မာတိကာသို့ ခုန်သွားရန်

ဥပဒေကဲ့သို့အာဏာတည်သောအမိန့်အမှတ် ၂/၂၀၂၅

ဝီကီရင်းမြစ် မှ
ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်အမှတ် ၂/၂၀၂၅ (၂၀၂၅)
အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ
5842ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်အမှတ် ၂/၂၀၂၅၂၀၂၅အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ
ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်အမှတ် ၂/၂၀၂၅
အမိန့်အမှတ် (၁/၂၀၂၁)
၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၇ ရက်
(၂၀၂၅ ခုနှစ်၊ ဇူလိုင် ၃၁ ရက်)

၁။ ဥပဒေကဲ့သို့ အာဏာတည်သောအမိန့် ( ၁ / ၂၀၂၅) ဖြင့် အရေးပေါ်အခြေအနေကြေညာထားသည့်မြို့နယ်များတွင် အုပ်ချုပ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ သည် မူလအခြေအနေသို့ပြန်လည်ရောက်ရှိစေခြင်းငှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၃၊ ပုဒ်မခွဲ (ခ) အရ စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်၍ အဆိုပါ မြို့နယ်များ၏ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးတာဝန်များကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား အပ်နှင်းလိုက်သည်။

၂။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ယင်းလုပ်ပိုင်ခွင့်နှင့်တာဝန်များကို မိမိကိုယ်တိုင်ကျင့်သုံးဆောင်ရွက်ခြင်း သို့မဟုတ် သင့်လျော်သည့် စစ်ဘက်အာဏာပိုင်တစ်ဦးဦးကို ကျင့်သုံးဆောင်ရွက်စေခြင်းပြုနိုင်သည်။

၃။ ဤအမိန့်သည် ယနေ့မှစ၍ ရက်ပေါင်း(၉၀)အထိ အတည်ဖြစ်သည်။


(ပုံ) မင်းအောင်လှိုင်
ဗိုလ်ချုပ်မှူးကြီး
ယာယီသမ္မတ(တာဝန်)