မာတိကာသို့ ခုန်သွားရန်

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အမိန့်အမှတ် ၁/၂၀၂၅

ဝီကီရင်းမြစ် မှ
အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အမိန့်အမှတ် ၁/၂၀၂၅ (၂၀၂၅)
by အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ
5848အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အမိန့်အမှတ် ၁/၂၀၂၅၂၀၂၅အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ
အမိန့်အမှတ်၊ ၁/၂၀၂၅
၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၇ ရက်
(၂၀၂၅ ခုနှစ်၊ ဇူလိုင် ၃၁ ရက်)
နိုင်ငံတော်အာဏာလွှဲအပ်ဆောင်ရွက်စေခဲ့သည့်အမိန့်အားပယ်ဖျက်ခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၇ နှင့် ၄၁၈ အရ အရေးပေါ်အခြေအနေကြေညာ၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား နိုင်ငံတော်အာဏာကို လွှဲအပ်ဆောင်ရွက်စေသည့်ကိစ္စနှင့်စပ်လျဉ်း၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ၎င်းအားပေးအပ်ထားသည့် တာဝန်ပြီးမြောက်အောင် ဆောင်ရွက်ပြီးကြောင်းတင်ပြသည့် အစီရင်ခံစာကို လက်ခံရရှိပြီးဖြစ်သဖြင့် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား နိုင်ငံတော်အာဏာလွှဲအပ်ဆောင်ရွက်စေခဲ့သည့် နိုင်ငံတော်သမ္မတရုံး၏ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်စွဲပါ အမိန့်အမှတ်၊ ၁/၂၀၂၁ ကို ပယ်ဖျက်လိုက်သည်။

(ပုံ) မင်းအောင်လှိုင်
ဗိုလ်ချုပ်မှူးကြီး
ယာယီသမ္မတ (တာဝန်)


ဤဖန်တီးမှုသည် မြန်မာနိုင်ငံတွင် အခြေတည်ခဲ့ပြီး အောက်ပါအချက်များကြောင့် ကမ္ဘာတစ်ဝှမ်းတွင် အများပြည်သူပိုင်အဖြစ် သတ်မှတ်နိုင်သည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ စာပေနှင့် အနုပညာ မူပိုင်ခွင့် ဥပဒေ (၂၀၁၉ ခုနှစ်) ပုဒ်မ ၁၆ အရ

၁၆။ ပုဒ်မ ၁၃၊ ၁၄ နှင့် ၁၅ တို့တွင် မည်သို့ပင်ပါရှိစေကာမူ စာပေ သို့မဟုတ် အနုပညာလက်ရာ သို့မဟုတ် ဆက်နွှယ်သည့် အခွင့်အရေးဆိုင်ရာလက်ရာသည် အောက်ပါအချက်အလက် တစ်ရပ်ရပ်တွင် အကျုံးဝင်လျှင် စာပေနှင့်အနုပညာမူပိုင်ခွင့် သို့မဟုတ် ဆက်နွှယ်သည့် အခွင့်အရေးအတွက် အကာအကွယ် မရရှိစေရ-

(က) စိတ်ကူးစိတ်သန်း၊ လုပ်ထုံးလုပ်နည်း၊ လုပ်ကိုင်ဆောင်ရွက်ပုံနည်းလမ်း၊ သင်္ချာ အတွေးအခေါ် အယူအဆ၊ အခြေခံမူ၊ ရှာဖွေတွေ့ရှိချက် သို့မဟုတ် အချက်အလက်များ၊
(ခ) သက်ဆိုင်ရာနေ့၏သတင်း သို့မဟုတ် ပုံနှိပ်ဖော်ပြထားသော သတင်းအချက်အလက်ဟု သတ်မှတ် နိုင်သော လက္ခဏာရှိသည့် အမျိုးမျိုးသော အချက်အလက်များ၊
(ဂ) ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဥပဒေများ၊
(ဃ) နည်းဥပဒေများ၊ စည်းမျဉ်းနှင့် စည်းကမ်းများ၊ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများနှင့် ဦးစီးဌာန များမှ ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများ၊
(င) တရားရုံးစီရင်ချက်များနှင့်အမိန့်များ၊
(စ) ပုဒ်မခွဲ (ဂ) မှ (င) အထိပါ အချက်အလက်များအား အစိုးရမှ တရားဝင်ဘာသာပြန်ဆိုခြင်းနှင့် စုပေါင်းခြင်း။