မာတိကာသို့ ခုန်သွားရန်

သုတေသနသရုပ်ပြအဘိဓာန်-ဒု

ဝီကီရင်းမြစ် မှ
5978သုတေသနသရုပ်ပြအဘိဓာန်-ဒု — ဖျာပုံတိုက်သစ်ဆရာတောာ် အရှင်ဩဘာသာဘိဝံသ

မတင့်တယ်ရာသည်မျိုး ၄-ပါး

ဤ၌ မှတ်ကျက်လွယ်ကူရန် စာဏကျပျို့မှ ထုတ်ပြလိုက်သည်။
(၁) အဝတ်မပါ၊ ဆင်တန်ဆာကား၊ သပြာလူနှိုက်၊ တသိန်းထိုက်လည်း၊ မကြိုက်စဘွယ်၊ မတင့်တယ်တည့်၊
(၂) ဆီထောပတ်များ၊ မပါငြားသည့်၊ စားအစာမှာ၊ ရသာမကြွယ်၊ မတင့်တယ်တည့်၊
(၃)ပျိုရွယ်လှစွာ၊ မယ်ကညာလည်း၊ ရင်မြွာနှစ်စုံ၊ ပန်းအငုံတို့၊ နွမ်းကျုံမလှ၊ လျော့လျည်းကျမူ၊ မိုးက သက်လာ၊ ဖြစ်တုံပါလည်း၊ အင်္ဂါချို့ငယ်၊ မတင့်တယ်တည့်၊
(၄) နက်ကျယ်လိမ်မာ၊ တတ်ပညာလျှင်၊ မပါကင်းဝေး၊ အသက်မွေးလည်း၊ သိမ်သေးမဖွယ်၊ မတင့်တယ်တည့်။

မတင့်တယ်သော အရာ ၃-မျိုး

ဇာ၊ဋ္ဌ၊၁၊၃၂၅။
(၁) ရေမရှိသော မြစ်၊
(၂) မင်းမရှိသော တိုင်းပြည်၊
(၃) လင်မရှိသော မိန်းမ။

မတင်းတိမ် မရောင့်ရဲနိုင်သော အရာကြီး ၃-မျိုး

၎င်းသရုပ် (မရောင့်ရဲ မတင်းတိမ်နိုင်သော အရာကြီး ၃-မျိုး)၌ ရှုပါ။

မတားမြစ်အပ်သော အရာမျိုး ၅-ပါး

အန္တရာယ်ပြုစေ၍ လောကရေးအားဖြင့် ခွင့်ပေးရသည်။
(၁) ကျင်ကြီး စွန့်လိုခြင်း၊
(၂) ကျင်ငယ်စွန့်လိုခြင်း၊
(၃) လေ သက်လိုခြင်း၊
(၄) ငတ်မွတ် ဆာလောင်၍ စားလိုခြင်း၊
(၅) အိပ်လိုခြင်း။

မတိုင်ပင်အပ်သူမျိုး ၈-ယောက်

မိလိန္ဒ၊၉၉။ထိုသူတို့နှင့်တိုင်ပင်သော် အကျိုးစီးပွားပျက်တတ်သည်ဟူ၏၊ စပ်တူစပ်ဖက်မလုပ်ရာ။
(၁) ရာဂစရိတ- ရာဂထူပြောသူ၊
(၂) ဒေါသ စရိတ- ဒေါသအမျက် ထွက်လွယ်တတ်သူ၊
(၃) မောဟ စရိတ- မိုက်မဲ တွေဝေသူ၊ အကြံတုံး, ဉာဏ်တုံးသူ၊
(၄) မာန စရိတ- မာန်မာနကြီးသူ၊ လူမော် လူကြွား၊
(၅) လုဒ္ဓ- လောဘရမ္မက်ကြီးသူ၊
(၆) အလသ- ပျင်းရိသူ၊
(၇) ဧကစိန္တိ- တယောက်တည်း ကျိတ်၍ လုပ်တတ်သူ၊
(၈) ဗာလ- လူမိုက် လူရမ်း လူတစောက်ကန်း။

မတိုင်ပင်အပ်သော အရပ်မျိုး ၈-ပါး

မိလိန္ဒ၊၉၉-မှ။
(၁) ဝိသမ ဌာန-မညီမညွတ်သော အရပ်၊ အကျိုးဖရိုဖရဲဖြစ်တတ်၏။
(၂) သဘာယ ဌာန-ကပွဲသဘင် စသည့်အရပ်၊ တုန်လှုပ်၏၊ နှလုံးပူပန်၏၊
(၃) အတိ ဝါတ ဌာန-အလွန် လေထန်သော အရပ်၊ အသံကို နှိပ်စက်၏၊
(၄) ပတိ ဆန္န ဌာန-ဖုံးလွှမ်းသောအရပ်၊ သူတပါးနားထောင်တတ်၏၊
(၅) ဒေဝ ဌာန-နတ်နေရာ အရပ်၊ အကျိုးစီးပွား နှောင့်နှေးတတ်၏၊
(၆) ပထ ဌာန-ခရီးလမ်းအရပ်၊ စီးပွား မဖြစ်နိုင်၊
(၇) သင်္ဂါမ ဌာန-စစ်မြေပြင်အရပ်၊ တုန်လှုပ်တတ်၏၊
(၈) ဥဒက တိတ္ထ-ရေဆိပ် ရေခပ်ရာ အရပ်၊ ထင်ရှားပေါ်လွယ်တတ်၏။

မထေမဲ့မြင်ပြု ခံရသူမျိုး ၅-ယောက်

၎င်းသရုပ် (အထင်မြင်သေး ခံရသူမျိုး ၅-ယောက်)၌ ရှုပါ။

မထေမဲ့မြင်ပြုခြင်း ခံရတတ်သူ ၁၀-ယောက

မိလိန္ဒ၊၂၈၅-၌ အကျယ်ရှု။
(၁) လင်ကွာ လင်သေ မိန်းမ၊
(၂) အင်အားဗလနည်းသူ၊
(၃) ဆွေမျိုး မိတ္တ ကင်းမဲ့သူ၊
(၄) အစားအသောက် ကြီးသူ၊
(၅) မကောင်း ယုတ်မာသော မိတ်ဆွေနှင့် ပေါင်းသူ၊
(၆) ပစ္စည်းဥစ္စာမရှိသူ၊
(၇) ကိုယ်ကျင့်သီလ မရှိသူ၊
(၈) ကိစ္စကြီးငယ်၌ မေ့လျော့တတ်သူ၊
(၉) အနာရောဂါ ထူပြောသူ၊
(၁၀) ဝီရိယမရှိ အပျင်းထူသူ။

မန္တလေးမြို့တည်၊ ၇-လီ၊ စုံညီ တပြိုင်နက်

သက္ကရာဇ် ၁၂၂၁-ခုနှစ် (အုတ်ကျစ်ကျော်ဧ, မန္တလေး)၌ မန္တလေးရတနာပုံ နေပြည်တော်ကြီးကို တည်ထောင် ဖန်ဆင်းသောအခါ “မြို့တော်, ကျုံးတော်, စေတီတော်, သိမ်တော်, ကျောင်းတော်, ပိဋကတ်တိုက်တော်, သုဓမ္မာဇရပ်တော်“၎င်းခုနှစ်ဌာနတို့ကို တပြိုင်နက်တည်း အုဌ်မြစ်ချ၍ တည်ဆောက်သည် ဟူ၏။

မန်းအောင်မြေချာ၊ လောင်းမြတ်စွာ၊ ၆-ခါ ဇာတ်ဘဝ

အလောင်းတော်မြတ် နုစဉ်အခါဝယ် မန္တလေးတောင်ခြေ အောင်မြေအရပ်၌ “ခြင်္သေ့မင်း, ဆင်မင်း, ဆတ်မင်း, ငုံးမင်း, ဖွတ်မင်း, မုဆိုးသား“ဟူသောဇာတ်ဘဝတို့ဖြင့် ကျင်လည်ကျက်စားခဲ့ဘူးကြောင်းများဖြင့် ကဝိလက္ခဏာဒီပနီကျမ်းနိဒါန်း၌ မိန့်ဆိုထားလေသည်။

မန်းမြို့တော်တည်၊ ၇-လီ၊ တူညီ ပန္နက်ချ

ပဉ္စမသင်္ဂါယနာတင် မင်းတုန်းမင်းတရားကြီးသည် ၁၂၂၁-ခုနှစ် မန္တလေး နန်းမြို့တော်သစ်ကြီး တည်ဆောက်သောအခါ။
(၁) မြို့တော်၊
(၂) ကျုံးတော်၊
(၃) လောကမာရဇိန် စေတီတော်၊
(၄) သိမ်တော်ကြီး၊
(၅) သုဓမ္မာဇရပ်တော်ကြီးများ၊
(၆) အတုလဝေယန် ကျောင်းတော်ကြီး၊
(၇) ပိဋကတိုက်တော်၊
ဤ ၇-ဌာနကို ရွှေမြို့တော်တည်သည်နှင့် တပြိုင်နက် တချိန်တည်း ပန္နက်ချကာ တည်တော်မူခဲ့လေသည် ဟူ၏။

မနသိကာရတရား ၂-ပါး

သံ၊၃၊၇၆-၌ အကျယ်ရှုပါ။
(၁) ယောနိသော မနသိကာရ- ပညာဉာဏ်နှင့်ယှဉ်၍ အမှန်တရားများကို အမှန်အတိုင်း ရှုမှတ်သိမြင်ခြင်း၊
(၂) အယောနိသော မနသိကာရ- အမှန်တရားကို အမှားဖြင့် သိမြင်ကြည့်ရှု မှတ်သားလျက် ထိုအမှားတရားစုကိုပင် အမှန်ဟု မှတ်ယူစွဲသိနေခြင်း။

မနသိကာရမျိုး ၃-ပါး၊ တနည်း

၎င်း သုံးပါးကား အာရုံ, ဝီထိ, ဇော တို့၏ သဘောမျှဖြစ်၍ အနုစိတ်ကို အင်္ကုရဋီကာ၌ ရှုလေ။

မနေအပ်သော အရပ်မျိုး ၅-ပါး

ဤ၌ ကျက်မှတ်ရလွယ်ကူစေရန် စာဏကျပျို့မှ ထုတ်ပြလိုက်သည်၊ မနေအပ်ရာ အရပ်မှာကား။
(၁) ဥစ္စာစုဝေး၊ မြတ်သေဌေးနှင့်၊
(၂) ဆေးကုလိမ်မာ၊ ဆေးဆရာတည့်၊
(၃) စုံလာ ဆယ်အင်၊ ရှင်ဘုရင်ဟု၊
(၄) ရေလျှင်တည်ကြောင်း၊ မြစ်နှင့်ချောင်းတည့်၊
(၅) မကောင်း,ကောင်းသော၊ အတတ်ဟောသည့်၊
သဘောမြင့်မြတ်၊ ဗေဒင်တတ်ဟု၊ လျောက်ပတ်ဘွယ်ရာ၊
ဤငါးဖြာတို့၊ ကင်းကွာမဲ့ထ၊ ရပ်ဒေသကား၊ မုချဆတ်ဆတ်၊ မနေအပ်တည့်။
မှတ်ချက်။ ။အမှတ် ၄-အရ ရထားသင်္ဘောလမ်း မဲ့ကိုယူ၊ ဟိတောပဒေ၌ ၄-ပါးလာ၏။

မနောကံ ၃-ပါး၊ မနောဒုစရိုက် ၃-ပါး

၎င်း၏ သရုပ်ကို(ဒုစရိုက်ဆယ်ပါး)မှာ ထင်ရှားစွာပြခဲ့ပြီ။

မပေးလှူအပ်သော ဒါနမျိုး ၅-ပါး

အပြစ်ရှိသော အကုသိုလ်အလှူမျိုး ၅-ပါး ဟူ၏။ ဝိ၊၅၊၂၃၁။ ဝိ၊ဋ္ဌ၊၄၊၁၇၃-၌ အကျယ်ရှုပါ။ ၎င်း၏အကျိုးဖလကား အပါယ်လားကြောင်း
သာဖြစ်၍ “အပါယ ဂမနိက ဒါန”မျိုး ငါးပါး ဟူ၍လည်း ပိဋကတော်၌ လာရှိသည်၊ အဆိုအတီး ပွဲသဘင်ပါသော အလှူ့ရှင်များ သတိထားကြစေရာ။
(၁) မဇ္ဇဒါန-သေရည်, အရက်, ဘိန်းစသည် ယစ်မျိုးအလှူ၊
(၂) သမဇ္ဇ ဒါန- ဇာတ်, ရုပ်သေး, အငြိမ့်စသော အဆိုအတီး ကချေသည် သဘင်အလှူ၊
(၃) ဣတ္ထိဒါန-ကာမမှုအတွက် အလိုဖြည့်ကြစေရန် မိန်းမအလှူ၊
(၄) ဥသဘ ဒါန-နွားမတို့ အလယ်၌ ထယ်ဝါခန့်ညားသော နွားလား နွားသိုးကြီးတို့ကို ပေးလှူခြင်း၊
(၅) စိတ္တ ကမ္မ ဒါန-ကြည့်လိုက်လျှင် ကာမဂုဏ်စိတ်တွေ တဖွားဖွားဖြစ်လာနိုင်အောင် ဆန်းကြယ်လှပစွာ ပြုစုရေးသားထားသော သုခုမ အနုပညာ ပန်းချီကားချပ်များ။

မပေးလှူအပ်သော ဒါနမျိုး ၁၀-ပါး

၎င်း သရုပ်ကို (အပါယ်လားကြောင်း အလှူမျိုး ၁၀-ပါး)၌ ပြပြီးပြီ။

မမေ့နိုင်ခြင်းအကြောင်း ၁၆-ပါး

၎င်းသရုပ်ကို (သတိရခြင်း၏ အကြောင်း ၁၆-ပါး)၌ ရှုပါလေ။

မယ်ကမ္ဘာခေါ်၊ မိန်းမကျော်၊ ၄-ဘော် ကျမ်းဂန်ထွက်

၎င်း သရုပ် (တော်ဝင်သူ ၄-ယောက်) ဟူသော သုတေသန၌ ဆိုခဲ့ပြီ။

မယ်ဘွဲ့ရွေးချယ်၊ လှနတ်မယ်၊ ၆-သွယ် အင်္ဂါစစ်

ထိုထို မြို့, ရွာ, တိုင်း, နယ်တို့၌ အလှမယ် ရွေးကာ ဘွဲ့ပေးကြရာတွင် ရှေးဦးစွာ အလှလက္ခဏာ ၆-ပါးကို စီစစ်ရမည် ဟူ၏၊ ၎င်း သရုပ်( အပြစ် ၆-ပါး၊ ကင်းစင်ငြား၊ လှထွား ပျိုသူဇာ) ၌ ဆိုခဲ့ပြီ။

မယား ၅-ပါး၊ ပယ်စွန့်ထား၊ မိန့်ကြား ဓမ္မသတ်

ကွာစွန့်အပ်သော မယား ငါးပါးဟူ၏၊ ရှေ့ ၃-ပါးကို မကွာလိုကလည်း နေနိုင်သည်၊ ကဝိလက္ခဏာဒီပနီကျမ်းမှ။
(၁) မြုံသောမယား၊ ရှစ်နှစ် ငံ့စောင့်ရမည်၊
(၂) သ္မီးမိန်းမသာ ဖွားသောမယား၊ ရှစ်ယောက် ဆယ်ယောက်အထိ မွေးအောင် စောင့်ငံ့ရမည်၊
(၃) နူသောမယား၊ ကွာလိုက ကွာစေ၊
(၄) လင်စောင် မျောက်မ ထားသော မယား၊
(၅) အမျိုးတို့၏ အကျင့်တရားကဖျက်သော မယား။

မယား အပြား ၇-ပါး

အံ၊၂၊၄၆၆။ အံ၊ဋ္ဌ၊၃၊၁၇၇။ ဇာတက၊၁၊၇၈။ ဇာ၊ဋ္ဌ၊၂၊၃၁၃-တို့၌ အကျယ်ရှုပါ။ ၎င်းသရုပ်ကို မဃဒေဝ လင်္ကာစကားရပ်ဖြင့် သိရာ၏။ “မယားခုနှစ်မျိုး၊ ရှိမြဲရိုးတွင်၊ သူခိုးအရှင်၊ လူသတ်သွင်သို့၊ အကြင်မယား၊ လား၏ငရဲ၊ အမြဲမှတ်ဘိ၊ အမိတမျှ၊ နှမ မယွန်း၊ ခင်ပွန်းတသွယ်၊ ကျွန်နှယ်လေးဖြာ၊ မယားမှာကား၊ နိမ္မာနတ်ပြည်၊ လားမြဲမည်၏၊ ယင်းသည်လေးသွယ်၊ မယားဝယ်လည်း၊ ကျွန်နှယ်အလား၊ ထိုမယားမူ၊ ယောက်ျားဆုပန်၊ နိဗ္ဗာန်ဆုကောင်း၊ တောင်းကမလွတ်၊ မချွတ်တူတည်၊ ပြည့်မြဲမည်၏”။

မယားအရာ၊ မြောက်ကြောင်းမှာ၊ ၁၀-ဖြာ ကျမ်းအထွက်

ဓနက္ကိတာ ဒယော ဒသ ဘရိယာ“ဟူသော တေရသကဏ် ဋီကာပါဌ်အရ မယားအရာ မြောက်ခြင်း၏ အကြောင်း ဆယ်ပါးကို သိရာ၏၊ ၎င်းအကျယ်ကို (အုပ်ထိန်းခြင်းရှိသော မိန်းမ ၂၀) သရုပ်တွင် နံပါတ် ၁၁-မှ စ၍ကြည့်ရှုပါလေ။

မယားခိုး အပြား ၇-ပါး

မယားခိုးမှု စီရင်ရာ၌ မနုဓမ္မသတ်အလို အောက်ပါ ခုနှစ်ပါးကိုပြသည်။
(၁) ဟတ္ထဂ္ဂါဟ-လက်စသည်ကိုင်တွယ်သုံးသပ်ခြင်း၊
(၂) ဃရ ပတ္တ-လင်မရှိခိုက် အိမ်သို့ သွားယောက်ခြင်း၊
(၃) ဂုယှဋ္ဌာန-လုံခြုံသောအရပ်၌ ကာမနှင့်စပ်သော စကားတို့ကိုဆိုခြင်း၊
(၄) သလ္လာပ-ကာမဂုဏ်ဖြင့် ဖြောင်းဖြပြောဆိုခြင်း၊
(၅) သေနိ-တင်းတိမ်, ခြင်ထောင်တွင်းသို့ ဝင်ရောက်ခြင်း၊
(၆) ဒွါရ-တိုက်တံခါးအတွင်းသို့ ဝင်ရောက်ခြင်း၊
(၇) သေယျ-အိပ်ရာခန်းသို့ဝင်ရောက်ခြင်း။

မယားမြတ် ၈-ယောက်

လောကီကျမ်းလာ ဥပဒေသ။
(၁) ထမင်းစားသောအခါ မိခင်ကဲ့သို့ ဉပစုလုပ်ကျွေးတတ်သောမယား၊
(၂) လင်ကို အဝတ်အစား ဉပပြင်ဆင်ယင်၍ ပေးတတ်သောမယား၊
(၃) လင်ကို ပကတိအခါ၌ မောင်ကဲ့သို့ ရိုသေရှက်ကြောက်တတ်သောမယား၊
(၄) လင်ကို ကျွန်မသဖွယ် လုပ်ကျွေးတတ်သောမယား၊
(၅) ဘေးရန်ရှိသောအခါ အတိုင်အပင်ရသော မယား၊
(၆) ကာမကိစ္စ၌ လင်၏ မွေ့လျော်ဘွယ်ကို ဉပကျင့်တတ်သောမယား၊
(၇) အရောင်းအဆင်း၏ တင့်တယ်လှပခြင်းကို ဉပပြင် ဖီးလိမ်းတတ်သော မယား၊
(၈) လင်၏ အလို၌ သည်းခံနိုင်သော မယား။

မယားမြတ်တို့ အကျင့်လက္ခဏာ ၆-ပါး

မိန်းမမြတ်တို့ လိုက်နာ ဉပကျင့်ခြင်း အလေ့မြတ် ၆-ပါး ဟူ၏၊ မဟာသုဒဿနသုတ် ပါဠိတော်မှ။
(၁) ပုဗ္ဗုဋ္ဌာယီ-ရှေးဦးစွာ အိပ်ယာမှ ထလေ့ရှိခြင်း၊
(၂) ပစ္ဆာ နိပါတီ-နောက်မှ အိပ်လေ့ရှိခြင်း၊
(၃) ကိံကာရ ပဋိဿာဝိဏီ- ပြုလုပ်ပေးရန် လင့် အသံစကားကို အသင့်နာခံလေ့ရှိခြင်း၊
(၄) မနာပ စာရီ-နှစ်ခြိုက်ဘွယ်ကို ပြုလေ့ရှိခြင်း၊
(၅) ပိယ ဝါဒိနီ- ချစ်ဘွယ်စကားကို ဆိုလေ့ရှိခြင်း၊
(၆) မနာသာပိ နော အဘိစာရီ- ယောက်ျားတပါးကို စိတ်ဖြင့်မျှ မကြံစီ မလွန်ကျူး နေလေ့ရှိ၏။

မယားဝတ် ၅-ပါး

အိမ်ထောင်ရှင်ခေါ် မယားလုပ်သူတို့ ပြုကျင့်ရမည့် ဝတ်ငါးပါး။
(၁) အိမ်တွင်းမှု ပြုဘွယ်တို့ကို စေ့ငှစွာ ပြုလုပ်ရခြင်း၊
(၂) လင်ရှာ၍ ရသော ပစ္စည်းဥစ္စာကို စုဆောင်းမိအောင် သိမ်းတတ်ရခြင်း၊
(၃) မိမိလင်မှ တပါးယောက်ျားကို မတပ်မက် မနှစ်သက်ရခြင်း၊
(၄) မိမိဆွေမျိုး လင်၏ဆွေမျိုးတို့ကို လျော်သလို ပေးကမ်းဖြန့်ချီရခြင်း၊
(၅) အပျင်းမထူ အိမ်သူပြီလှစွာ နေထိုင်ရခြင်း။

မရဏတရား ၃-ပါး

ဝိသုဒ္ဓိ၊၁၊၂၂၂။
(၁) သမ္မုတိ မရဏ- မောင်ဖြူ သေပြီ၊ မကြူသေပြီ စသည်မျိုး၊
(၂) ခဏိက မရဏ-ရုပ်နာမ်ဓမ္မတို့ မပြတ် ပျက်စီးနေမှု၊
(၃) သမုစ္ဆေဒ မရဏ- ရုပ်နာမ်ဓမ္မတို့၏ နောက်ဆုံး ပျက်စီးခြင်း ပရိနိဗ္ဗာန။

မရိုသေတတ်သူမျိုး ၁၂-ယောက်

၎င်း သရုပ်ကို (ရိုသေထိုက်သူအား မရိုသေသူ ၁၂-ဦး)၌ ရှုပါ။

မရောင့်ရဲ မတင်းတိမ်နိုင်သော အရာကြီး ၃-မျိုး

မ၊ဋ္ဌ၊၂၊၄၅။ ဘယ်အခါမျှ ပေးလို့ ဖြည့်လို့ ဖို့လို့ပြည့်စုံအားရမှု မရှိနိုင် ဟူ၏။
(၁) အဂ္ဂိခန္ဓော- ဟုန်းဟုန်းလောင်ငြီး မီးပုံကြီး၊
(၂) သမုဒ္ဒေါ-သမုဒ္ဒရာ ပင်လယ်၊
(၃) မဟိစ္ဆော- အလိုလောဘ ကြီးမားလွန်းသူ။

မရောင်းကောင်းသော ကုန်စည်မျိုး ၅-ပါး

ဗုဒ္ဓဘာသာဝင်တို့ ရှောင်ကြဉ်ဖယ်ရှား အပြစ်ရသော ရောင်းကုန်ငါးပါး။
(၁) သတ္ထ ဝါဏိဇ္ဇ-အများသေကြောင်း လက်နက်ပေါင်း အမျိုးမျိုး၊
(၂) သတ္တ ဝါဏိဇ္ဇ-ဆင်, မြင်း, လူ စသော အစေခံ သတ္တဝါအပေါင်း၊
(၃) မံသ ဝါဏိဇ္ဇ-အသားစားကြောင်း, ကြက်, ငှက်, ဝက်, ငါး, စသော သားကောင်အပေါင်း၊
(၄) မဇ္ဇ ဝါဏိဇ္ဇ-သေရည်အရက်မျိုး ဟူသမျှ၊
(၅) ဝိသ ဝါဏိဇ္ဇ-အများသေကြောင်း အဆိပ်ပေါင်း ဟူသမျှ။

မရိုမသေ အပြုခံရသူ ၁၀-ယောက်

၎င်း သရုပ်ကို (မထေမဲ့မြင် အ ဉပခံရသူ ၁၀-ယောက်)၌ရှုပါ။
မရှက်ရာသည် ၄-ပါး

မလွှားရာသား၊ မျိုး ၁၀-ပါး၊ ကျမ်းကား အဘယ်နည်း

ဤ၌ “မလွှားရာသည်၊ ဆယ်ပါးမည်ကား“ဟူသော လင်္ကာဖြင့် စိန္တကျော်သူဦးဩရေး ဩဝါဒထူးပျို့တွင် တွေ့မြင်ဖတ်ရှုဘူး၏။

မ သတ်ကာရန်၊ ရေးထုံးမှန်၊ ၉-တန်မြန်မာမှု

ကာရန်ငယ် အသံမျိုး ၆၄-ပါးနှင့် ၃၆-ပါးသော ဌာနတို့တွင် ပါဝင်သည့်ဝေါဟာရ၊
အမ်, အမ့်, အမ်း,၊
အိမ်, အိမ့်, အိမ်း၊
အုမ်, အုမ့်, အုမ်း။
မှတ်ချက်။ ။များသောအားဖြင့် မ, သတ်နှင့် နိဂ္ဂဟိတ်ခေါ် သေးသေးတင်တို့ကား တူသော သတ်ပုံကာရန် ရှိကြ၏။

မသာ ချရာ၊ စျာပနာ၊ ၃-ဖြာ မျိုးအပြား

၎င်း သရုပ်ကို (စျာပနမျိုး ၃-ပါး) ဟူသော သုတေသန၌ ဆိုခဲ့ပြီ။

မသူတော် တရား၊ ၇-ပါး၊ ရှောင်ရှား တိုင်းပြည်သူ

သူယုတ်မာတို့၏ အကျင့်တရား ၇-ပါး၊ ခုဒ္ဒကဝတ္ထု ဝိဘင်းပါဠိတော်မှ။
(၁) အ သဒ္ဓေါ-သဒ္ဓါတရားမရှိ၊
(၂) အ ဟိရီကော- မကောင်းမှု၌ မရှက်တတ်၊
(၃) အနောတ္တပ္ပီ-ယုတ်မာမှု၌ မကြောက်တတ်၊
(၄) အပ္ပသုတော-အကြားအမြင်လိမ်မာမှုနည်း၏၊
(၅) ကုသိတော- ပျင်းရိ၏၊
(၆) မုဋ္ဌဿတိ- သတိမေ့၏၊
(၇)ဒုပညော-ပညာမရှိ။

မသေဘူးဆို၊ ၄-ပုဂ္ဂိုလ်၊ ဖြေဆိုမိန့်တော်မူ

၎င်းသရုပ်ကို (ပုဂ္ဂိုလ်မျိုးပြား ၁၂-ပါး)ဟူသော ပုစ္ဆာ၌ ဆိုခဲ့ပြီ။

မဟာလ္လတာ တန်ဆာမျိုး ၂-ပါး

မင်းမိဖုရား, ကတော်မြတ်, များ၏ ဝတ်ရုံတော် ၂-မျိုး၊ မဟာလ တာ, ဟုလည်း ခေါ်၏။
(၁) ဥက္ကဌ် ယကင်စိုက် မဟာလ္လတာ တန်ဆာမျိုး၊
(၂) မဟာလ္လတာ တန်ဆာရိုးရိုးတမျိုး။

မဟာကပ်ခေါ်၊ ၄-ဘော်အင်္ဂါ၊ ဖြေဆိုပါ

အောက်ပါ အသင်္ချေယျ ၄-ကပ်ကို မဟာကပ်၏ အင်္ဂါလေးပါးဟု သိရာ၏၊ ဤ အသင်္ချေယျ လေးကပ်တို့ကား အချိန်ကာလအားဖြင့် ညီမျှသော ပမာဏရှိကြကုန်၏၊ ဤလေးကပ်သည် မဟာကပ် တကပ်မည်၏။
(၁)သံဝဋ္ဋ အသင်္ချေယျကပ်-ကပ္ပါပျက်မိုဃ်းကြီး ရွာသည်ကစ၍ ကပ္ပါလောကဓာတ်ကြီးတခုလုံးဘာမျှမရှိ ဟင်းလင်းပြင်ကြီးဖြစ်သည် တိုင်အောင် ပျက်ဆဲကပ်ကာလ တမျိုး၊
(၂)သံဝဋ္ဋဋ္ဌာယီ အသင်္ချေယျကပ်-ဟင်းလင်းပြင်ကြီးဖြစ်သည် ကစ၍ ကပ္ပါပြုမိုဃ်းကြီး ရွာသည်တိုင်အောင် အပျက်ကြီးအတိုင်း တည်နေသော တည်ဆဲကပ်ကာလ တမျိုး၊
(၃) ဝိဝဋ္ဋ အသင်္ချေယျကပ်-ကပ္ပါပြုမိုဃ်းကြီး ရွာသည်ကစ၍ နေ, လ, နက္ခတ် ပေါ်သည်တိုင်အောင် ကပ္ပါဖြစ်ပြီး၍ တည်ဆဲကပ်ကာလ တမျိုး၊
(၄) ဝိဝဋ္ဋဋ္ဌာယီ အသင်္ချေယျကပ်- နေ, လ, နက္ခတ် ပေါ်သည်က စ၍ ကပ္ပါဖျက်မိုဃ်းကြီး ရွာသည်တိုင်အောင် တည်ဆဲကပ်ကာလ တမျိုး။

မဟာပဉ္စကူမျိုး ၅-ပါး

ဗိန္ဓောဆေးကျမ်း ဝေါဟာရ။
(၁) ဥသျှစ်မြစ်၊
(၂) သခွတ်မြစ်၊
(၃) ကြောင်လျှာမြစ်၊
(၄) ရမနေမြစ်၊
(၅) တပဆေးမြစ်၊
၎င်းအကျိုးကား လေကိုဖြောင့်စေ၏၊ ဝမ်းကို ကောင်းစေ၏၊ အပူကို ငြိမ်းစေတတ်၏။

မဟာပဒေသမျိုး ၄-ပါး

အကျယ်ဝန်းဆုံးသော တရား၏ တည်ရာ နည်းဥပဒေကြီး လေးပါး၊ သို့မဟုတ် ကြီးမြတ်သော ပုဂ္ဂိုလ်များအား ညွှန်ကြားချက်၊ သာသနာတော်၌ အမှုဖြစ်ပွားလာလျှင် ယင်းလေးပါးဖြင့် ညွှန်ကြားဆိုပြောတိုင်း လက်မခံ အတည်မပြုရ၊ ဟုတ် မဟုတ် စီစစ်ညှိနှိုင်းပြီးမှ ဆုံးဖြတ်ရမည် ဟူ၏။
(၁) ဗုဒ္ဓေါပဒေသ-ဘုရားထံမှ ကြားနာရသော တရားဟု ဘုရားအား ညွှန်ကြားခြင်း။
(၂) သံဃာပဒေသ-သံဃာထံမှ ကြားနာမှတ်သားရသော တရားဟု သံဃာအား ညွှန်ကြားခြင်း။
(၃) သမ္ဗဟုလာ ထေရာပဒေသ-ဂိုဏ်းထံမှ ကြားနာမှတ်သားရသော တရားဟု ဂိုဏ်းအား ညွှန်ကြားခြင်း။
(၄) ဧက ထေရာပဒေသ-သက်ဝင်ယုံကြည် ခုံတည်ထိုက်သော ထေရ်ကြီးတပါးထံမှ ကြားနာမှတ်သားရသော တရားဟု ပုဂ္ဂိုလ်အား ညွှန်ကြားခြင်း။ ဤကား သုတ်မဟာဝါ အလို။

မဟာပဒေသမျိုး ၄-ပါး၊ တနည်း

ဝိနည်း မဟာဝါ အဋ္ဌကထာ။
(၁) အပဋိက္ခိတ္တ အကပ္ပိယ- မပယ်မြစ်ခဲ့သော မအပ်သောဝတ္ထု။
(၂) အပဋိက္ခိတ္တ ကပ္ပိယ- မပယ်မြစ်ခဲ့သော အပ်သောဝတ္ထု။
(၃) အန နုညာတ အကပ္ပိယ- ခွင့်မပြုခဲ့သော မအပ်သောဝတ္ထု။
(၄) အန နုညာတ ကပ္ပိယ- ခွင့်မပြုခဲ့သော အပ်သောဝတ္ထု။

မဟာပဒေသမျိုး ၄-ပါး၊ တနည်း

ဒီ၊ဋ္ဌ၊၂၊
(၁) သုတ္တ- ဘုရားဟော သံဂါယနာဝင် ပါဠိတော်များ၊
(၂) သုတ္တာနုလောမ- အဋ္ဌကထာဋီကာများ၊
(၃) အာစရိယဝါဒ- ဆရာသမားတို့၏ ခိုင်လုံသော အယူအဆ၊
(၄) အတ္တနော မတိ- မိမိ၏ ဟုတ်မှန်စွာ ဝေဘန်ယူဆမှုသဘော။

မဟာပုရိသ လက္ခဏာတော် ၃၂-ပါး

၎င်းသရုပ်ကို (လက္ခဏာတော်ကြီး ၃၂-ပါး)၌ ရှုပါလေ။

မဟာဘိညာပတ္တ ပုဂ္ဂိုလ် ၄-ပါး

တစ်သင်္ချေနှင့် ကမ္ဘာတသိန်းအတွင်း ဆင်ခြင်အောက်မေ့ သိမြင်နိုင်သော တန်ခိုးရှင်ပုဂ္ဂိုလ်ကြီး၄-ပါး၊ ဘုရားတဆူ၌ ၄-ဦးစီသာ ပေါ်သည်၊ ငါတို့ဘုရား လက်ထက်တော်၌ အရှင်သာရိပုတ္တရာ, အရှင်မောဂ္ဂလာန်, ဘဒ္ဒကစ္စနာထေရီခေါ် ယသောဓရာ, အရှင်ဗာကုလမထေရ်တို့ဖြစ်ကြ၏၊ ဧကင်္ဂုတ္တရ အဋ္ဌကထာ ၂၈၉၊ အခြားသော တန်ခိုးကြီး ပုဂ္ဂိုလ်တို့ကား ကမ္ဘာတသိန်းသာ သိမြင်နိုင်ကြသည်။

မဟာဘုတ်ကြီး ၄-ပါး

အကြောင်းညီညွတ်က ကြီးကျယ်ပွားများခြင်းသို့ ရောက်အောင်စွမ်းဆောင်နိုင်သော သတ္တိရှိသည့် ရုပ်ဓာတ်ကြီး ၄-ပါးကိုခေါ်ဆိုသည်။
(၁) ပထဝီခေါ် မြေဓာတ်- အလုံးစုံသောရုပ်ဟူသမျှတို့၏ ထောက်တည်ဖွဲ့စည်း လောင်မြိုက်ရာဝတ္ထု၊ ခက်မာသော သဘောလက္ခဏာ ကလေး၊
(၂) အာပေါခေါ် ရေဓာတ်-ပြန့်နှံ့ဖွဲ့စည်းတတ်သော သဘောလက္ခဏာ ကလေး၊
(၃) တေဇောခေါ် မီးဓာတ်-အငွေ့၏အဖြစ် သဘောလက္ခဏာ ကလေး ပူ ဧမှု၊
(၄) ဝါယောခေါ် လေဓာတ်-တုန်လှုပ် ရွေ့ရှား ထောက်ကန်ခြင်း သဘောလက္ခဏာ ကလေး။

မဟာလတာ၊ ဆင်တန်ဆာ၊ ၂-ဖြာ မျိုးခွဲသိ

၎င်းသရုပ် အဓိပ္ပါယ်ကို (မဟလ္လတာမျိုး ၂-ပါး)၌ ပြခဲ့ပြီ။

မဟာလတာ၊ ဆင်မြန်းကာ၊ ၃-ဖြာ မိန်းမမြတ်

ဓမ္မ၊ဋ္ဌ၊၁၊၂၆၀။ ဗုဒ္ဓသာသနာတော်အတွင်း လူ့နယ်မြေပြင်၌ မဟာလတာ တန်ဆာကို ဆင်မြန်းရသူ သုံးယောက်သာရှိ၏။
(၁) ဝိသာခါ သူဌေးသမီး၊
(၂) ဗန္ဓုလစစ်ဗိုလ်ချုပ်ကြီးကတော် မလ္လိကာ၊
(၃) ဗာရာဏသီ သူဌေးသမီး။
မှတ်ချက်။ ။ ဆင်ပြောင်ငါးစီးအား ဆောင်နိုင်သူတို့သာ ယင်းတန်ဆာကို ဝတ်ရုံဆင်မြန်းနိုင်သည် ဟူ၏။

မဟာသာလမျိုး ၃-ပါး

ဒီ၊၂၊၁၂၁။ ဒီ၊ဋ္ဌ၊၂၊၁၇၈။ ဥစ္စာအနှစ်နှင့် ပေါများပြည့်စုံသော သူဋ္ဌေးကြီးများ၏ အမျိုးအပြား။
(၁) ခတ္တိယ မဟာသာလမျိုး- မိမိတို့ သုံးသည်ထက် ပိုနေသော ငွေကုဋေ ရာ, ထောင်, မြေ၌မြှုပ်ထားရသည့် သူဋ္ဌေးကြီးများ၊
(၂) ဗြာဟ္မဏ မဟာသာလမျိုး- အပိုငွေ ကုဋေရှစ်ဆယ်အထက် မြေ၌မြှုပ်ထားရသည့် ဓနရှင်ကြီးများ၊
(၃) ဂဟပတိ မဟာသာလမျိုး- အပိုငွေ ကုဋေလေးဆယ်အထက် မြေ၌မြှုပ်ထားရသည့် ဓနရှင်ကြီးများ။

မဟာသာဝက ရှစ်ကျိပ်

၎င်းတို့၏ သရုပ် အမည်တော်များကို (လက်ျာတော်ရံ-လေးကျိပ်၊ လက်ဝဲတော်ရံ လေးကျိပ်)၌ ရှုပါ၊ ၎င်းတို့အကျယ်ကို အံ၊၁၊၂၃-မှ ၂၆။ အံ၊ဋ္ဌ၊၁၊၉၆- ၂၆၀။ အံ၊ဋီ၊၃၊၁၁၈-တို့၌ ကြည့်ပါ။
မှတ်ချက်။ ။ မဟာသာဝက အစစ်မှာ ၇၈-ပါးသာရှိ၏၊ အဂ္ဂသာဝက ၂-ပါးနှင့်မှ ရှစ်ကျိပ်ပြည့်သည်။

မာန်တက်ခြင်း မျိုး ၃-ပါး

အဘိ၊ဝိ၊၃၆၆။ အဘိ၊ဋ္ဌ၊၂၊၄၆၇-၌ အကျယ် ၉-ပါးရှု။ ငါတကားဟု ထောင်လွှားမှတ်ထင်တတ်သော အကြောင်း ၃-ပါး။
(၁) သေယျ မာန်- ဂုဏ်, ဇာတ်, ပညာ, ဥစ္စာ, အဆင်း, သားချင်း, ခြွေရံ စသည်အားဖြင့် သူ့ထက်မြတ်၏ဟု မှတ်ထင်ခြင်း၊
(၂) သဒိသ မာန်- ထိုထို ဂုဏ် သိရ် ဥစ္စာ စသည်၌ သင်းတို့နှင့်ငါ အတူတူသာဟု မှတ်ထင်တတ်ကြခြင်း၊
(၃) ဟီန မာန်- ငါက သင်းတို့အောက်က လူဖြစ်သော်လဲ ဘာ အရေးစိုက်ရမလဲဟု ထောင်လွှားမှုမျိုး။

မာန်တက်ခြင်း မျိုး ၃-ပါး၊ တနည်း

အထက် နည်းနှင့် သဘောတူ သဒ္ဒါကွဲမျှသာထူးသည်။
(၁) ဇာတိ မာန်-မျိုးဇာတ်ကို စွဲ၍ တက်ခြင်း၊
(၂) ဂေါတ္တ မာန်- အဆက်အနွယ်ကို စွဲ၍ တက်ခြင်း၊
(၃) ဣဿရိယ မာန်-အစိုးရမှု စည်းစိမ်ချမ်းသာမှုကို စွဲ၍ တက်ခြင်း။

မာန်တက်ခြင်း မျိုး ၉-ပါး

အထက်ပါ မာန်တက်ခြင်း ၃-ပါးတို့တွင် တပါး တပါး၌ ပဏီတမာန်, မဇ္ဈိမမာန်, ဟီနမာန်ဟု ၃-ပါးစီ ပြားပြန်ရကား မာန်တက်ခြင်း ၉-ပါးဖြစ်၏၊ ခုဒ္ဒကဝိဘင်း ပါဠိတော်။

မာန်ယစ်ခြင်း ၃-ပါး

မာန်မူခြင်း မာန်ယစ်မူးခြင်း၏ အကြောင်း ၃-ပါး။
(၁) အာရောဂျ မဒ-ရောဂါကင်းစင် ကျန်းမာခြင်းလျှင် မာန်ယစ်ခြင်း၊
(၂) ယောဗ္ဗန မဒ-အားအင်ဖြိုးကြွယ် အရွယ်၏လျောက်ပတ် တင့်တယ်ခြင်းဖြင့် မာန်ယစ်ခြင်း၊
(၃) ဇာတိ မဒ-မျိုးဇာတ် ဂုဏ်ရည်ကိုစွဲ၍ မာန်ယစ်ခြင်း။

မာနမျိုးပြား၊ ထို ၄-ပါး၊ မိန့်ကြား ကျမ်းဗေဒင်

မာသမျိုး ၄-ပါးကိုပင် အချို့ ဗေဒင်ကျမ်းတို့၌ “မာနမျိုး ၄-ပါး“ဟု ရေးသားခေါ်ဝေါ်ကြ၏၊ အနက်အဓိပ္ပါယ် အတူတူပင် မှတ်လေ။ အကျယ် (မာသ) ၌ ရှုပါ။

မာယာ ၃-ခွင်၊ အမြဲယှဉ်၊ ဘုရင် စစ်သူကြီး

၎င်း သရုပ် (စဉ်းလဲရခြင်းမျိုး ၃-ပါး) ၌ ရှုပါလေ။

မာယာ ၄၀၊ မှုမျိုးကြွယ်၊ ပျိုမယ်ဣတ္ထိယ

ဇာတက၊၂၊၁၂၁။ ဇာ၊ဋ္ဌ၊၅၊၄၆၇-နှင့် ၄၇၀။ ၄၇၁။ တို့၌ ရှုပါ။ မိန်းမတို့သည် မိမိတို့ကို တပ်နှစ်သက်စေရန် အတွက် ယောက်ျားတို့အပေါ်၌ လှည့်ပတ်ဖြားယောင်းခြင်းမျိုး ၄၀-ဟု အဓိပ္ပါယ်ရသည်။
(၁) ဝိဇမ္ဘတိ- ယောက်ျားကိုမြင်လျှင် ငါဤသို့ ပြုငြားအံ့၊ ငါ့အား တပ်နှစ်သက် လိမ့်မည်ဟု ယောက်ျားအပါး၌ ရပ်လျက် ကိုယ်လက်ဆန့်သော အမူအရာကို ပြု၏။
(၂) ဝိနမတိ- ဤငါပြုသောအမှတ်ဖြင့် အခွင့်ရသည် မရသည်ကို ယောက်ျားသိလိမ့်မည်ဟူ၍ မူလက ချိန်းချက်ထားသည်ဖြစ်စေ မထားသည်ဖြစ်စေ တစုံတခုသောဝတ္ထုကို မြေမှကြွအောင်ပြုသကဲ့သို့ မိမိ၏ကိုယ်လက်ကျောပြင်ကို မြင်အောင် ညွတ်ရောင်ပြု၏။
(၃) ဝိလာသတိ- သွား, လာ, အိပ်, ထိုင်, လျောင်းပုံတို့ဖြင့်၎င်း၊ သို့မဟုတ် အတင့်အတယ် တန်ဆာဆင်ခြင်းဖြင့်၎င်း၊ ယောက်ျားများစွဲမက်အောင် စံပယ်ပျောင်းပျသော အခြင်းအရာကို ပြ၏။
(၄) ဝိလဇ္ဇတိ-ရှက်စနိုးယောင်ပြုလျက် အဝတ်ဖြင့် ကိုယ်လက်ကို ဖုံးလွှမ်းခြင်း နံရံတိုင်စသည်တို့ကို မှီကပ်နေခြင်း စသည်ဖြင့် ရှက်ယောင်ဆောင်၏။
(၅) နခေန နခံ ဃဋ္ဋေတိ- ခြေသည်းကို ခြေသည်းချင်း၊ လက်သည်းကို လက်သည်းချင်း ခြစ်၍ လှည့်ဖြား၏။
(၆) ပါဒေန ပါဒံ အက္ကမတိ- ခြေဖွားတခုဖြင့် ခြေတခုကို နင်း၏။
(၇) ကဋ္ဌေန ဝိလေခတိ- သစ်သား တုတ်ချောင်းဖြင့် မြေကိုခြစ်ရေး၏။
(၈) ဒါရကံ ဥလ္လင်္ဃတိ- ကလေးသူငယ်ကို ချီ၍မြှောက်၏။
(၉) ဥလ္လင်္ဃာပေတိ- သူတပါးကို တိုက်တွန်း၍ သူငယ်ကို မြှောက်စေ၏။
(၁၀) သိင်္ဃတိ- သူငယ်ကိုနမ်း၏။
(၁၁) သိင်္ဃာပေတိ- မိမိကိုနမ်းခိုင်း၏။
(၁၂) ကိဠိတိ- သူငယ်ကို ကစား၏။
(၁၃) ကိဠာပေတိ- သူငယ်ကို ကစားစေ၏။
(၁၄) စုမ္ဗတိ- သူငယ်ကို ဖက်ယမ်း၏, စုတ်၏။
(၁၅) စုမ္ဗာပေတိ- သူငယ်ကို ဖက်ယမ်းစေ၏, စုတ်စေ၏။
(၁၆) ဘုဉ္ဇတိ- သူငယ်၏ မုံ့စသည်ကို ယူ၍စား၏။
(၁၇) ဘုဉ္ဇာပေတိ- သူငယ်ကို စားစေ၏။
(၁၈) ဒဒါတိ- သူငယ်အား တစုံတခုကို ပေး၏။
(၁၉) အာယာစတိ- တဖန်ပြန်၍ တောင်း၏။
(၂၀) အနု ကရောတိ- သူငယ်နှင့် အတူလိုက်၍ ပြု၏။
(၂၁) ဥစ္စံ ဘာသတိ- ယောက်ျားအား မြင့်သောအသံ နှစ်သက်ဖွယ်သော စကား ချီးမွမ်းသော စကားကို ဆို၏။
(၂၂) နိစ္စံဘာသတိ-ယောက်ျားအား ညှင်းညှင်းသောအသံ မနှစ်သက်ဖွယ်သောစကား, နှိမ့်ချသောစကားကိုဆို၏။
(၂၃) ဝိစ္စံ ဘာသတိပရိသတ်အလယ်၌သီချင်းစသည်ကို ထင်စွာဆို၏။
ပတိဝိစ္စံ ဘာသထိ-ဆိတ်ငြိမ်ရာ၌ ကခြင်း သီခြင်း စသည်ဖြင့်ဖြားယောင်း၍ပြောဆို၏။
(၂၄) နစ္စေန ဂီတေန ဝါဒိတေန ရောဒိတေန ဝိလာသိတေန ဝိဘူသိတေန ဇဂ္ဃတိ - ကခြင်း , တီးမှုတ်ခြင်း ငိုခြင်း စမ္ပယ်ခြင်း တန်ဆာခြင်း ပြင်းစွာရယ်ခြင်းဖြင့် နိမိတ်အမှတ်ကိုပြ၏။
(၂၅) ပေက္ခတိ-စောင်းငဲ့၍ ကြာ ကြည့် ကြည့်၏။
(၂၆) ကဋိ စာလေတိ-ခါး တင်ပါးကို နိမ့်တုံမြင့်တုံ ပြု၏။
(၂၇) ဂုယှ ဘဏ္ဍကံ -လျှို့ ဝှက်အပ်သော ကိုယ်အင်္ဂါ အစိတ်အပိုင်းကိုလှုပ်၏။
(၂ဂ) ဥရု ဝိဝရတိ-ပေါင်ကို ဖွင့်ဖေါ်၏။
(၂၉) ထနံ ဒေဿတိ -နို့သားမြတ်ကို ပြ၏။
(၃၀) ဥရု ပိဒဟတိ-ပေါင်ကိုဖုံး၏။
(၃၁) ကစ္ဆံ ဒေဿတိ-လက်ကတီး (ဂျိုင်းကြား) ကိုဖေါ်ပြ၏။
(၃၂) နာဘိ ဒေဿတိ-ချက်ကို ဖေါ်ပြ၏။
(၃၃) အက္ခိနိ ခဏတိ-မျက်စိကို မှိတ်၏။
(၃၄) ဘမုံ ဥက္ခီ ပတိ-မျက်ခုံးချီ၏၊ မျက်စပစ်၏။
(၃၅) ဩဋ္ဌံ ပလိက္ခတိ-နှုတ်ခမ်းကို ကိုက်၏။
(၃၆) ဇိဝှံ နိလ္လာကေတိ-လျှာကို ထုတ်၏။
(၃၇) ဒုဿံ မုဉ္စတိ-ထမီကို ကျွတ်အောင် ပြု၏။
(၃၈) ဒုဿံ ပတိဗန္ဓတိ-ထမီကို ပြင်၍ဝတ်၏။
(၃၉) သီသံ မုဉ္စတိ-ဆံထုံးကို ဖြေ၏။
(၄၀) သီသံ ဗန္ဓတိ- ဆံကို ပြန်ထုံး၏။

မာရ် ၅-ပါး

ဝိသုဒ္ဓိ၊၂၀၄။ အပ၊ဋ္ဌ၊၁၊၁၁၉၊ နှောင့်ရှက်ဆီးတားမှု ငါးပါး၊
(၁) ရွှေပလ္လင်တော်မြတ်ကို စစ်တပ်နှင့် တိုက်လုသော မာရ်နတ်သားကို “ဒေဝပုတ္တမာရ်“ခေါ်သည်၊
(၂) ကိလေသာ ၁၀-ပါး၊ သို့မဟုတ် ၁၅၀၀ ကိလေသာကို “ကိလေသမာရ်“ခေါ်သည်၊
(၃) ဘဝသစ်အဖို့ ပစ်ချစီမံ ပြုပြင်တတ်သောကံကို “အဘိသင်္ခါရမာရ်“ခေါ်သည်၊
(၄) ရဟန္တာမဖြစ်မီအတွင်း ကုသိုလ်ကံ အကုသိုလ်ကံတို့၏ စီမံပစ်ချရာ ဘဝသစ်၌ ဖြစ် ရလတံ့သော ခန္ဓာငါပါးကို “ခန္ဓမာရ်“ခေါ်သည်၊
(၅) သေရခြင်းသဘောကို “မစ္စုမာရ်“ခေါ်သည်၊၊

မာရ်စစ်သည် ၁၀-ပါး

ဣတိဝုတ်၊၂၂၂။ ဣတိဝုတ်၊ဋ္ဌ၊၁၆၄။ ကုသိုလ်မှု၌ တိုက်ဖျက်လေ့ ရှိသော မာရ်နတ်၏ စစ်သည်တော် ဆယ်ယောက်၊
(၁) ကာမ ရာဂ-ကာမဂုဏ်၌ တပ်မက်မှု၊
(၂)အရတိ-ကောင်းမှု၌ မမွေ့ပျော်မှု၊
(၃)ခုပ္ပိပါသ-ဆာလောင် မွတ်သိပ်တတ်မူ၊
(၄)တဏှာ-ဆာလောင်သော အရာကို ရှာမှီးခြင်း၊
(၅) ထိနမိဒ္ဒ-ငိုက်မျည်း အိပ်ချင်ခြင်း၊ကောင်းမှု၌ စိတ်အား လျော့ကျခြင်း၊
(၆) ဘိရု-ကြောက်ခြင်း၊
(၇) ဝိစိကိစ္ဆာ-ယုံမှား သံသယဖြစ်ခြင်း၊
(၈) မက္ခ, ထမ္ဘ- ကျေဇူးမဲ့ပြုခြင်း, ခက်ထန်ခြင်း၊
(၉) လာဘ, သိလောက, သက္ကာရ, မိစ္ဆာလဒ္ဓ-မဟုတ်မမှန်လုပ်ကြံယုတ်မာသော လာဘ်, ကျော်စော ပူဇော်ခံမျိုး၊
(၁၀) အတ္တုကံသန, ပရဝမ္ဘန- ကိုယ့်ကိုမြောက်, သူ့ကို နှိမ့်မှု သဘောယုတ်။

မာလိန် မှူး အင်္ဂါ၉-ပါး

၎င်း သရုပ်ကို (သင်္ဘောသူကြီး အင်္ဂါ၉- ပါး)၌ ရှုပါ၊၊

မာသမျိုး ၃ -ပါး

ဗေဒင် ကျမ်းသုံး ဝေါဟာရ ဖြစ်သည်၊၊၎င်းကိုပင် “လ မျိုး၃ပါး“ဟုလည်း ခေါ်သေး၏။
(၁) သူရိယ မာသ-မိဿ ပြိဿ စသော ၁၂-ရာသီကို ခေါ်သည်၊ တနည်း၊ တနင်္ဂနွေ ဂြိုဟ်မင်း ရပ်တည်ခြင်းကို အစွဲပြု၍ ခေါ်သော လ၊ သို့မဟုတ် ယခုလပြည့်မှသည် နောက်လပြည့်၏ အကြားကို သူရိယမာသဟုခေါ်သည်မှတ်၊ မြန်မာဘာသာအားဖြင့် နေမင်းကို အမှတ်အစွဲပြု ခေါ်သောလ ဟူ၏၊၊
(၂) စန္ဒရ မာသ-တန်ခူး, ကဆုန် စသော ၁၂လကို ခေါ်သည်။ တနည်း၊ တနင်းလာ ဂြိုဟ် ရပ်တည်ခြင်းကို အစွဲအမှတ်ပြု၍ခေါ်သော လ၊ သို့မဟုတ် ယခုလကွယ်က စ၍ နောက်လကွယ် တိုင်အောင် အကြားကို စန္ဒရ မာသဟုခေါ်ကြ၏၊ မြန်မာဘာသာအားဖြင့် စန္ဒခေါ် တနင်းလာစန်းဂြိုဟ်ကို အမှတ်အသားပြု၍ခေါ်သော လ တည်း၊ ဥပမာ-မိန်ရာသီနှင့် မိဿရာသီ အကြား တဝက်စီကို စန္ဒရ မာသတန်ခူးလ ဟု ခေါ်သည် သိလေ။
(၃) သဝဏ မာသ-သည်နေ့ နေထွက်သည်က စ၍ နောက်တနေ့ နေထွက်တိုင်အောင် ရေတွက်ခြင်းဖြင့် ရက်ပေါင်း(၃၀)ပြည့်သောအခါ သဝဏ မာသတလဟု ခေါ်သည်၊။
မှတ်ချက်။ ။စန္ဒရမာသကိုပင် ဝေါဟာရ မာသဟုလည်း ခေါ်ကြသည်၊၊

မာသမျိုး၄ပါး၊တနည်း

ဤကားသဒ္ဒတ္ထထောမ မဟာနိဓိ အဘိဓာန် ကျမ်းဆရာ အလိုတည်း။
(၁)သောရ မာသ-နေမင်းသည် တရာသီ၌ အံသာ ၃၀၊ သို့မဟုတ် ရက် ၃၀ နေသည်ကိုစွဲ၍ ပိုင်းခြားနှိုင်းယှဉ်သောလ၊
(၂) သာဝဏ မာသ- ပိဋကတ်တော် အလို အရုဏ်ဖြင့်, ဗေဒင်အ လိုသန်းခေါင်ဖြင့် နေသွားကို ပိုင်းခြားကန့်သတ်၍ ရက်ပေါင်း ၃၀-၂၉ ရက်တို့ဖြင့် ရေတွက်သော လ၊
(၃) စန္စရ မာသ- နေနှင့်လ တကြိမ်ထပ်မိသည်မှ တကြိမ်ထပ်မိသည် အထိ တိထီ ၃၀-ရက် ၃၀-ဖြင့် ခေါ်သောလ၊
(၄) နက္ခတ္တ မာသ- နက္ခတ်တလုံးသည် တရက်မည်၏၊ ပုဏ္ဏမီနက္ခတ်ဖြင့် ပိုင်းခြား နှိုင်းယှဉ်အပ်သော လ, မျိုးကို ခေါ်သည်။

မိစ္ဆာ ဒါနကြီးမျိုး ၁၀-ပါ

၎င်းသရုပ် (အပါယ်လားကြောင်း အလှူမျိုး ၁၀-ပါး )၌ ရှုပါ၊၊

မိစ္ဆာ ဒိဋ္ဌိ ဖြစ်ကြောင်း ၂-ပါး

(၁) ပရတောဃောသ-သူတပါးထံမှ မမှန်သော တရားများကို ကြားနာရခြင်း၊
(၂) အယောနိသော မနသိကာရ-ပညာဉာဏ်မယှဉ် မဆင်ခြင်ဘဲ အမှားကိုစွဲ၍ ယူထားခြင်း၊၊
အံ၊၁၊၈၆။ အံ၊ဋ္ဌ၊၂၊၅၈။

မိစ္ဆာဒိဋ္ဌိ ၆၂-ပါး

သုတ်သီလက္ခန် ဗြဟ္မဇာလသုတ်၊ ၎င်းသရုပ် (၆၂)- ခြောက်ဆယ့်နှစ်ပါး
သောမိစ္ဆာဒိဋ္ဌိ ၌ရှုပါ။

မိစ္ဆာဝိတက်မျိုး ၉-ပါး

သီတင်းသည်တို့အတွက် သီလညှိုးနွမ်းကြောင်းဝိတက်မျိုး ၉ပါး။
(၁) ကာမဝိတက်-ကာမဂုဏ်၌ ကြံစည်မွေ့လျော်ခြင်း၊
(၂) ညာတိဝိတက်-ဆွေမျိုးအတွက်ကြံစည်မှူမျိုး၊
(၃) ဇနပဒဝိတက်-တိုင်းပြည် ဇနပုဒ်အတွက် ကြံစည်ချက်များ၊
(၄) အ မရဏဝိတက်-မနာ, မအို, မသေ, လိုခြင်း၊
(၅) အနဝညာတ ဝိတက်-မထေမဲ့ပြုရန်၊
(၆) လာဘ ဝိတက်-လာဘ်ပစ္စည်းရေး၌၊
(၇)သက္ကာယ ဝိတက်-စွဲလမ်းမှု တပ်နှစ်သက်မှု၌၊
(၈)ကိတ္တိ ဝိတက်-ကျော်စောလိုမှု၌
(၉) ဂေဟသိတ ဝိတက်-အိုးအိမ်ကိုမှီ၍ ကြံစည်ခြင်းမျိုး၊၊

မိတ်ဆွေ၏ အပြစ် ၇-ပါး

ဤ အပြစ် ၇-ပါးတွင် တပါးပါး ရှိသူကို မိတ်ဆွေ မဖွဲ့အပ်ချေ၊ ဟိတောပဒေသ။
(၁) ရဟဿဘေဒ-လျှို့ဝှက်သိုသိပ်အပ်သော အကြောင်းအချက်ကို ထုတ်ဖေါ် ဖွင့်ချခြင်း
(၂) ယာစန-အတောင်းအရမ်းများခြင်း၊
(၃)နိဋ္ဌုရ-ကြင်နာမဖက် ရက်စက် ကြမ်းဝကတ်ခြင်း၊
(၄) စလစိတ္တ-စိတ်ဓာတ်မတည်ခြင်း၊
(၅)ကောဓ-ဒေါသကြီးခြင်း၊
(၆) နိသစ္စ မဖြောင့်မှန်ခြင်း၊
(၇) ဇုတ-လောင်းတမ်းကစား အပျော်အပါးများခြင်း။

မိတ်ဆွေကောင်း အင်္ဂါ ၇-ပါး

၎င်း၏ သရုပ် အဓိပ္ပါယ်ကို (ခင်ပွန်းကောင်း အင်္ဂါ ၇-ပါး)၌ ပြခဲ့ပြီ၊ ဥဒါန်း အဋ္ဌကထာ၊၊

မိတ်ဆွေမျိုး အပြား ၃-ပါး

သံ၊၃၊၁၃၂။ သံ၊ဋ္ဌ၊၃၊၂၃၅။ ဤမိတ်ဆွေမျိုး ၃-ပါးတွင် အစဉ်အတိုင်း တပါးထက်တပါး ပိုမိုရင်းနှီးမှုရှိသည် ဟူ၏
(၁) သန္ဒိဋ္ဌ မိတ်ဆွေ- အချင်းချင်း တွေ့ဝကံသွားလာပြောဆိုဘူးသော မိတ်ဆွေမျိုး၊
(၂) သမ္ဘတ္တ မိတ်ဆွေ-အတူတကွ ထမင်းလက်ဆုံ စားဘူးသည် ထိအောင် ရင်းနှီးသော မိတ်ဆွေမျိုး၊
(၃) သမသိက္ခိတ မိတ်ဆွေ-ကျောင်းနေဖက် ကစားဖက် တကျောင်းတည်းထွက် မိတ်ဆွေ, တရားကျင့်သုံး သီတင်းသုံးဖက် မိတ်ဆွေ, ဆရာတူ တပည့်မျိုး။

မိတ်ဆွေမျိုး အပြား ၄-ပါး၊ တနည်း

ဟိတောပဒေသမှ။
(၁) ဩရသ-ရင်၌ဖြစ်သော သားချစ်သ္မီး ပင်ကိုယ်ပြီးသော မိတ်ဆွေ၊
(၂) ကတသမ္ဗန္ဓ- ထိမ်းမြားလက်ထပ် စေ့စပ်၍ ပြုအပ်သော ချွေးမ, သမက် ခမီး ခမက် စသော မိတ်ဆွေ၊
(၃) ဝံသက္ကမာဂတ- မျိုးရိုးမပျက် ဆင်းသက်လာသော အစဉ်အဆက်ဖြစ်သော မိတ်ဆွေ၊
(၄) ဗျသနာရက္ခက- ပစ္စည်းဥစ္စာ ပျက်သောအခါ၌ လာရောက် စောင့်ရှောက် ကူညီ ကာကွယ်ပေးတတ်သော မိတ်ဆွေသစ်။

မိတ်ဆွေဝတ် ၅-ပါး

ဒီ၊၁၊၁၅၅။ ဒီ၊ဋ္ဌ၊၁၊၁၃၉။ ၎င်း သရုပ်အဓိပ္ပါယ်ကို အောက်ပါလင်္ကာ စကားရပ်ဖြင့်သိ၍ လူ့ယဉ်ကျေးမှုကို ပြုကြပါကုန်။
(၁) ပေးကမ်းချီးမြှင့်၊
(၂) ကိုယ်နှင့်ယှဉ်ထား၊
(၃) စီးပွားဆောင်ရွက်၊
(၄) နှုတ်မြွက်ချိုသာ၊
(၅) သစ္စာမှန်စေ၊ ဝတ်ငါးထွေ၊ ကျင့်လေ မိတ်သဟာ။

မိတ်ပျက်ခြင်းရာ၊ ကြောင်း ၄-ဖြာ၊ မိန့်မှာ ကျမ်းနီတိ

မိတ်ဆွေချင်းမုန်းတီး ပျက်ပြားကြောင်း တရား ၄-ပါး။ (၁) ပရီးပတားပြောကြားနေထိုင်ခြင်း၊
(၂) တဦးထံတဦး လည်ပတ် ဝင်ထွက် သွားလာမှု မရှိခြင်း၊
(၃) ပစ္စည်းဥစ္စာ ပေးယူ ဆက်ဆံမှု မရှိခြင်း၊
(၄) အခါမဟုတ်သည်၌ တောင်းယူချေးငှါး များလွန်းခြင်း။

မိန်းမအပြား၊ မျိုး ၄-ပါး၊ ခွဲခြားသျှတြ

လောကီ ဣတ္ထိသျှတ္တရမှ။
(၁) ပဒုမ္မိနီ မိန်းမမျိုး- ခါးစည်း, ရင်ကျယ်, သေးသွယ်ချောမောသော လက်ချောင်းများ, အသားဖြူ, ကိုယ်ယနံ့ ကြာညိုကဲ့သို့မွှေး, ရသာချိုဧ သံသာမြည်ကြွေး, စက္ကဝက်ငှက်မကဲ့သို့ သွားလာမှု ယဉ်ကျေးခြင်း လက္ခဏာများရှိ၏၊ ဆင်ကဲ့သို့ ကြည့်တတ်သည်ဟူ၏။
(၂) သင်္ခနီ မိန်းမမျိုး- အသားညိုညက်, ကိုယ်ယနံ့ကား ငရုပ်ပန်းနံ့ ပျံ့ပျံ့သင်းသင်းရှိ ၏, ရသာချဉ်၏၊ ဟင်္သာမကဲ့သို့ သွားလာ၏၊ လက်ချောင်းကြီး၏၊ မျက်နှာထူ လည်ကုတ်တို ရင်ကြားစေ့ , ဆံပင်နီ ရှိတတ်သည်၊ ကျားကဲ့သို့ ကြည့်တတ်သည် ဟူ၏၊၊
(၃) စိတြနီ မိန်းမမျိုး- ဝါရွှေဝင်းသော အသားရောင်ရှိ၏၊၊ ကိုယ်ယနံ့ကား ကျင်ငယ်နံ့ ကဲ့သို့ရှိ၏၊ ရသာဖန်ဖန်ရှိ၏၊ ဒိန်ညင်း ငှက်ကဲ့သို့သွားလာတတ်၏၊ ကျီးကန်းကဲ့သို့ ကြည့်တတ်၏၊ ရင်ကုန်း တင်ကျယ်၏, ချက်နက်, ဖမိုးမွေး လက်မွေးရှည်, လက်သည်းအိမ်တို ၍ ဒူးဆစ်အောက်ပိုင်း တိုတတ်သည်၊ ဆန်းကျယ်စွာ ပြင်ဆင်ဝတ်စားတတ်သည် ဟူ၏၊၊
(၄) ဟတ္ထိနီ မိန်းမမျိုး- အသားနီ ပန်းရောင် ကိုယ်ယနံ့ ညှိဟောင်ဟောင်အရသာ စပ်ရှားရှား ဆင်ကဲ့သို့သွားခြင်းများ, ယင်ကောင်ကဲ့သို့ ကြည့်ခြင်းအလားရှိ၏၊ ဝမ်းပြင်း ပိုက်ကျယ် သားမြတ်ရှည်တွဲ၍ ခေါင်းသီးကြီး၏ ဆံကောက်၍ မေးရိုးကြီးကြီးရှိတတ်သည် ဟူ၏၊၊

မိန်းမ ၂၀၊ အုပ်ထိန်းကွယ်၊ ရှောင်ဘွယ် မေထုန်မှု

၎င်းပြဿနာ အဆုံးအဖြတ်မူကျယ် ကို (အုပ်ထိန်းခြင်းရှိသော မိန်းမမျိုး၂၀)၌ ပြန်ကြည့်ပါလေ၊၊

မိန်းမဂြိုဟ် ၄-လုံး

ရွှေ, ခါး, သီ, ထ, ဂြိုဟ်မိန်းမ ဟူသော လင်္ကာအရ၊ ရာဟုဂြိုဟ်, တနင်းလာဂြိုဟ်, သောကြာဂြိုဟ်, စနေဂြိုဟ်တို့ကို ဆို၏၊၊

မိးန်မတို့ အပြစ် ၆-ပါး

သံ၊ဋ္ဌ၊၃၊၂၅၉။
(၁) အရပ်ရှည်လွန်းသော မိန်းမ၊
(၂) အရပ်ပုလွန်းသူ၊
(၃) အသားဖြူလွန်းသူ၊
(၄) အသားမည်းလွန်းသူ၊
(၅) ဝလွန်းသူ၊
(၆) ပိန်လွန်းသူ ဟူ၏၊၊

မိန်းမတို့၏ အပြစ် ၇-ပါး တနည်း

များသောအားဖြင့် မိန်းမတို့မှာ ဖြစ်တတ်ကြောင်း ကို ဟိတောပဒေသကဆို၏၊၊
(၁) အသတျ- ဖောက်ပြန်မှားယွင်း, မိစ္ဆာစာရ အကျင့်မျိုးကို ပြုတတ်ခြင်း၊
(၂) သာလာသာ- မစူးစမ်းမဆင်ခြင်, အမှုကိစ္စကို အဆောတလျင်ပြုတတ်ခြင်း။
(၃) မာယာ-ကောက်ကျစ်မတည်၊ လိမ်လည်လှည့်ဖြား တတ်ခြင်း၊
(၄)မစ္ဆရိယ - ဝန်တိုမိစ္ဆာ များစွာ ဖြစ်တတ်ခြင်း၊
(၅) အတိလုဒ္ဒ- တဏှာရာဂ၊ လောဘရမ္မက် ထက်မြက်ဖိစီး လွန်အားကြီးခြင်း၊
(၆) နိဂ္ဂုဏတွံ- ခမ်းနားကြီးကျယ်သော ပြုလုပ်ဖွယ်တို့၌ ရေလည်စွာ မသိမလိမ်မာခြင်း၊
(၇) အသောစတွံ- အတွင်းပြင်ပ နှစ်ဌာနဝယ် မစင်ကြယ် မသန့်ရှင်းခြင်း။

မိန်းမတို့ အပြစ် ၉-ပါး

အံ၊၂၊၂၂၇-၂၂၈-နှင့် အံ၊ဋ္ဌ၊၃၊၈၂-လာ ၂-နည်း ပေါင်း ပြထားသည်၊၊
(၁) အ သစိ-မစင်ကြယ်ခြင်း၊
(၂) ဒု ဂန္ဇ-မကောင်းသော အနံ့ရှိခြင်််််််််််််း၊
(၃) သဘီရူ- အအိပ်ကြီးခြင်း၊
(၄) သ ပဋိဘယ-ကြောက်လန့်တတ်ခြင်း၊
(၅) ကောဓန-အမျက်ထွက်လွယ်ခြင်း
(၆) ဥပနာဟ-ရန်််််ငြိုးဖွဲ့ တတ်ခြင်း၊
(၇) ဃောရဝိသ- ရာဂထူထပ်ခြင်း၊
(၈) ဒုဇိဝှ-လျှာနှစ်ခွရှိခြင်း၊
(၉) မိတ္တဒုဗ္ဘိ-မိတ်ပျက်လွယ်တတ်ခြင်း။

မိန်းမတို့ အလှဂုဏ်အင်္ဂါ ၆-ပါး

သံ၊ဋ္ဌ၊၃၊၂၅၉၊
(၁) မဖြူ၊ (၂) မညို၊ (၃) မနိမ့်၊ (၄) မမြင့်၊ (၅) မပိန်၊ (၆) မဝ၊ ဤ ၆-ဋ္ဌာန ညီမျှစွာရှိခြင်း။

မိန်းမတို့အား ၅-ပါး

သံ၊၂၊၄၄၃-၄၄၆။ သံ၊ဋ္ဌ၊၃၊၁၂၆။ မာတု ဂါမတို့ မာန်တက်ကြောင်း အား ၅ပါး၊၊
(၁) ရူပဗလ-အဆင်းအသွင် လှခြင်း၊
(၂) ဘောဂဗလ-ပစ္စည်းဥစ္စာ ပေါများခြင်း၊
(၃) ဉာတိဗလ-ဆွေမျိုးတောင့်ခြင်း၊
(၄) ပုတ္တဗလ-သားရတနာရှိခြင်း၊
(၅) သီလဗလ-ကိုယ်ကျင့်သီလရှိခြင်း။
မှတ်ချက်။ ။ ဉာတိဗလ အစား “လိမ်မာခြင်းနှင့် မပျင်းရိခြင်း“ကို ထည့်၍လည်း သဠယတန၌ ဟောသေး၏။

မိန်းမတို့ ဆွဲငင်ဓာတ် ဂ-ပါး

ယောက်ျား တို့ကို စွဲမက်အောင် ပြုမူခြင်း မာယာငယ် ဂ-ပါး ဟူလို၊ မာယာ ၄၀-မှ။
(၁) သိတံ- ချိုပြုံးသော မျက်နှာပေး၊
(၂) ဟာသ-ညှင်းညှင်း သာသာ ရယ်သံ၊
(၃) ဘယ- ကြောက်လန့်ထိတ်ဟန်ပြု၊
(၄) လဇ္ဇ-ရှက်ဟန် အသွင်ပြု၊
(၅)မန္ဓဝါစာ-မကြားတကြား ပြောသောစကားသံ၊
(၆) အဒေက္ခဏာ-မျက်နက်ထောင့်ကပ်၍ ကြည့်ခြင်းမျိုး၊
(၇) ရုဒ-ကျူကျူ ကြာကြာ ရှိုက်သံ၊ ငိုသံပေးခြင်း
(၈) ဤသံကလဟ-စကားပြန်ရရန် မခံချင်စရာကို စိတ်မဆိုးအောင် ဆွပေး ပြောဆိုခြင်းမျိုး၊
မာယာ ၄၀-၏ အစိတ်အပိုင်းမျှသာ ဖြစ်သည်။

မိန်းမတို့ ပျက်စီးခြင်း ကြောင်းရင်း ၉-ပါး

လောကနီတိ အဖွင့်မှ။
(၁) မိမိတယောက်တည်း လှည့်လည် သွားလာ နေထိုင်ခြင်း၊
(၂) လင်ကိုပစ်ထား မိဘနေအိမ်သွား၍ များစွာနေတတ်ခြင်း၊
(၃) လူများစွာ စည်းဝေးသော အရပ်သို့ သွားလာ ထွက်ဝင်တတ်ခြင်း၊
(၄) ပွဲလမ်းသဘင် အပျော်အရွှင် လိုက်စားတတ်ခြင်း၊
(၅) ယောက်ျား ပုဂ္ဂိုလ်တို့နှင့် ပူးကပ်ရောဝင်စွာ နေတတ်ခြင်း၊
(၆) အမြဲပြုဘွယ် အလုပ်အကိုင်မရှိ ပျင်းရိနေခြင်း၊
(၇) လင်ယောက်ျား အိုမင်း၍ ကာမမှု၌ မစွမ်းနိုင်ခြင်း၊
(၈) လင်ယောက်ျားနှင့် ၃-၄ လ ကင်း၍ နေခြင်း၊
(၉) ဝတ်စားဘွယ်ရာ ဥစ္စာချို့တဲ့ခြင်း။

မိန်းမတို့ ဖောက်ပြန် ပျက်စီးခြင်း ကြောင်းတရား ၁၃-ပါး၊ တနည်း

ဟိတောပဒေသ ကျမ်းမှ။
(၁) သ ပဋ္ဌာန- ကိစ္စတိုင်း၌ ကိုယ်တိုင် စိုးမိုးလုပ်ကိုင်အာဏာပိုင် ပြဋ္ဌာန်းမှု ရနေခြင်း၊
(၂) ပိတု မန္ဒိရ နိဝသန- အဘနှင့်သာ ကြာမြင့်စွာ အုပ်ထိန်းခံ၍ နေရခြင်း၊
(၃) ယာတြောဿဝ အင်္ဂတိ- အထူးစီစဉ်သော ပျော်ပွဲသဘင်တို့၌ ပါဝင်ဆင်နွှဲခြင်း၊
(၄) ပုရိသ သနိဓိဂေါဋ္ဌီ- ယောက်ျားတို့နှင့် ဝိုင်းဖွဲ့ရယ်မော တသောသော နေထိုင်ခြင်း၊
(၅) အ နိယမဝါသ- အိမ်တကာ လျှောက်လည်၍ နေခြင်း၊
(၆) ဝိဒေသဝါသ- တမြို့တရွာ တနယ် တရပ်သို့ အမြဲမတည် တယောက်တည်း လှည့်လည်နေထိုင်ခြင်း၊
(၇) သ ကုလဋ သံသဂ္ဂ- လော်လီ သောသွမ်းသော မိန်းမရမ်းတို့နှင့် အတူ ပေါင်းသင်း နေထိုင်ခြင်း၊
(၈) နိဇာယ ဝုတ္တိ ဗျသန- သက်မွေးဝမ်းကျောင်း ကောင်းသောလုပ်ငန်း၏ မကြာခဏ ပျက်စီးဆုတ်ယုတ်ခြင်း၊
(၉) ပတိ ဝုဒ္ဓက- လင်ယောက်ျား၏ သက်ကြီးရွင်းယို အရွယ်အိုခြင်း၊
(၁၀) ဣဿိတ- လင်ဖြစ်သူက အချောင်မယား အမြှောင်ထား၍ ပျော်ပါးကာနေခြင်း၊
(၁၁) ပဝါသန-လင်ယောက်ျားနှင့် ကွေကွင်းကွဲကွာ ကြာမြင့်စွာ နေရခြင်း၊
(၁၂) ပါန- သေအရက်သောက်ခြင်း၊
(၁၃) သုပ္ပ- ယောက်ျားတပါးနှင့် ပျော်ပါး ပေါင်းဖက်ရသည်ဟု အိပ်မက်ခါ လွန်မင်းစွာ အိပ်ခြင်း။

မိန်းမတို့ မရကောင်းသော ဘဝရာထူးကြီး ၅-ပါး၊ တနည်း ၆-ပါး

မ၊၃၊၁၁၀။ မ၊ဋ္ဌ၊၄၊၈၆။မိန်းမသားဇာတ် အဖြစ်ဖြင့် မရကောင်း မဖြစ်ကောင်းသော ဘဝကြီး ငါးပါး ဟူ၏၊
(၁) သမ္မာ သမ္ဗုဒ္ခ-ဘုရားဘဝ အဖြစ်၊
(၂) စက္က ဝတ္တိ ရာဇာ-စကြဝတေးမင်းကြီး၊
(၃) မဟာ ဗြဟ္မာ-ဗြဟ္မာမင်းကြီး၊
(၄) သက္ကော- သိကြားမင်းကြီး၊
(၅) မာရော-မာရ် နတ်မင်းကြီး။
မှတ်ချက်။ ။ ဧဟိဘိက္ခု ရဟန်းမဘဝကိုလည်း မရကောင်းချေ။

မိန်းမတို့ မရောင့်ရဲနိုင်ခြင်း တရား ၄-ပါး

များသောအားဖြင့်ရှိတတ်ကြောင်းကိုနီတိကျမ်း၌ ဆိုသည်၊
(၁)မေထုနေ-မေထုန်မှု၌၎င်း၊၊
(၂) ဓနေ-ဥစ္စာ စည်းစိမ်း ရမှု၌၎င်း ၊
(၃) ပုတ္တေ-သားဖွားရေး၌၎င်း ၊
(၄) အလင်္ကာရေ-တန်းဆာဆင်ဝတ်ရေး၌၎င်း။

မိန်းမတို့ မာန်တက်ခြင်း အကြောင်း ၅-ပါး

မာတုဂါမ သံယုတ်လာ အထက်ပါ (မိန်းမတို၏ အားငါးပါး)ကိုပင် ဆိုသည်။

မိန်းမတို့ လော်လည်ခြင်း၅-ပါး

၎င်းသရုပ် (လော်လီ၅-ထွေ)၌ ရူပါ။

မိန်းမတို့ သတ္တိ ၄ပါး

ကျက်မှတ်ရ လွယ်ကူစေရန် စာဏကျပျို့လာ အတိုင်း ထုတ်ပြလိုက်သည်။ မိန်းမဟူသည်၊ ဤမျိုးမည်ကား၊ လူရည်တင့်ထွား၊ ဖိုယောက်ျားထက်။
(၁) အစား နှစ်ပြန် ၊
(၂) ဉာဏ်မှာလေးဆ ၊
(၃) လုံ့လခြောက်ပုံ၊
(၄) ကာမဂုဏ် ရှစ်၊ လွန်၍ု ဖြစ်၏၊
အနှစ်ပညာ၊ ရှေ့သွားကာဖြင့်၊
လူ့ ရွာလောက၊ ဆက်ဆံကြလော့။

မိန်းမဒွါရ ၁၃-ပေါက်

အမတ သာဂရ ဘေသဇ္ဇ ကျမ်းကြီးမှ။
(က) မျက်စိ ၂ပေါက်၊
(ခ) နား ၂-ပေါက်၊
(ဂ) နှာခေါင်း ၂-ပေါက်၊
(ဃ) နို့သားမြတ် ၂-ပေါက်၊
(င) ကျင်ငယ်ပေါက်၊
(စ) ကျင်ကြီးပေါက် ၊
(ဆ) ငယ်ထိပ် ပေါက်၊
(ဇ) သားအိမ်တိုက်ခန်းပေါက်၊
(စျ) ပါးစပ်ပေါက်၊ ပေါင်း ၁၃-ပေါက်ဖြစ်၏။

မိန်းမများသာ၊ ဆက်ဆံရှာ၊ ၅-ဖြာ အာဝေဏိ

၎င်းသရုပ် (အာဝေဏိက ဒုက္န ၅-ပါး)
ဟူသော သုတေသန၌ ဆိုခဲ့ပြီ။

မိန်းမမြတ် ကျင့်ဝတ် ၅ပါး

ဣတ္ထိသျှတြမှ ယူပြလိုက်သည်၊ မဟာ သုဒဿနသုတ် ၌လည်း ဤနည်းနှင့်နှင် လာ၏။
(၁) လုပ်ငန်းကိစ္စ ရပ်တို့၌ လင်နှင့်တိုင်ပင်ကာ စိတ်သဘော တူညီမှု ယူ၍ ပြုလုပ်ခြင်း။
(၂) လင်အိပ်မှ အိပ်ရခြင်း၊ အိပ်ရာဝင်နင်းနှိပ်ပေးရခြင်း၊
(၃) လင်မထမီ ထရခြင်း ၊
(၄)လင်မြတ်နိုး နှစ်သက်မူတိုကို လိုက်နာပြုမူ ကျင့်ကြံရခြင်း ၊
(၅) လင်နှင့်ပြောဆိုရာ၌ ပြုံးချိုသောမျက်နှာ သာယာသောအသံများ အမြဲထားရှိရခြင်း။

မိန်းမမြတ်တို့ ဂုဏ်အင်္ဂါ ၉ပါး

မိန်းမမြတ်များ လိုက်နာကျင့်သုံးသော ဝတ္တရားကိုးပါး ဟူ၏ ၊သာမုန္ဒြိက ကျမ်းမှ။
(၁) အိမ်တွင်းမှု သန့်ရှင်းရေး ပြုလုပ်စီမံတတ်ရခြင်း ၊
(၂) ကိုယ့်လင်မှတပါး အခြားယောက်ျားသို့ စိတ်မျှ မကူးခြင်း၊
(၃) လင်ရှာရသောဥစ္စာကို သိမ်းဆည်းတတ်ရခြင်း။
(၄) လင်၏ရှေးဦးစွာ အိပ်ရာမှ ထရခြင်း ၊
(၅) လင်အိပ်ပြီးမှအိပ်ရ ခြင်း ၊
(၆) လင်၏ စီမံတိုင်ပင်မူကို ခံယူကူညီရခြင်း ၊
(၇)လင့်အလိုအကြိုက်ကို သိတတ် ပြုတတ်ရခြင်း ၊
(ဂ)ပြုံးသောမျက်နှာ ချိုသာသော စကားရှိရခြင်း ၊
(၉) အပူအအေးနှင့် လျော်စွာ လင့်အား ဝတ်ဆင်ပေးတတ်ရခြင်း ။

မိန်းမမြတ်ဖြစ်ကြောင်းတရား ၄-ပါး

မိန်းမမြတ် ဖြစ်နိုင်ရန် ကိုယ်ကျင့်တရားလေးပါး။ကောသလမင်းကြီးအားဘုရားဟောသည်။
(၁) သီလဝတီ-အကျင့်သီလ ဣန္ဒြေသိက္ခာရှိခြင်း
(၂) မေဓာဝိနီ- အမြော်အမြင်ဆင်ခြင်ဉာဏ်နှင့် ပြည့်စုံခြင်း၊
(၃) သဿုဒေဝါဉာဏ်-ယောက္ခမကို အိမ်ဦးနတ်ကဲ့သို့ ဆည်းကပ်ခြင်း ၊
(၄) ပတိဗ္ဗတာ-လင်ကို ရိုသေယုယ မြတ်နိုးခြင်း ။

မိန်းမလူသား ၊ ဘွဲ့ပုံထား ၊ဆယ်ပါး ဧတဒဂ်

၎င်းသရုပ် (ဧတဒဂ်ရသူ လူမိန်းမ ၁၀-ယောက်) ၌ဆိုခဲ့ပြီ။

မိဖုယားကြီးမျိုး ၄-ပါး

၎င်း တို့၏ သရုပ်အဓိပ္ပါယ်ကို အောက်ပါ မဃဒေဝလင်္ကာသစ် စကားဖြင့် ထင်ရှားစေသည်။
“ရွှေထီးပြောင်ပြောင်၊ နန်းဆောင်ဆောင်ထက်၊ မြောက် တောင်, အနောက်၊ အလယ်မြှောက်၍၊
လေးယောက် မိဖုယား၊ အကြီးထားမှ”။
အကျယ်ကို (နန်းရမိဖုယားမျိုး၄-ပါး)မှာ ကြည့်လေ။

မိဖုရားပြား၊ မျိုး ၈-ပါး၊ ခြားနား ဝေဖန်သိ

(နန်းရမိဖုယားကြီး ၄-ယောက်) နှင့်
(အဆောင်ရ မိဖုယား ၄-ယောက်၊) ပေါင်း ရှစ်ယောက်ကို ဆိုသည်၊ အကျယ်ကို ဆိုင်ရာ၌ ဆိုခဲ့ပြီ။

မိ, ဘ, ကျင့်ဝတ် ၅-ပါး

မကောင်းမြစ်တား၊ ကောင်းရာညွှန်လတ်၊ အတတ်သင်စေ၊ ပေးဝေရင်းနှီး၊ ထိမ်းမြားပြီးလျှင်၊ ဝတ် ၅-အင်၊ ဖခင်မယ်တို့တာ။ ဒီ၊၁၊၁၅၄ ဒီ၊ဋ္ဌ၊၁၊၁၉၁။

မိဘတို့ သားသမီးရလိုကြောင်း ၅-ပါး

၎င်းသရုပ် (သားသမီးရလိုခြင်းအကြောင်း ၅-ပါး) ၌ ရှုပါ။

မီတာ ၈-မျိုး

ဤ၌ ထင်ရှားစေရန် ကီလိုမီတာကစ၍ ဘော်ပြသည်။ (kilometre) ကီလိုမီတာ ကား- ပြင်သစ်ဘာသာစကား ဖြစ်သည်၊ မြန်မာလိုဆိုမူ ကီလိုကား (၁၀၀၀)၊ မီတာကား အတိုင်းအရှည်တခု ဟု အဓိပ္ပါယ်ရသည်။ (metre)မီတာပေါင်း(၁၀၀၀) ရှည်၏ ဟုဆိုလိုသည်။ ကီလို ဆိုသော စကားလုံးမှာ ပါဠိဘာသာ “သဟဿ“ဆိုသော စကားလုံးနှင့် ဆက်သွယ်လျက်ရှိကြောင်းကို အင်္ဂလိပ် အဘိဓာန်၌ ပြ၏၊ အတိုင်းအရှည်ကို သုံးရာ၌ မြန်မာတွင် တောင်, တာ, လက်သစ်၊ အင်္ဂလိပ်တွင် လက်မ, ပေ, ကိုက်, စသည်တို့ကို မူတည်ရဘိသကဲ့သို့ ပြင်သစ်ပြည်၌ အသုံးပြုသည့် “မက်ထရစ်(metric)“နည်းတွင် မီတာ ဟူသော အရှည်ကိုမူတည်ကြသည်။ မီတာတခုသည် ၃-ပေ ၃-လက်မ ၅-ပဲ သာသာရှိ၏၊ တနည်း ၃-ပေ ၃„လက်မ၊ တနည်း ၃၉.၃၇ လက်မရှိ၏ဟု မှတ်ရာသည်၊ ပြင်သစ်ပြည် ပါရစ်မြို့တော်၌ “ဗြူရိုဒီအချီ“ခေါ် ဘဏ်တိုက်ကြီးတွင် ၁-မီတာရှည်သော သတ္တုချောင်းတခုကို အများပြည်သူတို့ စံနမူနာအတွက် ထားရှိလေသည်၊ ၎င်းမီတာသုံးနည်းစံနစ်ကို အင်္ဂလိပ်, အမေရိကံ, ရုသျှ, တို့မှတပါး ကျန်သော ကမ္ဘာနိုင်ငံများအားလုံးလိုပင် အသုံးပြုကြ၏။
မီတာ၏ အမျိုးအစားရှစ်ပါးကား။
(၁) (millimetre) မီလီမီတာ၊
(၂) (centimetre) စင်တီမီတာ၊
(၃) (decimetre) ဒယ်စီမီတာ၊
(၄) (metre) မီတာ၊
(၅) (decametre) ဒေကာမီတာ၊
(၆) (hetometre) ဟက်တိုမီတာ၊
(၇) (kilometre) ကီလိုမီတာ၊ ဟူ၍ ခုနစ်မျိုးရှိလေသည်။ အမှတ် (၄) “မီတာ“ခေါ် ၁-မီတာသည် ၃-ပေ ၃- လက်မ ရှိကြောင်းကို ပြဆိုခဲ့ပြီးဖြစ်၍ ၎င်းတို့ကို ရေတွက်လိုသော် အငယ်ဆုံး “မီလီမီတာ“မှ အကြီးဆုံး “ကီလိုမီတာ“အထိ ဆယ်ဆတိုး သွားရသည်
ချည်း မှတ်လေ၊ ( မီလီမီတာ တဆယ်သည် စင်တီမီတာတခု, စင်တီမီတာ တဆယ်သည် ဒယ်စီမီတာ တခု ဟု ဆိုလေသည်၊) ထိုကြောင့် ကီလိုမီတာတခုကို အင်္ဂလိပ်သုံး မိုင် ဖါလုံ နည်းနှင့်တွက်သော် ၅-ဖါလုံ၊ ကိုက်ပေါင်း (၁၁၀၀)နီးပါးရှိကြောင်းတွေ့ရ၏။

မီး ၃-ပါး

သက်ဆိုင်သူတို့အား ကောင်း,ဆိုး, နှစ်မျိုးကို ပေးတတ်သော မီးသုံးပါး ဟူ၏။
(၁) အာဟုနေယျဂ္ဂိမီးခေါ် ဆရာ မိဘနှစ်ပါး၊ တပည့် သားသမီးတို့၏ ပူဇော် သက္ကာရကို ခံထိုက်သော ကျေးဇူးရှင် ဆရာမိဘ နှစ်ပါးအား ပြစ်မှား ဆန့်ကျင်သော သားသမီးတို့သည် အပါယ်ငရဲ၌ ဆင်းရဲလောင်ကျွမ်း တတ်သောကြောင့် မီး ခေါ်သည်။
(၂) ဂဟ ပတဂ္ဂိမီးခေါ် လင်ယောက်ျား၊ အိမ်ရှင် လင်ယောက်ျားသည် မယားဖြစ်သူ၏ အိပ်ယာဝတ်စားတန်ဆာများကိုဖြစ်စေတတ်သဖြင့် ကျေးဇူးရှင်ကြီးပင်ဖြစ်၏၊ ထိုကျေးဇူးရှင် လင်ဖြစ်သူကို ကျူးလွန်ပြစ်မှား မရိုသေသော မယားသည် အပါယ်ငရဲသို့ ကျရောက်လောင်ကျွမ်း ဆင်းရဲရသည်ဖြစ်၍ လင်ကို မီးခေါ်သည်။
(၃) ဒက္ခိဏေယျဂ္ဂိမီးခေါ် ရဟန်း သံဃာ၊ ရဟန်းသံဃာတော် အရှင်မြတ်တို့သည် ကောင်းသော အကျင့် သီလ သိက္ခာသမာဓိတို့နှင့် ပြည့်စုံသောကြာင့် လူတို့၏ လုပ်ကျွေးပေးလှူ ပူဇော်ခြင်းကို ခံထိုက်ရကား ပြစ်မှားလွန်ကျူးသူ အပေါင်းတို့သည် အပါယ်ငရဲသို့ ကျရောက်လောင်ကျွမ်း ဆင်းရဲရသည်ဟူ၏၊ ထို့ကြောင့် မီးခေါ်သည်။

မီး ၁၁-ပါး

သတ္တဝါတို့ကိုလောင်ကျွမ်းပျက်စီး ဆင်းရဲစေတတ်သော တရား ၁၁-ပါး၊ သာရတ္ထဒီပနီဋီကာ ဒု မှ။ (၁) ရာဂမီး- အလိုရမ္မက်၊
(၂) ဒေါသမီး- ပြစ်များပုတ်ခတ်၊
(၃) မောဟမီး- အမှန်မသိ၊
(၄)ဇာတိ မီး- ပဋိသန္ဓေနေ၊
(၅) ဇရာ မီး-အို၊
(၆) မရဏ မီး- သေ၊
(၇) သောက မီး- စိုးရိမ်ပူဆွေး၊
(၈) ပရိဒေဝ မီး- ငိုကြွေးရှိုက်ငင်၊
(၉) ဒုက္ဓမီး- ကိုယ်ဆင်းရဲ၊
(၁၀) ဒေါမနဿ မီး- စိတ်ဆင်းရဲ၊
(၁၁) ဥပါယာသ မီး- ဆို့တက်မေ့မျောသွားခြင်း။

မီးလှုံခြင်း အပြစ် ၅-ပါး

ပဉ္စင်္ဂုတ္တရ ပါဠိတော်မှ။
(၁) အ စက္ခုေဿာ- မျက်စိနှင့် မသင့်၊
(၂) ဒုဗ္ဗဏ္ဏကရဏော- အဆင်းမလှ ပြုတတ်၏၊
(၃) ဒုဗ္ဗလ ကရဏ- အင်အားနည်းအောင် ပြုတတ်၏၊
(၄) သင်္ဂဏိကာရာမဗန္ဓန-မိတ်ဖွဲ့ပျော်ပါး ချိန်ဆုံးပါးခြင်း၊
(၅) တိရစ္ဆာနကထာနိ ပဝတ္တိ- မဂ်ဖိုလ် ဖီလာစကားတို့သာ များစွာဖြစ်ခြင်း။

မီးသတ်ကျင့်ဝတ် ၁၀-ပါး

မီးသတ်အဖွဲ့ဝင်သားများ လိုက်နာ ကျင့်ကြံကြရမည့် ဝတ်တရားဆယ်ပါး၊ မီးသတ် ကျင့်ဝတ် ဥပဒေကျမ်းမှ။
(၁) စည်းကမ်း သေဝပ်ရခြင်း၊
(၂) သူရသတ္တိ ရဲရင့်မှု ရှိရခြင်း၊
(၃) သနားကရုဏာ ရှိရခြင်း၊
(၄) ယဉ်ကျေး သိမ်မွေ့ရခြင်း၊
(၅) လျင်မြန်ဖျတ်လတ်ရခြင်း၊
(၆) စိတ်ထား တည်ကြည်ရခြင်း၊
(၇) ဝတ္တရားကျေပြွန်ရခြင်း၊
(၈) သစ္စာ ရှိရခြင်း၊
(၉) ညီညွတ်စည်းလုံးစွာ ရှိရခြင်း၊
(၁၀) ကျမ်းမာ သန်စွမ်းရခြင်း။

မုဋ္ဌော ၉-ဆူ၊ တည်တော်မူ၊ စည်သူ မင်းလောင်းမြတ်

အလောင်းစည်သူမင်းကြီး
တိုင်းခန်းလှည့် လည်ရာ မလေးကျွန်းမှ သိကြားနတ်တို့ဆက်လိုက်သော သရက္ခန်ခေါ် သာရဂန္ဓ နံ့သာသစ်ကို ပုဂံသို့ ဆိုက်ရောက်သောအခါ “မုဋ္ဌိ“ခေါ် လက်တဆုပ်ပမာဏစီ ဗုဒ္ဓရုပ်ပွားတော် ၉-ဆူထုတော်မူ၍ စေတီပုထိုး ထည်ထား ကိုးကွယ်တော်မူကြောင်းနှင့် သိရ၏၊ ဤ၌ မုဋ္ဌိ ပါဠိမှ- မုဋ္ဌော ဖြစ်လာကာ လက်တဆုပ်ပမာဏကို ခေါ်ဆိုကြောင်း မှတ်ရာ၏။
အတွင်းမုဋ္ဌော ၉-ဆူ။
(၁) စကြံ မုဋ္ဌော၊
(၂) ဆီးတော မုဋ္ဌော၊
(၃) သစ္စာရ မုဋ္ဌော၊
(၄) ဆည်းလည်း မုဋ္ဌော၊
(၅)ရွှေတောင်ဦးမုဋ္ဌော၊
(၆) တောင်ငယ်လေးမျက်နှာ မုဋ္ဌော၊
(၇) လမ်းလွဲ မုဋ္ဌော၊
(၈) နံကိုင်း မုဋ္ဌော၊
(၉) ဂူနီ မုဋ္ဌော။
အပြင်မုဋ္ဌော ၉-ဆူ။
(၁)ပြင်စကြံ မုဋ္ဌော၊
(၂) ရန်အောင်မြင် မုဋ္ဌော၊
(၃) သမာန် မုဋ္ဌော၊
(၄) ကန်တော်အောက် မုဋ္ဌော၊
(၅) ရှားတော မုဋ္ဌော၊
(၆) ပုည မုဋ္ဌော၊
(၇) ငှက်မြတ်နား မုဋ္ဌော၊
(၈) ပဲဝဲမုဋ္ဌော၊
(၉) ချောက်ဘုရားလှ မုဋ္ဌော။
မှတ်ချက်။ ။ဤ၌ အမည်နှင့် နေရာဋ္ဌာနတို့ကို အမျိုးမျိုး အဆိုရှိကြ၏၊ ပညာရှိများထံ အမှန်မူ၍ ယူကြပါကုန်။

မုဆိုးမျိုး ၃-ပါး

ပါဏာတိပါတ်ဖြင့် သက်မွေးဝမ်းကျောင်း ဉပသူလူကြမ်းကြီး ၃-ဦး။
(၁) မာဂဝိက- သားမုဆိုး, သားသတ်သမား၊
(၂) သာကုဏိက-ငှက်မုဆိုး, ကြက် ငှက်သတ်သူ၊
(၃) ကေဝဋ္ဋ-ရေမုဆိုး, တံငါ, အင်းသားကြီးများ။

မုတ္တမ ၃၂-မြို့

မွန်တိုင်း ၃-ရပ်တွင် မုတ္တမ မဏ္ဍလခေါ် သထုံတိုင်း၏ မြို့များ။
ကော့ပိန်, ကျိုင်း, ဇွယ်ယ, ကျိတ်, အောက်သို့, မြဝတီ, ပေါင်, သဇိုစ်, ထားကျိုင်, လှိုင်းဘွဲ့၊ (၁၀)
မော်လမြိုင်, အထရံ, ဝယ်ယော်, ပါခဂူ, လမိုင်း, ရေး, ဘီလူးကျွန်း, ဓရယ်, ဇရာ, ကွန်း၊ (၂၀)
ဇမိ, လကွန်းဗျည်း, မြိုင်, အလှိုင်, ယင်းငြိမ်း, ကော့, တိုဝန်း, အီဗျစ်, အိပဲ, တိုက်ကလား၊ (၃၀)
ယင်အုံ၊ ဘုံဂမိ (၃၂) တို့တည်း။

မုဒ္ဓဇအက္ခရာ ၇-လုံး

လျှာဖျားထိပ်ကလေးဖြင့် အာစောက်ကို ထိ၍ ရွတ်ဆိုရသော အက္ခရာမျိုး ၇-ပါး။ “ဋ, ဌ, ဍ, ဎ, ဏ, ရ, ဠ“

မုနိအပြား၊ မျိုး ၆-ပါး၊ ဝပ်တွား တောင်းဆုယူ

သူတော်ကောင်း သူမြတ်လောင်း
ခြောက်ပါး၊ စူဠနိဒ္ဒေသ ပါဠိတော် ၇၄။
(၁) အာဂါရ မုနိ- သာသနာတော်၏ အဆုံးအမခံသူ လူနှင့် ပဒေသရာဇ်, ဧကရာဇ်စသော မင်းများ၊
(၂) အနာဂါမုနိ-ပုထုဇဉ် သီလဝန္တရဟန်း၊
(၃) သေက္ခမုနိ- အောက်မဂ် အောက်ဖိုလ် ကျင့်ဆဲ သေက္ခပုဂ္ဂိုလ် ၇-ယောက်၊
(၄) အသေက္ခမုနိ- ရဟန္တာပုဂ္ဂိုလ်၊
(၅) ပစ္စေက မုနိ- ဘုရားငယ် ပစ္စေကဗုဒ္ဓါ၊
(၆) မုနိ မုနိ- မုနိတို့၏အသျှင် ဘုရားသခင်။

မုသာဝါဒ အင်္ဂါ ၄-ပါး

လူများ မုသာဝါဒသိက္ခာပုဒ် ပျက်စီးခြင်းအင်္ဂါ ၄-ပါး၊ ၎င်း အင်္ဂါ ၄-ပါးနှင့်ပြည့်စုံမှ သိက္ခာပုဒ်ပျက်သည်။
(၁) အတထ- မမှန်သောဝတ္ထု၊
(၂) ဝိ သံဝါဒ စိတ္တ- မှားယွင်းစေလိုသော စိတ်၊
(၃) တဇ္ဇ ဝါယမ ထိုစိတ်အားလျှော်သော ကိုယ် နှုတ် လုံ့လပြုခြင်း၊
(၄) တဒတ္ထ ဇာနန- သူလိမ်တိုင်း သိရှိ ယုံကြည်ခြင်း။

မုသာဝါဒ ကံ၏ မကောင်းကျိုး ၁၆-ပါး

မဟုတ်မမှန် လိမ်ညာ ပြောသူတို့ရရှိ ခံစားရသော အပြစ်မျိုး ဆယ့်ငါးပါး ဟူ၏၊ ခုဒ္ဒကပါဌ အဋ္ဌကထာမှ။
(၁) မကြည်ညိုဖွယ်ရာ ရုပ်ဆင်းရှိခြင်း၊
(၂) သွား မညီမညွတ် ရှိခြင်း၊
(၃) နား မချမ်းသာသော အသံ ရှိခြင်း၊
(၄) ဝလွန်း ဆူလွန်းခြင်း၊
(၅) ပိန်လွန်း သေးလွန်းခြင်း၊
(၆) နိမ့် ပုလွန်းခြင်း၊
(၇) မြင့် ရှည်လွန်းခြင်း၊
(၈) ကြမ်းတမ်းသော အသားအရေ ရှိခြင်း၊
(၉) ခံတွင်းပါးစပ်ပုပ်ညှီခြင်း၊
(၁၀) ဆွံ့အ တုန်လှုပ်ခြင်း၊
(၁၁) သူတပါးတို့မယုံကြည်ခြင်း၊
(၁၂) တိုသော လျှာ, စကားမပြီ ရှိခြင်း၊
(၁၃) လျှပ်ပေါ်တတ်ခြင်း၊
(၁၄) မိုက်မဲ တွေဝေခြင်း၊
(၁၅) ဉာဏ် ပညာ နည်းပါးခြင်း၊
(၁၆) ကြောက်ရွံ့တတ်ခြင်း။

မူလ ၂-ပါး

ပိဋကတော်လာ ဒုက္ခအကြောင်းရင်း အမြစ် ၂-ပါး။
(၁)အဝိဇ္ဇာ- ဆင်းရဲတာ အမှန်ကို ချမ်းသာဟု အမှားသိနေခြင်းသဘော။
(၂) တဏှာ- ကာမဂုဏ်တရား၌ သာယာ, ခင်မင်, လိုချင်, တပ်မက်, ဆာလောင်, ခြင်း သဘော။

မူလသံထား၊ ၁၈-ပါး၊ စပ်ငြား ကဗျာ အဘယ်နည်း

၎င်း သရုပ် (တက်သံ ၁၈-ပါး)နှင့် တူ၏။

မေတ္တာအကျိုး ၁၁-ပါး

ပဋိသံ၊၃၁၃။ ပဋိသံ၊ဋ္ဌ၊၂၊၂၀၇။ မေတ္တာတရား ပွားများသူတို့ မျက်မှောက် ခံစားရသော အကျိုး ၁၁-ပါး။
(၁) ချမ်းသာစွာ အိမ်ရခြင်း၊
(၂) ချမ်းသာစွာနိုးရခြင်း၊
(၃)မကောင်းသောအိပ်မက်ကို မမြင်မက်ရခြင်း၊
(၄)လူတို့ ချစ်နှစ်သက်ခြင်း၊
(၅)နတ်တို့ မြတ်နိုးခင်မင်ခြင်း၊
(၆) နတ်တို့ စောင့်ရှောက်ခြင်း၊
(၇) မီး အဆိပ်လက်နက် မသင့်နိုင်ခြင်း၊
(၈) စိတ်လျင်မြန်စွာ တည်ကြည်ခြင်း၊
(၉) မျက်နှာရုပ်ဆင်း ကြည်လင် ရွှင်ပြခြင်း၊
(၁၀) မတွေဝေဘဲသေရခြင်း၊
(၁၁) သေသောအခါ ဗြဟ္မာပြည်သို့ လားရခြင်း။

မေတ္တာမျိုး ၂-ပါး

သတ္တဝါများအပေါ်၌ ချစ်ခင်နာလိုစိတ် ပွားတိုးစေသောတရား ၂-ပါး။
(၁)မေတ္တာစစ်- အဒေါသ ပုဗ္ဗင်္ဂမ မေတ္တာယ, သတ္တဝါများအပေါ်၌ ချစ်ခင်နာလို စွတ်စိုစေးကပ်တတ်သော “အဒေါသ“စိတ္တုပ္ပါဒ်၊
(၂)မေတ္တာတု- သားချစ် မယားချစ် မိဘချစ် ဆရာချစ် ဆွေမျိုးချစ်သည့် မခွဲနိုင်သော အချစ်များ၊ ဂေဟသိတပေမခေါ် အိမ်၌မှီသော အချစ်မေတ္တာတု, မေတ္တာယောင်မျိုး “တဏှာပေမ”သာဖြစ်၏။

မေတ္တာမျိုး ၃-ပါး

မ၊၁၊၂၆၇။ မ၊ဋ္ဌ၊၂၊၁၄၂။ချစ်ခင်စွာ ကူညီ ပွားစီးပေးမှုမျိုးသုံးပါး။
(၁) ကာယကံ မေတ္တာ- သတ္တဝါ အပေါင်းတို့ ချမ်းသာကြောင်းအတွက် ကိုယ်အားဖြင့် ဝိုင်းဝန်းစောင့်ရှောက် ကူညီပေးမှု၊ ကိုယ်ဖြင့် အရိုအသေပေးမှု၊
(၂)ဝစီကံ မေတ္တာ- ချစ်ခင်သော စိတ်ဓာတ်ဖြင့် နှုတ်ကမြွက်ဆို ပြောကြားခြင်း၊
(၃) မနောကံ မေတ္တာ- သတ္တဝါအပေါင်းအား ဘေးရန်ခပ်သိမ်း ကင်းငြိမ်းပါစေဟု စိတ်ဖြင့် အောက်မေ့ပွားများခြင်း။

မေတ္တာမျိုး ၅၂၈-ပါး

၎င်း၏ သရုပ်အဓိပ္ပါယ် အကျယ် (ငါးရာ့နှစ်ဆယ် ရှစ်သွယ် မေတ္တာ)၌ ပြခဲ့ပြီ။

မေတ္တာရှေ့သွားဖြင့် အောင်ခြင်းဝတ္ထုကြီး ၄-ပါး

မေတ္တာအစွမ်းဖြင့် အောင်မြင်ခြင်း
တို့ကား ပိဋကတော်၌များစွာ ရှိသော်လည်း ၎င်း ၄-ပါးဖြင့် ထင်ရှားပေါ်လွင် စေလိုက်သည်။
(၁) ဥတေန မင်းကြီးကို သာယာဝတီအောင်မြင်ခြင်း၊
(၂) ဆီပူလောင်းသူ သီရိမာကို ဥတ္တရာအောင်မြင်ခြင်း၊
(၃) နာဠာဂိရိဆင်ကို ဘုရားမြတ် အောင်တော်မူခြင်း၊
(၄) အာဠာဝကဘီလူးကို မြတ်ဘုရားအောင်တော်မူခြင်း။

မေထုန် ၂-ပါး၊ မျိုးအပြား၊ ခွဲခြား မိန့်ဆိုဘိ

(၁) မေထုန်ကြီး-မိန်းမ,ယောကျ်ား, ကာယကံမြောက် အင်္ဂါဇာတ် အချင်းချင်း သွားလာမှီဝဲခြင်းမျိုး၊
(၂) မေထုန်ငယ်- မိန်းမ, ယောကျ်ား ရသေ့ စိတ်ဖြေအားဖြင့် ကိုယ်လက်သုံးသပ် ပြုမူသာယာမှုမျိုး။

မေထုန်ငယ် ၇-ပါး

အံ၊၂၊၄၃၈။ အံ၊ဋ္ဌ၊၃၊၁၆၇-၌ အကျယ်ရှု။ အဗြဟ္မစရိယ သိက္ခာပုဒ်တော်၏ ညှိုးနွမ်း ပေါက်ကြားမှုမျိုး ၇-ပါး၊ မိန်းမ, ယောကျ်ား ၂-ဦးလုံး အတွက် အပြန်အလှန် ယူရမည်။
(၁) မာတုဂါမ၏ ပွတ်တိုက်ဆုပ်နယ်နှိပ်ပေးမှု၌ သာယာခြင်း၊
(၂) မာတုဂါမနှင့် ပြုံးကာ ရယ်ကာ တို့ကာ ဆိတ်ကာ နေရသည်ကို သာယာခြင်း၊
(၃) မျက်နှာချင်းဆိုင်၍ အားပါးတရ ကြည့်ရှုနေရမှုကို သာယာခြင်း၊
(၄) မျက်ကွယ်ရာ အနီးအနားက ၎င်းတို့၏ ပြောသံ ဆိုသံ ရယ်သံကိုကြား၍ သာယာစွာ နားစိုက်ထောင်ခြင်း၊
(၅) ရှေးအခါက မာတုဂါမနှင့် ပျော်ပျော်ကြီး ပြုမှုနေထိုင် ကျင့်ကြံမှု မျိုးစုံကိုတွေးတောအောက်မေ့ သာယာခြင်း၊
(၆) သူတပါးတို့ ပြုမူကျင့်ကြံ ခံစားနေမှုကိုမြင်ရ၍ သာယာခြင်း၊
(၇) ယခု ဘဝ ပြုစုအားထုတ်ရသော သီလကုသိုလ်ကြောင့် နောက်ဘဝ၌ နတ်မင်းကြီးဖြစ်ပြီး နတ်သမီး နတ်သားများစွာတို့နှင့် ပျော်ပါးရန် မြှော်လင့်လျက် သာယာနေခြင်း။

မေထုန် ပြုဘွယ် မဂ်- ၃၀

၎င်း သရုပ် (မဂ် ၃၀၊တနည်း)၌ ပြခဲ့ပြီ။

မေထုန် မမှီဝဲအပ်သော မိန်းမမျိုး ၁၄-ပါး

ထို ဆယ့်လေးယောက်တို့တွင် အချို့ကား ကျန်းမာရေးကို ထိခိုက်စေ၍ အချို့ကာ ဘာသာတရားနှင့် လောကဝတ် ဥပဒေများက တားမြစ်၍ အပြစ်ရှိသည်၊ အမရိတ ဘေသဇ္ဇကျမ်းမှ၊ ဥတုလာနေသူ, အလိုမရှိသူ, ညစ်နွမ်း မသန့်စင်သူ, မချစ်ခင်သူ, ပြည့်တန်ဆာမ, အရွယ်ကြီးရင့်သူ, ရောဂါသည်မ, ကိုယ်အင်္ဂါချို့တဲ့သူ, ကိုယ်ဝန်ဆောင်မ, ရန်သူမ, အင်္ဂါဇာတ်၌ အနာရှိသူ, လင်ရှိသူ, မာတုရက္ခိတ စသည်ရှိသူ, သီလရှင်မ။

မေထုန် မှီဝဲလွန်မှု အပြစ် ၈-ပါး

ကာမသျှတြကျမ်း။
(၁) ဘုန်းကံယုတ်လျော့ခြင်း၊
(၂) ဉာဏ်ပညာ ယုတ်လျော့ခြင်း၊
(၃) ခွန်အားဗလ ယုတ်လျော့ခြင်း၊
(၄) အသား,အရေ, ဦးခေါင်း, ပူလောင်ခြင်း၊
(၅) အရောင်အဆင်း ဖျော့တော့ ပျက်စီးခြင်း၊
(၆) ချောင်းဆိုးသွေးပါ အဆုပ်နာ မြစ်ချောက်ရောဂါ စွဲကပ်တတ်ခြင်း၊
(၇) အပြင်အပရောဂါလွယ်ကူစွာ ကူးစက်နိုင်ခြင်း၊
(၈) အသက်တိုခြင်း။

မေရယမျိုး ၅-ပါး

ကုသိုလ်ကောင်းမှု၌ မေ့လျော့စေတတ်သော အရက်မျိုး ၅-ပါး။ ၎င်း သရုပ် (အရက်မျိုး ၅-ပါး)မှာ ကြည့်ပါ။

မေးမြန်းခြင်းရာ၊ ကြောင်း ၅-ဖြာ၊ ပုစ္ဆာ ၅-ပါး မှတ်

အမေးပုစ္ဆာပြုခြင်း အကြောင်း ၅-မျိုး။
(၁)မန္ဒ မောမူဟတ္တာ-ထုံထိုင်း တွေဝေခြင်းကြောင့်မေးခြင်း၊
(၂) ပါပိစ္ဆ ဣစ္ဆာပကတ-လူတဖက်သားအား နှိမ်နင်းနှိပ်စက်လိုသော အလိုဆိုး ယုတ်မာစိတ်ကြောင့် မေးခြင်း၊
(၃) ပရိဘဝ- မာနတရားဖြင့် သူတပါးအား မထေလေးစား ပြုလိုသောကြောင့် မေးခြင်း၊
(၄) အညာတု ကာမ- မိမိ ကိုယ်တိုင် အဟုတ်အမှန် သိလိုသောကြောင့် မေးခြင်း၊
(၅) ဇာနေတု ကာမ- သူတပါး မသိသောအရာကို မှန်ကန်ကျနစွာ သိစေရန် ဖြေကြားလိုသောကြောင့် မေးခြင်း။

မောနေယျတရားမျိုး ၃-ပါး

ရဟန်းမုနိ၏ အဖြစ်ကို ဉပတတ်သော တရားအပြား ၃-ပါးဟူ၏၊ သံဂီတိသုတ်မှ။ (၁) ကာယမောနေယျ- ကာယဒုစရိုက်မှ စင်ကြယ်ခြင်း၊
(၂) ဝစီ မောနေယျ-ဝစီဒုစရိုက်မှ သန့်ရှင်းခြင်း၊
(၃) မနော မောနေယျ- မနောဒုစရိုက်မှ ရှောင်ရှားခြင်း။

မောနေယျ ပုဂ္ဂိုလ်မျိုး ၃-ပါး

အံ၊၁၊၂၇၆။ အံ၊ဋ္ဌ၊၂၊၂၃၅။ ခြိုးခြံဆင်းရဲစွာ ကျင့်၍မဂ်ဖိုလ်ရှာမှီးသော ပုဂ္ဂိုလ်ထူးကြီး ၃-မျိုး။
(၁) ဥက္ကဋ္ဌမောနေယျ- ၇-လသာ အသက်ရှည်သည်၊
(၂) မဇ္ဈုံ မောနေယျ- ၇-ရက်သာ အသက် ရှည်သည်၊
(၃) မုဒု မောနေယျ- ၁၆ ရက်သာ အသက်ရှည်သည်။

မောက်ကလူ ၂၄

၎င်း ဝေါဟာရ သရုပ်ကို(ပါလီကွေး ၄၅)၌ ပြန်ရှုပါ။

မောက်ချအက္ခရာ၊ ရေးထုံးလာ၊ ၆-ဖြာ မြန်မာမှု

မြန်မာစာပေ ရေးသားရာ၌
ရေးချ နှစ်မျိုးရှိသည်တွင် (ခ, ဂ, င, ဒ, ပ, ဝ) ၎င်းဗျည်း ၆-လုံးကို အာ, ဩ, သရ ၂-လုံးတို့နှင့်
ယှဉ်တွဲသောအခါ “ -ါ, ေ-ါ, “ ဤ သင်္ကေတရှိ မောက်ချပုံတို့နှင့်သာ တွဲရမည်၊ “ -ာ, ေ-ာ, “ ဤသင်္ကေတရှိ ဝိုင်းချပုံတို့နှင့် တွဲစပ်မရေးရ ဟူ၏၊
ပုံ- ခါ, ဂါ, ငါ, ဒါ, ပါ, ဝါ, ။

မော်ကတော်ခေါ်၊ ကဝေကျော်၊ ၄-ဘော် မိနတ်ဝန်

၎င်း သရုပ်ကို(ကတော်ကြီး ၄-ပါး)၌ ဆိုခဲ့ပြီ။

မိုဃ်း ၄-ပါးနှင့် ပုဂ္ဂိုလ် ၄-စား

မိုဃ်းလေးပါးနှင့် ပမာပြ၍ ပုဂ္ဂိုလ်၄-စား ခွဲပြခြင်း။
(၁) ဂဇ္ဇိတာ နော ဝဿိတာ- ခြိမ်းကားခြိမ်း၏ မရွာသောမိုဃ်း၊
ဘာသိတာ နော ကတ္တာ- အပြောကား ကြီး၊ အလုပ်မပါသူ”လူယုတ်မာဟူ၏”၊
(၂) ဝဿိတာ နော ဂဇ္ဇိတာ-မခြိမ်းဘဲ ရွာသောမိုဃ်း၊
ကတ္တာ နော ဘာသိတာ-အပြောမဟုတ် အလုပ်သမားသက်သက်၊
(၃) ဂဇ္ဇိတာ စ ဝဿိတာ စ-ခြိမ်းလည်းခြိမ်း ရွာလည်းရွာသောမိုဃ်း၊
ဘာသိတာစ ကတ္တာစ-အပြောနှင့် အလုပ်ညီသူ၊
(၄) နေဝဇ္ဇိတာ နော ဝဿိတာ- ခြိမ်းလည်းမခြိမ်း ရွာလည်းမရွာ၊
နေဝဘာသိတာ နော ကတ္တာ- ပြောလည်းမပြော လုပ်လည်း မလုပ်သူ။ စတုက္ကင်္ဂုတ္တရမှ။

မိုဃ်းကြိုးမျိုး ၉-ပါး

ဒီ၊၂၊၁၀၉။ ဒီ၊ဋ္ဌ၊၂၊၁၆၀။ မိုဃ်းကြိုးပစ်ခြင်းမျိုး ၉-ပါး ဟူ၏။
(၁) အ သညာ- အသံမမြည်ဘဲ ကျသောမိုဃ်းကြိုး၊
(၂) ဝိစက္ကာ-တူရွင်း ပုဆိန် ပဲခွပ်များကဲ့သို့ အသွားတဖက်သာရှိသော မိုဃ်းကြိုး၊
(၃) သတေရာ-ရယ်သကဲ့သို့ ကျသော မိုဃ်းကြိုး၊
(၄) ဂဂ္ဂရာ-ဂျက်ဂျက်မြည်လျက် ကျသော မိုးဃ်းကြိုး၊
(၅) ကပိသီသာ- မျောက်မျက်နှာ မျှော်သကဲ့သို့ ကျသော မိုဃ်းကြိုး၊
(၆) မစ္ဆ ဝိလောဠိကာ-ငါးမြူးသကဲ့သို့ ကျသော မိုဃ်းကြိုး၊
(၇) ကုက္ကဋကာ-ကြက်တောင်ဖြန့်သကဲ့သို့ ကျသော မိုဃ်းကြိုး၊
(၈) ဒဏ္ဍ မဏိကာ- ထွန်တုံးကဲ့သို့ ကျသော မိုဃ်းကြိုး၊
(၉) သုက္ခာသနီ-မိုဃ်းပင်ရွာသော်လည်း အလျှံနှင့် တကွဖြစ်၍ ရေမစွတ်သော လောင်မီးမိုဃ်းကြိုး။

မိုးချုပ်ညဉ့်ခါ၊ လည်သူမှာ၊ ၆-ဖြာ အပြစ်ရ

၎င်းသရုပ်ကို
(အ,ကာလခါ၊ လည်သူမှာ၊ ၆-ဖြာ အပြစ်ရ)ဟူသော သုတေသန၌ ဆိုခဲ့ပြီ။

မိုဃ်းမရွာခြင်း အကြောင်း ၅-ပါး

မိုဃ်းခေါင်ခြင်း အကြောင်းတရားငါးပါး၊ ဝလာဟကသံယုတ်။
(၁) ဥပရိ အာကာသေ တေဇောဓာတုကုပ္ပတိ- အထက်ကောင်းကင်၌ တေဇောဓာတ် ပျက်၍ မရွာခြင်း၊
(၂) ဝါယောဓာတု ကပ္ပတိ- ဝါယောဓါတ်ခေါ် လေတိုက်ခြင်း ပျက်၍ မရွာခြင်း၊
(၃) ရာဟု အသူရိန္ဒော-ရာဟုခေါ် အသူရိန်နတ်ကြီး လက်ဝါးဖြင့်ခံ၍ သမုဒ္ဒရာသို့ သွန်ပစ်သောကြောင့် မရွာခြင်း၊
(၄) ဝဿ ဝလာ ဟကဒေဝါ ပမတ္တာ- မိုဃ်းနတ်သားတို့ မေ့လျော့မှုကြောင့် မရွာခြင်း၊
(၅) မနုဿ အဓမ္မိကာ- မင်းနှင့် လူတို့ တရားမစောင့် ကောက်ကျစ်ယုတ်မာမှုကြောင့် မရွာခြင်း။

မိုဃ်းရွာခြင်း အကြောင်း ၈-ပါး

သံ၊ဋ္ဌ၊၂၊၃၂၂။ မိုဃ်းရွာစေတတ်သော အကြောင်းတရား ၈-ပါး။
(၁) နဂါးတို့၏ အာနုဘော်ကြောင့် ရွာခြင်း၊
(၂) ဂဠုန်တို့၏ အာနုဘော်ကြောင့် ရွာခြင်း၊
(၃) နတ်တို့၏ အာနုဘော်ကြောင့် ရွာခြင်း၊
(၄) သစ္စာစကားကြောင့် ရွာခြင်း၊
(၅) ဥတု အစွမ်းကြောင့် ရွာခြင်း၊
(၆) မာရ်နတ် လည့်ပတ်သောကြောင့် ရွာခြင်း၊
(၇) တန်ခိုးကြီးသူတို့ အာနုဘော်ကြောင့် ရွာခြင်း၊
(၈) ကမ္ဘာပျက်လိုသောကြောင့် ရွာခြင်း။

မျက်ကြုတ်တရားမျိုး ၉-ပါး၊ တနည်း ၁၀-ပါး

၎င်း၏ သရုပ်အဓိပ္ပါယ်ကို
(ရန်ငြိုးဖွဲ့ကြောင်း၉-ပါး၊ ၁၀-ပါး)၌ ကြည့်ပါ။

မျက်ငြိုးမာန်ထား နည်း ၉-ပါး

၎င်းသရုပ် (ရန်ငြိုးဖွဲ့ကြောင်း တရား ၉-ပါး)၌ ရှုပါ။

မျက်စိအပြား မျိုး ၃-ပါး

ဣတိဝုတ်၊၂၃၀။ ဣတိဝုတ်၊ဋ္ဌ၊၁၉၆။
(၁) မံသ စက္ခု-အသားမျက်စိ၊
(၂) ဒိဗ္ဗစက္ခု- နတ်မျက်စိနှင့်တူသော တန်ခိုးမျက်စိ၊
(၃) ပညာ စက္ခု-ပညာဉာဏ်အမြင်။

မျက်စိ ၅-ပါး၊ မြတ်ဘုရား၊ ပိုင်းခြား ကိုယ်တိုင်သိ

၎င်း သရုပ်ကား(စက္ခု ၅-ပါး)ဟူသော သရုပ်နှင့် တူ၏။

မျက်မာန်ကြီးငြား၊ ၁၄-ပါး၊ မျိုးစားပုဂ္ဂိုလ် အဘယ်နည်း

၎င်းသရုပ်ကို(အမျက်ကြီးငြား ၁၄-ပါး) ဟူသော သုတေသန၌ ရှုပါ။

မျက်ရွဲမဏိ၊ ခေါ်ဆိုဘိ၊ စတုဝီသတိ အဘယ်နည်း

၎င်းသရုပ်ကို (ပတ္တမြားမျိုးပြား၊ ၂၄-ပါး) ဟူသော သုတေသန၌ ရှုပါ။

မျိုး ၇-ဆက်၊ အောက်အထက်၊ စဉ်ဆက် စပ်၍ယူ

မင်္ဂလသုတ်ပျို့ ဋီကာအလို မိမိမှ အောက်သို့ ရေတွက်သော် “မျိုး ၇-ဆက်”ဟု ခေါ်၏၊ ၎င်းအကျယ် (ဆွေ ၇-ဆက်၊ မျိုး ၇-ဆက်)၌ ဆိုခဲ့ပြီ။

မျိုးစေ့အပြား၊ မျိုး ၅-ပါး၊ မိန့်ကြား ဝိနည်းတော်

၎င်း၏ သရုပ်အဓိပ္ပါယ်ကား (ဗီဇမျိုး ၅-ပါး)နှင့်တူ၏။

မျောက်ဥအပြား၊ မျိုး ၆-ပါး၊ ခွဲခြား ဆေးကျမ်းလာ

ဥတုဘောဇနကျမ်းမာ ဖြစ်၏။
(၁) ပိဏ္ဍာ လုက- ပလောပီနံခေါ် မျောက်ဥတမျိုး၊
(၂) ကထာလုက-သန်သင်းထောက်ခေါ် မျောက်ဥတမျိုး၊
(၃) သင်္ခါလုက-ဖြူသော မျောက်ဥမျိုး၊
(၄) ဟတ္ထာလုက-ဆင်စွယ်ကဲ့သို့ ရှည်သော မျောက်ဥမျိုး၊
(၅) သတ္တာလုက- ဝက်လာဥခေါ် မျောက်ဥတမျိုး၊
(၆) ရတ္တာလုက-မျောက်ငချိပ်။

မြက်ကြီးမျိုး ၇-ပါး

မြက်မင်းမျိုးလည်း ဟူ၏၊ ဆေးကျမ်းလာ ဝေါဟာရ အပေါင်းစကား။
(၁) ဟိန္တာလ- ဓနုန်းပင်၊
(၂) တာလ- ထန်းပင်၊
(၃) ခဇ္ဇူရ- သင်ပေါင်းပင်၊
(၄) နာဠိကေရ- အုန်းပင်၊
(၅) ကေတကီ- ဆတ်သွားပင်၊
(၆) တာဠီ- ပေပင်၊
(၇) ပူဂ- ကွမ်းသီးပင်။

မြက်ပဥ္ဓမူမျိုး ၅-ပါး

ဆေးကျမ်းလာဝေါဟာရ၊သည်းခြေကြောင့်ဖြစ်သော ဆီးရောဂါကို ပျောက်စေ၏။
(၁) ကဏှုစ္ဆု မူလ-ကြံနက်မြစ်၊
(၂) ကုသမူလ-သမန်းမြက်မြစ်၊
(၃) သဒ္ဒလ မူလ-မြေဇာမြစ်၊
(၄) ကိစက မူလ- ကိုင်းမြစ်၊
(၅) ဘဒ မူလ- မြားမြက်မြစ်။

မြက်မင်းမျိုး ၇-ပါး

ဤသစ်ပင် ၇-မျိုးသည် တိဏရာဇာခေါ် မြက်မင်းမျိုးဖြစ်၍ ဒန်ပူမစားကောင်းဟု လောကီကျမ်းတို့၌ မှာဆိုထားကြကုန်၏၊ ၎င်း၏ သရုပ်ကား (မြက်ကြီးမျိုး ၇-ပါး)နှင့် တူ၏။

မြင်းမိုရ်အာလိန်၊ ရန်ကိုနှိမ်၊ စောင့်ချိန် ထို ၅-ဆင့်

၎င်းသရုပ်ကို(အာလိန်၅-ဆင့်)ဟူသော သုတေသန၌ ဆိုခဲ့ပြီ။

မြင်းမိုရ်ရောင်များ၊ မျိုး ၄-ပါး၊ မှတ်သား စာပေဝင်

ဒီ၊၃၊၁၆၁။ ဒီ၊ဋ္ဌ၊၃၊၁၄၆။မြင်းမိုရ်တောင်၏ ရောင်ခြည် ၄-ပါး။
(၁) ၎င်း၏ တောင်ဖက်ပိုင်း ဒေသသည် ပတ္တမြားညိုအတိ ပြီး၏၊
(၂) မြောက်ဖက်ပိုင်းဒေသသည် ရွှေအတိ ပြီး၏၊
(၃)အရှေ့ဖက်ပိုင်း ဒေသသည် ငွေအတိပြီး၏၊
(၄)အနောက်ဖက်ပိုင်း ဒေသသည် ဖလ်အတိ ပြီး၏။
မှတ်ချက်။ ။ ထို ပတ္တာမြား, ရွှေ, ငွေ, ဖလ်, တို့၏ အရောင်သည် မိမိတို့မျက်နှာမူရာ ကျွန်းကြီး လေးကျွန်း, သမုဒ္ဒရာ လေးစင်း, တော, တောင်, ရေ, မြေတို့ အပေါ်သို့ ထွန်းပ လွှမ်းမိုးနေကြောင်းကျမ်းဂန်တို့၌ ဆိုသည်၊ထို့ကြောင့် ကျွန်ုပ်တို့နေရာ တောင်ကျွန်းကို”မြရောင်ထွန်းသော ကျွန်း”ဟု ဖွဲ့ဆို သီကုံးကြကုန်၏။

မြင်းခင်းစီးရိုး ၃၇-မျိုး

ရှေးမြန်မာ ဘုရင်မင်းမြတ်တို့ လက်ထက်တော်က ပြာသိုလ မြင်းခင်းပွဲ၌ အလှ မြင်းစီးနည်း ၃၇-ပါးကိုဆိုသည်၊ ထိုနည်းများကို မဃဒေဝ လင်္ကာ အပိုဒ်ရေ ၃၃၆-ဖြင့် ပြဆိုအံ့။
“လွှတ်နန်းရင်ပြင်၊ ရှေ့တော်ခွင်ဝယ်၊ ဆင်ကို ဆင်ချင်း၊ မြင်းလည်း မြင်းနှင့်၊ စီးနင်း မောင်းနှင်၊
စက်တော်တင်၍၊ နတ်သွင်ရွှေကိုယ်၊ ရွယ်ပျိုရှုသင့်၊ဘုန်းပွင့်ပွင့်ဖြင့်၊ သက်တင့်ရေသောက်၊
ပြန်ခေါက်ဝဲကာ၊ ဗြဟ္မာလက်လှမ်း၊ ရွှေကွမ်းရုံတက်၊ မပျက်ဟန်လှ၊ သိကြာ့တန်ဆောင်၊
ဂဠုန်တောင်နှင့်၊ စွန်တောင်ဖြန့်လေ့၊ ခြင်္သေ့တန်းဆွဲ၊ ကိုယ်တော်နွှဲ၍၊ ပယ်ခွဲ ပယ်စိတ်၊ ဝါကြိတ် ခိုနန်း၊
စောင်းရန်းသမက်၊ လက်ဆက်ကြာဖူး၊ ဆင်ထူး ပုခက်၊ နွယ်ထွက်နွယ်ဝင်၊ အုန်းပင် ရေသွန်း၊
လေးကျွန်းမှန်ကူ၊ တမူတင့်လွန်၊ ရွှေတန်ခွန်ယောင်၊ တန်ဆောင်ဘုံနန်း၊ ထူးဆန်း ရှစ်မြှောင့်၊
ရှစ်ထောင့် ပုံကွဲ၊ စွန်ဝဲ စွန်သုတ်၊ သမုတ်ကျယ်ချဲ့၊ စချီဘွဲ့သား၊ သုံးဆယ့်ခုနစ်မျိုး၊ ရှေးသတိုးတို့၊
စီးရိုးစုံပေါင်း၊ ပြန်လှန်ပြောင်းလျက်၊ အဲမောင်းဝင်းချီ၊ ရှုဘွယ်အီ၏”။

မြင်းဇာတ်အပြား၊ မျိုး ၁၀-ပါး၊ ထင်ရှား အဿကြန်

မြင်းတို့၏ မျိုးဇာတ်များကို သကဋ အဿကြန္နကျမ်းကြီး၌ အကျယ်လာသော်လည်း ဤ၌ အကျဉ်းမျှ ပြဆိုထားသည်။
(၁) သိန္ဓောမျိုး- မန်ကျည်းစေ့ရောင် ခြေလေးဘက် မည်းနက်၏၊
(၂)သုဝဏ္ဏသာမမျိုး- ရွှေစင်တုနိုင်းလည်းခေါ်၏၊ ရွှေဝါရောင် အဆင်းရှိသည်၊
(၃) အာကာသ ဘိန္နမျိုး- ကောင်းကင်ခွဲမျိုးလည်းဟူ၊ ကိုယ်လုံး ဆွတ်ဆွတ်ဖြူ၊
(၄) ဝလာဟကမျိုး- တိမ်တိုက်ပျံမျိုးလည်းဟူ၏၊ တိမ်ပြာရောင်အဆင်း၊
(၅) ဝလာဟကသိင်္ဃမျိုး- ရောင်စုံပြိုးပြက်ရှိသည်၊
(၆) လောမျိုး- ခြေလေးဖက်ကြီး၍ မျက်လုံးငယ်သည်၊
(၇) လှီမျိုး- သေးငယ်ကျစ်လှီ၍ တောင့်ခိုင်သည်၊
(၈) ပွေမျိုး- ခြေ နှာယောင်တို၍ ကိုယ်နှင့် အမြီး ရှည်လျားသည်၊
(၉) ပုစဉ်းမျိုး- ခြေလေးဘက် အမြီးရှည်၍ ကိုယ်ထည်တိုသည်၊
(၁၀) မြည်းမျိုး- နံကိုင်းသည် နားရွက်ကြီးသည် ခြေတိုသည် အသံကျယ်လောင်သည်။
မှတ်ချက်။ ဤကားရှေးဟောင်းမျိုးများဖြစ်၏၊ ယခုခေတ် စပ်မြင်းမျိုးပေါင်းလည်း များစွာရှိသေးသည်။

မြစ်ကြီး ၅-သွယ်၊မွေ့လျော်ဘွယ်၊ ဘယ်ဝယ်အမည်များ

မ၊ဋ္ဌ၊၃၊၂၅။
(၁) ဂင်္ဂါ- ဂင်္ဂါမြစ်၊
(၂) အစီရဝတီ- အစီရဝတီမြစ်၊
(၃) ယမုနာ- ယမုံနာမြစ်၊
(၄) သရဘူ- သရဘူမြစ်၊
(၅) မဟီ- မဟီမြစ်။

မြစ်ကြီး ၁၀-စင်း

မြစ်ကြီး ၁၀-စင်း

မြစ်ကြီးမျိုး ၄-ပါး

၎င်း သရုပ် (ဂင်္ဂါမျိုး ၄-ပါး)၌ ရှုပါ။

မြစ်ငယ် ၅၀၀

အနောတတ်အိုင်ကြီး၏ တောင်မျက်နှာ ကာဠတောင်ကိုဖောက်ထွင်း၍ သုံးဂါဝုတ်ရှိသော နွားခံတွင်းပြွန်ပေါက်မှ ထိုးထွက်လာသည့် ရေအယဉ်သည် အသီးအသီး ကာဆီး၍ထားသော တောင်အထပ်ထပ်တို့အောက်သို့ ငုပ်ချည်တလှည့် ပေါ်ချည်တခါနှင့် စီးဆင်းလာရာ နောက်ဆုံး ကျောက်ဖျာကြီးပေါ် ကျရာမှ လက်ငါးချောင်းပမာ ငါးဖြာငါးသွယ် ကွဲလွဲစီးသွားကြပြန်၏၊ ငါးဖြာငါးသွယ် စီးသွားသော ရေအယဉ်မြစ်ကြီးတို့သို့ တဖြာတဖြာ၌ လက်ဝဲ,လက်ရာ, ရေအယဉ် မြစ်ငယ် တရာစီ သီးခြား စီးဝင်ကြပြန်ရာ မြစ်ငယ် ငါးရာ ရှိသည်ဟူသတတ်။

မြစ်မျိုး ငါးပါး၊ သူငယ်များ၊ သင်ကြား ပထဝီ

ဝေါဟာရ အားဖြင့်ထင်ရှားသော ပထဝီဝင်မြစ်များ။
(၁) မြစ်ဆုံ- မြစ်နှစ်ခုပေါင်းဆုံ၍ တခုတည်း ဖြစ်သွားသော နေရာကို “မြစ်ဆုံ”ဟု ခေါ်သည်၊
(၂) မြစ်ခွဲ- မြစ်နှစ်ခု ခွဲသည့် နေရာကိုသော်၎င်း၊ မြစ်ကြီးမှ ပင်လယ် သမုဒ္ဒရာထဲသို့ ခွဲထွက် စီးဝင်နေသော ချောင်းကြီးကိုသော်၎င်း “မြစ်ခွဲ”ဟု ခေါ်သည်၊
(၃) မြစ်လက်တက်- မြစ်မကြီးအတွင်းသို့ စီးဝင် ပေါင်းဆုံလာသော ချောင်းငယ်, မြစ်ငယ်ကလေးများကို “မြစ်လက်တက်”ဟု ခေါ်သည်၊ (၄) မြစ်ဝကျွန်းပေါ်- မြစ်တခုသည် အဝ၌ မြစ်ခွဲကလေးပေါင်းများစွာနှင့် ပယ်လယ်ထဲသို့ စီးဆင်းသော သုံးထောင့်ပုံ ကျွန်းမြေအရပ်ကို “မြစ်ဝကျွန်းပေါ်”ဟု ခေါ်သည်။
http://www.enchantedlearning.com/geography/rivers/glossary.shtml

မြတ်နိုး ချစ်ခင်သော အင်္ဂါ ၆-ပါး

အမြဲအစဉ် ချစ်ခင်မြတ်နိုးခံရသူ၏ အင်္ဂါ ၆-ပါး၊ ဟိတောပဒေသ။
(၁) ပသန္နမုခ- ချိုသာကြည်လင် မျက်နှာရွှင်ကာ တွေ့ဆုံလာခြင်း၊
(၂) ဝိမလဒိဋ္ဌိ- မုန်းစိတ်မရှိ ပကတိ ကြည်လင်စွာ ကြည့်ရှုခြင်း၊
(၃) ကထာနုရာဂ- ပြောကြားသောစကားကို အားပါးတရ နားထောင်ခြင်း၊
(၄) မဓုရဝါဏီ- ချိုသာနူးညံ့စွာ ပြောဆိုမြွက်ကြားခြင်း၊
(၅) အဓိက သိနေဟ- လွန်ကဲခင်မင် ချစ်ကြည်လေးမြတ်ခြင်း၊
(၆) သမ္ဘမ ဒဿန- အဖန်ဖန် အထပ်ထပ် မပြတ်ကြည့်ရှုထောက်ပံ့ ဉပခြင်း။

မြန်မာ ၇-မျိုး၊ မော်ကွန်းထိုး၊ ခေါ်ရိုး ၂-နည်းပြ

ရှေးအခါက ထင်ရှားသော မြန်မာလူမျိုးများ။
(၁)မြန်မာ၊
(၂) တောင်သူ၊
(၃) ပျူ၊
(၄) ကမ်းယံ၊
(၅) ယော၊
(၆) ရခိုင်၊
(၇) ထားဝယ်တို့ ဖြစ်ကြ၏ဟု ဇမ္ဗူတံဆိပ်ကျမ်း၌လာသည်။

မြန်မာ ၇-မျိုး၊ တနည်း

သက် နှင့် ရခိုင်၊ နှိုင်းပြိုင် တောင်သူ၊ ပျူ, ကမ်းယံ, ယော၊ ထားဝယ် နှောက၊ မျိုးသတ္တဟု”၊ ရှေးဟောင်းလင်္ကာများ စပ်ဆိုထားသေး၏။

မြန်မာစာပေ၊ ရေးသားလေ၊ ၅-ထွေ နိသျည်း

မြန်မာစာပေ ရေးသားရာ၌ မှီရာ နည်း ငါးပါးကိုဆိုသည်။
(၁) ရိုးရိုးရေးနည်း- မိမိတို့ ရွာသုံးစကားအတိုင်း ဝါကျပြု၍ ရေးခြင်းမျိုး၊
(၂) စကားပြေ ရေးနည်း- မင်းပူးဆရာတော် ဦးဩဘာသ၏ ဇာတ်ကြီးဆယ်ဘွဲ့ ရေးနည်းမျိုး၊
(၃) လင်္ကာသွား ရေးနည်း- ရတု, ရကန်, အဲ, အဏ်, ဧချင်း, ပျို့, ဦးပုည၏ပြဇာတ် ရေးနည်းမျိုးနှင့် ပိဋကသွား ခေါ် ဦးပုည တရားစာရေးနည်းမျိုး၊
(၄) လင်္ကာကြား စကားပြေညှပ်၍ ရေးနည်း- ဩဘာစာ, မေတ္တာစာနှင့် ဖိတ်စာအချို့ လင်္ကာသွားညှပ်၍ ရေးနည်းမျိုး၊
(၅) ဂီတသွား ရေးနည်း- မဟာဂီတပါ သီချင်းများနှင့် ကာလပေါ် သီချင်းများ ရေးနည်းမျိုး၊
အောက်ပါ ၄-ပါးကို မြန်မာ့ယဉ်ကျေးမှု အနုစာပေ ရေးနည်းဟု ခေါ်၏။

မြန်မာစာလုံး၊ ရေးထုံး ၅-ဖြာ၊ သိမှတ်ရာ၏

၎င်းသရုပ်ကို (စာလုံး ၅မျိုးရေးရိုးစဉ်လာ) ဟူသော သုတေသနပုဒ်၌ ဆိုခဲ့ပြီ။

မြန်မာတိုင်းသား၊ လူမျိုးများ၊ အပြား ၄၉

၎င်း၏ရှင်းတမ်းသရုပ်ကို
(ပြည်ထောင်စုသား၊ လူမျိုးများ)ဟူသော ပြဿနာ၌ ဆိုခဲ့ပြီ။

မြန်မာနိုင်ငံ၌ ကျင်းပလေ့ရှိသော နေ့ထူးကြီး ၉-မျိုး

(၁) လွတ်လပ်ရေးနေ့-ဇန္နဝါရီလ ၄-ရက်၊
(၂) တော်လှန်ရေးနေ့- မတ်လ ၂၇-ရက်၊
(၃) တောင်သူလယ်သမားနေ့- မတ်လ ၂-ရက်၊
(၄) အလုပ်သမားနေ့- မေလ ၁-ရက်၊
(၅) အာဇာနည်နေ့- ဇူလိုင် ၁၉-ရက်၊
(၆) ပြည်ထောင်စုနေ့- ဖေဖေါ်ဝါရီလ ၁၂-ရက်၊
(၇) အမျိုးသားနေ့- တန်ဆောင်မုန်းလဆုတ် ၁၀-ရက်၊
(၈) ကရင်အမျိုးသာနေ့- ပြာသိုလဆန်း ၁-ရက်၊
(၉) ရှမ်းအမျိုးသားနေ့- ဖေဖေါ်ဝါရီ လ ၇-ရက်နေ့။
မှတ်ချက်။ ။ မြန်မာနိုင်ငံ၏ မြန်မာမှုကိစ္စဖြစ်သော်လည်း မြန်မာ လ, ရက်, နှစ်, သုံးသည်ကား
(၁) အမျိုးသားနေ့နှင့် (၂) ကရင်အမျိုးသားနေ့သာဖြစ်သည်ကို သတိပြုစေရာ။

မြန်မာသရ၊ ရေးထုံးပြ၊ မှတ်ကြ ၁၁-လုံး

မြန်မာမှုအားဖြင့် သဒ္ဒဗြူဟာကျမ်း စသည်တို့အလို ထိုဆယ့်တစ်လုံးကို ဆို၏၊ သို့သော် ရေးနည်းအားဖြင့် ဆရာစဉ် ဂိုဏ်းအစဉ် ခြားနားကာ ၄-နည်းမျှ ပြားလေသည်။
(၁) အ, အာ, အိ, အီ, အု, အူ, အေ, အဲ, အော, အော်, အို။
(၂) အ, အာ, ဣ, ဤ, ဥ, ဦ, ဧ, အဲ, ဩ, ဩော်, အို၊
(၃) အ, အာ, ဣ, ဤ, ဥ, ဥု, ဧ, အဲ, ဩ, ဥိ။
(၄) -, -ာ, -ိ, -ီ,ု ,ူ, ဧ, -ဲ, ေ-ာ, ေ-ာ်, -ို ။

မြန်မာ့ဦးစွန်း၊ ၅-မျိုး ထွန်း၊ ပြညွှန်း ထုံးနည်းနာ

မြန်မာ လူမျိုးတို့ဦးစွန်ဆံပင်
အထုံးအမြိတ် ငါးပါးကို ဆိုသည်။
(၁) သျှောင်ထုံး- ထိပ်လယ်ထုံးအမျိုးမျိုး၊
(၂) ကြက်တောင်စည်း- အပေါ်သို့ထောင်စည်းထားသည်၊
(၃)ပေါက်ချပ်-ခေါင်းပေါင်း, မကိုဋ်, စည်းပုံ၊
(၄)ဦးစွန်းဆံပင်ဖါးလျားချ နောက်တွဲပန်၊
(၅) မိန်းမထုံး-ဆံထုံး ၇-မျိုး။ ၅၅-မျိုးစသည်တို့ထုံးပုံနည်းများရှိသေး၏။

မြန်မာ့တိုင်းကြီး ၃-ရပ်

ရာဇဝင်၌ ထင်ရှားသော တိုင်းကြီး ၃-တိုင်းကို ပိုင်းခြားယူငင်ပုံ။
(၁) သုနာပရန္တတိုင်း- ဧရာဝတီမြစ် လကျ်ာ ဖက်ကမ်းရှိ နယ်ပယ်ဌာနများကို ခေါ်သည်၊
တနည်း- စကု, စလင်း, ဖေါင်းလင်းစသော ပြည်ကြီးတို့တည်ရာ
ဧရာဝတီမြစ် အနောက်ဖက် တောင်ဖက်အရပ်ဒေသများကို ခေါ်ဆိုသည်၊
(၂) တမ္ဗဒီပတိုင်း- ဧရာဝတီမြစ်၏ လက်ဝဲဖက်ကမ်းရှိ နယ်ပယ်ဌာနများကို ခေါ်သည်၊
တနည်း- ပုဂံ, ပင်းယ, အင်းဝ, မန္တလေး စသော ပြည်ကြီးတို့တည်ရာ ဧရာဝတီမြစ်၏ အရှေ့ဖက်ဒေသကို ခေါ်ဆိုသည်၊
(၃) ကမ္ဗောဇတိုင်း- အရှေ့ရိုးမ တလျှောက်ကို ခေါ်သည်၊ တနည်း- ရှမ်းနယ်များကို ခေါ်ဆိုသည်။

မြန်မာ့တိုင်းကြီး ၉-တိုင်း

နိုင်ငံတော် အုပ်ချုပ်ရေး လွယ်ကူစေရန်အတွက် ၉-တိုင်း ဌာနခွဲကာ တိုင်းမင်းကြီးများကို ခန့်ထားလေသည်။
(၁) ချင်းဝိသေသတိုင်း- ချင်းတောင်, ရခိုင်တောင်တန်းနယ်များ ပါဝင်၍ ဖါလံမြို့တွင်ရုံး စိုက်သည်၊
(၂) ကော်သူလေး အထူးတိုင်း- သံလွင်ခရိုင် အပါအဝင် ဖါပွန်မြို့၌ ရုံးစိုက်သည်၊
(၃) တနင်္သာရီတိုင်း- တောင်ငူ, သထုံ, မော်လမြိုင်, ထားဝယ်, မြိတ်ခရိုင်တို့ပါဝင်သည်၊
(၄) ဧရာဝတီတိုင်း- ပုသိမ်, ဟင်္သတ, မြောင်းမြ, မအူပင်, ဖျာပုံခရိုင်တို့ ပါဝင်သည်၊
(၆) ပဲခူးတိုင်း- ပဲခူး, အင်းစိန်, သာယာဝတီ, ပြည်, ရန်ကုန်ခရိုင်တို့ပါဝင်သည်၊
(၇) မကွေးတိုင်း- မကွေး, သရက်, မင်းဘူး, ပခုက္ကူ, ကန်ပလက်ခရိုင်တို့ ပါဝင်သည်၊
(၈) မန္တလေးတိုင်း- မန္တလေး, ကျောက်ဆည်, ရမည်းသင်း, မိတ္ထိလာ, မြင်းခြံခရိုင်တို့ ပါဝင်သည်၊
(၉) စစ်ကိုင်းတိုင်း- စစ်ကိုင်း, ရွှေဘို, ကသာ, မော်လိုက်, မုံရွာ, ခရိုင်တို့ ပါဝင်သည်။
(လွတ်လပ်ရေး ဖ-ဆ-ပ-လ ခေတ်မှ)။

မြန်မာ့တိုင်းနှင့် ပြည်နယ် ၁၄-ခု

(၁) ရန်ကုန်တိုင်း- တိုင်း၏ မြို့တော်သည် ရန်ကုန်မြို့ ဖြစ်သည်။
(၂) ပဲခူးတိုင်း- တိုင်း၏ မြို့တော်သည် ပဲခူးမြို့ ဖြစ်သည်။
(၃) ဧရာဝတီတိုင်း- တိုင်း၏ မြို့တော်သည် ပုသိမ်မြို့ ဖြစ်သည်။
(၄) တနင်္သာရီတိုင်း- တိုင်း၏ မြို့တော်သည် ထားဝယ်မြို့ ဖြစ်သည်။
(၅) မန္တလေးတိုင်း- တိုင်း၏ မြို့တော်သည် မန္တလေးမြို့ ဖြစ်သည်။
(၆) စစ်ကိုင်းတိုင်း- တိုင်း၏ မြို့တော်သည် စစ်ကိုင်းမြို့ ဖြစ်သည်။
(၇) မကွေးတိုင်း- တိုင်း၏ မြို့တော်သည် မကွေးမြို့ ဖြစ်သည်။
(၈) ကရင်ပြည်နယ်- ပြည်နယ်၏ မြို့တော်သည် ဘားအံမြို့ ဖြစ်သည်။
(၉) ကယားပြည်နယ်- ပြည်နယ်၏ မြို့တော်သည် လွယ်ကော်မြို့ ဖြစ်သည်။
(၁၀) ကချင်ပြည်နယ်- ပြည်နယ်၏ မြို့တော်သည် မြစ်ကြီးနားမြို့ ဖြစ်သည်။
(၁၁) ချင်းပြည်နယ်- ပြည်နယ်၏ မြို့တော်သည် ဟားခါးမြို့ ဖြစ်သည်။
(၁၂) မွန်ပြည်နယ်- ပြည်နယ်၏ မြို့တော်သည် မော်လမြိုင်မြို့ ဖြစ်သည်။
(၁၃) ရခိုင်ပြည်နယ်- ပြည်နယ်၏ မြို့တော်သည် စစ်တွေမြို့ ဖြစ်သည်။
(၁၄) ရှမ်းပြည်နယ်- ပြည်နယ်၏ မြို့တော်သည် တောင်ကြီးမြို့ ဖြစ်သည်။
http://en.wikipedia.org/wiki/Administrative_divisions_of_Burma

မြန်မာ့ရိုးရာ၊ ရေးထုံးလာ၊ ၃၅-ဖြာ ဗျည်း

မြန်မာမှု အလိုအားဖြင့် သဒ္ဒဗြူဟာကျမ်း, ဝေါဟာရတ္ထ ပကာသနီကျမ်း, လယ်တီသင်ပုန်းကြီး သံခိပ်ကျမ်းတို့ အဆို အောက်ပါ ၃၅-လုံးတို့ ဖြစ်၏၊
က, ခ, ဂ, ဃ, င,
စ, ဆ, ဇ, စျ, ည,
ဋ, ဋ္ဌ, ဍ, ဎ, ဏ,
တ, ထ,ဒ, ဓ, န,
ပ, ဖ, ဗ, ဘ, မ,
ယ, ရ, လ, ဝ, သ, ဟ, ဠ,
-ံ, -့, -း ။

မြန်မာ့ရှေးရိုးအက ၁၂-မျိုး

(၁) ဗောင်းတော် အက၊
(၂) မှန်တော်ရှုအက၊
(၃) ပန်းစိုက် အက၊
(၄) သားပိုက် အက၊
(၅) ကျောက်ကောက် အက၊
(၆) ဆံတော်သိမ်း အက၊
(၇) ဖျင်းချင် အက၊
(၈) ဖျင်း ဖျတ်ဖျတ် အက၊
(၉) ချွတ်ကြီး အက၊
(၁၀) ချွတ်ငယ် အက၊
(၁၁) ထပီ အက၊
(၁၂) ကရောင်း အက။

မြမျိုး ၆-ဖြာ၊ ရတနာ၊ မိန့်မှာ မဏိသျှတ်

မဏိသျှတြကျမ်းလာမြကျောက် ရတနာမျိုးခြောက်ပါး။
(၁) သာခွါ- အလင်းရောင်ရှိသော စိမ်းနုသွေး၊
(၂) ကက္ကရာ- သခွါးခွံရောင် ပြောင်စိမ်းစိမ်းရင့်၊
(၃) မူလီ- မွဲခြောက်သောစိမ်းရောင်သွေး၊
(၄) ဝင်သဝတ် - ထွန်းဝင်းသောစိမ်းရောင်သွေး၊
(၅) ကိတ္ထပတ်- ရွှေပိုးကောင် လည်ကုပ်ညှာ အဆင်း။

မြန်မြန်သွားရန် မလျော်သူ ၄-မျိုး

လျင်မြန်စွာ သွားခြင်းငှါ မတင့်မလျောက်ပတ် ဟူ၏။ ဓမ္မ၊ဋ္ဌ၊၁၊၂၄၆။
(၁) အဘိသိက်သွန်းဆဲ သွန်းပြီးသော မင်း၊
(၂) ကကြိုးတန်ဆာ ဆင်ယင်ထားသော မင်္ဂလာဆင်တော်၊
(၃) ရသေ့, ရဟန်း၊
(၄) မိန်းမ။

မြားရေး ၆-ပါး၊ သရုပ်ပြား၊ ပိုင်းခြား ဝေဘန်သိ

ထိုထို ရာဇဝင် မဟာဝင်နိပါတ်တော်
တို့၌ လေးပစ်ကစား လေးတင်ပွဲများ ကျင်းပသောအခါ မိမိတို့လေးဖြင့် ပစ်လိုက်သော မြှား၏ ဆန်းကြယ်သော အရေးအခင်း ၆-ပါးကိုခေါ်ဆိုသည်၊ “ဇေတကုမ္မာ ပြဇာတ်လာ”။
(၁) ဝဇီရဟတ်၊ လက်ရုံးတန်ဆောင်၊ စက်ဘုန်းရောင်နှင့်၊ သက်ဆုံးအောင် ငှက်ဘီလူးကို၊ မထားဘူး သတ်တောမည်။ နတ်ယန္တရား၊ အဖြောင့်တမျဉ်း၊ တောင့်တွင်သွင်းသည့်၊ စိန်စဉ်းသွား။ အင်းဇယားကျ၊ မြားရေးကို ပြရလျှင်၊ လက်မ တတွက်၊ လျှပ်တပြက်တွင်၊ မြားချက် တထောင်၊ သွားလျက်ဆောင်။ တောင်ဝင်္ကပတ်၊ တထောင် အကောက်၊ ချောင် တရှောက်မှာ၊ ကြောင်, မျောက်, ယုန်ဝပ်စေတော့၊ လွတ်ရမည် မမှတ်နှင့်၊ ထပ်၍ကျသော “ဝင်္ကဝေဒိ”မြားရေးလည်း တပါး။
(၂) မြားပြာသာဒ် ဝေ၊ ပတ်ပတ်ခွေတဲ့၊ နေဝန်း လဝန်း၊ လေးကျွန်းပုံစံ၊ ရေကန် ရေတွင်း၊ ပုံးတောင်း
စကြာ၊ သက်ဆင်းလာသို့၊ မြားဖြာခြင်း၊ ယင်းကို စက္က၊ ခွေဘိအရေး၊ ဝေဒိ ပေးတဲ့၊ မြားရေးပြ။
(၃) ဝေဿဝဏ္ဏော၊ ရွှေလှံအဖျား၊ သန်လျက်သွားကို၊ မြားမကော။ ဇောဗီသကွက်၊ တာသွင်းစက်ကို၊ တချက်မလွဲ၊ ချိန်တူ အစက်၊ မြူမကွက်၊ ထက်ဝက်ခွဲ၊ စွဲအောင် ပစ်နိုင်သော”ခဂ္ဂဝေဒိ“မြား။
(၄) တပါးကေစိ၊ ကဗျည်းတဆူ၊ တနည်းမူ၊ အယူရှိသည်မှာ၊ မိဂါသန၊ သရဘသား၊ ဧသနီဟု၊
သုံးလီပြား၊ မြီးဖျားသေးမျှင်၊ မွေးတပင်ကို လက်စင်အစွဲ၊ တမျဉ်းဆွဲ၍၊ မလွဲအောင် ပစ်နိုင်သော “ဝါလဝေဒိ“မြား။
(၅) မိုက်မှေးသန်းခေါင်၊ မိုးမှောက်ကျနယ်၊ လ ကွယ်အမှန်၊ကောင်းကင်ထက်က၊ ငှက်မည်သံကို၊ နာခံ ပစ်ချနိုင်သော”သဒ္ဒဝေဒိ”မြား။
(၆) လိပ်, ငါး, မိကျောင်း၊ ရေအောင်းသတ္တဝါ၊ မငြိမ်မသက်၊ အရှိန်ယက်တွင်၊ မြားချက်ပါအောင်၊ မဟာ သရဘင်္ဂ ဇာတ်ကိုစွဲ၍၊ ရေဝဲကို အဖြောင့်ကျသော “ဥဒကဝေဒိ”မြား၊ လေးပါး, ငါးပါး၊ ခြောက်ပါးခြင်းရာ၊ ဆက်ရှေးမပြတ်၊ လေးအတတ်ကို၊ ကမ်းခတ်၍ လာခဲ့တယ်၊ ငါဟဲ့ယောကျ်ား၊ ဇော တရတ်မင်း၊ ဘယက်တွင်းက၊ သက်သွင်းလို့ ဖွားသူမို့၊ သိကြားလက်ချိန်၊ လေးရန်နှိမ်နှင့်၊ ဇီဝိန် ဖြတ်တော့မည်၊ တောင်ထပ်၍ တောအုပ်၊ သမုဒ်မှာ ခိုနိုင်ခို၊ မြင်းမိုရ်မှာ ပုန်းနိုင်ပုန်း၊ ဝန်းလုံးစက္ကဝါ၊ ဆယ်မျက်နှာတွင်၊ စိန္တာမုနိ၊ မနော မယိဒ္ဓိ၊ ဣစ္ဆိတ မြား၊ စိန်စဉ်းသွားကို၊ မထားဘူး လွှတ်လိုက်မည်၊ ဝသဝတ္တီ ဘုံဆုံးအောင်၊ မီးဟုံးဟုံး တောက်ရော့ လဟယ်။

မြားရေး ၁၂-ပါး၊ တနည်း

မြားပစ်နည်း တဆယ့်နှစ်မျိုး ဗုဒ္ဓဝင်အဋ္ဌကထာ။
(၁) သရပဋိဗာဟန- မြားကို မြားချင်း ခတ်မိအောင်ပစ်နည်း၊
(၂) စက္ကမိဝ- မြားပတ်လည် လက်ထဲသို့ ဝင်လာအောင်ပစ်နည်း၊
(၃) သရလဋ္ဌိ- မြားနွယ်ကဲ့သို့ ကျအောင် ပစ်နည်း၊
(၄) သရ ရဇ္ဇု- ကြိုးကဲ့သို့ကျအောင် ပစ်နည်း၊
(၅) သရဝေဓိ- မြားကို မြားချင်း ထွင်း၍ သွားအောင် ပစ်နည်း၊
(၆) သရပါသာဒ- မြားပြာသာဒ်ကဲ့သို့ ကျအောင် ပစ်နည်း၊
(၇) သရမဏ္ဍပ- မြားမဏ္ဍပ်ကဲ့သို့ ကျအောင်ပစ်နည်း၊
(၈) သရသောပါက- မြားစောင်းတန်း ကဲ့သို့ ကျအောင် ပစ်နည်း၊
(၉) သရပါကာရ- မြားတံတိုင်း ကဲ့သို့ ကျအောင် ပစ်နည်း၊
(၁၀) သရပေါက္ခရဏီ- မြားလေးထောင့်ကန်ကဲ့သို့ ကျအောင် ပစ်နည်း၊
(၁၁) သရပဒုမာ- ပဒုမ္မာကြာပွင့် ကဲ့သို့ ဖြစ်အောင် ပစ်နည်း၊
(၁၂) သရဝဿက- မြားမိုဃ်းရွာသကဲ့သို့ ကျအောင် ပစ်နည်း။

မြူမျိုး ၅-ပါး

တွန်းကန် လှုပ်တက်တတ်သော ဓာတ်သဘော ငါးပါး။
(၁) ပရမာဏုမြူ- နတ်မျက်စိဖြင့် မြင်ကောင်းသော ကောင်းကင်၌ လွင့်သွားနေသည့် မြူမှုန်ငယ် ကလေးမျိုး၊
(၂) အဏုမြူ- ပရမာ ဏုမြူ ၃၆-လုံးခန့် ပမာဏ နေရောင်ခြည် လင်းထိုးသည့် အပေါက်ငယ်၌ သွားလာ လွင့်မြူးနေသော မြူမှုန်မျိုး၊
(၃) တဇ္ဇာရီမြူ- အဏုမြူ ၃၆-လုံးခန့် ပမာဏ လူစသည် သွားလာသောအခါ လွင့်ထသည့် မြူမှုန်မျိုး၊
(၄) ရထရေဏုမြူ- တဇ္ဇာရီမြူ ၃၆-လုံးခန့် ပမာဏ ရထား, လှည်းတို့ သွားလာသောအခါ လွင့်ထသည့် မြူမှုန်မျိုး၊
(၅) လိက္ခာမြူ- ရထရေဏုမြူ ၃၆-လုံးခန့် ပမာဏ လူတို့၏ လက်ခြေ၌ ကပ်သည့် မြူမှုန်မျိုး။
မှတ်ချက်။ ။ ၎င်း ၇-လုံး သန်းဥက္ခောင်း တလုံး၊ ၎င်း ၇-လုံး စပါးတလုံး၊ ၎င်း ၇-လုံးကို တလက်သစ်၊ ၁၂-လက်သစ်- တထွာ၊ နှစ်ထွာ-တတောင်၊ လေးတောင်-တလံ ဟု တာဖွဲ့ကြလေသည်။

မြေကြီးလှုပ်ခြင်း အကြောင်း ၉-ပါး

၎င်း သရုပ်ကို(ငလျင်လှုပ်ခြင်း အကြောင်း ၉-ပါး)၌ ဆိုခဲ့ပြီ။

မြေခံရက် ၁၆-ပါး

မြေခံ ရွေးနည်း ဟူ၏၊ ၎င်းကို အောက်ပါလင်္ကာဖြင့် သိပါ၊ “လောကီလူများ၊ အမျိုးသားတို့၊ သိထားစေရန်၊ မြေခံကျမ်းမှတ်၊ ဇရပ်အိမ်ကျောင်း၊ ဆောက်တုံရှောင်းသော်၊
နတ္တော်,ခေါင်, ကြူး၊ ပြာ, ကူး, ဆုန်, ပေါင်း၊ ဆောက်ကောင်း ခြောက်လ၊ မှတ်ကုန်ကြလော့။
ဆန်းထ စင်စစ်၊ နှစ်, သုံး, ငါး, ခွန်၊ ကောင်းမွန် တဆယ်၊ ၁၃-သွယ်ရေး၊ ဆယ့်လေး, ဆယ့်ငါး၊
ဆန်းငြားမှန်သစ်၊ ရက်ကောင်းဖြစ်၏

မြေမျိုခံရသူ ၅-ယောက်

မိလိန္ဒ၊၁၀၈။ဂေါတမဘုရားရှင် သာသနာတော် အတွင်း၌ အရှင်လတ်လတ် မြေမျိုးသွားသူ ငါးယောက်။
(၁) ဒေဝဒတ် ရဟန်း၊
(၂) စိဉ္စမာန မိန်းမယုတ်၊
(၃) သုပ္ပဗုဒ္ဓ သာကီဝင်၊
(၄) နန္ဒက ဘီလူး၊
(၅) နန္ဒမည်သော လုလင်။

မြေမျိုး ၅-ပါး

လယ် ယာ ဥယျာဉ် အိမ်ရာ ကျောင်းရာ စသည့်တို့၌ ရွေးချယ် စီစစ် ကြရာသည်၊ ပထဝီသျှတြမှ။
(၁) အဆင်းဖြူငြား၊ မြေပုဏ္ဏား၊ စီးပွားဖြစ်တတ်စွာ။ မြေမင်းပုဏ္ဏား၊ ကျောင်းအိမ်များ၊ ဆောက်ထား ဇရပ်ပါ၊
(၂) အဆင်းနီလွင်၊ မြေ ဘုရင်၊ မင်းလျှင် ဖြစ်တတ်ပါ။ မြေဘုရင်မှာ၊ နန်းတော်ရာ၊ ချုပ်ခြာ မင်းစိုးမှာ၊
(၃) အဆင်းနက်က၊ မြေ ဒါသ၊ ဒုက္ခဘေးတွေ့ရာ။ မြေ ဒါသမှာ၊ ဥယျာဉ်ပါ၊ လယ်ယာလုပ်ကိုင်ရာ၊
(၄) အဆင်းဝါဘိ၊ မြေ ပကတိ၊ သုခိ အဝေရာ။ မြေပကတိမှာ၊ ရဟန်းသာ၊ နေရာလျော်လှပါ၊
(၅) အဆင်းပြာလျှံ၊ ကေသပံ၊ နိုင်ငံတည်ထောင်ရာ။

မြို့၏အစာ ၄-ပါး

တိုင်း နိုင်ငံတော် မြို့ကြီးများ၌ ထိုလေးပါး ပေါများစွာ ရှိရမည်ဟု ဟိုလေသည်။
(၁) ပါထေယျ- ဆန်, စပါး, စားနပ်ရိက္ခာ၊
(၂) ဗီဇ- မျိုးစေ့အစုံ၊
(၃) တေလာဒိ- ဆီဦး ထောပတ် ဆေးဝါးစုံ၊
(၄) ကဋ္ဌုဒက- မြက်, ထင်း, ရေ။

မြို့တော်၏ အင်္ဂါ ၇-ပါး

နိုင်ငံ၏မြို့တော် သို့မဟုတ် မင်းနေပြည်၌ ရှိထားရမည့် အရာများ၊ သတ္တင်္ဂုတ္တရ ပါဠိတော်။
(၁) ရန်သူတို့ ဖျက်နိုင်ခက်သည့် ခိုင်ခံ့သော တံတိုင်းမြို့ရိုးတံခါး၊
(၂) နက်ကျယ်သည့် ကျုံးမြောင်း၊
(၃) ကျယ်သော သူရဲပြေး, ပစ်ပေါက် ကာပါ, ကတုတ်၊
(၄) ထက်မြက်ပြင်းထန် စူးရှသည့် လက်နက် ခဲယမ်း မီးကျောက် အများအပြား၊
(၅) ရဲမက်ဗိုလ်ပါ စစ်သည် ရထား အများအပြား၊
(၆) လိမ်မာ ပါးနပ်သော တံခါးစောင့် ကင်းတပ်၊
(၇) မြင့်သော မြို့တံတိုင်း။

မြို့တော်၏ အင်္ဂါ ၇-ပါး၊တနည်း

ရာဇနီတိမှ။
(၁) ဘုရင်မင်းမြတ်၊ သို့မဟုတ် သမ္မတ ရှိရခြင်း၊
(၂) တရားသူကြီး အမတ်များ၊
(၃) မဟာမိတ်မင်းများ, ၎င်းတို့၏ သံကြီး တမန်ကြီးများ၊
(၄) ရတနာဆယ်ပါး စပါးဘဏ္ဍာများ၊
(၅) ခိုင်လုံသောတံခါး မြို့ရိုး တံတိုင်း ကျုံးမြောင်းများ၊
(၆) ပိုင်နက်တိုင်းကား စည်ကား ကျယ်ပြန့်ခြင်း၊
(၇) စစ်တပ်အင်အားနှင့် ပြင်ထန်သောလက်နက် ခဲ ယမ်း မီး ကျောက်အစုံ ပေါများ တောင့်တင်းခြင်း။

မြို့တော်သာယာ၊ ငြိမ့်ညောင်းငြာ၊ ၁၀-ဖြာ အသံမျိုး

နေပြည်တော်တို့၌ မစဲမဆိတ်သော အသံ ဆယ်ပါးကို ဆိုသည်၊ ၎င်း ဆယ်ပါးကို မဟာပရိနိဗ္ဗာနသုတ်၌ “ဆင်သံ, မြင်းသံ, ရထားသံ, စည်ကြီးသံ, မုရိုးစည်သံ, စောင်းငြင်းသံ, သီချင်းသံ, “ခရုသင်း, နှဲ, ပြွေ, ခရာသံ”,
ကြေးနင်း ခွက်ခွင်းသံ, စားကြပါ- သောက်ကြပါ ဟူသော အသံ, များဟု မိန့်ဆိုထားသည်။

မြို့ပြည်ရွာများ၊ မျိုး ၆-ပါး

၎င်းသရုပ်အဓိပ္ပါယ်ကို(ပြည်ရွာ အပြား၊ မျိုး ၆-ပါး)၌ ပြခဲ့ပြီ။

မြိုင်ကြီး ၈-သွယ်၊ ကဗျာဝယ်၊ ဆန်းကျယ် အမည်များ

တောဟေဝန်၏ပရိယာယ်
မျိုး ၈-ပါး။
(၁) မြိုင်- စိမ့်စမ်း သစ်ပင်တို့ဖြင့် မြိုင်ဆိုင်သောတောမျိုး၊
(၂) ဂနိုင်- အလွန်နက်နဲ ထူထပ်သော တောကြီးမျိုး၊
(၃) ရဂုံ- သာမောဘွယ်ကောင်းသော သာမာန်တောကလေးမျိုး၊
(၄) စုံ- ဤတောမှ ထိုတောတိုင်အောင် လမ်းခရီးရှိသည့် တောတန်းမျိုး၊
(၅) ခင်တန်း- ခြုံငယ်ခြုံကြီးတို့ဖြင့် စီတန်း နိမ့်မြင့်လျက် ပေါက်သောတောမျိုး၊
(၆) ပြား- ရွှံ့ညွန်ထူပြောသော တောမျိုး၊
(၇) အင်တိုင်း- ကျောက်ကုန်းကျောက်စရစ် ထူပြော၍ မြက်ခြောက်သစ်ပင်နှောသည့် တောမျိုး၊
(၈) စေးပျစ်- စည်းရိုးသစ်ပင် ထူထပ်သောတော။

မွန်တိုင်း ၃-ရပ်

ကလျာဏီ ကျောက်စာမှ သာသနာတော် ၂၀၀၂-ခုနှစ်၊ သက္ကရာဇ် ၈၂၀-ရောက်သောအခါ ဟံသာဝတီပြည်ကြီးဝယ် ဓမ္မစေတီ အမည်တွင်သော ရာမာဓိပတိမင်းသည်၊
(၁) ဟံသာဝတီ မဏ္ဍလ- ပခူးတိုင်း၊
(၂) ကုသိမ မဏ္ဍလ- ပုသိန်တိုင်း၊
(၃) မုတ္တမ မဏ္ဍလ- သထုံတိုင်းတည်းဟူသော မွန်တိုင်း ၃-ရပ်ကို အုပ်ကွပ်ပိုင်ထားလျက် တရားနှင့်အညီ မင်းပြုသတည်း။

မွန်မျိုး ၃-ပါး

သာသနာလင်္ကာရစာတန်းမှ။
(၁) မွန်တိ၊
(၂) မွန်စ၊
(၃) မွန်ည။

မွန်မျိုး ၄-ပါး

မွန်တ, မွန်ညန်၊မွန်နန်, မွန်သိ၊ မှတ်ဘိလေရိုး၊ တလိုင်းမျိုးတည့်။ (ဇမ္ဗူ့တံဆိပ်ကျမ်းမှ)

မွေးစားသားမျိုး ၂-ပါး

(၁) ရပ်သိ ရွာသိ ထင်ထင်ရှားရှား အမွေခံအမွေစား မွေးစားခြင်းမျိုးကို ကိတ္တိမ မွေးစားခြင်းဟု ခေါ်ဆိုသည်၊
(၂)သနား၍ ကောက်ယူ မွေးစားခြင်းမျိုးကို အပတိဋ္ဌ မွေးစားခြင်းခေါ်သည်၊
ကိတ္တိမ မွေးစားခြင်းက အပတိဋ္ဌ မွေးစားခြင်းထက် သာ၍ ခိုင်မာသည်၊ အပတိဋ္ဌ မွေးစားခြင်း ခံရသောသူသည် မွေးစားသောမိဘများနှင့် ခွဲခွါသွားလျှင် ထိုမွေးစားသော မိဘတဦးဦးနှင့် မူလက တစုံတရာ ဆွေမျိုးမတော်ခဲ့သော်- ဆွေမျိုးဆက် ပြတ်လေသည် ဟူ၏၊ ဓမ္မသတ်ပေါင်းချုပ် ပဌမတွဲ ပုဒ်မ ၁၉၉- ၂၀၀၊ သားရင်း သမီးရင်းနှင့် ကိတ္တိမမွေးစားသော သားသမီးမရှိမှသာ မွေးစားသော မိဘများနှင့် အတူနေ အပတိဋ္ဌ သားသမီးများ အမွေ ဆိုင်သည် ဟူ၏။

မွေးဖွားစကို၊ စကားဆို၊ပုဂ္ဂိုလ် ၄-ယောက် အဘယ်နည်း

(၁) ဝေဿန္တရာဇာတ်တော်လာ ဝေဿန္တရာ မင်းသား၊
(၂) မဟောသဓဇာတ်တော်လာ မဟောသဓာ အမတ်၊
(၃) ဗုဒ္ဓဝင်ကျမ်းလာ သိဒ္ဓိတ္ထကုမာရ မင်းသား၊
(၄) အမ္ဗဋ္ဌဇာတ်လာ ဥက္ကာကမင်းကြီး၏ ဒိသာခေါ် ကျွန်မမှမွေးဖွားသော”ကဏှ”၊ ၎င်းကိုစွဲ၍ ကဏှာယနအနွယ် ပုဏ္ဏားမျိုး ဖြစ်လာသည်။

မှူးမတ်တို့ဂုဏ် အင်္ဂါ ၈-ပါး

အမတ်ကြီးတို့၌ ပြည့်စုံရမည့်ဂုဏ် အင်္ဂါရှစ်ပါး။
(၁) ဗာဟုဿုတော- အမြင်အကြား များရခြင်း၊
(၂) သီလဝန္တော- သီတင်းသီလ ရှိရခြင်း၊
(၃) သူရော- ရဲစွမ်းသတ္တိ ရှိရခြင်း၊
(၄) မဟုဿာဟော- လုံ့လထကြွ ရှိရခြင်း၊
(၅) အက္ခဝိဓော- မှုခင်းကိစ္စပြီးမြောက်ရေးကို စစ်ဆေးလေ့လာရခြင်း။
(၆) ဗလဓရော- ကိုယ်အားဉာဏ်အား ဗလနှစ်ပါးရှိရခြင်း၊
(၇) ဓီတိမာ- အဂတိ ၄-ပါး မလိုက်စားရ မမှားရခြင်း၊
(၈) ဝုဍ္ဎုဝိလာသော- ခန့်ညားရိုသေဘွယ်သော ရုပ်ဆင်းကိုယ်ဝါရှိရခြင်း။

မှူးမတ်မျိုးပြား၊ ၁၄-ပါး၊ မိန့်ကြား အဘိဓာန်

၎င်း သရုပ်ကို (အမတ်မျိုး ၁၄-ပါး)၌ ရှုပါလေ။

မှော်ပညာမျိုး ၆-ပါး၊ ၆-လီ

မှော်ပညာ အတန်းအစား ဂိုဏ်းပေါင်းမည်မျှပင် များစေကာမူ မဟေသရကျမ်း၊ ကဝေသာရကျမ်း၊ သရဘူကျမ်းစသော ကျမ်းကြီးတို့၌။
(၁) ဆေး မှော်၊
(၂) ရုက္ခမူ မှော်၊
(၃)အင်း မှော်၊
(၄)ပထမံ မှော်၊
(၅) စမ မှော်၊
(၆) သမာဓိ မှော်
ဟူ၍ ၆-ဆူမျှ လာရှိလေသည်၊ ထိုမှော်ကြီး ၆-ဆူမှတပါးလည်း မိမိတို့နှစ်သက်ရာ ဂိုဏ်းဆရာကြီးများ၏
ယူဆချက်အရ ဂိုဏ်းခွဲမှော် ဟူ၍ ၆-ဆူရှိပြန်သည်ကား။
(၁) ရုက္ခစိုး မှော်၊
(၂) အဋ္ဌာရသ မှော်၊
(၃) ပိဋက မှော်၊
(၄) မဟိဒ္ဓိ ဝိပဿနာ မှော်၊
(၅) ဒေဝရာသီ မှော်၊
(၆) ဒေဝီသူရဿတီ မှော် ဟု ခြောက်ပါး ပြားပြန်၏။

ယစ်မျိုး ၅-ပါး၊ ရှောင်ကြဉ်ငြား၊ စီးပွားချမ်းသာရာ

ဝေါဟာရအားဖြင့်သာ “ယစ်မျိုးငါးပါး”ဟု
ခေါ်ဝေါ်ကြသော်လည်း အမှန်မှာ မူးယစ်စေတတ်သော သေရည်အရက်ဟူသမျှ ယစ်မျိုးချည်းပင် မှတ်လေ။
(၁) ဘိန်း- လှော်ခဲ, ဘိန်းဆီ, ဘိန်းဖြူ, ပြောင်းချေးစသည်၊
(၂) ဘင်း-ဆေးခြောက်၊
(၃) ကဇော်- သေရည်မျိုး ငါးပါး၊
(၄) လှော်ဇာ- အခဲအဖတ်၊
(၅) အရက်- မေရယမျိုး ငါးပါး။

ယစ်မျိုး ၁၀-ပါး၊ ကျမ်းဂန်များ၊ လာငြား အဘယ်နည်း

ဤ၌ သုရာမျိုး ငါးပါး၊ မေရယမျိုး ငါးပါး၊ ပေါင်း ဆယ်ပါးကိုပင် ယစ်မျိုးဆယ်ပါးဟု ကဗျာလင်္ကာဆရာတို့ စပ်ဆို သီကုံးကြလေသည်။

ယဇ်ကြီး ၅-ပါး၊ ပူဇော်ငြား၊ ပုဏ္ဏားညစ်တို့ ဉာဏ်

ယုတ်မာသော မိစ္ဆာအယူ ပူဇော်ခြင်း ငါးပါး။
(၁) အဿ မေဓ- အဆင်း ငါးပါးရှိသော မြင်းကို သတ်၍ ယဇ်ပူဇော်ရမည်၊ ပုဏ္ဏားတို့ကိုလည်း များစွာ ပေးလှူရမည် ဟူ၏၊ အချို့ ကျမ်းစာများမှာ “သဿမေဓ”ဟု ရှိကြ၏၊ မမှန်၊ ပါဌ်ပျက်ဖြစ်သည်၊ အမှန်ကား အဿမေဓ- အဿ မြင်း+ မေဓ-သတ်ခြင်း၊
(၂) ပုရိသ မေဓ-ယောကျ်ားကို သတ်၍ ယဇ်ပူဇော်ရမည်၊ ပုဏ္ဏားတို့ကိုလည်း များစွာ လှူဒါန်းရမည် ဟူ၏၊
(၃) သမ္မာ ပါသ- ယဇ်ပူရန်နှင့် ပုဏ္ဏားတို့ကို လှူဒါန်းရန် ဥစ္စာပစ္စည်းတို့ကို လှည်း ရထားတို့ဖြင့် များစွာတင်လျက် သူရသဒီ မြစ်ကြီးထဲသို့ ဆင်း၍ ငုတ်ရာ အရပ်သို့ သွားရောက်ပြီးလျှင် ဝန်စုကို တိုက်ဆောင်ခဲ့သော လှည်းထမ်းပိုးကျည်း ကန့်လန့်ကျည်ကို ချွတ်၍ သူရသဒီ မြစ်ညာကို ဆန်လျက် ပစ်ရမည်၊ ၎င်းကျရာအရပ်၌ ယဇ်တိုင်စိုက်၍ ယဇ်ပူဇော်ရမည် ဟူ၏၊ သမ္မာ သဒ္ဒါ- ထမ်းပိုးကျည်း ကန့်လန့်ကျည်ဟော၊ ပါသ သဒ္ဒါ- ပ, ရှေးရိုးသော အသဓာတ်- ပစ်လွှတ်ခြင်းဟော၏၊
(၄) ဝါဇပေယျ-ကောင်းလှစွာသော ထောပတ်ကို ပုဏ္ဏားတို့အား တိုက်ကျွေး၍ ယဇ်ပူဇော်ရခြင်း၊ အချို့ ကျမ်း၌ “ဝါစာပေယျ”ဟု ရှိတတ်၏၊ ဝါဇ သဒ္ဒါ- ထောပတ်ဟော၊ ပေယျ သဒ္ဒါ-သောက်ခြင်းဟော မှတ်လေ၊
(၅) နိရဂ္ဂဠ- တံခါးကျည်, မင်းတုပ် မရှိရဟူ၏၊ ယဇ်ပူဇော်လိုသောသူသည် မိမိအိမ်ရှိ ပစ္စည်းတို့ကို တံခါး ဟင်းလင်းဖွင့်၍ ပုဏ္ဏားတို့အား အလိုရှိရာ အပိတ် အတားမရှိ ယူစေရမည် ဟူ၏။
မှတ်ချက်။ ။ ဥက္ကာကရာဇ် မင်းကြီး လက်ထက်၌ ထိုဆိုးယုတ်မာသော ပုဏ္ဏားတို့က ရှေးမင်း စဉ်ဆက် မပျက် သုံးသပ် ခဲ့ကြသော- “သင်္ဂဟ တရား ၄-ပါး”ကို ပုဒ်ပါဌိ အဓိပ္ပါယ် ဖျက်ဆီးလျက် တမျိုးဉာဏ်ထွင်ကာ ၎င်း ယဇ်ကြီး ၅-ပါးကို ရေးတင် ဆက်လျှောက်ကြကြောင်းနှင့် သုတ္တနိပါတ် ဗြဟ္မဏဓမ္မိကသုတ်၌ လာရှိ၏။

ယထာဘူတဉာဏ် ၁၀-ပါး

အဟုတ်အမှန်ကို ရှုဆင်ခြင်ရသော ဉာဏ် ၁၀-ပါး ဟူ၏၊ ၎င်း သရုပ် (ဝိပဿနာဉာဏ် ၁၀-ပါး)နှင့် တူ၏။

ယာင်္ဂုအကျိုး ၅ ပါး

အံ၊၂၊၂၁၈။ အံ၊ဋ္ဌ၊၃၊၇၈-၌ ဘုရားဟော တော်မူသည်။
(၁) ခုဒ္ဒံ ပတိ ဟနတိ-ဆာလောင်ခြင်းကို ပယ်စေ၏၊
(၂) ပိပါသ ပတိ ဝိနေတိ-မွတ်သိပ်ခြင်းကိုပယ်စေ၏၊
(၃) ဝါတံအနုလောမေတိ- လေကို အောက်သို့သက်စေ၏၊
(၄) ဝတ္ထိံ သောဓေတိ- ဆီးအိမ်စည်ပေါင်းကို သုဓ်သင် ရှင်းလင်း၍ ဆီးကိုရွှင်စေ၏၊
(၅) အမာဝ သေသံ ပါစေတိ- အကြေမကျက်သေးသော အစာသစ် အကြွင်းအကျန်ကို ကြေကျက်စေတတ်၏။

ယာဂုအကျိုး ၁၀ ပါး၊တနည်း

အထက်ပါ ငါးပါးကား အကျိုးရင်းများဖြစ်၏၊ ဤငါးပါးကား အကျိုးဖျားဟူ၏၊ ဝိနည်း မဟာဝါပါဠိတော်နှင့် သာရဋ္ဌသင်္ဂဟ အဋ္ဌကထာ။
(၁) အာယု - အသက်ရှည်ခြင်း၊
(၂) ဝဏ္ဏ - အဆင်းလှခြင်း၊
(၃) သုခ - ချမ်းသာခြင်း။
(၄) ဗလ - ခွန်အားဗလရှိခြင်း၊
(၅) ပညာ - ဉာဏ်ပညာကြီးခြင်း။

ယာဉ်မျိုး ၂-ပါး၊ လ, နေသွား၊ ခွဲခြား လမ်းမှန်သိ

နေမင်း၏ထွက်လမ်းဝင်လမ်း လှည့်လည်သောလမ်း ၂-ပါးကိုခေါ်သည်။
(၁) ဒက္ခိဏ ယာဉ်- တနင်္ဂနွေဂြိုလ်ခေါ် နေမင်းသည် ဝါဆိုလဆန်း ၁၅-ရက် ညဉ့် ၂-ချက်တီးကျော်အချိန်ကစ၍ မြောက်ဘက်စွန်းမှသည် တောင်ဘက်သို့ တစတစ ယိမ်းထွက်လာရာ ပြာသိုလပြည့်နေ့ ညဉ့် ၂-ချက်တီးအချိန်ထိအောင် တောင်လမ်းခရီး တောင်ယာဉ် စီးသောကြောင့် “ဒက္ခိဏယာဉ်“ခေါ်သည်။
(၂) ဥတ္တရယာဉ် - နေမင်းသည် ပြာသိုလပြည့်နေ့ညဉ့် ၂-ချက်တီးကျော်အချိန်မှစ၍ တောင်ဘက်ဖျားစွန်းမှသည် မြောက်ဘက်သို့ တစ တစ ယိမ်းဝင်လာရာ ဝါဆိုလဆန်း ၁၅-ရက်နေ့ ညဉ့် ၂-ချက်တီးချိန်ထိအောင် မြောက်လမ်းခရီး မြောက်ယာဉ်စီးသောကြောင့် “ဥတ္တရယာဉ်“ဟုခေါ်ဆိုကြကုန်သည်။

ယာဉ်မျိုး ၃-ပါး၊ ထီးဖြူများ၊ စိုက်ထား ၄-ဆူ အဘယ်နည်း

၎င်းသရုပ်ကို (ထီးဖြူတော် ၄-စင်း၊ တနည်း) ၌ရှုပါ။

ယာနိက ၂-ပါး

(၁) သမထ ယာနိက - စျာန် အဘိညာဉ် တရားကိုရစေနိုင်သော ပညတ်အာရုံ ကမ္မဋ္ဌာန်း တရားစုဟူသမျှ၊
(၂) ဝိပဿနာယာနိက ပညတ်မဖက် ရုပ်နာမ်သက်သက် ၏ဖြစ်ပျက်မှု အနိစ္စလက္ခဏာဖြင့် မှတ်ရှုပွားများ၍ မဂ်၊ ဖိုလ်၊ နိဗ္ဗာန် အစစ်ကိုပေးတတ်သော တရားစု။

ယာယီဂြိုလ် ၄-လုံး

ကျော်၊ စံ၊ သိန်း၊ ရီ၊ ဂြိုဟ်ယာယီ၊ ဟူသော လင်္ကာအရ “ တနင်းလာ၊ အင်္ဂါ၊ သောကြာ၊ ရာဟုဂြိုဟ်တို့၌ သက်ရောက်၊ ဂြိုဟ်အိပ်မူ ထိုသူယာယီများအံ့ “ဟု ဗေဒင်ကျမ်း၌လာသည်။

ယုံမှားခြင်း ၈-ပါး

ဘုရားစသည်တို့၌ သို့လော သို့လော တွေးတောမယုံသင်္ကာမှု ရှစ်ပါး၊ တေရသကဏ်ဋီကာ ဒုနှင့် သံ၊၁၊၂၆၅-၆ ဒသဗလသုတ်။
(၁) ဗုဒ္ဓေ ကင်္ခတိ - ဘုရား၌ ယုံမှားခြင်း၊
(၂) ဓမ္မေ ကင်္ခတိ-တရား၌ယုံမှားခြင်း၊
(၃) သံဃေ ကင်္ခတိ - သံဃာ၌ ယုံမှားခြင်း၊
(၄) သိက္ခာယ ကင်္ခတိ - အကျင့်သိက္ခာ၌ ယုံမှားခြင်း၊
(၅) အတီတ မဒ္ဓါနံ - ရှေးအတိတ်စွန်း၌ ယုံမှား ခြင်း၊
(၆) အနာဂတ မဒ္ဓါနံ - နောင် အနာဂတ်စွန်း၌ ယုံမှားခြင်း၊
(၇) အတီတာနာဂတ မဒ္ဓါနံ - အတိတ် အနာဂတ် ၂-စွန်း၌ ယုံမှားခြင်း၊
(၈) ပဋိစ္စသမုပ္ပါဒေ ကင်္ခတိ - ပဋိစ္စသမုပ္ပါဒ် တရားတော်၌ ယုံမှားခြင်း။

ယုံမှားခြင်း ၁၆-ပါး

ဝိစိကိစ္ဆာဖြစ်ပုံ အခြင်းအရာ ၁၆-ပါးလည်းဟူ၏။ စူဠနိ၊ဋ္ဌ၊၉၄။ ဝိသုဒ္ဓိ၊၂၊၂၃၄ တို့၌အကျယ်ရှုပါကုန်။ အတ္တစွဲရှိသူတို့ ကာလ ၃-ပါး၌ သို့လော သို့လော ယုံမှားခြင်းဖြစ်ပုံ ၁၆-ပါး။လွယ်ကူ၍ ကျဉ်းစေရန် မြန်မာသက်သက်ပြလိုက် သည်။
(၁) ငါသည် ရှေးအတိတ်ကာလ၌ ဖြစ်ခဲ့ဖူးပြီလော၊
(၂) မဖြစ်ခဲ့ဘဲများနေရော့သလား၊
(၃) ဖြစ်ခဲ့ ဖူးလျှင် ဘယ်အမျိုးဇာတ်မှာများ ဖြစ်ခဲ့ဖူးပါလိမ့်၊
(၄) ဘယ်ပုံသဏ္ဌန်ဖြင့် ဖြစ်ခဲ့ပါလိမ့်၊
(၅) ငါသည် လွန်ခဲ့တဲ့ တတိယ ဘဝက ဘယ်ဇာတ်ဘယ်ပုံဖြစ်ခဲ့ပြီး၊ နောက် ဒုတိယဘဝက ကျတော့ ဘယ်လိုများ ဖြစ်ခဲ့ပါလိမ့်။ မှတ်ချက်။ ။ ဤကား အတိတ်ကြောင်းအတွက် ယုံမှားခြင်း ငါးချက်တည်း။
အနာဂတ် အတွက်၌လည်း အတိတ်နည်းတူ ငါးပါးယူလေ၊ ပေါင်းဆယ်ပါး ဖြစ်၏။
(၁၁) ပစ္စုပ္ပန်ဘဝ၌ ယခု ငါဟာ ငါဟုတ်မှ ဟုတ်ပါလေရဲ့လား၊
(၁၂) ငါမဟုတ်ဘဲများ ရှိလေသလား၊
(၁၃) ဇာတ်အဆူဆူ ငါဘယ်သူများ ဖြစ်ပါလိမ့်၊
(၁၄) ဘယ်ပုံဟန်ပန် ဘယ်သဏ္ဍာန်ဖြင့် ငါဖြစ်ပါလိမ့်၊
(၁၅) ငါဖြစ်နေတဲ့ ငါဟာ ဘယ်ဘုံဘဝကများ လာပါလိမ့်၊
(၁၆) ငါခေါ်တဲ့ သတ္တဝါဟာ ဘယ်ဘုံဘဝကိုများ ကူးသွားရလိမ့်ဦးမည်နည်း၊
၎င်း ပစ္စုပ္ပန်ဘဝ ယုံမှားခြင်း ၆-ပါးနှင့် ပေါင်းသော် ၁၆-ပါး ဖြစ်၏။

ယုဂ် ၄-ပါး

သူတော်တရားနှင့် ယှဉ်သော ကာလကြီး ၄-ပါး။
(၁) ကတယုဂ် ဆန်းသော ၁၇၂၈၀၀၀ နှစ်ကာလ၊ လူအပေါင်းတို့သည်အခြေ ၄-ချောင်း ထောက်နေဘိသကဲ့သို့ သစ္ခာကတိ တည်ကုန်၏၊ ကတညုတ ကတဝေဒီ- ရှိကုန်၏၊ သူကြီးမိဘ ရိုသေကုန်၏၊ တရားစောင့်ကုန်၏။
(၂) တြေတာယုဂ် ဆန်းသော ၁၂၉၆၀၀၀-နှစ်ကာလ၊ အခြေ ၃-ချောင်းသာ ထောက်၍ တချောင်းသောခြေ ကျိုးပျက်သကဲ့သို့ သူတော်ကောင်း ၃-စု သူယုတ်မာ တစု ဖြစ်ပေါ်၍ လာချေပြီ။
(၃) ဒွါပရာယုဂ် ဆန်းသော ၈၆၄၀၀၀-နှစ်ကာလ၊ ခြေ ၂-ချောင်းသာ ထောက်နေသကဲ့သို့ သူတော်ကောင်း ၂-ပုံ၊ သူယုတ်မာ ၂-ပုံ ဖြစ်၍လာချေပြီ။
(၄) ကလိယုဂ် ဆန်းသော ၄၃၂၀၀၀-နှစ်အခါ၊ အခြေ ၃-ချောင်းကျိုးပျက်၊ တချောင်းဖြင့်သာ ထောက်တည်၍ နေရသကဲ့သို့ တရားမစောင့်သော သူယုတ်မာ ၃-စု၊ တရားစောင့်သော သူတော်ကောင်းတစု ဖြစ်၍ လာချေပြီ၊ ဤ ယခုငါတို့ဖြစ်ရာ ခေတ်ကား ကလိဟုဂ်ခေတ်ကြီးဖြစ်၍ လူယုတ်မာ ပေါများလှ၏။

ယုဂ် ၅-ပါး

သာသနာတော်နှစ် အပိုင်းအခြားကာလနှင့် ယှဉ်ခြင်း ၅-ပါးဟူလို။
(၁) ဝိမုတ္ထိ ယုဂ်-ဝိပဿနာ မဂ် ဖိုလ် နိဗ္ဗာန်နှင့်ယှဉ်သော အချိန်ကာလ အပိုင်းအခြား၊
(၂) သမာဓိ ယုဂ်-စျာန် သမာဓိ သမထတရားနှင့်ယှဉ်သော အချိန်ကာလ၊
(၃) သီလ ယုဂ်-သီလနှင့်သာ ယှဉ်မှီသော အချိန်ကာလ၊
(၄) သုတ ယုဂ်-ဗဟုဿုတမျှသာ ရှိတော့သော အချိန်ကာလ၊
(၅) ဒါန ယုဂ်-ပေးကမ်း စွန့်ကြဲခြင်း မျှလောက်သာ ရှိတော့သောကာလ။
မှတ်ချက်။ ။ တိံသနိပါတ် ဖုဿထေရဂါထာ အဋ္ဌကထာမှ ယူသည်၊ ၎င်း၌ နှစ်ပိုင်းအခြားနှင့် ဝေဘန်၍ မပြပေ။

ယောကျ်ားအပြား၊ မျိုးလေးပါး၊ မိန့်ကြား သျှတြ

ပုရိသသျှတြမှ။
(၁) အဿဂ မည်သော ယောကျ်ား မျိုးသည် ပန်းရင်းနံ့ ကဲ့သို့သောကိုယ်နံ့ရှိ၏၊ လက်ဖဝါး ခြေဖဝါး နူးညံ့၏၊ လက်ချောင်းခြေချောင်းရှည်၏၊ ရင်ကျယ်၏၊ချက်နက်၏၊
အအိမ်၌ ကိန်းသော လိင်ရှိ၏၊ အရသာ ဆိမ့်၏၊ မွေးတွင်းတခုခု၌ မွေးညှင်း တပင်စီ ပေါက်၏၊ သူတပါးကို သနားတတ်၏၊ သီလစောင့်၏၊ ဖြောင့်မတ်တည်ကြည်၏၊ အင်အားတန်ခိုးရှိ၏၊ ဆံ, မုတ်ဆိတ်, လက်ကတီးမွေး, ဣန္ဒြေမွေးရှည်၏၊ နိမိတ် ရှည်စွာ့အဆုံး လက်လေးသစ်မျှသာ ရှိ၏။
(၂) မြိဂမည်သော ယောကျ်ားမျိုးကား စကားများ၏၊ သည်းခံတတ်၏၊ သနားတတ်၏၊ ဆရာမိဘကို ရိုသေတတ်၏၊ မကဲ့ရဲ့တတ်၊ ပြေပြစ်ချစ်ဘွယ်သောစကားကို ဆိုတတ်၏၊ ပညာကို ခင်မင်တတ်၏၊ ကိုယ်အနံ့ကား သေရည်နံ့ကဲ့သို့ ရှိ၏၊ ကိုယ်အရသာ ဖန်၏၊ ဣန္ဒြေကားရှည်စွာ့အဆုံး လက်ရှစ်သစ်သာ ရှိ၏။
(၃) ပြိဿဘ ယောကျ်ားမျိုးကား ကိုယ်အသားတင်းမာ၏၊ ဆူသောအရသာကို စားတတ်၏၊ သီချင်းကိုလိုလား၏၊ လောဘရမ္မက်ကြီး၏၊ သူ့သ္မီး သူ့မယားကို လွန်ကျူး ပြစ်မှားတတ်၏၊ အသံကောင်း၏၊ မေထုန်ကြူး၏၊ သူတပါးကို ကဲ့ရဲ့ငြူစူတတ်၏၊ ကိုယ်ယနံ့ကား ပျားနံ့ကဲ့သို့ရှိ၏၊ အရသာ ချို၏၊ ဣန္ဒြေ ရှည်စွာ့အဆုံးလက်ဆယ်သစ်သာရှိ၏။
(၄) အသွမည်သော ယောကျ်ားမျိုးကားကိုယ့်ပစ္စည်းကိုခင်မင်၏၊ သူ့ပစ္စည်းကိုလိုချင်၏၊ များစွာသောမကောင်းမှုတို့ကို ပြုကျင့်တတ်၏၊ သူ့မယားကိုပြစ်မှားတတ်၏၊ သစ္စာမရှိ၊သူ့ကျေးဇူးဂုဏ်ကိုမသိတတ်၊မုသားဆိုတတ်၏၊ဆူဖြိုးသောကိုယ်ရှိ၏၊ လက်ကတီးမွေး၊
ဣန္ဒြေမွေးရှည်၏၊အရှက်အကြောက်နည်း၏၊ အထူးထူးသော အရသာကို ကြိုက်တတ်၏၊အင်္ဂါဇာတ်
အလုံးကြီး၏၊ ကိုယ်နံ့ညှီ၏၊ဝမ်းပူ၏၊ ဝမ်းပိုက်၌အရေးအကြောင်းမရှိ၊ အင်္ဂါဇာတ် ၁၄-သစ်မျှရှည်၏၊

ယောက်ျားဂြိုဟ် ၄-လုံး

တနင်္ဂနွေ, အင်္ဂါ, ဗုဒ္ဓဟူး, ကြာသပတေး, ၎င်းဂြိုဟ် ၄-လုံးကို၊”လောင်း, အံ, ပြု, ငြား၊ ဂြိုဟ်ယောကျ်ား”ဟု ဆိုကြကုန်၏၊

ယောကျ်ားတို့အတတ် ၁၈-ရပ် သိမှတ်သင်ကြားရာ

၎င်းသရုပ်ကို(အဋ္ဌာရသ သိပ္ပမျိုး၊ ၃နည်း)၌ ဆိုခဲ့ပြီ။

ယောကျ်ားဒွါရ ၁၀-ပေါက်

အမတသာဂရ ဆေးကြမ်းကြီးမှ ယူပြသည်၊
(က) နှာခေါင်း ၂-ပေါက်၊
(ခ) နား ၂-ပေါက်၊
(ဂ) မျက်စိ၂-ပေါက်၊
(ဃ) ပါးစပ်ပေါက်၊
(င) ကျင်ငယ်ပေါက်၊
(စ) ကျင်ကြီးပေါက်၊
(ဆ) ငယ်ထိပ်ပေါက်။

ယောကျ်ားများသာ၊ မွေ့လျော်ရာ၊ ဘုမ္မာ၁၅၊အဘယ်နည်း

ဤပုစ္ဆာကား ဣတ္ထိဘာဝနှင့်မရှိကောင်းသောဗြဟ္မာများကို ရည်ဟန်တူသည်၊ သတိပြုရန်ကား ယောကျ်ား၏နိမိတ်လည်းရှိသည် မဟုတ်ကြ၊
အဖြေကား အရူပ ၄-ဘုံ နှင့် အသညသတ် ဘုံ ကြဉ်သော ရူပ ၁၅ ဘုံ ရှိ ဗြဟ္မာများပင်တည်း။

ယောကျ်ားမြတ်တို့အား ၅ ပါး

ယောကျ်ားမြတ်တို့၌ရှိထားကြရမည့် ဗလငါးတန်၊ ထိုငါးပါးတို့တွင် တဆင့်ထက်တဆင့်အစဉ်အတိုင်း မြတ်၍ပညာအားသည် အမြတ်ဆုံးဖြစ်ကြောင်း ဒီဃာဝုသတို့သားအား ဘုရားဟောတော်မူသည်။
(၁) ဗာဟု ဗလ- လက်ရုံးအား၊ ကိုယ်လက် သန်မာ ထွားကျိုင်းခြင်း၊
(၂) ဘောဂဗလ- ရွှေငွေရတနာ လယ်ယာစပါး စသည့် ပစ္စည်း ဥစ္စာများ၊
(၃) အမစ္စဗလ- မှူးမတ်ရာထူး အာဏာထူးများ၊
(၄) အဘိဇ ဗလ-ဆွေမျိုး မိတ်သင်္ဂဟအား၊
(၅) ပညာဗလ ဗာဟုသစ္စ သိပ္ပပညာအား။

ယောကျ်ားမြတ်တို့၏ လက္ခဏာ ၃၂-ပါး

၎င်းသရုပ်မှာ (လက္ခဏာတော် ကြီး ၃၂-ပါး)နှင့် အတူ ဖြစ်၏။

ယောကျ်ားလူမောက်၊ ပေါင်း ၁၀ယောက်၊ ဘွဲ့မြောက်ဧတဒဂ်

၎င်းသရုပ်ကို (ဧတဒဂ်ရ လူယောကျ်ား ၁၀-ယောက်) ၌ဆိုခဲ့ပြီ။

ယောကျ်ားတို့၏အပြစ်(၆)ပါး

ယောကျ်ားမြတ်တို့ ရှောင်ကြဉ်အပ်သော တရား(၆)ပါး၊ဟိတောပဒေသမှ။
(၁) နိဒ္ဒ- အအိပ် စုံမက်ခြင်း၊
(၂) တန္နီ- လုပ်ငန်းရပ်၌အလိုမသန်နှေးကန်ဖင့်လေး အေးစက်ထိုင်းမှိုင်းခြင်း၊
(၃) ဘယ- သတ္တိညံ့ဖျင်း ကြောက်ရွံ့တတ်ခြင်း၊
(၄) ကောဓ- သည်းညည်းမခံ ဒေါသထန်ခြင်း
(၅) အာလသျ- အပျင်းထူခြင်း၊
(၆) ဒီဃသုတ္တ- အချိန်ဖင့်လေး ပြီးစီးမှုနှောက်နှေးအောင် လုပ်ဆောင်နေခြင်း။

ယောဂတရား၊ မျိုး (၄)ပါး၊ သိထားအဘိဓမ္မာ

သတ္တဝါတို့ကို ဝဋ်ဒုက္ခ၌အမြဲမပြတ်ယှဉ်စပ်
စေတတ်သော တရားလေးပါး၊
(၁) ကာမယောဂ- ကာမဂုဏ် ငါးပါးကို လိုလားတောင့်တ တပ်မက်တတ်သော လောဘဟူသမျှ၊
(၂) ဘဝယောဂ- လူ့ဘဝ၊ နတ်ဘဝ၊စသော ထိုထိုဘဝ အမျိုးမျိုး၌သာယာနှစ်သက်တတ်သောလောဘ၊
(၃) ဒိဋ္ဌယောဂ- လောက၌ဘာသာအမျိုးအစားတွေ ရာထောင်မက များပြားသော်လည်း၊ ဘာသာမှန်တရားကား တပါးသာရှိ၏။ ထိုဘာသာမှန်တရားကို ချန်ထား၍ဘာသာမှားတို့ကို စွဲလမ်းကိုးကွယ်မှုဒိဋ္ဌိ၊
(၄) အဝိဇ္ဇာယောဂ- အမှားအမှန်ကို ဝေဘန်ခွဲခြား၍မသိတတ်သော မောဟတရား။

ယောဂီပုဂ္ဂိုလ်၏ အင်္ဂါငါးပါး

တရားအားထုတ်သူတို့အင်္ဂါငါးပါး၊ ၎င်းသရုပ်အဓိပ္ပါယ်ကို (ပဓာနိယင်္ဂတရားငါးပါး)၌ကြည့်ပါ။

ယောဂီ၏လက်နက်ကြီး(၅)ပါး

မဟာဝဂ္ဂသံသုတ်

ယောဂီရန်သူ၊ ၁၀ပါးဟူ ၊ လွှတ်သူမာရ်နတ်ယုတ်

ပဓာနလုပ်ငန်း၏ ရန်သူများဖြစ်သောကြောင့်၎င်းကိုမာရ်နတ်၏စစ်သည်တော်၁၀-ပါးဟုခေါ်ဝေါ် ပြောကြားလေ့ရှိ
ကြ၏။ သရုပ်(မာရ်စစ်သည် ၁၀-ပါး)၌ဆိုခဲ့ပြီ။

ယောနိအပြား၊ မျိုး ၄-ပါး၊ ခွဲခြားသန္ဓေယ

မ၊၁၊၁၀၅။ မ၊ဋ္ဌ၊၁၊၃၄၁။ ပဋိသန္ဓေ နေကြသော ပုဂ္ဂိုလ်မျိုးလေးစားဟူ၏။
(၁) ဩပပါတိက ယောနိ- ဥပပတ် ပဋိသန္ဓေ၊ကိုထင်ရှားဖြစ်မျိုး၊
(၂) သံသေဒဇ ယောနိ-အညှိစွဲ ပဋိသန္ဓေ, ပိုး, လောက်လန်း စသည်၊
(၃) အဏ္ဍဇ ယောနိ- ဥထဲ၌ ပဋိသန္ဓေ, ကြက်, ငှက်, စသည်၊
(၄) ဇလာဗုဇ ယောနိ- အမိသားအိမ်၌ပဋိသန္ဓေ, လူ, ခွေး, စသည်၊ ၎င်းကိုပင် “ဂဗ္ဘသေယျ“လည်းခေါ်၏။

ယိုးဒယား ၁၂-ခန်း

ပြင်စည်မင်းသားရေးသော သုခုမ အနုပညာ မဟာဂီတ ၁၂-ခန်းဟူ၏။
(၁) ရွေတညာ ဂီတ ကို “ဖရံတင်“ခေါ်သည်။
(၂) နှင်းယွန်းသာဟေမန် ဂီတကို “ခက်မွန်“ခေါ်သည်။
(၃) တောတောင်စွယ် ဂီတကို “ခမိန်“ခေါ်သည်။
(၄) တောမြိုင်ခြေလမ်းဂီတကို”ထနောက်“ခေါ်သည်။
(၅) ပန်းမြိုင်လယ် ဂီတကို “ဖျင်းခြား“ခေါ်သည်။
(၆) ခိုင်ပန်းစုံ ဂီတကို “ထပ်တွန့်“ခေါ်သည်။
(၇) မှော်ရုံဟေဝန် ဂီတကို “ချွတ်ချံ“ခေါ်သည်။
(၈) မှိုင်းမှုံပြာညို ဂီတကို “ငုငစ်“ခေါ်သည်။
(၉) လွမ်းပိုအောင် ဂီတကို “ချူခြာ“ခေါ်သည်။
(၁၀) ဆန်းနွေဦး ဂီတကို “ကပီ“ခေါ်သည်။
(၁၁) တလိုင်းစိန်ချယ်ညီလင်း ဂီတ ကို “အလေ့မေ့“ခေါ်သည်။
(၁၂) ဝေဇယန္တာ ဂီတကို “မဟိုရ်သီ”ခေါ်သည်။

ရံ ၃-ရွေ

နန်းတော်တွင်း၌မင်းမိဖုရားသားတော် သမီးတော်များကို ခစားဖျော်ဖြေရသော ရံရွေတော်မျိုး ၃-စား၊ တော်ဝင်သူကညာပျို များကို ခေါ်ဆိုသည်။
(၁) ရံရွေတော်ငယ်- ဂေါရီ, နှင့် ကညာ, ခေါ်သော ရံရွေမယ်များ၊
(၂) ရံရွေတော်လတ် - ကုမာရီနှင့် သွေးစုန်းခေါ် ရံရွေမယ်များ။
(၃) ရံရွေတော်ကြီး- မျက်မည်း နှင့် မျက်ဝန်းခေါ်ရံရွေမယ်များ။
၎င်းကိုရည်၍ မဃဒေဝလင်္ကာ၌ “ဂေါ်ရီကား ရှစ်၊ ဆယ်နှစ် ကညာ၊ ဆယ့်နှစ်မှာမူ၊ ကုမာ ခေါ်ထုံး၊
ဆယ့်သုံးနှစ်မယ်၊ သွေးစုန်းရွယ်နှင့်၊ တသွယ်ပိုင်းခြား၊ ဆယ့်ငါးမျက်မည်း ၊ ကြည်းကြည်းကြည်ရွှန်း၊
နှစ်ဆယ်ဆန်းက၊ မျက်ဝန်းမည်လွင်၊ ဤမျှလျှင်သား၊ တော်ဝင်ရွယ်ကောင်း၊ နတ်မယ်ပေါင်းတို့“ဟုစပ်ဆိုထားလေသည်။

ရံ ၃-ရွေ၊ တနည်း

မန္တလေး ကုန်းဘောင်ဆက် ရာဇဝင်ကျမ်းပြု ဦးမောင်မောင်တင်ထံ
“ညဉ့်သုံးယာမ်ခါ၊ လေပြည်လာ“ပတ်ပျိုး၌ပါသည့် “သုံးရွေကြော့ရင်“ကို ဖျာပုံမြို့မြန်မာစာပေ ကြီးပွားရေးအသင်း
အတွင်းရေးမှူးဆရာငွေက မေးမြန်းသောအခါ “သုံးရွေကြော့ရင်“ဆိုသော စကားမှာ အရွယ်သုံးပါး ပိုင်းခြားခယမ်း
ထမ်းရွက်ရသော ရံရွေတော်တို့၏အသျှင်ဟု ဆိုလိုသည်။
အကျယ်ကိုလင်းလျှင်၊ သုံးရွေဆိုသည်မှာအရွယ်သုံးပါးကို ပိုင်းခြားပြီးလျှင်
၁၃-နှစ်အရွယ်ထိ ကြက်တောင်၊ ပေါက်ချိုက်၊ ညွန့်ကိုက်၊ ဆံစည်း၊ စုလည်း၊ မြကုံး ဖြစ်သည့် အပျိုတော်များက တရွေ။
၎င်းအထက် အသက် ၃၀-နှစ်ရွယ်ထိ အပျိုတော်များကတရွေ။
၎င်းအထက် အသက်ကြီးသော အပျိုတော် အထိန်း အယ အချီတော်များက တရွေ၊
ဖြစ်သဖြင့် ပေါင်း၃-ရွေ ရှိသည်ဟု ဖြေဆိုထားသည်ကို ၎င်းမူအတိုင်း ထည့်သွင်းဖော်ပြလိုက်ပါသည်။

ရကင်သံ ၃၇-ချင်း

ဝါ, ဂီ, နစ်, တို့အတွက် တောင်ဘီလာ မှတ်စုမှ။
အချီကြီး သံ, အချီငယ် သံ, ဆရာတောင်း သံ, ဆရာပန် သံ, ဆရာညွှန်း သံ,
အတွင်းတီးပြေ သံ, အပြင်တီးပြေ သံ, ဆင်ဖြူရေချ သံ, ရွှေပလ္လင်တည် သံ, ဗောဓိရွက် သံ,
ဇမ္ဗုသပြေသီးကြွေ သံ, ငါးကြင်းမြီးခတ် သံ, ခရုသင်း သံ, ခွက်ခွင်း သံ, ဘီလူးဝမ်းစည်ကြိုးသံ,
မြစ်တွေးလန့်တွန် သံ, မြစ်တွေး ငှက်တွန် သံ, သိကြားအုပ်ဆောင်း သံ, သိကြားခလုပ် သံ,
သိကြားရေကန်တင် သံ, (၂၀)
သိကြားလောက်ပစ် သံ, ကင်းပတ်ကြီး သံ, ကင်းပတ်ငယ် သံ, သပြေလား သံ, ထုံးကိုးတံ သံ,
မျောက်မင်းဦ သံ, မိတ္ထိလာ ကန် ပေါက် သံ, ပြုံးကာရယ်ရွှင် သံ, နောက်မြင်းလှ သံ, ကသာဝန်းလည် သံ, (၃၀)
ပွင့်လှရွှေဝါ သံ, လုလင်ပြန် တောစည် သံ, လင်္ကာကုန္တီ သံ, မြင်းလှ စာတောင်း သံ, မြင်းလှခွါ သံ,
တငါမ အဲချင်းသံ, စကြာမင်း ဘိသိက်မြှောက်သံ, ပေါင်း ၃၇-သံ ဖြစ်၏။

ရင့်မာ တကျိပ်

အနာဂတောင် ကျမ်းမှ၊ ပါရမီ ရင်မာပြီးကြသောဘုရားအလောင်းတော်များ။
ဘုရားဆုပန်၊ ရင့်မာ သံ၊ ဧပန်မှတ်ကွဲ့၊ တကျိပ်တဲ့၊
(၁) ရှေးဦးအစ၊ မိတေယျ၊ သိကြလေကွဲ့၊ အလောင်းတဲ့၊
(၂) ရာမမင်းကောင်း၊ ဆုပန်တောင်း၊ တကြောင်းမှတ်ကွဲ့၊ အလောင်းတဲ့၊
(၃)ကောသလမင်း၊ ကျော်သံပြင်း၊ မယွင်းဘူးကွဲ့၊ အလောင်းတဲ့ ၊
(၄) အဘိဘူ နတ်၊ ကျော်နှံ့စပ်၊ သိတတ်စေကွဲ့၊ အလောင်းတဲ့၊
(၅) အသူရိန်နတ်၊ ခေါ်ပညတ်၊ သိ တတ်စေကွဲ့၊ အလောင်းတဲ့၊
(၆) ဒီဃသောဏီ၊ ပုဏ္ဏားမည်။ အညီမှတ်ကွဲ့။ အလောင်းတဲ့၊
(၇) ဝင်္ဂိကဆို၊ ပုဏ္ဏားပျို၊ အိုအောင်မှတ်ကွဲ့၊ အလောင်းတဲ့၊
(၈) ဒေါဒေယျခေါ်၊ ပုဏ္ဏားကျော်၊ ပျော်ပျော်မှတ်ကွဲ့၊ အလောင်းတဲ့၊
(၉) နာဠာဂိရိ၊ ဆင်ဟတ္ထိ၊ သိကြလေကွဲ့၊ အလောင်းတဲ့၊
(၁၀) ပလလဲဆင်၊ အမည်တွင်၊ ထင်ထင်မှတ်ကွဲ့၊ အလောင်းတဲ့။

ရည်မှတ်၍သတ်၊ ကံမြောက်လတ်၊ ၆-ရပ် အင်္ဂါသိ

ပါဏာတိပါတကံ၏ပယောဂ ရှစ်မျိုးတွင် ဥဒ္ဒိဿ ပယောဂ၏ အင်္ဂါ ၆-ပါးကို ဆိုသည်၊ ပါရာဇိကဏ် အဋ္ဌကထာမှ။
(၁)ဝတ္ထုကို မှတ်၍ သတ်ခိုင်းခြင်း၊
(၂) အချိန်ကာလကို မှတ်၍ သတ်ခိုင်းခြင်း၊
(၃) အရပ် ဒေသကို မှတ်၍ သတ်ခိုင်းခြင်း၊
(၄) ထား, လှံ, စသည့် လက်နက်မျိုးကို မှတ်၍ သတ်ခိုင်းခြင်း၊
(၅) ထိုင်ခြင်း, သွားခြင်း, စသည် ဣရိယာပုတ်ကို မှတ်၍ သတ်ခိုင်းခြင်း၊
(၆) သတ်ပုံ သတ်နည်းကို ဘယ်ပုံသတ်ရ မည်ဟု ပြောပြပုံကို မှတ်၍သတ်ခိုင်းခြင်း။
ဤခိုင်းစေချက်တို့မှ လွဲ၍သတ်လျှင် ကံမမြောက်ပေ။

ရတနာ ၃-ပါး

သုတ္တနိ၊၃၀၂။ သုတ္တနိ၊ဋ္ဌ၊၁၊၂၆၃-၌ အကျယ်ရှုပါ။ လောက၌ အမြတ်ဆုံး အကောင်းဆုံး ဖြစ်တော်မူသော ဘုရားရတနာ, တရားရတနာ, သံဃာရတနာ ကို ရတနာသုံးပါးဟု ခေါ်မှတ်ကြ၏။

ရတနာ ၇-ပါး

လူတို့ အသုံးအဆောင် ဖြစ်သောလောကီရတနာရ-ဖြာ။
(၁) သုဝဏ္ဏ- ရွှေ၊
(၂) ရဇတ- ငွေ။
(၃) မုတ္တာ- ပုလဲ၊
(၄) မဏိ- ပတ္တမြား၊
(၅) ဝေဠုရိယ- ကြောင်မျက်ရွှဲ၊
(၆) ဝဇီရ- စိန်၊
(၇) ပဝါဠ- သန္တာ။

ရတနာ ၉-ပါး

နဝ ရတနာ ခေါ် “နဝရတ် ၉-ပါး“ကိုပင် “ရတနာ၉-ပါး”ဟု မှတ်လေ။
အကျယ် (နဝရတ် ၉-ပါး)၌ ရှုပါ။

ရတနာ ၁၀-ပါး

ဝိ၊၂၊၂၁၂။ ဝိ၊ဋ္ဌ၊၃၊၁၅၂-မှ။
(၁) မုတ္တာ- ပုလဲ၊
မဏိ- မြ, ပတ္တမြားစိမ်း၊
ဝေဠုရိယ- ကြောင်မျက်ရွဲ၊
သင်္ခ- ခရုသင်း၊
သိလာ- ကျောက်သလင်း၊
ပဝါဠ- သန္တာ၊
ရဇတ- ငွေ၊
ဇာတရူပ- ရွှေ၊
လောဟိတင်္ဂ- ပတ္တမြားနီ၊
မသာရဂံ- ပတ္တမြားပြောက်၊(၁၀)

ရတနာ ကျောက်များ၊ အမြတ်ထား၊ မျိုးပြား ၂၄

၎င်း သရုပ်ကို (ကျောက်မြတ် ရတနာမျိုး ၂၄-ပါး)၌ ဆိုခဲ့ပြီ။

ရတု ၆-ပါး

ဝိသုဒ္ဓိမဂ် ဒု-အုပ်

ရတုကဗျာအပြား မျိုး ၄-ပါး

ရတုလင်္ကာ အမျိုးအစား လေးပါးဟူ၏။
(၁) ဧကပိုဒ်ရတု- တပိုဒ်တည်းနှင့် အဓိပ္ပါယ် ကြောင်းခြင်းရာ ကုန်စုံအောင်ရေးသား စပ်ဆိုထားသော ရတုမျိုး၊
(၂) အဖြည့်ခံရတု- ပိုဒ်စုံရတု ဖြစ်ရမည့်အစား နောင်ခါ ဖြည့်စွက်ရေးသားကြရန်အတွက် ၂-ပိုဒ်သာ ရေးသားထားသော ရတုမျိုး၊
(၃) ပိုဒ်စုံရတု- ၃,ပိုဒ်ဖြင့်ပြီးပြည့်စုံအောင် ရေးသားစပ်ဆိုထားသော ရတုမျိုး၊ “ မဲဇာတောင်ခြေတို့လို“
(၄) ပိုဒ်များရတု- ပိုဒ်စုံမျှ မကတော့ဘဲ ၄, ၅, ၆, ၇, ၈, ၉ ပိုဒ် စသည်ဖြင့် စပ်ဆိုထားသောရတုမျိုး၊
ချီ, ချ, ညီညီ, မညီညီ စပ်ဆိုနိုင်သည်။

ရတုကဗျာ ချီ,ချ,နည်းမျိုး ၂၅-ပါး

ကဗျာဗန္ခသာရကျမ်းမှ နည်းရရုံမျှယူပြသည်။
(၁) ထူးဆန်းထွေလာ- ၃ ပိုဒ်လုံး၌ ရှည်တို ချီ,ချ မတူကြသော ဖွဲ့စီကုံးနည်း၊
(၂) ညွန့်ရှင်- အသတ်ရှိသော စာလုံးဖြင့်သာ ချခြင်း၊
(၃) ပေါက်ပြ- အသတ်ပါ, မပါ, အက္ခရာတို့ဖြင့် အချီ, အချ, မျှ၍ ကုံးဖွဲ့ခြင်း၊
(၄) ငုံဖူး- ၍ ဟူသော အက္ခရာ မပါစေဘဲ ချီ, ချ ခြင်း၊
(၅) ပုလဲသွယ်- အသတ်အက္ခရာနှင့် ၍ ဟူသောအက္ခရာ အချီ, အချ မှာ ပါခြင်း၊
(၆) လည်ကုပ်ချီ- ရှေ့ပုဒ်၏ ဒုတိယပါဒ တတိယပါဒတို့တွင် တခုခုသောပါဒ၌ အက္ခရာကို၎င်း၊
အဓိပ္ပါယ်ကို၎င်း၊ ယူ၍ လည်ကုပ်တွင် ချီခြင်း၊
(၇) အဖျားကောက်- ရှေ့ပုဒ်၏ အချတွင်ပါသော အက္ခရာအဓိပ္ပါယ်တို့ကို ယူချီခြင်း၊
(၈) ရွှေလောင်းပျံ -က, ခ, တ, ယ, ပ, ရ, မ, ၎င်းအက္ခရာ ၇-လုံး တို့ဖြင့် ချီချခြင်း၊
(၉) သော်တာရောင်- ဟု, အက္ခရာရှောင်ရှားပြီး အသတ်တူ ကာရန်တူ အသံတူတို့ဖြင့် ချခြင်း၊
(၁၀) ကက္ကုဆူး- ချီ,ချ ၃-ပိုဒ်လုံး၌ အချီ,အချ မညီထားခြင်း။
(၁၁) နေရောင်ခြည်ပြေး- က, တ, ထ, ဟူသော အက္ခရာ ၃-လုံးတို့တွင် တလုံးလုံးဖြင့် ချခြင်း၊
(၁၂) ဖျောက်ဆိပ်လလယ်- ဝဏ္ဏ တလုံးလုံးအကြားတွင်ပါ၍ အသတ်ရှိသော အက္ခရာဖြင့်သာ ချခြင်း၊
(၁၃) ညွန့်ဟုံ- ဝသတ် အက္ခရာများ၍ ချခြင်း၊
(၁၄) ခိုင်ညွှန့်ခက်ဖြာ- ၇-လုံးဖြင့် အဆုံးချခြင်း၊
(၁၅) မဏိဆံကျင်- ၉-လုံးဖြင့် အဆုံး ချခြင်း၊
(၁၆) အာသာဝတီဝတ်ဆံ- ၁၀-လုံးဖြင့် ချခြင်း၊
(၁၇) မဏိဦးပြည်း- ၁၅-လုံးဖြင့် ချခြင်း၊
(၁၈)ဇော်တခိုင်လုံး- ၁၉-လုံးဖြင့် ချခြင်း၊
(၁၉) မပြတ်ကေသာ- ၂၅-လုံးဖြင့်ချခြင်း၊
(၂၀) ဇမ္ဗူ့သပြေသီးမှည့်- ၃၅-လုံး အဆုံးချခြင်း၊ ထို့ထက်လွန်၍ မချကောင်းချေ၊
(၂၁) ချိန်ခွင်လျှာ- ပဌမနှင့် တတိယပိုဒ်တို့မှာသံတူချ၍ ဒုတိယပိုဒ်မှာ သံကွဲချခြင်း၊
(၂၂) ဘီလူးရယ်- သရူပ, သဝဏ္ဏ အက္ခရာ အသတ်, အသံ စ သည်တို့ကို မတူလှီးလွှဲပြု၍ စီကုံးခြင်း၊
(၂၃) စာ ကျိုး- ငသတ်, ညသတ်၊ တသတ်, ပသတ်၊ နသတ်, မသတ်တို့ကို စပ်ခြင်း၊ ချီ,ချခြင်း၊
(၂၄) စာဆန်း- ကဝိ မပီသ, ကဗျာ့ဥပဒေမရှိသည့် ခေတ်ဆန်းစာပေဟူသမျှ၊
(၂၅) စာထုံး- စာကျိုးကိုပင် ခေါ်ဆိုသည်။

ရတုစပ်ရာ၊ နည်း ၆-ဖြာ၊ ကျမ်းလာ အဘယ်နည်း

ရတုစပ်နည်းနှင့်ပတ်သက်၍ ကျမ်းပေါင်း များစွာလာရှိကြသော်လည်း ဤ၌ ကဗျာဗန္ဓသာရကျမ်း၌လာသည်ဟု ဖြေဆိုပါအံ့။ ၎င်းပုံစံကို (အစပ် ၆-ပါး) ၌ပြန်ရှုလေ။

ရတုပိုဒ်စုံမျိုး ၅-ပါး

ပိုဒ်စုံ စပ်ပုံ နည်းမျိုး ငါးပါးကိုဆိုသည်၊ ပိုဒ်စုံဆိုသည်ကား ၃-ပုဒ်ကို ဆို၏။
(၁) ရိုးရိုးပိုဒ်စုံ- အစပ် ၆-ပါး၌ ဖြစ်သလို ထည့်သွင်းစပ်ဆိုသွားသောပိုဒ်စုံရတုများ
ပုံ- မဲဇာတောင်ခြေ- တို့လို။
(၂) သတ်စေ့နှက်၊ ၃-ချက်ညီပိုဒ်စုံ-ကာရန် ၃-ချက်လုံးကို ညီညွတ်စွာ ၃-ပိုဒ်လုံး၌
မချွတ်အောင် စပ်ဆိုသွားသောရတုပိုဒ်စုံများ။ ပုံ-ဒု နဝဒေးဆို”ညွန့်လမ်းရွှေဝါ“တို့လို။
(၃) စကြာလည် ပိုဒ်စုံ- စကြာများလည်သလို မိမိ၏ အချီပိုဒ်နှင့် ပင်အဆုံး၌ထပ်၍ချသော ပိုဒ်စုံမျိုး။
ပုံ၊ ရခိုင် မိညိုဆို”နန်းတွင်မိညို၊ ကျွန်ုပ် ဆိုသား (ယ)နန်းတွင်းမိညိုသာ တကား“တို့လို။
(၄) ကိုယ်တွင်းပြည့် ပိုဒ်စုံ- ကိုယ်နှင့်တူသော အလည်ပိုဒ် အားလုံးတို့၌ပဌမ ပိုဒ်၏ သတ်ပုံကာရန်အတိုင်း
မချွတ်လိုက်ယူ စပ်ဟပ် ရသောပိုဒ်စုံမျိုး၊ ပုံ-ရှင်ရဋ္ဌသာရဆို
(က) မြသွယ်ရောင်လျှံ၊ ကုံး၍ပန်လျက်၊ ဝင်းစံကြွေရွက်၊ ဖူးသစ်ထွက်သော် (လ)။
(ခ) လှသွယ်ခေါင်စံ၊ သုံးရွေရံလျက်၊ မင်းစံ ရွှေညက်၊ ဦးသစ်ခက်သော် (လ)။
(ဂ) မြရွယ်တောင်ရံ၊ ရုံးတွေ့စံလျက်၊ တင်းသံစေခက်၊ ကြူးနှစ်သက်သော်(လ)၊ အပိုဒ်ရှိသမျှဤနည်း စပ်။
(၅) တောင့်ထဲတွန့် ပိုဒ်စုံ-ပိုးတောင့်ထဲ တွန့်သလို ကောက်ကွေ့ တွန့်လိမ်ကာ ၄-လုံးတမျိုး၊ ၅-လုံး တခါ၊ စပ်ဆို သီကုံးသွားသောပိုဒ်စုံမျိုး၊
ပုံ-ရှင်ရဋ္ဌသာရဆို “ဒေဝစ္ဆရာ၊ ပြင်လျာ သင့်တင့်ယောင်၊ ရွှေကြက်တောင်ဝယ်၊ လှခေါင်တင့်မျိုးလွှတ် (ယ) ရွှေရင် ဖုံးတုံမဖုံးတုံ“တို့လို။

ရတုမျိုး ၃-ပါး

ဥတုမျိုး ၃-ပါးကိုပင် အချို့စာပေတို့၌ “ရတု”ဟူသော ဝေါဟာရ
ဖြင့် ရေးသုံးကြကုန်သည်၊ သဘော အတူပင် မှတ်ပါ။

ရန်အောင်မြင်ရာ၊ နည်း ၆-ဖြာ၊ သိပါ အစိုးရ

ဇာတက၊၁၊၁၃၁။ ဇာ၊ဋ္ဌ၊၃၊၁၉၁-စသည်တို့၌လည်း ပါရှိသည်။ ရာဇနီတိမှ။ ရန်သူများကို အောင်နိုင်မှု နည်းပရိယာယ်၆-ပါး။
(၁) စားနပ်ရိက္ခာ ခဲယမ်းမီးကျောက် လက်နက် စစ်သည်ဗိုလ်ပါတို့ တောင့်တင်းပြည့်စုံခြင်း၊
(၂) ပရိတ်တော်နှင့် မန္တရားမန္တန်တို့ကို ရွတ်ဖတ်ခြင်း။
(၃) ပညာရှိတို့နှင့် တိုင်ပင်ခြင်း၊
(၄) ချစ်ဖွယ်စကားကိုပြောဆိုခြင်း၊
(၅)လက်ဆောင်ပဏ္ဏာတော်ကို ပို့ဆက်ခြင်း၊
(၆) အမျိုးအနွယ်ဆက်စပ်ခြင်း, မိတ်ဖွဲ့ခြင်း။

ရန်ငြိုးဖြေကြောင်း တရား ၅-ပါး

ရန်သူအပေါ်၌ ရန်ငြိုးပြေစရာ တရားငါးပါး။
(၁) မေတ္တာ ဘာဝေတဗ္ဗာ- ရန်သူ၌ မေတ္တာပွားပါ၊
(၂) ကရုဏာ ဘာဝေတဗ္ဗာ- ရန်သူကို သနားညှာတာပါ၊
(၃) ဥပေက္ခာ ဘာဝေတဗ္ဗာ- လျစ်လျူရှုလိုက်ပါ၊
(၄) အသတိ မနသိကာရော- မေ့ပျောက်ပစ်လိုက်ပါ၊
(၅) ကမ္မဿ ကတာ အဓိဋ္ဌာတဗ္ဗာ- သူပြုသမျှအမှု သူ့ကံနှင့်သူ ဖြစ်ပါစေတော့ ဟူသော သဘောထားလိုက်ပါ။

ရန်ငြိုးဖွဲ့ကြောင်းတရား ၉-ပါး၊ ၁၀

အံ၊၃၊၂၀၈။ အံ၊ဋ္ဌ၊၃၊၂၇၆။ အံ၊၃၊၃၇၅။ အံ၊ဋ္ဌ၊၃၊၃၂၄၌ အကျယ်ရှုပါ။ အာဃာတဝတ္တု ဆယ်ပါးလည်း ခေါ်၏။ ဒေါသဖြစ်ရန် နီးစွာသော အကြောင်းတို့တည်း။
(၁) မိမိစီးပွားမဲ့ကို ယခုပြုလုပ်နေသူ၊
(၂) ရှေးကပြုခဲ့ဘူးသူ၊
(၃) နောင်ခါပြုမည့်သူ၊
(၄) မိမိချစ်သူစီးပွားမဲ့ကို ယခုပြုလုပ်နေသူ၊
(၅) ရှေးကပြုခဲ့ဘူးသူ၊
(၆) နောင်ခါပြုမည့်သူ၊
(၇) မိမိမုန်းသူ၏ စီးပွားဥစ္စာ ယခုတိုးတက်နေခြင်း၊
(၈) ရှေးက တိုးတက်ခဲ့ခြင်း၊
(၉) နောင်လည်း တိုးတက်အံ့ဖြစ်ခြင်း၊
(၁၀) မိုဃ်းရွာလွန်း, နေပူလွန်း, လေတိုက်လွန်း, မရွာ, မပူ, မတိုက်၊ လသာ, လ မသာခြင်း၊ ခလုပ်တိုက်မိခြင်းတို့၌ အရာမဟုတ်ဘဲလျက်အမျက်ထွက်ခြင်းဟူသော အဋ္ဌာန ကောပ။

ရန်ငြိုးမျက်ထား၊ အပြစ်များ၊ ၅-ပါး မကောင်းသင့်

၎င်း သရုပ်ကို (အမျက်ပွားများ၊ ပြစ်တရား၊ ၅-ပါး ကျမ်း၌ဆို) ဟူသော သုတေသန၌ ဆိုခဲ့ပြီ။

ရန်လည်း မဆိုင်၊ မပြိုင်တရား၊ မျိုး ၁၀-ပါး၊ ရှောင်ရှားစရာ အဘယ်နည်း

ဤ၌ အမေးပုစ္ဆာပြုသူက ဆယ်ပါးသာ မေးထားသော်လည်း ဩဝါဒထူးပျို့၌ ၁၁-ပါးမျှ လာရှိ၏၊ ထို့ကြောင့် ၎င်းပျို့စာမူအတိုင်းပင် ဖြေဆိုလိုက်အံ့၊ ရန်မပြုရာ၊ ဆယ့်တစ်မှာကား-
(၁) အာဏာထန်ပြင်း၊ စိုးမင်းတို့အား၊ ရန်ပြုမှားသော်၊ နှောင်ထားပုတ်ခတ်၊ ဘေးတွေ့တတ်၏။
(၂) မှုးမတ်စစ်ကဲ၊ သူရဲဗိုလ်မှူး၊ တပ်မှူးစစ်ကွပ်၊ စစ်ကြပ်မှုထမ်း၊ ရာထမ်းတို့အား၊ ရန်ပြုမှားသော်။
ကြေထွားရိပွတ်၊ ကွပ်ညှပ်ပြင်း၍၊ ချည်နှောင်တွေ့၏။
(၃) နောက်ရှေ့မြင်သီး၊ သူကြီးကြေးကိုင်၊ မြေတိုင်စချီ၊ အစီအရင်၊ ရွာရှင်တို့အား၊ ရန်ပြုမှားသော်၊
ရပ်ခြားမြေရွေ့၊ နှင်ထုတ်တွေ့၏။
(၄) ညဉ့်နေ့ခတ်လည်၊ ရာဇာ့စည်နှင့်၊ မောင်းသည်တို့အား၊ ရန်ပြုမှားသော်၊ ထိပါးမျက်ငွေ့၊ ဆင်းရဲတွေ့၏။
(၅) သိမ်မွေ့အာစာ၊ ခေမာရည်မှန်း၊ ရဟန်းတို့အား၊ ရန်ပြုမှားသော်၊ လေးပါးပါယ်ငွေ့၊ ဆင်းရဲတွေ့၏။
(၆) အလေ့ဘာသာ၊ ယုတ်မာကျင့်ရိုး၊ ကျွန်ဆိုးတို့အား၊ ရန်ပြုမှားသော်၊ လေးစားမထေ၊ မရိုသေလျှင်၊ ပြုလေတုံ၍၊ ကြံစည်မေ့၏။
(၇) ရေမြေ့တံခွန်၊ မင်းကျွန်တို့အား၊ ရန်ပြုမှားသော်၊ လည့်ပြားပတ်ကွေ့၊ကုန်းတိုက်တွေ့၏။
(၈) ကြီးလေ့ဂုဏ၊ မိဘတို့အား၊ ရန်ပြုမှားသော်၊ စကားလောင်ဝေ့၊ မှု ရာတွေ့၏။
(၉) ရွှေငွေအတိ၊ နက်ကျိဖြင်အေး၊ သူဋ္ဌေးတို့အား၊ ရန်မူမှားသော်၊ တရားပြု၍၊ အလျော်တွေ့၏။
(၁၀) ကောင်းစေ့မဟုတ်၊ သူယုတ်တို့အား၊ ရန်ပြုမှားသော်၊ စကားစမည်၊ အရှည်အတို၊ မရိုမသေ၊
အထွေထွေလျှင်၊ ပလွေလွင့်၍၊ ကဲ့ရဲ့တွေ့၏။
(၁၁) ချမ်းမြေ့ယှဉ်မှီး၊ အိမ်နီးချင်းအား၊ ရန်တွေ့မှားသော်၊ ရွာသားရွာသူ၊ ဦးမည်းဖြူတို့၊ ငြူစူစောင်းမဲ၊
ငြီးငွေ့မြဲသည်၊ ဆိုဆဲခံရ မှန်မုချ။

ရန်သူမျိုး ၄-ပါး

ဤ၌ ကျက်မှတ်ရ လွယ်ကူစေရန် စာဏကျပျို့မှယူပြ လိုက်သည်။
(၁) မွေးသည့်ဘခင်၊ ကျေးဇူးရှင်လည်း၊ ကြွေးတင်အောင်သာ၊ ပြုလုပ်ပါမူ၊ သေချာစီစစ်၊ ရန်သူဖြစ်၏။
(၂) အချစ်ပိုအင်၊ မွေးမိခင်လည်း၊ ပျော်ရွှင်မိုက်မှား၊ လင်ငယ်ထားမူ၊ မှတ်သားစင်စစ်၊ ရန်သူဖြစ်၏။
(၃) မေတ္တာဆပွား၊ ချစ်မယားလည်း၊ အများငေးမျှ၊ အလွန်လှမှု၊ မှတ်ကြစင်စစ်၊ ရန်သူဖြစ်၏။
(၄) ရင်နှစ်ခေါ်ငြား၊ သ္မီးသားလည်း၊ သင်ကြားပညာ၊ ကင်းမဲ့ပါမှု၊ မှတ်ရာစင်စစ်၊ ရန်သူဖြစ်၏။

ရန်သူမျိုး ၅-ပါး

အံ၊၂၊၂၂၆။ ထေရီ၊၄၃၃။ ထေရီ၊ဋ္ဌ၊၂၉၆။ ပေါ့တန်စွာ
မပြုကျင့်ရသော အရာငါးပါး။
(၁) ရေ ရန်သူ၊
(၂) မီး ရန်သူ၊
(၃) မင်း ရန်သူ၊
(၄) ခိုးသား ထားပြ ရန်သူ၊
(၅) မလိုမုန်းတီးသူ ရန်သူ။

ရပ်ပြစ် ၈-ပါး

အဋ္ဌက္ခခေါ် နိဗ္ဗန်, မဂ်, ဖိုလ် မရကောင်းသော
အရပ်ဌာန ရှစ်ပါး ဟူ၏၊ ဇိနာလင်္ကာရဋီကာ။
(၁) ပစ္စန္တဇော-ဗုဒ္ဓသာသနာတော် မတည်မရှိသော ပစ္စန္တရစ်အရပ်၊
(၂) အရူပိနော- နာမ်သာရှိ၍ ရုပ်မရှိသော အရူပ ၄-ဘုံ၌ ဖြစ်ခြင်း၊
(၃) ဝိတ လိင်္ဂေါ- ပဋိသန္ဓေအားဖြင့် အင်္ဂါချို့တဲ့သော သူဖြစ်ခြင်း၊
(၄) အသညဇော- ရုပ်သာရှိ၍ နာမ်မရှိသော အသညသတ်ဘုံ၌ ဖြစ်ခြင်း၊
(၅) မိစ္ဆာဒိဋ္ဌိ-နိယတမိစ္ဆာဒိဋ္ဌိမျိုး ဖြစ်ခြင်း၊
(၆) ပေတာ- ပြိတ္တာဘုံ၌ ဖြစ်ခြင်း၊
(၇) တိရစ္ဆာနော- တိရစ္ဆာန်ဘုံ၌ ဖြစ်ခြင်း၊
(၈) နေရယိကော- ငရဲဘုံ၌ ဖြစ်ခြင်း။

ရပ်ပြစ် ၈-ပါး၊ တနည်း

အံ၊၂၊၆၀။ အံ၊ဋ္ဌ၊၃၊၄၄။ ဒီ၊၃၊၂၄၈။ ဒီ၊ဋ္ဌ၊၃၊၂၄၆။ ဝိမာန၊ဋ္ဌ၊၁၁၇။ဤပြလတံ့ကား သမာနဝါဒဆရာတို့အလို တည်း၊
သာသနာတွင်း အခါမျိုး၌။
(၁) ငရဲဘုံ၌ ဖြစ်သောသူ၊
(၂) တိရစ္ဆာန်ဘုံ၌ ဖြစ်သောသူ၊
(၃) ပြိတ္တာဘုံ၌ ဖြစ်သောသူ၊
(၄) အသညသတ်ပုံ, အရူပဘုံတို့၌ ဖြစ်နေသူ၊
(၅) မဇ္ဈိမတိုက် ဘုရားပွင့်ခိုက်၌ ပဋိသန္ဓေအားဖြင့် ချို့တဲ့စွာ လူဖြစ်နေသူ၊
(၆) မဇ္ဈိမတိုက်ဘုရားလက်ထက်၌ တိဟိတ်ပဋိသန္ဓေ တည်နေသူ ဖြစ်လျက် မိစ္ဆာဒိဋ္ဌိ ယူနေသူ၊
(၇) မစ္စန္တရဌ်ခေါ် သာသနာမဲ့ရာ အရပ်မျိုး၊
(၈) ဗုဒ္ဓသုညခေါ် သုညကမ္ဘာ၌ မဇ္ဈိမတိုက်သားစု။

ရပ်ပြစ် ၉-ပါး

ထို ၈-ပါးတို့တွင် “အသူရကာယ်ဘုံ“ထည့်၍ (နဝအက္ခဏေ) ဟု သုတ်ပါထိက။ ၂၁၉-၌ လာရှိသည်။

ရယ်ခြင်း ၃-ပါး၊ လူအများ၊ တရားရစေမှု

စာဆိုတော်ကြီး စိန္တကျော်သူ ဘွဲ့ခံ ဦးဩ၏ ဩဝါဒထူးပျို့ စာပိုဒ်ရေ ၁၅-မှ ရယ်ခြင်းသုံးပါးကိုပိုင်ဆိုင်သူတို့အတွက် တရားရရန် ပြဆိုလိုက်သည်။
(၁) မယားသယ် ရယ်ခြင်း၊ ချစ်လို့မညီး၊ ဇနီးအိမ်ရှင်၊ မိမိလင်သည်၊ ချစ်ခင်သောအား၊ သမီးသားကို၊ ပိုက်ဖျားအားရမ်း၊ ချီရှုတ်နမ်းသော်၊မယ်ဝမ်းကမွေး၊ သူများသွေးကို၊ အလေးတမြတ်၊ သင့်သားမှတ်၍၊ လည်ပတ်ဖက်ချီ၊ နမ်းလေပြီဟု၊ မထည်မလေး၊ အသွမ်းသွေး၍၊ အဝေးမျက်ကွယ်၊ မယားရယ်၏။
(၂) မြေ, လယ်, ယာက ရယ်ခြင်း၊ ငါ့လယ် ငါ့ယာ၊ ငါ့မြေတာဟု၊ ဥစ္စာခင်မင်၊ ဆိုပြန်လျှင်လည်း၊ အရှင်မဲ့ပါ၊ ငါတို့မှာမှု၊ ကမ္ဘာမကျေ၊ မခြင်းနေ၏၊ သွေယွင်းယို၊ သင်းတို့ကိုယ်မျှ၊ လို မပိုင်ဘဲ၊ ဘွယ်သရဲဟု၊ ပြောင်ဖြဲသောနှယ်၊ မြေကရယ်၏။
(၃) ရွှေငွေရတနာက ရယ်ခြင်း၊ ငါ့စိန် ငါ့ရွှေ၊ ငါ့ကြေးငွေဟု၊ စိတ်စေကြည်သာ၊ ဆိုပြန်ပါလည်း၊ ကြမ္မာဆော်တိုက်၊ ကောင်းတော်ခိုက်မို့၊ အိမ်ဆိုက်မျှသာ၊ တည်းခိုပါရှင့်၊ ငါးဖြာရန်သူ၊ ယူလည်းတို့ပါ၊ သေမင်းခွါလည်း၊ သင့်ရာ အလျောက်၊ ငါတို့ရောက်
သည်၊ တို့သခင်လျှင်၊ ဖြစ်ချင်လွန်းလှ၊ လွန်းမင်းစွဟု၊ ဒေါသချီးရယ်၊ ရွှေငွေရယ်သည်၊ သုံးသွယ်ရယ်ဆေး၊ ပြက် သွယ် သွေး။

ရယ်ခြင်း ၆-ပါး၊ မျိုးအပြား၊ မိန့်ကြား ဘိဓမ္မာ

၎င်း ခြောက်ပါး၌ ၂-ပါးစီ, အစဉ်အတိုင်း သူမြတ် ရယ်ခြင်း, သူလတ် ရယ်ခြင်း, သူယုတ် ရယ်ခြင်းဟု သိပါလေ။
(၁) သိတ- မျက်စိပွင့်ရုံမျှ ပြုံးခြင်း၊
(၂) ဟသိတ- သွားအနည်းငယ် ပေါ်ရုံမျှ ပြုံးခြင်း၊
(၃) ဝိဟသိတ- အသံသာ ညှင်းစွာထွက်ရုံမျှ ရယ်ခြင်း၊
(၄) ဥပ ဟသိတ- ပခုံးဦးခေါင်း လှုပ်အောင် ရယ်ခြင်း၊
(၅) အပ ဟသိတ- မျက်ရည်ထွက်အောင် ရယ်ခြင်း၊
(၆) အတိဟသိတ- လက်, ခြေ, ကိုယ် ကို ပစ်ယိမ်း၍ ရယ်ခြင်း။

ရယ်ဘွယ် ၁၀-ပါး၊ ကဝိများ၊ မိန့်ကြားကဗျာ အဘယ်နည်း

စိန္တကျော်သူ ဦးဩရေး ဩဝါဒထူး ပျို့ကဗျာ၌ ဤသို့ဆို၏။
(၁)ဆယ်ပါးရယ်ဘွယ်၊ မှတ်ကြောင်း သွယ်ပိမ့်၊ ဉာဏ်ကျယ် ပါလျက်၊ ပွဲလယ်ချက် ဝယ်၊ နှုတ်ထွက် ယွင်းပါး၊ ဖွင့်ဆိုမှားအံ့၊
(၂) ခစား သူ့မှာ၊ သူလိုရာသို့၊လိုက်နာရလျက်၊ မာနတက်အံ့၊
(၃) လက္ခဏာမဲ့၊ ချို့တဲ့ဥစ္စာ၊ ဆင်းရဲစွာလျက်၊ ကာမဂုဏ်မှု၊ လုံ့လပြုအံ့၊
(၄) ပြီးထုထပ်ပွား၊ ဥစ္စာများလျက်၊ မိုက်အား ဖုံးလွှမ်း၊ မပေးကမ်းဘဲ၊ ဒါန နည်းအံ့၊
(၅) ငြိမ်းချမ်းသာယာ၊ နေရပါလျက်၊ သူ့မှာမှီနေ၊ ခစားလေအံ့၊
(၆) သားရေလျော့ပါး၊ အိုလှည့်ငြားလျက်၊ တရားမဂ်ဖိုလ်၊ မမှီခိုအံ့၊
(၇) ရန်ဖြိုပယ်လှစ်၊ ပြည့်ရှင်ဖြစ်လျက်၊ မူ ညစ်ဆိုးနွမ်း၊ မှူးမတ်သွမ်းနှင့်၊ ချစ်ကျွမ်းဝင်ဝင်၊ ရေးတိုင်ပင်အံ့၊
(၈) သန့်စင်နွယ်ဓာတ်၊ မျိုးရိုးမြတ်လျက်၊ အတတ်မသင်၊ နားဝင် မကျွမ်း၊ လော်လီသွမ်းအံ့၊
(၉) မနွမ်းဂုဏ်အင်၊ယောကျ်ားစင်လျက်၊ ချစ်ခင်စိုးပိုင်၊ မယားနိုင်အံ့၊
(၁၀) သုံးဆိုင်ဗေဒင်၊ ကုန်စင်မြောက်မြား၊ ထုံးနှယ်ထွားသည်၊ ပုဏ္ဏားဖြစ်လျက်၊ အကျင့်ပျက်အံ့၊ ကန့်ကွက်ခြားနား၊
ဤဆယ်ပါးကို၊ အမှားလူတွင်၊ ရယ်ဘွယ်ထင်သည်၊ သည့်ပြင်ရယ်ဆေး ရမည်ဝေး။

ရသ ၆-ပါး၊ ၇-ပါး၊ တနည်း

၎င်းသရုပ်ကို (အရသာ ၆-ပါး။ ၇-ပါး။ ၉-ပါး)၌ ရှုပါ။

ရသမျိုး ၃-ပါး

ပဋိသံ၊၂၈၀။ ပဋိသံ၊ဋ္ဌ၊၁၊၁၈၃။
(၁) ဓမ္မရသ- မဂ်-၄-ပါး။
(၂) အတ္ထရသ- ဖိုလ် ၄-ပါး၊
(၃) ဝိမုတ္တိရသ- နိဗ္ဗာန်။

ရဿ သရ၊ ၃-လုံးပြ၊ သဒ္ဒ ဥပဒေ

မျက်စိတမှိတ် လျှပ်တပြက်ခန့်မျှတိုသောအသံ တမတ္တျာကာလမျှ အသက်ရှိသော (အ, ဣ, ဥ) ၎င်းသုံးလုံးကို ဆိုသည်။

ရသေ့မျိုး ၈-ပါး

သုတ္တနိ၊ဋ္ဌ၊၁၊၃၁၀။ သာသနာတော်တွင်း၌ ရသေ့မဝတ်ကောင်းချေ၊ ရသေ့ဝတ်သောသူသည် သာသနာတော်ကို ဖျက်ဆီးသူ မည်ကြောင်းနှင့် သံ၊၃၊၅၁၈။ သံ၊ဋ္ဌ၊၃၊၁၄၅။ ဒီ၊၁၊၄၉။ ဒီ၊ဋ္ဌ၊၁၊၂၄၀-တို့၌ သေချာစွာ ဟောထားတော်မူသည်။
(၁) သပုတ္တ ဘရိယ ရသေ့- ပစ္စည်းဥစ္စာ စုဆောင်း၍ သား မယားနှင့် နေသော ရသေ့၊
(၂) ဥစ္ဆာစရိယ, ရသေ့- ကောက်သင်း ကောက်၍စားရသောရသေ့၊
(၃) အဂ္ဂိပက္ကိက ရသေ့- ဆန်, ပဲ, အလှူခံ၍ ချက်စားသော ရသေ့၊
(၄) အသာမပါက ရသေ့- ကျက်ပြီး ထမင်း ဟင်းကိုခံစားသော ရသေ့၊
(၅) အသ္မ မုဋ္ဌိက ရသေ့- သစ်ခေါက်ခွံကို ကိုခွါစားသောရသေ့၊
(၆) ဒန္တဝက္ကလိက ရသေ့- မိမိသွားဖြင့်သာ ကိုက်ခွါစားသောရသေ့၊
(၇) ပဝတ္တဖလ ဘောဇန ရသေ့-သစ်သီး သစ်ရွက်တို့ကိုချွေဆွတ်၍ စားရသောရသေ့၊
(၈) ပဏ္ဍုပလာသိက ရသေ့- အလိုလိုကျွေကျလာသော ရွက်, ပွင့်, သီး တို့ကိုသာ စားသော ရသေ့မျိုး။

ရဟန္တာတို့ မပြုတော့သော တရား ၅-ပါး

ဘယ်အခါမှ စေတနာနှင့်မပြုသော တရားငါးပါးဟူ၏။
(၁) ပါဏာတိပါတ၊
(၂) အဒိန္နာဒါန၊
(၃) မေထုနဓမ္မ၊
(၄) မုသာဝါဒ၊
(၅) သန္နိဓိကာရက- ခဲဘွယ်, ဘောဇဉ်ကို နောက်နေ့အတွက် သိုမှီ၍ စားခြင်းမျိုး။

ရဟန္တာမျိုး ၂-ပါး

စျာန်အစေး ရှိ, မဲ့ အားဖြင့် ပြားသည်။
(၁) သုက္ခဝိပဿက ရဟန္တာ- စျာန်, အဘိညာဏ်, တန်ခိုးမရှိ၊ ပကတိ သူလို ငါလိုနေသော ရဟန္တာ၊
(၂) စျာနလာဘီ ရဟန္တာ- စျာန်, အဘိညာဏ်, တန်ခိုးရှင် ရဟန္တာ။

ရဟန္တာမျိုး ၆-ပါး၊ တနည်း

ရဟန္တာ အမျိုးအစား ၆-ပါး။
(၁) သဒ္ဓါဝိမုတ္တ ရဟန္တာ- လွန်ကဲသောသဒ္ဓါဖြင့် ကိလေသာမှ လွတ်ကင်းသော ရဟန္တာ၊
(၂) ပညာဝိမုတ္တ ရဟန္တာ- လွန်ကဲသော ပညာဖြင့် ကိလေသာမှလွတ်ကင်းသော ရဟန္တာ၊
(၃) ဥဘတောဘာဂ ဝိမုတ္တ ရဟန္တာ- လောကီဝိဇ္ဇာ အဘိညာဉ်မပါ သဒ္ဓါ,ပညာ ၂-ပါးဖြင့်သာ ကိလေသာမှလွတ်ကင်းသော ရဟန္တာ၊
(၄) တေဝိဇ္ဇ ရဟန္တာ- ဝိဇ္ဇာ ၃-ပါးနှင့်ပြည့်စုံသောရဟန္တာ၊
(၅) ဆဠာဘိည ရဟန္တာ- အဘိညာဉ် ၆-ပါးနှင့်ပြည့်စုံသောရဟန္တာ၊
(၆) ပဋိသမ္ဘိဒါ ပတ္တ ရဟန္တာ- ပဋိသမ္ဘိဒါ ၄-ပါးသို့ ဆိုက်ရောက်သော ရဟန္တာ။

ရဟန္တာမျိုး ၁၂-ပါး၊ တနည်း

သုတ္တနိ၊ဋ္ဌ၊၁၊၂၈၂။ ခုဒ္ဒက၊ဋ္ဌ၊၁၅၃-၌ အကျယ်ရှုပါ။
(၁) သုညတ ဝိမောက္ခ ရဟန္တာ၊
(၂) အနိမိတ္တ ဝိမောက္ခ ရဟန္တာ၊
(၃) အပဏိဟိတ ဝိမောက္ခ ရဟန္တာ၊
၎င်း ၃-ပါးကို ပဋိပဒါ ၄-ပါးနှင့်မြှောက် ရဟန္တာ ၁၂-မျိုး ဖြစ်၏။

ရဟန်းအပြား၊ မျိုး ၈-ပါး၊ ခွဲခြား သိတော်မူ

ဝိ၊၁၊၂၈။ ဝိ၊ဋ္ဌ၊၁၊၂၀၆။ ဘုရားရှင် လက်ထက်တော်က စ၍ ယနေ့တိုင်အောင် ဖြစ်လာကြသော ရဟန်းမျိုး အပြား ၈-ပါး။
(၁) ဧဟိ ဘိက္ခူပသမ္ပဒါ- ဘုရားရှင်က ရဟန်း လာလှည့်ဟု ခေါ်ဆဲ၌ အလိုလျောက်ပြီးသော ရဟန်းမျိုး။
(၂) သရဏ ဂမနူပသမ္ပဒါ- သရဏဂုံ ခံယူဆောက်တည်ရုံဖြင့် ပြီးသောရဟန်းမျိုး။
(၃) ဩဝါဒ ပဋိဂ္ဂဟဏူပသမ္ပဒါ- ဤပုံ ဤနည်းဖြင့် ကျင့်ဟု ဆုံးမခြင်းဖြင့် ပြီးသော ရဟန်းမျိုး။
(၄) ပဥှာ ဗျာကရဏူပသမ္ပဒါ- သောပါက ထေရ်ကဲ့သို့ ပြဿနာဖြေဆို၍ဘုရားခွင့်ပြု
သဖြင့် ပြီးသော ရဟန်းမျိုး။
(၅) ဂရုဓမ္မ ပဋိဂ္ဂဟဏူပသမ္ပဒါ- ဂရုဓံကို ဝန်ခံချက် ထားခြင်းဖြင့်ပြီးသော ရဟန်းမျိုး။
(၆) ဒူတေနူပသမ္ပဒါ- အဍ္ဎုကာသိက မည်သော ပြည့်တန်ဆာမကဲ့သို့ တမန်စေလွှတ်ခြင်း
ဖြင့် ပြီးသော ရဟန်းမျိုး။
(၇) အဋ္ဌဝါစိကူပသမ္ပဒါ- ဘိက္ခုနီမများထံ ၄-ကြိမ်, ဘိက္ခုယောကျ်ားများထံ ၄-ကြိမ် အားဖြင့် ရှစ်ကြိမ်သော ဉတ်, ကမ္မဝါစာဖြင့်ပြီးသော ရဟန်းမျိုး။
(၈) ဉတ္တိစတုတ္ထ ကမ္မူပသမ္ပဒါ- ဉတ်နှင့်တကွ လေးကြိမ်မြောက်သောကမ္မဝါစာဖြင့် ပြီးသော ရဟန်းမျိုး။

ရဟန်းကောင်းတို့ သွင်မူရာဂုဏ် ၂၂-ပါး

ရှိခိုးပူဇော်ခြင်းငှါ ထိုက်သောပုထုဇဉ်
ရဟန်းတို့ အသွင်မူရာ ဂုဏ် ၂၂-ပါး၊ ဖူးမြင်ရသူတို့ စိတ်ထဲ၌။
(၁) သေက္ခပုဂ္ဂိုလ်ဟု ထင်မှတ်ခြင်း၊
ရဟန္တာဟု ထင်မှတ်ခြင်း၊
အရိယာတို့နှင့်တူသော အကျင့်ရှိခြင်း၊
တူသော နေထိုင်ခြင်း ရှိခြင်း၊
တူသောဣန္ဒြေရှိခြင်း၊
တူသော ဆင်းရဲခြင်း ရှိခြင်း၊
တူသော သည်းခံခြင်းရှိခြင်း၊
တကိုယ်ထီးတည်း အကျင့်ရှိခြင်း၊
တကိုယ်ထီးတည်းမွေ့လျော်ခြင်း၊
တယောက်ထီးတည်းကျိန်းအောင်းခြင်း၊ (၁၀)
မကောင်းမှုမှ ရှက်ခြင်း၊
မကောင်းမှုမှ လန့်ခြင်း၊
သဓမ္မအကျင့်ကို အားထုတ်ခြင်း၊
ကုသိုလ်၌မမေ့လျော့ခြင်း၊
သုက်လွတ်ခြင်းကာမမှ ဖဲကြဉ်ခြင်း၊
ပါဠိကို သင်ယူခြင်း၊
အဋ္ဌကထာသင်ယူခြင်း၊
သီလ, သမာဓိ, ပညာဂုဏ်၌ မွေ့လျော်ခြင်း၊
ကင်းသော တပ်မက်မှုရှိခြင်း၊
သိက္ခာပုဒ်တော်ကို ဖြည့်ကျင်ခြင်း၊ (၂၀)
ဖန်ရည်စွန်းသော သင်္ကန်းကိုဆောင်ခြင်း၊
ဦးပြည်း ဦခေါင်းရှိခြင်း။(၂၂)

ရဟန်းကောင်းများ၊ ထို ၆-ပါး၊ ဖွဲ့ငြား မိတ်ဆွေ မပြုရာ

၎င်း သရုပ်ကို
(ဆွမ်းမခံရာသည့် ဌာန ၆-ပါး) ဟူသော သုတေတန၌ ဆိုခဲ့ပြီ။

ရဟန်းကျောင်းများ၊ မျိုး ၁၀-ပါး၊ ခြားနား မည်သို့နည်း

ရဟန်းတော်များ
၏ ဆိတ်ငြိမ်ရာ ကျောင်းသင်္ခမ်းကို သာမညဖလသုတ်၌ ဤသို့ပြ၏။
(၁) ဝိဝိတ္တသေနာသန- အမိုး အကာ အခင်းတို့ဖြင့် ဆိတ်ငြိမ်ရာ၌ဆောက်လုပ်သောကျောင်း၊
(၂) အရည- တောရကျောင်း- ရွာနီးချုပ်စပ်တောငယ်မျိုး၊
(၃) ရုက္ခမူလ- သစ်တပင်ရင်း ဝါးတပင်အောက်၊
(၄) ပဗ္ဗတ- တောင်ပေါ် တောင်စောင်း တောင်သာယာ၊
(၅) ကန္ဒရ- ချောက် ချောင်သာယာသော ကမ္ဘားရံ၊
(၆) ဂိရိ ဂုဟ- တောင်ခေါင်း ဥမင်လိုဏ်ဂူ၊
(၇) သုသာန- သင်းချိုင်း သုသာန်၊
(၈) ဝနပတ္ထ- တောအုပ် တောနက်ရွာဝေးခေါင်ခေါင် တောကြီး၊
(၉) အဗ္ဘော ကာသ- လွင်ပြင် လဟာပြင်၊
(၁၀) ပလာလ ပုဉ္ဇ- ကောက်ရိုးပုံ မြက်ပုံ ၎င်းအုံသော ကျောင်း။

ရဟန်းဆိုး ဒုဿီလတို့၏ ကျေးဇူးဂုဏ် ၁၀-ပါး

၎င်း သရုပ်ကို (ဒုဿီလ
ရဟန်းတို့ ကျေးဇူးဂုဏ် ၁၀-ပါး)၌ ဆိုခဲ့ပြီ။

ရဟန်းဆိုးများ၊ ရှာမှီစား၊ အမှား ၂၁

၎င်း သရုပ်ကို (အနေသန တရား၂၁-ပါး)၌ ဆိုခဲ့ပြီ။

ရဟန်းတို့၏ ဒုက္ခ ၅-ပါး

ရဟန်းတော်များ ခံစားရသည့် ဆင်းရဲခြင်းငါးပါး။
(၁) စီဝရ အသန္တုဋ္ဌ- ရရှိ ရရှိနေသော သင်္ကန်းဖြင့် မရောင့်ရဲနိုင်သော ရဟန်း၊
(၂) ပိဏ္ဍပါတ အသန္တုဋ္ဌ- ရရှိ ရရှိနေသော ဆွမ်းဖြင့် မရောင့်ရဲနိုင်သော ရဟန်း၊
(၃) သေနာသန အသန္တုဋ္ဌ- ရရှိပြီးသောကျောင်းအိပ်ရာနေရာဖြင့် မရောင့်ရဲနိုင်သော ရဟန်း၊
(၄) ဘေဇ္ဇအသန္တုဋ္ဌ- လက်ရှိဆေးဖြင့် မကျေနပ်သေးခြင်း၊
(၅) ဗြဟ္မစရိယ အနဘိရတ- ရဟန်းကျင့်ဝတ်၌ မပျော်ပိုက် မကျင့်ကြံနိုင်ခြင်း။

ရဟန်းတို့၏သီလကြီး ၄-ပါး

၎င်း သရုပ်ကို (သီလကြီးမျိုး ၄-ပါး) ၌ရှုပါ။

ရဟန်းတို့၏ မကျက်စားကောင်းသော အိမ် ၆-ပါး

ဝိသုဒ္ဓိ၊၁၊၁၇။ ဝိ၊၃၊၉၉။ ဝိ၊ဋ္ဌ၊၃၊၂၇၃။
(၁) ဝေသိယ ဂေါစရ- ပြည့်တန်ဆာမအိမ်။
(၂) ဝိဓဝါ ဂေါစရ- မုဆိုးမချည်း နေသောအိမ်၊
(၃) ထုလ္လကုမာရီ ဂေါစရ- အပျိုကြီး အပျိုဟိုင်းချည်း နေသောအိမ်၊
(၄) ပဏ္ဍကဂေါစရ- ပဏ္ဍုက် အိမ်၊
(၅) ဘိက္ခုနီ ဂေါစရ- ဘိက္ခုနီမဋ္ဌာန်၊
(၆) ပါနာဂါရ ဂေါစရ- သေတင်းကုပ်၊ ဘုံဆိုင်၊
၎င်း ၆-ဌာနသို့ မိတ်ဆွေခင်ပွန်းဖွဲ့၍ သွားလာလည်ပတ်ခြင်းကို မပြုရာ၊ ပြုသော် ဒုက္ကဋ် အာပတ်သင့်၏။

ရဟန်းတော်များ၊ မအပ်ငြား၊ ၉-ပါး သီးဖျော်ရည်

၎င်း သရုပ်ကို(အသီးကြီး ၉-ပါး) ဟူသော သုတေသန၌ ဆိုခဲ့ပြီ။

ရဟန်းတော်များ၊ ရှိမခိုးကောင်းသော ပုဂ္ဂိုလ် ၂၅-ယောက်

၎င်း သရုပ်ကို)အဝန္ဒိယ ပုဂ္ဂိုလ် ၂၅-ပါး)၌ ဆိုခဲ့ပြီ။

ရဟန်းတို့ မစားကောင်းသော အသားကြီး ၁၀-ပါး

၎င်း သရုပ်ကို (အသားကြီး ၁၀-ပါး)၌ရှုပါ။

ရဟန်းတို့ မမေ့အပ်သော အချိန်ကာလနှင့် အရပ်မျိုး ၃-ပါး

(၁) ရဟန်းဖြစ်ရာသိမ်, အချိန်ကာလ၊
(၂) ပဌမမဂ်ကိုရသော အရပ်, အချိန်ကာလ၊
(၃) ရဟန္တာဖြစ်သော အရပ်, အချိန်ကာလ။
အံ၊၁၊၁၀၅။ အံ၊ဋ္ဌ၊၂၊၇၅။

ရဟန်းတော်များ၊ ဝန် ၂-ပါး၊ ချထား မြတ်ဗုဒ္ဓါ

၎င်း သရုပ်ကို(ဓူရ ၂-ပါး)၌ ဆိုခဲ့ပြီ။

ရဟန်းတော်များ၊ သားငါးစား၊ ၃-ပါး အစွန်းလွတ်

၎င်း သုတေသန၏သရုပ်ကို (အစွန်း ၃-ပါး၊ ကင်းလွတ်ငြား၊ သားငါးအပ်သည်သာ)ဟူသော စကားရပ်၌ ဆိုခဲ့ပြီ။

ရဟန်းဖြစ်ခြင်း အင်္ဂါ ၅-ပါး

၎င်းသရုပ် အဓိပ္ပါယ်ကို (ပဉ္စင်းအင်္ဂါ မျိုး ၅-ဖြာ)၌ ဆိုခဲ့ပြီ။

ရဟန်းမခံကောင်းသူ ၁၃-ယောက်

ရဟန်း ခံပေးသော်လည်း ရဟန်းမဖြစ်။
(က) အသက် ၂၀-မပြည့် သောသူ၊
(ခ) ပါရာဇိက ကျပြီးသောသူ၊
(ဂ) အဘဗ္ဗပုဂ္ဂိုလ် ၁၁-ယောက်၊ ပေါင်း ၁၃-ယောက်။

ရဟန်းမများ၊ ၁၃-ပါး၊ ထားငြား ဧတဒဂ်

သရုပ်(ဧတဒဂ်ရ ရဟန်းမိန်းမ ၁၃-ပါး) ၌ ဆိုခဲ့ပြီ။

ရဟန်းယောက်ျား၊ ဧတဂ်ထား၊ ၄၁-ပါး၊ အဘယ်နည်း

သရုပ်(ဧတဒဂ်ရ ရဟန်းယောကျာ်း၄၁-ပါး၌ ဆိုခဲ့ပြီ။

ရဟန်းဝတ် ၆-ပါး

ဒါယကာ ဒါယိကာမများ အပေါ်၌ ရဟန်းတော်တို့က ပြုကျင့်ရမည့် ဝတ် ၆-ပါး။
(၁) မကောင်းသော ကာယကံမှု, ဝစီကံမှု, မနောကံမှု တို့ကို မပြုလုပ် မကြံစည်နိုင်အောင် တားဆီးပိတ်ပင်ပေးရခြင်း၊
(၂) ကောင်းသော အမူအရာနှင့် သုစရိုက်မှုတို့ကို ပြုလုပ်ကျင့်ကြံနိုင်ရန် ညွှန်းလှစ်၍ ပြရခြင်း။
(၃) အသစ်အသစ်ဖြစ်သော တရားတို့ကို ဟောကြားရခြင်း၊
(၄) နာကြားဘူးပြီးသော တရားတို့ကို တဖန်ထပ်မံ၍ သိနိုင်ရန် သတိရနိုင်ရန် မမေ့နိုင်ရန်အတွက် ဟောပြော၍ ပေးရခြင်း၊
(၅) မိမိတို့ဒါယကာ ဒါယိကာမများအား အယုတ်ဆုံး နတ် ပြည်လောက်တော့ လားရောက်ရအောင် ကျင့်ကြံဆောင်ရွက် ပေးရခြင်း၊
(၆) မိမိအပေါ်၌အကျိုး ကျေးဇူးများသော ဒါယကာ ဒါယိကာမတို့ကိုအကျိုး ကျေးဇူးများသလို မေတ္တာတရား ပွားများပေးရခြင်း။

ရဟန်းသံဃာ၊ ဆွမ်းကပ်ရာ၊ ၅-ဖြာ အင်္ဂါသိ

၎င်း သရုပ်ကို (ဆွမ်းကပ်သူများ၊ သတိထား၊ ၅-ပါး ကပ်အင်္ဂါ) ဟူသော ပြဿနာ၌ ဆိုခဲ့ပြီ။

ရဟန်းသံဃာ၊ ရှေ့မှောက်မှာ၊ ၂-ဖြာ ထိုင်ပုံသိ

(၁) ရတနာ ၃-ပါး ဆရာသမားတို့အား ရှိခိုးပူဇော် ကန်တော့သောအခါ သီလတောင်းယူသောအခါ တောင်းပန် လျှောက်ထားသောအခါ မျိုးတို့၌ “ဥက္ကုဋိကံ နိသီဒိတွာ အဉ္စလိံ ပဂ္ဂဟေတွာ“ဟူသော ပါဠိတော်အရ ဆောင့်ကြောင့်ထိုင်ကာ လက်အုပ် ချီမိုးနေရမည်၊
(၂) ထို ပုဂ္ဂိုလ်တို့ကို ခစား နေထိုင်သော အခါတို့၌မူ “ဇဏ္ဏုကာနိ နိပတိတွာ တဿဘိမုခံ ကရိတွာ“ဟူသော ပါဠိတော်နှင့်အညီ ပုဆစ်ဒူး ချကာ တုံ့ပိုင်းထိုင်နေရမည် ဟူ၏။
အထူးမှတ်ချက်။ ။ အထက်ဖော်ပြပါ နှစ်ဖြာသော ထိုင်ပုံနည်းတို့တွင်-
အမှတ် (၁) ထိုင်ပုံနည်းကား - ဒါယကာ ယောက်ျားများအတွက်သာ ဖြစ်၏၊ မိန်းမများ အတွက်ကား
ပုဆစ်တုပ် ထိုင်ခြင်းက လျော်ကန် သင့်မြတ်သည်။
အမှတ် (၂) ထိုင်ပုံနည်းကာ း- ယောကျ်ားရော, မိန်းမပါ, နှစ်မျိုးတို့အတွက် ဖြစ်သည်။
အမှတ် (၃) ထိုင်ပုံတနည်းကား - ဝိပဿနာ ဘာဝနာတရားရှုမှတ် ပွားများသော အခါမျိုး၌ “ပလ္လင်္ကံ အာဘုဇိတွာ ဥဇုံကာယံ ကတွာ“ဟူသော ပါဠိတော်အရ ရဟန်းတော်များနှင့်ယောကျ်ားရော, မိန်းမပါ, မည်သူမဆို တင်ပလ္လင်ခွေ၍ ကိုယ်ကိုမတ်ဖြောင့်စွာထားကာ ထိုင်ရမည်၊ (ထိုင်ကောင်းသည်ချည်း)ဟုမှတ်ရာ၏။ အချို့ ဆရာတို့က မိန်းမများကို တင်ပလ္လင်ခွေ မထိုင်ရဟုတားမြစ်ခြင်းမှာ သူတို့သဘောမျှသာ ဖြစ်ချေသည်၊ နည်းမှန်တရားဝင်ကား ထိုင်ခြင်း ဣရိယာပုထ်တို့တွင် တင်ပလ္လင်ခွေထိုင်ခြင်းကား- ကိုယ်ကာယကို မျှတ သက်သာစေ၍ သမာဓိတရား မြန်မြန် ရလွယ်စေတတ်သည်၊ ထို့ကြောင့် မိန်းမများတင်ပလ္လင်ခွေ ထိုင်လိုက ထိုင်နိုင်သည်ဟု မှတ်ကုန်ရာသတည်း။

ရဟန်းဟုတ်မှန်၊ အင် ၃-တန်၊ ထုတ်ပြန်မိန့်တော် မူ

ရဟန်းဟူသည်ကား ပေါ့ပေါ့
တန်တန် မနေရာ၊ အောက်ပါ အင်္ဂါသုံးဖြာနှင့် ပြည့်စုံမှ ရဟန်းစစ်မှန်ဖြစ်သည်သာဟူ၏၊ ရှေးဆရာတော်ကြီးများ မိန့်ကြားချက်။
(၁) တပေါ- ရဟန်းကျင့်ဝတ်နှင့် ပြည့်စုံရခြင်း၊
(၂) သုတိ- ကျင့်ရမည့်ရဟန်း ဝိနည်းတရားကို သိကြား နားလည်ရခြင်း၊
(၃) ယောနိ- ရဟန်းခံရာ၌ ကံဆောင်သံဃာတို့သည် ရဟန်းမျိုးဇာတ် စစ်မှန်ရခြင်း။

ရာဂီမျိုး ၅-ပါး

ဓာတ်တပါးတို့အား စွဲကပ်ညစ်ညူးစေတတ်သောဓာတ်မျိုး ငါးပါး။
(၁) ပြဒါး၊
(၂) ကြေး၊
(၃) သံ၊
(၄) သွတ်၊
(၅) ဂျွတ်၊
အဂ္ဂိရတ်ဝေါဟာရ။

ရာဇဂုဏ် ၆-ပါး၊ ဘုရင်များ၊ ပြင်ထား အဆင့်ဆင့်

ဘုရင်မင်းမြတ်တို့၌ရှိထား ပြုလုပ်အပ်သော ဂုဏ်ခြောက်ပါး၊ အမရကောသ အဘိဓာန်ဋီကာမှ။
(၁) သန္ဓိ ဂုဏ်- ရန်သူတို့နှင့် သင့်တင့်အောင် တစုံတခု သောလက်ဆောင်ဖြင့် စေ့စပ်နိုင်မှု၊
(၂) ဝိဂ္ဂဟ ဂုဏ်- သူ့နိုင်ငံကို စစ်ထိုးအောင်နိုင် ပြုစွမ်းနိုင်မှု၊
(၃) ယာန ဂုဏ်- ရန်သူတို့ကို တိုက်ခိုက်ရန် ချီတက်နိုင်ရေး ယာဉ်ရထားအားအင်ရှိခြင်း၊
(၄) အာသန ဂုဏ်- ခံစစ်ထိုးစစ် စသည်တို့အတွက် နေရာကောင်း၌ ရှိနေမှု၊
(၅) ဒွိဓာ ဂုဏ်- သူ့စစ်တပ် အင်အား ညီညွတ်မှုတို့ကို ကွဲပြားအောင်ပြု၍ အနိုင်ယူနိုင်မှုနည်းပရိယာယ်၊
(၆) အာသယ ဂုဏ်- ရန်သူတို့ ကြောက်လန့် ဘွယ်ရာမဟာမိတ် နိုင်ငံကြီးများ အမှီရှိထားမှု။

ရာဇဂုဏ် ၈-ပါး၊ မင်းတရား၊ ကျင့်ငြား မည်သို့နည်း

ဘုရင်မင်းမြတ်တို့၌ ရှိထားရမည့် ကျေးဇူးဂုဏ် ရှစ်ပါး တနည်းကို ဆိုသည်၊ ရာဇနိတိ။
(၁) ချီးမြှင့် နှိမ့်ချမှု၌ သိကြားမင်းကဲ့သို့ ပြုရခြင်း။
(၂) အခွန်အတုတ်ကောက်ရာ၌ နေမင်းကဲ့သို့ ကျင့်ရခြင်း၊
(၃) လူထုထံ စနည်းနာရာ၌လေကဲ့သို့ မသိမသာ ဝင်ရောက် စုံစမ်းရခြင်း၊
(၄) ယမမင်းကဲ့သို့ မုန်းချစ်မရွေး ပြစ်ဒဏ် ပေးရခြင်း၊
(၅) သမုဒ္ဒရာကဲ့သို့ ဥစ္စာကို မတောင့်တ မခွဲခြားဘဲ ဘဏ္ဍာတိုက်ထဲသို့သာ ဝင်စေခြင်း၊
(၆) လပြည့် ဝန်းကဲ့သို့မျက်နှာကိုပြ၍ ရွှင်ပျ ဝမ်းမြောက်စေခြင်း၊
(၇) မြေကြီးကဲ့သို့ ကောင်းဆိုး သတ္တဝါတို့အား အမျှထား၍ ကျင့်ရခြင်း၊
(၈) မိုဃ်းနတ်သားကဲ့သို့ဗိုလ်ပါ အမှုထမ်းတို့အား စားနပ်ရိက္ခာ ပေးရခြင်း။

ရာဇဂြိုဟ်ပြည်ကြီး၊ ဝန်းရံဆည်း၊ တောင်ကြီး ၅-လုံးကာ

ရာဇဂြိုဟ်ပြည်၏အရံတောင် ၅-လုံး၊ http://en.wikipedia.org/wiki/Rajgir
ဝေဘူလတောင်, ဝေဘာလတောင်, ဂိဇ္ဈကုဋ်တောင်, ဣသိဂိလိတောင်, မကုဋတောင်။

ရာဇဓံ ၁၀-ပါး၊ မင်းမြတ်များ၊ ထိပ်ထား ဦးပန် ဆင်

ရာဇဓမ္မဆယ်ပါးကို ဆိုသည်၊ သရုပ် (မင်းကျင့်တရား ၁၀-ပါး)နှင့် တူ၏။

ရာဇဗလာ၊ အင် ၅-ဖြာ၊ ကျမ်းလာ အညီကျင့်

၎င်း သရုပ်ကား (မင်းတို့အား ၅-ပါး)နှင့် တူ၏၊ ကျမ်းဂန်တို့၌ ထူးပြားမရှိ။

ရာဇသတ္တိ၊ ၃-ပါးရှိ၊ ကျင့်ဘိ မင်းအများ

၎င်းသရုပ် (မင်း ဧကရာ၊ သတ္တိမှာ၊ ၃-ဖြာရှိ၏၊ အဘယ် နည်း?) ပုစ္ဆာ၌ ဆိုခဲ့ပြီ။

ရာထူးရာခံ၊ မခန့်ထိုက်သူမျိုး ၅-ယောက်

(၁) မာနိက- မာန်တက်ကြွသူ၊
(၂) မဟိစ္ဆာ- လောဘကြီးသူ၊
(၃) နိကတ- ကောက်ကျစ် စဉ်းလဲသူ၊
(၄) အလသ- အပျင်း ထူသူ၊
(၅) အ ကတညူ- ကျေးဇူးမသိတတ်သူ၊ (ပေါရာဏ ဒီပနိ။)

ရာမမင်း ၃-မျိုး

ရာမ ဟု ထင်ရှား သော မင်း ၃-ပါး၊ သင်္ချာ အရာ၌”ရာမ“ဆိုလျှင် ၃-ခုဟော သိရာ၏။
(၁) ဘုရားအလောင်း ရာမမင်း၊
(၂) ယိုးဒယား ရာမမင်း၊
(၃) ဣန္ဒိယ ဗသျှု ရာမမင်း။

ရာမမင်း ၃-မျိုး၊ တနည်း

ဤကား သက္ကဋကျမ်းလာတည်း၊ ၎င်း ၃-ပါးကိုသာ ပညာရှိများ နှစ်သက်ကြသည်။
(၁) ပရသု ရာမမင်း- ပရသျှူ၊ ယမဒဂ္ဂိ ရသေ့ကြီး၏ အမျိုးဖြစ်၍ ဗိဿနိုး၏ အဝတာရလည်း ဖြစ်၏၊
(၂) စန္ဒြ ရာမမင်း- အယုဒ္ဓယပြည် ဒသရထ မင်းကြီး သားတော်ဖြစ်၍ ထင်ရှားသည်၊
(၃) ဗလ ရာမမင်း- ကြိရှဏ၏နောင်တော်ဖြစ်သောကြောင့် ထင်ရှား၏

ရာသီ ၁၂-ပါး၊ လ, ပန်း, ပွဲ, နက္ခတ်, တရာ, ရာသီရုပ် ပုံများ

၎င်း၏သရုပ်စုံကို
(ဆယ့်နှစ်ရာသီ)၌ ရှုပါ။

ရုပ်တရား ၂၈-ပါး

အကြောင်းတရား လေးပါးအားလျော်စွာ ဖေါက်ပြန်တတ်သော တရား ၂၈-ပါး။
(က) မဟာဘုတ်, ဘူတရုပ်, ၄-ပါး - ပထဝီ, အာပေါ, တေဇော, ဝါယော။
(ခ) ပသာဒရုပ် ၅-ပါး - စက္ခု ပသာဒ, သောတ ပသာဒ, ဃာန ပသာဒ, ဇိဝှါပသာဒ, ကာယ ပသာဒရုပ်။
(ဂ) ဂေါစရုပ် ၇-ပါး - ရူပ, သဒ္ဒ, ဂန္စ, ရသ၊ ပထဝီ, တေဇော, ဝါယော, ခေါ် ဓာတ်ကြီး ၃-ပါး အပေါင်းကို ဖောဋ္ဌဗ္ဗရုံ၊ ဤ၌ဖောဋ္ဌဗ္ဗရုပ် ခေါ် ပ, တေ, ဝါ, ၃-ပါးသည် မဟာဘုတ်၌ ပါပြီးဖြစ်၍ ရုပ် ၄-ပါးသာ ရေတွက်ရသည်။
(ဃ) ဘာဝရုပ် ၂-ပါး၊ ဣတ္ထတ္တံ- မိန်းမ ဖြစ်ကြောင်းရုပ်၊ ပုရိသတ္တံ-ယောကျ်ားဖြစ်ကြောင်းရုပ် “ဣတ္ထိဘာဝရုပ်, ပုံ ဘာဝရုပ်“ဟူ၏။
(င) ဟဒယရုပ် ၁-ပါး - ဟဒယဝတ္ထုရုပ်။
(စ) ဇိဝိတရုပ် ၁-ပါး - ရုပ်ဇီဝိတိန္ဒြေ။
(ဆ) အာဟာရရုပ် ၁-ပွး- ရသာ ၆-ပါး၌ ပါသော အဆီ အစေး ဗီတာမင်ဓာတ်။
(ဇ) ပရိစ္ဆေဒရုပ် ၁-ပါး - အာကာသဓာတ်, ပိုင်းခြား ဖွင့်လွှတ်မှုသဘော။
(စျ) ဝိကာရရုပ် ၅-ပါး- ကာယဝိညတ်, ဝစီဝိညတ်, လဟုတာ, မုဒုတာ, ကမ္မညတာ။
(ည) လက္ခဏရုပ် ၄-ပါး- ဥပစယ, သန္တတိ, ဇရတာ, အနိစ္စတာ။

ရုပ်ကို မဖြစ်စေနိုင်သော စိတ် ၁၆-ပါး

ပဋိသန္ဓေစိတ်၊
ရဟန္တာတို့၏စုတိစိတ်၊
ဒွေပဉ္စဝိညာဉ် ၁၀၊
အရူပဝိပါက် ၄၊
အဋ္ဌသာလိနီ အဋ္ဌကထာ။

ရုပ်သေးကပွဲ၊ ပါစမြဲ၊ ထုတ်ဆွဲ ၂၈-ရုပ်

ရုပ်သေးပြပွဲ စီမံရာ၌ အဘိဓမ္မာလာ မဟာဘုတ် ၄-ပါးကိုစွဲ၍ ဝန်ရုပ် ၄-ပါးနှင့် ဥပါဒါရုပ် ၂၄-ပါးကိုစွဲ၍ အခြားရုပ်များ ၂၄-ရုပ်၊ ဤသို့လျှင် ရုပ်တရား ၂၈-ပါးအရ အရုပ်ပေါင်းလည်း ၂၈-ရုပ် ဖြစ်သည်ဟူ၏၊ ကပ္ပါပြု၊ မြင်းမိုရ်တောင်ကိုမူတည်၍ နတ်ကတော်ရုပ် အဦးထွက်သည်။
(၁) နတ်ကတော်ရုပ်၊ မြင်းရုပ်၊ ဆင်ရုပ်၊ ကျားရုပ်၊ ဆင်ထိန်းရုပ်၊
ဘီလူးရုပ်၊ ကုမ္ဘဏ်ရုပ်၊ ကြက်တူရွေးရုပ်၊ ငှက်ရုပ်၊ ဂဠုန်ရုပ်၊(၁၀)
နဂါးရုပ်၊ ဇော်ဂျီရုပ်၊ သေဋ္ဌေးရုပ်၊ စုန်းမရုပ်၊ နတ်ရုပ်၊ နေရာထိုင်ခင်းရုပ်၊
ရှင်ဘုရင်ရုပ်၊ ရွှေနန်းဆက် မိဖုယားရုပ်၊ မင်းသားလတ်ရုပ်၊ မင်းသားနုရုပ်၊(၂၀)
မင်းသ္မီးရုပ်၊ သံချိုလက်စွဲတော်ရုပ်များ၊ သံပျက် လက်စွဲရုပ်များ၊ မင်းကြီးသက်တော်ရှည်ရုပ်၊
ရွှေတိုက်ဝန်ရုပ်၊ ဝန်ထောက်ရုပ်၊ ဂုတ်ဝန်ရုပ်၊ (ဝါ) မြို့တော်ဝန်၊ ပုဏ္ဏား (ဝါ) ဆရာတော် ရုပ်ပုံ။(၂၈)

ရူပ ၁၆-ဘုံ

ရူပါဝစရဗြဟ္မာတို့ နေရာဘုံ ၁၆-ပါး၊
ဗြဟ္မပါရိသဇ္ဇာဘုံ၊ ဗြဟ္မပုရောဟိတာဘုံ၊ မဟာဗြဟ္မာဘုံ၊ ပေါင်း ပဌမစျာန် ၃-ဘုံ။
ပရိတ္တာဘာဘုံ၊ အပ္ပမာဏဘာဘုံ၊ အာဘဿရာဘုံ၊ ပေါင်း ဒုတိယ စျာန် ၃-ဘုံ။
ပရိတ္တာသုဘာဘုံ၊ အပ္ပမာဏာသုဘာဘုံ၊ သုဘကိဏှာဘုံ၊ ပေါင်းတတိယစျာန် ၃-ဘုံ။
ဝေဟပ္ဖိုလ်ဘုံ၊ အသညသတ်ဘုံ၊ အဝိဟာဘုံ၊ အတပ္ပါဘုံ၊ သုဒဿာဘုံ၊ သုဒဿီဘုံ၊ အကနိဋ္ဌာဘုံ၊ ပေါင်း စတုတ္ထစျာန် ၇-ဘုံ။

ရေအကျိုး ၁၀-ပါး

ရေလှူသော ပုဂ္ဂိုလ်များ ဆုမတောင်းဘဲ ၎င်းအကျိုးဆယ်ပါးကို ရသည် ဟူ၏။
(က) ကိတ္ထိ, သုဒ္ဓေါ၊ ခြွေရံပေါ၊ လျင်ဆောမွတ်သိပ်ကွာ၊
(ခ) သန့်ရှင်း, ဆင်းလှ၊ ချမ်းသာရ၊ ဗလ, ဉာဏ်ပညာ၊
(ဂ) ရေကိုလှူကြ၊ ကျိုးဆယ်ဝ၊ မုချရမည်သာ။

ရေနံဓာတ်မှ ထွက်သောပစ္စည်းမျိုး ၁၀-ပါး

ရေနံဓာတ်မှ ခွဲထုတ်ယူငင်သောအရာများ။
ရေနံဆီနီ၊ ရေနံဆီဖြူ၊ ဂျက်လေယာဉ်ပျံဆီ၊ လေယာဉ်ပျံဆီ၊ ဓာတ်ဆီ၊
ဖယောင်းဆီ၊ ဒီဇယ်ဆီ၊ စက်ဆီ၊ ထိုးဆီ၊ ကတ္တရာစေးတို့ဖြစ်ကြ၏။

ရေနေသတ္တဝါ၊ ကုဋေ ၁၀-ဖြာ၊ နာမာမျိုးမည်၊ အဘယ်နည်း

ဤ၌”ကုန်းနေ ၉-ကုဋေ၊ ရေနေ ဆယ်ကုဋေ”ဟု ဆိုရိုးသာ ရှိသော်လည်း အနန္တ ၄-ပါးမှာ ပါဝင်နေတဲ့ သတ္တဝါတို့၏ အမျိုးအမည်ကို ဘယ်သူထုတ်ဖေါ် ဖြေကြားနိုင်အံ့နည်း၊ ၎င်း သင်္ချာနည်းကို အနေကသင်္ချာဟုမှတ်ရာ၏၊ အတိအကျ မယူရာ။

ရေးချအပြား၊ မျိုး ၂-ပါး၊ သိထားမြန်မာမှု

မြန်မာစာပေ ရေးသားရာ၌လိုက်နာရမည့် ဥပဒေများ။
(၁) မောက်ထိုးချ (ါ ) “ခ, ဂ, င, ပ, ဖ, ဝ“တို့၌ ရေးသည်၊ ပုံ-ခါ, ပါ, ဝါ, စသည်၊
(၂) ဘေးခွဲချ (ာ ) ကျန်အက္ခရာတို့၌ ရေးသည်၊ ပုံ-ကာ, စာ, ဓာ, ဗာ, ။

ရဲဘော် ၃-ကျိပ်၊ အင်္ဂလိပ်၊ ဝိုင်းနှိပ်တိုက်နှင်ထုတ်

မြန်မာသက္ကရာဇ် ၁၃၀၂-ခုနှစ်၊ အင်္ဂလိပ် ၁၉၄၁-ခု၊ ၁၂-လ၊ ၂၆-ရက်နေ့၌ ယိုးဒယားပြည် ဘန်ကောက်မြို့တော်ရှိ မျိုးချစ် ပုဂ္ဂိုလ်ကြီး ဦးလွန်းဖေ၏အိမ်တွင် ဘီ၊ အိုင်၊ အေ ခေါ် ဗမာ့လွတ်လပ်ရေး တပ်မတော်ကြီးကို စတင်တည်ထောင်ကာ ရဲဘော် ၃-ကျိပ်ဝင်တို့ ကိုယ်တိုင် ဦးစီး ကြပ်မတ်၍ ဗိုလ်လုပ် ပြီး မြန်မာပြည်၌ စိုးမိုးအုပ်ချုပ် မတရား မင်းလုပ်နေသော အင်္ဂလိပ်အစိုးရကိုဝိုင်းဝန်းတိုက်ခိုက် နှင်ထုတ်ပြီးနောက် ဂျပန်တို့ကိုပါ တော်လှန်တိုက်ခိုက်လျက် ဗမာပြည်ကြီး ကိုယ်ပိုင်ရအောင် ပြန်ဆောင်ယူပေးခဲ့သူများဖြစ်လေသည်၊ အကျယ်ကို “ရဲဘော်၃-ကျိပ်”ခေါ် ၎င်းတို့ အတ္ထုပ္ပတ္တိစာအုပ်၌ရှုပါလေ။
၁- သခင်အောင်ဆန်း (ဗိုလ်တေဇ)။
၂- သခင်လှဖေ(ဗိုလ်လကျ်ာ)။
၃- သခင်ရှုမောင် (ဗိုလ်နေဝင်း)။
၄- ကိုလှမောင်(ဗိုလ်ဇေယျ)။
၅- ကိုထွန်းရှိန် (ဗိုလ်ရန်နိုင်)။
၆- သခင်လှမြိုင် (ဗိုလ်ရန်အောင်)။
၇- ကိုရွှေ(ဗိုလ်ကျော်ဇော)။
၈- သခင်စံလှိုင်(ဗိုလ်အောင်)။
၉- ကိုဆောင်း(ဗိုလ်ထိန်းဝင်း)။
၁၀- သခင်ထွန်းရွှေ(ဗိုလ်လင်းယုံ)။
၁၁- သခင်အောင်သိန်း (ဗိုလ်ရဲထွဋ်)။
၁၂- သခင်ဗဂျမ်း (ဗိုလ်လရောင်)။
၁၃- သခင်တင်ဧ(ဗိုလ်ဘုန်းမြင့်)။
၁၄- သခင် ထွန်းခင် (ဗိုလ်မြင့်ဆွေ)။
၁၅- သခင်သန်းတင်။
၁၆- သခင်ထွန်းအုပ်။
၁၇- သခင်အောင်သန်း(ဗိုလ်စကြာ)။
၁၈- သခင်စိုး (ဗိုလ်မြင့်အောင်)။
၁၉- သခင်စံမြ (ဗိုလ်တောက်ထိန်)။
၂၀- ကိုလှ (ဗိုလ်မင်းရောင်)။
၂၁- သခင်စောလွင် (ဗိုလ်မင်းခေါင်)။
၂၂- သခင်ကျော်စိန် (ဗိုလ်မိုးညို)။
၂၃- သခင်သစ် (ဗိုလ်စောနောင်)။
၂၄- သခင်မောင်ဦး (ဗိုလ်တရာ)။
၂၅- သခင်ထွန်းလွင်(ဗိုလ်ဗလ)။
၂၆- သခင်သန်းညွန့် (ဗိုလ်ဇင်ယော်)။
၂၇- သခင်အေးမောင် (ဗိုလ်မိုး)။
၂၈- သခင်မောင်မောင် (ဗိုလ်ညာဏ)။
၂၉- သခင်ငွေ (ဗိုလ်စောအောင်)။
၃၀- သခင်သန်းတင်(ဗိုလ်မြဒင်)။
မှတ်ချက်။ ။ “မြဟန်“၏ “ကိုလိုနီခေတ် မြန်မာ့သမိုင်းအဘိဓာန်”စာအုပ်တွင်
ဗိုလ်ရဲထွဋ်- ကိုအောင်သိန်း၊
ဗိုလ်သန်းတင်- သခင်သန်းတင်(ကမာရွတ်)၊
ဗိုလ်မင်းရောင်- သခင်လှ၊
ဗိုလ်မြဒင်- သခင်သန်းတင်(အုတ်ဖို) ဟုတွေ့ရသည်။
နှိုင်းယှဉ်ကိုးကား(မှတ်စုမှတ်တမ်းများ)တွင်-”ကျော်ငြိမ်း၏ ရဲဘော်သုံးကျိပ်,”စာအုပ် pdf file ရနိုင်ပါသည်
http://www.mediafire.com/?i2zjgymygia

ရောဂါ ပျောက်ငြိမ်းကြောင်း တရား ၁၀-ပါး

အံ၊၃၊၃၄၂။ အံ၊ဋ္ဌ၊၃၊၃၁၇။ ဂိရိမာနန္ဒသုတ်၌ ရောဂါပျောက်ငြိမ်းရေးအတွက် ၎င်းသညာ ၁၀-ပါးကိုဟောကြားညွန်ပြတော်မူ၏။
(၁) အနိစ္စ သညာ - သင်္ခါရတရား၏မမြဲစွဲမှု၌ပွားရှုမှတ်ခြင်း၊
(၂) အနတ္တသညာ- အစိုင်အခဲမြဲစွဲစွာ မတည်နေခြင်း ဟူသော၊
(၃) အသုဘ သညာ - မတင့်တယ်ဟူသော
(၄) အာဒီနဝ သညာ - ကိုးစားရာ မရှိ ဆင်းရဲအတိဟူသော၊
(၅) ပဟာန သညာ- ပယ်ရှားစွန့်ပစ်ရေး ဟူသော၊
(၆) ဝိရာဂ သညာ - တပ်မက်ကင်းရေးဟူသော၊
(၇) နိရောဓ သညာ - ချုပ်ငြိမ်း ပြတ်စဲခြင်း ဟူသော၊
(၈) အန ဘိရတိ သညာ - လောကကြီး၌မွေ့လျော်ဘွယ်မရှိဟူသော၊
(၉) အနိစ္ဆာ သညာ - ပြုပြင်ရသော လောက၌အလိုမဲ့ခြင်း၊
(၁၀) အာနာပါနဿတိ - ထွက်သက်ဝင်သက်ကို အောက်မေ့ခြင်း။

ရောဂါဖြစ်ခြင်းအကြောင်း(၈)မျိုး

၎င်းသရုပ် (အနာရောဂါရခြင်း၏အကြောင်းအရင်း ၈-ပါး)၌ရှုပါ။

ရောင်ခြည် ခြောက်သွယ်၊ ဘဝဂ်ကယ်၊ ဘယ်ဝယ်ဘယ်သို့နည်း

ဗုဒ္ဓဘုရားရှင်၏
ရောင်ခြည်တော်များ။
(၁) နီလ- ညိုသော စိမ်းသော မဲသော ရောင်ခြည်တော်၊
(၂) ပိတ- ရွှေသော ဝါသောရောင်ခြည်တော်။
(၃) လောဟိတ- နီသော ရောင်ခြည်တော်။
(၄) ဩဒါတ - ဖြူသောရောင်ခြည်တော်။
(၅) မဉ္ဇိဋ္ဌ - မောင်းသော နီပြေပြေ ပန်းရောင်ဖြစ်သော ရောင်ခြည်တော်။
(၆) ပဘဿရ - ပြိုးပြိုးပြက်ပြက် ရောင်စုံထွက်သောရောင်ခြည်တော်။

ရောင်ခြည်တော်များ၊ ၇-ပါး၊ ဘုရာမြတ်မုနိန်

၎င်း သရုပ်အဓိပ္ပါယ်(ဗုဒ္ဓကိုယ်ရောင် ၇-ပါး)၌ပြခဲ့ပြီ။

ရောင်ဆိုင် ၄-မည်၊ ကမ္ဘာတည်၊ ဆိုသီကျူးရင့်ကုံး

ဇာတ်သဘင်တို့၌ပွဲဦးထွက် နတ်ကတော်များသီဆိုသော “မင်္ဂလာရယ်မှမဏ္ဍိုင် ၊ ရောင်ဆိုင်ငယ်မှ ၄-မည်၊ သာမောငယ်စည်“ဟူသော ကမ္ဘာတည် သီချင်းမှ မြင်းမိုရ် ရောင်၄-ပါးကို မေးသည်၊ ၎င်းအဖြေ (မြင်းမိုရ်ရောင် ၄ပါး) ဟူသော သုတေသန၌ဆိုခဲ့ပြီ။

ရောင့်ရဲတင်းတိမ်နိုင်ခဲလှသူမျိုး ၂ဦး

အဘိ၊ပု၊၁၂၉။ အဘိ၊ဋ္ဌ၊၃၊၅၅-၌ရှု။
(၁) ရ, ရသမျှ မသုံးဆောင်ပဲ သိမ်းဆည်း သိုမှီးထားသူ၊
(၂) ရတိုင်, ရတိုင်း၊ သူတပါးအားပေးကမ်းလှူဒါန်းပစ်သူ၊
နောက်လူကိုချီးမွမ်းအပ်၏။

ရိုသေထိုက်သူအား၊ မရိုသေသူ၁၂-ဦး

အရိုအသေမပေးတတ်သူမျိုး တကျိပ်နှစ်ယောက်။
(၁) ရာဂထူပြောတပ်ခြင်းပြင်းသူ၊
(၂) ဒေါသထူပြောသောသူ၊
(၃) မောဟကြီး၍တွေဝေထိုင်းမှိုင်းသူ၊
(၄) မာန်မာနကြီးလွန်းသောသူ၊
(၅) သူ့ဂုဏ်ကျေးဇူးကိုမသိသောသူ၊
(၆) အလွန်ခက်ထန်ကြမ်းကြုတ်သူ၊
(၇) အလွန်အောက်တန်းကျ ရိုင်းစိုင်းနေသူ၊
(၈) အစိုးရသူ အုပ်စိုးလွမ်းမိုးနေသူမင်း၊
(၉) ယုတ်မာကောက်ကျစ်စဉ်းလဲသူ၊
(၁၀) ဆင်းရဲစေအပ်သူ ဆင်းရဲမည့်သူ၊
(၁၁) လောဘရမ္မက်ကြီးလွန်းသူ၊
(၁၂) လုပ်ငန်းထဲ၌စိတ်ပါအားထုတ်နေသူ။

ရိုသေရခြင်း၃-ပါး

ကမ္ဘာသားတို့လိုက်နာရိုသေရခြင်းတရား ၃-ပါး။ သင်္ဂီတိသုတ် အဋ္ဌကထာ။
(၁) အတ္တာဓိပတေယျ- မိမိကိုယ်ကို ရိုသေရခြင်း၊
(၂) လောကာဓိပတေယျ - ကမ္ဘာသူ ကမ္ဘာသား အားလုံးကို ရိုသေရခြင်း၊
(၃) ဓမ္မာဓိပတေယျ- ယဉ်ကျေးမှု တရားတော်, ဥပဒေအရပ်ရပ်, ပညတ်ချက်များကို ရိုသေရခြင်း။

ရှက်ခြင်းအကြောင်းတရားမျိုး၄-ပါး

ရှင်မဟာရဋ္ဌဆို၊ ဘူရိဒတ်ဇာတ်ပေါင်းပျို့၏ (ဟိရောတ္တပ်ကို၊ မလပ်မလွတ်၊ စောင့်ရှောက်တတ်သား၊ သူမြတ်ကြံမိ၊ အရာသိက၊ ဇာတိ, ဝယ၊ သူရအစစ်၊ ဗဟုသစ်,ဟု၊ စင်စစ်လေးထွေ၊ ကြားသတည်း) ဟူသော လကာင်္အရ၊
(၁) ဇာတိ ဟိရိ - မိမိ၏အမျိုးဇာတ် မြတ်သည်ကို အကြောင်းပြု၍ ရှက်ခြင်၊
(၂) ဝယ ဟိရိ - မိမိသက်ရွယ် ကြီးရင့်သည်ကိုစွဲ၍ ရှက်ခြင်း၊
(၃) သူရ ဟိရိ - မိမိ၏ သူရသတ္တိဂုဏ်ကိုအကြောင်းပြု၍ ရှက်ခြင်း၊
(၄) ဗဟုသစ္စ ဟိရိ - မိမိ အကြားအမြင် ဉာဏ်ပညာ ကြီးမားမှုကို အကြောင်းပြု၍ရှက်ခြင်း ဟူ၏။

ရှက်ခြင်းအကြောင်းတရား မျိုး ၄-ပါး၊ တနည်း

အကျယ် ဝိသုဒ္ဓိမဂ်နှင့် သမ္မောဟဝိနောဒနီ အဋ္ဌကထာတို့၌ရှုပါ။
(၁) ဇာတိ မဟတ္တ- ဇာတ်ကိုစွဲ၍ရှက်ခြင်း၊
(၂) သတ္ထု မဟတ္တ- ဆရာဘုရား၏ မြင့်မြတ်ပုံကိုစွဲ၍ရှက်ခြင်း၊
(၃) ဒါယဇ္ဇ မဟတ္တ- အမွေခံမှု မြတ်ပုံကို အကြောင်းပြု၍ ရှက်ခြင်း၊
(၄) သဗြဟ္မစာရီ မဟတ္တ- မိမိ သီတင်းသုံးဖေါ်နှင့်ဆွေမျိုးဉာတိ မိတ်ဆွေအပေါင်းတို့ မြတ်သည်ကို အကြောင်းပြု၍ ရှက်ခြင်း ဟူ၏။

ရှင်အာန္ဒာ၊ ဘွဲ့ပုံသာ၊ ၅-ဖြာ ဧတဒဂ်

အရှင်အာနန္ဒာ မထေရ်မြတ်၏ ဧတဒဂ် ဘွဲ့တံဆိပ်တော် ငါးရပ်ကို ဆိုသည်။
(၁) ဗဟုသုတအရာ၊
(၂) သတိမမေ့သည့်အရာ၊
(၃) ပညာလျင်သည့်အရာ၊
(၄) လုံ့လရှိသည့်အရာ၊
(၅) အလုပ်အကျွေး ကောင်းသည့်အရာ။

ရှင်အာနန္ဒာ၊ ဆု ၈-ဖြာ၊ ဘဇာ ဘယ်သို့နည်း

အံ၊ဋ္ဌ၊၁၊၂၂၉။ မြတ်စွာဘုရားထံ အလုပ်အကျွေးအဖြစ် အမြဲခံယူနိုင်ရန် ဤ ဆုရှစ်ပါးကို ကိုယ်ပိုင် တောင်းယူထားသည် ဟူ၏။
(၁) သူ့အားမြတ်စွာဘုရားက ဆွမ်းကောင်း မပေးရန်၊
(၂) သင်္ကန်းကောင်း မပေးရန်၊
(၃) ဂန္ဓကုဋိတိုက်တော် အတွင်း ဘုရားသခင်နှင့်အတူ မနေရန်၊
(၄) မြတ်စွာဘုရားအတွက်သာ ပင့်ဘိတ်လာလျှင် သူ့ကိုမခေါ်ရန်၊ ဤပယ်သော ဆုလေးပါးအပြင်၊
(၅) သူပင့်လျှောက်ရာ သို့ဘုရားကြွရမည်၊
(၆) ဘုရားဖူးလိုသူတို့ လာလျှင် ဖူးမျှော်ခွင့် ပေးရမည်၊
(၇) သူ ယုံမှားမှုရှိသော ဓမ္မများကို မေးလျှောက်ခွင့် ပြုရမည်၊
(၈) သူ၏ မျက်ကွယ်၌ ဟောကြားသော တရားများကို “အာနန္ဒာ ငါဘုရား ဘယ်အရပ်၌ ဘယ်သူအား ဘာ တရားဟောခဲ့သည်“ဟု ပြန်၍ဟောကြားပေးတော်မှုရမည် ဟူ၏။

ရှင် ၄-ပါး

တန်ခိုးကြီးသော (ရွာသုံး၊ စာငယ်သုံး) ရှင်လေးပါး၊
(၁) ရှင်ဥပဂုတ်- တောင်သမုဒ္ဒရာမှာ ကြေးပြာသာဒ်နှင့် နေသည်၊
(၂) ရှင်သာရဒတ္တ- မြောက်သမုဒ္ဒရာမှာ ရွှေပြာသာဒ်နှင့် နေသည်၊
(၃) ရှင်သက္ကောသာရ- အရှေ့သမုဒ္ဒရာမှာ ရွှေပြာသာဒ်နှင့် နေသည်၊
(၄) ရှင်မေဓရ- အနောက်သမုဒ္ဒရာမှာ ကြေးပြာသာဒ်နှင့် နေသည်။
မှတ်ချက်။ ။ သံဂါယနာတင် ကျမ်းကြီး ကျမ်းခိုင်မှာ မလာ၊ သို့သော်လူတို့သုံးနှုန်း မေးမြန်ကြ၍ ဘုရားရှိခိုးအမျိုးမျိုး မူဟောင်းက ယူဖြေလိုက်သည်။

ရှင် ၄-ပါး၊ တနည်း

ပေလေးပင် ရှင် လေးပါး”ဟု အင်းဝခေတ် မြန်မာစာပေ
တို့တွင် ကျော်ကြားသည့် သိုက်ဝင် ရှင်လေးပါးတို့ ဖြစ်၏။
(၁) မြို့လုလင်ရွာ ဦးသောကြာ ဒေါ်နှင်းဆီတို့၏သား ငယ်မည် မောင်ဥက္ကာ၊ နောင်ခါ ရှင်ဥတ္တမကျော်၊
(၂) မြို့လုလင်ရွာ ဦးကြည် အမိ နတ်ထိန်း ကြီး မယ်ဒွေးတို့၏သား ငယ်မည် မောင်ညို၊ နောက်ခါ ရှင်မဟာသီလဝံသ၊
(၃) သတိုးထမ်းရွာ ဘမိမည်ရည် မသိ၊ ရှင်အုံးညို၊
(၄) မကျည်းယောင်ရွာ ဘမိမည်ရည် မသိ၊ ရှင်ခေမာ တို့ဖြစ်ကြ၏။

ရှင် ၄-ပါး အစစ်၊ တနည်း

ဘယ်အခါမှ မသေသော ရှင်လေးပါးတို့ကား-
မဂ်ပုဂ္ဂိုလ် လေးယောက်သာ ဖြစ်ချေသည်၊ ထိုကိုရည်၍ “စုတေ့မသေ၊ သန္ဓေမစွဲ၊ ငရဲမလား၊ လေးဦးသားတို့“ဟူ၍ ပညာရှိများ ပြောကြားကြလေပြီ။

ရှင်ပင်သာလျောင်း၊ ၄-ပါးပေါင်း၊ ဦးခေါင်း မည်သို့ပြု

ရွှေသာလျောင်း
ပုံတော်မျိုး လေးပါး ဦးခေါင်းပြုထားပုံနှင့် အမည်တော်များကို ရှေးဆရာတော်ကြီးများ ရေးစပ်ထားသော ဤလင်္ကာများဖြင့် သိကြရသည်။ “အရှေ့သာလျောင်း၊ တောင်ပေါင်းလောင်း၊ နောက်စောင်း နေရဗာဏ်၊ မြောက်နိဗ္ဗာန်”။
(၁) အရှေ့ဦးခေါင်း၊ လျောင်းစက်ပုံနေ၊ သာလျောင်းပေတည်း၊
(၂) တောင်ခေါင်း ဖလသမာ၊ ခေါ်ရာ ပေါင်းလောင်း၊
(၃) နောက်စောင်း နိရောဓိ၊ သမာပတ်ဝင်၊ နေရဗာဏ်ပင်တည်း၊
(၄) မြောက်လျှင်ဦးခေါင်း၊ စံကျောင်းပရိနိဗ္ဗာ၊ ကုသိန္နာတည်း ဟူ၏။

ရှင်ဘို့မယ်အား၊ တောင်ညာထား၊ ၅-ပါး ထီးဘုရင်

၎င်း သရုပ်ကို (မင်းဆက် ၅-သွယ်၊ ရှင်ဘို့မယ်၊ နန်းလယ်တင့်သည်သာ) ဟူသောသုတေသန၌ ဆိုခဲ့ပြီ။

ရှင်မပြုကောင်းသူ ၁၁-ယောက်

၎င်းသရုပ် အဓိပ္ပါယ်ကို (အ ဘဗ္ဗပုဂ္ဂိုလ် တကျိပ်တယောက်)ဟူသော သုတေသနရပ်၌ ပြခဲ့ပြီ။

ရှင်,သျှင်, ၂-ပါး၊ ရေးထုံးပြား၊ နက်ကား ဘယ်သို့ ခြားသနည်း

ရှင်အာဒိစ္စ, သျှင်ကောသလ္လ ဟူသော အရေးအသားတို့၌ အနက်သဘောခြားနားပုံကို မေးသည်၊ အဖြေ နှစ်ပါး ကြိုက်ရာယူ။
(၁) ရှင်- အရိယ, အရဟ, အရဟန္တ ဟူသော ပါဠိပုဒ်တို့မှ အရည်း, အရဟန်, အရှန်, အရှင်, ရှင်, ဟု ပြောင်းလဲလာရကား ဖြူစင်သော, ပူဇော်ခံထိုက်, ရိုသေထိုက်သော အနက်သဘောကို ဟော၏၊ ပုံ- ဖိုရွံ့ကျောက်ငြင်၊ ရှင်ကို အရည်း။ (ရှင်ရဋ္ဌသာရ)
(၂) သျှင်- သာမိသဒ္ဒါမှ ပြောင်းလဲလာ၏၊ ပိုင်ဆိုင်သူ၊ ပိုင်သျှင် ဟူသော အနက်ကို ဟော၏၊ ပုံ- သုဝဏ္ဏသာမ- သုဝဏ္ဏသျှမ်ဖြစ်ပုံမျိုး။
တနည်း

ရှစ်ဆယ်သော လက္ခဏာတော်ငယ်

မြတ်စွာဘုရား သခင်၏ လက္ခဏာတော်များ ဖြစ်သည်၊ ၎င်းသရုပ်ကို (လက္ခဏာတော်ငယ် ၈၀)၌ ပြအံ့။

ရှစ်ပါး သီလ

(အဋ္ဌင်္ဂသီလ)၌ ရှုပါ။

ရှမ်း ၉-ဆက်၊ ၉-စော်ဘွား

ရှမ်းကိုးဆက်၊ ကိုးစော်ဘွား၊ လူးတဆယ့်နှစ်
ပနား၊ ရာတပါးနှင့်၊ စော်ဘွားစော်ခံ၊ ရွှေဥကင်ဘုံပျံမှာ၊ ညီလာခံခ, ညောင်း၊ မှူးမတ်အပေါင်းစုံကြပြီလား့မင်းကြီးများ“ဟူသော ဇာတ်သဘင် ဘုရင်၏စကားအရ---
(၁) မိုးကောင်းစော်ဘွား၊
(၂) မိုးညှင်းစော်ဘွား၊
(၃) သောင်သွပ်စော်ဘွား၊
(၄) မိုးမိတ်စော်ဘွား၊
(၅) မိုးနဲစော်ဘွား၊
(၆) သိန္နီစော်ဘွား၊
(၇) မိုင်းပဲစော်ဘွား၊
(၈) ညောင်ရွှေစော်ဘွား၊
(၉) သီပေါစော်ဘွားတို့ ဟူ၏။
မှတ်ချက်။ ။ ရှမ်းပြည်အစ “မိုင်းမော“က- ဟူသော စကားအရမိုင်းမောမှတဆင့် စော်ဘွား ၉-ဆက် ဖြစ်ပေါ်လာသည် ဟူ၏။

ရှမ်းပြည်နယ်မှာ၊ တေတ္တိံသာ၊ ပမာ ဝတိံလား

ရှမ်းတို့ဌာနီ၌ ပြည်နယ်ပေါင်းမှာ တေတ္တိံသ ခေါ် ၃၃-နယ်ရှိ၍ တာဝတိံသာ နတ်ပြည်အလားမွေ့လျော် ပျော်ရွှင်ဘွယ် များစွာတို့နှင့် ပြည့်စုံသည့်ပြင် စတုရန်းမိုင်ပေါင်း၅၆၆၄၅-ကျယ်လျက် စော်ဘွား ၁၆-ယောက်၊ မြို့စား ၁၃-ယောက်နှင့် ငွေခွန်မှူး ၄-ယောက်တို့က အုပ်ချုပ်ကြရသည်။ (ဤကားအင်္ဂလိပ် လက်အောက်မှာ နေရစဉ်က ဖြစ်၏။)
(၁) ကျိုင်းတုံနယ်၊ မိုးနဲနယ်၊ ညောင်ရွှေနယ်၊ ရပ်ဆောက်နယ်၊ လဲချားနယ်၊
မောက်မယ်နယ်၊ မိုင်းပန်နယ်၊ မိုင်းပွန်နယ်၊ စကားနယ်၊ နောင်မွယ်နယ်၊ (၁၀)
မိုင်းနောက်၊ မိုင်းကိုင်း၊ ကျေးသီဗန်းစံ၊ လွယ်လုံ၊ သထုံ၊
ဗန်းရင်၊ ဟိုပုန်း၊ နန်းခုတ်၊ စကွယ်နယ်၊ မိုင်းရှူး၊ (၂၀)
သမခမ်း၊ ပွေးလှ၊ ဘော်နယ်၊ ရွာဝံနယ်၊ ပင်မှီ၊ ကျုံးနယ်၊ ပင်းဒယ၊(၂၇)
ဤကား တောင်ပိုင်းရှမ်းပြည်၂၇-နယ်တည်း၊
(၁) သီပေါနယ်၊
(၂) တောင်ပိုင်းနယ်၊
(၃) မိုင်းရယ်နယ်၊
(၄) မြောက်သန္နီနယ်၊
(၅) မိုးမိတ်နယ်၊
(၆) မိုးလင်းနယ်၊
ဤကား မြောက်ပိုင်းရှမ်းပြည် ၆-နယ်တည်း၊
ပေါင်း ၃၃-နယ် ဖြစ်၏။

ရှမ်းအမျိုး ၃၀

ဇမ္ဗူတံဆိပ် ကျမ်းရင်းမှ။
လင်း, သက်, ချင်း, ခုံ, ရင်, ကတူး, မြန်, အကျော်, ဂင်, ရှမ်း(၁၀)။
ဇဝါ, မျက်နှာမည်း, ကသည်း, ရေမီးထွက်, ကရက်, လဝ, လော, ပန်းလောင်, တရက်, ယွန်း (၂၀)။
စနု, ဘအူ, ကရင်, ကချင်, ဂနော, ယောန်, လဝိုက်, တရုပ်, ယိုးဒယား, အနဲ (၃၀)။

ရှားမျိုး ၄-ပါး၊ မြန်မာပြည်၌

ရှားစေးချက်ရသော ရှားပင်မျိုး၌ ၄-ပါး၊
ပဌမတန်းစား- ရှားနီမျိုး၊
ဒုတိယတန်းစား- ရှားညိုမျိုး၊
တတိယတန်းစား- ရှားဝါမျိုး၊
စတုတ္ထတန်းစား- ရှားနက်ပြာမျိုးတို့ ဖြစ်၏။

ရှိခိုးအပ်သော ပုဂ္ဂိုလ် ၅-ဦး

ရဟန်းတော်များ ရှိခိုးရမည့်သူ ဟူ၏၊ ဝိ၊၅၊၃၅၈။ ဝိ၊ဋ္ဌ၊၄၊၂၂၄။
(၁) ဘုရားရှင်၊
(၂) သိက္ခာသီတင်းကြီးရဟန်း၊
(၃) နာနာသံဝါသက ဓမ္မဝါဒီ သီတင်းကြီးရဟန်း၊
(၄) ဆရာ ၅- ဦး ဖြစ်သူ ရဟန်း၊
(၅) ဥပဇ္ဈာယ်ဖြစ်သူရဟန်း။

ရှိမခိုးကောင်းသော ပုဂ္ဂိုလ် ၂၅-ယောက်

(၎င်း သရုပ်ကို အဝန္ဒိယ ပုဂ္ဂိုလ် ၂၅-ယောက်)၌ ရှုပါ။

ရှိခိုးခြင်းရာ၊ မျိုး ၃-ဖြာ၊ ကျမ်းလာ မည်သို့နည်း

၎င်း သရုပ်ကို (ဝန္ဒနာမျိုး ၃-ပါး) မှာ ရှုပါ။

ရွှေအိုးကြီး ၄-လုံး

ဒီ၊ဋ္ဌ၊၁၊၂၅၃။ ဗုဒ္ဓဘုရားနှင့် ဖွားဘက်တော်
ဖြစ်ကြသော ရွှေအိုးကြီးများ။
(၁) သင်္ခ မည်သော ရွှေအိုးကြီး၊ တဂါဝုတ် ရှိ၏၊
(၂) ဇလ မည်သော ရွှေအိုးကြီး၊ ၂-ဂါဝုတ် ရှိ၏၊
(၃) ဥပ္ပလ မည်သော ရွှေအိုးကြီး၊ ၃-ဂါဝုတ် ရှိ၏၊
(၄) ပုဏ္ဍရီက မည်သောရွှေအိုးကြီး၊ တယူဇနာရှိ၏။

ရွှေတိဂုံဘုရား၊ ဓာတ် ၄-ပါး၊ တည်ထား ဌာပနာ

ဥက္ကလာပမင်းကြီးတည်ထား ကိုးကွယ်တော်မူသော ရွှေတိဂုံ စေတီတော်ကြီး၌ ဘုရား ၄-ဆူ၏ဓာတ်တော်မြတ်တို့ကို ဆိုသည်။
(၁) ဆူးလေနက်ကြီးထံမှ ရရှိသော ကကုသန် မြတ်စွာဘုရား၏တောင်ဝှေးတော်ဓာတ်။
(၂) ရောဟဏီမည်သော ဗိုလ်တထောင် နတ်ကြီးထံမှ ရရှိသည့်ကောဏဂုံမြတ်စွာဘုရား၏ ဓမ္မကရိုဏ် ရေစစ်တော်ဓာတ်။
(၃) ဒက္ခိဏ မည်သော သင်္ကန်းကျွန်း ကျိုက္ကဆံ နတ်ကြီးထံမှ ရရှိသည့် ကဿပ မြတ်စွာဘုရား၏ ရေသနုပ်တော်ဓာတ်။
(၄) တပုဿ, ဘလ္လိက ညီနောင်တို့ထံမှ ရရှိသော ဂေါတမ မြတ်စွာဘုရား၏ ဆံတော်ဓာတ် ရှစ်ဆူ၊
ထိုဆံတော်ဓာတ်တို့ကို “အမြိဿရ“မည်သော မှော်ဘီနတ်ကြီးကစောင့်ရသည်ဟု
မော်ဓော ရာဇာဝင်သမိုင်းနှင့် ရွှေတိဂုံသမိုင်း၊ အခြား ပညာရှိတို့က ဆိုကြသည်။

ရွှေဘိုမြို့၏ အမည်တော် ၅-ပါး

၎င်း သရုပ်ကို(ငါးမည်ရ ပြည်ရွှေဘို) ဟူသော သုတေသန၌ ပြခဲ့ပြီ။

ရွှေမျိုး ၄-ပါး

ပါဠိအဘိဓာန် ဋီကာမှ။
(၁) စာမီရွှေ-စာမီခေါ်သော ပန်းတမျိုးဖြင့် ပြုလုပ်သော ရွှေ၊ ၎င်းကိုပင် ဂီဝါရွှေဟု ခေါ်ပြန်၏၊
(၂) သာတကကုမ္ဘ ရွှေ- ပဒုမ္မာကြာဝတ်ဆံ အဆင်းရှိ အရာဝတ္ထုတမျိုးကို သာတကုမ္ဘ ခေါ်သည်၊ ၎င်း အဆင်းနှင့်တူသော ရွှေ၊ ၎င်းကိုပင် နိတုံရွှေ ဟုခေါ်ပြန်၏၊
(၃) ဇမ္ဗူရာဇ် ရွှေ- ဇမ္ဗုသပြေသီးမှ ဖြစ်သောရွှေ၊
(၄) သိင်္ဂီနိက် ရွှေ- သိင်္ဂီခေါ် ငါးတမျိုး၏ အဆင်းနှင့် တူသောရွှေ၊ သို့မဟုတ် သိင်္ဂီငါးသဏ္ဌာန်ပုံရှိသော ကျောက်တုံးတို့မှ ဖြစ်သောရွှေ။

ရွှေမျိုး အပါး ၂၀

ဝိမာန၊ဋ္ဌ၊၁၁-၌ ၇-မျိုးလာရှိသည်၊ လောကီ ပရိဘောဂ ကျမ်းစာ၌ကား။
အရမတ်၊ အညမတ်၊ အဉ္ဇမတ်၊ နိရမတ်၊ ဘော်ငွေမှ ဖြစ်သော ရွှေမျိုး ၄-ပါး။
နာရဏီ၊ နာရကာ၊ နာရမုတ္တာ၊ နာလာရေ၊ နဂါးကဖြစ်သော ရွှေမျိုး ၄-ပါး။
အတ္တရဏီ၊ ဥရဏီ၊ ဥရဂုတ်၊ ဥရဝါ၊ မြေကဖြစ်သည့် ရွှေမျိုး ၄-ပါး။
သုဝဏ္ဏသာရ၊ သုဝဏ္ဏရာဂီ၊ သုဝဏ္ဏမဏိ၊ သုဝဏ္ဏရသ်၊ မြေထွက်ရွှေကို မူတည်၍ ပြဒါးဓာတ် စသည်တို့ဖြင့်
ဖေါ်စပ်ပြုလုပ်သော အဂ္ဂိရတ်ရွှေ၊ ဇော်ဂျီရွှေမျိုး ၄-ပါး။
ဇမ္ဗုနဒ၊ ဇာတရူပ၊ သိင်္ဂီနိက္ခ၊ ဝိဟနက၊ သစ်သီးသစ်ပွင့်စသည်တို့မှဖြစ်သော ရွှေမျိုး ၄-ပါး၊ ပေါင်း ၂၀-ဖြစ်၏။

ရွှေသာလျောင်းပြား၊ မျိုး ၄-ပါး၊ ထင်ရှား ဖြေတော်မူ

ရှင်ပင်သာလျောင်း, ကိုပင် ရွှေသာလျောင်းဟု ခေါ်ကြပြန်၏၊ သရုပ် ၎င်း၌ ရှုပါ။

လ ၁၂-ပါး၊ မည်ထူးခြား၊ ၄-ပါး လ အမည်

၎င်းသုတေသန သရုပ်ကို
(ဆယ့်နှစ်လခွင်၊ အမည်တွင်၊ ၄-အင် အမည်ထူး) ဟူသည်၌ ရှင်းပြခဲ့ပြီ။

လက်အုပ်ချီတင်ချီ၊ အဉ္ဇလီ၊ ၅-မည် အဘယ်နည်း

၎င်း သရုပ် (အဉ္ဇလီ၅-သွယ်၊ သိမှတ်ဘွယ်)၌ ဆိုခဲ့ပြီ။

လက္ခဏရုပ် ၄-ပါး

ဥပါဒ်, ဌီ, ဘင်, သဘောဖြင့် မှတ်ကြောင်း သိ ကြောင်းဖြစ်သော ရုပ်များ၊ ၎င်း သရုပ်ကို(ရုပ် ၂၈-ပါး)၌ ပြခဲ့ပြီ။

လက္ခဏာတော်ကြီး ၃၂-ပါး

ယောကျ်ားမြတ်တို့ လက္ခဏာကြီးများဟူ၏၊ သို့သော် စကြဝတေးမင်းနှင့် ဗုဒ္ဓဘုရား အတွက်သာ မှတ်ယူ သုံးစွဲကြသည်၊ မဟာဒါနသုတ်မှ။
သုပ္ပတိဋ္ဌိတ ပါဒ- ပြည့်ဖြိုး ညီညာသော ခြေဖဝါး အပြင်ရှိခြင်း။
စက္ကပူရိတ ပါဒ ၁၀၈-ကွက်စက်လက္ခဏာတော် အစုံပါသော ခြေဖဝါး။
အာယတ ပဏှိက-သူတပါးတို့ထက်လုံးဝန်းရှည်သော ဖနောင့်။
ဒီဃင်္ဂုလိက- ရင်းတုတ်ဖျားသွယ် ရှည်လျားညီညာသော ခြေချောင်း လက်ချောင်း။
မုဒု တလုဏ ဟတ္ထ ပါဒ- ဖွားစအခါကဲ့သို့ အမြဲနုနယ်သော လက်ခြေချောင်း။
ဇာလကဟတ္ထ ပါဒ-အတိုအရှည် ညီညာသော လက်ချောင်း ခြေချောင်း။
ဥဿင်္ခ ပါဒ- မြင့်တက်သောဖမျက်။
ဧဏီ ဇင်္ဃ-ခြေသလုံး၏ ရှေ့နောက် နံပါး၌ အသားစိုင်များရှိ၍သလေးစပါးနှင့်တူခြင်း။
ဒီဃ ဟတ္ထ- ကိုယ်ခန္ဓာ အဖြောင့်ထား၍ ဒူးဆစ်များကို မှီသောလက်၊
ကောသောဟိတ ဝတ္ထဂုယှ- အအိမ်ဖြင့် ဖုံးလွှမ်းအပ်သောအင်္ဂါဇာတ်။(၁၀)။
သုဝဏ္ဏ ဝဏ္ဏ- ရွှေအဆင်းကဲ့သို့ ဝါဝင်း၍လုံးကျစ်သော ကိုယ်အနေအထား။
သုခုမစ္ဆဝီ-နုနယ်သော အရေအသား။
ဧကေကလောမ-မွေးညှင်းတတွင်း၌ အမွေးတပင်စီသာ ပေါက်ခြင်း၊
ဥဒ္ဓဂ္ဂ လောမ- ထိုမွေးညှင်းတို့သည် လကျ်ာရစ်လှည့်၍ အဖျားကော့တက်ပြီး မျက်စဉ်းညိုရောင် ရှိခြင်း၊
ဗြဟ္မုဇု ဂတ္တ-ဖြောင့်စင်းသော ကိုယ်ခန္ဓာ။
သတ္ထုဿဒ- လက်ဖမိုး ခြေဖမိုး ပခုံးစွန်း လည်ကုတ် ၎င်း ၇-ဌာန၌ ပြည့်ဖြိုးခြင်း၊
သီဟပုဗ္ဗဍ္ဎု ကာယ-ခြင်္သေ့မင်း၏ ရှေ့ပိုင်း ကိုယ်ကဲ့သို့ ရှေ့နောက် အောက်ထက်ပြည့်စုံသော ကိုယ်။
စိတန္တရံသ-လက်ပြင်ရိုး နှစ်ခုကြား ပြည့်ဖြိုးသောအသား။
နိဂြောဓပရိမဏ္ဍလ-အလံနှင့် အရပ် ညီမျှစွာ ရှိခြင်း။
သမ ဝဋ္ဋက္ခန္ဓ-အညီအမျှလုံး၍ လှသော ပခုံး လည်ပင်း။(၂၀) ။
ရသဂ္ဂ သဂ္ဂီ-အရသာကိုဆောင်ယူနိုင်သော အကြောကောင်းများ။
သီဟ ဟနု-ခြင်္သေ့၏ အောက်မေးကဲ့သို့ ပြည့်ဖြိုးသော အထက်မေး အောက်မေး။
စတ္တာလီသ သမဒန္တ-သွားပေါင်း- ၄၀ ရှိခြင်း။
သမ ဒန္တ - ညီညာတိကျသော သွားရှိခြင်း။
အဝိရဠ ဒန္တ- ကျိုးကျဲမရှိ စေ့သော သွားရှိခြင်း။
သု သုက္က ဒါဌ-သွားများအားလုံးဖြူစင်၍ ထင်ရှားသော သွားစွယ် ရှိခြင်း။
ပဟုတ ဇိဝှ-နှာခေါင်းပေါက် နားပေါက်တို့ကို သုံးသပ် နိုင်အောင် ရှည်ပြန့်သော လျှာ။
ဗြဟ္မဿရ-ကရဝိက်သံ,ဗြဟ္မာမင်း၏အသံကဲ့သို့ သာယာချိုမြိန့်သောအသံ။
အဘိနီလ နေတ္တ-ညိုသင့်ရာ အရပ်၌ အလွန်ညိုသော မျက်လုံး။
ဂေါပခုမ-ဖွားသစ်စနွားငယ်၏ မျက်လုံးအိမ်ကဲ့သို့ မျက်လုံးအိမ်ရှိခြင်း။
ဥဏ္ဏဇာတ-မျက်ခုံးနှစ်သွယ် အလည်တည့်၌ ဥဏ္ဏလုံမွေးရှင် ရှိခြင်း။
ဥဏှီသ သီသ-နဖူးသင်းကျစ် ရှိခြင်း။(၃၂)။

လက္ခဏာတော်ငယ် ရှစ်ဆယ်

မြတ်စွာဘုရားသခင်၏ ကိုယ်တော်၌ ထင်ရှားစွာ ပါရှိသော အသေးစိတ် လက္ခဏာတော်ငယ်များ၊ ဇိနာလင်္ကာရဋီကာ ၁၉၁-မှ ထုတ်ယူသည်၊ ပကိဏ္ဏကဝိသဇ္ဇနာ။ တတိယတွဲ။ မဟာဗုဒ္ဓဝင် ဒုတိယတွဲ။ သာသန သမ္ပတ္တိ ဒီပနီတို့၌လည်း ကြည့်ပါ။
စိတင်္ဂုလီ-အကြားမထင်စေ့စပ်သော ခြေချောင်း လက်ချောင်း။
အနုပုဗ္ဗင်္ဂုလီ-သွယ်ရှူး ဖြူးဖြောင့်သော ခြေချောင်း လက်ချောင်း။
ဝဋ္ဋင်္ဂုလီ-လုံးလျောင်းချောမြေ့သော ခြေချောင်း လက်ချောင်း။
တမ္ဗ နခ-နီမြန်းသော ခြေသည်းလက်သည်း။
တုင်္ဂနခ-ရှည်သွယ်မြင့်မားသော ခြေသည်းလက်သည်း။
သိနိဒ္ဓနခ- ပြေပြစ်ချောမွေ့သော ခြေသည်းလက်သည်း။
နိဂုဠ ဂေါပ္ဖက- ပြေပြစ်ကောင်းမွန်သော ဖမျက်။
သမ ပါဒ-တိတိညီညီရှိသော ခြေ။
ဝဇသမန ကမ-ဆဒ္ဒန်ဆင်မင်း၏ သွားခြင်းကဲ့သို့သောသွားခြင်း။
သီဟသမာန ကမ- ကေသရီအလားကဲ့သို့ သွားပုံယဉ်ခြင်း။ (၁၀)။
ဟံသသမာန ကမ- ဟင်္သာမင်းသွားခြင်းကဲ့သို့ အထူးတင့်တယ်သော သွားဟန်။
ဥသဘ သမာန ကမ-ဥဿဘနွားမင်းနှင့် တူသော သွားခြင်း။
ဒက္ဓိဏဝဋ္ဋက္ကမ-လကျ်ာခြေချီသဖြင့် လကျ်ာရစ် သွားခြင်း။
သမန္တစာရု ဇာဏုမဏ္ဍလ- ထက်ဝန်းကျင် လုံးချောသော ပုဆစ်ဒူးဝန်း။
ပရိပုဏ္ဏပုရိသဗျဉ္ဇန-ပြည့်စုံသော ယောကျ်ားမြတ်တို့၏ နိမိတ်။
အဆိဒ္ဒ နာဘိ- အရေးအကြောင်း မပြတ်သော ချက်။
ဂမ္ဘီရ နာဘိ-ပုလဲခွက်ကဲ့သို့ နက်သောချက်။
ဒက္ခိဏ ဝဋ္ဋ နာဘိ-လကျ်ာရစ်လည်သော ဗွေရှိသော ချက်။
ဣဘကရ သဒိသ ဥရူ သူဇ- ဆင်နှာမောင်းကဲ့သို့ သွယ်ပျောင်း ချောပြေသောပေါင်, လက်ရုံး။
သု ဝိဘတ္တ ဂတ္တ-ထက် အောက် နံလျား တသားတည်းညီညွတ်သော ကိုယ်။ (၂၀)
အနုပုဗ္ဗ ဂတ္တ- အစဉ်အတိုင်း ချောပြေညီညွတ်သော ကိုယ်။
ပရိမဋ္ဌဂတ္တ-ထက်ဝန်းကျင်မှ ချောမွေ့ လှပသောကိုယ်။
ဩဏ တုဏ္ဏတ သဗ္ဗ ဂတ္တ- ရှိုင်းသင့်ရာ၌ ရှိုင်း၍ဖြိုးသင့်ရာ၌ဖြိုးအမျိုးမျိုးတင့်တယ် ရှုချင်ဘွယ်ကောင်းသော ကိုယ်။
အ လီန ဂတ္တ-အရေရှုံ့တွန့်ခြင်းမှ ကင်းသော ကိုယ်။
တိလကာဒိ ရဟိတ ဂတ္တ- ဝက်ခြံ,မှဲ့,ကြေး,တင်းထိပ်စသည်တို့မှ ကင်းဝေးသော ကိုယ်။
အနုဗ္ဗ ရုစိ ဂတ္တ-အစဉ်အတိုင်းနှစ်သက်မြတ်နိုးဘွယ်ရှိသော ကိုယ်။
ဝိသုဒ္ဓ ဂတ္တ- စင်ကြယ်သန့်ရှင်း အညစ်ကင်သော ကိုယ်။
သုခုမာလ ဂတ္တ- နူးညံ့ ပြော့ပျောင်း သော ကိုယ်။
သမ္မဂတ္တ- မြင်ရသူတို့ အေးမြကြည်လင်သော ကိုယ်။
ဥဇ္ဇလိတ ဂတ္တ- ပြိုးပြိုးပြက်ပြက် အရောင်ထွက်သော ကိုယ်။ (၃၀) ။
ဝိမလ ဂတ္တ- ကိုယ်ဆီချွေးစေး မထင် သန့်စင်သောကိုယ်။
ကောမလ ဂတ္တ-နှစ်မြို့ စိုပျိုသော ကိုယ်။
သိနိဒ္ဓ ဂတ္တ-ပြေပျစ်ချောမွေ့သော ကိုယ်။
သုဂန္ဓ ဂတ္တ- ပန်းပေါင်းစုံတို့ကဲ့သို့ ထုံမွှေးကြူသင်းသော ကိုယ်။
ကောဋိ သဟဿ ဗလ ဓာရဏ- ဗိုလ်ခြေကုဋေ တထောင်အားကို ဆောင်သော ဆောင်သော ကိုယ်။
သုဝဏ္ဏ တုင်္ဂနာသ- ရွှေချွန်းသဘွယ် တင့်တယ် မြင့်ချွန်းသော နှာခေါင်း။
ရတ္တ ဒွိဇ မံသံ- နီမြန်း လှပသော သွားဖုံး။
သုဒ္ဓဒန္တ- ဖွေးဖြူစင်ကြယ်သော သွား။
သိနိဒ္ဓ ဒန္တ- ထွက်ဝင်မရှိ ပကတိ ညီညာ၍ သိမ်မွေ့ ကျစ်လစ်သောသွား။
ဝိသုဒ္ဓိန္ဒြိယ-သန့်ရှင်း သော အဆင်း ဣန္ဒြေရှိခြင်း။ (၄၀)။
သုဝဋ္ဋ ဒါဌ- ပုလဲချောင်းကဲ့သို့ ကောင်းစွာလုံးဝန်းတိကျသော သွားစွယ်။
တိက္ခဂ္ဂ ဒါဌ-အဖျားချွန်းသော သွားစွယ်။
ရတ္တောဋ္ဌ- နီမြန်းသောနှုတ်ခမ်း။
အာယတ ဝဒန- ကျယ်ပြန့် ခံ့ညားသော ခံတွင်း။
သုဂန္ဓမုခ- မွှေးကြူကြိုင်လျှမ်းသော ခံတွင်း။
ဂမ္ဘီရ ပါဏိ လေခ-ထင်ရှားသော လက္ခဏာ အရေးအကြောင်း။
ဥဇုလေခ- ဖြောင့်တန်းသော လက္ခဏာအရေးအကြောင်း။
အာယတ လေခ- ရှည်လျားသောလက္ခဏာ အရေးအကြောင်း။
သုရုစိရ သဏ္ဌာန လေခ-နှစ်သက်ရှုချင့်စရာ လက္ခဏာ သဏ္ဍာန်အရေးရှိခြင်း။
ပရိမဏ္ဍလ ကာယ ဇုတိက-တလံမျှလောက်သော ရောင်ခြည်အလင်းဓာတ်သည် ကိုယ်ကိုဝန်းဝိုင်း၍ တံတိုင်းပမာ တောက်ပထွန်းလင်းနေခြင်း။ (၅၀)။
ပရိပုဏ္ဏ ကပေါလ- ပြည့်ဖြိုးဖေါင်းကြွသော ပါးပြင်။
ရုစိယ အာယတ ဝိသာလ နေတ္တ- အဆင်းငါးသွယ် ကွန့်မြူးစံ ပယ် ရှည်လျားပြန့်ကျယ် ဝါထယ်ခံ့ညားသော မျက်လုံး။
ပဉ္စ ပသာဒ နေတ္တ-ညိုရွှေဖြူနီတလီအနက်ရောင်လျှံထွက်သည့်မျက်လုံး။
ကုဉ္စိတဂ္ဂဘမုက-ကောရရော့မော့ချီသော မျက်တောင် မျက်ခုံး။
မုဒု တလုဏ ရတ္တဇိဝှ-နူးညံ့နီထွေးသောလျှာ။
အာယတ စာရု ကဏ္ဏ-တင့်တယ်နုထွား ရှည်လျားသပ္ပါယ်ပြန့်ကျယ်သော နားရွက်။
နိဂ္ဂဏိ သိရ- ဖုထစ်မရှိ ပကတိချောမွေ့သော ဦးခေါင်း။
နိဂုဠှ သိရ-စောင်းရွဲ့မထင် အပြင်ညီသော ဦးခေါင်း။
ဆတ္တ သန္နိတ စာရုသီသ-ထီးမိုးအသွင် ထက်ဝန်းကျင်တိတိ၌ ရောင်လျှံညိသော ဦးခေါင်း။
သုဂန္ဓမုဒ္ဓ-ရနံ့ပေါင်းစုံတို့နှင့် လှိုင်ထုံမွှေးပျံ့သော ဦးထိပ်။ (၆၀) ။
အာယတပုထုလ နလာဋ-ရွှေပြားအလား နံလျားကျယ်ပြန့်သော နဖူးသင်းကျစ်၊
သု သဏ္ဌာန ဘမုက- သုံးရက်လကွေး သက်တန်ရေးပမာ တင့်တယ်စွာသော မျက်ခုံး။
အနုလောမ ဘမုက- အဖျားသေးသွယ်အလွန်တင့်တယ်သော မျက်မွေး မျက်တောင်။
အာယတ မဟန္တ ဘမုက-ထယ်ဝါခံ့ညားရှည်လျားပြန့်ကျယ်သော မျက်မှောင့်။
သဏှ လောမ ဘမက-နူးညံ့သောအမွှေးရှိသော မျက်ခုံး။
သမ လောမ- မွေးညှင်းတွင်းချင်းစီ၍ ညီညာဖြောင့်တန်းစွာ ပေါက်သော မွေးညှင်းများ။
ကောမလ လောမ-နူးညံ့စိုပျိုစိမ်းညိုသော မွေးညှင်း။
ဘိဒဉ္စန လောမ- မျက်စဉ်းညိုသွင် စိမ်းလွင်ညိုမှောင်သောမွှေးညှင်း။
ဒက္ခိဏဝဋ္ဋ လောမ- လကျ်ာရစ်လည်၍ ညာဘက်သို့ အဖျားတည်သော မွှေးညှင်း။
သိနိဒ္ဓ လောမ-ကောက်ကွေ့လိမ်တွန့်ခြင်း မရှိ ပကတိသန့်ရှင်းသော မွှေးညှင်း။(၇၀)။
သုနိလ ကေသ-ပိတုန်းတောင်ကဲ့သို့ ညိုမောင်း မည်းနက်သော ဆံပင်။
ဒက္ခိဏ ဝဋ္ဋ- ကေသလကျ်ာရစ် လှည့်ခွေ ဦးထိပ်ဗွေ၌ တည်နေသော ဆံပင်။
သု သဏ္ဍန ကေသ-ဆံပင်တွင်းညီ၍ ဖြောင့်တန်းစီရီစွာ ပေါက်သော ဆံပင်။
သိနိဒ္ဓ ကေသ- ကောက်ကွေ့ လိမ်တွန့်ခြင်း မရှိ ပကတိ ပြေပြစ်သန့်ရှင်းသော ဆံပင်။
သဏှ ကေသ- နူးညံ့သိမ်မွေ့ သေးသွယ်ပြော့ပျောင်းသော ဆံပင်။
အ လုလိတ ကေသ- မရှုပ်ထွေးသော ဆံပင်။
ကောမလကေသ- စိုပျို နုနယ်သော ဆံပင်။
သမ သုဂန္ဓ ကေသ- စပယ် မြတ်လေးပန်းတို့ကဲ့သို့ မွှေးသော ဆံပင်။
သုခုမ အဿာသ ပဿာသ- ရှုူရှိုက်မထင် အလွန်ပင် သိမ်မွေ့သော ထွက်သက် ဝင်သက်ရှိ၍ သက်လုံကောင်းခြင်း။
ကေတုမာလ ရတန ဝိစိတ္တ- ကေတုမာလာခေါ် ဦးခေါင်းပေါ်၌ မကိုဋ်ပုံပမာ ခြောက်ရောင်စုံလျှံဖြာ ထွက်နေခြင်း။ (၈၀) ။

လက္ခဏာယဉ် ၃-ပါး

လက္ခဏာရေး ၃-ပါး၊ သံ၊၁၊၃၄၄။ သံ၊ဋ္ဌ၊၂၊၁၁၇-၌ အကျယ်ရှုပါ။ မဂ် ဖိုလ် နိဗ္ဗာန်သို့ သွားရောက်ရာယာဉ်နှင့်တူသော လက္ခဏာရေး ၃-ပါး၊ မှတ်ကြောင်းအရာ ၃-ပါး၊ အရေးတကြီး မှတ်အပ်သောကြောင့် လက္ခဏာရေး။
(၁) အနိစ္စ လက္ခဏာ- မမြဲသော သင်္ခါရ တရားစု၊
(၂) ဒုက္ခ လက္ခဏာ- ဆင်းရဲသော သင်္ခါရတရားစု၊
(၃) အနတ္တ လက္ခဏာ- အတ္တမဟုတ် အထည်ကိုယ်မဟုတ်သော သင်္ခါရ အသာရက တရားစု အမှတ် လက္ခဏာ။

လက်ချားမျိုး ၂-ပါး

ဤကား သေလပါစက သျှတြကျမ်းမှ။
(၁) ဥသီရဋင်္ကန- မြေထွက်လက်ချား၊ ဖြူပွပွနှင့် မှန်ရောင်ရှိ၏၊ ၎င်းသည် ဆေးဖေါ်ရာ ဂဟေစပ်ရာ စသည်မှတပါး ဝိဇ္ဇာဓရထွက်ခန်း ထိုထိုတက်လမ်း များအဖို့ မည်သည့်အခါမျှ အသုံးမဝင်ဟု ရသေ့ ရှစ်သောင်းဆရာပေါင်းတို့ အထူးရှောင်ရှား ကြကုန်၏၊
(၂) သေလ ဋင်္ကန- ကျောက်ထွက်လက်ချား၊ ကျောက်ဖြူခဲနှင့်တူစွာရှိ၏၊ ငွေလမ်း ရွှေလမ်း ထိုထိုထွက်ရပ်လမ်း တို့၌ လက်ချားကိုသုံးရန်ညွှန်းသော်၊ ၎င်းကျောက်ထွက် လက်ချားကို သုံးမှသာ လိုရာအကျိုး ပြီးနိုင်ကြောင်း ဆရာတို့ အထူးမှာဆိုထားကြ၏။

လက်ထပ်မင်္ဂလာမျိုး ၃-ပါး၊ တနည်း ၈-ပါး

၎င်းသရုပ်များကို (ထိမ်းမြားမင်္ဂလာ ပြုခြင်းမျိုး ၃-ပါး၊ တနည်း ၈-ပါး)၌ ရှုပါ။

လက်နက်ကြီး ၄-ပါး

သံ၊၁၊၂၁၆။ သံ၊ဋ္ဌ၊၁၊၂၉၆။
(၁) ဝေဿဝဏ္ဏနတ်မင်းကြီး၏ တင်းပုတ် သံချောင်း လက်နက်၊
(၂) ယမမင်းခေါ် သေမင်း၏ မျက်စောင်း လက်နက်၊
(၃) သိကြားမင်း၏ မိုဃ်းကြိုးလက်နက်၊
(၄) အာဠာဝက ဘီလူးမင်း၏ ဘွဲ့ဖြူပုဆိုး လက်နက်၊ ထို့ကြောင့်ရှေးဆရာတို့သည် “ဝေဿဝဏ္ဏော၊ယမော သက္က၊အာဠာဝကတို့၊ နိစ္စကိုင်စွဲ၊ ရန်ထိပ်ခွဲသား၊ တွေခဲ သံချောင်း၊ ငဲ့စောင်း မျက်ရှိန်၊ ဝရဇိန်မိုးဃ်ကြိုး၊ပုဆိုးနှင့်သော်၊ လေးပါးကျော်သို့”ဟု စပ်ဆိုထားကြ၏။

လက်နက်ကြီး ၄-ပါး၊ တနည်း

အဘိဓာန် ကျမ်းမှ ယူပြသည်။
(၁)မုတ္တာမုတ္တ လက်နက်- လက်မှ လွှတ်၍၎င်း၊ မလွှတ်ဘဲ၎င်း၊ သုံးနိုင်သော တုတ်,တောင်ဝှေး စသော လက်နက်မျိုး၊
(၂) အမုတ္တ လက်နက်-မလွှတ်ရသောသံလျက် စသည်၊
(၃) မုတ္တ လက်နက်- လွှတ်ရသော လှံ, စက် စသည်၊
(၄) ယန္တ မုတ္တ လက်နက်-ပစ်လွှတ်ရသော လေး, သေနတ် စသည်။

လက်နက်ကြီး ၅-ပါးနှင့် မူကွဲများ

၎င်း လက်နက်ကြီး ငါးပါး၏သရုပ်ပြရာ၌ တဦးနှင့် တဦး မတူကွဲပြား နေကြသည်ကား ထိုထို ပါဠိအဋ္ဌကထာတို့၏ ကွဲပြားမှုကြောင့်တည်း၊
မိလိန္ဒပဥှာ၌ “ဓနု, သတ္တိ, ကဏယ, ခဂ္ဂ, ဆုရိကာ”ဟု လာသည်၊
ဂါမဏိ သံယုတ်ဋီကာ၌ကား”အသိ, ဓနု, ဂဒါ, သင်္ကု, စက္ကာနိ, ပဉ္စာဝုဓာ“ဟုလာသည်၊
ပဉ္စာဝုဓ ဇာတ်ဋီကာ၌ကား-
“ပဉ္စာဝုဓံ နာမ ဓနု မုဂ္ဂရအသိ လဂုဠ ကောဏ္ဍ မိတိ အထဝါ။“
“အမုတ္တံ ယန္တမုတ္တဉ္စ၊ ပါဏိမုတ္တံ တထေဝ စ။
သဗ္ဗ သာဓာရဏဉ္စေဝ၊ ဗာဟု ယုဒ္ဓပဉ္စမံ “ ။ ဟုဆိုထားလေသည်၊
ထို့ပြင်လည်း “ လှံ- ကောဏ္ဍာ၊ ဂဒါ-သံချောင်း။ ဆောက်ပုတ်ကယ်-ဒဏ္ဍာသိံ ဟု၊ သမ္ဘာရှိန်၊ ဂုဏ်လျှံတဲ့၊ ပြည်တော်ပြန်၊ ပဉ္စာဝုမှာ၊ ငါးခုပါကြောင်း၊”ဟု ကင်းဝန်မင်းကြီး ရေးစပ်ခဲ့သေး၏။
(၁) ဓနု-လေး၊
(၂) ခဂ္ဂ- သံလျက်၊
(၃) ကဏယ-ခက်ရင်း,တောက်၊
(၄) မုဂ္ဂရ- လက်ရိုက် တုတ်တို၊
(၅) ကုန္တ-လှံ။

လက်နက်ကြီး ၉-ပါး

မ, တထောင်၊ တကောင်ရိုညွတ်တဲ့၊တမွတ်ကိုယ်ထူး။ ကိုးပါးရယ်အစုံနှင့်၊ လက်နက်ဂုဏ်၊ တသိရ်မြင့်တယ်၊ ဘုန်းပွင့်ဘီလူး။“ဟူသောဒေဝကုမ္ဘန် ပြဇာတ်မှ။
၁-ဓါး။ ၂-လှံ။ ၃- သေနတ်။ ၄-အမြောက်။ ၅-စိန်ပြောင်း၊
အထက်၌ ပြခဲ့ပြီး လက်နက်ကြီး၄-ပါးနှင့်ပေါင်းသော် ကိုးပါးဖြစ်၏။
မှတ်ချက်။ ။ ဆရာ အချို့ကား လက်နက်ကြီး ၄-ပါးနှင့် လက်နက်ကြီး၅-ပါးနှစ်ရပ်ပေါင်းကို ၉-ပါးအဖြစ် ယူကြကုန်၏။

လကျ်ာဂြိုဟ်ကြီး ၄-လုံး

ပါပဂြိုဟ်“ခေါ် ဂြိုဟ်ဆိုးကြီး ၄-လုံးကို (အ, ထွန်း, ရာ, ဇာ, ဂြိုဟ်လကျ်ာ ဟု) ဗေဒင်ကျမ်းတို့၌ ဆို၏။
(၁)တနင်္ဂနွေဂြိုဟ်၊
(၂) စနေဂြိုဟ်၊
(၃) ရာဟုဂြိုဟ်၊
(၄) အင်္ဂါဂြိုဟ်။

လကျ်ာတော်ရံ လေးကျိပ်

မဟာသာဝကများ ဖြစ်တော်မူကြသည်၊ ကျမ်းညွှန်း မဟာသာဝက)၌ ရှု။ အရှင်သာရိပုတြာ၊ အရှင်ကောဏ္ဍည၊ အရှင်ဝပ္ပ၊ အရှင်ဘဒ္ဒိယ၊ အရှင်မဟာနာမ်၊
အရှင်အဿဇိ၊ အရှင်နာဠက၊ အရှင်ယသ၊ အရှင်ဝိမလ၊ အရှင်သုဗာဟု၊ (၁၀)
အရှင်ပုဏ္ဏဇိ၊ အရှင်ဂဝမ္ပတိ၊ အရှင်ဥရုဝေဠကဿပ၊ အရှင်နဒီကဿပ၊ အရှင်ဂယာကဿပ၊
အရှင်မဟာကဿပ၊ အရှင်မဟာကစ္စာယန၊ အရှင်မဟာ ကောဋ္ဌိတ၊ အရှင်မဟာကပ္ပိန္န၊ အရှင်မဟာစုန္န၊ (၂၀)
အရှင်ဥပါလိ၊ အရှင်အနုရုဒ္ဓါ၊ အရှင်ကင်္ခါရေဝတ၊ အရှင်အာနန္ဒာ၊ အရှင်နန္ဒက၊
အရှင်ဘဂုလ၊အရှင်နန္ဒိယ၊ အရှင်ကိမိလ၊ အရှင်ဘဒ္ဒိယ၊ အရှင်ရာဟုလာ၊(၃၀)
အရှင်သီဝလိ၊ အရှင်ဒဗ္ဗ၊ အရှင်ဥပသေန၊ အရှင်ခဒိရဝန ရေဝတ၊ အရှင်မန္တာနီပုတ္တပုဏ္ဏ၊
သုနာပရန္တပုဏ္ဏ၊ အရှင်ကုဋိကဏ္ဏ သောဏ၊ အရှင်ကောဋိဝီသ သောဏ၊ အရှင်ရာဓ၊ အရှင်သုဘူတိ (၄၀)။

လကျ်ာ မင်းခမ်းတော် ၁၃-ပါး

၎င်း သရုပ်ကို (မင်းခမ်းတော်မှာ၊ ၁၃-ဖြာ၊ ဝဲယာ ဆောင်၍ကျင်း) ဟူသော သုတေသန၌ ဆိုခဲ့ပြီ။

လက်ဝဲဂြိုဟ် ၄-လုံး

သောမဂြိုဟ် ၄-လုံး“ကိုပင် ဗေဒင်ကျမ်းတို့၌ “လှ, သော်, ဖေါ်, ကွဲ, ဂြိုဟ်လက်ဝဲ”ဟု ဆိုကြကုန်၏။
(၁) ဗုဒ္ဓဟူးဂြိုဟ်၊
(၂) သောကြာဂြိုဟ်၊
(၃) ကြာသာပတေးဂြိုဟ်၊
(၄) တနင်္လာဂြိုဟ်။

လက်ဝဲတော်ရံ လေးကျိပ်

ကျမ်းညွှန်း (မဟာသာဝက) ၌ ရှု။
အရှင်မဟာမောဂ္ဂလာန်၊ အရှင်အင်္ဂုလိမာလ၊ အရှင်ဝက္ကလိ၊ အရှင်ကာလုဒါယီ၊ အရှင်သဟဥဒါရီ၊
အရှင်ပိလိန္ဒဝစ္ဆ၊ အရှင်သောဘိတ၊ အရှင်ကုမာရကဿပ၊ အရှင်ရဋ္ဌပါလ၊ အရှင်ဝင်္ဂိသ၊ (၁၀)
အရှင်သတိယ၊ အရှင်သေလ၊ အရှင်နာဂိတ၊ အရှင် လကုဏ္ဍဘဒ္ဒိယ၊ အရှင်ဥပဝါန၊
အရှင်မေဃိယ၊ အရှင်သာဂလ၊ အရှင်ပိဏ္ဍောလဘာရဒွါဇ၊ အရှင်မဟာပန္ထက၊ အရှင်စူဠပန္ထက၊(၂၀)
အရှင်ဗာကုလ၊ အရှင်ကုဏ္ဍမာန၊ အရှင်ဒါရုစိယ၊ အရှင်ယသ၊ အရှင်အဇိတ၊
အရှင်တိဿမေတ္တယျ၊ အရှင်ပုဏ္ဏ၊ အရှင်မေတ္တဂူ၊ အရှင်ဒေါတက၊ အရှင်ဥပသိဝ၊ (၃၀)
အရှင်နန္ဒ၊ အရှင်ဟေမက၊ အရှင်တောဒေယျ၊ အရှင်ကပ္ပ၊ အရှင်စတုကဏ္ဏိက၊
အရှင်ဘဒြာဝုဓ၊ အရှင်ဥဒယ၊ အရှင်ဝေါသာလ၊ အရှင် မောဃရာဇ၊ အရှင်သင်္ဂီယ၊ (၄၀)
ဤသို့လျှင်အသီတိ ရှစ်ကျိပ် ဖြစ်သတည်း။
မှတ်ချက်။ ။ အင်္ဂုတ္တိုရ် ဋီကာနှင့် ဇာတ်ဋီကာ မတူကွဲပြား အချို့နေရာများမှာ ရှိသည်။

လက်ဝဲမင်းခမ်းတော် ၁၃-ပါး

၎င်း သရုပ်ကို(မင်းခမ်းတော်မှာ ၁၃-ဖြာ၊ ဝဲယာ ဆောင်၍ကျင်း) ဟူသော သုတေသန၌ ဆိုခဲ့ပြီ။

လက်ဝဲ လကျ်ာ၊ ထီးတော်မှာ၊ ၈-ဖြာ အဘယ်နည်း

၎င်း သရုပ်ကို(ထီးဖြူ၈-စင်း)၌ ဆိုခဲ့ပြီ။

လ ကွယ် ၂-ပါး၊ မျိုးကွဲပြား၊ ဘုရားမည်သို့ဟော

လကွယ်မျိုး နှစ်ပါးကား၊
ရက်စုံ ၁၅-ရက် လကွယ်တမျိုး၊
ရက်မစုံ ၁၄-ရက် လကွယ်တမျိုး၊
၎င်းကို ဝိနည်းပိဋကတော်၌ စတုဒ္ဒသီ ဥပုသ် ပန္နရသီ ဥပုသ်ဟု ရဟန်းတော်များအတွက် ဟောကြားတော်မူသည်။

လင်္ကာစပ်ရာ၊ နည်း၆-ဖြာ၊ ဖြေပါ ကဝိရှင်

၎င်း သရုပ်ကား
(အစပ် ၆-ပါး၊ လင်္ကာသွား၊ မိန့်ကြား ဖြေတော်မူ) ဟူသော ပုစ္ဆာနှင့် တူ၏။

လင်္ကာမျိုးပြား၊ ၁၄-ပါး၊ မိန့်ကြား မြတ်ကဝိန်

ကဗျာပင်မကြီးမှ
ပေါက်ပွားလာသော လင်္ကာအပြား ၁၄-ပါး၊ အကျယ်ကို “ကဗျာဗန္စသာရကျမ်း“၌ရှုပါကုန်။
(၁) လင်္ကာ၊
(၂) ပျို့၊
(၃) မော်ကွန်း၊
(၄) သံပိုင်း၊
(၅) သမိုင်း၊
(၆) ရဲတင်း၊
(၇) တမ်းချင်း၊
(၈) ဧချင်းသံတိုင်၊
(၉) ဧချင်းသံပေါက်၊
(၁၀) ရတုမျိုးစုံ၊
(၁၁) လူးတား၊
(၁၂) အဏ်ချင်း၊
(၁၃) သံပေါက်၊
(၁၄) ဝဲရိုက် ဝဲသွင်း။

လင်ညံ့, လင်ဖျင်းမျိုး ၈-ယောက်

မိန်းမတို့က မရိုသေ မလေးစားသောလင်
ယောကျ်ားများဟူ၏၊ ဇာတက၊၂၊၁၂၀။ ဇာ၊ဋ္ဌ၊၅၊၄၆၆။
(၁) ဆင်းရဲမွဲတေသောလင်၊
(၂) အနာရောဂါ ကပ်ရောက်နေသောလင်၊
(၃) အိုမင်းသော လင်၊
(၄) သေသောက်ကြူး ယစ်ထုတ် လင်၊
(၅) ဖျင်း, အ နုံချာသော လင်၊
(၆) မယားအပေါ်၌ ပေါ့ပေါ့ဆဆနေတတ်သော လင်၊
(၇) သူများ၏ နောက်လိုက် လင်၊
(၈) မယားအား ပစ္စည်းဥစ္စာ မပေးအပ်သော လင်။

လင်မယားမကွဲ အမြဲနေရခြင်းတရား ၄-ပါး

အံ၊၁၊၃၇၂။ အံ၊ဋ္ဌ၊၂၊၃၁၁။
(၁) သမ သဒ္ဓါ၊
(၂) သမ သီလ၊
(၃) သမ စာဂ၊
(၄) သမ ပညာ။

လင်ဝတ် ၅-ပါး၊ ကျင့်ဆောင်ငြား၊ ယောကျ်ား မြတ်မဟာ

သိင်္ဂါလောဝါဒ
သုတ်မှ လင်က မယားအပေါ်၌ ပြုကျင့်ရမည့် ဝတ်ငါးပါး။
(၁) မိမိမယားအပေါ်၌ မထေမဲ့မြင် စိမ်းစိမ်းကားကား ဘာသိဘာသာနှင့် မကျင့်ကြံမနေထိုင်ရခြင်း၊
(၂) မူး, ပဲ, ပိုင်က စ၍ ရသမျှဥစ္စာကိုမယားအား အပ်နှင်းရခြင်း၊
(၃) မိမိမယားမှတပါး အခြားမိန်မသားများ၌ မိစ္ဆာတရား မမှားမလိုက်ရခြင်း၊
(၄) မိမိမယားနှင့်သင့်တော်သော ဝတ်တန်ဆာ အစား အသောက်တို့ကို ကြည်ဖြူ ချစ်ခင်စွာဆင်ယင် ဝယ်ခြမ်း၍ ပေးရခြင်း၊
(၅) မိမိမယားအား ချစ်ခင်နှစ်သက်စုံမက်မြတ်နိုးစွာ ကြည်ဖြူ သဒ္ဓါရခြင်း။

လည်ချောင်းရပ်မှာ၊ ဖြစ်ပေါ်လာ၊ မြန်မာက္ခရာ မျိုး ၈-လုံး

၎င်း သရုပ်ကို (ကဏ္ဍဇ အက္ခရာ ၈-လုံး)၌ ရှုပါ။

လ မင်းရန်သူ၊ ၄-ပါးဟူ၊ မည်သူ မည်ဝါနည်း

၎င်းသရုပ်ကား (နေမင်း၏
ရန်သူမျိုး ၄-ပါး)နှင့် တူ၏။

လ မျိုး ၃-ပါး၊ ဆရာများ၊ ဟောကြား ကျမ်းဗေဒင်

ဗေဒင်ဝေါဟာရ၊ ၎င်းသရုပ် အဓိပ္ပါယ် အလုံးစုံ (မာသမျိုး ၃-ပါး)နှင့် တူ၏။

လယ်တွင်း ၉-ခရိုင်

စပါးများစွာ ထွက်၍ ရှေးခေတ် မြန်မာရာဇဝင်၌ ထင်ရှားသော ခရိုင်နယ်များ၊
ပန်းလောင်းမြစ်၏ မှီရာ။
(၁) စောလှမြို့နယ်၊
(၂) ပင်လယ်နယ်၊
(၃) မြစ်သားနယ်၊
(၄) ပျဉ်းမနားနယ်တို့ဖြစ်၍၊
ဇော်ဂျီဖြစ်၏ မှီရာ၊
(၅) မြောင်လှနယ်၊
(၆) မြင်းခုံတိုင်နယ်၊
(၇) မက္ခရာနယ်၊
(၈) ပနံနယ်၊
(၉) မြင်စိုင်းမြို့နယ် ခရိုင်တို့ ဖြစ်လေသည်။

လာဘ်ပေး ၃-မျိုး၊ တံစိုးထိုး၊ ၂-မျိုး တရားပျက်

၎င်းသရုပ်ကို(တံစိုးလက်ဆောင်မျိုး ၃-ပါး)ဟူသော သုတေတန၌ ဆိုခဲ့ပြီ။

လိင် ၆-ပါး

အများအားဖြင့် သဒ္ဒါအရာ၌ ရွေးချယ်စိစစ် သုံးနှုန်းကြသောအရာ ၆-ပါး။
(၁) ဣတ္ထိလိင်- မ, နှင့်ဆိုင်သော သဒ္ဒါများ၊
(၂) ပုလ္လိင်- ဖို, နှင့်ဆိုင်သော သဒ္ဒါများ၊
(၃) နပုလ္လိင်- ဖို, မ မဟုတ်သော အရာများ၊
(၄) ဒွိလိင်- နှစ်လိင်နှင့် ဆိုင်သော အရာများ၊
(၅) တိလိင်- သုံးလိင်နှင့်ဆိုင်သော အရာများ၊
(၆) အလိင်- လိင်ကြောင့် ပြောင်းလဲခြင်း မရှိသော သဒ္ဒါများ။

လိင် ၁၀-ပါး

ရှင်သာမဏေများအတွက် ဘုရားရှင် ပညတ်ချက် ဝိနည်းတော်၊ ကိုရင်များ ထိုသိက္ခာပုဒ် တပါးပါးကို လွန်ကျူးလျှင် လိင်ကျ၏၊ဝါ-လူ့အဖြစ်သို့ ပြောင်းလဲသွား၏။
(၁) သူ့အသက်ကို သေအောင်ကိုယ်တိုင်သတ်ခြင်း, သူတပါးကိုသတ်ခိုင်းခြင်း၊
(၂) အရှင်မပေးသောသူ့ဥစ္စာကို ခိုးယူခြင်း၊ ခိုးခိုင်ခြင်း၊
(၃) မေထုန်မှုကို ကံမြောက်အောင်ပြုခြင်း၊
(၄) ရယ်စရာမျှကိုလည်း လိမ်ညာ၍ပြောခြင်း၊
(၅) သေရည်အရက်တို့ကို သောက်စားခြင်း၊
(၆) ဘုရားရှင်၏ ဂုဏ်သရေကို ရှုတ်ချကဲ့ရဲ့ခြင်း၊
(၇) တရားတော်၏ ဂုဏ်ကို ရှုတ်ချကဲ့ရဲ့ခြင်း၊
(၈) သံဃာတော်၏ ဂုဏ်ကိုရှုတ်ချကဲ့ရဲ့ခြင်း၊
(၉) သဿတဒိဋ္ဌိ, ဥစ္ဆေဒဒိဋ္ဌိ အယူကို ယူခြင်း၊
(၁၀) တိက္ခုနီမ ကို ဖျက်ဆီးခြင်း။

လိင်အင်္ဂါဇာတ်၊ ခိုင်မာတတ်၊ ၅-ရပ် အကြောင်းမျို

ပါရာဇိကဏ် ပါဠိတော်၌ လိင်အင်္ဂါဇာတ် ခိုင်မာထကြွခြင်း၏ အကြောင်းရင်းငါးပါးကိုဟောတော်မူသည်။
(၁) ရာဂုပတ္ထမ္ဘ- ရာဂကြောင့် တောင့်တင်းခိုင်မာခြင်း၊
(၂) ပဿာဝုပတ္ထမ္ဘ- ကျင်ငယ်စွန့်လို၍ ခိုင်မာလာခြင်း၊
(၃) ဝစ္စုပတ္ထမ္ဘ- ကျင်ကြီးစွန့်လို၍ ထကြွခြင်း၊
(၄) ဝါတုပတ္ထမ္ဘ- လေတိုက်ခတ်သောကြောင့် ထကြွခြင်း၊
(၅) ဥစ္စာလိင်္ဂပါဏ ဒဋ္ဌု ပတ္ထမ္ဘ- ကျင်ချောင်း၌ရှိသော ပိုးတို့ ထိုးဆွသောကြောင့် တောင့်တင်း ခိုင်မာခြင်း။

လိ ပိ မျိုး ၅-ပါး

၎င်းသရုပ်ကား (စာလုံးမျိုး ၅-ငါး)နှင့် တူ၏။

လိမ်ညာပြောကြား၊ အပြစ်များ၊ ၁၅-ကျမ်း၌လာ

၎င်းသရုပ်(မုသာဝါဒကံ၏ မကောင်း
ကျိုး ၁၅-ပါး)၌ ရှုပါလေ။

လူ ၃-ပါး

လူ, နတ်, ဗြဟ္မာ, ၎င်း ၃-ပါးကို ဆိုသည်၊
အချို့ဆရာတို့ကား လူ, နတ်, ရဟန်း, ဟု ယူကြသေး၏၊
သုံးလူ့ ထိပ်တင်- သုံးလူ့ မကိုဋ် စသောဘုရားကို ချီးမွမ်းရာ၌ အသုံးပြုကြ၏။

လူကြီးလုပ်ရာ၊ ဂုဏ်အင်္ဂါ၊ ၆-ဖြာ အဘယ်နည်း

၎င်းသရုပ်ကား “နာယကဂုဏ် ၆-ပါး”နှင့် တူ၏။

လူစင်စစ်က နတ်ပြည်ရောက်ရ နေရဘူသော ပုဂ္ဂိုလ် ၄-ယောက်

မ၊ဋ္ဌ၊၃၊၂၂၀။ လူ့ကိုယ် လူ့ ဘဝဖြင့် တာဝတိံသာနတ်ပြည်သို့ ရောက်ဖူး နေဖူးကြသူများ။
(၁) ဂုတ္တိလစောင်းသမား၊
(၂) သာဓိနမင်းကြီး၊
(၃) နေမိမင်းကြီး၊
(၄) မန္ဓာတု စကြာမင်းကြီး။

လူတို့၏ အညစ်အကြေးတရား ၉-ပါး

၎င်းအညစ်အကြေး မလတရားတို့ကို မိမိတို့ ကိုယ်ပေါ်သို့ မကျ မပေနိုင်စေရန် ကာကွယ် စောင့်ရှောက်ကြရမည် ဟူ၏၊ ခုဒ္ဒကဝိဘင်း ပါဠိတော်မှ၊ သတ္တဝါတို့၏ အညစ်အကြေးတရားလည်းဟူ၏။
(၁) ကောဓော- အမျက်ထွက်ခြင်း၊
(၂) မက္ခော- ကျေးဇူးမသိတတ်ခြင်း၊
(၃) ဣဿာ- ငြူစူ မနာလိုခြင်း၊
(၄) မစ္ဆရိယံ- သဝင်တိုခြင်း၊
(၅) မာယာ- လှည့်ပတ်ဖြားယောင်းခြင်း၊
(၆) သာဌေယျံ- စဉ်းလဲ ကောက်ကျစ်ခြင်း၊
(၇) မုသာဝါဒေါ- လိမ်ညာပြောဆိုခြင်း၊
(၈) ပါပိစ္ဆတာ- မတရားလိုချင်ခြင်း၊
(၉) မိစ္ဆာဒိဋ္ဌိ- မှားသောအယူရှိခြင်း။

လူတို့ ကြီးပွားချမ်းသာကြောင်းတရား ၅-ပါး

ယခုမျက်မှောက်ဘဝ၌ပင် ချမ်းသာသုခ
ရနိုင်သည် ဟူ၏၊အံ၊၂၊၆၆။ အံ၊ဋ္ဌ၊၃၊၂၉။
(၁) မိဘနှစ်ပါးကို ရိုသေစွာ လုပ်ကျွေးခြင်း၊
(၂) သား, မယား, အလုပ်သမားတို့အား ထိုက်တန်အောင် ပေးကမ်း ချီးမြှင့်ခြင်း၊
(၃) အိမ်နီး, ယာနီးတို့အား ပေးကမ်းခြင်း၊
(၄) ရဟန်းသာမဏေတို့အား ရိုသေစွာလှူဒါန်းပူဇော် ရှိခိုးခြင်း၊
(၅) ရိုးရာနတ်တို့အား (ပူဇော်ပသ)အမျှပေးဝေခြင်း။

လူတို့ပျက်စီးကြောင်းတရား ၃-ပါး

အံ၊၁၊၁၅၉။ အံ၊ဋ္ဌ၊၂၊၁၄၁-၁၄၂။
(၁) အဓမ္မရာဂ- သူတပါး၏ အသုံးအဆောင်ကို လိုချင်တပ်မက်ခြင်း၊
(၂) ဝိသမလောဘ- သူတပါးပိုင်ဆိုင် သိမ်းဆည်းထားသော ဥစ္စာကိုတပ်မက်ရယူလိုခြင်း၊
(၃) မိစ္ဆာဓမ္မ- မေထုန်မှု မပြုထိုက်သောဝတ္ထု၌ အတင်း ကျင့်ကြံခြင်း။

လူတို့သဒ္ဓါ၊ ဖျက်ဆီးရှာ၊ ၈-ဖြာတရားညစ်

ရဟန်းတော်များ မိမိကိုကြည်ညိုအောင် လုပ်နည်း တရားဆိုးကြီး ရှစ်ပါး၊ နောက် ရဟန်းကသူ့လိုလိုက်မလုပ်လျှင် ဒါယကာတို့ မကြည်ညိုဖြစ်သောကြောင့် သဒ္ဓါဖျက်သည် ဟူ၏၊ ၎င်းသရုပ်ကို (ကုလဒူသက တရားရှစ်ပါး) ၌ ဆိုခဲ့ပြီ။

လူနက္ခတ် ၈-လုံး

အောက်ပါ နက္ခတ် ရှစ်လုံးကို လူနက္ခတ်ဟု သမုတ်ကြ၏။
(၁) အဒြ နက္ခတ်၊
(၂) ပြုပ္ပါဘဂုဏ္ဏီ နက္ခတ်၊
(၃) ဥတ္တာဘရဂုဏ္ဏီ နက္ခတ်၊
(၄) ဘရဏီ နက္ခတ်၊
(၅) ဥတ္တရာ သဠိနက္ခတ်၊
(၆) ပြုပ္ပါပရပိုက် နက္ခတ်၊
(၇) ဥတ္တရာပရပိုက်နက္ခတ်၊
(၈) ရောဟဏီနက္ခတ်။

လူနက္ခတ် ၉-လုံး တနည်း

မိမိတို့ ဇာတာခွင်၌ စန်းယှဉ်နက္ခတ်သည်အောက်ဖေါ်ပြပါ
၉-လုံးတွင်ပါဝင်က လူနက္ခတ်ဟု သိလေ၊ အကျယ်ကိုမူ (နက္ခတ် ၉-လုံး)၌ ပြန်ကြည့်ပါ။
(၁) ဘရဏီနက္ခတ်၊
(၂) ရောဟဏီနက္ခတ်၊
(၃) မိဂသီ နက္ခတ်၊
(၄) ပြုပ္ပါဘရဂုဏ္ဏီနက္ခတ်၊
(၅) ဥတ္တာဘရဂုဏ္ဏီ နက္ခတ်၊
(၆) ပြုပ္ပါ သဠ် နက္ခတ်၊
(၇) ဥတ္တရာသဠ်နက္ခတ်၊
(၈) ပြုပ္ပါဘဒြပိုက် နက္ခတ်၊
(၉) ဥတ္တရာဘဒြပိုက် နက္ခတ်။

လူနတ်ချစ်ရာ၊ အင် ၈-ဖြာ

(၁) ပိယဝါစာ- ချစ်ဘွယ် သာယာနူးညံ့စွာပြောဆိုတတ်ခြင်း၊
(၂) စာဂ-ပေးကမ်းစွန့်ကြဲခြင်း၊
(၃) ပရဟိတတ္ထ- သူ့အကျိုးစီးပွားကို လိုလားခြင်း၊
(၄) နော အမနာပဝါစီ-နောက်ကွယ်၌သူ့အတင်း စကားမပြော, ကုန်းမချောခြင်း၊
(၅) သီလဝါ- အကျင့် သီလ ရှိခြင်း၊
(၆) ဝတ္ထ ပရိပုရီ- လောကဝတ် ဉပ ဖေါ် ရွေခြင်း၊
(၇) ပညဝါ-ပညာရှိခြင်း၊
(၈) အကောခ- အမျက်မရှိခြင်း။

လူနာများ လိုက်နာရန် အင်္ဂါ ၅-ပါး

(၁) သင့်လျော်သော နေရာ၌သာနေရခြင်း၊
(၂) ဆရာကြွေးသည့် သင့်လျော်သော ဆေးကိုသာ မှီဝဲသုံးဆောင်ရခြင်း၊
(၃) ဆရာတားသည့် မသင့်သော အစာကို မစားသောက်ရခြင်း၊
(၄) ဝေဒနာဖြစ်ပုံကို ဆရာ့အား မှန်ကန်စွာ ပြောရခြင်း၊
(၅) ဝေဒနာခံခက် နှိပ်စက်ခြင်းကို သည်းခံနိုင်ခြင်း။

လူမလေး ခွေမခံ့သော ပုဂ္ဂိုလ် တကျိပ်

အဘိ၊ပု၊၁၇၄။ အဘိ၊ဋ္ဌ၊၃၊၉၇။ အံ၊၂၊၁၄၅။ အံ၊ဋ္ဌ၊၃၊၅၀-တို့၌ ရှုပါ။ သူတပါးတို့မရိုသေ မလေးစား မထေမဲ့မြင် အောက်မေ့ ဉပလုပ် ပြောဆိုခံရသူဆယ်ယောက်။
(၁) ဝိဓဝါ- လင်မရှိ, လင်ကင်းနေသူ မိန်းမ၊
(၂) ဒုဗ္ဗလ- အင်အားဗလ မရှိသူ၊
(၃) အ မိတ္တ ဉာတိ- ဆွေမျိုး မိတ်ဆွေမရှိသူ၊
(၄) မဟဂ္ဃသ- အစားကြူးသူ အစားပုပ်သူ၊
(၅) ဂရုကာဗာဓ- ကြီးသောရောဂါရှိသူ၊
(၆) ပါပမိတ္တ- မကောင်းသော မိတ်ဆွေရှိသူ၊
(၇) ဓန ဟီန- မစ္စည်းဥစ္စာ မရှိသူ၊
(၈) အာစာရ ဟီန- အကျင့်ယုတ်သူ၊
(၉) ကမ္မ ဟီန- အလုပ် မရှိ ပျင်းရိသောသူ၊
(၁၀) ပယောဂ ဟီန- လုံ့လပယောဂချို့တဲ့သူ။

လူမိန်းမသား၊ ဧတဒဂ်ထား၊ ၁၀-ပါး အဘယ်နည်း

၎င်း သရုပ်ကို(ဧတဒဂ်ရသူ လူမိန်းမ ၁၀-ယောက်)၌ ဆိုခဲ့ပြီ။

လူမိုက်အပြား၊ မျိုး ၁၀-ပါး၊ ဖြေကြား ဘယ်ကျမ်းတွင်

၎င်းလူမိုက်ကြီးဆယ်ပါးကို ရှင်မဟာရဋ္ဌသာရရေး ဘူရိတလင်္ကာကြီးတွင် “သာကီယ”ဟုချီသော အပိုဒ်၌
(ရမ်းကား ရမ်းကိုး၊ ရန်စပျိုး၍၊ အမျိုးမေးတောင်း၊ သမင်ရောင်းနှင့်၊ ဆေးပေါင်းပဲဝယ်၊ ရေဆယ်မီးယူ၊
ဝံကူပုန်းစလုတ်၊ သစ်ခုတ် ယောကျ်ား၊ မုံ့ဆန်စားနှင့်၊ ဆယ်ပါးလူမိုက်၊ လူတို့၌တွင်၊ ဤလုလင်သည်၊ ဝင်၏လည်းကောင်း၊ ) ဟူ၍ လူမိုက်သရုပ်ကို စပ်ဆိုထားလေသည်၊
ထိုပြင် ကန်တော်မင်ကျောင်း မေတ္တာစာ အဖြေ၌လည်း၊ လူမိုက်ဆယ်ပါး ဟူသည်ကား၊ “မုံ့ဆန်စားနှင့်၊ မေးမှားမျိုးနွယ်၊ ရေဆယ်ဝံကူ၊ မီးယူသစ်ခုတ်၊ ပုန်းစလုတ်က၊ ပဲပြုတ် ဆေးပေါင်း၊
သမင်ရောင်း”ဟုအကျဉ်းမျှ ရေးသားပြီးလျှင် အကျယ် ပြဆိုထားလေသည်၊ ၎င်း ကျမ်း၌ရှုလေ။

လူမိုက်ကြီး ၂-ယောက်

အမိုက်တန်ခွန်စိုက်သူ ၂-ယောက် ဟူ၏။
(၁) အစ္စယံအစ္စေယောတိ န ပဿတိ- မိမိ၏ မိုက်ပြစ် အမှား တရားစုကို မိုက်မှားနေမှန်းမသိ မမြင်သူ၊
(၂) ယထာဓမ္ပံ န ပဋိဂ္ဂဏှာတိ- အမှန်တရားကို ပြောကြားညွှန်ပြသော်လည်း မလိုက် မနာယူသူ။

လူမိုက်လက္ခဏာ၊ အင် ၃-ဖြာ၊ ကျမ်းလာ ပါဠိ အသို့နည်း

အံ၊၁၊၁၀၀။ အံ၊ဋ္ဌ၊၂၊၇၁။
(၁) ဒုစိန္တိတ စိန္တာ- မကောင်းမှန်းသိလျက်မကောင်းကြံခြင်း၊
(၂) ဒုဘာသိတဘာသီ- မကောင်းဟုသိလျက် မကောင်းတာပြောခြင်း၊
(၃) ဒုကမ္မ ကာရီ- မကောင်းမှုကို သိလျက် ဇွတ်တိုး ဉပလုပ်ခြင်း။

လူမျိုး ၄-ပါး

ဝိမာနဝတ္ထု အဋ္ဌကထာမှ။
(၁) မနုဿ နေရယိက- လူ့ငရဲသား ခေါ် မကောင်းမှုကိုအမြဲ ဉပနေသူ၊
(၂) မနုဿ တိရစ္ဆာန- လူ့တိရစ္ဆာန် ခေါ် စားကာ အိပ်ကာ ကာမမှုနှင့်သာ အမှတ်မဲ့နေသူ၊
(၃) မနုဿ ပေတ- လူ့ပြိတ္တာ ခေါ် သားမယား ဥစ္စာစွဲဖြင့် လောဘကြီးနေသူ၊
(၄) မနုဿ ပရမတ္ထ- သူတော်ကောင်း အကျင့်တရား ရှိသူလူမြတ်။

လူမျိုး ၄-ပါး၊ တနည်း

၎င်း သရုပ် အဓိပ္ပါယ်ကို (အမျိုးကြီး ၄-ပါး)၌ပြခဲ့ပြီး။

လူမျိုး ၁၀၁-ပါး

ဤ၌ လူမျိုးတမျိုး စကားတခုရှိလျှင် စကားမျိုး၁၀၁-ပါး ရှိရပေမည်၊ ဘာသာစကားမျိုး၁၀၁-ပါးရှိကြောင်း ပဋိသံ၊ဋ္ဌ၊၁၊၇။ ဝိသုဒ္ဓိ၊၂၊၇၂-တို့၌ အမြွက်မျှပါရှိသည်။ “ရှမ်းမျိုးတိံသာ၊ မြန်မာ သတ္တ၊ မွန်သုံးဝနှင့်၊ ဧကစွန်းကယ်၊ ခြောက်ဆယ်ကုလား၊ ရာ့တပါးဟု၊“
ရှေးဟောင်းလင်္ကာများမှာ ဆိုသည်၊ ထိုလင်္ကာအရ ဇမ္ဗူ့တံဆိပ်ကျမ်းလာ ၁၀၁-ပါးသရုပ်နှင့် မညီ၊
ထိုကျမ်းမှာ မြန်မာ ၇၊ မွန် တလိုင်း ၄၊ ရှမ်း ၃၀၊ ကုလား၆၀-ဟု လာသည်။

လူယုတ်ဒါနာ၊ မျိုး ၅-ဖြာ၊ ရှောင်ကာ ပေးလှူကြ

၎င်း သရုပ်ကို(သူယုတ်တို့ ပေးလှူနည်း ၅-မျိုး) ဟူသော သရုပ်၌ ရှုပါကုန်။

လူယောကျ်ားများ၊ ဧတဂ်ထား၊ ၁၀-ပါး မည်သူနည်း

၎င်း သရုပ်ကို(ဧတဒဂ်ရ လူယောကျ်ား ၁၀-ယောက်)၌ ဆိုခဲ့ပြီ။လူယောကျ်ားများ၊ ဧတဂ်ထား၊ ၁၀-ပါး မည်သူနည်း?

လူရဟန္တာ၊ ၅-ဦးမှာ၊ စံရှာ နိဗ္ဗာန်နန်း

လူဝတ်နှင့် အရဟတ္တဖိုလ် ရ၍ ထိုနေ့မှာပင် လူ့ အဖြစ်နှင့်ပရိနိဗ္ဗာန် စံသွားကြသည့် အောက်ပါလူရဟန္တာပုဂ္ဂိုလ် ငါးယောက်တို့ကို ဆို၏။
(၁) ဥဂ္ဂသေန သူကြွယ်၊
(၂) သန္တတိ အမတ်ကြီး၊
(၃) ဝီတသောက လုလင်၊
(၄) ဒါရုစိ ပရိဗိုဇ်၊
(၅) ခမည်းတော် သုဒ္ဓေါဒနမင်းကြီးတို့ ဖြစ်၏။

လူသားတို့ ပျက်စီးကြောင်းတရား ၃-ပါး

ဒီ၊၃၊၅၈။ ဒီ၊ဋ္ဌ၊၃၊၃၆-၌ အကျယ်ရှု။
(၁) အဓမ္မရာဂ- မိခင်, မိကြီး, မိထွေး, ညီမ, အစ်မ စသည့် မလျော်သောသူတို့၌ ဖြစ်သော ရာဂ၊
(၂) ဝိသမာလောဘ- အမြတ်ကြီးစား ခေါင်းပုံဖြတ် မမျှတလွန်းသော အလိုရမ္မက်၊
(၃) မိစ္ဆာဓမ္မ- ယောကျ်ားချင်း မိန်မချင်း လိင်တူချင်းချင်း မေထုန်ကျင့်သောတဏှာရာဂ။

လူသူ ၄-ပါး

(၁) ရဟန်း၊
(၂) ပုဏ္ဏား၊
(၃) မင်း၊
(၄) ဆင်းရဲသား၊
အချို့ဆရာတို့ကား ဤဖော်ပြပါပရိသတ် လေးပါးကို အလိုရှိကုန်၏၊ ၎င်း ဝေါဟာရသည် (လူသူလေးပါး၊ ကြားလို့မှ မသင့်လျော် ဟူသော) စကားရပ်၌ ထင်ရှား၏၊ အချို့ဆရာတို့က အမျိုးလေးပါးကို ဆိုသည်ဟုယူကြသေး၏။

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း အချက် ၃၀

အပိုဒ် ၁- လူတိုင်းသည်တူညီလွတ်လပ်သောဂုဏ်သိက္ခာဖြင့်လည်းကောင်း၊ တူညီလွတ်လပ်သော
အခွင့်အရေးများ ဖြင့်လည်းကောင်း မွေးဖွားလာသူများဖြစ်သည်။ ထိုသူတို့၌ ပိုင်းခြားဝေဖန်တတ်
သောဉာဏ်နှင့် ကျင့်ဝတ် သိတတ်သော စိတ်တို့ရှိကြ၍ ထိုသူတို့သည် အချင်းချင်းမေတ္တာထား၍
ဆက်ဆံကျင့်သုံးသင့်သည်။
အပိုဒ် ၂- လူတိုင်းသည် လူ့အခွင့်အရေးကြေညာစာတမ်းတွင် ဖော်ပြထားသည့် အခွင့်အရေး
အားလုံး၊ လွတ်လပ်ခွင့် အားလုံးတို့ကို ပိုင်ဆိုင်ခံစားခွင့်ရှိသည်။ လူမျိုးနွယ်အားဖြင့်ဖြစ်စေ၊
အသားအရောင်အားဖြင့်ဖြစ်စေ၊ ကျား၊ မ သဘာဝအားဖြင့်ဖြစ်စေ၊ ဘာသာစကားအားဖြင့်ဖြစ်စေ၊
ကိုးကွယ်သည့် ဘာသာအားဖြင့်ဖြစ်စေ၊ နိုင်ငံ ရေးယူဆချက် သို့တည်းမဟုတ် အခြားယူဆချက်
အားဖြင့်ဖြစ်စေ၊ နိုင်ငံနှင့်ဆိုင်သော သို့တည်းမဟုတ် လူ နေမှုအဆင့်အတန်းနှင့်ဆိုင်သောဇစ်မြစ်အားဖြင့်
ဖြစ်စေ၊ ပစ်္စည်းဥစ္စာဂုဏ်အားဖြင့်ဖြစစေ၊ အခြားအဆင့် အတန်းအားဖြင့်ဖြစ်စေ ခွဲခြားခြင်းမရှိစေရ။
ထို့ပြင် လူတစ်ဦးတစ်ယောက်နေထိုင်ရာ နိုင်ငံ၏ သို့တည်းမဟုတ် နယ်မြေဒေသ၏ နိုင်ငံရေး
ဆိုင်ရာဖြစ်စေ၊ စီရင်ပိုင်ခွင့်ဆိုင်ရာဖြစ်စေ၊ တိုင်းပြည်အချင်းချင်းဆိုင်ရာဖြစ်စေ၊ အဆင့်အတန်း
တစ်ခုခုကို အခြေပြု ၍သော်လည်းကောင်း၊ ဒေသနယ်မြေတစ်ခုသည် အချုပ်အခြာအာဏာပိုင်
လွတ်လပ်သည့်နယ်မြေ သို့ တည်းမဟုတ် ကုလသမဂ္ဂမှထိန်းသိမ်စောင့်ရှောက်ထားရသည့်နယ်မြေ၊
သို့တည်းမဟုတ် ကိုယ်ပိုင်အုပ်ချုပ် ခွင့်အာဏာတို့ကို တစိတ်တဒေသလောက်သာရရှိသည့်နယ်မြေ
စသည်ဖြင့် ယင်းသို့သော နယ်မြေများ ဖြစ်သည်၊ မဖြစ်သည်ဟူသောအကြောင်းကိုအထောက်အထား
ပြု၍သော်လည်းကောင်း ခွဲခြားခြင်းလုံးဝ မရှိစေရ။
အပိုဒ် ၃- လူတိုင်း၌ အသက်ရှင်ရန် လွတ်လပ်မှုခွင့်နှင့် လုံခြုံစိတ်ချခွင့်ရှိသည်။
အပိုဒ် ၄- မည်သူ့ကိုမျှ ကျေးကျွန်အဖြစ် သို့တည်းမဟုတ် အစေအပါးအဖြစ် နိုင်ထက်စီးနင်း
ခိုင်းစေခြင်း မပြုရ၊ လူ ကို ကျွန်သဖွယ် အဓမ္မခိုင်းစေခြင်း၊ အရောင်းအဝယ်ပြုခြင်းနှင့် ထိုသဘော
သက်ရောက်သော လုပ်ငန်းဟူသမျှကို ပိတ်ပင်တားမြစ်ရမည်။
အပိုဒ် ၅- မည်သူ့ကိုမျှ ညှင်းပန်းနှိပ်စက်ခြင်း သို့တည်းမဟုတ် ရက်စက်ကြမ်းကြုတ်စွာ လူမဆန်စွာ
ဂုဏ်ငယ်စေသော ဆက်ဆံမှုမပြုရ။ သို့တည်းမဟုတ် အပြစ်ဒဏ်ပေးခြင်းမပြုရ။
အပိုဒ် ၆- လူတိုင်းတွင် ဥပဒေအရာ၌ လူပုဂ်္ဂိုလ်တစ်ဦးအဖြစ်ဖြင့် အရာခပ်သိမ်းတွင် အသိအမှတ်
ပြုခြင်းကို ခံယူပိုင်ခွင့်ရှိသည်။
အပိုဒ် ၇- လူအားလုံးတို့သည် ဥပဒေအရာ၌တူညီကြသည့်အပြင်၊ ဥပဒေ၏အကာအကွယ်ကို
ခြားနားခြင်းမခံရစေပဲ တူညီစွာခံစားပိုင်ခွင့်ရှိသည်။ ဤကြေညာစာတမ်းပါ သဘောတရား
များကိုဖီဆန်၍ ခွဲခြားခြင်းမှလည်း ကောင်း၊ ထိုသို့ခွဲခြားခြင်းကို လှုံ့ဆော်ခြင်းမှလည်းကောင်း
ကင်းလွတ်စေရန် အကာအကွယ်ကို တူညီစွာခံစားပိုင်ခွင့်ရှိသည်။
အပိုဒ် ၈- ဖွဲ့စည်းပုံအခြေခံဥပဒေကသော်လည်းကောင်၊ အခြားဥပဒေကသော်လည်းကောင်း
လူတိုင်းအတွက်ပေး ထားသည့် အခြေခံအခွင့်အရေးများသည် ချိုးဖောက်ခံခဲ့ရလျှင် ထိုသို့ချိုးဖောက်
ဖျက်ဆီးသောပြုလုပ်မှုကြောင့်ဖြစ်ပေါ်လာသော နစ်နာချက်အတွက် ထိုသူသည် နိုင်ငံဆိုင်ရာ
အာဏာပိုင်တရားရုံးတွင် ထိရောက်စွာ သက်သာခွင့်ရနိုင်စေရမည်။
အပိုဒ် ၉- မည်သူမျှ ဥပဒေအရမဟုတ်သော ဖမ်းဆီးခြင်းကိုဖြစ်စေ၊ ချုပ်နှောင်ခြင်းကိုဖြစ်စေ၊
ပြည်နှင်ခြင်းကိုဖြစ်စေ မခံစေရ။
အပိုဒ် ၁၀- အခွင့်အရေးများနှင့် တာဝန်ဝတ်္တရားများကို အဆုံးအဖြတ်ခံရာတွင်လည်းကောင်း၊
ပြစ်မှုကြောင့် တရားစွဲ ဆိုစီရင်ဆုံးဖြတ်ခံရာတွင်လည်းကောင်း၊ လူတိုင်းသည် လွတ်လပ်၍ဘက်မလိုက်
သော တရားရုံးတော်၏ လူအများရှေ့မှောက်တွင် မျှတစွာကြားနာစစ်ဆေးခြင်းကို တူညီစွာခံစား
ပိုင်ခွင့်ရှိသည်။
အပိုဒ် ၁၁- (၁) လူအများရှေ့မှောက်၌ ဥပဒေအတိုင်းစစ်ဆေး၍ ပြစ်မှုကျူးလွန်သည်ဟု
ထင်ရှားစီရင်ခြင်းခံရ သည့်အချိန်အထိ ပြစ်မှုနှင့်တရားစွဲဆိုခြင်းခံရသူတိုင်းသည် အပြစ်မဲ့သူဟူ၍
ယူဆခြင်းခံထိုက်သည့် အခွင့် အရေးရှိသည်။ ထိုအမှုကိုကြားနာစစ်ဆေးရာဝယ် စွပ်စွဲခံရသည့်
ပြစ်မှုအတွက် ခုခံချေပနိုင်ရန် လိုအပ် သောအခွင့်အရေးများကို ထိုသူအားပေးပြီးဖြစ်စေရမည်။
(၂) လူတစ်ဦးတစ်ယောက်အား နိုင်ငံဥပဒေအရဖြစ်စေ၊ အပြည်ပြည်ဆိုင်ရာ
ဥပဒေအရဖြစ်စေ၊ ပြစ်မှု မမြောက်သောလုပ်ရပ် သို့မဟုတ် ပျက်ကွက်မှုအရ ဆွဲဆိုအပြစ်ပေးခြင်း
မပြုရ။ ထို့အပြင် ပြစ်မှုကျူးလွန် စဉ်အခါက ထိုက်သင့်စေနိုင်သောအပြစ်ဒဏ်ထက်ပိုမိုကြီးမားသော
အပြစ်ဒဏ်ကို ထိုက်သင့်ခြင်းမရှိစေရ။
အပိုဒ် ၁၂- မည်သူမျှမိမိသဘောအတိုင်းအေးချမ်းလွတ်လပ်စွာနေထိုင်ခြင်းကိုသော်လည်း
ကောင်း၊ မိမိ၏မိသားစုကို သော်လည်းကောင်း၊ မိမိ၏နေအိမ်အသိုက်အဝန်းကိုသော်လည်းကောင်း၊
စာပေးစာယူကိုသော်လည်း ကောင်း၊ ဥပဒေအရမဟုတ်သော ဝင်ရောက်စွက်ဖက်ခြင်း မခံစေရ။
ထို့ပြင် မိမိ၏ဂုဏ်သိက်္ခာကိုလည်း အထက်ပါအတိုင်း ပုတ်ခတ်ခြင်းမခံစေရ။ လူတိုင်းတွင်ထိုသို့ဝင်ရောက်
စွက်ဖက်ခြင်းမှသော်လည်း ကောင်း၊ ပုတ်ခတ်ခြင်းမှသော်လည်းကောင်း ဥပဒေအရကာကွယ်ပိုင်ခွင့်ရှိသည်။
အပိုဒ် ၁၃- (၁) လူတိုင်းတွင် မိမိနိုင်ငံနယ်နိမိတ်အတွင်း၍လွတ်လပ်စွာသွားလာရွှေ့ပြောင်းနိုင်ခွင့်၊
နေထိုင်ခွင့်ရှိ သည်။
(၂) လူတိုင်းတွင် မိမိနေထိုင်ရာတိုင်းပြည်မှလည်းကောင်း၊ အခြားတိုင်းပြည်မှ
လည်းကောင်း ထွက်ခွာ သွားပိုင်ခွင့်ရှိသည့်အပြင် မိမိတိုင်းပြည်သို့ပြန်လာပိုင်ခွင့်လည်းရှိသည်။
အပိုဒ် ၁၄- (၁) လူတိုင်းညှင်းပန်းနှိပ်စက်ခံနေရခြင်းမှလွတ်ကင်းရန် အခြားတိုင်းပြည်များ၌
အေးချမ်းစွာခိုလှုံနေ နိုင်ခွင့်ရှိသည်။
(၂) နိုင်ငံရေးနှင့်မပတ်သက်သည့် ပြစ်မှုများမှသော်လည်းကောင်း၊ ကုလသမဂ်္ဂ၏
ရည်ရွယ်ချက်နှင့် သ ဘောတရားမူများကိုဖီဆန်သော အမှုများမှသော်လည်းကောင်း၊အမှန်ပေါ်ပေါက်
လာသောပြစ်မှုကြောင့် တရားစွဲဆိုခြင်းခံရသည့် အမှုအခင်းများတွင် အထက်ပါအခွင့်အရေးကို
အသုံးမပြုနိုင်စေရ။
အပိုဒ် ၁၅- (၁) လူတိုင်းသည် နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံသားအဖြစ် ခံယူခွင့်ရှိသည်။
(၂) ဥပဒေအရမဟုတ်လျှင် မည်သူုမျှ မိမိ၏နိုင်ငံသားအဖြစ်ကိုစွန့်လွှတ်ခြင်းမခံစေရ။
နိုင်ငံသားအဖြစ် ပြောင်းလဲနိုင်သော အခွင့်အရေးကိုလည်း ငြင်းပယ်ခြင်းမခံစေရ။
အပိုဒ် ၁၆- (၁) အရွယ်ရောက်ပြီးသော ယောကျ်ားနှင့်မိန်းမတို့တွင် လူမျိုးကိုသော်လည်းကောင်း၊
နိုင်ငံသားအဖြစ် ကိုသော်လည်းကောင်း၊ ကိုးကွယ်သည့်ဘာသာကိုသော်လည်းကောင်း
အကြောင်းပြု၍ ကန့်သတ်ခြင်းမရှိ ဘဲ ထိမ်မြားနိုင်ခွင့်နှင့် မိသားစုထူထောင်ခွင့်ရှိသည်။ အဆိုပါ
ယောကျ်ားနှင့်မိန်းမတို့သည် လင်မယားအဖြစ်ပေါင်းသင်းနေစဉ်အချိန်အတွင်း၌သော်လည်းကောင်း၊
အိမ်ထောင်ကိုဖျက်သိမ်း၍ ကွာရှင်းကြသည့် အခါ၌သော်လည်းကောင်း၊ လက်ထပ်ပေါင်းသင်း
အိမ်ထောင်ပြုခြင်းနှင့်စပ်လျဉ်းသော တူညီသည့်အခွင့်အရေးများကို ရရှိထိုက်သည်။
(၂) သတို့သားနှင့်သတို့သမီး နှစ်ဦးနှစ်ဖက်၏ လွတ်လပ်သောသဘောဆန်္ဒရှိ
မှသာလျှင် လက်ထပ် ထိမ်းမြားခြင်းကိုပြုရမည်။
(၃) မိသားစုတခုသည် လူ့အဖွဲ့အစည်း၏ သဘာဝကျသော အခြေခံအဖွဲ့တရပ်ဖြစ်သည်။
ထိုမိသားစုသည် လူ့အဖွဲ့အစည်းနှင့် အစိုးရတို့၏ ကာကွယ်စောင့်ရှောက်ခြင်းကိုခံယူခွင့်ရှိသည်။
အပိုဒ် ၁၇- လူတိုင်းတွင် မိမိတစ်ဦးချင်းသော်လည်းကောင်း၊ အခြားသူများနှင့်ဖက်စပ်၍
သော်လည်းကောင်း၊ ပစ်္စည်းဥစ္စာတို့ကိုပိုင်ဆိုင်ရန် အခွင့်အရေးရှိရမည်။ ဥပဒေအရမဟုတ်လျှင်မည်သူမျှ
မိမိ၏ပစ်္စည်းဥစ်္စာပိုင်ဆိုင် ခွင့်ကို စွန့်လွှတ်ခြင်းမခံစေရ။
အပိုဒ် ၁၈- လူတိုင်းတွင် လွတ်လပ်စွာတွေးခေါ်ကြံဆနိုင်ခွင့်၊ လွတ်လပ်စွာ ခံယူရပ်တည်နိုင်ခွင့်နှင့်
လွတ်လပ်စွာသက်ဝင်ကိုးကွယ်နိုင်ခွင့်ရှိသည်။ အဆိုပါအခွင့်အရေးများ၌ မိမိကိုးကွယ်သည့်
ဘာသာကို သို့တည်းမဟုတ် သက်ဝင်ယုံကြည်ချက်ကို လွတ်လပ်စွာပြောင်းလဲနိုင်ခွင့်ပါဝင်သည့်
အပြင် မိမိတစ်ယောက်ချင်းဖြစ်စေ၊ အခြားသူများနှင့်စုပေါင်း၍ဖြစ်စေ၊ ပြည်သူအများရှေ့မှောက်
တွင်သော်လည်းကောင်း၊ ရှေ့မှောက်တွင်မဟုတ် ဘဲသော်လည်းကောင်း၊ မိမိကိုးကွယ်သော
ဘာသာကို သို့တည်းမဟုတ် သက်ဝင်ယုံကြည်ချက်ကို လွတ် လပ်စွာသင်ပြနိုင်ခွင့်၊ ဝတ်ပြုကိုးကွယ်
နိုင်ခွင့်နှင့် ဆောက်တည်နိုင်ခွင့်တို့လည်း ပါဝင်သည်။
အပိုဒ် ၁၉- လူတိုင်းသည် လွတ်လပ်စွာထင်မြင်ယူဆနိုင်ခွင့်နှင့် လွတ်လပ်စွာဖွင့်ဟပြောပြနိုင်ခွင့်
ရှိသည်။ အဆိုပါအ ခွင့်အရေးများ၌ အနှောက်အယှက်မရှိဘဲ လွတ်လပ်စွာထင်မြင်ယူဆနိုင်ခွင့်
ပါဝင်သည့်အပြင်၊ နိုင်ငံနယ် နိမိတ်များကိုထောက်ထားရန်မလိုဘဲသတင်းအကြောင်းအရာနှင့်
သဘောတရားများကို တနည်းနည်းဖြင့် လွတ်လပ်စွာရှာယူဆည်းပူးနိုင်ခွင့်၊ လက်ခံနိုင်ခွင့်နှင့်
ဝေငှဖြန့်ချိခွင့်တို့လည်း ပါဝင်သည်။
အပိုဒ် ၂၀- (၁) လူတိုင်းတွင် လွတ်လပ်အေးချမ်းစွာစုဝေးနိုင်ခွင့်နှင့် ဖွဲ့စည်းနိုင်ခွင့်တို့ရှိသည်။
(၂) မည်သူ့ကိုမျှ အဖွဲ့အစည်းတစ်ခုသို့ဝင်စေရန် အတင်းအကျပမပြုရ။
အပိုဒ် ၂၁- (၁) လူတိုင်းတွင် မိမိနိုင်ငံ၏အုပ်ချုပ်ရေး၌ကိုယ်တိုင်ဖြစ်စေ၊ လွတ်လပ်စွာရွေးချယ်
လိုက်သည့်ကိုယ်စား လှယ်များမှတစ်ဆင့်ဖြစ်စေ ပါဝင်ဆောင်ရွက်နိုင်ခွင့်ရှိသည်။
(၂) လူတိုင်းတွင် မိမိနိုင်ငံရှိ ပြည်သူ့ဝန်ထမ်းအဖွဲ့၌ဝင်ရောက်နိုင်ရန် တူညီသည့်
အခွင့်အရေးရှိသည်။
(၃) ပြည်သူပြည်သားတို့၏ဆန်္ဒသည် အုပ်ချုပ်ရေးအာဏာ၏ အခြေခံဖြစ်ရမည်။
အဆိုပါဆန္ဒကို အ ချိန်ကာလပိုင်းခြားလျက် စစ်မှန်သောရွေးကောက်ပွဲများဖြင့် ထင်ရှားစေရမည်။
ရွေးကောက်ပွဲများတွင် လည်း လူတိုင်းအညီအမျှ ဆန္ဒမဲပေးပိုင်ခွင့်ရှိရမည့်အပြင်၊ ထိုရွေးကောက်ပွဲ
များကို လျှို့ဝှက်မဲပေးစနစ်ဖြင့် ဖြစ်စေ၊ အလားတူလွတ်လပ်သော မဲပေးစနစ်ဖြင့်ဖြစ်စေ ကျင်းပရမည်။
အပိုဒ် ၂၂- လူတိုင်းတွင် လူ့အဖွဲ့အစည်း၏ အဖွဲ့ဝင်တစ်ဦးအနေနှင့် လူမှုရေးလုံခြုံခွင့်ရယူ
ပိုင်ခွင့်ရှိသည့်အပြင် နိုင်ငံ ရေးကြိုးပမ်းမှုဖြင့်ဖြစ်စေ၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုဖြင့်ဖြစ်စေ၊
နိုင်ငံအသီးသီး၏ဖွဲ့စည်းပုံနှင့် လည်းကောင်း၊ သယံဇာတအင်အားနှင့်လည်းကောင်း ထိုသူ၏
ဂုဏ်သိက်္ခာနှင့်စရိုက်လက်္ခဏာ လွတ်လပ် စွာတိုးတက်မြင့်မားရေးအတွက် မရှိမဖြစ်လိုအပ်သော
စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု အခွင့်အရေး များကို သုံးစွဲပိုင်ခွင့်ရှိသည်။
အပိုဒ် ၂၃- (၁) လူတိုင်းတွင် အလုပ်လုပ်ရန်လည်းကောင်း၊ မိမိနှစ်သက်ရာ အသက်မွေးမှု
အလုပ်အကိုင်ကို လွတ် လပ်စွာရွေးချယ်ရန်လည်းကောင်း၊ တရားမျှတ၍လုပ်ပျော်သောအလုပ်ခွင်၏
အခြေအနေကိုရရှိရန်လည်း ကောင်း၊ အလုပ်လက်မဲ့ဖြစ်ရခြင်းမှ အကာအကွယ်ရရှိရန်လည်းကောင်း
အခွင့်အရေးရှိသည်။
(၂) လူတိုင်းတွင် ခွဲခြားခြင်းမခံရစေဘဲ တူညီသောအလုပ်အတွက် တူညီသော
အခကြေးငွေ ရနိုင်ခွင့် ရှိသည်။
(၃) အလုပ်လုပ်ကိုင်သည့်လူတိုင်းတွင် မိမိနှင့် မိမိ၏မိသားစုအတွက် လူ့ဂုဏ်သိက္ခာ
နှင့်ညီအောင် နေ ထိုင်စားသောက်နိုင်ရန် စိတ်ချလောက်သည့်အပြင် တရားမျှတ၍ လုပ်ပျော်သည့်
လစာကြေးငွေ ရပိုင်ခွင့် ရှိသည်။ လိုအပ်ခဲ့လျှင် အခြားနည်းလမ်းများမှလူမှုရေးအထောက်အပံ့
ကိုလည်း ထပ်မံ၍ ရနိုင်ခွင့်ရှိသည်။
(၄) လူတိုင်းအတွက် မိမိအကျိုးခံစားခွင့်ကိုကာကွယ်ရန် အလုပ်သမားအစည်းအရုံး
များဖွဲ့စည်းခွင့်၊ ပါဝင်ဆောင်ရွက်ခွင့် ရှိသည်။
အပိုဒ် ၂၄- လူတိုင်းတွင် သင့်မြတ်လျော်ကန်စွာ ကန့်သတ်ထားသည့် အလုပ်လုပ်ချိန်အပြင်
လစာနှင့်တကွ အခါအား လျော်စွာ သတ်မှတ်ထားသည့် အလုပ်အားလပ်ရက်များပါဝင်သည့်
အနားယူခွင့်နှင့် အားလပ်ခွင့်ကို ခံစားပိုင်ခွင့်ရှိသည်။
အပိုဒ် ၂၅- (၁) လူတိုင်းတွင် မိမိနှင့်တကွ မိမိ၏မိသားစု ကျန်းမာရေးနှင့်တကွ ကိုယ်စိတ်နှစ်ဖြာ
အေးချမ်းစွာ နေ ထိုင်နိုင်ရေးအတွက် အစာအဟာရ၊ အဝတ်အထည်၊ နေအိမ်၊ ဆေးဝါး အကူအညီ
နှင့် လိုအပ်သည့် လူမှု အထောက်အပံ့များပါဝင်သော သင့်တော်လျှောက်ပတ်သည့်လူမှုအဆင့်
အတန်းကို ရယူခံစားခွင့်ရှိသည်။ ထို့ပြင် အလုပ်လက်မဲ့ဖြစ်သောအခါ၌ သော်လည်းကောင်း၊
မကျန်းမမာဖြစ်သောအခါ၌ သော်လည်းကောင်း၊ ကိုယ်အင်္ဂါ မစွမ်းမသန်ဖြစ်သောအခါ၌
သော်လည်းကောင်း၊ မုဆိုးမဖြစ်သောအခါ၌ သော်လည်းကောင်း၊ အသက်အရွယ်အိုမင်းသော
အခါ၌ သော်လည်းကောင်း၊ မိမိကိုယ်တိုင်က မတတ်နိုင်သော အကြောင်းကြောင့် ဝမ်းစာရှာမှီး
နိုင်သော နည်းလမ်းမရှိသောအခါ၌ သော်လည်းကောင်း နေထိုင်စား သောက်ရေးအတွက်
လုံခြုံစိတ်ချရမှု အခွင့်အရေးရှိသည်။
(၂) သားသည်မိခင်များနှင့် ကလေးများသည် အထူးစောင့်ရှောက်ခြင်းနှင့် အကူအညီ
ပေးခြင်းကို ရ ခွင့်ရှိသည်။ ဥပဒေအရ ထိမ်းမြားခြင်းဖြင့်ဖြစ်စေ၊ အခြားနည်းဖြင့်ဖြစ်စေမွေးဖွားသော
ကလေးအားလုံး သည် တူညီသောလူမှုကာကွယ်စောင့်ရှောက်ရေးကို ရယူခံစားကြရမည်။
အပိုဒ် ၂၆- (၁) လူတိုင်းသည် ပညာသင်ယူနိုင်ခွင့်ရှိသည်။ အနည်းဆုံး မူလတန်းနှင့်အခြေခံ
အဆင့်အတန်းများ တွင် ပညာသင်ကြားရေးသည် အခမဲ့ဖြစ်ရမည်။ မူလတန်းပညာသည်
မသင်မနေရပညာရေးဖြစ်ရမည်။ စက်မှုလက်မှုပညာနှင့် အသက်မွေးမှုပညာများကို ယေဘုယျ
အားဖြင့် သင်ကြားရယူနိုင်စေရမည်။ ထို့ပြင် အထက်တန်းပညာအတွက် အရည်အချင်းကိုအခြေခံပြု၍
တူညီသောအခွင့်အရေး ရရှိစေရမည်။
(၂) ပညာသင်ကြားရေးကို လူသားတို့၏စရိုက်လက္ခဏာအပြည့်အဝတိုးတက်မှု
အပြင်၊ လူ့အခွင့်အရေး နှင့် အခြေခံလွတ်လပ်ခွင့်၊ ရိုသေလေးစားမှုတို့ကို ရှင်သန်ဖွံ့ဖြိုးလာ
စေရန်ရည်ရွယ်၍ သင်ကြားစေရမည်။ ပညာသင်ကြားရေးသည်နိုင်ငံအားလုံးတို့တွင်လည်းကောင်း၊
လူမျိုးစုများတွင်လည်းကောင်း၊ ဘာသာရေး အသင်းအဖွဲ့များတွင်လည်းကောင်း၊ အချင်းချင်း
နားလည်မှု၊ သည်းခံမှုနှင့် ခင်မင်ရင်းနှီးမှုတို့ကို အားပေးရ မည်။ ထို့ပြင် ငြိမ်းချမ်းရေးတည်တံ့အောင်
ဆောင်ရွက်ရန်အလို့ငှါ ကုလသမဂ်္ဂ၏ဆောင်ရွက်မှုများကို လည်း ဖြစ်မြောက်အောင်အားပေးရမည်။
(၃) မိဘတို့တွင် မိမိတို့၏ကလေးများသင်ယူရမည့် ပညာအမျိုးအစားကို ရွေးချယ်
နိုင်သော လက်ဦးအခွင့်အရေးရှိသည်။
အပိုဒ် ၂၇- (၁) လူတိုင်းတွင် သက်ဆိုင်ရာယဉ်ကျေးမှုလောက၌ လွတ်လပ်စွာပါဝင်ဆောင်ရွက်
နိုင်ခွင့် သုခုမပညာ ရပ်များကို လွတ်လပ်စွာ လိုက်စားမွေ့လျော်နိုင်ခွင့်၊ သိပ္ပံပညာထွန်းကားရေး
လုပ်ငန်းများတွင် လွတ်လပ် စွာဝင်ရောက်လုပ်ကိုင်နိုင်ခွင့်နှင့် ထိုပညာ၏အကျိုးအာနိသင်များကို
လွတ်လပ်စွာ ခံစားသုံးစွဲနိုင်ခွင့်ရှိ သည်။
(၂) လူတိုင်းတွင် သိပ်္ပံမှဖြစ်စေ၊ စာပေမှဖြစ်စေ၊ သုခုမပညာမှဖြစ်စေ မိမိကိုယ်ပိုင်
ဉာဏ်ဖြင့် ကြံစည် ဖန်တီးမှုမှဖြစ်ထွန်းလာသည့် ဂုဏ်နှင့်ငွေကြေးအကျိုးအမြတ်များကို ခံစားရယူ
နိုင်ရန်အခွင့်အရေးအတွက် ကာကွယ်မှုကိုရရှိရန် အခွင့်အရေးရှိသည်။
အပိုဒ် ၂၈- လူတိုင်းသည် ဤကြေညာစာတမ်းတွင်ဖော်ပြထားသည့် အခွင့်အရေးများနှင့်
လွတ်လပ်ခွင့်များကို အပြည့် အစုံရယူနိုင်သော လူမှုဆက်ဆံရေးအခြေအနေနှင့် အပြည်ပြည်
ဆိုင်ရာဆက်ဆံရေးအခြေအနေတို့၏ အ ကျိုးကျေးဇူးကို ခံစားနိုင်ခွင့်ရှိသည်။
အပိုဒ် ၂၉- (၁) မိမိ၏စရိုက်လက်္ခဏာ လွတ်လပ်စွာဖွံ့ဖြိုးတိုးတက်နိုင်သည့် တစ်ခုတည်းသော
လူ့အသိုင်းအဝန်း အတွက် လူတိုင်း၌တာဝန်ရှိသည်။
(၂) မိမိ၏အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကိုသုံးစွဲရာတွင် လူတိုင်းသည် အခြား
သူများ၏ အခွင့် အရေးများနှင့် လွတ်လပ်ခွင့်များကို အသိအမှတ်ပြု၍ ရိုသေလေးစားရန်အလို့ငှာ
လည်းကောင်း၊ ဒီမိုကရေ စီကျင့်သုံးသောလူ့အဖွဲ့အစည်းတွင် ကိုယ်ကျင့်တရားအပြင်ရ ပ်ရွာ
အေးချမ်းသာယာရေးနှင့် ပြည်သူ့အ ကျိုးစီးပွားဖြစ်ထွန်းရေးတို့အတွက် တရားမျှတစွာကျင့်ဆောင်ရန်
အလို့ငှာလည်းကောင်း ဥပဒေကပြဌာန်း ထားသည့် ချုပ်ချယ်မှုများဖြင့်သာ ကန့်သတ်ခြင်းခံရမည်။
(၃) အဆိုပါအခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကို မည်သည့်အမှုကိစ်္စတွင်မျှ
ကုလသမဂ္ဂ၏ရည် ရွယ်များနှင့်လည်းကောင်း၊ အခြေခံမူများနှင့်လည်းကောင်း ဆန့်ကျင်၍မသုံးစွဲရ။
အပိုဒ် ၃၀- ဤကြေညာစာတမ်းပါ အခွင့်အရေးနှင့်တကွ လွတ်လပ်ခွင့်များ၊ပျက်စီးရာ
ပျက်စီးကြောင်းတို့ကို ရည်ရွယ် ၍ နိုင်ငံတစ်နိုင်ငံအတွက်ဖြစ်စေ၊ လူတစ်စုအတွက်ဖြစ်စေ၊
လူတစ်ဦးတစ်ယောက်အတွက်ဖြစ်စေ ပါဝင် ဆောင်ရွက်ရန် အခွင့်ရှိသည်ဟုသော် လည်းကောင်း၊
ကိုယ်တိုင်ဆောင်ရွက်ရန်အခွင့်ရှိသည်ဟုသော် လည်းကောင်း အဓိပ္ပါယ်ပိုင်းခြားကောက်ယူခြင်း
မရှိစေရ။

လူး ၁၂-ပနား

“ရှမ်းကိုးဆက် ကိုးစော်ဘွား၊ လူးတဆယ့်နှစ် ပနား၊ ရာ့တပါးနှင့်၊ စော်ဘွား စော်ခံ၊ ရွှေဥကင်ဘုံပျံ၊ ညီလာခံ ခ,ညောင်း၊ မှူးမတ်ပေါင်းစုံလင်ကြပြီလား၊ မင်းကြီးများ“ဟူသော ဇာတ်သဘင်ဘုရင်၏ စကားဖြစ် လာသည်၊ ဤ၌ “လူးတဆယ့်နှစ်ပနား”သည်၊ ရှမ်းဘာသာ၌ “ရာ့စစ်ပ်ဆောင်ပနား”ဟု ခေါ်၍ နယ်ကြီး ၁၂-နယ်ဟု အဓိပ္ပါယ်ရလေသည်၊ “လူး“ဟူသော ဝေါဟာရ၏ မူရင်းကား ရှမ်းဘာသာ “လန့်စန့်“ဖြစ်လေသည်၊ ၎င်းကို မပီသသော မြန်မာတို့က”လင်းဇင်း”ဟု ခေါ်ဆိုရာ၊ နောက်ဆုံး “လူး”ဟု ဖြစ်လာလေသည်၊”လန့်-တသန်း၊ စန့်-ဆင်“မြန်မာလိုဆင်တသန်းနယ်၊ သို့မဟုတ် ဆင်တသန်းရှင်ဟု အဓိပ္ပါယ်ရလေသည်၊ လူးတဆယ့်နှစ်ပနား၏ သရုပ်ကို ကျွန်ုပ်တို့ သုတေသန လုပ်ဆဲဖြစ်၍ ဤကျမ်း၌ မဖော်ပြနိုင်သည်ကို ဝမ်းနည်းပါကြောင်း၊ သိရှိသော ပညာရှင်များက ကျွနု်တို့ထံ ပို့ပေးလျှင် တတိယအကြိမ်(နောက်အကြိမ်) ရိုက်နှိပ်ခြင်း(ဖြည့်စွက်တည်းဖြတ်ခြင်း)၌ ထည့်သွင်းဖော်ပြနိုင်ပါမည်။
လူး ၁၂-ပနား မှတ်ချက်။ ။ ဝန်ကြီးချုပ်ဦးနု၏ “တာတေစနေသား“စာအုပ်၊ စာမျက်နှာ ၂၄၁(ဇ) တွင် (တရုပ်ပြည် ယူနန်နယ်ထဲက ရှစ်ဆောင်ပဏ္ဏားဒေသမှာ သင်္ကြန်အခါ ဗမာတွေလိုပဲ ရေကစားတဲ့ ရှမ်းအမျိုးသားတွေနေတယ်။) ဟုဖေါ်ပြထားသည်။
“မြန်မာ့သမိုင်းမြေပုံများ“သန်းထွန်း(မြန်မာသမိုင်းအဖွဲ့ဝင်) စာအုပ်၊ စာမျက်နှာ ၅၃ “ ကျိုင်းတုံ သုံးဆယ့်နှစ်မြို့”မြေပုံတွင် (ကျိုင်းရုံမှာ လူးတဆယ့်နှစ်ပန်းနားတည်း။ ၎င်း ကျိုင်းရုံကြီး တစ်ဆယ့်နှစ်ပန်းနားကား လူးလဝတို့ဒေသ ပင်တည်း။ ၎င်း ကျိုင်းရုံ၊ ကျိုင်းတုံ နှစ်မြို့မှာ စည်တီး၊ မီးနှက်၊ ရေချိုး၊ တုံးခုံ ပွဲကျောင်းဘုန်းကြီးသာများသည်။) ဟုတွေ့ရသည်။
၎င်းစာအုပ် စာမျက်နှာ ၅၉ “ရှမ်းကိုးဆယ့်ကိုးနယ် (၁၈၆၆)“မြေပုံတွင်လည်း (ကျိုင်းရုံ - လူး၊ လဝ တို့၏ တစ်ဆယ်နှစ် ပန္နာ) ဟုထပ်တွေ့ရသည်။

လေတူရိယာ၊ မျိုး ၈-ဖြာ၊ မှုတ်ခါ သံငြိမ့်ငြောင်း

၎င်းသရုပ်ကို (တံပိုး ၈-ဖြာ၊ တူရိယာ)၌ ဆိုခဲ့ပြီ။

လေမျိုး ၈၀

သုတေသီတို့ အတွက် အမည်သိရုံမျှ ဖေါ်ပြသွားမည်၊ အကျယ်လိုမူ ခံဗူးဆရာတော် ဆေးကျမ်း၌ လွယ်လွယ်ရှုလေ။
(က) ပါဒရက် လေမျိုး ၈-ပါး။
(၁) ဥဏှ ဝါတ- ခြေမှပူ၍ တက်သောလေ။
သီတ ဝါတ- ခြေမှ အေး၍တက်သောလေ။
ဥဘယ ဝါတ- ပူအေး ၂-ပါးရော၍ တက်သော လေ။
ဥပါ ဝါတ- တစုံတရာကပ်ငြိသကဲ့သို့ ထင်၍ တပ်သော လေ။
ကပ္ပလ ဝါတ- တခြားဝတ္ထုတို့ဖြင့်ကပ်ဆွဲနေသလို ထင်သော လေ။
ဇောဂ္ဂ ဝါတ- မြှော့တွယ်သကဲ့သို့ ထင်သော လေ။
တုတ္တ ဝါတ- မျဉ်းမျဉ်းသာသာ တက်သော လေ။
ဇလ သုလ ဝါတ- ထုံအေး နာကျင် ကိုက်ခဲသော လေ။ (၈)၊
၎င်းကို”ဖပါး လေနာမျိုး ၈-ပါး”ဟုလည်း ခေါ် ဆိုသည်။
(ခ) အဇိဏ္ဏလေမျိုး ၁၂-ပါး။
(၁) အဇိဏ္ဏ ဝါတ- အစာမကြေသောလေ။
အ ပါစက ဝါတ- အစာမကျက် မနပ်သော လေ။
ဝိရေစန ဝါတ- ဝမ်းသွားစေတတ်သောလေ။
အ ဝိသမ ဝါတ- ဝမ်းမဖြောင့်စေတတ်သော လေ။
ဣစ္ဆိ ပူရ ဝါတ- ဝမ်းဖောရောင်စေတတ်သောလေ။
အဂ္ဂ ဂေလည ဝါတ- ဝမ်းကိုကျိကျိရစ်ရစ်နာစေတတ်သော လေ။
ကမ္ပလ ဝါတ- ထိုမှဤမှ လှိုင်းထသကဲ့သို့ တက်သောလေ။
သူလ ပိတ္တက ဝါတ- ဝမ်းကိုက်စေတတ်သော လေ။
ဝိဗန္ဓက ဝါတ- ဝမ်းကို ခိုင်စေတတ်သော လေ။
ပိဋ္ဌ အန္တက ဝါတ- စမြင်းကို ခံစေတတ်သော လေမြင်းသရိုက်။
အန္တနိဂ္ဂဒဝလ ဝါတ- အူဆုံးကို ထွက်စေတတ်သော လေမြင်းသရိုက်။
ယက္ခ ပိတ္တ မေဒ ဝါတ- သွေးအဆီကို ယိုဆင်းစေတတ်သော လေမြင်းသရိုဏ်။ (၁၂)၊
၎င်းကို အစာမကြေလေ ၁၂-ပါး,ဟုလည်း ခေါ်၏။
(ဂ) ဘဝင်လေမျိုး ၁၂-ပါး။
(၁) ဘဝင်္ဂဥဒ္ဓရိ ဝါတ- ဘဝင်မြင့်သောလေ။
ကာသ ဝါတ- ချောင်းဆိုးသော လေ။
သိမာဂုရ ဝါတ- ရင်လေးကျပ်ဆို့ ဆွဲဆိုင်းသော လေ။ ၎င်းကိုပင်”လေကျပ်သဘီ,လေဆုံဆို့,လေခေါင်းဆွဲ”ဟု ခေါ်သေး၏။
ပုန္ဒရ ဝါတ- ရင့်ပြည့်မောက်တက်သော လေ။
စလ ဝါတ- ရင်ခုန် နှလုံးတုန်သော လေ။
သွာတ ဝါတ- အသံကို ပျက်စေတတ်သော လေ။
သိနာ ဝါတ- ပန်းခြင်း ဟိုက်ခြင်း ရှိုက်ခြင်းကို ဖြစ်စေတတ်သော လေ။
ခေါဿဝါတ-ကြို့ထိုးသော လေ။
သဟဿ ဝါတ- သမ်းဝေ မူးမိုက်ခြင်းကိုဖြစ်စေတတ်သော လေ။
ပကွာသ ဝါတ- နံကြား ရင်ဘတ်တို့၌ လျှိုခြင်း ထိုးခြင်းကိုပြုတတ်သော လေ။
အမာသယ ဝါတ- အပျဉ်အစုတည်နေသော လေပျဉ် လေချပ်။
ဂေါလ ဝါတ- လေလုံးလေခဲ တည်စေသောလေ။ (၁၂)။
(ဃ) ဦးခေါင်းလေမျိုး ၁၂-ပါး။
(၁) သီသ ဥဏှာ ဝါတ- ထိပ် နဖူးဦးခေါင်းပူသော လေ။
သီသ သူလ ဝါတ-ခေါင်းကိုက်ခဲသောလေ။
စက္ခုန္ဓက ဝါတ- မျက်စိကြက်တက် မမြင်တက်သော လေ။
စက္ခု သူလ ဝါတ- မျက်စိ ကျိန်းအောင့်စေတက်သော လေ။
သောတ သူလ ဝါတ- နားကိုက် နားအူစေတတ်သော လေ။
သောတ အန္ဓက ဝါတ- နားပင်းဆိတ်စေတတ်သော လေ။
မုခ ဝါတ- ခံတွင်းသွားဖုံး နာစေတတ်သော လေ။
ဇိဝှါနိဂ္ဂလ ဝါတ- လျှာကိုထွက်စေတတ်သော လေ။
ဘဝင်္ဂစလ ဝါတ- ဘဝင်လှုပ်အားကြီး၍ စကားမပြီသော လေ။
ဇိဝှါ ဖေါဋက ဝါတ- လျှာရောင်စေတတ်သော လေ။
ဇိဝှါ ထဒ္ဓက ဝါတ- လည်ချောင်းခံတွင်း မဟနိုင်သော လေ။
ဇိဝှါ ပဝေသန ဝါတ- လျှာကိုတိုဝင်စေတတ်သော လေ။ (၁၂)။
(င) အင်္ဂမင်္ဂလေမျိုး ၁၁-ပါး။
(၁) အင်္ဂမင်္ဂ ဝါတ- အင်္ဂါကြီးငယ်သို့သက်ရောက် စေတတ်သော လေ။
မံသက ဝါတ- အသား အရေဖေါက်ပြန်စေတတ်သော လေ။
မံသ ဝိသုစိက ဝါတ- အသားအရေကို အပ်နှင့်ထိုးဆွ၏သို့ နာသော လေ။
နိလ ပိတ ဝါတ- အသည်းအအူ အသားအရေတို့ကို ညိုရွှေစေတတ်သော လေ။
လသိက ဝါတ- ကိုယ်လက်စသည် စေးထိုင်းစေတတ်သော လေ။
အလသက ဝါတ- ကိုယ်လက်လေးလံ ထိုင်းမှိုင်းစေတတ်သော လေ။
အန္တက ဝါတ- အကြော အသား အရေအတွင်း၌ ကပ်စေးသကဲ့သို့ထင်သော လေ။
ပက္ခ ဝါတ- ကိုယ်တခြမ်းသေစေတတ်သော လေ။
အဘီတ ဝါတ- ရွဲ့စောင်းစေတတ်သော လေ။
မုဂ ဝါတ- ဆွံ့,အ စေတတ်သော လေ။
သုက္ခ ဝါတ- ဓာတ်လေးပါး အသား အရေတို့ကို ခြောက်ခန်းစေတတ်သော လေ။ (၁၁)။
(စ) သတ္ထကလေမျိုး ၇-ပါး။
(၁) ခုရက ဝါတ- ဖြတ်တတ်သောလေသင်ဓုန်း။
ကတ္တရ ဝါတ- အသည်း နှလုံးကို ဖြတ်တတ်သော လေကတ်ကျေး။
သတ္ထက ဝါတ- အသည်းနှလုံးကို ထားဖြင့်ဖြတ်သကဲ့သို့သော လေ။
ဘိဇ္ဈန ဝါတ- အရိုးအရေတို့ကို ကွဲအက် စုတ်ပြတ်စေသော လေ။
သုဝဂ ဝါတ- မြွေနဂါးဆိပ်ကဲ့သို့ ပူ၍ အခွေအခွေတက်သော လေ။
ဥပ္ပါဋက ဝါတ- ပြင်းထန် လျင်မြန်စွာ အင်္ဂါကြီးငယ်တို့ကို ထွက်စေ တတ်သော လေ။
အင်္ဂ နိဂ္ဂလ ဝါတ အင်္ဂါကြီးငယ်တို့ကိုဖြည်းဖြည်းသာသာ ထွက်စေတတ်သော လေ။ (၇) ။
(ဆ) အင်္ဂမင်္ဂ ဝိကာရ လေမျိုး ၁၃-ပါး။
(၁) ကုစ္ဆေဒက ဝါတ- ကိုယ်အလုံး၌ ရှိသော လေပြတ်၍ သေစေတတ်သောလေ။
စလ ဝါတ- ခြေလက် လေးလံ တုန်လှုပ်သော လေ။
အင်္ဂ ပဝေသ ဝါတ- အင်္ဂါကြီးငယ် တို၍ ဝင်သော လေ။
အင်္ဂ ဖေါဋ ဝါတ- အင်္ဂါဇာတ်ရောင်စေတတ်သော လေ။
ဩနတ ဝါတ - ကုန်းကွ ကိုင်းစေတတ်သော လေ။
ကာယ ဖေါဋ ဝါတ- ကိုယ်လုံးရောင်ဖေါသော လေ။
ဥဒ္ဓမဝရောဟ ဝါတ - တွန့်ခြင်း လိမ်ခြင်းကို ဖြစ်စေတတ်သော လေ။
မုတ္တကိတ္တ ဝါတ- ကျင်ငယ်မထွက်နိုင်အောင် ပိတ်ဆို့သော လေ။
ကောသ ဥဒ္ဓရိ ဝါတ- ဝှေး တက်စေတတ်သော လေ။
အဏ္ဍ ဖေါဋ ဝါတ- ဝှေးစေ့ ရောင်ဖေါစေတတ်သော လေ။
ကာယ ဗန္ဓန ဝါတ- ကိုယ်လုံးဆိုင်းတွစေတတ်သော လေ။
ဂျဟ ဝါတ- ပိန်ကြုံစေတတ်သော လေ။
သာခ ဝါတ- ခြေလက် ဦးခေါင်း ဆတ်ဆတ်မြန်မြန်တုန်လှုပ်စေတတ်သော လ။ (၁၃) ။
(ဇ) အဓိမာန လေမျိုး ၅-ပါး။
(၁) အဓိမာန ဝါတ- ရှုးသွပ် စေတတ်သော လေ။
မုခ ဗန္ဓက ဝါတ- အာခံတွင်းကို ကျဉ်းစေတတ်သောလေ။
ခိပ္ပ ဝါတ- လျင်မြန်စွာ တက်စေတတ်သော သူငယ်နာ လေ။
ကာယ လဟုက ဝါတ- ကိုယ်လက်ပေါ့ပါးစေတတ်သော လေ။
ကာယဂရုကဝါတ- ကိုယ်လက်လေးစေ တတ်သော လေ။ ၅-ပါး။ ပေါင်း (၈၀) ဟူ၏။

လေး အပြား ၃-ပါး

သာသနာတော်ကျမ်းဂန်, လောကီကျမ်းဂန်တို့နှင့် ညှိနှိုင်း၍ ပြထားသည်။
(၁) ပိုလ်နှစ်ထောင် နိုင်သော”ဒဠဓနု”ခေါ် လေးတမျိုး၊ကျမ်းဂန်တို့တွင်ပိုလ်နှစ်ထောင် နိုင်သော ဒဠဓနုလေး ဟူသည်ကား ထန်းပင်အပေါ်သားကို လုပ်သော လေးတည်း၊ ထိုလေးကို ညှို့တင်ပြီးလျှင် ညှို့အလယ်၌ ပိုလ်နှစ်ထောင်ရှိသော ဝန်ကိုချည်၍ လေးကိုင်းကို ကိုင်ပြီးချီကြွသောအခါ ပိုလ်နှစ်ထောင်ထုပ် မြေမှ လွတ်သည့်ကာလ လေးကိုင်းနှင့် လေးညှို့ မြှားတပြန်ခန့်ကွာလျှင် ပိုလ်နှစ်ထောင်နိုင်သော လေးမည်၏၊ မြှားတပြန်ထက် ကျယ်လျှင် လေးပြော့သည်၊ ပိုလ်နှစ်ထောင်မနိုင်၊ မြှားတပြန်ရှိအောင် မကျယ်လျှင် လေးမာသည်ဟု သိရာ၏။
မှတ်ချက်။ ဤထန်းသားလေးကား အနောက်တိုင်းပြည် မဇ္ဈိမဒေသများတွင် ရှေးအခါက အများသုံးစွဲကိုင်ဆောင်သော လေးတည်း၊ ဘုရားအလောင်း ဓမ္မပါလ ကိုင်သော လေးကား သားချိုကိုလုပ်သော အဆက်များစွာရှိသော လေး တမျိုးတည်း၊ တပိုလ်လျှင် ၄-ကျပ်သားမျှရှိ၏။
(၂) ဗိုလ်တထောင်တင် လေး ခေါ်”သဟဿထာမ”လေးတမျိုး၊ ဇနကမင်းသား သိဒ္ဓတ္ထမင်းသားတို့ တင်၍ပစ်သော လေးကာမူကား လက်နက်ကိုင် ဗိုလ်ခြေယောကျ်ားတထောင် တင်မှ ချမှ ရသည်၊ ထို့ကြောင့်လက်နက်ကိုင်ကို ပါဠိလို “ဗလ”၊ မြန်မာလို”ဗိုလ်“ခေါ်သည်၊ ထို ဗိုလ်တထောင် တင်မှ ချမှ ရသော လေးဟု သိရသည်။
(၃) “သဟဿ ဗာဟု“လေးခေါ် လက်မောင်းတထောင်, လက်နက်ကိုင်ငါးရာ တင် လေးတမျိုး၊
ပဏ္ဍုမည်သောအိမ်ရှေ့မင်း၏ သားတော်ငါးယောက်တို့တွင် လေးအတတ်၌ ကမ်းတဖက်သို့ ရောက်သော အဇ္ဇုနမင်းသားကိုင်သော လေးကား လက်နက်ကိုင် လူငါးရာလက်မောင်းတထောင် တင်ရ ချရ သော “သဟဿ ဗာဟု”လေးဟူ၍ ဘူရိဒတ် ဇာတ်တော်တွင် ဆိုသည်၊ ထို့ကြောင့် ကျမ်းဂန်တို့တွင်ထင်ရှားသော လေး ၃-မျိုး ရှိသည်ဟု သိရာ၏။

လေးဆူဓာတ်ပုံ ရွှေတိဂုံ

၎င်း သရုပ် အဓိပ္ပါယ်ကို (ရွှေတိဂုံဘုရား၊ ဓာတ် ၄-ပါး၊ တည်ထားဌာပနာ)ဟူသော သုတေသနပုဒ်၌ ပြခဲ့ပြီ။

လေးဆယ့်တစ်လုံးသော အက္ခရာ

၎င်းသရုပ်”အက္ခရာ ၄၁-လုံး”နှင့်တူ၏။

လေးပစ်အတတ်၊ နည်း ၆-ရပ်၊ သိမှတ်ကြစေရာ

၎င်းသရုပ်နှင့် အကျယ်မှတ်သားဘွယ်ကို (မြားရေး ၆-ပါး) ဟူသော အမေး၌ ဖြေခဲ့ပြီ။

လဲမျိုး ၃-ပါး၊ အခင်းများ၊ ရှောင်ရှား မဟာသယန

ဝိ၊ဋ္ဌ၊၂၊၂၂၀- ၌ အကျယ်ကြည့်ပါ။ ဥပုသ်သည်များ သတိထားရန်။ ဝိနည်း စူဠဝါပါဠိတော်နှင့် ၎င်း အဋ္ဌကာထာ သေနာသနက္ခန္ဓကမှ၊ ၎င်းလဲသုံးမျိုးတို့ဖြင့် ပြုလုပ်သော အခင်းသည် မဟာသယန ထိုက်၏။
(၁) ရုက္ခ တူလ- လက်ပံပင်လဲ, အုံးဖွဲ, မြိုင်, ဝါ, စသည်တို့မှဖြစ်သောသစ်ပင်လဲ ဟူသမျှ၊
(၂) လတာ တူလ- ဂုံ, ခွေးတောက် စသည်တို့မှဖြစ်သော နွယ်လဲ ဟူသမျှ၊
(၃) ပေါဋကိ တူလ- ကိုင်း, ကျူ, ဖေါင်းပွင့်စသည်တို့မှ ဖြစ်သော မြက်လဲဟူသမျှ။

လောက ၃-ပါး

သံ၊၂၊၁၁၃။ သံ၊ဋ္ဌ၊၂၊၂၉၃။ဤလောကဟူသော ဝေါဟာရသည် ပါဠိဘာသာဖြစ်၍ မြန်မာအဓိပ္ပါယ်အားဖြင့် ဘရမ်းဘတာ အဆီးအတားမရှိ အရမ်းဖြစ်ပျက်တတ်လျက် ကြာမြင့်စွာတည်တံ့ခြင်းမရှိသော သဘောတရားမျိုး ဟူ၏။
(၁) ဩကာသ လောက- သတ္တဝါ ဟူသမျှတို့၏ မှီတင်းနေထိုင်ရာ ၃၁-ဌာနသော ဘုံ၊ ရေ, မြေ, တော, တောင်,ကောင်းကင်။
(၂) သတ္တ လောက-ထို ၃၁-ဘုံ၌ လှည့်လည်ဖြစ်ပျက်ခါ ချမ်းသာ ဆင်းရဲဒွန်တွဲရောထွေးလျက် နေကြသော သက်ရှိ သတ္တဝါ ဟူသမျှ။
(၃) သင်္ခါရ လောက- ထို ၃၁-ဘုံနှင့်တကွ သက်ရှိ သက်မဲ့ အားလုံးသောသတ္တလောက ဩကာသ လောက တို့ကို ဖြစ်မှု ပျက်မှု အို နာ သေမှု စသော အမျိုးမျိုး အဖုံဖုံတို့ဖြင့် စီမံဖန်တီး ပြောင်းလဲ ပြုပြင်ပေးနေသော သဘောတမျိုး၊ တနည်း-လောကီ စိတ်, စေတသိက်, ရုပ်,တရားစုများ။

လောကဓမ်တရား ၈-ပါး

အံ၊၂၊၇။ အံ၊ဋ္ဌ၊၃၊၁၉၅။ လောကသားတွေ အမြဲတွေ့ကြုံ ခံစားနေရသော တရားရှစ်ပါး၊ ဆင်ခြင်တုံကင်းသောသူကို ရူးသွပ်တုန်လှုပ်စေနိုင်သော သဘောရှိ၏။
(၁) လာဘ-လာဘ် ပေါများ၍ တက်ကြွတုန်လှုပ်ခြင်း၊
(၂) အလာဘ- လာဘ်နည်း၍ ညှိုးငယ်တုန်လှုပ်ခြင်း။
(၃) ယသ- အခြံအရံများ၍တက်ကြွတုန်လှုပ်ခြင်း၊
(၄) အ ယသ-အခြံအရံနည်း၍ ညှိုးငယ် တုန်လှုပ်ခြင်း၊
(၅) ပသံသာ-ချီးမွမ်းခံရ၍ ဝမ်းမြောက်တုန်လှုပ်ခြင်း၊
(၆) နိန္ဒ- အကဲ့ရဲ့ခံရ၍ဝမ်းနည်း တုန်လှုပ်ခြင်း၊
(၇) သုခ- ချမ်းသာကိုစွဲ၍ ဝမ်းသာတုန်လှုပ်ခြင်း၊
(၈) ဒုက္ခ- ဆင်းရဲကိုစွဲ၍ ညှိုးငယ်ပူပြင်း စိုးရိမ်တုန်လှုပ်ခြင်း။

လောက၌ မရှိသောအရာ ၃-ပါး

မိလိန္ဒ၊၂၆၀။
(၁) မအိုသော မသေသော, အရာဟူ၍ မရှိ၊
(၂) ခိုင်မြဲနေသော သင်္ခါရတရားဟူ၍ မရှိ၊
(၃) ပရမတ္ထအားဖြင့် လူ, နတ်, ဗြဟ္မာ, သတ္တဝါဟူ၍ မရှိ၊ ရုပ်,နာမ်မျှသာ ရှိ၏။

လောကဓာတ် အပြားမျိုး ၃-ပါး

တိကင်္ဂုတ္တရ ပါဠိတော်မှ။
(၁) စူဠနီလောကဓာတ်- နေ,တစင်း လ,တစင်း လေးကျွန်း တမြင်းမိုရ် စကြဝဠာပေါင်း တထောင်ကို ခေါ် သည်၊
(၂) မဇ္ဈိမ လောကဓာတ်၊ သို့မဟုတ် ဒွိသဟဿိ လောကဓာတ်-စူဠနီလောကဓာတ်ပေါင်း တသိန်းကို ခေါ်သည်၊
(၃) တိသဟဿိ၊ သို့မဟုတ် မဟာသဟဿိ လောကဓာတ်-လောကဓာတ်ပေါင်း ကုဋေတသိန်းကို ခေါ်သည်။

လောကဓာတ်ကြီး ၄-ပါး

လေးကျွန်းတမြင်းမိုရ် ခေါ် စကြာဝဠာစုမျိုးလေးပါး၊
(၁) စူဠ လောကဓာတ်- တ ထောင်သော စကြဝဠာ လောကဓာတ် အရေအတွက်ကို ခေါ်ဆိုသည်၊
(၂) မဇ္ဈိမ လောကဓာတ်- ထိုစကြာဝဠာ လောက ဓာတ်ပေါင်း ဆယ်စု, စကြဝဠာ အရေအတွက်အားဖြင့် တသောင်းသော လောကဓာတ်ကို ခေါ် ဆိုသည်၊
(၃) မဟာလောကဓာတ် ဖြစ်ပေါ်ဖြစ်ဖက်, ပျက်ဖေါ်ပျက်ဖက် ဖြစ်ကုန်သော ကုဋေတသိန်းစီကုန်သော လောကဓာတ်တို့ကို ခေါ်ဆိုသည်။ (၄) အနန္တလောကဓာတ်- အဆုံး အပိုင်းအခြား မရှိ၊ မရေတွက် နိုင်ကုန်သော လောကဓာတ်- အဆုံး အပိုင်းအခြား မရှိ၊ မရေတွက် နိုင်ကုန်သောလောကဓာတ်တို့ကို ခေါ်ဆိုသည်။
မှတ်ချက်။ ငါတို့ဘုရားရှင်သည် ထိုလေးပါးသော လောကဓာတ်တို့တွင် မဇ္ဈိမလောကဓာတ်၊ သို့မဟုတ် ခေတ်၃-ပါးတို့တွင် ဇာတိခေတ်ဟု ဆိုအပ်သော တသောင်းသော စကြာဝဠာလောကဓာတ်အတွင်း အလယ်ဗဟိုကျ ဖြစ်သောငါတို့နေရာ ဤစကြဝဠာမှသာ ပွင့်တော်မူသည်။ ဤတွင်လည်း ငါတို့နေရာ ဤဇမ္ဗူဒီပါ တောင်ကျွန်းမှာသာ ပွင့်တော်မူသည် ဟူ၏။

လောကပါလ တရား ၂-ပါး

မ၊၁၊၃၃၈။ မ၊ဋ္ဌ၊၂၊၂၁၃။ယဉ်ကျေးမှု စည်းကမ်းများ မပျက်စီးရ အောင် ကမ္ဘာလောကကြီးအားစောင့်ရှောက်ပေးတတ်သော တရား ၂-ပါး။
(၁) ဟိရီတရား- မကောင်းအရာဟူသမျှ ပြုလုပ်ပြောဆို ကြံစည်ရမှာ ရှက်ခြင်း, မပြုဝံ့ခြင်း၊
(၂) ဩတ္တပ္ပ တရား- မကောင်းမှုဟူသမျှ ပြုလုပ် ပြောဆို ကြံစည်ရမှာကြောက်လန့်ခြင်း, မပြုဝံ့ခြင်း။

လောကပါလ တရား ၄-ပါး၊ တနည်း

၎င်းသရုပ်ကို (ဗြဟ္မစိုရ်တရား၄-ပါး)၌ ပြခဲ့ပြီ။

လောကပါလတရား ၅-ပါး၊ တနည်း

လောကသားတို့အား တိုးတက်ကြီးပွား ချမ်းသာမှုများကိုသာ ပေးလျက် အစဉ်စောင့်ရှောက်နေသော”ငါးပါးသီလ“တရားကိုပင် ခေါ်သည်၊ ထိုတရားငါးပါးကို လူတိုင်းစောင့်သုံး လိုက်နာကြပါကရုံးတော်နှင့် အချုပ်ထောင်ရဲသား စစ်တပ်များပါ ထားစရာ မလိုတော့ပြီ။

လောကပါလ နတ်မင်းကြီး ၄-ပါး

လောကကို စောင့်ကြပ်သော နတ်မင်းကြီး ၄-ပါး ဟူ၏။ (၁) ဓတ ရဋ္ဌနတ်မင်းကြီး- အရှေ့ကျွန်းအရပ်၌နေ၍ ဂန္ဓဗ္ဗနတ်တို့ကို အုပ်စိုးရသည်၊
(၂) ဝိရူဠှက နတ်မင်းကြီး-တောင်ကျွန်းအရပ်၌နေ၍ ဂုမ္ဘဏ်နတ်တို့ကို အုပ်စိုးရသည်၊
(၃) ဝိရူပက္ခနတ်မင်းကြီး- အနောက်ကျွန်း အရပ်၌ နေ၍ နဂါးမျိုးတို့ကို အုပ်စိုးရသည်၊
(၄) ကုဝေရနတ်မင်းကြီး-မြောက်ကျွန်းအရပ်၌နေ၍ ဘီလူးတို့ကို အုပ်စိုးစေခိုင်းနေသည်။

လောကသားတို့၏ ချမ်းသာကြောင်းတရား မျိုး ၆-ပါး

ဟိတောပဒေသမှ သံသရာလောက၏ ချမ်းသာ ခြင်းတရား ၆-ပါး။
(၁) အတ္ထာဂမ- စီးပွါးဥစ္စာကောင်းစွာမပြတ် တိုးပွားနေခြင်း၊
(၂) အ ရောဂိတ- အမြဲတစေ ကျမ်းမာနေသည်၏ အဖြစ်၊
(၃) ပိယဘရိယ- ရုပ်ရေလှပ ချစ်စရာ့ မယား၊
(၄) ပိယဝါဒိနီ- သာယာချစ်ဘွယ် အသွယ်သွယ်သော စကားကို ဆိုတတ်သော မယား၊
(၅) ဝဿပုတ္တ- ယဉ်ကျေးလိမ်မာသော သား၊
(၆) အတ္ထကာရီ စ ဝိဇ္ဇာ- လောကီ လောကုတ် ကျိုးမယုတ်အောင်ရွက်ဆောင်ပြုလုပ်နိုင်သော သား၊ ထို ၆-ပါးတို့ ရှိနေခြင်း ဟူ၏။

လောကီမင်္ဂလာ ၁၂-ပါး

ယေဘုယျအားဖြင့် လောကကျိုးတို့ အတွက်သာ ဖြစ်သော မင်္ဂလာများ။
(၁) ပဋိသန္ဓေ အချိန် အခါ လ, ရက် စေ့ရောက်သဖြင့် ဖွားမြောက်အောင်မြင်ခြင်း ဝိဇာတ မင်္ဂလာများ။
(၂) ဖွားသည်မှနောက် ၃-ရက် မြောက်သောနေ့၌ ရတနာသုံးပါးဘိုးဘွားဟူသော နန္ဒိမုခနတ်တို့အား ရှိခိုးပူဇော်စေခြင်းမုခ ဒဿနမင်္ဂလာ။
(၃) ဖွားသည်မှနောက် ၇-ရက် မြောက်သောနေ့၌ ဆံရိတ်ခြင်းဟူသော ကေသစ္ဆေဒန မင်္ဂလာ။
(၄) ကမ္ဘာဦးပညတ် ရှေးသူဟောင်းတို့အမှတ်ဖြင့် ကောင်းမြတ်တင့်တယ်သောနေ့ရက်၌ ပုခက်, ဧယာဉ် တင်ခြင်း ဟူသောဒေါလာ ကရဏမင်္ဂလာ။
(၅) ဖွားသည်မှနောက် ၇၅-ရက် မြောက်သောနေ့၌ ကွမ်းဦးခွန့်ခြင်းဟူသော တမ္ဗုလ ပတ္တ မင်္ဂလာ။
(၆) ဖွားသည်မှနောက် ၃-လ မြောက်သောနေ့၌ နေ, လ တို့ကို ပြသကြည့်ရှုစေခြင်း ဟူသော ရဝိန္ဒု ဒဿန မင်္ဂလာ။
(၇) ဖွားသည်မှနောက် ရက်ပေါင်း ၁၀၀-မြောက်၌ အမည်သညာမှည့်ခြင်း ဟူသော နာမ ကရဏ မင်္ဂလာ။
(၈) ဖွားသည်မှနောက် ၆-လ မြောက်၍ ထမင်းဦး ခွန့်ခြင်း ဟူသော ပဌမ ဘတ္တ မင်္ဂလာ။
(၉) သင့်တင့်လျောက်ပတ် ချိန်ရွယ် ရောက်လတ်သော အခါ ဆံထုံးဥသျှောင် ဖွဲ့ထုံးခြင်း ဟူသော ကေသ ဗန္ဓန မင်္ဂလာ။
(၁၀) သင့်တင့်လျောက်ပတ် ချိန်အရွယ် ကျရောက်လတ်သော အခါနားထွင်းခြင်း ဟူသော ကဏ္ဏစ္ဆိဒ္ဒ မင်္ဂလာ။
(၁၁) သင့်တင့်လျောက်ပတ် အချိန်အရွယ် ကျရောက်သောအခါသာသနာတော်တွင်းသို့ သွတ်သွင်း ချီးမြှင့်ခြင်းဟူသောသာသနာ နုဂ္ဂဟ မင်္ဂလာ။ ပဗ္ဗဇ္ဇမင်္ဂလာလည်း ဟူ၏။
(၁၂) သင့်တင့်လျောက်ပတ် အချိန်အရွယ် ကျရောက်သောအခါ မျိုးနွယ်ဇာတ်ဂုဏ် လုံးစုံတူသော သတို့သား သတို့သမီးနှင့် စုလျားနားစပ်လက်ထပ် ထိမ်းမြားရခြင်းဟူသော အာဝါဟ ဝိဝါဟ မင်္ဂလာ။

လောကီသစ္စာမျိုး ၂-ပါး

လောကနယ်ပယ်ဖြစ် သစ္စာမျိုး ၂-ပါး။
(၁) ဒုက္ခသစ္စာ- မကောင်းကျိုး ဟူသမျှ၊
(၂) သမုဒယသစ္စာ- မကောင်းကြောင်း ဟူသမျှ။

လောကုတ္တရာ ၉-ပါး၊ တနည်း ၁၀-ပါး

လောကမှထွက်မြောက်ကြောင်း တရားများ၊
မဂ်တရား ၄ပါး,
ဖိုလ်တရား ၄-ပါး,
နိဗ္ဗာန်တရား ၁-ပါး,
ပေါင်း ၉-ပါး၊
ပရိယတ္တိတရား ၁-ပါးထည့်လျှင် ၁၀-ပါးဖြစ်၏။

လောကုတ္တရာမျိုး သစ္စာ ၂-ပါး

လောကမှ ထွက်မြောက်ရာ သစ္စာ ၂-ပါး။
(၁) မဂ္ဂ သစ္စာ- ကောင်းမြတ်ချမ်းသာ ကြောင်း ဟူသမျှ၊ မဂ် ၄-ပါး၊
(၂) နိရောဓ သစ္စာ-ကောင်းသော အကျိုးတရားဟူသမျှ၊ နိဗ္ဗာန်။

လောင်းကစားကြူးမှု အပြစ်မျိုး ၆-ပါး

ဒီ၊၁၊၁၄၈။ ဒီ၊ဋ္ဌ၊၁၊၁၂၇။ ဤ၌ လောကပြစ် ၆-ပါးကို သာ ဖော်ဆိုလိုက်သော်လည်း သံသရာပြစ် ကြီးလေးကြောင်းကိုပါ သိလေ၊ “အောင်သူရန်ပွား၊ ရှုံးသားစိုးရိမ်၊ စည်းစိမ်လျော့ပါး၊ တရားသဘင်၊ မဝင်သက်သေ၊
မိတ်ဆွေနှိမ့်ဆို၊ မလိုထိမ်းမြား၊ ဤ ၆-ပါးကား၊ လောင်းကစားသူ အပြစ်တည်း၊”ဟူ၏။

လောဘကြီးသူ ၃-ယောက်

၎င်း သရုပ်(အလိုလောဘကြီးသူ ၃-ယောက်)၌ရှုပါ။

လောဟာမျိုး ၅-ပါး

ရွှေ, ငွေ, ကြေး, သလွဲစင်, သလွဲမည်း, ၎င်းငါးပါးကို ပဉ္စလောဟာ, ဟူ၍၎င်း၊ လောဟာငါးပါး, ဟူ၍၎င်း၊ ခေါ်ဆိုကြကုန်၏။

လောဟာမျိုး ၇-ပါး၊ တနည်း

ဇာတိလောဟာခေါ် မူလဇာတ်အားဖြင့်ဖြစ်လာသော သေတ္တုဓာတ်မျိုး ၇-ပါးဟူ၏၊ သံသေ, သံရှင်, ရွှေ, ငွေ, ခဲမဖြူ, ခဲမနက်, ကြေးနီ။

လော်လည်း ၅-ထွေ၊ မိန်းမလေ၊ အခြေ အောက်နားလွတ်

သုတ္တနိ၊၂၈၂။ သုတ္တနိ၊ဋ္ဌ၊၁၊၃၂။မိန်းမများအတွက် ပျက်စီးကြောင်းအပြစ် မှတ်ရမည်။
(၁) အာဟာရ လောလ- စားသောက်မှု၌ လော်လည်ခြင်း၊
(၂) အလင်္ကာရ လောလ-အဝတ်တန်းဆာဆင်မှု၌ လော်လည်ခြင်း၊
(၃) ပရ ပုရိသ လောလ- ယောကျ်ားတပါး၌ လော်လည်းခြင်း၊
(၄) ဓန လောလ- ပစ္စည်းဥစ္စာ၌ လော်လည်းခြင်း၊
(၅) ပါဒ လောလ- ထိုထိုဤဤ သွားလာလည်ပတ်မှု၌ လော်လည်းခြင်း။

လျောင်းတော်မှုပြား၊ မျိုး ၄-ပါး၊ ထားငြားဦးခေါင်းမည်သို့နည်း

ရှင်ပင်သာ
လျောင်း“ကိုပင် လျောင်း တော်မူ,ဟု ခေါ်ကြပြန်၏၊ သရုပ်(ရှင်ပင်သာလျောင်း)၌ ရှုပါကုန်။

လျှာထိပ်ဌာန်မှာ၊ ဖြစ်ပေါ်လာ၊ မြန်မာအက္ခရာ ၇-လုံး

၎င်းသရုပ်(မုဒ္ဓဇ အက္ခရာ ၇-လုံး)၌ ဆိုခဲ့ပြီ။

လျှို့ဝှက်အပ်သော အရာကြီး ၉-ပါး

၎င်းသရုပ်အဓိပ္ပါယ်ကို(သူတပါးတို့အား မပြောကြား
အပ်သော အရာကြီး ၉-ပါး) ဟူသော သုတေသနရပ်၌ ရှုပါ။

လွန်ကဲဆုံးသောပုဂ္ဂိုလ်ကြီး ၄-ယောက်

၎င်းသရုပ် (ပုဂ္ဂိုလ်လွန်ကဲကြီး ၄-မျိုး)၌ ရှုပါ။

လှမျိုးသူဇာ၊ နတ်ကညာ၊ ၈-ဖြာ အင်္ဂါပြည့်

မိန်းမလှ ရွေးချယ်စီစစ်ရာ၌ ၎င်းအင်္ဂါ ရှစ်ပါးနှင့် ပြည့်စုံမှ လှမြတ်ရတနာဝင် ဖြစ်နိုင်ကြောင်းကိုနီတိကျမ်း၌ ဆို၏။
(၁) သာမာ- ဝါရွှေသော အသားအရေ၊
(၂) မိဂက္ခိ- သမင် မျက်စိကဲ့သို့သော မျက်လုံး၊
(၃) တနု မဇ္ဈ ဂတ္တာ- ခါးသေး, ရင်ချီ၊
(၄) သူရု- ဆင်နှာမောင်း ကဲ့သို့သော လက်မောင်း,ပေါင်တန်၊
(၅) သု ကေသီ- ကောင်းသော ဆံပင်, မျက်ခုံး၊
(၆) သမပန္တိ ဒန္တီ- သွား ဖြူဖွေး ညီညာ၍ ချွန်ပေါ်သော အစွယ်၊
(၇) ဂမ္ဘီရ နာဘိ- ချက်တွင်း နက်၍ ကားသော တင်ဆုံ၊
(၈) သုသီလီ- ကောင်းစွာလေ့ကျင့်ထားသော ကိုယ်နေ အမူအရာ, ကောင်းသော အလေ့အကျင့် ရှိခြင်း။

လှေလှော်ဟန်မူမျိုး ၁၂-ပါး၊ တနည်း ၃၇-ပါး

၎င်းသရုပ်ကို (တက်ရေး ၁၂-ခန်း၊ တနည်း ၃၇-ပါး)၌ ဆိုခဲ့ပြီ။

လှေသူကြီး အင်္ဂါ ၉-ပါး

၎င်းသရုပ်ကား (သင်္ဘောသူကြီးအင်္ဂါ ၉-ပါး)နှင့် သဘောချင်းတူ၏။

လှိုင်းတံပိုးကြီးမျိုး ၃-ပါး

မဟာသမုဒ္ဒရာ၌ ကြီးကျယ် ထင်ရှားသောလှိုင်းတံပိုးကြီး အပြား ၃-ပါး၊ သာရတ္ထသင်္ဂဟ အဋ္ဌကထာ။
(၁) မဟိန္တာဝိစိ- ယူဇနာ ခြောက်ဆယ်တိုင်အောင်၊
(၂) ဂင်္ဂါ ဝိစိ- ယူဇနာ ငါးဆယ်တိုင်အောင်၊
(၃) ရောဟန ဝိစိ- ယူဇနာ လေးဆယ်တိုင်အောင် အထက်အရပ်သို့ အလှိုင်းအလှိုင်း တက်မောက် လိမ့်ကျ၍နေ၏။

လွှတ်ရုံး ၄-ရပ်

မြန်မာဘုရင်မင်းမြတ်တို့ စိုးစံအုပ်ချုပ်စဉ်က နန်းတော်သစ်တပ်တွင်း၌ လွှတ်ရုံးတော်ကြီး ဆောက်လုပ်၍ မင်းကြီး လေးပါးတက်ရောက် စီရင်သည်ကိုပင် “လွှတ်ရုံးလေးရပ်”ဟု ခေါ်သည်။

လွှတ်ရုံး ၅-ရပ် တနည်း

ရာဇဝင်သစ်၌ အကျယ်ကို ယူပါကုန်။
(၁) လွှတ်တော်၊
(၂) အထက်ဗြဲတိုက်၊ အောက် ဗြဲတိုက်တော်၊
(၃) ရှေ့ရုံးတော်၊
(၄) နောက်ရုံးတော်၊
(၅) တရားရုံးတော်။

ဝံသ အက္ခရာမျိုး ၆-ပါး

ကဗျာ စာပေဆိုရာ၌ အမျိုးအလိုက် ဆိုင်ရာအက္ခရာကို အစထား၍ စပ်ဆိုရကြောင်းနှင့် ဆန်းကျမ်း ဗေဒင်တို့၌ညွှန်းဆို၏။
(၁) ဒလိဒ္ဓဝံသ- ဆင်းရဲသားမျိုး အက္ခရာငါးလုံး”က ခ ဂ ဃ င”၊
(၂) အမစ္စဝံသ- မှူးမတ်မျိုး အက္ခရာငါးလုံး “စ ဆ ဇ စျ ည”၊
(၃) ဂဟပတိဝံသ- သူကြွယ်မျိုး အက္ခရာ ငါးလုံး “ဋ ဌ ဍ ဎ ဏ “ ၊
(၄) သေဋ္ဌိဝံသ- သေဌေးမျိုး အက္ခရာငါးလုံး “တ ထ ဒ ဓ န“
(၅) ရတနတ္တယဝံသ- ရတနာသုံးပါး အက္ခရာမျိုးငါးလုံး “ပ ဖ ဗ ဘ မ”၊
(၆) ဗြဟ္မဏဝံသ- ဗြဟ္မဏမျိုး အက္ခရာရှစ်လုံး “ယ ရ လ ဝ သ ဟ ဠ အ”။

ဝံသ အက္ခရာ၊ ၁၂-ဖြာ။ ဆိုင်ရာ မျိုးရိုးသိ

ကဝိပါသဏ္ဍခေါ် ဆန်းကျမ်းလာ တနည်း။
(၁) ခတ္ထိယဝံသ- က ဝဂ် ၅-လုံး၊
(၂) ဗြဟ္မဏ ဝံသ- စ ဝဂ် ၅-လုံး၊
(၃) ဝဿ ဝံသ- ဋ ဝဂ် ၅-လုံး၊
(၄) ဒေဝ ဝံသ-တ ဝဂ် ၅-လုံး၊
(၅) ဗြဟ္မ ဝံသ- ပ ဝဂ် ၅-လုံး၊
(၆) သုဒ္ဓ ဝံသ- ယ အက္ခရာ၊
(၇) အပါယ ဝံသ- ရ အက္ခရာ၊
(၈) သောတာပန် ဝံသ- လ အက္ခရာ၊
(၉) သကဒါဂါမ် ဝံသ-သ အက္ခရာ၊
(၁၀) အနာဂါမ် ဝံသ- ဟ အက္ခရာ၊
(၁၁) အရဟန္တ ဝံသ-ဠ အက္ခရာ၊
(၁၂) ဗုဒ္ဓ, ပစ္စေကဗုဒ္ဓ ဝံသ- အ အက္ခရာ။

ဝင်လေ,ထွက်လေ မရှိသူ ၈-ယောက်

၎င်းသရုပ် (အသက်မရှူသူ ၈-ယောက်)၌ ရှုပါ။

ဝင် ၉-ဝင်ဟု၊ ခေါ်ဆို ဉပ၊ ကျမ်းစု အဘယ်နည်း

(၁) ဗုဒ္ဓဝင်- ဘုရားအစဉ်အဆက်ကို ပြသောကျမ်း၊
(၂) မဟာဝင်- ဘုရားရှင်တို့၏ ဆွေတော်မျိုးတော် အစဉ်အဆက်ကို ပြသောကျမ်း၊
(၃) ရာဇဝင်- မင်းအစဉ်အဆက် ကို ပြသောကျမ်း၊
(၄) အနာဂတ ဝင်- နောင်ပွင့်လတံ့သော ဘုရားအစဉ်အဆက်ကို ပြသောကျမ်း၊
(၅) ဓာဌာဓာတုဝင်- ဘုရား, ပစ္စေကဗုဒ္ဓါ, ရဟန္တာတို့၏ စွယ်တော် ဓါတ်တော် အစဉ်အဆက်ကို ပြသောကျမ်း၊
(၆) ဒီပဝင်- သီဟိုဠ်ကျွန်း သမိုင်းအစဉ်အဆက်ကို ပြသောကျမ်း၊
(၇) ထူပဝင်- စေတီပုထိုး တို့၏ အစဉ် အဆက်ကို ပြသောကျမ်း၊
(၈) ဗောဓိဝင်- ဘုရားရှင်တို့ ပွင့်တော်မူရာဗောဓိပင် အစဉ်အဆက်ကိုပြသောကျမ်း၊
(၉) သာသနာဝင်- သာသနာတော် အစဉ်အဆက်ကိုပြသောကျမ်း။

ဝင်းမျိုး ၄-ပါး၊ မင်းတရား၊ ပိုင်းခြားမည်သို့ ခန့်သနည်း

မြို့တံခါး, နန်းတံခါး လေးမျက်နှာတို့၌ စောင့်ကြပ်သော အစုကြီး ၄-ပါး၊ ဘုရင်မင်းမြတ် ထွက်တော်မူသောအခါလည်း ဝင်း ၄-ပါးရံသည်၊ မြင်းမိုရ်တောင်ထိပ် နတ်မင်းကြီး ၄-ပါးကိုစံထားပြုလုပ်သည် ဟူသတတ်။
(၁) အရှေ့ဝင်း- အရှေ့အရပ် အရှေ့တံခါးစောင့်များ၊
၎င်းတို့ လည်ကုပ်၌ ဓတရဋ္ဌနတ်မင်းကြီး ဂန္ဓဗ္ဗနတ်ကို စီးဟန် ဆေးနီဖြင့် ထိုးနှံထားသည်၊
မြင်းမိုရ်ရောင်ကိုစွဲ၍ ဖြူသော အလံကို ကိုင်ဆောင် လွှင့်ထူရ၏၊
(၂) အနောက်ဝင်း- အနောက်အရပ် အနောက်တံခါးစောင့်များ၊
ဝိရူပက္ခနတ်မင်းကြီး နဂါးစီးဟန်၊ ဆေးထိုးနှံ၊ ချိပ်ရောင် အလံကိုင်၊
(၃) တောင်ဝင်း- လကျ်ာဘက်အစောင့် သားများ၊
ဝိရူဠှကနတ်မင်းကြီး ကုမ္ဘဏ်စီးဟန်၊ ဆေးထိုးနှံ့၊ အလံအစိမ်းရောင်၊
(၄) မြောက်ဝင်း- လက်ဝဲဘက် အစောင့်များ၊
ကုဝေရ နတ်မင်းခေါ် ဝေဿဝဏ်နတ်မင်းကြီး ဘီလူးစီးဟန်၊ ဆေးထိုးနှံ့၊ အလံတော်အဝါအရောင် ကိုင်ဆောင် လွှင့်ထူ၏။

ဝစီက ၄-ပါး၊ ဝစီဒုစရိုက် ၄-ပါး

၎င်း၏သရုပ်ကို (ဒုစရိုက်ဆယ်ပါး)မှာ ကြည့်ပါ။

ဝစီ ပဏာမမျိုး ၂-ပါး

မိမိဘာသာနှင့် ဆိုင်ရာကို နှုတ်မြွက်ရှိခိုးရာ၌ ၂-ပါးအပြားရှိသည်။
(၁) ကေဝလ ဝစီပဏာမ- ရတနာသုံးပါး၏ ဂုဏ်ကျေးဇူးကို မပြမဆိုဘဲ “ဗုဒ္ဓံ ဝန္ဒာမိ, ဓမ္မံ ဝန္ဒာမိ, သံဃံ ဝန္ဒာမိ”ဟု ရှိခိုးခြင်းမျိုး၊
(၂) ထောမနာ ဝစီပဏာမ မိမိတို့ဆိုင်ရာ ဘုရားသခင်၏ ဂုဏ်တော်ကျေးဇူးတော်တို့ကို ဖေါ်ဆို ရှိခိုးခြင်းမျိုး၊ “အရဟတာဒိ နဝဂုဏေဟိ“စသည်ဖြင့် ချီးကျူး၍ ရှိခိုးခြင်း။

ဝဋ် ၃-ပါးဟု၊ ခေါ်ဆိုပြု၊ လည်မှု သံသရာ

ဝိသုဒ္ဓိ၊၂၊၂၁၆။ အဘိ၊ဋ္ဌ၊၂၊၁၈၄။ ဒုက္ခထည်း၌ ချာချာလည်ခြင်း ၃-ပါး။
(၁) ကိလေသ ဝဋ်- အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, ၎င်း ၃-ပါးကို ခေါ်သည်၊
(၂) ကမ္မ ဝဋ်- သင်္ခါရနှင့်ကမ္မဘဝဟု ဆိုအပ်သော ဘဝကို ဖြစ်စေတတ်သည့် ကုသိုလ်ကံ, အကုသိုလ်ကံကို ခေါ်သည်၊
(၃) ဝိပါက ဝဋ်- ဥပပတ္တိဘဝနှင့် ဝိညာဉ်, နာမ်, ရုပ် စသည်တို့ကို ခေါ်သည်။

ဝဋ်တော် ၁၂-ပါး၊ မြတ်ဘုရား၊ ခံစား ကြွေးဟောင်းကို

၎င်း သရုပ်အဓိပ္ပါယ်ကို (ဝိပါက်တော် ၁၂-ပါး)မှာ ကြည့်ပါ။

ဝဏ္ဏကသိုဏ်း၊ ရှုသူတိုင်း၊ ၄-ပိုင်း ခြားနားထိ

ထင်ရှားသောအရောင်အဆင်း များစွာတို့ တွင် နီလ, ပီတ, လောဟိတ, ဩဒါတ,ခေါ် သန့်ရှင်းသော အဆင်း လေးပါးကို ပိုင်းခြား၍ ကြိုက်ရာတပါးကို ရှုရာသည်ဟူ၏၊ အကျယ်(ကသိုဏ်း ၁၀-ပါး)၌ ပြန်ကြည့်ပါ။

ဝတ် ၃-ပါးခေါ်၊ တရားတော်၊ ကျင့်နော် လူအများ

ရဟန်း ရှင်လူကပ္ပါသူ ကပ္ပါသားတို့ လိုက်နာပြုကျင့်ရမည့် ကျင့်ဝတ် သုံးပါး။
(၁) လောကဝတ်- လူလူချင်း ပေါင်းသင်းဆက်ဆံရေးကို အစထား၍ကပ္ပါသားအားလုံးတို့နှင့် မိတ်ဆွေရင်းချာ ဖြစ်နိုင်ရေး ကျင့်မှု လောကွတ်၊
(၂) ဓမ္မဝတ်- ပစ္စုပ္ပန်, တမလွန် နှစ်တန်သော ဘဝ၌ ကိုယ်ရေးကိုယ်တာ မြင့်မြတ်ရေးအတွက် ကျင့်ကြံအားထုတ်မှု၊
(၃) ရာဇ ဝတ်- မိမိတို့ဆိုင်ရာဘုရင်မင်းမြတ် သမ္မတအစိုးရတို့ကို ရိုသေလေးမြတ်မှု၊ ဥပဒေအရပ်ရပ်ကိုစောင့် သိလိုက်နာမှု။

ဝတ္တကံခေါ်၊ လယ်ယာတော်၊ ၃-ဘော် ခြားနားဘိ

ဝတ္ထု=မြေ၊ ဂါမ=အပေါင်း၊ဝတ္ထုဂါမမှဝတ္ထုဂါမ်-ဝတ္တကံ ဖြစ်လာသည်၊ ရတနာသုံးပါးနှင့်စပ်၍ လှူသော မြေယာကို ခေါ်ဆို၏။
(၁) ဘုရားမြေ၊
(၂) တရားတော်နှင့်စပ်၍ လှူထားသောမြေ၊
(၃) သံဃာတော် မြေ။

ဝတ္ထုရုပ် ၆-ပါး

စိတ် စေတသိက်တို့၏ မှီရာတည်ရာ ၆-ပါး။
(၁) စက္ခုဝတ္ထု မြင်တတ်သော မျက်စိ အကြည်ဓာတ်ရုပ်၊
(၂) သောတဝတ္ထု-ကြားတတ်သော နား အကြည်ဓာတ်ရုပ်၊
(၃) ဃာနဝတ္ထု- နံတတ်သော နှာခေါင်း အကြည်ဓာတ်ရုပ်၊
(၄) ဇိဝှါဝတ္ထု- အရသာကို ခွဲခြားပေးတတ်သော လျှာ အကြည်ဓာတ်ရုပ်၊
(၅) ကာယဝတ္ထု-တွေ့ထိမှုကို သိတတ်သော ကာယဝိညာဉ်၏တည်ရာ ကာယအကြည်ဓာတ်ရုပ်၊
(၆) ဟဒယဝတ္ထု-မနော ဝိညာဉ်၏ တည်ရာ နှလုံးသွေးအကြည်ဓာတ်။

ဝန်ကြီး ၄-ပါး၊ ဘုရင်များ၊ ခန့်ထား အဘယ်နည်း

မြန်မာဘုရင်မင်းမြတ်တို့ လက်ထက် လွှတ်ရုံး၄-ရပ်၌ ဆုံးဖြတ်စီရင်ရသော”အဂ္ဂ မဟာသေနာပတိ“ဘွဲ့ခံ ပြန်တမ်းတော်ကြီးဝင် ဝန့်ရှင်တော်မင်းကြီး လေးပါးကိုပင်ဝန်ကြီးလေးပါး ခေါ်တွင်ကြသည်။

ဝန်ချိန် ၃-ဖြာ၊ သတ်မှတ်ခါ၊ လိုက်နာ လူထုသုံး

ဝတ္ထုပစ္စည်းအချင်းချင်း နားလည်မှုအတွက် သတ်မှတ်ပိုင်း ခြားသည့် ပမာဏအပြား ၃-ပါး။
(၁) တိုင်းဝန်-လက်သစ်, ထွာ, တောင်တာ, ယူဇနာ, မီတာ, ပေ, ကိုက်, ဖာလုံ, မိုင်, စသည်ဖြင့် အတိုင်းအရှည်ပြုပေးရသောဝတ္ထုပစ္စည်းမျိုး၊
(၂) ချိန်ဝန်- ရွေး, ပဲ, မူး, ကျပ်, ပိုလ်, ပိဿာ, ပေါင်, တန်, စသည်ဖြင့် နှိုင်းချိန်၍ပေးရသောဝတ္ထုပစ္စည်းမျိုး၊
(၃) ခြင့်ဝန်- ကွမ်းစား, စလယ်, ပြည်, စိတ်, တင်း, တို့, ကက်, ကျပ်, ကျီ, ကြ, စသည်ဖြင့်နှိုင်းယှဉ် ခြင့်တွယ်ပေးရသော အရာဝတ္ထုမျိုး။

ဝန်စုရ မင်းမျိုး ၅၀

မော်ပီ ဆရာသိန်းကြီး မှတ်တမ်းမှ၊
ဆင်ဝန်။ အောက်မားဝန်။ ဆင်ဖြူဝန်။ စီးတော်မြင်းဝန်။ စို့ ၄၀-ဒိုင်းဝန်။
ကောင်းဟန်ဝန်။ ရွှေပြည်ဝန်။ နောက်တော်ပါမြင်းဝန်။ ကသည်းမြင်းဝန်။ အက္ကပတ်မြင်းဝန်။(၁၀)။
နန်းဦးမင်္ဂလာ မြင်းဝန်။ တောင် ရွှေပြည်ရန်အောင် မြင်းဝန်။ မြောက် ရွှေပြည်တန်ခွန်ဘက် မြင်းဝန်။
ကျုံးဝန်။ အုဌ်ဝန်။ နန်းကံကျွေးဝန်။ ယွန်းစုဝန်။ သူရဲဝန်။ အမြောက်ဝန်။ ကျီဝန်(နတ်ထိန်းနတ်အုပ်ဆေးသမား) (၂၀)။
အဝေးကျီဝန်။ (ဘဏ္ဍာတိုက်)ငွေခွန်ဝန်။ ပုဏ္ဏားဝန်။ ကုလားဝန်။ ကသည်းဝန်။ ဆတ္တာဝန်။ အရွက်ဝန်(ကုဋ္ဌနူနာ ဆိုင်ရာ)။
အမွေဝန် (သုသာန်ဆိုင်ရာ အမွေတိုက်)။ ဖေါင်ဝန် (လှေသမ္ဗန်ဆိုင်ရာ)။ မဟာဒါန်ဝန်(အလှူဒါနဆိုင်ရာ)။ (၃၀)။
ဝတ်မြေဝန် (ဘုရားစေတီနှင့် ဆိုင်ရာ)။ တံဆိပ်တော်ဝန် (ဘွဲ့ပုံတံဆိပ်ဆိုင်ရာ)။ အိမ်ရှေ့ဝန်။ ဖလ်ချက်ဝန်။
သံချက်ဝန်။ ပန်းတဉ်းဝန်။ ပန်းဘဲဝန်။ ဒနက် ပလာဆင်ဝန်။ ရွှေတိုက်ဝန်။ အချုပ်ဝန်။(၄၀)။
မြေနန်းဝန်။ ခင်မမင်းဝန်။ ရေကြည်ဝန်။ စားတော်ဝန်။ စက်ဝန်။ တရုတ်ဝန်။ ယိုးဒယားဝန်။ တိရစ္ဆာန်ဝန်။ သဘင်ဝန်။ ပန်းထိမ်ဝန်။ (၅၀) အခြားဝန်များစွာ ရှိသေးသည်။

ဝန်တိုခြင်းမျိုး ၅-ပါး

၎င်းသရုပ် အဓိပ္ပါယ် အကျယ် (မစ္ဆရိယတရား၅-ပါး)နှင့် တူ၏။

ဝန္ဒနာအပြား၊ မျိုး ၃-ပါး၊ ဖြေကြား ပညာသျှင်

ရှိခိုးခြင်း အမျိုးအစား၃-ပါး။
(၁)ကာယ ဝန္ဒနာ- ကိုယ်အင်္ဂါတို့ဖြင့် ရှိခိုးခြင်း၊
(၂) ဝစီ ဝန္ဒနာ- ဂုဏ်ကျေးဇူးတို့ကို နှုတ်မြွက်၍ ရှိခိုးခြင်း၊
(၃) စိတ္တ ဝန္ဒနာ- ဂုဏ်ကျေးဇူးတို့ကို အစဉ်အောက်မေ့၍ စိတ်ဖြင့် ရှိခိုခြင်း။

ဝသီဘော် ငါး၊ ခေါ်ဆိုငြား၊ ပိုင်းခြား ဆင်ခြင်ဉာဏ်

ဝိသုဒ္ဓိ၊၁၊၁၄၉။ ဝိသုဒ္ဓိ၊၂၊၃၄၆။ လေ့ကျင့်ခြင်းသို့ ရောက်ပြီးသော တရားငါးပါး။
(၁) အာဝဇ္ဇန ဝသီဘော်- စျာန်မှထသောအခါ ဘဝင်ကိုအကြိမ်များစွာမကျစေဘဲ စျာန် အင်္ဂါတို့ကို လျင်မြန်စွာ ဆင်ခြင်နိုင်သော “အာဝဇ္ဇန်း”ကိုခေါ်သည်။
(၂) သမာပဇ္ဇန ဝသီဘော်- စျာန်ကို အလိုရှိသောခဏ၌ ဖြုတ်ချည်းဝင်စားနိုင်ခြင်းမျိုးကို ဆိုသည်။
(၃) ဝုဋ္ဌာန ဝသီဘော်- မိမိပိုင်းဖြတ် မှန်းဆထားသော အချိန်၌ စျာန်ဇောမှ ဖြုတ်ချည်းထနိုင်ခြင်းကို ဆိုသည်။
(၄) အဓိဋ္ဌာန်န ဝသီဘော်- မိမိအဓိဋ္ဌာန်ထားသမျှသော ကာလပတ်လုံးစျာန်ဇောကို ဖြစ်စေနိုင်ခြင်းကို ခေါ်ဆိုသည်။
(၅) ပစ္စဝေက္ခဏာ ဝသီဘော်- စျာန်အင်္ဂါကို ဆင်ခြင်ပြီးလျှင် တဖန်စျာန်ကို အလျင်အမြန် ဝင်စားရန်အတွက် စျာန်အင်္ဂါတို့ကို ဆင်ခြင်သောအခါ ၇-ကြိမ်မကျစေမူ၍ ၄-ကြိမ် ၅-ကြိမ်မျှသာ ကျစေသော”ပစ္စဝေက္ခဏာဇော”ကို ခေါ်ဆိုသည်။

ဝါကျတ္ထ ဒေါသမျိုး ၆-ပါး

အလင်္ကာကျမ်းလာ ဝါကျအနက် အပြစ် ၆ပါး။
(၁) အပက္ကမ ဒေါသ- ရှေ့နောက်စကားစဉ် ဖေါက်ပြန်သော အပြစ်၊ပုံ-”ဘာဝနာ သီလ ဒါန“စသည်။
(၂) ဂမ္မ ဒေါသ- မယဉ်ကျေးသော စကားလုံးတို့ဖြင့် ရေးသုံးမှု၊ ပုံ-”ကျယ်သောဖင်၊ ရွှင်မြူးဖူးထသော နို့“စသည်။
(၃) သံသယတ္ထ ဒေါသ- ယုံမှားဘွယ်ရှိသော အနက်ထွက်သည့် အသုံးအနှုန်းမျိုး၊ ပုံ-”ပေးလှူဒါန ထိုဗုဒ္ဓကို““ သမ္မာသမ္ဗုဒ္ဓကို? ပစ္စေကဗုဒ္ဓ?“။
(၄) ဘဂ္ဂရီတိ ဒေါသ-ဝိဘတ်အနက် ကျိုးပျက်သော အနှုန်းအဖွဲ့မျိုး၊ ပုံ-”ထိုထက်နည်းနည်း၊
လှူပြီးဒါန”၊ “နည်းလျှင်”အောက်”နှင့်သုံးရမည်၊ များမှ”ထက်“နှင့် သုံးရမည်”။
(၅) ဩစိတြ ဟီန ဒေါသ- ရှေ့နောက်မညီ ယုတ္တိမတန်သော အသုံးအနှုန်း၊ ပုံ-“ခြင်္သေ့ ဆင် ကျား၊ မကြောက်ငြားဘဲ၊ ကြွက်သားနီတာ၊ကြောက်ရွံ့ရှာသည်“။
(၆) ဒုဋ္ဌာ လင်္ကတိ ဒေါသ-အလင်္ကာများကို ဖျက်ဆီးသော အပြစ်ဒေါသ အသုံးအနှုန်း ဟူသမျှ။

ဝါကျဒေါသမျိုး ၉-ပါး

စာပေဝါကျ စီကုံးရာ၌ ရှောင်ရှားရမည့်အပြစ်၉-ပါး၊ အလင်္ကာ ဥပဒေရပ်များ။
(၁) ဧကတ္ထ ဒေါသ- အကျိုးမရှိဘဲလျက် အနက်သဒ္ဒါ ၂-ပါးကို ထိုဝါကျထဲ၌ အဖန်တလဲလဲ ထပ်၍ပြဆိုခြင်းမျိုး၊
(၂) အဂ္ဂရီတိ ဒေါသ- စကားအစဉ် ကျိုးပျက်လျက် ရှုပ်ထွေးမြုပ်ကယ်သွားသော အသုံးအနှုန်းများ၊
(၃) ဂမ္မ ဒေါသ- ရိုင်းပြသောစကားလုံး အသုံးအနှုန်းတို့ဖြင့် စီကုံးမှု၊
(၄) အပေတတ္ထ ဒေါသ- ပိဏ္ဍတ္ထ ခေါ် အနက်ပေါင်း အဓိပ္ပါယ်ကောက်၍ မရနိုင်သော စီကုံးမှုမျိုး၊
(၅) ဗျာကိဏ္ဏ ဒေါသ- စပ်သင့် နီးသင့်သော ပုဒ်များကို နီးနီးမထားကျော်လွှားခုန်ပေါက် ကမောက်မက ရှုပ်ထွေးစွာ ပြထားမှုများ၊
(၆) ယတိဟီနဒေါသ- ဖြတ်ရမည့်နေရာ၌ အဖြတ်မပြ ဖြတ်မရအောင် ရေးသားထားမှုများ၊
(၇) အတိဝုတ္တဒေါသ- အပြောကြီးလွန်း ကြွားလွန်းသော စီကုံးရေးသားမှု၊
(၈) သဗန္ဓ ဖရုသ ဒေါသ- ကျယ်လောင်သော အသံဖြင့်ရွတ်ဖတ်ရသည့် ဓနိတ အက္ခရာတွေ များများထည့်သွင်း စီကုံးမှု၊
(၉) ကမစ္စုတ ဒေါသ- လောကသုံး ထုံးတမ်းစဉ်လာမှ တော်လှန်ပုန်ကန် သောအသုံးအနှုန်းများ။

ဝါဆိုခြင်းများ၊ မျိုး ၂-ပါး၊ ဘုရားခွင့်ပြုချက်

ရဟန်းတော်များ ၃-လအတွင်း အရပ်တပါးသို့ မရွှေ့ပြောင်းရဘဲ နေထိုင်ကပ်ဆိုရမည့် အချိန်ကာလမျိုး ၂-စား။
(၁) ပုရိမာ ဝါ- ဝါဆိုလပြည့်ကျော် တရက်နေ့မှသည် သီတင်းကျွတ်လပြည့်နေ့ထိ၊ ၎င်းကို “ပထမဝါ”ဟုလည်း ခေါ်ဆိုသည်၊
(၂) ပစ္ဆိမ ဝါ- ဝါခေါင်လပြည့်ကျော် တရက်နေ့မှသည် တန်ဆောင်မုန်းလပြည့်နေ့ ထိ၊ ၎င်းကို”ဒုတိယဝါ”ဟုလည်း ခေါ်ဆိုသည်။

ဝါတော်ဆိုရာ၊ မြတ်ဗုဒ္ဓါ၊ ဌာနာ ၁၇-သိ

ဇိနာလင်္ကာရဋီကာနှင့် ဗိုလ်ကလေး
ဦးသက်ရှည်ရေး ဝါတော်စဉ် မြေပုံမှ။
(၁) ဗာရာဏသီပြည် မိဂဒါဝုန်တော နန္ဒိယ ဝိဟာရ၌ ပဌမဝါဆိုသည်၊
(၂) ရာဇဂြိုလ် ဝေဠုဝန်ကျောင်း၌ဒု,တ,စ, ပေါင်း၃-ဝါ၊
(၃) ဝေသာလီပြည် မဟာဝုန်ကျောင်း၌ ပဉ္စမဝါ၊
(၄) ရာဇဂြိုလ် မကုဠတောင် ချယားတော၌ ဆဋ္ဌမဝါ၊
(၅) တာဝတိံသာ ပင်လယ်ကသစ်ပင်ရင်း၌ သတ္တမဝါ၊
(၆) ဘဂ္ဂတိုင်း သံသုမာရတောအုပ်၌ အဋ္ဌမဝါ၊
(၇) ကောသမ္ဗီပြည် ဃောသိတာရုံကျောင်း၌ နဝမဝါ၊
(၈) ၎င်းပြည် ပလလည်းတော အင်ကြင်းပင်အောက်၌ ဒသမဝါ၊
(၉) ဗြဟ္မဏဂါမ နာလိကာရုံကျောင်းတော်၌ ဧကာဒသမာဝါ၊
(၁၀) ဝေရဉ္စရာပုဏ္ဏားရွာ တမာပင်ရင်း၌ ဒွါဒသမဝါ၊
(၁၁) ဇာလိယတောင်၌ ၁၃-ဝါမှာတကြိမ်, ၁၈-နှင့် ၁၉-ဝါမှာ တကြိမ် ပေါင်း ၃၀ါ၊
(၁၂) သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ ၁၄-ဝါမှာ တကြိမ်, ၂၁-ဝါမှ ၄၄-ဝါထိတကြိမ်ဆို၊ ပေါင်း ၂၅-ဝါ၊
(၁၃) ကပ္ပိလဝတ်ပြည် နိဂြောဓာရုံကျောင်း၌ ပန္နရသမဝါ၊
(၁၄) အာဠဝီပြည် မဟာဝုန်တော၌ သောဠသမဝါ၊
(၁၅) ရာဇဂြိုလ်ပြည်နယ် နလန္ဒရွာ သာရီပုဏ္ဏေးမကြီးကျောင်း၌ သတ္တရ-သမဝါ၊
(၁၆) ၎င်းနယ် ဂိဇ္ဈကုဋ်တောင်၌ ဝီသတိမဝါ၊
(၁၇) ၄၅-ဝါမြောက်နောက်ဆုံး ဝေဠုဝရွာ၌ ဝါဆိုတော်မူသည်။

ဝါဆိုလပြည့် နေ့ထူးကြီး ၄-ချက်

ဒီ၊ဋ္ဌ၊၂၊၁၈။ငါတို့သာသနာ ဂေါတမအလောင်းတော်သည်ဝါဆိုလပြည့်နေ့၌။
(၁) ပဋိသန္ဓေတည်နေတော်မူခြင်း၊
(၂) တောထွက်တော်မူခြင်း၊
(၃) ဓမ္မစကြာတရားဦးဟောတော်မူခြင်း၊
(၄) တိတ္ထိတို့ကို နှိမ်နင်းသဘင် တန်ခိုးပြာဋိဟာပြ၍ တာဝတိံသာနတ်ပြည်သို့ကြွတော်မူခြင်းတို့ ဖြစ်၏။

ဝါဒီ ၁၀-ပါး၊ လိမ်မာငြား၊ စကားအဘယ်နည်း

၎င်းသရုပ်ကို(ကထာမျိုး ၁၀-ပါး)
၌ ရှုပါလေ။

ဝါပန်သွားရာ၊ ရဟန်းမှာ၊ မှတ်ပါ “တုံ”၃-ချက်

ရဟန်းတော်များဝါတွင်း ခရီးသွားရန်
အတွက် တုံ ၃-ချက်ခေါ် အင်္ဂါ၃-ပါးနှင့် ပြည့်စုံမှ ဝါကျိုး ဝါပျက်ဝိနည်းဥပဒေမှ လွတ်သည်၊ ဝါပန်၍သွားကောင်းသည်ဟူ၏၊
(၁) ဒါနဉ္စဒါတုံ- အလှူပေးခြင်းငှါ အလှူခံပင့်ခြင်း၊
(၂) ဓမ္မဉ္စ သောတုံ- တရားနာခြင်းငှါ တရားဟော ပင့်ခြင်း၊
(၃) ဘိက္ခုံစ ပဿိတုံ- ဖူးမြင်လို၍ ပင့်ခြင်း။

ဝါယောဓာတ် ၆-ပါး

မ၊၁၊၁၉၇။ မ၊ဋ္ဌ၊၂၊၃၇-၌ အကျယ်ရှု။လေဓာတ်ကို ဝါယော
ဓာတ်ဟု ခေါ်ဆိုသည်၊ သတ္တဝါတို့၏ ကိုယ်တွင်း၌ ၆-ပါး အပြားရှိ၏၊ ဝိသုဒ္ဓိမဂ်။
(၁) ဥဒ္ဓင်္ဂမ ဝါယော- အထက်သို့ပျို့အန်ဆန်တက် တတ်သောလေ၊
(၂) အဓောဂမ ဝါယော- အောက်သို့ စုန်းဆင်းသော လေ၊
(၃) ကုစ္ဆိဋ္ဌ ဝါယော- ဝမ်းတွင်း၌ တည်သောလေ၊
(၄) ကောဋ္ဌာသယ ဝါယော- အူမ၌ တည်သော လေ၊
(၅) အင်္ဂမင်္ဂါနုသာရီ ဝါယော- အင်္ဂါကြီးငယ်သို့ လျှောက်သွားသောလေ၊
(၆) အဿာသ ပဿာသ ဝါယော- ထွက်သက် ဝင်သက် လေ။

ဝါရမိတ္တု၊ သတ္တရု၊ မှတ်ရှု ၇-နေ့

ဘေးရန်များသော ရက်တို့ဖြစ်၍ အမှုကိစ္စ မ ဉပရဟု ဗေဒင်ကျမ်း၌ဆို၏။(၁) တနင်္ဂနွေနေ့- ဆန်း ဆုတ် ၁၂-ရက်နှင့် ကြုံမူ ဝါရမိတ္တု၊
(၂) တနင်္လာနေ့- ဆန်း ဆုတ် ၁၁-ရက်၊
(၃) အင်္ဂါနေ့-ဆန်း ဆုတ် ၁၀-ရက်၊
(၄) ဗုဒ္ဓဟူးနေ့-ဆန်း ဆုတ် ၉-ရက်၊
(၅) ကြာသပတေးနေ့-ဆန်း ဆုတ် ၈-ရက်၊
(၆) သောကြာနေ့- ဆန်း ဆုတ် ၇-ရက်၊
(၇) စနေနေ့- ဆန်း ဆုတ် ၆-ရက်နှင့် ကြုံမူ ဝါရမိတ္တု။

ဝိကာရရုပ်မျိုး ၅-ပါး

အထူးထူး အပြားပြား ခြားနားသော အမူအရာရှိသည့်ရုပ် ၅-ပါး၊ ၎င်းကို (ရုပ်၂၈-ပါး)၌ ပြခဲ့ပြီ။

ဝိကာလဘောဇန ဆက္က သီလ

၎င်းသရုပ်(ခြောက်ပါးသီလ)နှင့် တူ၏။

ဝိကာလဘောဇန သိက္ခာပုဒ်၏ အင်္ဂါ ၄-ပါး

၎င်း လေးပါးနှင့်ညီက ထိုသိက္ခာပုဒ် ပျက်၏။
(၁) မွန်းတည့် သည်မှ အာရုဏ်တက် အတွင်းဝိကာလချိန်လည်း ဖြစ်စေ၊
(၂) ခဲဘွယ်မျိုး ၁၂-ပါး၊ဘောဇဉ်မျိုး ၅-ပါးတို့တွင် တပါးပါသော ယာဝကာလိကလည်း ဖြစ်စေ၊
(၃) ထိုယာဝကာလိကဝတ္ထုတို့ကို စားမျိုသည်လည်းဖြစ်စေ၊
(၄) မရူးသူလည်းဖြစ်စေ။

ဝိဇ္ဇာ ၃-ပါး

ဣတိဝုတ်၊၂၆၁။ ဣတိဝုတ်၊ဋ္ဌ၊၂၉၆။ သံ၊ဋ္ဌ၊၁၊၁၉၅- တို့၌ ရူပါ။ ပု, ဒိ, အာ, ခေါ် ပုဗ္ဗေနိဝါသ ဉာဏ်တော်၊ ဒိဗ္ဗစက္ခုဉာဏ်တော်၊ အာသဝက္ခယ ဉာဏ်တော်၊ ၎င်း သုံးပါးကို ခေါ်ဆိုသည်။

ဝိဇ္ဇာ ၈-ပါး

ဣတိဝုတ်၊၂၁၆။ ဣတိဝုတ်၊ဋ္ဌ၊၂၉၆။အထူးသဖြင့် သိကြောင်းဖြစ်သော အလင်းရောင် ဉာဏ်အပြား ၈-ပါး။
(၁) ပုဗ္ဗေ နိဝါသဉာဏ်- ရှေးရှေးသောဘဝ ခန္ဓာအစဉ်ကို မြင်နိုင်သောဉာဏ်၊
(၂) ဒိဗ္ဗ စက္ခုဉာဏ်- နီး, ဝေး, သေး, ကြီးသော ရူပါရုံဟူသမျှ အကုန် မြင်စွမ်းနိုင်သော ဉာဏ်၊
(၃) အာသဝက္ခယ ဉာဏ်- တထောင့်ငါးရာ ကိလေသာကို ပယ်ခွါသတ်ဖြတ်တတ်သော အရဟတ္တမဂ် ဉာဏ်၊
(၄) ဣဒ္ဓိဝိဓ ဉာဏ်- ထူးထွေအံ့ဆန်းသောတန်ခိုးတော် အရပ်ရပ်ကို ဖန်ဆင်းနိုင်သော ဉာဏ်၊
(၅) ဒိဗ္ဗသောတဉာဏ်- ဝေး, နီး, တိုး, ကျယ်သော အသံဟူသမျှကို ကြားစွမ်းနိုင်သောဉာဏ်၊
(၆) စေတော ပရိယ ဉာဏ်- စိတ်အစဉ်ကို လိုက်၍သိသော ဉာဏ်၊
(၇) မနော မယိဒ္ဓိ ဉာဏ်-စိတ်ကြံတိုင်း ကိုယ်ပြီးသော တန်ခိုးတော်ရှိသည့် ဉာဏ်၊
(၈) ဝိပဿနာ ဉာဏ်-ဝိပဿနာ ဉာဏ်စဉ် အရပ်ရပ်။

ဝိဇ္ဇာဓိုရ်မျိုး ၅-ပါး

ကျေးဇူးရှင် လယ်တီဆရာတော် ဘုရားကြီးနှင့်သေက္ချတောင် ဦးတိလောက အရှင်မြတ်တို့ စီရင်ရေးသားသော ဝိဇ္ဇာမဂ္ဂဒီပနီကျမ်းမှ။
(၁) ဝေဒ ဝိဇ္ဇာဓိုရ်- ဣသျှု, ယဇု, သာမ, အာတပ္ပန ခေါ်ဗေဒင်လေးမျိုး တတ်သူ၊
(၂) မန္တ ဝိဇ္ဇာဓိုရ်- လက္ခဏာကျမ်း, နိမိတ်ကျမ်း, ဂါထာ မန္တရား, ဆေးဝါး ဓာတ်ကျမ်းစသည့် စက်မှု, လက်မှု, လောကီပညာ အတတ်အမျိုးမျိုး တတ်သူ၊
(၃) ဂန္တာရီ ဝိဇ္ဇာဓိုရ်- ဓနသိဒ္ဓိ, အာယုသိဒ္ဓိ, စိန္တာမယသိဒ္ဓိ, ပထဝီသိဒ္ဓိ, အာကာသသိဒ္ဓိ, ဥဒကသိဒ္ဓိမျိုးကို ပေါက်၍ နတ် သိကြားတို့လောက် အစွမ်းရှိသော ဆေးဝိဇ္ဓာ, အင်းဝိဇ္ဇာ, ပြဒါးဝိဇ္ဇာ, သံဝိဇ္ဇာ, ဟူသမျှ၊
(၄) လောကိယ ဝိဇ္ဇာဓိုရ်- လောကီအဘိညာဉ် ငါးပါးကို ရတော်မူကြသော စျာန်ပျံ ပုဂ္ဂိုလ်အပေါင်း၊
(၅) အရိယ ဝိဇ္ဇာဓိုရ်- အနိစ္စ ဒုက္ခ အနတ္တ ရုပ်, နာမ် ဓမ္မသင်္ခါရတို့ကို အဟုတ်အမှန် သိတော်မူကြသော အရိယာ ပုဂ္ဂိုလ်ရှစ်ယောက်။

ဝိဇ္ဇာဓိုရ်မျိုး ၅-ပါး၊ တနည်း

(၁) ပြဒါးဝိဇ္ဇာ၊
(၂) သံဝိဇ္ဇာ၊
(၃) ဆေးဝိဇ္ဇာ၊
(၄) အင်းဝိဇ္ဇာ၊
(၅) မန္တန်ဝိဇ္ဇာ၊
ထို့ကြောင့် ဦးပုညအဂ္ဂိရတ် မေတ္တာစာ၌၊”ပါဠိအဋ္ဌကထာ ဋီကာကျမ်းပေါင်း စာဟောင်းစာတမ်း ထုံးတမ်းရာဇဝင်တို့ကို ဆင်ခြင်ထောက်စာ၍ ဝိဇ္ဇာဓိုရ်ဖြစ်ဟန်မှာ၊ ပြဒါး, သံ, ဆေးစား, အင်း, မန္တန်, အတတ်များကြောင့် ကောင်းကင်သွားရွှေငွေ အထွေထွေ တန်ခိုးမျိုးတို့ကို အစိုးရလတ်၍ လူ့ရပ်နတ်ပြည်လှည့်လည် သွားလာသော ဝိဇ္ဇာမိုရ်ငါးရပ်ရှိသည်ဟု ဆိုထားသေး၏။

ဝိဇ္ဇာမျိုး ၄-ပါး

လောကီ လောကုတ္တရာတို့ကို သိကြောင်း၊ သို့မဟုတ် သိတတ်သော တရား၄-ပါး ဟူ၏။
(၁) လောကိယ ဝိဇ္ဇာ- ဗြဟ္မဇာလသုတ် မဟာသီလခန်းတွင် လာသောအင်္ဂ ဝိဇ္ဇာ, နိမိတ္တက ဝိဇ္ဇာ, ဥပ္ပါတ ဝိဇ္ဇာ, သုပိန ဝိဇ္ဇာ, လက္ခဏ ဝိဇ္ဇာ, စသည့် များစွာသော လောကီအတတ်စု။
(၂) ဗြဟ္မဏ ဝိဇ္ဇာ- တိဏ္ဏံ ဒေဝါနံ ပါရဂူ, ဟူသော ပါဠိတော်အရ တေဝိဇ္ဇပုဏ္ဏားတို့၏ အတတ်ဖြစ်သော ဗေဒင်သုံးပုံ။
(၃) ဣသိ ဝိဇ္ဇာ- သာသနာပ အခါ၌ ရသေ့ ယောဂီတို့ လက်သုံးအကောင်းဆုံးခေါ်ရသည့် စျာန်တရားစုနှင့် ဒိဗ္ဗစက္ခု, ဒိဗ္ဗသောတ, စေတောပရိယ, ပုဗ္ဗေနိဝါသ, ဣဒ္ဓိဝိဓ, ခေါ် လောကီ အဘိညာဉ်ငါးရပ် အတတ်စု။
(၄) ဗုဒ္ဓ ဝိဇ္ဇာ- ဉာဏ်ပညာ၏ အရာဌာန သာသနလက်သုံး ဖြစ်သောဝိဇ္ဇာရှစ်ပါး တရားစု။

ဝိဇ္ဇာအတတ် ၁၈-ရပ်

၎င်း တဆယ့်ရှစ်ရပ်သော အတတ်တို့ကို နှုတ်ဖြင့်ရွတ်ဖတ်
သရဇ္ဈာယ်ရသောကြောင့် အဋ္ဌာရသ ဝိဇ္ဇာဟု လောကီကျမ်းတို့၌၎င်း၊ ဗိသဏုပုရာဏ်၌၎င်း လာ၏။
(၁) ကပ္ပ- မန္တန် မန်းမှုတ်နည်းအတတ်ကျမ်း၊
(၂) ဗျာကရဏ- သံနေ သံထား သဒ္ဒါပုဒ်များကိုပြသော အတတ်ကျမ်း၊
(၃) ဇောတိသတ္ထ- ဂြိုဟ်နက္ခတ်တို့၏ သရုပ်သဏ္ဌန်နှင့် ကောင်းဆိုးကို ဟောဆိုနည်း ကျမ်းအတတ်၊
(၄) သိက္ခာ- သရ ဗျည်း ဌာန် ကရိုဏ်း ပယတ်တို့ကို ရွတ်ဆိုပုံနှင့် ပြသော ကျမ်း။
(၅) နိရုတ္တိ- ဝဏ္ဏလာပုံ ပစ္စည်းသက်ပုံ ဝိဂြိုဟ်ပြုပုံတို့ကို ဆိုသော ကျမ်းအတတ်၊
(၆) ဆန္ဒော ဝိစိတိ- ဆန်းကျမ်း အတတ်၊
(၇) သာမ ဗေဒင်၊
(၈) ယဇု ဗေဒင်၊
(၉) ဣရု ဗေဒင်၊
(၁၀) အာထဗ္ဗဏ ဗေဒင်တို့ကိုဟောဆိုသရဇ္ဈာယ်သော အတတ်၊
(၁၁) မီမံသာ- ကံ၏ အကြောင်းအရာ ဗြဟ္မာ၏ အကြောင်းအရာကို စီစစ်ဟောဆို ဆုံးဖြတ်သော ကျမ်းအတတ်၊
(၁၂) နျာယ- တက်ကျမ်းမျိုးစုံ အတတ်၊
(၁၃) ဓမ္မသတ္ထ-တရားဥပဒေဓမ္မသတ် ကျမ်းအတတ်၊
(၁၄) ပုရာဏ- ရှေးဟောင်း အကြောင်းစကားတို့ကို ဆိုသော ကျမ်းအတတ်၊
(၁၅) အာယုဗေဒ- ဆေးကျမ်းဟောအတတ်၊
(၁၆) ဓနုဗ္ဗေဒ- မန္တန်မန်းမှုတ်၍ ပြုအပ်သော လေးပစ်အတတ်၊
(၁၇) ဂန္ဓဗ္ဗဗေဒ- သီဆိုကျူးရင့် ကခုန်မှု အတတ်၊
(၁၈) အတ္ထသတ္တ- အကျိုးစီးပွားများစေမည့် ယဉ်ကျေးစွာ ပြောဆိုပုံ နည်းမျိုးနှင့် စကားရည်လုပုံ နည်းတို့ကို ပြသော ကျမ်းအတတ်။

ဝိညတ်မျိုး ၂-ပါး

သိစေတတ်သော အမူအရာ ၂-ပါး။
(၁) ကာယဝိညတ်- ကိုယ်အမူအရာဖြင့် မျက်စိမှိတ်ခြင်း, ခေါင်းညိတ်ခြင်း, လက်ပြခြင်း,စသည်မျိုး၊
(၂) ဝစီ ဝိညတ်- နှုတ်ဖြင့် ပြောဆိုခြင်းမျိုး။

ဝိညာဉ် ၆-ပါး

သိတတ်သော တရားသဘောစု ၆-ပါး။
(၁) စက္ခုဝိညာဉ်- မြင်သိစိတ်၊
(၂) သောတဝိညာဉ်- ကြားသိစိတ်၊
(၃) ဃာနဝိညာဉ်- နံသိစိတ်၊
(၄) ဇိဝှါ ဝိညာဉ်- လျက်သိစိတ်၊
(၅) ကာယ ဝိညာဉ်- ထိသိစိတ်၊
(၆) မနော ဝိညာဉ်- တွေးသိစိတ်။

ဝိညာဉ်ဏဋ္ဌိတိ ၇-ပါး

စူဠနိ၊၁၆၃။ စူဠနိ၊ဋ္ဌ၊၄၆။ အံ၊၂၊၄၇၂။ အံ၊ဋ္ဌ၊၃၊၁၆၃။ ဒီ၊၂၊၅၈။ ဒီ၊ဋ္ဌ၊၂၊၉၉-တို့၌ အကျယ်ရှုပါ။ ဝိညာဉ်၏ တည်ခြင်း ၇-မျိုး။
(၁) နာနတ္တ ကာယ နာနတ္တ သညီ- ကိုယ်အမျိုးမျိုးရှိသော သညီအမျိုးမျိုးရှိသော လူနှင့် နတ်အချို့, ဝိနိပါတိက အသူရာအချို့၊
(၂) နာနတ္တ ကာယ ဧကတ္တသညီ- ကိုယ်အမျိုးမျိုး သညီကား တခုတည်းသာရှိသော ပဌမစျာန် ၃-ဘုံ ဗြဟ္မာများ၊
(၃) ဧကတ္တကာယ နာနတ္တသညီ- တူသော ကိုယ်ရှိ၍ သညီအားဖြင့် ပြားကုန်သောပရိတ္တာဘာ, အပ္ပမာဏာ, အာဘဿရာ ဗြဟ္မာများ၊
(၄) ဧကတ္တ ကာယ ဧကတ္တ သညီ- တူသောကိုယ် တူသော သညီ ရှိကြကုန်သော ပရိတ္တာသုဘ, အပ္ပမာဏ သုဘာ, သုဘကိဏှာ, ဗြဟ္မာများ၊
(၅) အာကာသာ နဉ္စာယတနဘုံ ဗြဟ္မာများ၊
(၆) ဝိညာဏဉ္စာယတနဘုံဗြဟ္မာများ၊
(၇) အာကိဉ္စညာယတနဘုံ ဗြဟ္မာများ။

ဝိညာဏဓာတ် ၆-ပါး

ဝိညာဉ် ၆-ပါးကိုပင် ဓာတ်နေရာ၌ “ဝိညာဏဓာတ်၆-ပါး”ဟု ခေါ်ဝေါ်၏၊ အနက်အဓိပ္ပါယ် အတူတူပင်။

ဝိတက်ဆိုး ၃-ပါး

မ၊၁၊၁၆၁။ မ၊ဋ္ဌ၊၁၊၃၈၃။မကောင်း ကြံစည်ခြင်း ၃-ပါး။
(၁) ကာမ ဝိတက်- ကာမဂုဏ်ကို ကြံစည်ခြင်း၊
(၂) ဗျာပါဒဝိတတ်- သူတပါးအား သေကြောင်း ပျက်စီးကြောင်းကို ကြံစည်ခြင်း၊
(၃) ဝိဟိံသဝိတက်- သူတပါးကို ညှင်းဆဲနှိပ်စက်ခြင်းငှါကြံစည်ခြင်း။

ဝိတက်မျိုး ၃-ပါး၊ တနည်း

နိက္ခမဝိတက်, အဗျာပါဒဝိတက်, အဝိဟိံသဝိတက်တို့ကို ခေါ်သည်၊ ၎င်း သရုပ်အဓိပ္ပါယ်မူကျယ် (သမ္မာသင်္ကပ္ပမျိုး၃-ပါး)၌ ဆိုအံ့။

ဝိထိ ၃-ပါး၊ နေလများ၊ လမ်းသွား ဗေဒင်လာ

နေမင်း၏ သွားလမ်းကိုအတွင်း ဝိထိ,
အလယ်ဝိထိ, အပြင်ဝိထိ ၃-ပိုင်းညှိ၍ လမ်း ၃-ပါးဖြင့်ပိုင်းခြားပြခြင်းမျိုး၊ ဇိနာလင်္ကာရဋီကာနှင့် သာရတ္ထသင်္ဂဟ အဋ္ဌကထာ။
(၁) ဗာဟီရ ဝိထိ- အပြင်လမ်း၊ တန်ဆောင်မုန်းလဆန်း ၁၅-ရက်နေ့ညဉ့်၂-ချက်တီးချိန် မှစ၍ ထွက်သွားရာ ပြာသိုလပြည့်နေ့ညဉ့် ၂-ချက်တီးချိန်၌ ဗာဟီရဝိထိ၏ လမ်းဆုံးအစွန်သို့ ရောက်လေသည်၊ ထိုအချိန်မှတဖန် ပြန်လှည့်ဝင်လာရာ တပေါင်းလဆန်း၁၅-ရက်နေ့ ညဉ့်၂-ချက်တီးချိန်၌ ဗာဟီရဝိထိခရီး၏ မူလအစသို့ ပြန်ရောက်ရကား အသွား အပြန် ၄-လဖြင့် ဗာဟီရဝိထိကုန်ဆုံး၏။
(၂) မဇ္ဈေဝိထိ- အလယ်လမ်း၊ တပေါင်းလဆန်း ၁၅-ရက်နေ့ ညဉ့် ၂-ချက်တိးချိန်မှစ၍ မဇ္ဈေဝိထိခေါ် အလယ်ပိုင်းလမ်းသို့ ဝင်လာရာ ကဆုန်လပြည့်နေ့ ညဉ့် ၂-ချက်တီးချိန်၌ အလယ်ပိုင်းလမ်းဆုံးသို့ ရောက်၏၊ ထိုမှ ဆက်ပြီး အန္တောဝိထိထဲသို့ဝင်သွားရာ သွား, ပြန် ၄-လမျှကြာပြီးသော် တော်သလင်းလဆန်း ၁၅-ရက်နေ့ ညဉ့် ၂-ချက်တီးချိန်မှစ၍ မဇ္ဈေဝိထိထဲသို့ တဖန်ပြန်အထွက် လမ်းခရီးဖြင့် သွားလေရာတန်ဆောင်မုန်းလပြည့်နေ့ ညဉ့် ၂-ချက်တီးချိန်၌ မဇ္ဈေဝိထိ အလယ်ပိုင်းလမ်းဆုံးသို့ ရောက်လေသည်။
(၃) အန္တောဝိထိ- အတွင်းလမ်း၊ကဆုန်လဆန်း ၁၅-ရက်နေ့ ညဉ့်၂-ချက်တီးကျော်မှစ၍ အန္တောဝိထိခေါ် အတွင်းဘက်လမ်းသို့ စဝင်သွားရာ ဝါဆိုလပြည့်နေ့ ညဉ့် ၂-ချက်တီးချိန်၌ အတွင်းလမ်းဆုံ အစွန်းသို့ရောက်၏၊ ထိုအချိန်မှ တဖန် ပြန်ထွက်လာရာ တော်သလင်းလဆန်း ၁၅-ရက်နေ့ ညဉ့် ၂-ချက်တီးချိန်၌ အန္တောဝီထိခရီး၏ အဆုံးသို့ရောက်ရကား အဝင်အထွက် ၄-လမျှဖြင့် အန္တောဝိထိ ကုန်ဆုံး၏။

ဝိနည်း ၄-ပါး၊ လူအများ၊ လိုက်စား ယဉ်ကျေးစွာ

ယဉ်ကျေးမှုအတွက် ဆုံးမချက်အပြား ၄-ပါး။
(၁) ဂီဟိ ဝိနယ-”အာဂါရ ဝိနယ“လူတိုင်းလိုက်နာ ကျင့်သုံးရသော ယဉ်ကျေးမှုတရားစု ဥပဒေ လူ့ဝိနည်း၊
(၂) သမဏ ဝိနယ- “အနာဂါရိယ ဝိနယ”ရဟန်း သာမဏေတို့ လိုက်နာကျင့်သုံးရသော ဝိနည်းပညတ်တော်များ၊
(၃) သံဝေရ ဝိနယ-”အနာဂါရိယ ဝိနယ“ရဟန်းရှင်လူတို့ လိုက်နာကျင့်သုံးရသော သံဝရဝိနည်း ၅-ပါး၊
(၄) ပဟာန ဝိနယ- အကုသလဓမ္မတို့ကို ပယ်သော ပဟာနဝိနည်း၅-ပါး။

ဝိနည်း ၅-ကျမ်း

ဗုဒ္ဓဘာသာ ရဟန်းတော်များ လိုက်နာကျင့်သုံး ဆောက်တည်ရသော သာသနာဝိညာဉ် အာယုခေါ် ဥပဒေကျမ်းကြီး ၅-ရပ်၊
(၁) ပါရာဇိကဏ် ကျမ်း၊
(၂) ပါစိတ်ကျမ်း၊
(၃) မဟာဝါကျမ်း၊
(၄) စူဠဝါကျမ်း၊
(၅) ပရိဝါ ကျမ်း။

ဝိနည်းကံ မျိုး ၄-ပါး

ဝိနည်းပိဋကတော်လာ ရဟန်းတော်များ လိုက်နာ ဉပမူရမည့် ဝိနယကမ္မမျိုး၄-ပါး၊ ဝိနည်း ပညတ်တော်၌လာသည့် ပကာသနီယ, ပဋိသာရနီယ, ဥက္ခေပနီယ, စသည့် ကံဟူသမျှသည် ဤကံမျိုး၄-ပါးထဲသို့သာ ဝင်ကြသည်။
၁။ အပလောကနကံ- ညီညွတ်သော သံဃာ၏ ခွင့်ပြုချက်အရသုံးကြိမ် သံဃာအား ပန်ကြား၍ ပြုအပ်သော ကိစ္စဟူသမျှကို ခေါ်ဆိုသည်။
၂။ ဉတ္တိကံ- ဉတ်တကြိမ် ရွတ်ဖတ်ပြီး ပြုလုပ်သော ဥပုသ်, ပဝါရဏာ, စသည့် ကိစ္စများ။
၃။ ဉတ္တိ ဒုတိယကံ- ဉတ်တကြိမ်၊ ကမ္မဝါစာတကြိမ်ဖတ်၍ ပြုလုပ်ရသည့် ကထိန်, သိမ်သမုတ်, စသည့်ကံမျိုး။
၄။ ဉတ္တိစတုတ္ထကံ- ဉတ်တကြိမ်၊ ကမ္မဝါစာ သုံးကြိမ်ဖတ်၍ပြုလုပ်ရသော ရဟန်းခံခြင်း, စသည့် ကံမျိုး။

ဝိနည်းမိုရ်များ၊ ကျင့်ဝတ်ထား၊ တရား ၆၄

၎င်း သရုပ်ကို(အနုဝဇ္ဇကကျင့်ဝတ်
၆၄-ပါး)၌ပြခဲ့ပြီ။

ဝိပ္ပတ္တိစက်၊ ၄-ပါးကွက်၊ ရှောက်လျက် ပြေး၍သွား

သမ္ပတ္တိစက် ၄-ပါး“၏
ဆန့်ကျင်ဘက်ကိုယူပါလေ၊ တနည်း”စက် ၄-ပါး”၏ သရုပ်နှင့် ဆန့်ကျင်ဘက်ကို ယူပါလေ။

ဝိပတ္တိတရား ၄-ပါး

အဘိ၊ဋ္ဌ၊၂၊၄၂၁။ ပျက်စီးခြင်းသို့ ရောက်ခြင်း ၄-ပါး။
(၁) ဂတိ ဝိပုတ္တိ- အပါယ်လေးဘုံ၌ဖြစ်ရခြင်း၊
(၂) ဥပဓိ ဝိပ္ပတ္တိ- ယုတ်ညံ့ချွတ်ယွင်းသော အတ္တဘောကိုရခြင်း၊
(၃) ကာလ ဝိပ္ပတ္တိ- မကောင်းယုတ်မာသော မင်းတို့၏ လက်ထက်အခါ၌ ကာလ ဖေါက်ပြန်ခြင်း၊
(၄) ပယောဂ ဝိပ္ပတ္တိ- မကောင်းမှုတို့နှင့် အသက်မွေးခြင်း။

ဝိပရိယေသန တရားကြီး ၄-ပါး

ဖောက်ပြန်၍ ရှာမှီးကျင့်သုံးသောတရားကြီး လေးပါး၊ ခုဒ္ဒက ဝိဘင်းပါဠိတော်မှ။
(၁) သုဘ- အသုဘတရားစုကို သုဘဟု ထင်ကာ ရှာမှီးတွယ်တာ ကျင့်သုံးမှု၊
(၂) သုခ- ဒုက္ခတရားစုကို သုခဟုထင်ကာ ရှာမှီးထပ်မက်ကျင့်သုံးမှု၊
(၃) နိစ္စ- အနိစ္စတရားစုကို နိစ္စဟုထင်ကာ ရှာမှီးနှစ်သက် မပစ်ရက်နိုင်မှု၊
(၄) အတ္တ- အနတ္တ တရားစုကို အတ္တဟုစွဲကာ သဲသဲမဲမဲ ခိုင်မြဲစွာ ယူနေမှု။

ဝိပ္ပလ္လာသ တရား ၃-ပါး

သိ, မှတ်, ယူ, မှား ဖေါက်ပြန်မှုတရား ၃-ပါး။
(၁) စိတ္တ ဝိပ္ပလ္လာသ- အသိမှားကို သိထားခြင်း, အသိဖေါက်ပြန်မှု၊
(၂) သညာ ဝိပ္ပလ္လာသ- အမှတ်မှားကို မှတ်ထားခြင်း, အမှတ်ဖေါက်ပြန်မှု၊
(၃) ဒိဋ္ဌိ ဝိပ္ပလ္လာသ- အယူမှားကိုယူထားခြင်း, အယူဖေါက်ပြန်မှု။

ဝိပ္ပလ္လာသ တရား ၁၂-ပါး

ဝိသုဒ္ဓိ၊၂၊၃၂၄။ ဤ၌ ၃-ပါး၄-လီပေါင်းသော် ၁၂-ပါးဖြစ်၏။
(က) အနိစ္စ ဖြစ်သော ရုပ်နာမ်၌မြဲသည်ဟု (၁) အသိမှား၊ (၂)အမှတ်မှား၊ (၃) အယူမှား၊
(ခ) ဒုက္ခရုပ်နာမ်၌ ချမ်းသာဟု (၁)အသိမှား၊ (၂)အမှတ်မှား၊ (၃) အယူမှား၊
(ဂ) အနတ္တ ရုပ်နာမ်၌၊ ငါကောင်ဟု (၁) အသိမှား၊ (၂) အမှတ်မှား၊(၃)အယူမှား၊
(ဃ) အသုဘ ဖြစ်သော ရုပ်တရား၌၊ တင့်တယ်ဟု(၁) အသိမှား၊ (၂)အမှတ်မှား၊ (၃) အယူမှား။

ဝိပဿနာ၏အညစ်အကြေးတရား ၁၀-ပါး

၎င်းသရုပ်ကို (ဥပက္ကိလေသတရား ၁၀-ပါး)
၌ရှုပါ။
မှတ်ချက်။ ။ ၎င်းကိုပင် (ဝိပဿနာဉာဏ်၏အန္တရာယ်ဆယ်ပါး)ဟူ၍လည်း ခေါ်သည်ဟု မှတ်ရာ၏။

ဝိပဿနာဉာဏ် ၁၀-ပါး

အထူးထူး အပြားပြား ရှုဆင်ခြင်ရသောယောဂီပုဂ္ဂိုလ်
တို့၏ ဉာဏ်အမြင် ဆယ်ပါး။
(၁) သမ္မသနဉာဏ်- ရုပ်နာမ်တရားစုကို လက္ခဏာ ၃-ပါးတင်၍ ဆင်ခြင်သုံးသပ်သော ဉာဏ်၊
(၂) ဥဒယဗ္ဗယဉာဏ်- ရုပ်နာမ်တရားတို့၏ ဖြစ်ပုံ ပျက်ပုံကို ရှုသော ဉာဏ်၊
(၃) ဘင်္ဂဉာဏ် ရုပ်နာမ်တရားစု၏ အပျက်ကို ရှုသော ဉာဏ်၊
(၄) ဘယဉာဏ်- ရုပ်နာမ်တို့၏ ကြောက်မက်ဖွယ်ဘေးကိုရှုသော ဉာဏ်၊
(၅) အာဒီနာဝဉာဏ်- ရုပ်နာမ်တို့၏ အပြစ်ကိုရှုသောဉာဏ်၊
(၆) နိဗ္ဗိဒါ ဉာဏ်- ရုပ်နာမ်တို့၌ ငြီးငွေ့သော ဉာဏ်၊
(၇) မုစ္စိတုကမျတာ ဉာဏ်- သင်္ခါရတို့မှ လွတ်မြောက်လိုသောဉာဏ်၊
(၈) ပဋိသင်္ခါ ဉာဏ်- ထိုသင်္ခါရတို့၌ အနိစ္စ, ဒုက္ခ, အနတ္တ ဟု ထပ်မံ၍ရှုသော ဉာဏ်၊
(၉) သင်္ခါရုပေက္ခာ ဉာဏ်-သင်္ခါရတို့၌ လျစ်လျူရှုနိုင်သော ဉာဏ်၊
(၁၀) အနုလောမ ဉာဏ်- ပြဆိုပြီးဉာဏ်စဉ်ရှစ်ပါးမှ မဂ်ဖိုလ်တရားတို့ကိုပေါင်းကူးပမာ လျော်စွာ ရှုသော ဉာဏ်။

ဝိဿနာဉာဏ် ၁၆-ပါး၊ တနည်း

ဝိပဿနာ အလုပ်စခန်း၌ ရသလောက်သိမ်းကျုံး
ရေတွက်ထားသော ဉာဏ်စဉ်ဟူ၏။
(၁) နာမရူပပရိစ္ဆေဒဉာဏ်၊
(၂) ပစ္စယပရိဂ္ဂဟဉာဏ်၊
(၃) သမ္မသနဉာဏ်၊
(၄) ဥဒယဝယဉာဏ်၊
(၅) ဘင်္ဂဉာဏ်၊
(၆) ဘယဉာဏ်၊
(၇) အာဒီနဝဉာဏ်၊
(၈) နိဗ္ဗိဒါဉာဏ်၊
(၉) မုစ္စိတု ကမျတာဉာဏ်၊
(၁၀) ပဋိသင်္ခါဉာဏ်၊
(၁၁) သင်္ခါရုပေက္ခာဉာဏ်၊
(၁၂) အနုလောမဉာဏ်၊
(၁၃) ဂေါတ္တရဘူဉာဏ်၊
(၁၄) မဂ်ဉာဏ်၊
(၁၅) ဖိုလ်ဉာဏ်၊
(၁၆) ပစ္စဝေက္ခဏာဉာဏ်။

ဝိပါတ်တော် ၁၂-ပါး

အပဒါန၊၁၊၃၄၆။ မြတ်စွာဘုရား၌ထင်ရှားသော ဝိပါက်တော်များ။
(၁) ပဌမ ဝိပါတ်တော်။
(မေး) ဥရုဝေဠ၊ တောဝမြိုင်ခွင်၊ ခြောက်နှစ်ပတ်လုံး ကျင့်သုံးအရှင်၊ အားကုန်ခန်းလို့။ ညှိုးနွမ်းငြိုငြင်၊
ပင်ပန်းရေး၊ ဝဋ်ကြွေး ဘယ်ကြောင့်တင်။
(ဖြေ) ကဿပဖျား၊ ထင်ရှားပွင့်သော်၊ ဇောတိပါလ၊ နာမအကျော်၊ ပုဏ္ဏားမာန်တက်၊ နှုတ်မြွက်အာဘော်၊ ဝစီပြင်း ရှေးရင်း ဝိပါတ်တော်။
(၂) ဒုတိယဝိပါတ်တော်။
(မေး) စိဉ္စမာဏ၊ မိန်းမစေကျွန်၊ ကိုယ်ဝန်ရှိသော၊ ဆိုပြောအလွန်၊ လက်သယ်ထားလို့၊ ဘုရားကိုညွှန်၊ စွပ်စွဲခဲ့အဘယ့် ဝိပါက်ဝန်။
(ဖြေ) သောက်စားလွန်ကျူး၊ ယစ်မူးပျော်ရွှင်၊ သေသောက်သမား၊ ဖြစ်ငြားယခင်၊ ရဟန္တာမြတ်၊ ဆွမ်းရပ်သည်မြင်၊ အကျင့်ယုတ် ဖွင့်ထုတ် စွပ်စွဲအင်။
(၃) တတိယ ဝိပါက်တော်။
(မေး) တိတ္ထိ စေခိုင်း၊ မိုက်ရိုင်း ဒုဿီ၊ ထင်ရောင် ထင်မှား၊ ဉပငြား သုန္ဒရီ၊ လူရှင်အပေါင်း၊ ယုံကြောင်းပွေလီ၊ ရှင်တော်ထွတ်၊ ဘယ်ဝဋ် ရှေးကမှီ။
(ဖြေ) မုနာဠိဟု၊ မည်ရှိလောင်းတော်၊ မောက်ကြွား မှောက်မှား၊ သောက်စားအပျော်၊ ရှင်ပစ္စေက၊ဗုဒ္စမြင်သော်၊ ဒုဿီဘဲ၊ စွပ်စွဲ ဝဋ်ကြွေးပေါ်။
(၄) စတုတ္ထ ဝိပါက်တော်။
(မေး) သုန္ဒရီမိုက်၊ သတ်လိုက် သေရာ၊ တိတ္ထိအသင်း၊ သတင်းလွှင့်ကာ၊ တပည့်များနှင့်၊ဘုရားကိုသာ၊
လူအများ၊ ယုံမှား ဘယ်တွက်တာ။
(ဖြေ) လောင်းတော်ရသေ့၊ ပျော်မွေ့စံရာ၊ ရသေ့တဦး၊ စျာန်မြူးကွန့်လာ၊ငြူစူစိတ်ဇော၊ မနောဣသာ၊ ကျင့်ယုတ်ကြီး၊ နှုတ်သီး ချွန်သည့်တာ။
(၅) ပဉ္စမ ဝိပါက်တော်။
(မေး) ဝေဘာတောင်စောင်း၊ ကျောက်မောင်းဆင်ကာ၊ ဒေဝဒတ်ယုတ်၊ ခလုပ်အသာ၊ သူဖြုတ်ချလို့၊ ဗုဒ္ဓခြေမှာ၊ ကျောက်လွှာငြိ၊ ဒဏ်ထိ၊ ဘယ်ဝဋ်ပါ။
(ဖြေ) သူကြွယ်မျိုးဇာတ်၊ ဖြစ်လတ်တုံချေ၊ ညီကို လှည့်စား၊ခေါ်သွားသလေ၊ ကျောက်နှင့်ဖိညှပ်၊ ထုသတ်ကြိတ်ချေ၊ ကျောက်ဝိပါတ်၊ အဆက်ပါခဲ့ပေ။
(၆) ဆဋ္ဌမ ဝိပါက်တော်။
(မေး) ကျောက်လွှာထိပါး၊ မြတ်ဖျားထွတ်တင်၊ တည်နေဝပ်ကိန်း၊ သွေးစိမ်းအရှင်၊ ခြေမတော်ထဲ၊ ကိုက်ခဲနာကျင်၊ ဝိပါက်ရင်း၊ အလင်း ပြစေချင်။
(ဖြေ) သူငယ်ဖြစ်ခိုက်၊ လမ်း၌ပျော်ရွှင်၊ ရှင်ပစ္စေက၊ ဝေးမှအမြင်၊ခဲနှင့်ပစ်လိုက်၊ ထိခိုက်ခြေတွင်၊ သွေးယိုဆင်း၊ ရှေးရင်း ဝိပါက်ပင်။
(၇) သတ္တမ ဝိပါက်တော်။
(မေး) ဆွမ်းခံကြွမြန်း၊ ထိပ်ပန်းဘုန်းကြွယ်၊ မုန်ကျဆင်ကြီး၊ ခရီးအလယ်၊ ဒေဝဒတ်မိုက်၊ လွှတ်လိုက်ပြန်တယ်၊ ရင်ဆိုင်တွေ့၊ ဆင်ဝှေ့ ဘယ်ဝဋ်နွယ်။
(ဖြေ)ဆင်ထိန်းဆင်ကျောင်း၊ အလောင်းဖြစ်တုံ၊ရှင်ပစ္စေက၊လမ်းမအဆုံ၊ ဒေါသထားလို့၊ ပြစ်မှားသုန်မှုန်၊ ဆင်နှင့်တိုက်၊ ဝဋ်လိုက် စေဘို့ကြုံ။
(၈) အဋ္ဌမ ဝိပါက်တော်။
(မေး) ကျောက်လွှာခတ်လို့၊ သွေးဓာတ်ဆူပူ၊ခြေမတော်ဦး၊ ထွတ်ဖူးတဆူ၊သွေးညိုကိန်းလို့၊ကျိန်းဝပ်တော်မူ၊
ဇီဝက၊ ခွဲရ ဘယ်ဝဋ်ဟူ။
(ဖြေ) ပဒေသရာဇ်၊ မင်းဖြစ်စဉ်ဝယ်၊ မူးယစ်သောက်စား၊ ဖောက်ပြားမဖွယ်၊ လူရှင်လတ်လတ်၊ထိုးသတ် ပြန်တယ်၊
ဓားဝိပါက်၊ အဆက် သူကနွယ်။
(၉) နဝမ ဝိပါက်တော်။
(မေး) သုံးလူထွတ်ဖူး၊ မြိုက်မှူးသျှောင်ကေ၊ရံဖန်ခါလဲ၊ ခေါင်းခဲပလေ၊ ဝေဒနာဝဋ်၊ မလွတ်တုံချေ၊ ဘယ်ဝိပါက်၊ အဆက် ပါခဲ့ပေ။
(ဖြေ) ရှေးခါကပ်ဟောင်း၊ မကောင်းကံဆော်၊ တံငါမျိုးဇာတ်၊ ဖြစ်လတ်သရော်၊ငါးတို့ဦးခေါင်း၊ ထုထောင်းမြင်သော်၊ ဝမ်းမြောက်မိ၊ လိုက်ဘိ ဝိပါက်တော်။
(၁၀) ဒသမ ဝိပါက်တော်။
(မေး) ဝါတော်ကပ်တော့၊ မာရ်နတ်နှိုးဆော်၊ ဝေရဉ္ဇာတိုင်း၊ သမိုင်းအကျော်၊ မုယောဆွမ်းမို့၊ကြမ်းကြမ်း ထော်ထော်၊ ဘုဉ်းပေးရ၊ ရှေးက ဘယ်ဝဋ်နော်။
(ဖြေ) မထင်မရှား၊ မျိုးသားဖြစ်တုံ၊ ရဟန်းတော်များ၊ ဆွမ်းစားခိုက်ကြုံ၊ ဆွမ်းကြမ်းစားဟု၊ ပြစ်မှားဆိုပုံ၊ ဝစီထွက်၊ ဝိပါက် တော်တဲ့ ယုံ။
(၁၁) ဧကာဒသမ ဝိပါက်တော်။
(မေး)အထွတ်ဆုံးဟု၊ သုံးလူ့မျက်မှန်၊ခါးတော်ကိုက်ခဲ၊ အသဲအသန်၊ ဝေဒနာများ၊ ခံစားရံဖန်၊
ဘယ်အကြောင်း၊ ကံဟောင်းထုတ်လို့ပြန်။
(ဖြေ) လက်ဝှေ့သတ်ကောင်း၊ အလောင်း ဖြစ်သော်၊ ပြိုင်ပွဲဆိုင်ပွဲ၊ နိုင်မြဲ အကျော်၊ နိုင်လျှင် ခါးရိုး ရိုက်ချိုးမြေပေါ်၊အသတ်ကောင်း၊ ဇာတ်ဟောင်းဝိပါက်တော်။
(၁၂) ဒွါဒသမ ဝိပါက်တော်။
(မေး)ဆဒ္ဒန်ဆယ်စီး၊ အားကြီးလျင်မြန်၊ဝမ်းတော်သွန်ငြား၊ ရွှေအားမသန်၊ ခွေယိုင်နွဲ့လို့၊မြန်းခဲ့နိဗ္ဗာန်၊ ဖြေစေကြောင်း၊ ကံဟောင်း သိဘို့ရန်။
(ဖြေ) ရောဂါကုစား၊သမားဉာဏ်ကျယ်၊ ရှင်သူဌေးသား၊ ဆေးဝါးကုတယ်၊ ခ,မပေးလို့၊ဟိုရှေးဘုန်းကြွယ်၊ ဝမ်းလားဆေး၊ တိုက်ကျွေး ဝဋ်ဟောင်းလယ်။
သတိပေး ဥယျောဇဉ် မြန်မာဂါထာ။
(က) ဝိပါက်ရောက်ရေး၊ ကြောက်သွေးတုန်ဘွယ်၊ ဘုရားသော်လဲ၊ ရှောင်လွှဲမလွယ်၊ တွေ့ကြုံမြဲမို့၊ တဝဲ လယ်လယ်၊ မလွတ်သေး၊ ဝဋ်ကြွေး ခက်လှတယ်။
(ခ) ကြင်နာထောက်ထား၊ သနားမြှော်ခေါ်၊ ကုသိုလ်ပွားမှု၊ အား ဉပကြနော်၊ နှိပ်စက်ညှဉ်းပန်း၊ သရမ်းပျက်ချော်၊ ရှောင်ကြဉ်ရေး၊ ဝဋ်ကြွေး စင်ဘို့မြှော်။

ဝိဘတ် ၉-သွယ်၊ မြန်မာဝယ်၊ နက်ကျယ် ဝေဘန်ထား

မြန်မာသဒ္ဒါနည်းအရ အနက်သဘောဒြဗ်ကို အကျယ်ဝေဘန်၍ ပြပေးတတ်သော ဝိဘတ်မျိုး ၉-ပါး ဟူ၏။
(၁) ကတ္တားဝိဘတ်- သည်, ကား, မှ, က, ၄-လုံး၊ ၎င်းတို့သည် ကြိယာကိုပြီးစေတက်သော အနက်သဘောကိုဝေဘန်၍ ပြတတ်၏။
(၂) ကံဝိဘတ်-ကို, သို့, ၂-လုံး၊ ၎င်းတို့သည် ကြိယာဖြင့် ရောက်အပ် ကြိယာကို ခံယူအပ်သော အနက်သဘောကိုဝဘန်၍ ပြတတ်၏။
(၃) ကရိုဏ်းဝိဘတ်- ဖြင့်, နှင့်, ၂ လုံး၊၎င်းတို့သည် ကြိယာကို အထူးသဖြင့်ပြီးစေတတ်သော အနက်သဘောကို ဝေဘန်၍ ပြတတ်၏။
(၄) သမ္ပဒါန်ဝိဘတ်- အား, ဘို့, ငှါ, ၃-လုံး၊၎င်းတို့သည် ပိုင်းခြားခြင်းသဘောကို ဝေဘန်၍ ပြတတ်၏။
(၅) အပါဒါန်ဝိဘတ်-မှ, အောက်, ထက်, က, ၄-လုံး၊၎င်းတို့သည် ပိုင်းခြားခြင်း အနက်သဘောကို ဝေဘန်၍ ပြတတ်၏။
(၆) သာမိဝိဘတ်- ၏, တလုံး၊ ၎င်းသည်စိုးပိုင်ယှဉ်စပ်ခြင်း အနက်သဘောကို ဝေဘန်၍ ပြတတ်၏။
(၇) ဩကာသဝိဘတ်- ၌, မှာ, တွင်, ဝယ်, ၄-လုံး၊ ၎င်းတို့သည် တည်ရာဌာန ဟူသော အနက်သဘောကို ဝေဘန်၍ပြတတ်၏။
(၈) အာလုပ်ဝိဘတ်- အို, ဗျို့, ဗျ, ဟေ, ဝေ, ဟ, ဟယ်, အချင်း, အမင်း, အမောင်, ၎င်းတို့သည် ခေါ်ခြင်း ထူးခြင်း အနက်သဘောကို ဝေဘန်၍ ပြတတ်၏။
(၉) ဟိတ်ဝိဘတ်- ကြောင့်, လို့, မို့, ၃-လုံး၊ ၎င်းတို့သည် အကြောင်းရင်းလက်သည်ဟူသော အနက်သဘောကို ဆောင်၍ပြတတ်သည် ဟူ၏။

ဝိမုတ္တိတရား ၅-ပါး

မ၊၃၊၁၆၀။ မ၊ဋ္ဌ၊၄၊၁၂၀။ ကိလေသာမှလွတ်မြောက်ခြင်းတရား ငါးပါး။
(၁) တဒင်္ဂ ဝိမုတ္တိ- ကာမကုသိုလ်စု၊
(၂) ဝိက္ခမ္ဘန ဝိမုတ္တိ- စျာန်ကုသိုလ်စု၊
(၃) သမုစ္ဆေဒ ဝိမုတ္တိ- မဂ်ကုသိုလ်စု၊
(၄) ပဋိပဿမ္ဘန ဝိမုတ္တိ- ဖိုလ်တရားများ၊
(၅) နိဿရဏ ဝိမုတ္တိ- နိဗ္ဗာန်တရားမြတ်။

ဝိမောက္ခတရား ၃-ပါး

သံယောဇဉ် စသည်တို့မှ လွတ်မြောက်နိုင်သော ပညာတရား ၃-ပါး။
(၁) သုညတ ဝိမောက္ခ- အတ္တမှ ဆိတ်သုံးလျက် သံယောဇဉ် စသည်တို့မှ လွတ်နိုင်သော ပညာ၊
(၂) အ နိမိတ္တ ဝိမောက္ခ- နိစ္စဟူသော အကြောင်းစသည်မရှိဘဲ သံယောဇဉ် စသည်မှ လွတ်မြောက်နိုင်သော ပညာ၊
(၃) အပ္ပဏိဟိတ ဝိမောက္ခ- တဏှာဟူသည့် ကပ်ငြိမှီတွယ်ရာ မရှိသော သံယောဇဉ် စသည်တို့မှ လွတ်မြောက်နိုင်သည့် ပညာ။

ဝိမောက္ခတရား ၈-ပါး၊ တနည်း

နီဝရဏတရားတို့မှ ထွက်မြောက်သောတရားရှစ်ပါး ဟူ၏၊ လိုရင်းအဓိပ္ပါယ်ချုပ်ကား စျာန်တရားတို့ဖြင့် အာရုံပြောင်းမှုပင် ဖြစ်၏၊အကျယ်ကို အဋ္ဌကနိပါတ်အင်္ဂုတ္တိုရ် ဒုတိယ ပဏ္ဏာသက ဒုတိယ၊ ဘူမိစာဂဝဂ် ဝိမောက္ခသုတ်၌ ကြည့်လေ။

ဝိမောက္ခ မုခ တရား ၃-ပါး

ကိလေသာမှ လွတ်ရာ နိဗ္ဗာန်သို့ဝင်ရန် မုခ်ဦးမုခ်ဝ ပြာသာဒ်ကြီး ၃-ဆောင်ဟူ၏။ (၁) အနိစ္စနုပဿနာတရား၊
(၂) ဒုက္ခာနုပဿနာတရား၊
(၃) အနတ္တာနုပဿနာတရား။

ဝိရတီအပြား၊ မျိုး ၃-ပါး

မ၊၁၊၅၈။ မ၊ဋ္ဌ၊၁၊၂၀၇။အကုသလ ဒုစရိတအမှုတို့ကိုမ ဉပမကျင့် ဖဲကြဉ်ရှောင်ရှားမှု ၃-ပါး။
(၁) သမာဒါန ဝိရတီ-သိက္ခာပုဒ်ကို ခံယူဆောင်တည်၍ လွန်ကျူးဘွယ်အချက်တို့မှ ရှောင်ကြဉ်မှု၊
(၂) သမ္ပတ္တ ဝိရတီ-သိက္ခာပုဒ်ကို ခံယူဆောက်တည်မထားဘဲ လွန်ကျူးဘွယ်အာရုံတွေ့မှ ရှောင်ကြဉ်မှု၊
(၃) သမုစ္ဆေဒဝိရတီ-ဒုစရိုက် ဒုရာဇီဝမှုကို ဘာတခုမျှ မ ဉပလုပ်တော့ဘဲ အကြွင်းမဲ့ရှောင်ကြဉ်သော လောကုတ္တရာဝိရတီကို ခေါ်သည်။ မှတ်ချက်။ ။ ၃-အမှတ်ဝိရတီကို”သေတုဃာတ ဝိရတီ”ဟူသော အမည်ဖြင့်လည်း သီလက္ခန် ကုဋဒန္တသုတ်၌ လာသေး၏၊အနက်သဘောအတူတူပင်။

ဝိရတီ စေတသိက် ၃-ပါး

မကောင်းသော ကာယ, ဝစီ, မနော,တို့မှရှောင်ကြဉ်ခြင်း တရားများ ဟူ၏။
(၁) သမ္မာဝါစာ- မိစ္ဆာဝါစာခေါ် ဝစီဒုစရိုက်မှ ရှောင်ရှားခြင်းလက္ခဏာ၊
(၂) သမ္မာကမ္မန္တ- ကာယဒုစရိုက်ကို မကျူးလွန်ခြင်းလက္ခဏာ၊
(၃) သမ္မာအာဇီဝ- မိစ္ဆာဇီဝခေါ် ကာယဒုစရိုက် ၃-ပါး၊ ဝစီဒုစရိုက် ၄-ပါးတို့မှ ရှောင်ရှားခြင်းလက္ခဏာ။

ဝိရာဂတရား မျိုး ၃-ပါး

ကိလေသာတို့မှ ကင်းခြင်းတရား ၃-ပါး ဟူ၏။
(၁) တဒင်္ဂ ဝိရာဂ- ခေတ္တခဏမျှ ရာဂကင်းခြင်း၊
(၂) သမုစ္ဆေဒ ဝိရာဂ- ပြတ်စဲသည်တိုင် ရာဂကင်းခြင်း၊
(၃) နိဿရဏ ဝိရာဂ- နိဗ္ဗာန်သို့ထွက်မြောက်သည်တိုင် ရာဂကင်းခြင်း။

ဝိလာသတရား၊ မျိုး ၄-ပါး၊ ထင်ရှား မြတ်ဗုဒ္ဓါ

ဘုရားရှင်၏ ဝိလာသ အစိန္တေယျ လေးပါးကို ဆိုသည်၊ ဇိနာလင်္ကာရမှ။
(၁) ရူပ ဝိလာသ- ရူပကာယတော်၏၊
(၂) ဉာဏ ဝိလာသ- ဉာဏ်တော်၏၊
(၃) ဝါစာ ဝိလာသ- စကားတော်၏၊
(၄) ဣဒ္ဓိဝိလာသ- တန်ခိုးတော်၏။
မှတ်ချက်။ ။ မကြံစည်နိုင်လောက်အောင် လျောက်ပတ် တင့်တယ်ခြင်းရှိသည်ကို ဆိုသည်၊ အကျယ် ၎င်း၌ ရှုလေ။

ဝိဝါဒဖြစ်ကြောင်းတရား ၆-ပါး

၎င်း သရုပ်အကျယ် (ငြင်းခုံခြင်းအကြောင်း ၆-ပါး)ဟူသော စကားရပ်၌ ပြခဲ့ပြီ။

ဝိဝါဒဝတ္ထုမျိုး ၁၈-ပါး

ရဟန်းတော်များ တရားတွေ့ ရန်ဖြစ်မှုမျိုး၊ ၎င်းသရုပ်ကို(အဓိကရုဏ်း ၄ပါး)ဟူသော သရုပ်၏ “ ဝိဝါဒါ ဓိကရုဏ်း“၌ရှုပါလေ။

ဝိဝေကတရား ၃-ပါး

မ၊၁၊၁၉၉။ မ၊ဋ္ဌ၊၂၊၄၉-၌အကျယ်ရှုပါ။
(၁) ကာယ ဝိဝေက ကိုယ်၏ ဆိတ်ငြိမ်ခြင်းဟု ဆိုအပ်သော အပေါင်းအသင်း တပည့်သားမြေး ကာပဂုဏ်တရားတို့မှ ကင်းကွာစွာ နေခြင်းမျိုး၊
(၂) စိတ္တ ဝိဝေက-စိတ်၏ ဆိတ်ငြိမ်ခြင်းဟု ဆိုအပ်သောသမာပတ်ရှစ်ပါး ဝင်စားခြင်း၊ သမာဓိအလုပ်တရား ကမ္မဋ္ဌာန်းအားထုတ် နေခြင်းမျိုး၊
(၃) ဥပဓိ ဝိဝေက- သန္တိသုခအေးမြ, ဆိတ်ငြိမ်ရာ နိဗ္ဗာန်တရားမြတ်ကို ဖိုလ်စိတ်ဖြင့် ဝင်စားကာ အာရုံပြုနေခြင်းမျိုး။

ဝိဝေကတရား၊ မျိုး ၃-ပါး။ ဖြေကြား တနည်းလာ

ပဋိသံ၊ဋ္ဌ၊၂၊၃၀၆-၌ ရှုပါ။ ကိလေသာတို့မှ ဆိတ်သုဉ်းခြင်း တရားမျိုး ၃-ပါး။
(၁) တဒင်္ဂ ဝိဝေက၊
(၂) သမုစ္ဆေဒ ဝိဝေက၊
(၃) နိဿရဏ ဝိဝေက၊ အဓိပ္ပါယ် (ပဟာန်ငါး)နှင့် တူ၏။

ဝိဝေကတရား မျိုး ၅-ပါး၊ တနည်း

(၁) တဒင်္ဂဝိဝေက၊
(၂) ဝိက္ခမ္ဘနဝိဝေက၊
(၃) သမုစ္ဆေဒ ဝိဝေက၊
(၄) ပဋိပဿဒ္ဓိ ဝိဝေက၊
(၅) နိဿရဏဝိဝေက။ အဓိပ္ပါယ် (ပဟာန် ၅-ပါး)နှင့် တူ၏။

ဝိသဇ္ဇနီသံ၊ ကဗျာ့မှန်၊ ယူရန် ၁၈-ပါး

၎င်းသရုပ် (နိမ့်သံအပြား ၁၈-ပါး)နှင့် တူ၏။

ဝိသုဒ္ဓိ ၇-ပါး

ပဋိသံ၊၂၇။ ပဋိသံ၊ဋ္ဌ၊၁၊၁၁၉။ စင်ကြယ်မြင့်မြတ်မှု ၇-ပါး။
(၁) သီလဝိသုဒ္ဓိ- သီလ၏ စင်ကြယ်မှု၊
(၂) စိတ္တဝိသုဒ္ဓိ- စိတ်၏ စင်ကြယ် တည်ကြည်မှု၊
(၃) ဒိဋ္ဌိ ဝိသုဒ္ဓိ- အယူအမြင်၏ စင်ကြယ်မှု၊
(၄) ကင်္ခါ၊ဝိတရဏ ဝိသုဒ္ဓိ- ယုံမှားခြင်းမှ စင်ကြယ်မှု၊
(၅) မဂ္ဂါမဂ္ဂဉာဏဒဿန ဝိသုဒ္ဓိ- မဂ်ဟုတ် မဟုတ်၌ ဉာဏ်အမြင် စင်ကြယ်မှု၊
(၆) ပဋိပဒါ ဉာဏ ဒဿန ဝိသုဒ္ဓိ- မဂ်သို့ ရောက်ကြောင်း အကျင့်ကောင်း၌ ဉာဏ်အမြင် စင်ကြယ်မှု၊
(၇) ဉာဏ ဒဿန ဝိသုဒ္ဓိ- သစ္စာလေးချက် ၁၆-နက်ကို ထက်မြက် စင်ကြယ်စွာ သိသော ဉာဏ်။

ဝိဟာရတရား မျိုး ၃-ပါး၊ တနည်း ၄-ပါး

ဒီ၊၃၊၁၈၄။ ဒီ၊ဋ္ဌ၊၃၊၁၈၈။
(၁) ဒိဗ္ဗ ဝိဟာရ- သမာပတ် ၈-ပါးဖြင့် နေထိုင်ခြင်းမျိုး၊
(၂) ဗြဟ္မ ဝိဟာရ- ဗြဟ္မစိုရ် တရား ၄-ပါးဖြင့် နေထိုင်ခြင်းမျိုး၊
(၃) အရိယာဝိဟာရ- ဖလသမာပတ်ဖြင့် နေထိုင်ခြင်းမျိုး၊
၎င်းသုံးမျိုးတွင် ဣရိယာပထ ဝိဟာရ- ရွာသူတို့၏ နေထိုင်ခြင်းမျိုး တပါးထည့်က ၄-ပါး ဖြစ်၏။

ဝီရိယ၏ အင်္ဂါ ၄-ပါး

မ၊၂၊၁၆၄။ မ၊ဋ္ဌ၊၃၊၁၃၅။ ဝီရိယပါရမီကို တကယ် တည်ကြည်စွာ အားထုတ်သူတို့သည် ၎င်းအင်္ဂါလေးပါးရှိသော အားအစွမ်းနှင့် ပြည့်စုံရမည် ဟူလို။
(၁) အရေသာ ကြွင်းခြင်းသို့၊
(၂)အကြောသာ ကြွင်းကျန်ခြင်းသို့၊
(၃) အရိုးသာ ကြွင်းကျန်ခြင်းသို့၊
(၄) အသား အသွေး ခြောက်ကပ်ခြင်းသို့ ရောက်သည်တိုင်အောင်လုံ့လရှိခြင်း။

ဝီရိယတရား၊ မျိုး ၃-ပါး၊ ခွဲခြား ဝေဘန်သိ

၎င်း ၃-ပါးနှင့် ပြည့်စုံမှသာ
မည်သည့် အလုပ်ကိစ္စမဆို ပြီးဆုံးအောင်မြင်နိုင်၏။
(၁) အာရမ္ဘ ဝီရိယ- လုပ်ငန်းကိစ္စ၌ ပဌမ စတင်ကြိုးစားမှု၊
(၂) နိက္ကမ ဝီရိယ- စတင်ပြီးလုပ်ငန်းမှုမူကြမ်း၌ မပျင်းမရိ ဆက်လက်ကြိုးပမ်းမှု၊
(၃) ပရက္ကမ ဝီရိယ- လုပ်ငန်းစဉ် မူချော၌ တဆင့်ထက် တဆင့် ရင့်သန်စွဲမြဲစိတ်ဇွဲကောင်းမှု။

ဝုစ်မျိုး ၂-ပါး

စကားပြောရာ၌ အနည်း အများ ပိုင်းခြားမှု ဥပဒေသ ၂-ပါး။
(၁) ဧကဝုစ်- တခုကိုသုံးရာ၌ “သည်, ကို, နှင့်, ဖြင့်, ကြောင့်, အား, မှ, ၌,“စသည် အဆုံးထား၍ သုံးရသည်၊
ပုံ- လူတယောက်သည်သွား၏၊ သူ့ကို ပြောလိုက်၊ သူနှင့် လာသည် စသည်တို့ ဖြစ်ကုန်၏၊
(၂) ဗဟုဝုစ်- ၂-ခုကစ၍ အထက်ကို သုံးရာ၌ “ကြ, ကုန်, တို့”ဟူသော စကားလုံးများဖြင့် အဆုံးထား၍ သုံးရသည်၊
ပုံ- လူနှစ်ယောက်တို့သည်သွားကြ၏။ သူတို့ကို စသည်တို့ ဖြစ်ကုန်၏။

ဝုဒ္ဓ ၂-ပါး၊ ရှိခိုးငြား၊ ၄-ပါး အကျိုးရ

ဤ၌ ဝုဍ္ဎု, ဝုဍ္ဎို, ဝုဒ္ဓ, အနက်တူပင်၊ အမြဲ ရှိခိုး ရိုသေထိုက်သူမျိုး ၂-ပါး ဟူ၏၊ အာယု, ဝဏ္ဏ, သုခ, ဗလ, အကျိုးလေးပါး ရသည်။
(၁) ဂုဏ, ဝုဍ္ဎို- မိမိထက် သီလဂုဏ်, သမာဓိဂုဏ်, ပညာဂုဏ်, စသည်တို့ ကြီးပွားရင့်မာသူ၊
(၂) ဝယ ဝုဍ္ဎို- မိမိထက် သက်ရွယ်ကြီးရင့်သောသူ။

ဝေဒနာ ဖြစ်ပေါ်လာခြင်း အကြောင်းရင်း ၈-ပါး

ဝေဒနာခံစားရခြင်းအကြောင်းရင်း
တရားတို့ ဖြစ်ပေါ်လာပုံမျိုး ရှစ်ပါးဟူလို၊ မိလိန္ဒ၊၁၃၇-၌အကျယ်ရှုပါ။
(၁) ဝါတ သမုဋ္ဌာန- လေဓာတ်ပျက်သောကြောင့်ဖြစ်ခြင်း၊
(၂) ပိတ္တ သမုဋ္ဌာန- သည်းခြေ ပျက်သောကြောင့်၊
(၃) သေမှ သမုဋ္ဌာန- သလိပ်ကြောင့်၊
(၄) သန္နိပါတ- လေ, သည်းခြေ, သလိပ်, သုံးပါး အစုအဝေးပျက်ခြင်းကြောင့်၊
(၅) ဥတု ပရိနာမဇ- ဥတုဖောက်ပြန်မှုကြောင့်၊
(၆) ဝိသမ ပရိဟာရဇ- မသင့်သောအစာအာဟာရကြောင့်၊
(၇) ဩပက္ကမိက- သူတပါးတို့၏ လုပ်ကြံမှု လုံ့လကြောင့်၊
(၈) ကမ္မ ဝိပါကဇ- မိမိပြုလုပ်ခဲ့သော မကောင်းမှုကံကြောင့် ဖြစ်ပေါ်ခံစားရသော အကျိုးဝိပါတ်မျိုး။
မှတ်ချက်။ ။ ရောဂါ ဝေဒနာ ရရှိခံစားရတိုင်းလည်း ကံ-ကိုခြည်းမချရာ၊မိမိ၏ အယောနိသော မနသိကာရကြောင့် ဖြစ်ပေါ်မှုကများလေသည်။

ဝေဓိအပြား၊ မျိုး ၄-ပါး၊ လေးမြား ပစ်ခတ်သူ

မြားပစ်အရာ မဟာဝိဇ္ဇာ ဘွဲ့ရသော မြားပစ်ဆရာကြီး လေးပါး ဟူလို၊ သရဘင်္ဂဇာတ် အဋ္ဌကထာ၌ အကျယ်ယူ။
(၁) အံ့ဘွယ်ထူးခြား၊ သားမြီးဖျားတွင်၊ ဆွဲထားဝေးသီ၊လုမ္ဗနီဟု၊ သညီအတီး၊ ခရမ်းသီးဖြင့်၊ မှတ်ပြီးတုံလျှင်၊ သားမြီးပင်ကို၊ ဆွဲငင်ထစ်ထစ်၊ မှန်အောင်ပစ်သား၊ ခေါ်လစ်နာမ၊ “ဝါလဝေဓိ”၊
(၂) မျက်စိတမှိတ်၊ နတ်ကြိတ်တလက်၊ လျှပ်တပြက်၌၊ မြားချက်ခုနစ်၊ရှစ်ဆင့်ပစ်သား၊စင်စစ်မြန်လှ၊”အက္ခဏ ဝေဓိ”၊
(၃)ကြားဘိယော်ယမ်း၊ သံကိုဖမ်း၍၊ ပစ်စွမ်းနိုင်စွ၊ ချက်တိုင်းရသား၊ “သဒ္ဒ ဝေဓိ”၊
(၄) ရှေးတိပစ်ငြား၊ အလျှင်မြားကို၊ နောက်များမုချ၊ မှန်စေစွသား၊ “သရ ဝေဓိ”။
မှတ်ချက်။ ။ ထိုမှတပါးလည်း အမျိုးများစွာ ရှိသေး၏။

ဝေနေယျပုဂ္ဂိုလ် ၂-မျိုး

မ၊၁၊၂၉၂။ မ၊ဋ္ဌ၊၂၊၁၇၇။
(၁) ဗုဒ္ဓ ဝေနေယျ- ဘုရားနှင့်တွေ့ရ နာယူရမှ မဂ်, ဖိုလ်, ရထိုက်သူ၊
(၂) သာဝက ဝေနေယျ- ဘုရားတပည့် သာဝကများထံမှ တရားဓမ္မနာယူ မဂ်, ဖိုလ်,ရထိုက်သူ။

ဝေသာရဇ္ဇ ဉာဏ်တော် ၄-ပါး

ကြောက်ရွံ့ခြင်းကင်း ရဲရင့်အေးချမ်းစွာနေရသော တရား ၄-ပါး ဟူ၏၊ စတုက္ကင်္ဂုတ္တရ ဝေသာရဇ္ဇသုတ်။ ၃၁၅။
(၁) ဗုဒ္ဓတ္တဉာဏ်တော်- ဘုရား၌ ဤတရားမျိုး မရရှိသေးဟု စွပ်စွဲ၍ပြောဆိုစရာမရှိပကတိ ဧချမ်းစွာ နေရခြင်း၊
(၂) အာသဝက္ခယဉာဏ်တော်- ဤအာသဝတရားများ ကျန်သေးသည် မကုန်သေးဟု ပြောဆိုစရာမရှိဟူ၍၎င်း၊
(၃) အန္တရာယ- ဉာဏ်တော်- အပြစ်ရှိသည် အန္တရာယ် ဉပတတ်သည်ဟု ဟောထားသော တရားများကို အပြစ်မရှိအန္တရာယ် မပြုတတ်ဟူ၍၎င်း၊
(၄) နိယျာနိကဉာဏ်တော်- ဝဋ်မှ လွတ်ကြောင်းတရားများကို သံသရာဝဋ်မှ မလွတ်ကင်းနိုင်ဟုအကြောင်း အခြေခံနှင့် စွပ်စွဲညွှန်ပြ စောဒကတက်မည့် လူနတ်ဗြဟ္မာ မရှိနိုင်ဟု သိ၍၎င်း ဧချမ်းစွာနေတော်မူရခြင်းများဟူ၏။

ဝေးကွာခြင်းကြီးမျိုး ၄-ပါး

၎င်းသရုပ်ကို (အနန္တကွာဝေးခြင်းကြီး ၄-ပါး)၌ပြခဲ့ပြီ။

ဝေါတော် ၃-ပါး

ဘုရင်မင်းတရားနှင့် မိဖုယား မင်းသား မင်းသ္မီးတို့စီးသော လူထမ်း ယာဉ်သုံးပါး။
(၁) ဝေါပြာသာဒ်- ဘုရင်မင်းမြတ်တို့စီးတော်မူသည့် အပေါ်၌ ပြာသာဒ်ဆောင်ပေါက်ထားသော ဝေါတော်တမျိုး၊
(၂) ဝေါပလာ- ဟင်းလင်း အမိုးအကာ မပါသော ဝေါတမျိုး၊
(၃) ဝေါပေါင်းချုပ်- အမိုးအကာ ပါရှိသော ဝေါတမျိုး။

သံအမတ် အင်္ဂါ ၈-ပါး

၎င်း သရုပ်ကို (တမန်တော်အင်္ဂါ ၈-ပါး)၌ပြခဲ့ပြီ။

သံဂါယနာ ၆-တန်

၎င်း သရုပ်အကျယ်(သင်္ဂါယနာ ၆-တန်)မှာ ဆိုအံ့။

သံဃာတော် ၂-မျိုး

ဇာတ်အားဖြင့် ကွဲပြားသော သံဃာတော်မျိုး၂-ပါး။
(၁) အရိယာ သံဃာ၊ သို့မဟုတ် ပရမတ္ထ သံဃာတော်ခေါ် အရိယာဇာတ်ဝင် သူတော်စင်များ၊
(၂) သမ္မုတိသံဃာ- ထိုအရိယာသံဃာအနွယ်တော်မှဆင်းသက် ပေါက်ပွားလာသော သံဃာတော်ဟုအသိအမှတ်ပြုခံရသည့် ပုထုဇဉ်သံဃာတော်များ။

သံဃာတော် ၂-မျိုး၊ တနည်း

ဥဘတော သံဃာခေါ် သံဃာ ၂-မျိုး။
(၁) ဘိက္ခုသံဃာ- ရဟန်းယောကျ်ားများ၊
(၂) ဘိက္ခုနီသံဃာ- ရဟန်မိန်းမများ။

သံဃာတော်မျိုး ၉-ပါး

အရိယာ သံဃာတော်မြတ် ရှစ်ပါးနှင့် ၎င်းတို့မှဆက်သွယ်
လာသော ယခုလက်ရှိ သမ္မုတိ သံဃာတော်ကို ပေါင်းသော်သံဃာတော်မျိုး ၉-ပါး ဖြစ်၏။

သံဃာကွဲပြားခြင်း အကြောင်း ၁၈-ပါး

သံဃာ ကွဲပြားအောင်လုပ်ခြင်း သံဃဘေဒက ကံကြီးများ မထိုက်ရအောင် သတိထားစရာ။ အကျယ်ဝိ၊၃၊၅၀၁။ ဝိ၊ဋ္ဌ၊၃၊၄၃၅-၌ ရှုပါ။

သံဃာတော်များ၊ ဆွမ်းကပ်ငြား၊ ၅-ပါး အင်္ဂါသိ

၎င်းသရုပ်ကို (ဆွမ်းကပ်သူများ၊ သထိထား၊ ၅-ပါး အင်္ဂါသိ)ဟူသော အမေး၌ ဆိုခဲ့ပြီ။

သံဃာ့ဂုဏ်တော် ၉-ပါး

သံဃဂုဏော အနန္တောဟု ထိုထိုပါဠိ လာရှိကြသော်လည်း
အများသိ၍ ထင်ရှားသော ဂုဏ်တော်ကိုးပါးကိုသာ ဖေါ်ပြထားသည်။
(၁)သုပ္ပဋိပန္န ဂုဏ်တော်- သိက္ခာသုံးရပ် အကျင့်မြတ်နှင့်ပြည့်စုံသော ဂုဏ်၊
(၂) ဥဇုပ္ပဋိပန္န ဂုဏ်တော်- သိက္ခာသုံးရပ် လွန်ဖြောင့်မတ်စွာ ကျင့်ကြံအားထုတ်တော်မူသောဂုဏ်၊
(၃) ဉာယပ္ပဋိပန္နဂုဏ်တော်- နိဗ္ဗာန်သို့ ရည်မှန်း၍ သုံးလမ်းသော သိက္ခာတို့ကို ဆောက်တည်တော်မူသော ဂုဏ်၊
(၄) သာမိစိပ္ပဋိပန္န ဂုဏ်တော်- လူနတ်ဦးခိုက် ရိုသေထိုက်အောင် ကျင့်ဆောင်တော်မူသော ဂုဏ်၊
(၅) အာဟုနေယျ ဂုဏ်တော်- ဧည့်သည်တော်များအား ရည်စူးထားသော လှူဘွယ်ဝတ္ထုတို့ကို ခံယူခြင်းငှါ ထိုက်သောဂုဏ်၊
(၆) ပါဟုနေယျ ဂုဏ်တော်- လက်ဆောင် ပေးရန်ယူလာသည့်မွန်မြတ်သောဝတ္ထုကိုလည်း ခံယူခြင်းငှါ ထိုက်သော ဂုဏ်၊
(၇) ဒက္ခိဏေယျ ဂုဏ်တော်- မွန်မြတ်ကြီးကျယ်သော အလှူတော်များကိုခံယူခြင်းငှါ ထိုက်သော သီလ သမာဓိ ပညာဂုဏ်တို့နှင့် ပြည့်စုံတော်မူခြင်း၊
(၈) အဉ္ဇလီ ကရဏီယ ဂုဏ်တော်- လူနတ်ဗြဟ္မာသတ္တဝါတို့၏ တုပ်ကွရိုကျိုး ရှိခိုးခြင်းကို ခံထိုက်သော ဂုဏ်၊
(၉) အနုတ္တရံ ပုညက္ခေတ္တလောကဿ ဂုဏ်တော်- ကုသိုလ်မျိုးမှန် စိုက်ပျိုးရန်အတွက် အဖိုးအနဂ္ဃထိုက်တန်သော လယ်ယာမြေကောင်းနှင့် တူသော ဂုဏ်။

သံဃိကမျိုး ၄-ပါး

ဝိနည်းတော်လာ အလှူခံယူသူ ရဟန်းတို့အတွက်ပိုင်ဆိုင် သိမ်းယူနိုင်ခွင့်ကိုစွဲ၍ ခွဲခြားပြသခြင်းဖြစ်သည်။
(၁) သမ္မုခီဘူတ သံဃိက- မြို့တွင်း ရွာတွင်း၌ ရှိနေသော ရဟန်းတို့ထံလာရောက်၍ (သံဃဿ ဒေမ)သံဃာတော်အား လှူပါ၏ဟုဆိုကာပေးလှူသွားလျှင် မျက်မှောက်သံဃာသာ ဆိုင်သည်၊ တမြို့လုံးတရွာလုံးရှိ သံဃာအား လိုက်ဝေနေစရာမလိုပေ ဟူ၏။
(၂) အာရာမဋ္ဌသံဃိက- ကျောင်းတိုက်တွင်းသို့ ဝင်ရောက်၍ တွေ့ရှိသောရဟန်းအား သံဃာတော်အား လှူပါ၏ဟုဆိုလျှင် တတိုက်လုံးရှိသံဃာများနှင့် ဝေခြမ်းယူရမည်။
(၃) စတုဒိသာ သံဃိက- ရဟန်းတပါးတည်း နေသော ကျောင်းတိုက်တွင်းသို့ဝင်၍ များစွာသော ပစ္စည်းတို့ကို သံဃာအားလှူပါ၏ဟုဆို၍ လှူသွားလျှင် ဝိနည်းတတ်သိသူဖြစ်အံ့၊ ဤကျောင်းတိုက်၌ ငါတပါးတည်းသာရှိ၍ ဤသင်္ကန်းများစွာတို့ကို ငါသာပိုင်၏ဟုနှလုံးသွင်းကာ သိမ်းပိုက်လိုက်လျှင် သူသာပိုင်တော့၏၊ အပြစ်မရှိပေ၊ သို့မဟုတ်ပဲ သံဃိကပစ္စည်းဟု နှလုံးထားကာ ငါမပိုင်ငါမဆိုင်ဟု ယူဆောင်လျက်သွားငြားအံ့ ရောက်ရာ ရောက်ရာ အရပ်တိုင်း၌ သံဃိကဖြစ်၍ ဂတဂတဋ္ဌာနေ- သံဃိက ဖြစ်လေသည်။
(၄) စတုဒိသာ သံဃိက- အလှူပစ္စည်းသည် ဂရုဘဏ်ခေါ် ကျောင်းစသော ပစ္စည်းမျိုးဖြစ်အံ့ ထိုပစ္စည်းမျိုးကို သံဃာအားပေးလှူခဲ့လျှင် မဝေဘန်ကောင်းချေ၊ အရပ်လေးမျက်နှာမှ လာသမျှသောရဟန်းတော်များ ပိုင်ဆိုင်တော်မူကြသည်ဟူ၏။

သံဃိကဒါနမျိုး ၇-ပါး

ဒက္ခိဏဝိဘင်္ဂသုတ်၌ အရှင်အာနန္ဒာအား ဘုရားဟောတော်
မူသော သံဃဒါန ၇-ပါး ဟူလို၊ ဥပရိပဏ္ဏာသ ပါဠိတော်နှင့်သရတ္ထသင်္ဂဟ အဋ္ဌကထာ။
(၁) ဘုရားအမှူးရှိသော ဘိက္ခုသံဃာ၊ ဘိက္ခုနီသံဃာ၌ လှူခြင်း၊
(၂) ဘိက္ခုသံဃာ ဘိက္ခုနီသံဃာ၌ လှူခြင်း၊
(၃) ဘိက္ခုသံဃာ၌ လှူခြင်း၊
(၄) ဘိက္ခုနီသံဃာ၌ လှူခြင်း၊
(၅) ဤမျှလောက်သော ရဟန်းယောကျ်ား ရဟန်းမိန်းမတို့ကို အကျွန်ုပ်အားသံဃာထဲမှ ခွဲပေးပါဟု လျှောက်ထား၍ လှူခြင်း၊
(၆) ဤမျှလောက်သော ရဟန်းယောကျ်ားတို့ကို အကျွန်ုပ်အား သံဃာထဲမှ ခွဲပေးပါဟုလျှောက်ထား၍ လှူခြင်း၊
(၇) ဤမျှလောက်သော ရဟန်းမိန်းမတို့ကိုအကျွန်ုပ်အား သံဃာထဲမှ ခွဲပေးပါဟု လျှောက်ထား၍ လှူခြင်း။

သံတမန်၏ အင်္ဂါ ၆-ပါး

တိုင်းတပါး၌ ဘုရင့်ကိုယ်စား ခန့်ထားအပ်သော သံကြီး တမန်ကြီးတို့၌အသင့် ရှိထားရမည့် အင်္ဂါ ၆-ပါး။
(၁) ပညဝါ-ပညာညဏ်ရှိခြင်း၊
(၂) ဝါကျဆေက-စကားတတ်ရခြင်း၊
(၃) သူရ-ရဲရင့်သတ္တိရှိရခြင်း၊
(၄) ပရစိတ္တဇာန- သူတပါးစိတ်ထားကို သိတတ်ရခြင်း၊
(၅) ဒန္တ-ယဉ်ကျေး သိမ်မွေ့ရခြင်း၊
(၆) ပဋိဝါကျ- သူဆိုတင်သောစကားကို ပြန်လည်ချေဆိုနိုင်ရခြင်း။

သံတမန် အင်္ဂါ ၈-ပါး၊ တနည်း

၎င်း သရုပ်ကို (တမန်တော် အင်္ဂါ၈-ပါး)၌ ဆိုခဲ့ပြီ။

သံတမန်မျိုး ၅-ပါး

အရေးပေါ် စေလွှတ်အပ်သော သံတမန်မျိုး ၅-ပါး။
(၁) စေတမန်- ဘုရင်မင်းတို့ မှာတိုင်း ဆိုသူ၊
(၂) တန်ဆေး- မင်းနှစ်ပါးတို့ကို သင့်အောင် ဆိုသူ၊
(၃) သုံ့သေး- စကား အသွား အလာကိုထောက်၍ မယုတ်မလွန်ဆိုသူ၊
(၄) သံ- လိုသောအချက်ကို တောင်းလာသူ၊
(၅) မင်းစေ- မှာတိုင်းဆို၍ စေဖက်ရမှ သွားသောသူ။

သံဒိဋ္ဌိက နိဗ္ဗာန်မျိုး ၁၉-ပါး

၎င်းသရုပ်ကို (ဒိဋ္ဌဓမ္မနိဗ္ဗာန်)၌ ဆိုခဲ့ပြီ။

သံဖိုခေါ်ငြား၊ ဂီတသွား၊ ထင်ရှား ၁၈-ဖြာ

၎င်းသရုပ် အဓိပ္ပါယ်(နိမ့်သံ ၁၈-ပါး)နှင့် တူ၏။

သံဘောဂမျိုး ၂-ပါး

ရဟန်းရှင်လူတို့ ပေါင်းသင်းဆက်ဆံမှုမျိုး ၂-ပါး။
(၁) ပစ္စယ သံဘောဂ- ပစ္စည်းဥစ္စာ အသုံးအဆောင် အားဖြင့် တဦးနှင့်တဦး လဲလှယ် ဖလယ်ခြင်း, တဦး ပစ္စည်းကို တဦး သုံးဆောင်ခြင်း,အတူတူသုံးဆောင်ခြင်း စသည်ဖြင့် ဆက်ဆံမှု၊မိတ်ဆက်သဘင် ဆင်ယင်မှုစသည်မျိုး၊
(၂)ဓမ္မ သံဘောဂ- ရဟန်းသံဃာတော်တို့ ဥပုသ် ပဝါရဏာအတူပြုခြင်း, ရဟန်းခံစသည်၌ သိမ်အတူ ဝင်ခြင်း, ပရိတ် အတူ ရွတ်ခြင်းစသည်ဖြင့် ပေါင်းသင်းဆက်ဆံမှု။လူတို့ ပရိတ်တရား အတူနာယူခြင်း, ဘုရားဖူး အတူသွားခြင်း စသည်မျိုး။

သံမ ကဗျာ၊ ၁၈-ဖြာ၊ ဂီတာ အဘယ်နည်း

၎င်း သရုပ် အဓိပ္ပါယ် (ဘယ်သံ ၁၈-ပါး)နှင့် တူ၏။

သံမှန်ရပ်ဖြတ်၊ ရွတ်ဆိုအပ်၊ ၁၀-ရပ်ကဗျာ အဘယ်နည်း

၎င်းသရုပ်ကို (တိုင်သံ ၁၀-ပါး)၌ ရှုပါ။

သံယုတ္တနိကာယ် ၅-ကျမ်း

၎င်းသရုပ်ကို (နိကာယ် ၅-ရပ် [ဂ] ပိုဒ်မှာ) ကြည့်ပါ။

သံယောဇဉ် ၂-မျိုး

သံယောဇဉ် ၁၀-ပါးကို ဤသို့ အောက် ကာမ၊ အထက် ရူပ အားဖြင့် ၂-ပါး ခွဲယူကြသေး၏။
(၁) ဩရမ္ဘာဂိယ သံယောဇဉ်- အောက်ကာမဘုံ အတွက် ဖြစ်သော သံယောဇဉ် ငါးပါး၊
ကာမရာဂ, ပဋိဃ, သီလဗ္ဗတ, ဒိဋ္ဌိ, ဝိစိကိစ္ဆာ၊
(၂) ဥဒ္ဓံဘာဂိယ သံယောဇဉ်- အထက် ဗြဟ္မာဘုံ အတွက် ဖြစ်သော သံယောဇဉ် ငါးပါး၊
ရူပရာဂ, အရူပရာဂ, မာန, ဥဒ္ဓစ္စ, အဝိဇ္ဇာ။

သံယောဇဉ် ၁၀-ပါး

အဘိ၊ဓ၊၂၂၄။ အဘိ၊ဋ္ဌ၊၁၊၄၀၃-၌ အကျယ်ရှုပါ။ သတ္တဝါအပေါင်းတို့ အား ထိုထိုဘဝမှ မလွတ်ရအောင် တုပ်နှောင်ဖွဲ့ချည်ထားတတ်သော တရားဆယ်ပါး။
(၁) ကာမရာဂ သံယောဇဉ်- ကာမတဏှာ လောဘ။
ရူပရာဂ သံယောဇဉ်- ရူပတဏှာ။
အရူပရာဂ သံယောဇဉ်- အရူပတဏှာ။
ပဋိဃ သံယောဇဉ်- ဒေါသစေတသိက်။
ဒိဠိ သံယောဇဉ်- ဒိဋ္ဌိစေတသိက်။
မာန သံယောဇဉ်- မာနစေတသိက်။
သီလဗ္ဗတ ပရာမာသ သံယောဇဉ်- ဒိဋ္ဌိစေတသိက်။
ဝိစိကိစ္ဆာ သံယောဇဉ်- ဝိစိကိစ္ဆာစေတသိက်။
ဥဒ္ဓစ္စ သံယောဇဉ်- ဥဒ္ဓစ္စ စေတသိက်။
အဝိဇ္ဇာ သံယောဇဉ်- မောဟစေတသိက် (၁၀)။

သံရိုးပိုင်းခြား၊ သီဆိုငြား၊ ၃-ပါး ဝါဂီနစ်

မြန်မာတို့၏ ဂီတနယ်၌
(ကြိုးသီချင်း, ဘွဲ့သီချင်း, သီချင်းခံ) ၎င်း ၃-မျိုးကို “သံရိုးပိုင်း”ဟု ခြားနား ခေါ်ဆိုကြ၏။

သံလတ်ခေါ်ငြား၊ ဆိုတေးသွား၊ ၁၀-ပါး အဘယ်နည်း

၎င်းသရုပ် (တိုင်သံ ၁၀-ပါး) နှင့် တူ၏။

သံလေခိတဗ္ဗတရား ၄၄-ပါး

ကိုယ့်သန္တာန်မှ ပယ်ရှားစွန့်ဖြတ်အပ်သော အကုသိုလ်တရားစုများ လေးဆယ့်လေးပါး၊ ဤ၌ ခက်မည်ထင်သော အရာကိုသာ ဖြေရှင်းသွားမည်။
(၁) ဝိဟိံ သက- ညှဉ်းဆဲနှိပ်စက်မှု၊ ပါဏာတိပါတ၊ အဒိန္နာဒါန၊ အဗြဟ္မစရိယ၊ မုသာဝါဒ၊
ပိသုနဝါစာ၊ ဖရုသဝါစာ၊ သမ္ဖပ္ပလာပ၊ အဘိဇ္ဈာ၊ ဗျာပါဒ (၁၀)၊
မိစ္ဆာဒိဋ္ဌိ- အယူမှားကို ယူနေခြင်း၊ မိစ္ဆာသင်္ကပ္ပ- မကောင်းသော အကြံဟူသမျှ၊ မိစ္ဆာဝါစာ၊ မိစ္ဆာကမ္မန္တ၊ မိစ္ဆာအာဇီဝ၊
မိစ္ဆာဝါယာမ၊ မိစ္ဆာဉာဏီ- မကောင်းမှုကို ကောင်းမှုထင်မှတ်နေခြင်း မောဟ၊
မိစ္ဆာဝိမုတ္တိ- သံသရာမှ လွတ်ကြောင်း မဟုတ်သောတရားစု၊ ထိနမိဒ္ဓ ပရိယဋ္ဌိတ၊ ဥဒ္ဓစ္စ၊ (၂၀)၊
ဝိစိကိစ္ဆာ၊ ကောဓ- အမျက်ထွက်ခြင်း၊ ဥပနာဟ- ရန်ငြိုးဖွဲ့ခြင်း၊ မက္ခိ- ကျေးဇူးမသိတတ်မှု၊
ပဠာသိ- ဂုဏ်ပြိုင်မှု၊ ဣဿာ၊ မစ္ဆရိယ၊ မာယာ၊ သာဌေယျ- စဉ်းလဲခြင်း၊ ထဒ္ဓ- ခက်ထန်မှု၊ (၃၀)၊
အတိမာန- အလွန်မာနကြီးခြင်း၊ ဒုဗ္ဗစ- ဆိုဆုံးမ ခက်မှု၊ ပါပမိတ္တ၊ ပမတ္တ- ကောင်းမှု၌ မေ့ပေါ့ခြင်း၊ အသဒ္ဓ၊
အဟိရီက၊ အနောတ္တပ္ပ၊ အပ္ပသုတ၊ ကုသိတ- အပျင်းထူခြင်း၊ မုဋ္ဌဿတိ- သတိပျက်မှု၊ (၄၀)၊
ဒုပ္ပညာ၊ သန္ဒိဋ္ဌိ ပရာမာသီ- အမှားယူမှု၊ အာဒါနဂ္ဂါဟီ- အမှားကို စွဲနေမှု၊
ဒုပ္ပဋိနိဿဂ္ဂိ- မှားကြောင်းဟောပြသော်လည်း မစွန့်နိုင်မှု၊ (၄၄)။

သံဝဋ္ဋကပ်မျိုး ၃-ပါး

ကမ္ဘာခေါ်ကပ္ပါကို ဖျက်ဆီးခြင်း ၃-မျိုး၊ အံ၊ဋ္ဌ၊၂၊၃၄၀-၌ အကျယ်ရှု။
(၁) အာပေါသံဝဋ္ဋကပ်- ရေဖြင့်ဖျက်ဆီးခြင်း၊
(၂) တေဇောသံဝဋ္ဋကပ်- မီးဖြင့်ဖျက်ဆီးခြင်း၊
(၃) ဝါယောသံဝဋ္ဋကပ်- လေတိုက်၍ ဖျက်ဆီးခြင်းခံရသော ကမ္ဘာ။

သံဝရဝိနည်းမျိုး ၅-ပါး

စောင့်စည်း ထိန်းသိမ်းမှု တရား ၅-ပါး၊ သံဝရဝိနယောပိ ဟိ၊
(၁) သီလ သံဝရော၊
(၂) သတိ သံဝရော၊
(၃) ဉာဏသံဝရော၊
(၄) ခန္တီ သံဝရော၊
(၅) ဝီရိယ သံဝရောတိ
ပဉ္စဝိဓော၊ သုတ္တနိပါတ အဋ္ဌကာထာ ဥရဂဝဂ္ဂ။ အနက်အဓိပ္ပါယ်လွယ်ပြီ။

သံဝေဂတရားမျိုး ၄-ပါး

သံသရာမှ ထိတ်လန့် ကြောက်ရွံ့ခြင်းမျိုး၄-ပါး။
(၁) စိတ္တုတြာသ သံဝေဂ- ကြောက်မက်ဖွယ် အာရုံနှင့် တွေ့ကြုံသောအခါ စိတ်၏ ထိတ်လန့်ခြင်းမျိုး၊
(၂) ဉာဏ သံဝေဂ- ပဋိသန္ဓေနေရခြင်းစသည်တို့ကို ဉာဏ်အားဖြင့်ရှု၍ ထိတ်လန့်ခြင်း၊
(၃) ဩတ္တပ္ပသံဝေဂ- မကောင်းမှုမှ ကြောက် ထိတ်လန့်ခြင်းမျိုး၊
(၄) ဓမ္မ သဝေဂ- ရုပ်နာမ်ဓမ္မ သင်္ခါရတို့မှ ထိတ်လန့်ခြင်းမျိုး။

သံဝေဂဝတ္ထုမျိုး ၈-ပါး

မ၊ဋ္ဌ၊၁၊၃၀၂။ ထိတ်လန့်ဖွယ်ရာဝတ္ထုများ။
(၁) ပဋိသန္ဓေနေရခြင်း ဆင်းရဲ၊
(၂) အိုရခြင်းဆင်းရဲ၊
(၃) နာရခြင်း ဆင်းရဲ၊
(၄) သေရခြင်း ဆင်းရဲ၊
(၅) ငရဲဘုံ၌ခံရခြင်း ဆင်းရဲခြင်း၊
(၆) ပြိတ္တာဘုံ၌ ခံရခြင်း ဆင်းရဲ၊
(၇) အသူရကာယ်ဘုံ၌ခံရခြင်း ဆင်းရဲ၊
(၈) တိရစ္ဆာန်ဘုံ၌ ခံရခြင်းဆင်းရဲ။

သံဝေဂဝတ္ထုမျိုး ၈-ပါး၊ တနည်း

ဒီ၊ဋ္ဌ၊၂၊
(၁) ပဋိသန္ဓေ နေရခြင်း ဆင်းရဲ၊
(၂) အိုရခြင်း ဆင်းရဲ၊
(၃) နာခြင်းဆင်းရဲ၊
(၄) သေရခြင်း ဆင်းရဲ၊
(၅) အပါယ်၄-ဘုံ၌ခံရခြင်း ဆင်းရဲ၊
(၆) အတိတ်ဘဝ၌ ခံခဲ့ရသောဆင်းရဲ၊
(၇) အနာဂတ် ဘဝ၌ ခံရလတ္တံသော ဆင်းရဲ၊
(၈) ယခုမျက်မှောက်ဘဝ၌ အာဟာရကို ရှာမှီးရသော ဆင်းရဲ။

သံဝေဇနိယ ဌာနကြီး ၄-ပါး

မြတ်စွာဘုရားသခင် ဖွားမြင်တော်မူရာဌာန။
ဘုရားဖြစ်ရာ မဟာဗောဓိပင်ဌာန။
တရားဦး ဓမ္မစကြာ ဟောရာမိဂဒါဝုန် ဌာန။
ပရိနိဗ္ဗာန်စံရာ ကုသိနာရုံ ဌာန။
ဤ ၄-ဌာနကား ဘုရားဖူးလာသူ အမျိုးသားတို့ ဓမ္မသံဝေဂဖြစ်ခါ နတ်ရွာသုဂတိသို့ လားရောက်စေတတ်သော ဌာနထူးများ ဟူ၏။

သံသဂ္ဂမျိုး ၅-ပါး

မ၊၁၊၁၁၉။ မ၊ဋ္ဌ၊၂၊၅၀-၌အကျယ်ရှုပါ။
ပေါင်းဖော် ရောရှက်စုံမက် ချစ်ကြိုက် နေခြင်းမျိုးငါးပါး။ ၎င်းတို့ကို စွဲလမ်း၍ သီလ ညစ်နွမ်းခြင်းများ ဖြစ်တတ်သည်။
(၁) ကာယ သံသဂ္ဂ- ကာယပသာဒချင်း ထိတွေ့မှု၊
(၂) သဝနသံသဂ္ဂ- သာယာသော အသံကိုကြားမှု၊
(၃) ဒဿန သံသဂ္ဂ- တွေ့မြင်ကြည့်ရှုရမှု၊
(၄) သမုလ္လပန သံသဂ္ဂ- မျက်နှာချင်းပြိုင် ရင်ချင်းဆိုင်၍ မြိုင်မြိုင်ကြီး ပြောဆိုရမှု၊
(၅) ပရိဘောဂ သံသဂ္ဂ- သူ၏ အသုံးအဆောင်ပစ္စည်းကို ကိုင်တွယ်သုံးဆောင်ရမှု။

သံသရာချဲ့ တရား ၃-ပါး

ပပဉ္စတရား ၃-ပါး“ကိုပင် ပရိယာယ်တမျိုးဖြင့် ခေါ်ဆိုကြသည်၊ သရုပ် အတူတူမှတ်လေ။

သက္ကရာဇ် ဦးခေါင်းပိုက် နတ်သ္မီး ၇-ဖော်

၎င်းသရုပ်ကား (ဗြဟ္မာမင်းဦးခေါင်းပိုက် နတ်သ္မီး ၇-ပါး)နှင့်တူ၏။

သက္ကရာဇ်မျိုး ၂-ပါး

မိုးညှင်းမင်းတရား ဖြိုသွားသက္ကရာဇ် မပြိုဖြစ်နေရကား နောက်သား နောင်လာတို့အတွက် အရှည် သက္ကရာဇ်ကတမျိုး၊အတို သက္ကရာဇ်က တဖုံ၊ နှစ်စုံဖြစ်နေ၏။
(၁) ဒီဃ သက္ကရာဇ်- ယခုရောက်ဆဲ သက္ကရာဇ်ကိုခေါ်သည်၊ပုံ-ဤကျမ်းရေးပြုသည့် ၁၃၁၆-ခုနှစ်မျိုး၊
(၂) ရဿ သက္ကရာဇ်- ရောက်ဆဲ ကောဇာသက္ကရာဇ်ထဲ၌”အဌ်နော သတ်”ခေါ် (၇၉၈) နုတ်၍
ကျန်သောသင်္ချာကို ရဿဟု ခေါ်သည်၊ ပုံ-ဒီဃ ၁၃၁၆ - ၇၉၈ = ၅၁၈ ရဿ ခုနှစ် ဖြစ်၏။

သက္ကရာဇ်မျိုး ၂-ပါး၊ တနည်း

(၁) ကောဇာသက္ကရာဇ်၊ သို့မဟုတ် “ဂေါဇာသက္ကရာဇ်“ယခုရောက်ဆဲ သက္ကရာဇ်ရှည်ကိုယူ၊
(၂) သာသနာသက္ကရာဇ်-ကောဇာသက္ကရာဇ်ကိုတည်၊ ၁၁၈၂-ခုနှော၊ သာသနာ သက္ကရာဇ် ဖြစ်၏၊
ပုံ ၁၃၁၆ ခု + ၁၁၈၂ = ၂၄၉၈ သည် သာသနာသက္ကရာဇ် ဖြစ်၏၊ ကျက်မှတ်ရန် ဥပဒေသကား”သက္ကကောဇာ၊ တည်ပြီးခါဝယ်၊တစ်တစ်ရှစ်နှစ် (၁,၁,၈,၂) နှောတုံလစ်က၊တိတ်ဖြစ်သာသနာ၊ မှတ်ကြရာ၏”ဟုပညာရှိများ ညွှန်ကြားထား၏။

သက္ကရာဇ်ဖြိုရာ အင်္ဂါ ၃-ပါး

သက္ကရာဇ်ဖြိုခြင်း ဟူသည်ကား ဂဏန်းသင်္ချာ အရေအတွက်တွေ များလာသည်ကို လွယ်ကူစွာ သိမှတ်နိုင်စေရန်ရည်သန်၍ အသစ်အတို ပြုခြင်းပင် ဖြစ်၏၊ သို့သော် အောက်ပါ အင်္ဂါ၃-ပါးနှင့် ညီညွတ်မှ ဖြိုအပ်သည်၊ဖြိုကောင်းသည်ဟု ပညာရှိတို့ တွက်ကိန်းပုံစံ ထားကြကုန်၏၊ ကံနီ အတွင်းဝန်မင်းကမူ ကိန်းခမ်းညီးအောင်ဖြိုခြင်းသာ လိုရင်းပဓာနမှတ်ဟု ဆိုလေသည်။
(၁) ရောက်ဆဲသက္ကရာဇ်တည်ရ-ခုနှင့်စား၊ အကြွင်းမဲ့ပြတ်၊
(၂) ရောက်ဆဲ သက္ကရာဇ်တည် ၁၉-ခုစား၊ အကြွင်းမရှိပြတ်၊
(၃) ရောက်ဆဲသက္ကရာဇ်တည် ၉၅-ခုစား၊ အကြွင်းမရှိပြတ်။

သက္ကရာဇ်ဖြိုမင်း၊ ၇-စင်း၊ ဘယ်မင်းဘယ်ခါ ဖြိုသနည်း

ဤ၌ သက္ကရာဇ်ကို ဖြိုသွားကြသောမင်းနှင့် ကိန်းခမ်း ရသေ့ရဟန်း စသည်တို့၏ အမည်များကို ရာဇဝင် မဟာဝင် သာသနာဝင် ဆရာစဉ်တို့ မှတ်တမ်းမှ သုတေသန ဉပ၍ တွေ့ရှိသမျှဖြင့် ထုတ်ပြဖြေကြား သွားသည်၊ အမှားပါဝင်က အမှန်ကို လျင်စွာ ရှာကြပါကုန်။
(၁) အာကာရဋ္ဌမင်းကြီး လက်ထက် ကမ္ဘာဦးကာလမှစ၍ “မဟာသုဒ္ဓဝယပ္ပ“ဟူသော ပိဋကသင်္ချာနှင့် အညီ သက္ကရာဇ်(၁၁၄၉၇၈၅) ခုနှစ်တို့ကိုဖြိုခဲ့သည်။ ထိုနောက်-
(၂) ကုသမင်းကြီးလက်ထက်မှာ “နာတိမဇ္ဇလဒ္ဓံဝိယ“ဟူသော ပိဋကသင်္ချာကိန်းခမ်းနှင့်အညီ သက္ကရာဇ် (၁၄၉၃၈၅၀၆)သော ခုနှစ်တို့ကိုဖြိုခဲ့လေသည်။ ၎င်းနောက်-
(၃) ဘိုးတော်အဉ္စနမင်းကြီးသည် ဒေဝီလရသေ့နှင့်တိုင်ပင်ကာ “မာဃစန္ဒေ၊ သို့မဟုတ် ဏဝစန္ဒေ”ဟူသော ပိဋကသင်္ချာကိန်းခမ်းနှင့်အညီ သက္ကရာဇ် (၈၆၄၅) ခုနှစ်တို့ကို ဖြိုခဲ့လေသည်။ ထိုနောက်မြတ်စွာဘုရားသခင် ပရိနိဗ္ဗာန် စံဝင်တော်မူပြီးသောအခါ သာသနာနှင့်ဂေါဇာနှစ် ညီစေရန်-
(၄) အဇာတသတ် မင်းကြီးနှင့် ရှင်မဟာကဿပထေရ် တိုင်ပင်ကာ”ဒေဝီယ”ဟူသော ပိဋကသင်္ချာကိန်းနှင့်အညီ သက္ကရာဇ် (၁၄၈)ခုနှစ်တို့ကို ဖြိုလိုက်ပြန်လေသည်။ထိုနောက် ၆၂၄-ခုနှစ်သို့ရောက်သောအခါ-
(၅) သုမုန္ဒရီမင်းကြီးသည် သီရိခေတ္တရာပြည်ကြီး၌ “ဒေါဒေါရသ”ကိန်းခမ်းအရ ၂-ခုကြွင်းထား၍ သက္ကရာဇ်(၆၂၂)နှစ်တို့ကိုဖြိုလိုက်ပြန် လေသည်။ ထိုနောက် ၅၆၂-ခုနှစ်သို့ရောက်ပြန်သောအခါ-
(၆) ပုပ္ပါးစောရဟံ မင်းကြီးသည် ပုဂံပြည်၌”အလံဗိက“ကိန်းကြုံ၍ “ခဆ ပဉ္စန်း”ခေါ် နှစ်ပေါင်း (၅၆၀)တို့ကို ၂-ခုကြွင်းထားလျက်ဖြိုလိုက်ပြန်လေသည်။ ထိုမှနောက် သက္ကရာဇ် (၈၀၀) ခုနှစ်သို့ရောက်သော အခါ-
(၇) မိုးညှင်း မင်းတရားကြီးသည်၊ “အဋ္ဌနဝ သတ္တကိန်း”သို့မဟုတ် “ဗသျှုဆိဒ္ဒမုနိကိန်း”အရ (၇၉၈) ခုနှစ်တို့ကို ဖြိုပြန်သော်လည်း ကိန်းခမ်း မရောက်၍ မပြိုမကြေဟု ပညာရှိတို့ ဆိုကြကုန်၏၊ ထိုနောက်ကား သက္ကရာဇ်ဖြိုမင်း မရှိ မပေါ်သေးပေး။

သက္ကာယဒိဋ္ဌိ ၂၀

ထင်ရှားရှိနေသော ခန္ဓာ ၅-ပါးကို ငါ, ငါ့ဥစ္စာဟုစွဲယူနေခြင်းမျိုး ၂၀-ဟူ၏၊ အကျယ်ကိုမူ မ၊၁၊၃၇၃-၃၇၄။ မ၊ဋ္ဌ၊၂၊၃၅၈-၃၅၉။ သံ၊ဋ္ဌ၊၂၊၂၂၉-တို့၌ရှုပါလေ။ဤ၌ မြန်မာလိုအလွယ်ဆုံးနည်းဖြင့် ပြသွားမည်။
ရူပက္ခန္ဓာ၌ (၁) ရုပ်သည်ပင်လျှင် ငါ၊(၂)ငါ သည်ပင်လျှင် ရုပ်၊ (၃) ရုပ်၌ ငါရှိသည်၊ (၄) ငါ၌ ရုပ်ရှိသည်၊
ကျန်ခန္ဓာတို့၌လည်း ဤနည်းအတိုင်း ၄-ပါးစီယူပါ ၂၀ ဖြစ်၏။
ပုံ-ဝေဒနာသည်ပင်လျှင် ငါ၊ ငါသည်ပင်လျှင်ဝေဒနာ၊ ဝေဒနာ၌ ငါ,ရှိသည်၊ ငါ၌ဝေဒနာရှိသည် ဟူ၏၊
သညာ, သင်္ခါရ, ဝိညာဉ်တို့၌လည်း ဤနည်းအတိုင်းပင် ယူပါလေ။

သက်တန့်အပြား၊ မျိုး ၃-ပါး၊ သိကြား လွှတ်သည့်လေး

ဣန္ဒဓနု ခေါ် မိုးကောင်း
ကင်မှ ထွက်ပေါ် သောလေးကိုင်းသဏ္ဌာန် သက်တန့်၏ အမည်၃-ပါး၊ ဣန္ဒ-သိကြား၊ ဓနု-လေး။
(၁) စို့- နံနက်ခင်း၌ နေမင်း အရှေ့အရပ်တွင် ရှိနေစဉ် အနောက်အရပ်၌ ပေါ်ထွက် ပေါက်ရှိနေသောသက်တန့်ကို စို့ထွက်သည်ဟု ခေါ်ကြ၏၊
(၂) ကြိတ်- မွန်းတည့်သကဲ့သို့ မိုးကောင်းကင်အလယ်၌ တည်သော သက်တန့်ကိုကြိတ်၊သို့မဟုတ် ကြတ်ထွက်သည်ဟု ခေါ်ကြ၏၊
(၃) သက်တန့်,စက်တန့်- ညချမ်းအခါ အနောက်အရပ်မှာ နေရှိနေခိုက် အရှေ့အရပ်၌ အရောင်ပေါ်သည်ကို သက်တန့်ပေါ်သည်၊ စက်တန့်ထွက်သည်ဟု ခေါ်ကြပြန်၏။

သက်တော်ရှည်ရာသော ကုသိုလ်မျိုး ၆-ပါး

အသက်ရှည်လိုသူတို့ လိုက်နာ ဉပကျင့်ရန် ဤခြောက်ပါးသော ကုသိုလ်အထူးကို အားထုတ်၍ သီဟိုဠ်ကျွန်း၌ ဝသဘမင်းကို ၁၂-နှစ် အသက် နေစစ်ရှိသည်ဟု ဗေဒင်ပညာရှိနိမိတ်ဖတ်သူတို့ ဟောလျက် ၄၂-နှစ် တိုင်အောင် နေရဘူးကြောင်းများနှင့် မဟာဝင်ကျမ်းမှာ လာသည်။
(၁) ပရိသဝန ဒါန- ရေစစ်အလှူ၊
(၂) ဂိလာနဝတ္ထု ဒါန- သူနာတို့ အဖို့ ဆေးစသော အာဟာရအလှူ၊
(၃) အာဝါသ ဒါန- ကျောင်း, စရပ်အလှူ၊
(၄) ဇိဏ္ဏက ပဋိသင်္ခါရဏ- ဟောင်းနွမ်း ပျက်စီးသော ကျောင်း, စရပ်, စေတီ စသည်ကို ပြင်ဆင်သော ကောင်းမှု၊
(၅) နိစ္စ ဂရုဓမ္မ သီလ- ငါးပါးသီလ အမြဲဆောက်တည်သော ကောင်းမှု၊
(၆) ဥပေါသထ သီလ- ရံခါ ဥပုသ်စောင့်သုံးသောကောင်းမှု။

သက်သံအပြား၊ ၁၈-ပါး၊ ထင်ရှား ကဗျာဝင်

၎င်းသရုပ် (ဘယ်သံ၁၈-ပါး)နှင့် တူ၏။

သကဒါဂါမ် ၁၂-ယောက်

သုတ္တနိ၊ဋ္ဌ၊၁၊၂၈၂။
ကာမ, ရူပ, အရူပဘုံ၌ ဖြစ်သော သကဒါဂါမ် ၃-ယောက်ကို တည်၊
ပဋိပဒါ ၄-ပါးနှင့် မြှောက် ၁၂-ယောက် ဖြစ်၏။

သကဒါဂါမ် မျိုး ၆-ပါး

ကာမဘုံ၌ တကြိမ်သာ ပဋိသန္ဓေနေရသူ သို့မဟုတ် မိမိ မဂ် ရရာဘုံ၌ တကြိမ်သာ ပဋိသန္ဓေနေရသူ ၆-ယောက်။
(၁) ဣဓပတွာ ဣဓ ပရိနိဗ္ဗာယီ- ဤလူ့ပြည်၌ သကဒါဂါမ် အဖြစ်သို့ရောက်၍ ဘဝမခြားဘဲ ရဟန္တာဖြစ်လျက် ပရိနိဗ္ဗာန် စံသူ၊
(၂) ဣဓပတွာ တတ္ထပရိနိဗ္ဗာယီ- လူ့ပြည်၌သကဒါဂါမ်ဖြစ်, ဒုတိယဘဝနတ်ပြည်၌ ပဋိသန္ဓေနေ, ထို၌ပင် ပရိနိဗ္ဗာန်စံ၊
(၃) တတ္တပတွာ တတ္ထ ပရိနိဗ္ဗာယီ- ထိုနတ်ပြည်၌ သကဒါဂါမ်ဖြစ်၊ ထို၌ပင် ရဟန္တာဖြစ် ပရိနိဗ္ဗာန်စံ၊
(၄) တတ္ထပတွာဣဓ ပရိနိဗ္ဗာယီ- နတ်ပြည်၌ သကဒါဂါမ်ဖြစ်, လူ့ပြည်၌ ဒုတိယဘဝပဋိသန္ဓေနေ ရဟန္တာဖြစ် ပရိနိဗ္ဗာန်စံ၊
(၅) ဣဓပတွာ တတ္ထ နိဗ္ဗတ္တိတွာဣဓ ပရိနိဗ္ဗာယီ- လူ့ပြည်၌ သကဒါဂါမ်ဖြစ်, ဒုတိယဘဝ နတ်ပြည်၌သန္ဓေနေပြီးလျှင် တတိယဘဝ လူ့ပြည်၌ဖြစ် ပရိနိဗ္ဗာန်စံ၊ “၎င်းကားပဋိသန္ဓေ ၂-ခါနေ၏”၊
(၆) တတ္ထပတွာ ဣဓ နိဗ္ဗတ္တိတွာ တတ္ထ ပရိနိဗ္ဗာယီ- နတ်ပြည်၌ သကဒါဂါမ်ဖြစ်, ဒုတိယဘဝ လူ့ပြည်မှာ ပဋိသန္ဓေနေ, တတိယဘဝထိုနတ်ပြည်၌ဖြစ် ပရိနိဗ္ဗာန်စံ၊ “၎င်းလည်း ၂-ခါ ပဋိသန္ဓေနေပင်”။

သင်္ကန်းအပြား၊ မျိုး ၂-ပါး၊ အပ်ငြား ရဟန်းတော်

ရဟန်းတော်များဝတ်ရုံနိုင်သည့် သင်္ကန်းမျိုး ၂-ပါး။
(၁) ဂဟပတိ စီဝရ- လူ နတ် စသောဒါယကာတို့ ပေးလှူသော သင်္ကန်းမျိုး၊
(၂) ပံသုကူလ စီဝရ- ပံ့သကူကောက်၍ ချုပ်လုပ်သော သင်္ကန်မျိုး။

သင်္ကန်း ၃-ထည်

တိစီဝရိက်ခေါ် သုံးထည်သော သင်္ကန်း။
(၁) သံဃာဋိ- နှစ်ထပ် သင်္ကန်းကြီး၊ ၎င်းကိုပင် ဒုကုဋ် သင်္ကန်းကြီး ခေါ်သေး၏၊
(၂) ပါရုပန- ကိုယ်ဝတ် ဧကစီ၊
(၃) အန္တရ ဝါသက- ခါးဝတ်သင်းပိုင်၊ ၎င်း ဧကစီနှင့်သင်းပိုင် ၂-ထည်ကို ဒွိစုံဟုခေါ်သည်။

သင်္ကန်း ၉-ထည်

ရဟန်းတော်တို့၏ အသုံးအဆောင် အဝတ် အထည်၉-မျိုး။
(၁) အန္တရ ဝါသက- ခါးဝတ် သင်းပိုင်၊
(၂) ဥတ္တရာ သင်္ဂ- ကိုယ်ရုံ ဧကစီ၊
(၃) သံဃာဋိ- ဒုကုဋ် နှစ်ထပ်သင်္ကန်း၊
(၄) ပစ္စတ္ထရဏ- အိပ်ရာခင်းအပေါ်လွှမ်း၊
(၅) မုခ ပုဉ္ဆန စောဠ- မျက်နှာသုတ်ပုဝါ၊
(၆) ပရိက္ခရာ စောဠ- ရေစစ် ပုဝါ၊ လက်သုတ်ပုဝါ ခြင်ထောင်စသောအတိုအထွာ ပရိက္ခရာ အထည်မျိုး၊
(၇) နိသီဒန- နိသီဒိုင် ခင်းနှီး၊
(၈)ဝဿိကသာဋိက- မိုဃ်းရေခံပုဆိုး၊
(၉) ကဏ္ဍုပ္ပဋိစ္ဆာဒိ- အမာလွှမ်း သင်္ကန်း။

သင်္ကန်းချုပ်ရာ၊ ခွင့်ပြုမှာ၊ ၆-ဖြာချည်မျိုး အဘယ်နည်း

ရဟန်းတော်များ
သင်္ကန်းအဖြစ် အပ်သော ချည်မျိုး ၆-ပါးကိုသာ ဘုရားမိန့်မှာခွင့်ပြုခဲ့၏။
(၁) ခေါမံ- ခေါမ မည်သော ခုံလျှော်ချည် သင်္ကန်း၊
(၂) ကပ္ပါသိကံ-ဝါချည် သင်္ကန်း၊
(၃) ကောသေယျံ- ပိုးချည်သင်္ကန်း၊
(၄) ကမ္ဗလံ- သိုးမွေးချည် သက္ကလပ် သင်္ကန်း၊
(၅) သာဏံ-ပိုက်ဆံလျော်ချည် (သျှံသား) ရှံသား သင်္ကန်း၊
(၆)ဘင်္ဂံ- အထက်ပါ ချည်ငါးပါးဖြင့် ပြီးသောသင်္ကန်း။

သင်္ကန်းလှူရကျိုး ၈-ပါး

၎င်း အကျယ် အပဒါန၊၁၊၃၅၈-၌ရှုပါ။
(၁) ရွှေအဆင်းကဲ့သို့လှပခြင်း၊
(၂) အညစ်အကြေး ကင်းစင်ခြင်း၊
(၃) ပြိုးပြိုးပြက်ပြက် အရောင် အဝါထွက်ခြင်း၊
(၄) တန်ခိုးအာနုဘော်ကြီးခြင်း၊
(၅) ကိုယ်လက်အင်္ဂါ ပြေချော လှပခြင်း၊
(၆) အဆင်းအရောင် အလှပဆုံးဖြစ်သော အဝတ်အထည်တို့ကိုသာ ဆင်မြန်းရခြင်း၊
(၇) အကောင်းဆုံးပိုးဖဲ ကတ္တီပါ အဝတ်အထည်တို့ကိုသာ ဆင်ဝတ်ရခြင်း၊
(၈) တိုင်းကြီး ပြည်ကြီးတို့မှ ဖြစ်သော မွန်မြတ်နုညံ့သည့် အထည်အဝတ်တို့ကိုသာ ရနိုင်၍ ဆင်ယင်သုံးဆောင်ရခြင်း။

သင်္ကပ္ပမျိုး ၃-ပါး

ကာမ သင်္ကပ္ပ, ဗျာပါဒ သင်္ကပ္ပ, ဝိဟိံသ သင်္ကပ္ပ, အဓိပ္ပါယ် “ဝိတက် ၃-ပါး”နှင့်တူ၏။

သင်္ကြန် တွင်းမှာ၊ ရှောင်ကြဉ်ရာ၊ ၁၀-ဖြာ တရားစု

ရှေးပညာရှင်တို့သွန်သင်ဆုံးမချက် အဆင့်စကား ဆယ်ပါး၊ ၎င်းတို့ကိုရှောင်ရှားခြင်းဖြင့်ကျက်သရေချမ်းသာ မင်္ဂလာများ တိုးပွားသည်။
(၁) ရုဒ- ငိုကြွေးခြင်း၊ပူဆွေးခြင်း၊
(၂) မေထုန်န- မေထုန်သံဝါသပြုမှု၊
(၃) မံသ- အသားဟင်းလျာ စားသောက်ခြင်း၊
(၄) သူရာ- သေရည်သောက်စားမူးရစ်ခြင်း၊
(၅) ကောဓ - အမျက်ဒေါသ ထွက်ခြင်း, သတ်ပုတ်ခြင်း၊
(၆) ရုဓိရ- သွေးဖေါက်, သွေးထုတ်ခြင်း၊
(၇) တေလိက- ဆီလိမ်း, ဆေးလိမ်းခြင်း၊
(၈) ရုက္ခစ္ဆေဒ- သစ်ပင်ဖြတ်ခြင်း ထင်းခုတ်ခွဲခြင်း၊
(၉) ကိဏ- ဝယ်ယူခြင်း၊ ကျီသွင်းခြင်း၊
(၁၀) ဝိက္ကဏ- ရောင်းခြင်း၊ ဆိုင်ထွက်ခြင်း။

သင်္ကြန်မျိုး ၁၂-ပါး

ရောက်ဆဲသက္ကရာဇ်ကိုတည်၊ ၂-ခုနုတ်၊ ၁၂-ခုနှင့်စား။
၁-ကြွင်းမူ ဇေယျသင်္ကြန်၊ ၂-ကြွင်းမူ ဝိသာခါ သင်္ကြန်၊ ၃-ကြွင်းမူ ဇေဋ္ဌသင်္ကြန်၊
၄-ကြွင်းမူ အာသဠှီသင်္ကြန်၊ ၅-ကြွင်းမူ သရဝဏ်သင်္ကြန်၊ ၆-ကြွင်းမူ အဒြသင်္ကြန်း၊
၇-ကြွင်းမူ အဿယုတ္တ သင်္ကြန်၊ ၈-ကြွင်းမူ ကြတ္တိကာသင်္ကြန်၊ ၉-ကြွင်းမူ မိဂသီသင်္ကြန်၊
၁၀-ကြွင်းမူ ဖုသျှသင်္ကြန်း၊ ၁၁-ကြွင်းမူ မာဃသင်္ကြန်း၊ ၁၂-ကြွင်းမူ ဖဂ္ဂုဏသင်္ကြန်ဟု
သင်္ကြန်လက်ရိုးကျမ်းတို့၌ လာရှိ၏၊ အခြား သင်္ကြန်နှစ် အမည်မျိုးလည်း များစွာရှိသေး၏။

သင်္ခါရတရား ၃-ပါး

ယမက၊၂၊၁။ အဘိ၊ဋ္ဌ၊၃၊၃၁၃။ လောကနယ်ပယ်
အတွက် ချယ်လယ်ပြုပြင် စီရင်ပေးနေသောတရား ၃-ပါး။
(၁) ပုညာဘိသင်္ခါရ- မဟာကုသိုလ်, ရူပကုသိုလ်စေတနာစု၊
လူ့ဘုံ, နတ်ဘုံ, ရူပဗြဟ္မာ့ဘုံ အတွက် ပြုပြင်ပေးသည်၊
(၂) အပုညာဘိသင်္ခါရ- အကုသိုလ်စိတ် ၁၂-ခု၌ ယှဉ်သော စေတနာစု၊
အပါယ် ၄-ဘုံအတွက် ပြုပြင်ပေးသည်။
(၃) အာနဉ္ဇာဘိသင်္ခါရ- အရူပကုသိုလ် ၄-ခု၌ယှဉ်သောစေတနာစု၊
အရူပဗြဟ္မာ့ဘုံအတွက် ပြုပြင်စီစဉ်ပေးသည်။

သင်္ခါရ တရားကြီး ၄-ပါး

ရေ, မြေ, တော, တောင်, သမုဒ္ဒရာနှင့်တကွ သတ္တဝါ ဟူသမျှတို့ကို ဖန်ဆင်း စီမံ၍ ပေးနေသော အပြုတရားကြီးလေးပါး။
(၁) ကံ- ကောင်းပြု, မကောင်းပြု ဟူသမျှ၊
(၂) စိတ်- အာရုံပြုတတ်, သိတတ်သော တရားစု၊
(၃) ဥတု- ပူမှု, အေးမှုတရားစု၊
(၄) အာဟာရ- အာဟာရ ၄-ပါး တရားစု။

သင်္ချာမျိုးပြား၊ ၇-ပါး၊ ရေးသား စာဆိုတော်

ပါဠိစာဆို မြန်မာစာဆိုတို့အောက်ပါသင်္ချာ ၇-ပါးဖြင့် ထိုက်သလို ရေးစပ်သွားကြ၏။
(၁) မိဿကသင်္ချာ- ရောပေါင်းယူရသော သင်္ချာမျိုး။
ပုံ- စတုစ, ဒသစ, (စတုဒ္ဒသ)လေးခုတလီ, ဆယ်ခုတခြား, (ဆယ့်လေးပါး)ကို စသည်သိ၊
(၂) ဂုဏိတသင်္ချာ- မြှောက်၍ ယူရသော သင်္ချာမျိုး။
ပုံ- သတဿ, ဒွိကံ, (ဒွိသတံ)တရာယူမှု, နှစ်ခုတမျိုး, (နှစ်ရာဘိုးကို)စသည်သိ၊
(၃) သမ္ဗန္ဓသင်္ချာ- စပ်၍ယူရသော သင်္ချာမျိုး။
ပုံ- ဧက, ဒွီ, တိ, စတုပဉ္စ, (တသောင်း နှစ်ထောင်သုံးရာ လေးဆယ့်ငါး)စသည်သိ၊
(၄) သင်္ကေတ သင်္ချာ တစုံတခုနည်းမှတ်ပြု၍ယူသော သင်္ချာမျိုး။
ပုံ- ရာမ,ဆိုလျှင် ၃-ခုဟုသိ၊ စက္ခုဆိုလျှင် ၂-ခုဟုသိ၊ နေ, လဆိုလျှင် တခုစီဟု သိ၊
သီတာ, ဗသျှု, ကာသိ, နဟုတ, လက္ခံ, စသည်တို့တည်း၊
(၅) အနေက သင်္ချာ- အများဟော သင်္ချာမျိုး။
ပုံ- သတတေဇော, သဟဿ ရံသိ, အရာ မကသော တန်ခိုး, အထောင် မကသောရောင်ခြည်တော် စသည်တို့တည်း၊
(၆) ပဋိက သင်္ချာ- အက္ခရာအမှတ်ဖြင့်စပ်ဆိုရေတွက်ခြင်းမျိုး။
ပုံ-က ၁-ခု၊ စ ၆-ခု၊ ဏ ၅-ခု စသည် သိလေ၊
(၇) အဓိကသင်္ချာ- အပိုအမို ရေဆိုသော သင်္ချာမျိုး။
ပုံ- ငါးရာ့ငါးဆယ်၊ ဇာတ်တော်ဝယ်တည့်။ ၅၄၇-ဇာတ်သာ ရှိသည်။

သင်္ချာရေနည်း၊ နိသျည်း၊ ထုံးမှီး ၃-ပါးလာ

အရေအတွက်ကို ယူရာ၌နည်း ၃-ပါးနှင့် ညှိနှိုင်း၍ ယူရသည်။
(၁) ဦနသင်္ချာ - လျော့နေသော်လည်းဖြည့်စွက်၍ ယူရသည်။
ပုံ - ငါးရာ့ငါးဆယ် ဇာတ်တော်ကဲ့သို့၊
(၂) အဓိကသင်္ချာ - ဆိုသည်ထက် ပို၍ယူရသော သင်္ချာမျိုး၊
ရောင်ခြည်တထောင်မြတ်ဘုန်းခေါင်ကဲ့သို့၊
(၃) သမာန သင်္ချာ - အညီမျှဆိုတိုင်းသာ ယူရသောသင်္ချာမျိုး။ ပုံ-ကိုးခန်းပျို့တို့လို။

သင်္ချေ ၄-ရပ် ခေါ်ဆိုအပ်၊ ပညတ်နာမည်ဖေါ်

ဤ၌ လေးသင်္ချေနှင့်ကပ္ပါတသိန်း”သင်္ချေ
လေးရပ် အသိန်းကပ်“စသောဝေါဟာရစကားရပ်တို့အရ သင်္ချေလေးရပ်၏ အမည်များ ဟူ၏။
(၁) သေလ အသင်္ချေ - ဒီပင်္ကရာ မြတ်စွာဘုရားနှင့် ကောဏ္ဍည ဘုရားတို့အကြားဝယ် မရေမတွက်နိုင် များစွာသောသုညကပ္ပါတို့၏ ဖြစ်ထွေ ဗုဒ္ဓန္တရ အချိန်ကာလ။
(၂) ဘာသ အသင်္ချေ - ကောဏ္ဍညဘုရားနှင့် မင်္ဂလဘုရားတို့ အကြားဝယ်ရှည်လျားသော သုညကပ္ပါတို့၏ ဖြစ်ထွေ။
(၃) ဇယ အသင်္ချေ - သောဘိတဘုရားနှင့် အနောမဒဿီဘုရား နှစ်ဆူတို့အကြားဝယ် မရေမတွက်နိုင် များစွာသော သုညကပ္ပါတို့၏ရှည်လျားသော အချိန်ကာလ။
(၄) ရုစိ အသင်္ချေ - နာရဒဘုရားနှင့် ပဒုမုတ္တရ ဘုရားရှင် နှစ်ဆူတို့ အကြားဝယ် ရှည်လျားစွာသော သုညကပ္ပါတို့၏အချိန်ကာလ။

သင်္ချေမျိုးပြား၊ ၇-ပါး၊ သိထားကြစေရာ

စိန္တိတံ သတ္တသင်္ချေယံ-အရ၊ သင်္ချေ ၇-ပါး။ ထိုအတွင်း၌ ဘုရားပေါင်း ၁၂၅၀၀၀-ကို ဖူးတွေ့ခဲ့ရ၍စိတ်ဖြင့် ဘုရားအဖြစ်ကို ဆုပန်ခဲ့သည် ဟူ၏။
(၁) နန္ဒ အသင်္ချေ၊
(၂) သုနန္ဒအသင်္ချေ၊
(၃) ပထဝီ အသင်္ချေ၊
(၄) မဏ္ဍ အသင်္ချေ၊
(၅) ဓရဏီအသင်္ချေ၊
(၆) သာဂရ အသင်္ချေ၊
(၇) ပုဏ္ဍရိကအသင်္ချေ။

သင်္ချေအပြား၊ မျိုး ၉-ပါး၊ ပိုင်းခြား တနည်းလာ

နဝသင်္ချေယ ဝါစကံ-အရ သင်္ချေအမည်မျိုး ၉-ပါး၊ ထိုအတွင်း၌ ဘုရားပေါင်း ၃၈၇၀၀၀ တို့ထံ ဆည်းကပ်ခစားပြီး နှုတ်ဖြင့်ဆုတောင်းဘူးပြီး ဟူ၏။
(၁) သဗ္ဗဘဒ္ဒအသင်္ချေ၊
(၂) သဗ္ဗဖုလ္လ အသင်္ချေ၊
(၃) သဗ္ဗရတန အသင်္ချေ၊
(၄) ဥသဘက္ခန္ဓ အသင်္ချေ၊
(၅) ခန္ဓုတ္တမ အသင်္ချေ၊
(၆) မာဏိတအသင်္ချေ၊
(၇) ဘဒ္ဒ အသင်္ချေ၊
(၈) ပဒုမ အသင်္ချေ၊
(၉) သဗ္ဗဘလ္လ အသင်္ချေ။

သင်္ဂဟတရား မျိုး ၄-ပါး

ဣတိဝုတ်၊၂၀၉။ ဣတိဝုတ်၊ဋ္ဌ၊၈၉။ မင်းကောင်း, မင်းမြတ်တို့ ကျင့်ရာသောတရားလေးပါး။
(၁) သဿ မေဓ- တိုင်းပြည်နိုင်ငံပေါ်၌ ကျရောက်ဖြစ်ထွန်းသမျှသောစီးပွားချမ်းသာတို့မှ မှူးမတ်ပြည်သူတို့ ညှိနှိုင်းတိုင်ပင်စည်းဝေးကြပြီးလျှင် မည့်၍မည်မျှ ကောက်ခံ တောင်းယူရမည် ဟူသောပြဋ္ဌာန်းချက်ဥပဒေအတိုင်း အပိုအမိုမရှိ မနာကြည်းမထိခိုက်ရအောင် ကောက်ခံခွဲယူသော လယ်ခွန်တော်နှင့် အခြားအခွန်တော်များ။
(၂) ပုရိသ မေဓ- မင်း, မှူးမတ်, ရဲမက်, လက်နက်ကိုင် စစ်သား တရားသူကြီး စသည့်နိုင်ငံကို စောင့်ရှောက် ထိန်းသိမ်းသော သူတို့ကိုကြီးစဉ်ငယ်လိုက် အထိုက်အလျောက် ကောက်ခံ၍ ရသော အခွန်တော်ငွေကို စားသုံး လောက်အောင် လခရိက္ခာ စားနပ်တော်များပေးကမ်း ချီးမြှင့်ရခြင်း။
(၃) သမ္မာ ပါသ- ကုန်သည် လယ်လုပ်တို့ကို အပိတ်အပင် အတားအဆီးအချုတ်အချယ် မရှိ ဖွင့်ပေးရခြင်း, စောင်မ သင့်သမျှ စောင်မ ကြည့်ရှုခြင်း, ထို့ထက်အလွန်လည်း ကြီးကျယ်ဖွံ့ဖြိုးနိုင်စေရန် ကူးသန်းလုပ်ဆောင်နိုင်စေရန် အတိုးအပွားမရှိ အရင်းအနှီးအမတော်ငွေကို ပေးကမ်းမ,စ ရခြင်း။
(၄) ဝါစာပေယျ- ပြုံးရွှင်ခြင်းလျှင် ရှေ့သွားရှိသော ချစ်စဖွယ်ချိုမြသောစကားတို့ကို သာယာခြေငံစွာ ပြောဆိုရခြင်း။

သင်္ဂဟတရား ၄-ပါး၊ တနည်း

ဒီ၊၁၊၁၂၅။ ဒီ၊ဋ္ဌ၊၁၊၁၁၀။မင်းမှတပါးသောလူတို့ အဆွေ ခင်ပွန်း အပေါင်းအဖော် ရကြောင်းတရား၄-ပါး။
(၁) ဒါန- ပေးကမ်း စွန့်ကြဲခြင်း၊
(၂) ပေယျ ဝဇ္ဇ- ချစ်ဖွယ်သောစကားကို ဆိုခြင်း၊
(၃) အတ္ထ စရိယ- သူ့အကျိုးစီးပွားကိုကျင့်ခြင်း၊
(၄) သမာနတ္ထ တာ- ကိုယ်နှင့် တတန်းစားတည်း ထား၍ပေါင်းသင်းဆက်ဆံသွားမှု။

သင်္ဂါယနာ ၆-တန်

ဘုရားသခင် ဟောကြားတော်မူခဲ့သော ပိဋကတော်ဓမ္မတို့ကို မပျောက်ပျက် မတိမ်ကော သွားစေရန် စုပေါင်း၍ မူမှန်ကိုရွတ်ဆိုမေးမြန်း ဆွေးနွေးဖြေကြား ရေးမှတ်အတည်ပြုခြင်းမျိုး။
(၁) ပဌမ သင်္ဂါယနာ- သုဘရဟန်းကြီး၏ ဗုဒ္ဓ အဝဏ္ဏ စကားကိုကြောင်းပြု၍ ဘုရားသခင် ပရိနိဗ္ဗာန် ဝင်စံပြီးသည်နောက် ဓာတုဘာဇန နေ့၌ စည်းဝေးရောက်လာတော်မူကြကုန်သော (၇၀၀၀၀ဝ) ခုနှစ်သိန်းမျှသော သံဃာတော်အရှင်မြတ်တို့၏ ဦးစီးနာယက သံဃာ့ထေရ် ဖြစ်တော်မူသော အရှင်မဟာကဿပ မထေရ်မြတ်သည် ခီဏာသဝ ဆဠာဘိည ရဟန္တာငါးရာ ရွေးကောက်တော်မူပြီးနောက် အခြံအရံသံဃာတော် ၇၀၀၀၀ဝ-နှင့် ဘိုးတော်အဉ္ဇနဖြိုကြွင်း သက္ကရာဇ် ၁၄၈-ခုနှစ်သာသနာသက္ကရာဇ် ၁-ခုနှစ်ဝါခေါင်လပြည့်ကျော် ၁-ရက်နေ့မှစတင်၍ တပေါင်းလပြည့်နေ့အထိ ၇-လတိုင်အောင် သုဘခေါ် တောထွက်ရဟန်းကြီးကို အကြောင်းပြု၍ ရာဇဂြိုလ်ပြည် ဝေဘာရတောင်ယံ သတ္တပါဏိဂူလိုဏ်၌ နှုတ်ရွတ်ခါ ဘုရင် အဇာတသတ်မင်းနှင့် ပဌမသင်္ဂါယနာ ထင်တော်မူကြလေသည်။
(၂) ဒုတိယ သင်္ဂါယနာ- ဘုရင်အဇာတသတ်မင်း ဖြိုကြွင်း သက္ကရာဇ်အနှစ်တရာရောက် သာသနာသက္ကရာဇ် (၁၀၀)တရာခုမြောက်သော် ဝဇ္ဇီတိုင်းသား အလဇ္ဇီရဟန်းများ၏ အဓမ္မဝတ္ထုဆယ်ပါး မတရားပေါ်ပေါက်ပြန်၍ (၉၀၀၀၀)ကိုသောင်းကုန်သော သံဃာ့အစည်းအဝေးကြီး၏ ဆုံးဖြတ်ချက်အရ ဘုရင် ကာလာသောကမင်းမြတ်နှင့်တကွ အရှင်မဟာယသထေရ် အမှူးပြု ပဋိသမ္ဘိဒါပတ္တ ရဟန္တာ(၇၀၀)ခုနှစ်ရာ ရွေးတော်မူလျက် အခြံအရံ သံဃာတော် ၁-သန်း၂-သိန်းနှင့် ဝေသာလီပြည်ဝါလုကာရုံ ကျောင်းတော်ကြီး၌ နှုတ်ရွက်ခါ ရှစ်လတိုင်တိုင် ဒုတိယသင်္ဂါယနာ တင်တော်မူကြသည်။
(၃) တတိယ သင်္ဂါယနာ- သာသနာသက္ကရာဇ် ၂၃၅-ခုနှစ် ရောက်သောအခါ ပါဋလိပြည်ကြီး
ရှင်ဘုရင် အသောကမင်းမြတ် လက်ထက် ဗာဟိရက တိတ္ထိယတို့သည် ဗုဒ္ဓသာသနာတော်၌ ရဟန်းပြုကုန်လျက် မိမိတို့မူလအယူ မိစ္ဆာဝါဒကိုသာ ကျင့်ကြံသုံးသပ် နေကြပြန်သောကြောင့် (၆၀၀၀၀) ခြောက်သောင်းသော မဟာသံဃာ့ အစည်းဝေးသဘင်ကြီးက ဆုံးဖြတ်ချက်ချကာ အသောကဘုရင်မင်းတရားကြီး ကူညီချက်အရ အရှင်မောဂ္ဂလိပုတ္တ တိဿမထေရ်နာယကပြု၍ ရဟန္တာ(၁၀၀၀) တစ်ထောင် ရွေးချယ်စီစစ်ပြီးလျှင် အရံသံဃာ ၆-သန်းနှင့် ထိုနှစ် နယုန်လမှ စ၍ တပို့တွဲလအထိ ကိုးလတိုင်တိုင် ပါတလိပုတ်ပြည် အသောကာရုံကျောင်းတော်ကြီး၌ နှုတ်ရွတ်ခါ တတိယ သင်္ဂါယနာတင်တော်မူကြသည်။
မှတ်ချက်။ ။ သီရိစတုရင်္ဂဗလ မြန်မာပညာရှိ ဦးဘေ အလိုအားဖြင့်သာသနာတော် ၂၃၄-ခုနှစ်မှာ တတိယသင်္ဂါယနာ တင်တော်မူသည်ဟု ယူ၏၊ ပရိုဖက်ဆာ ဆရာလွန်းခေါ် မစ္စတာ မောင်မှိုင်းအလင်္ကာကျော်စွာ သခင်ကိုယ်တော်မှိုင်း အလိုအားဖြင့် ၂၃၅-ဟု ယူ၏၊ ရေး၏၊ စီစစ်ကြပါကုန်။
(၄) စတုတ္ထ သင်္ဂါယနာ- သာသနာတော် သက္ကရာဇ် (၄၅၀)လေးရာ့ငါးဆယ်သို့ ရောက်သောအခါ လင်္ကာဒီပ သီဟဠ တည်းဟူသော သီဟိုဠ်ခေါ် သိဃုဠ် ကျွန်းကြီးသခင် ဘုရင် ဝဋ္ဋဂါမဏိ မင်းတရားကြီး လက်ထက် ပိဋကသုံးပုံကို အာဂုံဆောင်ကြကုန်သော ရဟန္တာအရှင်မြတ်တို့သည် နောင် အနာဂတ်ကာလ၌ သတ္တဝါတို့သည် သတိပညာ ဆုတ်ယုတ်ကုန်လတံ့၊ နှုတ်တက် အာဂုံ မဆောင်ရွက် မကျက်မမှတ်နိုင်လတံ့တို့ကို မြင်တော်မူကြ၍ သာသနာတော်၏ အသက်မပျောက်မပျက်တည်ရှိနိုင် စေရန် ကြံစည်တွေးဆကာ(၅၀၀)ငါးရာသော ရဟန္တာအရှင်မြတ်တို့ ပေထက်မှာရေးလျက်”ပေထက္ခာရာ”ခေါ်စတုတ္ထ သင်္ဂါယနာကို မဟာသံဃရာဇာကြီးမှူးလျက် သီဟိုဠ်ကျွန်းမလယဇနပုဒ် အာလောကလိုဏ်ဂူ၌ တင်တော်မူကြပြန်သည်လည်းတကြိမ်။
(၅) ပဉ္စမသင်္ဂါယနာ- ဂေါဇာ သက္ကရာဇ် ၁၂၃၃-ခု၊ သာသနာတော်(၂၄၁၅)ခုနှစ် ရောက်ပြန်ရာ မြန်မာနိုင်ငံတော်ရတနာပုံ နေပြည်တော်ကြီးကို စည်ထီး နန်းအိမ်နှင့်တကွ ပဌမလက်မွန် တည်ထောင်တော်မူခဲ့သော ဘုရင်မင်းတုံးမင်းတရားကြီးသည် ဘုရားရှင်ဓမ္မစက်ပေရွက်နှင့် မလျော်ဟု ဆင်ခြင်ပြီးကာ သာသနာငါးထောင်(၅၀၀၀)ကုန်အောင်တည်စေနိုင်ခြင်းငှါ၊ ကိုးဖြာနဝရတ် ကျောက်မြတ်အဝင် ဖြူစင်သန့်ရှင်းသော သလင်းကျောက်ရတနာ အပြင်ဝယ်အက္ခရာတော် ထင်ပြီးလျှင် ရွှေမင်းရွှေစုတ်နှင့် ရေးသားခတ်နှိပ်တော်မူ၍ အုဌ်ပြသာဒ်များအတွင်း သွတ်သွင်းခါထားတော်မူပြီးမှ တံဆိပ်တော်ရ သုဓမ္မာဆရာကြီးရှစ်ပါးကို ရှေးဖျားရှေးဦး အမှူး ဉပကာ (၂၄၀၀)နှစ်ထောင်လေးရာ ကုန်သော သီလဝန်ဂုဏဝန် ကလျာဏပုထုဇဉ် သံဃာတော်အရှင်မြတ်
တို့နှင့် တကွ ပဉ္စမသင်္ဂါယနာ တင်တော်မူခဲ့သည်လည်း တကြိမ်အားဖြင့် ပေါင်း၅-ကြိမ်ဖြစ်သတည်း။
(၆) ဆဋ္ဌသင်္ဂါယနာ၊ သစ္စာလေးဆူ အောင်လံထူလျက် ပြိုင်သူဖက်ကင်း တရားမင်းဖြစ်တော်မူသော ဗုဒ္ဓရှင်တော်ဘုရားသည်၄၅-နှစ်(၄၅-ဝါ)အတွင်း ဟောကြားတော်မူအပ်သော တရားတော်တို့ကို
ကြွသွား နိဗ္ဗာန် စံဝင်တော်မူပြီးနောက်၊ ၂၄၉၈-နှစ်ကြာသောအခါ
(၁) မြတ်စွာဘုရား ဟောကြားတော်မူခဲ့သော နိကာယ်ငါးရပ်တို့ကိုအထပ်ထပ် အဆင့်ဆင့် ရေးကူး၍ လာကြရာ၌သတိ ချွတ်ယွင်းရေးမှားခြင်းဟုဆိုအပ်သော ပမာဒလေခ(ပါဠိပျက်)များကိုအထူးသန့်ရှင်း စင်ကြယ်စေလိုသောကြောင့်၎င်း၊
(၂) ထိုစင်ကြယ်သော ပိဋကတ်တော်များကို စက်တင်ပုံနှိပ်၍ ကမ္ဘာအရပ်ရပ်သို့ပြန့်နှံ့စေခြင်းအားဖြင့် အဓွန့်ရှည်စွာ တည်စေလိုသောကြောင့်၎င်း၊
(၃) လွတ်လပ်သော မြန်မာနိုင်ငံတော်နှင့်တကွ ဗုဒ္ဓဘာသာနိုင်ငံအားလုံးတို့ကသာသနာတော်ကို စုပေါင်းအားပေး ချီးမြှောက်လိုသောကြောင့်၎င်း၊ ဤ ဆဋ္ဌသံဂါယနာပွဲသဘင်ကြီးကို တင်တော်မူကြသည်ဟူ၍ မြန်မာ, ယိုးဒယား,
ကမ္ဗောဇ, သီဟိုဠ်, လော, ဟူသည့် ထေရာဝါဒ ငါးနိုင်ငံရှိ သံဃာတော်အရှင်မြတ်တို့၏ ဆုံးဖြတ်တော်မူချက်အရ-
ပြည်ထောင်စု မြန်မာနိုင်ငံတော် ရန်ကုန်မြို့ရေးကူးရပ် သီရိမင်္ဂလာကမ္ဘာဧ စေတီတော်အနီး ဆဋ္ဌသံဂီတိမဟာပါသာဏ ဂုဟာခေါ် လိုဏ်ဂူတော်ကြီးအတွင်း မြန်မာနိုင်ငံတော်အစိုးရ၏ ပစ္စယာနုဂ္ဂဟဖြင့်သာသနာတော်၊ ၂၄၉၈၊မြန်မာ- ၁၃၁၆-ခုနှစ်၊ ကဆုန်လပြည့်။ အင်္ဂလိပ် ၁၉၅၄-မေလ(၁၇)ရက်နေ့မှစ၍ မြန်မာ, သီဟိုဠ်, ယိုးဒယား, (ကမ္ဗောဇ)ကမ္ဗောဒီးယား, (လော)လာအို, ငါးနိုင်ငံတို့နှင့် နှစ်နှစ်တိုင်တိုင် ကျင်းပသည့်ဆဋ္ဌသံဂါယနာပွဲတော်ကြီးတွင် မြန်မာပြည်တွင်းမှ စာပေကျမ်းဂန်တက်ဆရာတော် သံဃာတော် (၂၄၇၃)ပါး။ ကမ္ဘာ့နိုင်ငံတော် အရပ်ရပ်မှကြွလာတော်မူကြသော သံဃရာဇာစသည့် ပိဋကကျမ်းဂန်တတ်အကျော် အမော်ဆရာတော် သံဃာတော် (၁၄၄)ပါး၊ ပေါင်း သံဃာတော်(၂၆၁၇)ပါးတို့သည် အဘိဓဇမဟာ ရဋ္ဌဂုရုဘွဲ့တံဆိပ်တော်ရ မန္တလေးမြို့ညောင်ရမ်းဆရာတော်ဘုရားကြီးအား သံဃထေရ် မဟာဝိနာယက အရာထား၍ ၁၃၁၈-ခုနှစ်၊ ကဆုန်လပြည့်နေ့တိုင် အောင် ၂-နှစ်ပတ်လုံးနိကာယ်ငါးရပ် ပိဋကသုံးပုံ ပါဠိတော်များကို သံဂါယနာတင်တော်မူခဲ့ကြသည်ဟု ပြည်ထောင်စုမြန်မာနိုင်ငံတော် ဗုဒ္ဓသာသနာအဖွဲ့ကြီး၏သံဂါယနာ မှတ်တမ်းမှယူပြသည်။
မှတ်ချက်။ ။ ပါဠိတော် သံဂါယနာတင်အပြီး အဋ္ဌကထာ, ဋီကာ, များကိုလည်း ၁၃၂၃-ခုနှစ်၊ တပို့တွဲလဆန်း ၁၂-ရက်နေ့အထိအဘိဓဇ မဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ မစိုးရိမ်ဆရာတော် ဦးသူရိယ အမှူးရှိသော သံဃာတော်တို့သည် သံဂါယနာတင်တော်မူကြကုန်၏ဟု မှတ်ရာသေးသည်။
ဆဋ္ဌသံဂါယနာ - ဧချင်း
မင်းချင်းတို့လေ

သင်္ဂြိုဟ်ခြင်းမျိုး ၃-ပါး

လူ, ရှင်, ရဟန်းတို့ ကွယ်လွန် အနိစ္စရောက်သောအခါ သင်္ဂြိုဟ်
ရခြင်းမျိုး ၃-ပါး။
(၁) ဘူမိ စျာပန- မြေမြုပ် သင်္ဂြိုဟ်ရခြင်း၊
(၂) အဂ္ဂိ စျာပန- မီးဖုတ်သင်္ဂြိုဟ်ရခြင်း၊
(၃) ဥဒက စျာပန-ရေမျှောသင်္ဂြိုဟ်ရခြင်း၊ (စျာပနသာဖြစ်၏ သင်္ဂြိုဟ်မဟုတ်ပေ။)

သင့်တင့်လျောက်ပတ်အရပ် ၆-ပါး

၎င်းကို(ဧကမန္တာ၊ သင့်လျော်ရာ၊ ၆-ဖြာ အရပ်မျိုး)၌ရှုပါ။

သင်္ဘောသူကြီးအင်္ဂါ ၉-ပါး

ဤ၌ အင်္ဂါ ၉-ပါးဟု အတိအကျ မယူသင့်၊ တွေ့လည်း မတွေ့ဘူးသေးပေ၊ ထိုကြောင့် ရှေးပညာရှင်တို့ ဆုံးမသင်ကြားချက်လာ အာစရိယ ဝါဒဖြင့်သာ ဖြေကြားလိုက်သည်။လေရိပ်မိုဃ်းသက်၊ရေတက်၊ရေကျ တွေးဆ နက်တိမ်၊ ကွေ့လိမ်ခုတ်မောင်း၊ ရေကြောင်းနှံ့စပ်၊ လမ်းဖြတ်လမ်းကူး၊ ကျွန်းဦးကျောက်ဆောင်၊ သဲသောင်စည်းငူ၊ ပင်လယ်ဆူနှင့်၊ ရေဖြူ ရေနီ၊ တလီ ရေညို၊ ထိုထို ရေစိမ်း၊ ခပ်သိမ်းဖွေနည်၊ သိနားလည်မှ၊ ထိုဤ လှေဖေါင်၊ သင်္ဘောဆောင်၌၊ ကောင်းအောင် ဉာဏ်ချိန်၊ မာလိမ် တသီး၊ လှေသူကြီးရာ၊ ခံထိုက်စွာသည်၊ မဟာရေတပ် ပဲ့နင်းတည်း။

သစ်ကြီး ၇-ပင်

ဝိသုဒ္ဓိ၊၁၊၂၀၀-နှင် စူဠနိ၊ဋ္ဌ၊၃၉-စသည်တို့၌ ထင်ရှား၍ တကမ္ဘာပတ်လုံး တည်နေနိုင်သော သစ်ပင်ကြီးများဟူ၏။
(၁) ပါဋလိ အသုရာနဉ္စ- အသူရာပြည်၌ သခွတ်ပင်၊
(၂) သုဗဏ္ဏာနဉ္စ သိပ္ပလိ- ဂဠုန်ပြည်၌ လက်ပံပင်၊
(၃) ဇမ္ဗူ ဣဓ မနုဿာနံ- တောင်ကျွန်း လူ့ပြည်၌ ဇမ္ဗူ့သပြေပင်၊
(၄) ဒေဝါနံ ပါရိဆတ္တကော- တာဝတိံသာ၌ ပင်လယ်ကသစ်ပင်၊
(၅) ကဒမ္ဗော အပရဂေါယာနေ- အနောက်ကျွန်း၌ ထိန်ပင်၊
(၆) ကပ္ပရုက္ခောစဥတ္တရေ- မြောက်ကျွန်း၌ ပဒေသာပင်၊
(၇) ပုဗ္ဗဝိဒေဟေ သီရိသော- အရှေ့ကျွန်း၌ ကုက္ကိုပင်၊
ကပ္ပဋ္ဌာယီ ဣမေမတာ- ဤသစ်ပင်ကြီးတို့ကား ကမ္ဘာတည်သည် ဟုသိ။

သစ္စာအနက် ၁၆-ချက်

အဘိ၊ဋ္ဌ၊၂၊၇၈။ သစ္စာလေးပါးတွင် တပါးတပါး၌ မိမိပင်ကိုယ်သဘောအရ ထင်ရှားအနက်နှင့် အခြားသစ္စာသုံးပါးကို ထောက်တား၍ ထင်ရှားသောအနက်ဟု ၄-ချက်စီ ရနိုင်သောကြောင့် “သစ္စာအနက် ၁၆-ချက်”ဟု ဝေါဟာရစကား ဖြစ်ပွား၍လာလေသည်။
(က) ဒုက္ခ သစ္စာ၏ အနက် ၄-ချက်။
(၁)ပိဠနဠော- မိမိကိန်းရာ၊သတ္တဝါဝယ်၊ သုံးဖြာဒုက္ခ၊ ဖြစ်ပေါ်ကြလျက်၊ ဒုက္ခဖြတ်ရိတ်၊ ကြောင်းနိမိတ်ဖြင့်၊ ကြိတ်ကြိတ်နင်းနင်း၊ နှိပ်စက်ခြင်း အနက်သဘောလည်းတပါး၊
(၂) သင်္ခတဋ္ဌော- သုမုဒယဟိတ်၊ ကြောင်းမဆိတ်သဖြင့်၊ကံ စိတ် ဥတု၊ ဟာရစုတို့၊ အမှုတည်ထွင်၊ ပြုစီရင်သော အနက်သဘောလည်း တပါး၊
(၃) သန္တာပဋ္ဌော- မဂ်မြတ်ရေစင်၊ နှိုင်းစာလျှင်သော်၊ ပူပင်ပြင်းပြ၊ လောင်ကျွမ်းရခြင်း အနက်သဘောလည်းတပါး၊
(၄) ဝိပရိဏာပဋ္ဌော- နိဗ္ဗာန်နန်းသာ၊ စခန်းကွာအောင်၊ဇရာ မရဏ၊ နှစ်ဌာနဖြင့်၊ ကာလအရှည်၊ မတည်နိုင်ဘဲ၊ ယိုင်လဲဖောက်ပြန်ရခြင်း အနက်သဘောလည်းတပါး။
(ခ) သမုဒယ သစ္စာ၏၊ အနက် ၄-ချက်။
(၁) အာယူ ဟနဋ္ဌော-လောကီအာရုံ၊ အဖုံဖုံဝယ်၊ ခုံမင်ပြန့်မှု၊ ဒုက္ခထုကို၊ လုရက်ကြိုးစားပေါင်း စုခြင်းအနက် သဘောလည်း တပါး၊
(၂) နိဒါန်နဋ္ဌော- ဒုက္ခချင်းစပ်၊ မကင်းလပ်အောင်၊ နှင်းအပ်သည့်အနေ ဖြစ်စေခြင်းအနက်သ ဘောလည်းတပါး၊
(၃) သံယောဂဋ္ဌော- ဝဋ်ဒုက္ခမှ၊ မလွတ်ရအောင်၊ဖွဲ့နှောင်မြှေးရှက်ခြင်း အနက်သဘောလည်း တပါး၊
(၄)ပလိဗောဓဋ္ဌော- ဝဋ်မှထွက်သွား၊ မဂ်ရထားကို၊ ဖျက်ထားကန့်ကွက်၊ နှောင့်ရှက်ခြင်း အနက်သဘောလည်း တပါး။
(ဂ) နိရောဓသစ္စာ၏ အနက် ၄-ချက်။
(၁) နိဿရဏဋ္ဌော- ဒုက္ခဖန်ခါ၊သံသရာမှ၊ ခန္ဓာဓာတ်သိမ်း၊ လွတ်ငြိမ်းထွက်မြောက်ခြင်း အနက်သဘောလည်း တပါး၊
(၂) ဝိဝေကဋ္ဌော- တဏှာအပေါင်း၊ တွယ်တာကြောင်းမှ၊ ကောင်းကောင်းလွတ်ကင်း၊ ဆိတ်ငြိမ်ခြင်း အနက်သဘောလည်းတပါး၊
(၃) အသင်္ခတဋ္ဌော- ကံ စိတ် ဥ ဟာ၊ ကြောင်းများစွာတို့၊ ဘဟာတခု၊ မ ဉပမပြင်၊ မစီရင်လျင်း၊ အကြောင်းကင်းသော
အနက်သဘောလည်း တပါး၊
(၄)အမတဋ္ဌော နကိုယ်အနေ၊အိုသေမရှိ၊ ပကတိခိုင်မြဲသော အနက်သဘောလည်း တပါး။
(ဃ) မဂ္ဂသစ္စာ၏ အနက် ၄-ချက်။
(၁) နိယျာနဋ္ဌော- သံသရာဒုက္ခ၊ ရှုပ်သမျှမှ၊ မုချထွက်ကြောင်းဖြစ်သော အနက်သဘောလည်း တပါး၊
(၂) ဟေတွဋ္ဌော-နိဗ္ဗာနဓာတ်၊ အမြိုက်ရပ်သို့၊ ဆိုက်ကပ်ရန်အကြောင်း အနက်သဘောလည်း တပါး၊
(၃) ဒဿနဋ္ဌော- သစ္စာလေးတန်၊ မြိုက်နိဗ္ဗာန်ကို၊ အမှန်ထင်လင်း၊ မြင်နိုင်ခြင်း အနက်သဘောလည်း တပါး၊
(၄) အဓိပတေယျဋ္ဌော-လေးတန်းသစ္စာ၊ မြင်ဘို့ရာနှင့်၊ ကိလေသာမီး၊ အပူကြီးကို၊ အပြီးငြိမ်းမှု၊ ကိစ္စစုဝယ်၊ ချယ်လှယ်လွှမ်းမိုး၊ အုပ်စိုးနိုင်ခြင်း အနက်သဘော လည်းတပါး။

သစ္စာတရား ၂-မျိုး

ဒီ၊ဋ္ဌ၊၁၊၃၁၆။ အမှန်မူဟု ယူဆရမည့်တရား ၂-ပါး။
(၁) သမုတိသစ္စာ- လောက ဝေါဟာရအားဖြင့် ခေါ်ဝေါ်ပညတ်ကြသော အမိ, အဖ, ယောကျ်ား, မိန်းမ, လူ, နတ် စသည်၊
(၂) ပရမတ္ထသစ္စာ- မဖောက်မပြန် မှန်ကန်သော ပရမတ္ထသဘောတရား ဟူသမျှ။

သစ္စာတရား မျိုး ၄-ပါး

ယမက၊၁၊၂၀၅။ အဘိ၊ဋ္ဌ၊၃၊၃၁၀-၌အကျယ်ရှု။ အမှန်သိအပ်သော တရား ၄-ပါး။ (၁) ဒုက္ခသစ္စာ- တဏှာလောဘကြောင့်ဖြစ်သော တေဘုမ္မက ဝဋ်ဆင်းရဲစု အကျိုးတရားများ၊
(၂) သမုဒယ သစ္စာ- တေဘုမ္မကဝဋ်ဒုက္ခတို့ ဖြစ်ကြောင်းဖြစ်သော တဏှာလောဘ၊
(၃) နိရောဓသစ္စာ- ဆင်းရဲအပေါင်းတို့၏ ချုပ်ငြိမ်းကင်းပြတ်ရာ မဂ္ဂသစ္စာ၏ အကျိုးဖြစ်သော နိဗ္ဗာန်၊
(၄) မဂ္ဂသစ္စာ- နိဗ္ဗာန်သို့ရောက်ကြောင်း တရားလမ်းကောင်းဖြစ်သော မဂ္ဂင်ရှစ်ပါး။

သစ်ပင်မျိုး ၄-ပါးနှင့် ပရိသတ် ၄-ပါး

သစ်ပင်မျိုး ၄-ပါးနှင့် ပရိသတ်၄-ပါးကို ဥပမာထား၍ ပြခြင်း။
(၁) ဖေဂ္ဂု သာရ ပရိဝါရော- မိမိကိုယ်တိုင်အနှစ်မရှိသော တောစိုး သစ်ပင်ကြီးသည် အနှစ်ရှိသော သစ်ပင်အပေါင်းတို့၏ အလယ်၌ တင့်တယ် နေရသလို၊ သီလမရှိသောပုဂ္ဂိုလ်အား သီလအကျင့်ရှိသော ပရိသတ်က ဝန်းရံနေသကဲ့သို့ သိ၊
(၂) သာရော ဖေဂ္ဂု ပရိဝါရော- အနှစ်မရှိသော လက်ပံပင် စသည်တို့ဖြင့် ဝန်းရံခနေသော အနှစ်ရှိသည့် ကျွန်းပင်ကြီးမျိုးလို၊
(၃) ဖေဂ္ဂု ဖေဂ္ဂု ပရိဝါရော- အနှစ်မဲ့သော လက်ပံပင် စသည်တို့ ဝန်းရံခနေသော အနှစ်မရှိသည့် ပညောင်ပင်ကြီးမျိုးလို၊
(၄) သာရော သာရ ပရိဝါရော- ပျဉ်းကတိုးပင် အပေါင်းတို့ ဝန်းရံပေါက်နေသော ကျွန်းပင်ကြီးမျိုးလို သီလအကျင့်ရှိသော ပုဂ္ဂိုလ်အား အကျင့်သီလရှိသော ပရိသတ်က ဝန်းရံခနေသကဲ့သို့ သိ။

သည်းခံခြင်း အကျိုးထူး ၅-ပါး

ခန္တီအကျိုး ၅-ပါး ဟူ၏၊ အထက်၄-ပါးကို ယခုဒိဋ္ဌ အကျိုးရနိုင်သည် မှတ်။
(၁) ဗဟုဇန မနာပ- လူအများတို့ ချစ်နှစ်လိုခြင်း၊
(၂) န ဝေရ ဗဟုလ- ဘေးရန် မများခြင်း၊
(၃) န ဝဇ္ဇဗဟုလ- အပြစ် မရှိခြင်း၊
(၄) အ သံမုဠှ ကာလင်္ကတ- မတွေမဝေသေရခြင်း၊
(၅) သုဂတိ သဂ္ဂ လောက- နတ်ရွာ သုဂတိသို့လားရခြင်း။

သည်းမခံခြင်း အပြစ် ၅-ပါး

၎င်းသရုပ် အဓိပ္ပါယ်ကို သည်းခံခြင်းအကျိုးနှင့် ဆန့်ကျင်ဘက် ပြန်ယူပါ။

သညာ ၂-ပါး၊ မြတ်တရား၊ ပိုင်းခြား မှတ်ရှုရာ

စျာန် ရရောက်ရေးအခြေခံ တရား နှစ်ပါး။
(၁) အာဟာရ ပဋိကူလ သညာ- အစာ၌စက်ဆုပ်ဘွယ် အမှတ်ရှုသိ၊
(၂) စတုဓာတု ဝဝတ္ထာန- ဓာတ် ၄-ပါးကိုပိုင်းခြား မှတ်ရှုသိ။

သညာ ၁၀-ပါး၊ မြတ်တရား၊ မိန့်ကြား ဖြေတော်မူ

၎င်းသရုပ် (ရောဂါပျောက်ငြိမ်း
ကြောင်း တရား ၁၀-ပါး)နှင့်တူ၏။

သတ္တဋ္ဌာန ၇-ဆူ

မ၊ဋ္ဌ၊၂၊၈၉။ ဘုရားရှင်တို့၏ ဓမ္မတာ ၃၀-တွင် ပါဝင်သည့်ဌာနရ-ပါး။
(၁) ပလ္လင်္က သတ္တာဟ- မောဟတဏှာ၊ အဝိဇ္ဇာကို၊ ပညာသန်လျက်၊ အာသဝက်ဖြင့်၊ ပယ်ဖျက်ခုတ်ထွင်၊ အောင်မြင်တော်မူရာ၊ တရာသန်းတောင်၊ အမြင့်ဆောင်သည့်၊ ရွှေညောင်သီရိ၊ ပင်ဗောဓိ၏၊ ဘုမ္မိဧသန်၊ ရှေ့မြောက်ယံတွင်၊ တလံခြားကွာ၊ အရပ်သာ၌၊ ရတနာစုံ၊ ခြူးအုံခြူနွယ်၊ လွန်ဆန်းကြယ်သား၊ တဆယ့်လေးတောင်၊ အရောင်ခြောက်ဖြာ၊ အပ္ပရာဇိတေ၊ ငါးမာရ် ခြွေလျက်၊ ပလ္လင်ထက်ဝယ်၊ ခုနစ်ရက်ပေ၊ ငြိမ်သက်ဣန္ဒြေ၊ နေတော်မူရာ၊ အရပ်သာလည်း တဌာန။
(၂) အာနိမိသ သတ္တာဟ- ဗောဓိပင်မြောက်၊ အံ့လောက်ထင်ရှား၊ ဆယ်လံခြားတွင်၊ ဖဝါးခြေစုံ၊ ရပ်ပြီးတုံမှ၊ အာရုံမလပ်၊ မခပ်မျက်တောင်၊ ရက်လည်အောင်လျှင်၊ ဘုန်းခေါင်လူ့ထိပ်၊ ငါးမာရ်နှိပ်သည်၊ မမှိတ်မျက်စိ၊ ပကတိဖြင့်၊ ရှုကြည့်တော်မူရာ၊ အရပ်သားလည်း တဌာန။
(၃) စင်္ကမ သတ္တာဟ- ရွက်ရင့်ရွှေရောင်၊ တပြောင်ပြောင်တည့်၊ ညောင်ဗောဓိနှင့်၊ အနိမိသ အကြား၊ ရှေ့နောက်လျား၍၊ သွားမြဲအမှန်၊ နှစ်လံကွာတွင်၊ ရတနာစင်္ကြံ၊ ပျော်တုံစံလျက်၊ ခုနစ်ရက်ပေ၊ ငြိမ်သက်ဣန္ဒြေ၊ ရောင်ခြောက်ထွေဖြင့်၊ နေတော်မူရာ၊ အရပ်သာလည်း တဌာန။
(၄) ရတနာဃရ သတ္တာဟ- ဗောဓိအောင်ခန်း၊ ရွှေညောင်နန်းနှင့်၊ တန်းတန်းမဖြောင့်၊ နောက်မြောက်ထောင့်ဝယ်၊ ဘုန်းကြောင့်ဖြစ်ပြန်၊ ၁၅-လံတွင်၊ ရောင်လျှံသွယ်ဖြာ၊ ရတနာ ၇-ပါး၊ နတ်များဖန်ဆင်း၊ ရွှေအိမ်တွင်း၌၊ သနင်းမြတ်စွာ၊ ဘိဓမ္မာကို၊ ရက်ကြာသတ္တ၊ မနစိတ်သန်၊ အကြံပျော်ပျော်၊ ဆင်ခြင်တော်မူရာ၊ နာမည်ထူးဆန်း၊ ရွှေအိမ်နန်းလည်း တဌာန။
(၅) အဇပါလ သတ္တာဟ- ညောင်ဗောဓိနှင့်၊ ၃၂-လံ၊ သင်္ချာမှန်သည်၊ ရှေ့ယံမစောင်း၊ ညောင်ဆိတ်ကျောင်းဝယ်၊ နေညောင်းတင့်တယ့်၊ စံပယ်တုံလျက်၊ ခုနှစ်ရက်ပေ၊ ရောင်ခြည်ထွေဖြင့်၊ နေတော်မူရာလည်း တဌာန။
(၆) မုဉ္စလိန္ဒ သတ္တာဟ- ညောင်ဗောဓိရှေ့၊ တောင်ခပ်ကွေ့မှန်၊ ၁၅-လံတွင်၊ ပြန်ထန်မောက်ဖြိုး၊ ရွာသည့်မိုဃ်းကို၊ တန်ခိုးထန်ပြင်း၊ နဂါးမင်းသည်၊ ဆီးနှင်းပေါက်မျှ၊ မကျစေငှါ၊ ပါးပျဉ်းကာလျက်၊ ခုနစ်ရက်မျှ၊ ချမ်းမြရိပ်မြုံ ပျော်ပိုက်လှုံသည်လည်း တဌာန။
(၇) ရာဇာ ယတန သတ္တာဟ- ငါးမာရ်နှိပ်နင်း၊ မြေဥကင်းဝယ်၊ ပွင့်လင်းသီရိ၊ ဝင်းဝင်းညိသည်၊ ဗောဓိတောင်ခွင်၊ မြသွင်စိမ်းလဲ့၊ သင်္ချာဖွဲ့သော်၊ တစ်ဆယ့်တစ်လံ၊ ထိုရပ်ဌာန်တွင်၊ ဘုန်းလျှံမြူးထွေ၊ ကိုယ်တည်းနေ၍၊ ရက်လည်စေ့သော်၊ နတ်ကျော်သိကြား၊ လှူငြားလာဆုံး၊ သုံးလုံးကြဇု၊ ဘုဉ်းပေးပြုမှ၊ စတုလောက၊ ဒေဝထင်ရှား၊ နတ်လေးပါးလည်း၊ လှူငြားလာမြောက်၊ ပဲနောက်အဆင်း၊ ရောင်ခြင်းဖိတ်ဖိတ်၊ သပိတ်လေးလုံး၊ တန်ခိုးဘုန်းကြောင့်၊ တလုံးတည်းဖြစ်၊ နားလေးရစ်နှင့်၊ ဆင့်တုံပြီးမှ၊ တပုဿနှင့်၊ ဘလ္လိကညီနောင်၊ လှူှူဆောင်ကမ်းလှမ်း၊ ပျားမုံ့ဆွမ်းကို၊ ဘုဉ်းပေးပြီးခါ၊ စောမြတ်စွာ၏။ နေရာရပ်ခန်း၊ မြတ်လင်းလွန်းလည်း တဌာန။

သတ်ဖြတ်ခြင်းမျိုး ၆-ပါး

၎င်းသရုပ် (ပယောဂမျိုး ၆-ပါး) ၌ ရှုပါ။

သတ္တရဘန် ၇-တန်

သတ္တဗ္ဘန္တရ ဟူသော ပါဠိပျက်စကား၊
မြင်းမိုရ်တောင်မင်းအား လှည့်လည်ရစ်ပတ် နှောင်ဖွဲ့ဝန်းရံ ပိုင်းခြားထားသော”တောင်စဉ် ၇-ထပ်”ကို ခေါ်သည်၊
သရုပ်ကို(တောင်စဉ် ၇-ထပ်)၌ရှုပါ။

သတ္တရူပါ၊ သတ္တဝါ၊ ၇-ဖြာ ရုပ်ပုံ အဘယ်နည်း

ရွှေဘုံနိဒါန်းလာသတ္တရူပ ဖေါင်ပုံမှ ယူဖြေသည်။
(၁) ကရဝိက် နှုတ်သီးနှင့် လည်ဆံ၊
(၂) ဆင်စွယ်နှစ်ချောင်းနှင့် နှာမောင်း၊
(၃) နွားလာ;ဘို့၊
(၄) ငါးကြင်းအမြီး၊
(၅) ကြက်တူရွေး အတောင်၊
(၆) တိုးချိုနှစ်ချောင်း လက်တဖက် ခြေတဖက် အမြီး၊
(၇) မြင်းနား နှစ်ဖက် လက်တဖက် ခြေတဖက်။

သတ္တဝါတို့ တည်နေကြခြင်း အကြောင်းတရား ၈-ပါး

ရာဂ, ဒေါသ, မောဟ, ဒိဋ္ဌိ, အနုသယ, မာန, ဝိစိကိစ္ဆာ, ဥဒ္ဓစ္စ။ မဟာနိ၊၁၈။ မဟာနိ၊ဋ္ဌ၊၈၁-၌ အကျယ်ရှုပါ။

သတ္တဝါတို့၏ အညစ်အကြေးတရား ၉-ပါး

၎င်းသရုပ်ကို(လူတို့၏အညစ်အကြေး တရား၉-ပါး) သုတေသန၌ ဆိုခဲ့ပြီ။

သတ္တဝါသ ဘုံ ၉-ဝ

ပဋိသံ၊၂၃။ ပဋိသံ၊ဋ္ဌ၊၁၊၁၀၆။သတ္တဝါတို့၏ နေရာဘုံ ကိုးဝ။
(၁) နာနတ္တကာယ နာနတ္တသညီ- လူ့ဘုံနတ်ဘုံ၊
(၂) နာနတ္တကာယ ဧကတ္တသညီ- အပါယ် ၄-ဘုံ၊ ပဌမစျာန် ၃-ဘုံ၊
(၃) ဧကတ္တကာယ နာနတ္တသညီ- ပဉ္စကနည်း၌ ဒုတိယစျာန် တတိယစျာန် နှစ်ဘုံပေါင်း၊
(၄) ဧကတ္တကာယ ဧကတ္တသညီ- ပဉ္စကနည်း၌ စတုတ္ထစျာန် ၃-ဘုံ၊ ဝေဟပ္ပိုလ်ဘုံ၊ သုဒ္ဓါပါသ ၅-ဘုံ၊
(၅) အာကာသာနဉ္စာယတနဘုံ၊
(၆) ဝိညာနဉ္စာ ယတနဘုံ၊
(၇) အာကိဉ္စညာယတနဘုံ၊
(၈) နေဝသညာနာသညာ ယတနဘုံ၊
(၉) အသညသတ်ဘုံ၊
၎င်းကိုရည်၍ ပါရမိခဏ်း၌“ထောက်ထား ပညာ၊ မှတ်သားနာလော့၊ သတ္တဝါသ၊ ဘုံကိုးဝ၌၊ ပစ်ချကြမ္မာ၊ စေတနာကြောင့်၊ သညာဧကတ်၊ နာနတ်ထူးခြား၊ အလားလားလျှင်၊ ငါးပါးဂတိ၊ မှားဘွယ်ရှိ၏“ရှင်မဟာသီလဝံသ။

သတိတရားမျိုး ၂-ပါး

အောက်မေ့တတ် အမှတ်ရတတ်သော တရား၂-ပါး။
(၁) သတိစစ်- ရတနာသုံးပါး ဆရာမိဘစသော ကောင်းသောအရာများ၌ အောက်မေ့ အမှတ်ရခြင်း သမ္မာသတိ၊
(၂) သတိတု- မိစ္ဆာအယူရှိသူတို့ မိမိတို့ဆိုင်ရာ ဘုရား တရားတွေကို အောက်မေ့ အာရုံပြုမှုမိစ္ဆာသတိ။

သတိပဋ္ဌာန် ၄-ပါး

သတိစေတသိက်၏ မိမိဆိုင်ရာ အာရုံထဲ၌ လွန်လွန် ကဲကဲ စွဲစွဲမြဲမြဲသက်ဝင် တည်နေရာ ပဋ္ဌာနကြီး ၄-ပါး။
(၁) ကာယာနုပဿနာ သတိပဋ္ဌာန်- ဆံပင် အမွေးစသော ကောဋ္ဌာသ ပညတ်အစုဝယ် အသုဘအခြင်းအရာ အားဖြင့် အထပ်ထပ်ရှုခြင်း၌ မမေ့သော သတိ၊
(၂) ဝေဒနာနုပဿနာ သတိပဋ္ဌာန်- ဝေဒနာအစုကို အဖန်ဖန်ရှုရာဝယ်ဤကား ကာမသုခဝေဒနာ,ဤကား ဒုက္ခဝေဒနာ,ဤကား ဥပေက္ခာဝေဒနာဟု အထပ်ထပ်ရှုဆင်ခြင်ခြင်း၌ မမေ့အပ်သောသတိ၊
(၃) စိတ္တာနုပဿနာသတိပဋ္ဌာန်- ဤစိတ်ကား ရာဂနှင့် တကွ ဖြစ်သောစိတ်၊ ဤစိတ်ကား ရာဂကင်းသောစိတ်ဟု ခွဲခြမ်းလျက် စိတ်အမျိုးမျိုးဖြစ်ပုံတို့၏ မမြဲပုံ အနိစ္စလက္ခဏာကို အခါခါအထပ်ထပ် မပြတ်ရှုသော သတိ၊
(၄) ဓမ္မာနုပဿနာသတိပဋ္ဌာန်-အလုံးစုံသော သင်္ခါရက္ခန္ဓာဓမ္မ အပေါင်းသည် အစိုးမရ အလိုသို့မလိုက် အနှစ်မပါ အကာသက်သက် အနတ္တမျှသာဟု ဝိပဿနာဉာဏ်ဖြင့် ဆင်ခြင်အောက်မေ့သော သတိ။

သတိပဋ္ဌာန်၊ ပွားများရန်၊ ၃-တန် အင်္ဂါမိန့်

သတိပဋ္ဌာန်တရားပွားစည်းရေး၌ ဤအင်္ဂါ ၃-ပါးနှင့် ပြည့်စုံစေရမည်။ (၁) အာတာပီ- အကုသိုလ်ပယ်စွန့်ရေး၌ လုံ့လထားခြင်း၊
(၂) သမ္ပဇာန- ဉာဏ်အမြော်အမြင်ကြီးခြင်း၊
(၃) သတိမာ- စွဲမြဲသော သတိ ထားရှိရခြင်း။

သတိရခြင်း အကြောင်း ၁၆-ပါး

မိလိန္ဒ၊
(၁) ရှေးရှုသောအားဖြင့်
(၂) အမြဲမှတ်ထားသော အားဖြင့်၊
(၃) ရုန့်ရင်းသည်ကိုသိသောအားဖြင့်၊
(၄) အကျိုးစီးပွားရှိသည်ကို သိသောအားဖြင့်၊
(၅) အကျိုး မရှိသည်ကိုသိသောအားဖြင့်၊
(၆) သဘာဂ-သဘောတူ အာရုံအားဖြင့်၊
(၇) ဝိသဘာဂ- သဘောမတူသော အာရုံအားဖြင့်၊
(၈) စကားကားကို အောက်မေ့စေသော အားဖြင့်၊
(၉) အမှတ်လက္ခဏာ အားဖြင့်၊
(၁၀) လက်ရေး အားဖြင့်၊
(၁၁) ရေတွက်သောအားဖြင့်၊
(၁၂) ဆောင်ရွက်သောအားဖြင့်၊
(၁၃) ဘာဝနာ အားဖြင့်၊
(၁၄) ပုရပိုဒ်ပေတို့၌ ရေးမှတ်သဖြင့်၊
(၁၅) အနီး၌ နှံထားသော အားဖြင့်၊
(၁၆) အစဉ်ခံစားဘူးသော အားဖြင့်၊ သတိသည်ဖြစ်၏။

သတ္ထက လေးမျိုး ၇-ပါး

လေသင်ဓုန်းမျိုးလည်းဟူ၊ ၎င်းသရုပ် (လေမျိုး ၈၀ [ခ] ပိုဒ်၌) ရှုပါလေ။

သဒ္ဒါကျမ်းဂန်၊ မျိုး ၃-တန်၊ ပုဂံ ခေါင်ထိပ်ဗွေ

ပါဠိ သဒ္ဒါကျမ်းကြီးများတွင် မိမိသုတ်နှင့် မိမိစီရင် ရေး ဉပထားခဲ့သော ကျမ်းကြီး ၃-ကျမ်းအနက်ပုဂံခေတ် နရပတိစည်သူ
မင်းတြားကြီး လက်ထက် သက္ကရာဇ် ၅၁၆-ခုနှစ်တွင် အရှင်အဂ္ဂဝံသဆရာတော် စီစဉ်ရေးပြုတော်မူခဲ့သော သဒ္ဒနီတိကျမ်းသည် ခေါင်ထိပ်ဆုံးဟု သီဟိုဠ်ကျမ်းတတ်အကျော် ဆရာတော်ကြီး များချီးကျူး မြွက်ကြားတော် မူခဲ့ကြသည်ဟု ရှေးထုံး စကားစဉ် ရှိ၏။
(၁) ဣန္ဒိယပြည်မှ ရှင်ကစ္စည်းမထေရ် ရေးပြုခဲ့သော “ကစ္စည်းသဒ္ဒါကျမ်း“ယခုမြန်မာပြည် ရဟန်း သာမဏေတို့ မူလသင်ရိုး လက်စွဲသဒ္ဒါကျမ်းပင်ဖြစ်၏၊
(၂) သီဟိုဠ်ကျွန်းမှ အရှင်မောဂ္ဂလန်ထေရ် ရေးပြုသော”မောဂ္ဂလာန ဗျာကရဏကျမ်း”၊
(၃) မြန်မာပြည် ပုဂံမှ အရှင်အဂ္ဂဝံသဆရာတော် ရေးသားပြုစုခဲ့သော”သဒ္ဒနီတိကျမ်းကြီး“
၎င်းကျမ်းစာသက်မှာ ဤသုတေသနသရုပ်ပြ အဘိဓာန်ကျမ်းကိုစတင်ရိုက်နှိပ်သော ၁၃၁၆-ခုနှစ်၌ အနှစ် (၈၀၀) တင်းတင်းပြည့်ခဲ့လေပြီ။

သဒ္ဒါလင်္ကာရ မျိုး ၁၀-ပါး

၎င်းသရုပ်ကို(ဂုဏ် ၁၀-ပါး)မှာကြည့်ပါ။

သဒ္စမ္မတရား၊ မျိုး ၃-ပါး၊ ထင်ရှား မိန့်တော်မူ

သူတော်ကောင်း တရား ၃-ပါးဟု ဆိုလိုသည်၊ ၎င်းကိုပင် အချို့နေရာ၌ သာသနာ ၃-ပါးဟုရေးသားကြသည်လည်း ရှိ၏၊ သို့သော် အမှန်ကား နောက် ၂-ပါးကိုသာသနာဟု မယူဆထိုက်ချေ၊ ပရိယတ္တိသာလျှင် အဆုံးအမ စကားတော် အစစ် သာသနာဖြစ်ချေသည်။
(၁) ပရိယတ္တိ သဒ္ဓမ္မ- မြတ်စွာဘုရား၏ အဆုံးအမ စကားတော်များ၊
(၂) ပဋိပတ္တိ သဒ္ဓမ္မ- ဆုံးမချက်အတိုင်းလိုက်နာ ကျင့်ကြံမှုများ၊
(၃) ပဋိဝေဓ သဒ္ဓမ္မ- လိုက်နာကျင့်ကြံမှုများအတွက်ရရှိသော လုပ်ခအကျိုး မဂ် ဖိုလ် နိဗ္ဗာန်မျိုး။

သဒ္ဓါအပြား၊ မျိုး ၂-ပါး၊ ခွဲခြား စိတ်ဖြာသိ

မိမိတို့ဘာသာ, ဝါဒဆိုင်ရာသက်ဝင်ယုံကြည်မှုမျိုး ၂-ပါး။
(၁) သဒ္ဓါတု- ကျောက်ခဲကို ဓာတ်တော်စစ်ဟု ယုံကြည်နေခြင်း၊ ဘုရား, တရား, သံဃာ အစစ် မဟုတ်သည်တို့ကို အစစ်မှတ်ထင်ကာ လွန်စွာ ယုံကြည်နေခြင်းမျိုး၊ မိစ္ဆာဓိမောက္ခခေါ် သဒ္ဓါအတုဖြစ်၏၊
(၂) သဒ္ဓါစစ်- ရတနာသုံးတန် ကံ, ကံ၏အကျိုးကိုယုံကြည်ခြင်း။

သဒ္ဓါမျိုး ၄-ပါး၊ တနည်း

မ၊၂၊၂၉၈။ မ၊ဋ္ဌ၊၃၊၂၂၅။ယုံကြည်လေးစားမှု အပြားလေးပါး။
(၁) ပသာဒ သဒ္ဓါ- ကြည်ညိုသင့်,ထိုက်,အပ်,သော ဂုဏ်ကိုမြင်ရ ကြားရလျှင် ကြည်ညိုတတ်သောသဒ္ဓါမျိုး၊
သို့သော်ဉာဏဝိပ္ပယုတ် သဒ္ဓါမျိုးဖြစ်၍ မခိုက်မြဲတတ်ချေ၊
(၂) ဩကပ္ပနသဒ္ဓါ- ဗုဒ္ဓ၏ အရဟံစသော ဂုဏ်တော်၊ ဓမ္မ၏သွာက္ခာတော စသောဂုဏ်တော်၊
သံဃာ၏ သုပ္ပဋိပ္ပန္န စသော ဂုဏ်တော်များကို သိမြင်ကြား၍ ကြည်ညိုသော သဒ္ဓါမျိုး၊
၎င်းကား ဉာဏသမ္ပယုတ်သဒ္ဓါမျိုးဖြစ်၍ ယခုဘဝအတွက်တာ ခိုင်မြဲလျက် သေလျှင် ပျောက်သည်၊
(၃) အာဂမ သဒ္ဓါ- ဗုဒ္ဓလောင်းလျာတို့၏ နိယတဗျာဒိတ်ကိုရပြီးရာ ဒါန သီလမှု၌ အစဉ်ပါလာသော သဒ္ဓါမျိုး၊
(၄) အဓိဂမ သဒ္ဓါ- နိဗ္ဗာန်ကို မဂ်ဉာဏ် ဖိုလ်ဉာဏ်ဖြင့် ကိုယ်တိုင်မြင်ပြီးသော အရိယာတို့၏ သဒ္ဓါမျိုး။

သန္တောသတရား ၁၂-ပါး

သံ၊၁၊၃၉၉။ သံ၊ဋ္ဌ၊၂၊၁၅၀-၌အကျယ်ရှုပါ။သန္တုဋ္ဌီခေါ် ရရသမျှနှင့် ရောင့်ရဲတင်းတိမ်မှု သဘောတရား ဆယ့်နှစ်ပါးကို ခေါ်သည်၊ ဤ၌ “ဆွမ်း, သင်္ကန်း, ကျောင်း, ဆေး”လေးပါးကို တည်၊
အောက်ပါ သန္တောသ ၃-ပါးနှင့် မြှောက်သော် ၁၂-ပါးဖြစ်၏။
(၁) ယထာလာဘ သန္တောသ- ကောင်းဆိုးနှစ်ပါး မခွဲခြားဘဲ ရလာသမျှဖြင့်သာ ရောင့်ရဲ၍နေမှု၊
(၂) ယထာဗလ သန္တောသ- ကောင်းဆိုးထူပါး ခွဲခြားဝေဘန်လျက် မိမိနှင့်သင့်လျော်ရုံမျှသာ လဲလှယ်ဖလှယ်၍ သုံးဆောင်ခြင်း၊
(၃) ယထာသာရုပ္ပ သန္တောသ- ကောင်းမွန်အဖိုးတန်သော ပစ္စည်းများကို သူတပါးအား ပေးလှူလျက် မိမိမူကား သူတပါး
မကြိုက်သော ပစ္စည်းများကိုသာ ရှာဖွေသုံးဆောင်ခြင်း။

သန့်ရှင်းရေးတရား ၃-ပါး

၎င်း သရုပ်ကို (သောဓေယျတရား ၃-ပါး)၌ ဆိုအံ့။

သပ္ပါယအပြား မျိုး ၄-ပါး

ရဟန်း, ရှင်, လူတို့ မိမိနှင့် မျှတချမ်းသာမှုသဘောတရား လေးပါး။
(၁)ဘောဇန သပ္ပါယ- စားသောက်မှု၌သင့်လျော် လျောက်ပတ်ခြင်း၊
(၂) အာဝါသ သပ္ပါယ- နေထိုင်ရာ အိုး အိမ် ကျောင်းတို့ လျောက်ပတ်မှု၊
(၃) ပုဂ္ဂလ သပ္ပါယ-ပေါင်းသင်းဆက်ဆံမှု၌ ညီညွတ်သင့်တင့်ရေး၊
(၄) ဥတု သပ္ပါယ- ကျန်းမာရေး၌ သင့်တင့်လျောက်ပတ်မှု။

သပ္ပါယအပြား ၇-ပါး၊ တနည်း

မ၊ဋ္ဌ၊၄၊၁၁၅။
အာဝါသော, ဂေါစရော ဘဿံ၊ ပုဂ္ဂလော, အထ ဘောဇနံ။
ဥတု ဣရိယပထော စေဝ၊ သပ္ပါယော သေဝိတဗ္ဗော တိ။

သပိတ်အပြား၊ မျိုး ၂-ပါး၊ ဘုရားခွင့်ပြုချက်

(၁) မတ္တိကာ ပတ္တ- မြေသပိတ်မျိုး၊
(၂) အယ ပတ္တ- သံသပိတ်မျိုး၊
ရဟန်းတော်များ အတွက် ထိုသပိတ် ၂-မျိုးသာ အပ်၏။

သပိတ်မျိုး ၃-ပါး

ရဟန်း သာမဏေတို့ သုံးဆောင်ရန် ဘုရားခွင့်ပြုတော်မူသော သပိတ် သုံးမျိုး၊ အကျယ်ကို ဝိနည်း ပတ္တဝဂ်၌ ရှုပါ။
(၁) ဥက္ကဋ္ဌသပိတ်- မပြော့မမာ အလောတော် ချက်ပြီး ထမင်းသုံးပြည့်တခွက် ဝင်သော သပိတ်၊
(၂) မဇ္ဈိမသပိတ်- ၎င်းထမင်းမျိုး သုံးခွက်နှင့်တစလယ်ဝင်သော သပိတ်၊
(၃) ဩမကသပိတ်- ၎င်းထမင်းမျိုး သုံးခွက်နှင့်တလမယ် ဝင်သော သပိတ်။

သပိတ် ၉-လုံး

ဝိ၊၁၊၃၅၃။ ဝိ၊ဋ္ဌ၊၂၊၂၈၁။အထက်ပါသုံးမျိုးကို ကိုးမျိုးပြားပုံ။
[က] ။
(၁) ဥက္ကဋ္ဌသပိတ်-အထက်နှင့် တူ၏၊
(၂) ဥက္ကဋ္ဌုက္ကဋ္ဌသပိတ်-ဥက္ကဋ္ဌ သပိတ်ထက်ကြီးသည်၊ (၎င်းသည် အဓိဋ္ဌာန်ဝိကပ္ပနာ မအပ်။)
(၃) ဥက္ကဋ္ဌ ဩမက သပိတ်- ဥက္ကဋ္ဌသပိတ်အောက်ငယ်၍ မဇ္ဈိမသပိတ်ထက် ကြီးသည်။
[ခ]။
(၄) မဇ္ဈိမသပိတ်- အထက်နှင့်တူ၏၊
(၅) မဇ္ဈိမုက္ကဋ္ဌ သပိတ်-မဇ္ဈိမ သပိတ်ထက်ကြီး၍ ဥက္ကဋ္ဌ သပိတ်အောက် ငယ်သည်၊
(၆) မဇ္ဈိမောမက သပိတ်-မဇ္ဈိမသပိတ်အောက် ငယ်၍ ဩမက သပိတ်ထက် ကြီးသည်။
[ဂ]။
(၇) ဩမကသပိတ်-အထက်နှင့် တူ၏၊
(၈) ဩမက ဥက္ကဋ္ဌသပိတ်- ဩမကသပိတ်ထက်ကြီး၍ မဇ္ဈိမ သပိတ်အောက်ငယ်သည်၊
(၉) ဩကကောမက သပိတ်- ဩမက သပိတ်အောက်ငယ်သည်၊ (၎င်းသည် အဓိဋ္ဌာန် ဝိကပ္ပနာ မအပ်။)
အကျယ် အဆုံးအဖြတ်ကို ဝိနည်းတော် ပတ္တဝဂ်မှာရှုလေ။

သပိတ်မှောက်ခြင်း၏ အင်္ဂါ ၈-ပါး (ပတ္တနိက္ကုဇ္ဇန ကံ ၈-ပါး)နှင့် သပိတ်လှန်ပုံ

ရဟန်းတော်များက ဒါယကာများအားသပိတ်မှောက်ရခြင်း အင်္ဂါ၈-ပါးဟူ၏။ ဝိနည်းတော်မှ။
(၁) ဘိက္ခူနံ အလာဘာယ ပရိသက္ကန- ရဟန်းတို့အား လာဘ်တိတ်၊ လာဘ်မရအောင် ပြုလုပ်ခြင်း၊
(၂) အနတ္တာယ ပရိသက္ကန- အကျိုးမဲ့ဖြစ်အောင်ပြုခြင်း၊
(၃) အဝါသာယ ပရိသက္ကန- နေမြဲကျောင်းကန်၌ မနေနိုင်အောင်ပြုခြင်း၊
(၄) အက္ကောသန- ဆဲရေးခြင်း၊
(၅) ဘေဒန- ရဟန်းချင်းဂိုဏ်းကွဲအောင်ဩပခြင်း၊
(၆) ဗုဒ္ဓ အဝဏ္ဏ ဘာသန- ဘုရား၏ ဂုဏ်ကျေးဇူးမဲ့ကိုပြောဆိုခြင်း၊
(၇) ဓမ္မ အဝဏ္ဏ ဘာသန- တရား၏ ဂုဏ်မဲ့ကို ပြောဆိုခြင်း၊
(၈) သံဃ အဝဏ္ဏ ဘာသန- သံဃာ့ ဂုဏ်ကျေးဇူးမဲ့ကို ပြောဆိုကဲ့ရဲ့ခြင်း။
မှတ်ချက်။ ။ ဤအင်္ဂါရှစ်ပါးတို့တွင် တစ်ပါးပါးနှင့်ပြည့်စုံသူအား သိမ်အတွင်း၌ လည်းကောင်း၊
အိမ်ပသို့ သွား၍ မြစ်စသည်တို့၌ လည်းကောင်း ပတ္တနိက္ကုဇ္ဇနကမ္မဝါစာဖြင့် သပိတ်မှောက်အပ်သည်။
ဤသို့ သပိတ်မှောက်ပြီးသောအခါ ထိုသူ၏ အိမ်၌ လှူဖွယ်ဝတ္ထု တစ်စုံတစ်ခုကို မခံယူအပ်။
ဤမည်သောသူ၏ အိမ်၌ ဆွမ်းမခံကြပါနှင့် ဟု တစ်ပါးသော ကျောင်းတို့သို့လည်း စေလွှတ်အပ်၏။
ထိုသူ၏ဥစ္စာကိုသိ၍ ခံယူသူအား ဒုက္ကဋ အာပတ် သင့်သည်။ အထက်ပါ အင်္ဂါ ၈-ပါးကို မကျူးလွန် တော့ဘဲ သံဃာတို့အား ရိုသေစွာ သုံးကြိမ်တောင်းပန်ပါက ဉတ္တိဒုတိယ ကံဖြင့် သပိတ်လှန်အပ်၏။
http://sanghaalliance.blogspot.com/2008/07/blogpost_5008.html

သပိတ်မှောက်ခြင်း၏ အင်္ဂါ ၈-ပါး

ရဟန်တော်များက ဒါယကာများအား သပိတ် မှောက်ရခြင်း အင်္ဂါ၈-ပါးဟူ၏။ ဝိနည်းတော်မှ။
(၁) ဘိက္ခူနံ အလာဘာယ ပရိသက္ကန- ရဟန်းတို့အား လာဘ်တိတ်အောင် လာဘ်မရအောင် ပြုလုပ်ခြင်း၊
(၂) အနတ္တာယ ပရိသက္ကန- အကျိုးမဲ့ဖြစ်အောင်ပြုခြင်း၊
(၃) အဝါသာယ ပရိသက္ကန- နေမြဲကျောင်းကန်၌ မနေနိုင်အောင်ပြုခြင်း၊
(၄) အက္ကောသန-ဆဲရေးခြင်း၊
(၅) ဘေဒန-ရဟန်းချင်းဂိုဏ်းကွဲအောင်ပြုခြင်း၊
(၆) ဗုဒ္ဓအဝဏ္ဏ ဘာသန- ဘုရား၏ ဂုဏ်ကျေးဇူးမဲ့ကိုပြောဆိုခြင်း၊
(၇) ဓမ္မ အဝဏ္ဏ ဘာသန- တရား၏ ဂုဏ်မဲ့ကို ပြောဆိုခြင်း၊
(၈) သံဃ အဝဏ္ဏ ဘာသန-သံဃာ့ ဂုဏ်ကျေးဇူးမဲ့ကို ပြောဆိုကဲ့ရဲ့ခြင်း။
မှတ်ချက်။ ။ ပတ္ထနိက္ကုဇ္ဇန ကံဆောင်ခြင်း အင်္ဂါ ၈-ပါးဖြစ်သည်။

သပ္ပုရိသ ဂုဏ်အင်္ဂါ ၇-ပါး

မဂ်ဖိုလ်ရကြောင်း တရားလမ်းကောင်းညွှန်ပြ ဟောကြားသူတို့၏ ဂုဏ်အင်္ဂါ ၇-ပါး။
(၁) ပိယ ဂုဏ်-သတ္တဝါမှန်သမျှ ချစ်မြတ်နိုးလှခြင်း၊
(၂) ဂုရုဂုဏ်- ကမ္ဘာသားအားလုံးတို့လေးစားနိုင်သော ကိုယ်ကျင့်သိက္ခာ ရရှိခြင်း၊
(၃) ဘာဝနီယ ဂုဏ်- ဝေဘန်သုံးသပ်နိုင်သော ဉာဏ်ရှိရခြင်း၊
(၄) ဝတ္တဂုဏ်- မေးသမျှ ချေပဖြေဆိုနိုင်မှု ရှိရခြင်း၊
(၅) ဝစနက္ခမ ဂုဏ်- မေးစမ်းပြောဆိုသမျှ သည်းခံနိုင်ရခြင်း၊
(၆) ဂမ္ဘီရ ဂုဏ်- နက်နဲခက်ခဲသော တရားမြတ်ကို ဟောကြားထုတ်ဖေါ်ပြနိုင်မှု ရှိရခြင်း၊
(၇) နောစာဌာန ဂုဏ်- မလျော်ရာဌာန၌ မဟောပြမတိုက်တွန်းမှုရရှိခြင်း။

သပ္ပုရိယ ဒါနမျိုး ၅-ပါး

အံ၊၂၊၁၅၂။ အံ၊ဋ္ဌ၊၃၊၅၃-၌ အကျယ်ရှုပါ။
၎င်း သရုပ်(အသပ္ပုရိသ ဒါနမျိုး ၅-ပါး)နှင့် ဗျတိရိက် ယူပါလေ။

သဗ္ဗညုတဉာဏ်၏ အစွမ်း ၃-ပါး

သဗ္ဗညုတဉာဏ်တော်၏ အားအစွမ်း၃-ပါး။
(၁) ဉေယျဓံတရား ငါးပါးတို့ကို သဘောအားလျော်စွာ သိစွမ်းနိုင်ခြင်း၊
(၂) သို့ သိသည့်အားလျော်စွာ ထိုဉေယျဓံတရားတို့၏ဟောအပ်သော အပြားကိူ သိစွမ်းနိုင်ခြင်း၊
(၃) ဝေနေယျပုဂ္ဂိုလ်တို့၏ အာသယ အဓိမုတ္တိ အစရှိသည်ကို ထင်ရှားအောင် ပြစွမ်းနိုင်ခြင်း။

သဗ္ဗစိတ္တ သာဓာရဏ စေတသိက် ၇-ပါး

စိတ် ၈၉-ပါးလုံးနှင့် ယှဉ်သောစေတသိက်များဟူ၏
(၁) ဖဿ- အာရုံ၏အရသာကို ခံစားခြင်းလက္ခဏာ၊
(၂) ဝေဒနာ- အာရုံ၏ အရသာကို ခံစားခြင်းလက္ခဏာ၊
(၃) သညာ- အာရုံကိုမှတ်၍ သိခြင်း လက္ခဏာ၊
(၄) စေတနာ- စေ့ဆော်နှိုးဆော်ခြင်းလက္ခဏာ၊
(၅) ဧကဂ္ဂတာ- မိမိအာရုံမှ တပါးသို့ မရွေ့ရှားခြင်း, သမ္ပယုတ်တရားတို့ကို မပျံ့လွင့်ခြင်းလက္ခဏာ နှစ်ပါး၊
(၆) ဇိဝိတိန္ဒြေ- မိမိနှင့်အတူဖြစ်ဖက် ယှဉ်ဖက်တရားတို့ကို စောင့်ရှောက်ခြင်း လက္ခဏာ၊
(၇) မနသိကာရ- ယှဉ်ဖက်တရားစုကို အာရုံသို့ ပြေးစေခြင်း စိုင်းနှင်ခြင်းလက္ခဏာရှိ၏။

သဘင်ပွဲများ၊ ကြူးပျော်သွား၊ ၆-ပါး အပြစ်ရ

၎င်း သရုပ်ကို (ပွဲလမ်းသဘင်၊ ပျော်ကြူးလျှင်၊ ၆-အင် အပြစ်ရ) ဟူသော သုတေသန၌ဆိုခဲ့ပြီ။

သမင်မျိုး ၁၀-ပါး

သမင်ခေါ် ကုဋ္ဌနူနာမျိုး ဆယ်ပါး။
(၁) သမင်ဖြူ- အကွက်ပေါ်၍ ထုံပြီး အလယ်ဖြူလျက် ကျယ်ပြန့်လွယ်သည်၊
(၂) သမင်နီ- အနီကွက်ပေါ်၍ ထုံပြီး ကျယ်ပြန့်လွယ်သည်၊
(၃) သမင်နက်- နီဖြူကွက်ပေါ်၍ အလယ်နက်သည်၊ ထုံသည်၊
(၄) သမင်ဝက်- ဖြူ, နီ, နက်, အကွက်ထဲ၌ ဝက်မွေးအလား အမွေးများ ပေါက်နေသည်၊
(၅) သမင်ညှင်း- ပွေးညှင်းကဲ့သို့ အသားထူပြီး အလယ်ချိုင့်၍ မွေးညှင်းနုများ ပြန့်ပွားလာသည်၊
(၆) သမင်သဖန်း- သဖန်းသီးကဲ့သို့ နီပြီး အဖု, အပိန့်ကြီးတွေထွက်လာတတ်သည်၊
(၇) သမင်ကုတ္ထ- ညောင်းညာထုံကျင် ကိုက်ခဲ့ပြီး အကျောကပ်၍ လက်, ခြေ, ကုပ်ခါ အကွက်ပေါ်တတ်သည်၊
(၈) သမင်ယုတ္တ- အသား အရေ တကိုယ်လုံး မွဲခြောက်လျက် အဖတ်အဖတ် ကြွကွာပြီလျှင် အကျောကိုင်ကာ မျက်စိ, နှုတ်ခမ်း, ကိုယ်,လက်, စောင်းရွဲ့တတ်သည်၊
(၉) သမင်ဖွတ်သိုပြောက်- အသံနက်၍ နှာပုပ်ပြီး နှာခေါင်းအလယ်၌ ပျားစွဲသကဲ့သို့ ဖြစ်တတ်၏၊
(၁၀) သမင်းပွေး- ပွေးကဲ့သို့ အနားထူပြီး အကွက်အကွက်ကြီးတွေ အထပ်အထပ် ပေါ်လာတတ်သည် ဟူ၏။

သမဏ အင်္ဂါ၊ မျိုး ၃-ဖြာ၊ မိန့်မှာ အများသိ

၎င်း သရုပ်ကို (ရဟန်းဟုခေါ်၊ အင် ၃-ဘော်)၌ဆိုခဲ့ပြီ။

သမဏ သုခမျိုး ၈-ပါး

၎င်း အဓိပ္ပါယ် အလွယ်ဆုံကို ဗုဒ္ဓသာသန-မဟာဗုဒ္ဓဝင်။ ပ-တွဲ။ ပ-ပိုင်း။ ၄၈။ နှင့်၊ ၎င်းအုပ်၊ (ခါး) တို့၌- ရှုပါကုန်။ ရဟန်းတော်များ၏ ချမ်းသာခြင်း ရှစ်ပါးဟူ၏။
(၁) ဥစ္စာ စပါး ရှာမှီး သိမ်းထားရမှု မရှိ၍ ချမ်းသာခြင်း၊
(၂) ကိုယ်တိုင် မချက် ဉပတ်ရပဲ အပြစ်ကင်းကွာ ဆွမ်းအစာမျိုးကိုသာ ရှာမှီးခံယူစားသုံးရ၍ ချမ်းသာခြင်း၊
(၃) ဉာဏ်ဖြင့်ဆင်ခြင်လျက် အေးချမ်းသော ဆွမ်းကို ဘုဉ်းပေးသုံးဆောင်ရ၍ ချမ်းသာခြင်း၊
(၄) မင်းစိုးရာဇာတို့၏ အတင်းအကြပ်အခွန်အတုတ် တောင်းခံခြင်း၊ ရွှေငွေစသည့် ပစ္စည်းဘဏ္ဍာတို့ကို
သိမ်းယူစရာမရှိ၍ ချမ်းသာခြင်း၊
(၅) အဆောက်အဦ အသုံးအဆောင်တို့၌ တပ်မက်ခြင်းကင်း၍ ချမ်းသာခြင်း၊
(၆) သူခိုး ဓားပြတို့၏ လုရက်တိုက်ခိုက်မှုတို့၌ ရွှေငွေဥစ္စာမရှိ၍ ကြောက်ထိတ်မှုမရှိ ချမ်းသာခြင်း၊
(၇) မင်းအမတ်တို့နှင့် ရောယှက်မှုမရှိ၍ ချမ်းသာခြင်း၊
(၈) အပိတ်အပင်အတားအဆီးမရှိပဲ မိမိသွားလိုရာသို့ လွတ်လပ်စွာ သွားနိုင်၍ ချမ်းသာခြင်း။

သမ္ပဇဉ်တရား ၄-ပါး

ဒီ၊၁၊၆၇။ ဒီ၊ဋ္ဌ၊၁၊၁၆၅။ မ၊၁၊၇၂။ မ၊ဋ္ဌ၊၁၊၂၅၈-၌ အကျယ်ရှုပါ။ ကောင်းစွာအပြားအားဖြင့် သိတတ်သော ဉာဏ်အမြင်တရား လေးပါ။ သမ္ပဇညပါဠိပျက်။
(၁) သတ္ထက သမ္ပဇဉ်- အမှုကိစ္စ တစုံတခုကိုပြုလုပ်မည့်အခါမျိုး၌ အကျိုးရှိမဲ့ ဆင်ခြင်ဉာဏ်ကြီးကဲမှုမျိုး၊
(၂)သပ္ပါယသမ္ပဇဉ်- မည်သည့်အရာမျိုးမဆို အကျိုးပင်ရှိသော်လည် မိမိနှင့်သင့်လျော်လျောက်ပတ်ဖွယ်ဖြစ်ရန် ဆင်ခြင်ဉာဏ်ကြီးကဲမှုမျိုး၊
(၃) အ သမ္ပောဟ သမ္ပဇဉ်- မည်သည့်အရာမျိုးမဆို မှောက်မှားတွေဝေ တိမ်းပါးချွတ်ချော်ခြင်း
မဖြစ်စေရန် ဆင်ခြင်ဉာဏ် ကြီးကဲမှုမျိုး၊
(၄) ဂေါစရ သမ္ပဇဉ်- သွားလာ ကျက်စားရာ၌ တိမ်းပါးချွတ်ချော်ခြင်းမဖြစ်စေရန် ဆင်ခြင်ဉာဏ်ကြီးကဲမှုမျိုး။

သမ္ပတ္တိစက် ၄-ပါး

အဘိ၊ဝိ၊၃၅၁။ အဘိ၊ဋ္ဌ၊၂၊၄၂၁-၌အကျယ်ရှုပါ။ ကောင်းမှုရေးရာအတွက် ပြီးပြည့်စုံခြင်း တရားလေးပါး။
(၁) ဂတိ သမ္ပတ္တိ- လူ့ပြည် နတ်ပြည် ဗြဟ္မာ့ပြည်တို့သို့လားရောက် ရခြင်းမျိုး၊
(၂) ဥပဓိ သမ္ပတ္တိ- ကိုယ်အင်္ဂါ၏ ပြည့်စုံတင့်တယ် လှပခြင်းမျိုး၊
(၃) ကာလသမ္ပတ္တိ- ကပ်သုံးပါးမှလွတ်ကင်းသော ကာလမျိုး၊
(၄) ပ ယောဂ သမ္ပတ္တိ- အကျိုးစီးပွားကို ဖြစ်ထွန်းအောင် ဆောင်ရွက်လုပ်ကိုင်နိုင်ခြင်း၊ အား, လုံ့လ, လိမ္မာခြင်းနှင့် ပြည့်စုံခြင်းမျိုး။ မှတ်ချက်။ ။ ၎င်းကိုပင် “သမ္ပတ္တိ တရား ၄-ပါး“ဟုလည်း ခေါ်ဆိုကြသေး၏။

သမ္ပဒါတရား ၅-ပါး

ဒီ၊၁၊၁၉၆။ ဒီ၊ဋ္ဌ၊၁၊၂၁၁။ သောကကင်းရေး၌ ကောင်းသောပြည့်စုံခြင် တရား ၅-ပါး။
(၁) ဉာတိ သမ္ပဒါ- ဆွေမျိုးတို့နှင့်ပြည့်စုံခြင်း၊
(၂) ဘောဂ သမ္ပဒါ- စည်းစိမ်ဥစ္စာနှင့်ပြည့်စုံခြင်း၊
(၃) အရောဂျ သမ္ပဒါ- အနာရောဂါ ကင်းခြင်း၊
(၄) သီလသမ္ပဒါ- အကျင့်သီလနှင့် ပြည့်စုံခြင်း၊
(၅) ဒိဋ္ဌိ သမ္ပဒါ- အယူဘာသာမှန်နှင့်ပြည့်စုံခြင်း။

သမ္ပဒါတရား ၈-ပါး၊ တနည်း

အံ၊၃၊၁၀၇။ အံ၊ဋ္ဌ၊၃၊၁၄၀-၂၃၉တို့၌
အကျယ်ရှုပါ။ ယခု မျက်မှောက်ဘဝ၌ ချမ်းသာဘောဂနှင့် ပြည့်စုံခြင်း၊ တမလွန်၌ ချမ်းသာကြောင်းဖြစ်ခြင်း တရားရှစ်ပါး။
(၁) ဥဋ္ဌာန သမ္ပဒါ- ထကြွလုံ့လဝိရိယနှင့် ပြည့်စုံမှု၊
(၂) အာရက္ခ သမ္ပဒါ- ရပြီးဥစ္စာကိုသိမ်းဆည်းတတ်မှု၊
(၃) ကလျာဏမိတ္တတာ- အပေါင်းအသင်း ဆန့်မှု၊
(၄) သမ ဇိဝိတ တာ- ချွေတာရေးတတ်သိလိမ်မာမှု၊
(၅) သဒ္ဓါသမ္ပဒါ- သဒ္ဓါနှင့်ပြည့်စုံမှု၊
(၆) သီလ သမ္ပဒါ- သီလနှင့်ပြည့်စုံမှု၊
(၇) စာဂ သမ္ပဒါ- စွန့်ကြဲပေးကမ်း တတ်မှု၊
(၈) ပညာသမ္ပဒါ- နေရာတကာ အမှန်သိတတ်မှု။

သမ္ဖပ္ပလာပ အင်္ဂါ ၂-ပါး

နားထောင်သူတို့အား အကျိုးမရှိ လုပ်ပျက်ကိုက်ပျက် စကားဖျင်းအင်္ဂါ ၂ပါး။
(၁) နိရတ္တက ပုရတာ- အနက်မဲ့အကျိုးမဲ့ စကားကို ရှေ့ရှု ဉပသူ၏ အဖြစ်၊
(၂) ကထနံ- ယင်းစကားကိုပြောဆိုခြင်း။(သီတာ၊ ရာမစသော ဇာတ်စကားမျိုး)။

သမ္ဖပ္ပလာပ ကံ၏ မကောင်းကျိုး ၇-ပါး

အကျိုးမဲ့ ပြိန်ဖျင်းသောစကားကို ပြောဆိုခြင်းကြောင့် ရရှိသော မကောင်းကျိုး ပြစ်များ။
(၁) ငရဲ, တိရစ္ဆာန်, ပြိတ္တာဘုံ၌ ဖြစ်ရခြင်း၊
(၂) လူအများ၏ အမုန်းကိုခံရခြင်း၊
(၃) မရိုသေ မလေးစားခြင်း၊
(၄) အယုံအကြည် ကင်းမဲ့ခြင်း၊
(၅) ပညာ နည်းပါးခြင်း၊
(၆) လာဘ် နည်းခြင်း၊
(၇) တန်ခိုးအာနုဘော်နည်းခြင်း။

သမ္ဗောဓိပုဂ္ဂိုလ်မျိုး ၃-ပါး

၎င်း သရုပ်(ဗောဓိမျိုး ၃-ပါး)၌ရှုပါ။

သမ္ဘောဂမျိုး ၂-ပါး

ရဟန်းတော်များ ပေါင်းသင်းဆက်ဆံရေး တရားနှစ်ပါး။
(၁) ပစ္စယ သမ္ဘောဂ- ကိုယ့် ပစ္စည်းကို မေးကမ်းချီးမြှောက်ခြင်းနှင့် သူ့ပစ္စည်းကို ခံယူသုံးစွဲခြင်း၊
(၂) ဓမ္မ သမ္ဘောဂ- တရားဓမ္မ ဟောပြဆွေးနွေး ဩဝါဒ ပေးခြင်း, နည်းယူကျင့်ကြံခြင်းနှင့် ကံကြီးကံငယ် အတူပြုဆောင်ခြင်းမျိုး။

သမ္မတမင်း အပြား မျိုး ၄-ပါး

ကမ္ဘာစဉ်ဆက်တင်မြှောက်ခံ ရတတ်သောသမ္မတမင်းမြတ်တို့
၏ယေဘုယျမျိုး လေးပါးဟူ၏။
(၁)မနုဿသမ္မတ- မင်းကျင့်တရားအပေါင်းတို့ဖြင့် မတိမ်းစောင်းအောင် အုပ်ချုပ်တတ်သည့်လူသမ္မတမင်း၊
(၂) သီဟ သမ္မတ- အခြေလေးချောင်းသားအပေါင်းတို့တွင် အရဲရင့်ဆုံးဖြစ်သည့် ခြင်္သေ့ သမ္မတမင်း၊
(၃) ဟံသသမ္မတ- ငှက်တိရစ္ဆာန်အပေါင်းတို့တွင် စိတ်သဘော အကောင်းဆုံး ဖြစ်သည့် ဟင်္သာ သမ္မတမင်း၊
(၄) မစ္ဆ သမ္မတ- ငါးအပေါင်းတို့၏သမ္မတ အာနန္ဒာငါးမင်းကြီး။

သမ္မပ္ပဓာန် ၄-ပါး

ကောင်းစွာ အားထုတ်ခြင်း ဝိရိယ လေးပါး။
(၁) ဥပ္ပန္န ပါပက ပဟာယ ဝါယာမ- ပြုပြီးသော အကုသိုလ်တရားတို့ကိုဂရုမပြု ပြန်လည်၍ မအောက်မေ့ဘဲ တခါထဲ ပယ်စွန့်ထားမှု၊
(၂) အနုပ္ပန္န ပါပက အနုပ္ပါဒါယ ဝါယာမ- မဖြစ်သေးသော အကုသလဓမ္မကို မဖြစ်ရအောင် အားထုတ်မှု၊
(၃) အနုပ္ပန္န ကုသလ ဥပ္ပါဒါယ ဝါယာမ- မဖြစ်ပေါ်သေးသော ကုသိုလ်တရားကို ဖြစ်အောင် အားထုတ်မှု၊
(၄) ဥပ္ပန္န ကုသလ ဥပ္ပါဒါယဝါယာမ- ဖြစ်ပြီးပြုပြီးသော ကုသိုလ်စုကို အဖန်ဖန်အထပ်ထပ် အောက်မေ့ပွားများ သတိရအောင် အားထုတ်မှု။

သမ္မသနဉာဏ်မျိုး ၄-ပါး

တေဘူမက ရုပ်နာမ်ဓမ္မကို လက္ခဏာယာဉ် ၃-ပါးတင်၍ ဆင်ခြင်သုံးသပ်သော ဉာဏ်၄-ပါး။
(၁) ကလာပ သမ္မသန- ခန္ဓာ၅-ပါးကို ကာလ ၃-ပါး စသည် မခွဲခြားဘဲ ရူပံ အနိစ္စ ဒုက္ခံ အနတ္တာ၊ ဝေဒနာ စသည်၌လည်း ထို့အတူ ဆင်ခြင်သုံးသပ်မှု ဉာဏ်၊
(၂) အဒ္ဓါနသမ္မသန- ခန္ဓာ ၅-ပါးကို အတိတ်, အနာဂတ်,ပစ္စုပ္ပန် ဘဝအားဖြင့် ခွဲခြားပြီး
လက္ခဏာယဉ်တင်လျက် သုံးသပ်သော ဉာဏ်၊
(၃) သန္တတိ သမ္မသန- ရုပ်နာမ်ဓမ္မ၌ အပူရုပ်စဉ်, အအေးရုပ်စဉ်,နေ့ရုပ်စဉ်,ညဉ့်ရုပ်စဉ်, မိုဃ်းရုပ်စဉ်စသည်ဖြင့်
ရှုမှတ် ဆင်ခြင်၍ လက္ခဏာယာဉ်တင်သောဉာဏ်၊
(၄) ခဏသမ္မသန- နာမ်ရုပ် ဓမ္မတို့ကို ခဏသုံးပါးသို့တင်၍ ဆင်ခြင်သုံးသပ်မှုမျိုး။

သမသီသီ ရဟန္တာ ၃-မျိုး

သံ၊၁၊၁၂၃။ သံ၊ဋ္ဌ၊၁၊၁၆၈။
(၁) ဣရိယပထ သမသီသီ ရဟန္တာ- အရဟတ္တဖိုလ် မရသမျှသည် ဣရိယာပုထ်က ငါ,မထ ဟု အဓိဋ္ဌာန်၍ အားထုတ်နေရာ အရဟတ္တဖိုလ်လည်းရ, ဣရိယာပုထ်မှလည်း ထ၊ ရခြင်း, ထခြင်း တပြိုင်နက်ဖြစ်သော ရဟန္တာမျိုး။
(၂) ရောဂ သမသီသီ ရဟန္တာ- ဤ စွဲကပ်နှိပ်စက်နေသော ရောဂါမပျောက်ကင်းမီအတွင်း ရဟန္တာဖြစ်အောင် အားထုတ်မည်ဟု စိတ်ပိုင်းဖြတ်ခါ အားထုတ်ရာ အရဟတ္တဖိုလ်လည်းရ, ရောဂါလည်းပျောက်၊ ရခြင်း, ပျောက်ခြင်း တပြိုင်နက်ဖြစ်သောရဟန္တာမျိုး။
(၃) ဇိဝိတ သမသီသီ ရဟန္တာ- ရဟန္တာလည်းဖြစ်, ဇိဝိတိန္ဒြေလည်းချုပ်၍ပရိနိဗ္ဗာန်ပြုသွားသော ရဟန္တာမျိုး။

သမ္မာဒိဋ္ဌိ ၃-မျိုး

အယူကောင်း ဘာသာမှန် အမျိုးအစား ၃-ပါး။
(၁) ကမ္မဿ ကတာ သမ္မာဒိဋ္ဌိ- ကံ, ကံ၏ အကျိုးလောက်ကိုသာ သိမြင်နိုင်သော အယူကောင်း အယူမှန်၊
(၂) ဝိပဿနာ သမ္မာဒိဋ္ဌိ- ရုပ်နာမ် ဓမ္မတို့၌ လက္ခဏာယာဉ် ၃-ပါးတင်၍ သိမြင်ရှုမှတ်နိုင်သော အယူမှန်၊
(၃) မဂ္ဂ ဖလ သမ္မာဒိဋ္ဌိ- မဂ်ဖိုလ် အဆင့်အတန်းသို့ရောက်အောင် ရှုမြင်နိုင်သောအယူမှန်။

သမ္မာဒိဋ္ဌိမျိုး ၅-ပါး

မ၊၃၊၁၁၆။ မ၊ဋ္ဌ၊၄၊၉၂။ ၉၅။
(၁) ဝိပဿနာ သမ္မာဒိဋ္ဌိ၊
(၂) ကမ္မဿကတာ သမ္မာဒိဋ္ဌိ၊
(၃) မဂ္ဂသမ္မာဒိဋ္ဌိ၊
(၄) ဖလ သမ္မာဒိဋ္ဌိ၊
(၅) ပစ္စဝေက္ခဏာ သမ္မာဒိဋ္ဌိ။

သမ္မာဒိဋ္ဌိမျိုး-၄၀၊ တနည်း

မဂ္ဂင်၈-ပါးကိုတည်၊ သမ္မာဒိဋ္ဌိ ၅-ပါးနှင့်မြှောက်ပွားလျှင်
သမ္မာဒိဋ္ဌိမျိုး-၄၀ ရသည်ဟူ၏။

သမ္မာဒိဋ္ဌိ၊ ယူသူ၏၊ စောင့်သိ အင် ၈-ဖြာ

သမ္မာဒိဋ္ဌိ ဘာသာ၌ လာရှိသော
အင်္ဂါရှစ်ပါးကို ဘာသာဝင်တို့ စောင့်ထိန်း သိရှိထားရမည် ဟူ၏၊ ၎င်းအင်္ဂါ ရှစ်ပါးကား (မဂ္ဂင် ရှစ်ပါး) ပင်တည်း။

သမာဓိဂုဏ်၊ ၆-ပါးစု၊ အကုန် ထုတ်ပြပါ

တည်ကြည်စွာ တင်စားစပ်ဆိုသီကုံးမှု အလင်္ကာမျိုးကို ဆိုသည်၊ဤ၌ ၆-ပါးမေး၍ ၆-ပါးသာ ဖြေလိုက်သည်။
(၁) သ ပါဏ သမာဓိဂုဏ်- သက်မဲ့ကို သက်ရှိလေဟန် တင်စား စပ်ဆိုခြင်းမျိုး၊
ပုံ- ချေးသေဌေး မီးသွေးငိုတယ်၊ ကျီးမွေးကို ရှုံးတဲ့ မထား၊ ဟူရာ၌ “မီးသွေးငို”၊ ဦးပုည။
(၂) န ရူပ သမာဓိဂုဏ်- ဆင်းရှိကို ဆင်းမဲ့၌ တင်စား ရေးစပ်ခြင်းမျိုး။
ပုံ- မယ်တော်သူနှင်း၊ မထွေးရင်းကို၊ လေးစင်းသမုဒ်၊ ဘဝနုပ်မှ၊ ကယ်ထုတ်ဆောင်ယူ၊ ဟူရာ၌
အဆင်းရှိသော သမုဒ္ဒရာကို အဆင်းမဲ့ ဘဝနှင့် တင်စားထားသည်၊ ဂေါတမ အပဒါန်။
(၃) နိ ရသ သမာဓိဂုဏ်- အရသာရှိသည်ကို အရသာမဲ့၌ တင်စားစပ်ဆိုထားခြင်းမျိုး။
ပုံ- မွှေးထုံနံ့သာ၊ အေးမေတ္တာဟု၊ ရသာယန၊ ချိုမြဆိမ့်ဆိမ့်၊ ဟူရာ၌ ဒူးရင်းဩဇာမှသာ
ချိုဆိမ့်သောအရသာရကောင်းပါလျက် မရကောင်းသောမေတ္တာတရား၌ တင်စားထားပုံကို သိလေ။
(၄) အဒြဝ သမာဓိဂုဏ်- အရည်သဘောကို အရည်မဟုတ်ရာ၌တင်စားခြင်းမျိုး။
ပုံ- ပညာရှင်နို့၊ သောက်စို့မကုန်၊ ဆရာ့ဂုဏ်၊ ဟူရာ၌ သောက်၍ ရကောင်းသည့် နို့ရည်ကို မရကောင်းသော ပညာ၌တင်စားထားသည်။
(၅) အ ကတ္တု သမာဓိဂုဏ်- လူစသော ကတ္တားသဘောကို ကတ္တားမဲ့သော အရာ၌ တင်စားစပ်ဆိုခြင်းမျိုး။
ပုံ- မာရ်စစ်၏ ပစ်ခတ်သော လက်နက်အားလုံးသည် ဘုရားထံမှောက် ရောက်သောအခါ
ရှက်ကြောက်ရိုသေကြကာ အသွားတုံးပြီး ပန်းကုံး ပန်းဆိုင်းများအသွင်ဖြင့် ဦးတင်ပူဇော်ကြကုန်၏ ဟူရာ၌
လူစသည်တို့သာ ရကောင်းသော ရှက်ကြောက် ရိုသေ, ဦးတင်မှု ကတ္တား၏သဘောကို ကတ္တားမဟုတ်သည့်
လက်နက်၌ တင်စားထားသည်။
(၆) အ သရီရ သမာဓိဂုဏ်- အထည်ကိုယ်ဒြဗ်ရှိမှ ရကောင်းသောအရာကို မရကောင်းသောအရာ၌
တင်စားစပ်ဆိုခြင်းမျိုး။ ပုံ- သံသရာစက်၊ ကန့်အကွက်ကို၊ ခုတ်ဖျက်ချိုးဖြတ်၊ မဂ်ဉာဏ်မြတ်ဖြင့်၊ ဟူရာ၌
ဒြပ်ရှိမှ ရကောင်းသည့် ခုတ်, ဖျက်, ချိုး, ဖြတ်, မှုတို့ကို ဒြပ်မရှိသော သံသရာစက်၌ တင်စားထားသည်။
မှတ်ချက်။ ။ ဤ ၆-ပါးကား နည်းရရုံမျှသာဖြစ်၏၊ ထိုထက်ပို၍လည်း သင့်သလို ထုတ်နိုင်သေးသည်။

သမာဓိဖြစ်ကြောင်း ၁၁-ပါး

မူရင်း ဝိသုဒ္ဓိမဂ် အဋ္ဌကထာနှင့်
အခြားအဋ္ဌကထာတို့မှာ ရှုလေ၊ ဤ၌ဆရာတော် ဦးဗုဒ်၏ ဆောင်ပုဒ်လင်္ကာကို မူတည်၍ ပြသွားမည်။
(၁)ဝတ္ထုစင်စေ- ပစ္စည်း ၄-ပါးစသောဝတ္ထုများ စင်ကြယ်သန့်ရှင်း အပြစ်ကင်းရခြင်း၊
(၂) ဣန္ဒြေမျှစွာ- သဒ္ဒါနှင့် ပညာ, ဝိရိယနှင့် သမာဓိကို မျှတစေရခြင်း၊
(၃) လိမ္မာ နိမိတ္တ- ကသိုဏ်းနိမိတ်တို့ကို ယူရာ၌ လိမ္မာရခြင်း၊
(၄) ပဂ္ဂဟ- ဝီရိယလျော့ခြင်း စသည်ဖြစ်သောအခါဓမ္မဝိစယ, ဝီရိယ, ပီတိသမ္ဗောဇ္ဈင် တရားတို့ဖြင့်
စိတ်ကိုချီးမြှောက် ပေးရခြင်း၊
(၅) နိဂ္ဂဟံ- ဝီရိယလွန်၍ စိတ်ပျံ့လွင့်သောအခါ ပဿဒ္ဓိ, သမာဓိ, ဥပေက္ခာ သမ္ဗောဇ္ဈင်တရားတို့ဖြင့်
စိတ်ကို နှိမ်ပေးရခြင်း၊
(၆) သမ္ပဟံသာ- ပညာယောဂနည်းပါး၍ ငြိမ်သက်သော သုခကို မရခြင်းကြောင့် စိတ်မနှစ်သက်သောအခါ
သံဝေဂဝတ္ထု ရှစ်ပါးကိုဆင်ခြင်၍၎င်း၊ ရတနာသုံးပါးဂုဏ်ကို အောက်မေ့၍၎င်း၊ စိတ်ကို ရွှင်စေရခြင်း၊
(၇) ဥပေက္ခယနှင့်- လျော့ခြင်း, လွန်ခြင်းကင်း၍ တပါးအာရုံ၌ ကြောင့်ကြမပြု မိမိရှုမြဲတိုင်း အာရုံ၌သာ
အညီအညွတ် ရှု၍နေရခြင်း၊
(၈) ပျံ့လွင့်သူကြဉ်- စိတ်ပျံ့လွင့်သူကို ကြဉ်ရှောင်ရခြင်း၊
(၉) တည်ကြည်ယှဉ်မှ- တည်ကြည်သူကို မှီဝဲယှဉ်ကပ်ရခြင်း၊
(၁၀) စျာနဝိမောက်- စျာန်ဝိမောက္ခကို ဆင်ခြင်ရခြင်း၊
(၁၁) ဓိမုတ် လှောင်သည်၊ ပွင့်မြောက် ဓိတိ၊ ဆယ့်တစ်တည်း။
သမာဓိကို ဖြစ်စေရန် ညွတ်, ကိုင်း, ရှိုင်း, ဝှမ်းသောကြိုးစားစိတ် ရှိရခြင်း။

သမာဓိ၏ ရန်သူကြီး ၄-ပါး

သမာဓိ၏ ရန်သူတို့ကား များစွာရှိကြ၏၊ သို့သော် ဤ၄-ပါးကားနီးစပ်၍ ထင်ရှားသည် ဟူ၏။
(၁) ထိန- ကုသိုလ်မှု၌ စိတ်ဓာတ်၏ လျော့ပါးခြင်း၊ စိတ်မဝင်စားခြင်း၊ မခံ့ခြင်းသဘော၊
(၂) မိဒ္ဓ- ငိုက်မျဉ်းခြင်း၊
(၃) ဥဒ္ဓစ္စ- စိတ်၏ ကုသိုလ်ထဲမှ အာရုံတပါးသို့ရောက်ရောက်သွားခြင်း၊ ပျံ့လွင့်တုန်လှုပ်ခြင်းသဘော၊
(၄) မိစ္ဆာဝိတက်- ကမ္မဋ္ဌာန်း အာရုံမှတပါးသို့ ကြာမြင့်စွာ ရောက်သွား ကြံစည်တွေးတောနေမှုများ။

သမာဓိ ကြီးထွားကြောင်း ၆-ပါး

တရားထူး တရားမြတ် ရလွယ်ကြောင်း၆-ပါး ဟူ၏၊ ယောဂီများအတွက် သိမှတ်စရာ။ ပဋိသံ၊၄၇။ ပဋိသံ၊ဋ္ဌ၊၁၊၂၁၇။
(၁) စိတ္တ ဖာသု-စိတ်ချမ်းသာခြင်း၊
(၂) သရီရဖာသု-ကိုယ်ချမ်းသာခြင်း၊
(၃) အာဟာရ ဖာသု- မိမိလိုရာကို စားရခြင်း၊
(၄) သေနာသန ဖာသု- ကျောင်း,နေရာ သန့်ရှင်း ကောင်းမွန်ခြင်း၊
(၅) ပုဂ္ဂလ ဖာသု- သီတင်းသုံးဖော် သင့်တင့်ညီညွတ်ခြင်း။

သမာဓိမျိုး ၂-ပါး

(၁) သမထ သမာဓိ- ပညတ်အာရုံ ဖြစ်သောကသိုဏ်း, အသုဘ, စသည့် သမထ ဘာဝနာ အာရုံထဲ၌ စွဲမြဲနေမှုစျာန်သဘောများ၊
(၂) ခဏိက သမာဓိ- ရုပ်, နာမ်, ဓမ္မတို့၏ ခဏမစဲတသဲသဲဖြစ်ပေါ်နေမှု ပရမတ်အာရုံထဲ၌ ဥဒယ,ဝယဉာဏ်အမြင် စင်ကြယ်နေမှု သဘောတရားများ။

သမာဓိမျိုး ၃-ပါး

(၁) သုညတ သမာဓိ၊
(၂) အနိမိတ္တ သမာဓိ၊
(၃) အပ္ပဏိဟိတ သမာဓိ၊
၎င်းတို့၏ အဓိပ္ပါယ်အကျယ်ကို (ဝိမောက္ခမျိုး ၃-ပါး)၌ ရှုပါ။

သမာဓိ မျိုး ၃-ပါး၊ တနည်း

စိတ်ဓာတ် တည်ကြည်မှု နု, လတ်, ကြီး, မျိုး ၃-ပါး ဟူ၏။
(၁) ပရိကမ္မ သမာဓိ- ကမ္မဋ္ဌာန်း၌ ရှေးဦး စတင်အာရုံယူ၍ စီးဖြန်းမှု သမာဓိ နု၊
(၂) ဥပစာရ သမာဓိ- မူလကမ္မဋ္ဌာန်းနိမိတ်အာရုံသည် စိတ်မနောထဲ၌ စွဲနေပြီဖြစ်၍ တည်မြဲသော သမာဓိလတ်၊
(၃) အပ္ပနာသမာဓိ- အထွတ် အထိပ်သို့ ရောက်သော စျာန် သမာဓိ ကြီး။

သမာပတ် အပြား မျိုး ၃-ပါး

(၁) စျာနသမာပတ်- စျာနသုခကိုဝင်စား၍ နေခြင်း၊
(၂) ဖလသမာပတ်- ဖိုလ်စိတ်ဖြင့် နိဗ္ဗာန်ကို အာရုံပြုကာ ချမ်းသာစွာ နေခြင်း၊
(၃) နိရောဓသမာပတ်- စိတ်, စေတသိက်, စိတ္တဇရုပ်တို့ကို ဖြစ်ခွင့်မပေးဘဲ ချမ်းသာဆုံးနေခြင်း။

သမာပတ်ပြား မျိုး ၈-ပါး

အမြတ်သို့ ရောက်သော တရားရှစ်ပါး၊ အင်္ဂုတ္တရပါဠိတော် နဝက။
(၁) ပဌမစျာန်- ရှေးဦးစွာ ရရှိသော စျာန်၊
(၂) ဒုတိယစျာန်- ၂-ကြိမ်မြောက် တိုးတက်ရရှိသော စျာန်၊
(၃) တတိယစျာန်- ၃-ကြိမ်မြောက် တိုးတက်ရရှိသော စျာန်၊
(၄) စတုတ္ထစျာန်- ၄-ကြိမ်မြောက် တိုးတက်ရရှိသော စျာန်၊
(၅) အာကာသာနဉ္စာယတန စျာန်- ကောင်းကင်ပညတ်ကိုအာရုံပြု၍ ဖြစ်သော စျာန်၊
(၆) ဝိညာဏဉ္စာယတနစျာန်- “အာကာသာနဉ္စယတန”ခေါ် မဟဂ္ဂုတ်ဝိညာဉ်ကို အဆုံးမရှိဟုနှလုံးသွင်း၍ ဖြစ်ပေါ်သောစျာန်၊
(၇) အာကိဉ္စညာယတနစျာန်- နထ္ထိဘောပညတ်ကို အာရုံပြု၍ဖြစ်သော စျာန်၊
(၈) နေဝသညာ နာသညာယတနစျာန်- ရုန့်ရင်းသော သညာမရှိ၊ သိမ်မွေ့သော သညာမျှသာရှိသောစျာန်။

သမာပတ်ပြား၊ မျိုး ၉-ပါး

အထက်ပါသမာပတ်ရှစ်ပါး၌ ရူပစျာန် ၄-ပါးကို ပဉ္စက
နည်းဖြင့် ငါးပါးပွားယူလျက် အရူပစျာန်လေးပါးနှင့်ပေါင်းသော် သမာပတ်မျိုး ၉-ပါး ဖြစ်၏။

သမ္မာသင်္ကပ္ပမျိုး ၃-ပါး

ကောင်းသော ကြံစည်ခြင်း ၃-ပါး။
(၁) နေက္ခမ သင်္ကပ္ပ- ကာမဂုဏ်တရားတို့မှ ထွက်မြောက်မှုကို ကြံစည်စိတ်ကူးခြင်း၊
(၂) အဗျာပါဒ သင်္ကပ္ပ- သတ္တဝါများအား ကျန်းမာရေး ချမ်းသာရေး ဘေးရန်ကင်းရေးတို့ အတွက်ကြံစည် စိတ်ကူးခြင်း၊
(၃) အဝိဟိံသာ သင်္ကပ္ပ- ဆင်းရဲဒုက္ခ ရောက်နေသော သတ္တဝါများအား သနားသောစိတ်ဖြင့် ကယ်ဆယ်မြှင့်တင်ရေးတို့ကို ကြံစည် စိတ်ကူးခြင်း။

သမ္မာ သမ္ဗောဓိမျိုး ၃-ပါး

၎င်းသရုပ်ကို (ဗောဓိ ၅-ပါး) ဟူသောသုတေသန၌ ဆိုခဲ့ပြီ။

သမားကြီး ၄-မျိုး

ဆေးဆရာကြီးမျိုး ၄-ပါး။
(၁) ဓာတ်သမား- သစ်မြစ်, ဥ, ဖု, ရွက်, ညွန့်, ဖူး, ပွင့်, ကင်း, သီး, သား, ငါးတို့ဖြင့် သူနာအားလျော်စွာ
ကျွေးမွေးပေးကုသော ဆေးဆရာမျိုး၊
(၂) နက္ခတ် သမား- ရာသီ, နက္ခတ်, နေ, လ,တို့၏ အသွားအလာကို တွက်ချက် စစ်ဆေးလျက်
နက္ခတ်ကြိုက်စာကိုသာ ပေးကျွေး၍ ကုသော ဆေးဆရာမျိုး၊
(၃) ပိဏ္ဍောသမား- ဗိန္ဓောသမား- သစ်မြစ်, ဥ, ဖု, ရွက်, ပွင့်, ကင်း, သီး, တို့၏ အပေါင်းကိုစုဆောင်းထောင်းထု
အမှုန့်ပြု၍ ပေးကုသော ဆေးဆရာမျိုး၊
(၄) ဟူးရားသမား- သူနာ၏ မွေးသက္ကရာဇ် နှစ် လ ရက်နေ့ အချိန်တို့ကို ဗေဒင်တွက်လျက် ယတြာချေခြင်း,
သက်စေ့ ထီး, မီး, ပန်း, ရေချမ်း, လှူဒါန်းစေခြင်း, နံသင့်အသားသုံးချောင်းကို တံတားခင်းစေခြင်း, ညောင်ထောက်ခြင်း,
စသည်ဖြင့် ကုသောဆရာမျိုး။

သမားတော်ကြီး ဂုဏ်အင်္ဂါ ၃-ပါး

သမားတော်တို့၌ အမြဲရှိထားရမည့်ဂုဏ်အင်္ဂါ ၃-ပါး။
(၁) ပဏ္ဍိတဂုဏ် - အနာရောဂါဖြစ်ကြောင်းလက္ခဏာရာသီ ဥတု ရတုစသည်ကို ပိုင်နိုင်စွာ သိရှိနားလည် လိမ်မာခြင်း၊
(၂) ဒက္ခဂုဏ်- ရောဂါနှင့် သင့်လျော်လျောက်ပတ် ပျောက်ကင်းစေတတ်သောဆေးဝါဓာတ်စာတို့ကို သိရှိနားလည်၍ တတ်သိသည့်အတိုင်း မဆိုင်းမတွကုသပေး နိုင်သော အစွမ်း သတ္တိဂုဏ် ရှိခြင်း၊
(၃) အနာ လ သဂုဏ်- နေ့ညဉ့်မဟူ ပင့်ဆောင်ခေါ်ယူသူတို့နှင့် အတူ လိုက်သွားနိုင်ခြင်း၊
ပကတိသော ထကြွလုံ့လ ဝီရိယရှိမှု ဂုဏ်။

သမားတော်ကြီး ဂုဏ်အင်္ဂါ ၅-ပါး၊ တနည်း

(၁) ဝေဒ ပဏ္ဍိတ- ရာသီနက္ခတ် သက်ဖြတ် ဗေဒင်တို့၌ တတ်သိနားလည် လိမ်မာကျွမ်းကျင်ခြင်း၊
(၂) ဘိသက္က ဆေက- ဆေးပေး ဆေးကုမှု၌ ကျွမ်းကျင်ခြင်း၊
(၃) နာနာသတ္ထ ဒက္ခ- ဆေးကျမ်း အရပ်ရပ် ထိုထိုကျမ်းကောင်း ကျမ်းမြတ်တို့၌ တတ်သိလိမ်မာခြင်း၊
(၄) ဥပဓိ သမ္ပတ္တိ-ကြည်ညိုအားကိုးဘွယ်တင့်တယ်ခံ့ညားသော ရုပ်အဆင်း သဏ္ဍန်နှင့်ပြည့်စုံခြင်း၊
(၅) ဗြဟ္မ စာရီ-ဗြဟ္မစိုရ်တရား လေးပါးနှင့် ပြည့်စုံ လုံခြုံသူဖြစ်ခြင်း။

သမုဋ္ဌာန်မျိုး ၄-ပါး

ကမလောကကြီး ဖြစ်ပျက်မှု၏ မူရင်းအကြောင်းတရားကြီး လေးပါး ဟူ၏၊ “ကမ္ပသမုဋ္ဌာန, စိတ္တသမုဋ္ဌာန, ဥတုသမုဋ္ဌာန, အာဟာရသမုဋ္ဌာန”၊ ၎င်းတို့၏ အနက်အဓိပ္ပါယ်ကို (အကြောင်းတရားကြီး ၄-ပါး)၌ ပြခဲ့ပြီ။

သမုဒ္ဒရာ၏ အံ့ဘွယ် ၈-ဖြာ

၎င်းသရုပ် (အံ့ဘွယ် ၈-ဖြာ သမုဒ္ဒရာ)၌ရှုပါ။

သမုဒ္ဒရာကြီး ၅-စင်း

ပထဝီဝင်အရ ကမ္ဘာ့သမုဒ္ဒရာကြီး(Ocean) ၅-စင်း။
(၁) ပစိဖိတ် သမုဒ္ဒရာဏ Pacific (155,557,000 sq km)
(၂) အာတစ် သမုဒ္ဒရာ Arctic (14,056,000 sq km)
(၃) အတ္တလန်တိတ်သမုဒ္ဒရာ Atlantic (76,762,000 sq km)
(၄) တောင်ပိုင်းသမုဒ္ဒရာ Southern (20,327,000 sq km)
(၅) အိန္ဒိယ သမုဒ္ဒရာ Indian (68,556,000 sq km) ။
http://www.worldatlas.com/aatlas/infopage/oceans.htm

သမုဒ္ဒရာကြီး ၇-စင်း၊ တနည်း

သာရတ္ထ သင်္ဂဟ အဋ္ဌကထာ။
(၁) နရမာလိ သမုဒ္ဒရာ- ဝဇိရ စိန်ရတနာတို့ဖြင့် ပြန့်ပြောလျက် စိန်ရောင်တောက်ကာ ထက်သော နှာခေါင်း
လူ့ကိုယ်နှင့် တူသောငါးအပေါင်းတို့ ပျော်မြူး၍ နေ၏၊
(၂) အဂ္ဂိ မာလိ သမုဒ္ဒရာ- များစွာသော ရွှေတို့ဖြင့် ပြန့်ပြောလျက် ရွှေ၏ အရောင်တို့ကြောင့် မီးရောင်ကဲ့သို့
ပြောင်ပြောင်တောက်၍ နေ၏၊
(၃) ဒဓိ မာလိ သမုဒ္ဒရာ- များစွာသော ငွေထုငွေရောင်တို့ကြောင့် နို့ရည်နို့ဓမ်းကဲ့သို့ ဖြူဖွေးတောက်ပြောင်၍ နေ၏၊
(၄) ကုသမာလိ သမုဒ္ဒရာ- ပေါများသော ပတ္တမြားညိုတို့၏ ရောင်ခြည်တို့ကြောင့် စိမ်းညိုသော သမန်းမြက်ခင်းကြီးကဲ့သို့ ရှိ၏၊
(၅) နဠ မာလိသမုဒ္ဒရာ- များစွာသော ကျောက်မျက်ရွဲခေါ် ကျောက်စိမ်းရတနာတို့၏ ရောင်ခြည်တို့ကြောင့် ဝါးတော ကျူတောကြီးကဲ့သို့ရှိ၏၊
(၆) နာမာလိသမုဒ္ဒရာ- ပြန့်ပြော ပေါများသော သန္တာရှိသောကြောင့် ရဲရဲနီသောအဆင်းရှိ၏၊
(၇) ဗလဝါ မုက္ခ သမုဒ္ဒရာ- အဝီစိငရဲကြီး၏ တံခါးနှင့်ဆက်စပ်လျက်ရှိ၏၊ ထို့ကြောင့် ရံခါ ငရဲတံခါး ပွင့်လတ်သော်- ငရဲမီးလျှံသည် ထွက်၍ ကြောက်မက်ဖွယ်သော ဝဲဩဃကြီးကို ဖြစ်စေလျက်ပြင်းစွာသော အသံတို့ဖြင့် မြည်ဟီး၍ နေ၏။

သမိုင်းကြီး ၄-ပါး

ကဝေသာရကျမ်း ပယောဂ ဆေးတို့ကို ပြသောအခဏ်း၌ သမိုင်းကြီး ၄-ပါး၊ တပါးလျှင် အမျိုး ၃၀-စိ၊ သမိုင်းကြီး ၄-ပါး ဟူသော်ကား။
(၁) ကြီးပေါင်းပွင့် သမိုင်း၊
(၂) ပျားတံ သမိုင်း၊
(၃) အထက်ကောင်းကင် ပိုးအိမ် သမိုင်း၊
(၄) အောက်ကောင်းကင် ပိုးအိမ် သမိုင်း ဟု ပါရှိလေသည်၊
၎င်း ၄-ပါးကို စုပေါင်းက သမိုင်းပေါင်းဆေးဖြစ်၏၊ ပယောဂနိုင်သည် မှတ်။

သရ ၈-လုံး၊ ပါဠိသုံး၊ ရေးထုံး သဒ္ဒါစဉ်

မြန်မာပါဠိဘာသာလာ ဗျည်း၏မှီရာ “သရ”ရှစ်လုံး၊
အ, အာ, ဣ, ဤ, ဥ, ဥု, ဧ, ဩ။

သရ ၁၁-လုံး၊ မြန်မာ့သုံး၊ ရေးထုံး ရှေးအစဉ်

၎င်းအဖြေ (မြန်မာသရ၊ ရေးထုံးပြ၊ မှတ်ကြ ၁၁-လုံး)ဟူသော သုတေသန၌ ပြခဲ့ပြီ။

သရက် ၄-မျိုးနှင့်၊ ပုဂ္ဂိုလ် ၄-စား

အံ၊၁၊၄၁၂။ အံ၊ဋ္ဌ၊၂၊၃၂၆-၌အကျယ်ရှု။
သရက် ၄-မျိုးနှင့် ပုဂ္ဂိုလ်လေးစားကို ဥပမာထား၍ ဟောပြချက်များ။
(၁) အာမောပက္ကဝဏ္ဏီ- မှည့်သောအဆင်းအရောင်ရှိ၍အတွင်း၌စိမ်းသောသရက်မျိုးကဲ့သို့၊
အနေအထိုင် အသွင်အပြင် ကြည်ညိုဘွယ် ဣန္ဒြေရှိလျက် ကိုယ်တွင်း၌ တရားမရှိသော အယောင်ဆောင်ပုဂ္ဂိုလ်မျိုး။
(၂) ပက္ကော အာမ ဝဏ္ဏီ- စိမ်းသော အဆင်းအရောင်ရှိလျက် မှည့်နေသောသရက်မျိုးကဲ့သို့၊
အသွင်အပြင် ကြည်ညိုဘွယ် ဣန္ဒြေမရှိသော်လည်း ကိုယ်တွင်း၌ တရားရှိသော ပုဂ္ဂိုလ်။
(၃) အာမော အာမ ဝဏ္ဏီ- စိမ်းရောင်ရှိလျက် စိမ်းနေသော သရက်မျိုးကဲ့သို့၊
အသွင်အပြင် ကြည်ညိုဘွယ် ဣန္ဒြေမရှိ၊ ကိုယ်တွင်း၌လည်း တရားမရှိသော ပုဂ္ဂိုလ်။
(၄) ပက္ကော ပက္က ဝဏ္ဏီ- မှည့်ရောင်ရှိလျက် မှည့်နေသော သရက်မျိုးတို့ကဲ့သို့၊ အသွင်အပြင် ကြည်ညိုဘွယ်ဣန္ဒြေရှိ၍ ကိုယ်တွင်း၌လည်း တရားရှိသော ပုဂ္ဂိုလ်ထူး၊ ဤသို့ ပုဂ္ဂိုလ်လေးပါးကို သိရာ၏။

သရက်မျိုး အပြား ၃၁-ပါး

မြန်မာပြည်၌ ထင်ရှားသော သရက်ပင် သရက်သီးမျိုး
များ။
(၁) အောင်ဒင်သရက်၊ (၂) အောင်းသရက်နီ၊ (၃) အောင်းသရက်ဖြူ၊ (၄) အင်္ဂူသရက်၊
(၅) ကျေးကွေးသရက်၊ (၆) ဂေါင်းချိုးသရက်၊ (၇) ဆင်ဂေါင်းသရက်၊ (၈) ဆင်နင်းသရက်၊
(၉) ဆင်မုံးသရက်၊ (၁၀) စိမ်းစားသရက်၊ (၁၁) တောစာသရက်၊ (၁၂) နဲ့တဲ့သရက်၊
(၁၃) ပန်းဆွဲသရက်၊ (၁၄) ပလူသရက်၊ (၁၅) မဂို(သီဟိုဠ်) သရက်၊ (၁၆) မနော်နွယ်သရက်၊
(၁၇) မချစ်စုသရက်၊ (၁၈) မန္တလေးရင်ခွဲသရက်၊ (၁၉) မန္တလေးနဲ့ တဲ့သရက်၊ (၂၀) မျောက်ခေါင်းသရက်၊
(၂၁) ရွှေကတော သရက်၊ (၂၂) ရွှေဝါသရက်၊ (၂၃) လောက်စာသရက်၊ (၂၄) ဘင်္ဂလားသရက်၊
(၂၅) ဝါဆိုသရက်၊ (၂၆) ထိပ်ပေါက်သရက်၊ (၂၇)သကြားသရက်၊ (၂၈) သရက်ဖြူခေါ်နို့ဆီသရက်၊
(၂၉) သုံးလုံးတတောင်သရက်၊ (၃၀) ရေနံသရက်-ရေနံစော်နံသည်၊ (၃၁) ဓားမောက်ရိုးသရက်၊
ကောက်ကောက် ပုံသဏ္ဍန်ရှိသည်၊
ယခုခေတ်သစ်ကာလ၌ မျိုးပေါင်းများစွာကို စိုက်ပျိုးရေးဌာနမှ စပ်ဖက်လျက်ရှိနေသေး၏။

သရဏဂုဏ်မျိုး ၂-ပါး

ဒုဝိဓံ ဟိ သရဏဂမနံ လောကုတ္တရံ လောကိယဉ္စ”ဟူသော ပါဌ်အရ ဖြစ်သည်။
(၁) လောကီသရဏဂုဏ်- ရတနာသုံးပါး၏ဂုဏ်ကို အာရုံ ဉပ၍ ဆောက်တည်သော ပုထုဇဉ်တို့ သရဏဂုဏ်၊
(၂) လောကုတ္တရာ သရဏဂုဏ်- အရိယာပုဂ္ဂိုလ်တို့ မဂ်၏ ခဏ၌ နိဗ္ဗာန်ကို အာရုံပြု၍ ရောက်သော သရဏဂုဏ်။

သရဏဂုဏ် ၂-ပါး၊ တနည်း

သံဃာတော် မပေါ်မီ ဆောက်တည်ခြင်းနှင့် သံဃာတော်ပေါ်ပြီးမှ ဆောက်တည်ခြင်း မျှသာ ခြားနားသည်။
(၁) ဒွေဝါစိက သရဏဂုဏ်- ဗုဒ္စံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ (တပုဿ, ဘလ္လိက တို့လို။)
(၂) တေဝါစိက သရဏဂုဏ်- ဗုဒ္ဓံ သရဏံဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ။ (အဇာတသတ်မင်းတို့လို။)

သရဏဂုဏ်မျိုး ၃-ပါး

ဘုရား, တရား, သံဃာ, ဤသုံးဖြာကိုပင် အမြဲမပြတ် အောက်မေ့ ကိုးကွယ်လေးစား အပ်သောကြောင့် သရဏဂုဏ်၃-ပါးဟု ခေါ်၏။
(၁) ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ- ဘုရားကို ယုံကြည်ဆည်းကပ်ပါ၏။
(၂) ဓမ္မံ သရဏံဂစ္ဆာမိ- တရားကို ကျင့်ပါ၏။
(၃) သံဃံ သရဏံ ဂစ္ဆာမိ- သံဃာကို ယုံကြည်ဆည်းကပ်ပါ၏။

သရဏဂုဏ်မျိုး ၄-ပါး

ရတနာသုံးပါးအား ဆည်းကပ် ကိုးကွယ်ခြင်းလေးပါး။
(၁) အတ္တသန္နိယျာတန သရဏဂုဏ်- အဇ္ဇ အာဒိံ ကတွာ အဟံ အတ္တာနံ ဗုဒ္ဓဿ နိယျာတေမိ၊
ဓမ္မဿ နိယျာတေမိ၊ သံဃဿနိယျာတေမိ၊
ရတနာသုံးပါးတို့အား သံသရာဝဋ်မှ ထွက်မြောက်ရန် အတွက်မိမိခန္ဓာ အတ္တဘောကို
စွန့်လွှတ်အပ်နှင်း၍ ကိုးကွယ်ဆည်းကပ်ခြင်း။
(၂) တပ္ပရာယန သရဏဂုဏ်- အဇ္ဇ အာဒိံ ကတွာ အဟံ ဗုဒ္ဓဿ ပရာယ နော၊
ဓမ္မဿ ပရာယနော၊ သံဃဿ ပရာယနော။
ယနေ့ကစ၍ငါသည် ရတနာသုံးပါးသာလျှင် လည်းလျောင်းရာရှိ၏ဟု စိတ်မှာကြံ၍
ဤသို့ ကျွန်ုပ်ကို မှတ်ကုန်လော့ဟု လျောက်ထား ဆောက်တည်ခြင်း။
(၃) သိဿဘာဝုပ ဂမန သရဏဂုဏ်- အဇ္ဇ အာဒိံ ကတွာ အဟံ ဗုဒ္ဓဿ အန္တေဝါသိကော၊
ဓမ္မဿ အန္တေဝါသိကော၊ သံဃဿ အန္တေဝါသိကော။
ယနေ့ကစ၍ ငါသည် ရတနာသုံးပါး၏ တပည့်သားတည်းဟု တပည့်အဖြစ်လျှောက်ထား ဆောက်တည်ခြင်း။
(၄) ပဏိပါတ သရဏဂုဏ်- အဇ္ဇ အာဒိံ ကတွာ အဟံ ဗုဒ္ဓဿ အဘိဝါဒနံ ပစ္စုပ္ပဋ္ဌာနံ အဉ္ဇလီ ကမ္မံ
သာမိစိကမ္မံ ကရောမိ။ ဓမ္မဿ (လ) ကရောမိ။ သံဃဿ (လ) ကရောမိ။
ယနေ့ကစ၍ ငါ့ကို ရတနာသုံးပါးတို့အား ရှိခိုးခြင်း လက်အုပ်ချီခြင်း ခရီးဦးကြိုခြင်း လွန်စွာအရိုအသေ ပြုခြင်း
ရှိသော သူဟု မှတ်ထင်တော်မူပါဟု လျှောက်ထား၍ ကိုးကွယ်ဆည်းကပ်ခြင်း။

သရဏဂုံ ၃၀

သရဏဂုဏ် ဆောက်တည်ပုံ နည်းပေါင်း ၃၀-ဟူ၏။
ယှဉ်တွဲဖေါ်ပြချက် ပါဠိနှင့် မြန်မာစကား တို့ကို ဖြည့်စွက်၍ ဆိုပါ။
(က) ဇာတိ ပရိယန္တံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။ ဓမ္မံ။ သံဃံ။ ပေါင်း ၃-ပါး။
ပဋိသန္ဓေ တည်နေမှု ဆုံးသည်တိုင်အောင် ဘုရား တရား သံဃာကို ကိုးစားယုံကြည်ပါ၏။
(ခ) ဘောဂ ပရိယန္တံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။ ဓမ္မံ။ သံဃံ။ ပေါင်း ၃-ပါး။
စည်းစိမ်ချမ်းသာ ဆုံးသည်တိုင်အောင်။ (လ) ပါ၏။
(ဂ) ဇိဝိတ ပရိယန္တံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။ ဓမ္မံ။ သံဃံ။ ပေါင်း ၃-ပါး။
အသက် ကုန်ဆုံးသည်တိုင်အောင် (လ) ပါ၏။
(ဃ) ယာဝ ဇီဝံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။ ဓမ္မံ။ သံဃံ။ ပေါင်း ၃-ပါး။
အသက်ရှည်သမျှကာလပတ်လုံး (လ)ပါ၏။
(င) မရဏကာလံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။ ဓမ္မံ။ သံဃံ။ ပေါင်း ၃-ပါး။
သေသည့် ကာလတိုင်အောင် (လ) ပါ၏
(စ) မရဏ ပရိယန္တကာလံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။ ဓမ္မံ။ သံဃံ။ ပေါင်း ၃-ပါး။
သေခြင်းဆုံရာတိုင်အောင် (လ) ပါ၏။
(ဆ) ယာဝ အရဟတ္တံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။ ဓမ္မံ။ သံဃံ။ ပေါင်း ၃-ပါး။
အရတ္တဖိုလ် ရသည့်တိုင်အောင် (လ) ပါ၏။
(ဇ) အရဟတ္တ ပရိယောသာန ကာလံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။ ဓမ္မံ။ သံဃံ။ ပေါင်း ၃-ပါး။
အရတ္တဖိုလ်ကို ရ၍ ဘဝဆုံးတိုင်အောင် (လ) ပါ၏။
(စျ) နိဗ္ဗာန်နကာလံ ဗုဒ္ဓံသရဏံဂစ္ဆာမိ။ဓမ္မံ။ သံဃံ ပေါင်း ၃-ပါး။
နိဗ္ဗာန်ရောက်သော ဘဝတိုင်အောင် (လ)ပါ၏။
(ည) နိဗ္ဗာနကာလံ ပရိယန္တံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။ ဓမ္မံ။သံဃံ။ ပေါင်း ၃-ပါး။
ပရိနိဗ္ဗာန်စံသည့်တိုင်အောင် (လ) ပါ၏။

သရဏဂုဏ် ၆၀၊ သရဏဂုဏ် ၉၀

၎င်းတို့ကား သရဏဂုဏ် ၃၀-မှ ပွားများလာ
သော အရာများဖြစ်၏၊ အကျယ်ဆောက်တည် နည်းကို “ဝိဇ္ဇာမယသိဒ္ဓိ”ကျမ်းကြီး၌ ယူလေ၊ ထိုကျမ်းကို မကာရလောပ ခင်ကြီးဖျော်ဆရာတော်ပြု၏။

သရဏဂုဏ် ဆောက်တည်ခြင်း၏ အကြောင်းတရား ၄-ပါး

၎င်းတို့၏ သရုပ်
အဓိပ္ပါယ်များကို (ဘာသာ တရား၌ ကိုးစား ဆည်းကပ်ခြင်းအကြောင်း ၄-ပါး) ဟူသော သုတေသန၌ ပြခဲ့ပြီ။

သရဏဂုဏ် ပျက်ကြောင်း အင်္ဂါ ၂-ပါး

လောကီဘုံသားတို့ ဆောက်တည်ထား
သော သရဏဂုဏ် ပျက်ခြင်း၏ အကြောင်းတရား နှစ်ပါး။
(၁) သာဝဇ္ဇ ဘေဒ- မိစ္ဆာဒိဋ္ဌိဘာသာ ဘုရားကို ဘုရားမှန် ဘာသာမှန်ဟုမိစ္ဆာဉာဏ်ဖြင့် ဝေဘန်ကြည့်ရှုပြီး
ဆည်းကပ် ကိုးကွယ်သွားမှုကို ပြုသောအခါ မူလရှိရင်းသရဏဂုဏ်ပျက်၍ အပါယ်လားပြစ်လည်း ရရှိ၏၊
(၂) အနဝဇ္ဇ သုခဝိပါက ဘေဒ- သရဏဂုဏ် ဆောက်တည်ပြီး သေသွားသူ၊ သရဏဂုဏ်ကား ပျက်၏၊
အပြစ်မရှိ ကောင်းကျိုးချမ်းသာ ရ၏။

သာသနခေါင်းထီး၊ စေတီကြီး၊ တည်ပြီးမြတ် ၁၀-ဆူ

သာသနာတော်၏အစအဦး
စေတီတော်ကြီးများ ဟုလည်း အဆိုရှိကြသည်၊ သာသနာ့ထိပ်ခေါင်တင် ထီးဘုရင်ဖြစ်တော်မူသော မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီးသည် သက်တော် (၈၀) ဝါတော် (၄၅) ရရှိတော်မူရာ မဟာသက္ကရာဇ် ၁၄၈-ခုနှစ် ကဆုန်လပြည့် အင်္ဂါနေ့တွင် မလ္လာမင်းတို့၏သာမောရဂုံ အင်ကြင်စုံမြိုင် ဂနိုင်ဟေမာ ဥယျာဉ်တော်သာ၌ ရွှေပြည်နိဗ္ဗာန် စံဝင်တော်မူသောအခါ သူပိုင် ငါပိုင် ဓာတ်တော်ပြိုင်လုကြသည့် ဘုရင်မင်းအပေါင်းတို့၏ဆရာ ဒေါနပုဏ္ဏားကြီးက ဖြန်ဖြေ ဟောကြား
ရန်မီးပွားငြိမ်းစေကာ ဓာတ်တော်များကိုဝေခြမ်းပေးရာ ဓာတ်တော်ဝေစုရ ထီးဆောင်းမင်း အပေါင်းတို့သည် ကိုယ့်တိုင်းပြည် ကိုယ့်ဌာန၌ အသီးအသီး စေတီတော်ကြီးများ တည်ထားကိုးကွယ်
ကြရာဝယ် ထိုကာလက စေတီတော်ကြီး ၁၀-ဌာနကို ဝင်ကိုးဝင်တို့တွင် တပါးပါဝင်သော (ထူပဝင်) ထူပဝံသပါဌ် သီဟိုဠ်မူမှ ထုတ်ယူပြသည်။
(၁) ရာဇဂြိုဟ် ပြည်ကြီး၌----------------------------- ၁-ဆူ၊
(၂) ဝေသာလီ ပြည်၌--------------------------------- ၁-ဆူ၊
(၃) ကပိလဝတ် နေပြည်တော်ကြီး၌---------------------၁-ဆူ၊
(၄) အလ္လကပ္ပ ပြည်၌------------------------------------၁-ဆူ၊
(၅) ဝေဋ္ဌဒီပက တိုင်း၌ ----------------------------------၁-ဆူ၊
(၆) ပါဝေယျက တိုင်း၌ ----------------------------------၁-ဆူ၊
(၇) ရာမ ရွာ၌--------------------------------------------၁-ဆူ၊
(၈) မလ္လတိုင်း ကုသိနာရုံ၌--------------------------------၁-ဆူ၊
(၎င်း စေတီတော်ရှစ်ဆူတို့၌ ဓာတ်တော် တစိတ်သားစီ ဌာပနာ၏)
(၉) ပိပ္ပလိတိုင်း၌ မီးသွေးဓာတ် ဌာပနာတော်--------------၁-ဆူ၊
(၁၀) ဒေါနပုဏ္ဏားကြီး၏ ဓာတ်တော်များ ခြင်ဝေပေးသော ရတနာရွှေပြည်တောင်းကို ဌာပနာသည့် စေတီတော်တဆူအားဖြင့် ပေါင်း ဆယ်ဆူတို့ ဖြစ်ကုန်၏။

သာဟတ္ထိကာ၊ ခိုးနည်းမှာ၊ ၅-ဖြာ အဘယ်နည်း

၎င်း သရုပ်ကို (ခိုးခြင်း ၂၅-ပါး)
၌ ရှုပါကုန်။

သာဂရတရားကြီး ၄-ပါး

အဘိ၊ဋ္ဌ၊၁၊၁၁-၌ အကျယ်ရှုပါ။ နက် ကျယ် ရှည်လျားခြင်းကြီး လေးပါး၊
(၁) ဇလ သာဂရ- ယူဇနာပေါင်း ရှစ်သောင်းလေးထောင် နက်ဝှမ်းသော မဟာ သမုဒ္ဒရာကြီး၊
(၂) သံသာရ သာဂရ- ခန္ဓာ အာယတန ဓာတ်တို့၏မပြတ် ဖြစ်ပျက်နေကြသော အစဉ်၊
(၃) နယ သာဂရ- ရှင်တော်မြတ်ဘုရားဟောကြား မိန့်မြွက်တော်မူသော ပိဋက ၃-ပုံ နည်းမျိုးစုံ၊
(၄) ဉာဏ သာဂရ- သဗ္ဗညုတ ရွှေဉာဏ်တော်၏ အဆုံး အပိုင်း အခြားမရှိ မွန်မြတ်ကြီးကျယ်ခြင်းသဘော။

သာဓုနရတရား ၄-ပါး

ဝိဓုရဇာတ် ဇာတက၊၂၊၂၇၅။ ၂၉၇။ ၃၀၀။ ဇာ၊ဋ္ဌ၊၇၊၁၅၁- ၂၁၁- ၂၁၇ တို့၌ အကျယ်ရှုပါ။ လူကောင်း သူကောင်းတို့ ကျင့်သုံး လိုက်နာသော တရား ၄-ပါး။
(၁) ယာတာနု ယာယီ - ရှေးသူဟောင်းတို့ လမ်းကောင်း အကျင့်ကို အသင့်လိုက်နာ သုံးသပ်ခြင်း၊
(၂) အလ္လပါဏိံ မာ သုက္ခ- ပေးကမ်းစွန့်ကြဲခြင်းဖြင့် စိုသောလက်ကို မခြောက်သွေ့စေခြင်း၊
(၃) မာစ အဿတီနံ ဝသံ ဂစ္ဆ- မိန်းမတို့နှင့် ပျော်ပါးလိုက်စား မမိုက်ခြင်း
(၄) မာဒုဗ္ဘီစ မိတ္တာနံ- မိတ်ဆွေ ခင်ပွန်းတို့အား မပြစ်မှား မကောက်ကျစ်ခြင်း၊
(ဤ ၄-ပါးကား ဝိဓရဇာတ် လာတည်း။)

သာဓုနရတရား ၄-ပါး၊ တနည်း

ဣန္ဒြေိယ ဇာတ်တော်လာ ၄-ပါးကား။
(၁) ဒက္ခ- တရားနှင့်အညီ ပစ္စည်းဥစ္စား ရှာဖွေရေး၌ လိမ်မာသောဉာဏ်ပညာရှိခြင်း၊
(၂) သံ ဝိဘဇ္ဇ- ရလာသော ပစ္စည်းဥစ္စာကို သီလအကျင့် ရှိသူတို့အားခွဲဝေ ပေးလှူခြင်း၊
(၃) အ ဟာသ-ဥစ္စာများစွာရသောအခါ ပျော်ပါးမော်ကြွား ဝမ်းသာမှုများ မရှိခြင်း၊
(၄) အဗျထ- ပစ္စည်းဥစ္စာများ တိမ်းပါး ပျက်စီးသွားသော်လည်း ဝမ်းနည်း ပူဆွေးမှုမရှိခြင်း။

သာဓုနရတရား ၄-ပါး၊ တနည်း

ဥမ္မာဒန္တီ ဇာတ်လာ မင်းပုဏ္ဏား စသူတို့ကျင့်ရသော တရား ၄-ပါး။
(၁) အ နာလသော ကာမဘောဂီ- ဇွဲလုံ့လရှိသော လူ၊
(၂) သညတ ပဗ္ဗဇ္ဇိတ- ကိုယ်, နှုတ်, စိတ်, စောင့်သော ရဟန်း၊
(၃) နိသမ္မ ကာရီ ရာဇာ- စုံစမ်းဆင်ခြင် ပြုလေ့ရှိသော မင်း၊
(၄) အကောဓ ပဏ္ဍိတ- အမျက်မာန် မရှိသော ပညာရှင်။

သာမဏေကျော် ၄-ပါး

ရန်ကုန်မြို့ လေးဆူဓာတ်ပုံရွှေတိဂုံစေတီတော်မြတ်၏ ယင်ပြင်တော်အနောက်မျက်နှာ၌ စေတီငယ် မုခ်လေးမျက်နှာဝယ် ဗုဒ္ဓလက်ထက်တော်က ထင်ရှားသော သာမဏေကျော် ၄-ပါး၏ ကျောက်ရုပ်ပုံတော်များနှင့် အကြောင်းအရာ ကျောက်စာတော်ပါရှိသည်၊ ထိုကျောက်စာ၌ ကြည့်ရှု, ဖတ် မှတ်ကြပါကုန်။

သာမဥပါယ်၊ မျိုး ၅-သွယ်၊ မင်းဝယ် ယှဉ်ကာသုံး

ဥပါယ်မျိုး ၄-ပါး၏အကျယ်
ကို အမရကောသဋီကာမှ ယူပြသည်။
(၁) သူ့ကျေးဇူးကို ပြောကြား မြွက်ဆိုခြင်း၊
(၂) အမှုထမ်းတို့၏ ဂုဏ်ကို ထုတ်ဖေါ်ပြောဆိုခြင်း၊
(၃) ဆွေးမျိုးတော်စပ်ပုံကို ပြောဆိုဖွင့်ဟခြင်း၊
(၄) ဤလိုလုပ်လျှင် နောက်ခါ ဤအကျိုးကိုရမည်ဟု ဆိုခြင်း၊
(၅) သင့်ကို ယုံကြည်စိတ်ချသည်ဟု ဆိုကာ တာဝန်အရေးများကို လွှဲအပ်၍ပေးခြင်း။

သာရဏီယတရား ၆-ပါး

ဝိ၊၅၊၁၆၇။ ဝိ၊ဋ္ဌ၊၄၊၁၅၃-၌ အကျယ်ရှုပါ။ သီတင်းသုံးဘော်ချင်း ဝမ်းမြောက်စွာ အောက်မေ့လိုက်နာကျင့်ကြံရသော တရား၆-ပါး။
(၁) ကာယကံမေတ္တာ- သီတင်းသုံးဘော်တို့၌ မျက်မှောက်မျက်ကွယ် ဘယ်နေရာမှာမဆို
မေတ္တာနှင့်ယှဉ်သောကာယကံမှုကို ပြုစုခြင်း၊
(၂) ဝစီကံ မေတ္တာ- အထက်ပါအတိုင်းဝစီကံမှုကို ပြုစုအားထုတ်ရခြင်း၊
(၃) မနောကံ မေတ္တာ- ထို့အတူ စိတ်ဖြင့် အမြဲချစ်ကြည် လေးမြတ်ရခြင်း၊
(၄) အပ္ပဋိ ဝိဘတ္တ ဘောဂီ- တရားသဖြင့်ရလာသော လာဘ်ပစ္စည်းကို”အယုတ်ဆုံး တယောက်စာ မဝတဝမျှရသောဆွမ်းကိုသော်မျှ“မခွဲမချန် သီလကျင့်ဘက် သီတင်းသုံးဘော်တို့နှင့် အတူတကွ ညီမျှစွာ ဝေငှဆက်ဆံ စားသောက် နေထိုင်လေ့ရှိခြင်း၊
(၅) သီလ သာမညဂတော ဝိဟရတိ သဗြဟ္မစာရီဟိ- သီတင်းသုံးဘော် တို့၏ ဖြူစင်မြင့်မြတ်သော သီလနှင့်အတူ မိမိသီလကိုလည်း ဖြူစင်မြင့်မြတ်စွာ ထိန်းစောင့်လျက် မျက်မှောက်မျက်ကွယ် သူတော်ကောင်းတို့ ချီးမွမ်းဘွယ်ဖြစ်အောင် နေထိုင်၍ အတူကျင့်ကြံ၏၊
(၆) ဒိဋ္ဌိ သာမညဂတော ဝိဟရတိ သဗြဟ္မစာရီဟိ- နိဗ္ဗာန် မဂ် ဖိုလ် ရောက်ကြောင်း ကောင်းမြတ်သောအယူကို သီတင်းသုံးဘော်တို့နှင့်အတူ ကောင်းစွာယူလျက်နေ၏။

သာလွန်ညောင်စောင်း၊ ခြေ ၆-ချောင်း၊ ခံကြောင်း ရုပ် ၆-မျိုး

ခြေ ၆-ချောင်း
တပ်သော သာလွန်း ညောင်စောင်း၏ အောက်ခြေ၌ အရုပ် ၆-မျိုးခံ၍ ပြုလုပ်သည့် ယုတ္တိ အဖြေကား၊ ပြူစောထီးကို ခမည်းတော် နေမင်းက လေး, မြှားအပ်၍ ငှက်, ဝက်, ဘီလူး, ဗူး, ရှူးပျံ, ကျား၊ ထို ၆-ပါးသောရန်သူတို့ကို နှိမ်နင်း အောင်မြင်စေကာ မင်းအဖြစ်သို့ရောက်ခြင်း နိမိတ်မင်္ဂလာကို ထင်စွာပြလို၍ မင်းမြတ်တို့ မပြတ် အိပ်စက်ရာဖြစ်သော ရတနာ ညောင်စောင်းတော်၌ အောက်ခံဖြစ်သော ခြေကိုခြောက်ချောင်းတပ်လျက် ငှက်, ဝက်, ဘီလူး, ဗူး, ရှူးပျံ, ကျား အရုပ် သဏ္ဌာန်များကိုခံစေ၍ အိပ်စက်ကာ မင်္ဂလာယူကြသည်ဟု ရွှေဘုံနိဒါန်း၌ ဆို၏။

သာဝကအပြား မျိုး ၃-ပါး

ထေရ၊ဋ္ဌ၊၂၊၅၄၁-၌အကျယ်ရှု။ တပည့်ခံယူ နာကြားသူမျိုး သုံးပါး။ (၁) အဂ္ဂသာဝကမျိုး- မြတ်စွာဘုရားအောက် ၄-ပုံ ၁-ပုံ ပါရမီ ပြည့်ကျင့်ရသည်၊
(၂) မဟာသာဝကမျိုး- ကမ္ဘာတသိန်း ပါရမီဖြည့်ရသော အသီတိ ရှစ်ကျိပ်တို့၊
(၃) ပကတိသာဝကမျိုး- ပါရမီဖြည့်မှု သီးခြားမရှိ သူလို ငါလို ပုဂ္ဂိုလ်စုများ။

သာသနာ့အမွေမျိုး ၂-ပါး

မ၊၁၊၁၅။ မ၊ဋ္ဌ၊၁၊၉၄။
(၁) အာမိသ ဒါယာဒ- ဆွမ်း, သင်္ကန်း, ကျောင်း, ဆေး, ပစ္စည်း ၄-ပါးအမွေခံ၊
(၂) ဓမ္မ ဒါယာဒ- လောကုတ္တရာ အမွေခံ၊ တရားအမွေခံကိုသာ ဘုရားရှင်လိုလားသည်။
မှတ်ချက်။ ။နံပါတ် ၂-၌ မင်္ဂ ဖိုလ်ရကြောင်း ဝိပဿနာတရားပွားများအားထုတ်မှု၊ ဝိပဿနာဓုရကို ဆိုသည်မှတ်ရာ၏။

သာသနာအပြား မျိုး ၃-ပါး

ဝိ၊ဋ္ဌ၊၁၊၁၇-နှင့် ဒီ၊ဋ္ဌ၊၁၊၂၀-၌ သာသနာ ၃-ရပ်ကိုပါ အကျယ် ပြထားသည်။ ဆုံးမခြင်းအပြားသုံးပါးဟူ၏၊ ဤကား ခုခေတ်သုံးတည်း။
(၁) ပရိယတ္တိသာသနာ- စာပေပိဋကတ်သင်ကြားမှု၊
(၂) ပဋိပတ္တိ သာသနာ- ကမ္မဋ္ဌာန်းဘာဝနာ အားထုတ်မှု၊
(၃) ပဋိဝေဓ သာသနာ- မဂ် ဖိုလ် နိဗ္ဗာန်တရားမှန်ကို သိမှု။

သာသနာ ၃-ရပ်

ပိဋကတ်သုံးပုံကို သာသနာအားဖြင့် ၃-ရပ် ခွဲထားသည်။
(၁) ယထာ ပရာဓ သာသနာ- အပြစ်ရှိသူကို အပြစ်အလျောက်ဆုံးမပညတ်သော ဝိနည်း ပိဋကတ်တော်၊
(၂) ယထာ နုလောမာ သာသနာ- ထိုထို သတ္တဝါတို့၏အလို အဇ္ဈာသယ အားလျော်စွာ ဟောကြားဆုံးမတော်မူအပ်သော သုတ္တန် ပိဋကတ်တော်၊
(၃) ယထာ ဓမ္မသာသနာ- အားလုံးသော ပုဂ္ဂိုလ်, သတ္တဝါ, ရေ, မြေ, တော, တောင်ဟူသမျှတို့သည် ပရမတ္ထဓမ္မ အစုသာဖြစ်ရကား ရုပ် နာမ် အားလျော်စွာဟောကြားဆုံးမတော်မူသော အဘိဓမ္မာ ပိဋကတ်တော်။

သာသနာကွယ်ကြောင်း တရား ၅-ပါး၊ ၃-နည်း

အံ၊၂၊၂၁၆။ အံ၊ဋ္ဌ၊၃၊၇၆။ အံ၊၂၊၂၉၈။ အံ၊၂၊၄၆၀-တို့၌ အကျယ်ယူပါ။ ၎င်းသရုပ် အဓိပ္ပါယ်မှာ အောက်ပါ လင်္ကာများဖြင့်ထင်ရှား၏။
(က) အင်္ဂုတ္တိုရ်လာ၊ သာသနာ ကွယ်ကြောင်း၊ တရား ပေါင်းကား၊
တရားမနာ၊ စာပေမသင်၊ နှုတ်တွင်မဆောင်၊ သိအောင်မမှတ်၊ ပဋိပတ်ကွာ၊ ဤငါးဖြာတည်း။
(ခ) နောက်လာထို့ပြင်၊ စာသင်ပယ်လျှော၊ ကျယ်မဟောကြ၊ ကျယ်မချနှင့်၊ ကျယ်စွာမအံ၊ မကြံမစည်၊ ဤငါးမည်တည်း။
(ဂ) ဝါ တနည်းမှာ၊ အက္ခရာပုဒ်ပျက်၊ လေ့ကျက်သင်ကြ၊ ဆုံးမမယူ၊ စာချသူရှား၊ လာဘ်များအောင်ကြံ၊ ခိုက်ရန်ကွဲပြား၊ ဤငါးပါးသည်၊ ဘုရားသာသနာ ကွယ်ကြောင်းတည်း။

သာသနာကွယ်ခြင်း မျိုး ၅-ပါး

သာသနာ ကွယ်ပုံ ကွယ်နည်း အပြားမျိုး ၅-ပါးဟူ၏။
(၁) ပရိယတ္တိ သာသနာခေါ်ပိဋကတ်သုံးပုံများ တစတစကွယ်ပျောက်ခြင်း၊
(၂) ပဋိပတ္တိ သာသနာခေါ် စျာန်ဝိပဿနာ မဂ် ဖိုလ်ရကြောင်း အကျင့်ကောင်းများ ပျက်ပြား ဆုတ်ယုတ် ကွယ်ပျောက်လာခြင်း၊
(၃) ပဋိဝေဓ သာသနာခေါ် မဂ် ဖိုလ် ပဋိသမ္ဘိဒါ ဝိဇ္ဇာအဘိဉာဏ်တို့တစ တစ ရသူမရှိ ကွယ်ပျောက်၍သွားခြင်း၊
(၄) လိင်္ဂ သာသနာခေါ် ပရိက္ခရာ ရှစ်ပါးဆောင်သော ရဟန်း အသွင်တို့တွင် တစ တစ သပိတ်ဆောင်သူ ခါးပန်းဆောင်သူ ဒုကုဋ်ဆောင်သူ မရှိနှင့် ကွယ်ကွယ်သွားရာ နောက်ဆုံး သင်္ကန်းစကို နသန်ပန်ဆောင်ရာမှ စွန့်ပစ်ကြသောအခါကွယ်ပျောက်
သွားခြင်း၊
(၅) ဓာတုသာသနာခေါ် ဗုဒ္ဓဘုရားနှင့်သာဝကများတို့၏ ဓာတ်တော် မွေတော်တို့ကို ကိုးကွယ်ဆည်းကပ် မြတ်နိုးသူတို့လုံးဝ မရှိသောအခါ ဓာတု ပရိနိဗ္ဗာန် ပြုခြင်းဖြင့် သာသနာတော်မြတ်လုံးဝဇာတ်သိမ်း ကွယ်ပျောက်ခြင်းမျိုး။

သာသနာတော်၏ အံ့ဘွယ် ၈-ဖြာ

၎င်း သရုပ်(အံ့ဘွယ် ၈-ဖြာ၊ သာသနာ)၌ ရှုပါ။

သာသနာတော်၏ အင်္ဂါ ၉-ပါး

၎င်း သရုပ် အဓိပ္ပါယ်ကား (ဓမ္မက္ခန္ဓာ၏ အင်္ဂါ ၉-ပါး)နှင့် တူ၏။

သာသနာတော်၏ သူခိုးကြီး ၅-ဦး

စတုတ္ထပါရာဇိက၌ ဟောတော်မူသည့် သာသနာ
တော်၌ ခိုးသူကြီး ၅-ယောက် ဟူ၏။ မှတ်သိမှုလွယ်ကူရန်ညောင်လေးပင်တောရ
အဂ္ဂမဟာပဏ္ဏိတ ဦးအရိယထေရ် စီရင်သော ပဋိစ္စသမုပ္ပါဒ်အရသာ ၁၆၉-၌- “အလှူခံလှည့်၊ ငါသိတရား၊ စွပ်စွဲမှားပြု၊ ပေးမှု ဂရုဘဏ်၊ မဂ်, စျာန်ဝါကြွား၊ ဤငါးပါး၊ ခိုးစား သာသနာ။“ဟူသော
ဆောင်ပုဒ်လင်္ကာအရ ၎င်း၏မူရင်းအတိုင်းဖေါ်ပြလိုက်သည်၊
(၁) လူဆိုးအသင်းဖွဲ့၍ အရပ်ရပ်လှည့်ကာ ပစ္စည်းဥစ္စာ ဓားပြတိုက်သကဲ့သို့ ဓမ္မကထိက အပေါင်းအသင်းနှင့်
အရပ်တကာ လည့်လျက်သာသန လုပ်ငန်းမလုပ်ဘဲ သာသနဝန်ထမ်းရိက္ခာ ပစ္စည်းလေးပါးတို့ကို
အလှူခံနေကြသော သာသနရိက္ခာ သူခိုးတယောက်၊
(၂) လေးသင်္ချေနှင့်ကမ္ဘာတသိန်း ပါရမီဖြည့်၍ရသော မြတ်စွာဘုရား၏ တရားတော်က
ိုသင်ယူလေ့လာပြီးလျှင် ဤကား (ကိုယ်တွေ့) ငါသိသောတရားဟု ငါမြင်သော တရားဟု ဆိုဆို၍
ဘုရားရှင်၏ တရားတော်ကို ခိုးသူတယောက်ဟူ၏၊
(၃) သီလရှိသော ရဟန်းတို့ကို အကျင့်သီလပျက်သည်ဟု အလွဲအမှား လူကြည်ညိုပျက်အောင်
ပြောကြားလျက် ရဟန်းကောင်း၏သီလကို ခိုးယူသူတယောက်၊
(၄) သံဃိကပိုင် ဂရုဘဏ် ပစ္စည်းကို လူတို့အား ပေးကမ်းထောက်ပံ့ခြင်းဖြင့် သံဃပစ္စည်းခိုးသူတယောက်၊
(၅) စျာန် မဂ် ဖိုလ်တရားထူးမရပဲလျက် မဂ်ရ ဖိုလ်ဝင် ရဟန္တာအရှင်ဖြစ်နေပြီဟု မိမိကိုယ်ကို ဝါကြွား ပလွှား ညာစားနေသော သူခိုးကြီးတယောက် ဟူ၏။

သာသနာ ၅၀၀၀-နှင့် ခေတ် ၅-ပါး ပိုင်းခြားပုံနည်း ၃-မျိုး

ဗုဒ္ဓမြတ်စွာသာသနာတော်
ကား အနှစ် ငါးထောင်သာ တည်နေနိုင်သည်ဟု ဘယ်ပါဠိတော်မှာမှ မလာမရှိ၊
စင်စစ် သာသနာတော်ကို ကျင့်သုံး လိုက်နာထမ်းဆောင် စောင့်ရှောက်သူတို့၏ အပေါ်မှာသာ တည်ရှိနေ
သည်ဟု မှတ်ရာသည်၊ သို့သော် အဋ္ဌကထာနည်းများကို ပြပါအံ့။
စူဠဝါ အဋ္ဌကထာအလို
(၁) ပဋိသမ္ဘိပါပတ္တ ရဟန္တာခေတ်----------------အနှစ် ၁၀၀၀
(၂) သုက္ခဝိပဿက ရဟန္တာခေတ်--------------အနှစ် ၁၀၀၀
(၃) အနာဂါမ်ပုဂ္ဂိုလ့့့် ခေတ်------------------အနှစ် ၁၀၀၀
(၄) သကဒါဂါမ်ပုဂ္ဂိုလ့့့် ခေတ်----------------အနှစ် ၁၀၀၀
(၅) သောတပန်ပုဂ္ဂိုလ့့့့်ခေတ်---------------အနှစ် ၁၀၀၀
သုတ်ပါထေယျ အဋ္ဌကထာ ၌
(၁) ပဋိသမ္ဘိဒါပတ္တ ရဟန္တာခေတ်--------------အနှစ် ၁၀၀၀
(၂) ဆဠာဘိည ရဟန္တာခေတ်-----------------အနှစ် ၁၀၀၀
(၃) တေဝိဇ္ဇာ ဓရ ရဟန္တာခေတ်----------------အနှစ် ၁၀၀၀
(၄) သုက္ခ ဝိပဿက ရဟန္တာခေတ်------------အနှစ် ၁၀၀၀
(၅) ပါတိမောက္ခ သံဝရသီလခေတ်----------အနှစ် ၁၀၀၀
အင်္ဂုတ္တိုရ် အဋ္ဌကထာ လာ
(၁) ပဋိသမ္ဘိဒါပတ္တ ရဟန္တာခေတ်-------------------- အနှစ် ၁၀၀၀
(၂) ဆဠာဘိည ရဟန္တာခေတ်----------------------- အနှစ် ၁၀၀၀
(၃) တေဝိဇ္ဇာ ဓရ ရဟန္တာခေတ်-----------------------အနှစ် ၁၀၀၀
(၄) သုက္ခဝိပဿက ရဟန္တာခေတ်--------------------အနှစ် ၁၀၀၀
(၅) သောတာပန်, သကဒါဂါမ်, အနာဂါမ်, ခေတ်------ အနှစ် ၁၀၀၀

သားအပြား ၃-ပါး

ဣတိဝုတ်၊၂၃၈။ ဣတိဝုတ်၊ဋ္ဌ၊၂၁၁။ မ၊၂၊၂၇၆။ ကိုယ်ကျင့်တရားအားဖြင့် ၃-ပါးပြား၏။ ဣတိဝုတ္တက ပါဠိတော်၊
(၁) အတိ ဇာတ သား- မိဘတို့ထက် အကျင့်မြတ်သော သား၊
(၂) အနုဇာတ သား- မိဘတို့နှင့်တူမျှသော အကျင့်ရှိသော သား၊
(၃) အဝ ဇာတ သား- မိဘတို့အောက် အကျင့်ယုတ်သော သားမိုက် သားဆိုးမျိုး။

သားအပြား မျိုး ၄-ပါး တနည်း

ဇာ၊ဋ္ဌ၊၁၊၁၅၂-၌အကျယ်ရှုပါ။ ဤသား ၄-ပါးတို့ကား ဧကကနိပါတ် ကဋ္ဌဝါဟနဇာတ် အဋ္ဌကထာ၌ လာသည်။
(၁) အတြဇ သား- မိမိရင်၌ဖြစ်သော၊ သို့မဟုတ် မိမိကိုစွဲ၍ရသောသားမျိုး၊
(၂) ခေတြဇ သား- နတ်တို့ကဲ့သို့ အိပ်ရာအပြင် ပလ္လင်စသော မိမိပိုင်နက်အတွင်း၌ ဖြစ်လာသော သားမျိုး၊
(၃) အန္တေဝါသိကသား- မိမိအထံ၌ အတတ်သင်ယူသော သူမျိုး၊
(၄) ဒိန္နက သား-မွေးစားစိမ့်သောငှါ သူတပါးက ပေးသော သားမျိုး။

သားချင်းမျိုး ၅-ပါး

ဉာတိ သလောဟိတဟူသော ပါဠိအရ သားချင်းယူပုံကို ဆွေမျိုးနှင့် ခွဲ၍ပြသည်၊
(၁) သောဒရိယ ခေါ် တမိသားချင်း ညီရင်းအစ်ကို၊
(၂) အဖေ, အမေ၏ အစ်ကို ဘကြီး ဦးကြီးတို့က မွေးဖွားသော သားသမီး၊
(၃) အဖေ, အမေ၏ အစ်မ, မိကြီး, ကြီးဒေါ်တို့ကမွေးဖွားသော သားသမီး၊
(၄) အဖေ, အမေ၏ ညီ, မောင်, ဘထွေး, ဦးလေးတို့က မွေးဖွားသော သားသမီး၊
(၅) အဖေ, အမေ၏ နှမ, ညီမ, မိထွေး အရီးလေးတိုက မွေးဖွားသော သားသမီးများကို
သားချင်းဟုပညတ်၏။

သားမျိုး ပုတ္တာ၊ ၁၂-ဖြာ၊ မိန့်မှာ ဓမ္မသတ်

ဓမ္မသတ် ကျမ်းလာသားအပြား ဆယ့်နှစ်ပါးကို ဆို၏။ ၎င်းအဖြေ (အမွေခံထိုက်သောသား ၆-ပါး၊အမွေ မခံထိုက်သော သား ၆-ပါး)ဟူသော သရုပ်၌ ဆိုခဲ့ပြီ၊
ထို ၂-ရပ် ပေါင်းသော် ၁၂-ပါးဖြစ်၏။

သား, သမီး, ရလိုခြင်း အကြောင်း ၅-ပါး

အံ၊၂၊၃၇။ အံ၊ဋ္ဌ၊၃၊၂၁။မိဘဖြစ်သူတို့ သားသမီး ရလိုမှု အကြောင်း ငါးပါး ဟူ၏။
(၁) ဘတောဝါ နော ဘရိဿတိ- အိုမင်းမစွမ်းရှိသောအခါ ငါတို့အား ပြန်လည်လုပ်ကျွေးကျေးဇူးဆပ်လတ်အံ့၊
(၂) ကိစ္စံဝါ နော ကရိဿတိ- ငါတို့၌ဖြစ်ပေါ်လာသော မင်းစိုးကိစ္စအဝဝတို့ကို လုပ်ဆောင်ပေးလတ်အံ့၊
(၃) ကုလဝံသော စိရံ ဌဿတိ- အမျိုးဆက်နွယ် ရှည်ဖွယ်ဖြစ်လတ်အံ့၊
(၄) ဒါယဇ္ဇံ ပဋိပဇ္ဇိဿတိ- အမွေးစား အမွေခံ ကျင့်ကြံလတ်အံ့၊
(၅) ဒက္ခိဏံ အနုပ ဒဿတိ- တမလွန်ဘဝ သွားသော ငါတို့အား ရည်စူး၍ ကုသိုလ်ထူးများ ပြုလုပ်လျက် အမျှပေးဝေလတ်အံ့။

သားသမီးဝတ် ၅-ပါး

သားသမီးများက မိဘတို့အား ပြုရန် ဝတ်ငါးပါး။
(၁) မိဘနှစ်ပါးအား လုပ်ကျွေးမွေးမြူရမည်၊
(၂) အလုပ်အကိုင်ဟူသမျှကို မိမိက ဦးစီး၍ ဆောင်ရွက် စီမံရမည်၊
(၃) မိဘ နှစ်းပါး၏ ဆိုးမွေကောင်းမွေကို ခံယူရမည်၊
(၄) အလှူဒါန ပြုလုပ်သောအခါ မိဘနှစ်ပါးအား အမျှပေးဝေရမည်၊
(၅) မိမိ၏အနွယ်ကို စောင့်ရှောက်ရမည်။

သိက္ခာသုံးပါး

မ၊ဋ္ဌ၊၃၊၂၀-၌ အကျယ်ရှုပါ။ ကိုယ်ကျင့်တရားနှင့် တည်ကြည်ဖြောင့်မတ်မှု ကိလေသာမှ လွတ်ကင်းမှု လုပ်ငန်းပညာရပ်များ ဟူ၏။
(၁) အဓိသီလသိက္ခာ-ရဟန်းတော်များ စောင့်ထိန်းရသည့်(၂၂၇)သွယ်သော သီလသိက္ခာပုဒ် အကျင့်မြတ်များ။
(၂) အဓိစိတ္တသိက္ခာ-ဝိပဿနာ၏ အခြေခံဖြစ်သော သမထလုပ်ငန်းရပ်နှင့် သမာပတ်ရှစ်ပါး သမာဓိသဘောတရား အကျင့်မြတ်များ။
(၃) အဓိပညာသိက္ခာ-ပညာမဂ္ဂင် ၂-ပါး ဦးစီးသော ရုပ်,နာမ် ဓမ္မတို့၏ ဥဒယ ဝယ သဘောမှန်ကို ဧကန် ပိုင်းခြား၍သိရန် ဝိပဿနာဉာဏ် အလုပ်သဘော အကျင့်မြတ်။

သိက္ခာမျိုး ၅-ပါး၊ တနည်း

သိပ္ပံပညာမျိုး ၅-ပါး။
(၁) ယောဂ သိက္ခာ- စက်မှု လက်မှု ပညာ၊
(၂) ဝိနိစ္ဆယ သိက္ခာ- တရားနှင့် လျော်ညီစွာ ဆုံးဖြတ်ခြင်း၊
(၃) ကေတု သိက္ခာ- နိမိတ် တိတ်တပေါင်ဝေဒ စသည့် ပညာ၊
(၄) ပေါရာဏ သိက္ခာ- ရှေးဖြစ်ဘူးသော စကားဟောင်း မင်းစဉ် မင်းဆက်အကြောင်းအရာ စာဆိုတော်ခေါ် စာရေးဆရာ ပညာ၊
(၅) ဟတ္ထိအဿ သိက္ခာ- ဆင်စီး မြင်းစီး စစ်တက် စစ်ဆင် အရာတို့၌ လိမ်မာသောပညာ။ မှတ်ချက်။ ။
၎င်း ငါးပါးကို ပညာ ငါးပါးဟုလည်း ရေးမှတ်ကြသေးသည်။

သိကြားမင်း၏ မိဖုယားပေါင်း ၁၆၀၀

၎င်းအကျယ်ကို ဝိမာန၊ဋ္ဌ၊၁၆၇-၌ ရှုပါ။

သိကြားမင်း၏ သမီးတော် ၄-ယောက်

အသီတိနိပါတ် သုဓာဘောဇနဇာတ်၌ အကျယ်
ရှုပါ။
(၁) အာသာ၊
(၂) သိရီ၊
(၃) သဒ္ဓါ၊
(၄) ဟိရီ။

သိကြားမင်း ဖြစ်ကြောင်းတရား ၇-ပါး

သံ၊၁၊၂၃၀။ သံ၊ဋ္ဌ၊၁၊၃၁၇။ သိကြားဖြစ်ကြောင်း ကျင့်ဝတ္တရား ၇-ပါး လင်္ကာ၊ “ ၁- မိဘပြုစု၊ ၂- ကြီးသူကြိုးနွံ့၊ ၃- နှုတ်သံညက်ညော၊ ၄- ကုန်းမချောတည့်၊ ၅- နှမြော မနှောင့်၊
၆- သစ္စာစောင့်လျက်၊ ၇- အမျက်နည်းစွာ၊ ၇-ဖြာသည်၊ နောင်ခါ သိကြားဖြစ်ကြောင်းတည်း“
ဟူသော လင်္ကာဖြင့် ထင်ရှားသည်။

သိကြားမင်း ရှိခိုးခံထိုက်သူ၏ ဂုဏ်အင်္ဂါ ၄-ပါး

သံ၊၁၊၂၃၅။ သံ၊ဋ္ဌ၊၁၊၃၂၂-၌ အကျယ်ရှုပါ။ သက္ကသံယုတ်မှ ထုတ်ယူ ပြဆိုသည်၊ ၎င်းဂါထာကား- “ယေ ဂဟဋ္ဌာ ပုညကရာ၊ သီလဝန္တော ဥပါသကာ။
ဓမ္မေန ဒါရံ ပေါသေန္တိ၊ တေ နမဿာမိ မာတလိ“
မာတလိက မေး၍ သိကြားမင်းကဖြေပုံ။
(၁) ပုညကရာ- ပစ္စည်းလေးပါး, ဒါနဝတ္ထု ၆-ပါး, ၁၀-ပါး သီလတို့ဖြင့် သဒ္ဓါစင်ဖြူ ပေးလှူနေသူ၊
(၂) သီလဝန္တော- ၅-ပါး, ၈-ပါး, ၁၀-ပါးသီလတို့ကို စောင့်ထိန်းကျင့်သုံးနေသူ၊
(၃) ဥပါသကာ- ရတနာ ၃-ပါးကို မြတ်နိုးထပ်ထပ် ဆည်းကပ်ကိုးကွယ်နေသူ၊
(၄) ဓမ္မဒါရ ပေါသ- တရားသော အလုပ်သဘောဖြင့် မယား, သားတို့အား လုပ်ကျွေးမွေးမြူသူ။

သိခြင်း, သိပုံမျိုး ၃-ပါး

သညာသိ, ဝိညာဏ်သိ, ပညာသိ။ အကျယ် ဝိသုဒ္ဓိ၊၂၊၆၆-၌ ရှုပါ။

သိင်္ဂါရ ရသမျိုး ၃-ပါး

ယောကျ်ား မိန်းမတို့၏ ချစ်ကြိုက်မှု, ပေါင်းဆုံမှီဝဲမှု, ကွဲကွာမှုတို့ကိုပင်
သိင်္ဂါရ ရသခေါ်သည်။
(၁) အာယောဂ- ကျား, မတို့ တဦးကိုတဦး ချစ်ကြိုက်စွဲလမ်း နှစ်သက်မှု၊
(၂) သမ္ဘောဂ- လူချင်းတွေ့ထိကိုင်ဆွဲသုံးသပ် ပေါင်းသင်းမှု၊
(၃) ဝိပ္ပယောဂ- ချစ်ကြိုက်စဖြစ်စေ, ပေါင်းသင်းပြီးမှဖြစ်စေ, သေကွဲ ရှင်ကွဲ ကွဲကွာရခြင်း။

သိထိလ အက္ခရာမျိုး

မန္တန်မန်းမှုတ်ရာနှင့် ကမ္မဝါဉတ်ရွတ်ဖတ်ရာတို့၌ လျော့လျော့ ရွတ်ရသော အက္ခရာ ဆယ်လုံး၊ “ က, ဂ, စ, ဇ, ဋ, ဍ, တ, ဒ, ပ, ဗ။ “

သိဒ္ဓိမျိုး ၁၀-ပါး

တစုံတခုသော မန္တန်, အင်း, ဆေး, သံ, ပြဒါး, ပတ္တမြား, ပုလဲ စသည့် အရာတို့ဖြင့် လိုရာပြီး နိုင်ခြင်းမျိုး ဆယ်ပါး ဟူ၏။
(၁) စိန္တာ မယိဒ္ဓိ- စိတ်ကြံရာ ဖြစ်စေခြင်း၊
(၂) ဥဒက သိဒ္ဓိ- ရေပြင်ပေါ်၌ လျှောက်သွားအိပ်နေနိုင်ခြင်း၊
(၃) ပထဝီ သိဒ္ဓိ-မြေလျှိုးနိုင် မြေကြောကိုရှုံ့နိုင်ခြင်း၊
(၄) ဓန သိဒ္ဓိ- ရွှေငွေရတနာ လိုရာရနိုင်ခြင်း၊
(၅) အာယု သိဒ္ဓိ- အသက်ရှည်၍ အရွယ်ပျိုစွာနေနိုင်ခြင်း။
(၆) အာကာသ သိဒ္ဓိ- ကောင်းကင်ခရီး ပျံသန်းနိုင်ခြင်း၊
(၇) အာရောဂျ သိဒ္ဓိ- အနာကင်းခြင်း၊
(၈) ကာယ သိဒ္ဓိ- ဓား, လှံ, သေနတ်, အမြောက် မထိနိုင်ခြင်း၊
(၉) ပိယ သိဒ္ဓိ- သတ္တဝါအားလုံးတို့၏ ချစ်ခင်မှုကို ခံရခြင်း၊
(၁၀) ဣဒ္ဓိဝိဓ သိဒ္ဓိ- စျာန်တန်ခိုးဖြင့် အထူးထူး ဖန်ဆင်းနိုင်ခြင်းမျိုး။

သိပ္ပံပညာ အတတ် ၆၄-ရပ်

ကလာအတတ်၆၄-ရပ်”ကိုပင် လက်မှုပညာအတတ်များ
ဖြစ်၍ သိပ္ပံပညာ အတတ်ဟု ခေါ်ဆိုကာ “ ဝိဇ္ဇာအတတ်၁၈-ရပ် “ဟု ခွဲခြား၍ ပြလေသည်၊ ၎င်းသရုပ် (ကာလအတတ် ၆၄-ရပ်)၌ရှုပါ။

သိမ်နိမိတ်မျိုး ၈-ပါး

သိမ်သမုတ်ရာ၌ အပိုင်းအခြား သတ်မှတ်ထားရာမျိုး ၈-ပါး။
(၁) ပါသာဏ နိမိတ္တ- ကျောက်တုံး ကျောက်တိုင်နိမိတ်၊
(၂) ပဗ္ဗတ- တောင်၊
(၃) ရုက္ခ- သစ်ပင်၊
(၄) ဝန- တော၊
(၅) မဂ္ဂ- လမ်း၊
(၆) ဝမ္မိက- တောင်ပို့၊
(၇) နဒီ- မြစ်၊
(၈) ဥဒက နိမိတ္တ- ရေဖြင့်ပိုင်းခြား သတ်မှတ်ခြင်းမျိုး၊
အကျယ် ဝိ၊၃၊၁၄၄။ ဝိ၊ဋ္ဌ၊၃၊၃၁၈-၌ ရှုပါ။

သိမ်မျိုးအပြား ၁၅-ပါး

ရဟန်းတော်များ သံဃကံဆောင်သော သိမ်များဖြစ်၏၊ အကျယ်ကို ဝိ၊ဋ္ဌ၊၃၊၄၁၇-၌ ရှုပါ။

သီချင်းခံများ၊ သံ ၈-ပါး၊ မျိုးစား ဝေဘန်သိ

၎င်းသရုပ်ကို (အသံ၈-ပါး၊ မျိုးခွဲခြား၊
ခံငြား သီချင်းဆို)ဟူသည်၌ဆိုခဲ့ပြီ။

သီချင်းဆိုသံ ၇-တန

၎င်းသရုပ် (ဂီတအသံ ၇-တန်)၌ ရှုပါ။

သီချင်းမျိုး ၂၂-ပါး

ကဗျာပင်မကြီးမှ ပေါက်ပွားလာသော
သီချင်းမျိုးအပြား ၂၂-ပါး၊ အကျယ်”ကဗျာဗန္ဓ သာရကျမ်း”၌ ရှု။
ရကန်၊ ဟောစာ၊ သာချင်း၊ ကာချင်း၊ အဲချင်း၊ အိုင်ချင်း၊ လေးချိုး၊ သံချိုချိုး၊ ယိုးဒယား၊ ပတ်ပျိုး၊ (၁၀)။
ကြိုး၊ဘွဲ့၊ ဘောလယ် ရိုးဆန်း၊ တေးရိုးဆန်း၊ သဖြန် ရိုးဆန်း၊ ငိုချင်း ရိုးဆန်း၊ တုံးချင်း ရိုးဆန်း၊
ဟန်ချင်း ရိုးဆန်း၊ လှေချင်း ရိုးဆန်း၊ နတ်သံ၊ (၂၀)။ မှာတမ်း၊ ဇာတ်စကားစပ်ပုံ၊(၂၂)။

သီတင်းကြီး ၄-ပါး

စောင့်သုံးထိန်းသိမ်းရမည့်တရားကြီး ၄-ပါး။
(၁) ပါတိမောက္ခ သံဝရသီလ၊
(၂) ဣန္ဒြေိယ သံဝရသီလ၊
(၃) ပစ္စယ သန္နိဿိတသီလ၊
(၄) အာဇီဝ ပါရိသုဒ္ဓိ သီလ၊ ဤ ၄-ပါးကိုရည်၍ ပါရမီခန်း၌ “ပါတိမောက္ခ၊ သံဝရဟု၊ စသည်ကျင့်ပြင်း၊ သီတင်း ၄-ပါး၊ ဆွဆွထွားလျှင်”ဟု ရှင်မဟာသီလဝံသထေရ် စပ်ဆိုထားခဲ့၏၊
အကျယ် သီလကြီး၄-ပါး၌ ရှုပါ။

သီတင်းသုံးဖော် ၅-ယောက်

သီလသိက္ခာ စောင့်ဖော်ကျင့်ဖတ် ၅-ယောက်ဟူ၏၊
(၁) ဘိက္ခု- ရဟန်းယောကျ်ား၊ ကိုရင်၊
(၂) သာမဏေရော- သာမဏေ ယောက်ျား၊ ကိုရင်၊
(၃) သိက္ခမာနာ- သိက္ခမာန်၊ သာမဏေမ လောင်း၊
(၄) ဘိက္ခုနီ- ရဟန်းမ၊
(၅) သာမဏေရီ- သာမဏေမ၊ ကိုရင်မ။

သီတင်းသုံးဖော် ၇-ယောက်၊ တနည်း

မ၊၁၊၉၂။ မ၊ဋ္ဌ၊၁၊၃၁၄။
(၁) ဘိက္ခု၊
(၂) ဘိက္ခုနီ၊
(၃) သိက္ခာမာနာ၊
(၄) သာမဏေရော၊
(၅) သာမဏေရီ၊
(၆) ဥပါသကော၊
(၇) ဥပါသိကာတိ ဧတေ သတ္တသဟ ဓမ္မစာရိနော။

သီဒါ ၇-တန်

ကရွတ်ခွေများကဲ့သို့ မြင်းမိုရ်တောင်ကို စွပ်ခွေရစ်ပတ်လျက်ရှိသော တောင်စဉ် ၇-ထပ်တို့၏ အကြားဖြစ်သည့် သမုဒ္ဒရာ ၇-စင်းကိုခေါ်သည်။
(၁) မြင်းမိုရ်တောင်နှင့် ယုဂန္ဓရတောင် အကြား သီဒါတခု ရှိ၏၊
၎င်းသီဒါ၏စောက် အနက် အကျယ်တို့ကား ယူဇနာပေါင်း ၄၂၀၀၀-စီ ရှိ၏၊
(၂) ယုဂန္ဓရတောင်နှင့် ဤသန္ဓရတောင်အကြား သီဒါတခု ရှိ၏၊
၎င်းသီဒါ၏ စောက် အနက် အကျယ်တို့ကား ယူဇနာပေါင်း ၂၁၀၀၀-စီ ရှိ၏၊
(၃) ဤသန္ဓရတောင်နှင့် ကရဝိကတောင် အကြား သီဒါတခုရှိ၏၊
၎င်းသီဒါ၏ စောက် အနက် အကျယ်တို့ကား ယူဇနာပေါင်း ၁၀၅၀၀-စီ ရှိ၏၊
(၄) ကရဝိတောင်နှင့် သုဒဿနတောင် အကြား သီဒါတခု ရှိ၏၊
၎င်းသီဒါ၏ စောက် အနက် အကျယ်တို့ကား ယူဇနာပေါင်း ၅၂၅၀-စီ ရှိ၏၊
(၅) သုဒဿနတောင်နှင့် နေမိန္ဓရတောင်အကြား သီဒါတခု ရှိ၏၊
၎င်းသီဒါ၏ စောက် အနက် အကျယ်တို့ကား ယူဇနာပေါင်း ၂၆၂၅-စီ ရှိ၏၊
(၆) နေမိန္ဓရတောင်နှင့်ဝိနတ္တကတောင်အကြား သီဒါတခု ရှိ၏၊
၎င်းသီဒါ၏ စောက် အနက် အကျယ်တို့ကား ယူဇနာပေါင်း ၁၃၁၂ƒစီ ရှိ၏၊
(၇) ဝိနတ္တကတောင်နှင့် အဿကဏ် တောင်အကြား သီဒါတခုရှိ၏၊
၎င်းသီဒါ၏ စောက် အနက် အကျယ်တို့ကား ၆၅၆-ယူဇနာနှင့် တတိုင်ခြောက်ရာတွင်းစီ ရှိကြ၏။

သီရိမျိုး ၃-ပါး

သားကောင်း ရတနာ ရနိုင်ရန် မိခင်လောင်းများ ပြုကျင့်ရသော
လောကီကျက်သရေ၃-ပါး၊ မုံရွေးဇေတဝန် ဆရာတော်။
(၁) ကြိုးတန်း ကြိမ်တန်းအောက် မဝင်ရခြင်း၊
(၂) ခါးဝတ်ထမီကို ထက်အောက်ပြန်၍ မဝတ်ရခြင်း၊
(၃) ခြေမဆေးဘဲ အိပ်ရာတိုက်ခန်းမဝင် မအိပ်ရခြင်း။

သီလ ၂-ပါး

(၁) စာရိတ္တ သီလ- ဤအမှုကိစ္စမျိုးကို ပြုကျင့်ရမည်ဟု မြတ်စွာဘုရား ပညတ်ထားသည့်ဆရာ့ဝတ်
ရဟန်းဝတ် ဒကာဝတ် စသည့်အပစာယန၊ ဝေယျာဝစ္စ ကုသိုလ်မျိုးကို ဆိုသည်၊ လိုရင်းကား လောက၌ ပြုလုပ်ပေးရမည့်
အပြစ်မရှိသော ကိစ္စရပ်များကို ပြုလုပ်ပေးခြင်းအကျင့်သည် မိမိသီလဂုဏ်၌ တိုးတက်ဖြူစင်သော
သီလမျိုးဖြစ်၍ စာရိတ္တသီလခေါ်သည် ဟူ၏၊
(၂) ဝါရိတ္တ သီလ- ဤအမှုမျိုးကို မပြုလုပ်ရဟု မြတ်စွာဘုရား ပညတ်တော်မူသည့် သိက္ခာပုဒ် ဟူသမျှကို ဘုရားရှင် အလိုတော်ကျအတိုင်း မပြုလုပ်ပဲ စောင့်ထိန်းခြင်းကို ဝါရိတ္တသီလ ခေါ်သည်။

သီလအပြား ၇-ပါး၊ အများ ဗိုလ်လူဆိုင်

ရဟန်း ရှင် လူတို့ စောင့်သုံးရသော သီလများ။ထို့အပြင်လည်း အမျိုးများစွာ ရှိသေး၏။
(၁) ငါးပါးသီလ ရိုးရိုး- သာမန် လူ, နတ်, တိရစ္ဆာန်တို့အတွက် နိစ္စသီလမျိုး၊
(၂) ငါးပါးသီလအထူး- ကောမာရ ဗြဟ္မစရိယ သီလမျိုး၊
(၃) ခြောက်ပါးသီလ- ဘိက္ခုနီလောင်း သိက္ခာမာန်များ အတွက်၊
(၄) ရှစ်ပါးသီးလ- ဥပေါသထ သီလမျိုး၊
(၅) ကိုးပါးသီလ- စကြာမင်းနှင့် မိဖုယားကြီးများ သားတော် သမီးတော် ဆွေတော် မျိုးတော်
တိုင်းသူပြည်သားတို့ စောင့်ထိန်းသော ဥပေါသထသီလမျိုး၊
(၆) ဆယ်ပါးသီလ- လူသာမဏေတို့သီလ, လူ့အတွက် နိစ္စသီလမျိုး၊
(၇) စတုပါရိသုဒ္ဓိသီလ- ရဟန်းတော်များသီလ။ အာပတ် ၇-ပုံ။

သီလကြီးမျိုး ၄-ပါး

မဟာနိ၊၂၆၄။ မဟာနိ၊ဋ္ဌ၊၃၂၆။ စတု ပါရိသုဒ္ဓိသီလ ခေါ်
၎င်းသီလကြီး ၄-ပါးကို ထက်ဝန်းကျင် စင်ကြယ်စေရမည်ဟုဆိုသည်။
(၁) ပါတိမောက္ခ သံဝရ သီလ- သံသရာဝဋ်ဆင်းရဲမှ လွတ်ကင်းစေတတ်သော သီလတရားစု၊ အာပတ် ၇-ပုံ။
(၂) ဣန္ဒိယ သံဝရ သီလ- စက္ခုစသော ဣန္ဒြေ ၆-ပါးကို စောင့်စည်း လုံခြုံစေမှု၊
(၃) အာဇီဝပါရိသုဒ္ဓိသီလ- ထက်ဝန်းကျင်မှ အပြစ်မရှိသန့်ရှင်း စင်ကြယ်သော အသက်မွေး ဝမ်းကျောင်းမှု၊
(၄) ပစ္စယသန္နိဿိတ သီလ- ဆွမ်း, သင်္ကန်း, ကျောင်း, ဆေး, ခေါ် ပစ္စည်းလေးပါး၌ ကောင်းစွာ စင်ကြယ်
သဖြင့်မှီဝဲသုံးဆောင်မှု။

သီလဂုဏ် ၈-ပါး၊ ၂-နည်း

မိမိတို့စောင့်ထိန်းသော သီလ၌ ထိုဂုဏ်ရှစ်ပါးနှင့်ပြည့်စုံစေ
ရမည်၊ ဤ၌ရှေ့လေးပါးကို လောကီ သီလဂုဏ်၊ နောက်လေးပါးကို လောကုတ္တရာဂုဏ်ဟု မှတ်ရာ၏၊ သံယုတ်ပါဠိတော်။
(၁) အ ခဏ္ဍ- မကျိုးသော ဂုဏ်၊
(၂) အ ဆိဒ္ဒ- မပေါက်သော ဂုဏ်၊
(၃) အ သဗလ- မပြောက်သော ဂုဏ်၊
(၄) အ ကမ္မာသ- မကျားသော ဂုဏ်၊
(၅) ဘုဇိသ- ကိလေသာမှ တော်လှန်သော ဂုဏ်၊
(၆) ဝိညူ ပသဋ္ဌ- ပညာရှိတို့ ချီးမွမ်းအပ်သော ဂုဏ်၊
(၇) အ ပရာမဋ္ဌ- တဏှာ ဒိဋ္ဌိတို့ဖြင့် မစွဲလမ်းမှုဂုဏ်၊
(၈) သမာဓိ ဝဝတ္တန- သမာဓိ ၃-ပါးကို ဖြစ်စေတတ်သော ဂုဏ်။

သီလစင်ကြယ်၊ ပြည့်စုံဘွယ်၊ ၄-သွယ် အင်္ဂါရှိ

သီလစင်ကြယ်ပြည့်စုံခြင်း၏အကြောင်း
အင်္ဂါလေးရပ်။
(၁) မိမိကိုယ်တိုင်လည်း မလွန်ကျူးခြင်း၊
(၂) သူတပါးကိုလည်း မလွန်ကျူးစေခြင်း၊
(၃) သူတို့အာသာ လွန်ကျူးသည်ကိုလည်း ဝမ်းမမြောက်၊
(၄) မိမိစောင့်သုံးသော သီလသိက္ခာပုဒ်အသီးသီးကိုလည်း စင်ကြယ်လေစွဟု ချီးကျူး၏။

သီလစောင့်ငြား၊ ကျိုး ၅-ပါး၊ ဘုရားဟောတော်မူ

မဟာပရိနိဗ္ဗာနသုတ်၌ သီလစောင့်
ရှိသူတို့ခံစားရသော အကျိုး ၅-ပါးကို ဟောတော်မူသည်။
(၁) မမေ့ မလျော့ခြင်းကြောင့် များစွာသော စည်းစိမ်ဥစ္စာတို့ကို ရရှိ၏၊
(၂) ကောင်းသောသတင်း ကျော်စောခြင်း ဂုဏ်ကို ရ၏၊
(၃) ပရိသတ် လေးပါး အလယ်၌ တင့်တယ် ရဲရင့် ရွှင်ရွှင် လန်းလန်းနှင့်နေရ၏၊
(၄) မတွေဝေမမေ့မောဘဲ သေရခြင်း ရှိ၏၊
(၅) သေပြီးနောက်၌ နတ်ရွာ၌ ဖြစ်ရ၏။

သီလ ညှိုးနွမ်း ပျက်စီးခြင်း တရား ၁၆-ပါး

အောက်ပါအရာများကို ငဲ့ကွက်မှု
မထားဘဲ သီလတရားကို စောင့်စည်းရမည်။
(၁) လာဘ- လာဘ်ကိုငဲ့၍ ပျက်စီးခြင်း၊
(၂) ယသ- ခြွေရံကျော်စောမှုကို ငဲ့သောကြောင့်၎င်း၊
(၃) ညာတိ- ဆွေမျိုးကြောင့် ၎င်း၊
(၄) အင်္ဂါ- ခြေလက်စသည်ကြောင့် ၎င်း၊
(၅) ဇိဝိတ- အသက်ကြောင့် ၎င်း၊
(၆) ခဏ္ဍ- ကျိုးခြင်း၎င်း၊
(၇) ဆိဒ္ဒ- ပေါက်ခြင်း၎င်း၊
(၈) သဗလ- ပြောက်ခြင်း၎င်း၊
(၉) ကမ္မာသ- ကျားခြင်း၎င်း၊
(၁၀-၁၆) မေထုန်ငယ် ၇-ပါး ထည့်၍ ၁၆-ပါးယူသည်။

သီလဝိသုဒ္ဓိ အပြား ၄-ပါး

သီလ ဖြူစင်ကြောင်း တရား ၄-ပါး။
(၁) ဒေသနာ သုဒ္ဓိ- ပါတိမောက္ခ သံဝရသီလ ပျက်လျှင် ဒေသနာကြားခြင်းစသည့်
မိမိအာပတ် ဆိုင်ရာနည်းဖြင့် ကုစားစင်ကြယ်ခြင်းမျိုး၊
(၂) သံဝရ သုဒ္ဓိ- ဣန္ဒြိယ သံဝရသီလ ၆-ပါး၌ တပါးပါး ပျက်လျှင် နောင် မပေါက်ကြားစေရ ဟု
အဓိဋ္ဌာန်တင်၍ စင်ကြယ်ခြင်းမျိုး၊
(၃) ပရိယေဋ္ဌိ သုဒ္ဓိ- အာဇိဝ ပါရိသုဒ္ဓိ သီလပျက်လျှင် ကုလဒူသန အနေသန စသော မိစ္ဆာဇီဝ နောက်ခါ မဖြစ်ရအောင် ရှောင်ကြဉ်၍ သမ္မာအာဇိဝဖြင့် ရှာမှီးခြင်းမျိုး၊
(၄) ပစ္စေဝေက္ခဏာ သုဒ္ဓိ- ဣဏပရိဘောဂ မဖြစ်စေဘဲ ပစ္စည်းလေးပါး၌ ပစ္စဝေက္ခဏာ ဆင်ခြင်၍ ပစ္စယ သန္နိဿိတ သီလကို စင်ကြယ်စေခြင်းမျိုး။

သီဟိုဠ်ကျွန်း၏ အမည်မျိုး ၇-ပါး

(၁) လင်္ကာဒီပ- လင်းယင်ရွက်နှင့်တူသော ကျွန်း၊
(၂) တမ္ဗပါဏိဒီပ- မြေနီရှိသဖြင့် ၎င်း၌ ကိုင်တွယ်ထောက်လှမ်းသော လက်မှာ နီသောကျွန်း၊
(၃) သီဟဠဒီပ- သီဟဗာဟုဝတ္ထုလာ ခြင်္သေ့ကျွန်း၊
(၄) ဩဇာဒီပ- မြေဆီ ဩဇာကောင်းကျွန်း၊ (ကကုသန် ဘုရားလက်ထက် အမည်)။
(၅) ဝရဒီပ- ကြီးမြတ်ကျွန်း၊ (ကောဏာဂုံ ဘုရားလက်ထက် အမည်)။
(၆) မဏ္ဍလဒီပ-ကြည်လင်ကျွန်း၊ (ကဿပ ဘုရားလက်ထက် အမည်)။
(၇) သီရိလင်္ကာ-ကျက်သရေဆောင်ကျွန်း၊ (ယခုအမည်)။

သုံးဆယ့်ခုနစ်မင်းနတ်

၎င်းသရုပ်(အတွင်း ၃၇-မင်း၊ အပြင် ၃၇-မင်း)၌ ရှုပါ။

သုံးဆယ့်တစ်ဘုံ

၎င်းသရုပ်အဓိပ္ပါယ် (ဘုံ သုံးဆယ့်တစ်)မှာ ကြည့်လေ။

သုံးဆယ့်နှစ် ကောဋ္ဌာသ

ခန္ဓာကိုယ်၏ ၃၂-ပါးသော အဖို့အစု အစိတ်အပိုင်းများကို ခေါ်ဆိုသည်၊ ဥပရိပဏ္ဏာသပါဠိတော်။
ကေသာ- ဆံပင်၊
လောမာ- အမွေး၊
နခါ- ခြေသည်း လက်သည်း၊
ဒန္တာ- သွား၊
တစော- အရေ၊
မံသံ- အသား၊
နှာရု- အကြော၊
အဋ္ဌိ- အရိုး၊
အဋ္ဌိမိဉ္စံ- ရိုးတွင်းခြင်ဆီ၊
ဝက္ကံ- အညှို့၊(၁၀)။
ဟဒယံ- နှလုံး၊
ယကနံ- အသည်း၊
ကိလောမကံ- အမြှေး၊
ပိဟကံ- အဖျဉ်း၊
ပပ္ဖါသံ- အဆုပ်၊
အန္တံ- အူမ၊
အန္တဂုဏံ- အူသိမ်၊
ဥဒရိယံ- အစာသစ်၊
ကရီသံ- အစာဟောင်း၊
မတ္ထလုင်္ဂံ- ဦးနှောက်၊ (၂၀)။
ပိတ္တံ- သည်းခြေ၊
သေမှံ- သလိပ်၊
ပုဗ္ဗော- ပြည်၊
လောဟိတံ- သွေး၊
သေဒေါ- ချွေး၊
မေဒေါ- အဆီအခဲ၊
အဿု- မျက်ရည်၊
ဝသာ- ဆီကြည်၊
ခေဠော- တံတွေး၊
သိင်္ဃာဏိကာ- နှပ်၊ (၃၀)။
လသိကာ- အစေး၊
မုတ္တံ- ကျင်ငယ်။(၃၂)။

သုံးဆယ့် နှစ်ပါးသော ကံကြမ္မာ

၎င်းသရုပ် အကျယ်ကို (ကံကြမ္မာ ၃၂-ပါး)၌ ပြခဲ့ပြီ။

သုံးဆယ့် နှစ်ပါးသော တိရစ္ဆာန ကထာ

၎င်း သုတေသန ရပ်ကို(တိရစ္ဆာနာ၊ ဒွတ္တိံသာ၊
ကထာ ၃၂)ဟူသော သရုပ်၌ ပြဆိုခဲ့ပြီ။

သုံးဆယ့် နှစ်ပါးသော လက္ခဏာတော်ကြီး

၎င်း သရုပ် အဓိပ္ပါယ် (လက္ခဏာတော်ကြီး ၃၂-ပါး)၌ ရှုပါ။

သုံးဆယ့်ရှစ်ဖြာ မင်္ဂလာ

၎င်းသရုပ်အဓိပ္ပါယ် (မင်္ဂလာတရား ၃၈-ပါး)၌ ကြည့်ပါ။

သုံးပုံဖဲဟု၊ ခေါ်ဆိုပြု၊ သမုဗြုပ္ပတ် အသို့နည်း

သုံးပုံဖဲ ခေါ်ခြင်း၏ မူရင်းဗြုပ္ပတ်ကား ဖဲပေါင်း ၂၄-ချပ် ရှိလေရာ ၈-ချပ် တပုံကျ သုံးပုံပြုကာ စီစဉ်ကစားခြင်းကို အစွဲပြု၍ ခေါ်ဆိုလေသည်။

သုံးလွန်းတင် ထမင်း

အောက်ပါ ဦးကြီး၏ လွမ်းချင်းဖြင့် ထင်ရှား၏။ “ ပဲနောက်နှင့် ပြောင်းဆန်၊ ကောက်သားငယ်ရံ၊ ဝေဖန်နှောရှက်၊ ရောကာချက်လို့၊
ပြောဘက်ကယ် မမြင်၊ ဩဇာ ပြွမ်းတဲ့ သုံးလွန်းတင်ကို၊ ခင်မင်ဖွယ်ရာ၊ သည်ချိန်ကို လာခဲ့ပ၊
တောရွာသူ့ ခန့်ပုံကို၊ အသားကုန်လက်ပြိုင်ဆွဲလို့၊ နွှဲစေမယ်လေး“
ပဲ, ပြောင်း, ဆန် ၃-မျိုး ဆတူ ဟူ၏။

သုက်မလွတ်သူ ၃-မျိုး

(၁) နတ်ပြည် ၆-ထပ်ရှိ နတ်များ နတ်သ္မီးနှင့်ပေါင်းဆုံမှီဝဲ သုံးသပ်သော်လည်း သုတ်သည် တည်ရာဌာန၌ပင် ချုပ်ပျောက်သွား၏၊
(၂) ဗြဟ္မာများ မေထုန်မှုမရှိ၊
(၃) ဘုရား ရဟန္တာများ။

သုက်သွေးကို သောက်မျို၍ ပဋိသန္ဓေတည်နေသူ ၃-ယောက်

(၁- ၂) ရသေ့တို့၏ စွန့်ထားသော သုက်သွေးနှင့်တကွသော ကျင်ငယ်ရေကို သောက်ကြသော သမင်မ နှစ်ကောင်တို့၏ ဝမ်း၌ သံကိစ္စ သတို့သားနှင့် ဣသိသိင်္ဂသတို့သား နှစ်ယောက်တို့ ပဋိသန္ဓေနေကာ ဖွားမြင်လာ၍ နောက်ပိုင်း၌ သံကိစ္စရသေ့, ဣသိသိင်္ဂရသေ့ ဟူ၍၎င်း၊
(၃) ဥဒါယီရဟန်း၏ သုက်ရည်လူးသော သင်္ကန်းကို ဘိက္ခုနီမ တဦးက ခံတွင်းဖြင့် စုတ်ယူမျိုစား၍ ကုမာရကဿပ မထေရ်ကို ဖွားမြင်လာသည်ဟူ၍၎င်း သာသနာဝင်ကျမ်းဂန်တို့၌ လာရှိ၏။

သုခအပြား၊ မျိုး ၄-ပါး၊ ထင်ရှား ဘိဓမ္မာ

ချမ်းသာ ၄-မျိုး
(၁) ဝေဒယိတ သုခ- ခံစား စံစား ရသောသုခ ချမ်းသာမျိုး၊
(၂) သန္တိသုခ- မခံစားရဘဲ အစဉ်ငြိမ်းအေးချမ်းသာသော သုခမျိုး၊
(၃) ကာယိကသုခ- ကိုယ်ချမ်းသာခြင်း၊
(၄) စေတသိက သုခ- စိတ်ချမ်းသာခြင်း။

သုစရိုက် ၃-ပါး

အပြစ်မရှိ ကောင်းကျိုးသုခ ရမှုမျိုး ၃-ပါး။
(၁) ကာယသုစရိုက်- ကိုယ်ပြု ကောင်းမှု ကုသိုလ်စု၊
(၂) ဝစီသုစရိုက်- နှုတ်ပြုကောင်းမှုကုသိုလ်စု၊
(၃) မနော သုစရိုက်- စိတ်ပြု ကောင်းမှု ကုသိုလ်စု။

သုစရိုက် ၁၀-ပါး

မ၊၁၊၃၆၀။ မ၊ဋ္ဌ၊၂၊၂၃၄-၌ အကျယ်ရှုပါ။ ၎င်း သရုပ် အဓိပ္ပါယ် (ပုညကြိယာဝတ္ထု ၁၀-ပါး)နှင့် တူ၏။

သုစရိုက်တရား ၁၀-ပါး၊ တနည်း

ဒုစရိုက် တရား ၁၀-ပါးမှ ရှောင်ရှားပယ်ကြဉ်မှု အကျင့်သီလကိုပင် (သုစရိုက် ၁၀-ပါး)ဟု တနည်း သိမှတ်ရာ၏။

သုစရိုက်တရား အပြား-၄၀

သုစရိုက် ၁၀-ပါးကိုတည်၊ ကိုယ်တိုင် ပြုလုပ်ခြင်း၊
သူတပါးကို ပြုလုပ်ခိုင်းခြင်း၊ သူတပါး ပြုလုပ်သည်ကို စိတ်ဖြင့်ဝမ်းသာခြင်း၊
သူတပါးပြုလုပ်ရာ၌ နှုတ်ဖြင့် ချီးမွမ်းခြင်း ၄-ပါးဖြင့်မြှောက်သော် သုစရိုက်-၄၀ ဖြစ်၏။

သုစရိုက်တရား အပြား ၁၀၀

နိဗ္ဗာန်ရောက်ကြောင်း တရားကောင်း တရာဟူ၏။
(က) ပုည ကြိယာဝတ္ထု ဆယ်ပါးကိုတည်၊ ကံ ၃-ပါးနှင့်မြှောက်၊၃၀-ရ၏၊
(ခ) ပါရမီဆယ်ပါးကိုတည် ဟီန, မဇ္ဈိမ, ပဏီတ ၃-ပါးနှင့် မြှောက် ၃၀-ရ၏၊
(ဂ) ၎င်း ၂-ရပ် ၆၀-ကို အထက်ပါ သုစရိုက် ၄၀-နှင့်ပေါင်းသော် သုစရိုက် ၁၀၀-ဖြစ်သည် ဟူ၏။

သုညတတရား၊ ၁၂-ပါး၊ ပယ်ရှားအတ္တ အသို့နည်း

ဝိသုဒ္ဓိမဂ် အဋ္ဌကထာလာ အတ္တမရှိပုံကို ပြသည့် အခြင်းအရာ ဆယ့်နှစ်ပါး။
၁- န သတ္တော- ရုပ်, ဝေဒနာစသည်တို့ကား နာမ်ရုပ်သာဖြစ်၏၊ သတ္တဝါမဟုတ်။
၂- န ဇီဝေါ- (ယ) ဇီဝမဟုတ်, အသက်မဟုတ်။
၃- န နရော- (ယ) လူမဟုတ် နတ်မဟုတ်။
၄- န မာဏဝေါ- (ယ) လုလင်မဟုတ်။
၅- န ဣတ္ထိ- (ယ) မိန်းမမဟုတ်။
၆- န ပုရိယော- (ယ) ယောက်ျားမဟုတ်။
၇- နအတ္တာ-(ယ) အတ္တမဟုတ်။
၈- နအတ္တနိယံ-(ယ) အတ္တပိုင် ပစ္စည်းမဟုတ်။
၉- နာဟံ- (ယ) ငါမဟုတ်။
၁၀- န မမ- (ယ) ငါ၏ ဥစ္စာမဟုတ်။
၁၁- န အညဿ- (ယ) သူတပါး၏ ဥစ္စာမဟုတ်။
၁၂- န ကဿစိ- (ယ) တစုံတယောက်၏ ဥစ္စာမဟုတ်။

သုတ် ၃-ကျမ်း

ဒီဃနကာယ်၌ပါဝင်သော ဒေသနာတော်များ၊ အကျယ်(နိကာယ် ၅-ရပ်) ၌ ကြည့်ပါ။

သုဒ္ဓိ ၄-ပါး၊ ရဟန်းများ၊ ထူးခြား ဖြူစင်ဘိ

ရဟန်းတော်များ အဖို့စင်ကြယ်ခြင်း လေးပါးဟုအဓိပ္ပါယ်ရသည့် ဝိနယဝေါဟာရ မျိုး။
(၁) ဒေသနာ သုဒ္ဓိ- ပါတိမောက္ခ သံဝရသီလခေါ် ဝိနည်း ပညတ်တော်ဥပဒေသ၏ စင်ကြယ်ခြင်း၊
၎င်းသည် ဒေသနာကြားသဖြင့် စင်ကြယ်သောကြောင့် “ဒေသနာ သုဒ္ဓိ“မည်၏၊
(၂) သံဝရ သုဒ္ဓိ- သည်အမှုကို ငါတဖန် မပြုတော့ပြီဟု စိတ်ဆောက် တည်ခြင်း၊
စက္ခုစသော ဣန္ဒြေ စောင့်ထိန်းခြင်းကို ခေါ်သည်၊
(၃) ပရိယေဋ္ဌိ သုဒ္ဓိ- ဝိနည်းဥပဒေနှင့်မညီသော ပစ္စည်းကိုပယ်၍ ဝိနည်းတော်နှင့် အညီ
ရှာမှီးလျက် အသက်မွေးဝမ်းကျောင်းပြုခြင်းကို ခေါ်သည်၊
(၄) ပစ္စဝေက္ခဏာ သုဒ္ဓိ-ပစ္စည်းလေးပါးကိုပစ္စဝေက္ခဏာ ဆင်ခြင်၍ သုံးဆောင်မှီဝဲခြင်းကိုခေါ်ဆိုသည်။

သုဓမ္မာသဘင်၊ စည်းဝေးရင်၊ ၄-အင် နတ် အကြောင်း

၎င်း အကြောင်းတရား ၄-ပါး၏ သရုပ်ကို (တာဝတိံသာ၊ သုဓမ္မာ၊ ၄-ဖြာ စည်းဝေးကြောင်း)ဟူသော သုတေသန၌ ဆိုခဲ့ပြီ။

သုရာ မေရယ ကံထိုက်ခြင်း အင်္ဂါ ၄-ပါး

ဤအင်္ဂါ ၄-ပါးနှင့်ညီမှု နည်းနည်း သောက်
လျှင် နည်းနည်း အပြစ်ရှိ၏၊ များများသောက်လျှင် များသောအပြစ်ရှိ၏၊ဣတိဝုတ် အဋ္ဌကထာနှင့် သမ္မောအဋ္ဌကထာမှ။
(၁) မဇ္ဇဘာဝေါ- သေအရက် ကဇော်ဖြစ်ခြင်း၊
(၂) ပါတုကမျစိတ္တံ- သောက်လိုစိတ် ရှိခြင်း၊
(၃) ဝါယမော- သောက်ဖြစ်အောင် လုံ့လ ပြုခြင်း၊
(၄) အဇ္ဈောဟရဏံ- သောက်မျိုချခြင်း။

သူရာမျိုး ၅-ပါး

ဝိ၊၃၊၁၄၆။ ဝိ၊ဋ္ဌ၊၃၊၁၂၇ မူးယစ်၍သူတော်ကောင်းတရား
ကိုမေ့လျော့စေတတ်သော သေရည်ခေါ် သူရာမျိုး ၅-ပါး။
(၁) ပိဋ္ဌ သူရာ- ဆန်မှုန့်ကို ဉပလုပ်သော သေရည်၊
(၂) ပူဝသူရာ- မုယောဂျုံမှုန့်ကို ဉပလုပ်သော သေရည်၊
(၃) ဩဒန သူရာ- ကောက်ညှင်း ထမင်းကို ဉပလုပ်သော သေရည်၊
(၄) ကိဏ္ဏ ပက္ခိတ သူရာ- တဆေးမှုန့်ကိုခတ်၍ ဉပလုပ်သော သေရည်၊
(၅) သမ္ဘာရ သံယုတ္တသူရာ- သေရည်ဖြစ်ကြောင်းဝတ္ထုပေါင်းကို စုဆောင်း ဉပလုပ် အပ်သော သေရည်။

သူကောင်း လူကောင်း တရား ၇-ပါး

ဒီ၊၁၊၂၀၈။ ဒီ၊ဋ္ဌ၊၁၊၂၂၁။ အံ၊၂၊၄၈၃။ အံ၊ဋ္ဌ၊၃၊၁၈၄။ ဓမ္မကထိကများ သိထားလိုက်နာစရာ။သတ္တ သပ္ပုရိသ ဓမ္မာဟု သီးခြား ဘုရားဟောတော်မူသည်။
(၁) ဓမ္မညူ- ပါဠိ၌ လိမ်မာခြင်း ကိုယ်ကျင့်တရား၌ နားလည်ရခြင်း၊
(၂) အတ္ထညူ- အနက်၌ ကျွမ်းကျင်ခြင်း အကျိုးရရေး၌ နားလည်ခြင်း၊
(၃) အတ္တညူ- ကိုယ်ရေး ကိုယ်တာ၌ လိမ်မာခြင်း၊
(၄) ကာလညူ- အချိန်ကာလ အပိုင်းအခြားကို သိခြင်း၊ အခြေအနေကို နည်းလည်ရခြင်း၊
(၅) မတ္တညူ- အတိုင်းအရှည် ပမာဏကို သိခြင်း၊အလိုက်သိရခြင်း၊
(၆) ပရိသညူ- ပရိသတ်အလိုသဘော၌ သိရှိလိမ်မာခြင်း၊
(၇) ပုဂ္ဂလညူ- ပုဂ္ဂိုလ်၏ အလိုသဘော၌ ပါးနပ်လိမ္မာရခြင်း။

သူခိုးကြီးတို့ လိုက်နာ ထိန်းစောင့်သည့် အင်္ဂါ ၈-ပါး

ဤအင်္ဂါရှစ်ပါးကိုစောင့်ထိန်း
သော ခိုးသား ကြီးများသည် ရက်-လ-နှစ်ရှည်- တည်တံ့နိုင်သည်၊ ဤအင်္ဂါရှစ်ပါးနှင့် မပြည့်စုံသော ခိုးသား ဓားပြတို့ကား- ရက်-လရှည်မတည်၊ လျင်မြန်စွာ ပျက်စီးတတ်သည်ဟု အင်္ဂုတ္တရ ပါဠိတော်တတိယအုပ်- (၁၅၃)၌ ဟောတော်မူသည်။
(၁) မိမိ၏ ရန်သူမဟုတ်သည့် အသက်အရွယ်ကြီးသူ, ကလေးသူငယ်,
အကျင့်သီလဂုဏ် ရှိသူ,တို့ကိုရိုက်နှက် ပုတ်ခတ်မှု မပြုခြင်း၊
(၂) ပစ္စည်းဥစ္စာကို အကုန်မယူခြင်း၊
(၃) မိန်းမကို မသတ်ခြင်း၊
(၄) အမျိုးသမီးတို့ကို မဖျက်ဆီးခြင်း၊
(၅) ရှင် ရဟန်းတို့ကို မလုရက်ခြင်း၊
(၆) မင်းဘဏ္ဍာတိုက်ကို မလုရက်ခြင်း၊
(၇) ရွာ-နိဂုံး မင်းနေပြည်အနီး၌ မလုရက် မတိုက်ခိုက်ခြင်း။

သူခိုးဓားပြ၊ သူပုန်တို့၏ မှီခိုအားထားရာကြီး ၅-ပါး

လူသားတို့ငြိမ်းဧချမ်းသာမှု
အတွက် တိုင်းပြည် မြို့ရွာ နယ်ပယ် အုပ်ချုပ် ထိန်းသိမ်းကြသော မင်းစိုးရာဇာတို့ သိထားရန်။
အံ၊၂၊၁၁၃-၌အကျယ်ရှုပါ။
(၁) အသွားအလာ ခက်သည့် ရေလယ်ကျွန်း၊ တောင်ကြားချောက်ကြား၊ ရှို-မြောင် မညီညွတ်သော
ခရီးခက်အရပ်ကို မှီနေတတ်ကြသည်၊
(၂) ထူထပ်သည့်ကိုင်းတောကျူတော၊ပင်ချင်းယှက်သည့်တောအုပ်ကြီး စသည့်အရပ်မျိုး၊
(၃) တစုံတယောက်က ဖေါ်ပြောလျှင် မင်းအမတ် မှုထမ်း ရာထမ်းတို့က အပြစ်ကို ကာကွယ်ဖုံးအုပ်
ပေးရန် ၎င်းတို့နှင့်ကြိုတင်၍ အကျွမ်းတဝင် အမှီတံကဲ ဉပလုပ်ထားခြင်း၊
(၄) မိမိတို့အပြစ်ကိုဖေါ်ပြောထုတ်ဆိုမည့်သူများအား နှုတ်ပိတ်ခ ပစ္စည်းဥစ္စာပေးကမ်းရန်၊
(၅) မိမိတို့၏ လျှို့ဝှက် တိုင်ပင်မှု မပေါက်ကြား စေရန် အထူးလုံခြုံသောနည်းလမ်း ဥပါယ်တို့ ဖြစ်၏။

သူဌေးရိုးရာ၊ ဇာတ်နွယ်လာ၊ ၄-ဖြာ မည်သို့ မှတ်သနည်း

သူဌေးတို့၏မျိုးရိုး
အစဉ်ကို ဇာတ်နွယ် အားဖြင့် ဤသို့ ဘွဲ့ပုံ တံဆိပ်များ ပေးအပ်၏။
(၁) ခတ္တိယ သေဋ္ဌိ- ဥစ္စာများစွာ ကြွယ်ဝသော မင်းမျိုး သူဌေး၊
(၂) ဗြဟ္မဏသေဋ္ဌိ- ဥစ္စာများစွာ ကြွယ်ဝသော ပုဏ္ဏားမျိုး သူဌေး၊
(၃) ဝေဿ သေဋ္ဌိ- ဥစ္စာများစွာကြွယ်ဝသော ကုန်သည်ကြီး အသည်မျိုးသူဌေး၊
(၄) မာဟာ သေဋ္ဌိ- သူဆင်းရဲအမျိုးမှ သူဌေးကြီး ဖြစ်လာသူများ။

သူတပါးအိမ်၌ မအပ် မထားရသော အရာမျိုး ၄-ပါး

ဇာတက၊၂၊၁၂၀။ ဇာ၊ဋ္ဌ၊၅၊၄၆၆။
(၁) ခိုင်းနွား, ဆင်, မြင်း စသည်၊
(၂) နို့စားနွားမ၊
(၃) လှည်း, ရထား, စသည်၊
(၄) ဇနီး- မယား။

သူတပါးအား မပြောကြားအပ်သော အရာကြီး ၉-ပါး

ထိုအကြောင်းတရား ကိုးပါးကို ထင်ရှားစွာ ထုတ်ဖေါ် မဆိုရာဟု ဟိတောပဒေသ၌ လာရှိ၏၊မလုံခြုံက ပျက်စီးကျိုးမဲ့ ဖြစ်တတ်သည်။
(၁) အာယု- မိမိနေရအံ့သော အသက်အပိုင်းအခြား၊
(၂) ဝိတ္တ- မိမိပိုင် စည်းစိမ်ဥစ္စာ ရတနာဟူသမျှ၊
(၃) ဂေဟဆိဒ္ဒ- မိမိ၏ အိမ်၌ မလုံခြုံသော နေရာနှင့် အပြစ်အဆာ ဟူသမျှ၊
(၄) မန္တ- လျှို့ဝှက်အပ်သော တိုင်ပင် ဆွေးနွေးမှုများ၊
(၅) မေထုန- ကိုယ့်မယားအား သံဝါသမှု စပ်ရှက် ဉပပုံနည်းနှင့် ပြုသောနေရာဌာန၊
(၆) ဘေသဇ္ဇနယ- ခဲခက်စွာ ဖေါ်စပ်အပ်သော ဆေးစွမ်းကောင်းများ၊
(၇) တပ- မိမိ၏ ချိုးခြံစွာသော အကျင့်၊
(၈) ဒါန- လှူဒါန်း ပေးကမ်းခြင်း၊
(၉) အပမာဏ- မိမိအား သူတပါးတို့က ပမာမထား မလေးစားပုံ အခြင်းအရာ။
မှတ်ချက်။ ။တပ,နှင့် ဒါန,တို့အတွက်ကိုမူ မိမိအား သူတပါးတို့က အထင်အမြင်ကြီးလာအောင် ဖြစ်စေ၊
ဂုဏ်ပကာသနကို ဖေါ်လို၍ ဖြစ်စေ၊ မပြောဆိုအပ်၊ ထင်သေး မြင်သေး ဖြစ်တတ်သည် ဟူ၏၊ “ပတ္တိဒါန”အမျှပေးဝေရေး အတွက်ကိုမူကား ထင်ရှားစွာပြောဆိုအပ်၏ဟု မှတ်လေ။

သူတော်ကောင်း ဥစ္စာ ရတနာ ၇-ပါး

အံ၊၂၊၃၉၈။ ၎င်းသရုပ်(အရိယာ ဥစ္စာ ၇-ပါး)နှင့် တူ၏။ ၎င်း၏ သရုပ်အဓိပ္ပါယ် (အရိယာဥစ္စာ ၇-ပါး)ဟူသော စကားရပ်၌ ပြခဲ့ပြီ။

သူတော်ကောင်းတရား ၇-ပါး

သတ္တ သဒ္ဓမ္မာ ဟု သီးခြား ဘုရားဟောတော်မူသည်။
(၁) သဒ္ဓေါ-ရတနာသုံးပါး၏ ဂုဏ်ရည်, ကံ, ကံ၏အကျိုးတို့၌ ယုံကြည်ခြင်း၊
(၂) ဟီရိတာ- မကောင်းမှု၌ အရှက်ရှိခြင်း၊
(၃) ဩတ္တပ္ပီ- မကောင်းမှု၌ အကြောက် ရှိခြင်း၊
(၄) ဗဟုဿုတော- အကြား အမြင်များခြင်း၊
(၅) အာရဒ္ဓ ဝီရိယော- ကောင်းလုပ်၌ လုံ့လဝိရီယ ရှိခြင်း၊
(၆) ဥပဋ္ဌိတ သတိ- ကောင်းရာ၌ ထင်သော သတိရှိခြင်း၊
(၇) ပညဝါ- ဉာဏ်ဆင်ခြင် ပညာရှိခြင်း။

သူမိုက် လက္ခဏာ၊ အင် ၃-ဖြာ၊ မိန့်မှာ မြတ်ဗုဒ္ဓ

၎င်း သရုပ်ကို(လူမိုက် လက္ခဏာ၊ အင် ၃-ဖြာ) ဟူသော သုတေသန၌ ဆိုခဲ့ပြီ။

သူယုတ်တို့ ပေးလှူပုံနည်း ၅-မျိုး

မ၊၃၊၇၂။ မ၊ဋ္ဌ၊၄၊၅၄-၌ အကျယ်ရှုပါ။ အသပ္ပုရိသ ဒါနမျိုး ၅-ပါး။
(၁) အ သက္ကစ္စံ ဒါနံ ဒေတိ- သန့်သန့် ရှင်းရှင်း စင်စင် ကြယ်ကြယ် ပြု၍ မပေးလှူ၊
(၂) အ စိတ္တီ ကတွာ ဒေတိ- မရိုမသေ မလေးမခန့်ပြု၍ ပေးလှူှူ၏၊
(၃) အ သဟတ္ထာ ဒေတိ- ကိုယ်ထိလက်ရောက် မပေးလှူ၊
(၄) အပဝိဒ္ဓံ ဒေတိ- စွန့်ပစ်လောက်အောင် မကောင်းပျက်စီးလုနီးမှ ပေးလှူခြင်း၊
(၅) အနာဂမန ဒိဋ္ဌိကောဒေတိ- ရရောက် ခံစားမည့် နောင်ကျိုးကို မယုံမကြည် ပေးလှူခြင်း။

သူရဲကောင်းပြား၊ ၁၃-ပါး၊ မြှောက်စား စစ်ဘုရင်

မင်း အစိုးရတို့သည် အောက်ပါ
ရည်သွားသတ္တိရှိသော သူရဲသူခက်တို့ကို စည်းစိမ်ဂုဏ်ထူးအမျိုးမျိုးတို့ဖြင့် မြှောက်စား ချီးကျူးရာသည် ဟူ၏၊ ဤ၌ ၁၃-ယောက်ကို သီလက္ခန် သာမညဖလသုတ် အဋ္ဌကထာနှင့်၊ ၎င်း ဋီကာ ကျမ်းတို့မှယူပြသည်။
(၁) ဟတ္ထာရောဟ- ဆင်စီး စစ်တိုက် သူရဲကောင်း၊
(၂) အဿာရောဟ- မြင်းစီးစစ်တိုက် သူရဲကောင်း၊
(၃) ရထိက- ယာဉ်, ရထားစီးစစ်တိုက် သူရဲကောင်း၊
(၄) ဓနုဂ္ဂဟ- သေနတ်, အမြောက်, စိန်ပြောင်း, လေးပစ် တည့်မတ်သော စစ်တိုက်သူရဲကောင်း၊
(၅) စေလက- အောင်လံကိုင် ရှေ့သွားသူရဲကောင်း၊
(၆) စလက- တပ်ရင်း, တပ်မ, တပ်ခွဲ, တပ်စိပ်တို့ကို အနေအထားကျအောင်
အဌာကျကျ စီရင်တိုက်ခိုက်စေတတ်သော သူရဲကောင်း၊
(၇) ပိဏ္ဍဒါထိက- ထန်းသီးခိုင် ချိုင်သကဲ့သို့ တဖက်ရန်သူ၏ဦးကောင်းကို ဖြတ်ယူစွမ်းနိုင်သော သူရဲကောင်း၊
(၈) ဥဂ္ဂရာဇပုတ္တ- တိုက်ပွဲအောင်ဖန်များ၍ ကျော်ကြား ထင်ရှားသော မင်းညီ မင်းသား သူရဲကောင်းများ၊
(၉) ပက္ခန္ဒိန- ရန်သူ့တပ်တွင်းသို့ ခုန်ပျံ ထိုးဝင်လျက် သူရှင်ဦးခေါင်းကို ဖြတ်ယူကာ လျင်စွာ
ပြန်လာနိုင်သော “ပျံချီ”သူရဲကောင်းများ၊
(၁၀) မဟာနာဂ- အမုန်ယစ် ဆင်ပြောင်းကြီးနှင့် ရင်ဆိုင်တွေ့စေကာ မဆုတ်မနစ် ထိုးပစ် တွန်းလှန်၍
အနိုင်ယူတတ်သော သူရဲကောင်း၊
(၁၁) သူရာ- မဟာသမုဒ္ဒရာကြီးကိုပင် လက်ပစ်ကူးရမည်ဟု အရှင်က စေခိုင်းလျှင်
မဆုတ်မပြန် ကူးအံ့ဟု ကိုယ်စွမ်းကိုး သူရဲကောင်း၊
(၁၂) စမ္မရောစိန- သားရေ,သံချပ်ဝတ်အင်္ကျီကို ဝတ်ဆင်၍ တဖက်စစ်သည်ကို အတင်းဝင်ရောက် နှိမ်နင်းနိုင်သော သူရဲကောင်း၊
(၁၃) ဒါသပုတ္တ- မကြောက်မရွံ့ နောက်မတွန့်ဘဲ ရန်သူ့အတွင်းသို့ဝင်နိုင်သော အိမ်တော်ပါသူရဲကောင်း။

သူ့အသက် သတ်ခြင်း၏ အပြစ်မျိုး ၂၃-ပါး

၎င်း သရုပ်ကို (ပါဏာတိပါတကံ၏ မကောင်းကျိုး ၂၃-မျိုး)၌ ဆိုခဲ့ပြီ။

သူ့ဥစ္စာခိုး၊ မကောင်းကျိုး၊ အမျိုး ၁၂-ပါး

၎င်း သရုပ်ကို (အဒိန္နဒါန်၏ အပြစ် ၁၂-ပါး)၌ ဆိုခဲ့ပြီ။

သူ့သားမယား၊ လွန်ကျူးငြား၊ ၁၅-ပါးပြစ်ခံ

၎င်း သရုပ်ကို(ကာမေသုကံ၊ ကျိုးပြစ်ဒဏ်၊ ထိမှန် ၁၅-ပါး) ဟူသော သုတေသန၌ ဆိုခဲ့ပြီ။

ဟံသာဝတီ ၃၂-မြို့

ကလျာဏီကျောက်စာလာ သာသနာ ၂၀၀၂-ခုနှစ်၊ သက္ကရာဇ် ၈၂၀-ခုရောက်သောအခါ ဟံသာဝတီပြည် ဓမ္မစေတီခေါ် ရာမာဓိပတိ မင်းမြတ်လက်ထက်ဝယ် မွန်တိုင်း ၃-ရပ်၌ ဟံသာဝတီမဏ္ဍလ ဥဿာပဲခူးတိုင်းရှိ ၃၂-မြို့ကိုဆိုသည်။
ကျောက်မော်မြို့၊ အမဲမြို့၊ တုံဇရစ်မြို့၊ ကျည်ကူမြို့၊ စစ်တောင်းမြို့၊
ဒင်းမဲ့မြို့၊ ဇရွှဲမြို့၊ အသားမြို့၊ မော်ပျို့မြို့၊ လကွန်း ဗျည်းမြို့၊ (၁၀)။
အခံရိမ်မြို့၊ မအူမြို့၊ ရမ္မာနဂိုမြို့၊ ရမ္မဝတီမြို့၊ မှော်ဘီမြို့၊
လိုင်မြို့၊ ဘောင်လင်းမြို့၊ ထန်းတော်ကြီးမြို့၊ တီတွတ်မြို့၊ ဇေဋ္ဌမြို့၊ (၂၀)။
ဇောင်းတူမြို့၊ ဘားကိုင်မြို့၊ ထုန်ခံမြို့၊ ရဲနွဲမြို့၊မေရဉ္စရမြို့၊
တင်ပေါင်မြို့၊မင်းရဲလှမြို့၊ကောလိယမြို့၊ ပိုင်းတာမြို့၊ ယွန်ဇလင်မြို့၊ (၃၀)။
ဝင်ပြိုင်မြို့၊ ဟင်္သာဇိုင်ကနိန်မြို့၊ (၃၂)။

ဟင်းရိုင်းအပြား၊ မျိုး ၂-ပါး၊ ထင်ရှား ဘူမိရပ်

ဤ၌ အကျဉ်းမျှ ပြသွားမည်ဖြစ်၍ အကျယ်ကိုမူ သဗ္ပ ဓာတုကသျှတ် သတ္တမကဏ္ဍ၌ ကြည့်ပါကုန်။
(၁) ရတ္တ ရသ သိန္ဓုရ- ဟင်းရိုင်းနီ၊ တောင်ထွက် ဆုန်းနီကျောက်ကို ချက်၍ ထုတ်ယူသည်၊
၎င်းသည် လကျ်ာလမ်း၌ အသုံးဝင်၏၊
(၂) သေတ ရသ သိန္ဓုရ- ဟင်းရိုင်းဖြူ၊ တောင်ထွက် ဆုန်းဖြူကျောက်ကို ချက်၍ထုတ်ယူသည်၊
၎င်းသည် လက်ဝဲ ငွေလုပ်သော လမ်းများ၌ အသုံးဝင်၏။

ဟင်္သာငှက်မျိုး ၃-ပါး

အဘိဓာန်ဋီကာမှ။
(၁) ရာဇ ဟင်္သာမျိုး- နှုတ်သီးနှင့် ခြေချောင်း နီသည်၊ ကိုယ်လုံး ဆွတ်ဆွတ်ဖြူသည်။
(၂) မလ္လိကာ ဟင်္သာမျိုး- စိမ်းညစ်သော ခြေထောက် နှုတ်သီးရှိသည်၊ ကိုယ်ရောင် မသန့်ရှိသည်၊
(၃) ဓတရဋ္ဌ ဟင်္သာမျိုး- မည်းနက်သော ခြေနှစ်ချောင်း နှုတ်သီးရှိသည်၊ ကိုယ်ရောင် အမျိုးမျိုးရှိသည်။

ဟင်္သာငှက်မျိုး ၆-ပါး၊ တနည်း

ဇာ၊ဋ္ဌ၊၅၊၃၇၉ ၌အကျယ်ရှုပါ။ ကိုယ်ရောင် အမွေး လိုက်၍ ၆-ပါး ပြားသည်။
(၁) တိဏဟံသမျိုး- မြက်စားဟင်္သာ (ငန်းဘဲ)မျိုး၊
(၂) ပဏ္ဍု ဟံသ- ဝါဖြော့ဖြော့ဟင်္သာမျိုး၊
(၃) မနောသီလာ ဟံသ-ဟင်္သာနီမျိုး၊
(၄) သေတ ဟံသ- ငွေ ဟင်္သာမျိုး၊
(၅) ပါက ဟံသ- နီဖြူ ကျားမျိုး၊
(၆) ဓတရဋ္ဌ ဟံသ- ?မျိုး။

ဟိတ် ၆-ပါး

ကောင်းကျိုး မကောင်းကျိုးတို့ကို ပေးစေတတ်သော အကြောင်းတရား ၆-ပါး။
(၁) လောဘဟိတ်၊ (၂) ဒေါသဟိတ်၊ (၃) မောဟဟိတ်၊
အကုသိုလ်မျိုး၊ အပြစ်ရှိ ဆိုးကျိုး ဒုက္ခကို ပေး၏၊
(၄) အလောဘဟိတ်၊ (၅) အဒေါသဟိတ်၊ (၆) အမောဟဟိတ်၊
ကုသိုလ်မျိုး၊ အပြစ်မရှိ ကောင်းကျိုး သုခကို ပေး၏။

ဟိတ် ၉-ပါး၊ တနည်း

ကုသိုလ်စိတ်နှင့်ယှဉ်သော ဟိတ် ၃-ပါး၊
အကုသိုလ်စိတ်နှင့်ယှဉ်သော ဟိတ် ၃ပါး၊
အဗျာကတစိတ်နှင့် ယှဉ်သော ဟိတ် ၃-ပါး၊ ပေါင်း ၉-ပါး။

ဟိတအပြား၊ မျိုး ၂-ပါး၊ ခွဲခြား ဝေဘန်သိ

အကျိုး စီးပွား ဆောင်ရွက်ရှာဖွေရာ၌ ကျင့်သုံး ဝေဘန်မှု ၂မျိုး။
(၁) အတ္တဟိတ- ကိုယ်ရေး ကိုယ်တာ ကိုယ်ကျိုးသက်သက်မျိုး၊
(၂) ပရဟိတ- ကိုယ်ရေးမဖက် သူတပါးတို့ အကျိုးသက်သက်မျိုး။

ဟိမဝန္တာ၊ တောင်တောသာ၊ ၄-ဖြာ မျိုးအပြား

ဟိမဝန္တာမျိုး ၄-ပါးကိုမေးသည်၊ “ဇမ္ဗူကျွန်းသို့၊ သုံးကျွန်းတို့မှာ၊ ဟိမဝါတော၊ ရှိသည်ဩရှင့်“ကျည်းကန်အဖြေ။
(၁) ဇမ္ဗူဒီပါ ဟိမဝန္တာ- တောင်ကျွန်း ဟိမဝါ၊
(၂) ပြုဗ္ဗဝိဒေဟ ဟိမဝန္တာ- အရှေ့ကျွန်း ဟိမဝါ၊
(၃) အပရဂေါယာန ဟိမဝန္တာ- အနောက်ကျွန်း ဟိမဝါ၊
(၄) ဥတ္တရကုရု ဟိမဝန္တာ- မြောက်ကျွန်းဟိမဝါ။

ဟိရီ တရားမျိုး ၈-ပါး

၎င်း သရုပ်ကို (ရှက်ခြင်း အကြောင်းမျိုး ၄-ပါး ၂-နည်း)၌ ဆိုခဲ့ပြီ။

ဠင်းတ

“လင်းတ“ငှက် ကို “ဠင်းတ“ဟုလည်း “ဠ“နှင့်ရေးကြသည်။ မြန်မာစာလုံးပေါင်းသတ်ပုံကျမ်းတွင်မူ “ဠင်းတ“ဟူ၍မပြဘဲ “လင်းတ“ဟုသာပြသည်။

အံ့အားသင့်ခြင်းမျိုး ၂-ပါး

မ၊၂၊၁။ မ၊ဋ္ဌ၊၃၊၂-၌အကျယ်ရှုပါ။
(၁) ဣဋ္ဌာရုံ- အလွန်ကောင်းမြတ်သော အာရုံကိုတွေ့၍ အံ့အားသင့်စွာ ချီးမွမ်းဝမ်းမြူးခြင်း၊
(၂) အနိဋ္ဌာရုံ- မကောင်းဆိုးဝါးကြီးမျိုးကိုတွေ့ရ၍ကြောက်ရွံ့ထိတ်လန့်အံ့အားသင့်စွာ ကဲ့ရဲ့ရှုတ်ချ အပြစ်ပြ၍ပြောဆိုခြင်း။

အံ့ဩခြင်းမျိုး ၂-ပါး

မ၊၂၊၁။ မ၊ဋ္ဌ၊၃၊၂။
(၁) ကဲ့ရဲ့ရှုတ်ချလို၍အံ့ဩခြင်း- ဂရဟ- အစ္ဆရိယ၊
(၂) ချီးမွမ်းမြှောက်စားလို၍အံ့ဩခြင်း- ပသံသာ- အစ္ဆရိယ။

အံ့ဖွယ်တော်များ ၁၈-ပါး

သမန္တစက္ခုဒီပနီ တတိယတွဲ ပုစ္ဆာအမှတ်-၇၁။ စာမျက်နှာ ၂၃၉-၌အကျယ်ရှုပါ။ ဘုရားသခင်၏ကြည်ညိုအံ့ချီးဖွယ်ရာ ဂုဏ်တော်ကျေးဇူးတော် ၁၈-ပါး၊
(၁) သင်္ကန်းတော်၏ဖွပ်ဆိုးလျှော်နယ်ရမှု, နွမ်းရိမှုမရှိခြင်း၊
(၂) ဆံတော် လက် ၂-သစ်သာအမြဲတည်နေခြင်း၊
(၃) ပရိက္ခရာဆောင်ရာ၌ ကိုယ်တော်နှင့် လက်လေးသစ်မျှကွာခြင်း၊
(၄) သပိတ်တော်ဆေးလျှင်လက်တော်စင်ခြင်း၊ လက်တော်ဆေးလျှင်သပိတ်တော်စင်ခြင်း၊
(၅) ရောင်ခြည်တော် ၆-ပါးကိုလွှတ်လျှင် အရပ်ဆယ်မျက်နှာသို့နှံ့ခြင်း၊
(၆) ကိုယ်တော်၏ပုံတူကို အသိန်းအသန်းဖန်ဆင်းနိုင်ခြင်း၊
(၇) ခေတ် ၃-ပါးတို့၌ အမိုက်အလင်းကိုဖန်ဆင်းနိုင်ခြင်း၊
(၈) မုန်ညင်းစေ့ခန့်ကြုတ်အတွင်းသို့ဝင်နိုင်ခြင်း၊
(၉) ကိုယ်ကိုအထက်ကောင်းကင်မှ လဝန်းပေါ်သကဲ့သို့မြင်စေနိုင်ခြင်း၊
(၁၀) အင်္ဂါရှစ်ပါးနှင့်ပြည့်စုံသောအသံတော်ဖြင့် ဟောတော်မူသောတရားကို ပရိတ်သတ်
အားလုံးအား ကြားစေနိုင်ခြင်း၊
(၁၁) အာသယာနုသယဉာဏ်တော်ရှိခြင်း၊
(၁၂) ကျွတ်မည့်သူကိုသိသည့် မဟာဂရုဏာသမာပတ္တိဉာဏ်တော်ရှိခြင်း၊
(၁၃) ဘယ်အချိန်ဘယ်အခါကျွတ်မည်စသည်ဖြင့်သိနိုင်သော ဣန္ဒြိယပရောပရိယတ္တိ ဉာဏ်ရှိခြင်း၊
(၁၄) သင်္ခါရ၊
(၁၅) ဝိကာရ၊
(၁၆) လက္ခဏာ၊
(၁၇) နိဗ္ဗာန်၊
(၁၈) ပညတ်တို့၌သိသောဉာဏ် ကိုထည့်၍ ၁၈-ပါးဟူ၏။
၎င်းကိုပင် “ရောင်ခြည်ခြောက်သွယ်၊ ဘဝဂ်ကယ်၊ အံ့ဖွယ်ဆယ့်ရှစ်ဖြာ“ဟု
ကဝိလက္ခဏာသတ်ပုံ၌စပ်သည်။ www.encyclodict.blogspot.com စာစောင်စာတွဲ ကျမ်းများ၌ ကဝိလက္ခဏာသတ်ပုံ download ရနိုင်။

အံ့ဖွယ်၈-ဖြာသာသနာ

အံ၊၃၊၃၈။ အံ၊ဋ္ဌ၊၃၊၂၁၇-၌အကျယ်ရှုပါ။ သာသနာတော်၏ အံ့ချီးဘွယ်ရာအကြောင်းတရားရှစ်ပါး

အံ့ဖွယ်ရှစ်ဖြာသမုဒ္ဒရာ

အံ၊၃၊၃၈။ အံ၊ဋ္ဌ၊၃၊၂၁၇။ အံ့ဩဘွယ်ရာ အင်္ဂါရှစ်ဖြာရှိသော မဟာပင်လယ်ကြီး၊
(၁) ကမ်းစပ်မှစ၍ အစဉ်အတိုင်း နိမ့်လျှောနက်ရှိုင်းသွားခြင်း၊
(၂) ရေသည် ကမ်းကိုမကျော်လွန်ပဲတည်နေခြင်း၊
(၃) အကောင်ပုပ် အမှိုက်သရိုက်တို့ကို ပင်လယ်ထဲ၌မထားပဲ ကမ်းကုန်းအရပ်သို့တင်ပို့ခြင်း၊
(၄) မြစ်ကြီးငါးသွယ်မြစ်ငယ်ငါးရာတို့မှစီးဝင်လာသော ရေဟူသမျှတို့၏မူလအမည်
ပျောက်စေပြီး မဟာသမုဒ္ဒရာရေဟူသောအမည်တစ်ခုကိုသာ ရစေခြင်း၊
(၅) မြစ်ကြီးမြစ်ငယ် အင်းအိုင် ချောင်းမြောင်း ကောင်းကင်ဝလာ ရှစ်မျက်နှာမှ အခါမလပ် မည်မျှပင် မြစ်ရေမိုးရေတို့စီးဝင်လာသော်လည်း မဟာသမုဒ္ဒရာ၏ပြည့်လျှံယုတ်လျော့မှုမရှိခြင်း၊
(၆) ရေချို ရေဖန် ရေငန် ရေခါးဟူ၍ ရသာထွေပြားသည့်ရေများ မည်မျှပင်စီးဝင်လာစေ ဆားငန်ရေ ဟူသော တစ်ခုတည်းသောအရသာကိုသာ ထားရှိခြင်း၊
(၇) လောကီရတနာ ၇-ပါး၊ ၁၀-ပါးတို့၏တည်ရာဖြစ်ခြင်း၊
(၈) ယူဇနာများစွာ ခန္ဓာရှိသော ငါးကြီးတို့နှင့်တကွ ရေဘီလူး နဂါး အသူရာနတ်ကြီးများ စသည်တို့၏ ကျက်စားရာဖြစ်ခြင်း။

အက္ခဏတရား ၈-ပါး

၎င်းသရုပ် (အရပ်ပြစ်ရှစ်ပါး)၌ ရှုပါ။

အက္ခရာ ၄၁-လုံး

ပါဠိဘာသာမှဆင်းသက်သည့် မြန်မာတို့ရေးသားသတ်မှတ်အပ်သော အက္ခရာအရေအတွက် ၄၁-လုံးရှိသည်ဟူ၏။
အ အာ ဣ ဤ ဥ ဦ ဧ ဩ
က ခ ဂ ဃ င၊ စ ဆ ဇ စျ ည
ဋ ဌ ဍ ဎ ဏ၊ တ ထ ဒ ဓ န
ပ ဖ ဗ ဘ မ၊ ယ ရ လ ဝ သ
ဟ ဠ အံ

အက္ခရာ ၂-ပါး

အက္ခရာထီး အက္ခရာမဟူလို။ ကဝိကဏ္ဍပါသကျမ်း၌ -
က္က က္ခ ဂ္ဂ ဂ္ဃ စ္စ စ္ဆ ဇ္ဇ ဇ္ဈ၊
ဋ္ဋ ဋ္ဌ ဍ္ဍ ဍ္ဎု ၊ တ္တ တ္ထ ဒ္ဒ ဒ္ဓ ပ္ပ ပ္ဖ ပ္ဗ ဗ္ဘ
ဟူသော ဝဂ်ငါးပါးတို့တွင် ပဌမအက္ခရာနှင့် တတိယအက္ခရာတို့ကို အထီး ပုလ္လိင်၊ ဒုတိယအက္ခရာနှင့် စတုတ္ထက္ခရာတို့ကို အမ- ဣတ္ထိလိင်ဟုခေါ်ပုံ။ အချင်းချင်းထပ်ရာ၌ အထီးအထီးချင်းထပ်ကောင်းပုံ၊ အမနှင့်ထပ်ရာဝယ် အထီးက အပေါ်ကနေပုံ။ အမအချင်းချင်းကား မထပ်ကောင်းပုံ။ အထီး၏အထက်ကလည်း အမ မနေကောင်းပုံတို့ကို ဖေါ်ပြ၏။

အက္ခရာကြီး ၄-လုံး

အင်း အိုင် မန္တန်တို့၌ အသုံးပြုသောမြန်မာအက္ခရာကြီး လေးလုံး။ “က ကြီး ဃ ကြီး ဏ ကြီး ဠ ကြီး“

အက္ခောဘိဏီမျိုးငါးပါး

အက္ခောဘိဏီတပ်ဖွဲ့ပုံ အမျိုးမျိုးရှိ၏။ ထိုအနက် ငါးပါးတို့ကိုသာဖေါ်ပြပေအံ့။
(၁) သီဟိုဠ်ကျွန်း၌ ဒုဋ္ဌဂါမဏိမင်းကြီးလက်ထက်(ဓမ္မိလ-တမယ်လ်)ကျေးလူမျိုးတို့စစ်တိုက်ရာ ချီတက်သော အက္ခောဘိဏီတပ်မှာ မဟာဝင်ဋီကာအရ တိုက်ဆင် တစ်ကုဋေ၊ ရထားဆယ်ကုဋေ၊ မြင်းပေါင်း ကုဋေတစ်ရာ၊ လေးပစ်လေးဆွဲသူရဲ ကုဋေနှစ်ရာ၊ စစ်သည်လူ ကုဋေ တစ်သောင်းလေးထောင်၊ စုစုပေါင်း တစ်သောင်း လေးထောင့်သုံးရာ တစ်ဆယ့်တစ်ကုဋေရှိ၏။
(၂) မဟောသဓတို့စစ်ချီတက်စဉ်၌ အက္ခောဘိဏီတပ် တစ်တပ်ဟူသည်မှာ ဝါးလုံးခြောက်ဆယ်တစ်စည်းကိုချထားရာ စစ်အင်္ဂါလေးပါးတို့နင်းသွား၍ မြူမှုန်ဖြစ်လျှင် တစ်ဖန်ဝါးအလုံးခြောက်ဆယ်တစ်စည်းကိုချပြန်၏၊ ဤသို့နင်းသွားခြင်းဖြင့် ဝါးအလုံးခြောက်ဆယ်အစည်းပေါင်းခြောက်ဆယ် ဖုတ်မြူမှုန့်ဖြစ်အောင် များပြားသော
စစ်အင်္ဂါလေးပါး အရေအတွက်ကိုဆို၏။
(၃) ပုဂံမင်းဆက် ၅၀-မြောက် သက္ကရာဇ် ၅၉၆-ခုနှစ်တွင်နန်းတက်သော ဓမ္မရာဇာဘွဲ့ခံ ကျစွာမင်းကြီးလက်ထက် လောကီသင်္သကရိုဋ်သဒ္ဒါကျမ်းများနှင့်သဗ္ဗညုဘုရားဟောပါဌဇာတ်
ပါဠိတော်၎င်းအဋ္ဌကထာ သုတ္တန်ဝိနည်း အဘိဓမ္မာ ပါဠိတော်အဋ္ဌကထာ ဋီကာများ
မှလာရှိသည့် ပြယုဂ်အဓိပ္ပါယ်များကိုပါ ထုတ်ဆောင်ညှိနှိုင်းပြီးလျှင် ရေးသားစီရင်တော်မူခဲ့သောသဒ္ဒနီတိကျမ်းဆရာ အရှင်အဂ္ဂဝံသထေရ်မြတ်သည်
နဝ နာဂ သဟဿာနိ နာဂေ နာဂေ သတံ ရထာ။
ရထေ ရထေ သတံ အဿာ အေဿ အေဿ သတံ နရာ။
နရေ နရေ သတံ ကညာ ဧကေကိဿံ သတိတ္ထိယော။
ဧသာ အက္ခောဘိဏီနာမ ပုဗ္ဗာစရိယေဟိ ဘာသိတာ ---
ဟု ၎င်းသဒ္ဒါနီတိကျမ်း၌ အက္ခေဘိဏီယူပုံကိုပြဆိုသည်။ အဓိပ္ပါယ်မှာ ဆင်ပေါက်ကြီး
ကိုးထောင်၊ ရထားကိုးသိန်း၊ မြင်းကိုးကုဋေ၊ ခြေသည်သူရဲကုဋေကိုးရာ၊ သမီးကညာ ကုဋေ
ကိုးသောင်း၊ မိန်းမ ကုဋေကိုးသန်း ဤအရေအတွက်ကို အက္ခောဘိဏီဟု ရှေးဆရာတို့မိန့်ဆိုကုန်၏။
(၄) အမရကောသ အဘိဓာန် ဋီကာတို့၌ကား။ ဆင်- ၂၁၈၇၀။ ရထား-၂၁၈၇၀။ မြင်း- ၆၅၆၀၀။ ခြေသည်-၁၀၉၃၅၀။ ပေါင်း ၂၁၈၇၀၀-သည် အက္ခောဘိဏီ သေနာဗျူဟာ မည်၏ ဟုဆို၏။
(၅) မကြာမီခေတ်၌ကားဆုတ်ကပ်ဖြစ်၍ လူတို့အသက်တို ဦးရေနည်းပါးသောကြောင့် အက္ခောဘိဏီတပ်ဖွဲ့ရာ အရေအတွက်အလွန်နည်းပါးလေသည်။ ၎င်းပြင် ဆင် နည်းပါးသောကြောင့် စစ်အင်္ဂါလေးပါး ပြည့်စုံအောင်ပင် တပ်မစည်းကြပ်နိုင်ချေ။

အကာလခါ၊ လည်သူမှာ၊ ၆-ဖြာအပြစ်ရ

ဒီ၊၃၊၁၄၈။ ဒီ၊ဋ္ဌ၊၃၊၁၂၈-တို့၌အကျယ်ရှု။ အချိန်မဟုတ်မိုးချုပ်ညဉ့်နက်လှည့်ပတ်သွားလာသူများအား အပြစ်ခြောက်ပါး ရနိုင်ကြောင်းကို သိင်္ဂါလသုတ်၌ ဘုရားဟောတော်မူသည်၊ (၁) မိမိကိုယ်ကို မစောင့်ရှောက် မလုံခြုံဖြစ်စေ၏၊
(၂) မိမိသားမယားများကို မစောင့်ရှောက် မလုံမခြုံဖြစ်စေ၏၊
(၃) ပစ္စည်းဥစ္စာများ မလုံခြုံစောင့်ရှောက်မဲ့ဖြစ်စေ၏၊
(၄) မကောင်းရာအရပ်၌ သူတပါးတို့၏ မသင်္ကာမှုခံရ၏၊
(၅) မဟုတ်မမှန်စွပ်စွဲခံရတတ်၏၊
(၆) ဆင်းရဲဒုက္ခအပေါင်းကို ခေါင်းဆောင်ခေါ်ယူရာကျ၏။

အကုသလကမ္မပထတရား ၁၀-ပါး

အပါယ်လားကြောင်းတရား ဆယ်ပါး

အကုသိုလ်စိတ် ၁၂-ပါး

လောဘမူစိတ် ၈-ပါး၊ ဒေါသမူစိတ် ၂-ပါး၊ မောဟမူစိတ် ၂-ပါး၊ ပေါင်း ၁၂-ပါးဟူ၏။

အကုသိုလ်စေတသိက် ၁၄-ပါး

အကုသိုလ်စိတ်များဖြင့်သာယှဉ်၍ဖြစ်သော စေတသိက်များဟူ၏၊
(၁) လောဘ = ဆာလောင်မွတ်သိပ်တွယ်တာ သာယာခင်မင်ခြင်း လက္ခဏာ၊
(၂) ဒေါသ= ကြမ်းတမ်းပြစ်မှားနှိပ်စက်ဖျက်ဆီးခြင်း လက္ခဏာ၊
(၃) မောဟ = အမှန်တရားကိုမသိခြင်း၊
(၄) အဟိရိက = မကောင်းမှုပြုရမှာ မရှက်ခြင်း၊
(၅) အနောတ္တပ္ပ = မကောင်းမှုပြုရမှာမကြောက်မလန့်ခြင်း၊
(၆) ဥဒ္ဓစ္စ = ပျံ့လွင့်တုန်လှုပ်ခြင်း၊
(၇) မာန = ငါကွ...ဟုထောင်လွှားခြင်း၊
(၈) ဒိဋ္ဌိ = အမှားကို အမှန်ဟုစွဲယူထားခြင်း၊
(၉) ဣဿာ = သူတစ်ပါးအားမလိုတမာ ငြူစူလာခြင်း၊
(၁၀) မစ္ဆရိယ = မိမိစည်းစိမ်ကို နှမြောဝန်တို မဆက်ဆံလိုလျက် ဖုံးဝှက်ကာထားခြင်း၊
(၁၁) ကုက္ကုစ္စ = ပြုပြီးသားအကုသိုလ်၊ မပြုလိုက်ရတဲ့ကုသိုလ်တို့အတွက် နောင်မှတ, ကာပူပန်လာခြင်း၊
(၁၂) ထိန = ကုသိုလ်ပြုရာ၌ စိတ်ဓါတ်လျော့ပါးနည်းပါးခြင်း၊
(၁၃) မိဒ္ဓ = ထိနကြောင့်ထိုင်းမှိုင်း ငိုက်မျဉ်း၍လာခြင်း၊
(၁၄) ဝိစိကိစ္ဆာ = ကောင်းမှုကုသိုလ်တရား၌ ယုံရမှာလား၊ မယုံရမှာလားဟု သို့လောသို့လော
တွေးတောယုံမှားခြင်းလက္ခဏာရှိ၏။

အကုသိုလ်မူလတရား ၃-ပါး

အဘိ၊ဓ၊၂၀၅။ အဘိ၊ဋ္ဌ၊၁၊၃၀၈-၌အကျယ်ရှု။
(၁) လောဘ၊ (၂) ဒေါသ၊ (၃) မောဟ၊ အကုသိုလ်ဟူသမျှ သူတို့လျှင်အရင်းမူလရှိ၏။

အကျင့်တရားမျိုး ၃-ပါး

ဓမ္မစကြာ၌လောကသားတို့၏ ကောင်း, မကောင်း ကိုယ်ကျင့်တရား
သုံးပါးဟူ၏၊
(၁) ကာမသုခလ္လိကာနုယောဂ- လောကီစည်းစိမ်ကာမဂုဏ် အမျိုးမျိုးတို့ကို ခံစားပျော်ပါးနေမှု
လက်ယာလမ်းအချောင်သမားတို့ကျင့်စဉ်၊
(၂) အတ္တကိလမထာနုယောဂ- အတ္တဒိဋ္ဌိသမားတို့ မိမိကိုယ်ခန္ဓာဆင်းရဲ ပင်ပန်းကြောင်း အကျိုးမဲ့ ဒုက္ခခံကျင့်မှု လက်ဝဲလမ်းကျင့်စဉ်၊
(၃) မဇ္ဈိမပဋိပဒါ- အထက်ပါကျင့်စဉ်နှစ်ပါး တို့သို့မလိုက်၊ အလယ်အလတ်ကောင်းမြတ်သော မဂ္ဂင်ရှစ်ပါး အရိယာတို့ကျင့်စဉ်လမ်းမှန်တရား။

အကျိုးဆောင်သူ ၄-မျိုး

မ၊၁၊၁၉၉။ မ၊ဋ္ဌ၊၂၊၄၃။
(၁) သူ့ကျိုးမရှိ ကိုယ်ကျိုးသက်သက်သာကျင့်ဆောင်သူ၊
(၂) ကိုယ်ကျိုးမပါ သူ့ကျိုးသက်သက်သာကျင့်ဆောင်ပေးသူ၊
(၃) အတ္တ-ပရ နှစ်ဦးအကျိုးအတွက်ကျင့်ဆောင်သူ၊
(၄) အတ္တ-ပရ နှစ်ဦးအကျိုးပျက်အောင်ကျင့်ဆောင်သူ၊ ၁-နှင့် ၄-ကိုရှောင်ရမည်ဟူ၏။

အကျိုးမဲ့ပျော်မွေ့ခြင်းမျိုး ၄-ပါး

ဒီ၊၂၊၁၁၈။ ဒီ၊ဋ္ဌ၊၂၊၆၆။ ရဟန်းတော်များကိုအဦးထား၍ဟောကြားသည်၊
(၁) ကမ္မာရာမ တာ = ပရိယတ် ပဋိပတ်အားမထုတ်ဘဲ အခြားအလုပ်၌သာပျော်မွေ့နေသူ၊
(၂) ဘဿာရာမ တာ = မဂ်ဖိုလ်၏ဆန့်ကျင်ဘက်စကားပြောခြင်းဖြင့်သာ ပျော်မွေ့နေသူ၊
(၃) နိဒ္ဒါရာမ တာ = အိပ်စက်ခြင်းဖြင့်သာ မွေ့လျော်နှစ်ခြိုက်နေသူ၊
(၄) သင်္ဂဏိကာရာမ တာ = တစ်ယောက်တည်းမနေတတ်ဘဲ အပေါင်းအဖေါ်နှင့်သာ ပျော်ပိုက်
နှစ်ခြိုက်နေတတ်သူ။

အကျိုးမဲ့အလှူမျိုး ၅-ပါး

အကျိုးမရှိ မပေးလှူကောင်းသောအလှူမျိုးငါးပါးဟူ၏၊ ၎င်းသရုပ်အဓိပ္ပါယ်အကျယ်ကို (မပေးလှူကောင်းသော ဒါနမျိုး ၅-ပါး) မှာ ကြည့်ပါ။

အကျော်မျိုး ၄-ပါး

အချို့ဆေးကျမ်းစာတို့၌ “အနံ့မျိုးလေးပါး”ဟုလည်း ပညတ်တင်ကြသည်။
(၁) အကျော်၊ (၂) ပရုပ်၊ (၃) ဇလပ်၊ (၄) စန္ဒကူး။

အကျွမ်းမဝင်ရာသည် ၆-ပါး

ဤ၌ လွယ်ကူစွာကျက်မှတ်နိုင်ရန် စာဏကျပျို့မှ
ထုတ်ပြလိုက်သည်။
(၁) ခြင်္သေ့သစ် ကျား၊ သားရဲများတည့်၊
(၂) ချိုအားရှိလာ၊ သတ္တဝါနှင့်၊
(၃) ရေသာနက်တောင်း၊ မြစ်နှင့်ချောင်းတည့်၊
(၄) အပေါင်းမိန်းမ၊ ဟူသမျှနှင့်၊
(၅) ရာဇထွတ်တင်၊ ရှင်ဘုရင်ဟု၊
(၆) လက်တွင်ကိုင်လာ၊ လက်နက်ပါသား၊ ခြောက်ဖြာအပြား၊ ဤသူများတည့်။

အကျွမ်းမဝင်ရာသည် ၇-ပါး တနည်း

သုဗောဓာလင်္ကာရကျမ်းမှယူပြသည်။
(၁) ဣတ္ထိ-မိန်းမ၊
(၂) ဒုဇ္ဇန-သူယုတ်၊
(၃) ဝိသ-အဆိပ်၊
(၄) သိင်္ဂီ-ဦးချိုရှိသတ္တဝါ၊
(၅) ရောဂ-ကူးစက်တတ်သောသူနာ၊
(၆) နဒီ-မြစ် ချောင်း အိုင်၊
(၇) ရာဇကုလ-မင်းမျိုး ဟူ၏။

အကြီးကျယ်ဆုံးပုဂ္ဂိုလ်ကြီး ၄-ယောက်

အံ၊၁၊၃၂၄။ အံ၊ဋ္ဌ၊၂၊၂၆၁။
(၁) ကိုယ်ခန္ဓာအကြီးဆုံးအသူရိန်ခေါ်ရာဟုနတ်ကြီး၊
(၂) ကာမဂုဏ်ခံစားသူတို့တွင် မန္ဓာတုစကြာမင်းအကြီးကျယ်ဆုံး၊
(၃) အာဏာလိုချင်သူ အုပ်စိုးသူတို့တွင် မာရ်နတ်ကြီး၊
(၄) လောကသုံးပါး၌ အတုမရှိကြီးကျယ်တော်မူသူကား မြတ်စွာဘုရားသခင်ဖြစ်၏။

အကြောင်းတရားကြီး ၄-ပါး

လောက ၃-ပါးအား အစဉ်အမြဲ ကောင်းဆိုး ၂-မျိုး ပြုပြင်စီမံပေးနေသော အကြောင်းတရားကြီး ၄-ပါး၊
(၁) ကံ- သတ္တဝါတို့၏ကောင်းသောအလုပ်နှင့် မကောင်းသောအလုပ်၊
(၂) စိတ်- သတ္တဝါတို့၏ကောင်းသောစိတ်နှင့် မကောင်းသောစိတ်၊
(၃) ဥတု- အပူ အအေး လွန်ကဲမျှတမှု ဆောင်း နွေ မိုး၊
(၄) အာဟာရ- စားသောက်ဖွယ်နှင့် နှစ်သက် လွန်ကဲ မျှတ တင်းတိမ်မှုများ။

အခါမဲ့ငြား၊ လည်ကြူးမှား၊ ၆-ပါးအပြစ်ရ

၎င်းအဖြေကို
(အကာလခါ၊ လည်သူမှာ၊ ၆-ဖြာအပြစ်ရ)၌ ဆိုခဲ့ပြီ။

အခြင်းအရာ ၂၀

ယင်းဝေါဟာရသည် ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်းတရားကို အကြောင်း အကျိုးဝေဖန်သောအားဖြင့်ထင်ရှားဖြစ်ပေါ်လာ၏။
(၁) အဝိဇ္ဇာ၊ သင်္ခါရ၊ တဏှာ၊ ဥပါဒါန်၊ ဘဝ ဟူသော ရှေးအတိတ်အကြောင်း အခြင်းအရာတရား
ငါးပါးကြောင့် -
(၂) ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာဟူသော ယခုဘဝ ပစ္စုပ္ပန်အကျိုးတရား ခြင်းရာ ငါးပါးဖြစ်လာသည်။
(၃) တဏှာ၊ ဥပါဒါန်၊ ဘဝ၊ အဝိဇ္ဇာ၊ သင်္ခါရဟူသော ယခုဘဝမျက်မှောက်အကြောင်းတရားခြင်းရာ ငါးပါးကြောင့် -
(၄) ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာဟူသော နောင်ဘဝအနာဂတ်အကျိုးခြင်းရာ
ငါးပါး ဖြစ်ရဦးမည်။ မှတ်ချက်။ ။ ဤသို့လျှင် အတိတ်အကြောင်းနှင့် ပစ္စုပ္ပန်အကျိုးတစ်စပ်၊ ပစ္စုပ္ပန်အကျိုးနှင့် ပစ္စုပ္ပန်အကြောင်း တစ်စပ်၊ ပစ္စုပ္ပန်အကြောင်းနှင့် အနာဂတ်အကျိုးတစ်စပ်၊ ပေါင်း အစပ်သုံးပါးဖြစ်သတည်း။ ယင်းစက်ဝိုင်း၌ ပစ္စုပ္ပန်အကြောင်းအစပ်က ဖြတ်ရမည်။

အဂတိတရား ၄-ပါး

ဝိ၊၃၊၃၉၅။ ဝိ၊ဋ္ဌ၊၃၊၄၀ ၂-၄၀၅။ တရားစီရင်ရာ ဘဏ္ဍာဝေဖန်ရာစသည်တို့၌ မလားအပ်သည်သို့ လားခြင်း ၄-ပါးဟုဆိုလိုသည်။
(၁) ဆန္ဒာဂတိ- ချစ်သဖြင့်မလားအပ်သည်သို့လားခြင်း၊
(၂) ဘယာဂတိ-ကြောက်သဖြင့်မလားအပ်သည်သို့လားခြင်း၊
(၃) ဒေါသာဂတိ-မုန်းသဖြင့် မလားအပ်သည်သို့လားခြင်း၊
(၄) မောဟာဂတိ-တွေဝေမိန်းမောသဖြင့် အမှန်ကိုမသိဘဲ မလားအပ်သည်သို့လားခြင်း။

အဂမနိယဝတ္ထု ၂၀

ယောကျ်ားတို့မသွားလာ မမှီဝဲအပ်သောမိန်းမမျိုး ၂၀-ဟူလို။ အဖြေကို (အုပ်ထိန်းခြင်း ၂၀)မှာရှုပါ။

အဂ္ဂသာဝကကြီး ၄-ပါး

အမြတ်ဆုံးသောတပည့်သာဝကကြီး ၄-ပါး၊ ဂေါတမ ဗုဒ္ဓ၏
လက်ဝဲတော်ရံနှင့် လက်ယာတော်ရံများ၊
(၁) ရှင်သာရိပုတ္တရာ၊
(၂) ရှင်မောဂ္ဂလ္လာန၊ ယောကျ်ားရဟန်း ၂-ပါး၊
(၃) ဥပ္ပလဝဏ် ဘိက္ခုနီ၊
(၄) ခေမာ ဘိက္ခုနီ၊ မိန်းမရဟန်း၂-ပါးတို့ဖြစ်၏။
အကျယ်ကို ဗုဒ္ဓဝံသ ၃၈၁-၌ကြည့်ပါ။

အင်္ဂ မင်္ဂ လေမျိုး ၁၁-ပါး

အင်္ဂါအစိတ်အပိုင်းနှင့်သက်ဆိုင်သောလေစု၊ ၎င်းအဖြေ (လေမျိုး ၈၀ [ င] ပိုဒ်)၌ရှုပါလေ။

အင်္ဂ မင်္ဂ ဝိကာရ လေမျိုး ၁၃-ပါး

အင်္ဂါကြီးငယ်ကိုဖေါက်ပြန်စေတတ်သောလေများ၊ ၎င်းအဖြေ
(လေမျိုး-၈၀[ ဆ] ပိုဒ်)၌ ရှုပါလေ။

အင်္ဂုတ္တရနိကာယ် ၁၁-ကျမ်း

၎င်းအဖြေ (နိကာယ် ၅-ရပ် [ဃ] ပိုဒ်)၌ကြည့်ပါ။

အဃောသအက္ခရာ ၁၁-လုံး

ဂါထာ မန္တန်စသည်တို့၌ ညင်ညင်သာသာရွတ်ဖတ်ရသော သက္ကဋဝေဒကျမ်းလာ အက္ခရာများ၊
က ခ စ ဆ ဋ ဌ တ ထ ပ ဖ သ (သဒ္ဒါနည်း)
က ဂ စ ဇ ဋ ဍ တ ဒ ပ ဗ သ (ဗျဥ္ဖနဗုဒ္ဓိနည်း)

အင်း အိုင် ခါးလှည့် လက်ဖွဲ့ မန္တရားမျိုး ၇-ပါး

ဘားနဒ် ပိဋကတိုက် လောကီပရပိုဒ်
တစ်စောင်မှ၊ ဘားမဲ့ လောကီကျမ်းကိုညွှန်းသည်။
(၁) အင်း - အကွက်မှန်ချ၍ ဂဏန်းရေးသွင်းသော အရာဝတ္ထုကိုခေါ်ဆိုသည်။
(၂) အိုင် - အကွက်မှန်ချ၍ စ-ဓ-ဗ-ဝ စသည် အက္ခရာ ရေးသွင်းထားသည့်အရာကိုဆိုသည်။
(၃) ခါးလှည့် - ရွှေပြား ငွေပြား ထန်းရွက် ပေရွက်စသည်တို့၌ စာတန်းရေး၍ ခါး၌ပတ်စည်း
ရသည့်အရာကိုဆိုသည်။
(၄) လက်ဖွဲ့ - အင်း အိုင် အပြားအချပ်ကိုလိပ်၍ ခေါက်၍ ကြိုးဖြင့်ဖွဲ့ဆောင်ရသောအရာကို ဆိုသည်။
(၅) မန္တရား - ဩောင်း အစထား၍ ရွတ်ဆို မန်းမှုတ်ရသောအရာ၊ ဥပမာ “ဩောင်း ဒူရေ ဒူရေ သွာဟ”စသည်မျိုး။
(၆) မန္တန် - ဥုံ အစခံ၍ ရွတ်ဆိုမန်းမှုတ်ရသည့်အရာမျိုး၊ ဥပမာ- “ဥုံ စွာရတီကျ မေ မာတာ“စသည်မျိုး။
(၇) ဂါထာ - ဥုံ ဩောင်း မပါသော ရွတ်ဆိုမှုမျိုး၊ ပရိတ်ကြီး-စသည်။

အင်းကန်းခြင်း ၇-ပါး

အင်းကွက်ထဲ၌ အင်းဆန်သွင်းသောအခါ အောက်ပါအပြစ် ၇-ပါးကြောင့် အကျိုခံစားခွင့်တန်ခိုးအာနိသင်မရှိ၊ အင်းသည် သူကန်းသဖွယ်ဖြစ်သွားသည်ဟူ၏၊
(၁) နက္ခတ် မမှန်ခြင်း၊
(၂) အင်းဆန်ဂဏန်းအက္ခရာ မမှန်ခြင်း၊
(၃) အင်းသွား အလှည့် မမှန်ခြင်း၊
(၄) အက္ခရာဂဏန်း မညီမတန်းခြင်း၊
(၅) ကိုယ်ဝန်ဆောင်မသန့်ရှင်းသူတို့ ကိုင်ခြင်း၊
(၆) အင်းချသူ၏ကိုယ်လက် မသန့် ညစ်ပတ်ခြင်း၊
(၇) ဂါထာဗန္ဓ မမှန်ခြင်း။

အင်းကျိုးခြင်း ၇-ပါး

အင်းချစဉ် အပြစ် ၇-ပါးကြောင့် အင်းကျိုးပျက်သွားသည်ဟူ၏၊
(၁) လူနေရာရွှေ့ခြင်း၊ ဣရိယာပုထ်ပြောင်းလဲခြင်း၊
(၂) စကားပြောခြင်း၊ တေးသီလေချွန်ခြင်း၊
(၃) လူးလည်း၍စီစဉ်ခြင်း၊
(၄) စီရင်မပြီးမီ ထ၍သွားခြင်း၊
(၅) အင်းအုံပြတ်ခြင်း၊
(၆) စတုရန်း ၄-မျက်နှာမျဉ်းမသားမီ အတွင်းမျဉ်းများကိုသားခြင်း၊
(၇) အင်းပေါင်ရွှေ့ခြင်း။

အင်းချသူအင်္ဂါ ၈-ပါး

ဤအင်္ဂါရှစ်ပါးပြည့်စုံမှသာလျှင် ထူးမြတ်လွန်ကဲသော အကျိုးကျေးဇူးဂုဏ်ထူး လာဘ်မြတ်တို့ကို ပေးစွမ်းနိုင်သည်ဟူ၏၊
(၁) မိမိစီရင်သောအင်းကို ယုံကြည်လေးမြတ်ခြင်း၊
(၂) ကောင်းသောအလိုဆန္ဒဝီရိယရှိရခြင်း၊
(၃) ကောင်းမှန်သောအသိဉာဏ်ရှိရခြင်း၊
(၄) အစီအရင်ကို အရိပ်ဖြင့်မကွယ်ရခြင်း၊
(၅) တစ်စုံတစ်ခုသော ဒွါရကိုမပိတ်ရခြင်း၊
(၆) စကားမပြောရ၊ အခြားသို့လှည့်မကြည့်ရခြင်း၊
(၇) မပြီးခင် ခေတ္တခဏမျှထ၍မသွားရခြင်း၊
(၈) မိမိစီရင်နေသောအင်းမှ တစ်ပါးသို့ အာရုံများကို
မအောက်မေ့ မတွေးတောရခြင်း။

အင်းပေါက်ခြင်း ၇-ပါး

ပေါက်ထွက်နေသောအင်းကား တန်ခိုးမရှိဟူ၏၊
(၁) အင်းပေါင်ချင်းမထိစပ်ခြင်း၊
(၂) အင်းပေါင်အင်းကွက်ကို မျဉ်းဖေါက်ထွက်နေခြင်း၊
(၃) အင်းချမမှန်ခြင်း၊
(၄) အင်းပေါင်နှင့် အင်းဆန်ထိစပ်နေခြင်း၊
(၅) ဂဏန်းထောင့်မကိုက်ခြင်း၊
(၆) အက္ခရာမပီသ မမှန်ခြင်း၊
(၇) အင်းကွက်ချမညီခြင်း။
မှတ်ချက်။ ။ အင်းကွက်ကို ဝက်ခေါင်းထိုးလျှင်ကိုက်နေရမည်ဟူ၏။

အင်း “နဝ“ဖို့တည်၊ အဝပြည်၊ ၉-မည်အင်းတို့အဘယ်နည်း

သဘင်ဝန်ဦးသော်မေး၍ တောင်ဖီလာဆရာတော်ဖြေမှတ်တမ်း ကဗျာ နှင့်အင်းဝမြို့ဓာတ်ပေါင်းမဥ္ဖူဘုရား ကျောက်စာတော်
တို့မှ ထုတ်ယူဖြေကြားလိုက်သည်၊ ထိုမြို့ကို သက္ကရာဇ် ၇၂၆-ခုနှစ်တွင် သတိုးမင်းဖျားက အောက်ပါအင်းများကိုဖြည့်ဖို့တည်ထောင်သည်ဟူ၏၊(အင်းနဝ အင်းဝ၊ ယခုသော် အဝ)ခေါ်ကြသည်။
(၁) ရွှေကြာပင်အင်း၊
(၂) ဇနီးအင်း၊
(၃) ညောင်စောက်အင်း၊
(၄) ဝက်ချေးအင်း၊
(၅) အုန္နဲအင်း၊
(၆) အင်းမ အင်း၊
(၇) လင်းစံအင်း၊
(၈) ဘေးမဲ့အင်း၊
(၉) ဝမ်းဘဲအင်း။

အငြိမ့်မျိုး ၆-ပါး

ရာဇဝင်ကြီးလာ ငြိမ့်ညောင်းသာယာသော မြန်မာ့ပန်တျာမျိုး ၆-ပါး၊
(၁) စောင်း၊ (၂) ငြင်း၊ (၃) မိကျောင်း၊ (၄) အောင်းကလေး၊ (၅) ပတ္တလား၊ (၆) တယော။ မဃဒေဝလင်္ကာ ဝလင်္ကာ၌
““စောင်း ငြင်း မိကျောင်း၊ အောင်း ပတ္တလား၊ တယောအားဖြင့် ၊ ခြောက်ပါးငြိမ့်မျိုး၊ နာဖွယ်ပျိုးသား””ဟုပါ။
မှတ်ချက်။ www.encyclodict.blogspot.com လူထုဒေါ်အမာ မြန်မာ့မဟာဂီတ- စာ၃၅-၄၆ တွင်
ငြင်း= ညှင်း၊ ညှင်း-ဘူးသီးခြောက်ဘူးဝိုင်းကို အပေါက် ၂-ခု ဖောက်ပြီး၊ ဝါးတံ ၂-တံတပ်ထား။ထိုဝါးတံ
တွင် အပေါက် ၃-ပေါက်စီဖေါက်ထားသည့် နှဲကဲ့သို့ အခင်ပါသည့် လေမှုတ်တူရိယာ၊ လေကို ဘူးသီးထဲ
အောင်းထားနိုင်သောကြောင့် အသံရှည်ထွက်လို့ရ။ မိကျောင်း၊ မိကျောင်း- သစ်တုံးတခုတွင်မိကျောင်း ပုံခေါင်းနှင့်
အမြီးထွင်းထုထားပြီး၊ ကြိုး ၃-ကြိုးတပ်၊အကွက် ၆-ကွက်၊ (စုစုပေါင်း ၁၈ ကွက်) ထောက်တီးနိုင်သည့်
အသံအစွက် အဖက် အလွန် များသော တူရိယာ။ စသည်ဖြင့် အငြိမ့်မျိုး ၆-ပါးကိုရှင်းပြထားသည်။
ငြင်း= ညင်း ဆိုတဲ့ တူရိယာက အုန်းခွံနဲ့ ပြုလုပ်ပြီးတော့ တစ်ဖက်ပြွန် သုံးချောင်းစီ တပ်ပြီး အလယ်မှာ
ပြွန်တစ်ချောင်းနဲ့မှုတ်ရတယ်။ Ref links: www.ainmat.com
အောင်းကလေး - ကြိုးတပ်တူရိယာ၊ ပျောက်ကွယ်ပြီ။ (stringed, extinct)
အမျိုးသားပြတိုက်ရှိတူရိယာများအကြောင်း http://coralnyo.blogspot.com
တခြားRef links များ။ www.myanmars.net/myanmar-music/index.htm

အစပ် ၃-ပါး

အဘိဓမ္မာ ပဋိစ္စသမုဒ္ပါဒ် ဝေါဟာရဖြစ်သည်၊ အဖြေကို (အခြင်းအရာ-၂၀)၌ ကြည့်ပါလေ။

အစပ် ၆-ပါး

ရှေးကဝိစာဆိုတို့ စပ်ဆိုသီကုံးဖေါ်ပြလေ့ရှိသော လေးလုံးတစ်ပိုဒ်ကဗျာလင်္ကာ
စပ်နည်းများ -
(၁) သက်စေ့နှက် သုံးချက်ညီခေါ် သုံးပိုဒ်တွင် ကာရန်သတ်ပုံသုံးချက်ညီအောင်စပ်နည်း၊ ဥပမာ - ပြည်သာနိဗ္ဗာန်၊ ရှိသင့်တန်ဟု၊ ဧကန်တိတိ

အ စလ စေတီတော်ကြီး ၄-ဌာန

၎င်းသရုပ် (အ ဝိဇဟိတ ဌာနကြီး ၄-ပါး)၌ ရှုပါ။

အစားကြီးသူ ၅-ယောက်

ဒီ၊ဋ္ဌ၊၂၊၃၇၀-၌အကျယ်ရှု။
(၁) အာဟာရ ဟတ္ထက = စားပြီးနောက် လက်ဆွဲထူပေးရသူ၊
(၂) တတြ ဝဋ္ဋက = စားသည့်နေရာ၌ပင် လဲနေသူ၊
(၃) အလံ သာဋက = ပုဆိုးမဝတ်နိုင်အောင်စားသူ၊
(၄) ကာက မာသက = ပါးစပ်ထဲကျီးနှိုက်စားနိုင်အောင်စားသူ၊
(၅) ဘုတ္တဝမ္ပိ တက = စားပြီးပြီးချင်း ထိုးအန်အောင်စားသူ။

အစားကြူးသူ ၅-မျိုး

၎င်းသရုပ် (အစားကြီးသူ ၅-မျိုး)၌ ပြခဲ့ပြီ။

အစိန္တေယျ ၄-ပါး

ဒီ၊ဋ္ဌ၊၁၊၂၃-၌ အကျယ်ရှုပါ။ မကြံစည် မယုံမှားအပ်သောတရား ၄-ပါး၊ ဣမာနိ အစိန္တိယာနိ အစိန္တန္တော ဥမ္မာဒဿီ ဝိဃာတဿ ဘာဂီ ဟောတိ - ဤလေးပါးတို့ကို ကြံစည်သောသူအား ရူးသွပ်ခြင်းဖေါက်ပြန်ခြင်းအဖို့ရှိ၏ ဟူလို။
(၁) ဗုဒ္ဓဝိသယော အစိန္တိယော - ဘုရား၏အရာကို မကြံစည်အပ်၊
(၂) စျာနဝိသယော အစိန္တိယော - စျာန်တန်ခိုး၏အရာကို မကြံစည်အပ်၊
(၃) ကမ္မဝိပါကော အစိန္တိယော -ကံ၏အကျိုးကို မကြံစည်အပ်၊
(၄) လောကသဏ္ဍာဟနော အစိန္တိယော - လောကဓါတ်တည်ခြင်းကို မကြံစည်အပ်။

အစေးမျိုး ၅-ပါး

ပရဆေးကျမ်းဝေါဟာရ။
(၁) ပညောင်စေး၊
(၂) သဖန်းစေး၊
(၃) ဗောဓိညောင်စေး၊
(၄) ညောင်ကြတ်စေး၊
(၅) ညောင်ချဉ်စေး။

အစွန်း ၃-ပါး၊ ကင်းလွတ်ငြား၊ သားငါးစားရန်အပ်

ရဟန်းတော်များသည် အစွန်းသုံးပါးမှလွတ်သော သားငါးတို့ကို စားသောက်ကောင်းသည်ဟု ဘုရားရှင်ခွင့်ပြုတော်မူ၏၊ အစွန်း ၃-ပါးကား
(၁) ဒိဋ္ဌ- မိမိအတွက်ရည်စူး၍သတ်ဖြတ်နေသည်ကို ကိုယ်တိုင်မြင်ရခြင်း၊
(၂) သုတ- မိမိအတွက် ကြက် ဝက်စသည်တို့ကို သတ်ဖြတ်နေကြောင်းဖြင့် ကြားသိရခြင်း၊
(၃) ပရိသင်္ကိတ- ထိုသားငါးအတွက် သင်္ကာမကင်းရှိနေခြင်းမျိုး။

အဆင်းတန်းဆာ၊ ဆင်ရာအပြား၊ ၁၄-ပါး၊ ကျမ်းများမည်သို့မိန့်သနည်း

စိန္တကျော်သူ ဦးဩရေး ဩဝါဒထူးပျို့၌ ဤသို့မိန့်၏။
တစ်ဆယ့်လေးဖြာ၊ ဆင်းတန်းဆာကား
(၁) ရာဇာဘုန်းရှိ၊ ပြည်လုံးမိကို၊ နီတိကျမ်းလျှင်၊ တန်းဆာဆင်၏၊
(၂) ဂုဏ်အင်အထူး၊ ကျေးဇူးရှိသူ၊ ထိုထိုလူကို၊ မမြူဒေါသ၊ မာန်မထဘဲ၊ နှိမ့်ချခြင်းလျှင်၊ တန်ဆာဆင်၏၊
(၃) ရုပ်သွင်ပျိုထွား၊ မိန်းမအားမူ၊ တည်ငြားစောင့်ရှောက်၊ ယွင်းမဖေါက်ဘဲ၊ ရှက်ကြောက်ခြင်းလျှင်၊ တန်းဆာဆင်၏၊
(၄) လင်နှင့်မယား၊ သူတို့အားမူ၊ မုန်းထားမလို၊ ချစ်ကြည်ညို၍၊ လူဗိုလ်တကာ၊ ရိုသေရာသည်၊ သစ္စာခိုင်ကျည်၊ တည်ကြည်ခြင်းလျှင်၊ တန်းဆာဆင်၏၊
(၅) ဝန်းကျင်သာကျယ်၊ အိမ်မှာဝယ်ကား၊ သူငယ်သာလျှင်၊ တန်းဆာဆင်၏၊
(၆) ကျယ်မြင်နှံ့သိ၊ ပညာရှိမူ၊ ကဝိပျူငှာ၊ ဆန်းဂါထာနှင့်၊ ကဗျာသံချို၊ ဖွဲ့ဆိုခြင်းလျှင်၊ တန်းဆာဆင်၏၊
(၇) နှုတ်မင်္ဂလာ၊ စကားမှာကား၊ အသာအချို၊ သူနာလိုအောင်၊ မိန့်ဆိုခြင်းလျှင်၊ တန်ဆာဆင်၏၊
(၈) သန့်စင်ကြည်ဖြူ၊ ကိုယ်ကိုမူကား၊ ဆန်မြူခြမ်းမျှ၊ ဒေါသမသင့်၊ အကျင့်သီတင်း၊ ကောင်းခြင်း
သည်လျှင်၊ တန်းဆာဆင်၏၊
(၉) ယွယ်အင်လွန်သူ၊ မိန်းမမူကား၊ မူယူဆိတ်ငြိမ်၊ မွေ့သိမ်ခြင်းလျှင်၊ တန်ဆာဆင်၏၊
(၁၀) ပျော်ရွှင်စလို၊ နှလုံးကိုမူ၊ ကုသိုလ်ကောင်းမှု၊ မကောင်းမှုဟု၊ နှစ်ခုရောရာ၊ အာသာစုံမက်၊ နှစ်သက်မူးမော်၊ မွေ့လျော်ခြင်းလျှင်၊ တန်ဆာဆင်၏၊
(၁၁) ကိုယ်အင်မချို့၊ ရဟန်းတို့မူ၊ နောင်ဖို့ရွယ်ရည်း၊ သည်းညည်းခံချုပ်၊ ကြည်ဖွယ်လုပ်သား၊ သာရုပ္ပလျှင်၊ တန်းဆာဆင်၏၊
(၁၂) အားအင်ထက်မြန်၊ စွမ်းသန်သသူ၊ ထိုထိုလူကို၊ မယူရန်တုံ့၊ မလှုံ့ရန်ကင်း၊ သည်းခံခြင်းနှင့်၊ မပျင်းကြိုးကုတ်၊ အားစုတ်စုတ်တိ၊ တုပ်ဝပ်ခြင်းလျှင်၊ တန်းဆာဆင်၏၊
(၁၃) လူတွင်အိမ်ယာ၊ ထောင်သူမှာကား၊ ဥစ္စာ ရွှေငွေ၊ ဆန်ရေ စပါး၊ ကျွဲနွားကျွန်ကျေး၊ သားမြေးကုံလုံ၊ပြည့်စုံခြင်းလျှင်၊တန်းဆာဆင်၏၊
(၁၄) ကျယ်မြင်ပညာ၊ သူကောင်းမှာကား၊ ပါယ်ရွာကြောက်ရှက်၊ ရမ္မက်ဆွံ့ရှား၊ စကားမယွင်း၊ မှန်ခြင်းသည်လျှင်၊ တန်းဆာဆင်သည် ... လူတွင် နိမ့်မြင့် သို့မှတင့်။

အဆင်းလှရာ၊ ကြောင်း ၃-ဖြာ၊ လောင်းလျာအသို့ ကျင့်သနည်း

အလောင်းတော်မြတ် တေမိယဇာတ်၌ ကျင့်ပုံကား -
(၁) အတီတံ နာနုသောစာမိ - လွန်ပြီးအမှု ဒုစရိုက်စု ကိုလည်း မတွေးတောမစိုးရိမ်၊
(၂) နာနုသောစာမိ နာဂတံ - နောင်ခါစားဝတ်နေရေးကိုလည်း မတွေးဆ မပူပန်၊
(၃) ပစ္စုပ္ပန္နေန ယာပေမိ - မျက်မှောက်ကျပန်းဖြင့်သာ မကောင်းမှုရှောင်လွှဲကာ ချမ်းသာစွာရောင့်ရဲခဲ့၏၊ တေန ဝဏ္ဏော ပသိဒတိ - ဒါကြောင့် ငါ့ရုပ်ဆင်းဝါ လွန်စွာ ကြည်လင်လှပ၏။

အဆောင်ရမိဖုရား ၄-ပါး

မြန်မာဘုရင်များ၏ မိဖုရားမျိုးရှစ်ပါးထဲတွင် အဆောင်ပိုင်ရသောမိဖုရားများမှာ
(၁) မြောက်ဆောင်တော်မိဖုရား၊
(၂) တောင်ဆောင်တော်မိဖုရား၊
(၃) မြောက် ရွှေရေးဆောင်တော်မိဖုရား၊
(၄) တောင် ရွှေရေးဆောင်တော် မိဖုရား။

အဇ္ဈာသယကြီး ၆-ပါး

ဘုရားလောင်းတို့ အလိုတော်မြတ်ကြီး ၆-ပါး၊ ဤ ၆-ပါးနှင့်ပြည့်စုံမှ ဘုရားအဖြစ်ကို ရယူနိုင်သည်၊ စရိယာပိဋက အဋ္ဌကထာ ၂၈၂-၌အကျယ်ရှု။
(၁) နေက္ခမဇ္ဈာသယ - တောထွက်လိုခြင်း၊
(၂) ပဝိဝေကဇ္ဈာသယ - အဖေါ်မမှီး တစ်ယောက်တည်းသာ ဆိတ်ငြိမ်ရာ၌နေလိုခြင်း၊
(၃) အလောဘဇ္ဈာသယ- လောဘမရှိခြင်းကိုလိုခြင်း၊
(၄) အဒေါသဇ္ဈာသယ - ဒေါသမရှိခြင်းကိုလိုခြင်း၊
(၅) အမောဟဇ္ဈသယ -မောဟမရှိခြင်းကို လိုခြင်း၊
(၆) နိဿရဏဇ္ဈာသယ - ဘုံသုံးပါးမှ လွတ်ကင်းလိုခြင်း။

အဇိဏ္ဏ လေမျိုး ၁၂-ပါး

ဝမ်းကိုဒုက္ခပေးတတ်သောလေများ၊
၎င်းအဖြေ (လေမျိုး ၈၀ [ ခ] ပိုဒ်)၌ ရှုပါလေ။

အဉ္စလီ ၅-သွယ်၊ သိမှတ်ဖွယ်၊ ကျမ်းဝယ်မည်သို့ရှိသနည်း

ဝိနည်းပိဋကတော် ပရိဝါကျမ်းမြတ်၌ ဤသို့လာရှိ၏၊
(၁) ဖျင် ပုဆိုး တဘက် ပဝါကို လက်ကန်တော့တင်ခြင်း၊
(၂) လက်အုပ်ချီမိုးခြင်း ရှိခိုးခြင်း၊
(၃) လက်ဖဝါး နှစ်ဘက်တို့ဖြင့် ကြီးမြတ်သူ၏ခြေကိုကိုင်တွယ်ခြင်း၊
(၄)ချစ်ခင်သော မေတ္တာ ရှေ့သွားရှိခြင်း၊
(၅) ရိုသေလေးမြတ်သော စိတ်ထားရှိခြင်း။

အဋ္ဌကထာကြီး ၈-ကျမ်း

၎င်းကျမ်းအမည်များကို ဝိ၊ဋ္ဌ၊၁၊၂။ သာရတ္ထ၊၁၊၁၇၊ ၁၉၊ ၂၀၊ ၂၃။ ဝိမတိ၊ ပ-အုပ်၊ ၅၊ ၆။ ဝဇီရဗုဒ္ဓိ- ၁၈-စသည်တို့၌ကြည့်ပါ၊ နာမည်ကျော်ဟိုးသော ရှေးဟောင်းအဋ္ဌကထာကြီး ၈-ကျမ်းဟူ၏၊ သီဟိုဠ်ဘာသာနှင့်ရှိသည်။
(၁) မဟာအဋ္ဌကထာ၊
(၂) မူလ အဋ္ဌကထာ၊
(၃) မဟာပစ္စရိ အဋ္ဌကထာ၊
(၄) စူဋ္ဌ အဋ္ဌကထာ၊
(၅) ကုရုန္ဒိ အဋ္ဌကထာ၊
(၆) အန္ဓက အဋ္ဌကထာ၊
(၇) သင်္ခေပ အဋ္ဌကထာ၊
(၈) အရိယ အဋ္ဌကထာ။

အဋ္ဌင်္ဂသီလ = ရှစ်ပါးသီလ

အံ၊၃၊၇၉။ အံ၊ဋ္ဌ၊၃၊၂၃၃-၌အကျယ်ရှု။
(၁) ပါဏာတိပါတာ ဝေရမဏိ၊
(၂) အဒိန္နာဒါနာ ဝေရမဏိ၊
(၃) အဗြဟ္မစရိယာ ဝေရမဏိ၊
(၄) မုသာဝါဒါဝေရမဏိ၊
(၅) သုရာမေရယ မဇ္ဇ ပမာဒဋ္ဌာနာ ဝေရမဏိ၊
(၆) ဝိကာလဘောဇနာ ဝေရမဏိ၊
(၇) နစ္စ ဂီတ ဝါဒိတ ဝိသူက ဒဿန မာလာဂန္ဓ ဝိလေပန ဓါရဏ မဏ္ဍန ဝိဘူသနဋ္ဌာနာ ဝေရမဏိ၊
(၈) ဥစ္စာသယန မဟာသယနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။

အဋ္ဌဇယ မင်္ဂလာ ၈-ပါး

အချို့ဆရာတို့က “အောင်ခြင်းရှစ်ပါး”ကိုပင် အဋ္ဌဇယ မင်္ဂလာရှစ်ပါးဟုခေါ်ဆိုကြသည်၊ အဖြေ (အောင်ခြင်း ၈-ပါး)၌ ကြည့်ပါ။

အဋ္ဌာရသ သိပ္ပ

တစ်ဆယ့်ရှစ်ရပ်သော အတတ်ပညာမျိုးဟူလို၊ ယောက်ျားတို့အတတ် (၁၈) ရပ်လည်းဟူ၏၊ ၎င်း (၁၈) ရပ်သောအတတ်တို့ကို သက္ကဋကျမ်း၌တစ်မျိုး၊ မိလိန္ဒပဥှာပါဠိတော်၌ တစ်ဖုံ၊ လောကနီတိကျမ်းကတစ်ဖြာ၊ ဤသို့အနည်းနည်းလာရှိကြရာ ကျွန်ုပ်တို့အဖို့လည်း သုတ ကာမီများအတွက် အသီးသီးဆက်လက် ဖေါ်ပြဖို့ ဝတ္တရားရှိလေသည်။၊ အဋ္ဌာရသသိပ္ပ၊ အဋ္ဌာရသ ဝိဇ္ဇာဟူ၍ ပါဠိသုံးနိုင်ကြ၏။
(၁) ကပ္ပ - တစ်ခုသောဗေဒင်၏အခက်အလက် သာခါကျမ်း၏ အထူးထူးသောအပိုင်း၌ဆိုအပ်သော မန္တန်နည်းအားဖြင့် သိအပ်သော သာခါတစ်ပါး၌တည်သော မန္တန်တို့အား သုံးစွဲပုံအစီအရင်ကိုပြသော “ဗောဓါယန”စသော ရသေ့တို့စီရင်အပ်သောကျမ်းအတတ်၊
(၂) ဗျာကရဏ ပါဏိနိ စသော သဒ္ဒါကျမ်းအတတ်၊
(၃) ဇောတိသတ္ထ- ဂြိုလ် နက္ခတ်တို့၏ အသွားအလာသရုပ် သဏ္ဍန်နှင့်တကွအကောင်းအဆိုးကိုပြဆိုသော ကျမ်းအတတ်၊
(၄) သိက္ခာ- သရ ဗျည်း ဌာန် ကရိုဏ်း ပယတ်တို့ကိုပြဆိုသော ပါဏိနိ သိက္ခာ နာရဒ သိက္ခာ စသောကျမ်းအတတ်၊
(၅) နိရုတ္တိ- ဝဏ္ဏာဂမ စသော လက္ခဏာငါးပါးတို့ဖြင့် ပကတိ ပစ္စယတ္ထ နိဗ္ဗစနတ္ထ တို့ကို ပြဆိုသော ကဗျာကရဏ ပရိသဋ္ဌဟုဆိုထိုက်သော ယာသက ရသေ့စီရင်သော ကျမ်းအတတ်၊
(၆) ဆန္ဒော- ဝိစိတိ ဇဂဏီစသော ဆန်းတို့ကိုပြဆိုသော ပိင်္ဂလ စသောကျမ်းအတတ်၊
(၇) သာမ- သာမခေါ် ဗေဒင်ကျမ်းအတတ်၊
(၈) ယဇု- ယဇုခေါ် ဗေဒင်ကျမ်းအတတ်၊
(၉) ဣရု- ဣရုခေါ် ဗေဒင်ကျမ်းအတတ်၊
(၁၀) အာထဗ္ဗဏ- အာထဗ္ဗခေါ် ဗေဒင်ကျမ်းအတတ်၊
(၁၁) မီမံသာ- ကံ၏အကြောင်းအရာတို့ကို စိစစ်၍ဆုံးဖြတ်သော ဇေမိနိရသေ့ စီရင်သော ပုဗ္ဗမီမံသာဟုထင်ရှားသောကျမ်း၊ ဗြဟ္မာ၏အကြောင်းအရာကိုစိစစ်၍ဆုံးဖြတ်သော “ဗေဒန္တ”ဟုထင်ရှားသော ကျမ်းစုအတတ်၊
(၁၂) နျာယ-ဂေါတမစသော ရသေ့ တို့စီရင်အပ်သော တက်ကျမ်းအမျိုးမျိုးအတတ်၊
(၁၃) ဓမ္မသတ္ထ- အမျိုးလေးပါးတို့၏ အကျင့်တရားစသည်ကို မနုစသောရသေ့၊ မင်းတိုင်ပင်အမတ်ပညာရှိတို့စီရင်အပ်သော ဖြတ်ထုံးဥပဒေကျမ်းအတတ်၊
(၁၄) ပုရာဏ- ရှေးဟောင်းအကြောင်းအရာတို့ကိုဆိုသော ပုရာဏ်ကျမ်းစာအတတ်၊
(၁၅) အာယုဗေဒ-ဣရုဗေဒင်၏ဥပဒေဖြစ်သော ဆေးပညာကျမ်းအတတ်၊
(၁၆) ဓနုဗ္ဗေဒ- လေး၊ ဓါး၊ လှံစသော လက်နက်တို့ကိုပစ်လွှင့်ထိုးခုတ်ခြင်းတို့ကို
မန္တန်နှင့်တကွပြသောယဇုဗေဒင်၏ဥပဒေဖြစ်သောကျမ်းအတတ်၊
(၁၇) ဂန္ဓဗ္ဗဗေဒ- သီဆိုတီးမှုတ်ခြင်းအမျိုးမျိုး တို့ကိုပြသော သာမဗေဒင်၏ဥပဒေဖြစ်သော သင်္ဂီတကျမ်းအတတ်၊
(၁၈) အတ္ထသတ္ထ- ဥစ္စာစည်းစိမ်ရကြောင်း လိမ္မာယဉ်ကျေးကြောင်းဖြစ်သော နီတိကျမ်းအတတ်။ (သက္ကဋ ဗိသဏုပုရာဏ်)

အဋ္ဌာရသသိပ္ပမျိုး

(၁) သုတိ- ဗေဒင် ၄-ပုံကျမ်းအတတ်၊ ဤ၌ ဗေဒင် ၄-ပုံဟော “ဆရုတိ”ဟူသော သကဋသဒ္ဒမှ “ဆုတ်““သုတိ”ဖြစ်လာ၏၊
(၂) သမ္မုတိ - ဓမ္မသတ်ကျမ်းအတတ်၊ “ဆမရုတိ”ဟူသော သကဋဘာသာမှဖြစ်လာသည်၊
(၃) သင်္ချာ- သတ္တဝါ၏နိစ္စ အတ္တ ထာဝရ ပကတိဟုခေါ်ဝေါ်သော သဘောတရား တို့ကိုပြသည့် ကပိလရသေ့၏သင်္ချာအတတ်၊
(၄) ယောဂ- သတ္တဝါတို့ဝိညာဉ်နှင့် ထာဝရဗြဟ္မာကြီး၏ဝိညာဉ်ပေါင်းဆုံမိကာ အမြဲမသေတည်နေနိုင်ရန်
နည်းလမ်းပြသော ပါတဉ္စလီရသေ့၏ ယောဂကျမ်းအတတ်၊
(၅) နီတိ- လူတို့လိုက်နာကျင့်ဆောင်ကြရန် လောကဝတ်တို့ကိုညွှန်ပြသော နီတိကျမ်းစုအတတ်၊
(၆) ဝိသေသိကာ-သတ္တဝါလောကတို့သည် နိစ္စထာဝရရှိနေပုံနှင့် မမြင်နိုင်အောင်သေးငယ်သော အနုမြူဓါတ်မှုန်တို့၏ ပေါင်းဆုံမိသောကြောင့် သတ္တဝါလောကဖြစ်ပေါ်လာကြပုံတို့ကိုပြဆိုသော ကဏာဒရသေ့
တီထွင်ခဲ့သည့် ဝိသေသိကအတတ်၊
(၇) ဂန္ဓဗ္ဗ- ဝါ ဂီ နစ်အတတ်၊
(၈) ဂဏိတာ- ဂဏန်းသင်္ချာ အက္ခရာသင်္ချာအတတ်၊
(၉) ဓနု- လေးပစ်အတတ်၊
(၁၀) ပုရာဏ- ရှေးစကားဟောင်း ပုရာဏ်ကျမ်းအတတ်၊
(၁၁) ဇောတိသတ္ထ- နက္ခတ်ကျမ်းအတတ်၊
(၁၂) ဣတိဟာသ- ရှေးပညာရှိတို့ဖွဲ့ဆိုသီကုံးကြသည့် ဟိန္ဒူတို့အလေးအမြတ်ပြုသော မဟာဘာရတ စသည့်
ကျမ်းစာအတတ်၊
(၁၃) တိကိစ္ဆာ- ဆေးကုအတတ်၊
(၁၄) မာယာ- လှည့်ပတ်ဖြားယောင်းမှုအတတ်၊ မျက်လှည့်အတတ်၊
(၁၅) ဆန္ဒတိ- ဆန်းကျမ်းအတတ်၊
(၁၆) ကေတုဘ- အလင်္ကာကျမ်းအတတ်၊
(၁၇) သဒ္ဒါ- ကာတန္ဒြစသော သဒ္ဒါကျမ်းအတတ်၊
(၁၈) မန္တာ- ဂါထာမန္တန် မန်းမှုတ်အတတ်။ (ပေါရာဏဒီပနီ။)
တစ်နည်း

အတ္တဒိဋ္ဌိ၊ မရှိခြင်းရာ၊ ၁၂-ဖြာ၊ ကျမ်းလာမည်သို့နည်း

၎င်းအဖြေ
(သုညတတရား ၁၂-ပါး)၌ကြည့်ပါ။

အတ္တမျိုး ၂-ပါး

သမ္မာသမ္ဗုဒ္ဓ၏ အနတ္တဝါဒကို မိစ္ဆာဝါဒီတက္ကီပုဂ္ဂိုလ်တို့ကြံဆပြောဆိုကြသော ပညတ်မျှဖြစ်သည့်အတ္တ ၂-မျိုး။
(၁) ဇီဝအတ္တ- ခန္ဓာအိမ်ပျက်သော်လည်း မပျက်စီးပဲအမြဲတည်နေသော ငါကောင်ခေါ် ဝိညာဏ်၊ လိပ်ပြာ အသက်၊ အာရဗီလို “ရူဟ်”အင်္ဂလိပ်လို “ဆိုးလ်“ဟိန္ဒီလို “အာတမာ”ခေါ်သောအရာများ၊
(၂) ပရမအတ္တ- ထာဝရဘုရားသခင်ကိုးကွယ်သူတို့က “လောကကိုဖန်ဆင်းတတ်သူ”ဟု ထင်မှတ်ပြောဆိုအပ်သောအရာသည် ပရမတ္ထခေါ် ပရမအတ္တမည်၏၊ ၎င်းကိုပင် ဟိန္ဒီဘာသာ၌ ဤယွှရ ပရမေယွှရ ပရမေယှဟူ၍လည်းကောင်း၊ ပါရှင်ဘာသာ၌ ခုဒါ ခိုဒါဟူ၍လည်းကောင်း၊ အာရဗီဘာသာ၌ အလ္လာဟ်ဟူ၍လည်းကောင်း၊ အင်္ဂလိပ်ဘာသာ၌ ဂေါ့ဒ်ဟူ၍လည်းကောင်း၊ မြန်မာဘာသာ၌ ထာဝရဘုရားဟူ၍လည်းကောင်း ခေါ်ဆိုကြကုန်၏။

အတ္တဒိဋ္ဌိမျိုး ၂၀

၎င်းသရုပ်ကို (သက္ကာယဒိဋ္ဌိ ၂၀)၌ပြအံ့၊ သဘောတူ၏။

အတ္ထပဋိသမ္ဘိဒါမျိုး ၅-ပါး

၎င်းသရုပ်၏အဓိပ္ပါယ်ကို “ပဋိသမ္ဘိဒါ ၄-ပါး“၌ ကြည့်ပါ။

အတိတ်အဓွန့်တရားမျိုး ၂-ပါး

၎င်းအဖြေကို(အဓွန့် ၃-ပါး)၌ ပြမည်။

အတိုင်ပင်ခံ၊ နည်း ၃-တန်၊ ထုတ်ပြန်ဖေါ်ပြပါ

၎င်းအဖြေ (တိုင်ပင်ခြင်းမျိုး ၃-ပါး)
ဟူသောပုစ္ဆာ၌ထင်ရှားအံ့။

အတိုင်းအတာဝေါဟာရ ၁၂-မျိုးလင်္ကာ

လက်သစ်တောင်သာ ယူဇနာတိုင်အောင်သော မြန်မာတို့၏အတိုင်းအတာနည်းလင်္ကာဟူလို၊
(၁) ၁၀-ဆံခြည်မျှင် တစ်နှမ်း၊
(၂) ၆-နှမ်း တစ်မုယော၊
(၃) ၄-မုယော တစ်လက်သစ်၊
(၄) ၈ လက်သစ် တစ်မိုက်၊
(၅) ၃-မိုက် တစ်တောင်၊
(၆) ၄-တောင်တစ်လံ၊
(၇) ၇-တောင် တစ်တာ၊
(၈) ၂၀-တာ တစ်ဥဿဘ၊
(၉) ၂၀-ဥဿဘ တစ်ကောသ၊
(၁၀) ၄-ကောသ တစ်ဂါဝုတ်၊
(၁၁) ၄-ဂါဝုတ် တစ်ယူဇနာ၊
(၁၂) တာ (၁၀၀၀)တစ်ထောင် တစ်တိုင်။
မှတ်ချက်။ ။ မြန်မာဆယ်တိုင်ကို ခရီးတစ်သောင်းဟုခေါ်သည်မှာ တာပေါင်း(၁၀၀၀၀)တစ်သောင်း
ရှိသောကြောင့် ဖြစ်၏။

အတွင်း ၃၇-မင်း

ပါထေယျဝဂ် အာဋာနာဋိယသုတ် ပါဠိတော်၌ပါရှိသော ၃၇-မင်းနတ်များ၊
(၁) ဣန္ဒနတ်၊
(၂) သောမနတ်၊
(၃) ဝရုဏနတ်၊
(၄) ဘာရဒွါဇနတ်၊
(၅) ပဇာပတိနတ်၊
(၆) စန္ဒနတ်၊
(၇) ကာမသေဋ္ဌနတ်၊
(၈) ကိန္နုဃဏ္ဍုနတ်၊
(၉) နိဃဏ္ဍုနတ်၊
(၁၀) ပနာဒ ယက္ခသေနာပတိနတ်၊
(၁၁) ဩပမညယက္ခ သေနာပတိနတ်၊
(၁၂) ဒေဝသုတ ယက္ခ သေနာပတိနတ်၊
(၁၃) စိတ္တသေန ယက္ခ သေနာပတိနတ်၊
(၁၄) နဠောရာဇ ယက္ခ သေနာပတိနတ်၊
(၁၅) ဇနေသဘ ယက္ခ သေနာပတိနတ်၊
(၁၆) သာတာဂိရိ ယက္ခ သေနာပတိနတ်၊
(၁၇) ဟေမဝတ ယက္ခ သေနာပတိနတ်၊
(၁၈) ပုဏ္ဏ ယက္ခ သေနာပတိနတ်။
(၁၉) ကရတိယ ယက္ခ သေနာပတိနတ်၊
(၂၀) သီဝက ယက္ခ သေနာပတိနတ်၊
(၂၁) ပုစလိန္ဒ ယက္ခ သေနာပတိနတ်၊
(၂၂) ဝေသာမိတ္တ ယက္ခ သေနာပတိနတ်၊
(၂၃) ယုဂန္ဓရ ယက္ခ သေနာပတိနတ်၊
(၂၄) ဂေါပါလ ယက္ခသေနာပတိနတ်၊
(၂၅) သုပ္ပရောဓ ယက္ခ သေနာပတိနတ်၊
(၂၆) ဟိရိ ယက္ခ သေနာပတိနတ်၊
(၂၇) နေတ္တိ ယက္ခ သေနာပတိနတ်၊
(၂၈) မန္ဒိယ ယက္ခ သေနာပတိနတ်၊
(၂၉) ပဉ္စလစဏ္ဍ ယက္ခ သေနာပတိနတ်၊
(၃၀) အာဠာဝက ယက္ခ သေနာပတိနတ်၊
(၃၁) ပဇ္ဇုန္န ယက္ခ သေနာပတိနတ်၊
(၃၂) သုမန ယက္ခ သေနာပတိနတ်၊
(၃၃) သုမုဒ ယက္ခ သေနာပတိနတ်၊
(၃၄) ဒဝိမုခ ယက္ခ သေနာပတိနတ်၊
(၃၅) မဏိ ယက္ခ သေနာပတိနတ်၊
(၃၆) မာဏိဓရ ယက္ခ သေနာပတိနတ်၊
(၃၇) သေရိသက ယက္ခ သေနာပတိနတ်။

အတွင်းတာရာ ၉-လုံး

၎င်းအဖြေမူကျယ်ကို (တာရာကြီး ၉-လုံး)၌ ရှုပါ။

အတွင်းဝန်များ၊ ရာထူးထား၊ ၈-ပါး အင်္ဂါညီ

ဤအင်္ဂါရှစ်ပါးနှင့်ပြည့်စုံမှသာ အတွင်းဝန်ရာထူးကို ခံယူထမ်း ရွက်စေရမည်ဟူ၏၊ (ရာဇနီတိမှ)
(၁) ဣန္ဒိယ- သိက္ခာရှိမှု၊
(၂) မနုည- စိတ်နှလုံးကောင်းမှု၊
(၃) ဘာသန္တရ ဆေက- ဘာသာခြား စကားတတ်မှု၊
(၄) ဓမ္မစာရီ- သူကောင်းတရားကျင့်သုံးသူဖြစ်ခြင်း၊
(၅) နာနာသိပ္ပီ-အတတ်မျိုးစုံတတ်သူဖြစ်ခြင်း၊
(၆) ကုလ ဓမ္မိက- မျိုးစောင့်တရားရှိသူဖြစ်ခြင်း၊
(၇) ဂရုက- အရှင့်အားကြောက်ချစ်ရိုသေခြင်း၊
(၈) ဝိညာတ- အရိပ်အကဲ၌ လိမ္မာကျွမ်းကျင်ခြင်း။

အထင်အမြင်သေးခံရတတ်သူမျိုး ၅-ယောက်

အံ၊၂၊၁၄၅။ အံ၊ဋ္ဌ၊၃၊၅၀-၌ အကျယ်ရှု။
(၁) ပစ္စည်း ဥစ္စာပေးကမ်းပြီးလျှင် လူပုံအလယ်၌ မိမိကိုယ်ကိုထည်ဝါစွာ ဂုဏ်ဖေါ်တတ်သူ၊
(၂) ရင်းနှီးစွာပေါင်းသင်းပြီး၍အရည်အချင်းမရှိမှန်း အသိခံရသူ၊
(၃) သူတစ်ပါးပြောစကားကို ယုံကြည်လွယ်သူ၊
(၄) ခုချစ် ခုမုန်းစသည်အပြောင်းအလဲမြန်သူ၊
(၅) လျှပ်ပေါ်လော်လည်၍ ကိုယ်ပိုင်အတွေးအခေါ် အသိဉာဏ်မှန် ညံ့ဖျင်းသူ။

အထင်အမြင်သေးခံရသူ ၁၀-ယောက် တစ်နည်း

၎င်းသရုပ်
(လူမလေး ခွေးမခံ့သော ပုဂ္ဂိုလ်တစ်ကျိပ်)၌ ရှုပါ။

အထင်အမြင်သေးခံရသူ ၁၀-ယောက် တစ်နည်း

အန္တရ ဋ္ဌက ရက် ၈-ပါး

အန္တရာယ်ကြီး ၅-ပါး

မျက်မှောက်ဘဝ၌ သဂ္ဂန္တရာယ် မဂ္ဂန္တရာယ် နတ်ပြည် စျာန် မဂ်ဖိုလ်တို့ကိုတားမြစ်တတ်သောတရား ၅-ပါး။ ဝိ၊၂၊၁၇၅။ ဝိ၊ဋ္ဌ၊၃၊၁၃၈-၌ အကျယ်ရှုပါ။
(၁) ကမ္မန္တရာယ်- ပဉ္စာနန္တရိယကံနှင့် ဘိက္ခုနီမ၌ကျူးလွန်မှု၊
(၂) ကိလေသန္တရာယ်- ကိလေသာဆယ်ပါးတွင်ပါဝင်သော နိယတမိစ္ဆာဒိဋ္ဌိ၊
(၃) ဝိပါကန္တရာယ်- အဟိတ်, ဒွိဟိတ် ပဋိသန္ဓေ ဝိပါက်စိတ်၊
(၄) အရိယူပဝါဒန္တရာယ်- အရိယာပုဂ္ဂိုလ်မှန်း သိသိ, မသိသိ ပြစ်မှားလိုစိတ်ဖြင့် ကဲ့ရဲ့စွပ်စွဲခြင်း (တောင်းပန်လျှင်ပြေပျောက်၏၊)
(၅) အာဏာဝီတိက္ကမန္တရာယ်-လွန်ကျူးလိုသောစေတနာဖြင့် သင့်ရောက်သော အာပတ်။

အနန္တကြီး ၄-ပါး

အဆုံးအပိုင်းအခြားမရှိသောအရာ လေးပါး၊ (အဋ္ဌသာလိနီ၊) ၂၀၄။ ဗုဒ္ဓဝံ၊၃၀၅။ ဗုဒ္ဓဝံ၊ဋ္ဌ၊၁၆၃။ (၁) အာကာသ အနန္တ၊
(၂) စက္ကဝါဠ အနန္တ၊
(၃) သတ္တဝါအနန္တ၊
(၄) ဉာဏ်တော် အနန္တ၊ “ကောင်းကင်, စက္ကဝါ၊ သတ္တဝါ, ဉာဏ၊ လေးနန္တတွင်၊ ဆုံးစမရှိ၊ ဉာဏ်တော်ရှိသည်၊ မုနိထွတ်တင်“(မဃဒေဝ လင်္ကာသစ်။)

အနန္တကွာဝေးခြင်းကြီး ၄-ပါး

၎င်းအဖြေကို (ဆက်စပ်လို့မရနိုင်အောင် ဝေးသောအရာကြီး ၄-ပါး)၌ ကြည့်ပါ။

အနန္တဂုဏ်ရှင် ၅-ပါး

အနန္တော အနန္တငါးပါးလည်းဟူ၏။ ပညာရှိသူတော်ကောင်းတို့ ပညတ်ထားရှိခဲ့သော အနန္တကျေးဇူးဂုဏ်ရှင်ငါးပါး။
(၁) ဗုဒ္ဓ- ဘုရားရှင်ကိုယ်တော်မြတ်၊
(၂) ဓမ္မ- ဘုရားရှင်၏တရားတော်များနှင့်အခြားယဉ်ကျေးမှုတရားစုဟူသမျှ၊
(၃) သံဃ- ရဟန်းတော်များ၊
(၄) မာတာပိတု- မွေးသမိခင် မွေးသဖခင် မိခင်ဖခင်နှင့်အလားတူကျေးဇူးပြုသူ၊
(၅) အာစရိယ- အတတ်ပညာပေးသူ, ဆိုဆုံးမသူ ဆရာ။

အနန္တရိယကံကြီး ၅-ပါး

မ၊၃၊၁၁၀။ မ၊ဋ္ဌ၊၄၊၇၄။ ပဉ္စာနန္တရိယကံလည်းဟူ။
(၁) မာတုဃာတက-အမိရင်းကိုသတ်သူ၊
(၂) ပိတုဃာတက- အဖရင်းကိုသတ်သူ၊
(၃) အရဟန္တဃာတက- ရဟန္တာကိုသတ်သူ၊
(၄) လောဟိတုပ္ပါဒက- ဘုရားအားသွေးစိမ်းတည်အောင်ပြုသူ၊
(၅) သံဃဘေဒက- သံဃာတော်တို့အား ဂိုဏ်းအသင်းခွဲသူ၊
ထိုငါးယောက်ကား ကုသိုလ်ကောင်းမှုမည်မျှပင်ပြုပြု သေသည်၏အခြားမဲ့၌ အဝီစိငရဲ စသည်သို့မုချသွားရောက်ခံစားရမည် ဟုမှတ်။

အနရိယ ဝေါဟာရမျိုး ၈-ပါး

အရိယာမဟုတ်သူတို့၏ စကားမျိုးရှစ်ပါး။ ခုဒ္ဒကဝတ္ထု ဝိဘင်းပါဠိတော်နှင့် ပါစိတ်အဋ္ဌကထာ။
(၁) အ ဒိဋ္ဌေ ဒိဋ္ဌ ဝါဒိတာ- မမြင်သည်ကို အမြင်လုပ်၍ပြောခြင်း၊
(၂) အသုတေ သုတဝါဒိတာ- မကြားကို အကြားလုပ်၍ပြောခြင်း၊
(၃) အ မုတေ မုတ ဝါဒိတာ- မထိကိုအထိလုပ်၍ပြောခြင်း၊
(၄) အ ဝိညာတေ ဝိညာတ ဝါဒိတာ- မသိကို အသိလုပ်၍ပြောခြင်း၊
(၅) ဒိဋ္ဌေ အ ဒိဋ္ဌ ဝါဒိတာ- အမြင်ကို မမြင်လုပ်၍ပြောခြင်း၊
(၆) သုတေ အ သုတ ဝါဒိတာ- အကြားကို မကြားလုပ်ပြောခြင်း၊
(၇) မုတေ အ မုတ ဝါဒိတာ- အထိကို မထိလုပ်ပြောခြင်း၊
(၈) ဝိညာတေ အ ဝိညာတ ဝါဒိတာ-အသိကို မသိလုပ်ပြောခြင်း။

အနာမျိုး ၉၆-ပါး

အံ၊၃၊၃၄၃။ အံ၊ဋ္ဌ၊၃၊၃၁၇-နှင့် မဟာနိ၊၁၀၊ ၁၃၊ ၃၅၊ ၁၉၅၊ ၂၀၈၊၃၁၉၊ မဟာနိ၊ဋ္ဌ၊၅၁-တို့၌ အကျယ်ရှု။
(၁) စက္ခု ရောဂေါ- မျက်စိ၌ဖြစ်သောအနာ၊
(၂) သောတ ရောဂေါ-နားတွင်း၌ဖြစ်သောအနာ၊
(၃) ဃာနရောဂေါ- နှာခေါင်းတွင်း၌ဖြစ်သောအနာ၊
(၄) ဇိဝှာ ရောဂေါ- လျှာ၌ဖြစ်သောအနာ၊
(၅) ကာယ ရောဂေါ- ကိုယ်၌ဖြစ်သောအနာ၊
(၆) သီသ ရောဂေါ- ဦးခေါင်း၌ဖြစ်သော အနာ၊
(၇) ကဏ္ဏ ရောဂေါ- နားရွက်၌ဖြစ်သောအနာ၊
(၈) မုခ ရောဂေါ- ခံတွင်း၌ဖြစ်သောအနာ၊
(၉) ဒန္တ ရောဂေါ- သွား၌ဖြစ်သောအနာ၊
(၁၀) ကာသော- ချောင်းဆိုးနာ၊
(၁၁)သာသော- ကြို့ထိုးနာ၊
(၁၂) ပိနာသော- နှာခေါင်းအာဝ၌ဖြစ်သောအနာ၊
(၁၃) ဍာဟော- တစ်ကိုယ်လုံးပူစေတတ်သောအနာ၊
(၁၄) ဇရော- ဖျားသောအနာ၊
(၁၅) ကုစ္ဆိရောဂေါ- ဝမ်း၌ဖြစ်သောအနာ၊
(၁၆) မုစ္ဆာ- တွေဝေမေ့မောစေတတ်သောအနာ၊
(၁၇) ပက္ခန္ဒိကာ- သွေးကိုသွန်အန်တတ်သော ဝမ်းလေနာ၊
(၁၈) သူလာ- ထိုးကျင်စေတတ်သောဝမ်းလေနာ၊
(၁၉) ဝိသုစိကာ- ကြီးစွာဝမ်းလျှောကျသော အနာ, ကာလနာ၊
(၂၀) ကူဋ္ဌံ- နူနာ၊
(၂၁) ဂဏ္ဍော- အိုင်းနာ မြင်းဖု စသောအနာ၊
(၂၂) ကိလာသော- ညှင်း တင်းထိပ်နာ၊
(၂၃) သောသော-အဆုတ်နာ၊ ကုတ်ဟီးနာ၊ ပန်းနာ၊
(၂၄) အပ္ပမာရော- ဝက်ရူး၊ ကြက်ရူး၊ နတ်ဘီလူး ဖမ်းစားသောအနာမျိုး၊
(၂၅) ဒဒ္ဒု- ပွေးနာ၊
(၂၆) ကစ္ဆု- ဝဲကြီးဝဲစိုနာ၊
(၂၇) ကဏ္ဍု- ဝဲငယ် ဝဲခြောက်နာ။
(၂၈) နခသာ-ခြေသည်းလက်သည်းတို့ဖြင့်ခြစ်မိရာအရပ်က ဖြစ်ပေါ်သောအနာ၊
(၂၉) ဝတစ္ဆိကာ- ခြေဖဝါး၊ လက်ဖဝါးပြင်တို့၌ အမျှင်အမျှင်ကွဲအက်သောအနာ၊
(၃၀) လောဟိပိတ္တံ- သွေးသည်းခြေနာ၊ သို့မဟုတ် နီသောသည်းခြေနာ၊
(၃၁) မဓုမေဟော- ဆီးချိုနာ၊
(၃၂) အံသာ- အရိယိုနာ၊
(၃၃) ဝိဠကာ- ထွတ်မြင်းနာ ဖေါယောင်နာ၊
(၃၄) ဘဂန္ဒလာ- ဂယင်ဂျီနာ, ဘင်နာ, ဘဂန္ဒိုလ်နာ၊
ဤပါဠိတော်မြတ်၌ မျက်စိနာအစ ဘဂန္ဒိုလ်နာ အဆုံးရှိသော ၃၄-ပါးတို့တွင် “နခသာ, အပ္ပမာရော“၎င်းအနာ ၂-ပါးမှာ သည်းခြေ,သလိပ်, လေတို့ကြောင့် မဖြစ်မူ၍ အကြွင်း ၃၂-ပါးသောအနာတို့သည်သာ သည်းခြေ, သလိပ်,လေတို့ကြောင့်ဖြစ်ကုန်ရကား သည်းခြေနာ ၃၂-ပါး၊ သလိပ်နာ ၃၂-ပါး၊ လေနာ ၃၂-ပါး၊ ပေါင်း အနာမျိုး ၉၆-ပါးဖြစ်သတည်း။
မှတ်ချက်။ ။
(၁) ပိတ္တ သမုဋ္ဌာနာ- သည်းခြေကြောင့်ဖြစ်ကုန်သောအနာမျိုး။
(၂) သေမှ သမုဋ္ဌာနာ- သလိပ်ကြောင့်ဖြစ်ကုန်သောအနာမျိုး။
(၃) ဝါတ သမုဋ္ဌာနာ လေကြောင့်ဖြစ်ကုန်သောအနာမျိုး။
(၄) သန္နိပါတာ-သည်းခြေ သလိပ် လေသုံးပါးတို့ ပေါင်းစုဖြစ်သောအနာမျိုး၊
(၅) ဥတု ပရိဏာမဇာ- ဥတုဖေါက်ပြန်၍ဖြစ်သောအနာမျိုး၊
(၆) ဝိသမ ပရိဟာရဇာ- ကိုယ်ခန္ဓာကို မညီညွတ် ကျန်းမာရေးနှင့်ဆန့်ကျင်ဘက် ဆောင်ရွက်ခြင်းကြောင့်ဖြစ်သောအနာ၊
(၇) ဩပက္ကမိကာ- ထိုးခုတ် သတ်ဖြတ်ခြင်းစသော သူတစ်ပါးတို့လုံ့လကြောင့်ဖြစ်သောအနာ၊
(၈) ကမ္မ ဝိပါကဇာ- ကံကြောင့်ဖြစ်သောအနာ ဝဋ်နာမျိုး၊
(၉) သီတံ- ချမ်းအေးခြင်း၊
(၁၀) ဥဏှံ- ပူလောင်ခြင်း၊
(၁၁) ဇိဃစ္ဆာ- ဆာလောင်ခြင်း၊
(၁၂) ပိပါသာ- မွတ်သိပ်ခြင်း၊
(၁၃) ဥစ္စရော- ကျင်ကြီးစွန့်လိုခြင်း၊
(၁၄) ပဿာဝေါ- ကျင်ငယ်စွန့်လိုခြင်း။
ယင်းတို့ကိုလည်း ဒသအင်္ဂုတ္တိုရ်ပါဠိတော်၌ အနာဟုပင်ဆက်လက်ဖေါ်ပြပေသေး၏ဟု မှတ်ရာ၏။

အနာမျိုး ၉၈-ပါး တစ်နည်း

မဟာသေနေန-ဟူသောပုဒ်ကို တေမိဇာတ်အဋ္ဌကထာ၌ “မဟာသေနေနာတိ ပဉ္စဝီသတိဘယ ဒွတ္တိံသကမ္မကရဏ အဋ္ဌနဝုတိ ရောဂပ္ပမုခါဒိဝသေန ပုထုသေနေန”ဟု ဖွင့်ဆိုထားချက်အရ ဖြစ်၏၊ အထက်ပါ ၉၆-ပါးတွင် “နခသာ-ခြေသည်း လက်သည်းခြစ်မိသောအနာ အ ပမာရော- ဝက်ရူး ကြက်ရူးနာ, ၎င်း ၂-ပါးထည့်သွင်းကာ ၉၈-ပါးဟုရေတွက်ရာ၏။

အနာဂတ်အဓွန့်တရား ၃-ပါး

၎င်းအဖြေကို “အဓွန့် ၃-ပါး”၌ ဆိုခဲ့ပြီ။

အနာဂါမ်မျိုး ၅-ပါး

သံ၊၃၊၂၄၈။ သံ၊ဋ္ဌ၊၃၊၂၉၂။ အနာဂါမ်ဘဝမှ အထက်မဂ် ဖိုလ် ကျအောင်ကျင့်၍ပရိနိဗ္ဗာန်ပြုကြကုန်သော သုဒ္ဓါဝါသ ၅-ဘုံ၌ အနာဂါမ်ပုဂ္ဂိုလ်အပြား ၅-ပါး။
(၁) အန္တရာယ ပရိနိဗ္ဗာယီ- အသက်အပိုင်းအခြားအလယ်၌သာလျှင် ပရိနိဗ္ဗာန်ပြုသော အနာဂါမ်၊
(၂) ဥပဟစ္စ ပရိနိဗ္ဗာယီ- အသက်အပိုင်းအခြားအလယ်ကိုလွန်၍ ပရိနိဗ္ဗာန်ပြုသောအနာဂါမ်၊
(၃) အသင်္ခါရ ပရိနိဗ္ဗာယီ- ချမ်းသာစွာပရိနိဗ္ဗာန်ပြုသော အနာဂါမ်၊
(၄) သသင်္ခါရ ပရိနိဗ္ဗာယီ- ပင်ပန်းဆင်းရဲစွာပရိနိဗ္ဗာန်ပြုသော အနာဂါမ်၊
(၅) ဥဒ္ဓံ သောတအကနိဋ္ဌာဂါမီ- အထက်အထက်သောဘုံစဉ်၌ တပ်သောအလျဉ်ဖြင့် အကနိဋ္ဌဘုံသို့ရောက်သောအနာဂါမ်။

အနာဂါမ်မျိုး ၇-ပါး

အံ၊၂၊၄၄၉။ အံ၊ဋ္ဌ၊၃၊၁၇၂-၌အကျယ်ရှုပါ။

အနာဂါမ်ပုဂ္ဂိုလ် ၄၈-ယောက်

၎င်းသရုပ်များကို အဘိ၊ပု၊၁၁၉-၁၂၀။ အဘိ၊ဋ္ဌ၊၃၊၄၇-၅၃-အထိ။ သုတ္တနိ၊ဋ္ဌ၊၁၊၂၈၂။ ခုဒ္ဒက၊ဋ္ဌ၊၁၅၃-တို့၌ ရှုပါကုန်။

အနာဂါမ်၏အင်္ဂါလက္ခဏာ ၆-ပါး

အနာဂါမ်ပုဂ္ဂိုလ်သည် ဤအင်္ဂါခြောက်ပါးနှင့်ပြည့်စုံ၏ဟု
အင်္ဂုတ္တိုရ်ဆက္က၌ဆိုသည်။
(၁) မဆုတ်နစ်သောသဒ္ဓါရှိခြင်း၊
(၂) မကောင်းမှုတို့၌လွန်စွာရှက်ခြင်း၊
(၃) ဒုစရိုက်မှုတို့၌ လွန်စွာကြောက်ခြင်း၊
(၄) လွန်ကဲသောဝီရိယရှိခြင်း၊
(၅) သတိတရားလွန်စွာကောင်းခြင်း၊
(၆) ပညာအဆင်အခြင်လွန်စွာရှိခြင်း။

အနာရောဂါ၊ ကင်းပျောက်ရာ၊ ၁၀-ဖြာတရား၊ အဘယ်နည်း

၎င်းအဖြေ (ရောဂါပျောက်ငြိမ်းကြောင်းတရား၁၀-ပါး)၌ ဆိုအံ့။

အနာရောဂါရခြင်း၏ အကြောင်းရင်း ၈-ပါး

သံ၊၂၊၄၂၈။ သံ၊ဋ္ဌ၊၃၊၁၂၁။ မိလိန္ဒ၊၁၃၇-၌ အကျယ်ရှုပါ။ (ယေဘုယျနည်း၊)
(၁) ဝါတ သမုဋ္ဌာန- လေကြောင့်၊
(၂) ပိတ္တသမုဋ္ဌာန- သည်းခြေကြောင့်၊
(၃) သေမှ သမုဋ္ဌာန- သလိပ်ကြောင့်၊
(၄) သန္နိပါတိက- အထက်ပါအကြောင်းတို့ စုပေါင်းမိသောကြောင့်၊
(၅) ဥတု ဝိပရိဏာမ- ဥတုဖေါက်ပြန်သောကြောင့်၊
(၆) ဝိသမ ပရိဟာရ- အစာအာဟာရမညီညွတ်မှုကြောင့်၊
(၇) ဩပက္ကမိက- သူတစ်ပါးတို့ရိုက်နှက်ပုတ်ခတ်မှုကြောင့်
(၈) ကမ္မဝိပါက- ကံကြောင့်။

အနာဝရ ဏိယ ဂုဏ်တော် ၄-ပါး

ဘုရားရှင်အား သူတစ်ပါးတို့မဖျက်ဆီးမပိတ်ပင်နိုင်သော ဂုဏ်တော် ၄-ပါး။ (၁) ဘုရားရှင်အားရည်မှတ်၍ စီရင်အပ်သောလာဘ်၊
(၂) တစ်လံမျှသော ဗျာမပဘာခေါ် ရောင်ခြည်တော်၊
(၃) သဗ္ဗညုတဉာဏ်တော်၊
(၄) ဘုရားရှင်၏အသက်တော်။

အနုဂ္ဂဟမျိုး ၂-ပါး

သာသနာကို ချီးမြှောက်ထောက်ပံ့ကူညီမှုမျိုး ၂-ပါး။
(၁) ပစ္စယာနုဂ္ဂဟ- ပစ္စည်းအမျိုးမျိုးတို့ဖြင့်ချီးမြှောက်ထောက်ပံ့မှု၊
(၂) ဓမ္မာနုဂ္ဂဟ- မိမိကိုယ်တိုင်တရားစာပေ သင်ကြားပို့ချ ကျင့်ကြံအားထုတ်မှု။

အနုစာပေ၊ ရေးသားလေ၊ ၄-ထွေမြန်မာ့နည်း

၎င်းအဖြေကို (မြန်မာစာပေ၊ ရေးသားလေ၊ ၅-ထွေနိဿရည်း)၌ကြည့်ပါ။

အနုတ္တရိယတရား ၆-ပါး

ပဋိသံ၊၆။ ပဋိသံ၊ဋ္ဌ၊၁၊၆၅-၌ အကျယ်ရှုပါ။ လွန်မင်းမြင့်မြတ်သောတရား ၆-ပါး။
(၁) ဒဿနာ နုတ္တရိယ- မြင်ရခြင်းတကာတို့တွင် ရတနာသုံးပါးကိုမြင်ရခြင်းသည် အမြတ်ဆုံး၊
(၂) သဝနာ နုတ္တရိယ- ကြားရခြင်းတကာတို့တွင် ရတနာသုံးနှင့်စပ်သောအသံကို ကြားရခြင်းသည်အမြတ်ဆုံး၊
(၃) လာဘာ နုတ္တရိယ- ရခြင်းတကာတို့တွင် ရတနာသုံးပါးကိုရခြင်းသည်အမြတ်ဆုံး၊
(၄) ပါရိစရိယာ နုတ္တရိယ- လုပ်ကျွေးခြင်းတကာတို့တွင် ရတနာသုံးပါးကိုလုပ်ကျွေးခြင်းသည် အမြတ်ဆုံး၊
(၅) အနုဿတာ နုတ္တရိယ- အောက်မေ့ခြင်းတကာတို့တွင် ရတနာသုံးပါးကိုအောက်မေ့ရခြင်းသည် အမြတ်ဆုံး၊
(၆) သိက္ခာ နုတ္တရိယ- အကျင့်တကာတို့တွင် ရတနာသုံးပါးဂုဏ်တရားကို ကျင့်ရခြင်းသည် အမြတ်ဆုံး။

အနုပဿနာတရား ၃-ပါး

လက္ခဏာရေး သုံးပါး။
(၁) အနိစ္စာနုပဿနာ- အနိစ္စသဘောထင်ရှားအောင် အခါခါရှုဆင်ခြင်ခြင်း၊
(၂) ဒုက္ခာ နုပဿနာ- ဒုက္ခသဘောထင်ရှားအောင် အခါခါရှုဆင်ခြင်ခြင်း၊
(၃) အနတ္တာနုပဿနာ- အနတ္တသဘောထင်ရှားအောင် အခါခါရှုဆင်ခြင်ခြင်း။

အနုပဿနာတရား ၄-ပါး

သတိပဋ္ဌာန်တရား ၄-ပါး”မှာ ဆိုမည်။

အနုပဿနာတရား ၁၀-ပါး

ပဋိသံ၊၂၃၈။ ပဋိသံ၊ဋ္ဌ၊၂၊၁၅၈-၌ အကျယ်ရှုပါ။
(၁) အနိစ္စာနုပဿနာ၊
(၂) ဒုက္ခာ နုပဿနာ၊
(၃) အနတ္တာ နုပဿနာ၊
(၄) နိဗ္ဗိဒါ နုပဿနာ၊
(၅) ဝိရာဂါ နုပဿနာ၊
(၆) နိရောဓါ နုပဿနာ၊
(၇) ပဋိနိဿဂ္ဂါ နုပဿနာ၊
(၈) အနိမိတ္တာ နုပဿနာ၊
(၉) အပ္ပဏိ ဟိတာ နုပဿနာ၊
(၁၀) သုညတာ နုပဿနာ။

အနုမြူနိုင်ငံကြီး ၉-ခု

ကမ္ဘာပေါ်၌ ကြောက်စရာအကောင်းဆုံး အဆိုးဝါးဆုံးသော လူသတ်လက်နက် အနုမြူဗုံးပိုင်ရှင်နိုင်ငံကြီးများဟူ၏။ ဤမှတ်တမ်းကား ၂၀၀၈-ခုနှစ်အတွင်းမျှဖြစ်သည်။
(၁) အမေရိကန်နိုင်ငံ၊ ၁၉၄၅-ခုနှစ်၊ ဇူလိုင်လ ၁၆-ရက်နေ့ မက်ဆီကိုနယ် အယ်လာမာဂေါ်ဒိုဒေသ၌ ပထမဆုံးအနုမြူဗုံးကို ဖေါက်ခွဲခဲ့သည်။
(၂) ဆိုဗီယက်ယူနီယံနိုင်ငံ၊ ၁၉၄၉-ခု၊ ဩဂုတ်လမှာ စတင်ဖေါက်ခွဲခဲ့သည်။
(၃) ဗြိတိန်နိုင်ငံ၊ ၁၉၅၂-ခု၊ အောက်တိုဘာလ ၃-ရက်နေ့က ဩစတြေးလျတိုက်၏ အနောက်မြောက်ဘက်မိုင် ၅၀-ကွာမွန်တီတလိုကျွန်းစု၌ စတင်ဖေါက်ခွဲခဲ့သည်။
(၄) ပြင်သစ်နိုင်ငံ၊ ၁၉၆၀-ခု၊ ဖေဖေါ်ဝါရီလ ၁၃-ရက်နေ့ ဆဟာရသဲကန္တာရ၌ ပလူတိုနီယံအနုမြူဗုံးကို စတင်ဖေါက်ခွဲသည်။
(၅) တရုပ်နိုင်ငံ၊ ၁၉၆၄-ခု၊ အောက်တိုဘာလ ၁၆-ရက်နေ့ စင်ကိုင်းပြည်နယ် ထက်လာမာကန် သဲကန္တာရ၌စတင်ဖေါက်ခွဲသည်။
(၆) အိန္ဒိယနိုင်ငံ၊ ပဌမဆုံး အနုမြူဗုံးကို ရာဂျပ်စ်သန် သဲကန္တာရ၌ ၁၉၇၄-ခုနှစ် မေလ ၁၇- ရက်နေ့ကစတင်ဖေါက်ခွဲလိုက်သည်။
(၇) အစ္စရေး၊ ၁၉၇၉-ခု။
(၈) ပါကစ္စတန်၊ ၁၉၉၈-ခု၊
(၈) မြောက်ကိုးရီးယား၊ ၂၀၀၆-ခု၊
အစ္စရေးကကြေငြာခြင်း မရှိခဲ့ပါ။ ယခုအခါ နိုင်ငံများစွာမှာ ကြိုးပမ်းထုတ်လုပ်နေကြသည်။
http://en.wikipedia.org/wiki/List_of_states_with_nuclear_weapons
မှာကြည့်။

အနုဝါဒဝတ္ထု ၇-ပါး

ရဟန်းတော်များ အာပတ် ၇-ပုံဖြင့် ငြင်းဆိုစွပ်စွဲမှုကိုခေါ်သည်။
(အာပတ် ၇-ပုံကြည့်။)

အနုဝါဒါဓိကရုဏ်း ၇-ပါး

ရဟန်းတော်များ အာပတ် ၇-ပါးဖြင့်စွပ်စွဲငြင်းခုံမှု။

အနုဝိဇ္ဇက ကျင့်ဝတ် ၆၄-ပါး

ဝိနည်းဓိုရ် နာယကခေါ် အနုဝိဇ္ဇကရဟန်းတော်များ လိုက်နာကျင့်သုံးရမည့် နည်းဥပဒေ ၆၄-ပါး။
(၁) တရားလို စောဒကတရားခံ စုဒိတကတို့၏ ဥပဇ္ဈာယ်ကို မမေးရ။
(၂) ဆရာကိုမမေးရ၊
(၃) သဒ္ဓိဝိဟာရိက တပည့်ကိုမမေးရ၊
(၄) အန္တေဝါသိက တပည့်ကိုမမေးရ၊
(၅) ဥပဇ္ဈာယ်တူ တပည့်ကိုမမေးရ၊
(၆) ဆရာတူတပည့်ကိုမမေးရ၊
(၇) ဇာတ်ကို မမေးရ၊
(၈) အမည်ကိုမမေးရ၊
(၉) အနွယ်ကို မမေးရ၊
(၁၀) အာဂုံကို မမေးရ၊
(၁၁) အမျိုးကိုမမေးရ၊ (ခတ္တိယ၊ ဗြာဟ္မဏစသောဇာတ်တွင်လည်း ကာသိက မင်းမျိုး၊ ကောသလမင်းမျိုး စသောအမျိုးကိုမမေးရ
ဟုဆိုလို၏။)
(၁၂) ဖွားရာအရပ်ကိုမမေးရ။
မှတ်ချက်။ ။ ဤ ၁၂-ရပ်သောမေးခွန်းကို မေးခဲ့သော် ချစ်ခြင်းသော်လည်းဖြစ်ရာ၏၊သို့မဟုတ်မုန်းခြင်းသော်လည်းဖြစ်ရာ၏၊ ချစ်ခြင်း မုန်းခြင်းများဖြစ်ခဲ့သော် ဆန္ဒာဂတိ ဒေါသာဂတိ မောဟာဂတိ ဘယာဂတိသို့လိုက်ခဲ့ရာသောကြောင့် ၁၂-ရပ်သောမေးခွန်းကို မမေးရဟုဆိုလို၏၊ ဤ ၁၂-ပါးသောကျင့်ဝတ်ကား ရှောင်ကြဉ်ရမည့်ကျင့်ဝတ်တည်း။
လိုက်နာရမည့်ကျင့်ဝတ်ကား ၅၂-ပါးရှိသတည်း။
(၁) ပုဂ္ဂိုလ်ကိုအလေးမပြုဘဲ သံဃာကိုသာ အလေးပြုရမည်၊
(၂) အာမိသကိုအလေးမပြုပဲ သူတော်ကောင်းတို့၏တရားကိုသာအလေးပြုရမည်၊
(၃) ပရိတ်သတ်အလိုအကြိုက်သို့မလိုက်ဘဲ မိမိအလိုအကြိုက်သို့သာလိုက်ရမည်၊
(၄) မသင့်လျော်သောအခါ၌မမေးမြန်းဘဲ သင့်လျော်သောအခါ၌သာ မေးမြန်းရမည်။
(၅) မဟုတ်မမှန်သောစကားဖြင့် မမေးမြန်းဘဲဟုတ်မှန်သောစကားဖြင့်သာ မေးမြန်းရမည်၊
(၆) ကြမ်းတမ်းသောစကားဖြင့် မမေးမြန်းဘဲ နူးညံ့သိမ်မွေ့သောစကားဖြင့်သာ မေးမြန်းရမည်၊
(၇) အကျိုးနှင့်မစပ်သောစကားဖြင့် မမေးမြန်းဘဲ အကျိုးနှင့်စပ်သောစကားဖြင့်သာမေးမြန်းရမည်၊
(၈) ဒေါသစိတ်ဖြင့်မမေးမြန်းဘဲ မေတ္တာစိတ်ဖြင့်သာမေးမြန်းရမည်၊
(၉) နား၏အနီး၌ကပ်၍မပြောဆိုရ၊
(၁၀) ကောက်ကျစ်သောအမှုကို မရှုငဲ့ရ။
(၁၁) မျက်စပစ်၍ မပြရ၊
(၁၂) မျက်မှောင်ကြုတ်၍ မပြရ၊
(၁၃) ခေါင်းညိတ်၍မပြရ၊
(၁၄) လက်၏ဖေါက်ပြန်ခြင်းကို မပြရ၊
(၁၅) လက်ဆုတ်ကို မပြရ၊
(၁၆) နေရာ၌ လိမ္မာရမည်၊
(၁၇) ထိုင်ခြင်း၌လိမ္မာရမည်၊
(၁၈) လေးတောင်ပမာဏမျှကိုသာ ကြည့်ရှုရမည်၊
(၁၉) အနက်အဆုံးအဖြတ်ကိုသာ နှိုင်းချိန်စုံစမ်း၍နေရမည်၊
(၂၀) မိမိနေရာ၌သာထိုင်ရမည်။
(၂၁) နေရာအရပ်မှထမသွားရ၊
(၂၂) အဆုံးအဖြတ်ကိုမလျှော့စေရ၊
(၂၃) အာပတ်ကိုပြသောအားဖြင့်လမ်းလွဲလမ်းမှားကို မမှီဝဲရ၊
(၂၄) လက်ရုံးကိုမြှောက်၍ မပြောဆိုရ၊
(၂၅) အဆောတလျင်မပြောဆိုရ၊
(၂၆) ကြမ်းကြမ်းတမ်းတမ်း မပြောဆိုရ၊
(၂၇) မကောင်းသဖြင့်ဆိုအပ်သောစကားများကို သည်းခံရမည်၊
(၂၈) အစီးအပွားကိုလိုလားသည်ဖြစ်၍ မေတ္တာစိတ်ကိုဖြစ်စေရမည်၊
(၂၉) အစီးအပွားကိုရှာမှီးသည်ဖြစ်၍ ဂရုဏာစိတ်ကိုဖြစ်စေရမည်၊
(၃၀) အပိုင်းအခြားရှိသောစကားကိုပြောဆိုသည်ဖြစ်၍ အကျိုးအနက်မဲ့စကားကိုမပြောဆိုရ။
(၃၁) မကောင်းသောစကားကို မပြောဆိုဘဲ ရန်နှင့်မစပ်သောစကားကိုသာ ပြောဆိုရမည်၊
(၃၂) ဤအမှုကိုဆုံးဖြတ်နိုင်အံ့လော၊ မဆုံးဖြတ်နိုင်အံ့လောဟု မိမိကိုယ်ကိုနှိုင်းချိန်စုံစမ်းရမည်၊
(၃၃) ဤလဇ္ဇီပရိတ်သတ်ကို သိစေနိုင်လိမ့်မည်လောဟု တစ်ပါးသောပရိတ်သတ်ပုဂ္ဂိုလ်ကို နှိုင်းချိန်စုံစမ်းရမည်၊
(၃၄) ဓမ္မစောဒကလော အဓမ္မ စောဒကလောဟု စောဒကကို နှိုင်းချိန်စုံစမ်းရမည်၊
(၃၅) ဓမ္မ စုဒိတကလော အဓမ္မစုဒိတကလောဟု စုဒိတက ကို နှိုင်းချိန်စုံစမ်းရမည်၊
(၃၆) အ ဓမ္မ စောဒက၏အတိုင်းအရှည်ကို နှိုင်းချိန်စုံစမ်းရမည်၊
(၃၇) အ ဓမ္မ စုဒိတက၏ အတိုင်းအရှည်ကို နှိုင်းချိန်စုံစမ်းရမည်၊
(၃၈) ဓမ္မ စောဒက၏အတိုင်းအရှည်ကို နှိုင်းချိန်စုံစမ်းရမည်၊
(၃၉) ဓမ္မ စုဒိတက၏အတိုင်းအရှည်ကို နှိုင်းချိန်စုံစမ်းရမည်၊
(၄၀) စောဒက စုဒိတကတို့၏ အစစ်ခံထွက်ဆိုထားသောစကား အချက်အလက်တို့ကို မယုတ်လျော့စေဘဲ နံပါတ်စဉ်ထိုး၍ ရေးမှတ်ထားရမည်။
(၄၁) စောဒက စုဒိတကတို့၏ အစစ်မခံ မထွက်ဆိုသော စကားအချက်အလက်ဝတ္ထုများကိုထင်စွာမပြရ၊
(၄၂) ထွက်ဆိုအစစ်ခံသောအားဖြင့် သက်ရောက်လာသော ပုဒ်ဗျည်းအက္ခရာ စကားအစဉ်တို့ကို ကောင်းစွာနှိုင်းချိန်စုံစမ်းပြီး၍ ဝန်ခံချက် ပဋိညာဉ်အတိုင်းဆုံးဖြတ်ရမည်၊
(၄၃) တွေဝေသည်ဖြစ်၍ နုံ့နှေးသောစောဒက စုဒိတကကို ရွှင်လန်းအောင်လှုံ့ဆော်ပေးရမည်၊
(၄၄) ကြောက်ရွံ့သောစောဒက စုဒိတကကို သက်သာခွင့် ရစေရမည်၊
(၄၅) ကြမ်းတမ်းသော စောဒက စုဒိတကကို တားမြစ်ကန့်ကွက်ရမည်၊
(၄၆) မစင်ကြယ်သောအာပတ်ကိုထင်စွာပြရမည်၊
(၄၇) ဖြောင့်မတ်သောပုဂ္ဂိုလ်ကို နူးညံ့ပျော့ပျောင်းသောစကားဖြင့် ခေါ်ဝေါ်ပြောဆိုရမည်၊
(၄၈) ဆန္ဒာဂတိသို့မလိုက်ရ၊
(၄၉) ဒေါသာဂတိသို့ မလိုက်ရ၊
(၅၀) မောဟာဂတိသို့မလိုက်ရ၊
(၅၁) ဘယာဂတိသို့ မလိုက်ရ၊
(၅၂) ပုဂ္ဂိုလ်ကို အလေးမပြုဘဲ ဓမ္မကိုသာအလေးပြုသည်ဖြစ်၍ ပုဂ္ဂလတို့၌ လျစ်လျူရှုရမည်၊ ဤကားလိုက်နာရမည့်ကျင့်ဝတ် ၅၂-ပါးတည်း၊ ပေါင်း ၆၄-ပါးဖြစ်၏။

အနုဿတိ ၁၀-ပါး

အဖန်ဖန်အောက်မေ့အပ်သော ကမ္မဋ္ဌာန်းတရားဆယ်ပါးဟူ၏။ အင်္ဂုတ္တိုရ်ပါဠိတော်-ပ။
(၁) ဗုဒ္ဓါ နုဿတိ- ဘုရား၏ဂုဏ်တော်ကျေးဇူးတော်များကို အဖန်ဖန်အထပ်ထပ် မပြတ်အောက်မေ့ခြင်း၊
(၂) ဓမ္မာ နုဿတိ- တရား၏ဂုဏ်တော်ကို၎င်း၊
(၃) သံဃာ နုဿတိ- သံဃာဂုဏ်တော်ကို၎င်း၊
(၄) သီလာနုဿတိ-မိမိစောင့်ထိန်းသောသီလဂုဏ်ကို၎င်း၊
(၅) စာဂါနုဿတိ- လှူဒါန်းခြင်း ဒါနဂုဏ်ကို၎င်း၊
(၆) ဒေဝတာ နုဿတိ- နတ်တို့ကိုသက်သေပုံ
ထား၍ နတ်အဖြစ်သို့ရောက်အောင် ပို့ဆောင်နိုင်သော သဒ္ဓါစသော မိမိ၏ကုသိုလ်တရားကို၎င်း၊
(၇) ဥပသမာ နုဿတိ- ကိလေသာမှကင်းငြိမ်းခြင်း ဥပသမာဂုဏ်ကို၎င်း၊
(၈) မရဏာ နုဿတိ- သေခြင်းတရားကို၎င်း၊
(၉) ကာယဂတာ သတိ- ဆံပင်စသော ဒွတ္တိံသကာယ၊ သို့မဟုတ် ပထဝီဓါတ် ကာယနှစ်ဆယ်စသော ဒွေစတ္တာလီသ ကာယကို၎င်း၊(၁၀) အာနာပါဏုဿတိ- ထွက်သက်ဝင်သက်ကို၎င်း။

အနုသယ ၇-ပါး

မဟာနိ၊၇၇။ မဟာနိ၊ဋ္ဌ၊၂၀၅-၌အကျယ်ရှု။ အကြောင်းတစ်စုံတစ်ခုနှင့် ပေါင်းဆုံမိကအဆင်သင့်ဖြစ်ပေါ်နိုင်ရန် သတ္တဝါတို့သန္တန်၌ ကိန်းဝပ်နေသောတရား ၇-ပါး။
(၁) ကာမရာဂါ နုသယ-ကာမဂုဏ်၌ တပ်နှစ်သက်သော “လောဘ”၊
(၂) ဘဝရာဂါ နုသယ- ဘဝ၌နှစ်သက်သော “လောဘ”၊
(၃) ပဋိဃာ နုသယ- ပြစ်မှားကြမ်းကြုတ်သော “ဒေါသ”၊
(၄) မာနာ နုသယ- မောက်ကြွားထောင်လွှားခြင်း“မာန“၊
(၅) ဒိဋ္ဌာ နုသယ- မှားသောအယူဝါဒကိုယူခြင်း “ဒိဋ္ဌိ”၊
(၆) ဝိစိကိစ္စာ နုသယ- ရတနာသုံးပါးစသည်၌သို့လောသို့လောတွေးတောခြင်း “ဝိစိကိစ္စာ”၊
(၇) အဝိဇ္ဇာ နုသယ- မသိအမှန် မလိမ္မာတွေဝေမိုက်မဲခြင်း “မောဟ”။

အနူမျိုးပြား၊ ၁၈-ပါး၊ ခေါ်ငြားအဘယ်နည်း?

၎င်းအဖြေ (နူနာမျိုး ၁၈-ပါး)၌ ကြည့်ပါ။

အနေသန ၂၁-ပါး

မဟာနိ၊၂၉၀-၃၉၆။ မဟာနိ၊ဋ္ဌ၊၃၅၀-၃၅၂။ မ၊၂၊၂။ မ၊ဋ္ဌ၊၃၊၄-တို့၌အကျယ်ရှုပါလေ။ ကျမ်းချင်းအနည်းငယ်ကွဲလွဲကြသည်။ ရဟန်းသာမဏေတို့နှင့် မအပ်စပ်၊ မရှာမှီးကောင်းသော ပစ္စည်းဥစ္စာရှာနည်း ၂၁-ပါး။
(၁) လူများကို ဆေးကုပေး၍ ပစ္စည်းရှာခြင်း၊
(၂) လူတို့၏ ခရီးရှည်စေတမန်လုပ်ခြင်း၊
(၃) လူတို့၏အနီးအနား အစေအခိုင်းခံခြင်း၊
(၄) အနာကိုဓါးခွဲပေးခြင်း၊
(၅) ဆေးလိမ်းပေးခြင်း၊
(၆) ပျို့အန်ဆေးပေးခြင်း၊
(၇) ဝမ်းနုတ်ဆေးပေးခြင်း၊
(၈) နှာပေးခြင်း၊
(၉) မျက်စဉ်းပေးခြင်း၊
(၁၀) ဝါးပေးခြင်း၊
(၁၁) သစ်ရွက် သက်ငယ် ဓနိပေးခြင်း၊
(၁၂) ပန်းပေးခြင်း၊
(၁၃) စားဖွယ်သစ်သီးပေးခြင်း၊
(၁၄) ရေချိုးဆပ်ပြာပေးခြင်း၊
(၁၅) ဒန်ပူပေးခြင်း၊
(၁၆) မျက်နှာသစ်ရေပေးခြင်း၊
(၁၇) မျက်နှာချေမှုန့် ပေါင်ဒါပေးခြင်း၊
(၁၈) မြေညက်ပေးခြင်း၊
(၁၉) မိမိကိုယ်ကိုအောက်ချ၍ကျုပ် ကျွန်တော်စသော ဝေါဟာရတို့ဖြင့်ပြောခြင်း၊
(၂၀) လိမ်လည် ဝါကြွား၍ပြောကြားခြင်း၊
(၂၁) ကလေးထိန်းများကဲ့သို့ လူတို့၏ကလေးများကို ချီပွေ့ချော့မြူခြင်း။

အနောဓိဿ မေတ္တာ ၅-ပါး

လူ နတ် ကျား မ မခွဲခြားဘဲ သတ္တဝါအားလုံးအနေနှင့်ပို့သသော မေတ္တာမျိုး။
(၁) သဗ္ဗေ သတ္တာ- သတ္တဝါအားလုံး၊
(၂) သဗ္ဗေ ပါဏာ- သက်ရှိအားလုံး၊
(၃) သဗ္ဗေ ဘူတာ- ဖြစ်နေသူအားလုံး၊
(၄) သဗ္ဗေ ပုဂ္ဂလာ- ပုဂ္ဂိုလ်အားလုံး၊
(၅) သဗ္ဗေ အတ္တဘာဝ ပရိယာပန္နာ- အတ္တဘော၌ အကျုံးဝင်သူအားလုံး။

အနှောင်အဖွဲ့ကြီးမျိုး ၁၀-ပါး

မိလိန္ဒ၊၂၇၈။ နိက္ခမပါရမီ၏ ဆန့်ကျင်ဘက်ကြီးများ။
(၁) မာတု- အမိ၊
(၂) ပိတု- အဖ၊
(၃) ဘရိယ- မယား၊
(၄) ပုတ္တ-သားသမီး၊
(၅) ဉာတိသင်္ဂဟ-အဆွေအမျိုး၊
(၆) မိတ္တသဟာယ- အပေါင်းအဖေါ်၊
(၇) ဘောဂဓန- ဥစ္စာရွှေငွေ၊
(၈) လာဘသက္ကာရ- လာဘ်အပူဇော်၊
(၉) ဣဿရ- အစိုးရခြင်း၊
(၁၀) ပဉ္စ ကာမဂုဏ- ငါးပါးကာမဂုဏ်။

အပ္ပနာဇော ၂၆-ပါး

ဟုတ်မှန်ကောင်းမြတ်ဆုံးသော အကြံအစည်၌ မဆုတ်မနစ်တည်ကြည်မှု စိတ်စောခြင်းမျိုး၂၆-ပါးဟူ၏။
(က) မဟဂ္ဂုတ် ကုသိုလ်ဇော ၉-ပါး။
(ခ) မဟဂ္ဂုတ် ကြိယာဇော ၉-ပါး။
(ဂ) လောကုတ္တရာဇော ၈-ပါး၊ ပေါင်း ၂၆-ပါး။

အပ္ပမညာ စေတသိက် ၂-ပါး

အတိုင်းအရှည်ပမာဏ မရှိမထားဘဲ သတ္တါများအပေါ်၌စိတ်ထား
ပွားများရမည့် တရား ၂-ပါးဟူ၏။
(၁) ကရုဏာ- သူတစ်ပါးဆင်းရဲက ပယ်ရှားကင်းပျောက်စေလိုသော လက္ခဏာ၊
(၂) မုဒိတာ- သူတစ်ပါးစည်းစိမ်ချမ်းသာကို ဝမ်းသာရွှင်မြောက်ခြင်းလက္ခဏာ။

အပရိဟာနိယ တရား ၇-ပါး

စည်းစိမ်ချမ်းသာမဆုတ်ယုတ် တိုးတက်ပွားများကြောင်းတရား ခုနှစ်ပါးဟူလို။(သတ္တင်္ဂုတ္တရပါဠိတော်နှင့် ပရိနိဗ္ဗာနသုတ်အဋ္ဌကထာတို့မှ)
(၁) သတ္ထု ဂါရဝတာ- ဘုရား၌ရိုသေခြင်း၊
(၂) ဓမ္မဂါရဝတာ- တရား၌ ရိုသေခြင်း၊
(၃) သံဃ ဂါရဝတာ- သံဃာ၌ရိုသေခြင်း၊
(၄) သိက္ခာဂါရဝတာ-ကိုယ်ကျင့်သိက္ခာ၌ ရိုသေခြင်း၊ ကျင့်သုံးခြင်း၊
(၅) သမာဓိ ဂါရဝတာ- တည်ကြည်ခြင်းသမာဓိကို ရိုသေခြင်း၊
(၆) ကလျာဏမိတ္တတာ- ကောင်းသောမိတ်ဆွေရှိခြင်း၊
(၇) သောဝစဿတာ- ပညာရှိသူတော်ကောင်းတို့ဆိုဆုံးမသောစကားကို နာယူလွယ်နိုင်ခြင်း။

အပရိဟာနိယတရား ၇-ပါး အခြား ခုနစ်-နည်း

ဝဇ္ဇီမင်းတို့အား တိုင်းပြည်တိုးပွားရေး
အတွက် ၇-ပါးတစ်နည်းကိုဟောတော်မူ၍ ရဟန်းတော်တို့အား ၇-ပါး ငါးနည်း၊ ၆-ပါး တစ်နည်း ဟောတော်မူလေသည်။ ၎င်းအကျယ်စိတ်ဝင်စားဖွယ်တို့ကို မဟာပရိနိဗ္ဗာနသုတ်၌ကြည့်ပါကုန်၊ ထိုသုတ်၌ဖေါ်ပြသော လူတို့အတွက်နှင့် ရဟန်းတော်တို့အတွက်နှစ်နည်းကို အောက်တွင်ဖေါ်ပြပါအံ့။

အပရိဟာနိယ တရား ၇-ပါး တစ်နည်း

ဝေသာလီပြည် ဝဇ္ဇီမင်းတို့ကိုအကြောင်းပြု၍ ဘုရားဟော်တော်မူသည်။
(၁) ညီညွတ်စွာမပြတ်စည်းဝေးတိုင်ပင်ခြင်း၊
(၂) အစည်းအဝေးသို့ တစ်စုတရုံးတည်းအညီတက်ရောက်၍ မင်းတို့ပြုဖွယ်ကိစ္စကို အညီပြုကုန်လျက် တစ်စုတရုံးတည်း ညီညွတ်စွာထပြန်ကြခြင်း၊
(၃) ရှေးရှေး ဝဇ္ဇီမင်းတို့၏ပညတ်ချက်ဓမ္မတို့ကို အစဉ်လိုက်နာခြင်း မဖျက်ဆီးခြင်း အသစ်မပညတ်ခြင်း၊
(၄) အသက်ကြီးကုန်သော ဝဇ္ဇီမင်းတို့ကို ရိုသေလေးမြတ်စွာပူဇော်ခြင်း ၎င်းတို့၏ဆုံးမချက်ကို နာယူခြင်း၊
(၅) ဝဇ္ဇီအမျိုးသမီးကြီးငယ်တို့ကိုနိုင်ထက်ကလူဆွဲယူ၍ အိမ်ထောင်မပြုခြင်း၊
(၆) မြို့တွင်းမြို့ပြင်ရှိ ဝဇ္ဇီတို့ အရိုအသေပြုပူဇော်ကြကုန် သောနတ်ကွန်းစေတီတို့ကို ရှေးထုံးနည်းအတိုင်း ဗလိနတ်စာပေးခြင်း၊
(၇) ဝဇ္ဇီတိုင်းသို့ မလာကုန်သေးသောရဟန္တာတို့ ကြွလာစေခြင်းငှာ ကြွလာပြီးသောရဟန္တာတို့ ချမ်းသာစွာနေခြင်းငှာ ရဟန္တာတို့အား တရားနှင့်လျော်စွာ စောင့်ရှောက်ပြုစုလုံခြုံစေခြင်း။

အပရိဟာနိယ တရား ၇-ပါးတစ်နည်း

မဟာပရိနိဗ္ဗာနသုတ်၌ ရဟန်းတို့အား ၅-နည်းဟောကြားတော်မူသည့်အနက်တစ်နည်း။
(၁) ညီညွတ်စွာမပြတ်စည်းဝေးခြင်း တိုင်ပင်ဆွေးနွေးခြင်း၊
(၂) အစည်းအဝေးသို့ အညီအညွတ်စုရုံးတက်ရောက်၍ သံဃာ၏ပြုဖွယ်ကိစ္စတို့ကို အညီအညွတ်ပြုကုန်လျက် ညီညာစွာထပြန်ကြခြင်း၊
(၃) ပညတ်ပြီးဓမ္မ ဝိနယတို့ကို အစဉ်လိုက်နာကျင့်သုံးခြင်း မပယ်ဖျက်ခြင်း၊ အသစ်မပြုပြင်ခြင်း၊
(၄) ထေရ်ဝါကြီးသော ဂုဏဝန္တ သီလဝန္တ ဗဟုသုတဓရ ရဟန်းကြီးတို့အား ရိုသေလေးမြတ်ခြင်း ပူဇော်ခြင်း ၎င်းတို့၏ဆိုဆုံးမချက်
တို့ကိုနာယူခြင်း၊
(၅) မိမိသန္တာန်၌ဖြစ်သော လောဘ တဏှာအလိုဆိုးသို့ မလိုက်မပါနေခြင်း၊
(၆) စျာန် မဂ်ဖိုလ်ကိုရလွယ်ကြောင်းဖြစ်သော တောရကျောင်းတို့၌ ငဲ့သောစိတ်ရှိခြင်း၊
(၇) မိမိတို့ကျောင်း အရံသို့ မလာရောက်ဖူးသေးသော သုပေသလ သီတင်းသုံးဖေါ်ရဟန်းတော်တို့ လာရောက်စေခြင်းငှာ လာရောက်ပြီးသောသီတင်းသုံးဖေါ်တို့ ချမ်းသာစွာနေခြင်းငှာ စောင့်ရှောက်ဝတ်ပြုခြင်း။

အပါယ မုခ တရား ၆-ပါး

စည်းစိမ်ဥစ္စာဆုတ်ယုတ်ပျက်ပြား အပါယ်လားကြောင်းတရား ၆-ပါးဟူ၏။
(၁) အခါမဲ့ လှည့်လည်ခြင်း၊
(၂) ပွဲသဘင်ကြူးခြင်း၊
(၃) လောင်းကစားကြူးခြင်း၊
(၄) သူမိုက်တို့နှင့်ပေါင်းဖေါ်ခြင်း၊
(၅) ပျင်းရိခြင်း၊
(၆) ယစ်မျိုးသောက်ကြူးခြင်း။
အပါယ မုခ တရား ၆-ပါး

အပါယ် ၄-ပါး

ပျက်စီး၍ကျအပ်သော ချမ်းသာကင်းရာအရပ်၄-ပါး ဟူ၏။
(၁) နိရယ- ငရဲ၊
(၂) တိရစ္ဆာန- တိရိစ္ဆာန်၊
(၃) ပေတ- ပြိတ္တာ၊
(၄) အသုရကာယ- အသူရကာယ်။

အပါယ်လားကြောင်းအလှူမျိုး ၁၀-ပါး

မိလိန္ဒ၊ ၂၂၇။ အဒါနဝတ္ထုခေါ် မပေးလှူကောင်းသော အလှူဆယ်ပါး၊ ပေးလှူသော်အပါယ်ကျတတ်၏၊ (မိလိန္ဒ)
(၁) သမဇ္ဇဒါန- ကချေအလှူ၊ အငြိမ့်ဇာတ်ပွဲ၊
(၂) မဇ္ဇဒါန- သေရည်အရက်အလှူ၊
(၃) ဣတ္ထိဒါန- မိန်းမအလှူ၊
(၄) ဥသဘ ဒါန- နွားလား မြင်းလားအလှူ၊
(၅) စိတ္တကမ္မ ဒါန- ကာမဂုဏ်ကိုဆွပေးသော ပန်းချီဆေးရေးအလှူ၊
(၆) သတ္ထ ဒါန- လက်နက်ခဲယမ်းမီးကျောက်အလှူ၊
(၇) ဝိသ ဒါန-အဆိပ်အလှူ (သတ္တဝါတို့ပျက်စီးစေရန်၊)
(၈) သင်္ခလိက ဒါန-လက်ထိပ် သံခြေချင်း နှောင်ကြိုးအလှူ၊
(၉) ကုက္ကဋ သူကရ ဒါန- ကြက် ဝက် သားကောင်အလှူ၊
(၁၀) တုလာကူဋ မာနကူဋ ဒါန- ချိန်စဉ်းလဲ, တင်းစဉ်းလဲ အလှူ။

အပ္ပိစ္ဆတရား ၄-ပါး

သူတော်သူမြတ်တို့၏ အလိုနည်းခြင်းအကျင့်မြတ်တရားလေးပါး။
(၁) ပစ္စယ အပ္ပိစ္ဆ-ပစ္စည်းလေးပါးတို့၌ အလိုကြီးမှု တွယ်တာတပ်မက်မှု လောဘ တဏှာနည်းပါးခြင်း၊
(၂) ဓုတင်္ဂါဒိ အပ္ပိစ္ဆ-မိမိ ဓူတင်စသောအကျင့်မြတ်ကို ကျင့်ကြံအားထုတ်နေကြောင်း သူတစ်ပါးတို့ကို အသိမပေးစေလိုခြင်း၊
(၃) ပရိယတ္တိ ဗဟုသုတ အပ္ပိစ္ဆ- မိမိ စာပေပရိယတ် ကျမ်းဂန်တတ်သိမှုကို သူတစ်ပါးတို့မသိစေလိုမှု တည်းဟူသောလျှို့ဝှက်ခြင်း၊
(၄) အဓိဂမ အပ္ပိစ္ဆ- မိမိ စျာန်မဂ်ဖိုလ်ရရှိထားကြောင်းကို သူတစ်ပါးတို့အားအသိမပေးလိုခြင်း၊ မသိအောင် ရိုးသားစွာ
လျှို့ဝှက်ထားခြင်းတရား ဟူ၏။

အပူဇော်ခံထိုက်သူ ၁၁-ယောက်

၎င်းအဖြေကို (ပူဇော်ထိုက်သူ ၁၁-ယောက်) ၌ရှုပါ။

အပျင်းထူသူတို့ဆင်ခြေ ၆-ပါး

လူပျင်းတို့၏ အပြစ်ခြောက်ပါးလည်းဟူ၏။ သိင်္ဂါလောဝါဒသုတ်၌ ဟောကြားတော်မူသည်၊ ဤသူတို့ကားမကြီးပွား။
(၁) ချမ်းလွန်းလှသေးသည်၊
(၂) ပူလွန်းလှသေးသည်၊
(၃) မိုးချုပ်နေပါပြီ၊
(၄) စောလှပါသေးသည်၊
(၅) ဆာလောင်နေသည်၊
(၆) ဝမ်းပြည့်နေသေးသည်။

အပျိုစင်မျိုး ၃-ပါး ၄-ပါး ၇-ပါး ၉-ပါး

ကညာခေါ်အပျိုစင်တို့ကို ဓမ္မသတ်စာစောင်များနှင့် အဘိဓါန်ကျမ်းများမှထုတ်နှုတ်၍ပြအံ့။ ဝယ ဘေဒအားဖြင့် ၄-ပါးဟူသော်ကား-
(၁) ဂေါ်ရီ- ရှစ်နှစ်ရွယ်အပျိုစင်၊
(၂) ကုမာရီ- ဆယ်နှစ်ရွယ်အပျိုစင်၊
(၃) ကညာ- ဆယ့်နှစ်နှစ်ရွယ်အပျိုစင်၊
(၄) မဟလ္လိကာ- ထို့ထက်လွန်သောအပျိုစင်။
တစ်နည်း အမျိုးဝံသဘေဒအားဖြင့် ၉-ပါးကား
(၁) ဒါရိကာ- ၇-နှစ်အပျိုစင်၊
(၂) ဂေါရီ- ၈နှစ်အပျိုစင်၊
(၃) ကညာ- ၁၀-နှစ်အပျိုစင်၊
(၄) ကုမာရီ- ၁၂-နှစ်အပျိုစင်၊
(၅) သွေးစုန်း- ၁၃-နှစ်အပျိုစင်၊
(၆) မျက်မည်း- ၁၅-နှစ်အပျိုစင်၊
(၇) မျက်ဝန်း- ၂၀-နှစ်အပျိုစင်၊
(၈) မျက်ညွတ် ၂၅-နှစ်အပျိုစင်၊
(၉) မျောင်းတူး- ၄၀-နှစ်အထက်အပျိုစင်။
တစ်နည်း မနုစိတ္တရ ဓမ္မသတ်ကျမ်းလာ အပျိုစင် ၇-ပါးကား-
(၁) ဂေါရီ- ရှစ်နှစ်အပျိုစင်၊
(၂) ကလျာဏီ- ၁၀-နှစ်အပျိုစင်၊
(၃) ကုမာရီ- ၁၂-နှစ်အပျိုစင်၊
(၄) သွေးစုန်း- ၁၃-နှစ်အပျိုစင်၊
(၅) မျက်မည်း- ၁၅-နှစ်အပျိုစင်၊
(၆) မျက်ဝန်း- ၂၀-နှစ်အပျိုစင်၊
(၇) မျောင်းတူး- ၃၀-နှစ်အထက် အပျိုစင်။
တစ်နည်း အဘိဓါန်ဋီကာကျမ်းလာ အပျိုစင် ၃-ပါးကား -
(၁) ဂေါရီ ၈-နှစ်အပျိုစင်၊
(၂) ကညာ- ၁၀-နှစ်အပျိုစင်၊
(၃) ကုမာရီ- ၁၂-နှစ်အပျိုစင်၊ ထို့အပြင် အပျိုစင် ၂၁-ရပ် ၂၈-ရပ်ရှိသေးကြောင်းနှင့် ဖေါ်ပြထားလေသည်။

အပျိုတော် ၁၂-ထွေအက

(၁) နတ်အက၊
(၂) မြင်းအက၊
(၃) ဗြောအက၊
(၄) အိုးစည် အက၊
(၅) မျောက်အက၊
(၆) ဘီလူးအက၊
(၇) ဇော်ဂျီအက၊
(၈) ဝန်အက၊
(၉) ဒိုးပတ် အက၊
(၁၀) အပြောင်အရွှမ်းအက၊
(၁၁) သူငယ်တော် အက၊
(၁၂) အဘိုးအို အက၊
(အနုသဘင်ပညာရှင် ဦးဘိုးစိန်ကြီးထံမှ။)
www.myanmar-image.com/newmenu/dance/
တွင်ဓါတ်ပုံနှင့်ဗီဒီယိုများကြည့်နိုင်။

အပျိုတော်ကကြိုး ၁၂-မျိုး

(၁) မျက်ခုံး ပလို့၊
(၂) မေး ပလို့၊
(၃) ပခုံး ပလို့၊
(၄) ရင် ပလို့၊
(၅) လက်ရုံးပလို့၊
(၆) လက်စုံ ပလို့၊
(၇) တစ်ခြမ်း ပလို့၊
(၈) အရုပ်ကြိုးလိမ်ပလို့၊
(၉) ဘယ်ခြေညာလက် ပလို့၊
(၁၀) စုံပလို့၊
(၁၁) လက်ခုံ ပလို့၊
(၁၂) နတ်ယိုင်အက။
ပလို့?။ ပလို့ ဂျိ။ ပလို့ ဂျိ။

အပြင် ၃၇-မင်းနတ်များ

(၁) သိကြားနတ်၊
(၂) မဟာဂီရိနတ်၊
(၃) နှမတော်တောင်ကြီးရှင်နတ်၊
(၄) ရွှေနပေနတ်၊
(၅) သုံးပန်လှနတ်၊
(၆) တောင်ငူရှင်မင်းခေါင်နတ်၊
(၇) မင်းတရားနတ်၊
(၈) သံတော်ခံနတ်၊
(၉) ရွှေနော်ရထာနတ်၊
(၁၀) အောင်စွာမကြီးနတ်၊
(၁၁) ငါးစီးရှင်နတ်၊
(၁၂) အောင်ပင်လယ်ဆင်ဖြူရှင်နတ်၊
(၁၃) တောင်မကြီးနတ်၊
(၁၄) မြောက်မင်းရှင်ဖြူနတ်၊
(၁၅) ရှင်တော်နတ်၊
(၁၆) ညောင်ချင်းနတ်၊
(၁၇) တပင်ရွှေထီးနတ်၊
(၁၈) မင်းရဲအောင်ထင်နတ်၊
(၁၉) ရွှေစစ်သင်နတ်၊
(၂၀) မယ်တော်ရွှေစကားနတ်၊
(၂၁) မောင်းဖိုးတူနတ်၊
(၂၂) ယွန်းဘုရင်နတ်၊
(၂၃) မောင်မင်းဖြူနတ်၊
(၂၄) မန္တလေးဘိုးတော်နတ်၊
(၂၅) ရွှေဖျဉ်းကြီးနတ်၊
(၂၆) ရွှေဖျဉ်းငယ်နတ်၊
(၂၇) ဒါန်းမောင်ရှင်နတ်၊
(၂၈) ထီးဖြူဆောင်းနတ်၊
(၂၉) ထီးဖြူဆောင်းမယ်တော်နတ်၊
(၃၀) ပရိမ္မရှင်မင်းခေါင်နတ်၊
(၃၁) မင်းစည်သူနတ်၊
(၃၂) မင်းကျော်စွာနတ်၊
(၃၃) မြောက်ဘက် ရှင်မနတ်၊
(၃၄) အနောက်မိဖုရားနတ်၊
(၃၅) ရှင်ကုန်းနတ်၊
(၃၆) ရှင်ကွနတ်၊
(၃၇) ရှင်နဲမိနတ်။

အပြင်တာရာ၊ လုံးရေမှာ၊ သင်္ချာ ၂၈

၎င်းအဖြေကို (တာရာ ၂၈-လုံး)၌ ရှုပါလေ။

အပြစ်မျိုး ၂-ပါး

မကောင်းမှုပြုလုပ်ကျူးလွန်သူအတွက် ခံစားရခြင်းအပြစ်နှစ်ပါး။
(၁) ဒိဋ္ဌ ဓမ္မိက ဝဇ္ဇ- ယခုဘဝမျက်မှောက်၌ပင် ချုပ်နှောင်ထောင်ချ ရိုက်နှက်ခုတ်ထစ်သတ်ပစ်ခြင်းစသော အပြစ်ဒဏ်အမျိုးမျိုး၊
(၂) သမ္ပရာယိက ဝဇ္ဇ- သေပြီးနောက် ရောက်ရာဘဝ၌ ဆင်းရဲဒုက္ခအမျိုးမျိုးခံစားရခြင်း။

အပြစ် ၆-ပါး၊ ကင်းစင်ငြား၊ လှထွားပျို့သူဇာ

အလှမယ်ရွေးချယ်ရာ၌ အောက်ပါလက္ခဏာ ခြောက်ပါးကိုစိစစ်ရာသည်ဟူ၏။
(၁) နာတိ ထူလာ- မဝလွန်းသူ၊
(၂) နာတိ ကိသာ- မပိန်လွန်းသူ၊
(၃) နာတိသုက္ကာ-မဖြူလွန်းသူ၊
(၄) နာတိ ကဏှာ- မမည်းလွန်းသူ၊
(၅) နာတိဒိဃာ- မရှည်လွန်းသူ၊
(၆) နာတိ ရဿာ-မပုလွန်းသူ။

အပြောင်မယား ၆-ပါး

ဓမ္မသတ်ပေါင်းချုပ် ပ-အုပ်။ ပုဒ်မ ၁၆။ ၁၈။ အမွေခံထိုက်သော သားခြောက်ပါးအရမှယူပြသည်။
(၁) မယားပါကျွန်မကိုသိမ်းသောအပြောင်၊
(၂) လင်ပါကျွန်မကို သိမ်းသောအပြောင်၊
(၃) နှစ်ပါးစုံဝယ်သောကျွန်မကိုသိမ်းသောအပြောင်၊
(၄) မယားမိဘကပေးသောကျွန်မကိုသိမ်းသောအပြောင်၊
(၅) လင်မိဘကပေးသောကျွန်မကို သိမ်းသောအပြောင်၊
(၆) ငွေကြေးမစပ် အလွတ်မိန်းမကိုသိမ်းသောအပြောင်။
မှတ်ချက်။ ။ အဋ္ဋသင်္ခေပ- ပုဒ်မ ၂၂၈။ မနုကျယ် ဒသမတွဲ ပုဒ်မ ၄၂တို့၌လည်းဆိုကုန်၏။

အဖျော် ၈-ပါး

ဝိ၊၃၊၃၄၂။ ဝိ၊ဋ္ဌ၊၃၊၃၈၂။ ရဟန်းတော်များ အချိန်မရွေးသောက်စားနိုင်ရန် ဝိနည်းတော်ကခွင့်ပြုထားသောအဖျော်ရှစ်ပါး။
(၁) အမ္ဗ ပါဏံ- သရက်သီးအဖျော်၊
(၂) ဇမ္ဗုပါဏံ- သပြေသီးအဖျော်၊
(၃) စောစ ပါဏံ- တောငှက်ပျောသီးအဖျော်၊
(၄) မောစ ပါဏံ- အိမ်ငှက်ပျောသီးအဖျော်၊
(၅) မဓုပါဏံ- သစ်မည်စည်ခေါ် မယ်ဇယ်အဖျော်၊
(၆) မုဒ္ဒိက ပါဏံ- မုဒရက်ခေါ် စပျစ်သီးအဖျော်၊
(၇) သာလူက ပါဏံ- ကြာစွယ်အဖျော်၊
(၈) ဖာရုသက ပါဏံ- ဖက်သက် တရော်သီးအဖျော်။

အဖြေ ၄-ပါး

အံ၊၁၊၃၅၅။ အံ၊ဋ္ဌ၊၂၊၃၀၄။ ဒီ၊ဋ္ဌ၊၂၊၁၅၇-တို့၌ အကျယ်ရှုပါ။ သူ့အမေးကိုဖြေကြားခြင်းနည်းမျိုး ၄-ပါးဟူ၏။
(၁) ဧကံသ ဗျာကရဏ- မေးသလောက်ကိုသာ အတိအကျဖြေကြားခြင်းမျိုး၊
(၂) ဝိဘဇ္ဇ ဗျာကရဏ- အကျဉ်းမေးရာကို အကျယ်ဝေဖန်၍ဖြေကြားခြင်းမျိုး၊
(၃) ပဋိပုစ္ဆာ ဗျာကရဏ- သူ့အားတဖန်ပြန်မေး ၍ဖြေကြားခြင်းမျိုး၊
(၄) ဌပနီယ ဗျာကရဏ- မေးသည်ကိုထား၍ အခြားသောပုံဆောင်ဖြေကြားခြင်းမျိုး၊ ၎င်းကိုပင် “ပဋိက္ခေပဗျာကရဏ”ဟူ၍လည်း ခေါ်သေး၏။

အဖြိုက်မျိုး ၄-ပါး

လချေး သို့မဟုတ် “ဝုလ်ဖရမ်”ခေါ် သံလိုက်ဆွဲ၍မရသော ကျောက်သံမျိုး ၄-ပါးဟူ၏။ရသမဉ္ဇရီ သကဋဆေးကျမ်းမှယူသည်။
(၁) ပိနာလာမည်သော အဖြိုက်-မီး၌ ဖုတ်လတ်သော် အခက်အခက်ဝေဖြာလျက် ခိုင်မာစွာထွက်လာ၏၊
(၂) ဒဒုရ မည်သောအဖြိုက်- ဖားအော်မြည်သံကဲ့သို့ရှိ၏၊
(၃) အဝဇရာမည်သောအဖြိုက်- မီး၌ချသော် ဖေါက်ပြန်သော ရုပ်အဆင်းရှိ၏၊ တစ်စုံတစ်ခုနှင့် မယှဉ်မတွဲရာ၊ အနာရောဂါရှိသောသူတို့ကိုတိုက်သော် သေဘေးမှကင်းဝေးစေ၏၊
(၄) နာဂမည်သောအဖြိုက်- မြွေဆိပ် မြွေမြုှပ်ကဲ့သို့ရှိ၏။

အဗျာကတ တရားမျိုး ၄-ပါး

အဘိ၊ဋ္ဌ၊၁၊၃၀၃။
(၁) ဝိပါက်စိတ်၊
(၂) ကြိယာစိတ်၊
(၃) ရုပ်၊
(၄) နိဗ္ဗာန်။

အဘဗ္ဗပုဂ္ဂိုလ် တစ်ကျိပ် တစ်ယောက်

ရဟန်းမခံထိုက်သော ပုဂ္ဂိုလ်သို့မဟုတ် စျာန် မဂ် ဖိုလ်ကိုမရထိုက်သောပုဂ္ဂိုလ်တစ်ကျိပ်တစ်ယောက်ကို ခေါ်ဆိုသည်။
(၁) ပဏ္ဍက- ပဏ္ဍုက်၊
(၂) ထေယျသံဝါသက- ရှင်ရဟန်းအသွင်ကိုခိုးယူ၍ ရှင်ရဟန်းအစစ်တို့နှင့် ပေါင်းသင်းနေထိုင်သူ၊
(၃) တိတ္ထိယပက္ကန္တက- တိတ္ထိတို့ထံသို့ ရဟန်းဘောင်မှပယ်ခွာထားသူ၊
(၄) တိရိစ္ဆာန- တိရိစ္ဆာန်၊
(၅) မာတုဃာတက- အမိကိုသတ်သူ၊
(၆) ပိတုဃာတက-အဖကိုသတ်သူ၊
(၇) အရဟန္တဃာတက- ရဟန္တာကိုသတ်သူ၊
(၈) လောဟိတုပ္ပါဒက- ဘုရားအားသွေးစိမ်းတည်အောင်ပြုသူ၊
(၉) သံဃဘေဒက- သံဃာကိုဂိုဏ်းခွဲသူ၊
(၁၀) ဘိက္ခုနိ ဒူသက- ရဟန်းမိန်းမကိုဖျက်ဆီးသူ၊
(၁၁) ဥဘတော ဗျဉ္ဇနက- နှစ်လိင်ရှိသူ။

အဘိဇ္ဈာ အင်္ဂါ ၂-ပါး

၎င်းအမှုကံမြောက်နိုင်ရန် အင်္ဂါ ၂-ပါး။
(၁) ပရ ဘဏ္ဍံ- သူများ၏စည်းစိမ်ဥစ္စာဖြစ်ခြင်း၊
(၂) အတ္ထ ပရိဏာမနံ- ငါရသော်တော်လေစွဟု မိမိသို့စိတ်ညွတ်ခြင်း။

အဘိညာဉ် ၅-ပါး၊ ၆-ပါး

မ၊၁၊၂၀၉။ မ၊ဋ္ဌ၊၂၊၁၀၁။ အပဒါန၊ဋ္ဌ၊၁၊၃၃၄။ အဘိ၊ဝိ၊၃၄၇။ အဘိ၊ဋ္ဌ၊၂၊၄၀၃-၌ အကျယ်ရှုပါ။ အလွန်အကျူးအထူးသိတတ်သော ဉာဏ်အမြင် ၆-ပါး။
(၁) ဒိဗ္ဗစက္ခု အဘိညာဉ်- နတ်မျက်စိကဲ့သို့ သိလိုရာကို အထူးမြင်တတ်သောဉာဏ်၊
(၂) ဒိဗ္ဗသောတ အဘိညာဉ်- နတ်နားကဲ့သို့အထူးကြားတတ်သောဉာဏ်၊
(၃) ပရိစိတ္တ ဝိဇာနန အဘိညာဉ်- သူတစ်ပါး၏စိတ်ကိုသိသောဉာဏ်၊
(၄) ဣဒ္ဓိဝိဓ အဘိညာဉ်- အထူးထူးသောတန်ခိုးကိုပြစွမ်းနိုင်သောဉာဏ်၊
(၅) ပုဗ္ဗေနိဝါသာနုဿတိအဘိညာဉ်- ရှေးဘဝ၌ဖြစ်ပျက်ခဲ့ဖူးသည်တို့ကို အစဉ်အောက်မေ့နိုင်သောဉာဏ်၊
(၆) အာသဝက္ခယ အဘိညာဉ်- ကိလေသာ အာသဝေါကုန်ခမ်းစေတတ်သော အရဟတ္တမဂ်ဉာဏ်။
မှတ်ချက်။ ။ ရှေ့ငါးပါးကို လောကီအဘိညာဉ်ဟုမှတ်လေ။ သာသနာပအခါမျိုး၌သော်လည်း သမထတရားကို အားထုတ်က ၎င်းငါးပါးကိုရနိုင်သည်။

အဘိညာဉ်(စိတ်) ဒွေး ၂-ပါး

ရူပကုသိုလ် ပဉ္စမစျာန်စိတ်နှင့်
အရူပကိရိယာ ပဉ္စမစျာန်စိတ်။

အဘိညာမျိုး ၄-ပါး

၎င်းသရုပ်အဓိပ္ပါယ်အလုံးစုံ (ပဋိပဒါမျိုး ၄-ပါး)နှင့် တူ၏။

အဘိဏှပစ္စဝေက္ခဏာတရား ၅-ပါး

ရဟန်း ရှင်လူတို့ မပြတ်တစေ ဆင်ခြင်နေရမည့်တရား ၅-ပါး။
(၁) ဇရာဓမ္မ- အိုခြင်းသဘောကို မလွန်ဆန်နိုင်မှု၊
(၂) ဗျာဓိ ဓမ္မ- နာမကျန်းမှုကို မလွန်ဆန်နိုင်မှု၊
(၃) မရဏ ဓမ္မ-သေရခြင်းသဘောကိုမလွန်ဆန်နိုင်မှု၊
(၄) နာနာဘာဝ ဝိနာဘာဝ- ချစ်သူနှင့် သေကွဲရှင်ကွဲ သဘောမှ မလွန်ဆန်နိုင်မှု၊
(၅) ကမ္မဒါယာဒါ- ကိုယ်လုပ်မှုသာလျှင် ကိုယ်၏ခံစားခွင့် မွေအနှစ်၊ မှီခိုရာ ဆွေညာမျိုးစစ်ဖြစ်ခြင်း။

အဘိဓမ္မာ ၇-ကျမ်း

အဘိဓမ္မာပိဋကဝင် ကျမ်း ၇-ပါး။
(၁) ဓမ္မသင်္ဂဏီကျမ်း၊
(၂) ဝိဘင်းကျမ်း၊
(၃) ဓာတုကထာကျမ်း၊
(၄) ပုဂ္ဂလပညတ်ကျမ်း၊
(၅) ကထာဝတ္ထုကျမ်း၊
(၆) ယမိုက်ကျမ်း၊
(၇) ပဋ္ဌာန်းကျမ်း။
http://www.myatpanyagon.com/2009/11/blog-post.html
မှာကြည့်။

အဘိနန္ဒန တရား ၅-ပါး

သမုဒယသဘောဖြင့်မက်မောနှစ်သက်ခြင်းဝတ္ထုငါးပါးကိုခေါ်သည်၊ ၎င်းအဖြေ (ကာမဂုဏ်၅-ပါး)၌ ရှုပါ။

အဘိနိဝေသ တရား ၂-ပါး

လောကုတ္တရာတရားကို အားထုတ်ရာစခန်း၌ နှလုံးသွင်းရာတရား ၂-ပါးဟူ၏။
(၁) သမထတရား၊
(၂) ဝိပဿနာတရား။

အမတ်ကြီးတို့အင်္ဂါ ၈-ပါး

၎င်းသရုပ်အဓိပ္ပါယ် (မှူးမတ်တို့ဂုဏ်အင်္ဂါ ၈-ပါး)၌ ရှုပါ။

အမတ်မျိုး ၁၄-ပါး

မင်း၏ မှူးမတ်မျိုးပေါင်း ၁၄-ပါးဟူ၏။ အဘိဓါန်မှယူပြသည်၊ ထိုထက်အများလည်းရှိတန်ရာ၏။
(၁) မန္တိနီ- မင်းတိုင်ပင်အမတ်၊
(၂) သေနာနီ- စစ်သူကြီး ဗိုလ်မှူးအမတ်၊
(၃) အက္ခဒသော-တရားဝန်ကြီးအမတ်၊
(၄) ဒေါဝါရိကော- တံခါးမှူးအမတ်၊
(၅) အကနိဋ္ဌော- ကိုယ်ရံတော်ဗိုလ်မှူးအမတ်၊
(၆) မလ္လကော- လက်ပမ်းသည် လက်ဝှေ့တော်သတ်အမတ်၊
(၇) သေဝကော- မင်းခစား အဆောင်တော်မြဲအမတ်၊
(၈) ဂေရညိကော- ရွှေတိုက်စိုး ငွေတိုက်တော်မှူး (စံကိုင်ပွဲစားအမတ်၊)
(၉) အဓိကတော- ကလန်ခေါ် တစ်ရွာတည်းကိုကြီးကဲသောအမတ်၊
(၁၀) ဂေါဂေါ- သံပျင်ခေါ် သို့မဟုတ် မြို့သူကြီးခေါ်ရွာအများကိုကြီးကဲသောအမတ်၊
(၁၁) စရော- သူလျှိုစုံထောက်အမတ်၊
(၁၂) ဒူတော- တမန်တော်အမတ်(သံအမတ်၊)
(၁၃) ဂဏကော- ဂဏန်း ဟူးရားတတ်အမတ် စာရင်းစစ်မင်းကြီး၊
(၁၄) လေခကော- စာရေးကြီးအမတ်။

အမတေမျိုး ၉-ပါး

၎င်းအဖြေ (အမြုတေမျိုး ၉-ပါး)၌ ရှုလေ။

အမေး ၄-ထွေ၊ အဖြေ ၅-ပါး

ယမက၊၁၊၃၁။ အဘိ၊ဋ္ဌ၊၃၊၂၉၈-၌ အကျယ်ရှုပါ။
အမေး
(၁) ပုရေ ပဥှာ၊
(၂) ပစ္ဆာ ပဥှာ၊
(၃) ပရိပုဏ္ဏ ပဥှာ၊
(၄) မောဃ ပဥှာ။
အဖြေ
(၁) ပါဠိဂတိ ဝိသဇ္ဇနာ၊
(၂) ပဋိဝစန၊
(၃) သရူပ ဒဿန၊
(၄) ပဋိက္ခေပ၊
(၅) ပဋိသေဓ ဝိသဇ္ဇနာ။

အမေး ၅-ထွေ

ပဋိသံ၊၅။ ပဋိသံ၊ဋ္ဌ၊၁၊၅၆-။ မေးပုံမေးနည်းပုစ္ဆာမျိုး ၅-ပါး။ အဋ္ဌသာလိနီမှ။
(၁) အဒိဋ္ဌ စောဒနာ ပုစ္ဆာ- အသိမမြင်သောအနက်အဓိပ္ပါယ်ကို သိမြင်ချင်၍မေးခြင်းမျိုး၊
(၂) ဒိဋ္ဌ သံသန္ဒနာ ပုစ္ဆာ- သိမြင်ပြီးသောအနက်အဓိပ္ပါယ်ကို မိမိနှင့်အယူအဆတူမတူ နှိုင်းယှဉ်လို၍မေးမြန်းခြင်းမျိုး၊
(၃) ဝိမတိစ္ဆေဒန ပုစ္ဆာ- အယူအဆ သံသယရှိနေသည်ကိုရှင်းပြတ်စေလို၍မေးမြန်းခြင်းမျိုး၊
(၄) အနုမတိ ပုစ္ဆာ- မိမိနှင့်သဘောတူဖြစ်ရန် မိမိအလိုသို့လိုက်ပါစေလိုသောကြောင့် မေးမြန်းခြင်းမျိုး၊
(၅) ကထေတု ကမျတာပုစ္ဆာ-မိမိပင်လျှင် ဖြေကြားပြောဆိုလိုသောကြောင့် မေးမြန်းခြင်းမျိုး။

အမိုက်အပြား အင်္ဂါ ၄-ပါး ၂-နည်း

မ၊၁၊၂၈။ မ၊ဋ္ဌ၊၁၊၁၃၄။ ဒီ၊၁၊၈၀။ ဒီ၊ဋ္ဌ၊၁၊၂၄၀-တို့၌ အကျယ်ရှု။ လူမိုက်တို့၏စံချိန်ပြသော အမိုက်အမှောင်၏ အင်္ဂါလေးရပ်။
(က) သန်းကောင် တိမ်ပုပ်၊ တောအုပ် ဥမင်၊ မိုက် ၄-အင်၊ ဤ ၄-ပါးကား ဦးပုညဝတ္ထုလာတည်း။
(ခ) သန်းကောင် လကွယ်၊ တောအုပ်လယ်၌၊ ရှစ်နယ်ပတ်ကုံး၊ အပြည့်ဖုံးသည့်၊ မိုးလုံး တိမ်တိုက်၊ လျှပ်မကြိုက်သား၊ အမိုက်အပြား၊ ဤလေးပါးထက်၊ နင်ကားရာထောင် မကမှောင်၏။ (လယ်တီဆရာတော်)

အမိုက်ကောင်ကြီး ၄-မျိုး

ဘေးရန်မပြုသည့်အရာကို ဘေးရှိသည်ထင်မှတ်နေသော-
(၁) တီကောင်၊
(၂) ကြိုးကြာ၊
(၃) တစ်တီတူး၊
(၄) ပုဏ္ဏား။ သုတ္တနိ၊ဋ္ဌ၊၂၊၅၁- ၅၂။ မ၊ဋ္ဌ၊၄၊၁၄-တို့၌ ရှုပါ။

အမျက်ကြီးငြား၊ ၁၄-ပါး၊ မျိုးစားပုဂ္ဂိုလ် အဘယ်နည်း

မျက်မာန်ဒေါသ ဟူးဟူးထလွယ်သော ပုဂ္ဂိုလ်များဟူ၏။၎င်းအဖြေကို ဩဝါဒထူးပျို့မှယူသည်။
(၁) အမျက်ကြီးရာ၊ ဆယ့်လေးဖြာကား၊ ချမ်းသာရိပ်ငြိမ်၊ နန်းစည်းစိမ်နှင့်၊ ရန်နှိမ်ကိုးပါး၊ မိုးကြိုးသွားကြောင့်၊ သိကြားအမျက်၊ ဟူးဟူးထွက်၏၊
(၂) အောက်ထက် ဆန်စုန်၊ တောင်သံဟုန်ကြောင့်၊ ဂဠုန်အမျက်၊ ဟူးဟူးထွက်၏၊
(၃) စက်ယန္တယား၊ ခိုးလျှံများကြောင့်၊ နဂါးအမျက်၊ ဟူးဟူးထွက်၏၊
(၄) ရန်ဘက်ဖျောက်လှေ့၊ ဟောက်တတ်လေ့ကြောင့်၊ ခြင်္သေ့အမျက်၊ ဟူးဟူးထွက်၏၊
(၅) လက်နက်ဆင်မြင်း၊ ဗိုလ်သင်းပင်းကြောင့်၊ မင်းတို့အမျက်၊ ဟူးဟူးထွက်၏၊
(၆) အောက်ထက်ကျွန်ကျေး၊ ရွေငွေကြေးကြောင့်၊သူဌေးအမျက်ဟူးဟူးထွက်၏၊
(၇) မောင်းလက်ခတ်တီး၊ အားအင်ကြီး၍၊ ထီးကပ္ပနား၊ ဆင်းရဲသားတို့၊ မာန်အားအမျက်ဟူးဟူးထွက်၏။
(၈) မခက်ခဲတွန်၊ အမှုပွန်၍၊ ကျေးကျွန်အမျက်၊ ဟူးဟူးထွက်၏၊
(၉) ဉာဏ်စက်နှံ့ဝန်း၊ကျမ်းဂန်ပွန်း၍၊ ရဟန်းအမျက်၊ ဟူးဟူးထွက်၏၊
(၁၀) ရမ္မက်ကြီးမား၊ လောဘအားကြောင့်၊ မင်းသားအမျက်၊ဟူးဟူးထွက်၏၊
(၁၁) မခက်ဒေါသ၊ ဆင်းရူပကြောင့်၊ မိန်းမအမျက်၊ ဟူးဟူးထွက်၏၊
(၁၂) ဘုန်းလက်ရုံးအား၊ကောင်းမြောက်မြား၍၊ ယောက်ျားအမျက်၊ ဟူးဟူးထွက်၏၊
(၁၃) လိုက်ဖက်ဆေးဝါး၊ မန္တယားကြောင့်၊ သမားအမျက်၊ ဟူးဟူးထွက်၏၊
(၁၄) လေ့ကျက်နှံ့ပြား၊ ဗေဒင်အားကြောင့်၊ ပုဏ္ဏားအမျက်၊ ဟူးဟူးထွက်၏၊
စဉ်ဆက်မှတ်သား၊ ၁၄-ပါးသည်၊ တရားမရ၊ မျက်ဒေါသ။

အမျက်ထွက်ကြောင်းတရား ၉-ပါး၊ ၁၀-ပါး

၎င်းအဖြေ (ရန်ငြိုးဖွဲ့ကြောင်းတရား ၁၀-ပါး)၌ ကြည့်ပါ

အမျက်ပွားများ၊ ပြစ်တရား၊ ၅-ပါးကျမ်း၌ဆို

အမျက်ရန်ငြိုးထားသူတို့၏ အပြစ်ငါးပါး၊ ပဉ္စင်္ဂုတ္တရ အက္ကောသဝဂ် အက္ခန္တိကသုတ်မှ ယူဖြေသည်။
(၁) သူများစွာ၏ မချစ်အပ်ခြင်း၊
(၂) ကိုယ်၏စိတ်နှလုံးမကြည်ရွှင်ခြင်း၊
(၃) ဘေးရန်ပွားများခြင်း၊
(၄) တွေဝေသဖြင့်သေရခြင်း၊
(၅) သေလျှင် အပါယ်လားရခြင်း။

အမျိုးကြီး ၄-ပါး

သံ၊ဋ္ဌ၊၁၊၁၂၈-၌ အကျယ်ရှုပါ။ ကိုယ်ကျင့်တရား အလုပ်အကိုင်များဖြင့်ကွဲပြားသောအမျိုးလေးပါး။
(၁) ခတ္တိယ- လယ်မြေတို့ကိုအစိုးရသောမင်းမျိုး၊ လယ်ပိုင်ရှင်သူဌေးမျိုး၊
(၂) ဗြဟ္မဏ- ကိုယ်ကျင့်သီလရှိသော ရသေ့ရဟန်း ပုဏ္ဏားမျိုး၊
(၃) ဝေဿ- ကုန်သည် သူကြွယ်မျိုး၊
(၄) သုဒ္ဒ- သူဆင်းရဲမျိုး။

အမျိုး ၈-ပါး အနွယ်ပြား

မဟာနိ၊၃၉၈-၃၉၉။ မဟာနိ၊ဋ္ဌ၊၄၁၃-၌ အကျယ်ရှု။ ဤမျိုးနွယ် ၈-ပါးတို့တွင် အရိယ ဝံသသာ အမြတ်ဆုံးဟူ၏။
(၁) ခတ္ထိယ ဝံသ၊
(၂) ဗြဟ္မဏဝံသ၊
(၃) ဝေဿ ဝံသ၊
(၄) သုဒ္ဒ ဝံသ၊
(၅) သမဏ ဝံသ၊
(၆) ကုလ ဝံသ၊
(၇) ရာဇ ဝံသ၊
(၈) အရိယဝံသ။

အမြိတ္တစုက်ရက် ၆-မျိုး

ဝေဒသျှတြမှ၊ အမှုလုပ်ငန်းတို့ကို အောင်မြင်စေတတ်သည့် ရက်မွန်ရက်မြတ် ၆-ပါးဟူ၏။
(၁) လဆန်း လဆုတ် ၈-ရက်နေ့၌ တနင်္ဂနွေကျမှု၊
(၂) လဆန်း လဆုတ် ၃-ရက်နေ့၌ တနင်းလာကျမှု၊
(၃) လဆန်း လဆုတ် ၇-ရက်နေ့၌ အင်္ဂါကျမှု၊
(၄) လဆန်း လဆုတ် ၂-ရက်နေ့၌ ဗုဒ္ဓဟူးကျမှု၊
(၅) လဆန်း လဆုတ် ၄-ရက်နေ့၌ ကြာသာပတေးကျမှု၊
(၆) လဆန်း လဆုတ် ၁-ရက်နေ့၌ သောကြာကျမှု အမြိတ္တစုက်ရက်ဖြစ်၏။
ကျက်မှတ်ရန်လင်္ကာ

အမြုတေ ပုလဲမျိုး ၉-ပါး

အ မရိတ ဘိသဂ္ဂ ဆေးကျမ်းကြီးမှ။ ကြည်းနေ ကိုးကုဋေ၊ ရေနေ ဆယ်ကုဋေ သတ္တဝါအချို့တို့မှဖြစ်သော “အမြုတေ”ခေါ် ပုလဲဓါတ် ၉-ပါးဟူလို။
(၁) ရဇတ မုတ္တာ- ငွေအဆင်းကဲ့သို့ဖြူဖွေးသောအရောင်ရှိလျက် စားကောင်းသောက်ဖွယ် ထမင်းအဖျော်တို့ကို ကျေးဇူးပြုတတ်သောအမြုတေဓါတ်တစ်မျိုး။
(၂) သုဝဏ္ဏ မုတ္တာ- ရွှေနီအဆင်းကဲ့သို့ နီရွှေသောအရောင်ရှိလျက် နှစ်သက်ဖွယ်သောကိုယ်အဆင်းသဏ္ဍာန်ကို ကျေးဇူးပြုတတ်သောအမြုတေဓါတ်တစ်မျိုး။
(၃) ဃံသ မုတ္တာ- ကြေးနီမရမ်းစေ့ကဲ့သို့ အနီပုပ်အရောင်ရှိလျက် ကြောက်လန့်ဖွယ်သောအသံကို ကျေးဇူးပြုတတ်သော အမြုတေဓါတ်တစ်မျိုး။
(၄) လောဟိတ မုတ္တာ- ကတောက်ပွင့်၊ အောင်မဲညိုပွင့်ကဲ့သို့ အဆင်းရောင်ရှိလျက် အခြွေအရံပရိတ်သတ်ကိုကျေးဇူးပြုတတ်သော အမြုတေဓါတ်တစ်မျိုး။
(၅) နီလ မုတ္တာ- ညိုမောင်းသောအဆင်းရောင်ရှိလျက် အဝတ်ပုဆိုးကိုကျေးဇူးပြုတတ်သော အမြုတေဓါတ်တစ်မျိုး။
(၆) ပီတ မုတ္တာ- မြသား မြရည်အဆင်းကဲ့သို့ စိမ်းသောအရောင်ရှိလျက် ဥယျာဉ်သစ်သီးသစ်ပွင့်တို့ကိုကျေးဇူးပြုတတ်သော အမြုတေဓါတ်တစ်မျိုး။
(၇) ကာဠ မုတ္တာ- မင်ရည် မင်သွေးအဆင်းကဲ့သို့ နက်သောအရောင်ရှိလျက် ရှိန်းဆာယာ သူတစ်ပါးတို့မမြင်အောင်ကွယ်
ဝှက်စေတတ်သောအမှုဖြင့် ကျေးဇူးပြုတတ်သော အမြုတေဓါတ်တစ်မျိုး။
(၈) ပဘဿရ မုတ္တာ- အရောင်ခြောက်သွယ်တို့တည်ရှိလျက် ထူးသောနာနာရုပ်တို့ကိုဖန်ဆင်းနိုင်ခြင်း၊ ကွယ်ပျောက်စေနိုင်ခြင်း၊ ဘီလူး သစ် ကျား မြွေ နဂါးစသော အဆိပ်မျိုးသင့်သောဘေး၊ မီးဘေး၊ ရေဘေးများကို ဖယ်ရှားပပျောက်စေနိုင်သော အမြုတေဓါတ်တစ်မျိုး။
(၉) ဝိယောဇန မုတ္တာ- နဝရတ် ၉-ပါးကဲ့သို့ ပြိုးပြိုးပြက်ပြက်တစ်ခဲနက် ဝင်းဝင်းပြောင်ပြောင် ဆီမီးရောင်ထွန်းပလျက် ကောင်းကင်ပျံနိုင်ခြင်း၊ မြေလျှိုးနိုင်ခြင်း၊ လူတို့ချစ်ခင်မြတ်နိုးခြင်း၊ ရန်သူအပေါင်းကိုနိုင်ခြင်း၊ သေနတ် သစ်ချွန် ဓါး လှံ လက်နက် မစူးမရှနိုင်ခြင်း၊ အားခွန်ကြီးခြင်း၊ စသော တစ်ထောင်သောအကျိုးကျေးဇူးကိုပြုပေးတတ်သောအမြုတေဓါတ်တစ်မျိုး။
မှတ်ချက်။ ။ နဂါး ဂဠုန် ဆဒ္ဒန်ဆင်မင်း သိန္ဓဝမြင်း ဝေလာဟကမြင်း အာကာသဘိန္နမြင်း ဝလာသဝမြင်း၊ သုဝဏ္ဏသာမမြင်း ဤသတ္တဝါရှစ်ဦးတို့ကား မိမိတို့ကမ္မဇိဒ္ဓိတန်ခိုးဖြင့် မြေလျှိုးမိုးပျံအထူးထူးသောသဏ္ဍာန်ကိုဖန်ဆင်းနိုင်၏၊ ၎င်းတို့ကဖြစ်သော အမြုတေဓါတ်များကို ၎င်းတို့သေလျှင် နတ်ဘီလူးကုမ္ဘဏ်တို့ကထုတ်ယူ၍ ဝေဿဝဏ္ဏနတ်မင်းကြီးထံ ပို့ဆက်ရကုန်၏၊ လူတို့မသုံးဆောင်ရကုန်။ သို့ဖြစ်၍ လောက၌ သူများထက်ထူးကဲလွန်ချွန်သော အစွမ်းသတ္တိတန်ခိုးသတ္တိရှိကြသော လူ ဆင်မြင်း ခွေး
ဝက် ကြက် ငှက် ငါး ကြောင်စသောသတ္တဝါတို့၏ဦးခေါင်း၌ များသောအားဖြင့် “အမြုတေ”ခေါ် ပုလဲဓါတ်တစ်မျိုးရှိ
တတ်သည်ဖြစ်၍ သိဒ္ဓိလိုလားသောအမျိုးသားတို့သည် သတိရှေ့ထား၍ စူးစမ်းရှာမှီးကြရာသည်။

အမြိုက်တရား၊ မျိုး ၄-ပါး၊ ဘုရားဟောတော်မူ

သစ္စာ ၄-ပါးတရားကိုပင် အမြိုက်တရား ၄-ပါးဟု သိမှတ်ရာ၏။

အမြိုက်တရား မျိုး ၅-ပါး

အမရိတခေါ် သေနိုင်ခဲသောဆေးငါးပါးဟူ၏။
(၁) နွားနို့၊
(၂) နို့ဓမ်း၊
(၃) ထောပတ်၊
(၄) ပျားရည်၊
(၅) သကြား။

အမွေခံထိုက်သော သား ၆-ပါး

ဤသည်တို့ကား အဋ္ဋသင်္ခေပကျမ်း ပုဒ်မ ၁၅၀။ ဓမ္မသတ်ပေါင်းချုပ်ကျမ်း ပဌမတွဲ ပုဒ်မ ၁၆-၁၈။ မနုကျယ် ဒဿမတွဲတို့၌လာကုန်သည်။
(၁) ဩရသ- ရင်၌ဖြစ်သောသား၊
(၂) ခေတ္တဇ-ကျွန်မနှင့်သင့်နေရာ မွေးသောသား၊
(၃) ဟေဋ္ဌိမ- အပြောင်မယားသား၊
(၄) ပုဗ္ဗက- မယားပါ လင်ပါအထက်သား၊
(၅) ကိတ္တိမ- အမွေခံသားအဖြစ် အထင်အရှားမွေးစားသောသား၊
(၆) အပတိဋ္ဌ- ကောက်၍မွေးသောသား၊ (ဆရာ ဇီဝကတို့လိုသားမျိုး)

အမွေမခံထိုက်သော သား ၆-ပါး

ဤသား ၆-ယောက်တို့ကား အမွေမခံထိုက်ဟု အဋ္ဋသင်္ခေပကျမ်း ပုဒ်မ ၁၅၀။ ဓမ္မသတ်ပေါင်းချုပ် ပထမတွဲ ပုဒ်မ ၁၇-၁၈။ မနုကျယ် ဒသမတွဲ ပုဒ်မ ၈၁-တို့၌ဆိုကုန်၏။
(၁) ဒိန္နကသား- သူတစ်ပါးကပေး၍ ရသောသားမျိုး၊
(၂) သဟောဍ္ဎုသား- ဝယ်၍ရသောသားမျိုး၊
(၃) ပုနာနုဗ္ဗဝသား- မိမိမယား သူတစ်ပါးနှင့်ပျော်ပါး၍၊ သို့မဟုတ် ညား၍ရသောသားမျိုး၊
(၄) ကီဠိတ သား- ကစားမြူးထူးရာရသောသားမျိုး၊
(၅) သွနုတ္တသား- မိဘစကားနားမထောင် ခွေးနှင့်တူသောသား၊ (မိဘကိုရန်သူကဲ့သို့ကျင့်သောသား ဟူလို)
(၆) ဆာတဘတ္တ သား- ထမင်းငတ်သည့်အခါ မှီခိုလာသည့် သားမျိုး။

အမွှေးမျိုး ၄-ပါး

ပရဆေးခေါ် အပေါင်းစကား၊ ၎င်းဆေးကို သွေးလေချုပ်သောအနာ ချွေးခြောက်ခန်းသောအနာ မူးဝေသောအနာ မုတ္တကိတ်နာ ရေငတ်နာတို့အတွက်သုံးသည်။
(၁) သစ်ကြံပိုးခေါက်၊
(၂) ဖာလာစေ့၊
(၃) ကရဝေးရွက်၊
(၄) ကံကော်ဝစ္ဆံ။

အယာဉ် ၂-ပါး

နေမင်း၏သွားလမ်း လာလမ်းနှစ်ပါးကိုဆိုသည်။ အကျယ် (ယာဉ် ၂-ပါး)မှာ ကြည့်ပါ။

အယုတ်တရား ၂-ပါး

သတ္တဝါတို့အား ယုတ်ညံ့ရိုင်းဆိုင်း စျာန် မဂ်ဖိုလ်သို့ ကျောခိုင်းစေသောတရား ၂-ပါး။
(၁) အတ္တ ကိလမထာနုယောဂ- မိမိကိုယ်ကို ဆင်းရဲအမျိုးမျိုးတို့နှင့်ယှဉ်စေ၍ကျင့်သော အယုတ်တရားဟူသမျှ၊
(၂) ကာမသုခလ္လိကာနုယောဂ- မိမိကိုယ်ကို ကာမဂုဏ်ချမ်းသာအမျိုးမျိုးတို့နှင့် ယှဉ်တွဲကျင့်ကြံ၍နေခြင်းမျိုး။

အရက်မျိုး ၅-ပါး

လူမပြုသော်လည်း အလိုအလျောက်ဖြစ်နေတတ်သော မေရယ ခေါ်အရက်မျိုးငါးပါး။
(၁) ပုပ္ဖါသဝ- သစ်ပွင့်ရည်မှဖြစ်သောအရက်၊
(၂) ဖလာသဝ- သစ်သီးရည်မှဖြစ်သောအရက်၊
(၃) မဓွာသဝ-မုဒရက်ရည်မှ ဖြစ်သောအရက်၊
(၄) ဂုဠာသဝ- ကြံရည်မှဖြစ်သောအရက်၊
(၅) သမ္ဘာရသံယုတ္တ- အရက်ဖြစ်ကြောင်းဝတ္ထုပေါင်းတို့ စုပေါင်း၍ဖြစ်သောအရက်။

အရက်သောက်ခြင်းအပြစ် ၆-ပါး

ဒီ၊၃၊၁၄၈။ ဒီ၊ဋ္ဌ၊၃၊၁၂၇။ ဤ၌ မျက်မှောက်လောက ပြစ် ၆-ပါးကို ဖြေဆိုလိုက်သည်၊ သံသရာပြစ်လည်း ကြီးလေးလှ၏။ “ဥစ္စာယုတ်ခြင်း၊ ငြင်းခုံများစွာ၊ ရောဂါထူပြော၊ ကျောစောမဲ့တုံ၊ မလုံ အင်္ဂါ၊ ပညာ နည်းရှား၊ ဤ ၆-ပါးကား၊ သောက်စားသေစာအပြစ်တည်း။“

အရပ် ၈-ပါးနှင့် ကျိုး, ပြစ်တရား

ဗေဒင်ကျမ်းလာအရပ်ရှစ်ပါးဟူလိုလောကီရေးလိုက်စားသူတို့အဖို့ မိမိမွေးနံအရပ်ကစ၍ လက်ယာရစ်ချလေ။
(၁) ပရိဝါရ၊
(၂) အာယု၊
(၃) နဂရ၊
(၄) ဘူမိ၊
(၅) ဂဟပတိ၊
(၆) တေဇ၊
(၇) ဌာန၊
(၈) သီရိ။
မိမိနံက၊ လက်ယာပြ၊ ရေကြရှစ်မျက်နှာ။
ပရိဝါရ၊ နေကြမြဲတွင်၊ အာယုလျှင်၊ နံပင် စိုက်သင့်ပါ။
နဂရ ရွာပြည်၊ တည်ထောင်လေဘိ၊ ဘူမိညစ်ကြေး၊ စွန့်ပစ်သွေး၊ ထားရေးသမိုင်းသာ။
ဂဟပတိ၊ ထားဘိကျီကျ၊တေဇရပ်မွန်၊ ထီးတံခွန်၊ ကျောင်း ကန်တည်ဖို့ရာ။
ဌာန၌ကား၊ ကျွဲ နွား မြင်း ဆင်၊ ထားလျှင်သင့်မြတ်၊သီရိရပ်၊ ထားအပ်လယ်မြေယာ။

အရပ် ၁၀-မျက်နှာ

မေတ္တာပို့ရာ၌ပါသော အရပ်မျက်နှာဆယ်ပါး။
(က) အရှေ့ အနောက် တောင် မြောက်၄-ပါး။
(ခ) အရှေ့တောင်ထောင့်၊ အနောက်တောင်ထောင့်၊ အရှေ့မြောက်ထောင့်၊ အနောက်မြောက်ထောင့် ၄-ပါး။
(ဂ) အထက်အရပ် အောက်အရပ် ၂-ပါး၊ ပေါင်း ၁၀-ပါး။

အရပ်ပြစ် ၈-ပါး

အဋ္ဌက္ခဏ ခေါ် မဂ်ဖိုလ် နိဗ္ဗာန် သာသနိကဓမ္မတို့နှင့် ဆန့်ကျင်ဘက်ဖြစ်၍ ခဏကောင်း မဟုတ်သောအရပ်၏အပြစ်ရှစ်ပါး။ ၎င်းအဖြေ (ရပ်ပြစ် ၈-ပါး)၌ ရှုပါ၊ ၂-နည်းပြထား၏။

အရပ်မျက်နှာ၊ ဆဒိသာ၊ ၆-ဖြာအဘယ်နည်း

ဆဒိသာပါလ ပရိတ်တော်လာ အရပ်မျက်နှာ ခြောက်ပါးကိုဆို၏။
(၁) ပုရတ္ထိမ- အရှေ့အရပ်၊
(၂) ဒက္ခိဏ- တောင်အရပ်၊
(၃) ပစ္ဆိမ- အနောက်အရပ်၊
(၄) ဥတ္တရ-မြောက်အရပ်၊
(၅) ဥဒ္ဓံ- အထက်ကောင်းကင်အရပ်၊
(၆) အဓေါ- မြေအောက်အရပ်။

အရသာ ၆-ပါး၊ ၇-ပါး၊ ၉-ပါး၊ ၃-နည်း

ဤအဖြေ၌ ၆-ပါးကားအဘိဓါန်ကျမ်းလာတည်း။
(၁) ကသာဝေါ-အဖန်၊
(၂) တိတ္တော- အခါး၊
(၃) မဓုရော- အချို၊
(၄) လဝဏော- အငန်၊
(၅) အမ္ဗိလော- အချဉ်၊
(၆) ကဋုကော- အစပ်။
မှတ်ချက်။ ။ ဆေးကျမ်းများ၌ အဆိမ့်ဟူသောအရသာထည့်၍ ၇-ပါးလာသည်။
တစ်နည်း

အရိပ် ၅-ပါး၊ ခိုလှုံငြား၊ မမှားချမ်းသာရာ

(၁) ရုက္ခ ဆာရာ- သစ်ပင်ရိပ်၊
(၂) ဉာတိ မာတာ ပိတာ-မိ ဘ ဆွေဉာအရိပ်၊
(၃) အာစရိယ ဆာယာ- ဆရာကောင်းတို့အရိပ်၊
(၄) ရာဇဿ ဆာယာ- မင်းကောင်းမင်းမြတ်တို့အရိပ်၊
(၅) ဗုဒ္ဓဿ ဆာယာ- မြတ်စွာဘုရားသခင်တို့၏ သာသနာတော်အရိပ်ဟူ၏။

အရိယာ ဝေါဟာရ မျိုး ၈-ပါး

သုတ္တနိပါတ် ပါဠိတော်နှင့် အဋ္ဌကထာ။ ကသိဘာရဒွါဇသုတ်မှ ဒိဋ္ဌ၊ သုတ၊ မုတ၊ ဝိညာတ။ အဒိဋ္ဌ၊ အသုတ၊ အမုတ၊ အဝိညာတ။ ဤ ၈-ပါးသော ဝေါဟာရတို့၌ ဒိဋ္ဌေ ဒိဋ္ဌ ဝါဒိတာ၊ အဒိဋ္ဌေ အဒိဋ္ဌ ဝါဒိတာ စသည်တို့ဖြစ်၏။
(၁) မမြင်သည်ကို မမြင်ဟုပြောခြင်း၊
(၂) မကြားသည်ကို မကြားဟုပြောခြင်း၊
(၃) မတွေ့ရောက်သည်ကို မတွေ့ရောက်ဟုပြောခြင်း၊
(၄) မသိတာကို မသိဟုပြောခြင်း၊
(၅) မြင်တာကို မြင်တယ်ဟုပြောခြင်း၊
(၆) ကြားတာကို ကြားတယ်ဟုပြောခြင်း၊
(၇) တွေ့ရောက်တာကို တွေ့ရောက်တယ်ဟုပြောခြင်း၊
(၈) သိတာကို သိတယ်ဟုပြောခြင်း။
အကျယ်- ဒီ၊ဋ္ဌ၊၁၊၁၉၄-၂၀၇။ ဣတိဝုတ်၊ဋ္ဌ၊၈၂။ ၂၀၆။ သာရတ္ထ၊၃၊၄၇၃-တို့၌ အကျယ်ရှုပါ။

အရိယာ ၈-ယောက်

ဤ၌ အများသိဖြစ်သော အရိယာဇာတ်အစစ်ဖြစ်သည့် မဂ္ဂဋ္ဌာန် ၄-ယောက်+ ဖလဋ္ဌာန် ၄-ယောက်ကိုဆိုသည်၊
သရုပ်၎င်းတို့မှာကြည့်လေ။

အရိယာအင်္ဂါ ၄-ပါး

၎င်းသရုပ်အဓိပ္ပါယ်ကို (သောတာပန် အင်္ဂါ ၄-ပါး)ဟူသော ပုဒ်၌ကြည့်ပါ။

အရိယာ အပြားမျိုး ၄-ပါး

ဇာ၊ဋ္ဌ၊၂၊၃၈-နှင့် ၂၅၆-တို့၌ အကျယ်ရှုပါ။
(၁) အာစာရအရိယာ- မြတ်သောအကျင့်ကိုကျင့်သော လူ ရဟန်း တိရစ္ဆာန်၊
(၂) ဒဿန အရိယာ- ဣရိယာပိုထ် ၄-ပါး၌ ကြည်ညိုဖွယ်ရှိသော လူ ရဟန်း တိရစ္ဆာန်၊
(၃) လိင်္ဂ အရိယာ- ရဟန်းတော်မြတ်များနှင့် ဝတ်ရုံခြင်းအသွင်အပြင်တူသောပုဂ္ဂိုလ်၊
(၄) ပဋိဝေဓ အရိယာ- မဂ်တရားဖိုလ်တရားရပြီးသော ဘုရားစသော အရိယာပုဂ္ဂိုလ်ရှစ်ယောက်။

အရိယာအပြား ၁၄၆-ပါး၊ တစ်နည်း ၁၉၄-ပါး

ဤ၌ အရိယာရှစ်ပါး ဘုရား ပစ္စေကဗုဒ္ဓါ
တို့ကိုမူတည်၍မြှောက်ပွားသည်။ ၎င်းပွားနည်းကို နေတ္ထိ အဋ္ဌကထာ ပုဂ္ဂလပညတ် အဋ္ဌကထာ ဝိသုဒ္ဓိမဂ်နှင့် ၎င်းမဟာဋီကာတို့၌ရှုပါလေတော့၊ အဖြေမှာ ကျယ်ဝန်းလွန်းသဖြင့် ဤ၌မပြနိုင်ပေ။

အရိယာ ဥစ္စာ ၇-ပါး

အံ၊၂၊၃၉၈။ ဒီ၊၃၊၂၀၈။ ဒီ၊ဋ္ဌ၊၃၊၂၂၁-တို့၌ သတ္တအရိယ ဓနာနိ- ဟု ဘုရားဟောတော်မူသည်။
(၁) သဒ္ဓါ ဓနံ- ရတနာသုံးပါးဂုဏ်တရားနှင့် ကံ ကံ၏အကျိုးများကိုယုံစားခြင်း၊
(၂) သီလ ဓနံ- သီလတည်းဟူသောဥစ္စာ၊
(၃) ဟိရီ ဓနံ- မကောင်းမှု၌ရှက်ခြင်းဥစ္စာ၊
(၄) ဩတ္တပ္ပ ဓနံ- မကောင်းမှု၌ ကြောက်ခြင်းဥစ္စာ၊
(၅) သုတ ဓနံ- အကြားအမြင်များခြင်းဥစ္စာ၊
(၆) စာဂ ဓနံ- ပေးစွန့်လှူဒါန်းခြင်းဥစ္စာ၊
(၇) ပညာ ဓနံ- မဂ်ဖိုလ် ပညာဥစ္စာ။

အရိယာ ဥပုသ်မျိုး ၆-ပါး

၎င်းအဖြေ “ဥပုသ်မျိုး ၆-ပါး”၌ ရှုပါလေ။

အရိယာ ကထာမျိုး ၁၀-ပါး

မဟာနိ၊၁၆၉။ မဟာနိ၊ဋ္ဌ၊၂၅၈။ အရိယာပုဂ္ဂိုလ်များ ပြောကြားလေ့ရှိသောစကားမျိုး ၁၀-ပါးဟူ၏။
(၁) အပိစ္ဆကထာ- အလိုနည်းမှုနှင့်စပ်သောစကား၊
(၂) သန္တုဋ္ဌိကထာ- ရောင့်ရဲလွယ်မှုနှင့်စပ်သော၊
(၃) ပဝိဝေက ကထာ- ဆိပ်ငြိမ်မှုနှင့်စပ်သော၊
(၄) အ သံသဂ္ဂ ကထာ- ရှင်လူတို့နှင့် ရောရောစပ်စပ်မဆက်ဆံလိုကြောင်းနှင့်စပ်သော၊
(၅) ဝီရိယာရမ္ဘ ကထာ- ဝိပဿနာတရားအားထုတ်ကြိုးစားမှုနှင့်စပ်သော၊
(၆) သီလ ကထာ၊
(၇) သမာဓိ ကထာ၊
(၈) ပညာ ကထာ
(၉) ဝိမုတ္တိ ကထာ- မဂ်ဖိုလ်နှင့်စပ်သော၊
(၁၀) ဝိမုတ္တိ ဉာဏဒဿန ကထာ- ပစ္စဝေက္ခဏာဉာဏ်နှင့်စပ်သောစကား။

အရိယာတို့ နှလုံးမသွင်း၊ မပြုလုပ်သောတရား ၈-ပါး

အံ၊၁၊၂၈။ အံ၊ဋ္ဌ၊၂၊၃၅၂-၌ အကျယ်ရှု။
(၁) သင်္ခါရတရားစုကို သုခဟုနှလုံးမသွင်းခြင်း၊
(၂) အတ္တဟု နှလုံးမသွင်းခြင်း၊
(၃) မာတုဃာတက၊
(၄) ပိတု ဃာတက၊
(၅) အရဟန္တ ဃာတက၊
(၆) လောဟိတုပ္ပါဒက၊
(၇) သံဃဘေဒကကံတို့ကို မကျူးလွန်တော့ခြင်း၊
(၈) ဗုဒ္ဓသာသနာတော်မှ တစ်ပါးသောဆရာတို့ကို မရှာမှီးတော့ခြင်း။

အရိယာပုဂ္ဂိုလ် ၉၆-ယောက်

အဘိ၊ပု၊၁၁၉- ၁၂၀။ အဘိ၊ဋ္ဌ၊၃၊၄၇-မှ ၅၃-ထိယူပါ၊ အခြား ပိဋကတ်များမှာလည်း ပါရှိသေးသည်။
(၁) သောတာပန် ၂၄-ယောက်၊
(၂)သကဒါဂါမ် ၁၂-ယောက်၊
(၃) အနာဂါမ် ၄၈-ယောက်၊
(၄) ရဟန္တာ ၁၂-ဦး၊ ပေါင်း ၉၆-ယောက်ဖြစ်၏။

အရိယာပုဂ္ဂိုလ် ၁၀၈-ယောက် တစ်နည်း

သုတ္တနိ၊၃၁၃။ သုတ္တနိ၊ဋ္ဌ၊၁၊၂၈၂။ ခုဒ္ဒကပါဌ၊၅။ ခုဒ္ဒက၊ဋ္ဌ၊၁၅၂။
သောတာပန် ၃-ယောက်ကို ပဋိပဒါ ၄-ပါးနှင့် မြှောက် ၁၂-ယောက်ဖြစ်၏၊
သကဒါဂါမ် ၁၂-ယောက်၊
အနာဂါမ် ၂၄-ယောက်၊
သုက္ခ ဝိပဿက ရဟန္တာ ၁၊
သမထယာနိက ရဟန္တာ-၁၊
မဂ္ဂဋ္ဌာန် ၄-ယောက်၊ ပေါင်း ၅၄-ယောက်၊
သဒ္ဓါဓုရ၊ ပညာဓုရ ၂-ပါးနှင့် မြှောက်ပွားသော် အရိယာ ၁၀၈-ယောက်ဖြစ်၏။

အရိယာပုထ် ၄-ပါး

(၁) သွားခြင်း၊
(၂) ထိုင်ခြင်း၊
(၃) ရပ်ခြင်း၊
(၄) လျောင်းစက်အိပ်ခြင်း။

အရိယာ ဖိုလ် ၄-ပါး

အရိယာပုဂ္ဂိုလ်တို့သာ နိဗ္ဗာန်ချမ်းသာကိုခံစားနိုင်သော အရိယာမဂ်၏အကျိုးဖြစ်သော”ဖိုလ်စိတ် ၄-ပါး”ကိုခေါ်သည်။

အရိယာဖြစ်ကြောင်းတရား ၄-ပါး

၎င်းအဖြေ “သောတာပန်ဖြစ်ကြောင်းအင်္ဂါ ၄-ပါး”၌ ရှုပါလေ။

အရိယာမဂ် ၄-ပါး

အရိယာပုဂ္ဂိုလ်တို့သာ နိဗ္ဗာန်ကိုမြင်တွေ့ရသောစိတ်များ။
(၁) သောတာပတ္တိမဂ်၊
(၂) သကဒါဂါမိမဂ်၊
(၃) အနာဂါမိမဂ်၊
(၄) အရဟတ္တမဂ်။

အရိယဝံသတရား ၄-ပါး

အရိယာနွယ်ဝင် သူတော်စင်တို့ ရသမျှနှင့်နှစ်သက်စွာ လိုက်နာပြုကျင့်ရမည့် တရားလေးပါးဟူလို၊ (သင်္ဂီတိသုတ်နှင့် အင်္ဂုတ္တိုရ်အဋ္ဌကထာ စတုတ္ထ။)
(၁) စီဝရ သန္တောသ- အဝတ်သင်္ကန်း၌ရောင့်ရဲလွယ်ရခြင်း၊
(၂) ပိဏ္ဍပါတ သန္တောသ- ဆွမ်းခဲဖွယ်ဘောဇဉ် ချိုချဉ်ရသာ၌ ရောင့်ရဲလွယ်ရခြင်း၊
(၃) သေနာသန သန္တောသ- ကျောင်းအိပ်ယာနေရာ၌ ရောင့်ရဲလွယ်ရခြင်း၊
(၄) ဘာဝနာ ရမ္မတာ- ဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းပွားများခြင်း၌ မွေ့လျော်ရခြင်း။

အရိယာဝါသ တရား ၁၀-ပါး

ဒီ၊၃၊၂၂၄။ ၂၅၇။ ဒီ၊ဋ္ဌ၊၃၊၂၃၄-၌ အကျယ်ရှု။ သောတာပန်စသောအရိယာပုဂ္ဂိုလ်တို့သည် အောက်ပါတရား ၁၀-ပါးနှင့် အမြဲနေ၏။
(၁) ပဉ္စင်္ဂ ဝိပ္ပဟီန- နီဝရဏတရား ငါးပါးတို့ကို ပယ်ပြီးခြင်း၊
(၂) ဆဠင်္ဂ သမန္နာဂတ- အာရုံ ၆-ပါးအတွေ့၌ သာ, မသာမရှိခြင်း၊
(၃) ဧကာရက္ခ- ကံသုံးပါးမကျူးလွန်မှု၌ သတိနှင့်အမြဲနေ၏၊
(၄) စတုရာ ပေဿန- ပညာဖြင့်သာ မှီဝဲ သည်းခံ ကြဉ်ရှောင် ပယ်ဖျောက်ခြင်း ကိစ္စလေးပါးတို့၌ အမြဲဆင်ခြင်၍ပြုခြင်း၊
(၅) ပနုဏ္ဏပစ္စေက သစ္စ- ငါ့ဉာဏ်မြင်နှင့် ငါ့အယူသာမှန်၏ဟူသော ဒိဋ္ဌိသစ္စာကိုပယ်ခြင်း၊
(၆) သမဝယ သဋ္ဌေသန- အကျင့်ကိုရှာမှီးခြင်းမှငြိမ်းပြီးဖြစ်၍ ချမ်းသာစွာနေခြင်း၊
(၇) အနာဝိလ သင်္ကပ္ပ- သင်္ကပ္ပသုံးပါးကို ပယ်၍နေခြင်း၊
(၈) ပဿဒ္ဓ ကာယသင်္ခါရ- စတုတ္ထစျာန်ကိုဝင်စား၍နေခြင်း၊
(၉) သုဝိမုတ္တ စိတ္တ- ရာဂ ဒေါသ မောဟတို့မှစိတ်လွတ်၍နေခြင်း၊
(၁၀) သုဝိမုတ္တ ပညာ- ရာဂ ဒေါသ မောဟတို့ကို ပယ်ပြီးဖြတ်ပြီး တစ်ဖန်မဖြစ်မပေါ်မှု သဘောကိုသိ၍နေခြင်း။

အရိယာ ဝေါဟာရမျိုး ၄-ပါး

သံဂီတိသုတ်၌ လာရှိသည်ကား ဝစီဒုစရိုက်လေးပါးမှ လုံးဝရှောင်ကြဉ်၍ ပြောဆိုခြင်းပင်ဟူ၏။

အရိယာသံဃာတော်မြတ် ၈-ပါး

သံဃာတော်ဖြစ်သော အရိယာရှစ်ယောက်ကိုပင် “အရိယာသံဃာတော်ရှစ်ပါး”ဟုခေါ်ဆိုအပ်၏။

အရိယာ သာဝကတို့၏ဂုဏ်ကျေးဇူးတော် ၃၀

သင်္ဂီတိသုတ်၊ ဒီ၊၃၊၁၇၅၊ ဒီ၊ဋ္ဌ၊၃၊၁၅၃။ အံ၊ဋ္ဌ၊၂၊တို့၌အကျယ်ရှု။ အရိယာတို့၏တပည့်တို့၌ မွန်မြတ်သောဂုဏ်ကျေးဇူးတော် ၃၀-တို့နှင့်ပြည့်စုံ၏ဟူလို။
(၁) ကောင်းစွာ ပြေပြစ်နူးညံ့သိမ်မွေ့သော မေတ္တာစိတ်ရှိခြင်း၊
(၂) ဖျက်ဆီးအပ် ဖျောက်အပ် နှိမ်အပ်သော မာနရှိခြင်း၊
(၃) ရတနာသုံးပါး၏ဂုဏ် ကံ ကံ၏အကျိုးကို မတုန်မလှုပ် အမြဲထိုးထွင်း၍ယုံကြည်ခြင်း သဒ္ဓါတရားရှိခြင်း၊
(၄) ရွှင်မြူးသောစိတ်ကိုပြည့်စုံစွာဆုံးမခြင်းရှိ၍ ငြိမ်သက်ချမ်းမြေ့သောသမာပတ်ကို ရခြင်း၊
(၅) မြတ်သောသီလရှိသည်ဖြစ်၍ ကောင်းသောအနံ့ဖြင့် ထုံမွမ်းခြင်း၊
(၆) နတ်လူတို့ ချစ်မြတ်နိုးတတ်ခြင်း၊
(၇) နှစ်သက်အပ်သောသူဟူ၍ အာသဝကုန်ပြီးသောသူမြတ်တို့ တောင့်တအပ်ခြင်း၊
(၈) နတ်လူတို့ ရိုသေအပ် ရှိခိုးအပ်ခြင်း၊
(၉) ပညာရှိတို့ချီးမွမ်းအပ်ခြင်း၊
(၁၀) လူ့ပြည်နတ်ပြည်၌ လူနတ်အပေါင်းနှင့် မရောနှောခြင်း၊
(၁၁) အနည်းငယ်သောအပြစ်၌လည်း ဘေးဟုရှုခြင်း၊
(၁၂) သမ္ပတ္တိနှင့်ပြည့်စုံသောသူတို့အား မဂ်ဖိုလ်အကျိုးကို ပြီးစေတတ်ခြင်း၊
(၁၃) အလိုရှိတောင့်တသော် များမြတ်သောပစ္စည်းကိုရနိုင်ခြင်း၊
(၁၄) မြဲသောကျောင်းအိပ်ယာနေရာမရှိခြင်း၊
(၁၅) စျာန်၌ယှဉ်၍ မြတ်သောနေလေ့ရှိခြင်း၊
(၁၆) ထွေးယှက်သောကိလေသာကွန်ယက်ကို ဖျက်ဆီးခြင်း၊
(၁၇) မြတ်သောမဂ်ဖိုလ်တရားကို လျှို့ဝှက်ဖုံးလွှမ်းခြင်း၊
(၁၈) လာလတ္တံ့သောဂတိကို တားမြစ်ခြင်း၊
(၁၉) အပ္ပနာသို့ရောက်သော တရားရှိခြင်း၊
(၂၀) နှိမ့်ချစွာနေခြင်း၊
(၂၁) အပြစ်မရှိသောအသုံးအဆောင်ရှိခြင်း၊
(၂၂) ဂတိတရားမှလွတ်ခြင်း၊
(၂၃) ယုံမှားသင်္ကာမှ ကူးမြောက်ခြင်း၊
(၂၄) ဝိမုတ္တိစျာန်ကို အလိုရှိခြင်း၊
(၂၅) မြင်အပ်သောတရားရှိခြင်း၊
(၂၆) မတုန်မလှုပ်မြဲသည်ဖြစ်၍ ဘေးကိုတားမြစ်စေသောသူတို့၏ မှီခိုရာသို့ရောက်ခြင်း၊
(၂၇) ကောင်းစွာပြတ်အပ်သော အနုသယရှိခြင်း၊
(၂၈) အာသဝေါကုန်ခြင်းသို့ ရောက်ခြင်း၊
(၂၉) ငြိမ်သက်ချမ်းမြေ့သောသမာပတ်၌ များစွာနေလေ့ရှိခြင်း၊
(၃၀) ရဟန်းကျေးဇူးဂုဏ်နှင့် အလုံးစုံပြည့်စုံခြင်း။

အရုဏ်တက်ခြင်းမျိုး ၄-ပါး

ဤ၌ ပြလတ္တံ့သော အာရုဏ်အပြားနှင့်စကားရပ်တို့ကား- ပြည် ရွှေဆံတော်သမိုင်းကိုရေးသားသူ ဦးဝိသုဒ္ဓ၏ဝါဒဖြစ်၏၊ ကျွန်ုပ်တို့လည်း နှစ်သက်သည်။
သေတ ရုဏဉ္စ ပဌမံ၊ ဒုတိယံ ဂဒြဘ မုခ ဝဏ္ဏံ။
တတိယံ လောဟိတဉ္စ၊ စတုတ္ထံ နိန္ဒိယ ဝဏ္ဏံ။
ပဌမံ၊ ပထမ အရုဏ်သည်။ သေတ ရုဏဉ္စ၊ ဖြူသောအဆင်းရှိ၏။
ဒုတိယံ၊ ဒုတိယ အရုဏ်သည်။ဂဒြဘ မုခ ဝဏ္ဏံ၊ မြည်းမျက်နှာအဆင်းရှိ၏။
တတိယံ၊ တတိယအာရုဏ်သည်။ လောဟိတဉ္စ၊ နီသောအဆင်းရှိ၏။
စတုတ္ထံ၊ စတုတ္ထအာရုဏ်သည်။ နန္ဒိယ ဝဏ္ဏံ၊ ဇလပ်ပွင့်အဆင်းရှိ၏။
ဣတိ၊ ဤသို့။ အရုဏော၊ အရုဏ်သည်။ စတုဗ္ဗိဓေါ၊ လေးပါးအပြားရှိ၏။
မှတ်ချက်။ ။ ဆွမ်းစားခြင်း ဆွမ်းကပ်ခြင်းကိုမူကား ပဌမ အာရုဏ်သည် အလွန်နုသေးသည်ဖြစ်၍ မအပ်၊
ဒုတိယအာရုဏ်သည် မိုက်မှောင်သေးသည်ဖြစ်၍ မလျော်၊
တတိယအာရုဏ်မှဆွမ်းကပ်ခြင်း၊ ဆွမ်းစားခြင်းကိုပြုအပ်၏၊
စတုတ္ထအာရုဏ်ကား ပြောဖွယ်မရှိ လင်းလွန်းပြီ။

အရုဏ်တက်ရာ၊ ၁၂-ဖြာ၊ ဘယ်နာရီမှာ ဘယ်လနည်း

၁၂-လ၌ အရုဏ်တက်သော အချိန် နာရီ မိနစ်များကိုအောက်ပါလင်္ကာအတိုင်း ရှေးပညာရှိ ကဝိဆရာများ စီစဉ်သတ်မှတ်ထားကြ၏၊ ဤ၌ စနေနံကို သုညယူ။
လင်္ကာသွား -----------------လအမည် ---------------နာရီ------------- မိနစ်
ကူး ပြန် နှင်းထွေး -----------တာကူး------------------- ၅--------------- ဝဝ၊
ဆုန် လေး ပေါ်နေ ---------- ကဆုန် ------------------ ၄---------------- ၅၀
ယုန် ဝေ ဝေထပ် ------------ နယုန် ------------------- ၄---------------- ၄၀
ဆို လပ် စာတော် ------------ ဝါဆို -------------------- ၄---------------- ၃၀
ခေါင် လှော် လူထု ----------- ဝါခေါင် -------------------၄---------------- ၄၀
လင်း လှု မတွေး ------------ တော်သလင်း ------------ ၄---------------- ၅၀
ကျွတ် မေး နင်တို့ ------------ သီတင်းကျွတ် ----------- ၅---------------- ဝဝ
မုန်း ဖို့ အော်နေ -------------- တန်ဆောင်မုန်း --------- ၅---------------- ၁၀
တော် မြေ ကျော်ဌေး --------- နတ္တော် ----------------- ၅---------------- ၂၀
ပြာ ပေး ဆန်တောင်း --------- ပြာသို ------------------ ၅---------------- ၃၀
တွဲ ပေါင်း ခေါ်နော် ----------- တပို့တွဲ ----------------- ၅---------------- ၂၀
ပေါင်း ပျော် အထွက် --------- တပေါင်း ---------------- ၅---------------- ၁၀
အရုဏ်တက်၊ မပျက်တွက်လို့ရေ။
နာရီပိုင်း၊ လူတိုင်း ယူပါလေ။
ကဝိများ ထားခဲ့ဥပဒေ။

အရူပ ၄-ဘုံ

ရုပ်ကားမရှိ၊ နာမ်သာရှိသော ဗြဟ္မာကြီးတို့၏ နေရာ ၄-မျိုး။
(၁) အာကာသာနဉ္စာယတနဘုံ-ကပ္ပါနှစ်သောင်းအသက်ရှည်သော ဗြဟ္မာကြီးတို့၏ နေရာဘုံ၊
(၂) ဝိညာဏဉ္စာယတန ဘုံ- ကပ္ပါလေးသောင်းအသက်ရှည်သော ဗြဟ္မာကြီးတို့၏ နေရာဘုံ၊
(၃) အာကိဉ္စညာယတန ဘုံ- ကပ္ပါခြောက်သောင်းအသက်ရှည်သော ဗြဟ္မာကြီးတို့၏ နေရာဘုံ၊
(၄) နေဝသညာနာသညာ ယတန ဘုံ-ကပ္ပါရှစ်သောင်းအသက်ရှည်သော ဗြဟ္မာကြီးတို့၏ နေရာဘုံ။
မှတ်ချက်။ ။ ဤ၌ ၄-ခုမြောက်ဘုံကိုပင် ဘဝဂ်ဟုခေါ်သည်။

အရူးမျိုး ၈-ပါး

ဇာတက၊၁၊၁၃၈။ ဇာ၊ဋ္ဌ၊၃၊၂၂၃- နှင့် ဓမ္မသတ်ကျမ်းတို့၌ လာသည်။ အရူးများစွာကိုမျိုးခွဲလိုက်လျှင် ဤရှစ်ပါးသာရ၏။
(၁) ရာဂုမတ္တက- တဏှာ ရာဂ ရမ္မက်ဖြင့် ရူးသောအရူးမျိုး၊
(၂) ကောဓုမ္မတ္တက- အမျက်ဒေါသလွန်သဖြင့် ရူးသောအရူးမျိုး၊
(၃) ဒိဋ္ဌုမ္မတ္တက- အယူဖေါက်ပြန်ကြံစည်လွန်သဖြင့် ရူးသောအရူးမျိုး၊
(၄) မောဟုမ္မတ္တက- မိုက်မဲတွေဝေသဖြင့် ရူးသောအရူးမျိုး၊
(၅) ယက္ခုမ္မတ္တက- ဘီလူး သားရဲ စုန်း နတ်ဖမ်းပူးသဖြင့် ရူးသောအရူးမျိုး၊
(၆) ပိတ္တုမ္မတ္တက- သည်းခြေပျက်၍ ရူးသောအရူးမျိုး၊
(၇) သုရုမ္မတ္တက- သေရည်သောက်လွန်းသဖြင့် ရူးသောအရူးမျိုး၊
(၈) ဗျသနုမ္မတ္တက- စည်းစိမ်ဥစ္စာပျက်သဖြင့် ရူးသောအရူးမျိုး။

အရေးအခင်းအချို့

မြန်မာနိုင်ငံစစ်အစိုးရများလက်ထက် ထင်ရှားသည့်အရေးအခင်းများ။
(၁) ဆဲဗင်းဇူလိုင် အရေးအခင်း -၁၉၆၂။
(၂) တရုပ်ဗမာအရေးအခင်း -၁၉၆၈။
(၃) အလုပ်သမားအရေးအခင်း -၁၉၇၄ ဇွန်လ။
(၄) ဦးသန့်အရေးအခင်း-၁၉၇၄ ဒီဇင်ဘာ။
(၅) အလုပ်သမားအရေးအခင်းနှစ်ပတ်လည်နှင့်ရွှေတိဂုံအထွေထွေသပိတ် -၁၉၇၅ ဇွန်လ။
(၆) မှိုင်းရာပြည့်အရေးအခင်း -၁၉၇၆ မတ်လ။
(၇) ဖုန်းမော်အရေးအခင်း -၁၉၈၈ မတ်လ ၁၃။
(၈) တံတားနီအရေးအခင်း -၁၉၈၈ မတ်လ ၁၆။
(၉) မြေနီကုန်းအရေးအခင်း -၁၉၈၈ ဇွန် ၂၁။
(၁၀) ၈-၄ လုံးအရေးအခင်း -၁၉၈၈ ဩဂုတ် ၈။
(၁၁) ဒီပဲယင်းအရေးအခင်း -၂၀၀၃ မေ ၃၀။
(၁၂) စက်တင်ဘာ ရွှေဝါရောင် သံဃာ့အရေးအခင်း - ၂၀၀၇။ စသည်။

အရိုအသေမပြုတတ်သူမျိုး တစ်ကျိပ်နှစ်ပါး

(ရိုသေထိုက်သူအား မရိုသေသူ ၁၂-ဦး)၌ ပြမည်။

အရိုးဆက် ပုဂ္ဂိုလ်မျိုး ၃-ပါး

မ၊ဋ္ဌ၊၂၊၃၁၈။ ဒီ၊ဋ္ဌ၊၂၊၁၉၅။ ၌ရှု။
(၁) ဘုရားရှင်တို့မှာ ကွင်းဆက်၊
(၂) ပစ္စေကဗုဒ္ဓါတို့မှာ ချိတ်ဆက်၊
(၃) ကျန်လူသားနှင့် ရဟန္တာများမှာ တေ့ဆက်။

အရွယ် ၃-ပါး

လူသတ္တဝါတို့အဖို့ အရေးကြီးသော ဝယကာလ ၃-ပါးဟူ၏။
(၁) ပဌမအရွယ်- အသက်၂၀-နှစ်အတွင်း ဥစ္စာရကြောင်း နည်းကောင်းပညာများကို ရှာမှီးရန်အရွယ်၊
(၂) ဒုတိယအရွယ်- အသက်၅၅-နှစ်အထိ ပစ္စည်းဥစ္စာရှာဖွေဆည်းပူးရန် အရွယ်၊
(၃) တတိယ အရွယ်၊ အသက် ၅၅-နှစ်ကျော်ကစ၍ဘဝသံသရာရေးအတွက် ကိုယ်ကျိုးသက်သက် တရားဓမ္မပြုကျင့်အားထုတ်ရန်အရွယ်။

အရွယ် ၁၀-ပါး

ဇာတက၊၁၊၃၁၃။ ၎င်း အဌကထာ စတုတ္ထအုပ် ၃၉၇-၌ အကျယ်ရှုပါ။ဤသည်တို့၌ ယေဘုယျအခေါ်များရာသို့လိုက်၍ယူရသည်၊ အပ္ပကခေါ် အနည်းငယ်အားဖြင့်ကား ဤပြအံ့လက္ခဏာနှင့် ဆန့်ကျင်ဘက်ပုဂ္ဂိုလ်များလည်း ရှိသေး၏။
(၁) မန္ဒ အရွယ်- ၁၀-နှစ်အတွင်းပညာနုံ့နှေးသော အရွယ်၊
(၂) ခိဋ္ဋ အရွယ်- ၂၀-အတွင်း စိတ်ပျံ့လွင့်သောအရွယ်၊
(၃) ဝဏ္ဏ အရွယ်-၃၀-အတွင်း အဆင်းလှသောအရွယ်၊
(၄) ဗလ အရွယ်- ၄၀-အတွင်း အားကောင်းသောအရွယ်၊
(၅) ပညာ အရွယ်- ၅၀ အတွင်း ပညာဉာဏ်ကောင်းသောအရွယ်၊
(၆) ဟာယန အရွယ်- ၆၀-အတွင် း အားအင်ဆုတ်ယုတ်သောအရွယ်၊
(၇) ပဘာရ အရွယ်- ၇၀-အတွင်း လေးလံထိုင်းမှိုင်းသောအရွယ်၊
(၈) ကုဋိလ အရွယ်- ၈၀-အတွင်း ကိုင်းညွတ်သောအရွယ်၊
(၉) မုဠှ အရွယ်- ၉၀-အတွင်း တွေဝေမေ့မောသောအရွယ်၊
(၁၀) အနုဋ္ဌာသေယျ အရွယ်- ၁၀၀-အတွင်း မထသောအိပ်ခြင်းဖြင့်နေတတ်သောအရွယ်။

အရှင်ဝတ် ၅-ပါး

အလုပ်ပိုင်ရှင်က လုပ်သားသူရင်းငှားတို့ကို ပြုစုရမည့်ဝတ်ငါးပါး။
(၁) အစားအသောက်တို့ကို ဝဖြိုးစွာကျွေးမွေးပေးကမ်းရခြင်း၊
(၂) လုပ်ခင်းဆောင်တာတို့ကို စီရင်နည်းပေး၍စေခိုင်းရခြင်း၊
(၃) နာမကျန်းဖြစ်သည့်အခါ ဆေးကုပေးရခြင်း၊
(၄) စားကောင်းသောက်ကောင်းကို စားသောက်ရသောအခါဝေငှမျှတ၍ပေးရခြင်း၊
(၅) အချိန်အခါနှင့် စေခိုင်းရခြင်း၊ အချိန်စေ့လျှင်လွှတ်ရခြင်း။ (သုတ်ပါထေယျ၊သိင်္ဂါလောဝါဒသုတ်။)

အရှင်သာရိပုတ္တရာ၏ ဂုဏ်ရည်တော် ၁၆-ပါး

ထိုအရှင်မြတ်၏ ဉာဏဂုဏ်တော်တန်ခိုးတေဇော်ဂုဏ်တော်၊
မြတ်ဘုရား၏ချီးမွမ်းပုံ ဂုဏ်တော်တို့၏ စိတ်ဝင်စားဖွယ် ကြည်ညိုစရာ အကျယ်တို့ကို သုသီမသုတ် သံ၊၁၊၂၁၈၊ သံ၊ဋ္ဌ၊၁၊၃၁၁။ တို့၌ရှုပါ။

အလဇ္ဇီပုဂ္ဂိုလ်ဖြစ်ကြောင်း အင်္ဂါ ၅-ပါး

အလဇ္ဇီပုဂ္ဂိုလ်ဖြစ်ခြင်း၏ အကြောင်းငါးပါး မှတ်သိလွယ်စေရန်လယ်တီဆရာတော်ဖြတ်ထုံးကဗျာဖြင့်ပြအံ့။
(၁) ဘုန်းကံကြီးမား၊ (၂) ခြွေရံများ၍၊ (၃) ပါးရှား သဒ္ဓါ၊ (၄) သက်ဝါကြီးမင်း၊ (၅) စာခေါင်ချင်းဟု၊
ငါးခင်း အညီ၊ အလဇ္ဇီကား၊ တိုက်ကျီ အိမ်တွင်း၊ မီးထွန်းလင်း၍၊ အတင်းဝင်လျှိုး၊ ဖြူအောင်ခိုးသည့်၊သူခိုးအလား၊ ဘုရားရွှေစက်၊ ပေအောင်ဖျက်သည်။ ရှင်ပျက် အလဇ္ဇီ မိုက်ကြီးတည်း။

အ လဗ္ဘနိယတရား ၅-ပါး

၎င်းသရုပ် (တောင့်တ၍မရကောင်းသော အရာမျိုး ၅-ပါး)၌ ရှုပါ။

အလောင်းစည်သူ တည်တော်မူ၊ ၉-ဆူ မုဋ္ဌောမြတ်

၎င်း၏သရုပ်များကို (မုဋ္ဌော ၉-ဆူ)ဟူသော သုတေသန၌ရှုပါ။

အလိုလိုက်ရာသည် ၁၃-ပါး

ကိုယ်ကျိုးတိုးတက်ရေးအတွက် သူ့အလိုသို့လိုက်၍ ကျင့်ရခြင်း ၁၃-ပါးဟူ၏၊
စာဏကျမှ။
(၁) အဆွေခင်ပွန်းကို နှလုံးဖြောင့်မတ်သဖြင့်လည်းကောင်း၊
(၂) ရန်သူကို ဥပါယ်တံမျဉ်ဖြင့်လည်းကောင်း၊
(၃) အလိုရမ္မက်ကြီးသူကို ဥစ္စာပေးသဖြင့်လည်းကောင်း၊
(၄) အစိုးရသူကို သူ့အမှုကိစ္စဆောင်ရွက်ပေးသဖြင့်လည်းကောင်း၊
(၅) ရသေ့ ရဟန်းတို့ကို ရိုသေသဖြင့်လည်းကောင်း၊
(၆) သတို့သမီးကိုချစ်ခြင်းဖြင့်လည်းကောင်း၊
(၇) လက်အောက်ငယ်သားကို မျှတမှုဂုဏ်ကျေးဇူးဖြင့်လည်းကောင်း၊
(၈) ဒေါသမျက်မာန်ကြီးသူကို ချီးမွမ်းခြင်းဖြင့်လည်းကောင်း၊
(၉) ဆရာကို ရှိခိုးရိုသေခြင်းဖြင့်လည်းကောင်း၊
(၁၀) သူမိုက်ကို လိုက်လျောသောစကားဖြင့်လည်းကောင်း၊
(၁၁) ပညာရှိကို အတတ်ပညာပေးခြင်းဖြင့်လည်းကောင်း၊
(၁၂) အစားကြူးသူကို အရသာပေးခြင်းဖြင့်လည်းကောင်း၊
(၁၃) အလုံးစုံသောသူကိုအကျင့်သီလဖြင့်လည်းကောင်း အလိုလိုက်ရာ၏။

အလိုလောဘကြီးသူ ၃-ယောက်

မ၊ဋ္ဌ၊၂၊၄၅-၌ အကျယ်ရှု။
(၁) အတြိစ္ဆတာ-ကိုယ့်ရှိတာနှင့်မတင်းတိမ်ဘဲ သူများစည်းစိမ်ကို လိုချင်တောင့်တနေသူ၊
(၂) ပါပိစ္ဆတာ- သူများအထင်ကြီးကြည်ညိုလာအောင် မိမိကိုယ်ကို ရဟန္တာယောင် ထွက်ရပ်ပေါက်ယောင်ဟန်ဆောင်သော ဂုဏ်ဒြပ်ဖြင့်လာဘ်များစွာကို ခံယူနေသူ၊
(၃) မဟိစ္ဆတာ-ဟုတ်မှန်သောဂုဏ်ကိုပြ၍ ပကာသနလိုလားထင်ပေါ်ကျော်ကြားလိုသူ၊ ဝါ-အလှူရှင်မှန်းသိအောင် မဏ္ဍပ်တိုင်တက်ပြသူ။

အလှ လက္ခဏာ၊ အင် ၆-ဖြာ၊ ကညာ တိုင်းမယ်မျိုး

မိန်းမပျိုတို့တွင် အလှမယ်ရွေးချယ်ရာ၌ အလှလက္ခဏာအင်္ဂါခြောက်ပါးကို ဆိုသည်။ ၎င်းအဖြေ (အပြစ် ၆-ပါး၊ ကင်းစင်ငြား၊ လှထွားပျိုသူဇာ)၌ ဆိုခဲ့ပြီ။

အလှသူဇာ၊ ရွေးချယ်ရာ၊ ၈-ဖြာအင်္ဂါတိုး

၎င်းအဖြေကို (လှမျိုးသူဇာ၊ မြတ်ကညာ၊ ၈-ဖြာ အင်္ဂါပြည့်)၌ကြည့်ပါလေ။

အလှူခံမော်၊ ပုဂ္ဂိုလ်ကျော်၊ ၈-ဖေါ်သူမြတ်များ

၎င်း၏ အဖြေကို (ဒက္ခိဏေယျပုဂ္ဂိုလ် ၈-ယောက်)၌ ဆိုပါအံ့။
အလှူခံ တစ်ကျိပ်လေး ၁၄-ယောက်

အလှူပေးရာ၊ ရေးကြီးစွာ၊ ၃-ဖြာ အင်္ဂါအဘယ်နည်း

၎င်းအဖြေ (ဒါနပြုကြ၊ ကျိုးမဟ၊ သုံးဝအင်္ဂါလာ)ပုစ္ဆာ၌ ရှုပါ။

အလှူရှင်နှင့် အလှူခံတို့၏ အင်္ဂါ ၆-ပါး

အံ၊၂၊၂၉၅-၌ အကျယ်ရှု။အလှူပေးသူများသတိထား
ရွေးချယ်တတ်ရန်။
(၁) အလှူမပေးမီ- ရှေးအဖို့၌ သီလဆောက်တည်ဝမ်းမြောက်နေရခြင်း၊
(၂) ပေးလှူဆဲခဏ၌ စိတ်ကြည်လင်ရွှင်ပြရခြင်း၊
(၃) ပေးလှူပြီးနောက် မကြာခဏ နှစ်သက်ဝမ်းသာအမှတ်ရကာနေရခြင်း၊
ဤအင်္ဂါ ၃-ပါးသည် အလှူရှင်တို့မှာရှိထား ဖြစ်ထားရမည့် အင်္ဂါသုံးပါးဟူ၏။
အလှူခံယူသူတို့ဘက်မှ ရှိထားရမည့် ဂုဏ်အင်္ဂါ ၃-ပါးကိုလည်း ဤသို့သိထားရွေးချယ်တတ်ရမည်။
(၁) တဏှာ ရာဂကင်းစင်သူဖြစ်ခြင်း၊ ရာဂကင်းကြောင်း အကျင့်ကောင်းများကို ကျင့်ကြံအားထုတ်နေသူဖြစ်ခြင်း၊
(၂) ဒေါသကင်းခြင်း၊ ဒေါသကင်းရန် ပြုကျင့်အားထုတ်နေသူဖြစ်ခြင်း၊
(၃)မောဟကင်းခြင်း၊ မောဟကင်းစင်စေရန် ဝိပဿနာတရား အားထုတ်ကျင့်ပွားနေခြင်းရှိသည့် ပုဂ္ဂိုလ်များဖြစ်ရခြင်း ဟူ၏။

အလွတ်တာရာ၊ လုံးရေမှာ၊ သင်္ချာ ၉၄

၎င်းအဖြေကို (တာရာ ၉၄-လုံး)၌ ရှုပါလေ။

အလွှာ ၄-ခု

အလွှာ ၄-ခု

အ ဝဂ် အက္ခရာ၊ ၈-လုံးလာ၊ သဒ္ဒါကျမ်း၌ရှိ

ဝဂ်အက္ခရာတို့ကဲ့သို့ အစုလိုက်မဟုတ်ဘဲတစ်လုံးချင်းနေသော
အက္ခရာရှစ်လုံးကို ဆိုသည်။
(ယ ရ လ ဝ သ ဟ ဠ အံ။)

အဝန္ဒိယ ပုဂ္ဂိုလ် ၂၅-ယောက်

ဝိ၊၅၊၃၅၇။ ဝိ၊ဋ္ဌ၊၄၊၂၂၄ရဟန်းတော်များရှိမခိုးကောင်းသောပုဂ္ဂိလ် နှစ်ဆယ့်ငါးပါးဟူ၏။
(၁) အန္တရဃရံ ပဝိဋ္ဌော အဝန္ဒိယော- မြို့တွင်းရွာတွင်း ဝင်သွားနေသောရဟန်းကြီး၊
(၂) ရစ္ဆဂတော- ခရီးလမ်းသွားနေသော ၎င်း၊
(၃) ဩတမသိတော- မှောင်ကြီးမဲမဲထဲ၌နေသော ၎င်း၊
(၄) အသမန္နာ ဟရန္တော- စိတ်ဝင်စားစွာ အလုပ်လုပ်နေသော ၎င်း၊
(၅) သုတ္တော-အိပ်ပျော်နေသော ၎င်း၊
(၆) ယာဂုပါနေ- ယာဂုသောက်နေသော ၎င်း၊
(၇) ဘတ္တဂ္ဂေ- ဆွမ်းစားကျောင်း၌ဆွမ်းပြင် စီမံနေသော၎င်း၊
(၈) ဧကာဝတ္တော- ရန်သူဂိုဏ်း ရန်သူဘက်၌ ပါသော၎င်း၊
(၉) အညာ ဝိဟိတော- တစ်ခုခု ကြံစည်စိတ်ကူးနေသော ၎င်း၊
(၁၀) နဂ္ဂေါ- အဝတ်မဆီး ကိုယ်ထီးဗလာနေသော ၎င်း၊
(၁၁) ခါဒန္တော- ခဲဖွယ် ၁၂-ပါး ခဲစားနေသော ၎င်း၊
(၁၂) ဘုဉ္ဇန္တော- ဘောဇဉ် ၅-ပါးစားနေသော ၎င်း၊
(၁၃) ဥစ္စာရံ ကရောန္တော- ကျင်ကြီးစွန့်နေသော ၎င်း၊
(၁၄) ပဿာဝံ ကရောန္တော- ကျင်ငယ်စွန့်သော ၎င်း၊
(၁၅) ဥက္ခိတ္တကော- သံဃာမှကြဉ်ထားသော ၎င်း၊
(၁၆) ပစ္ဆာ ဥပသမ္ပန္နော- မိမိအောက်ငယ်သောရဟန်း၊
(၁၇) အနုပသမ္ပန္နော- ရဟန်းမဟုတ်သူ ဟူသမျှ၊
(၁၈) အ ဓမ္မဝါဒီ- အယူချွတ်လွဲနေသော ရဟန်းကြီး၊
(၁၉) မာတုဂါမော- မိန်းမမှန်သမျှ၊
(၂၀) ပဏ္ဍကော- ပဏ္ဍုက် ရဟန်း၊
(၂၁) ပါရိဝါသိကော- ပရိဝတ်(သံဃာဒိသိသ် အာပတ်ဖြေ)နေသော ရဟန်းကြီး၊
(၂၂) မူလာယ ပရိကဿနာ ရဟော- သံဃာဒိသိသ်အာပတ်ဖြေနေဆဲ၌ ၎င်းအာပတ်ထပ်သင့်၍ မူရင်းမှပြန်ကျင့်နေသောရဟန်း၊
(၂၃) မာနတ္တာ ရဟော- သံဃာဒိသိသ်အာပတ်ဖြေပြီးသဖြင့် သံဃာမြတ်နိုးထိုက်သောရဟန်း၊
(၂၄) မာနတ္တာ စာရိကော- သံဃာဒိသိသ်အာပတ်ဖြေပြီးသဖြင့် သံဃာမြတ်နိုးရန်ကျင့်နေသောရဟန်း၊
(၂၅) အဗ္ဘာနာ ရဟောအဝန္ဒိယော- သံဃာ မြတ်နိုးအောင်ကျင့်ပြီး၍ သံဃာ့ဘောင်သို့ပြန်သွင်းထိုက်သောရဟန်း။

အဝိဇ္ဇာ တရားမျိုး ၂-ပါး

အဝိဇ္ဇာ တရားမျိုး ၂-ပါး

အ ဝိဇဟိတ ဌာနကြီး ၄-ပါး

ဒီ၊ဋ္ဌ၊၂၊၁၇။ ဗုဒ္ဓဝံ၊ဋ္ဌ၊၁၅၈-တို့၌ အကျယ်ရှုပါ။ခပ်သိမ်းသောဘုရားရှင်ဟူသမျှတို့ မစွန့်လွှတ်ဘဲသုံးဆောင်တော်မူသော နေရာတော်မြတ်ကြီး ၄-ပါးဟူလို။
(၁) မဟာဗောဓိပင်မင်း၏ အရှေ့ဘက် အခက်တော်အောက်၌ အလုံးစုံသောပါရမီတော် အဟုန်
တို့ကြောင့် ပေါ်ပေါက်လာရသော ဝဇိရာသန ရတနာဗောဓိ ပလ္လင်တော် နေရာဌာန။
(၂) ဣသိပတန မိဂဒါဝုန်တော်ဝယ် ဓမ္မစကြာတရားဦးကို ဟောကြားတော်မူသော နေရာဌာန။
(၃) ကောသလတိုင်း သာဝတ္ထိပြည် ဇေတဝန်ကျောင်းတိုက် ဂန္ဓကုဋိအဆောင်တော်တွင်း၌ ခင်းထားအပ်သောညောင်စောင်း၏ ခြေလေးခုတို့ကျရာ နေရာဌာန။
(၄) တာဝတိံသာ နတ်ပြည်၌ အဘိဓမ္မာတရားတော်မြတ်ကို နတ်တို့အား ဟောတော်မူပြီးသည့်အဆုံး
သီတင်းကျွတ်လပြည့်မဟာပဝါရဏာနေ့၌ တာဝတိံသာမြင်းမိုရ်ထိပ်ချာမှသည် သင်္ကဿနဂိုရ်
မြို့တော်ဝယ်လုပ်ထားသော ရွှေစောင်းတန်း ငွေစောင်းတန်း ပတ္တမြားစောင်းတန်းတို့၏ ဦးခြေကျရောက်ရာနေရာဌာန။
http://ashinsirinda.com,
http://en.wikipedia.org/wiki/Buddhist_pilgrimage,
www.dhammadownload.com/Othres-Video.htm

အဝီစိငရဲ၏ အကြားအဟမရှိခြင်း ၃-ပါး

၎င်းအကျယ်ကို မ၊ဋ္ဌ၊၄၊၁၆၇။ ဇာ၊ဋ္ဌ၊၅၊၂၈၈-တို့၌ ကြည့်ပါ။ အ -မရှိခြင်း၊ ဝီစိ-အကြား၊ အကြားမရှိသောငရဲဟူ၏။
(၁) အဂ္ဂိဇာလာ- မီးတောက်မီးလျှံ အကြားမရှိခြင်း၊
(၂) သတ္တာ- ငရဲသူငရဲသားသတ္တဝါများ အကြားမရှိခြင်း၊
(၃) ဒုက္ခာ- ဆင်းရဲဒုက္ခအကြားမရှိခြင်း။

အဝေရာဒိက၊ ပို့ကြမေတ္တာ၊ မျိုး ၄-ဖြာ၊ ကျမ်းလာအဘယ်နည်း

ဝိသုဒ္ဓိမဂ်စသော ကျမ်းကြီးတို့၌လာသည်။
(၁) အ ဝေရာ ဟောန္တု- ရန်မရှိကြပါစေကုန်သတည်း၊
(၂) အ ဗျာပဇ္ဇာ ဟောန္တု- စိုးရိမ်ကြောင့်ကြခြင်းမှကင်းကြပါစေကုန်သတည်း၊
(၃) အ နီဃာ ဟောန္တု- ညှင်းဆဲ ဆင်းရဲအပေါင်းမှ ကင်းကြပါစေကုန်သတည်း၊
(၄) သုခီ အတ္တာနံ ပရိဟရန္တု- ချမ်းချမ်းသာသာ မိမိကိုယ်ကို ဆောင်ရွက်နိုင်ပါစေကုန်သတည်း။

အသံ ၈-ပါး၊ မျိုးခွဲခြား၊ ခံငြားသီချင်းဆို

သီချင်းကြီး သီချင်းခံများနှင့်စပ်လျဉ်း၍ အသံရှစ်မျိုးရှိကြောင်းကို
(ရွှေ နှင်း တော မြိုင်၊ ပန်း ခိုင် မှော် မှိုင်း၊ ခြားပိုင်း ရှစ်သံ၊ ပရံတင်ညွန်၊ ခက်မွန် ခမိန်၊ ထနောက်ချိန်ငြား၊ ဖြိန်းခြား ချပ်ချွန်၊ ထပ်တွန့် ငုငစ်၊ အသံရှစ်၊ မှတ်လစ် စဉ်ကမာ) ဟူသော လင်္ကာစကားဖြင့်သိရာ၏။
(၁) ရွှေတညာသီချင်း ပရံတင်သံ၊
(၂) နှင်းရွန်းဂိမ္မာန် သီချင်း ခက်မွန်သံ၊
(၃) တောတောင်စွယ်သီချင်း ခမိန်သံ၊
(၄) တောမြိုင်ခြေလမ်း သီချင်း ထနောက်သံ၊
(၅) ပန်းမြိုင်လယ်သီချင်း ဖြိန်းခြားသံ၊
(၆) ခိုင်ပန်းစုံသီချင်း ချပ်ချွန့်သံ၊
(၇) မှော်ရုံမြိုင်ဟေဝန် သီချင်း၊ ထပ်တွန့်သံ၊
(၈) မှိုင်းမှုန်ပြာညို သီချင်းငု ငစ်သံ။

အသံ ၁၀-ပါး၊ မြို့တော်များ၊ စည်ကားကျွတ်ကျွတ်ညံ

၎င်းသရုပ် (မြို့တော်၏ အသံ ၁၀-ပါး)၌ ရှုပါ။

အသံ ၄-မျိုး၊ ကာရန်ပျိုး၊ ဆိုရိုးတေးကဗျာ

ကဗျာစပ်ဆိုရာ၌ သက္ကဋကျမ်းလာ ကာရန်အသံမျိုး ၄-ပါး၊သက္ကဋ၌ အကျယ်ယူလေ။
(၁) ဥဒတ္တခေါ် တက်သံ- မြှင့်၍မြှောက်၍ သီဆိုရွတ်ဖတ်ရသောအသံ၊
(၂) အနုဒတ္တခေါ် သက်သံ- နှိမ့်၍ ချ၍ ရွတ်ဖတ်သီဆိုရသောအသံ၊
(၃) သွတိရခေါ် နိမ့်မြင့်သံ-အနိမ့်အမြင့်နှစ်မျိုး ဖက်စပ်သီဆိုရသောအသံ၊
(၄) ဥပစိတ ခေါ် ပကတိသံ- မူလ ပင်ကိုယ်သံဖြင့်ရွတ်ဖတ်သီဆိုရသောအသံ။

အသံကြီး ၄-ပါး

သံ၊ဋ္ဌ၊၁၊၂၉၄။ သုတ္တနိ၊ဋ္ဌ၊၁၊၂၁၈။ ဇမ္ဗူဒိပ်ကျွန်းလုံးကိုကြားရသည်ဟု သာသနာဝင်ကျမ်းဂန်တို့၌လာသော အသံကြီး ၄-ပါးဟူလို။
(၁) ပုဏ္ဏက ဘီလူးသည် ကောရဗျမင်းကြီးနှင့် ကြွေအန်ကစားရာ၌ အောင်နိုင်၍ လက်ခမောင်း ပေါက်ခတ်လျက် “အဟံ ဇေယျော“ငါအောင်ပြီဟု ဟစ်အော်သောအသံ။
(၂) ကဿပဘုရားရှင် သာသနာနောက်ပိုင်း၌ ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်သူတို့ နည်းပါးလွန်းသောအခါ မာတလိနတ်သားသည် ခွေးနက်ကြီးယောင်ဆောင်၍ ဟောင်သောအသံ။
(၃) ကေလာသဘ တောင်ထိပ်၌ရပ်၍ “အဟံ အာဠာဝကော”ဟု ဟစ်အော်ကြိမ်းဝါးသော အာဠာဝက
ဘီလူး၏အသံ။
(၄) ပဘာဝတီကို နောက်ပိုးရာဝယ် ခုနစ်ပြည်ထောင်သောမင်းတို့၏အလယ်က “အဟံ ကုသရာဇာ”ဟုဟစ်အော်ကြိမ်းဝါးသော ကုသမင်း၏အသံ။

အသံ ၇-ပါး

စောင်းတီးသီဆိုသောအခါ စသည်တို့၌ အရေးအကြီးဆုံးသော အသံ ၇-ပါးဟူလို။
(၁) ဥသဘ-နွားလားဥသဘတွန်သံနှင့် တူသောအသံမျိုး၊
(၂) ဓေဝတ- မြင်းဟီသံနှင့်တူသော အသံမျိုး၊
(၃) ဆဇ္ဇ-ဥဒေါင်း ကော်ကော်မြည်သံနှင့် တူသောအသံမျိုး၊ ၎င်းအသံကို နှာခေါင်း သွား ရင်ပတ် နှုတ်ခမ်း အာစောက် လည်ချောင်း ၎င်းအရပ်ခြောက်ပါးကိုမှီ၍ထွက်လေသောကြောင့် “ဆဇ္ဇ”ဟု ခေါ်သည်မှတ်၊
(၄) ဂန္ဓာရ၊ ဆိတ်မြည်သံနှင့်တူသော အသံမျိုး၊ “၎င်းအသံကို ဂန္ဓာရတိုင်းသားတို့ သီဆိုတတ်သောကြောင့်ဂန္ဓာရခေါ်သည်မှတ်၊“
(၅) မဇ္ဈိမ- ကြိုးကြာမြည်သံနှင့်တူသော အသံမျိုး၊ ၎င်းအသံကား စောင်းညှိပြီးလျှင်သံလယ်၌ဖြစ်သောကြောင့် မဇ္ဈိမမည်၏၊
(၆) ပဉ္စမ- ဥဩစသော အသံသာသည့်ငှက်တို့ မြည်တွန် ရင့်ကြေးသံနှင့်တူသော အသံမျိုး၊ “၎င်းအသံကို ဓေဝတအသံကစ၍ရေလျှင် ငါးခုမြောက်ဖြစ်၍လည်းကောင်း၊မဟာဘုတ်ငါးပါးတို့၏ ငါးခုမြောက်ဖြစ်၍လည်းကောင်း ပဉ္စမ ခေါ်၏“
(၇) နိသာဒ- ဆင်များတောသံပေးသကဲ့သို့သော အသံမျိုး။

အသံဆွဲ ချွဲ၍တရားဟောသူ၏ အပြစ် ၅-ပါး

၎င်းသရုပ် (ဓမ္မကထိကတို့ အသံဆွဲ ချွဲ ရှည် ငင်)၌ ရှုပါ။

အသံတော် အင်္ဂါ ၈-ပါး

မဟာနိ၊၃၅၃။ မဟာနိ၊ဋ္ဌ၊၃၈၇။ မ၊၂၊၃၄၀။ မ၊ဋ္ဌ၊၃၊၂၇၈။ ဒီ၊၂၊၃၄၀။ ဒီ၊ဋ္ဌ၊၂၊၂၇၀-တို့၌ အကျယ်ရှု။ ဘုရားသခင် အသံတော် အင်္ဂါ ၈-ပါးဟူလို။
(၁) ဝိဿဋ္ဌ- သန့်ရှင်းစင်ကြယ်ခြင်း၊
(၂) မဉ္ဇူ- သာယာခြင်း၊
(၃) ဝိညေယျာ- သိလွယ်ခြင်း၊
(၄) သဝနိယာ- နာချင်ဖွယ်ရှိခြင်း၊
(၅) ဝိသာရိနော- ပျံ့နှံ့ခြင်း၊
(၆) ဗိန္ဓု- တစည်းတလုံးတည်းရှိခြင်း၊
(၇) ဂမ္ဘီရ- နက်နဲခြင်း၊
(၈) နိန္နဒိ- ပဲ့တင်ထပ်ခြင်း။

အသံဖြစ်ရာ၊ ဌာန်မျိုးမှာ၊ ကျမ်းလာ နည်း ၄-ပါး

၎င်းအဖြေကို (ဌာန် ၅-ပါး၊ ၆-ပါး၊ ၇-ပါး၊ ၈-ပါး ၄-နည်း)၌ ကြည့်ပါ။

အ သံဝရ တရားမျိုး ၈-ပါး

၎င်းတရား မစောင့်ထိန်းက ပျက်စီးကြောင်းဟူ၏၊ အဘိ၊ဋ္ဌ၊၁၊၁၃၈-၌ အကျယ်ရှုပါ၊
(၁) စက္ခုအ သံဝရ၊
(၂) သောတ၊
(၃) ဃာန၊
(၄) ဇိဝှါ၊
(၅) ပသာဒ ကာယ၊
(၆) စောပန ကာယ၊
(၇) ဝါစာ၊
(၈) မနော အ သံဝရ၊ အနက်လွယ်၏။

အသက်တိုခြင်း အမှုမျိုး ၆-ပါး

ဤ၌ လွယ်ကူစွာကျက်မှတ်နိုင်ရန် စာဏကျပျို့မှ ထုတ်ပြလိုက်သည်။
(၁) မလတ်ဆတ်ငြား၊ အသားများနှင့်၊
(၂) ရွယ်အားလွန်ထ၊ ကြီးမိန်းမနှင့်၊ ဆန္ဒတူစုံ၊ မြူးမေထုန်တည့်၊
(၃) အဟုန်ပြင်းပြ၊ သစ်ဆင်းလတွင်၊ ကာယလောင်ညိ၊ နေပူမိလျက်၊
(၄) မှတ်သိကုန်ကြ၊ သုံးရက်မျှလျှင်၊ စေ့မှမြတ်အင်၊ နွားနို့ချဉ်ကို၊ ရန်လျှင် မလည်၊ စားသုံးသည်တည့်၊
(၅) ဥဒည်ထိပ်မှာ၊ အာရုဏ်လာမှ၊ ရောင်ဝါဝှေယှက်၊ စောနံနက်တွင်၊ ရမ္မက်လွန်မှု၊ မေထုန်ပြုနှင့်၊
(၆) လင်းလှုသည်သာ၊ နံနက်ခါတွင်၊ အိပ်ယာမထ၊ အိပ်လွန်းကြဟု၊
ခြောက်ဝအပြား၊ ဤတရားကား၊ ဆိုးဝါးချက်အို၊ အသက်ကိုလျှင်၊ ပျက်ယိုစေတတ်၊ လျင်စွာသတ်၏၊ လေးမြတ်ချစ်ခင်၊ အသက်မင်က၊ ရှောင်ကြဉ်ကြရာ၊ နီတိမှာသည်၊ ဤစာ ကပ်လုံး တည်သတည်း။

အသက်မရှူသူ ၇-ယောက်

ပဋိသံ၊ဋ္ဌ၊၂၊၉၇။ ဝိသုဒ္ဓိ၊၁၊၂၇၉။ ဝိ၊ဋ္ဌ၊၂၊၂၇-တို့၌ အကျယ်ရှုပါ။ ထွက်သက်ဝင်သက်ခေါ် အဿာသ ပဿာသ ကာယသင်္ခါရ မရှိသူရ-ယောက်။
(၁) အမိဝမ်းတွင်း၌နေသူ၊
(၂) ရေနစ် ရေငုပ်နေသူ၊
(၃) ဗြဟ္မာဟူသမျှ၊
(၄) နိရောဓသမာပတ်ဝင်စားသူ၊
(၅) ပဉ္စမစျာန် ပုဂ္ဂိုလ်၊
(၆) တွေဝေ မေ့မျောနေသူ၊
(၇) သေသောသူ။

အသက်မရှူသူ ၈-ယောက် တစ်နည်း

၎င်းအဖြေကို အောက်ပါလင်္ကာနှင့် သိပါလေ။
(၁) မိဝမ်းတွင်းဖြစ်၊
(၂) ရေနစ်၊
(၃) ဆိပ်မွှန်၊
(၄) တွေဝေလွန်ထ၊
(၅) ကောင်းကင်ကျတည့်၊
(၆) စတုတ္ထစျာန်နေသူ၊
(၇) သေသူ တစ်လီ၊
(၈) ဗြဟ္မာပြည်၊ ရှစ်မည် သက်မရှူ။

အသက်ရှည်စေတတ်သော အကြောင်း ၅-ပါး ၂-နည်း

ပဉ္စမ အင်္ဂုတ္တရပါဠိတော် ဂိလာနဝဂ်မှ။
(၁) သပ္ပါယ ကာရီ- မိမိနှင့်သင့်လျော်ရာကိုသာ ပြုလေ့ရှိခြင်း၊
(၂) သပ္ပါယေ မတ္တံ ဇာနာတိ- ထိုသင့်လျော်ရာကိုပြုခြင်း၌ အတိုင်းအရှည်သိခြင်း၊
(၃) ပရိဏတ ဘောဇီ- ကြေကျက်လွယ်သောအစာကိုသာ စားလေ့ရှိခြင်း၊
(၄) သီလဝါ- ၅-ပါးသီလနှင့် ပြည့်စုံခြင်း၊
(၅) ကလျာဏ မိတ္တတာ- မိတ်ဆွေခင်ပွန်းကောင်းရှိခြင်း။
တစ်နည်း ၅-ပါးကား

အသက် ရှည်ရာသော ကုသိုလ်မျိုး ၆-ပါး

သီဟိုဠ်ကျွန်း ဝဿဘမင်းကြီးအားရဟန္တာအရှင်မြတ်တို့
ဟောတော်မူသည်၊ မဟာဝင်ပါဠိတော်။
(၁) ပရိသာဝန ဒါန- ရေစစ်အလှူ၊
(၂) အာဝါသ ဒါန-ဇရပ် တန်ဆောင်း ဂူ ကျောင်း မဏ္ဍပ် အလှူ၊
(၃) ဂိလာနဝတ္ထု ဒါန- သူနာတို့အား ဆေးအလှူ၊
(၄) ဇိဏ္ဏကာ ဝါသ ပဋိသင်္ခရဏ ဒါန- ပျက်စီး ယိုယွင်းနေသော စေတီ တန်ဆောင်း ကျောင်း ဇရပ်တံတားတို့ကို ပြင်ဆင်ဆောက်လုပ်မှု အလှူ၊
(၅) ဇီဝိတ ဒါန- သတ္တဝါတို့ကို ဘေးမဲ့ပေးလွှတ်ခြင်းအလှူ၊
(၆) ပဉ္စသီလ သမာဒါန- ငါးပါးသီလကို ခါးဝတ်ပုဆိုး ထဘီကဲ့သို့ မြဲစွာစောင့်ထိန်းမှု။

အသက်ရှိသော လူသေကောင် ၈-ယောက်

အသက်ရှင်လျက် လူသေမည်သောသူများ။
(၁) ဒုက္ခိတော-သူများနည်းတူ ခြေလက်အင်္ဂါအပြည့်အစုံရှိပါလျက် ငတ်မွတ်ဆင်းရဲ မွဲပြာကျနေသောသူ၊
(၂) ဗျာဓိတော-ရောဂါအနာ မကွာနှိပ်စက် စိတ်ပျက်ဖွယ်ကောင်းသောသူ၊
(၃) မုဠော- အတ္တဟိတ ပရဟိတ ကျိုးနှစ်ဝကိုကျနသေချာစွာ ဝေဖန်ပိုင်းခြား ဆင်ခြင်ဉာဏ် အသိတရားမရှိသောသူ၊
(၄) ဣဏဝါ- ဘယ်ခါမရွေး စိတ်ပူဆွေးရန် သူများထံမှ ခံယူချေးငှား ကြွေးမြီများသောသူ၊
(၅) နိဿယ သေဝကော- မင်းဝယ်ကိုယ်ကြပ်မပြတ်ခစား မင်းကျွန်များနှင့် သူတစ်ပါးထံ အစေခံငြား လခစားလုပ်သောသူ (ဝါ) ကိုယ်ပိုင်အလုပ်မရှိသူ၊
(ဤ ၅-ယောက်ကား နီတိကျမ်းလာ ဗျာသဆရာဆိုသောစကားတည်း)
(၆) ဣတ္ထာ ဣတ္တက- ယောက်ျားဖြစ်လျက် မိန်းမရှာလိုနေသူ၊
(၇) အလသ- အပျင်းများလျက် စဉ်းစားကာသာ အချိန်ကို ဖင့်နွဲဆွဲငင်နေသူ၊
(၈) ပမတ္တာ- ကုသိုလ်ကောင်းမှု၌ မေ့လျော့နေသူ၊ ယင်း ၃-ယောက်တို့ကိုအာစရိယဝါဒအရ ထည့်သွင်းလိုက်၏။

အသင်္ချေ ကပ်မျိုး ၄-ပါး

ကမ္ဘာကြီးတည်မှု ပျက်မှုကို ပိုင်းခြားသော ကာလကြီးလေးပါးဟူ၏။ ဝိသုဒ္ဓိမဂ်။
(၁) သံဝဋ္ဋ ကပ်- မီး ရေ လေတို့ဖြင့် ကမ္ဘာကြီးပျက်စီးနေဆဲ အခိုက်ကာလ၊
(၂) သံဝဋ္ဋ ဌာယီကပ်-ထိုသို့ဖျက်ဆီးပြီးနောက် အပျက်ကြီးအတိုင်း တည်နေသောကာလ၊
(၃) ဝိဝဋ္ဋ ကပ်- ကမ္ဘာပျက်ကြီးကိုပြန်ပြီးအကောင်းဖြစ်ရန် ပြန်လည်ထူထောင်ဆဲကာလ၊
(၄) ဝိဝဋ္ဋ ဋ္ဌာယီကပ်- ကမ္ဘာကောင်းကြီးဖြစ်သည့်နေ့မှစ၍ အကောင်းအတိုင်းတည်နေဆဲ ကာလ။

အသင်းအဖွဲ့များ ပျက်စီးကြောင်းတရား ၃-ပါး

(၁) ဗဟုနေတ္တာရ- လမ်းပြနည်းညွှန် အမွန်ဦးစီး အကြီးအမှူးလုပ်လိုသူတို့ ပေါများခြင်း၊
(၂) သဗ္ဗ ပဏ္ဍိတမာနီ- သင်းသားအားလုံး ကိုယ့်ကိုယ်ကိုပညာရှိဟုသာထင်မှတ်လျက် ဘဝင်မြင့်နေကြခြင်း၊
(၃) ဗဟု မဟိစ္ဆာ- ရာထူးမက်မောသူတွေ ပေါများနေခြင်း။

အသတ် ၆-ပါး

အလင်္ကာကျော်စွာ ဆရာမှိုင်းကြီး၏ ကဗျာမှတ်စုမှ။ စာရေးဆရာတိုင်း အလေးမူ
ဂရုပြုအပ်သည်ဖြစ်၍ ခပ်သိမ်းသော သတ်ပုံသတ်ညွှန်း ကျမ်းအသီးသီးတို့၏မှီတွယ်ရာ ငြမ်းကြီးသဖွယ်ဖြစ်သော အသတ်၆-ပါးဟူလို။ (၁) တ သတ်၊
(၂) န သတ်၊
(၃) ပ သတ်၊
(၄) မ သတ်၊
(၅) နိဂ္ဂဟိတ်ခေါ် သေးသေးတင်သတ်၊
(၆) ကဗျာလင်္ကာဖွဲ့စီသီကုံးရာ၌ ယှဉ်အပ်ယှဉ်သင့်သော ယုတ္တအသတ်။

အသပ္ပါယ အပြား ၇-ပါး

ယောဂါဝစရ ပုဂ္ဂိုလ်များနှင့် မသင့်တော်မလျောက်ပတ်သော အရပ် ၇-ပါး။ “ဝိသုဒ္ဓိမဂ်“
(၁) အာဝါသ အ သပ္ပါယ- မိမိတို့နှင့် မလျောက်ပတ် မတင့်တယ် မသင့်မြတ်သော ကျောင်းအိပ်ယာနေရာ။
(၂) ဂေါစရ အ သပ္ပါယ- မိမိတို့၏စိတ်ကြိုက်နှင့် ဆန့်ကျင်ဘက်ဖြစ်၍ ဆင်းရဲငြိုငြင်စွာ သွားရသော ဆွမ်းခံရာ။
(၃) ဘဿ အ သပ္ပါယ- ဝိနည်းပါဠိတော် စသည်တို့မှလာသော သုဂတိဘုံ စျာန် မဂ် ဖိုလ် နိဗ္ဗာန်တို့နှင့်ဝေးကွာဖီလာဖြစ်သော ၃၂-ပါးသော တိရစ္ဆာနကထာခေါ် စကား။
(၄) ပုဂ္ဂလ အ သပ္ပါယ- သီလ သမာဓိ ပညာ ဗဟုသုတ စသော ဂုဏ်ထူးမရှိ အတိအန္ဓ လူ့ဗာလဖြစ်၍ မမှီဝဲမပေါင်းအပ်သော ပုဂ္ဂိုလ်။
(၅) ဘောဇန အ သပ္ပါယ- မိမိတို့စိတ်ကြိုက်ဖြစ်သော ဘောဇဉ်ခဲဖွယ် အာဟာရတို့ကို တစ်ခါတလေမျှမသုံးဆောင်မမှီဝဲရသော အရပ်ဒေသ။
(၆) ဥတု အ သပ္ပါယ- မိမိတို့ ရူပကာယအား မသင့်လျော် မလျောက်ပတ်စေသော ဥတုရှိသော
အရပ်ဒေသ။
(၇) ဣရိယာ ပထ အ သပ္ပါယ- အိပ် ထိုင် ရပ် သွား ဣရိယာပိုထ် လေးပါးတို့တွင် မိမိတို့နှင့် မလျောက်ပတ်သော ဣရိယာပိုထ်။

အသပ္ပုရိသ ဒါနမျိုး ၅-ပါး

၎င်းအဖြေ (သူယုတ်တို့ပေးလှူနည်းမျိုး ၅-ပါး)မှာ ကြည့်ပါ။

အသမ္ဘိန္န ဓါတ်တော် ၇-ဆူ

ဗုဒ္ဓဘုရား၏ မပြိုကွဲသောဓါတ်တော်မြတ် ခုနစ်ဆူ ဟူလို။
(က) နဖူးသင်းကျစ်တော်ဓါတ် တစ်ဆူ။
(ခ) စွယ်တော်ဓါတ် လေးဆူ။
(ဂ) ညှပ်ရိုးတော်ဓါတ် ၂-ဆူ၊ ပေါင်း ၇-ဆူဖြစ်၏။

အသမ္ဘိန္န၊ ဓါတ်မြတ်လှ၊ ပင့်ကြ ၆-ဌာနာ

အသမ္ဘိန္နဓါတ်တော် ၇-ဆူကို ပင့်ယူကိုးကွယ်ရာ ဌာနခြောက်ပါးဟူ၏။ (၁) နဖူးသင်းကျစ်တော်ဓါတ် ဗြဟ္မာ့ပြည်၌ တစ်ဌာန၊
(၂) အထက် လက်ယာ စွယ်တော်နှင့်၎င်းညှပ်ရိုးတော်ဓါတ် ၂-ဆူ တာဝတိံသာ စူဠာမုနိ၌ တစ်ဌာန၊
(၃) အောက်လက်ယာစွယ်တော် နဂါးပြည်၌ တစ်ဌာန၊
(၄) အောက်လက်ဝဲစွယ်တော် ကာလိင်္ဂရာဇ်နိုင်ငံမှ ဆောင်ယူ၍ သီဟိုဠ်ကျွန်း၌ တစ်ဌာန၊
(၅) အထက် လက်ဝဲစွယ်တော် (ဂန္ဓာရ) သင်းတွဲပြည်၌ တစ်ဌာန၊
(၆) လက်ဝဲညှပ်ရိုးတော် လင်္ကာဒီပ မဟိယင်္ဂဏ၌ တစ်ဌာန၊ ဟု မူလကျမ်းဂန်တို့၌ဆို၏၊
ထိုမှနောက်၌ကား ကျေးကုလားတို့ရန်မှ ကင်းလွတ်မှုအတွက် သီဟိုဠ်ကျွန်းမှ မြန်မာပြည်စစ်ကိုင်းကောင်းမှုတော်ကြီးသို့အပြောင်းအလွှဲ
ရှိသေး၏ဟု မှတ်ရာသည်။

အသာဓရဏဉာဏ်တော် ၆-ပါး

ပဋိသံ၊၄။ ပဋိသံ၊ဋ္ဌ၊၁၊၅၂။ ပစ္စေကဗုဒ္ဓါ ရဟန္တာ ဟူသမျှတို့နှင့်မဆိုင်၊ ဘုရားပိုင်သက်သက်ဖြစ်သော ဉာဏ်တော်များ။
(၁) အာသယာ နုသယ ဉာဏ-သတ္တဝါတို့၏အလိုအာသာဟူသမျှကို သိသောဉာဏ်။
(၂) ဣန္ဒြိယ ပရောပရိယတ္ထိ ဉာဏ- သတ္တဝါဣန္ဒြေ ရင့်မရင့်ကို ထောက်ချင့်သိမြင်နိုင်သောဉာဏ်။
(၃) သဗ္ဗညုတ ဉာဏ- တရားအကုန်ကို စုံအောင်သိသောဉာဏ်။
(၄) အနာ ဝရဏ ဉာဏ- ဉေယျငါးအင်ကို သိမြင်တော်မူရာ၌ အပိတ်အပင်အတားအဆီးမရှိသောဉာဏ်။
(၅) ယမက ပါဋိ ဟာရိယဉာဏ- တန်ခိုးပြာဋိဟာပြရာ၌ လေ့လာပြီးရှိသောဉာဏ်။
(၆) မဟာကရုဏာ သမာပတ္တိ ဉာဏ- သတ္တဝါကို လွန်စွာသနားတော်မူသော ဉာဏ်။

အသားကြီး ၁၀-ပါး

ဝိနည်း ဒီ၊၂၊၃၁၀။ ဒီ၊ဋ္ဌ၊၂၊၃၇၆။ ရဟန်းတော်များ မစားရသော အသားကြီး၁၀-ပါးဟူလို။
(၁) မနုဿ မံသ- လူသား၊
(၂) ဟတ္ထိ မံသ- ဆင်သား၊
(၃) အဿ မံသ- မြင်းသား၊
(၄) သုနခ မံသ- ခွေးသား၊
(၅) အဟိ မံသ- မြွေသား၊
(၆) သီဟ မံသ- ခြင်္သေ့သား၊
(၇) ဗျဂ္ဃ မံသ-ကျားသား၊
(၈) ဒီပိ မံသ- ကျားသစ်သား၊
(၉) အစ္ဆ မံသ- ဝံသား၊
(၁၀) တရစ္ဆ မံသ- ဝံပုလွေသား။

အသိတရားမျိုး ၆-ပါး

ရတနာ ၃-ရပ် ဂုဏ်တော်မြတ်တို့နှင့်စပ်၍ သိမှုဉာဏ်များ၊ သံယုတ်နှင့် ပဏ္ဏာသမှ။
(၁) အနုဿဝ အသိ- ဆရာသမား စသူတို့၏ အဆင့်ဆင့်ဟောပြောသံဖြင့် သိခြင်း၊
(၂) သဒ္ဓါ အသိ-ရတနာသုံးပါးတို့၏ဂုဏ်ကို ယုံကြည်စွာမှတ်၍သိခြင်း၊
(၃) အာကာရ ပရိဝတ္တ အသိ- ခြင်းရာသွင်ပြင်ကိုဆင်ခြင်ကြံစည်၍သိခြင်း၊
(၄) ဒိဋ္ဌိ နိဇ္ဈာနခန္တိ အသိ- မိမိသဘောဖြင့် လိုက်လျောညီစွာ စွဲမြဲ၍ သိခြင်း၊
(၅) ပိဋက သမ္ပါဒါ အသိ- စာပေဖတ်၍ တတ်မြောက်သောအခါ စာပေလာအသိ၊
(၆) ပစ္စက္ခ အသိ- ဆိုပြီးအသိငါးပါး တို့ကိုလွန်မြောက်၍ ကိုယ်တိုင်တပ်အပ်သိခြင်း။

အသီတိ ရှစ်ကျိပ်

မဟာသာဝက ရှစ်ကျိပ်ကိုခေါ်သည်။ ၎င်းကို (လက်ဝဲရံ လက်ယာရံ)မှာ ကြည့်ပါ။

အသီးကြီး ၉-မျိုး

ဝိနည်းတော်လာ ရဟန်းတော်များ နေလွဲသောအခါ အဖျော်ယမကာအဖြစ် မအပ်သောအသီးကြီး ၉-မျိုး။
(၁) အုန်းသီး၊
(၂) ထန်းသီး၊
(၃) အိမ်ပိန္နဲသီး၊
(၄) တောင်ပိန္နဲသီး၊
(၅) ဘူးသီး၊
(၆) ဖရုံသီး၊
(၇) သခွား ငဆစ်သီး၊
(၈) သခွား ငပြုတ်သီး၊
(၉) သခွား ငကြောင်သီး။

အသုဘ ၁၀-ပါး

မတင့်မတယ် ရွံစဖွယ်ဖြစ်သော နိမိတ်အာရုံ ကမ္မဋ္ဌာန်းဆယ်ပါးဟူ၏။
(၁) ဥဒ္ဓု မာတက-ဖူးဖူးရောင်ထ မလှရုပ်သွင် အမြင်ဆိုးဝါးသောအကောင်ပုပ်၊
(၂) ဝိ နီလက- ဖေါက်ပြန်ညိုပုပ် စက်ဆုတ် ရွံရှာဖွယ်ကောင်းသော အကောင်ပုပ်၊
(၃) ဝိ ပုဗ္ဗက- ယိုစီးလိမ်းကျံသော ပြည်ပုပ်တို့ဖြင့် စက်ဆုတ်ဖွယ်အကောင်ပုပ်၊
(၄) ဝိစ္ဆိဒ္ဒက- နှစ်ပိုင်းပြတ်နေသော စက်ဆုပ်ဖွယ် အကောင်ပုပ်၊
(၅) ဝိက္ခာယိတက-အထူးထူးအပြားပြား ကျီး ခွေးတို့စား၍ စက်ဆုပ်ဖွယ်သောအကောင်ပုပ်၊
(၆) ဝိက္ခိတ္တက- အထူးထူးအပိုင်းပိုင်းအားဖြင့် ပြစ်လွှင့်ချထားအပ်သော စက်ဆုပ်ဖွယ်သောအကောင်ပုပ်၊
(၇) ဟတ ဝိက္ခိတ္တက-လက်နက်ဖြင့် ပိုင်းဖြတ်အပ် ပစ်လွှင့်အပ်သောစက်ဆုပ်ဖွယ်အကောင်ပုပ်၊
(၈) လောဟိတက- သွေးအလိမ်းလိမ်း ပေကျံစက်ဆုပ်အပ်သော အကောင်ပုပ်၊
(၉) ပုဠုဝက- ပိုးလောက်ပြည့်လျှံ အော့အန်ဖွယ်ဖြစ်သော အကောင်ပုပ်၊
(၁၀)အဋ္ဌိက- စက်ဆုပ်ဖွယ်ရာအရိုးစုသာဖြစ်သော အကောင်ပုပ်။

အသူရာများ၊ မျိုးအပြား၊ ၃-ပါးကျမ်းဂန်လာ

(၁)ဝေပစိတ္တိ အသုရာ- တာဝတိံသာနတ်တို့နှင့် သက်တမ်းစည်းစိမ် တန်ခိုး ညီမျှ၍ မြင်းမိုရ်တောင်အောက်၌နေကြသော အသူရာမျိုး၊ (၂) ဝိနိပါတိက အသုရာ- ၎င်းတို့သည်လည်း နတ်အသူရာမျိုးပင်၊ သို့သော် စတုမဟာရာဇ်တာဝတိံသာ
နတ်တို့လောက် တန်ခိုးမကြီးချေ၊ ရှားပါးသောအဝတ်တန်ဆာ အစားအစာရှိကုန်၏၊ အချို့ကား တိဟိတ် ပဋိသန္ဓေနေကုန်သည်ဖြစ်၍ မဂ် ဖိုလ် နိဗ္ဗာန်တိုင် ရကြကုန်၏။
(၃) ကာလကဉ္စိကအသုရာ- ၎င်းတို့သည်ကား ပြိတ္တာ အသူရာမျိုး တို့သာတည်း၊ ထို့ကြောင့် ကာလကဉ္စိက အသူရာမျိုးကို အသူရကာယ်ဘုံ၌သွင်း၍ ရေတွက်အပ်ကုန်၏။

အသေက္ခပုဂ္ဂိုလ် ၂-ယောက်

အဘိ၊ဋ္ဌ၊၃၊၃၉-၌ အကျယ်ရှုပါ။
(၁) ရဟန္တာအရှင်မြတ်တို့သည် အခြားသောသူထံမှ သီလ သမာဓိ ပညာအမှန်တရားတို့ကို ခံယူဖြည့်ကျင့်ပြီးပြီဖြစ်၍ နောက်ထပ်ပြုကျင့်ဖွယ်ရာမရှိတော့သောကြောင့် သိက္ခိတ အသေက္ခ ပုဂ္ဂိုလ် မည်၏။
(၂) ဘုရားသခင်နှင့် ပစ္စေကဗုဒ္ဓါအရှင်မြတ်တို့သည် ကိုယ်တိုင်သိ၍ ဖြည့်ကျင့်ပြီးဖြစ်ရကား အခြားသူထံ၌ နည်းခံပြုကျင့်စရာမလိုတော့သောကြောင့် အသိက္ခိတ- အသေက္ခ ပုဂ္ဂိုလ်မည်၏။

အဟိတ်ပုဂ္ဂိုလ် ၂-ယောက်

ပဋိသန္ဓေအခါ ကုသိုလ်ဟိတ်နှင့်မယှဉ်သော ပုဂ္ဂိနှစ်ယောက်ဟူ၏။
(၁) ဒုဂ္ဂတိအဟိတ်ပုဂ္ဂိုလ်- အပါယ်လေးပါးဘုံသားများ၊
(၂) သုဂတိ အဟိတ်ပုဂ္ဂိုလ်- ပဋိသန္ဓေအားဖြင့် ကန်း ထိုင်း ရူး ဆွံ့အ လာသူများ၊
(ရူပါဝစရ သုဂတိ အဟိတ်ပုဂ္ဂိုလ်) - ဇီဝိတဆက္က ဇီဝိတနဝက ကလာပ်ဖြင့် ပဋိသန္ဓေနေသော အသညသတ် ရူပါဝစရ သုဂတိ အဟိတ်ပုဂ္ဂိုလ်လည်း ရှိသေး၏။

အိ အက္ခရာ၊ ရေးထုံးမှာ၊ မြန်မာ လေးမျိုးရှိ

မြန်မာဘာသာ၌ ။ -ိ ။ အိ ။ ဣ။ ၏။ ၎င်းလေးမျိုးကိုသင့်သလိုရေးသားကြလေသည်။

အိပ်ခြင်းမျိုး ၄-ပါး

ဒီ၊၂၊၁၁၃။ ဒီ၊ဋ္ဌ၊၂၊၁၆၅-၌ အကျယ်ရှုပါ။ သတ္တဝါတို့၏အိပ်ခြင်းမျိုး၄-ပါးဟူလို။
(၁) ကာမ ဘောဂီ သေယျ- ကာမဂုဏ်ခံစားသူတို့ အများအားဖြင့် လက်ဝဲဘက်စောင်း၍အိပ်ကြ၏၊
(၂) ပေတ သေယျ- ပြိတ္တာတို့သည် ပက်လက်အိပ်ကြ၏၊
(၃) သီဟ သေယျ- ကေသရခြင်္သေ့တို့ကား လက်ယာနံပါးဖြင့်သာ အအိပ်များကုန်၏၊ သူမြတ်တို့လည်း ဤသို့အိပ်ကြ၏၊
(၄) တထာဂတ သေယျ- ဘုရားရှင်တို့သည် လက်ယာနံပါးဖြင့် စတုတ္ထစျာန်ဝင်စားကာ အိပ်တော်မူကြ၏၊ (စတုတ္ထစျာန
သေယျံပန တထာဂတေဿဝ ဟောတိ၊ )

အိပ်မက်မက်ခြင်း အပြား ၄-ပါး။ တစ်နည်း ၆-ပါး

အဘိ၊ဋ္ဌ၊၂၊၃၈၉။ မဟာနိ၊၂၉၇။ မဟာနိ၊ဋ္ဌ၊၃၆၅-တို့၌ အကျယ်ရှု။ အိပ်မက်မက်ခြင်း အကြောင်း ၆-ပါး၊ သို့မဟုတ်အိပ်မက်မက်တတ်သူ ၆-ယောက်။
(၁) ဝါတိက- လေဓါတ်ပျက်၍ မက်ခြင်း၊
(၂) ပိတ္တိက- သည်းခြေပျက်၍မက်ခြင်း၊
(၃) သေမှိက- သလိပ်ပျက်၍မက်ခြင်း၊
(၄) ဒေဝတူပ သံဟရတ- နတ်တို့ လှည့်ပတ်၍မက်ခြင်း၊
(၅) သမုဒါစိဏ္ဏတ- လေ့ကျက်သုံးဆောင်ဖူး၍ မက်ခြင်း၊
(၆) ပုဗ္ဗနိမိတ္တ- ပုဗ္ဗနိမိတ်ဖြစ်လတ္တံ့ကိုမြင်မက်ခြင်း။

အိပ်မက်မက်တတ်သူ ၄-မျိုး

ဝိပလ္လာသတရား ရှိနေကြသေးသော
(၁) ပုထုဇဉ်၊
(၂) သောတာပန်၊
(၃) သကဒါဂါမ်၊
(၄) အနာဂါမ်၊ ၎င်းတို့ လေးယောက်သာ မြင်မက်တတ်ကြသည် ဟူ၏၊ အကျယ်ကိုဗုဒ္ဓသာသန မဟာဗုဒ္ဓဝင်၊ ဒုတွဲ။ ၂၆၉-၌ ရှုပါကုန်။

အိမ်ဆောက်ကောင်းငြား၊ လ ၆-ပါး၊ မိန့်ကြားဖြေတော်မူ

၎င်းသရုပ်ကို အောက်ပါ မြေခံရွေးနည်း လင်္ကာဖြင့်သိပါ။
လောကီလူများ၊ အမျိုးသားတို့၊ မှတ်သားစေရန်၊ မြေခံကျမ်းမြတ်၊ ဇရပ်အိမ်ကျောင်း၊ ဆောက်တုံရှောင်းသော်၊
နတ်တော် ခေါင် ကြူး၊ ပြာ ကူး ဆုန် ပေါင်း၊ ဆောက်ကောင်း ၆-လမှတ်၊ မှတ်ကုန်ကြလော့။

အိမ်မှာမွေးထား၊ ငှက်လေးပါး၊ စီးပွားချမ်းသာတိုး

လောကဝုဒ္ဓိကျမ်းမှ။ ထိုငှက်မျိုးလေးပါးကို မိမိတို့နေအိမ်၌မွေးထားခြင်းဖြင့် စီးပွားဥစ္စာ ကျက်သရေမင်္ဂလာ တိုးတက်ကြောင်းများဖြစ်သည်ဟု ဇောတိတတ္တဗေဒင်ကျမ်းကြီး၌ဆို၏။ (၁) ပါရာဝတ- အိမ်ခိုငှက် (သင်္ဘောခို)၊
(၂) မယူရ- ဥဒေါင်းငှက်၊
(၃) သုက- ကျေး (ကြက်တူရွေး)၊
(၄) သာရိက- သာလိကာငှက်။

အိမ်ရှေ့မင်းသား၊ ဖြစ်ထိုက်ငြား၊ ၅-ပါး လက္ခဏာ

ရာဇနီတိမှ။
(၁) မိဘနှစ်ပါးစုံမှ သန့်ရှင်းစွာမွေးဖွားခြင်း၊
(၂) အဘိရူပ ပါသာဒိက အလွန်တင့်တယ်ခန့်ညား ရှုချင်ဖွယ်အဆင်း ဂုဏ်တို့နှင့်ပြည့်စုံခြင်း၊
(၃) ခမည်းတော် မယ်တော်တို့ချစ်အောင် ကျင့်တတ်ခြင်း၊
(၄) တိုင်းပြည်လူထုမြတ်နိုးအောင်ကျင့်တတ်ခြင်း၊
(၅) တိုင်းရေးပြည်ရေး စစ်မှုရေးရာတို့၌ လိမ္မာခြင်း။

အိမ်သူ့ဝတ် ၅-ပါး

၎င်းသရုပ်ကို (မယားဝတ် ငါးပါး)၌ ကြည့်ပါ။

ဣစ္ဆတရား ၄-ပါး

အလိုဆန္ဒတရားများကို သမ္မော အဋ္ဌကထာ ခုဒ္ဒကဝိဘင်း၌ ဤသို့ပြ၏။
(၁) အတြိစ္ဆ- မိမိနှင့် ထိုက်တန်သလောက်နှင့် မရောင့်ရဲနိုင်ပဲ အလွန့်အလွန် အလိုကြီးခြင်းမျိုး၊
ကိုယ့်လက်ရှိစည်းစိမ်ထက် သူများခံစားလျက်ရှိသော စည်းစိမ်ကို ပိုမိုနှစ်သက်လိုချင်ခြင်းမျိုး။
(၂) မဟိစ္ဆ- အလိုကြီးခြင်း၊ ဝါကြွား ညာဝါ၍ မိမိမျှတလောက်ရုံထက် အပိုအမိုရအောင် ယူငင်ခြင်းမျိုး။
(၃) ပါပိစ္ဆ- ယုတ်မာသော အလိုဆိုး၊ မိမိ၌ သီလ သမာဓိ တရားထူးမရှိဘဲ ရှိယောင်ဆောင်၍ ကြည်ညိုခံယူကာ လှည့်စားခြင်းမျိုး။
(၄) အပ္ပိစ္ဆ- အလိုနည်းခြင်း ရောင်းရဲခြင်း၊ ရသမျှနှင့်သာ တင်းတိမ်ကာ သုံးဆောင်ခြင်းမျိုး။
(၄-ကားရဟန်းကောင်းတို့ကျင့်ရန်ဖြစ်၏။)

ဣဒ္ဓိပါဒ် ၄-ပါး

သံ၊၃၊၂၄၂။ သံ၊ဋ္ဌ၊၃၊၂၈၉-၌ အကျယ်ရှု။ ကြီးပွားတိုးတက်တန်ခိုးကြီးမှု၏ အခြေခံတရား ၄-ပါး။
(၁) ဆန္ဒိဒ္ဓိပါဒ်- အလိုဆန္ဒတရား၊
(၂) ဝီရိယိဒ္ဓိပါဒ်- အားထုတ်ကြိုးစားမှု၊
(၃) စိတ္တိဒ္ဓိပါဒ်- ကြံစည်စိတ်ကူးမှု၊
(၄) ဝီမံသိဒ္ဓိပါဒ်- စုံစမ်းဆင်ခြင်မှု။

ဣဒ္ဓိမျိုး ၁၀-ပါး

ပြီးစီးအောင်မြင်မှုမျိုး တန်ခိုးဆယ်ပါး၊ ဝိသုဒ္ဓိမဂ်၌လာ၏။
(၁) အဓိဋ္ဌာနိဒ္ဓိ- မိမိ၏ မူလရုပ်သွင်တူ ပုံများစွာဖန်ဆင်းခြင်း။
(၂) ဝိကုဗ္ဗနိဒ္ဓိ- မိမိအသွင်စွန့်၍ နဂါး ဂဠုန်ရုပ် စသည်ဖန်ဆင်းခြင်း။
(၃) မနောမယိဒ္ဓိ- မိမိကိုယ် အဆင်းသဏ္ဍာန်ကို စိတ်အလိုအတိုင်းပြီးစေခြင်း။
(၄) ဉာဏဝိပ္ဖါရိဒ္ဓိ- ပစ္ဆမဘဝိကသား လူ ရှင် ရဟန်းတို့၏ အရဟတ္တမဂ်ဉာဏ်ကို မရမီ ရဟန္တာမဖြစ်မီရှေ့အဖို့၌ သူတစ်ပါး၏လုံ့လပယောဂဖြင့် မသေနိုင်ခြင်းမျိုး။
(၅) သမာဓိဝိပ္ပါရိဒ္ဓိ- အနာဂါမ် ရဟန္တာတို့၏ နိရောဓသမာပတ်ဝင်စားခိုက် သူတစ်ပါးလုံ့လပယောဂ
ဖြင့်မသေနိုင်ခြင်းမျိုး။
(၆) အရိယိဒ္ဓိ- အရိယာတို့၏ အနိဋ္ဌစသည့်အာရုံကို ဣဋ္ဌာရုံပြု၍ရှုနိုင်ခြင်းမျိုး။
(၇) ကမ္မဇိဒ္ဓိ- ငှက် စသည်တို့၏ ကောင်းကင်၌ပျံနိုင်ခြင်းမျိုး။
(၈) ပုညဝတော ဣဒ္ဓိ- စကြာမင်းစသည်တို့၏ ကောင်းကင်၌ စစ်အင်္ဂါလေးပါးနှင့် သွားနိုင်ခြင်းမျိုး။
(၉) ဝိဇ္ဇာမယိဒ္ဓိ- ဝိဇ္ဇာဓိုရ်စသည်တို့၏ မြေလျှိုး မိုးပျံတန်ခိုးဟူသမျှ။
(၁၀) အတ္ထ တတ္ထ သမ္မာပယောဂ ပစ္စယိဒ္ဓိ- ကလာအတတ် ၆၄-ရပ်နှင့် အဋ္ဌာရသ ဝိဇ္ဇာအတတ်မျိုး ဟူသမျှ။

ဣန္ဒြေ ၆-ပါး၊ တံခါး ၆-ပေါက်

ကောင်းသောကုသိုလ်အာရုံကိုသွင်း၍ မကောင်းသောအကုသိုလ်အာရုံတို့ကိုပိတ်ဆီးရန်တံခါး ၆-ပေါက်။
(၁) စက္ခုန္ဒြေ- ရူပါရုံခေါ် အဆင်း၏ထွက်ဝင်ရာ “စက္ခုပသာဒ”ခေါ် မျက်စိပေါက်၊
(၂) သောတိန္ဒြေ- သဒ္ဒါရုံခေါ် အသံ၏ထွက်ဝင်ရာ “သောတပသာဒ”ခေါ် နားပေါက်၊
(၃) ဃာနိန္ဒြေ- ဂန္ဓာရုံခေါ် အနံ့၏ထွက်ဝင်ရာ “ဃာနပသာဒ”ခေါ် နှာခေါင်းပေါက်၊
(၄) ဇိဝှိန္ဒြေ- ရသာရုံခေါ် ချို ချဉ် စပ် ငန် ဖန် ခါး အရသာခြောက်ပါး၏ထွက်ဝင်ရာ “ဇိဝှါပသဒ”ခေါ် လျှာ၊ သို့မဟုတ် ပါးစပ်ပေါက်၊
(၅) ကာယိန္ဒြေ-ဖောဋ္ဌဗ္ဗာရုံခေါ် အတွေ့အထိဓါတ်၏ထွက်ဝင်ရာ “ကာယပသာဒ“ခေါ် အတွေ့အထိကို သိနိုင်သောအရပ်ဟူသမျှ ကာယကိုယ်ပေါက်၊
(၆) မနိန္ဒြေ- ဓမ္မာရုံခေါ် ပသာဒရုပ် ၅-ခု၊ သုခုမရုပ် ၁၆-ခု၊ စိတ် ၈၉-၊ စေတသိက် ၅၂၊ နိဗ္ဗာန် ပညတ်တို့၏ ထွက်ဝင်ရာ “မနောဒွါရ“ခေါ် ဘဝင်စိတ်ပေါက်။

ဣရိယာပုထ် ၄-ပါး၊ တစ်နည်း ဣရိယာပိုထ် ၄-ပါး

ကိုယ်အမူအရာဖြစ်ကြောင်း လေးပါး။
(၁) ဂမန-သွားခြင်း၊
(၂) ဌာန- ရပ်ခြင်း၊
(၃) အာသန- ထိုင်ခြင်း၊
(၄) သယန- လျောင်းခြင်း အိပ်ခြင်း။

ဣဿရ နိမ္မာန ဝါဒကြီး ၄-ပါး

၎င်း၏သရုပ် အဓိပ္ပါယ် (ဗြဟ္မာစွဲဝါဒကြီး လေးပါး)၌ ကြည့်ပါ။

ဣဿရိယ ဘုန်းတော်မျိုး ၈-ပါး

စိတ်ကို အစိုးရတော်မူခြင်း တန်ခိုး အာဏိမာ- စသော ဘုန်းတော် ရှစ်ပါးနှင့်ပြည့်စုံသည်ကို ခေါ်သည်။
(၁) အာဏိမာ- ကိုယ်တော်ကို အနုမြူသဖွယ် သေးငယ်အောင်ဖန်ဆင်းနိုင်ခြင်း ဘုန်းတော်။
(၂) လင်္ဃီမာ- ပေါ့ပေါ့ပါးပါး ကူးလွှားပျံသန်းနိုင်အောင် ပြုနိုင်သောဘုန်းတော်။
(၃) မဟိမာ- ကိုယ်တော်ကို အလိုရှိသလောက် ကြီးကျယ်အောင် ဖန်ဆင်းနိုင်သောဘုန်းတော်။
(၄) ပတ္တိ- ရောက်လိုရာအရပ်သို့ ချက်ချင်း ကြွရောက်နိုင်သောဘုန်းတော်။
(၅) ပါကမ္မံ- အဆင်းသဏ္ဍာန် အသွင်အပြင်အမျိုးမျိုး ဖန်ဆင်းနိုင်သော ဘုန်းတော်။
(၆) ဤသိတာ- မိမိစိတ်တော်မှစ၍ လောကအားလုံးကိုပါ ပိုင်ပိုင်နိုင်နိုင် စိုးမိုးအုပ်ချုပ်တော်မူနိုင်သောဘုန်းတော်။
(၇) ဝသိတာ- စျာန် သမာပတ် အဘိညာဉ်တို့ကို ခဏခြင်း ဝင်စားနိုင်သော ဘုန်းတော်။
(၈)ယတ္ထ ကာမာ ဝသာယိတာ- အဓိဋ္ဌာန်တော်မူသည့်အတိုင်း မလွန်မကျူးအထူး ပြီးစေနိုင်သော ဘုန်းတော်။

ဥက္ခောင်း လေမျိုး ၁၂-ပါး

လည်ပင်းနှင့် ခေါင်းပိုင်းကို အများဆုံးဒုက္ခပေးတတ်သော လေများ၊ ၎င်းသရုပ်(လေမျိုး ၈၀- [ ဃ] အပိုဒ်)၌ ရှုပါလေ။

ဥကြတ် ၃-ပါး၊ နိမိတ်များ၊ မိန့်ကြား ကျမ်းဗေဒင်

ရှေးဟောင်းစာပေတို့၌ “ဥပ္ပါတ သဒ္ဒါကို ဥကြတ်”ဟုပြန်ဆိုသည်၊ ဥကြတ်ဟူသည် နိမိတ်အထူးပင်ဖြစ်၏။ ၎င်းသရုပ်ကား (ကိတ် ၃-ပါး) အဖြေနှင့် အတူပင်။

ဥစ္စာပျက်မှု ကြောင်း ၆-ခု

၎င်းသရုပ်ကို “စည်းစိမ်ဥစ္စာပျက်စီးကြောင်းတရား ၆-ပါး”၌ ကြည့်ပါ။

ဥစ္စာမျိုး ၄-ပါး

ခုဒ္ဒကပါဌ၊ဋ္ဌ၊၁၈၃။ သုတ္တနိ၊၂၈၂။ သုတ္တနိ၊ဋ္ဌ၊၁၊၂၅-၌ ဥစ္စာ ၅-မျိုး ပြသေးသည်။ လူတိုင်းသတိပြုသင့်သော ဘုရားဟောဥစ္စာ ၄-မျိုး။
(၁) ဇင်္ဂမ ဥစ္စာ- သက်ရှိသက်မဲ့ ပြောင်းရွှေ့နိုင်သော ပစ္စည်းဥစ္စာဟူသမျှသည် “ဇင်္ဂမ“မည်၏။
(၂) အင်္ဂသမဥစ္စာ- အဋ္ဌာရသသိပ္ပ နှုတ်အတတ် လက်အတတ်ဟူသမျှသည် မိမိသွားရာလိုက်ပါသောကိုယ်အင်္ဂါအစိတ်အပိုင်းနှင့်တူသောကြောင့် “အင်္ဂသမ“မည်၏။
(၃) နိဓါန ဥစ္စာ- တော တောင် ရေ မြေ ကျောက်ဆောင် လိုဏ်ဂူနှင့်တကွ ၎င်းတို့အတွင်းမှာ မြှပ်နှံထားအပ်သော ရတနာရွှေငွေဟူသမျှသည် “နိဓါန”မည်၏၊ ထာဝရဥစ္စာမျိုးပင်။
(၄) အနုဂါမက ဥစ္စာ- ဒါန သီလ ဘာဝနာ စသော ကုသိုလ်ကောင်းမှုဟူသမျှသည် မိမိသွားရာ
ဘဝသံသရာသို့အစဉ်လိုက်ကာ ကောင်းကျိုးချမ်းသာကိုသာပေးလေ့ရှိသောကြောင့် အကောင်းဆုံး အမြတ်ဆုံး အထွတ်အထိပ်ဆုံးသော ဥစ္စာမည်၏။

ဥစ္စာမျိုး ၆-ပါး တစ်နည်း

အဒိန္နာဒါန်ဖြစ်သော ဥစ္စာများ၊ ဝိနည်း ပညတ်တော်လာ။
(၁) အနိဿဋ္ဌ ဥစ္စာ- မိမိလက်မှ မစွန့်လွတ်သေးသောဥစ္စာ၊
(၂) အပရိစ္စတ္တ ဥစ္စာ- ငဲ့ကွက်စောင့်ရှောက်မှုမရှိသော်လည်း မူလထားမြဲနေရာ၌တည်၍ မစွန့်လွှတ်သေးသောဥစ္စာ၊
(၃) ရက္ခိတ ဥစ္စာ- အစောင့်အရှောက်ဖြင့်ထားသောဥစ္စာ၊
(၄) ဂေါပိတ ဥစ္စာ- သေတ္တာစသည်ဖြင့် လုံခြုံစွာထားသောဥစ္စာ၊
(၅) မ မာယိတဥစ္စာ- ငါ့ဟာဟုစွဲလမ်းမြတ်နိုးနေသောဥစ္စာ၊
(၆) ပရ ပရိဂ္ဂဟိတ ဥစ္စာ- သူတစ်ပါးတို့ စောင့်ရှောက်သိမ်းဆည်းထားသောဥစ္စာ။

ဥစ္စာသယန, မဟာသယနမျိုး အပြား ၂၀

သုတ်သီလက္ခန် ပါဠိတော် မဇ္ဈိမသီလခန်း၌ ဘုရားဟောတော်မူသည်ဖြစ်၍ ရှစ်ပါးသီလသမားများ လိုက်နာရှောင်ကြဉ်ရမည့် မြင့်သောနေရာနှင့်မြတ်သောနေရာ အပြားနှစ်ဆယ်ဟူ၏။
(၁) အာသန္ဒိ- လူတန်းစေ့သူတို့၏ တစ်တောင့်ထွာထက်လွန်သော အခြေရှိသည့် ညောင်စောင်းအင်းပျဉ် ခုတင် အထူးများ။
(၂) ပလ္လင်္က- အခြေ၌ ခြင်္သေ့ သားရဲရုပ်တပ်သော ပလ္လင်နေရာ။
(၃) ဂေါနက- လက်လေးသစ်ထက် ကျော်လွန်သော မွေးရှည်ကော်ဇောကြီး။
(၄) စိတ္တက- အရုပ် ပန်းကွက်တို့ဖြင့် ဆန်းကြယ်စွာ ယက်လုပ်ထားသော သားမွေးအခင်း။
(၅) ပဋိက- သားမွေးဖြင့်ပြုလုပ်အပ်သော ခင်းနှီးဖြူ။
(၆) ပဋလိက- ပန်းပြောက်ခြယ်သော သားမွေးအခင်း။
(၇) တုလိက- လဲမျိုး ၃-ပါးဖြင့် သွတ်သွင်းထားသော မွေ့ယာခင်း။
(၈) ဝိကတိက- ခြင်္သေ့ ကျား သစ် စသောအရုပ်တို့ဖြင့် ဆန်းကြယ်သော သိုးမွေးခင်းနှီး။
(၉) ဥဒ္ဒလောမိ- နှစ်ဘက် အမွေးရှိသော သားမွေးခင်းနှီး။
(၁၀) ဧကန္တလောမိ- တစ်ဘက်သာ အမွေးရှိသော သားမွေးခင်းနှီး။
(၁၁) ကဋ္ဋိဿ- ရတနာ ရွှေငွေတို့ဖြင့် ချုပ်ကပ် လိမ်းကျံထားသော ပိုးချည်ရက်အခင်း။
(၁၂) ကောသေယျ- ရတနာ ရွှေချည် ငွေချည်တို့အကြား၌ ပိုးချည်ဖြင့်ရက်လုပ်ထားသော ခင်းနှီး။
(၁၃) ကုတ္တက- ကချေသည်မ ၁၆-ယောက်တို့ ကလောက်သော သားမွေးကော်ဇော်ကြီးမျိုး။
(၁၄) ဟတ္ထတ္ထရဏ- ကောင်းမြတ်သော ဆင်နှီးကုန်း။
(၁၅) အဿတ္ထရဏ- ကောင်းမြတ်သော မြင်းနှီးကုန်း။
(၁၆) ရထတ္ထရဏ- ရထား၌ခင်းသော နူးညံ့အိစက်သည့် ခင်းနှီး။
(၁၇) အဇိနပ္ပဝေဏိ- ညောင်စောင်းပမာဏ ချုပ်လုပ်ထားသည့် သစ်နက်ရေအခင်းကြီး။
(၁၈) ကဒလိ မိဂပဝရ ပစ္စတ္ထရဏ- ဝံပိုင့်ရေဖြင့် ပြုလုပ်ထားသည့် မြတ်သောခင်းနှီး။
(၁၉) သဥတ္တရစ္ဆဒ- နီသော ဗိတာန်မျက်နှာကြက်အောက်ရှိ သားမွေးခင်းနှီး။
(၂၀) ဥဘတော လောဟိတကူပဓါန- ခြေအုံး ခေါင်းအုံး နှစ်ဘက်တပ်ထားသည့် အခင်းတစ်မျိုး။

ဥဋ္ဌာန သမ္ပဒါမျိုး ၅-ပါး

ပစ္စည်းဥစ္စာ တိုးပွားမှု အားထုတ်ရာ၌ မိမိကိုယ်တိုင် အောက်ပါတရားငါးပါးနှင့်ပြည့်စုံစွာ အားထုတ်ရှာဖွေရမည်။
(၁) ဉာဏသမ္ပတ္တိ- ပြုလုပ်မည့်ကိစ္စ၌ အကျိုးရှိ မရှိကို စိစစ်ဝေဖန်ကာ ဉာဏ်ဖြင့်ချိန်ရမည်၊
(၂) ဂတိ သမ္ပတ္တိ- ထိုကိစ္စ၌ အနေအထား အသွားအလာ အခင်းအကျင်းတို့ကို အချက်ပိုင်ရမည်၊
(၃) ဥပဓိ သမ္ပတ္တိ- ထိုပစ္စည်း၌ လှပခိုင်ခံ့ ပြီးလွယ် ခေတ်မှီရေးနှင့် ပြည့်စုံစေရမည်၊
(၄) ကာလ သမ္ပတ္တိ- စောလွန်းခြင်း နောက်ကျခြင်း မရှိစရေဘဲ အချိန်သင့်ဖြစ်စေရမည်၊
(၅) ပယောဂသမ္ပတ္တိ- မုချအကျိုးရှိရမည်ဟု တစ်ခုတည်းသော ဇွဲလုံ့လနှင့် ကြိုးစားအားထုတ်မှု ရှိရမည်။

ဥဏှမျိုး ၆-ပါး

ဆေးကျမ်းလာ အပူဓါတ်ပေါင်း ဝေါဟာရ၊
(၁) ပိတ်ချင်းသီး၊
(၂) ပိတ်ချင်းမြစ်၊
(၃) စရို၊
(၄) ကန့်ချုပ်နီ၊
(၅) သင်္ဘောချင်းခြောက်၊
(၆) ငရုတ်ကောင်း။

ဥတ္တရိ မနုဿ ဓမ္မတရား ၃-ပါး

လူတို့၏ ကုသလ ကမ္မပထ တရားဆယ်ပါးထက်လွန်မြတ်သော-
(၁) စျာန်တရား၊
(၂) မဂ်တရား၊
(၃) ဖိုလ်တရားတို့ကို ခေါ်သည်။

ဥတု ၃-ပါး၊ ယူ၍ဖွား၊ ခေါ်ငြား ဥတေန

ဓမ္မပဒ အဋ္ဌကထာ၌ “မေဃ ဥတုဉ္စ ပဗ္ဗတဥတုဉ္စ အရုဏဥတုဉ္စ ဂဟေတွာ ဇာတတ္တာ ပုတ္တဿ ဥတေ နောတိ နာမ မကာသိ“ဟု မိန့်ဆိုသည်၊ ထိုဥတုသုံးပါးကို ယူ၍မွေးဖွားသောကြောင့် ဥတေနဟုခေါ်သည် ဟူ၏။
(၁) မေဃ ဥတု- မိုးဥတု၊
(၂) ပဗ္ဗတ ဥတု- တောင်ခိုးငွေ့ဥတု၊
(၃) အရုဏ ဥတု- နေရောင်နီ ပူငွေ့ဥတု။

ဥတု ၃-ပါး

ဝိသုဒ္ဓိ၊၂၊၂၅၆။ အဖန်ဖန် လှည့်ပတ်တတ်သော သဘောတရား ၃-ပါး၊ အဂ္ဂညသုတ်အဋ္ဌကထာမှ။
(၁) ဟေမန္တ ဥတု- ဆောင်းဥတု တန်ဆောင်မုန်းလပြည့်ကျော် ၁-ရက်နေ့မှ တပေါင်းလပြည့်နေ့အထိ၊
(၂) ဂိမှာန ဥတု- နွေဥတု၊ တပေါင်းလပြည့်ကျော် ၁-ရက်နေ့မှ ဝါဆိုလပြည့်နေ့အထိ၊
(၃) ဝသန္တဥတု- မိုးဥတု၊ ဝါဆိုလပြည့်ကျော် ၁-ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့အထိ။

ဥတု ၆-ပါး

ဝိသုဒ္ဓိ၊၂၊၂၅၆။ ၎င်းကိုပင် “ရတု ၆-ပါး”ဟု လည်း ခေါ်ဆိုကြသေး၏။ သရုပ်ကို(ရတု ၆-ပါး)၌ ကြည့်ပါလေ။

ဥဒါန်းမျိုး ၂-ပါး

(၁) မနသာ ဥဒါန်း- “အနေက ဇာတိ သံသာရံ”စသော ဥဒါန်းဂါထာမျိုးကို မြတ်စွာဘုရားသခင်သည် စိတ်တော်ဖြင့်သာ ကျူးရင့်တော်မူသည်၊
(၂) ဝစသာ ဥဒါန်း- မြတ်စွာဘုရားသည်နှုတ်တော်ချွေမြွက် အသံတော်ထွက်၍ ကျူးရင့်တော်မူသော “ယဒါ ဟဝေ ပါတုဘဝန္တိ ဓမ္မာ“စသည့် ဥဒါန်းပါဠိတော်လာ ဒေသနာတော်မျိုး။

ဥဒ္ဓံ ဘာဂိယ သံယောဇဉ် ၅-ပါး

အံ၊၃၊၂၅၂။ အထက် ဗြဟ္မာဘုံ အတွက်ဖြစ်သော သံယောဇဉ် ၅-ပါး၊
(၁) ရူပရာဂ သံယောဇဉ်၊
(၂) အရူပ ရာဂ သံယောဇဉ်၊
(၃) မာန သံယောဇဉ်၊
(၄) ဥဒ္ဓစ္စ သံယောဇဉ်၊
(၅) အဝိဇ္ဇာ သံယောဇဉ်။

ဥပက္ကိလေသတရား ၁၀-ပါး

ဝိပဿနာတရား ပွားများအားထုတ်သော ယောဂီသည် ဥဒယ ဝယ ဉာဏ်ရင့်ကျက်ပိုင်းသို့ရောက်သောအခါ ပေါ်တတ် မြင်တတ် စိတ်၌ ထင်မြင်လာ
တတ်သော မဂ်တု ဖိုလ်တုတရား ဆယ်ပါးဟူ၏
(၁) ဩဘာသ- ထူးကဲလွန်မြတ် ကြည်လင်တောက်ပသော ဝိပဿနာအလင်းရောင်၊ နှစ်သက်စရာအာရုံတစ်မျိုးကို မဂ်ဟုထင်တတ်ခြင်း။
(၂) ဉာဏ- ရုပ်နာမ်ဓမ္မ၏ ဖြစ်ပျက်မှုတို့ကို ကျကျနန ကျေကျေနပ်နပ်ပိုင်းခြား၍ ထက်မြက်စူးရှကာတွေ့မြင်ရသော ဉာဏ်အမြင်ကို မဂ်ဟုထင်တတ်ခြင်း။
(၃) ပီတိ- နှစ်သက်စရာ ပီတိမျိုး ၅-ပါးတို့ပေါ်၍ ပေါ်၍လာခြင်းကိုပင် မဂ်ဟုထင်နေတတ်ခြင်း။
(၄) ပဿဒ္ဓိ-
၁-တစ်နေ့လုံး တစ်ညလုံးထိုင်နေသော်လည်း ကိုယ်စိတ်တို့ ငြိမ်းချမ်းအေးမြ၍နေခြင်း၊
၂- လေးလံထိုင်းမှိုင်းခြင်းကင်း၍ ပေါ့ပါးဖျတ်လတ်ကာနေခြင်း၊
၃-ကြမ်းတမ်းခက်ထန်ခြင်းကင်း၍နူးညံ့ကာနေခြင်း၊
၄-ညောင်းညာ နာကျင်မှုကင်း၍ သန့်ရှင်းစင်ကြယ်စွာရှိနေခြင်း၊
၅- ခန့်ညားတည်ကြည်၍နေခြင်း၊
၆- အာရုံတစ်ပါးဆီသို့ ကောက်ကွေ့သွားသည်မရှိ ပကတိဖြောင့်မတ်စွာရှိနေခြင်းတို့ကြောင့် သိကြား နတ်တို့ခံစားရသောသုခထက် ဆထက်လွန်ကျူးအထူးချမ်းသာမှုရှိနေခြင်းကိုပင် မဂ်ဟုထင်တတ်ခြင်း။
(၅) သုခ- ကိုယ်လုံးစိမ့်မျှ ချမ်းသာ၍နေသော သုခတစ်မျိုးကိုပင် မဂ်ဟုထင်နေတတ်ခြင်း။
(၆) အဓိမောက္ခ- ကိလေသာကင်းကာ ဘုရား တရား သံဃာ၌အလွန်ကြည်ညိုယုံကြည်၍လာသော သဒ္ဓါကိုပင် မဂ်ဟုထင်နေတတ်ခြင်း။
(၇) ပဂ္ဂဟ- ဝိပဿနာတရား၌ အထူးကြိုးစားမှတ်သားမှုမပြုရတော့ဘဲ သူ့သဘော သူ
ဆောင်ယူကာ ကောင်းစွာချီးပင့်၍နေသော သမ္မာဝါယမမဂ္ဂင်ကိုပင် မဂ်ဟုထင်နေတတ်ခြင်း။
(၈) ဥပဋ္ဌာန- ဝိပဿနာနှင့်ယှဉ်သည့် အလွန်ခိုင်မတ်သော သတိသည် ရုပ် နာမ်ဓမ္မတို့၌ မမေ့တော့ဘဲနှလုံးသွင်းဆင်ခြင်အောက်မေ့တိုင်း ရနေမှုကိုပင် မဂ်ဟုထင်ကာနေတတ်ခြင်း။
(၉) ဥပေက္ခာ- ရုပ်နာမ်ဓမ္မ သင်္ခါရတို့အပေါ်၌ ရှေ့ကကဲ့သို့ ကြောင့်ကြစိုက်ခြင်း အထောက်အပံ့အကူအညီစသည်တို့မပြုရတော့ဘဲ လျစ်လျူပြုကာ သင်္ခါရအမုတ်တို့၌ အလွန်အားရှိသော ဥက္ခောဉာဏ်ကိုပင် မဂ်ဟုထင်မှတ်ကာနေခြင်း။
(၁၀) နိကန္တိ- ဝိပဿနာတရား ပွားများအားထုတ်နေသော ယောဂီသည် ဖေါ်ပြပါ ဩကာသစသော နှစ်သက်တွယ်တာစရာတို့နှင့် ယှဉ်တွဲပေါ်ပေါက်၍လာသော ဝိပဿနာဓမ္မအပေါ်၌ အာသာရမ္မက်စပ်ယှက်ခင်မင်၍နေသော သိမ်မွေ့ငြိမ်သက်သည့် တဏှာနုကိုပင် ပယ်ဖျောက်ခြင်းငှာ
မတတ်နိုင်ဘဲ မဂ်ဟုအထင်စွဲနေတတ်ပြန်ခြင်းတို့ဖြစ်၏။ အကျယ် မ၊၃၊၁၉၁။၁၄၄- ဥပက္ကိလေသသုတ်၌ ရှုပါလေ။

ဥပစာ ၁၀-ပါး

တင်စား၍ခေါ်ဆိုခြင်း ၁၀-ပါးဟူလို။ သံဝဏ္ဏနာ၊ နည်းလေးဆယ်၊ သဒ္ဒါငယ်ကျမ်းတို့မှ-
(၁) ကာရဏူပစာ- အကြောင်း၏အမည်ကို အကျိုး၌တင်စားခေါ်ခြင်း၊ ပုံ- မျက်စိဖြင့် အဆင်းကိုမြင်၏ဟူရာ၌ မျက်စိအရ အကြောင်းစက္ခုပသာဒကိုဆိုလျှင် အကျိုးစက္ခုဝိညာဉ် ကိုယူရသည်၊ (ဤ ကာရဏူပစာကို ဟေတူပစာ ဟူ၍လည်းခေါ်သည်။)
(၂) ဖလူပစာ- အကျိုးအမည်ကို အကြောင်း၌တင်စား၍ခေါ်ခြင်း၊ ပုံ- ထမင်းချက်၏ဟူရာ၌
ဆန်ကိုသာချက်သည်ဖြစ်၍ “ထမင်း”အရ အကျိုးကိုဆိုလျှင် အကြောင်းဆန်ကို ယူရသည်။
(၃) သဒိသူပစာ- အတူဖြစ်သော ဥပမာအမည်ကို အတူရှိသော ဥပမေယျ၌ တင်စား၍ခေါ်ခြင်း၊ ပုံ- ငနွား ငခွေး ငမျောက်ဟူရာ၌ အတူဥပမာဖြစ်သော နွားစသည်တို့ကိုမယူဘဲ ဥပမည်းဥပမေယျဖြစ်သော “လူ”ကို ယူရာ၏။
(၄) ဌာနူပစာ- တည်ရာဌာနအမည်ကို တည်တတ်သော ဌာနီ၌ တင်စား၍ခေါ်ခြင်း၊ ပုံ-ညောင်စောင်းကြွေးကြော်၏၊ ရန်ကုန်သိပ္ပံကျောင်းတော်ကြီးသည် ယဉ်ကျေးဘွယ်ရာ စာပေပညာ တတ်မြောက်လိမ်မာ၏ ဟူရာ၌ ဌာနဖြစ်သော ညောင်စောင်း, ကျောင်းတို့ကို မယူဘဲ ဌာနီ ဖြစ်သော လူကို ယူရာ၏။
(၅) ဌာနျူပစာ- တည်တတ်သော ဌာနီအမည်ကို တည်ရာနေရာ၌ တင်စား၍ခေါ်ခြင်း၊ ပုံ- လှံလာခဲ့သေနတ်လာခဲ့ဟူ၍ ဌာနီဖြစ်သော လှံ သေနတ်တို့ကို ဆိုလျှင် ဌာနဖြစ်သော လှံ သေနတ်ကိုင်သူ ယူရသည်။
(၆) ဂုဏူပစာ- တည်တတ်သောဌာနီ နိဿိတ ဂုဏ်အမည်ကို တည်ရာဌာန နိဝဿယဂုဏေး၌ တင်စား၍ခေါ်ခြင်း၊ (ဂုဏ်ဌာနီ နိဿိတကိုဆိုလျှင် ဂုဏေး ဌာန နိဿယကိုယူ) ပုံ- ပုဆိုးညို၊ ပုဆိုးဖြူ၊ ညိုဖြူဂုဏ်ကို မယူရ၊ ဌာန- ပုဆိုးကိုသာယူရ၏။
(၇) ဧကဒေသူပစာ- အပေါင်းဖြစ်သော ဧကဒေသီ အမည်ကို အစိတ်ဖြစ်သော ဧကဒေသ၌ တင်စား၍ခေါ်ခြင်း၊ (အပေါင်းကိုဆိုလျှင် အစိတ်ကိုယူ) ပုံ - ဟိမဝန္တာတောင်ကို မြင်၏၊ သမုဒ္ဒရာကို မြင်၏။
(၈) သမီပူပစာ- အနီးရှိသော သမီပီအမည်ကို အနီးဖြစ်သော သမီပ၌ တင်စား၍ခေါ်ခြင်း၊ (သမီပီကိုဆိုလျှင် သမီပကိုယူ) ပုံ- ဂင်္ဂါ၌ ကောက်ပင်စိုက်ပျိုး၍ ဟူရာ၌ ဂင်္ဂါအနီးကမ်းနား သမီပကိုယူ။
(၉) တဒ္ဓမ္မူပစာ- ထင်ရှားရှိသော တဒ္ဓမ္မအမည်ကို ထင်ရှားမရှိသော အတဒ္ဓမ္မ၌
တင်စား၍ခေါ်ခြင်း၊(ထင်ရှားရှိသည်ကိုဆိုလျှင် ထင်ရှားမရှိသည်ကိုယူ) ပုံ- မိန်းမမြုံမသားသည် ယုန်ချိုလေးကိုထမ်း၍ကောင်းကင်ပန်းကို ပန်ဆင်လျှက် ထွက်သွား၏။
(၁၀) ဘေဒူပစာ- မကွဲပြားဘဲလျက် ကွဲပြားသကဲ့သို့ ခေါ်ခြင်း။ ပုံ- ငါ၏ကိုယ်ဟူရာ၌ ငါလည်း ခန္ဓာငါးပါး ကိုယ်လည်း ခန္ဓာငါးပါးပင်။ ဤသို့ ငါနှင့် ကိုယ်သည် ထူးခြားကွဲပြားခြင်း မရှိသော်လည်း သူတစ်ပါးတို့ကိုယ်ကိုနစ်ပယ်ရခြင်း အကျိုးရှိ၍ ကွဲပြားသကဲ့သို့ဆိုသည်။

ဥပဒ်အိမ်ကြီး ၃-ပါး

ဗေဒင်ကျမ်းအလို ဘေးဥပဒ်ဖြစ်စေတတ်သော အိမ်ကြီး ၃-ပါးကိုဆိုသည်။
(၁) အာရီအိမ်၊
(၂) ဗျယအိမ်၊
(၃) မရဏအိမ်။

ဥပဒ္ဒါဝေါ ၁၆-ပါး

ကပ်၍ ဖျက်ဆီး သတ်ဖြတ် နှိပ်စက် ပူပန်စေတတ်သော ဘေးရန် ၁၆-ပါးဟူလို။(ဥပဂန္တွာ ဒုနောတီတိ ဥပဒ္ဒဝေါ, ဥပဂန္တွာ ဒဝတိ ပီဠေတီတိ ဝါ ဥပဒ္ဒဝေါ)ဟု အဘိဓါန်ဋီကာ ဆရာမိန့်ဆိုထားလေပြီ၊ ၎င်း ၁၆-ပါးကို မဟာနိဒ္ဒေသပါဠိတော်၌ ဟောတော်မူသည်။
(၁) ရေရွတ် ဆဲရေးခြင်းခံရခြင်း၊
(၂) လက်ထိတ် ခြေထိတ် ထိတ်ပင်းတံခါးဖြင့် နှောင့်ဖွဲ့ခံရခြင်း၊
(၃) ကြိုးလက်ပြန်နှောင်ဖွဲ့အချည်ခံရခြင်း၊
(၄) သံခြေချင်းဖြင့် နှောင်ဖွဲ့ခံရခြင်း၊
(၅) ကြိမ်ဖြင့် နှောင်ဖွဲ့ခံရခြင်း၊
(၆) နွယ်ဖြင့် နှောင်ဖွဲ့ခံရခြင်း၊
(၇) တိုက်တွင်းလှောင်၍ နှောင်ဖွဲ့ခံရခြင်း၊
(၈) ဆူးသံကြိုး အရံအဆီးဖြင့် နှောင်ဖွဲ့ခံရခြင်း၊
(၉) ရွာဖြင့်နှောင်ဖွဲ့ခံရခြင်း၊
(၁၀) နိဂုံးဖြင့် နှောင်ဖွဲ့ခံရခြင်း၊
(၁၁) မြို့ဖြင့် နှောင်ဖွဲ့ခံရခြင်း၊
(၁၂) တိုင်းနိုင်ငံဖြင့်နှောင်ဖွဲ့ခံရခြင်း၊
(၁၃) ဇနပုဒ်ဖြင့် နှောင်ဖွဲ့ခံရခြင်း၊
(၁၄) ဤအရပ်မှ မသွားမလာ မရွေ့မပြောင်းရဟု အမိန့်အာဏာထားခံရခြင်း၊
(၁၅) ဥစ္စာကို သိမ်းဆောင်ယူငင်ခံရခြင်း၊
(၁၆) ကဲ့ရဲ့ ရှုတ်ချ အပြစ်ပြောခြင်းစသော အကြောင်းတို့ကြောင့် ဆင်းရဲခြင်း၊ စိတ်နှလုံးမသာယာခြင်းကို ခံစားရခြင်း။

ဥပဒ္ဒဝေါ ၁၆-ပါး တစ်နည်း

မဟာနိ၊၃၁၅။ သမ္မောဟ ဝိနောဒနီ။ဋ္ဌ။
(၁) ပဋိသန္ဓေနေရခြင်း၊
(၂) အိုရခြင်း၊
(၃) နာရခြင်း၊
(၄) သေရခြင်း၊
(၅) မင်းဆိုးတို့၏ဘေးဆိုးထိခြင်း၊
(၆) မီးဘေးသင့်ခြင်း၊
(၇) ခိုးသူဘေးသင့်ခြင်း၊
(၈) ရေကြီးဘေးသင့်ခြင်း၊
(၉) ရေဝဲဘေးသင့်ခြင်း၊
(၁၀) လှိုင်းတံပိုးဘေးသင့်ခြင်း၊
(၁၁) လပိုင် ငါးရဲဘေးသင့်ခြင်း၊
(၁၂) မိကျောင်း ဘေးသင့်ခြင်း၊
(၁၃) မိမိကိုယ်ကြောင့်ဖြစ်သောကဲ့ရဲ့ခြင်း၊
(၁၄) သူတစ်ပါးကြောင့်ဖြစ်သော ကဲ့ရဲ့ခြင်း၊
(၁၅) ဒဏ်သင့်ခြင်း၊
(၁၆) အပါယ်သို့ကျရောက်ခြင်း။

ဥပဓိတရား ၄-ပါး

မ၊ဋ္ဌ၊၂၊၁၈။ လောကီဘူမာ သံသရာသို့ ဆောင်ပို့ယှဉ်မှီစေတတ်သော တရား ၄-ပါးဟူ၏။
(၁) ကာမုပဓိ- ကာမတရားစု၊
(၂) ခန္ဓုပဓိ- ခန္ဓာတရားစု၊
(၃) ကိလေသုပဓိ- ကိလေသာတရားစု၊
(၄) အဘိသင်္ခါရုပဓိ- အသစ်အသစ် ထပ်မံပြုပြင်စီရင်မှု သင်္ခါရတရားစု။

ဥပမာမျိုး ၃-ပါး

နှိုင်းယှဉ်ခြင်းမျိုး ၃-ပါးဟူ၏။
(၁) သဒိသူပမာ- တူမျှသော ဥပမာ၊
(၂) ဝိသဒ သူပမာ- မတူ မမျှသော ဥပမာ၊
(၃) ဧကဒေ သူပမာ- တစ်စိတ်တစ်ဒေသတူသောဥပမာ။

ဥပသမ္ပဒါမျိုး ၈-ပါး

ဝိ၊၁၊၂၈။ ဝိ၊ဋ္ဌ၊၁၊၂၀၆။ သရုပ်ကို (ရဟန်းအပြားမျိုး၈-ပါး)၌ အကျယ်ရှု။

ဥပါဒါန်မျိုး ၄-ပါး

ပြင်းစွာ စွဲလမ်းတတ်သောတရား ၄-ပါး။
(၁) ကာမုဒါဒါန်- ကာမဂုဏ်ကို စွဲလမ်းတတ်သောလောဘ၊
(၂) ဒိဋ္ဌုပါဒါန်- မှားသောမြင်ခြင်းဖြင့် စွဲလမ်းတတ်သော ဒိဋ္ဌိတရား၊
(၃) သီလဗ္ဗတုပါဒါန်- ခွေး နွား မြင်း စသည်တို့ အလေ့အကျင့်ဖြင့် သံသရာမှစင်ကြယ်၏ဟု စွဲလမ်းတတ်သော ဒိဋ္ဌိတရား၊
(၄) အတ္တဝါဒုပါဒါန်- မိမိ၏အယူဝါဒသာမှန်၏ဟု အယူမှားကိုစွဲလမ်းတတ်သော ဒိဋ္ဌိတရား။

ဥပါယ်မျိုး ၄-ပါး

ရန်အောင်ကြောင်း နိမိတ်တမည် ပရိယာယ်မျိုး ၄-ပါး။
(၁) ဘေဒ ဥပါယ်- ရန်သူကိုဖေါက်ခွဲနိုင်ခြင်း၊ ရန်သူ၏အဖွဲ့အစည်း အသင်းအပင်း အစုအရုံးကို ပျက်စေခြင်း ကုန်းတိုက်ခြင်း၊
(၂) ဒဏ္ဍဥပါယ်- နိုင်ထက်ကလူ အာဏာဒဏ်ပြုမူ ထားတတ်ခြင်း၊
(၃) သာမ ဥပါယ်- အသင်းအပင်း အစည်းအဝေးဖွဲ့၍ ညီညွတ်စွာပြုခြင်း၊ ပါတီ အင်အားကြီးပွားအောင်
လုပ်ခြင်း၊ ဝါဒဖြန့်ခြင်း၊
(၄) ဒါနဥပါယ်-ကျေးကျွန် သင်းပင်းတို့အား စားနပ်ရိက္ခာမျိုးစေ့များကို မှန်ကန်စွာပေးခြင်း မြတ်သော အလှူခံပုဂ္ဂိုလ်အားလှူဒါန်းထောက်ပံ့ခြင်း နိုင်ငံခြားသား မင်းတစ်ပါးတို့အား တံစိုးလက်ဆောင် သမီးကညာစသည် ဆက်သ ပေးကမ်းခြင်း၊ သံတမန် ဆက်ဆံခြင်း။

ဥပါယ်မျိုး ငါးပါး တစ်နည်း

ဇနက ဇာတ်တော်လာဖြစ်သည်။
(၁) ဇပ္ပ- မိမိ၏စွမ်းအားလုံ့လဖြင့် ပြုလုပ်ခြင်း၊
(၂) မန္တ- ပညာရှိတို့နှင့် တိုင်ပင်ဆွေးနွေးခြင်း၊
(၃) သုဘာသိတ- သာယာချေငံစွာ ကျေနပ်ဖွယ်ပြောဆိုခြင်း၊
(၄) ပဝေဏိ- မျိုးနွယ်စဉ်ဆက်တို့၏ ဂုဏ်သိရ်ဥစ္စာကိုဖေါ်ပြခြင်း၊
(၅) အနုပ္ပါဒါန- ပစ္စည်းဥစ္စာ လက်ဆောင်ပဏ္ဏာပေးခြင်း။

ဥပါသကာ အင်္ဂါ ၅-ပါး

ဥပါသကာသည် ၎င်းအင်္ဂါ ၅-ပါး ၇-ပါးနှင့် ပြည့်စုံရမည်။ ရတနာသုံးပါးကို ဆည်းကပ်ကိုးကွယ်တတ်သော ဒါယကာ ယောက်ျားကို ဥပါသကာ၊ မိန်းမကို ဥပါသိကာ ခေါ်သည်။
(၁) ရတနာသုံးပါး ကံ ကံ၏အကျိုးကိုသာ ယုံကြည်ခြင်း။
(၂) ငါးပါး ရှစ်ပါး ဆယ်ပါးစသော အကျင့်သီလနှင့် ပြည့်စုံခြင်း။
(၃) ကာမဂုဏ်နှင့်စပ်သော အာရုံခေါ် မြင် ကြား နံ့ တွေ့ထိမှုတို့ကို စွဲသိ၍ လောကမင်္ဂလာ
အယူကိုမစွဲမယူခြင်း။
(၄) မြင် ကြား နံ တွေ့ထိသော မင်္ဂလာမှုကို မယုံကြည်မူ၍ အကြောင်းဖြစ်သော ကံတရားကိုသာ ယုံကြည်ခြင်း။
(၅) ဗုဒ္ဓဘုရား၏အဆုံးအမခေါ် သာသနာတော်အတွင်း၌သာ ကုသိုလ်ကောင်းမှုကို ပြုလုပ်ရှာမှီးခြင်း။

ဥပါသကာ အင်္ဂါ ၇-ပါး တစ်နည်း

အကျယ်လိုမှု သတ္တင်္ဂုတ္တိုရ် ပါဠိတော်မှာယူ။
(၁) မြတ်စွာဘုရား၏ တပည့်သား သံဃာတော်အရှင်မြတ်တို့အား ဖူးမြင်ခြင်းမှမယုတ်လျော့ခြင်း။
(၂) သူတော်ကောင်းတို့ ဟောကြားညွှန်ပြ ဆိုဆုံးမသော တရားစကားကိုနာယူခြင်း၌ မမေ့လျော့ခြင်း။
(၃) ငါးပါးသီလကို ခါးဝတ်ပုဆိုးကဲ့သို့ မြဲစေလျက် ရှစ်ပါး ဆယ်ပါးစသော သီလများကိုလည်း
ရံခါ စောင့်ရှောက်ဆောက်တည်ခြင်း။
(၄) အတုမရှိသော မြတ်စွာဘုရားသခင်၏ သာသနာတော်ထမ်း ရဟန်း သာမဏေစသည်တို့၌သာ အကြည်ညိုများခြင်း။
(၅) မချုတ်မချယ် လွတ်လွတ်ကျွတ်ကျွတ် တရားတော်ကို နာယူကျင့်ကြံခြင်း။
(၆) ဗုဒ္ဓ၏သာသနာတော်မှတစ်ပါး အခြားသာသနာ၌ အလှူခံပုဂ္ဂိုလ်ကို မရှာခြင်း။
(၇) မြတ်စွာဘုရား၏ တပည့်သားတို့အားသာ ရှေးဦးစွာပေးလှူလေ့ရှိခြင်း။

ဥပါသကာတို့ မရောင်းအပ်သော ကုန်မျိုး ၅-ပါး

ဝါဏိဇ္ဇသုတ် အံ၊၂၊၁၈၃။ အံ၊ဋ္ဌ၊၃၊၆၂။ ဒီ၊၁၊၈၀။ ဒီ၊ဋ္ဌ၊၁၊၂၁၉- တို့၌ အကျယ်ရှုပါ။
(၁) အာဝုဓ ဝါဏိဇ္ဇ- ဓါး လှံ သေနတ် အမြောက် စိန်ပြောင်းစသည့် ပါဏာတိပါတ လက်နက်မျိုး။
(၂) သတ္တ- လူနှင့် အသားသတ်စားရန် မွေးမြူးရေးသတ္တဝါမျိုး။
(၃) မံသ- သား ငါး ကြက် ဝက်စသည့် အသားစိမ်းခြောက်။
(၄) မဇ္ဇ- မူးယစ်စေတတ်သော သေစာမျိုး ဟူသမျှ။
(၅) ဝိသ ဝါဏိဇ္ဇ- သတ္တဝါတို့ကိုသေစေတတ်သော အဆိပ်မျိုးဟူသမျှ။

ဥပါသကာ ဂုဏ် ၁၀-ပါး

ဥပါသကာ ဥပါသိကာတို့ယူစရာ ဂုဏ်များ။
(၁) သံဃာများနှင့် ချမ်းသာဆင်းရဲ မကွဲမပြား တရားကိုစောင့်ရှောက်ကြီးမှူးခြင်း။
(၂) အကုသလ ဒုစရိတ ဓမ္မတို့ကို ရှောင်ရှားခြင်း။
(၃) ဗုဒ္ဓသာသနာတော်ကို ထွန်းကားကြီးပွားစေခြင်း။
(၄) ဒိဋ္ဌိဇုကမ္မ ခေါ် အယူကိုဖြောင့်မတ်စေခြင်း။
(၅) အင်း အိုင် မန္တရား နတ် စုန်းစသော လောကီလုပ်ငန်းများကို မယုံကြည် မကိုးစားခြင်း။
(၆) တစ်ပါးဘုရားကို မကိုးကွယ်ရန် ကြောင့်ကြတစ်ခု မပြုတော့ခြင်း။
(၇) ကိုယ် နှုတ် နှစ်ပါးကို စောင့်ရှောက်လုံခြုံစေခြင်း။
(၈) ငြူစူခြင်း ဣဿာမှကင်းခြင်း။
(၉) မစဉ်းလဲ မကောက်ကျစ်ခြင်း။
(၁၀) ရတနာသုံးရပ်ကို မပြတ်ဆည်းကပ်ခြင်း။

ဥပုသ်အပြား ၃-ပါး

အံ၊၁၊၂၀၆။ အံ၊ဋ္ဌ၊၂၊၁၉၃။ ဥပေါသထသုတ်။ လူများ ဆောက်တည်ကြသည့်ဥပုသ်အပြား သုံးပါး။
(၁) နိဂဏ္ဍ ဥပုသ်- တိတ္ထိတို့စောင့်သော ဥပုသ်မျိုး၊ ပုံ- မိုင်တစ်ရာအတွင်း၌ရှိသော သတ္တဝါကိုသာ
သတ်ပါမည်စသည်ဖြင့် သိက္ခာပုဒ်ကိုဆောက်တည်၏၊ အပြစ်ရှိသည်။
(၂) ဂေါပါလ ဥပုသ်- သီလ ဥပုသ်ခံယူပြီး ရတနာသုံးပါး၏ဂုဏ်တော် ကျေးဇူးတော်များကို မအောက်မေ့မပွားများ၊ ဝတ်ရေး စားရေးအစုစုတို့ကိုသာ ကြံစည်အောက်မေ့နေသော ဥပုသ်မျိုး၊ နည်းသောအကျိုးရှိ၏။
(၃) အရိယာ ဥပုသ်- ဥပုသ်ဆောက်တည်ပြီးလျှင် အနိစ္စ ဒုက္ခ အနတ္တ အသုဘ တရားတို့ကို ဆင်ခြင်စဉ်းစားခြင်း၊ ရတနာသုံးပါး၏ ဂုဏ်တော် ကျေးဇူးတော်တို့ကို အောက်မေ့ပွားများခြင်း၊ များမြတ်သောအကျိုးရှိ၏။

ဥပုသ်အပြား ၆-ပါး တစ်နည်း

အရိယာဥပုသ် သို့မဟုတ် ကောင်းမြတ်ဖြူစင်သော ဥပုသ်မျိုး ၆-ပါး။
(၁) ဗြဟ္မုပေါသထ- ဘုရားရှင်၏ဂုဏ်တော်များကို ဆင်ခြင်စောင့်သုံးသော ဥပုသ်၊
(၂) ဓမ္မူ ပေါသထ- တရားတော်၏ဂုဏ်တော်များကို (လ) ဥပုသ်၊
(၃) သံဃု ပါသထ- သံဃာတော်၏ဂုဏ်တော်များကို(လ) ဥပုသ်၊
(၄) သီလု ပေါသထ- မိမိစောင့်ထိန်းသော သီလ၏ဂုဏ်များကို (လ) ဥပုသ်၊
(၅) ဒေဝုပေါသထ- နတ်တို့ကို သက်သေပုံထား၍ မိမိစောင့်သောသီလ၏ဂုဏ်များကို (လ) ဥပုသ်၊
(၆) အဋ္ဌင်္ဂိကုပေါသထ-သူ့အသတ်သတ်ခြင်း စသော ဒုဿီလအကျင့်များမှ ရှောင်ရှား၍ ရှစ်ပါးသီလကို ရိုသေစွာ စောင့်သုံးမှုမျိုး။

ဥပုသ် ၉-ပါး

ရဟန်းတော်များနှင့်ဆိုင်သော ဥပုသ်ကိုးပါး ဟူလို။
(၁) စတုဒ္ဒသီ ဥပုသ်၊
(၂) ပန္နရသီ ဥပုသ်၊
(၃) သာမဂ္ဂီ ဥပုသ်၊
(၄) သံဃ ဥပုသ်၊
(၅) ဂဏ ဥပုသ်၊
(၆) ပုဂ္ဂလ ဥပုသ်၊
(၇) သုတ္တု ဒ္ဒေသဥပုသ်၊
(၈) ပါရိသုဒ္ဓိ ဥပုသ်၊
(၉) အဓိဋ္ဌာန် ဥပုသ်။

သုပုသ်စောင့်နည်း ၄-မျိုး

လူတို့ ဥပုသ်စောင့်သည့် နေ့ လ နှစ်များ၊ စတုက္ကနိပါတ် အင်္ဂုတ္တရပါဠိတော်။
(၁) ပကတိ ဥပုသ်- ၈-ရက် လပြည့် လကွယ် ဥပုသ်မျိုး၊
(၂) ပတိ ဇာဂရ ဥပုသ်- အကြို အပိုစောင့်သောဥပုသ်မျိုး၊
(၃) အဓိဋ္ဌာန် ဥပုသ်- ရက် လ နှစ် ပိုင်းခြားဆောက်တည်သော ဥပုသ်၊
(၄) ပါဋိ ဟာရိယ ဥပုသ်- အထွက်တစ်ရက်နေ့၌ စောင့်သောဥပုသ်။

ဥပုသ်သည်များ၊ ရှောင်ကြဉ်စား၊ ၄-ပါး ကာလိက

၎င်းသရုပ်ကို (ကာလိက ၄-ပါး)၌ ရှုပါကုန်။

ဥပေက္ခာမျိုး ၁၀-ပါး

၎င်းအကျယ်ကို အဋ္ဌသာလိနီ အဋ္ဌကထာနှင့် ဝိသုဒ္ဓိမဂ် အဋ္ဌကထာတို့၌ ရှုပါ။
(၁) ဆဠင်္ဂုပေက္ခာ- ကောင်းအာရုံ ဆိုးအာရုံခြောက်ပါးတို့ ထင်လာသောအခါ သာယာခြင်းတဏှာ၊ နှလုံးမသာယာခြင်း ဒေါသတို့ မရှိရအောင် သတိသမ္ပဇဉ် အမြဲယှဉ်၍ရှုခြင်းမျိုး ခြောက်ပါးကိုဆိုသည်။
(၂) ဗြဟ္မဝိဟာရုပေက္ခာ- သဗ္ဗေ သတ္တာ ကမ္မဿကာ သတ္တဝါတို့ ချမ်းသာဆင်းရဲဟူသည် သူတို့၏ကံအတိုင်းဘဲဟု လျစ်လျူရှုကာနေခြင်းကို ဆိုသည်။
(၃) ဗောဇ္ဈင်္ဂုပေက္ခာ- မဂ်၏ အင်္ဂါအစိတ်အပိုင်းသို့ ရောက်လာသော ဗောဇ္ဈင်တရားတို့သည် အလွန်အလျော့မရှိ ပိုလွန်ခြင်း ယုတ်လျော့ခြင်းမရှိဘဲ အညီအမျှသာဖြစ်ပေါ်လာခြင်းမျိုးကို ခေါ်ဆိုသည်။
(၄) ဝီရိယုပေက္ခာ- မဂ်ဖိုလ်ရရေး အားထုတ်ပေးရာ၌ အပိုအလိုမရှိရအောင် ညီမျှစွာဖြစ်သော ဝီရိယကိုဆိုသည်။
(၅) သင်္ခါရုပေက္ခာ- စျာန်မဂ်ဖိုလ်တရားတို့ကို ရရှိရန်အားထုတ်သောအခါ ပဉ္စမစျာန်သမာဓိ၊ သို့မဟုတ်ဝိပဿနာဉာဏ်ရင့်သန်လာသောအခါ နီဝရဏစသော သင်္ခါရတရားတို့ကို အထူးဂရုစိုက်ကာ ပယ်ရှားမှုမပြုရတော့ဘဲ လျစ်လျူရှုခြင်းသဘောကိုဆိုသည်။
(၆) ဝေဒနုပေက္ခာ- ကောင်းအာရုံ မကောင်းအာရုံတို့နှင့် တွေ့ကြုံသောအခါ ချမ်းသာခြင်းနှင့်
ဆင်းရဲခြင်းတို့အကြား အလတ်စားဖြစ်သော အနေအားဖြင့် ခံစားခြင်းကိုဆိုသည်။
(၇) ဝိပဿနုပေက္ခာ- ရုပ်နာမ်ခန္ဓာစသော တရားစုတို့ကို အနိစ္စ ဒုက္ခ အနတ္တမြင်လာအောင် ထူးသောဉာဏ်ဖြင့် ဆင်ခြင်သုံးသပ်ရာ၌ အဟောင်းပျက် အသစ်အစားထိုးလာပုံတို့ကို ငြိမ်သက်စွာ လျစ်လျူရှုကာ သုံးသပ်ဆင်ခြင်ခြင်းကိုဆိုသည်။
(၈) တတြမဇ္ဈတ္တုပေက္ခာ- သဟဇာတ အတူတကွဖြစ်နေကြသည့်တရားစုတို့၌ ညီညွတ်အောင် အားထုတ်မနေရတော့ပဲ လျစ်လျူရှုခြင်းသဘောကိုဆိုသည်။
(၉) စျာနုပေက္ခာ- မိမိရရှိခံစားရမည့် စျာန်ချမ်းသာကိုပင် ချမ်းသာမှုသို့မကျရောက်စေပဲ လျစ်လျူရှုခြင်းကိုဆိုသည်။
(၁၀) ပါရိသုဒ္ဓုပေက္ခာ- ဆန့်ကျင်ဘက်ဖြစ်သော နီဝရဏဓမ္မတို့မှ သန့်စင်နေပြီဖြစ်၍ ထိုတရားဆိုးတို့ မဖြစ်စေရအောင် ကြောင့်ကြမှု မပြုရတော့သည်ကိုဆိုသည်။

ဥဘတောဗျည်းမျိုး ၂-ပါး

လူတစ်ကိုယ်တည်း၌ မိန်းမအင်္ဂါဇာတ် ယောက်ျားအင်္ဂါဇာတ်နှစ်မျိုးစုံ ပါသူကို”ဥဘတောဗျည်း”ခေါ်၏၊ အကျယ် ဝိနည်း ပါရာဇိကဏ် အဋ္ဌကထာ၌ ရှုလေ။
(၁) ယောက်ျား ဥဘတောဗျည်း- ယောက်ျားရုပ်ပုံ သဏ္ဌာန်ရှိ၍ လိင် ၂-ခုပါသည်၊ ကာမကိစ္စ၌ ယောကျ်ားအဖြစ်နှင့်လည်းပြုနိုင်သည်၊ ရံခါ မိန်းမအဖြစ်နှင့်လည်း ခံယူနိုင်သည်၊ သန္ဓေကိုပေးနိုင်၏၊ မိန်းမသဘောဖြင့်ခံယူသောအခါ သန္ဓေကို မယူနိုင်ချေ။
(၂) မိန်းမ ဥဘတောဗျည်း- မိန်းမရုပ်ပုံသဏ္ဌာန်ရှိ၍ မေထုန်မှု၌ မိန်းမကဲ့သို့လည်းခံယူနိုင်လျက်
ပဋိသန္ဓေကိုပါယူနိုင်သည်၊ ရံခါ ယောက်ျားကဲ့သို့လည်း သွားနိုင်၏၊ သို့သော် သန္ဓေကိုကား
မပေးနိုင်ချေ။

ဥမျိုး ၅-ပါး၊ ထိုငှက်များ၊ ခွဲခြားဖြေဆိုပါ

နာမည်၏အစ၌ ဥ, ပါသောငှက်များကို ဆိုသည်။
(၁) ဥဒေါင်း၊
(၂) ဥဗျိုင်း၊
(၃) ဥချိုး၊
(၄) ဥပုတ်၊
(၅) ဥဩ။

ဥယျာဉ်တော်ကြီး ၄-ပါး

တာဝတိံသာနတ်ပြည်၌ရှိသော ဥယျာဉ်တော် လေးပါးဟူလို။ အကျယ်ကို ဇိနာလင်္ကာရဋီကာ၌ ရှုလေ။
(၁) နန္ဒဝန် ဥယျာဉ်- အယုဇ္ဈပူရ မြို့တော်ကြီး၏မြောက်မျက်နှာ ယူဇနာ ၂၀-ကွာသော အရပ်မှာရှိ၏၊
နန္ဒမည်သောကန်ကြီးလည်း ၎င်းဥယျာဉ်အတွင်းမှာပင် ရှိ၏။
(၂) ဖာရုသက ဥယျာဉ်- တောင်မျက်နှာ ယူဇနာ ငါးဆယ်ကွာသောအရပ်၌ ရှိ၏
(၃) စိတ္တ လတာ ဥယျာဉ်- အရှေ့မျက်နှာ ယူဇနာ ၂၀-ကွာသောအရပ်မှာရှိ၏၊ ထို ဥယျာဉ်အတွင်း၌စိတ္တမည်သော ရေကန်ကြီးလည်းရှိ၏၊ အာသာဝတီမည်သော နွယ်နီနတ်ပန်းတို့သည်လည်း
ရှိကုန်၏။
(၄) မိဿက ဥယျာဉ်- အနောက်မျက်နှာ ယူဇနာ ၂၀-ကွာသောအရပ်၌ ရှိ၏၊ ထိုဥယျာဉ်ကြီးကားမွေ့လျော်ဖွယ်ရာအမျိုးမျိုးတို့ဖြင့် ရောထွေးသာယာလျက်ရှိ၏။

ဥဿဒငရဲငယ်၊ လေး, ငါး, ဆယ်၊ အဘယ်,အဘယ်နည်း

ထိုငရဲမျိုးကို ငရဲငယ်များ
ဟုခေါ်ကြသည်။ ၄-ပါး၊ ၅-ပါး၊ ၁၀-ပါးဟု အမျိုးမျိုးရှိသည်၊ အကျယ်ကို (ငရဲငယ်)ဟူသော ဝေါဟာရမှာပြမည်။

ဥဿဖရားမျိုး ၅-ပါး

၎င်း ဥဿဖယားကျောက်မျိုး ငါးပါးကို မဏိသျှတ္တရကျမ်းရင်း လင်္ကာအတိုင်း တန်ဖိုးနှင့်တကွ သရုပ်ကိုပါပြအံ့။
(၁) ဇမ္ဗုနာ ဥဿဖယား - ကျောက်မျက် ဥဿဖယား၊ အနွယ်ပြားသည်၊ ငါးပါး၌မှာ၊ ဇမ္ဗုနာကား၊ဆင်းဝါနွားနို့၊ ပြာညို့ညို့တည့်၊ နှစ်လို့လျောက်ပတ်၊ ရွှေတစ်ကျပ်ထက်၊ တင်လတ်လောက်ပေ၊ဖိုးထိုက်ရွှေကား၊ ငါးကျပ်သွား၏။
(၂) ယုတ္တာ ဥဿဖယား - ထူးခြားယုတ္တာ ကျောက်ဆင်းမှာကား၊ မှန်စွာကျစ်လျစ်၊ နွားနို့သစ်သို့၊ရွှေစစ်ကျပ်ပေါ်၊ တင်လောက်သော်မူ၊ ထိုက်လျော်ရွှေနီ၊ တစ်ကျပ်ညီ၏။
(၃) ဖလာ ဥဿဖယား - ကျောက်ရှင်ဖလာ၊ လက္ခဏာကား၊ ပြာပြာရှိထွေ၊ တစ်ကျပ်ရွှေထက်၊ တင်ပေလောက်ငြား၊ အဖိုးအားမူ၊ ရွှေသားနှစ်ကျပ်၊ သင့်ဆုံးဖြတ်လော့။
(၄) ဘသ္မာ ဥဿဖယား - တစ်ရပ် ဘသ္မာ၊ ရုပ်ဝါဆန်းထူး၊ ထင်းရှူးအဆင်း၊ တစ်ကျပ်တွင်းဝယ်၊ထည့်သွင်းလောက်တန်၊ ဖိုးထိုက်ဟန်ကား၊ အမှန်ရှေ့လာ၊ မထူးခြားတည်း။
(၅) ခတ္တိယာ ဥဿဖယား - တွင်ငြား ခတ္တိယာ၊ စိမ်းပြာညိုရောင်၊ ငှက်ခါးတောင်သို့၊ အခေါင်ရွှေစင်၊တစ်ကျပ်တွင်၌၊ ထားတင်လောက်လှ၊ သုဝဏ္ဏဟု၊ အဂ္ဃမှန်ရွှေ၊ ခြောက်ကျပ်နေသည်၊ လူ့ပြည်စံတုမကင်းတည်း။

ဥသျှောင် ၇-မျိုး၊ ဖွဲ့ထုံးရိုး၊ မင်းစိုးလှကညာ

မင်းခမ်းဝင် ဆံထုံးတော် ၇-မျိုးကိုပင် ဥသျှောင် ၇-မျိုးခေါ်သည်။
(၁) မြိတ်ဖြူ၊
(၂) မြိတ်စို့၊
(၃) မြိတ်လွတ်၊
(၄) စုလည်း၊
(၅) ယဂင်၊
(၆) လုံးတင်၊
(၇) မြိတ်ရစ်။

ဥသျှောင်ထုံးငြား၊ ငါးဆယ့်ငါး၊ မျိုးပြား အဘယ်နည်း

၎င်းသရုပ်ကို နန်းတွင်းစာဆိုတော် “ရဝေရှင်ထွေး”၏ဆံပင်ထုံးဖွဲ့နည်း ၅၅-မျိုးကို စပ်ဆိုထားသော “အန်ချင်း”ဖြင့် ထုတ်ဖေါ်လိုက်အံ့။ အစောတို့လေ၊ ရတနာတွေ၊ ရွှေမိုးစွေ၍၊ သပြေမည်ခံ၊ ပြည်ပုဂံဝယ်၊ နိုင်ငံကျယ်ပြော၊ ရှေးမင်းစောတို့၊ မုနောဇမ္ဗူ၊ စံတော်မူက၊
(၁) မြိတ်ဖြူ၊
(၂) မြိတ်စို့၊
(၃) သွယ်ညို့မြိတ်လွတ်၊
(၄) ရစ်ပတ်စုလည်း၊
(၅) လျော့ရည်းထုံးဖွဲ့၊
(၆) တုမဲ့ ရွှေရောင်၊ တိမ်တောင် တက်သက်၊
(၇) လျှပ်စစ်ပြက်သို့၊
(၈) စဝှက်ရောင်ပြေး၊
(၉) နှင်းသွေးမစို့၊
(၁၀) ကြာညို့ဝတ်ဆံ။
(၁၁) ဓူဝံ နှိုင်းယှဉ်၊ ရှုကြည့် မငြီး၊
(၁၂) ဦးပြည်းရွှင်ပျော်၊
(၁၃) ဇင်ယော်တန်းဝဲ၊
(၁၄) ပုလဲကိုးပုန်း၊
(၁၅) ဂမုန်းငုံအာ၊
(၁၆) လေသာဝေ့လည်၊
(၁၇) မြူချည်မတင်၊ ယဂင်ထုံးထုံး၊
(၁၈) လုံးတင်
(၁၉) ခရုချောင်၊
(၂၀) ထုံးကြောင်၊
(၂၁) ထုံးကြား။
(၂၂) ငါးပါးမြိတ်စို့၊
(၂၃) အောင်မျို့ နိမိတ်၊ မြိတ်ရစ်လှပ၊
(၂၄) ကရဝိကနှုတ်သီး၊
(၂၅) ဆိတ်သမီးနှင့်၊
(၂၆) ပြန်ပြီးဆယ်ထွေ၊
(၂၇) နေအရုဏ်ခံ၊
(၂၈) ညဉ့်ယံသောက်ရှူး၊
(၂၉) တိမ်ဦးနဂါး၊
(၃၀) လေးပါးရာသီ
(၃၁) နှိုင်းပြီစံလွတ်၊
(၃၂) နဂါးပတ်ကျော့ကွင်း၊
(၃၃) နန်းတွင်းမဉ္ဇူ၊
(၃၄) ထွက်ပြူ မုခ်ဝ၊
(၃၅) ပဒုမသိဒ္ဓိ၊
(၃၆) မဏိကိုးပါး၊
(၃၇) ချယားပွင့်သေး၊
(၃၈) ယုန်ရေးလဝယ်၊
(၃၉) နေလယ်ဥဒေါင်း၊
(၄၀) သုံးချောင်းခြူးယှက်။
(၄၁) စဝှက်ရောင်ချော၊
(၄၂) သင်္ဘောတံခွန်၊
(၄၃) အနန္တဖုသျှ၊ မောရဂီဝါ၊
(၄၄) ဟင်္သာစာခွံ့၊ ထုံးအံတစ်ခင်း၊
(၄၅) ပဇင်းတောင်ဖြန့်၊
(၄၆) သည်းညွန့်လက်သင်၊
(၄၇) ကွမ်းလင်၊
(၄၈) နောက်တွဲ၊
(၄၉) မုတ္တာရွဲနှင့်၊
(၅၀) ပုလဲကွန်ခြာ၊
(၅၁) ရတနာမဏ္ဍိုင်၊
(၅၂) ပွင့်ဆိုင် ပုဏ္ဍရိက်၊
(၅၃) နဂါးအိတ် လေးထောင့်၊
(၅၄) ရှစ်မြှောင့်၊
(၅၅) ပြန်ကာဖက်၊
ပန်းယှက်ခေါင်ဗွေ၊ နန်းလုံးဝေမျှ၊ မြုတေစံကျော်၊ နှိုင်းမမျှော်ကို၊ လွမ်းတော်မမူလှည့်ပြီလော... လေ၊ ဖေါ်ချင်းတို့လေ ဖေါ်ချင်းတို့။

ဦအက္ခရာ၊ ရေးထုံးလာ၊ မြန်မာ ၃-လုံးရှိ

မြန်မာစာပေ ရေးရာ၌ “အူ ဦ ဥု“၎င်း သုံးမျိုးကို ရေးထုံးပြကြသည်။

ဦးစွန်း ၅-ပါး၊ မြန်မာများ၊ ဆံထား ခေါင်ထိပ်ဗွေ

၎င်းသရုပ်ကို (မြန်မာ့ဦးစွန်း၊ ၅-မျိုးထွန်း)၌ ဆိုအံ့။

အုပ်ထိန်းခြင်းရှိသော မိန်းမ ၂၀

အုပ်ထိန်းခြင်းရှိသဖြင့် ယောက်ျားတို့ မသွားလာအပ်သော မိန်းမ ၂၀-ဟူလို။
(၁) မာတု ရက္ခိတ- အမိအုပ်ထိန်းသော မိန်းမ၊
(၂) ပိတု ရက္ခိတ- အဘ အုပ်ထိန်းသောမိန်းမ၊
(၃) မာတာပိတု ရက္ခိတ- မိဘ ၂-ပါးအုပ်ထိန်းသော မိန်းမ၊
(၄) ဘာတု ရက္ခိတ- မောင်ကြီးမောင်ငယ် အုပ်ထိန်းသောမိန်းမ၊
(၅) ဘဂိနိ ရက္ခိတ- အစ်မကြီး အစ်မငယ်အုပ်ထိန်းသောမိန်းမ၊
(၆) ဉာတိ ရက္ခိတ- ဆွေမျိုးအုပ်ထိန်းသောမိန်းမ၊
(၇) ဂေါတ္တ ရက္ခိတ- အနွယ်တူ အုပ်ထိန်းသောမိန်းမ၊
(၈) ဓမ္မရက္ခိတ- သီတင်းသုံးဖေါ် စောင့်ရှောက်အုပ်ထိန်းသေမိန်းမ။
မှတ်ချက်။ ။ ၎င်း ၈-ယောက်သောမိန်းမတို့ကား သူတို့မှာ ကံမထိုက်၊ သွားလာလွန်ကျူးသူ ယောက်ျားများမှာသာ ကံထိုက်သည်ဟူ၏။
(၉) သာရက္ခာ- ထိမ်းမြားကြောင်းလမ်းပြီးသူ “လက်ထပ်ပြီးသူ“လင်အုပ်ထိန်းသောမိန်းမ၊
(၁၀) သ ပရိဒဏ္ဍာ- မင်းတို့ကောက်ယူရန်သတ်မှတ်လျက် ဒဏ်ထားပြီးလျှင် အုပ်ထိန်းသောမိန်းမ၊
(၁၁) ဓနက္ကီတာ- ဥစ္စာဖြင့်ဝယ်ယူလျက် မယားအဖြစ်ထားသောမိန်းမ၊
(၁၂) ဆန္ဒ ဝါသိနီ- သဘောတူအလိုတူ၍ ညားနေသောမိန်းမ၊
(၁၃) ဘောဂ ဝါသိနီ- စည်းစိမ်ပေး၍ ပေါင်းဖေါ်သော မိန်းမ၊
(၁၄) ပဋဝါသိနီ- ပုဆိုးပေး၍ “ပုဆိုး တန်းတင်”ပြု၍နေသောမိန်းမ၊
(၁၅) ဩဒ ပတ္တကိနီ- ရေခွက်၌ လက်ဆုံချ၍မိဘနှစ်ပါး ထိန်းမြားပေးသောမိန်းမ၊
(၁၆) ဩဘဋ စုမ္ဗဋာ- ခေါင်းခုကိုချ၍ လင်မယားအဖြစ်နေသော မိန်းမ၊
(၁၇) ဒါသီ စ ဘရိယာ စ- ကျွန်လည်းဖြစ် မယားလည်းဖြစ်သော မိန်းမ၊
(၁၈) ကမ္မကာရီ စ ဘရိယာ စ- အမှုလုပ်လည်းဖြစ် မယားလည်းဖြစ်သော မိန်းမ၊
(၁၉) ဓဇာ ဟဋာ- စစ်မြေပြင်မှ ဆောင်ယူခဲ့သောမိန်းမ၊
(၂၀) မုဟုတ္တိကာ- တစ်ခဏ္ဏမျှ ပေါင်းဖေါ်ရန်ငှားရမ်းထားသော ခေတ္တမယားဖြစ်သူမိန်းမ။
မှတ်ချက်။ ။ ၎င်း ၁၂-ယောက်သောမိန်းမများကို သွားလာလွန်ကျူးခဲ့မူ လင်ရှိမယားဖြစ်၍ မိန်းမရောယောကျ်ားပါ နှစ်ဦးစလုံး ကံထိုက်သည်ဟူ၏၊ အကျယ်ကိုလိုမူ ပါရာဇိကဏ်ပါဠိတော် အဋ္ဌကထာဋီကာ။ အဘိ၊ဋ္ဌ၊၁၊မူလဋီကာမှာ ရှုပါလေ။

အုပ်ထိန်းရာသော မိန်းမ ၂၁-ပါး

စောင့်ရှောက်ထိန်းသိမ်းမှု အမြဲရှိနေအပ်သော မိန်းမမျိုး နှစ်ကျိပ်တစ်ပါးဟူ၏။ ဓမ္မသတ်မှ။
(၁) သက်ရွယ်ကြီးသော မိန်းမ၊
(၂) ရူးသော မိန်းမ၊
(၃) နူသော မိန်းမ၊
(၄) ကိုယ်ဝန်ရှိသော မိန်းမ၊
(၅) အရွယ်မရောက်သေးသော မိန်းမ၊
(၆) ခရီးဝေးကလာသော မိန်းမ၊
(၇) မြီကိုလို၍ ချုပ်ထားသောမိန်းမ၊
(၈) အဘ စောင့်သောမိန်းမ၊
(၉) အမိ စောင့်သောမိန်းမ၊
(၁၀) အဘိုး စောင့်သောမိန်းမ၊
(၁၁) အဘွား စောင့်သောမိန်းမ၊
(၁၂) အစ်မ စောင့်သောမိန်းမ၊
(၁၃) ညီမ စောင့်သောမိန်းမ၊
(၁၄) မောင်ကြီး စောင့်သောမိန်းမ၊
(၁၅) မောင်ငယ် စောင့်သောမိန်းမ၊
(၁၆) မိကြီးစောင့်သော မိန်းမ၊
(၁၇) မိထွေးစောင့်သော မိန်းမ၊
(၁၈) ဘကြီး စောင့်သောမိန်းမ၊
(၁၉) ဘထွေး စောင့်သောမိန်းမ၊
(၂၀) ဦးရီးစောင့်သောမိန်းမ၊
(၂၁) အရီးစောင့်သောမိန်းမ။
မှတ်ချက်။ ။ ဤနှစ်ကျိပ် တစ်ပါးသော မိန်းမများအနက် တစ်ဦးတစ်ယောက်သောမိန်းမကပင် မိမိ၏ကာမကို သဘောတူပေါင်းသင်းရန် ပေးသော်လည်း အုပ်ထိန်းသူတို့၏အခွင့်ကိုမရဘဲ ပေါင်းသင်းသောယောက်ျားအား ကြီးလေးသောအပြစ်ဒဏ်ကိုပေးရမည်ဟု မနုကျယ် ဓမ္မသတ် ဆဋ္ဌမတွဲ ပုဒ်မ ၂၈-တွင် ဆိုလေသည်။

ဧကဘဏ္ဍာ၊ ခိုးနည်းလာ၊ ၅-ဖြာအဘယ်နည်း

၎င်းသရုပ်ကို ခိုးခြင်း ၂၅-ပါး၌ ရှုပါ။

ဧကမန္တာ၊ သင့်လျော်ရာ၊ ၆-ဖြာ အရပ်မျိုး

ဝိ၊ဋ္ဌ၊၁၊၁၀၁။ ဗုဒ္ဓဘုရားနှင့်ရဟန်းသံဃာတော်များအား ဆည်းကပ်ခစား တရားနာသောအခါ အပြစ်ခြောက်ပါးမှ လွတ်မြောက်၍ သင့်တင့်လျောက်ပတ်သော အရပ်များကို ဆိုသည်။
(၁) ဝေးလွန်းသောအရပ်၊
(၂) နီးလွန်းသောအရပ်၊
(၃) မြင့်သော အရပ်၊
(၄) လေညာ လေတင်အရပ်၊
(၅) နောက်ကျောတည့်တည့် အရပ်၊
(၆) ရှေ့တည့်တည့်အရပ်။

ဧကမန္တာ သင့်လျော်ရာ၊ ၈-ဖြာရပ် တစ်နည်း

၎င်း၏ သရုပ်ကို (နိသဇ္ဇ ဒေါသမျိုး ၈-ပါး) ဟူသော သုတေသန၌ ဆန့်ကျင်ဘက်ပြန်ယူပါလေ။

ဧတဒဂ် ဘွဲ့တံဆိပ်တော်ရ ရဟန်းယောက်ျား ၄၁-ပါး

အံ၊၁၊၂၃။
(၁) “အဂ္ဂရတ္တညူ“ဘွဲ့တံဆိပ်ရသူ အရှင်ကောဏ္ဍည၊
(၂) “အဂ္ဂ မဟာပညာ“ဘွဲ့တံဆိပ်ရသူ အရှင် သာရိပုတ္တရာ၊
(၃) တန်ခိုးအရာ၌ “အဂ္ဂ ဣဒ္ဓိမန္တ“ဘွဲ့တံဆိပ်ရသူ အရှင်မောဂ္ဂလ္လာန်၊
(၄) ဓူတင်ဆောင် “အဂ္ဂ ဓုတင်္ဂဓရ”ဘွဲ့တံဆိပ်ရသူ အရှင် မဟာကဿပ၊
(၅) “ဒိဗ္ဗစက္ခုဉာဏ်“ဘွဲ့တံဆိပ်ရသူ အရှင်အနုရုဒ္ဓါ၊
(၆) အမျိုးမြတ်”အဂ္ဂ ဥစ္စကုလိက“ဘွဲ့တံဆိပ်ရသူ အရှင် ဘဒ္ဒိယ၊ ၎င်းသည် ဘဝမခြားဘဲ ငါးရာတိုင်တိုင်ဆက်၍မင်းဖြစ်ဖူးသောကြောင့် အမျိုးမြတ်ဘွဲ့ထူးတံဆိပ်ရသည်ဟူ၏၊
(၇) အသံကောင်း “အဂ္ဂ မဉ္ဇူသရ“ဘွဲ့တံဆိပ်ရသူ အရှင်လကုဏ္ဍက ဘဒ္ဒိယ၊
(၈) ခြင်္သေ့သံဖြင့်ကြုံးဝါးသည့် “အဂ္ဂ သီဟနာဒိက“ဘွဲ့တံဆိပ်ရသူ
အရှင် ပိဏ္ဍောလ ဘာရဒွါဇ၊ ၎င်းသည် အရဟတ္တဖိုလ်ရသည့်နေ့မှာပင် မဂ်ဖိုလ်၌ သံသယရှိသောသူ
သည်ငါ့ကိုမေးကြဟု မကြောက်မရွံ့ ခြင်္သေ့သံဆို၍ ဘုရားရှေ့တော်၌လည်း အရှင်ဘုရားသာသနာ
တော်၌ပြုဖွယ်ကိစ္စသည် အကျွန်ုပ်အား အပြီးတိုင်ရောက်ပါပြီဟု ခြင်္သေ့သံကိုဆိုလေသည်၊ ထို့ကြောင့် ဧတဒဂ်ရသည်ဟူ၏၊
(၉) တရားဟောကောင်း “အဂ္ဂ ဓမ္မကထိက“ဘွဲ့တံဆိပ်ရသူ အရှင်ပုဏ္ဏ၊
(၁၀) အကျဉ်းကိုအကျယ်ဖွဲ့တတ်ရာ၌ တံဆိပ်ရသူ အရှင်မဟာကစ္စည်း၊
(၁၁) စိတ်နှလုံးဖြင့်ပြီးသော ကိုယ်ကိုဖန်ဆင်းရာ၌ “အဂ္ဂ စေတာ ဝိဝဋ္ဋ“ဘွဲ့တံဆိပ်ရသူ အရှင်စူဠပန်၊
(၁၂) “အဂ္ဂ သညာ ဝိဝဋ္ဋ ကုသလ“အရာ၌ ဘွဲ့တံဆိပ်ရသူ အရှင် မဟာပန်၊
(၁၃) ကိလေသာကင်း၍နေသောအရာ မြတ်သောအလှူခံပုဂ္ဂိုလ်အရာတို့၌ ဘွဲ့တံဆိပ်နှစ်ထပ်ရသူ အရှင် သုဘူတိထေရ်၊
(၁၄) အရညကင်တောရ ဘွဲ့တံဆိပ်ရသူ ရှားတောနေ အရှင်ရေဝတထေရ်၊
(၁၅) စျာန်ဝင်စားသောအရာ၌ဘွဲ့တံဆိပ်ရသူ အရှင် ကင်္ခါရေဝတ၊
(၁၆) လုံ့လဝီရိယအရာ၌ ဘွဲ့တံဆိပ်ရသူ ကုဋေ ၂၀-တန် တန်ဆာကို လူ့ဘဝက ဝတ်ဆင်ခဲ့ဖူးသော သူဌေးသား သောဏခေါ် အရှင်ကောဋိဝိသသောဏ၊
(၁၇) သာယာ နာပျော်ဖွယ်ရှိအောင် ရွတ်ဖတ်တတ်သောအရာ၌ “အဂ္ဂ ကလျာဏ ဝါက္ကရ“ဘွဲ့တံဆိပ်ရသူ လူ့ဘဝက တစ်ကုဋေတန် နားတောင်းတန်ဆာ ဆင်ပန်ခဲ့ဖူးသည့် အရှင် ကုဋိကဏ္ဏသောဏ၊
(၁၈) လာဘ်ပေါများသော အရာ၌ “အဂ္ဂ လာဘီ“ဘွဲ့တံဆိပ်ရသူ အရှင်သီဝလိ၊
(၁၉) သဒ္ဓါအားကြီးသောအရာ၌ “အဂ္ဂ သဒ္ဓါဓိမုတ္တ“ဘွဲ့တံဆိပ်ရသူ အရှင် ဝက္ကလိ၊
(၂၀) သိက္ခာသုံးပါးကို လိုလားလိုက်နာရာ၌ “အဂ္ဂ သိက္ခာကာမ“ဘွဲ့တံဆိပ်ရ သားတော် အရှင်ရာဟုလာ။
(၂၁) “အဂ္ဂ သဒ္ဓါ ပဗ္ဗဇ္ဇိတ“အရာ၌ ဘွဲ့တံဆိပ်ရသူ အရှင် ရဋ္ဌပါလ၊
(၂၂) စာရေးတံခေါ် မဲလိပ်ချအလှူကို ရှေးဦးစွာယူရာ၌ “အဂ္ဂ ပဌမ သလာက ဂဏှန္တ“ဘွဲ့တံဆိပ်ရသူ အရှင် ကောဏ္ဍဒါန၊
(၂၃) ကဗျာကာထာ သီကုံးဖွဲ့ဆိုရာ၌ လျင်မြန်ခြင်း “အဂ္ဂ ပဋိဘာဝနဝန္တ“ဘွဲ့တံဆိပ်ရသူ အရှင် ဝင်္ဂီသ၊
(၂၄) ထက်ဝန်းကျင်ကြည်ညိုဖွယ်ကို ဆောင်ရာ၌ “အဂ္ဂ သမန္တ ပါသာဒိက“ဘွဲ့တံဆိပ်ရသူ အရှင် ဥပသေန၊ (၂၅) ကျောင်းအိပ်ယာနေရာ ခင်းတတ်ရာ၌ “အဂ္ဂ သောနာသန ပညာပက“ဘွဲ့တံဆိပ်ရသူ အရှင် ဒဗ္ဗ၊
(၂၆) နတ်တို့ချစ်မြတ်နိုးအပ်သည့်အရာ၌ “အဂ္ဂ ဒေဝါနံ ဝိယမနာပ“ဘွဲ့တံဆိပ်ရသူ အရှင် ပိလိန္ဒဝစ္ဆ၊
(၂၇) တရားကို လျင်စွာသိသောအရာ၌ “အဂ္ဂ ခိပ္ပါဘိည”ဘွဲ့တံဆိပ်ရသူ အရှင်ဒါရုစိ၊
(၂၈) ဆန်းဆန်းကြယ်ကြယ်စကားကိုပြောဆိုတတ်ရာ၌ “အဂ္ဂ စိတ္တ ကထိက“ဘွဲ့တံဆိပ်ရသူ အရှင်ကုမာရကဿပ၊
(၂၉) “အဂ္ဂ ပဋိသမ္ဘိဒါပတ္တ“ဉာဏ်အရာ၌ ဘွဲ့တံဆိပ်ရသူ အရှင် မဟာကောဋ္ဌိတ၊
(၃၀) ဗဟုသုတအရာ, သတိမမေ့သည့်အရာ, ပညာလျင်သည့်အရာ, လုံ့လရှိသည့်အရာ, အလုပ်အကျွေးကောင်း, ပေါင်း ဘွဲ့တံဆိပ်ငါးထပ်ရသူ အရှင် အာနန္ဒ။
(၃၁) အခြံအရံများခြင်း၌ “အဂ္ဂ မဟာပရိသ“ဘွဲ့တံဆိပ်ရသူ အရှင် ဥရုဝေဠကဿပ၊
(၃၂) အမျိုးကို ကြည်ညိုအောင်ပြုလုပ်တတ်ရာ၌ “အဂ္ဂ ကုလပသာဒက“ဘွဲ့တံဆိပ်ရသူ အရှင် ကာလုဒါယီ၊ (၃၃) အနာရောဂါကင်းရာ၌ “အဂ္ဂ အပ္ပါဗာဓိက“ဘွဲ့တံဆိပ်ရသူ အရှင် ဗာကုလ၊ ၎င်းသည် အယုတ်သဖြင့် သန်းဝေခြင်း ချေဆတ်ခြင်းမျှမရှိ ဟူသတ်၊
(၃၄) ပုဗ္ဗေနိဝါသဉာဏ်၌ “အဂ္ဂ ပုဗ္ဗေနိဝါသ အနုဿရန္တ“ဘွဲ့တံဆိပ်ရသူအရှင်သောဘိတ၊
(၃၅) ဝိနည်းဓိုရ်ရာထူး၌ “အဂ္ဂ ဝိနယဓရ“ဘွဲ့တံဆိပ်ရသူ အရှင် ဥပါလိ၊
(၃၆) ဘိက္ခုနီမတို့ကိုဆုံးမရာ၌ အကောင်းဆုံး “အဂ္ဂဘိက္ခုနောဝါဒက“ဘွဲ့တံဆိပ်ရသူ အရှင် နန္ဒက၊
(၃၇) ဣန္ဒြေကောင်းရာ၌”အဂ္ဂ ဣန္ဒြေိယဂုတ္တဒွါရ“ဘွဲ့တံဆိပ်ရသူ ညီတော်မင်းနန်ခေါ် အရှင်နန္ဒ၊
(၃၈) ရဟန်းတော်တို့ကို ဆုံးမရာ၌အကောင်းဆုံး “အဂ္ဂ ဘိက္ခု ဩဝါဒက“ဘွဲ့တံဆိပ်ရသူ အရှင် မဟာကပ္ပိန္န၊ (၃၉) တေဇောကသိုဏ်းရာထူး၌”အဂ္ဂ တေဇောဓါတု ကုသလ“ဘွဲ့တံဆိပ်ရသူ အရှင် သာဂတထေရ်၊
(၄၀) ဒေသနာတော် အသစ်အသစ်တင်ရာ၌ “အဂ္ဂ ပဋိဘာနေယျက“ဘွဲ့တံဆိပ်ရသူ အရှင် ရာဓ၊
(၄၁) ညစ်နွမ်းခေါင်းပါးသော ပံ့သကူသင်္ကန်းကို ဆောင်ရာ၌ “အဂ္ဂ လုခ စီဝရ ဓရ“ဘွဲ့တံဆိပ်ရသူ အရှင် မောဃရာဇ။

ဧတဒဂ် ဘွဲ့တံဆိပ်တော်ရ ရဟန်းမိန်းမ ၁၃-ပါး

(၁) မိထွေးတော် မဟာပဇာပတိ ဂေါတမီ ထေရီ- “အဂ္ဂ ရတ္တညူ“ဘွဲ့တံဆိပ်တော်ရသည်။
(၂) ခေမာ ထေရီ “အဂ္ဂ မဟာပညာ“ဘွဲ့တံဆိပ်တော်ရသည်။
(၃) ဥပ္ပလဝဏ် ထေရီ- “တန်ခိုးကြီး“ဘွဲ့တံဆိပ်တော်ရသည်။ ဘုရားရှင် ယမိုက်ပြာဋိဟာ ပြခါနီး၌အရှင်ဘုရား တန်ခိုးပြတော်မမူပါနှင့်တော့၊ တပည့်မသည် အလျား ၁၂-ယူဇနာ၊ အနံ ၁၂-ယူဇနာ၊ အဝန်း ၃၆-ယူဇနာ၊ ဗိုလ်ထုနှင့် စကြာမင်းဟန်ဖန်ဆင်း၍ ခြေတော်မြတ်ကို ဦးတိုက်ပါမည်ဟု လျှောက်ထားရာတွင်ဧတဒဂ် ဘွဲ့ထူးရလေသည်။
(၄) ပဋာစာရီ ထေရီ- ဝိနည်းဓိုရ်အရာ၌ “အဂ္ဂ ဝိနယ ဓါရီ“ဘွဲ့တံဆိပ်တော်မြတ်ရသည်။
(၅) ဓမ္မဒိန္နာ ထေရီ “အဂ္ဂ ဓမ္မကထိက“ဘွဲ့တံဆိပ်တော်ရသည်။ ဝိသာခါ ဒါယိကာမကြီးက တရားဟောရန်လျှောက်ထားတောင်းပန်သောကြောင့် အထူးထူးသောနည်းတို့ဖြင့် ခက်ခဲနက်နဲသိမ်မွေ့သောမူလပဏ္ဏာသကျမ်း၌ “စူဠဝေဒလ္လ“သုတ်ကိုဟောတော်မူရာ ငါဘုရားဟောသော်လည်း သည်အတိုင်းပင် ဟောရတော့မည်ဟု ကောင်းချီးပေးလျက် ဧတဒဂ်ဘွဲ့ထူးကို အပ်နှင်းချီးမြှောက်လေသည်ဟူ၏။
(၆) နန္ဒာ ထေရီ- စျာန်ဝင်စားသောအရာ၌ “အဂ္ဂ စျာယိကာ“ဘွဲ့ထူးတံဆိပ်တော်ရသည်။
(၇) သောဏာ ထေရီ- “လုံ့လ ဝီရိယကောင်း“ဘွဲ့တံဆိပ်တော်ရသည်။
(၈) ဗကုလာ ထေရီ- “ဒိဗ္ဗစက္ခုဉာဏ်“ဘွဲ့တံဆိပ်တော်ရသည်။ (အချို့မူ၌ “သကုလာ”ဟု ရှိသည်။)
(၉) ဘဒ္ဒါ ကုဏ္ဍလ ကေသာ ထေရီ- အဘိညာဉ်အရာ၌ လျင်မြန်သောကြောင့် “အဂ္ဂ ခိပ္ပါဘိည“တံဆိပ်တော်ရသည်။
(၁၀) ဘဒ္ဒါ ကပိလာနီ ထေရီ- “ပုဗ္ဗေနိဝါသဉာဏ်“တံဆိပ်တော်ရသည်။
(၁၁) ရာဟုလာမယ်တော် ဘဒ္ဒကဉ္စနာ ယသော်ဓရာ ထေရီ- “ဉာဏ်အမြင်ကြီးရာ၌“တံဆိပ်တော်
ရသည်။
(၁၂) ကိသာ ဂေါတမီ ထေရီ- ညစ်နွမ်းခေါင်းပါးသော ပံ့သကူသင်္ကန်းကို ဆောင်ရာ၌ “အဂ္ဂ လူခ စီဝရ ဓါရီ“တံဆိပ်တော်မြတ်ရသည်။
(၁၃) သိင်္ဂါလ မာတာ ထေရီ- သဒ္ဓါတရားကောင်း “သဒ္ဓါဓိမုတ္တ“ဘွဲ့တံဆိပ်တော်မြတ်ရ
လေသည်။

ဧတဒဂ် ဘွဲ့တံဆိပ်ရ လူမိန်းမ ၁၀-ယောက်

(၁) သေနိယ သူဌေးသမီး သုဇာတာ- ရှေးဦးစွာ သရဏဂုံဆောက်တည်ရာ၌ “အဂ္ဂ ပထမ သရဏဂမဏ“ဘွဲ့တံဆိပ်တော်ရလေသည်။
(၂) ပုဗ္ဗာရုံ ကျောင်းအမကြီး ဝိသာခါ- အလှူဒါနအရာ၌ အများဆုံး ဘွဲ့တံဆိပ်တော်
ရလေသည်။
(၃) ခုဇ္ဇုတ္တရာ- “အဂ္ဂ ဗဟုသုတ“ဘွဲ့တံဆိပ်တော်ရလေသည်။ ၎င်းသည် အကြားအမြင်များ၍ သာမာဝတီကြီးမှူးသော အုပ်စုငါးရာတို့အား သင်ကြားပို့ချရလေသည်၊ ၎င်းသင်ကြားပို့ချရသော ကျမ်းကားသုတ္တန်ပိဋက၌ ဣတိဝုတ္တက ကျမ်းဟူ၍ ကျမ်းသီးတစ်စောင်ပင်ဖြစ်လေသည်၊ သည်ကို အကြောင်းပြု၍ဧတဒဂ်ဘွဲ့ထူးရသည်ဟူ၏။
(၄) သာမာဝတီ-မေတ္တာဖြင့်နေသောအရာ၌ “အဂ္ဂ မေတ္တာ ဝိဟာရီ“ဘွဲ့တံဆိပ်ကို ရလေသည်။
(၅) နန္ဒမာတာ ဥတ္တရာ- စျန်ဝင်စားရာ၌ “အဂ္ဂစျာယီ“ဘွဲ့တံဆိပ်တော်ကို ရလေသည်။
(၆) ကောလိယမင်းသမီး သုပ္ပဝါသာ- အကောင်းအမြတ်ပေးလှူရာ၌ “အဂ္ဂ ပဏီတ ဒါယိကာ“ဘွဲ့တံဆိပ်ကိုရလေသည်။
(၇) သုပ္ပိယာ-သူနာကို ပြုစုလုပ်ကျွေးရာ၌ အကောင်းဆုံးသူနာပြုတတ်သူ “အဂ္ဂ ဂိလာနုပဋ္ဌာက“ဘွဲ့တံဆိပ်တော်ကို ရလေသည်။
(၈) ကောတိယာနီ- မတုန်မလှုပ် ကြည်ညိုရာ၌ “အဂ္ဂ အဝေစ္စ ပသန္န“ဘွဲ့တံဆိပ်တော်ရလေသည်။
(၉) နကုလ မာတာ ဘုရားနှင့်အကျွမ်းဝင်ခြင်း၌”အဂ္ဂ ဝိဿာသီက“ဘွဲ့တံဆိပ်တော်ကို ရလေသည်။(နကုလ ပိတာ နှင့်တူ)
(၁၀) ကာလီ ခေါ် ဒါယိကာမ- အဆင့်ကြားအားဖြင့် ဘုရားကိုကြည်ညိုသောအရာ၌ “အဂ္ဂ အနုဿဝ ပသန္န”ခေါ် ဘွဲ့တံဆိပ်တော်ကို ရလေသည်။

ဧတဒဂ်ဘွဲ့ထူး ခံယူရသူ လူဒါယကာ ယောက်ျား ၁၀-ယောက်

(၁) “တဖုဿ ဘလ္လိက“ကုန်သည် ညီနောင်- ရှေးဦးစွာ သရဏဂုံဆောက်တည်ရာ၌ ဘွဲ့ထူးရလေသည်၊၎င်းတို့သည် ဘုရားဖြစ်၍ ၄၉-ရက်အလွန် လင်းလွန်းပင်ရင်းမှာ ဘုရားနှင့်ရှေးဦးစွာတွေ့သောလူထူးလူမြတ်တို့ပေတည်း၊ သို့သော် သံဃာမရှိသေးရကား “ဒွေဝါစိက သရဏဂုံ”သာ ရသည်။
(၂) အနာထပိဏ် သူဌေးကြီး- အလှူဒါနအရာ၌ အများဆုံးဘွဲ့တံဆိပ်တော်ရလေသည်။
(၃) စိတ္တသူကြွယ်- တရားဟောကောင်း ဘွဲ့တံဆိပ်ရလေသည်။ ၎င်းသည် ရုပ် နာမ် ကံ ဝိပါက်တို့၌အထူးလိမ္မာလျက် နောင်ခါ သဠာယတနသံယုတ်၌ သုတ်ပေါင်းတစ်ဆယ်ကျော်ရှိသော “စိတ္တသံယုတ်”ကိုဟောရာတွင် ဧတဒဂ်ဘွဲ့တံဆိပ်တော်မြတ်ရလေသည်။
(၄) ဟတ္ထာဠာဝက- “သင်္ဂဟဝတ္ထုလေးပါးဖြင့် ထောက်ပံ့၍ ပရိတ်သတ်အား မိမိထံသို့ရောက်အောင်ဆွဲဆောင်ရာ၌“ဘွဲ့တံဆိပ်တော်ရလေသည်။
(၅) မဟာနံ သာကီဝင်မင်း- အခါမပြတ် အကောင်းအမြတ်တို့ကို ပေးလှူတတ်ရာ၌ “အဂ္ဂ ပဏီတ ဒါယကာ“ဘွဲ့တံဆိပ်ရလေသည်။
(၆) ဝေသာလီမြို့နေ ဥဂ္ဂသူကြွယ်- နှစ်သက်ဖွယ်အရာကို ပေးလှူတတ်သည့်အရာ၌ “အဂ္ဂ မနာပ ဒါယကာ”ဘွဲ့တံဆိပ်တော်ရလေသည်။
(၇) ဟတ္ထိဂါမရွာနေ ဥဂ္ဂသူကြွယ်- သံဃာအလုပ်အကျွေးကောင်း “အဂ္ဂ သံဃုပဋ္ဌာက“ဘွဲ့တံဆိပ်တော်ရလေသည်။
(၈) သူရပန်- မတုန်မလှုပ် ကြည်ညိုရာ၌ “အဝေစ္စ ပသန္န“ဘွဲ့တံဆိပ်ရလေသည်၊ အချို့မူ၌ သုရဗန္ဓ-သူရဗန်ဟုရှိသည်။
(၉) ဆရာဇီဝက- ပုဂ္ဂိုလ်ကို ကြည်ညိုတတ်သောအရာ၌ ဘွဲ့တံဆိပ်ရလေသည်၊ သီလ သမာဓိ ပညာစသော ဂုဏ်ကျေးဇူး အထူးရှိသောရဟန်းကို ဂုဏ်ကျေးဇူးအလျောက် အထူးတလည် ကြည်ညိုမြတ်နိုးတတ်သောကြောင့် “ပုဂ္ဂလ ပသန္န“ဘွဲ့တံဆိပ်ရသည်ဟူ၏။
(၁၀) နကုလပိတာ သူကြွယ်- ဘုရားနှင့် အကျွမ်းဝင်ရာ၌ ဘွဲ့တံဆိပ်ရသည်၊ သူသည် ဘုရားရှင်ကိုရှေးဦးအကြိမ်တွေ့ကာမျှပင် “ချစ်သားရယ် ဒီမျှလောက်ကြာမြင့်အောင် မိဘကိုစွန့်၍ ဘယ်အရပ်သို့ ကြွနေသနည်း”ဟု အကျွမ်းတဝင်ပြောဆိုလေသည်၊ သို့ဆိုနိုင်ခြင်းကား ဘဝမခြားဘဲ ငါးရာတိုင်တိုင်ဘုရားရှင်၏အဘဖြစ်ဖူးပြီ၊ ထို့အတူ ဘကြီးငါးရာ ဘထွေးငါးရာ ဝရီးအဖြစ် အကြိမ်ငါးရာ ဘဝမခြားဘဲဖြစ်ဖူးသည်ကိုစွဲ၍ အကျွမ်းတဝင် ဘုရားရှင်အား “ချစ်သား ချစ်သား”နှင့် ခေါ်လေ့ရှိသတတ်၊ ထို့ကြောင့် “ဝိဿာသက”ဘွဲ့တံဆိပ်ရလေသည် ဟူ၏။

ဧဟိဘိက္ခုရဟန်းတော်ပေါင်း ၂၈၆၄၇- ပါး

မြတ်စွာဘုရားလက်ထက်တော်၌ ဧဟိဘိက္ခုရဟန်းအဖြစ်ရယူသွားကြသော ရဟန်းတော်များ အရေအတွက် သရုပ်ကား
ဝိနည်း ပိဋကတော်၌ ပဉ္စဝဂ္ဂီငါးပါး၊
ယသသတို့သားနှင့်အပေါင်းအဖေါ်များ၊ ပေါင်း ၅၅-ပါး၊
ဘဒ္ဒဝဂ္ဂီညီနောင်သုံးကျိပ်၊
ရသေ့ (ရှင်) ၁၀၀၀၊
အဂ္ဂသာဝက ၂-ပါးနှင့် ပရိဗိုဇ်များ၊ ပေါင်း ၂၅၀။
အင်္ဂုလိမာလ ၁-ပါး၊ ပေါင်း ၁၃၄၄-ပါး၊
သုတ္တန်ပိဋကထိုထိုနိကာယ်တို့၌ကား သေလပုဏ္ဏားနှင့် အဖေါ် ၃၀၀၊
မဟာကပ္ပိနမင်းကြီးနှင့် အမတ် ၁၀၀၀၊
ကပိလဝတ်ပြည်သား ၁၀၀၀၀၊
ပါရာယနိက ပုဏ္ဏားနှင့် အဖေါ် ၁၆၀၀၀၊ ပေါင်း ၂၇၃၀၃ဖြစ်၍
၂-ရပ်ပေါင်းသော် ၂၈၆၄၇-ပါးဖြစ်၏။
မှတ်ချက်။ ။ ဤကား ဝိနည်းနှင့် သုတ္တန် ပိဋကတော်လာ ထင်ရှားသောနေရာများမှ ယူပြခြင်းသာဖြစ်၍ထို့ထက်အလွန်လည်း များစွာပင်ရှိတန်ရာသေးသည်ဟု မှတ်ယူရမည်။

အဲမောင်းရေး ၃၇-မျိုး

လှံတံမျိုး ထိုးဟန်ပြရေးဟူ၏။
(၁) ပယ်ဝန်း- သက်တင် ရေသောက်ဟန်၊
(၂) ပယ်စိတ်- ခြင်္သေ့တန်းဆွဲဟန်၊
(၃) ပယ်ခွဲ- စလွယ်တင်ဟန်၊
(၄) စန္ဒရရှက်- သိကြား တန်ဆောင်ကိုင်ဟန်၊
(၅) လေးကျွန်းမှန်ကူ- ဗြဟ္မာ လက်လှမ်းဟန်၊
(၆) ဘုံနန်းတန်ဆောင်- က ဦးဟန်၊
(၇) စွန်ဝဲ- ဟင်္သာ တောင်ယက်ဟန်၊
(၈) ဆင်ထူး- စွန်တောင်ဖြန့်ဟန်၊
(၉) ရွှေနန်းတိုင်စီ- ကြင်စပန်း တင်ဟန်၊
(၁၀) ကြာချပ်- တင်ပိုက်စီးဟန်။
(၁၁) အုန်းပင်ရေသွန်း- ဂဠုန် တောင်ညှပ်ဟန်၊
(၁၂) နွယ်ထွက်-တိမ်ချည်ဖုံးဟန်၊
(၁၃) စွန်သုတ်-တံပိုးသွဲ့ဟန်၊
(၁၄) ရှစ်မြှောင့်ခိုနန်း- အမြီးသွေးဟန်၊
(၁၅) လက်ယာဆက်ကြာဖူး- လက်ဝဲစလွတ်တင်ဟန်၊
(၁၆) နွယ်ဝင်- ပြည်လုံးရစ်လည်ဟန်၊
(၁၇) နဝတတ်ရေလည်- ကြက် မိုးစွတ်ခါဟန်၊
(၁၈) ရာဇမတ်-ရေရစ်လည်ဟန်၊
(၁၉) ခိုနန်းပုံလိမ်- က ညောင်းတင်ဟန်၊
(၂၀) ရွှေတံခွန်- ပင်လယ်တောင်ဝှေးစွဲဟန်။
(၂၁) မြင်းမိုရ်ပုံလိပ်- လက်ဝဲက ဦးဟန်၊
(၂၂) ကြာယပ်- လက်ဝဲရင်အုပ်ဟန်၊
(၂၃) နတ်သားဗိမာန်-လက်ယာရင်အုပ်ဟန်၊
(၂၄) ကျွဲတုံးတင်- ရပြွေက် ဟန်လွှဲဟန်၊
(၂၅) မင်တင်- ဝါကြိတ်လိမ်ဟန်၊
(၂၆) ကွန်ရုံးတက်- ခြည်သွတ်ဟန်၊
(၂၇) ခရုပတ်- ပုစ္ဆန်းတန်းဆွဲဟန်၊
(၂၈) အောက်ချင်းပုံ တံဆိပ်-ရွှေလှံမောက်တိုရိပ် ကစားဟန်၊
(၂၉) ပိုးခြည်လွှား- ဘယ်ညာ လှံရေးကစားဟန်၊
(၃၀) ကြာသွတ်အိုး-ရွှေလှံဝဲရစ်ထောက် ကစားဟန်။
(၃၁) ရွှေတံဆိပ်- ဆင်ကန်းတောတိုးဟန်၊
(၃၂) ဝန်းကျင်ပတ်သန်း- သမက် စောင်ရန်းစီးဟန်၊
(၃၃) ဘီလူးတိုင်ရေးလု- ရွှေလှံကျားမြီးဆွဲဟန်၊
(၃၄) ဘီလူးပုခက်စီး- ကျွဲမြီးခတ်ဟန်၊
(၃၅) ဘီလူးနားထွင်း-ရွှေလှံ ဆံထုံးရစ်ဟန်၊
(၃၆) ဟန်ယဉ်- ရွှေလှံ လက်ဝဲကိုင်ဟန်၊
(၃၇) ရေကန်သက်ဆင်း- ရွှေလှံ ဘယ်ညာလွှဲဟန်။

ဩမျိုး ၂-ပါး

(၁) ဩ
(၂) အော။
၁-ဩ ကား၊ ပါဠိ၌များ၏။

ဩဃတရား ၄-ပါး

သံ၊ဋ္ဌ၊၃၊၁၆။ သတ္တဝါတို့အား ၃၁-ဘုံ ရေအလျဉ်၌ ဆွဲနှစ်ညှဉ်းပန်းနှိပ်စက်တတ်သောတရား ၄-ပါး။
(၁) ကာမောဃ- ကာမ ၁၁-ဘုံ၌တပ်သော လောဘတဏှာ၊
(၂) ဘဝေါဃ-ရူပ အရူပဘုံတို့၌ တပ်သော လောဘတဏှာ၊
(၃) ဒိဋ္ဌောဃ- မှားသောမိစ္ဆာအယူ ဒိဋ္ဌိစေတသိက်၊
(၄) အဝိဇ္ဇောဃ- သစ္စာအမြင်ဉာဏ်ကို ပိတ်ဆည်းသော မောဟ၊ အဝိဇ္ဇာ။

ဩဇာအပြား၊ မျိုး ၃-ပါး၊ ထင်ရှားကျမ်း၌လာ

ပါဌာနုသာရကျမ်း၌ အောက်ပါ ဩဇာသုံးပါးကို တွေ့ရ၏။
(၁) အစာဩဇာ- သတ္တဝါ၏ရုပ်ကိုဖြစ်စေခြင်းသတ္တိ၊
(၂) မြေဩဇာ-သစ်ပင်တို့ကိုဖြစ်စေခြင်းသတ္တိ၊
(၃) လူဩဇာ- အမှုကိစ္စတို့ကိုပြီးစေခြင်းသတ္တိ။

ဩဋ္ဌဇ အက္ခရာ ၉-လုံး

နှုတ်ခမ်းအရပ်မှ မြည်ထွက်လာသော အက္ခရာမျိုး ၉-ပါး။ နှုတ်ခမ်း ၂-ခုကိုပြုပြင်၍ရွတ်ဖတ်ရသည်ဟူလို။ “ပ ဖ ဗ ဘ မ ဝ ဥ ဦ ဩ “။

ဩဓိဿ မေတ္တာ ၇-ပါး

မိန်းမ ယောကျ်ားစသည်ဖြင့် ရည်ညွှန်းကန့်သန်၍ပို့သောမေတ္တာ။
(၁) သဗ္ဗာ ဣတ္ထိယော- မသတ္တဝါအားလုံး၊
(၂) သဗ္ဗေ ပုရိသာ- ဖို သတ္တဝါအားလုံး၊
(၃) သဗ္ဗေ အရိယာ-အရိယာရှစ်ယောက်၊
(၄) သဗ္ဗေ အနရိယာ- ပုထုဇဉ်မှန်သမျှ၊
(၅) သဗ္ဗေ ဒေဝါ- နတ် ဗြဟ္မာအားလုံး၊
(၆) သဗ္ဗေ မနုဿာ- လူများအားလုံး၊
(၇) သဗ္ဗေ ဝိနိပါတိကာ- ဝိနိပါတိက ပြိတ္တာများအားလုံး။

ဩရမ္ဘာဂိယ- သံယောဇဉ် ၅-ပါး

ကာမဘုံဘက်နှင့် ဆက်သွယ်လျက်ရှိသော နှောင်ကြိုးငါးချောင်းဟူ၏။
(၁) ကာမရာဂ သံယောဇဉ်၊
(၂) ပဋိဃ သံယောဇဉ်၊
(၃) သီလဗ္ဗတ ပရာမာသ သံယောဇဉ်၊
(၄) ဒိဋ္ဌိသံယောဇဉ်၊
(၅) ဝိစိကိစ္ဆာ သံယောဇဉ်၊
ယင်း၏အကျယ် (သံယောဇဉ် ၁၀-ပါး)၌ ရှုပါ။

အောက်ဖိုလ် ၃-ပါး

အောက်ဖြစ်သော လောကုတ္တရာ ဝိပါက်စိတ်စု။
(၁) သောတာပတ္တိဖိုလ်၊
(၂) သကဒါဂါမိဖိုလ်၊
(၃) အနာဂါမိဖိုလ်။

အောက်မဂ် ၃-ပါး

အောက်ဖြစ်သော လောကုတ္တရာ ကုသိုလ်စိတ်စု။
(၁) သောတာပတ္တိမဂ်၊
(၂) သကဒါဂါမိမဂ်၊
(၃) အနာဂါမိမဂ်။

အောက်မြစ်သံ အောက်သံ ၁၈-ပါး

ကဗျာလင်္ကာ စပ်ဆိုရာ၌ “ဘယ်သံ ၁၈-ပါး“ကိုပင် အောက်မြစ်သံ ဟူ၍လည်းကောင်း အောက်သံဟူ၍လည်းကောင်း ခေါ်သည်မှတ်။ (ဘယ်သံ ၁၈-ပါး) ၌ ရှုလေ။

အောင်ကြောင်းတရား ၄-ပါး

ဟိတောပဒေသမှ။
(၁) မိမိထက်မြင့်မြတ်သူကို နှိမ့်ချရိုသေမှုပြု၍ အောင်ရာ၏၊
(၂) ဗိုလ်ပါသူရဲကို အဖေါ်ခွဲ၍အောင်ရာ၏၊
(၃) လက်အောက်ငယ်သားကို တန်စိုးလက်ဆောင်ပေး၍ အောင်ရာ၏၊
(၄) ကိုယ်နှင့် တူသူကို ကြိုးစားမှုလုံ့လပြု၍ အောင်ရာ၏။

အောင်ခြင်း ၈-ပါး

ရန်သူများကို အောင်နိုင်မှု၌ ပိဋကတ်တော်တွင် ထင်ရှားသောဘုရားရှင်၏ အပြင်အောင်ခြင်းရှစ်ပါး။
(၁) မာရ်နတ်မင်း၊
(၂) အာဠာဝက ဘီလူးမင်း၊
(၃) နာဠာဂီရိ ဆင်မင်း၊
(၄) အင်္ဂုလိမာလ သူခိုးကြီး၊
(၅) မိန်းမယုတ် စိဉ္စမာန၊
(၆) သစ္စက ပရိဗိုဇ်ကြီး၊
(၇) နန္ဒောပနန္ဒ နဂါးမင်း၊
(၈) ဗကဗြဟ္မာမင်း။

အောင်နိုင်ခြင်းတရား ၅-ပါး

ဓမ္မ၊ဋ္ဌ၊၂၊၆၆- ၂၁၂။ မိလိန္ဒ၊၁၂၁-တို့၌ အကျယ်ရှုပါ။ မြတ်စွာဘုရားသခင်ဟောတော်မူသည်။
(၁) အ ကောဓေန ကောဓံ ဇိနာတိ- ဒေါသအမျက်ထွက်နေသူကို အမျက်မထွက်သဖြင့် အောင်နိုင်ခြင်း။
(၂) အ သာဓုံ သာဓုနာ ဇိနာတိ- မကောင်းယုတ်မာသူကို ကောင်းသဖြင့်အောင်နိုင်ခြင်း။
(၃) ကဒိရိယံ ဒါနေန ဇိနာတိ- စေးနှဲဝန်တိုသူကို ပေးကမ်းခြင်းဖြင့်အောင်နိုင်ခြင်း။
(၄) အလိကံ သစ္စေန ဇိနာတိ- မဟုတ်မမှန် ဖေါက်ပြန်ချွတ်ယွင်း သစ္စာကင်းသောသူကို မှန်ကန်
တော်ဖြောင့်ခြင်းဖြင့်အောင်နိုင်ခြင်း။
(၅) သဗ္ဗ အကုသလံ ကုသလေန ဇိနာတိ- ခပ်သိမ်းသော အကုသလဓမ္မ ပါပအမှုကို ကုသိုလ်တရားဖြင့်အောင်နိုင်ခြင်း။

အိုး ၄-မျိုးနှင့် ပုဂ္ဂိလ် ၄-ပါး

အောက်ပါအတိုင်း အိုး ၄-မျိုးကို ပုဂ္ဂိုလ်လေးပါးနှင့် ဥပမာထား၍ ဟောကြားချက်။
(၁) တုစ္ဆော ပိဟိတော- အတွင်း၌ ဘာမျှမရှိဘဲ အပြင်၌ အမြင်ကောင်းအောင် သပ်သပ်ရပ်ရပ်
ပိတ်ထားသောအိုးမျိုး၊
(၂) ပူရော ဝိဝဋော- အမြင်မကောင်းအောင် ဖွင့်လှစ်ထားသော်လည်း အတွင်း၌ အမြိုက်သုဒ္ဓါထူးတို့ဖြင့် ပြည့်နေသောအိုးမျိုး၊
(၃) တုစ္ဆော ဝိဝဋော- ဖွင့်လှစ်၍လည်းထား အတွင်း၌လည်း ဘာမျှမရှိသော အိုးမျိုး၊
(၄) ပူရော ဟိတိတော- အတွင်း၌လည်း အမြိုက်တရားတို့နှင့်ပြည့်နှက်နေ၏၊ ကြည့်ရှုဖွယ်ကောင်း
အောင်လည်း သေသေသပ်သပ် ပိတ်ထားသောအိုးမျိုး။

အိုင်ကြီး ၇-အိုင်

နှစ်ပါင်း သိန်း သောင်းကျော်က ပိဋကစာပေ၌ထင်ရှား၍ ဟိမဝန္တာအနီး၌ရှိသော အိုင်ကြီးများ။ ထိုအိုင်ကြီးတို့သည် အသီးသီးယူဇနာငါးဆယ်စီနက်ကုန်၍ ယူဇနာငါးဆယ်စီ အလျားအနံ ပြန့်ကျယ်ကြကုန်၏။အဝန်းအဝိုင်းပတ်လည်အားဖြင့် ယူဇနာ တစ်ရာ့ငါးဆယ်စီရှိကြကုန်၏။ အင်္ဂုတ္တရ အဋ္ဌကထာနှင့် ဇိနာလင်္ကာရဋီကာ၌ အကျယ်ရှုလေ။
(၁) အနောတတ္တအိုင်၊
(၂) ကဏ္ဏမုဏ္ဍအိုင်၊
(၃) ရထကာရ အိုင်၊
(၄) ဆဒ္ဒန္တ အိုင်၊
(၅) ကုဏာလ အိုင်၊
(၆) မန္ဒာကိနီ အိုင်၊
(၇) သီဟ ပပါတ အိုင်။
မှတ်ချက်။ ။ သဗ္ဂေ သင်္ခါရာ အနိစ္စာ၊ လောက၌ မည်သည့်အရာမျှ ခိုင်မြဲခြင်းမရှိ၊ ပြောင်းလဲပျက်စီးခြင်းသာအဆုံးရှိရကား ထိုအိုင်ကြီးများသည် ယခုအခါမရှိတော့ပြီ။

အိုင်ကြီး ၁၈-အိုင်

ကမ္ဘာပေါ်ရှိ ဧရိယာစတုရန်းမိုင်ပေါင်း (၃၈၀၀)ကျော် မိုင်အထက်ရှိသော အိုင်ကြီးများ (Large Lakes) ကိုသာဖေါ်ပြရေတွက်ခြင်းပြုထားသည်။
(၁) ကတ်စပီယန်အိုင်ကြီး (မြေထဲပင်လယ်) (Capian Sea) အာရှတိုက်နှင့် ဥရောပတိုက်တို့၏အကြား၌ တည်ရှိသည်။ ဧရိယာစတုရန်းမိုင်ပေါင်း (၁၅၂ ၂၃၉)နှင့် အလျား (၇၄၅) မိုင်ရှိသည်။ ၎င်း၏ရေအနက်ဆုံးသောနေရာမှာ (၃ ၁၀၄)ပေရှိ၍ ပင်လယ်ရေပြင်အောက် (၉၆) ပေရှိသည်။
(၂) ဆူပီးရီးယား အိုင်(Superior) မြောက်အမေရိကတိုက် အမေရိကန်ပြည်ထောင်စုနှင့် ကနေဒါနိုင်ငံ တို့၏အကြား၌တည်ရှိ၏၊ ဧရိယာစတုရန်းမိုင်ပေါင်း (၃၁ ၈၂၀) နှင့် အလျား (၃၈၃) မိုင်ရှိသည်၊၎င်း၏ ရေအနက်ဆုံးနေရာမှာ (၁ ၃၃၃) ပေရှိလျက် ပင်လယ်ရေပြင်အထက် ပေပေါင်း (၆၀၂)ပေမြင့်သည်။
(၃) ဗစ်တိုးရီးယား အိုင် (Victoria) အာဖရိကတိုက်၏ ရှေ့အလယ်ပိုင်း၌ တည်ရှိလျက် ဧရိယာစတုရန်း မိုင်ပေါင်း (၂၆ ၈၂၈) နှင့် အလျား (၂၀၀) မိုင်ရှိသည်၊ ၎င်း၏ ရေအနက်ဆုံးနေရာမှာ (၂၇၀)ပေရှိ၍ ပင်လယ်ရေပြင်၏အထက် အမြင့်ပေ (၃ ၇၁၇)ရှိသည်။
(၄) အေရဲလ် အိုင် (Aral) အာရှတိုက် ကာဇက်စတန်-အူဘက်ကီစတန်နိုင်ငံအတွင်း၌ တည်ရှိ၍ ဧရိယာစတုရန်းမိုင်ပေါင်း(၂၅ ၆၅၉) နှင့် အလျား (၂၆၆) မိုင်ရှိလျက် ၎င်း၏ရေအနက်ဆုံး
နေရာမှာ (၂၂၃)ပေ ရှိသည်၊ ပင်လယ်ရေပြင်၏အထက် အမြင့်ပေ (၁၆၄) ရှိသည်။
(၅) ဟူရွန် အိုင် (Huron) မြောက်အမေရိက အမေရိကန်ပြည်ထောင်စုနှင့် ကနေဒါနိုင်ငံတို့၏အကြား၌တည်ရှိလျက် ဧရိယာစတုရန်းမိုင်ပေါင်း (၂၃ ဝ၁၀)နှင့် အလျား (၂၄၇) မိုင်ရှိသည်၊ ၎င်း၏ ရေအနက်ဆုံးနေရာ၌ (၇၅၀) ပေရှိ၍ ပင်လယ်ရေပြင်၏အထက် အမြင့်ပေ (၅၈၁) ရှိသည်။
(၆) မစ်ချီဂန် အိုင် (Michigan) မြောက်အမေရိကတိုက် အမေရိကန်ပြည်ထောင်စု၌
ရှိသည်။ ဧရိယာစတုရန်းမိုင်ပေါင်း (၂၂ ၄၀၀)နှင့် အလျားမိုင် (၃၂၁)ရှိသည်၊ ၎င်း၏ရေအနက်ဆုံး
နေရာမှာ (၉၂၃)ပေရှိ၍ ပင်လယ်ရေပြင်အထက် အမြင့်ပေ (၅၈၁) ရှိသည်။
(၇) တန်ဂန်ယိက အိုင(Tanganyika)အာဖရိကတိုက်၏ အရှေ့အလယ်ပိုင်း၌တည်ရှိ
သည်၊ ဧရိယာစတုရန်းမိုင်ပေါင်း(၁၂ ၇၀၀)နှင့် အလျားမိုင် (၄၂၀)ရှိသည်၊ ၎င်း၏ရေအနက်ဆုံးနေရာမှာ (၄ ၇၀၈) ပေရှိသည်၊ ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ (၂၅၃၄) ရှိသည်။
(၈) ဘေကဲလ် အိုင် (Baikal) အာရှတိုက် ရုရှားနိုင်ငံအတွင်း၌ရှိသည်၊ ဧရိယာစတုရန်း မိုင်ပေါင်း (၁၂ ၁၆၂)နှင့် အလျား (၃၉၅)မိုင်ရှိသည်၊ ၎င်း၏ရေအနက်ဆုံးနေရာမှာ (၅ ၇၁၂) ပေရှိလျက် ပင်လယ်ရေပြင်အထက် အမြင့်ပေ (၁ ၄၈၆)ရှိသည်။
(၉) ဂရိတ်ဘဲယား အိုင် (Great Bear)မြောက်အမေရိကတိုက် ကနေဒါနိုင်ငံ အတွင်း၌
ရှိသည်၊ ဧရိယာစတုရန်းမိုင်ပေါင်း (၁၂ ဝဝဝ)နှင့် အလျားမိုင် (၂၃၂) ရှိသည်၊ ၎င်း၏ ရေအနက်ဆုံးအပိုင်းမှာ(၂၇၀) ပေရှိသည်၊ ပင်လယ်ရေပြင်အထက် အမြင့်ပေ (၃၉၁) ရှိသည်။
(၁၀) ညာဆာ အိုင် (Nyasa)အာဖရိကတိုက်၏တောင်ပိုင်း၌ရှိသည်၊ ဧရိယာစတုရန်းမိုင်ပေါင်း (၁၁ ၆၀၀)နှင့် အလျားမိုင် (၃၆၀)ရှိသည်၊ ရေအနက်ဆုံးနေရာမှာ (၂၃၁၆) ပေ ရှိလျက် ပင်လယ် ရေပြင်အထက် အမြင့်ပေ (၁ ၅၅၀) ရှိ၏။
(၁၁) ဂရိတ်စလေ့ အိုင်(Great Slave)မြောက်အမေရိကတိုက် ကနေဒါနိုင်ငံ၌တည်ရှိသည်၊ ဧရိယာစတုရန်းမိုင်ပေါင်း (၁၁ ၁၇၀)နှင့် အလျား (၂၉၈) မိုင်ရှိသည်၊ ရေအနက်ဆုံးအပိုင်း၌(၂ ဝ၁၅)ပေရှိလျက် ပင်လယ်ရေပြင်အထက် အမြင့်ပေ (၄၉၅) ရှိသည်။
(၁၂) ချဒ် အိုင်(Chad) အာဖရိကတိုက်အလယ်ပိုင် ချဒ်နိုင်ငံအတွင်း၌တည်ရှိသည်၊ ဧရိယာစတုရန်းမိုင်ပေါင်း(၉ ၉၄၆)ရှိ၍ အလျားမိုင် (၁၃၀) ရှိသည်၊ ရေအနက်ဆုံးနေရာမှာ (၂၃) ပေရှိ၍ ပင်လယ်ရေပြင်အထက်သို့ (၉၂၂) ပေ မြင့်သည်။
(၁၃) အီးရီး အိုင် (Erie) မြောက်အမေရိကတိုက် အမေရိကန်ပြည်ထောင်စုနှင့် ကနေဒါနိုင်ငံတို့ အကြား၌တည်ရှိသည်၊ ဧရိယာစတုရန်းမိုင်ပေါင်း (၉ ၉၃၀)နှင့် အလျားမိုင်ပေါင်း (၂၁၄) မိုင်ရှိသည်၊ ရေအနက်ဆုံးနေရာမှာ (၂၁၀) ပေ ရှိ၍ ပင်လယ်ရေပြင်အထက် အမြင့်ပေ (၅၇၂) ရှိသည်။
(၁၄) ဝင်နီပက် အိုင (Winnipeg) မြောက်အမေရိကတိုက် ကနေဒါနိုင်ငံအတွင်း၌ ရှိသည်၊
ဧရိယာစတုရန်းမိုင်ပေါင်း (၉ ဝ၉၄)ရှိပြီး အလျား (၂၆၄) မိုင်ရှိသည်၊ ရေအနက်ဆုံးအပိုင်းမှာ
(၂၀၄) ပေရှိ၍ ပင်လယ်ရေပြင်အထက် (၇၁၃)ပေမြင့်သည်။
(၁၅) အွန်တာရီယို အိုင် (Ontario)အမေရိကန်ပြည်ထောင်စုနှင့် ကနေဒါနိုင်ငံတို့အကြား၌ရှိသည်၊ ဧရိယာစတုရန်းမိုင်ပေါင်း (၇ ၅၀၂)ရှိ၍ အလျားမိုင် (၁၉၃) ရှိသည်၊ ရေအနက်ဆုံးနေရာမှာ(၇၇၈) ပေရှိလျက် ပင်လယ်ရေပြင်အထက် (၂၄၆) ပေမြင့်သည်။
(၁၆) ဘားလ်ကတ်ရှိ အိုင် (Balkash)အာရှတိုက် ဆိုဗီယကယူနီယံနိုင်ငံအတွင်း၌ရှိသည်၊ ဧရိယာ စတုရန်းမိုင်ပေါင်း (၇ ၁၁၅)ရှိသည်၊ အလျား (၃၇၉) မိုင်ရှိ၍ ရေအနက်ဆုံးနေရာမှာ (၇၈) ပေ ရှိသည်၊ ပင်လယ်ရေပြင်အထက် (၁ ၁၁၂) ရှိသည်။
(၁၇) လာဒိုဂါ အိုင် (Ladoga) ရုရှားနိုင်ငံအတွင်း ဥရောတိုက်အပိုင်း၌ တည်ရှိသည်၊ ဧရိယာစတုရန်းမိုင်ပေါင်း (၇ ဝဝဝ)ရှိ၍ အလျား (၁၂၄)မိုင်ရှိသည်၊ ၎င်း၏ရေအနက်ဆုံးနေရာမှာ (၇၃၈)ပေရှိလျက် ပင်လယ်ရေပြင်အထက် (၅၅) ပေမြင့်သည်။
(၁၈) အိုနီဂါ အိုင် (Onega) ရုရှားနိုင်ငံအတွင်း ဥရောပတိုက်အပိုင်း၌ရှိသည်၊
ဧရိယာစတုရန်းမိုင်ပေါင်း(၃၈၁၉)ရှိ၍ အလျားမိုင် (၁၅၄)မျှ ရှိသည်၊ ရေအနက်ဆုံးအပိုင်းမှာ (၃၆၁)ပေ ရှိပြီး ပင်လယ်ရေပြင်၏အထက် (၁၀၈)ပေ မြင့်သည်။
http://en.wikipedia.org/wiki/List_of_lakes_by_area
http://www.factmonster.com/ipka/A0001777.html
http://www.vaughns-1-pagers.com/geography/largest-lakes.htm