ အကြော၏ကောင်းခြင်း။
(၄) အဋ္ဌိ ကလျာဏ- ညီညာသော ခရုသင်းပွတ်သစ်ပမာ ရတနာရွဲလုံး ပုလဲကုံးသီသွယ် ထားသကဲ့သို့ညီညွတ်တင့်တယ် ကောင်းမြတ်စင်ကြယ်သော သွားရှိခြင်း။
(၅) ဝယ ကလျာဏ- အနှစ်တစ်ရာ ရှည်မြင့်ကြာသော်လည်း ၁၆-နှစ် နှယ် ပျိုမြစ်နုနယ် ငယ်သောအရွယ်ဖြင့်တင့်တယ်လှပခြင်း။

ကောင်းခြင်း၆-ဖြာ ပျိုကညာ

မ၊၁၊၁၂၂။ မ၊ဋ္ဌ၊၁၊၃၆၄။
(၁) တစ- ဝါရွှေသော အရေအဆင်း၊
(၂) မံသ- စိုပြည်သောအသား၊
(၃) နခ- ခြေသည်း လက်သည်းနီ၊
(၄) အဋ္ဌိ- ဖြူဖွေးညီညာသောသွား၊
(၅) သရ- ချိုသာသောအသံ၊
(၆) မဏ္ဍလ- ထွားသောရင်၊ ကားသောတင်နှင့် ကိုယ်နေလုံးရပ် ကြည့်ကောင်းခြင်း။

ကောင်းဟန် ၃-စု

ရွှေနန်းတော်သုံး မြန်မာဝန်စုတို့တွင် ပါဝင်သော ကောင်းဟန်ဝန် ၃-စု။
(၁) ယွန်း ကောင်းဟန်ဝန်၊
(၂) ဝင်း ကောင်းဟန်ဝန်၊
(၃) တပ် ကောင်းဟန်ဝန်။

ကိုးကြောင်းလင်္ကာ

ရှေးလူဟောင်းတို့၏ အလီပေါင်း ဂဏန်းသင်္ချာ။
၉ x ၁ - လီ = ၉
နော - ဧက - နော
နဝ - ဒွေး - အဋ္ဌာရသ
နဝ - တြိန္နာ - သတ္တဗီသ
နဝ - ဇယ - ဆတြိသ
နဝ - ပဉ္စ - ဗျည်းစာလီသ
နဝ - သော - ဇော ပဉ္စဿ
နဝ - သတ္တ - တြိဆ
နဝ - အဋ္ဌ - ဗားသတ်
နဝ - နဝါ - ဧက အဿိ
၈ x ၁ - လီ = ၈
အဋ္ဌ - ဧက - အဋ္ဌ
အဋ္ဌ - ဒွေး - သောဠသ
အဋ္ဌ - တြိန္နာ - ဇောဗီသ
အဋ္ဌ - ဇယ - ဗားတြိသ
အဋ္ဌ - ပဉ္စ - သုဉ္စာလီသ
အဋ္ဌ - သော - အဋ္ဌာ စာလီသ
အဋ္ဌ - သတ္တ - ဆ ပဉ္စဿ
အဋ္ဌ - အဋ္ဌ - စတုဆဋ္ဌိ
အဋ္ဌ - နဝါ - ဗားသတ်
၇ x ၁ - လီ = ၇
သတ် - ဧက - သတ်
သတ္တ - ဒွေး - စတုရာ ဒသ
သတ္တ - တြိန္နာ - ဧကာဗီသ
သတ္တ - ဇယ - အသဋ္ဌာဗီသ
သတ္တ - ပဉ္စ - ပဉ္စာတြိသ
သတ္တ - သော - ဗား စာလီသ
သတ္တ - သတ္တ - နဝါ စာလီသ
သတ္တ - အဋ္ဌ - ဆ ပဉ္စဿ
သတ္တ - နဝါ - တြိဆ
၆ x ၁ - လီ = ၆
သော - ဧက - သော
သော - ဒွေး - ဒွါဒသ
သော - တြိန္နာ - အဋ္ဌရသ
သော - ဇယ - ဇောဗီသ
သော - ပဉ္စ - သုံ တြိသ
သော - သော - ဆတြိသ
သော - သတ္တ - ဗား စာလီသ
သော - အဋ္ဌ - အဋ္ဌာ စာလီသ
သော - နဝါ - ဇော ပဉ္စဿ
၅ x ၁ - လီ = ၅
ဗျည်း - ဧက - ဗျည်း
ဗျည်း - ဒွေး - သုံဒသ
ဗျည်း - တြိန္န - ပဉ္စာဒသ
ဗျည်း - ဇယ - သုံဗီသ
ဗျည်း - ပဉ္စ - ပဉ္စာဗီသ
ဗျည်း - သော - သုံ တြီသ
ဗျည်း - သတ္တ - ပဉ္စာ တြိသ
ဗျည်း - အဋ္ဌ - သုံစာလီသ
ဗျည်း - နဝါ - ဗျည်းစာလီသ
၄ x ၁ - လီ = ၄
ဇယ - ဧက - ဇယ
ဇယ - ဒွေး - အဋ္ဌ်
ဇယ - တြိက - ဒွါဒသ
ဇယ - စတုက - သောဠသ
ဇယ - ပဉ္စ - သုံ ဗီသ
ဇယ - သော - ဇောဗီသ
ဇယ - သတ္တ - အသဋ္ဌံဗီသ
ဇယ - အဋ္ဌ - ဗား တြိသ
ဇယ - နဝါ - ဆ တြိသ
၃ x ၁ - လီ = ၃
တြိန်း - ဧက - တြိန်း
တြိန်း - ဒွေး - ဆ
တြိန်း - တြ - နော
တြိန်း - ဇယ - ဒွါဒသ
တြိန်း - ပဉ္စ - ပဉ္စာဒသ
တြိန်း - သော - အဋ္ဌာရသ
တြိန်း - သတ္တ - ဧကဗီသ
တြိန်း - အဋ္ဌ - ဇောဗီသ
တြိန်း - နဝါ - သတ္တာဗီသ
၂ x ၁ - လီ = ၂
ဒွေး - ဧက - ဒွေး
ဒွေး - ဒွေး - စာယ
ဒွေး - တြိန်း - ဆ
ဒွေး - စာလီ - အဌ်
ဒွေး - ပဉ္စ - သုံဒသ
ဒွေး - သော - ဒွါဒသ
ဒွေး - သတ္တ - စတုရာဒသ
ဒွေး - အဋ္ဌ - သောဠသ
ဒွေး - နဝါ - အဋ္ဌာရသ
၁ x ၁ - လီ = ၁
ဧက် - ဧက - ဧက်
ဧက် - ဒွေး - ဒွေး
ဧက် - တြိန်း - တြိန်း
ဧက် - ဇယ - ဇယ
ဧက် - ဗျည်း - ဗျည်း
ဧက် - သော - သော
ဧက် - သတ် - သတ်
ဧက် - အဌ် - အဌ်
ဧက် - နော - နော

ကိုးကွယ်ရာ တရား ၁၀-ပါး

မိမိ၏ကိုးကွယ်ရာ၊ မိမိမှာ ဤတရား ၁၀-ပါးနှင့် ပြည့်စုံနေရမည် ဟူ၏၊ အံ၊၃၊၂၇၅- ၂၇၆။ အံ၊ဋ္ဌ၊၃၊၂၉၀။
သီလ, ဗဟုဿတ, ကလျာဏမိတ္တ, သောဝစ္စဿတ, အနာလသ,
ပိယ သမုဒါဟာရ, အာရဒ္ဓဝီရိယ, သန္တုဋ္ဌီ, သတိမာ, ပညဝါ။

ကိုးကွယ်ခံထိုက်သူ၏ ဂုဏ်အင်္ဂါ ၇-ပါး

၎င်းသရုပ်အဓိပ္ပါယ်ကို (ဆည်းကပ်ကိုးကွယ် ခံထိုက်သူ၏ ဂုဏ်အင်္ဂါ၇-ပါး)၌ ပြမည်။

ကိုးခန်း ကမ္မဝါ

ဤဝေါဟာရသည် ရဟန်းတော်တို့၏လက်သုံးပင်ဖြစ်၏။
(၁) ဥပသမ္ပဒ ခန္ဓက- ရဟန်းခံကမ္မဝါ၊
(၂) ကထိန ခန္ဓက- ကထိန်ခင်း ကထိန်နုတ် ကမ္မဝါ၊
(၃) သီမာ ခန္ဓက- သိမ်သမုတ် သိမ်နုတ် ကမ္မဝါ၊
(၄) ဥပေါသထာဂါရ ခန္ဓက- ဥပုသ်အိမ် သမုတ် ကမ္မဝါ၊
(၅) ထေရသမ္မုတိ ခန္ဓက- ထေရ်သမုတ်ကမ္မဝါ၊
(၆) နာမ သမ္မုတိ ခန္ဓက နာမည်သမုတ် ကမ္မဝါ၊
(၇) နိဿယမုတ္တ သမ္မုတိ ခန္ဓက- နိဿယည်းလွတ် သမုတ် ကမ္မဝါ၊
(၈) ကပ္ပိယဘူမိ သမ္မုတိ ခန္ဓက- အပ်သော ကျောင်းနေရာသမုတ် ကမ္မဝါ၊
(၉) ကုဋိဝတ္ထု ဩလောကန သမ္မုတိ ခန္ဓက- ကျောင်းရာကို ကြည့်ရှုစစ်ဆေးရန် သမုတ်သော ကမ္မဝါ၊
(၁၀) ဝတ္တခန္ဓက- ဝတ်ဆောင်ရာ၌ဖတ်ရသော ကမ္မဝါ။
မှတ်ချက်။ ။ ၁-မှ ၉-အထိ ၉-ခန်း ယူပါလေ၊ ထိုသို့ ၉ ခန်းကမ္မဝါဟု ဆိုရငြားသော်လည်း “ဝတ္တခန္ဓက”ကမ္မဝါကား အထုပ်တိုင်းမှာ ပါသည်ချည်းသာမှတ်ရာ၏။

ကိုးခန်းပျို့

အခန်း ၉-ခန်းပါသော ပျို့ကဗျာလင်္ကာ။
(၁) ဟတ္ထိပါလ- တောထွက်ခန်း၊
(၂) အဿပါလ-တောထွက်ခန်း၊
(၃) ဂေါပါလ- တောထွက်ခန်း၊
(၄) အဇပါလ- တောထွက်ခန်း၊
(၅) ပုရောဟိတ်ပုဏ္ဏားကြီး တောထွက်ခန်း၊
(၆) ပုဏ္ဏေးမကြီး တောထွက်ခန်း၊
(၇) ဧသုကာရီမင်းကြီး တောထွက်ခန်း၊
(၈) ၎င်းမိဖုရားကြီးနှင့် ခုနစ်ပြည်ထောင်သားတို့ တောထွက်ခန်း၊
(၉) ဇာတ်ပေါင်းခန်း ၎င်းအခန်းတို့ကိုဇာတ်ပေါင်း၍ရေးသောကြောင့် ကိုးခန်းပျို့ဟူ၍ ခေါ်ကြသည်။

ကိုးခိုင်နက္ခတ

နက္ခတ် ကိုးခိုင်”လည်းဟူ။ ဤ၌ ကိုးခိုင်နက္ခတ်ဟူသည်ကား နက္ခတ် ၂၇-လုံးတို့တွင် တစ်ရာသီတစ်ရာသီ၌ ၃-လုံးစီသွားသဖြင့် အစဉ်အတိုင်း ကိုးပါးသော နဝလက်တွင် ၂၇-လုံးသောနက္ခတ်တို့ တည်နေခြင်းကိုခေါ်ဆိုသည်။
(၁) ဒလိဒ္ဒ နက္ခတ်၊
(၂) မဟာဒ္ဓန နက္ခတ်၊
(၃) စောရ နက္ခတ်၊
(၄) ရာဇ နက္ခတ်၊
(၅) ဒေသွန္ဒြိ နက္ခတ်၊
(၆) ဒေဝီ နက္ခတ်၊
(၇) ဝါဏိဇ္ဇ နက္ခတ်၊
(၈) အမစ္စ နက္ခတ်၊
(၉) သမဏ ဗြာဟ္မဏ နက္ခတ်။

ကိုးဆယ့်ခြောက်ဖြာ၊ နာရောဂါ၊ တစ်ဖြာ ၉၈

၎င်းသရုပ်ကို “အနာမျိုး ၉၆-ပါး”မှာ ရှုပါ။

ကိုးတိုင်း ၉-ဌာန သာသနာပြုစေလွှတ်ခန်း

ပါရာဇိက၊ဋ္ဌ၊ ပ၊ အုပ်၊နှင့် အခြား တရုတ်မှတ်စု၊ အင်္ဂလိပ်မှတ်တမ်းအမျိုးမျိုးတို့နှင့် ညှိနှိုင်းလျက်။
သာသနာတော် (၂၃၅)ခုနှစ်၊ တတိယသံဃာယနာ တင်ပြီးချိန်တိုင်းပြည်အရပ်ရပ်တို့သို့ ဗုဒ္ဓသာသနာတော်ပြန့်ပွားစေရန် ရည်ညွှန်း၍ ထိုနှစ် တပို့တွဲလအတွင်း၌ပင် အသောကမင်းတရားကြီးနှင့် အရှင် မဟာမောဂ္ဂလိ ပုတ္တတိဿ မထေရ်မြတ်တို့က ၉-တိုင်း ၉-ဌာန ပြည်နယ်တို့သို့ဥပသမ္ပဒကံဆောင်နိုင်စေရန် ခေါင်းဆောင်တစ်ပါးနှင့် ငါးပါးစီကို စေလွှတ်ကြွချီတော်မူကြသည်။
(၁) ကသ္မီရ- ဂန္ဓာရတိုင်း

ကိုးနဝင်း ဘုရား

သမ္မာဒိဋ္ဌိခေါ် ဗုဒ္ဓဘာသာတို့ ကိုးကွယ်ဆည်းကပ်ရာ စေတီတော်၏အမည်တစ်မျိုး၊ ထိုစေတီတော်၏အမြင့်ဉာဏ်တော်မှာ ၉-တောင်ရှိ၍ ထိုစေတီနှင့် စပ်ဆိုင်သည့် အဆောင်အယောင်တို့မှာ များသောအားဖြင့် နဝင်းကျေကိုးခုသာ အထားများသော လောကီဆရာတို့စီမံသည့် စေတီတော်တစ်မျိုးပင်ဖြစ်လေသည်၊ ထိုစေတီတော် များသည် ၁၂၈၃-ခုနှစ်လောက်ကစ၍ မြန်မာပြည်အနှံ့အပြား၌ ခေတ်စားလာခဲ့ကြောင်းသိရသော်လည်းရှေးဟောင်း နန်းစဉ်ခေတ်အရ ဝေဖန်သော် ...”သောင်းထိုက်ဇမ္ဗူ၊ ကျွန်းလုံးဟူ၍၊ စည်သူမင်းဖျား၊ တည်ခဲ့ထားသည်၊ ဘုရားကိုးဆူ၊ ဂူလည်းကိုးရပ်၊ နတ်လည်း ကိုးပါး၊ ဘုံကား ကိုးတန်၊ ကိုးရွာ ရံ၍၊ ကန်လည်း ကိုးဆယ်၊ ကိုးသန်း ပယ်နှင့်၊ ကိုးဆယ်ကိုးရွာ၊ စပ်ကာမဝေး၊ ကြေးကိုးကြေးနှင့်၊ နီးဝေးပျံ့လှိုင်၊ စည်ကိုးဆိုင်က၊ ကိုးဌာနကို၊ ဒုက္ခကင်းစင်၊ ချမ်းသာမြင်၍၊ အောင်မင်္ဂလာ၊ ဖြစ်စေငှာဟု“ဟူသော တပယ်ယင်းမြို့ သမိုင်းလင်္ကာရ ကိုးနဝင်း ခေတ်စားခဲ့ပုံကိုလည်း သိရသေး၏။ တပယ်ယင်းလော၊ ဒီပဲယင်းလော။

ကိုးပါးသီလ၊ နဝင်္ဂ၊ စောင်းကြများဗိုလ်လူ

၎င်း၏သရုပ်အဓိပ္ပါယ်(နဝင်္ဂသီလ)မှာ ပြမည်။

ကိုယ်ကျင့်တရား ၃-ပါး

သံ၊၃၊၃၆၈။ သံ၊ဋ္ဌ၊၃၊၃၂၇-၌ အကျယ်ရှု၊ ၎င်းသရုပ်ကို (ကိုယ်ကျင့်တရားမျိုး ၃-ပါး)၌ ဆိုခဲ့ပြီ။

ကိုယ်စောင့်နတ် တစ်ကျိပ် တစ်ပါး

မိမိတို့ကိုယ်ကိုစောင့်သော နတ် ၁၁-ပါး။ သမန္တစက္ခုဒီပနီ ဋ - အမှတ် ဝိသဇ္ဇနာ ၂-မှ ယူသည်။
(၁) သတ္တဘာဂ နတ်- နဖူးစာကို ရေးမှတ်တတ်သည်၊
(၂) သူရဿတီ နတ်- ပညာကို ပွားစေတတ်သည်၊
(၃) သကျ နတ်- စည်းစိမ်ဥစ္စာကို ပေးစေတတ်သည်၊
(၄) မဟိရာဇာ နတ်- အိပ်မက်ကို ပေးစေတတ်သည်၊
(၅) ဝါမသူရ နတ်- နိမိတ်ကို ပြတတ်သည်၊
(၆) ဇန သူရ နတ်- အလှူပေးသည်ကို မှတ်တတ်သည်၊
(၇) ကရဝါ နတ်- ကာမသုခကို ပေးစေတတ်သည်၊
(၈) ယောတိက နတ်- သွားလေရာ လိုက်၍ စောင်မတတ်သည်၊
(၉) ကလျာဏမိတ္တ နတ်- ကောင်းသောစကားကို မှတ်သားတတ်သည်၊
(၁၀) စန္ဒာဒေဝီ နတ်- ကျက်သရေကို စောင့်တတ်သည်၊
(၁၁) နရိန္ဒာဒေဝီ နတ်- အိပ်သောအခါ ဦးခေါင်းရင်းက စောင့်ရှောက်တတ်သည်။

ကိုယ်စောင့်နတ် တစ်ကျိပ်နှစ်ပါး တစ်နည်း

ကျေးဇူးရှင် “လုံးတော်ဆရာတော်“ဘုရားကြီးကား - အထက်ပါ ၁၁-ပါးထဲတွင် “ကာလကဏ္ဏီ”ခေါ် နတ်ယုတ်မာတစ်ပါးထည့်၍ “ကိုယ်စောင့်နတ် တစ်ကျိပ်နှစ်ပါး”ဟု ရေတွက်ပြ ထား၏။

ကိုယ်တွင်းမီး ၅-ပါး

(၁) ဥသ္မာမီး- သက်စောင့်သက်ထိန်းပကတိကိုယ်ငွေ့၊
(၂) ပါစကမီး-အစာကျေချက်သော ဝမ်းမီး၊
(၃) သန္တပ္ပနမီး- ခြစ်ခြစ်တောက် အပူဖျားမျိုး၊
(၄) ဒါဟမီး-လူးလဲအောင်ပူလောင်ခြင်းမျိုး၊
(၅) ဇိရဏမီး- လူကို အိုမင်းဆွေးမြေ့အောင် မသိမသာ လောင်သောမီး။

ကိုယ်တွင်းမီး ၁၁-ပါး တစ်နည်း

၎င်း၏ သရုပ်အဓိပ္ပါယ် (မီး ၁၁-ပါး)၌ ရှုပါ။

ကိုယ်ဝန်တည်နိုင်ခြင်း အင်္ဂါ ၃-ပါး

ဝိ၊ဋ္ဌ၊၁၊၁၈၀။ ပဋိသန္ဓေတည်နေနိုင်ပုံ အင်္ဂါသုံးပါး။
(၁) မိဘနှစ်ပါး မေထုန်အားဖြင့် စုဝေးပေါင်းသင်းခြင်း၊
(၂) ပဋိသန္ဓေယူမည့်သတ္တဝါ၏ စုတိဆဲဖြစ်ခြင်း၊
(၃) မိခင်၏ ပေါ်ပြီးဆဲဥတုသမယနှင့် ကြုံခြင်း။

ကိုယ်ဝန်တည်နိုင်ပုံ ၇-ပါး

ဝိ၊ဋ္ဌ၊၁၊၁၇၈- ၁၇၉။ ဤသည်တို့ကား မမြဲ၊ တစ်ရံတစ်ဆစ် အကြောင်းအားလျော်စွာ တည်ယူနိုင်ခြင်းတို့တည်း။
(၁) ရာဂစိတ်ဖြင့် ကိုယ်လက်သုံးသပ် ပွေ့ဖက်သာယာသဖြင့် တည်နိုင်သည်၊
(၂) ရာဂစိတ်ဖြင့် အဝတ်ပုဆိုးကို ကိုင်တွယ်သာယာသဖြင့် တည်နိုင်သည်၊
(၃) ရာဂစိတ်ဖြင့် သုတ်သွေးကျင်ငယ်ကို စုတ်ယူသွတ်သွင်းသဖြင့် တည်နိုင်သည်၊
(၄) ရာဂစိတ်ဖြင့် ချက်ကို သုံးသပ်သဖြင့် တည်နိုင်သည်၊
(၅) ရာဂစိတ်ဖြင့် စိမ်းစိမ်းကြည့်သဖြင့် တည်နိုင်သည်၊
(၆) ရာဂစိတ်ဖြင့် အနံ့ကို နမ်းရှူသဖြင့် တည်နိုင်သည်၊
(၇) ရာဂစိတ်ဖြင့် အသံကို နားထောင်သာယာသဖြင့် တည်နိုင်သည်။

ကိုယ်ဝန်တည်နိုင်ပုံ ၈-ပါး

အထက်ပါ ၇-ပါး၌ အဇ္ဈာစာရခေါ် နှစ်ဦးစုံ ကာမမှုပြုခြင်း တစ်ပါးထည့်က ရှစ်ပါးဖြစ်၏၊ ၎င်းကို ဤဆောင်ပုဒ်လင်္ကာဖြင့် သိပါလေ။
(အဇ္ဈာစာရ၊ သံသဂ္ဂနှင့်၊ စောဠ, သုစိ၊ နာဘိ, ရူပ၊ သဒ္ဒ, ဂန္ဓာ၊ ဤရှစ်ဖြာကြောင့်၊ စွဲလာကိုယ်ဝန်၊ ဖြစ်သည်မှန်၏။)

ကိုယ့်အမည်ကိုယ်ဖေါ် သူတော် ၇-ပါး

ဤသည်တို့ကို ကျမ်းကြီးကျမ်းခိုင်၌ မတွေ့ရသော်လည်း စကားအရာ ၌ကား တာစား၍နေ၏၊ ထို့ကြောင့် ရှေးဆရာသမားများကို မေးမြန်း၍ ဖြေဆိုလိုက်ပါသည်။
(၁) တောက်တဲ့၊
(၂) ခွေးခေါ်ရစ်၊
(၃) တစ်တီတူး၊
(၄) ဇီးကွက်၊
(၅) တီးတုတ်၊
(၆) ရွှေပြည်စိုး၊
(၇) ဥဩ။

ကျန်စစ်သား၏ အမည် ၅-ပါး

အောက်ပါအမည်တော် ငါးပါးဖြင့် သက္ကရာဇ် ၄၂၆-ခုနှစ်တွင် မင်းအဖြစ်သို့ရောက်သော ပုဂံမင်းတစ်ပါးဖြစ်သည်။
(၁) သတ်ရာတွင်မပါ ကျန်နေသောကြောင့် ကျန်စစ်သား၊
(၂) ကြန်အင် လက္ခဏာနှင့်ပြည့်စုံသောကြောင့် ကြန်စစ်သား၊
(၃) ပရိမ္မအရပ်တွင် ဖွားမြင်သောကြောင့် ပရိမ္မစစ်သား၊
(၄) ရေတိုက်ရာတွင် စက်ထွက်၍ ကရားလန်သောကြောင့် ကရားလန်စစ်သား၊
(၅) ငထီးလှိုင်ရွာသူကြီး၏ အရှင်ဖြစ်သောကြောင့် ထီးလှိုင်ရှင်။

ကျမ်းဂန်အပြား၊ မျိုး ၈-ပါး၊ ဖြေကြား မြတ်အရှင

ကျမ်းစာတို့၏ အမျိုးအမည်အပြားကို သာသနာလင်္ကာရ စာတန်း၌ ဤရှစ်ပါးနှင့် ရေတွက်ပြဆိုထားသည်ကို ကျမ်းဂန်ခေါ်၏။
(၁) အဋ္ဌကထာ- သံဂါယနာဝင် ပိဋက ပါဠိတော်မူရင်း၏ အနက်ကိုဖွင့်ပြသော ကျမ်းများ၊
(၂) ဋီကာ- အဋ္ဌကထာ၏အနက်ကို ဖွင့်ပြသော ကျမ်းများ၊
(၃) အနု- ဋီကာ၏အနက်ကို အနုစိတ်ထပ်ဖွင့်သောကျမ်းများ၊
(၄) မဓု- အနု၏အနက်ကိုပင် ထပ်ဖွင့်၍ ပြသောကျမ်းများ၊
(၅) လက်သန်း- အထက်ပါကျမ်းစာတို့ကို အကျဉ်းချုံး၍ ထိမိအောင်ပြသော ကျမ်းစာများ၊
(၆) ဂဏ္ဌိ- အထက်ပါကျမ်းစာတို့၏ ခက်ဆစ်ပုဒ်တို့ကိုထုတ်ကာ ရှင်းပြသောကျမ်း၊
(၇) ယောဇနာ- ဒေသအားလျော်စွာ အနက်ဘာသာပြန်ကြသော ပါဠိ အဋ္ဌကထာ ဋီကာတို့၏ ဘာသာပြန်ကျမ်းစာများ၊
(၈) ဂန္ထန္တရ-ပါဠိ အဋ္ဌကထာ စသည်တို့မှ တစ်ပါးသော အလွတ် အထူးအခြား (ဆန်း အလင်္ကာ စသည်) ကျမ်းစာတို့ကို ခေါ်ဆို၏။

ကျမ်းဂန်တတ်ကျော်၊ ဆရာတော်၊ ၄-ဖေါ် နာမည်ကြီး

၎င်းသရုပ်ကို (ကျော် ၄-ပါး)၌ ရှုပါ။

ကျီးတို့၏ ဝတ်အကျင့် ၅-ပါး

မင်းလုပ်သူတို့ လိုက်ယူကျင့်သုံးရန် ရာဇမတ္တန်ကျမ်း၌ ပြသည်။
(၁) မေထုန်ကိုလျှို့ဝှက်စွာကျင့်ခြင်း၊
(၂) ရန်သူများကို အခါမလပ် ကြည့်ရှုဆင်ခြင်တတ်ခြင်း၊
(၃) အစာများတွေ့လျှင် အဖေါ်တို့ကိုခေါ်၍စားခြင်း၊
(၄) အစာနှင့်ရန်သူကို တစ်ပြိုင်နက်ကြည့်ခြင်း၊
(၅) လုံ့လရှိခြင်း။

ကျုံးမျိုး ၃-ပါး

မြို့ပြည်၏ အခံအတားဖြစ်သော ကျုံးသုံးပါး။
(၁) ရေကျုံး- ရေပြည့်လျက် ငါးရဲ မိကျောင်းတို့ဖြင့် သောင်းကျန်းသောကျုံး၊
(၂) ညွန်ကျုံး- ရွွှံ့ညွန်တို့ဖြင့်ပြည့်စေလျက် ကူးမြောက်နိုင်ခက်သောကျုံး၊
(၃) ကျုံးချောက်- နက်စောက်သော ချောက်ကမ်းပါးသဖွယ် ကျုံးတစ်မျိုး။

ကျေးဇူးတော်များ ၁၈-ပါး၊ ဘုရားမြတ်မုနိန်

ဘုရားသခင်နှင့် ပတ်သတ်သော အာဝေဏိကဂုဏ်တော် ၁၈-ပါးကိုပင် ကျေးဇူးတော်ဟူသော ဝေါဟာရဖြင့် ခေါ်ဆိုကြသေး၏၊ သရုပ်အကျယ်ကို (အာဝေဏိကဂုဏ်တော် ၁၈-ပါး)၌ ပြခဲ့ပြီ။

ကျေးဇူးရှင်ကြီး ၁၀-ပါး

၎င်းသရုပ်ကို ခင်ပွန်းကြီး ၁၀-ပါး၌ ရှုပါ။

ကျေးမျိုး ၈-ပါး

ကြက်တူရွေးခေါ် ငှက်သတ္တဝါကိုဆိုသည်၊ ဤ၌ ဆက်ရက်လေးမျိုး ကျေးရှစ်မျိုးနှင့် ချိုးမျိုးလေးပါး}ဟု သီရိဝိဇယချီ မင်းနန်ပျို့တွင် စပ်ဆိုသည့်အတိုင်းဖြစ်သည်။
(၁) ဖေါင်းကား၊
(၂) တမာ၊
(၃) ကျေးသန္တာ၊
(၄) ကျေးဝါ၊
(၅) ကျေးကျုတ်၊
(၆) ကြက်တော၊
(၇) ကျေးကုလား၊
(၈) ကျေးပုဏ္ဏား။
(ဝေါဟာရလိနတ္တ ဒီပနီမှ။)

ကျောက်မျိုး ငါးပါး

ဆေးကျမ်းများ၏အပေါင်းဝေါဟာရ။
(၁) ကျောက်ပွင့်၊
(၂) ကျောက်မြှုပ်၊
(၃) ကျောက်ခက်၊
(၄) ကျောက်ချဉ်၊
(၅) ဇဝက်သာ၊
(အချို့ဆရာတို့ကား ဇဝက်သာအစား ကျောက်စက်ကို ထည့်ကြ၏။)

ကျောက်မြတ်ရတနာမျိုး ၂၄-ပါး

ဥဒါန်း အဋ္ဌကထာ မုစလိန္ဒဝဂ် အဖွင့်၌လာသည်။
(၁) ကျောက်မျက်ရွဲ၊
(၂) ဝရဇိန်ကျောက် (စိန်)၊
(၃) မဟာနီလာကျောက်၊
(၄) ဣန္ဒနီလာကျောက်၊
(၅) မသာရဂလ်ကျောက်၊
(၆) ပဒုမရာဂကျောက်၊
(၇) ဥဿဖယားကျောက်၊
(၈) ကရတ္ထဝန်ကျောက်၊
(၉) သုလာကကျောက်၊
(၁၀) အမျက်ကျောက်၊
(၁၁) လောဟိတင်္ကကျောက်၊
(၁၂) ဖန်မှန်ကျောက်၊
(၁၃) သန္တာကျောက်၊
(၁၄) ဇောတိရသ်ကျောက်၊
(၁၅) ဂေါ်မုတ်ကျောက်၊
(၁၆) ဂေါ်မိတ်ကျောက်၊
(၁၇) သောဂန္ဓိကကျောက်၊
(၁၈) ပုလဲကျောက်၊
(၁၉) ခရုသင်းကျောက်၊
(၂၀) မျက်စဉ်းကျောက်၊
(၂၁) ရဇဝတ္တကျောက်၊
(၂၂) မြကျောက်၊
(၂၃) ပယင်းကျောက်၊
(၂၄) ဗြဟ္မဏိကျောက်။

ကျောင်းအင်္ဂါ ၅-ပါး

မြတ်စွာဘုရား၊ သို့မဟုတ် ရဟန်းသံဃာတော်များ သီတင်းသုံးရန်သင့်လျော်သော ကျောင်းအင်္ဂါငါးပါးဟူ၏။
(၁) မြို့ရွာနှင့် သွားရေးလာရေး မဝေးလွန်းခြင်း၊
(၂) မြို့ရွာနှင့် မနီးကပ်လွန်းပဲအသံဆိတ်ငြိမ်ခြင်း၊
(၃) သွားလမ်းလာလမ်းနှင့် ပြည့်စုံခြင်း၊
(၄) လူတိုင်းလူတိုင်း အလိုရှိသောအခါ သွားလာဖို့ လွယ်ကူခြင်း၊
(၅) အာရုံငါးပါး လူသံသူသံများနှင့် မြို့သံ ရွာသံ ဆယ်တန်တို့မှ ဆိတ်ငြိမ်ခြင်း။

ကျောင်းထိုင်အင်္ဂါ ၅-ပါး

ကျောင်းထိုင်ပုဂ္ဂိုလ်တို့၌ ပြည့်စုံရမည့်အင်္ဂါငါးပါး၊ ကျောင်းဒါကာတိုင်း သိထားရန်။ (ဆယ်ဝါပြည့်တင်း၊ ဝိဘင်းနှစ်ဖြာ၊ ကမ္မာကမ္မ၊ ခန္ဓကပုဒ်၊ နာမ်ရုပ်ပိုင်ပိုင်၊ ခွဲခြားနိုင်၊ ကျောင်းထိုင်အင်္ဂါ ငါးပါးတည်း။) ဝိ၊၅၊

ကျောင်းထိုင်ဘုန်းကြီး ငရဲကျခြင်းမျိုး ၅-ပါး

၎င်းအကျယ်ကို အံ၊၂၊၂၃၁-၌ ကြည့်ပါ။
(၁) စာပေမသင် ဉာဏ်မယှဉ်ပဲ ကဲ့ရဲ့ထိုက်သူ၏ဂုဏ်ကျေးဇူးတွေကို ပြောဆိုချီးမွမ်းခြင်း၊
(၂) ကိုယ့်ထက်သာလွမ်း ချီးမွမ်းထိုက်သူ၏ဂုဏ်ကျေးဇူးကို ကဲ့ရဲ့ရှုတ်ချပြောကြားြုင်း၊
(၃) ကျောင်း၊
(၄) ဒါယကာ- ဒါယိကာမ၊
(၅) လာဘ်လာဘတို့၌ သူများတကာ ရသွားမည်ကို မနာလိုဝန်တိုရှိနေခြင်း။
ခုခေတ် သဟာမျိုးတွေ များလှ၏။

ကျောင်းထိုင်ဘုန်းကြီး နတ်ပြည်ရောက်ခြင်းမျိုး ၅-ပါး

အံ၊၂၊၂၃၁-၌ အကျယ်ရှုလေ။
(၁) ဉာဏ်ဖြင့်ဆင်ခြင်၍ ကဲ့ရဲ့ရှုတ်ချ အပြစ်ပြထိုက်သူကို ကဲ့ရဲ့ပြစ်တင်ရခြင်း၊
(၂) ချီးမွမ်းထိုက်သူကို ချီးမွမ်းပေးရခြင်း၊
(၃) ကျောင်းကန်၊
(၄) ဒါယကာ-ဒါယိကာမ၊
(၅) ပစ္စည်းလာဘ်တို့၌ သူများတကာ ရရှိသွားမည်ကို မနာလိုဝန်တိုစိတ်ထား မရှိခြင်း။
ခုခေတ် သဟာမျိုးတွေ ရှားပါး၏။

ကျောင်းသင်္ခမ်းများ၊ မျိုး ၁၀-ပါး၊ ခြားနားသိစေလို

ရဟန်းတော်များနှင့်သင့်လျော်သော ဆိတ်ငြိမ်ရာကျောင်းမျိုး ဆယ်ပါး။ ၎င်းအဖြေ (ရဟန်းကျောင်းများ၊ မျိုး၁၀-ပါး)၌ ကြည့်ပါလေ။

ကျော် ၄-ပါးခေါ်၊ ဆရာတော်၊ စာပေါ် နာမည်ကြီး

ဆရာတော်ဦးဗုဓ်စသော ကျမ်းတတ်ဆရာအစဉ်အဆက်တို့ချီးမွမ်းပြောဆိုမှတ်သားကြကုန်သော မြန်မာနိုင်ငံ ကျမ်းတတ်အကျော် ဆရာတော် ပုဂ္ဂိုလ်ကျော်ကြီးလေးပါး။
(၁) ပုဂံ သဒ္ဒနီတိဆရာတော် အရှင်အဂ္ဂဝံသ၊
(၂) စစ်ကိုင်း အရှင်အရိယဝံသ ဆရာတော်၊
(၃) အင်းဝ ဝရာဘိသင်္ဃနာထဆရာတော်၊
(၄) တောင်ဖီလာဆရာတော် အရှင်မုနိန္ဒဃောသတို့ ဖြစ်ကြ၏။

ကျွန် ၇-ဆက်

ကျွန်မှမွေးသော သပေါက်၊
သပေါက်မှမွေးသော သတက်၊
သတက်သားကို သတီ၊
သတီ၏ သားကို သတွတ်၊
သတွတ်သားကို သတော့၊
သတော့၏သားကို သမျှော့“
ဟု ဓမ္မသတ်ကျမ်း၌ လာကုန်၏။ ဤ၌ ဆွေ ၇-ဆက်ကဲ့သို့ အထက်အောက် နှစ်ပါးစုံ ရေတွက်ခြင်း
မပြုဘဲ အမိမှအောက်ကိုသာ ရေတွက် ရလေသည်၊ မနုကျယ် ဓမ္မသတ် သတ္တမတွဲ ပုဒ်မ ၂၆-၌လည်း ကျွန် ၇-ပါး။ တစ်နည်း ကျွန်အပြား ၉၄-ပါးကို ခွဲခြားသောတရားတွင် ဆိုထား၏။

ကျွန်မျိုး ၄-ပါး

ဝိ၊၃၊၁၀၇။ ဝိ၊ဋ္ဌ၊၃၊၂၈၂။ ဝိ၊ဋ္ဌ၊၁၊၃၁၆။ ဝိနည်းတော်လာရဟန်းခံမပေးကောင်းသော ကျွန် ၄-မျိုး။
(၁) ဓနက္ကီတ ကျွန်- ငွေဝယ်ကျွန်၊
(၂) ကရ မရာနိတ ကျွန်-သုံ့ပန်း, သုံ့ရကျွန်၊
(၃) သံမံ ဒါသဗျ ကျွန်- မိမိကိုယ်တိုင် ကျွန်စာရင်းအပ်နှင်းခံယူသောကျွန်၊
(၄) အန္တော ဇာတ ကျွန်- ကျွန်မမှမွေးသော အိမ်ပေါက်ကျွန်။

ကျွန်ဝတ် ၅-ပါး

သူရင်းငှား ကျေးကျွန်ကူလီ အလုပ်သမားတို့ ကျင့်ကြံလိုက်နာရမည့် ဝတ်ငါးပါး။
(၁) အရှင်အိပ်ပြီးနောက်မှ အိပ်ရခြင်း၊
(၂) အရှင်မထမီ ရှေးဦးစွာထရခြင်း၊
(၃) အရှင်ပေးမှ ယူရခြင်း၊
(၄) အရှင့်ကျေးဇူးကိုသာ ချီးကျူးပြောဆိုရခြင်း၊
(၅) လုပ်ခင်းဆောင်တာဟူသမျှကို စေ့စပ်သေချာစွာ လုပ်ကိုင်ဆောင်ရွက် ရခြင်း။
သိင်္ဂါလောဝါဒသုတ်မှ။
ဆောင်ထားရန်ပုဒ်

ကျွန်းကြီး ၄-ကျွန်းနှင့် မှတ်သားဖွယ်ရာများ ၂၄-ပါး

(ဒီ၊၂၊၂၁၃-၂၁၅။ မ၊၃၊၂၅-တို့၌ရှု) ဇိနာလင်္ကာရဋီကာတွင် တစ်ကျွန်း၌မှတ်သားဖွယ် ၆-ပါးစီ ပါသည်။
(၁) ဇမ္ဗူဒီပါကျွန်း- သုံးထောင့်ပုံသဏ္ဌာန်ရှိ၍ ယူဇနာ ၁၀၀၀၀-ကျယ်သော တောင်ကျွန်း၊ ကျွန်းဦးသပြေပင် ရှိ၏၊ ကျွန်းသူကျွန်းသားတို့အသက်ကား အပိုင်းအခြားမရှိ။
(၂) ဉပဗ္ဗဝိဒေဟကျွန်း- လ ထက်ဝက် သဏ္ဌာန်ရှိ၍ ယူဇနာ ၇၀၀၀-ကျယ်သော အရှေ့ကျွန်း၊ ကျွန်းဦးကုက္ကိုပင်ရှိ၏၊ ကျွန်းသူကျွန်းသားတို့၏အသက်ကား ၅၀၀-ရှည်သော ဟူ၏၊ ဇိနာလင်္ကာရဋီကာ၌ ယူဇနာ ၉၀၀၀-အကျယ်ပြ၏။
(၃) အပရ ဂေါယာနကျွန်း- ဝိုင်းသောလပြည့်ဝန်းသဏ္ဌာန်ရှိ၍ ယူဇနာ ၇၀၀၀-ကျယ်သော အနောက်ကျွန်း၊ ကျွန်းဦးထိန်ပင်ရှိ၏၊ ကျွန်းသူကျွန်းသားတို့အသက်ကား ၁၀၀၀-ရှည်၏။
(၄) ဥတ္တရကုရုကျွန်း- လေးထောင့်အင်းပျဉ်သဏ္ဌာန်ရှိ၍ ယူဇနာ ၈၀၀၀-ကျယ်သော မြောက် ကျွန်း၊ ကျွန်းဦး၌ ပဒေသာပင်ပေါက်၏၊ ကျွန်းသူကျွန်းသားတို့အသက်ကား ၁၀၀၀-ရှည်၏။

ကြက်တို့၏ကျင့်ဝတ် ၄-ပါး

မင်းစိုးရာဇာတို့ လိုက်နာပြုကျင့်ရန် ရာဇမတ္တန်ကျမ်း၌ပြသည်။
(၁) ရှေးဦးစွာနိုးကြားလွယ်ခြင်း၊
(၂) ကိုယ့်အမျိုး ဇာတ်တူချင်းခွပ်ရာ၌ စွန့်စားရဲခြင်း၊
(၃) အဖေါ်ကြက်မတို့နှင့် အစာကို ခွဲဝေစားခြင်း၊
(၄) မိမိထံအောက် ဝင်ရောက်သောကြက်မ၌ စောင့်ရှောက်ပေါင်းဖေါ်ခြင်း။

ကြဇု ၇-မျိုး

ဆေးအဘိဓါန်ကျမ်းရင်းမှ။
(၁) ဇီဝန္တိမည်သော ကြာဇုကားရွှေသောအဆင်းရှိ၏၊ အဆီအစေးကို ထုတ်၍သော်လည်းကောင်း ဆီထောပတ်ပျားရည်တို့နှင့် ချက်၍သော်လည်းကောင်း သုံးဆောင်ငြားအံ့၊ ရောဂါ ခပ်သိမ်းကို ပျောက်ကင်းချမ်းသာစေတတ်၏၊
(၂) ရောဟိဏီမည်သော ကြာဇုကား- ကြောင်သောအဆင်း လုံးသော လျောင်းသောသဏ္ဌာန်ရှိ၏၊ ဗလ ဝဏ္ဏတို့၌ ပြီးစေတတ်၏၊ အမာနာခပ်သိမ်းကိုလည်း ပျောက်စေ တတ်၏၊
(၃) ဝိဇယ မည်သော ကြဇုကား- ဘူးသီးနှင့်တူသောအဆင်း လုံးသောသဏ္ဌာန်ရှိ၍ ပေါက်သော အမာနာ ထိခိုက်ရှနာ ဒဏ်ရာဟူသမျှတို့၌ ပျောက်ကင်းစေတတ်၏၊
(၄) အဘယမည်သော- ကြဇုကား ငါးမြှောင့်ရှိ၏၊ မျက်စိရောဂါကို လျင်မြန်စွာပယ်ပျောက်စေတတ်၏၊
(၅) အာမရိကာမည်သော- ကြဇုကား ထူးထွေမွန်မြတ်သော ရသာရနံ့နှင့် ပြည့်စုံ၏၊ ဝမ်းကို လျှောသက်စေခြင်း၌ သိမ်မွေ့သောသတ္တိရှိ၏၊ (၆) ပုတ္တနာမည်သောကြဇုကား- အသားပါး၍ အစေ့ကြီး၏၊ ကိုယ်ကိုလိမ်းခြင်းတို့၌ အလွန်တန်းခိုးရှိ၏၊
(၇) ကာသု၊ တစ်နည်း စေတကီမည်သောကြဇုကား ၃-မြှောင့်ရှိ၏၊ မွှေးထုံရနံ့နှင့် ပြည့်စုံ၏။

ကြည့်ခြင်းကြီး ၅-ပါး

ဓမ္မ၊ဋ္ဌ၊၁၊၅၃-၌ အကျယ်ရှု၊ ဘုရားလောင်းများ လူ့ပြည်ဆင်း၍ သန္ဓေယူခါနီး၌ သန္ဓေယူရန်အတွက် လျော်မလျော်ကို ကြည့်လေ့ရှိသော ကြည့်ခြင်းကြီးငါးပါး။
(၁) ကာလ - တက်ကပ် ဆုတ်ကပ်ကာလနှစ်ပါးတို့တွင် သက်တမ်းဆုတ်ကပ်ကာလကိုကြည့်ခြင်း၊
(၂) ဒီပ - ကျွန်းလေးကျွန်းအနက် တောင်ကျွန်းကိုကြည့်တော်မူခြင်း၊
(၃) ဒေသ - တောင်ကျွန်း၏အလယ်ဗဟိုအချက်အချာ ဗောဓိပင်ပေါက်ရာ အရပ်ကို ကြည့်တော်မူခြင်း၊
(၄) ကုလ - အမျိုးလေးပါးတို့တွင် ဗြာဟ္မဏမျိုးနှင့် မင်းမျိုးကိုသာကြည့်တော်မူခြင်း၊
(၅) မာတု အာယု ပရိစ္ဆေဒ - ပဋိသန္ဓေယူ၍မွေးဖွားပြီးနောက် ၇-ရက်ရောက်လျှင် မိခင် သေဆုံးရမည့် အသက်အပိုင်းအခြားကိုကြည့်တော်မူခြင်း။

ကြည့်ခြင်းကြီး ၈-ပါး တစ်နည်း

(၁) ကာလံ ဝိလောကေတိ၊
(၂) ဒီပံ ဝိလောကေတိ၊
(၃) ဒေသံ ဝိလောကေတိ၊
(၄) ကုလံ ဝိလောကေတိ၊
(၅) ဇနေတ္တိံ ဝိလောကေတိ- မိခင်အသက်အပိုင်းကိုကြည့်၏၊
(၇) မာသံ ဝိလောကေတိ- သန္ဓေယူမည့်လကိုကြည့်၏၊
(၈) နေက္ခမံ ဝိလောကေတိ- တောထွက်အံ့ကို ကြည့်၏။

ကြည်းကုန်းပျော်နေ၊ သတ္တဝါတွေ၊ ၉-ကုဋေခေါ် အဘယ်နည်း

ဤ၌ ကြည်းနေ ၉-ကုဋေ၊ ရေနေ ဆယ်ကုဋေ ဟု ဆိုရိုးသာရှိသော်လည်း အနန္တလေးပါးမှာပါဝင်တဲ့ သတ္တဝါအမျိုးအမည်တွေကို ဘယ်သူ ထုတ်ဖေါ်နိုင်ပါ မည်နည်း၊ အနေကသင်္ချာမျိုးဖြစ်သည်၊ အတိအကျ မယူရချေ။

ကြန်အင် ၅-သွယ်၊ လှမျိုးသွယ်၊ ဘယ်ဝယ်ဘယ်သို့နည်း

ဤ၌ ကြန်အင် ၅-ပါးဟူသည် ကောင်းခြင်း လက္ခဏာငါးပါး ကိုပင်ဆို၏၊ ၎င်းသရုပ် (ကောင်းခြင်း ၅-ပါးပုစ္ဆာ)မှာ ပြန်ရှုပါ။

ကြာမျိုး ၅-ပါး

ထိုထိုဆေးကျမ်းနှင့် ကဗျာစာပေတို့၌ ကြာမျိုးငါးပါးဟုညွှန်းလျှင် ၎င်းငါးပါးကို ယူပါလေ။ ကြာဖြူ၊ ကြာနီ၊ ကြာညို ၎င်း ၃-ပါးတို့ကား ဥပ္ပလမျိုးတို့တည်း၊ ကြာတံဆိပ်- ၎င်းကား ပုဏ္ဍရိက်မျိုးတည်း၊ ကြာခေါင်းလောင်း- ၎င်းကား ပဒုမ္မာမျိုးတည်း။

ကြာသပတေးနံ ၅-လုံး

ကြာသပတေး ဉဂိဟ် ကြာသပတေးနေ့နှင့်ဆိုင်ရာ အက္ခရာငါးလုံး (ပ, ဖ, ဗ, ဘ, မ) တို့ဖြစ်၏။

ကြိယာ ၅-တန်

မြန်မာ သဒ္ဒါဆိုင်ရာ ဥပဒေသမျိုး ငါးပါး၊ ကဗျာ သာရတ္ထသင်္ဂဟကျမ်းမှ။
(၁) ကတ္တု သကမ္မ ကြိယာ-ကံဖြင့် အလိုရှိသော ကြိယာမျိုး၊ ပုံ- “ယုတ်သည့်စရိုက်၊ လူသူမိုက်ကို၊ မကြိုက်မချစ်”ဟူသော စကားရပ်၌ “မကြိုက်မချစ်”ပုဒ်သည် ကတ္တု သကမ္မ ကြိယာမျိုးတည်း။
(၂) ကတ္တု အကမ္မ ကြိယာ- ကမ္မကာရက မပါ၊ ကံမရှိသော ကြိယာပုဒ်မျိုး၊ ပုံ - “စန္ဒာ ဒေဝီ မဟေသီလျှင်၊ ငိုပြီခဏ”ဟူသော စကားရပ်၌ “ငိုပြီ”ပုဒ်သည် ကတ္တု အကမ္မ ကြိယာပုဒ်မည်၏။
(၃) ဘာဝ ကြိယာ- သဘောအတိုင်းဖြစ်နေသော ကြိယာမျိုး၊ ပုံ- “မထွက်လေဖြစ်၊ အပါယ်မြစ်တွင်၊ မွန်းနစ်စုပ်စုပ်၊၊ ကိုယ်လုံးမြုပ်ချိမ့်“ဟူသော စကားရပ်၌ “မွန်း နစ် မြုပ်“၎င်းပုဒ်တို့သည်ကား ဘာဝကြိယာပုဒ်တို့တည်း။
(၄) ကာရိုက် ကြိယာ- စေခိုင်းခြင်းလက္ခဏာပါရှိသော ကြိယာပုဒ်မျိုး၊ ပုံ- “ဗေဒင်အမှတ်၊ ဤအတတ်လည်း၊ မပြတ်စင်းလျက်၊ လေ့စေမင်း”ဟူသော စကားရပ်၌ ]လေ့စေ}ဟူသော ပုဒ်ကား၊ ကာရိုက်ကြိယာပုဒ်တည်း။
(၅) ကိတ်ကြိယာ- မျှော်လင့်ကြံစည်ခြင်းကို ဖေါ်ပြသော ပုဒ်မျိုး၊ ပုံ- “ဆိုဖွယ်စကား၊ နှစ်ဖက်သားတို့၊ ပိုင်းခြားစိမ့်ငှာ၊ ကပ်လေ့လာ”ဟု ဆိုသောစကားရပ်၌ “ဆိုဖွယ်”ဟူသော ပုဒ်သည် ကိတ်ကြိယာ မျိုးတည်း။

ကြိယာ ခြောက်ဆယ်

မြန်မာသဒ္ဒါနှင့် ကဗျာလင်္ကာ ဝေါဟာရ။ ၎င်းသရုပ်အကျယ် (ကရိယာ ခြောက်ဆယ်)၌ ဆိုခဲ့ပြီ။

ကြိယာဝိသေသန ၃-ပါး

ကဗျာသာရတ္ထ သင်္ဂဟကျမ်းမှ။
(၁) မူလကြိယာဝိသေသန- မူလသဘောအတိုင်း ကြိယာကိုအထူးပြုသောပုဒ်မျိုး၊ ပုံ- “အကြောင်းကုန်အောင်၊ ဆောင်လိုရကား၊ အင်ရှစ်ပါးဖြင့်”ဟူသော စတု ဓမ္မသာရပျို့တွင် စပ်ရာ၌ “ကုန်အောင်”ဟူသော ပုဒ်သည် မူလကြိယာဝိသေသနဖြစ်၏။
(၂) သမ္ဗန္ဓ ကြိယာဝိသေသန- ဆက်စပ်သောစကားဖြင့် ကြိယာကိုအထူးပြုတတ်သော ပုဒ်မျိုးစြဖ်သည်၊ ပုံ- “ပဘာဝတီ၊ နန်းသိင်္ဂီကို၊ ဗောဓီကုသ၊ လွန်တောင့်တလျက်၊ စိတ်ကမဆည်း၊ မချုပ်တည်းဘဲ၊ လိုက်လည်း လိုက်သည်၊”ဟူသော ကုသပျို့၌ “လိုက်လည်း”ဟူသော ပုဒ်သည် သမ္ဗန္ဓကြိယာဝိသေသန မည်၏။
(၃) ပုစ္ဆာ ကြိယာဝိသေသန- အမေးစကားပါရှိသော ကြိယာဝိသေသနမျိုး၊ ပုံ- “ဘယ်သို့ဖြစ်သည်၊ မယ့်ကြံရည်ကို၊ ဉာဏ်ခြည်မသိ၊ နေမထိအောင်”ဟု မောင်စံသူမှာတမ်းတွင် “ဘယ်သို့”ဟူသောပုဒ်သည် ကြိယာဝိသေသနမျိုး ဖြစ်၏။
မှတ်ချက်။ ။ ထိုမှတစ်ပါးလည်း ထုတ်ယူတတ်လျှင် ကြိယာဝိသေသနမျိုးပေါင်း များစွာရှိသေး၏။

ကြီးကျယ်များပြား စည်ကားလှသော သာသနာ့ အစည်းအဝေးပွဲကြီး ၃-ပါး

ဓမ္မ၊ဋ္ဌ၊၂၊၂၇၇-၌ အကျုယ်ရှုပါ။
(၁) ရေ မီးအစုံတန်ခိုးပြ၍ တိတ္ထိတို့ကို နှိမ်နင်းပွဲ။
(၂) တာဝတိံသာနတ်ပြည်မှ သင်္ကဿနဂိုရ်ပြည်သို့ဆင်းတော်မူပွဲ။
(၃) ဘေးကြီး ၃-ပါးငြိမ်းပေးရန် ဝေသာလီပြည်သို့ကြွတော်မူ၍ပြန်လာတော်မူသော ပွဲကြီး။

ကြီးပွားတိုးတက်ကြောင်းတရား ၇-ပါး

ကြီးပွားကျော်ကြားစေလိုသူတိုင်း လိုက်နာကျင့်သုံးရမည့်တရား ၇- ပါး။ သမ္ပဒါပုဒ်အဖွင့်မှ။
(၁) ဥဋ္ဌာနတော- မပျင်းမရိ လုံ့လရှိသူ၊
(၂) သတိမတော- သတိသမ္ပဇဉ်ရှိသူ၊
(၃) သုစိ ကမ္ပဿ- လုပ်ငန်း၌ သန့်ရှင်းသပ်ယပ် ကောင်းမွန်သူ၊
(၄) နိသမ္မ ကာရိနော- စူးစမ်းဆင်ခြင် ပြီးမှ အလုပ်လုပ်သူ၊
(၅) သည တဿ- ကိုယ်နှုတ်စိတ်တို့ကို နိုင်နင်းစွာစောင့်ထိန်းနိုင်သူ၊
(၆) ဓမ္မဇီဝိနော-တရားသောနည်းလမ်းဖြင့် အသက်မွေးသူ၊
(၇) အပ္ပမတ္တဿ- ကုသိုလ်တရား၌ မမေ့လျော့သောသူ။

ကြီးမြတ်သူမျိုး ၃-ပါး

၎င်းသရုပ် အဓိပ္ပါယ်စုံ (ထေရ်မျိုးသုံးပါး)ဟူသော စကားရပ်၌ ပြမည်။
တနည်းလည်း၊
(၁) ဇာတိဝုဍ္ဎု- မျိုးဇာတ်အားဖြင့် မြတ်သောသူ၊
(၂) ဝယဝုဍ္ဎု- သက်ရွယ်ကြီးရင့်သူ၊
(၃) ဂုဏဝုဍ္ဎု- ဂုဏ်သိက္ခာကြီးသူ၊ ၎င်းတို့ကို ရိုသေအပ်၏။

ကြီးလွန်းသူကြီး ၄-ယောက်

၎င်းသရုပ် (ပုဂ္ဂိုလ်လွန်ကဲကြီး ၄-မျိုး)၌ ရှုပါ။

ကြေးတူရိယာ၊ မျိုး ၁၀-ဖြာ၊ သံသာချို့ငြိမ့်ညောင်း

၎င်းသရုပ်ကို (ကြေးသံ ၁၀-ပါး)၌ ပြအံ့။

ကြေးနီမျိုး ၇-ပါး

သဗ္ဗဓါတုက ဝိဇ္ဇာဓရ ပကာသနီကျမ်းမှ။
(၁) ဗျက္ခဂန္ဓကတမ္ဗံ- ကျားသားကန့်မှထွက်သော ကြေးနီ၊ ညိုညိုရှိ၏၊
(၂) ပိစ္ဆဇာတက တမ္ဗံ- ဥဒေါင်းမွေးမှထွက်သော ကြေးနီ၊ ဖန့်ဖန့်ရှိ၏၊
(၃) ပုပ္ဖနာဂ တမ္ဗံ- ကံ့ကော်ပွင့်မှထွက်သော ကြေးနီ၊ ရဲရဲရှိ၏၊
(၄) ကုစ္ဆက တမ္ဗံ- ဗဟန်းကြက်ချေးမှရသော ကြေးနီ၊ ဝါဝါရှိ၏၊
(၅) ရသ သတ္တက တမ္ဗံ-ပြဒါးစားကျောက်မှထွက်သော ကြေးနီ၊ စိမ်းစိမ်းရှိ၏၊
(၆) လောဟဇာတ တမ္ဗံ- ခြသံမှထွက်သော ကြေးနီ၊ဖြူနီနီရှိ၏၊
(၇) နာဂဇ တမ္ဗံ- သလွဲမည်းကျောက်မှရသော ကြေးနီ၊ မောင်းမောင်းရှိ၏။
မှတ်ချက်။ ထွက်ရပ်သမားများသည် အမှတ် ၆၊ ၇၊ ကြေးနီနှစ်ပါးကို သုံးစွဲကြရန် အထူးမှာဆိုထား၏။

ကြေးသံ ဆယ်ပါး

၎င်းကြေးတူရိယာ၏ မျိုးကွဲအပြားတို့ကို “မဟာရာဇဝင်ကြီး”မှ ထုတ်၍ဖြေသည်။
(၁) စည်းစုပ်၊
(၂) ခွက်ခွင်း၊
(၃) ကြေးနင်း၊
(၄) မောင်း၊
(၅) ခေါင်းလောင်း၊
(၆) ကြေးစည်၊
(၇) နရည်းစရာ၊
(၈) ဆည်းလည်း၊
(၉) ကြေးပတ်၊
(၁၀) အိုးစည်၊ (ယခု ဖားစည်ဟူ၏။)
ဤဆယ်ပါးသော ကြေးသံတို့ကို သို့မဟုတ် ကြေးတူရိယာမျိုးတို့ကို မဃဒေဝလင်္ကာသစ်၌ ဤသို့စပ်ဆိုထားလေသည်။
အထူးသရုပ်၊ စည်းစုပ်, ခွက်ခွင်း၊ ကြေးနင်း, ခေါင်းလောင်း၊ မောင်းနှင့်ကြေးစည်၊ တစ်မည်နရည်း၊ ဆည်းလည်း, ကြေးပတ်၊ အိုးစည် မှတ်သား၊ တီးခတ် ဆော်ညံ၊ တကျံကျံဖြင့်၊ ကြေးသံဆယ်ပါး၊ ကြား၍အမြဲ၊ နားမရဲတည်း။

ကြောင်ကျောက်မျိုး ၄-ပါး

မဏိသျှတ္တရကျမ်းလာ “ကြောင်”ခေါ် ပတ္တမြားရတနာမျိုး လေးပါး။
(၁) ကြောင်ဇေယော်-ကြိုးစလွယ်တင်ထင်လျက် အသားဝါဝါရှိသည်၊
(၂) ကြောင်ဝေယော်- ရွှေကြိုးငွေကြိုး ရက်တန်းလျက်ရှိသည်၊
(၃) ကြောင်ရှိန်ပုတ် ဝါဝါရွှေရွှေ စိမ်းစိမ်းညိုညိုရှိ၏၊
(၄) ကြောင်ရှိန်တူ- ကြိုးစိုက် ပိုက်ကွန်ယက်သဏ္ဌာန် ရှိ၏။

ကြောင်မျက်ရွဲမျိုး ၄-ပါး

မဏိသျှတ္တရကျမ်းလာ “ကြောင်မျက်ရွဲမျိုး လေးပါး”ကို တန်ဘိုးနှင့်တကွ ခွဲခြား၍ ကျမ်းရင်းလင်္ကာအတိုင်း ဖြေဆိုလိုက်သည်။ “ကြောင်မျက်ရွဲဟု၊ ကျောက်သဲတရိုး၊ လေးပါးမျိုးတွင်၊ အဘိုးထိုက်စွာ-
(၁) “ကြောင်ဇေယာ“ကား၊ ဝါဝါအဆင်း၊ ဥနနွင်းသို့၊ ထွန်းလင်းပြိုးပြက်၊ တံခွန်ထွက်၏။
(၂) ထိုက်ထက် “ဟော်ရပ်”၊ မျက်အမြတ်ကား၊ လျှံပတ်ရွှေဆင်း၊ ညီးညီးဝင်း၏၊ ထိပ်တွင်းတံခွန်ရေး၊ ထွက်လုပြေး၏။
(၃) မည်ပေး “ဝေါ်ရပ်”၊ ပေါ်ပညတ်သည်၊ ကျောက်မြတ်ရှုဤ၊ မနီလွန်းထ၊ ဖြူလှမဆို၊ သက်တင်လိုတွင်၊ ထိပ်ပြင်လက်လက်၊ တံခွန်ထွက်၏။
(၄) တစ်ချက် “ဘသ္မာ”၊ ဝဏ္ဏာအဆင်း၊ ရွှေရည်ကျင်းသို့၊ ဝင်းဝင်းသက်တင်၊ ရေးထွက်ချင်၏။ ဤလျှင် လေးပါး၊ ကျောက်တို့များကား၊ ရွှေသားကျပ်ပြင်၊ ထားလောက်တင်မူ၊ ရွှေစင်တစ်ရာ၊ ထိုက်ပေစွာသည်၊ အာကာခေါင်တည့် ချင်းလှည့်တည်း”။

ကြောင်မျိုး ၅-ပါး

ဆေးကျမ်းလာ ဝေါဟာရတစ်မျိုး၊ ထိုထိုဆေးကျမ်းတို့၌ ကြောင်မျိုးငါးပါးဟုညွှန်းဆိုလျှင် ၎င်းငါးပါးကိုသာ သမားတော်ကြီးများ အလိုရှိကြသည်။
(၁) ကြောင်တောက်၊
(၂) ကြောင်ပန်း၊
(၃) ကြောင်ရှာ (လျှာ)၊
(၄) ကြောင်မီးပူ၊
(၅) ကြောင်ခြစ်- (ကြောင်ပျစ်)လည်းဟူ။

ကြွက်မျိုး ၄-ပါးနှင့် ပုဂ္ဂိုလ် ၄-စား

ကြွက်လေးပါးကို ပမာထား၍ ပုဂ္ဂိုလ်လေးစားကို ပြချက်။
(၁) ဂါဓံ ခတ္တာ နော ဝသိကာ- နေစရာ တွင်းလိုဏ်ဂူကိုကား ကိုယ်တိုင်တူး၏၊ သို့သော် ထိုတွင်းလိုဏ်၌မနေ၊ မတော်ရာ၌နေ၍ ရန်သူကြောင့်သေရသော ကြွက်မျိုးကဲ့သို့ သာသနာတော်၏ အဆုံးအမ ပိဋကစာပေကိုကား သင်ကြားတတ်မြောက်၏။ လိုက်နာကျင့်ကြံမှုကိုတော့ မပြု၊ မဂ်ဖိုလ်နိဗ္ဗာန်မရ၍ အဖန်ဖန်သေနေရသူမျိုး ဟူ၏။
(၂) ဝသိတာ နော ဂါဓံ ခတ္တာ- တွင်းလိုဏ်ဂူကိုကား ကိုယ်တိုင်မတူး၊ သူတစ်ပါးတူးပြီးသား တွင်းလိုဏ်များ၌သာနေ၍ အသက်ဘေးကို ကာကွယ်နေထိုင်သော ကြွက်မျိုးကဲ့သို့လည်းကောင်း။
(၃) ဂါဓံ ခတ္တာ စ ဝသိတာ စ- ကိုယ်တိုင် တွင်းလိုဏ်တူး၍ ကိုယ်တိုင်နေသော ကြွက်မျိုးကဲ့သို့ လည်းကောင်း။
(၄) နေဝ ဂါဓံ ခတ္တာ နော ဝသိတာ- ရန်သူ့အတွက် ကာကွယ်ရေးတွင်လည်း ကိုယ်တိုင်မတူး၊ နေလည်း မနေသော ကြွက်မျိုးကဲ့သို့လည်းကောင်း ပုဂ္ဂိုလ်လေးစားကို သိရာ၏။

ကြွေ, အန်, ဖဲများ၊ လောင်းကစား၊ ၆-ပါးအပြစ်ရ

၎င်းသရုပ်ကို (ကစားသမားတို့အပြစ် ၆ ပါး) ပြဿနာ၌ ရှင်းခဲ့ပြီ။

ကြိုတင်၍မသိနိုင်သော အရာမျိုး ၅-ပါး

ဝိသုဒ္ဓိ၊၂၊၂၂၈။
ဇီဝိတံ, ဗျာဓိ, ကာလောစ၊ ဒေဟနိက္ခိပနံ, ဂတိ။
ပေဉ္စတေ ဇီဝလောကသ္မိံ၊ အ နိမိတ္တာ န နာယရေ။
(၁) အသက်မည်မျှရှည်ရမည်ကို မသိနိုင်ခြင်း၊
(၂) မည်သည့်အနာရောဂါ ကျရောက်ဖြစ်ပေါ်လာမည်ကို၊
(၃) သေရမည့်အချိန်ကာလကို၊
(၄) ကိုယ်ကောင်ကြီး မြှုပ်နှံ သဂြိုဟ်ရမည့်နေရာ၊
(၅) လားရမည့်ဘဝကို မသိနိုင်ခြင်းဟူ၏။

ကွာဝေးခြင်းကြီး ၄-ပါး

ဆက်စပ်လို့မရနိုင်အောင် ကွာဝေးသောအရာကြီး ၄-ပါး ဟူ၏၊ ၎င်းသရုပ်ကို (အနန္တကွာဝေးခြင်းကြီး ၄-ပါး)၌ ပြဆိုခဲ့ပြီ။

ကွေကွင်းရခြင်း ဘာဝမျိုး ၃-ပါး

မဟာ ပရိနိဗ္ဗာနသုတ်။
(၁) နာနာဘာဝ- သေကွဲ ကွဲရခြင်း၊
(၂) ဝိနာဘာဝ- ဒေသတစ်ပါး လွင့်ပါး၍ ရှင်ကွဲ ကွဲကွာရခြင်း၊
(၃) အညထာဘာဝ- စည်းစိမ်ချမ်းသာ ခံစားပျော်ပါးရာမှ ဆင်းရဲမွဲတေရပြန်ခြင်း သမ္မာဒိဋ္ဌိအယူမှ မိစ္ဆာဒိဋ္ဌိအယူသို့ ပြောင်းသွားခြင်းမျိုး။

ခက်ကြီး ၄-ပါး၊ ကျော်ရှောင်လွှား၊ မမှားချမ်းသာရာ

သုတေသီတို့အတွက် ဥမ္မာဒန္တီပျို့မှ ၃-ပါးယူ၍ စတုတ္ထ တစ်ပါးကို ကျမ်းဆရာက ဖြည့်စွက်လိုက်သည်။
(၁) စစ်ရေး မက်ရေး၊ ရန်သူဘေးကြောင့်၊ အပြေးအလွဲ၊ ဆွေမျိုးကွဲသား၊ ပြည်ထဲရေးရာ၊ ခက်သည်သာတည်း။
(၂) အစာအစား၊ ထွားထွားမြည့်ကြေ၊ ရှားပါးလေ၍၊ သေကျေ ပျောက်စဲ၊ ငတ်မွတ်ကဲလျှင်၊ ပြည်ထဲရေးထက်၊ ဝမ်းရေးခက်၏။
(၃) ထို့ထက်မှာမူ၊ ချစ်ခင်သူနှင့်၊ အတူတကွ၊ မပေါင်းရဘဲ၊ တမ်းတပူဆွေး၊ သူနှင့်ဝေးသော်၊ ပြည်ထဲရေးနှင့်၊ ဝမ်းရေးတို့ထက်၊ လွမ်းရေးခက်၏။
(၄) အထက်ဖေါ်ပြ၊ ခက်သုံးဝထက်၊ ခက်လှတစ်ပါး၊ ထိုအစားကား၊ မပါး ထူးထုံ၊ အလွန်နုံအ၊ ပမာဏကို၊ ဘာမျှမသိ၊ ထိုသူထည့်၍၊ မရှိတာထက်၊ မသိခက်သည်၊ ခက်ဘိတရား၊ မျိုးလေးပါးတည်း။

ခက်မ ၅-ဖြာ၊ ကိုယ်ခန္ဓာ၊ ကျမ်းလာ ခွဲခြားသိ

လူသတ္တဝါ ပဋိသန္ဓေနေရာဝယ်၊ ပဌမ ကလလရေကြည်၊ ဒုတိယ အမြှုပ်၊ တတိယ သားတစ်ကလေး၊ စတုတ္ထ အသားစိုင်ကြီး၊ ၎င်းအသားဆိုင်ကြီးမှ တစ်ဆင့်၊ “ဦးခေါင်း, လက်နှစ်ဖက် ခြေနှစ်ဖက်”ပေါင်း ၅-ပါးဖြစ်ပေါ်လာသည်ကို ခက်မငါးဖြာခေါ်သည်။

ခင်ပွန်းကောင်းအင်္ဂါ ၇-ပါး

အံ၊၂၊၄၂၁-၄၂၂။ အံ၊ဋ္ဌ၊၃၊၁၆၂-၌ အကျယ်ရှု။ မိတ်ဆွေကောင်းတို့၌ ရှိထားရမည့် ကိုယ်ကျင့်တရား ၇-ပါး။
(၁) ဒုဒ္ဒတံ ဒဒါတိ- ပေးနိုင်ခက်သောဝတ္ထုပစ္စည်းကို ပေး၏၊
(၂) ဒုက္ကရံ ကရောတိ- ပြုနိုင်ခက်သော ဝတ္တရားကိုပြု၏၊
(၃) ဒုက္ခမံ ခမတိ- အလွန်အမင်း သည်းခံ၏၊
(၄) ဂုယှမဿ ပရိဂုယှတိ- လျှို့ဝှက်ထိုက်သောအမှုကို မပေါ်အောင် လျှို့ဝှက်ထားတတ်၏၊
(၅) ဂုယှမဿ အာဝီ ကရောတိ- လျှို့ဝှက်အပ်သောအမှုကို သူ့အား လျှို့ဝှက်ရန် ပြောကြားပေး၏၊
(၆) အာပဒါသု န ဝိဇဟတိ- ဘေးရန်ကြုံသောအခါတို့၌ မစွန့် မပစ်ထားခဲ့၊
(၇) ဓန ခိဏေန နာတိ မညတိ- ပစ္စည်းမွဲတေ ဆင်းရဲနေသော်လည်း မထီမဲ့မြင်မပြု။

ခင်ပွန်းကြီး ၁၀-ပါး

တေမိယဇာတက၊၂၊၁၅၀။ ကျေးဇူးမမေ့အပ် မပြစ်မှားအပ်သော မိတ်ဆွေကောင်းကြီး ဆယ်ယောက်။
(၁) ဗုဒ္ဓ- သဗ္ဗညု မြတ်စွာဘုရားသခင်၊
(၂) ပစ္စေကဗုဒ္ဓ- ဘုရားငယ်ခေါ် ပစ္စေကဗုဒ္ဓ၊
(၃) အရဟန္တ-အာသဝေါကုန်ပြီးသော ရဟန္တာ၊
(၄) အဂ္ဂသာဝက-မြတ်စွာဘုရား၏ လက်ယာရံ လက်ဝဲရံခေါ် သာဝကများ၊
(၅) မာတာ- မွေးသမိခင်၊
(၆) ပိတာ- မွေးသဖခင်၊
(၇) ဝုဒ္ဓါပစာယန- အသက် သိက္ခာ ဂုဏ်ဝါ သီလ အာစာရ အမျိုး စသည်တို့၌ မိမိထက်ကြီးမြတ်၍ ရိုသေအပ်သူများ၊
(၈) အာစရိယ- သွန်သင်ဆုံးမ ပညာသင်ပေးတတ်သော ဆရာမြတ်၊
(၉) ဟိတ ကရ- ထမင်း အဖျော် အိပ်ယာနေရာ အဝတ်ပုဆိုးစသော အာမိသနှင့်တကွ တစ်စုံတစ်ခု ကျေးဇူးရှိဖူးသူ မှန်သမျှ၊
(၁၀) ဓမ္မကထိက- ကောင်းကျိုးရရေးအတွက် တရားဟောပေးသူ တရားဟော်ဆရာ။

ခဏကြီး ၉-ပါး

အဋ္ဌက္ခဏခေါ် သာသနာတော်နှင့်မလျော်သော ဌာန (ရပ်ပြစ် ၈-ပါးနှင့် ဗုဒ္ဓုပ္ပါဒ နဝမက္ခဏကို ပေါင်းသော်) ခဏကြီး ကိုးပါးဖြစ်၏။

ခဏငယ် ၃-ချက်

အဘိဓမ္မာ ဝေါဟာရဖြစ်သည်။
(၁) ဥပါဒ်- ရုပ် နာမ်တို့၏ ဖြစ်ဆဲခဏ၊
(၂) ဌီ- ရုပ် နာမ်တို့၏ တည်ဆဲခဏ၊
(၃) ဘင်- ရုပ်နာမ်တို့၏ ချုပ်ဆဲခဏ။

ခန္တီအကျိုး ၅-ပါး

၎င်းသရုပ်အဓိပ္ပါယ် (သည်းခံခြင်းအကျိုး ၅-ပါး)မှာ ကြည့်လေ။

ခန္တီတရား ၂-ပါး

ကောင်းမှု လုပ်ငန်းတရားအတွက် သည်းခံခြင်းမျိုး ၂-ပါး။
(၁) အဓိ ဝါသန ခန္တီ- ချမ်း ပူဆာ မွတ် စသည်မျိုးနှင့် အမျက်ဒေါသစသည်တို့ကိုပါ သည်းခံအောင့်အည်းမှုမျိုး၊
(၂) အနုလောမ ခန္တီ-ဥဒယဗ္ဗယဉာဏ်မှစ၍ အနုလောမဉာဏ်အထိကို ခေါ်သည်၊ “အနုလောမ ခန္တီတိ နဝ ဝိပဿနာ ဉာဏာနိ”။

ခန္တီပါရမီတရားမျိုး ၃-ပါး

လူ နတ် နိဗ္ဗာန်ကို ရည်မှန်း၍ ကြမ်းတမ်းပြစ်မှားမှုဒေါသတို့မှ သည်းခံခြင်းတရား၃-ပါး။
(၁) ခန္တီပါရမီ- ရွှေ ငွေ ဥစ္စာစသည့် အပဖြစ်သောဝတ္ထုပစ္စည်းတို့အတွက် သည်းခံခြင်းမျိုး၊
(၂) ခန္တီ ဥပပါရမီ- ခြေ လက် မျက်စိစသော ကိုယ်တွင်းဝတ္ထုတို့အတွက် သည်းခံခြင်း၊
(၃) ခန္တီ ပရမတ္ထ ပါရမီ- မိမိအသက်ကို သတ်ဖြတ်ဖျက်ဆီးရာ၌ သည်းခံခြင်းမျိုး။

ခန္ဓာ ၃-ပါး၊ မြတ်ဘုရား၊ ဆောင်ထား ကိုယ်၌သာ

သုတ်သီလက္ခန် သုဘသုတ်၌ ဟောတော်မူသည်။
(၁) သီလက္ခန္ဓာ- သီလစောင့်စည်းမှု တရားစု၊
(၂) သမာဓိက္ခန္ဓာ- တည်ကြည်မှု စျာန်သမာဓိ တရားစု၊
(၃) ပညာက္ခန္ဓာ- ဝိပဿနာဉာဏ် ပညာတရားစု။

ခန္ဓာ ၅-ခု၊ ဆင်းရဲစု၊ ကြည့်ရှုဖျက်ဆီးရာ

သံ၊၂၊၁။ သံ၊ဋ္ဌ၊၂၊၂၂၉-၌ အကျယ်ရှု။ ရုပ် နာမ် တရားတို့၏ စုပေါင်းအမည် ငါးပါး၊ လက္ခဏာရေး ၃-ပါးဖြင့် ဆင်ခြင်ဖျက်ဆီးရာ၏။
(၁) ရူပက္ခန္ဓာ-ရုပ် ၂၈-ပါးကိုခေါ်သည်၊ ရုပ်ခန္ဓာ၊
(၂) ဝေဒနက္ခန္ဓာ- ဝေဒနာစေတသိက်ကိုခေါ်သည်၊ “နာမ်ခန္ဓာ“
(၃) သညာက္ခန္ဓာ- သညာစေတသိက်ကိုခေါ်သည်၊ “နာမ်ခန္ဓာ“
(၄) သင်္ခါရက္ခန္ဓာ- ဝေဒနာ သညာမှ တစ်ပါးသော စေတသိက်ငါးဆယ်ကို ခေါ်သည်၊ “နာမ်ခန္ဓာ“
(၅) ဝိညာဏက္ခန္ဓာ- စိတ်တရားစုဟူသမျှကို ခေါ်သည်၊ “နာမ်ခန္ဓာ”။

ခမည်းတော်သတ်၊ မင်းငါးရပ်၊ အပြတ် လူထုရှင်း

(၁) ဆရာအပေါင်းမှားသော အဇာတသတ်မင်း၊ ခမည်းတော်ဗိမ္ဗိသာရမင်းကိုသတ် နန်းတက်၊
(၂) ဥဒယဘဒ္ဒမင်း၊ ဖခင်အဇာအသတ်မင်းကိုသတ် နန်းတက်၊
(၃) အနုရုဒ္ဓါမင်းသား၊ ဖခင် ဥဒယဘဒ္ဒမင်းကိုသတ် နန်းတက်၊
(၄) မဏ္ဍမင်းသား၊ ဖခင်အနုရုဒ္ဓါမင်းကိုသတ် နန်းတက်၊
(၅) နာဂဒါသမင်းသား၊ ဖခင် မဏ္ဍမင်းကိုသတ်၍ နန်းတက်သောအခါ ပြည်သူလူထုက အဖသတ်မင်း ငါးဆက်ကိုအပြတ်
ရှင်းကာ မင်းအသစ် ရွေးကောက်၍ နန်းမြှောက်ကြသည်။

ခရီးခက်ကြီးမျိုး ၈-ပါး

၎င်း၏ သရုပ်အဓိပ္ပါယ်ကို (ကန္တာရမျိုး ၈-ပါး)၌ ပြဆိုခဲ့ပြီ။

ခရီးရှည် ဒေသစာရီသွားရခြင်း၏ အကျိုး ၅-ပါး

အံ၊၂၊၂၂၄။ အံ၊ဋ္ဌ၊၃၊၈၁-၌ အကျယ်ရှုပါ။
(၁) အသစ်အသစ် တရားစကားကို ကြားနာရခြင်း၊
(၂) ကြားပြီးသား တရားစကားကို ထပ်မံကြားနာရ၍ သံသယကင်းခြင်း၊
(၃) ပရိတ်သတ်ထဲ၌ ရဲဝံ့စွာ ပြောဟောနိုင်ခြင်း၊
(၄) အနာရောဂါကင်းခြင်း၊
(၅) မိတ်ဆွေ ဒကာပေါများခြင်း။

ခါးကြိုးတန်ဆာ၊ မျိုး ၅-ဖြာ၊ မိန့်မှာ ရာဇဝင်

ခါး၌ လှပစေရန်တန်ဆာဆင်သော ရွှေ ငွေ ပုလဲစသောရတနာကြိုးများ၊
(၁) ကဝဉ္စီ- ကြိုးတစ်သွယ်ရှိသော ခါးကြိုး၊
(၂) သတ္တတိ- ခုနစ်သွယ်ရှိသော ခါးကြိုး၊
(၃) မေခလာ- ရှစ်သွယ်ရှိသော ခါးကြိုး၊
(၄) ရတနာ- ဆယ့်ခြောက်သွယ်ရှိသော ခါးကြိုး၊
(၅) ကလာပ-နှစ်ဆယ့်ငါးသွယ်ရှိသော ခါးကြိုး။

ခုံရုံးမျိုး ၂-ပါး

တိုင်းပြည်ခရိုင် နိုင်ငံအရပ်ရပ်ရှိရုံးတော်တို့၌ မပြတ်မစဲ ခက်ခဲသောတရားများကို ဆုံးဖြတ်ပေးရသော ခုံရုံးမျိုး ၂-ပါး။
(၁) သမ္မတခုံ- ခုံတော်မောင်ကျဖမ်းတို့ကဲ့သို့ တစ်ဦးတစ်ယောက်တည်းသောသူကို အများက ဝိုင်း၍ သမုတိပေးကာ ခုံသူကြီးအရာ
တင်မြှောက်လျက် အဆုံးအဖြတ်ကိုခံယူသော သမ္မတခုံရုံး၊
(၂) ညှိခုံ-ဖြတ်ထုံးပေးခက်၍ နက်နဲသောတရားမျိုးကို အများခုံလူကြီးတို့စုရုံးကာ ထင်မြင်ယူဆချက်အမျိုးမျိုးပေး၍ဝေဖန်ဆုံးဖြတ်ရ သော ညှိခုံရုံး။

ခုနစ်ပြည်ထောင်မင်း ၇-ပါး

သုတ်မဟာဝါ ပရိနိဗ္ဗာနသုတ် ဓါတ်တော်ဝေခဏ်း၌ ထင်ရှားသော သာသနာပြု မင်းများ။
(၁) ရာဇ ဉဂိဟ်ပြည် အဇာတသတ်မင်း၊
(၂) လိစ္ဆဝီမင်း- လိစ္ဆဝီပြည်၊
(၃) မလ္လာမင်း မလ္လာပြည်၊
(၄) ကပ္ပိလဝတ်မင်း ကပ္ပိလဝတ်ပြည်၊
(၅) အလ္လကပ္ပမင်း အလ္လကပ္ပပြည်၊
(၆) ကောလိယမင်း ကောလိယပြည်၊
(၇) ပါဝါမင်း ပါဝါပြည်။

ခိုးခြင်းအင်္ဂါ ၅-ပါး

၎င်း၏သရုပ်အဓိပ္ပါယ်ကို (အဒိန္နာဒါန်အင်္ဂါ ၅-ပါး)၌ ပြဆိုခဲ့ပြီ။

ခိုးခြင်း ၂၅-ပါး

ဝိ၊၁၊၆၅။ ဝိ၊ဋ္ဌ၊၁၊၂၆၃- ၃၃၀- ၃၃၁- ၃၃၂ တို့၌ အကျယ်ရှု။ ရဟန်းတော်များအတွက် ပါရာဇိကဥပဒေပုဒ်မ ၂၊ အဒိန္နာဒါန်သိက္ခာပုဒ်၏ အသေးစိတ်ရှင်းလင်းချက် ၂၅-ပါး။
(၁) နာနာဘဏ္ဍ ပဉ္စက ခေါ် ပိုင်ရှင်မပေးသော သက်ရှိသက်မဲ့ ပစ္စည်းဘဏ္ဍာ အမျိုးမျိုးတို့ကို အောက်ပါနည်း ငါးပါးဖြင့် ခိုးယူခြင်းမျိုး။
(က) အာဒိနယ- ကျောင်း အိမ် မြေ ခြံစသည်တို့ကို လိမ်ညာသောနည်းဖြင့် တရားဆင်ကာ စွဲဆို ခိုးယူခြင်းမျိုး၊ ပိုင်ရှင်က စိတ်လျော့ဝန်ချလိုက်လျှင် ပါရာဇိက၊
(ခ) ဟရဏ-သည်ပိုးထမ်းဆောင်လာသော သူ့ပစ္စည်းကို ကိုယ့်ဥစ္စာဖြစ်အောင် ပြောဆိုစွပ်စွဲ၍ ထမ်းဆောင်လာသော သူ၏ကိုယ်ပေါ်မှ ကျစေလျက် ခိုးယူခြင်းမျိုး၊ သူ့ကိုယ်ပေါ်မှချလိုက်သည်နှင့် ပါရာဇိက၊
(ဂ) အဝဟရဏ-သူတစ်ပါးခေတ္တအပ်နှံထားသော သူပိုင်ဥစ္စာဘဏ္ဍာကို မအပ်ပါဟူ၍လည်းကောင်း ငါ့ဥစ္စာဖြစ်သည် ငါ့ဟာ ပြန်မပေးနိုင်တော့ဘူးဟုလည်းကောင်း၊ လိမ်ညာပြောဆိုလျက် ခိုးယူခြင်းမျိုး၊ ပိုင်ရှင်စိတ်လျှော့ဝန်ချသည်နှင့် ပါရာဇိက၊
(ဃ) ဣရိယာပထဝိကောပန- ထမ်းပိုးဆောင်ရွက်လာသော သူတစ်ပါးဥစ္စာကို ထမ်းဆောင် လာသူနှင့်တကွ ထမ်းလာသည့်ဥစ္စာကိုပါ ခိုးယူအံ့သောအကြံဖြင့် ပစ္စည်းရောလူပါ ခိုးယူခြင်းမျိုး၊ ပိုင်ရှင်စိတ်လျှော့ပြီး ဒုတိယခြေလှမ်းကြွသည်နှင့် ပါရာဇိက၊
(င) ဌာနာစဝန- သူချထားသော ပစ္စည်းဥစ္စာကို ခိုးယူလိုစိတ်ဖြင့် မူလနေရာမှ ရွေ့အောင် ကြွအောင်လုပ်ခြင်းမျိုး၊ ရွေ့သည် ကြွသည်နှင့် ပါရာဇိက ကျတော့၏၊ နာနာဘဏ္ဍ ပဉ္စကပြီး၏။
(၂) ဧကဘဏ္ဍ ပဉ္စက- ဤ၌ သက်ရှိ သဝိညာဏကဖြစ်သော ဘဏ္ဍာကိုသာ ယူရသည်၊ ခိုးယူခြင်းနည်း ငါးပါးမှာ နာနာဘဏ္ဍပဉ္စကအတိုင်း အာဒိနယ, ဟရဏ, အဝဟရဏ, ဣရိယာပထ ဝိကောပန, ဌာနာစဝန နည်းတို့ဖြင့် အတူတူပင်မှတ်လေ၊ ဧကဘဏ္ဍ ပဉ္စကပြီး၏။
(၃) သာဟတ္ထိက ပဉ္စက- ဤ၌ သက်မဲ့ဖြစ်သော အဝိညာဏကပစ္စည်းကို ပိုင်ရှင်မပေးပဲ အောက်ပါငါးနည်းဖြင့် ခိုးယူခြင်းမျိုး။
(က) သာဟတ္ထိက မိမိကိုယ်တိုင် ကိုယ်ထိလက်ရောက်ခိုးယူခြင်းမျိုး။
(ခ) အာဏတ္ထိက-ဤသူ၏ဘဏ္ဍာကို သွားခိုးချေဟု စေခိုင်းခြင်းမျိုး၊
(ဂ) နိဿဂ္ဂိယ- ကင်းခွန် အကောက်တော်စသည် မပေးရအောင် ဤဖက်နယ်ခြားမှ ထိုဖက်နယ်မြေသို့ကျအောင် ပစ္စည်းဥစ္စာကို ပစ်သွင်း၍ သို့မဟုတ် တစ်နည်းနည်းဖြင့် ကြံဆ၍ ခိုးယူသွားခြင်းမျိုး၊
(ဃ) အတ္ထ သာဓက- ထိုသူ၏ဘဏ္ဍာကို အခွင့်သာတဲ့အခါ စွမ်းနိုင်တဲ့အခါကိုစောင့်ပြီး ခိုးယူလိုက်ရမည်ဟု စေခိုင်းထားလျက် ခိုးယူစေခြင်းမျိုး၊
(င) ဓုရ နိက္ခေပ-တရား၌စွဲ၍ယူခြင်း လိမ်ညာလှည့်ပတ်၍ယူခြင်း၌ ဥစ္စာပိုင်ရှင်က ငါတော့ရှုံးပါပြီ၊ ငါ့ဥစ္စာတော့ မရတော့ ပါဘူးဟု ဝန်ချလိုက်ခြင်းမျိုး၊ သာဟတ္ထိက ပဉ္စက ပြီး၏။
(၄) ပုဗ္ဗ ပယောဂ ပဉ္စက- အရှင်မပေးသော ပစ္စည်းဘဏ္ဍာကို အောက်ပါနည်းငါးမျိုးဖြင့် ခိုးယူခြင်း။
(က) ပုဗ္ဗ ပယောဂ- ၎င်းခိုးနည်းကား အာဏတ္ထိကနှင့် သဘောတူဖြစ်၏၊
(ခ) သဟပယောဂ-လယ်မြေ ခြံမြေစသည်ကို နယ်ခြားမှတ်တိုင်ငုတ်စသည်ကိုနုတ်၍ ရွှေ့ပြောင်းစိုက်နှက်ခိုးယူခြင်း၊
(ဂ) သံဝိဓါ ဝဟာရ- အချင်းချင်း စုပေါင်းတိုင်ပင်၍ ခိုးယူခြင်းမျိုး၊ တိုင်ပင်စဉ်အခါက သဘောတူ ပါသူသည် ခိုးရာ၌ ပါပါ မပါပါ ပါရာဇိက၊
(ဃ) သင်္ကေတ ကမ္မ- အချိန်ကာလ နာရီအပိုင်းအခြား မှတ်သား ချိန်းချက်လျက် ဤမည်သောဘဏ္ဍာကို ခိုးယူတော့ဟု ခိုးခိုင်းခြင်းမျိုး၊ သူပေးသောအချိန်နှင့် ပစ္စည်းအတိုင်း ခိုးယူသော် ပါရာဇိက၊
(င) နိမိတ္တကမ္မ- မျက်စိမှိတ်ခြင်း၊ လက်မြှောက်ခြင်းစသော အမှတ်နိမိတ်သညာ တစ်ခုခုထား၍ ခိုးခိုင်းခြင်းမျိုး၊ နိမိတ်ပြုလိုက်သည်နှင့်တစ်ပြိုင်နက် ခိုးငြားအံ့နိမိတ်ပြသူ ပါရာဇိက၊ ပုဗ္ဗပယောဂပဉ္စက ပြီး၏။
(၅) ထေယျာ ဝဟာရ ပဉ္စက- ပိုင်ရှင်မပေးသော ပစ္စည်းဘဏ္ဍာကို အောက်ပါနည်းငါးမျိုးဖြင့် ခိုးယူခြင်းမျိုး။
(က) ထေယျာ ဝဟာရ- နံရံစသည် ဖေါက်ထွင်းဖွင့်ဖြဲ၍ခိုးခြင်း၊ တောင်း တင်း ချိန် အလေးစသည်တို့ကို စဉ်းလဲကောက်ကျစ်၍ ခိုးယူခြင်းမျိုး၊
(ခ) ပသယှာဝဟာရ- နိုင်ထက်စီးနင်းပြု၍ယူခြင်း၊ ဓါးပြတိုက်ယူခြင်း၊ ပုန်ကန်ထကြွ၍ယူခြင်း၊ မင်းစိုးရာဇာတို့သည် ရသင့်သောအခွင့်ထက် အာဏာပြ၍ ပိုမိုကောက်ခံခြင်းမျိုး၊
(ဂ) ပရိကပ္ပါဝဟာရ- ဤ၌
၁- ဘဏ္ဍာပရိကပ္ပ ခေါ် အထည်အလိပ်ကိုသာ ယူအံ့ဟူကြံစည်လျက် အခန်းတွင်းသို့ဝင်သွားပြီး မှောင်ထဲ၌ အထုပ်ကြီးကိုထမ်းယူလာလျက် ကြည့်သောအခါ အထည်မဟုတ်ဘဲ ချည်ခင်တွေဖြစ်နေပါအံ့ ပါရာဇိကမကျ၊ အထည်လိပ်ဖြစ်နေပါက ပါရာဇိကကျ၏။
၂- ဩကာသပရိကပ္ပ ခေါ် အရပ်ဖြင့် ပိုင်းခြားကြံစည်၍ခိုးခြင်းကား ဤခြံဝင်းအတွင်း၌ ငါ့ကိုတွေ့မြင်ပါမူ ဤပစ္စည်းဥစ္စာကို ဤခြံဝင်းအတွင်း၌လှည့်လည်ရင်း ကြည့်ရှုရန်ကိုင်လာသယောင်ဆောင်၍ ပြန်ပေးလိုက်အံ့၊ အကယ်၍ တစ်စုံတစ်ယောက်နှင့်မှ မတွေ့ရပါမူ ခိုးယူသွားအံ့ဟူသောအကြံဖြင့် ခိုးယူခြင်းမျိုး၊ အပိုင်းအခြား လွန်သည်နှင့် ပါရာဇိက၊
(ဃ) ပဋိစ္ဆန္နာဝဟာရ- ပန်းခြံ ရေချိုးဆိပ်စသည်တို့၌ သူတစ်ပါးချွတ်ချထားသော ဘဏ္ဍာကို ခိုးလိုစိတ်နှင့် နောက်မှယူအံ့ဟုကြံလျက် မြေမှုန့် မြက်မှိုက်စသည်တို့ဖြင့် ဖုံးအုပ်ထားပြီး ခိုးယူခြင်းမျိုး၊
(င) ကုသာ ဝဟာရ- မဲလိပ် စာရေးတံစသည်တို့ကို မိမိသို့အကောင်းရရန်ကြံစည်လျက် တစ်စုံတစ်ခုသော နည်းပရိယာယ်ဖြင့် ခိုးယူခြင်းမျိုး၊ ထေယျာ ဝဟာရ ပဉ္စကပြီး၏။

ခိုးခြင်းပယောဂမျိုး ၆-ပါး

(၁) သ ဟတ္ထိက- ကိုယ်တိုင်ခိုးခြင်း၊
(၂) အာဏတ္တိက-စေခိုင်း၍ ခိုးခြင်း၊
(၃) နိသဂ္ဂိက- နေရာရွှေ့ပြောင်းပစ်လွှင့်ခိုးခြင်း၊
(၄) ထာဝရ- တင်း တောင်း လိမ် ချိန်လိမ်စသည်ပြု၍ခိုးခြင်း၊
(၅) ဝိဇ္ဇာမယ- အမေ့ အဟန့်စသော အတတ်ပညာဖြင့်ခိုးခြင်း၊
(၆) ဣဒ္ဓိမယ- တန်ခိုးဖြင့် ခိုးခြင်း။

ခိုးသားဓါးပြကြီးတို့ လိုက်နာစောင့်ထိန်းသည့် အင်္ဂါ ၈-ပါး

၎င်းသရုပ်တို့ကို (သူခိုးဓါးပြကြီးတို့ လိုက်နာ စောင့်ထိန်းသည့် အင်္ဂါ ၈-ပါး)၌ ကြည့်ပါ။

ခိုးသားဓါးပြတို့ မှီခိုအားထားရာမျိုး ၅-ပါး

၎င်းသရုပ်တို့ကို (သူခိုး ဓါးပြ သူပုန်တို့ မှီခိုအားထားရာကြီး ၅-ပါး)၌ ကြည့်ပါ။

ခိုက်ရန်ဖြစ်ကြောင်းတရား ၉-ပါး၊ တစ်နည်း ၁၀-ပါး

၎င်းသရုပ်ကို (ရန်ညိုးဖွဲ့ကြောင်းတရား ၁၀-ပါး) ဟူသော စကားရပ်၌ကြည့်ပါ။

ခေတ် ၃-ပါး

မ၊၃၊၁၁၀။ မ၊ဋ္ဌ၊၄၊၇၉။ ဝိ၊ဋ္ဌ၊၁၊၁၂၉။ အံ၊ဋ္ဌ၊၁၊၃၅၈။ အဘိ၊ဋ္ဌ၊၂၊၄၁၁- တို့၌ရှုပါ။ ဗုဒ္ဓဘုရားသခင်နှင့်စပ်သော နယ်ပယ်သုံးပါးကို ဆိုသည်။
(၁) ဇာတိခေတ် ပဋိသန္ဓေနေသောခါ တုန်လှုပ်သည့် စကြာဝဠာတစ်သောင်းတိုက် အတွင်းကိုခေါ်သည်၊
(၂) အာဏာခေတ်-ဓမ္မစက် အာဏာတော်ပြန့်နှံ့ရာ စကြဝဠာကုဋေတစ်သိန်းအတွင်းကိုခေါ်သည်။
(၃) ဝိသယခေတ်- သဗ္ဗညုတ ဉာဏ်တော်မြတ်၏ ကျက်စားရာ မရေမတွက်နိုင်သော စကြဝဠာတို့ကိုခေါ်သည်။

ခေါင်းလောင်းကြီး ၁၀-လုံး

ကမ္ဘာကျော်ခေါင်းလောင်းကြီးများဟု (ပီးရာ့စ်- စွယ်စုံကျမ်း၊ ရုပ်စုံသစ်-စွယ်စုံကျမ်း၊ မြန်မာ့- စွယ်စုံကျမ်း၊ ဝှစ်တကာအယ်လ်မင်နစ်) စသည့် ကမ္ဘာ့စာပေဝင် ထင်ရှားသောကျမ်းစာအုပ်ကြီးများမှ ထုတ်နုတ်ဖေါ်ပြသည်။
၁။ ဇာကိုလိုကောလ်-ခေါ် ခေါင်းလောင်းကြီး၊ ဆိုဗီယက်သမ္မတနိုင်ငံ၌ ၁၇၃၃-ခုနှစ်၌သွန်းလောင်းသည်၊ အလေးချိန် တန် (၂၀၀)မျှ ပမာဏရှိ၍ ပိဿာချိန် (၁၂၈၀၀၁)မျှ ရှိလေသည်၊ အမြင့် (၁၉)ပေ၊ ၃-လက်မ၊ ထိပ်ဝ (၂၂)ပေ၊ ဒု ၂-ပေရှိသည်ဟူ၏။ ၎င်းကို ခေါင်းလောင်းဘုရင်ကြီးဟုလည်း ခေါ်ဆိုကြကုန်သည်။
၂။ ဆိုဗီယက်သမ္မတနိုင်ငံ၊ လီနင်ဂရက်မြို့အနီး ကရာ့စနိုဗာဒါရက်စ်မြို့၌ရှိသော ခေါင်းလောင်းကြီး၊ အလေးချိန် (၁၇၁)ရှိသည်၊ ပိဿာချိန်အားဖြင့် (၁၀၉၄၄၀)ရှိ၏။
၃။ ဆိုဗီယက်သမ္မနိုင်ငံ မော်စကိုမြို့၌ပင်ရှိသောခေါင်းလောင်းကြီး၊ အလေးချိန်တန် (၁၁၀)ရှိသည်၊ ပိဿာချိန် (၇၀၄၀၀)ရှိသည်။
၄။ မင်းကွန်းခေါင်းလောင်းကြီး၊ မြန်မာနိုင်ငံ မြန်မာသက္ကရာဇ် (၁၁၇၀)ခုနှစ်၊ ဘိုးတော်ဘုရားလက်ထက်က သွန်းလောင်းသည်၊ အလေးချိန် (၈၇)တန် ပိဿာချိန် (၅၅၆၈၁)ဟု ခန့်မှန်းကြသည်၊ အမြင့်ပေ (၂၀) ၃- လက်မ၊ အဝန်း (၁၆)ပေ၊ ၉-လက်မ၊ ဒု ၆-လက်မမှ ၁၂-လက်မအထိရှိသည်၊ သို့သော် မြန်မာတို့၏ နှုတ်ဖျား၌ “မမင်းဖြူမှန်မှန်ပြော“ဟု (၅၅၅၅၅၅)ပိဿာချိန်အားဖြင့် ငါးသိန်း ငါးသောင်း ငါးထောင် ငါးရာ ငါးဆယ် ငါးပိဿာမျှ ပမာဏပြုကြကုန်၏။
၅။ ဂရိတ်ဘဲလ်ခေါ် ခေါင်းလောင်းကြီး၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပီကင်းမြို့၌ရှိသည်၊ အလေးချိန် ၅၃-တန်ဖြစ်၍ ပိဿာချိန် (၃၃၉၂၀)မျှ ရှိလေသည်။
၆။ အမေရိကန်နိုင်ငံ ကွိုင်ဒွန်မြို့၌သွန်းလောင်း၍ နယူးယောက်မြို့ မြစ်ဆိပ်ကမ်း ဘုရားရှိခိုးကျောင်း၌ ထားရှိသော ခေါင်းလောင်းကြီး (၂၅)တန်ရှိ၍ ပိဿာချိန် (၁၆၀၀၀)ရှိလျက် အမေရိကန်နိုင်ငံ၌ အကြီးဆုံး ခေါင်းလောင်းဖြစ်သည် ဟူ၏။
၇။ အင်ပါရာ ခေါင်းလောင်းကြီး၊ ပြည်သူ့သမ္မဂျာမနီနိုင်ငံ ကိုလုံးမြို့၌ရှိသည်၊ အလေးချိန် (၂၄)တန်၊ ပိဿာချိန် (၁၅၃၆၀)ရှိသည်၊ ထိုခေါင်းလောင်းကြီး၏ သမိုင်းဆက်ကား ၁၈၇၀-၇၁ ခုနှစ်စစ်ပွဲ၌ ပြင်သစ်တို့ထံမှ ယူဆောင်လာသည့် အမြှောက်ကြီး ၂၂-လက်မှ သတ္ထုများကိုကျို၍ ခေါင်းလောင်းသွန်းလုပ်ရာ အလေးချိန် (၂၇)တန်ရှိသော အင်ပါရာခေါင်းလောင်းကြီး အမည်တွင်ခဲ့ဖူးသည်၊ ထို့နောက်ဂျာမနီတွင် ခဲယမ်းမီးကျောက်များလုပ်ရန် သတ္ထုများလိုနေပြန်၍ ထိုခေါင်းလောင်းကြီးကို ၁၉၁၇-ခုနှစ်၌ ကျိုလိုက်ရပြီး ၁၉၂၃-ခုနှစ်၌ အသစ်တဖန် ပြန်လည်သွန်းလုပ်ကြပြန်ရာ (၂၄)တန်သာရှိတော့သည်ဟူ၏။
၈။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ နန်ကင်းမြို့တော်၌ရှိသော ခေါင်းလောင်းကြီး၊ အလေးချိန် (၂၂)တန် ရှိ၍ ပိဿာချိန် (၁၄၀၈၀) ရှိလေသည်။
၉။ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့၊ စိန်ပေါလ်ဘုရားရှိခိုးကျောင်း၌ထားရှိသော ခေါင်းလောင်းကြီး၊ အလေးချိန် ၁၇-တန်မျှ ပမာဏရှိ၍ ပိဿာချိန် (၁၀၈၈၀)မျှ ရှိလေသည်။
၁၀။ အင်္ဂလန်နိုင်ငံ ဝက်စ်မင်နစ်စတာမြို့၊ ပါလီမန်လွှတ်တော် (ဘစ်ဘင်)နာရီစင်ကြီး၌ ထားရှိ
သော ခေါင်းလောင်းကြီး၊ အလေးချိန် (၁၃)တန်ခွဲရှိ၍ ပိဿာချိန် (၈၆၄၀)မျှ ပမာဏရှိသည်၊ ထိုခေါင်းလောင်းသံဖြင့် ဂနင်းနစ်စံတော်ချိန် ကို လန်ဒန်မြို့ရှိ ဘီ-ဘီ-စီအသံလွှင်းဌာနမှ နိုင်ငံတကာသို့ အသံလွှင့်ပေးနေသည်။
မှတ်ချက်။ ။ ဤမျှ ကြီးကျယ်သည့်ခေါင်းလောင်းကြီးများ၏အလေးချိန်ကို အတိအကျ ရနိုင်မည်မဟုတ်ပေ၊ စတင် သွန်းလောင်းစဉ်က အချိန်ပမာဏကိုပြခြင်းသာဖြစ်၍ သွန်းလုပ်ပြီးသောအခါ ယုတ်လျော့မှုများ ရှိပေလိမ့်မည်။

ခေါဘဏီအပြား မျိုး ၅-ပါး၊ တပ်သားဖွဲ့ပုံအဘယ်နည်း

စာပေ၌ “ခေါဘဏီ”ဟု မခေါ်၊ “အက္ခောဘိဏီ“ဟုသော ခေါ်၏၊ ၎င်းသရုပ်ကို (အက္ခောဘိဏီမျိုး ၅-ပါး)၌ ရှုပါ။

ခဲဘွယ်မျိုးပြား၊ ၁၂-ပါး၊ ဘုရားပညတ်ချက်

ဗုဒ္ဓဘာသာရဟန်းတော်များ၏ ဘောဇဉ်နှင့်ခြားနားသည့် စားဘွယ်ဝေါဟာရတစ်မျိုး။ ဝိနည်းပါစိတ်အဋ္ဌကထာ။
(၁) မူလ ခါဒနီယ- စားကောင်းသော သစ်မြစ် ခဲဘွယ်များ၊ ပုံ- နပဲ, ကြွက်, နပေါင်းစသည်မျိုး၊
(၂) ကန္ဒ ခါဒနီယ- သစ်ဥသစ်ဖုခဲဘွယ်များ၊ ပုံ- ပေါက်ဥ, ကန်ဇွန်းဥ, မျောက်ဥ, စသည်များ၊
(၃) မုဠာလ ခါဒနီယ- ကြာစွယ်, ကြာရင်းမျိုး၊
(၄) မတ္ထက ခါဒနီယ-အညှောင့်ခဲဘွယ်များ၊ ပုံ- ထန်းမြစ်ညှောင့်စသည်မျိုး၊
(၅) ခန္ဓ ခါဒနီယ- ပင်စည်ခဲဘွယ်များ၊ ပုံ- ကြံပင် စသည်မျိုး၊
(၆) တစ ခါဒနီယ- အခွံအခေါက်ခဲဘွယ်များ၊
(၇) ပတ္တ ခါဒနီယ- အရွက်, သစ်ရွက် ခွဲဘွယ်မျိုး၊
(၈) ပုပ္ဖ ခါဒနီယ- အပွင့် သစ်ပွင့် ပန်းပွင်းခဲဘွယ်မျိုး၊
(၉) ဖလ ခါဒနီယ-အသီးအနှံခဲဘွယ်မျိုး၊
(၁၀) အဋ္ဌိ ခါဒနီယ- သစ်စေ့ အဆန်ဖြစ်သော ခဲဘွယ်မျိုး၊ ပုံ- သစ်ဆိမ့်, ဗာတံ စသည်များ
(၁၁) ပိဋ္ဌ ခါဒနီယ- မုံ့ခဲဘွယ်ခေါ် ပဲ, ဂျုံ, ပြောင်းမှုန့်တို့ဖြင့် ပြုလုပ်သောမုံ့များ၊
(၁၂) နိယျာသ ခါဒနီယ- သစ်ပင်မှထွက်သော အစေးခဲဘွယ်မျိုး၊ ပုံ-ဟိင်္ဂိုလ် စသည်များ။

ချက်ကို လက်ဖြင့်သုံးသပ်၍ သန္ဓေတည်သူ ၂-ယောက်

ပိဋကတ်တော်၌ထင်ရှားသော ပုဂ္ဂိုလ်ထူးများ ဖြစ်သည်။
(၁) ဒုကူလရသေ့ က ပါရိကာရသေ့မ၏ချက်ကို လက်ျာလက်ဖြင့်သုံးသပ်၍ “သုဝဏသာမ”ခေါ် သုဝဏ္ဏသျှမ် သတို့သား သန္ဓေတည်သည်၊
(၂) မာတင်္ဂရသေ့သည် ပုဏ္ဏေးမ၏ချက်ကို လက်ျာလက်ဖြင့်သုံးသပ်၍ မဏ္ဍဗျလုလင် သန္ဓေရသည် ဟူ၏။

ချစ်ကြည်အပ်စွာ၊ မျိုး ၁၀-ဖြာ၊ လိုက်နာဘယ်သို့ကျင့်မည်နည်း

ဩဝါဒထူးပျို့၌ ချစ်ကြည်ရာသည်ဆယ်ပါးကို ဤသို့ကျင့်ဆောင်ရန် မိန့်ကြား၏။ ချစ်ကြည်ရာသည် ဆယ်ပါးမည်ကား၊
(၁) သွေးရည်ရင်နှစ်၊ သားကိုချစ်က၊ ကျိုးပြစ်ပြသ၊ ဆုံးမနိုင်စေ၊
(၂) အိမ်နေမယား၊ ခင်ပွန်းအားကို၊ ရှုစားကြင်ကျွမ်း၊ စူးစမ်းမြော်တင်း၊ စိုင်းပြင်းနိုင်စေ၊
(၃) ရိုသေအပ်လှ၊ မိနှင့်ဖကို၊ ဒေါသပြစ်ဝေး၊ ချစ်မြတ်လေးက၊ လုပ်ကျွေးတမူ၊ မွေးမြူပြုစု၊ ကြည့်ရှုနိုင်စေ၊
(၄) သျှင်ဧကရာဇ်၊ မင်းကိုချစ်က၊ ပုဆစ်တုပ်ပျပ်၊ မြဲကြပ်ထံပါး၊ ခစားနိုင်စေ၊
(၅) တွက်ရေရှည်ကြာ၊ သံသရာကို၊ မေတ္တာထောက်ပံ့၊ ချစ်ပန်းပျံ့က၊ နူးညံ့စိတ်စေ၊
(၆) ကျွန်ခြွေရွေကို၊ အသေအချာ၊ ချစ်ကြင်နာက၊ ဥစ္စာပေးကမ်း၊ ဖုံးလွမ်းနိုင်စေ၊
(၇) ဖေါ်ရွေသင်းပင်း၊ အိမ်နီးချင်းကို၊ ရောင်းရင်းဆံလှံ၊ မေတ္တာကျံက၊ သည်းခံနိုင်စေ၊
(၈) ဆွေခင်ပွန်းကို၊ ချစ်ကြည်ညိုမူ၊ ယွင်းယိုမရှိ၊ သတိမြဲစေ၊
(၉) မျိုးဆွေတို့အား၊ ချစ်ကြည်ငြားက၊ သွားလား တက်သက်၊ ပေါင်းဖက်နိုင်စေ၊
(၁၀) ရေမြေကွဲပြား၊ ရင်ဝေးသားကို၊ ဆွေဝါးအယှည့်၊ ချစ်အားပြည့်က၊ ရှုကြည့်မြော်ငန်း၊ နှုတ်ဆက်ခွန်းဖြင့်၊ မေးမြန်းနိုင်စေ၊ ခွဲဝေ မှာထား၊ သည်ဆယ်ပါးကို၊ ချစ်အားရှိက မြဲလုံ့လ။

ချစ်ကြိုက် စွဲလမ်း၊ တမ်းတ လွမ်း၊ ၅-ခဏ်း သံသဂ္ဂ

၎င်းသရုပ်ကို (သံသဂ္ဂမျိုး ၅-ပါး)ဟူသော ပြဿနာ၌ ဖြေဆိုမည်။

ချစ်ခင်ရင်းနှီးမှု ကြောင်းရင်း ၃-ပါး

ဝိ၊ဋ္ဌ၊၁၊၃၅။ သုတ္တနိ၊ဋ္ဌ၊၂၊၂၄၇။ တစ်ဦးနှင့်တစ်ဦး ကြည်နူးခင်မင်ခြင်းအကြောင်းတရား သုံးပါး။
(၁) ပုဗ္ဗေဝ သန္နိဝါသ-ရှေးဘဝက အတူတကွနေထိုင်ပေါင်းသင်း သီတင်းသီလတူမျှစွာ ပြုခဲ့မှုကြောင့်တစ်ပါး။
(၂) ပတ္ထနာ ကမ္မ-မျက်နှာမြင်ချစ်ခင်ပါစေဟု သူ၏ကောင်းမှုတစ်ခုခု၌ ဆုတောင်းပြုခြင်းကြောင့်တစ်ပါး။
(၃) ပစ္စုပ္ပန္န ဟိတ-ယခုမျက်မှောက်ဘဝခရီး၌ သူ၏အကျိုးစီးပွားကို လိုလားဆောင်ရွက်ပေးမှုကြောင့် တစ်ပါး။

ချမ်းသားကြီး ၄-ပါး

၎င်းသရုပ်ကို (သုခကြီး ၄-ပါး)မှာ ရှုပါ။

ချမ်းသားမျိုး ၃-ပါး

ကမ္ဘာသားများအတွက် ချမ်းသားရေးဟုသမုတ်အပ်သောတရား သုံးပါး၊ သို့သော် အိုနာသေဘေးမလွတ် ချမ်းသာတုသာဖြစ်၏။
(၁) လူ့ချမ်းသာ- လူ့ဘဝ စည်းစိမ်ချမ်းသာဟူသမျှ၊
(၂) နတ်ချမ်းသာ- နတ်ပြည်ခြောက်ထပ် နတ်တို့ချမ်းသာ၊
(၃) ဗြဟ္မာချမ်းသာ- ဗြဟ္မာ ၂၀-ရှိ ချမ်းသာမှုများ။

ချမ်းသာမျိုး ၃-ပါး၊ တစ်နည်း

၎င်းသုံးပါးကား တစ်ခုထက်တစ်ခု ပို၍ချမ်းသာစစ်ဖြစ်၏။
(၁) စျာန်ချမ်းသာ- စျာနသုခမျိုး၊
(၂) မဂ် ဖိုလ်ချမ်းသာ -မဂ္ဂသုခ ဖလသုခမျိုး၊
(၃) နိဗ္ဗာန်ချမ်းသာ- ချမ်းသာတကာတို့၏အထွတ်အထိပ်ချမ်းသာမျိုး။

ချသံခေါ်ငြား၊ ၁၈-ပါး၊ သင်ကြားကဗျာ အဘယ်နည်း

၎င်းသရုပ်ကို (ဘယ်သံ ၁၈-ပါး)၌ ရှုပါ။

ချီးမြှောက်ခြင်း ၂-မျိုး

(၁) ပစ္စယာနုဂ္ဂဟ- ပစ္စည်းလေးပါးနှင့် လှူဒါန်းပေးကမ်းချီးမြှောက်ခြင်း၊
(၂) ဓမ္မနုဂ္ဂဟ-တရားဓမ္မသင်ကြားပြသဆုံးမပေးခြင်း၊ ကျင့်ကြံအားထုတ်ခြင်း။
မှတ်ချက်။ ။ သားသနာတော်၌ ၎င်း ၂-မျိုးနှင့်ကင်းကွာက မကြီးပွားနိုင်ချေ၊ သံ၊၂၊၇၅။ သံ၊ဋ္ဌ၊၂၊၂၇၅-တို့၌ အကျယ်ရှု။

ချောပစ်ကုန်းတိုက်သူ၏အပြစ်မျိုး ၇-ပါး

၎င်းသရုပ်ကို (ပိသုဏဝါစာကံ၏ မကောင်းကျိုး ၇-ပါး)၌ ရှုပါလေ။

ခြင်္သေ့မျိုး ၄-ပါး။ တစ်နည်း ၅-ပါး

သံ၊၂၊၇၀။ သံ၊ဋ္ဌ၊၂၊၂၆၁။ အံ၊၁၊၃၄၂။ အံ၊ဋ္ဌ၊၂၊၂၉၁-၂၉၂ စသည်တို့၌ အကျယ်ရှုပါ။ သုတေသီတို့အတွက် အကျဉ်းချုပ်မျှပြထားသည်။
(၁) တိဏသီဟ ပြောက်ကြားသော ကိုယ်ရေအဆင်းရှိသော နွားမနှင့်တူသည့် မြက်စားခြင်္သေ့မျိုး၊
(၂) ပဏ္ဍု သီဟ- ဖျော့သော သစ်ရွက်လျော်အဆင်းရှိ၍ သားစားခြင်္သေ့မျိုး၊ ရန်ကုန်တိရိစ္ဆာန်ရုံ၌ရှိသော ခြင်္သေ့မျိုး၊
(၃) ကာလသီဟ-မည်းနက်သောအဆင်းရှိ၍ မြက်နှင့်သားသေကောင်များကိုသာစားလေ့ရှိသော ခြင်္သေ့နက်မျိုး၊
(၄) ကေသရသီဟ-သားကောင်အရှင်များကိုသာ ဖမ်းယူစားသောက်လေ့ရှိသော ခြင်္သေ့မျိုးကား နီရဲသောနှုတ်သီးဖျား အမြီးဖျားရှိ၏၊နီမြန်းသောအရေအဆင်းသုံးခုတို့သည် ဦးခေါင်းမှစ၍ ကျောက်ကုန်းလယ်သို့ရောက်အောင် ဆင်းသွားလျက် ချက်၌ လက်ျာရစ်ပတ်ခွေကာ တည်နေ၏၊ ၎င်း၏လည်ဆံမွွှေးတို့ကား ရွှေကွန်ယက် ကမ္ဗလာတို့ဖြင့် ခြံရံဆင်မြန်းထားသကဲ့သို့ရှိ၏၊ ထိုမှကြွင်းသော အရပ်အစိတ်အပိုင်းတို့ကား ပွတ်သစ်စခရုသင်းကဲ့သို့ ဖြူဝင်းစင်ကြယ်လျက်ရှိ၏၊ ၎င်းသည် အစာငတ်၍အသက်သေမည်ပင်ဖြစ်စေကာ သားသေကောင်နှင့် မြက်သစ်ရွက်တို့ကို ဘယ်အခါမျှမစားသောက်ချေ၊
(၅) မနုသီဟခေါ် နရသီဟ- ခြင်္သေ့မျက်နှာနှင့် လူ၏ကိုယ်သဏ္ဌန်ရှိ၏၊ အဝတ်တန်ဆာ ဆင်ယင်၏၊ ၎င်းတို့ကား အခါခပ်သိမ်းရှိနေသည်မဟုတ်၊ မြတ်စွာဘုရားပွင့်ရှိတော်မူသောကာလ၌ ဖြစ်ရှိသည်ဟု မှတ်ရမည်၊ ထို့ကြောင့် ခြင်္သေ့မျိုး ၄-မျိုးသာ ရေတွက်ရိုးပြုကြကုန်သတတ်။

ခြေတော်ရာ ၃-ဆူ

ဘုရားရှင်၏ အမြဲတည်နေသော ခြေတော်ရာစေတီမြတ် ၃-ဆူ။ လင်္ကာဒီပခေါ် သီဟိုဠ်ကျွန်း၌ တစ်ဆူ၊ ယောနကရဋ္ဌခေါ် ဇမ္ဗူဒိပ်ကျွန်း၌ ၂-ဆူ၊ ပေါင်း ၃-ဆူ။

ခြောက်ဆယ့်နှစ်ပါးသော မိစ္ဆာဒိဋ္ဌိ

ဤ၌ အကျဉ်းမျှသာပြလိုက်သည်၊ ဒီ၊၁၊၉၅။ ဒီ၊၁၊၂၈။ ဒီ၊ဋ္ဌ၊၁၊၁၀၉။ ဒီ၊၁၊၃၆။ ဒီ၊ဋ္ဌ၊၁၊၁၁၃။ သံ၊၂၊၃၇။ သံ၊ဋ္ဌ၊၂၊၂၄၈။ မ၊၃၊၁၈။ မ၊ဋ္ဌ၊၄၊၁၀-တို့၌ အကျယ်ရှုပါလေ။
(က) သဿတ ဒိဋ္ဌိဝါဒ ၄-ပါး၊
(ခ) ဧကစ္စ သဿတ ဒိဋ္ဌိဝါဒ ၄-ပါး၊
(ဂ) အန္တာနန္တ ဒိဋ္ဌိဝါဒ ၄-ပါး၊
(ဃ) အမရာ ဝိက္ခေပ ဒိဋ္ဌိဝါဒ ၄-ပါး၊
(င) အဓိစ္စ သမုပ္ပန္န ဒိဋ္ဌိဝါဒ ၂-ပါး၊
(စ) ဥဒ္ဓမာ ဃာတန သညီ ဒိဋ္ဌိဝါဒ ၁၆-ပါး၊
(ဆ) ဥဒ္ဓမာ ဃာတန အသညီ ဒိဋ္ဌိဝါဒ ၈-ပါး၊
(ဇ) ဥဒ္ဓမာ ဃာတန နေဝသညီ နာသညီ ဒိဋ္ဌိဝါဒ ၈-ပါး၊
(စျ) ဥစ္ဆေဒဒိဋ္ဌိဝါဒ ၇-ပါး၊
(ည) ဒိဋ္ဌိဓမ္မ နိဗ္ဗာန ဒိဋ္ဌိဝါဒ ၅-ပါး။

ခြောက်ဆယ့်လေးဖြာ၊ ကောင်းခြင်းရာ၊ ကညာလှအပျို

၎င်းသရုပ်ကို (ကောင်းခြင်း ၆၄-ရပ်)၌ ရှုပါ။

ခြောက်ဆယ့်လေးဖြာ၊ ကျင့်ဝတ်လာ၊ ဆရာဝိနည်းဓိုရ်

၎င်းသရုပ်ကို (အနုဝဇ္ဇက ကျင့်ဝတ် ၆၄-ပါး)ဟူသော အမေး၌ ဖြေခဲ့ပြီ။

ခြောက်ပါးသီလ

ဝိကာလ ဘောဇနဆက္ကသီလ ဟုလည်းခေါ်၏။
(၁) ပါဏာတိပါတာ၊
(၂) အဒိန္နာဒါနာ၊
(၃) အဗြဟ္မစရိယာ၊
(၄) မုသာဝါဒါ၊
(၅) သုရာမေရယ၊
(၆) ဝိကာလ ဘောဇနာ ဝေရမဏိ သိက္ခာပဒံ သမာဒိ ယာမိ။

ခြောက်ပြစ်ကင်းဟု၊ ခေါ်ဆိုပြု၊ ၆-ခုအဘယ်နည်း

မိန်းမများ ရုပ်ဆင်းအင်္ဂါရွေးချယ်ရာ၌ အပြစ်ခြောက်ပါးကို ဆိုသည်၊ ၎င်းခြောက်ပါးကိုတင်စား၍ နေရာတကာ၌ ပမာထားပြောဆိုကြကုန်၏၊ ဓမ္မပဒ မဟာဋီကာ
(၁) အတိထူလာ- ဝလွန်းသူ၊
(၂) အတိကိသာ- ပိန်လွန်းသူ၊
(၃) အတိ သုက္ကာ- ဖြူလွန်းသူ၊
(၄) အတိ တဏှာ- မည်းလွန်းသူ၊
(၅) အတိ ဒီဃာ- ရှည်လွန်းသူ၊
(၆) အတိ ရဿာ- ပုလွန်းသူ။

ခွေးတို့အကျင့် ၆-ပါး

လူတို့နည်းယူစရာ ခွေးတို့၏အကျင့်များ၊ စာဏကျနီတိပျို့မှ ထုတ်ဖြေလိုက်သည်။ ခွေးတို့ဟူသည်၊
(၁) အတည်တည်လျှင်၊ အမည်မရှား၊ အစာများကို၊ သောက်စားနိုင်လျှင်း၊
(၂) အစာသွင်းလည်း၊ ချက်ခြင်းမျှလွယ်၊ အနည်းငယ်မျှ၊ ဝမ်းဝယ်ရောက်က၊ နေနိုင်ကြ၏၊
(၃) ခဏခြင်းဝယ်၊ အိပ်ပျော်လွယ်၍၊
(၄) တစ်သွယ်မှတ်ရန်၊ အနိုးမြန်လျက်၊
(၅) ထက်သန်အားသစ်၊ အရှင်ကိုချစ်၏၊
(၆) စင်စစ်ရဲရင့် ဤခြောက်ဆင့်ကို၊
အသင့်ယူငင်၊ တတ်အောင်သင်လော့။

ခွေးမျိုး ၅-ပါး

ဘယဆေးအခေါ်ဖြစ်သော အပေါင်းစကား။
(၁) ပေါက်ခွေး၊
(၂) ခွေးငယ်ရိုင်းခေါ် ခွေးလည်းယား၊
(၃) ခွေးတောက်ကြီး၊
(၄) ခွေးတောက်လိမ်၊
(၅) ခွေးသေးပန်းဟူ၏။

ခွဲထားစပ်များ၊ မျိုး ၂-ပါး၊ အသွားမည်သို့ခြားသနည်း

အောက်ပါအတိုင်း ခြားနားကြပါသည်။
(၁) သံတူ သတ်ခွဲ ကြောင်းလွှဲခွဲထား- အသံသာတူ၍ အက္ခရာချင်းလည်းမတူ၊ အသတ်မတူ အကြောင်းအဓိပ္ပါယ်မတူသော ခွဲထားစပ်မျိုး၊ ပုံ-မင်းပေါင်း ၆-ဆက်၊ ကြံလျက်ဖမ်းငှာ၊ မတတ်”ရာ”လည်း၊ မာ”ယာ”ဆောင်ပြ၊ ဥဒေါင်းမ၌၊ (မဃဒေဝ)
စနောင့်စနင့်၊ ရှိနှင့် “ကျင်”သော်၊ “ကြင်”ငါတို့ကား၊ (ဇနကပျို့)
စွန်းနားသုံး “ယှိ”၊ လုံးတိတိလည်း၊ တ”ရှိ”လည်းကောင်း။ (နေမိဘုံခန်း။)
(၂) သံတူ သတ်တူ ကြောင်းလွဲ ခွဲထား- အသံလည်းတူ ကာရန်အက္ခရာလည်းတူ၍ အကြောင်းအဓိပ္ပါယ်ကွဲလဲသော ခွဲထားစပ်မျိုး၊
ပုံ- ဆယ်ဆူသီ”လ”၊ နိယမလည်း၊ ကာ”လ”ပိုင်းခြား၊ (မဃဒေဝ)
စေ့စပ်ကုန်တွင်၊ အောင်စီ”ရင်”သည်၊ ဘု”ရင်”များချာ၊ (သူဇာပျို့)
လျပ်ပေါ်မည်း”နက်”၊ ယောက်ျားပျက်နှင့်၊ လက်”နက်”မြှောက်ချီ၊ (ဝိဓူရပျို့။)

ဂင်္ဂါမျိုး ၄-ပါး

(၁) အာဝဋ္ဋဂင်္ဂါ- ဝဲတို့ဖြင့် လှည့်လည်ခွေရစ်၍စီးနေသောမြစ်၊
(၂) ဗဟလဂင်္ဂါ- နက်သော ရေထုရှိသောမြစ်၊
(၃) ဥမင်္ဂဂင်္ဂါ- ဥမင်လိုဏ်ခေါင်းဖြစ်၍ နေသောမြစ်၊
(၄) အာကာသဂင်္ဂါ- ကောင်းကင်၌ ရှိသောမြစ်၊
အပါဒါန် အဋ္ဌကထာ။ ပ-အုပ်။ ၃၄၃။

ဂတိ ၅-ဖြာ၊ သတ္တဝါ၊ လားရာအဘယ်နည်း

ဥဒါန၊ဋ္ဌ၊၁၂၃။ ဣတိဝုတ်၊ဋ္ဌ၊၁၂၁-တို့၌ အကျယ်ရှုပါ။ ပုထုဇဉ်တို့ လားရောက်ကျဆင်းရာ ၅-ပါး။
(၁) ဒေဝဂတိ- နတ်ပြည် ဗြဟ္မာပြည်၊
(၂) မနုဿဂတိ- လူ့ပြည်၊
(၃) ပေတ ဂတိ- ပြိတ္တာပြည် အသူရကာယ်ပြည်၊
(၄) တိရစ္ဆာန ဂတိ- တိရိစ္ဆာန်ပြည်၊
(၆) နိရယဂတိ- ငရဲပြည်။

ဂတိမြဲရန်၊ ပုထုဇန်၊ ၆-တန် ဂုဏ်အင်္ဂါ

ဂတိ မြဲ မမြဲကို ဥပရိပဏ္ဏာသ အဋ္ဌကထာ၌ ပြဆိုသည်ကား-သဒ္ဓါ သီလ သုတ စာဂ ပညာ ပတ္ထနာ ဤအင်္ဂါခြောက်ပါး နှင့်ပြည့်စုံသောသူသည်သာ မြဲသော
ဂတိရှိ၏။အထက်ငါးပါးနှင့်ပြည့်စုံ၍ ဆုတောင်းပတ္ထနာမရှိမူ လားရာဂတိမမြဲပေ၊ ပတ္ထနာရှိသော်လည်း အထက်ပါငါးပါး မရှိပါမူ လားရာဂတိမမြဲဟူ၏။

ဂန္ထတရား ၄-ပါး

သံသရာဝဋ်မှ မလွတ်အောင် ဖွဲ့နှောင်တတ်သော သဘော၄-မျိုး။
(၁) အဘိဇ္ဈာ ကာယဂန္ထ-လိုချင်မှု လောဘတရား၊
(၂) ဗျာပါဒ ကာယဂန္ထ- ပြစ်မှားမှု ဒေါသတရား၊
(၃) သီလဗ္ဗတပရာမာသ-မှားယွင်းမှုကိုပင် ကိုယ့်အယူ ကိုယ်မှန်၊ သူ့အယူသူမှန်ဟု မှတ်ထင်ဆွဲယူ သုံးသပ်မှု ဒိဋ္ဌိတရား၊
(၄) ဣဒံသစ္စာဘိ နိဝေသ ကာယဂန္ထ- မိမိ၏မှားသောအယူကို ငါ့အယူသာမှန်သည်၊ သူ့အယူအားလုံးမှားသည်ဟု စွဲယူသုံးသပ်မှု မိစ္ဆာဒိဋ္ဌိတရား။

ဂန္ထာရမ္ဘမျိုး ၃-ပါး

ကျမ်းစာရေးမှု ပြုစုရာ၌ စသည်အားထုတ်မှုမျိုး ၃-ပါး။
(၁) ပဏာမ ပုဗ္ဗက ဂန္ထာရမ္ဘ-ရတနာသုံးပါးကို ရှိခိုးခြင်းလျှင်အစထား၍ အားထုတ်မှု၊
(၂) အာသီသ ပုဗ္ဗက ဂန္ထာရမ္ဘ- မိမိလိုရာကို တောင့်တမှုလျှင်ရှေ့သွားရှိသော အားထုတ်မှု၊
(၃)ဝတ္ထု ပုဗ္ဗက ဂန္ထာရမ္ဘ- ဖြစ်ရပုံဝတ္ထုအကြောင်း နိဒါန်းကို ရှေးဦးစွာပြထား၍ အားထုတ်မှု။

ဂန္ဓာရီ ဝိဇ္ဇာမျိုး

ဂန္ဓာရီအရကို ၎င်းဝိဂြိုဟ်ဖြင့်သိပါ၊ “ဂန်ဉာဏံ ဓါရေတီတိ ဂန္ဓာရော၊ ဂန္ဓာရော ယဿ အတ္ထိ တသ္မိံ ဝါဝိဇ္ဇတီတိ ဂန္ဓာရီ”။
(၁) စူဠ ဂန္ဓာရီ- ဖုတ်ကြီး ၄၀၊ ကဝေ ၉၉-နှင့်တကွ ၃၇ မင်း၊ ဂုမ္ဘန် ယက္ခ ဂန္ဓဗ္ဗ၊ စသော အောက်နတ် ပုဂ္ဂိုလ်တို့ကိုစွဲ၍ ပြုလုပ်စီရင်ကြသော အင်းအိုင် မန္တန် ဂါထာ မန္တရား လက်ဖွဲ့ ခါးလှည့် မော် စသော ပညာတတ်သူ မော်ဆရာ ပယောဂဆရာ အောက်လမ်းဆရာ အကြမ်းဆရာစသည်မျိုး။
(၂) မဟာဂန္ဓာရီ- သူရဿတီမယ်တော်ကြီးမှစ၍ ဒေဝီ ၂၁၊ သာသနာတော်စောင့်နတ်မင်းကြီး ငါးပါးစတုလောကပါလနတ်မင်းကြီး လေးပါး ဘိုးတော်သိကြားမင်းမှစ၍ အထက်နတ်ဟူသမျှနှင့် ဝိဇ္ဇာ ဇော်ဂျီတပသီတို့၏အဖြစ်၊ ၎င်းတို့နှင့်သက်ဆိုင်ပတ်သက်၍ရသော သိဒ္ဓိအကျိုးရှိသူဟူသမျှကို ဆိုသည်၊ ကျမ်းဂန်များ၌ ၎င်းနှစ်ခုသာ မူရင်းပြသည်။

ဂန္ဓာရီ ဝိဇ္ဇာမျိုး ၄-ပါး။ တစ်နည်း

ဂန္ဓာရီနတ်မျိုး၏ အပြား၄-ပါးကိုဆိုသည်၊ အတုလ ဝိဇ္ဇာမယ သိဒ္ဓိကျမ်းမှ။
(၁) ဆေးဝိဇ္ဇာ ဂန္ဓာရီ - နတ်ဆေးဖြင့် စီရင်သည်၊
(၂) ပြဒါးဝိဇ္ဇာ ဂန္ဓာရီနတ်- ပြဒါးရှင်လုံးနှင့်စီရင်သည်၊
(၃) သံဝိဇ္ဇာ ဂန္ဓာရီနတ်- သံသေလုံးနှင့်စီရင်သည်၊
(၄) အင်းမန္တန်သမထဂန္ဓာရီဝိဇ္ဇာနတ်- ၎င်းတို့၏တန်ခိုးဖြင့် သိဒ္ဓိပြီးသူများ။

ဂန္ဓာရုံမျိုး ၁၀-ပါး

ဂန္ဓမာဒနတောင်ရှိ ဂန္ဓမျိုး ၁၀-ပါးရှိကြောင်းကို မ၊ဋ္ဌ၊၃၊၂၅-တို့၌ဆို၏။
(၁) မူလဂန္ဓ၊
(၂) သာရဂန္ဓ၊
(၃) ဖေဂ္ဂု၊
(၄) တစ၊
(၅) ပပဋိကာ၊
(၆) ခန္ဓ၊
(၇) ရသ၊
(၈) ပပ္ဖ၊
(၉) ဖလ၊
(၁၀) ပတ္တ ဂန္ဓ၊
၎င်းအပြည့်အစုံကို (နံ့သာမျိုး ၁၀-ပါး)၌ အကျယ်ရှုပါ။

ဂဗ္ဘသေယျပဋိသန္ဓေမျိုး ၂-ပါး

အမိဝမ်းတိုက်၌ ပဋိသန္ဓေနေပုံ ၂-မျိုး။
(၁) အဏ္ဍဇဂဗ္ဘသေယျ- ဥဖြင့်နေသောအမျိုး၊ ငှက် မြွေစသည်၊
(၂) ဇလာဗုဇ ဂဗ္ဘသေယျ- အမိ၏ဝမ်း၌နေ၍ မွေးဖွားသောအမျိုး၊ လူ ခွေး နွားစသည်။

ဂမ္ဘီရတရားကြီး ၄-ပါး

ပိဋကတ်တော်လာ နက်နဲသိမ်မွေ့သောတရားကြီးလေးပါး၊ အဋ္ဌသာလိနီ အဋ္ဌကထာ။
၁ ဓမ္မ ဂမ္ဘီရ- အကြောင်းအားဖြင့် နက်နဲခြင်း၊ တရားတော်၏နက်နဲခြင်း၊
၂ အတ္ထဂမ္ဘီရ- အကျိုးအားဖြင့်နက်နဲခြင်း၊ အနက်အဓိပ္ပါယ်နက်နဲခြင်း၊
၃ ဒေသနာ ဂမ္ဘီရ- အနုလောမ ပဋိလောမ ဒေသနာတော်အားဖြင့် နက်နဲခြင်း၊ ဟောပြောပုံ၏နက်နဲခြင်း၊
၄ ပဋိဝေဓဂမ္ဘီရ- ထိုးထွင်းသိရခြင်း၌ နက်နဲခြင်း။

ဂမုန်းမျိုး ၃၁-ပါး

ဤ၌ ဂမုန်းညွှန်းကျမ်းလာအတိုင်း ပြထားသည်။
(၁) ဂမုန်းဖြူ- နနွင်းရွက်ကဲ့သို့ရှိ၏။ အမြစ်ဖြူ၏၊ တစ်နှစ်တစ်ခါ ရွေ့၍ပေါက်၏၊ ထိုကို”ဂမုန်းလည်”ဟူ၍လည်း ခေါ်၏၊ အဖြူစစ်က နေရာမမြဲရှိ၏၊ ၎င်းကား ကြေးဖြူသည်၊
(၂) ဂမုန်းနီ- ဆိတ်ဖူးရွက်ကဲ့သို့ ပြာလဲ့လဲ့နှင့် ပင်ရင်းနီ၏၊ နနွင်းတက်ကဲ့သို့ရှိ၏၊ ထုံးမှာခတ်သော်နီ၏၊ ဟင်္သပြဒါးကဲ့သို့ နီမှစစ်သည်၊ သဗ္ဗရာဇာ အစိမ်း၊ ဖုတ်၊ တဇ္ဇေ၊ ဘီလူးတို့ကိုနိုင်၏၊ ဂဝံထု၍ဆောင် ရှိမ်းပြီး၏၊
(၃) ဂမုန်းနက်- နနွင်းတက်ကဲ့သို့ရှိ၏၊ ကျောက်မီးသွေးကဲ့သို့ နက်၏။ သို့မှစစ်သည်၊ ကိုယ်၌လိမ်းသော် ရှိမ်းပြီး၏၊ ဂဝံထု၍ဆောင် ရှိမ်းဆာယာအောင်၏၊ အမှုန့်ပြု၍ ကြေးခပ်ပြားကိုလင်းအောင်ခပ် ရေနံတွင်သွန်း သုဝဏ္ဏဓမ္မရာဇ် ဖြစ်၏၊
(၄) ဂမုန်းကတိုး- အရွက်လက်ဝါးခန့် အရှည်ဝန်းဝန်း မြေနှင့်တစ်ထွာခန့်ရောက်သည်၊ မွှေးကြိုင်၏၊ ဣတ္ထိသျှိုကောင်း၏၊
(၅) ဂမုန်းခတ္တာ- ဂမုန်းကတိုးကဲ့သို့အရွက်အနား လက်တစ်လုံးခန့် ရေးရေးနီ၏၊ ဣတ္ထိသျှိုကောင်း၏၊
(၆) ဂမုန်းခွေးလာ- အရွက်လက်ဝါးခန့် အကြောတွင် ပြာသာဒ်ရောက်၏၊ ဆိတ်ဖူးရွက်ကဲ့သို့ အဆင်းပြာပြာ စိမ်းစိမ်းညိုညိုရှိသည်၊ ခွေးချစ်တတ်သည်၊
(၇) ဂမုန်းကြက်လာ ဆိတ်ဖူးရွက်ကဲ့သို့ ရှိသည်၊ ပြာချည် စိမ်းချည်ရှိ၏၊ ကြက်ချစ်တတ်၏၊
(၈) ဂမုန်းဝက်လာ-ဝမ်းနီ၍ကျောက်မဲ၏၊ ဝက်ချစ်တတ်၏၊
(၉) ဂမုန်းနွားလာ- အကြောညို၏၊ ဝမ်းနီ၏၊ ညိုမောင်းတွင် ဖြူဖြူအပြောက်ပါသည်၊ နွားချစ်တတ်၏၊
(၁၀) ဂမုန်းပြောက်ကြီး နနွင်းပင်နှင့်တူ၏၊ ညိုမောင်းတွင်အဖြူညှင်းပြောက်ပါသည်၊
(၁၁) ဂမုန်းပြောက်ငယ်- ဆိတ်ဖူးရွက်ကဲ့သို့ ဥတွင်ပြသာဒ်ရောက်သည်၊ အရွက်ညှင်းပြောက်ရှိသည်၊
(၁၂) ဂမုန်းရှင်သူငယ်- ဆေးတစ်လုံးပင်ကဲ့သို့လည်းကောင်း၊ ငှက်ပျောရွက်ကဲ့သို့လည်းကောင်း အဖျားတိတိဝန်းဝန်းရှိ၏၊ အရွက်နီ၏၊ ငှက်ပျောခေါင်း ပိန်းခေါင်းကဲ့သို့ရှိမှ စစ်သည်၊ အမှုန့်ပြုဘင်ကိုဖြူး၍ထိုး၊ နွားချေးရေမှာ ဆယ်မီးစေ့အောင်သွန်း၊ ဘင်ဖြူ၏၊ ဒန်ကိုဖြူး ဒန်သေ၏၊
(၁၃) ရစ်ဂမုန်း- နနွင်းသဏ္ဌာန် အရွက်နီသည်၊ ပြာစိမ်းစိမ်း ညှင်းသေးပြောက်ပါ၏၊ အရွက်ထူသည်၊ ရွက်ဖျားစိမ်းသည်၊ ဣတ္ထိသဗ္ဗသျှိုပြီး၏၊ ဆောင်သောအခါ စားသောက်တန်ပြန် သေဆေးဟူသမျှကိုနိုင်၏၊ ကျားမွေ မကိုက်ဝံ့၊
(၁၄) ဂမုန်းလိပ်မတွား- ဆိတ်ဖူးရွက်နှင့် သဏ္ဌာန်တူသည်၊ ကွကွရှိသည်၊ အရွက်ကျရောက်ရာ၌ အညွှန့်အပင်ပေါက်သည်၊ အမြစ်ပေါ်သည်၊ ကျွန်ကျေးထွက်ပြေးတတ်သော် ထမင်းဟင်းမှာအမှုန့်ခပ်၍ကျွေးလေ၊ မပြေးနိုင်ပြီ၊ဣတ္ထိသျှို၊
(၁၅) ဂမုန်းလိပ်မေ့၊ ဇရစ်၊ မဟောရာနှင့်တူ၏၊ အပင်သေးသေး အရွက်တစ်ချပ်တည်း၊ အမြစ်မှာတစ်လုံးတည်းရှိ၏၊ အရိုးကိုဆိတ်သော် နို့ရည်ကဲ့သို့ ထွက်သည်၊ မေ့စေတတ်သည်၊
(၁၆) ဂမုန်းဆိတ်လာ-ခတ္တာရွက်ကဲ့သို့ နက်ကျောကျောရှိ၏၊ အမြစ် တမာမြစ်နှင့်တူ၏၊
(၁၇) ဂမုန်းလိပ်လာ- ဆိတ်ဖူးရွက်ကဲ့သို့အတွင်းဝမ်းကအပြောက်ရှိ၏၊ အမြစ်တွင် အပေါက်အပေါက်ရှိ၏၊
(၁၈) ဂမုန်းသင်္ဃာစင်- ဇလတ္ထာပုံကဲ့သို့ အမြစ်လုံးလုံးနေ၏၊
(၁၉) ဂမုန်းဂေါ်သဇင်- တန်ပြန်ကောင်း၏၊ ဆိုခဲ့ပြီးသောဂမုန်းမျိုးတို့ကို အစဉ်မှန်အောင်စုမူရာဇ သဗ္ဗသျှိုပြီးတော့သည်၊ ခြင်္သေ့၊ ကျား၊ သစ်၊ ဆင်၊ မြင်း၊ ကျွဲ၊ နွား၊ နဂါး၊ မိကျောင်း၊ ဝံ၊ ဘီလူး၊ တဇ္ဇေ၊ ဝနေရုက္ခ၊ ဘုမ္မဋ္ဌစသော နတ်ပြိတ္တာ စုန်းပြိတ္တာတို့ကိုနိုင်သည်၊ “ဂမုန်းပေါင်း”ဟူ၏၊
(၂၀) ဂမုန်းဆင်လာ-ဆေးတစ်လုံးရွက်နှင့်တူ၏၊ ရွက်ကြောစိမ်းစိမ်းရှိ၏၊ သရက်ကင်းနှင့်တူ၏၊ အထက်ဖျားကား ဆင်ခေါင်းကဲ့သို့ရှိ၏၊ ဆင်ချစ်စေတတ်၏၊ ]ဂမုန်းဆင် ကာလကဏ္ဍိ}ဟူ၍လည်း ခေါ်ဆို၏၊
(၂၁) ဂမုန်းမြင်း ကာလကဏ္ဍီ- အရွက်တစ်ဖက်၏ အရိုးအကြောအရွက် အလုံးစုံနီ၏၊ တစ်ဖက်ကားစိမ်း၏၊ အတက်သရက်ကင်းနှင့်တူ၏၊ မြင်းချစ်၏၊
(၂၂) ဂမုန်းလူ ကာလကဏ္ဍီ- အရွက်ကြက်ဖြူရွက်နှင့်တူ၏၊ ခေါင်းတွင် လှံနှစ်စင်းကြက်ခြေခတ် အမှတ်တံဆိပ်
ရှိ၏၊ သဗ္ဗရာဇဣတ္ထိသျှို၊
(၂၃) ဂမုန်းမ- ရွှေသားသဏ္ဌာန်ပင်လုံး ဝင်ရိုးဖျားကဲ့သို့ရှိ၏၊ ကြောင်ပန်းရှားစောင်းပင်တွင် ပေါက်တတ်၏၊
(၂၄) ဂမုန်းကြက်တောင်စင်- ကြက်မွေးကြက်တောင်နှင့်တူသောရွက်ခက်ရှိ၏၊
(၂၅) ဂမုန်းသံဃာစင်ဆေးတစ်လုံးပင်နှင့်တူ၏၊ အစေးဖြူနီရှိ၏၊
(၂၆) ဂမုန်းစံပါစု- နွားမြက်ရင်းပင်နှင့်တူ၏၊ အစေးထွက်၏ ရွက်သားထူထူ အရိုးစိမ်းစိမ်း အမြစ်စုစုရှိ၏၊
(၂၇) ဂမုန်းလက်ညှိုး- လက်ညှိုးထိုးဟန်ရှိ၏၊ ကျောက်သစ်ပင်တို့တွင် ပေါက်တတ်၏၊
(၂၈) ဂမုန်းကျီးခြေ- ကျီးခြေသဏ္ဌာန် အပင်သေးသေးရှိ၏၊
(၂၉) ဂမုန်းလက်ဆက်- အလက်ချင်းဆက်နေသည်၊ ဖြူနီရှိ၏၊ အနီကား ပီယ၊
(၃၀) ဂမုန်းလဝန်း- အရွက် ကံ့ကော်ပိတောက်ရွက်တို့နှင့်တူ၏၊ ခေါင်းကြက်သွန်ဖြူနှင့်တူ၏၊
(၃၁) ဂမုန်းပြာသာဒ်- ဆိတ်ဖူးပင်နှင့်တူ၏၊ အရွက်တွင် ပြာသာဒ်ပေါက်၏၊ ပီယ။

ဂရုကံကြီးမျိုး ၂-ပါး

သေသည်၏အခြားမဲ့၌ အကျိုးပေး၍ ကြီးလေးသောကံနှစ်ပါး။
၁၊ မဟဂ္ဂုတ် ကုသိုလ်ကံ၊
၂၊ ပဉ္စာနန္တရိယ အကုသိုလ်ကံ။

ဂရုဝမ်တရား ၈-ပါး

ဝိ၊၄၊၄၄၄။ ဝိ၊ဋ္ဌ၊၄၊၁၂၇။ အဋ္ဌဂရုဓမ္မတရားလည်းခေါ်သည်၊ ဘိက္ခနီမ ပြုလိုသူများ၊ သို့မဟုတ် ဘိက္ခုနီမများ တစ်သက်ပတ်လုံး အမြဲနိစ္စလိုက်နာပြုကျင့်ရန် အလေးအမြတ်ပြုတရား ရှစ်ပါး။
၁၊ ရဟန်းယောက်ျားကင်းသော ကျောင်းရပ်၌ ဝါမကပ်ဆိုရခြင်း၊
၂၊ လခွဲတစ်ကြိမ် ရဟန်းယောက်ျားများအား ဥပေါသထပုစ္ဆက၊ ဩဝါဒူပသင်္ကမနခေါ် ၂-ပါးသောတရားကို တောင်းပန်ရခြင်း၊
၃၊ ဝါကျွတ်ကာလ ဥဘတောသံဃာ့ ထံပဝါရဏာပြုရခြင်း၊
၄၊ ဂရုဓမ္မ အဇ္ဈာပန္န ဘိက္ခုနီမသည် ဥဘတောသံဃာ၌ ပက္ခမာနတ်ကို နှစ်စဉ်နှစ်တိုင်း မပြတ်ကျင့်ရခြင်း၊
၅၊ သိက္ခမာန်အဖြစ် နှစ်နှစ်တိုင်ကျင့်နေပြီးမှ ဥဘတောသံဃာ၌ ရဟန်းခံရခြင်း၊
၆၊ ရဟန်းယောက်ျားတို့အား တစ်စုံတစ်ခု ပရိယာယ် သွယ်ဝိုက်နည်းနှင့်မျှ မဆဲရေးရခြင်း၊
၇၊ ဘိက္ခုတို့ ဟောကြားဆုံးမတိုင်းသာ လိုက်နာရခြင်း၊
၈၊ ယနေ့ပြုစသော ရဟန်းငယ်ကလေးများအားပင် ညွတ်တွားရိုသေရခြင်း။

ဂရုဓမ္မတရား ၅-ပါး

လူတိုင်းအလေးအမြတ်ပြုအပ်သော “ငါးပါးသီလ”ကို ခေါ်သည်။

ဂဠုန် ၁၂-ပါးဆေး

အဂ္ဂိရတ်ဝေါဟာရ၊ အာကာသဓါတ် ၁၂-ပါးကို အလေးတူထိုးချက်ထားသည့် ဆေးတစ်မျိုး။

ဂါရဝ ၃-ပါး

၎င်း ၃-ပါးကိုလိုက်နာက သားကောင်းရတနာများ ရနိုင်ကြောင်းနှင့် ဥတေနပျို့၌ မုံရွေးဇေတဝန် ဆရာတော်ဆို၏၊
(၁) မိဘနှစ်ပါးအား ရိုသေလေးစားရခြင်း၊
(၂) ယောက္ခမများအား ရိုသေလေးစားရခြင်း၊
(၃) မိမိလင်သားအား ရိုသေလေးစားရခြင်း။

ဂါရဝတရား ၆-ပါး

ရိုသေတုပ်ဝပ်လေးမြတ်ရမည့် တရားခြောက်ပါး၊ ၎င်းအားလိုက်နာခြင်းဖြင့် ကြီးပွားချမ်းသာနိုင်သည်။
(၁) သတ္ထရိ သဂါရဝ- ဘုရား၌ ရိုသေရခြင်း၊
(၂) ဓမ္မေ သဂါရဝ- တရား၌ ရိုသေရခြင်း၊
(၃) သံဃေ သဂါရဝ- သံဃာတော်၌ ရိုသေရခြင်း၊
(၄) သိက္ခာယ သ ဂါရဝ- ကိုယ်ကျင့်တရား၌ ရိုသေရခြင်း၊
(၅) အပ္ပမာဒေ သဂါရဝ- မမေ့မလျော့မှု၌ ရိုသေရခြင်း၊
(၆) ပဋိသန္ထာရေ သဂါရဝ- မိတ်ဖွဲ့ စေ့စပ်မှု၌ ရိုသေရခြင်း။

ဂါရဝတရား ၁၀-ပါး

ဗုဒ္ဓဘာသာဝင်တိုင်း လိုက်နာရိုသေလေးစားရမည့် အရာဆယ်ပါး၊ ဤကား အင်္ဂုတ္ထိုရ်လာ တူရာပေါင်း၍ ပြလိုက်သည်၊
(၁) ဗုဒ္ဓဂါရဝ- ဘုရားရှင်အားလေးစားရခြင်း၊
(၂) ဓမ္မဂါရဝ- တရားတော်အား လေးစားရခြင်း၊
(၃) သံဃဂါရဝ- သံဃာတော်အားလေးစားရခြင်း၊
(၄) သိက္ခာ ဂါရဝ- ကျင့်ကြံလေ့လာမှု၌ လေးစားရခြင်း၊
(၅) သမာဓိ ဂါရဝ-တည်ကြည်ဖြောင့်မတ်မှု၌ လေးစားရခြင်း၊
(၆) အပ္ပမာဒ ဂါရဝ-ကောင်းမှုမင်္ဂလာ၌ မမေ့မပေါ့ လေးစားရခြင်း၊
(၇) ပဋိသန္တာရ ဂါရဝ- ပေါင်းသင်းဆက်ဆံမှု ပြေပြစ်ချောမောရေး၌လေးစားရခြင်း၊
(၈) ဟိရီ ဂါရဝ- မကောင်းမှုပြုလုပ်ရမည်မှ ရှက်ခြင်း၌ လေးစားရခြင်း၊
(၉) ဩတ္တပ္ပ ဂါရဝ- မကောင်းမှုပြုလုပ်ရမည်မှ ကြောက်ခြင်း၌ လေးစားရခြင်း၊
(၁၀) အညမည ဂါရဝ-အချင်းချင်း အတူနေသူများအား တစ်ဦးကိုတစ်ဦး လေးစားရိုသေမှုရှိရခြင်း။

ဂီတအသံ ၇-တန်

(၁) တစ်ပေါက်သံ၊ ပုလဲ၊ သံလတ်၊ မဇ္ဈိမ၊ သဖြန်၊ သံဖျား၊ တျော၊ ကြိုးကြာသံ၊
(၂) နှစ်ပေါက်သံ၊ ဒူရကသံ၊ ဂန္ဓာရ ဆိတ်သံ၊
(၃) သုံးပေါက်သံ- ပြည်တော်သံ၊ နွားလားဥသဘသံ၊
(၄) လေးပေါက်သံ- အောက်ပြန်သံ၊ ဥဩငှက်သံ၊
(၅) ငါးပေါက်သံ- မြင်းစိုင်းသံ၊ ကြေးခရာသံ၊ ဥဒေါင်းသံ၊
(၆) ခြောက်ပေါက်သံ- ခြောက်သွယ်ညွန့်၊ မြင်းဟီသံ၊
(၇) ခုနစ်ပေါက်သံ- ညှင်းလုံး၊ ဆင်အော်သံ၊ ရသံ၊ သံရိုးလည်းဟူ၏။

ဂုံဂမံမျိုး ၄-ပါး

၎င်းသရုပ်ကို (ကုံကမံမျိုး ၄-ပါး)၌ ပြခဲ့ပြီ။

ဂုဏ်ဆယ်ပါးလာ၊ အလင်္ကာ၊ ဂါထာကဗျာဖွဲ့

ပါဠိဘာသာနှင့် ကဗျာဘာသာ သီကုံးဖွဲ့နွဲ့ရာ၌ ယဉ်ကျေးမှု အလင်္ကာဂုဏ်ဆယ်ပါး၊ ၎င်းကိုပင် “သဒ္ဒါလင်္ကာရ ၁၀ ပါး”ဟုလည်း ခေါ်သေး၏။
(၁) ပသာဒ ဂုဏ်- ကိလိဋ္ဌနှင့် ဗျာကိဏ္ဏဒေါသလွတ်၍ နှစ်သက်ကြည်ရွှင်ဖွယ်သော စီကုံးမှု။
(၂) သုခုမာ လထာ ဂုဏ်- သံရှည် သံသေး နှစ်သက်ကြည်အေးဖွယ်အက္ခရာများပြီး သံဟိန်းသံဝါ အက္ခရာ အနည်းငယ်ညှပ်၍ စီကုံးသော အဖွဲ့အနွဲ့မျိုး။
(၃) မဓုရတာ ဂုဏ်- ကာရန်တူ၊ ဌာန်တူ၊ သတ်ပုံတူတို့ကို များများသုံး၍ ချိုသာစွာသီကုံးသွားမှု။
(၄) သမ တာ ဂုဏ်- သံပြင်း သံညှင်းအက္ခရာတို့ကို အညီအမျှထည့်သွင်းစီကုံးထားသော ဂါထာ ကဗျာ လင်္ကာမျိုး။
(၅) ဩဇာ ဂုဏ်- သဒ္ဒါအနက်တို့၌ နေရာအားလျော်စွာ ကျဉ်းချုံး ကျယ်ချဲ့မှုနှင့် နာမ်ပုဒ်ချင်း ဆက်စပ်သုံးနှုန်းမှုတို့ကို အများဆုံးပါဝင်စေသော သီကုံးမှု။
(၆) သိလေသ ဂုဏ်- ချောမောပြေပြစ် ကျစ်လစ်စေ့စပ်သော အဖွဲ့အနွဲ့မျိုး။
(၇) ဥဒါရတ ဂုဏ်- ထူးထွေကဲလွန်သော ဂုဏ်တို့ကို ထိုဂုဏ်အောက် မယုတ်လျှိုးစေဘဲ အံ့ချီးမိုးမြှောက် လက်ဖျောက်တီးခတ်လောက်အောင် စီကုံးထားမှု။
(၈) ကန္တိဂုဏ်- ကြီးကျယ်သောစကားလုံးဖြစ်ငြားသော်လည်း လေလုံးထွားသည်ဟုမဆိုသာ၊ နှစ်သက်ဖွယ်ဖြစ်အောင် စီကုံးရေးသားမှုမျိုး။
(၉) အတ္တ ဗျတ္တိ ဂုဏ်- အနက်အဓိပ္ပါယ် သိလွယ်ပေါ်လွင်အောင်ပြသော အစီအကုံးမျိုး။
(၁၀) သမာဓိဂုဏ်- မုချမဟုတ် နှိုင်းယှဉ်တင်စား ဥပစာအားဖြင့် ဖွဲ့ဆိုထားမှု။

ဂုဏ်တော်ထွတ်ဖျား၊ အမြတ်ထား၊ အပြား ၃-မျိုးဆို

လောကသားတို့ အထွတ်အမြတ်ထား၍ ကိုးစားအောက်မေ့ ပွားများကြသော “ ဘုရားဂုဏ်၊ တရားဂုဏ်၊ သံဃာဂုဏ်၊ “ ၎င်းသုံးပါးကိုဆိုသည်။

ဂေါစရရုပ် ၇-ပါး

အာရုံဖြစ်သောရုပ်တရားစု ၇-ပါး။ ၎င်းသရုပ်ကို ရုပ်(၂၈-ပါး)၌ရှုပါ။

ဂျပ်မျိုး ၉-ပါး၊ မြွေငါးများ၊ ကျက်စားမြစ်ပင်လယ်

မြွေဦးခေါင်း ငါးမြီးရှိသော ရေ၌နေသည့်မြွေဆိုးမျိုးများ။
(၁) ဂျပ်မွဲ၊
(၂) ဂျပ်နက်၊
(၃) ဂျပ်ဝါ၊
(၄) ဂျပ်နီ၊
(၅) ဂျပ်ညို့မှိုင်း၊
(၆) ဂျပ်ရွှေဝါ၊
(၇) ဂျပ်လုံး၊
(၈) ဂျပ်ရက်ဖေါက်၊
(၉) ဂျပ်ငန်း။

ဂျွတ်မျိုး ၂-ပါး

(၁) ဂျွတ်ရိုးရိုး၊
(၂) ဘော်နင်းဂျွတ်၊ ဟု ဓါတ်သတ္တုကျမ်းတို့၌ လာသည်။

ဂြိုဟ်ကြီး ၈-လုံး။ တစ်နည်း ၉-လုံး

ဂြိုဟ်သက် နေရပ်နှင့်တကွ ဖြေလိုက်သည်။
(၁) တနင်္ဂနွေ၊ ဂဠုန်ရုပ်၊ အရှေ့မြောက်ထောင့်၊ ၆-နှစ်၊
(၂) တနင်းလာ၊ ကျားရုပ်၊ အရှေ့အရပ်၊ ၁၅-နှစ်၊
(၃) အင်္ဂါ၊ ခြင်္သေ့ရုပ်၊ အရှေ့တောင်ထောင့်၊ ၈-နှစ်၊
(၄) ဗုဒ္ဓဟူး၊ ဆင်ရုပ်၊ တောင်အရပ်၊ ၁၇-နှစ်၊
(၅) ကြာသပတေး၊ ကြွက်ရုပ်၊ အနောက်အရပ်၊ ၁၉-နှစ်၊
(၆) သောကြာ၊ ပူးရုပ်၊ မြောက်အရပ်၊ ၂၁-နှစ်။
(ဝ) စနေ၊ နဂါးရုပ်၊ အနောက်တောင်ထောင့်၊ ၁၀-နှစ်၊
(၈) ရာဟု၊ ဟိုင်းဆင်ရုပ်၊ အနောက်မြောက်ထောင့်၊ ၁၂-နှစ်၊
မှတ်ချက်။ ။ အထက်ပါဂြိုဟ်ရှစ်လုံးထဲသို့ ကိတ်ဂြိုဟ်တစ်လုံးထည့်လိုက်က ဂြိုဟ်ကြီးကိုးလုံးဖြစ်၏။

ဂြိုဟ်ကြီး ၉-လုံး တစ်နည်း

အနောက် (ဥရောပ) နိုင်ငံတို့၌ ဗေဒင်ပညာရှိတို့ ယူဆဟောပြောကြသည်၊ ၎င်းတို့သည် တနင်းလာ(လ)ဂြိုဟ်ကို ကမ္ဘာ၏အရံဂြိုဟ်ဟု ဖယ်ထားကြသည်၊ တနင်္ဂနွေ(နေ)ဂြိုဟ်ကိုမူ ဂြိုဟ်အပေါင်းတို့၏ မိခင်ဖြစ်၍ ဂြိုဟ်အပေါင်းတို့က ၎င်းတို့၏မိခင်(နေ)ဂြိုဟ်အား လှည့်လည်သွားလာနေရသောကြောင့် ၎င်းကိုလည်း မရေတွက်ကြကုန်ဟူ၏။
၁ အင်္ဂါ၊
၂ ဗုဒ္ဓဟူး၊
၃ ကြာသပတေး၊
၄ သောကြာ၊
၅ စနေ၊
၆ ယူရေနပ်၊
၇ နက်ပ်ကျွန်း၊
၈ ပလူတိုး၊
၉ ကျွန်ုပ်တို့နေထိုင်သော ဤကမ္ဘာဂြိုဟ်ဟူသတည်း။

ဂြိုဟ်နေဂြိုဟ်သွားမျိုး ၄-ပါး

ကောင်းကင်ဂြိုဟ်တို့၏ သွားလာလှည့်ပတ်မှု၌ မှန်ကန်ခြင်း ဖေါက်ပြန်ခြင်းတို့ကိုဆိုသည်။
၁ သီဟဇာ- မိမိသွားရမည့်ရာသီခွင်ကို ခုန်ကျော်၍ ရှေ့သို့သွားခြင်းမျိုး၊
၂ ဗျဂ္ဃဇာ- ရှေ့သို့မသွားဘဲ နောက်သို့ပြန်ခုန် ဆုတ်နစ်ခြင်းမျိုး၊
၃ နိယဋ္ဌုံ- ရာသီခွင်တစ်ခု၌ မိမိနေရမည့်အချိန်ထက် ပိုမိုရပ်တည်၍ နေခြင်းမျိုး၊
၄၊ သမ္မာဂတ- မိမိနေရမည့်ရာသီခွင်၌ အချိန်စေ့နေ၍ အချိန်မှန်၊ ရာသီခွင်မှန် ပြောင်းရွှေ့သွားလာခြင်းမျိုး။

ဃောသအက္ခရာ ၂၁-လုံး

ဂါထာမန္တန် အင်းအိုင်စသည်တို့၌ ဟိန်းဟိန်းပြင်းပြင်း ရွတ်ဖတ်
ရသော သက္ကဋကျမ်းလာ အက္ခရာမျိုး၊
ဂ, ဃ, င၊
ဇ, စျ, ည၊
ဍ, ဎ, ဏ၊
ဒ, ဓ, န၊
ဗ, ဘ, မ၊
ယ, ရ, လ, ဝ, ဟ, ဠ။

ငရဲကြီး ၈-ထပ်

ချမ်းသာမရှိ ဆင်းရဲအတိပြီးသော အရပ်ကြီးရှစ်ပါး။
(၁) သိဉ္ဇိုဝ်းငရဲ၊ သံပုနပ္ပုနံ ဇီဝန္တိ ဧတ္ထာတိ သဉ္ဇီဝေါ၊ ဘယ်လိုပင်သတ်ဖြတ်ညှင်းဆဲသော်လည်း ကံမကုန်သမျှအဖန်ဖန်အသက်ရှည်၍ ခံနေရသောငရဲ။
(၂) ကာဠသုတ် ငရဲ၊ ကာလ သုတ္တံထပေတွာ တစ္ဆန္တိဧတ္ထာတိကာဠ သုတ္ထော၊ မည်းနက်သော တမျဉ်းကြိုးဖြင့်ချတိုင်း၍သစ်ရွေသလို တစ်ကိုယ်လုံး ခုတ်ရွေလှီးဖြတ်ခံရသော ငရဲ။
(၃) သံဃာတ ငရဲ၊ သံ ဃဋ္ဋေန္တိ ဧတ္ထာတိ သံဃာတော၊ သံတောင်သံခဲကြီးတို့ဖြင့် အဖန်ဖန်လှိမ့်မွှေကြိတ်ချေ ညှင်းဆဲခံရသောငရဲ။
(၄) ဇာလရောရုဝ ငရဲ၊ မဟာရဝံ ရဝန္တိ ဧတ္ထာတိ ရောရုဝေါ၊ မီးတောက်မီးလျှံတို့ဖြင့် အဖန်ဖန်နှိပ်စက်ခံရ၍ကျယ်လောင်စွာအော်ဟစ်မြည်ကြွေးသော အသံရှိသည့် ငရဲ။
(၅) ဓူမ ရောရုဝ ငရဲ၊ မီးခိုးမီးအုံတို့ဖြင့် ပိတ်ဖုံးနှိပ်စက်ခံရ၍ ကယ်ပါယူပါ ပြင်းစွာအော်မြည်နေရသော ငရဲ၊(အချို့စာ၌ “ရောရုဝ မဟာရောရုဝ”ဟု ရှိသည်၊)
(၆) တာပန ငရဲ၊ တာပေတီတိ တာပနော- သံတံကျင်ကြီးတို့ဖြင့် ထိုးဖေါက်ပြီး တစ်ကိုယ်လုံး မီးလျှံစွဲအောင်သံထွေခဲထဲ၌အမြဲ ကင်ဖုတ်ခံနေရသော ငရဲ။
(၇) ပတာပန ငရဲ၊ ပတာပေတီတိ ပတာပနော- အလျှံရဲပြောင်သော သံတောင်ကြီးပေါ်သို့ ရိုက်နှက်မောင်းတင်စေလျက် မြေထက်၌ စိုက်ထောင်ထားသော လှံသွားများပေါ်သို့ ဦးခေါင်းပြောင်းပြန်ကျစေသောငရဲ။
(၈) အဝီစိ ငရဲ၊ နတ္ထိ ဝိစိ ဧတ္ထာတိ အဝီစိ- ဤငရဲ၌ မီးလျှံနှင့်ငရဲသားရော ဆင်းရဲဒုက္ခတို့ပါ အကြားမရှိပြည့်နှက်လျက်သာနေသည် ဟူလို။

ငရဲငယ်မျိုး ၅-ပါး၊ ပေါင်း ၂၀-

မ၊၃၊၂၂၃။ မ၊ဋ္ဌ၊၄၊၁၆၈။ ငရဲကြီးတစ်ထပ်၌ လေးမျက်နှာရှိရာ တစ်မျက်နှာလျှင် အောက်ပါငရဲငယ် ၅-မျိုးစီ ခြံရံနေရကား ငရဲကြီးတစ်ထပ်၏ ပတ်ဝန်းကျင်၌ ငရဲငယ်ပေါင်း ၂၀-ဟုခေါ်ဝေါ်အပ်၏။ ၎င်းငရဲငယ်များကို ပါဠိလို “ဥဿဒငရဲ”ဟု ခေါ်၏။ ဥဿဒ သဒ္ဒါကား အများအပြားကိုဟောသည်၊ ဤ၌ ဒေဝဒူတသုတ်လာ ငရဲငယ်မျိုးငါးပါးကို ပြလိုက်သည်။ အချို့နေရာ၌ ၄-ပါး ၄-လီ ၁၆-ပါးဟုလည်း လာရှိ၏။
(၁) ဂူထ ပုတိကခေါ် ဘင်ပုပ်ငရဲ- ပိုးလောက်ကောင် ဆင်၏လည်ပင်း လှေ ပိန်းကောငယ်မျှ ကြီးမားလျက်ရှိသော မစင်ဘင်ပုပ်တွင်းကြီး၌ နစ်မြုပ်ထိုးကိုက်ခံရသော ငရဲ။
(၂) ကုက္ကုလုဏှ ခေါ် ပြာပူငရဲ- အလျှံရဲရဲထသော မီးခဲတို့ကို အလွန်အမင်းပူပြင်းသော ပြာပူတို့က ဖုံးဖိထားသောကျင်းထဲ၌ကျ၍ ဆင်းရဲခံနေရသောငရဲ။
(၃) သိမ္ဗလိခေါ် လက်ပံတောငရဲ- အလွန်ရှည်သော လက်ပံဆူးတို့က ငရဲသားအပေါ်တက်လျှင် အောက်ဖက်သို့ထက်သောအဖျားလှည့်နေလျက်၊ အောက်ဆင်းပြန်က အထက်သို့အဖျား လှည့်နေ ကြသော ငရဲ။
(၄) အသိပတ္တခေါ် သံလျက်တောငရဲ- ဓါးလှံ သံလျက်နှင့်တူသည့်အရွက်တွေ ပေါများကြွေကျသော သံလျက်ပင် တောထဲ၌ ပြေးမလွတ်အောင် ဆင်းရဲဒုက္ခခံနေရသော ငရဲ။
(၅) ခါရောဒကခေါ် ကြိမ်ပိုက်မြစ်ငရဲ- ကြိမ်ဆူး ကြိမ်ပိုက်တွေ အထပ်ထပ်ရံလျက် ခါးငန်စပ်ပူသော ရေရှိသည့်မြစ်ထဲ၌ ကူးမလွတ်အောင် ဆင်းရဲခံနေရသော ငရဲ။

ငရဲငယ် ၁၀-ပါး တစ်နည်း

ထိုငရဲငယ်ဆယ်ပါး၏ သရုပ်အဓိပ္ပါယ်များကို အောက်ပါ မဃဒေဝလင်္ကာစကားဖြင့် သိကြရာ၏။ “ထိုပြိနောက်မှ၊ ဥဒဿ၏၊ ပြင်ကပတ်ခြံ၊ စပ်ကာရံသား၊ ဆူလျှံပွပွ၊ ပွက်ပွက်ထလျက်၊ ကြွကြွ တက်ဝေ၊ ကြေးသံရေနှင့်၊ မသေမသက်၊ သိပ်သိပ်နက်ဖြင့်၊ ကျွက်ကျွက်အုတ်အုတ်၊ တရုတ်ရုတ်လျှင်၊ ချက်ဖြုတ် ဘွားဘွား၊ သားငါးချဉ်ချို၊ ဟင်းဒယ်ကျို၍၊ ကြိုကြိုကြားကြား၊ ရှောင်ရှားထွက်ခွာ၊ လွတ်ရာမရ၊ ကြောက်ဖွယ်စွလျှင်၊ လောဟကုမ္ဘီ၊ ကြေးနီအိုးကြီး၊ ညီးညီးပူကဲ၊ ငရဲတစ်ခွင်၊ ရဲချင်ချင်နှင့်၊ ထိလျှင်ရှစူး၊ သင်ဓုန်းဦးသို့၊အဆူးရှည်လံ၊ ဝင်းဝင်းလျှံသည်၊ လက်ပံငရဲ၊ လွန်ကဲချက်ချက်၊ ထက်ထက်မြသား၊ သန်လျက်လက်သည်း၊ အော်မြည်ကြည်းလျက်၊ လန့်ကျည်းပြင်းစွာ၊ ကုတ်ကျစ်ကာလျှင်၊ ခံရာမချိ၊ ကြောက်ဘွယ်တိဖြင့်၊ အသိနခ၊ မည်ရမလွဲ၊ ငရဲတစ်တန်၊ စီးဟန်သက်သက်၊ ဆူကြွက်ကြွက်နှင့်၊ ပွက်ပွက်လျှံဝေ၊ ကြေးနီရေဟု၊ ပူထွေလွန်မော၊ တမ္ဗောဒက၊ မည်ရမလွဲ၊ ငရဲတစ်ထွေ၊ သံတွေညီးညီး၊ အရှိန်ကြီးလျက်၊ မီးကြီးအလျှံ၊ တောက်ပျံပူလော၊ အယောဂုဠ၊ အမည်ရသား၊ နာမခေါ်မြဲ၊ ငရဲတစ်ချက်၊ ကြောက်မက်စဖွယ်၊ ကြီးကျယ်ဖြိုးမြင့်၊ မိုးနှင့်တမျှ၊ မီးလျှံထလျက်၊ သေလပဗ္ဗတ၊ မည်ရပြောင်ပြောင်၊ သံမီးရောင်နှင့်၊ ကျောက်တောင်တစ်ခဲ၊ ငရဲတစ်ဆစ်၊ ပူအစ်ထန်ပြင်း၊ စပါးဖျင်းသို့၊ စီးဆင်းလျှံခြောင်း၊ ခိုးထောင်းထောင်းနှင့်၊ မြစ်ချောင်းတူလှ၊ ဆူပွက်ထသား၊ ဘုသနဒီ၊ သညီမှတ်စွဲ၊ ငရဲတစ်မျိုး၊ လျှံခိုးမရှိန်၊ မထိန်မတောက်၊ မနောက်မခဲ၊ မရဲမချဉ်၊ မီးလွတ်စင်လည်း၊ ရိုးခြင်ဆီတွင်း၊ အကုန်ချင်းအောင်၊ ထွင်း၍ဧကျဉ်၊ ရေအယဉ်သို့၊ ရှောင်ကြဉ်မဖြစ်၊ ဆင်းရဲနစ်သား၊ မြစ်ပမာဏ၊ သီတနဒီ၊ ဤလည်းလွန်ကဲ၊ ငရဲတစ်သီး၊ ကျားကြီးဆင်ပေါက်၊ လောဟီကျောက်သို့၊ လန့်ကြောက်ဖွယ်လိ၊ မျက်စိချင်းချင်း၊ စွယ်ဝင်းဝင်းနှင့်၊ ကောက်ချင်းရှက်ထွေး၊ တောင်ပြေးမြောက်ရစ်၊ အော်ဟစ်မြူးခုန်၊ သဲသဲတုန်အောင်၊ ဝိုင်းကုန်အုန်းအင်း၊ ဗြုန်းဗြင်းဆူဝေ၊ မြင်ရုံသေမျှ၊ ခွေးရွှေခွေးနက်၊ ကျားထက်ဆိုးကျူး၊ ခွေးဘီလူးတို့၊ ရှူးရှူးရှင်ရှင်၊ ရွတ်ရွတ်ငင်၍၊ လျှင်လျှင်ကြွက်ကြွက်၊ ပြေးမလွတ်အောင်၊ ကျွတ်ကျွတ်မျိုဝါး၊ ဟပ်စားကိုက်ခဲ၊ ခွေးငရဲဟု၊ ခေါ်မြဲတစ်ရပ်၊ ကြံညှပ်ယန္တယား၊ စက်အလားသို့၊ ထွားထွားညက်ကြိတ်၊ မည်ကျိတ်ကျိတ်နှင့်၊ ကြောက်ထိပ်ဖွယ်ကြီး၊ တတီးတီးတည့်၊ ယိုစီးအယဉ်၊ ညီးညီးပျဉ်၍၊ မစဉ်တစ်ရစ်၊ ကိုယ်လုံးနစ်မျှ၊ သွေးချောင်းကျသား၊ ယန္တပါသာ၊ သညာမည်စွဲ၊ ငရဲတစ်ပုံ၊ လုံးစုံဖေါ်ပြ၊ ယမလောကီ၊ တွင်ညီခေါ်ရိုး၊ ဤဆယ်မျိုးလည်း၊ ကြောက်စိုးလန့်ဘွယ်။

ငလျင်လှုပ်ခြင်းအကြောင်း ၉-ပါး

အကျဉ်းမျှဖြေသည်၊ အံ၊၃၊၁၂၈။ အံ၊ဋ္ဌ၊၃၊၂၄၇-၌ ၈-ပါးလာ၏၊ အံ၊၃၊၁၃၂။ အံ၊ဋ္ဌ၊၃၊၂၅၀-တို့၌ ရှုပါ။
၁၊ ဓါတုက္ခောဘခေါ် ဓာတ်ချောက်ချား၍ တုန်လှုပ်ခြင်းတစ်မျိုး၊”အပူဓါတ်အအေးဓါတ် လွန်ကဲပြင်းထန်၍ လှုပ်ခြင်းမျိုးဟူ၏“
၂၊ ဣဒ္ဓိမန္တပုဂ္ဂိုလ်၏တန်ခိုးကြောင့် လှုပ်ခြင်း၊
၃၊ နေမိတ္တကခေါ် သာမန်လူသားတို့၏ ကောင်းဆိုးနိမိတ်အတွက်လှုပ်ခြင်း၊
၄၊ ဘုရားအလောင်း ပဋိသန္ဓေနေ၍ လှုပ်ခြင်း၊
၅၊ ဘုရားအလောင်း ဖွားမြင်၍လှုပ်ခြင်း၊
၆၊ ဘုရားအဖြစ်သို့ ရောက်တော်မူ၍လှုပ်ခြင်း၊
၇၊ ဓမ္မစကြာဒေသနာကို ဟောတော်မူ၍လှုပ်ခြင်း၊
၈၊ အာယုသင်္ခါရလွှတ်တော်မူ၍လှုပ်ခြင်း၊
၉၊ ပရိနိဗ္ဗာန် ပြုတော်မူ၍လှုပ်ခြင်း။ ♦သုတေသနသရုပ်ပြအဘိဓာ

ငသတ်ကာရန်၊ ရေးထုံးမှန်၊ ၉-တန်မြန်မာနည်း

မြန်မာ့ရေထုံးကာရန်ငယ် အသံခြောက်ပါးကိုပြရာ၍ “အင် အင့် အင်း၊
အိုင် အိုင့် အိုင်း၊
အောင် အောင့် အောင်း”ဟု ပညာရှိများ မှတ်သားထားကြ၏။

ငါးကြီးရှစ်စင်း

သံ၊ဋ္ဌ၊၂၊၈၁။ ဒီ၊ဋ္ဌ၊၂၊၇၇-၌ အကျယ်ရှုလေ။
၁၊ အာနန္ဒာငါးကြီးမျိုး-အလျား ယူဇနာ ၁၀၀၀-ရှိ၏၊
၂၊ တိမိနန္ဒာငါးကြီးမျိုး- အလျား ယူဇနာ ၁၀၀၀-ရှိ၏၊
၃ အဇ္ဈာရောဟငါးကြီးမျိုး- အလျားယူဇနာ ၁၀၀၀-ရှိ၏၊
၄ မဟာတိမိငါးကြီးမျိုး- အလျားယူဇနာ ၁၀၀၀-ရှိ၏၊
၅ တိမိရ ပိင်္ဂလငါးကြီးမျိုး- အလျား ယူဇနာ ၅၀၀-ရှိ၏၊
၆ တိမိပိင်္ဂလငါးကြီးမျိုး- အလျားယူဇနာ ၄၀၀-ရှိ၏၊
၇ တိပိင်္ဂလငါးကြီးမျိုး- အလျားယူဇနာ ၃၀၀-ရှိ၏၊
၈ တိမိငါးကြီးမျိုး- အလျားယူဇနာ ၂၀၀-ရှိ၏။
မှတ်ချက်။ ။ အဘိဓါနပ္ပဒီပိကာခေါ် မာဂဓအဘိဓါန်နှင့် ၎င်းဋီကာ၌ကား တိပိင်္ဂလမှတစ်ပါး ၇-မျိုးသာ လာသည်၊ မဟာနိဒါနသုတ် “ဂမ္ဘီရာဘာဝသော”ပုဒ်အဖွင့်၌ကား ယူဇနာနှင့်တကွ ရှစ်မျိုးကို အထက်ပါအတိုင်းဖွင့်ပြထားလေသည်၊ ဧကကနိပါတ် နိစ္စဇာတ် အဋ္ဌကထာနှင့်တကွ အခြားကျမ်းပေါင်းများစွာတို့၌လည်း အမည်ကွဲ ယူဇနာကွဲအားဖြင့် လာရှိကြသေး၏၊ သို့သော် ဤ၌ ကျယ်မည်စိုး၍မပြတော့ပြီ၊ အဘိဓါန်နိသျသစ် ဆရာကား ၎င်းတို့ကို “ဝေလငါး”ဟု ဘာသာပြန်ထား၏။

ငါးပါးအဉ္ဇလီ၊ ပဏာချီ၊ မျိုးမည်ခွဲခြားသိ

၎င်း၏သရုပ်အဓိပ္ပါယ် (အဉ္ဇလီ ၅ သွယ်၊ သိမှတ်ဖွယ်)၌ ကြည့်ပါ။

ငါးပါးသီလ

ခုဒ္ဒကပါဌ၊၁။ခုဒ္ဒကပါဌ၊ဋ္ဌ၊၁၆ မှ ၂၃ ထိ အကျယ်ရှုပါ။ ကံငါးပါးလည်းခေါ်သည်။ ကမ္ဘာသူကမ္ဘာသားတို့ အမြဲစောင့်ထိန်းရသော ကမ္ဘာစောင့်တရားငါးပါး။
၁ ပါဏာတိပါတာဝေရမဏိ- သူ့အသက်ကိုသတ်ခြင်းမှ ရှောင်ကြဉ်ခြင်း၊
၂ အဒိန္နာဒါနာ ဝေရမဏိ- သူ့ဥစ္စာကိုခိုးခြင်းမှရှောင်ကြဉ်ခြင်း၊
၃ ကာမေသုမိစ္ဆာစာရာဝေရမဏိ -သူ့သားမယားကို သွားလာကျူးလွန်ခြင်းမှ ရှောင်ကြဉ်ခြင်း၊
၄ မုသာဝါဒါဝေရမဏိ- မဟုတ်မမှန်သောစကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း၊
၅ သုရာ မေရယ မဇ္ဇပမာဒဋ္ဌာနာ ဝေရမဏိ- သေအရက်ကိုသောက်စားခြင်းမှ ရှောင်ကြဉ်ခြင်း။

ငါးမည်ရပြည်ရွှေဘို

နရပတိစည်သူမင်းလက်ထက်ကစ၍ ထင်ပေါ်ခဲ့သော ငါးမည်ရရွှေဘို၊ (ရာဇဝင်ပညာရှင်တို့အဆို။)
(၁) မုဆိုးပို- နရပတိစည်သူမင်းလက်ထက် သူကောင်းပြုခံ မုဆိုးငပို စတင်တည်ထောင်၍ (မုဆိုး ငပိုရွာ)ဟူ၏။
(၂) ကုန်းဘောင်မြို့- စည်ကားလာသောအခါ ချောင်းကို ကုန်းဘောင်ထိုး၍ ပိုမိုအကျိုးရှိ သောကြောင့် (ကုန်းဘောင်မြို့) ဟူပြန်သည်။
(၃) ရန်ကြီးအောင်- အလောင်းဘုရားကြီးသည် ဤနေရာမှ ရန်ပြုသူတို့၏ ရန်စွယ်ရန်ညှောင့် အပေါင်းကို အောင်မြင်တော်မူသောကြောင့် (ရန်ကြီးအောင်)ဟု တွင်စေသည်။
(၄) ရတနာသိင်္ခ- အလောင်းဘုရားကြီး မြို့နန်းတည်ပြီးသောအခါ ရတနာအပေါင်း တို့နှင့် ပြည့်စုံ၍ (ရတနာသိင်္ခ) ဟု မော်ကွန်းထိုးပြန်သည်။
(၅) ရွှေဘို- ၁၁၉၉-ခုနှစ် နန်းတက်တော်မူသော ရွှေဘိုမင်း၊ ကုန်းဘောင်မင်း၊ သာယာဝတီမင်းဟု ၃-မည်ရဘိုးတော်ဘုရား၏ မြေးတော်လက်ထက်၌ မုဆိုးပိုကိုပင် သုတိဩဘာမင်္ဂလာ နှင့်ပြည့်စုံအောင် (ရွှေပို) “ရွှေဘို”ဟု ခေါ်ဝေါ်သမုတ်ကြပြန်သည်။

ငါးမျိုး ၁၀၀၊ နန်းတွင်းမှာ၊ ရေးကာပုံနှင့်ပြ

ပုဂံဝန်ထောက်မင်းဦးတင်ထံမှ မှတ်သားရဖူးသည်။ နန်းတွင်း၌သားတော်သမီးတော်များ သိရှိနိုင်ရန် ငါးမျိုးအမည်တို့ကို ပုံစံတူပန်းချီရောင်စုံနှင့် ရေးဆွဲထားသည်ဟူ၏။ ထိုပရပိုဒ် ယခုတိုင်အောင် မန္တလေးဦးကိုကိုလတ်ထံ၌ သိမ်းဆည်းထားသည်ဟူ၏။ ကျွန်ုပ်တို့မြန်မာအဘိဓါန်ကြီးအတွက် ကိုယ်တိုင်ပင်လယ်ပိုင်းသို့ ထွက်၍ သုတေသနပြုခဲ့သော်လည်း ထိုစဉ်ကအမည်မပါသေးသောငါးများကိုပင် ဤ၌ တွေ့ရှိရသေးသည်။
ငါးကြင်း၊ ငါးသိုင်း၊ ငါးစင်ရိုင်း၊ ငါးမြစ်ချင်း၊ ငါးတင်ဝန်၊ ငါးဖယ်လောင်း၊ ငါးခုံးမ၊ ငါးထွေ၊ ငါးရပ်၊ ငါးလိုက်(၁၀)၊
ငါးလင်ဝန်၊ ငါးထရွက်၊ ငါးပျက်၊ ငါးပြေမ၊ ငါးသလဲတိုး၊ ငါးစင်စပ်၊ ရင်ပေါင်စာ၊ ငါးစင်းပြား၊ ငါးစင်းလုံး၊ ငါးကြောင်း (၂၀)၊
ငါးဖေါင်ရိုး၊ ငါးမြွေ၊ ငါးရွေး၊ ငါးရှဉ့်၊ ငါးသန်၊ ငါးလူး၊ ငါးလဲ၊ ငါးနောက်သွား၊ ငါးမြင်း၊ ရွှေစာရေး (၃၀)၊
ငါးစည်ပူ၊ ငါးအုံတုံ၊ ငါးဘမ်းမ၊ ငါးရံဒိုင်း၊ ငါးတန်၊ ငါးဆင်၊ ငါးမန်း၊ ကကတစ်၊ ကကလောင်၊ ကသပေါင်း၊ (၄၀)၊
ကကူရန်၊ ကဘီလူး၊ ငါးမြင်းကွမ်းစား၊ ငါးပုတ်သင်၊ ငါးခူ၊ ငါးမြင်းကျဉ်တောက်၊ ငါးတောက်တဲ့၊ ငါးအိုက်၊ ငါးပုဏ္ဏား၊ ငါးနွား၊ (၅၀)၊
ငါးကျွဲ၊ ငါးစွန်၊ ငါးသေတ္တာ၊ ငါးပါး၊ ငါးတန်ခွန်၊ ငါးပျံ၊ ငါးဝင်၊ ငါးနက်ပြာ၊ ငါးကျုတ်၊ ငါးမြောက်၊ (၆၀)၊
ငါးကျောက်ဖား၊ ငါးလဝါ၊ ငါးမောင်းမ၊ ငါးပြင်လက်၊ ငါးပတ်၊ ငါးလေးထောင့်၊ ငါးရင်ကုန်း၊ ငါးတီ၊ ငါးဘရွဲ၊ ငါးကရား၊ (၇၀)။
ငါးမြင်းလှ၊ ငါးသံကောက်၊ ငါးကြည်း၊ ငါးသံချိတ်၊ ငါးရောင်၊ ငါးဘိန်း၊ ငါးပတ၊ ငါးလိပ်၊ ငါးဆကာ၊ ငါးတောတူ၊ (၈၀)။
ငါးပယုံ၊ ငါးဖေး၊ ငါးတောက်၊ ငါးလွန်းထိုး၊ ငါးဆော်၊ ငါးနုသန်း၊ ငါးစင်း၊ ငါးဝက်မ၊ ငါးသားတစ်၊ ငါးဘီလူး၊ (၉၀)။
ရွှေငါး၊ ငွေငါး၊ ငါးနံချောင်၊ ငါးဝိုက်တောင်၊ ငါးပုဇွန်၊ ငါးတန်း၊ ငါးဖြင်တောင်၊ ငါးမြင်းအုပ်ဖား၊ ငါးလကာ၊ ငါးသလောက် (၁၀၀။) မှတ်ချက်။ ။ ဤ၌မပါရှိသေးသော ငါးပေါင်းလည်း များစွာရှိသေး၏။

ငါးရာ့ငါးဆယ်

ဗုဒ္ဓဘာသာဝေါဟာရ ငါးရာ့ငါးဆယ်ဟုဆိုလျှင် ဘုရားဟောဇာတ်နိပါတ်တော်ဟု ဗုဒ္ဓဘာသာ အဝါးဝသူတိုင်း နားလည်ကြကုန်၏။ ဤ၌နိပါတ်အမည်နှင့် ဇာတ်ဝတ္ထုသင်္ချာမျှကိုသာ အကျဉ်းရုံး၍ ဖြေသွားမည်။
၁ ဧကကနိပါတ်- အပဏ္ဏကဇာတ်အစ သဉ္စီဝဇာတ်အဆုံး ဇာတ်ဝတ္ထုပေါင်း ၁၅၀-ပါဝင်သည်။
၂ ဒုကနိပါတ်- ရာဇောဝါဒဇာတ်အစ ကပိလဇာတ်အဆုံး ဇာတ်ဝတ္ထုပေါင်း ၁၀၀-ပါဝင်သည်။
၃ တိကနိပါတ်-သင်္ကပ္ပဇာတ်အစ ဗကဇာတ်အဆုံး ဇာတ်ဝတ္ထုပေါင်း ၅၀-ပါဝင်သည်။
၄ စတုကနိပါတ်- စူဠကလိင်္ဂဇာတ်အစ ဒေဝတာပဥှဇာတ်အဆုံး ဇာတ်ဝတ္ထုပေါင်း ၅၀-ပါဝင်သည်။
၅ ပဉ္စကနိပါတ်- မဏိကုဏ္ဏလဇာတ်အစ ကပေါတဇာတ်အဆုံး ဇာတ်ဝတ္ထုပေါင်း ၂၅-ပါဝင်သည်။
၆ ဆက္ကနိပါတ်- အဝါရိယဇာတ်အစ ပါရာဝတဇာတ်အဆုံး ဇာတ်ဝတ္ထုပေါင်း ၂၀-ပါဝင်သည်။
၇ သတ္တကနိပါတ်- ကုက္ကုရဇာတ်အစပရန္တဇာတ်အဆုံး ဇာတ်ဝတ္ထုပေါင်း ၂၀-ပါဝင်သည်။
၈ အဋ္ဌကနိပါတ်- ကစ္စာနိဇာတ်အစ ဒီပိဇာတ်အဆုံး ဇာတ်ဝတ္ထုပေါင်း ၁၀-ပါဝင်သည်။
၉ နဝကနိပါတ်- ဂိဇ္ဈဇာတ်အစ တိတ္တိရဇာတ်အဆုံး ဇာတ်ဝတ္ထုပေါင်း ၁၂-ပါဝင်သည်။
၁၀ ဒသကနိပါတ်-စတုဒွါရဇာတ်အစ ဃဋပဏ္ဍိတဇာတ်အဆုံး ဇာတ်ဝတ္ထုပေါင်း ၁၆-ပါဝင်သည်။
၁၁ ဧကာဒသကနိပါတ် မာတုပေါသကဇာတ်အစ သုပ္ပါဒကဇာတ်အဆုံး ဇာတ်ဝတ္ထုပေါင်း ၉-ပါဝင်သည်။
၁၂ ဒွါဒသကနိပါတ် စူဠကုဏာလဇာတ်အစ မိတ္တာမိတ္တဇာတ်အဆုံး ဇာတ်ဝတ္ထုပေါင်း ၁၀-ပါဝင်သည်။
၁၃ တေရသကနိပါတ်- အမ္ဗဇာတ်အစ သရဘဇာတ်အဆုံး ဇာတ်ဝတ္ထုပေါင်း ၁၀-ပါဝင်သည်။
၁၄ ပကိဏ္ဏကနိပါတ်- ကေဒါရဇာတ်အစ ဘိက္ခာပရံပရဇာတ်အဆုံး ဇာတ်ဝတ္ထုပေါင်း ၁၃-ပါဝင်သည်။
၁၅ ဝီသတိနိပါတ်- မာတင်္ဂဇာတ်အစ အယောဃရဇာတ်အဆုံး ဇာတ်ဝတ္ထုပေါင်း ၁၄-ပါဝင်သည်။
၁၆ တိံသနိပါတ်- ကိံဆန္ဒဇာတ်အစ ဘဏ္ဍုတိန္ဒုကဇာတ်အဆုံး ဇာတ်ဝတ္ထုပေါင်း ၁၀-ပါဝင်သည်။
၁၇ စတ္တာလီသနိပါတ်- တေသကုဏဇာတ်အစ စူဠသုတသောမဇာတ်အဆုံး ဇာတ်ဝတ္ထုပေါင်း ၅-ပါဝင်သည်။
၁၈ ပဏ္ဏာသနိပါတ်- နိလိနိကာဇာတ်အစ မဟာဗောဓိပရိဗ္ဗာဇက ဇာတ်အဆုံး ဇာတ်ဝတ္ထုပေါင်း ၃-ပါဝင်သည်။
၁၉ သဋ္ဌိနိပါတ်- သောဏဇာတ်အစ သံကိစ္စဇာတ်အဆုံး ဇာတ်ဝတ္ထု ၂-ခုပါဝင်သည်။
၂၀ သတ္တတိနိပါတ်- ကုသဇာတ်အစ သောဏနန္ဒဇာတ်အဆုံး ဇာတ်ဝတ္ထု ၂-ခုပါဝင်သည်။
၂၁- အသီတိနိပါတ်- စူဠဟံသဇာတ်အစ မဟာသုတေသောမဇာတ်အဆုံး ဇာတ်ဝတ္ထုပေါင်း ၅-ပါဝင်သည်။
၂၂- မဟာနိပါတ် -တေမိဇာတ်အစ ဝေဿန္တရာဇာတ်အဆုံး ဇာတ်ဝတ္ထု ၁၀-ပါဝင်သည်။
မှတ်ချက်။ ။ ဤ၌ ဇာတ်ဝတ္ထု အရေအတွက်အားဖြင့် ၅၄၇-ဇာတ်သာရှိသည်ကို အဓိကသင်္ချာခေါ် သင်္ချာပိုအားဖြင့် ၅၅၀ ငါးရာ့ငါးဆယ်ဟုခေါ်သည်။

ငါးရာနှစ်ဆယ့်ရှစ်သွယ် မေတ္တာ

ပဋိသံ၊၃၁၃။ ပဋိသံ၊ဋ္ဌ၊၂၊၂၀၇။ မေတ္တာစစ် မေတ္တာမှန်များ၊ အနောဓိသ မေတ္တာ ၅-ပါး၊ ဩဓိသမေတ္တာ ၇-ပါး၊ ပေါင်း ၁၂-ပါးကိုတည်၊
အဝေရာဟောန္တု , အဗျာဇ္ဇာဟောန္တု, အနီဃာဟောန္တု, သုခီအတ္တာနံ ပရိဟရန္တု, ၄-ခုနှင့်မြှောက်၊ ၄၈-ပါးရ၏၊
၎င်းကို အရပ်ဆယ်မျက်နှာနှင့်မြှောက် ၄၈၀-ဖြစ်၏။ ယင်း ၄၈-နှင့် ၄၈၀-နှစ်ရပ်ကို ပြန်၍ပေါင်း ၅၂၈-ရ၏။

ငြင်းခုန်ခြင်း၏အကြောင်းတရား ၆-ပါး

မဟာနိ၊၁၉၆။ မဟာနိ၊ဋ္ဌ၊၃၀၈။ထိုတရား
၆-ပါးကို ပယ်ရှားဖျောက်ဖျက်ရန်အတွက် ဟောကြားတော်မူသည်။မပယ်ရှားက ငြင်းခုန်မှုများ ဖြစ်ပွားတတ်သည်ဟူ၏။
၁၊ ကောဓနော ဟောတိ ဥပ နာဟီ- အမျက်ဒေါသကြီးခြင်း၊ ရန်ငြိုးဖွဲ့တတ်ခြင်းတရား။
၂၊ မက္ခီဟောတိ ပလာသီ- ကျေးဇူးမသိတတ်ခြင်း၊ ဂုဏ်တုဂုဏ်ပြိုင်ပြုတတ်ခြင်းတရား၊
၃၊ ဣသုကီ ဟောတိ မစ္ဆရီ- ငြူစူတတ်ခြင်း၊ လျှို့ဝှက်တတ်ခြင်းတရား၊
၄၊ သဌော ဟောတိ မာယာဝီ- စဉ်းလဲကောက်ကျစ်တတ်ခြင်း၊ လှည့်ပတ်ဖြားယောင်း တတ်ခြင်းတရား၊
၅၊ ပါပိစ္ဆော ဟောတ မိစ္ဆာဒိဋ္ဌိ- မကောင်းသော အလိုဆိုးရှိခြင်း၊ မိစ္ဆာအယူရှိခြင်းတရား၊
၆၊ သန္ဒိဋ္ဌိ ပရာမာသီ ဟောတိ အာဒါနဂ္ဂါဟီ ဒုပ္ပဋိနိဿဂ္ဂီ- အမှားမှု၌ တယူသန် တစောက်ကန်းအယူသည်း နေခြင်း။

ငြိမ်းချမ်းရေးနိုဗယ်ဆုရ အာရှနိုင်ငံသားများ

၂၀၀၆-မိုဟာမက်ယူနွတ်(ဘင်္ဂလားဒေ့ရှ်) Muhammad Yunus, Bangladesh
၂၀၀၅-မိုဟာမက်အယ်ဘာရာဒီ(အီဂျစ်) Mohamed ElBaradei, Egypt
၂၀၀၃-ရှီရင်အီဘာဒီ(အီရန်) Shirin Ebadi , Iran
၂၀၀၀-ကင်ဒေးဂျုံ(တောင်ကိုးရီးယား) Kim Dae Jung , South Korea
၁၉၉၆-ကာလော့စ် ဖီလီပီ ဇမ်မီနစ်ဘဲလို dkCarlos Filipe Ximenes Belo နှင့် ဂျိုဆေးရာမို့စ်
ဟောတာ(အရှေ့တီမော) José Ramos-Horta, East Timor
၁၉၉၄-ယာစာအာရာဖတ် Yasser Arafat , ရှီမွန်ပဲရက် Shimon Peres, ရစ်ဇတ်ခ်ရာဘင်း Yitzhak Rabin , (ပါလက်စတိုင်းနှင့်အစ္စရေး) Palestinian Authority , Israel
၁၉၉၁-အောင်ဆန်းစုကြည်(မြန်မာ) Aung San Suu Kyi ,Myanmar
၁၉၈၉-တင်းဇင်းဂျရတ်စို၊ ၁၄-ဆက်မြောက်ဒလိုင်းလားမား (တိဘက်) Tenzin Gyatso, the 14th Dalai Lama Tibet
၁၉၇၉-မာသာထရီစာ (အယ်ဘေးနီးယား-အိန္ဒိယ) Mother Teresa, Albania, India
၁၉၇၈-မိုဟာမက် အန်ဝါအယ်လ်ဆာဒတ် Mohamed Anwar Al-Sadat, မီနာကမ်ဘီဂင် Menachem Begin, (အီဂျစ်နှင့်အစ္စရေး) Egypt and Israel
၁၉၇၄-အီစာကူဆာတို(ဂျပန်) Eisaku Sato , Japan,
၁၉၇၃-လီဒတ်သို(ဗီယက်နမ်) LeDuc Tho ,Vietnam.
http://nobelprize.org/nobel_prizes/peace/laureates/

ငြှောင့်ကြီး ၅-စင်း

သတ္တဝါတို့၏အသည်းနှလုံး၌စူးဝင်ကာ လွန်စွာနုတ်ရခက်သော ငြှောင့်ကြီးများဟူ၏။
၁၊ ရာဂငြှောင့်-အလိုရမ္မက်၊
၂ ဒေါသငြှောင့် ကြမ်းတမ်းပြစ်မှား ဖျက်ဆီးနှိပ်စက်မှု၊
၃၊ မောဟငြှောင့် မိုက်မဲမှု၊
၄၊ မာနငြှောင့်- ငါတကားဟု ပလွှားထောင်တတ်မှု၊
၅၊ ဒိဋ္ဌိငြှောင့်- မှားသောအယူအစွဲ။

ငြှောင့်ကြီး ၇-စင်း၊ တစ်နည်း

ပုထုဇဉ်တို့ရင်တွင်းမှာ မကြာခဏဝင်စူးခံကြရသော ငြှောင့်များဟူ၏၊ သံ၊၂၊၃၂၄။ သံ၊ဋ္ဌ၊၂၊၃၇၈-၌ အကျယ်ရှုပါ။
၁၊ ရာဂသလ္လ၊
၂၊ ဒေါသ၊
၃၊ မောဟ၊
၄၊ မာန၊
၅၊ ဒိဋ္ဌိ၊
၆၊ သောက၊
၇၊ ကထံကထာ သလ္လ။

ငှက်မျိုး ၄-ပါး၊ မွေးမြူထား၊ စီးပွားချမ်းသာတိုး

(အိမ်မှာမွေးထားငှက်လေးပါး)၌ ဆိုခဲ့ပြီ။

ငှက်မြတ်နားတွင်၊ ထုံးတမ်းဝင်၊ ၄-အင် ငှက်မျိုးအဘယ်နည်း

ဗုဒ္ဓဘာသာဝင်တို့ တည်ထားကိုးကွယ်ကြသည့် ပုထိုးစေတီ၏ မကိုဋ်စိန်ဖူးအောက်တွင်ပါဝင်သော ငှက်မြတ်နားခေါ်ဝတ္ထု၌ ထည့်သွင်းပြုလုပ်ရသည့် ငှက်မြတ်မျိုး ၄-ကောင်ကို ရှေးဆရာများထံမှ (ဟင်း လင်း ကြက် ကျေး၊ ငှက်မြတ်လေးကောင်၊ ထည့်ဆောင်လုပ်ထား၊ ငှက်မြတ်နားဟု၊ ခေါ်ငြားသမု၊ လူတို့ပြု၏)ဟူသော ပေါရာဏိက ပရိဘာသာကို ကျောင်းသားဘဝက လက်ရေးစာအဖြစ် ကျက်မှတ်ထားဖူး၏၊ ကြောင်းရင်းအဓိပ္ပါယ်မှာ။
၁၊ ဟင်း- ဟင်းသာငှက်မြတ်၊
၂၊ လင်း-လင်းမြီးဆွဲငှက်မြတ်၊
၃၊ ကြက်၊ ကြက်ဖ ငှက်မြတ်၊
၄၊ ကျေး- ကြက်တူရွေးခေါ် ကျေးငှက်မြတ်၊ ပေါင်း လေးပါးဟူ၏။

စက် ၄-ပါး

ဒီ၊၃၊၂၃၀။ ဒီ၊ဋ္ဌ၊၃၊၂၄၃။ လိုရာကိစ္စပြီးစီးပြည့်စုံမှုအတွက် သမ္ပတ္တိစက် ၄-ပါး၊ ဒသုတ္တရသုတ် အဋ္ဌကထာ၊
၁ ပဏ္ဍိတာနဉ္စသေဝနစက်- ပညာရှင်ကို ဆရာတင်မှု၊ “သပ္ပုရိသူပ နိဿယံ”။
၂ ပဋိရူပ ဒေသဝါသစက်- ကိုယ့်လုပ်ငန်းဆောင်တာနှင့် သင့်လျော်သောနေရာအရပ်၊ သာသနာတော်စည်ကားရာ အရပ်၊
၃ အတ္တသမ္မာပဏီဓိစက်- အပြစ်မရှိသောအလုပ်၌ မဖြစ်မနေကျိုးစားမှု၊ ပြုပြင်ရေးဇွဲလုံ့လ၊
၄ ပုဗ္ဗေစကတပုညတာစက်- အထက်ပါစက်သုံးပါးကြောင့် မိမိတို့လုပ်ငန်းစဉ်ကြီး တိုးတက်ပြီးထူးချွန်လာသည့်တိုင်အောင်
အကျိုးပေးသောရှေးကောင်းမှုကံ။

စက္ကဝတ်မင်းမျိုး ၃-ပါး

ဤ၌ စက္ကဝတ် ၃-ပါး သီးခြားထုတ်မေးသော်လည်း အောက်ပါ “စကြာမင်းမျိုး ၅ ပါး”၌ အကျွမ်းဝင်သည်သာတည်း၊
၁ စာတုရန္တ စက္ကဝတ္တိ- လေးကျွန်းလုံးစိုးပိုင်သောမင်း။
၂ ဒီပစက္ကဝတ္တိ- ကျွန်းကြီးတစ်ကျွန်းလုံးကိုစိုးမိုးသောမင်း။
၃ ပဒေသ စက္ကဝတ္တိ- ကျွန်းငယ်စုကို အစိုးရသောမင်း။

စကား ၆-ခွန်း လူ၌ထွန်း ၄-ခွန်းရှောင်ခွာ ၂-ခွန်းသာဟော

ဝိ၊ဋ္ဌ၊၁၊၈၉။ မြတ်စွာဘုရားသည် ၁-နှင့် ၂-ကိုသာ ဟောတော်မူ သည်။ လူတို့ပြောဆိုကြသောစကားအပေါင်းကို သတ္တုချလိုက်လျှင် ထိုခြောက်ခွန်းသာရသည်ဟူ၏။
၁ ဟုတ်မှန်၍အကျိုးရှိပြီး သူလည်းနာလိုသောစကား။
၂ ဟုတ်မှန်၍အကျိုးရှိပြီး သူများမနာလိုသောစကား။
၃ ဟုတ်မှန်၏၊ အကျိုးမရှိ သူများလည်းမနာလိုသောစကား။
၄ မဟုတ် မမှန် အကျိုးရှိ၍ သူများနာလိုနှစ်သက်သောစကား။
၅ မဟုတ်မမှန် အကျိုးမရှိ သူများနာလိုနှစ်သက်သောစကား။
၆ မဟုတ်မမှန် အကျိုးလည်းမရှိ၊ သူများလည်း မနာလိုမနှစ်သက်သောစကား။

စကားကြီး ၁၀-မျိုး

စကားပြောထုံးနည်း ဥပဒေကြီးဆယ်မျိုးဟူလို။
(၁) ရေကူးညာတင်စကား- လိုရာဆိပ်ကမ်းကို ရေညာကတင်၍ကူးမှရောက်သကဲ့သို့ “မိမိလိုရာရောက်အောင်ကြိုတင်၍ စကားပိုဖြင့် ပြောဆိုခြင်း။“
(၂) ကောက်ပင်ရိတ်လှီးစကား- ကောက်ပင်ကို လက်တစ်ဘက်ဖြင့် မြဲမြံစွာဆုပ်၍ တံစဉ်ဖြင့်အရင်းကရိတ်ဖြတ်လျှင်လက်တွင်ရှိသမျှစပါးကိုရသကဲ့သို့ “သူဆိုသောစကား မိအောင်ဖမ်းကိုင်ပြီးမှ ပြတ်စဲအောင်ပြောဆိုခြင်း။“
(၃) ရေစီးဖေါင်ဆန်စကား- လိုအင်ဆန္ဒ ရှိသမျှသောအရာဝတ္ထုတို့ကို ဖေါင်တွင်တင်၍ ဖြည်းညှင်းစွာဆန်တက် သွားလျှင် လိုအင်ကိစ္စပြီးသကဲ့သို့ “ခြေသိမ်း ခေါင်းပိုက် ပမာ ပမည်း ဟပ်စပ်၍ ပြီးပြတ်အောင်ပြောဆိုခြင်း။“
(၄) အိုးတန်ဆန်ခတ်စကား- အိုးနှင့်ဆန် တန်ရုံထည့်၍ချက်လျှင် ကောင်းစွာကျက်နပ်သကဲ့သို့ “ကိုယ်နှင့်ဂုဏ်အင်တန်ရုံ မယုတ်မလွန်ပြောဆိုခြင်း။“
(၅) ဆီပွတ်ကျည်ပွေ့စကား- ကျည်ပွေ့ဖြင့် အကြိမ်ကြိမ်အထပ်ထပ်ဆီပွတ်လျှင် ဆီထွက်၍ မိမိလိုဘတ်ကိစ္စပြီးသကဲ့သို့ “လိုရာကိစ္စပြီးစေခြင်းငှာ ထိုစကားကိုပင်အထပ်ထပ်ပြောဆိုခြင်း။“
(၆) ဆင်ဝှေ့ရန်ရှောင်စကား- ဆင်ထိုးဝှေ့မည်လိုက်လျှင် တိမ်းရှောင်ဖယ်သွေလွတ်ရာ၌ ပြေးလွှဲကာနေရသကဲ့သို့”ကိုယ့်ထံသို့ရောက်မည့်စကားကို ရှောင်လွှဲ၍ပြောဆိုခြင်း။“
(၇) တောင်သူယာခုတ်စကား- တောင်သူလယ်သမားတို့သည် မိမိတို့တည်ခုတ်မည့် လယ်ယာ မြေကွက်၌ရှေးဦးစွာခြုံပိတ်ပေါင်းနွယ် သစ်ပင်ငယ်တို့ကို ခုတ်ထွင်ရှင်းလင်းပြီးမှသာ သစ်ပင်ကြီး တို့ကို ခုတ်ထွင်ဖိလှဲသကဲ့သို့ “စကားငယ်ကိုပြောဆိုပြီးမှ စကားကြီးကိုဖိစီး၍ပြောဆိုခြင်း။“
(၈) ကြက်ဆုတ် ခွပ်ပစ်စကား- ကြက်ခွပ်ရာ၌ နောက်ဆုတ်ဟန်ပြု၍ခွပ်မှသာ ခွပ်ပစ်သကဲ့သို့ “သူ့စကားအလိုသို့ လိုက်တန်ကလိုက်၍ စီးသာမှစီးလျက် ပြီးပြတ်အောင်ပြောဆိုခြင်း။“
(၉) ရေစစ်ပမာစကား- ဓမ္မကရိုဏ်ခေါ် ရေစစ်ကိုရေတွင်နှစ်ကာ ပြည့်မှအပေါက်ကို ပိတ်၍ဆွဲယူ လိုက်လျှင် ရေမထွက်နိုင်သကဲ့သို့ “သူတစ်ပါးပြောဆိုခွင့်မရအောင် ပိတ်ဆို့၍ပြောဆိုခြင်း။“
(၁၀) ခက်တင် မောင်းနင်းစကား- မောင်းနင်းသောသူသည် တစ်ဘက်လိုက်ပါတိမ်းစောင်းလွန်း လျှင် အတင်ခက်၍ မတိမ်းမစောင်းနင်းရသကဲ့သို့ “ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ မတင်မကျ ပြောဆိုခြင်း။“

စကားပြောရာ အင်္ဂါ ၁၀-ပါး

၁ ကာလဝါဒီ- ပြောချိန် ပြောခွင့်သင့်မှ ပြောရခြင်း။
၂ ဘူတဝါဒီ- ဟုတ်မှန်သောစကားကိုသာ ပြောရခြင်း။
၃ ဓမ္မဝါဒီ- တရားနှင့်စပ်သည်ကိုသာ ပြောရခြင်း၊
၄ အတ္ထ ဝါဒီ- အကျိုးစီးပွားနှင့်စပ်သည်ကိုသာ ပြောရခြင်း။
၅ ပိယဝါဒီ- ချစ်ဖွယ်စကားကိုသာ ပြောရခြင်း၊
၆ မိဟိတ ပုဗ္ဗဘာဏီ- ပြုံးရွှင်မှုရှေ့ထား၍ ပြောကြားရခြင်း။
၇ မိတဘာဏီ- မတိုမရှည် မပိုမလွန် ခြင့်ချိန်ပြောရခြင်း။
၈ အတုရိတ ဝါဒီ- အဆောတလျင်မပြောရခြင်း။
၉ ပေါရီ- မြို့ကြီးသူတို့အသုံးအနှုန်း ဓလေ့ထုံးကိုယူ၍ပြောရခြင်း။
၁၀ ဝိသဒ ဝါဒီ- သန့်ရှင့်သေချာ တိကျပြတ်သားစွာ ပြောဆိုရခြင်း။

စကြာမင်း ၅-မျိုး

၎င်းကိုပင် “စတ္တဝတ်မင်း, စကြဝတေးမင်း”ဟု ဆိုကြကုန်၏။ ၎င်းငါးပါးကို “ကဝိသေတ္တုမဉ္ဇူသာကျမ်း”မှ ထုတ်ယူသည်။
(၁) အာဝုဓ စက္ကဝတ္တိ ရာဇာ- လူသတ်လက်နက် စက်အမျိုးမျိုးကိုအစိုးရသော ယခုခေတ် အနုမြူလက်နက်ရှင်ရှေးခေတ် အဇာတသတ်မင်းတို့ကဲ့သို့ “လက်နက်စကြာမင်းမျိုး။“
(၂) ပုညဝဍ္ဎုန စက္ကဝတ္တိရာဇာ- ဇောတိက ဇဋိလ ကာကောဏ္ဏ မေဏ္ဍကစသော သေဌေးကြီးတို့၏ ဆိတ်ရုပ်ကျေးရုပ် ရွှေတောင် ထမင်းအိုး စလည်တောင်း စသည်တို့မှ သုံးမကုန်ယူမလျော့ တိုးပွားခြင်း သမုဒ္ဒရာ လေးစင်းကိုပင် ပြည့်အောင် ဖုံးနိုင်လောက်သော ဥစ္စာရွှေငွေ ဆန်ရေစပါး ပေါများကုံလုံကြသည့် “ပုညဝဍ္ဎုန စကြာမင်းမျိုး။“
(၃) အာဏာ စက္ကဝတ္တိ ရာဇာ- သက်မဲ့ အဝိညာဏကဖြစ်သော ရွှေခြေကျဉ်းကို စေလွှတ်၍ မဒ္ဒဝပြည်ကို အစိုးရသောကာလနဂါးမင်းအား ခြေကျဉ်းဖြင့်ခတ်၍ ခေါ်နိုင်ခြင်းအာဏာ၊ ထို့အတူ ရွှေချိုင့်ကိုစေလွှတ်၍ ကရဝိတ်ငှက်မင်းကို ဖမ်းယူဆောင်ကျဉ်းနိုင်သောအာဏာရှိကြသည့် သီရိဓမ္မာသောကမင်းတို့ကဲ့သို့သော “အာဏာစကြာမင်းမျိုး။“
(၄) ပုညပဒ စက္ကဝတ္တိ ရာဇာ- မဟာသုဒဿန စကြာမင်း, ကာလိင်္ဂဗောဓိစသော စကြာမင်းတို့၏ ဖွားစကပင်ခြေ၌ စကြာဗောဓိစသော ပုံ တောင်း တံဆိပ်လက္ခဏာပါခြင်းကြောင့် ကျွန်းကြီးလေးကျွန်းနှင့်တကွ ယုဂန္ဓိုရ်တောင်အထက် အာလိန်ငါးဆင့်ရှိနတ်တို့ကိုပါ အစိုးရလတံ့ဟု သိစေနိုင်သော စကြာပုံတောင်း ရတနာကို ရကြသည့် “ပုညပဒ စကြာမင်းမျိုး။“
(၅) ဂန္ဓာရီ စက္ကဝတ္တိ ရာဇာ- ရှေးစာဟောင်းတို့၌ ]ကန္တာရအတတ်ဟု ရေးရှိကြသည်။ ခဲ သံ ပြဒါးကြေးနီစသော ဓါတ်တို့အား ရွှေငွေ မနောမယဓါတ်လုံးများဖြစ်လာအောင်၊ ချက်လုပ်နိုင်ခြင်း၊ မြေလျှိုးမိုးပျံနိုင်ခြင်း၊ ထိုထို ဆန်းကျယ်လှစွာသော ဂါထာ မန္တန် မန္တရား အင်း အိုင် ခါးလှဲ့ လက်ဖွဲ့စသော လောကီပယောဂဟူသမျှတို့၏တန်ခိုးဖြင့် မြေလျှိုးမိုးပျံနိုင်ခြင်း စိတ်အလိုအတိုင်းပြီးခြင်း စသည်တို့ကို ဖြစ်စေနိုင်သော လောကီဝိဇ္ဇာ မော်ဆရာအပေါင်းတို့သည် “သမ္မာပယောဂ ဣဒ္ဓိဝဍ္ဎုန စက္ကရာဇာခေါ်“ဂန္ဓာရီ စကြာမင်းတို့ဖြစ်ကြကုန်၏။

စကြာမင်းကျင့်ဝတ် ၃-ပါး

(၁) ဒါန- တိုင်းသားပြည်သူ ရှင်လူရဟန်းတို့အား အလှူပေးခြင်း၊
(၂) ဒမ- ဣန္ဒြေကို ဆုံးမခြင်း၊
(၃) သံယမ- ကိုယ်နှုတ်နှစ်ပါးနှင့် ငါးပါး ရှစ်ပါး ကိုးပါးသီလများကို စောင့်စည်းခြင်း။

စကြာမင်းကျင့်ဝတ် ၁၀-ပါး၊ တစ်နည်း

အံ၊ဋီ၊၂၊
၁၊ အန္တောဇန ဗလ ကာယ- သားမယားတို့ကိုသီလ၌တည်စေခြင်း, ဘေးဥပဒ်မှ စောင့်ရှောက်ခြင်း, ဗိုလ်ပါစသည်တို့၌ လစာရိက္ခာမှန်မှန်လုံလောက်အောင်ထုတ်ပေးခြင်း။
၂၊ ခတ္ထိယ- အဘိသိက်ခံပြီးမင်းတို့အား ရွှေငွေ ဆင်မြင်းရတနာစသည် ပေးကမ်းချီးမြှောက်ခြင်း။
၃၊ အနုယုတ္တ- မိမိထံပါး၌ ခစားဆည်းကပ်နေသော မင်းတို့အားယာဉ်ရထား နေအိမ်စသည် လျော်စွာပေး၍နှစ်သက်စေခြင်း။
၄၊ ဗြာဟ္မဏ ဂဟပတိက- ပုဏ္ဏားပညာရှိတို့အား ထမင်းအဖျော်စသည် လှူဖွယ်ဝတ္ထုပေးခြင်း၊ အိမ်ထောင်ရှင်တို့အား မျိုးစေ့ထွန်တုံး စသည်တို့ကိုပေးခြင်း။
၅၊ နေဂမ ဇနပဒ- တောရွာနေပြည်သူလူထုအား စားနပ်ရိက္ခာ၊ မျိုးစေ့ လယ်ယာကြိယာ အမတော်ကြေးစသည်ပေးခြင်း။
၆၊ သမဏ ဗြာဟ္မဏ- ရဟန်းသံဃာနှင့် သူတော်စင်တို့အား လျော်ကန်သော ပရိက္ခရာ လှူဘွယ်တို့ဖြင့်လှူဒါန်းပူဇော်ခြင်း။
၇၊ မိဂပက္ခိ- သား ငါး ငှက်တို့အား နယ်ပယ်သီးခြားသတ်မှတ်ထား၍ ဘေးမဲ့ပေးခြင်း။
၈၊ အ ဓမ္မကာရ ပဋိက္ခေပ- မတရားမှုဟူသမျှတို့ကို လုံးဝတားမြစ်ပိတ်ပင်စေခြင်း။
၉၊ အ ဓနာနံ ဓနဥပ္ပါဒ- မရှိဆင်းရဲ လူတန်းစားကျောမွဲတို့အား ဥစ္စာဓနပေးဝေငှခြင်း။
၁၀၊ သမဏ ဗြာဟ္မဏ ပဥှာပုစ္ဆန- ရဟန်းသံဃာ သူတော်သူမြတ်တို့ထံ ဆည်းကပ်ခစား၍ ရှောင်ကြဉ်အပ် မှီဝဲအပ် ပွားများအပ် ပြုလုပ်အပ်သောအရာများကို မေးမြန်းတိုင်ပင် လျှောက်တိုင်ပင်ခြင်း။

စကြာမင်းကျင့်ဝတ် ၁၂-ပါး၊ တစ်နည်း

အံ၊ဋီ၊၂၊
(က) အဓမ္မရာဂ ပဟာန- အမိ အဖ အစ်မ ညီမ ညီ အစ်ကို မိကြီး မိထွေး ဘကြီး ဘထွေးစသည့် မတပ်အပ်သောအရာ၌ ရာဂဖြင့်တပ်သက်ပြစ်မှားမှုကို ပယ်ခြင်း၊
(ခ) ဝိသမ လောဘ- မထိုက်သောအရာ၌တပ်သော လောဘ၊ ထိုက်သောအရာ၌ အလွန်အမင်းတပ်သော လောဘမျိုးကို ပယ်ရှားခြင်း၊ အထက်ပါဆယ်မျိုး၌ ၎င်းတရားနှစ်ပါးထည့်ကာ ၁၂-ပါးဖြစ်သတည်း။

စကြာမင်းတို့ တန်ခိုး ၄-မျိုး

ဒီ၊၂၊၁၄၅။ ဒီ၊ဋ္ဌ၊၂၊၂၂၀။
(၁) လူတကာတို့ထက်လွန်ကဲသော အဆင်းရှိခြင်း၊
(၂) လွန်ကဲသောအသက်ရှည်ခြင်း၊
(၃) အနာရောဂါကင်းခြင်း၊
(၄) အမျိုးလေးပါးတို့၏ ချစ်မြတ်နိုးခံရခြင်း။

စကြာရတနာ ၇-ပါး

စကြာမင်းမြတ်၏ ရတနာတော်များ။
(၁) စကြာ၊
(၂) ဆင်ဖြူ၊
(၃) မြင်းပျံဟူ,
မှတ်ယူ၊ (၄) ပတ္တမြား၊
(၅) မြောက်ကျွန်းသူနွယ်၊
(၆) သားနန်းနွယ်,
မှတ်ဖွယ်၊ (၇) သူဌေးအား၊
၎င်း ၇-ပါးကို “မဟာသုဒဿနသုတ်တော်”မှာ ဟောသည်။

စကြာရတနာ၊ ရကြောင်းလာ၊ ၃-ဖြာကုသိုလ်အဘယ်နည်း

အထက်ပါ စကြာရတနာ ၇-ပါးကို ဤကုသိုလ် ၃-ပါးကြောင့်ရသည်ဟု မဃဒေဝလင်္ကာအပိုဒ် ၂၉၁၌ “ဘုန်းခေါင်ဓိပတိ၊ မဟိဒ္ဓိနှင့်၊ လောကိတမွတ်၊ စက္ကဝတ်မဟာ၊ မြတ်ရာဇာတို့၊
(၁) စကြာယာဉ်မင်း၊ ဆင်မြင်းရတနာ၊ ဤသုံးဖြာကို၊ မဟာကုသလ၊ အဒေါသကြောင့်၊ ရ၏ဟူငြား၊
(၂) ပတ္တမြားနှင့်၊ မိဖုယားနတ်၊ သေဌေးမြတ်မူ၊ စွန့်လွှတ်စာဂ၊ အလောဘကြောင့်၊ ရ၏ဟူပေ၊
(၃) သက်ဝေဩရသ်၊ အိမ်ရှေ့မြတ်ဟု၊ လောကဓါတ်နယ်၊ တိုက်ဝန်းကျယ်၌၊ နတ်နယ်အလား၊ လေးကျွန်းသားကို၊ တရားမဖောက်၊ ရှုချီးမြှောက်၍၊ စောင့်ရှောက်နိုင်သီး၊ ရှုမငြီးသည့်၊ သားကြီးပရိဏာ၊ ရတနာကား၊ ပညာဟူက၊ အမောဟဖြင့်၊ မူလဟိတ်ကျိုး၊ စုံပြည့်ဖြိုး၏“ဟုဆိုထား၏။

စကြာဝဠာ ၃-ပါး၊ တစ်နည်း ၄-ပါး

၎င်းသရုပ်ကို (လောကဓါတ်မျိုး ၃-ပါး ၄-ပါး)ဟူသော ပုစ္ဆာ၌ ဆိုမည်။

စက်ကြီးတစ်ဆယ့်သုံးပါး

ရှေးဆရာကြီးများ ရေးသားစီရင်ထားခဲ့ကြသော အန္တရာယ်ကင်း မန္တန်တော်ကြီး၏ သရုပ် ၁၃-ပါးအမည်။
(၁) အောင် ၁၀၈-ကွက် ဗုဒ္ဓစက်- ဘုရား၏ စက်လက္ခဏာ ၁၀၈-ပါး။
(၂) တစ်ဆယ့်လေးချက် ဓမ္မစက်- မဂ် ၄-ပါး၊ ဖိုလ် ၄-ပါး၊ သွာက္ခာတာစသော တရားဂုဏ်တော် ၆-ပါးကိုဆိုသည်၊
(၃) တဆယ့်ရှစ်ချက် သံဃစက်- ပရမတ္ထသံဃာတော်ခေါ် အရိယာသံဃာရှစ်ပါး၊ သမုတိသံဃာတပါး၊ ပေါင်း သံဃာတော် ၉-ပါးနှင့် သံဃာဂုဏ်တော် ၉-ပါးကိုဆိုသည်၊
(၄) လရောင်ဝင်းလျက် ရှင်ရင်းပစ္စေကဗုဒ္ဓ ရဟန္တာစက်- ပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့၏ ဂုဏ်တော်တည်းဟူသော ကိုယ်ရောင်တော်ကို ဆိုသည်၊
(၅) မြင်းမိုရ်တောင်ဦး မကကျူးလျက် မိဘစက်- မာတာပိတဂုဏ် အနန္တကိုဆိုသည်၊
(၆) ဂုဏ်ကျေးဇူးကို အထူးသိလျက် ဆရာ့စက်- ဆရာ့ကျေးဇူးဂုဏ်ကို အထူးသိရမည့်ဟုဆိုလိုသည်။
(၇) ဗြဟ္မစိုရ်လက်နက် ဗြဟ္မာ့စက်- ဗြဟ္မစရိယတရားလေးပါး။
(၈) မိုးကြိုးလက်နက် သိကြားစက်။
(၉) လောင်မီးကျလျက် နတ်တို့စက်။
(၁၀) ဘွဲ့ဖြူလက်နက် ဘီလူးစက်၊ ဘွဲ့ဖြူခေါ် မီးတောက်လောင်စေတတ်သည့် လက်နက်တစ်မျိုး။ ၎င်းသည် အဝတ်ပုဆိုး ကြိုးဝန်းသဖွယ်ဖြစ်၍ လူကိုပစ်လိုက်က ထိလျှင် မီးတောက်သည်ဟူ၏။
(၁၁) တောင်ဟုန်ပြင်းလျက် ဂဠုန်စက်။
(၁၂) အာခံတွင်းက ဝင်းဝင်းတောက်လျက် နဂါးစက်။
(၁၃) သုံးထောင်သင်္ချာ ဟေမဝန္တာ အာဏာစိုးလျက် သီဟစက်။
စက်ကြီးတစ်ဆယ့်သုံးပါး၊ ရွတ်သံကြားက၊ ဘေးများမြင်မှု၊ မကောင်းစုကို၊ ဝေးကကြဉ်ရှောင်၊ အောင်စေတတ်သည့်၊ မြတ်သည့်ပညာ၊ ဆရာတည်း။
ဩောင်း နမော ဗုဒ္ဓါနုဘာဝေန၊
ဩောင်း နမော ဓမ္မာနုဘာဝေန၊
ဩောင်း နမော သံဃာနုဘာဝေန၊
ဩောင်း ဒူရေ ဒူရေ သွားဟုံဟုံ။

စင်္ကြံ၏အပြစ် ၅-ပါး

၎င်းအကျယ် ဗုဒ္ဓသာသန မဟာဗုဒ္ဓဝင်။ ပ-တွဲ။ ပ-ပိုင်း။ ၄၈-နှင့်။ ၎င်းအုပ် (ခါ) စာမျက်နှာ၌ရှုပါ။
၁ မြေကြမ်းတမ်း၍ ကျင်း-ကုန်း ဖုထစ် မညီမညွတ်ရှိခြင်း၊
၂ စင်္ကြံအတွင်း၌ သစ်ငုတ်တိုသစ်ပင်ရှိခြင်း၊
၃ မြက်နွယ်ချုံပုတ်တို့ ရှုတ်ထွေးလွှမ်းအုပ်နေခြင်း၊
၄ အလွန်ကျဉ်းမြောင်းခြင်း၊
၅ အလွန်ကျယ်ပြန့်လွန်းခြင်း။

စင်္ကြံသွားရကျိုး ၅-ပါး

အံ၊၂၊၂၄။ အံ၊ဋ္ဌ၊၃၊၁၂။ “ခရီးသွားနိုင်၊ ကြံ့ခိုင်အားအင်၊ ကင်းစင်ရောဂါ၊ အစာကြေညက်၊ မပျက်သမာဓိ၊ ငါးပါးရှိ၊ ရ၏ စင်္ကြံအကျိုးတည်း။“

စက္ခုအပြား၊ မျိုး ၃-ပါး

၎င်းသရုပ်ကို (မျက်စိမျိုး ၃-ပါး)၌ ရှုလေ။

စက္ခု ၅-ပါး

အဘိ၊ဓ၊၁၅၇။ အဘိ၊ဋ္ဌ၊၁၊၃၄၄။ ဘုရားပိုင်စက္ခုတော်ငါးပါးဖြစ်သည်

စက်တော်ရာ ၃-ဆူ

မြတ်စွာဘုရားသခင်၏ ခြေတော်ရာစေတီ ၃-ဆူဟူ၏။
၁ လင်္ကာဒီပခေါ် သီဟိုဠ်ကျွန်း၊ သို့မဟုတ် ဆိရိလင်္ကာပြည် သမန္တကုဋခေါ် သုမနတော်ထိပ်၌ မဏိအက္ခိက
နဂါးမင်းတောင်းပန်၍တစ်ဆူ၊
၂ ဇမ္ဗူဒိပ်သပြေထွန်းသည့် တောင်ကျွန်းရှိ မြန်မာနိုင်ငံ ယောနရဋ္ဌခေါ် ယောနယ်ရပ် နမ္မဒါမြစ်ကမရး၌ နမ္မဒါနဂါးမင်းတောင်းပန်၍ တစ်ဆူ၊
၃ ၎င်း နမ္မဒါမြစ်ကမ်းခြေ သစ္စဗန္ဓာတောင်ထိပ်၌ သစ္စဗန္ဓရသေ့ တောင်းပန် သောကြောင့်တစ်ဆူ၊ ပေါင်း ၃-ဆူချတော်မူ၏။
ထို့ကြောင့် သာရတ္ထသင်္ဂဟ၌ “တီဏိခေါပန ဘဂဝတော ပါဒစေတိယာနိ လင်္ကာဒီပေ ဧကံ၊ ဇမ္ဗူဒီပေ ယောနရဋ္ဌေ ဒွေတိ“စသည်ဖြင့်ဆို၏။ အချို့ဆရာတို့ကား”ဇမ္ဗူမှာ ဒွေး- ယာမှာဧ”ဟု
စပ်ဆိုကာ-ယာမာနတ်ပြည်၌တစ်ဆူရှိကြောင်း ပြောကြသေး၏။ထိုစကားမှာကျမ်းဂန်၌ မရှိချေ။

စက်လက္ခာတော် ၁၀၈-ပါး

မြတ်စွာဘုရား၏ခြေဖဝါးတော်၌ အကန့်အကွက်အားဖြင့်ထင်သော စက်လက္ခဏာပေါင်း ၁၀၈-ပါး ဟူလို။ မဇ္ဈိမပဏ္ဏာသ အဋ္ဌကထာ၌အကျယ်ရှု၊
သတ္တိ- လှံမပုံ။
သိရိဝစ္ဆ- ကျက်သရေတိုက်ပုံ “အိမ်မွန်ဟူ၍လည်းခေါ်၏။“
နန္ဒိယာဝဋ္ဋ- ဇလပ်ပွင့်ပုံ၊
သောဝတ္တိက- လည်ရေးသုံးဆင့်၊
ဝဋံသက- ဦးဆောက်ပန်း၊
ဝဍ္ဎုမာန- ထမင်းပွဲ၊
ဘဒ္ဒပီဌ- ရွှေအင်းပျဉ် ရွှေသလွန်၊
အင်္ကုသ- ရွှေချွန်းတောင်း၊
ပါသာဒ- ရွှေပြာသာဒ်၊
(၁၀) တောရဏ- ရွှေတုရိုဏ်တိုင်ပုံ၊
သေတစ္ဆတ္တ- ထီးဖြူတော်ပုံ၊
ခဂ္ဂ- သန်လျက်ပုံ၊
တာလဝဏ္ဍ- ထန်းရွက်ယပ်ဝန်း၊
မယူရဟတ္ထ- ဥဒေါင်း မြီးစီးယပ်၊
စာမရီဟတ္ထ- စာမရီ သားမြီးယပ်၊
ဥဏှိသ- ရွှေသင်းကျစ်၊
ပတ္တ- မြသပိတ်၊
မဏိ- ပတ္တမြားရတနာ၊
သုမန ဒါမ- မုလေးပန်းကုံး၊
(၂၀) နီလုပ္ပလ- ကြာညိုပန်း၊
သေတုပ္ပလ- ကြာဖြူပန်း၊
ရတ္တုပ္ပလ- ကြာနီပန်း၊
ပဒုမ ပဒုမ္မာကြာနီပန်း၊
ပုဏ္ဍရိက ကြာပုဏ္ဍရိတ် “လပကြာပုံ”။
ပုဏ္ဏ ဃဋ- ရေပြည့်အိုး၊
ပုဏ္ဏ ပါတိ- ရေပြည့်ဖလား၊
သမုဒ္ဒ- သမုဒ္ဒရာလေးစင်း၊
စက္ကဝါဠ- စကြာစဠာတောင်၊
မေရု- မြင့်မိုရ်တောင်၊
(၃၀) သူရိယ မဏ္ဍလ- နေစက်ဝန်း၊
စန္ဒမဏ္ဍလ- လစက်ဝန်း၊
နက္ခတ္တ- နက္ခတ်၊
ပုဗ္ဗဝိဒေဟ- အရှေ့ကျွန်း၊
အပရ ဂေါယာန- အနောက်ကျွန်း၊
ဇမ္ဗူဒီပ- တောင်ကျွန်း၊
ဥတ္တရကုရု- မြောက်ကျွန်း၊
စက္ကဝတ္တီ -စကြာရတနာ ၇-ပါးနှင့်တကွသော စကြာဝတေးမင်းရုပ်ပုံ၊
ဒက္ခိဏာဝဋ္ဋ သင်္ခ- လကျ်ာရစ် ခရုသင်း၊
သုဝဏ္ဏမစ္ဆ ယုဂ -ရွှေငါးကြင်းရုပ် အစုံ၊
(၄၀) စက္ကာဝုဓ- စက်လက်နက်၊
သုပဏ္ဏရာဇာ -ဂဠုန်ငှက်မင်း၊
သံသုမာရ - မိကျောင်းမင်း၊
ဓဇပဋာက- တံခွန် ကုက္ကား မလေးပွား၊
သုဝဏ္ဏ သီဝိကာ- ရွှေသံလျင်း၊
သုဝဏ္ဏဝါဠ ဗီဇနီ -ရွှေဖြင့်ပြီးသော သားမြီးယပ်၊
ကေလာသပဗ္ဗတ -ကေလာသ ငွေတောင်ကြီး၊
သီဟရာဇာ- ကေသရီခြင်္သေ့မင်း၊
ဗျဂ္ဃရာဇာ- ကျားမင်း၊
ဝလာဟက အဿရာဇာ- ဝလာဟကမြင်းပျံ၊
(၅၀) ဥပေါသထဆဒ္ဒန္တ နာဂရာဇာ- ဥပေါသထဆင်မင်း , ဆဒ္ဒန်ဆင်မင်းပုံ၊
ဗာသုကီနာဂရာဇာ - ဗာသုကီနဂါးမင်း၊
ဟံသရာဇာ- ရွှေဟင်္သာမင်း၊
ဥသဘရာဇာ -နွားလားဥသဘ၊
ဧရာဝဏ- ဦးခေါင်း ၃၃-လုံးရှိသော ဧရာဝဏ်ဆင်မင်း၊
သုဝဏ္ဏမကာရ -ရွှေမကာရ်းရုပ်၊
စတုမုခ- လေးကျွန်းသားတို့၏ မျက်နှာ ၄-မျိုး။
မှတ်ချက်။ ။ စတုရာနနဗြဟ္မာဟူ၍ အဘိဓါန်တို့၌ ဗြဟ္မာ၏ပရိယာယ်ကိုပြရာတွင် ဗြဟ္မာသည် မျက်နှာလေးခုရှိ၏ဟုဆိုသဖြင့် (၁၀၈)ကွက် စက်လက္ခဏာတွင်ပါရှိသော မျက်နှာလေးပါးသည် ဗြဟ္မာမင်း၏ဦးခေါင်းဟူ၍ ဆရာတို့ဆိုကြကုန်၏။
သုဝဏ္ဏ နာဝါ- ရွှေလှေယာဉ်၊
သဝစ္ဆရဓေနု- သားငယ်နှင့်တကွသော နွားမ၊
ကိံပုရိသ- ကိန္နရာဖိုရုပ်၊
(၆၀) ကိံပုရိသီ- ကိန္နရာမရုပ်၊
ကရဝိက- ကရဝိတ်ငှက်မင်း၊
မယူရ ရာဇာ- ရွှေဥဒေါင်းမင်း၊
ကောဉ္စ ရာဇာ- ကြိုးကြာငှက်မင်း၊
စက္ကဝက္ကရာဇာ- စက္ကဝက်ငှက်မင်း၊
ဇီဝ ဇီဝကရာဇာ- ဇီဝဇိုးငှက်မင်း၊
စတုမဟာရာဇိကာ-၎င်းနတ်ပြည်၊
တာဝတိံသာ -၎င်းနတ်ပြည်၊
ယာမာ -၎င်းနတ်ပြည်၊
တုသိတာ- ၎င်းနတ်ပြည်၊
(၇၀) နိမ္မာနရတိ- ၎င်းနတ်ပြည်၊
ပရနိမ္မိတဝသဝတ္တီ -၎င်းနတ်ပြည်၊
ဗြဟ္မပါရိသဇ္ဇာ- ၎င်းဗြဟ္မာပြည်၊
ဗြဟ္မပုရောဟိတ- ၎င်း၊
မဟာဗြဟ္မာ- ၎င်း၊
ပရိတ္တာဘာ- ၎င်း၊
အပ္ပမာဏာဘာ- ၎င်း၊
အာဘဿရာ- ၎င်း၊
ပရိတ္တာသုဘာ- ၎င်း၊
အပ္ပမာဏသုဘာ- ၎င်း၊
(၈၀) သုဘဘိဏှာ- ၎င်း၊
ဝေဟပ္ဖလာ- ၎င်း၊
အသညသတ္တာ- ၎င်း၊
အဝိဟာ- ၎င်း၊
အတပ္ပာ-၎င်း၊
သုဒဿာ- ၎င်း၊
သုဒဿီ- ၎င်း၊
အကနိဋ္ဌာ- ၎င်းဗြဟ္မာပြည်၊
ယုဂန္ဓရ -ယုဂန္ဓိုရ်တောင်၊
ဤသံဓရ -၎င်းတောင်၊
(၉၀) ကရဝိက- ၎င်းတောင်၊
သုဒဿန -၎င်းတောင်၊
နေမိန္ဓရ- ၎င်းတောင်၊
ဝိနတက- ၎င်းတောင်၊
အဿ ကဏ္ဏ-အဿကဏ်တောင်၊
အနောတတ္ထ- အနောတတ်အိုင်၊
ကဏ္ဏမုဏ္ဍ- ၎င်းအိုင်၊
ရထကာရ- ၎င်းအိုင်၊
ဆဒ္ဒန္တ -ဆဒ္ဒန်အိုင်၊
ကုဏာလ- ၎င်းအိုင်၊
(၁၀၀) မန္ဒာကိနီ- ၎င်းအိုင်၊
သီဟပ္ပတ- ၎င်းအိုင်၊
လဝဏသီတာ -ဆားငန်ရေသီတာ၊
ဥစ္ဆုသီတာ- ကြံရည်သီတာ၊
သုရာသီတာ- သေရည်သီတာ၊
သာဓိ သီတာ -အမှုခပ်သိမ်းကို ပြီးစေတတ်သော သီတာ၊
ဒဓိ သီတာ- နို့ဓမ်းမလိုင်သီတာ၊
ဒုဒ္ဓသီတာ- နို့ရည်သီတာ၊
(၁၀၈) ဇလ သီတာ- ရေချိုသီတာပုံ။

စင်ကြယ်ရေးတရား ၃-ပါး

၎င်းသရုပ်ကို (သောစေယျတရား ၃-ပါး)ဟူသော သုတေသန၌ဆိုအံ့။

စစ်အင်္ဂါ ၄-ပါး

ဤ၌ ကြည်းတပ်မတော်အတွက်သာ မှတ်လေ၊ ဝိနည်းပါဠိတော်လာ ရှေးခေတ်တပ်စု။
(၁) ဟတ္ထိ- ဆင်တပ်၊
(၂) အဿ- မြင်းတပ်၊
(၃) ရထ- ရထားတပ်၊
(၄) ပတ္တိက- ခြေသည်တပ်။

စစ်အင်္ဂါ ၆-ပါး၊ တနည်း

စစ်တပ်၏ အစိတ်အပိုင်းအင်္ဂါရပ်များကား။ ယခုခေတ် ၆-ပါးဖြင့် ရေတွက်ကြကုန်၏။ (၁) ဆင်စီးတပ်၊
(၂) မြင်းစီးတပ်၊
(၃) ရထားစီးတပ်၊
(၄) ခြေသည်တပ်၊
(၅) ရေယာဉ်တပ်၊
(၆) လေယာဉ်တပ်။

စစ်အင်္ဂါ ၈-ပါး၊ တနည်း

ယောဓဗျူဟာကျမ်းလာဖြစ်၏။ ၎င်းရှစ်ပါးနှင့်ပြည့်စုံမှ တိုင်းပြည်ကျယ်ပြန့်နိုင်သည်၊ ၁ ယောဓ မဏိ- စစ်၏ဥက္ခောင်း မကိုဋ်ခေါ် “ဗိုလ်ချုပ်”စစ်သူကြီးချုပ်၊
၂ ယောဓက္ခိ- စစ်မျက်စိခေါ် ဟူးရား ဗေဒင်တတ်သူ၊
၃ ယောဓကဏ္ဏ- စစ်နားခေါ် သူလျှိုစုံထောက် ကင်းတို ကင်းရှည်၊
၄ ယောဓဗလ- စစ်အားခေါ် ဗိုလ်ကြီး ဗိုလ်မှူး တပ်မင်းစသည်၊
၅ ယောဓာနန- စစ်ခံတွင်းခေါ် လိမ္မာသော တမန် ဆက်သား၊
၆ ယောဓ စရဏ- စစ်ခြေခေါ် တပ်သားစုများ၊
၇ ယောဓဒါဌ- စစ်အစွယ်ခေါ် သူရဲကောင်းကြီးများ၊
၈ ယောဓါယု- စစ်၏အသက်ခေါ် စားနပ်ရိက္ခာ ခဲယမ်း လက်နက် ယာဉ် ရထား ဆေးဝါးနှင့် ဆရာများ။

စစ်အောင်နိုင်ရာ ၁၂-ဖြာ၊ ကြောင်းမှာအဘယ်နည်း

ရာဇသေဝက ဒီပနီကျမ်းလာ။
၁ စစ်တက်ဖြန့်ချီ စီစဉ်မှု၌ လိမ္မာခြင်းကြောင့်အောင်နိုင်ခြင်း၊
၂ မင်းနှင့်အမတ် စည်းလုံးညီညွတ်ခြင်းကြောင့်လည်းကောင်း၊
၃ စစ်ကူ ရိက္ခာမပြတ်သောကြောင့်လည်းကောင်း၊
၄ သေနာပတိချုပ် ခန့်ထားစီရင်တိုင်း ရဲမက်ဗိုလ်ပါတို့ မဆိုင်းလိုက်နာ သောကြောင့်လည်းကောင်း၊
၅ သူရဲကောင်းများသဖြင့်လည်းကောင်း၊
၆ ယတြာမန္တန်ပြုစီရင်သဖြင့်လည်းကောင်း၊
၇ ဇာတာစန်းလဂ် တက်သဖြင့်လည်းကောင်း၊
၈ စားနပ်ရိက္ခာ ပြည့်စုံပိုလျှံမှုကြောင့်လည်းကောင်း၊
၉ တိုင်းနိုင်ငံတော်အတွင်း အနာရောဂါကင်းသဖြင့်လည်းကောင်း၊
၁၀ သူလျှိုစေ၍ သူ့ပြည်တွင်းရေးရှုပ်ထွေးကွဲပြားစေသဖြင့်လည်းကောင်း၊
၁၁ ဗလိနတ်စာ ပူဇော်ပသသောကြောင့်လည်းကောင်း၊
၁၂ ဆင်မြင်း ရထားယာဉ်တပ် လက်နက်ကောင်းများရှိသဖြင့် အောင်နိုင်ခြင်း။

စစ်ကပ်ခြင်းမျိုး ၂-ပါး

၁ စန္ဒကဗျူဟာ- လမင်းကို ကြယ်နက္ခတ်ခြံရံသကဲ့သို့၊ မင်း စစ်သူကြီးကို အလယ်ကထား၍ ကပ်ခြင်း၊
၂ ပဘင်္ကရဗျူဟာ- နေမင်းကဲ့သို့ ကြယ်နက္ခတ်မရံဘဲမင်း စစ်သူကြီးတို့ ရှေ့တည်၍ကပ်ခြင်း။

စစ်ခံခြင်းနည်း ၆-မျိုး

သူထိုးလာသောစစ်ကိုကြည့်၍ သင့်သလိုခံတိုက်ရမည်ဟု လောကဗျူဟာကျမ်း၌ပြ၏။
၁ နဒီစရဗျူဟာ- ရင်ပေါင်တန်း၍ တံတားပမာခံခြင်း၊
၂ ဝိစ္ဆိကဗျူဟာ- ကင်းမြီးကောက်လက်သကဲ့သို့အလယ်ပင်းစေပြီးလျှင် ဝဲယာထောင်၍ခံခြင်း၊
၃ သကဋဗျူဟာ- လှည်းဦးကင်းကဲ့သို့ ဝဲယာထား၍ ရှေ့တပ်လွန်ခံခြင်း၊
၄ မဓုဝတ္တနဗျူဟာ- ပျားအုံကဲ့သို့ တဝန်းတစုတည်းခံခြင်း၊
၅ စင်္ကပါဒဗျူဟာ- ကျီးခြေကဲ့သို့ရှေ့ ၃-တပ်၊ နောက် ၁-တပ်၊ အလယ်၌ မင်းစစ်သူကြီးနေ၍ ခံခြင်း၊
၆ ဥဒ္ဓနဗျူဟာ- ခုံလောက်ကဲ့သို့ ၃-တပ် ဆိုင်ခံခြင်း။

စစ်ချီစစ်ရေး ပြနည်းမျိုး ၄-ပါး

၁ သမကဒဏ္ဍဗျူဟာ- ရှားလှင်ကန်ကဲ့သို့ အစီအရီ စစ်ဖျား စစ်ရင်းတညီတည်း တန်းခွဲတန်းပြောင်းပြု၍ချီခြင်း၊
၂ ပါသာဒိကဗျူဟာ- ပြာသာဒ်ဆောင်ပေါက်သကဲ့သို့ အထပ်ထပ် နောက်အားကြီး၍ချီခြင်း၊
၃ စင်္ကောဋက ဗျူဟာ- ပန်းပုံတောင်းကဲ့သို့ စစ်ဖျားကြီး၍ နောက်စစ် တရွေ့ရွေ့ ချီခြင်း၊
၄ ဒိင်္ဂဗျူဟာ- မရိုးစည်ကဲ့သို့ စစ်ရင်း စစ်ဖျားသေး၍ စစ်လယ်အားကြီးကြီးချီခြင်း။

စစ်ဆင်စစ်တိုက်နည်း ၃-ပါး

ဇာ၊ဋ္ဌ၊၂၊၃၆၃။ စစ်တက်စစ်ချီ စစ်ရေးခင်းနည်း ၃-ပါး။
၁ ပဒုမဗျူဟာ- ပဒုမ္မာကြာပွင့်ချပ်ကဲ့သို့ အထပ်ထပ်လှည့်၍စစ်ဆင်ခြင်း၊
၂ စက္က ဗျူဟာ- စက်ဝန်း စက်ဝိုင်းလချမ်း ပ, စောက် သဏ္ဌာန်ကဲ့သို့စစ်ဆင်ခြင်း၊
၃ သကဋဗျူဟာ- လှည်းဦးကင်းကဲ့သို့ အလယ်ရှူး၍ ဝဲ, ယာတောင်ပံဖြန့်ကာ စစ်ဆင်ခြင်း။

စစ်ဆင်စစ်ထိုးနည်း ၆-မျိုး၊ တနည်း

လောကဗျူဟာကျမ်းမှာ အကျယ်ရှု။
၁ ဒိဇာဒိပဗျူဟာ- ဂဠုန်တောင်ဖြန့်သကဲ့သို့ စစ်ဆင်စစ်ထိုးနည်း၊
၂ ဝါရိဝေဂဗျူဟာ- ရေအယဉ်စီးဆင်းသကဲ့သို့ စစ်ဖြန့်ကာ နောက်မဆုတ်ဘဲစစ်ထိုးနည်း၊
၃ ဥသဘဗျူဟာ- နွားလားဥသဘကဲ့သို့ အော်ဟစ်ခြိမ်းချောက်ကာ ဟန်ရေးပြ၍ အပြင်းအထန် စစ်ထိုးနည်း၊
၄ ဓနုက ဗျူဟာ- တင်ထားသော လေးညှို့ကဲ့သို့ ပစောက် လရေး ကွေးပုံ စစ်ထိုးနည်း၊
၅ မကာရဗျူဟာ- မကာရ်းကွက်ကဲ့သို့ အထပ်ထပ် စစ်ထိုးနည်း၊
၆ ဘုဇဗျူဟာ- မြွေတွားသကဲ့သို့ ကောက်တကျစ် စစ်ထိုးနည်း။

စစ်ဆင် စစ်ထိုး၊ ၂၉- အမျိုးခြား၍သိ

အဓိပ္ပါယ်နှင့်အကျယ်ကို လောကဗျူဟာကျမ်းနှင့် ဗျူဟာ စက္ကီပျို့၌ရှုပါကုန်။
မဏ္ဍုဗျူဟာ၊
သပ္ပဗျူဟာ၊
ဥပါယဗျူဟာ၊
ဣတ္ထိယဗျူဟာ၊
သုဝဗျူဟာ၊
မေဃဗျူဟာ၊
ပတ္တဗျူဟာ၊
ဝိဒ္ဓ ဗျူဟာ၊
ဒါရက ဗျူဟာ၊
ပဒုမ ဗျူဟာ၊ (၁၀)
မဓု ဗျူဟာ၊
ဘေရီ ဗျူဟာ၊
ကီဋက ဗျူဟာ၊
ရုက္ခ ဗျူဟာ၊
ဥဂ္ဂတ ဗျူဟာ၊
အဂ္ဂိ ဗျူဟာ၊
ကာက ဗျူဟာ၊
ဗျဂ္ဃ ဗျူဟာ၊
မက္ကဋ ဗျူဟာ၊
စိရ ဗျူဟာ၊ (၂၀)။
ဟာသ ဗျူဟာ၊
သသ ဗျူဟာ၊
ဥဒက ဗျူဟာ၊
စန္ဒ ဗျူဟာ၊
သူရိယ ဗျူဟာ၊
ဓည ဗျူဟာ၊
ယက္ခ ဗျူဟာ၊
နိဂြောဓ ဗျူဟာ၊
သဒ္ဓိ ဗျူဟာ၊ (၂၉)။

စစ်ဆုတ် စစ်ပြန်နည်း ၆-ပါး

(၁) အဂ္ဂိ ဇာလ ဗျူဟာ မီးတောက်မီးလျှံကဲ့သို့ ထင်ထင်ရှားရှား ဝါးမျိုဖျက်ဆီး၍ဆုတ်ပြန်ခြင်း၊
(၂) အမာဝါသီ ဗျူဟာ- လကွယ်သကဲ့သို့ မသိမသာဆုတ်ပြန်ခြင်း၊
(၃) သီဟဂတိ ဗျူဟာ-ခြင်္သေ့သွားသကဲ့သို့ ရဲရဲတင်းတင်း ရှေ့တက် နောက်ဆုတ်ပြန်ခြင်း၊
(၄) သတ္ထနာဒိ ဗျူဟာ လက်နက်သံပေးဟစ်ကြွေးကြိမ်းမောင်း၍ ပြန်ခြင်း၊
(၅) မဂ္ဂဆိန္န ဗျူဟာ- လမ်း တံတားတို့ကို ဖျက်၍ပြန်ခြင်း၊
(၆) စိရတ္တ ဗျူဟာ- ကြာမြင့် ဖြေးနှေးစွာနေ၍ပြန်ခြင်း။

စစ်တပ်ကြီးမျိုး ၄-ပါး

ယခုခေတ် စစ်တပ်မျိုးများဖြစ်သည်။
(၁) ကုန်းတပ်- စစ်အင်္ဂါလေးပါးလုံးစုံသောတပ်မတော်ကြီးမျိုး၊
(၂) ရေတပ်- လှေ သင်္ဘော ၎င်းနှင့်ဆိုင်ရာ လက်နက်စုံပါသော တပ်မတော်ကြီးမျိုး။
(၃) လေတပ်- ကောင်းကင်ပျံ ယာဉ်မျိုးဖြင့် လက်နက်စုံပါသော တပ်မတော်ကြီးမျိုး၊
(၄) ယန္တရားတပ် လူမပါဘဲ စက်ယန္တယားဖြင့်လွှတ်၍ တိုက်သောတပ်မျိုး။

စစ်တပ်စိုးမိုး၊ နည်း ၆-မျိုး၊ ဆင်ရိုးပရိယာယ်

လောကဗျူဟာကျမ်းမှ စစ်သူကြီးတို့အား ညွှန်ကြားချက် ၆-ပါး။
(၁) စစ်အိပ်- အရပ်အနေ သင့်တင့်စွာ စီမံခန့်ရပ်၍ တပ်မရှိထင်မှားကာ သူ့တပ်လာအောင် ဆိတ်ညံညံပြုထားခြင်း။
(၂) စစ်နှိုး- အရပ်အနေမသင့် စစ်သည်တို့ ညှိုးနွမ်းရှိလျှင် လှန့်ခြောက်တီးမှုတ် ကြွေးကြော် မြူးတူးစေကာစစ်နှိုးရခြင်း။
(၃) စစ်ပျို- စခန်းရှည်ကြာ၍ လက်နက်ရိက္ခာပြတ်သဖြင့် စစ်အိုလျှင် စစ်ရိက္ခာ အသစ်တဖန်ဖြည့်ကာအမြဲ နုပျိုစေရမည်။
(၄) စစ်ရဲ- အရပ်အနေမသင့် စစ်သည်တို့ထိတ်လန့်ရှိလျှင် စိုးရိမ်ကင်းရန်အားပေး၍ စစ်ကိုရဲစေခြင်း။
(၅) စစ်ဆိတ်- တိုက်ခိုက်လုပ်ကြံမည်ရှိလျှင် သူခပ်သိမ်းတို့မသိစေဘဲ ပညာရှိစစ်သူကြီးတို့နှင့်သာ တိုင်ပင်၍ရုတ်တရက် စေလွှတ်တိုက်ခိုက်လုပ်ကြံခြင်း။
(၆) စစ်ရွှင်- ဥစ္စာဆင်မြင်း လူသူလက်ဝယ်ရလျှင် မင်းထိုက်စိုးတန်သာချန်၍ ရသူယူစေခြင်း၊ အောင်ပွဲရတပ်များအား အောင်ပွဲခံဆုတံဆိပ်ပေးကာ ရွှင်ပျော်စေခြင်း။

စစ်တပ်ဖွဲ့နည်း ၉-မျိုး

၎င်းဖွဲ့နည်း သရုပ်အမည်များကို (တပ်မတော် ၉-မျိုး)မှာ ကြည့်ပါ။

စစ်ပညာရပ်၊ သင်ယူအပ်၊ အတတ် ၇-ဖြာ

စစ်ဖက်ဆိုင်ရာအရာရှိကြီးများကို နိုင်ငံကြီးတိုင်း၌ သင်ကြားလေ့လာနေစေသော သေနင်္ဂပညာ ၇-ရပ်ကိုဆိုသည်။
(၁) စစ်ချီ -ရန်သူများအားတိုက်ခိုက်ချေမှုန်းရန် ချီတက်ပုံနည်းမျိုး၊
(၂) တိုက်စစ် -တိုက်ပုံတိုက်နည်းမျိုး၊
(၃) လိုက်စစ်- ဆုတ်ပြေးပြေးသောရန်သူနောက်သို့ လိုက်ပုံနည်းမျိုး၊
(၄) ခံစစ် -ရန်သူလာတိုက်သည်ကို ခုခံတိုက်ခိုက်နည်းမျိုး၊
(၅) ဆုတ်စစ် -စစ်အရေးမလှ၍ ပြန်ဆုတ်ပုံနည်းမျိုး၊
(၆) စစ်ရေး- စစ်ရေးအုပ်ချုပ်ပုံနည်းမျိုးနှင့် အုပ်ချုပ်ပုံပါအစုံ၊
(၇) စစ်အေး- လက်နက်မသုံးဘဲ အခြားနည်းပရိယာယ်များဖြင့် ကိုယ့်ထံညွတ်ရန် ကျင့်သုံးခြင်းမျိုး။

စစ်မက်ဖြစ်ကြောင်း ၁၃-ပါး

စစ်ဖြစ်ခြင်း၏ အနီးစပ်ဆုံးအကြောင်းများ ၁၃-ပါး။ လောကဗျူဟာကျမ်းမှ။
(၁) နယ်ခြားသတ်မှတ်မှုကြောင့်၊
(၂) မြေအောက် မြေပေါ်ပစ္စည်းလိုချင်မှုကြောင့်၊
(၃) ဆင်ကောင်းမြင်းကောင်းလိုချင်မှုကြောင့်၊
(၄) စက်သုံး လက်နက်လိုချင်မှုကြောင့်၊
(၅) သမီးကညာလိုချင်မှုကြောင့်၊
(၆) ကုန်းတိုက်ဥပါယ်ပြုမှုကြောင့်၊
(၇) သစ္စာ ဖေါက်ပြန်မှုကြောင့်၊
(၈) စေပါးသော ရာဇသံစကားကို အနိမ့်အကျ မသိမှုကြောင့်၊
(၉) လူမျိုးရေး ဘာသာရေးကို ဖျက်ဆီးမှုကြောင့်၊
(၁၀) မင်း အစိုးရတို့ တိုင်းပြည်မစောင့်ရှောက်မှုကြောင့်၊
(၁၁) ဗိုလ်ပါရဲမက် သူရဲခက်တို့မရှိ နည်းပါးမှုကြောင့်၊
(၁၂) ကုန်သည်တို့ လောဘကြီးမှုကြောင့်၊
(၁၃) ရန်ငြိုးဖွဲ့မှုကြောင့်။

စစ်ရှုံးရာသော အကြောင်း ၁၂-ပါး

၎င်းသရုပ် အဓိပ္ပါယ် သဘောရပ်အားလုံးကို (စစ်အောင်နိုင်ခြင်းအကြောင်း၁၂-ပါး)မှ ပြောင်းပြန်ယူခြင်းဖြင့် သိနိုင်ရာ၏။ မဟာရာဇဝင်ကြီး ပထမတွဲ၌ကား ဆယ်ပါးဟု သရုပ်နှင့်ပြထား၏။

စစ်သံ ၁၀-မျိုး၊ ခြိမ့်ခြိမ့်တိုး၊ မြေမိုး ပြိုလှုသဲ

စစ်၏အသံမျိုး ၁၀-ပါးဟူ၏။
၁ ဆင်သံ၊
၂ မြင်းသံ၊
၃ ရထားသံ၊
၄ ဗိုလ်ခြေ စစ်သည်သံ၊
၅ အမြောက် စိန်ပြောင်း ဗုံးသေနတ်သံ၊
၆ တိုက်မောင်းကြီးငယ်သံ၊
၇ တိုက်စည်သံ၊
၈ တံပိုး ခရာသံ၊
၉ မုဒိန်းမရိုးစည်သံ၊
၁၀ စည်ကြီးသံ, ဗင်သံ။

စစ်သားတို့သစ္စာတရား ၄-ပါး

လောကဗျူဟာကျမ်းမှ။
၁ ကိုယ့်တိုင်းပြည်နှင့် ကိုယ့်လူမျိုးအတွက် ပါဏာတိပါတ ကံကို ခံယူရခြင်း၊
၂ သူ့ဇနီးမယား သမီးပျိုများနှင့် သူတစ်ပါးဥစ္စာကို မလွန်ကျူး မလုယူရခြင်း၊
၃ ရန်သူမဟုတ်သူကို မသတ်ရခြင်း၊
၄ ရန်သူနှင့်ကြုံက အသက်ကိုစွန့်၍ တိုက်ရခြင်း။

စစ်သူကြီးအင်္ဂါ ၉-ပါး

စစ်သူကြီး ဗိုလ်ချုပ် ဗိုလ်မှူး တပ်မှူး တပ်ကြပ်တို့၌ ထားရှိရမည့်အင်္ဂါ ၉-ပါး ။ ရာဇနီတိ။
(၁) ရန်သူစစ်တပ်ကို နှိမ်နင်းဖျက်ဆီးနိုင်သော ပညာအရည်အချင်းရှိထားရခြင်း။
(၂) စစ်အောင်နိုင်ရေးအတွက် မြေကွက်၊ ကုန်း ကျင်းစသည့် နေရာကောင်းကို ရွေးတတ်ရခြင်း။
(၃) အရေးမသာ တပ်ပျက်မှုရှိသောအခါ စစ်သည်ရဲမက်အားလုံးကို သိမ်းကျုံးကွပ်ကဲ၍ တစ်ဦးတစ်ယောက်ကိုမျှမစွန့်ဘဲ တပ်ဆုတ်လာရခြင်း။
(၄) လက်အောက်ရဲဘော် စစ်သည်တော်များနှင့် ဆင်းရဲချမ်းသာ မျှတစွာကျင့်သုံးရခြင်း။
(၅) စွမ်းပကားနှင့် ခွန်အားဗလ ကြီးများရခြင်း၊ “သူရသတ္တိနှင့် ကာယဗလ”။
(၆) တည်ကြည်ဖြောင့်မတ်သော ကိုယ်ကျင့်တရား ရှိရခြင်း။
(၇) သေနင်္ဂဗျူဟာကျမ်းကို တတ်သိကျေပြွန်ရခြင်း။
(၈) စစ်သည်ငယ်သားတို့ ချမ်းသာရအောင် စီစဉ်တတ်ရခြင်း။
(၉) လုံ့လသတိ အမြဲရှိရခြင်း၊ “ဝီရိယနှင့် အပမာဒ”။

စစ်သူကြီးတို့ အင်္ဂါ ၉-ပါး။ တစ်နည်း

ဤကား အာစရိယဝါဒခေါ် ငါတို့ကျောင်းသားဘဝကသင်ကြားခဲ့ရသောနည်းတည်း။ စစ်မြေရပ်၌၊ စိုးကွပ်ခြင်းရာ၊ အင်ကိုးဖြာကား၊ အလိမ်မာကို၊ သူထက်ပို၍၊
၁ ကင်းတို ကင်းရှည်၊
၂ အတည် အရပ်၊
၃ အကပ် အခွာ၊
၄ ဗျူဟာ စက္က၊ သေနင်္ဂနှင့် ပဒုမဗျူဟာ၊
၅ တပ်တာ မြေကတုတ်၊တည်လုပ်ပြင်ငြား၊ စိုက်ထားစူးငြောင့်၊
၆ အစောင့်အနေ၊
၇ အစေအတန်၊
၈ အကြံအတွေး၊ အရေးအရာ၊ အဖြာဖြာကို၊ ပညာသတိ၊
၉ ရဲသည့်စိတ်စွဲ၊ နှလုံးမြဲလျက်၊ ကွပ်ကဲစီရင်၊ စစ်ဘုရင်ဟူ၊ စစ်သူကြီးရာ၊ ခံထိုက်စွာ၏။

စဉ်းလဲရခြင်းမျိုး ၃-ပါး

လိမ်လည်လှည့်ပတ် ဖြားယောင်းရခြင်းအကြောင်း ၃-ပါး။ ဘုရင်နှင့် စစ်သူကြီး သံတမန်တို့ကျင့်ရန်။
၁ ဇီဝိတမာယာ- အသက်၏ ပျက်စီးဘွယ်ရာ၌ စဉ်းလဲရခြင်း၊
၂ ယောဂမာယာ- သူ၏စစ်ကို အောင်ဘွယ်ရာ၌ စဉ်းလဲရခြင်း၊
၃ မဟာဝိနာသ မာယာ- သတ္တဝါများ ပျက်စီးဘွယ်ရာ အမှုကြီးတို့၌ စဉ်းလဲရခြင်း။

စည်မျိုး ၁၂-ပါး တနည်း ၁၃-ပါး

မဟာရာဇဝင်ကြီးမှ ထုတ်၍ ဖြေထားသည်။
၁ မြှောက်စည်၊
၂ သံလွင်၊
၃ စည်ပြော၊
၄ စည်ကြီး၊
၅ ဒုံမင်း၊
၆ စည်ဝန်း၊
၇ စည်သေး၊
၈ စည်ပုတ်၊
၉ စည်ပန်းတောင်း၊
၁၀ ပတ်သာ ပုံသာ၊
၁၁ တစ်ဖက်ပိတ်စည်၊
၁၂ စည်အိုင်။
မှတ်ချက်။ ။ အချို့ကား “စည်ဒိုး”ကိုထည့်၍ စည်မျိုး ၁၃-ပါးယူကြ၏။ စည်သေးနှင့်အတူမှတ်က ၁၂-ပါး ပင်ရ၏။
မဃဒေဝလင်္ကာသစ်၌ “နန်းပွဲအလိုက်၊ နန်းထိုက်တမည်၊ ကြူးရိုက်မည်သား၊ မြှောက်စည်သံလွင်၊ ထိုပြင်ရိရော၊ စည်ပြောတသီး၊ စည်ကြီးတစ်သင်း၊ ဒုံမင်းသံမွှန်း၊ စည်ဝန်း စည်သေး၊ တရေးစည်ပုတ်၊ ပြုတ်ပြုတ်ဆော်ညောင်း၊ စည်ပန်းတောင်း ပတ်သာ၊ သညာထူးလည်၊ တစ်ဖက်စည်ကား၊ စည်အိုင်ခေါ်ရိုး၊ စည်မျိုးဆယ့်နှစ်”ဟုလာရှိ၏။

စည်းစိမ်ဥစ္စာ ပျက်စီးခြင်းအကြောင်း ၆-ပါး

သိင်္ဂါလသတိုးသားအား ဘုရားဟောတော်မူသည်ကို ၎င်းလင်္ကာဖြင့်သိပါ။
(၁) သေစာသောက်စား၊
(၂) လမ်းသွားခါမဲ့၊
(၃) ရှုငဲ့သဘင်၊
(၄) ပျော်ရွှင်အန်လောင်း၊
(၅) မကောင်း မိတ်ဖျင်း၊
(၆) ပျင်းရိခြင်းများ၊ ဤခြောက်ပါးကား၊ ပျက်ပြားဥစ္စာယွင်းကြောင်းတည်း။

စည်းစိမ်ချမ်းသာ၊ မျိုး ၄-ဖြာ၊ ကျမ်းလာမည်သို့နည်း

ဗုဒ္ဓဘာသာကျမ်းစာတို့၌ ဒါန သီလ ဘာဝနာမှုအတွက်စည်းစိမ် ၄-ပါးကို ညွှန်ကြားကြကုန်၏။
(၁) လူ့စည်းစိမ် လူ့ချမ်းသာ၊
(၂) နတ်စည်းစိမ် နတ်ချမ်းသာ၊
(၃) ဗြဟ္မာ့စည်းစိမ် ဗြဟ္မာ့ချမ်းသာ၊
(၄) နိဗ္ဗာန်စည်းစိမ် နိဗ္ဗာန်ချမ်းသာ။

စည်းဝါးမျိုး ၃-ပါး

ကြိုး ဘွဲ့ဂီတနှင့် ဝါဒိတခေါ် သီဆိုတီးမှုတ်မှုအနုပညာ ဝါ, ဂီ, နစ်၌ စည်းသုံးစည်းဟုလာရှိသည်။
(၁) ကရောင်းစည်း ချွင်-ချွင်-ချွင်-ချွင်....၊
(၂) နရည်းစည်း ချွင်-ချွင်-ချပ်၊ ချွင်-ချွင်-ချပ်၊
(၃) ဝါးလတ်စည်း ချွင်-ချပ်၊ ချွင်-ချပ်။

စဏ္ဍပဇ္ဇောတမင်း၏ယာဉ်တော် ၅-ပါး

သူ၏ကောင်းမှု ပတ္ထနာထူးကြောင့် ရသောအစွမ်းကောင်းများ။
(၁) ကာကခေါ် ယောက်ျား၊ ယူဇနာ ၆၀-နေ့ချင်း သွားနိုင်၏။
(၂) နာဠာဂီရိဆင်- ယူဇနာ ၁၂၀-နေ့ချင်းလျင်စွာသွားနိုင်၏။
(၃) ဘဒ္ဒါလီဆင်မ- ယူဇနာ ၅၀-နေ့ချင်းလျင်စွာသွားနိုင်၏။
(၄) မုဉ္စကေသီမြင်းမ- ယူဇနာ ၁၂၀-ခရီးကို နေ့ချင်းလျင်စွာသွားနိုင်၏။
(၅) ဘဇ္ဇကုလီမြင်းမ- ၎င်းအတိုင်း။

စဏ္ဍာလ ၄-စို့

ကျောက်စာဝန်တော်စိန်ခို၏ မှတ်စုပရဗိုဒ်တစ်ဆူ၌ အောက်ပါအတိုင်းတွေ့ရ၏။
(၁) ပြည့်တန်ဆာများတစို့၊
(၂) သွေးမစွမ်း အနူများတစို့၊
(၃) သူတောင်းစားများတစို့၊
(၄) သူကောင်ထမ်း မြေမြှပ်သုဘရာဇာ တစို့၊
၎င်းတို့ကို အရွတ်ဝန်က အုပ်ချုပ်ရသည်။

စဏ္ဍာလ ၅-မျိုး

အလုပ်ကြမ်းသမားများ ဟူ၏။ ဧကကနိပါတ် အပဏ္ဏကဇာတ် အဋ္ဌကထာ။
(၁) စဏ္ဍာလ- ဒွန်းစဏ္ဍားမျိုး၊ ပန်းပဲစသည့် အလုပ်ကြမ်းသမားများ၊
(၂) နေသာဒ- တံငါ မုဆိုးမျိုး၊
(၃) ပက္ကုသ- ပန်းမှိုက်သွန် အညစ်အကြေးသုတ်သင်သူမျိုး၊
(၄) ရထကာရ- သစ်ရွှေသမား ရထား လှည်းစသည့်အလုပ်သမားများ၊
(၅) ဝေဏု- ဝါးခုတ် ဝါးခွဲ နှီးထိုး ဖျာရက်စသည် ပြုသောသူမျိုး။

စဏ္ဍာလ ၅-မျိုး တစ်နည်း

(၁) စပ်၊
(၂) အမွှမ်း၊
(၃) သူကောင်ထမ်း၊
(၄) တွင်းတူး၊
(၅) သူသေကိုင်၊
ဤ ၅-မျိုးကိုလည်း စဏ္ဍာလ ၅-မျိုးဟူ၍ “လောကဝေါဟာရ”အားဖြင့် ခေါ်ကြသေး၏။
မှတ်ချက်။ ။ “စဏ္ဍာလငါး၊ အစို့များက၊ ရငြားတမည်၊ အခွန်သည်ကား၊ တပြည်တစံ၊ တစ်နိုင်ငံက၊ သံကိုကျွေးမွေး၊ ပေးကမ်းဘို့ရန်၊ အရွတ်ဝန်သို့၊ မကျန်စေငှာ၊ အပ်ထားရာ၏။”ဟု မဃဒေဝလင်္ကာ ပုတ္တောဝါဒခဏ်း၌ စပ်ဆိုလျက်ရှိ၏။

စတုဥဏှမျိုး ၄-ပါး

ဆေးကျမ်းလာ အပူမျိုးအပေါင်းဝေါဟာရ။
(၁) သင်္ဘောချင်း၊
(၂) ငရုတ်ကောင်း၊
(၃) ပိတ်ချင်းသီး၊
(၄) ပိတ်ချင်းမြစ်။

စတုဇာတ မျိုး ၄-ပါး

ဆေးကျမ်းလာ အမွှေးမျိုးအပေါင်း ဝေါဟာရ။
(၁) ဖာလာ၊
(၂) ကရဝေးရွက်၊
(၃) ကရဝေးခေါက်၊
(၄) ကံ့ကော်ဝတ်ဆံ။

စတုတ္ထအက္ခရာ ၅-လုံး

ကမ္မဝါဖတ်ရာ၌ ပြင်းပြင်းရွတ်ရ၍ ဝဂ်ငါးပါးတို့တွင်ပါဝင်သော
ဃ, စျ, ဎ, ဓ, ဘ အက္ခရာငါးလုံးကိုခေါ်သည်။

စတုဒိသာ ၄-မျက်နှာ

အရှေ့အရပ်၊
အနောက်အရပ်၊
တောင်အရပ်၊
မြောက်အရပ်။

စတုပညာသ ဆေး ၅၄-ကျပ်သား

အဂ္ဂိရတ်ဝေါဟာရ၊ ဘယဆေး၌လည်းသုံး၏။
(၁) ဆား ၈-ကျပ်၊
(၂) လက်ချား ၁၅-ကျပ်၊
(၃) ဆပ်ပြာ ၁၉-ကျပ်၊
(၄) ယမ်းစိမ်း ၁၂-ကျပ်
ပေါင်း ၅၄-ကျပ်သားကို ချော်ချက်၍သုံးရာ၌ အဂ္ဂိရတ်ဆရာတို့က “စ က ဗ ယ“စတုပညာသဟု ခေါ်ဆိုကြလေသည်။
၃, ၂, ၅, ၈ ဂြိုဟ်သက်တို့ကို အလေးချိန်ပြုသည်မှတ်။

စတုပညာသ ဆေး ၅၄-ကျပ်သား၊ တစ်နည်း

(၁) ထုံးရေကြည် ၁၀-ကျပ်သား၊
(၂) ဇဝက်သာ ၂၁-ကျပ်၊
(၃) ဆား ၈-ကျပ်၊
(၄) လက်ချား ၁၅-ကျပ်၊ ၎င်း ၅၄-ကျပ်သားကို လုပ်ရတ်ကျမ်းတို့၌ “ဋ, သ, ည, ခ”ဟု ခေါ်ဆိုကြကုန်၏၊
၇, ၆, ၃, ၂ ဂြိုဟ်သက်တို့ကို အလေးချိန်ပြုသည်။

စတုပါရိသုဒ္ဓိသီလ ၄-ပါး

၎င်းသရုပ်ကို (သီလကြီးမျိုး ၄-ပါး)၌ ရှုပါ။

စတုဗလဆေး ၄-ပါး

စိန်, ဆေး, ကန့်, ဟင်း, ခေါ် မင်းလေးပါးဆေးကို လုပ်ရတ်ကျမ်းတို့၌ “စတုဗလဆေး”ဟု ခေါ်ဆိုကြ၏။

စတုဗီဇမျိုး ၄-ပါး

ဆေးကျမ်းလာ အစေ့မျိုးအပေါင်း ဝေါဟာရ၊
(၁) ဇီယာနက်စေ့၊
(၂) ပဲနဲ့သာစေ့၊
(၃) စမုန်ဖြူစေ့၊
(၄) စမုန်နီစေ့။

စတုဘုမ္မိကတရား ၄-ပါး

(၁) ကာမဘုံ၌ဖြစ်သော တရားစု၊
(၂) ရူပဘုံ၌ဖြစ်သော တရားစု၊
(၃) အရူပဘုံ၌ဖြစ်သောတရားစု၊
(၄) အ ဝတ္ထာဘုံ၌ဖြစ်သော လောကုတ္တရာတရားစု။
မှတ်ချက်။ ။ ၄-ခုမြောက် လောကုတ္တရာဘုံ၊ ဝါ- နိဗ္ဗာန်တရားကိုပင် “စတု ဘုမ္မိက”ဟု ခေါ်သည်မှတ်လေ။

စတုမဓုမျိုး ၄-ပါး

ရဟန်းတော်များ နေ့လွဲညစာသုံးဆောင်ရန် ဘုရားခွင့်ပြုတော်မူသော အချိုမျိုးလေးပါး၊ အာယုဝဍ္ဎုနပြီး၏။
(၁) ထောပတ်၊
(၂) ပျားရည်၊
(၃) တင်လဲ၊
(၄) နှမ်းဆီ၊
၎င်းလေးပါးအမျှစီ၊ နေ သို့မဟုတ် မီးနှင့်ချက်။

စတုမဟာရာဇ် နတ်မင်းကြီး ၄-ပါး

ပဋိသံ၊၃၃၂။ ပဋိသံ၊ဋ္ဌ၊၂၊၂၁၈။ စတုမဟာရာဇ်နတ်ပြည်၌ လေးဌာနခွဲ၍အုပ်စိုးသော နတ်မင်းကြီးလေးပါးဟူ၏။
၁၊ အရှေ့ပိုင်းဌာန၌ ဓတရဋ္ဌနတ်မင်းကြီး၊
၂၊ တောင်ပိုင်း ဌာန၌ ဝိရူဠှကနတ်မင်းကြီး၊
၃ အနောက်ပိုင်းဌာန၌ ဝိရူပက္ခနတ်မင်းကြီး၊
၄ မြောက်ပိုင်းဌာန၌ ကုဝေရခေါ် ဝေဿဝဏ်နတ်မင်းကြီး။

စတုရင်္ဂါ၊ ဘွဲ့နာမာ၊ ၄-ဖြာ အင်္ဂါသိ

စတုရင်္ဂဗလ ဟူသော ဘွဲ့ပုံတံဆိပ်၏ အင်္ဂါလေးပါးကိုဆိုသည်။
၁ သဒ္ဒါကျမ်းအတတ်၊
၂ ကဗျာလင်္ကာအတတ်၊
၃ အမေးပြဿနာ ဓမ္မသတ်ကျမ်းစကားအတတ်၊
၄ စစ်ဆင်စစ်ချီ စစ်ထိုးအတတ်။
၎င်းအင်္ဂါ ၄-ရပ်တို့၌ ခေါင်ထိပ်အထိတတ်မြောက်သူ။

စတုရာရက္ခတရား ၄-ပါး

ရဟန်းရှင်လူတို့ ညနံနက်မြဲအပြတ် ပွားများအပ်သောတရားလေးပါး။
၁ အသုဘ ကမ္မဋ္ဌာန်း၊
၂ မရဏာနုဿတိ၊
၃ မေတ္တာဘာဝနာ၊
၄ ဗုဒ္ဓါနုဿတိ။

စတုဝဂ္ဂဓမ္မ ၄-ပါး

ကာလီဒါသစသောဆရာကြီးတို့ ရေးခဲ့သည့် လောကီမဟာကဗျာကျမ်းလာ လေးပါးသောတရားစု။
၁ ချမ်းသာကြောင်းဓမ္မ၊
၂ အတတ်ပညာလယ်ယာ ရွှေငွေဥစ္စာတို့ကိုရခြင်းနှင့် ရပြီးကိုစောင့်ရှောက်ခြင်း တည်းဟူသော အတ္တ၊
၃ ကာမဂုဏ်ငါးပါးဟူသော ကာမ၊
၄ နိဗ္ဗာန်ဟူသော မောက္ခ။

စတုဝိသာရဒဉာဏ်တော် ၄-ပါး

မ၊၁၊၁၀၃။ မ၊ဋ္ဌ၊၁၊၃၃၈။ စတုဝေသာရဇ္ဇဉာဏ်တော်၄-ပါးလည်းဟူ၏၊ ဟုတ်မှန်ကြောင်းကို ရဲရင့်စွာ အသိပေးပြောဆိုဝန်ခံခြင်း ၄-ပါး။
၁ ဗုဒ္ဓတ္တဉာဏ်- ဘုရား အဖြစ်ကိုဟုတ်မှန်စွာသိသောဉာဏ်၊
၂ အာသဝက္ခယဉာဏ်- အာသဝကုန်ခြင်းကိုသိသောဉာဏ်၊
၃ အန္တရာယဉာဏ်-အန္တရာယ်ရှိသည်ကိုသိသောဉာဏ်၊
၄ နိယျာနိကဉာဏ်- လောကသံသရာမှ ထွက်လမ်းကိုသိသောဉာဏ်။

စန္ဒကူးမျိုး ၄-ပါး

၁ ရတ္တစန္ဒန- စန္ဒကူးနီ၊
၂ ကာလာနုသာရီ- စန္ဒကူးနက်၊
၃ ဟရိစန္ဒန- စန္ဒကူးရွှေ၊
၄ ဂန္ဓသာရ- စန္ဒကူးဖြူ။

စန်းယှဉ်နက္ခတ် ၁၃-လုံး

၎င်းသရုပ်ကို (ပုဏ္ဏမီနက္ခတ် ၁၃-လုံး)၌ ကြည့်ပါ။

စပ်တူ စပ်ဖက် မလုပ်အပ်သူမျိုး ၈-ယောက်

၎င်းသရုပ် အဖြေကို (မတိုင်ပင်အပ်သူ ၈-ယောက်)၌ ရှုပါလေ။

စပါးမျိုး ၇-ပါး

၎င်းသရုပ်ကို “ကောက်မျိုး ၇-ပါး”၌ ဆိုခဲ့ပြီ။

စပါးမျိုးအပြား ၁၈၇-ပါး၊ တစ်နည်း

အထိကရ မဟာကန်တော်ကြီးမော်ကွန်းမှ၊ ၎င်းသရုပ်များကို (ကောက်မျိုး ၁၈၇-ပါး)၌ ပြခဲ့ပြီ။

စမကြီး ၄-လုံး

တြင်းကျေ နဝင်းကျေဖြစ်၍ လောကကောင်းကျိုးကိုပေးစေတတ်သော “စ, ဓ, ဗ, ဝ”ခေါ် အက္ခရာ ၄-လုံး။

စမုန်မျိုး ၅-ပါး

(၁) စမုန်စပါး၊
(၂) စမုန်ဖွဲ၊
(၃) စမုန်ဖြူ၊
(၄) စမုန်နီ၊
(၅) စမုန်နက်။

စမုန်မျိုး ၇-ပါး၊ တစ်နည်း

(၁) ဇီယာ၊
(၂) စမွတ်၊
(၃) စမုန်စပါး၊
(၄) စမုန်ဖွဲ၊
(၅) စမုန်ဖြူ၊
(၆) စမုန်နီ၊
(၇) စမုန်နက်။

စရဏတရား ၄-ပါး

လောကီ လောကုတ် အတတ်တို့၏အခြေခံအကြောင်းရင်း အလုပ်တရား လေးပါး။
(၁) လောကီစရဏ- လောကီဝိဇ္ဇာကို တတ်မြောက်နိုင်ရန် ပရိကံဖြစ်၍ မူလအခြေ သင်ကြားအားထုတ်မှု လေ့ကျင့်ခန်းဟူသမျှ၊
(၂) ဗြဟ္မ စရဏ- ဗေဒင်သုံးပုံတို့၏ အခြေခံဖြစ်သော ကမ္မဿကတဉာဏ်နှင့်ငါးပါးသီလတရားစု၊
(၃) ဣသိ စရဏ- ဣသိဝိဇ္ဇာခေါ် လောကီအဘိညာဉ်ငါးပါး၏ ရှေ့အဖို့ ကျင့်ကြံအားထုတ် စရာ
ဆယ်ပါးသီလ
ဣန္ဒြိယသံဝရသီလ
ပရိကမ္မစသော နိမိတ် ၃-ပါး၊
စျာန် ၄-ပါး၊
သမာပတ် ၈-ပါး တရားစု၊
(၄) ဗုဒ္ဓ စရဏ- ဘုရားသခင်၏ အလိုတော်ကျဖြစ်သော စရဏတရား ၁၇-ပါး။

စရဏတရား ၉-ပါး။ တစ်နည်း

အမ္ဗဋ္ဌသုတ်၌ စရဏတရားကိုးပါးကို မြတ်စွာဘုရား ဟောကြားတော်မူသည်။
၁ သီလသံဝရ၊
၂ ဣန္ဒြိယသံဝရ၊
၃ ဘောဇနေ မတ္တညုတ၊
၄ သတိသမ္ပဇည၊
၅ စတုပစ္စယသန္တောသ၊
၆ ပထမစျာန်၊
၇ ဒုတိယစျာန်၊
၈ တတိယစျာန်၊
၉ စတုတ္ထစျာန်။

စရဏတရား ၁၅-ပါး

သုတ္တနိ၊ဋ္ဌ၊၁၊၂၀၃။ နိဗ္ဗာန်သွားကြောင်း ခြေချောင်းနှင့်တူသော တရားများ ဟူ၏။
၁ သီလသံဝရ၊
၂ ဣန္ဒြိယေသု ဂုတ္တဒွါရတာ၊
၃ ဘောဇနေ မတ္တညုတ၊
၄ ဇာဂရိယာ နုယောဂ၊
၅ သဒ္ဓါ၊
၆ သတိ၊
၇ ဟိရီ၊
၈ ဩတ္တပ္ပ၊
၉ ဗာဟုသစ္စ၊
၁၀ ဝီရိယ၊
၁၁ ပညာ၊
၁၂ ပဌမစျာန်၊
၁၃ ဒုတိယစျာန်၊
၁၄ တတိယစျာန်၊
၁၅ စတုတ္ထစျာန်။

စရဏတရား ၁၇-ပါး။ တစ်နည်း

အထက်ဖေါ်ပြပါ ၁၅-ပါးသို့။
၁ သမ္ပဇည၊
၂ စတုပစ္စယ သန္တောသ၊
၎င်းနှစ်ပါးထည့်သော် စရဏတရား ၁၇-ပါးဖြစ်၏။

စရိယတရား ၃-ပါး

မ၊၂၊၃။ အတ္တ ပရ နှစ်ဝကျိုးတွက် လုပ်ကိုင်အားထုတ်ခြင်း၃-ပါး။
၁ လောကတ္ထ စရိယာ- ကမ္ဘာသား အများကောင်းကျိုးချမ်းသာ ရရှိခံစားနိုင်ရန်အတွက် ဖြည့်ကျင့်ပြုစုခြင်း၊
၂ ဉာတတ္ထစရိယာ- မိမိအမျိုးသားတို့၏အကျိုးငှာ ဖြည့်ကျင့်ပြုစု အားထုတ်ခြင်း၊
၃ ဗုဒ္ဓတ္ထ စရိယာ- ဘုရားသခင်ဖြစ်နိုင်လောက်သည်အထိ ဉာဏ်ပညာကြီးပွားအောင် ပြုကျင့်အားထုတ်ရှာမှီးခြင်း။

စရိုက် ၆-ပါး

ဝိသုဒ္ဓိ၊၁၊၁၀၁။ သတ္တဝါတို့၏ သန္တာန်မှာပါရှိနေသော သဘောတရား ၆-ပါး။
(၁) ရာဂစရိုက်- ရာဂပေါများထူပြောသူ၊
(၂) ဒေါသစရိုက်- ဒေါသပေါများထူပြောသူ၊
(၃) မောဟစရိုက်-မောဟပေါများထူပြောသူ၊
(၄) ဝိတက်စရိုက်- တောင်တောင်ဤဤကြံစည်ခြင်းများပြားသူ၊
(၅) သဒ္ဓါစရိုက်-သဒ္ဓါတရားကောင်းသူ၊
(၆) ဗုဒ္ဓိစရိုက်-ဆင်ခြင်ဉာဏ်ပညာ ကောင်းသူ။

စ ဝဂ် ၅-လုံး

စ ဆ ဇ စျ ည၊
၎င်းအက္ခရာငါးလုံးကို တစ်စုတည်း တစ်ဆက်တည်းရွတ်ဆိုရသောကြောင့် စ ဝဂ်ခေါ်သည်။

စာဂဂုဏ် ၆-ပါး

စာဂါနုဿတိအရ စာဂဂုဏ် ၆-ပါးကား ပေးကမ်းစွန့်ကြဲသူအဖို့ဖြစ်၏။
၁ ဝိဂတ မလ မစ္ဆေရ- မစ္ဆေရမှကင်းစင်ခြင်းဂုဏ်၊
၂ စာဂ- ပေးလှူစွန့်ကြဲနိုင်မှုဂုဏ်၊
၃ ပယတ ပါဏီ- စင်ကြယ်သော လက်ရှိခြင်းဂုဏ်၊
၄ ယာစက ယောဂ- အလှူခံတို့နှင့်ယှဉ်ခြင်းဂုဏ်၊
၅ သံဝိဘာဂရတ- ဝေဖန်ခြင်း၌ မွေ့လျော်မှုဂုဏ်၊
၆ ဝေါသဂ္ဂ ရတ- စွန့်ကြဲခြင်း၌ မွေ့လျော်မှုဂုဏ်။

စာဂီ ၅-ဖြာ၊ လောင်းမြတ်စွာ၊ ကျင့်ရာအဘယ်နည်း

၎င်းသရုပ်ကား “စွန့်ခြင်းကြီး ၅-ပါး”နှင့် တူ၏၊ စွန့်ခြင်းကြီး ၅-ပါးကိုပင် “စာဂီ ၅-ဖြာ၊ စာဂ ၅-ပါး”စသည်ဖြင့် ခေါ်ဆိုကြကုန်၏။

စာတတ်ကြောင်းရာ၊ အင် ၈-ဖြာ၊ လိုက်နာစွဲမှတ်သိ

သု စိ ပု ဘာ၊ ဝိ လိ သိ ဓါ ဟူသော စာတတ်ခြင်း၏ အခြေခံအင်္ဂါရပ်ရှစ်ပါးကိုဆိုသည်။
(၁) သု, သုဏေယျ- ကြားနာရာ၏၊
(၂) စိ, စိန္တေယျ- ကြံစည်ရာ၏၊
(၃) ပု, ပုစ္ဆေယျ- မေးမြန်းစုံစမ်းရာ၏၊
(၄) ဘာ, ဘာသေယျ ပြောဆိုရာ၏၊
(၅) ဝိ, ဝိစာရေယျ- ဆင်ခြင်နှိုင်းဆရာ၏၊
(၆) လိ, လိခေယျ- ရေးသားရာ၏၊
(၇) သိ, သိက္ခေယျ -သင်ကြားလေ့ကျင့်ရာ၏၊
(၈) ဓါ, ဓါရေယျ- နှုတ်တက် အာဂုံဆောင်ရာ၏။

စာပေရေးရာ၊ နည်း ၅-ဖြာ၊ မြန်မာယဉ်ကျေးမှု

၎င်းသရုပ်ကို (မြန်မာ့စာပေ ရေးသားလေ၊ ၅-ထွေနိသျှည်း) ဟူသောပုစ္ဆာ၌ ရှုလေ။

စာပေရွတ်ဖတ်၊ နည်း ၁၀-ရပ်၊ ကျမ်းမြတ်မည်သို့မိန့်သနည်း

သဒ္ဒါကျမ်းတို့၌ “ဗျဉ္ဇနဗုဒ္ဓိ ၁၀-ပါး”ကို စာပေရွတ်ဖတ်ပုံနည်းဥပဒေအရ မိန့်ဆိုကြ၏၊ ကမ္မဝါစာရွတ်ဖတ်ရာ၌လည်း ထိုဆယ်ပါးကို ဝိနည်းဥပဒေက ညွှန်ကြားထားသည်။

စာပေဝင်ကျော်၊ ဆရာတော်၊ ၄-ဖေါ်မြန်တိုင်းရပ်

၎င်းသရုပ်ကို (ကျော်လေးပါးခေါ်၊ ဆရာတော်)ဟူသော သုတေသနရပ်၌ ဆိုခဲ့ပြီ။

စာရမျိုး ၃-ပါး

သန္ဓေတည်နေသောမိန်းမတို့ လိုက်နာရသော အကျင့် ၃-ပါး။
(၁) တိတ္တက- ခါးသော အစာအာဟာရမှ ရှောင်ကြဉ်ခြင်း၊
(၂) ကသာဝ- ဖန်သောအစာအာဟာရမှ ရှောင်ကြဉ်ခြင်း၊
(၃) ကဋုက- စပ်ပူသောအစာအာဟာရမှရှောင်ကြဉ်ခြင်း။

စာရေးတော်ကြီး အင်္ဂါ ၆-ပါး

လွှတ်သုံး သံရုံးစာရေးတော်ကြီးတို့၏ အင်္ဂါ ၆-ပါး၊ ရာဇသေဝကကျမ်း။
(၁) သကိံ ဥတ္ထဂ္ဂဟံ- တစ်ကြိမ်ဆိုလျှင် မင်း၏အလိုကိုသိတတ်ခြင်း၊
(၂) သီဃ လေခကံ- လျင်မြန်သော လက်ရေးလည်းရှိခြင်း၊
(၃) သု လေခကံ- လက်ရေးလည်းလှပပီသခြင်း၊
(၄) မေဓါဝိံ- ထိုးထွင်းဉာဏ်လည်းရှိခြင်း၊
(၅) ဝါကျပဋုကံ- စကားသွားစာပိုဒ်လည်း ကောင်းမွန်ပြေပြစ်ခြင်း၊
(၆) ဒက္ခံ- အရာဌာနအားလျော်စွာ လိမ္မာပါးလျင်ခြင်း၊
ဧတံ ဤသို့ဆိုငြား ခြောက်ပါးအင်္ဂါနှင့်ပြည့်စုံသူကို၊
လေခကေ- စာရေးတော်ကြီးနေရာ၌၊
ဌာပေ- ထားရာခန့်ရာ၏။

စာလုံး၅-မျိုး၊ ရှေးရိုးစဉ်လာ၊ ဖေါ်ပြပါ

ဤမြန်မာစာလုံး ရှေးထုံးရေးပုံငါးပါးကား “မုဒ္ဒါလိပိ သိပ္ပလိပိ၊ လိပိလေခန သမ္ဘဝါ၊ ဂုဏ္ဍိကာဃုဏသမ္ဘူတာ၊ လိပိယော ပဉ္စဓါယိမေ။”ဟူသော သက္ကတကျမ်းမှ နည်းယူကူးပြောင်းလာ၏။
(၁) တံဆိပ်ရိုက်စာလုံး- မုဒ္ဒါလိပိမျိုး၊
(၂) ပန်းချီရေးစာလုံး- သိပ္ပလိပိမျိုး၊
(၃) ကညစ်ရေးစာလုံး- လိခါ လိပိမျိုး၊
(၄) ခြစားရာ၌ ထင်နေသောစာလုံး- ဃုဏ လိပိမျိုး၊
(၅) မင်ရေးစာလုံး- ဂုဏ္ဍိကာလိပိမျိုး။

စာသင်နည်းမျိုး ၃-ပါး

၎င်းသရုပ်ကို (ပရိယတ္တိမျိုး ၃-ပါး)ဟူသော သုတေသနပုဒ်မှာကြည့်ပါလေ၊ ပါရာဇိကဏ် အဋ္ဌကထာ။

စားတော်ကဲအင်္ဂါ ၅-ပါး

စဖိုသည်ခေါ် ထမင်းချက်သမား၏ ဂုဏ်အင်္ဂါငါးပါး၊ ရာဇနီတိ၌ဆို၏။
(၁) စဖိုသည်၏ မျိုးရိုးစဉ်ဆက်ဖြစ်ခြင်း၊
(၂) ဟင်းလျာချက်နည်းမျိုးစုံ ကျမ်းစာတို့ကိုလေ့လာတတ်မြောက်ရခြင်း၊
(၃) မြိန်ယှက် ဖွယ်ရာ ဖုတ်ကင်ချက်ပြုတ် ကြော်လှော်တတ်ရခြင်း၊
(၄) ချက်ပြုတ်ရေး၌ မျက်နှာလွှဲကာ လူတကာကိုမစေခိုင်းရခြင်း၊
(၅) ချက်ပြုတ်ရေး၌ စိတ်ကူးဉာဏ် ကြံစည်ဝေဖန်မှုရှိရခြင်း။

စိတ် ၈၉-ပါး

၎င်းသရုပ် (စိတ်တစ်ခု ယုတ် ၉၀)၌ ရှုပါ။

စိတ်၏တည်ရာဝတ္ထုမှာ၊ ၆-ဖြာအဘယ်နည်း

၎င်းသရုပ်ကို (ဝတ္ထုရုပ် ၆-ပါး)ဟူသော ပုစ္ဆာ၌ ရှုပါ။

စိတ်အကြံသိနိုင်ခြင်းမျိုး ၄-ပါး

သူတစ်ပါး၏စိတ်အကြံကိုသိနိုင်ပုံ။ ဒီ၊၃၊၅၈။ ဒီ၊ဋ္ဌ၊၃၊၇၀-၌ ရှုပါ။

စိတ်တစ်ခု ယုတ် (၉၀)

အဘိ၊ဋ္ဌ၊၁၊၃၁၈နှင့် ဝိသုဒ္ဓိ၊၂၊၈၂ တို့၌ အကျယ်ရှု။ ကပ္ပါသူ ကပ္ပါသား သတ္တဝါရှိသမျှတို့၏သန္တာန်၌ ဆိုင်ရာဆိုင်ရာဖြစ်သော စိတ်အစုကို တစ်ခုမကျန်အကျဉ်းအားဖြင့် ရေတွက်သော် ၈၉-ပါး၊ ၉၀-ပြည့်ဖို့ရာတစ်ခုယုတ်နေ၍ (တစ်ခုယုတ် ၉၀)ဟု ခေါ်ဆိုရလေသည်။
(၁) ကာမစိတ် ၅၄-ပါး၊
(၂) ရူပစိတ် ၁၅-ပါး၊
(၃) အရူပစိတ် ၁၂-ပါး၊
(၄) လောကုတ္တရာစိတ် ၈-ပါး။

စိတ္တဇရုပ် ၁၅-ပါး

စိတ်ကြောင့်ဖြစ်သော ရုပ် ၁၅-ပါးကိုခေါ်ဆိုသည်။
(၁) ကာယဝိညတ်ရုပ်၊
(၂) ဝစီဝိညတ်ရုပ်၊
(၃) သဒ္ဒရုပ်၊
(၄) လဟုတာရုပ်၊
(၅) မုဒုတာရုပ်၊
(၆) ကမ္မညတာရုပ်၊
(၇) ပထဝီရုပ်၊
(၈) တေဇောရုပ်၊
(၉) အာပေါရုပ်၊
(၁၀) ဝါယောရုပ်၊
(၁၁) ဝဏ္ဏရုပ်၊
(၁၂) ဂန္ဓရုပ်၊
(၁၃) ရသရုပ်၊
(၁၄) ဩဇာရုပ်၊
(၁၅) အာကာသဓါတ်ခေါ် ပရိစ္ဆေဒရုပ်။

စိတ်ဓါတ်အားနည်းခြင်း အကြောင်းတရား ၂၅-ပါး

ကောင်းမှုကောင်းရာတို့ဘက်၌ စိတ်အားလျော့မှုများ၂၅ပါး။ ၁ ကောဓ- အမျက်ထွက်ခြင်း၊
၂ ဥပနာဟ- ရန်ငြိုးဖွဲ့ခြင်း၊
၃ မက္ခ- ကျေးဇူးမဲ့ပြုခြင်း၊
၄ ပလာသ-တုပြိုင်ခြင်း၊
၅ ဣဿာ- ငြူစူခြင်း၊
၆ မစ္ဆရိယ- ဝန်တိုခြင်း၊
၇ မာယာ- လှည့်ပတ်ခြင်း၊
၈ သာထေယျ-စဉ်းလဲခြင်း၊
၉ ထမ္ဘ- မိုက်မဲခိုင်ခံ့ခြင်း၊
၁၀ သာရမ္ဘ- သူ့သီလကိုဖျက်ဆီးခြင်း၊
၁၁ မာန- စိတ်ကြီးဝင်ခြင်း၊
၁၂ အတိမာန-အလွန်အမင်းစိတ်ကြီးဝင်ခြင်း၊
၁၃ မဒ-မာန်ဖြင့်ယစ်ခြင်း၊
၁၄ ပမာဒ- မေ့လျော့ခြင်း၊
၁၅ ထိန- စိတ်၏လျော့ကျခြင်း၊
၁၆ မိဒ္ဓ- ငိုက်မြည်းခြင်း၊
၁၇ အာလသျှ- ပျင်းရိခြင်း၊
၁၈ ပါပမိတ္တတာ-ခင်ပွန်းယုတ်နှင့်ပေါင်းဖေါ်ခြင်း၊
၁၉ ရူပ- အဆင်း၌တပ်မက်လွန်းခြင်း၊
၂၀ သဒ္ဒ- အသံ၌ တပ်မက်လွန်းခြင်း၊
၂၁ ဂန္ဓ- အနံ့၌ တပ်မက်လွန်းခြင်း၊
၂၂ ရသ- အရသာ၌ တပ်မက်လွန်းခြင်း၊
၂၃ ဖောဋ္ဌဗ္ဗ- အတွေ့၌ တပ်မက်လွန်းခြင်း၊
၂၄ ခုဒ္ဒပိပါသ- ဆာလောင်မွတ်သိပ်ခြင်း၊
၂၅ အရတိ- တရား၌ မမွေ့လျော်ခြင်း။

စိန္တာအပြား၊ မျိုး ၃-ပါး၊ မိန့်ကြားကျမ်းဋီကာ

မဏိသာရ မဉ္ဇူသာဋီကာ၌ အောက်ပါအတိုင်း ကြံသိမှုတို့ကို ဆိုသည်၏။
၁ ဦဟနစိန္တာ- ဝိတက်သဘောမျှသာဖြစ်၍ ဖြူနီညိုပြာလောက်ကိုသာသိနိုင်လျက် မူရင်းသဘော လက္ခဏာကိုကား ထိုးထွင်း၍မကြံနိုင် မသိနိုင်မှု၊
၂ ဝိဇာနန စိန္တာ- ဝိညာဏ် သဘောမျှသာဖြစ်၍ မူရင်းသဘောလက္ခဏာသို့ရောက်အောင် ကြံစည်ထိုးထွင်းကာသိနိုင်လျက် ဝိပဿနာ မဂ်ဖိုလ်ရောက်အောင်ကား မစွမ်းနိုင်မှု၊
၃ ပဇာနန စိန္တာ- ပညာသဘောဖြစ်၍ ကိစ္စအားလုံးကို သိမ်းကျုံးကာ ထိုးထွင်းသိနိုင်မှု။

စိန်မျိုး ၄-ဖြာ၊ ရတနာ၊ မိန့်မှာမဏိသျှတ်

မဏိသျှတြကျမ်းလာ ဝဇိရစိန်ရတနာမျိုး လေးပါး။
၁ ခတ္ထိယ-ပြိုးပြိုးပျက်ပျက်ထွက်သော အရောင်ရှိ၏။
၂ ကဏ္ဍိ- ဖြူဖွေးဖွေး၌ သက်တင်ရေးထင်လုလုအရိပ်ထွက်သည်။
၃ ကိဿရာ- ဝါ ညို နီရောင်သန်းနေသည်။
၄ ဗြဟ္မဏ- အတွင်း၌အဖြူထုတ်ချင်းထွင်းလျက် အပြင်ဘက်က သက်တင်ရေးပြာနုရောင်သန်းနေသည်။

စိန်မျိုး ၇-ပါး၊ လုပ်ရတ်များ၊ ခွဲခြားစိတ်ဖြာသိ

ဝိဇ္ဇာဓရ ဓါတုသာရကျမ်းမှယူသည်။
၁ အဿဒန္တ သောမလ- မြင်းသွားစိန်၊ ဝါ နီ ဖြူအဆင်းရှိ၏။
၂ သောမလ သုက္က- စိန်ဖြူ ဒိုးဆန်၊ ဂုံညင်းဆန်ကဲ့သို့ ရှိ၏။
၃ သောမလ သုက္က ဂဇ- စိန်ဖြူ ဆင်ဦးနှောက်၊ ဖြူသောစရံရှိ၏။
၄ သောမလ ရတ္တ သုဝ- စိန်နီ၊ ကျေးနှုတ်သီး၊ ရဲရဲနီသောအဆင်းရှိ၏။
၅ ပတြဇ ကာလ- စိန်နက် မှန်ရောင်၊ နက်မှောင်၏။
၆ သီဟ မတ္ထလုင်္ဂ ပတြဇ- ခြင်္သေ့ဦးနှောက်စိန်၊ ဖြူဖြူမှန်ရောင်ရှိ၏။
၇ ဗျဂ္ဃ မတ္ထလုင်္ဂ ပတြဇ- ကျားဦးနှောက်စိန်၊ ဖြူဖြူဝါဝါမှန်ရောင်ရှိ၏။
ထို ၇-ပါးတို့တွင် ထွက်ရပ်လမ်းဆရာတို့အတွက် ပတြဇကာလခေါ် စိန်နက်သည်တန်ခိုးအရှိဆုံးဟု အထူးချီးမွမ်းထုတ်ဆိုထား၏။

စီးပွားဥစ္စာ ဆုတ်ယုတ်ပျက်စီးကြောင်းတရား ၆-ပါး

၎င်းသရုပ်ကို (စည်းစိမ်ဥစ္စာပျက်စီးကြောင်းတရား ၆-ပါး)ဟူသော ပြဿနာ၌ ဆိုခဲ့ပြီ။

စုတ်မျိုး ၉-ပါး

ဗေဒင်ကျမ်းအချို့၌ အောက်ပါအတိုင်း ခွဲ၍ပြကြ၏။
၁ ပထနီ၊
၂ သုဘ၊
၃ လာဘ၊
စုတ်ကြီး ၃-အိမ်၊
၄ ဓနု၊
၅ ကဋုမ္ဗ၊
၆ သဟဇ၊ စုတ်လာဘ် ၃ အိမ်၊
၇ ဗန္ဓု၊
၈ ပုတ္တ၊
၉ ကမ္မ၊ စုတ်ကလေး ၃ အိမ်။

စုဒိတကကျင့်ဝတ် ၂-ပါး

အာပတ်ဖြင့် အစွပ်စွဲခံရသူ စုဒိတကပုဂ္ဂိုလ်တို့ လိုက်နာကျင့်သုံးရမည့်ကျင့်ဝတ် ၂-ပါး။ ၁ သစ္စံ ဘဏေ- မှန်သောစကားကိုသာ ပြောဆိုရခြင်း၊
၂ အ ကုပ္ပေယျ- အမျက်ဒေါသမထွက်ရခြင်း။

စုန်းမျိုး ၇-ပါး၊ တစ်နည်း ၇၈-ပါး

ဤ၌ လောကီဟူးရားမန္တန်ကျမ်းတို့တွင် အမျိုးမျိုးရှိကြရာ သင့်လျော်ရာကိုသာ ဖေါ်ပြလိုက်သည်။
(၁) ခြေစုန်း၊ ၎င်းကားသစ်သီးသစ်ပွင့်ကိုစားသည်။ ခြေကိုသော်လည်းကောင်း၊ ခြေရာကိုသော်လည်းကောင်းကိုယ်တိုင်ကိုင်ရမှ ဖမ်းစားနိုင်သည်။ ၎င်းကို “ရွာသူ”ဟု သမုတ်သည်။
(၂) ခေါင်းစုန်း၊ ၎င်းကား သစ်သီးမှည့်အချိုအချဉ်ကိုစားသည်။ အရိပ်ကိုသော်လည်းကောင်း၊ ခြေရာကိုသော်လည်းကောင်း ကိုယ်တိုင်ထိရမှဖမ်းစားနိုင်သည်။ ၎င်းကို “နဖားထပ်”ဟု သမုတ်သည်။
(၃) ကိုယ်စုန်း၊ ၎င်းကား မစင်ချေးခြောက်ကိုစားသည်။ ခြေရာကိုသော်လည်းကောင်း၊ အရိပ်ကိုသော်လည်းကောင်း၊ကိုယ်ကိုသော်လည်းကောင်း ကိုယ်တိုင်ထိရမှဖမ်းစားနိုင်သည်။ ၎င်းကို “ဆင်ကွပ်”ဟု သမုတ်သည်။
(၄) မောက်လုံးစုန်း၊ ၎င်းကား အသွေး၊ အသား၊ အရေကိုစားသည်။ ကိုယ်တိုင် မြင်ရ ထိရ နမ်းရှုပ်ရမှဖမ်းစားနိုင်သည်။ ၎င်းကို “စုန်း”ဟု သမုတ်သည်။
(၅) မောက်ပြားစုန်း၊ ၎င်းကား အအူ အသည်း အမြစ်တို့ကိုစားသည်။ ကိုယ်တိုင် မြင်ရ ထိရ နမ်းရှုပ်ရမှ ဖမ်းစားနိုင်သည်။ ၎င်းကို “ရွာသမီး”ဟု သမုတ်သည်။
(၆) အိန့်တလိမ့်စုန်း၊ ၎င်းကား အကြော် အလှော် အစိမ့် အအိမ့်တို့ကိုစားသည်။ အမည်နာမကိုသိမှ မိမိလက်အောက်ရှိ ၃၇-မင်းနတ်တို့ကို စေပါး ခိုင်းခန့် ဖမ်းစားနိုင်သည်။ ၎င်းကို “ဇော်ဂနီ”ဟု သမုတ်သည်။
(၇) ကဝေမြောက်စုန်း၊ ၎င်းကား လူသွေး လူသား လူရိုးတို့ကိုစားသည်။ အမည်နာမကိုသိက မိမိလက်အောက်ရှိ နတ်တို့ကို စေပါးခိုင်းခန့်ဖမ်းစားနိုင်သည်။ ၎င်းကို “ကဝေ”ဟု သမုတ်သည်။
မှတ်ချက်။ ။
ခြေစုန်း ခေါင်းစုန်း ကိုယ်စုန်း ၎င်းသုံးယောက်တို့ကား သေအောင်မဖမ်းစား၊ မကြံစည်နိုင်ကြကုန်။
မောက်လုံး၊ မောက်ပြား၊ အိန့်တလိမ့်၊ ကဝေမြောက် ၎င်းလေးယောက်သောစုန်းတို့ကား သူ့ကိုသေအောင် ဖမ်းစားကြံစည်နိုင်သော တန်ခိုးသတ္တိရှိကြကုန်၏။
ထိုမှတပါး- အခြားစုန်းအမျိုး ၆၆-ပါး၊
ဗူးသွင်းစုန်းမျိုး ၇-ပါး၊
ကာကနီ ဇော်ဂနီစုန်းမျိုး ၅-ပါး၊
ပေါင်း ၇၈-ပါးသော အကြောင်းအရာအကျယ်ကို “လောကီ အင်္ဂုတ္တိုရ် ကျမ်းရင်းကြီး”မှာ ရှုပါကုန်။

စေတနာ ၃-တန်

ဒီ၊၁၊၁၃၁။ ဒီ၊ဋ္ဌ၊၁၊၂၆၇-၌ အကျယ်ရှုပါ။ အလုပ်တစ်ခု၌ စေ့ဆော်ခြင်းသဘောတရားမျိုးသုံးပါး။
၁ ပုဗ္ဗစေတနာ- မပြုလုပ်မီရှေးအဖို့၌ဖြစ်သော စေတနာ၊
၂ မုဉ္စ စေတနာ-ပြုဆဲအခါ၌ ဖြစ်သောစေတနာ၊
၃ ပရ စေတနာ- ပြုပြီးနောက်အခါ၌ အာရုံပြု၍ ဖြစ်ပေါ်သောစေတနာ။

စေတသိက် ၅၂-ပါး

အမှန်တရားကို ထိုးထွင်းထွန်းလင်း၍ သိမြင်အောင်ပြ ပေးခြင်းလက္ခဏာရှိသော “အမောဟ“ခေါ် ပညိန္ဒြေ စေတသိက် ၁-ပါး၊ သဗ္ဗစိတ္တသာဓါရဏ စေတသိက် ၇-ပါး၊
ပကိဏ္ဏက စေတသိက် ၆-ပါး၊
သောဘဏသာဓါရဏ စေတသိက် ၁၉-ပါး၊
ဝိရတီစေတသိက် ၃-ပါး၊
အပ္ပမညာ စေတသိက် ၂-ပါး၊
အကုသိုလ်စေတသိက် ၁၄-ပါး၊
ပေါင်း ၅၂-ပါးဖြစ်၏။ ၎င်းသရုပ်အဓိပ္ပါယ်များကို ဆိုင်ရာအမည်တို့၌ ပြသွားမည်။

စေတီတည်ထား၊ ကိုးကွယ်ငြား၊ ၄-ပါးပုဂ္ဂိုလ်အပ်

ဖေါ်ပြပါ လေးပါးသောပုဂ္ဂိုလ်တို့ကို စေတီတည်ထားကိုးကွယ်ထိုက်ကြောင်းနှင့် မဟာပရိနိဗ္ဗာနသုတ် အဋ္ဌကထာ၌ လာရှိ၏။
၁ ပူဇော်အထူးကိုခံတော်မူထိုက်သောဘုရားရှင်၊
၂ ဘုရားငယ်ခေါ် ပစ္စေကဗုဒ္ဓါအရှင်များ၊
၃ သီလဝန္တဖြစ်သော မြတ်စွာဘုရား၏ တပည့်သားများ၊
၄ စကြာရတနာ ၇-ပါးနှင့်ပြည့်စုံသော စကြာမင်း။

စေတီတော်ကိုး၊ မြတ်ပုထိုး၊ ၂-မျိုးခွဲခြားသိ

စေတီနှင့်ပုထိုးကို ခွဲခြားသိစေရန်ဆိုသည်။
၁ စေတီတော်-မုခ်ပေါက် လိုဏ်ဂူမပါသောစေတီမျိုး၊ ပုံ- ရွှေတိဂုံ၊ ရွှေစည်းခုံ၊ ရွှေဆံတော်တို့လို၊
၂ ပုထိုးတော်မုခ်ပေါက် လိုဏ်ဂူပါသော စေတီမျိုး၊ ပုံ- သဗ္ဗညု၊ အာနန္ဒာ၊ ကော်တော့ပလ္လင်တို့လို။

စေတီထိပ်ဖျား၊ ငှက်မြတ်နား၊ တင်ထား ငှက် ၄-မျိုး

၎င်းသရုပ်ကို (ငှက်မြတ်နားတွင်၊ ထုံးတမ်းဝင်၊ ၄-အင်ငှက်မျိုး အဘယ်နည်း)ဟူသော ပြဿနာ၌ ဆိုခဲ့ပြီ။

စေတီထိုက်စွာ၊ ပုဂ္ဂလာ၊ ၂-ဖြာ ခွဲခြားသိ

အံ၊၁၊၇၆။ အံ၊ဋ္ဌ၊၂၊၅၁။ သေပြီးနောက်၌ ကျန်ရစ်သော အလောင်းဓါတ်ရုပ်ကို စေတီတည်ထိုက်သူမျိုး ၂-ပါး။
(၁) သမ္မာသမ္ဗုဒ္ဓ- မြတ်စွာဘုရားသခင်၏ အလောင်းတော် ရုပ်ကလာပ်။
(၂) ရာဇ စက္ကဝတ္တီ- စကြာမင်း၏ အလောင်းတော်ရုပ်ကလာပ်။

စေတီထိုက်သော ပုဂ္ဂိုလ်မြတ် ၄-ပါး၊ တစ်နည်း

၎င်းတို့၏ သရီရဓါတ်များကို စေတီတည်ထားကိုးကွယ်ခြင်းများပြု၍ သုခချမ်းသာရရှိနိုင်သည်ဟူ၏၊ ဒီ၊၂၊၁၁၇၊ အံ၊၁၊၇၆-၅၆၇။ အံ၊ဋ္ဌ၊၂၊၅၁။ တို့၌ အကျယ်ရှုပါ။
၁- သမ္မာသမ္ဗုဒ္ဓ၊
၂ ပစ္စေကဗုဒ္ဓါ၊
၃ ရဟန္တာ၊
၄ စကြာဝတေးမင်း။

စေတီ ၃-ပါး ထူးအပြား

ခုဒ္ဒက၊၁၀။ ခုဒ္ဒက၊ဋ္ဌ၊၁၈၈ ၌အကျယ်ရှု။ ရိုသေလေးစားအပ်သော အရာဝတ္ထုများ။
၁ သာရီရိကစေတီ- မြတ်စွာဘုရား၏ ကိုယ်တော်ဒြပ်မှ ဖြစ်သမျှဓါတ်တော်တို့ကိုခေါ်သည်၊ “သရီရစေတီ“လည်းဟူ၊
၂ ပရိဘောဂစေတီ ဗောဓိပင်နှင့်တကွ မြတ်စွာဘုရား၏ အသုံးအဆောင်တော် ပရိက္ခရာစသည်ကို ခေါ်သည်၊
၃ ဥဒ္ဒိဿစေတီ မျက်ကွယ်ကမှန်းဆရည်ရွယ်အပ်သော ၃၂-ပါးသော လက္ခဏာတော်ကြီး, ၈၀-သောလက္ခဏာတော်ငယ်, ရောင်ခြည်တော် ၆-သွယ်နှင့် တင့်တယ်စမ္ပါယ်တော်မူသော မြတ်စွာဘုရား၏ ရူပါရုံ “အဆင်းတော်”သို့မဟုတ် “ဗုဒ္ဓပဋိမာ ဥဒ္ဒိဿက စေတီယံ”ဟူသော ခုဒ္ဒကပါဌ အဋ္ဌကထာအရ “ရုပ်ပွားဆင်တုတော်, ကောင်းမြတ်သာယာသောအသံတော် အနန္တဂုဏ်တော်”တို့ကို ခေါ်သည်။
မှတ်ချက်။ ။ ဤသုံးပါးကား တေရသနိပါတ် ကာလိင်္ဂဗောဓိဇာတ်လာ အနာထပိဏ် သေဋ္ဌေး တောင်းပန်၍ ရှင်အာနန္ဒာ လျှောက်ထားသဖြင့် သာဝတ္ထိပြည်မှာ ဘုရား ခွင့်ပြုတော်မူသော စေတီတို့တည်း။ အချို့ကား “ဓမ္မစေတီ”ထည့်၍ စေတီလေးပါးဟု ရေတွက်ကြလေသည်။၊ (ပဋိစ္စ သမုပ္ပါဒါဒိ လိခိတ ပေါတ္ထကေ နိဓဟိတွာ ကတံ ပန ဓမ္မစေတီယံနာမ) ပဋိစ္စသမုပ္ပါဒ်စသော တရားဒေသနာတို့ကို ရေးအပ်သော ပေ, ရွှေပြား, ငွေပြား, စသည်များကို သိုမှီးဌာပနာ၍ပြုအပ်သော
စေတီသည် “ဓမ္မစေတီ”မည်၏ ဟူ၍ သာရတ္ထဒီပနီဋီကာဆရာ မိန့်တော်မူသည်။

စေတီပါဒ ၃ ဌာန

၎င်းသရုပ်ကို (စက်တော်ရာ ၃-ဆူ)၌ ရှုပါ။

စေတီပုထိုး တန်ခိုးပြခြင်းမျိုး ၃-ပါး

မိလိန္ဒ၊၂၉၇။ စေတိယပါဋီဟာရိယ ပဥှာခန်း။
(၁) ဘုရား ပစ္စေကဗုဒ္ဓါ ရဟန္တာတို့ အသက်ရှိစဉ်ကာလက ငါ၏အရိုးဓါတ်တော်စသည်မှ တန်ခိုးပြစေသတည်း ဟု အဓိဋ္ဌာန်ခဲ့ခြင်းမျိုး။
(၂) ထိုစေတီတော်တို့၌ သဒ္ဓါကြည်ညိုမှုလွန်ကဲသော အမျိုးကောင်းသားသမီးတို့က ပူဇော်ဖွယ်အမျိုးမျိုးတို့ဖြင့် ပူဇော်ပသ၍ တန်ခိုးပြတော်မူပါဟု အဓိဋ္ဌာန်သောကြောင့် ပြခြင်းမျိုး။
(၃) သာသနာတော် စည်ပင်ထွန်းကားရေးအတွက် နတ်များကအဓိဋ္ဌာန်သောကြောင့်ပြခြင်းမျိုး ဟူ၏။

စေတာ ဝိနိဗန္ဓတရား ၅-ပါး

ဒီ၊၃၊၁၉၈။ ဒီ၊ဋ္ဌ၊၃၊၂၁၄။ စိတ်ကို ဘာဝနာအလုပ်သို့မရောက်အောင် ဖွဲ့နှောင်သောတရားငါးပါး။
၁ ပစ္စည်းလေးပါး၌သာယာသော တဏှာ၊
၂ မိမိကိုယ်ခန္ဓာ၌သာယာသော တဏှာ၊
၃ စားမှုအိပ်မှု၌အလေးဂရုပြုသော တဏှာ၊
၄ ကိုယ်ရည် အဆင်းအသွေးလှပရေး၌ တက်မက်သောတဏှာ၊
၅ မိမိ၏ရဟန်းသီလဖြည့်ကျင့်မှုသည် ယခုဘဝ၌နိဗ္ဗာန်ရရန်မဟုတ် အစားချောင် ကုသိုလ်ရ လူနတ်ဘဝရရုံမျှဟု စိတ်ထားခြင်း။

စောင်းကောက်တီးရိုး၊ ၁၄ ကြိုး၊ အမျိုးအမည်သိ

စောင်းကောက်ကြိုးတပ်ရာ၌ ရှေးက ၃ကြိုး၊ ၇ ကြိုး၊ ၁၃ ကြိုးတပ်ခဲ့ကြရာ၊ ယခုမှာ ၁၄ ကြိုးထိရှိနေကြောင်းနှင့် သိရ၏၊ ထိုစောင်းကြိုးတို့တွင် အောက်ဆုံးကြိုးက စ၍ အထက်သို့ရေတွက်ခေါ်ပုံအမည်များကား။
၁ သံဖျားကြိုး၊
၂ သံချပ်ကြိုး၊
၃ တျာကြိုး၊
၄ တျေကြိုး၊
၅ တျောကြိုး၊
၆ သုံးပင်ဒုံးလက်ညှိုး၊
၇ ဒုံးနှစ်ပင်လက်ညှိုး၊
၈ ဒုံးလက်ညှိုး၊
၉ ငါးပင်ဒုံးကြိုး၊
၁၀ လေးပင် ဒုံးကြိုး၊
၁၁ သုံးပင်ဒုံးကြိုး၊
၁၂ နှစ်ပင်ဒုံးကြိုး၊
၁၃ အထက်ဒုံးကြိုး၊
၁၄ ပုလဲကြိုး။

စောင်းသံအပြား ၇ ပါး

၎င်းသရုပ်ကို (အသံ ၇-ပါး)၌ ဆိုခဲ့ပြီ။

စောဒကကျင့်ဝတ် ၅ ပါး

ဝိနည်းအရ တရားလိုခေါ် စောဒကပုဂ္ဂိုလ်တို့လိုက်နာရန် ကျင့်ဝတ် ၅-ပါး။
၁ ကာလေန- သင့်လျော်သောကာလ၌သာ ပြောဆိုရခြင်း၊
၂ ဘူတေန- ဟုတ်မှန်သောစကားဖြင့်သာ ပြောဆိုရခြင်း၊
၃ သဏှေန- နူးညံ့သိမ်မွေ့သောစကားဖြင့်သာ ပြောဆိုရခြင်း၊
၄ အတ္ထသံဟိတ- အကျိုးနှင့် စပ်သောစကားဖြင့်သာ ပြောဆိုရခြင်း၊
၅ မေတ္တာစိတ္တ- မေတ္တာစိတ်ဖြင့်သာ ပြောဆိုစွပ်စွဲရခြင်း။

စောဒနာခြင်း နည်း ၃-ပါး

အာပတ်ဖြင့်စွဲချက်တင်ခြင်း ၃-ပါး။ ပါရာဇိကအဋ္ဌကထာ ဒု။
၁ ဒိဋ္ဌစောဒနာ- မြင်ခြင်းဖြင့်စောဒနာမှု၊
၂ သုတစောဒနာ- ကြားခြင်းဖြင့်စောဒနာမှု၊
၃ ပရိသင်္ကာ- မသင်္ကာခြင်း ရွံရှာခြင်းဖြင့် စောဒနာမှု။

စောဒနာမျိုး ၄-ပါး

ဝိနည်းအရာ စောဒနာခြင်း ၄-ပါး။
၁၀တ္ထုသန္ဒဿန စောဒနာ- မေထုန်မှု ခိုးမှု လူသတ်မှု စသောဝတ္ထုပြု၍စောဒနာခြင်းမျိုး၊
၂ အာပတ္တိ သန္ဒဿန စောဒနာ- အာပတ်တင်ပြ၍ စောဒနာခြင်းမျိုး၊
၃ သံဝါသ ပဋိက္ခေပ စောဒနာ- ဥပုသ်ကံစသည် မပေါင်းဖေါ်ခြင်း အတူမပြုခြင်းမျိုး၊
၄ သာမိစိပ္ပဋိက္ခေပ စောဒနာ- အရိုအသေပေးမှု ရှိခိုးမှုစသည် မပြုခြင်းမျိုး။

စွန့်ခြင်းကြီး ၅-ပါး

ဇာ၊ဋ္ဌ၊၇၊၃၃၃-၌ အကျယ်ရှုပါ။ သမ္မာသမ္ဗောဓိဆုပန် အလောင်းတော်များ လိုက်နာကျင့်ကြံအားထုတ်ရသည့် ပါရမီဖြည့်ခြင်းဆိုင်ရာ စည်းမျဉ်းကြီးငါးချက်။
၁ ဓနပရိစ္စာဂ- စွန့်နိုင်ခဲလှစွာသော မင်းစည်းစိမ် ရတနာ, ဆင်, မြင်း စသည်ကိုစွန့်ခြင်း၊
၂ အင်္ဂ ပရိစ္စာဂ- ခြေလက်စသော ကိုယ်အင်္ဂါအစိတ်အပိုင်းကိုစွန့်ခြင်း၊
၃ ပုတ္တ ပရိစ္စာဂ- သားတော်သမီးတော်တို့ကိုစွန့်ခြင်း၊
၄ ဘရိယ ပရိစ္စာဂ- မယားကိုစွန့်ခြင်း၊
၅ ဇီဝိတ ပရိစ္စာဂ- မိမိအသက်ကိုစွန့်ခြင်း။ မှတ်ချက်။ ။ ဤအရာနှင့်ပတ်သတ်၍ ထိုထိုအဋ္ဌကထာ ဋီကာစသောကျမ်းဂန်အစောင်စောင်တို့၌ ဝါဒအမျိုးမျိုး မတူကွဲပြားခြားနား စွာယူပုံကို ဓမ္မပဒ၊ မဟာဋီကာ၌ ရှုပါ။

စွယ်တော် ၄ ဆူ၊ သဒ္ဓါဖြူ၊ ပင့်ယူ ၄ ဌာန

မြတ်စွာဘုရားရှင် စွယ်တော်ဓါတ် ၄-ဆူကို ပင့်ယူကိုးကွယ် တည်ထားရာ ဌာနကြီး ၄-ပါးကိုမေးလိုရင်းဖြစ်၏၊ ၎င်းအဖြေကို (အသမ္ဘိန္န၊ ဓါတ်မြတ်လှ၊ ပင့်ကြွ ၆ ဌာနာ) ဟူသောပုစ္ဆာ၌ ပြန်ရှုပါ။

ဆံတော်မရှည်၊ ဒွင်္ဂုလီ၊ မြတ်သည်ပုဂ္ဂိုလ်

ဆံပင်တော်များရှည်လျားခြင်းမရှိဘဲ ဒွင်္ဂုလခေါ် လက်နှစ်သစ် နှစ်လက်မခန့်မျှ လက်ျာရစ်လည်၍ အမြဲတည်နေသောပုဂ္ဂိုလ်မြတ် ၂ ပါးကား။
၁ မြတ်စွာဘုရားသခင်၊
၂ ပစ္စေကဗုဒ္ဓါအရှင်ဟု ဗုဒ္ဓဝင်အဋ္ဌကထာနှင့် အပဒါန်အဋ္ဌကထာတို့၌ လာရှိ၏။

ဆံထုံးအပြား၊ ၅၅၊ ဆင်ငြားပုဂံသူ

၎င်းသရုပ်ကို (ဥသျှောင်ထုံးငြား၊ ၅၅)၌ ဆိုခဲ့ပြီ။

ဆံပင်ထားရခြင်း၏အပြစ် ၁၆ ပါး

၎င်းအကျယ် စိတ်ဝင်စားဖွယ်ရာဆံပင်ထားမှုအတွက် ပလိဗောဓ ၁၆-ပါးကို ဟံသာဝတီရိုက် မိလိန္ဒပဥှာဝတ္ထုတော်ကြီး စာမျက်နှာ ၂၁-၌ရှုပါလေ။

ဆံပင်ထုံးရိုး၊ ၇ မျိုး၊ မင်းစိုးပျိုကညာ

၎င်းသရုပ်ကို (ဥသျှောင် ၇ မျိုး၊ ဖွဲ့ထုံးရိုး)၌ ဆိုခဲ့ပြီ။

ဆ, အသာဓာရဏ ဉာဏ်တော် ၆ ပါး

၎င်း၏ သရုပ်အဓိပ္ပာယ်ကို (အသာဓါရဏ ဉာဏ်တော် ၆ ပါး)ဟူသော သုတေသန၌ ဆိုခဲ့ပြီ။

ဆက်စပ်လို့မရနိုင်အောင် ကွာဝေးသောအရာကြီး ၄ ပါး

အံ၊၁၊၃၅၉။ အံ၊ဋ္ဌ၊၂၊၃၀၆။ ဝေးသည်ထက် ဝေးသောအရာကြီးလေးပါး။
၁ နဘာစပထဝီ - မိုးနှင့်မြေကြီး၊
၂ သမုဒ္ဒဿ ဩရိမပါရိမံ- သမုဒ္ဒရာ၏ ဟိုမှာဖက်ကမ်းနှင့် ဤမှာဖက်ကမ်း၊
၃ သူရိယ အဗ္ဘုဒိတ စဝနဌာနီ- နေထွက်ရာအရပ်နှင့် နေဝင်သွားရာအရပ်၊
၄ သတဓမ္မ အသတဓမ္မ -သူတော်ကောင်းတရားနှင့် သူယုတ်မာတို့တရား။

ဆင်မျိုး ၄ ပါး၊ စွယ်ခြားနား၊ ခေါ်ငြားအမည်ထူး

အစွယ်ပေါက်ပုံလိုက်၍ အမည် ၄-ပါးဖြင့်ခေါ်ကြသည်။
၁ ဟိုင်းမျိုး- အစွယ်လုံးဝမရှိသောဆင်မျိုး၊
၂ ဟံမျိုး- သေးသွယ်သောအစွယ် တိုသောအစွယ်ရှိသည့်ဆင်မျိုး၊
၃ တည်မျိုး- အစွယ်တစ်ချောင်းသာရှိသော ဆင်မျိုး၊
၄ တံမျိုး -အစွယ်နှစ်ချောင်းစုံရှိသည့် ဆင်မျိုး။

ဆင်မျိုး ၁၀-ပါး၊ ဗလ, အား၊ ခြားနားထူးထွေပုံ

ဒီ၊ဋ္ဌ၊၂၊၁၆၄-၌ အကျယ်ရှုပါ။ အစဉ်အတိုင်း တစ်မျိုးထက်တစ်မျိုးက ဆယ်ဆအားဗလရှိကြောင်းကို သိရာ၏။
၁ ကာဠာဝကဆင်- လူဆယ်ယောက်အားရှိ၍ ညင်းညင်းအော်မြည်တတ်သော ဆင်မည်းတစ်မျိုး၊
၂ ဂင်္ဂေယျဆင်- ဂင်္ဂါမြစ်ပတ်ဝန်းကျင်တစ်ဝိုက်၌ ရှိကြသည်။ ၎င်းတစ်ကောင်၌ ကာဠာဝကဆင် ၁၀-ကောင်အားရှိ၏။
၃ ပဏ္ဍရဆင်- ဝါဖျော့ဖျော့အရောင်ရှိ၍ ဂင်္ဂေယျဆင် ဆယ်ဆအားရှိ၏။
၄ တမ္ဗဆင်- ကြေးနီရောင်အဆင်းရှိ၍ ပဏ္ဍရဆင် ဆယ်ဆအားရှိ၏။
၅ ပိင်္ဂလဆင်-ကြောင်သောအဆင်းရှိ၍ တမ္ဗဆင် ဆယ်ဆအားရှိ၏။
၆ ဂန္ဓဆင်- အနံ့မွှေးသော ဆင်နံ့သာ၊ ပိင်္ဂလဆင် ဆယ်ဆအားရှိ၏။
၇ မင်္ဂလဆင်- တင့်တယ်စွာသွားတတ်၍ မင်္ဂလာရှိသောဆင်၊ ဂန္ဓဆင် ဆယ်ဆအားရှိ၏။
၈ ဟေမဆင်- ရွှေရောင်အဆင်းရှိ၍ မင်္ဂလဆင် ဆယ်ဆအားရှိ၏။
၉ ဥပေါသထဆင်- ၎င်းအမျိုး၌ဖြစ်သည့် ကောင်းကင်ပျံဆင်ဖြူ၊ ဟေမဆင် ဆယ်ဆအားရှိ၏။
၁၀ ဆဒ္ဒန်ဆင်- အစွယ်မှ ရောင်ခြည်ခြောက်မျိုးထွက်သော ဆင်ဖြူ ဥပေါသထဆင် ဆယ်ဆအားရှိ၏။
ဘုရားသခင်၏အားတော်ကား ဆဒ္ဒန်ဆင် ဆယ်စီးအားရှိ၏။

ဆင့်အတွက် လက်နက်မျိုး ၈ ပါး

ဆင်စီးသူရဲများအတွက် ဆင့်ကိုယ်ပိုင်လက်နက်ကြီး ၈-ပါးဟု ဟိတောပဒေသ၌ လာ၏။
(က) အစွယ် ၂-ချောင်း၊
(ခ) အခြေ ၄-ချောင်း၊
(ဂ) နှာမောင်း၊
(ဃ) ဥက္ခောင်း။

ဆင်းရဲမူလ၊ ရင်းနှစ်ဝ၊ ရှောင်ကြဝေးဝေးကွာ

၎င်းသရုပ်ကို (မူလ ၂-ပါး)၌ ရှုပါကုန်။

ဆည်းကပ်ကိုးကွယ်ထိုက်သူ၏ ဂုဏ်အင်္ဂါ ၇-ပါး

အဟုတ်တကယ် ကိုးကွယ်ဆည်းကပ်ပေါင်းသင်းခံထိုက်သူ၏ လက္ခဏာ ၇-ပါး။
၁ သီလဂုဏ်- ကိုယ်ကျင့်တရား ကောင်းမွန်စွာရှိမှုဂုဏ်၊
၂ သမာဓိဂုဏ်- စိတ်ဓါတ် မြင့်မြတ်မှုဂုဏ်၊
၃ ပညာဂုဏ်- လောကုတ် လောကီပညာဆီ,ဝမှုဂုဏ်၊
၄ ဒါနဂုဏ်- ပေးကမ်းစွန့်ကြဲမှုဂုဏ်၊
၅ ပေယျဝစ္စဂုဏ်- ချစ်ဖွယ်စကားဖြင့် ယဉ်ကျေးအောင်ဆုံးမနိုင်မှုဂုဏ်၊
၆ အတ္ထစရိယဂုဏ်- သူ့အကျိုးကို သည်ပိုးနိုင်မှုဂုဏ်၊
၇ သမာနတ္ထဂုဏ်- မိမိနှင့်တူသော ကောင်းကျိုးသုခကို ပေးစွမ်းနိုင်မှုဂုဏ်။

ဆည်းဆာအပြား၊ မျိုး ၃ ပါး၊ ၄ ပါးတစ်နည်းလာ

နေမင်း၏အလယ်ဗဟိုချိန် ၃-ပါးဟူလို။
၁ နံနက် နေတခြမ်းထွက်ချိန်၊
၂ နေ့လည်မွန်းတည့်ချိန်၊
၃ ညနေ နေတခြမ်းဝင်ချိန်၊
ထို့ကြောင့် လောကသာရပျို့၌ “ဥဒည်း မဇ္ဈင်၊ နေဝင်အခါ၊ ဆည်းဆာသုံးပါး၊ ပိုင်းခြားဂါထာ၊ ရွတ်မြဲရာသား၊ ကာယာသိဒ္ဓိ၊ တရိသစ္စာ၊ တတ်လေ့လာ၍”ဟု ဆိုထားသည်။

ဆည်းဆာ ၄ ပါး၊ တစ်နည်း

သူရိယ ကာလ၏ မဇ္ဈေချိန် ၄-ပါးဟူ၏။
၁ နေ့၏အဆုံးနှင့် ညဉ့်၏အစ ညနေချမ်းချိန်၊ နေဝန်းကြီးတခြမ်းဝင်ချိန်ဟူလို။
၂ ညဉ့်၏အဆုံးနှင့် နေ့၏အစ နံနက်အချိန်၊ နေဝန်းကြီး တခြမ်းထွက်ချိန်ဟူလို၊
၃ နေမွန်းတည့်ချိန်၊
၄ ညဉ့်သန်းခေါင်ချိန်။
မှတ်ချက်။ ။ မန္တလေးနေပြည်တော်သုံး မြန်မာပဟိုရ်စည်စံတော်ချိန်၌ နံနက်လေးချက်တီး, နေ့ ၂-ချက်တီး, ညဉ့်လေးချက်တီး, ညဉ့် ၂-ချက်တီးတို့သည် ဆည်းဆာချိန်မည်၏။

ဆည်းလည်း ၃-လုံး

ဆည်းလည်းကို အချို့စာစောင်တို့၌ “ဆည်လည်”ဟု ရေးထုံးပြုကြသည်။
ရှေးထုံးဝေါဟာရ အားဖြင့် ပြောလာကြသည်မှာကား ချမ်းသာဆင်းရဲဖြစ်မည့် ရှေ့ပြေးနိမိတ်သုံးပါးဟူ၏။
၁ ကလေးသူငယ်တို့သည် “အိမ်၏ဆည်းလည်း”မည်၏။ ၎င်းတို့ အမေလေး အဘလေးစသည့် အနိဋ္ဌ အမင်္ဂလာအသံမျိုးကို မကြာခဏ မြွက်ဆိုအော်ဟစ်မူ ဆင်းရဲပျက်စီးဘေးရောက်တတ်၏။ မင်္ဂလာရှိသော ဣဋ္ဌသံကိုမြည်ဆိုမူ ထိုအိမ်၌ ချမ်းသာကြွယ်ဝတတ်၏။
၂ ဇာတ် ရုပ်သေးစသော သဘင်ပညာသည်တို့သည် “မြို့ရွာ၏ဆည်းလည်း”မည်၏။ မြို့ရွာ၏ဆည်းလည်းသည် အသေအပျောက် ခိုက်ရန်သတ်ပုတ်ဇာတ်တို့ကို များစွာပြုမူ၊ အပူတိုက်ကို အဆိုအမြည်များမူ မြို့ရွာဘေးသင့်တတ်၏။ မင်္ဂလာရှိသော ဇာတ်ကွက်ဇာတ်လမ်းနှင့် ကျက်သရေမင်္ဂလာရှိသော တေးသီချင်းတို့ကို မကြာခဏပြသသီဆိုမူ သာယာဝပြောတတ်၏။
၃ ရူးသွပ်သောသူတို့သည် “တိုင်းနိုင်ငံ၏ ဆည်းလည်း”မည်၏။ ထိုတိုင်းနိုင်ငံ၏ဆည်းလည်းသည် မကောင်းသံမြည်မူ တိုင်းပြည်မကောင်းဖြစ်တတ်၏။ကောင်းသံမြည်မူ ကောင်းတတ်၏၊ မြို့ရွာသာယာတတ်သည်ဟူ၏။

ဆန်းဂိုဏ်းရွေးနည်း ၈ ပါး

နာမည်ပေးရာ၌ ကောင်းကျိုးဆိုးကျိုးတို့ကို တွက်ချက်သောဗေဒင်နည်း၊ ၎င်းကို အောက်ပါလင်္ကာအတိုင်း ဒီဃ ရဿ ခွဲ၍သိလေ၊ ဣဋ္ဌဂိုဏ်းကား ကောင်း၏။ အနိဋ္ဌဂိုဏ်းကား မကောင်း။
(၁) ဘ ဂိုဏ်း- ဘူ, လ, မိ၊ လနတ်သားစောင့် မိဂသီနက္ခတ် ဣဋ္ဌဂိုဏ်း၊
(၂) န ဂိုဏ်း- နု, သိ, ဘ- သိကြားစောင့် ဘရဏီနက္ခတ် ဣဋ္ဌဂိုဏ်း၊
(၃) ယ ဂိုဏ်း- ယ, တိမ်, သတ်၊ တိမ်နတ်သားစောင့် သတ္တဘိသျှ နက္ခတ် ဣဋ္ဌဂိုဏ်း၊
(၄) မ ဂိုဏ်း- မတ်, ဘုံ, ဇေ- ဘုမ္မဇိုဝ်းနတ်စောင့် ဇေဋ္ဌနက္ခတ် ဣဋ္ဌဂိုဏ်း၊
(၅) ဇ ဂိုဏ်း- ဇ, နေ, ပု၊ နေနတ်သားစောင့် ပုဏ္ဏဖုသျှုနက္ခတ် အနိဋ္ဌဂိုဏ်း၊
(၆) သ ဂိုဏ်း- သု လိ သွာ၊ လေနတ်သားစောင့် သွာတိနက္ခတ် အနိဋ္ဌဂိုဏ်း၊
(၇) ရ ဂိုဏ်း- ရာ, မိ, ကြတ်၊ မီးနတ်သားစောင့် ကြတ္တိကာနက္ခတ် အနိဋ္ဌဂိုဏ်း၊
(၈) တ ဂိုဏ်း- တတ်, အာ, သ၊ အာကာသဇိုဝ်း နတ်စောင့် သရဝဏ်နက္ခတ် အနိဋ္ဌဂိုဏ်း။

ဆန္ဒမျိုး ၃ ပါး

ကောင်းသောဆန္ဒ၊ သို့မဟုတ် ဝိတက်ကောင်းမျိုး ၃-ပါးဟူလို၊ ပေဋကော၊၂၇၀။ ၎င်းသရုပ် (သမ္မာသင်္ကပ္ပမျိုး ၃-ပါး)၌ ရှုပါ။

ဆပ်မျိုး ၄-ပါး

ဆပ်ခေါ် ကောက်မျိုး ၄-ပါး။ ဆေးကျမ်းများမှယူဖြေသည်။
၁ ကာလကင်္ဂု- ဆပ်နက်မျိုး၊
၂ ရတ္တင်္ဂု- ဆပ်နီမျိုး၊
၃ သုကင်္ဂု- ဆပ်ဖြူမျိုး၊
၄ ပီတကင်္ဂု ဆပ်ဝါမျိုး။

ဆဗ္ဗဝဂ္ဂီ ရဟန်းကြီး ၆ ပါး

မ၊ဋ္ဌ၊၃၊၁၃၀-၌ အကျယ်ရှုပါ

ဆယ်ပါးသောဒဏ်၊ ဖြေဆိုရန်၊ အဟံ ပုစ္ဆာမိ

၎င်းသရုပ်ကို (ဒဏ် ၁၀-ပါး)ဟူသော ပုစ္ဆာ၌ ဆိုအံ့။

ဆယ်လီရွေး ဆယ်ပါး

မြန်မာသင်္ချာတွက်ကိန်း ဝေါဟာရတစ်မျိုး။ ဆယ်မူးတစ်ကျပ်နှင့် တွက်ကိန်းတစ်မျိုးကိုပင် “ဆယ်လီရွေး”ဟု ခေါ်ဆိုကြလေသည်။ ၎င်းလင်္ကာကား၊ “မြန်မာသင်္ချာ၊ တွက်နည်းနာဝယ်၊ ဆယ်သာကျပ်ပြည့်၊ အကြွင်းရှိကာ၊ တွက်ဖို့ရာကို၊ စဉ်လာရှေးထုံး၊
စီ၍ကုံးအံ့၊ တွက်ကျုံးကြွင်းလာ၊ မြှောက်စရာကား၊
မူးမှာတစ်ဆယ်၊ ပဲဝယ်နှစ်ပါး၊ ရွေးကား ၆-မှန်၊ ဆန် , နှမ်း, စတု၊ သုံးခု မုန်ညင်း၊ မြူမင်းဦကာ၊ လိက္ခာသတ္တု၊
အဏုပရမာ၊ ဆတ္တိံသာဟု၊ သေချာစဉ်သင့်၊ ဆယ့်နှစ်ဆင့်သည်၊ ကြွင်းဖြင့်မြှောက်ရန် သွယ်သွယ်တည်း။“
ထင်ရှားစေအံ့။
(၁) ပရမာဏုမြူ ၃၆-လုံး၊ အဏုမြူ ၁ လုံး၊
(၂) အဏုမြူ ၃၆-လုံး၊ (ကညစ်ချေး) လိက္ခာမြူ ၁-လုံး၊
(၃) လိက္ခာမြူ ၇-လုံး၊ (သန်းဥက္ခောင်း) ဦကာ တလုံး၊
(၄) ဦကာ ၇-လုံး၊ မုန်ညင်းစေ့တစ်လုံး၊
(၅) မုန်ညင်းစေ့ ၃-လုံး၊ နှမ်းတစ်လုံး၊
(၆) နှမ်းစေ့ ၄-လုံး၊ ဆန်တစ်လုံး၊
(၇) ဆန်စေ့ ၄-လုံး၊ ချင်ရွေးငယ်တစ်လုံး၊
(၈) ချင်ရွေး ၆-လုံး၊ တစ်ပဲငယ်၊
(၉) နှစ်ပဲငယ်၊ တစ်မူးငယ်၊
(၁၀) ဆယ်မူးငယ်၊ တစ်ကျပ်။
မှတ်ချက်။ ။ ကျပ်တစ်ရာကို တစ်ပိဿာခေါ်၏။

ဆရာမျိုး ၃ ပါး

အတတ်ပညာပေးသူ ၃-ပါးဟူ၏။
၁ သင်ဆရာ၊ ကိုယ်ထိလက်ရောက် ကျကျနနသင်ပေးသော ဆရာမျိုး- မုတာစရိယ၊
၂ မြင်ဆရာ၊ သူလုပ်ကိုင်နေသည်ကို တွေ့ကာမြင်ကာဖြင့် တတ်မြောက်ခြင်းရှိသူ၏ ဆရာ- ဒိဋ္ဌာစရိယ၊
၃ ကြားဆရာ၊ သူပြောဆိုရွတ်ဖတ်နေသည်ကို ကြားရသဖြင့် တတ်မြောက်သူ၏ဆရာ- သုတာစရိယ။

ဆရာမျိုး ၅ ပါး၊ တစ်နည်း

၎င်းသရုပ် (အာစရိယမျိုး ၅-ပါး)၌ ပြပြီးပြီ။

ဆရာ့ဂုဏ်အင်္ဂါ ၂၅ ပါး

ဆရာမြတ်တို့ လိုက်နာပြုကျင့်အပ်သည့် ဂုဏ်ကျေးဇူး ၂၅-ပါးဟူ၏၊ မိလိန္ဒ၊
၁ တပည့်၌အမြဲတစေစောင့်ရှောက်ရ၏၊
၂ မှီဝဲအပ် မအပ်သည်ကို သိရ၏၊
၃ မေ့လျော့သည် မမေ့လျော့သည်ကို သိရ၏၊
၄ အိပ်ရာနေရာ၏ကျန်းမာရေးကိုသိအပ်၏၊
၅ ရောဂါရှိ မရှိကိုသိအပ်၏၊
၆ ထမင်း ဘောဇဉ် ရအပ်မရအပ်ကို သိရာ၏၊
၇ အထူး ရှိမရှိကိုသိအပ်၏၊
၈ စားသောက်ဖွယ်တို့ကို ကောင်းစွာစစ်ဆေး ဝေဖန်အပ်၏၊
၉ ပညာတိုးမှုအတွက် အားပေးစကားပြောကြားအပ်၏၊
၁၀ အလုပ်အကျွေးကောင်းသူကို သိအပ်၏၊
၁၁ ဆွမ်းခံရာ၌ အလုပ်အကျွေးကောင်းသူကို သိအပ်၏၊
၁၂ ကျောင်း၌ အလုပ်အကျွေးကို သိအပ်၏၊
၁၃ ဆရာသည်တပည့်တို့နှင့် ပြက်ရယ်မှုမပြုအပ်၊
၁၄ တပည့်တို့နှင့် သူငယ်ချင်းပမာ အရောတဝင်မပြုရာ၊
၁၅ တပည့်အပြစ်ကိုမြင်သော်လည်းသည်းခံအပ်၏၊
၁၆ တပည့်ကို အရိုအသေမပေးမပြုအပ်၊
၁၇ အတတ်ကိုလျှို့ဝှက်စွာပြုသင့်က ပြုအပ်၏၊
၁၈ အတတ်ကိုအကြွင်းမထားပြုသင့်ကပြုရာ၏၊
၁၉ တပည့်များအားတတ်သိစေချင်သောစိတ် ထားရာ၏၊
၂၀ တပည့်များအား အတတ်ပညာ မမေ့နိုင်ရာသောနည်းလမ်းများဖြင့် သင်ကြားရာ၏၊
၂၁ မိမိသင်လက်စပညာဖြင့် ရှေ့ကိုသာတိုး၍သင်ကြားလိုစိတ် ရှိလာအောင် ကြီးပွားလိုစိတ်ထားအပ်၏၊
၂၂ မေတ္တာစိတ်ကိုဖြစ်စေအပ်၏၊
၂၃ ဘေးရန်ရှိသောကာလ၌ မစွန့်ရာ၊
၂၄ အမှုကိစ္စပြုလုပ်ဖွယ်၌ မမေ့မလျော့ရာ၊
၂၅ တပည့်မေ့လျော့မှားယွင်းသော် တရားနှင့်လျော်ညီစွာ ချီးမြှောက်အပ်၏။

ဆရာ့ကျင့်ဝတ် ၅ ပါး

ဒီ၊၃၊၁၅၄။ ဒီ၊ဋ္ဌ၊၃၊၁၃၇။ အတတ်လည်းသင် ပဲ့ပြင်ဆုံးမ, သိပ္ပမချန်, ဘေးရန်ဆီးကာ, သင့်ရာအပ်ပို့ , ဆရာတို့, ကျင့်ဘို့ဝတ်ငါးဖြာ။ ဆရာလုပ်သူတို့ တပည့်များအပေါ်၌ လိုက်နာပြုကျင့်ရမည့် ဝတ် ၅-ပါး။
၁ အတတ်ပညာသင်ကြားပေးရခြင်း၊
၂ လိမ်မာယဉ်ကျေးအောင် ဆုံးမပဲ့ပြင်ပေးရခြင်း၊
၃ သင်ပေးရမည့်အတတ်ပညာကို ခြွင်းချန်မထားရခြင်း၊
၄ ဘေးရန်အပေါင်းကို တားဆီးကာကွယ်ပေးရခြင်း၊
၅ မိမိထံ၌ အတတ်ပညာစုံညီပါက သင့်ရာပညာကိုသင်ကြားစေရန် အခြားဆရာ့ထံအပ်၍ ရွှေ့ပြောင်း ပေးရခြင်း။

ဆားမျိုး ၅ ပါး၊ ၃-နည်း

ဆေးကျမ်းလာ ဆားမျိုးဝင်အပေါင်းဝေါဟာရ။ ၃-နည်းပြား၏၊
၁ ဇဝက်သာ၊
၂ သိန္ဓော၊
၃ ဆားပုတ်၊
၄ သမုဒ္ဒရာဆား၊
၅ ရုက္ခမူဆား၊
တစ်နည်း။
၁ ဆား၊
၂ သိန္ဓော၊
၃ သဲဆပ်ပြာ၊
၄ ယမ်း၊
၅ ကျပ်ခိုး။
တစ်နည်း။
၁ သမုဒ္ဒရာဆား၊
၂ သိန္ဓော၊
၃ ဆားပုတ်၊
၄ ကျပ်ခိုး၊
၅ မြေပေါက်ဆား။

ဆိတ်ငြိမ်ခြင်း ၃ ပါး

ကိလေသာတို့မှ ဆိတ်ငြိမ်ခြင်းကိုဆိုသည်။ ၎င်းသရုပ် (ဝိဝေကတရား ၃-ပါး)၌ ရှုပါ။

ဆီမီးလှူကျိုး ၅ ပါး

ဤကား အကျိုးများစွာတို့အနက် ထူးကဲသောအကျိုးငါးပါးသာဟု မှတ်ရာ၏။
၁ တန်ခိုး တေဇော်အာနုဘော်ကြီးခြင်း၊
၂ ရဲရင့်လျင်မြန်ခြင်း၊
၃ ထွန်းလင်းတောက်ပအဆင်းလှခြင်း၊
၄ ဉာဏ်ပညာထက်မြက် ကြီးကျယ်ခြင်း၊
၅ ကိတ္တိ ၂-ပါးကျော်စောထင်ရှားခြင်း။

ဆုကြီး ၅ ပါး၊ ပန်လိုငြား၊ မျိုးပြားမည်သို့နည်း

နိဗ္ဗာန်ကိုလိုလားတောင့်တကြသော အမျိုးကောင်းသားသမီးတို့သည် အောက်ပါဆုကြီး ၅-ပါးကို ပန်ကြားကျင့်ဆောင်ရာ၏။
( ၁ ) ဘုရားဆု- ၄၊ ၈၊ ၁၆-သင်္ချေနှင့် ကမ္ဘာတစ်သိန်း၊
(၂) ပစ္စေကဗုဒ္ဓါဆု- ၂, သင်္ချေနှင့်ကမ္ဘာတစ်သိန်း၊
(၃) အဂ္ဂသာဝကဆု- ၁, သင်္ချေနှင့်ကမ္ဘာတစ်သိန်း၊
(၄) မဟာသာဝကဆု- ကမ္ဘာတစ်သိန်း၊
(၅) ပကတိသာဝကဆု- အပိုင်းအခြားမရှိ။

ဆုတောင်းပြည့်ရာ၊ အင် ၆-ဖြာ၊ လားရာဂတိမြဲ

ဆုတောင်းပြည့်ခြင်း၏ ဂုဏ်အင်္ဂါခြောက်ပါးကို ဆိုသည်။ ၎င်းသရုပ် (ဂတိမြဲရန်၊ ပုထုဇန်၊ ၆-တန်ဂုဏ်အင်္ဂါ)ပုစ္ဆာ၌ ဆိုခဲ့ပြီ။

ဆုမ္မခြင်းရာ၊ အင် ၅-ဖြာ၊ ကျမ်းလာမည်သို့နည်း

တပည့်များအား ဆိုဆုမ္မရာ၌ ဆရာလုပ်သူက အောက်ပါ ဂုဏ်အင်္ဂါ ၅-ပါးနှင့် စုံညီစွာရှိစေရန် “သောဝစဿတာ“မင်္ဂလာအဖွင့်၌ဆို၏။
၁ ပဋိရူပ အင်္ဂါ- သင့်လျော်သော ကာလ ဒေသ ဌာန သမယမျိုး၊
၂ သစ္စ အင်္ဂါ- ဟုတ်မှန်သောစကားဖြင့်သာ၊
၃ သုခုမ အင်္ဂါ- သိမ်မွေ့ နူးညံ့သောစကားဖြင့်သာ၊
၄ ဟိတ အင်္ဂါ- အကျိုးရှိ ခြေငံသောစကားဖြင့်သာ၊
၅ မေတ္တာ ပုဗ္ဗင်္ဂမ- မေတ္တာရှေ့ထားဖြင့်သာ၊ (ဆုံးမ)ဟုလည်း ရေးထုံးရှိ၏။

ဆေးကုအကျော်၊ သမားတော်၊ ၅-ဘော် အင်္ဂါသိ

၎င်းသရုပ်ကို (သမားတော်အင်္ဂါ ၅-ပါး)ဟူသော ပုစ္ဆာ၌ ကြည့်ပါကုန်။

ဆေးဒါန်းမျိုး ၄-ပါး

သဗ္ဗဓာတုက ဝိဇ္ဇာဓရကျမ်းမှ။
၁ သေလ ဟရိတာလ- ကျောက်ဆေးဒါန်း၊ နနွင်းသား ကဲ့သို့ရှိ၏။
၂ တာလသာဒရ- ဆေးဒါန်းမြင်းသီလာ၊ ချိတ်သားကဲ့သို့ရှိ၏။
၃ တာလ သုဝဏ္ဏ- ဆေးဒါန်းရွှေဝါ၊ ပရပိုက်ခေါက်ရွှေကဲ့သို့ရှိ၏။
၄ သုက္က ဟရိတာလ- ဆေးဒါန်းဖြူ မြေဖြူကဲ့သို့ရှိ၏။

ဆဲကြီး ၄ ပါး

ဗေဒင်ကျမ်းအလို မည်သည့်နေ့ရက်တွင်မဆို မင်္ဂလာအခါမပေးအပ်သော ဆဲအခါကြီးလေးပါးဟူ၏။
၁ နေထွက်ဆဲအခါ၊
၂ မွန်းတည့်ဆဲအခါ၊
၃ နေဝင်ဆဲအခါ၊
၄ သန်းခေါင်တည့်ဆဲအခါ၊ အချို့ကျမ်းတို့၌ “ဆည်းဆာ လေးပါး”ဟုလည်း ခေါ်ဝေါ်ကြသေး၏။

ဆဲရေးခြင်းမျိုး ၁၀ ပါး

၎င်း ဆဲရေးခြင်းဝတ္ထုဆယ်ပါးသည် ဝစီဒုစရိုက်တရားချည်းဖြစ်ရကား၊ ရဟန်းတော်အတွက် ပညတ်ချက်ထုတ်ထား၏၊ လူများအဖို့လည်း ရိုင်းပြသောအရာဖြစ်၍ မဆဲရေးကောင်းချေ၊ ဝိနည်းပါဠိတော်။
၁ ဇာတိ- သာကီယမျိုး၊ စဏ္ဍာလမျိုးစသည်ဖြင့် ဇာတ်ကိုထိပါး၍ဆဲရေးခြင်း၊
၂ နာမ- ဦးမျိုးယုတ်, ကိုဉာဏ်ကြီး စသော အမည်နာမ တို့ဖြင့် ထိပါးဆဲရေးခြင်း၊
၃ ဂေါတ္တ- နေမျိုးနွယ်, ပုဂံပြည် သဗ္ဗညုဆက်, ရွှေစည်းခုံနွယ် စသည်ဖြင့် အနွယ်ကိုခိုက်၍ဆဲရေးခြင်း၊
၄ ကမ္မ- ဖိနပ်တိုက်သမား, ချေးကျုံးဝိဇ္ဇာကြီး, ထမင်းငတ်စာရေးဆရာကြီး, စိန်ကုန်သည်ကြီး စသည်ဖြင့်
အလုပ်အကိုင်ကိုစွဲ၍ဆဲရေးခြင်း၊
၅ သိပ္ပ -အင်ဂျင်နီယာ ပါရဂူကြီး, ကျူထရံရက်ဝိဇ္ဇာကြီး, စသည်ဖြင့် အတတ်ပညာကိုစွဲ၍ဆဲရေးခြင်း၊
၆ အာဗာဓ- ဖာကျိုး, ရှိုက်ကုန်း, မီးယပ်ပိန် စသည်ဖြင့်အနာရောဂါကိုထိခိုက်၍ ဆဲရေးခြင်း၊
၇ လိင်္ဂ- လံဗားကြီး, အသူရိန်ကြီး, ငပု, ညှပ်စိ, ငကုန်း, မယ်ဗမာ, မောင်ဒဂုံ, စသည်ဖြင့် အသွင်ကိုစွဲ၍ဆဲရေးခြင်း၊
၈ ကိလေသ- တဏှာအိုး, ဒေါသကုမ္မာ , မရှင်းမရှင်းဝိစိကိစ္ဆာကြီး စသည်ဖြင့် ကိလေသာတစ်ပါးပါး အမည်ကိုတပ်၍ ဆဲရေးခြင်း၊
၉ အာပတ္တိ- ပါရာဇိက ,သံဃာဒိသိသ်, ဒုက္ကဋ်အိုး စသည်ဖြင့် အာပတ်အမည်ကိုထပ်၍ဆဲရေးခြင်း၊
၁၀ အက္ကောသ- နင့်အမေနင့်နှမ, ခွေးမသား, ခွေးသား, ဝက်မြေး, မဟောသဓာ, ဘုရားလောင်း စသည်ဖြင့် ဆဲရေးခြင်းမျိုး။
မှတ်ချက်။ ။ ထိုအက္ကောသဝတ္ထုဆယ်ပါးတွင် အယုတ်အမြတ်အားဖြင့် ၂-ပါးစီဖြစ်၏။

ဆဲရေးခြင်းမျိုး ၁၀ ပါး၊ တစ်နည်း

သံ၊ဋ္ဌ၊၁၊၂၀၀ ၌အကျယ်ရှုပါ။
(၁) စောရောသိ- သူခိုး၊
(၂) ဗာလောသိ- ငမိုက်၊
(၃) မူဠောသိ- ငမေ့ကောင်၊ ငထူ၊ ငထိုင်း၊
(၄) ထေနောသိ- သူခိုး၊
(၅) ဩဠောသိ-ငကုံး၊ ကလားအုဋ်၊
(၆) မေဏ္ဍောသိ- သိုး၊ ဆိတ်၊
(၇) ဂေါဏောသိ- ငနွား၊ နွားကောင်၊
(၈) ဂဒြဘာသိ- မြည်းကောင်၊
(၉) တိရစ္ဆာန ဂတောသိ- တရိစ္ဆာန်ကောင်၊
(၁၀) နေရယိကောသိ ငရဲကောင်။

ဆယ့်နှစ်ရာသီ လ, ပွဲ, ပန်း, နက္ခတ်, တာရာ, နှင့် ရာသီရုပ်ပုံအစုံ

ဆယ့်နှစ်လရာသီ၏ ဆိုင်ရာမှတ်ဖွယ်များကို အကျဉ်းမျှ အစုံဖြေလိုက်သည်။
(၁) မိဿရာသီ- တန်ခူးလ၊ အတာသင်္ကြန်ရေလောင်းပွဲ၊ ရင်ခတ်ပန်း, ကံ့ကော်ပန်း၊ စိတြနက္ခတ်နှင့်စန်းယှဉ်ပြည့်၊ တံငါတာရာထွန်း၊ ရာသီရုပ်ကား ဆိတ်သတ္တဝါဖြစ်၏၊
(၂) ပြိဿရာသီ- ၎င်းအကျယ်”ကဆုန်လနှင့် မှတ်ဖွယ် ၁၆-ချက်”ဟူသော သုတေသနရပ်၌ကြည့်ပါ၊
(၃) မေထုန်ရာသီ- နယုန်လ၊ စာမေးပွဲသဘင်၊ မဟာသမယအခါတော်၊ ဓမ္မသဘင်၊ စပယ်ပန်း, မြတ်လေးပန်း၊ ဇေဋ္ဌနက္ခတ်နှင့်စန်းယှဉ်ပြည့်၊ မြင်းတာရာထွန်း၊ ရာသီရုပ်ကား အပျိုနှင့်လူပျိုယှဉ်တွဲနေပုံ၊
(၄) ကရကဋ်ရာသီ- ဝါဆိုလ၊ ပဉ္ဇင်းခံပွဲသဘင်, ဓမ္မစကြာအခါတော် သဘင်၊ ပုန်းညက်ပန်း၊ အာသဠှီခေါ် ဥတ္တရာသဠ်နက္ခတ်နှင့်စန်းယှဉ်ပြည့်၊ ဗျိုင်းတာရာထွန်း၊ ရာသီရုပ်ကား ပုဇွန်လုံးဂဏန်းသတ္တဝါပုံ၊
(၅) သိဟ်ရာသီ- ဝါခေါင်လ၊ စာရေးတံမဲ၊ ဆွမ်းလောင်းပွဲသဘင်၊ ခတ္တာပန်း၊ သရဝဏ်ခေါ် ဓနသိဒ္ဓိနက္ခတ်နှင့်စန်းယှဉ်ပြည့်၊ ဗျိုင်းတာရာထွန်း၊ ရာသီရုပ်ကား ခြင်္သေ့သတ္တဝါ၊
(၆) ကန်ရာသီ-တော်သလင်းလ၊ လှေပြိုင်ပွဲ, သစ်ဆင်းပွဲသဘင်၊ ယင်းမာပန်း, အဒြခေါ် ပြုပ္ပါဘဒြပိုဒ်နက္ခတ်နှင့်စန်းယှဉ်ပြည့်၊ ဗျိုင်းတာရာထွန်း၊ ရာသီရုပ်ကား ကညာပျိုရုပ်ပုံ၊
(၇) တူရာသီ- သီတင်းကျွတ်လ၊ မြင့်မိုရ်မီးထွန်းပွဲ, ပဝါရဏာပွဲ, အဘိဓမ္မာအခါတော်သဘင်များ၊ ကြာမျိုးငါးပါးပန်း၊ အဿဝဏီနက္ခတ်နှင့်စန်းယှဉ်ပြည့်၊ ကျီးတာရာထွန်းတောက်၊ ရာသီရုပ်ကား ကုန်သည်ချိန်ခွင်ကိုင်ပုံ၊
(၈) ဗြိစ္ဆာရာသီ- တန်ဆောင်မုန်းလ၊ ကထိန်ပွဲတော်, တန်ဆောင်တိုင် ပွဲတော် ကြတ္တိကာနက္ခတ်ပွဲသဘင်၊ ခဝဲရွှေဝါပန်း၊ ကြတ္တိကာနက္ခတ်နှင့်စန်းယှဉ်ပြည့်၊ ကျီးတာရာထွန်း၊ ရာသီရုပ်ကား ကင်းမလက်မဲပုံ၊
(၉) ဓနုရာသီ- နတ်တော်လ၊ နတ်ကနားပေးပွဲ၊ ဂမုန်း အင်ပန်း, သဇင်ပန်း၊ မိဂသီနက္ခတ်နှင့် စန်းယှဉ်ပြည့်၊ ဟင်္သာတာရာထွန်း၊ ရာသီရုပ်ကား အရှေ့ပိုင်းလူ အနောက်ပိုင်းမြင်းဖြစ်၏၊
(၁၀) မကာရရာသီ-ပြာသိုလ၊ မြင်းခင်း ဆင်ခင်းသဘင်ပွဲ သူရဲကောင်းများဘွဲ့နှင့်သဘင်၊ ခွာညိုပန်း၊ ဖုသျှနက္ခတ်နှင့်စန်းယှဉ်ပြည့်၊ ပုစွန်တာရာထွန်း၊ ရာသီရုပ်ကား သမင်နှင့်ငါးဖြစ်၏၊
(၁၁) ကုံရာသီ- တပို့တွဲလ၊ ယာဂုနှမ်းမနဲပွဲ, ထမနဲပွဲ, မီးပုံပူဇော်ပွဲ၊ ဆူးပန်း၊ မာဃနက္ခတ်နှင့်စန်းယှဉ်ပြည့်၊ ချိန်တာရာထွန်း၊ ရာသီရုပ်ကား၊ ရေထမ်းသမားဆင်းရဲသားပုံ၊
(၁၂) မိန်ရာသီ- တပေါင်းလ၊ သဲပုံစေတီ ဘုရားပူဇော်ပွဲ၊ သရဖီပန်း ပိတောက်ပန်း၊ ဖဂ္ဂုဏခေါ် ဥတ္တရာဖလ ဂုဏ္ဏီနတ်ခတ်နှင့်စန်းယှဉ်ပြည့်၊ ဆံကျင့်တာရာထွန်း၊ ရာသီရုပ်ကား ငါးနှစ်ကောင်ရေကူးနေပုံ။
မှတ်ချက်။ ။ ဤ၌ တရာများကား သက္ကဋနက္ခတ္တဒီပနီနှင့် မယ်ခွေးအဲတို့ မတူကွဲလွဲရှိကြသည်။

ဆယ့်နှစ်လခွင်၊ အမည်တွင်၊ ၄ အင်အမည်ထူး

ယခုခေါ်ရိုးအစဉ် လအမည်ဆယ့်နှစ်ပါးတွင် ရှေးဟောင်းအမည် ၄-ပါးကိုဆိုသည်။
(၁) ဝါဆို- နွယ်တာဟုရှေး၌ခေါ်၏၊
(၂) ဝါခေါင်- နံ့ကာဟုရှေး၌ခေါ်၏၊
(၃) တော်သလင်း-သစ်ဆင်းဟုရှေး၌ခေါ်၏၊
(၄) သီတင်းကျွတ်- သန်တူဟုရှေး၌ခေါ်၏။

ဆွမ်းကပ်သူများ၊ သတိထား၊ ၅ ပါးကပ်အင်္ဂါ

ရဟန်းသံဃာတော်တို့အား ဆွမ်းကပ်လာသောအခါ အကပ် မြောက်ကြောင်းအင်္ဂါငါးပါးကို သိထားရန်ဆိုသည်။ ၎င်းကို ဝိနည်းလင်္ကာဖြင့်သိပါ။
(၁) ရှေးရှုလည်းဆောင်၊
(၂) နှစ်တောင့်ထွာရောက်၊
(၃) မြှောက်နိုင်ဝတ္ထု၊
(၄) သုံးခုပေးခြင်း၊
(၅) ခံခြင်း နှစ် လောက်၊ ကျမ်းလာထောက် ကပ်မြောက်အင်္ဂါငါးပါးတည်း။
မှတ်ချက်။ ။ (၃)၌ ယခုခေတ် အားကောင်းသူတစ်ယောက်နိုင်လောက်သောဝတ္ထုကိုသာဆိုသည်၊
(၄)၌ကိုယ်ဖြင့်ပေးခြင်း ကိုယ်နှင့်စပ်သော ဇွန်းယောက်မစသည်တို့ဖြင့်ပေးခြင်း၊ နှစ်တောင့်ထွာအတွင်း၌ ပစ်မြှောက်လှိမ့်တွန်း၍ပေးကပ်ခြင်း၊ သုံးမျိုးကိုဆိုသည်၊
(၅)၌ ကိုယ်ဖြင့်ခံယူခြင်း၊ ကိုယ်နှင့်စပ်သော ခွက် သပိတ် ခုံစသည်တို့ဖြင့်ခံယူခြင်းနှစ်ပါးကိုဆိုသည်။

ဆွမ်းဒါနအကျိုး ၅ ပါး

ဆွမ်းကျွေးပေးလှူခြင်းအကျိုးငါးပါးဟူ၏၊
(၁) အာယု- အသက်ရှည်ခြင်း၊
(၂) ဝဏ္ဏ-အဆင်းရုပ်ရည် လှပခြင်း၊
(၃) သုခ- ကိုယ်စိတ်နှစ်ဖြာချမ်းသာခြင်း၊
(၄) ဗလ- ခွန်အားသန်စွမ်းခြင်း၊
(၅) ပဋိဘာန- သင့် မသင့် မှန် မမှန် ဝေဖန်ဉာဏ်ရှိခြင်း။

ဆွမ်းဘတ်မျိုး ၇ ပါး

ဆွမ်းအတွက် ရဟန်းတော်များအား ဘုရားရှင်ခွင့်ပြုတော်မူခြင်း ၇-ပါး၊ ဆွမ်းမခံဘဲ စားကောင်းသည်။
(၁) သံဃဘတ်- တိုက်သံဃာအားလုံးအား ပေးလှူသောဆွမ်း၊
(၂) ဥဒ္ဒေသ ဘတ်-ဘတ္တုဒ္ဒေသက ရဟန်းကိုရည်ညွှန်း၍ လှူသောဆွမ်း၊
(၃) နိမန္တန ဘတ်- ပင့်ဖိတ်၍လှူသောဆွမ်း၊
(၄) သလာကဘတ်- မဲချ၍လှူသောဆွမ်း၊
(၅) ပက္ခိက ဘတ်- ဆန်းဆုတ်ပက္ခ၌ ရက်သတ်မှတ်၍လှူသောဆွမ်း၊
(၆) ဥပေါသထိက ဘတ်- ဥပုသ်နေ့၌ လှူသောဆွမ်း၊
(၇) ပါဋိပဒိကဘတ်- ဥပုသ်ထွက်၍လှူသောဆွမ်း။

ဆွမ်းမျိုး ၂ ပါး၊ အကျိုးများ၊ ထွတ်ဖျားခေါင်ထိပ်ဗွေ

လောက၌ အခြားဆွမ်းတို့ထက် အကောင်းဆုံးဖြစ်၍မြတ်စွာဘုရားချီးမွမ်းတော်မူသော ဆွမ်းထူးဆွမ်းမြတ်နှစ်မျိုး၊ မဟာပရိနိဗ္ဗာနသုတ်မှ။
(၁) သုဇာတာသူဌေးသမီး လှူသော နို့ဃနာဆွမ်း၊ ထိုဆွမ်းကိုဘုဉ်းပေးတော်မူ၍ အမြတ်ဆုံးသမ္မာသမ္ဗောဓိဉာဏ်ကို ရတော်မူသည်။
(၂) ဒါယကာ စုန္ဒလှူသော သူကရမဒ္ဒဝ ခေါ် ဝက်ဟင်းဆွမ်း၊ ထိုဆွမ်းကိုဘုဉ်းပေးတော်မူပြီး၍ ခန္ဓာကြွင်းမရှိသော
အနုပါဒိသေသ နိဗ္ဗာန်နန်းသို့ ကြွမြန်းစံဝင်တော်မူသည်။

ဆွမ်းမခံရာသည့်ဌာန ၆ ပါး

ဝိသုဒ္ဓိ၊၁၊၁၇။ ဝိ၊၃၊၉၉။ ဝိ၊ဋ္ဌ၊၃၊၂၇၃။ ရဟန်းတော်များ မသွားလာမကျက်စားကောင်းသော ဌာနများဟူ၏။

ဆွေ ၇ ဆက်၊ မျိုး ၇ ဆက်

ဝိ၊၁၊၃၀၇။ ဝိ၊ဋ္ဌ၊၂၊၂၀၀။ ဝိ၊၁၊၃၃၃။ ဝိ၊ဋ္ဌ၊၂၊၂၆၄။ မိမိ၏အထက်နှင့်အောက် ၇-ဆက်တိုင် ရေတွက်၍ရသူကို “ဉာတိက- ဆွေမျိုးတော်သူ”ဟု ဝိနည်းပိဋကတ်တော်၌ အသိအမှတ်ပြုထား၏။ ၇- ဆက်တွင် အထက်, အောက်မှ မပါဝင်သူကို “အညာတိက-ဆွေမျိုးမတော်သူ”ဟု ယူရ၏။
အထက် ရဆက်ရေတွက်ပုံ။
(၁) ဘ ဘိုး ဘေး ဘီ ဘင် ဘောင် ဘော ဟူ၍လည်းကောင်း၊
(၂) ဘ ဘိုး ဘေး ဘီ ဘင် ညှောက် စေ့- ဟူ၍လည်းကောင်း၊
(၃) ဘ ဘိုး ဘေး ဘီ ဘဲ့ ဘော့ ဘွေးဟူ၍လည်းကောင်း၊
(၄) အဖ အဖိုး အဘွေး အဘဲ အဘီ အဘော အဘောင် ဟူ၍လည်းကောင်း၊
ဤသို့ ဆရာအမျိုးမျိုးတို့ ကျမ်းအမျိုးမျိုးတို့၌ တစ်မျိုးစီ ဝေါဟာရသုံးစွဲပုံ ကွဲကြောင်းနှင့်မှတ်သားကြ၏။
အောက် ၇-ဆက်ရေတွက်ပုံ။
(၁) သား, မြေး, မြစ်, တီ, တွတ်, ကျွတ်, ကျွတ်ဆက်-ဟူ၍လည်းကောင်း၊
(၂) သား, မြေး, မြစ်, တီ, ကျွတ်, ဆတ်, ဆက်-ဟူ၍လည်းကောင်း၊
(၃) သား, မြေး, မြစ်, တီ, မြှော့, ကျွတ်, ကျွတ်ဆက်-ဟူ၍လည်းကောင်း၊
ဤသို့ မူကွဲသုံးမျိုးစီ တွေ့မှတ်ရဖူး၏။
“မဃဒေဝလင်္ကာ“ဆရာအလိုသော်ကား၊
“ဆွေစုမျိုးစစ်၊ ခုနစ်ဝင်ထ၊ ကိုယ့်ထက်မှလျှင်၊ အဘ, အဘိုး၊ ခေါ်ရိုးစဉ်ရှေး၊ အဘေး အဘဲး၊ တစ်ကွဲ အဘွွေး၊ တရေး အဘော်၊ အောက်သော် တခြား၊ သားနှင့် မြေး, မြစ်၊ တစ်ဆစ် တီ, မြှော့၊ မှတ်လော့ ကျွတ်, ဆက်၊ ကျမ်းဂန်ထွက်၏။”ဟူ၍ ဖြစ်၏။

ဆွေမျိုး ၄ ပါး

မျိုးနွယ်အားဖြင့်ယူနည်း၊ သုတ္တနိ၊၂၈၈။ သုတ္တနိ၊ဋ္ဌ၊၁၊၁၀၁။
(၁) ဉာတိဗန္ဓု-မျိုးဆက် ထက်, အောက်, ၇-ဆက်ထိ၊
(၂) ဂေါတ္တဗန္ဓု- အနွယ်အားဖြင့် အဆက်ပေါင်းများစွာစွဲယူခြင်း၊
(၃) မန္တဗန္ဓု- ကောင်းတူဆိုးတူ တိုင်ပင်ဖေါ်တိုင်ပင်ဖက်မျိုး၊
(၄) သိပ္ပဗန္ဓု- ဆရာတူတပည့်ကျောင်းနေဖက်အတတ်ပညာတူသူချင်း။

ဆွေမျိုး ၄-ပါး၊ တစ်နည်း

မ၊ဋ္ဌ၊၂၊၃၁၃-၌အကျယ်ရှု။
(၁) ဉာတိ- မိမိအထက် ၇-ဆက်၊ အောက် ၇-ဆက် တော်စပ်သူမျိုး၊
(၂) ဂေါတ္တ- မျိုးရိုး၏အဆက်အနွယ်မျိုး၊
(၃) မိတ္တ- အတူ သွားလာစားသောက်ဖူးသော မိတ်ဆွေမျိုး၊
(၄) သိပ္ပ- ကျောင်းနေဖက် ဆရာတူတပည့်မျိုး။

ဇဝက်သာမျိုး ၂-ပါး

အချို့ကျမ်းတို့၌ ၅-ပါးရှိ၏။
(၁) အဂ္ဂိ ယဝက္ခယ- မီးစား ဇဝက်သာ၊ မဖောက်ထုံးကဲ့သို့ခပ်ပွပွရှိသည်၊ လက်ယာလက်ဝဲ ထွက်ရပ်လမ်းဆရာတို့အတွက် ၎င်းမှသာအကျိုးကိုပြီးစေနိုင်၏၊
(၂) ဒက ယဝက္ခယ- ရေစား ဇဝက်သာ၊ အသားစဉ်းနှင့် ဖြူပျဉ်းပျဉ်းရှိ၏၊ သွေးဆေး ငန်းဆေး လျက်စားစသော ဗိန္ဓောဆရာတို့သုံးစွဲသည့်ဓာတ်တစ်မျိုး၊
၎င်းကိုသုံးခြင်းကြောင့် လုပ်ရတ်သမားတို့ မည်သည့်အခါမျှ အကျိုးကိုမဖြစ်စေနိုင်ဟု သဗ္ဗဓာတုယောဂ သျှတ်ကျမ်း၌ဆိုထားလေပြီ။

ဇဝါရေးရိုး ကြိုး ၁၀ မျိုး

ပန်းပြောက် ပန်းနုရေးပညာမျိုး။ မုံရွေးမှတ်စုမှ။
(၁) ခရု ပုခက်ကြိုး၊
(၂) ဘယက်ကြိုး၊
(၃) မှော်ဖတ်ကြိုး၊
(၄) ငါးပတ်ခံတွင်းကြိုး၊
(၅) မှော်သီးကြိုး၊
(၆) မြှော့ဝမ်းကြိီးကြိုး၊
(၇) နဂါးလိမ်ကြိုး၊
(၈) ရာမလက်ညှိုးကြိုး၊
(၉) တမုတ်ကြိုးဆွဲ၊
(၁၀) နန်းပြောက်ကြိုး။

ဇာတ်ကြီး ၁၀ ဖွဲ့

ဗုဒ္ဓအလောင်းတော်မြတ်၏ ထင်ရှားသောဘဝကြီး ဆယ်ပါး။
(၁) တေမိယဇာတ်၊
(၂) ဇနက္ကဇာတ်၊
(၃) သုဝဏ္ဏသျှမ်ဇာတ်၊
(၄) နေမိဇာတ်၊
(၅) မဟောသဓာဇာတ်၊
(၆) ဘူရိဒတ်ဇာတ်၊
(၇) စန္ဒကုမာရဇာတ်၊
(၈) နာရဒဇာတ်၊
(၉) ဝိဓူရဇာတ်၊
(၁၀) ဝေဿန္တရာဇာတ်။

ဇာနည်မျိုးပြား၊ ထိုခြောက်ပါး၊ ကျော်ကြား ကမ္ဘာတည်

၎င်းသရုပ်ကို(အာဇာနည်များ၊ မျိုး၆ပါး၊ ဖြေကြားမိန့်တော်မူ) ဟူသောအမေး၌ ဆိုခဲ့ပြီ။

ဇီယာမျိုး ၅-ပါး

ရှေးရေး ဆေးကျမ်းစာပေများ၌ စမုံစပါး၊ စမုံဖွဲ့၊ စမုံဖြူ၊ စမွတ်၊ ဇီယာ၊ ၎င်းငါးပါးကို “ ပဉ္စဇီယာ“ဇီယာမျိုးငါးပါးဟု ရေးသားကြကုန်၏။

ဇီဝိတ နဝက ကလာပ်

အဝိနိဗ္ဘောဂရုပ် ၈-ခုနှင့် ဇီဝိတရုပ် ၁-ခု ပေါင်း ၉-ခု တစ်စည်းကိုခေါ်သည်။

ဇီဝိတိန္ဒြေ ၂-ပါး

သစ်ပင်စသည်တို့ကို မသေအောင် စောင့်ထိန်းပေးတတ်သော ရုပ်ဇီဝိတိန္ဒြေ သက်ရှိသတ္တဝါတို့ကိုမပုပ်သိုးအောင်ထိန်းသိမ်းသော နာမ်ဇီဝိတိန္ဒြေ။

ဇီးမျိုး ၃-ပါး

ဓါတ်ဆေးတစ်မျိုး။ ရွှေပုပ္ပါးဋီကာ၌ အကျယ်ရှု။
(၁) ဘုမ္မဇီး၊
(၂) အာကာသဇီး၊
(၃) ဂေါ်ရာဇီး ဟူ၏။

ဇုံပိုင်း ၅-ရပ်

ဇုံဟူသောဝေါဟာရသည် လောကဓါတ်ပထဝီဝင်သင်ခန်းစာတို့တွင် သုံးစွဲကြသောအခေါ်ပုဒ်တည်း။၎င်း၏အဓိပ္ပါယ်ကား၊ “အပူအအေး ပိုင်းခြားထားသောအရပ်“ဟူ၏။
(၁) မြောက်ပိုင်းအအေးဇုံ- မြောက်ဝင်ရိုးစွန်းပတ်လည်၌ အာတိတ်စက်ဝိုင်းအတွင်းရှိအရပ်၊
(၂) တောင်ပိုင်းအအေးဇုံ- တောင်ဝင်ရိုးစွန်းပတ်လည်၌ အန္တာတိတ်စက်ဝိုင်းအတွင်းရှိအရပ်၊
(၃) အပူပိုင်းဇုံ- ဥတ္တရာယာဉ်စွန်းတန်းအရပ်နှင့် ဒက္ခိဏယာဉ်စွန်းတန်းအကြားရှိအရပ်၊
(၄) မြောက်သမဇုံ- အာတိတ်စက်ဝိုင်းနှင့် ဥတ္တရာယာဉ်စွန်းတန်းအကြားရှိအရပ်၊
(၅) တောင်သမဇုံ-အာတိတ်စက်ဝိုင်းနှင့် ဒက္ခိဏယာဉ်စွန်းတန်းအကြားရှိအရပ်။

ဇိုဝ်းမျိုး ၃-ပါး

နတ်မျိုးသုံးပါးဟူ၏။ ဒေဝ သဒ္ဒါမှ “ဇိုင်း”ဖြစ်လာကြောင်းမှတ်။
(၁) ဘုမ္မဒေဝ- ဘုမ္မဇိုင်း၊မြေ၌နေသောနတ်မျိုး၊
(၂) ရုက္ခဒေဝ- ရုက္ခဇိုဝ်း၊ သစ်ပင်၌နေသောနတ်မျိုး၊
(၃) အာကာသဒေဝ- အာကာသဇိုဝ်း၊ကောင်းကင်၌နေသောနတ်မျိုး။

ဇော်ဂနီခေါ်၊ စုန်းအကျော်၊ ၄-ဘော်အဘယ်နည်း

ကျမ်းကြီးကျမ်းခိုင်တို့၌ကား ဇော်ဂနီကို “စုန်း”ဟုမဆိုကြ။မိစ္ဆာနတ်စိမ်းဟုသာဆိုကြ၏။ ကဝေသာရကျမ်း၌ကား အောက်ပါအတိုင်း လာလေသည်။
၁ ဒေဝ ဇော်ဂနီ- အောက်တန်း နတ်ဆိုးနတ်ယုတ်များ၊
၂ ဗျဂ္ဃဇော်ဂနီ- ကျားနှင့်ယှဉ်သောနတ်စိမ်းများ၊
၃ ယက္ခဇော်ဂနီ-ဘီလူး သရဲ ဖုတ် ပြိတ္တာများ၊
၄ ဣန္ဒဇော်ဂနီ- ထိုထိုဇော်ဂနီတို့ကို အစိုးရသောနတ်စိမ်းများ။

ဇော်ဂနီများ၊ စုန်းမျိုးပြား၊ ထင်ရှား ၆၄

သဒ္ဒ ကမ္မ ဒုမ အဘိဓါန်ကျမ်း၌ ယောဂိနီပုဒ် အဖွင့်တွင် ဇော်ဂနီခြောက်ကျိပ်လေးပါးနှင့်တကွ ၎င်းတို့ကိုအလိုရှိသလို စေခိုင်းနိုင်ကြောင်း အတတ်မန္တယားပူဇော်ပသပုံများကိုပါ အစုံပြထားသည်။ အကျယ် ၎င်းကျမ်း၌ရှုပါလေ။

စျာန်အပြား ၂-ပါး

ပဋိသံ၊၄၁။ ပဋိသံ၊ဋ္ဌ၊၁၊၁၇၀။
(၁) အာရမ္မဏူပနိဇ္ဈာနစျာန်- သမထ, ဘာဝနာ, သက်သက်ဖြစ်သော ပထဝီကသိုဏ်း စသည်ဖြင့် သမာပတ်ရှစ်ပါး အထိရယူသောစျာန်၊
(၂) လက္ခဏူပနိဇ္ဈာနစျာန်- ဝိပဿနာသက်သက်ဖြစ်သော ရုပ်နာမ်ဓမ္မကို အနိစ္စလက္ခဏာဖြင့်ရှုမှတ်၍ မဂ်, ဖိုလ်, အထိရယူသောစျာန်။

စျာန်အပြား ၃-ပါး

ရူပါဝစရ စျာန်, အရူပါဝစရ စျာန် မျိုး၌ ပုထုဇန် အရိယာကိုစွဲ၍ ကွဲသောစျာန်မျိုး ၃-ပါး၊
(၁) သမထာနုယောဂ ပဋိလဒ္ဓစျာန်- သမထ ကမ္မဋ္ဌာန်းသက်သက်ကို အားထုတ်၍ရသောစျာန်မျိုး၊
(၂) မဂ္ဂ သိဒ္ဓစျာန်- မိမိ၏ဆုတောင်းပတ္ထနာအလျောက် မဂ်ကိုရရောက်သည်နှင့်တပြိုင်နက် စျာန်သမာပတ်တို့ကိုပါ အပြီးရသောစျာန်မျိုး၊
(၃) ဥပပတ္တိ- သိဒ္ဓိစျာန်- ကာမဘုံသား စျာနလာဘီစုတေ၍ ဗြဟ္မာ့ပြည်ရောက်သွားသောအခါ တမင်အားမထုတ်ရဘဲ ဗြုန်းကနဲထပ်၍ရသောစျာန်မျိုး။

စျာန်မျိုး ၅-ပါး

ကိလေသာတရားတို့ကို လောင်မြိုက် ဖုတ်ကြည်းတတ်သော သဘောတရားငါးပါး။
(၁) ပထမစျာန်၊
(၂) ဒုတိယစျာန်၊
(၃) တတိယစျာန်၊
(၄) စတုတ္ထစျာန်၊
(၅) ပဉ္စမစျာန်။

စျာနင် ၅-ပါး

စျာန်၏အစိတ်အင်္ဂါများကို ဆိုသည်။
(၁) ကြံစည်ခြင်း ဝိတက်၊
(၂) စဉ်းစားခြင်း ဝိစာရ၊
(၃) နှစ်ခြိုက်ခြင်း ပီတိ၊
(၄) ချမ်းသားခြင်းသုခ၊
(၅) တည်တံ့ခြင်း ဧကဂ္ဂတာတို့ဖြစ်၏။

စျာန် မဂ်ဖိုလ်များ၊ တားမြစ်ထား၊ ၅-ပါးအန္တရာယ်

၎င်းသရုပ် (အန္တရာယ်ကြီး ၅-ပါး)၌ ဆိုခဲ့ပြီ။

စျာန်ရပုဂ္ဂိုလ်၊ ရောက်ကြောင်းဆို၊ ဘုံဖို- ၂၀ အဘယ်နည်း

စျာန်ရပုဂ္ဂိုလ်တို့ ရောက်ကြောင်းဘုံကား ဗြဟ္မာ- ၂၀, ပင်ဖြစ်၏။ ထိုဘုံတို့သို့ အများအားဖြင့် မိန်းမဇာတ် အဖြစ်ဖြင့် မရောက်ကောင်းချေ၊ ပုရိသချည်းသာဖြစ်သောကြောင့် ဘုံဖို အဖိုများသာနေသောဘုံဟုခေါ်သည်။

စျာပနမျိုး ၃-ပါး

ဖုတ်ကြည်း သင်္ဂြိုဟ်ခြင်းမျိုး ၃-ပါး။
(၁) အဂ္ဂိစျာပန- စကြာမင်းနှင့် ဘုရား, ရဟန္တာ, သီလဝန္တ ,သမုတိသံဃာတော်အရှင်မြတ်များ၏အလောင်းကို မီးဖြင့်သင်္ဂြိုဟ်ရသည်။ သို့မဟုတ်ဘဲမြေမြုပ်နှံက မိုဃ်းခေါင်တတ်သည်။ ရေသို့မျှောက ရေကြီးတတ်သည်ဟု လောကီဆိုရိုးရှိ၏။
(၂) ဘူမိစျာပန- မြေမြှုပ်နှံခြင်း သစ်ခက် စသည်တို့ဖြင့် ဖုံးအုပ်၍ထားခြင်းမျိုး၊
(၃) ဥဒကစျာပန- ရေသို့နှစ်ချပစ်မျှောခြင်းမျိုး။

ဉာဏ် ၃-ပါး

(၁) သုတမယဉာဏ်- ကြားသိဉာဏ်မျိုး၊
(၂) စိန္တာမယဉာဏ်- ကြံစည်၍သိသောဉာဏ်၊
(၃) ဘာဝိတမယဉာဏ်- သမထ, ဝိပဿနာ, တရားတို့ကို ပွားများ၍ရသော ဉာဏ်ထူးဉာဏ်မြတ်မျိုး။ နေတ္တိ၊၈။ နေတ္တိ၊ဋ္ဌ၊၅၃-၌ အကျယ်ရှုပါ။

ဉာဏ်တော် ၁၀-ပါး

နေတ္တိ၊၇၆။ နေတ္တိ၊ဋ္ဌ၊၁၅၅ ၌ အကျယ်ရှုပါ။ ဘုရားသခင်၏ဉာဏ်တော်အနန္တတို့တွင် ထင်ရှားသော ဉာဏ်တော်များ ဒသနိပါတ် အင်္ဂုတ္တိုရ်မှ။
(၁) ဌာနာဋ္ဌာန ကောသလ္လဉာဏ်- အကြောင်း ဟုတ် မဟုတ်သိသောဉာဏ်၊
(၂) ဝိပါကဉာဏ်- ကောင်းကျိုးမကောင်းကျိုးကို သိသောဉာဏ်၊
(၃) သဗ္ဗတ္ထ ဂါမိနီဉာဏ်- သတ္တဝါတို့ လားရာသွားရာ ကုန်အောင်အစုံသိသောဉာဏ်၊
(၄) နာနာဓါတုဉာဏ်- အထူးထူးသော ဓါတ်တို့ကိုသိသောဉာဏ်၊
(၅) အဓိမုတ္တိဉာဏ်- အလိုဆန္ဒအားလုံးကို သိသောဉာဏ်၊
(၆) ဣန္ဒြိယ ပရောပရိယတ္တိဉာဏ်- ဣန္ဒြေနုရင့်ကိုသိသောဉာဏ်၊
(၇) စျာနာဒိ သံကိလေသဉာဏ်- စျာန်, ဝိမောက္ခ, သမာဓိ , သမာပတ်, စသည်တို့၏ ညစ်ညူးကြောင်းကိုသိသောဉာဏ်၊
(၈) ပုဗ္ဗေနိဝါသဉာဏ်- ရှေးဖြစ်ဟောင်း ဘဝခန္ဓာစဉ်ကိုသိသောဉာဏ်၊
(၉) ဒိဗ္ဗစက္ခုဉာဏ်- နတ်မျက်စိကဲ့သို့ အလင်းရောင်ခြည် အားကောင်းသော အဘိညာဉ်မျက်စိဉာဏ်၊
(၁၀) အာသဝက္ခယဉာဏ်- အရဟတ္တမဂ်ဉာဏ်။

ဉာဏ် ၁၀-ပါးလာ၊ ဝိပဿနာ၊ ခွဲဖြာဝေဖန်သိ

၎င်းသရုပ်ကို (ဝိပဿနာဉာဏ် ၁၀-ပါး)မှာ ရှုပါ။

ဉာဏ်ပညာအားနည်းခြင်း၏အကြောင်း ၅-ပါး

စျာန် မဂ် ဖိုလ်၏ အပိတ်အပင် အညစ်အကြေး ဉာဏ်ပညာအားနည်းကြောင်းတရား ငါးပါး။
(၁) ကာမစ္ဆန္ဒ- ကာမပေါ်၌လိုလားခြင်း၊
(၂) ဗျာပါဒ- ပြစ်မှား ဖျက်ဆီး ကြမ်းတမ်းခြင်း၊
(၃) ထိန မိဒ္ဓ- ပျင်းရိ ထိုင်းမှိုင်း ငိုက်မြည်းခြင်း၊
(၄) ဥဒ္ဓစ္စ ကုက္ကုစ္စ- စိတ်ထားပျံ့လွင့်ခြင်း, အလို့လို့ရှိခြင်း(နောင်တ တဖန်ပူပန်ခြင်း)၊
(၅) ဝိစိကိစ္ဆာ- ကောင်းမှန်သောအလုပ်၌မယုံသင်္ကာဖြစ်ခြင်း။

ဉေယျဓံတရား ၅-ပါး

ဉေယျဓမ္မခေါ် ဘုရားရှင်တို့သိအပ်သော တရားငါးပါး။
(၁) သင်္ခါရခေါ်- ပုညာဘိသင်္ခါရ, အပုညာဘိသင်္ခါရ, အနဉ္ဇာဘိသင်္ခါရ လည်း ဉေယျတစ်ပါး၊
(၂) ဝိကာရခေါ်- ကာယဝိညတ်, ဝစီဝိညတ်, ရူပဿလဟုတာ, မုဒုတာ, ကမ္မညတာတည်းဟူသော ဝိကာရလည်း ဉေယျတစ်ပါး၊
(၃) လက္ခဏာခေါ်-ဥပစယ, သန္တတိ, ဇရတာ , အနိစ္စတာတည်းဟူသော လက္ခဏာလည်း ဉေယျတစ်ပါး၊
(၄) နိဗ္ဗာန်ခေါ်- အသင်္ခတဓာတ် မြတ်သောတရားလည်း ဉေယျတစ်ပါး၊
(၅) ပညတ်ခေါ်- ပုဂ္ဂိုလ်, သတ္တဝါ, တော, တောင်, ရေ, မြေ, သမုဒ္ဒရာ, စကြဝဠာ သတ္တပညတ်, နာမပညတ် ဟူသမျှလည်း ဉေယျတစ်ပါး။

ညဉ့် ၃-ယာမ်

ညဉ့်၏အချိန် ၃-ပိုင်းဟူ၏။
(၁) ပုရိမ ယာမ်- ညဉ့်ဦးယာမ်၊ ၆-နာရီမှ ၁၀-နာရီထိ၊
(၂) မဇ္ဈိမ ယာမ်- သန်းခေါင်ယာမ်၊ ၁၀-နာရီမှ ၂-နာရီထိ၊
(၃) ပစ္ဆိမ ယာမ်- မိုးသောက်ယာမ်၊ ၂-နာရီမှ ၆-နာရီထိ။

ညဉ့်နက်ခံခါ၊ လည်သူမှာ၊ ၆-ဖြာ အပြစ်ရ

၎င်းပြဿနာရပ်ကို (အကာလခါ၊ လည်သူမှာ၊ ၆-ဖြာအပြစ်ရ) ဟူသောပုစ္ဆာ၌ဖြေခဲ့ပြီ။

ည သတ်ကာရန်၊ ရေးထုံးမှန်၊ ရွတ်ရန်နည်း ၆-ပါး

မြန်မာသင်ပုန်းကြီးကျမ်းလာ ၃၆-ပါးသော ဌာနတို့တွင် ပါဝင်သည့် စာစီစာကုံးနည်း ဥပဒေသ ဝေါဟာရ၊
နှုတ်ခမ်းဖွင့်၍ရွတ်ရသော “အည်, အည့်, အည်း”၊
ပိတ်၍ ရွတ်ဖတ်ရသော “အဉ်, အဉ့် , အဉ်း”တို့ဖြစ်ကြ၏။
ကဗျာဆရာတို့က ကာရန်ငယ်သံ ၆၄-ပါး၌ သွင်းယူကြသည်။

ညာသံကြီးများ၊ ၁၈-ပါး၊ ဆိုငြားကဗျာအဘယ်နည်း

၎င်းသရုပ်ကို (တက်သံ ၁၈-ပါး)၌ ရှုပါ။

ညာသံငယ်ခေါ်၊ ကဗျာပေါ်၊ ယူသော ၁၈-ပါး

၎င်းသရုပ်ကို (နိမ့်သံအပြား ၁၈-ပါး)၌ ရှုပါ။

ညီလာခံငြား၊ မျိုး ၃-ပါး၊ ခြားနားရွှေနန်းတော်

မြန်မာဘုရင်မင်းမြတ်တို့ မြို့ပြပြည်ရွာဆိုင်ရာ တရားဌာနဆိုင်ရာ စစ်ဖက်ဆိုင်ရာ အရာရှိဝန်တို့နှင့် ဥပုသ်နေ့မှတစ်ပါး တစ်နေ့ ၃-ခါ တိုင်ပင်မေးမြန်းဆွေးနွေးခြင်းကို ညီလာခံ ၃-မျိုးဟုခေါ်သည်။
(၁) နံနက်ညီလာခံ- ပြည်တွင်းပြည်ပ နိုင်ငံရေးရာများကို နံနက် ၉-နာရီလောက်မှာ လက်ဖက်ရည်တော်ဆောင်၌ ဆွေးနွေးသည်၊
(၂) နေ့ညီလာခံ- အကောက်တော်ခွန်ကိစ္စ၊ စစ်ရေးရာမှုကိစ္စ၊ အလုပ်ရုံ၊ စက်ရုံ၊ လယ်ယာဆည်မြောင်းကိစ္စတို့ကို အထက်ပါအဆောင်၌ပင် ညနေ ၃-နာရီလောက်မှာစည်းဝေးတိုင်ပင်ကြသည်။၊
(၃) ညဉ့်ညီလာခံ- ညဉ့်ဦးယာမ်တွင် မှန်နန်းတော်ဆောင်၌ များသောအားဖြင့်စည်းဝေးလေ့ရှိသည်။ ထိုညီလာခံ၌ အရာရှိများစုံလင်စွာလာရန်မလို၊ အတွင်းတော်သား အိပ်ဖန်စောင့်များနှင့် သာသနာတော်ရေးကိစ္စ၊ ရာဇဝတ်မှုကင်းလွတ်ရေးကိစ္စ၊ မိဖုရားနှင့် သားတော်သမီးတော်များကိစ္စတို့ကို တိုင်ပင် ဆွေးနွေးသည်။

ဋ ဝဂ် ၅-လုံး

ဗျည်း ၃၃-လုံးတွင် “ဋ၊ ဌ၊ ဍ၊ ဎ၊ ဏ”၅-လုံးတစ်စုကို ခေါ်သည်။

ဌာန် ၅-ပါး ၆-ပါး ၇-ပါး ၃-နည်း

မြန်မာအက္ခရာ အသံဖြစ်ရာဌာနများကိုဆိုသည်။
(က)၊
(၁) အဏ္ဍဌာန်-က, ခ, ဂ, ဃ, င, အ, အာ, ဟ၊ အက္ခရာ ၈-လုံးသည် လည်ချောင်းအရပ်မှာဖြစ်၏။
(၂) တာလုဌာန်- စ, ဆ, ဇ, စျ, ည, ဣ, ဤ, ယ၊ ၎င်း အက္ခရာ ၈-လုံးသည် အာစောက်အရပ်မှာဖြစ်၏။
(၃) မုဒ္ဓဌာန်- ဋ, ဋ္ဌ, ဍ, ဎ, ဏ, ရ, ဠ၊ ၎င်း ၇-လုံးသောအက္ခရာတို့သည် လျှာထိပ်အရပ်မှာဖြစ်၏။
(၄) ဒန္တဌာန်- တ, ထ, ဒ, ဓ, န, လ, သ၊ ၎င်း ၇-လုံးသောအက္ခရာတို့သည် သွားအရပ်မှာဖြစ်၏။
(၅) ဩဋ္ဌ ဌာန်- ပ, ဖ, ဗ, ဘ, မ, ဥ, ဦ၊ ၎င်း ၇-လုံးသောအက္ခရာတို့သည် နှုတ်ခမ်းအရပ်မှာဖြစ်၏။ (နျာသအလို)။
(ခ) ရူပသိဒ္ဓိ၊ “နာသိ”ထည့်၊ မိန့်ဘိ ၆-ပါးလာ၊
ရူပသိဒ္ဓိသဒ္ဒါကျမ်းတွင် နိဂ္ဂဟိတ်သံကို နှာခေါင်း၌ဖြစ်သော နာသိကဌာန်ဟု သီးခြားယူ၍ ဌာန် ၆-ပါးပြ၏။
(ဂ) နီတိအလို၊ “ဥရ”ကို၊ ထည့်ဆိုသတ္တသာ။
သဒ္ဒနီတိကျမ်းတွင် ဟ အက္ခရာကို င, ည, ဏ, န, မ, ယ, ရ, လ, ဝ၊
ဟထိုး ၉-လုံးသံတို့နှင့်ယှဉ်သောအခါ၊ ရင်၌ဖြစ်သော ဥရ ဌာန်ဟု သီးခြားယူပြန်၍ ဌာန် ၇-ပါးပြ၏။

ဌာယီဘာဝမျိုး ၁၀-ပါး

စာရေးဆရာတို့ဝတ္ထုဇာတ်အိမ်၌ ပြည့်စုံစွာပါဝင်ဖြစ်တည်လေ့ရှိသော အင်္ဂါဆယ်ပါး။
(၁) ရတိ- မိန်းမ ယောက်ျားတို့ချစ်ကြိုက်မှု၊
(၂) ဟာသ- ပြုံးရယ် ပျော်ရွှင်မှု၊
(၃) သောက- သနားစရာစိုးရိမ်ပူဆွေးမှု၊
(၄) ကောဓ- စိတ်ဆိုးစရာကြမ်းကြုတ်အမြက်ထွက်မှု၊
(၅) ဥဿာဟ- ရဲရင့်မှု၊ စွန့်စားမှု၊ လုံ့လဝီရိယ၊
(၆) ဘယ- ကြောက်လန့်စရာ၊
(၇) ဇိဂုစ္ဆ- ရွံမုန်းစရာ၊
(၈) ဝိမှယ- အံ့ဩစရာ၊
(၉) သမ-ငြိမ်သက်တည်ကြည်မှု၊
(၁၀) ဝလစ္ဆ- စင်ကြယ်သော အဒေါသ မေတ္တာဖြင့် သာယာကြည်လင်သည့်စိတ်မျိုး။

တံစိုးလက်ဆောင်မျိုး ၃-ပါး

ရန်အောင်ကြောင်းလာဘ်ပေးထိုးမှုမျိုး ၃-ပါး။ ပဌမ ၂-ပါးကား တရားမဝင်၊ မေတ္တာတံစိုးသာ တရားဝင်မျိုးဖြစ်၏။
(၁) ပဏ္ဏာကာရ တံစိုး- ရွှေ ငွေ ကျေးကျွန် မိန်းမတို့ဖြင့် လက်ဆောင်ထိုးခြင်း၊
(၂) ဝလ္လာဘာကာရ တံစိုး- အကျွမ်းတဝင် ခင်မင်ရင်းနှီးစွာ မျက်နှာနာအောင် ပြုလုပ်ပေါင်းသင်းမှု၊
(၃) မေတ္တာကာရ တံစိုး- မေတ္တာဘာဝနာ သမာဓိ သစ္စာတရားဖြင့် မိမိအားလေးစားယုံကြည်အောင်ပြုမှု။

တံစိုးမျိုး ၃-ပါး၊ တစ်နည်း

တရားသူကြီးတို့ ကြဉ်ရှောင်အပ်သော လာဘ်သုံးပါး။ ပေါရာဏိကဓမ္မကျမ်းမှ။
(၁) ဉာတိသလောဟိတ- သားချင်းဆွေမျိုးတော်၍လည်းကောင်း၊
(၂) ပီယမိတ္တ- ချစ်ကျွမ်းဝင်သူဖြစ်၍လည်းကောင်း၊
(၃) ဓနဂ္ဂါဟ- ဥစ္စာကြေးငွေယူ၍သော်လည်းကောင်း၊ တရားကိုအနိုင်ပေးခြင်းမျိုး။

တံပိုးကြီးများ၊ မျိုး ၃-ပါး၊ ဒီဖျားလှိုင်းရေတက်

၎င်းသရုပ်အဓိပ္ပါယ်ကို (လှိုင်းတံပိုးကြီး ၃-ပါး)၌ ကြည့်ပါ။

တံပိုး ၈-ဖြာ၊ တူရိယာ၊ မှုတ်ခါ သံငြိမ့်ငြောင်း

လေနှင့်မှုတ်သောတူရိယာ ၈-မျိုး၊ မဟာရာဇဝင်ကြီးမှ။
(၁) ဒုလောင်း၊
(၂) ခရာကောက်၊
(၃) ခရာမြွာ၊
(၄) လက်၊
(၅) တံရှည်၊
(၆)နှဲ “တံပိုး”၊
(၇) ပြွေ၊
(၈) ဖက်လိပ်။
မှတ်ချက်။ ။ ဆရာအချို့ကား လက်ခေါက်၊ လက်ချောင်းကိုပယ်၍ ချည်ချောင်းကိုထည့်ယူကြ၏။

တံပိုးမျိုး ၈-ပါး၊ တစ်နည်း

တံပိုးရှစ်မည်၊ ဟူတုံသည်လည်း၊ သံစည်ငြိမ့်ငြောင်း၊ ဒုလောင်းတစ်ဖုံ၊ နှစ်စုံ ခရာ တံမြွာ တံရှည်၊ အမည်တစ်ကွဲ၊ နှဲ, ပြွေ, ဖက်လိပ်၊ ဖျော်ကြသိပ်သို့၊ စိပ်စိပ်ကြည်နူး၊ ကြော်ရင့်ကျူး၏။ မဃဒေဝလင်္ကာသစ်။

တံမြက်လှည်းခြင်း အကျိုး ၅-ပါး

တံမြက်လှည်းသူ၏ အကျိုး ၅-ပါး။
(၁) သကစိတ္တံ ပသီဒတိ- မိမိစိတ်ကြည်လင်၏၊
(၂) ပရစိတ္တံ ပသီဒတိ- သူတစ်ပါးစိတ်ကို ကြည်လင်စေ၏၊
(၃) ဒေဝတာ အတ္တမနာ-နတ်တို့နှစ်သက်ဝမ်းမြောက်၏၊
(၄) ပါသာဒိက သံဝတ္တနိကံ ပုညံ ဥပစိနာတိ- ကြည်လင်ဖွယ်ကိုဖြစ်စေတတ် သောကြောင့် ကောင်းမှုကုသိုလ်ဆည်းပူးသည်ဖြစ်၏၊
(၅) သုဂတိံ သဂ္ဂလောကံ ဥပ္ပဇ္ဇတိ- သေသည်၏အခြားမဲ့၌ သုဂတိနတ်ရွာလားစေတတ်၏။

တက်ရေး ၁၂-ခန်း

မြန်မာဘုရင်များလက်ထက် ရေတပ်အမှုထမ်းလှေတော်သားတို့၏ လှေလှော်နည်းယဉ်ကျေးမှု တက်ဆန်း ဆယ့်နှစ်ခန်းကိုဆိုသည်။
(၁) ရေပေါက်ကြဲဟန်၊
(၂) ပုလဲသီဟန်၊
(၃) ပန်းဝတ်ခြွေဟန်၊
(၄) ဟင်္သာဖို ဝဲဟန်၊
(၅) ဟင်္သာအဖေါ်ခေါ်ဟန်၊
(၆) စင်ရော်သုတ်ဟန်၊
(၇) စင်ရော်ဝဲဟန်၊
(၈) အိမ်မိုးခြင်တင်ဟန်၊
(၉) နတ်သမီး ပန်းကုံးဟန်၊
(၁၀) နတ်သမီးပန်းကုံးဆင်ဟန်၊
(၁၁) ပန်းဆွတ်ခူးဟန်၊
(၁၂) ပန်းတောင်းချီဟန်။

တက်ရေး ၃၇-ပါး

မြန်မာဘုရင်မင်းမြတ်တို့ လက်ထက်တော်အခါက တော်သလင်း သစ်ဆင်းလရာသီ ရေသဘင်ပွဲတော်များတွင် တက်ရေး ၃၇-ပါး၊ တက်ချင်း ၃၇-ပါး၊ လျှောက်လူးတား ၃၇-ပါးတို့မှာ အလွန် ထင်ရှား၏၊ ကဝိလက္ခဏာဒီပနီ။ ဘုရားရှိခိုး၊ ရွှေလောင်းချီ၊ ရွှေလောင်းထွက်၊ ရွှေဖောင်ယှည်၊ တက်ကောက်၊ တက်မြှောက်၊ တက်တန်း၊
တက်စောင့်၊ တက်ထောင်၊ တက်ရှက်၊ (၁၀)
တက်ဝှက်၊ တက်ခပ်၊ တက်လှ၊ အိမ်မိုးခြင်တင်၊ စင်ရော်သုတ်၊ စင်ရော်ဝဲ၊ ဝမ်းဘဲတောင်ဖြန့်၊ ဝမ်းဘဲကန့်၊
လက်မြန်၊ ခေါ်တော်မူ၊ (၂၀)
နတ်သမီးပန်းဆွတ်၊ နတ်သမီးပန်းလှမ်း၊ နတ်သမီးပန်းတောင်း၊ စမ္ပာငုံ၊ သန်လျက်ထမ်း၊ ဆေးတံတော်ထိုး၊
ရာဇမတ်ကြီး၊ ရာဇမတ်ငယ်၊ နေရောင်ကာ၊ နေရောင်ပြ၊ (၃၀)
တင်းတိမ်ရံ၊ တင်းတိမ်လှစ်၊ သုံးချက်ပေါက်ပြန်၊ သုံးဖန်ချီ သုံးဖန်ချ၊ ဆင်စွယ်ဝန်းယှက်၊
ကိန္နရာတောင်ရှက်၊ ရွှေငှက်တောင်ခတ်၊ (၃၇)။

တက်သံအပြား၊ ၁၈-ပါး၊ ဆိုငြားဂီတလာ

ကဗျာလင်္ကာအရာတို့၌
ဆွဲ ငင် ရှည် လျား မြည် ဟိန်း ခြိမ်း ပြင်း ထုတ် သွင်း သွယ် ပြောင်း သံတို့ဖြင့် ရွတ်ဖတ်ရသော
အသံကို “တက်သံ”ခေါ်သည်။ ၎င်းကိုပင် ဂီတအရာ၌ “ညာသံကြီး မူလသံ ပကတိသံ”စသည် ပညတ်ကြသေး၏။ အကျယ် “ကဗျာဖွဲ့နည်း နိသျှည်း”ကျမ်း၌ ရှုလေ၊ “အာ ဤ ဦ ဧ ဩော် အင် အဉ် အည် အန် အမ် အိန် အိမ် အုန် အုမ် အယ် အောင် အိုင် အိုဝ်”တို့ ဖြစ်၏။

တင့်တယ်စေသောအရာမျိုး ၄-ပါး

(၁) ရထား၌ အလံ၊
(၂) မီး၌ အခိုး၊
(၃) တိုင်းပြည်၌ မင်း၊
(၄) မိန်းမ၌ လင်၊
ရှိမှတင့်တယ်သည်ဟူ၏။ သံ၊၁၊၃၉။ သံ၊ဋ္ဌ၊၁၊၉၁။ စူဠနိ၊၂၁၃-တို့၌ အကျယ်ရှုပါ။

တစ်ဆယ့်ရှစ်ချက်၊ သံဃစက်၊ ရေတွက်အဘယ်နည်း

စက်ကြီး ၁၃-ပါး၌လာသော
စကားရပ်ဖြစ်သည်။ ၎င်း၏သရုပ်အဓိပ္ပါယ်ကား
အရိယာသံဃာတော်ရှစ်ပါး၊
သမ္မုတိသံဃာတော်တစ်ပါး ပေါင်းသံဃာ ၉-ပါးနှင့်
သံဃဂုဏ် ၉-ပါး၊ ပုဂ္ဂိုလ်နှင့် ဂုဏ် ၂-ရပ်ပေါင်း ၁၈-ပါးကိုပင် “သံဃစက်”ဟု ခေါ်သည်။

တစ်ဆယ့်လေးချက်၊ ဓမ္မစက်၊ ရေတွက်အဘယ်နည်း

စက်ကြီး ၁၃-ပါးမှလာသော စကားဖြစ်သည်။
မဂ်တရား ၄-ပါး၊ ဖိုလ်တရား ၄-ပါးနှင့် တရားဂုဏ်တော် ၆-ပါး၊ ပေါင်း ၁၄-ပါးကိုခေါ်သည်မှတ်။

တည်ခြင်း ၅-ဖြာ၊ ဝန္ဒနာ၊ ခါခါဦးနှိမ်ချ

ဒူး ၂-ဘက်, လက် ၂-ဘက်, နဖူး, ဤငါးပါးကို အခင်းကြမ်းပြင် စသည်၌ ညီစွာတည်ခြင်းပြု၍ ရှိခိုးခြင်းမျိုးကို “တည်ခြင်းငါးမျိုး ရှိခိုးခြင်း”ဟု ခေါ်၏။ “ကာယဝန္ဒနာ- ကိုယ်ဖြင့်ရှိခိုးခြင်း”ဟုလည်း ခေါ်၏။

တဏှာ ၂-ပါး

(၁) ဧသနတဏှာ- ပစ္စည်းဥစ္စာရှာမှီးကြောင်း တဏှာ၊
(၂) ဧသိတ တဏှာ- ရရှိထားသော ပစ္စည်းဥစ္စာ၌ သာယာတပ်မက်နေမှုတဏှာ။
အကျယ် အံ၊ဋ္ဌ၊၃၊၂၇၃-၌ ရှုပါ။

တဏှာ ၃-ပါး မျိုးအပြား

ဒီ၊၃၊၁၈၁။ ဒီ၊ဋ္ဌ၊၃၊၁၇၀-၌ အကျယ်ရှုပါ။
(၁) ကာမတဏှာ-ကာမဂုဏ်အာရုံတွေကို တွယ်တာနှစ်သက်နေမှု၊
(၂) ဘဝ တဏှာ- မိမိဘဝကို တပ်မက်, နှစ်သက်, သာယာမှုသဘော၊
(၃) ဝိဘဝ တဏှာ- ဤလောက၌ လူ နတ် ဗြဟ္မာသတ္တဝါဟူ၍မရှိ၊ ၎င်းတို့ဘဝလည်းမရှိ၊ ရုပ်နာမ်တို့၏ ဖြစ်ပျက်မှုမျှသာရှိနေတာကိုပင် လက်ရှိ(ပညတ်အာရုံ) ဘဝစွဲတန်းလန်းကြီးမှ ကင်းလွတ်ချင်တာကိုဝိဘဝတဏှာခေါ်သည်။။
ပရမတ်အာရုံ ရုပ်နာမ်ခန္ဓာမှကင်းလွတ်ချင်တာကို နိဗ္ဗာန်ဟုမှတ်၊ ယောင်လည်လည် ဖြစ်တတ်သည်။

တဏှာအစစ် ၁၀၈

အဘိ၊ဓ၊၂၁၆။ အဘိ၊ဝိ၊၄၀၆။ မ၊ဋ္ဌ၊၁၊၂၂၄။ အံ၊၁၊၅၃၃။ အံ၊ဋ္ဌ၊၂၊၃၈၇-တို့၌ အကျယ်ရှုပါကုန်၊
ကာမတဏှာ, ဘဝတဏှာ, ဝိဘဝတဏှာ, ၃-ပါးကိုတည်၍
ရူပါရုံ, သဒ္ဒါရုံ, ဂန္ဓာရုံ, ရသာရုံ, ဖောဋ္ဌဗ္ဗာရုံ, ဓမ္မာရုံ၊ ဤ အာရုံ ၆-ပါးနှင့် မြှောက် ၁၈-ပါးရ၏၊
၎င်းကိုတည်၊ အတိတ်ကာလ, ပစ္စုပ္ပန်ကာလ, အနာဂတ်ကာလ, ဤကာလ ၃-ပါးနှင့် မြှောက်၊ ၅၄-ပါးရ၏။
၎င်းကိုတည်၊ အဇ္ဈတ္တသန္တာန်, ဗဟိဒ္ဓသန္တာန်, ဤသန္တာန် ၂-ပါးနှင့်မြှောက် ၁၀၈-ပါး ရ၏။

တတိယအက္ခရာ ၅-လုံး

ဝဂ်ငါးပါးတို့တွင်ပါသော ၃ လုံးမြောက်ဖြစ်သည့်
“ဂ ဇ ဍ ဒ ဗ“အက္ခရာ ၅-လုံးကိုခေါ်သည်။

တစ်ထောင့်ငါးရာ ကိလေသာ

၎င်းသရုပ်အဓိပ္ပါယ် (ကိလေသာ ၁၅၀၀)ဟူသောသုတေသန
သရုပ်၌ဆိုပြခဲ့ပြီ။

တန်ခိုး ၁၀-ပါး၊ ဣဒ္ဓိများ၊ ထင်ရှားဖြေတော်မူ

၎င်းသရုပ်ကား (ဣဒ္ဓိမျိုး ၁၀-ပါး)နှင့် တူ၏။

တန်ခိုးတော်လာ၊ ပြာဋိဟာ၊ ၃-ဖြာအဘယ်နည်း

၎င်းသရုပ် (ပါဋိဟာရိယမျိုး ၃-ပါး)၌ ရှုပါ။

တန်ဆာဆင်မှု ၁၄-ခု၊ လူထုနည်းယူရာ

၎င်းသရုပ်ကို (အဆင်တန်ဆာ ဆင်ရာအပြား ၁၄-ပါး)ဟူသောအမေး၌ ပြန်ရှုပါ။

တန်လိုင်း ၄-မျိုး

ဇမ္ဗူတံဆိပ်ကျမ်းမှ။
(၁) မွန်သိ၊
(၂) မွန်ညန်၊
(၃) မွန်တာ၊
(၄) မွန်နန် တို့ဖြစ်ကြ၏။
မှတ်ချက်။ ။ နောင်လာနောက်သားတို့က တန်လိုင်းဟူသော အရေးအသားကို အလွန်စက်ဆုတ်၍ “မွန်“ဟုသာ
ရေးသားခေါ်ဝေါ်ကြကုန်၏။

တပည့်များအား၊ ဆုံးမငြား၊ ၅-ပါးစုံအင်ညီ

၎င်းသရုပ် (ဆုံးမခြင်းရာ၊ အင် ၅-ဖြာ)ဟူသော ပုစ္ဆာ၌ ဆိုခဲ့ပြီ။

တပည့်ဝတ် ၅-ပါး

ဆရာအပေါ်၌ တပည့်များက ပြုကျင့်ရမည့်ဝတ်ငါးပါး။
(၁) ပညာသင်ကြားရာ၌ လုံလဝီရိယနှင့် ညီညာထကြွမှုရှိခြင်း၊
(၂) ဆရာ၏သင်ကြားပြသဆုံးမမှုတို့ကို လိုက်နာကျင့်ကြံရိုသေရခြင်း၊
(၃) ဆရာလာသော အခါ ခရီးဦးကြို အရိုအသေပေးရခြင်း၊
(၄) ဆရာ့ထံပါး၌ အမြဲမပြတ် ခစားလုပ်ကျွေးဆည်းကပ်ရခြင်း၊
(၅) ဆရာ့ထံပါး သင်ကြားပြီးပညာများကို မမေ့မပျောက်နိုင်စေရန် တွေးကြံ ရွတ်အံရခြင်း၊ မရသေးသော ပညာများကို သင်ကြားရခြင်း။

တပ်မတော်ဖွဲ့နည်း ၉-ရပ်

ရှေးခေတ် စစ်တပ်ဖွဲ့စည်းနည်း ၉-ရပ်၊ ပိုမိုထင်ရှားအောင် မဃဒေဝလင်္ကာသစ်စကားဖြင့် ပြလိုက်သည်။
(၁) ပတ္တိတပ်- ရထားတစ်ဆောင်၊ ဆင်ပြောင်တစ်စီး၊ မြင်းသုံးစီးနှင့်၊ ရဲကြီး ငါးယောက်၊ နည်းစဉ် လျှောက်ဖြင့်၊ ထိုလောက်စစ်သည်၊ ပတ္တိမည်၏၊
(၂) သေနာမုခတပ်- ထိုသည်ပတ္တိ၊ သုံးပြန်ရှိက၊ ခေါ်ဘိသညာ၊ သေနာမုခ၊
(၃) ဂုမ္ဗတပ်-ထိုမုခအား၊ သုံးခုပွားသော်၊ မည်ငြား ဂုမ္ဗ၊
(၄) ဂဏတပ်- ဂုမ္ဗမြှောက်သုံး၊ ခေါ်ထုံး ဂဏ၊
(၅) ဝါဟိနီတပ်- ဂဏသုံးလီ ဝါဟိနီတည့်၊
(၆) ပုတနာ တပ်-ဝိဟိနီစစ်၊ သုံးပြန်ဖြစ်က၊တွင်လစ် ပုတနာ၊
(၇) စမူတပ်- ပုတနာဟူ၊ သုံးဆယူသော်၊ စမူမည်ငြား၊
(၈) အဏိကိနီတပ်-စမူအားလျှင်၊ မြှောက်ပွားတြိ၊ အဏိကိနီ၊
(၉) ခေါဘဏီတပ်- ယင်းဆယ်လီဖြင့်၊ ခေါဘဏီစစ်၊ ၉-ဆင့်ဖြစ်၏။

တမန်တော် ၃-စား

မြန်မာမင်းတို့၏ မင်းခန်းမင်းနားတွင်စေပါးသော အမတ် ၁၄-ပါးတို့အနက် တမင်းနှင့် တမင်း၊ တတိုင်းပြည်နှင့် တတိုင်းပြည်၊ တနန်းရင်းဝန်နှင့် တနန်းရင်းဝန် ဆက်ဆံကူးလူးရာဝယ်သုံးသော အမတ်မျိုးကို “တမန်အမတ်”ဟုခေါ်ဆိုသည်။ ၎င်းတမန်အမတ်သည်လည်း
(၁) တမန်ကြီး၊ (၂) တမန်လတ်၊(၃) တမန်ငယ်ဟု သုံးစားထားသေးရာ ဂုဏ်တန်ခိုးအတန်းအစားမြင့်သော တိုင်းကြီးပြည်ကြီးမင်းများထံသို့ တမန်အတတ် ဂုဏ်သိရ်ပညာ ကြီးရင့်လိမ္မာလှစွာသော တမန်ကြီးများကိုသာစေလွှတ်သည်၊ တိုင်းလတ် ပြည်လတ်မင်းများထံ တမန်လတ်များကိုစေလွှတ်သည်။ တိုင်းငယ် ပြည်ငယ် မင်းငယ်ကလေးများထံ တမန်အတတ်ပညာဂုဏ်စသည် သေးနုသေးသော တမန်ငယ်များကို စေလွှတ်သည်။

တမန်တော် ၅-ပါး၊ တစ်နည်း

၎င်းသရုပ်(သံတမန်မျိုး ၅-ပါး)၌ ရှုပါ။

တမန်တော် အင်္ဂါ ၆-ပါး

၎င်းသရုပ်ကို (သံတမန်အင်္ဂါ ၆-ပါး)၌ ရှုပါ။

တမန်တော် အင်္ဂါ ၈-ပါး၊ တစ်နည်း

အံ၊၂၊၃၇။ အံ၊ဋ္ဌ၊၃၊၂၁၆။ ဝိ၊၄၊၃၆၄-တို့၌လာရှိသည်။တမန်တော်များ၌ အသင့်ရှိထားရမည့် အရည်အချင်းအင်္ဂါရပ် ရှစ်ပါး၊ တိုင်းတစ်ပါးသွားသံတမန်များလည်း လိုက်နာရမည်။
(၁) သောတာစ- သူပြောကြားသော သတင်းစကားကို အကင်းပါးစွာဖြင့် သိကြားလွယ်ရခြင်း၊
(၂) သာဝေတာစ- အရှင်ပြောကြားသော သတင်းစကားကို လုံးစေ့ပတ်စေ့ ပြန်ဆိုတင်ပြနိုင်ရခြင်း၊
(၃) ဥဂ္ဂဟေတာစ- အားထုတ်၍မှတ်သား လေ့လာရခြင်း၊
(၄) ဓာရေတာစ- ဆိုတိုင်း မှန်ကန်ခိုင်မြဲစွာ ဆောင်နိုင်ရခြင်း၊
(၅) ဝိညာတာစ- အနက်အဓိပ္ပာယ် အရိပ်အခြည် လူရည်လူကဲကို ပါးနပ်စွာသိတတ်ရခြင်း၊
(၆) ဝိညာပေတာစ-သူတစ်ပါးအား ကြားသိလွယ်စေအောင် ပြောဆိုတတ်ရခြင်း၊
(၇) သဟိတာ သဟိတ ကုသလ- အကျိုးရှိမဲ့ကို ဝေဖန်နှိုင်းညှိ တတ်သိလိမ္မာရခြင်း၊
(၈) န ကလဟ ကာရက- ငြင်းခုံ ခိုက်ရန် ဆန့်ကျင်မှုများ မပြုလုပ် မပြောဆိုရခြင်း။

တစ်ယောက်ထီးတည်း ကိန်းအောင်းရခြင်း အကျိုးဂုဏ် ၂၈-ပါး

၎င်းအကျယ် စိတ်ဝင်စားဖွယ်တို့ကို ဟံသာဝတီရိုက် “မိလိန္ဒ၊ဘာသာပြန်“စာမျက်နှာ ၂၁၇-၌ ရှုပါလေ။

တစ်ရာ့တစ်ပါး၊ လူမျိုးများ၊ ဖြေကြားမြတ်အရှင်

၎င်းသရုပ်ကို (လူမျိုး ၁၀၁-ပါး)ဟူသော အမေး၌ရှုပါ။

တစ်ရာ့တစ်ပါးသော ထီးဆောင်းမင်းများ

၎င်းသရုပ်ကို (မင်းပေါင်း ၁၀၁)ဟူသောအမေး၌ ဖြေဆိုအံ့။

တစ်ရာ့ရှစ်ကွက်၊ စက်လက္ခဏာ၊ တစ်ရာ့ရှစ်ကွက်ဗုဒ္ဓစက်

၎င်း၏သရုပ်အဓိပ္ပါယ်ကို မဇ္ဈိမပဏ္ဏာသ အဋ္ဌကထာလာ (စက်လက္ခဏာတော် ၁၀၈-ပါး)ဟူသော စကားရပ်၌ဖြေခဲ့ပြီ။

တစ်ရာ့ရှစ်နဝင်း

ဤ၌ “နဝင်း“နှင့် “၁၀၈-နဝင်း”တို့၏အထူးကား အဿဝဏီ ဘရဏီ ကြတ္တိကာ စသော ၂၇-သွယ် နက္ခတ်ကြယ်တို့တွင် တစ်သွယ်တစ်သွယ်၌ လေးပါဒ်စီရှိသောကြောင့် နက္ခတ် ၂၇-ကို ၄-ပါဒ်နှင့် မြှောက်သော် ၁၀၈-ပါဒ်ဖြစ်၏၊
၎င်း ၁၀၈-ပါဒ်ကို ၁၂-ရာသီနှင့် အညီအမျှဖြစ်စိမ့်သောငှာ၊ ၁၂-ရာသီနှင့် စားသော်
တစ်ရာသီ တစ်ရာသီ၌ ၉ ပါဒ်အညီအမျှရကြ၏၊ တစ်ရာသီ တစ်ရာသီ ပါဒ်အစိတ် ၉-ခုကိုပင် “နဝင်း”ဟုခေါ်ဆိုလေသည်၊
သို့ဖြစ်ရကား ဆယ့်နှစ်ရာသီ နဝင်းအပေါင်းဖြစ်သော “၁၀၈-ပါဒ်”ကို “တစ်ရာ့ရှစ် နဝင်း”ဟု ခေါ်ဆိုလေသည်။
၎င်းနဝင်းဟူသော ဝေါဟာရ၏မူရင်းစကားကား “နဝင်္ဂ”ဟူသော မဂဓဘာသာပင် ဖြစ်၍ နဝ အင်္ဂ ဟု ပုဒ်ခွဲပြီးလျှင် နဝ သဒ္ဒါကိုးခု ဟူသော အနက်၊ အင်္ဂ သဒ္ဒာကား အစိတ်ဟူသော အနက်တို့ကို ဟောသည်ဖြစ်ရကား “နဝင်း”ဟူသော ပါဠိပျက်စကား၏အဓိပ္ပါယ်ကို မြန်မာလို “တစ်ရာသီ တစ်ရာသီ၌ ရှိသော ပါဒ်စိတ် ၉-ခု”ဟု အဓိပ္ပာယ်ရလေသည်။

တရားအားထုတ်ခွင့်မရသော အခါကြီး ၅-ပါး

အရိယာအဖြစ်ရအောင် အားထုတ်ခွင့်မရသော ကာလကြီး ငါးပါးဟူ၏၊ ၎င်းအဖြေ (ကမ္မဋ္ဌာန်းအားထုတ်ချိန်မဟုတ်သော အခါ ၅-ပါး) ၌ ရှုပါ။

တရားခံခေါ်၊ ရဟန်းတော်၊ ကျင့်နော်ဝတ် ၂-ပါး

၎င်းသရုပ် (စုဒိတက ကျင့်ဝတ် ၂-ပါး)ပုစ္ဆာ၌ ဆိုခဲ့ပြီ။

တရားဂုဏ်တော် ၆-ပါး

ဓမ္မဂုဏော အနန္တောဟုရှိသော်လည်း ပိဋကတ်တော်၌ထင်ရှား၍ မြတ်စွာဘုရားကိုယ်တိုင်အထပ်ထပ်ဟောတော်မူခဲ့သော ဤဂုဏ်တော် ၆-ပါးကိုသာ သုံးသပ်ကြ၏။
(၁) သွက္ခာတ ဂုဏ်တော်- စ လယ် ဆုံး သုံးပါးလုံးစုံအောင်ကောင်းသောဂုဏ်။
(၂) သန္ဒိဋ္ဌိက ဂုဏ်တော်- ကျင့်သူတို့အား ဘဝမခြားဘဲ ဒိဋ္ဌမျက်မှောက် ကိုယ်တွေ့အကျိုး
ခံစားရသောဂုဏ်။
(၃) အကာလိကဂုဏ်- ကာလမရွေ့ ကျင့်သည့်နေ့ပင် မင်္ဂလာကောင်းကျိုး ဖြာဝေဖြိုးသော
ဂုဏ်။
(၄) ဧဟိပဿီကဂုဏ်- လာလှည့် ရှုလှည့် ကျင့်လှည့်စမ်းပါ လွန်ချမ်းသာ၏ဟု အစစ်ခံ
ခြင်းငှာ ထိုက်သောဂုဏ်။
(၅) ဩပနေယိကဂုဏ်- မိမိကာယ အဇ္ဈတ္တတွင် ရရှိပေါက်ရောက် ကိုယ်တွေ့မြောက်အောင်
ကပ်၍ ဆောင်ထိုက် သောဂုဏ်။
(၆) ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိဂုဏ်- အသီးသီးသောမိမိတို့သန္တာန်၌ ချမ်းသာပါပေ့ ကောင့်ပါပေ့ဟု ကိုယ်စိတ်နှစ်ဖြာချမ်းသာစွာ ခံစားသိမြင်ရသောဂုဏ်တော်။

တရားဂုဏ်တော် ၆-ပါးခေါ်၊ ၄-ဖော်တရားကိုယ်

အထက်ပါဂုဏ်တော် ၆-ပါးသည် ဤတရားကိုယ် လေးပါးမှထွက်လာသည့် ဂုဏ်တော်များသာဟူ၏။
(၁) မဂ်တရား- ကိလေသာကိုသတ်တတ်သောတရား၊
(၂) ဖိုလ်တရား- ကိလေသာကို ငြိမ်းစေတတ်သောတရား၊
(၃) နိဗ္ဗာန်တရား- ဆင်းရဲခပ်သိမ်းငြိမ်းသောတရား၊
(၄) ပရိယတ်တရား- မဂ် ဖိုလ်ရရေး လမ်းညွှန်တရားစု။

တရားစီရင်၊ ပြန်တမ်းဝင်၊ မည်တွင် ၆-ပါး၊ သူကြီးများ

ပြန်တမ်း ဓမ္မသတ်ဝင် တရားသူကြီးမျိုး ၆-ပါး၊
(၁) ဘုရင်မင်းမြတ်၊
(၂) တရားလိုတရားခံ သဘောတူတင်မြှောက်ဆုံးဖြတ်ခိုင်းသော အနုညာတတရားသူကြီး၊
(၃) ရွာစားမြို့စား ရွာသူကြီး မြို့သူကြီး၊
(၄) ဘုရင်မင်းမြတ်ကခန့်ထားသော တရားသူကြီးများ၊
(၅) ကြပ်ဆင်ခုံညှိ တရားသူကြီး၊
(၆) အမှုဆောင်ရှေ့နေများ။

တရားတော်၏ နက်နဲခြင်း ၄-ပါး

၎င်းသရုပ်အဓိပ္ပါယ်ကို (ဂမ္ဘီရတရားကြီး ၄-ပါး)၌ ပြခဲ့ပြီ။

တရားနာရခြင်း အကျိုး ၅-ပါး

အံ၊၂၊၂၁၆။ ဗုဒ္ဓဘုရားရှင်၏ တရားတော်များကို ရိုသေစွာ ကြားနာရသူတိုင်း ရရှိနိုင်သောအကျိုးများ။
(၁) မကြားဖူးသေးသည့် တရားသစ်ဆန်းတို့ကို ကြားနာရခြင်း၊
(၂) ကြားသိပြီးသားတို့ကို တဖန် ထပ်မံ ခိုင်မြဲသန့်ရှင်းစေခြင်း၊
(၃) အယူ အမြင် အတွေးအခေါ် ဝေဖန်မှု ဉာဏ်ဖြောင့်မှန်ခြင်း၊
(၄) နှစ်လုံး နှစ်ခွ ယုံမှားသံသယကို ပယ်ဖျောက်နိုင်ခြင်း၊
(၅) စိတ်နှလုံး ချမ်းမြကြည်လင် ရွှင်ပြခြင်း။

တရားဟောဆရာတို့ အသံဆွဲချွဲ ရှည်ငင်ခြင်း အပြစ် ငါးပါး

၎င်းသရုပ် (ဓမ္မကထိကတို့ အသံဆွဲချွဲခြင်း အပြစ် ၅-ပါး)၌ ရှုပါ။

တရားမတု၊ ရန်မပြု၊ ၁၀-စု ရှောင်ရာဘယ်သူနည်း

၎င်းသရုပ်ကို (ရန်လည်းမဆိုင်၊ မပြိုင်တရား ၁၄-ပါး) ဟူသော အမေး၌ရှုပါ။

တရားမရနိုင်သူမျိုး ၁၆-ယောက်

၎င်းသရုပ်ကို (မဂ် ဖိုလ်မရနိုင်သူ ၁၆-ယောက်)၌ ရှုပါ။

တရားလိုခေါ်၊ ရဟန်းတော်၊ ကျင့်နော်ဝတ် ၅-ပါး

၎င်းသရုပ်ကို (စောဒက ကျင့်ဝတ် ၅-ပါး)ဟူသော ပုစ္ဆာ၌ ဆိုခဲ့ပြီ။

တရားသူကြီး၊ ကျင့်သုံးမှီး၊ ထုံးနည်း အင် ၉-ဖြာ

တရားသူကြီး ခုံသမတ်ပြုလုပ်သူတို့ လိုက်နာတတ်သိ ပြည့်စုံထားရမည့် အင်္ဂါရပ်ကိုးပါးဟူ၏၊ မာနုဿိက ဓမ္မသတ်ကျမ်းရင်းနှင့် ၎င်းဋီကာတို့၌လာသည်။
(၁) များသောသုတကြားနာမှုရှိခြင်း၊
(၂) ဆန်းကြယ်များပြားစွာ မေးစစ်တတ်ခြင်း၊
(၃) နူးညံ့သာယာ သူကြည်ဖြူစွာဆိုတတ်ခြင်း၊
(၄) တည်ကြည်ဖြောင့်မတ်၍ သီလရှိခြင်း၊
(၅) အမှုမှန်ကို ရဲဝံ့စွာစီရင်ဝံ့ခြင်း၊
(၆) ပိဋက ဗေဒင် ဓမ္မသတ်တတ်ခြင်း၊
(၇) စီရင်ထုံးနည်းများစွာတို့ကို မှတ်သားတတ်ခြင်း၊
(၈) သဘင်လယ်၌ တိကျမှန်ကန်စွာ ဆိုဝံ့ မိန့်ဝံ့ရှိခြင်း၊
(၉) လူမျိုးခြားတို့၏စာပေစကားကို တတ်သိနားလည်းခြင်း။
မှတ်ချက်။ ။ ဤ၌ တရားသူကြီး အင်္ဂါ ၃-ပါး၊ ၅-ပါး၊ ၇-ပါး၊ ၈-ပါး စသည်ဖြင့်လည်း ထိုထိုနီတိ ဓမ္မသတ်၌ လာရှိသေး၏။ သို့သော် ဤအင်္ဂါ ၉-ပါး၌ အကျုံးဝင်သည်သာ။

တရားသူကြီး၊ လက်သုံးမှီး၊ ၄-နည်းမဟာပဒေသ

၎င်းသုတေသနကို (မဟာပဒေသမျိုး ၄-ပါး၊ ၃-နည်း) ၌ ကြည့်ပါလေ။

တ ဝဂ် ၅-လုံး

ဗျည်း ၃၃-လုံးတို့တွင် “တ ထ ဒ ဓ န“၎င်း ၅-လုံးအစုကိုခေါ်သည်။

တ သတ်ကာရန်၊ ရေးထုံးမှန်၊ ၃-တန်မြန်မာ့နည်း

မြန်မာသင်ပုန်းကြီးကျမ်းလာ တ ဝမ်းပူဖြင့်သတ်ရသည့် ဌာန ၃-ပါးဟူလို၊ “အတ် အိတ် အုတ်”တို့ဖြစ်ကြ၏၊ ၎င်းကို ကာရန်ငယ်သံ ၆၄-ပါး၌ ကဗျာဆရာတို့ သွင်းယူကြ၏။

တာဒိဂုဏ်တော် ၈-ပါး

လောကဓာမ်တရားရှစ်ပါးတို့တွင် အကောင်း ၄-ပါးနှင့်တွေ့၍လည်း ဝမ်းသာအားရမရှိအဆိုး ၄-ပါးနှင့်တွေ့၍လည်း ဝမ်းနဲကြေကွဲမှုမရှိ၊ ပကတိ တူမျှသော စိတ်တော်
ရှိခြင်းဂုဏ်၊ မ၊၁၊၃၉၃။ မ၊ဋ္ဌ၊၂၊၂၈၃။

တာမျိုး ၃-ဖြာ၊ တိုင်းထွာရာ၊ ဘယ်တာဘယ်သို့နည်း

တိုင်းထွာသောတုတ်၊ သို့မဟုတ် တိုင်းထွာနှိုင်းယှဉ် ကြောင်းပမာဏကိုခေါ်သည်။ ၎င်းတာသည် ၃-မျိုး ၅-မျိုးစသည်ဖြင့်ပြားသော်လည်း အခိုင်အမာအများသုံးကား ၃-မျိုးသာဖြစ်ကုန်၏။
(၁) ကုလားလေးတာ- “ကုပ်လုပ်လေး တာ”လည်းဟူ၊ ၎င်းမှာ လေးတောင်ဖြင့်ဖွဲ့သော တာမျိုးဖြစ်၍ အရညဝါသီ တောရကျောင်းများကိုတိုင်းထွာရာ၌ ဤတာမျိုးဖြင့်အသုံးပြုရသည်။ ဝိနည်းတော်များ၌ ဤလေးတောင်တာနှင့် အပြန်ငါးရာ(၅၀၀)ရွာ အိမ် တဲ ကန္နဖုတ်တို့နှင့် ဝေးကွာမှသာလျှင် တောရကျောင်းမည်သည်ဟု ဆုံးဖြတ်ချက်ချထားကြလေပြီ။
(၂) မြင့်မိုရ် တာ- ရတောင်တာဖြင့်ဖွဲ့သော တာလတ်မျိုးဖြစ်၍ ဤတာဖြင့် မြင့်မိုရ်တောင်ကိုအစပြု၍ တောင်စဉ် ၇-ထပ် ဟိမဝန္တာ ဇမ္ဗူ သပြေပင် ပင်လယ်ကသစ်ပင် သခွတ်ပင်စသည့် သစ်ပင်ကြီး ၇-ပင်တို့၌ လည်းကောင်း၊ ထို့ပြင် ဘုရားစေတီ အုဋ္ဌ်ကျောင်း ပြာသာဒ် ဇရပ် တန်ဆောင်း ကျုံး မြောင်း မြို့နန်း စသော အဆောက်အဦးတို့၌လည်းကောင်း တိုင်းထွာနှိုင်းယှဉ်အသုံးပြုကြကုန်၏။
(၃) စက္ကဝါ တာ- ဆယ်တောင်ဖြင့်ဖွဲ့ရသော တာရှည်မျိုးဖြစ်၍ စကြဝဠာတိုင်းရာ၌ အသုံးပြု
သည်။ ၎င်းပြင်ရေတွင်းရေကန် အင်း အိုင် ချောင်းမြောင်း မြစ် အဏ္ဏဝါ ရေဖက်တွင် တိုင်းထွာအသုံးပြုကြသည်။

တာရာကြီး ၉-လုံး

အတွင်းတာရာ ၉-လုံးဟုလည်းခေါ်သည်။
(၁) သုံးလုံးယှဉ်လာ၊ ကျီးတာရာ၊ သင်္ချာ ၁၀, ၁၁လုံးဆို။
သင်းတွဲပြည်မှာ၊ ကျီးတာရာ၊ ယှဉ်ခါသွားတတ်ဆို။
အဿဝဏီ၊ ဘရဏီ၊ ကြတ္တိကာ၊ ၎င်းနက္ခတ် ၃-လုံးနှင့်ယှဉ်၍သွားသည်။
(၂) သုံးလုံးယှဉ်လာ၊ ရွှေဟင်္သာ၊ သင်္ချာ ၉, ၁၀-လုံးဆို၊
မြန်မာပြည်မှာ၊ ရွှေဟင်္သာ၊ တာရာ ရောင်ဝန်းဆို။
ရောဟဏီ၊ မိဂသီ၊ အဒြ၊ ၎င်းနက္ခတ် ၃-လုံးနှင့်ယှဉ်၍သွားသည်။
(၃) ပုဇွန်တာရာ၊ ၁၄ သာ၊ ယှဉ်လာသုံးလုံးဆို၊
ရာဇဂြိုဟ်မှာ၊ အက္ကဋာ၊ တာရာ ပုဇွန်ဆို။
ပုဏ္ဏဖုသျှု, ဖုသျှ, အဿလိဿ, ၎င်းနက္ခတ် သုံးလုံးနှင့်ယှဉ်၍သွားသည်။
(၄) ယှဉ်တူသွားရာ ချိန်တာရာ၊ မှန်စွာလေးလုံးဆို။
တက္ကသိုလ်ပြည်၊ တာရာမည်၊ ထွန်းသည်ချိန်ခွင်ဆို။
မာဃ၊ ပြုပ္ပါဘရဂုဏ္ဏီ၊ ဥတ္တရာ ဘရဂုဏ္ဏီ၊ ၎င်းနက္ခတ် ၃-လုံးနှင့်ယှဉ်၍သွားသည်။
(၅) ဆံကျင်တာရာ၊ သုံးလုံးသာ၊ ယှဉ်ကာသွားသကို။
ကောသမ္ဘီပြည်၊ ဆံကျင့်မည်၊ ရောင်ခြည်ထွန်းသလို။
ဟဿဒ၊ စိတြ၊ သွာဒိ၊ ၎င်းနက္ခတ် ၃-လုံးနှင့်ယှဉ်၍သွားသည်၊
(၆) တံငါတာရာ၊ ရှစ်လုံးသာ၊ သွားလာယှဉ်မြဲကို။
တန်လိုင်းပြည်မှာ၊ ကေဝဋ္ဋာ၊ ယှဉ်ကာပုဏ္ဏားဆို၊ “ပုဏ္ဏားတာရာ”လည်းဟူ၏၊
ဝိသာခါ၊ အနုရာဓ၊ ဇေဋ္ဌ၊ ၎င်းနက္ခတ် ၃-လုံးနှင့်ယှဉ်၍သွားသည်။
(၇) သုံးလုံးယှဉ်လာ၊ ဆင်တာရာ၊ သင်္ချာ ၈, ၉-လုံးဆို၊
ရှမ်းတို့ပြည်မှာ၊ ဆင်တာရာ၊ ယှဉ်ကာသွားသည်ဆို။
မူလ, ပြုပ္ပါသဋ္ဌ်, ဥတ္တရာသဋ္ဌ်၊ ၎င်းနက္ခတ် ၃-လုံးနှင့်ယှဉ်၍ သွားသည်။
(၈) ကိုးလုံးယှဉ်လာ မြင်းတာရာ၊ ယှဉ်လာသုံးလုံးဆို၊ (၁၃-လုံးလည်းဟူ၏)
မြင်းတာရာသည်၊ ကုလားပြည်၊ ရောင်ခြည်လင်းသလို၊
သရဝဏ်၊ ဓနသိဒ္ဓ၊ သတ္တဘိသျှ၊ ၎င်းနက္ခတ်သုံးလုံးနှင့် ယှဉ်၍သွားသည်။
(၉) ကိုးလုံးမှန်စွာ၊ ဗျိုင်းတာရာ၊ သွားလာယှဉ်မြဲကို၊
သောက္ကတဲပြည်၊ တာရာမည်၊ ထွန်းသည်ဥဗျိုင်းဆို။
ပြုဗ္ဗဘဒြပိုဒ်၊ ဥတ္တရာဘဒြပိုဒ်၊ ရေဝတီ၊ ၎င်းနက္ခတ် ၃-လုံးနှင့်ယှဉ်၍သွားသည်။
နံသင့် ပြည်ရွာ၊ ကြယ်တာရာ၊ ထွန်းခါ ပြန့်ပြောဝ၊
ညှိုးသောရောင်ဝါ၊ ထိုပြည်ရွာ၊ ပူဆာချောက်ချားစွ။
တာရာသံပေါက်၊ အကျဉ်းကောက်၊ ပြီးမြောက် နိဋ္ဌိတ။

တာရာ ၂၈-လုံး

အပြင်တာရာမျိုး ၂၈-လုံးကိုဆိုသည်။
ထို ၂၈-လုံးတို့တွင်လည်း တောင်မျက်နှာ ၉-လုံး၊ အရှေ့မျက်နှာ ၆-လုံး၊ မြောက်မျက်နှာ ၆-လုံး၊ အနောက်မျက်နှာ ၇-လုံးဟု အသီးသီးရှိလေသည်ဟူ၏၊ နေမိတ္တဝိဇ္ဇာကျမ်း၌ အကျယ်ရှုလေ။
အရှေ့မျက်နှာ တာရာ ၆-လုံး။
(၁)ဇာတကတာရာ ၂-လုံး၊ ညောင်စောင်းပုံ၊
(၂) ပဉ္စကတာရာ ၅-လုံး၊ စမ္ပယ်ပွင့်ပုံ၊
(၃) နရမ္မတာရာ ၄-လုံး၊ ပလ္လင်ပုံ၊
(၄) ပါသာဒတာရာ ၂၄-လုံး၊ ပြာသာဒ်ပုံ၊
(၅) သျှုနတာရာ ၃-လုံး၊ ပန်းတောင်းပုံ၊
(၆) ပကပ္ပတာရာ ၄-လုံး၊ အင်းပျဉ်ပုံ၊
အနောက်မျက်နှာ တာရာ ၇-လုံး၊
(၇) ပညာသ တာရာ လုံးရေ ၅၀၊ ကြက်ရုပ်၊
(၈) ဇရက တာရာ ၆-လုံး၊ မိကျောင်းမြီးခပ်ပုံ၊
(၉) ကောဗျာကတိတာရာ ဆယ်လုံး၊ ကပ်ခင်းပုံ၊
(၁၀) သရိဒ္ဒကတာရာ ၄-လုံး၊ ကြက်ခြေပုံ၊
(၁၁) ဝါနရီတာရာ ၄-လုံး။ ချိန်စဉ်းကိုင်းပုံ၊
(၁၂) အရိဒ္ဓဇတာရာ ၆-လုံး၊ စောင်းတန်းလှေကားပုံ၊
(၁၃) ????
တောင်မျက်နှာတာရာ ၉-လုံး၊
(၁၄) အာဏီ တာရာတစ်လုံး၊ ပတ္တမြားပုံ၊
(၁၅) ဖုသျှတာရာ ၁၁-လုံး၊ ကြောင် ဥက္ခောင်းပုံ၊
(၁၆) သင်္ခ တာရာ ၅-လုံး၊ ခရုသင်းပုံ၊
(၁၇) စတုကပ္ပ တာရာ ၄-လုံး၊ လက်ယှက်ပုံ၊
(၁၈) ယောတ္တ တာရာ ၆-လုံး၊ ကြိုးလွန်ပုံ၊
(၁၉) ရတ္တတာရာ ၂-လုံး၊ ရှစ်လုံးလည်းဟူ၊ လှေငယ် ဦးပဲ့၌ တံငါလင်မယားထိုင်နေဟန်၊
(၂၀) ဖောစောကိတာရာ ၈-လုံး၊ ဟင်္သာဖိုမပုံ၊ အရှေ့ ၄-လုံး၊ အနောက် ၄-လုံး၊
(၂၁) ဘဂတ္တတာရာ ၇-လုံး၊ ချွန်းတောင်းပုံ၊
(၂၂) ဘတ္တရ တာရာ ၅လုံး၊ လယ်ပုဇွန်ပုံ။
မြောက်မျက်နှာတာရာ ၆-လုံး၊
(၂၃) ဓာရုတာရာ တစ်လုံး၊ ကြာပွင့်ပုံ (ဓူဝံကြယ်)၊
(၂၄) တာလိတာရာ လုံးရေမရှိ၊ ကြာရိုးကြာရွက်ပုံ၊
(၂၅) ဖုသျှတာရာ ၇-လုံး၊ နဂါးပုံ၊ (ခုနစ်စင်ကြယ်)
(၂၆) ဧကသိတ္တတာရာ ၆-လုံး၊ ကြောင်စာခွက်ပုံ၊
(၂၇) တြိဂုဏိတာရာ ၄-လုံး၊ မှန်ကူသီးပုံ၊
(၂၈) ရူပတာရာ ၅-လုံး၊ တံကျင်ပုံ။

တာရာ ၉၄-လုံး

ဤကား အတွင်းတာရာ အပြင်တာရာတို့၌ မပါဝင်ဘဲ အလွတ်တာရာများကိုဆိုသည်။ နေမိတ္တဝိဇ္ဇာကျမ်း၌အကျယ်ရှု၊
(၁) ပဒုမတာရာ ငါးလုံး၊
(၂) ပဉ္စာယုတာရာ နှစ်လုံး၊
(၃) ပဉ္စလိတာရာ ငါးလုံး၊
(၄) ကတ္တတာရာ ရှစ်လုံး၊
(၅) ဝတီတာရာ ခြောက်လုံး၊
(၆) ယတုကတာရာ ကိုးလုံး၊
(၇) စုတိတာရာ ခြောက်လုံး
(၈) ကုက္ကုဋတာရာ ခြောက်လုံး၊
(၉) ဝုတ္တတာရာ ခုနစ်လုံး၊
(၁၀) ယတ္တတာရာကိုးလုံး၊
(၁၁) သရုပတာရာ ရှစ်လုံး၊
(၁၂) အာဏိကာတာရာ တစ်လုံး၊
(၁၃) သူရတာရာ တစ်လုံး၊
(၁၄) မာနတာရာ လေးလုံး၊ တင်းကိုခေါ်ဆိုသည်။
(၁၅) မာနိတာရာ လေးလုံး၊ တင်းနီကိုခေါ်သည်။
(၁၆) အာနိတာရာ ခြောက်လုံး၊
(၁၇) ရောဟနီ တာရာ တစ်လုံး၊ စိုင်ခေါ်သောကြယ်ကိုဆိုသည်၊
(၁၈) လဘန္တံတာရာ သုံးလုံး၊
(၁၉) သံယုတာရာ ငါးလုံး၊
(၂၀) မဏိကတာရာ ဆယ့်နှစ်လုံး၊ ရွဲကိုခေါ်သည်၊
(၂၁) စိတ္တတာရာ သုံးလုံး၊
(၂၂) တူလကတာရာ နှစ်လုံး၊ တံကျင်ကို ခေါ်သည်။
(၂၃) သောတ တရာ လေးလုံး၊
(၂၄) ကေဝဋ္ဋတာရ လေးလုံး၊ တံငါကွန်တိုင်ကို ခေါ်သည်။
(၂၅) ဘေရီတာရာ ခြောက်လုံး၊ စည်ကြီးကိုခေါ်သည်၊
(၂၆) ပါတိတာရာ ဆယ့်ရှစ်လုံး၊ ဖလားကိုခေါ်သည်။
(၂၇) အန္တတာရာ လုံးရေ သုံးဆယ်၊
(၂၈) အာနိန်တာရာ ခြောက်လုံး၊ ထက်စည်ကိုဆိုသည်၊
(၂၉) မိဂသိင်္ဂိတာရာ လေးလုံး၊ သမင်ချိုကိုခေါ်သည်၊
(၃၀) သုဘတာရာ ငါးလုံး၊
(၃၁) ကုက္ကုဋတာရာ လေးလုံး၊ ကြက်ကိုဆိုသည်၊
(၃၂) ကဏ္ဍ တာရာ ငါးလုံး၊
(၃၃) သံဝတိတာရာ တစ်လုံး၊
(၃၄) အာရာပိတာရာ တစ်လုံး၊
(၃၅) သံကိရတာရာ ဆယ့်နှစ်လုံး၊
(၃၆) အလုတ္တတာရာ လေးလုံး၊
(၃၇)မာသုတာရာ တစ်လုံး၊
(၃၈) လောကတာရာ လေးလုံး၊
(၃၉) ဗျာယုတာရာ လုံးရေနှစ်ဆယ်၊
(၄၀) အဗ္ဘန္တတာရာ နှစ်လုံး၊
(၄၁) သံကာ တာရာ တစ်လုံး၊
(၄၂) စိတြဘူတာရာ သုံးလုံး၊
(၄၃) ကောလိတာရာ တစ်လုံး၊
(၄၄) စရီတာရာ လေးလုံး၊
(၄၅) ပါသရိတာရာ တစ်လုံး၊
(၄၆) အဋ္ဌမီတာရာ ဆယ့်နှစ်လုံး၊
(၄၇) နိဗ္ဗာနတာရာ ဆယ့်တစ်လုံး၊
(၄၈) အစောတ တာရာ နှစ်လုံး
(၄၉) သုဒ္ဓက တာရာ နှစ်လုံး၊
(၅၀) ဖုသန္တတာရာ တစ်လုံး၊
(၅၁) ရေစောကလ တာရာ တစ်လုံး၊
(၅၂) အာယုတလိန တာရာ တစ်လုံး၊
(၅၃) ပါသလိတာရာ တစ်လုံး၊
(၅၄) ဓူမ တာရာ တစ်လုံး၊
(၅၅) သာတုလိတာရာ တစ်လုံး၊ စနေဂြိုဟ် ကိုခေါ်သည်၊
(၅၆) ဘဝတုသံ တာရာ တစ်လုံး၊
(၅၇) ရာဟုလိန တာရာ တစ်လုံး၊
(၅၈) ပုဏ္ဏိက တာရာ တစ်လုံး၊
(၅၉) ကလိ တာရာ တစ်လုံး၊
(၆၀) မယုလတာရာ တစ်လုံး၊
(၆၁) မာနိတတာရာ လေးလုံး၊
(၆၂) မလ္လိကတာရာတစ်လုံး၊
(၆၃) ပုပ္ဖဇလ တာရာ ခြောက်လုံး၊
(၆၄) ဗလ္လိတာရာ တစ်လုံး၊
(၆၅) သမ္ပတ္တိ တာရာ နှစ်ဆယ့်နှစ်လုံး၊
(၆၆) တမ္ဘတာရာ ဆယ့်နှစ်လုံး၊
(၆၇) ဝိရိစ္စတာရာ တစ်လုံး၊
(၆၈) မူလတာရာ တစ်လုံး၊
(၆၉) အာယတာယာ ငါးလုံး၊
(၇၀) သံလိန္တတာရာ ငါးလုံး၊
(၇၁) ဂဏ္ဍုပ္ပါဒ တာရာ နှစ်လုံး၊
(၇၂) သံချူတာရာ တစ်လုံး၊
(၇၃) ပတိပါဂန္တု တာရာ သုံးလုံး၊ နဂါးခေါင်းကိုဆိုသည်၊
(၇၄) သုကရ တာရာ သုံးလုံး၊
(၇၅) အာဒိစ္စတာရာ လေးလုံး၊
(၇၆) သရ တာရာ သုံးလုံး၊ မြားကိုခေါ်ဆိုသည်၊
(၇၇) ဥဒ္ဒိင်္ဂ တာရာ တစ်လုံး၊
(၇၈) ကာကတာရာ တစ်လုံး၊ တနင်္ဂနွေဂြိုဟ်ခေါ်သည်။
(၇၉) အာယုတာရာ နှစ်ဆယ့်ငါးလုံး၊
(၈၀) ဃရတာရာ သုံးလုံး၊
(၈၁) သာလ ပိန္တိတာရာ လေးလုံး
(၈၂) ပုပ္ပတ္တိတာရာ တစ်လုံး၊
(၈၃) မူလ တာရာ ကိုးလုံး၊
(၈၄) ပါရိတာရာ ငါးလုံး၊
(၈၅) ဂဝီသ တာရာ လေးလုံး၊ ချွန်းတောင်းကိုဆိုသည်၊
(၈၆) သာလမ္ဗတာရာ ငါးလုံး၊
(၈၇) မာလိက တာရာ ဆယ်လုံး၊
(၈၈) သာလိန္ဒတာရာ နှစ်လုံး၊
(၈၉) ဖလ တာရာ တစ်လုံး၊
(၉၀) သာခါဝိ တာရာ သုံးဆယ်၊
(၉၁) ဖာလိကတာရာ သုံးလုံး၊ ငါးမျှားချိတ်ကိုခေါ်ဆိုသည်။
(၉၂) ပါလိန္ဒ တာရာ နှစ်လုံး၊
(၉၃) သုကိတာရာ နှစ်လုံး၊
(၉၄) သုဝတာရာ တစ်လုံး၊ ကျေးသားကိုခေါ်သည်။

တာလုဇ အက္ခရာ ၉-လုံး

အာစောက်ခေါ် အာဂလောင်အရပ်မှ မြည်၍ထွက်လာသော အက္ခရာမျိုး ၉-ပါး။ “ဣ ဤ စ ဆ ဇ စျ ည ယ ဧ“တို့ ဖြစ်ကြသည်။

တာဝတိံသာ၊ နတ်မြို့ရွာ၊ ၅-ဖြာ ဥယျာဉ်ကြီး

ဒီ၊ဋ္ဌ၊၂၊
(၁) နန္ဒဝန် ဥယျာဉ်၊ မြို့၏အရှေ့ဘက် ယူဇနာ (၁၀၀၀)ကျယ်၍ နတ်တို့ နှစ်သက်စွာပျော်ပါးရာ ဥယျာဉ်တော်။
(၂) ဖာရုသက ဥယျာဉ်၊ မြို့၏တောင်ဘက် ယူဇနာ (၇၀၀)ကျယ်၍ ဖက်သက် အဖျော်ယမကာတို့သောက်စားကာ အသူရာတို့အား ကြိမ်းဝါးခြိမ်းခြောက်ရာ ဥယျာဉ်တော်။
(၃) စိတ္တလတာ ဥယျာဉ်၊ မြို့၏ အနောက်မျက်နှာ၊ ယူဇနာ (၅၀၀)ကျယ်၍ အာသာဝတီ နွယ်နီနတ်ပန်းဆွတ်လှန်းပျော်ပါးရန်၊ ဆန်းကြယ်သောအဝတ်တန်ဆာ ယာဉ်ရထားတို့ဖြင့် ဝင်ထွက်ရာဥယျာဉ်တော်။
(၄) မိဿက ဥယျာဉ်၊ မြို့၏မြောက်ဘက် ယူဇနာ (၅၀၀)ကျယ်၍ နတ်သားနတ်သမီးတို့ ယှဉ်တွဲပျော်မြူးရာ ဥယျာဉ်တော်။
(၅) မဟာဝန် ဥယျာဉ်၊ မြို့၏အရှေ့ဘက် ယူဇနာ (၇၀၀)ကျယ်၍ လှပဆန်းကြယ် နှစ်သက်ဖွယ်ရာ သုနန္ဒာ ရေကန်တော်ကြီးရှိသည်။

တာဝတိံသာ၊ သုဓမ္မာ၊ ၄-ဖြာစည်းဝေးကြောင်း

ဒီ၊၂၊၁၆၈။ ၂၃၂။ တာဝတိံသာနတ်ပြည် သုဓမ္မာဇရပ်ကြီး၌ နတ်တို့၏အစည်းအဝေးများကို အောက်ပါအကြောင်းလေးပါးကြောင့် ကျင်းပပြုလုပ်ကြသည်။
(၁) ဝဿူပနာယိက သင်္ဂဟတ္ထံ၊ ဝါဆိုသံဃာတော်တို့ကို ချမ်းသာစွာတရား အားထုတ်နိုင်ရေး
အတွက် စောင့်ရှောက် ပေးဖို့ရန် ပထမဝါဆိုလပြည့်နေ့နှင့် ဒုတိယဝါဆိုလပြည့်နေ့၌ စည်းဝေးကာတိုင်ပင်စေခြင်း၊
(၂) ပဝါရဏာသင်္ဂဟတ္ထံ၊ ပဝါရဏာပွဲတို့၌ သံဃာတော်များချမ်းသာစွာပြုနိုင်ရေးအတွက် တာဝန်ပေးရန်အစည်းအဝေးပြုခြင်း၊
(၃) ဓမ္မ သဝနတ္ထံ- တရားနာရန်အလို့ငှာ အစည်းအဝေးကြီးပြုလုပ်ခြင်း၊
(၄) ပါရိစ္ဆတ္တက ကိဠာနု ဘဝနတ္ထံ၊ ပင်လယ်ကသစ်ပန်းပွင့်ချိန်၌ ပန်းဆွတ်ပျော်ပွဲကြီး ဆင်ယင်ကျင်းပရေးအတွက် သုဓမ္မာဇရပ်ကြီး၌ အစည်းအဝေး ပြုလုပ်ကြခြင်း။

တိတ္ထိဂိုဏ်း ဆရာကြီး ၆-ယောက်

မ၊၁၊၂၅၈။ မ၊ဋ္ဌ၊၂၊၁၃၆။ သာသနာဝင်၌ ထင်ရှား၍ ဘုရားနှင့်ပြိုင်ဖက် တိတ္ထိဆရာကြီး ၆-ယောက်။
(၁) ပူရဏကဿပ၊
(၂) မက္ခလိ ဂေါသာလ
(၃) နိဂဏ္ဍ နာဋပုတ္တ၊
(၄) သဉ္ဇယ ဗေလဋ္ဌ ပုတ္တ သိဉ္ဇည်း၊
(၅) ဗကုဓ ကစ္စာယန၊
(၆) အဇိတ ကေသ ကမ္ဗလ။

တိတ္ထိတို့ ရဟန်းပြုလိုသော် ပေးရမည့် ဝတ်အကျင့် ၈-ပါး

အကျယ်ကို ဝိ၊၃၊၁၀၀။ ဝိ၊ဋ္ဌ၊၃၊၂၇၅။ တို့၌ကြည့်ပါ။
(၁) အလွန်စောစွာ ရွာတွင်းသို့မဝင်ရ၊ အလွန်နေမမြင့်မီ ကျောင်းသို့အရောက် ပြန်လာရမည်၊
(၂) မကျက်စား အရောတဝင်မပြုရသော ပြည့်တန်ဆာမ၊ မုဆိုးမ၊ အပျိုဟိုင်းကြီး၊ ပဏ္ဍုတ်၊ ရဟန်းမတို့နှင့် ရောနှောစွာ မဆက်ဆံရခြင်း၊ (၃) သီတင်းသုံးဖေါ်တို့၏ ကိစ္စကြီးငယ်တို့ကို အလိုက်သိစွာ ပြုလုပ်ဆောင်ရွက်ပေးရခြင်း၊
(၄) သီလ သမာဓိ ပညာကို လိုလားဆန္ဒကြီးစွာဖြင့် ပါဠိ အနက်အဓိပ္ပါယ်တို့ကို သင်ယူမေးမြန်း ဆွေးနွေးရခြင်း၊
(၅) တိတ္ထိတို့၏ အမှား ဂုဏ်ကျေးဇူးမဲ့ ကဲ့ရဲ့စကားကို နှစ်သက်စွာလက်ခံပြောကြားရခြင်း၊
(၆) တိတ္ထိတို့၏ ဂုဏ်ကျေးဇူးကို ပြောဆိုစကား၌ မနှစ်သက် လက်မခံရခြင်း၊
(၇) ဘုရားတရား သံဃာတော်တို့၏ ကျေးဇူးမဲ့ကို ကဲ့ရဲ့ပြေားကြားစကား၌ မနှစ်သက် လက်မခံရခြင်း၊
(၈) ရတနာသုံးပါး၏ ဂုဏ်ကျေးဇူးစကားတို့ကို ချီးမွမ်းပြောကြားရခြင်း၊ နှစ်သက်စွာ နာယူလက်ခံရခြင်း။

တိထီ ၅-ဖြာ၊ မင်္ဂလာ၊ အခါတော်ကိုရွေး

၎င်း တိထီငါးပါးကို အခါပေးကျမ်းမှယူသည်။
(၁) နန္ဒာ တိထီ- မည်သည့်လမဆို လဆန်း လဆုတ် ၁-ရက် ၆-ရက် ၁၁-ရက်နေ့တို့၌ တနင်္ဂနွေ, သောကြာနှင့်ကြိမ်မူ နန္ဒာတိထီမည်၏၊ ထိုနေ့၌ ဇရပ် အိမ် ကျောင်း အုဌ်ရိုး၊ ပုထိုးစေတီနှင့်တကွရေကန် ရေတွင်း တံခွန် မဏ္ဍပ် တံတားစသည်တို့ကိုလည်းကောင်း၊ မင်းထံခစားခြင်း ခရီးသွားခြင်းတို့ကို လည်းကောင်း၊ ပြုရသော နေ့ကောင်းနေ့မြတ်ဖြစ်၏။
(၂) ဘဒြာ တိထီ- မည်သည့်လမဆို လဆန်း လဆုတ် ၂-ရက် ၇-ရက် ၁၂-ရက်နေ့၌ တနင်္လာ ဗုဒ္ဓဟူးနှင့်ကြိမ်မူ ဘဒြာတိထီမည်၏၊ ထိုနေ့၌ မင်းထံခစားခြင်း၊ မိတ်ဖွဲ့ခြင်း၊ ကာယသိဒ္ဓိစီရင်ခြင်း၊ အမည်မင်္ဂလာမှည့်ခြင်း၊ ရောင်းဝယ်ခြင်းတို့ကိုပြုရာသော နေ့ကောင်းနေ့မြတ်ဖြစ်၏။
(၃) ဇေယျာ တိထီ- မည်သည့်လမဆို လဆန်း လဆုတ် ၃-ရက်၊ ဂ-ရက်၊ ၁၃-ရက်တို့၌ အင်္ဂါနေ့နှင့်ကြိမ်မူ ဇေယျာတိထီမည်၏၊ ထိုနေ့၌ မြို့ရွာနန်းတော်တည်ဆောက်ခြင်း၊ ကျုံးမြောင်းတံတားပြုလုပ်ခြင်း၊ ဓားလှံ သေနတ် အမြောက် စိန်ဗုံး အဲမောင်း ချပ် မိန်ညို ကာ လွှား ဆင် မြင်းတန်ဆာ ဆင်ယင်ပြုလုပ်ခြင်း၊ ရန်သူရှိရာ တပ်တည်ခြင်း၊ ကင်းတိုကင်းရှည်
ထားခြင်း၊ အောင်တမန်သံတော်များ စေခန့်ခြင်း၊ မင်းမြောက်တန်ဆာ စီရင်လုပ်ဆောင်ခြင်း၊ ပြာသာဒ်ရထား ဆောက်လုပ်ခြင်း၊ ဘုရားထီးတင်ခြင်း၊ ဘိသိက် ခံယူခြင်း၊ တိုင်းတပါးနှင့် စာချုပ်ဆိုခြင်း၊ ယတြာယာယီ ခရီးမူခြင်းတို့ကို ပြုလုပ်ရာ၌ အကောင်းဆုံးသော အခါဖြစ်၏။
(၄) ရိတ္တာ တိထီ၊ မည်သည့်လမဆို လဆန်း လဆုတ် ၄-ရက်၊ ၉-ရက်၊ ၁၄-ရက်တို့၌ စနေနေ့ကြိမ်သော် ရိတ္တာ တိထီမည်၏၊ ထိုနေ့၌ အမှုခပ်သိမ်းမဆောင်ကောင်း၊ အကျိုးမဲ့ အချီးအနှီးဖြစ်တတ်၏။
(၅) ပုဏ္ဏာ တိထီ၊ မည်သည့်လမဆို လဆန်း လဆုတ် ၅-ရက်၊ ၁၀-ရက်၊ ၁၅-ရက်တို့၌ ကြာသပတေးနေ့ နှင့်ကြိမ်မူ ပုဏ္ဏာတိထီမည်၏၊ ထိုနေ့၌ အတတ်သင်ခြင်း၊ မော်ကွန်းတည်ခြင်း၊ မန္တန်ရွတ်ခြင်း၊ ကမ္ဗည်း ကျောက်စာထိုးစိုက်ခြင်း၊ ဥယျာဉ်လယ်ယာစိုက်ပျိုးခြင်း၊ သဘင်ခံခြင်း၊ ယာဉ် ရထား လှည်းလှေသင်္ဘော အသစ်တို့ကိုစ၍စီးနင်းခြင်း၊ ကျီကြတိုက်တာ ဂိုထောင်တို့၌ ဥစ္စာသွင်းခြင်း၊ ထိမ်းမြားမင်္ဂလာပြုခြင်း၊ သားမြေးတို့ကို အဝတ်တန်ဆာပေးခြင်း၊ ဝတ်စားဆင်ယင်ခြင်း၊ ရတနာအမျိုးမျိုးတို့ကို ရောင်းဝယ်ခြင်း၊ စသည်ပြုရာ၌ အကောင်းဆုံးသောအခါများဖြစ်၏။
တိထီ ၅-ပါး ဇယားပုံ
----------လစဉ် ----------- ရက်များ ------------ နေ့---------- တိထီအမည်
----လဆန်း လဆုတ် ---------၁-၆-၁၁ ---------၁-နွေ၊ ၆-ကြာ--- ----- နန္ဒာတိထီ
----------------

တိထီ ၅-ပါး တစ်နည်း

စန်းကိုခေါ်သော ဗေဒင်သုံးစကားတစ်မျိုးဟု အကျဉ်းမှတ်လေ။
လဆန်း ၁ ၂ ၃ ၄ ရက်သည် စန်းအားနည်းသောကြောင့် ဟိနစန်း၊ တိန တိထီ မည်၏။
လဆန်း ၅ ၆ ၇ ၈ ၉ ၁၀ ရက်သည် စန်းအားကြီးသောကြောင့် ဗလဝစန်း၊ ဗလဝ တိထီမည်၏။
လဆန်း ၁၂ ၁၃ ၁၄ ၁၅ ရက်သည် စန်းအားအလွန်ကြီးသောကြောင့် အတိဗလဝစန်း၊ အတိဗလဝ တိထီမည်၏။
ထို့အတူ လဆုတ် ၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ရက်သည် စန်းအားကြီးသောကြောင့် ဗလဝ စန်း။ ဗလဝ တိထီမည်၏။
လဆုတ် ၁၂ ၁၃ ၁၄ ၁၅ ရက်သည် စန်းအားနည်းသောကြောင့် ဟိနစန်း၊ ဟိန တိထီမည်၏။
ထိုတိထီတို့တွင် ဟိနစန်း ဟိနတိထီကိုကား မဆောင်အပ် မကောင်းကျိုးကိုပေးတတ်သည်၊
ဗလဝ စန်း ဗလဝ တိထီတို့ကား ကောင်းကျိုးကိုပေးတတ်၏၊
အတိဗလဝ စန်း၊ အတိဗလဝတိထီတို့ကား အလွန်သောအကျိုးကိုပေးတတ်၏ဟု ရာဇတ္တဏ်ဆရာ ဒီပိကာဆရာတို့ ဆိုကုန်၏။

တိထီ ၅-ပါး တစ်နည်း

ဆောင်အပ်သော တိထီကိုတည်၊ ၅-ခုစား ။
တစ်ကြွင်းမူ “နန္ဒာတိထီ“လူနတ်တို့ နှစ်သက်၏၊
၂ ကြွင်းမူ “ဘဒြာတိထီ“ကောင်းကျိုးကိုဖြစ်စေတတ်၏၊
၃ ကြွင်းမူ “ဇေယျာတိထီ“အောင်မြင် ထမြောက်တတ်၏၊
၄ ကြွင်းမူ “ရိတ္တာတိထီ“အချည်းအနှီးဖြစ်တတ်၏၊ အမှုခပ်သိမ်း မဆောင်ကောင်း၊
သုဉ်းမူ “ပုဏ္ဏာတိထီ“ပြည့်စုံတတ်၏။

တိရစ္ဆာန်အပြား မျိုး ၄-ပါး

တိရစ္ဆာန် အနန္တပင်ရှိသော်လည်း အမျိုးအားဖြင့်ကား ဤလေးပါးသာရ၏။
(၁) အပါဒကမျိုး- ခြေမရှိသော တိရိစ္ဆာန်မျိုး၊
(၂) ဒွိပါဒကမျိုး- ခြေနှစ်ချောင်းရှိ တိရစ္ဆာန်မျိုး၊
(၃) စတုပါဒမျိုး-ခြေလေးချောင်းရှိတိရိစ္ဆာန်မျိုး၊
(၄) ဗဟုပ္ပဒမျိုး- ခြေလေးချောင်းထက်များသော တိရိစ္ဆာန်မျိုး။

တိရစ္ဆာန ကထာ ၃၂-ပါး

သံ၊၃၊၃၆၈။ သံ၊ဋ္ဌ၊၃၊၃၂၅ ၌ အကျယ်ရှုပါ။ မဂ်ဖိုလ်မှ ဖီလာကန့်လန့်စကားရပ်ဟူသမျှသည် တိရစ္ဆာနကထာချည်းမည်၏၊ အနေက ဝိဟိတံ တိရစ္ဆာန ကထံဟု သီလက္ခန်ပေါဋ္ဌပါဒသုတ်၌ လာရှိသောကြောင့်လည်း တိရစ္ဆာနကထာကို ၃၂ ပါးဟု အတိအကျ သင်္ချာတပ်ရန်မလိုဟု ထင်သည်။ သို့သော် “အမေးရှိက အဖြေရမြဲ“သဘောတရားအတိုင်း ထို ပေါဋ္ဌပါဒသုတ် ပါဠိတော်မှပင် ၂၈-ပါးယူ၍ အခြားကျမ်းမှ ၄-ပါးနှင့် ဖြေလိုက်အံ့။
(၁) ရာဇကထံ- မင်းနှင့်စပ်သောစကား၊
(၂) စောရကထံ-သူခိုးနှင့်လည်းကောင်း၊
(၃) မဟာမတ္ထကထံ- အမတ်ကြီး နှင့်လည်းကောင်း၊
(၄) သေနာကထံ- စစ်သည်နှင့်လည်းကောင်း၊
(၅) ဘယကထံ- ကြောက်မက်ဖွယ် နှင့်လည်းကောင်း၊
(၆) ယုဒ္ဓကထံ- စစ်တိုက်ခြင်းနှင့်လည်းကောင်း ၊
(၇) အန္နကထံ- စားဖွယ်နှင့်လည်းကောင်း၊
(၈) ပါနကထံ-သောက်ဖွယ် နှင့်လည်းကောင်း၊
(၉) ဝတ္ထကထံ- အဝတ် နှင့်လည်းကောင်း၊
(၁၀) သယနကထံ-အိပ်ရာနှင့် လည်းကောင်း၊
(၁၁) မာလာကထံ- ပန်း နှင့်လည်းကောင်း၊
(၁၂) ဂန္ဓကထံ- နံ့သာမွှေးထုံနှင့် လည်းကောင်း၊
(၁၃) ဉာတိကထံ-ဆွေမျိုးနှင့်လည်းကောင်း၊
(၁၄) ယာနကထံ- ယာဉ်နှင့်လည်းကောင်း၊
(၁၅) ဂါမကထံ- ရွာနှင့်လည်းကောင်း၊
(၁၆) နိဂမကထံ- နိဂုံးနှင့်လည်းကောင်း၊
(၁၇) နဂရကထံ- မြို့နှင့်လည်းကောင်း၊
(၁၈) ဇနပဒကထံ- နယ်နှင့် လည်းကောင်း၊
(၁၉) ဣတ္ထိကထံ- မိန်းမနှင့် လည်းကောင်း၊
(၂၀) ပုရိသကထံ- ယောက်ျားနှင့် လည်းကောင်း၊
(၂၁) သူရကထံ- သူရဲကောင်းနှင့် လည်းကောင်း၊
(၂၂) ဝိသိခါကထံ- မြို့တွင်းလမ်းနှင့်လည်းကောင်း၊
(၂၃) ကုမ္ဘဌာနကထံ- ရေခပ်ဆိပ်နှင့်လည်းကောင်း၊
(၂၄) ပုပ္ဗေတကထံ- သေလွန်သူနှင့်လည်းကောင်း၊
(၂၅) နာနတ္တကထံ- အထွေထွေနှင့်လည်းကောင်း၊
(၂၆) လောကက္ခာယိကံ- လောကကြောင့်နှင့် လည်းကောင်း၊
(၂၇) သမုဒ္ဒက္ခာယိကံ- သမုဒ္ဒရာပင်လယ်နှင့်လည်းကောင်း၊
(၂၈) ဣတိဘဝါဘဝကထံ- ကြီးပွားဆုတ်ယုတ်ခြင်းနှင့်လည်းကောင်း၊
(၂၉) ဂမိကကထံ- ခရီးသည် နှင့်လည်းကောင်း၊
(၃၀) ကုမာရကထံ- လူပျိုနှင့် လည်းကောင်း၊
(၃၁) ကုမာရီကထံ- အပျို နှင့်လည်းကောင်း၊
(၃၂) ကုမ္ဘဒါသီကထံ- ရေရွက်ကျွန်မနှင့် စပ်သောစကား။

တိလင်္ကာသာမျိုး ၃-ပါး

လင်းလေ, ဆေးသူငယ်ချက်, ပညာလင်္ကာ ၎င်းသုံးပါးကိုခေါ်ဆိုသည်။ ဆေးကျမ်း ဝေါဟာရ။

တုတ္ထာမျိုး ၄-ပါး

သဗ္ဗဓာတု ဝိတ္ထာရ ပကာသနီကျမ်းမှ ဖြစ်ရာဌာနနှင့်တကွ အကျယ်ကို ၎င်းကျမ်း လောဟပါစက အခဏ်းတွင်ရှုလေ။
(၁) ဟာဋက တုတ္ထကံ- ရွှေစားတုတ္ထာ၊ ရှစ်မူးရွှေနှင့် ညီမျှ၏။ ရွှေထွက်သည်၊ လက်ယာ လမ်းမှာအသုံးပြုရသည်၊
(၂) ရူပ တုတ္ထကံ- ငွေစား တုတ္ထာ၊ ဖြူသောစရံရှိ၏၊ ငွေထွက်သည်၊ လက်ဝဲလမ်း၌ စီရင်ရသည်၊
(၃) ဗိသ နာသန တုတ္ထကံ- ကြေးစားတုတ္ထာ၊ စိမ်းပြာပြာအရောင်ရှိ၍ ယခုဘယဆေးဆိုင်များ၌ ရသော တုတ္ထာမျိုး၊ ကြေးထွက်သည်၊ ဆေးဝါးကုခြင်း၌သုံးရသည်၊
(၄) ပါရဒတုတ္ထကံ- ပြဒါးစား တုတ္ထာ၊ ဖြူစိမ်းစိမ်းနှင့် ပွပွရှိ၏၊ ပြဒါးထွက်သည်၊ ထွက်ရပ်သိဒ္ဓိလမ်းတို့၌ စီရင်ရသည်ဟူ၏၊ ၎င်းကိုပင် “ရ”ကျေ၍ (ပါဒ တုတ္ထာ)ဟု ခေါ်ဆိုကြလေသည်။

တူရိယာမျိုး ၅-ပါး

ဗုဒ္ဓဝံ၊၃၁၃။ ဗုဒ္ဓဝံ၊ဋ္ဌ၊၁၂၅။ ဝိမာန၊ဋ္ဌ၊၃၂။ ၈၆။ သံ၊ဋ္ဌ၊၁၊၁၇၆။ အံ၊ဋ္ဌ၊၃၊၂၃၃-တို့၌ ကြည့်ပါ။ တီးမှုတ်ရန်တန်ဆာဖြစ်သော တူရိယာမျိုး ၅-ပါး။
(၁) အာတတ- အိုးစည်စသော သားရေတစ်ဖက်ပိတ်၍ကြက်အပ်သောစည်၊
(၂) ဝိတတ- သားရေ နှစ်ဖက် ပိတ်အပ်သော မုရိုးစည် စသည်၊
(၃) အာတတ ဝိတတ- အလုံးစုံ သားရေဖြင့်ကြက်အပ်သော ထက်စည် စသည်၊
(၄) သုသိရ- အခေါင်းရှိသော နှဲ ပြွေ ခရုသင်း ကော့နက် ခရာ ဝီစီ စသည်၊
(၅) ဃန တစ်ခဲနက် တီးခတ်အပ်သော လင်းကွင်း, မောင်း, တရုတ်လင်ပန်း စသည်။

တူရိယာမျိုး ၅-ပါး၊ တစ်နည်း

(၁) ကြေးဖြင့်ပြုလုပ်၍ တီးအပ်သော မောင်း ကြေးနင်းစသော တူရိယာ၊
(၂) ကြိုးဖြင့် ပြီးစေအပ်ပြုလုပ်၍တီးအပ်သော စန္ဒရား စောင်းကောက် ဟွန်းတရော မယ်ဒလင် စသောတူရိယာ၊
(၃) သားရေ၏မျက်နှာပြင်၌ တီးခပ်အပ်သော ပတ်မကြီးဗုံရှည်စသော တူရိယာ၊
(၄) လေဖြင့်မှုတ်၍ မြည်စေအပ်သော နှဲ ပြွေစသော တူရိယာ၊
(၅) အချင်းချင်းရိုက်ခတ်၍ တီးအပ်သော ဝါးလက်ခုပ် ချပ် စသောတူရိယာ၊
၎င်းတို့ကိုပင် မဃဒေဝလင်္ကာ၌ “အာဝိအစ၊ တတသုံးထွေ၊ နှဲ ပြွေ ခံသ၊ သူသိရနှင့်၊ ဃနဘော်ထည့်၊
ပြည့်၏ ငါးဖြာ၊ ကျမ်း၌လာသား“ဟူ၍လည်းကောင်း၊
ဥတေနပျို့၌လည်း “ကြေးကြိုး သားရေ၊ လေနှင့် လက်ခုပ်၊ သရုပ်ပိုင်းခြား၊ ငါးပါးမှန်စွာ၊ သံဝါ သံမြင့်၊ ကျူးအေးရင့်လျက်“ဟူ၍
လည်းကောင်း စပ်ဆိုထားကြ၏။

တူရိယာမျိုး ၃၇-ပါး

ပြည်ထောင်စုမြန်မာနိုင်ငံတော်သားတို့၏ ရှေးဟောင်းယဉ်ကျေးမှုမှ သမိုင်းဝင်တူရိယာများ။
(၁) စည်မျိုး ၁၃-ပါး၊
(၂) ကြေးမျိုး ၁၀-ပါး၊
(၃) တံပိုးမျိုး ၈-ပါး၊
(၄) အငြိမ့်မျိုး ၆-ပါး၊
ပေါင်း ၃၇-ပါးဖြစ်၏။

တူရိယာသံ ၇-တန်

၎င်းသရုပ် (ဂီတအသံ ၇ တန်) နှင့် တူ၏။

တေဇောဓာတ်ကြီး ၄-ပါး

မ၊၁၊၈၉၇။ မ၊ဋ္ဌ၊၂၊၃၇ ၌ ရှုပါ၊
(၁) သန္တပ္ပန တေဇော-ကိုယ်အလုံးကို ပူပန်စေတတ်၊ အိုက်ခြင်း ပူခြင်း အငွေ့ထွက်ခြင်းများကိုဖြစ်စေတတ်သော အပူဓာတ်၊
(၂) ဒဟ တေဇော- မခံမရပ်နိုင်အောင် အလွန်ပူလောင်၍ ရေလောင်းပါ ယပ်ခပ်ပါဟု ငိုကြွေးဟစ်အော်နေသော အပူဓာတ်၊
(၃) သီတတေဇော- ကိုယ်အလုံး အလွန်အေး၍ ကြက်သီးတဖြန်းဖြန်းထနေသော အအေးဓာတ်၊
(၄) ပါစက တေဇော- စားမျိုသော အစာအာဟာရတို့ကို ခြေတတ် ချက်တတ် ကြေကျက်အောင်ပြုတတ်သောဓာတ်။

တေးသီဆိုသံ ၇-တန်

၎င်းသရုပ် (ဂီတသံ ၇-တန်)၌ ရှုပါ။

တော ၄၀

ပဋိသံ၊၄၁၁။ ပဋိသံ၊ဋ္ဌ၊၂၊၃၁၆ ၌ဖွင့်ဆိုသည်။ အနိစ္စတော၊ ဒုက္ခတော၊ စသောဘာဝနာ ၄၀-ကို အချို့ဆရာတို့က “တော လေးဆယ်”ဟု ရေးသားခေါ်ဝေါ်ကြကုန်၏။ ၎င်းအကျယ် (ဘာဝနာ ၄၀)မှာ ပြမည်။

တောထွက်ရဟန်းကြီးတို့ ရနိုင်ခက်သောတရား ၅-ပါး

ပဉ္စင်္ဂုတ္တိုရ်။ နိဝရဏဝဂ်၌၊ ဤ၌ “ဝုဍ္ဎပဗ္ဗဇ္ဇိတ”ကို တောထွက်ရဟန်းကြီးဟု အသိများကြ၏။
(၁) ဒုလ္လဘော နိပုဏော- နူးညံ့သိမ်မွေ့ ယဉ်ကျေးရိုသေမှု ပြုနိုင်ခက်ခြင်း၊
(၂) ဒုလ္လဘော အာကပ္ပ သမ္ပန္နော- ရဟန်းတို့၏ ဟန်ပန်သွင်ပြင် ဝတ်ရုံစားသောက်ပုံကို ပြုနိုင်ခက်ခြင်း၊
(၃) ဒုလ္လဘော ဗဟုဿုတော- ပိဋကစာပေ အကြားအမြင် ရနိုင်ခက်ခြင်း၊
(၄) ဒုလ္လဘော ဓမ္မကထိကော- တရားဟောဆရာကြီး ဖြစ်နိုင်ခက်ခြင်း၊
(၅) ဒုလ္လဘော ဝိနယဓရော- ဝိနည်းဓိုရ်ကြီး ဖြစ်ရန်ခက်ခြင်း။

တောထွက်ရဟန်းကြီးတို့ ရနိုင်ခက်သောတရား ၅-ပါး၊ တစ်နည်း

(၁) ဒုလ္လဘော သုဝစော ဆိုဆုမ္မရ ခက်၏၊
(၂) ဒုလ္လဘော သုဂ္ဂဟိ တဂ္ဂါတီ- အယူဝါဒကောင်းကို အကောင်းယူနိုင်ခဲ၏၊
(၃) ဒုလ္လဘော ပဒေက္ခိဏဂ္ဂါဟီ- ရိုသေလိုက်နာကျင့်ကြံရမည့် ဩဝါဒစည်းမျဉ်းကို ရိုသေလိုက်နာခဲ၏။
(၄) ဒုလ္လဘော ဓမ္မကထိကော-တရားဟောဆရာကြီးဖြစ်ရန် ခဲယဉ်း၏။
(၅) ဒုလ္လဘော ဝိနယဓရော- ဝိနည်းဓိုရ်ကြီးဖြစ်ရန် ခဲယဉ်း၏။

တောမြိုင်ပရိယာယ်၊ မျိုး ၈-သွယ်၊ ဖွယ်ဖွယ်ရာရာသိ

၎င်း၏သရုပ်ကို
(မြိုင်ကြီး ၈-သွယ်၊ ကဗျာဝယ်၊ဆန်းကြယ်အမည်များ)ဟူသော သုတေသနစကားရပ်၌ ကြည့်ပါ။

တောင်ကျွန်း၏ထူးမြတ်ခြင်းကြီး ၅-ပါး

တခြားကျွန်တို့ထက် ထူးမြတ်ပုံကို ဆိုသည်၊
(၁) ယူဇနာတစ်သောင်းကျယ်၍ အခြားကျွန်းတို့ထက် ကျယ်ဝန်းခြင်း၊
(၂) မဟောဗောဓိပင်မင်းနှင့် အပရာဇိတ ပလ္လင်တော်ပေါက်ရာဖြစ်ခြင်း၊
(၃) ဘုရားပစ္စေကဗုဒ္ဓါတို့၏ ပွင့်ထွန်းပေါ်ပေါက်ရာဖြစ်ခြင်း၊
(၄) စကြာ မန္ဓာတ်မင်းမြတ်တို့၏ဖြစ်ပေါ်ရာဖြစ်ခြင်း၊
(၅) နိဗ္ဗာန်သို့ ဖြောင့်တန်းစွာကူးနိုင်ရာကျွန်းမြတ် ဖြစ်ခြင်း။

တောင် ၅-လုံးခို ရာဇဂြိုဟ်

ဝေဘာရတောင်၊
ဝေပုလ္လတောင်၊
ပဏ္ဍဝတောင်၊
ဂိဇ္ဈကုဋတောင်၊
ဣသိဂိလိတောင်၊
၅-လုံးဝိုင်းရံထားသော မြို့တော်ဟူ၏။
http://en.wikipedia.org/wiki/Rajgir

တောင်စဉ် ၇-ထပ်

ဟိမဝန္တာ ဆဒ္ဒန်အိုင်၏ အရံများဖြစ်သော တောင်ဝန်း တောင်ထပ်တို့မှာ ၇-ဖြာရှိ၏။ ဇိနလင်္ကာရဋီကာ။
၁ သုဝဏ္ဏပဿတောင်၊
၂ မဏိပဿတောင်၊
၃ သုရိယပဿတောင်၊
၄ စန္ဒပဿတောင်၊
၅ ဥဒကပဗ္ဗတောင်၊
၆ မဟာကာဠတောင်၊
၇ စူဠကာဠတောင်။

တောင်စဉ် ၇-ထပ်၊ တစ်နည်း

ဝိသုဒ္ဓိ၊၁၊၉၀-နှင့် ၂၀၀။ စူဠနိ၊ဋ္ဌ၊၃၈-တို့၌ အကျယ်ရှု။ မြင့်မိုရ်တောင်ကြီးကို ဝန်းဝိုင်းပတ်ခွေလျက် တည်နေကြသော တောင်ရံခုနစ်ထပ်ဟူလို။
(၁) ယုဂန္ဓရတောင်-၎င်းတောင်၏ ရေမြှုပ်ရေပေါ် အထုအနံတို့ကား ယူဇနာပေါင်း ၄၂၀၀၀ စီ ရှိ၏။
(၂) ဤသန္ဓရတောင်-၎င်းတောင်၏ ရေမြှုပ်ရေပေါ် အထုအနံတို့ကား ယူဇနာပေါင်း ၂၁၀၀၀ စီရှီ၏။
(၃) ကရဝိကတောင်-၎င်းတောင်၏ ရေမြှုပ်ရေပေါ် အထုအနံတို့ကား ယူဇနာပေါင်း ၁၀၅၀၀ စီရှိ၏။
(၄) သုဒဿနတောင်-၎င်းတောင်၏ ရေမြှုပ်ရေပေါ် အထုအနံတို့ကား ယူဇနာပေါင်း ၅၂၅၀ စီရှိ၏။
(၅) နေမိန္ဒရတောင်-၎င်းတောင်၏ ရေမြှုပ်ရေပေါ် အထုအနံတို့ကား ယူဇနာပေါင်း ၂၆၂၅ စီရှိ၏။
(၆) ဝိနတ္တကတောင်-၎င်းတောင်၏ ရေမြှုပ်ရေပေါ် အထုအနံတို့ကား ယူဇနာပေါင်း ၁၃၁၂ ခွဲစီရှိ၏။
(၇) အဿကဏ်တောင်-၎င်းတောင်၏ ရေအောက်မြှုပ် ရေထက်ပေါ် အထုအနံတို့ကား ၆၅၆ ယူဇနာ၊ တစ်တိုင်နှင့် တာ ၆၀၀စီ ရှိ၏။

တောင့်တ၍ မရကောင်းသောအရားမျိုး ၅-ပါး

(၁) ဇရာ- အိုခြင်းမှ၊
(၂) ဗျာဓိ- နာခြင်းမှ၊
(၃) မရဏ-သေခြင်းမှ၊
(၄) ခယဓမ္မ- ကုန်ခန်းဆုတ်ယုတ်ခြင်းမှ၊
(၅) နဿနဓမ္မ- ပျက်စီးခြင်းမှလွတ်ကင်းစေရန် တောင့်တ၍မရနိုင်ပေ။
အံ၊၂၊၄၇။ အံ၊ဋ္ဌ၊၂၊၂၄-၌ အကျယ်ရှုပါ။

တော်ဖြောင့်ရခြင်း ၆-ပါး

လူတိုင်း အစဉ်လိုက်နာပြုကျင့်ရခြင်းအကြောင်း ၆-ပါးဟူလို။
(၁) ကတညူ- သူပြုဘူးသောကျေးဇူးကို သိရ ဆပ်ရခြင်း၊
(၂) ကတ ဝေဒိ- သူ့ကျေးဇူးကို ဖေါ်ထုတ်မြွက်ဆို ချီးကျူးရခြင်း၊
(၃) ဒဠှတ္ထိ မိမိဆိုသောစကားကို မြဲမြံတည်ကြည်စွာရှိအောင် ပြုရခြင်း၊
(၄) ဒုက္ခံ- သူ့ဆင်းရဲမှုကို ကိုယ့်ဆင်းရဲကဲ့သို့ မှတ်ထင်ရခြင်း၊
(၅) ကလျာဏမိတ္တ ဗန္ဓ- အဆွေခင်ပွန်းကောင်းနှင့် မိတ်ဆက်ပြုဖွဲ့ရခြင်း၊
(၆) မိတ္တသံသဂ္ဂ ပေါင်းသင်းဆက်ဆံပြီးမိတ်ဆွေကောင်းတို့အား မပြစ်မှားရခြင်း၊ အစဉ်ပေါင်းရခြင်း။

တော်ဝင်သူ ၄-ယောက်

သာသနာဝင်ကျမ်းစာတို့၌ တော်တည့်မွန်မြတ်သည်ဟု ချီးကျူးထောပနာပြုခံရသော မိန်းမမြတ် ၄-ယောက်။
(၁) အမရာဒေဝီ- မဟော်သဓာ၏ဇနီး၊
(၂) စန္ဒ ကိန္နရီ- စန္ဒ ကိန္နရာ၏ဇနီး၊
(၃) မဒ္ဒီဒေဝီ- ဝေဿန္တရာမင်း၏ မိဖုရား၊
(၄) သမ္ဗူလဒေဝီ- သောတ္ထိသေနမင်း၏ မိဖုရား။

တိုးတက်ကြီးပွား၊ အကြောင်းတရား၊ လိုက်စား ၇-ဖြာ

၎င်းသရုပ်ကို (ကြီးပွားတိုးတက်ကြောင်းတရား ၇-ပါး)ဟူသော သုတေသန၌ ဆိုခဲ့ပြီ။

တိုက်ကြီး ၇-တိုက်

ကမ္ဘာပေါ်ရှိ အကြီးဆုံးသော ကုန်းမြေအပိုင်းအခြားကြီးများ ဟူ၏။ လောကဓာတ်နည်း။
(၁) အာရှတိုက်၊
(၂) ဥရောပတိုက်၊
(၃) အာဖရိကတိုက်၊
(၄) ဩစတြေးလိယတိုက်၊
၎င်းတိုက်ကြီး ၄-တိုက် တို့သည် ကမ္ဘာဟောင်းခေါ် ကမ္ဘာလုံး၏အရှေ့ခြမ်း၌ ရှိကြသည်။
(၅) မြောက်အမေရိကတိုက်၊
(၆) တောင် အမေရိကတိုက်၊
ကမ္ဘာသစ်ခေါ် ကမ္ဘာလုံး၏ အနောက်ခြမ်း၌ ရှိကြသည်။
(၇) အန္တာတိတ်ကာတိုက်၊
တောင်ဝင်ရိုးဖျားအနီး အန္တာတိတ်သမုဒ္ဒရာတွင် ရှိသည်ဟူ၏။
http://en.wikipedia.org/wiki/Continent

တိုင်သံ ၁၀-ပါး၊ ကဗျားများ၊ ဆိုငြားအဘယ်နည်း

ကဗျာလင်္ကာရွတ်ဖတ်သီဆိုရာ၌ “တက်သံ နိမ့်သံ“နှစ်ပါးတို့၏အကြားမှ မှန်မှန် ရပ်ဖြတ်ရွတ်ဆိုရသော အသံတစ်မျိုး၊ ၎င်းကိုပင် “သံလတ် သံမှန်”ဟုလည်း ခေါ်ကြသေး၏။
အကျယ်ကို ကဗျားဖွဲ့နည်း နိသျှည်းကျမ်း၌ ရှုလေ၊
အက် အစ် အတ် အပ် အိတ် အိပ် အုတ် အုပ် အောက် အိုက် တို့ ဖြစ်၏။

တိုင်ကြီး ၁၀-ပါး

ဗေဒင်ကျမ်းလာ ဇာတာဖွဲ့ရာ စသည်တို့၌ အသုံးပြုသည်။
(၁) မူလတိုင်၊
(၂) ဓာတ်တိုင်၊
(၃) စုတ်တိုင်၊
(၄) ပုညတိုင်၊
(၅) ဣဿရိယတိုင်၊
(၆) ပဋိသန္ဓေတိုင်၊
(၇) ပဝတ္တိတိုင်၊
(၈) ထီးဖြူတိုင်၊
(၉) သီရိတိုင်၊
(၁၀) ဆင်ဖြူတိုင်။

တိုင်ပင်ခြင်းမျိုး ၃-ပါး

အတိုင်ပင်ခံဝင်သူတို့ သတိပြုဖွယ်ရာဖြစ်၏။ မိလိန္ဒပဥှာနှင့် စူဠနိဒ္ဒေသပါဠိတော်။
(၁) ကဝိ မန္တန- ပညာရှိတို့၏ တိုင်ပင်ခြင်း၊ ကောင်းမြတ်သင့်လျော်သော် နာယူ၍၊ မကောင်းထင်သော်ကား ဆိတ်ဆိတ်နေခြင်းမျိုး၊ ကောင်းသော်အားပေး၊ မကောင်းတားမြစ်၊
(၂) ရာဇ မန္တာ- မင်း၏တိုင်ပင်ခြင်း၊ အကျိုး ရှိမဲ့ကိုကား ပမာဏမထား၊ မင်းအလိုလိုက်ခါလျှောက်မှ ချီးမြှောက်ခြင်းပြုမည်ဖြစ်၍ မင်းအကြိုက်ချည်းလိုက်၍ ပြောဆိုရခြင်းမျိုး၊ သို့မဟုတ်က ရာဇဒဏ်ပေး ခံရတတ်သည်၊
(၃) ဒါသ မန္တန- ကျွန်၏တိုင်ပင်ခြင်း၊ သခင့်အလိုသို့လိုက်ခါ သခင့်အကြိုက်ချည်းဖြစ်အောင် ပြောဆိုရခြင်းမျိုး၊ မျက်နှာသာပေးရန်ဖြစ်သည်။
မှတ်ချက်။ ။ ပညာရှိတို့ကား ကဝိမန္တနမျိုးဖြင့်သာ တိုင်ပင်ခံကြ၏။

တိုင်းကြီး ၉-မျိုး၊ မော်ကွန်းထိုး၊ အုပ်စိုးမြန်မာပြည်

၎င်း၏သုတေသနရပ်တို့ကို (မြန်မာ့တိုင်းကြီး ၉-တိုင်း) ၌ ရှုပါ။

တိုင်းကြီး ၁၀-တိုင်း

မြန်မာနိုင်ငံတော် ဘုရင်မင်းတို့ခေတ် ရာဇဝင်မှ၊
(၁) သုနာပရန္တတိုင်း- လယ်ကိုင်း၊ ဖေါင်းလင်း၊ ကလေး၊ သောင်သွပ်၊ စသောပြည်တို့တည်ရာ၊
(၂) တမ္ပဒီပတိုင်း- ပုဂံ၊ ပင်းယ၊ အင်းဝ၊ မြင်စိုင်းစသော ပြည်တို့တည်ရာ၊
(၃) ကမ္ဗောဇတိုင်း- သီပေါ၊ ညောင်ရွှေ၊ မိုးနဲစသော ပြည်တို့တည်ရာ၊
(၄) ဇိန်တိုင်း- ဗမ်၊ ခွေးလုံ၊ စန္ဒာစသော ပြည်တို့တည်ရာ၊
(၅) သီရိခေတ္တရာမတိုင်း၊ သရေခေတ္တရာ၊ ဥဒေတရစ်၊ ပန်းတောင်းစသော ပြည်တို့တည်ရာ၊
(၆) ဇယဝဒ္ဓနတိုင်း- ကေတုမတီ၊ ဇယဝတီ စသောပြည်တို့ တည်ရာ၊
(၇) ရာမညတိုင်း- ဟံသာဝတီ၊ ဒဂုံ၊ ဒလ၊ ကုသိမ်၊ ရောင်ပြ(မြောင်းမြ)၊ မုတ္တမ စသောပြည်တို့တည်ရာ၊
(၈) ဟရိဘုဉ္ဇတိုင်း- ဇင်းမယ်၊ ကျိုင်းသည် စသောပြည်တို့တည်ရာ၊
(၉) ခေမဝရတိုင်း-ကျိုင်းတုံ စသောပြည်တို့တည်ရာ၊
(၁၀) မဟာနဂရတိုင်း-ကျိုးရုံး၊ မိုင်းစည်စသော ပြည်ကြီးတို့၏တည်ရာဟူ၏။

တိုင်းကြီး ၁၆-တိုင်း

အင်္ဂုတ္တရပါဠိတော်လာ တိုင်းကြီးသောဠသ၏အမည်များ။
၁ အင်္ဂတိုင်း၊
၂ မဂဓတိုင်း၊
၃ ကာသိတိုင်း၊
၄ ကောသလတိုင်း၊
၅ ဝဇ္ဇိတိုင်း၊
၆ မလ္လတိုင်း၊
၇ စေတိတိုင်း၊
၈ ဝံသတိုင်း၊
၉ ကုရုတိုင်း၊
၁၀ ပဉ္စာလတိုင်း၊
၁၁ မဇ္ဈတိုင်း၊
၁၂ သူရသေနတိုင်း၊
၁၃ အဿကတိုင်း၊
၁၄ အဝန္တိတိုင်း၊
၁၅ ဂန္ဓာရတိုင်း၊
၁၆ ကမ္ဗောဇတိုင်း။
http://en.wikipedia.org/wiki/Epic_India

တိုင်းကြီး ၁၇-တိုင်း

ဝိသုဒ္ဓိ၊၂၊၄၆။ မ၊ဋ္ဌ၊၃၊၂၅-တို့၌ အကျယ်ရှုပါ။

တိုင်းကြီး ၁၇-တိုင်း၊ တစ်နည်း

အံ၊၁၊၂၃၁။ အံ၊၃၊၈၁-၈၅။ စူဠနိ၊၁၅၀။ စူဠနိ၊ဋ္ဌ၊၄၂-တို့၌ ရှုပါ။
အင်္ဂ၊ မာဂဓ၊ ကလိင်္ဂ၊ ကာသိယ၊ ကောသလ၊ ဝဇ္ဇီ၊ မလ္လ၊ စေတီယ၊ ဝံသ၊ ကုရု၊
ပဉ္ဇာလ၊ မစ္ဆ၊ သူရသေန၊ အဿက၊ အဝန္တိယ၊ ယောနက၊ ကမ္ဗောဇတိုင်း။
http://en.wikipedia.org/wiki/Epic_India

တိုင်းကြီး ၂၁-တိုင်း

ဗုဒ္ဓ ပိဋကတ်တော်၌ထင်ရှားသော တိုင်းကြီး ၂၁-တိုင်း။ “မဂဓ“အဘိဓာန်မှ။
ကုရုတိုင်း၊ သက္ကတိုင်း၊ ကောသလတိုင်း၊ မဂဓတိုင်း၊ သိဝိတိုင်း၊
ကလိင်္ဂတိုင်း၊ အဝန္တိတိုင်း၊ ပဉ္စလတိုင်း၊ ဝဇ္ဇီတိုင်း၊ ဂန္ဓာရတိုင်း၊ (၁၀)
စေတီယတိုင်း၊ ဝင်္ကတိုင်း၊ ဝိဒေဟတိုင်း၊ ကမ္ဗောဇတိုင်း၊ မဒ္ဒတိုင်း၊
ဘဂ္ဂတိုင်း၊ အင်္ဂတိုင်း၊ သီဟတိုင်း၊ ကသ္မိရတိုင်း၊ ကာသိတိုင်း၊ (၂၀) ပဏ္ဍဝတိုင်း၊ (၂၁)။
http://en.wikipedia.org/wiki/Epic_India

တိုင်းပြည်အင်္ဂါ ၇-ဖြာ၊ ကျမ်းလာမည်သို့နည်း

သုကရသာရနီတိကျမ်း၊ အမရကောသ အဘိဓာန်ဋီကာ ကျမ်းတို့ ၌ကား ဤသို့လာ၏။
(၁) ပြည့်ရှင်မင်း, သမ္မတမင်းရှိစေရမည်၊
(၂) ဝန်ကြီး သံကြီး မင်းတိုင်ပင်အမတ်များ၊
(၃) စစ်မက်ကူညီရေး မဟာမိတ်မင်းများ၊
(၄) စားနပ်ရိက္ခာ ရွှေ ငွေ ဘဏ္ဍာများ၊
(၅) ကျုံးမြောင်းခံတပ် နယ်စပ်တံတိုင်း တောင်တော၊
(၆) ကျယ်ပြန့်သောတိုင်းနိုင်ငံတော်ဖြစ်ရခြင်း၊
(၇) စစ်သည်ဗိုလ်ပါ စစ်အင်္ဂါစုံ ကြည်း ရေ လေ တပ်စုရှိစေရမည်။

တိုင်းပြည်အေးမှု ကြောင်း ၁၀-ခု

၎င်း၏သရုပ်ကို မဃဒေဝလင်္ကာ၌ “နေလ ဂြိုဟ်သွား၊ ဖြောင့်သားတဖြာ၊ မိုးမှန်စွာနှင့်၊ ဩဇာတက်ဖြိုး၊ သီးမျိုးပေါယယ်၊ အန္တရာယ်ကင်းငြိမ်း၊
မုဒိမ်း မထွက်၊ စစ်မက်လည်းကင်း၊ ချင်းချင်းညီညွတ်၊ ဖြောင့်မတ်တရား၊ သုံးပါးရတနာ၊ ရိုသေစွာလျက်၊ သံဃာရဟန်း၊ စောင့်မှန်းအကျင့်၊ ဤဆယ်ဆင့်ကား၊ လင်းပွင့်တိုင်းပြည် သာကြောင်းတည်း”ဟု ဆိုထား၏။

တိုင်းပြည်တိုးတက် ကြီးပွားကြောင်းတရား ၇-ပါး

၎င်းသရုပ်ကို (အပရိဟာနိယတရား ၇-ပါး၊ ၈-နည်း) ဟူသော ပြဿနာရပ်၌ ဆိုခဲ့ပြီ။

တိုင်းပြည်ပျက်မှု၊ ကြောင်းဆယ်ခု

၎င်း၏သရုပ်အဓိပ္ပာယ်ကို (ပြည်ရွာပျက်မှု ကြောင်းဆယ်ခု)ဟူသော သုတေသန၌ ရှုပါ။

တိုင်းပြည်မြို့ရွာ အပြား ၆-ပါး

၎င်းသရုပ် အဓိပ္ပာယ်ကို (ပြည်ရွာအပြားမျိုး ၆-ပါး)၌ ပြမည်။

တိုင်းပြည်ရတနာ၊ ၉-ပါးလာ၊ စုံစွာဖြည့်၍ထား

မင်းအစိုးရတို့သည် တိုင်းပြည်၌
ပြည့်စုံစွာထားရှိကြရမည့် “ပြည့်နဝရတ်ခေါ်“ရတနာကိုးပါး၊ ကာမဏ္ဍကီကျမ်းမှ ၎င်းတို့ကို မနှိပ်စက်မညှင်းပန်းရာဟူ၏။
(၁) ပြည့်ဦးကင်း-တိုင်းရေးပြည်မှုကို ဆောင်ရွက်စီမံပေးနိုင်သော မှူးကြီးမတ်ရာများ၊
(၂) ပြည့်တန်ခွန်- သီလဝန္တ ပညာဝန္တ ရဟန်းတော်များ၊
(၃) ပြည့်မျက်စိ- လိမ္မာကျွမ်းကျင်ကုန်သောဆေးဆရာ ဟူးရားဗေဒင်ဆရာ စက်ယန္တယားဆရာများ၊
(၄) ပြည်၏နား- သစ္စာရှိသော သူလျှိုများ၊
(၅) ပြည့်အစွယ်- သူရသတ္တိရှိကြသည့် မင်းညီမင်းသား မင်းဆွေမျိုးများ၊
(၆) ပြည်ကြီး မျက်နှာ- ရုပ်ရည်ချောသည့် လှမျိုးမယ်များ၊
(၇) ပြည်၏ ဝမ်းဗိုက်- စားနပ်ရိက္ခာနှင့် ဥစ္စာပေါများသော သူဌေးသူကြွယ်တို့၊
(၈) ပြည်၏ခြေ- စစ်သည်ဗိုလ်ပါအပေါင်းနှင့်ယာဉ်မျိုးစုံ၊
(၉) ပြည်၏လက်- ခဲယမ်းမီးကျောက် အမြောက် သေနတ်စသော လက်နက်စုံ။

တြင်းအပြား ၃၆-ပါး

ဗေဒင်အလို တစ်ရာသီ၌ တြင်းသုံးခုရှိလေရာ ၁၂-ရာသီ၌ ၃၆-တြင်း ဖြစ်လေသည်။ ၎င်းကိုပင် “ဆတ္တိံ တြင်း“ခေါ်ကြ၏။

တြိကဋုက် ၃-ပါး

ပူစပ်သော အရာဝတ္ထု ၃-ပါးဟူလို၊ ငြုပ်၊ ပိတ်ချင်း၊ ဂျင်းကိုခေါ်သည်။

တြိဂုဏ်း ဂြိုဟ်နေ ရာသီ ၈-မျိုး

၁၂-ရာသီအိမ်တို့တွင်
(၁) မိဿ၌ အင်္ဂါ၊
(၂) ပြိဿ၌ တနင်းလာ၊
(၃) သိဟ်၌ တနင်္ဂနွေ၊
(၄) ကန်၌ ဗုဒ္ဓဟူး၊
(၅) တူ၌ သောကြာ၊
(၆) ဗြိစ္ဆာ၌ ကြာသပတေး၊
(၇) မကာရ၌ ရာဟု၊
(၈) ကုမ်၌ စနေဂြိုဟ်၊
တို့ တွေ့ရှိမူ ဌာနဗလကိုစွဲ၍ ၃-ဆအားရှိသော တြိဂုဏ်းဂြိုဟ်များဟု သိရာ၏။

တြိဒေါသမျိုး ၃-ပါး

၎င်းသရုပ် (ဒေါသ ၃-ပါး)၌ ရှုပါ။

တြိဖလမျိုး ၃-ပါး၊ ၂-နည်း

ချို ချဉ် ဖန်၊ တစ်နည်း။ ခါး ဖန် ချို၊ ရသာ ၃-ပါးရှိသောအသီး၊ ဆေးကျမ်းဝေါဟာရ။ ၁ သစ်ရှားသီး၊ ရှစ်ရှားသီး၊
၂ သစ်ဆိမ့်သီး၊
၃ သဖန်းခါးသီး၊
တစ်နည်း။
၁ ဆီးဖြူသီး၊
၂ သစ်ဆိမ့်သီး၊
၃ ကြာဇုသီး။

တြိသုဂန္ဓိမျိုး ၃-ပါး

၎င်းသုံးပါးကို အမရိတ ဘေသဇ္ဇကျမ်း၌ မအို မနာဆေးဟု အလွန်ချီးမွမ်းထားလေသည်။ ပျားရည်နှင့်စားရာ၏၊
(၁) မုတ္တာ- နွားမြက်ရင်း၊
(၂) ပိပ္ပလ မူလ- ပိပ္ပလိမြစ်၊
(၃) ဂန္ဓ တိဏ- မြက်မွှေး။

တြိ သုဇာတ မျိုး ၃-ပါး

ဘယဆေးဖေါ်စပ်ရာ၌ အပေါင်းစကား။
(၁) ဖာလာသီး၊
(၂) ကရဝေးရွက်၊
(၃) ကရဝေးခေါက် ခေါ် သစ်ကြံပိုး၊
၎င်းကို အချို့ဆေးကျမ်းတို့၌ “တြိဇာတ”ဟု ရေးသုံးသေး၏။

ထင်ရှားတင့်တယ်သော အရာမျိုး ၄-ပါး

(၁) ရထား၌ အလံ၊
(၂) မီး၌ အခိုး၊
(၃) တိုင်းပြည်၌ မင်း၊
(၄) မိန်းမ၌ လင်ရှိ၊
မှတင့်တယ်လျောက်ပတ်သည်ဟူ၏၊ သံ၊၁၊၃၉။ သံ၊ဋ္ဌ၊၁၊၉၁။

ထန်းပင်ပရိယာယ်၊ ခေါ်ဆိုဖွယ်၊ ၆-သွယ် အမည်များ

ထန်းပင်၏အခိုက်အတန့်ကိုစွဲ၍ အမည် ၆-မျိုး ပြားသည်။ (၁) ကျေးမြီး- အညောင့်ပေါက်ပေါ်စ အရွက် ၂-ရွက် ၃-ရွက် ရှိသည့်အခါ၊
(၂) လက်မြှော်-ထန်းလက်ငယ်ပေါ်သည့်အခါ၊
(၃) ဆင်ခြေပေါ်- ဥက္ခောင်းပင်ခြေပေါ်သည့်အခါ၊
(၄) သမီးလှ- ပင်လုံးကို ထန်းပတ်အများ ရံပတ်လျက်ရှိသည့်အခါ၊
(၅) ရည်ရ- ထန်းနို့ထန်းသီး ထွက်သီးသောအခါ၊
(၆) ပင်ထွက်-ထန်းပတ်စင်၍ ပင်လုံးလက်ခတ်သာရှိသော အခါ? မျိုး၌ ခေါ်ဆိုသည်၊ ထို့ကြောင့် “ရတနာဗိမာန်ကျောက်စာ”တွင် “ကျေးမြီး လက်မြှော်၊ ဆင်ခြေပေါ် သမီးလှ ရည်ရ ပင်ထွက်”ဟု ရှင်မဟာသီလဝံသ ရေးသားတော်မူခဲ့သည်။

ထိခြင်း ၅-ဖြာ၊ ဝန္ဒနာ၊ ပြုကာရှိခိုးကြ

ကိုယ်ဖြင့် ရှိခိုးမှုပြုသောအခါ ပုဆစ်ဒူးနှစ်ဖက် အခင်းကျမ်းပြင်၌ ထိရခြင်း၊ တစ်တောင်နှစ်ဖက် လက်ဖဝါးပါ အခင်းကြမ်းပြင်၌ ထိရခြင်း၊ နဖူး အခင်းကြမ်းပြင်၌ ထိရခြင်း ဟူ၏။ ၎င်းကို “ပဉ္စ ပတိဋ္ဌိတ ဝန္ဒနာ““တည်ခြင်း ၅-ပါး”ဟုလည်း ခေါ်ဆိုကြသေးသည်။

ထိမ်းမြားအပ်ငြား၊ လ ၆-ပါး၊ ညွှန်ကြားကျမ်းဗေဒင်

မင်္ဂလာဆောင်ကောင်းသော လ ၆-ပါးကို မေးလိုရင်းဖြစ်သည်။ ၎င်းသရုပ်များကား (မင်္ဂလာဆောင်ရိုး၊ လ ၆-မျိုး၊ ကျိုးပြစ်မည်သို့ ရှိသနည်း)ဟူသော ပုစ္ဆာ၏ အဖြေနှင့် တူ၏။

ထိမ်းမြားမင်္ဂလာပြုခြင်း အမျိုးအစား ၃-ပါး

ဝိ၊ဋ္ဌ၊၂၊၁၃၉-နှင့် အခြားသော ပိဋိကတ်တော်များမှ အာဝါဟနှင့် ဝိဝါဟ ၂-ပါးကို ဖွင့်ပြထားကြသည်။ ထို့ပြင် ပညာရှိကြီးများက “စရ“မင်္ဂလာတစ်ပါးထည့်၍ ၃-ပါးပြကြကုန်၏။
(၁) အာဝါဟ- ယောက်ျားအိမ်ယာသို့ မိန်းမကိုခေါ်ဆောင်လာပြီး ပြုသောမင်္ဂလာ၊
(၂) ဝိဝါဟ- မိန်းကလေးနေရာ အိမ်ဂေဟာသို့ သတို့သားကိုခေါ်ဆောင်ကာ ပြုပေးသော မင်္ဂလာ၊
(၃) စရမင်္ဂလာ- မိမိနေရာအိမ်မှတစ်ပါး ကြီးကျယ်ခမ်းနားသော အဆောက်အဦးကြီးများ၌ ဆင်နွှဲပေးသောမင်္ဂလာ။

ထိမ်းမြားမင်္ဂလာမျိုး ၈-ပါး၊ တစ်နည်း

မနုဓမ္မသတ်မှ၊
(၁) ဗြဟ္မာ- ရာထူးဂုဏ်သိရ် ဓနရှိန် အမျိုးမြတ်တို့အား လေးစားပူဇော်သောအားဖြင့် သမီးပေးမင်္ဂလာပြုခြင်းမျိုး၊
(၂) ဒဒေယျ- လုပ်ရေးကိုင်တာ၌ ဖျတ်လတ်သေချာ၍ သဘောကျကာ သမီးနှင့်ပေးစားသောမင်္ဂလာ၊
(၃) ကိရိယာ- သူ၏ပစ္စည်း ဘဏ္ဍာ ရတနာ ရွှေငွေစသည်ကို ယူထားမိ၍ သမီးပေးခြင်းမျိုး၊
(၄) ပညာ- လူလိမ္မာပညာရှိအား မိမိသမီးကို လိမ္မာအောင်သွန်သင်ရန်ရည်မှန်း၍ ပေါင်းသင်းဖို့ ပေးစားလိုက်ခြင်းမျိုး၊
(၅) အသုတ- သူ၏လက်ဆောင်ဘဏ္ဍာတွေကို မရအရချူယူပြီး ဆွေမျိုးညာတိမျှမသိရအောင် သမီးကိုလက်သိပ်ထိုးလိုက်ခြင်းမျိုး၊
(၆) ဂန္တဗ္ဗာ- မိဘ ၂-ဦး ၂-ဘက် သဘောတူ၍ ကြည်ဖြူစွာပေးစားလက်ထပ်ခြင်း မင်္ဂလာမျိုး၊
(၇) အဗ္ဘာဟိတ- နိုင်ထက်ကလူ ဇွတ်အတင်းယူရမည်ဟု ညှဉ်းဆဲရိုက်နှိပ်၍ပေးစားခြင်းမျိုး၊
(၈) သာမဿာ- လူငယ်ချင်းချင်း မှောက်မှောက်မှားမှား ချစ်မီးပွား၍နေသည်ကို တွေ့ရ၍ ပေးစားခြင်း။

ထီးဆောင်းမင်း ၁၀၁-ပါး

၎င်းသရုပ်ကို (မင်းတစ်ရာ့တစ်ပါး)၌ ကြည့်ပါလေ။

ထီးတော်ထိပ်ဖျား၊ ငှက်မြတ်နား၊ ၄-ပါး ငှက်မျိုးထင်

၎င်း၏သရုပ်ကို (ငှက်မြတ်နားတွင် ထုံးတမ်းဝင်၊ ၄-အင်ငှက်မျိုးသိ)ဟူသော စကားရပ်၌ ပြခဲ့ပြီ။

ထီးဖြူတော်မျိုး ၄-စင်း

မင်းမြောက်တန်ဆာငါးပါး အဝင်ဖြစ်သည်။ ရာဇဘိသေက ကျမ်းမှ။
(၁) ထီးရွက်ကိုးဆင့် ထီးရိုး ဆယ်တောင်ရှိသော “နဝဒဏ္ဍထီး”၊
(၂) ထီးရွက် အမှတ်မရှိ ထီးရိုးခြောက်တောင်ရှိသော “မနောဟရထီး”၊
(၃) ထီးရွက်အမှတ်မရှိ ထီးရိုးငါးတောင်ရှိသော “အာတပတြထီး”၊
(၄) ထီးရွက်အမှတ်မရှိ ထီးရိုးလေးတောင်ရှိသော “ဝိဇယတြထီး”။
မှတ်ချက်။ ။ ရှေ့သုံးစင်းကား ရာဇပလ္လင်မှာဆောင်းသော ထီးတော်များဖြစ်၏။ ဝိဇယတြထီးကား ယွန်းကြွ စက်ချီတော်မူရာစသည်တို့၌ အမြဲဆောင်ဆောင်းသော ထီးတော်ဖြစ်၏။

ထီးဖြူတော် ၄-စင်း၊ တစ်နည်း

မင်းခဏ်းလင်္ကာ ကဗျာစာတမ်းတို့၌
“ကနကဒဏ်၊ ထီးမွန် ၂ စင်း၊ ဝင်းဝင်းလျှံပတ်၊ တမွတ်နှစ်ဆူ၊ ရောင်မူညီးညီး၊ ယာဉ်ထီးလေးပါး”ဟု စပ်ဆိုလာကြ၏။
မှတ်ချက်။ ။ ယာဉ်ထီးဟူရာ၌ ဧကရာဇ်မင်းမြတ်တို့စီးသော ဆင်ယာဉ် ရထားယာဉ် လှေယာဉ် သုံးပါး၌ ထီးဖြူတော်များ စိုက်ဆောင်ရသည်ကိုစွဲ၍ “ယာဉ်ထီး“ခေါ်တွင်စေသည်။

ထီးဖြူတော် ၈-စင်း

ဒိသာဇေယျကျမ်းလာ ထီးဖြူတော် ရှစ်ဖြာဟူ၏။
(၁) ကနက္ကဒဏ် ထီး၊
(၂) သူရိယထီး၊
(၃) ပဒုမာထီး၊
(၄) သမုတိထီး၊ ဟူ၍ လက်ဝဲထီးလေးစင်း၊
(၅) ကမ္ဗုထီး၊
(၆) စန္ဒထီး၊
(၇) ကုမုဒထီး၊
(၈) ဝိသကြုံထီးဟူ၍ လက်ယာထီး ၄-စင်းအားဖြင့် ရှစ်စင်းထီးဖြူ မှတ်ယူရာ၏။

ထုံးမြိတ် ၅-ပါး၊ ဥခေါင်းဖျား၊ ထားငြားဆံပင်ရှည်

၎င်းသရုပ်ကို (မြန်မာ့ဦးစွန်း၊ ၅-မျိုးထွန်း)ဟူသော ပုစ္ဆာ၌ ရှုပါ။

ထူပါရုံတည်ထားထိုက်သော ပုဂ္ဂိုလ် ၄-မျိုး

ထူပါရဟ ပုဂ္ဂလ ဝဏ္ဏနာသုတ် ဒီ၊၂၊၁၁၇။ ဒီ၊ဋ္ဌ၊၂၊၁၇၅။ ၎င်းသရုပ်ကို (စေတီထိုက်သော ပုဂ္ဂိုလ် ၄-ဦး)၌ ရှုပါ။

ထေယျာသံဝါသကမျိုး ၃-ပါး

ရဟန်းပြုမပေးကောင်းသော ထေယ်ခိုး ၃-ယောက်ဟူလို။
(၁) လိင်္ဂ ထေနက-ဆရာ ဥပဇ္ဈာယ်မရှာ၊ ကိုယ့်ဟာကိုယ် သင်္ကန်းဝတ်စည်း၍ ရဟန်း ကိုရင် အသွင်ခိုးဆောင်နေသောသူ၊
(၂) သံဝါသ ထေနက- ရဟန်းဟုဝန်ခံ၍ ရဟန်းကောင်းတို့နှင့် ပေါင်းဖေါ်နေထိုင်သော သာမဏေ၊
(၃) ဥဘယ ထေကန- အထက်ပါ ၂-မျိုးလုံးကို ခိုးသောသူ။

ထေယျာဝဟာရာ၊ ခိုးနည်းလာ၊ ၅-ဖြာအဘယ်နည်း

၎င်းသရုပ်ကို (ခိုးခြင်း ၂၅-ပါး)၌ ရှုပါကုန်။

ထေရ်ပြုခံထိုက်ခြင်း အင်္ဂါ ၄-ပါး

ရိုသေလေးစား ကြီးသူအရာ၌ တင်ထားထိုက်သူ၏အင်္ဂါ ၄-ပါး ဟူ၏၊ အံ၊၁၊၃၃၁။ အံ၊ဋ္ဌ၊၂၊၂၆၆။
(၁) သီလဝါ- ကိုယ်ကျင့်သီလရှိခြင်း၊
(၂) ဗဟုဿုတ- ပရိယတ် အကြားအမြင်များရခြင်း၊
(၃) စျာနလာဘီ- စျာန်အဘိညာဉ် ရရှိရခြင်း၊
(၄) ခီဏာသဝ- အာသဝကုန်ခန်း ရဟန္တာဖြစ်ရခြင်း။
ဤ ၄-ပါးတွင် အနည်းဆုံး (၁) (၂) - အင်္ဂါရှိထားရမည်။

ထေရ်မျိုး ၃-ပါး

ရဟန်းတော် အမျိုးအတန်းစား ၃-ပါး။
(၁) အနုထေရ်- ပဉ္စင်းခံသည်မှစ၍ ဆယ်ဝါအထိ ထေရ်ငယ်၊
(၂) မဇ္ဈိမထေရ်- ဆယ်ဝါမှ ဝါနှစ်ဆယ်ထိ ထေလတ်၊
(၃) မဟာထေရ်- ဝါနှစ်ဆယ်မှစ၍ အထက်သည်ကား ထေရ်ကြီး၊ မဟာထေရ် မည်၏။

ထေရ်မျိုး ၃-ပါး၊ တစ်နည်း

ဒီ၊၃၊၁၈၂။ ဒီ၊ဋ္ဌ၊၃၊၁၈၁။ ကြီးမြတ်သောသူမျိုး ၃-ပါး။
(၁) ဇာတိထေရော- ဇာတ်အားဖြင့်ကြီးမြတ်သူ၊
(၂) ဓမ္မထေရော- တရားဓမ္မ ဂုဏ်အားဖြင့် ကြီးမြတ်သူ၊
(၃) သမုတိထေရော- အကြီးအကဲဟု သမုတ်ခြင်းအားဖြင့် ကြီးမြတ်သူ။

ထေရာဝါဒ ၅-နိုင်ငံ

ပိဋကတ်သုံးပုံ- အဋ္ဌကထာ၌လာသော တိပိဋက စူဠနာဂထေရ်၊ မဟာသုမထေရ်၊ မဟာပဒုမထေရ် စသော မထေရ်မြတ်တို့၏ ပိဋကတ်တော်လာ အယူဝါဒ၊ ထိုထေရ်တို့၏အယူဝါဒကို သံဂါယနာ(ဆဋ္ဌ)အထိ ခံယူအတည်ပြု လေးစားရိုသေကြကုန်သော နိုင်ငံတော်များ။
(၁) မြန်မာနိုင်ငံတော်၊
(၂) သီဟိုဠ် (သီရိလင်္ကာ) နိုင်ငံတော်၊
(၃) ယိုးဒယား (ထိုင်းလင်း)နိုင်ငံတော်၊
(၄) ကမ္ဗောဒီးယားနိုင်ငံတော်၊
(၅) လာအို(လော) နိုင်ငံတော်။

ထွက်လေဝင်လေမရှိသူ ၈-ယောက်

၎င်းသရုပ် (အသက်မရှူသူ ၈-ယောက်)၌ ရှုပါ။

ဒက္ခိဏေယျ ပုဂ္ဂိုလ် ၈-ယောက်

မြတ်သောအလှူခံပုဂ္ဂိုလ် ၈-ယောက်။
(၁) သောတာပန်ပုဂ္ဂိုလ် ၂-ယောက်၊
(၂) သကဒါဂါမ်ပုဂ္ဂိုလ် ၂-ယောက်၊
(၃) အနာဂါမ်ပုဂ္ဂိုလ် ၂-ယောက်၊
(၄) အရဟတ္တပုဂ္ဂိုလ် ၂-ယောက်။

ဒဏ် ၁၀-ပါး

အပ၊ဋ္ဌ၊၂၇၁။ ဓမ္မ၊ဋ္ဌ၊၁၊၁၁၅။ ဓမ္မ၊ဋ္ဌ၊၂၊၄၄-တို့၌ အကျယ်ရှု။ လောက၌ ခင်ပွန်းကြီး ၁၀-ပါးခေါ် ကျေးဇူးရှင်ကြီးဆယ်ပါးကို ပြစ်မှားခြင်းကြောင့်ရရှိသော အပြစ်ကြီး ၁၀- ပါး။
(၁) ဖရုသ ဝေဒနာ- ကြမ်းတမ်းစွာဦးခေါင်းနာ စသည်ကပ်ရောက်ခြင်း၊
(၂) ဟာနိ- စည်းစိမ်စသည် ဆုတ်ယုတ်ပျက်စီးဆုံးပါးခြင်း၊
(၃) သရီရ ဘေဒန- လက်ခြေပြတ်ခြင်း၊ ကိုယ်အင်္ဂါပျက်စီးခြင်း၊
(၄) ဂရုကာဗာဓ-ဆေးကု၍မရ၊ ကြီးလေးစွာသောအနာ ကပ်ရောက်ခြင်း၊
(၅) စိတ္တက္ခေပ- ရူးသွပ်ခြင်း၊ စိတ်ပျံ့လေလွင့်ခြင်း၊
(၆) ရာဇူပသဂ္ဂ- မင်းဘေး မင်းဒဏ်သင့်ခြင်း၊
(၇) ဒါရုဏဗ္ဘက္ခာန- ရုန့်ကြမ်းစွာ စွပ်စွဲခံရခြင်း၊
(၈) ဉာတိပရိက္ခယ- ဆွေမျိုး ပြုန်းတီးပျက်စီးခြင်း၊
(၉) ဘောဂပတင်္ဂု- စည်းစိမ်အခြွေအရံ ပျက်စီးခြင်း၊
(၁၀) အာဂါရဂ္ဂိ ဒုယှန- နေရာ၊ တိုက်၊ အိမ်၊ အဆောက်အဦကို မီးသင့်လောင်ကျွမ်းခြင်း။

ဒဏ္ဍဥပါယ်၊ မျိုး ၃-သွယ်၊ ကျင့်ဘွယ် မင်းတို့သိ

အမရ ကောသဋီကာဥပါယ် ၄-ပါး အဖွင့်မှ ယူပြသည်။ အပြစ်ရှိသူကို တစ်ကြိမ်နှင့်ကြောက်အောင် ဒဏ်ခတ်ဆုံးမပါဟု ဆိုလိုသည်။
(၁) အသက်သေအောင်သတ်ဖြတ်ခြင်းဒဏ်၊
(၂) ဥစ္စာဒဏ်၊ ရာထူးမှနှုတ်ပယ်ခြင်းဒဏ်၊
(၃) ထောင်ဒဏ် ကြိမ်ဒဏ်၊ ခြေလက်စသည် ဖြတ်ပစ်ခြင်းဒဏ်။

ဒန္တဇ အက္ခရာ ၈-လုံး

သွားအရပ်မှ မြည်ထွက်၍လာသော အက္ခရာမျိုး ၈-ပါး။
လျှာဖျားဖြင့် သွားသို့ထောက်၍ ရွတ်ရသော အက္ခရာမျိုးဟူ၏။ “တ ထ ဒ ဓ န လ ဝ သ”။
မှတ်ချက်။ ။ ဝ အက္ခရာကား နှုတ်ခမ်းနှင့်သွား ၂-ပါးထိအက္ခရာမျိုး ဖြစ်၏။

ဒန်ပူစားခြင်းအကျိုး ၅-ပါး

၎င်းသရုပ်အဓိပ္ပါယ် (သွားတိုက်ခြင်းကျိုး ၅-ပါး)၌ ဖြေကြားမည်။ စူဠဝါပါဠိတော်။

ဒသ ဗလာ၊ အား ၁၀-ဖြာ၊ ထုတ်ခါ ဖြေတော်မူ

၎င်းသရုပ်ကို (အားတော် ၁၀-ပါး)၌ ရှုပါလေ။

ဒသမူ ၁၀-ပါး

ဆေးကျမ်းလာ အပေါင်းဝေါဟာရ၊ ဤ၌ ပဉ္စကူသည် ခုဒ္ဒ ပဉ္စကူ , မဟာပဉ္စကူ ဟု နှစ်မျိုးလာ လေသည်။ “ဆူးလေ, ဆင်ခရမ်း, ကစော့, သာလဗြရဏီ, ပြိဿ ဗြရဏီ“၎င်းငါးပါးကို ခုဒ္ဒပဉ္စကူဆိုသည်။ မဟာပဉ္စကူကား- “ဥသျှစ်, ကြောင်လျှာ, တပဆေး, သခွတ်, ရမနေ“၎င်းဆေးငါးပါးကို ဆိုသည်။
ဤဆေး ဆယ်ပါး အမြစ်အပေါင်းကို ဆေးကျမ်းတို့၌ “ဒသမူ ဆယ်ပါး”ဟု ခေါ်ဝေါ်ညွှန်းဆိုကြကုန်၏။

ဒသရူပါ၊ သတ္တဝါ၊ ၁၀-ဖြာရုပ်ပုံ အဘယ်နည်း

ရွှေဘုံနိဒါန်းလာ ဒသရူပဖောင်တော်ပုံမှ ယူဖြေသည်။
(၁) ခြင်္သေ့နှုတ်သီး၊ အမောက်၊ လည်ဆံ၊
(၂) တိုးအမြီးနှင့် ခြေတစ်ဖက် လက်တစ်ဖက်၊
(၃) နွားလဘို့၊
(၄) ငါးကျင်း အမြီး၊
(၅) မြင်းနား နှစ်ဖက်, ခြေတစ်, လက်တစ်၊
(၆) ဆင်စွယ်နှစ်ချောင်း၊
(၇) မကန်းနှာမောင်၊
(၈) သမင်ချို တစ်ဖက်၊
(၉) ကျွဲချို တစ်ဖက်၊
(၁၀) ကရဝိတ် အတောင်နှစ်ဖက်။

ဒသာကြီး ၁၀-ပါး

ဗေဒင်ကျမ်းလာ ကောင်းဆိုးခွဲခြား သတ်မှတ်တွက်စစ်သော အခိုက်အတန့်ကာလ၏ အစိတ်ကြီး ၁၀-ပါး။
(၁) ကိုယ်ဝန် တည်ခိုက်ကာလ၊
(၂) မွေးဖွားခိုက် ဝိဇာတ ကာလ၊
(၃) နို့စို့ကလေး အခိုက်ကာလ၊
(၄) ဆယ်နှစ်အတွင်း ဒါရကအရွယ်၊
(၅) ဆယ်နှစ်မှ ဆယ်ငါးနှစ်အထိ ကိသောရအရွယ်၊
(၆) ကုမာရ ပျိုပျိုအရွယ်၊
(၇) ထက်ဝက်အိုအရွယ် လူလတ်ကာလ၊
(၈) မဟလ္လက-အဘိုးအိုအရွယ်၊
(၉) မတကာလ- သေခါနီးအရွယ်၊
(၁၀) မရဏ- သေခြင်းကာလ။

ဒါနအတုမျိုး ၅-ပါး

သူမိုက်တို့ပြုလေ့ရှိသည့် အပယ်လားကြောင်း ဒါနမျိုး ၅-ပါးဟူ၏။ ဝိ၊၅၊၂၃၁။ ဝိ၊ဋ္ဌ၊၄၊၁၇၃-၌ရှု။ ၎င်းသရုပ် (မပေးလှူအပ်သော ဒါနမျိုး ၅-ပါး)၌ ပြမည်။

ဒါနဥပါယ်၊ မျိုး ၅-သွယ်၊ မင်းဝယ်ကျင့်ဆောင်သုံး

အမရကောသဋီကာ ဥပါယ် ၄-ပါး အဖွင့်မှယူပြသည်။
(၁) ဒဗ္ဗဒါန- သူယူသုံးဆောင်သည်ကို ပြန်မတောင်းတော့ဘဲ အပြီးအပိုင်ပေးလိုက်ခြင်း၊
(၂) အနုမောဒါန- မိမိအား ပန်ကြား မပန်ကြားဘဲ ယူငင်သုံးဆောင်သည်ကို ဝမ်းမြောက်ခြင်း၊
(၃) အပုဗ္ဗဒါန- ရှေးကမရစဖူး ထူးမြတ်သော ဥစ္စာရတနာတို့ကို ပေးကမ်းခြင်း၊
(၄) သယံ ဂါဟ ပဝတ္ထဒါန- မိမိ၌ အခန့်မသင့်မီ သူတစ်ပါးဥစ္စာကို ချေးငှားယူသုံးစေလျက် နောင်ခါ ငါပေးမည်ဟု တာဝန်ဂတိပေးထားခြင်း၊
(၅) ဣဏပ္ပ မောစန ဒါန- ကြွေးမြီနှိပ်စက်ခံနေရသူကို စိုက်ဆပ်ပေးခါ သူ့ကြွေးမှလွတ်စေခြင်း။

ဒါနပြုကြ၊ ကျိုးမဟ၊ သုံးဝအင်္ဂါလာ

ဒါနပြု အလှူပေးရာ၌ အောက်ပါအင်္ဂါ ၃-ပါးနှင့်ပြည့်စုံမှ မဟမ္ဖလခေါ် ကြီးကျယ်မွန်မြတ်သော အကျိုးမျိုးရနိုင်သည်။
(၁) အလှူပေးသူသည် စင်ဖြူသောသီလဖြင့် လွတ်ကျွတ်စွာ စွန့်ကြဲ လှူဒါန်းနိုင်ခြင်း၊
(၂) အလှူခံပုဂ္ဂိုလ်၏ ကိုယ်ကျင့်သီလ ဖြူစင်ခြင်း၊
(၃) လှူဖွယ်ဝတ္ထု၏ ဓမ္မိယလဒ္ဓခေါ် တရားသဖြင့်ရရှိထားသော ပစ္စည်းများဖြစ်ရခြင်း။

ဒါနပြုရှာ၊ ကြောင်း ၈-ဖြာ၊ ကျမ်းလာအဘယ်နည်း

အဋ္ဌင်္ဂုတ္တရ။ ပါဠိတော်နှင့် သံဂီတိသုတ် ပါဠိတော်တို့၌ လာသည်၊ အဖြေကို အောက်ပါလင်္ကာဖြင့်သိပါ။
(၁) ရောက်လာ၍လှူ- မိမိတို့ဌာနသို့ ရောက်လာ၍လှူခြင်း၊
(၂) ကြောက်၍လှူနှင့်- ကြောက်သောကြောင့် လှူခြင်း၊
(၃) ပေးလှူ၍ လှူ- သူကပေးလှူ၍ တစ်ဖန်ပြန်လှူခြင်း၊
(၄) ပေးလိမ့်လှူတည့်- လာဘ်ကို မျှော်ကိုး၍ လှူခြင်း၊
(၅) ရှေးသူတို့ငြမ်း- မိရိုးဖလာလှူခြင်းမျိုး၊
(၆) မချက်စွမ်းနှင့်- ရဟန်းတော်များ ချက်မစားကောင်း၍ လှူခြင်း၊
(၇) ချီးမွမ်းရလို- ချီးမွမ်းခံယူလို၍ လှူခြင်း၊
(၈) မဂ်ဖိုလ်လိုသည်- မဂ် ဖိုလ်ကို ရလို၍လှူခြင်း၊
မိန့်ဆိုဒါန ရှစ်မျိုးတည်း။

ဒါနမျိုး ၂-ပါး၊ ၅-နည်း

ပေးလှူပုံ ကောင်းဆိုးနည်း ၅-မျိုး၊
(၁) ဝဋ္ဋနိဿိတ ဒါန- လူနတ်စည်းစိမ်ချမ်းသာမျှကိုသာ တောင့်တ၍ပြုသောအလှူမျိုး၊
(၂) ဝိဝဋ္ဋ နိဿိတဒါန- ဝဋ်ဒုက္ခမှ လွတ်မြောက်ရာ မဂ် ဖိုလ် နိဗ္ဗာန်ကို ရည်မှန်း၍ပြုသော ဒါနမျိုး။ (ပါရမီဒါနလည်းဟူ။)
၎င်းတစ်နည်း

ဒါနမျိုး ၃-ပါး

ပေးကမ်းလှူဒါန်းရာ၌ အယုတ် အလတ် အမြတ် သုံးပါး။
(၁) ဟီနဒါန- ပကာသနမှုလိုလားပြီး စိတ် ဆန္ဒ ဝီရိယ ပညာတို့ ညံ့ညံ့ဖြင့်ပြုသော ဒါနမျိုး၊
(၂) မဇ္ဈိမ ဒါန- စိတ် ဆန္ဒ စသည် အလတ်စား လောကီစည်းစိမ်ချမ်းသာလောက်သာ အာရုံထားပြီး ပေးလှူသောဒါနမျိုး၊
(၃) ပဏိတဒါန- စိတ် ဆန္ဒ စသည် ထက်မြက်စွာ လောကမှထွက်ရေး နိဗ္ဗာန်သို့မျှော်တွေး၍ ပေးလှူသောဒါနမျိုး။
မှတ်ချက်။ ။ အကျယ်လိုမူ လယ်တီဆရာတော်၏ ဒါနာဒိ ဒီပနီ၌ ရှုပါလေ။

ဒါနမျိုး ၃-ပါး၊ တစ်နည်း

(၁) ဒါန ဒါသ- ကျွန်ကို ပေးကျွေးသလို ယုတ်ညံ့စွာပေးလှူခြင်းမျိုး၊
(၂) ဒါနသဟာယ- မိတ်ဆွေကို ပေးကျွေးသလို ကိုယ်စားသုံးသည့်အတိုင်း ပေးလှူခြင်းမျိုး၊
(၃) ဒါနသာမိ- အရှင်သခင်ကို ပေးကျွေးသလို အထွတ်အမြတ်ကို ပေးလှူခြင်းမျိုး။

ဒါနဝတ္ထု ၆-ပါး

လှူဖွယ်ဝတ္ထုမျိုး ၆-ပါး။
ရူပဒါန, သဒ္ဒ, ဂန္ဓ, ရသ, ဖောဋ္ဌဗ္ဗ, ဓမ္မဒါန။
စရိယာ၊ဋ္ဌ၊၂၉၉-၌ အကျယ်ရှု။

ဒါနဝတ္ထု ၁၀-ပါး

ဒီ၊၃၊၁၂၁။ ဒီ၊ဋ္ဌ၊၃၊၁၀၆။ ပေးလှူစရာဝတ္ထုပစ္စည်း ဆယ်ပါး။
(၁) အန္န-ဆွမ်းအလှူ၊
(၂) ပါန- ဖျော်ရည်အလှူ၊
(၃) ဃရ- ကျောင်းဇရပ်အလှူ၊
(၄) ဝတ္ထ- အဝတ်သင်္ကန်းအလှူ၊
(၅) ယာန- လှေ ရထားစသော ယာဉ်အလှူ၊
(၆) မာလ- ပန်းအလှူ၊
(၇) ဝိလေပန- နံ့သာပျောင်းရည် အလှူ၊
(၈) သေယျ- အိပ်ရာကော်ဇောအလှူ၊
(၉) ဂန္ဓ- နံ့သာမှုန့် ရေမွှေးအလှူ၊
(၁၀) ပဒီပ- ဆီမီး အလှူ။

ဒါယကာဝတ် ၅-ပါး

ရဟန်းတို့အား ဒါယကာ ဒါယိကာမများက ပြုရမည့်ဝတ်ငါးပါး၊
(၁) ချစ်ကြည်မြတ်နိုးသောမေတ္တာစိတ်ကိုအမြဲထားရခြင်း၊
(၂) ဆောင်ရွက်ပြုလုပ်ရမည့် ဝတ်ကြီးဝတ်ငယ်တို့ကို အစဉ်မပြတ်ပြုလုပ်ပေးရခြင်း၊
(၃) ရဟန်းတို့နှင့်တွေ့သောအခါ ခင်မင်ချိုသာစွာနှင့် ကျန်းမာချမ်းသာကြောင်းစသော သာရဏီယကထာစကားတို့ကို ပြောကြားနှုတ်ဆက်ရခြင်း၊
(၄) ပစ္စည်းလေးပါးနှင့် ရဟန်းတို့လိုသမျှ တောင်းယူနိုင်အောင်ဝိနည်းကံအားလျော်စွာ ဖိတ်ကြား၍ထားရခြင်း၊
(၅) ထိုသို့ ပစ္စည်းလေးပါး ဒါယကာဖြစ်သည်နှင့်အညီ မိမိတတ်အားသမျှကို ပေးလှူပူဇော်ရခြင်း။

ဒိဋ္ဌဓမ္မ အကျိုး ခံစားရသူ ၆-ယောက်၊ တစ်နည်း ၇-ယောက်

မိလိန္ဒ၊၁၂၀-၌ ပဏ္ဏမည်သော ကျွန်မကိုထည့်၍ ၇-ယောက်ပြသည်၊ ၎င်း ၂၈၁-၌ ၆-ယောက်ပြသည်။ ဘုရားသခင် ထင်ရှားရှိစဉ်ကာလ မိမိတို့ဒါနကြောင့် မျက်မှောက်ဘဝ၌ပင် အကျိုးခံစားရသူ ၆-ယောက်ဟူ၏၊ အခြားပုဂ္ဂိုလ်များလည်းရှိသေးသည် မှတ်လေ။
(၁) မလ္လိကာ မိဖုရား၊ ဘုရားအား မုယောမုန့် အသိုးလှူ၊ ထိုနေ့၌ပင် ကောသလမင်းကြီး၏ မိဖုရားကြီးဖြစ်၊
(၂) ပုဏ္ဏခေါ် ကျွန်ကူလီ၊ ရှင်သာရိပုတ္တရာအား ဆွမ်းလှူ၊ ထိုနေ့၌ပင် သူဌေးကြီးပုဏ္ဏဖြစ်၏၊
(၃) ဧကသာဋကပုဏ္ဏား၊ ဘုရားအား အပေါ်ရုံပုဆိုးလှူ၊ ထိုနေ့၌ပင် အလုံးစုံ ရှစ်ခု ရှစ်လီသော ဥစ္စာတို့ကို ရ၏၊
(၄) သုမန ပန်းသည်မ၊ မုလေးပန်း ရှစ်ဆုပ်လှူ၊ ထိုနေ့၌ပင် စည်းစိမ်ချမ်းသာတို့နှင့်ပြည့်စုံခြင်းကိုရောက်၏၊
(၅) သုပ္ပိယ ခေါ် ဒါယိကာမ၊ ဂိလာနရဟန်းအား ပေါင်သားလှီးလှူ၊ နှစ်ရက်မြောက်၌ အနာလုံးဝ ပျောက်၊ အမာရွတ်မျှမထင်၊
(၆) ဂေါပါလ မာတာဒေဝီ၊ ဆံပင်ဖြတ်ရောင်းရ၊ ရှစ်သပြာငွေမျှကို ရှင်မဟာ ကစ္စည်းထေရ် အားလှူ၊ ထိုနေ့၌ပင် ဥတေနမင်းကြီး၏ မိဖုရားကြီးဖြစ်။

ဒိဋ္ဌဓမ္မနိဗ္ဗာန်မျိုး ၁၉-ပါး

ဒိဋ္ဌဓမ္မနိဗ္ဗာနသုတ် အံ၊၃၊၂၄၆။ အံ၊ဋ္ဌ၊၃၊၂၈၄-၌ အကျယ်ရှုပါ။ ဆိုင်ရာ တရားစုတို့၏ ချုပ်ငြိမ်းမှုချမ်းသာကို ယခုမျက်မှောက်ဘဝ၌ပင် ကောင်းစွာ တွေ့မြင်ခံစားရသော နိဗ္ဗာန်အမျိုးအစား ၁၉- ပါး။
(၁) ဝိနီဝရဏနိဗ္ဗာန်၊
(၂) ပဌမစျာန်နိဗ္ဗာန်၊
(၃) ဒုတိယစျာန် ၎င်း၊
(၄) တတိယစျာန်၎င်း
(၅) စတုတ္ထစျာန် ၎င်း၊
(၆) ပဉ္စမစျာန် ၎င်း၊
(၇) အာကာသာနဉ္စာယတန နိဗ္ဗာန်၊
(၈) အာကိဉ္စညာယတန ၎င်း၊
(၉) ဝိညာဏဉ္စယတန ၎င်း၊
(၁၀) နေဝသညာနာသညာယတန ၎င်း၊
(၁၁) သညာဝေဒယတိနိရောဓ၎င်း၊
(၁၂) သောတာပတ္တိမဂ္ဂ ၎င်း၊
(၁၃) သောတာပတ္တိဖလ ၎င်း၊
(၁၄) သကဒါဂါမိ မဂ္ဂ ၎င်း၊
(၁၅) သကဒါဂါမိဖလ ၎င်း၊
(၁၆) အနာဂါမိ မဂ္ဂ ၎င်း၊
(၁၇) အနာဂါမိ ဖလ ၎င်း၊
(၁၈) အရဟတ္တမဂ္ဂ ၎င်း၊
(၁၉) အရဟတ္တဖလ နိဗ္ဗာန်။

ဒိဋ္ဌဓမ္မ ဝေဒနိယကံ၏ အင်္ဂါ ၄-ပါး

မျက်မှောက်ဘဝ၌ ကြီးကျယ်စွာအကျိုးပေးနိုင်မှုအတွက် အင်္ဂါ ၄-ပါး၊ ဓမ္မ၊ဋ္ဌ၊၂၊၅၉။ (၁) အလှူခံပုဂ္ဂိုလ်မှာ ဘုရား ရဟန္တာ ပစ္စေကဗုဒ္ဓါဖြစ်ရခြင်း၊ (၂) နိရောဓသမာပတ်မှ ထခါစ ဖြစ်ရခြင်း၊ (၃) အလှူဝတ္ထု၏ ဓမ္မိယလဒ္ဓ ဖြစ်ရခြင်း၊ (၄) ထူးကဲလွန်မြတ်သော သဒ္ဓါရှိရခြင်း။
ဒိဋ္ဌဓမ္မ ဝေဒနိယကံ၏ အင်္ဂါ ၄-ပါး၊ တစ်နည်း

ဒိဋ္ဌိကြီး ၄-ပါး

သမ္ဗုဒ္ဓဝါဒနှင့် ဆန့်ကျင်သောတရား ၄-ပါး။
(၁) အကြိယဒိဋ္ဌိ- ကောင်းမှု မကောင်းမှု၊ ကုသိုလ် အကုသိုလ်ခေါ်သော အကြောင်းတရားစု ပြုမှုတို့ကို ပယ်သောအယူ၊
(၂) နတ္ထိက ဒိဋ္ဌိ- ကောင်းမှု မကောင်းမှုတို့၏ ကောင်းကျိုး မကောင်းကျိုးဟူသည်မရှိ၊ လူသေက လူ့ဘဝ နတ်ဘဝ အပါယ်ဘဝဟူ၍မရှိ၊ မရောက်၊အပြီးအပြတ်ဟူသော ဝါဒမျိုး၊
(၃) အဟေတုက ဒိဋ္ဌိ- ကောင်းမှု မကောင်းမှု ပြုချင်ရာပြု၊ ကုသိုလ် အကုသိုလ်အရာသို့မရောက်၊ သူ့အသတ်သတ်နိုင်သည်၊ သူ့ဥစ္စာခိုးနိုင်သည်၊ စသော အကြောင်းအကျိုး နှစ်မျိုးလုံးကိုပယ်သည့်ဝါဒ၊
(၄) နိယတ မိစ္ဆာဒိဋ္ဌိ- “အကိရိယဒိဋ္ဌိ၊ နတ္ထိက ဒိဋ္ဌိ၊ အဟေတုကဒိဋ္ဌိ“၃-ပါးတို့တွင် တစ်ပါးပါးကိုမြဲမြံစွာ စွဲလမ်းယူထားသော ဝါဒ။

ဒိဋ္ဌိကြီး ၆၂-ပါး

၎င်းသရုပ် အဓိပ္ပါယ်ကို (ခြောက်ဆယ့်နှစ်ပါးသော မိစ္ဆာဒိဋ္ဌိ)မှာ ကြည့်ပါ။

ဒိဋ္ဌိ ဂိုဏ်းဆရာကြီး ၆-ယောက်

စာပေတို့၌ အများအားဖြင့် “တိတ္ထိဂိုဏ်း တိတ္ထိဘုရား”ဟု လာရှိသည်၊ ၎င်းသရုပ်ကိုလည်း (တိတ္ထိဂိုဏ်း ဆရာကြီး ၆-ယောက်)ဟူသော ပုစ္ဆာ၌ ဆိုခဲ့ပြီ။

ဒိဋ္ဌိဖြစ်ခြင်း အကြောင်း ၂-ပါး

ဋီကာကျော်မှ။
(၁) အယူသီလ ဖောက်ပြန်မှားယွင်း ပျက်စီးခြင်းရှိနေသူကို မှီဝဲဆည်းကပ်ခြင်း၊
(၂) သဿတအယူ, ဥစ္ဆေဒအယူ ရှိနေခြင်း။

ဒီဃနိကာယ် ၃-ကျမ်း

၎င်းသရုပ်ကို (နိကာယ် ၅-ရပ်) က, ပိုဒ်၌ ကြည့်ပါ။

ဒီဃသရ ၅-လုံး

၂-မတ္တရာကာလမျှ ရှည်ရှည် ရွတ်ဖတ်ရသော သရငါးလုံး၊ “အာ, ဤ, အူ, ဧ, ဩ“တို့ဖြစ်၏။

ဒီမိုကရေစီ၏အဓိပ္ပါယ်သတ်မှတ်ချက်များ သတ်မှတ်ချက်များ

http://dictionary.reference.com/browse/democracy
နှင့် ဒေါ်အောင်ဆန်းစုကြည်၏““ဒီမိုကရေစီရှာပုံတော်””မှ။
(၁) လွတ်လပ်သောရွေးကောက်ပွဲစနစ်ဖြင့် ရွေးကောက်တင်မြောက်ထားသော ကိုယ်စလှယ်များက
ဖွဲ့စည်းပုံအခြေခံဥပဒေအရသတ်မှတ်ထားသည့်အချိန်ကာလအတွင်းဖွဲ့စည်းထားသောအစိုးရဖြစ်ရမည်။
(၂) အများစု ပြည်သူပြည်သားများ၏အုပ်ချုပ်မှုဖြစ်ရမည်။ (တဦးတယောက်၊ တစုတဖွဲ့မဟုတ်ရ)။
(၃) မကြောက်မရွံ့၊ မစိုးရိမ်ရဘဲ ညီမျှမှုနှင့် လွတ်လပ်မှုရှိရမည်။
(၄) အခြေခံလူ့အခွင့်အရေးများရှိရမည်။
(၅) လူ့အဖွဲ့အစည်းတခုအတွင်းရှိတဦးချင်းအတွက်လည်းလေးစားမှုရှိရမည်။

ဒုက္ခမျိုး ၃-ပါး

ဒီ၊၃၊၁၈၁။ ဒီ၊ဋ္ဌ၊၃၊၁၇၄။ ဆင်းရဲခြင်းအပြား ၃-ပါး။
(၁) ဒုက္ခ ဒုက္ခ-ကာယိကဒုက္ခ, စေတသိကဒုက္ခခေါ် ကိုယ်စိတ် ၂-ပါးဆင်းရဲခြင်းမျိုး၊
(၂) သင်္ခါရဒုက္ခ- လောကစည်းစိမ်တွေ မဖြစ်ဖြစ်အောင် ပြုပြင်အားထုတ်မှုဆင်းရဲ၊
(၃) ဝိပရိနာမဒုက္ခ- သင်္ခါရနယ်ပယ်ဟူသမျှ ဖောက်ပြန်ပျက်စီးရမြဲ ဆင်းရဲ။

ဒုက္ခသစ္စာ၏ အနက်သဘော ၄-ပါး

၎င်းသရုပ်ကို (သစ္စာအနက် ၁၆-ချက်)၌ ရှုပါ။

ဒုစရိုက် ၃-ပါး

ကာယဒုစရိုက်, ဝစီဒုစရိုက် , မနောဒုစရိုက်ကိုခေါ်သည်။ အကျယ် (ဒုစရိုက် ၁၀-ပါး)၌ ရှုပါ။

ဒုစရိုက် ၁၀-ပါး

မ၊၁၊၃၆၀။ မ၊ဋ္ဌ၊၂၊၂၃၄။ သံ၊၁၊၃၇၇။ သံ၊ဋ္ဌ၊၂၊၁၃၃-၌ရှုပါ။ ငရဲ တိရိစ္ဆာန် ပြိတ္တာ အသူရကာယ် အပါယ်လေးပါးသို့ လားစေတတ်သော ဒုစရိုက်တရား ၁၀-ပါး။
(၁) ပါဏာတိပါတ- သူ့အသတ်ကိုသတ်ခြင်း
(၂) အဒိန္နာဒါနာ- သူ့ဥစ္စာကို ခိုးယူခြင်း၊
(၃) ကာမေသု မိစ္ဆာစာရာ- သူ့မယားကို သွားလာလွန်ကျူးခြင်း၊
ဤသုံးပါးကို မကောင်းမှုကို ကိုယ်ဖြင့်ပြုကျင့်သောကြောင့် ကာယဒုစရိုက် ၃-ပါးမည်၏။
(၄) မုသာဝါဒ- မဟုတ် မမှန်သောစကားကို အမှန်အဟုတ် ပြုလုပ်ပြောဆိုခြင်း၊
(၅) ပိသုဏဝါစာ-သူနှစ်ယောက်တို့၏ အချစ်ကိုပျက်အောင် ကုန်းတိုက်ခြင်း၊
(၆) ဖရုသဝါစာ- အကြမ်းအတမ်း ငေါက်ငမ်းဆဲရေးခြင်း၊
(၇) သမ္ဖပ္ပလာပဝါစာ- အပေါ့အဖျင်း အနှစ်ကင်းသောစကားကို ပြောဆိုခြင်း၊
ဤလေးပါးကား မကောင်းမှုကို နှုတ်ဖြင့်ပြုသောကြောင့် ဝစီဒုစရိုက် လေးပါးမည်၏။
(၈) အဘိဇ္ဈာ- သူ၏ဥစ္စာကို ငါ့ဥစ္စာဖြစ်သော် ကောင်းလေစွဟု စိတ်ကအောက်မေ့ခြင်း၊
(၉) ဗျာပါဒ-သူတစ်ပါးကို ငြိုးထားရန်မက် နှိပ်စက်ရအောင် စိတ်ကကြံဆောင်ခြင်း၊
(၁၀) မိစ္ဆာဒိဋ္ဌိ- ဘုရားဟောမှန်ကျမ်းဓမ္မခန်ကို ပယ်လှန်စိတ်ထား အယူမှားခြင်း၊
ဤသုံးပါးကား မကောင်းမှုကို စိတ်ဖြင့်ကြံစည်သောကြောင့် မနောဒုစရိုက် ၃-ပါးမည်၏။

ဒုစရိုက် ၃၀

အထက်ပါ ဒုစရိုက် ၁၀-ပါးတို့တွင် တစ်ပါးတစ်ပါးလျှင် စေတနာသုံးပါးစီ ရရကား စေတနာ သုံးတန်ဖြင့်မြှောက်က ဒုစရိုက် ၃၀-ဖြစ်၏။

ဒုစရိုက် ၃၀-ပါး တစ်နည်း

ဒုစရိုက် ၁၀-ပါးကို လောဘ ဒေါသ မောဟ ၃-ပါးနှင့်မြှောက်ပွားလျှင် ၃၀-ဖြစ်၏။ အံ၊၃၊၄၇၀။ အံ၊ဋ္ဌ၊၃၊၃၃၈။

ဒုစရိုက် ၄၀

ကိုယ်တိုင် တိုက်တွန်း၊ ချီးမွမ်း, စိတ်တူ၊ ပွားပြန်မူ၊ မှတ်ယူလေးဆယ်ကံ“
ဟူသော ဆောင်ပုဒ်အရ အထက်ပါဒုစရိုက် ၁၀-ပါးကိုတည်။
(၁) ကိုယ်တိုင်ပြုခြင်း၊
(၂) သူတစ်ပါးအားပြုဖြစ်အောင်တိုက်တွန်းခြင်း၊
(၃) သူတစ်ပါးပြုမှုကို ချီးမွမ်းထောပနာ ဝမ်းသာခြင်း၊
(၄) စိတ်တူခြင်း၊ ၄-ပါးနှင့်မြှောက်ပွားက အပါး၄၀-ဖြစ်သည်၊ ပါဠိ၊ အင်္ဂုတ္တရ ဒသက၌ယူ။

ဒုတိယအက္ခရာ ၅-လုံး

ဝဂ်ငါးပါးတွင် ပါဝင်သော “ခ ဆ ဌ ထ ဖ“အက္ခရာငါးလုံးတို့ကို သဒ္ဒါစည်းမျဉ်းအရ ခေါ်ဆိုသည်။

ဒုလ္လဘတရား ၅-ပါး

သံ၊ဋ္ဌ၊၁၊၂၂၅-၌ အကျယ်ရှုပါ။ ရခဲလှစွာသော သဘောတရား၅-ပါး ဟူလို။
(၁) ဗုဒ္ဓပ္ပါဒဒုလ္လဘ- ဘုရားအဖြစ်ကို ရခဲခြင်း၊
(၂) မနုဿတ္တဘာဝ ဒုလ္လဘ- လူ့ဘဝ လူ့အဖြစ်ကို ရခဲခြင်း၊
(၃) သဒ္ဓါ သမ္ပတ္တိ ဒုလ္လဘ- ရတနာသုံးပါး၏ဂုဏ်ကျေးဇူးသတ္တိနှင့် ကံ ကံ၏အကျိုးကိုယုံကြည်ခြင်း စိတ်ဓါတ်ကိုရခဲခြင်း၊
(၄) ပဗ္ဗဇ္ဇိတဘာဝ ဒုလ္လဘ- ဘုရားသာသနာအတွင်း၌ ရှင်သာမဏေ ရဟန်းပဉ္ဇင်းအဖြစ် ရခဲခြင်း၊
(၅) သဒ္ဓမ္မသဝနအတိ ဒုလ္လဘ- သူတော်ကောင်းတို့၏ တရားစစ်တရားမှန်ကို အလွန်တရာ ကြားနာရခဲခြင်း။

ဒုလ္လဘ ပုဂ္ဂိုလ်ကြီး ၅-ပါး၊ တစ်နည်း

ရခဲလှစွာသော ပုဂ္ဂိုလ်ကြီးများ။ အံ၊၂၊၁၄၈။ အံ၊ဋ္ဌ၊၃၊၅၂။
(၁) ဗုဒ္ဓဘုရားစစ်စစ်၊
(၂) သစ္စာ ၄-ပါးကို ဟောကြားတတ်သော ဓမ္မကထိက အစစ်၊
(၃) သစ္စာတရားကို သိသော အရိယာအစစ်၊
(၄) မဂ်ဖိုလ်ရရေးကျင့်သော ဝိပဿနာယောဂီအစစ်၊
(၅) သူ့ကျေးဇူးသိတတ်သူ ကတညုတ ကတဝေဒီပုဂ္ဂိုလ်။

ဒုဿီလရဟန်း၏ ကျေးဇူးဂုဏ် ၁၀-ပါး

မိလိန္ဒ၊၂၄၉-၌ အကျယ်ရှု။ လူဒုဿီလထက် ရဟန်းဒုဿီလက အောက်ပါကျေးဇူးဂုဏ် ၁၀-ပါး သာသည်ဟူ၏။
(၁) ဗုဒ္ဓဿ ဂါရဝဂုဏ်- ဘုရားရှင်၌ ရိုသေခြင်းရှိသည်၊
(၂) ဓမ္မ ဂါရဝဂုဏ်- တရားတော်၌ ရိုသည်၊
(၃) သံဃ ဂါရဝဂုဏ်- သံဃာတော်၌ ရိုသေခြင်းရှိသည်၊
(၄) သဗြဟ္မာစာရိက ဂါရဝဂုဏ်- သီတင်းသုံးဘော်၌ရိုသေ၍ ပါဠိအဋ္ဌကထာ၌ သင်ယူခြင်းလုံ့လရှိသည်၊
(၅) သဝဏ ဗာဟုလဂုဏ်- အကြားအမြင်များသည်၊
(၆) ပရိသဂတ အာကပ္ပ သမ္ပုဏ္ဏဂုဏ်- ဒုဿီလပင် ဖြစ်သော်လည်း ပရိသတ်အလယ်၌ ရဟန်းအသွင်အပြင်ကို ဖြစ်စေသည်၊
(၇) ဂရဟဘယ ကာယဝါစာရက္ခဂုဏ်-သူတစ်ပါးကဲ့ရဲ့မည်ဘေးကိုကြောက်၍ ကိုယ်နှုတ်ကိုစောင့်ရှောက်သည်၊
(၈) ပဓာနာဘိမုခဂုဏ်- ကမ္မဋ္ဌာန်း၌ ရှေးရှုစိတ်ရှိသည်။
(၉) ဘိက္ခု သာမညုပဂတဂုဏ်- ရဟန်း၏အဖြစ်သို့ကပ်သည်၊
(၁၀) ပါပစ္ဆန္ဒဂုဏ်-မကောင်းမှု၌ပြုသော်လည်း ဖုံးလွှမ်း၍ပြုကျင့်၏။

ဒေဝဒူတ တရား ၅-ပါး

လူတို့ သံဝေဂရမှုအတွက် နတ်တမန်ခေါ် သေမင်းတမန်ငါးပါး။ ဥပရိပဏ္ဏာသပါဠိတော်။
(၁) ဇာတိ- ပဋိသန္ဓေတည်နေ မွေးဖွားရမှု၊
(၂) ဇိဏ္ဏ- အိုမင်းရင့်ရော်ရမှု၊
(၃) အာတုရ-ကျင်နာကိုက်ခဲ ရောဂါသည်းခြင်း၊
(၄) အာဝုဓ- ဓား လှံ သေနတ်စသော လက်နက်မျိုး၊
(၅) မတ- သေသူ, သူသေကောင်။

ဒေဝဓံတရား ၂-ပါး

နတ်များ နှစ်သက်မြတ်နိုးသောတရား၊ ကမ္ဘာစောင့်တရား ၂-ပါးလည်း ခေါ်၏၊ ဓမ္မ၊ဋ္ဌ၊၂၊၄၈-နှင့် ဒေဝဓမ္မဇာတ် ဒုကင်္ဂုတ္တရပါဠိတော်၌လာသည်၊
(၁) ဟိရိ- မကောင်းမှုအားလုံးမှ ရှက်ခြင်းသဘော၊
(၂) ဩတ္တပ္ပ- မကောင်းမှုအားလုံးမှ ကြောက်ခြင်း၊ မပြုဝံ့ခြင်းသဘော။

ဒေဝီ ၅-ပါး

လောကီသိဒ္ဓိတို့ကို ပေးစွမ်းနိုင်သည့် နတ်သမီးကြီး ၅-ဖေါ်။
(၁) သူရဿတီ၊
(၂) စန္ဒီ၊
(၃) ပရမီသွာ၊
(၄) မဟာပိန္နဲ၊
(၅) ဂေါရဝိန္ဒာ၊
၎င်းတို့ကို တောင့်တဖိတ်ခေါ် ကျူးရင့်သည့်ဂါထာကား၊
“သူရဿတီစ မေ မာတာ၊ မာတာစ မေ သူရဿတီ၊ အနုကမ္ပံ ဥပါဒါယ၊ ပိယံဒေတိ၊
လာဘံဒေဟိ၊ ဓနံဒေဟိ၊ သုခံဒေဟိ၊ မိတ္တံဒေဟိ၊ ဉာဏံဒေဟိ သူရဿတီ”

ဒေဝီ ၇-ပါး၊ တစ်နည်း

(၁) မိန္နရဒေဝီ၊
(၂) သက္ကဒေဝီ၊
(၃) မေခလာဒေဝီ၊
(၄) ကိန္နရာဒေဝီ၊
(၅) ရုက္ခဒေဝီ၊
(၆) စန္ဒဒေဝီ၊
(၇) စန္ဒီဒေဝီ။
၎င်းတို့ကို တောင့်တ ဖိတ်ခေါ် ကျူးရင့်သည့်ဂါထာများကား အထက်ပါ သူရဿတီ ဂါထာအတိုင်း။

ဒေဝီ ၉-ပါး၊ တစ်နည်း

လောကီသိဒ္ဓိအကျိုးကို ထင်ရှားပြီးစေတတ်သော ဒေဝီ ၉-ပါးကို မှော်ပညာဆရာများ အထူးလိုက်စားပင့်ဆောင် ပူးကပ်ကြစေသည်။
(၁) မာတာဒေဝီ၊
(၂) ဣရန္နသီ၊
(၃) ဣရန္ဒတီ၊
(၄) မဏိမေခလာ၊
(၅) သူရဿတီ၊
(၆) မာယာဒေဝီ၊
(၇) ဇာဂြီဒေဝီ၊
(၈) ပြာဂြီဒေဝီ၊
(၉) ဇာရုဝတီ။
၎င်းတို့ကလည်း သူရဿတီဂါထာအတိုင်း ဤ၌အမည်သွင်း၍ အစောင့်အရှောက်တောင်းရန် ကျူးရင့်ဖိတ်ခေါ်နိုင်သည်။

ဒေဝီ တစ်ကျိပ်နှစ်ပါး

၁ သတ္တဘာဂါ၊
၂ သူရဿတီ၊
၃ မဟာလက္ခီ၊
၄ ဗလိရာဇာ၊
၅ ဝါမာသူရ၊
၆ ဇလသင်္ချာ၊
၇ ဂရာပါက၊
ဂ ယောဂန္တရာ၊
၉ ကလျာဏင်္ဂါ၊
၁၀ နန္ဒာဒေဝီ၊
၁၁ နရိန္ဒာဒေဝီ၊
၁၂ မဟာဗိဿနိုး။
၎င်းတို့ကို ကျူးရင့်ဖိတ်ခေါ်အပ်နှင်းသည့် ဂါထာများကား ဆိုင်ရာအမည်သွင်း၍ အထက်နည်းအတိုင်းရွတ်လေ။

ဒေဝီ တစ်ကျိပ်နှစ်ပါး၊ တစ်နည်း

ဤ၌ဖေါ်ပြထားသည့် ဒေဝီ ၁၂-ပါးကိုကား လောကစောင့်ဒေဝီ တစ်ကျိပ် နှစ်ပါးဟု ထိုဒေဝီသျှတ္တရ၌ သီးခြားထုတ်ဆိုပြထားသည်။
၁ သူရဿတီ ဒေဝီ၊
၂ စန္ဒီဒေဝီ၊
၃ နီတြဒေဝီ၊
၄ မနောဟရီ ဒေဝီ၊
၅ ဖုဿဝတီ ဒေဝီ၊
၆ ရမ္မာ ဒေဝီ၊
၇ ကာရဒေဝီ၊
၈ ဂန္ဓဗ္ဗီ ဒေဝီ၊
၉ ဝိနတ္ထရီ ဒေဝီ၊
၁၀ စန္ဒာဒေဝီ၊
၁၁ ပရမေသွာ ဒေဝီ၊
၁၂ မဏိမေခလာ ဒေဝီ၊
ဤသို့လျှင် ပေါင်းဒေဝီ သုံးကျိပ်သုံးပါး။ တစ်နည်း လေးကျိပ်ငါးပါး ဟု ထိုဒေဝီသျှတ္တရကျမ်းတွင် အပေါင်းကိုလည်း ပြဆိုထားလေ၏၊ ထို့ကြောင့် ဤနတ်ပင့်လင်္ကာကြီး အဆုံးနားတွင်

ဒေသစာရီတော်မျိုး ၂-ပါး

(၁) တုရိတ စာရိကာ။ ကျွတ်ထိုက်သောသတ္တဝါကို မြင်တော်မူသောအခါယူဇနာ ၁၀၀၊ ၂၀၀-ခရီးမျိုးကို တခဏခြင်း လျင်မြန်စွာကြွသွားတော်မူခြင်းမျိုး၊
(၂) အ တုရိတ စာရိကာ၊ မြို့ရွာ နိဂုံး အစဉ်အားဖြင့် တစ်နေ့နည်းနည်း နည်းနည်း တစ်ဂါဝုတ် နှစ်ဂါဝုတ်၊ တစ်ယူဇနာ နှစ်ယူဇနာ စသည်ဖြင့် ဆွမ်းခံလှည့်လည်ခြင်း၊ လူအပေါင်းကို ချီးမြှောက်ခြင်းအလို့ငှာ ဖြည်းဖြည်းနှေးနှေး ကြွချီတော်မူခြင်းမျိုး။
မှတ်ချက်။ ။ ဒေသစာရီတော်မျိုးနှင့်စပ်၍ ဒီ၊ဋ္ဌ၊၁၊၂၁၃- မ၊ဋ္ဌ၊၃၊၅၅။ သုတ္တနိ၊ဋ္ဌ၊၂၊၁၆၂။ သံ၊ဋ္ဌ၊၃၊၃၁၀။ နေတ္တိ၊ဋ္ဌ၊၂၂၉၊ စသည့်ကျမ်းတို့၌ အမျိုးပေါင်းများစွာ လာရှိသေး၏။

ဒေသစာရီတော်မျိုး ၃-ပါး

ဘုရားရှင်တို့၏ ဒေသစာရီကြွချီတော်မူမြဲ ၃-ပါး၊ ဝိနည်းအဋ္ဌကထာမှ။
(၁) မဟာမဏ္ဍလ ဒေသစာရီ- သီတင်းကျွတ်လပြည့်ကျော် ၁-ရက်နေ့၌ ရဟန်းတော်များခြံရံကာ ထိုထိုမြို့ရွာနိဂုံးတို့သို့ တရားဓမ္မဟောပြဆုံးမတော်မူခြင်း။ ပစ္စည်း ၄-ပါး အလှူခံကာ ချီးမြှောက်တော်မူခြင်းတို့ဖြင့် ၉-လတိုင်တိုင် လှည့်လည်တော်မူ၍ ဝါဆိုခါနီးလာမှ သင့်လျော်ရာကျောင်း၌ ဝါကပ်တော် မူခြင်းမျိုး။
(၂) မဇ္ဈိမ မဏ္ဍလ ဒေသစာရီ- တပည့်သာဝကသံဃာတို့ သမထဝိပဿနာ ဉာဏ်နုသေးသည်ဖြစ်၍ တန်ဆောင်မုန်းလပြည့်ကျော် ၁-ရက်နေ့ကျမှ အထက်ပါနည်းအတိုင်း ၈-လတိုင်တိုင် လှည့်လည်ကြွချီတော် မူခြင်းမျိုး။
(၃) အန္တိမ မဏ္ဍလ ဒေသစာရီ- ချွတ်ထိုက်သောသတ္တဝါတို့ ဣန္ဒြေနုသေးသည်ဖြစ်အံ့၊ ဝါဆိုရာဌာန၌ပင်နတ်တော်လပြည့်ထိအောင် ငံ့လင့်တော်မူ၍ အထက်ပါနည်းအတိုင်း နတ်တော်လပြည့်ကျော် ၁-ရက်နေ့မှ စတင်ချီကြွတော်မူရာ ၇-လပတ်လုံးဖြစ်လေသည်။

ဒေသစာရီ ရှည်ရှည်သွားရခြင်း၏ အကျိုး ၅-ပါး

၎င်းသရုပ် (ခရီးရှည်ဒေသစာရီသွားရခြင်း အကျိုး ၅-ပါး) ၌ ရှုပါ။

ဒေသနာတော် ၃-ရပ်

ဒီ၊ဋ္ဌ၊၁၊၁၇-၁၉-၌ အကျယ်ရှုပါ။ ပိဋကတ်သုံးပုံ ဒေသနာအားဖြင့် ၃-ပါးပြား၏။
(၁) အာဏာဒေသနာ- အမိန့်အာဏာတော်ကို အများအားဖြင့် ထည့်သွင်းပညတ်တော်မူသော ဝိနည်းပိဋကတ်တော်၊
(၂) ဝေါဟာရဒေသနာ- ဝေါဟာရပါရဂူဖြစ်တော်မူသော ဘုရားသခင်သည် ဝေါဟာရကို အများဆုံးသုံး၍ ဟောကြားတော်မူသော သုတ္တန် ပိဋကတ်တော်၊
(၃) ပရမတ္ထ ဒေသနာ- ပရမတ်တရားတို့ကို အဦးထား၍ ဟောကြားတော်မူသော အဘိဓမ္မာပိဋကတ်တော်။

ဒေသနာမျိုး ၂-ပါး

ဘုရားရှင် ဟောကြားဆုံးမမှု အစဉ် ၂-ပါး။
(၁) ပညတ္တိ ဒေသနာ- လူ နတ် ရဟန်း မိဘ ဆရာ ဘုရားစသော အနက်ဒြပ်နှင့် ၎င်းတို့၌ရှိသော ဂုဏ်ကိုပြ၍ ဟောသောဒေသနာ၊ ၎င်းကိုပင် “သမုတိ ဒေသနာ”ဟုလည်း ခေါ်သေး၏၊
(၂) ပရမတ္ထ ဒေသနာ- စိတ် စေတသိက် ရုပ် နာမ်တို့ကိုပြ၍ ဟောသောဒေသနာ။

ဒေါမနဿမျိုး ၂-ပါး

ဒီ၊ဋ္ဌ၊၂၊၃၁၈-၌ အကျယ်ရှုပါ။
(၁) ဂေဟသိတ ဒေါမနဿ-ကာမဂုဏ် ၅-ပါးနှင့်စပ်၍ အလိုမပြည့်သည့်အခါ စိတ်နှလုံးမသာယာမှုဒေါမနဿမျိုးကို ခေါ်ဆိုသည်၊
(၂) နေက္ခမ ဒေါမနဿ- အိုးအိမ် သားမယား စသည်ပစ်ခွဲ၍ ရဟန်းပြုလျက် နေက္ခမလုပ်ငန်း သမထဘာဝနာ ဝိပဿနာတရားများကို အားထုတ်ပွားများပါသော်လည်း စျာန် မဂ်ဖိုလ်တရားတို့ကို မရနိုင်ရှိ၍ ငိုကြွေးမြည်တမ်းခြင်း စိတ်နှလုံးမသာယာမှုကို နေက္ခမ ဒေါမနဿဟု ခေါ်ဆိုသည်။
မှတ်ချက်။ ။ နေက္ခမ ဒေါမနဿကား ကောင်းသောဒေါမနဿမျိုးဖြစ်၍ အပါယ်လေးပါးမကျနိုင်ချေ။

ဒေါမာန်ပွားများ၊ ၁၄-ပါး၊ မျိုးစားပုဂ္ဂိုလ်အဘယ်နည်း

၎င်းသရုပ်ကို (အမျက်ကြီးငြား ၁၄-ပါး)ဟူသော သုတေသန၌ ပြခဲ့ပြီ။

ဒေါသ ၃-ပါး

သလိပ် သည်းခြေ လေ ဤသုံးပါးကို သတ္တဝါတို့၏ကိုယ်ကို ဖျက်ဆီးတတ်သောကြောင့် ထိုထိုဆေးကျမ်းတို့၌ ဒေါသ ၃-ပါးဟု ခေါ်ဆိုရေးသားကြ၏။

ဒျန့် ၃-ပါး၊ ဂီတသွား၊ သီငြားထံတျာ

သီချင်းကြီး သီချင်းခံ ဘွဲ့ ပတ်ပျိုး ကြိုးစသည် သီဆိုရာ၌
(၁) အာဒျန့်၊
(၂) လျှာဒျန့်၊
(၃) နှာဒျန့်၊
၎င်းဒျန့်သုံးပါးဖြင့် ဂီတသွားတို့၌ အဟိုက် အငင် အသွဲ့ အဖြတ် ထည့်လျက် ကျူးရင့်သီဆိုပုံနည်းကို ဆို၏။

ဒွါဒရာသီ၊ ၁၂-လီ၊ ခေါ်မှီလူတို့ထုံး

ရာသီ ၁၂-ပါးကိုဆိုသည်။ ၎င်းသရုပ်အဓိပ္ပါယ်ကို (ဆယ့်နှစ်ရာသီ)မှာ ကြည့်ပါ။

ဒွါဒသရူပါ၊ သတ္တဝါ၊ ၁၂-ဖြာရုပ်ပုံ အဘယ်နည်း

ရွှေဘုံနိဒါန်းလာ ဒွါဒသရူပ ဖေါင်ပုံမှယူဖြေသည်။
(၁) ခြင်္သေ့နှုတ်သီးနှင့် ၎င်းအမောက်၊
(၂) တိုးမြီးနှင့် ၎င်းလက်တစ်ဖက် ခြေနှစ်ဖက်၊
(၃) ကိန္နရာလက်နှစ်ဖက် ကနေဟန်၊
(၅) မြင်းနားနှစ်ဖက်၊
(၆) ဆယ်စွယ် နှစ်ချောင်း၊
(၇) မကန်းနှာမောင်း၊
(၈) ကရဝိတ်အတောင်နှစ်ဖက်၊
(၉) သမင်ချိုနှစ်ဖက်၊
(၁၀) ကျွဲချိုနှစ်ဖက်၊ (ချိုနှစ်ထပ်)
(၁၁) စာမရီလည်ဆံ၊
(၁၂) ငါးကြင်းအမြီး (တိုးမြီးနှင့် ၂-ထပ်)။

ဒွါရ ၃-ပါး

အကုသိုလ်, ကုသိုလ် ၂-ပါးတို့၏ ဝင်ထွက်ကျရောက်ဖြစ်ပေါ်ရာ ၃-ပါး။
(၁) ကာယဒွါရ၊ ကိုယ်ဖြင့်ပြုသော ကောင်းမှု, မကောင်းမှု ဖြစ်ပေါ်ရာ၊
(၂) ဝစီဒွါရ- ဂုဏ်ကျေးဇူးကို ချီးကျူးပြောဆိုကြောင်း ကဲ့ရဲ့ကြောင်း ဖြစ်သောနှုတ်၊
(၃) မနောဒွါရ-မှန်းဆ၍ အာရုံပြုကြောင်းဖြစ်သောစိတ်။

ဒွါရ ၆-ပါး

အာရုံတို့၏ ထွက်ဝင်ရာ အပေါက် ၆-ပါးဟူလို။
(၁) စက္ခုဒွါရ- မျက်စိ၊
(၂) သောတ ဒွါရ-နား၊
(၃) ဃာနဒွါရ- နှာခေါင်း၊
(၄) ဇိဝှာ ဒွါရ- လျှာ၊
(၅) ကာယ ဒွါရ- ကိုယ်၊
(၆) မနောဒွါရ- စိတ်။

ဒွါရ ၉-ပေါက်

ကိုယ်ခန္ဓာ၌ရှိသော
မျက်စိ ၂-ပေါက်၊
နား ၂-ပေါက်၊
နှာခေါင်း ၂-ပေါက်၊
ပါးစပ်၊
ဝစ္စမဂ်၊
ပဿာဝမဂ်
ပေါင်း ၉-ပေါက်ကို ခေါ်သည်။

ဒွါရ ၁၀-ပေါက်

၎င်းသရုပ်အဓိပ္ပာယ် (ယောက်ျားဒွါရ ၁၀-ပေါက်)၌ ကြည့်ပါ။

ဒွါရ ၁၃-ပေါက်

၎င်းသရုပ်အဓိပ္ပါယ် (မိန်းမ ဒွါရ ၁၃-ပေါက်)၌ ပြမည်။

ဒွေဝါစိက သရဏဂုဏ် ၂-ပါး

(၁) ဗုဒ္ဓံသရဏံဂစ္ဆာမိ၊
(၂) ဓမ္မံသရဏံ ဂစ္ဆာမိ။ (တဖုဿနှင့် ဘလ္လိကတို့ ဆောက်တည်သည်။

ဒွေပဉ္စဝိညာဉ် ၁၀

ကောင်း မကောင်းမြင် စက္ခုဝိညာဉ်ဒွေး ၂-ခု။
ကောင်း မကောင်းကြား သောတဝိညာဉ် ဒွေး ၂-ခု၊
ကောင်း မကောင်းနံ ဃာနဝိညာဉ် ဒွေး ၂-ခု၊
ကောင်းမကောင်းစား ဇိဝှာဝိညာဉ် ဒွေး ၂-ခု။
ကောင်း မကောင်းထိ၊ ကာယဝိညာဉ် ဒွေး ၂-ခု၊
ပေါင်း ၁၀-ခု၊ ဆယ်ပါးဖြစ်၏။

ဓနိတ အက္ခရာ ၁၀-လုံး

ကမ္မဝါစာဖတ်ရာ၌ အသံတင်းတင်း ပြင်းပြင်းထန်ထန်
ရွတ်ဖတ်ရသော အက္ခရာမျိုး ၁၀-လုံး။ “ခ ဃ ဆ စျ ဋ္ဌ ဎ ထ ဓ ဖ ဘ“တို့တည်း။

ဓမ္မကထိက အင်္ဂါ ၅-ပါး

အံ၊၂၊၁၆၂။ အံ၊ဋ္ဌ၊၃၊၅၅-၌ အကျယ်ရှုပါ။ တရားဟောတိုင်း ဓမ္မကထိက မမည်နိုင်ချေ။

ဓမ္မကထိကမျိုး ၄-ပါးနှင့် ပရိသတ် ၄-စား

အဘိ၊ပု၊၁၄၈။ အဘိ၊ဋ္ဌ၊၃၊၇၄-၌အကျယ်ရှု။ တရားဟောဆရာ ၄-မျိုးနှင့် တရားနာပရိတ်သတ် ၄-ပါး၊ ပညာရှိ မရှိ ခွဲခြားချက်။
(၁) ဗာလ ဓမ္မကထိက, ဗာလ ပရိသတ်- အနည်းငယ်မျှလည်းဟောကြားသေး၏၊ အကျိုးစီးပွားနှင့်လည်းမယှဉ်၊ တရားနာပရိတ်သတ်ကလည်း နာကားနာယူ၏၊ အကျိုးရှိ မရှိ ဘာမျှမသိချေ။
(၂) သဘာဝ ဓမ္မကထိက, ပဏ္ဍိတ ပရိတ်သတ်- အနည်းငယ်သာဟောကြား၏၊ အကျိုးစီးပွားနှင့်ကားယှဉ်၏၊ တရားနာပရိတ်သတ်ကလည်း အကျိုးရှိ မရှိ သိလိမ္မာ၏။
(၃) ဗာလ ဓမ္မကထိက, ဗာလ ပရိသတ်- ရှည်ရှည်လျားလျား များများလည်းဟောကြား၏၊ အကျိုးစီးပွားနှင့်လည်းမယှဉ်၊ သူ့ပရိတ်သတ်ကလည်း အကြောင်းအကျိုး ဘာမျှမသိ၊ စီးပွားရှိမဲ့လည်းနားမလည်။
(၄) ပဏ္ဍိတဓမ္မကထိက, ပဏ္ဍိတပရိတ်သတ်- အကျိုးစီးပွားနှင့်စပ်ယှဉ်သောတရားတို့ကို ရှည်ရှည်လျားလျား များများလည်းဟောကြား၏။ ပရိတ်သတ်ကလည်း ကြောင်းကျိုးဆင်ခြင် ဉာဏ်ပညာနှင့်ယှဉ်၍နာတတ်၏။

ဓမ္မကထိကတို့၊ အသံဆွဲချွဲ၊ ရှည်ငင်ဟောခြင်းအပြစ် ၅-ပါး

(၁) မိမိအသံ၌မိမိ သာယာနှစ်သက်ခြင်း၊
(၂) သူတစ်ပါးတို့ကလည်း တရားမမက် အသံကိုသာ သာယာတပ်မက်ကြခြင်း၊
(၃) ပညာရှိသူတို့ ကဲ့ရဲပြစ်တင်မှုကို ခံရတတ်ခြင်း၊
(၄) အသံကောင်းမှု လုံ့လပြုရ၍ သမာဓိပျက်စီးခြင်း၊
(၅) နောက်နောက်ပုဂ္ဂိုလ်တို့ အတုလိုက် ဟောကြားမှုကြောင့် သာသနာပျက်လွယ်ခြင်း၊ အံ၊၂၊၂၁၉။ အံ၊ဋ္ဌ၊၃၊၇၈-၌ အကျယ်ရှုပါ။ ဤသို့ အသံရှည်စွာ ဆွဲငင်၍မဟောရဟု ဝိနည်းသိက္ခာပုဒ်ကလည်း ပညတ်ထားသည်။

ဓမ္မခန္ဓာ ၄-ပါးလာ၊ ဝေဖြာခြားနားသိ

တရားတော်၏ ဂုဏ်အပေါင်းအစု ၄-ခု။
(၁) သီလက္ခန္ဓာ- သီလ တည်းဟူသောဂုဏ်အပေါင်း၊
(၂) သမာဓိက္ခန္ဓာ- သမာဓိတည်းဟူသော ဂုဏ်အပေါင်း၊
(၃) ပညာက္ခန္ဓာ-ပညာတည်းဟူသော ဂုဏ်အပေါင်း၊
(၄) ဝိမုတ္တိခန္ဓာ- နိဗ္ဗာန်တည်းဟူသော ဂုဏ်အပေါင်း။

ဓမ္မခန္ဓာပေါင်း (၈၄၀၀၀) ရှစ်သောင်းလေးထောင်

ဝိ၊ဋ္ဌ၊၁၊၂၃ ၌ အကျယ်ရှု။ ပိဋကသုံးပုံး၌ ဘုရာဒဟော ဓမ္မခန္ဓာပေါင်း ရှစ်သောင်းလေးထောင်ရှိသည်ကို ဆိုသည်။
(၁) ဝိနည်းပိဋကတော်၌ ဓမ္မခန္ဓာပေါင်း ၂၁၀၀၀(နှစ်သောင်းတထောင်)ရှိသည်၊
(၂) သုတ္တန်ပိဋကတော်၌ ဓမ္မခန္ဓာပေါင်း ၂၁၀၀၀(နှစ်သောင်းတထောင်)ရှိသည်၊
(၃) အဘိဓမ္မာပိဋကတော်၌ ဓမ္မခန္ဓာပေါင်း ၄၂၀၀၀(လေးသောင်းနှစ်ထောင်)ရှိသည်၊
ပေါင်း ရှစ်သောင်းလေးထောင်ဖြစ်သည်။

ဓမ္မခန္ဓာ၊ မြတ်အင်္ဂါ၊ ၉-ဖြာ ဝေဘန်သိ

မ၊၁၊၁၈၆။ မ၊ဋ္ဌ၊၂၊၁၂-၌ရှုပါ။ ပိဋက ၃ပုံ၏အင်္ဂါကိုးပါးကို စိတ်ဖြာ၍သိထားပါဟူ၏။
(၁) သုတ္တ-မင်္ဂလသုတ်, ရတနသုတ်, နာလကသုတ်, စသော သုတ်ဟူ၍ အမည်ရသည့် ဓမ္မခန္ဓာများ။
(၂) ဂေယျ-သ ဂါထာဝဂ္ဂ သံယုတ်,စသော ဂါထာများစွာတို့ပါရှိသည့် သုတ်များ။
(၃) ဝေယျာကရဏ- အဘိဓမ္မာပိဋက စသော ဂါထာ မပါရှိသည့် ဒေသနာတော် ဟူသမျှ။
(၄) ဂါထာ-ဓမ္မပဒ, ထေရဂါထာ, ထေရီဂါထာ, စသော ဂါထာသက်သက်ဖြင့် ဟောတော်မူသည့် တရားဒေသနာတော်များ။
(၅) ဥဒါန-နှစ်သက်ရွှင်ပျသည့် သောမနဿဉာဏ်နှင့် ယှဉ်လျက်ရွတ်ဆိုကျူးရင့်တော်မူသော “အနေက ဇာတိ သံသာရံ“စသည့်နှစ်ဆယ့်ရှစ်သုတ်တို့ကိုခေါ်သည်။
(၆) ဣတိဝုတ်-”ဝုတ္တံ ဟေတံ ဘဂဝတာ“အစချီ၍ ဟောကြားတော်မူသော တရာ့တစ်ဆယ်ရှစ် (၁၁၈)သုတ်တို့ကိုခေါ်ဆိုသည်။
(၇)ဇာတက-အပဏ္ဏကဇာတ်, ဝေဿန္တရာဇာတ်,စသော ငါးရာ့ငါးဆယ်ဇာတ်တို့ကိုဆိုသည်။
(၈) အဗ္ဘူတ ဓမ္မ-”စတ္တာရောမေ ဘိက္ခဝေ အဗ္ဘူတဓမ္မာ အာနန္ဒာတိ“အစရှိသော အံ့ချီးဘွယ်ရာနှင့်ယှဉ်၍ ဟောတော်မူသည့် တရာတော်ဟူသမျှ။
(၉) ဝေဒလ္လ-မေးခြင်း ဖြေခြင်းဟူသော အမေးအဖြေ များဖြင့် ဝမ်းမြောက်ရွှင်ပျခြင်းတို့ကိုရကြသည့် စူဠ ဝေဒလ္လသုတ်, မဟာဝေဒလ္လသုတ်, သမ္မာဒိဋ္ဌိသုတ်, စသောတရားတော်များကိုဆိုသည်။

ဓမ္မတာ ၃၀

ဗုဒ္ဓဝင်အဋ္ဌကထာလာ ဘုရားရှင်ဟူသမျှတို့၏ ပြီး, ပြည့်စုံမြဲဖြစ်သော သဘောတရား သုံးဆယ်ဟူ၏။၎င်းအကျယ်ကို(ဘုရားရှင်တို့ဓမ္မတာ ၃၀) ဟူသော သုတေသနစကားရပ်၌ ရှုပါလေ။

ဓမ္မာဒါသ တရား ၄ပါး

၎င်းအကျယ် သံ၊၃၊၂၉၈-၌ ကြည့်ယူပါ။
(၁) မြတ်စွာဘုရား၊
(၂) တရားတော်မြတ်၊
(၃) သံဃာတော်မြတ်တို့၌ မတုန်မလှုပ် ကြည်ညိုလေးစားခြင်း၊
(၄) အရိယာတို့ နှစ်သက် မြတ်နိုးသော ၅-ပါးသီလကို အသက်ပမာ စောင့်စည်း လုံခြုံစွာ ရှိနေခြင်း။

ဓမ္မပဋိသမ္ဘီဒါမျိုး ၅ပါး

၎င်း၏ သရုပ် အဓိပ္ပါယ်ကို ( ပဋိသမ္ဘီဒါ ၄ပါး)၌ကြည့်ပါ။

ဓမ္မိကဒါန အပြား၃ပါး

ဝိ၊၅၊၂၄၅။ ဝိ၊ဋ္ဌ၊၄၊၁၈၂-၌ အကျယ်ရှုပါ။ တရားနှင့်လျော်သော အလှူမျိုး ၃ပါး။
(၁) သံဃဿ နိန္နံ သံဃေဿဝ ဒေတိ-သံဃာသို့လှူရန် ညွတ်ပြီးသောဝတ္ထုကို သံဃာအားပင် ပေးလှူခြင်း၊
(၂) စေတိယဿ နိန္နံ စေတိယဿ စ ဒေတိ-စေတီသို့လှူရန် ညွတ်ပြီးသောဝတ္ထုကို စေတီအားပင် ပေးလှူခြင်း၊
(၃)ပုဂ္ဂလဿ နိန္နံ ပုဂ္ဂလေဿဝ စ ဒေတိ-ပုဂ္ဂိုလ်သို့လှူရန် ညွတ်ပြီးသောဝတ္ထုကို ပုဂ္ဂိုလ်အားပင် ပေးလှူခြင်း၊

ဓာတ် ၄ရပ်ခေါ်၊ ဗေဒင်ကျော်၊ မိန့်တော်မူ ဘုရား

ဗေဒင်အလိုအားဖြင့် ထင်ရှားကျော်စောသော ဓာတ် ၄ရပ်ကား။
(၁) သူရစ္စဓာတ်၊
(၂) ပါပဓာတ်၊
(၃) အမြိတ္တဓာတ်၊
(၄) ကောလီဓာတ် တို့ဖြစ်ကြ၏။

ဓာတ် ၁၈ပါး

သံ၊၁၊၃၅၈-၃၆၀။ သံ၊ဋ္ဌ၊၂၊၁၂၁-၁၂၂-၌ အကျယ်ရှု။ မိမိတို့ဆိုင်ရာသဘောကို ဆောင်ရွက်တတ်သော တရား ၁၈ပါး၊
စက္ခုဓာတ်၊ သောတဓာတ်၊ ဃာနဓာတ်၊ ဇိဝှါဓာတ်၊ ကာယဓာတ်၊ မနောဓာတ်၊
ရူပဓာတ်၊ သဒ္ဒဓာတ်၊ ဂန္ဓဓာတ်၊ ရသဓာတ်၊ (၁၀) ဖေါဋ္ဌဗ္ဗဓာတ်၊ မနောဝိညာဏဓာတ်၊
စက္ခုဝိညာဏဓာတ်၊ သောတဝိညာဏဓာတ်၊ ဃာနဝိညာဏဓာတ်၊ ဇိဝှါဝိညာဏဓာတ်၊ ကာယဝိညာဏဓာတ်၊ ဓမ္မဓာတ် (၁၈)။

ဓာတ် ကသိုဏ်းခေါ်၊ မျိုး ၄ဘော်၊ ဖြေတော်မူ ဘုရား

ပထဝီကသိုဏ်း, အာပေါကသိုဏ်း, ဝါယောကသိုဏ်း, တေဇောကသိုဏ်း တို့ကိုပင် ဓာတုကသိုဏ်းဟုခေါ်၏၊ အကျယ် “ကသိုဏ်း ၁၀ပါး“၌ဆိုခဲ့ပြီ။

ဓာတ်ကြီး ၄-ပါး

အဘိဓမ္မာ ကျမ်းလာ အများသုံးထင်ရှား သိလွယ်သော ဓာတ်ကြီးများ။
(၁) ပထဝီဓာတ်-မြေ။
(၂) တေဇောဓာတ်-မီး။
(၃) အာပေါဓာတ်-ရေ။
(၄) ဝါယောဓာတ်-လေ။

ဓာတ်တော် ၂-ပါး

(၁) မပြိုမကွဲနိုင်သော အသမ္ဘိန္နဓာတ်တော်မျိုး၊
(၂) ပြိုကွဲပျက်စီးကြသော သမ္ဘိန္နဓာတ်တော်မျိုး၊
မဟာပရိနိဗ္ဗာနသုတ်မှ။

ဓာတ်တော် ၃ပါး၊ ရွယ်အစား၊ ခြားနားရောင်ခြည် အဘယ်နည်း

ဓာတ်တော်တို့၏ အရွယ်အစားနှင့် အဆင်းအရောင်ကား အောက်ပါအတိုင်းဖြစ်ကြ၏။
(၁) မဟန္တာ မုဂ္ဂမာသာစ- ဓာတ်တော် အကြီးစားကား ပဲနောက်စေ့ ပမာဏရှိ၍၊ သုဝဏ္ဏ ဝဏ္ဏာ-ရွှေရောင်အဆင်းရှိကုန်၏၊
(၂) မဇ္ဈိမာ ဘိန္န တဏ္ဍုလာ-အလတ်စားကား ဆန်ကျိုးစေ့ ပမာဏရှိ၍၊ ဗကုလ ဝဏ္ဏာ-မြတ်လေးငုံ အဆင်းရှိကုန်၏၊
(၃) ခုဒ္ဒကာ သာသပ မတ္တာ- အသေးစားကား မုန်ညင်းစေ့မျှပမာဏရှိ၍၊ မုတ္တ ဝဏ္ဏာ- ပုလဲရောင် အဆင်းရှိကုန်၏။

ဓာတ်တော် ရပါး၊ မြတ်ကိုယ်စား၊ ချန်ထား အဘယ်နည်း

မြတ်စွာဘုရား၏ သရီရဓာတ်တော်များ အားလုံးကို ရေတွက်သော် ရပါးကျန်ရှိနေကြောင်းနှင့် သိရ၏။
(က) စွယ်တော်ဓာတ် ၄ဆူ၊
(ခ) ညှပ်ရိုးတော်ဓာတ် ၂ဆူ၊
(ဂ) ဥဏ္ဏလုံ မွေးရှင်တော်ဓာတ် ၁ဆူ၊ အသမ္ဘိန္နမျိုး ၃ပါး၊
(ဃ) အရိုးတော်ဓာတ်များစွာ၊
(င) အသားတော်ဓာတ်များစွာ၊
(စ) အသွေးတော် ဓာတ်များစွာ၊
(ဆ) ဆံတော်ဓာတ်များစွာ၊ သသမ္ဘိန္နမျိုး ၄ပါး၊ ပေါင်း ရပါး။

ဓာတ်ဖို ၁၂-ပါး

အဂ္ဂိရတ် ဝေါဟာရ ]အာကာသဓာတ် ၁၂-ပါး} ကိုပင် လုပ်ရတ်ဆရာတို့သုံးနှုန်းကြကုန်၏၊ သရုပ်ကို(အာကာသ ၁၂ပါး)၌ပြခဲ့ပြီ။

ဓာတ်မ ၉-ပါး

လုပ်ရတ်ကျမ်းလာ ဝေါဟာရ ဖြစ်သည်။ အဂ္ဂိရတ်ဆရာတို့ကား ဓာတ်မ ၉ပါးဟုဆိုကာ ၊
(၁) ဘော်၊
(၂) ဘင်၊
(၃) နာ၊
(၄) သံ၊
(၅) ဂျွတ်၊
(၆) သွတ်၊
(၇) ဒန်၊
(၈) ကိတ်၊
(၉) သုတ
ဟုနားလည်ကြကုန်၏၊ အကျယ်ကို “လောကီသိပ္ပ ဝိဇ္ဇာဓရကျမ်း”၌ရှုလေ။

ဓားရေး ၃ရမျိုး

နဝဒေး လူးတားမှ သုတေသန ပြုသည်။
ဓားချီ, ဓားခင်း, မျက်နှာကာ, ဓားလှ, ဓားလျှိုး, မှောက်ထိုးရပ်, ရင်ခွဲ, အသားလှန်, ဓားခုတ်, ဇင်ယော်သုတ် (၁၀)
တဖက်ထိုး, ရှေ့လှည်း, နောက်လှည်း, ရွှေနှုတ်မြွက်ယာလှ, ရွှေနှုတ်မြွက်ဝဲလှ, စွန်သုတ်,
ပါးကပ်, ပန်းကုံးဖြတ်, ဓားလွှင့်, ပန်းကုံးသီ၊ (၂၀)
ဆက်ရက်ခုန်, မီးတိုင်ပြ, ပိုးချည်လွှား, သက်တင်ရေသောက်, ရွှေဘယက် လည်လျောက်,
ဒေါင်းမြီးကာ, ကျားမြီးဆွဲ, ဓားရွက်, လက်ကောက်ဝတ်, မောင်းကပ်၊ (၃၀)
ရွှေနှုတ်လည်လျောက်, နောက်လည်လျောက်, ဓားသွဲ့, ဓားပြ, တဖက်နှုတ်, နှစ်ဖက်နှုတ်, နောက်လှည့်၊ (၃ရ)။
http://thaingcraze.ning.com/profiles/blogs/3988740:BlogPost:54

ဓုတ္တ ၃ပါး၊ လွန်ကျူးငြား၊ ပျက်ပြားဥစ္စာ ပါယ်လားရာ

ဓုတ္တမျိုး ၃ပါးကို လိုက်စား လွန်ကျူးသူများ ဥစ္စာဆုံးပါး၍ အပါယ် ၄ပါးသို့ လားရသည် ဟူ၏။
(၁) သုရာ ဓုတ္တ-သေရည် သောက်ကြူးသူ၊
(၂) ဣတ္ထိဓုတ္တ-မိန်းမလိုက်စား ပျော်ပါးကြူးသူ၊
(၃) အက္ခဓုတ္တ-အလောင်းအစား ကစားကြူးသူ။

ဓူတင် ၁၃-ပါး

မိလိန္ဒ၊၃၄၀-၌ အကျယ်ရှု။ ကိလေသာကို ခါတွက်ကြောင်း ခေါင်းပါးစေခြင်း တရား ၁၃-ပါး။
(၁) ပံ့သုကူ ဓူတင်-ဂဟပတိ စီဝရံ ပဋိက္ခိပ္ပါမိ၊ ပံသုကူလိကင်္ဂံ သမာဒိယာမိ- ဒါယကာတို့ လှူသော သင်္ကန်းကို စွန့်ပါ၏၊ ပံ့သုကူသင်္ကန်းကို ဆောက်တည်ပါ၏။
(၂) တေစီဝရိက် ဓူတင်-စတုတ္ထစီဝရံ ပဋိက္ခိပ္ပါမိ၊ တေစီဝရိကင်္ဂံ သမာဒိယာမ-လေးထည်မြောက် သင်္ကန်းကို စွန့်ပါ၏။ သုံးထည်သောသင်္ကန်းကိုသာ ဆောက်တည်ပါ၏။
(၃) ပိဏ္ဍပါတ် ဓူတင်-အတိရေကလာဘံ ပဋိက္ခိပ္ပါမိ၊ ပိဏ္ဍပါတိကင်္ဂံ သမာဒိယာမိ-လာဘ်ပိုလာဘ်လျှံကို ပယ်ပါ၏။ ဆွမ်းခံလို့ရသော ဆွမ်းကို စားသောက်ပါ၏။
(၄) သ ပဒါန ဓူတင်-လောလုပ္ပစာရံ ပဋိက္ခိပ္ပါမိ၊ သ ပဒါန စာရိကင်္ဂံ သမာဒိယာမိ-လျှပ်ပေါ်လော်လီ အိမ်စဉ်ကျော်၍ ခံယူခြင်းကိုပယ်ပါ၏၊ အိမ်စဉ် မကျော်မလှပ် ရပ်၍ရသောဆွမ်းကို ဆောက်တည်ပါ၏။
(၅) ဧကသနိက် ဓူတင်-နာနာသန ဘောဇနံ ပဋိက္ခိပ္ပါမိ၊ ဧကာသနိကင်္ဂံ သမာဒိယာမိ-နေရာအထူးထူး၌ စားခြင်းကို ပယ်ပါ၏။ တထိုင် တနေရာတည်း၌ စားခြင်းကိုဆောက်တည်ပါ၏။
(၆) ပတ္တပိုင် ဓူတင်-ဒုတိယတာဇနံ ပဋိက္ခိပ္ပါမိ၊ ပတ္တပိဏ္ဍိကင်္ဂံ သမာဒိယာမိ-နှစ်ခွက်မြောက်သောဆွမ်း, ဟင်း, ကိုပယ်ပါ၏။တခွက်တည်းနှင့်သာ ဆောက်တည်ပါ၏။
(၇) ခလုပစ္ဆာ ဓူတင်-အတိရိတ္တ ဘောဇနံ ပဋိက္ခိပ္ပါမိ၊ ခလုပစ္ဆာကင်္ဂံ သမာဒိယာမိ-အတိရိက် ဝိနည်းကံဆွမ်းကိုပယ်ပါ၏။ ခလုပစ္ဆာဓူတင်ကို ဆောက်တည်ပါ၏။
(၈) အရညကင် ဓူတင်-ဂါမန္တ သေနာသနံ ပဋိက္ခိပ္ပါမိ၊ အရညိကင်္ဂံ သမာဒိယာမိ-ဂါမဝါသီ ကျောင်းသင်္ခမ်းကိုပယ်ပါ၏။ တောရကျောင်း၌ နေခြင်းကို ဆောက်တည်ပါ၏။
(၉) ရုက္ခမူ ဓူတင်-ဆန္နံပဋိက္ခိပ္ပါမိ၊ ရုက္ခမူလိကင်္ဂံ သမာဒိယာမိ-အမိုးအကာရှိသောကျောင်းကို
ပယ်ပါ၏။သစ်ပင်ရင်း၌ နေပါ၏။
(၁၀) အဗ္ဘောကာသိက ဓူတင်-ဆန္နဉ္စ ရုက္ခမူလဉ္စ ပဋိက္ခိပ္ပါမိ၊ အဗ္ဘောကာသိကင်္ဂံ သမာဒိယာမိ-အမိုးအကာရှိသောကျောင်းနှင့် သစ်ပင်တို့ကိုပယ်ပါ၏။ လွင်တီးခေါင်၌ နေခြင်းကို ဆောက်တည်ပါ၏။
(၁၁) သုသာန ဓူတင်-န သုသာနံ ပဋိက္ခိပ္ပါမိ၊ သောသာနိကင်္ဂံ သမာဒိယာမိ-သုသာန် မဟုတ်သော နေရာကို ပယ်ပါ၏။ သုသာန်၌ နေပါ၏။
(၁၂) ယထာ သန္တတိ ဓူတင်-သေနာသန လောလုပ္ပံ ပဋိက္ခိပ္ပါမိ၊ ယထာ သန္ထတိကင်္ဂံ သမာဒိယာမိ-နေရာကောင်း ကျောင်းကောင်းရွေးချယ်မှုကို ပယ်ပါ၏။ ဖြစ်စဉ်အတိုင်းနေထိုင်ပါ၏။
(၁၃) နိသဇ် ဓူတင်-ပဋိက္ခိပ္ပါမိ၊ နေသဇ္ဇိကင်္ဂံ သမာဒိယာမိ-အိပ်ခြင်းကိုပယ်ပါ၏။ ထခြင်း, ထိုင်ခြင်း, စင်္ကြံသွားခြင်းကိုဆောက်တည်ပါ၏။

ဓူတင် တရား၏ ကျေးဇူးဂုဏ် ၂၈-ပါး

မိလိန္ဒာပဥှာ ပါဠိတော်မှ ဓူတင်ကျင့်သူ၏ အကျိုးဂုဏ်များဖြစ်သည်။
(၁) သုဒ္ဓါဇီဝ-အသက်မွေးစင်ကြယ်၏၊
(၂) သုခ ဖလ-ချမ်းသာကျိုးရှိ၏၊
(၃) အနဝဇ္ဇ-အပြစ်မရှိ၊
(၄) န ပရ ဒုက္ခာပန-သူတပါးတို့အားဒုက္ခမပေး၊
(၅) အ, ဘယ-ဘေးမရှိ၊
(၆) အ, သမ္မီဠန-သူတပါးကိုမနှိပ်စက်၊
(၇) ဧကန္တဝဍ္ဎိုက-အမှန်ကြီးပွါး၏။
(၈) အ, ပရိဟာနိယ-ကုသိုလ်တရားမဆုတ်ယုတ်၊
(၉) အ, မာယံ-မာယာစဉ်းလဲခြင်း မရှိ၊
(၁၀) အာရက္ခာ-သေခြင်းကိုစောင့်တတ်၏၊
(၁၁) ပတ္ထိတဒဒ-တောင့်တတိုင်းပေး၏၊
(၁၂) သဗ္ဗသတ္တ ဒမန-သတ္တဝါအားလုံးကို ဆုံးမတတ်၏၊
(၁၃) သံဝရဟိတ-စောင့်စည်းသောအကျိုးရှိ၏၊
(၁၄) ပဋိရူပ-လျောက်ပတ်သော အကျင့်ဖြစ်၏၊
(၁၅) အ, နိဿိတ-ကိလေသာတို့ မမှီမကပ်နိုင်၊
(၁၆) ဝိပ္ပမုတ္တ-ကိလေသာမှ လွတ်၏၊
(၁၇) ရာဂက္ခယ-ရာဂ ကုန်၏၊
(၁၈) ဒေါသက္ခယ-ဒေါသ ကုန်၏၊
(၁၉) မောဟက္ခယ-မောဟ ကုန်၏။
(၂၀) မာနဟာန-မာန်တက်မှုကိုပယ်၏၊
(၂၁) ကု ဝိတက္ကစ္ဆေဒန-မိစ္ဆာဝိတက်ကိုဖြတ်၏၊
(၂၂) ကင်္ခါဝိတရဏ-ယုံမှားသင်္ကာမှ ကူးမြောက်၏၊
(၂၃) ကောသဇ္ဇဝိဒ္ဓံသန-အပျင်းကိုပယ်ဖျောက်၏၊
(၂၄) အရတိ ပဟာန- မမွေ့လျော်ခြင်းကိုဖျောက်၏၊
(၂၅) ခမန-သည်းခံတတ်၏၊
(၂၆) အတုလ-အတုမရှိမြတ်သော အကျင့်တည်း၊
(၂၇) အပ္ပမာဏ-မနှိုင်းယှဉ်အပ်သောဂုဏ်ရှိ၏၊
(၂၈) သဗ္ဗဒုက္ခက္ခယ ဂမန-နိဗ္ဗာန်သို့ရောက်၏။

ဓူရ ၂ပါး

ဓမ္မ၊ဋ္ဌ၊၁၊၅။ ဓမ္မ၊ဋ္ဌ၊၂၊၃၂၇။ ရဟန်းတော်များ လိုက်နာပြုကျင့်ရသော တာဝန် ၂-ပါး။
(၁) ဂန္ထဓူရ- စာပေသင်ယူ ပို့ချ ရေးမှတ် ဟောပြောနေမှု၊
(၂) ဝိပဿနာ ဓူရ- ကမ္မဋ္ဌာန်းဘာဝနာ အားထုတ်နေမှု။

ဓူရ ၂ပါး၊ တနည်း

လောကုတ္တရာ မဂ်,ဖိုလ် ရယူရေး၌ ပြည့်စုံရမည့် တာဝန် ၂-ပါးဟူလို၊
ပုဂ္ဂလပညတ် အဋ္ဌကထာ ၄၄-၌ အကျယ်ရှုပါ။
(၁) သဒ္ဓါဓူရ- ဗုဒ္ဓ၏ ဓမ္မ၌ ယုံကြည်မှုလုံးဝရှိရခြင်း၊
(၂) ပညာဓူရ-နာမရူပ ပရိစ္ဆေဒဉာဏ်၊ ပစ္စယပရိဂ္ဂဟဉာဏ်ပညာနှင့် ပြည့်စုံရမည်။

နံသင့် အက္ခရာမျိုး ၃၃-လုံး

အ-တနင်္ဂနွေနံ၊
က, ခ, ဂ, ဃ, င-တနင်းလာနံ၊
စ, ဆ, ဇ, စျ, ည-အင်္ဂါနံ၊
ဋ, ဌ, ဍ, ဎ, ဏ၊ တ, ထ, ဒ, ဓ, န-စနေနံ၊
ပ, ဖ, ဗ, ဘ, မ-ကြာသပတေးနံ၊
သ, ဟ- သောကြာနံ၊
လ, ဝ, ဠ- ဗုဒ္ဓဟူးနံ၊
ယ, ရ- ရာဟုနံ။

နံသင့်လူမျိုး ၁၀၁-ပါး

ဗေဒင်ကျမ်းလာ နေ့နံနှင့် လူမျိုးယူပုံဖြစ်၏။
(၁) တနင်္ဂနွေနံ-ယွန်း၊
(၂) တနင်းလာနံ-ရှမ်း၊
(၃) အင်္ဂါနံ- မွန်, တလိုင်း၊
(၄) ဗုဒ္ဓဟူးနံ-ကတူး၊
(၅) ကြာသပတေးနံ-မြန်မာ၊
(၆) သောကြာနံ-သက်၊
(၇) စနေနံ-ကုလား၊
(၈) ရာဟုနံ-တရုပ်လူမျိုး။

နံ့သာမျိုး ၄ပါး

(၁) ကုံကုမံ၊
(၂) လေးညှင်း၊
(၃) ကမျဉ်း၊
(၄) တောင်ဇလပ်၊
ဤကား မဂဓအဘိဓာန် အလိုတည်း။

နံ့သာမျိုး ၅ပါး

(၁) နံ့သာဖြူ၊
(၂) နံ့သာနီ၊
(၃) ကရမက်၊
(၄) အကျော်၊
(၅) စမ္ပါ၊
ပိဏ္ဍောဆေးကျမ်းတို့၌ သွေး, လေ, သလိပ်, သည်းခြေတို့ကိုနိုင်၏၊ အပူကို ငြိမ်းစေတတ်၏ဟု ဆိုသည်။

နံ့သာမျိုး ၁၀ပါး

သာရတ္ထ သင်္ဂဟကျမ်းမှ။
(၁) ကာလာနုသာရီ စသော အမြစ်နံ့သာ၊
(၂) စန္ဒကူး စသော အနှစ်နံ့သာ၊
(၃) ထင်းရူးစသော အကာနံ့သာ၊
(၄) သစ်ကြံပိုး စသော အခေါက်နံ့သာ၊
(၅) သီး, စသော အလွှာနံ့သာ၊
(၆) ပွဲလျှက် စသော အရည်နံ့သာ၊
(၇) ကွမ်းရွက် စသော အရွက်နံ့သာ၊
(၈) ကံ့ကော် မာလာကျီကျု စသော အပွင့်နံ့သာ၊
(၉) ဇာဒိပ္ဖိုလ် စသော အသီးနံ့သာ၊
(၁၀) အလုံးစုံအနံ့နှင့် ပြည့်စုံသော သင်္ကန်းစသော ပင်စည်နံ့သာ။

နက္ခတ် ၂၈-လုံး

နက္ခတ္တာနီတိ ကတ္တိကာဒီဟိ အဋ္ဌဝီသတိ နက္ခတ္တာနိ-ဟု မဟာနိ၊၂၉၈။ မဟာနိ၊ဋ္ဌ၊၃၆၆-၌ဖွင့်ဆိုသည်။ ဤ၌ လုံးရေ ပုံသဏ္ဍာန်ပါ နက္ခတ္တသျှတြကျမ်းမှ ၂၇-လုံး ယူပြလိုက်သည်၊ လုံးရေ သဏ္ဍာန်အစုံနှင့် ကျမ်းစာမူရင်းအတိုင်း ပြလိုက်သည်။
(၁)၊ အဿဝဏီ၊ ခြောက်လုံးညီ၊ တူပြီ မြင်းခေါင်းဆို၊
(၂) ဘရဏီမှာ၊ သုံးလုံးသာ၊ ပမာခုံလောက်လို၊
(၃) ကြတ္တိကာကြယ်၊ ခုနစ်သွယ်၊ ကြယ်ငယ်စုသလို၊
ဖျောက်ဆိတ်ကြယ်ခေါ်၊ ၇-ဖေါ်၊ ယူသော် ကြိတ္တိကာ၊
(ဤနက္ခတ်သုံးလုံးကား၊ ကျီးတာရာနှင့် ယှဉ်၍ သွား၏၊)
(၄) ဆယ်လုံးအညီ၊ ရောဟဏီ၊ တူ့ပြီငါးကြင်းဆို၊
(၅) မိဂသီမှာ၊ သုံးလုံးသာ၊ ဝေါဟာ လိပ်ခေါင်းဆို၊
(၆) လိပ်လက်ခေါ်ကြ၊ အဒ္ဒရ၊ ဧက တလုံးဆို၊
(၇) ပုဏ္ဏဖုသျှု၊ ငါးလုံးပြု၊ နှိုင်းတုသင်္ဘောလို၊
(၈) ငှက်ချေးခံသွင်၊ ဆယ်လုံးမြင်၊ ခေါ်တွင် ဖုသျှဆို၊
(၉) အသလိဿ၊ လေးလုံးရ၊ တူမျှ ခက်ရင်းဆို၊
(ဤနက္ခတ် သုံးလုံးကား ပုဇွန်တာရာနှင့် ယှဉ်၍သွား၏။ )
(၁၀) ကြယ်မာဃမှာ၊ လေးလုံးသာ၊ တူစွာသံကောက်ဆို၊
(၁၁) ပြုပ္ပါ ဘရဂုဏ္ဏီ၊ (၁၂) ဥတြာဘရဂုဏ္ဏီ၊ နှစ်လုံးစီ၊ တူညီညောင်စောင်းလို၊
(ဤနက္ခတ် ၃-လုံးကား ချိန်တာရာနှင့်ယှဉ်၍ သွား၏)
(၁၃) ဟဿဒမှာ၊ ငါးလုံးသာ၊ ပမာ လက်ဝါးလို၊
(၁၄) စိတြမှာ၊ တလုံးသာ၊ ပမာပုလဲလို၊
(၁၅) သွာဒိကားနှစ်၊ သဏ္ဍာန်စစ်၊ ကသစ်ပွင့်လိုလို၊
(ဤနက္ခတ် ၃-လုံးကား ဆံကျင် တာရာနှင့်ယှဉ်၍ သွား၏ )
(၁၆) ဆယ့်လေးလုံးသာ၊ ဝိသာခါ၊ ပမာပတ်ဝိုင်းလို၊
(၁၇)ဆယ့်ငါးလုံးရ၊ နုရာဓ၊ နဂါးလည်ဆစ်လို၊
(၁၈) ငါးလုံးမှန်လှ၊ ကြယ်ဇေဋ္ဌ၊ နဂါးချက်ခေါ်ဆို၊
(ဤနက္ခတ် သုံးလုံးကား တံငါတာရာနှင့် ယှဉ်၍သွား၏။ )
(၁၉) လေးလုံးမှန်လှ၊ ကြယ်မူလ၊ နဂါးမြီးဖျားဆို၊
(၂၀) ပြုပ္ပါသဠ်၊ (၂၁) ဥတြာသဠ်၊ လေးလုံးမှန်၊ လှမ်းဟန် ဆင်မလို၊
(ဤနက္ခတ် ၃-လုံးကား ဆင် တာရာနှင့်ယှဉ်၍ သွား၏၊ )
(၂၂) မောင်ရင်ဆိုင်းထမ်း၊ သုံးလုံးတန်း၊ ရောင်ရွှန်း သရဝဏ်၊
သုံးလုံးမြှားဟန်၊ သရဝဏ်၊ ရောင်လျှံရွှန်းစိုစို၊
(၂၃) အင်ကြင်းသီးသွင်၊ လေးလုံးမြင်၊ မည်တွင် ဓနသိဒ္ဓိဆို၊
(၂၄) သတ္တဘိသျှ၊ ခြောက်လုံးရ၊ တူမျှဆုံကြီးလို၊
(ဤနက္ခတ် ၃-လုံးကား မြင်း တာရာနှင့်ယှဉ်၍ သွား၏ )
(၂၅) ဉပပ္ပါဘဒြပိုက်၊ (၂၆)ဥတ္တရာဘဒြပိုက်၊ ခေါ်သမိုက်၊ မှတ်ပိုက် အင်းပျဉ်လို၊
(၂၇) ကိုးလုံးအညီ၊ ရေဝတီ၊ တူပြီမြှုံးလိုလို၊
ဤ ၃-လုံးမှာ၊ ဗျိုင်းတာရာ၊ သွားရာယှဉ်မြဲကို။
နက္ခတ်တာရာ၊ ယှဉ်သွားလာ၊ ရံခါမကွဲပြို။
ကျမ်းသျှတ္တရာ၊ ဤသို့လာ၊ မှတ်ပါ များလူဗိုလ်။

နက်နဲခက်စွာ၊ ဂမ္ဘီရာ၊ ၄-ဖြာ တရားမြတ်

၎င်းသရုပ်ကို(ဂန္ဘီရတရားကြီး၄-ပါး ဟူသော သုတေသန၌ ဆိုခဲ့ပြီ။

နဂါးတို့၏ ပင်ကိုယ်အသွင် မစွန့်နိုင်ခြင်း ဒုက္ခမျိုး၅-ပါး

ဓမ္မ၊ဋ္ဌ၊၂၊၁၅၂၊ ၁၅၃။ ဝိ၊၃၊၁၂၁။ ဝိ၊ဋ္ဌ၊၃၊၃၀၄။ သုတ္တနိ၊ဋ္ဌ၊၁၊၁၂-၁၃။
(၁) နဂါးအချင်းချင်း မေထုန်မှုပြုသောအခါ၊
(၂) လုံးဝ အိပ်ပျော်သွားသောအခါ၊
(၃) ပဋိသန္ဓေယူစဉ်အခါ၊
(၄) အရေဟောင်းစွန့်သောအခါ၊
(၅) သေလွန်သောအခါတို့၌ မူလနဂါး၏ ကိုယ်ခန္ဓာပင် ဖြစ်၏။

နဂါးမျိုး ၇-ပါး

၎င်း အကျယ်ကို သံ၊၂၊၂၀၂။ သံ၊ဋ္ဌ၊၂၊၃၁၉။ အပ၊ဋ္ဌ၊၁၊၂၆၇။ သုတ္တနိ၊၂၇၉။ သုတ္တနိ၊ဋ္ဌ၊၁၊၁၂-တို့၌ ရှုပါ။ ဂဠုန်ငှက်ဘေးမှ ကင်းဝေးသော နဂါးများဟူလို။
(၁) ပဏီတ တရာ-ဇလာဗုဇ, ဂဗ္ဘသေယျက, ဥပပါတိက, ဟုဆိုအပ်သော မိမိတို့ဇာတ်သဘောအားဖြင့် မြတ်သော နဂါးတို့လည်း တမျိုး၊ (၂) ကမ္ဗလဿ တရာ-နဂါးစစ်သူကြီး, စစ်ဗိုလ်မှူး, စစ်ဘုရင်များဖြစ်ကြသော ကမ္ဗလနဂါး, အဿတရ နဂါးတို့လည်းတမျိုး၊
(၃) ဓတရဋ္ဌာ-ဓတရဋ္ဌမည်သော နဂါးဘုရင်တို့လည်းတမျိုး၊
(၄) သတ္တ သိဒန္တရ ဝါသိနော- တောင်စဉ်သီဒါ မဟာသမုဒ္ဒရာ၌ နေကြကုန်သော နဂါးတို့လည်းတမျိုး၊
(၅) ပထဝိဋ္ဌကာ-မြေအတွင်း၌ မှီတင်းပုန်းအောင်းကာ နေလေ့ရှိကြကုန်သော မြေအောင်းနဂါးတို့လည်းတမျိုး၊
(၆) ပဗ္ဗတဋ္ဌကာ-တောင်ခေါင်း တောင်တွင်း၌ မှီတင်း နေထိုင်ကြကုန်သော တောင်တွင်းနဂါးတို့လည်းတမျိုး၊
(၇) ဝိမာနဋ္ဌကာ-ဘောဂဝတီ နဂါးပြည်၌ ရွှေငွေဗိမာန် စံအိမ်ပျံဖြင့် ဇိမ်ခံပျော်ပါး၍ နေကြကုန်သော နတ်နဂါးတို့လည်းတမျိုး။

နဂါးမျိုး ၁၁၂၄-ပါး၊ တနည်း

အကျယ်ကို သာရတ္ထသင်္ဂဟကျမ်းနှင့် ပကိဏ္ဏက ဝိသဇ္ဇနာ ဒု-တွဲ၌ ရှုပါကုန်။ ကဋ္ဌမုခ, ပုတိမုခ, အဂ္ဂိမုခ, သတ္ထမုခ, ခေါ် နဂါး လေးပါးကိုတည်၊
ဒဋ္ဌဝိသ, ဒိဋ္ဌဝိသ, ဖုဋ္ဌဝိသ, ဝါတဝိသ, ခေါ် အဆိပ်မျိုး ၄-ပါးနှင့်မြှောက် ၁၆-ပါးရ၏၊
၎င်းကိုတည်၊ အာဂဒဝိသနောဃောရဝိသ, နောအာဂဒဝိသ ဃောရဝိသ,
အာဂဒဝိသစဃောရဝိသ, နောအာဂဒဝိသစ နဃောရဝိသ, ခေါ် အဆိပ်မျိုး ၄-ပါးနှင့် ထပ်မြှောက် ၆၄-ပါးရ၏၊
၎င်းကိုတည် ယောနိမျိုး ၄ပါးနှင့်မြှောက် ၂၅၆-ပါးရ၏၊ ၎င်းကိုတည် ရေနေ, ကြည်းနေ ၂-ပါးနှင့်မြှောက် ၅၁၂-ပါးရ၏၊
၎င်းကိုတည် ၊ ကာမရူပီ, အကာမရူပီ ခေါ် စည်းစိမ်ရှိမဲ့ ၂-ပါးနှင့်မြှောက်သော် နဂါးမျိုးပေါင်း ၁၀၂၄-ပါးရ၏။

နဂိုရ်ဂြိုဟ် ၄လုံး

မိ, နီ, ဧ, လှ ၊ နဂိုရ်ကျ“ဟူသော ဗေဒင်လင်္ကာအရ “ကြာသပတေး, စနေ, တနင်္ဂနွေ, ဗုဒ္ဓဟူး“၎င်းဂြိုဟ်များ၌ သက်ရောက်ဂြိုဟ်စားမူ ယာယီမရှိ ပကတိဟု ဟောကြကုန်၏။

နတ် ၃-ပါး

အဘိ၊ဝိ၊၄၃၇။ အဘိ၊ဋ္ဌ၊၂၊၅၀၀-၌ အကျယ်ရှု။ ကမ္ဘာသားတို့ ကိုးကွယ်အားထားရာ နတ်မျိုးအပြား ၃-ပါးဟူလို။
(၁) ဝိသုဒ္ဓိနတ်-ကိလေသာတို့မှ စင်ကြယ်ပြီးသော ဘုရား, ရဟန္တာနှင့် သံဃာတို့ကို ခေါ်သည်။
(၂) ဥပပတ္တိ နတ်- နတ်ပြည် ဗြဟ္မာပြည်တို့၌ ကိုယ်ထင်ရှားဖြစ်သော နတ်ဗြဟ္မာတို့ကို ခေါ်သည်။
(၃) သမ္မုတိ နတ်- လူအပေါင်းတို့အပေါ်၌ အုပ်ချုပ်၍ မင်းလုပ်နေသော ဘုရင် ဧကရာဇ်တို့ကို ခေါ်သည်၊
အကျယ်လိုမူ ဒီဃနိကာယ် သက္ကပဥှာသုတ် အဋ္ဌကထာ။ ဣတိဝုတ် အဋ္ဌကထာ ကျမ်းတို့၌ ရှုကြကုန်။

နတ် ၃-ပါး၊ တနည်း

၎င်းသရုပ်ကို (ဇိုဝ်းမျိုး ၃-ပါး) ဟူသော သုတေသန၌ ပြန်ရှုပါ။

နတ် ၄-ပါး

၎င်းသရုပ် အဓိပ္ပါယ်ကို (နတ်မင်းကြီး ၄-ပါး) ၌ရှုပါ။

နတ်ကြီး ၅-ပါး

လောကီ မှော်ဆရာတို့ ပြောကြားရွတ်ဆိုလေ့ရှိကြသော နတ်ကြီး ၅ပါး၊
၎င်းကို မ, ကာရလောပ ဉာဏာလင်္ကာရ ရာဇဂုရုဆရာတော် ခင်ကြီးပျော်ရေး “ကဝေသာရ ကျမ်းရင်း“မှ ယူသည်။
(၁) မဟာကပ္ပိန္န နတ်-အရှေ့ကျွန်း အရပ်နေ၊
(၂) ကပ္ပစိန္တာနတ်- အနောက်ကျွန်း အရပ်နေ၊
(၃) ကပ္ပနန္ဒာနတ်-တောင်ကျွန်း အရပ်နေ၊
(၄) ဇေယျာကပ္ပ နတ်- မြောက်ကျွန်း အရပ်နေ၊
(၅) ရုဇေယျကပ္ပ နတ်-လေးကျွန်း ထိပ်ဗွေ လယ်မဇ္ဈေနေ။

နတ်စစ်သူကြီး ၄-ယောက်

မြင့်မိုရ်တောင်ထိပ် ၄-မျက်နှာရှိ “စတုမဟာရာဇ် နတ်မင်းကြီး ၄-ပါး“ကိုပင် သိကြားမင်း၏ နတ်စစ်သူကြီး ၄-ယောက်ဟု ခေါ်ဆိုကြ၏။

နတ်တမန်ခေါ်၊ တရားတော်၊ ၅-ဘော် သံဝေဂ

၎င်းသရုပ်ကို (ဒေဝဒူတ တရား ၅-ပါး)၌ဆိုခဲ့ပြီ။

နတ်တို့စည်းဝေးခြင်း အကြောင်း၄-ပါး

သုဓမ္မာ သဘင်ကြီး၌ နတ်တို့စည်းဝေးခြင်း အကြောင်း၄-ပါးကို ဆိုသည်၊ ၎င်းအဖြေ( တာဝတိံသာ၊ သုဓမ္မာ၊ ၄-ဖြာ စည်းဝေးကြောင်း) ဟူသော သုတေသနရပ်၌ကြည့်ပါ။

နတ်တို့ စုတေကြောင်း နိမိတ် ၅-ပါး

ဒီ၊ဋ္ဌ၊၂၊၂၀။ အဘိ၊ဋ္ဌ၊၁၊၇၅-တို့၌ ရှုပါ။ နတ်များ စုတေခါနီး၌ ၎င်းနိမိတ် ၅-ပါးထင်လာတတ်သည်။
(၁) နတ်ပန်း ညှိုးနွမ်းခြင်း၊
(၂) နတ်ဝတ်တန်ဆာ ညှိုးနွမ်းခြင်း၊ ကိုယ်အဆင်းမလှခြင်း၊
(၃) လက်ကတီးကြားမှ ချွေးထွက်ခြင်း၊
(၄) နေရာ ဘုံဗိမာန်၌ မပျော်မွေ့ခြင်း၊
(၅) မျက်တောင်ခတ်ခြင်း။

နတ်တို့စုတေခြင်းမျိုး ၄-ပါး

နတ်တို့သေရခြင်း အကြောင်း ၄-ပါး။
(၁)အာယုက္ခယ-သက်တမ်းစေ့၍ သေရခြင်း၊
(၂)ကမ္မက္ခယ-သက်တမ်းမစေ့မီ ကံကုန်၍ သေရခြင်း၊
(၃)အာဟာရက္ခယ-စားချိန် မစားမိ၍ အာဟာရ ကုန်ပြတ်ပြီး သေရခြင်း၊
(၄) ကောပ- အမျက်ဒေါသထွက်လွန်းအားကြီး၍ သေရခြင်း။

နတ်နက္ခတ် ၉-လုံး ဗေဒင်

မိမိတို့ ဇာတာခွင်၌ စန်းယှဉ်နက္ခတ်သည် ဤဖေါ်ပြပါ နက္ခတ် ၉-လုံးတို့တွင် ပါဝင်နေပါက နတ်နက္ခတ် ဟုမှတ်လေ၊ စန်းယှဉ်နက္ခတ်သည် ပါဋ် ဃတီ ပါရှိနေက ရှေ့သို့တလုံးတိုးယူရမည်ဟူ၏၊ လက်ထပ်ထိမ်းမြားရေး၌ မိမိတို့ အချင်းချင်းသော်၎င်း၊ လူနှင့် နတ်သော်၎င်း၊ လက်ထပ်ထိမ်းမြားနိုင်၏၊ လူယောက်ျားသည် ဘီလူးနက္ခတ် မိန်းမနှင့် လက်မထပ်ရ သေတတ်သည်၊ နတ်, လူ, နက္ခတ်ပါသော မိန်းမသည် ဘီလူးနက္ခတ်ပါသော ယောက်ျားနှင့် လက်ထပ်နိုင်သည်၊ အပြစ်မရှိ ကောင်း၏၊ နတ်နက္ခတ် ယောက်ျားသည် ဘီလူးနက္ခတ် မိန်းမနှင့် လက်ထပ်နိုင်၏၊ အပြစ်မရှိချေ၊
(၁) အဿဝဏီ၊
(၂) မိဂသီ
(၃) ပုဏ္ဏဖုသျှ၊
(၄) ဖုသျှ၊
(၅) အဿဒ၊
(၆) သွာဒိ၊
(၇) အနုရာဓ၊
(၈) သရဝဏ်၊
(၉) ရေဝတီ နက္ခတ်တို့ ဖြစ်၏။

နတ်ပြည် ၆-ထပ်

နတ်တို့ နေရာ ဌာန ခြောက်ပါး၊
(၁) စတုမဟာရာဇ် နတ်ပြည်၊
(၂) တာဝတိံသာ၊
(၃) ယာမာ၊
(၄) တုသိတာ၊
(၅) နိမ္မာနရတိ၊
(၆) ပရနိမ္မိတ ဝသဝတ္တီ။

နတ်ပြည် ရောက်ဘူးသော လူသား ၄-ယောက်

၎င်းသရုပ်(လူစင်စစ်က နတ်ပြည်ရောက်ဘူးသူ ၄-ယောက်) ဟူသော သုတေသန၌ကြည့်ပါ။

နတ်ပြည်၌ မရကောင်းသော ကမ္မဋ္ဌာန်း ၁၂-ပါး

ဝိသုဒ္ဓိ၊၁၊၁၁၀။
အသုဘ ၁၀-ပါး၊
ကာယဂတာသတိ၊
အာဟာရေ ပဋိကူလသညာ၊ တို့ ဖြစ်၏၊
နတ်ပြည်၌ အာရုံငါးပါး ကာမဂုဏ်တရားတို့ လွှမ်းမိုးထားရကား ထိုကမ္မဋ္ဌာန်းများကို မရနိုင်ဟူ၏။

နတ်ဖြစ်ခြင်း အကြောင်း ၃-ပါး

နတ်ပြည်ရောက်လိုသူများ ကျင့်ကြံရန် တရားသုံးပါး။
(၁) သစ္စံ ဘဏေ-အမှန်ကိုသာ ဆိုပြောရာ၏၊
(၂) န ကုဇ္ဈေယျ-အမျက်မထွက် စိတ်မဆိုးရ၊
(၃) အပ္ပမ္ပိ ဒဇ္ဇာ-တောင်းခံလာက နည်းနည်းဖြစ်ဖြစ် ပေးလှူရာ၏။

နတ်မင်းကြီး ၄-ပါး

စတုမဟာရာဇ် နတ်မင်းကြီး ၄-ပါးကိုဆိုလိုသည်။
(၁) အရှေ့အရပ်ကို အစိုးရသော ဓတရဋ္ဌ နတ်မင်းကြီး၊
(၂) အနောက်အရပ်ကို အစိုးရသော ဝိရူပက္ခ နတ်မင်းကြီး၊
(၃) တောင်အရပ်ကို အစိုးရသော ဝိရူဠက နတ်မင်းကြီး၊
(၄) မြောက်အရပ်ကို အစိုးရသော ကုဝေရ နတ်မင်းကြီး။
မှတ်ချက်။ ။၎င်းတို့ကိုပင် “နတ်စစ်သူကြီး ၄-ယောက်“ဟုလည်းခေါ်သေး၏။

နတ်မျိုး ၂-ပါး

အတုလ ဝိဇ္ဇာမယ သိဒ္ဓိကျမ်းမှ။
(၁) ကမ္မသကနတ်-ဒါန, သီလ, စျာန်, ဘာဝနာ ကုသိုလ်တို့ကြောင့်ဖြစ်သော နတ်, ဗြဟ္မာများ၊
(၂) ဂန္ဓာရီနတ်-ဆေး, အင်း, မန္တာန်, ပြဒါး, သံ, ကျောက်မျက် ရတနာ စသည်တို့ တန်ခိုးဖြင့် မြေလျှိုးမိုးပျံ နေကြသော ဝိဇ္ဇာဓိုရ်များ။

နန်းမ ၃-ဆောင်

ဗုဒ္ဓဝင်၌ ထင်ရှားသော အလောင်းမြတ် သိဒ္ဓတ်ဘုရင်၏ ရွှေနန်း ၃-ဆောင်ဟူ၏။
(၁) ရမ္မ ခေါ် ဘုံ ၉-ဆောင်ရှိသော ရွှေနန်းပြာဿဒ်တော်၊
(၂) သုဘ ခေါ် ဘုံ ၇-ဆောင်ရှိသော ရွှေနန်းပြာဿဒ်တော်၊
(၃) သုရမ္မ ခေါ် ဘုံ ၅-ဆောင်ရှိသော ရွှေနန်းပြာဿဒ်တော်။

နန်းမတော်ကြီး ၄-ဆောင်

နန်းရ မိဖုရားကြီး ၄-ပါးကို အစွဲထား၍ နန်းမတော် ၄-ဆောင်ဟု ဝေါဟာရ ဉပကြကုန်၏၊ အကျယ် (နန်းရ မိဖုရားမျိုး ၄-ပါး)၌ ရှုလေ။

နန်းရ မိဖုရား၊ မျိုး ၄-ပါး၊ ခွဲခြား ရွှေနန်းတော်

မြန်မာဘုရင်တို့ ထုံးတမ်းစဉ်လာမှာ နန်းရမိဖုရားကြီး ၄-ပါးနှင့် အဆောင်ရ မိဖုရား ၄-ပါးဟု ထားရိုးရှိသည်။
(၁) တောင်ညာစံဒေဝီ မဟေသီ မိဖုရားခေါင်ကြီး၊ တောင်နန်းမတော် မိဖုရားခေါင်ကြီး၊
(၂) မြောက်နန်းမတော် မိဖုရား၊
(၃) အလယ်နန်းမတော် မိဖုရား၊
(၄) အနောက်နန်းမတော် မိဖုရား။

နဘေစပ်ရိုး၊ နည်း ၈-မျိုး၊ ကျမ်းကိုး ပြပါလေ

အောက်ပါ နဘေစပ်နည်း ရှစ်ပါးကို ကဗျာဖွဲ့နည်း နိသျည်းကျမ်း၌ ပြယုဂ်ဥဒါဟရုဏ်နှင့် အစုံအလင်ပြဆို၏။
(၁) ရိုးရိုးနဘေစပ်နည်း၊
(၂) ပြန်ဂဟတ် နဘေစပ်၊
(၃) ကတ္တရာ နဘေစပ်၊
(၄) ရွက်ချပ် နဘေစပ်၊
(၅) ချိန်ခွင်ညှာ နဘေစပ်၊
(၆) ခြင်္သေ့လည်ပြန် နဘေစပ်၊
(၇) တေ့ဆက် နဘေစပ်၊
(၈) နဘေပြန်စပ်နည်း။

နမော တဿ၊ ရှိခိုးကြ၊ ပုဂ္ဂလ ၈-ယောက်

ပိဋကတ်တော် ကျမ်းလာ “နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ”ဟု ဆို၍ ရှိခိုးသော ပုဂ္ဂိုလ် ၈-ယောက် ဟူလို။
(၁) သိကြားမင်း။ ဒီ၊၂၊၂၃၀။ ဒီ၊ဋ္ဌ၊၂၊၃၃၃။
(၂) ကောသလမင်းကြီး။ မ၊၂၊၃၁၄။ မ၊ဋ္ဌ၊၃၊၂၃၈။
(၃) ဇာဏုသောဏိ ပုဏ္ဏားကြီး။ မ၊၁၊၂၃၅။ မ၊ဋ္ဌ၊၂၊၁၀၂။
(၄) ဗြဟ္မာယု ပုဏ္ဏားကြီး။ မ၊၂၊၃၁၄။ မ၊ဋ္ဌ၊၃၊၂၄၉။
(၅) ဓနဉ္ဇာနီ ပုဏ္ဏေးမ။ မ၊၂၊၄၂၄။ မ၊ဋ္ဌ၊၃၊၃၀၇။
(၆) အာရာမဒဏ္ဍ ပုဏ္ဏား။ အံ၊၁၊၆၈။
(၇) ကာရဏပါလီ ပုဏ္ဏား။ အံ၊၂၊၂၀၆-၂၀၈။ အံ၊ဋ္ဌ၊၃၊၆၈။
(၈) မဟိန္ဒမင်းကြီး။ ဓမ္မပဒ၊ဋ္ဌ၊၂၊၆၄-တို့၌ အကျယ်ရှု

နယ်ချဲ့တရား၊ မျိုး ၃-ပါး၊ ရှောင်ရှားသူတော်စင်

ပပဉ္စတရား ၃-ပါး“ကိုပင် နည်းပရိယာယ်ဖြင့် နယ်ချဲ့တရားဟု ခေါ်ကြ၏၊ သရုပ်အတူတူပင်။

နယ်ခြားမြို့များ လုံခြုံရေးအင်္ဂါ ၇-ပါး

တိုင်းတပါးသား ရန်သူများ မဝင်နိုင်ရန် ၎င်းအကျယ် အံ၊၂၊၄၇၈။ အံ၊ဋ္ဌ၊၃၊၁၈၁-၌ ရှုပါ။ သရုပ်မှာ( ဉမိ့တော်အင်္ဂါ ၇-ပါး)နှင့် ဆင်ဆင်တူ၏။ စက္ကူ ရှားပါးသောကြောင့် အကျယ်မပြနိုင်။

နယ ၃-ထွေ၊ မြန်စာပေ၊ ယူလေ ရှေးထုံးမှီး

ကြိယာသုံးစွဲနည်း ဥပဒေသ၌ လာသော သဒ္ဒါဝေါဟာရ
(၁)ဥဒ္ဒိဿ နယ-ကြိယာတွင်တိုက်ရိုက်ညွှန်ပြသော နည်းမျိုး။
ပုံ- ဥဇနာပြောင်၊ ရွှေနန်းတောင်ထက်၊ ထွန်းပြောင် သုံးလဟူသော ပလိပ်စား ဧချင်း၌
“ထွန်းပြောင်“ဟူသော ကြိယာပုဒ်သည် ဥဒ္ဒိဿ နယ မည်၏၊
(၂) သံသယ နယ-ကြိယာတွင် စိတ်၌သာ ထင်မှတ်၍ ယုံမှားဘွယ်ရာ သုံးသော နည်းမျိုး၊
ပုံ-မဖြစ်လျှင်ကြေ၊ ဖြစ်လျှင်သေ၊ လူလေ အတတ်၊ အဂ္ဂိရတ် ဟူသော ဓာတ်ပြလင်္ကာ၌
“မဖြစ်လျှင်, ဖြစ်လျှင်”ဟူသောကြိယာပုဒ်တို့သည် သံသယ နယမည်၊
(၃) အာဏတ္တိ နယ-ကြိယာတွင် စေခိုင်းခြင်း, တောင့်တခြင်း, အလိုရှိခြင်း, တောင်းပန်ခြင်းတို့ဖြင့်သုံးသောနည်းမျိုး၊
ပုံ-ကောင်းသောဆန္ဒ၊ ဥဿဟဖြင့်၊ နိစ္စမပျင်း၊ကြိုးကုန်မင်း ဟူသော ဘူရိဒတ်ဇာတ်ပေါင်း၌ ပါသည့် “ကြိုးကုန်“ဟူသောပုဒ်မျိုးသည် အာဏတ္တိ နယမည်၏၊ ဤသို့လျှင် ကဗျာလင်္ကာ ရေးစပ်ရာ၌ နည်း ၃-ထွေကို သိရာ၏။

နရည်း စရာ၊ တူရိယာ၊ ၆-ဖြာ မျိုးအပြား

နရည်းစရာခေါ် တီးမျိုး၌ ပါဝင်သော တူရိယာ ၆-မျိုး၊
“ပတ်သာ, ပုံ, မောင်း, နှဲ, ကြေးနင်း, လင်းကွင်း”။

နဝင်္ဂသီလ

အင်္ဂါ ၉-ပါးရှိသော သီလ-ဆောက်တည်ပုံ အကျယ်ကို အံ၊၃၊၁၉၂။ အံ၊ဋ္ဌ၊၃၊၂၆၆-၌ရှုပါ။ အင်္ဂါ ၉-ပါးရှိသောသီလ, ရှစ်ပါးသီလထဲ၌ “မေတ္တာ သဟဂတေန စေတသာ သဗ္ဗ ပါဏ ဘူတေသု ဖရိတွာ ဝိဟရနံ သမာဒိယာမိ“အလုံးစုံသော သတ္တဝါတို့ အပေါ်၌ မေတ္တာနှင့်ယှဉ်သောစိတ်ဖြင့် ပြန့်နှံ့၍ နေထိုင်ခြင်းကို ဆောက်တည်ပါ၏ ဟူသော သိက္ခာပုဒ် တပါးကိုထည့်၍ ၉-ပါးသီလဟု ခေါ်သည်။ မှတ်ချက်။ ။မေတ္တာ၏ ဆန့်ကျင်ဖက် ဒေါသမထွက်ရ၊ ဒေါသစိတ်ဖြစ်က သိက္ခာပုဒ်ပျက်၏၊ အမြဲမေတ္တာပွားနေရမည်ဟု မမှတ်လင့်၊ ကာယကံမေတ္တာ, ဝစီကံမေတ္တာလည်း မေတ္တာပင်။

နဝင်းအပြား ၁၀၈-ပါး

၎င်းသရုပ်ကို (တရာ့ရှစ်နဝင်း)၌ ဆိုခဲ့ပြီ။

နဝင်းချော်, နဝင်းဆေးမျိုး ၉-ပါး

အဂ္ဂိရတ် ဝေါဟာရ၊ ဓာတ်ကိုးပါးဖြင့် ပြီးသော ဆေးဟူလို၊
ကန့်, ကျောက်ချဉ်, ဆား ၃-ပါး တလုံချက်၊
ယမ်း, လက်ချား, ဇဝက်သာ ၃-ပါး တလုံချက်၊
ပရုပ်, ထုံး, ဆပ်ပြာ ၃-ပါး တလုံချက်၊
ယင်း ၃-ပါး ၃လီကိုပင် “နဝင်းဆေး, နဝင်းချော်“ဟုအဂ္ဂိရတ်သမားတို့ ခေါ်ဝေါ်သုံးကြကုန်၏။

နဝဒေးကြီး၊ ဘွဲ့ဂုဏ်မှီး၊ ကျော်ဟီး ၃-နာမာ

ပထမ နဝဒေးကြီး၏ “စစ်ကိုင်းထောင်သင်း၊ စလင်းလက်ျာ၊ ပြည်မှာနဝဒေး“ဟူသော ဘွဲ့ထူးဂုဏ်ထူးများ၏ အမည်တော် ၃-ပါးကိုဆိုသည်။

နဝဒေးခေါ်၊ ဘွဲ့အကျော်၊ ၄-ဘော် အင်္ဂါရပ်

န ဝဒေ-ပါဠိ “န-မရှိ။ ဝဒေ-ဆိုဘွယ်ရာအပြစ်“၎င်းဘွဲ့တံဆိပ် ခံရသူများကား အောက်ပါ အင်္ဂါ ၄-ပါးနှင့်ပြည့်စုံရမည်ဟူ၏
(၁) နိုင်ငံတော် အုပ်ချုပ်ကွပ်ကဲရေး၌ လိမ်မာရခြင်း၊
(၂) တရားဥပဒေ စီရင်ဆုံးဖြတ်ရေး၌ ကျွမ်းကျင်ရခြင်း၊
(၃) စစ်တိုက် စစ်ဆင် စစ်ဆုတ်ရေး၌ လိမ်မာပါးနပ် ရဲရင့်ရခြင်း၊
(၄) ဆေး ဗေဒင်နှင့် ကဗျာလင်္ကာ သဒ္ဒါစာပေတို့၌ ပြောင်မြောက်ရခြင်း။

နဝရတ် ၉-ပါး၊ ဂုဏ်စွမ်းအား

၎င်းသရုပ်အဓိပ္ပါယ်ကို အောက်ပါလင်္ကာဖြင့်သိရာ၏၊ “နီလာ စိန် ကြောင်၊ ထိန်ပြောင်ပတ္တမြား၊ မြသား,ဂေါမုတ်၊ ဥဿဖယား,သန္တာ၊ ရတနာပုလဲ၊
ထူးကဲမွန်မြတ်၊ နဝရတ် ၉-ပါး၊ ကျော်ထင်ရှားသည်၊ မှတ်သားအစဉ်၊ ခေါ်ရိုးတည်း”။
နဝရတ် ၉-ပါး၊ ဂုဏ်စွမ်းအားကား၊ ပတ္တမြား ဘုန်းတောက်၊ မြကျောက် အေးချမ်း၊ စိန်စွမ်း ဂုဏ်ရောင်၊
ကြောင်ကား သိဒ္ဓိ၊ မဏိ နီလာ၊ မေတ္တာကဲချုပ်၊ ဂေါ်မုတ် ခွန်အား၊ ဥဿဖယား ကျန်းမာ၊ သန္တာ ကြီးကဲ၊
ပုလဲ ကျက်သရေ၊ ကွန့်ကွန့်ဝေသည်၊ ကိုးထွေနဝရတ် စွမ်းရည်တည်း။

နဝရတ်ထား၊ ရပ် ၉-ပါး၊ ကွင်းငြား လက်စွပ်ဝတ်

အထက်ပါ နဝရတ်ကျောက် ၉-ပါးကို လက်စွပ် ကွင်းလိုသောသူသည် ပတ္တမြားကို အလယ်ထား၍ စိန်ကိုရှေ့တည့်တည့်က ထားပြီးလျှင်၊ ကြွင်းသော ရတနာ ၇-ပါးကို အစဉ်အတိုင်း လက်ျာရစ်လှည့်၍ ကွင်းလေ၊ ဝတ်ဆင်သူအား ဘေးဥပါဒ်ကင်းရှင်း၍ ရန်အပေါင်းတို့ကို နိုင်နင်းမည်။ ဘုန်းကျက်သရေ တက်နေပမာ မင်္ဂလာရှိမည်၊ လာဘ်သပ္ပကာ ပေါများမည် ဟူ၏။

နဝရူပါ၊ သတ္တဝါ၊ ၉-ဖြာ ရုပ်ပုံ အဘယ်နည်း

ရွှေဘုံ နိဒါန်းလာ “နဝရူပဖေါင်“ပုံမှယူဖြေသည်။
(၁) ကရဝက် နှုတ်သီးနှင့် လည်ဆံ၊
(၂) နွားလဘို့၊
(၃) ငါးကြင်းမြီး၊
(၄) ဆင်စွယ် နှစ်ချောင်း၊
(၅) မကန်း နှာမောင်း၊
(၆) သမင်ချို နှစ်ဖက်၊
(၇) ကြက်တူရွေးအတောင်နှစ်ဖက်၊
(၈) တိုး လက်တဖက်, ခြေတဖက် အမြီး၊
(၉) မြင်းနားနှစ်ဖက်, လက်တဖက်, ခြေတဖက်။

နသတ်ကာရန်၊ ရေးထုံးမှန်၊ ၉-တန် မြန်မာ့နည်း

မြန်မာ သင်ပုန်းကြီးကျမ်းလာ စာစီစာကုံး ၃၆-ပါးသော ဌာနနှင့် ၆၄-ပါးသော ကာရန်ငယ် အသံတို့တွင် ပါဝင်သည့် ဝေါဟာရ။ “အန့်, အန်, အန်း, အိန့်, အိန်, အိန်း, အုန့်, အုန်, အုန်း“တို့ဖြစ်ကြ၏။

နာနာဘဏ္ဍာ၊ ခိုးနည်းလာ၊ ၅-ဖြာ အဘယ်နည်း

၎င်းသရုပ်ကို (ခိုးခြင်း ၂၅-ပါး)၌ ကြည့်ပါကုန်။

နာမ် ၁၀-ပါး ဆေး

အဂ္ဂိရတ် ဝေါဟာရ။
“ယမ်း, ဆား, ဆပ်ပြာ, ဇဝက်သာ, ပရုပ်, ထုံး, ကျောက်ချဉ်, ကန့်, ဒုဋ္ဌာ, လက်ချား“
ယင်းဆယ်ပါး လေးတူချက်သည့် ဆေးကို ဆို၏၊ လုပ်ရတ်သမားတို့ သုံးကြကုန်၏။

နာမ်စားမျိုး ၄-ပါး

ဝါကျတခု၌ နာမ်ပုဒ်တို့ကို ထပ်ခါထပ်ခါ မသုံးရအောင် နာမ်၏အစား သုံးသောပုဒ်မျိုးကိုဆိုသည်။
(၁) ပုဂ္ဂလ နာမ်စား- လူ, နတ်, ဗြဟ္မာ စသောပုဂ္ဂိုလ်တို့၏အစား သုံးသောပုဒ်မျိုး၊
ပုံ- “ယောက်ျားတဆူ၊ ထိုသ သူလျှင်၊ လူ၌သော်လဲ၊ လွန်ရခဲ၏”၊ ဟူသော စတုဓမ္မသာရပျို့၌
“သူ“ဟူသောပုဒ်သည် ပုဂ္ဂလ နာမ်စား မည်၏။
(၂) သ ပစ္စာဂမ နာမ်စား- မိမိကိုယ်ကို တဖန်ပြန်၍ သုံးစွဲသောပုဒ်မျိုး၊
ပုံ-”နင့် ကိုယ်ကို ပင်၊ နင်ဆင်ခြင်၊ ကြောခြင် လျှော့ပါးစွာ”၊ ဟူသော ခွဲထားသံပေါက်၌၊ “ကိုယ်ကို”ဟူသော ပုဒ်သည် မိမိသို့တဖန်ပြန်လာသောကြောင့် “သ ပစ္စာဂမ နာမ်စား“မည်၏။
(၃) နိဒဿန နာမ်စား-နာမ်ပုဒ်တို့၏ အစား ညွှန်းပြ သုံးစွဲသော ပုဒ်မျိုး။
ပုံ-”ဤကား မကောင်း၊ ထိုကား ကောင်း၏၊ နောက်နှောင်းသောခါ၊ သိရစ်ပါလိမ့်“ဟူသော ကုသပျို့၌ “ဤကား““ထိုကား“ဟူသောပုဒ်တို့သည် တစုံတခုသော နာမ်ပုဒ်တို့၏အစား ညွှန်းပြသောနည်းအားဖြင့် သုံးရကား “နိဒဿန နာမ်စား“မည်၏။
(၄) ပုစ္ဆာ နာမ်စား-နာမ်ကို အမေးနည်းအားဖြင့် သုံးသောပုဒ်မျိုး။
ပုံ-”မည်သူဆိုညွှန်း၊ မတိုက်တွန်း၊ လိုထွန်းကျမ်းလင်္ကာ“ဟူသော ဘူရိဒတ်ပျို့ နိဂုံး၌၊ “မည်သူ“ဟူသော ပုဒ်သည် မေးခွန်းအရာ၌ တည်သောကြောင့် “ပုစ္ဆာ နာမ်စား”မည်၏။
မှတ်ချက်။ ။ နာမ်စားကား ကဗျာလင်္ကာ၌ ၆-ပါးလည်း ရှိသေး၏။

နာမ် တေပညာ၊ ဘိဓမ္မာ၊ ၅၃-ဖြာသိ

အဘိဓမ္မာသဘော နာမ် ၅၃-ပါးဟူ၏။
(က) စိတ် ၈၉-ခုကို အာရမ္မဏ ဝိဇာနန သဘောတခုသာ ရသောကြောင့် နာမ်တပါး၊
(ခ) စေတသိက် ၅၂-ပါး၊
ပေါင်း ၅၃-ပါးဖြစ်၏။

နာမျိုး ၅-ပါး

နာမျိုးအဝင် ဆေးပင်မျိုး ငါးပါးဟူလို။
(၁) နာဂမောက်၊
(၂) နာဂသိန်၊
(၃) နာဂမ
(၄) နာဂမှိုင်း၊
(၅) နာဂထ။
မှတ်ချက်။ ။ နာဂမောက်ကို၊ “နာဂဆက်“ဟူ၍လည်း ခေါ်ကြသည်။

နာယကဂုဏ် ၆-ပါး

နာယက ဉပလုပ်သူတို့ လိုက်နာရမည့် ဂုဏ် ၆-ပါးဟူ၏။
(၁) ခမာ-သည်းခံခြင်းခေါ် ခန္တီတရားများ ထားရှိရခြင်း၊
(၂) ဇာဂရိယ-အစစအရာရာမှာ သတိထပ်ကြပ်ပါခြင်း နိုးကြားခြင်း၊
(၃) ဥဋ္ဌာန-ငယ်သားတို့ထက် ဆထက်များစွာ လွန်သာသော လုံ့လ ရှိခြင်း၊
(၄) သံဝိဘာဂ-လျောက်ပတ် လျော်ကန် တော်တန်သလို ခွဲစိတ် ချီးမြှောက် ထောက်ပံ့ရခြင်း၊
(၅) ဒယာ-သူတပါးအား ကိုယ်နှင့်မခြား သနားကြင်နာရခြင်း၊
(၆) ဣက္ခနာ-အလုံးစုံသော အခွင့်အရေးကို တွေးတောမြော်မြင် ဆင်ခြင်ဉာဏ်နှင့် ပြည့်စုံရခြင်း, စုံစမ်းခြင်း။

နာယကပုဂ္ဂိုလ်၏ အသိဉာဏ် ၅-ပါး

နာယက ရှေ့ဆောင်လုပ်သူသည် ဤပညာငါးပါးနှင့် ပြည့်စုံရမည်ဟူ၏။ (၁) အတ္ထညူ-အကျိုးစီးပွား ရှိမဲ့ကို သိရမည်။
(၂) ဓမ္မညူ-တရားကောင်းနှင့် ညီ, မညီကို သိရမည်၊
(၃) မတ္တညူ-အတိုင်းအရှည်ကို သိရမည်၊
(၄) ကာလညူ-အချိန်အခါ သင့် မသင့်ကို သိရမည်။
(၅) ပရိသညူ-ပရိသတ် လူထု၏ စိတ်ထားကိုသိရမည်။

နာရီ ၂-ပါး၊ အချိန်များ၊ ခြားနားမည်သို့သိ

ဤ၌ စက်နာရီနှင့် မြန်မာနာရီ ယှဉ်ပုံကို သိနိုင်ရန် ပြသည်။
(၁) တမောင်းခေါ် မြန်မာ တနာရီသည် စက် ၂၄-မိနစ် နှင့် ညီမျှ၏၊
(၂) မြန်မာ ၂-နာရီ ဗီဇနာ ၃၀-သည် စက် တနာရီနှင့် ညီမျှ၏၊
(၃) မြန်မာ တဗီဇနာသည် စက် ၂၄-စက္ကန့်နှင့် ညီမျှ၏၊
(၄) မြန်မာ ၅-ခရာ သည် စက် ၂-စက္ကန့်နှင့် ညီမျှ၏။

နိက္ခမပါရမီ၏ နှောင်ကြိုး ၁၀-ဖွဲ့

၎င်းသရုပ်ကား (အနှောင်အဖွဲ့ကြီး ၁၀-ပါး)နှင့်တူ၏။

နိကာယ် ၅-ရပ်၊ ပိဋကတ်၊ ကျမ်းမြတ် ထုတ်ဘော်ဖြေ

အပေါင်းအစု ပေါင်းစုထားသော ကျမ်းစာ ငါးခု။
[က] ဒီဃနိကာယ် ၃-ကျမ်း, သုတ္တန်မျိုး ပါဠိတော်များ။
(၁) သုတ်သီလက္ခန်
(၂) သုတ်မဟာဝါ၊
(၃) သုတ်ပါထေယျ၊
[ခ] မဇ္ဈိမ နိကာယ် ၃-ကျမ်း, သုတ္တန်မျိုး ပါဠိတော်များ။
(၁) မူလ ပဏ္ဏာသ၊
(၂) မဇ္ဈိမ ပဏ္ဏာသ၊
(၃)ဥပရိ ပဏ္ဏာသ၊
[ဂ] သံယုတ္တနိကာယ် ၅-ကျမ်း, သုတ္တန်မျိုး ပါဠိတော်များ။
(၁) သဂါထာဝဂ္ဂ သံယုတ်၊
(၂) နိဒါနဝဂ္ဂ သံယုတ်၊
(၃) ခန္ဓဝဂ္ဂ သံယုတ်၊
(၄) သဠာယတနဝဂ္ဂ သံယုတ်၊
(၅) မဟာဝဂ္ဂ သံယုတ်၊
[ဃ] အင်္ဂုတ္တရ နိကာယ် ၁၁-ကျမ်း, သုတ္တန်မျိုး ပါဠိတော်များ။
(၁)ဧကင်္ဂုတ္တရ ၊
(၂) ဒုကင်္ဂုတ္တရ ၊
(၃) တိကင်္ဂုတ္တရ ၊
(၄) စတုက္ကင်္ဂုတ္တရ ၊
(၅) ပဉ္စင်္ဂုတ္တရ ၊
(၆) ဆက္ကင်္ဂုတ္တရ ၊
(၇) သတ္တင်္ဂုတ္တရ ၊
(၈) အဋ္ဌင်္ဂုတ္တရ ၊
(၉) နဝင်္ဂုတ္တရ ၊
(၁၀) ဒသင်္ဂုတ္တရ ၊
(၁၁) ဧကာဒသင်္ဂုတ္တရ ။
[င] ခုဒ္ဒကနိကာယ် သုတ္တန်မျိုး ၁၅-ကျမ်းနှင့် ဝိနည်း ၅-ကျမ်း၊ အဘိဓမ္မာ ၇-ကျမ်း ပါဠိတော်များ။
(၁) ခုဒ္ဒက ပါဌ၊
(၂) ဓမ္မပဒ၊
(၃) ဥဒါန၊
(၄) ဣတိ ဝုတ္တက၊
(၅)သုတ္တနိပါတ၊
(၆) ဝိမာနဝတ္ထု၊
(၇) ပေတဝတ္ထု၊
(၈)ထေရဂါထာ၊
(၉) ထေရီ ဂါထာ၊
(၁၀) ပါဌဇာတက၊
(၁၁) မဟာ နိဒ္ဒေသ၊
(၁၂) ပဋိသမ္ဘီဒါမဂ်၊
(၁၃) အပဒါန်၊
(၁၄) ဗုဒ္ဓဝင်၊
(၁၅) စရိယာ ပိဋက၊
ဝိနည်း ၅-ကျမ်း ပါဠိတော်များ။
(၁) ပါရာဇိကဏ်၊
(၂) ပါစိတ်၊
(၃) မဟာဝါ၊
(၄) စူဠဝါ၊
(၅) ပရိဝါ၊
အဘိဓမ္မာ ၇-ကျမ်း ပါဠိတော်များ။
(၁) ဓမ္မသင်္ဂဏီ၊
(၂) ဝိဘင်း၊
(၃) ပုဂ္ဂလပညတ်၊
(၄) ဓာတုကထာ၊
(၅) ကထာဝတ္ထု၊
(၆) ယမိုက်၊
(၇) ပဋ္ဌာန်း။

နိစ္စလ ရောင်ခြည်တော်မျိုး ၃-ပါး

ဗုဒ္ဓ ဘုရားကိုယ်တော်မြတ်မှ အမြဲမပြတ်ထွက်နေသော ရောင်ခြည်တော် ၃-ပါး၊ ၎င်းအဓိပ္ပါယ်”ဗုဒ္ဓကိုယ်တော်ရောင် ၇-ပါး”၌ကြည့်ပါ။
(၁) အင်္ဂီရသ ရောင်ခြည်တော်၊
(၂) ဗျာမပ္ပဘာ ရောင်ခြည်တော်၊
(၃) အသီတိပ္ပဘာ ရောင်ခြည်တော်။

နိစ္စသီလမျိုး ၂-ပါး

ရသေ့, ယောဂီနှင့် လူသူတော်တို့ အမြဲတစေ စောင့်သုံး၍နေနိုင်သော သီလမျိုး ၂-ပါး ဟူ၏။ (၁) ငါးပါးသီလ၊
(၂) ဆယ်ပါးသီလ။

နိပါတ်တော် ၂၂-ပါး

ဘုရားဟော ဇာတ်နိပါတ်တော်၏ အမည် ၂၂ပါး၊
၎င်း သရုပ်ကို (ငါးရာ့ငါးဆယ်)ဟူသော သုတေသနပုဒ်၌ ရှုပါ။

နိဗ္ဗာန်မျိုးပြား၊ ၇-ပါး၊ ဖြေကြား မြတ်အရှင်

တဏှာမှ ထွက်မြောက်ရာ အရပ်မျိုး ၇-ပါး။
(၁)ဒိဋ္ဌဓမ္မနိဗ္ဗာန်-ဘုရား ရဟန္တာတို့ အသက်ထင်ရှားရှိစဉ် ခံစားအပ်သော နိဗ္ဗာန်၊
(၂) သမ္ပရာယိက နိဗ္ဗာန်- ပရိနိဗ္ဗာန် စံပြီးနောက် နိဗ္ဗာန်၊
(၃) သ ဥပါဒိသေသ နိဗ္ဗာန်- ဒိဋ္ဌဓမ္မနိဗ္ဗာန်၏ပရိယာယ်၊
(၄) အနုပါဒိသေသ နိဗ္ဗာန်-သမ္ပရာယိက နိဗ္ဗာန်၏ ပရိယာယ်၊
(၅) သုညတ နိဗ္ဗာန်-သင်္ခါရတို့မှ ကင်းဆိတ်သော နိဗ္ဗာန်၊
(၆) အနိမိတ္တ နိဗ္ဗာန်-သင်္ခါရနိမိတ်တို့မှ ကင်းစင်သော နိဗ္ဗာန်၊
(၇) အပ္ပဏိဟိတ နိဗ္ဗာန်- တဏှာတောင့်တခြင်း ကင်းစင်သော နိဗ္ဗာန်။
မှတ်ချက်။ ။ထိုမှတပါးလည်း အမည်နာမ များစွာရှိသေး၏။

နိမ့်သံအပြား၊ ၁၈-ပါး၊ စပ်ငြား ကဗျာပြ

သံရှည်ကို မစွန့်လွှတ်ဘဲ တင်းမာပြတ်သားစွာ ရွတ်ဖတ်သီဆိုရသော အသံများ။ ၎င်းကိုပင်”သံဖို, ညာသံငယ်, ဝိသဇ္ဇနီသံ, စသည်ဖြင့် ခေါ်ဆိုကြသေး၏၊ “အကျယ် ကဗျာဖွဲ့နည်း နိသျည်းကျမ်း”၌ရှုလေ။ (အား, အီး, ဦး, အေး, ဩး, အင်း, အဉ်း, အည်း, အန်း, အမ်း, အိန်း, အိမ်း, အုန်း, အုမ်း, အဲး, အောင်း, အိုင်း, အိုဝ်း)တို့ ဖြစ်ကြ၏။

နိမိတ် ၃-ပါး၊ သေသူများ၊ ထင်ရှားဖြစ်ပေါ်လာ

သေခါနီး၌ မိမိလားရာ ဂတိအတွက် အချက်ပြပေးသော အာရုံနိမိတ်များ။
(၁) ကံနိမိတ်၊
(၂) ကမ္မနိမိတ်၊
(၃) ဂတိနိမိတ်၊
အဘိ၊ဝိ၊၁၄၂။ အဘိ၊ဋ္ဌ၊၂၊၁၄၈-၌ အကျယ်ရှု။

နိမိတ် ၃-ပါး၊ ခွဲသိထား၊ တရား ကမ္မဋ္ဌာန်း

ဘာဝနာ၏ အကြောင်းဖြစ်သော အာရုံ ၃-မျိုးကို ခေါ်ဆိုသော ဝေါဟာရ။
(၁) ပရိကမ္မ နိမိတ်-ပရိကမ္မဘာဝနာ၏ အာရုံကို ပရိကမ္မ နိမိတ်၊ “မူလစီးဖြန်းသော အာရုံကိုခေါ်ဆိုသည်”။
(၂) ဥဂ္ဂဟ နိမိတ်-ကမ္မဋ္ဌာန်းစီးဖြန်း၍ စိတ်ထည်း၌ အတော်တည်ကြည်လာသည့်အခါ၊သို့မဟုတ် မူလ ပထဝီကသိုဏ်း စသည်ကို မျက်စိဖြင့် မကြည့်တော့ဘဲ စိတ်ဖြင့်မှန်း၍ တန်းတန်းဖြောင့်ဖြောင့် ထင်ရှားပေါ်လွင်စွာ အာရုံကိုယူနိုင်သည့်အခါ ထိုစိတ်ဖြင့် ယူနိုင်သော အာရုံကိုပင် ဥဂ္ဂဟနိမိတ်ဟူခေါ်ဆိုသည်။
(၃) ပဋိဘာဂ နိမိတ်-ပဋိဘာဂ သဒ္ဒါကား အတု,အတူ ဟူသော အနက်ကို ဟော၏၊ မူလစီစဉ်ထားသည်မှ တပါး အခြားသော အတုအပ အာရုံ၊ သို့မဟုတ် မူလကသိုဏ်းဝန်းနှင့် တူစွာ စိတ်ထည်းမှာ ထင်ပေါ်လာသော အာရုံကို ပဋိဘာဂနိမိတ် ခေါ်ဆိုသည်။

နိမိတ်ကြီး ၄-ပါး

ဒီ၊၂၊၁၈။ ဒီ၊ဋ္ဌ၊၂၊၄၆-၌ အကျယ်ရှု။ နိက္ခမပါရမီ၏ အကြောင်းဖြစ်သော။
(၁) သူအို၊
(၂) သူနာ၊
(၃) သူသေ၊
(၄) ရဟန်း
တို့ကို ခေါ်ဆိုသည့် ဗုဒ္ဓဝင် ဝေါဟာရ။

နိမိတ်ခေါ်လာ၊ မျိုး ၃-ဖြာ၊ မြို့ရွာ ဆည်းလည်းဆို

၎င်း သရုပ်ကို (ဆည်းလည်း ၃-လုံး) သုတေသန၌ ဆိုခဲ့ပြီ။

နိမိတ်ဖတ် ပုဏ္ဏားတော် ၈-ယောက်

အလောင်းတော်မင်းသား ဖွားမြင်ရာ၌ လက္ခဏာတော် နိမိတ်ဖတ် အထူးရွေးချယ်ခံ ပညာရှိပုဏ္ဏား ရှစ်ယောက်။
(၁) ရာမပုဏ္ဏား၊
(၂) ဓဇ၊
(၃) လက္ခဏ၊
(၄) မန္တိ၊
(၅) ကောဏ္ဍည၊
(၆) ဘောဇ၊
(၇) သုယာမ၊
(၈) သုဒတ္တပုဏ္ဏား
တို့ဖြစ်ကြ၏။ ဗုဒ္ဓဝံသ အဋ္ဌကထာ။

နိယာတ ဗျာဒိတ် ရကြောင်း အင်္ဂါ ၈-ပါး

၎င်းသရုပ် အဓိပ္ပါယ်ကို (ဗျာဒိတ်ရကြောင်း အင်္ဂါ ၈-ပါး)၌ ကြည့်ပါ။

နိယာတ ဗျာဒိတ်ရ အလောင်းတော်တို့ မဖြစ်ကောင်းသော အရပ်ဌာန ၁၈-ပါး

၎င်းသရုပ်ကို (ဗျာဒိတ်ရ အလောင်းတော်တို့ မဖြစ်ရာသော အရပ်ဌာန ၁၈-ပါး)၌ ကြည့်ပါ။

နိယာမတရား ၅-ပါး၊ တနည်း ၁၅-ပါး

အမှတ် ၁-မှ ၅-အထိ,ကို ဒီ၊ဋ္ဌ၊၂၊၁-၇၁ မဟာပဒါနသုတ်မှ ယူပြသည်။ အဘိ၊ဋ္ဌ၊၂၊၃၁၂-၌လည်းရှုပါ။ မြဲသော အလေ့အကျင့် သဘောတရားတို့ကို ခေါ်ဆိုသည်၊ ဤ၌ ပညာရှိကြီးများ ထုတ်ဆိုရေးသားချက် တဆယ့် ငါးပါးကိုသာ ပြသော်လည်း အတိအကျ မမှတ်အပ်၊ ထိုထက်ပို၍လည်း ကြံဆ ယူငင်နိုင်သေး၏၊ ၎င်းကိုပင် “ကမ္ဘာ့နိယာမ တရားကြီး ငါးပါး”ဟုလည်း ခေါ်ဆိုကြ၏။
(၁) စိတ္တ နိယာမ-စိတ်တို့၏ အစဉ်အတိုင်း ရှေ့စိတ် နောက်စိတ် ဖြစ်ပွားသော သဘောတရား။
(၂) ကမ္မ နိယာမ-ကုသိုလ်ကံ အကုသိုလ်ကံတို့၏ ကံနှင့်အလားတူစွာ ကမ္မဝိပါက်တရား ချမ်းသာ,ဆင်းရဲတို့ဖြစ်ပွားခြင်းသဘော။
(၃) ဗီဇ နိယာမ-သစ်စေ့ သစ်ညွန့် စသည်တို့၏ မူလမျိုးရိုးပင်ရင်းနှင့် အလားတူစွာ ပေါက်ခြင်းသဘော။
(၄) ဥတု နိယာမ-ဆောင်း, နွေ, မိုယ်းဥတုတို့၌ နှင်းကျခြင်း, ပူအိုက်ခြင်း, မိုယ်းရွာခြင်း စသော အစဉ်မပြတ် အလားတူ ဖြစ်ခြင်းသဘော။
(၅) ဓမ္မ နိယာမ-ရေတို့၏ နိမ့်ရာသို့ စီးဆင်းခြင်း, သစ်ညွန့်တို့၏ ကောင်းကင်သို့ထိုးတက်ခြင်း, နေ လ ကြယ်တာရာ တို့၏ ထွန်းလင်းတောက်ပ လှည့်လည်ခြင်း စသော သဘောတရားစု။
(၆) ကပ္ပ နိယာမ- ကမ္ဘာ၏ ပဌမတည်ထောင် ဖြစ်ပေါ် ပျက်စီးပြုပြင် ပြောင်းလဲနေခြင်းသဘော။
(ရ) လိင်္ဂ နိယာမ- ထီး, မ သတ္တဝါတို့၏ အချင်းချင်း မတူ ထူးခြားသော အသွင်, အသံ သဘော။
(၈) ပထဝီ နိယာမ-မြေ၏ တည်ရာ မှီရာဖြစ်ခြင်း ခက်မာ ခိုင်ခန့်ခြင်း သဘော။
(၉) အာပေါ နိယာမ-ရေ၏ နိမ့်ရာသို့စီးဆင်းခြင်း, အေးမြခြင်း, ပျော့ပျောင်းခြင်း သဘော။
(၁၀) တေဇော နိယာမ-မီး၏ ပူလောင်ခြင်း, မြိုက်ကျွမ်းခြင်း, ကြေညက်စေခြင်း, ရင့်ရော် ဆွေးမြေ့စေခြင်းနှင့် ချမ်းအေးခြင်း သဘော။
(၁၁) ဝါယော နိယာမ-လေ၏တွန်းကန် ထကြွ လှုပ်ရှား တောင့်ခိုင်ခြင်း သဘော။
(၁၂) အာကာသ နိယာမ-ကောင်းကင်၏ ဟင်းလင်းပွင့်ခြင်း, ရေးခြစ်၍ မရခြင်း, အဆင်းအရောင် ရုပ်သွင် ကင်းခြင်း သဘော။
(၁၃) သူရိယ နိယာမ-နေမင်း၏ အရောင်အဆင်းကိုပေးခြင်း, လက်ျာရစ် အမြဲလှည့်လည်ခြင်း, အရှေ့မှထွက်၍ အနောက်သို့ ဝင်ခြင်း သဘော။
(၁၄) စန္ဒ တာရက နိယာမ-လနှင့် ကြယ်တာရာတို့၏ အလင်းရောင်ကိုပေးခြင်း, အမြဲလက်ျာရစ် လှည့်လည်၍သွားခြင်း, အရှေ့မှထွက်ပြီး အနောက်သို့ ဝင်ခြင်း သဘော။
(၁၅) ပဋိစ္စ သမုပ္ပါဒ နိယာမ-ကုသိုလ် အကုသိုလ် တရားတို့၏ တခုဖြစ်လျှင် အခြားတခုဖြစ်ပေါ်လာခြင်း, သဘောတရားတခုချုပ်လျှင် အခြားတခု ချုပ်ငြိမ်းသွားသော သဘောတရားစုမျိုး။

နိရောဓသစ္စာ၏ အနက်သဘော ၄-ချက်

၎င်းသရုပ်ကို (သစ္စာအနက် ၁၆-ချက်)၌ ရှုပါ။

နိရောဓ သမာပတ်၏ ပုဗ္ဗ ကရဏကြီး ၄-ပါး

နိရောဓသမာပတ် မဝင်စားမီ ရှေးဦးစွာ အမြဲပြုလုပ် ဓိဋ္ဌာန်ရသော ပြုဘွယ်ကြီး လေးပါး ဟူ၏။
(၁) သတ္ထု ပက္ကောသန-မြတ်စွာဘုရားခေါ်လျှင်သိနိုင်ခြင်း၊
(၂) သံဃပဋိမာနန-သံဃာ တောင့်တလျှင် သိနိုင်ခြင်း၊
(၃) နာနာဗဒ္ဓ အဝိကောပန-မိမိနှင့် စပ်သော သင်္ကန်းပရိက္ခရာတို့ကို ရေ,မီး စသော ရန်သူများ မဖျက်ဆီးနိုင်ခြင်း၊
(၄) အဒ္ဓါန ပရိစ္ဆေဒ-ဝင်စားနေမည့် နေ့ရက်အချိန်ကို ပိုင်းခြားသတ်မှတ်ခြင်း။

နိရောဓသမာပတ် ဝင်စားနိုင်သူ ၂-မျိုး

စိတ်, စေတသိက်, စိတ္တဇရုပ် တို့ကို အခိုက်အတန့်အားဖြင့် ချုပ်စေကာ ချမ်းသာမှုကို ခံစားနိုင်သူ ပုဂ္ဂိုလ်နှစ်ယောက်ကို ဆိုသည်။
(၁) စျာနလာဘီ အနာဂါမ် ပုဂ္ဂိုလ် တယောက်၊
(၂) စျာနလာဘီ ရဟန္တာ ပုဂ္ဂိုလ် တယောက်။
မှတ်ချက်။ ။သောတာပန်, သကဒါဂါမ်နှင့် ပုထုဇဉ် စျာန်ရ ပုဂ္ဂိုလ်တို့ကား နုသော သမာဓိရှိ၍ မဝင်စားနိုင်ဟူ၏၊ စျာန်သမာပတ် မရသူ အနာဂါမ် ရဟန္တာတို့လည်း မဝင်စားနိုင်ချေ။

နိသဇ္ဇ ဒေါသမျိုး ၈-ပါး

မြတ်စွာဘုရားနှင့် သံဃာတော်များထံ ကပ်ရောက်ခစားသောခါ မနေအပ်သော အရပ်နေရာမျိုး ရှစ်ပါး၊ မသင့်တင့်သော အပြစ်သင့်သည် ဟူ၏၊ သုတ္တနိပါတ် မင်္ဂလသုတ် အဋ္ဌကထာမှ သုတေသန ဉပသည်။
(၁) အတိဒူရ-ဝေးလွန်းသော နေရာ၊
(၂) အစ္စာသန္န-နီးလွန်းသော နေရာ၊
(၃) ဥပရိ ဝါတ-လေညာလေတင်အရပ်၊
(၄) ဥန္နတ ပဒေသ-မြင့်လွန်းသော နေရာ၊
(၅) အတိသမ္မုခ-မျက်နှာနှင့် တည့်တည့်အရပ်၊
(၆) အတိ ပစ္ဆာ-နောက်ကျောတည့်တည့်အရပ်၊
(၇) ဩနတ-နိမ့်ကျလွန်းသော နေရာ၊
(၈) ပဿ-ဘေးတိုက် တည့်တည့်နေရာ။

နီလာအပြား၊ မျိုး ၄-ပါး၊ ခွဲခြား မဏိသျှတ်

မဏိသျှတ္တရကျမ်းလာ နီလာမျိုးလေးပါးကို တန်ဘိုးနှင့်တကွ ၎င်းကျမ်းရင်း လင်္ကာအတိုင်း ခွဲခြား၍ ထုတ်ပြလိုက်၏၊ “လေးသွယ်နီလာ၊ ပြားကြရာတွင်၊
(၁)”နီလာ”ခေါ်ဆို၊ အောက်မဲညိုပွင့်၊ ပန်းသို့ တင့်၏၊
(၂) ထပ်ဆင့် ဒုတိယ၊ “နီလ ကဏ္ဍီ”၊ ရှု ဤလက္ခဏာ၊ အပြာတွင်ဖက်၊ ညိုညိုစွက်၏၊
အမျက်နှစ်ပါး၊ ဤကျောက်များကား၊ ကျပ်သားရွှေတိ၊ တင်လောက်ဘိမူ၊ သိင်္ဂိပဉ္စ၊ ကျပ်ထိုက်စွတည့်၊
(၃) “ဣန္ဒနီလာ”၊ လက္ခဏာကား၊ သူရိယာနေခြည်၊ ရောင်သို့တည်၏၊
ရွှေရည် တကျပ်၊ တင်လောက်လပ်မူ၊ သုံးကျပ်ရွှေကောင်း၊ ထိုက်ပေရှောင်း၏၊
(၄) တကြောင်း “ဥပ နီလာ”၊ သညာခေါ်ဆို၊ ကြာညိုပွင့်ရောင်၊ တကျပ်ခေါင်မှာ၊
စီမြှောင်သင့်စွာ၊ ထားလောက်ပါမူ၊ ရွှေသား နှစ်ကျပ်၊ အဘိုးပြတ်သည်၊ မချွတ်မှန်ဖြောင့် လှည့်သတည်း”။

နီဝရဏတရား ၆-ပါး

စျာန် မဂ်ဖိုလ် စသော ကုသိုလ်တရားတို့ကို ပိတ်ပင်တားဆီး ကန့်ကွက်တတ်သော တရား ၆-ပါး။
(၁) ကာမစ္ဆန္ဒ နီဝရဏ-အာရုံငါးပါး ကာမဂုဏ်တရားတို့ကိုသာ ခံစားလိုခြင်း လောဘ၊
(၂) ဗျာပါဒ နီဝရဏ-အမျက်ဒေါသ ပြစ်မှား ကြမ်းတမ်းခြင်း၊
(၃) ထိနမိဒ္ဓ နီဝရဏ-ထိုင်းမှိုင်း ငိုက်မျည်းခြင်း၊
(၄) ဥဒ္ဓစ္စ ကုက္ကုစ္စ နီဝရဏ-မတည်ကြည်သောစိတ်, ပျံ့လွင့်ခြင်း, ပူပန်ခြင်း၊
(၅) ဝိစိကိစ္ဆာ နီဝရဏ-ရတနာသုံးပါး၏ ဂုဏ်ကျေးဇူးနှင့် မိမိတို့ပြုလုပ်ရမည့် အကျိုးခံစားခွင့်
စျာန် မဂ်ဖိုလ်တရားတို့ကို သို့လော သို့လော ယုံမှားတွေးတောခြင်း၊
(၆) အဝိဇ္ဇာ နီဝရဏ-အမှန်ကိုမသိတတ်ခြင်း မောဟ။

နုမှာ ၅၀၀၊ ဘုရားလျာ၊ သညာ အမည်ထုတ်

ကျမ်းကြီး ကျမ်းခိုင်တို့၌ ၎င်းတို့၏ အမည်နာမများကို မတွေ့ဘူးသေးပါ၊
ရင့်မာ တကျိပ်ကား အနာဂတဝင်ကျမ်း၌ အမည်များနှင့်တကွ လာရှိ၏၊ “ရင့်မာတကျိပ်၊ နုငါးရာ၊ နောင်လာရှစ်သောင်း၊ ဘုရားပေါင်း။ ဘုရားပေါင်းနောက်၊
တို့နှစ်ယောက်၊ တို့နှစ်ယောက်နောက်၊ ခင်ကြီးပေါက်“ဟု အရက်သမား စကားမျိုးလောက်ကိုသာ ကျွန်ုပ်တို့ ကြားမှတ်ရဘူး၏။

နုဿတိ ၁၀-ပါး

၎င်း၏ သရုပ်အဓိပ္ပါယ်(အနုဿတိ ဆယ်ပါး)မှာ ပြခဲ့ပြီ။ ဤဝေါဟာရကား ကဗျာလင်္ကာအစပ်နှင့် စာပေဝါး မဝသူတို့မှဖြစ်လာ၏၊ အမှန်မှာ “အနုဿတိ”သာဖြစ်သည်။

နူနာမျိုး ၁၈-ပါး

ကုဋ္ဌနူနာမျိုး ၁၈-ပါး၊ အမတသာဂရ ဆေးကျမ်းမှ အကျဉ်းယူပြသည်။
အကျယ် ၎င်း၌ရှုပါလေ။
(၁) ကာပါလိက-ကိုယ်ရေ နီ, ညို, အဖုပေါက်, ကြမ်းခြောက်၍ အလွန်နာကျင်ခြင်း ဖြစ်၏၊
(၂) ဩဒုမ္ဗုရ-ကိုယ်ရေနီ, သဖန်းသီးဖုထ, အလွန်ယား, ဆံပင်အမွေး ဖြော့တော့သော အဆင်းရှိ၏၊
(၃) မဏ္ဍလ- ကိုယ်ရေဖြူ, နီ, စေးထန်းထန်းအဖုအကွက်ထ၏၊
(၄) ဣက္ခ ဇိဝှါ- အနာဖြစ်ရာ၌ လျှာကဲ့သို့ရှိ၏၊ အတွင်း၌ ဝါညိုရှိ၏၊ နာကျင်၏၊
(၅) ပုဏ္ဍရိက-အရေသည် ကြာရွက်နုကဲ့သို့ စဉ်းငယ်နီ၍ဖြူ၏၊
(၆) သီဓမ- အရေ ကြေးနီ အဆင်းကဲ့သို့ရှိ၏၊ ယား၏၊ ခြောက်၏၊ တစ တစ ပြန့်နှံ့၍တက်၏၊
(၇) ကာက-အရေ ချင်ရွေးကဲ့သို့ရှိ၏၊ အတွင်း၌ညို၏၊ ဘေးနားနီ၏၊ ခြောက်သွေ့ ကိုက်ခဲ နာကျင်၏၊
(၈) ဧကကုဋ္ဌ- ချွေးမထွက် ငါးတစ်ငါးတုံးကဲ့သို့ ကြီးစွာဖြစ်ပေါ်လာတတ်၏၊
(၉) ဂဇစမ္မ- အရေသည်ဆင်ရေကဲ့သို့ထူ၏၊
(၁၀) ဒမ္မဒလ- ယား၏၊ နီရောင်ရှိ၏၊ အဖုတို့ဖြင့်ပြည့်၏၊ အဖုပေါက်ကွဲလျက် အဝတ် ပုဆိုးတို့ဖြင့် အထိမခံနိုင်အောင် နာကျင်၏၊
(၁၁) ကိဋိဘ- ခြောက်သောအရောင်ရှိ၏၊ ညိုမည်း၏၊ ကြမ်းထော်၏၊
(၁၂) ဝေပါဒိက-လက်ခြေတို့၏ အရေသည် ကွဲပျက်ပေါက်ပဲ့ခြင်းသို့ ရောက်၏၊ အလွန် နာကျင်၏၊
(၁၃) အလသ-အရေ၌ များစွာယား၍ အဖုကြီးတွေပေါ်ပေါက်လာတတ်၏၊
(၁၄) ဒဒ္ဒု- အရေနီလျက် ယားပြီး အဖုတို့ ထတတ်၏၊
(၁၅) ပါမာ- ပူလောင်၏၊ ယား၏၊ သေးငယ်သော အနီဖု ကလေးများ ပေါ်ပေါက်လာတတ်၏၊
(၁၆) ဝိပ္ဖေါဋက- အရေ၌ ညိုညိုနီနီ သေးငယ်သော အဖုကလေးတွေ ဖြစ်လာတတ်၏၊
(၁၇) သတာရု- အရေ၌ နီိနီညိုညို အဖုကြီးတွေ ထတတ်၏၊
(၁၈) ဝိဓစ္စိကာ- အရိုးအဆစ်တို့ကို ဆွေးမြေ့ပြုတ်ပြတ်စေ၏။

နေထွက်နာရီ၊ ၁၂-လီ၊ မြန်ပြည် ဘယ်လ ဘယ်ချိန်နည်း

မြန်မာပြည်၌ နေထွက် နေဝင် အချိန်များကို အောက်ပါ လင်္ကာသွားအတိုင်း ပညာရှိများ စီစဉ်ထားခဲ့ကြ၏၊ ဤ၌ စနေနံကို သုည ယူလေ။
လင်္ကာသွား -----------------------လအမည်----------- နာရီ မိနစ်
ကူး, သောင်း, နေထွက် ------------ တာကူး------------- ၆ ဝဝ
ဆုန်, ဖက်, မေနှင်း----------------- ကဆုန်-------------- ၅ ၅၀
ယုန်, မင်း, လှထွေ----------------- နယုန်--------------- -- ၅ ၄၀
ဆို, ပေ, ဆယ်ထပ်----------------- ဝါဆို ------------------ ၅ ၃၀
ခေါင်, မတ်, လည်တို -------------- ဝါခေါင်-----------------၅ ၄၀
လင်း, ပျို, ပျိုထွေး----------------- တော်သလင်း -----------၅ ၅၀
ကျွတ်, သွေး, ထွက်ထွက် ---------သီတင်းကျွတ် -----------၆ ဝဝ
မုန်း, သက်, အော်နေ -------------တန်ဆောင်မုန်း ----------၆ ၁၀
နတ်, သေ, ချန်ထား----------------နတ်တော် ---- ------- ၆ ၂၀
ပြာ, သား, စုတ်တံ ----------------ပြာသို ------------------- ၆ ၃၀
တွဲ, ဟန်, ခေါ်ထု---------------- တပို့တွဲ ---------------- ၆ ၂၀
ပေါင်း, ဟု, အတင်း------------- တပေါင်း --------------- ၆ ၁၀
နေထွက်လင်းသည်၊ မြန်တွင်းပြည်သူ၊ မှတ်ယူသော်။

နေပြည်တော်မှာ၊ ငြိမ့်ညောင်းသာ၊ ကျမ်းလာ သံ ၁၀-မျိုး

၎င်းသရုပ်
(မြို့တော်သာယာ၊ ငြိမ့်ညောင်းငြာ၊ ၁၀-ဖြာ အသံမျိုး) ဟူသော သုတေသန၌ ရှုပါလေ။

နေမင်း၏ ရန်သူမျိုး ၄-ပါး

ဝိ၊၄၊၄၉၂။ ဝိ၊ဋ္ဌ၊၄၊၃၁၂-တို့၌ရှုပါ၊ နေ၏ အန္တရာယ်ကြီး လေးပါး။
(၁) ဆီးနှင်းမြူခိုး၊
(၂) မီးခိုး၊
(၃) မိုယ်းတိမ်၊
(၄) အသူရိန်
တို့ဖြစ်ကြ၏။

နေမင်း၏ ရန်သူမျိုး ၅-ပါး၊ တနည်း

နေ, လ, တို့၏အန္တရာယ် အညစ်အကြေး ၅-ပါး ဟူ၏။ ဒီ၊ဋ္ဌ၊၁၊၁၂၉။
(၁) မိုယ်းတိမ်တိုက်၊
(၂) ဆီးနှင်း၊
(၃) မီးခိုး၊
(၄) မြူ၊
(၅) ရာဟု အသူရိန်။

နေရာ ၅-သွယ်၊ နန်းတော်ဝယ်၊ ဘယ့်နှယ် ဘယ့်နှယ် ဘယ်သို့နည်း

နန်းတော်တွင်းရှိ မှူးမတ်တို့၏ နေရာ ၅-သွယ် ဟူလို၊ ၎င်းတို့ကို တော်, ဒူး, စနည်း, ကဝေါ, ဟု သိရာသည်၊ ဤ အခေါ်အဝေါ်တို့မှာ ရာမညတိုင်းသားတို့ ဘာသာ ဖြစ်၏။
(၁) တော် နေရာ- ကွန်းစင်နေရာ၊
(၂) ဒူး နေရာ-သေဉ် မ နေရာ၊
(၃) စနည်းနေရာ၊
(၄) သေဉ်ရံ နေရာ၊
(၅) ဘဝေါ နေရာ- သေဉ်ထွေးနေရာ၊ “အတွင်းဘဝေါ, အပြင်ဘဝေါ“အားဖြင့် နေရာ ငါးသွယ် ရှိ၏။
ထို့ကြောင့် “အမတ်ကြီးဟု၊ သီးသီးကျော်ထင်၊ တော်ဟုတွင်သား၊ ကွန်းစင်လုံးညီ၊ ရွှေတိုင်မှီလျက်၊
နောက်ပြီနောက်တည်၊ ဒူး, စနည်က၊ နှစ်မည်ဘဝေါ၊ နတ်လော တွေးဘွယ်၊ မတ်ငါးသွယ်နှင့်၊“ဟု ပညာရှိတို့ စပ်ဆိုထား၏။

နေရောင်ခြည် ၇-မျိုး

နေရောင်ခြည် ဓာတ်တွင်ပါသော အဆင်းရောင်ခြည် ၇-မျိုး။
(၁) အနီရောင်၊
(၂) အဖြူရောင်၊
(၃) ညိုစိမ်းရောင်၊
(၄) အဝါရောင်၊
(၅) မောင်းမှိုင်းရောင်၊
(၆) ခရမ်းရောင်၊
(၇) ပြိုးပြက်ရောင်။

နေဝင်နာရီ၊ ၁၂-လီ၊ မြန်ပြည် ဘယ်လ ဘယ်ချိန်နည်း

၎င်းအဖြေကား ၁၂-နာရီကိုတည်၊ ထိုလ၏ နေထွက်နာရီနှင့် နုတ်၊ အကြွင်း နေဝင်နာရီဖြစ်၏။

နေ့ နံမျိုး ၈-ပါး

တနင်္ဂနွေ နေ့နံ အစ-ရာဟု နေ့နံ အဆုံး, ၎င်းရှစ်ပါးကို ခေါ်သည်။

နေ့၌ အိပ်သင့်သောသူ ၁၇-ဦး

ဥတုဘောဇနကျမ်းမှ ဤသူများကား ကျန်းမာရေးအတွက် နေ့ကိုအိပ်ရမည်။ (၁) အပင်ပန်းခံသူ၊
(၂) မေထုန်မှီဝဲပြီးစသူ၊
(၃) ခရီးပြင်းသွားသူ၊
(၄) ဆင်မြင်းတို့ ပန်းအောင်စီးသူ၊
(၅) ကိုယ်လက်နွမ်းနယ်သူ၊
(၆) ဝမ်းသက်သူ၊
(၇) ရင်ကျပ် ရင်ဘတ်နာရှိသူ၊
(၈) ပန်းနာရှိသူ၊
(၉) ရေငတ်နာရှိသူ၊
(၁၀) သက်လုံပျက်သူ၊
(၁၁) လေနာရှိသူ၊
(၁၂) ဓာတ် အားခွန် ကုန်ခန်းသူ၊
(၁၃) သလိပ် ကုန်ခန်းသူ၊
(၁၄) သူအို၊
(၁၅) သေအရက် များစွာ ယစ်သူ၊
(၁၆) အဇိဏ္ဏနာ ရှိသူ၊
(၁၇) ညဉ့်ကို မအိပ်ရသူ။

နောက်ပစ်အနက်၊ ၃-ပါးထွက်၊ မိန့်မြွက် ဖြေတော်မူ

ပဲနှင့်စလယ်၊ ပယ်၌ဝယ်၊ တင့်တယ် နောက်ပစ်မှ။ ဟူသော ပရိဘာသာ အရ။
(၁) ငွေ တပဲ, နှစ်ပဲ, ဟူသော အနက်၊
(၂) ဆန် တစလယ်, ဟူသောအနက်၊
(၃) မြေ တပယ်, နှစ်ပယ်, ဟူသော အနက်တို့၌ (၁ဲ, ၂ဲ) ဟု နောက်ပစ်နှင့် ရေးရ၏။

နောက်ပစ်မျိုး ၃-ပါး

မြန်မာသင်ပုန်းကြီးကျမ်းလာ ၃၆-ပါးသော ဌာနတို့တွင်ပါဝင်သည်။စာစီ စာကုံးဥပဒေသ ဝေါဟာရ၊“အဲ, အဲ့, အဲး“တို့ဖြစ်၏၊(နောက်ပစ် ယသတ် သမာနဟော။)

နောင်တ တရားကြီး ၁၀-ပါး

လွန်ပြီးသော အမှုတို့ကိုပြန်တွေးကာ စိတ်မအေးဘွယ် အကြောင်းတရား ၁၀-ပါး၊ ဒွါဒသနိပါတ် ဇနသန္ဓဇာတ် ပါဠိတော်မှ။
(၁) ငယ်ရွယ်စဉ်အခါ ပစ္စည်းဥစ္စာ မရှာ မဆည်းပူးခဲ့လျှင် အိုမင်းသော နောင်အခါ၌ မရှိဆင်းရဲ မွဲပြာကျသောကြောင့် နောင်တ ရတတ်သည်။
(၂) ငယ်ရွယ်စဉ်အခါ ပညာသင်ကြားရန် အခွင့်အရေး ရပါလျက် ပညာကို မသင်မကြား ဆိုးတေကာ ကျောင်းပြေးလုပ်သောသူသည် ပညာမရှိခြင်းကြောင့် နောင်အသက်မွေးမှုငြိုငြင်ဆင်းရဲ သောအခါ နောင်တ ရတတ်သည်။
(၃) ကောက်ကျစ်စဉ်းလဲခြင်း၊ ကုန်းချောစကားပြောကြား ရန်တိုက်ခြင်းများ ပြုမိခဲ့လျှင် နောင်သေရာညောင်စေါင်း၌ လျှောင်းစက်ရသောအခါ နောင်တတရား ရတတ်သည်။
(၄) သူ၏အသက်ကိုသတ်ခြင်း၊ ကြမ်းကြုတ်ခြင်း၊ ယုတ်မာ ညစ်ညမ်းသော အမှုတို့ကိုပြုခြင်း၊ သတ္တဝါများအား သနားမဖက် ရက်စက်သည်ကို ဉပမိခြင်းတို့ကြောင့်လည်း နောင်သောအခါ နောင်တရတတ်သည်။
(၅) အဂမနိယ မသွားလာအပ်သော သူ့မယား ခင်ပွန်းနှင့်သားသမီးများကို သွားလာပေါင်းသင်း မှီဝဲဖျက်ဆီးမိခြင်းကြောင့်လည်း နောင်တ တဖန် ပူပန်ရတတ်သည်။
(၆) များစွာသော ပစ္စည်းဥစ္စာ ထမင်း အဖျော်တို့ ရှိပါလျက် ထိုစဉ်အခါက ဒါနမပြုမိလျှင် နောင်သောအခါ နောင်တ ရတတ်သည်။
(၇) ဥစ္စာအား, ကိုယ်အား, ဉာဏ်အား များစွာရှိပါလျက် အိုမင်းသော မိဘတို့ကို အသက်ရှင်စဉ်အခါက မလုပ်ကျွေး မမွေးမြူ မိခဲ့လျှင် နောင်သောအခါ နောင်တ ရတတ်သည်။
(၈) ပုဗ္ဗာစရိယ ဖြစ်၍ အဖန်တလဲလဲ ဆိုဆုံးမတတ်သော အလုံးစုံသောဝတ္ထုကာမ အရသာတို့ကို ရှာကြံဆောင်ယူ၍ ကျွေးမွေး ပေးတတ်သော မိခင် ဘခင်မြတ် တို့ကို အထေမဲ့ပြုမိလျှင် နောင်သောအခါ နောင်တ ရတတ်သည်။
(၉) သီလ, သမာဓိ, ပညာ ဗဟုသုတသခင် ရဟန်းတော်အရှင် သူတော်စင်များ ထင်ရှားရှိပါလျက် မဆည်းကပ် မကိုးကွယ် မပေးလှူမိသူသည်လည်း နောင်သောအခါ နောင်တ ရတတ်သည်။
(၁၀) ငြိမ်သက်တည်ကြည်သောအကျင့် ခြိုးခြံသော အကျင့်သည် ကောင်းမြတ်၏ဟု သူတော်ကောင်းတို့ ဟောကြားခဲ့ပြီ၊ ဤသို့သော အကျင့်မြတ်တို့ကို ငါလည်း ရှေးက မကျင့်ခဲ့မိဟု နောင်သောအခါ နောင်တ ရတတ်သည်။

နောင်ပြင်ရန်ခက်၊ မျိုး ၅-ချက်၊ မိန့်မြွက် ပညာရှင်

ဤ၌ စလေဆရာကား ရှေ့သုံးပါးဖြစ်သော အိမ်ထောင် ဉပ၊ ဘုရားတည်၊ ဆေးမင်ကြောင်ထိုးမှုတို့ကို ပြသွား၏။ ကျောင်းလှူ ကျောင်းထိုင်ပင့် ကိစ္စနှင့် စာချုပ်ရေးကိစ္စ ထည့်၍ ၅-ပါးဖြစ်လာသည်၊ ကျောင်းလှူမှားလျှင် ဘုန်းကြီးနှင့်စကားများ နှင်ချလို့လည်း မသွား၊ အပါယ်သို့သာ လားတတ်ကြသည်၊ စာချုပ်မှု ကိစ္စကား သာ၍ပင် ဆိုးချေ၏၊ ထို့ကြောင့် “အိမ်ထောင်မှု၊ ဘုရားတည်၊ ဆေးမင်ရည် စုတ်ထိုး၊ ကျောင်းထိုင်ပင့် မြတ်သံဃာ၊ စာချုပ်ရာ ခက်တဲ့အမျိုး။ ဤ ၅-ခု သမ္ပဇဉ်၊ ဉာဏ်ယှဉ်ကာ ပြုကြမြှော်ကိုး“ဟုဆိုရိုးပြုကြသည်။

နို့အရသာမျိုး ၅-ပါး

နွားနို့ စသည်မှ ဖြစ်ပေါ်သော အရသာ ဓာတ်များ။
(၁) ခီရ- နို့စိမ်း နို့ကျက်၊
(၂) ဒဓိ- ဓိန်ခဲ၊
(၃) ဋက္က- ရက်တက်ရည်၊
(၄) နဝနီတ- ထောပေး၊ ဆီဦး၊
(၅) သပ္ပိ- ထောပတ်။

နို့ထိန်း အင်္ဂါ ၉-ပါး

ဗုဒ္ဓဝင် အဋ္ဌကထာမှ၊ ရှေးအခါက ယခုကဲ့သို့ တိရစ္ဆာန်နို့မျိုးဖြင့် မိမိတို့သားသမီးတို့ကို မမွေးမြူ၊ လူလူချင်း နို့ဖြင့်သာ မွေးမြူစေကြ၏။ ထို့ကြောင့် မိမိကလေးအား နို့ထိန်း တိုက်ကျွေးမည့် သူမသည် “ မမြင့်လွန်း, မနိမ့်လွန်း, မကြုံလွန်း, မဆူလွန်း, မမည်းလွန်း, မဖြူလွန်း, ရင်သားမရှည်လွန်း, မတိုလွန်း, ချောင်းဆိုးပန်းနာ မရှိ,သူ“ဖြစ်စေရသည် ဟူ၏။

နိုင်ငံတော် ကျယ်ပြန့်မှု အကြောင်းကြီး ၈-ပါး

တိုင်းပကား ပြည်နယ် တိုးကျယ် ပြန့်ပွားခြင်း အကြောင်း အင်အား ရှစ်ပါး။ ရာဇနီတိ သျှတြ။
(၁) စစ်၏ဦးခေါင်းခေါ် စစ်သူကြီး ဗိုလ်ချုပ်ရှိရခြင်း၊
(၂) စစ်၏မျက်စိ ခေါ် ဟူရားတတ်နှင့် ဆရာဝန်များရှိရခြင်း၊
(၃) စစ်၏နားခေါ် သူလျှိုကောင်းများရှိရခြင်း၊
(၄) စစ်၏အား ခေါ် ရဲမက် စစ်သည်ကောင်းများစွာ ရှိရခြင်း၊
(၅) စစ်၏ခံတွင်းခေါ် တမန်လိမ္မာများ ရှိရခြင်း၊
(၆) စစ်၏အစွယ်ခေါ် ဗိုလ်မှူး တပ်မှူး ရှိရခြင်း၊
(၇) စစ်၏ခြေခေါ် ကြည်း, ရေ, လေယာဉ်နှင့် ယာဉ်မောင်း သူရဲကောင်းများ ရှိရခြင်း၊
(၈) စစ်၏ လက် ခေါ် လက်နက်ခဲယမ်း ရိက္ခာ များစွာ ရှိရခြင်း။

နိုင်လိုသူများ၊ ကျင့်ဆောင်ထား၊ ၅-ပါး မြတ်ဓမ္မာ

၎င်းကို (အောင်နိုင်ခြင်း တရား ၅-ပါး) ဟူသော သရုပ်၌ ဆိုခဲ့ပြီ။

နွားလားကြီးမျိုး ၃-ပါး

(၁) နွားကောင်ရေ တရာတို့၏ အကြီးအမှူးသည် နွားလား “ဥသဘ“မည်၏၊
(၂) နွားကောင်ရေ တထောင်တို့၏ အကြီးအမှူးသည် နွားလား “နိသဘ“မည်၏၊
(၃) အားလုံးသောနွားအပေါင်းတို့၏ အကြီးအမှူးသည် နွားလား “အာသဘ“မည်၏၊
မ၊၁၊၉၉။ မ၊ဋ္ဌ၊၁၊၃၃၂-၌ အကျယ်ရှုပါ။

နှစ် အမျိုးအစား ၃-ပါး

နက္ခတ် ဗေဒင်ကျမ်းတို့မှ၊
(၁) မဏ္ဍုက ဂတိကနှစ်- ရက်ပေါင်း ၃၆၄-ရက်ကျမှ မိဿရာသီသို့ တနင်္ဂနွေ ရောက်လျှင် နေသည် အသွားနှေးသောကြောင့် မဏ္ဍုက ဂတိကနှစ်ခေါ်သည်၊ လဆန်း တိထီ ၁-ရက်, ၂-ရက် မှာ လမြင်ရ၏၊
(၂) သီဟ ဂတိကနှစ်- ရက်ပေါင်း ၃၅၄-ရက်နှင့် မိဿရာသီသို့ တနင်္ဂနွေ ရောက်လျှင် နေသည် ခုန်ကျော်၍ အသွားမြန်သောကြောင့် သီဟ ဂတိကနှစ်ခေါ်သည်၊ လဆန်း တိထီ ၄-ရက်, ၅-ရက် မှ လမြင်ရ၏၊
(၃) ယထာ ဂတိကနှစ်-ရက်ပေါင်း ၃၆၀-အပြည့်မှာ မိဿရာသီသို့ တနင်္ဂနွေ ရောက်လျှင် နေသည် မနှေးမမြန် အဖြောင့်သွားသောကြောင့် ယထာ ဂတိကနှစ်ခေါ်သည်၊ လဆန်း တိထီ ၃-ရက်မှာ လမြင်ရ၏၊ ဆေးဩဇာရှိသော နှစ်မည်၏။ မှတ်ချက်။ ။ တလ၏ အင်္သာ ရက်ပေါင်း-၃၀၊ မိဿ, စသော ဆယ့်နှစ်ရာသီလျှင် အင်္သာရက်ပေါင်း ၃၆၀-ကို အမြဲထား၍ နှစ်မျိုး ၃-ပါး ပိုင်းခြား၍ ပြသည်။

နှစ် အမျိုးအစား ၅-ပါး

သုတေသီတို့အတွက် အချက်ကျ သိစေရန် တွက်နည်း လင်္ကာပါ ဖေါ်ပြထားသည်

နှစ် အမျိုးအစား ၁၂-ပါး

ခုနှစ်သက္ကရာဇ် အမည် ၁၂-မျိုး၊ ၎င်းတို့ကိုပင် “သင်္ကြန်မျိုး ၁၂-ပါး“ဟုလည်းခေါ်ကြသည်၊ သင်္ကြန်လက်ရိုးကျမ်းတို့မှ နည်းရရုံ ပြလိုက်၏၊
ရောက်ဆဲ သက္ကရာဇ်ကိုတည်၊ ၂-ခုနုတ်၊ ၁၂-ခုစား၊
၁-ကြွင်းမူ ဇေယျနှစ်၊
၂-ကြွင်းမူ ဝိသာခါနှစ်၊
၃-ကြွင်းမူ ဇေဋ္ဌနှစ်၊
၄-ကြွင်းမူ အာသဠှီနှစ်၊
၅-ကြွင်းမူ သရဝဏ်နှစ်၊
၆-ကြွင်းမူ အဒြနှစ်၊
၇-ကြွင်းမူ အဿယုတ္တနှစ်၊
၈-ကြွင်းမူ ကြတ္တိကာနှစ်၊
၉-ကြွင်းမူ မိဂသီနှစ်၊
၁၀-ကြွင်းမူ ဖုသျှနှစ်၊
၁၁-ကြွင်းမူ မာဃနှစ်၊
၁၂-ကြွင်းမူ ဖဂ္ဂုဏနှစ်။

နှစ်ကျိပ်ရှစ်ဆူ ဘုရား

ဂေါတမ ဘုရားလောင်း ဗျာဒိတ် ခံယူသော ကမ္ဘာမှစ၍ ပွင့်တော်မူသော ဘုရားရှင်များ၏ အမည်တော်တို့ဖြစ်သည်။
(၁) တဏှင်္ကရာဘုရား-ဒုက္ကရစရိယာ ၇-ရက်၊ စရီးပင် (တောင်မရိုးပင်) ဗောဓိ၊ သက်တော် တသိန်း နေတော်မူ၏။
(၂) မေဓင်္ကရာဘုရား-ဒုက္ကရစရိယာ ၁၅-ရက်၊ ပေါက်ပင် ဗောဓိ၊ သက်တော် ကိုးသောင်း။
(၃) သရဏင်္ကရာဘုရား-ဒုက္ကရစရိယာ တလ၊ သခွတ်ပင် ဗောဓိ၊ သက်တော် ရှစ်သောင်း။
(၄) ဒီပင်္ကရာဘုရား-ဒုက္ကရစရိယာ ၇-ရက်၊ ညောင်ကြပ်ပင် ဗောဓိ၊ သက်တော် တသိန်း။
(၅) ကောဏ္ဍညဘုရား-ဒုက္ကရစရိယာ ဆယ်လ၊ ကြောင်လျှာပင် ဗောဓိ၊ သက်တော် တသိန်း။
(၆) မင်္ဂလဘုရား-ဒုက္ကရစရိယာ ရှစ်လ၊ ကံ့ကော်ပင် ဗောဓိ၊ သက်တော် ကိုးသောင်း။
(၇) သုမနဘုရား-ဒုက္ကရစရိယာ ဆယ်လ၊ ကံ့ကော်ပင် ဗောဓိ၊ သက်တော် ကိုးသောင်း။
(၈) ရေဝတဘုရား-ဒုက္ကရစရိယာ ၇-လ၊ ကံ့ကော်ပင် ဗောဓိ၊ သက်တော် ခြောက်သောင်း။
(၉) သောဘိတဘုရား-ဒုက္ကရစရိယာ ၇-ရက်၊ ကံ့ကော်ပင် ဗောဓိ၊ သက်တော် ကိုးသောင်း။
(၁၀) အနောမဒဿီဘုရား-ဒုက္ကရစရိယာ ဆယ်လ၊ ဖောက်ကြံ့ပင် ဗောဓိ၊ သက်တော် တသိန်း။
(၁၁) ပဒုမဘုရား-ဒုက္ကရစရိယာ ရှစ်လ၊ ကြောင်လျာပင် ဗောဓိ၊ သက်တော် တသိန်း။
(၁၂) နာရဒဘုရား-ဒုက္ကရစရိယာ ၇-ရက်၊ ကြောင်လျာပင် ဗောဓိ၊ သက်တော် ကိုးသောင်း။
(၁၃) ပဒုမုတ္တရဘုရား-ဒုက္ကရစရိယာ ၇-ရက်၊ ထင်းရူးပင် ဗောဓိ၊ သက်တော် တသိန်း။
(၁၄) သုမေဓာဘုရား-ဒုက္ကရစရိယာ ၁၅-ရက်၊ ထိန်ပင် ဗောဓိ၊ သက်တော် ကိုးသောင်း။
(၁၅) သုဇာတဘုရား-ဒုက္ကရစရိယာ ကိုးလ ၊ ဝါးပင် ဗောဓိ၊ သက်တော် ကိုးသောင်း။
(၁၆) ပီယဒဿီဘုရား-ဒုက္ကရစရိယာ ခြောက်လ၊ ရေခတက်ပင် ဗောဓိ၊ သက်တော် ကိုးသောင်း။
(၁၇) အတ္တဒဿီဘုရား-ဒုက္ကရစရိယာ ရှစ်လ၊ စကားပင် ဗောဓိ၊ သက်တော် တသိန်း။
(၁၈) ဓမ္မဒဿီဘုရား-ဒုက္ကရစရိယာ ၇-ရက်၊ လိပ်ဆူးရွှေပင် ဗောဓိ၊ သက်တော် တသိန်း။
(၁၉) သိဒ္ဓတ္ထဘုရား-ဒုက္ကရစရိယာ ဆယ်လ၊ မဟာလှေကားပင် ဗောဓိ၊ သက်တော် တသိန်း။
(၂၀) တိဿဘုရား-ဒုက္ကရစရိယာ ရှစ်လ၊ ပိတောက်ပင် ဗောဓိ၊ သက်တော် တသိန်း။
(၂၁) ဖုဿဘုရား-ဒုက္ကရစရိယာ ခြောက်လ၊ သျှိသျှားပင် ဗောဓိ၊ သက်တော် ကိုးသောင်း။
(၂၂) ဝိပဿီဘုရား-ဒုက္ကရစရိယာ ရှစ်လ၊ သခွတ်ပင် ဗောဓိ၊ သက်တော် ရှစ်သောင်း။
(၂၃) သိခီဘုရား-ဒုက္ကရစရိယာ ရှစ်လ၊ သရက်ဖြူပင် ဗောဓိ၊ သက်တော် ခုနစ်သောင်း။
(၂၄) ဝေဿဘူဘုရား-ဒုက္ကရစရိယာ ခြောက်လ၊ အင်ကြင်းပင်ဗောဓိ၊ သက်တော် ခြောက်သောင်း။
(၂၅) ကကုသန်ဘုရား-ဒုက္ကရစရိယာ ရှစ်လ၊ ကုက္ကိုပင် ဗောဓိ၊ သက်တော် လေးသောင်း။
(၂၆) ကောဏဂုံဘုရား-ဒုက္ကရစရိယာ ခြောက်လ၊ ရေသဖန်းပင် ဗောဓိ၊ သက်တော် သုံးသောင်း။
(၂၇) ကဿပဘုရား-ဒုက္ကရစရိယာ ၇-ရက်၊ ပညောင်ပင် ဗောဓိ၊ သက်တော် နှစ်သောင်း။
(၂၈) ဂေါတမမြတ်စွာဘုရား-ဒုက္ကရစရိယာ ခြောက်နှစ်ကြာ၊ ညောင်ဗုဒ္ဓဟေပင်ရင်း၌ ပွင့်တော်မူသည်၊ သက်တော် ရှစ်ဆယ် နေတော်မူသည်။ ၎င်း အကျယ်ကို ဗုဒ္ဓဝံ၊၃၈၁။ ဗုဒ္ဓဝံ၊ဋ္ဌ၊၃၄၈၊ အပဒါန၊ဋ္ဌ၊၁၊၅၄။ စရိယာ၊ဋ္ဌ၊၁၄-တို့၌ ရှုပါလေ။

နှစ်ဆယ့်ငါးပါး၊ ဘေးကြီးများ၊ ဖြေကြား မြတ်အရှင်

၎င်း သရုပ်ကို (ဘေးကြီး ၂၅-ပါး)၌ ရှုပါ။

နှစ်ဆယ့်ရှစ်ရုပ်၊ စင်ဆွဲထုတ်၊ ဉပလုပ် ရုပ်သေး သဘင်သော်

၎င်းသရုပ်ကို (ရုပ်သေးကပွဲ၊ ပါစမြဲ၊ ထုတ်ဆွဲ ၂၈-ရုပ် အဘယ်နည်း?) ဟူသော သုတေသန၌ ရှုပါ။

နှစ်ဆယ့်လေးပစ္စည်း

၎င်းသည် ပဋ္ဌာန်းတရားတော်ဖြစ်၍ အာဂုံဆောင် ဉပပြီး နေ့စဉ်စည်းချ ရွတ်ဖတ်ပါက ရန်သူမျိုးငါးပါးမှ ကင်းလွတ်သည်။
ဟေတု ပစ္စယော၊ အာရမ္မဏ ပစ္စယော၊ အဓိပတိ ပစ္စယော၊ အနန္တရ ပစ္စယော၊ သမနန္တရ ပစ္စယော၊ သဟဇာတ ပစ္စယော၊
အညမည ပစ္စယော၊ နိဿယ ပစ္စယော၊ ဥပနိဿယ ပစ္စယော၊ ပုရေဇာတ ပစ္စယော၊ ပစ္ဆာဇာတ ပစ္စယော၊ အာသေဝန ပစ္စယော၊
ကမ္မ ပစ္စယော၊ ဝိပါက ပစ္စယော၊ အာဟာရ ပစ္စယော၊ ဣန္ဒြိယ ပစ္စယော၊ စျာန ပစ္စယော၊ မဂ္ဂ ပစ္စယော၊
သမ္ပယုတ္တ ပစ္စယော၊ ဝိပ္ပယုတ္တ ပစ္စယော၊ အတ္ထိ ပစ္စယော၊ နတ္ထိ ပစ္စယော၊ ဝိဂတ ပစ္စယော၊ အဝိဂတ ပစ္စယော တိ။

နှလုံးသွေးရောင်မျိုး ၆-ပါး

လူ၏ စိတ္တုပ္ပါဒ်ကို လိုက်၍ဖြစ်ပေါ်သော သွေးရောင် ခြောက်ပါး။
(၁) ရာဂစရိုက် ထူပြောသူ၏နှလုံးသွေးသည် ချိပ်ရည်ကဲ့သို့ နီမောင်းသော အဆင်းရှိ၏၊
(၂) ဒေါသစရိုက် ထူပြောသူ၏နှလုံးသွေးသည် ထောက်ရှာသီးမှည်ကဲ့သို့ မည်းနက်သော အဆင်းရှိ၏၊
(၃) မောဟစရိုက် ထူပြောသူ၏နှလုံးသွေးသည် သားဟင်းလျာဆေးရည်ကဲ့သို့ ဖြော့တော့သော အဆင်းရှိ၏၊
(၄) ဝိတက်စရိုက် ထူပြောသူ၏နှလုံးသွေးသည် မဖြူမညို ပဲစဉ်းငုံအဆင်းကဲ့သို့ ဖြော့တော့သော အဆင်းရှိ၏၊
(၅) သဒ္ဓါစရိုက် ထူပြောသူ၏နှလုံးသွေးသည် မဟာလှေကားပန်းအဆင်းကဲ့သို့ ဝါဝင်းကြည်လင်သော အဆင်းရှိ၏၊
(၆) ပညာစရိုက် ထူပြောသူ၏နှလုံးသွေးသည် ပွတ်သစ်စပတ္တမြားကဲ့သို့ သန့်ရှင်းစင်ကြယ်သော ရောင်ဆင်းရှိ၏။(အဘိဓမ္မာနည်း)

နှုတ်ခမ်းရပ်မှာ၊ ဖြစ်ပေါ်လာ၊ မြန်မာအက္ခရာ ၇-လုံး

၎င်းသရုပ် (ဩဋ္ဌဇ အက္ခရာ ၇-လုံး) ၌ဆိုခဲ့ပြီ။

နှုတ်မလုံသူမျိုး ၉-ယောက်

လျှို့ဝှက်ဘွယ်တို့ကို မတိုင်ပင် မပြောကြားအပ်သူ ၉-ယောက်၊ ဟိတောပဒေသမှ။ (၁) ရာဂ စရိတ-ရာဂထူပြောသူ၊
(၂) ဒေါသ စရိတ-ဒေါသကြီးသူ၊
(၃) မောဟ စရိတ- တွေဝေထိုင်းမှိုင်းသူ၊
(၄) ဘီရုက-ကြောက်တတ်သူ၊ သတ္တိနည်းသူ၊
(၅) အာမိသ ဂရုက-လာဘ်လာဘ တပ်မက်သူ၊
(၆) ဣတ္ထိ-မိန်းမ၊
(၇) သောဏ္ဍ-သေသောက်ကြူး ယစ်ထုပ်၊
(၈) ပဏ္ဍက- ပဏ္ဍုက်၊
(၉) ဒါရက- ကလေးသူငယ်။

ပံ့သုကူအပြား၊ မျိုး ၁၀-ပါး၊ ခွဲခြား ဖြေတော်မူ

ရဟန်းတော်များ ပံ့သုကူကောက်ယူအပ်သော ပံ့သုကူအဝတ်မျိုး ဆယ်ပါးကို ဝိနည်းပရိဝါမှ သုတေသနပြုသည်။
(၁) သောသာနိကံ- သုသာန်၌ စွန့်ပစ်ထားသော အဝတ်ပုဆိုး၊
(၂) ဥန္ဒူရခါယိတံ- ကြွက်ကိုက်၍ စွန့်ပစ်ထားသော ၎င်း၊
(၃) ဥပစိက ခါယိတံ-ခြစား၍ စွန့်ပစ်ထားသော ၎င်း၊
(၄) အဂ္ဂိ ဒဍ္ဎုံ- မီးလောင်, မီးပေါက်၍ စွန့်ပစ်ထားသော ၎င်း၊
(၅) ဂေါ ခါယိတံ- နွားခဲစား၍ စွန့်ပစ်ထားသော ၎င်း၊
(၆) အဇိကာ ခါယိတံ- ဆိတ် ခဲစား၍ စွန့်ပစ်ထားသော ၎င်း၊
(၇) အဘိသေကိယံ- အဘိသိက်ပွဲ၌ စွန့်ပစ်ထားသော ၎င်း၊
(၈) ထူပ စီဝရံ- စေတီပုထိုး၌ လှူထားသော ၎င်း၊
(၉) ပါပဏိကံ- အိမ်စျေးအနီး၌ စွန့်ပစ်ထားသော ၎င်း၊
(၁၀) ဘတ ပဋိယာတံ- သုသာန် လိုက်ပို့သူတို့ ပြန်လာသောအခါ အမင်္ဂလာဟုစွန့်ပစ်လိုက်သော အဝတ်ပုဆိုး။

ပကတိ သံ၊ ၁၈-တန်၊ ဂီတံဆိုရိုး အဘယ်နည်း

၎င်းသရုပ်သည် (တက်သံ ၁၈-ပါး)နှင့် တူ၏။

ပကိဏ်းစေတသိက် ၆-ပါး

စိတ်တို့၌ ယှဉ်သင့်သလို သဘောတူရာစု၌ ပြိုးပြွမ်းယှဉ်သော စေတသိက်တရားစုများ ဟူ၏။
(၁) ဝိတက်-ယှဉ်ဘက်တရားစုကို အာရုံသို့ရှေးရှု တင်ပေးခြင်း လက္ခဏာရှိ၏၊
(၂) ဝိစာရ- အာရုံကို အဖန်ဖန်သုံးသပ်ခြင်း လက္ခဏာရှိ၏၊
(၃) အဓိမောက္ခ-ဆုံးဖြတ်ခြင်း လက္ခဏာရှိ၏၊
(၄) ဝီရိယ-ကြိုးစားအားထုတ်ခြင်း လက္ခဏာရှိ၏၊
(၅) ပီတိ-နှစ်သက်ခြင်း လက္ခဏာရှိ၏၊
(၆) ဆန္ဒ-အာရုံ ဉပလိုသော သဘော လက္ခဏာရှိ၏။

ပင်လယ်ကြီး ၁၃-စင်း

ကမ္ဘာပေါ်၌ ကြီးကျယ်ပြန့်ပြောသော ပင်လယ်ကြီးများကို ဆိုသည်။
(၁) မြေထဲ ပင်လယ်(Mediterranean Sea) စတုရန်းမိုင် (၁,၁၄၅,၁၀၀) ကျယ်၍၊ (၄,၆၈၈)ပေ ရေနက်သည်။
(၂) ကာရီဘွယံ ပင်လယ်(Caribbean Sea) စတုရန်းမိုင် (၁,ဝ၄၉,၅၀၀) ကျယ်၍၊ (၈,၆၈၅)ပေ နက်သည်။
(၃) တောင်တရုပ် ပင်လယ်(South China Sea) စတုရန်းမိုင် (၈၉၅,၄၀၀) ကျယ်၍၊ (၅,၄၁၉)ပေ နက်သည်။
(၄) ဘဲရင်း ပင်လယ်(Bering Sea) ၊ စတုရန်းမိုင် (၈၈၄,၉၀၀) ကျယ်၍၊ (၅,ဝ၇၅)ပေ နက်သည်။
(၅) မက်ဆီကို ပင်လယ်ကွေ့(Gulf of Mexico) ၊ စတုရန်းမိုင် (၆၁၅,ဝဝဝ) ကျယ်၍၊ (၄,၈၇၄)ပေ နက်သည်။
(၆) အော့ဟောစက် ပင်လယ်(Okhotsk Sea) ၊ စတုရန်းမိုင် (၆၁၃,၈၀၀) ကျယ်၍၊ (၂,၇၄၉)ပေ နက်သည်။
(၇) အရှေ့ တရုပ် ပင်လယ်(East China Sea) ၊ စတုရန်းမိုင် (၄၈၂,၃၀၀) ကျယ်၍၊ (၆၁၇)ပေ နက်သည်။
(၈) ဟပ်ဆန် ပင်လယ်အော်(Hudson Bay) ၊ စတုရန်းမိုင် (၄၇၅,၈၀၀) ကျယ်၍၊ (၄၂၀)ပေ နက်သည်။
(၉) ဂျပန် ပင်လယ်(Japan Sea) ၊ စတုရန်းမိုင် (၃၈၉,၁၀၀) ကျယ်၍၊ (၄,၄၂၉)ပေ နက်သည်။
(၁၀) ကပ္ပလီ ပင်လယ်(Andaman Sea) ၊ စတုရန်းမိုင် (၃၀၈,ဝဝဝ) ကျယ်၍၊ (၂,၈၅၄)ပေ နက်သည်။
(၁၁) မြောက်ဖက် ပင်လယ်၊ (North Sea) ၊ စတုရန်းမိုင် (၂၂၂,၁၀၀) ကျယ်၍၊ (၃၀၈)ပေ နက်သည်။
(၁၂) ပင်လယ်နီ(Red Sea) ၊ စတုရန်းမိုင် (၁၆၉,၁၀၀) ကျယ်၍၊ (၁,၆၁၁)ပေ နက်သည်။
(၁၃) ဘော်လတစ် ပင်လယ်(Baltic Sea) ၊ စတုရန်းမိုင် (၁၆၃,ဝဝဝ) ကျယ်၍၊ (၁၈၀)ပေ ရေနက်သည်။

ပစ္စည်း ၄-ပါး

သာသနာရေးကိစ္စ၌ သုံးစွဲနိုင်သော ပစ္စည်းမျိုး လေးပါး။
(၁) ဆွမ်းပစ္စည်း-ဆွမ်း, ခဲဘွယ်, ဘောဇဉ်, ချိုချဉ်နို့ စသောဝတ္ထုများ၊
(၂) သင်္ကန်းပစ္စည်း- ဝတ်ရုံ သုံးဆောင်ကောင်းသော သင်္ကန်း ၉-ထည်၊
(၃) ကျောင်းပစ္စည်း-ကပ္ပိယကုဋိခေါ် ကျောင်းအမျိုးမျိုး၊
(၄) ဆေးပစ္စည်း-ကျန်းမာရေးဆိုင်ရာ ဆေးအဖျော် အမျိုးမျိုး။

ပစ္စည်းဥစ္စာ၊ မျိုး ၄-ဖြာ၊ စိတ်ဖြာ ဝေဘန်သိ

၎င်း သရုပ်ကို (ဥစ္စာမျိုး ၄-ပါး) ဟူသော ဓနဗေ၌ ဆိုခဲ့ပြီ။

ပစ္စည်းဥစ္စာ၊ ကုန်ဆုံးရာ၊ ၃-ဖြာ အကြောင်းသိ

၎င်း သုံးပါးတို့တွင် ဒါနမှုဖြင့် ပြုစုကုန်ဆုံးရခြင်းကား ပဌမ အမြတ်ဆုံးဟု ဓမ္မပဒနှင့် ဟိတောပဒေသ၌ ညွှန်းပြ၏။
(၁) ဒါန-သဒ္ဓါကြည်ဖြူ ပေးလှူစွန့်ကြဲ၍ ကုန်ဆုံးခြင်း၊
(၂) ဘောဂ- မိမိကိုယ်တိုင် သုံးဆောင်ခံစား၍ ကုန်ဆုံးခြင်း၊
(၃) နာသ-မစားရက် မလှူရက် ရန်သူမျိုး ငါးပါးဖျက်၍ ကုန်ဆုံးခြင်း။

ပစ္စဝေက္ခဏာ ဉာဏ် ၅-ပါး

ယောဂီသူမြတ်တို့ သောတာပတ္တိမဂ်ဖိုလ်ရပြီးနောက် ဆင်ခြင်ပုံမျိုး ငါးပါး။
(၁) ရှေးဦးစွာ မိမိရပြီးသည့် သောတာပတ္တိမဂ်ကို ဆင်ခြင်ခြင်း၊
(၂) ထို့နောက် ၎င်း၏ အကျိုးဖြစ်သော သောတာပတ္တိဖိုလ်ကို ဆင်ခြင်ခြင်း၊
(၃) ထို့နောက် ထိုမဂ်ဖိုလ်တို့၏ အာရုံဖြစ်သော နိဗ္ဗာန်ကို ဆင်ခြင်ခြင်း၊
(၄) ထို့နောက် ထိုသောတာပတ္တိမဂ်ဖြင့် ပယ်အပ်သော ကိလေသာတို့ကို ဆင်ခြင်ခြင်း၊
(၅) ထို့နောက် ထိုသောတာပတ္တိမဂ်ဖြင့် မပယ်ရသေးသည့် ကြွင်းကျန်သေးသော ကိလေသာတို့ကို ဆင်ခြင်ပြန်ခြင်း၊
ဤသို့ ဆင်ခြင်ခြင်းငါးမျိုးကို ပစ္စဝေက္ခဏာဉာဏ် ငါးပါးဟုခေါ်သည်။

ပစ္စုပ္ပန် အဓွန့်တရားမျိုး ၂-ပါး

၎င်းသရုပ်ကို (အဓွန့် ၃-ပါး)၌ ဆိုခဲ့ပြီ။

ပစ္စုပ္ပန် အဓွန့်တရားမျိုး ၆-ပါး၊ တနည်း

ပဋိစ္စသမုပ္ပါဒ် နည်းအရ “သဠာယတန, ဖဿ, ဝေဒနာ, တဏှာ, ဥပါဒါန်, ဘဝ“၎င်း တရားခြောက်ပါး ဟူ၏။

ပစ္စေကဗုဒ္ဓါ၊ မျိုး ၃-ဖြာ၊ မိန့်မှာ ခွဲပြတော်မူဘုရား

ပစ္စေကဗုဒ္ဓါ အပြား ၃-ပါးကို မေးသည်။ ပစ္စေကဗုဒ္ဓါလည်း သမ္မာသမ္ဗုဒ္ဓမျိုးကဲ့သို့ပင်။
(၁) ပညာဓိက ပစ္စေကဗုဒ္ဓါ-ပညာရှေ့ထား ပါရမီပွားသည်၊
(၂) သဒ္ဓါဓိက ပစ္စေကဗုဒ္ဓါ-သဒ္ဓါရှေ့ထား ပါရမီပွားသည်၊
(၃) ဝိရိယာဓိက ပစ္စေကဗုဒ္ဓါ-ဝိရိယာရှေ့ထား ပါရမီပွားသည်။
မှတ်ချက်။ ။ မုံရွေးအမေး, ကျည်းကန် အဖြေ၌လည်း “ပညာ, သဒ္ဓါ၊ ဝီရိယာဟု၊ သုံးဝ သုံးဖြာ၊ ပစ္စေကာလည်း၊ ပြားပါသည်ပင်၊ ကျမ်း၌ထင်၏“ဟု ဖြေဆိုထားလေသည်။

ပဉ္စ ၅-ပါး၊ ခေါ်ဆိုငြား၊ ဆေးများ ဖော်စပ်ရာ

ဘယဆေး ဖေါ်စပ်ရာ၌ ဆေးတပင်လုံးကို ခေါ်ဆိုသည်။
(၁) မူလ-အမြစ်၊
(၂) ခန္ဓ-ပင်စည်၊
(၃) ပဏ္ဏ-အရွက်၊
(၄) ပုပ္ဖ-အပွင့်၊
(၅) ဖလ-အသီး။

ပဉ္စကူမျိုး ၅-ပါး

ဘယဆေး ဝေါဟာရဖြစ်သည်၊ ပဉ္စ ကဋုက ပါဌ်ပျက်။
(၁) ပိတ်ချင်းသီး၊
(၂) ပိတ်ချင်းမြစ်၊
(၃) စရို၊
(၄) ကန့်ချုပ်နီ၊
(၅) ချင်းခြောက်။
မှတ်ချက်။ ။ရသေ့ ငါးပါးတို့ ချီးမွမ်းသည်ကိုစွဲ၍ “ပဉ္စဂုဏ-ပဉ္စဂူ“ဟုလည်းခေါ်သည်၊
လေ, သလိပ်, သည်းခြေကို နိုင်၏၊ အစာကျေသည်။

ပဉ္စင်းအင်္ဂါ၊ မျိုး ၅-ဖြာ၊ ခံရှာ ရဟန်းမြတ်

ပဉ္စင်းမြောက်ရန် ဦးပဉ္စင်းဖြစ်နိုင်ရန်အတွက် အောက်ပါ အင်္ဂါ ၅-တန်နှင့် ပြည့်စုံရမည် ဟူ၏။
(၁)ဝတ္ထု သမ္ပတ္တိ-ပဉ္စင်းလောင်း၏ အင်္ဂါပြည့်စုံမှု၊
(၂) ဉတ္တိ သမ္ပတ္တိ-ဉတ်၏ပြည့်စုံ ပီသမှု၊
(၃) ကမ္မဝါစာ သမ္ပတ္တိ-ကမ္မဝါ၏ပြည့်စုံ ပီသမှု၊
(၄) သီမာ သမ္ပတ္တိ- သိမ်၏ ဝိပတ္တိကင်းစင် သမ္ပတ္တိဝင်မှု၊
(၅) ပရိသာ သမ္ပတ္တိ- ရဟန်း ဉပပေးသော သံဃာ့ပရိသတ်၏ပြည့်စုံလုံလောက် စင်ကြယ်မှု။

ပဉ္စတား ဂြိုလ် ၅-ပါး

ဗေဒင်ကျမ်းလာ ဝေါဟာရ၊ အင်္ဂါအစ, စနေ,အဆုံးရှိသော ဂြိုလ်ငါးလုံးကိုဆိုသည်။

ပဉ္စမက္ခရာ ၅-လုံး

ဝဂ်ငါးပါးတို့တွင် ၅-လုံးမြောက်စီ ဖြစ်သော “င, ည, ဏ, န, မ“အက္ခရာငါးလုံးကို ခေါ်ဆိုသည်။

ပဉ္စမူကြီး ၅-ပါး

ဘယဆေး ဝေါဟာရ၊ သာရကောမုဒိကျမ်း၌ “ဥသျှစ်, ကြောင်လျှာ, ရမနေ, သံသတ်, တပဆေး“ဤအမြစ် ငါးပါးကို ပဉ္စမူကြီးဟု ခေါ်ဝေါ် ပညတ်လေသည်၊ ဒဗ္ဗဂုဏကျမ်း၌ကား သံသတ်အရာတွင် သခွတ်ကို ထည့်ယူနိုင်သည်ဟုလည်း မှာကြားထားသေးသည်။

ပဉ္စမူကြီး ၅-ပါး၊ တနည်း

ပိတ်ချင်းမြစ်, ဆင်ခရမ်းမြစ်, သာလပြရဏီမြစ်, ပြဿပြရဏီမြစ်, ကနခိုမြစ်“၎င်း ၅-ပါးကိုလည်း တနည်းယူကြသည်။

ပဉ္စမူငယ် ၅-ပါး

ဘယဆေး ဝေါဟာရ။
(၁) ကြံနက်မြစ်၊
(၂) မြေဇာမြစ်၊
(၃) မြားမြစ်၊
(၄) ကိုင်းမြစ်၊
(၅) သမန်းမြစ်၊
ထိုပဉ္စမူငယ် ငါးပါးတို့သည်ကား သည်းခြေနှင့်ယှဉ်၍ ဆီးချုပ်သောအနာကိုနိုင်၏။

ပဉ္စရူပါ၊ သတ္တဝါ၊ ၅-ဖြာရုပ်ပုံမျိုး

ရွှေဘုံနိဒါန်း၌ ပဉ္စရူပဖေါင်တော်ကိုပြရာဝယ် အောက်ပါအတိုင်းတွေ့ဘူး၏။ (၁) ဆင်နှာမောင်း, အစွယ်နှစ်ချောင်း၊
(၂) နွားလဘို့၊
(၃) ငါးကြင်းအမြီး၊
(၄) တိုးချိုနှစ်ဖက်, လက်တဖက်, တိုးအမြီး, ခြေတဖက်၊
(၅) မြင်းနားနှစ်ဖက်, လက်တဖက်, ခြေတဖက်တို့ဖြစ်၏၊
ထို့အပြင် သတ္တရူပါရုပ်, နဝရူပါရုပ် စသည်ရှိသေး၏။

ပဉ္စဝဂ္ဂီ ၅-ပါး

ငါးယောက်အစုဟု အဓိပ္ပါယ်ရသည်၊ ၎င်းတို့သည် ဓမ္မစကြာတရားကို ဦးစွာ ကြားနာကြရသူများဖြစ်၍ ထိုငါးယောက်တစုကို “ပဉ္စဝဂ္ဂီ“ဟူ၍၎င်း၊ “ဝဂ္ဂီ“ဟူ၍၎င်း၊ ထိုထိုကျမ်းဂန်တို့၌ လာကုန်၏။
(၁) ကောဏ္ဍည၊
(၂) ဝပ္ပ၊
(၃) ဘဒ္ဒိယ၊
(၄) မဟာနာမ်၊
(၅) အဿဇိ။

ပဉ္စာတပ အကျင့်မျိုး ၅-ပါး

ပဉ္စ-၅-ပါး၊
အာတပ-အပူ, အားထုတ်ခြင်း၊ ကိလေသာ အစိုပျောက်အောင် နေပူကျဲကျဲ၌ လေးမျက်နှာက မီးကြီး ၄-ပုံဖိုပြီး ထိုအလယ်၌ လူဝင်နေ၍ နေပူနှင့်တကွ အပူငါးမျိုးဖြင့်ကျင့်စဉ်ကို ခေါ်သည်။

ပဉ္စာနန္တရိယ ကံမျိုး ၅-ပါး

၎င်း သရုပ်အဓိပ္ပါယ်ကို (အနန္တရိယကံ ၅-ပါး)၌ဆိုခဲ့ပြီ။

ပဉ္စာဝုဓမျိုး ၅-ပါး

၎င်း သရုပ်အဓိပ္ပါယ်ကို (လက်နက်ကြီး ၅-ပါး)၌ ရှုပါလေ။

ပဥှာ ဗျာကရဏိယ တရား ၉-ပါး

အမေး, အဖြေ စည်းကမ်း ဥပဒေကိုးချက်ကို ခေါ်သည်၊ ၎င်းသရုပ်ကို (အမေး ၅-ထွေနှင့် အဖြေ ၄-ပါး) ဟူသော သုတေသန၌ ဆိုခဲ့ပြီ။

ပညတ်မျိုး ၆-ပါး

မ၊၁၊၄၈။ မ၊ဋ္ဌ၊၁၊၁၈၅။ မ၊ဋ္ဌ၊၄၊၂၀၇။ အနက်ကို သိစေတတ်သော သဒ္ဒပညတ် အပြား ၆-ပါးဟူ၏၊ အမည်နာမကို ဆိုသည်။
(၁) ဝိဇ္ဇမာန ပညတ်- ပရမတ္ထအားဖြင့် ထင်ရှားရှိသော ရုပ်, ဝေဒနာ, သညာ စသော အမည်ပညတ်မျိုး၊
(၂) အဝိဇ္ဇမာန ပညတ်- ပရမတ္ထအားဖြင့် ထင်ရှားမရှိသော မြေ, တောင်, လူ, နတ်, ရဟန်း စသော အမည်ပညတ်မျိုး၊
(၃) ဝိဇ္ဇမာနေန အဝိဇ္ဇမာန ပညတ်- ထင်ရှားရှိ၍ ထင်ရှားမရှိသော “ဆဠာ ဘိည, ရဟန်း“စသော အမည်ပညတ်မျိုး၊
(၄) အဝိဇ္ဇမာနေန ဝိဇ္ဇမာန ပညတ်- ထင်ရှားမရှိ၍ ထင်ရှားရှိသော ဣတ္ထိ, သဒ္ဒေါ စသော အမည်ပညတ်မျိုး၊
(၅) ဝိဇ္ဇမာနေန ဝိဇ္ဇမာန ပညတ်- ထင်ရှားရှိသည်ဖြစ်၍ ထင်ရှားရှိသော စက္ခု, ဝိညာဏ စသော အမည်ပညတ်မျိုး၊
(၆) အဝိဇ္ဇမာနေန အဝိဇ္ဇမာန ပညတ်- ထင်ရှားမရှိသည်ဖြစ်၍ ထင်ရှားမရှိသော ရာဇ, ပုတ္တော စသော အမည်ပညတ်မျိုး။

ပညာအပြား၊ ထို ၂-ပါး၊ မိန့်ကြား ဘိဓမ္မာ

အပြားအားဖြင့် သိမှုမျိုး ၂-ပါး၊ ထို့ပြင်လည်း အမျိုးမျိုးပြားသေး၏။ (၁) ယထာဘူတ ပညာ- အဟုတ်သိ အမှန်သိ ကုသိုလ်စိတ် ကြိယာစိတ်တို့နှင့် ယှဉ်သော ပညာဝိဇ္ဇာဉာဏ်၊
(၂) ဝဉ္စနာ ပညာ-သူတပါးအား လှည့်စားဉာဏ်၊ တဏှာလောဘ ပြဋ္ဌာန်းသော စိတ္တုပ္ပါဒ် အကုသလဝိတက် သဘော။

ပညာအပြား၊ မျိုး ၃-ပါး

နေတ္တိ၊၈။ နေတ္တိ၊ဋ္ဌ၊၅၃-၅၄-တို့၌ အကျယ်ရှုပါ။
(၁) စိန္တာမယ ပညာ-ကြံစည်သဖြင့်သိအပ်သောအရာမျိုး၊
(၂) သုတမယ ပညာ- သူ့တပါးထံမှ ကြား၍ သိသောအရာမျိုး၊
(၃) ဘာဝနာမယ ပညာ- ပွားများသဖြင့် သိသော အရာမျိုး။

ပညာအပြား၊ မျိုး ၆-ပါး၊ တနည်း

မ၊၃၊၇၅။၁၀၇။ မ၊ဋ္ဌ၊၄၊၅၆။ ဒီ၊၃၊၁၂၉။ ဒီ၊ဋ္ဌ၊၃၊၁၁၃-တို့၌ အကျယ်ရှု။
(၁) မဟာပညာ၊
(၂) ပုထုပညာ၊
(၃) ဟာသပညာ၊
(၄) ဇဝနပညာ၊
(၅) တိက္ခပညာ၊
(၆) နိဗ္ဗေဓိကပညာ။

ပညာဉာဏ် အားနည်းခြင်း၏ အကြောင်း ၅-ပါး

၎င်းသရုပ်(ဉာဏ်ပညာ အားနည်းခြင်း အကြောင်း ၅-ပါး)နှင့်တူ၏။

ပညာမျက်စိ၊ ၅-ပါးရှိ၊ သတိ ဉပ၍ လင်း

၎င်းသရုပ်ကို(စက္ခု ၅-ပါး)၌ ဆိုခဲ့ပြီ။

ပညာရခြင်း၏ အကြောင်း ၈-ပါး

ပညာတိုးပွားရခြင်း၏ အကြောင်းတရား ရှစ်ပါး။
(၁) ဝယ ပရိဏာမ-အရွယ်ကိုငဲ့သဖြင့်ရ၏၊
(၂) ယသ ပရိဏာမ-အခြံအရံကိုငဲ့သဖြင့်ရ၏၊
(၃) ပရိပုစ္ဆ-မေးမြန်းခြင်းဖြင့်ရ၏၊
(၄) တိတ္ထဝါသ-ကြာမြင့်စွာ နေရခြင်းဖြင့်ရ၏၊
(၅) ယောနိသော မနသိကာရ- ဝေဘန်ကြံဆခြင်းဖြင့်ရ၏၊
(၆) သာကစ္ဆ-ဆွေးနွေးတိုင်ပင်ခြင်းဖြင့်ရ၏၊
(၇) သိနေဟူပသေဝန- ချစ်သူကို ပေါင်းသင်းခြင်းဖြင့်ရ၏၊
(၈) ပတိရူပ ဒေသာဝါသ- လျောက်ပတ်သော အရပ်၌ နေရခြင်းဖြင့်ရ၏။

ပညာရှိတို့ နစ်မြုပ်ကြောင်းမျိုး ၃-ပါး

(၁) မိုက်သောတပည့်ကို ပညာသင်ကြား လက်သုံးထားခြင်း၊
(၂) အကျင့်ယုတ်သော မိန်းမနှင့် အိမ်ထောင်ပြုခြင်း။
(၃) မသူတော်နှင့်ပေါင်းသင်းဆက်ဆံခြင်း။

ပညာရှိ လက္ခဏာ ၃-ပါး

ပဋိသံ၊၃၆၁။ ပဋိသံ၊ဋ္ဌ၊၂၊၂၄၃။ နေတ္တိ၊၁၄၈။ နေတ္တိ၊ဋ္ဌ၊၂၅၆-တို့၌ အကျယ်ရှု။ (၁) သုစိန္တိတ စိန္တီ- ကောင်းသောအကြံကိုသာ ကြံစည်ခြင်း၊
(၂) သုဘာသိတ ဘာသီ-ကောင်းသော စကားကိုသာ ပြောဆိုခြင်း၊
(၃) သုကတ ကမ္မ,ကာရီ- အပြစ်မရှိကောင်းသော အလုပ်ကိုသာ ပြုလုပ်လေ့ရှိခြင်း။

ပဋိစ္စသမုပ္ပါဒ် အင်္ဂါ ၁၂-ပါး၊ အခြင်းရာ ၂၀၊ အလွှာ ၄-ပါး၊ အစပ် ၃-ပါး၊ ဝဋ် ၃-ပါး၊ မူလ ၂-ပါး၊ ကာလ ၃-ပါး၊ သစ္စာ ၂-ပါး

၎င်းအကျယ်အသွယ်သွယ်တို့ကို သံ၊၁၊၂၄၃-မှ ၃၅၁-အထိ၊ သံ၊ဋ္ဌ၊၂၊၁-မှ ၁၁၈-အထိလည်း ကြည့်ရှုကြပါကုန်။
ပဋိစ္စသမုပ္ပါဒ် = ဆိုင်ရာအကြောင်းတို့ပေါင်းစုံညီညွတ်မှုကိုစွဲမှီ၍ အကျိုးအဆင့်ဆင့်တို့
ညီညီမျှမျှ တစ်ပြိုင်တည်း အတူတကွ ဖြစ်စေသောနည်းလမ်းကို ပဋိစ္စသမုပ္ပါဒ် ဟုခေါ်သည်။
ပဋိစ္စသမုပ္ပါဒ် အင်္ဂါ ၁၂ ပါး။
၁။ အဝိဇ္ဇာ = အမှန်မသိ၊ အမှားသိခြင်း။
၂။ သင်္ခါရ = လောကီကုသိုလ် အကုသိုလ် ကံ စေတနာ။
၃။ ဝိညာဏ် = ပဋိသန္ဓေစိတ်နှင့် မြင်၊ ကြား၊ နံ၊ အရသာ၊ အတွေ့အထိ၊ မနော၊ စိတ်များ။
၄။ နာမ်ရုပ် = စေတသိက်နာမ် ၅၂ ပါး၊ ရုပ် ၂၈ ပါး။
၅။ သဠာယတန = မြင်၊ ကြား၊ နံ၊ အရသာ၊ အတွေ့အထိ၊ မနော၊ အကြည်ဓါတ် ၆ ပါး။
၆။ ဖဿ = ရုပ်နာမ်တို့တွေ့ထိခြင်း။
၇။ ဝေဒနာ = အာရုံခံစားခြင်း။
၈။ တဏှာ = သာယာ ခင်မင် လိုချင် တပ်မက် ဆာလောင်ခြင်း။
၉။ ဥပါဒါန် = မရမနေ စွဲလန်းခြင်း။
၁၀။ ဘဝ (ကမ္မဘဝ) = ပြုလုပ်သော လောကီကုသိုလ် အကုသိုလ် ကံ စေတနာ။
၁၁။ ဇာတိ = ဘဝသစ်ပဋိသန္ဓေစိတ်။
၁၂။ ဇရာ မရဏ = အိုခြင်း သေခြင်း။
“ပဋိစ္စသမုပ္ပါဒ်”လည်ပုံလည်နည်းလင်္ကာ
ပဋိစ္စလာ၊ အင်္ဂါဆယ့်နှစ်ပါး၊ ထိုတရားတို့၊ လှည့်သွားနေကြ၊
မူလနှစ်ဖြာ၊ ခြင်းရာနှစ်ဆယ်၊လေးသွယ်အလွှာ၊ သုံးဖြာဝဋ်များ၊
သုံးပါးကာလ၊ သုံးဝအစပ်၊ အထပ်ထပ်တို့၊ မပြတ်လည်ကာ၊
သံသရာကို၊ လျင်စွာဖြတ်မှအေးမည်တည်း။
အမှန်မသိ၊ အမှားသိလာ၊ အဝိဇ္ဇာက၊ ချမ်းသာဟုထင်၊ တဏှာဝင်၍၊
လိုချင်စွဲသန်၊ ဥပါဒါန်ကြောင့်၊ ပြုပြန်သင်္ခါရ၊ ဝိညာဏနှင့်၊
နာမရူပါ၊ သဠာယတန၊ ဖဿဝေဒနာ၊ ငါးဖြာဒုက္ခ၊ ရလာကြ၏။
ဒုက္ခသစ္စာ၊ ရလာတာကို၊ အမှန်မမြင်၊ သုခထင်၍၊
လိုချင်တဏှာ၊ စွဲလာဥပါဒါန်၊ ကမ္မဘဝ၊ ပြုကြတခါ၊ ဇာတိလာမည်၊ အိုနာသေဘေးမဆုံးတည်း။ စိုးရိမ်ငိုကြွေးမဆု

ပဋိပဒါမျိုး ၄-ပါး

မဂ်, ဖိုလ်, နိဗ္ဗာန်ရခြင်း၏ ကျင့်ရပုံ အတန်းအစားများ ခြားနားခြင်း ၄-ပါး။
(၁) သုခပဋိပဒါ ခိပ္ပါဘိညာ- ချမ်းသာစွာကျင့် လျင်မြန်စွာရ၊
(၂) သုခပဋိပဒါ ဒန္ဓာဘိညာ- ချမ်းသာစွာကျင့် ကြာမြင့်မှရ၊
(၃) ဒုက္ခပဋိပဒါ ခိပ္ပါဘိညာ- ဆင်းရဲပင်ပန်းစွာကျင့် လျင်မြန်စွာရ၊
(၄) ဒုက္ခ ပဋိပဒါ ဒန္ဓာဘိညာ- ဆင်းရဲပင်ပန်းစွာကျင့် ကြာမြင့်စွာသော နှစ်ကာလတို့မှ ရ၊ ပဋိသံ၊၈၂။ ပဋိသံ၊ဋ္ဌ၊၁၊၂၇၁။ ဝိသုဒ္ဓိ၊၁၊၈၃။ ဝိသုဒ္ဓိ၊၂၊၃၀၆-၃၀၇-တို့၌ အကျယ်ရှုပါ။

ပဋိဘာန်မျိုး ၃-ပါး

ပဋိဘာနပုဂ္ဂိုလ် ၃-ပါး ဟုလည်း ကျမ်းဂန်တို့၌လာရှိသည်။
(၁) ပရိယတ္တိ ပဋိဘာန- ပရိယတ်ကျွမ်းကျင် ပိဋကဉာဏ်မြင်ထိုးဖေါက်နိုင်ခြင်းမျိုး၊
(၂) ပရိပုစ္ဆာ ပဋိဘာန- သဘော သဘာဝတ္ထကို တိကျမှန်ကန်စွာ ဆုံးဖြတ်ပေးနိုင်ခြင်းမျိုး၊
(၃) အာဂမ ပဋိဘာန- မဂ်ဉာဏ် ဖိုလ်ဉာဏ်ဖြင့် သစ္စာလေးပါးကို ထိုးထွင်း သိ,မြင် သွားနိုင်သောဉာဏ်မျိုး။

ပဋိသန္ဓာရမျိုး ၂-ပါး

ရှင်,ရှင်ချင်း၊ လူ, လူချင်း၊ မင်း, မင်းချင်း၊ တဦးနှင့်တဦး, တနိုင်ငံနှင့် တနိုင်ငံ, မေတ္တာမပျက် အဆက်ဆက် ချစ်ခင်ချောမော ပြေပြစ်ညီညွတ်၍သွားရန် အဆက်အစပ် ပြုခြင်းများ၊ လက္ခဏမိဂ ဇာတ် အဋ္ဌကထာ။
(၁) ပစ္စယ ပဋိသန္ဓာရ- ပစ္စည်း ဥစ္စာဖြင့် စေ့စပ် ချောမော ပြေပြစ်အောင် လက်ဆောင်ပဏ္ဏာ ပြုလုပ်မှု၊
(၂) ဓမ္မ ပဋိသန္ဓာရ-တရားသော စကားဖြင့် အပြေအပြစ် ပြောဆိုမှု, သွန်သင်ဆုံးမ နည်းလမ်းပြမှု, အကြံဉာဏ်ပေးမှု ပြုလုပ်ခြင်း။

ပဋိသန္ဓေမျိုး ၄-ပါး

ထိုထိုဘဝ၏အစတည်နေရမှု ဖြစ်စဉ်မျိုး အပြားလေးပါး။
(၁) ဥပပတ် ပဋိသန္ဓေ-ကိုယ်ထင်ရှား ဘွားကနဲ ဖြစ်ပေါ်လာသော နတ်, ဗြဟ္မာ, ပြိတ္တာ ပဋိသန္ဓေမျိုး၊
(၂) သံသေဒဇ ပဋိသန္ဓေ- အညှိကိုစွဲ၍ အလွန်သေးငယ်စွာမှ တဖြည်းဖြည်း ကြီးပွားရသည့် ပိုးလောက်စသော ပဋိသန္ဓေမျိုး၊
(၃) အဏ္ဍဇ ပဋိသန္ဓေ- ဥခွံတွင်း၌ နေရသည့် ကြက်, ငှက် စသော ပဋိသန္ဓေမျိုး၊
(၄) ဇလာဗုဇ ပဋိသန္ဓေ- မိခင်၏ သားအိမ်၌ နေရသော လူ, ခွေး စသည့် ပဋိသန္ဓေမျိုး။
မှတ်ချက်။ ။ အဏ္ဍဇနှင့် ဇလာဗုဇကို ပေါင်း၍ ဂဗ္ဘသေယျက ပဋိသန္ဓေ ဟုခေါ်သည်မှတ်။

ပဋိသန္ဓေ တည်ခြင်း အင်္ဂါ ၃-ပါး၊ ၇-ပါး၊ ၈-ပါး၊ ၃-နည်း

ဂဗ္ဘသေယျက ပဋိသန္ဓေတည်နိုင်ပုံ အကြောင်းများ၊ ၎င်းအကျယ်ကို (ကိုယ်ဝန်တည်နိုင်ခြင်း အင်္ဂါ ၃-ပါး၊ ၇-ပါး၊ ၈-ပါး) ၌ရှုပါ။

ပဋိသမ္ဘိဒါ ဉာဏ် ရ ကြောင်း အင်္ဂါ ၈-ပါး

၎င်း တရားတို့ကို ဆည်းပူး ပွားစီးရာ၏။
(၁) ပုဗ္ဗယောဂ- ရှေးဘဝ၌ ၎င်းဉာဏ်မျိုးစေ့ထူထောင် ဆုတောင်း စိုက်ပျိုးခဲ့ခြင်း၊
(၂) ဗာဟုသစ္စ- အကြားအမြင်များခြင်း၊
(၃) ဒေသိယ ဘာသာ ဆေက- ဒေသအမျိုးမျိုးတို့၌ ပြောကြားသော ဘာသာစကားအမျိုးမျိုးတို့ကို တတ်သိလိမ်မာခြင်း၊
(၄) အာဂမ- မြတ်စွာဘုရား၏ ပါဠိတော်ကို အာဂုံဆောင်ခြင်း၊
(၅) ပရိပုစ္ဆာ- ပါဠိတော် အဋ္ဌကထာတို့၌ မေးမြန်းလေ့ရှိခြင်း၊
(၆) အဓိဂမ-စျာန်, မဂ်,ဖိုလ်တရားကိုရခြင်း၊
(၇) ဂုရု သန္နိဿယ- ဗဟုသုတပြည့်စုံသော ဆရာ့ထံပါး၌ ဆည်းကပ်ခစားခြင်း၊
(၈) မိတ္တ သမ္ပတ္တိ- ပညာရှိမိတ်ဆွေကောင်းတို့နှင့် ပြည့်စုံခြင်း။

ပဋိသမ္ဘိဒါမျိုး ၄-ပါး

အံ၊၁၊၄၇၉။ အံ၊ဋ္ဌ၊၂၊၃၅၀-၌ အကျယ်ရှုပါ။ ဗုဒ္ဓဘုရားနှင့် ဆုပါရမီဖြည့်ပြီးသော သာဝကကြီးတို့၏ ခွဲခြားစိတ်ဖြာ ဉာဏ်လေးပါး။
(၁) အတ္ထ ပဋိသမ္ဘိဒါ-အကြောင်းကြောင့်ဖြစ်ပေါ်လာသော အကျိုးတရားစု, နိဗ္ဗာန်, ပါဠိတော်၏အနက်သဘော, ဝိပါက်စိတ်, ကြိယာစိတ်, ၎င်း ငါးပါးတရားစု။
(၂) ဓမ္မ ပဋိသမ္ဘိဒါ-အကျိုးကိုဖြစ်စေတတ်သော အကြောင်းဟူသမျှ, အရိယာမဂ်လေးပါး, ပါဠိတော်အစဉ်, ကုသိုလ်, အကုသိုလ်, ၎င်း ငါးပါးတရားစု။
(၃) နိရုတ္တိ ပဋိသမ္ဘိဒါ- ဆိုခဲ့ပြီးသော အတ္ထငါးမျိုး, ဓမ္မငါးမျိုးတို့နှင့် ဆိုင်ရာ သဒ္ဒါ, ပုဒ်, ပါဌ်ဆယ်ပါးတို့ကို ကျွမ်းကျင်နားလည်မှု။
(၄) ပဋိဘာန ပဋိသမ္ဘိဒါ- ဆိုခဲ့ပြီး ပဋိသမ္ဘိဒါ ၃-ပါးလုံးကို ထူးထွေကွဲပြား ပိုင်းခြားဝေဘန်၍ သိသောဉာဏ်၊ ၎င်းကို “သဗ္ဗတ္ထက ပဋိသမ္ဘိဒါဉာဏ်“ဟုလည်းခေါ်သည်။

ပဌမက္ခရာ ၅-လုံး

ဝဂ်ငါးပါးတို့တွင် ပဌမဖြစ်သော
“က, စ, ဋ, တ, ပ“၎င်း အက္ခရာ ၅-လုံးကို သဒ္ဒါစည်းမျဉ်းအရ ခေါ်ဆိုသည်။

ပဏ္ဍုက်မျိုး ၅-ပါး

ဝိ၊၃၊၁၁၉။ ဝိ၊ဋ္ဌ၊၃၊၂၉၇။ ယောက်ျားကောင်း ယောက်ျားမြတ်၏ အရာမဝင် အသွင်ချို့တဲ့သူ ငါးမျိုး၊ ၎င်း ၅-ယောက်ကို ရဟန်းပြုမပေးရဟု ဝိနည်းတော်၌ ပညတ်၏။
(၁) အာသိတ္ထ ပဏ္ဍုက်-သူတပါး၏သုက်သွေးကို ပါးစပ်ဖြင့် စုပ်ယူသွင်းမျိုရမှ မေထုန်ကို ပြုနိုင်သော ယခုကာလ ပန်းစုတ်ကုလားများကဲ့သို့ လူမျိုး။
(၂) ဥဿူယ ပဏ္ဍုက်-သူတပါးတို့ သွားလာမှီဝဲ ပေါင်းဘော်နေသော မေထုန်မှုကို ချောင်းမြောင်းကြည့်ရှုရလျှင် မိမိ၏ ကိလေသာအပူ ငြူစူမှုငြိမ်းသော ပဏ္ဍုက်တမျိုး။
(၃) ဩပက္ကမိက ပဏ္ဍုက်- သင်းကွပ် ထုတ်ပစ်ထား၍ ဝှေးစေ့မရှိသူကို ခေါ်ဆိုသည်၊ နန်းတော်သူများနှင့်ဖေါက်ပြား ပေါင်းဖေါ်လိုတဲ့စိတ် မရှိရအောင် မိန်းမဆောင်ကိုင် အမတ်များ၏ ဝှေးစေ့ကို နွားများကဲ့သို့ သင်းကွပ်ထားသည်နှင့်တူသောသူမျိုး။
(၄) ပက္ခ ပဏ္ဍုက်- လဆန်းပက္ခ၌ဖြစ်စေ လဆုတ်ပက္ခ၌ဖြစ်စေ တပက္ခ တပက္ခ၌ ကာမအရာကို မအောင့်အီး သည်းမခံနိုင်ဘဲ အထူးပိုကဲ ထကြွသောင်းကျန်းလျက် သံဝါသ ဉပရမှပင် ကျေနပ်နေနိုင်သောသူမျိုး။
(၅) နပုံသက ပဏ္ဍုက်- မိန်းမအင်္ဂါဇာတ် ယောက်ျားအင်္ဂါဇာတ် နှစ်မျိုးလုံးပင် အထင်အရှား လူတန်းစေ့ မရှိသူမျိုး။

ပဏာမပြား၊ မျိုး ၃-ပါး၊ သိထား ပညာရှင်

ရှိခိုးခြင်း သုံးမျိုး ဟူ၏၊ တက်လူနိုင်ငံရေးသမားတစုကား ၎င်း (ပဏာမ) စကားကို “ပဏာမ အစည်းအဝေး စသည်ဖြင့်“အလွဲသုံးစာ ပြုနေကြ၏၊
(၁) ကာယ ပဏာမ- ကိုယ်လက် အင်္ဂါတို့ဖြင့် ကိုင်းညွတ် ရိုကျိုး ရှိခိုးခြင်းတမျိုး၊
(၂) ဝစီ ပဏာမ- နမာမိ, ဝန္ဒာမိ ရှိခိုးပါ၏ဟု တစုံတခုသော ဘာသာစကားဖြင့် ရွတ်ဆို ရှိခိုးခြင်း၊
(၃) မနော ပဏာမ- ကိုယ်နှုတ်မပါ စိတ်ဖြင့်သာ ရှိခိုးခြင်း။

ပဏီတ ဘောဇဉ်မျိုး ၉-ပါး

ဝိနည်းပါဠိတော်နှင့် အဋ္ဌကထာ၊ အောက်ပါ ပဏီတဝတ္ထုမျိုး တပါးပါးနှင့်ရောစပ်ထားသော ဆွမ်းမျိုးကို ပဏီတဘောဇဉ်ဟု ခေါ်သည်။
(၁) သပ္ပိ-ထောပတ်ဆွမ်း၊
(၂) နဝနီတ-ဆီဥဆွမ်း၊
(၃) တေလ ဆီဆွမ်း၊
(၄) မဓု- ပျားရည်ဆမ်းဆွမ်း၊
(၅) ဖာနိတ- တင်လဲဆွမ်း၊
(၆) မစ္ဆ-ငါးသား ဒန်ပေါက်ဆွမ်း၊
(၇) မံသောဒန-ဆိတ်,ကြက်,အမဲသားဒန်ပေါက်ဆွမ်း၊
(၈) ခီရ- နို့ဃနာဆွမ်း၊
(၉) ဒဓိ-ဒိန်ခဲ နို့ဓမ်း ဆွမ်းမျိုး။

ပတ္တမြား၏ ဂုဏ် ၃-ပါး

ပတ္တမြားရတနာ ဝတ်ဆင်သူ၌ ရနိုင်သောအကျိုးဂုဏ် ၃-ပါး။
(၁) ဣစ္ဆိတံ ဒေတိ- မိမိအလိုကိုပေးတတ်၏၊
(၂) အ သောကံ ဒေတိ- ရွှင်ပျ ကြည်လင်တတ်၏၊
(၃) တေဇေတိ- အာဏာတန်ခိုး ထွန်းပခြင်းကို ပြုတတ်၏။

ပတ္တမြားမျိုး ၄-ပါး၊ ၂-နည်း

အချို့ကျမ်းတို့၌ “ကြောင်ကျောက်“မျိုးကို ပတ္တမြားရတနာထည်းသို့ သွင်း၍ ရေတွက်ကြကုန်၏၊ ဤ၌ သရုပ်ကို (ကြောင်ကျောက်နှင့် ကြောင်မျက်ရွဲ) တို့၌ ပြန်ရှုပါကုန်။

ပတ္တမြားမျိုး ၆-ပါး

စွယ်စုံကျော်ထင်ကျမ်းမှ။
(၁) ဝဇီရက္ခန်-ရဲရဲခြင်းခြင်းနီသော ရောင်ခြည်ရှိသည်၊
(၂) ဂေါမူလာ-ခရမ်းပွင့်ဝတ်ဆံကဲ့သို့ အဆင်းရောင်ရှိသည်၊
(၃) ကွမ်းပြင်ရေ-ကွမ်းသွေးကဲ့သို့ အဆင်းရောင်ရှိသည်၊
(၄) မင်းသခ- သားစိမ်းတစ်နှင့် တူသော အဆင်းရောင်ရှိသည်၊
(၅) တေလိ-နီလည်း မနီလွန်း ခပ်ညိုညိုရှိသည်၊
(၆) ရှိန်းခို- ယုန်သွေးပေါက်ကဲ့သို့ ခြင်းခြင်းပျောက်ပျောက် ထိန်ထိန်တောက်လျက် ဆူးပန်းပွင့် ခေါင်ရမ်းပွင့်နှင့်လည်း တူသည်။

ပတ္တမြား မျိုးပြား ၂၄-ပါး

မိလိန္ဒ၊၁၂၂-၁၂၃-၌ အကျယ်ယူပါ။
ဝဇီရော- ဝဇီရစိန်, ဝရဇိန်, စိန် ရတနာ၊
မဟာ နီလော- မြညိုကြီး, ကြောင်မျက်နက်ပြာ၊
ဣန္ဒနီလော- ကျောက်စိမ်း, သိကြားသက်တန့်ရောင်ကျောက်၊
မဟာရင်္ဂေါ- မဟူရာကျောက်, မဟာရင်္ဂ ပတ္တမြား၊
ဝေဠုရိယော- ဝင်သဝဏ်, ကြောင်မျက်ရွဲ၊
ပဒုမ ရာဂေါ- ပဒုမ္မာ အဆင်းရှိသော ပတ္တမြား၊
ဖုဿ ရာဂေါ- ဥဿဖယား, သခွါး ငဆစ်ရောင် ပတ္တမြား၊
ကရတ္တဝါနော- ကရတ္တဝန်ခေါ် ပတ္တမြား, ကြတ္တဝန်၊
ပုလောကော- ပုလောက ပတ္တမြား၊
ဝိမလော- ညစ်ကြေးစင်သော ပတ္တမြား၊ (၁၀)
လောဟိတင်္ဂေါ- ပတ္တမြားနီ, ကျောက်နီ၊
ဖလိကော- ဖလ်မှန်ကျောက်မျက်၊
ပဝါဠော- သန္တာကျောက်မျက်၊
ဇောတိရသော- ကျောက်စုန်း, ဇောတရသ်ကျောက်၊
ဂေါမုတ္တကော- ဂေါမုတ်, ဂေါ်မုတ်ကျောက်၊
ဂေါမေဒကော- ဂေါမြိတ်, ဂေါ်မိတ်ကျောက်၊
သောဂန္ဓိကော- ကြာသိမ်သွေးရောင် ပတ္တမြား၊
မုတ္တာ- ပုလဲမျိုးရှစ်ပါး၊
သင်္ခေါ- ခရုသင်းကြီး, အရောင်တောက်ပသော သင်္ခကျောက်၊
အဥ္ဖန မူလော- ကျောက်မျက်စဉ်း, မျက်စဉ်းကျောက်၊ (၂၀)
ရာဇဝဋ္ဋော- အရောင်လည်သော မင်းသုံးပတ္တမြား၊
အမတံသုတော- အမြိုက်ကျောက်, အမရခေါ် မြတမျိုး၊
ပံယတော- ပယင်းကျောက်မျက်၊
ဗြဟမဏိ- ကြီးသော ပတ္တမြား, ဗြဟ္မဏိကျောက်၊ (၂၄)
ဣတိ ဣမေ စတုဝီသတိ- ဤ ၂၄-ပါးတို့သည်၊ မဏီနာမ- ပတ္တမြားတို့မည်ကုန်၏။

ပတ်လုံး ၂၂-လုံး

ဆိုင်းဝိုင်းကြီး အတွင်း၌ သုံးသော ပတ်လုံးမျိုး ၂၂-လုံးဟူ၏၊ ဗယ်မှ ညာသို့ အစဉ်အတိုင်းယူလေ၊
ဒုန်းခဲကြီး, လက်သဲ, တဆစ်လုံး, ဘယ်တျော, ဘယ်တေး, ဒူးလုံး, တေးလက်, တျာလက်, ပတ်စာတပ်, ငါးပေါက်လုံး၊ (၁၀) လေးပေါက်လုံး, သုံးပေါက်လုံး, နှစ်ပေါက်လုံး, သံကုန်ဖျား, တျောဖျား, ခြောက်ပေါက်ဖျား, ငါးပေါက်ဖျား, လေးပေါက်ဖျား, သုံးပေါက်ဖျား, နှစ်ပေါက်ဖျား၊ (၂၀)
သံကုန်ညွန့်, ကြူသံ ဆူသံ၊ ပေါင်း ၂၂-လုံးဖြစ်၏။

ပတ္ထနာမျိုး ၂-ပါး

ဆုတောင်းခြင်း, တောင့်တခြင်း ၂-ပါး။
(၁) တဏှာ ပတ္ထနာ- လောကီချမ်းသာ ဘဝ၏ကောင်းစားရေးကို တောင့်တခြင်း၊
(၂) ဆန္ဒ ပတ္ထနာ- ဘဝ၏လွတ်ရာ နိစ္စသုခ ဖြစ်သော နိဗ္ဗာနဓာတ်ကို တောင့်တခြင်း။
မ၊၁၊၅။ မ၊ဋ္ဌ၊၁၊၄၃-၌ အကျယ်ရှု။

ပတ္ထနိက္ကုဇ္ဇန ကံဆောင်ခြင်း အင်္ဂါ ၈-ပါး

၎င်းသရုပ်ကို “သပိတ်မှောက်ခြင်း၏ အင်္ဂါ ၈-ပါး“၌ကြည့်ပါ။

ပထဝီဓာတ်မျိုး ၂-ပါး

မြေထပ် မြေလွှာမျိုး ၂-ပါး။
(၁) သိလာ ပထဝီ- ယခုလက်ရှိ ရွှံ့မြေ၏ အောက်ထပ်၌ရှိသော ကျောက်မြေထု၊
(၂) ပံသု ပထဝီ- သီလာမြေထက်၌ ရှိသော မြေစိုင် မြေခဲ မြေမှုန့်စု။

ပထဝီဓာတ်မျိုး ၃-ပါး

အရည်,အပြော့,အမှုန့်,အခဲ စသော ဓာတ်သဘောအပြား သုံးပါး။
(၁) သာဓာရဏ ပထဝီ- ဆီမီးလျှံထဲ၌၎င်း, တိုက်ခတ်နေသော လေထဲ၌၎င်း, ပါရှိသည့် မြေဓာတ်သဘောနု အမှုံကလေးတမျိုး၊
(၂) ပံသု ပထဝီ- ပြော့ပြော့ မြေမှုန့်နှင့် အစိုင်အခဲ ဖြစ်သောမြေကိုခေါ်သည်၊
(၃) သိလာ ပထဝီ- ကျောက်စိုင်, ကျောက်ခဲ, ကျောက်တောင်တို့ကို ခေါ်ဆိုသည်။

ပထဝီဓာတ်မျိုး ၂၀

မ၊၁၊၁၉၇။ မ၊ဋ္ဌ၊၂၊၃၇။ ကိုယ်ခန္ဓာအတွင်း၌ ပထဝီဓာတ်လွန်ကဲ၍ မာခဲသော ရုပ်ပေါင်း ၂၀၊
ကေသာ-ဆံပင်၊
လောမာ- မွေးညှင်း၊
နခါ- ခြေသည်း လက်သည်း၊
ဒန္တာ-သွား၊
တစော- အရေ၊
မံသံ- အသား၊
နှာရု- အကြော၊
အဋ္ဌိ- အရိုး၊
အဋ္ဌိမိဉ္ဇံ- ရိုးတွင်း ခြင်ဆီ၊
ဝက္ကံ- အညှို့၊ (၁၀)
ဟဒယံ- နှလုံး၊
ယကနံ- အသည်း၊
ကိလောမကံ- အမြှေး၊
ပိဟကံ- အဖျဉ်း, အရွတ်၊
ပပ္ဖါသံ- အဆုတ်၊
အန္တံ- အူမ၊
အန္တဂုဏံ- အူသိမ်၊
ဥဒရိယံ- အစာသစ်၊
ကရီသံ- အစာဟောင်း၊
မတ္ထလုင်္ဂံ- ဦးနှောက်၊ (၂၀)။

ပဒ ဒေါသမျိုး ၈-ပါး

စာစီဖွဲ့ကုံးရာ၌ ရှောင်ကြဉ်ရမည့် ဥပဒေသရှစ်ချက်။
(၁) ဝိရုဒ္ဓတ္ထန္တရ ဒေါသ-ဆန့်ကျင်ဘက် အနက်တပါးရှိသော သုံးနှုန်းမှု၊
(၂) အဓျတ္ထ ဒေါသ-မတန်ရာသော ဂုဏ်ကြီးဖြင့် ချီးကျူးသုံးနှုန်းမှု၊
(၃) ကိလိဋ္ဌ ဒေါသ- လိုရင်းအနက် သိနိုင်ခက်သော ပုဒ်ပါဌ်မျိုး၊
(၄) ဝိရောဓိ ဒေါသ- အများသုံးနှင့် ဆန့်ကျင်ခေါ်ဝေါ် သုံးနှုန်းမှု၊
(၅) နေယျ ဒေါသ- ပုဒ်တပါးကို ဆောင်ယူဖြည့်စွက်မှ လိုရင်းအနက် သိရမှု၊
(၆) ဝိသေသနာပက္ခ ဒေါသ-ငဲ့စရာ ဝိသေသနပုဒ်များ လိုနေမှုအပြစ်၊
(၇) ဟီနတ္ထက ဒေါသ- ကြီးမြတ်သော ဂုဏေကြီးကို သေးငယ်သော ဂုဏ်ကလေး၌ သုံးနှုန်းထားခြင်းမျိုး၊
(၈) အနတ္ထက ဒေါသ- အနက်အထူးမရှိ, ပုဒ် ကာရန် ပြည့်ရုံမျှ ထည့်သွင်းစီကုံးမှု။

ပဒုမာမျိုး ၅-ပါး

ပဒုမာ ခေါ် ကြာမျိုးငါးပါး၊ ဤ၌ အချို့ ပဒုမာမျိုးကား ဘုရားလောင်း ပဋိသန္ဓေနေချိန်, ဖွားတော်မူချိန်, ဘုရားဖြစ်ချိန်တို့၌သာ ပွင့်ကြ ပေါက်ကြ၏၊ မဟာပရိနိဗ္ဗာနသုတ် အဋ္ဌကထာမှ။
(၁) ခန္ဓ ပဒုမာ- တပင်တရိုး တပွင့်ချင်းသာ ပွင့်သော ပဒုမာမျိုး၊
(၂)သာခ ပဒုမာ- ခက်လက်ဝေဆာ ပဒုမာ မျိုး၊
(၃) ဒဏ္ဍက ပဒုမာ-အရိုးမာ၍ ကျောက်ဖျာကိုပင် ခွဲထွက် ထိုးဖောက်နိုင်သော ပဒုမာ မျိုး၊
(၄) လတာ ပဒုမာ- နွယ်မျိုး ပဒုမာ ၊ သစ်ပင်ကြီးတို့၌ နွယ်တက်၍ ပွင့်၏၊
(၅) အာကာသ ပဒုမာ- ကောင်းကင်၌ တွဲလွဲဆွဲနေသော နတ်ပန်း ပဒုမာ မျိုး။

ပဓာနတရားမျိုး ၄-ပါး

အံ၊၁၊၃၂၃။ အံ၊ဋ္ဌ၊၂၊၂၆၀-၌ အကျယ်ရှုပါ။ဆင်းရဲဘေးမှ ကျွတ်လွတ်လိုသူတို့ အားထုတ်ခြင်းတရားကြီး ၄-ပါး။
(၁) သံဝရ ပဓာန- ဣန္ဒြေစောင့်စည်းမှု၌ အားထုတ်ခြင်း၊
(၂) ပဟာန ပဓာန- အကုသိုလ်စုတို့ကို ပယ်မှု၌ အားထုတ်ခြင်း၊
(၃) ဘာဝနာ ပဓာန- ဗောဇ္ဈင်တရားတို့ကို ပွားများအားထုတ်ခြင်း၊
(၄) အနုရက္ခ ပဓာန- သမာဓိ နိမိတ်အာရုံကို စောင့်စည်းခြင်း, ထိုထို အာရုံတို့ကို အစဉ်စောင့်မှု၌ အားထုတ်ခြင်း။

ပဓာနိယင်္ဂ တရား ၅-ပါး

ဒီ၊၁၊၁၉၈။ ဒီ၊ဋ္ဌ၊၁၊၂၁၂။ အံ၊၂၊၅၇။ အံ၊ဋ္ဌ၊၃၊၂၆-တို့၌ အကျယ်ရှုပါ။ သမထ, ဝိပဿနာ အားထုတ်သူတို့ ရှိထားရမည့် အင်္ဂါ ၅-ပါး။
(၁) သဒ္ဓါ- ရတနာသုံးပါး ဂုဏ်တော်၌ ယုံကြည်သက်ဝင်ခြင်း၊
(၂) အပ္ပ ဗာဓတာ- ကျန်းမာသန်စွမ်းခြင်း၊
(၃) အ သဋ္ဌတာ- စိတ်သဘောထား ဖြောင့်စင်းတော်တည့်ခြင်း၊
(၄) အာရဒ္ဓ ဝီရိယတာ- အကျင့်သီလနှင့်ပြည့်စုံကာ ကြိုးပမ်းအားထုတ်မှု၊
(၅) ဥဒယတ္ထဂါမိနိပညာ- ရုပ်, နာမ်တို့၏ဖြစ်ပျက်မှုကို သိမြင်နိုင်သော ဉာဏ်ပညာနှင့် ပြည့်စုံခြင်း။

ပန်းပေါင်းစုံညီ၊ ပွင့်တံချီ၊ မျိုးမည် ၁၂၀

ပုဂံ ဝန်ထောက်မင်း ဦးတင်ထံမှ ရေးမှတ်ရဘူးသည်၊ မြန်မာဘုရင်များ လက်ထက် နန်းတွင်းသူနှင့် သားတော် သမီးတော်တို့ အလွယ်တကူသိခေါ်နိုင်ကြစေရန် ပန်းမျိုးအမည်နှင့် အပွင့်ငုံ ပုံစံတို့ကိုပါ ရောင်စုံပန်းချီ ရေးဆွဲ ပေးထားသည်၊
ကံ့ကော်ပန်း၊ ဇရည်ပန်း၊ မြစ်ကိုင်းပန်း၊ လောင်းပန်း၊ စပယ်ပန်း၊ ဒါရူပန်း၊ ဇလပ်ပန်း၊ တတိုင်းမွှေး၊ ပန်းထိမ်ငို၊ ထပ်တရာပန်း (၁၀) ၊
ဂန္ဓမာ၊ အောက်မဲညို၊ လဲပန်း၊ ဆယ့်နှစ်ရာသီပန်း၊ ပန်းသုန်းပန်း၊ ခေါင်ရမ်း၊ နှင်းပန်း၊ နေကြာ၊ စွယ်တော်၊ ပုန်းညက် (၂၀)
စံကား၊ ဖက်သွတ်၊ ခတ္တာ၊ ပန်းသွန်း၊ ယုဇန၊ ဂမုန်းအင်၊ သုံးပန်လှ၊ မလ္လာနီ၊ အောက်မဲဖြူ၊ ရွှေနွယ်၊ (၃၀)၊
ဒန့်သလက်၊ ဆတ်သဝါ၊ အာသာဝတီ၊ အင်ကောသ၊ အိမ်လုံးချမ်းသာ၊ ဇီဇဝါ၊ ပန်းသွန်း၊ မိုးစွေ၊ ထင်းရှူး၊ ဗျာပါပြေပန်း (၄၀)၊
ကြက်ရုံး၊ သရက္ခံ၊ သင်းခွေ၊ နော်ဇာ၊ သစ္စာ၊ သစ်ခွ၊ ပန်းညို၊ ကွမ်းသီးပန်း၊ လက်တော်ကုံး၊ တောင်တော်ပန်း၊ (၅၀) ၊
ဆိတ်ဖလူး၊ ဒေါ့ရင်း၊ အုန်းပန်း၊ လက်တံရှည်၊ လက်တံတို၊ မြတ်လေး၊ ရွှေဝါ၊ ကြက်မောက်၊ သဇင်၊ ခရား (၆၀)၊
ဇလတ္တာပန်း၊ ကက္ကရီပန်း၊ ထင်ရှားပန်း၊ ဆတ်သွား၊ နှင်းဆီ၊ မီးမလောင်၊ ရေခမိုး၊ ကြာညို၊ ခွန်နှစ်မည်၊ သရဖီပန်း၊ (၇၀)၊
နေဇာပန်း၊ မရမ်းကြောင်ပန်း၊ ကြာခေါင်းလောင်း၊ သပြေ၊ တရုတ်စံကား၊ ခွါညို၊ စံကားစိမ်း၊ ရွှေခွက်ပန်း၊ ဂမုန်းပန်း၊ ပိတောက် (၈၀)၊ အင်ကြင်း၊ ဆတ်သွားဖူးပန်း၊ ပရဝါပန်း၊ ဖယောင်းပန်း၊ ဒေါက်ဒလိပ်ပန်း၊ နန်းလုံးကြိုင်ပန်း၊ တောင်ဇလပ်ပန်း၊ ကြာပုဏ္ဍရိက်ပန်း၊ မောင်မခေါ်ပန်း၊ ပေါက်ပန်း၊ (၉၀)၊
ကက္ကရုပန်း၊ ခံစပ်ပန်း၊ ပဒုမ္မာ၊ တောင်လုံးကျော်၊ ရင်ခတ်၊ မဉ္ဇူပန်း၊ သော်ကပန်း၊ ငှက်ကလေးပန်း၊ ပျဉ်းဖြူပန်း၊ (၁၀၀)၊
လယ် ခေါင်ရမ်းပန်း၊ ဘိန်းနွဲ့ပန်း၊ မဟာ လှေကားပန်း၊ မျက်နှာပန်း၊ ဇွန်ပန်း၊ စူကာပန်း၊ ကြာဖြူ၊ ကြာတံဆိပ်၊ မရိုးပန်း၊ မောက်ခီတောပန်း၊ (၁၁၀)၊
ဦးဆောက်ပန်း၊ ဗျာပါယူပန်း၊ လွမ်းမတပန်း၊ ကြာနီ၊ ပန်းအိ ၊ ရင် ကမ်းပန်း၊ မယားကြီးပန်း၊ ယင်းမာပန်း၊ ဒဝယ်မှိုင်းပန်း၊ အနန်းပန်း(၁၂၀)။

ပန်းပွင့်မာလာ၊ တတ်သိပ္ပါ၊ လူ့ရွာ ၁၂-ပွင့်

ဘုရားမတင်, နတ်မတင်, လူတွင် ပန်းဆယ်ပွင့်၊ အနုပညာရပ်များ။ (၁) ပန်းထိမ်- လက်ကောက် လက်ကြပ် စသည် ပြုလုပ်သော အတတ်၊
(၂) ပန်းဘဲ- တံစည်း, စူး, ဆောက်, ပေါက်တူး စသည် ပြုလုပ်မှု အတတ်၊
(၃) ပန်းပု- အပြောက်ထု, ရုပ်လုံးဖေါ် အတတ်၊
(၄) ပန်းချီ- မင်ဆေးရေးမှု အတတ်၊
(၅) ပန်းရန်- အုတ်, ကျောက်စီမှု အတတ်၊
(၆) ပန်းတဉ်း, ပန်းတင်း- ကြေးစည် ခေါင်းလောင်းသွန်းမှု အတတ်၊
(၇) ပန်းတော့- အင်္ဂတေပန်းလှီးအတတ်ပညာ၊
(၈) ပန်းတမော့-ကျောက်ဆစ်, ကျောက်ရုပ်ထု အတတ်ပညာ၊
(၉) ပန်းပွတ်- ပွတ်ခံသမား အတတ်ပညာ၊
(၁၀) ပန်းယွန်း- ယွန်းပြောက်ယွန်းထည် ပြုလုပ်မှု အတတ်ပညာ။
မှတ်ချက်။ ။ ပန်းတျာ, ပန်းဒျာခေါ် ဂီတပညာနှင့် ပန်းရွဲ, ခေါ် ရွဲသွေး ကျောက်သွေး အတတ်တို့ထည့်၍ ၁၂-ပါးရှိကြောင်းနှင့် ပညာရှိတို့ ယူကြသေး၏။

ပန်းမျိုး ၅ပါး၊ ဖေါ်စပ်စား၊ ဆေးများ အားဘုရင်

၎င်းတို့ကို အမှုန့်ပြု၍ အစားအစာ၌ ထည့်ခတ်စားက အားတိုးသည်ဟူ၏။
(၁) ပန်းဥ၊
(၂) ပန်းနု၊
(၃) ပန်းရင်း၊
(၄) ပန်းမ၊
(၅) ပန်းလဲ တို့ဖြစ်၏။

ပန်းမြတ်မာလာ၊ ၇-ဖြာ၊ နန်းလျာ တော်ဝင်သုံး

မင်းစဉ် နန်းသုံးဖြစ်သော ပန်းမြတ် ၇-ပါးဟူ၏၊ ၎င်းကို ရှေးဟောင်းလင်္ကာ အတိုင်းပြလိုက်သည်၊ “အဂ္ဂဇေယျ၊ ပ သ အောင်ပန်း၊ ရွှေနန်း မင်းသုံး၊
ဒန်း, အုန်းညွန့်ညို၊ ကက္ကို, နေဇာ၊ မာလာချယား၊ ပတ္တမြားညွန့်ထီး၊ သပြေသီးဟု၊ ပန်းကြီး အမြတ်၊ ခုနစ်ရပ်”။

ပန်းလှူရကျိုး ၅-ပါး

ဤကားအကျိုးများစွာတို့တွင် ထူးခြားသော အကျိုးငါးပါးဟုသာ မှတ်ရာ၏။
(၁) လှပသန့်ရှင်းသော ရုပ်အဆင်းအင်္ဂါရှိခြင်း၊
(၂) သင်းပျံ့မွှေးကြိုင်သော ကိုယ်ယနံ့ရှိခြင်း၊
(၃) နတ်လူတို့ ချစ်ခင်မြတ်နိုးခြင်း၊
(၄) ကျော်စောသတင်း ပျံ့နှံ့ခြင်း၊
(၅) ကိုယ်စိတ်ချမ်းသာ ရွှင်လန်းခြင်း။

ပပဉ္စတရား ၃-ပါး

ဒီ၊၂၊၇။ ဒီ၊ဋ္ဌ၊၂၊၁၈-၌ အကျယ်ရှုပါ။ သံသရာကို ချဲ့ထွင်တတ်သော တရားသုံးပါး။ (၁) တဏှာ- လိုချင်နှစ်သက် စွဲလမ်း တွယ်တာမှု သဘော၊
(၂) မာန- ဆရာမထား ထောင်လွှားမော်ကြွားမှု သဘော၊
(၃) ဒိဋ္ဌိ- အယူအစွဲ မှားယူမှု သဘော။

ပဗ္ဗဇ္ဇပြား၊ မျိုး ၃-ပါး၊ ခွဲခြား စိတ်ဖြာသိ

သုတ် မဟာဝါနှင့် ဝိနည်းမဟာဝါ အဋ္ဌကထာတို့၌ လာရှိ၏။
(၁) ဘိက္ခုပဗ္ဗဇ္ဇ- ရဟန်းပဉ္စင်း၏ အဖြစ်၊
(၂) သာမဏေရ ပဗ္ဗဇ္ဇ- ရှင်သာမဏေ၏ အဖြစ်၊
(၃) ဣသိ ပဗ္ဗဇ္ဇ- ရသေ့၏ အဖြစ်။

ပယ်မျိုး ၂-ပါး၊ မြေကွက်ခြား၊ မှတ်သား သိစရာ

အတိုင်း အရှည် ပမာဏ၊ “ကရီသ“ဟူသောပါဠိ၏ မြန်မာပြန် “ပယ်“သည်၊
(၁) ဆင်းရဲသား ပယ်၊
(၂) မင်း ပယ် ဟု ၂-မျိုးရှိရာ၊
ယခုခေတ် ပေ လက်မဖြင့် ၁၈-လက်မကို တတောင်ယူ၍ ထို ၇-တောင်ကို တတာဟု အမှတ်ပြုလျက် ၂၅-တာပတ်လည်ရှိ အကွက်တရပ်ကို ဆင်းရဲသား တပယ်ဟု ခေါ်စေလေသည်၊ ထိုဆင်းရဲသား တပယ်သည် ခုနစ်တောင်တာ ပတ်လည်ပေါင်း ၆၂၅၊ (ဝါ) တာကွက်ပေါင်း ၆၂၅-ကွက်မျှ ရှိလေသည်၊ မင်းပယ်မှာ ဆင်းရဲသားပယ်၏ နှစ်ဆဖြစ်လေသည်။

ပယောဂအပြား မျိုး ၄-ပါး

ရောဂါဖြစ်ခြင်းအကြောင်း သို့မဟုတ် ယှဉ်စပ်ခြင်း လေးပါး။
(၁) သွေးပယောဂ၊
(၂) လေပယောဂ၊ ဤကား ဓာတ်ဗိန္ဓောဆရာတို့ အလို၊
(၃) ဝိဇ္ဇာမယ ပယောဂ၊
(၄) ဣဒ္ဓိမယ ပယောဂ၊ ဤကား မှော်ဝိဇ္ဇာ အောက်လမ်းဆရာတို့ အလို။

ပယောဂမျိုး ၆-ပါး

ကမ္မပထမြောက်ရန် လုံ့လ အားထုတ်မှု ၆-ပါး။
(၁) သာဟတ္ထိက ပယောဂ- ကိုယ်ထိလက်ရောက် အားထုတ် လုပ်ကိုင်မှု၊
(၂) အာဏတ္တိက ပယောဂ-နှုတ်ဖြင့်၎င်း, စိတ်ဖြင့်၎င်း, အရိပ်နိမိတ်ဖြင့်၎င်း ခိုင်းစေမှု၊
(၃) နိဿဂ္ဂိယ ပယောဂ- လေး, သေနတ်, အမြောက်လက်နက်တို့ဖြင့် ပစ်ခတ်သတ်ဖြတ်မှု၊
(၄) ထာဝရ ပယောဂ- အမြဲထာဝရ တည်ထားပြုလုပ်စေသော ကျုံး, တွင်း, ချောက် စသော ပယောဂမျိုး၊
(၅) ဝိဇ္စာမယ ပယောဂ- အတတ်ပညာ အင်းအိုင် လက်ဖွဲ့စသည်တို့ဖြင့် ပြုလုပ်မှုမျိုး၊
(၆) ဣဒ္ဓိမယ ပယောဂ- ကံ၏အကျိုးဣဒ္ဓိ, ဟုခေါ်သော တန်ခိုးတို့ဖြင့် ပြုလုပ်မှုမျိုး။
မှတ်ချက်။ ။ ဤ ၆-ပါးကား အများအားဖြင့် အကုသိုလ် ပါဏာတိပါတ၌ ပြသော်လည်း ကုသိုလ် အရာ၌လည်း ဖြစ်သလိုယှဉ်သင့်သေး၏။

ပရဒါရ၊ ကံထိုက်ကြ၊ မိန်းမ ၁၂-ဖြာ

၎င်း သုတေသနရပ်ကို (အုပ်ထိန်းခြင်းရှိသော မိန်းမမျိုး ၂၀)၌ သီးခြား ရှင်းပြခဲ့ပြီ။

ပရမတ္ထ တရား ၄-ပါး

စိတ်, စေတသိက်, ရုပ်, နိဗ္ဗာန်“၎င်း ၄-ပါးကို မဖောက်မပြန် မြတ်သောကြောင့် ပရမတ် ခေါ်သည်။

ပရိက္ခရာ ၈-ပါး

ဝိ၊ဋ္ဌ၊၁၊၂၀၅။ ရဟန်းတော်များ၏ အသုံးအဆောင်မျိုး ၈-ပါး။
(၁) ပတ္တ- သပိတ်၊
(၂) (၃) (၄) တိစီဝရိက်- သင်္ကန်း ၃-ထည်၊
(၅) ကာယ ဗန္ဓန- ခါးပန်းကြိုး၊
(၆) ဝါသိက- သင်ဓုန်းဓား၊
(၇) သူစိ-အပ်, အပ်ချည်၊
(၈) ပရိသာဝန- ရေစစ်။

ပရိက္ခရာ ၁၂-ပါး။ တနည်း

အထက်ပါ ပရိက္ခရာ ၈-ပါး၌။
(၁) စမ္မခဏ္ဍ- သားရေနွယ်၊
(၂) ဥပါဟန- ဘိနပ်၊
(၃) ဗီဇနီ- ယပ်တောင်၊
(၄) ဆတ္တ- ထီး၊
၎င်း ၄-ပါးထည့်၍ ၁၂-ပါးဖြစ်၏။

ပရိက္ခရာပိုင်သူ ၄-ပါးနှင့်၊ သုံးဆောင်နည်း ၄-မျိုး

(၁) သကသန္တက ပရိက္ခရာ- ပုဂ္ဂလိက ရဟန်းပိုင်၊ ရက္ခိတဗ္ဗ, ဂေါပိတဗ္ဗ, မမာယိတဗ္ဗ နည်းတို့ဖြင့် သုံးဆောင်နိုင်၏၊
(၂) သံဃိက ပရိက္ခရာ- ရက္ခိ, ဂေါပိ, မမာယိတို့ဖြင့်ဆိုင်၏၊ ကိုယ်မပိုင်ရ၊
(၃) စေတိယ သန္တက ပရိက္ခရာ-ရက္ခိ, ဂေါပိနှစ်ပါးနှင့်သာဆိုင်၏၊
(၄) ပရသန္တက ပရိက္ခရာ- အထက်နည်း ၄-ပါးတို့နှင့် လုံးဝမဆိုင်၊ သူပိုင် ပရိက္ခရာသာ ဖြစ်၏။

ပရိညာမျိုး ၃-ပါး

မ၊ဋ္ဌ၊၁၊၃၀။
(၁) ဉာတပရိညာ-ပရမတ္ထရုပ်, နာမ်, ဓမ္မတို့၏ သဘောတရားကို ပိုင်းခြား၍ သိခြင်း၊
(၂) တိရဏ ပရိညာ-ထိုရုပ်နာမ် သင်္ခါရ တရားစုကို အနိစ္စ,ဒုက္ခ,အနတ္တ ဟု လက္ခဏာရေး သုံးပါးဖြင့် ပိုင်းခြားသိမြင်မှု၊
(၃) ပဟာန ပရိညာ- ကိလေပယ်သတ် မဂ် ၄-ရပ်ဖြင့် နိဗ္ဗာနဓာတ်ကို တတ်တတ်ထင်ထင် သိမြင်မှု။

ပရိတ်ကြီး ၁၁-သုတ်

ပတ်ဝန်းကျင် ဘေးရန်ကို ကာကွယ်ပေးတတ်သော တရားတော် ၁၁-သုတ်။
(အသံတရား သို့)
(၁) မင်္ဂလသုတ်၊
(၂) ရတနသုတ်၊
(၃) မေတ္တသုတ်၊
(၄) ခန္ဓသုတ်၊
(၅) မောရသုတ်၊
(၆) ဝဋ္ဋသုတ်၊
(၇) ဓဇဂ္ဂသုတ်၊
(၈) အာဋာနာဋိယသုတ်၊
(၉) အင်္ဂုလိမာလသုတ်၊
(၁၀) ဗောဇ္ဈင်္ဂသုတ်၊
(၁၁) ပုဗ္ဗဏှသုတ်။

ပရိတ်နာသူ၏ အင်္ဂါ ၃-ပါး

ပရိတ်တရားနာသူတို့ဖက်က ပြည့်စုံကြရမည့် အင်္ဂါ ၃-ပါး ဟူလို၊ ၎င်းသုံးပါးနှင့် ပြည့်စုံမှ ချေးညှော်ကို ရေနှင့်ဆေးပစ်သည့်အလား ဘေးရန်များကို တားမြစ် ပျောက်ကင်း စေနိုင်သည်။
(၁) အားကြီးလွန်ကဲသော မကောင်းမှု အကုသိုလ်ကံ ခေါ် “ကမ္မာဝရဏ“မရှိခြင်း၊
(၂) မှားသော အယူ “မိစ္ဆာဒိဋ္ဌိ“ခေါ် “ကိလေသာ ဝရဏ“မရှိခြင်း၊
(၃) ပရိတ်တော်ကို မရိုမသေ မလေးမစား မယုံကြည်ခြင်း “အ သဒ္ဓဟနတာ“မရှိခြင်း။

ပရိတ်ရွတ်သူ၏ အင်္ဂါ ၃-ပါး

ဒီ၊၁၊၁၆၄။ ဒီ၊ဋ္ဌ၊၁၊၁၅၀။ ပရိတ်ရွတ်ဖတ် သရဇ္ဈာယ်သူတို့ ဖက်က ၎င်း အင်္ဂါ ၃-ပါးနှင့် ပြည့်စုံမှ ဘေးရန်တားကျိုး တန်ခိုး ထက်မြက်မည်။
(၁) မိမိ ရွတ်ဖတ်သော ပရိတ်တော်၏ အနက် အဓိပ္ပါယ်ကို သိရခြင်း၊
(၂) ပရိတ်တော်၏ ပါဠိ, ပုဒ်, ဗျည်း, အက္ခရာ, ဌာန်, ကရိုဏ်း တို့ကို ကျန မှန်ကန်စွာ ရွတ်တတ်ရခြင်း၊
(၃) ပရိတ်နာသူ အပေါ်၌ လာဘ်စသည် မငဲ့ဘဲ တကဲ့ ကောင်းမြတ် စင်ကြယ်သော မေတ္တာစေတနာ ထားရှိရခြင်း။

ပရိနိဗ္ဗာန်မျိုး ၃-ပါး

မ၊ဋ္ဌ၊၄၊၈၁-၌ အကျယ်ရှု။ ဘုရားသခင်၏ ပရိနိဗ္ဗာန် ၃-ပါး။
(၁) ကိလေသ ပရိနိဗ္ဗာန်- ဗောဓိမဏ္ဍိုင်၌ ကိလေသာငြိမ်းချမ်းခြင်း။
(၂) ခန္ဓ ပရိနိဗ္ဗာန်- ကုသိနာရုံ၌ ခန္ဓာတော်ငြိမ်း ခန္ဓာဓာတ်သိမ်းခြင်း၊
(၃) ဓာတု ပရိနိဗ္ဗာန်- သာသနာတော် ကွယ်သောအခါ ဓာတ်တော် မွေတော်တို့ စုရုံး၍ ဗောဓိမဏ္ဍိုင် နေရာ၌ တေဇောဓာတ် လောင်၍ ကွယ်ငြိမ်းခြင်း။

ပရိဘောဂမျိုး ၄-ပါး

မ၊၂၊၃၀၈။ မ၊ဋ္ဌ၊၃၊၂၃၆။ ဝိသုဒ္ဓိ၊၁၊၄၁-တို့၌ရှုပါ၊
ရဟန်းသာမဏေတို့အတွက် ပစ္စည်းသုံးဆောင်မှုမျိုးလေးပါး။
(၁) ထေယျ ပရိဘောဂ-သိက္ခာသီလမရှိဘဲ ပစ္စည်းလေးပါးကိုသုံးဆောင်ခြင်း၊ “သူခိုး”၊
(၂) ဣဏ ပရိဘောဂ-ပစ္စဝေက္ခဏာ မဆင်ခြင် ပုတီးမစိပ်ဘဲ သုံးဆောင်ခြင်း၊ “အကြွေး”၊
(၃) ဒါယဇ္ဇ ပရိဘောဂ-သေက္ခပုဂ္ဂိုလ် ၇-ယောက်တို့ သုံးဆောင်ခြင်း၊ “အမွေခံ”၊
(၄) သာမိ ပရိဘောဂ- ရဟန္တာပုဂ္ဂိုလ်တို့ သုံးဆောင်ခြင်း၊ “ပိုင်ရှင်”။

ပရိယတ္တိ၏ အင်္ဂါ ၉-ပါး

၎င်းသရုပ် (ဓမ္မက္ခန္ဓာ၊ မြတ်အင်္ဂါ၊ ၉-ဖြာ ဝေဘန်သိ) ၌ရှုပါ။

ပရိယတ္တိ၏ သင်ယူနည်းမျိုး ၃-ပါး

တရားနာခြင်း စာပေ သင်ကြားခြင်း အပြား ၃-ပါး၊ ဝိနည်းအဋ္ဌကထာ။
(၁) အလဂဒ္ဒူပမာ ပရိယတ္တိ-မြွေဖမ်းနည်းမတတ်၍ မြွေကိုက်သေသော ဥပမာ၊ မိမိတတ်ရှိသော စာပေ ပညာဖြင့် သူတပါးအား နှိပ်နင်းရန်၊ တပါးရန်ကို ကာကွယ်ရေး ဟူသော သဘောထားဖြင့် သင်ယူခြင်းမျိုး၊ အကျိုးလုံးဝမရှိ၊ အပါယ် ၄-ပါး အစာသာ ဖြစ်၏။
(၂) နိဿရဏတ္ထ ပရိယတ္တိ-ဝဋ်ဆင်းရဲမှ လွတ်မြောက်ရေးကို ရှေးရှု၍ သင်ကြားခြင်းမျိုး၊ အကျိုးရှိ၏၊ မဂ်, ဖိုလ်, နိဗ္ဗာန် ရ,ရောက်နိုင်၏။
(၃) ဘဏ္ဍာဂါရိက ပရိယတ္တိ-ဘဏ္ဍာတိုက်စောင့် ဘဏ္ဍာစိုးပမာ စာပေ ပရိယတ္တိတွေ မပျောက်ပျက်ရလေအောင် ထိန်းသိမ်းစောင့်ရှောက်သော သင်နည်းမျိုး၊ ကိုယ်ကျိုးမရှိ၊ မဂ်, ဖိုလ် မရနိုင်။

ပရိသတ် ၄-ပါး

အံ၊၁၊၄၀၄။ အံ၊ဋ္ဌ၊၂၊၃၂၄။ လူထုစုဝေးပွဲသဘင် အစု လေးပါး။
(၁) ဘိက္ခု- ရဟန်းယောက်ျား ပရိသတ်၊
(၂) ဘိက္ခုနီ- ရဟန်းမိန်းမပရိသတ်၊
(၃) ဥပါသကာ- သီတင်းသည်ယောက်ျားပရိသတ်၊
(၄) ဥပါသိကီ- သီတင်းသည် မိန်းမ ပရိသတ်။

ပရိသတ် ၄-ပါး၊ တနည်း

(၁) လူ, ပရိသတ်၊
(၂) နတ်, ပရိသတ်၊
(၃) ဗြဟ္မာ, ပရိသတ်၊
(၄) ရဟန်း, ပရိသတ်။

ပရိသတ် ၈-ပါး

အံ၊၃၊၁၂၇။ အံ၊ဋ္ဌ၊၃၊၂၄၆။
(၁) ခတ္တိယ ပရိသာ- မင်း, ပရိသတ်၊
(၂) ဗြာဟ္မဏ ပရိသာ- ပုဏ္ဏား, ပရိသတ်၊
(၃) ဂဟပတိ ပရိသာ- သူကြွယ် သူဋ္ဌေး, ပရိသတ်၊
(၄) သမဏ ပရိသာ- ရဟန်း, ပရိသတ်၊
(၅) စာတု မဟာရာဇိက ပရိသာ- စတုမဟာရာဇ်နတ်, ပရိသတ်၊
(၆) တာဝတိံသာ ပရိသာ- တာဝတိံသာနတ်, ပရိသတ်၊
(၇) မာရပရိသာ- မာရ်မင်း, ပရိသတ်၊
(၈) ဗြဟ္မ ပရိသာ- ဗြဟ္မာ, ပရိသတ်။

ပရိသတ် ကြောက်ရွံ့သော ပုဂ္ဂိုလ် ၅-ယောက်

ပရိသတ်ထဲ မတိုးမဝင် မပြောမဆိုဝံ့ခြင်းမျိုး ၅-ပါး ဟူ၏၊ ပဉ္စင်္ဂုတ္တရ ပါဠိတော် ၁၆၁-၌ အကျယ်ရှု။
(၁) အသဒ္ဓပုဂ္ဂိုလ်၊
(၂) ဒုဿီလ-အကျင့်သီလ ပျက်နေသူ၊
(၃) အပ္ပသုတ- အကြား, အမြင်နည်းသူ၊
(၄) ကုသီတ-အပျင်းထူသူ၊
(၅) န ပညာ- ဉာဏ်ပညာ မရှိသူ။

ပလ္လင် ၈-ခန်း

မြန်မာဘုရင် အဆက်ဆက်တို့ အသုံး ဉပတော်မူသည့် ပလ္လင်တော်များ။
(၁) သီဟာသန ပလ္လင်- နန်းဦး ပြာသာဒ်ဆောင်တော်တွင် မင်းတို့ပူဇော်ခံရန် ရမနေသား, ခြင်္သေ့ရုပ်ခံ၊
(၂) ဟံသာသနပလ္လင်- ဇေတဝန်ဆောင်တောင်တွင် ဘုရင်မင်းမြတ်တို့ ရတနာသုံးပါး ပူဇော်ရန် သင်္ကန်းသား, ဟင်္သာရုပ်ခံ၊
(၃) သင်္ခါသန ပလ္လင်- ပေါင်းတော်ဆောင်တွင် မင်းတို့ တရားစကား နာခံရန် သရက်သား, ခရုသင်းရုပ်ခံ၊
(၄) ဘမရာသန ပလ္လင်- မှန်နန်းဆောင်တွင် မင်းတို့စက်တော်ခေါ်ရန် ကရဝေးသား, ပိတုန်းရုပ်ခံ၊
(၅) ဂဇာသန ပလ္လင်- ဗြဲတိုက်တော်ဆောင်တွင် မင်းတို့ ချီးမြှင့်, နှိမ့်ချရန် စံကားသား, ဆင်ရုပ်ခံ၊
(၆) မရုရာသန ပလ္လင်- မြောက်စမုခ် ဆောင်တော်တွင် မင်းတို့ ဆင်မြင်း သိမ်းမြန်းရန် ပေါက်သား, ဥဒေါင်းရုပ်ခံ၊
(၇) မိဂါသန ပလ္လင်- တောင်စမုခ် ဆောင်တော်တွင် မင်းတို့ တိုင်ပင် ဆွေးနွေးရန် သားရဲရုပ်ခံ , ရေသဖန်းသား၊
(၈) ပဒုမာသန ပလ္လင်- အနောက်ပွဲတော်တက် ဆောင်တော်တွင် မင်းမိန်းမတို့ ပူဇော်ခံရန် ပိန္နဲသား, ကြာပွင့်ခံ။ “ ကျက်ရန်လင်္ကာ၊ ဤသို့လာ၏၊ ရှစ်ဖြာ ပလ္လင်၊ ထုံးတမ်းစဉ်မှာ၊ သီဟာ, ရမနေ၊ ဟံသေ, သင်္ကန်း၊ ထီးနန်း မပျက်၊ သရက်, ခရု၊ တခု ပိတုန်း၊ ကရဝေးသုံးသည်၊ နန်းလုံးချီးမြှောက်၊ သို့ကလောက်မောက်မို၊ ပေါက်ကို, ဥဒေါင်း၊ ထုံးဟောင်းမမှား၊ စံကား, ဟတ္ထိ၊ မည်ရှိမလွဲ၊ ပိန္နဲ, ပဒုမာ၊ မိဂါ, ရေသဖန်း၊ ဤ ရှစ်ခန်းသည်- စံမြန်းပလ္လင် နေရာတည်း”။

ပလ္လင် ရှစ်ရပ် ၉-ခန်း။ တနည်း

လွှတ်တော်၌ ဇေတဝန်ဆောင်ခေါ် နောက်က ဆောင်မကြီး၌လည်း ဘုရင်မင်းမြတ်ကိုယ်တိုင် လွှတ်တက်သောအခါ စံမြန်းရန် “သီဟာသန ပလ္လင် ခြင်္သေ့ခံ ဥကင်နှင့်တကွ“ခမ်းနားစွာတည်ထားရသေး၏၊ ပလ္လင်အမျိုးအစားမှာ ရှစ်ရပ်သာ ရှိသော်လည်း ထားသောနေရာကား ကိုးခန်း ကိုးဌာန ရှိသည်ဟု မှတ်၊ ထို့ကြောင့် “ ဗောဓိညွန့်ရှင်၊ ဆုကြီးဆင်လျက်၊ ပလ္လင်ကိုးဆင့်၊ ဥကင်ဘွင့်၍“ဟူသော မဃဒေဝလင်္ကာ ဘုန်းတော်ဘွဲ့ခဏ်း၌ ဆိုထားလေပြီ။

ပလ္လင် ၆-ပါး၊ ပိုင်သူများ၊ မျိုးစား ဘယ်သူနည်း

ပလ္လင်မျိုး ၆-ပါးကို ပိုင်သူ ထိုင်သူတို့ ဟူ၏။
(၁) ကမလာသန ပလ္လင်- ကြာပလ္လင် ဗြဟ္မာမင်းတို့ထိုင်သည်၊
(၂) ဒိဗ္ဗာသန ပလ္လင်- နတ်မင်းတို့ ထိုင်သည်၊
(၃) ရာဇ ပလ္လင်- လူမင်းတို့ထိုင်သည်၊
(၄) အဋ္ဋ ကရန ပလ္လင်- တရားသူကြီးတို့ထိုင်သည်၊
(၅) ဓမ္မာသန ပလ္လင်- ဓမ္မကထိကတို့ထိုင်သည်၊
(၆) အပရာဇိတ ပလ္လင်- မြတ်စွာဘုရားသခင် ထိုင်ရာ။

ပလ္လင်လုပ်ရာ၊ မြင့်တောင်ထွာ၊ ၃-ဖြာ ပိုင်းမှတ်သား

ရွှေဘုံနိဒါန်း၌ အောက်ပါအတိုင်း သုံးမျိုးလာရှိ၏။
(၁) မဟာ ပလ္လင်မျိုး- ၁၆-တောင်အမြင့်ရှိ၏၊
(၂) မဇ္ဈိမ ပလ္လင်မျိုး- ၈-တောင်အမြင့်ရှိ၏၊
(၃) စူဠ ပလ္လင်မျိုး- ၄-တောင်အမြင့်ရှိ၏၊

ပလာမျိုး ၃၇-ဆင်

ရှေးသုံးမြန်မာ ထမီ၊ ပုဆိုး၏ အမည်၊ ၎င်းပလာမှာ အောက်ပါအတိုင်း အဆင်ပေါင်း ၃၇-မျိုး ရှိကြောင်း သိရာ၏။
စောင်းတော်ပိုက်၊ လေးပွင့်ဆိုင်၊ ပေါင်တူစင်း၊ ပေါင်ဖို-ပေါင်မ၊ ရဲစင်း၊ တကြောင်းထိုး၊ လောကဓာတ်၊ နဒီ၊ နဒီအံကွဲ၊ ပတိမ်းဆင်(၁၀)နှစ်ကိုယ်တွေ့၊ ဆောင်တော်ကူး၊ ရွှေဘိုရိုး၊ ရွှေဘိုနန်းသိမ်း၊ ရွှေဘိုထိပ်တင်၊ တိမ်ခိုးဆင်၊ ကွက်တုံး၊ စလွယ်စင်း၊ အဝါစင်း၊ လိမ်မော်စင်း၊ (၂၀)
လိမ်မော်ကွက်၊ ရဲကွက်၊ အဝါကွက်၊ နှစ်ထပ် လောကဓာတ်၊ လောကဓာတ်အံဆွဲ၊ သံပတ်ဆင်၊ ငွေပန်းဆင်၊ ဒေဝီဆင်၊ ကျောက်စိမ်းဆင်၊ မရမ်းစင်း၊ (၃၀)၊
ဒေါနစင်း၊ ဘုံဘိုင်ဆင်၊ ရာသက်ပန်၊ အဖြူကွက်၊ ဖူးညိုဆင်၊ ပတ္တမြားဆင်၊ ဖရဲဥဆင်(၃၇)။

ပလိဗောဓကြီး ၁၀-ပါး

ဝိသုဒ္ဓိ၊၁၊၈၆။ သမထ, ဝိပဿနာ နှစ်ဖြာသောလမ်း စခန်းဖြင့် ထွက်လမ်းကိုရှာသော ယောဂါဝစရပုဂ္ဂိုလ်တို့၏ အနှောက်အရှက်ဖြစ်၍ ဖြတ်ပယ်စွန့်ပစ်ရာသော တရားမျိုး ဆယ်ပါး။
(၁) အာဝါသ- ကျောင်း, အိပ်ရာနေရာ, အာရာမ်၊
(၂) ကုလ- အလုပ်အကျွေး ပစ္စည်းလေးပါး ဒါယကာ၊
(၃) လာဘ- ပစ္စည်းလေးရပ် လာဘ်သပ္ပကာ၊
(၄) ဂဏ- ဂိုဏ်းသံဃာ အပေါင်းအဖေါ်၊
(၅) ကမ္မ- နဝကမ္မခေါ် အမှုသစ်၊
(၆) အဒ္ဓါန- ခရီးသွားခြင်း၊
(၇) ဉာတိ- သာသနာ့မျိုးဆွေ, အိမ်မျိုးဆွေ၊
(၈) အာဗာဓ- မကျန်းမာခြင်း, အနာရောဂါ၊
(၉) ဂန္ထ- သင်ကြားပို့ချ, ကျက်မှတ်ရေးပြုဆဲ ကျမ်းဂန်၊
(၁၀) ဣဒ္ဓိ- ဝိပဿနာကို နှောက်ရှက် ဖျက်ဆီးတတ်သော ပုထုဇန်တန်ခိုး။

ပ ဝဂ် ၅-လုံး

ဗျည်း ၃၃-လုံးတို့တွင် “ ပ, ဖ, ဗ, ဘ, မ“၎င်း ၅-လုံး တစုကိုဆိုသည်။

ပဝါရဏာမျိုး ၇-ပါး

ရဟန်းတော်များ အချင်းချင်း ဖိတ်ကြားတောင်းပန်မှု ဉပခြင်း ၇-မျိုး။
(၁) သံဃ ပဝါရဏာ- ငါးပါး, ငါးပါးထက်များသော သံဃာတော်တို့ တသိမ်တည်း၌ စုဝေး၍ ပြုခြင်း၊
(၂) ဂဏ ပဝါရဏာ- ၂-ပါး, ၃-ပါး, ၄-ပါး အထိ တစုတည်းပြုသော ပဝါရဏာ၊
(၃) ပုဂ္ဂလ ပဝါရဏာ- အဖော်မရှိ တပါးတည်းပြုသော ပဝါရဏာ၊
(၄) တေဝါစိက ပဝါရဏာ- ၃-ကြိမ် ၃-ခေါက်ဆို၍ တပါးချင်းပြုသော ပဝါရဏာ၊
(၅) ဒွေဝါစိက ပဝါရဏာ- တစုံတခုသော အန္တရာယ်ကြောင့် ၃-ကြိမ် ဆိုချိန်မရ၊ ၂-ကြိမ်သာ ဆို၍ပြုသော ပဝါရဏာ၊
(၆) ဧကဝါစိက ပဝါရဏာ- ထို့အတူ တကြိမ်တခေါက်သာ ဆို၍ပြုသော ပဝါရဏာ၊
(၇) သမာန ဝဿိက ပဝါရဏာ- ဝါတူချင်း ပေါင်း၍ ငါးပါးတတွဲ, ဆယ်ပါးတတွဲ စသည်ဖြင့် ဆို၍ ပြုသော ပဝါရဏာမျိုး။
မှတ်ချက်။ ။ နေ့ကိုလိုက်၍လည်း စာတုဒ္ဒသီ စသည်ပြားသေး၏။

ပဝိဝေကတရား ၃-ပါး

ကာယ ပဝိဝေက၊ စိတ္တ ပဝိဝေက၊ ဥပဓိ ပဝိဝေက၊ ၎င်းအကျယ် (ဝိဝေကတရား ၃-ပါး)၌ ရှုပါ။

ပ,သတ် ကာရန်၊ ရေးထုံးမှန်၊ ၃-တန် မြန်မာ့နည်း

ကာရန်ငယ် အသံ ၆၄-ပါးနှင့် မြန်မာသင်ပုန်းကြီး ကျမ်းလာ ၃၆-ပါးသော ဌာနတို့တွင် ပါဝင်သည့် စာစီစာကုံး ဥပဒေသ ဝေါဟာရ “အပ်, အိပ်, အုပ်”တို့ဖြစ်ကြ၏။

ပသာဒရုပ် ၅-ပါး

ကိုယ်ခန္ဓာ အတွင်းရှိ အကြည်ဓာတ်ရုပ် ၅-ပါး။
(၁) စက္ခု ပသာဒ- မျက်စိအကြည်၊
(၂) သောတ ပသာဒ- နားအကြည်၊
(၃) ဃာန ပသာဒ- နှာခေါင်းအကြည်၊
(၄) ဇိဝှါ ပသာဒ- လျှာအကြည်၊
(၅) ကာယပသာဒ- ကိုယ်အကြည်။

ပဟာန်အပြား မျိုး၅-ပါး

အဘိ၊ဓ၊၂၀၈။ အဘိ၊ဋ္ဌ၊၁၊၃၈၆။ ပဋိသံ၊၁၃၇။ ပဋိသံ၊ဋ္ဌ၊၂၊၅၂။ ကိလေသာ အယုတ်တရားစုကို ပယ်မှုငါးပါး။
(၁) တဒင်္ဂ ပဟာန်- ကာမကုသိုလ် တရားစုဖြင့် ပြုဆဲခဏ၌ ပယ်ခြင်း၊
(၂) ဝိက္ခမ္ဘန ပဟာန်- မဟဂ္ဂုတ်ကုသိုလ်စုဖြင့် ခေါင်းပါးအောင် ပြုခြင်း၊
(၃) သမုစ္ဆေဒ ပဟာန်- မဂ်ကုသိုလ်စုဖြင့် အပြတ်ပယ်ခြင်း၊
(၄) ပဋိပဿဓိ ပဟာန်- ဖိုလ်တရားစုဖြင့် ငြိမ်းအေးမှုပြုခြင်း၊
(၅) နိဿရဏ ပဟာန်-ပရိနိဗ္ဗာန ဓာတ်ဖြင့် ဖြတ်တောက်ထွက်မြောက်သွားခြင်း။

ပဟာန ဝိနည်းမျိုး ၅-ပါး

သုတ္တနိ၊၂၇၉။ သုတ္တနိ၊ဋ္ဌ၊၁၊၈။ စူဠနိ၊ဋ္ဌ၊၇၂-တို့၌ အကျယ်ရှုပါ။ ပဟာန ဝိနယောပိ တဒင်္ဂပဟာနံ, ဝိက္ခမ္ဘန ပဟာနံ, သမုစ္ဆေဒ ပဟာနံ, ပဋိပဿဓိ ပဟာနံ, နိဿရဏ ပဟာနန္တိ ပဉ္စဝိဓော၊ အနက် အထက် ပဟာန်နည်းအတိုင်း။

ပဟိုရ် ၄-ပါး၊ ချိန်ပိုင်းခြား၊ မှတ်သား စည် နာရီ

ရှေး မြန်မာစံတော်ချိန်တွင် နေ့ ၄-ပဟိုရ် ၊ ညဉ့် ၄-ပဟိုရ်ဟု နေ့ညဉ့် တီထီ တရက်တွင် ၈-ပဟိုရ်ပိုင်းခြား သတ်မှတ်ထားသည်၊ ၁-ပဟိုရ်လျှင် စည်တကြိမ်ကျစီ ၁၁-ချက်၊ ၂၂-ချက်၊ ၃၃-ချက်၊ ၄၄-ချက်အားဖြင့် တီးသည်၊ ၁-ပဟိုရ်သည် စက် ၃-နာရီ အချိန်နှင့် ညီမျှသည်၊ စက်နာရီ အချိန်နှင့် ပဟိုရ်ချိန်တို့ ယှဉ်ပုံမှာ
#NAME?
(၁) နံနက်------------၉-နာရီ ------------ နေ့ ၁-ပဟိုရ်
(၂) မွန်းတည့် ----- ၁၂-နာရီ ------------ နေ့ ၂-ပဟိုရ်
(၃) ညနေ -----------၃-နာရီ ------------ နေ့ ၃-ပဟိုရ်
(၄) ညနေ------------၆-နာရီ ------------ နေ့ ၄-ပဟိုရ်
(၅) ညဉ့် ------------ ၉-နာရီ ------------ ညဉ့် ၁-ပဟိုရ်
(၆) သန်းခေါင်----- ၁၂-နာရီ------------ ညဉ့် ၂-ပဟိုရ်
(၇) သန်းလွဲ----------၃-နာရီ ------------ ညဉ့် ၃-ပဟိုရ်
(၈) နံနက် -----------၆-နာရီ ------------ ညဉ့် ၄-ပဟိုရ်

ပဟိုရ် ၈-ပါး၊ တရက်ထား၊ ခြားနား နာရီ အသို့နည်း

၎င်းသရုပ်ကို (ပဟိုရ် ၄-ပါး၊ ချိန်ပိုင်းခြား၊ မှတ်သား စည်နာရီ) ၌ ရှုပါလေ။

ပါဋိဟာရိယမျိုး ၃-ပါး

ဒီ၊၁၊၂၀၆။ ဒီ၊ဋ္ဌ၊၁၊၃၂၁။ အင်္ဂုတ္တရ တိကနိပါတ်

ပါဏာတိပါတ အင်္ဂါ ၅-ပါး

သတ်မှုကံမြောက် ဆုံးဖြတ်ချက်အကြောင်းငါးပါး၊ ၎င်း အင်္ဂါ ၅-ပါးတို့နှင့် ပြည့်စုံက ထိုသိက္ခာပုဒ် ပျက်၏။
(၁) ပါဏ- သက်ရှိသတ္တဝါဖြစ်ခြင်း၊
(၂) ပါဏသညိတ- သက်ရှိသတ္တဝါဟု မှတ်သိခြင်း၊
(၃) ဃာတ စိတ္တ- သတ်လိုသောစိတ်ရှိခြင်း၊
(၄) ဥပက္ကမ- လုံ့လ ဉပခြင်း၊
(၅) မရဏ- ထိုလုံ့လကြောင့် သေခြင်း။

ပါဏာတိပါတ၏ ပယောဂမျိုး ၈-ပါး

ပါဏာတိပါတကံ ဖြစ်နိုင်ခြင်း၏ အကြောင်းတရားမျိုး ရှစ်ပါး၊ ပါရာဇိကဏ် အဋ္ဌကထာမှ။
(၁) ဥဒိဿ ပယောဂ-သတ္တဝါကိုရည်မှတ်၍ သတ်ဖြတ် ထိုးခုတ်ခြင်း၊
(၂) အနုဒ္ဒိဿ ပယောဂ-သတ္တဝါတစုံတခုကို ရည်မှတ်ခြင်းမရှိဘဲ ဘာကောင်သေသေဟု ပစ်ခတ် ထိုးခုတ်လိုက်ခြင်းမျိုး၊
(၃) သာဟတ္ထိက ပယောဂ-ကိုယ်တိုင် သတ်ပုတ် ထိုးခုတ်ခြင်း၊
(၄) အာဏတ္တိက ပယောဂ- သူတပါးကို စေခိုင်းခြင်း၊
(၅) နိဿဂ္ဂိယ ပယောဂ-အဝေး၌နေသော သတ္တဝါကို မြှား, လှံ, သေနတ် စသည်ဖြင့် ပစ်ခတ်ခြင်း၊
(၆) ထာဝရ ပယောဂ- အမြဲတည်နေ၍ သေစေနိုင်သည့် တွင်းတူးထားခြင်း, ဆေးဝါး အစီအရင်ထားခြင်း, စသည့် အရာမျိုး၊
(၇) ဝိဇ္ဇာမယ ပယောဂ- ဓာတ်ရိုက်, ဓာတ်ဆင်, ဂါထာမန္တရား, စသော အစီအရင်တို့ဖြင့် သေအောင် ဉပခြင်း၊
(၈) ဣဒ္ဓိမယ ပယောဂ- မိမိ ကမ္မဇိဒ္ဓိတန်ခိုးဖြင့် သတ္တဝါတို့ကို သေစေခြင်း။

ပါဏာတိပါတကံ၏ မကောင်းကျိုး ၂၃-မျိုး

ပါဏာတိပါတ် သူ့သက်သတ်သူတို့ ခံစားတွေ့ကြုံရသော မကောင်းကျိုးများသည် ပိဋကပါဠိတော်တို့၌ သင်္ချာအမျိုးမျိုးဖြင့် လာရှိသော်လည်း ဤ၌ အလုံးစုံပါဝင်သည့် ခုဒ္ဒကပါဌ အဋ္ဌကထာလာ သင်္ချာ ၂၃-ပါးကို ဆိုလေသည်၊ သိလွယ်နိုင်ရန် မြန်မာဘာသာ သက်သက်ဖြင့် ပြလိုက်၏။
(၁) ကိုယ်အင်္ဂါချို့တဲ့ခြင်း၊
(၂) လုံးရပ်နေထား အချိုးအစား မကျခြင်း၊
(၃) နုံနှေးလေးဖင့်ခြင်း၊
(၄) ခြေ, လက်, ဖဝါး, မညီခြင်း၊
(၅) မလှပ မတင့်တယ်ခြင်း၊
(၆) အရေ အဆင်း မပြောင်ဝင်းခြင်း၊
(၇) အသားအရေ ကြမ်းတန်းခြင်း၊
(၈) ကြောက်ရွံ့တတ်ခြင်း၊
(၉) ခွန်အားဗလ မရှိခြင်း၊
(၁၀) စကားပြေပြစ်စွာ မပြောတတ်ခြင်း၊
(၁၁) ချစ်ခင်သူ မရှိခြင်း၊
(၁၂) မိမိပရိသတ် အကြိမ်ကြိမ် ပျက်စီးခြင်း၊
(၁၃) ထိတ်လန့်တတ်ခြင်း၊
(၁၄) လက်နက်, အဆိပ်ဘေး သင့်တတ်ခြင်း၊
(၁၅) သူများ ပယောဂကြောင့် သေရခြင်း၊
(၁၆) တွေဝေမိုက်မဲခြင်း၊
(၁၇) ခြွေရံပရိသတ် နည်းပါးခြင်း၊
(၁၈) ရွံ့စရာကောင်းသော ရုပ်အဆင်းရှိခြင်း၊
(၁၉) ကုန်းကော့သော ကိုယ်ရှိခြင်း၊
(၂၀) ကြောင့်ကြ စိုးရိမ်မှုများခြင်း၊
(၂၁) ဘေးရန် များခြင်း၊
(၂၂) ချစ်ခင်သော သားသမီးတို့နှင့် ကွေကွင်းရခြင်း၊
(၂၃) အသက်တိုခြင်း။

ပါတိမောက် ၂-မျိုး

ဥဒါန၊၁၃၈။ ဥဒါန၊ဋ္ဌ၊၂၇၁-၌ အကျယ်ရှု။
(၁) ဩဝါဒ ပါတိမောက်- သဗ္ဗပါပဿ အကရဏံ, စသော ဩဝါဒ ကထာ၊
(၂) အာဏာ ပါတိမောက်- ဝိနည်း ပညတ်တော် သိက္ခာပုဒ်များ။

ပါဒရက် လေမျိုး ၈-ပါး

သွက်ချာပါဒ ရောဂါ ဖြစ်စေတတ်သော လေမျိုး ၈-ပါးဟူ၏၊ ၎င်း သရုပ်ကို လေမျိုး ၈၀- (က) ပုဒ်၌ရှုလေ။

ပါပဂြိုလ် ၄-လုံး

ဆိုးသွမ်း ယုတ်မာသော ဂြိုလ်၊ သို့မဟုတ် နေမှပေါ်ထွက်လာသောကြောင့် အရှိန်အခိုး ပူပြင်းသော သဘောရှိသည့် ဂြိုလ်ဟု ဗေဒင်ကျမ်းများ၌ ဆိုကြကုန်၏၊ လောကဒီပသာရကျမ်းတွင် “ပါပလေးချက်၊ နေကထွက်၍၊ ရှိန်စက် ပူခြင်း၊ အခိုးပြင်း၏“ဟုဆိုထားလေပြီ။
(၁) တနင်္ဂနွေဂြိုလ်၊
(၂) အင်္ဂါဂြိုလ်၊
(၃) စနေဂြိုလ်၊
(၄) ရာဟုဂြိုလ်။

ပါရဂူကြီး ၆-မျိုး

၎င်း အကျယ် စိတ်ဝင်စားဘွယ်တို့ကို သုတ္တနိ၊၃၀၄။ သုတ္တနိ၊ဋ္ဌ၊၁၊၂၀၆။ မ၊၂၊၃၄၅။ မ၊ဋ္ဌ၊၃၊၂၇၁-တို့၌ရှုပါ။
(၁) ပရိညာ ပါရဂူ၊
(၂) ပဟာန ပါရဂူ၊
(၃) ဘာဝနာ ပါရဂူ၊
(၄) သစ္ဆိကိရိယာ ပါရဂူ၊
(၅) သမာပတ္တိ ပါရဂူ၊
(၆) အဘိညာ ပါရဂူ။

ပါရမီ ၁၀-ပါး

မ၊၁၊၇။ မ၊ဋ္ဌ၊၁၊၄၇။ ဒီ၊ဋ္ဌ၊၁၊၆၀။ ဒီ၊ဋ္ဌ၊၂၊၂၄၄-တို့၌ အကျယ်ရှုပါ။ နတ်ရွာ နိဗ္ဗာန်သို့ ရောက်ကြောင်း အကျင့်မျိုး ဆယ်ပါး။
(၁) ဒါန ပါရမီ- လှူဒါန်းပေးကမ်း စွန့်ကြဲခြင်း၊
(၂) သီလ ပါရမီ- ငါးပါး, ရှစ်ပါး, ဆယ်ပါး စသော သီလကို ဆောက်တည် သိမ်းဆည်းခြင်း၊
(၃) နိက္ခမ ပါရမီ- အိမ်ရာခွါရှောင် ရသေ့ရဟန်းဘောင်သို့ ကပ်ရောက်ခြင်း၊
(၄) ပညာ ပါရမီ-ပညာကိုဆည်းပူးရှာဖွေ တိုးပွားစေခြင်း၊
(၅) ဝီရိယ ပါရမီ- မတွန့်မဆုတ် အားထုတ်သော ဇွဲနပဲဖြင့် ရဲရဲရွတ်ရွတ် ကြိုးစားခြင်း၊
(၆) ခန္တီ ပါရမီ- သည်းခံခြင်း၊
(၇) သစ္စာ ပါရမီ-မှန်ကန် ဖြောင့်မတ်စွာ ပြောဆိုလုပ်ကိုင်ခြင်း၊
(၈) မေတ္တာ ပါရမီ- ကပ္ပါသားများကို မိမိနှင့်တသားတည်းချစ်ခြင်း၊
(၉) အဓိဋ္ဌာန ပါရမီ- အပြစ်ကင်းသောအရာ၌ စိတ်ဖြင့် ဆုံးဖြတ်ခြင်း၊ ဆုံးဖြတ်သည့် အားလျော်စွာ လုပ်ကိုင်ခြင်း၊
(၁၀) ဥပေက္ခာ ပါရမီ- သူစိမ်း သူကျက် ငဲ့ကွက်မရွေး ချမ်းသာ ဆင်းရဲသော အရေး၌ စိတ်တွေးကြံစည်ခြင်းမ ဉပ အလယ်ကြားရှု၍ နေခြင်း။

ပါရမီ အပြား ၃၀

ဤ၌ သုံးဆယ်ဖြစ်စေရန် အထက်ပါ ဆယ်ပါးကို တပါး တပါးလျှင်၊
(၁) ရိုးရိုး ပါရမီ- ကိုယ်ခန္ဓာမှ အပဖြစ်သော အရာများအတွက် မငဲ့ကွက်မှု၊
(၂) ဥပ ပါရမီ- ကိုယ်အင်္ဂါ အစိတ်အပိုင်း ခြေ, လက်, မျက်စိတို့အတွက် မငဲ့ကွက်မှု၊
(၃) ပရမတ္ထ ပါရမီ- ကိုယ့်အသက်ကိုပင် မငဲ့ကွက်မှု၊ ၎င်း ၃-ပါးနှင့် မြှောက်သော် ပေါင်း ပါရမီ- ၃၀ ဖြစ်၏။

ပါရာဇိက ၄-ပါး

ရဟန်းတော်များ ၎င်းတို့ဘဝမှ ဆုံးရှုံးမှုကြီး ၄-ပါး။
(၁) ပဌမ ပါရာဇိက- အဗြဟ္မစရိယ အမှုကို ပြုခြင်း၊
(၂) ဒုတိယ ပါရာဇိက- လူဇာတ် ပစ္စည်းကို ငါးကျပ်တန်မှစ၍ ခိုးယူမှု၊
(၃) တတိယ ပါရာဇိက- လူဇာတ်ဖြစ်သူကို သတ်ခြင်း၊
(၄) စတုတ္ထ ပါရာဇိက- စျာန် မဂ် ဖိုလ် မရဘဲရ၏ဟု လိမ်ပြောမှု။

ပါရာဇိက ၂၄-ပါး။ တနည်း

အဘဗ္ဗပုဂ္ဂိုလ် ၁၁-ယောက်၊ ရဟန်းယောက်ျား ပါရာဇိက ၄-ပါး၊ ရဟန်းမ ပါရာဇိက ၄-ပါး၊ စုတ်မှီအောင်ရှည်သော အင်္ဂါဇာတ်ရှိသူ၊ အင်္ဂါဇာတ်ကို စုတ်မှီအောင် ခါးပျော့သောသူ၊ ဘိက္ခုနီမ လူထွက်၊ သူတပါး အင်္ဂါဇာတ်ကို စုတ်သောရဟန်း၊ သူတပါးအင်္ဂါဇာတ်ကို ဖင်ထဲဝင်အောင် ဖိထိုင်သော ရဟန်း။

ပါလီကွေး ၄၅

၎င်း ဝေါဟာရ သင်္ချာကို မှော်ပညာကျမ်းတို့၌ “ဥုံ ဘုရားဟူက မောက္ကလူ ၂၄၊ တရားဟူက ပါလီကွေး ၄၅၊ သံဃာဟူက သံချပ်ဝတ် ၃၇“စသည်ဖြင့် မိမိကိုယ်ကို အကွယ်အကာယူရာ၌ အသုံးချနည်းများအတွက် တွေ့ဘူး၏။ မှတ်ချက်။ ။ ဘုရင့်နောင် စသော စစ်သူကြီးတို့ ဆောင်းသည့်ဦးထုပ်ကို မောက္ကလူ ခေါ်၏၊ ၎င်း မောက္ကလူ သဖွယ် လုံခြုံသော ၂၄-ပစ္စည်းနှင့် ကိုယ်၌စည်းချသည်ကို “ မောက္ကလူ ၂၄“ဟုဆိုသည်၊ ထိုအတူ ၄၅-ဝါ ကာလပတ်လုံး ဟောတော်မူ သော တရားတော်များနှင့် ပါလီကွေး သဖွယ် ကိုယ်၌ ဆင်မြန်း ကာရံသည်ကို “ပါလီကွေး ၄၅“ဟုဆိုသည်၊ ထို့အတူ ဗောဓိပက္ခိယတရား ၃၇-ပါးနှင့် သံချပ်ဝတ်သဖွယ် ကိုယ်၌ ဝတ်ဆင်ထားမှုကိုပင် “သံချပ်ဝတ် ၃၇“ဟုသိလေ။

ပိဋက ၃-ပုံ

ဒီ၊ဋ္ဌ၊၁၊၁၇-၁၉။ ၌ အကျယ်ရှု။ မြတ်စွာဘုရား၏ တရားတော် အမျိုးအမည် သုံးပါး။
(၁) သုတ္တန္တ ပိဋက၊
(၂) ဝိနယ ပိဋက၊
(၃) အဘိဓမ္မာ ပိဋက။

ပိဋကတော်၏ နက်နဲခြင်း ၄-ပါး

ပိဋက ၃-ပုံတို့တွင် တပါး တပါးသော ပိဋက၌ နက်နဲခြင်းအပြား လေးပါး။ (၁) ဓမ္မ ဂမ္ဘီရ- ပါဠိတော်၏နက်နဲ ခက်ခဲခြင်း၊
(၂) အတ္ထ ဂမ္ဘီရ- ထိုပါဠိ၏ အနက်အဓိပ္ပါယ်များ နက်နဲ ခက်ခဲခြင်း၊
(၃) ဒေသနာ ဂမ္ဘီရ- နှလုံးပိုက်၍ သိုက်မြိုက် ဟောကြားတော်မူအပ်သော ဝစီဘေဒ သဒ္ဒါအစဉ်၏နက်နဲ ခက်ခဲခြင်း၊
(၄) ပဋိဝေဓ ဂမ္ဘီရ- ထို ဓမ္မ, အတ္ထ, နှစ်ရပ်ကို အဟုတ်အဟတ် တပ်အပ်သေချာစွာ သိသောဉာဏ်၏နက်နဲ ခြင်း။

ပိဋကတော်၏ အင်္ဂါ ၉-ပါး

၎င်းသရုပ်ကို (ဓမ္မက္ခန္ဓာ၊ မြတ်အင်္ဂါ၊ ၉-ဖြာဝေဘန်သိ) ဟူသော သုတေသန၌ ရှုပါ။

ပိဋကတော် သင်ယူနည်းမျိုး ၃-ပါး

ပိဋကတော် စာပေ သင်ယူနည်းမျိုး ၃-ပါးဟူ၏။
(၁) အလဂဒ္ဒူပမာ ပရိယတ္တိ၊ မြွေဖမ်းသူသည် (အဖမ်း မတတ်လျှင်) ထို မြွေကိုက်၍ ဒုက္ခရောက်ရသလို ပရိယတ်တရားကိုလည်း သူတပါးတို့ အယူဝါဒကို ပြစ်တင်ရှုပ်ချရန်, ပြိုင်ဆိုင်ကဲ့ရဲ့ရန်, သူတပါးတို့ မိမိအယူဝါဒကို ပြစ်တင်လာသော် ဖယ်ရှောင်ရှား၍ ချေပနိုင်ရန်, ကျော်စော ထင်ရှား၍ လာစေရန်, ဒကာ ဒကာမ လာဘ်လာဘပေါများ စေရန်, ရည်ရွယ်လျက် သင်ယူလျှင် စိတ်ထား မကောင်းကြောင့် အပါယ်ငရဲကျ-ဆင်းရဲဒုက္ခရ၍ အလဂဒ္ဒူ ပမာ-ပရိယတ္တိဟုခေါ်ဆိုသည်။
(၂) နိဿရဏတ္ထ- ပရိယတ္တိ၊ သီလ-သမာဓိ- ပညာ။ ဝိပဿနာ တရားမှန်တို့ကို သိရှိတတ်ကျွမ်း၍ မဂ် ဖိုလ် ရယူနိုင်ရန် ကျင့်ကြံအားထုတ်ရေးအတွက် သင်ယူလျက် မြင့်မြတ်သော စိတ်ထားကြောင့် ဝဋ်ဒုက္ဓမှ ထွက်မြောက်ရာ နိဿရဏတ္ထ- ပရိယတ္တိမျိုးမည်၏။
(၃) ဘဏ္ဍာဂါရိက- ပရိယတ္တိ၊ မြတ်စွာဘုရားသခင်၏ ဓမ္မက္ခန္ဓာအပေါင်း တိမ်းစောင်း ပျောက်ပျက်ခြင်း မရှိရအောင် ထိန်းသိမ်း စောင့်ရှောက်ရန် သင်ကြားမှုမျိုးကို မင်း၏ ဘဏ္ဍာစိုးနှင့် တူသောကြောင့် ဘဏ္ဍာဂါရိက ပရိယတ္တိမျိုးမည်၏။
မှတ်ချက်။ ။ ပုထုဇဉ်တို့သည်လည်း ထိုကဲ့သို့ ထိန်းသိမ်း စောင့်ရှောက်နိုင်ရန် ဆင်းရဲ ပင်ပန်းစွာ သင်ကြားထားကြပေသည်၊ သို့သော် မိမိတို့ ကိုယ်တိုင်က သံသရာဝဋ်ဆင်းရဲမှ မလွတ်သေး၍ ဘဏ္ဍာဂါရိက ပရိယတ္တိ မဖြစ်ဘဲ နိဿရဏတ္ထ ပရိယတ္တိ သာဖြစ်လေသည်၊ မှန်၏၊ ပုထုဇဉ်တို့၏ သင်ယူနည်းကား အလဂဒ္ဒူပမာ ပရိယတ္တိ သော်၎င်း၊ နိဿရဏတ္ထ ပရိယတ္တိ သော်၎င်း ဖြစ်ရာ၏၊ ဘဏ္ဍာဂါရိက ပရိယတ္တိ ကားမဖြစ်နိုင်ဟု မှတ်ရာသည်။
သေက္ခပုဂ္ဂိုလ် ၇-ယောက်တို့၏ သင်ယူနည်းကား နိဿရဏတ္ထ ပရိယတ္တိ သင်ယူနည်းသာဖြစ်၏၊ ရဟန္တာတို့ သင်ယူနည်းသည် ဘဏ္ဍာဂါရိက သင်ယူနည်းအစစ်ဖြစ်၏၊ မင်းဘဏ္ဍာစိုးသည် ရတနာတို့ကို ထိန်းသိမ်း၍ မင်းလိုသောအခါ ထုတ်ပေးရသလို ရဟန္တာအရှင်မြတ်တို့သည်လည်း သင်ယူထိန်းသိမ်းကြကုန်လျက် ဝေနေယျတို့အား ပေးသင့်သောအခါ ထုတ်ဖေါ်ဟောကြား ပေးသနားတော် မူကြကုန်၏ဟု မှတ်ရာသည်။ ဝိ၊ဋ္ဌ၊၁၊၁၉-၂၀။ ဒီ၊ဋ္ဌ၊၁၊၂၁။ မ၊ဋ္ဌ၊၂၊၁၃။ အဘိ၊ဋ္ဌ၊၁၊၁၉။ သာရတ္ထ၊၁၊၈၁။ တို့၌ ကြည့်ပါကုန်။

ပိဋကသင်္ချာ၊ ရေတွက်ရာ၊ ၁၀-ဖြာဂဏန်း အသို့နည်း

အဖြေကား ဂဏန်းနှင့်တွဲ၍ ဖေါ်ပြထားသော အောက်ပါ အက္ခရာတို့ ဖြစ်ကုန်၏၊ + ခေါ် ကြက်ခြေ ၂-လုံးပြကား သက္ကတကျမ်းလာ ရေဖများဖြစ်၍ မြန်မာအက္ခရာနှင့် မဆိုင်ဟု မှတ်၊ အက္ခရာသင်္ချာ ယူနည်း ဂါထာ၊
ကာဒိ, ဋာဒိ, ယကာရာဒိ၊ နဝသင်္ချာ ပကာသိတာ။
ပ, ကာရာဒိ ပဉ္စသင်္ချာ၊ သုညာနာမ ည, န, သရာ။
၁--- ၂--- ၃--- ၄--- ၅--- ၆--- ၇---- ၈--- ၉--- ဝ
က-- ခ---ဂ--- ဃ---င--- စ--- ဆ--- ဇ--- စျ--- ည
ဋ--- ဋ္ဌ---ဍ---- ဎ---ဏ--တ---ထ--- ဒ--- ဓ---- န
ပ--- ဖ---ဗ----ဘ---မ -- ...--- ...---...---...----...
ယ-- ရ--လ----ဝ---+----+ ----သ---ဟ---ဠ--- အ

ပိသုဏဝါစာကံ၏ အင်္ဂါ ၄-ပါး

ချစ်သူနှစ်ဦး ကွဲအောင် ကုန်းတိုက်ပေးမှု အင်္ဂါ လေးပါး။
(၁) ဘိန္ဒိတဗ္ဗ ပုဂ္ဂလ- အခွဲအတိုက် ခံရသူ၊
(၂) တပ္ပုရ ပိယ ကမျတာ- မိမိကို ချစ်စေလို၍ ကွဲပြားမှုကို ရှေးရှုခြင်း အဖြစ်၊
(၃) ဝါယမ- လုံ့လပြုခြင်း, ရန်တိုက်ခြင်း၊
(၄) ဇာနန- မိမိရန်တိုက် ပြောဆိုအပ်သူက မိမိစကားကို သိနားလည်ခြင်း။

ပိသုဏဝါစာ ကံ၏ မကောင်းကျိုးမျိုး ၇-ပါး

ပိဋကတ်တော်တို့မှ ရသလောက် စုပေါင်း၍ ပြလိုက်သည်၊ တကျမ်းတဖွဲ့တည်း၌ စုပုံလျက်မရှိပေ။
(၁) အပါယ်လေးပါးသို့ လားရခြင်း၊
(၂) ချစ်သူတို့နှင့် ကွေကွင်းရခြင်း၊
(၃) မိတ်ဆွေခြွေရံ နည်းပါးခြင်း၊
(၄) သူတော်ကောင်းတရား၌ သဒ္ဓါပျက်တတ်ခြင်း၊
(၅) သူတပါးတို့လုံ့လကြောင့် သေရခြင်း၊
(၆) လူများ၏ အမုန်းကိုခံရခြင်း၊
(၇) စိတ် ညစ်ညူးစိုးရိမ်ရခြင်း။

ပီတိအပြား မျိုး ၅-ပါး

ပဋိသံ၊၄၀။ ပဋိသံ၊ဋ္ဌ၊၂၊၁၆၉။ ကိုယ်စိတ် နှစ်ပါးကို နှစ်သက်ပြည့်ဖြိုး ပွားတိုး ရွှင်လန်းစေတတ်သော သဘော လက္ခဏာ ၅-ပါး။
(၁) ခုဒ္ဒကာ ပီတိ-ကြက်သီးမွေးညှင်း ထရုံမျှ နှစ်သက် ရွှင်ပျခြင်းမျိုး၊
(၂) ခဏိကာ ပီတိ- လျှပ်စစ်ပြက်သကဲ့သို့ ခဏခြင်းဖြစ်၍ ခဏခြင်းပျက်သော နှစ်သက်ခြင်းမျိုး၊
(၃) ဩက္ကန္တိက ပီတိ- ဒီလှိုင်းကြီးများ အိဖုံးလွှမ်းမိုးသွားသကဲ့သို့ ကိုယ်လုံး၌ လွှမ်းဖုံး သက်ရောက်လာသော ပီတိမျိုး၊
(၄) ဥဗ္ဗေဂါ ပီတိ- နှစ်သက်ခြင်းအဟုန်ဖြင့် မိမိကိုယ်ကို အထက်သို့ ကြွတက် လွင့်မြောက် သွားစေနိုင်သော ပီတိမျိုး၊
(၅) ဖရဏာ ပီတိ- တကိုယ်လုံးကို ဖိမ့် ဆိမ့် အိမ့်သွားအောင် တစိမ့်စိမ့်ကြာမြင့်စွာ ပြန့်နှံ့၍ တည်နေသော ပီတိမျိုး။

ပုံ ၃၁-လုံးတို့ အမည်များ

သတ္တဝါတို့ နေရာဘုံ ၃၁-ကို အကြောင်းပြုကာ ဆိုင်းဝိုင်း၌ ပုံ ၃၁-လုံးကို ပြုလုပ်စီမံကြောင်းနှင့် မှတ်သားမိဘူး၏၊ ဤ၌ လေတူရိယာ၏ သံမှန် ၂၁-ပေါက်ကို မူလအခြေခံထား၍ ဆိုင်းဝိုင်း၌ ပုံ ၂၁-လုံး သွင်းစီကာ ဝိုင်းအပြင်၌ ၁၀-လုံးထားလျက် ပေါင်း ၃၁-လုံးဟု မှတ်ရာသည်၊ ၎င်းတို့အမည်များမှာ။
(၁) တပေါက်ကဲမှ (၇) ၇-ပေါက်ကဲ အထိ ၇-လုံး၊
(၈) တေးလုံး၊ (၉) တျောလုံး၊ (၁၀) ဒူးလုံး၊ (၁၁) ဒုန်းလုံး၊
၎င်း ၄-လုံးကို ပကတိ ၄-လုံးခေါ်၏၊ ဤ ၄-လုံးကိုပင် ဗယ်ညာအားဖြင့်
(၁၂) ဗယ်တေး၊ (၁၃) ညာတေး၊ (၁၄) ဗယ်တျော၊ (၁၅) ညာတျော၊
(၁၆) ဗယ်ဒူး၊ (၁၇) ညာဒူး၊ (၁၈) ဗယ်ဒုန်း၊ (၁၉) ညာဒုန်းအားဖြင့် ၈-လုံး ပြထားပြီးနောက်
(၂၀) အံထပ် သံမှန်၊ (၂၁) မြင်းစိုင်း၊ ၎င်း ၂၁-လုံးကို ဆိုင်းဝိုင်း၌ သွင်း၍တီးစဉ်၊
ဝေဘန်ဉာဏ် ကျယ်လာပြန်ကာ ဘုံ ၃၁-နှင့် အသံတူပြုပြီး ၆-လုံးပတ်, စည်တို, စခွန့်, ပတ်မကြီး, ပတ်တော, ဤ ဆယ်လုံးကို ထွင်ပြန်၍ ပေါင်း ပုံ ၃၁-လုံး ဖြစ်လာသည် ဟူ၏။

ပုဂ္ဂလိက ဒါနမျိုး ၁၄-ပါး

ဒက္ခိဏဝိဘင်္ဂသုတ် ပါဠိတော်၌ မြတ်ဘုရား ဟောကြားတော်မူသည်။
(၁) ဘုရားသခင်အားပေးလှူခြင်း၊
(၂) ပစ္စေကဗုဒ္ဓါအား ပေးလှူခြင်း၊
(၁၀) အရိယာပုဂ္ဂိုလ် ရှစ်ယောက်အား ပေးလှူခြင်း၊
(၁၁) သာသနာပကာလ စျာန်, အဘိဉာဏ်ရသော ရသေ့တို့အား ပေးလှူခြင်း၊
(၁၂) အကျင့်သီလရှိသော ပုထုဇန် “ လူ, ရှင်, ရဟန်း“တို့အား ပေးလှူခြင်း၊
(၁၃) အကျင့်သီလ မရှိသော လူ (ဒုဿီလ) အား ပေးလှူခြင်း၊
(၁၄) တိရိစ္ဆာန်တို့အား ပေးလှူခြင်းမျိုး။
မှတ်ချက်။ ။ ရဟန်း ဒုဿီလသည် အလှူခံ- တကျိပ်လေးပါးထည်း၌ မပါဟု အချို့က မှတ်ချက်ချ ပြောဆိုကြ၏။

ပုဂ္ဂိုလ်မျိုး ၃-ပါး

ပုဂ္ဂိုလ် အမျိုးအစား ၃-ပါးဟူ၏။
(၁) သေက္ခပုဂ္ဂိုလ် ၇-ယောက်- မဂ်ပုဂ္ဂိုလ် ၄-ယောက်၊ အောက်ဖိုလ် ပုဂ္ဂိုလ် ၃-ယောက်၊
(၂) အသေက္ခပုဂ္ဂိုလ် -ရဟန္တာပုဂ္ဂိုလ်၊
(၃) နေဝသေက္ခာ နာသေက္ခပုဂ္ဂိုလ် -အရိယာ မဟုတ်သူများ။

ပုဂ္ဂိုလ် ၄-မျိုး

တရားဓမ္မနှင့်စပ်၍ ပြားသော ပုဂ္ဂိုလ်မျိုး လေးပါး၊ ပုဂ္ဂလပညတ် ပါဠိတော်မှ။
(၁) ဥဂ္ဃာဋိ တညူ ပုဂ္ဂိုလ်-အကျဉ်းမျှဟောသော်လည်း လွယ်ကူစွာသိ၍ ကျွတ်သူ၊
(၂) ဝိပဉ္စီ တညူ ပုဂ္ဂိုလ်-အကျယ်ချဲ့ထွင်၍ ဟောသည်ကို အကျယ်သိ၍ ကျွတ်သူ၊
(၃) နေယျ ပုဂ္ဂိုလ်-တရားတော်ကို အရဆောင်၍ ကျင့်သူ ကျွတ်ထိုက်သူ၊
(၄) ပဒ ပရမ ပုဂ္ဂိုလ်-ပုဒ်မျှကိုသာ သိသူ ထိုးထွင်း၍ မသိသူ, သည်ဘဝတွင် တရားထူး မရနိုင်သူ။

ပုဂ္ဂိုလ်မျိုးပြား တကျိပ်နှစ်ပါး

ကမ္ဘာပေါ်ရှိသမျှ ကမ္ဘာသူ ကမ္ဘာသား ပုဂ္ဂိုလ်များကို အဘိဓမ္မာနည်းဖြင့် ရေတွက်သော် အောက်ပါ တကျိပ် နှစ်ပါးထက် ပို၍မရချေ။
(၁) ဒုဂ္ဂတိ အဟိတ်ပုဂ္ဂိုလ် ခေါ် အပါယ်သားများ၊
(၂) သုဂတိ အဟိတ်ပုဂ္ဂိုလ်ခေါ် ပဋိသန္ဓေက အ,ထိုင်း,ကန်း,စောင်း, ဆွံ့လာသူ အောက်တန်းလူများ၊
(၃) ဒွိဟိတ်ပုဂ္ဂိုလ် ခေါ် အလယ်တန်းစား လူနတ်များ၊
(၄) တိဟိတ်ပုဂ္ဂိုလ် ခေါ် အထက်တန်းစား လူ နတ် ဗြဟ္မာများ၊
(၅) သောတာပတ္တိမဂ် ပုဂ္ဂိုလ်၊
(၆) ၎င်းဖိုလ် ပုဂ္ဂိုလ်၊
(၇) သကဒါဂါမိ မဂ် ပုဂ္ဂိုလ်၊
(၈) ၎င်းဖိုလ် ပုဂ္ဂိုလ်၊
(၉) အနာဂါမိ မဂ် ပုဂ္ဂိုလ်၊
(၁၀) ၎င်း ဖိုလ် ပုဂ္ဂိုလ်၊
(၁၁) အရဟတ္တမဂ် ပုဂ္ဂိုလ်၊
(၁၂) ၎င်း ဖိုလ် ပုဂ္ဂိုလ်။

ပုဂ္ဂိုလ်မျိုးပြား၊ ၁၂-ပါး၊ ၄-ပါး မသေသူ

မဂ် ပုဂ္ဂိုလ် ၄-ယောက်ကား အဘယ်အခါမှ သေသည်မရှိပေ။

ပုဂ္ဂိုလ်လွန်ကဲကြီး ၄-မျိုး

(၁) သူတော်ကောင်းအပေါင်းတို့တွင် ဘုရားရှင်သည် လွန်ကဲကြီးမြတ်ဆုံး၊
(၂) ကာမဂုဏ်ခံစားသူတို့တွင် မန္ဓာတု စကြာမင်းကြီးသည် အလွန်ကဲဆုံး၊
(၃) အကြီးအမှူးလုပ်ချင်သူတို့တွင် မာရ်နတ်ကြီးသည် အလွန်ကဲဆုံး၊
(၄) ကိုယ်ခန္ဓာ ကြီးသူတို့တွင် ရာဟုအသူရိန်ကြီးသည် အလွန်ကဲဆုံး။
အံ၊၁၊၃၂၄။ အံ၊ဋ္ဌ၊၂၊၂၆၁-၌အကျယ်ရှု။

ပုစ္ဆာ ၅-ပါး၊ မေးပုံများ၊ ခွဲခြား ဝေဘန်သိ

၎င်း သရုပ်ကို “အမေး ၅-ထွေ“ဟူသောသုတေသနရပ်၌ ဆိုခဲ့ပြီ။

ပုညကြိယာဝတ္ထု ၁၀-ပါး

ဣတိဝုတ်၊ဋ္ဌ၊၁၉၃-၌ အကျယ်ရှုပါ။ ကုသလ ကမ္မပထ တရားဆယ်ပါး၊ သုစရိုက် ဆယ်ပါးလည်းခေါ်သည်။
(၁) ဒါန- သဒ္ဓါကြည်ဖြူ ပေးလှူခြင်း၊
(၂) သီလ- ကာယ ဝစီ, ခုနစ်လီဒုစရိုက် ကိုယ်၌မယှဉ်, ကောင်းစွာကြဉ်ခြင်း၊
(၃) ဘာဝနာ- သမထ, ဝိပဿနာ ဘာဝနာ ကမ္မဋ္ဌာန်း စီးဖြန်းပွားများခြင်း၊
(၄) အပ စာယန-သုံးပါးရတနာ, ဆရာမိဘ, ဂုဏဝုဍ္ဎို အစရှိသော သူတို့အား ရိုသေရခြင်း၊
(၅) ဝေယျာဝစ္စ-ကုသိုလ်ဖြစ်ဖွယ် မှုကြီးငယ်ကို သည်ပိုးရွက်ဆောင်ရခြင်း၊
(၆) ပတ္တိဒါန-မိမိ ဉပရ ကုသလကို အမျှပေးဝေရခြင်း၊
(၇) ပတ္တာနုမောဒနာ- သူတပါးပြု မြတ်ကောင်းမှုကို သာဓုနုမော် ကောင်းချီးခေါ်ရခြင်း၊
(၈) ဓမ္မ သဝန- ဘုရားစရှောင်း သူတော်ကောင်းတို့ တရားကို ကြားနာရခြင်း၊
(၉) ဓမ္မဒေသနာ-ဘုရားစရှောင်း သူတော်ကောင်းတို့ တရားကို ဟောကြားရခြင်း၊
(၁၀) ဒိဋ္ဌိဇုကမ္မ-အထက်ပါ အမှု ကိုးတန်သည် ဧကန်ချမ်းသာ၏ဟု ဖြောင့်မှန်စွာ အယူကို ယူခြင်း။

ပုဏ္ဏမီနက္ခတ် ၁၃-လုံး

ဤ၌ အင်္ဂုတ္တိုရ် အဋ္ဌကထာလာ ၁၃-ပါး သရုပ်ကိုသာရည်၍ ၁၃-လုံးဟု ပြသည်၊ အခြား ရာဇမတ္တဏ်ကျမ်းလာ နက္ခတ်စု စသည်လည်း များစွာ ရှိသေး၏၊ ပြည့်ဖြိုးဝန်းစက်သော လပြည့်နေ့ညဉ့် လမင်းနှင့်ယှဉ်သော နက္ခတ်ကို ခေါ်သည်။
(၁) စိတြနက္ခတ်- တန်ခူးလပြည့်နေ့ညဉ့် စန်းနှင့်ယှဉ်သည်၊
(၂) ဝိသာခါနက္ခတ်- ကဆုန်လပြည့်နေ့ညဉ့် ၎င်း၊
(၃) (၄) ဇေဋ္ဌနက္ခတ်- မူလနက္ခတ် ၂-လုံး-နယုန်လပြည့်နေ့ညဉ့် ၎င်း၊
(၅) ဥတ္တရာသဠ် နက္ခတ်- ဝါဆိုလပြည့်နေ့ညဉ့် ၎င်း၊
(၆) သရဝဏ် နက္ခတ်- ဝါခေါင်လပြည့်နေ့ညဉ့် ၎င်း၊
(၇) ဘဒြနကနက္ခတ်- တော်သလင်းလပြည့်နေ့ညဉ့် ၎င်း၊
(၈) အဿဝဏီနက္ခတ်- သီတင်းကျွတ်လပြည့်နေ့ညဉ့် ၎င်း၊
(၉) ကြတ္တိကာနက္ခတ်- တန်ဆောင်မုန်းလပြည့်နေ့ညဉ့် ၎င်း၊
(၁၀) မိဂသီနက္ခတ်- နတ္တော်လပြည့်နေ့ညဉ့် ၎င်း၊
(၁၁) ဖုသျှနက္ခတ်- ပြာသိုလပြည့်နေ့ညဉ့် ၎င်း၊
(၁၂) မာဃနက္ခတ်-တပို့တွဲလပြည့်နေ့ညဉ့် ၎င်း၊
(၁၃) ဖဂ္ဂုနီနက္ခတ်-တပေါင်းလပြည့်နေ့ညဉ့် စန်းနှင့်ယှဉ်သည်။

ပုဏ္ဏားမျိုး ၄-ပါး

ဒေါနသုတ် နိပါတ်တော်လာ၊ ၎င်းတို့၏ အနက်အဓိပ္ပါယ်ကို အောက်ပါ “မာဃဒေဝလင်္ကာသစ်“စကားဖြင့် ထင်ရှားစေအံ့၊ (၂-၉ ပိုဒ်)၊ “ ထိုမှတသွန်၊ ကြာမြင့်လွန်၍၊ ကာလန္တရ၊ ယခုကျအောင်၊ ကာလအခါ၊ ရောက်ခဲ့လာသော်၊ ကမ္ဘာဦးက၊ ဖြစ်သမျှကို၊ အစပိုင်ပိုင်၊ မသိနိုင်ကြောင့်၊ လက်ကိုင်တခု၊ ကျမ်းစာပြု၍၊ သုတိတပေါ၊ ယောနိ တောသား၊ တယောအင်္ဂါ၊ ညီညွတ်စွာဟု၊ မင်းမှာမခ၊ ကမ္မကရာ၊ စေပါ မနှံ၊ အလှူခံ၍၊ ကောင်းကြံ ကောင်းကျင့်၊ အသင့်သဘော၊ ဟောပြော ဗေဒင်၊ သက်မွေးစင်သား၊ နွယ်ဝင်မြတ်လှ၊
(၁) ဗြာဟ္မဏရိုး၊ ရဲကိုးရဲကား၊ ရဲခွန်အားနှင့်၊ ခစားမင်းထံ၊ မင်းကြံမင်းတု၊ မင်းမှုကိစ္စ၊ ရွက်ဆောင်ကြသား၊
(၂) ခတြရိုး၊ ရောင်းမျိုးဝယ်မှု၊ ယာလယ်စုနှင့်၊ လုပ် ဉပကုန်သည်၊ အတည်တကျ၊ သက်မွေးကြသား၊
(၃) ဗိသျှအရိုး၊ နွမ်းညှိုးဝမ်းစာ၊ ဆင်းရဲစွာနှင့်၊ စေပါခံထ၊ လုပ်ကိုင်ရသား၊
(၄) သုဒြရိုး၊ လေးမျိုး ပုဏ္ဏား၊ နောက်မှပွား၍၊ ထင်ရှားလူဝယ်၊ ဆင်စလွယ်နှင့်၊ စင်ကြယ်ကျင့်ဝတ် သိက္ခာတည်း။“(၂၇၁ ပိုဒ်၌) “အာနိသံသာ၊ ထူးဂုဏ်ဝါနှင့်၊ သိက္ခာကျင့်ဝတ်၊ တင်ဆောင်မှတ်သည်၊ မျိုးဇာတ်စင်ကြယ်၊ ဆင်စလွယ်လည်း၊ ကိုးသွယ် ဗြာဟ္မဏ၊ ခြောက် ခတြနှင့်၊ ဗိသျှသုံးမူ၊ သုဒြမူကား၊ မတူ လက္ခဏာ၊ မတင်ရာတည့်“ဟုမိန့်ဆိုထားလေသည်။

ပုဏ္ဏားမျိုး ၉-ပါး

၎င်း သရုပ် အဓိပ္ပါယ်ကို ဓမ္မသတ်ကျမ်းမှ ယူသည်။
(၁) မယားမနေ ဥစ္စာမစု တော၌နေ၍ အလှူခံစားသော “ဗြဟ္မစာရီ“ပုဏ္ဏားမျိုး၊
(၂) အိမ်ထောင် မယားသားနေ၍ သူ့အလှူကို ခံစားသော “ဗြဟ္မဏ”ပုဏ္ဏားမျိုး၊
(၃) ဗြဟ္မဏ ပုဏ္ဏားမျိုးမှ မင်းဧကရာဇ် ဖြစ်လာသော “ခတ္တိယ“ပုဏ္ဏားမျိုး၊
(၄) ကုန်သွယ်၍ သားမယားတို့ကို ကျွေးမွေးလျက် အလှူလည်းခံသော “ဒယ“ပုဏ္ဏားမျိုး၊
(၅) သားမယားနှင့်နေ၍ အလှူမခံ လယ်လုပ်စားသော “ဗိသျှ“ပုဏ္ဏားမျိုး၊
(၆) ဗိသျှမျိုးတွင် အမျိုးကို အစဉ်စောင့်သော “ရက္ခိတ“ပုဏ္ဏားမျိုး၊
(၇) ကြမ်းကြုတ်သော အလေ့ရှိသည့် “ဘာရဒွါဇ“ပုဏ္ဏားမျိုး၊
(၈) ဘာရဒွါဇမျိုးမှ အကျင့်ပျက်၍ ယုတ်မာသောကြောင့် အမျိုးကောင်းတို့က နှင်ထုတ်ထားသော “စဏ္ဍာလ“ပုဏ္ဏားမျိုး၊
(၉) ပုဏ္ဏားမျိုးဇာတ်မှ ထွက်၍ သား မယားကိုစွန့်ခွါလျက် ကျင့်သော “တပသီ”ပုဏ္ဏားမျိုး။

ပုထုဇဉ် ၂-မျိုး

သံ၊ဋ္ဌ၊၂၊၉၀-၌ အကျယ်ရှု။ အကန်းနှင့် အကောင်း ခြားနားမှု။
(၁) ကလျာဏပုထုဇန်-ခန္ဓာ, အာယတန, ဓာတ်, သစ္စာ တို့ကိုသိ၍ ကောင်းသော ပုထုဇန် တမျိုး၊
(၂) အန္ဓ ပုထုဇန်- ခန္ဓာ, အာယတန, ဓာတ်, သစ္စာ တို့ကိုမသိမူ၍ အကန်းနှင့်တူသော ပုထုဇန်ဟု ၂-မျိုးမှတ်ရာသည်။

ပုထုဇန် ၄-ယောက်

အရိယာမှ သီးခြားဖြစ်သူ, ကိလေသာကို များစွာဖြစ်စေတတ်သူ ၄-ယောက် ဟူလို။
(၁) ဒုဂ္ဂတိအဟိတ် ပုထုဇန်- အပါယ် ၄-ဘုံသားများ၊
(၂) သုဂတိအဟိတ် ပုထုဇန်- လူ့ဘုံ၌ ငကန်း, ငဆွန့်, ငအ, ငထိုင်းများ၊
(၃) ဒွိဟိတ် ပုထုဇန်- ကာမသုဂတိ ၇-ဘုံသားများ၊
(၄) တိဟိတ် ပုထုဇန်- အထက်တန်းစား လူ, နတ်, ဗြဟ္မာများ။

ပုထုဇန် ဝေါဟာရမျိုး ၄-ပါး

သံဂီတိသုတ်၌ လာရှိသည်ကား ဝစီဒုစရိုက် ၄-ပါးကို အဖန်ဖန် ပြောကြား သုံးနှုန်းခြင်းပင်ဖြစ်၏။

ပုဒ် ၃-ပါး

စာရေးရာ၌ အနက်အဓိပ္ပါယ်ကို သိခြင်း၏ အကြောင်းဖြစ်သော ပုဒ်များ။
(၁) ဧကက္ခရပုဒ်- အက္ခရာတလုံးတည်းဖြင့် တပုဒ်ဖြစ်သော သဒ္ဒါ။ ပုံ-လူ, နတ်, ခွေး, ဝက်, ကြက် စသည်၊
(၂) အနေကက္ခရပုဒ်-အက္ခရာလုံးများစွာပေါင်းမှ တပုဒ်ဖြစ်သော သဒ္ဒါ။ ပုံ-ဗြဟ္မာ, ကရင်နီ, ပစ္စေကဗုဒ္ဓါ စသည်၊
(၃) အနေက ပဒပုဒ်- ပုဒ်ပေါင်းများစွာကို တပုဒ်တည်းသာ ယူသော သဒ္ဒါမျိုး။ ပုံ-စားစားသောက်သောက်, ပြောပြောဆိုဆို, စသည်၊ ထို့ပြင်လည်း ပုဒ်အမျိုးအစား များစွာရှိသေး၏။

ပုဗ္ဗပယောဂါ၊ ခိုးနည်းမှာ၊ ၅-ဖြာ အဘယ်နည်း

၎င်း သရုပ်ကို (ခိုးခြင်း ၂၅-ပါး)၌ ရှုပါကုန်။

ပုရောဟိတ်ခေါ်၊ ပညာကျော်၊ ၃-ဘော်အင်္ဂါသိ

ကျက်မှတ်ရ လွယ်စေရန် စာဏကျပျို့ လာအတိုင်း ထုတ်ပြလိုက်သည်။
(၁) အရံခြောက်အင်၊ ကျမ်းဗေဒင်ကို၊ ကျွမ်းကျင် လွန်တတ်၊
(၂) မန္တန်ရွတ်နှင့်၊ ဓာတ်မြတ်တရား၊ စိတ်ဝင်စားလျက်၊
(၃) အများသတ္တဝါ၊ အေးမေတ္တာဖြင့်၊ ချမ်းသာစေကြောင်း၊ နှလုံးကောင်းနှင့်၊ ဆုတောင်း မင်္ဂလာ၊ ပြုခြင်းသာဟု၊ အင်္ဂါသုံးသွယ်၊ စုံပြည့်ကြွယ်မှ၊ လူဝယ်ပဏ္ဍိတ်၊ ပုရောဟိတ်ဟု၊ ဘိသိက်ဆရာ၊ မည်ပေးရာသည်၊ ကောင်းစွာ မှတ်ကြ အမြဲတည်း။

ပုလဲ မျိုး ၈-ပါး

ဤ၌ပိုမိုထင်ရှားစေရန် သာရတ္ထသင်္ဂဟ, တေရသကဏဋီကာတို့လာတိုင်း ပါဌ်အနက်တွဲ၍ ပြလိုက်သည်။
(၁) ဟတ္ထိကုမ္ဘံ- ဆင်ဦးကင်း၌ဖြစ်သော ပုလဲ၊ ရွှေရောင်အဆင်း၊
(၂) ဝရာဟဒါဌံ- ဝက်စွယ်၌ဖြစ်သော ပုလဲ၊ ဝက်စွယ်အဆင်း၊
(၃) ဘူဇင်္ဂ သီသံ- မြွေဦးခေါင်း၌ဖြစ်သော ပုလဲ၊ စိမ်းညိုတောက်ပသည်၊
(၄) ဝလာဟကံ- တိမ်တိုက်၌ဖြစ်သော ပုလဲ၊ နတ်သုံး ရတနာမျိုး၊ အလွန်လင်း၏၊
(၅) သင်္ခေါ- ခရုသင်း၌ဖြစ်သော ပုလဲ၊ ၎င်း အဆင်းရောင်ရှိ၏၊
(၆) သိပ္ပိ- ယောက်သွား၌ဖြစ်သော ပုလဲ၊ အဆင်းရောင်အထူးထူးရှိ၏၊
(၇) ဝေဠု- ဝါး၌ဖြစ်သော ပုလဲ၊ သပျစ်သီးစိမ်းရောင်အဆင်းရှိ၏၊
(၈) မစ္ဆ သိရော- ငါးဦးခေါင်း၌ဖြစ်သော ပုလဲ၊ ငါးဖယ်ကျောက်ကုန်း အဆင်းရှိ၏၊
ဣတိ-ဤသို့ဆိုတိုင်း၊ မုတ္တ ယောနိယော-ပုလဲမျိုးတို့သည်၊ အဋ္ဌ-ရှစ်မျိုးရှိကုန်၏။

ပုသိမ် ၃၂-မြို့

ရွှေတိုက်တော် စာရင်း ပုရပိုက်မှ၊ ယခု အမည်ကို နောက်ဆက်ကော်မာနှင့် ပြထားသည်။ ကျိုက်စတည်မြို့ “ ဟိုင်းကြီး”၊
ကျိုက်သရဲမြို့”မော်တင်”၊
ကျိုက်ခရံမြို့”ဘုရားလှ, ကျုံထူး”၊
ကျိုက်ထူပါရုံ ကမ်းဖြူမြို့”မြစ်တရာ”၊
ကျိုက်ဇလဘမော် မြို့၊
ကျိုက်ပဒေါမြို့”ပန်းမဝတီ”၊
ကျိုက်အမွန်မြို့”ဆိပ်ကြီး”၊
ကျိုက်ဝှန်မြို့”ကျုံတုံးကံကြီး”၊
ကျိုက်ဇလဲထော်မြို့”မြောင်းမြမြို့ဟောင်း”၊
ကျိုက်မိမြို့”သစ်ရောင်းချောင်း”၊ (၁၀)
ကျိုက်ဓောမြို့”တကောင်း”၊
ကျိုက်ပိမြို့”ကျုံတရော်, ကျုံပျော်”၊
ကျိုက်မော်ဓော ထလျော် မြို့”ထောင်လုံ”၊
ကျိုက်သထောမြို့”ရေကြည်ပန်းတော”၊
ကျိုက်ပတီသာရဝေါမြို့”မြို့ကွင်း”၊
ဘုရားကြီးသံသေတန်ခွန်မြို့ “ဒမ္ဘီ”၊
ကျိုက် တုံလုံတောမြို့”မြန်အောင်”၊
ကျိုက်ပြိုတောင်မြို့”အင်္ဂပူ, အုတ်ဖို”၊
ကျိုက်ငူသုနန္ဒမြို့”မန်းကြာ”၊
ကျိုက်တောင်တော်မြို့”ပန်းတောကြီး “၊ (၂၀)
ကျိုက်မင်းပတောမြို့”ကျောက်ချောင်းကလေး”၊
ကျိုက်အဝှန် ကျုံတုံးမြို့”ဘိုးတော်ဘုရားကြီး”၊
ကျိုက်ခရံဂဟေနံမြို့”ခေနံ “၊
ကျိုက်သတောမြို့”ဘုရားကုန်း”၊
ကျိုက်ခတော်တုံမြို့”ထန်းဖူး”၊
ကျိုက်ခရံထော်, ကျိုက်ဖြူမြို့”သိမ်ချောင်း, သာပေါင်း”၊
ကျိုက်နံကလံ တနပဝေါရိမြို့”ကျောက်ချောင်းကြီး”၊
ကျိုက်တည်မုဋ္ဌော-သမြင်းတုံးမြို့”ပန်းတနော်”၊
ကျိုက်သလွန်မွန် “ဒေါင်းဖြူမြို့ ဓနုဖြူမြို့”၊
ကျိုက်အနန္ဒပူရမြို့”ဟင်္သာတ”၊ (၃၀)
ဟင်္သာတမြို့၊
ပုသိန်မြို့မ (၃၂)။
မှတ်ချက်။ ။ အချို့ စာမူတို့၌ ဟင်္သာတမြို့ မပါ၊ ၃၁-မြို့သာ ရှိ၏။

ပူဇော်ခြင်းများ၊ မျိုး ၂-ပါး၊ ခြားနား ဝေဘန်သိ

ရိုသေစွာ ကျင့်ကြံလုပ်ကျွေးပေးကမ်းခြင်း ၂-မျိုး၊ ပရိနိဗ္ဗာနသုတ် အဋ္ဌကထာ။
(၁) အာမိသ ပူဇာ- ပစ္စည်းဝတ္ထုဖြင့် လုပ်ကျွေးပေးကမ်းခြင်း၊
(၂) ဓမ္မပူဇာ- တရားတော်မြတ်ကို ကိုယ်တိုင်လိုက်နာ ကျင့်ကြံအားထုတ်ခြင်း။

ပူဇော်ခံထိုက်သူ ၁၁-ယောက်

အပူဇော်ခံထိုက်သူမျိုး ၁၁-ပါး၊ သုတ္တနိပါတ် အဋ္ဌကထာမှ။
(၁) သမ္မာသမ္ဗုဒ္ဓ-သဗ္ဗညုဘုရားသခင်၊
(၂) ပစ္စေကဗုဒ္ဓါ-ဘုရားငယ်တမျိုး၊
(၃) အရိယာသာဝက- အရိယာပုဂ္ဂိုလ်တို့နှင့်တကွ ၎င်းတို့၏တပည့် သရဏဂုဏ်, သီလရှိသူ လူ, ရဟန်း စသည်၊
(၄) မာတာ-မွေးသမိခင်၊
(၅) ပိတာ-မွေးသဖခင်၊
(၆) ဘာတု-အစ်ကိုကြီး၊
(၇) ဘဂိနိ-အစ်မကြီး၊
(၈) သသုရ-ယောက္ခမ ယောက်ျားသူ၊
(၉) သဿု-ယောက္ဓမမိန်းမသူ၊
(၁၀) သာမိ ဘာတာ-လင်၏အစ်ကို၊
(၁၁) သာမိ ဘဂိနီ-လင်၏အစ်မ။
မှတ်ချက်။ ။ အချို့ဆရာတို့ကမူ “ခင်ပွန်းကြီး ၁၀-ပါး“ကိုလည်း ပူဇော်ခံထိုက်သူများဟု ယူကြကုန်၏။ သင့်သည်ချည်းမှတ်။

ပေမတရားမျိုး ၂-ပါး

ချစ်ခြင်းသဘောတရား ၂-ပါး။
(၁) တဏှာပေမ- တထောင့်ငါးရာ ကိလေသာကို ရှေ့ထား၍ ကိလေသာချစ် ချစ်ခြင်း၊ ညစ်ညမ်းသော အချစ်သဘောတရားမျိုး၊
(၂) ဂေဟသိတပေမ- ၅၂၈သွယ် မေတ္တာကို အဦးထား၍ မေတ္တာချစ် ချစ်ခြင်းမျိုး။ မိမိအိမ်သား သမီးသားနှင့် မိဘဆွေမျိုးများကိုချစ်သော အချစ်သဘောတရားမျိုး။

ပေမတရားမျိုး ၃-ပါး

ချစ်ခြင်းဆိုတဲ့ အချစ်သဘောကို ဗုဒ္ဓသာသန မဟာဗုဒ္ဓဝင်။ ပ-တွဲ။ ပ-ပိုင်းအုပ်။ ဠော်-မျက်နှာ၌ရှုလေ။
(၁) တဏှာပေမ၊ ဖို-မတို့ ချစ်ကြိုက်ခြင်းသဘာဝကို ဆိုသည်၊
(၂) ဂေဟသိတ ပေမ၊ မိဘနှင့်သားသမီး၊ ညီ-ကို မောင်နှမတို့ အချင်းချင်း ချစ်ခင်ကြခြင်းမျိုးကို ဆိုသည်၊ ဤ ၁-နှင့် ၂-တို့ကား တရားကိုယ်အားဖြင့် လောဘတဏှာသာ ရသည်ဟူ၏၊
(၃) မေတ္တာ ပေမ- သူတပါးတို့၏ ချမ်းသာမှုသုခကို လိုလားစွာ ကိုယ်-နှုတ်-စိတ်တို့ဖြင့် ချမ်းသာသူ ဆင်းရဲသူ မရွေးပဲ ချမ်းသာစေမှု ပြုလုပ်ပေးခြင်းမျိုးကို မေတ္တာစစ်ဟုခေါ်ဆိုသည်၊ မေတ္တာ ပေမ ဟူ၏။ အဒေါသ- ကုသိုလ်စေတသိက်။

ပေယျာလပြား၊ မျိုး ၄-ပါး၊ ကျမ်းအား မည်သို့ ထိုးသနည်း

သဒ္ဒသာရတ္ထ ဇာလိနီခေါ် သဒ္ဒါငယ်ကျမ်း၌ကား ပေယျာလမျိုး ၄-ပါးလာရှိ၏၊ သို့သော် ထိုးနှံပုံနည်း မသေချာ ဖြစ်နေသည်၊ ကျွန်ုပ်တို့ကား အောက်ပါ ပေါရာဏိက ဂါထာလာ ထိုးနှံပုံနည်းကို အသုံးပြု၏၊ ပေယျာလ၏ အဓိပ္ပါယ်ကား ပြဆိုပြီးသား သဒ္ဒါအနက်တို့ကို စောင့်ခြင်းငှါ, သို့မဟုတ် ချဲ့၍သိခြင်းငှါ စွမ်းနိုင်သော အမှတ်လက္ခဏာများ ဟူ၏။ “ပါတုံ အလံတိ ပေယျာလံ၊ ဝိတ္ထာရေတုံ အလံ ထဝါ။
အာဒိ မဇ္ဈန္တ သဗ္ဗတ္ထ၊ ပ, ယ, လ, ကမ ပေယျာလံ။“
၎င်းဂါထာအရ ထိုထိုကျမ်းဂန်တို့၌ ကျမ်းပြုအရှင် ပညာသျှင်တို့သည် စ,လယ်,ဆုံး, အားလုံး, ၄မျိုးခွဲ၍ ထိုးနှံကြကုန်၏၊ ဤ၌ အများသိလွယ်ကူစေရန် မဲဇာတောင်ခြေရတု ၃-ပိုဒ်ကို ပုံစံထုတ်၍ ပြဆိုသွားအံ့။
(၁) အာဒိပေယျာလမျိုး- ပ, ထိုးနှံကြ၏၊ ပုံ-(ပ) ရွှေပြည်ဌာန ဝေးသောကြောင့်။ အစမှနေ၍ ဖေါ်လေဟူ၏၊
(၂) မဇ္ဈေ ပေယျာလမျိုး-ယ, ထိုးနှံကြ၏၊ ပုံ- မဲဇာတောင်ခြေ (ယ) ရွှေပြည်ဌာန ဝေးသောကြောင့်။ အလယ်စာသားများကိုဖေါ်လေဟူ၏၊ (၃) အန္တ ပေယျာလမျိုး- လ, ထိုးနှံကြ၏၊ ပုံ- မဲဇာတောင်ခြေ(လ) အဆုံးတိုင်အောင်ဆက်၍ ဖေါ်လေဟူ၏၊
(၄) သဗ္ဗတ္ထက ပေယျာလမျိုး- ပေ,သို့မဟုတ် “ပေယျာလ“ဟုထိုးနှံကြ၏၊ ပုံ-လက်ဝဲသုန္ဒရ အမတ်ကြီးသည်
မဲဇာတောင်ခြေမှနေ၍ ဝမ်းနည်းကြည်ကွဲဘွယ် ဖြစ်သော ဤရတု ၃-ပိုဒ်ကို ဆက်သလိုက်ရာ စာတော်ဖတ်များက (ပေ) ဤသို့ဖတ်ဆိုပြီးသည်နှင့် အမတ်ကြီးအား ပြန်ခေါ်ရန် အမိန့်တော်မြတ် မှတ်လေသတည်း၊ ဤနေရာ၌ ရတု ၃-ပိုဒ်လုံးကို ဖေါ်ဆိုရမည် ဟူ၏။
မှတ်ချက်။ ။ သဒ္ဒ သာရတ္ထ ဇာလိနီ ဆရာ့အလို မဇ္ဈေ ပေယျာလကို “ဃ“သို့မဟုတ် “လ“ထိုးရန် ညွှန်ကြားထားသေး၏။

ပဲ့နင်းအရာ၊ အင် ၉-ဖြာ၊ လိမ္မာ ကျွမ်းကျင်သိ

ပဲ့နင်းဟူသည် ပေါရာဏစကားဖြစ်၍ လှေသူကြီး, သင်္ဘောမာလိန်, ကိုခေါ်ဆိုသည်၊ ၎င်းသရုပ်ကို (လှေသူကြီး အင်္ဂါ ၉-ပါး) ၌ ဆိုအံ့။

ပေါက်မျိုး ၄-ပါး

ပြည်ထဲအရေး၊ ပေါက်နှင့်ကျေးသို့၊ မင်းရေးသဖွယ်၊ တိမ်တောင်နှယ်၊ တကယ်အသိခက်၊ ပေါက်မျိုး ၄-ပါးကို နေမိဘုံခန်းစာပိုဒ်ရေ ၂၀-၌ ရှာဖွေကြည့်ရှုပါလေ၊ (စာဖတ်ပျင်းက လူဖျင်း, လူအ, ဖြစ်တတ်သည်။)

ပေါကြီး ၃-ပါး

ကျေးဇူးရှင် လယ်တီ ဆရာတော်ဘုရားကြီး အမြဲဟောကြားလေ့ရှိသော ကိုယ်ရေးကိုယ်တာ တရားတော်ဖြစ်သည်၊ “ဥစ္စာပေါမူ၊ ကုသိုလ်ပေါရာ၊ ပညာပေါများ၊ ပေါသုံးပါးကို၊ မနားမနေ၊ ကြိုးစားလေ”ဟူ၏။

ပိုးမျိုး ၈၀

ပိဋကတ်တော်တို့တွင် ဝိသုဒ္ဓိ၊၁၊၁၇၉။ ၂၂၇။ ၂၅၀။ အဘိ၊ဋ္ဌ၊၂၊၃၁-တို့၌ရှုပါ။ စွယ်စုံကျော်ထင်အဖြေကျမ်းတွင် ခန္ဓာကိုယ်၌ ပိုးမျိုးရှစ်ဆယ်တို့နေကြပုံနှင့် အမည်များကို ဤသို့ဆိုသည်၊ ဤ၌ ဥပလက္ခဏနည်းမျှသာ ပြသည်၊ တမျိုးမျိုး၌ မျိုးကွဲအဆွယ်အပွား များစွာရှိသေးကြောင်းကိုလည်း သိရာ၏။
စလ, ပိင်္ဂလ, ဤပိုး ၂-မျိုးကား ဆံရင်းဦးရေကို မှီနေစားသောက်၏၊
ဥတ္တမ, အန္တောဥတ္တမ, ဤပိုး ၂-မျိုးကား ဦးနှောက်၌၎င်း၊
နှာရုမုခ, ဒန္တမုခ, မံသတာ, ဤပိုး ၃-မျိုးကား မျက်စိ, နား, နှာခေါင်းတို့၌၎င်း၊
ကာမုခ, အပ္ပတိဘယ, အပေါလ, ဤပိုး ၃-မျိုးကား လျှာ၌၎င်း၊
စာရန္တ, စာရုဏ, ပန္နက, ဤပိုး ၃-မျိုးကား သွားရင်း၌၎င်း၊
လေဟ, ဆဝ, ဆဝဠ, ဤပိုး ၃-မျိုးကား ခြေသည်း လက်သည်း, အရေလွှာ, အကြောတို့၌၎င်း၊
တုလန, ရတ္တ, လောဟိတ, ဤပိုး ၃-မျိုးတို့ကား အသားစိုင် အကြောစိုင်တို့၌၎င်း၊
ဝေရမ္ဘ, မဟာဝေရမ္ဘ, ဤပိုး ၂-မျိုးကား လည်ချောင်း၌၎င်း၊
တုလန, ရတ္တာ, လောဟိတာ, ဤပိုး ၃-မျိုးကား ရိုးတွင်းခြင်ဆီ၌၎င်း၊
ဝတာ, ဝဂ္ဂုဝတာ, ဤပိုး ၂-မျိုးကား အညှို့၌၎င်း၊
ဒန္တ, မဟာဒန္တ, ရောဟိတ, မဟာရောဟိတ, ဤပိုး ၄-မျိုးကား ဟဒယဝတ္ထုခေါ် နှလုံးသား၌၎င်း၊
ဝရုဏ, တဏှ, သီဝလ, မဟာသီဝလ, ဤပိုး ၄-မျိုးကား အသည်း၌၎င်း၊
အဋ္ဌိဝိဓ, အဒဠှသဒ္ဒ, အဋ္ဌိသီဝလ, အဋ္ဌိသင်္ဂါ, မုဉ္စ, မုဉ္စသီဝရ, ဤပိုး ၆-မျိုးကား အဖျဉ်း သရက်ရွက်၌၎င်း၊
သေတ, လောဟိတ, ကာလ, ကာလသီရ, စူကာ, မဟာစူကာ, ဤပိုး ၆-မျိုးကား ကုလားအုပ် , ဆောင်ထပ်ခေါ်အဆုတ်၌၎င်း၊
စူရန္တ, မဟာစူရန္တ, သိပ္ပ, မဟာသိပ္ပ, အန္တဝရ, ပက္ကာဝရ, ဤပိုး ၆-မျိုးကား အူတွင်း၌၎င်း၊
လဇ္ဈုဝ, မဟာလဇ္ဈုဝ, ဩဇဝ, သိဉ္ဇိဝ, ဤပိုး ၄-မျိုးကား အစာသစ်, အစာဟောင်းအိမ်တို့၌၎င်း၊
နိလ, ပိတ, ဥဠာ, ဒါနဝါ, အသမုခ, ဝဟန, ဗဟိဒ္ဓ, ဟနဝ, မုဉ္စိဒါခ, ဝိသာလ ဟလမုခီ, ဤပိုး ၁၀-မျိုးကား သည်းခြေ, သလိပ်, ပြည်, သွေး, ချွေး, အဆီခဲ, မျက်ရည်တို့၌၎င်း၊
အတိမုခ, ဇာလာမုခ, ဤပိုး ၂-မျိုးကား နှလုံးသွေး၌၎င်း၊
ကရ, ကရန္ဒ, ကရဏိယ, ကံဟက, ဟက္ကက, ဤပိုး ၅-မျိုးကား ကိုယ်၏အရှေ့ပိုင်း၌၎င်း၊
လောဟမုခ, မဟာလောဟမုခ, အာလာလောဟမုခ, မဟာအာလာလောဟမုခ, နှာရု, ဤပိုး ၅-မျိုးကား ကိုယ်၏အနောက်ပိုင်း၌၎င်း၊ စဏ္ဍ, စဏ္ဍသီရ, ဝှေဇိဏှ, ဇိဏှသီဝရ, ပုထုလ, ဤပိုး ၅-မျိုးကား အောက်ပိုင်း ကိုယ်၌၎င်း မှီတင်း စားသောက်လျက် ရှိကြကုန်၏။

ပျင်းရိသူများ၊ ပြစ် ၆-ပါး၊ ခံစား ဆင်းရဲစွာ

၎င်း သရုပ်ကား(အပျင်းထူသူတို့ ဆင်ခြေ ၆-ပါး) နှင့် တူ၏။

ပျားမျိုး ၆-ပါး၊ ဆေးကျမ်းများ၊ ခွဲခြား ကျိုးပြစ်ပြ

(၁) ပျားကြီးမျိုး- ကြောင်ကျားသော အဆင်းရှိသည့် တော ယင်ကောင်ကြီးနှင့် တူသော ပျားကောင်ကြီးမျိုး၊ ဘာဝပ္ပကာသ ကျမ်း၌”မက္ခိက“မည်၏ဟု ဆိုသည်၊ သုဿုတကျမ်း၊ ရာဇ ဝလ္လဘကျမ်း၊ ရာဇနိဃဏ္ဍ ကျမ်းတို့၌ကား ဤပျားကြီးမျိုးသည် “ပုတ္တိက“မည်သည်ဟု ဆိုကုန်၏၊ ပါဠိအဘိဓာန်၌ ဣန္ဒိန္ဒီရ ဟု ဆိုလေသည်၊ အရည် နှမ်းဆီ အဆင်းရှိ၏၊
(၂) ပျားလတ်မျိုး-ယင်းပျားဟူ၍လည်း ခေါ်ဆိုသည်၊ ထိုပျားမျိုးကား နေရာတကာ တွေ့မြင်နိုင်လေသည်၊ ရာဇဝလ္လဘကျမ်း၌ကား ၎င်းကို “မက္ခိက”မည်၏ဟု ဆိုသည်၊ ၎င်းအရည်ကား ဆီအဆင်းနှင့်တူ၏၊
(၃) ပျားငယ်-ယင်းပျားငယ် ဟူ၍လည်းခေါ်ဆိုသည်၊ ၎င်းအရည်ကား ညိုပြာပြာရှိ၍ ပျားကြီးရည်ထက် ပျစ်၏၊ ခုဒ္ဒ, ခုဒ္ဒဇန္တု, မဓုခုဒ္ဒ၊ (၄) သစ်ခေါင်းပျား- သစ်ခေါင်းအတွင်း၌ အိမ်ဖွဲ့၍နေသော ပျားတမျိုး၊ ထိုပျားရည်သည် အချို, အချဉ်, အခါးဟူ၍ သုံးပါးရှိသည်တွင် အချိုရည်သည် ထောပတ်နှင့် အဆင်းသဏ္ဍာန် အပျစ်အခဲ အလုံးစုံတူ၍ ၎င်းကို “ပုတ္တိက“ခေါ်သည်ဟု ဘာဝပ္ပကာသ ကျမ်း၌ ဆိုလေသည်၊ ရာဇဝလ္လဘ စသောကျမ်းတို့မှာကား သစ်ခေါင်းပျားကို “ဒါလ“ဟုဆိုကုန်၏၊ ပါဠိအဘိဓာန်ကျမ်း၌ကား “ဩဒ္ဒါလက“ဟုဆို၏၊ သို့သော် ဩဒ္ဒါလက သဒ္ဒါကား မြေပျားဟောသာဖြစ်လေသည်၊
(၅) မြေပျား- ညိုဝါသော အဆင်းရှိသည့် အလွန်သေးငယ်သော ပျားကလေးတမျိုး၊ ၎င်းတို့သည် အများအားဖြင့် တောင်ပို့ခေါင်း၏ အလယ်၌ ပျားအုံပြု၍ နေတတ်ကြလေသည်၊ ၎င်းတို့ကို “ဥဒ္ဒါလက=ဩဒ္ဒါလက“ပျားမျိုးဟု ဆေးကျမ်းတို့၌ ဆိုကုန်၏၊ ၎င်းအရည်သည် ညိုဝါဝါ အဆင်းရှိ၏၊ ချို၏၊ အာရုံကြောကို ထကြွစေတတ်၏၊ နူနာ, အဆိပ်တို့ကို နိုင်၏၊
(၆) ပျားပိတုံး- ပိတုံးနှင့်တူ၍ ပိတုံးအောက် ငယ်သည့် ပျားကောင်တမျိုးကို “ဘမရ“ခေါ်သည်၊ ၎င်းတို့၏ အရည်ကား ဖလ်တုံးကဲ့သို့ ဖြူစင်သန့်ရှင်း၍ ထောပတ်ကဲ့သို့ ပျစ်ခဲစွာရှိ၏၊ ၎င်းကိုပင် “တရုပ်ပျား““ပန်းသင်းပျား“ဟူ၍လည်း ခေါ်ကြသေး၏။

ပျူ ၁၂-ပြည်ထောင်

ပျူသမိုင်းမှတ်တမ်းများအဆို။
(၁) အေလိုပျူ၊ ၎င်းတို့မြို့တော်များမှာ တကောင်း၊ ငဆောင်ချမ်း၊
(၂) ဟန်လင်းပျူ၊ ဟန်လင်းမြို့တော်၊
(၃) ကချင်ပျူ၊ ငမန္တာ-မိုးကောင်း မြို့တော်၊
(၄) ချင်းပျူ၊ ဖလမ်း, တီးတိန် မြို့တော်၊
(၅) အစီရီပျူ၊ ဓညဝတီ မြို့တော်၊
(၆) မြန်မာပျူ၊ တောင်တွင်းဂေး၊ ကျောက်ပန်းတောင်း၊ ယုန်လွှတ်၊ သိရီပစ္စယာ၊ ပုဂံ၊ တမ္ပဝတီ မြို့တော်များ၊
(၇) ကံဖိုးစပျူ၊ မိုဃ်းနှဲ မြို့တော်၊
(၈) ကိုင်းရယ်ပျူ၊ ကိုင်းရယ်- ကိုင်းတုံ မြို့တော်များ၊
(၉) ကလောက်ဂေးပျူ၊ ကလောက်ဂေး- သထုံ မြို့တော်များ၊
(၁၀) တိမ်မယ်ပျူ၊ တိန်မယ်၊ ပဲခူး မြို့တော်များ၊
(၁၁) မော်ဇာပျူ၊ မော်ဇာ မြို့တော်၊
(၁၂) တနင်္သာပျူ၊ ထားဝယ် မြို့တော်။

ပြင်ရန် ၅-ချက်၊ အလွန်ခက်၊ နောင်တွက် ပူပန်စရာ

၎င်း သရုပ်ကို (နောင်ပြင်ရန်ခက်၊ မျိုး ၅-ချက်) ၌ ဆိုခဲ့ပြီ။

ပြည်ကြီးအင်္ဂါ၊ ၇-ဖြာ၊ ရာဇာပိုင်းခြားသိ

၎င်း သရုပ်အဓိပ္ပါယ်ကို (မြို့၏ အင်္ဂါ ၇-ပါး)၌ကြည့်ပါ။

ပြည်ကြီး ၂၀

မဂဓ အဘိဓာန် ကျမ်းလာ ဘုရား လက်ထက်တော်ရှိ ပြည်ကြီး “မြို့တော်ကြီး“နှစ်ဆယ်။ ဗာရာဏသီပြည်၊ သာဝတ္ထိပြည်၊ ဝေသာလီပြည်၊ မိဓိလာပြည်၊ အာဠဝီပြည်၊
ကောသမ္ဗီပြည်၊ ဥဇ္ဇေနီပြည်၊ တက္ကသိုလ်ပြည်၊ စမ္ပာပြည်၊ သာဂလပြည်၊ (၁၀)
သံသုမာဂိရိပြည်၊ ရာဇ ဉဂိဟ်ပြည်၊ ကပိလဝတ်ပြည်၊ သာကေတပြည်၊ ဣန္ဒပတ္တပြည်၊
ဥက္ကဋ္ဌပြည်၊ ပါဋလိပုတ်ပြည်၊ စေတုတ္တရာပြည်၊ သံကဿပြည်၊ ကုသိနာရုံပြည် (၂၀) ။

ပြည်ကြီး ၂၁-ပြည်

မဟာဝင်ဋီကာလာ မဟာသမ္မတမင်းမှစ၍ (၃၃၄၅၆၉) သုံးသိန်း သုံးသောင်း လေးထောင် ငါးရာ ခြောက်ကျိပ် ကိုးယောက်သော မင်းတို့၏ စံရာ နေပြည်တော်များ ဟူ၏။
ကုသဝတီပြည်၊ ရာဇဂြိုဟ်ပြည်၊ မိဓိလာပြည်၊ ဗာရာဏသီပြည်၊ ကပိလဝတ်ပြည်၊
ဟတ္ထိပုရပြည်၊ ဧကစက္ခုပြည်၊ ဝဇီရမုတ္တိပြည်၊ မဓုရပြည်၊ အဋ္ဌိပုရပြည်၊ (၁၀)
ဣန္ဒပတ္တနဂိုရ်ပြည်၊ ကောသမ္ဗီပြည်၊ ကဏ္ဏဂေါစ္ဆပြည်၊ ရောဇနပြည်၊ စမ္ပာပြည်၊
တက္ကသိုလ်ပြည်၊ ကုသိနာပြည်၊ တမလိတ္တိယပြည်၊ ကပိလဝတ်ပြည်၊ ကောလိယပြည်၊ (၂၀) ဒေဝဒဟပြည် (၂၁) ။

ပြည်ကြီးရတနာ၊ အင် ၉-ဖြာ၊ ရာဇာသိတော်မူ

၎င်း သရုပ်ကို (တိုင်းပြည်ရတနာ၊ ပြည့်စုံရာ၊ ၉-ဖြာ နဝရတ်) ဟူသော သုတေသန၌ ဆိုခဲ့ပြီ။

ပြည်တော် အင်္ဂါ၊ ၇-ဖြာ၊ ရာဇာ မင်းတို့သိ

၎င်းသရုပ်ကို (မြို့တော်၏ အင်္ဂါ ၇-ပါး။ ၂-နည်း) ဟူသော သုတေသန၌ ကြည့်ပါလေ။

ပြည်တော်သာမှု၊ ကြောင်း ၁၀-ခု၊ လူထုဆင်ခြင်ရာ

(တိုင်းပြည်အေးမှု ကြောင်းဆယ်ခု) ဟူသောစကား၌ ၎င်းသရုပ်အဓိပ္ပါယ်ပြခဲ့ပြီ။

ပြည်ထောင်စုသား၊ လူမျိုးများ၊ မှတ်သား ၄၉

ပြည်ထောင်စု မြန်မာနိုင်ငံတော်၌ နေထိုင်ကြသော တိုင်းရင်းလူမျိုး အပြားကို ဆိုလိုသည်။ ဤ၌ ရှေးဟောင်းရာဇဝင်လာ ဆိတ်သုဉ်းလေပြီးသော လူမျိုးများနှင့် နောက်ပေါ် စာအုပ်စာတမ်း မှတ်သားချက်တို့တွင် ပါဝင်တွေ့ရှိရသော လက်ရှိပြည်ထောင်စုသား လူမျိုးများကိုပါ ရေတွက်ဖေါ်ပြလိုက်သော်လည်း များစွာ ကျန်ရှိပေသေး၏။
(၁) ချင်းလူမျိုး-မြောက်ပိုင်းချင်းများကား ချင်းတောင်နှင့် အထက်ချင်းတွင်းခရိုင်၌ နေကြ၍ အလယ်ပိုင်းချင်းနှင့် တောင်ပိုင်းချင်းတို့ကား ပခုက္ကူ, စစ်တွေခရိုင်, ချင်းတောင် နှင့် တောင်ဘက်ရှိ တောင်တန်းတခို၌ နေထိုင်ကြ၏၊ ချင်းမျိုးကွဲ များစွာရှိကြောင်းကိုလည်း သိရသေးသည်၊
(၂) ကမိ လူမျိုးနှင့်၊ (၃) မြို လူမျိုး-ရခိုင်ပြည်မြောက်ပိုင်း၌ နေကြသည်၊
(၄) ကဒူး လူမျိုး- ကသာနှင့်အထက် မြန်မာပြည် အထက် ချင်းတွင်းခရိုင် တလျှောက်၌ နေကြသည်၊
(၅) ကချင် လူမျိုး- အထက်မြန်မာပြည်နှင့် ရှမ်းပြည်နယ် မြောက်ဖက် အကျဆုံးသော အရပ်တို့၌ နေကြသည်၊
(၆) မရူ လူမျိုး၊ (၇) လရှီ လူမျိုး၊ (၈) ဇီ လူမျိုး- မြန်မာပြည်နှင့် ရှမ်းပြည်မြောက်ဖက်စွန်း မြစ်ကြီးနားခရိုင်နှင့် အခြားခရိုင် များ၌ နေကြသည်၊
(၉) လီရှော၊ သို့မဟုတ် လိဆော လူမျိုး- သံလွင်တောင်ခြား, ရွှေလီနှင့် ဧရာဝတီအတွင်းရှိ တောင်များ, အထက်မြန်မာပြည်နှင့် ရှမ်းပြည် အရှေ့မြောက်ဖက်စွန်း၌ နေကြ၏၊
(၁၀) လာဟူ၊ သို့မဟုတ် မုဆိုးလူမျိုး၊ (၁၁) နန်း၊ သို့မဟုတ် ရဝင်းလူမျိုး- ကချင်ပြည်နယ် မြောက်ပိုင်း၌ နေထိုင်ကြသည်၊
(၁၂) ကော၊ သို့မဟုတ် အခ လူမျိုး- ကျိုင်းတုံနှင့်မဲခေါင်နယ် အရှေ့ဖက် နယ်တလျှောက်၌ နေကြသည်၊
(၁၃) ပလောင် လူမျိုး- ရှမ်းပြည်နှင့်မိုးကုတ်နယ်တလျှောက်၌နေကြသည်၊
(၁၄) ရီယန်းလူမျိုး- တောင်ပိုင်းရှမ်းပြည်နယ်၏ အရှေ့မြောက်ဖက်၌ နေကြသည်၊
(၁၅) ဝ လူမျိုး- ရှမ်းပြည်နယ်၏ အရှေ့ပိုင်း တရုပ်ပြည်နယ်ခြားအနီး၌ နေထိုင်ကြသည်၊
(၁၆) ကရင်လူမျိုး- အောက်ဗမာပြည်၏ အရှေ့ဖက်, တောင်ဖက် ရှမ်းပြည်နယ်၏ အနောက်ဖက်နှင့် တောင်ဖက်တလျှောက်၌ နေထိုင်ကြသည်၊ ၎င်းတို့လည်း မျိုးပြားများစွာ ရှိသေး၏၊
(၁၇) တောင်သူ၊ သို့မဟုတ် ပအိုလူမျိုး- အောက်မြန်မာပြည်သထုံခရိုင်နှင့် တောင်ပိုင်းရှမ်းပြည်နယ် အချို့တွင် နေထိုင်ကြသည်၊
(၁၈) ဆလုံလူမျိုး- မြိတ်ကျွန်းစု၌ နေကြသည်၊
(၁၉) ကယား၊ သို့မဟုတ် ကရင်နီ လူမျိုး- ကယားပြည်နယ်၌နေကြသည်၊
(၂၀) ရှမ်းလူမျိုး၊ (၂၁) မိုင်းသာလူမျိုး၊ (၂၂) ဒရယ်လူမျိုး၊ (၂၃) ရခိုင် လူမျိုး- ရခိုင်တိုင်းနယ်၌နေကြသည်၊
(၂၄) မြန်မာ၊ (၂၅) ထားဝယ် လူမျိုး- တနင်္သာရီ ကမ်းရိုးတလျှောက်၌နေကြသည်၊
(၂၆) ယော လူမျိုး- ပခုက္ကူခရိုင် အနောက်မြောက်ရှိ ယောနယ် တလျှောက်၊
(၂၇) ဒနု လူမျိုး၊ (၂၈) ယပိန်း, ဇပိန်း, သို့မဟုတ် ကွေ လူမျိုး၊ (၂၉) ဖုန် လူမျိုး၊
(၃၀) အင်းသား လူမျိုး၊ (၃၁) တောင်ရိုး လူမျိုး၊ (၃၂) ဒိုင်နက် လူမျိုး၊
(၃၃) ပဒေါင်း လူမျိုး- မြန်မာဆက်များ၊ အများအားဖြင့် ရှမ်းပြည်တောင်တန်းတလျှောက်မှာနေထိုင်ကြသည်၊
(၃၄) မွန် လူမျိုး၊ (၃၅) ကမု လူမျိုး- (၃၆) ယအိုလူမျိုး၊ (၃၇) မိအိုလူမျိုး၊
(၃၈) ဒနောလူမျိုး- မွန် ခမာဆက် လူမျိုးများ၊ ရှမ်းပြည်နယ် မြောက်ပိုင်း၌နေကြသည်၊
(၃၉) နာဂ လူမျိုး-နာဂတောင်တလျှောက်၊
(၄၀) ကုကီ လူမျိုး၊ (၄၁) ကသည်း လူမျိုး၊ (၄၂) ထမန် လူမျိုး- အထက်ချင်းတွင်းနယ် တောင်ရိုး တောင်ကြားတို့၌နေကြသည်၊
(၄၃) ဂျင်းဖေါ၊ သို့မဟုတ် သိန်းဖော လူမျိုး၊ (၄၄) ခမင် လူမျိုး၊ (၄၅) ခနုန် လူမျိုး- ကချင်ပြည်နယ်၌နေကြသည်၊
(၄၆) ခေါင်းတို လူမျိုး-တောင်တန်းနယ်သားများ၊
(၄၇) ပျူ လူမျိုး၊ (၄၈) ကမ်းယံ လူမျိုး၊ (၄၉) သက် လူမျိုး- ရှေးဟောင်း မြန်မာလူမျိုးများ။
http://en.wikipedia.org/wiki/List_of_ethnic_groups_in_Burma
တွင် အမှတ်စဉ် ၁၃၅ အထိဖေါ်ပြထားသည်။

ပြည်ရွာအပြား၊ မျိုး ၆-ပါး

ဝိနည်း ပိဋကတ်တော်မှ။
(၁) ရဋ္ဌ-မင်းအစိုးရတခု၏ အာဏာစက်နှံ့ရာ တိုင်းနိုင်ငံ၊
(၂) ပူရီ- မင်းအိမ် နန်းတော်တည်ရာ နေပြည်တော်၊
(၃) နဂရအောက်ဆုံး မြို့အုပ် မြို့ပိုင်ရုံးရှိ, စျေးရှိသောမြို့၊
(၄) ဇနပဒ-ခရိုင်ဝန်မင်းတပိုင်, သို့မဟုတ် တိုင်းမင်းကြီးတပိုင် ခရိုင်စု ဇနပုဒ်၊
(၅) ဂါမ- စျေးရှိသောရွာကြီး၊
(၆) နိဂမ-စျေး မရှိသောရွာငယ်၊ နိဂုံး။

ပြည်ရွာပျက်မှု၊ ကြောင်းဆယ်ခု

မြန်မာသက္ကရာဇ် ၁၁၄၇-ခုနှစ်၊ ဒုတိယ ဝါဆိုလဆန်း ၁၅-ရက်နေ့ ဘိုးတော်ဘုရားထံ ဆက်သွင်းသောစာ၊ “တိုင်းပြည်ပျက်ရာ လက္ခဏာကား။
(၁) ဒေဝေါ ပဇ္ဇုန်၊ ရွာဟုန်တိမ်းစောင်း၊
(၂) ကန်ချောင်း ခန်းခြောက်၊
(၃) မိုးပေါက်မညီ၊
(၄) ရာသီ နက္ခတ်၊ သမသတ်သွား၊
(၅) ဂြိုလ်ကား ထို့တူ၊
(၆) လူမှာ မုသား၊
(၇) ရဟန်းများလည်း၊ တရားမလျော်၊ ကြမ်းချော်ခက်ထန်၊
(၈) မမှန် တောင်းတင်း၊
(၉) မင်းနှင့်အမတ်၊ ညီညွတ် ရောရှက်၊ ပေါင်းဖက်ဟော့ရမ်း၊
(၁၀) ထုံးတမ်းအလွန်၊ ရှေးညွှန် စကား၊
ဤဆယ်ပါးသည်၊ ဖေါက်ပြားအင်္ဂါ ပြည်ရွာ ပျက်မည့် အကြောင်းတည်း။“

ပြည်ဖြိုးလက္ခဏာ၊ ၇-ဖြာ၊ ချမ်းသာ မြင့်မြတ်ကြောင်း

ယောက်ျားမြတ်တို့၏ လက္ခဏာတွင် သတ္တုဿဒ ခေါ် ဖြိုးမောက်ရမည့်ဌာန ခုနစ်ပါးကို ဆိုသည်၊ မဟာပဒါနသုတ် အဋ္ဌကထာမှ၊
(က) ပခုံး ၂-ဖက်
(ခ) လက်ဖမိုး ၂-ဖက်
(ဂ) ခြေဖမိုး ၂-ဖက်
(ဃ) လည်ကုတ် ၁၊ ပေါင်း ၇-ပါး။

ပြဒါးမျိုး ၆-ပါး

ဓာတုပဋိသန္ဓေကျမ်းမှ ဖြစ်ရာ အရပ်နှင့်တကွ အကျယ်ကိုလိုမူ သဗ္ဗဓာတုက ဝိဇ္ဇာဓရ ပကာသနီကျမ်းမှာ ရှုလေ၊ ထွက်ရပ်လမ်းအတွက်။
(၁) သောမလ သုက္က ပါရဒ- စိန်ဖြူဦးနှောက်မှ ဖြစ်သော ပြဒါး၊
(၂) သေလ ဟလိဒ ပါရဒ- ကျောက်ဆေးဒန်းမှ ဖြစ်သော ပြဒါး၊
(၃) ဘူမျ ဇာတ ပါရဒ- မြေမှဖြစ်သော မြေအောင်း ပြဒါး၊
(၄) သိန္ဒုရ သုက္က ပါရဒ-ဟင်းရိုင်းဖြူမှ ဖြစ်သော ပြဒါး၊
(၅) သရဇာတ ပါရဒ- အိုင်မှဖြစ်သော သယံ ပြဒါး၊
(၆) ပုပ္ဖ နာဂဇ ပါရဒ- တောင်သလွဲပွင့်မှ ဖြစ်သော ပြဒါး။

ပြဒါးမျိုး ၆-ပါး။ တနည်း

ဤ ၆-ပါးကား ကာယသိဒ္ဓိ, ဓနသိဒ္ဓိ လမ်းတို့အတွက်မျှသာ တန်ခိုးသတ္တိရှိ၏၊ ထွက်ရပ်လမ်းကို မဖြစ်စေနိုင်။
(၁) ရတ္တ သိန္ဒု ရ ပါရဒ- ဟင်းရိုင်းနီမှထွက်သောပြဒါး၊
(၂) ဟရိ တာလ ပီတ ပါရဒ- ဆေးဒန်း ရွှေဝါမှထွက်သောပြဒါး၊
(၃) အဿ ဒန္တ သောမလ ပါရဒ- စိန်နီမြင်းသွားမှထွက်သောပြဒါး၊
(၄) သရဝါတ ပါရဒ- သယံ လေပုန်းသံမှထွက်သောပြဒါး၊
(၅) ဝမ္မိကာရ ပါရဒ- တောင်ပို့ခြသံမှထွက်သောပြဒါး၊
(၆) ပုတိဘက္ခ ပါရဒ- အပုပ်မှစား၍ထွက်သောပြဒါး။
မှတ်ချက်။ ။ ၎င်းတို့ကိုဖမ်းနည်း ချုပ်နည်း သတ်နည်း ကြိုးဖေါ်နည်း ပြာရိုက်နည်း တက်လမ်း အသီးသီးကို သိလိုက “ပါရဒ ဘေသဇ္ဇ ဝိဇ္ဇာဓရ”ကျမ်းမှာ ရှုပါလေ။

ပြာသာဒ်နန်းမ ၃-ဆောင်

၎င်းသရုပ်ကို (နန်းမ ၃-ဆောင်)၌ ရှုပါ။

ပြာဋိဟာပြား၊ မျိုး ၃-ပါး၊ ဘုရားဟောတော်မူ

၎င်းသရုပ်(ပါဋိဟာရိယမျိုး ၃-ပါး)၌ ဆိုခဲ့ပြီ။

ပြိတ္တာ ၄-မျိုး

သာသနာတော်ဝင် အဋ္ဌကထာ ဋီကာတို့၌ လာသည်။
(၁) ပရ ဒတ္တုပ ဇီဝိတ ပြိတ္တာ- သူတပါးတို့ ပေးမှ စားသောက်ရသော ပြိတ္တာမျိုး၊ သူတပါးကိုမှီ၍ အသက်မွေး ဝမ်းကျောင်းရှိ၏၊
(၂) ခုပ္ပိပါသိက ပြိတ္တာ- မစားမသောက်ရဘဲ ငတ်ပြတ် နှိပ်စက်ခြင်း ခံရသော ပြိတ္တာမျိုး၊
(၃) နိဇ္ဈာမ တဏှိက ပြိတ္တာ- တကိုယ်လုံး ပူလောင်ခြင်းကို အမြဲမပြတ် ခံစားနေရသော ပြိတ္တာမျိုး၊
(၄) ကာလ ကဉ္စိက ပြိတ္တာ- အသူရကာယ်ဟူ၍ သီးခြားခေါ်ဝေါ်အပ်သော ပြိတ္တာတမျိုး။

ပြိတ္တာ ၁၂-မျိုး။ တနည်း

ဆဂတိဒီပနီကျမ်း, လောကပညတ္တိကျမ်းတို့မှ။
(၁) ဝန္တာသ ပြိတ္တာ- ငတ်ပြတ်ဆာလောင် မွတ်သိပ်လှသဖြင့် သူတပါးတို့၏ ချွဲကန်း, သလိပ်, တံတွေး, အန်ဖတ်, နှပ် တို့ကိုသာ ကောက်ယူစားသောက်နေရသော ပြိတ္တာမျိုး၊
(၂) ကုဏပါသ ပြိတ္တာ- လူကောင်ပုပ်, ခွေးကောင်ပုပ်, မြွေကောင်ပုပ် စသော အကောင်ပုပ်တို့ကိုသာ စားသောက်နေရသည့် ပြိတ္တာမျိုး၊ (၃) ဂူထ ခါဒက ပြိတ္တာ- မစင် ဘင်ပုပ်တို့ကိုသာ စားသောက်နေရသော ပြိတ္တာမျိုး၊
(၄) အဂ္ဂိဇာလမုခပြိတ္တာ - ခံတွင်းမှ မီးလျှံထွက်၍ မီးကျီး မီးခဲ တို့ကိုပင် စားသောက်နေရသော ပြိတ္တာမျိုး၊
(၅) သုစိ မုခ ပြိတ္တာ- ကိုယ်လုံးကြီးထွား၍ လည်ပင်းရှည်ပြီးလျှင် ခံတွင်းကား အပ်နဖားပေါက်မျှသာရှိသောကြောင့် ရသောအစာကို နားပေါက် နှာခေါင်းပေါက်တို့က သွတ်သွင်းစားသောက်ရသော ပြိတ္တာမျိုး၊
(၆) တဏှာဋ္ဋိက ပြိတ္တာ- ရေ အလွန် မွတ်သိပ်ခြင်းဖြင့် ဆင်းရဲခံနေရသော ပြိတ္တာမျိုး၊
(၇) သုနိဇ္ဈာမက ပြိတ္တာ- မီးလောင်ငုတ်နှင့်တူသောကိုယ်ရှိ၍ ဆိုးဝါးသော ရုပ်အဆင်း၊ မကောင်းသော ယနံ့ထွက်သော ပြိတ္တာမျိုး၊
(၈) သတ္ထင်္ဂ ပြိတ္တာ- ထားသွား, ငါးမျှားချိတ်သွားနှင့် တူသော လက်သည်းတို့ဖြင့် မိမိကိုယ်အင်္ဂါကို ကုတ်ဖဲ့၍ အသားအသွေးတို့ကိုသာ စားသောက်ရသော ပြိတ္တာမျိုး၊
(၉) ပဗ္ဗတင်္ဂပြိတ္တာ - တောင်ပမာဏရှိသော ကိုယ်မှ နေ့ညဉ့်မပြတ် အခိုးထွက်နေသော ပြိတ္တာမျိုး၊
(၁၀) အဇဂရ ပြိတ္တာ- စပါးကြီးမြွေနှင့်တူသော ကိုယ်ဖြင့် နေ့ညဉ့်မပြတ် လှည့်လည် သွားလာ၍ ဒုက္ခခံနေရသောပြိတ္တာမျိုး၊
(၁၁) ဝေမာနိကပြိတ္တာ- ဒုက္ခတလှည့်, သုခတလှည့် စက်လည်၍ အတည်မကျ ခံစားနေရသော ပြိတ္တာမျိုး၊
(၁၂) မဟိန္ဓိကပြိတ္တာ- ပြိတ္တာတို့အပေါ်၌ ကြီးမှူးနိုင်သော တန်ခိုးအာဏာရှိသော်လည်း ထမင်းအဖျော်တို့ကိုကား မစားမသောက်ရသော ပြိတ္တာမျိုး။ မှတ်ချက်။ ။ ဝိနည်းပိဋက စသည်တို့၌လည်း ထိုထို ပြိတ္တာတို့၏ အသွင်အပြင် နေရပ်ဌာန အစားအစာတို့ကို စွဲ၍ မျိုးကွဲများစွာ လာသေး၏။

ပြိတ္တာတို့ ရရှိခံစားရသော ကုသိုလ်အင်္ဂါ ၃-ပါး

သေသူတို့ကို ရည်ညွှန်း၍ ပြုလုပ်သော ကုသိုလ်၏ ကောင်းကျိုးချမ်းသာ ရရောက်နိုင်ပုံများ၊ အကျယ် ပေတ၊ဋ္ဌ၊၂၅-၌ ရှုပါ။
(၁) ကောင်းမှုရှင်တို့က သေသူတို့အားရည်ညွှန်း၍ (အမည်ခေါ်ကာ) အမျှပေးဝေမှု ပြုရခြင်း၊
(၂) အလှူခံပုဂ္ဂိုလ်၏ သီလဂုဏ် အကျင့်သိက္ခာ ပြည့်စုံရခြင်း၊
(၃) ပြိတ္တာတို့၏ ဝမ်းမြောက်စွာ သာဓုခေါ်နိုင်ခြင်း။

ပွဲလမ်းသဘင်၊ မျိုး ၆-အင်၊ ကြူးလျှင် အပြစ်ရ

ဒီ၊၁၊၁၄၈။ ဒီ၊ဋ္ဌ၊၁၊၁၂၉။ သိင်္ဂါလသုတ်၌ စည်းစိမ်ဥစ္စာ ပျက်စီးကြောင်းခြောက်ပါးတွင် တပါး အပါအဝင်အဖြစ်ဖြင့် ဘုရားရှင် ဟောတော်မူခဲ့သည့် ပွဲသဘင်မျိုး ခြောက်ပါးကိုဆိုသည်။
(၁) ကပွဲသဘင်၊
(၂) သီချင်းဆိုပွဲသဘင်၊
(၃) တီးဝိုင်းစုံသဘင်၊
(၄) စစ်ထိုး, ကြက်တိုက်, နွားပွဲ, မြင်းပွဲ စသော သဘင်၊
(၅) ခွက်ခွင်း လက်ခုပ်ဝိုင်းသဘင်၊
(၆) အိုးစည်ဒိုးပတ် တီးဝိုင်းသဘင်၊
၎င်းသဘင် ၆-ပါးကို မေးမြန်း သွားလာ ပျော်ကြူး နေသူအား မရသေးသော စည်းစိမ်ဥစ္စာတို့ကို မရနိုင်ကုန်၊ ရပြီးသော စည်းစိမ်ဂုဏ်သိရ်တို့လည်း ကုန်ခန်း ပျက်စီးတတ်ကုန်၏။

ပွဲလျက်မျိုး ၅-ပါး

ဆေးအဘိဓာန်မှ။
(၁) ကဏယ- ပွဲလျက်နီ၊
(၂) မဟိံသာချ- ချွဲကျိကျိ, ကျွဲချိုအဆင်းရှိ ပွဲလျက်၊
(၃) ဇလာက- ပွဲလျက် ညိုစိမ်း၊
(၄) ကဇွလာဘ- ပွဲလျက်နက်၊
(၅) ကုမုဒ- ပွဲလျက်ကြာဖြူ။

ဖက်မျိုး ၆-ပါး၊ ကုန်သည်များ၊ ခွဲခြား အက္ခရာ

ရှမ်းပြည်မှလာသော သနပ်ဖက်မျိုး ၆-ပါးကို အက္ခရာ ၆-လုံးဖြင့်မှတ်၍ ပြသည်၊
ခ ဖက်, ခေါင်ဖက်၊
က ဖက်, ရွက်ကြီး၊
လ ဖက်, ရွက်လတ်၊
စ ဖက်, စကဖက်၊
ဝ ဖက်, ရွက်ဝိုင်း၊
သ ဖက်, ရွက်သေး။

ဖရုသဝါစာ အင်္ဂါ ၃-ပါး

၎င်းဒုစရိုက်ကံ မြောက်နိုင်သော အင်္ဂါ ၃-ပါး။
(၁) ကောပ-စိတ်ဆိုးအမျက်ထွက်ခြင်း၊
(၂) ဥပကုဋ္ဌ- ဆဲရေးတိုင်းထွာ ခံရသူ၊
(၃) အက္ကောသန-ဆဲရေးခြင်း, ကြမ်းတန်းစွာဆိုခြင်း။

ဖရုသဝါစာကံ၏ မကောင်းကျိုး ၅-ပါး

အပြောအဆိုကြမ်းကြုတ်သူတို့ ရရှိခံစားရသော မကောင်းကျိုးများ။
(၁) ငရဲ, တိရစ္ဆာန်, ပြိတ္တာဘုံ၌ ဖြစ်ရခြင်း၊
(၂) သတ္တဝါများ၏ အမုန်းကို ခံရခြင်း၊
(၃) မိမိစိတ်ကို မကြည်လင်စေခြင်း၊
(၄) အကဲ့ရဲ့ခံရခြင်း၊
(၅) အသံ ကြမ်းတန်းပျက်စီးခြင်း။

ဖလဋ္ဌာန်ပုဂ္ဂိုလ် ၄-ယောက်

ဖိုလ်ပုဂ္ဂိုလ် ၄-ယောက်ဟူ၏။
(၁) သောတာပတ္တိ ဖလဋ္ဌာန်၊
(၂) သကဒါဂါမိ ဖလဋ္ဌာန်၊
(၃) အနာဂါမိ ဖလဋ္ဌာန်၊
(၄) အရဟတ္တ ဖလဋ္ဌာန်။

ဖလသမာပတ်မျိုး ၃-ပါး

ဖိုလ်ဝင်စားမှုမျိုး ၃-ပါး။
(၁) မဂ္ဂါနန္တရ ဖလ သမာပတ္တိ- မဂ်၏ အခြားမဲ့၌ ဖြစ်သော ဖလသမာပတ်၊
(၂) ဝဠဉ္ဇန ဖလ သမာပတ္တိ- စိတ်, စေတသိက်, စိတ္တဇရုပ်တို့ကို ခေတ္တငြိမ်းအေးစေ၍ သုခရေး”သက်သက်“သုံးသပ်ခံစားနေသော ဖလသမာပတ်၊
(၃) အာယုသင်္ခါရ ဖလ သမာပတ္တိ- “အာယုပါလန”လည်းဟူ-သက်ထိန်းသက်စောင့် ဖလသမာပတ်၊ ခိုးသားရိုက်စဉ် ရှင်မောဂ္ဂလာန် ဝင်စားသော ဖလသမာပတ်မျိုးကို ဆိုလိုသည်။

ဖာလာမျိုး ၅-ပါး

ဆေးကျမ်း ဝေါဟာရများ။
(၁) ဖာလာသီး၊
(၂) ဖာလာနဖိတ်၊
(၃) တူလာနဖာ၊
(၄) စူလာနဖာ၊
(၅) ဖာလာဝတီ။

ဖုံအခင်းမျိုး ၅-ပါး

ရဟန်းတော်များ ဝိနည်းပညတ်တော်က ခွင့်ပြုသည့် (ဘုံလျှိုမျိုး ၅-ပါး)ကိုခေါ်သည်။ အကျယ် (ဘုံလျှိုမျိုး ၅-ပါး) ၌ကြည့်ပါကုန်။

ဖိုလ် ၄-တန်။ ဖိုလ်တရား ၄-ပါး

လောကုတ္တရာ ဝိပါက်စိတ်လည်း ဟူ၏။
(၁) သောတာပတ္တိ ဖိုလ်စိတ်၊
(၂) သကဒါဂါမိ ဖိုလ်စိတ်၊
(၃) အနာဂါမိ ဖိုလ်စိတ်၊
(၄) အရဟတ္တ ဖိုလ်စိတ်။

ဖိုလ်ပုဂ္ဂိုလ် ၄-ယောက်

၎င်းသရုပ် အဓိပ္ပါယ် (ဖလဋ္ဌာန်ပုဂ္ဂိုလ် ၄-ယောက်) နှင့် တူ၏။

ဖိုလ် ဝင်စားခြင်းမျိုး ၃-ပါး

၎င်းသရုပ် အဓိပ္ပါယ် (ဖလသမာပတ် ၃-မျိုး) နှင့် အတူတူပင်ဖြစ်၏။

ဖောင်းဝတ်မြင်းပြား၊ မျိုး ၁၀-ပါး၊ မိန့်ကြား အဿကြန

သကဋဘာသာ အဿကြန္နကျမ်း၌ ဖောင်းဝတ်မွေး မြင်းဆယ်မျိုးကို ဤသို့ပြထားသည်။
(၁) ဖောင်းဝတ်ညို၊
(၂) ဖောင်းဝတ်ဖြူ၊
(၃) ဖောင်းဝတ်ပြောက်၊
(၄) ဖောင်းဝတ်ပြာ၊
(၅) ဖောင်းဝတ်မွဲ၊
(၆) ဖောင်းဝတ်ခြောက်၊
(ရ) သမင်ဝမ်း၊
(၈) ဖောင်းဝတ်နီ၊
(၉) သင်းခွေ၊
(၁၀) ဗယ်လင်း။

ဖျော်ရည် ၈-မျိုး

၎င်းသရုပ် (အဖျော် ၈-ပါး) ၌ ရှုပါ။

ဖြစ်တော်ပေါင်းမှာ၊ လောင်းမြတ်စွာ၊ တရာ သုံးဆယ့်ခြောက်

ဘုရားအလောင်း၏ ပါရမီခန်းဝယ် တိရစ္ဆာန်ဘဝ၌ ထင်ရှားသော ဇာတ်တော်၏ဝတ္ထုပေါင်း ၁၃၆-ပါးကို ရှေးပညာရှိများ စပ်ဆိုထားခဲ့သော ဤဘုရားရှိခိုးလင်္ကာဖြင့် သိရာ၏၊ “ဩကာသ ဩကာသ ဩကာသ ဗုဒ္ဓင်္ကုရ၊ လောင်းမြတ်လှသည်၊
အစကြိုးကြာ၊ ဆယ့်ခြောက်ခါနှင့်၊ ဟင်္သာကိုးဖြစ်၊ ခြောက်ဖြစ်ကားခို၊ ကျီးညို သုံးခါ၊
သံသာကျူးထိပ်၊ ကရဝိက် ငါး၊ လေးကားကိန္နရီ၊ စာမရီဆယ့်ငါး၊ မျောက်ကားတဆယ်၊
ဆင်ဝယ်ဆယ့်တစ်၊ နွားဖြစ်ဆယ့်လေး၊ ဧကေး သိန္ဓဝ၊ ကျွဲ အဋ္ဌနှင့်၊ သံမြသာညောင်း၊ ဥဒေါင်း နှစ်ခါ၊
သာလိကာ သတ္တ၊ ဒွါဒသ ကြက်၊ ဝက်ကား ဆယ့်သုံး၊ ပေါင်းရုံးများစွာ၊ တရာသုံးဆယ်၊ ခြောက်ဖြစ်ဝယ်ကို၊
အန္တရာယ်မရှိ၊ ဘေးမထိသည့်၊ မုနိမြတ်လောင်း၊ ဖြစ်တော်ပေါင်းဟု၊ အောက်မေ့သဒ္ဓါ၊ ကြည်ညိုစွာဖြင့်၊
ခါခါမြတ်နိုး၊ လက်စုံမိုးကာ၊ ရှိခိုးပါ၏ ဘုရား။“
မှတ်ချက်။ ။ အလောင်းတော်မြတ်၏ ထင်ရှားသည့် တိရစ္ဆာန်ဘဝတွေများစွာကျန်သေးကြောင်းကို ကျွန်ုပ်တို့လက်ရှိ ပိဋကတော်ဖြင့်သိသာ၏၊ ဤရှေးဟောင်း လင်္ကာကား ဘာကိုရည်စူးသည် မသိရ။

ဖွားဖက်တော် ၇-ပါး

ဒီ၊ဋ္ဌ၊၂၊၁၈။ ဗုဒ္ဓဘုရားရှင်နှင့် အတူ ဖွားမြင်ပေါ်ပေါက်လာကြသော အရာဝတ္ထု ၇-ပါး။ “ အာ, ဗော, ကာ, ယ, ဆန်, ရွှေ, ကဏ်“တို့ပင်တည်း။
(၁) အာ- အာနန္ဒာထေရ်၊ ဘုရားညီတော်၊
(၂) ဗော-ဗောဓိပင်၊
(၃) ကာ- ကာလုဒါယီထေရ် (သို့မဟုတ်) အမတ်၊
(၄) ယ- ယသောဓရာဒေဝီ၊
(၅) ဆန်- ဆန္နထေရ်၊ သို့မဟုတ် အမတ်၊
(၆) ရွှေ- ရွှေအိုးကြီးလေးလုံး၊
(၇) ကဏ်- ကဏ္ဍကမြင်းဖြူတော်။
မှတ်ချက်။ ။ ဗုဒ္ဓဝင်အဋ္ဌကထာ၌ အရှင်အာနန္ဒာထေရ်မြတ်ကို ဖွားဘက်တော် တပါးအဖြစ်ဖြင့် ပြဆို၏၊ ထိုမှတပါး အရှင်အာနန္ဒာအစား “အာရောဟဏ ဟတ္ထီ“ဟူ၍ မင်္ဂလာစီးတော်ဆင်ကို ဖွင့်ပြသောကျမ်းများလည်း ရှိသေး၏။

ဖွားသစ်စကို၊ စကားဆို၊ ပုဂ္ဂိုလ် ၅-ယောက် အဘယ်နည်း

၎င်း သရုပ်ကို (မွေးဖွားစကို၊ စကားဆို) ဟူသော သရုပ်၌ ရှုပါ။

ဗမာ ၇-မျိုး

၎င်း၏ သရုပ် အဓိပ္ပါယ် (မြန်မာ ၇-မျိုး) သုတေသန၌ ကြည့်ပါ။

ဗလ ၅-တန်၊ လူထုထံ၊ အပ်နှံ အစိုးရ

နိုင်ငံတော် တိုးတက်ကြီးပွား စည်ကားသာယာရေးအတွက် အရေးကြီးသော အားအင် ငါးပါး။
(၁) ကာယ ဗလ- ကိုယ်လက် သန်မာထွားကြိုင်း ဖွံ့ဖြိုးမှု, ကျန်းမာရေး၊
(၂) ဉာဏ ဗလ- ဗဟုဿစ္စ, ဝိဇ္ဇာ, သိပ္ပံပညာ ပြည့်စုံစွာရှိမှု၊
(၃) ဘောဂဗလ- ပစ္စည်းဥစ္စာ ရတနာရွှေငွေ အထွေထွေသော ပြည်တွင်းထွက် ကုန်ပေါများမှု၊
(၄) စာရိတ္တဗလ- ယဉ်ကျေးမှု ကိုယ်ကျင့်တရား ကောင်းမွန်မြင့်မြတ်မှု၊
(၅) မိတ္တ ဗလ- မိတ်ဆွေနှင့် မဟာမိတ်နိုင်ငံများ ပေါများမှု။

ဗလ ၉-တန်

ဆန့်ကျင်ဘက်တို့ကြောင့် မတုန်လှုပ်တတ်ကုန်သော ဗိုလ်ထိုက်သည့် တရား ၉-ပါး။
(၁) သဒ္ဓါ ဗလ၊
(၂) ဝီရိယ ဗလ၊
(၃) သတိ ဗလ၊
(၄) သမာဓိ ဗလ၊
(၅) ပညာ ဗလ၊
(၆) ဟိရီ ဗလ၊
(၇) ဩတ္တပ္ပ ဗလ၊
(၈) အ ဟိရီ ဗလ-အရှက်တရား မရှိသူ၊
(၉) အနောတ္တပ္ပ ဗလ- အကြောက်တရား မရှိသူ။

ဗလိ ၅-ဖြာ၊ ရိုသေစွာ၊ လိုက်နာ ပူဇော်ကြ

အံ၊၂၊၃၉။ အံ၊ဋ္ဌ၊၃၊၂၂-၌ အကျယ်ရှု။ ချမ်းသာတရား တိုးပွားစည်ပင် အောင်မြင်မှုရရှိရေးအတွက် ပူဇော်ပသမှုမျိုး ၅-ပါး။
(၁) ဉာတိ ဗလိ- မျက်မှောက်ရှိ ကိုယ့်လူမျိုးနှင့် သားချင်းမိတ်ဆွေများအား တတ်နိုင်သမျှကြည့်ရှုမ,စ ပေးကမ်းချီးမြှင့်မှု၊
(၂) အတိထိ ဗလိ- လာရောက်ကြသော ဧည့်သည်များအား ကျွေးမွေးပေးကမ်း လှူဒါန်းစောင့်ရှောက် ပြုစုမှု၊
(၃) ပုဗ္ဗပေတ ဗလိ- ဘဝတပါး ကွယ်လွန်သွားကြကုန်သော မိဘဆွေမျိုးတို့ကို ရည်စူး၍
ကောင်းမှုကုသိုလ်ပြုလုပ်ကာ အမျှပေးဝေမှု၊
(၄) ရာဇ ဗလိ- ကိုယ့်နိုင်ငံတော် ဘုရင်မင်းမြတ်နှင့် အစိုးရအဖွဲ့က ချမှတ်ပညတ် ပေးထားသော အုပ်ချုပ်မှု နည်းဥပဒေ အရပ်ရပ်တို့ကို ရိုသေလိုက်နာ ကျင့်ကြံမှုနှင့် အခွန်အတုတ်များ ပေးဆက်မှု၊
(၅) ဒေဝ ဗလိ- လောကပါလ သာသနာတော်စောင့်နတ် စသည်တို့အား ပူဇော်ပသ အမျှပေးဝေမှု။

ဗဟိုရ် ၈-ပါး

မှတ်ချက်- ဗဟိုရ်မဟုတ် “ပဟိုရ်”ဟုသာမှတ်ရမည်၊ ၎င်းသရုပ် (ပဟိုရ် ၈-ပါး)၌ ရှုပါ။ အမှားကိုမသုံးရန်ဖေါ်ပြသည်။

ဗာရာဏသီ၊ မြို့ရွှေပြည်၊ ၅-မည်ဇာတ်လာ ဘဇာနည်း

စရိယပိဋက အဋ္ဌကထာ အလိုတော်နှင့် ဖြေကြားသည်။
(၁) ဥဒယဘဒ္ဒဇာတ်၌ သုရုန္ဒနပြည်ကြီး၊
(၂) စူဠသုတသောမဇာတ်၌ သုဒဿန၊
(၃) သောဏနန္ဒဇာတ်၌ ဗြဟ္မဝဍ္ဎုန၊
(၄) ခဏ္ဍဟာလဇာတ်၌ ပုပ္ဖဝတီ၊
(၅) ယုဒ္ဓဉ္ဇယဇာတ်၌ ရမ္မနဂရ။
မှတ်ချက်။ ။ ဤ အမေးကား “သုရုန္ဒန၊ စသည်ငါးပါး၊ မည်ပြားရှေးခါ၊ ကျော်စောစွာသား၊ ဗာရာဏသီ“ဟူသော သံဝရပျို့နှင့်တကွ “သုရုန္ဒန၊ နာမပညတ်၊ သုဒဿန၊ ဗြဟ္မဝဍ္ဎုနာ၊ ပုပ္ဖာဝတီ၊ သညီခေါ်ထွေ၊ ရမ္မေ နဂရ၊ တွင်ထငါးဖြာ၊ ပြည်ဗာရာကို”ဟူသော အာဒါသမုခ ပျို့လာ စကားရပ်တို့မှ ထုတ်မေးခြင်း ဖြစ်၏။

ဗာရာဏသီ၊ ရှေးအမည်၊ ၆-လီ အဘယ်နည်း

ဤပုစ္ဆာကား စန္ဒကုမာရဇာတ်၌ မင်းပူးဆရာတော် ဦးဩဘာသ စကားချပ် သွင်းထားသည့် အောက်ပါ အမည် ၆-ပါးကို ရည်စူးဟန်တူ၏၊ ဗာရာဏသီပြည်သည်။
(၁) ဥဒယဘဒ္ဒဇာတ်၌ သုရုန္ဒနမည်၏၊
(၂) စူဠသုတသောမဇာတ်၌ သုဒဿန မည်၏၊
(၃) သောဏဒဏ္ဍဇာတ်၌ ဗြဟ္မဝဍ္ဎုန မည်၏၊
(၄) စန္ဒကုမာရဇာတ်၌ ပုပ္ဖဝတီ မည်၏၊
(၅) ယုဒ္ဓဇာတ်၌ ရမ္မမည်၏၊
(၆) သင်္ခဗြဟ္မဏဇာတ်၌ မောဠိနီပြည် မည်၏။
မှတ်ချက်။ ။၎င်းကိုရည်၍ သံဝရပျို့၌ “ သုရုန္ဒန၊ စသည် ၆-ပါး၊ မည်ပြားရှေးခါ၊ ထင်ရှားစွာသား၊ ဗာရာဏသီ၊ ပုရီဝရ၊ ရွှေပြည်မတွင်“ဟု အရှင်ရဋ္ဌသာရဆရာ စပ်ဆိုတော်မူ၏၊ ဤ၌ အချို့ စာပေတို့ဝယ် “သုရုန္ဒန၊ စသည် ငါးပါး၊ မည်ပြားရှေးခါ“ဟု ပါရှိသည်လည်း တွေ့ရသေး၏။

ဗာလ လက္ခဏာ၊ အင် ၃-ဖြာ၊ မိန့်မှာ မြတ်ဗုဒ္ဓ

၎င်း သရုပ်ကို (လူမိုက်လက္ခဏာ၊ အင် ၃-ဖြာ) ဟူသော သရုပ်၌ ရှုပါလေ။

ဗီဇဂါမ်မျိုး ၅-ပါး

ဝိ၊၂၊၅၂။ ဝိ၊ဋ္ဌ၊၃၊၂၇-၌ အကျယ်ရှု။ ဝိနည်းတော်လာ ရဟန်းတို့ မကပ္ပိဘဲ မဘုဉ်းပေး မခူးယူ မဖျက်ဆီး ရသော မျိုးစေ့ဗီဇ ငါးပါး။
(၁) ဗီဇ ဗီဇ- အောင်မြင်သော သစ်စေ့ဟူသမျှ၊
(၂) ခန္ဓ ဗီဇ- ချိုးဖြတ်၍ စိုက်လျှင် ပေါက်ကောင်းသော ပင်စည် အကိုင်းအခက် ဟူသမျှ၊
(၃) မူလ ဗီဇ-နနွင်း, ချင်း စသော ဥ, မြစ် မျိုးစေ့ဟူသမျှ၊
(၄) ဖဠု ဗီဇ- ကြံစ သော အဆစ်မျိုးစေ့ဟူသမျှ၊
(၅) အဂ္ဂ ဗီဇ- ကွမ်း စသော အညွန့်ကို စိုက်ရသည့် မျိုးစေ့ဟူသမျှ။

ဗုဒ္ဓအပြား မျိုး ၄-ပါး

သံ၊ဋ္ဌ၊၁၊၂၄။ တတ်သိလိမ်မာ သူကြီး ၄-ယောက်ဟူ၏။
(၁) သုတ ဗုဒ္ဓ- အကြားအမြင်များ၍ ကျမ်းဂန်၌ လိမ်မာသောသူ၊
(၂) စတု သစ္စ ဗုဒ္ဓ- သစ္စာ လေးပါးကို သိပြီးသော ရဟန္တာပုဂ္ဂိုလ်၊
(၃) ပစ္စေက ဗုဒ္ဓ- သူများကို မသိစေနိုင်, မိမိတကိုယ်တည်းသာ ဆရာမရှိ သစ္စာလေးပါးကို သိတော်မူသော
သီးခြားသိပုဂ္ဂိုလ် ဘုရားငယ်၊
(၄) သမ္မာသမ္ဗုဒ္ဓ- အလုံးစုံ သိတော်မူပြီးသည့် အတုမရှိသော ဘုရားသခင် မြတ်ရှင်ပင်။

ဗုဒ္ဓကိစ္စတော် ၅-ပါး

စိတ်ဝင်စား ကြည်ညိုဘွယ် အကျယ်ကို သံ၊ဋ္ဌ၊၁၊၂၂၄-၌ ရှုပါ။ လောကသား ကပ္ပါသားတို့အတွက် အကျိုးရှိ ချမ်းသာရေးကိုသာ ရှေးရှုသော ကိစ္စကြီးတို့ ဟူ၏။
(၁) ပုရေ ဘတ္တ ကိစ္စ- နံနက်ခင်း လုပ်ငန်းစု၊
(၂) ပစ္ဆာ ဘတ္တ ကိစ္စ- ဆွမ်းစားပြီးချိန်မှ ညနေခင်းထိ လုပ်ငန်းစု၊
(၃) ပုရိမ ယာမ ကိစ္စ- ညဉ့်ဦးယံ လုပ်ငန်းစု၊
(၄) မဇ္ဈိမ ယာမ ကိစ္စ- သန်းခေါင်ယံ လုပ်ငန်းစု၊
(၅) ပစ္ဆိမ ယာမ ကိစ္စ- မိုးသောက်ယံ လုပ်ငန်းကိစ္စများ။

ဗုဒ္ဓကိစ္စတော် ၅-ပါး၊ တနည်း

(၁) နေ့ကိုကား လူ၊
(၂) ညမူ ရှေးယာမ်၊ သမယံတည်း၊
(၃) လယ်ယာမ် ရှေ့ဖျား၊ နတ်အများတို့၊ ပြန်သွားတခါ၊ ဗြဟ္မာလာရောက်၊
(၄) နောက်ယာမ် စက်လျောင်း၊ ညောင်းပန်းဖြေဖျောက်၊
(၅) နောက်ပိုင်းရောက်က၊ မြားမြောက် ဝေနေ၊ ကြည့်ရှုလေသည်၊ ပရမေကိစ္စ ငါးပါးတည်း။

ဗုဒ္ဓကိုယ်တော်ရောင် ၇-ပါး

ဤ၌ သီရိ ဘုန်းတော်တွင် ပါဝင်ထင်ရှားသော ရောင်လျှံတော်များကိုသာ ဆိုသည်၊ ထိုမှတပါး အရာမက များသော ရောင်လျှံတော်တွေလည်း ရှိသေး၏။
(၁) အင်္ဂိရသ ပဘာ- တန်ခိုးယမိုက် ပြာဋိဟာ မပြဘဲ ပကတိသော ကိုယ်တော် အလုံးမှ အမြဲအစဉ် ပြိုးပြိုးပြက် ထွက်နေသော ရောင်ခြည်တော် ခြောက်သွယ်၊
(၂) ဗျာမပ္ပဘာ- ပကတိ ကိုယ်တော်မြတ်မှ အမြဲမပြတ် ၄-တောင်ပတ်လည်အတွင်း၌ ဝန်းဝိုင်း တည်ထွန်းနေသော အတွင်း ရောင်ခြည်တော်၊
(၃) အသီတိပ္ပဘာ- အတွင်းရောင်ခြည်တော်၏အပြင်ဘက်မှ အတောင် ရှစ်ဆယ် အရပ်တိုင်အောင် ထက်ဝန်းကျင် ဝိုင်းဝန်းထွန်းပနေသော ရောင်ခြည်တော်၊
(၄) ကေတု မာလာ ပဘာ- ရောင်လျှံတော် ခေါ် ဦးခေါင်းတော်ထက်မှ ထွက်ပ ထွန်းတောက်သော ရောင်ခြည်တော်၊
(၅) ဥဏ္ဏာ ပဘာ- ဥဏ္ဏလုံမွေရှင်တော်မှ ထွက်မြူး ကွန့်ကြွသော ရောင်ခြည်တော်၊
(၆) ဒါဌာ ပဘာ- နှုတ်တော်ဖွင့်ခိုက် စွယ်တော်မြတ် လေးဆူမှထွက်မြူး ကြွမြန်းသော ရောင်ခြည်တော်၊
(၇) အနန္တ ပဘာ- ရတနာဃရတိုက်ခန်း၌ ပဋ္ဌာန်းကျမ်းမြတ်ကို သုံးသပ် ဆင်ခြင်တော်မူသောအခါ, တန်ခိုးပြာဋိဟာတို့ကိုပြတော်မူသောအခါ စသည်တို့၌ အရပ်ဆယ်မျက်နှာလုံး ပိတ်ဖုံး၍ ထွက်ကြွသည့် အဆုံးမရှိသော ရောင်ခြည်တော် ၆-သွယ်။

ဗုဒ္ဓစက္ခုတော် ၅-ပါး

(၁) ဗုဒ္ဓစက္ဓု၊
(၂) ဓမ္မစက္ဓု၊
(၃) ဉာဏစက္ဓု၊
(၄) သမန္တစက္ဓု၊
(၅) ဒိဗ္ဗစက္ဓု။
အကျယ် အဘိဓမ္မာ အဘိ၊ဋ္ဌ၊၁၊၃၄၄-၌ ရှုပါ။

ဗုဒ္ဓဉာဏ်တော် ၁၄-ပါး၊ တနည်း

ဘုရားမြတ်၏ ဉာဏ်တော် ၁၄-ပါးကို ပဋိသံ၊၁၂၇-၌။
(၁) ဒုက္ခသစ္စာဉာဏ်၊
(၂) သမုဒယဉာဏ်၊
(၃) နိရောဓဉာဏ်၊
(၄) မဂ္ဂသစ္စာဉာဏ်၊
(၅) အတ္ထပဋိသမ္ဘိဒါဉာဏ်၊
(၆) ဓမ္မပဋိ
(၇) နိရုတ္တိ
(၈) ပဋိဘာန ပဋိသမ္ဘိဒါဉာဏ်၊
(၉) ဣန္ဒြိယပရောပရိယတ္တိဉာဏ်၊
(၁၀) အာသယာနုသယ၊
(၁၁) ယမကပါဋိဟာရိယ၊
(၁၂) မဟာကရုဏာသမာပတ္တိ၊
(၁၃) သဗ္ဗညုတဉာဏ်၊
(၁၄) အနာဝရဏဉာဏ်တော်ဟု လာရှိသည်။
သုတ်ပါထိက ဋီကာ။ ၅၄-၌။
မဂ်ဉာဏ်လေးပါး။ ဖိုလ်ဉာဏ်လေးပါး။ အသာဓာရဏဉာဏ်တော် ခြောက်ပါးအားဖြင့် ၁၄-ပါးဟုဆိုထားသည်။

ဗုဒ္ဓဘာသာ၊ ဝင်သူမှာ၊ ၅-ဖြာ ယုံကြည်ချက်

၎င်းယုံကြည်ချက် ငါးပါးနှင့်ပြည့်စုံမှ ဗုဒ္ဓဘာသာဝင် အစစ်ဖြစ်ကြောင်းကို ဘာသာရေးစာပေတို့၌ ဆိုကုန်၏။
(၁)ဗုဒ္ဓ သဒ္ဒဟန- ဘုရား၌ ယုံကြည်ခြင်း၊
(၂) ဓမ္မ သဒ္ဒဟန- ဘုရား၏တရားတော်၌ ယုံကြည်ခြင်း၊
(၃) သံဃ သဒ္ဒဟန- ဘုရား၏ တပည့်သား သံဃာတော်၌ ယုံကြည်ခြင်း၊
(၄) ကမ္မ သဒ္ဒဟန- ကောင်းကံ, ဆိုးကံ, ခေါ် ကံတရား၌ ယုံကြည်ခြင်း၊
(၅) ကမ္မ ဖလ သဒ္ဒဟန- ထိုကံ ၂-ပါး၏ ကောင်းကျိုး, ဆိုးကျိုး ရမှုကို ယုံကြည်ခြင်း။

ဗုဒ္ဓဘာသာ၊ ဝင်သူမှာ၊ ၈-ဖြာ အင်္ဂါ အဘယ်နည်း

မဂ္ဂင် ၈-ပါး, ကိုပင် ဗုဒ္ဓဘာသာဝင်တို့ လိုက်နာကျင့်ကြံရသော အင်္ဂါရှစ်ပါးဟု သိပါလေ။

ဗုဒ္ဓဘုရား၊ အား ဆယ်ပါး၊ ထင်ရှား မိန့်တော်မူ

၎င်းသရုပ်ကို (အားတော် ၁၀-ပါး)၌ ရှုပါလေ။

ဗုဒ္ဓဘုရား၊ မျိုး ၃-ပါး၊ ကွာခြား ပါရမီ

၎င်း ပုစ္ဆာ၏ သရုပ်ကို (ဘုရားအပြား မျိုး ၃-ပါး)၌ ထင်ရှားပြမည်။

ဗုဒ္ဓဘူမိကြီး ၄-ပါး

ဘုရားဖြစ်နိုင်ရန် အကြောင်း ၄-ပါးဟူ၏။ အင်္ဂုတ္တရအဋ္ဌကထာ ဒု။
(၁) ဥဿဟ-လွန်ကဲသော လုံ့လ, အားထုတ်မှု၊
(၂) ဥမင်္ဂ- လွန်ကဲသော ပညာ, သမ္ပဇဉ်၊
(၃) အဝတ္ထာန- အဓိဋ္ဌာန်ချက်, စိတ်ပြဋ္ဌာန်းမှု၊
(၄) ဟိတ စရိယ- မေတ္တာဘာဝနာစသည့် စရိယ ၃-ပါး။

ဗုဒ္ဓမြတ်စွာ၊ ဝါဆိုရာ၊ ဌာနာ-၁၇ အဘယ်နည်း

၎င်းသရုပ်ကို (ဝါတော်ဆိုရာ၊ မြတ်ဗုဒ္ဓါ) ဟူသော ပုစ္ဆာ၌ရှုပါ။

ဗုဒ္ဓမြတ်မွန်၊ ချီးမွမ်းရန်၊ ၃-တန် ကျမ်းမှာရှိ

အင်္ဂုတ္တိုရ် သီဟသုတ်လာ။
(၁) စရိယ ဝဏ္ဏ- လေးသင်္ချေနှင့် ကမ္ဘာတသိန်း ကာလပတ်လုံး လူတကာတို့ ပြုနိုင်ခက်လှစွာသော စွန့်ခြင်းကြီးငါးပါး ပါရမီသုံးဆယ်တို့ဖြင့် ဒုက္ကရစရိယာမှု ပြုခဲ့ပုံတွေကို ချီးကျူး ကြည်ညိုလို့ မကုန်နိုင်ရာတဲ့။
(၂) သရီရ ဝဏ္ဏ- သုံးဆယ့်နှစ်ပါးသော လက္ခဏာတော်ကြီး၊ ရှစ်ဆယ်သော လက္ခဏာတော်ငယ် ရောင်ခြည်တော် ခြောက်သွယ်တို့ဖြင့် လှပတင့်တယ် သပ္ပါယ်တော်မူပုံတို့ကိုလည်း ချီးကျူးလို့ မကုန်နိုင်ရာတဲ့။
(၃) ဂုဏ ဝဏ္ဏ- အတိုင်းမသိသော ဘုန်းတော် ကံတော် ဉာဏ်တော် တန်ခိုးတော် ကျေးဇူးတော်တို့၏ ဂုဏ်ကိုလည်း ချီးကျူး၍ မကုန်နိုင်ရာတဲ့၊ ကြည်ညိုစရာတွေ သို့ကလောက်များပြားတော်မူပါပေ၏။

ဗုဒ္ဓဝစနမျိုး ၃-ပါး

ဘုရားသခင် ဟောပြောတော်မူခြင်း စကားအစဉ် ၃-ပါး ဟူ၏။
(၁) ပဌမ ဗုဒ္ဓဝစန- ဘုရားရှင် ရှေ့ဦးစွာ ဆင်ခြင်တော်မူသော “အနေက ဇာတိ သံသာရံ“စသည့် ဥဒါန်း စကားတော်၊
(၂) ပစ္ဆိမ ဗုဒ္ဓဝစန- ဘုရားသခင်၏ နောက်ဆုံး ဟောကြားတော်မူခဲ့သည့် “ဟန္ဒဒါနိ ဘိက္ခဝေ အာမန္တယာမိ ဝေါ၊ ဝယ ဓမ္မာ သင်္ခါရာ အပ္ပမာဒေန သမ္ပာဒေထ”ဟူသော စကားတော်၊
(၃) မဇ္ဈိမ ဗုဒ္ဓဝစန- ၎င်း စကားတော်နှစ်ပါးမှ တပါးသော ၄၅-ဝါ ကာလပတ်လုံး ဟောကြားတော်မူသော ဒေသနာတော်အစုစု။

ဗုဒ္ဓုပ္ပါဒ၊ နဝမ၊ ခဏ ၉-ချက်မြောက်

ဘုရားသာသနာလျှင် ၉-ခုမြောက်သော ခဏ။ ဗုဒ္ဓုပ္ပါဒ နဝမ ခဏလည်း ခေါ်၏။ လိုရင်းအဓိပ္ပါယ်ကား ရပ်ပြစ်ရှစ်ပါးမှလွန်မြောက်ရာ ဘုရားသာသနာလျှင် ၉-ခုမြောက် ဟူ၏။

ဗေဒင် ၄-ပုံ

ကာလသုံးပါး၌ဖြစ်ပျက်မှု သဘောတရားများ ဟောကြားသောကျမ်းစာစု။
(၁) သာမ-နေ, လတို့၏သွားရာလမ်းကို ၁၂-ရာသီခွင် ဉပ၍ မည်သည့် ရာသီခွင်၌ မည်သည့်ဂြိုဟ် ရပ်တန့်နေသည်ကို ကြည့်ပြီးလျှင် အင်္သာ လိတ္တာ, တြင်း, နဝင်း စသည်တို့ဖြင့် ဝေဘန်လျက် ကောင်း, မကောင်းကို ဟောသောဗေဒင်ကျမ်း၊
(၂) ယဇု-မိမိတို့အပေါ်၌ ရောက်ဆဲ ရောက်လတံ့ဖြစ်သော ဘေးရန်အပေါင်းတို့မှ လွတ်ကင်း ပပျောက်ရန် ဂြိုဟ်နက္ခတ်စသည်တို့အား ပူဇော်ပသသောနည်း ယတြာပြုသောနည်းတို့ကိုပြသော ဗေဒင်ကျမ်း၊
(၃) ဣသျှု- နေ, လ ကြတ်ခြင်း၊ နက္ခတ်, တာရာတို့ အသွားမမှန်ခြင်းကြောင့်
ဘေးဥပဒ်ဖြစ်တတ် ပျက်တတ်ခြင်းကိုပြသော ဗေဒင်ကျမ်း၊
(၄) အတပ္ပန- သတ္တဝါတို့အား သေကြေ ပျက်စီး ပူပန်အောင်, မီးလောင်, လေတိုက်, မိုးခေါင်, ရေကြီးအောင်နှင့် ဆင်းရဲမှုအမျိုးမျိုး ပြုလုပ်စီရင်နည်းတို့ကိုပြသော ဗေဒင်ကျမ်း။
မှတ်ချက်။ ။၎င်း နံပါတ် ၄-ကို အာထဗ္ဗဏ ရသေ့ စုဆောင်း စီရင်သောကြောင့် “အာထဗ္ဗဏ“ခေါ်ကြောင်းနှင့် သက္ကဋကျမ်းဟောင်းတို့၌ ဆိုကြ၏။

ဗောဇ္ဈင် ၇-ပါး

သံ၊၃၊၆၀။ သံ၊ဋ္ဌ၊၃၊၁၇၈-၌ အကျယ်ရှု။ ဗောဓိဿ+အင်္ဂါ=ဗောဇ္ဈင်္ဂါ “ဗောဓိဿ-သစ္စာလေးပါးတရားအပေါင်းကို သိခြင်း မဂ်, ဖိုလ် ဉာဏ်၏၊ အင်္ဂါ- အကြောင်းတို့တည်း၊ ဝါ, အစိတ်အပိုင်းတို့တည်း၊ ဗောဇ္ဈင်္ဂါ- သစ္စာလေးပါး သိကြောင်း မဂ်ဉာဏ် ဖိုလ်ဉာဏ်၏ အကြောင်း၊ သို့မဟုတ် အစိတ်အပိုင်းဖြစ်သော တရား ၇-ပါး၊ ၎င်းတို့ကို ပွားစီးစေရသည် ဟူ၏။“
(၁) သတိ သမ္ဗောဇ္ဈင်- အောက်မေ့ခြင်း မဂ်ဖိုလ်ဉာဏ် အစိတ် “သတိ စေတသိက်“၊
(၂) ဓမ္မ ဝိစယ သမ္ဗောဇ္ဈင်- တရား စီစစ်ခြင်း မဂ်, ဖိုလ် ဉာဏ်အစိတ် “ပညာ စေတသိက်”၊
(၃) ဝီရိယ သမ္ဗောဇ္ဈင်- လုံ့လစိုက်ခြင်း မဂ် ဖိုလ်ဉာဏ်အစိတ် “ဝီရိယ စေတသိက်”၊
(၄) ပီတိ သမ္ဗောဇ္ဈင်- နှစ်သက်ခြင်း မဂ် ဖိုလ် ဉာဏ်အစိတ် “ပီတိ စေတသိက်”၊
(၅) ပဿဒ္ဓိ သမ္ဗောဇ္ဈင်- အေးမြခြင်း မဂ်ဖိုလ်ဉာဏ်အစိတ် “ ကာယ, စိတ္တ ပဿဒ္ဓိ စေတသိက်”၊
(၆) သမာဓိ သမ္ဗောဇ္ဈင်- စိတ်၏တည်ကြည်ခြင်း မဂ်, ဖိုလ် ဉာဏ်အစိတ် “ဧကဂ္ဂတာ စေတသိက်”၊
(၇) ဥပေက္ခာ သမ္ဗောဇ္ဈင်- လျစ်လျူရှုခြင်း မဂ်, ဖိုလ် ဉာဏ်အစိတ် “တတြမဇ္ဈတ္တတာ စေတသိက်”။

ဗောဓိပက္ခိယတရား ၃၇-ပါး

ဝိသုဒ္ဓိ၊၂၊၃၁၈-၌ အကျယ်ရှု။ ဗောဓိ-သစ္စာလေးပါးကို ကောင်းစွာ သိတတ်သော အရိယာမဂ်၏၊ ပက္ခိယ- အသင်းအပင်း အဖော်သဟဲဖြစ်သော တရားစုများ၊ မဂ်ဉာဏ်၏ ဘက်တော်သား, မဂ်ဉာဏ်၏ အကျိုးကို ရွက်ဆောင်ပေးသောတရား ၃၇-ပါးဟူလို။
(က) သတိပဋ္ဌာန် ၄-ပါး၊
(ခ) သမ္မပ္ပဓာန် ၄-ပါး၊
(ဂ) ဣဒ္ဓိပါဒ် ၄-ပါး၊
(ဃ) ဣန္ဒြေ ၅-ပါး၊
(င) ဗိုလ် ၅-ပါး၊
(စ) ဗောဇ္ဈင် ၇-ပါး၊
(ဆ) မဂ္ဂင် ၈-ပါး၊
ပေါင်း ၃၇-ပါး။

ဗောဓိမျိုး ၃-ပါး

သမ္ဘောဓိလည်း ဟူ၏၊ ထေရဂါထာ၊ဋ္ဌ၊၈။ သစ္စာတရားစုကို သိခြင်းနည်း ၃-ပါး။
(၁) သမ္မာ သမ္ဗောဓိ- ဆရာမရှိ မိမိကိုယ်တိုင် သစ္စာလေးပါးကိုသိ၍ သူတပါးတို့အားလည်း သိစေတော်မူတတ်သော မြတ်စွာဘုရား၊
(၂) ပစ္စေက ဗောဓိ- ဘုရားမှ အသီးအခြားဖြစ်သော ဘုရားငယ်တမျိုး၊
(၃) သာဝက ဗောဓိ- ဆရာဖြစ်တော်မူသော မြတ်စွာဘုရား၏ တပည့်သားများ။

ဗောဓိမျိုး ၃-ပါး၊ တနည်း

ဘုရားသခင်၏ ဝါတော်ဖြင့် ပိုင်းခြားမှုဝေါဟာရ၊ မူလပဏ္ဏာသ အဋ္ဌကထာ။
(၁) ပဌမဗောဓိ- ဝါတော် ၂၀-ထိ၊
(၂) ဒုတိယဗောဓိ- ၂၁-ဝါ မှ ၃၅-ဝါထိ၊
(၃) တတိယဗောဓိ- ၃၆-ဝါ မှ ၄၅-ဝါထိ။

ဗောဓိမျိုး ၃-ပါး၊ တနည်း

သာရတ္ထ ဒီပနီဆရာ့အလို၊ ဗောဓိ ၃-ပါးလုံး ၁၅-ဝါစီ အညီအမျှယူ၍ သုံးပါးပေါင်းသော် ၄၅-ဝါ၊ သက်တော်ရှစ်ဆယ်စေ့လျှင် မိမိကိစ္စကို တခုမကျန် ကုန်စင်ပြီးစေလျက် မဟာသက္ကရာဇ် ၁၄၈- ခုနှစ်ဝယ် ငါတို့တတွေကို စွန့်ပယ်၍ နိဗ္ဗာန်လမ်းသို့ စံမြန်းတော်မူခြင်းကိုပင် ဗောဓိ ၃-ပါး ငြိမ်းခြင်းဟူ၏။

ဗောဓိမျိုး ၅-ပါး

တရားထူး တရားမြတ်ကို ထိုးထွင်း၍ သိနိုင်သူ ငါးပါး။
(၁) သမ္မာ သမ္ဗောဓိ ၃-မျိုး၊
(က) ပညာဓိက သမ္မာ သမ္ဗောဓိ- လေးသင်္ချေနှင့် ကပ္ပါတသိန်း ပါရမီဖြည့်မှ ရနိုင်သည်၊
(ခ) သဒ္ဓါဓိက သမ္မာ သမ္ဗောဓိ- ရှစ်သင်္ချေနှင့် ကပ္ပါတသိန်း ပါရမီဖြည့်မှ ရနိုင်သည်၊
(ဂ) ဝီရိယာဓိက သမ္မာ သမ္ဗောဓိ- တဆယ့်ခြောက်သင်္ချေနှင့် ကပ္ပါတသိန်း ပါရမီဖြည့်မှ ရနိုင်သည်၊
(၂) ပစ္စေက ဗောဓိ- နှစ်သင်္ချေနှင့် ကပ္ပါတသိန်း ပါရမီဖြည့်မှ ရနိုင်သည်၊
(၃) အဂ္ဂ သာဝက ဗောဓိ- ၁-သင်္ချေနှင့် ကပ္ပါတသိန်း ပါရမီဖြည့်မှ ရနိုင်သည်၊ ရှင်သာရိပုတ္တရာ, ရှင်မောဂ္ဂလာန် တို့လို အစား၊
(၄) မဟာ သာဝက ဗောဓိ- ကပ္ပါတသိန်း ပါရမီဖြည့်မှ ရနိုင်သည်၊ ညီတော်အာနန္ဒာ, သားတော်ရာဟုလာ, ရှင်မဟာကဿကြီးတို့လို၊ (၅) ပကတိ သာဝက ဗောဓိ- ကပ္ပါအပိုင်းအခြားမရှိ ပါရမီဖြည့်ရသော သာမည ရဟန္တာ အစားမျိုး။

ဗိုလ် ၅-ပါး

သံ၊၃၊၂၁၈။ သံ၊ဋ္ဌ၊၃၊၂၈၁။ ပိဋကတ်တော်၌ ဗလ-ခေါ် ဗိုလ်နှင့်စပ်၍ နည်းပေါင်းများစွာ လာရှိသည်၊ အဘိဓမ္မာ၌ ဗိုလ်တပ်သော သဘောတရားများ၊ ကောင်းမှုကုသိုလ် ပြုသောအခါ ထိုငါးပါးကို ဗိုလ်တင်ထားရမည် ဟူ၏။
(၁) သဒ္ဓါ ဗိုလ်၊
(၂) ဝီရိယ ဗိုလ်၊
(၃) သတိ ဗိုလ်၊
(၄) သမာဓိ ဗိုလ်၊
(၅) ပညာ ဗိုလ်။

ဗိုလ် ၉-ပါး၊ တနည်း

ဗိုလ်ထိုက်, ဗိုလ်ဆွဲသော ကုသိုလ်, အကုသိုလ်တရားစုများ၊
၎င်းသရုပ် အဓိပ္ပါယ် (ဗလ ၉-တန်) နှင့် တူ၏။

ဗျဉ္ဇနဗုဒ္ဓိ ၁၀-ပါး

မ၊ဋ္ဌ၊၂၊၁၀၈။ ဝိ-သင်္ဂဟ၊ဋ္ဌ၊၃၉၇။ ကဗျာလင်္ကာ, သီချင်း ဂီတများနှင့် ကမ္မဝါ, ဉတ်, သရဏဂုံ ရွတ်ဖတ်ရာ၌ အက္ခရာတို့၏ သံတို, သံရှည်, သံပြင်း, သံလျော့ စသော အပြား ဆယ်ပါးကို သိရှိထားမှု ဥပဒေရပ်များ။
(၁) သိထိလ- လျော့လျော့ညှင်းညှင်း ရွတ်ရသောအက္ခရာ၊
(၂) ဓနိတ- တင်းတင်း ရွတ်ရသောအက္ခရာ၊
(၃) ဒီဃ-သံရှည် ရွတ်ရသောအက္ခရာ၊
(၄) ရဿ- သံတို ရွတ်ရသောအက္ခရာ၊
(၅) ဂရုက- သံလေး ရွတ်ရသောအက္ခရာ၊
(၆) လဟုက- သံပေါ့ ရွတ်ရသောအက္ခရာ၊
(၇) နိဂ္ဂဟိတ- ကရိုင်းကို နှိပ်၍ ရွတ်ရသောအက္ခရာ၊
(၈) သမ္ဗန္ဓ- ပုဒ်ကိုစပ်၍ ချောမောပြေပြစ်စွာ ရွတ်ရခြင်း၊
(၉) ဝ ဝတ္ထိတ-ပုဒ်ကိုဖြတ်၍ ပြတ်ပြတ်သားသား ရွတ်ရခြင်း၊
(၁၀) ဝိမုတ္တ- ကရိုဏ်းကို လွှတ်၍ ဖွင့်၍ ရွတ်ရခြင်း။

ဗျည်း ၃၃-လုံး

အနက်ကို မှတ်ကြောင်းဖြစ်သော ပါဠိမြန်မာ သင်္ကေတ မူရင်း ၃၃-လုံး။ “ က, ခ, ဂ, ဃ, င၊
စ, ဆ, ဇ, စျ, ည၊
ဋ, ဌ, ဍ, ဎ, ဏ၊
တ, ထ, ဒ, ဓ, န၊
ပ, ဖ, ဗ, ဘ, မ၊
ယ, ရ, လ, ဝ၊
သ, ဟ, ဠ, အံ“ဗျည်းဟူ၏။

ဗျည်း ၃၅-လုံး

ဤ၌ ဗျည်း ၃၅-ဟု မြန်မာမှုအလို ခေါ်ဆိုပြောကြားနေကြသေးသည်ကား “ အဲး, အား“ဗျည်း ၂-လုံးကိုပါ ထည့်သွင်း ရေတွက်ကြကုန်၏။

ဗျဘိ, စာရီဘာဝမျိုး ၃၃-ပါး

ဇာတ်,ဝတ္ထုတို့၌ ပါရှိ စေရမည့် ဌာယီ ဘာဝ ၉-ပါးမှ ပေါက်ဖွားလာသော ဖြစ်လွယ်ပျက်လွယ် ထူးခြားချက် စာပေအလင်္ကာ သဘောစုများ။
နိဗ္ဗေဒ-ငြီးငွေ့ခြင်း၊ တက္က-ကြံစည်ခြင်း၊ သင်္ကာ-ယုံမှားခြင်း၊ သမ-ပင်ပန်းခြင်း၊ သန္တုဋ္ဌိ- ရောင့်ရဲခြင်း၊
ဇဠတာ-မှိုင်တွေခြင်း, မှိန်းခြင်း၊ ဒီနတာ- တကိုယ်တည်း ဆင်းရဲရခြင်း၊ ဥဂ္ဂ-ကြမ်းကြုတ်ခြင်း၊
အလသ-ပျင်းရိခြင်း၊ သုတ္တ-အိပ်စက်ခြင်း၊ (၁၀)
တာသ-ထိတ်လန့်ခြင်း၊ ဂိလာန- အားမရှိခြင်း၊ ဥဿုက္က-လုံ့လရှိခြင်း၊ ဟရိသ- ကြည်ညိုခြင်း၊
သတိ-အောက်မေ့ခြင်း၊ ဣဿာ-ငြူစူခြင်း၊ ဝိသဒ- မလှုပ်ခြင်း , နွမ်းနယ်ခြင်း၊
အဗဟိတ္တ- ဣန္ဒြေဟန် ကိုယ်လက် စောင့်စည်းခြင်း၊ ဓိတိ- တည်ကြည်ခြင်း သမာဓိ၊ ဂဗ္ဗ-မာန်မူခြင်း၊ (၂၀)
အပ မာရ- တက်ခြင်း , ဝက်ရူးပြန်ခြင်း၊ မရိသ- သည်းမခံခြင်း ဒေါသ၊ မဒ- စည်းစိမ်ယစ်ခြင်း၊
မတိ- အသိ အမြင် ဉာဏ်ပညာ၊ ဥမ္မာဒ-ရူးသွပ်ခြင်း၊ မောဟ- မိုက်မဲတွေဝေခြင်း၊
ဝိဗောဓ- မအိပ်စက်နိုင်ခြင်း၊ နိဒ္ဒါ-အိပ်ပျော်ခြင်း, အိပ်ငိုက်ခြင်း၊ အာဝေဂ- မျက်စိတွေဝေခြင်း, စိတ်ထင် မှားခြင်း၊
သဗိဠ-ရှက်ခြင်း၊ (၃၀) မရဏ- သေခြင်း၊ သစပလျ- လျှပ်ပေါ်လော်လည်ခြင်း၊ ဗျာဓိ-ဖျားနာခြင်း, အနာရောဂါ (၃၃)။

ဗျသနတရား ၅-ပါး

သံ၊၁၊၃၈၈။ သံ၊ဋ္ဌ၊၂၊၁၄၆။ ပျက်စီးခြင်း တရား ၅-ပါး၊ ထို ၅-ပါးတို့တွင် အမှတ် ၁, ၂, ၃ တို့ကြောင့် သတ္တဝါတို့အား အပါယ်လေးပါးသို့ မလားရောက်စေကုန်၊ သီလ ဗျသန, ဒိဋ္ဌိ ဗျသန, နှစ်ပါးကြောင့်ကား သတ္တဝါတို့ အပါယ်လေးပါးသို့ လားရောက်ကြကုန်၏။
(၁) ဉာတိ ဗျသန- ဆွေမျိုးပျက်စီးခြင်း၊
(၂) ဘောဂ ဗျသန- စီးပွားဥစ္စာ ပျက်စီးခြင်း၊
(၃) ရောဂ ဗျသန- အနာရောဂါ နှိပ်စက်၍ ပျက်စီးခြင်း၊
(၄) သီလ ဗျသန- ကောင်းသော အကျင့် အလေ့ သီလပျက်စီးခြင်း၊
(၅) ဒိဋ္ဌိ ဗျသန- ကောင်းမှန်သော ဘာသာအယူ ပျက်စီးခြင်း။

ဗျာဒိတ်ရ အလောင်းတော်တို့ မဖြစ်ရာသော အရပ် ၁၈-ပါး

နိယတဗျာဒိတ် ခံယူပြီးသော ဘုရားအလောင်းတို့ မဖြစ်ကောင်းတော့သော အကြောင်းဌာနများ (၁၈)ပါး ဟူ၏၊ အကျယ်ကို ဗုဒ္ဓဝံ၊ဋ္ဌ၊၃၁၆။ သုတ္တနိ၊ဋ္ဌ၊၁၊၄၅။ အဘိ၊ဋ္ဌ၊၁၊၇၁-တို့၌ ရှုပါကုန်။
(၁) န ဇစ္စန္ဓ- ပဋိသန္ဓေမှ မကန်းခြင်း၊
(၂) န ဇစ္စ ဗဓိရ- ပဋိသန္ဓေမှ နားမပင်းခြင်း၊
(၃) န ဥမ္မတ္တက- မရူး မပေါ မသွပ်ခြင်း၊
(၄) န ဧလမူဂ- အရိယိုခြင်းမရှိ၊
(၅) န ပိဓ သိပ္ပိ-မဆွန့် မအခြင်း၊
(၆) န မိလက္ခုဇာတိ-မိလက္ခုမျိုး၌ မဖြစ်ခြင်း၊
(၇) န ဒါသိ- ကျွန်မဝမ်း၌ မဝင်၊
(၈) န နိယတ မိစ္ဆာဒိဋ္ဌိ-၎င်းအယူဝါဒ မရှိ၊
(၉) န လိင်္ဂ ပရိဝတ္တန- လိင်အသွင်မပြန်ခြင်း၊
(၁၀) န ပဉ္စာနန္တရိယ ကမ္မ-၎င်းကံများ မပြုခြင်း၊
(၁၁) န ကုဋ္ဌိက- နူနာဖြစ်တော်မမူခြင်း၊
(၁၂) န တိရစ္ဆာန ယောနိယံ ဝဋ္ဋကတော- တိရစ္ဆာန်မျိုး၌ ငုံးအောက် အငယ် ဆင်ထက် အကြီး ဖြစ်တော်မမူခြင်း၊
(၁၃) န ခုပ္ပိပါသိက, နိဇ္ဈာမတဏှိက ပေတ, ကာလကဉ္စိက သူရေသု- ခုပ္ပိပါသိကပြိတ္တာ, နိဇ္ဈာမတဏှိကပြိတ္တာ,
ကာလကဉ္စိက အသူရာမျိုးတို့၌ မဖြစ်ခြင်း၊
(၁၄) န အဝီစိနိရယ လောကန္တရေသု- အဝီစိနိငရဲ လောကန္တရိက် ငရဲတို့၌ မဖြစ်ခြင်း၊
(၁၅) ကာမာဝစရေ န မာရော- ကာမာဝစရနတ်တို့တွင် မာရ်နတ် မဖြစ်ခြင်း၊
(၁၆) န အသညီတသုဒ္ဓါဝါသ ဘဝေသု- ရူပဘုံတွင် အသညသတ် သုဒ္ဓါဝါသ ဘုံတို့၌ မဖြစ်ခြင်း၊
(၁၇) န အရူပ ဘဝေသု- အရူပဘဝတို့၌ မဖြစ်ခြင်း၊
(၁၈) န အည စက္ကဝါဠ- ဤစကြဝဠာမှ တခြားသော စကြဝဠာတို့၌ ပြောင်း၍ ဖြစ်တော်မမူခြင်း။

ဗျာဒိတ်ရကြောင်း အင်္ဂါ ၈-ပါး

မ၊ဋ္ဌ၊၄၊၈၆။ ပါရာဇိကဏ် အဋ္ဌကထာ ၁၂၇။ ဗုဒ္ဓလောင်းလျာတို့ နိယတ ဗျာဒိတ် ရခြင်း၏ အကြောင်းအင်္ဂါ ၈-ပါး။
(၁) မနုဿဇာတိ- လူ့ဘုံ လူ့ရပ် လူတို့ဇာတ်မှ လူကဖွားလစ် လူသားစစ်စစ် ဖြစ်ရခြင်း၊
(၂) လိင်္ဂ သမ္ပတ္တိ- ပဏ္ဍုက်မျိုး ၅-ပါးတွင် မဝင်မပါ သမ္ဘာထူးလစ် ယောက်ျားအစစ် ဖြစ်ရခြင်း၊
(၃) ဟေတု- ထိုဘဝနှင့်အားထုတ်သွားလျှင် နိဗ္ဗာန်မဂ်ဖိုလ်ကိုရနိုင်လောက်သော စွမ်းအားအကြောင်းရှိခြင်း၊
(၄) သတ္ထာရ ဒဿန- မြတ်စွာဘုရားသခင်တို့ကို ကိုယ်တိုင်မျက်မှောက် ဖူးတွေ့ရခြင်း၊
(၅) ပဗ္ဗဇ္ဇာ- အိမ်မှထွက်လှမ်း တောစခန်း၌ ရသေ့ရဟန်း အဖြစ်ဖြင့် နေခြင်း၊
(၆) ဂုဏသမ္ပတ္တိ- စျာန် အဘိညာဉ် တန်ခိုးဂုဏ်နှင့် ပြည့်စုံရခြင်း၊
(၇) အဓိကာရ- ကိုယ်နှင့် အသက် မငဲ့ကွက်ဘဲ စွန့်ပစ်ပယ်ခွါ၍ ဘုရားဆုကိုသာ လိုလားပန်ဆင်ခြင်း၊
(၈) ဆန္ဒတာ- ဘုရားဖြစ်လိုက ငရဲ၌ လေးသင်္ချေနှင့် ကမ္ဘာတသိန်း ခံရမည်ဆိုလျှင် ရဲဝံ့စွာခံ၍ ရယူလိုလားသော မဟာဆန္ဒရှိခြင်း။

ဗျာဒိတ်ရပြီး ပုဂ္ဂိုလ်ကြီး ၁၀-ပါး

၎င်းသရုပ် အဓိပ္ပါယ်ကို (ရင့်မှာတကျိပ်) ၌ ပြမည်။

ဗျာပါဒ အင်္ဂါ ၂-ပါး

၎င်း (ဒေါသစိတ်) မနောကံမြောက်မှု အင်္ဂါ ၂-ပါး။
(၁) ပရသတ္တ-မိမိမှ တပါးသော သတ္တဝါဖြစ်ရခြင်း၊
(၂) တဗ္ဗိနာသန စိန္တနံ-ထို သတ္တဝါကို ပျက်စီးမှု ကြံစည်ခြင်း။

ဗျူဟာမျိုး ၃-ပါး

စစ်တိုက် စစ်ဆင်နည်း ပရိယာယ် ၃-ပါး။
(၁) စက္က ဗျူဟာ- စက်ဝန်း, ပစောက်, လခြမ်း, ပုံစံ လှည့်၍ ထိမိအောင်စစ်ဆင်ခြင်း၊
(၂) သကဋ ဗျူဟာ- လှည်းဦးကဲ့သို့ အလည်ရှူး၍ တောင်ပံနှစ်ဖက်ဖြန့်ကာ တရှူးထိုး စစ်ဆင်ခြင်း၊
(၃) ပဒုမ ဗျူဟာ- ပဒုမ္မာ ကြာချပ်ကဲ့သို့ အထပ်ထပ် ချ၍ ထွက်ပေါက် မရအောင်စစ်ဆင်ခြင်း။

ဗျူဟာမျိုး ၂၉-ပါး

၎င်း အကျယ် အဓိပ္ပါယ်ကို (စစ်ဆင်စစ်ထိုး ၂၉-မျိုး) ၌ ရှုပါလေ။

ဗျောသာမျိုး ၃-ပါး

တြိကဋုက် ၃-ပါးကို ဆေးကျမ်းတို့၌ “ဗျောသာ ၃-ပါး”ဟုစီကုံးရေးသားကြ၏။

ဗြဟ္မစရိယ ကောမာရ သီလမျိုး ၅-ပါး

ဗြဟ္မစရိယ ပဉ္စမက သီလလည်းဟူ၏။ လူပျို, အပျိုတို့ စောင့်သုံးကြသည်။
(၁) ပါဏာတိပါတာ ဝေရမဏိ၊
(၂) အဒိန္နာဒါနာ ဝေရမဏိ၊
(၃) မုသာဝါဒါ ဝေရမဏိ၊
(၄) သုရာမေရယ မဇ္ဇ ပမာဒဋ္ဌာနာ ဝေရမဏိ၊
(၅) အဗြဟ္မစရိယာ ဝေရမဏိ။

ဗြဟ္မစရိယတရား ၄-ပါး

ဗြဟ္မစိုရ်တရား လေးပါး၊ မြတ်သောအကျင့် ၄-မျိုးဟု အဓိပ္ပါယ်ရသည်။
(၁) မေတ္တာ- မိမိကိုယ်နှင့်အမျှ ချစ်ခြင်း၊
(၂) ကရုဏာ- ဆင်းရဲသူကို သနားခြင်း၊
(၃) မုဒိတာ- ချမ်းသာသူအတွက် ဝမ်းမြောက်ခြင်း၊
(၄) ဥပေက္ခာ- ဆင်းရဲချမ်းသာ ထိုနှစ်ဖြာတို့၏ အကြား၌ စိတ်ဓာတ်ကို ထားခြင်း၊ သောကကင်းဝေး နေနိုင်ရေးတရား။

ဗြဟ္မစရိယတရား ၁၀-ပါး

၎င်း၏ သရုပ်အဓိပ္ပါယ် (သုစရိုက် တရား ၁၀-ပါး) နှင့် အတူတူပင်ဖြစ်၏။

ဗြဟ္မစရိယ ပဉ္စမက သီလ

ဗြဟ္မစရိယ ကောမာရသီလကိုပင် အချို့နေရာ၌ “ ဗြဟ္မစရိယ ပဉ္စမက သီလ“ဟူသော အမည်ဖြင့် လာရှိ၏၊ အဓိပ္ပါယ်အတူတူပင်။

ဗြဟ္မစရိယာ၊ မေထုနာ၊ ၄-ဖြာ ကိစ္စသိ

မေထုန်မှုမှ ကြဉ်ရှောင်ခြင်းကိစ္စ ၄-မျိုး ဟူ၏။
(၁) မေထုန ဝိရတိ ဗြဟ္မစရိယ- လူပုဂ္ဂိုလ်တို့ အဗြဟ္မစာရီ သိက္ခာပုဒ် ဆောက်တည်ခြင်း၊
(၂) သမဏ ဓမ္မ ဗြဟ္မစရိယ- ရဟန်းတော်တို့ ဝိနည်းတရားလာ ပဌမ ပါရာဇိက၊
(၃) သာသန ဗြဟ္မစရိယ- ဗုဒ္ဓ အဆုံးအမ ခံယူသူအားလုံးတို့ မေထုန်မှ လိုက်နာ ကြဉ်ရှောင်မှု၊
(၄) မဂ္ဂ ဗြဟ္မစရိယ- အရိယာမဂ်ဖြင့် မေထုန်မှုအကျင့်ယုတ်တို့ကို လုံးဝပယ်ဖြတ်မှု။

ဗြဟ္မစရိယာ၊ ယင်းသဒ္ဒါ၊ ၁၀-ဖြာ အနက်ဟော

အဘိဓာန် ကျမ်းလာ ဗြဟ္မစရိယ သဒ္ဒါ၏ အနက် ဆယ်ချက်ကိုဆိုသည်။
(၁) ဒါနသ္မိံ- အလှူဒါန၌ ၎င်း၊
(၂) အပ္ပမညာသု- အပ္ပမညာ တရား ၄-ပါးတို့၌ ၎င်း၊
(၃) သာသနေ- ဘုရားရှင်၏ အဆုံးအမတော်၌ ၎င်း၊
(၄) မေထုနာရတိယံ- မေထုန်မှ ကြဉ်ခြင်း၌ ၎င်း၊
(၅) ဝေယျာဝစ္စေ- ဝေယျာဝစ္စကုသိုလ်၌ ၎င်း၊
(၆) သ ဒါရတုဋ္ဌိယံ-မိမိမယားဖြင့်သာ တင်းတိမ်မှု၌ ၎င်း၊
(၇) ပဉ္စသီလေ- ငါးပါးသီလ၌ ၎င်း၊
(၈) အရိယမဂ္ဂေ- အရိယာမဂ်၌ ၎င်း၊
(၉) ဥပေါသထင်္ဂေ-ဥပုသ်သီလ အင်္ဂါ၌ ၎င်း၊
(၁၀) ဓိတိယံ- လုံ့လ ဥဿာဟ၌ ၎င်း ဖြစ်၏။

ဗြဟ္မဏခေါ်၊ အင် ၃-ဘော်၊ မိန့်တော်မူ ဘုရား

၎င်းသရုပ်ကို တတိယ နံမော်ဆရာတော်ဘုရား၏ “တပေါ, သုတိ, ယောနိ, ဟူသည်၊ သုံးအင်တည်မှ၊ အမည်ဗြဟ္မဏ၊ ဟူစရသို့၊ ဗုဒ္ဓသည်းချာ၊ တော်တို့မှာလည်း၊ အင်္ဂါသုံးတန်၊ ဂုဏ်တန်ခွန်ကို၊ စိုက်ဝှန်စွင့်စွင့်၊ လွှားစတင့်မှ၊ သမဏတည့်“ဟူသောဆုံးမစာဖြင့်သိ။ တပေါ, သုတိ, ယောနိ, တို့၏ အဓိပ္ပါယ် အဖွင့်ကား၊
တပေါ- မြတ်သော အကျင့်တရားရှိခြင်း၊
သုတိ- ဗေဒင်ကျမ်းအတတ်, အကြားအမြင် များခြင်း၊
ယောနိ- ဗြဟ္မဏမျိုးဇာတ် စစ်ခြင်း။

ဗြဟ္မဏအစစ်ဖြစ်ကြောင်း အင်္ဂါ ၇-ပါး

အဇပါလ-သတ္တာဟ ဟုံဟုင်္ကပုဏ္ဏားမေးလျှောက်ခန်း၌ ရှုပါ။
(၁) ဗာဟိတ ပါပဓမ္မော-မကောင်းမှုကို အပပြုပြီး ဖြစ်ခြင်း၊
(၂) နိ ဟုံဟုင်္ကော-တဟုန်းဟုန်း မာန်မူမှုမှ ကင်းစင်ခြင်း၊
(၃) နိက္ကသာဝေါ-ကိလေသာ အစွန်းအငြိမှ ကင်းစင်ခြင်း၊
(၄) ယတတ္တော-သီလစောင့်ထိန်း၍ သမထ ဝိပဿနာ နှစ်ဖြာသောအကျင့်ရှိခြင်း၊
(၅) ဝေဒန္တဂူ- အရဟတ္တဖိုလ် (နိဗ္ဗာန်)သို့ ရရောက်ပြီးခြင်း၊
(၆) ဝုသိတ ဗြဟ္မစရိယ-မှန်ကန်သော မဂ်အကျင့်ကို ကျင့်သုံးပြီးပြီ၊
(၇) ဥဿဒါ နတ္ထိ- ရာဂ ဒေါသ မောဟ မာန ဒိဋ္ဌိဟူသော ဥဿဒတရား ငါးပါးမရှိခြင်း၊ ဤတရားခုနစ်ပါးနှင့် ပြည့်စုံသူကို ဗြဟ္မဏဟု ခေါ်သည် ဟူ၏။

ဗြဟ္မ ဝိဟာရတရား ၄-ပါး

ဗြဟ္မာမင်းတို့၏ နေခြင်း ကျင့်ခြင်း တရား လေးပါး။ သရုပ် ဗြဟ္မစိုရ် နှင့်တူ၏။

ဗြဟ္မာ ၂၀

ဗြဟ္မာဘုံ နှစ်ဆယ် ဟူ၏။
(က) ရူပဗြဟ္မာ ၁၆-ဘုံ၊
(ခ) အရူပဗြဟ္မာ ၄-ဘုံ၊
ပေါင်း ၂၀-ကို ခေါ်သည်။

ဗြဟ္မာစွဲ ဝါဒကြီး ၄-ပါး

ထာဝရဘုရား ခေါ် ဗကဗြဟ္မာကြီး၏ မိစ္ဆာဝါဒကြီး လေးပါး၊ ဗြဟ္မဇာလသုတ် အဋ္ဌကထာမှ။
(၁) ထာဝရမြဲနေ၏ဟု ယူခြင်း၊
(၂) မဟာဗြဟ္မာဘုံ၊ သို့မဟုတ် ကောင်းကင်ဘုံမှ တပါး ကျွတ်လွတ်ရန် မရှိဟု ယူခြင်း၊
(၃) လောကကို ဗြဟ္မာခေါ် ထာဝရဘုရား ဖန်ဆင်းသည်ဟု ယူခြင်း၊
(၄) မဟာဗြဟ္မာကြီးပင် ထာဝရဘုရားရှင်ဟု ယူခြင်း။

ဗြဟ္မာမင်း ဦးခေါင်းပိုက် နတ်သ္မီး ၇-ပါး

လောကီဗေဒင် သက္ကရာဇ်, သင်္ကြန်, အတ္ထုပ္ပတ်တို့၌လာသည့် ဗြဟ္မာမင်းကြီး၏ ဦးခေါင်းကို တနှစ်တကြိမ် အလှည့်ကျ ပိုက်ထားရသော နတ်သမီးများဟူ၏၊ ၎င်းကိုပင် သက္ကရာဇ်ဦးခေါင်းလည်း ခေါ်သေး၏။
(၁) နန္ဒာ နတ်သ္မီး၊
(၂) ကညာ နတ်သ္မီး၊
(၃) ဓံသီ နတ်သ္မီး၊
(၄) ဂေါရဿာ နတ်သ္မီး၊
(၅) မဟောရကာ နတ်သ္မီး၊
(၆) ပြောက်ကာ နတ်သ္မီး၊
(၇) ရဿကာ နတ်သ္မီး။

ဗြဟ္မာမျိုး ၄-ပါး

ရုပ်, နာမ်နှင့် အကျင့်တရားလိုက်၍ အမျိုး ၄-ပါးဖြစ်သည်။
(၁) ရူပဗြဟ္မာ-ရုပ်, နာမ် ၂-ပါးရှိသည်၊
(၂) အရူပဗြဟ္မာ- နာမ်သက်သက်သာ ရှိသည်၊
(၃) အသညသတ် ဗြဟ္မာ- ရုပ်သက်သက်သာ ရှိသည်၊
(၄) သုဒ္ဓါဝါသ ဗြဟ္မာ- အရိယာ သက်သက်သာရှိသည်။

ဘကြီးတော်ခေါ်၊ မင်းမြတ်ကျော်၊ မည်တော် ၆-ပါးလာ

ကုန်းဘောင်မင်း ၁၁-ဆက်တွင် ၇-ဆက်မြောက် မင်းတရားကြီးဖြစ်၍ ရာဇဝင်တို့၌ အောက်ပါ အမည်တော် ၆-ပါးတို့နှင့် ထင်ရှားခဲ့လေသည်။
(၁) ဘကြီးတော်ဘုရား-ပုဂံမင်းနှင့် မင်းတုန်းမင်းတို့၏ဘကြီးတော် ဖြစ်သောကြာင့်တည်း၊
(၂) စစ်ကိုင်းမင်း-မင်းသားငယ်ဘဝက စစ်ကိုင်းမြို့ကို စားရသောကြောင့်တည်း၊
(၃) နောင်တော်ကြီး-သာယာဝတီမင်းခေါ် ကုန်းဘောင်မင်း လည်းခေါ်သည့် ရွှေဘိုမင်းတြား၏နောင်တော်ဖြစ်သောကြောင့်တည်း၊
(၄) ဖလ်နန်းရှင်, မှန်နန်းရှင်- နန်းတော်ကြီး၌ ဖလ်, မှန်တွေ အလွန်များသောကြောင့်တည်း၊
(၅) ရတနာပူရ စတုတ္ထမြို့တည် နန်းတည် မင်းတြားကြီး၊
(၆) ဆင်ဖြူ့ရှင်- နန်းစံ ၁၈-နှစ်တိုင်တိုင် ဘုန်းတန်ခိုးကြီးလျက် ဆင် ရတနာများစွာ ဆက်သခံရသောကြောင့်တည်း။

ဘယ်သံခေါ်လှစ်၊ မျိုး ၁၈၊ ဝါ, ဂီ, နစ်, မှာသုံး

ကဗျာလင်္ကာရွတ်ဖတ်ရာ၌ သာသာအေးအေး အားထုတ်မှုများများ မပေးရဘဲ ရွရွကလေး ရွတ်ဆိုရသော အသံမျိုးကို “ဘယ်သံ, သက်သံ, ချသံ, အောက်သံ, သံမ, အောက်မြင့်သံ“စသည် ခေါ်ကြ၏၊ အကျယ် ကဗျာဖွဲ့နည်း နိသျည်းကျမ်း၌ ရှုလေ၊ “အ, ဣ, ဥ, ဧ, ဩော့, အိံ့, အဉ့်, အည့်, အန့်, အမ့်, အိန့်, အိမ့်, အုန့်, အုမ့်, အယ့်, အောင့်, အိုင့်, အိုဝ့်“တို့ဖြစ်ကြ၏။

ဘဝ ၂-ပါး

အဘိဓမ္မာ ဝေါဟာရ။
(၁) ကမ္မ ဘဝ-ပြုလုပ်သမျှ ကုသိုလ်ကံ အကုသိုလ်ကံတို့၏ စေတနာများ၊
(၂) ဥပပတ္တိ ဘဝ-ထိုကုသိုလ် အကုသိုလ်ကံတို့ကြောင့် နောက်ဘဝ၌ ဖြစ်သော ပဋိသန္ဓေဝိညာဉ် ကမ္မဇရုပ်များ။

ဘဝ ၃-ပါး

အံ၊၁၊၂၂၄။ အံ၊ဋ္ဌ၊၂၊၂၀၄။ ဘဝသုံးစုံ ဘုံသုံးဘုံ, ဘဝသုံးရပ် ဘုံသုံးထပ်, လည်း ဟူ၏။
(၁) ကာမ ဘဝ- ကာမ ပဋိသန္ဓေ ၁၀-ဟူသော ဝိပါက်, ခန္ဓာ, ကဋတ္တာရုပ်များ၊
(၂) ရူပ ဘဝ-ရူပ ပဋိသန္ဓေ ၆-ခုဟူသော ဝိပါက်, ခန္ဓာ , ကဋတ္တာရုပ်များ၊
(၃) အရူပ ဘဝ- အရူပပဋိသန္ဓေ ၄-ခု ဟူသော ဝိပါက်ခန္ဓာ။

ဘဝ ၃-ပါး။ တနည်း

အမြတ်ဖြစ်သော လူ့ဘဝ, နတ်ဘဝ, ဗြဟ္မာ့ဘဝ, ကိုလည်းအချို့နေရာ၌ ယူနိုင်၏။

ဘဝကြီး ၉-ပါး

အဘိ၊ဝိ၊၁၄၃။ အဘိ၊ဋ္ဌ၊၂၊၁၇၄။ ကုသိုလ်ကံ, အကုသိုလ်ကံတို့၏ အကျိုး ဖြစ်သော ဘဝအပြားကို ခေါ်ဆိုသည့် အဘိဓမ္မာနည်း။
(၁) ကာမ ဘဝ- ကာမဝိပါက် စိတ္တုပ္ပါဒ်နှင့် ကမ္မဇရုပ်များ၊
(၂) ရူပ ဘဝ- ရူပ ဝိပါက် ၅-ခု၊ စက္ခု, သောတ, သမ္ပဋိစ္ဆိုန်းဒွေး, သန္တီရဏ ၃-ခု၊
ဝိရတီ ကြဉ်သော စေတသိက် ၃၅-ပါး၊ ဘာဝရုပ်၊ ဃာန, ဇိဝှါ, ကာယ ကြဉ်သော ကမ္မဇရုပ်များ၊
(၃) အရူပ ဘဝ- အရူပ ဝိပါက် စိတ္တုပ္ပါဒ်စု၊
(၄) သညာ ဘဝ- နေဝသညာ နာသညာ ယတနစိတ် ကြဉ်သော လောကီ ဝိပါက် စိတ္တုပ္ပါဒ်နှင့်တကွ ကမ္မဇရုပ်များ၊
(၅) အသညာ ဘဝ-ဇီဝိတ နဝက ရုပ်ကလာပ်၊
(၆) နေဝသညာ နာသညာ ဘဝ-နေဝသညာ နာသညာ ယာတန စိတ္တုပ္ပါဒ်၊
(၇) ဧကဝေါကာရ ဘဝ- ဇီဝိတနဝက ရုပ်ကလာပ် “ခန္ဓာတပါးဘဝ”၊
(၈) စတုဝေါကာရ ဘဝ- အရူပဝိပါက် စိတ္တုပ္ပါဒ် “ခန္ဓာ ၄-ပါးဘဝ”၊
(၉) ပဉ္စ ဝေါကာရ ဘဝ- ကာမဝိပါက် ရူပ ဝိပါက် , စိတ္တုပ္ပါဒ်နှင့် ကမ္မဇရုပ်စု “ခန္ဓာ ၅-ပါး ဘဝ”။

ဘဝဂ် ၃-ပါး

အနုဋီကာလာ
ဝေဟပ္ဖိုလ်ဘုံ, အကနိဋ္ဌဘုံ, နေဝသညာ နာသညာယတန ဘုံတို့၏ အမည် ၃-မျိုး၊ ဘဝ၏ အမြင့်ဆုံး ဘုံဌာနများဟူ၏။
(၁) ဝေဟပ္ဖိုလ်ဘုံကို ပုထုဇဉ်တို့၏ ဖြစ်ရာ ဖြစ်သောကြောင့် “ပုထုဇ္ဇနဘဝဂ”၊
(၂) အကနိဋ္ဌဘုံကို အရိယာတို့၏ ဖြစ်ရာ ဖြစ်သောကြောင့် “အရိယာဘဝဂ်”၊
(၃) နေဝသညာ နာသညာယတနဘုံကို ပုထုဇဉ်အရိယာ နှစ်ဖြာသောသူတို့၏ ဖြစ်ရာ ဖြစ်သောကြောင့် “သဗ္ဗဘဝဂ်“ဟုမှတ်၊ ၎င်းကိုပင် “ဘူမိဘဝဂ်“ဟုလည်း ခေါ်၍ ဘဝဂ်မျိုး ၄-ပါး မှတ်ရာ၏။

ဘဝဂ် ၃-ပါး၊ တနည်း

ဝေဟပ္ဖိုလ်ဘုံ၊
အကနိဋ္ဌဘုံ၊
နေဝသညာ နာသညာယတနဘုံ၊
၎င်းဘုံသုံးပါးသို့ရောက်သော အနာဂါမ် ပုဂ္ဂိုလ်များသည် တခြားဘုံဘဝသို့ မသွားတော့ပဲ ထို ၃-ဘုံ၌ပင် ပရိနိဗ္ဗာန်စံသောကြောင့် ဘဝ၏အထွတ်အထိပ် အဆုံး ဘဝဂ်ဟု သမ္မောဟဝိနောဒနီ အဋ္ဌကထာ၌ဆို၏။

ဘဝင်လေမျိုး ၁၂-ပါး

ရင်ကို အများဆုံး ဒုက္ခပေးတတ်သောလေများ၊ ၎င်းသရုပ် (လေမျိုး ၈၀) [ဂ] ပိုဒ်၌ရှုပါလေ။

ဘဝင်မြင့်ကြောင်း တရား ၉-ပါး

ဇိန်ယစ် မာန်တက်ခြင်း တရားများဟူ၏၊ အကျယ် ဣတိဝုတ်၊၂၇၀။ ဣတိဝုတ်၊ဋ္ဌ၊၃၂၅ နှင့် အံ၊၂၊၆၃။ အံ၊ဋ္ဌ၊၃၊၂၈-စသည်တို့၌ ရှုပါ။
(၁) ဇာတိ မဒ-ဇာတ်ကိုစွဲ၍ မာန်တက်၊
(၂) ဂေါတ္တ မဒ- မျိုးနွယ်ကိုစွဲ၍
(၃) သိပ္ပ မဒ- အတတ်ပညာကိုစွဲ၍
(၄) အာရောဂျ မဒ- အနာရောဂါကင်းမှုကိုစွဲ၍
(၅) ယောဗ္ဗ မဒ-အရွယ်ပျိုနုခြင်းကိုစွဲ၍
(၆) ဇီဝိတ မဒ-အသက် ရှည်ခြင်းကိုစွဲ၍
(၇) ဝဏ္ဏ(ရူပ) မဒ-အဆင်းလှခြင်းကိုစွဲ၍
(၈) သောဘဂ္ဂ မဒ-ဘောဂပေါကြွယ် တင့်တယ်မှုမျိုးကိုစွဲ၍၊
(၉) ပရိဝါရ မဒ-ကျော်စောသတင်းခြံရံများခြင်းကိုစွဲ၍ ဘဝင်မြင့် မာန်တက်ခြင်း၊ ၎င်းမာန်တက်ခြင်း ဘဝင်မြင့်ခြင်းတို့ကို ရှောင်ရှားရမည်ဟု ဘုရားရှင် ဟောကြား ဆုံးမတော်မူသည်။

ဘာဝ ၃-ပါး၊ ကွေကွင်းငြား၊ လူသား စည်းစိမ်ပါ

နာနာဘာဝ, ဝိနာဘာဝ, အညထာဘာဝ, တို့၏ ကွေကွင်းကွဲကွာရပုံ အဓိပ္ပါယ်စုံနှင့် သရုပ်တို့ကို
( ကွေကွင်းကွဲကွာရခြင်း ဘာဝတရားမျိုး ၃-ပါး) ဟူသော သုတေသနရပ်၌ ဆိုခဲ့ပြီ။

ဘာဝနာ ၂-ပါး

ကုသိုလ်စိတ်ကို တိုးတက်ပွားများစွာ ဖြစ်စေတတ်သော တရားသဘော ၂-ပါး။
(၁) သမထ ဘာဝနာ-စျာန်ရမှုလုပ်ငန်းစု တရားနည်းများ၊
(၂) ဝိပဿနာ ဘာဝနာ- နိဗ္ဗာန်ရမှု လုပ်ငန်းစု ဆိုင်ရာလက္ခဏာများ။

ဘာဝနာ ၃-ပါး

သတ္တဝါတို့သန္တာန်၌ ပွားများစေရမည့် တရားသုံးပါး။
(၁) ပရိကမ္မ ဘာဝနာ- တစုံတခုသော ကမ္မဋ္ဌာန်းကို အာရုံပြု၍ အထက်အထက် ဘာဝနာသို့တက်ရန် ရှေးဦးစွာ စတည်စီးဖြန်းမှု, ပွားများစေမှု အခြေ ဉပအုဌ်မြစ်ဖြစ်သော ဘာဝနာ၊
(၂) ဥပစာရ ဘာဝနာ-အိမ်၏အနီးအပါး ဖြစ်သော အရှေ့အရပ်ကို အိမ်ရှေ့ဥပစာ ခေါ်သကဲ့သို့ အပ္ပနာဘာဝနာ၏ အနီးအပါး ဖြစ်သော စျာန်၏ “ရှေ့နားက“ဘာဝနာ၊
(၃) အပ္ပနာဘာဝနာ- ဥပစာရ ဘာဝနာထက် ခိုင်မြဲ၍ လွန်ကဲ ထူးမောက်စွာ အာရုံ၌ တည်နေသော စျာန်တရားများ။

ဘာဝနာ ၄၀

ပဋိသံ၊၄၁၁။ ပဋိသံ၊ဋ္ဌ၊၂၊၃၁၆-၌ အကျယ်ရှု။ မိမိတို့ ခန္ဓာကိုယ်၌ အဖန်တလဲလဲ ပွားများသုံးသပ် ဆင်ခြင်ဘွယ်လေးဆယ်။
အနိစ္စတော- မမြဲတတ်သောကြောင့်၎င်း၊
ဒုက္ခတော- ဆင်းရဲတတ်သောကြောင့်၎င်း၊
ရောဂတော- အနာများတတ်သောကြောင့်၎င်း၊
ဂန္ဓတော- ပုပ်စပ်နံစော်တတ်သောကြောင့်၎င်း၊
သလ္လတော- ကိလေသာ၌ငြိတတ်သောကြောင့်၎င်း၊
အာဗာဓတော- အနာနှိပ်စက်တတ်သောကြောင့်၎င်း၊
ဝယတော- ပျက်တတ်သောကြောင့်၎င်း၊
ဝယ လောကတော- လောကသုံးပါး၌ပျက်တတ်သောကြောင့်၎င်း၊
စုတိတော- ခန္ဓာဝန်ကို စွန့်တတ်သောကြောင့်၎င်း၊
ဥပ္ပဒ္ဒဝ တော- ဥပ္ပဒ္ဒဝေါ နှိပ်စက်တတ်သောကြောင့်၎င်း၊ (၁၀)
ဘယတော- ဘေးဖြစ်တတ်သောကြောင့်၎င်း၊
အဘိရူပိတော- အလွန်ကြောက်တတ်သောကြောင့်၎င်း၊
ဥပသဂ္ဂတော- ကပ်၍ စီရင်တတ်သောကြောင့်၎င်း၊
စလတော- တုန်လှုပ်တတ်သောကြောင့်၎င်း၊
ပဘင်္ဂုတော- များသောအားဖြင့် ပျောက်ပျက် တတ်သောကြောင့်၎င်း၊
အ ဓုဝတော- မမြဲတတ်သောကြောင့်၎င်း၊
အ တာဏတော- ကိုးကွယ်ရာ မရှိသောကြောင့်၎င်း၊
အ လေနတော- ပုန်းအောင်းရာ မရှိသောကြောင့်၎င်း၊
အ သရဏတော- ဆည်းကပ်ရာမရှိသောကြောင့်၎င်း၊
အာသဝတော- အာသဝတရား၏ အာရုံ ဖြစ်တတ်သောကြောင့်၎င်း၊ (၂၀)
တုစ္ဆတော- အချည်းနှီး ဖြစ်တတ်သောကြောင့်၎င်း၊
သုညတော- ဆိတ်သုဉ်း တတ်သောကြောင့်၎င်း၊
အနတ္တတော- ကိုယ်မဟုတ်သောကြောင့်၎င်း၊
အာဒီနဝတော- အပြစ်ဖြစ်တတ်သောကြောင့်၎င်း၊
ဝိပရိဏာမ ဓမ္မတော- အသစ်ဖေါက်ပြန်တတ်သောကြောင့်၎င်း၊
အ သာရတော- အနှစ်မရှိသောကြောင့်၎င်း၊
အလ္လ မူလကတော- ပျက်ခြင်းလျှင် အရင်းရှိသောကြောင့်၎င်း၊
ဝဋ္ဌနတော- သတ်၍ပြတ်တတ်သောကြောင့်၎င်း၊
ဝိဘဝတော- ဘဝ အထူးသို့အဖန်ဖန်ပြောင်းတတ်သောကြောင့်၎င်း၊
သံဝဋ္ဋဏတော-သင်းချိုင်း၌ ဖြစ်တတ်သောကြောင့်၎င်း၊ (၃၀)
သံခေတ္တတော- အခိုက်အတန့်မျှ ဖြစ်တတ်သောကြောင့်၎င်း၊
အာမိသတော-အစာကိုမှီတတ်သောကြောင့်၎င်း၊
ဇာတိ ဓမ္မတော- ပဋိသန္ဓေ နေတတ်သောကြောင့်၎င်း၊
ဇရာ ဓမ္မတော- အိုတတ်သောကြောင့်၎င်း၊
မရဏ ဓမ္မတော- သေတတ်သောကြောင့်၎င်း၊
သောကဓမ္မတော- စိုးရိမ်တတ်သောကြောင့်၎င်း၊
ပရိဒေဝဓမ္မ တော- ငိုကြွေးတတ်သောကြောင့်၎င်း၊
ဥပါယာသဓမ္မတော- ရှိုက်ငင် တက်ချက် ပင်ပန်း တတ်သောကြောင့်၎င်း၊
သံကိလေသိက ဓမ္မတော- ညစ်ညူး တတ်သောကြောင့်၎င်း၊
နိဿရဏဓမ္မတော- လည်းလျောင်းရာ မရှိသောကြောင့်၎င်း။ (၄၀) မကောင်းတည်း။

ဘာဝရုပ် ၂-ပါး

အထီး, အမ ဖြစ်ဘို့ရာ အကြောင်းခံဖြစ်သော ရုပ် ၂-ပါး၊ ၎င်းသရုပ်ကို (ရုပ် ၂၈-ပါး)၌ ကြည့်ပါကုန်။

ဘာသာကြီး ၆-ပါး

ကပ္ပါပေါ်၌ ဘာသာပေါင်းများစွာရှိသော်လည်း ထင်ရှားသော အယူဝါဒ ဘာသာကြီးမျိုး ၆-ပါး။
(၁) ခရစ္စယာန်ဘာသာ၊
(၂) ဂျိုင်းဘာသာ၊
(၃) ဗုဒ္ဓဘာသာ၊
(၄) မဟာမေဒင်ဘာသာ၊
(၅) ဟိန္ဒူဘာသာ၊
(၆) ဟီဗရူဘာသာ။

ဘာသာစကား ၁၀၁-ပါး

လူမျိုး ၁၀၁-ပါးနှင့်ဆင်ဆင်ရှိသည်၊ ပဋိသံ၊ဋ္ဌ၊၁၊၇။ ဝိသုဒ္ဓိ၊၂၊၇၂-တို့၌ ဘာသာစကားမျိုးပေါင်း ၁၀၁-ပါးရှိကြောင်း စသည်လာ၏၊ ဤ၌ စကားမျိုးပေါင်း ၁၀၁-ပါးရှိလျှင် လူမျိုးလည်း ၁၀၁-ပါး ရှိရပေမည်ဟူ၏။

ဘာသာတရား၌ ကိုးစားဆည်းကပ်ခြင်း အကြောင်းရင်း ၄-ပါး

စတုတ္ထအမျိုးကား အမြတ်ဆုံး။
(၁) ဉာတိ-တို့အမျိုးအနွယ်ဖြစ်သော ဘုရား, တရား, သံဃာဟူသော သဘောထားဖြင့် ကိုးကွယ် ဆည်းကပ်ခြင်း၊
(၂) ဘယ- ဘေးရန်တို့ကို ကြောက်သောကြောင့် ကိုးစားဆည်းကပ်ခြင်း၊
(၃) အာစရိယ- ငါ့အား တစုံတခုသော အတတ်ပညာကိုပေးသူဟု ကျေးဇူးတင်အပ်သော ဆရာအမှတ်ဖြင့်ဆည်းကပ်ကိုးကွယ်ခြင်း၊
(၄) ဒက္ခိဏေယျ- လောကသုံးပါး၌ မြတ်သောတရား, အကျင့်သီလများရှိ၍မြတ်သောအလှူကို ခံထိုက်သသူဟု စီစစ်ဝေဘန်ပြီးကိုးကွယ်ခစားခြင်း။

ဘာသာတရား၌ ကိုးစားဆည်းကပ်ခြင်း အကြောင်းရင်း ၄-ပါး၊ တနည်း

(၁) ဘယ- ဘေးကြောင့် ကိုးစားဆည်းကပ်ခြင်း၊
(၂) လာဘ- ရအံ့သော လာဘ်သပ္ပကာကို မြှော်ခေါ်၍ ကိုးကွယ်ခြင်း၊
(၃) ကုလ- ဂုဏ်ကျေးဇူးအစစ်ကို မသိမဝေဘန်ဘဲ မျိုးရိုးစဉ်ဆက်က ကိုးကွယ် ဆည်းကပ်လာ၍ ကိုးကွယ်ခြင်းမျိုး၊
(၄) ဒက္ခိဏေယျ- ဒက္ခိဏေယျ ပုဂ္ဂိုလ်အဖြစ် မှန် မမှန် မိမိဉာဏ်ဖြင့် စီစစ်ဝေဘန်ပြီးမှ ကိုးကွယ်ခြင်း၊
၎င်း ၄-နံပါတ်သာ အမြတ်ဆုံးဖြစ်၏။

ဘာသာသဒ္ဒါ၊ ဟောချက်လာ၊ ၄-ဖြာ အနက်မျိုး

ဘာသာဟူသော သဒ္ဒါ၏ ဟောစွမ်းနိုင်သော အနက်မျိုး လေးပါး။
(၁) စကားဟူသော အနက်၊ ပုံ- မြန်မာဘာသာ, အင်္ဂလိပ်ဘာသာ, ဟိန္ဒီဘာသာဟူသော စကားရပ်၌ပါသော ဘာသာသဒ္ဒါသည် “စကား“ဟူသော အနက်၌ဖြစ်၏၊
(၂) အလေ့အလာ ဟူသောအနက်၊ ပုံ-ကိုယ့်ဘာသာ ကိုယ်နေ, သူ့ဘာသာ သူနေ ဟူရာ၌ မှတ်၊
(၃) အားမထုတ်ခြင်း ဟူသောအနက်၊ ပုံ-ဘာသိဘာသာနေသည် ဟူရာ၌ မှတ်၊
(၄) အယူဝါဒ ဟူသောအနက်၊ ပုံ- ခရစ်ယာန်ဘာသာ, ဗုဒ္ဓဘာသာ, မိုဟာမေဒင်ဘာသာ စသည်တို့၌ ပါသော ဘာသာသဒ္ဒါသည် အယူဝါဒဟူသော အနက်ကို ဟော၏။

ဘိက္ခုနီများ၊ ၁၃-ပါး၊ ထားငြား ဧတဒဂ်

၎င်းသရုပ်ကို “ဧတဒဂ်ရ ရဟန်းမိန်းမ ၁၃-ပါး”၌ ဆိုခဲ့ပြီ။

ဘိက္ခု ၃-မျိုး (၄-မျိုး)

မဟာစည်ဆရာတော်၏““သစ္စာလေးပါးတရားတော်””မှ။
http://lokachantha.blogspot.com/2009/05/blog-post_06.html
(၁) “ဘိက္ခတိ ယာစတီတိ ဘိက္ခု“- အလှူခံတတ်သူ။
(၂) “ဘယံ ဣက္ခတီတိ ဘိက္ခု“- သံသရာဘေးမှ လွတ်ရာ လွတ်ကြောင်းရှာကြံ အားထုတ်နေသူ။
(၃) “ကိလေသေ ဘိန္ဒတီတိ ဘိက္ခု“- ကိလေသာတို့ကို ပယ်သတ်နိုင်သူ။
မှတ်ချက်။ ။ “သောတုဇနဘိက္ခု“- စာသင်သားဘိက္ခု - လှူဒါန်းမှုကိုဝိနည်းတော်နှင့်အညီခံယူ၍
သံသရာဘေးမှလွတ်ရာ လွတ်ကြောင်း ရှာကြံ အားထုတ်၊ ကိလေသာတို့ကို ပယ်သတ်ရင်း စာပေ
သင်ယူဆည်းပူးပို့ချနေသောဘိက္ခုဟု ယူနိုင်သည်။

ဘိန်းမျိုး ၅-ပါး

ဗိန္ဓောဆေးကျမ်း ဝေါဟာရ။
(၁) အခေါက်မှဖြစ်သောဘိန်းသည် ညိုသောအဆင်း ဖန်ခါးသော အရသာ ရှိ၏၊
(၂) အစေးမှဖြစ်သောဘိန်းသည် မည်းနက်သောအဆင်း စပ်သော အရသာ ရှိ၏၊
(၃) အရွက်မှ ဖြစ်သောဘိန်းသည် စိမ်းပြာသောအဆင်း ချဉ်စပ်သော အရသာ ရှိ၏၊
(၄)အပွင့်မှ ဖြစ်သောဘိန်းသည် ရွှေဝါသောအဆင်း ဖန်သော အရသာ ရှိ၏၊
(၅) အသီးမှ ဖြစ်သောဘိန်းသည် နီသောအဆင်း ချိုခါးသော အရသာ ရှိ၏၊
၎င်းဘိန်း ငါးမျိုးလုံးသည် မူးယစ်ထိုင်းမှိုင်း လေးတွဲ့စေသော တန်ခိုးသတ္တိရှိသည်ချည်းဖြစ်၏။

ဘိသိက်ဆရာ၊ လုပ်သူမှာ၊ ၃-ဖြာ အင်္ဂါရှိ

၎င်းသရုပ်ကို (ပုရောဟိတ်၏ အင်္ဂါ ၃-ပါး)၌ ကြည့်လေ။

ဘိသိက် မျိုးပြား ၁၄-ပါး

မြန်မာမင်း အုပ်ချုပ်ပုံ စာတန်းမှ။
(၁) ခတ္တိယဘိသိက်၊
(၂) ရာဇဘိသိက်၊ ၎င်း ၂-မျိုးကား မင်းမြှောက်သော ဘိသိက်၊
(၃) သကလာ ဘိသိက်- တိုင်းပြည် သာယာစေရန် ခံသော ဘိသိက်၊
(၄) ဝိဇယာ ဘိသိက်၊
(၅) ဇေယျာ ဘိသိက်- ၎င်း ၂-မျိုးကား စစ်အောင်ရန်ခံသော ဘိသိက်၊
(၆) သီရိပဝေသန ဘိသိက်- ကျက်သရေတိုးစေရန် ခံသော ဘိသိက်၊
(၇) မဟာ ဘိသိက်-စီးပွားချမ်းသာ တိုးစေရန် ခံသော ဘိသိက်၊
(၈) မင်္ဂလာ ဘိသိက်- ဆင်ရတနာသိမ်းသည့်အခါ ခံသော ဘိသိက်၊
(၉) ဝိဝါဟ ဘိသိက်- ထိမ်းမြားမင်္ဂလာ လက်ထပ်သောအခါ ခံသော ဘိသိက်၊
(၁၀) ဒွါရာ ဘိသိက်- နန်းသိမ်းသည့်အခါ ခံသော ဘိသိက်၊
(၁၁) အာယုဒီဃာ ဘိသိက်- အသက်ရှည်စေရန် ခံသော ဘိသိက်၊
(၁၂) ဥပရာဇာ ဘိသိက်- အိမ်ရှေ့မင်းဖြစ်သည့်အခါ ခံသော ဘိသိက်၊
(၁၃) မဟေသီ ဘိသိက်- မိဖုယား မြှောက်သည့်အခါ ခံသော ဘိသိက်။
မှတ်ချက်။ ။ အချို့ “မုဒ္ဓါဘိသိက်“ပါ ထည့်၍ ၁၄-ပါးပြကြ၏။

ဘီလူးနက္ခတ် ၁၀-လုံး

ဗေဒင်ကျမ်းမှ။
(၁) ကျတ္တိကာ၊
(၂) ဝိသာခါ၊
(၃) ပြုပ္ပါသံ၊
(၄) စိတြ၊
(၅) မူလ၊
(၆) မာဃ၊
(၇) ဇေဋ္ဌ၊
(၈) အဿလိဿ၊
(၉) သတ္တဘိသျှ၊
(၁၀) ဓနသိဒ္ဓ။

ဘီလူး စစ်မှန်ကြောင်း အင်္ဂါ ၄-ပါး

စရိယာ၊ဋ္ဌ၊၁၆၈-၌ အကျယ်ရှု။
(၁) မျက်တောင် မခတ်၊
(၂) နီရဲသော မျက်စိ၊
(၃) ကြောက်လန့်ခြင်း မရှိ၊
(၄) အရိပ် မထင်။

ဘုရားတကာ၊ မစွန့်ရာ၊ ၄-ဖြာ ရပ်ဌာန

၎င်းသရုပ်ကို (အ ဝိဇဟိတ ဌာနကြီး ၄-ပါး)၌ ဆိုခဲ့ပြီ။

ဘုရားပွင့်မှသာ လူရှိသော ဘုံ ၅-ပါး

သုဒ္ဓါဝါသ ဗြဟ္မာ ငါးဘုံကို ဆိုသည်၊ ထိုဘုံတို့၌ အခါခပ်သိမ်း ပုဂ္ဂိုလ်ရှိမနေ၊ ကမ္ဘာ တသောင်းခြာက်ထောင်အတွင်း၌ ဘုရားပွင့်မှသာ ထိုဘုံ၌ ဗြဟ္မာရှိသည် ဟူ၏၊ အနာဂါမ်များသာ ရောက်ကောင်းသောကြောင့်တည်း။

ဘုရားဖြစ်ရန်၊ ကြောင်း ၄-တန်၊ လမ်းမှန် အဘယ်နည်း

၎င်းသရုပ် (ဗုဒ္ဓဘူမိ ၄-ပါး)နှင့် တူ၏။

ဘုရားမတင်၊ နတ်မတင်၊ လူတွင် ပန်း ၁၀-ပွင့်

၎င်းသရုပ်ကို (ပန်းပွင့်မာလာ၊ တတ်သိပ္ပါ၊ လူ့ရွာ ၁၂-ပွင့်) ဟူသော သရုပ်၌ ဆိုခဲ့ပြီ။

ဘုရားမျက်စိ၊ ၅-ပါးရှိ၊ လင်းဘိ ဂုဏ်ရောင်ရှိန်

၎င်းသရုပ်ကား(စက္ခု ၅-ပါး)နှင့် တူ၏။

ဘုရားရုပ်ရည်၊ လှမျိုးကြည်၊ ၂-လီ အခါထူး

မြတ်စွာဘုရား၏ ကိုယ်တော်ရုပ်ရည် အလွန်အမင်း လှပသန့်ရှင်း ကြည်လင်ထွန်းပသော အခါသမယ နှစ်ပါးကို ဆိုသည်၊ မဟာပရိနိဗ္ဗာန သုတ်မှ။
(၁) အတုမရှိ အမြတ်ဆုံးသော သမ္မာသမ္ဗောဓိဉာဏ်ကို ရတော်မူသော ညဉ့်အခါနှင့်၊
(၂) အနုပါဒိသေသဓာတ်ဖြင့် ပရိနိဗ္ဗာန် စံဝင်တော်မူသော ညဉ့်အခါတို့ဖြစ်၏။

ဘုရားရှင်တို့၏ ဓမ္မတာ ၃၀

ဘုရားရှင်တိုင်းပြုရိုးဖြစ်စဉ်သဘောတရား ၃၀-ဟူ၏၊ ပါဠိလိုမူ မဟာပဒါနသုတ်နှင့် ဗုဒ္ဓဝင်အဋ္ဌကထာ၌ ယူပါ၊
ပစ္ဆိမဘဝိက သားဖြစ်သော အလောင်းတော်များသည် မယ်တော်ဝမ်းတွင်သာ ပဋိသန္ဓေနေရခြင်း၊
မယ်တော်ဝမ်း၌ တင်ပလ္လင်ခွေလျက် ရှေ့သို့မျက်နှာပြု နေတော်မူခြင်း၊
မယ်တော်သည် အလောင်းတော်မြတ်ကို ရပ်လျက်ဖွားမြင်ရခြင်း၊
တောအရပ်၌သာ ဖွားမြင်ရခြင်း၊
ဖွားသစ်စအခါ ဒသ ဒိသာကိုကြည့်လျက် မြောက်ဖက်သို့ ခုနစ်ဖဝါး လှမ်းပြီး သီဟနာဒသံဖြင့် ကြုံးဝါးတော်မူခြင်း၊
သူအို, နာ, သေ, ရဟန်း, လေးခန်းသောနိမိတ်ကိုမြင်ပြီး သားကြီးဩရသ တယောက်ရမှ တောထွက်တော်မူခြင်း၊
အရဟတ္တဓဇ ခေါ် ကြာသင်္ကန်းတော်ဖြင့် ရဟန်းအသွင်ကိုယူပြီးမှ ဒုက္ကရ စရိယာကို အနည်းဆုံး ၇-ရက် ကျင့်ရခြင်း၊
ဘုရားဖြစ်မည့်နေ့၌ နို့ဃနာဆွမ်းကို ဘုဉ်းပေးတော် မူရခြင်း၊
မြက်အခင်း ပေါ်၌သာ သဗ္ဗညုအဖြစ်သို့ ရောက်တော်မူခြင်း၊
ဗောဓိပလ္လင်ပေါ်၌ အာနာပါနကမ္မဋ္ဌာန်းကို စီးဖြန်း ပရိကံ ပြုတော်မူခြင်း၊ (၁၀)
မာရ်စစ်သည်ကို အောင်တော်မူခြင်း၊
ဗောဓိပလ္လင်ထက်၌သာ ဝိဇ္ဇာသုံးပါး အစထား၍ ဆအသာဓာရဏ စသည်ကျေးဇူး ဂုဏ်အထူးတို့ကို ရတော်မူခြင်း၊
ဗောဓိပင်၏အနီးအနား သတ္တဌာနများ၌သာ ၄၉-ရက် နေတော်မူခြင်း၊
တရားဟောတော်မူရန် ဗြဟ္မာမင်းက တောင်းပန်ရခြင်း၊
ဣသိပတန မိဂဒါဝုန်၌သာ ဓမ္မစကြာ ဟောတော်မူခြင်း၊
တပို့တွဲလပြည့်၌သာ အင်္ဂါလေးပါးရှိသော အစည်းအဝေးကြီး၌ ပါတိမောက် ပြတော်မူခြင်း၊
ဇေတဝန်ကျောင်းတော်၌သာ နိဗဒ္ဓဝါသ် ပြုတော်မူခြင်း၊
သာဝတ္ထိပြည် မြို့တံခါး၌ တန်ခိုး ပြာဋိဟာ ပြတော်မူခြင်း၊
တာဝတိံသာ၌သာ အဘိဓမ္မာ ဟောတော်မူခြင်း၊
သင်္ကဿနဂိုရ်ပြည် မြို့တံခါးသို့သာ တာဝတိံသာနတ်ပြည်မှ ဆင်းသက်တော်မူခြင်း၊ (၂၀)
ဖလသမာပတ်ကို မပြတ် ဝင်စားတော်မူခြင်း၊
နံနက်အခါ ညဉ့်အခါတို့၌ ဝေနေယျသတ္တဝါတို့ကို ကြည့်တော်မူခြင်း၊
အကြောင်းဝတ္ထုပေါ်လျှင် ဝိနည်းဥပဒေကို ပညတ်တော်မူခြင်း၊
အတ္ထုပ္ပတ်ဖြစ်လတ်သော် ဇာတ်တရားတော်ကို ဟောကြားတော်မူခြင်း၊
ဆွေတော်မျိုးတော်တို့ အစည်းအဝေး၌ ဗုဒ္ဓဝင်တရားတော်ကို ဟောကြားခြင်း၊
အာဂန္တုရဟန်းတို့နှင့် ပဋိသန္ဓာရ ပြုတော်မူခြင်း၊
ဒါယကာတို့ ပင့်၍ ဝါဆိုတော်မူသောအခါ ဝါကျွတ်လျှင် ဒါယကာတို့အား ပန်ကြားပြီးမှ ကြွသွားတော်မူခြင်း၊
အခါငါးပါးတို့၌ ဗုဒ္ဓကိစ္စငါးပါးကို ပြုတော်မူခြင်း၊
ပရိနိဗ္ဗာန်ပြုမည့်နေ့၌ သားပြွမ်းဆွမ်းကို ဘုဉ်းပေးတော်မူခြင်း၊
ကုဋေနှစ်သန်း လေးသိန်းသော သမာပတ်တို့ကို ဝင်စားတော်မူပြီးမှ ပရိနိဗ္ဗာန် ဉပတော်မူခြင်း(၃၀)။

ဘုရားအပြား မျိုး ၃-ပါး

စရိယာ၊ဋ္ဌ၊၃၂၀။ သဗ္ဗညူ ခေါ် တရားအားလုံးကို ဆရာမရှိ ကုန်အောင်စုံ သိတော်မူသော ဘုရားကြီးမျိုး ၃-ပါး။
(၁) သဒ္ဓါဓိကဘုရား- သဒ္ဓါရှေ့ရှု၍ ဘုရား ဉပလမ်းစဉ်ကို ကျင့်သုံးလေ့လာတော်မူသည်၊ ရှစ်သင်္ချေနှင့် ကမ္ဘာတသိန်း ပါရမီဖြည့်ရ၏၊
(၂) ပညာဓိကဘုရား- ပညာရှေ့ထား၍ ဘုရားဖြစ်ကြောင်း တရားတော်များကို ဖြည့်ကျင့်ဆည်းပူးသည်၊ လေးသင်္ချေနှင့် ကမ္ဘာတသိန်း ပါရမီဖြည့်ရ၏၊
(၃) ဝီရိယာဓိကဘုရား- ဝီရိယ လုံ့လကို ရှေ့ထား၍ ပါရမီတော်များကို ကြိုးစားအားထုတ်တော်မူသည်၊ ၁၆-သင်္ချေနှင့် ကမ္ဘာတသိန်း ပါရမီဖြည့်ရ၏။

ဘုရား ၅-ဆူ

ဤကမ္ဘာ၌ ပွင့်တော်မူကြသော ဘုရားများဖြစ်သည်၊
၎င်းကိုပင် အင်း အိုင် တို့၌ “သံ, ဂုံ, ပ, မ, အ“ဟုရေးသုံးကြကုန်၏။
(၁) ကကုသန်မြတ်စွာဘုရား၊
(၂) ကောဏာဂုံမြတ်စွာဘုရား၊
(၃) ကဿပမြတ်စွာဘုရား၊
(၄) ဂေါတမမြတ်စွာဘုရား၊
(၅) အရိမေတ္တေယျမြတ်စွာဘုရား။

ဘုရား ၇-ဆူ

ယခုလက်ရှိ နတ်ဗြဟ္မာတို့ မှီလိုက်သော ဘုရားရှင်များဖြစ်၍ ဘုရား ၇-ဆူဟု ခေါ်သည်။ “ဝိပဿီ, သိခီ, ဝေဿဘူ, ကကုသန်, ကောဏာဂုံ, ကဿပ, ဂေါတမ။“

ဘုရား ၉-ဆူပူဇော်ပွဲ

၎င်း ပူဇော်ပွဲကား ဓမ္မ၊ဋ္ဌ၊၁၊၄၂၃။
အာယုဝဍ္ဎုန ကုမာရဝတ္ထုမှ စ,တင်ဖြစ်ပေါ်လာဟန်ရှိကြောင်း ပညာရှိများ ယူဆကြ၏၊ ယခုလူတို့ကား ဘုရားရှင်အမှူးထား၍ ရဟန္တာရှစ်ပါးနှင့်တကွ ဂြိုလ်ကြီး ၉-လုံးတို့ကို ပူဇော်ပသမှု လောကီရေးဘက်၌ ဉပကြသည်။
(၁) ဘုရားသခင်, အလယ်အရပ်၌ ဗောဓိပင်ကို ရည်စူး၍ထားသည်၊
(၂) ရှင်သာရိပုတ္တရာ, ဗုဒ္ဓဟူးသား၊ တောင်အရပ် လက်ျာဘက်က နေသည်၊
(၃) ရှင်မောဂ္ဂလာန်, သောကြာသား၊ မြောက်အရပ် လက်ဝဲဘက်က နေသည်၊
(၄) ရှင်ဥပါလိ, စနေသား၊ အနောက်တောင်အရပ်က နေသည်၊
(၅) ရှင်ရာဟုလာ, တနင်္ဂနွေသား၊ အရှေ့မြောက်အရပ်က နေသည်၊
(၆) ရှင်အာနန္ဒာ, ကြာသပတေးသား၊ အနောက်မျက်နှာအရပ်က နေသည်၊
(၇) ရှင်ကောဏ္ဍည, တနင်းလာသား၊ အရှေ့အရပ်က နေသည်၊
(၈) ရှင်ရေဝတ, အင်္ဂါသား၊ အရှေ့တောင်ထောင့်အရပ်က နေသည်၊
(၉) ရှင်ဂဝမ္ပတိ, ရာဟုသား၊ အနောက်မြောက်ထောင့်အရပ်က နေသည်။

ဘုရားဂုဏ်တော် ၉-ပါး

ဗုဒ္ဓနှင့်စပ်၍ ဂုဏ်တော်အနန္တရှိသော်လည်း ပိဋကတ်တော်၌ ထင်ရှား၍ လူအများ အသိအမှတ်ပြု ရှိခိုးကြသော ဂုဏ်တော် ၉-ပါး ဟူ၏။
(၁) အရဟံ ဂုဏ်တော်- လူ, နတ်, ဗြဟ္မာ, သတ္တဝါဟူသမျှတို့၏ ပူဇော်အထူးကို ခံထိုက်သော ဂုဏ်၊
(၂) သမ္မာ သမ္ဗုဒ္ဓ ဂုဏ်တော်-တရားအပေါင်းကို ကောင်းမှန်စွာသိတော်မူသောဂုဏ်၊
(၃) ဝိဇ္ဇာ စရဏ သမ္ပန္န ဂုဏ်တော်-နိဗ္ဗာန်ရောက်ကြောင်း ဝိဇ္ဇာစရဏ တရားအပေါင်းနှင့်ပြည့်စုံတော်မူသော ဂုဏ်၊
(၄) သုဂတ ဂုဏ်တော်-ကမ္ဘာသားတို့ ချမ်းသာရေးအတွက် ကောင်းစွာ ကြွလာခြင်း နိဗ္ဗာန်သို့ ကောင်းစွာ ကြွသွားတော်မူခြင်း ဂုဏ်၊
(၅) လောကဝိဒူ ဂုဏ်တော်- လောကဓာတ် အနန္တ၌ ဖြစ်ရှိသမျှတို့ကို ကုန်အောင် စုံအောင် သိတော်မူသော ဂုဏ်၊
(၆) အနုတ္တရော ပုရိသ ဒမ္မသာရထိ ဂုဏ်တော်- မယဉ်ကျေးသော လူကြမ်း, နတ်ဆိုး, တိရစ္ဆာန်အမျိုးမျိုးတို့ကို ယဉ်ကျေးလိမ်မာစေရာ၌ အတုမဲ့ဖြစ်သော ဂုဏ်၊
(၇) သတ္ထာ ဒေဝ မနုဿာနံ ဂုဏ်တော်-လူ, နတ်, ဗြဟ္မာ, သတ္တဝါဟူသမျှတို့၏ဆရာဖြစ်တော်မူသော ဂုဏ်၊
(၈) ဗုဒ္ဓဂုဏ်တော်-သစ္စာလေးပါး အမှန်တရားတို့ကို သူတပါးတို့အား ကွဲပြားစွာ သိစေတော်မူတတ်သော ဂုဏ်၊
(၉) ဘဂဝါဂုဏ်တော်-သူမတူအောင် ဘုန်းတော်ရှင် ဖြစ်သော ဂုဏ်။

ဘုရားဂုဏ်တော် ၁၀-ပါး၊ တနည်း

ဂုဏ်တော် ဆယ်ပါးကို ယူရာ၌ အထက်ပါ ဂုဏ်တော်ကိုးပါးတွင် ၆-နံပါတ် ဂုဏ်တော်ကို
(၁) အနုတ္တရော အတုမရှိသော ဂုဏ်တော်၊
(၂) ပုရိသ ဒမ္မသာရထိ- ဆုံးမထိုက်သူကို ဆုံးမတတ်သော ဂုဏ်တော်ဟု နှစ်ခုခွဲလိုက်ခြင်းဖြင့် ဂုဏ်တော် ဆယ်ပါးဖြစ်၏၊ နည်းမျှသာ မှတ်ရာ၏၊ ဂုဏ်တော်ကိုးပါးဟုသာ ရှင်လူအများတို့ အသိအမှတ် ပြုကြသည်။

ဘုရားပွင့်ရာ၊ ၅-ကမ္ဘာ၊ ကျမ်းလာ မည်သို့ရှိ

၎င်းသရုပ် (ကမ္ဘာအပြားမျိုး ၆-ပါး)၌ ရှုပါ။

ဘုရားရှင်ကိုယ်တော်တိုင် ခရီးဦးကြိုပြု၍ ချီးမြှောက်ခံရသူ ပုဂ္ဂိုလ်ထူးကြီး ၇-ယောက်

မ၊ဋ္ဌ၊၂၊၄၂။
(၁) အရှင်မဟာကဿပထေရ်၊
(၂) မဟာကပ္ပိနထေရ်
(၃) အနုရုဒ္ဓါထေရ်၊
(၄) ကောဋိကဏ္ဏသောဏထေရ်၊
(၅) ဝနဝါသိ တိဿ သာမဏေ၊
(၆) ရေဝတ သာမဏေ၊
(၇) ပက္ကုသာတိမင်းကြီး။

ဘုရားလောင်းစစ် ဖြစ်ထိုက်သူ၏ အင်္ဂါ ၈-ပါး

၎င်း သရုပ်အကျယ်ကို (ဗျာဒိတ်ရ
ကြောင်း အင်္ဂါ ၈-ပါး)၌ ကြည့်ပါ။

ဘုရားသခင်အား အန္တရာယ် မပြုနိုင်ခြင်း ၄-ပါး

ဝိ၊ဋ္ဌ၊၁၊၁၄၇-၌၊ အကျယ်ရှု။
(၁) မြတ်စွာဘုရားတို့အား ရည်မှတ်၍ ဆောင်ယူလာသော ပစ္စည်းလေးပါးကို မည်သူမျှ အန္တရာယ်မပြုနိုင်ချေ၊
(၂) ဘုရားရှင်တို့၏ အသက်တော်ကို မည်သူမျှ အန္တရာယ်မပြုနိုင်ချေ၊
(၃) ဘုရားရှင်တို့၏ လက္ခဏာတော် ကြီး-ငယ်တို့ကို မည်သူမျှ အန္တရာယ်မပြုနိုင်ချေ၊
(၄) မြတ်စွာဘုရားသခင်တို့၏ သဗ္ဗညုတဉာဏ်တော်ကို မည်သူမျှ အန္တရာယ်မ ဉပနိုင်ချေ။
မှတ်ချက်။ ။ ဗုဒ္ဓဝင် အဋ္ဌကထာ၌ အထက်ပါ ၁။ ၂။ ၃။ တို့နှင့် အရတူ ကောက်ယူလျက်၊ ၄-အချက်၌
မြတ်စွာဘုရားသခင်တို့၏ ရောင်ခြည်တော်တို့ကို မည်သူမျှ လွှမ်းမိုး မှေးမှိန်အောင် အန္တရာယ်
မပြုနိုင်ချေ ဟု ပါရှိသည်။

ဘုရားသခင်၏ ခြေတော်ရာ ၃-ဆူ

၎င်း သရုပ်ကို (စေတီပါဒ ၃-ဌာန)၌ ရှုပါ။

ဘုန်းတော် ၆-ပါး၊ မြတ်ဘုရား၊ ထင်ရှား ဘဝဂ်တုန်

ဗုဒ္ဓဘုရားရှင်၏အတွက် သက်သက်ဖြစ်သော ဘုန်းတော်များ။
(၁) ဣဿရိယ ဘုန်းတော်- ကိုယ်တော်ကို အဏုမြူပမာဏ, သို့မဟုတ် စကြဝဠာပြည့်အောင် စသည်ဖန်ဆင်းတော်မူနိုင်ခြင်း၊
(၂) ဓမ္မ ဘုန်းတော်- ပညာ ဉာဏ် ကြီးခြင်း၊
(၃) ယသ ဘုန်းတော်- အခြံအရံ များခြင်း, ကျော်စောခြင်း၊
(၄) သီရိ ဘုန်းတော်- ကျက်သရေ မင်္ဂလာ အဖြာဖြာတို့ဖြင့် တင့်တယ်တော်မူခြင်း၊
(၅) ကာမ ဘုန်းတော်- ကိုယ်တော်မြတ်၏ အလိုတော် ခပ်သိမ်းကို ပြီးငြိမ်းစေနိုင်၊
(၆) ပယတ္တ ဘုန်းတော်- အား, လုံ့လတော်နှင့်ပြီး ပြည့်စုံတော်မူခြင်း။

ဘုံ ၃-ပါး

သတ္တဝါတို့၏ ကျင်လည်ရာဖြစ်သော ဘုံ ၃၁-၏ အကျဉ်း ၃-ပါး၊
ကာမဘုံ, ရူပဘုံ, အရူပဘုံကို ခေါ်သည်။
တနည်း၊ လူ့ဘုံ, နတ်ဘုံ, ဗြဟ္မာ့ဘုံ ဟူ၏။

ဘုံ ၄-ပါး

ချမ်းသာ, ဆင်းရဲ, လုပ်ငန်းစဉ် ဉာဏ်အမြင်ကို စွဲ၍ ၄-မျိုးကွဲသည်။
(၁) သုခ ဘုံ- နတ်ဘုံ, ဗြဟ္မာဘုံ, နိဗ္ဗာန်တို့သည် ချမ်းသာတို့ဖြင့် ထုံမွမ်းအပ်လေသောကြောင့် သုခဘုံမည်၏၊
(၂) ပဋိဝေဓ ဉာဏဘုံ- ဗုဒ္ဓဘုံ, သာဝကဘုံတို့သည် တရားထူး တရားမြတ်တို့ကို ထိုးထွင်း၍ သိရာဖြစ်သောကြောင့် ပဋိဝေဓဉာဏဘုံ မည်၏၊
(၃) ကမ္မ ဘုံ- လူ့ဘုံသည် ဉာဏ်နှင့် ဝီရိယ, ယှဉ်တွဲကာ ကောင်းမှု, မကောင်းမှုခေါ် ကိစ္စလုပ်ငန်း အဝဝတို့ဖြင့် ရှုပ်ထွေးပွေလီ၍ နေသောကြောင့် ကမ္မဘုံ မည်၏၊
(၄) ဒုက္ခ ဘုံ- ဒုဂ္ဂတိသား အပါယ်သားတို့ကား ဆင်းရဲခြင်းများနှင့်သာ အချိန်ကုန်ကြရသောကြောင့် ဒုက္ခဘုံမည်၏။

ဘုံ ၃၁

ကာမ ၁၁-ဘုံ၊
ရူပ ၁၆-ဘုံ၊
အရူပ ၄-ဘုံ၊
ပေါင်း ၃၁-ဘုံဖြစ်၏။

ဘုံစဉ်စံ ၇-ဦး

သာသနာတော်ကျမ်းတို့၌ ထင်ရှားသော သံသရာစံသူ ၇-ယောက်ဟူလို။
(၁) အနာထပိဏ် ကျောင်းဒကာ၊
(၂) ဝိသာခါ ကျောင်း အမ၊
(၃) ဂန္ဓမာ နတ်သား၊
(၄) နာဂဒတ္တ၊
(၅) မဟာဣန္ဒာ၊
(၇) နေကဝဏ္ဏ။
မှတ်ချက်။ ။ ၁-၂-တို့ကား ထင်ရှား၏၊ ၃-၄-၅-၆-၇-ပုဂ္ဂိုလ်တို့ကား အတွေ့အကြုံ အပြော အဟော နည်းပါးသည်၊ စာပေကို လိုက်စားရှာဖွေ လေ့လာရာသည်၊ ပိဋကတော် အနှံ့ရှာဖွေစေလို၍ ကျမ်းညွှန်းမှု မပြုဟု မှတ်ရာသည်။

ဘုံလျှိုမျိုး ၅-ပါး

ရဟန်းတော်များခင်းအိပ်ရန် ခွင့် ဉပထားသော ဖုံမျိုး ၅-ပါး။ ဝိ၊၄၊၂၉၅။ ဝိ၊ဋ္ဌ၊၄၊၆၀။ (၁) ဥဏ္ဏာဘိသိ-သားမွေးဖြင့်ပြုအပ်သော ဘုံလျှို။
(၂) စောဠ ဘိသိ-ပုဆိုးဖြင့််ပြုအပ်သော ဘုံလျှို။
(၃) ဝါက ဘိသိ- လျှော်မျိုးဖြင့်် ပြုအပ်သော ဘုံလျှို။
(၄) တိဏ ဘိသိ- မြက်မျိုးဖြင့်ပြုအပ်သော ဘုံလျှို။
(၅) ပဏ္ဏ ဘိသိ- သစ်ရွက်မျိုးဖြင့် ပြုအပ်သော ဘုံလျှို။

ဘူတရုပ် ၄-ပါး

၎င်း၏ သရုပ် အဓိပ္ပါယ်ကို (ရုပ်တရား ၂၈-ပါး)၌ကြည့်ပါ။

ဘူမဋ္ဌ ၇-ဘုံ

အပါယ် ၄-ဘုံ, လူ့ဘုံ, စတုမဟာရာဇ်ဘုံ, တာဝတိံသာဘုံတို့ကား မြေပြင်၌ တည်နေကြသောကြောင့် ဘူမဋ္ဌဘုံ မည်၏။

ဘေဒဥပါယ်၊ နည်း ၃-သွယ်၊ ကျမ်းဝယ် ဘယ်သို့နည်း

အမရကောသဋီကာ ဥပါယ် ၄-ပါး အဖွင့်၌ ဤသို့ဆိုသည်။
(၁) ချစ်ခြင်းကို ကွဲပြားပျက်စီးအောင်ပြုခြင်း၊
(၂) လက်နက်ဗိုလ်ပါ အင်အားပြ၍ လွှမ်းမိုးခြင်း၊
(၃) နှုတ်စကား, စာများဖြင့် ခြိမ်းချောက်ခြင်း။

ဘေးကြီး ၂၅-ပါး

အဘိ၊ဋ္ဌ၊၂၊၄၇၇။ ၄၈၄။၄၈၇။ အဘိ၊ဋ္ဌ၊၃၊၃၆။ မိလိန္ဒ၊၁၉၄-တို့၌ လာရှိသည်၊ ၂၅-ပါးသော ဘေးဘျမ်းမျိုး၊ များသောအားဖြင့် ကျေးဇူးရှင်ဆယ်ပါးကို ပြစ်မှားသူတို့ ခံရတတ်သည်၊
ဆွေမျိုးတို့၏ပျက်စီးသောဘေး၊
ရောဂါ ဝေဒနာ နှိပ်စက်ခြင်းဘေး၊
ဥစ္စာ ပျက်စီးခြင်း ဘေး၊
သီလပျက်စီးခြင်းဘေး၊
အယူပျက်စီးခြင်းဘေး၊
မင်း ဘေး၊
ခိုးသူ ဘေး၊
ရန်သူ ဘေး၊
ငတ်မွတ်သော ဘေး၊
မီး ဘေး၊ (၁၀)
ရေ ဘေး၊
လှိုင်းတံပိုး ဘေး၊
ရေဝဲ ဘေး၊
မိကျောင်း ဘေး၊
မကာရ်း ငါးရဲ ဘေး၊
မိမိကိုယ်ကို နောင်တ ပူပန်ခြင်း ဘေး၊
သူတထူး စွပ်စွဲခြင်း ဘေး၊
နှုတ်ဒဏ် လက်ဒဏ် ကြေးဒဏ် သင့်သော ဘေး၊
မကောင်းသော အဖြစ်သို့ လားရာသော ဘေး၊
ပရိသတ်အလယ်၌ ရှက်ရွံ့သော ဘေး၊ (၂၀)
သူတပါးကို အမှီပြု၍ အသက်မွေးရသော ဘေး၊
ပဋိသန္ဓေ နေရခြင်း ဘေး၊
အိုရခြင်း ဘေး၊
နာရခြင်း ဘေး၊
သေရခြင်း ဘေး၊ (၂၅)။

ဘောဇဉ်၏ ဂုဏ်ကျေးဇူး ၅-ပါး

ထမင်းစသည်၏ ကျေးဇူးဂုဏ်အကျိုး ၅-ပါး။
(၁) အသက်ရှင်စေခြင်း၊
(၂) အဆင်းလှစေခြင်း၊
(၃) အားတိုးပွားစေခြင်း၊
(၄) ပူပန်ခြင်းကို ငြိမ်းစေခြင်း၊
(၅) ဆာလောင်ခြင်းကို ပယ်ဖျောက်ခြင်း။

ဘောဇဉ်မျိုး ၅-ပါး

ဝိ၊၂၊၁၁၁။ ဝိ၊ဋ္ဌ၊၃၊၈၉။ ရဟန်းတော်များအတွက် စားဘွယ်ဟု ပညတ်သော အရာငါးပါး။
(၁) ထမင်း၊
(၂) မုယောမုံ့၊
(၃) မုံ့လုံး၊
(၄) ငါး၊
(၅) အမဲ။

ဘွားဘက်တော် ၇-ယောက်

သိဒ္ဓတ္ထအလောင်းတော်နှင့် အတူမွေးဖွားဖြစ်ပေါ်ဘက်၊
အာနန္ဒာ, ဗောဓိပင်, ကာလုဒါယီအမတ်, ယသောဓရာ, ဆန္န အမတ်, ရွှေအိုးကြီး ၄-လုံး, ကဏ္ဍကမြင်း။

ဘွဲ့ထူးဂုဏ်ရည် ၁၁-မျိုး

ဘွဲ့ထူးဂုဏ်မည်နှင့် စပ်၍ ပုဂံဝန်ထောက်ဦးတင်ထံ မေးမြန်းရာ (၁၅-၄-၄၁) နေ့စွဲနှင့် အောက်ပါအတိုင်း အဖြေပေးလိုက်သည်၊ ဗဟုသုတအတွက် မူရင်းအတိုင်း ဖေါ်ပြလိုက်၏၊ ဘွဲ့၏ အကြောင်းကို စုံလင်စွာ ပြဆိုအံ့၊ ညီတော် သားတော် ဖြစ်သော အိမ်ရှေ့မင်း, မင်းသားကြီး, မင်းသားလတ်, မြင်းမှူး မင်းသားမှ တပါး အဂ္ဂမဟာသေနာပတိ ဝန့်ရှင်တော်မင်းကြီးကစ၍ မှူးတော် မတ်တော်တို့အား ပေးတော်မူသော ဘွဲ့အနိမ့် အမြင့် အဆင့်ဆင့်ရှိသည်မှာ အောက်ပါအတိုင်းဖြစ်သည်။
(၁) အမြင့်ဆုံး သတိုးဘွဲ့-သတိုးသုဓမ္မာ မဟာသက်တော်ရှည် စသည်၊
(၂) ၎င်းအောက် မင်းကြီးဘွဲ့- မင်းကြီးဇေယျဂါမဏိ စသည်၊
(၃) ၎င်းအောက် မဟာဘွဲ့- မဟာ မင်းထင်ရာဇကျော် စသည်၊
(၄) ၎င်းအောက် မင်း ၃-ထပ်ဘွဲ့- မင်းမဟာ မင်းထင် မင်းခေါင် စသည်၊
(၅) ၎င်းအောက် မင်း ၂-ထပ်ဘွဲ့- မင်းထင်မင်းလှသင်္ခယာ စသည်၊
(၆) ၎င်းအောက် မင်း တပ်ဘွဲ့-မင်းထင်ကျော်သူ စသည်၊
(၇) ၎င်းအောက် နေမျိုးမင်းတပ်ဘွဲ့-နေမျိုးမင်းထင်သိင်္ခသူ စသည်၊
(၈) ၎င်းအောက် နေမျိုးဘွဲ့-နေမျိုးသိဒ္ဓိရာဇာ စသည်၊
(၉) ၎င်းအောက် နော်ရထာဘွဲ့-စည်သူနော်ရထာ, လက်ဝဲနော်ရထာ စသည်၊
(၁၀) ၎င်းအောက် ရွှေတောင်ဘွဲ့- နရာရွှေတောင် စသည်၊
(၁၁) အနိမ့်ဆုံး အမည်ပျောက်ဘွဲ့- ပျံချီရာဇာ, ရဲထွဋ်ပျံတင်, ရန်အောင်စက်, စက္ကပျံချီ, လက်ဝဲသုန္ဒရ စသည်။

မကြံစည်အပ်သော တရား ၄-ပါး

၎င်းသရုပ် (အစိန္တေယျ ၄-ပါး)၌ ရှု။

မကြီးရာသည်၊ ၁၀-ပါးမည်၊ လောကီလောကုတ် အဘယ်နည်း

မကြီးရာသည်၊ ၁၀-ပါးမည်ကား“ဟူသော လင်္ကာဖြင့် စိန္တကျော်သူ ဦးဩ၏ ဩဝါဒထူးပျို့၌ လောကီရေးရာ ကြီးပွားယဉ်ကျေးမှုအတွက် မိန့်မြွက်ထားသည်ကို သင်ကြားရ ဘူးသည်၊ အကျယ်ကို ၎င်းပျို့၌ ရှုပါကုန်။

မကြောက်သင့်သည်ကို ကြောက်နေသော သတ္တဝါမိုက် ၄-ဦး

၎င်းသရုပ်ကို (အမိုက်ကောင်ကြီး ၄-ဦး)၌ ရှုပါ။

မဂ် ၃-ပါး

မေထုန်မှု ပြုကျင့်သွားလာရန် လမ်းပေါက်မျိုးကိုဆိုသည်၊ ရဟန်းတော်များ ထိုမဂ် ၃-ပါးတွင် မေထုန်မှုပြုက ပါရာဇိက ကျ၏။
(၁) မုခမဂ်-ပါးစပ် ခံတွင်း၊
(၂) ပဿဝမဂ်-ကျင်ငယ် သွားရာလမ်း, မိန်းမ အင်္ဂါဇာတ်၊
(၃) ဝစ္စမဂ်-ကျင်ကြီးသွားရာလမ်း, စအို။

မဂ် ၃၀၊ တနည်း

ဝိ၊၁၊၃၄-၃၅။ ဝိ၊ဋ္ဌ၊၁၊၂၂၅။ ကင်္ခါ၊၁၀၉-တို့၌ အကျယ်ရှု။ အဗြဟ္မစာရီ သိက္ခာပုဒ်အရ မေထုန်မှု မပြုရသော ကာမလမ်းခေါ် မဂ်ပြားသုံးဆယ်၊
(က) လူယောက်ျား၌ မုခမဂ်, ဝစ္စမဂ် ၂-ပါး၊
(ခ) နတ်ယောက်ျား၌လည်း ၎င်း ၂-ပါး၊
(ဂ) တိရစ္ဆာန်ယောက်ျား၌လည်း ၎င်း ၂-ပါး၊
(ဃ) လူမိန်းမ၌ မုခမဂ်, ပဿဝမဂ်, ဝစ္စမဂ်, ၃-ပါး၊
(င) နတ်မိန်းမ၌လည်း ၎င်း ၃-ပါး၊
(စ) တိရစ္ဆာန်မိန်းမ၌လည်း ၎င်း ၃-ပါး၊
(ဆ) လူဥဘတောဗျည်း၌လည်း ၎င်း ၃-ပါး၊
(ဇ)နတ်ဥဘတောဗျည်း၌လည်း ၎င်း ၃-ပါး၊
(စျ) တိရစ္ဆာန်ဥဘတောဗျည်း၌လည်း ၎င်း ၃-ပါး၊
(ည) လူနပုံး၌ မုခမဂ်, ဝစ္စမဂ် ၂-ပါး၊
(ဋ) နတ်နပုံး၌လည်း ၎င်း ၂-ပါး၊
(ဌ) တိရစ္ဆာန်နပုံး ၌လည်း ၎င်း ၂-ပါး၊
ပေါင်း ၃၀-ဖြစ်၏။

မဂ္ဂင် ၈-ပါး

သောတာပန် စသည် ဖြစ်ကြောင်းတရား အစိတ် ၈-ပါးဟူ၏၊ ဤ၌ မှားယွင်းသောစကားနှင့် အလုပ်အကိုင်ဟူသမျှတို့မှ ရှောင်ကြဉ်ခြင်းကိုပင် မှန်ကန်သောတရားဟု သိရာ၏။
(၁) သမ္မာဒိဋ္ဌိ-မှန်ကန်သော ရှုမြင်ခြင်း၊
(၂) သမ္မာသင်္ကပ္ပ -မှန်ကန်စွာ ကြံစည်ခြင်း၊ ၎င်း ၂-ပါးကား ပညာစခန်းတည်း၊
(၃) သမ္မာဝါစာ-မှန်ကန်စွာ ပြောဆိုခြင်း၊
(၄) သမ္မာကမ္မန္တ-မှန်ကန်စွာ ဉပလုပ်ခြင်း၊
(၅) သမ္မာအာဇီဝ-မှန်ကန်စွာအသက်မွေးခြင်း၊ ၎င်း ၃-ပါးကား သီလစခန်းတည်း၊
(၆) သမ္မာဝါယမ-မှန်ကန်စွာ လုံ့လထုတ်ခြင်း၊ ၎င်းကား သီလ, သမာဓိ, ပညာ စခန်းတည်း၊
(၇) သမ္မာသတိ-မှန်ကန်စွာ အောက်မေ့ခြင်း၊
(၈) သမ္မာသမာဓိ-မှန်ကန်စွာ စိတ်တည်တံ့ခြင်း၊ ၎င်း ၂-ပါးကား သမာဓိစခန်းတည်း။

မဂ္ဂင် ၁၀

၎င်း အကျယ် ပွားပုံကို မ၊၃၊၁၁၆။ မ၊ဋ္ဌ၊၄၊၉၂-၌ ရှုပါ။

မဂ္ဂဋ္ဌာန် ၄-ယောက်

မဂ်ပုဂ္ဂိုလ် လေးယောက်လည်း ခေါ်သည်။
(၁) သောတာပတ္တိ မဂ်ပုဂ္ဂိုလ်၊
(၂) သကဒါဂါမိ မဂ်ပုဂ္ဂိုလ်၊
(၃) အနာဂါမိ မဂ်ပုဂ္ဂိုလ်၊
(၄) အရဟတ္တ မဂ်ပုဂ္ဂိုလ်။

မဂ္ဂသစ္စာ၏ အနက်သဘော ၄-ချက်

၎င်းသရုပ်ကို (သစ္စာအနက် ၁၆-ချက်)၌ ရှုပါ။

မဂ်တရား ၄-ပါး

သောတာပတ္တိမဂ်, သကဒါဂါမိမဂ်, အနာဂါမိမဂ်, အရဟတ္တမဂ်, ၎င်းကိုပင် မဂ်စိတ် ၄-ပါးလည်း ခေါ်သည်။

မဂ်တု ဖိုလ်တု တရား ၁၀-ပါး

၎င်းသရုပ်ကို (ဥပက္ကိလေသ တရား ၁၀-ပါး)၌ ရှုပါ။

မဂ်ဖိုလ်တရား၊ ပိတ်ပင်ထား၊ ၅-ပါး အန္တရာယ်

၎င်းသရုပ် (အန္တရာယ် ၅-ပါး)၌ ဆိုခဲ့ပြီ။

မဂ် ဖိုလ် မရထိုက်သူမျိုး ၁၆-ယောက်

မိလိန္ဒ၊၂၉၈-၌အကျယ်ရှု။
တိရစ္ဆာန်,
ပြိတ္တာ,
အယူမှားယွင်းသူ,
စဉ်းလဲကောက်ကျစ်သူ,
အမိကို သတ်သူ,
အဖကို သတ်သူ,
ရဟန္တာကို သတ်သူ,
သံဃာကို သင်းခွဲသူ,
ဘုရားကို သွေးစိမ်း တည်စေသူ,
ရဟန်းအသွင်ကို ခိုးသူ, (၁၀)
တိတ္တိဘောင်၌ ပြောင်းရွှေ့နေသူ,
ဘိက္ခုနီမကို ဖျက်ဆီးသူ,
သံဃာဒိသိသ် အာပတ်သင့်နေသော ရဟန်း,
ပဏ္ဍုက် ၅-မျိုး၌ ပါဝင်သူ,
ဥဘတော ဗျည်းခေါ် ထီး, မ အင်္ဂါဇာတ် ၂-မျိုး ပါရှိသူ,
ခုနစ်နှစ်အောက် ငယ်ရွယ်သူ၊ (၁၆)
ဤ ပုဂ္ဂိုလ် ၁၆-ဦးတို့မှာ ပဋိပတ်ကျင့်ဝတ်မှန်ကို ကောင်းစွာပင် ကျင့်စေကာ မဂ်, ဖိုလ် မရနိုင်ကြောင်း ရှင်နာဂသေနထေရ် မိန့်ဆိုဖြေကြား၏။

မင်္ဂလာဆံထုံး၊ ၇-ထုံး၊ ဖွဲ့ထုံး လှသူဇာ

၎င်းသရုပ် အဓိပ္ပါယ်ကို (ဥသျှောင် ၇-မျိုး)၌ ပြဆိုခဲ့ပြီ။

မင်္ဂလာဆောင်မျိုး အပြား ၃-ပါး၊ တနည်း၊ ၈-ပါး

၎င်းသရုပ် (ထိမ်းမြားမင်္ဂလာအမှု မျိုးအပြား ၃-ပါး၊ ၈-ပါး)၌ ပြဆိုခဲ့ပြီ။

မင်္ဂလာဆောင်ရိုး၊ လ ၆-မျိုး၊ ကျိုးပြစ် မည်သို့ရှိ

ဤ၌ကောင်း, မကောင်း ၆-လစီနှင့် အကျိုးအပြစ်တို့ကို အောက်ပါပညာရှိတို့၏လေးချိုးကဗျာဖြင့် သိပါလေ။
ဝါဆို,ဝါခေါင် ထိမ်းလျှင်လှ၊ သေကိန်းပ ဆွေကြင်ဘော်။
ခေါင်းပါးစွာ တော်သလင်းနှင့်၊ သားပုတ္တာ ခြွေရံ ကင်းပါလိမ့်၊ ကွင်းရှောင်ကြ လနတ္တော်။
ပြာသိုမှာ ဥစ္စာယွင်းပါလို့၊ ကွေကွင်းကြ တပေါင်းနော်၊ မလျော်တဲ့ ခြောက်လ။
ကြွင်းမာသေ၊ ထိမ်းမြားပါလေတော့၊ ရံခြွေရွေ ဆန်စပါးရယ်တို့၊ ပေါများ ကုံလုံလို့၊
လူ့ဘုံမှာ အိုအောင်ပေါင်းရကွယ်မယ်၊ ကျောင်းကြီး အမ။

မင်္ဂလာတရား ၁၂-ပါး

၎င်း၏ သရုပ်အဓိပ္ပါယ်ကို (လောကီမင်္ဂလာ ၁၂-ပါး)ဟူသော သုတေသန၌ ကြည့်ပါ။

မင်္ဂလာတရား ၃၈-ပါး

ကမ္ဘာသူ ကမ္ဘာသား သတ္တဝါအားလုံးတို့အား ချမ်းသာကိုပေးတတ်သော တရား ၃၈-ပါး။
(၁) အသေဝနာစ ဗာလာနံ- သူမိုက်ကို မဆည်းကပ်ရခြင်း၊
(၂) ပဏ္ဍိတာနဉ္စ သေဝနာ-ဉာဏ်ပညာရှိသူတို့ကို ပေါင်းသင်းရခြင်း၊
(၃) ပူဇာစ ပူဇနေယျာနံ- ပူဇော်ထိုက်သူတို့ကိုပူဇော်ရခြင်း၊
(၄) ပဋိရူပ ဒေသာဝါသ-သင့်လျော်ကောင်းမြတ်ရာ၌ နေရခြင်း၊
(၅) ပုဗ္ဗေစ ကတ ပုညတာ- မဆွက ကောင်းမှုကုသိုလ်ကို ပြုခဲ့ဘူးခြင်း၊
(၆) အတ္တသမ္မာ ပဏီဓိ- ကိုယ်စိတ်နှစ်ဖြာကို ကောင်းစွာပြုပြင်ထားခြင်း၊
(၇) ဗာဟုသစ္စ- အကြားအမြင်ပညာများသူ ဖြစ်ခြင်း၊
(၈) သိပ္ပမင်္ဂလာ- အပြစ်ကင်းသည့်စက်မှုလက်မှု အတတ်မျိုးစုံ တတ်ထားရခြင်း၊
(၉) ဝိနယ သုသိက္ခိတ- ယဉ်ကျေးမှုဆိုင်ရာ ကိုယ်ကျင့်ဝိနည်းကို ကောင်းစွာသင်ယူခြင်း၊
(၁၀) သု ဘာသိတဝါစာ- အင်္ဂါလေးပါးရှိသော စကားကို ပြောဆိုတတ်ရခြင်း၊
(၁၁) မာတာပိတု ဥပဋ္ဌာနံ- မိဘ၂-ပါးအား စင်စစ် လုပ်ကျွေး မွေးမြူရခြင်း၊
(၁၂) ပုတ္တဒါရဿ သင်္ဂဟ- သားမယားတို့အား စွမ်းနိုင်သလောက် ကျွေးမွေးထောက်ပံ့ရခြင်း၊
(၁၃) အနာကုလ ကမ္မန္တ-ချို့ယွင်းမှုမရှိ မိမိတတ်သိလိမ်မာပြီးသော အလုပ်ကို ကာလ ဒေသအလိုက် ထိုက်သလို လုပ်ရခြင်း၊
(၁၄) ဒါန မင်္ဂလာ-ပေးကမ်းစွန့်ကြဲ လှူဒါန်းရခြင်း၊
(၁၅) ဓမ္မ စရိယ-ကုသလကမ္မပထ တရားဆယ်ပါးကို ပြုလုပ်ရခြင်း၊
(၁၆) ဉာတကာနဉ္စသင်္ဂဟ-ဆွေမျိုးတို့ကို တတ်နိုင်သလောက် ချီးမြှောက် ထောက်ပံ့ရခြင်း၊
(၁၇) အနဝဇ္ဇကမ္မ-နောင်သံသရာရေး၌ အပြစ်ဘေးမကျ ပကတိသုခကို ရနိုင်သည့် ငါးပါး, ရှစ်ပါး စသော သီလများနှင့် အများကောင်းကျိုး စေတနာ့ဝန်ထမ်း အလုပ်များကို လုပ်ရခြင်း၊
(၁၈) အာရတီ- မကောင်းမှုကို စိတ်ဖြင့်ဝေးစွာ ရှောင်ကြဉ်ရခြင်း၊
(၁၉) ဝိရတီ- မကောင်းမှုမှ ကိုယ်နှုတ် နှစ်ပါးဖြင့် ရှောင်ကြဉ်ရခြင်း၊
(၂၀) မဇ္ဇပါန သံယမ- သေရည်အရက် သောက်စားမှုမှ ရှောင်ကြဉ်ရခြင်း၊
(၂၁) အပ္ပမာဒ ဓမ္မ-ကောင်းမှုတို့၌ မမေ့မလျော့ခြင်း၊
(၂၂) ဂါရဝ- ရိုသေထိုက်သူကို ရိုသေခြင်း၊
(၂၃) နိဝါတ- မာနမထား နှိမ့်ချရိုသေသော စိတ်များရှိခြင်း၊
(၂၄) သန္တုဋ္ဌိ- ရသမျှနှင့် ရောင့်ရဲတင်းတိမ်ခြင်း၊
(၂၅) ကတညုတာ-သူပြုဘူးသော ကျေးဇူးကို ပြန်၍သိခြင်း၊
(၂၆) ကာလေန ဓမ္မဿဝန-သင့်လျော်ရာ အခါ၌ သူတော်ကောင်းတရားကို နာကြားရခြင်း၊
(၂၇) ခန္တီမင်္ဂလာ- နေရာတိုင်း၌ သည်းခံရခြင်း၊
(၂၈) သောဝစဿတာ-ဆိုဆုံးမလွယ်ကူသူဖြစ်ရခြင်း၊
(၂၉) သမဏဒဿန- အရိယာသံဃာတော်များကို ဖူးတွေ့ရခြင်း၊
(၃၀) ကာလေန ဓမ္မသာကစ္ဆ-လျောက်ပတ်သောအခါ၌ တရားစကား ဆွေးနွေးမေးမြန်းရခြင်း၊
(၃၁) တပ မင်္ဂလာ- မကောင်းကြံ မကောင်းပြု, မကောင်းဆို မဖြစ်နိုင်စေရန် သတိနှင့် ဝီရိယ တရား အစဉ်ထားခြင်း၊
(၃၂) ဗြဟ္မစရိယ-မြတ်သော အကျင့်ရှိခြင်း၊
(၃၃) အရိယာ သစ္စာန ဒဿန- သစ္စာလေးပါးကို မဂ်တရားဖြင့်သိမြင်ရခြင်း၊
(၃၄) နိဗ္ဗာန သစ္ဆိကိရိယ- အရဟတ္တဖိုလ်ကို မျက်မှောက် ဉပရခြင်း၊
(၃၅) ဖုဋ္ဌဿ လောက ဓမ္မေဟိ စိတ္တံ ယဿ န ကမ္ပတိ- လောကဓံတရား ရှစ်ပါးတို့နှင့် တွေ့ရသော်လည်း စိတ်တုန်လှုပ်မှု မရှိခြင်း၊
(၃၆) အသောက- စိုးရိမ်ကြောင့်ကြမှု မရှိခြင်း၊
(၃၇) ဝိရဇ- ရာဂစသော ကိလေသာမြူ မရှိခြင်း၊
(၃၈) ခေမ မင်္ဂလာ- ကြောက်ထိတ်လန့်မှု ဘေးမရှိခြင်း။

မင်္ဂလာပန်းပွင့် ၇-ပွင့်

မင်္ဂလာအောင်ပွဲ သဘင်၌ ယတြာပန်း ၇-မျိုး။
သတို့သား သတို့သမီးတို့ ထိမ်းမြားသော နေ့သည်
တနင်္ဂနွေနေ့ဖြစ်မူ ကံ့ကော်ပန်းကို ပန်ဆောင်ကြရာသည်၊
တနင်းလာနေ့ဖြစ်မူ နှင်းဆီပန်း၊
အင်္ဂါနေ့ဖြစ်မူ ဇလပ်ပန်း၊
ဗုဒ္ဓဟူးနေ့ဖြစ်မူ စပယ်ပန်း, သပြေပန်း၊
ကြာသပတေးနေ့ဖြစ်မူ သီး, သံသတ်ပန်း၊
သောကြာနေ့ဖြစ်မူ ဒန်းပန်း, နှင်းပန်း၊
စနေနေ့ဖြစ်မူ အုန်းပန်း၊
ဤသို့လျှင် မိမိတို့၏ အညွန့်နံသင့် ပန်းများကို ပန်ဆင်၍ မင်္ဂလာမှုပြုကြကုန်ရာသည်။ (ဗေဒင်)

မင်း ၄-ပါး ဆေး

စိန်, ဆေး, ကန့်, ဟင်း, ခေါ် ဓာတ် ၄-ပါးဆေးကို အဂ္ဂိရတ်ကျမ်းတို့၌ မင်း ၄-ပါးဆေး ခေါ်သည်။

မင်းဧကရာ၊ သတ္တိမှာ၊ ၃-ဖြာရှိ၏ အသို့နည်း

မန္တာ၊ ဥဿာဟ၊ ပဘာဝဟု၊ ရာဇသတ္တိ, ၃-ပါးရှိ၏”ဟူသောစကားအရ ဖြစ်သည်။
(၁) မန္တ သတ္တိ- ပညာရှိတို့နှင့် အစစ တိုင်ပင် နှီးနှောမှု၊
(၂) ဥဿာဟ သတ္တိ- ရိက္ခာ, လက်နက်, စစ်သား ရှာမှီးမှု၊
(၃) ပဘာဝ သတ္တိ- စိမ်း ကျက် မရွေး ပြစ်ပေး ဆုံးမ မှု။
၎င်း ၃-ပါး အပြည့်အစုံ ရှိထားရမည်။

မင်းကျင့်တရား ၁၀-ပါး

ဒီ၊၃၊၅၀။ ဒီ၊ဋ္ဌ၊၃၊၃၄။ မဟာဟံသဇာတ်နှင့် နန္ဒိယဇာတ် အဋ္ဌကထာတို့၌လည်း ပါရှိသည်၊ မင်းကောင်းမင်းမြတ်တို့ ကျင့်ဝတ် ၁၀-ပါးဟူ၏။
(၁) ဒါန-အလှူပေးခြင်း၊
(၂) သီလ-ငါးပါးသီလ ဆယ်ပါးသီလကို ဆောက်တည်ရခြင်း၊
(၃) ပရိစာဂ- ပေးကမ်းချီးမြှင့် စွန့်ကြဲရခြင်း၊
(၄) မုဒုက- ကိုယ် နှုတ် နူးညံ့သိမ်မွေ့ ရခြင်း၊
(၅) ဥပေါသထ-အဋ္ဌင်္ဂသီလ စောင့်သုံးရခြင်း၊
(၆) အက္ကောဓ- အမျက်မထွက်ရခြင်း၊
(၇) အ ဝိရောဓ- ရဟန်းရှင်လူပြည်သူတို့နှင့် မဆန့်ကျင်ရခြင်း၊
(၈) အဝိဟိံသန-ပြည်သူလူထုတို့ကို အခွန် အတုတ် အမျိုးမျိုးတို့ဖြင့် မညှင်းဆဲရခြင်း၊
(၉) ခန္တီ-သည်းခံရခြင်း၊
(၁၀) သမ္မာပဋိပန္န- ဖြောင့်မတ်မှန်ကန်စွာ ကျင့်ရခြင်း။

မင်းခမ်းတော်မှာ၊ ၁၃-ဖြာ၊ ဝဲယာ ဆောင်ယောင်ကျင်း

မင်းနန်း မင်းခမ်း၌ အဆောင် အယောင်တော်များ ခင်းကျင်းရာဝယ် လက်ဝဲ ၁၃-ပါး၊
လက်ျာ ၁၃-ပါးကို ဆိုသည်၊ ၎င်း၏သရုပ်ကို အောက်ပါ ရွှေဘုံနိဒါန်းလာ လင်္ကာ ၂-ရပ်ဖြင့်သိရာ၏၊
(က) လက်ျာတော်က၊ ရွှေလှော်သိင်္ဂါ၊ မျက်စီမြွာသား၊ ရတနာသန်လျက်၊ လျံလက်လျှပ်လျှပ်၊ သားမြီးယပ်နှင့်၊ ထက်ချပ်မကွာ၊ ရတနာ ပန်းတောင်း၊ ခြူးပေါင်းပုလဲ၊ သန္တာဆွဲလျက်၊ ရဲရဲရောင်တက်၊ ကွမ်းခွက်ရှစ်ထောင့်၊ ထို့ကြောင့်မရွေ့၊ ခြင်္သေ့ခံ,လျက်၊ ကွမ်းခွက်ရတနာ၊ စလင်းကြာနှင့်၊ သိင်္ဂါရွှေမှည့်၊ ကွမ်းထည့်ကျပ်မှ၊ ကျပ်လျား စသား၊ သီဟခံထား၊ ကရားတကောင်း၊ ထိုနှောင်းမြူတာ၊ ရေပြည့်စွာတည့်၊ ထီးမှာလေးဆူ၊ စိုက်ထူကြွားကြွား၊ ယပ်မားချပ်လျက်၊ ရောင်ခြည်ရှက်သည်၊ ပြိုးပြက် ထိန်ထိန်လင်းလင်းတည်း။
(ခ) လက်ဝဲတော်က၊ ရွှေလှော် လျှံဝါ၊ မျက်စီမြွာသည်၊ ရတနာဘိနပ်၊ သပ်သပ်တောင်ဝှေး၊ ရောင်ပြေးဝိုးဝါး၊ လက်တင်ကြားနှင့်၊ နဂါးကွမ်းခွက်၊ စဉ်လျက် သလပ်၊ လျှပ်လျှပ်ဝင်းဝါ၊ မကွာတသီး၊ ကွမ်းလောင်းကြီးကား၊ အပြီးဆိုဘွယ်၊ ကွမ်းလောင်းငယ်နှင့်၊ တင့်တယ်လှစွာ၊ ရတနာ ဖလား၊ ကရားထိုနောင်၊ သလင်းမြောင်လု၊ လျှံရောင်ရတနာ၊ သစ်တိုင်ပါ၍၊ မြူတာရေချမ်း၊ ပြည့်ဖြိုးလျှမ်းသည်၊ မင်းခမ်း မည်သား၊ ထီးလေးပါးနှင့်၊ အကြား အကြား၊ ယပ်မားချပ်လျက်၊ စဉ်ဆက်စုံညီ၊ ဆယ့်သုံးစီတည့်၊ နှစ်လီပေါင်းမြောက်၊ နှစ်ဆယ့် ခြောက်လျှင်၊ အံ့လောက် ထူးဆန်း၊ ရှေ့တော်ထွန်းသည်၊ ရောင်ရွှန်းပြောင်ပြောင် ဝင်းဝင်းတည်း။

မင်းဆက် ၅-သွယ်၊ ရှင်ဘို့မယ်၊ နန်းလယ်တင့်သည်သာ

ဤသရုပ်ကား ကဝိလက္ခဏ ဒီပနီကျမ်းလာဖြစ်၍ ထိုမှပင် ယူဖြေလိုက်သည်။
(၁) ဘုရင်မင်းခေါင်၊
(၂)သားတော်သီဟသူ၊
(၃) မင်းလှငယ်၊
(၄)ကလေးကျေးတောင်ညိုမင်း၊
(၅) မိုးညှင်းမင်းတရားကြီး၊
ထိုမင်းငါးဆက်တို့ မိဖုရားမြှောက်ခြင်းကို ခံရသည့် ရှင်ဘို့မယ်ဟု ဆိုလေသည်။

မင်းတို့အား ၅-ပါး

တိုင်းနိုင်ငံကို အုပ်ချုပ်၍ မင်းလုပ်သူတို့၌ ရှိထားရမည့် ဗလငါးပါးကို ဆိုသည်။
(၁) ဗာဟု ဗလ- လက်ရုံး, လက်နက်, စစ်သည်အင်အား၊
(၂) ဘောဂ ဗလ-စားနပ်ရိက္ခာ ရွှေ ငွေ ရတနာ ဆင်မြင်းဥစ္စာအား၊
(၃) အမစ္စ ဗလ- အမတ် လိမ်မာများ အင်အား၊
(၄) အဘိဇစ္စ ဗလ-အမျိုးမြတ် သန့်ရှင်းခြင်းအား၊
(၅) ပညာ ဗလ-ဉာဏ် ပညာရှိခြင်း အင်အား။

မင်းတို့ဆင်ရာ၊ ရတနာ၊ ၉-ဖြာ နဝရတ်

ဤ၌ ကာမဏ္ဍကီကျမ်းလာ မင်းတို့ ကျင့်သုံးလိုက်နာ ဆောင်ရွက်ရမြဲ ဖြစ်သော တိုင်းပြည်ရတနာ ကိုးပါးကို ဆိုသည်၊ ၎င်းအဖြေ (တိုင်းပြည်ရတနာ၊ ပြည့်စုံစွာ၊ ၉-ဖြာ နဝရတ်) ဟူသော သရုပ်၌ ရှုပါ။

မင်းတို့ မမေ့အပ်သော အရပ်မျိုး ၃-ပါး

ဘုရင်မင်းမြတ်နှင့် အစိုးရတို့ မမေ့အပ်သော အရပ် ၃-ပါး၊ တိကနိပါတ် အင်္ဂုတ္တိုရ်၌ ဟောသည်။
(၁) အဘိဇာတ ဌာန-မွေးဖွားရာ အရပ်၊
(၂) အဘိသေက ဌာန-ဘိသိက်ခံရာ, သစ္စာခံယူရာ အရပ်၊
(၃) ဇယ ဌာန-ရန်အောင်ရာ အရပ်။

မင်းတိုင်း ၁၂-မှု

ဤ၌ “မင်းတိုင်း“ဆိုသည်ကား ဘုရင်မင်းမြတ်တို့ကောက်ယူသော အခွန်အတုတ်ကို ဆိုသည်၊ ယင်းအခွန်အတုတ်ကို အောက်ပါပစ္စည်းတို့ အပေါ်၌ ကောက်ခံလေ့ရှိသည်။
(၁) တမာဆေး၊
(၂) လျှော်၊
(၃) အုံတုံခေါက်၊
(၄) ဥသျှစ်သီး၊
(၅) တင်လဲ၊
(၆) မရိုးမီးသွေး၊
(၇) စာရေးရန်ထန်းဖူး၊
(၈) မန်ကျည်းမှည့်၊
(၉) ရေနံ၊
(၁၀) အင်တွဲ၊
(၁၁) လဲဝါ၊
(၁၂) ကျွဲကော်၊
ယင်းအခွန်အတုတ်တို့မှ ဇာတ်တော် စင်တော်ကြီးသားများနှင့် အခြားအမှုထမ်း အရာထမ်းများကို
လွတ်ငြိမ်းချမ်းသာခွင့် ပေးလေ့ရှိသည်။

မင်းပေါင်း ၁၀-ပါးဆေး

၎င်းကိုလောကီသဗ္ဗသိဒ္ဓိသျှို ဆေးကြီးဟူ၍၎င်း၊ တတိယ သူရဿတီဆေး ဟူ၍၎င်း အဆိုရှိသည်။
(၁) ဗြဟ္မမင်း-ဆေးဥတလုံး၊
(၂) သိကြားမင်း-နနွင်းမင်း၊
(၃) ပိဿနိုးမင်း-ငွေပန်းမင်း၊
(၄) စကြဝတေးမင်း-တိလင်္ကသာ၊
(၅)မိုးမင်း-ဂမုံးရွှေဝါကြီး၊
(၆) လေမင်း-ဂမုံးရွှေဝါငယ်၊
(၇) ဂုံမင်း-ဂုံမင်းပင်၊
(၈) သက်ငယ်မင်း-သမန်းမြက်၊
(၉) လမင်း-ဂမုံးလဝင်း၊
(၁၀) ကျက်သရေမင်း-ဂမုံးပေါင်း၊ ဂမုံးကျက်သရေဆောင်လည်းဟူ၏၊
၎င်းတို့ကိုပေါင်း၍ မင်းမြောက်တန်ဆာ ငါးပါးနှင့်ပြင် “ဥံ သဗ္ဗရာဇာ ပီယံမမ“ဟူသော
မန္တန်နှင့် (၁၀၀၀-စုတ်၊ သမ္ဗုဒ္ဓေ ၁၀၈-စုတ်) စကြဝတေးမင်းပုံ ထု၍ဆောင်၊ အကျိုးအနန္တ ဟူ၏။

မင်းပေါင်း ၁၀၁-ပါး

ဤ၌ တရာ့တပါးသော ထီးဆောင်းမင်းတို့၏ အမည်ကို ဇမ္ဗုတံဆိပ်ကျမ်းလာ လူမျိုး တရာ့တပါးကို အကြောင်းပြု၍ ကိုယ့်လူမျိုးနှင့် ကိုယ့်မင်းဖြစ်ရကား မင်းမျိုးပေါင်း “ရာ့ တပါး”ဟုဆိုလိုရိပ်ရှိသည်။

မင်းမျိုးအပြား၊ ၇-ပါး၊ ခွဲခြား ဝေဘန်သိ

ဤ၌ မင်းဟူသော မြန်မာအဘိဓာန်ပုဒ်သည် စကြာမင်းမှ စ၍ ရွာစား ရွာသူကြီး တိုင်အောင် သက်ဆိုင်လေရကား ဝိနည်းပါဠိတော် အဋ္ဌကထာတို့၌လာသည့် မင်းမျိုး ၇-ပါး အပြားကို သိထားရာ၏။
(၁) ပထဗျာ ရာဇာ-မြေအလုံးစုံကို အစိုးရသည့် စကြာမင်းကဲ့သို့သော မင်း၊
(၂) ပဒေသရာဇာ- တခုသောကျွန်းတွင် တစိတ်တဒေသကို အစိုးရသောမင်း၊
(၃) မဏ္ဍလိက ရာဇာ- ကျွန်းတခုတွင် တမြို့နှစ်မြို့ကို စားရသောမင်း၊
(၄) အန္တရ ဘောတိကာ ရာဇာ- မင်းနှစ်ပါးတို့အကြားတွင် နှစ်ရွာ သုံးရွာ၏ အရှင်ဖြစ်သောမင်း၊
(၅) အက္ခဒဿ ရာဇာ-ဓမ္မသဘင်ရုံးတော်၌နေ၍ အပြစ်အားလျော်စွာ လက်ခြေ စသည် ဖြတ်၍ ဆုံးမတတ်သော တရားစီရင်ရသည့် တရားသူကြီးမင်း၊
(၆) မဟာမတ္တရာဇာ-ထိုထို ရွာ နိဂုံးစသည်တို့၌ နေ၍ မင်း၏ကိစ္စတို့ကိုပြုလုပ်ဆောင်ရွက်တတ်သော ဘုရင်ခံ၏ ရာထူးဌာနရှိသူ အမတ်ကြီးမင်း၊
(၇) ယေဝါ ပန ရာဇာ-မင်းတို့ကို အမှီပြု၍ ၎င်း၊ မိမိ၏ ဝီရိယကို အမှီပြု၍၎င်း သတ်ဖြတ်ခွဲစိတ်ခြင်းကို ပြုလုပ်စီရင်တတ်သောမင်း။
မှတ်ချက်။ ။ဤ ဘော်ပြပါ မင်းတို့တွင် “ရဟန်းမှာ သိက္ခာ၊ မင်းမှာ ဘိသိက်“ဟု ဓညဝတီအရေးတော်ပုံ စကားကျမ်းတို့၌ ဆိုသောကြောင့် ထီးဖြူဆောင်းခြင်း စသော မင်းမြောက်တန်ဆာ ငါးပါးတို့ကို ဆင်ယင် သုံးစွဲလျက် သုံးပါးသော ရာဇာဘိသိက်ကို ခံသောမင်းကိုသာ မင်းဟူ၍ ယူသင့်သည်၊ သို့ရာတွင် ရာဇဝင်၏ အရာ၌သာ မင်းမြောက်တန်ဆာနှင့် ရာဇဘိသိက်ခံသောမင်းကို မင်းဟု ယူရသည်၊ အခြား နေရာတို့၌ကား မင်းတိုင်းလည်း အဘိသိက် ခံသည် မဟုတ်သောကြောင့် သင့်သလို ယူကြကုန်။

မင်းမျိုးစိုးနွယ်၊ ဆင်စလွယ်၊ ၈-သွယ် မျိုးအပြား

ရာထူးဂုဏ်ရည်အလိုက် ခြားနားကာ စလွယ်မျိုး ရှစ်ပါး ထားရှိကြောင်းနှင့် သိရ၏။
(၁) ဘုရင်မင်းမြတ်များကား ၂၄-သွယ်ရှိ စလွယ်ကိုသာ ဆင်မြန်းကြသည်၊
(၂) ဥပရာဇာတို့က ၂၁-သွယ်ဆင်သည်၊
(၃) မင်းညီမင်းသားတို့က ၁၈-သွယ်ဆင်သည်၊
(၄) မဟာမျိုးနွယ်တို့ကား ၁၅-သွယ်ရသည်၊
(၅) အဂ္ဂမဟာ သေနာပတိ တို့ကား ၁၂-သွယ်ဆင်ရသည်၊
(၆) မှူးမတ်ကြီးတို့ကား ကိုးသွယ်ဆင်ရသည်၊
(၇) မှူးမတ်လတ်တို့ကား ၆-သွယ်ရ၏၊
(၈) မှူးမတ်ငယ်တို့ကား ၃-သွယ်သာ ရသည်ဟူ၏။

မင်းမြောက်တန်ဆာ ၅-ပါး

ဝိ၊ဋ္ဌ၊၁၊၅၆။ ဘုရင်မင်းမြတ်တို့၏ အဆောင်အယောင်တော် ၅-ပါး။
(၁) ခဂ္ဂ-သန်လျက်၊
(၂) ဆတ္တ-ထီးဖြူ၊
(၃) ဥဏှီသ-သင်းကျစ်၊
(၄) သုဝဏ္ဏ ပါဒုက- ရွှေခြေနင်း၊
(၅) ဝါဠ ဗီဇန-သားမြီးယပ်။

မစည်ကားအပ်သော အရပ်မျိုး ၃-ပါး

မင်းစိုးရာဇာနှင့် တိုင်းသူပြည်သားတို့ တရားမစောင့် ကောက်ကျစ်စဉ်းလဲသော အခါမျိုး၌ အောက်ဖေါ်ပြပါ နေရာသုံးပါးတွင် လူစည်ကား၏။
(၁) ဝိနိစ္ဆယ သာလာ- တရားစီရင်ရာ ရုံးတော်၊
(၂) သုသာန-သုသာန် သင်းချိုင်း၊
(၃) ဗန္ဓနာ ဂါရ-လူဆိုးတို့ကို ချုတ်နှောင်ရာ ထောင်။

မစ္ဆရိယတရား ၅-ပါး

အံ၊၂၊၁၂၂။ အံ၊ဋ္ဌ၊၃၊၄၅။ ဝန်တိုမှု မလိုမုန်းထားခြင်း မျိုး ငါးပါး။
(၁) အာဝါသ မစ္ဆရိယ- အိမ်, ကျောင်း, တိုက်တာ နေရာထိုင်ခင်းတို့၌ ဝန်တိုခြင်း၊
(၂) ကုလ မစ္ဆရိယ- မိမိဆွေမျိုး ဉာတိ တပည့်တကာ တကာမတို့ သူများထံ ဆက်ဆံပေါင်းသင်း ကြည်ညိုမှုကို ဝန်တိုခြင်း၊
(၃) လာဘ မစ္ဆရိယ- ပစ္စည်း လာဘ်လာဘ၌ ဝန်တိုခြင်း၊
(၄) ဝဏ္ဏ မစ္ဆရိယ- ကိုယ် အဆင်း, ဂုဏ်သတင်း၌ ဝန်တိုခြင်း၊
(၅) ဓမ္မ မစ္ဆရိယ- မိမိတတ်သိလိမ်မာသော အတတ်ပညာ၌ ဝန်တိုခြင်း။

မဇ္ဈိမခေါ်၊ ဒေသတော်၊ မှတ်သော်နယ်ခြား၊ ၅-မျိုးထားရှင့်

ဘုရားရှင်တို့ပွင့်တော်မူရာ တောင်ကျွန်း၏ အလယ်ဗဟိုဌာန နယ်မြေသတ်မှတ်ချက် ငါးရပ်ကို ဆိုသည်။
(၁) အရှေ့လားသော် ဇင်္ဂလ နိဂုံး၊
(၂) အရှေ့တောင်လားသော် သလ္လဝတီမြစ်၊
(၃) တောင်လားသော် သေတကဏ္ဏိနိဂုံး၊
(၄) အနောက်လားသော် ထုနပုဏ္ဏားရွာ၊
(၅) မြောက်လားသော် ဥသိရဒ္ဓဇတောင်။
မှတ်ချက်။ ။ အဝန်းအကျယ် ယူဇနာ ကိုးရာရှိသည် ဟူ၏။

မဇ္ဈိမနိကာယ် ၃-ကျမ်း

၎င်းသရုပ်ကို (နိကာယ် ၅-ရပ်) [ခ] ပိုဒ်မှာကြည့်ပါ။