မာတိကာသို့ ခုန်သွားရန်

အောင်ခြင်း ရှစ်ပါး ဂါထာတော်

ဝီကီရင်းမြစ် မှ
အောင်ခြင်း ရှစ်ပါး ဂါထာတော်
by ထွတ်ခေါင်ဆရာတော်ဘုရားကြီး
4390အောင်ခြင်း ရှစ်ပါး ဂါထာတော်ထွတ်ခေါင်ဆရာတော်ဘုရားကြီး

ဗုဒ္ဓေါ မေ ရက္ခတု နိစ္စံ၊ ဓမ္မော မေ ရက္ခတု သဒါ။

သံဃော မေ ရက္ခတု ဒိနေ၊ သုခီ ဒီဃာယုကော ဘ၀။

မာရာဠဝက နာဠာဂြိံ၊ အင်္ဂုလိ စိဉ္စ သစ္စကံ။

နန္ဒောပနန္ဒဗြဟ္မဉ္စ၊ ဇယော ဇယတု မင်္ဂလံ။

၁။ ဗုဒ္ဓေါ- မြတ်စွာဘုရားသည်။ မေ- အကျွန်ုပ်အား၊ နိစ္စံ- အမြဲမပြတ်။ ရက္ခတု- စောင့်ရှောက်တော်မူပါစေသတည်း။ ဓမ္မော- မဂ်ဖိုလ်နိဗ္ဗာန် ဆယ်တန်သော တရားတော်မြတ်သည်။ မေ- အကျွန်ုပ်အား။ သဒါ- အခါခပ်သိမ်း။ ရက္ခတု- စောင့်ရှောက်တော်မူပါစေသတည်း။ သံဃော- သမ္မုတိ အရိယာ နှစ်ဖြာသော သံဃာတော်အပေါင်းသည်။ မေ- အကျွန်ုပ်အား။ ဒိနေ- နေ့တိုင်း။ ရက္ခတု- စောင့်ရှောက်တော်မူပါစေသတည်း။ အဟံ- အကျွန်ုပ်သည်။ သုခီ- ချမ်းသာခြင်းရှိသည်။ ဒီဃာယုကော- အသက်ရှည်ခြင်း ရှိသည်။ ဘဝ-ဘဝါမိ- ဖြစ်ရပါလို၏။

၂။ မုနိန္ဒော- မြတ်စွာဘုရားသည်။ မာရာဠဝက နာဠာဂြိံစ- မာရ်နတ်မင်း၊ အာဠာဝက ဘီလူး၊ နာဠာဂိရိဆင်ကို၎င်း။ အင်္ဂုလိံစ- အင်္ဂုလိမာလကို၎င်း။ စိဉ္စသစ္စကဉ္စ- စိဉ္စမာဏဝိကာနှင့် သစ္စကပရိဗိုလ်ကို၎င်း။ နန္ဒောပနန္ဒဗြဟ္မဉ္စ- နန္ဒောပနန္ဒ နဂါးမင်းနှင့် ဗကဗြဟ္မာကို၎င်း။ ဇယော- အောင်မြင်ခြင်းသည်။ (ဟောတိ ယထာ- ဖြစ်သကဲ့သို့) တထာ- ထို့အတူ။ မေ- အကျွန်ုပ်အား။ မင်္ဂလံ- အောင်ရာအောင်ကြောင်း မင်္ဂလာအပေါင်းသည်။ ဇယတု- အောင်မြင်ပြီးစီးပါစေသတည်း။

ဤဂါထာသည် ထွတ်ခေါင်ဆရာတော်ဘုရားကြီး ရွတ်ဖတ်သရဇ္ဈာယ်တော်မူသော ဂါထာတော်ကြီး ဖြစ်သည်။ ဤဂါထာများကို ရွတ်ဖတ်ပူဇော်ခြင်းဖြင့် အောင်မြင်မှုအမျိုးမျိုး လက်တွေ့ခံစားရသည်။ ရန်အမျိုးမျိုး အောင်နိုင်သည်။

( ဗုဒ္ဓဘာသာလက်စွဲကျမ်း ပထမတွဲ-မှ)

ဤလုပ်ဆောင်မှုသည် ဇန်နဝါရီ ၁၊ ၁၉၃၁ မတိုင်မီ ဖြန့်ချိခဲ့ပြီး ဖြစ်ပြီး ဖန်တီးသူ ကွယ်လွန်ခဲ့သည်မှာ အနည်းဆုံး နှစ် ၁၀၀ ရှိခဲ့ပြီး ဖြစ်သဖြင့် ယခုအခါ တစ်ကမ္ဘာလုံးတွင် အများပြည်သူပိုင် ဖြစ်သည်။