မာတိကာသို့ ခုန်သွားရန်

အလောင်းမင်းတရား၏ ရွှေပေစာ

ဝီကီရင်းမြစ် မှ
မြန်မာဘုရင် အလောင်းမင်းတရားက ဗြိတိသျှဘုရင် ဒုတိယမြောက်ဂျော့ထံသို့ ပေးပို့သည့် ရွှေပေစာ (1756)
by အလောင်းမင်းတရား
5670မြန်မာဘုရင် အလောင်းမင်းတရားက ဗြိတိသျှဘုရင် ဒုတိယမြောက်ဂျော့ထံသို့ ပေးပို့သည့် ရွှေပေစာ1756အလောင်းမင်းတရား

ဘုန်တော် အလွန်ကြီမြတ်တော်မူလှသော သုနာပရန္တတိုင် တမ္ပဒီပတိုင် ကမ္ဗောစတိုင် စသော တိုင်ကြီအပေါင်တိုဝ့်နှိုက် မြန်မာပြည် ရှမ်ပြည် ယွန်ပြည် ကသည်ပြည် တလိုင်ပြည် ရာဇဌာနီ ပြည်ကြီ ထီးဆောင်မင် တကာတိုင် သခင် ပတ္တမြာ ရွှေ ငွေ ကြေး သံ ဖယင် ရတနာတွင်မျာ သခင် ဆင်ဖြူ ဆင်နီ ဆင်ကျား စက်ကြာ ရွှေလှံရ အာဒိစ္စ ဝံသ နေမင်၏ အဆက်အနွှယ် အဆောင်ဆောင်သော ရွှေနန်ရွှေပြသဒ်သခင် ရတနာပူရ အင်ဝပြည်ကြီနှင့်တကွ အယုဇ္ဈပူရ မည်သောရတနာသိင်္ဃ ကုန်ဘောင် ရွှေပြည်ကြီကိုဝ် အစိုဝ်ရတော်မူသော အလောင်မင်တရာ ကြီ ချစ်ကြည်စွာ ကြာရောက်အပ်သော ဇိနပ္ပတ္တံ ဘင်ကလာ ဝှတ်သံဒေဝီဒေဝီကတ်စသော မြိုဝ်အပေါင်တိုင် ခြံရံလျက် အင်ကရိတ်မြိုဝ်မကိုဝ် အစိုဝ်ရသော အင်ကရိတ်မြိုဝ်မဘုရင် ဘေလောင်တော် ဘိုဝ်းလောင်တော် တိုဝ်လက်ထက် မြန်မာမင် အင်ကရိတ် အဆက်ဆက် ဘောက်ကာ ရောင်ဝယ်ရောက်ပေါက်ကြ၍ အလိုဝ်ရှိသမျှကိုဝ် ဆောင်ယူကြရသည်။ ကိန်ခန် အလျောက် တလိုင်တိုင် နှောင်ရှက်ရာတွင် တလပ်တကြာ မရောက်မပေါက်ကြ ရှိ၍ တောင့်တလျက်နေသည်နှင့် အကြည်တော် နိုင်ငံတော်စွန် မော်ဓင်ဟိုင်ကြီးသိုင့် အကြည် တော် အင်ကရိတ်မြိုဝ်မဘုရင်က မည်စလီပရုတ်တိုင်ကိုင် စေ၍ ရောက်ပေါက်လှာရာတွင်မှ မေမြန်၍ ကြာသိရလျှင် အတိုင်ထက်အလွန် မင်ဧကရာဇ်တိုင့်ဝယ်မြိုင့်၏ အင်္ဂါ ၇ ပါးတွင် သခါဟူသောပြည်ထောင်ချင် အင်္ဂါတပါသည် ဖြစ်ခဲသောအရာကိုဝ် တွေ့ရပေတော့မည် ဝမ် မြောက်တော်မူသည်။ အကြည်တော် အင်ကရိတ်မြိုဝ်မ ဘုရင်က စေသူ မည်စလီ ပရုတ်တိုဝ်က ပုသိန်မြိုင်တွင် တိုက်ကြသင်ဘောသွင်ထာ နေရာနေရပ် လိုဝ်ပါသည် ရှိခိုဝ် သံတော်ဦ တင်သောကြောင် အကြည်တော် အင်ကရိတ်မြိုဝ်မဘုရင်က စေ၍ လျှောက်ရ သည်ဖြစ်သည် အရှည် ချစ်ကြည်ရမည်ကို ထောက်၍ ကြိုက်ရာနေထိုင်စေ ပုသိန်မြိုင် တွင် မြေကိုဝ် တိုင်တာမှတ်သား၍ ပုသိန်မြိုဝ်ဝန်တိုဝ်က ချပေစေသည် အကြည်တော် အင်ကရိတ် မြိုဝ်မဘုရင် အမှူးအမတ်ပုသိန်မြိုဝ်ဝန်တိုင် မျက်နှာညီ တံဆိပ်စာချွန်တော် ပေအပ်တော်မူ သည် ပြည်ထောင်ချင်မင်တိုဝ်ဝယ် မြတ်သောအဆွေခင်မွန် ကောင်တိုင်ကိုဝ် မှီကြရသည် ဖြစ်မျှ ဦသာဘ လိုဝ်ရှိရာ ပြည်စုံမ်သည် ဖြစ်သည်။ ငါသားတော်အစည် မြေတော်အဆက် မြစ်တော်အညွန့် အကြည်တော်အင်ကရိတ်မြိုဝ်မဘုရင်ကိုယ် မြေးမြစ်အစည် ရှည်စွာ ချစ် ၁၁၁၈ ခု ကဆုန်လဆန် ၁ဝ ရက် ဝ နေ့ ရာဇသံ ကြည်ကြရမည်အကြောင် ကိုယ်သက္ကရာဇ် ရွှေပေစာနှင့် ချစ်ကြည်စွာ ကြာရောက်အပ်သော အင်ကရိတ်မြိုဝမကိုဝ် အစိုဝ်ရသော အကြည်တော်အင်ကရိတ် ဘုရင်