အဘိဓမ္မာသဘော
သီတဂူဆရာတော်တရားတော်များ
အဘိဓမ္မာသဘော
သီတဂူဆရာတော်တရားတော်များ..
စက်မှုတက္ကသိုလ် ဓမ္မသဘင်
( အဘိဓမ္မာသဘော )
သုတ္တန်၊ ဝိနည်း၊ အဘိဓမ္မာ။ အဘိဓမ္မာဆိုတာ ဘယ်လိုဟာလဲ။ သစ်ပင်ထိပ်ခေါင်ဖျားမှာ အော်လံကြီး လေးလုံးလောက် တပ်ပြီးတော့ ဘုန်းကြီးတွေ ရွတ်ကြတာလေ။ ဟေတုပစ္စယော၊ အာရမ္မဏပစ္စယော-ဆိုပြီးတော့ အဘိဓမ္မာခုနစ်ကျမ်းမှာ နောက်ဆုံးက အခက်ခဲဆုံးပဋ္ဌာန်းဆိုပြီးတော့ ဘယ်သူမှနားမလည်ဘူး။
ပရိတ် ရွတ်သလို ရွတ်တာက တမျိုးပေါ့နော်။ ခုနေပြာနေတာက Must be recite လို့ မပြောဘူး။ Must be learnt. သင်ဖို့ပြောတာ။ ဟိုဟာက ရွတ်တာကို တရပ်လုံးက နားထောင်တာ။ But they cannot understand anything. ခုပြောနေတာက သင်ကြ။
အဘိဓမ္မာ ဆိုတာ ဘာလဲဆိုရင် The nature of our life ပဲ။ ဘဝရဲ့ သဘာဝကို အသေးစိတ် ပြောထားတာကို အဘိဓမ္မာ ခေါ်ပါတယ်။ အင်ဂျင်နီယာသင်တဲ့ ကျောင်းသားတွေကွာ။ မော်တော်ကားတစင်းကို ဘယ်လို တည်ဆောက်ထားသလဲ။ မော်တော်ကား တစင်းထဲမှာ ပစ္စည်းအရာဝတ္ထုလေးတွေ ဘယ်နှစ်မျိုးလောက် ပါဝင်သလဲ။ မင်းတို့ သင်ရတယ် မဟုတ်လား။ ဘယ်လိုပေါင်းစပ်တယ်။ ဟာ အဖုံးကြီး ဆွဲဖွင့်လိုက်တာနဲ့ အထဲမှာ ရှုပ်ပွနေတာပဲ။ ကြိုးတွေ၊ ပိုက်တွေ၊ ဂေါက်တွေ၊ ဂွတွေ၊ အဲဒီလို စနစ်တကျ မော်တော်ကား တစင်း တည်ဆောက်ထားသလို၊ ရေဒီယိုတလုံး တည်ဆောက်ထားသလို ဟောဒီ Body structure (ခန္ဓာကိုယ် တည်ဆောက်ထားမှု ) ကို သင်ရမယ်။
ဒီတော့ ဒီတခုကို ဘာတွေနဲ့၊ ဘာတွေနဲ့ ပေါင်းစပ်ပြီးတော့ ဘယ်လိုများ အချိုးညီညီ တည်ဆောက်ထားသလဲဆိုတာ အဲဒီ အတတ်ပညာဟာ ဘာလဲဆိုရင် အဘိဓမ္မာ။ သုံးလုံတည်းပဲ။ ဘာတွေလဲ ဆိုရင် စိတ်ရယ်၊ စေတသိက်ရယ်၊ ရုပ်ရပ်။ ဘာတွေလဲ စိတ်, စေတသိက်, ရုပ်ပါဘုရား။
စိတ်-၈၉-ပါးရှိတယ်။ စေတသိပ် ၅၂-ပါးရှိတယ်။ ရုပ် ၂၈-ပါးရှိတယ်။ လူဆိုလို့ရှိရင် စိတ် ဘယ်လောက်၊ စေတသိက် ဘယ်လောက်၊ ရုပ် ဘယ်လောက် ပေါင်းစပ်ပြီးတော့ ဘယ်လို၊ ဘယ်လို တည်ဆောက်၊ ခွေး၊ ဝက်၊ ကြက်၊ ငှက် တိရစ္ဆာန်ဆိုရင် စိတ် ဘယ်လောက်၊ စေတသိက် ဘယ်လောက်၊ ရုပ် ဘယ်လောက် ပေါင်းစပ်ပြီးတော့ တည်ဆောက်၊ နတ်ဗြဟ္မာဆိုရင် ဘယ်လို၊ ရဟန္တာဆိုရင် ဘယ်လို၊ အဲဒီလို ပုဂ္ဂိုလ်အမျိုးအစားတွေကို လိုက်ပြီးတော့၊ ဘဝအမျိုးမျိုးတွေကို လိုက်ပြီးတော့ စိတ်အမျိုးအစားတွေကို၊ စေတသိက် အမျိုးအစားတွေကို၊ ရုပ်အမျိုးအစားတွေကို သူ့ဟာနဲ့သူ စနစ်တကျ၊ အချိုးကျ၊ ပေါင်းစပ်တည်ဆောက်ပုံကို ဖော်ပြတာဟာ အဘိဓမ္မာ။
The nature of mentality and materiality ရုပ် နာမ်တို့၏ သဘာဝ၊ အဲဒါဟာ ဘာခေါ်လဲ၊ အဘိဓမ္မာ။ အဘိဓမ္မာ ခုနစ်ကျမ်းဆိုတဲ့ စာအုပ်ကို လှမ်းမကြည့်နဲ့၊ လှမ်းမကြည့်နဲ့၊ မင်းတို့တွေ အဘိဒမ္မာခုနစ်ကျမ်းကို လှမ်းကြည့်ရင် အကုန်လုံး လန့်သွားမှာ၊ စာအုပ်က နည်းတာမှ မဟုတ်ဘဲ။ ဖတ်လဲ ဘာမှနားမလည်ဘူး။ အဲဒီစာအုပ်က ဘာတွေဟောထားသလဲဆိုရင် ဘုရားကိုင်တိုင် ဟောတာနော်။ စိတ်အကြောင်းရယ်၊ စေတသိက်အကြောင်းရယ်၊ ရုပ်အကြောင်းရယ်၊ အဲဒီအကြောင်းအရာသုံးပါးကို အကျယ်တဝင့် ဒီစာအုပ်ကြီးတွေထဲမှာ ရေးမှတ်ထားတာ။ တကယ်တော့ ဗုဒ္ဓရှင်တော်ရဲ့ ဓမ္မက စာအုပ်ထဲမှာ ထားဖို့ မဟုတ်ဘူး။ လူထဲမှာ ထားရမယ်။
အဘိဓမ္မာသင်ချင်ရင် မင်းကိုယ်မင်း ပြန်ဖတ်
လူနဲ့ ဓမ္မနဲ့၊ ဓမ္မနဲ့ လူသားနဲ့၊ တပေါင်းတည်းဖြစ်နေမှ Dhamma is the light of your life ဖြစ်လာမှာ။ ဓမ္မနဲ့ လူနဲ့ တခြားစီဖြစ်နေရင် ကိုယ့်မှာဓမ္မအလင်းရောင် မရှိဘူး။ အဲဒါကြောင့် အမေရိကန်ကြီးတယောက်က ဘုန်းကြီးကို မေးတယ်။ ကိုယ်တော် တပည့်တော် အဘိဓမ္မာ သင်ချင်တယ် တဲ့။ How to learn the Abhidhamma? Teach me Abhidhamma. What is Abhidhamma? တဲ့။ သူက မေးခွန်းတွေနဲ့။ ဟေ့ Abhidhamma is your body. ဟုတ်လား။ D0n't read any book. You must read yourself. မင်းကိုယ်ကိုယ် မင်းပြန်ဖတ်။ စိတ်က ဘယ်မှာရှိသလဲ၊ ဒီမှာပဲ၊ ကိုယ်မှာပဲ၊ စေတသိက်ကော ကိုယ်မှာ၊ ရုပ်တွေကော၊ စိတ် စေတသိက် ရုပ်က ဒီမှာပဲရှိတာ။ ဒီကိုယ်ခန္ဓာကြီး ပြန်ဖတ်မှ စိတ်၊ စေတသိက်၊ ရုပ်ကို တကယ်သိမှာ။ ဒီစာအုပ် ခဏထား။ မင်း ကိုယ်ကို မင်းပြန်ဖတ်ရင် မင်း အဘိဓမ္မာ တကယ်တတ်သွားမယ်။
How to read myself? သူကပြောတယ်။ ကျုပ်ကိုကို ကျုပ် ဘယ်လိုဖတ်မလဲ။ အေး ကောင်းပြီ You must sit on the floor,in the cross legged posotion, place your right hand on top of your left hand, close your eyes slowly, focus your mind at the tip of your nose. ဟိုလူကို ဖတ်ခိုင်းပြီနော်။ တင်ပျဉ်ခွေထိုင်ပါ။ ကိုယ်ကို ဖြောင့်ဖြောင့်ထား။ မျက်လုံးကို ဖြည်းဖြည်းလေး မှိတ်၊ ဘယ်ဘက်လက်ပေါ် ညာလက်ကလေး တင်ထား။ Breathe normally, naturally. မှန်မှန်လေး ရှူ။ရိုးရိုးလေး အသက် ရှူ။ Focus your mind at the tip of your nose. နှာသီးဖျားလေးကို ချိန်ထား၊ ဟိုလူက မျက်စိမှိတ် နဖူးကြောတွေ ဘာတွေ ရှုံ့လာတာ။ အဲသလို အရမ်းကြီး စိတ်ကို တင်းမထားနဲ့နော်။ Must be ralax. သက်သောင့်သက်သာလေး လုပ်စမ်းပါ။ နှာသီးဖျား ချိန်ဆိုတော့ မျက်လုံး ဖွင့်ကြည့်တယ်။
venerable Sir; I'd like to ask you a question. အို အရှင်ဘုရား၊ တပည့်တော် မေးခွန်းတခု မေးချင်တယ်၊ ဟေ့လူ၊ မင်း နောက်မှ မေး။ မင်းကို ဒီမှာ ထိုင်ပြီး အဘိဓမ္မာ ဖတ်ခိုင်းနေတာ။ နေဦး၊ နောက်မှ ဖတ်ပါရစေတဲ့၊ မေးချင်သေးတယ်၊ မင်းတို့နဲ့များ ကွာတယ်နော်။ ဟိုလူကတော့ ထိုင်ခိုင်းကာ ရှိသေးတယ်၊ မေးနေပြီ။ မမေးနဲ့ဦး၊ နောက်မှမေး။ မင်းစိတ် နှာသီးဖျား ချိန်ထား။ I miss my mind at the tip of nose. စိတ်က နှာသီးဖျား ချိန်လို့ မရဘူး။ ချော်ချော်ထွက်သွားတယ်။ သူက ဒီလိုပြောတယ်။ Ok I like. You must understand one thing Abhidhamma This is called agitation.
ချိန်လို့မရဘူး။ လွဲနေတယ်။ လှုပ်နေတယ်၊ Creak ဖြစ်နေတယ်။ ဘာခေါ်လဲ။ ဥဒ္ဓစ္စ တဲ့။ စေတသိက်တလုံး သူပြောလိုက်တယ်။ စိတ်တွေ လှုပ်ရှားပြေးသွားနေတာကို ဘာခေါ်လဲ၊ ဥဒ္ဓစ္စ သင်ကြ။ ကိုယ်ကိုယ်ကို သင်၊ ဥဒ္ဓစ္စ။ Concentrated ဒီမှာ ချိန်လို့မြဲပြီဆိုလို့ရှိရင် မင်းနားလည်လာပြီ။ အဘိဓမ္မာ တလုံး၊ သမာဓိ ဟုတ်လား။ အဲဒီလို သင်သွားတာ။ နောက်တော့ သူ ကြိုက်သွားတယ်။
ဗုဒ္ဓကိုးကွယ်ပေမယ့် စည်းကမ်းမရှိလျှင်
သုတ္တန် The way of life, ဝိနည်း discipline, အဘိဓမ္မာ the nature of our body or our life, This is Tipitaka, three baskets of Buddha’s teaching ဘုရားတို့ အဆုံးအမပိဋကတ် သုံးပုံ။ အဲဒါ ဘာလုပ်ဖို့လဲ။ To be learnt သင်ဖို့။ After learning သင်ပြီးရင် ဘာဆက်လုပ်မလဲ။ To be practiced ကျင့်ဖို့။ ဘာရှိသလဲ။ သီလ သမာဓိ ပညာ။ သီလ ထပ်ပြောစရာ မလိုတော့ဘူး။ Bodily discipline, Verbal discipline.
ကာယကံ စည်းကမ်းသုံးချက် ခုနက ပြောထားတယ်နော်။ ဝစီကံ ပါးစပ်ရဲ့ စည်းကမ်းခြောက်ချက် ခုနက ပြောထားတယ်။ အဲဒီ ကိုယ် နှုတ် နှစ်ပါးရဲ့ စည်းကမ်းတွေကို ဘာခေါ်လဲ။ သီလ။ It is not for worship, not for belief. ဒီပိဋကတ်သုံးပုံကို I believe in the Tipitaka. ငါ ပိဋကတ်သုံးပုံကို ယုံကြည်ပါ၏၊ ဗုဒ္ဓဘာသာ ဖြစ်ရဲ့လား။ I worship the Tipitaka. ငါ ပိဋကတ်သုံးပုံကို ရှိခိုးပါ၏၊ ဗုဒ္ဓဘာသာဖြစ်ရဲ့လား။ မဖြစ်ဘူးနော်။
I am learning. အဲဒါမှ very beginning of Buddhast ဆိုတာ အဲဒါ။ learning သင်ရမယ် နော်။ အဲ ပိဋကတ်သုံးပုံ သင်ပြီးရင် ဘာဆက်လုပ်မလဲ။ ကျင့်မယ်။ ဘာကိုလဲ သီလ။ ကိုယ်နှုတ်ရဲ့ စည်းကမ်းကို လေ့ကျင့်။ to be a good person. လူကောင်းတယောက် ဖြစ်လာဖို့ရန်အတွက် သီလအရေးကြီးတယ်။ ကာယကံမှာ စည်းကမ်းရှိရမယ်။ ဝစီကံမှာ စည်းကမ်းရှိရမယ်။ ဒါ religion ကို မဆိုဘူး။ ဘုန်းကြီးတို့က ဓမ္မကို ပြောနေတာ။ religion ကတော့ ကြိုက်တာကို ကိုးကွယ်။ ကိစ္စမရှိဘူး။ ဘာသာ တဘာသာတည်းနဲ့ မလုံလောက်ဘူးဆိုရင် ရှိတဲ့ ဘာသာအကုန် ကိုးကွယ်။ ကိစ္စမရှိဘူး။ သို့သော် အဲဒီစည်းကမ်းတွေ မလိုက်နာရင် ဒီလူဟာ လူကောင်းကို မဖြစ်ဘူး။ ဒါ အရေးကြီးတာ နော်။
လူကောင်းဖြစ်ရုံနှင့် လူဖြောင့် ဖြစ်ပါ့မလား
ကောင်းပြီ။ ကိုယ် နှုတ်ရဲ့ စည်းကမ်းကို လိုက်နာရင် သီလပြည့်စုံရင် ဘာဖြစ်သလဲ။ Goog person တဲ့။ လူကောင်း ဒါပေမဲ့ ကာယကံ စည်းကမ်းကောင်းလို့ မလွန်ကျူးဘူး။ ဝစီကံ စည်းကမ်းကောင်းလို့ ပါးစပ်နဲ့ လွန်ကျူးတာလဲ မရှိဘူး။ ကိုယ်နှုတ်မှာ ဘာပြစ်မှုမှ မရောက်လို့ He, she, they become agood person but there are many many violation. ဘာလဲ။ ကိုယ်နှုတ်ကတော့ မလွန်ကျူးပါဘူး။ လူ ကောင်းတွေပဲ။ စိတ်ထဲကတော့ သောင်းကျန်းနေတာ အားကြီးပဲ။ အဲဒါ ပိုခက်လာတယ်။ ဒါ another stage. ပိုခက်လာတယ်နော်။ to be right person. ဖြောင့်မတ်တဲ့လူတယောက် ဖြစ်လာဖို့ရန်အတွက် We must control our mental violation. စိတ်ရဲ့ ဆူပူသောင်းကျန်းမှုတွေကို ထိန်းထားရမယ်။ How to control? ဘယ်လိုထိန်းမလဲ ဆိုရင် ကျင့်နည်းကြံနည်းလေးတွေ ပြောဖို့အချိန် မရဘူး။ သမထကျင့်စဉ်ကို ကျင့်ရင် စိတ်ဓာတ်သောင်းကျန်းမှု အကုန်လုံး ငြိမ်သွားတယ်။ အဲဒါကြောင့် သမထကမ္မဋ္ဌာန်းကို tranquillity meditation လို့ ခေါ်တယ် နော်။
သမထဆိုတဲ့ စကားလုံးလေးက ငြိမ်းချမ်းစေသော ကျင့်စဉ်၊ စိတ်ကို တနေရာတည်းမှာ ထား၊ ဝီရိယနဲ့ သတိနဲ့ ညှပ်ပြီးတော့ထိန်း။ တနေရာတည်းမှာ ထားလို့ နှာသီးဖျားပဲ ပြောပြော။ ဘယ်နားဖြစ်ဖြစ်ပေါ့။ ဟောဒီ မက်ကရိုဖုန်းလေးပေါ် ထားမလား။ သို့မဟုတ်-ဟောဒီ မီးတိုင်လေး ထွန်းပြီးတော့ ထားမလား။ သို့မဟုတ် ရေခွက်လေးထဲ စိုက်ကြည့််နေ။ သို့မဟုတ်လည်း ပန်းပွင့်လေးတပွင့် ရှေ့မှာ လှလှပပထား။ အဲဒီ ပန်းပွင့်လေး စိုက်ကြည့်နေ။ Concentration ရရင် ဒါပြီးတာပဲ။ နည်းပေါင်းလေးဆယ် ရှိတယ်။ ဘာနဲ့ပဲလုပ်လုပ် ဖြစ်တယ်။
ကြိုက်လို့ရှိရင် လုပ်ကြည့်။ မိမိတို့နေတဲ့အခန်းလေးကို လုံနေအောင် ပိတ်။ မနက် နေလာတဲ့အချိန်မှာ အရှေ့က တံခါးပေါက်မှာလေ သေးသေးလေး ခဲတံလုံးလောက် မရှိတရှိ အပေါက်ကလေး ဖောက်။ အဲဒီက အလင်းရောင်လေး ဝင်လာမှာ မဟုတ်လား။ အဲဒါတွေကို စိုက်ကြည့် Concentration ဖြစ်ရင် ဒါလဲ meditation ဖြစ်တာပဲ။ ရတယ်။ ဟာ နောက်လုပ်ချင်သေးသလား။ အဝိုင်းလေး တဝိုင်းလောက် ပန်းကန်ပြားလောက် ဖြူဖြူစက်ဝိုင်းလေး တဝိုင်းလောက် နံရံမှာ ရေးထား။ အဖြူလေး ချောမွတ် ညီနေရမယ်။ အဲဒါ စိုက်ကြည့်ပြီးတော့ concentrate လုပ်။ အဖြူရောင် မကြိုက်ရင်လဲ အနီရောင်ပေါ့။ အဲဒါ မကြိုက်ရင်လဲ အပြာရောင်ပေါ့။ အဲဒါ မကြိုက်ရင်လဲ အဝါရောင်ပေါ့။ အဲဒါဟာ ဘာလဲဆိုရင် tranquillity meditation.
အဲဒီလို တခုတည်းသောအာရုံမှာ စိတ်ကိုတင်ထားလို့၊ စိတ်ဟာ မြဲလို့ ငြိမ်နေပြီဆိုလို့ရှိရင်လေ စိတ်ရဲ့ hindrances ခေါ်တဲ့နီဝရဏတွေ စိတ်ရဲ့ disturbance လို့လဲ ခေါ်မယ်ပေါ့။ အနှောက်အယှက်တွေ၊ အပိတ်အပင် အဆီးအတား စိတ်အညစ်အကြေးတွေ ရှင်းသွားလို့ ခွက်တခွက်ထဲမှာ ရေထည့်။ ရေဟာ လှုပ်လဲ မနေစေနဲ့။ မီးထိုးထားလို့ အခိုးလဲ ထွက်မနေစေနဲ့။ ဆေးရောင်စုံ ဆိုးထားလို့ ရောင်စုံတွေလဲ ဖြစ်မနေစေနဲ့။ အောက်က အနည်လဲ မထစေနဲ့။ အပေါ်ကဖုံတွေလဲ မလွှမ်းစေနဲ့။ ဘယ်နှစ်ပါးလဲ။
ရေခွက်ထဲ ငုံ့ကြည့်၊ ဘာတွေ့လဲ။ အရိပ်တွေ့တယ်။ အဲဒီတော့ ညီတွေ ညီမတွေ အားလုံး စိတ်ထဲမှာ အဲဒီလို အပြစ်ငါးပါးကင်းတဲ့ ကြည်အေး ငြိမ်နေတဲ့ စိတ်ကလေး ဖြစ်လာအောင် သမထကျင့်စဉ်ဆိုတာ ကျင့်ကောင်းတယ်။ ဘယ်သူကျင့်ကျင့် Buddhist or non Buddhaist, Christion or Islam or Hindu or anybody can practice, anybody can attain the mental happiness. ဘယ်သူမဆို စိတ်ချမ်းသာခြင်းကို ရနိုင်တယ်။ စိတ်သောင်းကျန်းမှုတွေကို ငြိမ်စေတဲ့ နည်းဟာ ဒီနည်းပဲ ရှိတယ်။ It is not religion. It is not for worship. It is not for belief but to be into practice ကျင့်မှ ရမယ်။ ယုံကြည်နေရုံနဲ့ ရမှာမဟုတ်ဘူး။
ဆေးသောက်ဖြစ်အောင် သောက်ကြပါ
ငါ ဖျားနေတယ်။ အဖျားပြတ်ဆေး ငါ ယုံကြည်ပါတယ်နော်။ ဘယ်တော့မှ အဖျားမပျောက်ဘူး။ ဆရာဝန်ကြီးက ရေးပေးလိုက်တယ်။ မင်း အဖျား ဘာကြောင့်ဖျားတာ။ ဒီဂရီ ဘယ်လောက်ရှိတယ်။ ဘာအစားရှောင်။ အစာအိမ် ဘာဖြစ်နေတယ်။ ဘာဆေးသောက်။ မနက်ဘယ်နှစ်လုံး။ ည ဘယ်နှစ်လုံး။ နေ့ ဘယ်နှစ်လုံးသောက်၊ ရေးပေးလိုက်တယ်။ ဆရာဝန်ကရေးပေးတာ။ ဟာ သိပ်တော်တဲ့ ဒေါက်တာဆိုပြီး ကိုယ့်နေရာကိုယ် ရောက်တော့ ဆေးပုလင်းလေး ဘေးချ။ ဆေးပုလင်းလဲ ယုံကြည်တယ်။ ဆရာဝန်လဲ ယုံကြည်တယ်။ ဆေးအညွှန်းလဲ ယုံကြည်တယ်။ ဆေးအညွှန်းကြီးဖတ်နေ၊ ရောဂါ ပျောက်မလား။
ဒီကနေ့ ကမ္ဘာလူသားတွေက ဆေးညွှန်းတောင် ကောင်းကောင်းမဖတ်ချင်တော့ဘူး ဖြစ်လာတယ်။ ပိဋကတ်သုံးပုံဆိုတာ ဆေးညွှန်းတွေ ဟုတ်လား။ အခုပြောနေတာ သီလ သမထ။ နောက် တတိယအဆင့် ဝိပဿနာ။ အဲဒါ ဆေးနော်။ သီလဆေး သောက်ရင် ကာယကံ ဝစီကံမှာ ဘာဖြစ်လဲ အပြစ်ကင်းသွားမယ်။ သမထ ဆေးသောက်ရင် မနောကံ စိတ်ရဲ့ သောင်းကျန်းမှုတွေ ငြိမ်းအေးသွားမယ်နော်။ ဝိပဿနာဆေးကို သောက်မယ်ဆိုရင်တော့ စိတ်ရဲ့ ဟိုအထဲမှာ စွဲနေတဲ့ ရောဂါရဲ့ အမြစ်ကို ဆရာက ဆေးကောင်းကောင်းနဲ့ နုတ်လိုက်သလိုပေါ့။ ဝိပဿနာများ လုပ်လိုက်ပြီဆိုလို့ရှိရင် စိတ်အညစ်အကြေးတွေ အကုန်လုံး သန့်ရှင်းသွားမယ်။
သူတော်သူမြတ်ဖြစ်ချင်လျှင်
You will attain purification of mind in this very life. စိတ်ရဲ့ သန့်ရှင်းမှုကို ရသွားမယ်။ At that time, you will become a noble person. ဘယ်နှစ်ဆင့်လဲ။ To be a good person လူကောင်းတယောက်ဖြစ်ဖို့ practice Sila, To be a right person. ဖြောင့်မတ်တဲ့စိတ် ပိုင်ရှင်တယောက် ဖြစ်လာဖို့ရာအတွက် You should practice Samatha. To be a Noble person, စာလုံးပေါင်း မမှားစေနဲ့။ သူတော် သူမြတ်တယောက် ဖြစ်လာဖို့အတွက် We should practice insight meditation, Vipassana.
ဝိပဿနာဆိုတာ ဘာလဲဆိုရင် စောစောက ပြောခဲ့ပြီ။ ဟို အမေရိကန်ကြီးကို အဘိဓမ္မာ ဖတ်ဆိုတော့ ဘုန်းကြီး ဘယ်မှာဖတ်ခိုင်းလဲ။ ကိုယ်ထဲမှာ ဖတ်ရတယ်။ ဝိပဿနာဆိုတာ ကိုယ့်ကိုယ်ထဲရှိတဲ့ အရှိတွေကို အရှိအတိုင်း သိအောင်၊ အဲဒီ အရှိတရားတွေ တခုနဲ့တခု ဘယ်လို interdepdndent ဖြစ်ပြီးတော့ တည်ဆောက်ထားတယ်ဆိုတာကို အမှန်အတိုင်း မြင်အောင် ကြည့်တဲ့နည်းဟာ ဘာလဲ ဝိပဿနာ ပဲ။
အဲဒီဝိပဿနာ အားထုတ်လို့ရှိရင် စိတ်အညစ်အကြေးတွေ အကုန်လုံး ဘာဖြစ်လဲ။ သန့်ရှင်းသွားတယ်။ အဲဒီတော့ ထိုသူ ဘာဖြစ်လဲ။ Noble person သူတော်သူမြတ်တယောက် ဖြစ်လာမယ်။ ဘယ်နှစ်ဆင့်လဲ သီလကျင့် လူကောင်းဖြစ်မယ်။ သမထကျင့် လူဖြောင့်ဖြစ်မယ်။ ဝိပဿနာကျင်ရင် သူတော်သူမြတ်တယောက် ဖြစ်လာမယ်။
ကျင့်စဉ် ဘယ်နှစ်မျိုးလဲ သီလ သမာဓိ ပညာ-ဒီသုံးမျိုးက ဘာလုပ်မလဲ။ To be practice အဲဒီ သီလ သမာဓိ ပညာ သုံးမျိုးကို ကျင့်လိုက်လို့ရှိရင် We will realize the true nature of our life. ဘဝရဲ့ အမှန်တရားတွေကို နားလည်လာမယ်။ ဘဝအမှန်ဆိုတော့ သစ္စာတရားပေါ့။
ဒါကြောင့် ဗုဒ္ဓရဲ့ အဆုံးအမများသည် ကိုးကွယ်ဖို့ religion မဟုတ်ဘူး။ သင်ဖို့ ဓမ္မ နော်။ ရှိခိုးဖို့ ယုံကြည်ဖို့ religion မဟုတ်ဘူး။ ကျင့်ဖို့ ဓမ္မ။ ယုံကြည်နေရုံမျှနဲ့ လုံလောက်တဲ့ Religion မျိုး မဟုတ်ဘူး။ သိရှိနားလည်အောင် လုပ်ရမယ့် ဓမ္မ။ အဆင့် ဘယ်နှစ်ဆင့်လဲ။ ဓမ္မအဆင့် သုံးဆင့်ကို ကျင့်ရင် ဒီပုဂ္ဂိုလ်တွေ ဓမ္မအဆင့် ဘယ်နှစ်ဆင့် တက်လာမလဲ။ to be a good person, to be a right person, to be a noble person. လို့ ဘဝအဆင့် သုံးဆင့် မြင့်တက်လာမယ်။ လူသားတိုင်းရဲ့ ဘဝကို အဲဒီလို အဆင့်ဆင့် မြင့်တက်စေတဲ့ အဆုံးအမများကို ဘာခေါ်လဲ။ Buddha’s teaching ဒီလို ခေါ်ပါတယ်။
---
ပညာ
Highest stage in Buddha teaching. It is wisdom insight စာလုံးပေါင်းမှားသွားဦးမယ်။ စာလုံးပေါင်း မှားသွားရင် (inside) အထဲ ရောက်သွားမယ်။ တို့ငယ်ငယ်က မှားဖူးတယ်။ ဒါကြောင့်ပြောတာ။
ဪ-အထဲကိုကြည့်တဲ့ ကမ္မဋ္ဌာန်းကို Insight ဆိုတဲ့ စကားလုံးလေးဟာ နက်နဲတဲ့ဉာဏ်ကို ပြောတာ။ အပေါ်ယံ ကြည့်တဲ့ဉာဏ်မဟုတ်ဘူး။ စိုက်စိုက်စူးစူး ကြည့်တဲ့ဉာဏ်က Insight နော်။ အဲဒီပညာ အမြင့်ဆုံးကျင့်စဉ်က မဂ္ဂင် ၈-ပါးထဲမှာဆိုရင် Right understanding နဲ့ Rihgt thinking ဒီနှစ်ခု။ ဒါဟာ Wisdom ပဲ။ နောက် မြန်မာစကားလုံးထဲက ဗမာစကားတောင် မဟုတ်ဘူး။ မြန်မာစကားလုံး ဖြစ်နေတာ။ ပညာ-ပ ဆိုတာက တလုံး၊ ညာ-ဆိုတာက တလုံး၊ ပ-က အသေးစိတ်လို့ အဓိပ္ပါယ် ရတယ်။ ညာ-က သိတာ။ ပညာ-အသေးစိတ် သိရှိနားလည်ခြင်း။ Understanding in detail ဒီလိုရှိတယ်။ ပညာ အဲဒီ Understanding in detail ကတော့ စာအုပ်ဖတ်လို့၊ ဆွေးနွေးလို့ ပြောတာကို နားထောင်လို့်သိတဲ့ အသိမျိုး မဟုတ်ဘူး။
မိမိရဲ့ကိုယ်ထဲက ခုနက Concentrated mind ကို ထည့်ရမယ်။ ဒီတလံလောက်ရှိတဲ့ ကိုယ်ထဲမှာ သိစရာတွေ အများချည်းပဲ။ မိမိရဲ့ကိုယ်ထဲမှာ ရှိနေတဲ့ အရှိတရားတွေကို ခုနက ငြိမ်နေတဲ့စိတ်ကို ဒီကိုယ်ထဲထည့်။ အပြင်မရောက်စေနဲ့။ အထဲကိုစိုက်ပြီး ရှိတာတွေကို ရှိတဲ့အတိုင်း ဖြစ်နေတာတွေကိုအဖြစ်အတိုင်း မြင်အောင် ကြည့်တဲ့အကြည့်ကို ခေါ်တာ။ အဲဒါ ပညာ။ မိမိကိုယ်ထဲမှာ ရှိတာတွေကို စိုက်ကြည့်ရမယ်။ အဲဒါ Insight meditation ပဲ။ Highest stage ပဲ။ ဗုဒ္ဓ ဓမ္မမှာ အမြင့်ဆုံး ကျင့်စဉ်ပဲ။
အဲဒီပညာတွေနဲ့ ကိုယ်မှာရှိတဲ့ အရှိတရားကို Reality အဲဒီ အရှိတွေကို အရှိအတိုင်း သိပြီး as it thy really are သူတို့ရှိနေတဲ့ အရှိအတိုင်း အဲဒါတွေကို စိုက်ကြည့်ရင်း၊ ကြည့်ရင်း၊ ကြည့်ရင်းနဲ့ နောက် ဘာဖြစ်လာလဲ။ အမှန်ကိုမြင်လာတယ်။ truth သစ္စာနော်။ အရှိတရားများ (ပါဠိလိုပြောမယ်) ပရမတ္ထ အရှိတရားကို ပရမတ္ထ။ အဲဒီ ပရမတ္ထအရှိကို မြင်ရင် နောက် ဘာမြင်လဲ။ အမှန်သစ္စာကို မြင်တယ်။ ပညာက အတိုချုံ့ရင် ဒီနှစ်ခုကို သိတဲ့ အသိပညာဟာ ဥပမာလေးတခု ပြောမယ်၊ နွားကြီးနှစ်ကောင် လမ်းပေါ်မှာ လူတယောက်က မောင်းချသွား၊ ဟေ့-လမ်းပေါ်မှာ ဘာသွားနေလဲ မေးရင်း မင်းတို့ ဘာပြောမလဲ။ လှည်း သွားတယ် ပြောတယ်နော်။ နွားတော့ မောင်းနေတယ်။ လူတွေက ဘာပြော၊ ဟို-ဘာလုပ်တာလဲ၊ လှည်းမောင်းနေတယ်။ မောင်းတာ ပြောနေတာ။ ကမ္ဘဦးကတည်းက ပြောနေတာ။ ခုထိ ပြောနေတာ။ လှည်းမောင်းတယ်။ လှည်းကို မောင်းလို့ရလား။ လှည်းကိုမောင်းတာလား၊ နွားကို မောင်းတာလားဆို၊ မှန်တာ တခုမှ မပြောဘူး။ အများကြီးပဲ၊ ဒါမျိုးတွေ လှည်းမောင်းတယ်၊ ဘယ်လှည်း မောင်းရလို့လဲ။ နွားမောင်းရတာ။ ဘာသွားနေလဲ၊ လှည်းသွားတယ်။ တကယ်သွားတာက လှည်း-မဟုတ်ဘူး။ နွားသွားတာ။
အဲဒါ တရားအသိနှင့် truth ကို သိဖို့ရန်က အဲဒါအတိုင်းပဲ။ ဒီခန္ဓာကိုယ်ထဲမှာ နော်။ Concentrated mind ကို ထည့်ပြီးကြည့်ရမှာ။ တကယ်အရှိ၊ တကယ်အမှန်ကို သိအောင်လုပ်ရမှာ။ ဘာသွားလဲ၊ နွားသွားတယ်၊ နွားသွားတယ်လို့ ပြောရင် ရယ်တော့မှာပဲ။ ဒါပေမဲ့ နွားသွားတယ်ပဲ ပြောရမှာပဲ။ အများသဘောတူရင် ပြောပါတဲ့။ ဟုတ်ဟုတ် မဟုတ်ဟုတ်၊ အဲဒါမျိုးကို Conventional truth လို့ခေါ်တယ်။ သမုတိသစ္စာ၊ ဪ-အများပြောတဲ့အတိုင်းသာ လိုက်ပြောလိုက်။ လှည်းမောင်းတယ်၊ လှည်းသွားတယ်လို့။ ဒါပေမဲ့ အရှိနှင့်အမှန်ကတော့ ကိုယ်သိထားရမယ်။ ဟောဟိုလူက နွားကိုမောင်းနေတာ။ သွားနေတာလဲ နွားပဲ။ သွားနေတာဆိုတာ သိလိုက်လို့ရှိရင် နွားနဲ့ လှည်းနဲ့ သွားနေတာကို သူက နှစ်ခုတွေ့သွားတယ်။ သူက အဲဒီအပေါ်က နွားကိုသွားစေတဲ့လူလဲ တွေ့သွားပြီ ဆိုတော့ သုံးခု တွေ့သွားပြီ မဟုတ်လား။ အေး အဲဒီလို analyse လုပ်ပြီးတော့ ခွဲခြားစရာတွေ အများကြီးရှိတယ်။ လှည်းသမားရယ်၊ နွားရယ်၊ လှည်းရယ် သုံးခုရ။ ကဲ နွား-ခဏထား၊ လှည်း-ခဏထား၊ What is လှည်း (ရယ်သံများ)၊ လှည်းဆိုတာ ဘာလဲ၊ အဝိုင်းကြီးနှစ်ခုက လှည်းလား၊ ဘာလဲ ဘီး၊ လှည်းမို့၊ မော်တော်ကားဆို ပိုတောင် ရှုပ်ဦးမှာ၊ အဝိုင်းကြီး နှစ်ခုက ဘာလဲ။ အလယ်ခေါင် လျှိုထားတဲ့ အချောင်းကြီးက (ဝင်ရိုး)၊ ဘယ်မလဲ လှည်း၊ တကယ်ရှိတာ ဘာလဲ။
အဲဒါ ပျက်သွားတယ်နော်။ အဲဒါ ဘီး၊ အဝိုင်းကြီးက ဘီးဆိုတာ။ ကဲ ဘီးဆိုတော့ မေးဦးမယ်။ အပြင်ဆုံး အပေါ်ယံက ပတ်ထားတာ သံပတ်ကြီးရှိတယ်။ အဲဒီသံပြားကြီး ကိုင်ပြီးတော့ ဒါ ဘီလားဆိုတော့ ဟော သွားပြန်ပြီ။ ဘီး မဟုတ်ပြန်ဘူး။ သံခွေ ဖြစ်သွားပြန်ပြီ။ သံခွေရဲ့ အထဲမှာ သစ်သားအဝိုင်းလေးရှိတယ်။ ဒါ ဘီးလားဆိုတော့ ဒါ မဟုတ်ပြန်ဘူး။ တကူလား၊ ဒေါက်လား၊ တကူဖြစ်သွားပြန်ပြီ။ ပြီးတော့ အလယ်ခေါင်က ပုံတောင်းတဲ့။ အလယ်ခေါင်က တကူနဲ့ လှမ်းလှမ်းထောက်တဲ့ ဒေါက်တွေ။ ဒေါက်တွေ ဘယ်နှစ်ချောင်းရှိလဲ။ စပုတ်တိုင်တွေ ဘယ်နှစ်ချောင်းရှိလဲ။
အဲ-အရေးကြီးတာနော်။ သင်ကြဟုတ်လား။ You must understand in detail very. လှည်း အပြင်လောကမှာ သင်ကြ။ ကျောင်းစာသင်ရုံ မလုံလောက်ဘူး။ လောကော သတ္တာန မာစေရော-The world is your teacher. ကမ္ဘာလောကကြီးက မင်းတို့၊ ငါတို့ရဲ့ ဆရာသမားပဲ။ အပြင်မှာ အများကြီး သင်စရာတွေ ရှိတယ်။ ကျောင်းမှာ အများကြီး သင်စရာတွေရှိတယ်။ ကျောင်းမှာ နည်းနည်းလေး Just introduction ပဲ။ ကမ္ဘာလောကကြီးဟာ မင်းတို့ ငါတို့ရဲ့ ဆရာပဲ။ လောကမှာ လျှောက်သင်။
သံပတ်ရပြီး၊ တကူရပြီ၊ ဒေါက်ရပြီ၊ အဲဒီ ဒေါက်တွေ သွားစုပြီး အလယ်ခေါင်က ဆုံနေတဲ့အလုံးကြီးဟာ ပုံတောင်း၊ ပုံတောင်းမှာမှ အထဲမှာ သံမှိုလေးရိုက်ထည့်ထားသေးတယ်။ ပုံတောင်းထိပ်မှာ ဘာခေါ်လဲ မသိဘူး၊ ငါ လှည်းသမားတော့ မဟုတ်ဘူး။ သိတယ်။ ဆိတ်မျက်လုံးခေါ်တယ်။ ပြီးတော့ ပုံတောင်းအနားကနေ ကွပ်ထားသေးတယ် နော်။ ပုံတောင်းကွပ် How many materials are whee or cart? လှည်းဘီးမှာ ဘယ်လောက်ပစ္စည်းတွေ ပေါင်းထည့်ထားသလဲ။ သံခွေ, တကူ, ဒေါက်, ပုံတောင်း, ဆိတ်မျက်လုံး, အနားကွပ်, ၆-ခုလောက် ပစ္စည်းတွေ ပေါင်းထည့်လိုက်တော့ ဘာဖြစ်လာလဲ။ The whee, whee ကလေးလဲ လက်မလွတ်နဲ့။ ကိုင်း ဒါဆိုတော်ပြီ။ ဒီလောက်ဆို နားလည်ပြီ။
လူဆိုတာ ဘာလဲ။ နတ်ဆိုတာ ဘာလဲနော်။ ဗြဟ္မာဆိုတာ ဘာလဲ။ Reality ကို ရအောင်ရှာ။ အဲဒီ Reality ကိုသိတော့မှ ဘာကို ဆက်သိသလဲ။ အမှန်ကို သိတယ်။ နောက်ဆုံးကျတော့မှ သစ်သားနဲ့သံပဲ ကျန်တယ်။ လှည်းတခုလုံးကို ဖျက်ပြီးတော့မှ ထုထောင်း ချေချလိုက်ရင် သံနဲ့ သစ်သား နှစ်ခုပဲ ရှိတယ်။ အဲဒီအထိ မြင်အောင်လုပ်ရမှာတဲ့။အဲဒီအထိ ဘာခေါ်လဲ ပညာ။ Wisdon, Real wisdom အဲဒါက အပြင်ပမှာရော မိမိရဲ့ ကိုယ်ထဲမှာပါ လေ့လာဖို့ တွေ့ရှိပါတယ်။ ဗုဒ္ဓက အဲဒါမျိုးတွေ လေ့လာတာကို ပညာ-ခေါ်တာ။
အဲဒီလို မိမိရဲ့ ကိုယ်ထဲမှာ ဖြစ်ဖြစ်၊ အပြင်ပမှာ ဖြစ်ဖြစ်၊ မြင်သမျှ တွေ့သမျှ ကြားသမျှတွေကို အသေးစိတ် ဓာတ်ခွဲချပြီးတော့ အနှစ်ရောက်အောင် ကြည့်ပြီးတော့မှ အဲဒီအနှစ်ကနေ အမှန်ကို လိုက်တဲ့အခါ ဗုဒ္ဓသည် Attained enlightenment ဟုတ်လား။ He practise insight meditation. Insight meditation ဆိုတာ ပညာကျင့်စဉ်နော်။ အဲဒါ ကျင့်လိုက်တော့ ဘာရလဲ။ He attained the enlightenment. He penetrated four noble truth သစ္စာလေးပါးကို ထိုးထွင်းပြီးတော့ သိသွားတယ်။ This is suffering, which is our body. ဒုက္ခက ဒီမှာအပြည့် This is origin of the suffering.
ဒါ ဒုက္ခရဲ့ အကြောင်းရင်း Which is craving. တဏှာ
This is the cessation of suffering. ဒါ ဒုက္ခရဲ့ ချုပ်ငြိမ်းခြင်းပဲ။ ဒုက္ခရဲ့ ချုပ်ငြိမ်းခြင်းဆိုတာ Cessation of craving. တဏှာရဲ့ ချုပ်ငြိမ်းခြင်းပဲ။
This is way that leading to the cessation of the suffering. ဟာ ဒီဥစ္စာ ဒုက္ခကို ချုပ်ငြိမ်းဖို့ သွားတဲ့လမ်းပဲ။ အဲဒီလမ်းက ဘာလဲ သီလ။ Body discipline နဲ့ Verbal discipline. Second stage. ဘာလဲ။ Mental discipline or concentratedmind. The last stage. ပညာ။ Wisdom ဟုတ်လား။ Understanding in detail ourself. ကိုယ့်ကိုယ်ကို အရှိတရားတွေကို အရှိအတိုင်း အသေးစိတ်သိအောင် လေ့ကျင်ပြီးမှ ဘာလဲ ပညာ။ Three stage in Buddha's teaching. First stage is Sila, Primary stage to become good person. Second stage concentration or tranquility meditation. When you practise this stage yuo'll become right percon. Third stage in Buddha's teaching is wisdom. ပညာ။ အဲဒါ ကျင့်လို့ရှိရင် He or you or We become Noble person. စာလုံးပေါင်း မှန်ပါစေ နော်။ noble တခြားစာလုံး သွားမပေါင်းနဲ့။ Noble person သူတော်သူမြတ် တယောက် ဖြစ်လာမယ့် လူအဆင့် ဘယ်နှစ်ဆင့်လဲ ( သုံးဆင့်ပါ ဘုရား )
Good person.Right person, Noble person လူ့ဘဝအဆင့်ဆင့် မြင့်တက်ရေးအတွက် ကျင့်စဉ်သုံးမျိုး။ သီလ သမာဓိ ပညာ။ သီလကျင့်ရင် Primary Stage ပဲ။ လူကောင်းတော့ ဖြစ်ပါတယ်။ သမာဓိကျင့်ရင် Middle Stage ကိုရောက်ပါတယ်။ Right person ဖြစ်လာမယ်။ ပညာ ကျင့်စဉ်ကို ကျင့်ရင် အဆင့်မြင့်တဲ့ ကျင့်စဉ်ပဲ။ လူ့အဆင့်မှာ အမြင့်ဆုံးပဲ။ Noble အရိယာ သူတော်သူမြတ် ဖြစ်လာမယ်။
This is middle way. Buddha practise this middle way. After practise this is middle way he penetrated the four Noble truth by himself Unaidedunguided by any supernatural agencythen he attained the enlightenment, become the Buddha. Buddha live 45 years as a Buddha. ဗုဒ္ဓအဖြစ်နဲ့ ၄၅-နှစ် အသက်ရှင်ပြီးတော့ နေသွားတယ်။ At the age of 80 in Kusinagara today Uttaraparadash in northen India, and before543 years Jesus Christ. ခရစ်တော်ထက် နှစ်ပေါင်း ၅၄၃-နှစ်စောပြီးတော့ ကွယ်လွန်တော်မူတယ်။ အသက်ဘယ်လောက်ရှည်ရှည် နေသွားလဲ ၈၀။ ဗုဒ္ဓအဖြစ်နဲ့ ၄၅-နှစ်၊ ဗုဒ္ဓမဖြစ်ခင် နေခဲ့တာ ၃၅-နှစ်၊ နှစ်ရပ်ပေါင်း ၈၀-နော်။
Within the 45 years what did the Buddha talk? ၄၅-နှစ်အတွင်းမှာ ဗုဒ္ဓ ဘာဟောသွားသလဲ။ Buddha talked 0nly Dhamma-နော်။ ဘာဟောလဲ (ဓမ္မ)။ What is Dhamma ? Dhamma is Dhamma (ရယ်သံများ) ဘယ်တော့မှ သွားဘာသာမပြန်နဲ့။ ရှုပ်သွားမယ်။ Dhamma is Dhamma. It is never Religion nor Ism nor worship system, nor belief system nor prayer system. Dhamma is Dhamma. But it is Universal Law. အလွန်ကျယ်ပြန့်တယ်။ ကမ္ဘာ့လူသားအားလုံး ကျင့်ကောင်းတဲ့ ကျင့်စဉ်ကြီးပါပဲ။ အဲဒါဟာ Dhamma. In this Dhamma three principals are included. နည်းလမ်း ၃-ခု ပါဝင်ပါတယ်။ သီလ၊ သမာဓိ၊ ပညာ This is Dhamma. အဲဒါ ဓမ္မ ပဲ။
---
( သီလ၊ သမာဓိ )
( သီလ )
ဒီကနေ့ သီလကိုပြောမယ်၊ သီလဆိုတာ ဘာလဲဟေ့လို့ ပြောရင် ဘယ်လိုပြောမလဲ။ အများနှင့်ဆိုင်သော အားလုံးအတွက် Common ဖြစ်သွားအောင်ပြောမယ်ဆိုလို့ရှိရင်နော်။ သီလဆိုတာ ကိုယ် နှုတ် တို့၏စည်းကမ်း၊ သီလအမျိုးအစားတွေ ဒီကနေ့ အကျယ်တဝင့်ပြောဖို့ အချိန်မရဘူး။ သီလ အမျိုးအစားတွေ မြောက်မြားစွာရှိတယ်။ ပါတိမောက္ခသံဝရ သီလ၊ ဣန္ဒြိယသံဝရ သီလ၊ အာဇီဝပါရိသုဒ္ဓိ သီလ၊ ကျောင်းသူ ကျောင်းသားများအတွက် ဒီလောက်ထိမလိုသေးပါဘူး။ ခုနက ၂-လုံး ရရင်ပြီးပြီ။
ကိုယ် နှုတ် တို့၏ စည်းကမ်း၊ ကိုယ်၏စည်းကမ်း၊ နှုတ်၏စည်းကမ်း၊
Bodily discipline and verbal discipline thi is Sila ပါဏာတိပါတာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
I undertake the precept not to kill any living beings အသက်ရှိ သတ္တဝါမှန်သမျှ မသတ်ရဘူးဆိုတဲ့ သိက္ခာပုဒ်ကို အကျွန်ုပ် စောင့်ထိန်းပါ၏၊ အဲဒါဟာ ဘာလဲဆိုရင် Bodily discipline ပဲ။ ဒီ ကိုယ်အမူအရာဖြင့် သတ်တဲ့အမှုကို မလွန်ကျူးမိအောင် ကာယကံကို ဘာလုပ်ရမလဲ ထိန်းပေးရမယ်။
အဒိန္နာဒါနာ။ ဒီလက်နဲ့ သူတပါးရဲ့ပစ္စည်းကို မတရားသောနည်းဖြင့် မယူမိအောင် ကိုယ်အမူအရာကို ထိန်းတယ်။
ကာမေသုမိစ္ဆာစာရလဲ ဒီအဓိပ္ပါယ်ပဲဆိုတော့ ကိုယ်အမူအရာ ထိန်းတဲ့စည်းကမ်းဟာ အနည်းဆုံး ဘယ်လောက်ရှိမလဲ။ သုံးခုရှိပါတယ်။
သတ်ခြင်း ညှင်းဆဲခြင်း မလုပ်ဘူး၊ ခိုးဝှက်ခြင်း မလုပ်ဘူး။ ကာမဂုဏ်ကို မှားယွင်းစွာ ကျင့်သုံးတဲ့အကျင့်ကို မကျင့်ဘူး။
တိရစ္ဆာန်ဆိုတာကတော့ အမေရယ်၊ အမရယ်၊ ဘာမှ မခွဲဘူး။ အထီးရယ်၊ အမရယ် ဘာမှမခွဲဘူး။ အကုန်လုံး စပ်ယှက်တာပဲ။ လူကျတော့ ဒီလိုစည်းကမ်းနဲ့ နေလာတာ။ စည်းလေး ကမ်းလေးနဲ့ ကာမဂုဏ်ကို မစပ်ယှက်သင့်တာ ရှောင်သင့်တာ ရှောင်။ တရားဝင် ကိုယ်နှင့်လက်ခံထားတာလေး ကိုယ့်ဟာကိုယ် ပေါင်းသင်း ဆက်ဆံ ဒီလိုသွားတာ။
လူကတော့ စည်းနဲ့ ကမ်းနဲ့ နေတာ။ ဒါကြောင့် သီလဆိုတာ စည်းကမ်း။ အဲဒါတွေဟာ ဘုရားပွင့်ပွင့် မပွင့်ပွင့် တရားဟောဟော မဟောဟော ကမ္ဘာဦးလူတွေပေါ်တဲ့ အချိန်ကစလို့ ရှိကောင်းတဲ့ အကျင့်။ အဲဒါကို ကိုးကွယ်စရာ Religion ဆိုတဲ့ထဲမှာ သွားထည့်စရာကို။ သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ ဖြစ်လာတယ်။
သမ္မာဝါစာ-Right speech. သမ္မာကမ္မန္တ-Right action. How to actrightly ကို ပြောပြီးပြီ၊ To refrain from three kind of evil action-မကောင်းတဲ့ အကျင့်သုံးခု ရှောင်လိုက်ရင် Action တွေ အကုန်လုံး မှန်သွားတယ်။ မကောင်းတဲ့ ၆-ခုကို ရှောင်လိုက်ရင် ကောင်းတဲ့စကားတွေ အလိုလို ထွက်လာလိမ့်မယ်။ Right Speech ဖြစ်တာပေါ့။
Right livelyhood-ပေါ့၊ ဒါလေး နည်းနည်း အပိုလေးပေါ့။ မှတ်ထားလိုက်ဦး။ Right livelyhood-သိဖို့ ကောင်းတယ်။ ဗုဒ္ဓရှင်တော်ရဲ့ အဆုံးအမများစွာမှာ အသက်မွေးမှုနဲ့ ပတ်သက်လို့ မလုပ်ကောင်းတဲ့အချက် ၅-ခု ပြောထားတယ်။ မလုပ်ကောင်းတာ-
Poison Trading-အဆိပ်ကို ကုန်သွယ်ရောင်းဝယ်ခြင်း မလုပ်ရဘူး။
Weapon Trading-လက်နက် ကုန်သွယ်ရောင်းဝယ်ခြင်း မလုပ်ရဘူး။
Intoxicating Trading-ယဇ်မှုကို ကုန်သွယ်ရောင်းဝယ်ခြင်း မလုပ်ရဘူး။
Animal Trading-အသားစားသတ္တဝါကို ကုန်သွယ်ရောင်းဝယ်ခြင်း မလုပ်ရဘူး။
Human Trading-လူသတ္တဝါကို ကုန်သွယ်ရောင်းဝယ်ခြင်း ဆိုတဲ့နေရာမှာ For Prostitute (ပြည့်တန်ဆာ)၊ or slave (ကျေးကျွန်)၊ အဲဒီနှစ်ခုအတွက် Human Trading မလုပ်ရဘူး။ ၅-ခုရတယ်နော်။
အဆိပ်, လက်နက်, ယဇ်မှု, အသားစားသတ္တဝါ, လူ-အဲဒီ ၅-ခုက လွတ်သွားရင် Livelyhood-က ဘာဖြစ်လဲ။ Right livelyhood-နော်။ အဲဒါဟာ ဗုဒ္ဓရှင်တော်သည် ရှေးဟောင်းအိန္ဒိယယောဂီတို့ရဲ့ အကျင့်ကို ၆-နှစ်ကျင့်ပြီးတော့ ဒီအကျင့်တွေ ကောင်းကျိုးမပေးဘူး ဆိုပြီးတော့ ကိုယ်တိုင်ချတဲ့အခါ ရှေးဦးစွာ ချမှတ်လိုက်တာ။ ဘာကျင့်စဉ်လဲ။ သီလ။ အဲဒီသီလရဲ့ အကျဉ်းချုပ်သည် ကိုယ်နှုတ်နှစ်ပါးကို ထိန်းထားပေးတဲ့ စည်းကမ်းပဲတဲ့။
အဲဒါကြောင့် Bodily discipline, verbal discipline, Thi is Sila. အဲဒီသီလကို ကျင့်သွားရင် ဘာဖြစ်မလဲ။ ဗြဟ္မာ့ပြည် ရောက်မယ်။ နတ်ပြည် ရောက်မယ်။ ဒီမျက်မှောက်ချက်ချင်းကိုပဲ To be a good person (လူကောင်းဖြစ်ပြီ) ပဲ။ ကာယကံမှာ စည်းကမ်းရှိရင် ဝစီကံမှာ စည်းကမ်းရှိတယ်။ ကိုယ်နှင့်နှုတ်မှာ စည်းကမ်းရှိရင် ခရစ်ယာန်ဖြစ်ဖြစ်၊ ဟိန္ဒူဖြစ်ဖြစ်၊ အစ္စလာမ်ဖြစ်ဖြစ်၊ ဂျူးဖြစ်ဖြစ်၊ ဗုဒ္ဓပဲဖြစ်ဖြစ်၊ သူဘာဖြစ်လဲ Good person (လူကောင်း) ဘာသာရေးက မတတ်နိုင်ဘူး။ ကိုယ်တိုင်လုပ်မှရတာ။
လူကောင်းတယောက်ဖြစ်လာဖို့အတွက် အားလုံး ကိုယ် နှုတ်မှာ စည်းကမ်းရှိကြပါတဲ့။ ဘုန်းကြီးကျောင်းမှာ တရားရိပ်သာမှာ ပြောသလိုမျိုး ပြောရင်တော့ သီလမြဲကြပါပေါ့။ အခုတော့ ဒါကလေးတွေဆိုတော့ ကိုယ် နှုတ်မှာ စည်းကမ်းရှိကြမယ်ပေါ့။ ကိုယ်နှုတ်ရဲ့ စည်းကမ်းကို ထိန်းနိုင်တဲ့ပုဂ္ဂိုလ်သည် ဘာဖြစ်မလဲ။ Good person-လူကောင်း။ အဲဒီတော့ ကာယကံရဲ့ ကျူးလွန်မှု။ ဝစီကံရဲ့ ကျူးလွန်မှုတွေ အကုန်လုံးကို ဒီသီလက ထိန်းလိုက်တဲ့အတွက်ကြောင့် လူကောင်းတော့ ဖြစ်လာတယ်။ ဒါပေမဲ့ How to control the mental violence. It is more important then to control the body and speech. စိတ်ထဲ သောင်းကျန်းနေတာတွေ ကျတော့ ဘယ်လိုလုပ် ထိန်းမလဲ။
သမာဓိ
ပါဏာတိပါတာ ဝေရမဏိ သိက္ခာပဒံ သမဒိယာမိ-I undertake the precept not to kill any living beings. ဘယ်သတ္တဝါကိုမှ ကျွန်ုပ်မသတ်ပါဘူး။ သတ်လို့လဲ မဖြစ်ဘူး။ သတ်ချင်တဲ့စိတ်တွေ ဘယ့်နှယ်လုပ်မလဲ။ အဆင့်က အဲလို လာတယ်။ အဆင့်ဆင့်ရှိတယ်။ ဒီတော့ ကိုယ်နှုတ်နှင့် မလွန်ကျူးတော့ဘူးဆိုရင်ပဲ တကမ္ဘာလုံးက သူ့ကို လူကောင်း ခေါ်တော့တာပဲ။ သီလကျင့်သုံးရင် လူကောင်းတော့ဖြစ်တယ်။ It is primary stage in Buddhism.ပဲ၊ သီလဟာ Primary stage-ပဲ ရှိသေးတယ်။ Middle stage လိုသေးတယ်။ high stage လိုသေးတယ်။ university level တောင် မရောက်သေးဘူး။ မင်းတို့က University ရောက်ပြီဆိုပြီးတော့ သိပ်ပြီးတော့ အထင်ကြီးမနေနဲ့။ သီလမပြည့်စုံရင် မင်းတို့ Primary မှာပဲ ရှိသေးတယ်။ အခု မင်းတို့ကို ဘုန်းကြီး Primary stage ကို နည်းနည်းလေး သင်ပေးထားတယ်။ တကယ်အရေးကြီးတဲ့ အပိုင်း၊ အဲဒီတော့ ဒုတိယအပိုင်းက ဘာလဲဆိုတော့ အဲဒီစိတ်ရဲ့ သောင်းကျန်းမှုတွေ၊ ထကြွမှုတွေ ပါဠိစားလုံးလေး ပြောလိုက်ပရစေဦး၊ ပရိယုဋ္ဌာန ခေါ်တယ်။ ကိုယ်နဲ့ နှုတ်နဲ့ လွန်ကျူးနေတာကိုတော့ ဝီတိက္ကမ ခေါ်တယ်။
ဝီတိက္ကမ-ကိုယ်နဲ့ နှုတ်နဲ့ လွန်ကျူးတာကို သီလနဲ့ ထိန်း။ ကိုယ် နှုတ် စည်းကမ်းရှိတော့ သူသည် လူကောင်းတယောက်ဖြစ်လာတယ်။ ဘာပြစ်မှုမှ မရောက်တဲ့အတွက်ကြောင့် ဘာဥပဒေနဲ့မှ အရေးယူခြင်းမခံရဘူး။ သို့သော် စိတ်ထဲမှာ သောင်းကျန်းနေတာရှိရင် ဘာဖြစ်လဲ ဘာမှတော့ မဖြစ်ဘူး။ မြတ်ဗုဒ္ဓက တို့သံဃာတော်တွေရဲ့ ဝိနည်းတော်မှာတောင်မှ-မနောဒွါရေ အာပတ္တိနာမ နတ္ထိ-တဲ့။ စိတ်နဲ့ပြစ်မှားတာ အာပတ်မသင့်ဘူး။ ကိုယ်နဲ့ နှုတ်နဲ့ ပြစ်မှားမှ အပြစ်ရောက်တာ။ အဲသလောက် ထိန်းနိုင်ရင်ကိုပဲ တိုင်းပြည်က တော်တော်ကောင်းနေပြီ။ ကမ္ဘာလဲ အတော်ကောင်းနေပြီ။ စိတ်သောင်းကျန်းမှုတွေကို ထိန်းဖို့ကတော့ ကိုယ်တိုင်ရဲ့ ချမ်းသာခြင်းအတွက် စိတ်ထဲက ထကြွသောင်းကျန်းနေတာတွေကို မထိန်းနိုင်လျှင် ကိုယ်တိုင်လဲ ချမ်းသာခြင်းကို မရနိုင်ဘူး။ Physical happiness ကိုယ်ချမ်းသာခြင်းနှင့် Mental happiness စိတ်ချမ်းသာခြင်း၊ ဒီ ၂-ခုမှာ Mental happinrss မှသာလျှင် တကယ့်အတွေ့ချမ်းသာအစစ်ပါ။
ဟို အမေရိကန် အင်္ဂလန် အနောက် တိုးတက်တဲ့နိုင်ငံကြီးတွေမှာ သွားကြည့်ရင် ဟို physical တွေကတော့ very very advanced ပဲ။ သိပ်တိုးတက်တာပဲ။ ဒါပေမယ့် သူတို့တတွေရဲ့ စိတ်ဟာ သိပ်ဆင်းရဲတယ်။ ဘာနဲ့တူနေသလဲ ဆိုတော့ ဘောလုံးအကြီးကြီးတလုံးကို ပြောင်ချောနေတဲ့ စားပွဲပေါ်မှာတင်၊ အဲဒီဘောလုံးကြီးပေါ်မှာ သစ်သားတန်းကြီးကို အလယ်တည့်တည့် တင်လိုက်ပေါ့။ တင်လိုက်ပြီး ဒီဘက်မှာ လူတယောက် ဟိုဘက်မှာ လူတယောက် ခွစီး။ အဲဒီလူနှစ်ယောက် balance ဖြစ်ရင်ဖြစ်၊ မဖြစ်ရင် နှစ်ယောက်စလုံး သေလိုက်။ သူတို့ အဲဒီလို ဖြစ်နေကြတယ်။
တကမ္ဘာလုံးမှာလေ balance ဖြစ်အောင် သူတို့ မနည်း လုပ်နေကြရတာ။ အလွန့်အလွန် တိုးတက်နေတဲ့အပိုင်းက နေပြီးတော့ ဟို အစအထိ ကမ္ဘာဦးက ကျောက်ခေတ်၊ ကြေးခေတ်ကိုများ ပြန်ရောက်သွားမလား ဆိုပြီးတော့ ပူပြီးနေရတာ။ Tension, Tension ပေါ့။ စိတ်ထဲမှာ ပူပြီးတော့ နေရတာတွေဟာ အလွန်ပြည့်စုံနေပါလျက် သူတို့မချမ်းသာကြဘူး။ အဲဒါကြောင့် သူတို့ မြန်မာပြည်မရောက်ဘူးတဲ့ ဟိုဘက်က လူတွေက မေးတယ်။ မြန်မာပြည် ဘယ်လိုလဲတဲ့။ အို-Physically very poor but mantally is very rich နှလုံးသား အလွန်ကြွယ်ဝတဲ့ လူမျိုးပါကွာလို့ လာကြည့်စမ်းပါ။ တချို့ ရောက်လာတယ်။ ဟာ-ဒီကနေ ယုယုယယ ပြုစုစောင့်ရှောက်ပေးကမ်း ကျွေးမွေးတည်းခို သွားလဲပဲ ဘုန်းကြီးကျောင်းတွေ တည်းမလား။ ဘယ်သူ့အိမ် တည်းမလဲ။ တပည့်တွေ အမေရိကန်တွေ၊ အင်္ဂလိပ်တွေ လာကြတယ်။ ဘယ်သူကမှ သူတို့ Charges အခကြေးငွေ မလုပ်ဘူး။ ဟိုကဖိတ်ကျွေး၊ ဒီကဖိတ်ကျွေး၊ လက်ဆောင်တွေပေး။ လေယာဉ်ဆင်းတဲ့အချိန်ကစပြီး ဝိုင်းကူကြ၊ ပြန်တက်တဲ့အထိ ပြန်သွား ပျော်ပျော်သွားကြပါတယ်။
ဟာ-ဒီလိုတိုင်းပြည်မျိုး ဘယ်မှာမှမတွေ့ဖူးဘူး။ ဘာဖြစ်လို့ ဒီလူတွေ ဒီလောက် နှလုံး ဒါလောက်လှနေတာလဲ။ ဒါလောက် ကြွယ်ဝချမ်းသာနေတာလဲလို့ သူတို့ ဒါမေးတယ်။ အဲဒါကြောင့် ဘုန်းကြီးက ပြောတယ်။ This is land of Dhamma ဓမ္မနိုင်ငံတော်။ တို့တိုင်းပြည်က ဒါကြောင့်မို့ ဒီလူတွေ ကြွယ်ဝချမ်းသာတာ။ ဓမ္မဖြင့် နှလုံးသား ဘာဖြစ်နေလဲ ကြွယ်ဝချမ်းသာတာ။ သူတို့တိုင်းပြည်တွေ ရောက်သွားလို့ရှိရင် ဟေ့-ကျုပ် အခုမအားသေးဘူး။ ဘယ်နေ့တော့မှ ခင်ဗျားပြောလို့ရမယ်။ ဒါဖြင့် ခင်ဗျားတည်းဖို့ ဘယ်ဟိုတယ်မှာ ကျုပ်တို့လုပ်ထားတယ်။ အဲဒီသွားတည်း။ အဲဒီမှာစား။ အချိန်ကျ ကျုပ်လာရှင်းမယ်။ ဒါမျိုးတော့ လုပ်ချင်လုပ်မယ်။ သူ့အိမ်လာတည်းပါလို့ ဘယ်တော့မှ မရှိဘူး။
သူ့ကို လိုက်ပို့မယ်။ သူ့ကို ပင်တိုင်ချက်ကျွေးမယ်။ ဘယ်တော့မှ ဒီလိုမရှိကြဘူး။ ရှားပါတယ်။ ကဲ အခုကြည့်လေ။ ဘာလဲ Mental violence ပါဠိလိုပြောရင် ပရိယုဋ္ဌာန စိတ်ချမ်းသာခြင်းကို မရနိုင်ကြတဲ့အကြောင်း၊ ဟိုဘက်တိုင်းပြည်တွေမှာ ပစ္စည်းပစ္စယတွေ ပြည့်စုံပြီးတော့ စိတ်မချမ်းသာကြဘူး။ ဒီထဲမှာ ဘုန်းကြီးတို့ ပစ္စည်းပစ္စယ မပြည့်စုံပေမယ့်လဲ အလွန်စိတ်ချမ်းသာအောင် နေတတ်တယ်။ ဘုန်းကြီးတို့လူမျိုးဟာ အဲဒါ ဘာစွမ်းရည်လဲလို့ဆိုရင် ဒီဓမ္မရဲ့ စွမ်းရည်ကြောင့်ပါပဲ။ အဲဒီတော့ Satge က ဘုန်းကြီးတို့မှာ ဘာရှိသလဲ ဆိုရင် သမာဓိ ရှိတယ်။ အေး-သမာဓိ ဆိုတာ ဘာလဲမေးရင် Mental discipline ပဲ၊ Concentration ဆိုတာကတော့ လူသိများတယ်။
ဒီကနေ့ ဘုန်းကြီးတို့ဖြန့်ချိတာက Mental discipline အဓိပ္ပါယ်။ စိတ်၏ စည်းကမ်း၊ တောထဲက မျောက်တွေ သွားကြည့်၊ အစာတွေ ဝအောင်စား၊ ထပ်စားတယ်၊ ပါးစောင်ထဲ မျိုထား၊ လက်ထဲကလဲ ဆုပ်လိုက်သေးတယ်။ ဒီလောက် ဝနေတဲ့အကောင် ငြိမ်ငြိမ်လေး နေလားဆိုတော့ မနေဘူး။ ဟိုအပင်ခုန်၊ ဒီအပင်ကူးလိုက် ဒီအပင်ခုန် ဟိုအပင်ကူးလိုက် မျောက်၊ မျောက်ပြောတာ။ (ရယ်သံများ)။ အလွန့်ကို စည်းမဲ့ ကမ်းမဲ့နိုင်တဲ့ကောင်။ မင်းတို့စိတ် ဘာနဲ့တူလဲ။ ဘုန်းကြီးတို့စိတ်လဲပဲ ဘာနဲ့တူလဲဆိုရင် မျောက်နဲ့တူတယ်။ အမြဲတမ်း အလိုမပြည့်နိုင်ဘူး။ တစုံတခုကို တောင့်တနေတာ။ တခါတလေကျတော့လဲ စိတ်ဟာ ဘယ်လိုဖြစ်လဲဆိုတော့ အလွန်မုန်းတီးထားတဲ့ လူတယောက်ကိုလေ ချစ်တဲ့လူထက်တောင်မှ စွဲစွဲလမ်းလမ်း ဖြစ်နေသေးတယ်။ (ရယ်သံများ)။
ချစ်တဲ့လူကို ဘယ်တော့မှ မမေ့ဘူးဆိုတာက တော်သေးတယ်။ ချစ်လို့ မမေ့တာ ထား။ ဟာ-မုန်းပါတယ်ဆိုလဲ သူလဲ မမေ့ဘူး။ ဘာဖြစ်လို့ မမေ့တာလဲဆိုတော့ မုန်းလို့ကို မမေ့တာ။ အဲဒီတော့ attachemen ဆိုတာ နှစ်မျိုးလုံးပဲ။ ချစ်သူတို့ အပေါ်မှာ စွဲလမ်းတာရော၊ မုန်းသူ ရန်သူတို့အပေါ်မှာ စွဲလမ်းတာရော attachemen ပဲ၊ အဲဒါတွေ များလာပြီဆိုရင် စိတ်ဟာ မျောက်လိုဖြစ်လာတယ်။ စိတ်ဟာ အမြဲတမ်း ခုန်ပျံပြေးလွှားနေတာ။ အဲလို မျောက်ကဲ့သို့ ခုန်ပျံပြေးလွှားနေတဲ့စိတ်ကို ငြိမ်သွားစေဖို့ရန် ကျင့်ရမယ့်ကျင့်စဉ်ကို ခေါ်တာက သမာဓိ၊ သို့မဟုတ်ရင် သမထ။
---
သရဏဂုံ ညစ်ညူးကြောင်းတရား
ဒီကနေ့ ဘုန်းကြီးတို့ ပရိသတ်များအား သရဏဂုံညစ်ညူးကြောင်းတရားကို တခန်းတကဏ္ဍအနေနဲ့ အသိပေး ဟောပါမယ်။ သရဏဂုံရဲ့ ဥပက္ကိလေသ၊ ဘုန်းကြီးတို့ ပရိသတ် မှတ်မိပါစေ၊ သရဏဂုံညစ်ညူးကြောင်း အဲဒါကိုပဲ သရဏဂုံ၏ ဥပက္ကိလေသလို့ ကျမ်းဂန်များက သုံးပါတယ်။
သရဏဂုံဆိုတာကိုတော့ တိုတိုထုတ်ပြီး လိုရင်းနားလည်ထားပါ။
သရဏ-ဆိုတာ အားကိုးရာ ၃-ပါး။ ဘုရားရယ် တရားရယ် သံဃာရယ် ဤသုံးခုသည် အားကိုးရာ ၃-ပါးပဲ။ အဲဒါကို သရဏ-လို့ခေါ်တယ်။
ဂမန-ဆိုတာက ဘာလဲ။ အားကိုးရာ သုံးပါးကို အားကိုးတယ်။ ဆည်းကပ်တယ် ဆိုတာကို ဂမန-လို့ခေါ်တယ်။
ဒီစာနှစ်ခုပေါင်းစပ်တော့ သရဏ+ဂမန=သရဏဂုံ လို့ ဒီလိုပြောတယ်။
အဓိပ္ပါယ်ကတော့-အားကိုးရာ ၃-မျိုးကို အားကိုးခြင်း၊ ဆည်းကပ်ခြင်း လုပ်ငန်းကို လုပ်ကိုင်ကြတာပါပဲလို့ ဒီလို အဓိပ္ပါယ်ရပါတယ်။
မိမိတို့ ကိုးကွယ်သိမှတ်၊ ဆည်းကပ်အားကိုးကြတဲ့ ရတနာ ၃-ပါးရဲ့အပေါ်မှာ ဘုန်းကြီးတို့ ပရိသတ်အပေါင်း သူတော်ကောင်းတို့သည် ဘာကိုမြော်မြင်လို့ အားကိုးလိုကြသလဲ။ ဘာလိုလားလို့ အားကိုးကြသလဲဆိုရင် သရဏဂုံရဲ့ သတ္တိများကို ဘုန်းကြီးတို့ပရိသတ် သိရှိနားလည်ထားဖို့ လိုအပ်ပါတယ်။
ဘုရား အားကိုးတယ်၊ တရား သံဃာ အားကိုးတယ်၊ ဘာကြောင့်အားကိုးတယ်။ သတ္တိရှိလို့ အားကိုးတယ်။ သတ္တိက ဘုရား၊ တရား၊ သံဃာ ဟုဆိုအပ်သော ရတနာသုံးပါးအပေါင်းသည် ယုံကြည် သိမှတ် ဆည်းကပ်ကြ ကုန်သော ဗုဒ္ဓဘာသာ သူတော်စင်တို့အတွက်-
သရဏဂုံ ညစ်ညူးကြောင်းတရား (၂)
ပရိသတ်အပေါင်း သူတော်ကောင်းတို့-
ဘုရား၊ တရား၊ သံဃာကို အာရုံပြုမိ၍ ဖြစ်ပေါ်လာသော သဒ္ဓါအရှင်းခံရှိသော သမ္မာဒိဋ္ဌိ-ကောင်းသောအယူသည် သရဏံ-သရဏ မည်ပါပေ၏။ ထို ဘုရား၊ တရား၊ သံဃာကို ယုံကြည်သိမှတ် ဆည်းကပ်တဲ့ သဒ္ဓါကို အရင်းခံလို့ ဖြစ်ပေါ်လာသော သမ္မာဒိဋ္ဌိကို ဖြောင့်မှန်သော အယူလို့ခေါ်တယ်။
ပုညကိရိယာဝတ္ထု ၁၀-ပါးမှာ ဒါန၊ သီလ၊ ဘာဝနာ၊ အပစာယန၊ ဝေယျာဝစ္စ၊ ပတ္တိဒါန၊ ပတ္တာနုမောဒန၊ ဓမ္မဿဝန၊ ဓမ္မဒေသနာ၊ ဒိဋ္ဌိဇုကမ္မ-လို့ ခေါ်တယ်။
ဒီ ၁၀-ခုကို ပုညကိရိယာဝတ္ထု ၁၀-ပါးလို့ ခေါ်တယ်။ ကောင်းမှုပြုခြင်းရဲ့ အရင်းခံ ၁၀-ခု။ နောက်ဆုံးမှာ ဒိဋ္ဌိဇုကမ္မ-အယူဖြောင့်မှန်ခြင်း။ အယူဖြောင့်မှန်ခြင်းဆိုတာ ဘာလဲလို့မေးရင် ဒီနေရာမှာ ဘုန်းကြီးတို့ ပြောချင်တာက အယူဖြောင့်မှန်မှုဆိုတာက ရတနတ္တယသမ္မာဒိဋ္ဌိ လို့မှတ်ပါ။
ကုသိုလ်ကောင်းမှုပြုတဲ့နေရာ၊ ဒါနမှုပြုတဲ့ နေရာမှာတော့ ဘုန်းကြီးတို့ပရိသတ်ဟာ သမ္မဿကတာ သမ္မာဒိဋ္ဌိလို့ ဘုန်းကြီးတို့ ပြောခဲ့ပါတယ်။ ကိုးကွယ်ရေးနဲ့ ပတ်သက်လာရင်၊ ကိုးကွယ်မှုနဲ့ ပတ်သက်လာရင် ရတနတ္တယ သမ္မာဒိဋ္ဌိဖြစ်တယ်။ အဲဒါကို ဒိဋ္ဌိဇုကမ္မ-လို့ ခေါ်တယ်။ ဒိဋ္ဌိ-အယူ။ ဥဇုကမ္မ-ဖြောင့်မှန်တဲ့အလုပ်။ အယူဖြောင့်မှန်တဲ့အလုပ် ဆိုတာ ဘယ်ကစလုပ်ရမလဲ။ ဘုရား၊ တရား၊ သံဃာကို အားကိုးရာအစစ်အဖြစ်နဲ့ ယုံကြည်၊ သိမှတ်၊ ဆည်းကပ်တာက စတယ်။
ကုသိုလ်ကောင်းမှု ၁၀-ခုမှာ ထိပ်ဆုံးက ဒိဋ္ဌိဇုကမ္မကို ထားတယ်။ အယူဖြောင့်မှန်မှုသာ မရှိရင် အလှူပေးကော ဖြောင့်ဦးမလား။ သီလဆောက်တည်မှုကော မှန်ပါဦးမလား။ မဖြောင့်ပါဘူး။ ဘာဝနာကော ဖြောင့်ဦးမလား။ မဖြောင့်ပါဘူး။ အယူမဖြောင့်တဲ့ပုဂ္ဂိုလ်တွေ ဝေယျာဝစ္စလုပ်တော့ရော မှန်ပါဦးမလား။ မမှန်နိုင်ပါ။ တသီကြီး သွားတယ်။ ဘယ်ဟာမှမဖြောင့်တော့ဘူး။ ဒိဋ္ဌိဇုကမ္မ ဖယ်လိုက်ရင် ရှေ့ကလုပ်ငန်း ၉-ခုဟာ တခုမှ ဖြောင့်တာ မရှိတော့ဘူး။
ဒါနလဲပဲ ရတနတ္တယ သမ္မာဒိဋ္ဌိမပါရင် ဒီဒါနလဲ မဖြောင့်မှန်နိုင်ဘူး။ ဒါန၊ သီလ၊ ဘာဝနာ၊ အပစာယန၊ ဝေယျာဝစ္စ၊ ပတ္တိဒါန၊ ပတ္တာနုမောဒန၊ ဓမ္မဿဝန၊ ဓမ္မဒေသနာ ဆိုတဲ့ ရှေးကကောင်းမှု ၉-ပါးလုံး အယူဖြောင့်မှန်မှုကို အခြေမခံကြရင်တော့ (ဘုန်းကြီးတို့ပရိသတ် ဒီအချက်ကို အလေးအနက် သတိထားပါ)။ ဒိဋ္ဌိဇုကမ္မ-အယူဖြောင့်မှန်မှုသာ အခြေမခံကြရင် အလှူပေးလဲ မဖြောင့်ဘူး။ သီလဆောက်တည်လဲ မဖြောင့်ဘူး။ ဘာဝနာအားထုတ်လဲ မဖြောင့်ဘူး။ အပစာယန-ရိုသေတယ်၊ ရိုသေတယ်ပြောပေမဲ့ အယူမဖြောင့်မှန်တဲ့ လူတွေရဲ့ ရိုသေခြင်းဟာ လောကဝတ်လောက်ပဲ ရှိတယ်။ ဘုန်းကြီးကိုတွေ့လို့ ရိုသေပေမဲ့ အယူမဖြောင့်သူတို့ရဲ့ ရိုသေခြင်းသည် လောကဝတ်ပဲ၊ ဓမ္မဝတ် မဟုတ်ဘူး။
ဝေယျာဝစ္စတွေကို ဆောင်ရွက်နေကြတယ်။ စာပြန်ပွဲကြီး ဆင်နွှဲဆောင်ရွက်နေကြတယ်။ ဘုရား၊ တရား၊ သံဃာကို မယုံဘဲနဲ့ ဒီဝေယျာဝစ္စ လုပ်တာဟာ လောကဝတ်လောက်ပဲ ရှိတယ်။ ဖြောင့်မှန်သော ဝေယျာဝစ္စ မဟုတ်ဘူး။ သာဓု သာဓု ခေါ်တယ်။ ပတ္တာနုမောဒန ဖြစ်တယ်။ အယူမှ မဖြောင့်ဘဲနဲ့ သာဓုခေါ်တာကော ဖြောင့်ပါဦးမလား။ မဖြောင့်နိုင်ပါဘူး။ ဓမ္မဒေသနာ-တရားတော့ ဟောတော့ဟောသားပဲ။ အယူမဖြောင့်ဘဲနဲ့ ဟောတော့ ဒီတရားကော ဖြောင့်မလား။ မဖြောင့်ပါဘူး။ တရားနာတယ်။ ဓမ္မဿဝန-ဖြစ်တယ်။ အယူမဖြောင့်သူရဲ့ တရားနာခြင်းသည် ဖြောင့်မှန်သော တရားနာခြင်း ဖြစ်ဦးမလား။ မဖြစ်နိုင်ပါဘူး။ ဒိဋ္ဌိဇုကမ္မ-ဒီတလုံး ဖြုတ်လိုက်ရင် ရှေ့ကလုပ်ငန်း ၉-ခုလဲ မဖြောင့်မှန်တော့ဘူး။ သဘောကျအောင် မှတ်ထား။
ရတနတ္တယ သမ္မာဒိဋ္ဌိသည် ကုသိုလ်ကောင်းမှု ၁၀-မျိုးတို့မှာ အခြေခံအကျဆုံးပဲဆိုတာ မှတ်မိပါစေ။ အဲဒါကြောင့် သဒ္ဓါအရင်းခံသော သမ္မာဒိဋ္ဌိသည် ဗုဒ္ဓဘာသာ သူတော်စင်တို့ရဲ့ ဘာသာရေးလုပ်ငန်း ၁၀-မျိုးတို့တွင် အယူဖြောင့်မတ်ခြင်း ဒိဋ္ဌိဇုကမ္မလို့ မုချကျိန်းသေ ဆိုအပ်ပါပေသတည်း။
ယခု ပရိသတ်အပေါင်း သူတော်ကောင်းတို့ သဘောပေါက်ကြတာက ရတနတ္တယသမ္မာဒိဋ္ဌိတဲ့။ ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးနဲ့ ပတ်သက်တဲ့ သဒ္ဓါရယ်၊ သမ္မာဒိဋ္ဌိဉာဏ်ရယ်၊ ဒီတရားနှစ်လုံး။ ရတနာ ၃-ပါးကို ယုံကြည်တဲ့ သဒ္ဓါ၊ မှန်ကန်သော အယူအဆဆိုတဲ့ သမ္မာဒိဋ္ဌိ၊ ဒီ သဒ္ဓါနဲ့ သမ္မာဒိဋ္ဌိ ၂-ပါး ရတနာသုံးပါးအပေါ်မှာ ပျက်ခဲ့ပြီဆိုရင် သရဏဂုံလဲ ပျက်ပြီပေါ့။ သဒ္ဓါတရားတွေ နည်းနည်းတော့ မပျက်သေးဘူး။ ဒါပေမဲ့ ဟိုက ဒီက အစွန်းအထင်း အညစ်အထေးလေးတွေ ဝင်လာတယ်ဆိုရင် သရဏဂုံ ညစ်နွမ်းတယ်လို့ ဆိုနိုင်တယ်။ ရတနတ္တယ သမ္မာဒိဋ္ဌိ-ညစ်နွမ်းပြီဆိုရင် သရဏဂုံလဲ ညစ်နွမ်းတာပဲ။ သဒ္ဓါနဲ့ သမ္မာဒိဋ္ဌိ ညစ်နွမ်းရင် သရဏဂုံ ညစ်နွမ်းတယ်။ ဒီသဒ္ဓါနဲ့ သမ္မာဒိဋ္ဌိ ပျက်ပြီဆိုရင် သရဏဂုံ ပျက်စီးတယ်။ သရဏဂုံ ညစ်ညူးကြောင်း၊ သရဏဂုံ ပျက်စီးကြောင်းကို ဘုန်းကြီးတို့ပရိသတ် ဒီနေရာမှာ သိဖို့လိုအပ်လာပြန်တယ်။ အကြောင်းအကျိုးက ဆက်မိသွားပြီ။
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ-ဆိုတာ တရားကိုယ်ကလဲ သဒ္ဓါအရင်းခံသော သမ္မာဒိဋ္ဌိ ဖြစ်တယ်။ မှတ်မိပါစေ။ ဓမ္မံ သရဏံ ဂစ္ဆာမိ-ဆိုတာ၊ သံဃံ သရဏံ ဂစ္ဆာမိ ဆိုတာ သဒ္ဓါအရင်းခံသော သမ္မာဒိဋ္ဌိပဲ။ ပုညကိရိယာဝတ္ထု ၁၀-ပါးတွင် သူ့ကို ဒိဋ္ဌိဇုကမ္မလို့ ခေါ်တယ်။ မြန်မာလိုပြောတော့ အယူဖြောင့်တယ်ဆိုတာ ဒီယုံကြည်မှုဆိုတဲ့ သဒ္ဓါ၊ မှန်ကန်တဲ့ ကောင်းမွန်တဲ့ အယူဆိုတဲ့ သမ္မာဒိဋ္ဌိ ရှိမှ အယူဖြောင့်တယ်။
သရဏဂုံ ပျက်စီးခြင်းဆိုတာ အပြစ်ရှိသော ပျက်စီးခြင်း၊ အပြစ်မရှိသော ပျက်စီးခြင်း ဆိုပြီး နှစ်မျိုးနှစ်စား ရှိတယ်။ လောကီသရဏဂုံ ပျက်စီးခြင်းသည် သဝိဇ္ဇာဗေဒ၊ အနဝိဇ္ဇာဗေဒ။ အပြစ်ရှိသော ပျက်ခြင်း၊ အပြစ်ကင်းသော ပျက်ခြင်းဟူ၍ နှစ်မျိုးရှိတယ်။ အပြစ်ကင်းသော ပျက်စီးခြင်းဆိုသည်ကတော့ သေတဲ့အခါကျတော့ ပျက်တဲ့သရဏဂုံကို အနဝိဇ္ဇာဗေဒေါ-အပြစ်ကင်းသော ပျက်စီးခြင်းဟု ဆိုအပ်ပေတယ်။
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ-လို့ ဆိုထားတဲ့ပုဂ္ဂိုလ်သည် သောတာပန်သာ မဖြစ်သေးရင် ပုထုဇဉ်အနေနဲ့ ဆောက်တည်ထားတဲ့ သရဏဂုံကို လောကီသရဏဂုံလို့ ခေါ်တယ်။ အဲဒီပုထုဇဉ်တို့၏ လောကီသရဏဂုံဟာ သေတဲ့အခါကျတော့ ပျက်တယ်။ နောက်ဘဝကို ကူးမလိုက်ဘူး။ သောတာပန်ပုဂ္ဂိုလ်တို့ရဲ့ သရဏဂုံကတော့ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ-ဆိုဆို မဆိုဆို နောက်ဘဝကို ကူးပြီးတော့ လိုက်တယ်။ သေလဲ မပျက်ဘူး။
ဒီကနေ့ ဗုဒ္ဓဘာသာသူတော်စင်တို့ သောတာပတ္တိမဂ်ဖိုလ် မရကြသေးခင် ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ-ဆိုတဲ့ သရဏဂုံဟာ တကယ်ပဲ စွဲစွဲမြဲမြဲ ယုံကြည်ရတယ်ထား။ ဘယ်အထိ စိတ်ချရသလဲဆိုတော့ သေခါနီးအထိ စိတ်ချရတယ်။ သေပြီးရင် ဒီသရဏဂုံက ဟိုဘက်မလိုက်တော့ဘူး။ ဟိုဘက်ဘဝ သရဏဂုံ မလိုက်တော့ ပုထုဇဉ်တို့သည် ဟိုဘက်ဘဝမှာ ဘုရား၊ တရား၊ သံဃာတွေနဲ့ တွေ့ဦးမယ်ဆိုရင် ဒီသရဏဂုံကို ထပ်ပြီး ဆောက်တည်ဖို့ပဲ ရှိတယ်။ မတွေ့ဘူးဆိုရင်တော့ ဘယ်လိုဆောက်တည်ရမှန်းကို မသိတော့ဘူး။
ဒီတော့ ပုထုဇဉ်တို့ရဲ့ လောကီသရဏဂုံ ဘယ်ခါပျက်၊ သေတဲ့အခါပျက်တယ်။ သေတဲ့အခါပျက်တဲ့ သရဏဂုံသည် အပြစ်သင့်သော ပျက်စီးခြင်းလား-အပြစ်ကင်းသော ပျက်စီးခြင်းလားဆိုရင် အပြစ်ကင်းသော ပျက်စီးခြင်း ဖြစ်တယ်။ မသေခင် သရဏဂုံပျက်ရင်တော့ အပြစ်ရှိတယ်။ မသေခင် သရဏဂုံပျက်လို့ အပြစ်ရှိတာက ဘယ်လိုတုန်းဆိုရင် ညစ်နွမ်းတဲ့ဘက်ကစပြီး စဉ်းစားပါ။ ဘုရား၊ တရား၊ သံဃာ ရတနာ ၃-ပါးတို့ရဲ့ အပေါ်မှာ မသိမှုတွေ ဖြစ်လာခဲ့တယ်။ ရတနာ ၃-ပါးအကြောင်း မသိဘူးဆိုတာ အညာဏ၊ ဘုရား၊ တရား၊ သံဃာအပေါ်မှာ ယုံမှားမှုတွေ ဖြစ်လာတယ် သံသယ။ မှားယွင်းတဲ့ အယူအဆတွေ ပေါ်ပေါက်လာတယ် မိစ္ဆာဉာဏ။
အသက်ရှင်စဉ် ဘုရား၊ တရား၊ သံဃာကို ယုံကြည်ဆည်းကပ် ကိုးကွယ်ပါ၏ဆိုတဲ့ သူတော်ကောင်းတို့သည် ရတနာ ၃-ပါးတို့ရဲ့ ဂုဏ်သတ္တိတွေကို မသိရှိဘူး။ နားမလည်ဘူးဆိုရင် သရဏဂုံ မပျက်သေးပေမဲ့ ညစ်နွမ်းတတ်တယ်။ ဘုရားအကြောင်း၊ တရားအကြောင်း၊ သံဃာအကြောင်း။ တနည်း-ဘုရားဂုဏ်၊ တရားဂုဏ်၊ သံဃာဂုဏ် အဲဒီလောက်ကို ဘုန်းကြီးတို့ ပရိသတ်များ မသိကြဘူးဆိုရင် သရဏဂုံ မပျက်တောင်မှ ဒီသရဏဂုံဟာ ညစ်နွမ်းစရာအကြောင်း ရှိသတဲ့။ မသိလို့ရှိရင် ယုံကြည်ချက်က မပြင်းထန်ဘူးမဟုတ်လား။ ယုံကြည်ချက် မပြင်းထန်တော့ သဒ္ဓါ အားပျော့သွားတယ်။ သဒ္ဓါအားပျော့သွားရင် သမ္မာဒိဋ္ဌိလဲ အားပျော့ သွားတယ်။
အဲဒါကြောင့် ဘုရားအကြောင်း သိအောင် ကြိုးစားကြရမယ်။ အညာဏမှ လွတ်အောင် တရားနဲ့သံဃာတို့ရဲ့ အကြောင်းကိုလဲ သိအောင် ပို၍ ကြိုးစားပေးရမယ်။ ဘာအတွက် ဒီလို တိုက်တွန်းစကား ပြောရသတုံးဆိုတော့ သရဏဂုံ ညစ်နွမ်းမှာစိုးလို့။
(၁) ဘုရား၊ တရား၊ သံဃာတို့ရဲ့ ဂုဏ်ကို မသိရှိကြဘူးဆိုရင် မသိနားမလည်တဲ့ အညာဏကြောင့် ကိုးကွယ်မှုများ ညစ်နွမ်းတတ်တယ်။
(၂) သိတော့ သိသားပဲ၊ အတွေးချော်သွားလို့ စဉ်းစားတာတွေ၊ ဝေဖန်တာတွေ လွန်သွားတဲ့အတွက်ကြောင့်မို့ သံသယဖြစ်တယ်။ သံသယက ဘယ်လိုသူတွေ အားကြီးဖြစ်သတုံးဆိုရင် မသိတဲ့ပုဂ္ဂိုလ်လဲ သံသယဖြစ်တယ်။ အသိ သိပ်လွန်တဲ့ပုဂ္ဂိုလ်တွေလဲ သံသယဖြစ်တယ်။ ဒီကနေ့ အများအားဖြင့် ဖြစ်ကြတာကတော့ အသိသိပ်လွန်တဲ့သူတွေ ဘုရား၊ တရား၊ သံဃာအပေါ်မှာ သံသယဖြစ်တာ များတယ်ထင်တယ်။
သဒ္ဓါနဲ့ ဉာဏ်။ သဒ္ဓါနဲပြီးတော့ ဉာဏ်လွန်ကဲသူတွေဟာ သံသယဝင်တတ်တယ်။ နောက်တမျိုးပြောမယ်။
ယုံကြည်ချက်က နည်း၊ ဝေဖန်စိစစ်မှု လွန်ကဲရင် သံသယတွေ ဝင်လာနိုင်တယ်။ ဒီလိုသံသယဝင်ရင်လဲ သရဏဂုံ ညစ်နွမ်းတယ်။
(၃) မိစ္ဆာဉာဏ်တဲ့။ သိတော့ သိပါတယ်။ အမှားကြီး။ ဘုရားအကြောင်း သိတော့ သိသားပဲ အမှန်မသိဘူး။ အမှားကို သိနေတာ။ တရားတော်အကြောင်းကို သိတော့ သိတယ်။ အမှန်မသိဘူး။ အမှားကို သိနေတယ်။ သံဃာတော်အကြောင်း သိတော့ သိတယ်။ အမှန်ကို မသိဘူး။ အမှားကို သိနေကြတယ်။ အမှားသိနေရင်လဲ ဒီသရဏဂုံ ညစ်နွမ်းတယ်။
သရဏဂုံ ညစ်နွမ်းခြင်းရဲ့ အကြောင်း ၃-ပါး။
အညာဏ-မသိမှု။ သံသယ-ယုံမှားမှု။ မိစ္ဆာဉာဏ်-အသိမှားမှု။
ရတနာ ၃-ပါး အကြောင်း မသိမှုရယ်။ သံသယဝင်မှုရယ်၊ အသိမှားမှုရယ် ဒီ ၃-မျိုးကြောင့် လောကီပုထုဇဉ်တို့ရဲ့ သရဏဂုံသည် ညစ်နွမ်းလိမ့်မယ်ဟူ၍ ဘုန်းတော် ၆-ပါးသခင် ဘုရားရှင်သည် ကောင်းစွာမသွေ ဟောကြား တော်မူခဲ့ပါပေသတည်း။
---
ဗုဒ္ဓဝါဒသည် ကိုးကွယ်သည့် ဘာသာ (Religion) မဟုတ်
( ကိုးကွယ်ခြင်း နှင့် ကျင့်သုံးခြင်း )
ဇာတံ သရဏတော ဘယံ-ကိုးကွယ်ရာမှ ဘေး ဖြစ်တတ်သည်-ဟူသော ဗုဒ္ဓစကားတော်အရ သတ္တဝါများစွာတို့သည် ကိုးကွယ်မှား၍ ဘေးဒုက္ခများစွာ ရောက်ခဲ့ကြသည်။ ရောက်နေကြသည်။ ရောက်ကြလိမ့်ဦးမည်။
သတ္တဝါများစွာတို့သည် စည်းစိမ်ချမ်းသာ အဖြာဖြာကို လိုလားတောင့်တသောကြောင့်လည်း ကိုးကွယ်ရာ ရှာကြသည်။ ဘေးအန္တရာယ်တခုခုဖြင့် ခြိမ်းခြောက်ခံရသောကြောင့်လည်း ကိုးကွယ်ရာ ရှာကြသည်။
ကိုးကွယ်ရာ ရသောအခါ ထိုကိုးကွယ်ရာက ချမ်းသာစည်းစိမ်အမျိုးမျိုးကို ပေးလိမ့်မည်ဟူ၍လည်း ယုံကြည်ကြသည်။ ဘေးအန္တရာယ်ကို ကာကွယ်ပေးလိမ့်မည်ဟူ၍လည်း ယုံကြည်ကြသည်။ သစ်သီးစားချင်သူသည် သစ်ပင်ပေါ်မတက်ဘဲ သစ်ပင်အောက် ထိုင်၍ သစ်ပင်ကို ရှိခိုးဆုတောင်းခြင်းဖြင့် သစ်သီး မစားရပေ။ သစ်ပင်ပေါ်တက်မှ သစ်သီးစားရမည် ဖြစ်၏၊
ဒီဘက်ကမ်းမှ မြစ်ကို ဖြတ်၍ ဟိုဘက်ကမ်း သွားလိုသူသည် လှေရှာ၍ ခပ်မြန်မြန် ကူးရမည်သာ ဖြစ်၏၊ ဟိုဘက်ကမ်းသည် ငါ့ဆီလာပါစေဟု ဆုတောင်းနေရုံဖြင့် ဟိုဘက်ကမ်း မရောက်ပေ။ ရောဂါ အနာ စွဲကပ်သူသည် ဆရာဝန်ကို ရှိခိုးရုံဖြင့် အနာရောဂါ မပျောက်ပေ။ ဆရာဝန် ညွှန်ကြားသည့် ဆေးကို သောက်ရမည်သာဖြစ်၏၊ ဆရာဝန် တားမြစ်သည်ကို လိုက်နာရမည်သာ ဖြစ်၏၊ သို့မှ အနာရောဂါ ပျောက်ပေမည်။
သစ်သီးစားချင်လျက် သစ်ပင်ပေါ် မတက်ဘဲ သစ်ပင် ရှိခိုးနေသလို-ဟိုဘက်ကမ်း သွားချင်လျက် လှေရှာ၍ မကူးဘဲ မြစ်ကြီးကို ရှိခိုးနေသလို-အနာရောဂါ ပျောက်လိုလျက် ဆေးမသောက်ချင်ဘဲ ဆရာဝန်ကို ရှိခိုးနေသလို ဆင်းရဲဒုက္ခအပေါင်းမှ လွတ်မြောက်၍ ချမ်းသာသုခများစွာကို လိုလားကြကုန်သော သတ္တဝါတို့သည် ကိုးကွယ်ရာ အမှန်ကို မရကြသည့်အတွက် ချမ်းသာသုခ မရသည့်အပြင် ပို၍ပင် ဆင်းရဲဒုက္ခရောက်နေကြသည်။
ကျင့်သုံးမှုနှင့် သတိတရား
ကိုးကွယ်ရာအမှန်ကား အကျင့်တရား။(စရဏ) ပင် ဖြစ်၏၊ သစ်သီးစားချင်သူသည် သစ်ပင်ပေါ်တက်ရမည်သာ ဖြစ်၏၊ ဟိုဘက်ကမ်း ရောက်လိုလျှင် လှေရှာ၍ ကူးရမည်သာ ဖြစ်၏၊ အနာရောဂါ ပျောက်လိုလျှင် ဆေးသောက်ရမည်သာ ဖြစ်၏၊
ထိုနည်းတူစွာ ဆင်းရဲလွတ်လိုလျှင် မကောင်းကျင့်ကို ရှောင်ရမည်။ ချမ်းသာရလိုလျှင် အကောင်းကျင့်ကို ကျင့်ရမည် ဖြစ်၏၊ မိမိအကျင့်မကောင်းလို့ မိမိဆင်းရဲတာ၊ မိမိအကျင့်ကောင်းလို့ မိမိချမ်းသာတာ ထင်ရှားပါသည်။
ဒုစရိုက်ဟူသည် အပြစ်လည်း သင့်၏၊ ဒုက္ခလည်း ပေးတတ်သည်။ သုစရိုက်ဟူသည် အပြစ်လည်း ကင်း၏၊ သုခကိုလည်း ပေးတတ်သည်။ သို့ဖြစ်၍ ချမ်းသာရလိုလျှင် သုစရိုက်ကို ကျင့်သုံးရမည်သာ ဖြစ်၏၊ ဆင်းရဲကင်းလိုလျှင် ဒုစရိုက်ကို ရှောင်ရှားရုံသာ ဖြစ်၏၊
တရားကျင့်သူကို တရားက ပြန်၍ စောင့်ရှောက်ပါသည်။ (ဓမ္မော ဟဝေ ရက္ခတိ ဓမ္မစာရီ )
ထို့ကြောင့် ကိုးကွယ်ခြင်းဟူသည် ကျင့်သုံးခြင်းပင် ဖြစ်၏၊ ကျင့်သုံးရာ၌လည်း ယုံကြည်မှုနှင့် အသိဉာဏ် (သဒ္ဓါနှင့်ပညာ) ညီညွတ်စွာ ပေါင်းစပ်၍ သတိဖြင့် ကျင့်သုံးရပါသည်။
ဤကျင့်သုံးခြင်းဖြင့် ဒုက္ခနှင့် ဒုက္ခဖြစ်ခြင်းအကြောင်းရင်းကိုလည်း သိရမည်။ သုခနှင့် သုခ၏ အကြောင်းရင်းကိုလည်း သိရမည်။
ကျင့်ကြံမှုနှင့် အမှန်တရား
ဤအမှန်တရား လေးပါးကို သိစေသော အကျင့်မျိုးကို ဗုဒ္ဓဝါဒ ခေါ်သည်။
ဗုဒ္ဓဝါဒသည် ယုံကြည်မှုကိုသာ ဦးစားပေး၍ အသိဉာဏ် မပါသော (Religion) မျိုးလည်း မဟုတ်။ အသိဉာဏ်ကိုသာ ဦးစားပေး၍ ယုံကြည်မှုမပါသော (Philosophy) မျိုးလည်း မဟုတ်ပေ။ စရဏ ခေါ် ကိုယ်တိုင်ကျင့်ရသည့် အကျင့်တရားကတော့ Religion နှင့် Philosophy နှစ်မျိုးစလုံးမှာ မရှိပေ။ ဗုဒ္ဓဝါဒမှာ စရဏ (အကျင့်) က ပဓာန ဖြစ်ခြင်းကြောင့် ကိုယ့်ကိုယ်ကို အားကိုးရသော ဝါဒဖြစ်၏၊
လူဖြစ်ဖို့ ခက်၏၊ သဒ္ဓါနှင့် ပညာ ပြည့်စုံသော လူ ဖြစ်ဖို့ ပို၍ခက်၏၊ ထိုထက် ပို၍ ခက်သည်ကား စရဏ (အကျင့်) ဖြစ်၏၊ သစ္စာသိဖို့ကား အခက်ဆုံးဖြစ်၏၊ သစ္စာမသိသောကြောင့် ချမ်းသာမရ၊ ဆင်းရဲနေကြရ၏၊
စရဏ ကို ကျင့်ဖို့ သစ္စာကို သိဖို့ရန် သဒ္ဓါ ပညာ ပြည့်စုံသောလူတို့ တရားမှန်ကို နာကြားရဖို့လည်း အခက်ကြီးတပါးပင် ဖြစ်၏၊ ထို့ကြောင့် ဗာရာဏသီဆရာတော်ကြီးနှင့် မိမိတို့သည် အာရှခြောက်နိုင်ငံ (ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ နီပေါ၊ အိန္ဒိယ၊ သီရိလင်္ကာ) သို့ သုံးလနှင့် သုံရက်ကြာ ခရီးထွက်၍ ဘာသာ သာသနာ အရေးများကို နား၊ မျက်စိ မီသလောက် လေ့လာခဲ့ကြသည်။
၁၃၄၃-ခု တန်ဆောင်မုန်းလဆုတ် ၁၂-ရက်နေ့မှ စတင်ထွက်ခဲ့၍ ထိုနှစ် တပို့တွဲလကွယ်နေ့ မြန်မာပြည်သို့ ပြန်ရောက်သည်။ စင်ကာပူနှင့် မလေးရှားမှာ ၂-ပွဲ၊ ထိုင်းနိုင်ငံ ၇-ပွဲ၊ နီပေါ ၅-ပွဲ၊ အိန္ဒိယ ၂-ပွဲ၊ သီရိလင်္ကာ ၆-ပွဲ အသီးသီး တရားဟောခဲ့ပါသည်။ မလေးရှား နီပေါ အိန္ဒိယ သီရိလင်္ကာ တရားပွဲများမှာ တရာဟောပြီးလျှင် မေးခွန်းတွေ များစွာ မေးကြသည်။
ဗုဒ္ဓဝါဒသည် ဘာကို အခြေခံသလဲ
ယနေ့ကမ္ဘာလောကမှာ Religion ဆိုသော စကားကို လူတိုင်း သုံးစွဲပြောဆိုနေကြပါတယ်။ သူတို့ပြောနေတဲ့ အဓိပ္ပါယ်က လူသားတွေ ကိုးကွယ်တဲ့ ဘာသာတရားအားလုံး Religion လို့ ဆိုနေကြတာပါပဲ။ အများပြောကြတဲ့အတိုင်းဆိုရင် ဗုဒ္ဓဝါဒလည်း Religion အထဲ ပါဝင်နေပါလိမ့်မယ်။ ဗုဒ္ဓဝါဒကို Religion မဟုတ်ဘူးလို့ဆိုချင်ပါတယ်။ ပြီးတော့ ယုံကြည်မှု၊ မျှော်လင့်တောင့်တမှုထားပြီး ကိုးကွယ်နေရတဲ့ စနစ်မျိုးလည်း မဟုတ်ဘူးလို့ ဆိုချင်ပါတယ်။ ဗုဒ္ဓဝါဒသည် တစုံတယောက်သော တန်ခိုးရှင်ကို ယုံကြည်ပြီး မှီခိုနေရတဲ့ ဝါဒမျိုး မဟုတ်ပါဘူး။
အသိဉာဏ်နှင့် အကျင့် မပါတဲ့ ယုံကြည်မှု (သဒ္ဓါ) မျိုးကို ဗုဒ္ဓဝါဒက လက်မခံလိုပါဘူး။ ယုံကြည်မှု (သဒ္ဓါ) ဆိုတာဟာ အသိဉာဏ်ပေါ်မှာ အခြေခံရပါတယ်။ အသိဉာဏ်ပေါ်မှာ အခြေခံမှ ယုံကြည်မှု (သဒ္ဓါ) ဟာ အကျင့်တရား ပါတယ်။ အကျင့်တရားပါမှ ချမ်းသာစစ်၊ ချမ်းသာမှန်ကို ရနိုင်ပါတယ်။
ဗုဒ္ဓရဲ့ အဆင်းတော်၊ အသံတော်၊ ဘုန်းတော်၊ တန်ခိုးတော်၊ ဉာဏ်တော်တွေကို အလွန်အမင်း ကြည်ညိုပြီး ဗုဒ္ဓအနားက မခွာနိုင်အောင် ဖြစ်နေတဲ့ ဝက္ကလိ ရဟန်းတော်ကို ဗုဒ္ဓက-
အို-ဝက္ကလိ၊ ငါ၏ ပူတိကာယ (အပုပ်ပြည့်တဲ့ကိုယ်ကြီး) ကို ကြည်ညို၍နေခြင်းဟာ ဘာအကျိုး ရှိမည်နည်း။ သွားလော့၊ ကျင့်လော့၊ -ဟု နှင်ထုတ်ခဲ့ထူးပါတယ်။ ဝက္ကလိ ရဟန်းကို နှင်ထုတ်တာဟာ သဒ္ဓါသာရှိပြီး ပညာနှင့် အကျင့်ကို အသုံးမချလို့ ဖြစ်ပါတယ်။
ဗုဒ္ဓကို ဘယ်လို ယုံကြည်အားကိုးသလဲ
ဗုဒ္ဓဝါဒမှာ သဒ္ဓါကို လက်မခံဘူးတော့ မဟုတ်ပါဘူး။ သဒ္ဓါကို အရေးကြီးတဲ့ သဘာဝတရားတခု အနေနဲ့ လက်ခံပါတယ်။ ဥပမာ-အနာရောဂါ ရနေတဲ့ လူမမာဟာ သူ့ကို ဆေးကုတဲ့ ဆေးဆရာရဲ့ အရည်အချင်းကို ယုံကြည်ထားရသလိုပါပဲ။ ထို့ပြင် ပညာသင်နေတဲ့ ကျောင်းသား တပည့်ဟာ မိမိအား ပညာသင်ပေးနေတဲ့ ဆရာ့အရည်အချင်းနှင့် မေတ္တာ၊ ကရုဏာကို ယုံကြည်ထားရသလိုပါပဲ။
ဗုဒ္ဓဘာသာဝင်တွေဟာ ဗုဒ္ဓအပေါ်မှာ ဒုက္ခအားလုံးမှ လွတ်မြောက်ရေး လမ်းစဉ်၊ ချမ်းသာစစ် ချမ်းသာမှန် ရရှိရေး လမ်းစဉ်တွေကို ရှာဖွေပေးတဲ့ ပုဂ္ဂိုလ်အဖြစ်ဖြင့် ယုံကြည်ကြတယ်။ အားကိုးကြတယ်။
သို့သော် ယုံကြည်အားကိုးနေကြတဲ့ သတ္တဝါတွေရဲ့ အပြစ်တွေ၊ အညစ်အကြေးတွေ၊ ဆင်းရဲဒုက္ခတွေကို ဗုဒ္ဓက တန်ခိုးတော်နဲ့ ပယ်ဖျောက်ပေးလိမ့်မယ်၊ ချမ်းသာသုခအားလုံး ပစ်ချပေးလိမ့်မယ်၊ ချမ်းသာတဲ့ ဘုံဌာနကြီးတခုသို့ ဆွဲခေါ်ကယ်တင်သွားလိမ့်မယ် ဆိုတဲ့ မျှော်လင့်ချက်၊ ယုံကြည်ချက်တွေနဲ့ ဗုဒ္ဓကို ယုံကြည်အားကိုးနေကြတာ မဟုတ်ပါဘူး။
ဗုဒ္ဓ ဘယ်လို ညွှန်ကြားခဲ့သလဲ
ဗုဒ္ဓကလည်း-သင်တို့ရဲ့ ကျူးလွန်ထားတဲ့ အပြစ်တွေ ငါ အားလုံး ဆေးကြောသုတ်သင်ပေးမယ်၊ အပြစ်နှင့် ဒုက္ခမှ လွတ်မြောက်စေပြီး ချမ်းသာတဲ့ ဘုံဌာနကြီးတခုသို့ ငါ ပို့ဆောင်ပေးမယ်-လို့ ဘယ်တော့မှ ဘယ်တုန်းကမှ အာမခံချက် မပေးပါဘူး။ ဒီအာမခံချက်မျိုး ဘယ်ပုဂ္ဂိုလ်မှလည်း မပေးနိုင်ပါဘူး။
တစုံတယောက်ရဲ့ ပြစ်မှုတွေကို ပယ်ရှားပေးနိုင်တဲ့ တန်ခိုးသတ္တိဟာ ဗုဒ္ဓမှာ မရှိပါဘူး။ တကယ်စင်စစ်တော့ တစုံတယောက်သည် အခြားတစုံတယောက်ကို သန့်ရှင်းအောင်လည်း လုပ်မပေးနိုင်ပါဘူး။ ညစ်နွမ်းအောင်လည်း လုပ်မပေးနိုင်ပါဘူး။ မိမိသည်သာလျှင် မိမိကိုယ်ကို ညစ်နွမ်းစေနိုင်ပြီး မိမိသည်ပင် မိမိ၏ သန့်ရှင်းရေးကို ဆောင်ရွက်နိုင်ပါတယ်။ တယောက်က တယောက်ကို ကယ်တင်နိုင်ကြတာ မဟုတ်ပါဘူး။
ထို့ကြောင့် ကျောင်းဆရာ တယောက်ဟာ ကျောင်းသားတယောက်ကို သင်ကြားပြသသလို ပါပဲ။ ဗုဒ္ဓသည် ဆရာနှင့်တူစွာ ကျွန်ုပ်တို့ကို ညွှန်ကြားခဲ့ပါတယ်။ မိမိကိုယ်ကို မိမိတို့ အားကိုးကြပါ။ ကိုယ်ကျင့်ထားတဲ့ တရားကို အားကိုးကြပါ။ ကိုယ်ကျင့်ထားတဲ့ ကိုယ်ကျင့်တရားက လွဲလို့ တခြား အားကိုးစရာ မရှိပါဘူး-တဲ့။
လွတ်လပ်မှုအပြည့်ရှိတဲ့ ဗုဒ္ဓဘာသာ
ဗုဒ္ဓဘာသာဝင်တယောက်သည် ဗုဒ္ဓကို ကိုးကွယ်ဆည်းကပ်နေပေမယ့် စစ်ရှုံးလို့ လက်နက်ချ အရှုံးပေး၊ အညံ့ခံ လိုက်တာမျိုး မဟုတ်ပါဘူး။ ဗုဒ္ဓဘာသာဝင်တယောက် ဖြစ်လာတာနဲ့ပဲ လွတ်လပ်စွာ တွေးတောကြံစည် စဉ်းစား ဝေဖန်ခြင်းတို့ကို စွန့်လွှတ်ရတာမျိုး မဟုတ်ပါဘူး။ မိမိစိတ်ထဲမှာ အချုပ်အနှောင်မရှိ လွတ်လပ်စွာ ကျင့်ကြံအားထုတ်နိုင်ပါတယ်။ ဘယ်လောက်အထိ လွတ်လပ်ပါသလဲဆိုရင် ကိုယ်ကိုယ်တိုင် ဗုဒ္ဓ ဖြစ်လာသည်အထိ မိမိရဲ့ အသိဉာဏ်များကို ပွားများနိုင်ပါတယ်။ တို့ချဲ့နိုင်ပါတယ်။
ဗုဒ္ဓဝါဒရဲ့ အစကတော့ သမ္မာဒိဋ္ဌိ ပါပဲ။ သမ္မာဒိဋ္ဌိ ဆိုတာ အသိဉာဏ် မှန်ကန်ဖို့၊ အယူအဆ မှန်ကန်ဖို့ ပါပဲ။ ဒုက္ခ နှင့် ဒုက္ခအကြောင်းမှန်ကို သိရှိနားလည်ရမယ်။ ဤအချက်တို့ကို သိရှိနားလည်ဖို့ရန် မိမိတို့၏ စိတ်၊ စေတသိက် တို့ရဲ စွမ်းရည်သတ္တိကို လွတ်လပ်စွာ အသုံးချဖို့ လိုအပ်ပါတယ်။ ထိုသစ္စာတရားတို့ကို ရှာဖွေပေးခဲ့တဲ့ ဗုဒ္ဓက ကောသလတိုင်း ကေသမုတ္တိရွာသား ကာလာမလူမျိုးတို့အား အောက်ပါအတိုင်း ဟောထားခဲ့ပါတယ်။
ဗုဒ္ဓရဲ့ စကားကြီး ၁၀-ခွန်း
ကာလာမတို့-
၁။ အဆင့်ဆင့်ပြောဆိုလာခဲ့တဲ့ ရှေးစကား ကြားရုံမျှနဲ့လဲ ဝါဒတခု လက်မခံလိုက်နဲ့ဦး။
၂။ အစဉ်အဆက်က ကျင့်သုံးလာတဲ့ ဓလေ့ထုံးစံအားလုံးလဲ မှန်တယ်လို့ သိမ်းကျုံး လက်မခံလိုက်နဲ့ဦး။
၃။ သူတပါး ပြောတိုင်းလဲ မစုံစမ်း မဆင်ခြင်ဘဲ လက်မခံလိုက်နဲ့ဦး။
၄။ စာနဲ့ ရေးထားတိုင်းလဲ အားလုံးမှန်ပြီလို့ လက်မခံလိုက်နဲ့ဦး။
၅။ မိမိတွေးတောကြံဆလို့ ပေါ်လာတဲ့ မိမိရဲ့ အတွေးအကြံတွေအားလုံး မှန်ပြီလို့ လက်မခံလိုက်နဲ့ဦး။
၆။ မှီရာနည်းနိဿယတွေ ရှိသားပဲဆိုပြီး အဲဒီနည်းတွေကို မှန်ပြီလို့ လက်မခံလိုက်နဲ့ဦး။
၇။ မိမိအကြံအစည် အတွေးအခေါ်ကို မိမိဘာသာ အကြောင်း အထောက်အထားပေးပြီး ခိုင်လုံလှပြီလို့ မယူလိုက်နဲ့ဦး။
၈။ မိမိကြိုတင် စဉ်းစား တွေးတော လက်ခံထားသော အယူအဆနှင့် တစုံတယောက် ဟောပြောချက်၊ ရေးသားချက်၊ အယူအဆတို့ ကိုက်ညီပါပေတယ်ဆိုပြီး လက်မခံလိုက်နဲ့ဦး။
၉။ ထင်ရှားကျော်ကြားပြီး လူအများ လေးစားတဲ့ပုဂ္ဂိုလ်ကြီး ပြောတဲ့စကားပဲဆိုပြီးတော့လဲ လက်မခံလိုက်နဲ့ဦး။
၁၀။ ငါတို့ လေးစားတဲ့ ငါတို့ ဆရာ့စကားဆိုပြီးတော့လဲ အပြီးသတ် လက်မခံလိုက်ပါနဲ့ဦး။
ကောင်းဆိုးနှစ်ဖြာ ခွဲခြားပါ
ကာလာမတို့-ဤတရားကား စက်ဆုပ်ဖွယ် တရားတို့ပါတကား။ ဤအကျင့်တို့ကား မကောင်းသော အကျင့်တို့ပါတကား။ ဤအကျင့်တို့ကား သူတော်ကောင်းများ ကဲ့ရဲ့သော အကျင့်တို့ပါတကားလို့ သင်တို့ကိုယ်တိုင် ကိုယ်ပိုင်ဉာဏ်နဲ့ သိနိုင်ကြသားပဲ။
အဲဒီလို သိတဲ့အခါ အဲဒီမကောင်းတဲ့ အကျင့်တရားတွေကို ပယ်လိုက်ကြ၊ စွန့်လိုက်ကြရုံပဲပေါ့။ အဲဒီအကျင့် တစုံတခုကို ကျင့်လို့ အကျိုးမဲ့ ဖြစ်မယ်၊ ဆင်းရဲမယ်ဆိုရင် ဘာပြုလို့ ကျင့်နေရမှာလဲ ပယ်လိုက်ကြပေါ့။
ကာလာမတို့-သင်တို့သည် သင်တို့၏ ကိုယ်ပိုင်ဉာဏ်ဖြင့် ဤအကျင့်တရားတို့သည် အပြစ်ကင်း၍ သန့်ရှင်းသော တရားများ၊ ကောင်းကျိုးချမ်းသာဖြစ်၍ ပညာရှိ သူတော်ကောင်းများ ချီးမွမ်းသော အကျင့်တရားတွေပဲလို့ သိသောအခါ ဒီအကျင့်တရားမျိုးကို လိုက်နာကျင့်သုံးကြပေါ့။ သင်တို့ ကိုယ်တိုင် ကိုယ်ပိုင်ဉာဏ်နဲ့ သိနိုင်ကြသားပဲ။ ဘာပြုလို့ မျက်စိမှိတ်နေကြတာလဲ။ ကိုယ်ပိုင်ထားသော စိတ်၊ စေတသိက်တို့ရဲ့ ထက်မြက်လှစွာသော စွမ်းရည်သတ္တိတွေကို အသုံးချလိုက်ပါကပါ။ ဤသုတ္တန်လာ ဗုဒ္ဓ၏ မိန့်ခွန်းသံများဟာ ဘာသာရေးမှာ မျက်စိမှိတ်နေကြတဲ့ ပုဂ္ဂိုလ်တွေကို မျက်စိပွင့်စေတဲ့ စွမ်းအားတမျိုး ဖြစ်ပါတယ်။ ကိုးကွယ်ဆည်းကပ်မှု၌ တွေဝေ ငေးငိုင်နေသူတွေကို ကြည်လင်တက်ကြွလာစေတဲ့ မိန့်ခွန်းတော်များလဲ ဖြစ်ပါတယ်။
---
ဗုဒ္ဓရဲ့ ပုံတော်၊ ဆင်းတုတော်၊ ဘာကြောင့် ကိုးကွယ်နေသလဲ
ဒါကြောင့် ဗုဒ္ဓဝါဒမှာ မျက်စိမှိတ် ယုံကြည်ကိုးကွယ်ရတာမျိုး မရှိဘူး။ ဒီလိုဆိုရင် ဗုဒ္ဓဘာသာဝင်တွေ ဗုဒ္ဓရဲ့ ပုံတော် ရုပ်ဆင်းတုတော်တွေကို ဘာကြောင့် ကိုးကွယ်နေကြသလဲ လို့ မေးနိုင်ပါတယ်။
အဖြေက လွယ်ပါတယ်။ ဗုဒ္ဓဘာသာဝင်တွေဟာ ဗုဒ္ဓရဲ့ ပုံတော်ကို ရှိခိုးပူဇော်နေကြတာဟာ ချမ်းသာစည်းစိမ် တစုံတခုကို မျှော်လင့်တောင့်တပြီး ရှိခိုးနေကြတာ မဟုတ်ပါဘူး။ အသက်ထင်ရှားရှိတဲ့ ဗုဒ္ဓရဲ့ ရှေ့မှောက် ရောက်နေတယ်လို့ ထင်မှတ်ပြီး အလွန်လေးနက်သော ဂါရဝဖြင့် ရှိခိုးပူဇော်နေကြခြင်း ဖြစ်တယ်။ အဲဒီ ရှိခိုးပူဇော်နေကြတဲ့ ဗုဒ္ဓဘာသာဝင်တွေရဲ့ စိတ်ထဲကို မိမိရဲ့စိတ် သွင်းပြီးကြည့်လိုက်စမ်းပါ။ ဘယ်လောက်အံ့ဩစရာကောင်းသလဲ။
အတုမရှိတဲ့ မဟာပုရိသဗုဒ္ဓရဲ့ ပုံတော်ရှေ့မှာ ပန်း၊ ရေချမ်း၊ ဆီမီး၊ ဆွမ်း စသည် ကပ်လှူပြီး ရှိခိုးနေရတာဟာ ဗုဒ္ဓဘာသာဝင်တို့ရဲ့ စိတ်နှလုံးမှာ ကြည်လင်အေးချမ်းပြီးတော့ ဆုတ်နစ်သောစိတ်ဓာတ်ဟာ တက်ကြွလာတယ်။ ကျဆင်းနေသော စိတ်ဓာတ်ဟာ တိုးပွားလာတယ်။ ညစ်ညူးနေသော စိဓာတ်ဟာ ကြည်လာတယ်။
ဗုဒ္ဓလက်ခံခဲ့တဲ့ ယုံကြည်ကိုးကွယ်မှု
ဗုဒ္ဓရှင်တော်ကလဲ မိမိရဲ့ သာဝကတွေကို မိမိကျင့်သလို ကျင့်စေချင်တယ်။ မိမိကို အတုယူစေချင်တယ်။ ဗုဒ္ဓရဲ့ ပုံတော်ရှေ့မှောက်မှာ ထိုင်၍ ဗုဒ္ဓကို အာရုံပြုပြီး ပူဇော်လိုက်တဲ့အခါ ဗုဒ္ဓနဲ့ အတူတူနေရတယ်လို့ စိတ်မှာ ဝင်စားလာတတ်ပါတယ်။
ဗုဒ္ဓနဲ့ အတူတူနေရတဲ့ ပုဂ္ဂိုလ်ဟာ မကောင်းသော အကျင့်တွေကို ကျင့်လို့ ဘယ်ဖြစ်တော့မလဲ။ တဖြည်းဖြည်း ဗုဒ္ဓဓာတ် ကူးလာနိုင်တယ်။ ဒါကြောင့် ဗုဒ္ဓကလဲ ပညာဉာဏ်ကို အရင်းခံသော ယုံကြည်မှုဖြင့် ကိုးကွယ်ဆည်းကပ်သည်ကို လက်ခံပါတယ်။ ဗုဒ္ဓဘာသာဝင်တွေကလဲ ဤရည်ရွယ်ချက်ဖြင့် ဗုဒ္ဓပုံတော်ကို ကိုးကွယ်ကြခြင်း ဖြစ်ပါတယ်။
ညောင်ပင်ဟာ ဗောဓိဉာဏ်ရဲ့ အထိမ်းအမှတ်တခု ဖြစ်ပါတယ်။ ဒီညောင်ပင်မှာ ဗောဓိဉာဏ်ရလို့ ဒီညောင်ပင်ကို ဗောဓိပင် ခေါ်ကြပါတယ်။
ဗုဒ္ဓဘာသာရဲ့ ပဓာန လုပ်ငန်းတခု
ရုပ်တု၊ ဆင်းတု၊ ညောင်ပင်စသည် ပူဇော်ခြင်း တွေဟာ ဗုဒ္ဓဘာသာမှာ အရေးကြီးတဲ့ အချက်တွေတော့မဟုတ်ပါဘူး။ သို့သော် သမာဓိ ကောင်းစွာ ရရှိနိုင်တဲ့အတွက် လုပ်ထိုက်သော လုပ်ငန်းတရပ်ဖြစ်ပါတယ်။ ဒါကြောင့် အသိဉာဏ်ရှိတဲ့ ပုဂ္ဂိုလ်များဟာ အတုမဲ့ မဟာပုရိသ ဖြစ်တော်မူတဲ့ ဗုဒ္ဓရဲ့ ပုံတော်ကို သူတို့စိတ်ထဲမှာ ထင်ထင်ရှားရှား ထည့်သွင်းထားပြီး ဗောဓိဓာတ်ကို ရအောင် ယူကြတယ်။ စိတ်ကြည်လင်မှု ချမ်းသာမှုကို ရှာဖွေကြတယ်။
သို့သော် ဗုဒ္ဓဘာသာဝင်တွေဟာ ကျေးဇူးရှင် မြတ်ဗုဒ္ဓကို ရှိခိုးပူဇော်နေကြခြင်းထက် မြတ်ဗုဒ္ဓကဲ့သို့ သစ္စာတရားတို့ကို သိအောင် အားထုတ်ခြင်း၊ သိက္ခာသုံးပါး၊ မဂ္ဂင်ရှစ်ပါး၊ ပါရမီ ၁၀-ပါးတို့ကို အားထုတ်ခြင်းကသာလျှင် ပိုမြတ်ပါတယ်။ ဗုဒ္ဓကလဲ တပည့်သာဝကတို့ရဲ့ ပူဇော်ခြင်းထက် မိမိကျင့်သလို အကျင့်မြတ်တွေ ကျင့်ကြံလိုက်နာခြင်းကိုသာ မျှော်လင့်ပါတယ်။ ကျင့်ဖို့ချည်း တိုက်တွန်းနှိုးဆော်ပါတယ်။
ဗုဒ္ဓကို မြင်တွေ့တဲ့ လူ ဆိုတာ
ငါဘုရား၏ အဆုံးအမ အကျင့်မြတ်တွေကို ကျင့်ကြံ လိုက်နာသူသည် ငါဘုရားကို အမြတ်ဆုံး ပူဇော်သူမည်၏၊ တရားမြင်သူသည် ငါဘုရားကို မြင်၏၊ တရားမမြင်သူသည် ငါဘုရားကို မမြင်သေး-ဟု ဟောတော်မူခဲ့ပါတယ်။
သို့သော် ဗုဒ္ဓပုံတော်ထက် ပို၍ခံ့ညား သပ်ရပ် ထည်ဝါပြီး ကျက်သရေရှိသော အခြားရုပ်ပုံတခု ဤကမ္ဘာလောကမှာ မရှိတော့ပါ။
မျက်စိနဲ့မြင်ရတဲ့ ဗုဒ္ဓပုံတော်ကို မြင်ရ ကြည့်ရသောအခါ ဗုဒ္ဓပုံတော်ထဲမှာ ဗုဒ္ဓရဲ့ စိတ်ဓာတ်တွေ ပါဝင်လာတယ်လို့ ထင်ရပြီး မိမိရဲ့ နှလုံးသားမှာလဲ ဗောဓိဉာဏ်ရဲ့ အရောင်ဟာ ထင်ဟပ်လာတယ်လို့ ထင်မှတ်ရပါတယ်။
နောက်ထပ်ပြောလိုတာက ဗုဒ္ဓဝါဒ၊ ဗုဒ္ဓဘာသာ မှာ အသနားခံ၍ ဆုတောင်းခြင်း၊ ဗုဒ္ဓနှင့် ဆုတောင်းသူတို့ကြားထဲမှာ ဆက်သွယ်သူ (အောင်သွယ်သဘော) ကိုယ်စားလှယ်ထား၍ ဆုတောင်းခြင်းဆိုတာ မရှိပါဘူး။
ဗုဒ္ဓဘာသာတို့ ဆုတောင်းတယ်ဆိုတာ
ဘုန်းကြီးက လူတွေအလယ် ဆုတောင်းပေးရတယ် ဆိုတာမျိုး၊ ဒုက္ခရောက်လာလို့ ကယ်တင်တော်မူပါ။ ကျူးလွန်မိလာလို့ သနားစောင့်ရှောက်တော်မူပါ ဆိုတာမျိုးတွေ မရှိပါဘူး။
သို့သော် ဗုဒ္ဓထံမှာ ဆုပန်တယ်၊ ဆုတောင်းတယ်ဆိုတာ ရှိပါတယ်။ ကယ်တင်ဖို့ စောင့်ရှောက်ဖို့ တောင်းတာ မဟုတ်ပါဘူး။ မိမိဖြစ်ချင်တဲ့ ဆန္ဒကို မိမိရဲ့ ကောင်းမှုပေါ်မှာ အခြေခံပြီး ထုတ်ဆိုခြင်းသာ ဖြစ်ပါတယ်။
ဗုဒ္ဓကလဲ သင်တို့ တောင်းဆိုတာတွေကို ငါ ဘုရား ပေးမယ်လို့ ဘယ်တော့မှ ဘယ်တုန်းကမှ တာဝန်မခံပါဘူး။ အသနားခံခြင်း ဆုတောင်းခြင်းတွေမှတပါး မိမိဘဝ ဖြူစင်သန့်ရှင်းရေး အသိဉာဏ် ပွင့်လင်းရေး ဒုက္ခမှ လွတ်မြောက်ရေးတို့အတွက် သိက္ခာသုံးပါး ကျင့်သုံးဖို့ကိုသာ ဗုဒ္ဓသည် ညွှန်ပြတော်မူလေ့ရှိပါသည်။
သိက္ခာသုံးပါးဆိုတာ-သီလ၊ သမာဓိ၊ ပညာ ပါပဲ။ သီလကျင့်တော့ ကိုယ်နှုတ်နှစ်ပါး ဖြူစင်သန့်ရှင်းသွားတယ်။ သမာဓိရအောင် အားထုတ်တော့ စိတ်အညစ်အကြေးတွေ တခဏ တဘဝ သန့်ရှင်းအေးချမ်းသွားတယ်။ ပညာကျင့်စဉ် ကျင့်လိုက်တော့ ကိလေသာ အညစ်အကြေးတွေ အပြီးတိုင် ကင်းဝေးသန့်ရှင်းသွားတယ်။
ကမ္မဋ္ဌာန်းအားထုတ်တာ စိတ်ကူးယဉ်နေတာလား
တနည်းပြောရရင် ကမ္မဋ္ဌာန်းတရား အားထုတ်မှုမှ သန့်ရှင်းမှု၊ ငြိမ်းချမ်းမှုဆိုတာ ရတယ်။ ကမ္မဋ္ဌာန်းအားထုတ်တယ်ဆိုတာ ငြိမ်ငြိမ်ကလေး ထိုင်ပြီး စိတ်ကူးယဉ်နေတာမျိုး မဟုတ်ပါဘူး။ စိတ်ကို ဗလာဟင်းလင်းဖြစ်အောင် လုပ်နေခြင်းလဲ မဟုတ်ပါဘူး။
ကောင်းကင်မှာပျံသွားတဲ့ ပျံလွှားငှက်ကလေးများကဲ့သို့ နှလုံးသားထဲက စိတ် စေတသိက်တွေဟာ အလွန် အရှိန်အဟုန်ပြင်းစွာနဲ့ သင်္ခတတရားတို့ ပျက်စီးပြိုကျနေမှု၊ မိမိခန္ဓာရဲ့ ပြောင်းလဲနေမှုတွေကို အမီလိုက်၍ ကြည့်နေခြင်းကို ကမ္မဋ္ဌာန်းလို့ ခေါ်တယ်။
ဗုဒ္ဓသည် တန်ခိုးမရှိတဲ့ ဆုပေးစကားကို မပြောကြားရုံသာမက အသနားခံ တောင်းဆိုနေတဲ့ အညံ့ခံလိုတဲ့ စိတ်ဓာတ်များကိုလဲ ညံ့ဖျင်းတဲ့ စိတ်မျိုးဖြစ်ကြောင်း ဟောတော်မူခဲ့ပါတယ်။
ဗုဒ္ဓရဲ့ လမ်းစဉ်
ဒါကြောင့် ဗုဒ္ဓဝါဒမှာ ကယ်တင်စောင့်ရှောက်ဖို့ မျှော်လင့်ပြီး ဆုတောင်းတာမျိုး မရှိပါဘူး။ ကိုယ့်ကိုယ်ကို အားကိုးပြီး ကိုယ့်ဘဝလွတ်မြောက်ရေးအတွက် ဗုဒ္ဓညွှန်ပြပေးထားတဲ့ လမ်းစဉ်အတိုင်း ကိုယ့်အစွမ်းသတ္တိနဲ့ကိုယ် အားထုတ်နေကြပါတယ်။
ကမ္မဋ္ဌာန်း အားထုတ်တာကတော့ ကြားအောင်သွယ် ပုဂ္ဂိုလ်မလိုပါဘူး။ ကိုယ့်စိတ် ကိုယ့်ကိုယ်ကို ကိုယ်ကိုယ်တိုင်ပဲ ပြုပြင်ပြောင်းလဲပေးနေတာ ဖြစ်တယ်။
ဗုဒ္ဓဝါဒမှာ ကြောက်ရ ရိုသေရ နားထောင်ရမယ့် ဒေဝဗြဟ္မာ ဖန်ဆင်းရှင် စိုးမိုးသူ စသည် မရှိပါ။
ဗုဒ္ဓသည် ဖန်ဆင်းရှင်မဟုတ်
ဗုဒ္ဓသည် ကမ္ဘာ၊ လောက၊ နေ၊ လ၊ နက္ခတ်၊ ဂြိုဟ်၊ တာရာတွေထဲမှာ တန်ခိုးသတ္တိရှိသော အလုံးစုံကို အကုန်အစင် သိသော၊ တစုံတခုသောလာဘ်ကို ပေးသော၊ အလုံးစုံကို အကုန်အစင် ဖန်ဆင်းသော၊ အလုံးစုံကို အစိုးရသော၊ အမြဲတည်ရှိသော၊ အားလုံးသော လောကနှင့် စကြဝဠာ သတ္တဝါတို့၏ ရှေးဦးစွာက ဖြစ်နေသော၊ ရှိနေသော၊ တစုံတယောက်သော ဗြဟ္မာ၊ ဒေဝတို့ကို လက်မခံပါ။ အယုံအကြည် မရှိပါ။
ဗုဒ္ဓဝါဒမှာ မမြင်ရ မသိရသော နေရာဌာန၊ တခုမှ မတွေ့မမြင်နိုင်သော အစမထင် တန်ခိုးရှင် တစုံတယောက်ထံမှ ကောင်းချီးမင်္ဂလာ ဩဘာဆုလာဘ်များကို သယ်ဆောင်ပြီး ဖြန့်ဝေပေးနေသည့် ပုဂ္ဂိုလ်လည်း မရှိပါ။
ဗုဒ္ဓဘာသာဝင်တို့ ယုံကြည်ချက်
ထို့ကြောင့် ဗုဒ္ဓဘာသာ၊ ဗုဒ္ဓဝါဒကို ကျင့်သုံးသော ပုဂ္ဂိုလ် (ဗုဒ္ဓဘာသာဝင်) ဆိုတာဟာ အပြစ်ဒဏ်ကို ပေးတတ်၊ အပြစ်ကို ပယ်ဖျောက်တတ်သော ကောင်းချီးမင်္ဂလာ ဆုလာဘ်ကို ပေးတတ်သော တန်ခိုးဖြင့် လွှမ်းမိုးအုပ်ချုပ်နေသော၊ သဘာဝထက် လွန်ကဲသော၊ တန်ခိုးရှင်ဣဿရ တစုံတယောက်ကို ခစား ညွှတ်တွား၍ တာဝန်ထမ်းနေရသော ပုဂ္ဂိုလ်များ မဟုတ်ကြပါဘူး။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင်တွေဟာ တစုံတယောက်သော တန်ခိုးရှင်၊ ဖန်ဆင်းရှင်၊ အစိုးရသူတို့ထံမှ အပြစ်ကို ပယ်ဖျောက်ခြင်း၊ ကောင်းချီးဆုလာဘ်များ ပေးသနားခြင်းတို့ကို မျှော်လင့်တောင့်တနေကြသူများလဲ မဟုတ်ကြပါဘူး။
မိမိတို့ ကောင်းဆိုးနှစ်မျိုးသော ဘဝနှင့် ကောင်းကျိုး၊ ဆိုးကျိုးတို့ကို မိမိတို့ရဲ့ တန်ခိုးထက်လှစွာသော စိတ် စေတသိက်များကသာ ဖန်ဆင်းပြုလုပ်ပေးကြတယ်လို့ ယုံကြည်ထားကြပါတယ်။
ဗုဒ္ဓဘာသာဝင်တွေဟာ တစုံတယောက်သော တန်ခိုးရှင်၊ ဖန်ဆင်းရှင်တို့၏ ကယ်တင်စောင့်ရှောက်မှုကို မျှော်လင့်တောင့်တနေကြသူများ မဟုတ်ကြပါဘူး။
ကိုယ်ပိုင် အရည်အချင်းကို အသုံးချရတဲ့ ဘာသာ
ယခုလိုပြောလိုက်တဲ့အတွက် ဗုဒ္ဓဝါဒကို အထင်မမှားသင့်ပါ။ ဗုဒ္ဓဝါဒသည် လောကသစ္စာကို မငြင်းပယ်ပါ။ အခြားမည်သည့်ဘာသာကိုမှ မဆန့်ကျင်ပါ။ ဗုဒ္ဓဝါဒသည် သတ္တဝါတို့အတွက် ရေရာပြီး သေချာသော သဘာဝများကိုသာ အသိအမှတ် ပြုပါတယ်။
ဗုဒ္ဓဝါဒသည် လူသားတယောက်စီ တယောက်စီမှာ ရှိနေသော အလွန်တန်ခိုးထက်သည့်စိတ်၊ စေတသိက်တို့ကို အရင်းပြု၍ နည်းမှန်လမ်းမှန် တကယ်အားထုတ်ကျင့်ကြံထားသော ဆရာကောင်း ဆရာမြတ်တို့၏ အကူအညီ အဆုံးအမဖြင့် ကိုယ်တိုင် ကြိုးစားအားထုတ်မှသာလျှင် ဆင်းရဲဒုက္ခအပေါင်းမှ ကိုယ်တိုင် လွတ်မြောက်နိုင်တယ်လို့ ညွှန်ကြားပါတယ်။ သင်ပြပါတယ်။
ထို့ကြောင့် ဗုဒ္ဓဝါဒကို ဘယ်နည်းနှင့်မျှ ဘယ်အကြောင်းကြောင့်မျှ Religion လို့ မဆိုနိုင်ပါဘူး။ ဗုဒ္ဓဝါဒသည် ယုံကြည်ပြီး ဆုတောင်းနေရ၊ ကိုးကွယ်ပသနေရတဲ့ဝါဒမျိုးလည်း မဟုတ်ပါဘူး။ ကောင်းမြတ်သော သေချာရေရာသော ရည်ရွယ်ချက်ဖြင့် မိမိတို့ ပိုင်ထားတဲ့ တန်ခိုးထက်လှစွာသော သတိ၊ ဝီရိယ၊ ပညာ စတဲ့ စိတ် စေတသိက်တို့ကို အသုံးချ၍ အားထုတ်ကျင့်ကြရသော ကျင့်စဉ်မျိုး ဖြစ်ပါတယ်။
ဗုဒ္ဓဘာသာသည် ဘာသာအားလုံးတို့ရဲ့ ဘာသာ
အကယ်၍ ဗုဒ္ဓဝါဒကို Religion လို့ ဆိုရင်တော့ အခြားအခြားသော Religion မျိုး မဟုတ်ပါဘူးလို့ ဆိုချင်ပါတယ်။
Buddhist Religion သည်-
၁။ အလွန်လေးနက်သော ဘဝအမြင်ကို ကောင်းစွာ သင်ပြပေးသော Religion တခု ဖြစ်ပါတယ်။
၂။ ထိုလေးနက်သော ဘဝအမြင်ကို အခြေခံ၍ ဘဝလွတ်မြောက်ရေးအတွက် ကိုယ်တိုင်ကြိုးစားအားထုတ်ဖို့ လမ်းညွှန်ပေးသော Religion တခုလဲ ဖြစ်ပါတယ်။
၃။ ကိုယ်တိုင် ကိုယ်ပိုင်ဉာဏ်ဖြင့် အားထုတ်သည့်အလျောက် အသိဉာဏ်များ တောက်ပြောင် ပွင့်လင်းလာအောင် သင်ပြပေးသော Religion လဲ ဖြစ်ပါတယ်။
၄။ လူသားတို့ရဲ့ တန်ခိုးထက်လှစွာသော စိတ်၊ စေတသိက်ကို စနစ်တကျ အသုံးချခွင့်ပေးသော Religion လဲ ဖြစ်ပါတယ်။
၅။ ဘဝနှင့်သေမင်းကို ရင်မဆိုင်ရဲသော သတ္တဝါတို့အား ရဲရဲရင့်ရင့် တည်တည်ငြိမ်ငြိမ် ဘဝနှင့်သေခြင်းကို ရင်ဆိုင်ရဲအောင် သင်ပြပေးသော Religion လဲ ဖြစ်ပါတယ်။
နိဂုံးချုပ် ပြောရပါလျှင်-
ဗုဒ္ဓဝါဒသည် ဘဝဒုက္ခ အားလုံးတို့ကို ပယ်ဖျောက်ပစ်ဖို့၊ ဘဝဒုက္ခမှ လွတ်မြောက်ဖို့ ကျင့်ရမယ့် အားထုတ်ရမယ့် စနစ်ကျသော ကျင့်စဉ် တမျိုးဖြစ်ပါတယ်။ ဒါကြောင့် ဗုဒ္ဓဝါဒကို Religion လို့ ဆိုရင်တော့ Religion of All Religions လို့ ဆိုချင်ပါတော့တယ်။
သတ္တဝါအားလုံး အကျင့်မှန်ကို ကျင့်နိုင်ကြပါစေ။ သတ္တဝါအားလုံး ဘဝဇာတ်သိမ်း ဒုက္ခငြိမ်းကြပါစေ။ တရားကျင့်မူ၊ ခပ်သိမ်းသူ၊ သီတဂူသို့ အေးပါစေ။
အဘိဓမ္မာ နှင့် ဝိပဿနာ
အဘိဓမ္မာဟူသည် အလွန်သိမ်မွေ့ နူးညံ့သော ဓမ္မ၊ အလွန်နက်နဲ ခက်ခဲသော ဓမ္မ၊ အလွန်ကျယ်ပြန့်သော ဓမ္မ၊ အလွန်ထူးကဲသော ဓမ္မ၊ ဖြစ်သည်။ ဓမ္မ-ဟူသည် အရှိတရား၊ အမှန်တရား၊ ကြောင်းကျိုးဆက်တရား၊ သဘာဝတရား၊ ပကတိတရား၊ ဉေယျတရား၊ နိဿတ္တတရား၊ နိယာမတရား၊ ပရမတ္ထတရား၊ သစ္စာတရားတို့ဖြစ်သည်။
အလွန့်အလွန် သိမ်မွေ့နူးညံ့သော၊ ခက်ခဲနက်နဲသော၊ ထူးကဲဆန်းကြယ်သော၊ သတ္တအတ္တမဟုတ်သော၊ ပင်ကိုယ်သဘာဝအားဖြင့် အရှိအမှန်ဖြစ်သော၊ သိအပ်သော ထို အဘိဓမ္မာကို မြတ်ဗုဒ္ဓသည် နတ်ပြည်၌ ဟောခဲ့သည်။ ထိုမျှ လွန်ကဲခက်ခဲသော ဓမ္မ-ကို စိတ်အစဉ်၌ အာရုံနှင့် နီဝရဏ ကြားဝင်မခုဘဲ တဆက်တည်း မရပ်မနား တောက်လျှောက် ဧကာသန ဧကဝါရ နာကြားနိုင်မှ တတ်သိနားလည်နိုင်မည် ဖြစ်သည်။
လူတို့ဌာနေမှာ စားရေး၊ အိပ်ရေး၊ ကိုယ်လက်သန့်ရှင်းရေး စသည့် အနှောင့်အယှက်များသည် အလုပ်တိုင်း၌ ဝင်ရောက် ဟန့်တားလေ့ရှိသည်။ အလုပ်တခု၌ စိတ်ကူး စူးစိုက်နေခိုက် ကိုယ်ခန္ဓာ ပင်ပန်းခြင်း၊ အလေးအပေါ့သွားလိုခြင်း၊ အစာရေစာ ဆာလောင်ခြင်း စသည်တို့က ဝင်ရောက် နှောင့်ယှက်သောကြောင့် အလုပ်၌ စူးစိုက်ထားသော သမာဓိ ပျက်စီးရလေသည်။ ထို့ကြောင့် ပြတ်တောင်း ပြတ်တောင်း ကြိမ်ပေါင်းများစွာ ဟောရလျှင် ထိုမျှနက်နဲသည့် အဘိဓမ္မာ-သည် လူတို့ပြည်၌ အရာထင်၍ ကျန်ခဲ့မည် မဟုတ်ပေ။
နတ်တို့ ဌာနေမှာကား အချိန် ကွာခြားချက်ကလည်း ဝေးလွန်းလှသည်၊ လူ့ပြည်မှာ နှစ်တရာ၊ တာဝတိံသာနတ်ပြည်မှာ တရက် ဖြစ်သည်။ ထို့ကြောင့် စားချိန်၊ အိပ်ချိန်တို့မှာ ကျဲလွန်းလှသည်။ ကျင်ကြီးကျင်ငယ် စွန့်ရခြင်း၊ ညောင်းညာပင်ပန်းခြင်းလည်း မရှိသော ထိုနတ်များမှာ ၁၅-မိနစ် (သူတို့အချိန်ဖြင့်) ခန့်မျှသာရှိမည့် ထိုအဘိဓမ္မာ တရားပွဲကို တဆက်တည်း၊ တထိုင်တည်း၊ တစိတ်တည်း၊ တဝီထိတည်း နာကြားခဲ့ကြရလေသည်။ ထို့ကြောင့် ထိုနတ်များပြည်ဝယ် ဆက်တိုက်ဟောခဲ့သော ထိုအဘိဓမ္မာကို လူတို့ပြည်ဝယ် အရှင်သာရိပုတ္တရာ သာလျှင် ရက်ပေါင်း ကိုးဆယ်၊ အကြိမ် ကိုးဆယ်၊ ပြန်လည် ဟောတော်မူခဲ့ပါလေသည်။ အရှင်သာရိပုတ္တရာ ဖြစ်၍သာ ထိုအဘိဓမ္မာကို ရက်ခြား၍ နာကြားပြီး ဆောင်ထားနိုင်ခဲ့ခြင်း ဖြစ်လေသည်။
အရှင်သာရိပုတ္တရာသည် မြတ်ဗုဒ္ဓထံမှ အကျဉ်းချုပ် နာကြားခဲ့ရသော အဘိဓမ္မာကို သူ၏ တပည့် ရဟန်းငါးရာတို့အား မကျဉ်းမကျယ် ပြန်ဟောခဲ့လေသည်။ ထူးဆန်းသည်မှာ အဘိဓမ္မာကို အရှင်သာရိပုတ္တရာအထံမှာ သင်ယူကြသော ရဟန်းတို့သည် မြတ်ဗုဒ္ဓ တာဝတိံသာသို့ တက်ကြွသောနေ့ကမှ အရှင်သာရိပုတ္တရာထံ၌ ရဟန်းပြုကြသော ရဟန်းသစ်များ ဖြစ်ကြလေသည်။ သရက်ဖြူပင်ရင်းက တန်ခိုးပြာဋိဟာပွဲကို ကြည်ညိုကြသောအမျိုးကောင်းသား ၅၀၀-တို့သည် ထိုနေ့ (ဝါဆိုလပြည့်နေ့) မှာပင် ရဟန်းပြုကြ၊ ထိုနောင် တနေ့မှာပင် အဘိဓမ္မာကို နာကြားကြရလေသည်။ ထိုအဘိဓမ္မာ-တရားသည်ပင် ထိုရဟန်းတို့အတွက် ဝိပဿနာ ဖြစ်ရပေမည်။ အဘယ့်ကြောင့်ဆိုသော် ထိုနှစ်ဝါတွင်းမှာပင် ထိုရဟန်း ၅၀၀-တို့သည် ရဟန္တာဖြစ်ကြပြီး ထိုဝါ (မြတ်ဗုဒ္ဓ ခုနစ်ဝါမြောက်) ကျွတ်မှာပင် ထိုရဟန်းများ အဘိဓမ္မာ ၇-ကျမ်း ဆောင်တို့ (အာဘိဓမ္မိက၊ သတ္တပကရဏိက) ဖြစ်ခဲ့ကြလေသည်။ မြတ်ဗုဒ္ဓသည် ဓမ္မ-အားလုံးတို့ကို ရှေးဦးစွာ စုပေါင်းသိမ်းကျုံး၍ ပြသည်။ ထို့နောင် အသေးစိတ် ခွဲခြမ်းဝေဖန်၍ ပြသည်။ တဖန် ဓာတ်ခွဲ၍ ပြသည်။ သိမ်းကျုံး၍ ခွဲခြမ်း ဝေဖန်ထားသော ထိုဓမ္မအသေးစိတ်ကို ပုဂ္ဂိုလ်နှင့် ယှဉ်စပ်သတ်မှတ်တော်မူပြန်သည်။ ထို့နောင် ဝါဒအမျိုးမျိုးနှင့် နှိုင်းယှဉ်၍ ဝေဖန် ဆန်းစစ်တော်မူပြန်သည်။ ထို့နောင် အစုံစုံ ပြန်စုပုံ၍ အကြောင်းအကျိုး ဆက်စပ်ပြပြန်သည်။ အဘိဓမ္မာ ၇-ကျမ်း၌ စိတ် စေတသိက် ရုပ်တို့စုရုံးခြင်း၊ ဝေဖန်ခြင်း၊ ဓာတ်ခွဲခြင်း၊ ပုဂ္ဂိုလ်ခွဲခြင်း၊ ဝါဒယှဉ်ခြင်း၊ စုံညီပြုခြင်း၊ ကြောင်းကျိုးဆက်ခြင်း ဟူသော ခုနစ်ပါးသော နည်းစနစ်တို့သည် တကယ်စင်စစ် အလွန်လေးနက်သည့် ဝိပဿနာနည်းစနစ်များ ဖြစ်ကြကုန်၏၊ ထို့ကြောင့် အဘိဓမ္မာ ဝိပဿနာကို နာကြားကြရသော ထိုအဘိဓမ္မာ၏ အစစွာသောနေ့တွင်မှ ရဟန်းပြုခဲ့ကြသော ရဟန်းငါးရာတို့သည် အဘိဓမ္မာပြီးဆုံးသောနေ့မှာပင် သူတို့ဝိပဿနာလုပ်ငန်း ပြီးဆုံးသောနေ့ပင် ဖြစ်ရလေသည်။
ဝိပဿနာဟူသည် အထူးထူးသောနည်းတို့ဖြင့် ရုပ်နာမ်တို့၏ ပကတိ၊ သဘာဝ၊ နိယာမ၊ ကာရဏ၊ နိဿတ္တ၊ အနတ္တ၊ ပရမတ္ထတို့ကို ရှု၍၊ စူးစမ်း၍၊ ထွင်းဖောက်၍ သစ္စာနှင့် သန္တိကို ရှာဖွေသောစနစ် နည်းပညာတခုပင် ဖြစ်သည်။ ရုပ်၏ သဘာဝ ရုပ်နှင့်ရုပ်ချင်း အပြန်အလှန် ကြောင်းကျိုးဆက်ကျေးဇူးပြုပုံ၊ နာမ်၏ သဘာဝ နာမ်နှင့်နာမ်ခြင်း အပြန်အလှန် ကြောင်းကျိုးဆက် ကျေးဇူးပြုပုံတို့ကို ဉာဏ်ဖြစ်စဉ်ဆယ်မျိုးမှာ ပြထားသည့်အတိုင်း၊ သန့်စင်ပုံ ခုနစ်မျိုး တိုးတက်ပုံများမှာ ပြထားသည့်အတိုင်း အတွင်းကိုယ်နှိုက် စူးစိုက်၍ အရှိကိုရှာဖွေသောနည်းသည် ဝိပဿနာပင်ဖြစ်ရာ ဝိပဿနာနှင့် အဘိဓမ္မာ တသားတည်း ဖြစ်လေသည်။
ဝိပဿနာရှုခြင်းသည် အဘိဓမ္မာကိုပင် ရှုသည်ဖြစ်သောကြောင့် ဝိပဿနာ နှင့် အဘိဓမ္မာ ခွဲ၍မရ ဖြစ်သည်။ အဘိဓမ္မာတတ်မှ ဝိပဿနာ ရှုရမည်ဟု ဆိုလိုသည် မဟုတ်သော်လည်း ဝိပဿနာရှုနေခြင်းသည် အဘိဓမ္မာသင်ကြားနေခြင်း တမျိုးလည်း ဖြစ်သည်။ စိတ်၊ စေတသိက်၊ ရုပ်တို့သည် တလံမျှသော ကိုယ်၌ အစဉ်အမြဲရှိ၍နေသောကြောင့် ထိုအကြောင်းအရာကို လေ့လာနေခြင်း၊ သင်ယူနေခြင်းနှင့် ထိုစိတ် စေတသိက် ရုပ်တို့၏ သဘာဝကို စူစူးစိုက်စိုက် ကြည့်နေခြင်းတို့သည် ခွဲခြား၍ မရနိုင်သော လုပ်ငန်းများ ဖြစ်ကြသည်။
အနိမ့်ဆုံးအားဖြင့် ဆိုရပါလျှင် နာမ်ရုပ်မသိလျှင် ဝိပဿနာမဖြစ်သောကြောင့် အဘိဓမ္မာနှင့်ဝိပဿနာ ခွဲ၍မရကြောင်း သေချာလှပါသည်။ နာမ်ရုပ်နှစ်ပါးသည် အဝိဇ္ဇာ တဏှာ ကံသာအကြောင်းရင်းရှိကြောင်း၊ ကံ စိတ် ဥတု အာဟာရ-သာ အထောက်အပံ့ရှိကြောင်း၊ ကောင်းစွာ ဖော်ပြသည့် အဘိဓမ္မာပါမှ ပစ္စယ ပရိဂ္ဂဟဉာဏ် အပိုင်ရ၊ ကင်္ခါဝိတရဏ ဝိသုဒ္ဓိဖြစ်ကြောင်း ကောင်းမြတ်သော အကျိုးကျေးဇူးတို့ကို ပဋိစ္စသမုပ္ပါဒ်နှင့် ပဋ္ဌာန်းတို့ကို ကောင်းစွာထောက်ပြခဲ့ပြီ ဖြစ်ပါသည်။ ထို့ကြောင့် ဝိပဿနာနှင့် အဘိဓမ္မာ ခွဲခြားမရသည့် အညမညပစ္စည်း စင်စစ်ဧကန် ဖြစ်သဖြင့် ဝိပဿနာယောဂီတို့ လူ့ဘဝကိုလေ့လာသည့် နည်းပညာဖြစ်သည့် အဘိဓမ္မာ-ကို လက်မလွတ်သင့်ကြောင်း ကောင်းစွာတင်ပြအပ်ပါသတည်း။